သန့်ရှင်းစင်ကြယ်ခြင်းနှင့်ပတ်သတ်သည့် ခရစ်တော်၏သွန်သင်ချက်ကို လေ့လာခြင်း

ယော၊ ၁၃-၁ DAVID GOODING

ငိုင်းတမ်မောင်းဘာသာပြန်ဆိုသည်

copyright@2013 by Myrtlefield trust. www.kbc316.org

မာတိကာ

သမိုင်းကြောင်းဆိုင်ရာမှတ်ချက်

နိဒါန်း၊ ကျောင်းတော်တံခါးဝတွင်

သင်ရိုး၊ အပိုင်းတစ်

က။ တပည့်တော်များကိုဆေးကြောပေးခြင်း

ကြိုတင်အသိပေးခြင်း

၁။ သင်ရိုးအစီအစဉ်နှင့်အချိန် သတ်မှတ်ခြင်း .

၂။ အသစ်မွေးဖွားခြင်းဆိုင်ရာဆေးကြောခြင်း .

၃။ အစဉ်မပြတ်ပြန်လည်ဆေးကြောပေးခြင်း .

၄။ လက်တွေ့ခြေဆေးခြင်း

၅။ ကန်တတ်သောခြေထောက် .

ခ။ ယုဒ၏သစ္စာဖောက်မှုကိုထုတ်ဖော်ပြောဆိုခြင်းကြိုတင်အသိပေးခြင်း

၆။ သန့်ရှင်းခြင်း၏အနှစ်သာရ

၇။ လူ၏သစ္စာဖောက်မှုကိုထုတ်ဖော်ပြောဆိုခြင်း .

၈။ ဘုရားသခင်၏ဘုန်းတော်ကိုထင်ရှားစေခြင်း

ဂ။ သန့်ရှင်းခြင်းကို ထိန်းသိမ်းခြင်း၊ တိုးတက်စေခြင်းနှင့် ပြည့်စုံစေခြင်း၊

ကြိုတင်အသိပေးခြင်း

၉။ ခရစ်တော်ချမှတ်တော့မည့်စံနှုန်းအသစ်

၁၀။ ပြည့်စုံမှုမရှိသောနောက်လိုက်များ

၁၁။ အာမခံချက်ရှိသောပန်းတိုင်

၁၂။ ခရစ်တော် – ခမည်းတော်ထံသို့ရောက်ရာလမ်း

၁၃။ ခရစ်တော် – ခမည်းတော်အကြောင်းသမ္မာတရား

၁၄။ ခရစ်တော် – ခမည်းတော်ထံမှကျွန်ုပ်တို့ရရှိသောအသက် .

၁၅။ ခရစ်တော်၏နှုတ်ဆက်ညစာစားပွဲ ..

၁၆။ ကျောင်းတော်ခေတ္တနားချိန်

သင်ရိုး၊ အပိုင်းနှစ်

က။ ဘုရားသခင်နှင့်လူ၏နှလုံးသားကိုရွှင်လန်းစေသောသန့်ရှင်းခြင်း

ကြိုတင်အသိပေးခြင်း

၁၇။သမိုင်းကြောင်းတစ်ခုဖြင့်တင်စားခြင်း

၁၈။ စပျစ်ဥယျာဉ်မှူးနှင့်အသီးမသီးသောစပျစ်ကိုင်း

၁၉။ စပျစ်ဥယျာဉ်မှူးနှင့်အသီးသီးသောစပျစ်ကိုင်း .

၂၀။ စပျစ်ပင်နှင့်ဥယျာဉ်မှူးတို့ စပျစ်ကိုင်းများနှင့်ဆက်စပ်ကြပုံ ..

၂၁။ စပျစ်ပင်၏လုပ်ငန်းဆောင်ရွက်မှု – စပျစ်ကိုင်းများအတွက်နမူနာပုံသက်သေ

၁)တပည့်တော်များအပေါ်ယေရှုထားရှိသောချစ်ခြင်းမေတ္တာ၏ပုံစံ

၂၂။ စပျစ်ပင်၏လုပ်ငန်းဆောင်ရွက်မှု – စပျစ်ကိုင်းများအတွက် နမူနာပုံသက်သေ

၂) မိတ်ဆွေများအပေါ်ယေရှုထားရှိသောချစ်ခြင်းမေတ္တာ၏အတိုင်းအတာ….

ခ။ လောက၏မုန်းတီးမှုအကြောင်းထုတ်ဖော်ပြောဆိုခြင်းကြိုတင်အသိပေးခြင်း

၂၃။ လောက၏မုန်းတီးမှုကိုသိနားလည်ခြင်း .

၂၄။လောက၏ရန်လိုမှုအပေါ်ဘုရားသခင်၏အံ့ဖွယ်တုန့်ပြန်မှု ..

ဂ။ သန့်ရှင်းခြင်း၏ထိရောက်သောသက်သေခံခြင်းဆိုင်ရာလျှို့ဝှက်ချက်၊ မပျောက်

ပျက်နိုင်သောဝမ်းမြောက်ခြင်း၊ အနိုင်မခံအရှုံးမပေးသော ရဲစွမ်းသတ္တိနှင့်

အဆုံးစွန်သောအောင်မြင်မှု

ကြိုတင်အသိပေးခြင်း ..

၂၅။ သန့်ရှင်းသောဝိညာဉ်တော်၏သက်သေခံချက် – လောကအား အပြစ်က

သိမြင်စေခြင်း .

၂၆။သန့်ရှင်းသောဝိညာဉ်တော်၏သက်သေခံချက် -ခရစ်တော်၏ဘုန်းတော်ကို

ထင်ရှားစေခြင်း

၂၇။ ထမြောက်တော်မူပြီးလူတို့ထံထင်ရှားပြတော်မူခြင်း – ဖယ်ရှား

မရသောဝမ်းမြောက်ခြင်း၏အကြောင်းတရား ..

၂၈။ ခရစ်တော်၏နှုတ်ခွန်းဆက်အားပေးခြင်းနှင့်အောင်မြင်မှုအတွက်

စိတ်ချမှုပေးခြင်း ….

သင်ရိုး၊ အပိုင်းသုံး ..

က။ ဆရာ့ဆုတောင်းချက်

၂၉။ ခမည်းတော်ထံ သားတော်အစီရင်ခံခြင်း ..

၃၀။ တပည့်တော်များ၏ယုံကြည်ခြင်းခိုင်မြဲရန် သားတော်ဆုတောင်းခြင်း …..

၃၁။ တပည့်တော်များ၏သန့်ရှင်းစင်ကြယ်ခြင်းဖြစ်စဉ်နှင့် လောက၌သူတို့

လုပ်ဆောင်ရမည့် တာဝန်တို့အတွက် သားတော်ဆုတောင်းခြင်း ..

၃၂။ လောက၌ တပည့်တော်များဆောင်ရွက်ရမည့်သာသနာလုပ်ငန်း၏ရလဒ်

များအတွက် သားတော်ဆုတောင်းခြင်း

၃၃။ ဘုန်းတော်နှင့်ပြည့်စုံသောအိမ်တော်သို့ ဦးတည်နေကြသည့်လူသားအားလုံး

အတွက် သားတော်ဆုတောင်းခြင်း …

သမိုင်းကြောင်းဆိုင်ရာမှတ်ချက်

လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်ခန့်အချိန်၊ ပုန္တိပိလတ်သည် ရောမအင်ပါယာ၏ကိုယ်စားပြု ဘုရင်ခံအဖြစ်အုပ်ချုပ်စဉ် ယေရှုခရစ်တော်သည် ဂျေရုဆလင်မြို့တွင် လက်ဝါးကပ်တိုင်ပေါ်တင်ခြင်းကိုခံတော်မူခဲ့သည်။

အချိန်အခါသည် ဂျူးလူမျိုးတို့၏ပဿခါပွဲတော်အချိန်အခါဖြစ်ပြီး သစ္စာဖောက်က ကိုယ်တော်ကို လက်ဝါးကပ်တိုင်ပေါ်တင်မည့်အာဏာပိုင်များလက်သို့မအပ်နှံမီအချိန်ဖြစ်သည်။ ယေရှုက ဂျေရုဆလင်မြို့ရှိ ငှားယမ်းထားသောအခန်းတစ်ခုတွင် မိမိနှင့်အတူ ပဿခါပွဲ ကျင်းပရန် တပည့်တော်များကိုဖိတ်ခေါ်ခဲ့သည်။ ထိုပွဲတော်အချိန်အခါကိုအသုံးပြုလျက် ခရစ် ယာန်ယုံကြည်မှု၏အဓိကအချက်၊ မိမိနှင့်တပည့် တော်တို့အကြားရှိနေဆဲဆက်ဆံမှု၏ သဘော သဘာဝနှင့် တပည့်တော်များက မိမိ၏ဘုန်းတော်ကို ပို၍ပို၍ထင်ရှားနိုင်စေရန်အတွက် သူတို့၏အကျင့်စာရိတ္တနှင့်ကိုယ်ရည် ကိုယ်သွေးပြောင်းလဲမှု စသည့်အကြောင်းအရာများနှင့်ဆိုင်သောသင်ခန်းစာများကို သင်ကြားပေးတော်မူခဲ့သည်။

သူတို့ ထိုအိမ်မှထွက်ခွာရမည့်အချိန်ရောက်လာသောအခါ ကိုယ်တော်သည် သင်ခန်းစာ

များကို သင်ကြားပေး၍မပြီးသေးပေ။ သူတို့ ထိုအိမ်မှထွက်သွားကြသည်နှင့် ကိုယ်တော်အပေါ်

ရန်လိုမှုများနှင့်ပြည့်နေသည့် မှောင်မဲနေသောဂျေရုဆလင်လမ်းမများကို ဖြတ်သွားကြရမည်

ဖြစ်သည်။ မုန်းတီးမှုများများ မကြာခဏကြုံတွေ့ရမည့်လောကတွင် တပည့်တော်များသည်

ကိုယ်တော်အတွက် ရှင်းလင်းတိကျသောသက်သေခံများဖြစ်နိုင်ရန် ကိုယ်တော်သည် သူတို့အား

တန်ခိုးခွန်အားများ မည်သို့မည်ပုံရရှိစေမည်ကို မိန့်တော်မူရင်း သင်ခန်းစာများကိုဆက်လက်

သင်ကြားပေးခဲ့သည်။

ယေရှုသည် သင်ကြားပေးသူဖြစ်လျက် တပည့်တော်များသည် သင်ယူသူများဖြစ်ကြ

သည်။ ၄င်းသည် ခရစ်တော်၏ကျောင်းတော်ပင်ဖြစ်သည်။ ဤစာအုပ်အတွက် ကျွန်ုပ်တို့၏

ရည်ရွယ်ချက်မှာ ခရစ်တော်၏ကျောင်းတော်ကို တပည့်တော်များနှင့်အတူ တက်ရောက်လျက်

သင်ခန်းစာများကို သူတို့နှင့်အတူသင်ယူရန်ဖြစ်သည်။

နိဒါန်း

ကျောင်းတော်တံခါးဝတွင်

နှင်းဖွေးများပေါ်ကျလာသော မနက်ခင်းနေရောင်နှင့် နွေဦးချိန်ပွင့်သည့်ပန်းများကိုကြည့်

လျှင်ဖြစ်စေ၊ မင်္ဂလာဆောင်သတို့သမီးနှင့် ဘဝကခြယ်သထုဆစ်ပေးထားသောအစင်းကြောင်း

များ မျက်နှာပေါ်ထင်ရှားနေသည့် ထိုသတို့သမီး၏အဖွားတို့ကိုကြည့်လျှင်ဖြစ်စေ ကျွန်ုပ်တို့

နေထိုင်ရာလောကသည် အလှအပတရားများနှင့်ပြည့်နေကြောင်း ငြင်း၍မရနိုင်ပါ။

သို့သော် ဤကမ္ဘာသည် မြင်ရသည့်အတိုင်းသာမက ကျွန်ုပ်တို့မြင်ယောင်စဉ်းစားနိုင်

သည့်လှပမှုထက်ပင် ပိုလှပပါသည်။ အင်းဆက်ပိုးတစ်ကောင်၏တောင်ပံကို အနုကြည့်မှန်

ဘီလူးဖြင့်ကြည့်ကြည့်ပါ။ လက်ဖျားခါရလောက်အောင် ထူးဆန်းသောဖွဲ့စည်းတည်ဆောက်ပုံ

တစ်ခုကိုတွေ့ရပါလိမ့်မည်။ စကြဝဠာလည်ပတ်အလုပ်လုပ်ရာထဲမှ အလွန်ရှုပ်ထွေးဆန်းကြယ်

သောစနစ်အချို့ကို လတ်တလောရှာဖွေတွေ့ရှိထားသော ရူပဗေဒပညာရှင်တစ်ဦးနှင့် စကား

ပြောကြည့်ပါ။ ဤအခြင်းအရာကိုဖော်ပြသောဂဏန်းသင်္ချာသည်ပင် မှန်ကန်ရုံမက အံ့ဩဖွယ်

တိကျသေသပ်မှုနှင့် လှပမှုရှိကြောင်း သင့်ကိုပြောပြပါလိမ့်မည်။

ထို့ပြင် ဤလောကသည် ပျော်စရာများ၊ ဝမ်းမြောက်စရာများနှင့်လည်း ပြည့်နေပါသည်။

အချို့တို့သည် ကျေနပ်ဖွယ်ကောင်းသည့် အချင်းချင်းရင်းနှီးဆက်ဆံမှုကဲ့သို့ နက်ရှိုင်း၍ နှစ်သက်ဖွယ်ကောင်းသည်။ အချို့တို့မှာ ရနံ့မွေးကဲ့သို့ပင် ဘဝအတွက် အရေးမကြီးလှသော်လည်း

ကျွန်ုပ်တို့၏ပျော်ရွှင်ဝမ်းမြောက်မှုကို ထပ်မံဖြည့်စွက်ပေးသည့် ပျော်ရွှင်မှုများလည်းရှိသည်။

သို့သော် ကျွန်ုပ်တို့၏ကမ္ဘာသည် မလိုအပ်သည့်အကျည်းတန်မှု၊ ဝမ်းနည်းကြေကွဲမှုများနှင့်

လည်းပြည့်နေကြောင်း ငြင်း၍မရပါ။ အသိပညာနှင့်ယဉ်ကျေးမှုထွန်းကားပါသည်ဆိုသည့် တိုင်းပြည်

ကြီးများ အဘယ့်ကြောင့်အချင်းချင်းသတ်ဖြတ်နေကြသနည်း။ ချမ်းသာသောစီးပွားရေးလုပ်ငန်း

ရှင်ကြီးများသည် များစွာချမ်းသာကြလျက်နှင့် အဘယ့်ကြောင့် ငွေရရန်လိမ်ညာနေကြသနည်း။

သားသမီးများစွာတို့သည် အဘယ့်ကြောင့် မိဘတို့ကိုကြေကွဲစေကြသနည်း။ အဘယ့်ကြောင့်

အမျိုးသမီးများစွာတို့သည် ရက်စက်ကြမ်းကြုတ်၍ထိခိုက်စေသည့်အထိ မနာလိုဖြစ်ကြသနည်း။

အချို့အမျိုးသားလည်း အဘယ့်ကြောင့်တစ်ကိုယ်ကောင်းဆန်ကာ ရန်လို၍သစ္စာမဲ့ကြရသနည်း။

ကျွန်ုပ်တို့ခံစားရသည့် အလှအပများနှင့် ဝမ်းမြောက်မှုများသည် လူတို့၏အကျည်းတန်

သော အပြုအမူတို့ကြောင့် တစ်ချိန်မဟုတ်တစ်ချိန် ဖျက်ဆီးခံရလျက် ခါးသီးမှုနှင့် အဆင်မပြေ

မှုများကို ကျွန်ုပ်တို့ခံစားကြရသည်။ အဘယ့်ကြောင့် ဘဝတစ်ခုလုံး လှပခြင်းနှင့်ဝမ်းမြောက်

ခြင်းမရှိရသနည်း။ အဘယ့်ကြောင့် ကျွန်ုပ်တို့သည် တစ်ခါတစ်ရံ မိမိတို့အချစ်ဆုံးသောလူတို့

ကိုပင် နာကျင်စေရသနည်း။ ကျွန်ုပ်တို့ကမ္ဘာနှင့် ကျွန်ုပ်တို့ အမျိုးသားအမျိုးသမီးများ၌

မည်သည့်အမှားအယွင်းမျိုးရှိနေသနည်း။ သမ္မာကျမ်းစာကဖော်ပြထားသည့်အတိုင်း မည်

သည့် အကျည်းတန်မှုကမျှ မဖျက်ဆီးနိုင်သော အလှအပများနှင့်ပြည့်စုံသည့် ကမ္ဘာသစ်အမှန်

ပင်ရှိမည်လား။ ထိုသို့ရှိခဲ့လျှင် တစ်နေ့သောအခါ ထိုနေရာသို့ရောက်မည်ဟု ကျွန်ုပ်တို့အမှန်

တကယ်မျှော်လင့်နိုင်ပါသလား။ သို့မဟုတ် ကလေးများကိုပြောပြသည့်နတ်သမီးပုံပြင်မျိုး၊

လူတို့ကို မိမိတို့ဘဝ၌ကြုံတွေ့ရသည့်မတရားမှုများကို ဖယ်ရှားပစ်ရမည့်အစား သည်းခံနိုင်

စေရန် အတွက် အားပေးနိုင်ရန် ဖန်တီးထားသည့်လုပ်ဇာတ်ယုံကြည်ခြင်းမျိုးလား။ ထိုသို့

သာဖြစ်ခဲ့လျှင် ကျွန်ုပ်တို့သည် ထိုလုပ်ဇာတ်ယုံကြည်ခြင်းကို ဖယ်ရှားပြီး လူတို့၏အမူအကျင့်

များတိုးတက်ပြောင်းလဲစေရန်နှင့် လောကကို ပိုမိုလှပပြီးပျော်စရာကောင်းအောင်လုပ် ဆောင်

ကြရန်သာဖြစ်သည်။ သို့သော် ထိုသို့ဖြစ်အောင် မည်သို့လုပ်ကြမည်နည်း။ သမ္မာကျမ်းစာက

ကျွန်ုပ်တို့သည် ကောင်းကင်ဘုံရောက်မှသာမဟုတ်ဘဲ ဤလောက၌အသက်ရှင်နေစဉ်ပင် လှပ၍

ဝမ်းမြောက်ဖွယ်ကောင်းသောဘဝဖြင့်အသက်ရှင်နိုင်ရန် ပြောင်းလဲမှုကိုဖြစ်စေနိုင်သည့်တန်ခိုးကို

ရရှိနိုင်သည်ဟုဆိုထားသည်။ မှန်ပါသလား။ မှန်သည်ဆိုလျှင် ထိုသို့မည်ကဲ့သို့ဖြစ်နိုင်သနည်း။

ဤအကြောင်းကိစ္စနှင့်ပတ်သက်၍ ယေရှုခရစ်တော်၏ကနဦးနောက်လိုက်များအား သူတ

သည် မည်သည့်အရာကြောင့် ယေရှုခရစ်တော်ကို ပထမဆုံးစိတ်ဝင်စားခဲ့ကြကြောင်း ပြောပြ

ခွင့်ပေးမည်ဆိုလျှင် စိတ်ဝင်စားဖွယ်ကောင်းပေလိမ့်မည်။ နောက်ပိုင်းတွင် တမန်တော်ရှင်ပေ

တရုဖြစ်လာသော ဂါလိလဲနယ်သားတံငါ၊ သန်မာ၍လက်တွေ့ကျကျလုပ်တတ်သည့် ပေတရု

သည် တိဗေရိအိုင်၏အန္တရာယ်ရှိသောရေပြင်ပေါ်တွင် ငါးဖမ်းရင်း ခက်ခက်ခဲခဲအသက်မွေးရ

သူဖြစ်သည်။ သူသည် စိတ်ကူးယဉ်လွန်ကဲတတ်သူမဟုတ်သကဲ့သို့ ဘာသာရေးသမားတစ်ဦး

လည်း မဟုတ်ခဲ့ပေ။ သူက ယေရှုသည် ]]ငါတို့ကို ဘုန်းတန်ခိုးတော်နှင့်ခေါ်တော်မူ}}သည်ဟု

ကျွန်ုပ်တို့ကိုရှင်းပြခဲ့သည် (၂ပေ၊ ၁း၃)။ ပေတရုအတွက် ဆွဲဆောင်မှုရှိသည့်အရာမှာ

ခရစ်တော်၌တွေ့ရသည့် စရိုက်လက္ခဏာများ၏ ထယ်ဝါမှုနှင့်လှပမှုတို့ပင်ဖြစ်သည်။ အစွမ်း

သတ္တိနှင့်ပြည့်စုံတော်မူသလောက် နူးညံ့တော်မူသည့်ကိုယ်တော်၊ ကိုယ်ကျင့်တရားပြည့်စုံ

တော်မူသည်နှင့်အမျှ အပြစ်နှင့်ပြည့်လျက် ကြေကွဲသောသူတို့အပေါ် သာမန်ထက်ထူးခြားစွာ

ချစ်တော်မူလျက် စိတ်ရှည်တော်မူသောကိုယ်တော်၊ အခြားသူတို့အပေါ် မတရားအပြစ်ကျူး

လွန်သောသူတို့အပေါ်အမျက်တော်ထွက်သော်လည်း မိမိအပေါ်မတရားပြုမူများကြောင့်

ခံစားရသည့်ဝေဒနာကိုမစဉ်းစားဘဲ ခွင့်လွှတ်တော်မူရန်အဆင်သင့်ဖြစ်နေသော ကိုယ်တော်၊

မိမိ၏ငါးဖမ်းခြင်းအလုပ်ကိုထားခဲ့လျက် ယေရှုနောက်လိုက်ရသည့်အထိ ပေတရုအတွက် စိတ်

ဝင်စားဖွယ်ကောင်းသောအရာမှာ ယေရှု၏စရိုက်လက္ခဏာပင်ဖြစ်သည်။ ထိုသို့နောက်လိုက်

ခြင်းက အခြေအနေအမျိုးမျိုးတို့၌ ယေရှုကို အနီးကပ်လေ့လာခွင့်ရစေခဲ့ပြီး ကောင်းကင်နိုင်ငံ

အမှန်တကယ်ရှိကြောင်းနှင့် ထူးခြားနက်ရှိုင်း၍ချီးမွမ်းဖွယ်ဖြစ်သော ယေရှု၏စရိုက်လက္ခဏာ

တို့သည် ဤလောကတွင် အခြေခံသောအရာမဟုတ်ကြောင်း အခိုင်အမာသိရှိစေခဲ့သည်။

ပေတရု၏ငါးဖမ်းဖော်ငါးဖမ်းဖက်ဖြစ်ပြီး နောက်ပိုင်းတွင် တမန်တော်တစ်ဦးဖြစ်လာသော

ယောဟန်၌လည်း အလားတူလေးစားမှုမျိုးဖြစ်ပေါ်ခဲ့သည်။ ယောဟန်က “ခမည်းတော်၌တစ်ပါးတည်းသောသားတော်၏ဘုန်းတော်ကဲ့သို့ သူ၏ဘုန်းတော်ကိုငါမြင်ရကြပြီ”(ယော ၁း၁၄) ဟု ဆိုထားသည်ကိုတွေ့ရသည်။

ကျားကျားလျားလျားရှိ၍ လက်တွေ့ကျမှုကိုနှစ်သက်သော ဤတံငါသည်တို့သည် ယခု

ခံစားရသောအတွေ့အကြုံအရ မိမိတို့၏အပြုအမူအကျင့်စရိုက်အတွက် ကျေနပ်မှုမရှိကြ

တော့ဘဲ ယေရှုနှင့်အတူရှိနေရန်သာမက ခရစ်တော်နှင့်တူသောသူအဖြစ် အသက်ရှင်နေထိုင်ရန်

ဆန္ဒရှိလာကြသည်။ သမ္မာကျမ်းစာက ‘]သန့်ရှင်းသော}အသက်တာဟုခေါ်သည့် အသက်တာ

မျိုးဖြစ်သည်။ လက်တွေ့ကျကျအသက်ရှင်ရသောသူတို့အတွက် ယေရှုကဲ့သို့သက်ရှင်ရန်

လိုလားတောင့်တကြခြင်းမှာ လက်တွေ့မကျသော စိတ်ကူးယဉ်မှုလိုဖြစ်နေသည်။ သို့သော်

ယေရှုက သူတို့တောင့်တသောအရာသည် အမှန်ဖြစ်လာစေနိုင်ကြောင်း သူတို့ကိုစိတ်ချမှုရရှိ

စေခဲ့သည်။ မငြင်းသာသည့်အချက်မှာ္ထ ဤလောကီသားတို့သည် အချိန်တိုတိုအတွင်းမှာပင်

ယေရှုကို လက်ဝါးကပ်တိုင်ပေါ်တင်ခြင်းအားဖြင့် ကိုယ်တော်၏စရိုက်လက္ခဏာနှင့် အသက်

ရှင်မှုပုံစံအပေါ် သူတို့၏ထင်မြင်မှုကို ပြသခဲ့ကြသည်။ အကျဉ်းတန်မှုက အလှအပတရား

အပေါ် အနိုင်ယူလိုက်ပြန်ပြီဟု ထင်စရာရှိသည်။ သို့သော် ကိုယ်တော်သည် သေသောသူတို့ထဲမှ

ထမြောက်တော်မူလျက် တမန်တော်တို့အား ရှင်ပြန်ထမြောက်ခြင်းကို မြင်တွေ့စေကာ ထို

တမန်တော်တို့အတွက်သာမက ယနေ့ခရစ်တော်ကို အမှန်တကယ်ယုံကြည်သောသူတို့လည်း

ကြမ်းတမ်းခက်ခဲ၍ လက်တွေ့ဆန်သော ဤလောကတွင် စစ်မှန်သောခရစ်ယာန်အသက်တာ

ကို အသက်ရှင်နိုင်ရန် ခွန်အားတန်ခိုးဖြစ်လာသည်။

သို့သော် ကျွန်ုပ်တို့သည် ဤနေရာတွင် အခက်အခဲတစ်ခုကို ရင်ဆိုင်ရသည်။ လူများစွာ

တို့အတွက် “သန့်ရှင်းသောအသက်တာ “ဆိုသည့်ဝေါဟာရသည် စိတ်ဝင်စားစရာမကောင်း

သောအရာဖြစ်နေသည်။ ၄င်းသည် ဤအသက်တာတွင် ပျော်ရွှင်မှုများမခံစားနိုင်အောင်

တားဆီးသည့်အရာဟု သူတို့ခံစားကြသည်။ သူတို့အမြင်တွင် သန့်ရှင်းသောအသက်တာဖြင့်

အသက်ရှင်သောသူတို့သည် မျက်နှာဖြူဖတ်ဖြူရော်နှင့် မိမိအတွက်သာစဉ်းစားတတ်ကြသော

ဤဘဝတွင်အပြည့်အဝအသက်မရှင်သူများဖြစ်ကြသကဲ့သို့ သန့်ရှင်းခြင်းသည် လူသားစစ်စစ်

များအတွက် လိုက်မမီနိုင်သောစံနှုန်း တစ်ခုဖြစ်သည်သာမက အလိုရှိစရာလည်းမကောင်းပေ။

မငြင်းသာသောအချက်မှာ သန့်ရှင်းခြင်းတွင် ခွဲစိတ်ကုသခြင်းအနှုတ်လက္ခဏာဆောင်

သည့်အချက်တစ်ခုရှိသည်။ ခွဲစိတ်ကုသခြင်း၏အပေါင်းလက္ခဏာဆောင်သောရည်ရွယ်ချက်မှာ

လူတို့ကိုယ်ကာယပိုင်းတွင် ကျန်းမာသန်စွမ်းစေရန်ဖြစ်သည်။ ထိုအကြောင်းရင်းကြောင့် ခွဲစိတ်

ကုသသည့်အခါ ရောဂါပိုးမွှားများ၊ ကင်ဆာနှင့်ဆိုင်သော ပြန့်ပွားမှုများအပေါ် အလွန်သတိ

ထားရသည်။ ထိုနည်းတူ သန့်ရှင်းစင်ကြယ်ခြင်း၏ ရည်ရွယ်ချက်မှာလည်း လူတို့ကို ကိုယ်ကျင့်

တရားပိုင်းတွင် ဖန်ဆင်းရှင်ကဲ့သို့ သန်စွမ်း လှပစေရန်အတွက်ဖြစ်သည်။ သို့သော် ထို

အကြောင်းရင်းကြောင့်ပင် ဖန်ဆင်းရှင်၏ဂုဏ်အသရေကိုထိခိုက်စေမည့်အရာ၊ ညစ်ညူးသော

အရာနှင့် နှစ်သက်ဖွယ်အသက်တာကို ပျက်စီးစေမည့်အရာများအပေါ် အနှုတ်လက္ခဏာ

ဆောင်သည့်အမြင်ရှိသည်။ ထို့ကြောင့် သေချာသည်မှာ ပျော်စရာကောင်းသောအချို့အရာ

များအပေါ် သန့်ရှင်းစင်ကြယ်မှုက မထောက်ခံသည့်အခါရှိမည်ဖြစ်သည်။ မူးယစ်ဆေးဝါးစွဲနေ

သည့်ဆယ်ကျော်သက်တစ်ဦးအတွက် လောကတွင် စိတ်ဝင်စားစရာအကောင်းဆုံးနှင့် ပျော်ရွှင်

မှု အပေးနိုင်ဆုံးအရာမှာ မူးယစ်ဆေးဝါးသာဖြစ်နေမည်။ အခြားလူများမြင်သကဲ့သို့ သူမမြင်

ပါ။ သို့သော် မူးယစ်ဆေးဝါးသည် သူ့ကိုပျော်ရွှင်မှုပေးသည့်ပုံပေါ်နေသော်လည်း သူ့ဦးနှောက်

ကိုဖျက်ဆီးနေသည်။ ထိုနည်းတူ လက်စားချေမှုသည် စိတ်ကိုကျေနပ်စေသည ပုံမျိုးပေါ်နေ

သော်လည်း လက်စားချေခံရသူကိုသာ အနာတရဖြစ်စေသည်မဟုတ်။ လက်စားချေသူကိုယ်တိုင်

၏စိတ်ဝိညာဉ်ကိုလည်း ထိခိုက်စေသည်။

ထို့ကြောင့် မည်သည့်အရာသည် စစ်မှန်သောအလှ၊ စစ်မှန်သောပျော်ရွှင်မှု၊ စစ်မှန်သော

သန့်ရှင်းခြင်းဖြစ်ကြောင်းနှင့် ကိုယ်တော်သည် မြေကြီးပေါ်တွင်လည်းကောင်း၊ ကောင်းကင်ဘုံ

တွင်လည်းကောင်း သန့်ရှင်းတော်မူသကဲ့သို့ ကျွန်ုပ်တို့လည်း မည်ကဲ့သို့ သန့်ရှင်းစင်ကြယ်နိုင်

ကြောင်းကို ခရစ်တော်က ကျွန်ုပ်တို့ကိုသင်ကြားပေးရန်လိုသည်။ ယခု ကျွန်ုပ်တို့သည် ဤခေါင်း

စဉ်အောက်တွင် ကိုယ်တော်၏သွန်သင်တော်မူချက်ကို လေ့လာသွားကြမည်ဖြစ်သည်။

ကျွန်ုပ်တို့၏ကျောင်းသားရောင်းရင်းများ

ခရစ်တော်က သန့်ရှင်းစင်ကြယ်ခြင်းသင်ခန်းစာကို စတင်ပို့ချပေးချိန်တွင် သင်ယူခဲ့ကြ

သော ကျောင်းသားများကို သွားရောက်တွေ့ဆုံကြစို့။ ထိုအကြောင်းကို ရှင်ယောဟန်ခရစ်ဝင်

အခန်းကြီး ၁၃ – ၁၇ တွင် မှတ်တမ်းတင်ထားပါသည်။ သူတို့အားလုံး တမန်တော်များ ဖြစ်

နေကြသည့်အချက်က ကျွန်ုပ်တို့သည် သူတို့လိုလူပုဂ္ဂိုလ်များသင်ယူ နေသည့်စာသင်ခန်းများ

တွင် မပါဝင်သင့်ဟူ၍လည်းကောင်း၊ သန့်ရှင်းခြင်းအပေါ် ယေရှု၏သွန်သင်မှုသည် ဘာသာရေး

ဆရာကြီးများအတွက်သာဖြစ်သည်ဟုလည်းကောင်း တွေးထင်စေနိုင်ပါသည်။ သို့သော် ထိုသို့

မဟုတ်ပါ။ တမန်တော်များထဲတွင် ထိုခေတ်က ကျမ်းစာကျောင်းများတက်ရောက်ဖူးသူ၊ ဘွဲ့ရ

ပညာတတ်တစ်ယောက်မျှမပါပေ။ သူတို့ဆရာကြီးဖြစ်မဖြစ်နှင့်ပတ်သက်၍ ခရစ်တော်ကိုယ်တိုင်

က သူတို့သည် ဓမ္မအတွေးအခေါ်နှင့်အသိပညာပိုင်းတွင် ကလေးငယ်များဖြစ်ကြသည်ဟု

မိန့်တော်မူထားသည် (လု ၁၀း၂၁)။ တကယ်တမ်းဆိုရလျှင် ခရစ်တော်သင်ကြားပေးသည့်အရာ

များနှင့်ပတ်သက်၍ သူတို့၏မေးခွန်းများကိုကြည့်ပါက ကျွန်ုပ်တို့တစ်ခါတစ်ရံဖြစ်တတ်သကဲ့သို့

သူတို့သည်လည်း နားလည်သင်ယူရန်နှေးကွေးနေကြသည်ကို ကျွန်ုပ်တို့တွေ့ရမည်ဖြစ်သည်။

သူတို့အုပ်စုတွင် လူအမျိုးမျိုးပါဝင်နေသည်ကိုတွေ့ရသည်။ သူတို့ထဲမှ တော်တော်များများ

သည် ပေတရုကဲ့သို့ မူလက တံငါသည်ဖြစ်ခဲ့ပြီး ဘဝကို ခပ်ကြမ်းကြမ်းနှင့် လက်တွေ့ကျကျ

ရင်ဆိုင်ကာ အသက်ရှင်ရရန်နှင့်မိသားစုကိုကြည့်ရှုနိုင်ရန်အတွက် မည်မျှခက်ခဲသည်ကို နားလည်ထားသူများဖြစ်ကြသည်။ ပေတရုကိုယ်တိုင်လည်း စိတ်အားတက်ြွကပြီး ချစ်ခင်စရာကောင်း

သောသူဖြစ်ကာ အလွယ်တကူတုန့်ပြန်တတ်သူဖြစ်လျက် အများကိုယ်စား ဖြေရှင်းပေးတတ်သူ

ဖြစ်သကဲ့သို့ စိတ်မြန်လက်မြန် လုပ်ကိုင်ပြောဆိုတတ်ကာ အရင်လုပ်၊ အရင်ပြောပြီး နောက်မှ

ပြန်စဉ်းစားတတ်သူလည်းဖြစ်သည်။ မဿဲမှာမူ လူအေးတစ်ယောက်ဖြစ်လျက် ဘာကိုမဆို

တွက်ချက်စဉ်းစားတတ်သူဖြစ်သည်။ ခရစ်တော်သူ့ကိုမရွေးကောက် မခေါ်ယူမီက သူသည်

အခွန်ကောက်ခံသူတစ်ဦးဖြစ်လျက် လူတို့မုန်းတီးသော ရောမတို့အတွက် အလုပ်လုပ်ပေးကာ

ငွေအမြောက်အမြားရှာဖွေခဲ့သူဖြစ်သည်။ သူပြောင်းလဲပြီးသည့် နောက်ပိုင်းတွင် လူမှုရေးအရ

လက်ခံဖွယ်ရာမဟုတ်သောလုပ်ငန်းကို ဆက်မလုပ်တော့သော်လည်း အသေးစိတ်စဉ်းစားလုပ်

ဆောင်ကာ စာရင်းမှတ်တမ်းရေးသားသည့်အကျင့်ကို ဆက်လက်ကျင့်သုံးလျက် ခရစ်တော်

၏သက်တော်စဉ်ဖြစ်သည့် ရှင်မဿဲခရစ်ဝင်ကျမ်းကိုလည်း မှတ်တမ်းတင် ရေးသားခဲ့သည်။

ယောဟန်နှင့်ယာကုပ်တို့မှာ တွန်းတွန်းတိုက်တိုက်လုပ်တတ်သူများဖြစ်ကြသည်။ ခရစ်

တော်၏နိုင်ငံတော်တွင် ထိပ်ပိုင်းရာထူးရဖို့အတွက် မည်မျှပင်ကြိုးစားရကြိုးစားရ၊ အဖိုးအခ

မည်မျှပင်ပေးရပေးရ ဂရုမစိုက်သူများဖြစ်ခဲ့ကြသည် (မာ ၁၀း၃၅-၄၅)။ သူတို့၏ရည်ရွယ်

ချက်သည် ရာနှုန်းပြည့်မှန်ကန်သင့်မြတ်သောအရာမဟုတ်ပါ။ တရားမျှတမှုဟု သူတို့သတ်မှတ်

သောအရာသည်လည်း မလိုမုန်းထားလက်စားချေခြင်းနှင့် ရောနှောနေသည်ကို တွေ့ရသည် (လု

၉း၅၁-၅၆)။ ဖိလိပ္ပုသည် မှတ်တမ်းများအရ နူးညံ့သိမ်မွေ့ပြီး ဖော်ရွေသူတစ်ဦးဖြစ်သည်

(ယော ၁၂း၂၁)။ ခေါင်းမာတတ်သည့်သောမသည် မိမိ၏သံသယစိတ်ကို ပွင့်ပွင့်လင်း

လင်း ဖော်ပြတတ်ပြီး ယုံကြည်ခြင်းအရာ၌ နှေးကွေးတတ်သူဖြစ်ပြီး (ယော ၁၁း၁၆၊

၂၀း၂၄-၂၉) ဝံသာနုရှိမုန်သည် မပြောင်းလဲမီက လက်ဝဲနိုင်ငံရေးသမားတစ်ဦးဖြစ်ခဲ့ပြီး

တိုင်းသူပြည်သားတို့ကို ခေါင်းပုံဖြတ်သောသူတို့နှင့်ပေါင်းသင်းခဲ့သည့် မဿဲနှင့်တော့

မတူပေ။ အခြားသူများအကြောင်းကိုမူ ကျွန်ုပ်တို့ဘာမျှမကြားသိရပေ။ သို့သော် သူတို့

သည်လည်း အလေးထားစရာမဟုတ်သော

ကျောင်းတော်သားများတော့မဟုတ်ပါ။

ထို့အပြင် ရိုးတိုးရိပ်တိတ်မြင်နေရသောသူတစ်ဦးလည်းပါသည်။ သူသည် အုပ်စု၏ငွေအိတ်

ကိုကိုင်ရသူဖြစ်သော်လည်း တပည့်တော်အစစ်အမှန်တစ်ဦးတော့မဟုတ်ပေ။ သူသည်

နောက်ဆုံးတွင် သစ္စာဖောက်တစ်ဦးဖြစ်သွားခဲ့သည်။

ကျွန်ုပ်တို့သည်လည်း ကျွန်ုပ်တို့၏ကိုယ်ရည်ကိုသွေးနှင့် အကျင့်စရိုက်မည်သို့ပင်ဖြစ်နေ

ဖြစ်နေ၊ ကျွန်ုပ်တို့၏အတိတ်ကနိုင်ငံရေး၊ လူမှုရေးနောက်ခံသည် မည်သို့ ပင်ဖြစ်နေဖြစ်နေ

အထက်တွင်ဖော်ပြသည် ကျောင်းတော်သားများနည်းတူ ကျွန်ုပ်တို့သည်လည်း ခရစ်တော်

၏ကျောင်းတော်တွင် ကျောင်းတော်သားများဖြစ်နိုင်ကြောင်းတွေ့ရခြင်း စိတ်လက်

ချမ်းသာဖွယ်ဖြစ်သည်။

ကျောင်းတော်

အကယ်စင်စစ် သင်ခန်းစာအားလုံးကို တစ်နေရာတည်းတွင် သင်ကြားပေးခဲ့သည်

မဟုတ်ပါ။ ၄င်းအတွက် အကြောင်းရင်းလည်းရှိပါသည်။ ပထမအချက်မှာ သုံးပါးတစ်ဆူ

ဘုရားသခင်၏ ပုဂ္ဂိုလ်သုံးပါးတို့အား သူတို့မေတ္တာတော်ကို ကျွန်ုပ်တို့အားပြသရန်နှင့် သူတို့၏

အလိုတော်ကို သင်ကြားပေးရန် အခွင့်ပေးလျက် သူတို့နှင့်မိတ်သဟာရဖွဲ့ကာ တစ်နေ့သော

အခါ ကောင်းကင်နိုင်ငံတွင် ကျွန်ုပ်တို့အတွက် အိမ်ကိုပြင်ဆင်ပေးကြမည်ဖြစ်သည်နှင့်အညီ

ယခုအချ်ိန်တွင် ကျွန်ုပ်တို့၏စိတ်နှလုံးကို သူတို့အတွက် ဗိမာန်တော်ဖြစ်စေလျက် သူတို့အပေါ်

ကျွန်ုပ်တို့ထားရှိသော ချစ်ခြင်းမေတ္တာနှင့် ကိုးကွယ်ဆည်းကပ်မှုတို့ဖြစ်သည်။ ခရစ်တော်သည်

သင်ခန်းစာ၏ဤအပိုင်းကို တပည့်တော်များနှင့်အတူ ဂျူးပသခါပွဲတော် အတူတကွကျင်းပရာ

လူသူကင်းဝေး၍ တိတ်ဆိတ်နေသည့် အထက်ခန်းမတစ်ခုတွင် သင်ကြားပေးခဲ့သည်။

စားသောက်ဝိုင်း၌ တစ်ဦးနှင့်တစ်ဦး ခင်မင်ရင်းနှီးစွာမိတ်သဟာရဖွဲ့နေသည့်အခြေအနေတွင်

ယေရှုက သန့်ရှင်းခြင်းသည် စည်းမျဉ်းဥပဒေသများကို လိုက်နာစောင့်ထိန်းနှင့်ဆိုင်သည့်အရာ

သက်သက်မဟုတ်ဘဲ မိမိ၏သားတော်အားဖြင့် ဘုရားသခင်ပြသတော်မူသော မေတ္တာတော်ကို

တုန့်ပြန်သော တုန့်ပြန်မှုနှင့်သက်ဆိုင်ကြောင်း သင်ကြားပေးခဲ့သည်။

သို့သော် သန့်ရှင်းခြင်းတွင် အခြားသောအနားတစ်ဖက်ရှိသေးသည်။ စစ်မှန်သော သန့်ရှင်း

ခြင်းအတွက် ဘဝမှန်မှထွက်ပြေးကာ တစ်ကိုယ်တော်ဝိညာဉ်ရေးသမားအဖြစ် ဤလောကနှင့်

အဆက်အသွယ်ဖြတ်ပစ်ရန်မဟုတ်ပါ။ စစ်မှန်သောသန့်ရှင်းခြင်းသည် ခရစ်တော်၏တပည့်တော်

များကို အပြစ်နှင့်လည်းမကင်း၊ ဘုရားသခင်အပေါ်လည်း ရန်လိုသောသဘောရှိသည့် လောက

ထဲသို့ခေါ်သွားမည်ဖြစ်သည်။ ထိုအခါ သူတို့သည် ထိုနေရာတွင် ခရစ်တော်အတွက် ရဲရင့်စွာ

အသက်ရှင်လျက် ဘုရားသခင်၏ဘုန်းတော်ကိုထင်ရှားစေသော အသက်တာဖြင့်အသက်ရှင်ကာ

သန့်ရှင်းခြင်းကို လက်တွေ့သက်သေပြပြီး အပြစ်ကိုဆန့်ကျင်ကြရင်း ဘုရားသခင်ဖန်ဆင်း

သောလူသားတို့သည် အပြစ်ရှိလျှင်ပင် ဘုရားသခင်သည် အလွန်ချစ်တော်မူကြောင်းကိုလည်း

ပုံဖော်လျက်ထင်ရှားစေကြမည်ဖြစ်သည်။ ခရစ်တော်သည် သန့်ရှင်းခြင်း၏ဤအနား

တစ်ဖက်အကြောင်း သင်ကြားပေးရန်အတွက် မိမိ၏တပည့်တော်များကို လူသူကင်းဝေးလျက်

သက်သက်သာသာရှိသောအခန်းထဲမှ ခေါ်ထုတ်လာကာ သူ့ကိုအသေသတ်ရန် သစ္စာဖောက်

ယုဒနှင့်လျှို့ဝှက်ကြံစည်နေကြသော ရန်သူတို့၏အမုန်းစိတ်များအငွေ့အသက်မကင်းရာ ဂျေရု

ဆလင်မြို့၏လမ်းမများပေါ် ခေါ်လာခဲ့သည်။ မိမိကိုလက်ဝါးကပ်တိုင်ပေါ်တင်သတ်ရန် ဖမ်းဆီး

ခေါ်ဆောင်သွားခြင်းခံရမည့် ဂေသရှေမန်ဥယျာဉ်သို့သွားသည့် ဂျေရုဆလင်၏လမ်းမများ

တစ်လျှောက်သည် ခရစ်တော်အတွက် သန့်ရှင်းခြင်း၏အနားတစ်ဖက်ကို သင်ကြားပေးရန်

သင့်လျှော်သည့်အခြေအနေ အချိန်အခါမျိုးဖြစ်သည်။

သင်ခန်းစာများ

သန့်ရှင်းခြင်းအပေါ် ခရစ်တော်၏သွန်သင်ချက်များကို ကောင်းစွာသင်ယူထားသော

အတွေးအခေါ်ပညာရှင်များ သို့မဟုတ် ဓမ္မပညာရှင်များကသာနားလည်နိုင်သည့် ဆန်းပြားရှုပ်

ထွေး၍ စိတ်ကူးယဉ်ဆန်သောအမြင်သဘောထားများဖြင့် လေ့လာခြင်းမျိုးမပြုသင့်ပါဟု

ချက်ချင်းပြောမိသောသူရှိနိုင်ပါသည်။ ဤသွန်သင်ချက်များသည် ခရစ်တော်၏ဘုရားÓဏ်

ပညာက ပြင်ဆင်ထားနိုင်သည့်အတိုင်းအတာအတိုင်း ရိုးရှင်းမှုရကြပါသည်။ Óဏ်ပညာနှင့်

ပြည့်စုံတော်မူသောဖန်ဆင်းရှင်၏အမှတ်အသားတစ်ခုမှာ ကိုယ်တော်သည် စိတ်နှလုံးနှိမ့်ချ

သော မိမိလူတို့၏စိတ်နှလုံးဖြင့် ဆက်သွယ်အသိပေးတော်မူသည်ဆိုသည့်အချက်ဖြစ်သည်။

သင်ခန်းစာများတွင် အသေးစိတ်ကျသောအချက်များ များစွာပါသော်လည်း သင်ခန်းစာ၏

အပိုင်းနှစ်ပိုင်းလုံးတွင် အဓိကအချက်များ အနည်းသာပါဝင်ပြီး ရိုးရှင်းလွယ်ကူကြပါသည်။

၄င်းတို့ကို အောက်ပါအတိုင်း ရိုးရှင်းစွာဖော်ပြနိုင်ပါသည်။

ခရစ်ယာန်အသိုင်းအဝိုင်းထဲတွင်

(အခန်းကြီး ၁၃-၁၄)

၁။ ခြေဆေးခြင်းပုံဥပမာကို သရုပ်ဖော်ပြသခြင်း ကျွန်ုပ်တို့ကိုသန့်ရှင်းစေရန် ဘုရားသခင်၏

အခြေခံပံ့ပိုးမှု

(၁၃း၁-၂၀)

၂။ ယုဒ၏သစ္စာဖောက်မှုကို ခရစ်တော်ထုတ်ဖော်ပြောဆိုခြင်း

သန့်ရှင်းခြင်း(နှင့်မသန့်ရှင်းခြင်း)၏အခြေ

ခံနိယာမတရားသည် မည်သည့်အရာ

ဖြစ်ကြောင်း ပြသတော်မူခြင်း (၁၃း၂၁-၃၂)

၃။ အဝေးသို့ ခရစ်တော်ထွက်ခွာတော်မူခြင်း

ကျွန်ုပ်တို့၏သန့်ရှင်းမှုပြည့်စုံရေးအတွက်

ရည်ရွယ်ချက်နှင့် ပါဝင်ပတ်သက်မှုများ

(၁၃း၃၃-၁၄း၃၁)

အပြင်လောကဘက်တွင်

(အခန်းကြီး ၁၅-၁၆)

၁။ စပျစ်ပင်နှင့်စပျစ်နွယ်ပုံဥပမာ

လောကထဲ၌ကျွန်ုပ်တို၏သက်သေခံခြင်းကို

ကြီးထွားစေရန်ဘုရားသခင်၏

အခြေခံပံ့ပိုးမှု(၁၅း၁-၁၇)

၂။ လောက၏မုန်းတီးမှုကို ခရစ်တော်ထုတ်ဖော်ပြောဆိုခြင်း

ကျွန်ုပ်တို့၏သက်သေခံမှုအပေါ် လောက၏

ရန်လိုမှုကို ကျွန်ုပ်တို့နားလည်ရန်

ကူညီတော်မူခြင်း (၁၅း၁၈-၂၇)

၃။ အဝေးသို့ ခရစ်တော်ထွက်ခွာတော်မူခြင်း

ဤလောကအပေါ် ကျွန်ုပ်တို့၏အောင်မြင်ရန်

လိုအပ်ခြင်းနှင့် ၄င်း၏ပါဝင်ပတ်သက်မှုများ

(၁၆း၁-၃၃)

သန့်ရှင်းစင်ကြယ်ခြင်း၏အနားနှစ်ဖက်

သင်ခန်းစာ၏ပထမအပိုင်းတွင် သင်ကြားပေးခဲ့သောအရာများစွာတို့ကို ‘ဒုတိယပိုင်းတွင်

လည်း ပြန်လည်သင်ကြားပေးသည်ဆိုသည့်အချက်ကို ကျွန်ုပ်တို့တွေ့ရလျှင် အချက်အလက်

အပြည့်အစုံကိုပင် ကျွန်ုပ်တို့ပိုမိုလွယ်ကူစွာနားလည်န်ိုင်မည်ဖြစ်သည် (စာမျက်နှာ ၁၂၃ – ၁၂၅

တွင် ဖော်ပြထားသည့်အတိုင်းဖြစ်သည်)။

သို့သော်လည်း သန့်ရှင်းခြင်းအပေါ် ခရစ်တော်သွန်၏သွန်သင်ချက်ကိုနားလည်နိုင်ရန်

ထက် ထိုသွန်သင်ချက်ကို လက်တွေ့လိုက်နာကျင့်သုံးရန်သာ ပိုမိုခက်ခဲသည်ဟု အများစုက

ခံစားမိကြမည်ဖြစ်သည်။ သူတို့အတွက် ]သန့်ရှင်းသူ}ဆိုသည်မှာ ဘာသာတရား၏စည်းမျဉ်း

ဥပဒေသများကို အပြည့်အစုံလိုက်နာကျင့်သုံးနိုင်သည့် အာဂလူများဖြစ်ကြသည်။ ထို့ကြောင့်

သူတို့ကိုယ်တိုင်မှာမူ ဤမျှခက်ခဲသောအရာများကို လက်တွေ့ကျင့်သုံးလိုက်နာနိုင်ကြမည်

မဟုတ်ဟု မိမိတို့စိတ်ထဲတွင် အလိုလိုခံစားမိတတ်ကြသည်။

သို့သော် ဤသို့တွေးထင်ခြင်းသည် မှန်ကန်သောအရာမဟုတ်ပါ။ ခရစ်တော်က မိမိ၏

ကျောင်းတော်သို့ဖိတ်ခေါ်သည့် ဖိတ်ခေါ်ချက်များကို နားထောင်ကြည့်ပါ။

ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်းသာပေးမည်။

ငါ့ထမ်းပိုးကို တင်၍ ထမ်းကြလော့။ ငါ့ထံ၌ နည်းခံကြလော့။ ငါသည် နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ၏။ သင်တို့စိတ်နှလုံးသည် သက်သာခြင်းကို ရလိမ့်မည်။

အကြောင်းမူကား၊ ငါ့ထမ်းပိုးသည် ထမ်းလွယ်၏။ ငါ့ဝန်လည်း ပေါ့၏ဟု မိန့်တော်မူ၏။ (မ ၁၁း၂၈-၃၀)။

မှန်ပါသည်။ ခရစ်တော်က သူ့နောက်ကိုလိုက်သောသူတို့သည် သူ၏အမိန့်တော်တို့ကို

နာခံ၍ ထိုအမိန့်တော်များကို ကြိုးစားလျက် လက်တွေ့ကျင့်သုံးကြမည်ဟု မျှော်လင့်ထားမည်

ဖြစ်သည်။ သို့သော် သူ၏ထမ်းဘိုးသည် ထမ်းလွယ်၍ သူ့ဝန်သည်ပေါ့ရခြင်း၏အကြောင်း

ရင်းကို လာမည့်အခန်းတွင် ရှင်းရှင်းလင်းလင်းသိရမည်ဖြစ်သည်။ သန့်ရှင်းသောအသက်

တာ၌ကြီးထွားခြင်းဖြစ်စဉ်တွင် အဓိကကြီးထွားမှုခြေလှမ်းတို့သည် ကျွန်ုပ်တို့က ခရစ်တော်

အတွက် လုပ်ဆောင်ပေးသောအရာပေါ်တွင် မူမတည်ဘဲ ခရစ်တော်က ကျွန်ုပ်တို့ကို လုပ်

ဆောင်ပေးသောအရာများတွင် မူတည်သည်။ ကျွန်ုပ်တို့၏ခွန်အားဖြင့်မဟုတ်ဘဲ ခရစ်တော်၏

တန်ခိုးတော်အားဖြင့်ဖြစ်သည်။ ခရစ်တော်သည် ခရစ်တော်နှင့်တူသောအသက်တာဖြင့်

အသက်ရှင်ရန် ကျွန်ုပ်တို့ကိုခေါ်သောအခါ ထိုအသက်တာမျိုးဖြင့်အသက်ရှင်နိုင်ရန်အတွက်

အခြေခံလိုအပ်သောစွမ်းရည်နှင့် အရင်းအဖြစ်တို့တို ကျွန်ုပ်တို့ရရှိနိုင်ရန်အတွက် သူကိုယ်တိုင်

၏အသက်ကို ကျွန်ုပ်တို့အထဲ၌ ဦးစွာထည့်ပေးသည်။ လူတစ်ဦးအား ဦးစွာ တေးဂီတဆိုင်ရာ

ထူးခြားသည့်စွမ်းရည်ကို မပေးဘဲ သံစုံတီးဝိုင်းကြီးအတွက် တေးသွားတစ်ပုဒ်ရေးပါဟုဆိုလျှင်

မသင့်တော်ပါ။ ထို့ကြောင့် ခရစ်တော်၏ သန့်ရှင်းခြင်းနှင့်ဆိုင်သောပထမသင်ခန်းစာမှာ ဤသို့

ဖြစ်သည်- ကိုယ်တော့်ထံတွင် ကျွန်ုပ်တို့အထဲ၌ထည့်ပေးရန်အတွက် သန့်ရှင်းသော ဝိညာဉ်

တော်၏အသက်ရှိသည်။ ကျွန်ုပ်တို့သည် ထိုအသက်အားဖြင့်မဟုတ်လျှင် သန့်ရှင်းစွာအသက်ရှင်

ရန် မဖြစ်နိုင်ချေ (အခန်းကြီး ၁၃)။

ထို့နောက် ကျွန်ုပ်တို့၏စိတ်နှလုံးထဲတွင် သူ့ကိုကိန်းဝပ်စေရန် ကျွန်ုပ်တို့ကိုတောင်းဆိုတော်

မူသည်။ သို့သော် ခမည်းတော်၏အိမ်တော်တွင် ကျွန်ုပ်တို့အတွက်အခန်းများ ပြင်ဆင်ရန် သွားရ

မည်ဖြစ်ကြောင်းနှင့် နောက်တစ်ဖန်ပြန်ကြွလာလျက် ထိုနေရာသို့ ကျွန်ုပ်တို့ကို သိမ်းဆည်းမည်

ဖြစ်ကြောင်း ကတိတော်ပေးတော်မူပြီး ထိုသို့တောင်းဆိုခဲ့ခြင်းဖြစ်သည် (အခန်းကြီး ၁၄)။

ကိုယ်တော်သည် ကျွန်ုပ်တို့ကို ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း စသည့် ဝိညာဉ်

အသီးကိုသီးစေလိုမည် သေချာပါသည်။ သို့သော် ကူညီထောက်မမှုမပါသော ကျွန်ုပ်တို့၏

ကြိုးစားမှုတစ်ခုအားဖြင့်တော့ မဟုတ်ပါ။ အသီးသီးရန်အတွက် အဓိကဖြစ်သည့် စပျစ်ပင်သည်

ကျွန်ုပ်တို့မဟုတ်၊ ကိုယ်တော်သာဖြစ်သည်။ ကျွန်ုပ်တို့သည် အကိုင်းဖြစ်၍ အသီးသီးနိုင်ရန်

အသက်၊ ကျေးဇူးတော်နှင့် ခံနိုင်ရည်တို့ကို သူ့ထံမှ ရယူနိုင်သူများဖြစ်ကြသည် (အခန်းကြီး ၁၅)။

မှန်ပါသည်။ ခရစ်တော်၏နောက်လိုက်များသည် ရန်လိုသောဤလောကတွင် ခရစ်တော်

အတွက် ရဲရဲရင့်ရင့်သက်သေခံရန်လိုအပ်ပါသည်။ သို့သော် ဤသက်သေခံခြင်းကိုလုပ်ဆောင်

ရန်အတွက် အဓိကတာဝန်သည် သူတို့၏တာဝန်မဟုတ်။ ခရစ်တော်၏နာမအားဖြင့်

ခမည်းတော် စေလွှတ်သော သန့်ရှင်းသောဝိညာဉ်တော်သည် ဤကမ္ဘာလုံးဆိုင်ရာတာဝန်ကို

အဓိကထမ်းဆောင်သောအရှင်ဖြစ်တော်မူသည်။ သို့သော် ခရစ်တော်၏နောက်လိုက်များသည်

သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ဖော်ဆောင်ဖက်ငယ်များဖြစ်ကြသည် (အခန်းကြီး ၁၆)။

ဤသို့ဖြင့် လူတိုင်းသည် သန့်ရှင်းသူဖြစ်လာနိုင်ပါသည်။ ခရစ်တော်၏ကျောင်းတော်သို့

ဝင်ရန် ယခုပင်ရှေ့ဆက်ကြပါစို့။

သင်ရိုးအပိုင်း ( ၁ )

(က)တပည့်တော်များကိုဆေးကြောပေးခြင်း

ကြိုတင်အသိပေးခြင်း

ဤအပိုင်းတွင် ကျွန်ုပ်တို့ကို သန့်ရှင်းလှပသူများဖြစ်စေတော်မူသည့် ဘုရားသခင်၏

အခြေခံပံ့ပိုးမှုအကြောင်းကို ကျွန်ုပ်တို့လေ့လာရမည်ဖြစ်သည်။

ဤပံ့ပိုးမှုသည် ကျွန်ုပ်တို့ကို ကျွန်ုပ်တို့၏အပြစ်စွန်းသောစိတ်သဘောထားများနှင့် သမ္မာ

ကျမ်းစာက ပုံဖော်ခိုင်းနှိုင်းလျက် ]အညစ်အကြေးတင်ခြင်း၊ အရေတွက်ခြင်း}ဟု ဆိုထားသည့်

ကျွန်ုပ်တို့၏ကိုယ်ကျင့်တရားအားနည်းမှုများမှ လွတ်မြောက်စေရန်အတွက် ပြင်ဆင်ထားသည့်

ပံ့ပိုးမှုဖြစ်သည်။

၄င်းတွင် အောက်ပါအချက်များပါသည်။

၁။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် အသစ်တစ်ဖန်မွေးဖွားခြင်း။

  • ဤအသစ်တစ်ဖန်မွေးဖွားခြင်းသည် တစ်ကြိမ်တည်းနှင့်အပြီး ရေချိုးသန့်စင်ခြင်းဟု

တင်စားခေါ်ဝေါ်သည့် ဝိညာဉ်ရေးအတွေ့အကြုံဖြစ်သည်။

  • ဤအသစ်တစ်ဖန်မွေးဖွားခြင်းသည် မရှိမဖြစ်လိုအပ်သော လက်ဦးအတွေ့အကြုံ

ဖြစ်သည်။

  • ဤအသစ်တစ်ဖန်မွေးဖွားခြင်းက အသစ်သောအသက်တာ၊ အသစ်သောစိတ်ဆန္ဒနှင့်

အသစ်သောတန်ခိုးတို့ကိုပေးသည်။

  • ဤအသစ်တစ်ဖန်မွေးဖွားခြင်းမပါဘဲ စစ်မှန်သောသန့်ရှင်းခြင်းမဖြစ်နိုင်ပေ။ တစ်ကြိမ်

နှင့်အပြီးဖြစ်၍ နောက်ထပ်တစ်ကြိမ်မလိုတော့ပေ။

၂။ သခင်ယေရှုခရစ်တော်အားဖြင့် စိတ်နှလုံး၊ စိတ်ဓါတ်နှင့် လုပ်ဆောင်ချက်တို့ ဆေးကြော

သန့်စင်လျက် သစ်လွင်စေခြင်း။

  • ဤသို့ဆေးကြောသစ်လွင်စေခြင်းကို စဉ်ဆက်မပြတ်အကြိမ်ကြိမ်ခြေဆေးခြင်းဟု

တင်စားခေါ်ဝေါ်သည်။

  • သခင်ယေရှုနှင့်မိတ်သဟာရဖွဲ့ခြင်းကို ဆက်လက်ထိန်းသိမ်းသွားရန်အတွက် ဤသို့

ဆေးကြောသစ်လွင်စေခြင်းကို ဖြစ်စဉ်တစ်ခုအဖြစ် စဉ်ဆက်မပြတ် လုပ်ဆောင်သွား

ရန်လိုသည်။

သင်ရိုးအစီအစဉ်နဲ့အချိန်သတ်မှတ်ခြင်း

“ပသခါပွဲမခံမီ၌ယေရှုသည် ဤလောကမှခမည်းတော်ထံပြောင်းရသောအချိန် ရောက်သည်ကိုသိတော်မူသည်ဖြစ်၍၊ ဤလောက၌ရှိသောမိမိလူတို့ကို ချစ်တော်မူသောကြောင့် အဆုံးတိုင်အောင်ချစ်တော်မူ၏(၁၃း၁)

ယခု ကျွန်ုပ်တို့လေ့လာမည့်သင်ခန်းစာ၏နောက်ခံမြင်ကွင်းသည် ကရုဏာသက်စရာမြင်ကွင်း

တစ်ခုဖြစ်သည်။ ခရစ်တော်သည် တမန်တော်တစ်ဆယ့်နှစ်ပါးနှင့်အတူ သုံးနှစ်သုံးမိုး အတူ

တကွသွားလာလုပ်ဆောင်ခဲ့သည်။ သူတို့အားလုံး (တစ်ဦးမှလွဲ၍) ကလည်း သူ့ကိုချစ်၍ သူ့ကို

အစေခံကာ သူ့နောက်လိုက်ရန် မိမိတို့နေအိမ်မှသက်သာမှုနှင့် လောကချမ်းသာတို့ကို စွန့်ခဲ့ကြ

သည်။ ယခုရုတ်တရက်ဆိုသလို သူတို့ကို စွန့်ခွာတော့မည်။ သူတို့မည်သို့နားလည်ရမည်နည်း။

သူသည် သူတို့ထံမှထွက်ခွာရမည်ဖြစ်ကြောင်း ယခင်က အကြိမ်ကြိမ်မိန့်တော်မူခဲ့ပြီးပြီဖြစ်

သည်။ သို့သော် သူတို့သည် ကျွန်ုပ်တို့နည်းတူ မိမိမဖြစ်စေလိုသည့်အရာနှင့်မကြားလိုသည့်အရာ

ကို အရေးတယူမလုပ်ဘဲ မကြာမီမေ့သွားကြသည်။ ယနေ့ည သူသည် သေချာရှင်းလင်းစွာ မိန့်

တော်မူရမည်ဖြစ်သည်။ သူတို့ထံမှ သူထွက်ခွာသွားရမည်။ ဤသတင်းသည် သူတို့ကို အမှန်ပင်

ဝမ်းနည်းကြေကွဲစေလျက် စိတ်ရှုပ်ထွေးစေမည်ဖြစ်သည်။ မကြာမီ သူသည် ရက်စက်စွာ ညှင်း

ပန်းနှိပ်စက်ခြင်းကိုခံရလျက် အသေခံရသည်ကို သူတို့မြင်ရသည့်အခါ သူတို့သည် ထိန့်လန့်ခြင်း၊

ကြေကွဲခြင်း၊ ကြောက်ရွံ့ခြင်းတို့ကိုခံစားရလျက် သူတို့ကိုအပြီးအပိုင်စွန့်ခွာသွားပြီဟု ခံစားကြ

ရမည်။ သို့သော် အမှန်အတ်ိုင်းဝန်ခံရမည့်အချက်မှာ သူတို့သည် ကြာရှည်စွာထိန့်လန့်ကြေကွဲ

ရမည်မဟုတ်။ သုံးရက်ကြာသည့်အခါ သူ၏ရှင်ပြန်ထမြောက်ခြင်းသည် သူတို့ကို ပြောင်းလဲ

သွားစေမည်ဖြစ်သည်။ သို့သော် ရက်ပေါင်းလေးဆယ်ကြာသောအခါ သူသည် ကောင်းကင်သို့

ပြန်လည်တက်ကြွသွားလျက် သူတို့ထံမှ နောက်တစ်ဖန်ထွက်ခွာသွားအုံးမည်ဖြစ်သည်။

ဤတစ်ကြိမ်တွင် ခေတ္တမဟုတ်တော့ပေ။

ကိုယ်တော်သည် အဘယ်ကြောင့်သူတို့ကို စွန့်ခွာရသနည်းဟု မေးစရာရှိပါသည်။ ဤမေး

ခွန်းသည် ယနေ့ကျွန်ုပ်တို့မေးသလိုပင် မူလတပည့်တော်များလည်း မေးခဲ့သည့်မေးခွန်းဖြစ်သည်။

ယေရှုသည် လူတို့ကိုကယ်တင်ရန် ခမည်းတော်ဘုရားသခင်က စေလွှတ်သည့်သားတော်ဘုရား

ဆိုလျှင် လူတို့နှင့်အတူ ကြိုက်သလောက်နေနိုင်ရမည်ဖြစ်သည်။ အဘယ်ကြောင့် ကိုယ်တော်သည်

ခေတ္တသာနေရသနည်း။ သူတို့ကိုသွန်သင်၍ လူတို့ကိုတရားဒေသနာဟောကြားကာ အံ့ဖွယ်

နိမိတ်လက္ခဏာများကိုပြုရင်း သုံးနှစ်ကျော်ကျော်သာ သူတို့နှင့်အချိန်ယူခဲ့သည်။ ကိုယ်တော်

သည် ထိုထက်ပို၍အချိန်ပေးခဲ့လျှင် သူတို့ကိုပိုကူညီနိုင်ပြီး လူတို့ကိုလည်း ပို၍ကယ်တင်လမ်းပြ

နိုင်မည်မဟုတ်လား။ အဘယ့်ကြောင့် တပည့်တော်တို့ထံမှ စောစောစီးစီးထွက်ခွာသွားရသနည်း။

သေချာသည်မှာ ကိုယ်တော်သည် သူတို့အပေါ်စိတ်ဝင်စားမှုမရှိတော့ဘဲ သူတို့အပေါ်ထား

ရှိသောမေတ္တာတော်ယုတ်လျော့မှေးမှိန်သွား၍မဟုတ်ပေ။ ရှင်ယောဟန်က “ဤလောက၌ရှိသော မိမိလူတို့ကိုချစ်တော်မူသောကြောင့် အဆုံးတိုင်အောင်ချစ်တော်မူ၏ “ဟု ပြောထားသည် (၁၃း၁)။

သို့မဟုတ် ကိုယ်တော်၏ရန်သူတို့သည် ကိုယ်တော်၏အလိုတော်ဖြစ်မလာစေရန် သူ့ကို

ချေမှုန်းပစ်သောကြောင့် ကိုယ်တော်သည် မိမိတပည့်တော်များကို ဆက်၍မကူညီနိုင်တော့ခြင်း

ဖြစ်ပါသလား။ ထိုသို့မဟုတ်ပါ။ ကိုယ်တော် ဤလောကမှထွက်ခွာသွားခြင်းသည် ခမည်းတော်ထံ သွားခြင်းသက်သက်ဖြစ်သည် (၁၃း၁)။ ဤအချိန်မှစ၍ကိုယ်တော်သည် စကြဝဠာ၏

အချုပ်အခြာအာဏာပိုင်သည့်ရာထူးကို ခမည်းတော်ဘုရားသခင်ကအပ်နှင်းကာ “ခပ်သိမ်းသော အထွဋ်အမြတ်၊ အာဏာစက်၊ တန်ခိုး၊ အစိုးရခြင်းမှစ၍ ယခုဘဝနောင်ဘဝ၌ ခေါ်ဝေါ်သမုတ်သော ဘွဲ့နာမအလုံးစုံတို့အထက်၊ ကောင်းကင်အရပ်၌ မိမိလက်ယာတော်ဘက်မှာ အလွန်မြင့်မြတ်သောနေရာကို ခရစ်တော်အား ပေးတော်မူပြီ ” ဖြစ်သည်(ဧဖက် ၁း၂၀-၂၁)။

ကိုယ်တော် လောကမှပြန်ကြွသွားခြင်းသည် အတင်းအဓမ္မ နှင်ထုတ်ခံရ၍မဟုတ်ပေ။

‘ဒါဆိုရင်လည်း ဘာလို့ဒီလောက်မြန်မြန် တပည့်တော်တွေထံက ထွက်ခွာသွားရတာလဲဟု

ကျွန်ုပ်တို့ထပ်မေးနိုင်ပါသေးသည်။ အဖြေမှာ – ကိုယ်တော်သည် မိမိတပည့်တော်များကို

သန့်ရှင်းစေရန်ဆုံးဖြတ်ထားပြီး သူတို့ထံမှထွက်ခွာမှသာ ထိုသို့ဖြစ်လာမည်ဖြစ်သောကြောင့်

ဖြစ်သည်။ ဤအဖြေသည် ရုတ်တရက်ကြည့်လျှင် ထူးဆန်းသလို ဖြစ်နိုင်ပါသည်။ သို့သော် အမှန်

ပင်ဖြစ်၍ ဤသင်ခန်းစာတွင် ထိုအကြောင်းကို ကျွန်ုပ်တို့လေ့လာကြမည်ဖြစ်သည်။ ကိုယ်တော်

သည် သူတို့နှင့်အတူ ပို၍ကြာကြာနေတော်မူကာ လူ့ကျင့်ဝတ်အကြောင်းကို တောင်ပေါ်

ဒေသနာထက်ပိုမိုပြည့်စုံအောင်သင်ကြားပေးနိုင်ပါသည်။ ထိုအခါ သူတို့သည် သန့်ရှင်းခြင်း

အတွက် ဘုရားသခင်၏စံနှုန်းကို ပိုမိုပြည့်စုံစွာနားလည်သွားနိုင်ပါသည်။ သို့သော် ထိုသို့ပိုမိုနား

လည်လာခြင်းသက်သက်က ထိုအတိုင်းသန့်ရှင်းစွာအသက်ရှင်နိုင်သည့် ခွန်အားအစွမ်းကို

သူတို့အား ပေးမည်မဟုတ်ပေ။ သူတို့ကိုသန့်ရှင်းစေလျက် သန့်ရှင်းသောအသက်တာဆီသို့

ဦးတည်ကြီးထွားစေရန်အတွက် လိုအပ်သည့်အစွမ်းတန်ခိုးကို သူတို့အားရရှိစေရန်အတွက်

ကိုယ်တော် သူတို့ထံမှ ထွက်ခွာသွားရမည်ဖြစ်သည်။

ဤအချက်ကို ကျွန်ုပ်တို့ရှင်းလင်းစွာသိထားရမည်ဖြစ်သည်။ ခရစ်တော်သည် ပွဲအဆင့်ဆင

အစွမ်းကုန်ကစားလာပြီး နောက်ဆုံးပွဲစဉ်တွင် ရှုံးနိမ့်သွားသည့်အတွက် အိမ်ပြန်သွားရ

သည့် တင်းနစ်အားကစားသမားနှင့်မတူပါ။ နောက်ဆုံးပွဲစဉ်တွင် အနိုင်ရ၍ချန်ပီယံဖြစ်သွားပြီး

အနားယူသွားသည့် အားကစားသမားနှင့်လည်းမတူပါ။ ခမည်းတော်ထံ ခရစ်တော်ပြန်သွားရ

ခြင်းမှာ မိမိတပည့်တော်များ၏ အသက်တာသန့်ရှင်းစင်ကြယ်ခြင်းအတွက် သူလုပ်ဆောင်ပေး

သောလုပ်ငန်းများအနက် မရှိမဖြစ်သောကဏ္ဍတစ်ခုဖြစ်သည်။ ထိုစဉ်ကရှိကြသည့် တပည့်

တော်များအတွက်သာမဟုတ်ပါ။ ခေတ်အဆက်ဆက်ရှိ တပည့်တော်အားလုံးအတွက်ဖြစ်သည်။

ထို့ကြောင့် အပ်နှံခြင်းခံရ၍ တပည့်တော်များထံမှထွက်ခွာချိန် နီးကပ်လာသည့်အချိန်၌

သန့်ရှင်းစင်ကြယ်ခြင်းကျောင်းတော်တွင် တပည့်တော်တို့အား သူသင်ကြားပေးသည့် ဤသင်

ခန်းစာသည် အလွန်အရေးကြီးသောသင်ခန်းစာဖြစ်သည်။

‘ယေရှုသည် မိမိတပည့်တော်များကို သန့်ရှင်းစင်ကြယ်စေရန် ရည်ရွယ်လုပ်ဆောင်နေ

ခြင်းဖြစ်သည်။ ကိုယ်တော်အောင်မြင်မှုရမည်ဟု လက်တွေ့ကျသော မည်သည့်မျှော်လင့်ချက်

ရှိသနည်း။ ဤပုဂ္ဂိုလ်များသည် မိမိနောက်တော်သို့လိုက်ကြရန်အတွက် သခင်ဘုရားကိုယ်တိုင်

ရွေးကောက်ခေါ်ယူထားသူများဖြစ်ကြသည်။ ထိုနည်းတူ သုံးနှစ်တာကာလတွင်လည်း ကိုယ်

တော်သည် သူတို့နှင့်အတူသွားလာ ဟောပြောရင်း စံနမူနာများပြသကာ သင်ကြားပေးလျက်

လေ့ကျင့်ပေးကာ သူတို့ကိုအားပေးတိုက်တွန်းတော်မူခဲ့သည်။ ယခုလည်း သူတို့ကိုကြည့်ပါ။

ကိုယ်တော်အသေမခံမီ နောက်ဆုံးညစာစားပွဲစားရန် စုဝေးနေကြသည်။ သို့သော် သူတို့စုဝေး

သည့်အခန်းမှာ ငှားထားသည့်အခန်းဖြစ်ပြီး သူတို့ကို အစားအသောက်တည်ခင်းကျွေးမွေး

မည့် အစေခံများမပါ။ စားသောက်ပွဲမစမီ ဧည့်သည်များကို ခြေဆေးပေးလေ့ရှိသည့် (ထိုစဉ်က

အရှေ့အလယ်ပိုင်းဒေသ၏ယဉ်ကျေးမှုဖြစ်သည့်) သာမန်ဓလေ့တစ်ခုကို သူတို့လုပ်ဆောင်

နေကြခြင်းဖြစ်သည်။ သို့သော် တပည့်တော်တစ်ဦးကမျှ ထိုထုံးစံဓလေ့အတိုင်း သခင်ယေရှုကို

ခြေဆေးပေးရန် မစဉ်းစားမိကြချေ။ ထိုအခါ သခင်ဘုရားကိုယ်တိုင်သည် ထိုဓလေ့ထုံးစံကို

လုပ်ဆောင်ပေးခဲ့သည် (၁၃း၅-၁၂)။ တစ်ကိုယ်ကောင်းဆန်၍ မိမိအတွက်သာ စဉ်းစား

သူများဖြစ်နေကြပါလား။ တကယ်တော့ ကျွန်ုပ်တို့နှင့်တူနေကြ၍သာဖြစ်သည်။

တခြားရှိသေးသည်။ သူတို့၏ခိုင်မြဲသောခင်မင်ရင်းနှီးမှုကိုပြသရမည့် ဤကဲ့သို့သော

အချိန်သမယတွင် တပည့်တော်များထဲမှ ယုဒရှကာရုတ်သည် ခရစ်တော်ကို သစ္စာဖောက်

မည့်မိမိအကြံအစည်ကို အပြီးသတ်ဆုံးဖြတ်ချက်ချခဲ့သည်။ မိုးမလင်းမီတွင် ခရစ်တော်ကို

အသေသတ်လိုသောသူတို့ထံ ငွေသုံးဆယ်နှင့်ရောင်းတော့မည်ဖြစ်သည်။

စားသောက်ဝိုင်းထဲ ခပ်လှမ်းလှမ်းတစ်နေရာတွင် ပေတရုဆိုသည့် တပည့်တော်လည်း

ရှိနေသည်။ သူက မိမိသည် ယေရှုကိုအလွန်ချစ်ကြောင်း၊ လိုအပ်ပါက ကိုယ်တော်နှင့်အတူ

အသေသတ်ခြင်းကိုပင်ခံနိုင်ကြောင်း အသံကျယ်ကျယ်နှင့်ပြောဆိုနေသည်။ သို့သော် နာရီ

အနည်းငယ်အတွင်း ညှင်းပန်းနှိပ်စက်မှုခံရနိုင်သည့်အခြေအနေနှင့်ရင်ဆိုင်လာရသည့်အခါ

သူ၏ရဲစွမ်းသတ္တိသည့် စာရွက်လေးတစ်ရွက်ပမာ အလွယ်တကူကြေမွသွားတော့မည်ဖြစ်သည်။

ယေရှုကိုသူမသိဟု သုံးကြိမ်တိုင်တိုင် သူငြင်းဆိုမည်ဖြစ်သည်။ တစ်ဆယ့်နှစ်ပါးထဲမှ အခြားသူ

များလည်း သူနှင့်မထူးမခြားနားဟုဆိုရပေမည်။ အချိန်ရောက်လာ၍ ယေရှုအဖမ်းခံရသောအခါ

သူတို့အားလုံး ကိုယ်တော်ကိုထားခဲ့ပြီး လွတ်ရာထွက်ပြေးကြတော့မည်ဖြစ်သည်။

မည်သည့်မျှော်လင့်ချက်ဖြင့် ဤသို့သောသူတို့ကို သန့်ရှင်းစင်ကြယ်အောင် လုပ်ဆောင်ရ

သနည်း။ ယေရှု၏လူ့ကျင့်ဝတ်ဆိုင်ရာသွန်သင်ချက်အားလုံးကို သူတို့သိပြီးသားဖြစ်သည်။

သို့သော် ထိုသွန်သင်ချက်များကို ရန်လိုနေသောလောကထဲတွင် လက်တွေ့ကျင့်သုံးနိုင်သည့်

ရဲစွမ်းသတ္တိကို မည်သည့်နေရာမှ သူတို့ရရှိကြမည်နည်း။ ခိုင်မြဲသောမေတ္တာနှင့်သစ္စာ၊

ကျေးဇူးတရားနှင့်အစွမ်းတန်းခိုး၊ ပြတ်သားသည့်ဆုံးဖြတ်ချက်နှင့်ခံနိုင်ရည်တို့သည် မည်သည့်

အရပ်မှ သူတို့ထံသို့ ရောက်လာမည်နည်း။

ယေရှုသည် မိမိတပည့်တော်များ၏ ချစ်ခြင်းမေတ္တာ၊ သစ္စာရှိမှုနှင့် ကောင်းသောရည်ရွယ်

ချက်တို့အပေါ် အထင်ကြီးလွန်နေခဲ့ခြင်းသာဖြစ်ပါသလား။ သို့မဟုတ် လူ့နှလုံးသား၏ စိတ်

ပျက်ဖွယ်တစ်ကိုယ်ကောင်းဆန်မှု၊ အားနည်းမှုနှင့် ပြောင်းလဲလွယ်မှုတို့ကို လျှော့တွက်ခဲ့

ခြင်းလား။ မဟုတ်ပါ။ ကိုယ်တော်သည် တပည့်တော်များအကြောင်း ကောင်းကောင်းသိပါ

သည်။ ယုဒသည် သူ့ကိုသစ္စာဖောက်ရန်ကြံစည်နေကြောင်းသူသိသည် (၁၃း၁၁)။ ပေတရုသည်

သူ့ကိုငြင်းပယ်မည်ဆိုသည်ကိုလည်း သူသိသည် (၁၃း၃၆-၃၈)။ အခြားဘာရှိသေးသနည်း။

ယုဒ၏သစ္စာမဲ့မှုနှင့် ပေတရု၏အားနည်းခြင်းတို့၏နောက်ကွယ်တွင် သူတို့ကို အသုံးပြုလျက်

ဖြစ်နိုင်လျှင် ယေရှု၏အကြံအစည်အားလုံးကို ဖျက်ဆီးလိုသည့် အန္တရာယ်ပြုမည့်လက္ခဏာ

ရှိသော တန်ခိုးစွမ်းအားရှိနေကြောင်းကိုလည်း သိတော်မူသည်။ အဘယ့်ကြောင့်ဆိုသော်

ယေရှုအပေါ် သစ္စာဖောက်ရန် ယုဒစိတ်နှလုံးထဲတွင် ကြံစည်စေသောသူမှာ စာတန်ဖြစ်နေ

သောကြောင့်ဖြစ်သည် (၁၃း၂)။ ထို့ပြင် တပည့်တော်များ ကြောက်စိတ်မွန်လျက် ယေရှုကို

ထားခဲ့၍ထွက်ပြေးကြရန်နှင့် ပေတရု သူရဲဘောကြောင်လျက် လိမ်ညာသူအဖြစ်သို့နိမ့်ကြ

သွားရန်လည်း စာတန်ကလုပ်ဆောင်အုံးမည်ဖြစ်သည် (လု ၂၂း၃၁-၃၂)။

ဤအရာအားလုံးတို့ကို ယေရှုသိတော်မူသည်။ ကိုယ်တော်သည် မိမိတပည့်တော်များ၏

ကိုယ်ကျင့်စရိုက်နှင့်ပတ်သက်၍ အတွေးမှား၊ အယုံမှား ဘာမျှမရှိပါ။ သို့သော် ဤနေရာတွင်

အဓိကအချက်ကိုတွေ့ရသည်။ ကိုယ်တော်သည် ဤအရားအားလုံးကို သိနေလျက်နှင့်ပင်

သူတို့ကို အစဉ်သန့်ရှင်းစင်ကြယ်သူများအဖြစ်ပြောင်းလဲစေရန် ပြင်ဆင်တော်မူသည်။ တပည့်

တော်တို့၏အားနည်းချက်များနှင့် ဆန့်ကျင်တော်လှန်မှု၏အစွမ်းသတ္တိတို့ကိုမမှုဘဲ သန့်ရှင်းစင်

ကြယ်ခြင်းသင်ခန်းစာကို သူတို့အားသင်ကြားပေးရန် ကိုယ်တော်ပြင်ဆင်တော်မူခဲ့သည်။

သို့သော် ကိုယ်တော်သည် မည်သည့်အကြောင်းကြောင့် ဤမျှအထိယုံကြည်စိတ်ချမှုရ

ခဲ့သနည်း။ ရှင်ယောဟန်က အဖြေပြောပြထားပါသည် (၁၃း၃)။ ဤနေရာတွင် သခင်ယေရှု

သိထားသည့်အချက်နှစ်ချက်ရှိသည်။ ပထမအချက်မှာ ခမည်းတော်သည် အရာခပ်သိမ်းကို

သူ့လက်ထဲပေးအပ်တော်မူသည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် ကိုယ်တော်အား အချုပ်

အခြာအာဏာကိုအပ်နှင်းတော်မူသဖြင့် အရာခပ်သိမ်းသည် ကိုယ်တော်၏ထိန်းချုပ်မှုထဲ

တွင်ရှိသည်။ ဥပမာတစ်ခုပြရလျှင် ခရစ်တော်က “ငါ့အသက်ကို အဘယ်သူမျှမလုမယူ။ ကိုယ်အလိုအလျောက် ငါစွန့်၏။ ကိုယ်အသက်ကို စွန့်ရသောအခွင့်နှင့် နောက်တစ်ဖန် ကိုယ်အသက်ကို ယူပြန်ရသောအခွင့်သည် ငါ၌ရှိ၏။ ထိုအခွင့်ကို ခမည်းတော်သည် ပေးတော်မူပြီဟု မိန့်တော်မူ၏။”

(ယော ၁၀း၁၈) ဟုမိန့်တော်မူပြီးဖြစ်သည်။

‘ဒုတိယအချက်မှာ မိမိသည် ခမည်းတော်ထံမှြွကလာ၍ ခမည်းတော်ထံသို့ ယခု ပြန်ြွက

သွားတော့မည်ဖြစ်ကြောင်း ယေရှုသိသည် (၁၃း၃)။ ဤလောကရှိ ကိုယ်တော်၏ အမှုတော်

လုပ်ငန်းအတွက်လည်း ဤအချက်သည်အရေးပါသည့် အချက်ဖြစ်သည်။ ကိုယ်တော်

လောကသို့ြွကလာသည့်အခါ ကိုယ်တော်၏နောက်တွင် ဘုရားသခင်၏အခွင့်အာဏာအပြည့်

အဝရှိနေသည်။ သို့သော် ကိုယ်တော်၏အမှုတော်လုပ်ငန်းသည် ခမည်းတော်ထံသို့ သူမပြန်

သေးသရွေ့ မပြည့်စုံသေးပေ။ ထိုရည်ရွယ်ချက်အတိုင်း ပြုတော်မူရန် မည်သည့်အရာကမျှ

ကိုယ်တော်ကို တားဆီးလိမ့်မည်မဟုတ်။

ခရစ်တော်၏အမှုတော်လုပ်ငန်းကို ကဖျက်ယဖျက်လုပ်၍ အဆုံးသတ်စေရန် ကြိုးစား

နေသော စာတန်သည် ခရစ်တော်အပေါ်သစ္စာဖောက်၍ကားတိုင်ပေါ်တင်သတ်ခြင်းအမှုကို

အကောင်အထည်ဖော်ရန်ကြံစည်နေသည်။ လက်ဝါးကပ်တိုင်ပေါ် ခရစ်တော်၏ဝေဒနာခံစား

ခြင်းသည် ယုံကြည်သူတို့ အပြစ်လွှတ်ခြင်းခံရလျက် သန့်ရှင်းသောအသက်တာဖြင့် အသက်

ရှင်လျက် လွတ်လပ်သောသူများဖြစ်ကြရန်အတွက် အဓိကအချက်တစ်ခုဖြစ်သည်။ လူသား

တို့အပေါ် ခရစ်တော်၏လွှမ်းမိုးမှုကိုဖျက်ဆီးရန် ကြိုးစားနေသောစာတန်သည် ခရစ်တော်ကို

ရက်စက်စွာကွပ်မျက်ခြင်းဖြင့် လောကမှဖယ်ရှားရန် ကြိုးစားခဲ့သည်။ သို့သော် ခရစ်တော်သည်

ရှင်ပြန်ထမြောက်လျက် ခမည်းတော်ထံသို့ပြန်ြွကသွားခြင်းသည် တပည့်တော်တို့ သန့်ရှင်း

သောအသက်တာဖြင့်အသက်ရှင်နိုင်ရန်လိုအပ်နေသောတန်ခိုးကို တပည့်တော်တို့အား ရရှိစေခဲ့

သည်။ ခရစ်တော်၏အကြံအစည်ကို ကဖျက်ယဖျက်လုပ်ရန် ကြိုးစားသော စာတန်၏

ကြိုးစားမှုသည် မိမိတပည့်တော်များကို သန့်ရှင်းသောအသက်တာဖြင့် အသက်ရှင်စေရန်

ရည်ရွယ်သော ခရစ်တော်၏အကြံအစည်ဖြစ်မြောက်ရန်သာ အထောက်အကူပြုခဲ့သည်။

ခရစ်တော်၏အကြံအစည်ကို ဖျက်ဆီးနိုင်သည့်အထိ ထိရောက်မှုရှိသော ဆန့်ကျင် တော်လှန်မှု

တစ်ခုမျှမရှိနိုင်ချေ။

ဤယုံကြည်စိတ်ချမှုဖြင့် ယေရှုသည် သန့်ရှင်းစင်ကြယ်ခြင်းသင်ခန်းစာကို တပညှ့်တော်

တို့အား သင်ကြားပေးရန် ထိုင်ရာမှထတော်မူသည်။ ထို့အပြင် ကိုယ်တော်၌ရှိသည့် ဤယုံကြည်စိတ်ချမှုကြောင့် တပည့်တော်တို့သည်လည်း တစ်နေ့သောအခါ မိမိတို့သည် ဘုရားသခင်၏

ဘုန်းတော်ထင်ရှားစေသူများဖြစ်လာမည်ဖြစ်ကြောင်း ယုံကြည်စိတ်မှုရရှိလာခဲ့ကြသည်။ ယုံကြည်သူတို့သည် ဤကဲ့သို့သော ယုံကြည်စိတ်ချမှုကြောင့် နှလုံးသားထဲ၌ သီချင်းဆိုနိုင်ကြခြင်းဖြစ်သည်။ သို့သော် ယခု ပထမသင်ခန်းစာကို ဆက်မသွားမီ ကျောင်းတော်၏ ခံစား၍ရသောသွင်ပြင်အခြေအနေကို ခေတ္တလေ့လာကြစို့။

ကျောင်းတော်၏ခံစားနိုင်သောသွင်ပြင်အခြေအနေကလေးငယ်တစ်ဦးသည် ပထမဦးဆုံးကျောင်းသွားရသည့်နေ့တွင် (သို့မဟုတ်)ကျောင်းသား တစ်ဦးသည် တက္ကသိုလ်စဝင်ရသည့်နေ့တွင် စိတ်ထဲ၌စိုးရိမ်မှုခံစားရနိုင်ပါသည်။

သင်ခန်းစာများ အလွန်ခက်မည်လား။ ဆရာဆရာမများသည် ဘယ်လို ဆရာ ဆရာမများ

ဖြစ်ကြသနည်း။ ညှာတာသနားတတ်ပြီး စိတ်ရှည်ကြပါရဲ့လား။ သို့မဟုတ် စည်းကမ်းကြီးပြီး

ခပ်တန်းတန်းနေကာ မရမနေခိုင်းတတ်သူများဖြစ်ကြပါသလား။ ကျောင်းသားများ စာမေး

ပွဲအောင်ခြင်း၊ ကျခြင်းကို သူတို့အမှန်ပင် အလေးထားကြပါသလား။

ထိုသို့မကပါ။ ခရစ်တော်က ကျောင်းသားတစ်ဦးချင်းစီကို သင်ကြားပေးမည့် ကျောင်း

ခန်းတွင်တက်ရောက်ရန် ဖိတ်ခေါ်ခံရလျှင်ပင် လူများစွာအတွက် မဝံ့မရဲဖြစ်ရသည့် ဖိတ်ခေါ်

မှုဖြစ်နိုင်ပါသည်။ သူတို့အတွက် ခရစ်တော်ဆိုသောပုဂ္ဂိုလ်သည် ဘုရားသခင်၏ဘုန်းထွန်း

တောက်သောသားတော်၊ စကြဝဠာတစ်ခုလုံးကိုအုပ်စိုးတော်မူသောအရှင်၊ ကောင်းကင်တမန်

များခြံရံလျက် သန့်ရှင်းသူများနှင့်အတူရှိနေသောသူဖြစ်၍ သာမန်လူသားများဖြစ်ကြသည့်

အားနည်းချက်ရှိကြသည့် အမျိုးသား၊ အမျိုးသမီးများနှင့် အထိအတွေ့နည်းပါးသည့်

ပုဂ္ဂိုလ်ထူးတစ်ပါးလို ဖြစ်နေတတ်သည်။ ထိုအခါ သူတို့သည် ခရစ်တော်နှင့်ခပ်လှမ်းလှမ်း၌

နေရခြင်းကိုပိုနှစ်သက်ကြပြီး ကိုယ်တော်ထံမသွားမဖြစ်သွားရလျှင်လည်း ကြားခံပုဂ္ဂိုလ် တစ်ဦး

မဟုတ် နှစ်ဦးအားဖြင့်သာ ကိုယ်တော့်ထံသွားလိုတတ်ကြသည်။

ဤသူတို့၏အထင်သည် ခရစ်တော်က မိမိတပည့်တော်များအား သန့်ရှင်းစင်ကြယ်ခြင်း

နှင့်ဆိုင်သောသင်ခန်းစာများကိုသင်ကြားပေးသည့် အထက်ခန်း၏ ခံစား၍ရသောသွန်ပြင်အ

ခြေအနေနှင့် ကွာခြားနေသည်ကိုတွေ့ရသည်။ ကိုယ်တော်နှင့်တပည့်တော်များ အတူတကွစား

သောက်၍ စကားများပြောဆိုနှီးနှောနေကြစဉ်တွင် သင်ခန်းစာ၏ ပထမအပိုင်းကို သင်ကြား

ပေးခဲ့သည်။ ထိုခေတ်အခါက ညစာစားပွဲများစားသောက်ကြသည့်အခါ မထိုင်ကြဘဲ ဖျာပေါ်

လျောင်းလျက် ဘယ်လက်တံတောင်ဆစ်ကိုထောက်ကာ ညာလက်ဖြင့် အစားအစာများယူ၍

စားသောက်လေ့ရှိကြသည်။ ထို့ကြောင့် ယေရှု၏ဘေးနားတွင် လျောင်းနေသော တပည့်တော်

တစ်ပါးပါးက ကိုယ်တော်ကို တစ်စုံတစ်ခုမေးလိုသည့်အခါ ယေရှု၏ရင်ခွင်ကိုမှီလိုက်ကာ

မျက်နှာကိုမော့ကြည့်လျက် မေးမြန်းခဲ့သည် (၁၃း၂၅)။ ကိုယ်တော်မိန့်တော်မူသောအရာကို

သူတို့ထဲကတစ်ဦးဦးက နားမလည်သည့်အခါ ကြားဖြတ် မေးမြန်းရန်လည်း ကြောက်ရွံ့ခြင်း

မရှိကြသည့်ကိုတွေ့ရသည် (၁၄း၅-၁၀၊ ၂၂-၂၃)။ တစ်ကြိမ်တွင် ယေရှုလုပ်ဆောင်နေသောအ

ရာကိုပင် ပေတရုက ထကန့်ကွက်ခဲ့သည်ကို တွေ့ရသည်။ သူဤသို့မလုပ်သင့်သည် မှန်ပါသည်။

သို့သော် သူသည် သခင်ဘုရား၏ ရှေ့တော်တွင် စိုးရိမ်ကြောက်လန့်နေမှုမရှိဘဲ သက်တောင့်သက်သာရှိသည်ကိုတွေ့ရသည်။ ဤအချက်က ကိုယ်တော်သည် ပျူငှာယဉ်ကျေးလျက်

ဖော်ရွေမှုရှိသောဆရာတစ်ဦး ဖြစ်ကြောင်းဖော်ပြနေသည်။

ကိုယ်တော်သည် ကောင်းကင်ဘုံသို့ပြန်လည်တက်ြွကတော်မူခဲ့သည်မှာ မှန်ပါသည်။

သို့သော် ယခု ကိုယ်တော်၏နှလုံးသားသည် ထိုအထက်ခန်းထဲတွင်ရှိသည့် ကိုယ်တော်၏

နှလုံးသားပင်ဖြစ်သည်။ ထို့ကြောင့်

အထက်ခန်းတွင် မိမိ၏တပည့်တော်များအား ကိုယ်တော်သင်ကြားပေးခဲ့သည့်သင်ခန်းစာကို

ယခုကျွန်ုပ်တို့သင်ကြားခံယူသည့်အခါလည်း မိမိတို့မေးမြန်းလိုသည့်အရာရှိသမျှကို ဆုတောင်းချက်များထဲ၌ လွတ်လွတ်လပ်လပ် ကိုယ်တော်ကို တိုက်ရိုက်မေးမြန်းနိုင်ပါသည်။

(2) အသစ်မွေးဖွားခြင်းဆိုင်ရာဆေးကြောခြင်း

၁ပသခါပွဲမခံမှီ၌ ယေရှုသည် ဤလောကမှခမည်းတော်ထံသို့ ပြောင်းရသောအချိန်ရောက်သည်ကို သိ တော်မူသည်ဖြစ်၍၊ ဤလောက၌ရှိသောမိမိလူတို့ကိုချစ်တော်မူသောကြောင့် အဆုံးတိုင်အောင်ချစ်တော်မူ၏။ ၂ကိုယ်တော်ကို အပ်နှံမည်အကြောင်း မာရ်နတ်သည် ရှိမုန်၏သားယုဒရှကာရုတ်၏ စိတ်နှလုံး၌ အကြံ ပေးသွင်းနှင့်သတည်း။ ထိုအခါ ညစာကိုစားကြစဉ်၊ ၃ခမည်းတော်သည် အလုံးစုံတို့ကို သူ၏လက်သို့အပ်ပေးတော်မူသည်ကို၎င်း၊ သူသည်ဘုရားသခင့်ထံ တော်မှ ထွက်လာသည်ကို၎င်း၊ ဘုရားသခင့်ထံတော်သို့ ကြွသွားမည်ကို၎င်း ယေရှုသည်သိတော်မူသည်နှင့်၊ ၄စားပွဲမှထ၍ ဝတ်လုံတော်ကိုချွတ်ပြီးလျှင်၊ ပဝါကိုယူ၍ ခါးကိုစည်းတော်မူ၏။ ၅ထိုနောက်မှ ရေကိုအင်တုံ၌လောင်း၍ တပည့်တော်တို့၏ခြေကို ဆေးပြီးမှခါး၌စည်းထားသောပုဝါနှင့် သုတ်တော်မူ၏။

၆ရှိမုန်ပေတရုဆီသို့ရောက်တော်မူသောအခါ ထိုတပည့်တော်က၊ သခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ ခြေကိုဆေးတော်မူမည်လောဟု မေးလျှောက်၏။ ၇ယေရှုကလည်း၊ သင်သည် ငါပြုသောအမှုကို ယခုနားမလည်သေး။ နောက်မှသိလိမ့်မည်ဟု မိန့်တော် မူ၏။ ၈ပေတရုကလည်း၊ ကိုယ်တော်သည်အကျွန်ုပ်၏အခြေအနေကို အလျှင်းဆေးတော်မမူရဟု လျှောက်၏။ ယေရှုကလည်း၊ သင့်ကို ငါမဆေးရလျှင် အသင်သည် ငါနှင့်အဆက်ဆံရဟု မိန့်တော်မူ၏။ ၉ရှိမုန်ပေတရုကလည်း၊ အကျွန်ုပ်၏ခြေကိုသာ မဆေးပါနှင့်။ လက်ကို၎င်း၊ ဦးခေါင်းကို၎င်း ဆေးတော် မူပါဟု လျှောက်ပြန်၏။ ၁၀ယေရှုကလည်း၊ ရေချိုးပြီးသောသူမည်သည်ကား၊ ခြေဆေးခြင်းမှတပါး ဆေးရသောအကြောင်းမရှိ၊ တကိုယ်လုံးစင်ကြယ်၏။ သင်တို့သည် စင်ကြယ်သော်လည်း အချို့မစင်ကြယ်ဟု မိန့်တော်မူ၏။

၁၁ကိုယ်တော်ကို အပ်နှံမည့်သူကို သိတော်မူသောကြောင့်၊ သင်တို့တွင် အချို့မစင်ကြယ်ဟု မိန့်တော်မူ သတည်း။ (ယော ၁၃း၁-၁၁)

၁၀ယေရှုကလည်း၊ ရေချိုးပြီးသောသူမည်သည်ကား၊ ခြေဆေးခြင်းမှတပါး ဆေးရသောအကြောင်းမရှိ၊ တကိုယ်လုံးစင်ကြယ်၏။ သင်တို့သည် စင်ကြယ်သော်လည်း အချို့မစင်ကြယ်ဟု မိန့်တော်မူ၏။

၁၁ကိုယ်တော်ကို အပ်နှံမည့်သူကို သိတော်မူသောကြောင့်၊ သင်တို့တွင် အချို့မစင်ကြယ်ဟု မိန့်တော်မူ သတည်း။ (ယော၁၃း၁၀-၁၁)

သခင်ဘုရားသည် သန့်ရှင်းခြင်းနှင့်ဆိုင်သော သူ၏သွန်သင်ချက်ကို ဆေးကြောသန့်စင်

ရန် လိုအပ်နေခြင်းနှင့်ဆိုင်သည့်သင်ခန်းစာဖြင့် အစပြုလိမ့်မည်ဟု မျှော်လင့်စရာအကြောင်း

ရှိပါသည်။ ကျွန်ုပ်တို့အားလုံး၏ များစွာသောစိတ်သဘောထားများနှင့် လုပ်ဆောင်ချက်များ

သည် အပြစ်နှင့်မကင်းပါ။ ကျွန်ုပ်တို့သည် သန့်ရှင်းစွာအသက်ရှင်ရန် အစပြုတော့မည်ဆိုလျှင်

ကျွန်ုပ်တို့သည် ဆေးကြောသန့်စင်ခြင်း၊ စဉ်ဆက်မပြတ် ဆေးကြောသန့်စင်ခြင်း လိုအပ်နေ

သည်မှာ အထင်အရှားပင်ဖြစ်သည်။ အပြစ်တင်စရာမရှိအောင်ပြည့်စုံသောဆရာတစ်ပါးဖြစ်

 

သည့် သခင်ယေရှုက မိမိတပည့်တော်များ၏ခြေကို ရေဖြင့်ဆေးကြောပေးခြင်းအားဖြင့် ကိုယ်

ကျင့်တရားနှင့် ဝိညာဉ်ရေးဆေးကြောသန့်စင်မှုအတွက် ရုပ်ခန္ဓာနှင့်ပတ်သက်သည့် ပုံဥပမာ

အားဖြင့် သွန်သင်ပေးခြင်းသည် အံ့ဩစရာမရှိပါ။

သို့သော် သခင်ဘုရားသည် ပေတရုပေးသည့်မှတ်ချက်အပေါ်တုန့်ပြန်ရင်း ဝိညာဉ်ရေးဆိုင်

ရာဆေးကြောသန့်စင်ခြင်း၏အခြေခံနိယာမတစ်ခုကို ဖော်ပြလိုက်သည့်အခါ ကျွန်ုပ်တို့အတွက်

အလွန်စိတ်ဝင်စားစရာကောင်းလာပါသည်။

တစ်ကိုယ်လုံးစင်ကြယ်တယ်၊။ လူတစ်ဦးသည် မြေကြီးပေါ်ရှိနေစဉ်တွင် ကိုယ်ကျင့်တရား

နှင့်ဝိညာဉ်ရေးတို့၌ မည်ကဲ့သို့ တစ်ကိုယ်လုံးအပြည့်အဝစင်ကြယ်နိုင်မည်နည်း။ သို့မဟုတ်

ယုံကြည်သူအားလုံးသည် ကောင်းကင်ရောက်သည့်အခါ အပြည့်အဝစင်ကြယ်ကြမည့်အဖြစ်ကို

ကိုယ်တော်ရည်ညွှန်းနေခြင်းလား။ မဟုတ်ပါ။ ကိုယ်တော်သည် အနာဂါတ်တွင် ဖြစ်လာမည့်

အရာကိုပြောနေခြင်းမဟုတ်ပါ။ တပည့်တော်များသည် ထိုစဉ်က ကောင်းကင်သို့ မရောက်ကြ

သေးပါ။ ကိုယ်တော်ကသူတို့ကိုမိန့်တော်မူခဲ့သည်။ သူတို့ရေချိုးပြီး ကြပြီဖြစ်သည်။ သူတို့စင်ကြယ်သည်ဖြစ်၍ ခြေဆေးရန်သာလိုမည်ဖြစ်သည်။

လက်တွေ့လုပ်ဆောင်သည့်ပုံသက်သေက ကျွန်ုပ်တို့ကိုပြောပြသောအရာ

ထို့ကြောင့် ရေချိုးခြင်းနှင့်ပတ်သက်၍ လက်တွေ့လုပ်ဆောင်သည့်ပုံသက်သေက ကျွန်ုပ်

တို့အား ပြောပြသောအရာကိုမြင်အောင် ဦးစွာကြည့်ကြပါစို့။

ပထမအချက်။ ကိုယ်တော်မိန့်တော်မူသည့် ရေချိုးခြင်းသည် ဝိညာဉ်ရေးဆေးကြောသန့်

စင်မှုဖြစ်သည် (၁၃း၁၀-၁၁)။ ကိုယ်တော်က တပည့်တော်များအား “သင်တို့သည်သန့်ရှင်းစင်ကြယ်ကြ၏။သို့ သောသင်တို့အားလုံးမဟုတ်” ဟု မိန့်တော်မူသည့်အချက်က ထင်ရှားစေပါသည်။

သို့သော် သင်တို့အားလုံးမဟုတ်ဟု ကိုယ်တော်ထပ်ပြောရသည့်အကြောင်းကို ခရစ်ဝင်ကျမ်း

က ရှင်းပြထားပါသည်။ ယုဒသည် သူ့အပေါ်သစ္စာဖောက်မည်ကို ကိုယ်တော်သိသောကြောင့်

ယုဒကို ရည်ညွှန်းလျက် ထိုသို့မိန့်တော်မူခြင်းဖြစ်သည်။ အခြားတပည့်တော်များသည် ]ရေချိုး}

ကြပြီဖြစ်၍ စင်ကြယ်ကြသည်။ သို့သော် ယုဒသည် ရေမချိုးသေးသောကြောင့် မစင်ကြယ်ပေ။

ထိုသို့ဆိုရာတွင် တိုက်ရိုက်အဓိပ္ပါယ်ဖြင့် ယုဒသည် ထိုညနေပိုင်းက ရေမချိုးခဲ့သည်ကို ဆိုလို

ခြင်းမဟုတ်ပါ။ ယုဒသည် ခရစ်တော်၏ နောက်လိုက်တစ်ဦးမှန်သော်လည်း ဝိညာဉ်ရေး

ဆေးကြောသန့်စင်ခြင်းကို မတွေ့ကြုံမခံစားဖူးချေ။ သူသည် တပည့်တော် အမှန်အကန်

မဟုတ်ချေ (၆း၇၀-၇၁)။ စာသားအတိုင်းတိုက်ရိုက်အဓိပ္ပါယ်ကိုမဆိုလိုဘဲ ဝိညာဉ်ရေးရာကို

ဆိုလိုသည်။ ယုဒသည် ဗတ္တိဇံခံယူခဲ့သော်လည်း ဝိညာဉ်ရေးရေချိုးသန့်စင်ခြင်း မရှိခဲ့ချေ။

ဒုတိယအချက်၊ ရေချိုးခြင်းသည် ဆေးကြောသန့်စင်ခြင်း၏အစဖြစ်သည်။ လက်တွေ့

လုပ်ဆောင်ပြသည့်နမူနာတွင် ပေတရုသည် သခင်ဘုရားက မိမိခြေဆေးပေးမည်ကို အစတွင်

ငြင်းဆိုခဲ့သည်။ နောက်တွင် ခြေသာမကလက်နှင့်ခေါင်းတို့ကိုပါ ဆေးစေလိုခဲ့သည်။ ထို့ကြောင့်

သခင်ဘုရားက ရေချိုးပြီးသောသူသည် ခြေကိုသာဆေးရန်လိုသည်ဟုတုန့်ပြန်ခဲ့ခြင်းဖြစ်သည်။

ဤနေရာ၌ ထင်ရှားစွာတွေ့ရသည်မှာ တစ်ကိုယ်ရေချိုးခြင်းသည် ဦးစွာလာသည်။ ထို့ကြောင့်

ခြေကိုသာဆေးရန်လိုတော့သည်။ ဝိညာဉ်ရေးတွင်လည်း ထိုနည်းတူဖြစ်သည်။ ဆေးကြောသန့်

စင်ခြင်း၏အစဖြစ်သည့် ရေချိုးခြင်းဦးစွာရှိရမည်။ ဤနမူနာပုံသက်သေတွင် ခြေဆေးခြင်း

သည် (အရေးကြီးသော်လည်း) နောက်ဆက်တွဲ ဆေးကြောသန့်စင်မှုဖြစ်သည်။

တတိယအချက်။ ရေချိုးခြင်းသည် တစ်ကြိမ်တည်းနှင့်အပြီးဆေးကြောသန့်စင်ခြင်းဖြစ်

သည်။ ဤနမူနာပုံသက်သေသည် ထိုခေတ်ထိုအခါက နေ့စဉ်လုပ်ဆောင်ရသည့်အရာတစ်ခု

ဖြစ်သည်။ စားသောက်ပွဲများသို့ဖိတ်ကြားခံရသည့်အခါ မည်သည့်ဧည့်သည်မျှ အိမ်ရှင်၏အိမ်၌

ရေမချိုးပါ။ မိမိအိမ်၌ ရေချိုးလာကြပြီးသား ဖြစ်သည်။ သို့သော် ပွဲသို့လာသည့်အချိန်တွင်

သူ၏ခြေတွင် ဖုန်များ၊ ရွှံ့များပေလာနိုင်ပါသည်။ ထို့ကြောင့် သူရောက်လာ၍ ဧည့်ခံပွဲကျင်းပ

ရာ ခန်းမထဲသို့မဝင်မီ အစေအပါးက သူ့ခြေကိုဆေးကြောပေးရသည်။ သို့သော် အစေအပါးက

တစ်ကိုယ်လုံး ရေချိုးပေးမည် မဟုတ်ပေ။ မလိုအပ်သောကြောင့်ဖြစ်သည်။ ပွဲသွားရန်တစ်ခါ

ရေချိုးပြီးပါက ထပ်ထပ်မချိုးတော့သကဲ့သို့ ဝိညာဉ်ရေးဆေးကြောသန့်စင်ခြင်းတွင်လည်း

ရေချိုးခြင်းသည် အကြိမ်ကြိမ်အဖန်ဖန်ပြန်လုပ်ဆောင်စရာမလိုသည့် တစ်ကြိမ်နှင့်အပြီးလုပ်

ဆောင်သည့်ဖြစ်ရပ်တစ်ခုဖြစ်သည်။

ဤရေချိုးခြင်းသည် ဝိညာဉ်ရေးလက်တွေ့အသက်တာတွင် မည်သည့်အရာကိုဆိုလို

ကြောင်းသိရှိရန် ဓမ္မသစ်ကျမ်း၏ကျန်သောအပိုင်းအားလုံးထဲမှလည်း လေ့လာသင်ယူရမည်

ဖြစ်သည်။ ထိုသို့လုပ်ဆောင်သည့်အခါ ဤအရာသည် ဝိညာဉ်ရေးဆေးကြောသန့်စင်ခြင်း

ဖြစ်ကြောင်း၊ ဤအရာသည် ဆေးကြောသန့်စင်ခြင်း၏အစဖြစ်ကြောင်းနှင့် ဤအရာသည်

တစ်ကြိမ်နှင့်အပြီးဖြစ်ကြောင်း သတိရနေကြပါစို့။

ရေချိုးခြင်းသည် အသစ်မွေးဖွားခြင်းဆိုင်ရာဆေးကြောသန့်စင်မှုဖြစ်သည်

အချို့သောသူတို့က ရေချိုးခြင်းအကြောင်း ခရစ်တော်မိန့်တော်မူရခြင်းမှာ ကျွန်ုပ်တို့

အပြစ်များကြောင့် ကျွန်ုပ်တို့ခံစားရသည့်အပြစ်စွဲစိတ်ကို ကျွန်ုပ်တို့စိတ်ထဲမှ ဖယ်ရှားသန့်စင်

ပေးနိုင်ကြောင်း ရည်ညွှန်ခြင်းဖြစ်သည်ဟုအချို့ကဆိုကြသည်။ သူသည် လက်ဝါးကပ်တိုင်ပေါ်

အသေခံလျက် မိမိအသွေးတော်သွန်းတော်မူခြင်းမှာ ကျွန်ုပ်တို့အပြစ်များအတွက် ခံရမည့်ပြစ်

ဒဏ်ကို ပေးဆပ်လိုက်ခြင်းဖြစ်သည်ဟု သူတို့ဆိုကြသည်။ မှန်ပါသည်။ ကျွန်ုပ်တို့ခရစ်တော်ကို

ယုံကြည်လက်ခံလိုက်သည်နှင့် ဘုရားသခင်၏သားတော်ဖြစ်သော ယေရှုခရစ်တော်၏အသွေး

တော်သည် ကျွန်ုပ်တို့ကို အပြစ်ရှိသမျှမှ ကင်းလွတ်စေပါသည်( ၁ယော ၁း၇)။ ထိုနည်းတူ

ဘုရားသခင်က “တဖန်တုံ၊ သူတို့ပြစ်မှားခြင်း၊ လွန်ကျူးခြင်း အမျိုးမျိုးကို ငါမအောက်မေ့ဘဲ နေမည်ဟု လာသတည်း။ “

ဟုလည်း ကတိပေးထားပါသည် (ဟေဗြဲ ၁၀း၁၇)။ သို့သော် သခင်ဘုရားသည် ကျွန်ုပ်တို့၏

အပြစ်များကိုဆေးကြောပေး၍ ခွင့်လွှတ်ခြင်းကိုရရှိစေသည့် မိမိ၏အသွေးတော်ကို အမှတ်

သင်္ကေတဖြင့်ဖော်ပြသည့်အခါ ခွက်ကို (ရေနှင့်မဖြည့်ဘဲ) စပျစ်ဝိုင်နှင့်ဖြည့်၍ တပည့်တော်တို့ကို

ပေးကာ ]]ဤခွက်ကို သောက်ကြပါ}} ဟု မိန့်တော်မူခဲ့သည်။ ထိုခွက်နှင့် ရေချိုးဖို့မဟုတ်ပါ (မ

၂၆း၂၇-၂၈)။ သို့သော် ယော၊ ၁၃ တွင် လုပ်ဆောင်သည့်နမူနာပုံသက်သေတွင် ခရစ်တော်သည်

မိမိသွေးတော်၏သင်္ကေတအဖြစ် စပျစ်ဝိုင်ကိုမသုံးဘဲ ရေကိုသုံးထားသည်ကို တွေ့ရမည်

ဖြစ်သည်။ ဤအချက်က စစ်မှန်သောနောင်တနှင့်ယုံကြည်ခြင်းတို့ဖြင့် မိမိထံသို့လာသောသူ

အားလုံးခံစားရရှိသည့် တစ်ကြိမ်နှင့်အပြီးဆေးကြောသန့်စင်ခြင်းတည်းဟူသော ဒုတိယမွေး

ဖွားခြင်းနှင့်ဆိုင်သည့်ဆေးကြောခြင်းဖြစ်သည့် အခြားထူးခြားသောအမှုကို ရည်ညွှန်းသည်။

အသစ်မွေးဖွားခြင်းဆိုင်ရာဆေးကြောခြင်းနှင့် ゞင်း၏လုပ်ဆောင်မှု

သို့သော် ဤအသစ်မွေးဖွားခြင်းဆိုင်ရာဆေးကြောခြင်းသည် လက်တွေ့အသက်တာတွင်

မည်သည့်အရာကိုဆိုလို၍ အသက်တာတွင် မည်သည့်အတွေ့အကြုံမျိုးကို ကိုယ်စားပြုသနည်း။

ဓမ္မသစ်ထဲမှ တိတုထံ ရှင်ပေါလုရေးသားသော တိတုဩဝါဒစာတွင် ဤမေးခွန်း၏အဖြေ

ကို တွေ့နိုင်ပါသည်။ ကျွန်ုပ်တို့နားလည်ထားရမည့်အရာမှာ တိတုသည် ရှင်ပေါလုနှင့်အတူ

သာသနာပြုသောပုဂ္ဂိုလ်တစ်ဦးဖြစ်လျက် ကရေတေကျွန်းတွင် ရှင်ပေါလုဧဝံဂေလိတရားဟော

ပြောကာ ယုံကြည်သူများအတွက် အသင်းတော်တည်ထောင်စဉ်က ကူညီပံ့ပိုးပေးသူဖြစ်သည်။

ထိုစဉ်က ကရေတေကျွန်းသားများသည် ကိုယ်ကျင့်တရားဆိုးဝါးခဲ့ကြပုံရှိသည်။ ထိုကဲ့သို့သောလူတို့ကို ကူညီနိုင်ရန် ဘာလုပ်ရမည်နည်း။

ဦးစွာ သူတို့ကျူးလွန်ခဲ့သည့်အပြစ်ရှိသမျှအတွက် ခွင့်လွှတ်ခြင်းခံရရန်လိုသည်။ ထို့အတူ

သူတို့၏နောင်တတရားနှင့်ယုံကြည်ခြင်းအားဖြင့် အပြစ်ကြောင့်သူတို့ခံစားရသည့်အပြစ်စွဲစိတ်

(လိပ်ပြာမလုံခြင်း)ကို သူတို့အသိစိတ်ထဲမှ ဆေးကြောပေးရန် ခရစ်တော်၏အသွေးတော်သည်

တတ်စွမ်းနိုင်မည်ဖြစ်သည်။ သို့သော် ဤကဲ့သို့သောသူများအတွက် သူတို့အပြစ်ကိုလွှတ်လိုက်

ခြင်းသက်သက်သည် လုံလောက်မှုမရှိပါ။ သူတို့အပြစ်ကိုသာလွှတ်ပေးပြီး သူတို့၏ဆိုးညစ်သော

အကျင့်များကို ထိုအတိုင်းထားပါက အန္တရာယ်ရှိပါသည်။ ထိုသို့ပြုပါက ဧဝံဂေလိတရားကို

ဟာသဖြစ်အောင် ရုပ်ပြောင်ဆွဲခြင်းနှင့်တူသွားနိုင်ပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏

အပြစ်များကို ခွင့်လွှတ်ရန်သာစိတ်ဝင်စားသည်မဟုတ်။ ထိုအပြစ်၏တန်ခိုးနှင့် ထိုအပြစ်ကျူး

လွန်ခြင်းကတပ်ဆင်ပေးသည့် အကျင့်ဆိုးတို့၏အနှောင်အဖွဲ့မှလည်း လွတ်မြောက်စေလိုပါ

သည်။ ထိုအပြစ်များကိုကျူးလွန်စေသည့် ကျွန်ုပ်တို့၏ မကောင်းသည့်စိတ်သဘောများကိုလည်း

ကိုင်တွယ်ဖြေရှင်းစေလိုပါသည်။ တစ်နည်းပြောရလျှင် ဘုရားသခင်သည် ရလဒ်များကိုသာ

ခွင့်လွှတ်ရန်မဟုတ်ဘဲ ゞင်းတို့၏အကြောင်းရင်းတို့ကို ဖြေရှင်းပေးရန် အလိုရှိတော်မူသည်။

သို့သော် အကြောင်းရင်းကို မည်ကဲ့သို့ဖြေရှင်းမည်နည်း။ သေချာသည်မှာ တစ်ညတည်း

နှင့်တော့ပြီးမည်မဟုတ်။ ခရစ်တော်ကို ယုံကြည်လက်ခံလိုက်သည်နှင့် ချက်ချင်းပင် ပြောစရာ

မရှိအောင်ပြည့်စုံသွားပြီး ကောင်းကင်ရောက်သည့်အထိ ထိုအတိုင်းပြည့်စုံနေမည်ဟု သမ္မာ

ကျမ်းစာက မည်သည့်အခါမှ မပြောထားပါ။ သို့သော် အခြားတစ်ဖက်တွင် ကျွန်ုပ်တို့သည်

မိမိတို့အသက်တာကြီးထွားမှုအတွက် မိမိတို့ကသာ တတ်နိုင်သလောက်ကြိုးစားရန်အတွက်

ခရစ်တော်က ကျွန်ုပ်တို့ကို ပစ်မထားပါ။ ယခု ရှင်ပေါလုက တိတုကိုရှင်းပြနေသည့်အတိုင်း

ကျွန်ုပ်တို့အတွက် အခြေခံလိုအပ်ချက်များကို ခရစ်တော်ကပြင်ဆင်ပေးထားပါသည်။

ရှင်ပေါလုက အောက်ပါအတိုင်းအစပြုလျက် ရှင်းပြထားသည်။

အမှန်တရားကို တစ်ခါမျှမပြောဖူးကြသည့် လူလိမ်များ၊ နည်းနည်းစပေးလိုက်သည်နှင့်

သင့်ကို အပိုင်းပိုင်းဖြစ်အောင်ကိုက်ဖြတ်မည့် ဆိုးသွမ်းသားရဲများ၊ မိမိအတွက်နှင့်သူများ

အတွက် ဘာအလုပ်မျှမလုပ်ဘဲ မိမိဝမ်းဗိုက်ကိုသာ ဖြည့်လိုကြသော စားမြဲစားသူ၊ ပျင်းရိလူ

များအတွက် ရှင်ပေါလုမှာထားသည့်အတိုင်းပြုကြပါဟု သတိပေးရန်မဖြစ်နိုင်ဟု တွေးမိစရာရှိ

ပါသည်။ ထိုကဲ့သို့သောကျွန်ုပ်တို့ကို ဘုရားသခင်ကယ်တင်တော်မူခဲ့သည်။ သို့သော် မည်သည့်နည်းလမ်းဖြင့်

မည်ကဲ့သို့ကယ်တင်ခဲ့သနည်းဟု မေးစရာရှိပါသည်။

ရှင်ပေါလုဘာဆက်ပြောသည်ကိုမကြည့်ဘဲ ဤမေးခွန်း၏အဖြေကို ကျွန်ုပ်တို့သိနေသည်

ဟု ကျွန်ုပ်တို့ခံစားမိနိုင်ပါသည်။ ဘုရားသခင်သည် ပေါလုနှင့်တိတုတို့ကို ခရစ်တော်၏သွေး

တော်နှင့်အသေခံတော်မူခြင်းအားဖြင့် ကယ်တင်တော်မူခဲ့သည်ဟု ကျွန်ုပ်တို့စိတ်ထဲ၌စဉ်းစား

မိနိုင်ပါသည်။ မှန်ပါသည်။ ခရစ်တော်၏သွေးတော်နှင့်အသေခံတော်မူခြင်းအားဖြင့် ဘုရား

သခင်သည် ပေါလုနှင့်တိတုတို့အား အပြစ်ခွင့်လွှတ်ခြင်းနှင့် လိပ်ပြာမလုံသောစိတ်နှင့်

ကင်းရှင်းသောအသိစိတ်တို့ကို ရရှိစေနိုင်ခဲ့ပါသည်။ သို့သော် ဤနေရာတွင် ပေါလုက

တိတုကိုပေးသည့်အဖြေမှာ ထိုသို့မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ပေါလုသည် လိပ်ပြာ

မလုံဖြစ်ခြင်းအကြောင်းစဉ်းစားနေသည်မဟုတ်။ သူတို့၏ပင်ကိုယ်စရိုက်ကိုအကျည်းတန်

စေလျက် သူတို့ခရစ်ယာန်မဖြစ်မီ သူတို့၏ကိုယ်ကျင့်တရားကို ရုပ်ပျက်ဆင်းပျက်ဖြစ်စေ

သည့် အစွန်းအထင်းများ၊ အစင်းကြောင်းများနှင့် အရေတွက်ခြင်းများအကြောင်းကို သူ

စဉ်းစားနေသည်။ ထိုအစွန်းအထင်းများ၊ အနာအဆာများနှင့်ပတ်သက်နေသည့်အရာမှာ

ခရစ်တော်၏အသွေးတော်မဟုတ်ပါ။ ထိုသို့ဆိုလျှင် မည်သည့်အရာဖြစ်မည်နည်း။ ရှင်ပေါလု

အဖြေကိုကြည့်ပါ။

ဒုတိယမွေးခြင်းနှင့်ဆိုင်သောဆေးကြောခြင်း၏လုပ်ဆောင်မှုနှစ်ရပ်

ကယ်တင်ခြင်း၏လက်ဦးအတွေ့အကြုံနှင့်ဆိုင်သည့် ဤသရုပ်ဖော်ချက်က သဘော

သဘာဝနှစ်ခုကိုဖော်ပြပေးသည်။ ပထမတွင် ゞင်းသည် မကောင်းသောအရာ၊ ညစ်ပေသော

အရာကို ဆေးကြောသန့်စင်ခြင်းဖြစ်သည်။ ဒုတိယမှာ ゞင်းသည် ဒုတိယအကြိမ်မွေးဖွားခြင်း၊

အသစ်သောအသက်ကိုပြန်လည်ရှင်သန်စေခြင်းနှင့် အသက်တာ၏အစီအစဉ်သစ်ကို အစပြု

ခြင်းဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့၏အပြစ်ရှိသောစိတ်သဘောထား

များနှင့်စိတ်ဆန္ဒများကို ကျွန်ုပ်တို့အားတွေ့မြင်စေခြင်းအားဖြင့် ကျွန်ုပ်တို့ကိုဆေးကြောပေး

သည်။ ဝိညာဉ်တော်သည် ကျွန်ုပ်တို့အား ထိုစိတ်သဘောထားနှင့်စိတ်ဆန္ဒတို့၏ မသန့်ရှင်းမှုကို

ခံစားစေပြီး နောင်တရစေလျက် ゞင်းတို့ကို စွန့်ပယ်စေသည်။ ထိုထက်နက်ရှိုင်းစွာ သိမြင်စေ

သည့်အချက်မှာ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အထဲ၌ရှိသည့် မကောင်းသောတန်ခိုးစွမ်းအားများကို

မိမိတို့၏ကြိုးစားအားထုတ်မှုဖြင့်ဖယ်ရှားလျက် မိမိတို့ကိုယ်ကိုကြီးထွားရင့်ကျက်စေရန် မဖြစ်

နိုင်ဘဲ ကျွန်ုပ်တို့၌ ကယ်တင်ရှင်လိုအပ်နေကြောင်းကို သိမြင်စေသည့်အချက်ဖြစ်သည်။ ကျွန်ုပ်

တို့သည် ကျွန်ုပ်တို့စိတ်နှလုံး၏လျှို့ဝှက်နေရာတစ်ခုမှ “အကြောင်းမူကား၊ ငါသည်ကိုယ်ကျင့်သော အကျင့်ကို မနှစ်သက်။ ကျင့်ချင်သော အကျင့်ကိုမကျင့်၊ ရွံ့ရှာသော အကျင့်ကို ကျင့်၏။ ၁၆ထိုသို့ငါသည် မကျင့်ချင်သောအကျင့်ကို ကျင့်လျှင်၊ ပညတ်တရားဖြောင့်သည်ဟု ငါဝန်ခံ၏။ ၁၇သို့ဖြစ်လျှင်၊ ထိုမကောင်းသောအကျင့်ကို ငါ့ကိုယ်တိုင်ကျင့်သည်မဟုတ်။ ငါ့အထဲ၌နေသော အပြစ် တရားသည် ကျင့်၏။ ၁၈ငါ့အထဲမှာ ငါ့ဇာတိပကတိ၌ ကောင်းသော အရာတစုံတခုမျှ မတည်သည်ကို ငါသိ၏။ အကြောင်း မူကား၊ ငါသည်ကျင့်ချင်သော စိတ်ရှိသော်လည်း၊ ကောင်းစွာကျင့်တတ်သောအခွင့်ကိုရှာ၍ မတွေ့နိုင်။ ၁၉ငါသည် ကျင့်ချင်သော အကျင့်ကောင်းကို မကျင့်။ မကျင့်ချင်သော အကျင့်ဆိုးကိုကျင့်၏။ ၂၀ထိုသို့ငါသည်မကျင့်ချင်သောအကျင့်ကို ကျင့်လျှင်၊ ငါကိုယ်တိုင်ကျင့်သည်မဟုတ်။ ငါ့အထဲ၌ နေသော အပြစ်တရားသည်ကျင့်၏။ ၂၁ထိုသို့ကောင်းသော အကျင့်ကိုငါကျင့်ချင်သောအခါ၊ မကောင်းသောအကျင့်ကို ကျင့်စေတတ်သော တရားကို ငါတွေ့၏။ ၂၂ငါသည် အတွင်းလူအားဖြင့် ဘုရားသခင်၏ ပညတ်တရားတော်တို့ နှစ်သက်၏။ ၂၃သို့သော်လည်း ငါ့ကိုယ်အင်္ဂါများ၌ ရှိသော တရားတပါးသည် စိတ်ဝိညာဉ်တရားကို ဆိုင်ပြိုင် တိုက်လှန်သဖြင့်၊ ငါ့ကိုယ်အင်္ဂါများ၌ ရှိသော အပြစ် တရားလက်သို့ ငါ့ကိုဘမ်းသွားအပ်နှံသည်ကို ငါမြင်၏။ ၂၄ငါသည်ငြိုငြင်သောသူဖြစ်ပါသည်တကား၊ ဤအသေကောင်မှ ငါ့ကို အဘယ်သူ ကယ်လွှတ် မည်နည်း။ ၂၅ငါတို့သခင် ယေရှုခရစ်အားဖြင့် ကယ်လွှတ်တော်မူသော ဘုရားသခင်၏ကျေးဇူးတော်ကြီးလှပေ၏။ ထိုသို့စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏ တရားတော် အလိုသို့၎င်း၊ ဇာတိပကတိအားဖြင့် အပြစ်တရား အလိုသို့၎င်း၊ ငါလိုက်တတ်၏။”(ရော ၇း၁၅-၂၅)။

ထို့ပြင် ကျွန်ုပ်တို့သည် ခရစ်တော်ကို မိမိ၏ကယ်တင်ရှင်နှင့် သခင်အဖြစ်လက်ခံသည်ဆိုလျှင်

ကျွန်ုပ်တို့၏ အသက်ရှင်မှုပုံစံပြောင်းလဲခြင်းအားလုံးအတွက် ကျွန်ုပ်တို့အဆင်သင့်ဖြစ်သည့်

အဆင့်အထိရောက်အောင် ကျွန်ုပ်တို့ကိုပို့ဆောင်ပေးသည်။

သို့သော် ခရစ်တော်က ကျွန်ုပ်တို့ကို ဤနေရာ၌မထားခဲ့ပါ။ သန့်ရှင်းသောအသက်တာဖြင့်

အသက်ရှင်လိုသည့်စိတ်ဆန္ဒကို အစပြုခံစားလာသည့်အခြေအနေတွင် ကျွန်ုပ်တို့ကိုမထားခဲ့ပါ။

ထိုနည်းတူ ကောင်းမှုကုသိုလ်လုပ်ဖို့နှင့် ခရစ်ယာန်အသက်တာနှင့်အသက်ရှင်ဖို့ ကြိုးစားပါဟု

တိုက်တွန်းအားပေးရုံသက်သက်လည်းမပြုခဲ့ပါ။ ကျွန်ုပ်တို့ကို သန့်ရှင်းစေတော်မူရာတွင် ကိုယ်

တော်၏လုပ်ဆောင်ပေးတော်မူချက်သည် ထိုထက်မက ပြည့်စုံပါသည်။ ကိုယ်တော်သည်

ကျွန်ုပ်တို့အထဲ၌ ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်ကိုကိန်းဝပ်စေပြီး ကျွန်ုပ်တို့ ယခင်

က မပိုင်ဆိုင်ဖူးသော သန့်ရှင်း၍ အစွန်းအထင်းကင်းသောအသက်ကိုပေးတော်မူသည်။ ထို

အသက်သစ်သည် ဘုရားသခင်ကိုယ်တိုင်၏သန့်ရှင်းသောဝိညာဉ်တော်နှင့်ဆိုင်သောအသက်ဖြစ်

၍ ゞင်းတွင် ဘုရားသခင်၏အလိုတော်နှင့်အညီအသက်ရှင်ရန်အတွက်လိုအပ်သည့် စွမ်းအား

နှငစိတ်ဆန္ဒတို့ ပါလာသည်။ သို့သော် လူတစ်ဦးသည် ကယ်တင်ရှင်ကိုယုံကြည်လက်ခံလျက်

ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်ထံမှလာသည့် အသစ်သောအသက်ကိုရရှိလိုက်သည်နှင့်

သူသည် ချက်ချင်းပင်အပြစ်ဆိုဖွယ်မရှိအောင်ပြည့်စုံသွားပြီး အပြစ်နှင့်ပတ်သက်မှုမရှိတော့

သောလူတစ်ဦးဖြစ်သွားသည်ဟု မဆိုလိုပါ။ သူ့အထဲတွင် ထမြောက်နိုင်သောတန်ခိုးနှင့် အပြစ်

၏လွှမ်းမိုးမှုခံရသောနှလုံးသားမှထွက်လာသည့် မှားယွင်းသည့်ဆန္ဒနှင့်စိတ်သဘောတို့ကို

အနိုင်ယူနိုင်သည့်တန်ခိုးပါသော အသက်မျိုးရှိနေပြီဟုဆိုလိုခြင်းဖြစ်သည်။ အသေကောင် မြှုပ်

လိုက်သည့်နေရာတွင် ဝက်သစ်ချသီးကိုထည့်မြှုပ်လိုက်သကဲ့သို့ဖြစ်သည်။ ゞင်းသည် ပုပ်ပျက်

နေသောအသေကောင်ကို အကျိုးမပြုသော်လည်း ထိုပုပ်ပျက်မှုကြားထဲမှ ယခင်က ထိုနေရာ

တွင်မတွေ့ရဖူးသော သန်မာ၍လှပသန့်ရှင်းသည့်အပင်သည် ထိုဝက်သစ်ချသီးမှ အသက်ရှင်

ပေါက်ဖွားလာမည် ဖြစ်သည်။

ကျွန်ုပ်တို့ကို သန့်ရှင်းသူများဖြစ်စေတော်မူသည့် ခရစ်တော်က ပြင်ဆင်ပေးသောအရာမှာ

ထိုနည်းတူပင်ဖြစ်သည်။ ကျွန်ုပ်တို့သည် သန့်ရှင်းသောအသက်တာကို မိမိတို့၏ကိုယ်ပိုင်

ခွန်အားဖြင့် ကြိုးစားအသက်ရှင်ကြရန် ကိုယ်တော်မတောင်းဆိုပါ။ သန့်ရှင်းသောအသက်တာ

ဖြင့်အသက်ရှင်ရန် ကျွန်ုပ်တို့ရုန်းကန်နေစဉ် လိုအပ်ရင်လိုအပ်သလို အကူအညီနည်းနည်းစီ

ပေးသွားခြင်းမျိုးလည်းမဟုတ်ပါ။ ကျွန်ုပ်တို့ထဲတွင် ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်

ထံမှလာသောအသက်ကို ထည့်သွင်းပေးလိုက်ခြင်းအားဖြင့် ကျွန်ုပ်တို့ကို သန့်ရှင်းစင်ကြယ်

အောင်လုပ်ဆောင်သည့်ဖြစ်စဉ်တစ်ခုလုံးကို ကိုယ်တော်အစပြုတော်မူသည်။ ထိုအသက်သည်

ဘုရားသခင်ကိုယ်တိုင်ထံမှလာသောအသက်ဖြစ်သောကြောင့် လုံးလုံးစင်ကြယ်သောအသက်

ဖြစ်သည်။ ယိုယွင်းပုပ်ပျက်ခြင်းမရှိ၊ ထာဝရတည်မြဲသောအသက်ဖြစ်သည်။ ရှင်ပေတရုက

အခြားသောခရစ်ယာန်တို့အား “၂၂သင်တို့သည် ဖောက်ပြန်ပျက်စီးတတ်သော မျိုးစေ့အားဖြင့် ဖြစ်ဘွားသည်မဟုတ်၊ ၂၃မဖောက်ပြန်မပျက်စီးတတ်သော မျိုးစေ့တည်းဟူသော အသက်ရှင်၍ အစဉ်အမြဲတည်တော်မူသော ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် ဖြစ်ဘွားသောကြောင့်၊ ညီအစ်ကိုများကိုချစ်ယောင်မဆောင်၊ အမှန်ချစ်ခြင်းအလိုငှါ စိတ်ထဲမှသမ္မာတရားကို နားထောင်လျက်၊ ကိုယ်စိတ်နှလုံးကို စင်ကြယ်စေပြီးသည်နှင့် အညီ၊ စင်ကြယ်သော စိတ်နှင့်အချင်းချင်း အားကြီးသောချစ်ခြင်းမေတ္တာရှိကြလော့။ ကြသည်ဟု ပြော

ထားသည် (၁ပေ ၁း၂၂-၂၃)။ ရှင်ပေါလုကလည်း

ကျွန်ုပ်တို့သည် ဒုတိယမွေးခြင်းနှင့်ဆိုင်သောဆေးကြောသန့်စင်ခြင်းကို ခံစားရလျက်

အသက်သစ်ကိုရရှိကြပြီဆိုလျှင် နောက်တစ်ခါထပ်၍ ထိုသို့ရရှိခံစားရန်မလိုအပ်တော့ပေ။

လူတို့သည် ရုပ်ခန္ဓာပိုင်းတွင် လူအဖြစ်တစ်ကြိမ်သာမွေးလာကြသည်။ ဝိညာဉ်ရေးတွင်လည်း

ထိုနည်းတူဖြစ်သည်။

လုံးလုံးစင်ကြယ်ပြီဖြစ်သည်။ ခရစ်တော်မိန့်တော်မူသောအရာမဟုတ်လျှင် ကျွန်ုပ်တို့ယုံ

ကြည်နိုင်စရာအကြောင်းမရှိပေ။ သို့သော် ခရစ်တော်က ထိုအတိုင်းမိန့်တော်မူထားသည်။

ချဲ့ကားပြောဆိုသောအရာမဟုတ်ပေ။ ထို့ကြောင့် ကျွန်ုပ်တို့သည် ကိုယ်တော်ပေးသော

ယုံကြည်စိတ်ချမှုအားဖြင့် ဝမ်းမြောက်စွာခံယူနိုင်ပြီဖြစ်သည်။ ကျွန်ုပ်တို့ကိုသန့်ရှင်းစင်ကြယ်စေ

သည့်ဖြစ်စဉ်တစ်ခုလုံးအတွက် အကြီးမားဆုံးသောကဏ္ဍသည် ခရစ်တော်ကိုယုံကြည်လက်ခံ

လိုက်သည့်အချိန်တွင် ပြီးမြောက်သွားပြီဖြစ်သည်။

ရှောင်ရှားရမည့်အမှားတစ်ခု

ဓမ္မသစ်ကျမ်း၏အခြားတစ်နေရာတွင် တမန်တော်ရှင်ပေတရုက မိမိကိုယ်ကို ခရစ်ယာန်

ဟုဆိုလျက်ပင် တစ်ဦးချင်း၏အတွင်းပိုင်း ဝိညာဉ်ရေးဆိုင်ရာ ဒုတိယအကြိမ်မွေးဖွားခြင်းကို

နားလည်သဘောပေါက်လျက် တွေ့ကြုံခံစားရရန် ပျက်ကွက်သောကြောင့် အခက်အခဲများကြုံ

တွေ့နေရသူတို့ကို ကြင်ကြင်နာနာနှင့် အခိုင်အမာသတိပေးသည်ကို တွေ့ရသည်။ သူဆိုလို

သောအရာကို ထင်ရှားစေရန်အတွက် သာဓကတစ်ခုကို သူအသုံးပြုထားကြောင်းတွေ့ရသည်

(၂ပေ၊ ၂း၁၇-၂၂)။ ရေချိုးသောဝက်မ ခေါင်းစဉ်ရှိသည့် ရှေးဂရိပုံပြင်တစ်ခုကို သတိရ

စေသည်။ တစ်ခါက ဝက်မအိုကြီးတစ်ကောင်သည် ရေချိုးဆိပ်သို့ ရေလာချိုးကြသော အမျိုး

သမီးအုပ်စု တစ်စုကို အသေအချာကြည့်နေမိသည်။ ထိုအမျိုးသမီးများသည် ရေချိုးဆိပ်မှပြန်

လာကြသောအခါ လှပသောအဝတ်အစားများဝတ်ဆင်ကြသည်။ သူတို့အဝတ်အစားများ၏

အနားစတို့သည်လည်း လေထဲလွင့်ပါးနေကြသည်။ ထိုအခါ ထိုဝက်မသည် ထိုအမျိုးသမီး

များကဲ့သို့ပြုမူလုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။ သူသည် ရေချိုးဆိပ်သို့သွား၍ မိမိကိုယ်ကို

သေချာပွတ်တိုက်လျက် ရေမိုးချိုးလေသည်။ သူ၏အသားအရေသည် သွေးရောင်သန်းလာပြီး

အနံ့အသက်လည်းကောင်းမွန်လာသည်။ ထိုအခါသူသည် အဝတ်အစားများဝတ်ဆင်ကာ

မိမိနှာခေါင်းတွင် ကျောက်မျက်ရတနာတစ်ခု ချိတ်ဆွဲပြီး လမ်းမအတိုင်း ထိုအမျိုးသမီးများ

လမ်းလျှောက်သည့်ပုံစံနှင့်အနီးစပ်ဆုံးတူအောင် နောက်ခြေတစ်စုံဖြင့် ခုန်ဆွခုန်ဆွလမ်း

လျှောက်လာလေသည်။ ထိုသို့လျှောက်လာသည်မှာ ရွှံ့နွံများဖြင့်ညစ်ပတ်နေသောရေအိုင်တစ်ခု

အနား ရောက်လာသည့်အထိဖြစ်သည်။ ထိုဝက်မသည့် ထိုရေအိုင်ကိုမြင်သည့်အခါ အမျိုးသမီး

တစ်ဦးကဲ့သို့ဆက်လျှောက်ရန်မေ့လျော့သွားပြီး ထိုရေအိုင်ထဲခုန်ချကာ ရွှံ့အိုင်ထဲလူးနေတော့

သည်။ အမျိုးသမီးတစ်ဦးအဖြစ် သူလုပ်ဆောင်ခဲ့လေသမျှတို့ အကျိုးမဲ့ဖြစ်သွားလေသည်။

အဘယ်ကြောင့် ဤဝက်မ၏ကြိုးစားလုပ်ဆောင်မှု မအောင်မြင်ရသနည်းဆိုသည်ကို

သိထားရန်အရေးကြီးပါသည်။ ထိုသို့မအောင်မြင်ရခြင်းမှာ အမျိုးသမီးများပြုမူသည့်ပုံစံ

အတိုင်းပြုမူလုပ်ဆောင်လျှင် အမျိုးသမီးတစ်ဦးဖြစ်သွားလိမ့်မည်ဟု သူထင်မှတ်ခဲ့သောကြောင့်

ဖြစ်သည်။ သူသည် ထိုသို့ထင်၍ မိမိအပြင်ပိုင်းကို ဆေးကြောသန့်စင်သော်လည်း သူ၏

အတွင်းပိုင်းသည် ဘာမျှမပြောင်းလဲခဲ့ပေ။ ထိုဝက်မအိုသည် အမျိုးသမီးတစ်ဦးဖြစ်ခွင့်ရှိသည်

ဆိုလျှင် အတွင်းပိုင်းသည် ဦးစွာပြောင်းလဲပြီးမှ သူသည် အမျိုးသမီးတစ်ဦး၏ဘဝနှင့်သဘာဝ

ကိုရရှိမည်ဖြစ်သည်။ တစ်နည်းပြောရလျှင် သူသည် အသစ်မွေးဖွားရမည်ဖြစ်သည်။ ထိုကဲ့သို့

သောအတွင်းပိုင်းအသစ်မွေးဖွားခြင်းမရှိပါက အမျိုးသမီးတစ်ဦးကဲ့သို့ပြုမူနေထိုင်ရန် မျှော်

လင့်သမျှတို့သည် အချည်းနှီးသာဖြစ်ပေလိမ့်မည်။

လူများစွာတို့မှားနိုင်သည့်အမှားမျိုးကို သတိပေးရန်အတွက် ရှင်ပေတရုက ဤပုံပြင်ကို

ပြောပြခြင်းဖြစ်သည်။ လူများစွာကလည်း ထိုအတိုင်းပြုမိကြသည်။ သူတို့သည် ခရစ်ယာန်ဖြစ်

မည်ဟုဆုံးဖြတ်ကြသည့်အခါ ခရစ်ယာန်များဘာလုပ်ကြသည်ကိုလိုက်ကြည့်ကြပြီး ခရစ်ယာန်

တို့သည် သီချင်းဆိုကြသည်၊ ဆုတောင်းကြသည်၊ ဘုရားကျောင်းသွားကြသည်၊ ဆင်းရဲသူများ

ကို ကူညီမစကြသည်- စသည်ဖြင့် သူတို့သတိပြုမိကြသည်။ သူတို့လည်း ထိုအရာများကို

ကြိုးစား၍လိုက်လုပ်နိုင်လျှင် ခရစ်ယာန်ဟုအခေါ်ခံရမည်ဟု သူတို့ထင်ကြသည်။ သူတို့သည်

အတိုင်းအတာတစ်ခုအထိ အပြင်ပိုင်းတွင် ခရစ်ယာတစ်ဦးကဲ့သို့နေထိုင်ကြပြီး မိမိတို့အသက်

တာတွင် သန့်ရှင်းစင်ကြယ်မှုအပိုင်း၌ တိုးတက်မှုရှိလာပြီဟု ထင်မြင်ကြသည်။ သို့သော်

အပြင်ပိုင်းပြုပြင်မှုသည် အတွင်းပိုင်းပြောင်းလဲမှုနှင့်မတူပါ။ ထိုကဲ့သို့သောသူတို့သည် မိမိတို့

အထဲ၌ ဘုရားသခင်၏ဝိညာဉ်တော်ထံမှအသက်ကို မည်သည့်အခါကမျှ မရရှိ၊ ဘုရားသခင်၏

ဝိညာဉ်တော်ကပေးသော ဒုတိယအကြိမ်မွေးဖွားခြင်းလည်းမရရှိကြသောကြောင့် စစ်မှန်သော

သန့်ရှင်းခြင်းလမ်းပေါ်မရောက်ဘဲ ဘေးဒုက္ခသာရောက်သွားကြမည်ဖြစ်သည်။

ဤဆေးကြောသန့်စင်ခြင်းသည် ခရစ်ယာန်ဗတ္တိဇံမင်္ဂလာမဟုတ်ပါ

ထို့ကြောင့် အမှတ်သညာသရုပ်ဖော်မှုမင်္ဂလာတစ်ခုဖြစ်သည့် ခရစ်ယာန်ဗတ္တိဇံမင်္ဂလာသည်

သူ့ကဏ္ဍနှင့်သူအရေးကြီးသော်လည်း ဤဒုတိယမွေးခြင်းနှင့်သော ဆေးကြောသန့်စင်ခြင်းဖြစ်

သည့် တစ်ကြိမ်နှင့်အပြီးရေချိုးခြင်းသည် ခရစ်ယာန်ဗတ္တိဇံမင်္ဂလာမဟုတ်ကြောင်း ရှင်းလင်းစွာ

သိထားရန်လိုသည်။ ခရစ်တော်၏ခေတ်ကာလက ဂျူးလူမျိုးအချို့က ဤအချက်ကို သိမြင်

ကြသည်။ (ခရစ်ယာန်မဟုတ်သည့်) ဂျူးသမိုင်းပညာရှင် (အေဒီ ၃၇/၃၈ တွင်မွေးဖွားသော)

ဂျိုးဇက်ဖာ့ဆ် သည် ဂျူးယဇ်ပုရောဟိတ်တစ်ဦး၏သားဖြစ်သည်။ ဘုရားသခင်

စေလွှတ်သောပရောဖက်အဖြစ်သူသတ်မှတ်သည့် ဗတ္တိဇံဆရာယောဟန်ကပေးသော ဗတ္တိဇံ

မင်္ဂလာနှင့်ပတ်သက်၍ သူက (ဗတ္တိဇံမခံမီ) စိတ်ဝိညာဉ်သည် ဖြောင့်မတ်ခြင်းအားဖြင့်

အကုန်အစင်ဆေးကြောသန့်စင်ခြင်းရှိထားရမည်ဖြစ်သည်}}ဟု မှတ်ချက်ချထားသည် (ဂျူးလူ

မျိုးတို့၏ရှေးဟောင်းအမွေအနှစ်များ ၁၈း၁၁၇)။

သခင်ဘုရားကိုယ်တိုင်က မိမိခေတ်တွင်ရှိကြသည့်ဖာရိရှဲများအား ထုံးစံဓလေ့နှင့်ဆိုင်

သောဆေးကြောသန့်စင်မှုများသည် အမှတ်သညာများသာဖြစ်ကြပြီး ကိုယ်ကျင့်တရားပိုင်းနှင့်

ဝိညာဉ်ရေးပိုင်း စွန်းထင်းမှုများကို မစင်ကြယ်စေနိုင်ကြောင်း အသေအချာမိန့်တော်မူပြီး

သားဖြစ်ပါသည်။ ဖာရိရှဲများသည် ထုံးတမ်းစဉ်လာအရ ခြေလက်သန့်စင်ဆေးကြောခြင်းကို

ခရေစေ့တွင်းကျလိုက်နာတတ်ကြသည်။ သူတို့သည် တတောင်ဆစ်အထိ လက်မဆေးဘဲ

အစာစားရန် မည်သည့်အခါမျှမစဉ်းစားကြချေ။ ထိုသို့လက်ဆေးခြင်းသည် သူတို့လက်ကို

သန့်ရှင်းစေလျက် ရောဂါပိုးမွှားများနှင့်ကင်းစင်စေသည် မှန်သည်။ သို့သော် ထာဝရဘုရားကို

မကိုးကွယ်သူများ၊ အခြားလူမျိုးများကထိထားသည့်အရာများကို သူတို့ထိမိပါက လက်ပြန်

ဆေးကြခြင်းသည် မမှန်သောအကျင့်ဓလေ့သာဖြစ်သည်။ ထို့ကြောင့် ခရစ်တော်၏တပည့်

တော်များသည် ထုံးတမ်းနှင့်အညီလက်မဆေးဘဲ အစာစားကြသည်ကို ဖာရိရှဲတို့မြင်ကြသည့်

အခါ သခင်ယေရှုကို သူတို့ကန့်ကွက်ကြသည်။ ထိုအခါ ကိုယ်တော်က ဤဘာသာရေးဆိုင်ရာ

ဓလေ့ထုံးစံများသည် လက်တွေ့တွင်အချည်းနှီးဖြစ်ကြောင်းထောက်ပြလျက်မိန့်တော်မူခဲ့သည်။ ဘာသာရေးထုံးတမ်းနှင့်ဆိုင်သောရေအချို့ကို ကျွန်ုပ်

တို့၏ကိုယ်ခန္ဓာပေါ်ပက်ဖြန်းခြင်းဖြင့် ကျွန်ုပ်တို့စိတ်နှလုံး၏ကိုယ်ကျင့်တရားဆိုင်ရာ ညစ်ညမ်း

မှုများသန့်စင်သွားနိုင်သည်ဟုဆိုလျှင် ၄င်းသည် ဟန်ဆောင်မှုသက်သက်သာဖြစ်ပေလိမ့်မည်။

ထို့ကြောင့် ဧဖက် ၅း၂၅-၂၇ တွင်ဖော်ပြသည့်အတိုင်း ခရစ်တော်သည် အသင်းတော်ကို

ရေနှင့်ဆေးကြောဖြင့် သန့်ရှင်းစေတော်မူကြောင်း သမ္မာကျမ်းစာက ဖော်ပြထားသည်။ ဤနေ

ရာတွင်အသုံးပြုသည့်ရေသည် တင်စားခေါ်ဝေါ်သည့်အသုံးအနှုန်းဖြစ်ကြောင်းထင်ရှားပါ

သည်။ သို့သော် ၄င်းက ဘာကိုရည်ညွှန်းသနည်း။ ဗတ္တိဇံဆရာယောဟန်က ကျွန်ုပ်တို့ကိုကူညီ

နိုင်ပါသည်။ သူ၏ဟောပြောချက်ကိုတုန့်ပြန်လျက် လူတို့သူ့ထံလာကြသည့်အခါ သူတို့ရသည့်

နောင်တ၏လက္ခဏာအဖြစ် သူတို့ကိုဗတ္တိဇံပေးခဲ့သည်။ သို့သော် ဤဗတ္တိဇံသည် အမှတ်သညာ

တစ်ခုသာဖြစ်သည်။ ၄င်းက သူတို့ကိုမသန့်ရှင်းစေခဲ့ပေ။ ခရစ်တော်တစ်ပါးတည်းသာ သူတို့ကို

သန့်ရှင်းစေနိုင်ကြောင်း ယောဟန်‌ ကြွေးကြော်ပုံကို နားထောင်ကြည့်ပါ။ ခရစ်တော်သည် ကရာနီတောင်ကုန်းပေါ်တွင် မိမိအသွေးသွန်း

ခြင်းအားဖြင့် လူတို့အပြစ်များကို ဆောင်ယူသွားခဲ့သည်။ ဤနေရာတွင် အပြစ်ဆေးကြောခြင်းနှစ်မျိုးကို တွေ့ရသည်။ ပထမမှာ

ခရစ်တော်၏အသွေးတော်သည် ကျွန်ုပ်တို့ခံစားနေရသည့် အပြစ်စွဲစိတ်ကို သန့်ရှင်းစေပြီး

ကျွန်ုပ်တို့ကို ဘုရားသခင်ရှေ့တွင် ဖြောင့်မတ်သူအဖြစ်အသိအမှတ်ပြုခံစေခြင်းဖြင့် ကျွန်ုပ်တို့

ကို လုံခြုံမှုပေးသည်။ ဒုတိယမှာ ကျွန်ုပ်တို့ကို အပြစ်စွန်းထင်းမှုမှသန့်ရှင်းစင်ကြယ်စေပြီး

အသစ်သောအသက်ကိုပေးကာ သန့်ရှင်းသူများဖြစ်စေသည့်ရေနှင့်ဆိုင်သောဆေးကြော

ခြင်းအဖြစ် တင်စားခေါ်ဝေါ်သော သန့်ရှင်းသောဝိညာဉ်တော်တန်ခိုး၏ဆေးကြောခြင်းဖြစ်သည်။

တစ်ဦးချင်းဒုတိယအကြိမ်မွေးဖွားမှုပုံစံ

ဒုတိယမွေးဖွားခြင်းအပေါ် ဗတ္တိဇံမင်္ဂလာသည် အကျိုးသက်ရောက်မှုမရှိလျှင် ゞင်းအပေါ်

မည်သည့်အရာက အကျိုးသက်ရောက်မှုရှိသနည်း။ ဤမေးခွန်းနှင့်ပတ်သက်၍ ရှင်ပေတရုက

မည်ကဲ့သို့နားလည်ပုံကို ကြည့်ကြပါစို့။ သူ့ခြေကိုဆေးပေးရန် ခရစ်တော် သူ့ထံရောက်လာ

သောအခါ ဦးစွာသူငြင်းခဲ့သည်။ နောက်မှ သူများထက်ထူး၍ ခြေသာမကဘဲ လက်နှင့်

ဦးခေါင်းကိုပါဆေးပေးရန်တောင်းဆိုခဲ့ပုံကို သင်သတိရမည်ဟုမျှော်လင့်ပါသည်။ တစ်ကိုယ်လုံး

ရေချိုးခြင်းကို အကြိမ်ကြိမ်လုပ်ဆောင်ရန်မလိုကြောင်း ထိုစဉ်က သူ မသိခဲ့ကြောင်း သေချာ

သည်။ သို့မဟုတ် သူမေ့နေခဲ့ခြင်းလည်းဖြစ်နိုင်သည်။ သေချာသည်မှာ

ပင်တေကုတ္တေပွဲပြီးသည့်အခါ ဤအချက်ကို ပေတရုအပြည့်အဝ နားလည်သွားခဲ့သည်။

သာဓကအနေဖြင့်ဖော်ပြရလျှင် သူသည် အဖြစ်အပျက်တစ်ခုအတွက် လူမျိုးခြားတို့ထံ

သတင်းကောင်းသွားရောက်ဟောပြောရန် စေလွှတ်ခြင်းခံခဲ့ရသည်။ ထိုလူမျိုးခြားတို့သည် သူ

ဟောပြောသောသတင်းကောင်းကိုကြားရသည့်အခါ ယုံကြည်လက်ခံလျက် သန့်ရှင်းသော

ဝိညာဉ်တော်ကိုရရှိကာ ဗတ္တိဇံခံယူခဲ့ကြသည် (တမန်တော်ဝတ္ထု ၁၀)။ ဤသို့ လူမျိုးခြားများ

ဝိညာဉ်ရေးဆေးကြောမှုခံရကြပုံကို အခြားသောတမန်တော်များနှင့် အသင်းတော်ခေါင်း

ဆောင်များအား သူရှင်းပြသည့်အခါ သူက ” စိတ်နှလုံးကို သိတော်မူသောဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်ကို ငါတို့အားပေးသည်နည်းတူ သူတို့အားပေးသဖြင့်၊ သူတို့ဘက်၌ သက်သေခံတော်မူ၏။

ယုံကြည်ခြင်းအားဖြင့်လည်း သူတို့၏ စိတ်နှလုံးကိုစင်ကြယ်စေ၍ ငါတို့ကို ခြားနားစေတော်မမူ။”ဟုပြောခဲ့သည် (တ ၁၅း၈-၉)။ သခင်ယေရှု အပေါ် တစ်ဦးချင်း၏

ယုံကြည်မှုသည် ဒုတိယအကြိမ်မွေးဖွားခြင်းနှင့်ဆိုင်သောဆေးကြော သန့်စင်ခြင်းအတွက်

မရှိမဖြစ်လိုအပ်သောအရာဖြစ်သည်။

ဖြစ်ရပ်မှန်အဖြစ်အပျက်တစ်ခု

ဤဖြစ်စဉ်ကို သရုပ်ပေါ်လွင်အောင်ဖော်ပြရာတွင် ဤအသစ်သောမွေးဖွားခြင်းသည်

မည်ကဲ့သို့ဖြစ်ပွားနိုင်သည်ကို နိကောဒင်က လာရောက်မေးမြန်းသည့်အခါ သခင်ဘုရားအသုံး

ပြုသည့် တူညီမှုအခြေခံလျက်နှိုင်းယှဉ်ဆင်ခြင်မှုသည် အကောင်းဆုံးရှင်းပြချက်တစ်ခုဖြစ်သည်

(ယော ၃း၉-၁၆)။ အဖြစ်အပျက်တစ်ခုတွင် နိကောဒင်၏ဖိုးဖွားများ ဘုရားသခင်ကိုဆန့်ကျင်

ဘက်ပြုကြလျက် အပြစ်ပြုမိကြသည့်အခါ ဘုရားသခင်သည် မိမိ၏တရားမျှတမှုကြောင့် သူတို့

အလယ်တွင် အဆိပ်ပြင်းသောမြွေများကို စေလွှတ်လျက် ပြစ်ဒဏ်ခတ်ခဲ့ရသည်။ လူများစွာတို့

သည် မြွေကိုက်ခံရလျက် သေလုနီးပါးဖြစ်နေကြသည်။ ထိုအခါ ဘုရားသခင်သည် သူ၏သနား

ခြင်းကရုဏာကြောင့် သူတို့အတွက်လွတ်မြောက်သက်သာရာလမ်းကို ပြင်ဆင်ပေးတော်မူခဲ့သည်။

ကြေးမြွေရုပ်တစ်ခုပြုလုပ်လျက် တိုင်တစ်ခုပေါ်ထောင်ထားကာ ထိုမြွေကိုစေ့စေ့ကြည့်သော

သူတိုင်း အသစ်သောအသက်ကိုရမည်ဖြစ်ကြောင်း ကြေငြာရန် မောရှေအား ဘုရားသခင်မိန့်

တော်မူခဲ့သည်။ လူများစွာတို့သည် ထိုအတိုင်းပြုလျက် မောရှေပြောသည့်အတိုင်းဖြစ်လာ

ကြောင်း တွေ့ရှိခံစားခဲ့ကြသည်။ ထိုအချင်းအရာသည် လက်တွေ့လုပ်ဆောင်ချက်ပါသော

ယုံကြည်ခြင်းပင်ဖြစ်သည် (တော၊ ၂၁ း၄-၉)။

သို့သော် အသက်ကိုရရှိရန်အတွက် ကြေးမြွေရုပ်ကိုသာကြည့်စေခြင်းသည် ရုတ်တရက်

စဉ်းစားကြည့်ပါက ထူးဆန်းနေသလိုဖြစ်သည်။ မည်သည့်အရာက သူတို့ကို ထိုသို့ကြည့်စေခဲ့

သနည်း။ တည့်တည့်ဖြေရလျှင် နောင်တဖြစ်သည်။ သူတို့သည် ဘုရားပေးသည့်ပြစ်ဒဏ်ကြောင့်

သေလုနီးပါးဖြစ်နေကြသည်။ အနာငြိမ်းနိုင်သည့်အခြားနည်းလမ်းသူတို့၌မရှိခဲ့။ သူတို့ကိုသူတိ

လည်း မကယ်နိုင်ကြ။ မကြာမီအတွင်း သေဖို့သာရှိနေသည်။ အမှန်တရားကို သူတို့ရင်ဆိုင်

ရမည်။ အခြားသောအရာများအပေါ်မျှော်လင့်နေခြင်းကိုစွန့်လျက် ဘုရားသခင်၏စကားကို

နားထောင်ကာ မြွေရုပ်ကိုကြည့်ကြသည့်အခါ ထိုခဏချင်းတွင်ပင် အသက်သစ်ကိုရခဲ့ကြသည်။

ခရစ်တော်က တူညီမှုအခြေခံလျက်နှိုင်းယှဉ်ဆင်ခြင်မှုကို ဝိညာဉ်ရေးအတွက် လက်တွေ့

အသုံးပြုကာ “မောရှေသည်တော၌ မြွေကို မြှောက်ထားသကဲ့သို့ လူသားသည် မြှောက်ထားခြင်းကို ခံရမည်။

အကြောင်းမူကား၊ ထိုသားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရမည်အကြောင်းတည်း။”ဟု မိန့်တော်မူခဲ့သည် (ယော ၃း၁၄-၁၅)။

ဤအချက်က သန့်ရှင်းစင်ကြယ်ခြင်းအကြောင်း သခင်ဘုရားသင်ပေးသောသင်ခန်းစာတွင်

ကျွန်ုပ်တို့ကို ပထမသင်ခန်းစာသို့ ပြန်ရောက်သွားစေသည်။ နောက်လာမည့်

အခန်းတွင် ခြေမကြာခဏပြန်ဆေးခြင်းသည် လက်တွေ့အသက်တာတွင် မည်သည့်အရာကို

ဆိုလိုကြောင်း၊ အဘယ်ကြောင့် ထိုသို့ ပြုရန်လိုကြောင်းနှင့် မည်သည့်ပုံစံဖြင့် ထိုသို့ပြုရမည်ကို

ကျွန်ုပ်တို့လေ့လာကြမည်ဖြစ်သည်။ သို့သော် ဤနေရာတွင် ပထမနှင့်ပိုမိုကြီးမားသည့်ကဏ္ဍ

ဖြစ်သည့် တစ်ကြိမ်နှင့်အပြီးရေချိုးခြင်းကို သေချာဆင်ခြင်စဉ်းစားကြမည်ဖြစ်သည်။ ကျွန်ုပ်တို့

သည် ခရစ်တော်ကို အမှန်တကယ်ယုံကြည်လက်ခံလျက် အထက်အရပ်မှလာသောမွေးဖွားခြင်း

ကိုခံယူရရှိကြပြီဆိုလျှင် ဘုရားသခင်ရှေ့တော်၌ အပြည့်အဝသန့်ရှင်းကြပြီဖြစ်ကြောင်းနှင့် ခိုင်းနှိုင်း

ပြောဆိုရလျှင် ရေချိုးပြီးကြပြီဖြစ်ကြောင်း ခရစ်တော်ကိုယ်တိုင်က ဘုရားအခွင့်အာဏာဖြင့်

မိန့်တော်မူပြီးဖြစ်သည်။ ထိုအခါ ကျွန်ုပ်တို့၏သန့်ရှင်းစင်ကြယ်ခြင်းဖြစ်စဉ်အတွက် အကြီးမားဆုံး

ကဏ္ဍပြီးမြောက်သွားပြီဖြစ်သည်။ ထိုဖြစ်ပျက်မှုအားလုံးသည် ဘုရားသခင်၏ကျေးဇူးတော်

ကြောင့်သာဖြစ်၍ ကျွန်ုပ်တို့လည်း ဝမ်းမြောက်စွာဖြင့် ရှေ့ဆက်လျှောက်လှမ်းနိုင်ပြီဖြစ်သည်။

နောက်တိုးမှတ်ချက်

ကိုယ်တော်က ပေးသည့်အခါ လူများစွာတို့က ကိုယ်တော်သည် မိမိအသွေးတော်ဖြင့် ကျွန်ုပ်တို့အပြစ်များ

ဆေးကြောပေးတော်မူခြင်းကို ရည်ညွှန်းခြင်းဖြစ်သည်ဟု ထင်မှတ်နိုင်သည်။ သို့သော် သန့်ရှင်း

စင်ကြယ်စေခြင်းအကြောင်းမိန့်တော်မူသည့်အခါ အသွေးတော်အားဖြင့်သန့်ရှင်းစင်ကြယ်စေ

ခြင်းကိုမရည်ညွှန်းဘဲ ရေအားဖြင့်သန့်ရှင်းစင်ကြယ်စေခြင်းကို ရည်ညွှန်းရခြင်းမှာ အကြောင်း

ရင်းများစွာရှိပါသည်။

ဘုရားသခင်က မိမိလူမျိုးတော်အတွက်ပြင်ဆင်ပေးသော အဓိကသန့်ရှင်းစင်ကြယ်မှု

နှစ်ခုရှိကြောင်း သမ္မာကျမ်းစာထဲတွင်မှတ်တမ်းတင်ထားသည်။ ထိုနှစ်ခု၏ ခြားနားမှုကို သိနား

လည်ထားရန် အရေးကြီးသည်။

ဓမ္မဟောင်းဖြင့်အစပြုကြပါစို့။ တဲတော်ထဲတွင်ဖြစ်စေ (ထွ ၂၅-၃၀)၊ ဗိမာန်တော်ထဲတွင်

ဖြစ်စေ (၃ရာ ၆-၇) အထဲဝင်သွားသည်နှင့် အဓိကတန်ဆာပလာနှစ်ခုကို တွေ့ရမည်ဖြစ်သည်။

ပထမမှာ ကြေးဝါယဇ်ပလ္လင်ဖြစ်ပြီး ဒုတိယမှာ ကြေးဝါအင်တုံဖြစ်သည်။ နှစ်ခုလုံးသည်

ဘုရားသခင်ထံချဉ်းကပ်လိုသောသူများခံယူရမည့် သန့်ရှင်းစင်ကြယ်ခြင်းတို့ကို ပုံဆောင်ကြ

သည်။ ယဇ်ပလ္လင်သည် အသွေးအားဖြင့်သန့်ရှင်းစင်ကြယ်စေ၍ အင်တုံသည် ရေအားဖြင့်

သန့်ရှင်းစင်ကြယ်စေသည်။ ရေအင်တုံတွင် တစ်ကြိမ်နှင့်အပြီးရေချိုးခြင်းပြုရသည်။ အစ္စရေး

တို့၏ယဇ်ပုရောဟိတ်အမျိုးထဲမှ လူတစ်ဦးကို ယဇ်ပုရောဟိတ်အဖြစ်ခန့်အပ်သည့်အခမ်း

အနားတွင် ထိုသူသည် ယဇ်ပလ္လင်နှင့် တဲတော်တံခါးကြား၊ ရေအင်တုံရှိသည့်နေရာတွင် ရေချိုး

ကြရသည် (ထွ ၂၉း၄၊ ၄၀း၁၁-၁၅၊ ၃၀)။ ထိုသူအတွက် ထိုသို့ခန့်အပ်ခြင်းအခမ်းအနားသည်

တစ်ကြိမ်သာရှိသည်။ အကြိမ်ကြိမ်မကျင်းပပါ။ ထိုကြောင့် ယဇ်ပုရောဟိတ်ဖြစ်ရန် ရေချိုးခြင်း

သည် တစ်ကြိမ်နှင့်အပြီးဖြစ်သည်။ နောက်ဆက်တွဲအဖြစ် တဲတော်တွင် အမှုတော်ထမ်းဆောင်

သည့်အခါများတွင် ခြေလက်တို့ကို မကြာခဏပြန်ပြန်ဆေးကြောကြရသည် (ထွ ၃၀း၁၇-၂၁)။

ထိုနည်းတူပင် ဓမ္မသစ်တွင်လည်း အသွေးအားဖြင့်သန့်ရှင်းစင်ကြယ်ခြင်းနှင့် ရေအားဖြင့်

သန့်ရှင်းစင်ကြယ်ခြင်း နှစ်မျိုးလုံးဖော်ပြထားသည်။ သာဓကအားဖြင့် ရှင်ယောဟန်က သူ၏

ပထမဩဝါဒစာတွင် “ဘုရားသခင်သည် အလင်း၌ရှိတော်မူသကဲ့သို့၊ ငါတို့သည် အလင်း၌ကျင်လည်လျှင်၊ အချင်းချင်း မိတ်သဟာယဖွဲ့ခြင်း ရှိကြသည်ဖြစ်၍၊ ဘုရားသခင်၏သားတော် ယေရှုခရစ်၏ အသွေးတော်သည်၊ ငါတို့အပြစ် ရှိသမျှကို ဆေးကြောတော်မူ၏။”ဟု ဆိုထားသည် (၁ယော ၁း၇)။ အခြားတစ်ဘက်တွင် ရှင်ပေါလုက

“အချင်းယောက်ျားတို့၊ ခရစ်တော်သည် အသင်းတော်ကို ချစ်တော်မူသကဲ့သို့၊ သင်တို့လည်း ကိုယ်ခင်ပွန်းကို ချစ်ကြလော့။ထိုအသင်းတော်သည် သန့်ရှင်းလျက် အပြစ်ကင်းလျက်ရှိသည် ဖြစ်၍၊အညစ်အကြေးတင်ခြင်း၊ အရေတွန့်ခြင်းမှ စသည်တို့နှင့် လွတ်လပ်သဖြင့်၊ အသရေတင့်တယ်လျက် ရှိသော အသင်းတော်ကို ခရစ်တော်သည် မိမိအား ဆက်သအံ့သောငှာ၊ နှုတ်ကပတ်တော်ရေ၌ ဆေးကြော ခြင်းအားဖြင့် စင်ကြယ်သန့်ရှင်း စေမည်အကြောင်း၊ ထိုအသင်းတော်အဖို့ အလို့ငှာ ကိုယ်ကိုယ်ကိုယ်စွန့်တော်မူ၏။”ဟု

ဖော်ပြထားသည်ကို တွေ့ရသည် (ဧဖက် ၅း၂၅-၂၇)။

မေးခွန်းမှာ ရေချိုးသန့်စင်ခြင်းအကြောင်း ခရစ်တော်မိန့်တော်မူသည့်အခါ မည်သည့်

အမျိုးအစားကို ရည်ညွှန်းခဲ့သနည်းဟူ၍ဖြစ်သည် (ယော ၁၃)။

ပထမတွင် ကျွန်ုပ်တို့သတိပြုမိသင့်သောအချက်မှာ ကိုယ်တော်သည် မိမိတပည့်တော်တို့

၏ခြေကိုရေဖြင့်ဆေးကြောပေးသည့်အချိန်တွင် ထပ်ပြုစရာမလိုသော ရေချိုးခြင်းအကြောင်းကို

မိန့်တော်မူခြင်းဖြစ်သည်။ ခိုင်လုံသည့်အခြားဆန့်ကျင်ဖက်အကြောင်းတရားမရှိလျှင် ရေနှင့်သာ

ရေချိုးရမှာပေါ့ဟု သဘာဝကျကျလည်းယူဆနိုင်ပါသည်။ ထို့အပြင် ကိုယ်ခန္ဓာတစ်ခုလုံးကို

သွေးနှင့်ဆေးကြောခြင်းအကြောင်း တိုက်ရိုက်အဓိပ္ပါယ်နှင့်ဖြစ်စေ၊ တင်စား၍ဖြစ်စေ တင်ထား

သည့်မှတ်တမ်းမျိုး သမ္မာကျမ်းစာတွင် မတွေ့ရပေ။ ထိုအကြောင်း သခင်ဘုရားမိန့်တော်မူစဉ်

တွင် အထက်ခန်းမထဲရှိ မည်သည့်တမန်တော်ကမျှ တစ်ကိုယ်လုံးရေချိုးခြင်းသည် ကိုယ်တော်

အသေခံသည့်အသွေးတော်အားဖြင့်ရေချိုးခြင်းကိုဆိုလိုသည်ဟု ယူဆမည်မဟုတ်ပေ။

ဒုတိယအနေဖြင့် ဘုရားသခင်က အသန့်ရှင်းဆုံးဌာန၊ သူ၏ရှေ့တော်မှောက်သို့ ကျွန်ုပ်တို့

ဝင်ရောက်နိုင်ရန်အတွက် ကိုယ်တော်ပြင်ဆင်ပေးသောသန့်ရှင်းစင်ကြယ်ခြင်း အကြောင်းဖော်

ပြရာတွင် ဟေဗြဲဩဝါဒစာကိုရေးသားသူက မည်သို့ရေးသားထားသည်ကိုလည်း ကျွန်ုပ်တို့

သတိပြုရမည်ဖြစ်သည် (ဟေဗြဲ ၁၀း၂၂)။ အထံတော်သို့ တိုးဝင်ချဉ်းကပ်ရန်အတွက်

အောက်ပါအချက်များကို သူဖော်ပြထားသည်။

၁။ “စိတ်နှလုံးသံဝေဂတရားနှင့်လွှတ်အောင်ဖြန်းခြင်း”

 ဤဖြန်းခြင်းသည် ခရစ်တော်၏အသွေးတော်အားဖြင့်ပြုသောအမှုကို တင်စားရေးသားခြင်းဖြစ်သည်။

ဟေဗြဲ ၉း၁၄ နှင့် နှိုင်းယှဉ်ကြည့်ပါ “ထိုမျှမက၊ အပြစ်ကင်းသော ကိုယ်တော်ကို၊ ထာဝရဝိညာဉ်တော် အားဖြင့်၊ ဘုရားသခင့်ရှေ့၌ တင်လှူပူဇော်သော ခရစ်တော်၏ အသွေးသည်၊ သေခြင်းနှင့် စပ်ဆိုင်သောအကျင့်ကို ပယ်ရှင်း၍၊ သင်တို့သည် အသက်ရှင်တော်မူသော ဘုရားသခင်ကို ဝတ်ပြုမည်အကြောင်း၊ သင်တို့၌ ကိုယ်ကိုယ်ကိုယ်သိသော စိတ်ကို စင်ကြယ်စေခြင်းငှာ၊ သာ၍တတ်နိုင်တော်မူသည် မဟုတ်လော။”

၂။ “ကိုယ်ကာယကိုလဲကြည်သာရေဖြင့်ဆေးကြောခြင်း

“ဤနေရာမှ ဆေးကြော ခြင်းဆိုသောစကားလုံး၏မူရင်းစကားလုံးသည် ယော ၁၃ တွင် သခင်ဘုရား အသုံးပြုသည့် ရေချိုးခြင်း ဟု ဘာသာပြန်သည့်စကားလုံးနှင့်အတူတူ ပင်ဖြစ်သည်။ ဤဟေဗြဲ ၁၀း၂၂ တွင် သန့်ရှင်းသောရေဖြင့်ဟု အတိအကျဖော်ပြထားသည်ကို သတိပြုပါ။

တတိယအနေဖြင့် ယော ၁၃-၁၇ တွင် ဖော်ပြသည့်အချိန်အခါတွင် သခင်ဘုရားသည်

ကျွန်ုပ်တို့ခံစားရသည့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခံရခြင်းနှင့် အပြစ်ခွင့်လွှတ်ခြင်းတို့ကို

အလေးပေးသွန်သင်နေသည်မဟုတ်။ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံပြီးသော

ကျွန်ုပ်တို့၏သန့်ရှင်းစင်ကြယ်ခြင်းဖြစ်စဉ်နှင့် ကျွန်ုပ်တို့၏ ကိုယ်ကျင့်စရိုက်၌ သန့်ရှင်းသော

ဝိညာဉ်တော်အားဖြင့်အသီးသီးခြင်းကို အလေးပေး အာရုံစိုက်တော်မူသည့်အချိန်အခါ

ဖြစ်ကြောင်း ကျွန်ုပ်တို့သတိပြုရမည်ဖြစ်သည်။ ကိုယ်တော်သင်ကြားပေးနေသောအရာမှာ

အသေခံတော်မူခြင်းနှင့်အသွေးတော်အားဖြင့် ကျွန်ုပ်တို့ခံစားရသော ဖြောင့်မတ်သည်ဟု

အသိအမှတ်ပြုခံရခြင်းအကြောင်းမဟုတ်ဘဲ ဒုတိယအကြိမ်မွေးဖွားခြင်းနှင့်ဆိုင်သော

ဆေးကြော သန့်စင်ခြင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် အသစ်ပြုပြင်ခြင်းအ

ကြောင်းဖြစ်သည်။

 

(3)အစဉ်မပြတ်ပြန်လည်ဆေးကြောခြင်း

ထိုကြောင့် ချစ်သူတို့၊ ထိုကတိတော်များနှင့် ငါတို့သည် ဆိုင်ကြသည်ဖြစ်၍၊ ကိုယ်ခန္ဓာ၏ အညစ်အကြေး၊ စိတ်ဝိညာဉ်၏ အညစ်အကြေးရှိသမျှတို့နှင့် ကိုယ်ကိုယ်ကိုယ်ကင်းစင်စေလျက်၊ ဘုရားသခင်ကို ကြောက်ရွံ့၍ သန့်ရှင်းခြင်းပါရမီနှင့် ပြည့်စုံကြကုန်အံ့။

(၂ကော ၇း၁)

ယခု ကျွန်ုပ်တို့သည် အသစ်မွေးဖွားခြင်းနှင့်ဆိုင်သည့်ဆေးကြောသန့်စင်ခြင်းဖြစ်သော

တစ်ကြိမ်နှင့်အပြီးရေချိုးသန့်စင်ခြင်းကို နားလည်သဘောပေါက်လျက် တွေ့ကြုံခံစားခဲ့ပြီဆို

လျှင် ကိုယ်တိုင်လုပ်ဆောင်ပြထားသည့် ပုံဥပမာအားဖြင့် သခင်ဘုရား၏ ဒုတိယသင်ခန်းစာကို

သွားဖို့ အဆင်သင့်ဖြစ်နေကြပြီဖြစ်သည်။ ပုံဥပမာအရ တစ်ကြိမ်နှင့်အပြီးရေချိုးသန့်စင်ခြင်းကို

အကြိမ်ကြိမ်ခြေပြန်ဆေးခြင်းက လိုက်လာရမည်ဖြစ်သည်။ သို့သော် ဤခြေဆေးခြင်းက

ကျွန်ုပ်တို့ လက်တွေ့နေ့စဉ်အသက်တာတွင် မည်သည့်အရာကို ထင်ဟပ်ပြနေသနည်း။

အဖြေသိရန်အတွက် တမန်တော်ရှင်ပေတရုကို ထပ်မံ၍ အကြံဉာဏ်တောင်းလျှင် ပို

ကောင်းမည်ဖြစ်သည်။ တကယ်တမ်းဆိုရလျှင် ပေတရုသည် ခရစ်တော်က သူ့ခြေဆေးပေး

မည်ဟုဆိုလာသောအခါ ပထမတွင် သူငြင်းခဲ့သည်။ ပေတရုသည်

ခရစ်တော်ဘာကိုဆိုလိုကြောင်း ကျွန်ုပ်တို့ကို ပြန်ပြောပြနိုင်သောသူဖြစ်သည်။

ပေတရုက ယခုခေတ် တူရကီနိုင်ငံဖြစ်သွားသည့်နေရာမှ သူ၏ခရစ်ယာန်မိတ်ဆွေများ

သည် ကောင်းမြတ်သောသတင်းကို စတင်ယုံကြည်လျက် တစ်ကြိမ်နှင့်အပြီးရေချိုးသန့်စင်

ခြင်း ကိုခံယူကြသည့်အခါ သူတို့၌ မည်သို့ဖြစ်ပျက်ခဲ့သည်ကို ဖော်ပြထားကြောင်း ကျွန်ုပ်တို့

တွေ့မြင်ခဲ့ပြီးပြီဖြစ်သည်။ သူဖော်ပြသည့်စကားမှာ “သင်တို့သည် ဖောက်ပြန်ပျက်စီးတတ်သော မျိုးစေ့အားဖြင့် ဖြစ်ပွားသည်မဟုတ်၊ မဖောက်ပြန်မပျက်စီးတတ်သော မျိုးစေ့တည်းဟူသော အသက်ရှင်၍ အစဉ်အမြဲတည်တော်မူသော ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် ဖြစ်ပွားသောကြောင့်၊ ညီအစ်ကိုများကို ချစ်ယောင်မဆောင်၊ အမှန်ချစ်ခြင်းအလိုငှာ စိတ်ထဲမှသမ္မာတရားကို နားထောင်လျက်၊ ကိုယ်စိတ်နှလုံးကို စင်ကြယ်စေပြီးသည်နှင့် အညီ၊ စင်ကြယ်သော စိတ်နှင့်အချင်းချင်း အားကြီးသောချစ်ခြင်းမေတ္တာ ရှိကြလော့။ “(၁ပေ ၁း၂၂-၂၃)။

သူတို့သည် စင်ကြယ်စေခြင်းကိုခံရပြီး ဒုတိယအကြိမ်မွေးဖွားခြင်းကိုလည်းခံကြပြီးပြီဖြစ်

သည်။ သူတို့ဘာဆက်လုပ်ရမည်ဟု ပေတရုပြောထားသနည်း။ သူဤသို့ ပြောထားပါသည်။

“ထိုကြောင့်၊ သင်တို့သည် သခင်ဘုရား၏ ကျေးဇူးတော်ကို မြည်းစမ်းကြသည်ဖြစ်၍၊

အမျိုးမျိုးသော မနာလိုခြင်း၊ လှည့်ဖြားခြင်း၊ လျှို့ဝှက်ခြင်း၊ ငြူစူခြင်း၊ ကဲ့ရဲ့ခြင်းရှိသမျှကို ပယ်ရှား၍၊ ကယ်တင်ခြင်းအလိုငှာ နှုတ်ကပတ်တရား၏ နို့စစ်အားဖြင့် ကြီးပွားမည်အကြောင်း၊”(၁ပေ ၂း၁-၂)။

မွေးကင်းစကလေးငယ်သည် တစ်ချိန်လုံးငိုနေပြီး မိဘများကို အိပ်ရေးပျက်စေသည့် ည

များရှိနိုင်ပါသည်။ သို့သော် သူတို့သည် မနာလိုခြင်း၊ လှည့်ဖြားခြင်း၊ လျှို့ဝှက်ခြင်း၊ ငြူစူခြင်း

နှင့် ကဲ့ရဲ့ခြင်းတို့ကို ပြုမိမည်မဟုတ်ပေ။ လူတို့သည် အသစ်မွေးဖွားခြင်းနှင့်ဆိုင်သော ဆေး

ကြောသန့်စင်ခြင်းအားဖြင့် ဒုတိယမွေးခြင်းသည် သူတို့အထဲတွင်ဖြစ်ပျက်၍ ယခင်ကမရှိခဲ့ဖူး

သောအသက်တာသစ်ကို သူတို့ရရှိပြီဖြစ်သည်။ ထိုအသက်သည် သူတို့၏ဖခင်ဖြစ်သည့် ဘုရား

သခင်ကိုယ်တိုင်၏ အသက်မျိုးဖြစ်သည်။ ပထမတွင် ဤအသက်တာသစ်သည် ကလေးငယ်

တစ်ဦးကဲ့သို့ပင် အလွန်ငယ်ရွယ်လျက် အသက်တာကို တည်ဆောက်ကြီးထွားစေသည့် ဘုရား

သခင်၏နှုတ်ကပတ်တော် အရေးပေါ်လိုအပ်ပါသည်။ ထို့ပြင် မသန့်ရှင်း၍ ထိုအသက်တာ

သစ်နှင့်မကိုက်ညီသောအရာအားလုံးကို စဉ်ဆက်မပြတ်ဖယ်ရှားနေရမည်ဖြစ်သည်။ ပေတရု

နည်းတူ တမန်တော်ဖြစ်သည့် ပေါလုကလည်း ခရစ်တော်ကို ယုံကြည်သူများအား ဘုရားသခင်

ကို ကြောက်ရွံ့ကြလျက် သွေးသားနှင့်ဝိညာဉ်ရေး စွန်းထင်းမှုရှိသမျှတို့နှင့် မိမိတို့ကိုယ်ကို

စင်ကြယ်စေကြရန်တိုက်တွန်းခဲ့သည် (၂ ကော ၇း၁ ကိုကြည့်ပါ)။ ကျွန်ုပ်တို့၏သခင်ဘုရား

ပုံဖော်ပြသသည့်နမူနာနှင့်ဆိုင်သည့် စကားလုံးအသုံးအနှုန်းကိုသုံးရလျှင် ပေတရုနှင့်ပေါလု

နှစ်ဦးလုံးက သူတို့၏ယုံကြည်ဖော် ယုံကြည်ဖက်ခရစ်ယာန်များအား သူတို့သည် မိမိတို့ခြေကို

စဉ်ဆက်မပြတ် ဆေးကြောနေရန်လိုသည်ဟု ပြောပြနေကြခြင်းဖြစ်သည်။

သို့သော် အပြောက အလုပ်ထက်ပိုလွယ်တာပေါ့ဟု သင်ပြောမိကောင်း ပြောမိနိုင်ပါသည်။

သေချာပါသည်။ ဤလောကသည် ကိုယ်ကျင့်တရားပိုင်းညစ်ပတ်ပေရေနေသောနေရာဖြစ်၍

ကျွန်ုပ်တို့သွားလာသည့်အခါ ဘက်ပေါင်းစုံမှ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာရွံ့ဗွက်များ တစ်ချိန်

ပြီးတစ်ချိန် ကျွန်ုပ်တို့ကို လာစင်နိုင်ပါသည်။ ကျွန်ုပ်တို့ဘဝ၏အတက်အကျ အပြောင်းအလဲ

များနှင့် ပေါင်းသင်ဆက်ဆံမှုအခက်အခဲများကြောင့် မပြောင်းမီက အသက်တာဟောင်း၏

ဆိုးညစ်သည့်စိတ်သဘောဟောင်းများနှင့် အပြုအမူဟောင်းများဖြင့် ပြန်လည်အသက်ရှင်ရန်

တစ်ခါတစ်ရံ စုံစမ်းသွေးဆောင်ခြင်းခံရမည်ဖြစ်သည်။

ယုံကြည်သူတစ်ဦးအပြစ်ပြုလျှင် မည်သို့ဖြစ်မည်နည်း။

ယုံကြည်သူလူသစ်များ အပြစ်ပြုမိသည့်အခါ အလွန်စိတ်ပူပန်မိနိုင်ပါသည်။ ထိုအတိုင်း

လည်းဖြစ်သင့်ပါသည်။ ထိုသို့ဖြစ်ခြင်းမှာ သူတို့၏အသိစိတ်သည် ပုံမှန်ဖြစ်နေပြီဆိုသည့်

လက္ခဏာဖြစ်သည်။ အခြားတစ်ဘက်တွင် ကောက်ချက်ချမှားသွားနိုင်သည်။ သူတို့သည်

ကယ်တယ်ခြင်းအမှန်မခံရသောကြောင့် ထိုသို့စိုးရိမ်ပူပန်ကြခြင်းဖြစ်သည်ဟု ခံစားမိနိုင်ပါသည်။

အချို့ကလည်း သူတို့အမှန်ပင်ကယ်တင်ခြင်းခံခဲ့ရသော်လည်း ထိုကယ်တင်ခြင်းကို ယခုပြန်ဆုံး

ရှုံးရပြီးဟု ခံစားရနိုင်သည်။ ထို့ကြောင့် ဆေးကြောသန့်စင်စေခြင်းကိုခံရပြီးသောသူသည်

ခြေဆေးရန်သာလိုတော့သည်ဟု ခရစ်တော်က အခိုင်အမာအတိအကျမိန့်ထားခြင်းသည်

ကျွန်ုပ်တို့အတွက် မည်မျှကောင်းသနည်း။ ယုံကြည်သူများ အပြစ်ပြန်ပြုမိကြသည့်အခါ

ကယ်တင်ခြင်းဆုံးရှုံးပြီဟုမဆိုလိုပါ။ အသစ်မွေးဖွားခြင်းနှင့်ဆိုင်သောဆေးကြောသန့်စင်ခြင်း

ကို ပြန်လည်ခံယူရန်လိုသည်ဟုလည်း မဆိုလိုပါ။ အသစ်မွေးဖွားစေခြင်းအားဖြင့် ဘုရားသခင်

ပေးသော အသက်တာသစ်သည် ရှိနေဆဲဖြစ်သည်။ ခရစ်တော်၏စကားလုံးကို အသုံးပြုရလျှင်

ယုံကြည်သူများသည် သူတို့ခြေမှလွဲ၍ အပြည့်အဝသန့်စင်ပြီးပြီဖြစ်သည်။ သူတို့ဝန်ခံရမည့်

အချက်မှာ သူတို့သည် စွန်းထင်းခြင်းခံရပြီဖြစ်၍ ပြန်လည်ဆေးကြောရမည်။

သို့သော် မည်ကဲ့သို့ပြန်လည်ဆေးကြောမည်နည်း။ ပထမအနေဖြင့် ယုံကြည်သူများသည်

အပြစ်ပြန်ပြုမိသည့်အခါ သခင်ဘုရားထံ မိမိအပြစ်ကိုဝန်ခံရမည်ဖြစ်သည်။ ထိုသို့ပြုလျှင်

ခွင့်လွှတ်တော်မူမည်ဟု သခင်ဘုရားကတိတော်ရှိသည်။ ဓမ္မသစ်ကျမ်းက “ကိုယ်အပြစ်မရှိဟု ငါတို့သည်ဆိုလျှင်၊ ကိုယ်ကိုယ်ကိုယ် လှည့်ဖြားကြ၏။ ငါတို့၌ သစ္စာတရားမရှိ။

ကိုယ်အပြစ်တို့ကို ဖော်ပြတောင်းပန်လျှင်၊ ငါတို့အပြစ်များကိုလွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှာ ဘုရားသခင်သည် သစ္စာတရားနှင့်လည်းကောင်း၊ ဖြောင့်မတ်ခြင်းတရားနှင့်လည်းကောင်း ပြည့်စုံတော်မူ၏။” (၁ယော ၁း၈-၉ မြန်မာ့စံမီသမ္မာကျမ်း) ဟု ပြောထားသည်။

ထိုအခါ ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ပုံမှန်ဖတ်ရှုခြင်းအားဖြင့်

စွန်းထင်းသည့်အပြစ်များကို ပြန်လည်ဆေးကြောရန်လိုသည်။ ဘုရားသခင်၏နှုတ်ကပတ်

တော်ကို ကျွန်ုပ်တို့ဖတ်သည်နှင့် မိမိတပည့်တော်များရှေ့၌ဒူးထောက်ခဲ့သောသခင်ဘုရားသည်

ကျွန်ုပ်တို့ရှေ့၌လည်း ဒူးထောက်လိမ့်မည်ဖြစ်သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ချစ်တော်မူ

သည်နှင့်အမျှ ကျွန်ုပ်တို့ခြေထောက်ညစ်ပေသောနေရာနှင့် စိတ်တော်နှင့်မတွေ့သော ကျွန်ုပ်တို့

၏စိတ်သဘောထားနှင့်အပြုအမူတို့ကို ထောက်ပြတော်မူမည်ဖြစ်သည်။ ထို့ပြင် ထိုစိတ်သဘော

ထားနှင့်အပြုအမူတို့ကို ပြုပြင်ပြောင်းလဲရန် ကျွန်ုပ်တို့ကိုနှိုးဆော်လျက် လိုအပ်သော ကျေးဇူး

တော်၊ ခွန်အားနှင့်သတ္တိတို့ကို ပေးတော်မူမည်ဖြစ်သည်။ ဤသို့အားဖြင့် ကိုယ်တော်သည်

ကျွန်ုပ်တို့၏ခြေကို အစဉ်အပြတ် အသက်တာတစ်လျှောက် ဆေးကြောပေးနေဆဲဖြစ်သည်။

မဆေးကြောထားသောခြေတို့၏အန္တရာယ်

အခြားတစ်ဘက်တွင် ကျွန်ုပ်တို့သည် ခရစ်ယာန်အသက်တာကို သတိလက်လွတ် အသက်

ရှင်လျက် ကယ်တင်ရှင်အား မိမိတို့ခြေကို ဆေးခွင့်မပေးလျှင် စိတ်မကောင်းဖွယ် ဆိုးဝါးသော

နောက်ဆက်တွဲရလဒ်များဖြစ်ပေါ်လာလိမ့်မည်ဖြစ်သည်။ ခရစ်တော်ပြသခဲ့သည့် နမူနာ

လုပ်ဆောင်ချက်တွင် ပေတရုသည် ခရစ်တော်အားမိမိခြေကို ဆေးခွင့်မပေးသည့်အခါ ခရစ်

တော်က သတိပေးခဲ့သည်။

ထိုအခါ ပေတရုသည် သင်္ကေတတစ်ခုဖြစ်သည့်ခြေဆေးခြင်းကို လက်ခံခဲ့သည်။

သို့သော် သင်္ကေတအဖြစ် တကယ်တမ်းခြေဆေးပေးသောအခါ ပေတရုသည် ငြင်းပယ်လျက်

ကိုယ်တော်အတွက်ဆိုလျှင် မိမိအသက်ကိုပင် စွန့်ပါမည်ဟုြွကားဝါခဲ့သည်။ သခင်ဘုရားက

သူသည် မိမိထင်သလောက် ကြံ့ခိုင်မှုမရှိကြောင်း သူ့ကိုကြင်ကြင်နာနာ ပြောပြခဲ့သည်။

ထိုညတွင်ပင် သူသည် သခင်ဘုရားကို ငြင်းပယ်မည်ဖြစ်သည် (၁၃း၃၇-၃၈)။ ပေတရုက အကျိုး

ရှိရှိ လုပ်ဆောင်ရမည့်အရာမှာ မိမိအားနည်းချက်ကို ဝန်ခံလျက် ထိုအားနည်းချက်ကို ကျော်

လွှားနိုင်ရန်အတွက် သခင်ဘုရားထံအကူအညီတောင်းခံရန်သာဖြစ်သည်။ သို့သော် အခြား

ခရစ်ဝင်ကျမ်းမှတ်တမ်းအရ သူသည် သခင်ဘုရားကို မယုံသည့်အပြင် နားလည်းမထောင်ဘဲ

(မ ၂၇း၃၁-၃၅) သူ၌ ထိုကဲ့သို့သော ချို့ယွင်းချက် ရှိကြောင်းကို ဝန်မခံခဲ့ချေ။ ထိုသို့

ခရစ်တော်ကို အားမကိုးဘဲ မိမိကိုယ်ကိုအားကိုးခြင်း၏ရလဒ်မှာ သူသည် ခရစ်တော်ကို

စစ်ဆေးနေသည့်ယဇ်ပုရောဟိတ်မင်း၏အိမ်သို့ လိုက်သွားပြီး ထိုနေရာတွင် ခရစ်တော်ကို

လူအများရှေ့တွင် ရဲရဲရင့်ရင့်ဝန်ခံရမည့်အစား ခရစ်တော်ကို သုံးကြိမ်တိုင်တိုင် ငြင်းပယ်ခဲ့သည်။

အခြားနမူနာတစ်ခုကို ကြည့်ပါ။ တစ်ခါက ခရစ်တော်သည် အစ္စရေးနယ်တစ်လျှောက်

သတင်းကောင်းဟောပြောစဉ် မိမိနှင့်မိမိတပည့်တော်များ ညအိပ်တည်းခိုရန်နေရာကို ကြိုတင်

ပြင်ဆင်ရန်အတွက် အချို့တို့ကို သူတို့ရှေ့မှာရှိသောရွာသို့ ကြို၍ စေလွှတ်တော်မူခဲ့သည်။

သို့သော် ထိုရွာသည် လူမျိုးရေးအရရော ဘာသာရေးအရပါ ဂျူးလူမျိုးတို့ကိုမုန်းတီးသော

ရှာမာရိရွာဖြစ်သောကြောင့် ယေရှုနှင့်တပည့်တော်များကို တည်းခိုခွင့်မပေးကြချေ။ ထိုအခါ

ယေရှု၏တပည့်တော်နှစ်ပါးဖြစ်သည့် ယောဟန်နှင့်ယာကုပ်တို့သည် အလွန်ဒေါသထွက်လျက်

ကောင်းကင်မှမီးကိုခေါ်၍ ထိုရှာမာရိတို့အပေါ်ကျလာစေရန် အလိုရှိကြသည်။ လက်စားချေလို

သည့်ဆန္ဒဖြင့် ထိုသို့ပြုလိုကြသော ယောဟန်နှင့်ယာကုပ်တို့သည် လူတို့အသက်ကိုဖျက်ဆီးရန်

မဟုတ်ဘဲ ကယ်တင်ရန်ြွကလာသောယေရှုနှင့် မိတ်သဟာရဖွဲ့မှုအားနည်းနေကြောင်း ပြသနေ

သည်။ သူတို့သည် သူတို့နှင့် ယဉ်ကျေးမှုမတူသောသူများ၊ ဘာသာရေးမတူညီသောသူများ

အပေါ် ထိုစိတ်သဘောမျိုးဆက်ထားကြမည်ဆိုလျှင် ခရစ်တော်၏သတင်းကောင်းအတွက်

လည်းကောင်း၊ ရန်သူကိုပင်ချစ်သောခရစ်တော်၏မေတ္တာအတွက်လည်းကောင်း နေရာရကြ

တော့မည်မဟုတ်သောကြောင့် ခရစ်တော်သူတို့ကို ဆုံးမတော်မူခဲ့သည်။ တစ်နည်းအားဖြင့်ပြော

လျှင် ကိုယ်တော်သည် သူတို့ခြေကို ဆေးကြောပေးတော်မူခဲ့သည် (လု၊ ၉း ၅၁-၅၆)။

ထိုနည်းတူပင် ယုံကြည်သူများဖြစ်ကြသည့်ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏လူမျိုးရေးဆိုင်ရာ

မုန်းတီးမှုများ၊ ဒေါသစိတ်ပေါက်ကွဲမှုများ၊ တစ်ကိုယ်ကောင်းဆန်မှု၊ မရိုးသားမှု၊ မနာလိုဝန်တို

မှု၊ မာန်မာနစိတ်နှင့် အခြားသောကိုယ်ကျင့်တရားပိုင်းဆိုင်ရာမသန့်ရှင်းမှုများနှင့် ဝိညာဉ်ရေး

မသန့်ရှင်းမှုများကို ခရစ်တော်အား စဉ်ဆက်မပြတ်ဆေးကြောခွင့်မပြုကြပါက ခရစ်တော်နှင့်

ပေါင်းစည်းသည့်ကဏ္ဍတွင်လည်းကောင်း၊ လောကီသားတို့ကိုချစ်တော်မူသော ခရစ်တော်၏

မေတ္တာဆိုင်ရာသာသနာတွင်လည်းကောင်း ကျွန်ုပ်တို့၏ပါဝင်မှုအားနည်းသွားမည်ဖြစ်သည်။

ဒုတိယအကြိမ်မွေးခြင်းခံယူကြပြီဖြစ်သော ကျွန်ုပ်တို့သည် မယုံကြည်သူများနှင့်အတူ

နောက်ဆုံးသောတရားစီရင်ခြင်းတွင် အပြစ်စီရင်ခြင်းခံရကြမည်မဟုတ်ကြောင်း သေချာသိကြပါ

သည်။ သို့သော် ဤအချက်က ယုံကြည်သူများသည် သတိလက်လွတ်နှင့်အပြစ်မကင်းသော

အသက်တာဖြင့်အသက်ရှင်နိုင်သည်ဟုလုံးဝမဆိုလိုပါ။ ကျွန်ုပ်တို့သည် မိမိ၏စိတ်သဘောထား

နှင့် အပြုအမူတ်ို့ကို အမြဲစစ်ဆေးနေရန်လိုပြီး မိမိ၌ သခင်ဘုရားမနှစ်သက်သောအရာ တစ်စုံ

တစ်ခုရှိနေပြီဖြစ်ကြောင်းသိသည်နှင့် သခင်ဘုရားထံ ဝန်ခံလျက် ကိုယ်တော်၏ခွင့်လွှတ်ခြင်းကို

တောင်းခံရန်လိုသည်။ ထိုသို့ပြုသည်ဆိုလျှင် အားလုံးကောင်းသွားမည်ဖြစ်သည်။ သို့သော်

ကျွန်ုပ်တို့သည် သတိလက်လွတ်အသက်ရှင်လျက် မိမိကိုယ်ကိုစစ်ကြောခြင်းမပြု၊ ]ခြေဆေးခြင်း

မပြု}ပါက နောင်တရလျက် သူနှင့်နေ့စဉ်မိတ်သဟာရဖွဲ့နိုင်ရန် သခင်ဘုရားသည် မေတ္တာတော်

နှင့်သစ္စာတော်အားဖြင့် ကျွန်ုပ်တို့ကိုဆွဲခေါ်၍ဆုံးမမည်ဖြစ်သည် (၁ကော ၁၁ း၃၁-၃၂)။

ဟန်ချက်ညီသောအသက်တာ

စဉ်ဆက်မပြတ်ခြေဆေးခြင်း၊ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် စဉ်ဆက်မပြတ်သစ်

လွင်ခြင်းသည် အသစ်သောအသက်တာ၏အစဖြစ်သည့် အသက်တာတစ်ခုလုံး ဆေးကြော

သန့်စင်စေခြင်းကဲ့သို့ပင် မရှိမဖြစ်လိုအပ်ပါသည်။

အချို့သောသူတို့သည် အစောပိုင်းတွင်ကျွန်ုပ်တို့တွေ့ရသည့်အတိုင်း တစ်ကြိမ်နှင့်အပြီး

ရေချိုးသန့်စင်ခြင်းကိုဦးစွာမခံယူဘဲ ခရစ်ယာန်အသက်တာကို သန့်ရှင်းစွာအသက်ရှင်ရန် ကြိုး

စားကြသည်။ သူတို့သည် ဒုတိယသင်ခန်းစာမှ အစပြုကြလျက် မကြာခဏခြေဆေးကြသည်။

သို့သော် အကျိုးမရှိကြောင်း သူတို့တွေ့မြင်ကြသည်။ အချို့သောသူတို့မှာမူ ထိုအမှားနှင့် ဆန့်

ကျင်ဘက်အမှားကိုမှားတတ်ကြသည်။ သူတို့သည် သခင်ယေရှုခရစ်တော်ကို ယုံကြည်ခြင်းအား

ဖြင့် အသစ်မွေးဖွားခြင်းဆိုင်ရာဆေးကြောသန့်စင်စေခြင်းကို အမှန်တကယ်ခံယူကြသော်လည်း

နေ့စဉ်နှင့်အမျှလိုအပ်နေသည့်ခြေဆေးခြင်းကို မေ့နေကြသောကြောင့် သူတို့၏ခရစ်ယာန်

အသက်တာသည် ကြီးထွားမလာဘဲ ကယ်တင်ရှင်ကိုဝမ်းနည်းစေကာ လောကအလည်တွင်

သက်သေကောင်းမပြနိုင်ဘဲဖြစ်နေကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့အတွက် သင်ခန်းစာနှစ်ခုလုံး

လိုအပ်သည်ဖြစ်၍ ကျွန်ုပ်တို့သည် ပထမသင်ခန်းစာကိုလည်း တွေ့ကြုံခံစားရပြီး ဒုတိယ

သင်ခန်းစာကိုလည်း နေ့စဉ် လက်တွေ့ကျင့်သုံးနေကြကြောင်း သေချာရန်လိုသည်။

(၄)လက်တွေ့ခြေဆေးခြင်း

“ထိုသို့သူတို့၏ ခြေကိုဆေးတော်မူပြီးမှ တစ်ဖန်ဝတ်လုံကိုဝတ်၍ လျောင်းတော်မူလျက်၊ သင်တို့၌ ငါပြုခဲ့သောအမှုကို နားလည်ကြသလော။ သင်တို့သည် ငါ့ကို အရှင်ဘုရားဟူ၍လည်းကောင်း၊ သခင်ဟူ၍လည်းကောင်း ခေါ်တတ်ကြ၏။ ထိုစကားသည်လည်း ဟုတ်မှန်သောစကားဖြစ်၏။ အကြောင်းမူကား၊ သင်တို့ကိုခေါ်ကြသည့်အတိုင်း ငါမှန်၏။

ငါသည် သခင်ဖြစ်လျက်၊ အရှင်ဘုရားလည်းဖြစ်လျက်နှင့် သင်တို့၏ခြေကိုဆေးလျှင် သင်တို့သည် အချင်းချင်းတို့၏ခြေကို ဆေးရကြမည်။

ငါသည် သင်တို့၌ပြုသကဲ့သို့ သင်တို့သည်ပြုစုစေခြင်းငှာ ပုံသက်သေကို ပြခဲ့ပြီ။

ငါအမှန်အကန်ဆိုသည်ကား၊ ကျွန်သည် သခင်ထက် သာ၍ ကြီးမြတ်သည်မဟုတ်၊ တမန်သည်လည်း စေလွှတ်သောသူထက် သာ၍ ကြီးမြတ်သည်မဟုတ်။

ဤအရာများကို သင်တို့သိ၍ သိသည်အတိုင်းကျင့်လျှင် မင်္ဂလာရှိကြ၏။”

(ယော ၁၃း၁၂-၁၇)

ကျွန်ုပ်တို့သည် ဝိညာဉ်ရေးအသက်တာ၏အစအဖြစ် တစ်ကြိမ်နှင့်အပြီးရေချိုးသန့်စင်

ခြင်းရှိရမည်ဖြစ်ကြောင်းနားလည်လျက် လက်တွေ့တွင်လည်းခံယူပြီး စဉ်ဆက်မပြတ်ခြေဆေး

ခြင်းလိုအပ်ကြောင်းကိုလည်းသိမြင်ကာ ကျွန်ုပ်တို့၌စွန်းထင်းလာသော ကိုယ်ကာယနှင့်ဝိညာဉ်ရေး

နှစ်မျိုးလုံးနှင့်ဆိုင်သည့်အညစ်အကြေးအစွန်းအထင်းများကို ပုံမှန်ဆေးကြောရန် ဆုံးဖြတ်ထား

ပြီဆိုလျှင် သန့်ရှင်းစင်ကြယ်ခြင်းကိုသင်ကြားပေးသော ခရစ်တော်၏ကျောင်းတော်မှ နောက်

သင်ခန်းစာအတွက် အသင့်ရှိကြပြီဖြစ်သည်။ ဤနေရာတွင် အကျဉ်းချုပ်ဖော်ပြရမည့်အချက်မှာ

ကျွန်ုပ်တို့သည် သန့်ရှင်းစင်ကြယ်ခြင်းဖြစ်စဉ်တွင် ကြီးထွားရန်အတွက် စဉ်ဆက်မပြတ်ခြေဆေး

ခြင်းသည် မရှိမဖြစ်လိုအပ်သည့်နည်းတူ လူသားချင်း၊ အထူးသဖြင့် ယုံကြည်သူအချင်းချင်း

မိတ်သဟာယဖွဲ့လျက် အချင်းချင်းအကျိုးပြုရာတွင် တက်ြွကစွာပါဝင်ရန်လည်းလိုအပ်သည်။

အဘယ်ကြောင့်ဆိုသော် သခင်ဘုရားသည် တပည့်တော်များ၏ခြေကိုဆေးပြီးသောအခါ

ဝတ်ရုံကိုပြန်ဝတ်၍ထိုင်ကာ မိမိလုပ်ဆောင်ပြသော ဝိညာဉ်ရေးရာထူးခြားသောစံနမူနာကို လက်

တွေ့ကျင့်သုံးကြရန် မိန့်တော်မူခဲ့သည်။

ဤညွှန်ကြားချက်ကို ကျွန်ုပ်တို့မည်ကဲ့သို့နားလည်ကြမည်နည်း။ အချို့ခရစ်ယာန်တို့က

တိုက်ရိုက်အဓိပ္ပါယ်ပြန်လျက် ယုံကြည်သူများသည် အချင်းချင်းခြေဆေးပေးသည့်အခမ်း

အနားအစီအစဉ်များ အခါအားလျှော်စွာလုပ်ဆောင်ပေးရမည်ဟုဆိုကြသည်။ သို့သော် ကနဦး

ခရစ်ယာန်များသည် သခင်ဘုရား၏ညွှန်ကြားချက်ကို ပိုမိုလက်တွေ့ကျသောနည်းလမ်းဖြင့်

နားလည်ကြသည်။ ဥပမာတစ်ခုမှာ ရှင်ပေါလုသည် ထိုစဉ် ကနဦးအသင်းတော်ကျင့်သုံးသည့်

ထုံးစံတစ်ခုဖြစ်သော ပတ်ဝန်းကျင်မှမုဆိုးမများအား အသင်းတော်က ငွေကြေးထောက်ပံ့သည့်

လုပ်ငန်းနှင့်ပတ်သက်၍ မိမိ၏လုပ်ဖော်ဆောင်ဖက် တိမောသေထံ စာရေးသားဆွေးနွေးထား

သည်ကို တွေ့ရသည်။ ပျင်းရိသည့်မုဆိုးမငယ်များသည် ဤထုံးစံကိုအလွဲသုံးစားခြင်းမပြုရန်

အတွက် အသင်းတော်သည် မုဆိုးမတစ်ဦးကို အသင်းတော်ကကြည့်ရှုထောက်ပံ့ရမည့် မုဆိုးမ

စာရင်းထဲမသွင်းမီ သူ့အတိတ်ကိုကြည့်လျက် “ကောင်းသောအကျင့်ကိုကျင့်၍ အသရေရှိသောသူ၊ သူငယ်တို့ကို ကျွေးမွေးခြင်း၊ ဧည့်သည်ဝတ်ပြုခြင်း၊ သန့်ရှင်းသူတို့၏ခြေကိုဆေးခြင်း၊ ဆင်းရဲသောသူတို့ကို လုပ်ကျွေးခြင်း၊ ကောင်းသောအမှုရှိသမျှတို့၌ ကြိုးစား အားထုတ်ခြင်းကို ပြုဖူးသောသူဖြစ်လျှင်၊ စာရင်းအင်း ဝင်စေ။ ” (၁တိ၊ ၅း၁၀)ဟု ရှင်ပေါလုအကြံပြုထားသည်။

ဤကျမ်းပိုဒ်ထဲမှ ]သန့်ရှင်းသူတို့၏ခြေကို ဆေးခြင်း} ဆိုသည့် စကားစု၏ဆိုလိုရင်းမှာ

ထိုအမျိုးသမီးသည် ခရစ်ယာန်ဧည့်သည်များ၏ခြေကို ထိုအချိန်က ထုံးစံအရ ဧည့်ဝတ်

ကျေပွန်စွာဆေးကြောပေးခဲ့ကြောင်းကို ဆိုလိုခြင်းဖြစ်နိုင်သည်။ သို့သော် ဤစကားစုသည်

ခရစ်ယာန်အချင်းချင်း နှိမ့်ချစွာနှင့်အစေခံ ပေးသည့်လုပ်ရပ်ကို ဆိုလိုခြင်းလည်းဖြစ်နိုင်သည်။

ထိုစဉ်က လူတို့ခြေကိုဆေးကြောပေးသည့်အလုပ်သည် သာမန်အားဖြင့် အစေခံများ

သို့မဟုတ် ကျေးကျွန်များ၏ အစေအပါးအလုပ်ဖြစ်သည်။ ထို့ကြောင့် သခင်ဘုရားသည်

တပည့်တော်များအား အချင်းချင်းတို့၏ခြေကိုဆေးပေးကြရန် ညွှန်ကြားခြင်းအားဖြင့် မိမိ

နောက်တော်လိုက်သူများအား လက်တွေ့တွင် လိုအပ်သည့်အတိုင်း လူတို့ကို အစေခံတတ်သည့်

သဘောထားပြည့်ဝကြရန် မိန့်မှာနေခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သန့်ရှင်းစင်ကြယ်

ခြင်းသည် ဓမ္မအတွေးအခေါ်ဆိုင်ရာသွန်သင်ချက်တစ်ခုသာမဟုတ်ဘဲ အစေခံနိုင်သည့်အခွင့်

အရေးကိုရှာတတ်သည့်စိတ်သဘောထားနှင့် ထိုသို့အစေခံခြင်းကို ဂုဏ်ငယ်သည်ဟု သဘော

မထားတတ်သော စိတ်ဓါတ်မျိုးပါသည်။

ကျွန်ုပ်တို့ကိုသင်ကြားပေးသောအရှင်၏အခွင့်အာဏာ

သို့သော် ဤသို့အခြားသူတို့ကိုအစေခံပေးရခြင်းသည် စိတ်ရှည်အားထုတ်မှုလိုအပ်သော

တာဝန်တစ်ခုဖြစ်သည်။ ထိုသို့ပြုရန် မည်သည့်အရာက ကျွန်ုပ်တို့ကို တွန်းအားပေးပြီး

ဆက်လက်လုပ်ဆောင်နိုင်ရန် မည်သည့်အရာက ကျွန်ုပ်တို့ကို ထိန်းထားမည်နည်း။

ပထမမှာ ကျွန်ုပ်တို့ကိုသင်ကြားပေးသောအရှင်၏အခွင့်အာဏာပင်ဖြစ်သည်။တပည့်တော်များသည်

ကိုယ်တော်အကြောင်း စဉ်းစားသည့်အခါဖြစ်စေ၊ ပြောဆိုသည့်အခါဖြစ်စေ ]ဆရာ}သည်

ပထမနေရာတွင်ရှိပြီး ]သခင်ဘုရား}သည် ဒုတိယဖြစ်သည်။ သို့သော် ခရစ်တော်သည် မိမိ

အကြောင်းမိန့်တော်မူသည့်အခါ ]သခင်ဘုရား}သည် ပထမနေရာတွင်ရှိပြီး ]ဆရာ}သည်

ဒုတိယနေရာတွင်ရှိသည်။ ခြားနားချက်သည် သေးငယ်နေဟန်ရှိသော်လည်း ခရစ်တော်

နှင့်ခရစ်တော်၏ပညတ်တော်တို့

အကြောင်းစဉ်းစားသည့်အခါ ဤခြားနားချက်သည်

အရေးကြီးသောအရာဖြစ်လာသည်။ ကျွန်ုပ်တို့အားလုံးသည် ခရစ်တော်ထံလာသည့်အခါ

ဆရာတစ်ပါးထံလာသကဲ့သို့ သင်ကြားပေးသည့်အရာများကို နားထောင်ကာ လက်တွေ့

ကျင့်သုံးမည်လား သို့မဟုတ် မကျင့်သုံးဘဲနေမည်လားဆိုသည်ကို ဆုံးဖြတ်တတ်ကြသည်။

သို့သော် ခရစ်တော်၏ကျောင်းတော်ကို တက်ရောက်နေသည့် ယုံကြည်သူတစ်ဦးအတွက်

ဤအပြုအမူသည် သင့်လျော်သောအပြုအမူမဟုတ်သကဲ့သို့

သန့်ရှင်းခြင်းဖြစ်စဉ်တွင်

တိုးတက်မှုဖြစ်စေသောအပြုအမူလည်းမဟုတ်ပေ။ ကျွန်ုပ်တို့လုပ်ဆောင်သင့်သောအရာမှာ

ဦးစွာ ကိုယ်တော်ကို သခင်အဖြစ်ထားလျက် သူ့ထံသို့လာကာ သွန်သင်သမျှကို လိုက်နာမည်ဟု

ဆုံးဖြတ်လျက် သွန်သင်ပေးသောအရာကို ဆရာတစ်ပါးထံ နာယူ သကဲ့သို့ နာယူရန်ဖြစ်သည်။

သို့သော် ဤစိတ်သဘောထားသည် ကျွန်ုပ်တို့ကို ကိုယ်တော်လုပ်စေလိုသောအရာ ဖြစ်

သည်ဆိုလျှင် ကိုယ်တော်သည် အာဏာရှင်ဆန်နေပါသလား။ အာဏာရှင်မဆန်ပါ။ ကိုယ်တော်

၏အခြားနမူနာတစ်ခုကိုကြည့်ပါ။

ခရစ်တော်ပြသသောစံနမူနာ၏အစွမ်းတန်ခိုး

သဘောတရားသီအိုရီကို လက်တွေ့ကျသောသရုပ်ပြသခြင်းနှင့်တွဲဖက်ပေးခြင်းသည် သင်ကြားမှု

အတွက် အထိရောက်ဆုံးနည်းလမ်းတစ်ခုဖြစ်ကြောင်းကို ကျွမ်းကျင်သောဆရာသမားတိုင်းက

နားလည်ထားကြသည်။ ထို့ကြောင့်လည်း တပည့်တော်များသည် သွန်သင်ချက်ကို ချက်ချင်း

နားလည်ကာ ゞင်း၏ထူးခြားမှုကို အသက်တာတစ်လျှောက်လုံး၌ သတိရကြစေရန် ပြည့်စုံမှု

ရှိသောဆရာတစ်ပါးသည် မိမိတပည့်တော်များအား နှိမ့်ချခြင်း၊ ချစ်ခြင်းနှင့် လက်တွေ့အစေခံ

ခြင်းတို့အတွက် စံနမူနာပြခဲ့သည်။ သို့သော် အခြားသောထူးခြားမှုရှိပါသေးသည်။ ကိုယ်တော်

သည် ဆရာသက်သက်မဟုတ်။ ကိုယ်တော်သည် သူတို့၏ပြည့်စုံသောဆရာသာမကဘဲ သူတို့၏

အရှင်သခင်ဖြစ်သည်။ အမှန်မှာ စကြဝဠာတစ်ခုလုံး၏ အရှင်သခင်ဖြစ်သည်။ သူတို့ကို အစေခံ

ပေးရန် သူတို့မတောင်းဆိုခဲ့ပါ။ ထိုသို့သောအခွင့်အရေးမျိုးကို သူတို့မျှော်လင့်ခွင့်လည်း မရှိပါ။

သူတို့သည် သူတို့အရှင်သခင်ဖြစ်သော ကိုယ်တော်၏ခြေတော်ကို ဆေးပေးသင့်လျက်နှင့် သူတို့

မဆေးပေးခဲ့ကြခြင်းသည်ပင် သူတို့အမှားတစ်ခုဖြစ်နေပြီမဟုတ်ပါလား။ ယခုတော့ သူတို့၏

အရှင်သခင် ဖန်ဆင်းရှင်ကိုယ်တော်တိုင်သည် နှိမ့်ချသောအစေခံတစ်ဦးကဲ့သို့ မိမိဝတ်ရုံကို

ခါးမှာစည်းလျက် သူတို့ခြေရှေ့တွင်ဒူးထောက်ကာ သူတို့ခြေကိုဆေးပြီး မိမိကိုယ်နွေးထွေးရန်

ခြုံထားသည့်ဝတ်ရုံနှင့် သူတို့ခြေခြောက်သွေ့အောင်သုတ်ပေးနေသည်။ ကိုယ်တော် ဤသို့ပြု

သည့်အခါ သင်တို့လည်း အချင်းချင်းကိုအစေခံကြပါဟူသည့် ကိုယ်တော်၏အမိန့်တော်အတွက်

မကျေမနပ်ဖြစ်နိုင်ကြအုံးမည်လား။

သူတို့ကို တမန်တော်အခွင့်အာဏာအပ်နှင်းလျက် ကမ္ဘာလောကကြီးသို့ မိမိတမန်တော်

များအဖြစ် စေလွှတ်တော်မူမည့်အချိန်ရောက်လာမည်ဖြစ်သည်။ ထိုအချိန်တွင် သူတို့၏ကြီး

မားသောအခွင့်အာဏာကြောင့် သူတို့သည် အခြားသောယုံကြည်သူများကို နှိမ့်ချစွာအစေခံရ

မည့် မိမိတို့တာဝန်ကိုမေ့လျော့ကာ အခြားသောခရစ်ယာန်များသည် မိမိတို့ရှေ့၌ ဦးညွတ်လျက်

မိမိတို့ကိုအစေခံရမည်ဟု ထင်မှတ်လာနိုင်သည့်အန္တရာယ်ရှိသည်။ သူတို့ကိုစေလွှတ်တော်မူသည့်

သူတို့ကကိုယ်စားပြုရသောခရစ်တော်သည် နှိမ့်ချသောအစေခံတစ်ဦးကဲ့သို့ သူတို့ခြေကိုဆေး

ပေးခဲ့ကြောင်း သူတို့အစဉ်အမြဲသတိရနေရန်လိုသည်။ ထိုသို့ဆိုလျှင် သူတို့သည် မိမိတို့၏

အရှင်သခင်ထက် ပို၍ကြီးမြတ်ကာ ပို၍အရေးကြီးသည့်ပုံမျိုးဖြင့် မာနကြီးလျက် စိတ်ကြီးဝင်

သည့်အဖြစ်မျိုး မည်သို့ရှိလာနိုင်မည်နည်း။ လက်တော်ဖြင့် သူတို့ခြေကိုဆေးပေးသည့် အထိ

အတွေ့ကို သူတို့အသိတရားထဲမှ ထွက်ခွာမသွားနိုင်ဘဲ သူတို့၏မာန်မာနကို တိတ်ဆိတ်စွာဆုံးမ

လျက် အနိမ့်ကျဆုံးသောလူတို့ကိုပင် အစေခံရန်အတွက် ငြင်းဆန်၍မရနိုင်သည့်ဖိတ်ခေါ်မှု

မျိုးဖြင့် သူတို့ကိုဖိတ်ခေါ်နေမည်ဖြစ်သည်။

ခရစ်ယာန်အပြုအမူကိုပြုမူစေသည့်လှုံ့ဆော်မှု့အစွမ်းတန်ခိုး

ဤနေရာတွင် ခရစ်ယာန်လူ့ကျင့်ဝတ်၏အဓိကအချက်ကို တွေ့ရသည်။ စည်းမျဉ်း စည်း

ကမ်းများလိုက်နာမှုနှင့်ဆိုင်သောကိစ္စမဟုတ်ပါ။ စစ်မှန်သောခရစ်ယာန်တစ်ဦးသည် ခရစ်တော်က

သူ့ကိုဆက်ဆံသကဲ့သို့ အခြားသူများကိုဆက်ဆံရမည်ဟူသောအသိစိတ်၏လှုပ်ဆော်မှုကို ပို၍

ပို၍ခံစားလာရမည်ဖြစ်သည်။ ခရစ်တော်သည် သူ့ကိုခွင့်လွှတ်ခဲ့ပါသလား။ ထိုသို့ဆိုလျှင် သူသည်

အခြားသူတို့ကိုခွင့်လွှတ်ရန်အဆင်သင့်ဖြစ်နေပါမည်။ ခရစ်တော်သည် သူ၏ခြေကိုဆေးပေးခဲ့

ပါသလား။ ဆေးပေးခဲ့သည်ဆိုလျှင် သူသည် အခြားသူတို့၏ခြေကိုဆေးပေးရန် ကြိုးစားတော့

မည်ဖြစ်သည်။ ခရစ်တော်သည် သူ့အတွက် မိမိအသက်ကိုပေးခဲ့ပါသလား။ ထိုသို့ဆိုလျှင်

သူသည်လည်း အခြားသူတို့အတွက် အသက်စွန့်သင့်ပေသည် (၁ယော ၃း၁၆)။

၄င်းသည် အခြားသူတို့ကို လက်တွေ့ကျကျအစေခံခြင်းဖြစ်မည်သာမက ဝိညာဉ်ရေး

သဘောလည်းဖြစ်ပေလိမ့်မည်။ ဤအဆင့်တွင် ကျွန်ုပ်တို့ရှင်းလင်းစွာသိလာရသည့်အချက်မှာ

ကျွန်ုပ်တို့သည် ခရစ်တော်၏ကူညီမစမှုကို လက်တွေ့ခံစားဖူးမှသာလျှင် အခြားသူတို့ကို လက်

တွေ့ကူညီနိုင်မည်ဖြစ်သည်။ သေချာသည်မှာ ကျွန်ုပ်ကိုယ်တိုင် ဒုတိယအကြိမ်မွေးခြင်းမခံဖူးပါက

ဒုတိယအကြိမ်မွေးခြင်းကို သူတစ်ပါးတို့သိရှိအောင် သူတစ်ပါးတို့ကိုကူညီနိုင်မည်မဟုတ်ပေ။

ထိုနည်းတူပင် သင်ကောင်းစွာသိကျွမ်းသော အခြားခရစ်ယာန်တစ်ဦးသည် ခရစ်ယာန်

တစ်ဦးအနေဖြင့် မပြုသင့်သောအရာကိုပြုနေပါက သင်သည် သူ့အား သူ့အမှားကိုမြင်အောင်

ကူညီရန်၊ တစ်နည်းအားဖြင့် သူ့ခြေကိုဆေးပေးရန် ဆန္ဒရှိမည်ဖြစ်သည်။ သို့သော် ထိုသို့

ကူညီရာတွင် အထူးသတိထားရန်လိုပါသည်။ ခရစ်တော်က သင့်ကိုလုပ်ဆောင်ပေး၍ သင်

ကိုယ်တိုင်တွေ့ကြုံခံစားဖူးသည့်အရာမျိုး၌သာ သင်သည် သူ့ကိုထိရောက်စွာ ကူညီနိုင်မည်ဖြစ်

သည် (၁၃း၁၅)။ ခရစ်တော်က သင့်ခြေကိုဆေးပေးရန် လိုအပ်နေသည့်အခြေအနေမျိုး သင်

ကြုံတွေ့ခဲ့ရပုံကိုသတိရပါ။ ထိုအခါ ခရစ်တော်က မည်ကဲ့သို့လုပ်ဆောင်သွားခဲ့ပုံကို သတိရပါ။

သင့်မိတ်ဆွေ၏အမှားကိုပြင်ပေးသည့်အခါ ခရစ်တော်၏နည်းလမ်းကို အတူယူပါ။ သင်သည်

သူ့ထံလာသည့်အခါ အထက်စီးမှလာလျက် သူ့ကို အတင်းအကျပ်အပြစ်တင်နေလျှင် သူသည်

မိမိကိုယ်ကိုကာကွယ်လျက် သူ့စိတ်နှလုံးကိုလည်း မာကျောစေပြီး သင်ပြောင်းလဲစေလိုသည့်

အတိုင်း မပြောင်းလဲနိုင်သည်ကို သင်တွေ့ရမည်ဖြစ်သည်။ သင်သည် သူ့အမှားကိုထောက်ပြ

လိုက်သည့်အခါ သင်၏ဝေဖန်မှုသည် သူ၏ဂုဏ်သိက္ခာနှင့် မာန်မာနကို ထိခိုက်စေပြီဖြစ်၍

သင့်ကိုပြန်လည်၍မစွပ်စွဲလျှင် တော်သေးသည်ဟု ဆိုရပေလိမ့်မည်။

သခင်ဘုရားက တပည့်တော်များကိုချဉ်းကပ်သည့်ပုံစံမျိုးဖြင့် သင်သည် သူ့ကိုချဉ်းကပ်ပါက

ပိုအဆင်ပြေမည်ဖြစ်သည်။ က်ိုယ်တော်သည် သူတို့ကို မိမိတို့နေရာအသီးသီးတွင်ထိုင်စေပြီး သူ

ကိုယ်တိုင်သည် သူတို့ခြေရှေ့တွင် ဒူးထောက်တော်မူခဲ့သည်။ ထိုအခါ သူတို့သည် အနည်းငယ်

ကသိကအောက်ဖြစ်မိသည်မှန်သော်လည်း မိမိတို့သည် အရေးကြီးသောပုဂ္ဂိုလ်ဖြစ်သည်ဟု

ခံစားမိကြသည်။ သို့သော် ခရစ်တော်သည် အမြင်ကောင်းအောင် ထိုသို့ဗန်းပြလုပ်ဆောင်နေ

သည်မဟုတ်ပါ။ သူတို့တစ်ဦးစီကိုချစ်တော်မူလျက် အရေးကြီးသူများအဖြစ် အမှန်တန်ဖိုးထား

တော်မူသည်။ လက်ရှိအခြေအနေတွင် သူတို့၌ မည်သည့်အမှားအယွင်းပင်ရှိရှိ ကိုယ်တော်သည်

ကရာနီကုန်း၌ သူတို့အတွက် အသေခံတော့မည်ဖြစ်သည်။ ကိုယ်တော်သည် သူတို့ကို ချစ်မြတ်

နိုးတော်မူကြောင်း သူတို့ခံစားတွေ့မြင်ရသည့်အခါ သူတို့သည် ကိုယ်တော်သင်ကြားပေးမည့်

အရာအတွက် သူတို့စိတ်နှလုံးကို ဖွင့်ထားကြသည်။ အပြစ်တင်ဆုံးမလျှင်လည်း နာခံရန်

အဆင်သင့်ဖြစ်လာကြသည်။ သူတို့သည် သူတို့အမှားကို ရင်ဆိုင်ရန် လိုအပ်နေသည့်သတ္တိကို

တွေ့ရှိသွားကြသည့်အခါ ထိုအမှားကိုအောင်မြင်ကျော်လွှားရန်နှင့် ရင့်ကျက်၍သန့်ရှင်းသော

ခရစ်ယာန်အသက်တာဘက်သို့ဦးတည်ရန် ပထမခြေ လှမ်းကို သူတို့လှမ်းကြပြီဖြစ်သည်။

(၅)ကန်တတ်သောခြေထောက်

“သင်တို့ရှိသမျှကို ငါရည်မှတ်၍ ပြောသည်မဟုတ်။ ငါရွေးကောက်သောသူတို့ကို ငါသိ၏။ ကျမ်းစာချက် ပြည့်စုံစေမည်အကြောင်း ငါနှင့်အတူစားသောသူသည် ငါ့ကိုခြေနှင့်ကျောက်သတည်း။

ထိုအမှုအရာရောက်သောအခါ ငါသည် ဤမည်သောသူဖြစ်သည်ကို သင်တို့သည် ယုံကြည်စေခြင်းငှာ၊ မရောက်မီ ယခုပင် သင်တို့အားငါပြောနှင့်ပြီ။

ငါအမှန်အကန်ဆိုသည်ကား၊ ငါစေလွှတ်သောသူကို လက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကို လက်ခံသောသူသည် ငါ့ကိုစေလွှတ်တော်မူသောသူကို လက်ခံသည်ဟု မိန့်တော်၏။ ”

(ယော ၁၃း၁၈-၂၀)

ခရစ်တော်သည် မိမိပြသသည့်စံနမူနာကို လက်တွေ့ကျင့်သုံးစေရန် ခရစ်တော်၏ပညတ်ချက်

တို့ကိုလိုက်နာခြင်းသည် ကယ်တင်ခြင်းနှင့်ထာဝရအသက်တို့ရရှိရန်အတွက် မဟုတ်ပေ။ ထို

အရာတို့သည် နောင်တရလျက် ကယ်တင်ရှင်ကို ယုံကြည်လက်ခံလိုက်သည်နှင့် ဘုရားသခင်၏

ကျေးဇူးတော်အားဖြင့် အခမဲ့ရရှိသောအရာများဖြစ်သည်။ သို့သော် ခရစ်တော်၏ပညတ်ချက်

များကိုလိုက်လျှောက်ခြင်းသည် ကယ်တင်ခြင်းနှင့်ထာဝရအသက်ရရှိခြင်းအတွက် လိုအပ်သည့်

သက်သေဖြစ်သည်။ ကလေးငယ်လေးသည် ရုပ်ခန္ဓာအသက်ကိုရရှိရန်အတွက် အော်ငိုပြီး

တောင်းဆိုရန်မလိုပါ။ သူသည် မိဘများထံမှ လက်ဆောင်အဖြစ် အသက်ကိုရရှိပြီးပြီဖြစ်

သည်။ သို့သော် ကလေးငယ်တစ်ယောက်မွေးဖွားလာပြီး အော်ငိုပါက ゞင်းသည် သဘာဝဖြစ်

ပြီး အသက်ရှင်ခြင်း၏သက်သေတစ်ခုလည်းဖြစ်သည်။ ထိုကလေးငယ်သည် ငိုလည်းမငို၊

လှုပ်ရှားခြင်းလည်းမပြု၊ အသက်ရှင်နေသည့်သက်သေတစ်ခုမျှမပြပါက ထိုကလေးသည်

အသေမွေးလာသောကလေးသာဖြစ်ပေလိမ့်မည်။

ယုံကြည်သူရှိသမျှတို့သည် ပြည့်စုံသူများမဟုတ်ကြသေးပါ။ သူတို့လိုက်နာရမည့် ခရစ်

တော်၏ပညတ်ချက်များကို အပြည့်အဝလိုက်နာနိုင်သူ တစ်ဦးမျှမရှိပေ။ သူတို့သည် စာသင်

ကျောင်းထဲက ကလေးငယ်များနှင့်တူကြသည်။ အကောင်းဆုံးသင်ယူနေကြရင်း အမှားများ

ပြုမိကြမည်ဖြစ်သည်။ အချို့သောသင်ခန်းစာများကို လွဲမှားစွာနားလည်မိလျက် လက်တွေ့

လုပ်ဆောင်သည့်အခါလည်း အကောင်းဆုံးဖြစ်အောင် မလုပ်နိုင်သည့်အချိန်များလည်းရှိ

သည်။ သင်ကြားပေးသည့်ဆရာသည် ပေတရုအပေါ်စိတ်ရှည်သကဲ့သို့ အားလုံးအပေါ်

စိတ်ရှည်တော်မူသည်။ သို့သော် သင်ခန်းစာ၏ဤနေရာတွင် သန့်ရှင်းစင်ကြယ်ရန် သင်ကြား

ပေးသည့် ကိုယ်တော်၏ကျောင်းတော်တွင် ကိုယ်တော်နှင့်တစ်စားပွဲတည်း၌ အတူရှိနေသော်

လည်း ဤသို့ဖော်ပြခံရခြင်းနှင့်ထိုက်တန်သူရှိနေကြောင်း ကိုယ်တော်အတိအလင်းဖော်ပြခဲ့

သည်။ ဘာကိုဆိုလို ပါသနည်း။ မည်မျှအရေးကြီးပါသနည်း။ မည်သည့်သက်သေရှိပါသနည်း။

လူအချင်းချင်း ခြေထောက်နှင့်ကန်ခြင်းသည် လူမဆန်သောလုပ်ရပ်ဖြစ်သည်။ သို့သော်

လူကိုခြေနှင့်ကန်သည့်ပုံစံနှစ်မျိုးရှိသည်။ ပုံစံတစ်မျိုးမှာ မိမိကန်လိုသောသူကို မိမိကန်၍ရ

သည့်အကွာအဝေး၌ သူရောက်လာသည့်အထိစောင့်ပြီး သူ့ရှေ့မှာပင် သူ့ခန္ဓာကိုယ် တစ်နေရာ

ရာတွင် ကန်လိုက်ခြင်းဖြစ်သည်။ ဤပုံစံသည် လူကိုဗြောင်ကန်လိုက်ခြင်းဖြစ်သည်။

အခြားပုံစံတစ်ခုမှာ မိမိခြေထောက်နှင့်ကန်လိုသောသူကို တွေ့သည့်အခါ သူ့ကိုချစ်ခင်

ရိုသေသည့်ပုံမျိုးနှင့် ပြုံးပြုံးရွှင်ရွှင်နှုတ်ဆက်ပြီး ဖြတ်ကျော်သွားသည့်အခါမှ ဖနောင့်နှင့်ပေါက်

လိုက်သည့်ကန်ချက်မျိုးဖြစ်သည်။ ဤသို့သောလုပ်ရပ်မျိုးသည် လူမဆန်သည်သာမက သူတော်

ကောင်းယောင်ဆောင်သောလုပ်ရပ်လည်းဖြစ်သည်။ လူတစ်ဦးဦးအပေါ် ထိုသို့ပြုလျှင် အလွန်

ရှက်စရာကောင်းသော အပြုအမူဖြစ်ပေလိမ့်မည်။ ဘုရားသခင်၏သားတော်အပေါ် ထိုသို့ပြု

လျှင် ပြောမပြလောက်အောင်ဆိုးဝါးသောလုပ်ရပ်ဖြစ်ပေလိမ့်မည်။

သို့သော် သူတို့သည် သခင်ဘုရားနှင့်အတူစားသောကြသည့်အခါ သူတို့ထဲတွင် ကိုယ်တော်

ကျွေးသည့်အစာကိုစားလျက် ကိုယ်တော်၏မိတ်ဆွေကောင်းကဲ့သို့ဟန်ဆောင်ကာ သန့်ရှင်းစင်

ကြယ်ခြင်းကိုသင်ကြားပေးသည့် ကိုယ်တော်၏ကျောင်းတော်တွင် ကိုယ်တော်သင်ကြားပေးနေ

သောအရာကို အလွန်စိတ်ဝင်စားနေသည့်ပုံမျိုးလုပ်နေသူတစ်ဦးလည်းရှိနေသည်။ ထိုသူသည်

အယောင်ဆောင်တစ်ဦးဖြစ်သည်။ ခရစ်တော်ပေးသည့်ပညတ်ချက်တို့ကို လိုက်နာရန် သူ့မှာ

ရည်ရွယ်ချက်မရှိပေ။ သူသည် အပြင်ပန်းတွင် ခရစ်တော်ကိုရိုသေလေးစားလျက် ကိုယ်တော်

၏တပည့်တော်ဖြစ်ခြင်းကိုလည်း စိတ်ဝင်စားသည့်ဟန်ပြနေသော်လည်း အတွင်း၌ ကိုယ်တော်

ကို မနာခံသည်သာမက ကိုယ်တော်ကိုရောင်းစားရန်ပင် ကြံစည်နေသူဖြစ်သည်။

တကယ်တော့ ခရစ်တော်ကိုလိမ်ညာ၍မရပါ။ ကိုယ်တော်သည် လူတို့၏စိတ်နှလုံးအကြံ

အစည်ကို သိတော်မူသည်။ သို့သော် သစ္စာဖောက်မည်သူသည် မည်သူဖြစ်ကြောင်းကို

ချက်ချင်းဖော်ထုတ်ပြောဆိုခြင်းမပြုခဲ့ချေ။ သစ္စာဖောက်မည့်သူရှိနေသည်ကို မိမိသိတော်မူ

ကြောင်းကိုသာ ဖော်ပြတော်မူခဲ့သည်။ တပည့်တော်ဆယ့်နှစ်ပါးတွင် အားလုံးသန့်ရှင်းစင်ကြယ်

ကြသည်မဟုတ်ကြောင်း၊ အားလုံးက ဒုတိယမွေးခြင်းခံသည်မဟုတ်ကြောင်း ရှေ့တွင်သူမိန့်

တော်မူပြီးပြီဖြစ်သည် (၁၃း၁၀-၁၁)။ တပည့်တော်တစ်ဦးဟု မိမိကိုယ်ကိုပြောဆိုနေသော်လည်း

စစ်မှန်သည့်ယုံကြည်သူမဟုတ်သူများရှိကြမည်ဖြစ်ကြောင်း ကြိုတင်မိန့်တော်မူခဲ့ခြင်းဖြစ်သည်။

အပြင်ပန်းတွင် ဘာသာရေးသမားဟန်ဆောင်လျက် အတွင်း၌အမှန်မပြောင်းလဲဘဲ ခရစ်တော်

နှင့်ခရစ်တော်၏ပညတ်ချက်များအပေါ် မကျေမချမ်းဖြစ်လျက် အထဲ၌တေးထားကာ အခွင့်

သာသည့်အခါ ကိုယ်တော်ကို နာနိုင်သမျှနာအောင် လူကွယ်ရာ၌ ဖနောင့်နှင့်ပေါက်ခဲ့သည်။

ကျွန်ုပ်ဖော်ပြပြီးသည့်အတိုင်းပင် ထိုသို့ပြုသောသူသည် တပည့်တော်ဆယ့်နှစ်ပါးအနက်

မည်သူဖြစ်ကြောင်း ခရစ်တော်က ချက်ချင်းဖော်ပြတော်မမူခဲ့ပေ။ တစ်ဦးစီတို့သည် သခင်

ဘုရားအပေါ်မိမိထားရှိသည့်စိတ်ထားကို ရိုးရိုးသားသားပြန်လည်သုံးသပ်နိုင်ရန် ခေတ္တအခွင့်

ပေးတော်မူခဲ့သည်။ ကျွန်ုပ်တို့လည်း မိမိစိတ်နှလုံးကိုစစ်ဆေးကြည့်ကြလျှင် အန္တရာယ်ကင်းပေ

လိမ့်မည်။ ဒုတိယအကြိမ်မွေးဖွားခြင်းမရှိဘဲ အပြင်ပန်း၌ ဘာသာရေးသမားဖြစ်နေခြင်းသည်

အန္တရာယ်ရှိပါသည်။ လူတို့သည် အမှန်မပြောင်းလဲဘဲ ထိုအတိုင်းဆက်သွားနေလျှင် ခရစ်

တော်၏ပညတ်ချက်တို့သည် သူတို့၏မပြောင်းလဲသောစိတ်နှလုံး၏မကျေမချမ်းဖြစ်မှုကို ဆွ

ပေးသလိုဖြစ်နေမည်ဖြစ်သည်။ သူတို့သည် ထိုမကျေမချမ်းဖြစ်မှုကို ပေါ်ပေါ်ထင်ထင်မဖော်ပြ

လျှင်လည်း ခရစ်တော်မသိအောင်ဖုံးကွယ်နိုင်မည်မဟုတ်။

စစ်မှန်သောတပည့်တော်တို့၏ယုံကြည်ခြင်းနှင့်အပြုအမူ

ကျွန်ုပ်တို့သိထားသည့်အတိုင်း သစ္စာဖောက်မှာ ယုဒဖြစ်သည်။ ခရစ်ဝင်ကျမ်းကို နောက်

ပိုင်းတွင်ပြန်ရေးသော ရှင်ယောဟန်က သူ့ကျမ်းဖတ်သူများဖြစ်ကြသည့် ကျွန်ုပ်တို့အား ယေရှု

ကို အပ်နှံမည့်သူသည် ယုဒဖြစ်ကြောင်း ကြို၍ပြောပြနိုင်ခဲ့ခြင်းဖြစ်သည် (၁၃း၂)။

သစ္စာဖောက်မှုမဖြစ်မီ ယုဒသည် သူ့ကိုသစ္စာဖောက်မည်ကို မိမိကြိုသိကြောင်း တပည့်

တော်တို့အားကြိုတင်သိစေရခြင်းမှာ အခြားအကြောင်းရင်းတစ်ခုကြောင့်လည်းပါသည်။ ယေရှု

သည် ယုဒကို အခြားတစ်ဆယ့်တစ်ဦးကဲ့သို့ရွေးချယ်လျက် တပည့်တော်တစ်ဦးအဖြစ်သာမက

တမန်တော်အဖြစ်ပါ ရွေးချယ်ကာ တမန်တော်အဖွဲ့၏ဘဏ္ဍာထိန်းအဖြစ်ပင် ခန့်အပ်တော်မူခဲ့

သည်။ ယုဒက သူ့ကိုသစ္စာဖောက်မည်ကို သူကြိုတင်သိမြင်ကြောင်း တမန်တော်တို့မသိကြလျှင်

ယေရှုသည် ယုဒ၏လှည့်ဖြားမှုကိုခံရသည်ထင်မှတ်ကြကာ ကိုယ်တော်သည် အသစ်မွေးဖွားသူ

နှင့် အသစ်မမွေးဖွားသေးသူတို့ကို ခွဲခြား၍မသိသောကြောင့် အသစ်မွေးဖွားခြင်းမခံယူသေး

သောသူကို တမန်တော်အခွင့်အာဏာပေးအပ်ခဲ့သည်ဟု ကောက်ချက်ချကြမည်ဖြစ်သည်။

အမှန်မှာ ထိုသို့မဟုတ်ပေ။ ထို့ကြောင့် သစ္စာဖောက်မှုတကယ်ဖြစ်လာသောအခါ မိမိအပေါ်

တပည့်တော်တို့၏ယုံကြည်ခြင်း လျှော့နည်းမသွားစေရန် ထိုသစ္စာဖောက်မှုမဖြစ်မီပင် ထိုအတိုင်း

ဖြစ် လာမည်ကို မိမိကြိုတင်သိကြောင်း တပည့်တော်တို့ကိုသတိပေးခြင်းဖြစ်သည် (၁၃း၁၉)။

ယုဒသည် တမန်တော်အတုအယောင်ဖြစ်ကြောင်း ယေရှုကြိုတင်သိတော်မူခဲ့သည်ဆိုသည့်

အချက်က ကျွန်ုပ်တို့ကိုပါ စိတ်သက်သာမှုရစေပါသည်။ ကနဦးအသင်းတော်များသည်လည်း

တမန်တော်အတုအယောင်များ၊ မှားယွင်းသောဆရာသမားများနှင့် ဒုတိယမွေးခြင်းမခံဘဲ

ခေါင်းဆောင်နေရာရယူသူများကြောင့် တစ်ချိန်ပြီးတစ်ချိန် အခက်အခဲပြဿနာများရင်ဆိုင်

ကြရကြောင်း ဓမ္မသစ်ကျမ်းက ကျွန်ုပ်တို့ကို သိစေပါသည် (၂ကော ၁၁း၁၃၊ ၂၆၊ ဂလာတိ ၂း၄၊

၂ပေ ၂း၁၊ ၃ယော ၉-၁၀ တို့ကိုကြည့်ပါ)။ အသင်းတော်သမိုင်းတစ်လျှောက်လည်း ထိုအဖြစ်

မျိုးကိုတွေ့ကြုံလာခဲ့ပြီဖြစ်သည်။ ခရစ်တော်ကိုယ်တိုင်ကလည်း ထိုကဲ့သို့ဖြစ်လာလိမ့်မည်ဟု

ကျွန်ုပ်တို့ကို သတိပေးထားပြီးဖြစ်သည် (လု ၁၂း၄၅-၄၆)။ ကိုယ်တော်က ကြိုတင်မသိမြင်၍

ကြိုတင် မကာကွယ်ထားသောကြောင့်မဟုတ်ပေ။

တစ်ချိန်တည်းမှာပင် ခရစ်တော်သည် စစ်မှန်သောဝိညာဉ်ရေးအခွင့်အာဏာတည်သည့်

နေရာကို ကျွန်ုပ်တို့အားညွှန်ပြလျက် ကျွန်ုပ်တို့ထားရှိရမည့်စိတ်ထားကိုလည်း သိမြင်စေတော်မူ

ခဲ့သည်။

ဤပိရမစ်ပုံအခွင့်အာဏာ၏ထိပ်မှအစပြုကြပါစို့။ ကျွန်ုပ်တို့သည် သခင်ယေရှုကို လက်ခံ

လျှင် သူ့ကိုစေလွှတ်တော်မူသောဘုရားသခင်ကို ကျွန်ုပ်တို့လက်ခံကြသည်။ သို့သော် ဘုရား

သခင်သည် သူ့ကိုစေလွှတ်တော်မူကြောင်း ကျွန်ုပ်တို့မည်ကဲ့သို့သိနိုင်မည်နည်း။ သခင်ယေရှု

ကိုယ်တိုင်ကပြောပြပါသည်။ တပည့်တော်များအကြောင်း ဘုရားသခင်အားပြောပြစဥ် ကိုယ်တော်မိန့်တော်မူသောစကားတို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်ဖြစ်ကြောင်း ထင်ရှား

သောကြောင့် ယေရှုသည် ဘုရားသခင်စေလွှတ်သောအရှင်ဖြစ်ကြောင်း ကျွန်ုပ်တို့သိကြသည်။

ယနေ့ကာလတွင်လည်း လူတစ်ဦးဦးက မိမိသည် သခင်ယေရှုစေလွှတ်သောသူဖြစ်သည်

ဟုဆိုလာလျှင် ゞင်းသည်မှန်မမှန် အလားတူစစ်ဆေးမှုဖြင့်စစ်ဆေးသိရှိနိုင်သည်။ ထိုသူ၏စကား

သည် သခင်ယေရှု၏စကား၊ ဓမ္မသစ်မှ တမန်တော်၏စကားနှင့်တူမတူ စစ်ဆေးရမည်ဖြစ်

သည်။ ゞင်းသည် ကြောင်းကျိုးဆက်စပ်ဆင်ခြင်ရသောအချက်ပင်ဖြစ်သည်။ စစ်မှန်သော

ယုံကြည်သူတစ်ဦး၏အမှတ်အသားမှာ- သူသည် ဓမ္မသစ်ကျမ်း၌ တမန်တော်များပြောထား

သည့်နှုတ်ကပတ်တော်ကိုဖတ်သည့်အခါ ゞင်းတို့ကို လက်ခံ၍ကျင့်သုံးသည်။ ဓမ္မသစ်ကျမ်း၌

တမန်တော်များပြောထားသည့်နှုတ်ကပတ်တော်ကိုငြင်းပယ်ခြင်းသည် ခရစ်တော်ကို ငြင်းပယ်

ခြင်းဖြစ်ပြီး ခရစ်တော်ကိုငြင်းပယ်ခြင်းသည် ဘုရားသခင်ကိုငြင်းပယ်ခြင်းဖြစ်သည်။

(ခ)ယုဒ၏သစ္စာဖောက်မှုကိုထုတ်ဖော်ပြောဆိုခြင်းကြိုတင်အသိပေးခြင်း

ကျွန်ုပ်တို့သည် ဤအပိုင်းတွင် စစ်မှန်သောသန့်ရှင်းစင်ကြယ်ခြင်း၏အနှစ်သာရကို

သင်ကြားခံယူကြမည်ဖြစ်သည်။

က။ ကျွန်ုပ်တို့သည် ဘုရားသခင်ရှေ့တော်တွင် အပြည့်အဝသန့်ရှင်းသူများဖြစ်ရန်ဦးတည်

နေကြသည်ဆိုလျှင် ကျွန်ုပ်တို့ရည်ရွယ်ဦးတည်နေသည့်အရာသည် မည်သည့်အရာ

ဖြစ်သည်ကို ကျွန်ုပ်တို့သိရှိရန်လိုသည်။

ခ။ ယုဒ၏သစ္စာဖောက်မှုကို ခရစ်တော်ထုတ်ဖော်ပြောဆိုသည့်နေရာတွင် နှလုံးသား

ထဲ၌ရှိသော မသန့်ရှင်းမှု၏ထင်ရှားသောနမူနာတစ်ခုကို ကျွန်ုပ်တို့တွေ့မြင်ရမည်ဖြစ်

သည်။

ဂ။ ယုဒသည် ခရစ်တော်၏လက်ဆောင်များနှင့်ခင်မင်မှုကို ရယူခဲ့သော်လည်း ခရစ်တော်

ကိုယ်တိုင်အတွက် မေတ္တာနှင့်အချိန်မပေးခဲ့။ နောက်ဆုံးတွင် ရုပ်ဝတ္ထုအကျိုးအတွက်

ပင် ခရစ်တော်ကိုရောင်းရန် ပြင်ဆင်ခဲ့သည်။

ဃ။ ထို့ကြောင့် သန့်ရှင်းခြင်း၏အနှစ်သာရကို ယုဒ၏နှလုံးသားနှင့်ဆန့်ကျင်ဘက်ဖြစ်သည့်

နှလုံးသား၏စိတ်သဘာထားတစ်ခုဖြစ်သည်ကို တွေ့ရသည်။

(၆)သန့်ရှင်းခြင်း၏အနှစ်သာရ

“ထိုသို့ယေရှုသည် မိန့်တော်မူပြီမှ စိတ်နှလုံးတော်ပူပန်ခြင်းရှိ၏။ ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့တွင် တစ်စုံတစ်ယောက်သောသူသည် ငါ့ကိုအပ်နှံလိမ့်မည်ဟု သက်သေခံလျက်မိန့်တော်မူ၏။”

(ယော ၁၃း၂၁)

သန့်ရှင်းစင်ကြယ်ခြင်းအကြောင်းသင်ကြားပေးသော ခရစ်တော်၏ကျောင်းတော်တွင်

ပထမသင်ခန်းစာသည် တပည့်တော်များ၏ခြေကိုခရစ်တော်ဆေးကြောပေးသည့် အမှတ်

သညာဖြင့်သရုပ်ဖော်သော လက်တွေ့သခင်ခန်းစာတစ်ခုဖြင့် အစပြုခဲ့သည်။ ယခု ဒုတိယ

သင်ခန်းစာတွင်လည်း ခရစ်တော်က ယုဒအား မုန့်ကိုနှစ်၍ပေးလိုက်သည့် လေးနက်မှုရှိသော

အမှတ်သညာဖြင့်သရုပ်ဖော်သည့်သင်ခန်းစာပါသည်။ မုန့်ကိုနှစ်၍ပေးလိုက်ခြင်းက အချက်နှစ်

ချက်ကိုဖြစ်ပေါ်လာစေသည်။ ပထမမှာ ゞင်းက သစ္စာဖောက်မည်သူဖြစ်သည်ကို ဖော်ပြသည်။

ဒုတိယမှာ ゞင်းက သူ့အပြစ်၏သဘောသဘာဝကို ထင်ရှားစေသည်။

အမှန်တကယ်ဖြစ်ပျက်ခဲ့သော ဤအဖြစ်အပျက်ကို ရှင်ယောဟန်ကမှတ်တမ်းတင်ရသည့်

အကြောင်းရင်းနှစ်ရပ်ရှိသည်။ သို့သော် ဤအဖြစ်အပျက်သည် သမိုင်းတွင်ဖြစ် ပျက်ခဲ့သည့်

သာမန်အဖြစ်အပျက်တစ်ခုသာမဟုတ်ဘဲ အထူးသဖြင့် သန့်ရှင်းစင်ကြယ်ခြင်းနှင့်ဆိုင်သော

ဤသင်ခန်းစာတွင် ကျွန်ုပ်တို့သင်ကြားခံယူရမည့် လူအားလုံးအတွက်သင်ခန်းစာတစ်ခု ပါဝင်

နေသည်။ သခင်ဘုရားက တပည့်တော်များ၏ခြေကိုဆေးပေးခြင်းက စစ်မှန်သောယုံကြည်သူ

များသည် “ထိုကြောင့် ချစ်သူတို့၊ ထိုကတိတော်များနှင့် ငါတို့သည် ဆိုင်ကြသည်ဖြစ်၍၊ ကိုယ်ခန္ဓာ၏ အညစ်အကြေး၊ စိတ်ဝိညာဉ်၏ အညစ်အကြေးရှိသမျှတို့နှင့် ကိုယ်ကိုယ်ကိုယ်ကင်းစင်စေလျက်၊ ဘုရားသခင်ကို ကြောက်ရွံ့၍ သန့်ရှင်းခြင်းပါရမီနှင့် ပြည့်စုံကြကုန်အံ့။ ” (၂ကော ၇း၁) ရမည်ဖြစ်ကြောင်း သင်ကြားပေးနေသည်။ ထို့သို့အားဖြင့် ကျွန်ုပ်တို့သည် ယခင်နှင့်မတူ

ပိုမိုသန့်ရှင်းသူများဖြစ်လာရန် ရည်ရွယ်ချက်ထားရမည်ဖြစ်ကြောင်းသိရကြသည်။ သို့သော်

သန့်ရှင်းစင်ကြယ်ခြင်းသည် ဘာကိုဆိုလိုကြောင်း ရှင်းလင်းစွာမသိပါက မည်သည့်ပုံစံဖြင့် ပိုမို

သန့်ရှင်းလာသူများဖြစ်နိုင်မည်နည်း။ ထို့ပြင် မည်သို့သောစိတ်ထားနှင့်လုပ်ဆောင်မှုများသည်

သန့်ရှင်းစင်ကြယ်ကြောင်းသိသည်သာမက သန့်ရှင်းစင်ကြယ်ခြင်း၏ သဘာဝမှန်နှင့် အနှစ်

သာရတို့သည် မည်သည့်အရာများဖြစ်ကြောင်းကိုလည်း ကျွန်ုပ်တို့သိရမည်ဖြစ်သည်။

အရာတစ်ခုကိုလေ့လာသည့်အခါ ゞင်း၏ဆန့်ကျင်ဘက်ကိုဖော်ပြပေးခြင်းသည် ထိုလေ့

လာမှုကို ပိုမိုထိရောက်စေသည်။ အဖြူကိုပိုထင်ရှားစေလိုပါက အနက်ကိုနောက်ခံထားရသည်

ကို ကျွန်ုပ်တို့ အားလုံးသိပြီးသားဖြစ်သည်။ အကြောင်းတစ်စုံတစ်ရာကြောင့် ကျွန်ုပ်တို့ မကျန်း

မမာဖြစ်သည့်အခါ ကျန်းမာခြင်း၏အဓိပ္ပါယ်ကို ပိုမိုနားလည်လာကြသည်။ ထိုသို့ဆိုလျှင်

သန့်ရှင်းစင်ကြယ်ခြင်း၏ဆန့်ကျင်ဘက်သည် မည်သည့်အရာဖြစ်မည်နည်း။

အပြစ်မဟုတ်လား ဟု ဆိုနိုင်ပါသည်။ သို့သော် ထိုထက်ပိုရှင်းအောင် ဖော်ပြနိုင်ပါသည်။

အပြစ်သည် နည်းလမ်းများစွာဖြင့် မိမိဘာသာမိမိထင်ရှားနေသည်။ ဥပမာအားဖြင့် သမ္မာ

ကျမ်းစာက ဖြောင့်မတ်ခြင်း၏ဆန့်ကျင်ဘက်ဖြစ်သည့်အပြစ်သည် တရားမဲ့ခြင်းဖြစ်သည်ဟုဆို

ထားသည် (၁ယော ၃း၄)။ ဘုရားပေးသော တရားကို အသိအမှတ်မပြုဘဲအသက်ရှင်ခြင်း၊

ဘုရားပေးသောတရား ဘာမျှမရှိသကဲ့သို့အသက်ရှင်ခြင်းဖြစ်သည်။ သို့သော် အပြစ်တွင်

သန့်ရှင်းခြင်းနှင့်ဆန့်ကျင်ဘက်ဖြစ်သည့်အရာ ဘာရှိသနည်း။

သခင်ယေရှုသင်ကြားပေးတော့မည်အရာသည် ထိုအရာပင်ဖြစ်သည်။ ကိုယ်တော်သည်

သစ္စာဖောက်ယုဒကိုရွေးထုတ်လျက် သူ့အပြစ်၏သဘောသဘာဝကို ထင်ရှားစွာဖော်ပြခြင်းဖြင့်

မသန့်ရှင်းခြင်း၏သဘာဝမှန်ကို ပြသမည်ဖြစ်သည်။ ထိုအခါ ကျွန်ုပ်တို့သည် စစ်မှန်သော

သန့်ရှင်းစင်ကြယ်ခြင်းသည် မည်သည့်အရာဖြစ်ကြောင်းနှင့် သန့်ရှင်းသောအသက်တာဖြင့်

အသက်ရှင်နိုင်သည့်လျှို့ဝှက်ချက်တို့ကို သိရှိသွားကြမည်ဖြစ်သည်။

မသန့်ရှင်းခြင်း၏သဘာဝမှန်

ခရစ်တော်က ယုဒ၏နာမည်ကို ထုတ်ဖော်ပြောဆိုခြင်းမပြုဘဲ သူ၏အပြစ်အကြောင်းကို

ဖော်ပြခဲ့ ကြောင်း ကျွန်ုပ်တို့ကြားရပြီးဖြစ်သည်။ ယခုထပ်၍ မိန့်တော်မူပြန်သည် (၁၃း၂၁)။ အခြားသောခရစ်ဝင်ကျမ်းများ

အားဖြင့် ယုဒသည် သခင်ဘုရားကို ငွေသုံးဆယ်နှင့် ရောင်းခဲ့ကြောင်း ကျွန်ုပ်တို့သိရသည် (မ

၂၆း၁၅ ကိုကြည့်ပါ)။ ယုဒ၏အပြစ်ကို သေချာစွာရှုမြင်နိုင်ရန်အတွက် ဤအချက်အလက်

အားလုံးကို အတူတစ်ကွစုစည်းထားရမည်ဖြစ်သည်။

ယခု ဆိုသည့်စကားစုကို ပြန်သွားကြစို့။ ပိုင်ဆိုင်မှုကိုပြသည့်စကားလုံး

ငါ့မုန့် ကို သတိပြုပါ။ ဤနေရာသည် သူတို့ဆယ့်သုံးဦးက မိမိစားမည့်မုန့်ကို မိမိငွေနှင့်

ဝယ်စားနေသည့် စားသောက်ဆိုင်မဟုတ်ပါ။ ဤအချိန်အခါသည် ယေရှုက ယုဒအပါအဝင်

တပည့်တော်များကိုခေါ်လျက် သူ့စားပွဲတွင် ညစာကျွေးသည့်အခါသမယဖြစ်သည်။ သခင်

ယေရှုသည် သူ၏စားပွဲတွင်သာ ယုဒကိုနေရာပေးဖိတ်ခေါ်သည်မဟုတ်။ ကိုယ်တော်သည် သူ့ကို

တမန်တော်အရိုက်အရာကိုပင်ပေးလျက် ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သောသတင်း

ကောင်းကို ဟောပြောခွင့်ပေးခဲ့သည် (သူအမှန်တကယ် မပြောင်းလဲကြောင်းကို ကိုယ်တော်

မသိခဲ့သည်မဟုတ် ၆း၇၀-၇၁ ကိုကြည့်ပါ)။ ထိုသို့ဟောပြောရာတွင် သခင်ဘုရားပေးသည့်

အံ့ဩဖွယ်နိမိတ်လက္ခဏာပြုခွင့်ကိုလည်း သူရကောင်းရခဲ့ပေလိမ့်မည်။ မယုံကြည်သူများ

လည်း ယေရှု၏နာမဖြင့် အံ့ဩဖွယ်အမှုများပြုနိုင်သည် (မ ၇း၂၃ ကိုကြည့်ပါ)။ ထို့အပြင်

ယုဒသည် တမန်တော်အုပ်စု၏ဘဏ္ဍာထိန်းနေရာကိုပင် အပ်နှင်းခြင်းခံခဲ့ရသူဖြစ်သည်။

ယေရှုပိုင်သည့် ငွေအားလုံးထည့်ထားသည့်ငွေအိတ်ကို သူကိုင်ရသည် (သူသည် ထိုငွေအိတ်မှ

ငွေများကို မကြာခဏနှိုက်ယူတတ်သူဖြစ်သည် ၁၂း၆)။

ဤအခွင့်ထူးများ၊ အလုပ်တာဝန်များထက် ပို၍တန်ဖိုးရှိသောအရာမှာ ကိုယ်တော်အခွင့်

ပေးသည့်ခင်မင်ရင်းနှီးမှုပင်ဖြစ်သည်။ ရာထူးကြီးကြီးသာပေးပြီး စစ်တပ်၏အရေးကြီးပုဂ္ဂိုလ်

များတက်ရောက်ရသည့်ညစာစားပွဲသို့ ဖိတ်ကြားခြင်းမခံရသည့်ပုဂ္ဂိုလ်မျိုး သူ့ကိုထား၍ရသည်။

သို့သော် ယေရှုထိုသို့မပြုခဲ့ပါ။ ကိုယ်တော်သည် ယုဒကို စားပွဲ၌အတူတူစားသောက်ရန် ဖိတ်

ခေါ်လျက် မိမိ၏အစားအစာကိုကျွေးမွေးသည့်အပြင် ခင်မင်ရင်းနှီးမှုကိုလည်းပေးခဲ့သည်။

ထိုသို့ဆိုလျှင် ယုဒ၏အပြစ်ကိုကြည့်ကြစို့။ သူသည် ခရစ်တော်ပေးသည့် လက်ဆောင်

အားလုံးကိုယူခဲ့သည်။ အခွင့်အရေးအားလုံးကိုလက်ခံခဲ့သည်။ ခရစ်တော်၏ စားပွဲပေါ်မှ

စားစရာများကိုလည်း စားသောက်ခဲ့သည်။ သို့သော် သူ၌ ခရစ်တော်အတွက် အချိန်မရှိ၊

မေတ္တာတရားမရှိ၊ သစ္စာတရားလည်းမရှိ။ ခရစ်တော်၏မိတ်ဆွေတစ်ဦးကဲ့သို့၊ သစ္စာရှိသော

အစေခံကဲ့သို့ သူဟန်ဆောင်ခဲ့သည်။ သို့သော် မည်သည့် အချိန်ကမျှ ခရစ်တော်ကို သူမချစ်ခဲ့။

သူအခွင့်အရေးရပြီဆိုလျှင် ငွေအိတ်ထဲက ငွေကို သာနှိုက်ယူသည်မဟုတ်၊ ခရစ်တော်ပေးသည့်

ခင်မင်ရင်းနှီးမှုကိုရောင်းလျက် ခရစ်တော်ကိုယ်တိုင်ကိုပင် ဈေးလျှော့ရောင်းခဲ့သည်။

ယုဒကျူးလွန်သည့်အပြစ်၏ကြီးလေးမှု

ဘဝတွင် ငွေကြေးနှင့်တန်ဖိုးဖြတ်မရသောအရာများရှိ၍ တစ်စုံတစ်ဦးသည် ထိုအရာကို

ငွေကြေးနှင့်ရောင်းရန်ကြံစည်နေသည်ကို လူတို့သိကြလျှင် မှန်ကန်စွာတွေး ခေါ်တတ်သောသူ

အားလုံးက သူ့ကိုစက်ဆုပ်ရွံရှာကြမည်ဖြစ်သည်။ ထိုအရာများထဲတွင် ခင်မင်ရင်းနှီးမှုသည်

တစ်ခုအပါအဝင်ဖြစ်၍ သစ္စာရှိမှုလည်းနောက်တစ်ခုဖြစ်သည်။ မိမိတိုင်းပြည်အတွက် အခြား

တိုင်းပြည်တစ်ပြည်သို့သွားရောက်၍ သူလျှိုသွားလုပ်နေသူကို သူ့လူမျိုး၊ သူ့တိုင်းပြည်က

ရဲရင့်စွန့်စားဝံ့သူဟု ချီးမွမ်းကြမည်ဖြစ်သည်။ သို့သော် ငွေကြေးများစွာရသောကြောင့် မိမိတိုင်း

ပြည်ကိုရောင်းစားသောသူကိုမူ သူ့ လူမျိုး၊ သူ့တိုင်းပြည်က အလွန်ရွံ့ရှာဖွယ်ကောင်းသူ၊ တန်ဖိုး

ထားရမည့်အရာကို တန်ဖိုးမထားတတ်သူဟု သတ်မှတ်မည်ဖြစ်သည်။ သူ့ကိုစုံစမ်းဖမ်းဆီးနိုင်

သည်ဆိုလျှင် ပစ်သတ်ခြင်းပင်ခံရနိုင်သည်။ ထိုနည်းတူ ငွေကြေးများစွာရသောကြောင့် မိမိ၏

မိခင်ကို သူတစ်ပါးထံကျွန်အဖြစ်ရောင်းသူရှိပါက ထိုသူကိုကျွန်ုပ်တို့ မည်သို့ပြောကြမည်နည်း။

ယခု ယုဒက ခရစ်တော်၏လက်ဆောင်များကိုယူလျက် ကိုယ်တော်၏ငွေများကိုလည်း

နှိုက်ယူသည်ကို ယုတ်မာ၍ စက်ဆုပ်ဖွယ်ကောင်းသည်ဟု သတ်မှတ်ရမည်ဖြစ်သည်။ သို့သော်

ခရစ်တော်အတွက် ငွေကြေးအနည်းငယ်ဆုံးရှုံးခြင်းသည် ထိုမျှမဟုတ်သေးချေ။ ယုဒက

ခရစ်တော်ပေးသည့်လက်ဆောင်အားလုံးကိုယူ၍ ကိုယ်တော်နှင့်အတူထိုင်ခွင့်ရသည့် ခင်မင်

ရင်းနှီးမှုကိုလည်းဟန်ဆောင်ရယူလျက် ကိုယ်တော်ကျွေးသည့်အစာကိုစားပြီး ကိုယ်တော်

ကိုယ်တိုင်နှင့်ကိုယ်တော်၏ခင်မင်မှု နှစ်ခု လုံးတို့ကို ရောင်းစားခဲ့ခြင်းသည် ခရစ်တော်အတွက်

နှလုံးကိုဓားမြှောင်နှင့်ထိုးမွှေခံရသကဲ့သို့ဖြစ်ခဲ့သည်။ ခရစ်တော်သည် ခံစားမှုများကိုဥပေက္ခာပြု

တတ်သော သတောအိတ်ပညာရှိ (ျအသငခ) တစ်ဦးမဟုတ်ပေ။ ယောဟန်သည် နှစ်ပေါင်းများစွာ

ကြာပြီးနောက် ဤမြင်ကွင်းက်ို ကျွန်ုပ်တို့အတွက် မှတ်တမ်းတင်ပေးခဲ့စဉ်တွင် သူမြင်ခဲ့ရသည့်

ကိုယ်တော်ဝမ်းနည်းနေသည့်မြင်ကွင်းသည် သူ့စိတ်ထဲတွင်ပီပြင်ထင်ရှားနေဆဲဖြစ်သည်။

ထပ်၍မှတ်ချက်ချနိုင်သည့်အချက်မှာ ယေရှုသည် သာမန်လူသားတစ်ဦး သို့မဟုတ် အလွန်

ထူးချွန်သည့် ဓမ္မအတွေးအခေါ်ပညာရှင်တစ်ဦးဖြစ်ခဲ့လျှင် ယုဒ၏သစ္စာဖောက်မှုသည် ယခုထိ

လူသိများတော့မည်မဟုတ်ချေ။ သို့သော် ယေရှုသည် သာမန်လူသားတစ်ဦးမဟုတ်။ ဘုရားသခင်

၏သားတော်ဖြစ်သည်။ ယေရှု၏လက်ဆောင်နှင့်အစားအစားများကိုလက်ခံပြီး ယေရှုကို ငြင်း

ပယ်ခြင်းသည် ဘုရားသခင်ပေးသည့်လက်ဆောင်နှင့်အစားအစားများကိုလက်ခံပြီး ဘုရား

သခင်ကိုငြင်းပယ်ခြင်းပင်ဖြစ်သည်။ ယေရှုနှင့်သူခံစားခွင့်ပေးသည့်ရင်းနှီးခင်မင်မှုကို ရောင်းစား

ခြင်းသည် ဘုရားသခင်နှင့်ဘုရားသခင်၏ရင်းနှီးခင်မင်မှုကို ရောင်းစားခြင်းပင်ဖြစ်သည်။ ယေရှု၏

နှလုံးသားထဲ ယုဒထိုးမွှေလိုက်သည့်ဓားမြှောင်သည် ဘုရားသခင်၏နှလုံးသားအထိစူးဝင်ခဲ့သည်။

ယုဒ၏နှလုံးသား( လောကလူသားတို့၏ပုံစံငယ်)

ယုဒ၏အပြုအမူသည် ပြင်းထန်လွန်းသည်ဟု ကျွန်ုပ်တို့ခံစားမိမည်ဖြစ်သည်။ သို့သော်

ဤစိတ်ထားမျိုးသည် လူတို့တွင် ကျွန်ုပ်တို့ထင်ထားသည်ထက် ပိုများနေပါသည်။ ယုဒသည်

ခရစ်တော်၏လက်ဆောင်များကိုယူသော်လည်း ခရစ်တော်အတွက် အချိန်မပေး၊ ချစ်ခြင်း

မေတ္တာမရှိ၊ သစ္စာလည်းမရှိခဲ့ချေ။ လူများစွာတို့သည် ဘုရားသခင်ထံမှ လက်ဆောင်များ

ရယူကြသော်လည်း ဘုရားသခင်အတွက် အချိန်၊ ဘဏ္ဍာနှင့် သစ္စာတရားတို့ကို ပြန်မပေးကြ

ပေ။ ယုဒက ခရစ်တော်အပေါ်ပြုမူခဲ့သည့်အတိုင်း သူတို့က ဖန်ဆင်းရှင်ဘုရားအပေါ်ပြုမူကြ

သည်။ ကျွန်ုပ်တို့ပတ်ဝန်းကျင်တစ်ခုလုံးတွင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏နေ့စဉ်အစားအစာများ

အပါအဝင် သဘာဝကပေးသောလက်ဆောင်များကို ပျော်ရွှင်စွာခံစားအသုံးပြုကြသည်။

သဘာဝ တရား၏နောက်ကွယ်တွင် ဖန်ဆင်းရှင်၏နှလုံးခုန်သံများရှိသည်။ သဘာဝ၏လက်

ဆောင်များသည် ဖန်ဆင်းရှင်က သူနှင့်သူ၏သိကျွမ်းခင်မင်မှုကိုရှာရန်အတွက် ကျွန်ုပ်တို့ကို ဖန်ဆင်းပေးထားသောအရာများဖြစ်ကြသည်။ လူများစွာတို့သည် ထိုလက်ဆောင်တို့ကို ခံစား

အသုံးပြုကြသော်လည်း ပေးတော်မူသောအရှင်ကို စိတ်မဝင်စားကြပေ။ သူတို့သည် သူ့ကို

ကျေးဇူးတင်ရမှန်းမသိကြ။ သူ့ကိုချစ်ရန်၊ သူ့အပေါ်သစ္စာရှိရန်၊ သူနှင့်သိကျွမ်းခင်မင်ရန် ဆန္ဒ

မရှိကြချေ။ သူတို့ သူ့ကိုဥပေက္ခာပြုကြသည်။ ပိုဆိုးသည်မှာ ငွေများစွာရရန်အတွက်၊ ရာထူး

နေရာကောင်းရရန်အတွက်၊ အသိုင်းအဝိုင်းတွင်နေရာကောင်းရရန်အတွက်၊ လောက၏

လက်ခံမှုကိုရရှိရန်အတွက် လူများစွာတို့သည် ဘုရားသခင်၏သားတော်ကိုရောင်းစားရန်

ပြင်ဆင်နေကြသည်။ ဤအရာသည် မသန့်ရှင်းခြင်း၏အဓိကအချက်နှင့်သဘာဝမှန်ပင်ဖြစ်

သည်။ သင်သည် လူကိုသတ်မှ၊ ဘဏ်ကိုဓားပြတိုက်မှ၊ သူများသားမယားပြစ်မှားမှ၊ ကလေး

ငယ်များကိုညှင်းပန်းနှိပ်စက်မှ မသန့်ရှင်းသောသူဖြစ်သည်မဟုတ်။ သင်သည် ဘုရားသခင်ပေး

သောလက်ဆောင်များကို ရယူခံစားပြီး ဘုရားသခင်ကိုအချိန်မပေး၊ ဘုရားသခင်ကို မချစ်လျှင်

သင်သည် မသန့်ရှင်းသောသူဖြစ်နေပြီဖြစ်သည်။ သင်သည် ထိုသို့ပြုမူခြင်းအားဖြင့် ဘုရား

သခင်၏နှလုံးသားကို နာကျင်စေလျက် ဘဝ၌မွန်မြတ်သောအရာအားလုံးကို ဈေးပေါပေါနှင့် ရောင်းလိုက်ပြီဖြစ်သည်။

 

ရှေးပဝေသဏီကအပြစ်

ဤမှားယွင်း၍မသန့်ရှင်းသောစိတ်သဘောထားသည် စာတန်က အာဒံနှင့်ဧဝတို့ကို သွေး

ဆောင်မှားယွင်းစေသည့် အပြစ်ပင်ဖြစ်သည်။ ကမ္ဘာဦးကျမ်း (အခန်းကြီး ၃) တွင် စာတန်သည်

ဧဝအား ကောင်းမကောင်းသိကျွမ်းရာအပင်ကိုညွှန်ပြလျက် ထိုအပင်၏အသီးသည် ရုပ်ပိုင်း

ဆိုင်ရာတွင် စားဖွယ်ကောင်း၍ လှပကြောင်း၊ ဉာဏ်ပညာပိုင်းတွင်လည်း ပညာရှိစေမည်ဖြစ်

ကြောင်းပြသကာ သွေးဆောင်ခဲ့ကြောင်း မှတ်တမ်းတင်ထားသည်။ ဘုရားသခင်နှင့်ဘုရား

သခင်၏စကားကို အလေးထားစရာမလို၊ ဘုရားသခင်အပေါ်လည်း မှီခိုစရာမလိုဘဲ ဘဝကို

အပြည့်အဝတည်ဆောက်နိုင်စေသည့် အခွင့်အရေးဖြစ်သည်ဟူသော လိမ်ညာမှုဖြင့် ဧဝကို

သူသွေးဆောင်ခဲ့သည်။ အာဒံနှင့်ဧဝတို့သည် ထိုလိမ်ညာမှုကိုယုံကြည်ခဲ့ကြသည်။ ထိုအခါ

လူသားတို့၏စိတ်သသောထားသည် ဘဝကိုပေးသောဘုရားသခင်ထက် ဘဝကိုသာအလေး

ထားသော စိတ်သဘောဖက်သို့ ဦးတည်သွားခဲ့သည်။ ဤသို့ဖြင့် ဘဝကို ကျေးဇူးပြုတတ်သော

ဘုရားသခင်ထံမှလက်ဆောင်မွန်အဖြစ် တန်ဖိုးထားခြင်း၊ ဘုရားသခင်နှင့်ဝမ်းမြောက်စွာ

မိတ်သဟာရဖွဲ့ခြင်း၊ မိမိတို့စိတ်နှလုံးကို ဘုရားသခင်နှင့်နီးကပ်စေခြင်း စသည့် ဘဝ၏အနှစ်

သာရတို့ ပျောက်ပျက်သွားခဲ့သည်။ ထိုအခါ ဘဝ၏ရလဒ်သည် ဤဘဝအတွက်သာဖြစ်လာပြီး

လူ့နှလုံးသားသည် ဘုရားသခင်နှင့်ဝေးကွာလာကာ ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ခြင်း

လည်း မရှိတော့ပေ။ ထို့ပြင် လူသည် ဘုရားသခင်နှင့်ဝေးကွာလာသည့်ရလဒ်အဖြစ် ဘုရား

သခင်ကို ကြောက်လာသည်။ ဘုရားသခင် သူတို့ဘဝဝမ်းမြောက်သာယာရေး၏အရင်းအမြစ်

မဟုတ်တော့ဘဲ ဝမ်းမြောက်ပျော်ရွှင်မှုအတွက် အဟန့်အတားကဲ့သို့ဖြစ်လာသည်။ ဘုရားသခင်

နှင့်ပတ်သက်သည့် ဤမှားယွင်းသောစိတ်သဘောထား၏အဆိပ်အတောက်သည် လူသားအား

လုံး၏သွေးသားခြင်ဆီတစ်ခုလုံးသို့ ပြန့်နှံ့သွားခဲ့သည်။

ဤကဲ့သို့သောအပြစ်သည် လောက၌ ဖြစ်နေကျထုံးစံဖြစ်လာ၍ သမ္မာကျမ်းစာက

လောက ဆိုသောစကားလုံးကို ဘုရားသခင်အပေါ်မှားယွင်းမြင်သည့်စိတ်ထားကိုအခြေခံ

လျက် အသက်ရှင်နေကြသည့် လူ့အဖွဲ့အစည်းကိုရည်ညွှန်းကာ မကောင်းသောအနက်ပါသည့်

စကားလုံးအဖြစ် မကြာခဏအသုံးပြုထားသည်ကို တွေ့ရသည်။ ဤအသုံးပြုမှုနှင့်ပတ်သက်၍

ဤသင်ခန်းစာတွင် နမူနာများစွာကျွန်ုပ်တို့ တွေ့ရမည်ဖြစ်သည်။

ထို့ပြင် ဒုတိယအကြိမ်မွေးဖွားခြင်းမခံသေးသောသူများသာ ဤအပြစ်မျိုးကျူးလွန်ကြ

သည်မဟုတ်။ ယုံကြည်သူများလည်း ဤအပြစ်မျိုးနှင့်ပတ်သက်နေဆဲဖြစ်၍ တမန်တော်ရှင်

ယောဟန်၏စကားလုံးများကိုသုံးလျက် လောကကိုလည်းကောင်း၊ လောက၌ရှိသောအရာတို့ကိုလည်းကောင်း၊ မချစ်ကြနှင့်။ လောကကို ချစ်သောသူမည်သည်ကား၊ ခမည်းတော်ကို ချစ်ခြင်းမေတ္တာမရှိ။

လောက၌ရှိသမျှသော အရာတည်းဟူသော ကိုယ်ကာယတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လောကီစည်းစိမ်၌ ဝါကြွားခြင်းတို့သည် ခမည်းတော်နှင့်မစပ်ဆိုင်၊ လောကနှင့်သာ စပ်ဆိုင်ကြ၏။”ဟု အလေးအနက်တိုက်တွန်းရန်လိုအပ်နေသည် (၁ယော ၂း၁၅-၁၆)။ ဘဝတွင် လှပသောအရာ များကိုပိုင်ဆိုင်ခြင်း သို့မဟုတ် ပိုင်ဆိုင်လိုခြင်းသည် မှားသည်ဟုမဆိုလိုပါ။ ဘုရားသခင်သည် ကျွန်ုပ်တို့ဝမ်းမြောက်စွာခံစားရန်အတွက် အရာခပ်သိမ်းကိုပေးသနားတော်မူသည်ဟု သမ္မာ

ကျမ်းစာကဖော်ပြထားသည် (၁တိ ၆း၇)။ ပြဿနာမှာ ကျွန်ုပ်တို့စိတ်နှလုံးကို ဘုရားသခင်အား

အုပ်စိုးခွင့်မပေးဘဲ လှပသောအရာများအား အုပ်စိုးခွင့်ပေးကြသည့်ပြဿနာဖြစ်သည်။

ဥပမာအနေဖြင့် သူဌေးကြီးတစ်ဦးသည် သူ့သားအရွယ်ရောက်လာသောအခါ သား၏

မွေးနေ့တွင် သားကိုလေယာဉ်တစ်စင်းလက်ဆောင်ပေးသည်ဆိုကြပါစို့။ ထိုသားသည် လေ

ယာဉ်လက်ဆောင်ရသည်နှင့် ကျေးဇူးတင်စကားမပြောတော့ဘဲ ချက်ချင်း လေယာဉ်ပေါ်

တက်ကာ အဝေးသို့ပျံသန်းသွားပြီး နောက်တစ်ဖန် ဖခင်ထံ တစ်ခါမျှအလည်မလာတော့လျှင်

ထိုသားကို ကျွန်ုပ်တို့မည်သို့သတ်မှတ်ကြမည်နည်း။ ဖခင်ဖြစ်သူလည်း မည်သို့ခံစားရမည်နည်း။

သန့်ရှင်းစင်ကြယ်ခြင်းအနှစ်သာရ

အထက်တွင်တွေ့ရသည့်အချက်သည် မသန့်ရှင်းမစင်ကြယ်ခြင်း၏အခြေခံနိယာမဖြစ်သည်

ဆိုလျှင် သန့်ရှင်းစင်ကြယ်ခြင်း၏သဘာဝမှန်သဘောတရားသည် ゞင်း၏ဆန့် ကျင်ဘက်ဖြစ်

မည်ဟု ကောက်ချက်ချနိုင်သည်။ ]]ကျွန်ုပ်တို့သည် ခရစ်တော်ကိုချစ်သည်ဆိုလျှင် ခရစ်တော် ၏

ပညတ်တို့ကိုလိုက်နာစောင့်ထိန်း}}ရမည်ဟု ကျွန်ုပ်တို့ကို ကိုယ်တော်သတိပေးထားသော်လည်း

လိုက်နာရမည့်စည်းမျဉ်းများ၏စာရင်းမှာ အများကြီးမဟုတ်ပါ။ စစ်မှန်သော သန့်ရှင်းစင်ကြယ်

ခြင်းသည် စိတ်နှလုံးထဲ၌ ဘုရားသခင်ကို မယိမ်းမယိုင်ချစ်လျက် ဦးထိပ်ထားခြင်းပင်ဖြစ်သည်။

ဤအချက်ကိုနားမလည်သည့်အခါ လူအချို့သည် အခြေခံအနှစ်သာရမပါဘဲ သန့်ရှင်း

စင်ကြယ်ခြင်း၏ အပြင်ပန်းဖြစ်သည့်ပညတ်တရားအားလုံးကို လိုက်လျှောက်ရန် ကြိုးစား

တတ်ကြသည်။ ဥပမာအားဖြင့် ယခုခေတ် အဝတ်အစားများကိုဝတ်ဆင်ခြင်းသည် မသန့်ရှင်း

ဟုယုံကြည်လျက် အလယ်ခေတ်ကအဝတ်အစားကိုသာဝတ်ဆင်သည့် ခရစ်ယာန်အချို့ရှိသည်။

သူတို့စိတ်နှလုံးထဲ၌ ဘာဖြစ်နေသည်ကို ကျွန်ုပ်တို့ စီရင်ပိုင်ခွင့်မရှိသည်မှာ အမှန်ပင်ဖြစ်သည်။

သို့သော် ကျွန်ုပ်တို့သေချာသိနိုင်သည့်အချက်မှာ သူတို့နှလုံးသား၌ ကယ်တင်ရှင်အပေါ်

ချစ်ခြင်းမေတ္တာအနည်းငယ်မျှမရှိဘဲ သို့မဟုတ် ကယ်တင်ရှင်အပေါ်ယုံကြည်မြတ်နိုးမှုမရှိဘဲ

ဘိုးတော်ဘုရားခေတ်က အဝတ်အစားများဝတ်၍ရသည်၊ တင်းကျပ်သောစည်းမျဉ်းစည်း

ကမ်းများကိုလည်း သူတို့လိုက်နာနိုင်သည်ဆိုသည့်အချက်ဖြစ်သည်။ တရားဟောဆရာများနှင့်

ဓမ္မအတွေးခေါ်ပညာရှင်များပင် ဤအန္တရာယ်နှင့်မကင်းကြပေ။ နှုတ်ကပတ်တော်မြတ်ကို

အလုပ်သဘောအရ သို့မဟုတ် ဝါသနာအရလေ့လာ၍ရသည်။ ထိုနည်းတူ မိမိစိတ်နှလုံးသည်

သခင်ဘုရားနှင့်ဝေးနေပြီး ကိုယ်တော့်အပေါ်မေတ္တာစိတ်လည်းကင်းနေလျက်နှင့် အသင်း

တော်ရှေ့၊ လူအများရှေ့ဟောပြောရသည်ကို နှစ်သက်ကာ အာဝဇ္ဇန်းရွှင်ရွင်နှင့်ဟောပြောရန်

ဖြစ်နိုင်သည်။ ရာထူး၊ အလုပ်အကိုင် သို့မဟုတ် အခကြေးငွေအတွက် ဟောပြောသွန်သင်

နေသော်လည်း ကိုယ်ကျင့်တရားပိုင်း၊ ဝိညာဉ်ရေးပိုင်းနှင့် ဓမ္မကြောင်းလမ်းအရ ခရစ်တော်

အပေါ် သစ္စာမဲ့နေသူရှိနိုင်သည်။ ယုဒထံမှ သင်ခန်းစာယူကြပါစို့။

ကျွန်ုပ်တို့သည် ပို၍ပို၍သန့်ရှင်းစင်ကြယ်လာသောအသက်တာဖြင့်အသက်ရှင်မည်ဆိုလျှင်

ကျွန်ုပ်တို့သည် သခင်ဘုရားကို ပို၍ပို၍မြတ်နိုးခင်တွယ်လာပြီး ယခင်ထက် ပို၍ချစ်ကာ ပို၍

သစ္စာရှိစွာအစေခံကြရမည်ဖြစ်သည်။ ထိုသို့ရပြုမည်ဆိုလျှင် စိတ်ထက်သန်သောယုံကြည်သူ

များပင် ခရစ်တော်အပေါ် သူတို့၏ချစ်ခြင်းမေတ္တာသည် ဖြစ်သင့်သလောက် နွေးထွေးခြင်း၊

တည်မြဲခြင်း မရှိဆိုသည့်အချက်ကို ဦးစွာဝန်ခံရမည်ဖြစ်သည်။ဘဝ၏ဖိအားများ၊ ပျော်ရွှင်မှုများ၊

ဝမ်းနည်းမှုများနှင့် ရုန်းကန်လှုပ်ရှားမှုများကြောင့် စိတ်နှလုံးထက်သန်မှု ကုန်ခန်းလာတတ်ပြီး

သစ္စာရှိမှုသည် လမ်းချော်သွားကာ ခရစ်တော်အပေါ်ထားရှိသည့် မေတ္တာတရားသည် အေး

စက်စက်ဖြစ်လာတတ်သည်။ ထိုသို့အေးစက်မှုမရှိရန်နှင့် သူတို့၏ဆက်ကပ်မှု သစ်လွင်ရှင်သန်

နေရန် မည်သည့်အရာက လုပ်ဆောင်ပေးမည်နည်း။ ကျွန်ုပ်တို့စိတ်နှလုံး၏ပြောင်းလဲလွယ်မှုနှင့်

ကိုယ်တော်အပေါ် သစ္စာတရားလျော့ရိလျော့ရဲဖြစ်နေခြင်းကိုသိတော်မူသော ခရစ်တော်သည်

ကျွန်ုပ်တို့ကို မည်သို့တုန့်ပြန်မည်နည်း။ ကျွန်ုပ်တို့ကိုပြစ်တင်ရှုတ်ချလျက် ငြင်းပယ်မည်လား။

ကျွန်ုပ်တို့သည် ယုဒအပေါ်ယေရှု၏တုန့်ပြန်မှုကိုကြည့်လျက် ကိုယ်တော်က သစ္စာဖောက်ကို

မည်ကဲ့သို့ရွေးထုတ်ဖော်ပြခဲ့ပုံနှင့် ထိုသူ၏သစ္စာဖောက်မှုကို မည်သို့ထင်ရှားစေခဲ့ပုံတို့ကို

လေ့လာရန် ဤမေးခွန်းက ကျွန်ုပ်တို့ကို အထက်ခန်းမသို့ ပြန်ခေါ်သွားပါသည်။

(၇)လူ၏သစ္စာဖောက်မှုကိုထုတ်ဖော်ပြောဆိုခြင်း

“အဘယ်သူကိုရည်ဆောင်၍ မိန့်တော်မူသည်ကို တပည့်တော်တို့သည် တွေးတောခြင်းရှိသဖြင့်၊ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ကြည့်ရှုကြ၏။

ယေရှုချစ်တော်မူသော တပည့်တော်သည် ရင်ခွင်တော်နားမှာ လျောင်းသဖြင့်၊

အဘယ်သူကိုရည်ဆောင်၍ မိန့်တော်မူသနည်းဟု မေးစေခြင်းငှာ၊ ရှိမုန်ပေတရုသည် ထိုတပည့်တော်ကို အမှတ်ပေး၏။

ထိုတပည့်တော်သည် ယေရှု၏ရင်တော်ကိုမှီ၍ လျောင်းနေလျက် သခင်၊ အဘယ်သူနည်းဟု လျှောက်၏။

ယေရှုကလည်း၊ ဤမုန့်တစ်လုပ်စာကို ငါနှစ်၍ပေးသောသူဖြစ်၏ဟု မိန့်တော်မူပြီးလျှင်၊ မုန့်တစ်လုပ်စာကို နှစ်ပြီးမှ ရှိမုန်၏သားယုဒရှကာရုတ် အား ပေးတော်မူ၏။

ထိုသူသည် မုန့်တစ်လုပ်စာကိုခံပြီးမှ၊ စာတန်သည် သူ့အထဲသို့ဝင်လေ၏။ ယေရှုကလည်း၊ သင်ပြုရသောအမှုကို အလျင်အမြန်ပြုလော့ဟု ထိုသူအားမိန့်တော်မူ၏။

အဘယ်ကြောင့် ထိုသို့မိန့်တော်မူသည်ကို စားပွဲ၌လျောင်းသောသူတို့တွင် အဘယ်သူမျှမသိ။

အချို့တို့က၊ ယုဒရှကာရုတ်သည် ငွေအိတ်ကို ဆောင်ကြသောကြောင့်၊ ဤပွဲ၌ ငါတို့သုံးစရာအဖိုးကို ဝယ်လော့ဟူ၍လည်းကောင်း၊ သို့မဟုတ် ဆင်းရဲသောသူတို့အား တစ်စုံတစ်ခုကို ပေးလော့ဟူ၍လည်းကော င်း။ ယေရှုမိန့်တော်မူ သည်ဟု ထင်မှတ်ကြ၏။

ယုဒရှကာရုတ်သည် မုန့်တစ်လုပ်စာကိုခံပြီးမှ ချက်ခြင်းထွက်သွား၏။ ထိုအချိန်ကား ညအချိန်ဖြစ်၏။ ”

(ယော ၁၃း၂၂-၃၀)

သခင်ယေရှုကကြေငြာလိုက်သောအခါ သူကြံစည်နေသောအရာကို ယေရှုသိတော်မူ

ကြောင်း သူသတိထားမိမည်ဖြစ်သည်။ သို့သော် အထက်ခန်းထဲမှ အခြားသူတစ်ဦးကမျှ မသိ

ကြသောကြောင့် မည်သူ့ကိုဆိုလိုကြောင်း သိလို၍ အချင်းချင်းကြည့်နေကြသည်။ ထိုစဉ်က

သူတို့ထဲက ယေရှုချစ်သောတမန်တော်တစ်ဦးသည် ယေရှုအနားတွင်လျောင်းနေသည်။

ထို့ကြောင့် မည်သူ့ကိုဆိုလိုကြောင်းကိုယ်တော်ကိုမေးရန် ထိုသူကို ပေတရုအချက်ပြလိုက်သည်။

ထိုအခါ ထိုတမန်တော်ကယေရှုအား မေးခဲ့သည်။

သစ္စာဖောက် မည်သူဖြစ်ကြောင်း ယေရှုဖော်ပြလိုက်မည်ဆိုလျှင် စိတ်ဝင်စားစရာကောင်း

သောအချိန်ဖြစ်သွားပေလိမ့်မည်။ ကိုယ်တော်မည်သို့ပြုမည်နည်း။

ယုဒမိမိနေရာတွင် နေမထိထိုင်မထိဖြစ်နေချိန် သူသည် သစ္စာဖောက်ဖြစ်ကြောင်း ယေရှု

သူ့ကိုလက်ညှိုးထိုးပြ၍ရသည်။ သို့သော် ယေရှုထိုသို့မပြုပေ။ ကိုယ်တော်သည် ယုဒကိုနာမည်

ဖြင့်ဖော်လျက် ပြစ်တင်ရှုတ်ချ၍ရသည်။ ထိုသို့ပြုလျှင် အလန့်တကြားဖြစ်သွားပေလိမ့်မည်။

သခင်ဘုရားသည် အချို့သောအဖြစ်အပျက်များတွင် ဆိုးသောသူတို့၏အပြစ်ကို မဖြစ်

မနေပြောဆိုထောက်ပြခဲ့ကြောင်း သတိရမိပေလိမ့်မည်။ ဥပမာအားဖြင့် ဗိမာန်တော်ထဲ ငွေလဲ

လှယ်နေသူများကို ကြာပွတ်ကိုင်လျက်မောင်းထုတ်တော်မူသည့်အချိန်သည် မည်မျှကြောက်

စရာကောင်းနေမည်နည်း(ယော ၂း၁၄-၁၇)။ အချို့သောကျမ်းတတ်ဆရာများနှင့် ဖာရိရှဲ

တို့အားရက်ရက်စက်စက် ပြစ်တင်ရှုတ်ချတော်မူခဲ့သည် (မ ၂၃း၃၃)။ သို့သော် ကိုယ်တော်အား ထိုသို့

အများရှေ့တွင် အပြင်းအထန်ပြစ်တင်ရှုတ်ချစေသောအပြစ်များမှာ ဘုရား သခင်အိမ်တော်

ကို မလေးမစား၊ မတော်မလျော်ပြုခြင်း၊ ဘုရားသခင်၏ဂုဏ်တော်ကို မှားယွင်းစွာဖော်ပြခြင်း၊ ဘုရားသခင်၏ပရောဖက်များကို ညှင်းပန်းနှိပ်စက်ခြင်းနှင့် ဘာသာရေးကိုခုတုံးလုပ်လျက်

ဆင်းရဲသားများကို ဖိနှိပ်ခြင်းစသည့်အပြစ်များဖြစ်သည်။ အခြားသောသူများ၏ ဝိညာဉ်ရေး

ကို ထိခိုက်စေသည့် သူတော်ကောင်းဟန်ဆောင်သူများ၏ ဘာသာရေးဖောက်ပြန်မှုများကို

ခရစ်တော်အသာလေးကြည့်နေမည်မဟုတ်ပေ။

သို့သော် ယခုအထက်ခန်းတွင်မူ အခြားသူတို့ကို ထိခိုက်နစ်နာစေမည့်အရာ မဟုတ်ပေ။

ယုဒပြုနေသည့်အပြစ်သည် ခရစ်တော်ကိုယ်သာနာကျင်စေလျက် ခရစ်တော်၏နှလုံးသားကို

သာ ထိုးဖောက်သောအဆိပ်မျှားဖြစ်သည်။ ကိုယ်တော်သည် မိမိအပေါ် ဤေြွမဆိုး၏ သစ္စာ

ဖောက်မှုကို မည်သည့်ပုံစံ၊ မည်သည့်လေသံနှင့် မည်သည့်အပြုအမူမျိုးဖြင့် ဖော်ပြမည်နည်း။

သစ္စာဖောက်မည်သူနည်းဟူသော ယောဟန်၏မေးခွန်းကို ဖြေဆိုကာ မုန့်ကိုနှစ်၍ ရှိမုန်၏သား ယုဒရှကာရုတ်ကို ပေးတော်မူသည်။

ဤပြောဆိုလုပ်ဆောင်ချက်သည် သစ္စာဖောက်မည်သူဖြစ်ကြောင်း အဆင်ပြေသည့်နည်း

လမ်းဖြင့် ဖော်ပြနေခြင်းသက်သက်မဟုတ်ပါ။ လွန်ခဲ့သည့် သုံးနှစ်လုံးလုံး ခရစ်တော်၏မုန့်ကို

စားခဲ့သူအဖြစ် ကျွန်ုပ်တို့သိနေသော ဤသူယုဒသည် ခရစ်တော်၏ မိတ်ဆွေတစ်ဦးဖြစ်ဟန်

ဆောင်ခဲ့သည်။ သူသည် ခရစ်တော်ပေါ်သစ္စာဖောက်ခြင်းဖြင့် ခရစ်တော်၏ခင်မင်ရင်းနှီးမှုနှင့်

ဆိုင်သောမုန့်ဖြင့် မိမိမျက်နှာကိုပစ်ပေါက်တော့မည်ဖြစ်သည်။ ゞင်းအပေါ် ခရစ်တော်မည်ကဲ့သို့

တုန့်ပြန်မည်နည်း။ ထိုမုန့်မျိုးကို နောက်တစ်ဖန်ပြန်ပေးခြင်းအားဖြင့်ဖြစ်သည်။ ဒေါသတကြီး

နဲ့ပြောဆိုတုန့်ပြန်ခြင်းမပြုခဲ့ပါ။ အောက်ပါအဓိပ္ပါယ်ပါသော လုပ်ဆောင်မှုအားဖြင့်သာ ပြန်

လည်တုန့်ပြန်တော်မူခဲ့သည်- ]]ယုဒ၊ သင်သည် ငါ၏ခင်မင်ရင်းနှီးမှုမုန့်ကိုယူပြီး ငါ့ကို ခြေဖနောင့်

နဲ့ ပေါက်တယ်။ အခု သင်သည် ငါ့ကိုသစ္စာဖောက်တော့မယ်ဆိုတာကို ငါသိတယ်။ ဒါပေမဲ့

ငါ့ရဲ့ခင်မင်ရင်းနှီးမှုမုန့်ကို နောက်တစ်ခါ ငါပြန်ပေးတယ်။ သင်လက်ခံမလား}}။

အဆိုးမြင်ခြင်းမဟုတ်သကဲ့သို့ ထေ့ငေါ့ပြောဆိုခြင်းလည်းမဟုတ်ပါ။ မျက်နှာလို မျက်နှာရ

လုပ်ဆောင်ခြင်းလည်းမဟုတ်ပါ။ သူကိုယ်တိုင်ရွေးချယ်သည့်ငရဲလမ်းမှ သူ့ကို ကယ်တင်ရန်

နောက်ဆုံးအချိန်ကြိုးစားခြင်းအမှန်ဖြစ်သည်။ ရှေးခေတ်အရှေ့အလယ်ပိုင်းယဉ်ကျေးမှုတွင်

အိမ်ရှင်က မုန့်ကိုခွက်တွင်နှစ်လျက် ဧည့်သည်အား မိမိကိုယ်တိုင်ပေးသည်ဆိုလျှင် အရသာရှိ

သောအစာကို ဧည့်သည်အားကျွေးမွေးခြင်းသက်သက်မဟုတ်ဘဲ သူ့အပေါ်ထားသည့် ခင်မင်

ရင်းနှီးမှုအတွက် သစ္စာရှိမည်ဖြစ်ကြောင်းကတိပေးသည့်အဓိပ္ပါယ်လည်းပါသည်။ ထိုနည်းတူ

ယုဒသည် ငရဲသို့ဦးတည်နေသည့်ယခုအချိန်လေးအတွင်း ခရစ်တော်သည် သူ့ကို ခွင့်လွှတ်

လျက် သူ့အား မိမိ၏ခင်မင်ရင်းနှီးမှုနှင့်ချစ်ခြင်းမေတ္တာကို ပေးခဲ့ကြောင်း သေချာတွေ့ရသည်။

ယုဒ၏တုန့်ပြန်မှု

ထိုအချိန်တိုလေးအတွင်း ယုဒ မည်ကဲ့သို့ခံစားခဲ့သည်ကို မပြောထားပါ။ သနားစရာ

ကောင်းလှသည့် ယုဒ။ သူသည် ]]သခင်ဘုရား၊ ကိုယ်တော်သိတော်မူတာကို အကျွန်ုပ်မသိခဲ့ပါ။

သို့သော် ကိုယ်တော်သိတော်မူကြောင်းကို ယခု သိပါပြီ။ အကျွန်ုပ်ယုတ်မာခဲ့မိပါပြီ။ အကျွန်ုပ်

သည် စက်ဆုပ်ဖွယ်ကောင်းအောင် လောဘတက်လျက် ငွေကြေးနှင့်တန်ခိုးအာဏာအတွက်

ကိုယ်တော့်ကိုရောင်းဖို့ကြိုးစားမိပါပြီ။ ကိုယ်တော်၏သစ္စာရှိသောခင်မင်ရင်းနှီးမှုမုန့်ကို ပေးနိုင်

သေးသည်ကို အကျွန်ုပ်သိခဲ့လျှင် အခြားအရာအားလုံးထက် ゞင်းကိုသာလိုလားပါသည်။ ဆိုး

သောသူသည် အကျွန်ုပ်ကိုကိုင်ဖမ်းလျက် ငရဲသို့ဆွဲခေါ်သွားနေဟန်ရှိပါ၏။ အကျွန်ုပ်ကိုကယ်

တင်တော်မူပါ။ တုန်လှုပ်ချောက်ချားဖွယ်ဖောက်ပြန်မှုမှ ကယ်တင်တော်မူပါ}}ဟု စိတ်နှလုံးထဲမှ

အဘယ့်ကြောင့် မအော်ဟစ်မတောင်းပန်ရသနည်း။ သူ ဤသို့သာ အော်ဟစ်ခဲ့လျှင် မုန့်နှစ်၍

ပေးတော်မူသည့် ခရစ်တော်၏လုပ်ဆောင်ချက်သည် အမှန်အကန်ဖြစ်ကြောင်း သူသိခဲ့ရပေ

လိမ့်မည်။ ခရစ်တော်သည် သူ့ကိုကယ်တင်လျက် သူ့အပေါ် အစဉ်အမြဲသစ္စာရှိသွားခဲ့ပေလိမ့်

မည်။ ယုဒ မုန့်ကိုယူခဲ့ပါသည်။ သို့သော် ဟန်ဆောင်မှုပါသည့် တုန့်ပြန်မှုသာဖြစ်နေဆဲဖြစ်သည်။

သူသည် ကိုယ်တော်ပေးသည့်မုန့်ကိုယူသော်လည်း နောင်တမရ၊ မုန့်ပေးသောသူအပေါ် သစ္စာ

ဖောက်မည့်အကြံအစည်ကို ဆက်လက်အကောင်အထည်ဖော်ခဲ့သည်။

သူသည် နောက်ဆုံးသောဆုံးဖြတ်ချက်ကို ဆုံးဖြတ်လိုက်သည်။ ယောဟန်က ပြောထားသည်။ ကိုယ်တော်ပေး သည့် ခင်မင်ရင်းနှီးခွင့်နှင့်ကယ်တင်ခြင်းတို့ကို သူငြင်းပယ်လိုက်သည့်အခါ ခရစ်တော်မည်သို့ တုန့်ပြန်ခဲ့သနည်း။ စွပ်စွဲရှုတ်ချခြင်းမျိုးမပြုခဲ့ပါ။ သူထွက်သွားချိန်တွင် ယေရှုက သူ့အား မိန့်တော်မူခဲ့သည်။ ထိုစဉ် အတူထိုင်နေသောသူ

များက နားမလည်ခဲ့ကြချေ။အချို့တိုက ယုဒသည် ငွေအိတ်ကိုကိုင်ရသည်ဖြစ်၍ ယေရှုက သူ့

အား ပွဲတော်အတွက်လိုအပ်သောအရာများကို ဝယ်ယူလော့ဟု သို့မဟုတ် ဆင်းရဲသားတို့အား

တစ်စုံတစ်ခုပေးသင့်သည်ဟု မိန့်တော်မူသည်ထင်ကြသည်။ ယေရှုသည် ဆင်းရဲသားတို့အား

တစ်စုံတစ်ခုပေးရန် တပည့်တော်တို့အားမှာကြားသည့်အခါ မည်သည့်လေသံ၊ မည်သည့် ကိုယ်

ဟန်အနေအထားမျိုးနှင့် မှာကြားမည်ကို မြင်ယောင် ကြည့်ပါ။ ကိုယ်တော်သည် ယုဒအား

နောက်ဆုံးအမိန့်ပေးသည့်အခါ ထိုလေသံ၊ ထိုကိုယ်ဟန်အနေအထားဖြင့် မိန့်တော်မူခဲ့သည်။

ခရစ်တော်၏စကားကို တပည့်တော်တို့ အဓိပ္ပါယ်ကောက်လွဲကြပုံအကြောင်း ယောဟန်၏

မှတ်တမ်းသည် စိတ်မကောင်းစရာဖြစ်သည်။ ဤအရာက ရှေ့တွင် ယောဟန်မှတ်တမ်းတင်

ထားသည့် အဖြစ်အပျက်တစ်ခုကို သတိရစေသည် (၁၂း၁-၈)။ ထိုအဖြစ်အပျက်တွင် လာဇရု

၏အစ်မ မာရိသည် သခင်ယေရှုအပေါ် မိမိ၏ကျေးဇူးတင်မှု၊ ချစ်ခြင်းမေတ္တာနှင့် ဆက်ကပ်မှု

တို့ကို ဖော်ပြသည့်အနေဖြင့် အနည်းဆုံးမိမိ၏ တစ်နှစ်လုပ်အားခလောက်နှင့်တန်ဖိုးညီမျှသည့်

ရေမွှေးဖြင့် ကိုယ်တော်၏ခြေကို သုတ်လိမ်းပေးခဲ့သည်။ ယုဒအတွက် ထိုမျှလောက်သောဆက်

ကပ်ပေးအပ်မှုသည် လွန်ကဲလွန်းနေသောကြောင့် အပြစ်တင်ခဲ့သည်။ သူ ထိုသို့

ပြောခြင်းမှာ ဆင်းရဲသားတို့အကျိုးကိုထောက်၍မဟုတ်ဘဲ သူသည် သူခိုးဖြစ်ပြီး ငွေအိတ်ထိန်း

သိမ်းရင်း ငွေနှိုက်လေ့ရှိ၍သာဖြစ်သည်ဟု ယောဟန်က ရှင်းပြထားသည်။ မည်သို့ပင်ဖြစ်စေ

ယေရှုခရစ်အပေါ် ထိုမျှလောက်ဆက်ကပ်ပေးဆပ်ခြင်းသည် လွန်ကဲလွန်းသည်ဟု သူထင်

သည်။ သူ့အတွက် နေရာ၊ ရာထူး၊ ငွေကြေးနှင့် အခွင့်အာဏာတို့ရှိနေချိန်တွင် သူကိုယ်တိုင်

လည်း ခရစ်တော်ကို အစေခံပါသည်။ သို့သော် ယေရှုကို သူမချစ်ခဲ့ပါသည်။ အဘယ့်ကြောင့်

ယေရှုကို ထိုမျှလောက်ချစ်နိုင်ရသနည်း။ သူအတွက် ထိုမျှလောက် ချစ်နိုင်မည်မဟုတ်ကြောင်း

သေချာသည်။ အခြားသူကို ထိုမျှလောက်ချစ်နိုင်ရသည်ကိုလည်း သူနားမလည်နိုင်ချေ။

ယခုဆိုလျှင် မည်သည့်အခါမျှ သူနားလည်နိုင်တော့မည်မဟုတ်။ သူသည် ခရစ်တော်ပေး

သည့် နှစ်ထားသောမုန့်ကဖော်ပြနေသော ခရစ်တော်၏ခင်မင်ရင်းနှီးမှုကို အမှန်လက်ခံသော

သူတို့အတွက် ထိုခင်မင်ရင်းနှီးမှုသည် မည်သည့်အဓိပ္ပါယ်ရှိသနည်းဟု ဆက်၍အဖြေရှာနေ

မည်ဖြစ်သည်။ သို့သော် ယခု သူသည် ခရစ်တော်ပေးသည့်မုန့်ကိုယူစားပြီး သူ့စိတ်နှလုံးကို ပိတ်

ထားလိုက်သည်။ တကယ့်အချိန်လည်း မှန်ပါသည်။ သို့သော် ညဟုဆိုခြင်းက အခြားရည်ညွှန်းလိုသောအချက်လည်းရှိသည်။ ထိုအ ချိန်တွင် စာတန်သည် ယုဒအထဲဝင်ပြီး သူ့ကို မိမိလက်ပါးစေအဖြစ် အသုံးပြုနေပြီဖြစ်သည်။

ထို့ကြောင့် ယုဒသည် မည်သည့်အခါမှ မိုးလင်းတော့မည်မဟုတ်သော ကိုယ်ကျင့်တရားနှင့်

ဝိညာဉ်ရေးမှောင်မိုက်ထဲ ဝင်ရောက်သွားပြီဖြစ်သည်။ သို့သော် သူသည် ဘုရားသခင်နှင့်သား

တော်ကို ငြင်းပယ်သောသူတို့၌ကျရောက်မည့်အဖြစ်အတွက် နမူနာတစ်ဦးဖြစ်ရသည်။

]]လူတွေဟာ ခရစ်တော်ကိုယုံကြည်လက်ခံဖို့ ငြင်းရုံနှင့် ဘုရားသခင်က သူတို့ကို ငရဲကိုပို့

မယ်လို့ ခင်ဗျားပြောနေတာလဲ။ အလွန်ဆိုးတာဘဲ။ ဒီလိုဘဲဆိုရင် ဒီလိုဘုရားသခင်မျိုးကို

ဘယ်သူက လေးစားယုံကြည်နိုင်မလဲ။ ဒီလိုဘုရားကို ချစ်ခြင်းမေတ္တာရှင်လို့ ပြောလို့ရမလား}}

ဟု ဆိုသူရှိနိုင်ပါသည်။ သို့သော် ယုဒထွက်ခွာသွားပြီးသည့်နောက် ယေရှုမိန့်တော်မူသည့်

စကားကို ကျွန်ုပ်တို့ ဆင်ခြင်စဉ်းစားရန် ဤ်မေးခွန်းက ကျွန်ုပ်တို့ကိုတွန်းပို့ပေးမည်ဖြစ်သည်။

 

(၈)ဘုရားသခင်၏ဘုန်းတော်ကိုထင်ရှားစေခြင်း

“ထိုသူသွားသည်နောက်၊ ယေရှုက၊ ယခုတွင်လူသားသည် ဘုန်းထင်ရှားခြင်းရှိသည်ဖြစ်၍၊ ဘုရားသခင်သည်လည်း လူသားအားဖြင့် ဘုန်းတော်ထင်ရှားခြင်းရှိ၏။

ဘုရားသခင်သည် လူသားအားဖြင့် ဘုန်းတော်ထင်ရှားခြင်းရှိလျှင်၊ ဘုရားသခင်သည် ကိုယ်တော်တိုင်အားဖြင့် သူ၏ဘုန်းကို ထင်ရှားစေတော်မူလိမ့်မည်။” (ယော ၁၃း၃၁-၃၂)

ယုဒက ယေရှုကို သစ္စာဖောက်ခြင်းသည် ကိုယ်တော်က သူ့ကိုတမန်တော်တစ်ဦးအဖြစ်

ရွေးချယ်ခဲ့သောကြောင့်မဟုတ်သကဲ့သို့ ယုဒသည် သူ့ကိုသစ္စာဖောက်လိမ့်မည်ဟု ကိုယ်တော်က

ကြိုတင်မိန့်တော်မူသောကြောင့်လည်းမဟုတ်ကြောင်းကို ယခုပင်အစပြုလေ့လာကြပါစို့။ ကား

နှစ်စီးသည် အရှိန်ပြင်းပြင်းနှင့်ပြေးနေကြလျက် အကွေ့တစ်ခုတွင် ဆုံကြတော့မည်ဖြစ်၍

ယာဉ်တိုက်မှုဖြစ်တော့မည်ကို သင်သည် ရဟတ်ယာဉ်ပေါ်မှ လှမ်းမြင်နေရသည်ဆိုကြပါစို့။ သင်

ထင်ထားသည့်အတိုင်းလည်း ထိုကားနှစ်စီးသည် ထိုအကွေ့တွင် တစ်စီးနှင့်တစ်စီး တိုက်မိကြ

သည်ဆိုလျှင် သင်ကကြိုသိထားသည့်အတွက် ထိုသို့ဖြစ်ခြင်းမဟုတ်ပါ။ ထိုကားများမောင်းနှင်သူ

တို့၏အမှားသာဖြစ်သည်။ ယုဒ၏ကိစ္စတွင် ထိုနည်းတူပင်ဖြစ်သည်။ သူသည် မိမိအပေါ်

သစ္စာဖောက်မည်ဖြစ်ကြောင်း ယေရှုကြိုတင်သိရှိလျက် ကြိုတင်မိန့်တော်မူခဲ့သည်။ သို့သော်

ထိုသို့ကြိုသိ၍ ကြိုဟောသောကြောင့် ထိုသို့ဖြစ်လာသည်မဟုတ်။ ယုဒသည် မိမိစိတ်နှလုံး၏

အပြစ်များကြောင့် မိမိ၏လွတ်လပ်စွာရွေးချယ်သောဆန္ဒအရ ထိုသို့လုပ်ဆောင်ခြင်း ဖြစ်သည်။

စာတန်သည်လည်း မေရှိယသည်အသေခံရမည်ဆိုသည့် ဓမ္မဟောင်းကျမ်း၏ ပရောဖက်

ပြုချက်များပြည့်စုံရေးကို ရည်ရွယ်ချက်ထား၍ ယေရှုကိုသစ္စာဖောက်လိုသည့်စိတ်ဆန္ဒကို

ယုဒ၏စိတ်နှလုံးထဲ၌သွင်းပေးခဲ့ပါသလား။ သူသည်လည်း မိမိ၏ ကိုယ်ပိုင်အကြံအားဖြင့်သာ

ထိုသို့ပြုခဲ့ခြင်းဖြစ်သည်။ သူ၏မှားယွင်း၍ဆိုးယုတ်သော တွေးခေါ်မှုပုံစံအရ ယေရှုအပေါ်

သစ္စာဖောက်ခြင်းနှင့် လက်ဝါးကပ်တိုင်ပေါ်ယေရှု၏ အသေခံခြင်းတို့သည် ယေရှုအတွက်

ကြေကွဲစရာရှုံးနိမ့်ကိုသာဖြစ်စေလိမ့်မည်ဟု သူထင်ခဲ့သည်။ ထိုခေတ် ထိုဒေသအတွက်

လက်ဝါးကပ်တိုင်ပေါ်အသေသတ်ခြင်းသည် လူတို့၏အထင်အမြင်သေးမှုကိုအခံရဆုံးသော

ပြစ်ဒဏ်ဖြစ်သည်။ ထိုအရှက်ကွဲခြင်းက ယေရှုကို ဂုဏ်အသေရေပျက်ခြင်းပင်လယ်ထဲ

နစ်မြုပ်စေလိမ့်မည်ဟု သူထင်ခဲ့သည်။ ထို့ကြောင့် ယေရှုကို လူအများရှေ့တွင် အရှက်ကွဲ

စေရန်အတွက် ကိုယ်တော်ကိုယ်တိုင်ရွေးကောက်ထားသောတမန်တော်တစ်ပါးကို သစ္စာဖောက်

စေနိုင်လျှင် ပြောင်မြောက်လှသောမဟာဗျူဟာဖြစ်လိမ့်မည်ဟု သူထင်မှတ်ခဲ့သည်။

သို့သော် စာတန်အလွန်မှားသွားခဲ့သည်။ ဘုရားသခင်၏သားတော်သည် လက်ဝါးကပ်

တိုင်ပေါ်အသေခံမည်ဆိုသောရည်ရွယ်ချက်ဖြင့် လောကသို့ြွကလာခဲ့သည်။ ယုဒသည် သူ့ကို

အပ်နှံလိမ့်မည်ဟု ကြိုသိလျက်နှင့်ပင် သူ့ကိုတမန်တော်အဖြစ် ရွေးကောက်ခဲ့သည်။ နောက်ဆုံး

တွင် ယုဒသည် ကိုယ်တော်ကိုအပ်နှံမည့်မိမိ၏အကြံအစည်ကိုအကောင်အထည်ဖော်ရန်

အထက်ခန်းမမှထွက်ခွာသွားသည့်အခါလည်း လက်ဝါးကပ်တိုင်ပေါ်မှရှက်ကြောက်ခြင်းသည် ခရစ်တော်၏ဂုဏ်အသရေကိုညှိုးနွမ်းစေဖို့ဝေးစွ၊ လက်ဝါးကပ်တိုင်ပေါ်ခံစားရသောဝေဒနာသည် ဘုရား သခင်၏ဘုန်းတော်နှင့် သားတော်၏ဘုန်းတော်ကို ထင်ရှားစေခဲ့၍ လောကသည် ထိုဘုန်း

တော်ကို အစဉ်အမြဲမြင်တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့်လည်း ယုဒသည်ထွက်ခွာသွား၍ ခရစ်

တော်သည် လက်ဝါးကပ်တိုင်ပေါ်တင်သတ်ခြင်းခံရဆဲဆဲအချိန်တွင် ခရစ်တော်က မိန့်တော်မူခဲ့ခြင်းဖြစ်သည်။

လူတို့သည် ဘုရားသခင်၏ဂုဏ်တော်ကို မမှန်မကန်ဖော်ပြလျက် အသရေပျက်စေရန်

စာတန်သည် လူတို့၏စိတ်နှလုံးကို ညစ်ညူးစေသည့်အချိန်မှစ၍ ဘုရားသခင်သည် အကြံ

အစည်တော်ရှိလျက် ဤအချိန်တိုင်အောင် အကောင်အထည်ဖော် လုပ်ဆောင်တော်မူခဲ့သည်။

အချိန်တန်သောအခါ ဘုရားသခင်၏သားတော်သည် တော်လှန်ပုန်ကန်သောလောကသို့

ြွကလာတော်မူခဲ့သည်။ လူ့ဇာတိခံသောဖန်ဆင်းရှင်သည် မိမိကို လက်ဝါးကပ်တိုင်ပေါ်တင်ရန်

အတွက်အပ်နှံမည့် မိမိဖန်ဆင်းထားသောသူနှင့် အထက်ခန်းမတွင် မျက်နှာချင်းဆိုင်တွေ့ဆုံ

ကြသောအခါ အထွတ်အထိပ်အခြေအနေသို့ရောက်လာခဲ့သည်။ ဘုရားသခင်သည် မည်ကဲ့သို့

သောဘုရားသခင်ဖြစ်သည်ကို လောကသည်တွေ့မြင်ရတော့မည်ဖြစ်သည်။ ဤသစ္စာဖောက်

အပေါ် ဘုရားသခင်၏တုန့်ပြန်မှုက ဘုရားသခင်၏စိတ်နှလုံးအမှန်ကို ဖော်ပြလိမ့်မည်ဖြစ်

သည်။ ယုဒပြုတော့မည့်အရာကို အပြည့်အဝသိလျက်ပင် ယုဒအား မိမိ၏ခင်မင်ရင်းနှီးမှုကို

ဖော်ကျူးသောမုန့်ကို စိတ်ထားမှန်ဖြင့် ကိုယ်တော်ပေးတော်မူခဲ့ခြင်းဖြစ်သည်။

ဤလုပ်ဆောင်တော်မူချက်သည် ချီးမွမ်းဘွယ်ဖြစ်သော်လည်း ကရာနီတောင်ကုန်း ပေါ်

တွင်တွေ့ရသည့် ဘုရားသခင်ဘုန်းတော်သည် ပို၍ပင်အံ့ဩဘွယ်ကောင်းသည်။ ခရစ်တော်

မုန့်ပေးသည့်အခါ သစ္စာဖောက်နှင့် သူ၏ဖောက်ပြန်မှုတို့ ထင်ရှားရသည့်နည်းတူပင်

ဘုရားသခင်က မိမိသားတော်ကို လူသားတို့လက်သို့ အပ်လိုက်သည့်အခါ ဘုရားသခင်အပေါ်

လူတို့၏ဆန့်ကျင်မုန်းတီးမှုထင်ရှားလာခဲ့သည်။ သူတို့က ]]သူသည် အမွေခံဖြစ်၏။ လာကြ။

သူ့ကိုသတ်၍ သူ၏အမွေဥစ္စာကိုယူကြကုန်အံ့}} ဟုဆိုကြသည်။ သူတို့က ကိုယ်တော်၏ခြေ

လက်တို့ကို လက်ဝါးကပ်တိုင်ပေါ် သံမှိုနှင့်ရိုက်ကြသော်လည်း ဘုရားသခင်သည် ခရစ်တော်ကို

မိမိ၏ခင်မင်ရင်းနှီးသက်သေအဖြစ်လည်းကောင်း၊ နောင်တရလျက် ကိုယ်တော်ကိုစစ်ရင်း

မှန်ဖြင့် လက်ခံသောသူအားလုံးအတွက် မိမိ၏ခွင့်လွှတ်ခြင်းနှင့်မေတ္တာတော်၏ အာမခံ

သက်သေအဖြစ်လည်းကောင်း လောကသို့ပေးတော်မူခဲ့သည်။ “ထိုတရားဟူမူကား၊ ဘုရားသခင်သည် ခရစ်တော်အထဲ၌ ရှိနေလျက်၊ လောကီသားတို့၏ အပြစ်များကို မှတ်တော်မမူ၊ ရန်ကိုငြိမ်းစေ၍ ကိုယ်တော်နှင့် မိတ်သဟာယဖွဲ့စေတော်မူ၏။ ထိုမိတ်သဟာယတရားကိုလည်း ငါတို့၌ အပ်ပေးတော်မူ၏။” (၂ကော ၅း၁၉)။ အကြောင်းမှာ “ငါတို့သည် အပြစ်ရှိစဉ်ပင်၊ ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍၊ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက် ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာပြတော်မူ၏။

သို့ဖြစ်၍ ယခုတွင် အသွေးတော်အားဖြင့် ဖြောင့်မတ်ရာသို့ ရောက်ပြီးမှ၊ ထိုသခင်အားဖြင့် အပြစ်ငရဲမှ ကယ်ချွတ်တော်မူခြင်းသို့ ရောက်မည်ဟုသာ၍ မျှော်လင့်စရာရှိ၏။အကြောင်းမူကား၊ ရန်သူဖြစ်လျက်ပင် ဘုရားသခင်၏ သားတော် အသေခံတော်မူခြင်းအားဖြင့်၊ ငါတို့သည် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ခြင်း ကျေးဇူးတော်ကို ခံရသည်မှန်လျှင်၊ မိတ်သဟာယဖွဲ့ပြီးမှ၊ အသက်တော်အားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက်မည်ဟုသာ၍ မျှော်လင့်စရာရှိ၏။” (ရောမ ၅း၈-၁၀)။ ထိုနည်းတူ ကျွန်ုပ်တို့ အသက်ရှင်နေသောဤရာစုနှစ်တွင်လည်း ဘုရားသခင်၏ဖိတ်ခေါ်မှု

သည် ခရစ်တော်၏တမန်တော်များအားဖြင့် ရောက်ရှိလာပါသည်-“ထို့ကြောင့် ငါတို့သည်ခရစ်တော်၏ သံတမန်ဖြစ်ကြ၏။ သင်တို့သည်ရန်ငြိမ်း၍ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ကြလော့ဟု ဘုရားသခင်သည် ငါတို့အားဖြင့် နှိုးဆော်သွေးဆောင် တော်မူသကဲ့သို့၊ ငါတို့သည် ခရစ်တော်၏ ကိုယ်စားဖြစ်၍ သင်တို့ကို တောင်းပန် သွေးဆောင်ကြ၏။

အဘယ်ကြောင့်နည်း ဟူမူကား၊ ဘုရားသခင်သည် အပြစ်နှင့် ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူ ဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူ ဖြစ်မည်အကြောင်းတည်း။” (၂ကော ၅း၂၀-၂၁)။

လူတို့သည် ဖန်ဆင်းရှင်၏သဘာဝလက်ဆောင်အားလုံးကို ရယူကြသည်။ သို့သော်

ကိုယ်တော်ပေးသည့် ခင်မင်ရင်းနှီးမှုကို ငြင်းပယ်ကြသည်။ သူတို့သည် ယုဒကဲ့သို့

ဘုရားသခင်၏ခင်မင်ရင်းနှီးမှုအလင်း မည်သည့်အခါမျှမတွေ့မြင်နိုင်တော့သည့် ထာဝရအမှောင်

ထဲသို့ ဝင်သွားကြသည်။ သူတို့အပြစ်တင်ရမည့်သူမှာ သူတို့ကိုယ်တိုင်ပင်ဖြစ်သည်။

ကျွန်ုပ်တို့သိထားပြီးသည့်အတိုင်းပင် ယုဒထွက်ခွာသွားပြီးသောအခါ ယေရှုက မိန့်တော်မူခဲ့သည်။

ယေရှုက မိမိ၏အသေခံတော်မူခြင်းကို မိမိ၏ရှင်ပြန်ထမြောက်ခြင်း၊ ဘုရားသခင်က မိမိ

အား စကြဝဠာတစ်ခုလုံးကိုအုပ်စိုးသည့်အချုပ်အခြာအာဏာတော်မူခြင်းတို့ရှိမည် ဖြစ်ကြောင်း

ကြိုတင်မိန့်တော်မူခဲ့ခြင်းဖြစ်သည်။ တစ်နေ့သောအခါ ဘုရားသခင်သည် လူတိုင်းကို

ဒူးထောက်စေလျက် ယေရှုခရစ်တော်သည် သခင်ဖြစ်တော်မူကြောင်း ဝန်ခံစေမည်ဖြစ်သည်။

ကိုယ်တော်သည် စကြဝဠာတစ်ခုလုံးရှိ စည်းစိမ်ဥစ္စာရှိသမျှကို ထိန်းချုပ်စီမံ လျက် သတ္တဝါအပေါင်းတို့၏ကိုးကွယ်ခြင်းကိုခံတော်မူမည်ဖြစ်သည်။ ဘုရားသခင်ထိုသပြုတော်မူသောအခါ ဘုရားသခင် သည် အာဏာရှင်ဆန်သောအရှင်မဟုတ်ကြောင်း စကြဝဠာတစ်ခုလုံးက သိမှတ်ကြမည် ဖြစ်သည်။

စကြဝဠာတစ်ခုလုံး၏ဝန်ခံခြင်းနှင့်ကိုးကွယ်ခြင်းကို ခံယူထိုက်သောအရှင်ဖြစ်ခြင်းကို

မိမိ၏အနန္တတန်ခိုးအားဖြင့်သာမဟုတ်ဘဲ မိမိဖန်ဆင်းပေးသောလူတို့၏ခြေကိုဆေးပေးလျက်

ယုဒကဲ့သို့သော လူတို့ကိုပင် မိမိ၏ခင်မင်ရင်းနှီးမှုကိုပေးကာ လူသားအားလုံးအတွက် လက်ဝါး

ကပ်တိုင်ပေါ်အသေခံပေးသညအထိ နှိမ့်ချတော်မူသော ယေရှု၏နာမတော်အားဖြင့်လည်း တည်

စေမည်ဖြစ်သည်။

ဤအမှုအရာကို ဓမ္မသစ်ကျမ်းက အောက်ပါအတိုင်းအကျဉ်းချုပ်ထားသည်-

ယေရှုခရစ်၌ရှိသော ထိုစိတ်သဘောကို သင်တို့၌လည်း ရှိစေကြလော့။

ထိုသခင်သည် ဘုရားသခင်၏ သဏ္ဌာန်တော်နှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ ဘုရားသခင်နှင့် ပြိုင်သောအမှုကို လုယူခြင်းအမှုဟူ၍ မထင်မမှတ်လျက်ပင်၊

မိမိအသရေကိုစွန့်၍ အစေခံကျွန်၏သဏ္ဌာန်ကို ယူဆောင်လျက်၊ လူကဲ့သို့သောအဖြစ်၌ ဖွားမြင်ခြင်းကို ခံတော်မူ၏။

ထိုသို့ လူ၏ ဂုဏ်အင်္ဂါလက္ခဏာနှင့် ပြည့်စုံလျက်၊ အသေခံခြင်းသာမဟုတ်၊ လက်ဝါးကပ်တိုင်မှာ အသေခံခြင်းတိုင်အောင် အစေကျွန်ခံ၍ ကိုယ်ကိုယ်ကိုယ်နှိမ့်ချတော်မူ၏။

ထို့ကြောင့် ဘုရားသခင်သည် ကိုယ်တော်ကို အလွန်ချီးမြှောက်၍ ဘွဲ့နာမတကာတို့ထက် ကြီးမြတ်သော ဘွဲ့နာမကို ပေးသနားတော်မူ၏။

အကြောင်းမူကား၊ ကောင်းကင်သတ္တဝါ၊ မြေကြီးသတ္တဝါ၊ မြေကြီးအောက်၌ရှိသော သတ္တဝါတည်းဟူသော ခပ်သိမ်းသော သတ္တဝါတို့သည် ယေရှု၏ဘွဲ့နာမတော်ကို ဒူးထောက်၍၊ ယေရှုခရစ်သည် သခင်ဖြစ်တော်မူ၏ဟု နှုတ်နှင့်ဝန်ခံသဖြင့်၊ ခမည်းတော်ဘုရား၏ ဘုန်းအသရေ တော်ကို ထင်ရှားစေကြမည်အကြောင်းတည်း။ (ဖိ၊ ၂း၅-၁၁)။

(ဂ)သန့်ရှင်းခြင်းကိုထိန်းသိမ်းခြင်း၊တိုးတက်စေခြင်းနှင့်ပြည့်စုံစေခြင်း

ကြိုတင်အသိပေးခြင်း

ပြီးခဲ့သည့်သင်ခန်းစာတွင် စစ်မှန်သောသန့်ရှင်းစင်ကြယ်ခြင်းသည် ဘုရားသခင်ကို

ကိုးကွယ်ဆည်းကပ်ခြင်းဖြစ်ကြောင်း ကျွန်ုပ်တို့လေ့လာခဲ့ကြပြီဖြစ်သည်။

ဤသင်ခန်းစာတွင် ဘုရားသခင်အပေါ် လုံးလုံးပြည့်စုံခြင်းဆီသို့ ဦးတည်တိုးတက်သွား

သည့် မိမိလူတို့၏ကိုးကွယ်ဆည်းကပ်ခြင်းကို လုံခြုံဘေးကင်းစေရန် ခရစ်တော်၏မစမှုကို

ကျွန်ုပ်တို့ရှာဖွေ တွေ့ရှိကြမည်ဖြစ်သည်။

ပါဝင်သောအချက်များကို အကျဉ်းချုပ်ဖော်ပြရလျှင် အောက်ပါအတိုင်းဖြစ်သည် –

၁။ ခရစ်တော်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်၏အိမ်တော်တွင် ကျွန်ုပ်တို့အတွက်

အခန်းများပြင်ဆင်ကာ မိမိရှိရာအရပ်၌ ကျွန်ုပ်တို့ကို ထာဝရရှိစေတော်မူရန်အတွက်

တစ်ဖန်ပြန်လာလျက် ကျွန်ုပ်တို့ကိုသိမ်းဆည်းရန် ကောင်းကင်သို့ တက်ြွကတော်မူခြင်း။

(၁၄း၁-၃)။

၂။ ထိုစဉ်မှာပင် ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်တို့သည် ြွကလာလျက်

လောကတွင်ရှိ ကျွန်ုပ်တို့စိတ်နှလုံး၌ ကိန်းဝပ်ရန်အဆင်သင့်ဖြစ်နေခြင်း။

သော့ချက်ကျမ်းပိုဒ်

ခရစ်တော်မိန့်တော်မူချက်ဖြစ်သည်။

ဤမိန့်တော်မူချက်ကို အောက်ပါအတိုင်းပြန်ရှင်းပြမည်ဖြစ်သည်-

  • ခရစ်တော်သည် လမ်းခရီးဖြစ်တော်မူခြင်းမှာ – အနာဂါတ်တွင် ခမည်းတော်၏အိမ်တော်

သို့ရောက်ရန်အတွက်သာမဟုတ်ဘဲ ယခု ဤလောကတွင်ပင် ခမည်းတော်ထံသို့ ရောက်ရန်

အတွက်ဖြစ်သည် (၁၄း၁-၁၅)။

  • ခရစ်တော်က ကျွန်ုပ်တို့အားဖွင့်ပြသည့်သမ္မာတရားမှာ – ခမည်းတော်နှင့်ဆိုင်သော

သမ္မာတရားဖြစ်သည်။ ကိုယ်တော်သည် ထိုသမ္မာတရားကိုဖွင့်ပြတော်မူရာတွင် ကျွန်ုပ်တို့

အထဲ၌ ကိန်းဝပ်လျက် ကျွန်ုပ်တို့ကို ကူညီမစကာ သမ္မာတရားထဲသို့ ကျွန်ုပ်တို့ကို

လမ်းပြပေးမည့် ထိုသမ္မာတရားနှင့်ဆိုင်သောဝိညာဉ်တော်ကို ကျွန်ုပ်တို့အား ပေးတော်မူ

ရန် ဘုရားသခင်ထံတောင်းလျှောက်ပေးခဲ့သည် (၁၄း၁၅-၁၇)။

  • ခရစ်တော်သည် အသက်ဖြစ်တော်မူ၍ ကျွန်ုပ်တို့သည် ထိုအသက်အားဖြင့် ခရစ်တော်၏

ထာဝရအသက်ကိုရရှိခံစားကာ ခမည်းတော်နှင့်မိတ်သဟာရဖွဲ့ခြင်းကို နားလည်သိရှိခံစား

နိုင်ကြမည်ဖြစ်သည် (၁၄း၁၈-၂၄)။

(၉)ခရစ်တော်ချမှတ်တော့မည့်စံနှုန်းအသစ်

“ချစ်သားတို့ ငါသည်သင်တို့နှင့်အတူ ခဏသာနေရ၏။ သင်တို့သည် ငါ့ကိုရှာကြလိမ့်မည်။ ငါသွားရာ အရပ်သို့ သင်တို့မရောက်နိုင်ကြဟု ယုဒတို့အား ငါပြောသကဲ့သို့ ယခုသင်တို့အား ငါပြော၏။

သင်တို့သည် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ချစ်ကြလော့။ ငါသည်သင်တို့ကို ချစ်သည်နည်းတူ အချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်ကို ငါပေး၏။

သင်တို့သည် အချင်းချင်းချစ်ကြလျှင်၊ လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကို သိကြလိမ့်မည်ဟု မိန့်တော်မူ၏။ “(ယော ၁၃း၃၃-၃၅)

ခရစ်တော်၏ကျောင်းတော်တွင် ယခုအထိကျွန်ုပ်တို့လေ့လာခဲ့ပြီးသောအရာများမှာ

၁။ စစ်မှန်သောသန့်ရှင်းစင်ကြယ်မှုသည် ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်

တစ်ကြိမ်နှင့်အပြီး ဒုတိယအကြိမ်မွေးဖွားခြင်းခံပြီးသည့်အချိန်တွင် အစပြုသည်။ ဒုတိယ

အကြိမ်မွေးဖွားခြင်းခံပြီးသည့်အခါ သန့်ရှင်းသောဝိညာဉ်တော်သည် ခရစ်တော်၏တရား

စကားကို ကျွန်ုပ်တို့အားလက်တွေ့ကျင့်သုံးစေခြင်းအားဖြင့် ကျွန်ုပ်တို့ကို အစဉ်မပြတ်

သန့်စင်ပေးသည်။

၂။ သန့်ရှင်းစင်ကြယ်ခြင်း၏သဘာဝမှန်နှင့်အဓိကအချက်မှာ ခမည်းတော်၊ သားတော်၊

သန့်ရှင်းသောဝိညာဉ်တော်တို့ကို ကိုးကွယ်ဆည်းကပ်ခြင်းဖြစ်သည်။ ဘုရားသခင်ကို

ဤသို့ချစ်မြတ်နိုးလျက် ကိုးကွယ်ဆည်းကပ်ခြင်းသည် မိမိ၏ချစ်ခြင်းမေတ္တာအားဖြင့်

ကိုးကွယ်ဆည်းကပ်ခြင်းနှင့် မိမိအလိုကိုငြင်းပယ်လျက် ဘုရားသခင်၏ သားသမီးများကို

ပြုစုခြင်းသာ ဖြစ်ရမည်ဖြစ်သည်။

ခရစ်တော်ဒုတိယအကြိမ်ြွကလာသည့်အခါ ကျွန်ုပ်တို့ခံစားရမည့် ပြည့်စုံသောသန့်ရှင်း

စင်ကြယ်ခြင်းအတွက် အရေးအကြီးဆုံးသော အံ့ဖွယ်ပံ့ပိုးမှုအကြောင်းကို ယခု ကျွန်ုပ်တို့

လေ့လာကြမည်ဖြစ်သည်။

ခရစ်တော်သည် ‘ဒုတိယအကြိမ်ြွကလာ၍ မိမိလူတို့ထံထင်ရှားတော်မူသည့်အခါ သူတို့

သည် ခရစ်တော်ကိုပကတိအတိုင်းတွေ့မြင်ရပြီး ဘုရားသခင်၏လုပ်ဆောင်တော်မူချက်သည်

သူတို့၌ပြည့်စုံသဖြင့် သူတို့လည်းခရစ်တော်နှင့်တူနေကြလိမ့်မည်ဟု ရှင်ယောဟန်က သူ၏ဩဝါဒ

စာတွင် ကျွန်ုပ်တို့ကိုပြောပြထားသည် (၁ယော ၃း၂)။

ထိုထက်မကသေးပါ။ ကျွန်ုပ်တို့တွေ့မြင်ရပြီးသည့်အတိုင်း စစ်မှန်သောသန့်ရှင်းစင်ကြယ်ခြင်း

၏အရာသည် သခင်ယေရှုကို မဆုတ်မနစ်၊ မယိမ်းမယိုင် ကိုးကွယ်ဆည်းကပ်ခြင်း၊ တစ်နည်း

အားဖြင့် “ထိုသူတို့သည် ကညာဖြစ်၍ မေထုန်အမှုနှင့် မညစ်ညူးသောသူ ဖြစ်ကြ၏။ သိုးသူငယ် သွားလေရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူ ဖြစ်ကြ၏။ လူတို့အထဲက ရွေးနုတ်၍ ဘုရားသခင်နှင့် သိုးသူငယ်အဖို့ အဦးသီးသောအသီး ဖြစ်ကြ၏။”ခြင်းထဲ၌ (ဗျာ ၁၄း၄) တည်နေသည်။ ထို့ကြောင့် ခရစ်တော်ဒုတိယအကြိမ်ကြွလာသည့်အခါ ယုံကြည်သူတို့

ရရှိခံစားမည့်ပြင်ဆင်ပေးမှုသည် ယခုကပင် အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး ၄င်းသည် ယုံကြည်သူ

အားလုံး ခရစ်တော်ရှိသည့်နေရာတွင် ထာဝရအတူရှိပြီး ကိုယ်စိတ်နှလုံးသုံးပါးလုံးသည် မည်သည့်

အခါမျှ ခရစ်တော်ထံမှ မသွေဖည်စေရန်အတွက်ဖြစ်သည်။

ထို့ပြင် ၄င်းသည် သင်ရိုး၏ဤအဆင့်တွင် တပည့်တော်များအား ခရစ်တော်သင်ပေးသော

အဓိကသင်ခန်းစာပင်ဖြစ်သည်။ သို့သော် ကိုယ်တော်ထိုသို့မသင်ကြားပေးမီ ဦးစွာသိရမည့်အခြေ

ခံအချက်များရှိသည်။ ၄င်းတို့အနက် အချို့သည် သဘောကျစရာမကောင်းဟု ထင်ရနိုင်ပါသည်။

ခရစ်တော်ထွက်ခွာတော်မူရန်လိုအပ်ခြင်း

သေချာသည်မှာ ခရစ်တော်သည်အဝေးသို့မသွားပါက ‘ဒုတိယအကြိမ်ြွကလာရန်မဖြစ်နိုင်ပါ။

ထို့ကြောင့် မိမိသည် သူတို့ထံမှထွက်ခွာလျက် အဝေးသို့သ

ွားမည်ဖြစ်ကြောင်း သူတို့ကို ယခုမကွယ်

မထောင့်ပြောပြလျက် နောက်တွင် သူတို့ကို နားလည်သဘောပေါက်စေရမည်ဖြစ်သည်။

လွန်ခဲ့သည့်လအနည်းငယ်က သကေနေပွဲခေါ် ယာယီတဲစုပွဲတော်အချိန်အခါတွင် ဂျေရု

ဆလင်မြို့အာဏာပိုင်များသည် ယေရှုက လူအများအားဟောပြောနေသည်ကို ရပ်တန့်စေရန်

အတွက် ကိုယ်တော်ကိုဖမ်းဆီးရန် မင်းလုလင်တို့ကို စေလွှတ်ခဲ့ကြသည်။ ထိုအခါ ယေရှုက

သူတို့အား မိန့်တော်မူလျက် သူတို့ သူ့ကိုဖမ်းဆီးရန်မလိုကြောင်းမိန့်တော်မူခဲ့၍ မင်းလု

လင်တို့ အံ့အားသင့်ခဲ့ကြသည်။ အသေခံတော်မူခြင်း၊ ရှင်ပြန်ထမြောက်ခြင်းနှင့် ခမည်းတော်

ထံသို့ပြန်လည်တက်ြွကခြင်းအကြောင်းကို ရည်ညွှန်း၍မိန့်တော်မူခြင်းဖြစ်သည်။ သို့သော်

ကိုယ်တော်ဆိုလိုသောအရာကို သူတို့မသိခဲ့ကြချေ။ ကိုယ်တော်သည် ဘုရားသခင်၏သားတော်

ဖြစ်လျက် ခမည်းတော်သည် ကိုယ်တော်ကို လူ့ဇာတိခံယူစေခြင်းအားဖြင့် လောကသို့စေလွှတ်

တော်မူခဲ့ကြောင်းကို သူတို့မသိခဲ့ကြ၍ဖြစ်သည်။ ကိုယ်တော်မည်သည့်အရပ်မှြွကလာသည်ကို

သူတို့မသိသောကြောင့် သူ့ကိုစေလွှတ်သောသူထံ ပြန်သွားမည်ဆိုခြင်းကို သူတို့နားမလည်ကြ ။

ထို့ကြောင့် သူပြန်သွားမည့် နေရာသည် သူတို့မရောက်နိုင်သောနေရာဖြစ်ကြောင်းကိုလည်း

ကိုယ်တော်ရှင်းပြရသည်။ ဂရိစကားပြောသည့် အီဂျစ်ပြည်နှင့်အခြားနေရာမှဂျူးများဆီ

သူတရားသွား ဟောလိမ့်မည်ဟုလည်း သူတို့ထင်ကောင်းထင်နိုင်သည်။

“ထိုသို့လူများ အုတ်အုတ်သဲသဲဖြစ်ကြသည်ကို ဖာရိရှဲတို့သည်ကြားလျှင်၊ ယဇ်ပုရောဟိတ်အကြီးတို့နှင့် တိုင်ပင်ပြီးမှ ကိုယ်တော်ကို ဖမ်းဆီးစေခြင်းငှာ မင်းလုလင်တို့ကို စေလွှတ်ကြ၏။

ယေရှုကလည်း၊ ငါသည် သင်တို့နှင်အတူ ခဏသာနေပြီးလျှင်၊ ငါ့ကိုစေလွှတ်တော်မူသော သူထံသို့ သွားရမည်။ သင်တို့သည် ငါ့ကိုရှာကြလိမ့်မည်။

ရှာသော်လည်း မတွေ့ရကြ။ ငါရှိရာအရပ်သို့ သင်တို့မရောက်နိုင်ကြဟု မိန့်တော်မူလျှင်၊

ယုဒလူတို့က၊ ငါတို့ကိုမတွေ့စေခြင်းငှာ သူသည် အဘယ်အရပ်သို့သွားလိမ့်မည်နည်း။ ဟေလသလူတို့တွင် အရပ်ရပ်သို့ ကွဲပြားလျက်နေသော သူတို့ရှိရာသို့သွား၍ ဟေလသလူတို့အား တရားဟောလိမ့်မည်လော။

သင်တို့သည် ငါ့ကို ရှာကြလိမ့်မည်။ ရှာသော်လည်း မတွေ့ရကြ။ ငါရှိရာအရပ်သို့ သင်တို့မရောက်နိုင်ကြ ဟူသောစကားသည် အဘယ်သို့ဆိုလိုသနည်းဟု အချင်းချင်းဆိုကြ၏။ “ဟု ပြောဆိုခဲ့ကြသည် (ယော ၇း၃၂-၃၆)။

မင်းလုလင်တို့ ထိုသို့နားမလည်ခဲ့ခြင်းမှာ သူတို့သည် ယုံကြည်သူများမဟုတ်သောကြောင့်

ဖြစ်မည်ဟု မျှော်လင့်ရသည်။ ဤနေရာတွင် အသေခံတော်မူမည့်အကြောင်းကိုသာ ရည်ညွှန်းသည် မဟုတ်ပါ။

သူတို့ကို ကိုယ်တော်နှင့်အတူအသေခံရန်ခေါ်ယူထား၍ သူတို့လည်း အသေခံရဲကြ

သည်ဆိုလျှင် ကိုယ်တော်နှင့်အတူ သူတို့အသေခံနိုင်ပါသည်။ သို့သော် ကိုယ်တော်က

ခန္ဓာကိုယ်ဖြင့် ထမြောက်ခြင်းနှင့် ခန္ဓာကိုယ်ဖြင့်ခမည်းတော်ထံသို့တက်ြွကခြင်းကို ရည်ညွှန်း၍

မိန့်တော်မူခဲ့ခြင်းဖြစ်သည်။ အချိန်အခါအရ ကိုယ်တော်နောက်သို့ သူတို့ ထိုကဲ့သို့လိုက်သွားရန်

မဖြစ်နိုင်ခဲ့ချေ။

ခရစ်တော်ထွက်ခွာသွားတော်မူခြင်းက စံနှုန်းသစ်ကိုချမှတ်ပေးသည်

သခင်ဘုရားသည် မကြာမီအတွင်းမိမိထွက်ခွာသွားမည်ဖြစ်ကြောင်း အသိပေးရင်း မိမိမရှိ

စဉ် သူတို့ထမ်းဆောင်ရမည့်တာဝန်ကိုလည်း သင်ကြားပေးခဲ့သည်။

ဤပညတ်သည် ဘာကြောင့် ပညတ်သစ်ဖြစ်ရသနည်း။ ဓမ္မဟောင်းကျမ်းတွင် လွန်ခဲ့သည့်

ရာစုနှစ်များစွာကပင် ဘုရားသခင်သည် မိမိလူမျိုးတော်အား “သင့်အမျိုးသားချင်းသည် သင့်ကိုပြစ်မှားလျှင်၊ ကိုယ်တိုင်အပြစ်ပြန်၍ မတုံ့ရ။ အငြိုးမထားရ။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်ရမည်။ ငါသည် ထာဝရဘုရားဖြစ်၏။” ဟူသောပညတ်ကို ပေးတော်မူခဲ့သည်မဟုတ်လော (ဝတ် ၁၉း၁၈)။

ဤအချက်သည် အသစ်သောချစ်ခြင်းမေတ္တာ

၏ စံနှုန်း၊ အရည်အသွေးနှင့် အတိုင်းအတာပမာဏဖြစ်သည်။ သူတို့နှင့်အတူရှိစဉ်ကတည်းက

သူတို့ကိုချစ်တော်မူသည်။ ယခု ထွက်ခွာတော့်မည်ဖြစ်သည်။ ထိုသို့ထွက်ခွာတော်မူရာတွင်

ပထမအဆင့်သည် လက်ဝါးကပ်တိုင်လမ်းဖြစ်သည်။ ထိုနေရာတွင် ကိုယ်တော်၏အသေခံ

တော်မူခြင်းက သူတို့မည်သည့်အခါကမျှ မတွေ့မမြင်ဖူးသော မေတ္တာမျိုးကို သူတို့အားပြသ

မည်ဖြစ်သည်။ ကိုယ်တော်သည် မိမိကိုချစ်သောသူများအတွက်သာမက မိမိကိုမုန်းသည့်ရန်သူ

များအတွက်ပင် အသေခံပေးမည်ဖြစ်သည်။ သူတို့သည် အပြစ်သားများဖြစ်ကြစဉ်ပင်

သူတို့အတွက်အသေခံပေးမည်ဖြစ်သည်။ သူတို့ကို ကိုယ်နှင့်အမျှသာချစ်မည် မဟုတ်။

သူတို့အတွက် အနစ်နာခံပေးဆပ်လျက် သူတို့ကိုချစ်မည်။

၄င်းသည် သန့်ရှင်းစင်ကြယ်ခြင်း၌ သူတို့ကြီးထွားနေခြင်း၏အမှတ်အသား လက္ခဏာ

ဖြစ်သည့် သူတို့အချင်းချင်း တစ်ဦးကိုတစ်ဦးချစ်ခင်တန်ဖိုးထားခြင်းအတွက် ကိုယ်တော်

သူတို့ကို ချမှတ်ပေးသည့် ချစ်ခြင်းမေတ္တာ၏စံနှုန်းဖြစ်သည်။ ထို့ပြင် ၄င်းသည် သူတို့ကို

ယေရှု၏တပည့်တော်စစ်ဟုတ်မဟုတ် စစ်ဆေးရာတွင် အသုံးပြုနိုင်သည့်စံနှုန်းလည်းဖြစ်

သည်။ တစ်ခါတစ်ရံ တေးဂီတအထူးကျွမ်းကျင်သူများက လူငယ်တေးဂီတပညာရှင်တစ်ဦးဦး

အား သူ့ကို ဘယ်သူက သေချာလေ့ကျင့်ပေးထားတယ်ဆိုတာ ခန့်မှန်းလို့ရတယ် ဟု

ပြောသည်ကို သင်ကြားကောင်းကြားဖူးပေလိမ့်မည်။ ထိုလူငယ်တေးဂီတပညာရှင်သည်

မိမိဆရာ၏လက်ရာနှင့်တစ်ထေရာတည်း တီးခတ်သောကြောင့်ဖြစ်သည်။ လူများစွာတို့သည်

ခရစ်ယာန်များကိုလည်း ဤစစ်ဆေးမှုအားဖြင့် အသိအမှတ်ပြုကြသည်။ သူတို့သည်

ခရစ်ယာန်ယုံကြည်မှု သို့မဟုတ် ဓမ္မအတွေးအခေါ်နှင့်ပတ်သက်၍ အနည်းငယ်သာ သိကောင်း

သိကြမည်။ သို့သော် ခရစ်တော်က ပြသလျက် တန်ဖိုးထားသည့် ထိုမေတ္တာမျိုးကို

သူတို့နားလည်သိကျွမ်းကြသည်။ မိမိကိုယ်ကို ခရစ်ယာန်ဟုပြောဆိုနေကြသော်လည်း မိမိနှင့်

ယုံကြည်မှုမတူညီသည့်အတွက် အချင်းချင်းညှင်းဆဲဖိနှိပ်နေသူများ၊ လူမျိုးရေးမုန်းတီးမှု

ကြောင့် အချင်းချင်းသတ်ဖြတ်နေသူများကို ကမ္ဘာကြီးက ခရစ်ယာန်လုံးဝမဟုတ်သူများဟုသာ

နောက်ဆုံးကောက်ချက်ချမည်ဖြစ်သည်။ ခရစ် တော်၏စံနှုန်းနှင့်ညီသောချစ်ခြင်းမေတ္တာမျိုးကို

လက်တွေ့အသက်တာ၌ထင်ရှားစေသောသူများကိုသာ စစ်မှန်သောခရစ်ယာန်တပည့်တော်

များအဖြစ်သတ်မှတ်ခံရမည် ဖြစ်သည်။

သို့သော် ကျွန်ုပ်တို့သည် လက်တွေ့သန့်ရှင်းစင်ကြယ်သူဖြစ်ရန်အတွက် ခရစ်တော်က

ကျွန်ုပ်တို့ကိုချစ်သကဲ့သို့ အခြားသူများကိုချစ်ရမည်ဆိုလျှင် ထိုစံနှုန်းကိုမှီရန် ကျွန်ုပ်တို့အတွက်

လက်တွေ့ကျသောမျှော်လင့်ချက်ရှိပါမည်လား။ ရှိပါသည်။ ကျွန်ုပ်တို့သည် ခရစ်တော်၏

နမူနာကို လိုက်နိုင်ရန်အတွက် ခရစ်တော်ကိုယ်တိုင်၌ ကျွန်ုပ်တို့အတွက်အရင်းအမြစ်များ

ရှိနေသောကြောင့်ဖြစ်သည်။ သို့သော် ထိုအရင်းအမြစ်များအပေါ် ကျွန်ုပ်တို့အခြေမပြုမီ၊

ထိုအရင်းအမြစ်များအပေါ် ကျွန်ုပ်တို့မမှီခိုမအားထားမီ ကျွန်ုပ်တို့၏ကိုယ်ပိုင်အရင်း

အမြစ်များသည် မလုံလောက် မဖူလုံရုံသာမက ချွတ်ခြုံကျလျက်ရှိနေသည်ကို ဦးစွာသိရှိရန်

လိုအပ်ပါသည်။

(၁၀)ပြည့်စုံမှုမရှိသောနောက်လိုက်များ

ယခုလေ့လာကြမည့် သင်ခန်းစာသည် သဘောတရားအရ လက်ခံရန် အတန်အတင့်

လွယ်ကူသော်လည်း ၄င်း၏မှန်ကန်မှုကိုလက်တွေ့ကြုံလာသည့်အခါ လက်ခံနိုင်ရန် များစွာ

ပို၍ခက်ခဲသောသင်ခန်းစာတစ်ခုဖြစ်သည်။ သင်ခန်းစာမှာ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အတွက်

ကိုယ်တော်ပြုသောအမှုတို့အတွက် ကိုယ်တော်ကို ကျေးဇူးတင်၍ ကိုယ်တော်ကိုချစ်လျက်

နာခံ၍နောက်တော်လိုက်ရန် အခိုင်အမာဆုံးဖြတ်ထားကြသော်လည်း ကျွန်ုပ်တို့၏ချစ်ခြင်း

မေတ္တာနှင့်ဆုံးဖြတ်ချက်တို့သည် ကျွန်ုပ်တို့လုပ်ဆောင်သင့်သည့်အတိုင်းလုပ်ဆောင်နိုင်ရန်အ

တွက် လုံလောက်မှုမရှိပါ။ ကျွန်ုပ်တို့၏ကိုယ်ပိုင်အရင်းအမြစ်များပေါ်တွင်သာ လုံးလုံးမှီခိုအား

ထားသည့်ကျွန်ုပ်တို့၏အားနည်းချက်ကို ကျွန်ုပ်တို့ဖုံးကွယ်ထားတတ်ကြသည်။ ကျွန်ုပ်တို့ ထိုသို့

ပြုပါက လုပ်ငန်းစဉ်တစ်ခုလုံး အလွယ်တကူပျက်စီးသွားမည်ဆိုသည့်သင်ခန်းစာဖြစ်သည်။

ပြည့်စုံသောယုံကြည်သူဟူ၍မရှိ၊ အားလုံးသည် အားနည်းချက်ရှိနေကြဆဲဖြစ်ပြီး တစ်ချိန်

ပြီးတစ်ချိန် အပြစ်ပြန်လုပ်မိကြသည်ဟုဆိုလျှင် ယုံကြည်သူတိုင်းက လက်ခံမည်သေချာသည်။

သို့သော် ကျွန်ုပ်တို့သည် လုံလောက်မှုရှိသည့်ခိုင်မာသောဆုံးဖြတ်ချက်၊ သတိတရားနှင့်

အားထုတ်ကြိုးစားမှုတို့ရှိပါက မိမိအပြစ်များအပေါ် အနိုင်ယူနိုင်မည် သို့မဟုတ် ထိန်းချုပ်နိုင်

ပြီး သန့်ခြင်းစင်ကြယ်ခြင်းစံနှုန်းနှင့်အညီ အသက်ရှင်နိုင်ကြလိမ့်မည်ဟု မသိစိတ်ထဲမှ ခံယူထား

တတ်ကြသည်။ အမှန်မှာ မည်သူမျှ ထိုသို့လုပ်ဆောင်နိုင်မည်မဟုတ်ပေ။

အပြစ်သည် ကျွန်ုပ်တို့ထင်ထားသည်ထက်ပို၍ ကျွန်ုပ်တို့၏စွမ်းအားကိုကုန်ခန်းစေလျက်

ကျွန်ုပ်တို့၏ကိုယ်ကျင့်တရားအဆောက်အဦကို ပျက်စီးစေပြီဖြစ်သည်။ ထို့ကြောင့် ဤအမှား

မျိုးမှားမိ၍ ကိုယ်ပိုင်ခွန်အား၊ ကိုယ်ပိုင်ကြိုးစားမှုသည် ဆုံးရှုံးမှုကိုသာဖြစ်စေကြောင်း ထပ်မံ

ကြုံတွေ့ရသည့်အတွေ့အကြုံသည် ခါးသီးသော အတွေ့အကြုံတစ်ခုဖြစ်သွားနိုင်ပါသည်။

တမန်တော်ကြီးရှင်ပေါလုသည် ဤအချက်ကိုကိုယ်တိုင်ကြုံတွေ့သိရှိရသည့်အခါ စိတ်

မချမ်းမသာဖြစ်ခဲ့ရကြောင်း ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့သည်။ သူသည် အသိတရားအားဖြင့်

ဘုရားသခင်ကိုအစေခံရန်၊ ဘုရားသခင်၏စကားကိုနားထောင်ရသည်ကို နှစ်သက်သည်။

ကောင်းသောအရာကိုလုပ်ဆောင်ရန် စိတ်ဆန္ဒ

လည်းရှိသည်။ သို့သော် “အကြောင်းမူကား၊ ငါသည် ကိုယ်ကျင့်သောအကျင့်ကို မနှစ်သက်။ ကျင့်ချင်သောအကျင့်ကို မကျင့်၊ ရွံ့ရှာသော အကျင့်ကို ကျင့်၏။

ထိုသို့ငါသည် မကျင့်ချင်သောအကျင့်ကို ကျင့်လျှင်၊ ပညတ်တရားဖြောင့်သည်ဟု ငါဝန်ခံ၏။

သို့ဖြစ်လျှင်၊ ထိုမကောင်းသောအကျင့်ကို ငါ့ကိုယ်တိုင်ကျင့်သည်မဟုတ်။ ငါ့အထဲ၌နေသော အပြစ်တရားသည် ကျင့်၏။

ငါ့အထဲမှာ ငါ့ဇာတိပကတိ၌ ကောင်းသောအရာ တစ်စုံတစ်ခုမျှ မတည်သည်ကို ငါသိ၏။ အကြောင်းမူကား၊ ငါသည် ကျင့်ချင်သော စိတ်ရှိသော်လည်း၊ ကောင်းစွာကျင့်တတ်သောအခွင့်ကို ရှာ၍မတွေ့နိုင်။

ငါသည် ကျင့်ချင်သော အကျင့်ကောင်းကို မကျင့်။ မကျင့်ချင်သော အကျင့်ဆိုးကို ကျင့်၏။

ထိုသို့ငါသည် မကျင့်ချင်သောအကျင့်ကို ကျင့်လျှင်၊ ငါကိုယ်တိုင် ကျင့်သည်မဟုတ်။ ငါ့အထဲ၌နေသော အပြစ်တရားသည် ကျင့်၏။

ထိုသို့ ကောင်းသောအကျင့်ကို ငါကျင့်ချင်သောအခါ၊ မကောင်းသောအကျင့်ကို ကျင့်စေတတ်သော တရားကို ငါတွေ့၏။

ငါသည် အတွင်းလူအားဖြင့် ဘုရားသခင်၏ ပညတ်တရားတော်တို့ နှစ်သက်၏။

သို့သော်လည်း ငါ့ကိုယ်အင်္ဂါများ၌ ရှိသော တရားတစ်ပါးသည် စိတ်ဝိညာဉ်တရားကို ဆိုင်ပြိုင် တိုက်လှန်သဖြင့်၊ ငါ့ကိုယ်အင်္ဂါများ၌ရှိသော အပြစ် တရားလက်သို့ ငါ့ကို ဖမ်းသွားအပ်နှံသည်ကို ငါမြင်၏။

ငါသည် ငြိုငြင်သောသူဖြစ်ပါသည်တကား၊ ဤအသေကောင်မှ ငါ့ကို အဘယ်သူ ကယ်လွှတ်မည်နည်း။

ငါတို့သခင် ယေရှုခရစ်အားဖြင့် ကယ်လွှတ်တော်မူသော ဘုရားသခင်၏ကျေးဇူးတော် ကြီးလှပေ၏။ ထိုသို့ စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏ တရားတော်အလိုသို့လည်းကောင်း၊ ဇာတိပကတိအားဖြင့် အပြစ်တရားအလိုသို့လည်းကောင်း၊ ငါလိုက်တတ်၏။” (ရော ၇း၁၅-၂၅)။ ခရစ်

တော်ကဲ့သို့ သန့်ရှင်းစွာအသက်ရှင်ရန် သိသည်၊ နှစ်သက်သည်၊ ဆန္ဒလည်းရှိသည်၊ ကြိုးစား

သည်။ သို့သော် ၄င်းတို့သည် လုံလောက်မှုမရှိကြောင်း ခါးသီးသည့်အတွေ့အကြုံတစ်ခုအဖြစ်

ရှင်ပေါလု တွေ့ကြုံခဲ့သည်။

သို့သော် ဘုရားသခင်သည် ဤအခြေအနေကိုအစအဦးကပင် သိတော်မူ၍ မိမိ၏မတတ်

စွမ်းနိုင်မှုကို ရှင်ပေါလုတွေ့ရှိသည့်အခါ သူလုပ်ဆောင်သင့်သည့်အတိုင်း သခင်ယေရှုခရစ်ကို

ချစ်၍ နာခံလျက်နောက်တော်လိုက်နိုင်ရန်အတွက်(ရော ၈) ပြင်ဆင်ပေးတော်မူသော မစမှုကို

ပေါလုအား ပြသတော်မူခဲ့သည်။ ကျွန်ုပ်တို့အတွက်လည်း ထိုနည်းတူပင်ဖြစ်သည်။ ယခု ခရစ်

တော်သည် ပေတရုကို ကျွန်ုပ်တို့သင်ခန်းစာယူရမည့်ပုဂ္ဂိုလ်အဖြစ်အသုံးပြုလျက် ကျွန်ုပ်တို့၏

အားနည်းချက်ကိုထောက်ပြကာ ကျွန်ုပ်တို့သည် ခရစ်တော်ကိုအလေးအနက်ထားလျက်

ကျွန်ုပ်တို့အကြောင်း ကိုယ်တော်မိန့်တော်မူသောအရာကို ယုံကြည်လက်ခံကြမှသာ သင်ယူရန်

အဆင်သင့်ဖြစ်ပြီး အမှန်တကယ်သန့်ရှင်းစင်ကြယ်စေမည့် ကိုယ်တော်၏မစမှုကို ကျွန်ုပ်တို့ရယူ

နိုင်ကြမည်ဖြစ်သည်။

ကျွန်ုပ်တို့သင်ခန်းစာယူစရာဖြစ်သော ပေတရု

“ရှိမုန်ပေတရုက၊ သခင်၊ ကိုယ်တော်သည် အဘယ်အရပ်သို့ ကြွတော်မူမည်နည်းဟု မေးလျှောက်လျှင်၊ ယေရှုက၊ ငါသွားရာအရပ်သို့ သင်သည်ယခုမလိုက်နိုင်။ နောက်မှလိုက်ရလိမ့်မည်ဟု မိန့်တော်မူ၏။

ပေတရုကလည်း၊ သခင်၊ အကျွန်ုပ်သည် ကိုယ်တော်နှင့်အတူအဘယ်ကြောင့် ယခုမလိုက်နိုင်သနည်း။ ကိုယ်တော်အဖို့ အကျွန်ုပ်၏အသက်ကို စွန့်ပါမည်ဟုလျှောက်လျှင်၊

ယေရှုက၊ ငါ့အဖို့ သင့်အသက်ကိုစွန့်မည်လော။ ငါအမှန်အကန်ဆိုသည်ကား၊ ကြက်မတွန်မီ သင်သည် သုံးကြိမ်မြောက်အောင် ငါ့ကိုငြင်းပယ်လိမ့်မည်ဟု မိန့်တော်မူ၏။”

(ယော ၁၃း၃၆-၃၈)

တပည့်တော်များမလာနိုင်သောအရပ်သို့ မိမိသွားတော့မည်ဖြစ်ကြောင်း သခင်ဘုရား မိန့်

တော်မူသောအခါ ပေတရုသည်ခေတ္တစဉ်းစားပြီး ကိုယ်တော်သည် မလိုအပ်ဘဲ ပုံကြီးချဲ့နေ

သည်ဟုမှတ်ချက်ချခဲ့သည်။

သူသည် ရဲစွမ်းသတ္တိနည်းနေသေးသည်ဟု ကိုယ်တော်က ဆိုလိုခြင်းဖြစ်သည်ဟု ခံစားမိ

သောကြောင့် ပေတရုမကျေမနပ်ဖြစ်သည်။

သခင်ယေရှုအတွက် မိမိအပြည့်အဝ ဆက်ကပ်လျက် လိုအပ်လျှင် ကိုယ်တော်အတွက်

မိမိအသက်ကိုပင်ပေးဆပ်မည်ဟု သူဆိုနေခြင်းဖြစ်သည်။ သေချာသည်မှာ သူသည် ယုဒ

မဟုတ်ပေ။ ယုဒ၏မတည်ကြည်မှုနှင့်သစ္စာဖောက်မှုတို့ကိုသိမြင်လိုက်ရသဖြင့် မိမိသည် သခင်

ဘုရားအပေါ် မည်သည့်အခါမျှ ထိုကဲ့သို့ပြုမူမိမည်မဟုတ်ဘဲ လိုအပ်လျှင် ထောင်ထဲအထိ၊

အသေခံရသည့်အထိပင် နောက်သို့လိုက်မည်ဟု ပေတရုစဉ်းစားမိခြင်းလည်းဖြစ်နိုင်သည်။

ကျွန်ုပ်တို့သိရသလောက်ဆိုလျှင် ကိုယ်တော့်အပေါ်ပေတရု၏ဆက်ကပ်မှုသည် သံသယဖြစ်ဖွယ်

မရှိပေ။ ပြဿနာမှာ သူမည်သည့်အခြေအနေမျိုးနှင့်နီးကပ်နေသည်ကို သူမသိခြင်းပင်ဖြစ်

သည်။ တကယ်တမ်းတွင် ပေတရု၏ပင်ကိုယ်စရိုက်တွင် မမြင်သာသည့်အားနည်းချက်တစ်ခု

ရှိသည်။ စာတန်ကိုယ်တိုင်က အန္တရာယ်ရှိသည့်အခြေအနေသို့ မကြာမီအတွင်း သူ့ကို မသိမသာ

တွန်းပို့၍ သူ၏အားနည်းချက်ကမခံနိုင်သည့် ဖိအား သူ့အပေါ်သက်ရောက်လာတော့မည်ဖြစ်

သည်။ ပေတရု၏ ဆက်ကပ်မှုသည် လုံးလုံးပြိုကျသွား၍ သခင်ဘုရားကို မသိပါဟုကျိန်ဆို

ငြင်းပယ်တော့မည်ဖြစ်သည်။ အစောပိုင်းတွင် ယုဒ၏သစ္စာဖောက်မှုကိုဖော်ပြသကဲ့သို့ ယခု

သူ့ကိုလည်း သူ့အားနည်းချက်အကြောင်းကို ဖော်ပြပေးတော်မူခဲ့သည်။

ပေတရု၏အခြေခံအမှား

ပေတရု၏အားနည်းချက်နှင့် ယုဒ၏သစ္စာဖောက်မှုတို့ကို မရောထွေးသွားစေရန်တော့

ကျွန်ုပ်တို့သေချာသတိထားရမည်။ ပေတရု၏အားနည်းချက်သည် ရေချိုးပြီးသားလူတစ်ဦးဖြစ်

၍ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဒုတိယမွေးခြင်းကိုခံယူပြီးသားလူတစ်ဦး၏အားနည်း

ချက်ဖြစ်သည် (၁၃ း၁၀-၁၁)။ ယုဒ၏သစ္စာဖောက်မှုသည် ဒုတိယမွေးခြင်းကိုမခံသေးသည်

သာမက စာတန်၏စိုးမိုးလမ်းပြမှုကိုခံနေရသူတစ်ဦး၏သစ္စာဖောက်မှုဖြစ်သည် (၁၃း၂၊ ၁၀-

၁၁၊ ၁၈၊ ၂၇)။ ပေတရု၏အားနည်းချက်သည် နောက်ဆုံးတွင် အောင်မြင်ကျော်လွှားနိုင်မည့်

အားနည်းချက်ဖြစ်သည်။ ယုဒ၏သစ္စာဖောက်မှုမှာ နောက်ပြန်လှည့်၍မရသောလမ်းဖြစ်သည်။

သို့သော် ပေတရု၏အားနည်းချက်လည်း အလိုအလျောက်အောင်မြင်ကျော်လွှား နိုင်မည်

တော့မဟုတ်ပေ။ ကျွန်ုပ်တို့ယုံကြည်သူများ မိမိအားနည်းချက်ကို အောင်မြင်ကျော်လွှားနိုင်

သည့် တစ်ခုတည်းသောနည်းလမ်းမှာ ပထမတွင် ゞင်းကိုရင်ဆိုင်လျက် ထိုအားနည်းချက်ရှိ

ကြောင်းဝန်ခံပြီးသည့်နောက် နောင်တရကာ ゞင်းတို့ကို အောင်မြင်ကျော်လွှားနိုင်သည့် သခင်

ဘုရား၏ကျေးဇူးတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးကို ခံယူရရှိရန်ဖြစ်သည်။

ထို့ကြောင့် ပေတရုသည် သခင်ဘုရားကိုနားထောင်လျက် ကိုယ်တော်မိန့်တော်မူသည့်အတိုင်း

မှန်ပါကြောင်း လက်ခံခဲ့ပါက အလွန်ဝမ်းနည်းကြေကွဲရသည့်အဖြစ်ကို ရှောင်ရှားနိုင်ခဲ့ပေလိမ့်

မည်။ ကျွန်ုပ်တို့၏ အကင်းမပါးသည့် ခပ်တုံးတုံးစိတ်နှလုံးအကြောင်းကို ကျွန်ုပ်တို့မသိကြပါက

ပေတရုက သခင်ဘုရား၊ အကျွန်ုပ်မည်သို့ယုံကြည်နိုင်ပါနည်း။ ထိုကဲ့သို့သောလူမဟုတ်ဟု မိမိ

ကိုယ်ကိုယ်ထင်မိပါ၏။ ထိုကဲ့သို့သောအားနည်းချက်မျိုး အကျွန်ုပ်၌ရှိသည်ဟု မစဉ်းစားမိခဲ့ပါ။

အကျွန်ုပ်၌ ထိုအားနည်းချက်မျိုးရှိသည်မှန်လျှင် ကိုယ်တော်သာ အသိဆုံးဖြစ်ပါ၏။ ထိုအား

နည်းချက်ကို အောင်မြင်ကျော်လွှားနိုင်ရန် အကျွန်ုပ်ဘာလုပ်ရမည်ကို မိန့်တော်မူလျက်

ထိုအကျဉ်းတန်သည့်အဖြစ်မျိုးမှ ကယ်တော်မူပါ}} ဟု အဘယ့်ကြောင့် မပြောရသနည်းဟူ၍

စဉ်းစားမိကြပေလိမ့်မည်။ ပေတရုကသာ ထိုသို့ပြောခဲ့လျှင် ရောက်လာမည့်ကျရှုံးမှုအား မည်သို့

ရှောင်ရှားနိုင်သည်ကို သခင်ယေရှု အမှန်ပင်ပြောပြခဲ့ပေလိမ့်မည်။

သို့သော် သခင်ဘုရားက ပြောပြသော်လည်း သူထိုသို့ဖြစ်လာမည်ဟု ပေတရုမယုံခဲ့ချေ။

သူသည် ရဲစွမ်းသတ္တိအပြည့်အဝရှိ၍ သခင်ဘုရားအတွက် မည်သည့်ပေးဆပ်မှုမျိုးကိုမဆို

ပေးဆပ်ရန် ဆုံးဖြတ်ထားသည်ဟု ထင်မှတ်ခဲ့သည်။ အမှန်မှာ သူထိုအတိုင်းမဟုတ်ခဲ့ပါ။

ထို့ကြောင့် မိမိ၏ပင်ကိုစရိုက်ကို မိမိကိုယ်တိုင်သိသည်ထက် သခင်ဘုရားကပိုသိကြောင်း သူသိ

ရှိနိုင်ရန်အတွက် ခက်ခဲခါးသီးသောနည်းလမ်းအားဖြင့် သူသင်ယူခဲ့ရသည်။ သခင်ဘုရားတွေ့

မြင်သည့် ပေတရု၏အားနည်းချက်သည် သူ၌ အမှန်တကယ်ရှိသော အားနည်းချက်ဖြစ်ပြီး

၄င်းကိုမကုစားမီ မြင်ကွင်းပေါ်သို့ ဦးစွာယူဆောင်လာရမည်ဖြစ်သည်။ မဟုတ်ပါက

မိမိအားနည်းချက်ကို ပေတရုမြင်နိုင်သည့်တစ်ခုတည်းသောနည်းလမ်းမှာ ထိုအားနည်းချက်

ကြောင့် သခင်ဘုရားကို ငြင်းပယ်လျက် ကျရှုံးရသောအခွင့်ကို ပေတရုအား ပေးရန်သာဖြစ်

သည်။ သခင်ဘုရားသည် ပေတရုကိုချစ်လျက် ထိုအားနည်းချက်ကိုတွေ့မြင်စေလိုသောကြောင့်

အခြေအနေဖြစ်လာအောင် ခွင့်ပြုတော်မူခဲ့သည်။ အခန်းကြီး ၁၃ က ကျွန်ုပ်တို့ကို သတိရစေ

သည့်အတိုင်းပင် ကိုယ်တော်သည် အဖိုးအခမည်မျှပင်ပေးရပါစေ ပေတရုကို အပြည့်အဝသန့်ရှင်း

စင်ကြယ်စေမည်ဟု မေတ္တာတော်ဖြင့်ဆုံးဖြတ်တော်မူခဲ့သည်။

ပေတရုအသက်တာပြန်လည်တည်ဆောက်ခြင်းအတွက်သေချာမှု

သို့သော် ပေတရုသည် ပြန်လည်တည်ဆောက်တည့်မတ်စေခြင်းကိုခံရမည်ဖြစ်ကြောင်း

ခရစ်တော်အသေအချာသိတော်မူခဲ့သည်။ ကိုယ်တော်က ပေတရုအား မိန့်တော်မူခဲ့သည်။ ထိုအတ်ိုင်းလည်း

ပေတရုလုပ်ဆောင်ခဲ့သည်။ သူ၏ရဲစွမ်းသတ္တိများ ကုန်ဆုံးကုန်သောကြောင့် ယဇ်ပုရောဟိတ်

မင်း၏တရားခွင်နှင့်လက်ဝါးကပ်တိုင်ပေါ်၌ ဒုက္ခမရောက်ရေးအတွက် ခရစ်တော်ကိုငြင်းပယ်

ခဲ့သည်။ သို့သော် သူသည် ပြန်လည်တည်ဆောက်ခြင်းကိုခံရလျက် နှစ်ပေါင်းများစွာ ခရစ်တော်

အတွက် ထူးခြားစွာအသက်ရှင်ပြီး သခင်ဘုရားနည်းတူ မာတုရအာဇာနည်တစ်ဦးအဖြစ်

အသေခံလျက် အိမ်တော်သို့ဘုန်းတော်ဝင်စားခဲ့သည်။

ဤနေရာတွင် ကျွန်ုပ်တို့သတိထားမိရမည့်အချက်မှာ သခင်ဘုရားကြိုတင်မိန့်တော်မူထား

သည့်အတိုင်း ပေတရုသည် ‘ဒုက္ခဆင်းရဲခြင်းထဲ၌သခင်ဘုရားနှင့်အတူလိုက်ရန် ကျရှုံးခဲ့ခြင်းက

ပေတရုအား

သခင်ဘုရားမိန့်တော်မူထားသည့်အချက်များကို သတိရစေလျက် ရဲရင့်မှုနှင့်မျှော်လင့်ချက်တို့

ကို ရရှိစေခဲ့သည်ဆိုသည့်အချက်ဖြစ်သည်။ ပေတရု၏အသက်တာတစ်လျှောက် အတက်အကျ

များတွေ့ကြုံခံစားရသည့်အခါ သခင်ဘုရား၏မိန့်တော်မူချက်ကို သူအကြိမ်ကြိမ်သတိရလျက်

၄င်း၏အဓိပ္ပါယ်ကို အပြည့်အဝခံစားမိမည်ဖြစ်သည်။ သူသည် သခင်ဘုရားနှင့်အတူ ကိုယ်ခန္ဓာ

ပါလျက် ခမည်းတော်ဘုရားသခင်ထံတော် ကောင်းကင်နိုင်ငံသို့ တက်ြွကခွင့်မရသေးသော်

လည်း တစ်နေ့သောအခါ ထိုအခွင့်ကိုလည်းရရှိမည်သေချာသည်။ ထိုအခွင့်ကိုပေးတော်မူမည်

ဖြစ်ကြောင်း ခရစ်တော်ကတိပေးတော်မူခဲ့ပြီဖြစ်သည်။ ကိုယ်တော်၏ကတိတော်သည် မည်

သည့်အခါမျှ မပျက်ကွက်ခဲ့ပါ။ ထို့ပြင် ခမည်းတော်၏ဘုန်းတော်ထဲသို့ ဝင်စားရသည့်အခါ

ပေတရု၏သန့်ရှင်းစင်ကြယ်ခြင်းဖြစ်စဉ်သည် ခရစ်တော်၏မျက်မှောက်တော်တွင် ပြီးပြည့်စုံ

လျက် မည်သည့်အခါမျှ ယိမ်းယိုင်ပျက်စီးနိုင်တော့မည်မဟုတ်ပေ။ သခင်ဘုရားသည် ထိုအ

ကြောင်းကိုလည်း ပေတရုအား သွယ်ဝှိုက်သောအားဖြင့် သိရှိစေခဲ့သည်။ ပေတရုသည် ဤ

ကတိတော်၏သေချာမှုနှင့် ၄င်းကပေးသောရဲရင့်မှုတို့ဖြင့် မိမိ၏ကျရှုံးမှုကိုရင်ဆိုင်ကျော်လွှား

နိုင်ခဲ့ပြီး ပြန်လှည့်လာ၍ ကျန်ရှိသည့်အသက်တာတစ်လျှောက် ကိုယ်တော့်နောက်တော်သို့

လိုက်ခဲ့သည်။ ခရစ်တော်သည် မျက်နှာလိုက်သောအရှင်မဟုတ်သောကြောင့် ကိုယ်တော်ကို

ယုံကြည်စိတ်ချသောသူအားလုံးတို့သည် ဤကတိတော်ကို မိမိအတွက်စွဲကိုင်နိုင်ပါသည်။

(၁၁)အာမခံချက်ရှိသောပန်းတိုင်

အခြားတပည့်တော်များအနေဖြင့် ပေတရု၏ဆက်ကပ်

မှုသည် စိတ်ချစရာမဟုတ်လျှင် သူတို့၏ဆက်ကပ်မှုလည်း သူ့ထက်သာစရာအကြောင်းမရှိပေ။

သခင်ဘုရားသည် ရုပ်ခန္ဓာဖြင့် သူတို့အနီးတွင်ရှိနေစဉ်မှာပင် ကိုယ်တော်ဘေးဒုက္ခကြုံတွေ့

သည့်အခါ ပေတရုသစ္စာမစောင့်နိုင်လျှင် ကိုယ်တော်အဝေးသို့ရောက်သည့်အခါ ကိုယ်တော့်

အပေါ်သစ္စာစောင့်သိရန် သူတို့အတွက်အလွန်ခက်ပေလိမ့်မည်။ သူတို့၏ပျက်ကွက်မှုက သူတို့

၏ဆက်ကပ်သည့်နှလုံးသားကို အားနည်းသွားစေပြီး နောက်ဆုံးတွင် သူတို့ကို လုံးလုံးမဖြိုချဘဲ

နေမည်လော။ ဤသို့ဖြင့် အပြည့်အဝသန့်ရှင်းစင်ကြယ်မည်ဆိုသော မျှော်လင့်ချက်သည်

ဖျက်ဆီးမခံရဘဲနေမည်လော။ ဤအကြောင်းတရားများကြောင့် သူတို့စိတ်နှလုံးပူပန်နေမည်

သေချာသည်။ သခင်ဘုရားကိုငြင်းပယ်သည့်အပြစ်သည် ပေါ့ပေါ့တန်တန်အပြစ်မဟုတ်။ လူတို့

ရှေ့၌ ငါ့ကိုငြင်းပယ်သောသူကို ခမည်းတော်ဘုရားရှေ့မှာ ငါငြင်းပယ်မည်ဟု သခင်ဘုရားက

သူတို့ကိုသတိပေးပြီးသားဖြစ်သည် (မ၊ ၁၀း၃၃)။ ထို့ကြောင့် တစ်စုံတစ်ဦးက နောင်တမရဘဲ

မိမိကိုယ်ကို ယုံကြည်သူဟုဆိုကာ အသက်တာတစ်လျှောက် သခင်ယေရှုကိုငြင်းပယ်နေသည်

ဆိုလျှင် ထိုသူသည် အမှန်ပင်ယုံကြည်သူဖြစ်ခဲ့ခြင်းရှိမရှိ သံသယဖြစ်စရာဖြစ်ပေလိမ့်မည်။

ထိုအခြေအနေတွင် သူတို့စိတ်နှလုံးပူပန်ခြင်းမရှိဘဲနေနိုင်ရန် မည်သို့ ဖြစ်နိုင်မည်နည်း။

သို့သော် ခရစ်တော်သည် ပေတရုသူ့ကိုငြင်းပယ်လိမ့်မည်ဖြစ်ကြောင်း မိန့်တော်မူပြီး

(၁၃း၃၈) ချက်ချင်းပင် စိတ်နှလုံးပူပန်ခြင်းမရှိကြနှင့် ဟု မိန့်တော်မူပြန်သည် (၁၄း၁)။

ကိုယ်တော်ဤသို့မိန့်တော်မူရသည့်အကြောင်းတရားများရှိပါသည်။

ပထမမှာ ပေတရုသည် အားနည်းချက်ရှိသည်မှန်သော်လည်း ယုံကြည်သူအစစ်အမှန်ဖြစ်၍

ကိုယ်တော့်အပေါ်သူ၏ငြင်းပယ်မှုသည် ယာယီသာဖြစ်ကြောင်းနှင့် သူ၏ကျရှုံးမှုကို သူကျော်

လွှားနိုင်မည်ဖြစ်ကြောင်း ကိုယ်တော်သိတော်မူသည်။ ပေတရုသည်အစဉ်ရှုံးနိမ့်နေမည်မဟုတ်

ကြောင်း သူ့အတွက်ခရစ်တော်၏ဆုတောင်းချက်က အာမခံချက်ပေးထားသည် (လု ၂၂း၃၂)။

ပေတရုသည် မကြာမီ ကျရှုံးမှုတစ်ခုနှင့်ရင်ဆိုင်ရမည်ဆိုသည့် ခရစ်တော်၏ကြိုတင်မိန့်တော်မူ

ချက်ကို ပေတရုနှင့်အခြားသောတပည့်တော်များက မှန်သောရှုထောင့်နှင့်အတိုင်းအဆဖြင့်

နှလုံးသွင်းရန် လက်တွေ့အရရော စိတ်ပိုင်းဆိုင်ရာအရပါ အရေးကြီးသည်။ ကျရှုံးလိမ့်မည်ဆို

သည့်အချက် သေချာသကဲ့သို့ နလန်ထူ၍ပြန်ထလိမ့်မည်ဆိုသည့်အချက်လည်းသေချာပါသည်။

ဒုတိယမှာ သူ၏ကျရှုံးမှုသည် အလေးအနက်ထားရမည့်အရာမှန်သော်လည်း ထိုကျရှုံးထဲမှ

ကောင်းသောအရာနှစ်ခု- သုံးခုထွက်လာမည်ဖြစ်သည်။ ကိုယ်တော်ကိုချစ်သောသူတို့အဖို့

အမှားပြုမိခဲ့လျှင်ပင် သူတို့အမှားကိုနောင်တရကြပါက အဆုံးတွင် အားလုံးကိုကောင်းအောင်

ဘုရားသခင်ပြန်လုပ်ပေးမည်ဖြစ်သည်။ ထိုနည်းတူ

မိမိ၏ကိုယ်ပိုင်အစွမ်းသတ္တိအပေါ်

ယုံကြည်မိသော ပေတရု၏မှားယွင်းသောယုံကြည်မှုကို သူ၏ကျရှုံးမှုက ဖျက်ဆီးလိုက်မည်

ဖြစ်ပြီး မိမိ၏အားနည်းချက်ကို ညင်သာစွာနှင့်မှန်ကန်စွာနားလည်သိရှိသွားစေမည်ဖြစ်သည်။

နောက်တစ်ချက်မှာ သူအား ခရစ်တော်၏ယထာဘူတအမြင် (မနေူငျာ)ကို ယုံကြည်

လက်ခံစေမည်ဖြစ်သည်။ ပေတရုက မိမိ၏ဆက်ကပ်မှုကို အတိအလင်းစိတ်အားထက်သန်စွာ

ကြေညာလိုက်သည့်အတွက် ခရစ်တော်သည် ゞင်းနောက်ပါမသွားခဲ့ပါ။ ထိုနည်းတူ သူကျရှုံးမည်

ဖြစ်သည့်အတွက်လည်း ခရစ်တော်စိတ်ပျက်မသွားခဲ့ပါ။ အကြောင်းမှာ ကိုယ်တော်သည် ゞင်းကို

ကြိုတင်သိမြင်ပြီး သူ့ကိုချစ်နေဆဲဖြစ်သည်။

စတုတ္ထမှာ ပေတရုသည် သူမကျရှုံးမီကထက် ခရစ်တော်၏စကားကိုပိုမိုနားထောင်လျက်

ခရစ်တော်နှင့်ခမည်းတော်အပေါ် သူ၏ဆက်ကပ်ဆည်းဖူးမှုကို ထိန်းသိမ်းပေးလျက် ပြည့်စုံ

သည့် အထိကြီးထွားစေရန်အတွက် ခရစ်တော်၏ပံ့ပိုးမှုကိုလည်းလက်ခံရန် အဆင်သင့်ဖြစ် တော့မည်ဖြစ်သည်။

နောက်ဆုံးအချက်မှာ ပေတရုသည် ဤအချက်အားလုံးအားဖြင့် မိမိ၏မိတ်ဆွေ ယုံကြည်

သူများကို ခွန်အားပေးရန် အထူးတတ်စွမ်းနိုင်သောသူဖြစ်လာမည်ဖြစ်သည် (လု၊ ၂၂း၃၂)။

ခရစ်တော်၏အမိန့်တော်ကို ကျွန်ုပ်တို့လည်း

နားထောင်ရမည်ဖြစ်သည်။ အကြောင်းမှာ ယုံကြည်သူများသည် မိမိတို့၏ဆုံးရှုံးမှုနှင့်ပတ်သက်

၍ ပမာဏတူညီပြီး ပုံစံပြောင်းပြန်ဖြစ်သည့်အမှားနှစ်ခုကို ကျူးလွန်မိနိုင်ပါသည်။ တစ်ခုမှာ မိမိ၏

ကျရှုံးမှုကို ပေါ့ပေါ့တန်တန်သာသဘောထားပြီး နောင်တမရသည့်အမှားမျိုးဖြစ်သည်။ ထိုအခါ

သခင်ယေရှုက သူတို့ခြေကိုဆေးပေးလျက် သူတို့စွန်းထင်းသောအညစ်အကြေးကို စင်ကြယ်

စေရန် သူတို့လက်မခံကြ။ ထိုအမှားမျိုးသည် ကျူးလွန်သူကို အထပ်ထပ်ဆုံးရှုံးစေပြီး အသီး

မသီးနိုင်သည့်အဖြစ်သို့ ရောက်စေသည်။ သို့သော် အခြားအမှားတစ်ခုသည် ၄င်းနှင့်ဆန့်ကျင်

ဘက်ဖြစ်သည်။ လူတစ်ဦးသည် မိမိကိုယ်ကိုသာ၊ မိမိဆုံးရှုံးမှုထဲ၌သာ၊ မိမိ၏ချို့ငဲ့ခြင်း၊

အားနည်းခြင်း၌သာ လုံးလုံးနစ်မြုပ်မိသည့်အမှားမျိုးဖြစ်သည်။ ဆုံးရှုံးမှုကိုသာ စိတ်ထဲစွဲနေပြီး

စိတ်ဓါတ်ရေးရာတွင်အားနည်းလာသည့်အခါ စာတန်သည်အခွင့်ကောင်းယူသဖြင့် မျှော်လင့်

ချက် ပျက်သုဉ်းခြင်းနှင့်ဝမ်းမြောက်မှုကင်းမဲ့ခြင်းအဖြစ်ကို ရောက်ရှိလာက နောက်ထပ်ဆုံးရှုံးမှု

ထပ်ကြုံရတတ်သည်။ ဤသည်လည်း သန့်ရှင်းစင်ကြယ်ခြင်း မဟုတ်ပါ။ စစ်မှန်သော သန့်ရှင်း

ခြင်းသည် မိမိအပြစ်များကို နောင်တရ၍ဝန်ခံလျက် ဘုရားသခင်အာမခံထားသောခွင့်လွှတ်မှု

(၁ယော ၁း၉)အပေါ်ရပ်တည်စေပြီး “ငါ့အထဲမှာ ငါ့ဇာတိပကတိ၌ ကောင်းသောအရာ တစ်စုံတစ်ခုမျှ မတည်သည်ကို ငါသိ၏။ အကြောင်းမူကား၊ ငါသည် ကျင့်ချင်သော စိတ်ရှိသော်လည်း၊ ကောင်းစွာကျင့်တတ်သောအခွင့်ကို ရှာ၍မတွေ့နိုင်။ “(ရော ၇း၁၈) ဘုရားသခင်နှင့် သဘောတူရန် ဦးဆောင်သွားပေးသည်။

ထိုအခါ ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ကိုမကြည့်တော့ဘဲ ခရစ်တော်ကိုလည်းကောင်း၊ ကျွန်ုပ်တို့၏

အားနည်းချက်ကိုကျော်လွှားနိုင်ရန်နှင့် ကျွန်ုပ်တို့၏ဆက်ကပ်မှုကိုပြည့်ဝစေရန် ခရစ်တော်

လုပ်ဆောင်ပေးသောအရာများကိုလည်းကောင်း စေ့စေ့ကြည့်ကြမည်ဖြစ်သည်။

ထို့ကြောင့် ခရစ်တော်သည် ယခု ဘုရားဉာဏ်ပညာဖြင့် တပည့်တော်တို့၏ အာရုံကို

မိမိတို့၏ချို့တဲ့အားနည်းခြင်းထံမှ အဝေးသို့ပြောင်းပေးလျက် ပေတရု၏ဆုံးရှုံးမှုထံမှ သူတို့

ရှေ့၌ ရှိသော ဘုန်းထင်ရှားသည့်အနာဂါတ်ဆီသို့ရောက်စေတော်မူခဲ့သည်။

သူတို့ ကိုယ်တော်နှင့်အတူ အစဉ်အမြဲရှိနေခြင်းအတွက် ကိုယ်တော်၏ပံ့ပိုးမှု

စိတ်နှလုံးပူပန်ခြင်းမရှိကြနှင့် ဟု ကိုယ်တော်မိန့်တော်မူခဲ့ခြင်းမှာ တပည့်တော်များ

အပေါ် ကိုယ်တော်၏အာရုံစိုက်မှုသည် ယခုခေတ္တသာမဟုတ်ဘဲ သူတို့၏သန့်ရှင်းစင်ကြယ်ခြင်း

ပြီးပြည့်စုံသည့်အထိ ဘုရားသခင်၏အစီအစဉ်အားလုံးအတွက် ဖြစ်သည်။ သန့်ရှင်းစင်ကြယ်

ခြင်းသည် အပြစ်တရားနှင့်ဝမ်းနည်းကြေကွဲမှုတို့လွှမ်းမိုးနေသည့် ဤကမ္ဘာတွင် ခရစ်တော်၏

ကရုဏာတော်နှင့်ကယ်တင်ခြင်းအမှုတော်မြတ် လုပ်ဆောင်နေသောခရစ်တော်ကို နှစ်ကာလ

အနည်းငယ်သာနောက်လိုက်၍ အစေခံခြင်းကို မဆိုလိုပါ။ သန့်ရှင်းစင်ကြယ်ခြင်းမှာ သန့်ရှင်း

တော်မူသောဘုရားသခင်ရှေ့တော်တွင် မည်သည့်အဖုံးအကာမျှမလိုဘဲ ကောင်းကင်ဗိမာန်

တော်၌ ဘုရားသခင်ကို အပြစ်ကင်းစင်စွာဖြင့် အစေခံရန်အတွက် ကောင်းကင်သို့ ပြန်တက်

ကြွသွားတော်မူသော ခရစ်တော်၏နောက်တော်သို့ လိုက်ခြင်းဖြစ်သည်။

ထိုကောင်းကင်ဗိမာန်တော်အကြောင်းကို သူတို့အား ခရစ်တော်က ယခုစတင် ပြောပြနေ

ပြီဖြစ်သည်။ ဘုရားသခင်၏သားတော်အဖြစ် ကောင်းကင်မှကြွလာသော ကိုယ်တော်သည်

ကောင်းကင်အရာများနှင့်ပတ်သက်၍ ကိုယ်ပိုင်အတွေ့အကြုံရှိသော အရှင်ဖြစ်သည်။ သို့သော်

တပည့်တော်များသည် ကောင်းကင်နှင့်ပတ်သက်၍ မသိကြပေ။ သူတို့ကို ကိုယ်တော်ကို

အကြွင်းမဲ့ယုံကြည်လျက် ကိုယ်တော်ပြောပြသမျှတို့ကို အပြည့်အဝယုံကြည်ရန် ပြင်ဆင်မထား

ကြပါက ကောင်းကင်နှင့်ပတ်သက်သောအရာတို့ကို သူတို့သိနိုင်ကြမည်မဟုတ်ပေ။

ကိုယ်တော်သည် လူတို့အား ဟောပြောသွန်သင်သည့်အမှုတော်မြတ် အစမပြုမီ ငါ့အဘ၏

အိမ်တော်ဟူသောဝေါဟာရကို တစ်ခါသုံးခဲ့ဖူးသည်။ ဂျေရုဆလင်မှ ဗိမာန်တော်ကို ရည်ညွှန်း

၍ ထိုသို့မိန့်တော်မူခဲ့ခြင်းဖြစ်သည်။ မြေကြီးပေါ်ရှိအိမ်တော်လည်း သန့်ရှင်းခြင်းရှိ၍ ထို

အိမ်တော်၌အမှုတော်ထမ်းရသော ယဇ်ပုရောဟိတ်အကြီးအငယ်အားလုံးသည် သန့်ရှင်းခြင်း

ရှိကြသည်သာမက အများနှင့်မရောမနှော သီးသန့်သတ်မှတ်ထားသူများဖြစ်ကြသည်။ အိမ်

တော်၏သန့်ရှင်းမှုကို ညစ်စွန်းစေရန် မည်သည့်အရာကိုမျှခွင့်မပြုသင့်ပေ။ ထို့ကြောင့်

အရောင်းအဝယ်လုပ်နေသူအချို့တို့က မသန့်ရှင်းသောငွေကြေးလုပ်ငန်းများ ဗိမာန်တော်ဝင်း

အတွင်းလုပ်ဆောင်နေသည်ကို မြင်သောအခါ ထိုသူတို့ကို နှင်ထုတ်တော်မူလျက် ]]ဤဥစ္စာကို

ယူသွားကြ။ ငါ့အဘ၏အိမ်တော်ကို ပွဲတဲမလုပ်ကြနှင့်}} ဟု မိန့်တော်မူခဲ့သည် (၂း၁၆)။

ယခုတစ်ဖန် ဤဝေါဟာရကို ကိုယ်တော်ထပ်၍အသုံးပြုသည်ကိုတွေ့ရသည်။ သို့သော်

ဤတစ်ကြိမ်တွင် လောကမှဗိမာန်တော်ကိုဆိုလိုခြင်းမဟုတ်ဘဲ ကောင်းကင်ဘုံမှ “ယခုမှာ လူလက်ဖြင့်မလုပ်၊ ဤလောကဓာတ်နှင့် မစပ်ဆိုင်၊ သာ၍ကြီးမြတ်စုံလင်သော တဲတော်၌၊ နောက်မင်္ဂလာအကျိုးတို့၏ ယဇ်ပုရောဟိတ်မင်းဖြစ်သော ခရစ်တော်သည်၊”ကို

ဆိုလိုခြင်းဖြစ်သည်။ (ဟေဗြဲ၉း၁၁)။

အဖ၏ လောကဗိမာန်တော်တွင်လည်း မိမိတို့လုပ်ငန်းတာဝန် အသီးသီးထမ်းဆောင်နေ

ကြသော ယဇ်ပုရောဟိတ်များနှင့်လေဝိများအတွက် အခန်းများရှိသည်။ အမွှေးနံ့သာ ပြင်ဆင်

ရသူများနှင့် ယဇ်ပလ္လင်မှမီးရှို့ရန်အတွက် ထင်းများ စုသိမ်းရသူများလည်းပါသည်။ ဘုရား

သခင်၏ဗိမာန်တော်၌အမှုတော်ထမ်းရသောသူအားလုံးတွင် ဘုရားသခင်ကိုအစေခံလျက် ကိုး

ကွယ်ဝတ်ပြုနိုင်သည့်နေရာတစ်နေရာရာကိုရရှိကြသည်။ လောကဗိမာန်တော်ထက်များစွာကြီး

မြတ်သောကောင်းကင်ဗိမာန်တော်တွင်လည်း ကိုယ်တော်၏လူတို့အတွက် အခန်းများစွာရှိ၍

သူတို့သည် ခရစ်တော် ဒုတိယအကြိမ်ြွကလာတော်မူသောအခါ ထိုနေရာသို့ ဝင်စားကြလျက်

ဘုရားသခင်ကို အစဉ်မပြတ် ဝတ်ပြုလျက်ကိုးကွယ်ကြမည်ဖြစ်သည်။

နေစရာအရပ်ကိုပြင်ဆင်ခြင်း

ဟူသော ကိုယ်တော် မိန့်တော်မူချက်၏

ဆိုလိုရင်းအဓိပ္ပါယ်နှင့်ပတ်သက်၍ သဘောထားအမြင်များ မတူညီကြပေ။ မိမိလက်ဝါးကပ်

တိုင်ဆီသွားတော့မည့်အကြောင်းမိန့်တော်မူခြင်းဖြစ်သည်ဟု အချို့ကဆိုကြသည်။ ကိုယ်တော်

၏အသေခံခြင်းက သူတို့အပြစ်ဒဏ်အတွက် ပေးဆပ်ပေးခြင်းဖြင့် ဘုရားသခင်သည် မိမိ၏

ဖြောင့်မတ်ခြင်းကိုမထိခိုက်စေဘဲ သူတို့ကို ခွင့်လွှတ်၍ လက်ခံနိုင်မည်ဖြစ်သည် (ရော ၈း၂၄-

၂၆)။ ယေရှု၏အသွေးတော်သည်လည်း သူတို့၏အသိတရားကိုစင်ကြယ်စေသဖြင့် သူတို့သည်

အသက်ရှင်သောဘုရားသခင်ကို လွတ်လွတ်လပ်လပ်အစေခံဝတ်ပြုနိုင်ကြမည်ဖြစ်သည် (ဟေဗြဲ

၉း၁၄)။ မှန်ပါသည်။ ခရစ်တော်၏အသေခံခြင်းသည် မူလတပည့်တော်များကိုသာမက

ခရစ်တော်ကို ယုံကြည်သောသူအပေါင်းတို့အတွက် ထိုအတိုင်းစွမ်းဆောင်ပေးခဲ့ပြီဖြစ်သည်။

အခြားတစ်ဖက်တွင် ခရစ်တော်သည် ဤသို့သာဆိုလိုခဲ့သည်မှန်လျှင် ]]သင်တို့နေစရာ

အရပ်ကိုပြင်ဆင်ခြင်းငှာ ငါသွားရ၏}}ဟု မိန့်တော်မမူဘဲ ]]နေစရာအရပ်တစ်ခုအတွက်

သင်တို့ကိုပြင်ဆင်ခြင်းငှာ ငါသွားရ၏}}ဟုသာဆိုသင့်သည်ဟု ဆို၍ရပါသည်။ ခရစ်တော်သည်

ကောင်းကင်သို့ပြန်လည်တက်ြွကသွားလျက် ဘုန်းအာနုဘော်တော်၏ လက်ယာဘက်တွင် ထိုင်

နေတော်မူသည်မှာ နဂိုကမိမိရှိခဲ့သည့်နေရာသို့ပြန်ြွကသွားခြင်းသာဖြစ်သည် (ယော ၆း၆၂)။

ဘုရားသခင်၏သားတော်အနေဖြင့် မိမိ၏နေရာမှန်ကို ပြန်ယူလိုက်ခြင်းသာဖြစ်သည်။

“အို အဘ၊ ဤကမ္ဘာမတည်မရှိမီ အထံတော်၌ အကျွန်ုပ်ခံစားရသော ဘုန်းအသရေနှင့် ယခုတွင်လည်း အကျွန်ုပ်ကိုအထံတော်၌ ချီးမြှောက်တော်မူပါ၏။ “(ယော ၁၇း၅)။ သို့သော်

လူသားခရစ်တော် ကောင်းကင်သို့တက်ြွကတော်မူသောအခါ ကောင်းကင်၌ အပြောင်းအလဲ

တစ်ခုဖြစ်ခဲ့သည်။ ယခင်က ဘုန်းထွန်းတောက်သောလူ့ခန္ဓာဖြင့် ကောင်းကင်ဘုံ ဘုရားသခင်

ရှေ့တော်၌ မည်သူမျှမရှိခဲ့ဖူးပေ။ ဘုန်းအာနုဘော်တော်ထွန်းတောက်သော ထိုနေရာတွင်

ခရစ်တော်ရွေးနှုတ်ကယ်တင်ထားသောလူသန်းပေါင်းများစွာတို့ ကိုယ်ခန္ဓာမပါသော ဝိညာဉ်

ဖြင့်မဟုတ်ဘဲ လူသားစင်စစ်၏ဘုန်းထွန်းတောက်သောခန္ဓာဖြင့် ရောက်ရှိသွားကြသည့်အခါ

မည်သည့်အပြောင်းအလဲမျိုးဖြစ်သွားပေလိမ့်မည်နည်း။ ခရစ်တော်သည် သူတို့၏ရွေးနှုတ်ခံရ

သောလူသားဘဝနှင့်ကိုက်ညီသောနေရာကို ပြင်ဆင်ထားလျက် ထိုနေရာသို့ မိမိလူတို့ကို ကြိုဆို

လက်ခံရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ ထိုသူတို့ထဲတွင် တစ်ခါက သူ့ကိုငြင်းပယ်ခဲ့သော

ပေတရုလည်းပါသည်။

ခရစ်တော်ကြွလာတော်မူရခြင်း၏ရည်ရွယ်ချက်

ခရစ်တော်မိန့်တော်မူသောစကားသည် ထူးခြားနေသည်။ ငါသည် ပြန်လာ၍ ငိုေြွကး

ခြင်း၊ ဝမ်းနည်းခြင်း၊ နာကျင်ခြင်းနှင့် ကျိန်ခြင်းအမင်္ဂလာမရှိသော ကောင်းကင်သို့ သင်တို့ကို

ခေါ်ဆောင်သွားမည် ဟု ကိုယ်တော်မိန့်တော်မူ၍ရပါသည်။ ထိုသို့မိန့်တော်မူလျှင် မှန်လည်း

မှန်ပါသည်။ သို့သော် ကိုယ်တော်သည် ထိုသို့မိန့်တော်မမူဘဲ မိမိကိုယ်ကို ထူးခြားစွာဖော်ပြခဲ့

သည်ကို တွေ့ရသည်။ အကြောင်းမှာ မိမိ၏ဒုတိယအကြိမ်ြွကလာတော်မူခြင်းကို မိမိလူတို့၏

သန့်ရှင်းစင်ကြယ်ခြင်းကိုပြည့်စုံစေသည့်အမှုအရာအဖြစ် မှတ်ယူသောကြောင့်ဖြစ်သည်။ ၄င်းသည် ခမည်းတော်၏အိမ်တော်၌ ခရစ်တော်က ကျွန်ုပ်တို့အတွက် နေစရာအရပ်ပြင်ဆင်ပေးတော်မူခြင်း၏ ပထမနှင့်အဓိကရည်ရွယ်ချက်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် တစ်နေ့သောအခါ ကိုယ်တော်ရှိရာအရပ်သို့ ရောက်ကြမည်ဖြစ်ပြီး ကိုယ်တော့်

ထံမှ မည်သည့်အခါမျှ အဝေးရောက်သွားတော့မည်မဟုတ်ပေ။ ပေတရုသည်လည်း မည်သည့်

အားနည်းချက်ကြောင့်မျှ ကိုယ်တော်ကိုငြင်းပယ်တော့မည်မဟုတ်သကဲ့သို့ အခြားတပည့်တော်

များသည်လည်း ကိုယ်တော်ကို မည်သည့်အခါမျှ စွန့်ခွာသွားကြတော့မည်မဟုတ်။ ဗျာဒိတ်

ကျမ်း ၃း၁၂ တွင်ဖော်ပြထားသည့်အတိုင်း ]]ကျွန်ုပ်တို့သည် နောက်တစ်ဖန် အပြင်သို့ရွေ့ရ

တော့မည်မဟုတ်ပေ}}။ ကျွန်ုပ်တို့၏ကိုးကွယ်ဆည်းကပ်မှုသည် ပြီးပြည့်စုံသွားမည်ဖြစ်သည်။

ဒုတိယအကြိမ်ကြွလာတော်မူခြင်း၏နယ်ပယ်အတိုင်းအတာ

ခရစ်တော်၏မစတော်မူခြင်းနှင့်ကတိတော်တို့သည် စစ်မှန်သောယုံကြည်သူအားလုံး

အတွက်ဖြစ်သည်။ ခရစ်တော်ဒုတိယအကြိမ်ြွကလာတော်မူသောအခါ ဖြစ်ပျက်မည့် အကြောင်း

အရာနှင့်ပတ်သက်၍ တမန်တော်ရှင်ပေါလုက ဤသို့ပြောထားသည်

နက်နဲသော အရာတစ်ခုကို ငါပြဦးမည်။ ငါတို့ ရှိသမျှသည် အိပ်ပျော်ရကြမည်မဟုတ်။

သို့သော်လည်း၊ နောက်ဆုံးသော တံပိုးမှုတ်သောအခါ၊ တစ်ခဏခြင်းတွင် မျက်စိတမှိတ်၌ ငါတို့ရှိသမျှ သည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။ ထိုတံပိုးမှုတ်ချိန် ရောက်သောအခါ၊ သေလွန်သောသူတို့သည်၊ မပုပ်နိုင်သောအဖြစ်၌ တည်လျက် ထမြောက်၍၊ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်။

ယခုမျက်မှောက် ပုပ်တတ်သော အရာသည် မပုပ်နိုင်သောအဖြစ်သို့ ဝင်စားရမည်။ ယခုမျက်မှောက် သေတတ်သော အရာသည် မသေနိုင်သောအဖြစ်သို့ ဝင်စားရမည်။

ဤပုပ်တတ်သောအရာသည် မပုပ်နိုင်သော အဖြစ်သို့လည်းကောင်း၊ ဤသေတတ်သောအရာသည် မသေနိုင် သောအဖြစ်သို့လည်းကောင်း၊ ဝင်စားသောအခါ၊ သေခြင်းသည် အောင်ခြင်း၌နစ်မြုပ်ပြီဟု ကျမ်းစာ၌လာချက်ပြည့် စုံလိမ့်မည်။

(၁ကော ၁၅း၅၁-၅၄)။

တစ်ဖန် သက်သာလောနိတ်မြို့ရှိခရစ်ယာန်များထံ ဩဝါဒစာရေးသားခဲ့သည့်အခါလည်း

ရှင်ပေါလုက ဤသို့ပြောထားသည်

ယေရှုသည် သေပြီးမှ တစ်ဖန် ထမြောက်တော်မူသည်ကို ငါတို့သည် ယုံလျှင်၊ ထိုနည်းတူ ယေရှု၌ အိပ်ပျော်သောသူတို့ကိုလည်း၊ ထိုသခင်နှင့်အတူ ဘုရားသခင် ပို့ဆောင်တော်မူလိမ့်မည်။

သခင်ဘုရား၏ ဗျာဒိတ်တော်အားဖြင့် တစ်ဖန် ငါတို့ဆိုသည်ကား၊ သခင်ဘုရား ကြွလာတော်မူသောအခါ၊ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အိပ်ပျော်ပြီးသော သူတို့၏ အရင်အဦး နေရာကျရကြမည်မဟုတ်။

သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်း အသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော်ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံမှ ကိုယ်တိုင် ဆင်းသက်တော်မူ၍၊ ခရစ်တော်၌ သေလွန်သောသူတို့သည် အဦး ထမြောက်ကြလိမ့်မည်။

ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှာ၊ ထိုသူတို့နှင့်တကွ မိုးတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့်အတူ အစဉ်မပြတ် နေရကြလိမ့်မည်။ (၁ သက် ၄း၁၄-၁၇)။

ထာဝရယဇ်ပုရောဟိတ်ဖြစ်ခြင်း၏နယ်ပယ်အတိုင်းအတာ

သတိပြုမိစရာကောင်းသော အခြားအချက်တစ်ချက်မှာ ဘုရားသခင်၏လောက ဗိမာန်တော်

တွင် ဘုရားသခင်၏လူမျိုးတော်အားလုံး အမှုတော်ထမ်းဆောင်ကြရသည်မဟုတ်။ သီးခြား

သတ်မှတ်ထားသော လေဝိအမျိုးကသာ ယဇ်ပုရောဟိတ်ဖြစ်ခွင့်ရကြသည်။ ယဇ်ပုရောဟိတ်

အမျိုးဖြစ်သောသူတို့ကို သန့်ရှင်းသူများနှင့် သာမန်လူများ ဝင်ခွင့်မရသောဗိမာန်တော်၌ ဝင်

ရောက်အမှုထမ်းခွင့်ရသူများအဖြစ် သတ်မှတ်ခံရကြသည်။ သို့သော် ခရစ်တော်အားဖြင့် ထို

ကန့်သတ်ချက်များ၊ ထူးခြားမှုများအားလုံး ပယ်ဖျက်ခြင်းခံရကြသည်။ ယခုအခါ ဘုရားသခင်

၏လူအားလုံးသည် ယဇ်ပုရောဟိတ်များဖြစ်ကြသည်။ ယခု ဤလောက၌ပင် ထိုသို့ဖြစ်ကြ

ခြင်းဖြစ်သည်။ တမန်တော်ရှင် ပေတရုက ]]သင်တို့သည် … . . . အသက်ကျောက်များကဲ့သို့ အဆင့်ဆင့်အထပ်ထပ် တည်ဆောက်လျက်ရှိသဖြင့် ဓမ္မတိုက်ဖြစ်ကြ၏။ ယေရှုခရစ်အားဖြင့် ဘုရားသခင်နှစ်သက်တော်မူရာ ဓမ္မယဇ်ကိုပူဇော်ရသော သန့်ရှင်းသော ယဇ်ပုရောဟိတ်မျိုးလည်း ဖြစ်ကြ၏။ဟု ဆိုထားသည့်အတိုင်းပင်ဖြစ်သည် (၁ပေ ၂း၅)။ တမန်တော်ရှင် ယောဟန်သည် ရွေး

နှုတ်ခံရသူအားလုံးတို့နှင့်အတူ သစ္စာစောင့်သော သက်သေခံ ဖြစ်တော်မူထသော၊ သေသောသူတို့တွင် သားဦး ဖြစ်တော်မူထသော၊ လောကီဘုရင်တို့၏ အထွဋ်ဖြစ်တော်မူသော ယေရှုခရစ်အထံတော်ကလည်းကောင်း၊ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။ ငါတို့ကိုချစ်၍ မိမိအသွေးနှင့် ငါတို့အပြစ်များကို ဆေးကြော တော်မူ၍၊မိမိခမည်းတော်ဘုရားသခင့်ရှေ့၌ ငါတို့ကို ရှင်ဘုရင်အရာ၌လည်းကောင်း၊ ယဇ်ပုရောဟိတ်အရာ၌လည်းကောင်း ခန့်ထားတော်မူသောသူသည်၊ ကမ္ဘာအဆက်ဆက် ဘုန်းအသရေ၊ အစွမ်းသတ္တိရှိတော်မူစေသတည်း။ အာမင်။ ဟု ခရစ်တော်ကိုချီးမွမ်းသီဆိုကြသည် (ဗျာ ၁း၅-၆)။ ကောင်းကင်ဘုံသို့ရွေးနှုတ်ခံရသူအားလုံးရရှိသောကတိတော်မှာလည်း “ထိုကြောင့်၊ ဘုရားသခင်၏ ပလ္လင်တော်ရှေ့မှာ နေရာကိုရ၍၊ ဗိမာန်တော်၌ဘုရားဝတ်ကိုနေ့ညမပြတ် ပြုရကြ၏။ ပလ္လင်ပေါ်မှာ ထိုင်တော်မူသော သူသည် သူတို့တွင် ကျိန်းဝပ်တော်မူမည်။”

” နောက်တစ်ဖန် ကျိန်ခြင်းဘေး တစ်စုံတစ်ခုမျှမရှိ။ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသူငယ်၏ ပလ္လင်တော်ရှိ၍ ဘုရားသခင်၏ ကျွန်တို့သည် ဘုရားဝတ်ကို ပြုကြလိမ့်မည်။

မျက်နှာတော်ကိုမြင်ရ၍ သူတို့နဖူး၌လည်း နာမတော် ရေးထားလျက်ရှိလိမ့်မည်။”

(ဗျာ ၇း၁၅၊ ၂၂း၃-၄)။

ကောင်းကင်ဘုံရှိအဘ၏အိမ်တော်တွင် ကျွန်ုပ်တို့အတွက် နေရာပြင်ဆင်ပေးတော်မူခြင်း

၏ထူးခြားကြီးမြတ်မှုကို အပြည့်အစုံဖော်ပြနိုင်သည့်စကားလုံးမရှိနိုင်ပေ။ ゞင်း၏အကျိုးသက်

ရောက်မှုသည် ပြည့်စုံလျက် ထာဝရဖြစ်သည်။ ゞင်းသည် ကျွန်ုပ်တို့ကိုယ်တိုင်လုပ်ဆောင်နိုင်

သောအရာမဟုတ်ဘဲ ခရစ်တော်က ကျေးဇူးပြုတော်မူခြင်းအားဖြင့်ဖြစ်သည်။ ၄င်းကို ကျွန်ုပ်တို့

ဤလောကတွင်ရှိနေစဉ်မှာပင် သခင်ဘုရားက ကျွန်ုပ်တို့ကိုပြောပြထားသည်မှာ ကျွန်ုပ်တို့ သတိ

လက်လွတ်မနေဘဲ သန့်ရှင်းစင်ကြယ်သူဖြစ်ရန် ကျွန်ုပ်တို့၏ဆုံးဖြတ်ချက်ကို အားပေးမြှင့်တင်

ပေးရန်ဖြစ်သည်။ ကျွန်ုပ်တို့သည် အခက်အခဲပြဿနာများနှင့်စုံစမ်းသွေးဆောင်မှုများ၏ဝိုင်း

ရံခြင်းကိုခံရလျက် တစ်ချိန်ပြီးတစ်ချိန် လမ်းလွဲမိကြသော်လည်း နောက်ဆုံးပန်းတိုင်ကို အမှန်

ပင်ရောက်ရှိမည်ဖြစ်ကြောင်း သိစေရန်ဖြစ်သည်။ ကျွန်ုပ်တို့မည်သည့်အခါမျှ လက်မြှောက်အရှုံး

ပေးစရာမလို၊ စိတ်ဓါတ်ကျစရာမလိုပေ။ ကျွန်ုပ်တို့သည် တစ်နေ့သောအခါ ခရစ်တော်နှင့်တူရ

သောအခွင့်ရကြမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် တစ်နေ့သောအခါ အပြည့်အဝသန့်ရှင်းစင်

ကြယ်ကြမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ကိုယ်တော်နှင့်အတူ ထာဝရအတူ ရှိနေကြမည်ဖြစ်

သည်။ ဘုရားသခင်အပေါ်ကျွန်ုပ်တို့၏ကိုးကွယ်ဆည်းကပ်မှု အစဉ်အမြဲပြည့်ဝနေမည့်အချိန်

ရောက်လာမည်ဖြစ်သည်။

(၁၂)ခရစ်တော်-ခမည်းတော်ထံသို့ရောက်ရာလမ်း

“ငါသည် အဘယ်အရပ်သို့ သွားသည်ကိုလည်းကောင်း၊ လမ်းခရီးကိုလည်းကောင်း၊ သင်တို့သိကြ၏ဟု မိန့်တော်မူ၏။

သောမကလည်း၊ သခင်၊ ကိုယ်တော်သည် အဘယ်အရပ်သို့ သွားတော်မူသည်ကို အကျွန်ုပ်တို့ မသိသည်ဖြစ်၍၊ လမ်းခရီးကိုအဘယ်သို့ သိနိုင်ပါမည်နည်းဟု လျှောက်လျှင်၊

ယေရှုက၊ ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။

သင်တို့သည် ငါ့ကိုသိလျှင် ငါ့ခမည်းတော်ကို မသိဘဲမနေကြ။ ယခုမှစ၍ ခမည်းတော်ကိုသိမြင်ကြ၏ ဟု မိန့်တော်မူ၏။

ဖိလိပ္ပုကလည်း၊ သခင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အား ပြတော်မူပါ။ ထိုသို့ပြတော်မူလျှင် အကျွန်ုပ်တို့ အလိုပြည့်စုံပါမည်ဟု လျှောက်လျှင်၊

ယေရှုက၊ ဖိလိပ္ပု၊ ဤမျှကာလပတ်လုံး ငါသည်သင်တို့နှင့်အတူရှိပြီးမှ သင်သည် ငါ့ကို မသိသေးသလော။ ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏။ သို့ဖြစ်လျှင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အား ပြတော်မူပါဟု သင်သည်အဘယ်သို့ ဆိုသနည်း။

ငါသည် ခမည်းတော်၌ ရှိသည်ကိုလည်းကောင်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကိုလည်းကောင်း မယုံသလော။ ငါဟောပြောသောစကားကို ကိုယ်အလိုအလျောက် ငါဟောပြောသည်မဟုတ်။ ငါပြုသောအမှုတို့ကား၊ ငါ၌ တည်နေတော်မူသော ခမည်းတော်သည် ပြုတော်မူ၏။

ငါသည် ခမည်းတော်၌ ရှိသည်ကိုလည်းကောင်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကိုလည်းကောင်း ယုံကြလော။ ငါ့စကားကို မယုံလျှင်၊ ငါ့အမှုတို့ကိုထောက်၍ ယုံကြလော့။

ငါအမှန်အကန်ဆိုသည်ကား၊ ငါ့ကိုယုံကြည်သောသူသည် ငါပြုသသောအမှုတို့ကို ပြုလိမ့်မည်။ ထိုအမှုတို့ထက်သာ၍ ကြီးသောအမှုတို့ကိုလည်း ပြုလိမ့်မည်။ အကြောင်းမူကား၊ ငါသည် ခမည်းတော်ထံသို့ သွား၍၊

သင်တို့သည် ငါ၏နာမကိုအမှီပြုလျက် ဆုတောင်းသမျှအတိုင်း ငါပြုမည်။ အကြောင်းမူကာ၊ ခမည်းတော်သည် သားတော်အားဖြင့် ဘုန်းထင်ရှားတော်မူခြင်း ရှိမည်အကြောင်းတည်း။

သင်တို့သည် ငါ၏နာမကိုအမှီပြု၍ တစ်စုံတစ်ခုသောဆုကိုတောင်းလျှင်၊ တောင်းသည်အတိုင်း ငါပြုမည်။ “

(ယော ၁၄း၄-၁၄)

ဘုရားသခင်အပေါ် ကျွန်ုပ်တို့၏ကိုးကွယ်ဆည်းကပ်မှု ခိုင်ခန့်မြဲမြံစေရန်နှင့်ပြည့်စုံစေရန်

အတွက် ခရစ်တော်၏ကူညီပံ့ပိုးမှုမှာ ကျွန်ုပ်တို့တွေ့မြင်ခဲ့သည့်အတိုင်း အဘခမည်းတော်၏

အထက်အရပ်အိမ်တော်တွင် ကျွန်ုပ်တို့အတွက် နေရာပြင်ဆင်ပေးခြင်းပင်ဖြစ်သည်။ ၄င်းသည်

ဤလောကတွင် ခမည်းတော်ဘုရားသခင်နှင့် သားတော်ဘုရားသခင်တို့အား ကျွန်ုပ်တို့၏စိတ်

နှလုံးထဲ၌ ကိန်းဝပ်ခွင့်ပေးခြင်းနှင့်ဆိုင်သည်။ သခင်ဘုရားသည် ပထမပံ့ပိုးမှုအကြောင်းမိန့်

တော်မူပြီးသည်နှင့် ဒုတိယပံ့ပိုးမှုအကြောင်းမိန့်တော်မူရန် မည်ကဲ့သို့ကူးပြောင်းသွားသည်ကို

ကြည့်ကြပါစို့။

ကျွန်ုပ်တို့သည် သောမ၏မေးခွန်းကို ပါးနပ်မှုမရှိခြင်း၏လက္ခဏာတစ်ခုဟု သတ် မှတ်ကာ

ကျော်မသွားမီ ကျွန်ုပ်တို့ရော ကယ်တင်ရှင်သွားသည့်နေရာကို အမှန်ပင် သိမသိ မိမိကိုယ်ကို

ရိုးရိုးသားသားမေးကြည့်သင့်ပါသည်။ အဘ၏အိမ်တော်သို့သွားသောလမ်းခရီးသည် မည်သည့်

လမ်းခရီးဖြစ်သနည်း။ ကောင်းကင်နိုင်ငံသည် မည်သည့် နေရာတွင်ရှိ၍ မည်သည့်လမ်းဖြင့်

ရောက်နိုင်မည်နည်း။ မိုးကောင်းကင်သို့တက်သွားရုံဖြင့် ထိုနေရာသို့မရောက်နိုင်ကြောင်း

ကျွန်ုပ်တို့သေချာသိကြပါသည်။ အာကာသထဲသို့ အလင်းနှစ်များစွာခရီးနှင်နိုင်သည့် အာကာ

သယာဉ်မှူးပင် ထိုနေရာသို့ရောက်နိုင်မည်မဟုတ်ပေ။ သို့မဟုတ် ဤနေရာသည် စကြဝဠာနှင့်

ဆက်စပ်မှုမရှိသည့်နေရာဖြစ်နေပါသလား။ အဖြေကို ကျွန်ုပ်တို့မသိပါ။ ဘုရားသခင်က မပြော

ပြသေးပါ။ ကျွန်ုပ်တို့တွေးဆကြည့်နေလျှင်လည်း အချည်းနှီးသာဖြစ်မည်။ ထိုနည်းတူ

၄င်းသည် မည်သည့်အရပ်တွင်ရှိကြောင်းနှင့် မည်သည့်လမ်းဖြင့် မည်သို့သွား၍ ထိုနေရာသို့

ရောက်နိုင်ကြောင်းကို ဘုရားသခင်က ကျွန်ုပ်တို့အားရှင်းပြခဲ့လျှင်ပင် ကျွန်ုပ်တို့၏လက်

ရှိအခြေအနေတွင် ကျွန်ုပ်တို့နားလည်နိုင်ဦးမည်မဟုတ်ပေ။

ခမည်းတော်ထံရောက်ခြင်းနှင့် ခမည်းတော်၏အိမ်တော်ကိုရောက်ခြင်းတို့ ဘာကွာခြားသ

နည်းဟု မေးစရာရှိပါသည်။ ဟုတ်ပါသည်။ သဘောတရားအရရော လက်တွေ့အရပါ အလွန်

အရေးကြီးသည့် ကြီးမားသောကွာခြားချက်ရှိပါသည်။ ကမ္ဘာပေါ်တွင် ရှင်ဘုရင်များ၊ ဧကရာဇ်

မင်းများ တစ်ချိန်ချိန်က နေထိုင်ခဲ့သော ထူးခြားသည့်နေရာများကို ကျွန်ုပ်တို့လည်ပတ်

ကြည့်ရှုနိုင်ပါသည်။ ထိုနေရာတွင် ရှင်ဘုရင်များ၊ ဧကရာဇ်မင်းများ မရှိကြတော့သော်လည်း

သွားရောက်လည်ပတ်သူသည် ထိုနေရာမှ ဗိသုကာလက်ရာများ၊ အဖိုးတန်ရတနာများကို

ရင်သပ်ရှုမောကြည့်ရှုနိုင်ပါသည်။ သို့သော် ရှင်ဘုရင်ကိုယ်တိုင်၊ ဧကရာဇ်မင်းကိုယ်တိုင်နှင့်

တွေ့ဆုံခွင့်ရလျက် အတူတကွစားသောက်ရသောအတွေ့အကြုံနှင့်တော့ မတူနိုင်ပါ။ အခြား

ဥပမာတစ်ခုမှာ သင်သည် ဝေးလံသည့်မြို့တစ်မြို့သို့ခရီးသွားစဉ် ထိုမြို့ရှိသင့်သူငယ်ချင်းထံ

သွားရောက်လည်ပတ်မည်ဟု သင်ဆုံးဖြတ်ထားသည်ဆိုကြပါစို့။ သို့သော် သူ့အိမ်သို့သင်ရောက်

သောအခါ သူလည်း အဝေးသို့ခရီးထွက်နေလျှင် သင်သည် သင့်မိတ်ဆွေ၏အိမ်ကို လှည့်ပတ်

ကြည့်ရှုခွင့်ရမည်ဖြစ်သော်လည်း သင့်မိတ်ဆွေနှင့်လူချင်းတွေ့ရသလောက်ကျေနပ်မှုရမည်။

မဟုတ်ပေ။ ထိုနည်းတူ ခမည်းတော်ဘုရားသခင်၏အိမ်တော်ကိုရောက်နိုင်သည့်အခွင့်ရှိခဲ့လျှင်

ပင် ခမည်းတော်ဘုရားကိုယ်တိုင်နှင့်မိတ်သဟာရဖွဲ့ခွင့်မရလျှင် စိတ်မကောင်းစရာဖြစ်မည်

သာမက ထာဝရဆင်းရဲဒုက္ခဖြစ်ပေလိမ့်မည်။ ပြီးခဲ့သည့်သင်ခန်းစာများတွင် ကျွန်ုပ်တို့လေ့လာ

ပြီးသည့်အတိုင်း ဤလောကအသက်တာ၌ မသန့်ရှင်းမစင်ကြယ်ခြင်း၏အဓိကအချက်မှာ

လူတို့သည် ဖန်ဆင်းရှင်ကပေးသောလက်ဆောင်များကို ယူကြသော်လည်း ဖန်ဆင်းရှင်ကိုယ်

တိုင်ကို အချိန်အနည်းငယ်မျှမပေးကြခြင်းနှင့် ထိုအရှင်နှင့်မိတ်သဟာရဖွဲ့လိုစိတ်မရှိကြခြင်းပင်

ဖြစ်သည်။ ကျွန်ုပ်တို့သည် ကောင်းကင်ဘုံသို့ရောက်၍ ခမည်းတော်ဘုရားသခင်၏အိမ်တော်မှ

အံ့ဖွယ်ရာများ တွေ့ခွင့်ရှိပါလျက်နှင့် ခမည်းတော်ဘုရားကိုယ်တိုင်ကို အနည်းငယ်မျှစိတ်မဝင်

စားခဲ့လျှင် ဘေးဒုက္ခဆိုက်စေသောမသန့်ရှင်းမစင်ကြယ်မှုသည် ဆက်ရှိနေဦးမည်ဖြစ်သည်။

ထို့ကြောင့် ခရစ်တော်ပြန်ြွကလာတော်မူသောအခါ ကျွန်ုပ်တို့ကို အဘအိမ်တော်သို့ခေါ်သွား

ရန်သာ စိတ်ဝင်စားမည်မဟုတ်။ ゞင်းထက်များစွာပို၍အရေးကြီးသောအချက်မှာ သခင်ဘုရား

သည် ခမည်းတော်ဘုရားကိုယ်တော်တိုင်ဆီသို့ ကျွန်ုပ်တို့ကိုခေါ်ဆောင်သွားမည်ဖြစ်သည်။

ကျွန်ုပ်တို့၏သန့်ရှင်းစင်ကြယ်မှု ပြည့်စုံသွားသည့်အထိ ထိုသန့်ရှင်းစင်ကြယ်မှုကို ဆက်လက်

ထိန်းသိမ်းသွားရန် အရေးကြီးသည်။ ခမည်းတော်ဘုရားသခင်နှင့် မိတ်ဆက်ပေးရန်အတွက်

လည်း ကောင်းကင်ရောက်သည့်အထိစောင့်ရန် ခရစ်တော်မရည်ရွယ်ပါ။ ယခုဤဘဝ၌ပင်

ခမည်းတော်ကို ကျွန်ုပ်တို့နှင့်သိကျွမ်းစေရန် ကိုယ်တော်အကြံအစည် ရှိပါသည်။ ထို့ကြောင့်

ကျွန်ုပ်တို့သည် အထက်ကောင်းဘုံရှိ ခမည်းတော်ဘုရားသခင်အိမ်တော်သို့ရောက်၍

ခမည်းတော်ဘုရားသခင်နှင့် ထိုနေရာ၌မတွေ့မီမှာပင် ခမည်းတော်ဘုရားနှင့် သားတော်

ဘုရားသခင်တို့ကို ကျွန်ုပ်တို့၏စိတ်နှလုံးထဲ ကြိုဆိုလက်ခံလျက် မိတ်သဟာရဖွဲ့နိုင်ပါသည်။

နောက်အပိုဒ်များတွင် ကိုယ်တော်က ဤအချက်ကိုရှင်းပြထားကြောင်းတွေ့ရသည်။

ခရစ်တော်သည် ခမည်းတော်ထံရောက်နိုင်သည့်တစ်ခုတည်းသောလမ်းဖြစ်သည်။ ခရစ်

တော်သည် ခမည်းတော်ထံသို့ရောက်သည့် ပြည့်စုံလုံလောက်သောလမ်းဖြစ်သောကြောင့်

ကျွန်ုပ်တို့အတွက် အခြားလမ်းမလိုအပ်တော့ပေ။ ကိုယ်တော်သည် ထိုသို့သောအရှင်ဖြစ်တော်

မူခြင်းမှာ ကိုယ်တော်သည် ခမည်းတော်၏ပြည့်စုံလုံလောက်သောဖွင့်ပြ တော်မူချက်ဖြစ်သော

ကြောင့်ဖြစ်သည်။

ခမည်းတော်ကို ကိုယ်ထည်ဖြင့်မြင်ရရန် သို့မဟုတ် ရူပါရုံဖြင့်မြင်ရရန် ဖိလိပ္ပုစဉ်းစားမိခဲ့

ဟန်ရှိသည်။ ထိုသို့ သူတို့သည် ခမည်းတော်ကို တစ်စုံတစ်ခုသောနည်းဖြင့် မြင်ရပါက သူတို့၏

သံသယစိတ်များပျောက်ပျက်သွားမည်ဟု သူစဉ်းစားမိခဲ့ဟန်ရှိသည်။ ကျွန်ုပ်တို့လည်း တစ်ခါ

တစ်ရံ ထိုနည်းတူစဉ်းစားမိနိုင်ပါသည်။ အရာရာကို ယုံကြည်ခြင်းဖြင့်ဆုံးဖြတ်ရသည်ဖြစ်သော

ကြောင့် ဘုရားသခင်ကို မျက်စိဖြင့် တပ်အပ်မြင်လိုကြသည်ဖြစ်၍ ကျွန်ုပ်တို့လည်း သတ္တိရှိလျှင်

ဖိလိပ္ပုကဲ့သို့ တောင်းဆိုမိနိုင်ပါသည်။ တကယ်တမ်းတွင်လည်း အတွေးအခေါ်ပညာရှင်အချို့

နှင့် အသိဉာဏ်ထူးရသောပုဂ္ဂိုလ်အချို့က ကျွန်ုပ်တို့လည်း အမျိုးမျိုးသောအသိပညာနှင့် စိတ်

ပညာဆိုင်ရာနည်းစနစ်များဖြင့် မိမိတို့ကိုကိုယ် တင်းကျပ်စွာပြင်ဆင်လေ့ကျင့်ထားလျှင် ဘုရား

သခင်ကို ကိုယ်တိုင်တွေ့မြင်နိုင်သည်ဟု ရာစုနှစ်များစွာကတည်းက ပြောလာခဲ့ကြသည်။

ဥပမာအနေဖြင့် ယုံကြည်သူတစ်ဦးမဟုတ်သော ဂရိအတွေးအခေါ်ပညာရှင် ဏူသအငညကျ

ပလိုတိနာ့ဆ် (အေဒီ ၂၀၅ ၂၆၉/၇၀) က ဘုရားသခင် (သူ့အသုံးအနှုန်းနှင့်ဆိုလျှင်ထိုအရှင်) သည် လုံးဝမသိနိုင်သောအရှင်ဖြစ်သည်။ သို့သော် သင့်တော်သောÓဏ်ပညာနှင့်

စိတ်ပညာဆိုင်ရာနည်းစနစ်များအားဖြင့် ထိုအရှင်ကို တိုက်ရိုက်မြင်တွေ့နိုင်သည်ဟု မိမိတပည့်

များအားသွန်သင်ပေးခဲ့သည်။ ဟိန္ဒူယုံကြည်မှုအချိုု့ကလည်း ထိုနည်းတူဖော်ပြထားသည်ကို

တွေ့ရသည်။ ထို့ပြင် အကြောင်းမလှစွာဖြင့် ရာစုနှစ်များတစ်လျှောက် တစ်ချိန်ပြီးတစ်ချိန်

ခရစ်ယာန်တို့အကြားတွင်လည်း ဤအတွေးအခေါ်ဆိုင်ရာနိယာမတရားများနှင့် စိတ်ပညာ

ဆိုင်ရာနည်းစနစ်များ၏သွေးဆောင်မှုကိုခံရလျက် ဘုရားသခင်အကြောင်း ခရစ်တော်ပြသ

ပေးနိုင်သည့် အတိုင်းအတာထက်ကျော်၍ ဘုရားသခင်ကိုတိုက်ရိုက်တွေ့မြင်လျက် ဘုရား

သခင်နှင့် စိတ်ကူးယဉ်ဘဝင်ခိုက်သည့်စိတ်ခံမှုမျိုးရရှိရန် ကြိုးစားသူများရှိခဲ့ကြသည်။

စိတ်ဝင်စားစရာအလွန်ကောင်းသော်လည်း မှန်ကန်မှုမရှိသည့်ထိုပြောဆိုသွန်သင်ချက်

အားလုံးသည် ခရစ်တော် ၏မိန့်တော်မူချက်နှင့်ဆန့်ကျင်ဘက်ဖြစ်ကြသည်။ ကျွန်ုပ်တို့ ဘုရားသခင်ကိုစူးစမ်းသည့်နေရာ တွင် ခမည်းတော်ဘုရားသခင်အကြောင်း ခရစ်တော်ပြောပြတော်မူသောအရာ သို့မဟုတ် ပြောပြနိုင်သောအရာထက် ကျော်လွန်မသွားမိသင့်ပါ။ ကျော်လွန်သွားရန်လည်း ကြိုးစားဖို့ မလိုပါ။ အကြောင်းမှာ ဖိလိပ္ပုကို ကိုယ်တော်ပြန်ဖြေပုံကိုကြည့်ပါ – ထိုသားတော်သည် မျက်မြင်မရသော ဘုရားသခင်၏ ပုံသဏ္ဍာန်တော်ဖြစ်၏။ ဝေနေယျသတ္တဝါ အပေါင်းတို့တွင်လည်း သားဦးဖြစ်တော်မူ၏။ ခရစ်တော်သည် မမြင်ရသောဘုရားသခင်၏ ပုံသဏ္ဌာန်တော်ဖြစ်သည် (ကော ၁း၁၅)။ ကိုယ်တော်သည် ဘုရားသခင်၏ဘုန်းရောင်ခြည်နှင့်

ဇာတိအဖြစ်တော်၏ပုံသဏ္ဌာန် တော်ဖြစ်သည် (ဟေဗြဲ ၁း၃)။ မည်သူကမျှ ဘုရားသခင်ကိုမမြင်ဖူးပါ။ သို့သော် ခမည်းတော်၏ရင်ခွင်တော်၌ရှိသော သားတော်သည် ဘုရားသခင်ကိုထင်ရှားစေတော်မူသည် (ယော ၁း၁၈)။

ဖိလိပ္ပုအား ခရစ်တော်၏ပြန်လည်မိန့်တော်မူချက်ကြောင့် ဖိလိပ္ပု၏မျက်နှာတွင် မယုံနိုင်

ဖြစ်ရသည့် သို့မဟုတ် နားမလည်နိုင်ဖြစ်ရသည့်ပုံစံမျိုးပေါ်နေမည်ဖြစ်သည်။

ထိုအချိန်သည် ထိုညနေ၏အံ့ဩဖွယ်အခါသမယဖြစ်ပေလိမ့်မည်။ သောမနှင့်ဖိလိပ္ပုတို့

သည် ကောင်းကင်ပေါ်စီးမျှောရင်း ဘုရားသခင်အကြောင်းကိုစဉ်းစားနေခဲ့ကြသော်လည်း

ခမည်းတော်ဘုရားသခင်သည် ယေရှုထဲ၌ သူ့တို့ရှေ့တွင်ပင် ရှိတော်မူသည်ကို သူတို့သိရှိသွားခဲ့

ကြသည်။ ထိုညနေတစ်လျှောက်လုံး ယေရှု၏စကားကို အံ့ဩမှုများစွာဖြင့် နားထောင်ခဲ့ကြ

သည်။ အမှန်မှာ သူတို့နားထောင်နေသောစကားများသည် ခမည်းတော်ဘုရားသခင်၏ စကား

များလည်းဖြစ်နေသည်။ သူတို့သည် နားထောင်နေရင်း ယေရှု၏မျက်နှာတော်တွင် ပေါ်လွင်

နေသည့် ချစ်ခြင်းမေတ္တာ၊ အားပေးမှုနှင့် ဝမ်းနည်းကြေကွဲမှုတို့ကို သူတို့တွေ့မြင်ကြရသည်။

သို့သော် သူတို့မြင်နေရသောအရာသည် ယေရှုခရစ်တော်၏မျက်နှာတော်တွင် ထင်ရှားနေ

သော ဘုရားသခင်၏ဘုန်းတော်ကိုသိကျွမ်းခြင်းအလင်းရောင်ပင်ဖြစ်သည်။ ယောဟန်သည်

ယေရှု၏ရင်ခွင်တော်၌လျောင်းလျက် သူကြားနေရသည့် နှလုံးခုန်သံတိုင်းတွင် တဒုတ်ဒုတ်

မြည်နေသောမေတ္တာတော်သည် ဘုရားသခင်၏မေတ္တာတော်ပင်ဖြစ်ကြောင်း သိခဲ့ရသည်။

ထိုသို့ဆိုလျှင် မကြာမီက သူတို့ခြေရင်းတွင် ဒူးထောက်လျက် သူတို့ခြေကိုဆေးပေးခဲ့သူသည်

စစ်မှန်သောဘုရားသခင်ပင်ဖြစ်နေပါသလား။ ဘုရားသခင်သည် ထိုသို့သောဘုရားဖြစ်ပါ

သလား။ ဟုတ်ပါသည်။

ဘုရားသခင်ဘာနှင့်တူသနည်းဆိုသည့်မေးခွန်း၏အဖြေဖြစ်သည်။သေချာသည်မှာ ပတ်မုကျွန်း တွင် ရှင်ယောဟန်က မိမိအားဗျာဒိတ်ပေးတော်မူသောခရစ်တော်ကို ဘုန်းတော်ထင်ရှားသော

အသွင်ဖြင့်တွေ့မြင်ရသကဲ့သို့ (ဗျာဒိတ်ကျမ်းကို ကြည့်ပါ) တမန်တော်များသည် ထိုအထက်ခန်း

တွင် ဘုရားသခင်နှင့်ခရစ်တော်တို့၏အပြင်ပန်းဘုန်းထင်ရှားခြင်းကို တွေ့မြင်ခဲ့ကြမည်

မဟုတ်ပေ။ သို့သော် ခမည်းတော်ဘုရားသခင်၏နှလုံးသား၊ စိတ်ဓါတ်၊ အကျင့်စရိုက်နှင့် သဘောထားတို့ကို သူတို့တွေ့မြင်ခဲ့ကြရသည်။ ခရစ်တော်က ခမည်းတော်ကို သူတို့ရှေ့တွင်

ထင်ရှားစေခဲ့သည်။ ကောင်းကင်ဘုံရောက်၍ ထာဝရဘုန်းတော်နှင့်ထွန်းတောက်သောခမည်း

တော်ဘုရားသခင်ကိုတွေ့မြင်ရသည့်အခါလည်း ဘုရားသခင်၏စိတ်နှလုံးသည် ယေရှုအားဖြင့်

သူတို့တွေ့မြင်ရသောဘုရားသခင်၏စိတ်နှလုံးနှင့် အတူတူပင်ဖြစ်ကြောင်း သူတို့တွေ့ မြင်ရ

မည်ဖြစ်သည်။ ဘုရားသခင်အား သားတော်ယေရှုခရစ်အတွက် ကျေးဇူးတင်ပါ။ နားလည်၍

မကုန်နိုင်သောကြီးမြတ်၍ သိမြင်ရရန်မဖြစ်နိုင်သောဘုရားသခင်ကို မိမိတို့၏ အတွေးအခေါ်

များ၊ စိတ်ပညာဆိုင်ရာနည်းစနစ်များဖြင့် အမှန်မြင်တွေ့နိုင်ပါသည်ဟု မှားယွင်းသောမျှော်လင့်

ချက်ကိုစွဲကိုင်နေကြသည့် အတွေးအခေါ်ပညာရှင်များနှင့် စိတ်တန်ခိုးကိုအခြေခံသူများထက်

ယေရှုခရစ်တော်သည် အတိုင်းအဆမဲ့ ပိုမိုကြီးမြတ်တော်မူပါသည်။

ကျွန်ုပ်တို့အတွက်စံနမူနာ – ခရစ်တော်

“ငါအမှန်အကန်ဆိုသည်ကား၊ ငါ့ကိုယုံကြည်သောသူသည် ငါပြုသသောအမှုတို့ကို ပြုလိမ့်မည်။ ထိုအမှုတို့ထက်သာ၍ ကြီးသောအမှုတို့ကိုလည်း ပြုလိမ့်မည်။ အကြောင်းမူကား၊ ငါသည် ခမည်းတော်ထံသို့ သွား၍၊

သင်တို့သည် ငါ၏နာမကိုအမှီပြုလျက် ဆုတောင်းသမျှအတိုင်း ငါပြုမည်။ အကြောင်းမူကာ၊ ခမည်းတော်သည် သားတော်အားဖြင့် ဘုန်းထင်ရှားတော်မူခြင်း ရှိမည်အကြောင်းတည်း။

သင်တို့သည် ငါ၏နာမကိုအမှီပြု၍ တစ်စုံတစ်ခုသောဆုကိုတောင်းလျှင်၊ တောင်းသည်အတိုင်း ငါပြုမည်။ ” (ယော ၁၄း၁၂-၁၄)

ခရစ်တော်သည် ကျွန်ုပ်တို့အတွက် ခမည်းတော်ထံသို့ရောက်သည့်လမ်းခရီးဖြစ်ခြင်းတွင်

အခြားအဓိပ္ပါယ်တစ်ခုရှိသေးသည်။ ကိုယ်တော်သည် မိမိ၌တည်တော်မူသောခမည်းတော်က

ပြုသောအမှုနှင့်မိန့်တော်မူသောအရာတို့ကို ပြုခြင်းနှင့်မိန့်တော်ခြင်းအားဖြင့် ကျွန်ုပ်တို့ကို

ခမည်းတော်နှင့်သိစေတော်မူသည်သာမက ဤနေရာတွင် တမန်တော်တို့အား ရှင်းပြတော်မူ

သည့်အတိုင်းပင် ကျွန်ုပ်တို့အတွက် စံနမူနာလည်းဖြစ်တော်မူသည်။

ဤအချက်ကို ကောင်းစွာနားလည်ရန်အတွက် စံနမူနာဖြစ်ခြင်းကို ထပ်၍ကြည့်ကြပါစို့။

ခရစ်တော်က သူသည် စက် တစ်လုံး သို့မဟုတ် ကွန်ပျူတာတစ်လုံးကဲ့သို့ ကိုယ်ပိုင်စိတ်မရှိဘဲ ခမည်းတော်ဖော်ပြစေသည့် အရာများကိုသာဖော်ပြနေရသူဖြစ်သည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ ゞင်းတို့သည် ခမည်းတော်၏စကား၊ ခမည်းတော်၏အလုပ်ဖြစ်ကြသည်မှန်ပါသည်။ ၄င်းတို့၏အရင်းအမြစ်သည် ခမည်း တော်၏ အစပြုခြင်းနှင့်တန်ခိုးတော်ဖြစ်ပါသည်။ သို့သော် ၄င်းတို့သည် ခရစ်တော်ကိုယ်တိုင်က မိမိအသိစိတ်ဖြင့် သိရှိလျက် မိမိနှုတ်ဖြင့်ကိုယ်တိုင်ဟောပြောသောစကားများ၊ မိမိလက်ဖြင့်

ကိုယ်တိုင်လုပ်ဆောင်သောအရာများ ဖြစ်ကြပါသည်။

ထိုနည်းတူ ခရစ်တော်က မိန့်တော်မူရာတွင်လည်း ယုံကြည်သောသူသည် ခရစ်တော်

အတွက် အသုံးပြုခံရသောစက်တစ်လုံးကဲ့သို့မဟုတ်ဘဲ ကိုယ်တိုင်က အလုပ်များလုပ်ရမည်ကို

ဆိုလိုခြင်းဖြစ်သည်။ တစ်ချိန်တည်းမှာပင် ခရစ်တော်သည် ထိုယုံကြည်သူအားဖြင့် ထိုအလုပ်

များကို လုပ်ဆောင်နေမည်ဖြစ်သည်။ နှစ်ကြိမ်ကျော့၍ မိန့်တော်မူသော ဤအတည်ပြု

မိန့်တော်မူချက်ကိုနားထောင်ကြည့်ပါ။ တစ်နည်းပြောရလျှင် ဤရည်ရွယ်ချက်များ

အတွက် ယုံကြည်သူနှင့် ခရစ်တော်တို့၏ဆက်စပ်မှုကို ခရစ်တော်နှင့်ခမည်းတော်တို့၏ ဆက်စပ်

မှုက စံနမူနာပြထားသည်ကိုတွေ့ရသည်။

သို့သော် ခရစ်တော်သည် မယုံနိုင်ဖွယ်ဖြစ်သည့်အချက်ကို ထပ်၍မိန့်တော်မူခဲ့သည်

မည်သည့်ပုံစံဖြင့် သာ၍ကြီးသောအမှုဖြစ်မည်နည်း။ ကိုယ်တော်သည်

သေသောသူကိုပင် ထမြောက်စေသည်။ ゞင်းထက်သာ၍ကြီးသောအမှု ဘာရှိဦးမည်နည်း။

၄င်းသည် မည်ကဲ့သို့ဖြစ်နိုင်မည်ကို နားလည်ရန်အတွက် ခရစ်တော်ပေးသော အကြောင်း

ရင်းကို သေချာလေ့လာရမည်ဖြစ်သည် ။ ခရစ်တော်သည် ဤလောကတွင်ရှိစဉ်

ရှေ့ပိုင်းတွင် ကျွန်ုပ်တို့သိထားသည့်အတိုင်းပင် အချိန်တစ်ချိန်တွင် နေရာတစ်နေရာ၌သာ

ရှိတော်မူသည်။ အဝေးမှာရှိသောသူတို့ တန်ခိုးတော်အားဖြင့် ကျန်းမာစေတော်မူခဲ့သည် မှန်

သော်လည်း (ယော ၄း၄၆-၅၃၊ လု ၇း၂-၁၀ ကိုကြည့်ပါ) တစ်ချိန်တည်း၌ နေရာနှစ်နေရာတွင်

ရှိလျက် ဟောပြောသွန်သင်တော်မူသည့်မှတ်တမ်းမတွေ့ရပေ။ သို့သော် ခမည်းတော်ထံပြန်ြွက

သွားတော်မူသည့်နောက်ပိုင်း ထိုအကန့်အသတ်မျိုးမရှိတော့ပေ။ အကြောင်းမှာ ယခုအခါ

ကမ္ဘာတစ်ဝန်းမှ ထောင်ပေါင်းများစွာသော ယုံကြည်သူများသည် ခမည်းတော်ဘုရားထံသို့

ခရစ်တော်၏နာမအားဖြင့် တစ်ပြိုင်တည်းဆုတောင်းနိုင်၍ ခရစ်တော်သည် ထိုယုံကြည်သူများ

အားဖြင့် တစ်ပြိုင်တည်းအမှုပြုတော်မူလျက် သူတို့၏ဆုတောင်းချက်များကို အဖြေပေးနိုင်

သည်။ ထိုအမှုတို့သည် ခရစ်တော်လောကပေါ်ရှိစဉ်ကပြုခဲ့သည့်အမှုများထက် အရေအတွက်

အားဖြင့် ပိုမိုကြီးမားမည်ဖြစ်သည်။

ထို့ပြင် ၄င်းတို့သည် အရည်အသွေးအားဖြင့်လည်း ပိုမိုကြီးမားကြပါသည်။ လာဇရုကို

ထမြောက်စေသကဲ့သို့ (ယော၊ ၁၁) သေသောသူကိုထမြောက်စေလျက် (နောက်ပိုင်း

ပြန်သေသွားခဲ့လျှင်ပင်) ခန္ဓာအသက်ကိုခေတ္တပြန်လည်ပေးအပ်ခြင်းသည် ကြီးမားသည့်အမှု

တစ်ခုဖြစ်သည်။ သို့သော် လူတစ်ဦးအား သန့်ရှင်းသောဝိညာဉ်တော်ကို ရရှိစေလျက်

ခရစ်တော်၏ကိုယ်ခန္ဓာတည်းဟူသောအသင်းတော်တွင် ထိုဝိညာဉ်တော်အားဖြင့် ပါဝင်ခွင့်ရရှိ

စေခြင်းသည် သာ၍ကြီးမြတ်သောအမှုဖြစ်သည် (၁ ကော၊ ၁၂း၃)။ ယခု လောကမြေ

ပေါ်ရှိတော်မူစဉ် သန့်ရှင်းသောဝိညာဉ်တော်လက်ဆောင်အကြောင်းကို မိန့်တော်မူသော်လည်း

ထိုလက်ဆောင်သည် ကိုယ်တော်တက်ြွကသွားပြီး ကိုယ်တော်၏လူတို့ သန့်ရှင်းသောဝိညာဉ်

တော်၌ ဗိတ္တိဇံခံသည့် ပင်တေကုတ္တေပွဲနေ့မတိုင်မီအထိ ပေးတော်မမူသေးကြောင်း

သမ္မာကျမ်းစာကရှင်းရှင်းလင်းလင်းဖော်ပြထားသည်။ ထို့ကြောင့် ယေရှုက ယာယီတဲစုပွဲတော်

ဖြစ်သည့် သကေနေပွဲတွင် လူတို့အား မိန့်တော်မူခဲ့သည်။ ခရစ်ဝင်ကျမ်းရေးသူက

ရှင်းပြထားသည် (ယော ၇း၃၈-၃၉၊ တ ၁း၄-၅၊ ၂း၂-၃ ကိုလည်း ကြည့်ပါ)။

ထိုအချိန်တွင် မည်သူကမျှ၊ မည်သည့်ခရစ်ယာန်တရားဟောဆရာကမျှ၊ မည်သည့်

တမန်တော်ကမျှ သန့်ရှင်းသောဝိညာဉ်တော်ကို မည်သူ့အားမျှ မပေးနိုင်ခဲ့ချေ။ သို့သော်

ပင်တေကုတ္တေပွဲနေ့နောက်ပိုင်းတွင် သခင်ဘုရားသည် မိမိအစေခံများမှတစ်ဆင့်ဟောပြော

တော်မူ၍ ရလဒ်အဖြစ် ယုံကြည်သောသူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို လက်ဆောင်

အဖြစ်ရရှိခဲ့ကြသည်။ ဥပမာတစ်ခုအနေဖြင့် ပေတရုက ရောမစစ်မှူးတစ်ဦးနှင့်သူ့မိတ်ဆွေ

များထံ ကယ်တင်ခြင်းတရားစကားဟောပြောရန် စေလွှတ်ခံရစဉ် ဖြစ်ပျက်ခဲ့သည့် အဖြစ်

အပျက်ကို ဤသို့ပြန်ပြောပြခဲ့သည် -ထိုပေတရုသည် သင်မှစ၍ သင်၏ အိမ်၌ ရှိသမျှသော သူတို့ကို ကယ်တင်တော်မူခြင်းတရားစကားကို သင့်အားဟောပြောလိမ့်မည်ဟု မြွက်ဆိုခဲ့သော အကြောင်းအရာကို ထိုသူသည် ငါတို့အားပြန်ကြားလေ၏။

ငါသည်ဟောပြောစပြုစဉ်၊ သန့်ရှင်းသောဝိညာဉ်တော်သည် ရှေ့ဦးစွာ ငါတို့အပေါ်သို့ သက်ရောက်တော်မူသည်နည်းတူ၊ ထိုသူတို့ အပေါ်သို့လည်း သက်ရောက်တော်မူ၏။ ယောဟန်သည် ရေ၌ဗတ္တိဇံကိုပေး၏။ သင်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၌ ဗတ္တိဇံကို ခံရကြလိမ့်မည်ဟု သခင်ဘုရား မိန့်တော်မူသော စကားကို ထိုအခါ ငါအောက်မေ့၏။ (တ ၁၁း၁၄-၁၆)။ ယေရှုလောကတွင် တရားတော်များဟောပြော တော်မူစဉ် ထိုကဲ့သို့သော အဖြစ်အပျက်ဖြစ်ပျက်ခဲ့သည်ဟု မှတ်တမ်းတင်ထားခြင်းမတွေ့ရပေ။

ဤအမှုသည် ရှင်ပြန်ထမြောက်တော်မူ၍ ကောင်းကင်သို့ပြန်လည်တက်ြွကတော်မူသော သခင်

ဘုရားက ပင်တေကုတ္တေပွဲမှစတင်လျက် မိမိလူတို့မှတစ်ဆင့်ပြုတော်မူသောပို၍ ကြီးမားသော

အမှုပင်ဖြစ်သည်။

ကိုယ်တော်၏နာမဖြင့် ခမည်းတော်ကိုဖြစ်စေ၊ ကိုယ်တော်ကိုယ်တိုင်ကိုဖြစ်စေ တောင်း

လျှောက်ပါက တောင်းသည့်အတိုင်းရမည်ဆိုသည့်ခရစ်တော်၏ကတိကို ဤနောက်ခံအခြေ

အနေအတွင်းတွင် ဖတ်ရှုကျင့်သုံးရန်ဖြစ်သည်။ ဤကတိတော်က ကျွန်ုပ်တို့သည် မိမိတို့လိုချင်

သောအရာရှိသမျှကိုရကြလိမ့်မည်ဟု အာမခံချက်မပေးပါ။ ကျွန်ုပ်တို့၏တောင်းလျှောက်

ခြင်းသည် ]]ကိုယ်တော်၏နာမတော်အားဖြင့်}} ဖြစ်ရပါမည်။ ဆိုလိုသည်မှာ ゞင်းသည်

ကိုယ်တော်၏စရိုက်လက္ခဏာ၊ ရည်ရွယ်ချက်၊ ကိုယ်တော်၏စိတ်ဝင်စားမှုတို့နှင့်ကိုက်ညီမှု

ရှိရမည်ဖြစ်သည်။ ကျွန်ုပ်တို့တောင်းဆိုသောအရာကို ခရစ်တော်ပြုသည့်အခါတိုင်း ၄င်း၏

ရည်ရွယ်ချက်သည် အခြားအကြောင်းတရားအတွက် ကိုယ်တော်ဘာမျှပြုမည်

မဟုတ်ပေ။

ဤအကန့်အသတ်များသည် ဤနေရာ၌ ခရစ်တော်က ကျွန်ုပ်တို့ကိုသင်ကြားပေးသော

အရာကို မစူးစမ်းမိစေရန် တားဆီးခြင်းမဟုတ်ပါ။ ခမည်းတော်နှင့်သားတော်တို့က အားနည်း

ခြင်းများနှင့်ပြည့်၍ ထိလွယ်ခိုက်လွယ်ဖြစ်သောကျွန်ုပ်တို့ကို သန့်ရှင်းစေလျက် ကျွန်ုပ်တို့၏

ပူးပေါင်းလုပ်ဆောင်ခြင်းကိုအသုံးပြုလျက်ထင်ရှားစေသည့် ပြောမပြတတ်အောင်ဖြစ်သော

ဘုန်းတော်အကြောင်းကို စဉ်းစားခြင်းသာဖြစ်ပါသည်။ နောက်ပိုင်းတွင် တမန်တော်

ရှင်ပေါလုက “ငါတို့သည် ကိုယ်အကြောင်းကို ဟောပြောကြသည်မဟုတ်။ ယေရှုခရစ်သည် သခင်ဖြစ်တော်မူကြောင်း ကိုလည်းကောင်း၊ ငါတို့သည် ယေရှုအတွက် သင်တို့၏ကျွန် ဖြစ်ကြောင်းကိုလည်းကောင်း ဟောပြောကြ၏။

မှောင်မိုက်ထဲက အလင်းထွန်းလင်းမည်အကြောင်း မိန့်တော်မူသောဘုရားသခင်သည်၊ ယေရှုခရစ်၏ မျက်နှာ၌ထွန်းလင်းသော ဘုရားသခင်၏ ဘုန်းတော်ကိုသိသော ဉာဏ်၏အရောင်ကို ပေးလိုသောငှာ၊ ငါတို့စိတ်နှလုံးထဲ၌ အလင်းကို ထွန်းလင်းစေတော်မူ၏။

သို့သော်လည်း တန်ခိုးတော်၏ ဂုဏ်သရေသည် ငါတို့နှင့်မဆိုင်၊ ဘုရားသခင်နှင့် ဆိုင်မည်အကြောင်း၊ ထိုဘဏ္ဍာသည်မြေအိုးထဲမှာ ထည့်ထားလျက် ငါတို့၌ရှိ၏။” ဟု ဖော်ပြသည့်အတိုင်းပင်ဖြစ်ပါ

သည် (၂‌ ကော ၄း၅-၇)။

(၁၃)ခရစ်တော်ခမည်းတော်အကြောင်းသမ္မာတရား

“ ယေရှုက၊ ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။

ငါ့ကိုချစ်လျှင် ငါ့ပညတ်တို့ကို စောင့်ရှောက်ကြလော့။ ငါသည် ခမည်းတော်ကိုတောင်း၍၊

ခမည်းတော်သည် သမ္မာတရားကိုပြသော ဝိညာဉ်တော်တည်းဟူသော တစ်ပါးသောဥပဇ္ဈယ်ဆရာကို သင်တို့နှင့်အတူ အစဉ်မပြတ်တည်နေစေခြင်းငှာ သင်တို့အားပေးတော်မူမည်။

ထိုဝိညာဉ်တော်ကို လောကီသားတို့သည် မသိမမြင်သောကြောင့် မခံမယူနိုင်ကြ။ ထိုဝိညာဉ်တော်သည် သင်တို့နှင့်အတူတည်နေ၍၊ သင်တို့၌ ရှိတော်မူသောကြောင့် သင်တို့သိရကြ၏။”

(ယော ၁၄း၆၊ ၁၅-၁၇)။

စစ်မှန်၍ထိရောက်မှုရှိသော သင်ယူမှုအားလုံးသည် ဖော်ပြခြင်း၊ နားလည်သဘောပေါက်

ခြင်းနှင့် အကြိမ်ကြိမ်ပြန်ကျော့ခြင်းတို့ဖြင့် ရှေ့ဆက်သွားကြသည်။ ခရစ်တော်၏ကျောင်းတော်

၌ ပညာသင်ယူနေကြသောကျွန်ုပ်တို့အတွက်လည်း ထိုနည်းတူဖြစ်သည်။ စစ်မှန်သောသန့်ရှင်း

စင်ကြည်ခြင်းသည် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်တို့အပေါ် ချစ်ခြင်း၊

ဆည်းကပ်ခြင်းနှင့် အစေခံခြင်းပင်ဖြစ်၍ ကျွန်ုပ်တို့သည် သန့်ရှင်းစင်ကြယ်လိုသည်ဆိုလျှင်

ခမည်းတော်ဘုရားသခင်နှင့် စဉ်ဆက်မပြတ်နီးကပ်နေရမည်ဆိုသောအခြေခံအချက်ကို ကျွန်ုပ်

တို့ စိတ်ထဲတွင် အကြိမ်ကြိမ်သံမှိုရိုက်၍စွဲထားစေသည်ကို တွေ့ရသည်။

တစ်နေ့သောအခါ ခရစ်တော်သည် ကိုယ်ခန္ဓာဖြင့်မိမိရှိနေရာ အဘအိမ်တော်သို့ ကျွန်ုပ်တို့

ကို ခေါ်ဆောင်သွားရန် ပြန်ြွကလာမည်ဖြစ်ကြောင်းကို အဆုံးပိုင်းတွင် ကျွန်ုပ်တို့သင်ယူခဲ့ကြပြီ

ဖြစ်သည်။ ထိုအချိန်မှာပင် ထိုဖြစ်ရပ်အတွက် ကျွန်ုပ်တို့ကိုကြိုတင်ပြင်ဆင်တော်မူလျက် မိမ်ိ လူ့

ဇာတိခံတော်မူခြင်း၊ မိမိ၏အသက်တာ၊ မိမိ၏မြေကြီးပေါ်အမှုတော်လုပ်ငန်း၊ မိမိ၏အသေခံ

ခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်းတို့အားဖြင့် ခမည်းတော်ကို ကျွန်ုပ်တို့ထံခေါ်ဆောင်လာလျက်

ကျွန်ုပ်တို့ကိုလည်း ခမည်းတော်ထံသို့ ခေါ်ဆောင်သွားတော်မူသည်။ ရှင်ယောဟန်က “နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကို ခံယူ၍၊ ကျေးဇူးတော်နှင့်လည်းကောင်း၊ သစ္စာတော်နှင့်လည်းကောင်း ပြည့်စုံလျက် ငါတို့တွင်တည် နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌ တစ်ပါးတည်းသောသားတော်၏ ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။”

ဟု ဖော်ပြထားသည် (ယော

၁း၁၄)။ ဖိလိပ္ပုအား သခင်ဘုရားရှင်းပြသည့်အတိုင်းပင် ကျွန်ုပ်တို့သည် ကိုယ်တော်ကို

မြင်ခြင်းအားဖြင့် ခမည်းတော်ကိုမြင်ကြရသည်။

သို့သော် ကျွန်ုပ်တို့ကို ခမည်းတော်နှင့်ပို၍ပို၍နီးစေရန်အတွက် ဘုရားသခင်အကြောင်း

ကို ကျွန်ုပ်တို့အား ခရစ်တော်အားဖြင့် ပို၍ပို၍ပြည့်စုံစွာဖွင့်ပြရန်လိုသည်။ မှန်ပါသည်ထိုဖွင့်ပြတော်မူခြင်းသည် မပြည့်စုံသည်ဟူ၍ မရှိပါ။ သို့သော် ထိုဖွင့်ပြတော်မူချက်ကို နားလည်

နိုင်သော ကျွန်ုပ်တို့၏အရည်အချင်းတွင် မပြည့်စုံမှုများစွာ ရှိနေပါသည်။

အထက်ခန်းမတွင် သခင်ဘုရားနှင့်အတူ ဝိုင်းဖွဲ့လျက်ညစာစားနေကြသည့် တစ်ဆယ့်

တစ်ပါးသောပုဂ္ဂိုလ်တို့ကို ပြန်၍မြင်ယောင်ကြည့်ပါ။ ဖိလိပ္ပုနှင့်အခြားသောသူတို့သည် ယေရှု

ကိုတွေ့မြင်လျက် ခမည်းတော်ကိုလည်း တွေ့မြင်နေရသည်။ သို့သော် သူတို့သည် သူတို့မြင်

တွေ့ရသောအရာအားလုံးကို နားလည်ခံစားသင့်သလောက် နားလည်ခံစားခြင်းမရှိခဲ့ကြပေ။

အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် သူတို့၏စိတ်နှလုံးသည် သူတို့၏ကိုယ်ပိုင်

အတွေးအခေါ်များ၊ ယူဆမှုများ၊ မှားယွင်းသည့်မျှော်လင့်မှုများနှင့် ဥပေက္ခာပြုမှုများဖြင့် ပြည့်

နေသောကြောင့်ဖြစ်သည်။ သူတို့ကို ခမည်းတော်ထံ အပြည့်အဝခေါ်ဆောင်လာရန်အတွက်ဆို

လျှင် သူတို့အား ခမည်းတော်ကို ခရစ်တော်အားဖြင့် အပြည့်အဝဖွင့်ပြရုံနှင့်မလုံလောက်ပါ။

ခရစ်တော်အားဖြင့် ဘုရားသခင်၏ဖွင့်ပြတော်မူခြင်းအလင်းသည် သူတို့စိတ်နှလုံးထဲ ကောင်း

စွာထွန်းလင်းစေရန် သူတို့အထဲမှ အသိတရားပိုင်းနှင့်စိတ်ခံစားမှုပိုင်းဆိုင်ရာ အပိတ်အဆို့များ၊

သူတို့ခံစားရသည့် ကြောက်ရွံ့မှု၊ သံသယနှင့် နားလည်မှားခြင်းတို့ကို ဦးစွာဖြေရှင်းရန်လိုသည်။

သူတို့အတွက် အခြားအချက်များလည်း ထပ်လိုအုံးမည်ဖြစ်သည်။ ဇာတိပကတိ လူသည်

အသိပညာပိုင်းတွင် ထက်မြက်နေလျှင်ပင် ဘုရားသခင်နှင့်ဆိုင်သောအရာများကို မခံယူနိုင်ဟု

သမ္မာကျမ်းစာက ဆိုထားသည် (၁ကော ၂း၁၄)။ ဘုရားသခင်၏ဝိညာဉ်တော်ကသာ ဘုရား

သခင်နှင့်ဆိုင်သောအရာများကို နားလည်နိုင်သည်။ ထို့ကြောင့် တပည့်တော်များ ဘုရားသခင်

ကို သိကျွမ်းနိုင်ဖို့ဆိုလျှင် ဘုရားသခင်၏ဝိညာဉ်တော်ကိုသူတို့လိုအပ်သည်။ သခင်ယေရှုက

ထိုဝိညာဉ်တော်ကို တပည့်တော်တို့အား ပေးမည်ဖြစ်ကြောင်း ဤသို့အတိအလင်းမိန့်တော်မူ

ခဲ့သည်။

ဤနေရာတွင် ဝိညာဉ်တော်ကို မှည့်ခေါ်သောဘွဲ့နာမကို ကျွန်ုပ်တို့ချက်ချင်း သတိထားမိ

နိုင်ပါသည်။ နှုတ်ကပတ်တော်၏အခြားနေရာများတွင် သူ့ကို ဘုရားသခင်၏ဝိညာဉ်တော်

သို့မဟုတ် သန့်ရှင်းမြင့်မြတ်ခြင်းနှင့်ဆိုင်သောဝိညာဉ်တော် စသည်ဖြင့် မှည့်ခေါ်သော်လည်း

ဤနေရာတွင် သခင်ဘုရားက သူ့အား သမ္မာတရားကိုပြသောဝိညာဉ်တော်ဟု ခေါ်သည်ကို

တွေ့ရသည်။ ထိုသို့ခေါ်ခြင်းသည် ရှေ့တွင် ကိုယ်တော်မိန့်တော်မူသည့်

“ငါသည်သမ္မာတရားလည်းဖြစ်၏……ငါ့က်ုအမှီမပြုလျင်အဘယ်သူမျှခမည်းတော်ထံသို့မရောက်ရ”

ဟူသောမိန့်တော်မူချက်နှင့် တစ်သံတည်းဖြစ်သည်။ ထို့ကြောင့် သူတို့နှင့်အတူရှိသည်သာမက

သူတို့အထဲ၌ကိန်းဝပ်တော်မူလျက် ခမည်းတော်နှင့်ဆိုင်သောသမ္မာတရားကို သင်ပေးကာ

ခမည်းတော်ထံသို့ သူတို့ကိုခေါ်ဆောင်လာမည့် သမ္မာတရားကိုပြသောဝိညာဉ်တော်ကို ပေး

တော်မူမည့်ခမည်းတော်ထံ ဆုတောင်းမည်ဖြစ်ကြောင်း ကိုယ်တော်ကတိပေးတော်မူခဲ့သည်။

ခမည်းတော်နှင့်ဆိုင်သောသမ္မာတရား

ပုံဆောင်သာဓကတစ်ခုကို အသုံးပြုကြပါစို့။ တစ်ခါက ကျွန်ုပ်၏သူငယ်ချင်းတစ်ဦးသည်

မြို့ကြီးတစ်မြို့၏မြို့နယ်ကောင်စီအဖွဲ့ အကောင်အထည်ဖော်၍ အိမ်တစ်အိမ်တွင်သင်ကြား

ပေးသည့် စွန့်ပစ်ခံကလေးများအတွက် ခရစ်ယာန်ပညာရေးစာသင်ခန်းများကို ဦးဆောင်ပေး

ရန် တာဝန်ပေးခြင်းခံရသည်။ တစ်နေ့တွင် ကျွန်ုပ်၏သူငယ်ချင်းသည် ကလေးများလက်ခံသည့်

အခန်းသို့ တံခါးဖွင့်၍ဝင်သွားသည့်အခါ အသက် ခုနစ်နှစ်-ရှစ်နှစ်ခန့်ရှိသည့် ယောက်ျားလေး

တစ်ဦးသည် သူနာပြုဆရာမတစ်ဦးနှင့်အတူရှိနေသည်ကို သူတွေ့ရသည်။ ထိုကလေးငယ်သည်

ကျွန်ုပ်၏သူငယ်ချင်း အခန်းထဲသို့ ဝင်လာသည်ကိုတွေ့လျှင်တွေ့ချင်း ငယ်သံပါအောင်ထ

အော်လေတော့သည်။ ထိုအခါ သူနာပြုဆရာမသည် ကျွန်ုပ်၏သူငယ်ချင်းထံလာလျက်

ကလေးငယ်ကိုစိတ်ငြိမ်အောင်ပြန်လုပ်ပေးနေစဉ် အပြင်ခဏထွက်ပေးရန် လာပြောရတော့

သည်။ နောက်ဆုံးတွင် အဆင်ပြေသွား၍ သူနာပြုဆရာမက ကျွန်ုပ်၏သူငယ်ချင်းကိုပြန်လာ

ခေါ်ပြီး ကလေးငယ်၏အင်္ကျီကိုချွတ်ကာ သူ့ကိုယ်ပေါ်မှ မီးရှို့သည့်အမာရွက်များကို ပြသည်။

ကလေးငယ်က ]]ကျွန်တော့်အဖေက ကျွန်တော့်ကို အမြဲမီးနှင့်ရှို့တယ်}}ဟု ရှင်းပြသည်။

ဖြစ်ပုံမှာ သူ့ဖခင်သည် အိမ်ပြန်လာသည့်အခါ မူးနေလေ့့ရှိပြီး မီးဆွသည့်သံတုတ်ကို နီရဲနေ

သည့်အထိမီးထဲထည့်ကာ ထိုနီရဲနေသောမီးဆွသံတုတ်ဖြင့် ကလေးကို ရိုက်လေ့ရှိကြောင်းသိရ

သည်။ ကျွန်ုပ်၏သူငယ်ချင်းက ထိုကလေးငယ်အား ဘုရားသခင်သည် သူ၏ဖခင်ဖြစ်လို

ကြောင်း ပြောပြရန်ကြိုးစားခဲ့သည်ဆိုကြပါစို့။ ]ဖခင်} ဆိုသောစကားလုံးသည် ထိုကလေးငယ်

၏စိတ်ထဲ၌ မည်သို့အဓိပ္ပါယ်ရှိမည်နည်း။ ဘုရားသခင်သည် မိမိကိုယ်ကိုယ် ကျွန်ုပ်တို့၏ဖခင်

ဖြစ်ကြောင်း မိန့်တော်မူခြင်းကို နားလည်အောင် ကျွန်ုပ်၏သူငယ်ချင်းကရှင်းပြလိုသည်ဆိုလျှင်

မည်သည့်အခက်အခဲများ ကြုံတွေ့ရမည်နည်း။

စာတန်သည် ဧဒင်ဥယျာဉ်ထဲ သူ၏ယုတ်မာသောလုပ်ဆောင်ချက်အားဖြင့် ဘုရားသခင်

အပေါ် ကျွန်ုပ်တို့၏နားလည်လက်ခံမှုကို အနည်းအများတိမ်းစောင်းသွေဖည် အောင်လုပ်

ဆောင်ခဲ့သည်။ ゞင်းသည် မပြောင်းလဲသေးသူများက ဧဝံဂေလိတရားကိုလက်ခံရန် လာ

ရောက်တန်းစီခြင်းမပြုကြသည့် အကြောင်းရင်းတစ်ရပ်ပင်ဖြစ်သည်။ ဘုရားသခင်နှင့်ဆိုင်

သည့် သူတို့၏နားလည်မှုမှာ သူတို့သည် ဘုရားသခင်ကိုယုံကြည်၍ သူ၏ကောင်းကင်နိုင်ငံကို

လက်ခံပြီဆိုလျှင် သူတို့ဘဝသည် အလွန်ငြီးငွေ့စရာဖြစ်သွားလိမ့်မည်ဟူ၍ဖြစ်သည်။

ထို့ပြင် အခြားပြဿနာတစ်ရပ်လည်းရှိသေးသည်။ စာတန်သည် လူတို့ကို အပြစ်ပြုစေ

ခြင်းအားဖြင့် သူတို့စိတ်ကို လိပ်ပြာမလုံသည့်စိတ်နှင့်ပြည့်စေလျက် ဘုရားသခင်၏တရားမျှ

တမှုကို ကြောက်ရွံ့ကာ ထိုကြောက်စိတ်ဖုံးကွယ်ရန်အတွက် ဘုရားဆိုတာ မရှိပါဘူးဟု မိမိကိုယ်

ကိုယ်ယုံကြည်စေရန် ကြိုးစားလာကြသည်။ ထိုသို့အားဖြင့် ဘုရားသခင်သည် အလွန်ကြောက်

မက်ဖွယ်ကောင်းသူဟု သူတို့ခံစားလာကြသည်။

ယုံကြည်သူများက ဤအမြင်မှားယွင်းနေကြောင်း သိရှိသွားကြပြီဖြစ်သည်။ ဘုရားသခင်

၏တရားမျှတမှုသည် အပြစ်သား၏အပြစ်နှင့်ဆန့်ကျင်ဘက်ဖြစ်သော်လည်း ဘုရားသခင်သည်

အပြစ်သားကိုချစ်တော်မူသည်။ ခရစ်တော်သည်လည်း အပြစ်သားများ အပြစ်ရှိနေစဉ်မှာပင်

အပြစ်သားများအတွက် အသေခံတော်မူသည်။ စစ်မှန်သောနောင်တရသူတိုင်းသည် အပြစ်

လွှတ်ခြင်းနှင့်လက်ခံခြင်းကိုခံရရန် ဘုရားသခင်၏ချစ်ခြင်းမေတ္တာတော်သည် လမ်းကိုပြင်ဆင်

ပေးပြီဖြစ်ကြောင်း ခရစ်တော်အသေခံသောလက်ဝါးကပ်တိုင်တော်က အတိအလင်းကြေငြာ၍

သားတော် ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်စေရန်ပြင်ဆင်ပေး

သည်။ ထို့ကြောင့် ယုံကြည်သောသူသည် ဘုရားသခင်၏ လက်ခံတော်မူခြင်းကိုခံရလျက်

ယခုရော နောင်ထာဝရအတွက်ပါ ဘုရားသခင်နှင့်ပြည့်စုံသော ငြိမ်းချမ်းမှုကိုရရှိပြီဖြစ်သည်။

သို့သော် ဒုက္ခဆင်းရဲခြင်းသည် ယုံကြည်သူများကို ဆက်၍ဒုက္ခပေးနိုင်မည်ဖြစ်သည်။ ပေး

လေ့လည်းရှိသည်။ ]]ဘာလို့ ဘုရားသခင်က ဒါကိုဆက်ပြီးခွင့်ပြုနေရတာလဲ}}ဟု ကျွန်ုပ်တို့ မေး

ခွန်းထုတ်လေ့ရှိသည်။ ]]ဘုရားသခင်က ဘာကြောင့် ကျွန်တော့်ဆုတောင်းချက်ကို နားမထောင်

ရတာလဲ။ ဘာကြောင့် ကျွန်တော်ကြုံရတဲ့အခက်အခဲကို မဖြေရှင်းပေးတာလဲ။ ဒီဒုက္ခတွေကို

ကျွန်တော်မကြုံသင့်ဘူး။ ဒါ မတရားဘူး။ သခင်ဘုရားအတွက် အများကြီးလုပ်ဆောင်ခဲ့တဲ့

ကျွန်တော်က ဒီနာကျင်မှုကိုဘာလို့ခံစားရတာလဲ။ ကျွန်တော့်လို ဆက်ကပ်မှုမရှိတဲ့သူတွေ၊

မပြောင်းလဲတဲ့သူတွေတောင် ဘဝမှာပျော်ရွှင်နေကြတာဘဲ}} ဟု ကျွန်ုပ်တို့ဆိုတတ်ကြသည်။

ဤသို့မေးခွန်းထုတ်ခြင်းသည် နားလည်ပေး၍မရသောအပြုအမူမဟုတ်ပါ။ ထို့ပြင် ဘုရား

သခင်သည် ကျွန်ုပ်တို့၏မေးခွန်းများကို နားလည်ပေးတော်မူကြောင်း ယောဘကဲ့သို့သော

နမူနာများဖြင့် သမ္မာကျမ်းစာကဖော်ပြပေးပါသည်။ မည်သို့ပင်ဖြစ်စေ ဘုရားသခင်သည်

ကျွန်ုပ်တို့ကို မည်သည့်ဒုက္ခဆင်းရဲခြင်းမျိုးနှင့်ကြုံခွင့်ပေးသည်ဖြစ်စေ အဆုံးတွင် “သည်းခံနိုင်သောသူတို့သည် မင်္ဂလာရှိသောသူဟူ၍ ငါတို့သည် ခေါ်ကြ၏။ ယောဘသည် သည်းခံကြောင်းကို သင်တို့ကြားရကြပြီ။ ထာဝရဘုရားသည် မိမိအမှုကို လက်စသတ်တော်မူရာမှာ အလွန်သနား စုံမက်တော်မူကြောင်းကိုလည်း သိမြင်ရကြပြီ။ ” မည်ဖြစ်သည် (ယာကုပ် ၅း၁၁)။ ထို့ပြင်

ကျွန်ုပ်တို့သည် ကိုယ်တော်ကိုယုံကြည်စိတ်ချလျက် ကျွန်ုပ်တို့၏ဒုက္ခဆင်းရဲခြင်းကို ကိုယ်တော်

ထံအပ်နှံလျှင် ကျွန်ုပ်တို့သည် ကိုယ်တော်၏သန့်ရှင်းစင်ကြယ်ခြင်းကို မျှဝေရရှိသူများဖြစ်စေ

ရန် ဘုရားသခင်သည် ကျွန်ုပ်တို့၏အကျင့်စရိုက်ကောင်းမွန်တိုးတက်စေရန်အတွက် ထိုဒုက္ခ

ဆင်းရဲ ခြင်းကို အသုံးပြုတော်မူမည်ဖြစ်သည် (ဟေဗြဲ ၁၂း၅-၁၃)။

“ထိုကြောင့်ငါတို့သည် အားလျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်ကြ၏။ ငါတို့၏ပြင်လူသည် ဖောက်ပြန် ပျက်စီးခြင်းသို့ရောက်သော်လည်း၊ အတွင်းလူမူကား တစ်နေ့ထက်တစ်နေ့ ပြုပြင်ခြင်းကိုခံရ၏။

အကြောင်းမူကား၊ မျက်မှောက်၌ထင်ရှားသော အရာတို့သည် ခဏသာတည်၍ မထင်ရှားသောအရာတို့သည် အစဉ်အမြဲတည်ကြောင်းကို ငါတို့သည် ထောက်လျက်၊ ထင်ရှားသော အရာတို့ကို မကြည့်မမှတ်ဘဲ မထင်ရှားသောအရာတို့ကို ကြည့်မှတ်စဉ်အခါ၊ ယခုခဏခံရ၍ ပေါ့ပါးသော ဆင်းရဲခြင်းဒုက္ခသည် အတိုင်းထက်အလွန် ကြီးမြတ်လေးလံသော နိစ္စထာဝရဘုန်းအသရေကို ငါတို့အဖို့ ဖြစ်စေတတ်၏။”

(၂ကော ၄း၁၆-၁၇)။

အခြားတစ်ဖက်တွင် ကျွန်ုပ်တို့၏မေးခွန်းများ၌ ခါးသီးမှုနှင့်သံသယစိတ်များ ရောထွေး

စိမ့်ဝင်နေသည်ဆိုလျှင် ကျွန်ုပ်တို့သည် ခမည်းတော်၏စိတ်နှလုံးနှင့်နီးကပ် သင့်သလောက် မနီး

ကပ်သေးကြောင်း ကျွန်ုပ်တို့သိနိုင်ပါသည်။ ခမည်းတော်၏ချစ်ခြင်းမေတ္တာအပေါ် မေးခွန်း

ထုတ်ရင်း ကိုယ်တော်၏သစ္စာတော်အပေါ် သံသယရှိကြလျှင် ကျွန်ုပ်တို့ခံစားရမည့် ဝမ်းမြောက်

ခြင်းများစွာကို ကျွန်ုပ်တို့ဆုံးရှုံးကြမည်ဖြစ်သည်။

ထိုသို့ဆိုလျှင် မည်သည့်အရာကိုပင် ကျွန်ုပ်တို့ကြုံရကြုံရ ကျွန်ုပ်တို့အပေါ် ဘုရားသခင်၏

မေတ္တာတော်သည် စစ်မှန်၍အားကိုးယုံကြည်ထိုက်ကြောင်း ကျွန်ုပ်တို့စိတ်ချနိုင်ရန်အတွက်

ဘုရားသခင်အကြောင်းကို ကျွန်ုပ်တို့သိနိုင်ရန် ခမည်းတော်ဘုရားသခင်ထံ ကျွန်ုပ်တို့ကို မည်သို့

လမ်းပြခေါ်ဆောင်သွားနိုင်မည်နည်း။ ကျမ်းစာထဲမှကျမ်းပိုဒ်များကိုဖတ်ရှုခြင်းသည် အကျိုုး

ကြီးလှသည်မှန်သော်လည်း ဘုရားသခင်သည် ကျွန်ုပ်တို့ကိုချစ်တော်မူသည်ဆိုသည့် ကျမ်းချက်

များဖတ်ရုံနှင့် ထိုသို့ဖြစ်လာမည်မဟုတ်ပေ။ ထိုထက် ပိုနက်ရှိုင်းပါသည်။ ကျွန်ုပ်တို့၏ စိတ်ဖိစီး

မှုုများ၊ စိတ်ကျဉ်းကြပ်မှုများ၊ သိမ်ငယ်စိတ်ထားများနှင့် ဘုရားသခင်အပေါ်သံသယရှိစေသည့်

ကျွန်ုပ်တို့၏အခြေခံအပြစ်တို့ထဲသို့ ထဲထဲဝင်ဝင်ထိုးဖောက်ဝင်ရောက်နိုင်သည့်အရာ လိုအပ်ပါ

သည်။ သခင်ဘုရားမိန့်တော်မူသည့်အရာမှာ ]]ငါဟာ ခမည်းတော်နှင့်ဆိုင်တဲ့ သမ္မာတရား

ဖြစ်တဲ့အတွက် ခမည်းတော်ထံရောက်နိုင်တဲ့လမ်းဖြစ်တယ်။ အားပေးသူနှင့် တိုင်ပင်အကြံပြု

လမ်းပြသူဖြစ်တဲ့ သမ္မာတရားနှင့်ဆိုင်တဲ့ဝိညာဉ်တော်ကို သင်တို့ထံစေလွှတ်ပေးတော့်မယ်}}

ဟူ၍ဖြစ်သည်။ စကားသက်သက်သာမဟုတ်၊ ပုဂ္ဂိုလ်တစ်ပါးဖြစ်သည်။ ကျွန်ုပ်တို့ သိနိုင်သော

ပုဂ္ဂိုလ်ဖြစ်သည်။ ကျွန်ုပ်တို့နှင့်အတူ ထာဝရရှိနေနိုင်သည်သာမက ကျွန်ုပ်တို့အထဲ၌

ရှိနိုင်သောပုဂ္ဂိုလ်ဖြစ်သည် (အပိုဒ်ငယ် ၁၆-၁၇)။ ဤအချက်တွင် ကျွန်ုပ်တို့၏လိုအပ်ချက်ကို

ပြည့်ပြည့်ဝ၀ဖြည့်ဆည်းပေးနိုင်သော သခင်ဘုရား၏မစမှုကိုတွေ့ရသည်။

သမ္မာတရားကိုပြသောဝိညာဉ်တော်၏အမှုတော်လုပ်ငန်း

ကျွန်ုပ်တို့ထဲ၌ကိန်းဝပ်တော်မူသည့် သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့၏ နား

လည်မှုလွဲခြင်းရှိသမျှကို သိမြင်နိုင်ပြီး ရောမ ၅း၅ တွင် ရှင်ပေါလုဖော်ပြသည့်အတိုင်း ဘုရား

သခင်၏မေတ္တာတော်ကို ကျွန်ုပ်တို့၏စိတ်နှလုံးထဲသွန်းလောင်းရန် တတ်စွမ်းနိုင်တော်မူသည်။

ကျွန်ုပ်တို့၏မေတ္တာမဟုတ်ပါ၊ ရောမ အခန်းကြီး ၅ တွင်ဖော်ပြသည့်အတိုင်း ဘုရားသခင်၏

မေတ္တာတော်ဖြစ်သည် (ထို့ကြောင့်လည်း ကျွန်ုပ်တို့သည် ဘုရားသခင်ကိုချစ်သင့်သည့်အတိုင်း

ချစ်နိုင်ရန် ဝိညာဉ်တော်သည် ကျွန်ုပ်တို့ကိုကူညီပေးသည်)။ လူတစ်ဦးက ရေအပြည့်ပါသော

ခွက်ကိုယူ၍ကြမ်းပြင်ပေါ် လောင်းချလိုက်သည့်အခါ နေရာအနှံ့စိုရွှဲသွားသည့်အလား သန့်ရှင်း

သောဝိညာဉ်တော်သည် ကျွန်ုပ်တို့အတွက် ဘုရားသခင်၏မေတ္တာတော်ကိုယူ၍ ကျွန်ုပ်တို့၏

စိတ်နှလုံးထဲသို့သွန်းလောင်းပေးတော်မူသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ကျွန်ုပ်တို့

ဖတ်သည့်အခါ သန့်ရှင်းသောဝိညာဉ်တော်၏မှုတ်သွင်းတော်မူခြင်းအားဖြင့် ဘုရားသခင်၏

မေတ္တာတော်ကိုသိနားလည်ခွင့်ရကြသည်။ ကျွန်ုပ်တို့အထဲ၌ကိန်းဝပ်တော်မူသောဝိညာဉ်တော်

သည် ထိုနှုတ်ကပတ်တော်မှန်ကန်ကြောင်းသက်သက်ပြသဖြင့် ထိုနှုတ်ကပတ်တော်သည် ကျွန်ုပ်

တို့အတွက် ယုံကြည်စိတ်ချရသော စစ်မှန်သည့်တရားဖြစ်လာကာ ဘုရားသခင်အပေါ်

ကျွန်ုပ်တို့၏မှားယွင်းသောနားလည်မှုများသည် တစ်စပြီးတစ်စ လွင့်ပြယ်သွားကြလေသည်။

ထိုအခါ ကျွန်ုပ်တို့၏သံသယများနှင့် ကြောက်ရွံ့မှုများလည်း ပျောက်ပြယ်သွား၍ ကျွန်ုပ်တို့

သည် ခမည်းတော်ဘုရားသခင်နှင့် ပိုပိုနီးကပ်လာကြသည်။

ဘုရားသခင်ထံရောက်ရှိခြင်းသည် ဘာကိုဆိုလိုကြောင်း ယခုကျွန်ုပ်တို့သိလာကြပြီဖြစ်

သည်။ ရုပ်ပိုင်းဆိုင်ရာအာရုံတစ်ခုခုဖြင့် ဘုရားသခင်ထံရောက်ရှိခြင်းသည်ဖြစ်နိုင်ခဲ့လျှင်ပင် လုံ

လောက်မှုမရှိပါ။ လူတစ်ဦးသည် အခြားတစ်ဦးထံရောက်လာ၍ သူ့အနားတွင်ထိုင်နေလျှင်ပင်

သူ့စိတ်နှလုံးသည် ထိုသူနှင့် အလင်းနှစ်များစွာပင် ဝေးနေနိုင်ပါသည်။ နှလုံးသားချင်းထိတွေ့

၍ စိတ်ချင်းတွေ့ဆုံမှသာ သူ့ထံရောက်လာသည်ဟု အမှန်ဆိုနိုင်မည်ဖြစ်သည်။ ကျွန်ုပ်တို့နှင့်

ဘုရားသခင်အကြားလည်း ထိုနည်းတူဖြစ်သည်။ ခမည်းတော်ဘုရားသခင်ထံ ရောက်ရှိခြင်း၏

အနှစ်သာရပြည့်စုံမှုသည် ခမည်းတော်ထံသို့ ရုပ်ပိုင်းဆိုင်ရာရောက်ရှိမှုပေါ် အဓိကမူမတည်ပါ။

ထို့ကြောင့် သေဆုံးသွား၍ခမည်းတော်ဘုရားသခင်ထံရောက်သည့်အထိ သို့မဟုတ် ခရစ်တော်

၏ဒုတိယအကြိမ်ြွကလာခြင်းအထိ စောင့်ရန်မလိုပါ။ ဝိညာဉ်အားဖြင့် ယခုပင် ခမည်းတော်

ဘုရားသခင်ထံရောက်နိုင်ပါသည်။ ရှင်ပေါလုက ဧဖက် ၂း၁၈ တွင် ဖော်ပြသည့်အတိုင်းဖြစ်

သည်။ ထို့ကြောင့် ကျွန်ုပ်တို့၏

ကိုယ်ရည်ကိုယ်သွေးသည် နည်းနည်းချင်းပြုပြင်ပုံသွင်းခြင်းကိုခံရသည်။ ဤသို့ဖြင့် ကျွန်ုပ်တို့

သည် ရှင်ပေါလုပြောသကဲ့သို့ သတ်ဖို့ရာထားသောသိုးများကဲ့သို့ခံစားနေရင်း တဖြည်းဖြည်း

ပိုပို၍သန့်ရှင်းစင်ကြယ်လာကြလျက် ပိုပို၍ယုံကြည်လာကာ သခင်ဘုရားအတွက် ပိုပိုဆက်ကပ်

လာကြသည်။ ထိုသို့အသက်တာကြီးထွားလာစဉ် အကြောင်းမူကား၊ သေခြင်းဖြစ်စေ၊ အသက်ရှင် ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ အထွဋ်အမြတ်ဖြစ်စေ၊ အာဏာတန်ခိုးဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ နောင်လာလတ္တံ့သောအရာဖြစ်စေ၊အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊ ဤအရာမှစ၍ အဘယ်နိမ္မိတအရာမျှသည်၊ ငါတို့သခင်ယေရှုခရစ်အားဖြင့် ခံရသောဘုရားသခင်၏ မေတ္တာတော်နှင့် ငါတို့ကို မကွာစေနိုင်ဟု ငါသည်သဘောကျလျက်ရှိ၏။ (ရော ၈း၃၈-၃၉)။

(၁၄)ခရစ်တော်-ခမည်းတော်ထံမှကျွန်ုပ်တို့ရရှိသောအသက်တာ

“ ယေရှုက၊ ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်သည်လည်းဖြစ်၏။ ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မရောက်ရ။

ငါ့ကိုချစ်လျှင် ငါ့ပညတ်တို့ကို စောင့်ရှောက်ကြလော့။ ငါသည် ခမည်းတော်ကိုတောင်း၍၊

ခမည်းတော်သည် သမ္မာတရားကိုပြသော ဝိညာဉ်တော်တည်းဟူသော တစ်ပါးသောဥပဇ္ဈယ်ဆရာကို သင်တို့နှင့်အတူ အစဉ်မပြတ်တည်နေစေခြင်းငှာ သင်တို့အားပေးတော်မူမည်။

ထိုဝိညာဉ်တော်ကို လောကီသားတို့သည် မသိမမြင်သောကြောင့် မခံမယူနိုင်ကြ။ ထိုဝိညာဉ်တော်သည် သင်တို့နှင့်အတူတည်နေ၍၊ သင်တို့၌ ရှိတော်မူသောကြောင့် သင်တို့သိရကြ၏။”(ယော ၁၄း၆၊ ၁၅-၁၇)

အချိန်အတော်လင့်နေပြီဖြစ်သည်။ သန့်ရှင်းခြင်းကိုသင်ကြားပေးသည့် ခရစ်တော်၏

ကျောင်းတော်တွင် တပည့်တော်တို့ နှစ်ပေါင်းများစွာဆက်၍ဆင်ခြင်နားလည်ရမည့် အံ့ဖွယ်အ

ရာများကို ကြားနာခဲ့ကြပြီဖြစ်သည်။ သို့သော် ယခု ထပ်၍ သူတို့၏သန့်ရှင်းခြင်းကိုထိန်းသိမ်း

စောင့်ရှောက်လျက်ကြီးထွားစေရန်အတွက် အခြားအချက်တစ်ခုကို ကိုယ်တော်ပြင်ဆင်ပေးဦး

မည်ဖြစ်သည်။ သူတို့ကို မိဘမဲ့များကဲ့သို့ထားခဲ့မည်မဟုတ်။ သူတို့ကို ခမည်းတော် အိမ်တော်

သို့ခေါ်ဆောင်သွားရန် ဒုတိယအကြိမ်ြွကလာတော်မူသည့်အခါမှ သူတို့ထံရောက်မည်မဟုတ်။

ကြားကာလ၌လည်း သူတို့ထံအခါအားလျှော်စွာ ရောက်ရှိလျက်ထင်ရှားတော်မူမည်ဖြစ်သည်။

သို့သော် ထိုအခါမျိုးတွင် လောကလူတို့သည် ကိုယ်တော်ကို တွေ့မြင်ကြမည်မဟုတ်ပေ။

သို့သော် ဤအချက်တွင် ယုဒသည် (ယုဒရှကာရုတ် မဟုတ်ပါ၊ သူထွက်သွားပြီဖြစ်သည်)

မိမိဉာဏ်မမှီတော့မှန်းသိရင်း လောကလူတို့က ကိုယ်တော်ကိုမမြင်ရဘဲ သူတို့ကမည်ကဲ့သို့မြင်

နိုင်မည်နည်းဟု စိတ်ထဲ၌မေးခွန်းထုတ်နေမိသည်။ ကိုယ်တိုင်စဉ်းစား၍အဖြေမထုတ်နိုင်သည့်

အခါ ခရစ်တော်အား မေးမြန်းခဲ့သည်။

သူ့မေးခွန်း၏ပထမအဖြေသည် သခင်ဘုရား၏စကားတွင်ပါသည်။ ကိုယ်တော်သည် များ

စွာသောအံ့ဖွယ်သွန်သင်တော်မူချက်များကို သူတို့အား သင်ကြားပေးပြီဖြစ်သကဲ့သို့ သူရှင်ပြန်

ထမြောက်ပြီး ပြန်လည်တက်ြွကသွားပြီးသည့်အခါလည်း အခြားသောသွန်သင်ချက်များကို

သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ထပ်မံ၍သွန်သင်ပေးအုံးမည်ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့

၏သခင်ဘုရားကိုယ်တော်တိုင်သည် သွန်သင်ချက်များ၏အစုအစည်းတစ်ခုမဟုတ်ပါ။ သူသည်

အမှန်တကယ် အသက်ရှင်တော်မူသောပုဂ္ဂိုလ်ဖြစ်၍ သူနှင့်ကျွန်ုပ်တို့ကြားဆက်ဆံရေးသည်

ဝေမျှပေးသည့်အသက်တစ်ခုနှင့်ဆိုင်သောဆက်ဆံရေးဖြစ်သည်။ အရာခပ်သိမ်းတို့ကို မိမိတန်

ခိုးတော်နှင့်ဆိုင်သောနှုတ်တော်ထွက်စကားအားဖြင့် ဖန်ဆင်းတော်မူသောဖန်ဆင်းရှင်အနေ

ဖြင့် ကျွန်ုပ်တို့၏ရုပ်ပိုင်းဆိုင်ရာအသက်ကို ပေးတော်မူခဲ့ပြီဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာအသက်

သည် အသက်ကိုမပြည့်စုံစေပါ။ ゞင်းသည် အသက်အတွက် အရေးအကြီးဆုံးအချက်တစ်ခု

လည်းမဟုတ်ပါ။ အသိတရား၊ ရသခံစားမှုနှင့် စိတ်ပိုင်းဆိုင်ရာအသက်သည်လည်း စစ်မှန်သော

အသက်၏အစိတ်အပိုင်းဖြစ်သည်။ အသက်၏အမြင့်မားဆုံးအဆင့်မှာ ဝိညာဉ်ရေးဖြစ်သည်။

တပည့်တော်များအား ခရစ်တော်သင်ကြားပေးနေသောအရာမှာ ဤသို့ဖြစ်သည်- ကိုယ်

တော်သည် ရုပ်ခန္ဓာအားဖြင့် သူတို့ထံမှထွက်ခွာသွားသော်လည်း သူတို့ကို မိဘမဲ့များကဲ့သို့ ထား

ရစ်ခဲ့မည်မဟုတ်။ မိမိအသက်ကို သူတို့နှင့်မျှဝေခြင်းဖြင့် သူတို့၏ဝိညာဉ်ရေးကို ဆက်လက်

ထိန်းသိမ်းပေးမည်ဖြစ်သည်။ ထို့ပြင် တစ်ချိန်ပြီးတစ်ချိန် သူတို့ထံထင်ရှားတော်မူမည်ဖြစ်သည်။

သို့သော် ယုဒကိုအခက်တွေ့စေသည့်အချက်မှာလည်း ဤအချက်ဖြစ်သည်။ သခင်ဘုရား

သည် လောကီသားတို့မမြင်မတွေ့ရဘဲ သူတို့ထံမည်သို့မည်ပုံ ထင်ရှားတော်မူမည်နည်း။

နှိမ့်ချသောနှိုင်းယှဉ်ဆင်ခြင်မှု

ကျွန်ုပ်တို့သည် ဤကိစ္စကိုစဉ်းစားရန် ယုဒထက်အချိန်ပိုရကြသည်ဖြစ်၍ ထိုသို့ မည်သည့်

နည်းလမ်းဖြင့်ဖြစ်ပျက်နိုင်ကြောင်း နားလည်ရန်အတွက် အထောက်အကူဖြစ်စေရန် တူညီမှုအ

ခြေ ခံလျက်နှိုင်းယှဉ်ဆင်ခြင်မှုနည်းလမ်းဖြင့် စဉ်းစားနိုင်ပါသည်။

လူတစ်ဦးက သူ့မိတ်ဆွေထံမှပေးပို့သည့်လျှို့ဝှက်စာကို သင့်အားပြသကောင်း ပြသနိုင်ပါ

သည်။ သို့သော် ထိုသူနှင့်သူ့မိတ်ဆွေတို့၏အတွင်းကျကျလျှို့ဝှက်ချက်များနှင့် သူတို့၏စိတ်ဝင်

စားမှုများကို သင်မသိရပါက ထိုလျှို့ဝှက်စာ၏နက်ရှိုင်းသောလေးနက်မှုကို သင်အပြည့်အဝ

နားလည်နိုင်မည်မဟုတ်ပေ။

သို့မဟုတ် အခြားနှိုင်းယှဉ်ဆင်ခြင်မှုတစ်ခုကို ကြည့်ကြပါစို့။ သင့်အိမ်မွေးခွေးသည် သင့်

အကြောင်းကို အတိုင်းအတာတစ်ခုအထိ နားလည်နိုင်ပါသည်။ သင်သည် အသားစားနေသည်

ကို သူမြင်သည့်အခါ ဘာဖြစ်တော့မည်ကိုလည်းကောင်း၊ သင်သည် အရသာရှိရှိစားနေကြောင်း

ကိုလည်းကောင်း သူနားလည်နိုင်ပါသည်။ သူသည် ခွေးဖြစ်သော်လည်း သူသည်လည်း လူကဲ့သို့

အစာအိမ်ရှိ၍ ဆာလောင်ခြင်းအကြောင်းနှင့် ဆာလောင်စဉ်အစာစားရသည့်အရသာတို့ကို

သူသိသည်။ သို့သော် လှပသည့် ဆီဆေးပန်းချီကားတစ်ချပ်ကို သင့်ခွေးအားပြပါက ထိုခွေး

သည် ゞင်းကိုအပြည့်အဝနားလည်နိုင်မည်မဟုတ်ပေ။ ထိုပန်းချီကားသည် မည်မျှပင်လှပပါစေ

သူခံစားနားလည်နိုင်လိမ့်မည်မဟုတ်ပေ။ ゞင်းကို သူအနံ့ခံကြည့်ကောင်းခံကြည်မည်။

လျက်လျှင်လည်း လျက်ကြည့်နိုင်သည်။ သို့မဟုတ် သင်ခွင့်ပြုသည်ဆိုလျှင် ကိုက်ပင်ကိုက်ဖြဲ

နိုင်သည်။ ထိုခွေး၌ လူ၌ရှိသည့်စိတ်ဝိညာဉ်မျိုးမရှိပေ။ ထို့ကြောင့် သင်၏ပန်းချီကားကို

သူနားလည်နိုင်မည်မဟုတ်ပေ။ သူ့ဘဝအတွေ့အကြုံအကန့်အသတ်အရ သင်၏ လူ့စိတ်

ဝိညာဉ်ဖြင့် သင်ခံစားသောအရာများကို သူမခံစားနိုင်ပေ။ ပန်းချီဆရာက မိမိပန်းချီကား

အားဖြင့်ဖော်ပြသော သူ့အတွေးအမြင်ကို သင်သည် မျှဝေခံစားနိုင်သော်လည်း သင့်ခွေးသည်

ပန်းချီဆရာ၏ဖွင့်ပြချက်ကို လက်ခံသိနားလည်နိုင်ခြင်း မရှိချေ။

ထို့ကြောင့် ခရစ်တော်သည် မိမိ၏သန့်ရှင်းသောဝိညာဉ်တော်ကိုပေးတော်မူခြင်းအားဖြင့်

‘အဓိပ္ပါယ်နှင့်ပြည့်စုံ၍ ထူးခြားမှုရှိကာ ပျော်ရွှင်ခြင်းနှင့်ဆိုင်သောကမ္ဘာတစ်ခုကိုတွေ့မြင်ရန်

ကျွန်ုပ်တို့၏မျက်စိကိုဖွင့်ပေးတော်မူသည်။ သို့သော် ဒုတိယမွေးခြင်းမခံရသေးသူများသည်

ထိုကမ္ဘာ၌ လုံးလုံးအသေဖြစ်နေကြသည်။ ဤအရာများကို ခံစားနိုင်ရန်အတွက် လိုအပ်သော

အသက်မျိုး သူတို့တွင်မရှိပေ။ ထို့ကြောင့်လည်း သင်သည် နှုတ်ကပတ်တော်ကိုဖတ်သည့်အခါ

ထိုနှုတ်ကပတ်တော်သည် ရှင်သန်မှုရှိလျက် ဘုရားသခင်၏နှလုံးသားကို ဖော်ပြနေကြောင်း

သင်သိနေသော်လည်း အသစ်မွေးဖွားခြင်းမခံရသေးသောသူအတွက် ゞင်းသည် အသက်မဲ့

လျက် ငြီးငွေ့စရာဖြစ်နေခြင်းဖြစ်သည်။ အကြောင်းရင်းမှာ သခင်ဘုရားသည် မိမိနှုတ်ကပတ်

တော်အားဖြင့်လည်းကောင်း၊ သင့်ကို ဝေမျှပေးသည့် အသက်အားဖြင့်လည်းကောင်း သင့်ထံ

ထင်ရှားတော်မူသောကြောင့်ဖြစ်သည်။ ကိုယ်တော်နှင့်သင့်အကြားတွင် လက်တွေ့ကျသော

မိတ်သဟာရဖွဲ့ခြင်းရှိသည်။ သင်သည် သခင်ဘုရားကိုချစ်လျက် သခင်ဘုရား၏ပညတ်တို့ကို

စောင့်ရှောက်သည်။ ကိုယ်တော်၏စိတ်တော်နှင့်တွေ့သောကြောင့်ရရှိသည့် ဝမ်းမြောက်ခြင်းကို

သင်ခံစားရသကဲ့သို့ ကိုယ်တော်သည်လည်း သင့်အတွက်နှစ်သက်အားရတော်မူသည်။

သင်သည် ကိုယ်တော်ကိုချစ်၍ ခမည်းတော်သည်လည်းကောင်း၊ က်ိုယ်တော်သည်လည်း

ကောင်း သင့်ကိုချစ်ကြသောကြောင့် သင်နှင့်ကိုယ်တော့်အကြားတွင်ရှိသော အပြန်အလှန်ချစ်

သည့်မေတ္တာသည် ကျယ်ပြန့်နက်ရှိုင်းသော ဆက်သွယ်ပေါင်းသင်းမှုကိုဖြစ်ပေါ်စေသည်မှာ

(၁၄း၂၁) ခမည်းတော်နှင့်သားတော် နှစ်ပါးလုံးတို့သည် လာ၍ သင်၏စိတ်နှလုံးကို

သူတို့၏ကိန်းဝပ်တော်မူရာအရပ်ဖြစ်စေကြသည့်အထိ ဖြစ်သည် (၁၄း၂၃)။

အထူးနမူနာများ

ဤအမှုအရာသည် သခင်ဘုရားက တစ်ချိန်ပြီးတစ်ချိန် မိမိ၏ဝိညာဉ်တော်အားဖြင့်

ကျွန်ုပ်တို့အတွက်ပြုတော်မူသော အံ့ဖွယ်အမှုတော်ဖြစ်သည်။ အမှန်စင်စစ် ဤအမှုတော်သည်

အလွန်အရေးကြီးလှသည်။ ကိုယ်တော်ရှင်ပြန်ထမြောက်ပြီး ပြန်လည် တက်ြွကတော်မူခြင်း

မပြုမီ တပည့်တော်များထံ ဤအမှုတော်မြတ်နှင့်ပတ်သက်၍ ထင်ရှားမြင်သာသည့် နမူနာများ

ကို ပေးတော်မူခဲ့သည်။ ရှင်ယောဟန်က ၂၁း၁ တွင်ကျွန်ုပ်တို့ကို ပြောပြထားသည်။ ရှင်ယောဟန်က

တဖန် ဟု ဆိုခြင်းမှာ ကိုယ်တော်သည် အခြားအချိန်များတွင်လည်း အခြားနေရာများ၌

မိမိလူတို့ထံ ထင်ရှားတော်မူခဲ့ပြီးပြီဖြစ်သောကြောင့်ဖြစ်သည်။ ဤဖြစ်ရပ်များတွင် ကိုယ်တော်

သည် မိမိလူတို့ထံထင်ရှားပြသည့်အခါ သူတို့သည် ကိုယ်တော်ကို မိမိတို့မျက်စိဖြင့်မြင်၍

လက်ဖြင့် ကိုယ်တွယ်နိုင်ခဲ့ကြသည်။ ကျွန်ုပ်တို့ထံတွင် ထိုနည်းတူထင်ရှားရန် ကျွန်ုပ်တို့

မမျှော်လင့်နိုင်သော်လည်း ကိုယ်တော်သည် ကျွန်ုပ်တို့ထံ၌လည်း ဝိညာဉ်ရေးအားဖြင့်

တစ်ချိန်ပြီး တစ်ချိန် ထင်ရှားနေတော်မူဆဲပင်ဖြစ်သည်။

ဥပမာအနေဖြင့် တပည့်တော်နှစ်ဦးသည် ဧမောက်သို့သွားရာလမ်းအတိုင်း ဧမောက်သို့ ပြန်

လာကြစဉ် သူစိမ်းနှင့်တူသည့်လူတစ်ဦးသည် သူတို့အနားသို့ရောက်လာသည်။ သူတို့အတူ

လမ်းလျှောက်လာစဉ် ထိုသူစိမ်းသည် ဓမ္မဟောင်းကို သူတို့အားရှင်းပြရာ ထိုဓမ္မဟောင်းကျမ်း

စာရှင်းပြချက်ကို သူကြားရသည့်အခါ သူတို့စိတ်လုံး၌ အံ့ဩဖွယ်ရာများ ခံစားရကြသည်။

သူစိမ်းဟု သူတို့ထင်မှတ်နေသောသူမှာ ရှင်ပြန်ထမြောက်တော်မူသော သခင်ဘုရားပင်ဖြစ်

လျက် ယခု သူတို့ထံသို့ မိမိ၏နှုတ်ကပတ်တော်အားဖြင့် ထင်ရှားတော်မူခြင်းဖြစ်သည် (လုကာ

၂၄)။ သူတို့အိမ်ရောက်သောအခါ သူတို့နှင့်အတူညစာသုံးဆောင်ရန် သူတို့ဖိတ်ခေါ်ကြသည်။

သူတို့အတူစားသောက်နေစဉ်မှာပင် သူသည် သခင်ယေရှုပင်ဖြစ်ကြောင်း သူတို့သိရှိခဲ့ကြသည်။

အခြားဖြစ်ရပ်တစ်ခုမှာ မာရိထံမိမိကိုယ်ကိုယ် ထင်ရှားတော်မူခြင်းဖြစ်သည်။ မာရိသည်

သခင်ဘုရား၏ဘာမျှမရှိသည့်သင်္ချိုင်းဂူဘေးနားတွင် စိတ်နှလုံးကြေကွဲစွာရပ်နေစဉ် ဥယျာဉ်

စောင့်ဟု သူထင်သောလူတစ်ဦး သူ့ကိုစကားလာပြောသည်။ အမှန်မှာ ထိုသူသည် သခင်ဘုရား

ပင်ဖြစ်သည်။ ဤတစ်ကြိမ်တွင် ကိုယ်တော်သည် ကျမ်းစာကိုမရှင်းပြပါ။ ဧမောက်ရွာသို့သွား

သည့်လမ်း၌ တပည့်တော်နှစ်ဦးကို ဖွင့်ပြသကဲ့သို့ ဓမ္မဟောင်းမှပရောဖက်ကျမ်းများကိုလည်း

အနက်မဖွင့်ပြပါ။ သို့သော် မိမိပြင်ဆင်ပေးထားသော ဆက်နွယ်တော်စပ်မှုအသစ်ကို ကြေညာ

ထုတ်ပြန်တော်မူသည်-]]ငါ၏ခမည်းတော်တည်းဟူသော သင်တို့၏ခမည်းတော်။ ငါ၏ဘုရား

သခင်တည်းဟူသော သင်တို့၏ဘုရားသခင်ထံတော်သို့ ငါတက်ရမည်}}။ ထိုအချိန်မှစ၍ မာရိ

သည် ထာဝရအသက်နှင့်ဆိုင်သောစွမ်းအားများဖြင့် စစ်မှန်၍အားမာန်ပြည့်ဝမှုရှိသော ဆက်

နွယ်ပါတ်သက်မှုကိုရရှိသွားလျက် သင်္ချိုင်းဂူထံသို့ မည်သည့်အခါမျှ မလာတော့ပေ။ သူသည်

အသက်ရှင်တော်မူသောသခင်ဘုရား အမှန်ရှိတော်မူကြောင်း တွေ့ရှိသွားပြီဖြစ်သည်။ သခင်ဘုရား၏

မိန့်တော်မူချက် မှန်ကန်ကြောင်း မာရိတွေ့ရှိသွားပြီဖြစ်သည်။ ထို့ကြောင့် ထိုမာရိနှင့် အခြား

သောခရစ်ယာန်အမျိုးသမီးများသည် ခရစ်တော်၏သင်္ချိုင်းဂူကို အထွတ်အမြတ်ထားရာ

ဂူဗိမာန်ပြုလုပ်မည့်အစီအစဉ်ကိုစွန့်လွှတ်လိုက်ကြသည်။ အဘယ့်ကြောင့်ဆိုသော် အသက်ရှင်

နေသောသူအတွက် မည်သူကမျှ သင်္ချိုင်းဂူဗိမာန်မလုပ်ကြပေ (ယော ၂၀)။

ရှင်ယောဟန်က သူမှတ်တမ်းတင်သည့် ခရစ်ဝင်ကျမ်း၏အခန်းကြီး ၂၁ တွင် ရှိမုန်နှင့်

အခြားသောတပည့်တော်များသည် တစ်ညလုံးငါးဖမ်းကြသော်လည်း တစ်ကောင်မျှမရကြ

ကြောင်းနှင့် မိုးလင်းလာသောအခါ သူစိမ်းတစ်ဦး ကမ်းစပ်ပေါ်ရပ်နေသည်ကို မြင်ကြရ

ကြောင်း မှတ်တမ်းတင်ထားသည်။ ထိုသူစိမ်းသည် သူတို့ကိုလှမ်းခေါ်လျက် သူတို့ငါးရှိမရှိမေး

သည်။ သူတို့က ]]မရှိပါ}}ဟု ပြန်ဖြေသည့်အခါ လှေ၏လက်ယာဘက်တွင် ပိုက်ကွန်ပစ်ချကြရန်

သူညွှန်ကြား၍ ထိုအတိုင်းသူတို့လုပ်ဆောင်သည့်အခါ ငါးများစွာကိုရကြသည်။ နောက်ဆုံးတွင်

ယောဟန်က ထိုသူစိမ်းသည် မည်သူဖြစ်ကြောင်းကို သိရှိသွားလျက် ]]ငါတို့သခင်ပေတည်း}}ဟု

ပေတရုကို ပြောခဲ့သည်။ မှန်ပါသည် – သခင်ဘုရား သူတို့ထံရောက်လာသည်။ ကျမ်းစာ ဖတ်

ကြားရင်းနှင့်မဟုတ်ပါ။ သင်္ချိုင်းနားတွင်မာရိထံလာသကဲ့သို့ သူတို့မျက်ရည်နှင့် ဝမ်းနည်းကြေ

ကွဲနေသည့်အချိန်လည်းမဟုတ်ပါ။ သူတို့၏လုပ်ငန်းခွင်ထဲတွင် ကိုယ်တော်ရောက်လာသည်။

လမ်းပြမှုနှင့်ရောက်လာလျက် လမ်းပြမှုကိုနားထောင်ခြင်းဖြင့် အောင်မြင်မှုကိုပေးလျက် သူတို့

ထံသို့ မိမိကိုယ်ကိုယ်ထင်ရှားစေတော်မူခဲ့သည်။

ကျွန်ုပ်တို့အတွက်လည်း ကိုယ်တော်ထိုသို့ပြုနေဆဲဖြစ်သည်။ ကျွန်ုပ်တို့သည် ကိုယ်တော်

ကို မျက်စိနှင့်မမြင်ကြရပါ။ နေ့တိုင်းနေ့တိုင်း၊ ကျမ်းစာဖတ်တိုင်းဖတ်တိုင်းလည်း ထိုသို့မဖြစ်ပါ။

သို့သော် တစ်ခါပြီးတစ်ခါ အသက်တာ၌လေ့လာသင်ယူနေစဉ်၊ ဝမ်းနည်းပူဆွေးနေစဉ်၊ တာဝန်

များထမ်းဆောင်နေစဉ် သူကတိတော်ပေးသည့်အတိုင်း ကျွန်ုပ်တို့စိတ်နှလုံးက သိရှိခံစားနိုင်

အောင် ကျွန်ုပ်တို့ထံထင်ရှားတော်မူသည်။ ကိုယ်တော်အတူရှိတော်မူကြောင်း ကျွန်ုပ်ခံစားသိရှိ

ကြသည်။ ကိုယ်တော်ပေးသည့်အသက်၏အားမာန်ပြည့်ဝမှုကိုလည်း ကျွန်ုပ်တို့ခံစားကြသည်။

သိုးထိန်းက ကျွန်ုပ်တို့ကိုစောင့်ရှောက်နေသည့်အသံကို ကျွန်ုပ်တို့စိတ်နှလုံးဖြင့်ကြားလျက်

ငါတို့သခင်ပေတည်း ဟု ကျွန်ုပ်တို့ဆိုကြသည်။

ကျွန်ုပ်တို့စိတ်နှလုံးထဲမှ ခမည်းတော်နှင့်သားတော်တို့ကိန်းဝပ်ရာနေရာ

ကိုယ်တော်သည် အသက်ဖြစ်တော်မူလျက် ထိုအသက်ကို ကျွန်ုပ်တို့အားဝေမျှပေးသော

ကြောင့် ကိုယ်တော်သည် ခမည်းတော်ထံကျွန်ုပ်တို့ကိုပို့ဆောင်ပေးသော လမ်းဖြစ်တော်မူသည်။

ထို့ပြင် မည်သို့မည်ပုံနှင့် မည်သည့်အခြေအနေမျိုးတွင် ခမည်းတော်နှင့်သားတော်တို့သည်

ကျွန်ုပ်တို့စိတ်နှလုံးထဲတွင် ကိန်းဝပ်စရာနေရာပြင်ဆင်တော်မူကြကြောင်းကိုလည်း ကျွန်ုပ်တို့ကို

သိမြင်စေတော်မူသည်။ ထို့ကြောင့် ခရစ်တော်ဒုတိယအကြိမ်ြွကလာသောအခါ ခမည်းတော်၏

အိမ်တော်သို့သိမ်းဆည်းခြင်းခံရလိမ့်မည်ဟူသောမျှော်လင့်ခြင်းကို ဝန်ခံသောသူတိုင်းသည် မိမိ

စိတ်နှလုံးထဲတွင် ခမည်းတော်နှင့် သားတော်အတွက် ကိန်းဝပ်စရာနေရာကို ဝမ်းမြောက်စွာ

ပြင်ဆင်ပေးမည်ဖြစ်သည်။

ထိုသို့ဆိုလျှင် မည်သည့်အခြေအနေမျိုးဖြစ်နေရမည်နည်း။ ကျွန်ုပ်တို့သည် လူသားဧည့်သည်ကို ကျွန်ုပ်တို့အိမ်သို့

ကြိုဆိုလက်ခံလိုသည့်အခါ ပျူငှာစွာကြိုဆိုဧည့်ခံနိုင်ရန် ထိုဧည့်သည်၏စိတ်ဆန္ဒမည်သို့ရှိမည်

ကို သိလိုကြပြီး ထိုဆန္ဒကို အတတ်နိုင်ဆုံး ဆောင်ကျဉ်းပေးလိုစိတ်ရှိကြသည်။

ထို့ကြောင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏စိတ်နှလုံးကို ခမည်းတော်နှင့်သားတော်တို့ ကိန်းဝပ်

ရာနေရာဖြစ်စေမည်ဆိုလျှင် ဦးစွာ ကျွန်ုပ်တို့သည် သူတို့ကိုချစ်ကြရမည်။ သူတို့ကိုချစ်လျက်

သူတို့နှစ်သက်သောအရာနှင့် သူတို့မုန်းတီးသောအရာတို့ကို သိနိုင်ရန်အတွက် သူတို့၏နှုတ်

ကပတ်တော်ကိုလေ့လာကြမည်။ ထို့နောက် သူတို့၏စိတ်တော်နှင့်တွေ့ရန် ဝမ်းမြောက်စွာနှင့်

နှိမ့်ချစွာကြိုးစားလျက် သူတို့နှစ်သက်သောအရာများကို လိုက်နာဆောင်ရွက်ကာ သူတို့မနှစ်

သက်သောအရာများကို ရှောင်ရှားကြမည်ဖြစ်သည်။ ဤသို့ဖြင့် သူတို့၏မေတ္တာနှင့်မိတ်သဟာရ

ဖွဲ့ခြင်းတို့ကို ပို၍ပို၍နက်ရှိုင်းစွာခံစားကြမည်ဖြစ်သည်။ မှန်ပါသည် ဘုရားသခင်၏ ချစ်ခြင်း

မေတ္တာသည် အခြေအနေပေါ် မူမတည်သောမေတ္တာဖြစ်ပါသည်။ ကျွန်ုပ်တို့သည် အပြစ်သား

များဖြစ်စဉ်မှာပင်၊ သူ၏ရန်သူများဖြစ်စဉ်မှာပင် ကျွန်ုပ်တို့ကိုချစ်တော်မူသည်။ ဘုရားသခင်

သည် မိမိလူတို့ကိုလည်း အခြေအနေပေါ်မတည်သောထိုမေတ္တာဖြင့်ချစ်တော်မူသည်။ သို့သော်

ဤနေရာတွင် ကျွန်ုပ်တို့စဉ်းစားနေသည့်အချက်မှာ အပြန်အလှန် တစ်ဦးမေတ္တာတစ်ဦး

ခံစားခြင်းဖြစ်သည်။ ခမည်းတော်နှင့်သားတော်တို့နှင့် အတွင်းကျကျမိတ်သဟာရဖွဲ့ခြင်းတွင်

သူတို့၏ပညတ်ချက်တို့ကို အလေးထားလျက် လိုက်နာခြင်းသည် သူတို့၏ချစ်ခြင်းမေတ္တာ၌

ဝမ်းမြောက်စွာအသက်ရှင်ခြင်းပင်ဖြစ်သည်။

ထို့ကြောင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အပါအဝင် ဘုရားသခင်၏လူအားလုံးအတွက်

ဆုတောင်းပေးသည့် ရှင်ပေါလု၏ဆုတောင်းချက်တွင် ပါဝင်ကြရမည်ဖြစ်သည်” အထက်ဆိုခဲ့ပြီးသော အကြောင်းကြောင့်၊ ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာရှိသော တစ်အိမ်ထောင်လုံး တည်းဟူသော သားတော်အပေါင်းတို့၏ အချုပ်အခြာဖြစ်တော်မူသော၊

ငါတို့ သခင်ယေရှုခရစ်၏ ခမည်းတော်ရှေ့မှာ ငါသည် ဒူးထောက်၍ ဆုတောင်းလေ့ရှိ၏။

ဆုတောင်းသောအချက်ဟူမူကား၊ ဝိညာဉ်တော်အားဖြင့် သင်တို့၏အတွင်းလူကို ခွန်အားနှင့် မြဲမြံခိုင်ခံ့စေ၍၊

ယုံကြည်ခြင်းအားဖြင့် ခရစ်တော်သည် သင်တို့၏ စိတ်နှလုံးအထဲ၌ ကျိန်းဝပ်တော်မူမည်အကြောင်း၊ ဘုန်းတော်ကြွယ်ဝပြည်စုံခြင်းနှင့် ညီလျော်စွာ သင်တို့အား ပေးတော်မူ၍၊ မေတ္တာ၌ စိုက်ပျိုးခြင်း၊ တိုက်မြစ်လည်းကျတည်ခြင်း ရှိသဖြင့်၊သင်တို့သည် သန့်ရှင်းသူအပေါင်းတို့၏ နည်းတူ၊ အနံအလျား အနက်အမြင့်တို့ကို ပိုင်းခြား၍ သိခြင်းငှာလည်းကောင်း၊

ကိုယ်ဉာဏ်နှင့်မသိနိုင်သော ခရစ်တော်၏ မေတ္တာတော်ကို သိနားလည်ခြင်းငှာလည်းကောင်း၊ သင်တို့သည် တတ်စွမ်းနိုင်သဖြင့် ဘုရားသခင်၏ ပြည်စုံတော်မူခြင်း ရှိသမျှနှင့်အညီ ပြည့်စုံကြပါမည်အကြောင်း၊ ငါသည် ဆုတောင်းလေ့ရှိ၏။

ငါတို့၌ ပြုပြင်သောတန်ခိုးတော်အတိုင်း၊ ငါတို့ တောင်းပန်ကြံစည်သမျှထက် အလွန်ထူးခြားစွာ ပြုခြင်းငှာ တတ်နိုင်တော်မူသော ဘုရားသခင်သည်၊ ယေရှုခရစ်အားဖြင့် အသင်းတော်၌ ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်။” (ဧဖက် ၃း၁၄-၂၁)။

လက်တွေ့သန့်ရှင်းစင်ကြယ်ခြင်း၌ကြီးထွားရန်အတွက် ဤနည်းလမ်းထက် ပိုမိုသေချာ

သောနည်းလမ်းမရှိပါ။

(၁၅)ခရစ်တော်၏နောက်ဆုံးညစာစားပွဲ

“ငါသည် သင်တို့နှင့်အတူရှိစဉ်တွင် ဤစကားကိုပြောခဲ့ပြီ။

ခမည်းတော်သည် ငါ့အတွက်ကြောင့် စေလွှတ်တော်မူသော ဥပဇ္ဈာယ်ဆရာတည်းဟူသော သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့အား ခပ်သိမ်းသောအရာတို့ကို ပြသသွန်သင်တော်မူ၍၊ ငါပြောခဲ့သမျှသော စကားတို့ကို မှတ်မိသောဉာဏ်ကို သင်တို့အား ပေးတော်မူ၏။

ငြိမ်သက်ခြင်းကို သင်တို့၌ငါထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။ လောကီသားတို့ ပေးသကဲ့သို့ ငါပေးသည်မဟုတ်။ သင်တို့ စိတ်နှလုံးပူပန်ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်း မရှိစေနှင့်။

ငါသည် ယခုသွားသော်လည်း သင်တို့ဆီသို့ လာဦးမည်ဟု ငါပြောသောစကားကို သင်တို့ကြားရကြပြီ။ သင်တို့သည် ငါ့ကိုချစ်လျှင် ခမည်းတော်ထံသို့ ငါသွားမည်ကို ဝမ်းမြောက်ကြလိမ့်မည်။ အကြောင်းမူကား၊ ငါ့ ခမည်းတော်သည် ငါ့ထက်သာ၍ ကြီးမြတ်တော်မူ၏။

ထိုအမှုအရာရောက်သောအခါ သင်တို့သည်ယုံကြည်စေခြင်းငှာ၊ မရောက်မီ ယခုပင်သင်တို့အား ငါပြောနှင့်ပြီ။

ယခုမှစ၍ ငါသည်သင်တို့နှင့်များစွာမပြောရ။ အကြောင်းမူကား၊ ဤလောကကို အစိုးရသောမင်းသည် လာဆဲဖြစ်၏။ လာသော်လည်း ငါ၌အဘယ်အခွင့်အရာကိုမျှ မတွေ့ရ။

ငါသည် ခမည်းတော်ကို ချစ်သည်ကိုလည်းကောင်း၊ ခမည်းတော်မှာတော်မူသည်အတိုင်း ငါပြုသည်ကိုလည်းကောင်း၊ လောကီသားတို့ သိမည်အကြောင်းတည်း။ ဤအရပ်မှ ထ၍သွားကြကုန်အံ့။”

(ယော ၁၄း၂၅-၃၁)

ခရစ်တော်သင်ပေးသော သန့်ရှင်းစင်ကြယ်ခြင်းသင်ခန်းစာ၏ပထမပိုင်းသည် ယခု ပြီးလု

ပြီဖြစ်သည်။ ကိုယ်တော်သည် မိမိ၏စာသင်သားများ အထက်ခန်းမမှမထွက်ခွာမီ သူတို့၏ ယုံ

ကြည်ခြင်းနှင့်စိတ်ချမှုတို့ကို မေတ္တာကရုဏာဖြင့် ပညာရှိရှိ ခွန်အားပေးရန်ပြင်ဆင်တော်မူသည်။

သင်ယူခြင်းသည် ခက်ခဲ၍စိတ်ပျက်ဖွယ်ကောင်းသည့်အလုပ်ဖြစ်နိုင်ပါသည်။ ထို့ကြောင့်

တပည့်တော်များက သူတို့ကိုသင်ကြားပေးထားသည့် များမြောင်လှသော သင်ခန်းစာအားလုံး

ကို သူတို့အသေးစိတ်မှတ်မိနိုင်ကြလိမ့်မည်မဟုတ်ဟု ခံစားမိကြပါက အံ့ဩစရာမဟုတ်ပေ။

ကျွန်ုပ်တို့လည်း တစ်ချိန်ပြီးတစ်ချိန် ထိုနည်းတူခံစားမိတတ်ကြမည်ဖြစ်သည်။ သန့်ရှင်းစင်

ကြယ်ခြင်းတွင်ကြီးထွားတိုးတက်မှုရှိစေရန် သင်ကြားပေးသည့်သင်ခန်းစာများသည် သာမာန်

လူများ၏စွမ်းရည်နှင့်မဖြစ်နိုင်သည့်အရာများသာဖြစ်သည်ဟု ကျွန်ုပ်တို့မှတ်ချက်ချလိုက်လျှင်

ကျွန်ုပ်တို့အတွက် သက်သာသွားသလိုဖြစ်နိုင်ပါသည်။ အမှန်မှာ ထိုသို့မဟုတ်ပါ။ တစ်ခါတစ်ရံ

ကြိုးစားလုပ်ဆောင်ရန်လိုပြီး ရည်ရွယ်ချက်အပြည့်အဝဖြင့် မဆုတ်မနစ်လုပ်ဆောင်ရန် လို

ကောင်းလိုနိုင်ပါသည်။ သို့သော် သခင်ဘုရားသည် သူ့တမန်တော်များ၏စိတ်နှလုံး၌ သူအမြစ်

တွယ်အပင်ပေါက်စေခဲ့သောအရာများဖြစ်သည့် သင်ယူထားသည့်သင်ခန်းစာကို ကောင်းစွာ

လုပ်ဆောင်နိုင်မည်ဟူသောစိတ်ချမှု၊ ဘဝတိုက်ပွဲများကြားတွင် စိတ်နှလုံးထဲတွင် အမြစ်စွဲနေသော

ငြိမ်သက်ခြင်း၊ မဆုံးရှုံးနိုင်သောဝမ်းမြောက်ခြင်းအရင်းအမြစ်နှင့် သင်ကြားထားသည့်

သင်ခန်းစာများကို ရန်လိုနေသောလောကကြီးထဲ လက်တွေ့လုပ်ဆောင်ရာတွင် အောင်မြင်မှု

ရမည်ဟူသောသေချာမှုတို့ကို ကျွန်ုပ်တို့အား ခံစားရရှိ စေရန် အဆင်သင့်ရှိနေပြီဖြစ်သည်။

သင်ယူရာ၌ယုံကြည်စိတ်ချမှု

ပထမဆုံးရောက်လာသည့်စိတ်ချမှုမှာ သူတို့သည် သူတို့ကိုသင်ကြားပေးထားသောအရာ

ကို မှတ်မိနေရန်နှင့်နားလည်ရန်အတွက် သူတို့ကိုယ်တိုင်သာကြိုးစားရုန်းကန်စေရန် သူတို့ကို

ပစ်ထားမည်မဟုတ်ဆိုသည့် စိတ်ချမှုဖြစ်သည်။ ကူညီမစသောအရှင်ကို သူတို့ထံစေလွှတ်ပေး

မည်ဖြစ်ပြီး သူတို့သင်ယူသည့်အခါထွက်ပေါ်လာ မည့်အောင်မြင်မှုသည် သူတို့ကိုယ်တိုင်၏

အရည်အချင်းပေါ်မူမတည်ဘဲ ကူညီမစသောအရှင်၏အရည်အချင်းပေါ်မူတည်သည်။

ကျေးဇူးတရားနှင်ြ့ပည့်စုံသောဤကတိတော်သည် ကနဦးတွင် တမန်တော်များအတွက်

ဖြစ်ခဲ့သည်မှာ မှန်ပါသည်။ ၄င်းသည် ဓမ္မသစ်ကျမ်း၏ခိုင်လုံမှုအပေါ် အခြေခံထားသည့် ကတိ

တော်ဖြစ်သည်။ သခင်ဘုရားသည် လောက၌ရုပ်ခန္ဓာဖြင့်ရှိစဉ် တပည့်တော်တို့အား များစွာ

သောအရာတို့ကို သင်ကြားပေးတော်မူခဲ့သည်။ ရှင်မဿဲ၊ ရှင်မာကု၊ ရှင်လုကာနှင့် ရှင်ယောဟန်

ခရစ်ဝင်ကျမ်းများကို ကျွန်ုပ်တို့ဖတ်သည့်အခါ သခင်ဘုရားလုပ်ဆောင်ခဲ့သည့်အရာနှင့် သွန်

သင်သည့်အရာတို့ကို မှန်ကန်စွာ မှတ်တမ်းတင်ထားခြင်းဟုတ်မဟုတ် မည်သို့သေချာသိနိုင်မည်

နည်း။ ကမ္ဘာပေါ်ရှိ အထက်မြက်ဆုံးစိတ်နှင့်ဦးနှောက်ဖြင့်ပင် ခရစ်တော်သင်ကြားပေးခဲ့သော

အရာအားလုံးကို သတိရနိုင်အောင် မည်သို့စီမံလုပ်ဆောင်နိုင်မည်နည်း။ အဖြေမှာ ကျွန်ုပ်တို့၏

သခင်ဘုရားသည် တမန်တော်များကို ဤကြီးမားသောတာဝန်ထမ်းဆောင်ရန်နှင့် ကျွန်ုပ်တို့၏

ခရစ်ယာန်ယုံကြည်မှုအတွက် အခြေခံဖြစ်သည့်မှတ်တမ်းကိုတင်ပြနိုင်ရန် အကူအညီမဲ့ထားခဲ့

သည်မဟုတ်။ ခရစ်တော်သင်ကြားပေးသောအရာများကို ကြားနာခဲ့ကြသည့် တမန်တော်များ

က ထိုအရာများကိုမှတ်မိနိုင်ရန် ဘုရားတန်ခိုးတော်ဖြင့် ကူညီမစမည့် သန့်ရှင်းသောဝိညာဉ်

တော်ကို စေလွှတ်တော်မူခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဓမ္မသစ်ကျမ်းကိုဖတ်သည့်အခါ

ခရစ်တော်သွန်သင်သောအရာများဖြစ်ကြောင်း အသေအချာသိနိုင်ရခြင်းဖြစ်သည်။

ထို့ပြင် သူတို့မှတ်မိသောအရာများကို နားလည်သဘောပေါက်ရန်အတွက်လည်း ထို

ဝိညာဉ်တော်က သူတို့ကိုကူညီပေးခဲ့သည်။ ဓမ္မသစ်ကျမ်းတွင် ကျွန်ုပ်တို့ဖတ်ရှုရသည့်အရာများ

သည် ခရစ်တော်ဟောပြောသွန်သင်သောအရာတို့ကို တဲ့တိုးမှတ်တမ်းတင်ထားခြင်းသာမကဘဲ

အနက်ဖွင့်ချက်များလည်းပါသည့် မှတ်တမ်းဖြစ်ကြောင်း ထင်ရှားသည်။ ထို့ကြောင့်လည်း

အချို့တို့က ခရစ်ဝင်ကျမ်းများသည် တဲ့တိုးမှတ်တမ်းတင်ထားခြင်းမဟုတ်ဘဲ အနက်ဖွင့်ရှင်းပြ

ချက်များလည်းပါသည်ဖြစ်၍ ခရစ်တော်မိန့်တော်မူသောအရာ၊ ကိုယ်တော်ဆိုလိုသောအရာ

ဟုတ်မဟုတ်မသေချာဟုဆိုကြသည်။ ကျွန်ုပ်တို့၌ရှိသောအရာများသည် ခရစ်တော်မိန့်တော်မူ

ထားသောအရာနှင့် လုပ်ဆောင်တော်မူသောအရာတို့ကို ကနဦးအသင်းတော်က အနက်ဖွင့်

ထားသောအရာများသာဖြစ်သည်ဟု သူတို့ဆိုကြသည်။

သို့သော် ထိုအဆို မှားပါသည်။ အဘယ်ကြောင့်ဆိုသော် သခင်ဘုရား၏ကတိတော်

(၁၄း၂၆) အားဖြင့် ကျွန်ုပ်တို့၌ရှိသောအရာသည် ခရစ်ဝင်ကျမ်းများ၌တွေ့ရသည့် မှတ်တမ်း

များနှင့်အနက်ဖွင့်ရှင်းပြချက်များ၏ကျောထောက်နောက်ခံအဖြစ် ရှိနေသည့် သန့်ရှင်းသော

ဝိညာဉ်တော်၏အသိပေးထုတ်ပြန်ချက်များပင်ဖြစ်သည်။ ထို့ပြင် ကတိတော်ထဲတွင် တမန်

တော်တို့အား ခရစ်တော်မသင်ကြားပေးခဲ့သောအရာများကို သန့်ရှင်းသောဝိညာဉ်တော်သည်

သင်ကြားပေးတော်မူမည်ဖြစ်ကြောင်းလည်း ပါသည် (၁၆း၁၂-၁၃)။ ခရစ်တော်မထမြောက်မီ၊

ကောင်းကင်သို့မတက်ြွကမီနှင့် သန့်ရှင်းသောဝိညာဉ်တော်မြွကလာမီ တမန်တော်တို့ နားမလည်

နိုင်သောအရာ များစွာရှိခဲ့သည်။ ထိုအရာများနှင့်ပတ်သက်၍ မိမိထမြောက်လျက် ကောင်းကင်

သို့ ပြန်ြွကသွားပြီးသည့်အခါ ဝိညာဉ်တော်က သူတို့ကိုသင်ပေးမည်ဖြစ်သောကြောင့် သခင်

ဘုရားက ထိုအတိုင်းထားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ယခုအခါတွင်မူ ထိုအရာတို့သည် ဓမ္မသစ်

ကျမ်း၏ဩဝါဒစာများအဖြစ် (တ ၁း၁-၅နှင့် ဧဖက် ၃း၂-၂၁ ကိုကြည့်ပါ) ကျွန်ုပ်တို့ထံ

တစ်ကြိမ်နှင့်အပြီး ပေးအပ်တော်မူခဲ့ပြီဖြစ်သည် (ယုဒ ၃)။

ဤအခြေခံအချက်အရ ဤကတိတော်သည် လောကခန္ဓာဖြင့်ကိုယ်တော်အမှုတော်

ဆောင်ရွက်စဉ် နောက်တော်လိုက်ကြသည့် ရာနှင့်ချီသောတပည့်တော်များအတွက် မဟုတ်

သကဲ့သို့ တမန်တော်ခေတ်နှောင်း-ခရစ်ယာန်အသင်းတော်အတွက်လည်းမဟုတ်ဘဲ အသင်း

တော်၏ အုတ်မြစ်-အသင်းဝင်များဖြစ်ကြသည့် တမန်တော်များနှင့်ပရောဖက်များအတွက်

ဖြစ်သည် (ဧဖက်၊ ၅ း၃)။

ဒုတိယအနေဖြင့် ကျွန်ုပ်တို့လည်း ဤကတိတော်ကို ကျွန်ုပ်တို့ကိုယ်တိုင်အတွက် ခံယူနိုင်

သည်။ ခရစ်တော်၏သွန်သင်မှုများကို ကျွန်ုပ်တို့ကောင်းစွာသဘောပေါက်နားလည်နိုင်ရန်

အတွက်ကူညီပေးရန် သန့်ရှင်းသောဝိညာဉ်တော်ကို စေလွှတ်တော်မူခဲ့သည်။ ကျွန်ုပ်တို့သည်

လည်း ကျွန်ုပ်တို့ထဲ၌ ခရစ်တော်၏ကိန်းဝပ်တော်မူခြင်းအဓိပ္ပါယ်ကို နားလည်ရန်ခက်ခဲနေတတ်

ပြီး တစ်ခါတစ်ရံတွင် ထိုသို့ကိန်းဝပ်တော်မူခြင်းသည် အပူတပြင်းရုန်းကန်လှုပ်ရှားနေရသည့်

ဘဝတွင် မရေမရာမှုန်ဝါးဝါးဖြစ်နေတတ်သည်။ သို့သော် သန့်ရှင်းစင်ကြယ်ခြင်းသည် မိမိတို့

ကိုယ်ပိုင်ခွန်အားရှိသလောက်သာ ကြိုးစားလုပ်ဆောင်ရမည့်အရာမဟုတ်သောကြောင့် ကိုယ်

တော်သည် ကျွန်ုပ်တို့သင်ယူခဲ့သောအရာများကို သတိရဖို့အတွက်ကူညီပေးရန် ကျွန်ုပ်တို့နှင့်

အတူ အစဉ်အမြဲဆက်၍ရှိတော်မူသည်။ ကျွန်ုပ်တို့နှင့်အတူရှိတော်မူရုံမက ကျွန်ုပ်တို့ဖြတ်သန်း

ရသည့် အခြေအနေအရပ်ရပ်တို့ကို မိမိ၏စိတ်တော်နှင့်အညီ တုန့်ပြန်ဖြေရှင်းပေးတော်မူရန်

အတွက် ကျွန်ုပ်တို့အထဲ၌ ကိန်းဝပ်တော်မူသည်။ ရေကူးသင်ပေးသူက ရေကူးသင်နေသူအား

ရေသည် သူ့ကိုရေပေါ် ပေါ်နေအောင်ကူညီပေးလိမ့်မည်ဖြစ်ကြောင်း ယုံကြည်လျက် စိတ်ချ

လက်ချရှိရန် သင်ကြားပေးသကဲ့သို့ သန့်ရှင်းသော ဝိညာဉ်တော်သည် ကျွန်ုပ်တို့အား သန့်ရှင်း

စင်ကြယ်ခြင်းအကြောင်းသင်ကြားသည့် နေရာတွင်လည်းကောင်း၊ လက်တွေ့လိုက်နာသည့်

နေရာတွင်လည်းကောင်း ကျွန်ုပ်တို့လိုအပ်နေသည့် ကျေးဇူးတော်၊ တန်ခိုးတော်နှင့် လုံ့လဝိရိယ

တို့အတွက် သူ့အပေါ်မှီခိုရန် ကျွန်ုပ်တို့ကို သင်ကြားလေ့ကျင့်ပေးတော်မူမည်ဖြစ်သည်။

ဘဝတိုက်ပွဲနှင့်မုန်တိုင်းများကြားက ငြိမ်သက်ခြင်း

နောက်ထပ်ပေးတော်မူသည့်အရာမှာ မိမိ၏ငြိမ်သက်ခြင်းအမွေဖြစ်သည်။ ဤအမွေသည် တန်ဖိုးကြီးမားလှသကဲ့သို့ ၄င်းကို ခံယူရှုမြင်သင့်သည်ထက် လွန်ကဲ

စွာမခံယူမရှုမြင်မိရန်လည်း လိုသည်။ အချို့တို့က ဤကျမ်းပိုဒ်ကို ကိုးကားလျက် ခရစ်ယာန်

တိုင်းသည် အစဉ်အမြဲတည်ငြိမ်အေးဆေးနေရမည့်ပုံမျိုးဖြင့် ခရစ်ယာန်တစ်ယောက်သည်

မည်သည့်အချိန်၌မဆို ဝမ်းနည်းကြေကွဲခြင်း၊ ပူပန်သောကရောက်ခြင်းမျိုးမရှိသင့်ဟု သွန်သင်

သည်ကို ကြားမိမည်ဖြစ်သည်။ ရလဒ်က မည်သို့ဖြစ်လာသနည်းဆိုလျှင် ယုံကြည်သူများသည်

အကြောင်းတစ်စုံတစ်ရာကြောင့် စိတ်ပျက်ခြင်း သို့မဟုတ် ဝမ်းနည်းပူဆွေးခြင်း ခံစားမိကြ

သည့်အခါ သခင်ဘုရား၏ကတိတော်အားဖြင့် နှစ်သိမ့်မှုကို တွေ့ရှိခံစားကြရမည့်အစား

သူတို့သည် အသုံး မကျသောခရစ်ယာန်များသာဖြစ်ကြသည်ဟု ခံစားမိတတ်ကြသည်။

ထို့ကြောင့် ဤကတိတော်တို့ကိုမိန့်တော်မူသော ကယ်တင်ရှင်သခင်သည် ထိုသို့မိန့်တော်

မမူမီ တစ်နာရီခွဲခန့်အချိန်တွင် မိမိတပည့်တော်များအား သူတို့ထဲက တစ်ယောက်သည် သူ့ကို

သစ္စာဖောက်မည်ဖြစ်ကြောင်းအသိပေးလျက် (၁၃း၂၁) စိတ်ထဲ၌ အလွန်စိတ်မကောင်းဖြစ်ခဲ့

ကြောင်း ကျွန်ုပ်တို့သတိရရန် အလွန်အရေးကြီးပါသည်။ ထို့ကြောင့် မိမိသည် စိတ်ထဲ၌စိတ်

မကောင်းဖြစ်ရကြောင်း ယခု ပွင့်ပွင့်လင်းလင်းဖွင့်ဆိုမိန်ကြားပြီး အချိန်အတိုတိုအတွင်းမှာပင်

မိမိ၏ငြိမ်သက်ခြင်းအကြောင်း မိန့်တော်မူခဲ့သည်။ ထိုနှစ်ခုအကြား မည်သည့်ဆန့်ကျင်မှုကို

ကိုယ်တော်မတွေ့ပေ။ မကြာမီအတွင်းမှာပင် အထက်ခန်းမမှထွက်လျက် ဂေသရှေမန်ဥယျာဉ်

သို့ကြွတော်မူ၍ စိတ်ထဲ၌ ဖိစီးမှုများခံစားနေရကြောင်း ” ပေတရု၊ ယာကုပ်၊ ယောဟန်တို့ကိုခေါ်သွား၍ မိန်းမောတွေဝေခြင်း၊ စိတ်ပူပန်ခြင်းသို့ ရောက်တော်မူ၏။

ထိုအခါ ငါသည် သေလောက်အောင် စိတ်နှလုံး အလွန်ညှိုးငယ်ခြင်း ရှိ၏။ ဤအရပ်၌ စောင့်နေကြလော ဟု တပည့်တော်သုံးယောက်တို့အား မိန့်တော်မူ၍၊ ” ဟု ဖွင့်ဟဝန်ခံတော်မူပြန်သည် (မာ ၁၄း၃၃-၃၄)။

 သို့သော် ကိုယ်တော်  မိန့်တော်မူထားသည့်ငြိမ်သက်ခြင်းသည် ဥယျာဉ်ထဲ၌ကိုယ်တော်ခံစားရသည့် ဝမ်းနည်းကြေကွဲ

ခြင်းက ရုတ်တရက်တိုက်စားဖယ်ရှားလိုက်ပြီဟု မတွေးလိုက်မိရန်အရေးကြီးပါသည်။

ကိုယ်တော်သည် သူတို့၌ မိမိ၏ငြိမ်သက်ခြင်းကို ထားခဲ့လျက် သူတို့ကိုနှုတ်ဆက်စဉ်မှာပင်

မိမိ၏မေတ္တာ၊ သစ္စာနှင့် သူတို့အတွက်ထားရှိသည့်ဝန်တာတို့အတွက် သူတို့ကို စိတ်ချမှုပေး

တော်မူခဲ့သည်။ ဤသို့အားဖြင့် ကိုယ်တော် သူတို့ထံမှထွက်ခွာတော်မူသောအခါ ကိုယ်တော်

သည် သူတို့ကိုစွန့်တော်မမူကြောင်းနှင့် သူတို့အပေါ် သစ္စာရှိတော်မူကြောင်းကို သူတို့အသေ

အချာသိရှိခဲ့ကြသည်။ ကိုယ်တော်၏မေတ္တာနှင့်သစ္စာအပေါ် သူတို့၏ယုံကြည်စိတ်ချမှုသည်

သူတို့၏စိတ်နှလုံး၌ ငြိမ်သက်ခြင်းကို အခိုင်အမာအမြစ်တွယ်စေခဲ့သည်။ ထို့ကြောင့် သူတို့၏

စိတ်ခံစားမှုမျက်နှာပြင်ပေါ်တွင် ဘဝမုန်တိုင်းများကြောင့် မတည်မငြိမ်ဖြစ်ခဲ့လျှင်လည်း

အတွင်း၌အမြစ်တွယ်သောငြိမ်သက်ခြင်းသည် မလှုပ်မရှား မပျောက်မပျက်ဘဲ တည်နေဆဲဖြစ်

သည်။ ဤအဓိပ္ပါယ်ဖြင့် သူ၏ငြိမ်သက်ခြင်းကို လောကီသားတို့ပေးသကဲ့သို့ပေးသည်မဟုတ်ဟု

မိန့်တော်မူခဲ့ခြင်းဖြစ်သည်။ လောကသည် ゞင်း၏ပြောင်းလဲလွယ်ခြင်းနှင့်သစ္စာမဲ့ခြင်းတို့ဖြင့်

နာမည်ကြီးသည်။ လောကသည် ယနေ့ သင်ကိုငြိမ်သက်ခြင်းမည်ဟု သင့်ကို ကတိပေးသည်။

မနက်ဖြန် သင့်ကိုမေ့သွားသည်။ သို့မဟုတ် ယုဒက ခရစ်တော်ကို သစ္စာဖောက်သကဲ့သို့ သင့်ကို

သစ္စာဖောက်မည်ဖြစ်သည်။

လောက၏စနစ်သည် ဘုရားသခင်အပေါ် စစ်မှန်သောယုံကြည်စိတ်ချမှုမရှိသော ဘဝ၏

အတွေးအခေါ်နှင့်နည်းလမ်းတို့ဖြင့် ဖွဲ့စည်းထားသောစနစ်ဖြစ်သောကြောင့် ထိုလောကတွင်

အခြေခံလုံခြုံမှုမရှိပေ။ သူတို့ဘဝအတွက် လှပသောလက်ဆောင်ရှိသမျှတို့သည် ဘုရားသခင်

ထံတော်မှဖြစ်သော်လည်း သူတို့စိတ်ထဲတွင် ဘုရားသခင်သည် လုံခြုံမှု၏အရင်းအမြစ် မဟုတ်

ဘဲ မလုံခြုံမှု၏အရင်းအမြစ်ဖြစ်လာသည်။ သူတို့သည် ညအခါမိမိကိုကျွေးရန် ရေခဲသေတ္တာထဲ

မိခင်သိမ်းထားသောရေခဲမုန့်ကို ခိုးစားသည့်ကလေးငယ်နှင့်တူကြသည်။ မိခင်ဖြစ်သူက

သားငယ်ကို သင့်တော်သည့်အချိန်တွင်ကျွေးရန်ရည်ရွယ်လျက် ထိုရေခဲမုန့်ကိုမထိရန် အပြင်

ထွက်ခါနီး သားငယ်ကို မှာထားခဲ့သည်။ သို့သော် မိခင်အပြင်ထွက်ချိန်တွင် သွေးဆောင်ခြင်း

ကိုမခံနိုင်ဘဲ ရေခဲမုန့်ကိုခိုးစားလိုက်မိသောကြောင့် မိခင်ပြန်လာမည့်အချိန်သည် သူ့အတွက်

ပျော်စရာကောင်းရမည့်အစား သူ့အားအပြစ်ပေးမည်ကို ကြောက်သောကြောင့် မိခင်ပြန်လာ

ချိန်သည် သူ့အတွက်စိုးရိမ်ကြောက်ရွံ့ချိန်ဖြစ်နေရသည်။ ဘုရားသခင်အပေါ် လောက၏

အမြင်လည်း ထိုနည်းတူဖြစ်နေသည်။ ဘုရားသခင်၏တားမြစ်မှုကိုဆန့်ကျင်လျက် အသီးကို

စားရန် ဧဝသည် စာတန်၏သွေးဆောင်မှုခံရပြီးသည့်အချိန်မှစ၍ ကျရှုံးသောလူသည် ဘုရား

သခင်ကို ကြောက်စရာဟုခံစားလာသည်။ ထို့ကြောင့် လူသည် မိမိနှင့်မိမိပတ်ဝန်းကျင်လေး

လုံခြုံမှုရှိရန်ကြိုးစားလာသည်။ ဘုရားသခင်ပင် သူ့ဘဝထဲဝင်မလာအောင် တားဆီးရန်ကြိုး

စားလာသည်။ သို့သော် သူ၏ကမ္ဘာသည် အထိအခိုက်မခံနိုင်သည့်စနစ်တစ်ခုဖြစ်နေသည်။

သူ၏ကမ္ဘာကို သူမထိန်းချုပ်နိုင်သော ဧရာမသဘာဝစွမ်းအားများကဝိုင်းရံထား၍ သူ၏ကမ္ဘာ

လေးသည် အလွယ်တကူပင် ပြိုကွဲသွားနိုင်သည်။ ထို့ပြင် သေခြင်းတရားသည် တံခါးဝတွင်

ရပ်နေ၍် အထဲဝင်လာမည်ကို ကြောက်နေရသည်။ ဘုရားသခင်ကိုပင် မယုံကြည်နိုင်သောလူ

သည် လူသားအချင်းချင်းကိုလည်း မယုံကြည်မစိတ်ချနိုင်တော့ချေ။ သူသည် မလုံခြုံမှုတွင်းဝ

တွင် တဝဲလည်လည်အသက်ရှင်နေရသည်။ လောကသည် ငြိမ်သက်ခြင်းမရှိသကဲ့သို့ ငြိမ်သက်

ခြင်းကိုလည်း မပေးစွမ်းနိုင်ပေ။ ဖန်ဆင်းရှင်ဘုရားသခင်တစ်ပါးတည်း၌ ကယ်တင်ခြင်းနှင့်

လုံခြုံခြင်းရှိသောကြောင့် ဘုရားသခင်တစ်ပါးတည်း၌သာ ငြိမ်သက်ခြင်းရှိသည်။

ဝမ်းမြောက်ခြင်း၏ချွတ်ချော်မှုမရှိနိုင်သောအရင်းအမြစ်

သခင်ဘုရားသည် သူတို့အား အကန့်အသတ်မရှိသောဝမ်းမြောက်မှု၏ အကြောင်းတရား

တစ်ခုကို ထောက်ပြခဲ့သည်။သူတို့နားလည်သည်ဆိုလျှင် သူတို့ထံမှ သူထွက်ခွာသွားရခြင်းသည်

သူတို့အတွက် ဝမ်းနည်းစရာမဟုတ်ဘဲ ဝမ်းမြောက်စရာဖြစ်သည်။ ကိုယ်တော်ကောင်းကင်သို့တက်ြွကတော်မူခြင်းသည် မည်သို့မည်ပုံ ဝမ်းမြောက်ခြင်း၏

အရင်းအမြစ်ဖြစ်ရသနည်း}}၊ ]]ခမည်းတော်သည်ငါ့ထက် သာ၍ကြီးမြတ်သည်ဟု ကိုယ်တော်

မိန့်တော်မူခြင်းသည် ဘာကိုဆိုလိုသနည်း}}- စသည့်မေးခွန်းများသည် ကျွန်ုပ်တို့မေးရမည့်

မေးခွန်းများဖြစ်သည်။ ဤအချက်နှစ်ချက်သည် ဆက်စပ်မှုရှိကြသည်။ ကျွန်ုပ်တို့၏သခင်

ဘုရားသည် အခြေခံသဘာဝအရ ခမည်းတော်ဘုရားသခင်နှင့် တန်းတူရည်တူဖြစ်သည်။

သို့သော် မြေကြီးပေါ်တွင် ရုပ်ခန္ဓာဖြင့်ရှိတော်မူစဉ်တွင် ရှင်ပေါလုက ဖိလိပ္ပိဩဝါဒ အခန်းကြီး

(၂) တွင်ဖော်ပြသည့်အတိုင်း သခင်ဘုရားသည် ခမည်းတော်နှင့် တန်းတူရည်တူမဖြစ်သည့်

ကဏ္ဍရှိသည်။ ကိုယ်တော်သည် လူသားကိုယ်ခန္ဓာကို မိမိစေတနာအလျောက်ခံယူလျက် ထိုခန္ဓာ

၏အကန့်အသတ်ဘောင်ကို နာခံတော်မူခဲ့၍ အချိန်တစ်ချိန်တွင် နေရာတစ်နေရာထဲ၌သာ ရှိ

တော်မူနိုင်သည်။ ခမည်းတော်ဘုရားတွင် ထိုအကန့်အသတ်မရှိချေ။ ထို့ပြင် ခရစ်တော်သည်

ကျွန်ုပ်တို့ပြောခဲ့ပြီးသည့်အတိုင်း မိမိ၏အသွေးအသားခန္ဓာဖြင့်ရှိနေချိန်တွင် တပည့်တော်တစ်

ဦးချင်းစီ၏အထဲ၌ မကိန်းဝပ်နိုင်ပေ။ ခမည်းတော်၌ ထိုကဲ့သို့သော အကန့်အသတ်မရှိချေ။

အခြေအနေသစ်၏ဂုဏ်အသရေသည် အချက်နှစ်ချက်ပေါ်တည်သည်။ တစ်ချက်မှာ ခမည်း

တော်ထံ သခင်ဘုရားပြန်သွားရခြင်းမှာ သူ၏လူသားကိုယ်ခန္ဓာ ဘုန်းအသရေဝင်စားခြင်းဖြစ်

ပြီး လောက၏အကန့်အသတ်များနှင့် လွတ်သွားခြင်းလည်းဖြစ်သည်။ သို့သော် ခမည်းတော်ထံ

ပြန်သွားခြင်းသက်သက်မဟုတ်ပေ။ ကိုယ်တော်သည် တပည့်တော်များထံ တစ်ချိန်ပြီးတစ်ချိန်

ရောက်လာမည်ဖြစ်ပြီး အချိန်တစ်ချိန်တွင် တစ်နေရာ၌သာ လူတစ်ဦးထံသို့သာ ရောက်နိုင်

သည့်အကန့်အသတ်လည်း မရှိတော့ပေ။ ခမည်းတော်နည်းတူ မိမိတပည့်တော်များအားလုံးထံ

နေရာတိုင်းတွင် အချိန်တိုင်းရှိနိုင်တော့မည်ဖြစ်သည်။ မိမိလူအားလုံးတို့ထံတွင်လည်း နေရာ

တိုင်း၌ အချိန်စက္ကန့်တိုင်း အခြေအနေအရပ်ရပ်တို့၌ အတူရှိတော်မူမည်ဖြစ်သည်။

သခင်ဘုရားသည် တမန်တော်များနှင့်အတူ ရုပ်ခန္ဓာဖြင့်အတူရှိတော်မူခဲ့သကဲ့သို့ ကျွန်ုပ်တို့

နှင့်လည်း အတူရှိတော်မူနိုင်လျှင် ကောင်းမည်ဟု ကျွန်ုပ်တို့ တစ်ခါတစ်ရံ ခံစားမိတတ်ကြသည်။

သို့သော် ထိုခံစားမှုသည် မမှန်ပါ။ တမန်တော်များကို စော်ကားပြောဆိုခြင်းတော့မဟုတ်ပါ။

သခင်ဘုရား သူတို့နှင့်အတူ ရုပ်ခန္ဓာဖြင့်အတူရှိတော်မူစဉ် သူတို့၌ အတုယူစရာအပြုအမူများ

များစွာရှိပါသည်။ တစ်ဘက်၌ သိထားရမည့်အချက်မှာ သာဓကအားဖြင့် ရှင်ပေတရု၏အကြီး

မားဆုံးအမှားသည် သခင်ဘုရား လောကတွင် ရုပ်ခန္ဓာဖြင့်ရှိတော်မူစဉ်ကပင်ဖြစ်သည်။

ထိုစဉ်က တမန်တော်များ ကြုံရသည့်အခြေအနေထက် ယခုကျွန်ုပ်တို့၏အခြေအနေ များစွာသာ

ပါသည်။ သခင်ဘုရားသည် ခမည်းတော်ထံပြန်သွားပြီး သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်

ကျွန်ုပ်တို့ထံ ပြန်လာကာ ကရာနီမတိုင်မီက တမန်တော်များနှင့်အတူရှိသည့်အခြေအနေထက်

ယခု ကျွန်ုပ်တို့နှင့်ပို၍နီးကပ်စွာရှိတော်မူသည်။ ထို့ပြင် မြေကြီးပေါ်တွင် ရုပ်ခန္ဓာဖြင့်ရှိတော်မူ

စဉ်က မဖြစ်နိုင်သည့်နည်းဖြင့် ကျွန်ုပ်တို့နှင့်အစဉ်မပြတ်အတူရှိတော်မူသည်။ ゞင်းသည် ကျွန်ုပ်တို့

ထံမှ နှုတ်ယူ၍မရနိုင်သောဝမ်းမြောက်ခြင်း၏အရင်းအမြစ်တစ်ခုဖြစ်သည်။

သို့သော် တမန်တော်များအတွက် ဤအချက်အားလုံးကို ခံယူနိုင်ရလည်း ခက်ခဲခဲ့ပေလိမ့်

မည်။ ]ဘာကြောင့် ဒီလိုအချိန်မှာ သူတို့ကို ဒါတွေပြောပြပြီး အနှောင့်အယှက် ဖြစ်စေတာလဲ}

ဟု ကျွန်ုပ်တို့အံ့ဩမိကောင်းအံ့ဩမိနိုင်ပါသည်။ သို့သော် ကိုယ်တော် ဤသို့ပြုရာ၌ ဉာဏ်ပညာ

နှင့်ပြည့်စုံသောရည်ရွယ်ချက်ရှိပါသည်။ပင်တေကုတ္တေပွဲနေ့တွင်

သန့်ရှင်းသောဝိညာဉ်တော်ဆင်းကြွလျက် သူတို့၌ကိန်းဝပ်တော်မူသည့်အခါ သူတို့သည်

အထက်ခန်းမတွင် ကိုယ်တော်မိန့်တော်မူသောအရာကို သတိရကြလျက် ယုံကြည်ခွန်အားရရှိခဲ့

ကြမည်ဖြစ်သည်။ ]]ကိုယ်တော် မှန်တယ်နော်။ ကိုယ်တော်မိန့်တော်မူထားတာ မှန်တယ်နော်။

ကိုယ်တော်ကတိပေးထားတဲ့အတိုင်း တကယ်ဖြစ်လာတယ်နော်}}ဟု သူတို့ အထပ်ထပ်ပြောမိ

ကြမည်ဖြစ်သည်။ ကျွန်ုပ်တို့လည်း ရှင်ယောဟန်ခရစ်ဝင်၏ ဤအခန်းကြီးများတွင် ကျွန်ုပ်တို့

လေ့လာသင်ယူရသော နှစ်လိုဖွယ်အရာအားလုံးတို့သည် ခရစ်တော်အသေခံပြီးမှ အသင်း

တော်က ပြန်လည်တီထွင်ဖန်တီးထားသောအရာများမဟုတ်ကြောင်း၊ ခရစ်တော် လောကတွင်

ရုပ်ခန္ဓာဖြင့်ရှိတော်မူစဉ် သွန်သင်ပေးတော်မူသောအရာများဖြစ်ကြောင်း အပြည့်အဝယုံကြည်

စိတ်ချနိုင်ပါသည်။

အောင်မြင်မှု၏သေချာကြောင်းအာမခံချက်

ယခုအခါ သင်ခန်းစာ၏ပထမတစ်ပိုင်းပြီးဆုံးတော့မည်ဖြစ်၍ မကြာမီအတွင်းတွင် သခင်

ဘုရားသည် တပည့်တော်များအား ထ၍ အထက်ခန်းမမှထွက်ခွာကာ ဂျေရုဆလင်မြို့ထဲ

လမ်းမများပေါ် သူနှင့်အတူလိုက်ခဲ့ကြရန် မိန့်တော်မူတော့မည်ဖြစ်သည်။ သခင်ဘုရားသည်

မကြာမီကြုံတွေ့ရမည့် ပဋိပက္ခများနှင့်ပတ်သက်၍ စိတ်၏လှည့်စားမှုအောက် ရောက်သွား

သည်မဟုတ်။ တပည့်တော်များအား မိမိ၏ငြိမ်သက်ခြင်းကို အမွေပေးခဲ့ရန်လုပ်ဆောင်တော်မူ

လျက် ထိုပဋိပက္ခမဖြစ်ပေါ်လာမီမှာပင် သူသည် အောင်မြင်မှုအတွက် ယုံကြည်စိတ်မှုအပြည့်

အဝရှိကြောင်း သူတို့ကိုသိစေရန်အလိုရှိတော်မူသည်။ ကိုယ်တော်သင်ကြားပေးသည့် သန့်ရှင်း

စင်ကြယ်ခြင်းအကြောင်းသင်ခန်းစာများ၏အစတွင် (၁၃း၁-၄) စာတန်က မည်သို့ပင်ဆန့်ကျင်

နေပါစေ မိမိလူတို့၏သန့်ရှင်းစင်ကြယ်ခြင်းအတွက် အစပြုရန်နှင့်ပြည့်ဝစုံလင်စေရန်အတွက်

ကိုယ်တော်၌ယုံကြည်စိတ်ချမှုအပြည့်အဝရှိကြောင်း ကျွန်ုပ်တို့ကြားရပြီးပြီဖြစ်သည်။ ယခု

သင်ခန်းစာသည် ထက်ဝက်ခန့်ပြီးမြောက်လာသည့်အခါတွင်လည်း ထိုစိတ်ချမှုအကြောင်းကို

ထပ်၍မိန့်တော်မူသည်။ ဤလောကကို အစိုးရသောမင်းသည် လာနေပြီ။ သို့သော် ကိုယ်တော်

သည် မိမိ၏အောင်မြင်မှုအတွက် သေချာမှုရှိသည်ကို နားထောင်ကြည့်ပါ။

ကိုယ်တော်အောင်မြင်ရခြင်း၏လျှိုု့ဝှက်ချက်မှာ ခမည်းတော်အပေါ်ကိုယ်တော်ထားရှိ

သော မပြောင်းလဲနိုင်၊ မပျောက်ပြယ်နိုင်သည့်မေတ္တာတော်ကြောင့်ဖြစ်သည်ကို ကျွန်ုပ်တို့

ချက်ချင်းသတိထားမိကြပေမည်။ သာမန်လူသားများဖြစ်ကြသည့် ကျွန်ုပ်တို့သည် ဘုရားသခင်

အပေါ်ထားရှိသည့်မိမိတို့၏ချစ်ခြင်းမေတ္တာအကြောင်းကို မကြာခဏပြောဆိုတတ်ကြသည်

(တစ်ခါတစ်ရံလည်း ပေါ့ပေါ့လျော့လျော့ပြောဆိုမိနိုင်ပါသည်။)။ သို့သော်လည်း ကျွန်ုပ်တို့၏

အပြုအမူများသည် ကျွန်ုပ်တို့၏အပြောနှင့် ဆန့်ကျင်ဘက်ဖြစ်နေတတ်သည်။ ကယ်တင်ရှင်

အတွက်မူ ထိုသို့မဟုတ်ပါ။ မိမိ၏ခမည်းတော်အပေါ်ထားရှိသောချစ်ခြင်းမေတ္တာသည် ပြောင်း

လဲမှုမရှိ၊ အစဉ်အမြဲ မှန်ကန်ပြည့်ဝမှုရှိသည်။ သို့သော် ခရစ်ဝင်ကျမ်းအားလုံးကြည့်ပါက

]]ငါသည် ခမည်းတော်ကို ချစ်သည်}}ဟု မိန့်တော်မူသည်ကို ဤအဖြစ်အပျက်၌သာ မှတ်တမ်း

တင်ထားသည်ကို တွေ့ရသည်။ ထူးခြားပါသည်။ ခမည်းတော်အပေါ် မိမိ၏ချစ်ခြင်းမေတ္တာ

သည် မြဲမြံတည်ကြ၍ပြည့်ဝမှုရှိကြောင်းကို မြေကြီး၊ ကောင်းကင်နှင့် ငရဲ၊ တစ်လောကလုံး

ရှေ့တွင် သက်သေပြရမည့်အချိန် ယခုရောက်လာပြီဖြစ်သည်။

ပတ်ပတ်လည်တွင် ဘုရားသခင်ဖန်ဆင်းပေးသော ပျော်ရွှင်စရာများနှင့်ဝန်းရံထားသည့်

ဧဒင်ဥယျာဉ်တွင် ဧဝသည် ဘုရားသခင်သည် သူနှင့်ဆန့်ကျင်ဘက်ဖြစ်နေသည်ဟု တွေးထင်မိ

အောင် လှည့်ဖြားခြင်းခံခဲ့ရသည်။ ဘုရားနှင့် ဘုရား၏အမိန့်တော်တို့ကို ပယ်လျက် တားမြစ်

ထားသောအသီးကို သူရွေးချယ်ခဲ့သည်။ သူသည် ခမည်းတော်ဘုရားသခင်ထက် မိမိနှင့်

လောကကို ပိုချစ်ခဲ့သည်။ ယခု သခင်ဘုရားသည် ဤလောကကိုအစိုးရသော စာတန်နှင့်

တွေ့ကြုံရမည်။ ထိုအခါသည် ကိုယ်တော်ပိုင်ဆိုင်သမျှတို့ကို ကိုယ်တော့်ထံမှဖယ်ရှားပြီး

ကိုယ်တော်နှင့်မတန်သောအရာများကို ကိုယ်တော့်ပေါ်တင်ရန်ကြိုးစားမည်ဖြစ်သည်။ ကိုယ်

တော်သည် ခမည်းတော်အပေါ်ထားရှိသော ချစ်ခြင်းမေတ္တာကိုစွန့်လွှတ်လိုက်မှသာ ရှောင်ရှား

၍ရမည့် ကရာနီ၏ပြင်းထန်သောဝေဒနာများကို မထိုက်မတန်ဘဲတွေ့ကြုံခံစားရမည်ဖြစ်

သည်။ သို့သော် ဤလောကကိုအစိုးရသောစာတန်သည် ခရစ်တော်ထံမှ ဘာကိုမျှမရခဲ့ပေ။

မည်သည့်အပြစ်ကိုမျှ ကိုယ်တော်မကျူးလွန်ခဲ့။ သူ၏ချော့လုံး၊ မြှောက်လုံးက ကိုယ်တော်ကို

မတိမ်းညွတ်စေခဲ့။ သူ၏ခြိမ်းခြောက်မှုကိုလည်း ကိုယ်တော်ကို အားမနည်းစေခဲ့။ ခရစ်တော်

သည် မိမိ၏ခမည်းတော်အပေါ်ထားရှိသည့် လေးနက်မှုကို စကြဝဠာတစ်ခုအားပြသခဲ့သည်။

လောကီနိုင်ငံတော်ကို ゞင်း၏ဘုန်းစည်းစိမ်များနှင့် အတူရွေးချယ်မည်လား သို့မဟုတ် လောက

၌ အဆိုးဝါးဆုံးသော ဝေဒနာနှင့်အတူ ခမည်းတော်အပေါ်သစ္စာတည်ခြင်းကိုရွေးချယ်မည်

လား။ ကိုယ်တော်သည် ဒုတိယအရာကိုရွေးချယ်ခဲ့သည်။ ခမည်းတော်အပေါ်သူထားရှိသော

မေတ္တာသည် မဖောက်ပြန်မပျက်စီးနိုင်ပေ။

ゞင်းသည် သန့်ရှင်းစင်ကြယ်ခြင်းဖြစ်၍ ကျွန်ုပ်တို့၏သခင်ဘုရားသည် ဤအချိန်အထိ

သန့်ရှင်းစင်ကြယ်ခြင်းသည် မည်သည့်အရာဖြစ်ကြောင်း ကျွန်ုပ်တို့ကို သင်ကြားပေးရန်

အတွက် လက်တွေ့သင်ခန်းစာများနှင့် သရုပ်ဖော်ပြသမှုများကို အသုံးပြုနေကြောင်းနှင့်

ကိုယ်တော်ကိုယ်တိုင်သည် သဘောတရားသီအိုရီကိုသာသင်ပေးသူမဟုတ်ဘဲ မိမိကိုယ်တိုင်၏

ပေးဆပ်မှုဖြင့် ထိုသို့လက်တွေ့ပြသကြောင်း ကျွန်ုပ်တို့ ရုတ်တရက်သတိထားမိလာကြသည်။

သခင်ဘုရားက ယုဒအား မုန့်ကိုနှစ်၍ပေးတော်မူခြင်းနှင့်ပတ်သက်၍ ကျွန်ုပ်တိုဆင်ခြင်စဉ်း

စားစဉ်က စစ်မှန်သောသန့်ရှင်းစင်ကြယ်ခြင်းသည် စည်းကမ်းဥပဒေများကို လိုက်နာရုံသက်

သက်မဟုတ်ကြောင်း ကျွန်ုပ်တို့သိခဲ့ကြပြီဖြစ်သည်။ စစ်မှန်သောသန့်ရှင်းခြင်းသည် ကျွန်ုပ်တို့

စိတ်နှလုံးက ဘုရားသခင်အပေါ် စွဲလမ်းကိုင်းရှိုင်းခြင်းပင်ဖြစ်သည်။ ယခု ထိုသန့်ရှင်းခြင်း၏

ဂုဏ်အသရေကို ကျွန်ုပ်တို့တွေ့မြင်ကြရပြီဖြစ်သည်။ ကျွန်ုပ်တ၏သခင်ဘုရားသည် အပြော

တခြား အလုပ်တခြားမဟုတ်ပါ။ သူကိုယ်တိုင်သည် သူသင်ကြားပေးသောအရာပင်ဖြစ်သည်။

မိမိတပည့်တော်များ လုပ်ဆောင်ရန်တိုက်တွန်းသည့်အရာများကို သူကိုယ်တိုင်လည်း လုပ်

ဆောင်တော်မူသည်။ ယခု ပြည့်စုံမှုမရှိသောကျွန်ုပ်တို့၏ချစ်ခြင်းမေတ္တာသည် တစ်နေ့သော

အခါ ပြည့်စုံလာလိမ့်မည်။ ကျွန်ုပ်တို့သည် အပြည့်အဝသန့်ရှင်းသောအဆင့်သို့ရောက်ရှိသွား

လိမ့်မည်ဟူသောမျှော်လင့်ခြင်းကို ကိုယ်တော်၌ ကျွန်ုပ်တို့တွေ့ရမည်ဖြစ်သည်။ ကိုယ်တော်

သည် ခမည်းတော်ကိုချစ်၍ ခမည်းတော်သည်လည်း ကိုယ်တော်ကိုချစ်တော်မူသကဲ့သို့ သူ့လို

မချစ်နိုင်သောကျွန်ုပ်တို့ကိုလည်း ကိုယ်တော်သည် ချစ်တော်မူသည်။ ထို့ကြောင့် ကိုယ်တော်

သည် ကျွန်ုပ်တို့၌ သူရည်ရွယ်ချက်ထားသည့်အတိုင်း ကျွန်ုပ်တို့ဖြစ်လာသည့်အထိ ကျွန်ုပ်တို့ကို

လက်လွှတ်တော်မူမည်မဟုတ်ပေ။

ကျောင်းတော်တွင် စတင်စုရုံးကြသည့်အချိန်၊ သခင်ဘုရားက မိမိ၏သန့်ရှင်းစင်ကြယ်

ခြင်းသင်ခန်းစာကို အစမပြုမီ နောက်ခံအခြေအနေကိုလည်းကောင်း၊ မိမိတပည့်တော်များ

နှင့်မိမိ၏သွန်သင်ချက်အပေါ် သခင်ဘုရား၏စိတ်သဘောထားကိုလည်းကောင်း ရှင်ယောဟန်

က ကျွန်ုပ်တို့ရှေ့၌ ချပြပေးထားသည်။ ယခု သန့်ရှင်းစင်

ကြယ်သောချစ်ခြင်းမေတ္တာသည် ကိုယ်တော်အတွက် မည်ကဲ့သို့အဓိပ္ပါယ်ရှိကြောင်းကို ကျွန်ုပ်တို့

စတင်တွေ့မြင်ကြပြီဖြစ်၍ ကိုယ်တော်၏သစ္စာနှုတ်ခွန်းဆက်စကားကို ကျွန်ုပ်တို့

ပိုမိုပြည့်စုံစွာ နားလည်လာနိုင်ကြတော့မည်ဖြစ်သည်။ အကြောင်းမှာ တစ်နေ့သောအခါ

ကိုယ်တော်၏အောင်မြင်ခြင်းသည် ကျွန်ုပ်တို့၏အောင်မြင်ခြင်းဖြစ်လာတော့မည်ဖြစ်သည်။

(၁၆)ကျောင်းတော်ခဏနားချိန်

ကျောင်းတော်ကာလ၏ပထမပိုင်းပြီးသွားပြီဖြစ်သည်။ တစ်ယောက်ပြီးတစ်ယောက်တန်းစီ၍ထွက်ရသောကြောင့် အချိန်

အတော်အတန်ကြာနိုင်ပါသည်။ ဂေသရှေမန်ဥယျာဉ်သို့သွားရာလမ်းတွင် သခင်ဘုရားပတ်

လည်တွင် အားလုံးပြန်စုဝေးလာကြပြီး သင်ခန်းစာ၏ဒုတိယအပိုင်း ခံယူရန်အဆင်သင့်ဖြစ်

နေကြသည်။ ခေတ္တနားချိန်ကို အကျိုးရှိရှိအသုံးပြုသည့်အနေဖြင့် ပြီးခဲ့သောသင်ခန်းစာ

များကို ပြန်သုံးသပ်လျက် လာမည့်သင်ခန်းစာများကိုလည်း ကြိုတင်သုံးသပ်ကြည့်ကြပါစို့။

သင်ခန်းစာပထမပိုင်းတွင် အဓိကအပိုင်းသုံးပိုင်းပါဝင်သည်ကို သတိရကြပေမည်-

၁။ ခြေဆေးခြင်းသရုပ်ပြပုံဥပမာ၊

၂။ ယုဒ၏သစ္စာဖောက်မှုကိုထုတ်ဖော်ပြောဆိုခြင်းနှင့်

၃။ ခရစ်တော်ပြန်ြွကသွားမည့်အကြောင်းအသိပေးခြင်း၊ ゞင်း၏ရည်ရွယ်ချက်နှင့် အကျိုး

သက်ရောက်မှုတို့ဖြစ်သည်။

ဒုတိယပိုင်းသင်ခန်းစာတွင်လည်း အပိုင်းသုံးပိုင်းရှိသည်ကို တွေ့ရမည်ဖြစ်သည် –

၁။ စပျစ်ပင်နှင့်စပျစ်ကိုင်းပုံဥပမာ၊

၂။ လောက၏မုန်းတီးမှုကိုထုတ်ဖော်ပြောဆိုခြင်းနှင့်

၃။ ခရစ်တော်ပြန်ြွကသွားမည့်အကြောင်းအသိပေးခြင်း၊ ゞင်း၏လိုအပ်မှုနှင့် အကျိုး

သက်ရောက်မှု တို့ဖြစ်သည်။

ထို့ကြောင့် သင်ခန်းစာအပိုင်းနှစ်ပိုင်းတွင် တူညီသောဖွဲ့စည်းပုံရှိနေသည်ကိုတွေ့ရသည်။

အခန်းကြီး ၁၃-၁၄

၁။ ခြေဆေးခြင်းသရုပ်ပြပုံဥပမာ၊

၂။ ယုဒ၏သစ္စာဖောက်မှုကို ထုတ်ဖော်

ပြောဆို ခြင်း

၃။ ခရစ်တော်ပြန်ြွကသွားတော်မူခြင်း

အခန်းကြီး ၁၅-၁၆

၁။ စပျစ်ပင်နှင့်စပျစ်ကိုင်းပုံဥပမာ၊

၂။ လောက၏မုန်းတီးမှုုကို ထုတ်ဖော်

ပြောဆိုခြင်း

၃။ ခရစ်တော်ပြန်ြွကသွားတော်မူခြင်း

သင်ခန်းစာနှစ်ပိုင်းတွင် ဖွဲ့စည်းပုံသာတူကြသည်မဟုတ်၊ ထင်ရှားသည့်ခြားနားမှုများရှိနေ

သကဲ့သို့ အသေးစိတ်တူညီသောဆိုလိုရင်းအာဘော်များကိုလည်း တွေ့ရသည်။

ဤယှဉ်တွဲတူညီမှုများ၏အဓိကအချက်

ဤသို့ အခန်းကြီး ၁၃ – ၁၄ တို့သည် အခန်းကြီး ၁၅ – ၁၆ တို့နှင့် တူညီမှုများစွာ

ရှိသည်ကိုတွေ့ရသည့်အခါ ကျွန်ုပ်တို့သည် ပထမတွင် စိတ်သက်သာရရသင့်ပေသည်။ ပထမ

အခန်းကြီးနှစ်ခန်းတွင် ကျွန်ုပ်တို့လေ့လာသင်ယူပြီးသောအခြေခံသဘောတရားများကို လာ

မည့်ဒုတိယအခန်းကြီးနှစ်ခန်းတွင် ကျွန်ုပ်တို့ပြန်သင်ယူရမည်ဖြစ်သည်။ နားလည်ရန်ကြိုးစား

ခဲ့ပြီးသည့်အရာများဖြစ်၍ နောက်ထပ်တွေ့ရသည့်အခါ ပိုမိုလွယ်ကူစွာနားလည်နိုင်သည်ကို

တွေ့ရမည်ဖြစ်သည်။

အခြားတစ်ဘက်တွင် အခန်းကြီး ၁၅ -၁၆ သည် အခန်းကြီး ၁၃- ၁၄ နှင့် များစွာတူညီ

နေသော်လည်း ゞင်းတို့ထပ်ကျော့ထားခြင်းတော့မဟုတ်ပေ။ လူ့ကိုယ်ခန္ဓာတွင် ညာဖက်လက်

သည် ဘယ်ဖက်လက်နှင့်အလွန်တူနေသော်လည်း ညာဖက်လက်သည် အခြားသောဘယ်ဖက်

လက်မဟုတ်ပေ။ ညာဖက်လက်သည် ဘယ်ဖက်လက်ကို ပြည့်စုံစေ၍ ゞင်းတို့တွင် တူညီမှုနှင့်

ခြားနားမှု နှစ်မျိုးလုံးရှိသည်။ ကိုယ်ခန္ဓာသည် ဟန်ချက်ညီ၍ထိရောက်မှုရှိစေရန် မျက်စိနှစ်လုံး၊

နားနှစ်ဘက်၊ လက်နှစ်ချောင်းနှင့် ခြေနှစ်ချောင်းရှိသည်။ ကျွန်ုပ်တို့၌မျက်စိနှစ်လုံးရှိခြင်းမှာ

နက်ရှိုင်းဝေးကွာသည့်အရာကို ပိုမိုထိရောက်မှန်ကန်စွာရှုမြင်သုံးသပ်နိုင်ရန်ဖြစ်သည်။ နားနှစ်

ဘက်ရှိ ခြင်းသည်လည်း အသံလာရာဘက်ကို ပိုမိုမှန်ကန်စွာရွေး ချယ်သိရှိနိုင်ရန်ဖြစ်သည်။

သန့်ရှင်းစင်ကြယ်ခြင်းနှင့်ဆိုင်သောအခြေခံနိယာမများအတွက်လည်း သင်ခန်းစာနှစ်

ပိုင်းတွင် တူညီမှုများရှိခြင်းသည် ထိုနည်းတူပင်ဖြစ်သည်။ ဒုတိယအပိုင်းသည် ပထမအပိုင်း

ကိုပြန်ကျော့ခြင်းမဟုတ်ဘဲ ゞင်းကိုပြည့်စုံစေသောအပိုင်းဖြစ်သည်။ သန့်ရှင်းစင်ကြယ်ခြင်းတွင်

အနားနှစ်ဖက်ရှိသည်။ ကဏ္ဍများစွာတွင် တူညီမှုများရှိသကဲ့သို့ ခြားနားမှုများလည်းရှိသည်။

ဟန်ချက်ညီ၍ပြည့်စုံသော သန့်ရှင်းစင်ကြယ်မှုဖြစ်ရန် နှစ်ဘက်လုံးလိုသည်။ ထို့ကြောင့်

သင်ခန်းစာအတွက် အပိုင်းနှစ်ပိုင်းလိုအပ်၍ ထိုသင်ခန်းစာတို့ကို မတူညီသောပတ်ဝန်း

ကျင်တွင် သင်ကြားပေးရမည်ဖြစ်သည်။ တစ်ပိုင်းကို အထက်ခန်းမထဲတွင် သင်ကြားပေးပြီး

တစ်ပိုင်းကို အပြင်၌သင်ကြားပေးသည်။

တတိယအနေဖြင့် အပိုင်းနှစ်ပိုင်း၏တူညီမှုများနှင့် ခြားနားမှုများက အကျိုးရှိသော

မေးခွန်းများကို ပေါ်ထွက်လာစေမည်ဖြစ်သည်။

ဥပမာ။ ။ယုံကြည်သူတစ်ဦး၏သန့်ရှင်းစင်ကြယ်ခြင်းနှင့်ပတ်သက်၍ ခြေဆေးခြင်း လက်

တွေ့လုပ်ဆောင်ချက်ပုံဥပမာသည် ပြည့်စုံလုံလောက်သောအချက်အလက်များကို သိစေပြီဖြစ်

ပါလျက်နှင့် အဘယ့်ကြောင့် စပျစ်ပင်နှင့်စပျစ်ကိုင်းပုံဥပမာကို ထပ်သုံးရပါသနည်း။ အခန်း

ကြီး ၁၃ က သင်ကြားပေးသောအရာကို အခန်းကြီး ၁၅ ထဲမှ သန့်ရှင်းစေခြင်းက တစ်ခုခုကို

ထပ်ဖြည့်ပေးပါသလား။

ထိုနည်းတူ သခင်ဘုရားသည် ခမည်းတော်၏အိမ်တော်၌ ကျွန်ုပ်တို့အတွက် နေရာပြင်

ဆင်ပေးရန်ပြန်ြွကသွားတော်မူခြင်းဖြစ်သည်ဆိုသော အကြောင်းရင်းသည် နားလည်ရလွယ်

သောအကြောင်းရင်းဖြစ်သည်။ သို့သော် အခန်းကြီး ၁၆ က ဖော်ပြသည့်အကြောင်းရင်းသည်

၄င်းနှင့်မတူပါ။ ကိုယ်တော်ပြန်မြွကသွားပါက ကူညီမစသောအရှင်ြွကလာမည်မဟုတ်။ သို့သော်

ဘာကြောင့် ထိုသို့ဖြစ်ရသနည်း။

ပိုမိုရိုးရှင်းသည့်မေးခွန်းတစ်ခု ထပ်မေးရလျှင် ပေတရုက ၁၃း၃၆ တွင် အဘယ့်ကြောင့်မိန့်တော်မူရသနည်း။

ဤနေရာ၌ ခေတ္တရပ်ကြပါစို့။ အခန်းကြီး ၁၅-၁၆ တို့ကို ကြိုတင်သုံးသပ်ကြည့်ခြင်းဖြင့်

ဤအချက်များကို တွေ့မြင်ရသည်ဆိုလျှင် ゞင်းတို့၌ပါသည့် သင်ခန်းစာများကို လေ့လာကြ

သည့်အခါ အခန်းကြီး ၁၃-၁၄ တို့တွင် ကျွန်ုပ်တို့လေ့လာတွေ့ရှိပြီးသောအရာများနှင့်

အဆက်မပြတ်နှိုင်းယှဉ်သွားရမည်ဖြစ်သည်။ ယခု ကျွန်ုပ်တို့သည် သခင်ဘုရားက သန့်ရှင်း

စင်ကြယ်ခြင်းသင်ခန်းစာ၏ဒုတိယအပိုင်းကို သင်ကြားပေးသည့်အခါ သူတို့နှင့်အတူတကွ

လေ့လာသင်ယူသွားရန် အဆင်သင့်ဖြစ်နေကြပြီဖြစ်သည်။

သင်ရိုး အပိုင်း နှစ်

(က)ဘုရားသခင်နှင့်လူ၏နှလုံးသားကို ရွှင်လန်းစေသောသန့်ရှင်းခြင်း

ကြိုတင်အသိပေးခြင်း

စစ်မှန်သောသန့်ရှင်းစင်ကြယ်ခြင်း၏လျှို့ဝှက်ချက်မှာ သုံးပါးတစ်ဆူ ဘုရားသခင်ကို

စွဲလမ်းကိုင်းရှိုင်းခြင်းဖြစ်သည်ဟု သင်ခန်းစာ၏ပထမပိုင်းတွင် ကျွန်ုပ်တို့သင်ယူသိရှိခဲ့ကြပြီဖြစ်

သည်။

သင်ခန်းစာ၏ဒုတိယပိုင်းတွင် ယုံကြည်သူများသည် ခမည်းတော်နှင့်သားတော်ကို မုန်း၍

ရန်လိုနေသည့်လောကတွင် ဘုရားသခင်ရှေ့၌ ဘုရားသခင်အတွက်အများသိအောင်

သက်သေခံကြရန် စစ်မှန်သောသန့်ရှင်းစင်ကြယ်ခြင်းက တောင်းဆိုနေမည်ဖြစ်ကြောင်း

ကျွန်ုပ်တို့သင်ယူသိရှိရမည်ဖြစ်သည်။

ဤသက်သေခံခြင်းတွင်အချက်နှစ်ချက်ပါသည်။ ပထမတွင် ဤသက်သေခံခြင်းသည်

ဘုရားသခင်ကို မည်သို့သောအရှင်ဖြစ်ကြောင်း လောကအားပြသသည့် ခရစ်တော်ကဲ့သို့အ

သက်ရှင်သောအသက်ရှင်မှုပုံစံဖြစ်သည်။ ထိုသို့အားဖြင့် ]]သူတပါးတို့သည် သင်တို့၏ကောင်း

သောအကျင့်ကိုမြင်၍ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏ဂုဏ်တော်ကို ချီးမွမ်း}}

ကြမည်ဖြစ်သည်။ ‘ဒုတိယအနေဖြင့် ဤသက်သေခံခြင်းသည် တစ်ဦးချင်းစီဖြစ်စေ၊ လူထုရှေ့

တွင်ဖြစ်စေ၊ စာပေအားဖြင့်ဖြစ်စေ သင့်တော်သောလူထုဆက်သွယ်မှုစနစ်ကိုသုံးလျက် အသက်

အရွယ်မရွေး၊ လူမျိုးမရွေး၊ လူတန်းစားမရွေး ခရစ်တော်၏သတင်းတော်မြတ်ကို ဟောပြော

ဝေငှခြင်းဖြစ်သည်။

ゞင်းသည် ယုံကြည်သူများထမ်းဆောင်ရမည့် ကြီးမားသောတာဝန်တစ်ခုဖြစ်သည်။

ယုံကြည်သူများ ဤတာဝန်နှစ်ရပ်ကို အမှန်တကယ် အောင်အောင်မြင်မြင်ထမ်းဆောင်နိုင်ရန်

အတွက် ခရစ်တော်က တပည့်တော်များအားပြင်ဆင်ပေးထားသော ကူညီပံ့ပိုးမှုနှင့် လိုအပ်

သည့်အရင်းအမြစ်များအကြောင်း ဤအခန်းကြီးနှစ်ခုတွင် ကိုယ်တော်ရှင်းပြပေးမည်ဖြစ်

သည်။

ထိုကူညီပံ့ပိုးမှုကို စကားလုံးနှင့်ဖော်ပြရလျှင် အဓိကတာဝန်ဝတ္တရား၊ ပဏာမခြေလှမ်း၊

လောကတစ်ခွင်လုံးသို့သက်သေခံခြင်းအတွက်လိုအပ်သော အရင်းအမြစ် ဤအရာအားလုံး

သည် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်တို့အပေါ်တည်သည်။ ခရစ်တော်

သည် ဘုရားသခင်၏သွင်ပြင်လက္ခဏာ၊ အစွမ်းသတ္တိနှင့် ကျေးဇူးတရားတို့ကို လောကအား

တွေ့မြင်စေတော်မူသည့် စပျစ်ပင်ဖြစ်သည်။ ယုံကြည်သူတို့၏တာဝန်မှာ ထိုစပျစ်ပင်၏

အကိုင်းဖြစ်နေခြင်းဖြင့် ဘုရားသခင်ထံတော်မှလာသောအရင်းအမြစ်များ စီးဆင်းရာလမ်း

ကြောင်းဖြစ်လျက် ထိုခမည်းတော်ဂရုစိုက်မှုနှင့်သန့်ရှင်းသောဝိညာဉ်တော်၏

လမ်းပြမှု အောက်တွင်ရှိနေရန်ပင်ဖြစ်သည်။

(၁၇)သမိုင်းကျောင်းတစ်ခုအဖြစ်တင်စားခြင်း

“ ငါသည် မှန်သောစပျစ်နွယ်ပင်ဖြစ်၏။ ငါ့ခမည်းတော်သည်လည်း ဥယျာဉ်စောင့်ဖြစ်တော်မူ၏။” (ယော ၁၅း၁)

ယခု ကျွန်ုပ်တို့ ခရစ်တော်သင်ကြားပေးသော သန့်ရှင်းစင်ကြယ်ခြင်းသင်ခန်းစာ၏ဒုတိယ

အပိုင်းအတွက် ကိုယ်တော်နှင့်တမန်တော်များတို့နှင့်အတူရှိနေကြပြီဖြစ်သည်။ သန့်ရှင်းစင်

ကြယ်ခြင်းတွင် အနားနှစ်ဘက်ရှိကြောင်း ကျွန်ုပ်တို့သိခဲ့ကြပြီဖြစ်သည်။ တစ်ဘက်ကို နွေးထွေး

၍ ဆီမီးရောင်များဖြာထွက်လင်းလက်ရာ အထက်ခန်းတွင် ပဿခါညစာကိုအတူစားသုံးရင်း

သင်ကြားခဲ့ကြသည်။ ထိုနေရာတွင် တမန်တော်များသည် သန့်ရှင်းစင်ကြယ်ခြင်း၏ စစ်မှန်၍

မရှိမဖြစ်သောအခြေခံတည်းဟူသော အသစ်မွေးဖွားခြင်းနှင့်ဆိုင်သည့် တစ်ကြိမ်နှင့်အပြီး

ရေချိုးခြင်းနှင့် ၄င်းနောက်၌ အစဉ်မပြတ်ခြေဆေးခြင်းအကြောင်းတို့ကို သင်ကြားခဲ့ကြသည်။

ထို့ပြင် သန့်ရှင်းစင်ကြယ်ခြင်းကိုတည်ဆောက်သည့် သုံးပါးတစ်ဆူဘုရား၌ ဆက်ကပ်ကိုင်းရှိုင်း

ခြင်းကိုလည်း သူတို့မျက်စိရှေ့တွင် ထင်ထင်ရှားရှားသရုပ်ပေးခဲ့ပြီဖြစ်သည်။ ခမည်းတော်

ဘုရားသခင်သည် ကယ်တင်ရှင်ထဲ၌ကိန်းဝပ်တော်မူကြောင်း သူတို့သင်ယူပြီးသည်နှင့်အညီ

သူတို့နှင့်လည်း အထက်ခန်းမထဲတွင် အတူရှိတော်မူကာ သူတို့စိတ်နှလုံးထဲ၌ကိန်းဝပ်တော်မူ

ရန် ပြင်ဆင်တော်မူလျက်ရှိကြောင်းကိုလည်း သူတို့သိခဲ့ရသည်။ ထိုအခြေအနေတွင်

သူတို့ပတ်လည်၌ ကောင်းကင်ဘုန်းအသေရေကဝန်းရံထားကာ မှောင်မဲလျက် ရန်လိုသော

အပြင်လောကနှင့်မဆက်ဆံသည့်အခြေအနေဖြစ်သည်။ စစ်မှန်သောသန့်ရှင်း စင်ကြယ်ခြင်း၏

အသဲနှလုံးသာမကဘဲ ပေါင်းရုံးရာဖြစ်သော သခင်ဘုရားနှင့်အတူ ထိုအတိုင်း ထိုနေရာတွင်

လိုလိုလားလားဆက်၍နေကြမည်လား။

မနေကြပါ။ ゞင်းသည် အဖြစ်အပျက်၏တစ်ဝက်သာရှိသေးသည်။ သန့်ရှင်းစင်ကြယ်ခြင်း

၏ အလွန်းခြားနားမှုရှိသော အခြားတစ်ဘက်ကို သင်ယူရန်အတွက် သူတို့စိတ်နှင့် သူတို့

ကိုယ်ခန္ဓာသည် အလွန်ခြားနားသောအခြားပတ်ဝန်းကျင်တစ်ခုသို့ ခေါ်ဆောင်ခြင်းခံရမည်ဖြစ်

သည်။ ထို့ကြောင့် ခရစ်တော်မိန့်တော်မူသည်နှင့် သူတို့ချက်ချင်းထ၍ လမ်းမများသို့သွားကြသလား သို့မဟုတ် ဆက်

လက်သင်ကြားပြီး နောက်မှ သွားကြသလား ကျွန်ုပ်တို့ သေချာမသိရပါ။ သို့သော် ထိုသို့မိန့်

တော်မူသည်နှင့် ချက်ချင်း ထသွားကြဖို့ ဖြစ်နိုင်ချေများသည်။ သို့သော် သေချာသည်မှာ

သူတို့သည် နွေးထွေးသောအထက်ခန်းမမှ ညလေများတိုက်၍ အေးစက်စက်ဖြစ်နေပြီး

အမှောင်ထဲတွင် သတ်ဖြတ်လိုသည့်ယဇ်ပုရောဟိတ်များ၏အကြံအစည်များရှိနေကာ သစ္စာ

ဖောက်လည်း ပုန်းခိုနေသည့် အပြင်လောကအစစ်ကို သူတို့စဉ်းစားမိကြပေလိမ့်မည်။ စစ်မှန်

သောသန့်ရှင်းစင်ကြယ်ခြင်းသည် သုံးပါးတစ်ဆူဘုရားထံဆက်ကပ်ကိုင်းရှိုင်းခြင်းသက်သက်

မဟုတ်ဘဲ ခမည်းတော်နှင့်သားတော်ရှေ့တွင် သူတို့အတွက် သက်သေခံရမည်ဖြစ်ကြောင်း

သူတို့ဆက်လက်သင်ယူရမည်ဖြစ်သည်။ ထိုသက်သေခံခြင်းသည် နွေးထွေးလုံခြုံမှုရှိပြီး

နှလုံးသားအားလုံးတို့သည် ကယ်တင်ရှင်အပေါ်သစ္စာရှိသည့် စည်းချက်များဖြင့် ညီညီညာညာ

ခုန်နေကြသည့် အထက်ခန်းမထဲတွင်သာ လုပ်ဆောင်ရမည်မဟုတ်ဘဲ ဘုရားသားတော်အပေါ်

ရန်လိုသည့်အသက်ရှုသံများရှိရာ အပြင်လောကထဲတွင်လည်း လုပ်ဆောင်ရမည့်အရာဖြစ်

ကြောင်း သူတို့သဘောပေါက်ရမည်ဖြစ်သည်။

သင်ခန်းစာ၏ဒုတိယအပိုင်းတွင် ရိုးရှင်းသော်လည်း အာရုံစိုက်ရမည့် ဤအချက်သည်

ကျွန်ုပ်တို့အတွက်လည်း အရေးကြီးသည့်သင်ခန်းစာဖြစ်သည်- သန့်ရှင်းစင်ကြယ်ခြင်းတွင်

အနားနှစ်ဘက်ရှိ၍ နှစ်ဘက်လုံးသည် မရှိမဖြစ်သောအချက်များဖြစ်ကြသည်။ တစ်ဘက်သည်

အခြားတစ်ဘက်မပါလျှင် အားနည်းပြီး ပြည့်စုံခြင်းမရှိပေ။ ကိုယ်တော်ဘုရားထံ တစ်ဦးချင်း

ဆက်ကပ်ကိုးကွယ်မှုအပေါ် အခြေမပြုဘဲ လူအများရှေ့ ကိုယ်တော်အတွက်သက်သေခံလျှင်

ထိုသက်သေခံခြင်းသည် လိုအပ်သည့်အခြေခံ အုတ်မြစ်မပါသော သက်သေခံခြင်းဖြစ်ပေလိမ့်

မည်။ သခင်ဘုရားထံ တစ်ဦးချင်း ဆက်ကပ်ကိုးကွယ်ခြင်းသာရှိပြီး လူအများရှေ့ ကိုယ်တော်

အတွက်သက်သေခံခြင်းမရှိလျှင် ထိုဆက်ကပ်ကိုးကွယ်မှုသည် ကိုယ်အင်္ဂါချို့တဲ့ပြီး ဟန်ချက်

မညီသော ဆက်ကပ်ကိုးကွယ်မှုဖြစ်နေပေလိမ့်မည်။ ယနေ့တိုင်ပင် ကျွန်ုပ်တို့၏ကိုယ်ပိုင်

ဆက်ကပ်ကိုးကွယ်မှုများနှင့် အသင်းတော်မိတ်သဟာရဖွဲ့မှုများတွင် ဟူသော သခင်ဘုရား၏ဖိတ်ခေါ်သံကို တစ်ချိန်ပြီးတစ်ချိန် ကြားနေရဆဲပင်ဖြစ်သည်။

အစ္စရေး (စပျစ်ရိုင်းပင်ဖြစ်သွားသောစပျစ်ပင်)

သခင်ဘုရားသည် မိမိ၏သန့်ရှင်းစင်ကြယ်ခြင်းသင်ခန်းစာကို ဤသို့အစပြုတော်မူသည်။

ထင်ရှားသောဤဥပစာကိုနားလည်ရန် ဦးစွာ ဓမ္မဟောင်းသမိုင်းကို နှိုက်နှိုက်ချွတ်ချွတ်

ခေတ္တလေ့လာရမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အစ္စရေးလူများကို ကမ္ဘာပေါ်တွင်

မိမိကိုကိုယ်စားပြုသောလူမျိုးတော်အဖြစ် ရွေးကောက်မည့်အကြံအစည်တော်ကို ရှင်းပြတော်

မူရာတွင် ရာစုနှစ်များစွာအကြာက ဘုရားသခင်ကိုယ်တော်တိုင် အသုံးပြုခဲ့သော ဥပစာဖြစ်

သောကြောင့်ဖြစ်သည်။ ဓမ္မဟောင်းကျမ်းပိုဒ်တစ်ပိုဒ်ကိုကြည့်ကြပါစို့။

ငါချစ်ရာသခင်၏ စပျစ်ဥယျာဉ်တော်ကိုအကြောင်းပြု၍၊ မေတ္တာသီချင်းကို ရှေ့တော်၌ဆိုပေအံ့။ မြေကောင်းသောတောင်ပေါ်မှာ ငါချစ်ရာသခင်၏ စပျစ်ဥယျာဉ်တော် တစ်ဆူရှိ၏။

မြေကိုတူး၍ ကျောက်ခဲတို့ကိုရှင်းလင်းစေပြီးမှ၊ အကောင်းဆုံးသော စပျစ်နွယ်ပင်တို့ကို စိုက်ပျိုးတော်မူ၏။ ဥယျာဉ်ထဲမှာ မှီခိုရာတဲလင့်ကိုလည်းဆောက်၍၊ စပျစ်သီးနယ်ရာ ကျင်းကိုလည်း တူးတော်မူ၏။ ထိုအခါ စပျစ်သီးကို သီးမည်ဟု မျှော်လင့်သည်ရှိသော်၊ ဗောရှသီးကို သီးပါသည်တကား။

ယခုမှာ အိုယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့၊ ငါနှင့် ငါ့စပျစ်ဥယျာဉ်အမှုကို စီရင်ကြပါလော့။ငါ့စပျစ်ဥယျာဉ်၌ ငါ့ကျေးဇူးပြုနိုင်လျက်၊ မပြုသေးသောအရာ တစ်စုံတစ်ခုရှိသလော။ စပျစ်သီးကို သီးမည်ဟု မျှော်လင့်သည်ရှိသော်။ ဗောရှသီးကို အဘယ်ကြောင့် သီးသနည်း။

ယခုနားထောင်ကြ။ ငါ့စပျစ်ဥယျာဉ်၌ ငါပြုရမည်အမှုကို သင်တို့အား ငါဖော်ပြမည်။ စောင်းရန်းကိုငါပယ်ရှင်းသဖြင့်။ သူတစ်ပါးတို့သည် စားကြလိမ့်မည်။ အုတ်ရိုးကို ဖြိုသဖြင့်၊ သူတစ်ပါးတို့သည် ကျော်နင်းကြလိမ့်မည်။

ဥယျာဉ်ကို ငါရှင်းရှင်းဖျက်ဆီးမည်။ အဘယ်သူမျှ မပြင်ဆင်ရ။ အဘယ်သူမျှ မတူးဆွရ။ ဆူးပင်အမျိုးမျိုး ပေါက်ကြလိမ့်မည်။ ထိုဥယျာဉ်အပေါ်မှာလည်း မိုးမရွာစေခြင်းငှာ ငါပညတ်မည်။

ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ စပျစ်ဥယျာဉ်ကား၊ ဣသရေလအမျိုးတည်း။ နှစ်သက်တော်မူသောပျိုးပင်ကား၊ ယုဒလူတည်း၊ တရားစီရင်ခြင်းကို မျှော်လင့်တော်မူခြင်းအရာ၌လည်း ငိုကြွေးခြင်းကိုလည်းကောင်း တွေ့မြင်တော်မူ၏။ (ဟေရှာ ၅း၁-၇)။

ဥယျာဉ်မှူးတစ်ဦးသည် စပျစ်ပင်တစ်ပင်ကို စပျစ်သီးများသီးရန်အတွက်ပြုစုသကဲ့သို့

ဘုရားသခင်သည် အစ္စရေးလူမျိုးတော်ကိုပြုစုတော်မူကြောင်း ဤကျမ်းပိုဒ်က ပြောပြနေ

သည်။ လက်တွေ့သမိုင်းကြောင်းတွင် ဤကျမ်းပိုဒ်ကဆိုလိုသောအရာမှာ အောက်ပါအတိုင်း

ဖြစ်သည်။ ဘုရားသခင်သည် အစ္စရေးလူမျိုးတော်အား မိမိ၏ ကယ်လွှတ်နိုင်သောတန်ခိုးကို

လက်တွေ့ခံစားစေလျက် ကျွန်ခံရာအီဂျစ်ပြည်မှ လွတ်မြောက်စေတော်မူခဲ့သည်။ သူတို့၏တော

ကန္တာရခရီးတစ်လျှောက်တွင် ကောင်းကင်မှ မန္နမုန့်ကို နေ့စဉ်ရွှာချစေလျက် သူတို့ကိုစောင့်

ရှောက်တော်မူခဲ့သည်။ ကိုယ်တော်သည် သူ၏ဘုန်းရောင်ခြည်များကို သူတို့ခံစားနိုင်ရန်နှင့်

သူတို့အလယ်တွင်ကိန်းဝပ်တော်မူရန်အတွက် လင်းလက်တောက်ပသောရွှေအသုံးအဆောင်

များပါသည် ရောင်စုံလှပသောတဲတော်ကို သူတို့အားတည်ဆောက်စေတော်မူခဲ့သည်။ သူတို့၏

တင့်တယ်သော ပြုမူနေထိုင်မှုနှင့်အတွေ့အကြုံြွကယ်ဝမှုတို့သည် လူမျိုးခြားတို့၏မနှစ်မြှို့ဖွယ်

ကိုယ်ကျင့်တရားပျက်ပြားမှုများနှင့် ကတ်သီးကတ်သတ်နိုင်၍မြင်မကောင်းသော ရုပ်တုကိုး

ကွယ်မှုများတို့ဖြင့် ခြားနားမှုရှိစေရန် မိမိ၏သန့်ရှင်းသောပညတ်တော်ကိုပေးလျက် သူတို့၏

စိတ်ကို အသိတရားပေးကာ သူတို့၏အပြုအမူတို့ကိုလမ်းပြပေးတော်မူခဲ့သည်။

 ထို့နောက်

သူတို့ကို ခါနန်ပြည်တွင် စပျစ်ပင်တစ်ပင်ကဲ့သို့စိုက်ပျိုးလျက် အတူရှိတော်မူခြင်းနှင့် တန်ခိုး

တော်တို့ဖြင့်ကာကွယ်ကာ မိမိ၏စဉ်ဆက်မပြတ်စီဆင်းသော ကောင်းချီးမင်္ဂလာများဖြင့်

အားပြည့်စေတော်မူခဲ့သည်။ ဤလုပ်ဆောင်ပေးတော်မူချက်များနှင့်အညီ အစ္စရေးလူမျိုးထံမှ

ကောင်းသောစပျစ်သီးများရိတ်သိမ်းရရန်လည်း ဘုရားသခင်စောင့်တော်မူခဲ့သည်။ ထိုကောင်း

သောအသီးမှာ သူတို့သည် နေ့စဉ်နှင့်အမျှ အချင်းချင်းအပေါ်ပြုမူဆက်ဆံကြရာတွင်

ကိုယ်တော့်ထံမှ သူတို့ခံစားရသည့် တရားမျှတမှု၊ သနားခြင်းကရုဏာနှင့် ချစ်ခင်ကြင်နာ

ခြင်းတို့ကို ပြသကြရန်ဖြစ်သည်။ ကိုယ်တော်သည် သူတို့ကို ကျွန်ခံရာမှလွတ်မြောက်စေတော်မူ

သကဲ့သို့ သူတို့သည် သူတို့၏ အလုပ်သမားများအပေါ် ကရုဏာထားကြရမည်ဖြစ်သည်။

ခြုံပြောရလျှင် သူတို့သည် အချင်းချင်း တရားမျှတမှုနှင့်ကြင်နာသနားခြင်းတို့ဖြင့် ပေါင်းသင်း

ဆက်ဆံရမည်ဖြစ်သည်။ ထိုသို့အားဖြင့် လူတို့သည် သူတို့၏စီးပွားရေးလုပ်ငန်းများ၊ လူမှုရေး

နှင့် နိုင်ငံရေးတို့တွင် အစ္စရေးတို့နှင့်ဆက်ဆံရာတွင် အစ္စရေးတ၏ဘုရားသခင်သည် မည်ကဲ့သို့

သောအရှင်ဖြစ်ကြောင်းကို ရှာဖွေတွေ့ရှိလျက် ထာဝရဘုရားသည် ကျေးဇူးပြုတတ်သော

အရှင်ဖြစ်ကြောင်းမြည်းစမ်းသိရှိကာ ဆာငတ်သောသူက စပျစ်သီးများ စားသုံးရသကဲ့သို့

လန်းဆန်းမှုနှင့်ဝမ်းမြောက်မှုခံစားရလျက် ဘုရားသခင်ကို ကျေးဇူးတင်ရမည်ဖြစ်သည်။

ထို့အပြင် ဘုရားသခင်သည်မည်သို့သောအရှင်ဖြစ်ကြောင်း လူတို့သိနိုင်သည့်နည်းလမ်း

သည် အစ္စရေးလူမျိုးတို့အပြုအမူကိုကြည့်ခြင်းအားဖြင့်သာမဟုတ်ဘဲ မိမိ၏မှုတ်သွင်းတော်မူ

ခြင်းကိုခံရသည့် မိမိ၏စေတမန်များအားဖြင့် ဘုရားသခင်မိန့်တော်မူသောအရာများကို ကြား

နာရခြင်းအားဖြင့် သို့မဟုတ် ယခု ဓမ္မဟောင်းဟုကျွန်ုပ်တို့ခေါ်သောမှတ်တမ်း၌ရေးထားသည့်

စကားများကိုဖတ်ခြင်းအားဖြင့်လည်း လူတို့သိရှိနိုင်စေရန် ဘုရားသခင်သည် အစ္စရေးလူမျိုး

ထဲမှ အထူးပရောဖက်များကို ပေါ်ထွန်းစေတော်မူခဲ့သည်။

အကြံအစည်သည် မည်မျှအထိဖြစ်မြောက်ခဲ့သနည်း။ အချို့ကဏ္ဍများတွင် (အချို့ကဏ္ဍဟု

ဆိုရပေမည်) တည်တံ့သောအောင်မြင်မှုများရှိပါသည်။ ယနေ့တိုင် ကျွန်ုပ်တို့သည် ထိုရှေးစပျစ်

ပင်ဆီသို့ရောက်ရှိလျက် ゞင်း၏ထင်ရှားသောအကိုင်းများမှ စပျစ်ခိုင်များအားဖြင့် ဘုရားသခင်

၏နှစ်သက်ဖွယ်ကောင်းခြင်းကို မြည်းစမ်းခွင့်ရကြပါသည်။ ဟန္နကဲ့သို့သော နှိမ့်ချသည့်အမျိုး

သမီးတစ်ဦး၏အပြုအမူကို စောင့်ကြည့်လေ့လာခွင့်ရကြသည် (၁ရာ ၁း၁-၂)။ ဒါဝိဒ်မင်းကြီး

၏ကဗျာကိုလည်း ဖတ်ရှုခွင့်ရကြသည်-အပြစ်မှလွှတ်ခြင်း၊ ဒုစရိုက်အပြစ်ကို ဖုံးအုပ်ခြင်းသို့ ရောက်သောသူသည် မင်္ဂလာရှိ၏။

ထာဝရဘုရားအပြစ်တင်တော်မူခြင်းနှင့် လွတ်၍၊ လှည့်စားတတ်သော စိတ်သဘောနှင့် ကင်းစင်သောသူသည် မင်္ဂလာရှိ၏။ (ဆာလံ ၃၂း၁-၂)။ ထိုနှစ်သက်ဖွယ်

စပျစ်ခိုင်သည် ခါးသီးမှုများနှင့်ဆိုးဝါးသည့်အပြစ်များမှ ဘုရားသခင်၏ခွင့်လွှတ်ကယ်တင်ခြင်း

အားဖြင့် လွတ်မြောက်ခဲ့ရသောဒါဝိဒ်၏ကိုယ်ပိုင်အတွေ့အကြုံမှ သီးပွင့်လာသည့်အရာဖြစ်

သည်။ ထိုခွင့်လွှတ်ခြင်းသည် ဒါဝိဒ်တစ်ဦးတည်းကိုသာ ဘုရားသခင်ပေးသောကယ်တင်ခြင်း၏

ဝမ်းမြောက်မှုကိုခံစားစေသည် မဟုတ်။ သူရေးသားထားသည့် ဆာလံသီချင်းကိုဖတ်ရှုရသည့်

သန်းနှင့်ချီသောလူတို့သည် စိတ်သက်သာရာရလျက် နက်ရှိုင်းသောစိတ်ကျေနပ်မှုကို ခံစားခွင့်

ရကြလျက် ဘုရားသခင်၏ကရုဏာတော်သည် မည်သို့သောအရာဖြစ်ကြောင်းကို ကိုယ်တိုင်

တွေ့ကြုံခံစားရကြသည်။

ထိုနည်းတူ ထောင်ပေါင်းများစွာသောလူတို့သည် ဘုရားသခင်၏အစေခံ ပရောဖက်

ဟေရှာယ၏အမှုတော်လုပ်ငန်းအားဖြင့် အစ္စရေးစပျစ်ပင်မှ ကိုယ်တော်သီးပွင့်စေသော စပျစ်

ခိုင်ကို ယနေ့ထိသုံးဆောင်ခွင့်ရကြသည်။ အပြစ်စွဲစိတ်ခံစားရသော စိတ်နှလုံးများစွာတို့သည်

ထိုသူသည် ငါတို့ လွန်ကျူးခြင်းအပြစ်များကြောင့်၊ နာကျင်စွာ ထိုးခြင်း၊ နှိပ်စက်ခြင်းကို ခံရလေ၏။ ငါတို့၏ ငြိမ်သက်ခြင်းချမ်းသာကို ဖြစ်စေသော ဆုံးမခြင်းသည် သူ့အပေါ်သို့ ရောက်၍၊ သူခံရသော ဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျောက်လျက်ရှိကြ၏။

ငါတို့ရှိသမျှသည် သိုးကဲ့သို့လမ်းလွဲလျက်၊ ကိုယ်လမ်းသို့ အသီးအသီး လိုက်သွားကြသည် ဖြစ်၍၊ ထာဝရဘုရားသည် ခပ်သိမ်းသော ငါတို့၏အပြစ်များကို သူ့အပေါ်၌တင်တော်မူ၏။ (ဟေရှာ ၅၃း၅-၆) ဟူသောစကားကို ရှာဖွေတွေ့ရှိကြပြီး ထိုစကားအားဖြင့် သူတို့သည် မှန်သောစပျစ်ပင်ဖြစ်

တော်မူသောကိုယ်တော်၌တည်ကြလျက် အို ရေငတ်သောသူ အပေါင်းတို့၊ ရေရှိရာသို့ လာကြလော့။ ငွေမရှိသောသူတို့၊ လာကြ။ ဝယ်၍ စားသောက်ကြလော့။ ငွေမပါဘဲ၊ အဖိုးကိုမပေးဘဲ လာ၍ စပျစ်ရည်နှင့်နို့ကို ဝယ်ကြလော့။

အစာမဟုတ်သော အရာအဖို့ သင်တို့ငွေကိုလည်းကောင်း၊ အမွတ်မပြေနိုင်သော အရာအဖို့ သင်တို့ဥစ္စာကိုလည်းကောင်း၊ အဘယ်ကြောင့် ကုန်စေကြသနည်း။ ငါ့စကားကို စေ့စေ့ နားထောင်လျက်၊ ကောင်းသောအစာကို စားကြလော့။ သင်တို့၏ဝိညာဉ်သည် ချိုသောအရာတို့၌ မိမိကိုမိမိ မွေ့လျော်စေလိမ့်မည်။ နိုင်ကြပြီဖြစ်သည် (ဟေရှာ ၅၅း၁-၂)။

ပင်ပန်းမောဟိုက်နေကြသော ထာဝရဘုရား၏အစေခံများသည် ဟေရှာယအကိုင်းမှ သီး

သည့် အခြားသောအခိုင်ဆီသို့ ရောက်လာကြသည် (ဟေရှာ ၄၀း၃၁)။

ဤစကားလုံးတို့သည်

အတွေးအခေါ်သက်သက်မဟုတ်ကြောင်း သူတို့သိရှိခံစားကြပြီဖြစ်သည်။ ပရောဖက်ဟေရှာယ

သည် အချိန်ကာလကြာညောင်း၍ ပင်ပင်ပန်းပန်းလုပ်ဆောင်ရသည့်အမှုတော်မြတ်အတွက်

ခေါ်ယူခြင်းခံရသူဖြစ်ပြီး နှစ်ကာလကြာလာသည်နှင့်အမျှ သူဟောပြောရသောသူတို့သည်

တစ်ဖြည်းဖြည်း ပိုပိုနည်းပါးလာပြီး ယုံကြည်မှုစွန့်ပယ်သူလည်း များပြားလာသည်ကို တွေ့မြင်

နေရသူဖြစ်သည် (ဟေရှာ ၆း၉-၁၃)။ ထို့ကြောင့် သူသည် အလွန်စိတ်ဓာတ်ကျမိမည်ဖြစ်သော

ကြောင့် သူ့အမှုတော်လုပ်ငန်းကို သူစွန့်လွှတ်ခဲ့လျှင်ပင် သူ့ကိုနားလည်ပေးနိုင်သည့် အခြေ

အနေမျိုးရင်ဆိုင်ရသူဖြစ်သည်။ သို့သော် သူသည် စိတ်ဓာတ်ကျ စိတ်အားငယ်မှုများအားလုံး

အလယ်တွင် မိမိ၏အရင်းအမြစ်များကို အသက်ရှင်၍ ကုန်ခမ်းသွားနိုင်ခြင်းမရှိသော၊

ပြောင်းလဲခြင်းမရှိသည့် ဘုရားသခင်ထံမှရယူနေသည့်အကိုင်းဖြစ်သည်။ ထို့ကြောင့် ဤသို့

လူတို့ကို စိတ်သက်သာစေသောအသီးအခိုင်များ သီးပွင့်သည့်အကိုင်းဖြစ်လျက် ရာစုနှစ်များစွာ

အတွင်း ထောင်ပေါင်းများစွာသော ဘုရားသခင်၏အစေခံများကို ခွန်အားများပြန်လည်ရရှိ

စေလျက် ပြန်လည်လန်းဆန်းစေသောအသီးများကို သီးပွင့်နိုင်ခဲ့သည်။

ရှေးစပျစ်ပင် အစ္စရေးလူမျိုးတွင် ထိုကဲ့သို့ ဝိညာဉ်တော်မှုတ်သွင်းခြင်းခံရသောပရောဖက်

အကြီးအငယ် များစွာရှိကြပါသည်။ သခင်ဘုရား၏ခေတ်ကာလတွင်ပင် ဗတ္တိဇံဆရာယောဟန်

ကဲ့သို့သောပရောဖက်၊ မာရိ၊ မာသ၊ အန္နနှင့် ရှိမုန် စသည်ဖြင့်ရှိကြလျက် ဘုရားသခင်ကို

ကျေနပ်စေသည့်အသီးများသီးကာ လူတို့အတွက်လည်း ကောင်းချီးမင်္ဂလာဖြစ်ခဲ့ကြသည်။

သို့သော် အစ္စရေးလူမျိုးသည် စိတ်ပျက်စရာများဖြစ်ပေါ်စေခဲ့သည်။ ဂျူးဆန့်ကျင်ရေး

ဝါဒ ဖြင့် ပြောခြင်းမဟုတ်ပါ။ ဘုရားသခင်ကိုယ်တိုင်လည်း ဟေရှာယ၏

ခေတ်တွင် ဤသို့မိန့်တော်မူခဲ့သည် ငါ့စပျစ်ဥယျာဉ်၌ ငါ့ကျေးဇူးပြုနိုင်လျက်၊ မပြုသေးသောအရာ တစ်စုံတစ်ခုရှိသလော။ စပျစ်သီးကို သီးမည်ဟု မျှော်လင့်သည်ရှိသော်။ ဗောရှသီးကို အဘယ်ကြောင့် သီးသနည်း။

ယခုနားထောင်ကြ။ ငါ့စပျစ်ဥယျာဉ်၌ ငါပြုရမည်အမှုကို သင်တို့အား ငါဖော်ပြမည်။ စောင်းရန်းကိုငါပယ်ရှင်းသဖြင့်။ သူတစ်ပါးတို့သည် စားကြလိမ့်မည်။ အုတ်ရိုးကို ဖြိုသဖြင့်၊ သူတစ်ပါးတို့သည် ကျော်နင်းကြလိမ့်မည်။

ဥယျာဉ်ကို ငါရှင်းရှင်းဖျက်ဆီးမည်။ အဘယ်သူမျှ မပြင်ဆင်ရ။ အဘယ်သူမျှ မတူးဆွရ။ ဆူးပင်အမျိုးမျိုး ပေါက်ကြလိမ့်မည်။ ထိုဥယျာဉ်အပေါ်မှာလည်း မိုးမရွာစေခြင်းငှာ ငါပညတ်မည်။

ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ စပျစ်ဥယျာဉ်ကား၊ ဣသရေလအမျိုးတည်း။ နှစ်သက်တော်မူသောပျိုးပင်ကား၊ ယုဒလူတည်း၊ တရားစီရင်ခြင်းကို မျှော်လင့်တော်မူခြင်းအရာ၌လည်း ငိုကြွေးခြင်းကိုလည်းကောင်း တွေ့မြင်တော်မူ၏။ (ဟေရှာ ၅း၄-၇)။ သူတို့၏ဘာသာရေးကျင့်ဝတ်များနှင့် ဗိမာန်

တော်မှယဇ်ပူဇော်မူများသည် အနှစ်သာရမဲ့သောဟန်ဆောင်မှုများဖြစ်လာကြသည်။ သူတို့၏

ကုန်သွယ်မှုများတွင် လိမ်ညာမှုများနှင့် ခိုးယူမှုများပွထနေပြီး ဆင်းရဲသားများသည် အမြတ်

ထုတ်ခေါင်းပုံဖြတ်ခြင်းနှင့် ဖိနှိပ်ခြင်းခံနေကြရသည်။ သူတို့၏မိသားစုများနှင့် လူမှုဝန်းကျင်

တွင် သစ္စာမဲ့မှုများ၊ ကိုယ်ကျင့်တရားပျက်ပြားမှုများနှင့် ကလေးငယ်သတ်ဖြတ်မှုများတို့ဖြင့်

ပုပ်သိုးလျက်ရှိနေခဲ့သည်။ ဘုရားသခင်၏ဂုဏ်တော်ကို ထိုသို့မှားယွင်းစွာဖော်ပြနေကြသည့်

ပရောဖက်ဟေရှာယခေတ် အစ္စရေးတို့အပေါ် ဤသို့တုန့်ပြန်တော်မူမည်ဟု ဘုရားသခင်မိန့်

တော်မူခဲ့သည်ကိုတွေ့ရသည် ယခုနားထောင်ကြ။ ငါ့စပျစ်ဥယျာဉ်၌ ငါပြုရမည်အမှုကို သင်တို့အား ငါဖော်ပြမည်။ စောင်းရန်းကိုငါပယ်ရှင်းသဖြင့်။ သူတစ်ပါးတို့သည် စားကြလိမ့်မည်။ အုတ်ရိုးကို ဖြိုသဖြင့်၊ သူတစ်ပါးတို့သည် ကျော်နင်းကြလိမ့်မည်။

ဥယျာဉ်ကို ငါရှင်းရှင်းဖျက်ဆီးမည်။ အဘယ်သူမျှ မပြင်ဆင်ရ။ အဘယ်သူမျှ မတူးဆွရ။ ဆူးပင်အမျိုးမျိုး ပေါက်ကြလိမ့်မည်။ ထိုဥယျာဉ်အပေါ်မှာလည်း မိုးမရွာစေခြင်းငှာ ငါပညတ်မည်။(ဟေရှာ ၅း၅-၆)။

မှန်သောစပျစ်ပင်

သို့သော် အစ္စရေးသမိုင်းတစ်လျှောက်တွင်ဖြစ်စေ၊ ကမ္ဘာ့သမိုင်းတစ်လျှောက်တွင်ဖြစ်စေ

ခရစ်တော်သည် တပည့်တော်များနှင့်အတူ အထက်ခန်းမမှထွက်ခွာလျက် ဂေသရှေမန်ဥယျာဉ်

နှင့် လက်ဝါးကပ်တိုင်ဆီသို့ သွားသည့်အချိန်ကကဲ့သို့ မည်သည့်အချိန်၌မျှ မဆိုးရွားခဲ့ပေ။

အစ္စရေးကျူးလွန်ခဲ့မိသောဖိနှိပ်မှုများအနက် အဆိုးရွားဆုံးဖိနှိပ်မှုကို အထက်ကောင်းကင်က

သက်သေခံတော့မည်ဖြစ်သည်။ အစ္စရေးစပျစ်ခြံပိုင်ရှင်သည် မိမိဝေစုစပျစ်သီးများခူးရန်အတွက်

မိမိ၏တစ်ပါးတည်းသောသားကို စပျစ်ခြံသို့ စေလွှတ်သည့်အခါ ခြံလုပ်သားတို့သည် သူ့ကို

သတ်ပစ်လိုက်ကြသည် (လု ၂၀း၉-၁၈)။

ခြံပိုင်ရှင်သည် မည်သို့တုန့်ပြန်မည်နည်း။ စပျစ်ခြံစိုက်သည့်စီမံကိန်းတစ်ခုလုံးကို စွန့်လွှတ်

လိုက်မည်လား။ လုံးဝမစွန့်လွှတ်ပါ။ ပိုမိုများပြား၍ ပိုမိုချိုမြိန်သောစပျစ်သီးများသီးစေရန်၊

အစ္စရေးလူမျိုးတွင်သာမက တစ်ကမ္ဘာလုံးအားဖြင့်သီးစေရန် အစပြုခဲ့သည်။ ထိုသို့ပြုရန်

အခြားသောစပျစ်ပင်နှင့် အခြားသောစိုက်ပျိုးထုတ်လုပ်သည့်နည်းလမ်းတို့ကို အသုံးပြုခဲ့သည်။

ဟုတ်တာပေါ့။ အခု ဘုရားသခင်က အစ္စရေးကို မိမိစပျစ်ပင်အဖြစ်မှ ဘေးဖယ်ပြီး

ခရစ်ယာန်အသင်းတော်ကို ပိုကောင်းသည့်အသစ်သောစပျစ်ပင်အဖြစ် အစားထိုးလိုက်ပြီ

လေ}} ဟု အချို့ကဆိုနိုင်ပါသည်။

ထိုသို့ လုံးဝမဟုတ်ပါ။ ဘုရားမှုတ်သွင်းခြင်းခံရသောပရောဖက်များနှင့် ဘုရားတရားကြည်

ညိုသောသန့်ရှင်းသူများ ခေတ်အဆက်ဆက်ပေါ်ထွန်းခဲ့သည် အစ္စရေးပင် အရေးနိမ့်ခဲ့လျှင်

ခရစ်ယာန်အသင်းတော်သည် ပိုကောင်းအောင်လုပ်ဆောင်နိုင်လိမ့်မည်ဟုမျှော်လင့်ခြင်းသည်

လက်တွေ့ကျပါမည်လား။ အကယ်စင်စစ် ဘာသာရေးနှင့်နိုင်ငံရေးတို့ ရောနှောနေတတ်သည့်

ခရစ်ယာန်လောကသည် အစ္စရေးကျူးလွန်မိခဲ့သည့် ဖိနှိပ်မှုများထက်ပင် ဆိုးရွားသည့်ဖိနှိပ်မှု

များ၊ ကိုယ်ကျင့်တရားပျက်ပြားမှုများနှင့် ရက်စက်မှုများ ပိုကျူးလွန်ခဲ့သည်။ ခရစ်တော်က

]]အစ္စရေးရှုံးနိမ့်ခဲ့တဲ့အတွက် ငါ့တပည့်တွေဖြစ်ကြတဲ့ ခင်ဗျားတို့ ပိုကောင်းအောင်လုပ်နိုင်ဖို့

ကြိုးစားရမယ်}}ဟု မပြောခဲ့ပါ။ အစ္စရေး၏ရှုံးနိမ့်မှုအတွက် ဘုရားသခင်၏အဖြေမှာ

ခရစ်ယာန်အသင်းတော်မဟုတ်ပါ၊ ခရစ်တော်သာဖြစ်ပါသည်။ စပျစ်ပင်ဖြစ်ခဲ့သည် အစ္စရေး

သည် ရှုံးနိမ့်ခဲ့သည်။

ဘုရားသခင်ပေးသောမစမှု၏ကြီးမားထယ်ဝါမှု

ခေတ္တရပ်ပြီး ကျွန်ုပ်တို့၏သန့်ရှင်းစင်ကြယ်မှုအတွက် ဘုရားသခင်ပေးသည့် မစမှုသည်

မည်မျှကြီးမားထယ်ဝါမှုရှိသည်ကို ဆင်ခြင်စဉ်းစားကြည့်ကြပါစို့။ အစ္စရေးလူမျိုးက ပြုမူလုပ်

ဆောင်ရမည့်အရာများနှင့် သက်သေခံရမည့်အရာများကို ရှင်းလင်းသော ညွှန်ကြားချက်ပုံစံ

ဖြင့် ပညတ်တော်ကို ဘုရားသခင်ပေးတော်မူခဲ့သည်။ ပညတ်တော် ကိုယ်တိုင်၌ မည်သည့်

အမှားအယွင်းမှမရှိပါ။ ပညတ်တော်သည် သန့်ရှင်း၍ မှန်ကန်ကောင်းမြတ်ပါသည်။ စပျစ်သီး

များ သီးစေရန်ဖြစ်သည့် ゞင်း၏စီမံချက် မအောင်မြင်ရခြင်းမှာ ရှင်ပေါလုဖော်ပြထားသည့်

အတိုင်း (ရော ၈း၈) ゞင်းသည် သွေးသားဇာတိကြောင့် အားနည်းခဲ့ရသောကြောင့်ဖြစ်သည်။

ကျွန်ုပ်တို့နည်းတူ ကျရှုံးနေသည့်လူသားများဖြစ်ကြသည့် အစ္စရေးအမျိုးသားတို့သည် ပညတ်

တရားကို ဘုရားသခင်၏စံနှုန်းနှင့်တောင်းဆိုအတိုင်း လုပ်ဆောင်နိုင်ရန်အတွက် လိုအပ်သည့်

ကိုယ်ကျင့်တရားနှင့် ဝိညာဉ်ရေးခွန်အားများမရှိခဲ့ကြချေ။ ခရစ်ယာန်များလည်း အစ္စရေးလူ

မျိုးများထက် ပိုကောင်းကြသည်မဟုတ် သို့မဟုတ် ခွန်အားပိုရှိကြသည်မဟုတ်။ ဘုရားသခင်က

မူလနည်းလမ်းကိုသာပြန်သုံးခဲ့မည်ဆိုလျှင် ရလဒ်သည် ယခင်ကနည်းတူပင် စိတ်ကျေနပ်စရာ

ကောင်းမည်မဟုတ်ပေ။

အမှန်မှာ ဘုရားသခင်သည် နည်းလမ်းသစ်အတွက် ကမ္ဘာမတည်မရှိမီကပင် အကြံအစည်

ရှိပြီးသားဖြစ်သည်။ ထိုအကြံအစည်တော်တွင် လုံးလုံးအသစ်ဖြစ်လျက် ထူးခြားသောစပျစ်မျိုး

ဖြစ်သည့် ဘုရားသခင်ကိုယ်တော်တိုင်၏သားတော် ပါဝင်သည်။ ထိုသားတော်သည် ခိုင်းနှိုင်း

ဖော်ပြရလျှင် ဘုရားသခင်၌ အမြစ်တွယ်၍ ကိုယ်တော်တိုင်လည်း ဘုရားသခင်ဖြစ်တော်မူကာ

တစ်ချိန်တည်းမှာပင် လူသားစင်စစ်လည်း ဖြစ်တော်မူသည်။ ခမည်းတော်ဘုရားသခင်၏

စရိုက်လက္ခဏာကို လုပ်ဆောင်ချက်များအားဖြင့်ဖြစ်စေ၊ စကားလုံးများဖြင့်ဖြစ်စေ ထင်ရှား

ပေါ်လွင်စေရန် ယခင်ကလည်းကောင်း၊ လက်ရှိအချိန်တွင်လည်းကောင်း၊ အနာဂါတ်ကာလ

တွင်လည်းကောင်း တတ်စွမ်းနိုင်တော်မူသောအရှင်ဖြစ်ကာ ဘုရားသခင်အတွက် မပျက်စီးနိုင်

သော ဝမ်းမြောက်ရွှင်လန်းခြင်းဖြစ်လျက် လူတို့အတွက် မည်သည့်အခါမျှမှေးမှိန်ခြင်းမရှိသော

ကောင်းချီးမင်္ဂလာဖြစ်တော်မူသည်။ ကိုယ်တော်သည် သူကိုယ်တိုင်ဝန်ခံသည့်အတိုင်း မှန်သော

စပျစ်ပင်ဖြစ်တော်မူသည်။ အစ္စရေးကို မှားသောစပျစ်ပင်ဟုဆိုလိုခြင်းမဟုတ်ပါ။ ခရစ်တော်

သည် စံဖြစ်ကာ မူလအရင်းအမြစ်လည်းဖြစ်တော်မူလျက် ပြည့်စုံမှုရှိသောစပျစ်ပင်ဖြစ်သည်ဟု

ဆိုလိုခြင်းဖြစ်သည်။ အစ္စရေးသည် လုံလောက်မှုမရှိ၊ အားနည်းချက်များဖြင့် ကိုယ်တော်ကို

အကောင်းဆုံးဖော်ကျူးနိုင်သည့် ကိုယ်တော်၏နမူနာသဏာန်တော်ကိုဖြစ်သည်။ (ဟေဗြဲ

၈း၂ နှင့် ၉း၁၁ တို့တွင် ]မှန်သော} ဆို သည့်နာမဝိသေသနအသုံးပြုကို ကြည့်ပါ)။

ထို့ပြင် မှန်သောစပျစ်ပင်ဖြစ်သည့် ခရစ်တော်သည် အခြားသောကဏ္ဍတစ်ခုအရလည်း

လုံးလုံးအသစ်ဖြစ်တော်မူသည်။ သန့်ရှင်းသောဝိညာဉ်တော်၏အသစ်မွေးဖွားစေခြင်းအားဖြင့်

ရွေးနှုတ်ခြင်းခံရသောသူတို့သည်လည်း ယခု မှန်သောစပျစ်ပင်၏အကိုင်းများအဖြစ် ခရစ်

တော်နှင့်အတူအလုပ်လုပ်နေကြပြီဖြစ်သည်။ ထိုသို့အားဖြင့် သူတို့သည် ကိုယ်တော်၏အသက်၊

ကျေးဇူးတော်၊ ကောင်းမြတ်ခြင်းနှင့်တန်ခိုးတော်တို့ကို သူတို့မှတစ်ဆင့် လည်ပတ်စေကြလျက်

သူတို့ထဲ၌ သန့်ရှင်းသောဝိညာဉ်တော်သီးသောအသီးဖြစ်သည် ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊

ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်

မွေ့ခြင်းနှင့် မိမိကိုယ်ကို ချုပ်တည်းခြင်းကို သီးစေကြသည်။

ဤအခွင့်အရေးသည် အသစ်၊ အံ့ဩချီးမွမ်းဖွယ်နှင့် နှစ်သက်ဖွယ်ကောင်းသော အသစ်

ဖြစ်သည်။ ဓမ္မဟောင်းခေတ်မှ သန့်ရှင်းသူတစ်ဦးဦး မေရှိယအရှင်သခင်နှင့် အတူပူးပေါင်း

လုပ်ဆောင်ခွင့်ရခဲ့သည်ဆိုသည့်မှတ်တမ်းမျိုး မည်သည့်နေရာတွင်မျှ မတွေ့ရပေ။ သို့သော်

ခရစ်တော် လူ့ဇာတိခံတော်မူခြင်း၊ အသေခံခြင်း၊ ရှင်ပြန်ထမြောက်တော်မူခြင်းနှင့် ကောင်းကင်

သို့ပြန်တက်ြွကတော်မူခြင်းနောက်ပိုင်းတွင် အသက်ရှင်ရသောကျွန်ုပ်တို့ကို ဘုရားသခင်ပေး

သည့်မစမှုသည် ゞင်းတို့မတိုင်မီကထက် ပိုမိုများပြားလာသည်ဟုဆိုလိုခြင်းမဟုတ်ပါ။

ထို့ကြောင့် သင်ခန်းစာဒုတိယအပိုင်း၏အစတွင် ရင်းနှီးပြီးသားအချက်တစ်ချက်နှင့်

အစပြန်ပြုသည်ကိုတွေ့ရသည်။ အခန်းကြီး ၁၃ တွင် သန့်ရှင်းစင်ကြယ်ခြင်း သင်ခန်းစာ၏

ပထမသင်ခန်းစာမှာ ]သန့်ရှင်းစင်ကြယ်နိုင်ဖို့ ကြိုးစားပါ} ဆိုသည့် တိုက်တွန်းမှုမဟုတ်ဘဲ

ဘုရားသခင်ပေးသည့်မစမှုဖြစ်သည့် သန့်ရှင်းစင်ကြယ်စေတော်မူကြောင်း ကြေငြာလိုက်ခြင်း

ဖြစ်သည်။ ゞင်းသည် တစ်ကြိမ်နှင့်အပြီး အသစ်မွေးဖွားခြင်းနှင့်ဆိုင်သောရေချိုးခြင်းဖြစ်၍

ゞင်းနောက်ပိုင်းတွင် ယုံကြည်သူများသည် ခြေဆေးရန်သာလိုအပ်တော့သည်။ ဤနေရာတွင်

လည်း ထိုနည်းတူပင်ဖြစ်သည်။ ဘုရားသခင်အတွက် လောကထဲ သက်သေခံရမည့် ကျွန်ုပ်တို့၏

ဝတ္တရားအတွက် ကောင်းသောအသက်တာဖြင့်ကြိုးစားအသက်ရှင်ရန်၊ ဘုရားသခင်၏စိတ်

တော်နှင့်တွေ့စေရန်အတွက် ကြိုးစား၍ဖြောင့်စွာအသက်ရှင်ရန် ဦးစွာမတိုက်တွန်းပါ။

 ဦးစွာ

ပထမ ကျွန်ုပ်တို့တွေ့ရသည့်အရာမှာ လောကကမ္ဘာအား မိမိကိုသိစေသည့် ထူးခြားကြီးမြတ်

သောနည်းလမ်းဖြင့် ဘုရားသခင်ကိုယ်တော်တိုင်ပေးသည့် မစမှုပင်ဖြစ်သည်။ ထိုနည်းလမ်းမှာ

မှန်သောစပျစ်ပင်ဖြစ်တော်မူသည့် ခရစ်တော်ပင်ဖြစ်သည်။ ဘုရားသခင်သည် ထိုမှန်သော

စပျစ်ပင်အားဖြင့် မိမိလူတို့နှင့်ပူးပေါင်းလုပ်ဆောင်သဖြင့် စပျစ်ပင်သည် မိမိအနွယ်များ

အားဖြင့် မိမိ၏အသက်နှင့်စွမ်းအားကို ထင်ရှားစေသကဲ့သို့ ခရစ်တော်သည် ထိုသူတို့အားဖြင့်

မိမိကိုယ်တော်တိုင်၏အသက်၊ ကိုယ်ကျင့်တရားနှင့် တန်ခိုးတော်တို့ကို ထင်ရှားစေသည့်နည်း

လမ်းဖြစ်သည်။ သို့သော် ဤဖြစ်စဉ်တွင် မိမိကိုယ်ကိုယ် ထင်ရှားစေသောစပျစ်ပင်သည် အရေး

အကြီးဆုံးနှင့်အဓိကကဏ္ဍတွင် ပါဝင်သည်။ အကိုင်းများသည် စပျစ်ပင်၌တည်နေပါက

စပျစ်သီးများသီးလာမည်ဖြစ်သည်။ သို့သော် စပျစ်ကိုင်းများ၏ကြိုးစားမှုကြောင့်မဟုတ်ဘဲ

သူတို့၌အလုပ်လုပ်သော ခရစ်တော်၏အသက်၊ ကျေးဇူးတော်နှင့် တန်ခိုးတော်တို့ကြောင့်ဖြစ်

သည်။

ထို့ကြောင့် နောက်တစ်ဖန်ပြောရလျှင် ကျွန်ုပ်တို့၏သန့်ရှင်းစင်ကြယ်သောအသက်တာ

အတွက် အရေးအကြီးဆုံးအချက်မှာ ဘုရားသခင်အတွက် ကျွန်ုပ်တို့လုပ်ဆောင်သောအရာ

မဟုတ်ဘဲ ခရစ်တော်အားဖြင့် ကျွန်ုပ်တို့အထဲနှင့်ကျွန်ုပ်တို့မှတစ်ဆင့် ဘုရားသခင်လုပ်ဆောင်

တော်မူသောအရာပင်ဖြစ်သည်။

(၁၈)စပျစ်ဦးယျာဉ်မူးနှင့်အသီးမသီးသောစပျစ်ကိုင်း

“ ငါသည် မှန်သောစပျစ်နွယ်ပင်ဖြစ်၏။ ငါ့ခမည်းတော်သည်လည်း ဥယျာဉ်စောင့်ဖြစ်တော်မူ၏။

ငါ၌အသီးမသီးသော အခက်ရှိသမျှတို့ကို ခုတ်ပစ်တော်မူ၏။ အသီးသီးသော အခက်ရှိသမျှတို့ကို သာ၍ သီးစေခြင်းငှာ သုတ်သင်ရှင်းလင်းတော်မူ၏။

သင်တို့သည် ငါဟောပြောသောစကားအားဖြင့် ယခုပင် ရှင်းလင်းလျက်ရှိကြ၏။

ငါ၌တည်နေကြလော့။ ငါသည်လည်း သင်တို့၌တည်နေမည်။ စပျစ်ခက်သည် အပင်၌မတည်လျှင်၊ ကိုယ်အလိုအလျောက် အသီးမသီးနိုင်သကဲ့သို့၊ သင်တို့သည် ငါ၌မတည်လျှင် အသီးမသီးနိုင်ကြ။”

(ယော ၁၅း၁-၄)

စပျစ်ခြံစိုက်ပျိုးခြင်းလောကတွင် စပျစ်သီးကောင်းများရရှိခြင်းအတွက် လျှို့ဝှက်ချက်မှာ

အကောင်းဆုံးစပျစ်ပင်တစ်ပင်ကို သင်ပိုင်ဆိုင်ရန်ဖြစ်သည်။ ထိုအခါ ထိုစပျစ်ပင်သည် အကိုင်း

များဖြာထွက်လာ၍ တစ်ဖန် ထိုအကိုင်းများက လိုအပ်သည့်အာဟာရအရင်းအမြစ်များကို

ထိုစပျစ်ပင်ထံမှရရှိကြလျက် စပျစ်ခိုင်များကို ကိုယ်တိုင်သီးကြမည်ဖြစ်သည်။ သို့သော် ゞင်း

သည် လိုအပ်ချက်အားလုံးမဟုတ်သေးပါ။ စပျစ်ကိုင်းများကို အစဉ်မပြတ်အာရုံစိုက်လျက် ထို

စပျစ်ကိုင်းများသည် စပျစ်သီးသီးသည့်ဖြစ်စဉ်တွင် မိမိတို့ကဏ္ဍကို မှန်ကန်ထိရောက်စွာလုပ်

ဆောင်နေကြပါသလားဆိုသည်ကို အမြဲကြည့်ရှုနေသော ကျွမ်းကျင်သည့် ဥယာဉ်မှူးတစ်ဦး

လည်းလိုအပ်ပါသည်။ သူသည် စပျစ်ကိုင်းများကို တစ်ကြိမ်ပြီးတစ်ကြိမ် ရှင်းလင်းလျက်

ကိုင်းဖြတ်ပြုပြင်ပေးမည်ဖြစ်သည်။ မဟုတ်ပါက ထိုစပျစ်ကိုင်းများသည် စပျစ်ပင်ထံမှ သူတို့ရ

ယူသည့် စွမ်းအားနှင့်အဟာရများကို အကျိုးမဲ့သုံးစွဲနေလျက် စပျစ်သီးမသီးဘဲ အသုံးမကျ

သည့်အရွက်များနှင့်သာ ပြည့်လာမည်ဖြစ်သည်။

မိမိလူတို့ လှပသောဝိညာဉ်အသီးသီးရန်အတွက် ဘုရားသခင်၏မစမှုတွင်လည်း ထိုနည်း

တူဖြစ်သည်။ မှန်သောစပျစ်ပင်ဖြစ်သည့် ခရစ်တော်ထံမှရရှိနိုင်သော အရင်းအမြစ်များသည်

အပြစ်အနာအဆာကင်းမဲ့ပြီး မကုန်ခန်းနိုင်ကြောင်း သံသယဖြစ်စရာမရှိပါ။ ထိုနည်းတူယုံ

ကြည်သူများ အသီးသီးရန်အတွက် လိုအပ်သမျှတို့ကို ထောက်ပံ့ပေးရန် ခရစ်တော်သည်

အလိုတော်နှင့်အစွမ်းတန်ခိုးရှိတော်မူကြောင်းကိုလည်း သံသယဖြစ်စရာမရှိပါ။ အကိုင်းများ

အနေဖြင့် သူတို့လုပ်ဆောင်ရမည့်အရာမှာ စပျစ်ပင်၌ရှိသည့်အရင်းအမြစ်များကိုရယူရန်ဖြစ်

သည်။ ကြည့်ရပုံအရ ရိုးရှင်းသည်ဟု ထင်ရသော်လည်း ပြဿနာတစ်ခုရှိပါသည်။ ယုံကြည်သူ

များကို ခရစ်တော်၌ရှိသည့် အရင်းအမြစ်များ မိမိတို့ဖာသာရယူရန်လွှတ်ထားလျှင် ရလဒ်သည်

စိတ်ပျက်စရာကောင်းမည်သေချာသည်။ စပျစ်ပင်မှအကိုင်းများသည် ကိုင်းဖြတ်ပြုပြင်သူက

အဆက်မပြတ်မကြည့်လျှင်လည်း အလိုအလျောက်အသီးသီးကြမည်ဖြစ်သော်လည်း ယုံကြည်

သူများသည် ကောင်းသောဝိညာဉ်အသီးကို အလိုအလျောက်မသီးနိုင်ကြပေ။

သို့သော် ဘုရားသခင်သည် ပြဿနာကိုကြိုမြင်ထားပြီးသားဖြစ်သည်။ ထို့ပြင် ယေရှုက

]]ငါသည် မှန်သောစပျစ်ပင်ဖြစ်၏}}ဟု မိန့်တော်မူသည့်အပြင် ]]ခမည်းတော်သည် ဥယျာဉ်မှူး

ဖြစ်တော်မူ၏}}ဟုပါ မိန့်တော်မူသည်ကိုကြားရခြင်းသည် ကြီးမားသော စိတ်သက်သာမှုကို ရရှိ

စေသည်။ ကျွန်ုပ်တို့သည် ခရစ်တော်၌ရှိသည့်အရင်းအမြစ်များကို မိမိဖာသာအတတ်နိုင်ဆုံး

ရယူရန် ပစ်ထားခြင်းမခံရပါ။ မှန်ပါသည်။ ကျွန်ုပ်တို့၌ ကြီးမားခက်ခဲသည့်တာဝန်များရှိ

သော်လည်း အဓိကတာဝန်မှာ ဘုရားသခင်၏တာဝန်ဖြစ်သည်။ ဘုရားသခင်၏တာဝန်မှာ

မိမိကိုယ်ကိုယ်၊ မိမိ၏ကိုယ်ကျင့်တရား၊ မိမိ၏ကျေးဇူးတော်နှင့် မိမိ၏ကယ်တင်ခြင်းတို့ကို

ကျွန်ုပ်တို့အားဖြင့်ထင်ရှားစေရန်အတွက်အစပြုတော်မူရန်ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်

တို့ကို ခရစ်တော်ထဲ၌ ရှိစေတော်မူသည်။ ထိုဘုရားသခင်အားဖြင့် သင်တို့သည် ယေရှုခရစ်၌ တည်နေကြ၏။ ထိုသခင်မူကား၊ ဘုရားသခင် စီရင်တော်မူသည်အတိုင်း၊ ငါတို့၌ ပညာမှစ၍ ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း၊ ရွေးနုတ်ခြင်းဖြစ်တော်မူ၏။(၁ကော ၁း၃၀)။ ကိုယ်တော်က စပျစ်ကိုင်းရှိ

သမျှတို့သည် အပင်၌ကောင်းစွာတည်လျက် ကြီးထွားမှုအတွက် စွမ်းရည်ရှိသမျှကိုသုံးကာ

အသီးများစွာသီးနိုင်ရန် အစဉ်အမြဲကရုစိုက်တော်မူသည်။ ဘုရားသခင်သည် ဦးစွာ မိမိကိုယ်က်ို

ကျွန်ုပ်တို့မှတစ်ဆင့် ထင်ရှားစေရန် အဘယ့်ကြောင့်ဆုံးဖြတ်တော်မူရသနည်းဟူသည့်

မေးခွန်းသည် ခက်ခဲသောမေးခွန်းဖြစ်နိုင်ပါသည်။ သို့သော် ကိုယ်တော်သည် ထိုသို့ဆုံးဖြတ်

တော်မူပြီးသည်နှင့် အကြံအစည်တော်ကိုပြည့်စုံစေရန် ကျွန်ုပ်တို့အား အကူအညီမဲ့တာဝန်ပေး

သည်မဟုတ်ကြောင်း ထင်ရှားသေချာသည်။

ဟုတ်ပါသည်။ ကျွန်ုပ်တို့၌ တာဝန်များရှိပါသည်။ မှန်ပါသည်။ ကျွန်ုပ်တို့သည် သိလျက်

ဖြစ်စေ၊ မသိ၍ဖြစ်စေ ကိုယ်တော်၏အကြံအစည်တော်ပြီးပြည့်စုံခြင်းကို မကြာခဏ ကဖျက်

ယဖျက်လုပ်လျက်နှေးကွေးစေကာ ကိုယ်တော်၏ကျေးဇူးတော်ကို ဟန့်တားမိနိုင်သကဲ့သို့

ဟန့်လည်းဟန့်တားမိတတ်ကြသည်။ အတိအလင်းဖော်ပြ

ခြင်းခံရသောအရှင်သည် မိမိ၏အကြံအစည်တော်ကို ပြီးမြောက်စေတော်မူမည်ဖြစ်သည်။

ဥယျာဉ်မှူး၏လုပ်ဆောင်ချက်များနှင့်စပျစ်ကိုင်းတို့၏တာဝန်

“ငါသည် မှန်သောစပျစ်နွယ်ပင်ဖြစ်၏။ ငါ့ခမည်းတော်သည်လည်း ဥယျာဉ်စောင့်ဖြစ်တော်မူ၏”

ဟူသောမိန့်တော်မူချက်ကို အရေးကြီးသည့်မိန့်တော်မူချက်(၄)ချက်က လိုက်လာကြောင်း

တွေ့ရ သည်။ င်းတို့မှာ-

၁။ ၁၅ ၂ အသီးမသီးသောအကိုင်းများ – “ငါ၌အသီးမသီးသောအခက်ရှိသမျှတို့ကို ခုတ်ပစ်

တော်မူ၏။ “

၂။ ၁၅း၂ အသီးသီးသောအကိုင်းများ – “အသီးသီး သောအခက်ရှိသမျှတို့ကို သာ၍သီးစေ

ခြင်းငှာ သုတ်သင်ရှင်းလင်းတော်မူ၏။”

၃။ ၁၅း၃ ရှင်းလင်းစေသည့်အရာ – “သင်တို့သည် ငါဟောပြောသောစကားအားဖြင့် ယခုပင်

ရှင်းလင်းလျက်ရှိ၏။”

၄။ ၁၅း၄ အကိုင်းများ၏တာဝန်ဝတ္တရား – “ငါ၌တည်နေကြလော့။ ငါသည်လည်း သင်တို့၌

ည်နေမည်။ စပျစ်ခက်သည် အပင်၌မတည်လျှင်၊ ကိုယ်အလိုအလျောက် အသီး

မသီးနိုင်သကဲ့သို့၊ သင်တို့သည် ငါ၌မတည်လျှင် အသီးမသီးနိုင်ကြ။”

အချိုးအစားကို ကျွန်ုပ်တို့သတိထားမိမည်ဖြစ်သည်။ မိန့်တော်မူချက်လေးချက်အနက်

သုံးချက်သည် အကိုင်းများကိုဂရုစိုက်လျက် ခမည်းတော်နှင့်သားတော်တို့ ပြုသောအချက်များ

ဖြစ်ပြီး လေးချက်အနက် တစ်ချက်သည် အကိုင်းများ၏တာဝန်ဝတ္တရားဖြစ်သည်။

အသီးမသီးသောအကိုင်း

ဤကျမ်းပိုဒ်၌ဖော်ပြသည့် ဥယျာဉ်မှူးက ပထမအလေးထားသောအချက်မှာ အသီးမသီး

သောအကိုင်းများကို ခုတ်ပစ်မည့်သူ၏ဆုံးဖြတ်ချက်ဖြစ်ပင်ဖြစ်သည်။ ခဏလေးစဉ်းစားရုံနှင့်

နားလည်နိုင်ပါသည်။ စပျစ်ပင်အားဖြင့်ထားရှိတော်မူသော အကြံအစည်တော်မှာ အသီးသီး

သောအကိုင်းများရှိနေရန်ဖြစ်သည်။ စပျစ်ကိုင်းများရှိနေရခြင်း၏ အကြောင်းရင်းမှာ အသီး

သီးခြင်းမှတစ်ပါး အခြားမရှိပေ။ စပျစ်ပင်၏ အသားသည် မည်သည့်အရာအတွက်မျှ အသုံး

မဝင်ကြောင်း ပရောဖက်ယေဇကျေလအား လွန်ခဲ့သည့်နှစ်ပေါင်းများစွာက ဘုရား

သခင်ရှင်းပြခဲ့ပြီးပြီဖြစ်သည်။ ၎င်းကို ပစ္စည်းများချိတ်သည့် ချိတ်အဖြစ်ပင်သုံးမရပေ (ယေဇ

၁၅း၁-၅)။ ဘုရားသခင်၏ စပျစ်ပင်မှအကိုင်းရှိသမျှသည် မိမိတို့အတွက်ရည်ရွယ်ထားသည့်

လုပ်ငန်းကို ပြည့်စုံစေရန်အတွက်သာဖြစ်ကြသည်။

အခြားတာဝန်ကိုလုပ်ဆောင်ရန်မဟုတ်ပေ။

သို့သော် ဤနေရာတွင် ကျွန်ုပ်တို့ခေတ္တရပ်နားကြမည်။ အကြောင်းမှာ အသီးမသီးသော

အကိုင်းများ၌ ဥယျာဉ်မှူးပြုသည့်အချက်ကိုဖော်ပြသော မူရင်းဂရိစကားလုံး၏ အဓိပ္ပါယ်

သည် အငြင်းပွားစရာဖြစ်နေသောကြောင့်ဖြစ်သည်။ ၎င်းစကားလုံးသည် နောက်ခံအခြေ

အနေပေါ်မူတည်လျက် အခြားသောဂယက်အနက်များစွာရှိသော်လည်း ၎င်း၏မူလအဓိပ္ပါယ်

မှာ “မတင်သည်”ဟူ၍ဖြစ်သည်။ ယော ၁း၄၁ တွင် စာသားအတိုင်းတိုက်ရိုက်ပြန်လျှင်

“ယေရှုသည် မိမိမျက်လုံးကို အပေါ်သို့မတင်လျက် …”ဟု ပြန်ရမည်ဖြစ်သည် (“ယေရှုသည်

လည်း အထက်သို့မျှော်ကြည့်လျက်…”)၊ မသဲ ၂၀း၁၄ တွင် “ သင်၏ဥစ္စာကို ယူ၍သွားအလာ”

အချို့ အခြေအနေတွင် “ယူ၍ထမ်းသွားသည်”ဟု ပြန်ရသည် (မဿဲ ၁၁ ၂၉)။ အချို့ အခြေ

အနေတွင် “သိမ်းယူသွားသည်”ဟု ပြန်ရသည် (၃ ၆ ၂၉)၊ အချို့ အခြေအနေတွင် “ရွေ့သွား

သည်”ဟု ပြန်ရသည် (မာ ၁၁း၂၃)။

အမျိုးမျိုးသောဤဖြစ်နိုင်ချေများကြောင့် အချို့တို့က ဥယျာဉ်မှူးသည် အသီးမသီး

သောအကိုင်းကို ခုတ်ပစ်မည်ဟုမဆိုလိုဘဲ အပေါ်သို့ထောက်ပင့်ပေးမည်ဟု ဆိုလိုခြင်းသာဖြစ်

သည်ဟုဆိုကြသည်။ သူတို့က ယခုခေတ် ဂျေရုဆလင်မြို့၏တောင်ဖက်ရှိတောင်တန်းများပေါ်

စပျစ်စိုက်သူများ လုပ်ဆောင်နေကျပုံစံကို ကိုးကားပြောဆိုကြသည်။ ထိုနေရာတွင် စစ်ကိုင်း

များသည် မြေ၌တားကြသဖြင့် ရွှံ့များမစဉ်စေရန် စပျစ်စိုက်သူများက အဓိကအကိုင်းများကို

ကျောက်တုံးများဖြင့်ခုထားကြရသည်။ ထိုအခါ ထိုစပျစ်ကိုင်းများသည် နေရောက်ခြည်ပိုရပြီး

ရွှံ့များ၊ ဖုန်များလည်း မကပ်တော့ဘဲ လေဝင်လေထွက်လည်း ပိုကောင်းလာသောကြောင့် ပို

ကောင်းသောအသီးများကို ပိုသီးလာနိုင်သည်။ ထို့ကြောင့် ခရစ်တော်၏ကိုယ်ခန္ဓာမှကိုယ်အင်္ဂါ

များအသီးမသီးနိုင်သည်ကို ဥယျာဉ်မှူးမြင်တော်မူသည့်အခါ ရွှံ့ထူသောအခြေအနေမှ သူတို့

ကို မြှင့်တင်ပေးကာ အသီးသီးလာသည့်အထိ ထောက်မပေးမည်ဟု သူတို့ယူဆကြသည်။

သို့သော် သခင်ဘုရားမိန့်တော်မူလိုသည့်အချက်မှာ ဤသို့မဟုတ်ပေ။ ပထမအနေဖြင့်

မူရင်းဂရိစကားလုံးက “မတင်သည်”ဟု အဓိပ္ပါယ်ရှိနိုင်သည်မှန်သော်လည်း “မတင်ပြီးအောက်

မှခုပေးသည် ဟူသည့်အထိ အလွယ်တကူယူ၍မရပေ။ ဒုတိယအနေဖြင့် ယုဒပြည်တောင်ပိုင်း

တွင် စပျစ်ကိုင်းအားလုံးကို ကျောက်ပုံများပေါ် တက်စေကြခြင်းဖြစ်သည်။ အသီးမသီးသော

အကိုင်းများကို တက်စေခြင်းမဟုတ်ပေ။

ထို့ကြောင့် “ငါ၌အသီးမသီးသောအခက်ရှိသမျှတို့ကို ခုတ်ပစ်တော်မူ၏”ကို ပြန်ဆင်ခြင်ကြ

ပါစို့၊ “ခတ်ပစ် သည် လက်တွေ့တွင် ဘာကိုဆိုလိုသနည်း။

အသင်းတော်မှကြဉ်လိုက်ခြင်းကိုဆိုလိုသလား။ လူ့အသိုင်း အဝိုင်းကလက်မခံနိုင်သော

အပြစ်ကျူးလွန်ပြီး နောင်တမရသူများနှင့်ပတ်သက်၍ ကောရိ မှခရစ်ယာန်များက အလေး

မထားကြသည့်အတွက် ရှင်ပေါလုက သူတို့ကို ပြစ်တင်ဆုံးမလျက် ထိုသို့သောသူတို့ကို “သင်တို့

အထဲမှနှင်ထုတ်”ရမည်ဟု ဆိုထားသည် (၁ကော ၅း ၂)။ (ဤနေရာတွင်သုံးသည့်စကားလုံး

သည် ယော ၁၅၂ တွင် သုံးသည့်စကားလုံးပင်ဖြစ်သည်)။ သို့သော် ပိုမိုနီးကပ်စွာ ချဉ်းကပ်၍

သုံးသပ်ရလျှင် ဤနေရာတွင် ဘုရားသခင်ကမဟုတ်ဘဲ ကောရိန္ဒမြို့သားများက နောင်တမရသူ

များကို မိမိတို့ထံမှဖယ်ရှားရန်ဖြစ်သည်။ ၁ကော ၅း၁၃ တွင် ဤစကားလုံးကိုပင် ပိုမိုပြင်းထန်

သည့်အဓိပ္ပါယ်ဖြင့် သုံးထားသည် “သို့ဖြစ်၍ထိုဆိုးညစ်သောသူကို သင်တို့အထဲမှ နှင်ထုတ်

ကြလော့”။ ယော ၁၅၂ သည် အသင်းတော်မှကြဉ်လိုက်ခြင်းကို ဆိုလိုမည်မဟုတ်ပေ။

ထိုသို့ဆိုလျှင် ၁ကော ၁၁း ၂၉-ည တွင် တမန်တော်ရှင်ပေါလုဖော်ပြသည့်အရာကို ရည်

ညွှန်းပါသလား။ ထိုနေရာတွင် ဘုရားသခင်သည် ဂရုမစိုက်၊ နောင်တလည်းမရသောယုံကြည်

သူများကို ကိုယ်ခန္ဓာနာမကျန်းဖြစ်ခြင်း သို့မဟုတ် သေဆုံးခြင်း အထိပင် ကြုံတွေ့စေလျက်

ဆုံးမတော်မူမည်ဟုဆိုထားသည်။ ထိုသို့ဂရုမစိုက်၊ နောင်တမရသောသူကို ခန္ဓာသေခြင်း

အားဖြင့် ဤလောကမှဖယ်ရှားလိုက်လျှင် သူသည် ယုံကြည်သူဖြစ်နေဆဲဖြစ်သည်။ ထို့ပြင်

ဤယုံကြည်သူသည် အလေးအနက်မရှိသောသူဖြစ်လာသော်လည်း မည်သည့်အသီးမျှမသီးခဲ့

သူဟု သေချာပြောနိုင်ရန်ခက်သည်။ ခုတ်ပစ်ခြင်းခံရသောအကိုင်းသည် မည်သည့်အသီးမျှ

မသီးသောအကိုင်းဖြစ်သည်။ မည်သည့်ဝိညာဉ်အသီးမျှ မသုံးခဲ့သောသူကို ဆိုလိုသည်။

ထိုသူသည် မည်ကဲ့သို့သောလူအမျိုးစားဖြစ်မည်နည်း။ ကျွန်ုပ်တို့သံသယမဖြစ်အောင်

ဓမ္မသစ်ကျမ်းရေးသားသူတစ်ဦးဖြစ်သည့် ရှင်ယာကုပ်က ရှင်းလင်းစွာဖော်ပြထားပါသည်။ မိမိ

သည် ယုံကြည်သူတစ်ဦးဖြစ် သည်ဟုပြောဆိုသော်လည်း သူယုံကြည်သူဖြစ်ကြောင်းထင်ရှားစေ

သည့် လက်တွေ့လုပ်ဆောင်ချက်တစ်ခုမျှမလုပ်ဆောင်သောသူ၏ ယုံကြည်ခြင်းသည် အသေ

ဖြစ်သည်။ မိမိသည် ယုံကြည်သူဖြစ်သည်ဆိုသော ထိုသူ၏ပြောဆိုမှုသည် အကျုံးမဝင်ပေ

(ယာကုပ်၊ ၂း၁၄-၂၆)။

မည်သည့်နေရာ၌မဆို သခင်ဘုရားကလည်း ထိုနည်းတူပင်မိန့်တော်မူထားသည်။ ကိုယ်

တော်၏လူသိများသောပုံဥပမာတစ်ခုဖြစ်သည့် မျိုးကြဲသူပုံဥပမာတွင် စစ်မှန်သောယုံကြည်သူ

သည် ခံနိုင်ရည်ရှိလျက် အသီးသီးသောသူဖြစ်သည် (လုကာ၊ ဂး၁၃-၁၅)။ “တရားစကားကိုကြား

၍ ဝမ်းမြောက်သောစိတ်နှင့် ခံယူသော်လည်း.. ခဏသာယုံကြည်သဖြင့် စုံစမ်းနှောင့်ရှက်ခြင်းကို ခံရ

သောအခါဖေါက်ပြန်သောသူ”တို့သည် “စိတ်နှလုံး၌ အမြစ်မစွဲ” ကြသောကြောင့်ဖြစ်သည်။

ထို့ကြောင့် သူတို့သည် မည်သည့်အခါကမျှ အသီးသီးခဲ့ကြမည်မဟုတ်။ သူတို့သည် စစ်မှန်သော

ခရစ်ယာန်များ မဟုတ်ကြပေ။

“ငါ၌အသီးမသီးသောအခက်ရှိသမျှတို့ကို ခုတ်ပစ်တော်မူ၏”ဟု မိန့်တော်မူစဉ် ကိုယ် တော်

ရည်ညွှန်းသောသူတို့၏ အမျိုးအစားကို ရှင်ယောဟန်ခရစ်ဝင်ကျမ်း ကိုယ်တိုင်၌လည်းတွေ့ရ

သည်။ အခန်းကြီး ၁၃ ၏ အစပိုင်းကို ခေတ္တပြန်ကြည့်ပါ။ ထိုနေရာတွင် သခင်ဘုရားက “ရေချိုး

ပြီးသာသူမည်သည်ကား၊ ခြေဆေးခြင်းမှတစ်ပါးဆေးရသောအကြောင်းမရှိ၊ တစ်ကိုယ်လုံးစင်ကြယ်၏။

သင်တို့သည် စင်ကြယ်သော်လည်းအချို့မတ်ကြယ်ဟု မိန့်တော်မူ၏” ဟုမိန့်တော်မူ၍ ရှင်ယောဟန်

က “ကိုယ်တော်ကိုအပ်နှံမည့်သူကို သိတော်မူသောကြောင့်၊ သင်တို့တွင် အချို့ မစင်ကြယ်ဟု မိန့်

တော်မူသတည်း” ဟု အကြောင်းတရားကို ဆက်ရှင်းပြပေးသည် (ယော ၁၃း၁၀-၁၁)။ ယခု

အခန်းကြီး ၁၅ ၏အစကို ပြန်ကြည့်ပါ။ ကိုယ်တော်သည် “အသီးသီးသောအခက်ရှိသမျှတို့ကို

သာ၍သီးစေခြင်းငှာ သုတ်သင်ရှင်းလင်းတော်မူ၏”ဟု မိန့်တော်မူပြီးနောက် “သင်တို့သည် ငါဟော

ပြောသောစကားအားဖြင့် ယခုပင် ရှင်းလင်း” (စင်ကြယ်) လျက်ရှိကြ၏”ဟု ထပ်၍ မိန့်တော်မူခဲ့

သည် (၁၅၂-၅)။ သို့သော် ဤတစ်ကြိမ်တွင် “သင်တို့သည် စင်ကြယ်သော်လည်း အချို့ မ

စင်ကြယ်”ဟူသောအချက်မပါတော့ပေ။ ထင်ရှားသည့်အကြောင်းရင်းမှာ ဤအချိန် ယုဒရှကာ

ရုတ်သည် သူတို့နှင့်အတူမရှိတော့ပေ။ ထို့ကြောင့် သခင်ဘုရားက ကျန်သော ဆယ့်တစ်ပါးတို့

အား “သင်တို့သည် ယခုပင်ရှင်းလင်း (စကြယ်လျက်ရှိကြ၏”ဟု မိန့်တော်မူခဲ့သည်။

ပေတရုသည် မကြာမီအတွင်း ခရစ်တော်ကို ငြင်းပယ်တော့မည်ဖြစ်ပြီး

ကျန်ဆယ်ပါးတို့သည်လည်း ခရစ်တော်ကိုထားခဲ့လျက် ထွက်ပြေးကြတော့မည်ဖြစ်၍(၁၆း၃၂)

ဤမိန့်တော်မူခြင်းသည် သဘောထားကောင်းလွန်းရာကျသည်ဟုကျွန်ုပ်တို့ဆိုနိုင်ပါသည်။

သို့သော် သူတို့နှင့် ယုဒရှကာရုတ်အကြား လုံးလုံးကွာခြားသည့်အချက်ရှိသည်။ သူတို့၏

ယုံကြည်ခြင်းသည် နည်းပါးသော်လည်း စစ်မှန်သည်။ ယုဒမှာမူ လုံးဝယုံကြည်သူမဟုတ်ခဲ့ချေ

(ယော ၆း၇၀-၇၁)။ ပေတရုအပါအဝင် တစ်ဆယ့်တစ်ပါးတို့သည် တစ်ခါတစ်ရံ မစို့မပို့ဖြစ်

လျှင်ပင် အသီးသီးခဲ့ကြသည်။ ဥယျာဉ်မှူးသည် စပျစ်သီးလေးတစ်လုံးကို အထင်အမြင်

မသေးဘဲ (ဟေဗြဲ ၆း၁၀) အသိအမှတ်ပြုလျက် မကြာမီ အသီးများပိုသီးလာရန် အကိုင်းကို

ကိုင်းဖြတ်ပြုပြင်ပေးတော်မူသည်။ ယုဒသည် ယုံကြည်သူမဟုတ်၊ အသစ်မွေးဖွားခြင်းမရှိ၊

ဘုရားသခင်၏ သားသမီးမဟုတ်။ ထို့ကြောင့် သူသည် ကိုင်းဖြတ်ပြုပြင်ခြင်းမခံရဘဲ ခုတ်ပစ်

ခြင်းသာခံခဲ့ရသည်။

သို့သော် “၌အသီးမသီးသောအခက်ရှိသမျှလို့ဆိုထားတော့ ပုံဥပမာထဲက အသီးမသီးတဲ့

အကိုင်းလည်း စပျစ်ပင်မှာရှိနေတယ်မဟုတ်လား၊ ဘယ်လိုလို့ ယုံကြည်သူမဟုတ်တဲ့လူဟာ

ခရစ်တော်ဖြစ်တဲ့ စပျစ်ပင်မှာ ရှိနေနိုင်တာလဲ” ဟု မေးသောသူ ရှိနိုင်ပါသည်။ အဖြေသည် –

ယော ၃း၁-၄၄ တွင် ခရစ်တော်ကို ယုံကြည်ပါသည်ဟုဆိုသောဂျူးများနှင့် သဘောချင်း

အတူတူဖြစ်သည်။ သူတို့သည် ခရစ်တော်၏တပည့်တော်စစ်မှန်ကြောင်း သက်သေပြရန်စမ်း

သပ်ခံရသည့်အခါ စမ်းသပ်မှုကို မအောင်ခဲ့ကြချေ။

နောက်ဆုံးထွက်လာသည့်အဖြေမှာ သူတို့

သည် ခရစ်တော်၏တပည့်တော်များမဟုတ်ဘဲ နတ်ဆိုး၏ သားသမီးများသာဖြစ်ကြသည်။

သူတို့သည် ယုံကြည်သူအစစ် အမှန်များဟုတ်မဟုတ် သက်သေပြရန် ယေရှုက သူတို့ကို ဤသို့

ဖိတ်ခေါ်ခဲ့သည်-“သင်တို့သည် ငါ၏ဒေသနာ၌တည်လျှင် ငါ့တပည့်အမှန်ဖြစ်ကြ၏။ သမ္မာတရားကို

လည်း သိသဖြင့်၊ ထိုတရားသည် သင်တို့ကို လွှတ်လိမ့်မည်” (ယော ဂ ၃း၁-၃၂)။ ကျမ်းစာတွင်

သူတို့ဝန်ခံသည့်စကားပေါ်မူတည်လျက် သူတို့ကိုမှည့်ခေါ် သည်။ ယုံကြည်သည်ဟု သူတို့ပြော

သောကြောင့် သူတို့ကို “ယုံကြည်သူ´ဟု ခေါ်ခြင်းဖြစ်သည်။ သို့သော် သူတို့၏ ထွက်ဆိုဝန်ခံမှု

သည် စစ်မှန်မှုရှိမရှိ စစ်ဆေးခံရသည့်အခါ သူတို့သည် ကိုယ်တော်၏ဒေသနာ(စကား)၌ မတည်

လိုကြပေ။ ယုဒရှကာရုတ်လည်းထိုနည်းတူဖြစ်သည်။ ခရစ်တော်ကိုယ်တိုင်က သူ့ကို တမန်တော်

ဟုခေါ်ခဲ့သည် (လု ၁း၃)။ ခရစ်တော်၏ရောင်းရင်းများထဲတွင် အတွင်းကျကျပါဝင်ခွင့်

ရရှိခဲ့သည်။ ထိုစဉ်က သူလည်း အခြားသူတို့ နည်းတူ ခရစ်တော်၏ အကိုင်းတစ်ကိုင်းဖြစ်သည်ဟု

လူတို့ဆိုခဲ့ကြပေလိမ့်မည်။ သို့သော် စမ်းသပ်မှုက သူသည် ခရစ်တော်၏ အကိုင်းမဟုတ်ကြောင်း

ထင်ရှားစေခဲ့သည်။

ဤသင်ခန်းစာသည် ကျွန်ုပ်တို့အားလုံးအတွက် သတိပေးချက်တစ်ခုဖြစ်သည်။ ကယ်တင်

ခြင်းသည် မိမိ၏လုပ်ဆောင်ချက်အားဖြင့်မဟုတ်ဘဲ ယုံကြည်ခြင်းအားဖြင့် ဖြစ်သည်။ သို့သော်

ကယ်တင်ခြင်းက ယုံကြည်သူကို အသစ်သောဝိညာဉ်အသက်ကိုပေး၍ ထိုအသက်သည်

မိမိကိုယ်ကိုယ် ထင်ရှားစေမည်ဖြစ်သည်။ ရှေ့ပိုင်းတွင် ကျွန်ုပ်တို့တွေ့ရပြီးသည့်အတိုင်း

ကလေးငယ်သည် အော်ငိုခြင်းဖြင့် အသက်ကိုရသည်မဟုတ်။ သို့သော် မွေးလာသည့်အချိန်

တွင် လုံးဝအော်ငိုခြင်းမရှိ၊ နောက်ပိုင်းလည်း လုံးဝအော်ငိုခြင်းမရှိပါက အသေမွေးသော

ကလေးသာဖြစ်ပေမည်။ ခရစ်တော်၌ အမှန်တည်သောသူသည် မည်မျှပင်သေးသည့်အသီး

ဖြစ်ပါစေ ဝိညာဉ်အသီးသီးကို သီးမည်ဖြစ်သည်။ ဥယျာဉ်မှူးက လက်ခံမည်မဟုတ်သော

အကိုင်းမှာ လုံးလုံးအသီးမသီးသောအကိုင်းဖြစ်သည်။ ဘုရားသခင်ထံတော်ပါးတွင် အမည်ခံ

ခရစ်ယာန်များ အတွက် နေရာမရှိပေ။

(၁၉)စပျစ်ဥယျာဉ်မှူးနှင့်အသီးသီးသောစပျစ်ကိုင်း

“ငါ၌အသီးမသီးသောအခက်ရှိသမျှတို့ကို တ်ပစ်တော်မူ၏။ အသီးသီးသောအခက်ရှိသမျှ

တို့ကို သာ၍သီးစေခြင်းသာ သုတ်သင်ရှင်းလင်းတော်မူ၏။ သင်တို့သည် ငါဟာပြောသော

ကားအားဖြင့် ယခုပင်ရှင်းလင်းလျက်ရှိကြ၏။ ငါ၌တည်နေကြလော့၊ ငါသည်လည်း သင်တို့

၌ တည်နေမည်။ စပျစ်ခက်သည် အပင်၌မတည်လျှင် ကိုယ်အလိုအလျောက် အသီးမသီးနိုင်

သကဲ့သို့၊ သင်တို့သည်၌မတည်လျှင် အသီးမသီးနိုင်ကြ” (ယော ၅:၂-၄)

ကောင်းကင်ဘုံရှင်ဥယျာဉ်မှူးသည် အလွယ်တကူသဘောကျတော်မူတတ်သည်။ ဝိညာဉ်

အသီးသည် ငယ်ချင်ငယ်နေမည်။ သို့သော် စစ်မှန်၍ ယုံကြည်သူတစ်ဦးကသီးသည့်အသီးဆို

လျှင် ထိုဥယျာဉ်မှူးသည် သဘောကျလျက် အသိအမှတ်ပြုတော်မူသည်။ သို့သော် အလွယ်

တကူကျေနပ်တတ်သောဥယျာဉ်မှူးတော့မဟုတ်ပေ။

 ထိုစပျစ်ပင်မှ အကိုင်းတစ်ကိုင်း အသီး

သီးပြီဆိုသည်နှင့် ထိုအကိုင်း ပိုမိုအသီးသီးနိုင်ရန်အတွက် ဥယျာဉ်မှူးသည် စဉ်ဆက်မပြတ်

သုတ်သင်ရှင်းလင်း -မည်ဖြစ်ကြောင်း ခရစ်တော်၏မိန့်တော်မူချက်အရသိရသည်။

သုတ်သင်ရှင်းလင်းခြင်း၏ သဘောသဘာဝ

“အသီးသီးသောအခက်များကို သုတ်သင်ရှင်းလင်းခြင်းသည် လက်တွေ့တွင် မည်သည့်

အရာကို ရည်ညွှန်းသနည်း။ မည်သည့်ပုံစံဖြင့် ထိုသို့ သုတ်သင်ရှင်းလင်းတော်မူသနည်း။

အဖြေမှာ မိမိလူမျိုးတော်အတွက် ဘုရားသခင်၏ပဲ့ပြင်ဆုံးမမှုကိုဆိုလိုသည်ဟု အများ

အားဖြင့်ပြောကြမည်ဖြစ်သည်။ ဥယျာဉ်မှူးသည် စပျစ်ကိုင်းများကို ရှင်းလင်းသုတ်သင်သည့်

အခါ သို့မဟုတ် ကိုင်းဖြတ်ပြုပြင်သည့်အခါ ဓါးထက်ထက်တစ်ချောင်း သို့မဟုတ် ကိုင်းဖြတ်

ကတ်ကြေးကိုသုံးလျက် အပိုကြီးထွားမှုအားလုံးကို ဖြတ်ထုတ်ပစ်မည်ဖြစ်သောကြောင့်

နားမလည်သူက စပျစ်ပင်ကို လိုက်ခုတ်နေပြီး သို့မဟုတ် ဖျက်ဆီးနေပြီဟုပင် မြင်နိုင်ပါသည်။

သို့သော် ဖျက်ဆီးနေခြင်းမဟုတ်ပါ။ ထိရောက်သော ကိုင်းဖြတ်ပြုပြင်ခြင်းက စပျစ်ပင်၏

စွမ်းအင်များကို မှန်ကန်စွာပြောင်းလဲ အသုံးချစေသောကြောင့် နောက်လာသည့်ရာသီတွင်

စပျစ်ပင်သည် အပေါ်ယံအပြကောင်း၍ အကိုင်းနှင့်အရွက်များသာထူထပ်နေပြီး အသီးမရှိ

သည့်အပင်မဟုတ်တော့ဘဲ ပိုမိုချိုမြိန်သောအသီးများကို ပိုမိုကြာရှည်စွာသီးသည့်အပင်ဖြစ်လာ

သည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ ကောင်းကင်ဘုံရှင်အဘသည် ကျွန်ုပ်တို့ကို ပညာပေးရန်နှင့်

လေ့ကျင့်ပေးရန်အတွက် နာကျင်မှု၊ ဝမ်းနည်းကြေကွဲမှု၊ ညှင်းပန်းနှိပ်စက်မှု၊ ဒုက္ခဆင်းရဲ

ခြင်းနှင့် ပြဿနာအခက်အခဲများကို အခွင့်ပေးတော်မူသည်။ လိုအပ်သည့်အခါလည်း ကျွန်ုပ်

တို့ကို ပဲ့ပြင်ဆုံးမတော်မူသည်။ ထိုသို့အားဖြင့် ကျွန်ုပ်တို့သည် ကိုယ်တော်၏ သန့်ရှင်းစင်ကြယ်

ခြင်းကို မျှဝေခံစားရသောသူများဖြစ်လာကြသည်။ ကိုင်းဖြတ်ပြုပြင်ခြင်းခံရစဉ်တွင် ဝမ်းနည်း

စရာဟုထင်ရနိုင်သော်လည်း နောက်ပိုင်းတွင် ငြိမ်သက်ခြင်းကိုဖြစ်စေသော အသီးကိုသီးသည်

သာမက ဖြောင့်မတ်ခြင်းအသီးကိုပင် သီးလာမည်ဖြစ်သည်ဟု ဘုရားသခင်ကိုယ်တော်တိုင်က

ထောက်ပြထားတော်မူသည် (ဟေဗြဲ၊ ၁၂း၄-၁၃)။

 

ဟောပြောသောစကားအားဖြင့်သန့်စင်ရှင်းလင်းခြင်း

ခက်ခဲမှုနှင့်ဝမ်းနည်းကြေကွဲမှုတို့သည် စပျစ်ကိုင်းကို သန့်ရှင်းစေသည်မှန်သော်လည်း

ထိုနည်းတစ်ခုတည်းနှင့်သန့်ရှင်းသည်တော့မဟုတ်ပါ။ ခရစ်တော်က “သင်တို့သည် ငါဟောပြော

သောစကားအားဖြင့် ယခုပင်ရှင်းလင်းလျက်ရှိ၏”ဟု မိန့်တော်မူသည်။ ယခုထပ်၍ အခန်းကြီး

၁၃ ထဲတွင် သခင်ဘုရား၏ရည်ညွှန်းချက်ဖြစ်သည့် တစ်ကြိမ်နှင့်အပြီးရေချိုးခြင်းကို ပြန်ကြည့်

ကြမည်။ ကျွန်ုပ်တို့သည် ဤအချက်ကိုလေ့လာကြစဉ် တိတု ၃း၅ တွင် ရှင်ပေါလုဖော်ပြသည့်

ဒုတိယမွေးခြင်းနှင့်ဆိုင်သောဆေးကြောခြင်းကို ကျွန်ုပ်တို့စဉ်းစားမိကြသည်။ ထို့ပြင် ဒုတိယ

မွေးခြင်းနှင့်ပတ်သက်၍ ရှင်ပေတရု၏ဖော်ပြချက်ကိုလည်း ကျွန်ုပ်တို့တို့ သတိရကြသည်-

“မဖောက်ပြန်ပျက်စီးတတ်သော မျိုးစေ့တည်းဟူသောအသက်ရှင်၍ အစဉ်အမြဲတည်တော်မူသော

ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့်ဖြစ်သွားသောကြောင့် .. ထာဝရဘုရား၏နှုတ်ကပတ်တရား

ကား၊ ကာလအစဉ်အမြဲတည်၏၊ ထိုနှုတ်ကပတ်တော်သည်၊ သင်တို့အားဟောပြောသော ဧဝံဂေလိ

တရားဖြစ်တည်း” (၁ပေ ၁း၂၃-၂၅)၊

အခန်းကြီး ၁၃ တွင် သခင်ဘုရားက အလေးပေး

မိန့်တော်မူသည့် အစဉ်မပြတ်ခြေဆေးခြင်းကို စဉ်းစားသည့်အခါ အသင်းတော်ကို နှုတ်ကပတ်

တော်ရေဖြင့် ဆေးကြောတော်မူခြင်း အကြောင်းကိုလည်း စဉ်းစားမိကြမည်ဖြစ်သည် (ဖက်

၅း၂၅-၂၇)။ ယခု ဤအခန်းကြီး ၁၅ တွင် နောက်ခံအခြေအနေသည် မတူပါ။ ကျွန်ုပ်တို့

၏အပြု အမှုနှင့် ဟောပြောခြင်းဖြင့် လောကထဲတွင် ဘုရားသခင်အတွက် သက်သေခံရ

မည်ဖြစ်ကြောင်းကို ကျွန်ုပ်တို့စဉ်းစားနေကြသည်။ သို့သော် လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုမှာ

မကွာခြားပါ။ ကျွန်ုပ်တို့သည် သန့်ရှင်းစင်ကြယ်စေခြင်းကို စဉ်ဆက်မပြတ်ခံယူရန်လိုသည်။

ထိုသို့ သန့်ရှင်းစင်ကြယ်စေသည့်နည်းလမ်းမှာလည်း အတူတူပင်ဖြစ်သည်။ ကျွန်ုပ်တို့အား

ခရစ်တော် မိန့်တော်မူခဲ့ သော၊ မိန့်တော်မူနေသော နှုတ်ကပတ်တော်အားဖြင့်သာဖြစ်သည်။

တမန်တော် ဆယ့်တစ်ပါးက ယေရှုသည် ခရစ်တော်ဖြစ်တော်မူကြောင်းကို အစကတည်းက

ယုံကြည်ခဲ့ကြပြီးဖြစ်သည်ဆိုသည့်အချက်ကို သံသယဖြစ်စရာမရှိပါ။ သို့သော် သူတို့သည် ပထမ

ပိုင်းနှင့်နောက်ပိုင်းများစွာအတွင်း ကိုယ်တော်၏ရည်ရွယ်ချက်များနှင့်နည်းစနစ်များအပေါ်

ရှုမြင်သုံးသပ်ရာတွင် သူတို့၏ရှုမြင်မှုသည် ချွတ်ယွင်းချက်ရှိပြီး လိုရာဆွဲ၍မမှန်မကန်ရှုမြင်မှု

များရှိခဲ့သည်။ ဥပမာအနေဖြင့် ယောဟန်နှင့်ယာကုပ်တို့သည် ခရစ်တော်ကို မိမိတို့ထံညအိပ်

ရပ်နားခွင့်မပြုသော ရှမာရိရွာသားများကို ကောင်းကင်မှမီးခေါ်လျက် လောင်ကျွမ်းစေရန်

ကိုယ်တော်ကိုတောင်းဆိုခဲ့ကြသည်(လုကာ ၉း၅၁-၅၅)။ အစားအစာနှင့်ပတ်သက်သည့်

ပညတ်ချက်အကြောင်း ကိုယ်တော်ပြောဆိုသောအခါ တပည့်တော်တို့ စိတ်အနှောင့်အယှက်

ဖြစ်ခဲ့ကြသည် (မ ၁၅း၁၂)။ ပေတရုသည် ဗိမာန်တော်အခွန်နှင့်ပတ်သက်၍ ကိုယ်တော်၌လည်း

ပေးဆောင်ရန်တာဝန်ရှိသည်ဟု မစဉ်းမစားချက်ချင်းပြောဆိုခဲ့သည် (မ ၁၇း၂၄-၂၇)။ ထို့ပြင်

ပေတရုသည် မကြာခဏပင် ကိုယ်တော်မှားသည်ဟုထင်သည့်အခါတိုင်း ကိုယ်တော်ကိုပြင်ပေး

ရန် ကြိုးစားလေ့ရှိသည်။ ထို့ပြင် ကိုယ်တော်သည် ငြင်းပယ်ခြင်းကိုခံရလျက် လက်ဝါးကပ်တိုင်

ပေါ် တင်ခြင်းခံရမည်ဖြစ်ကြောင်း မိန့်တော်မူသည့်အခါ မည်သည့်တမန်တော်က ချက်ချင်း

နားမလည်၊ လက်မခံကြပေ။ အမှန်မှာ ထိုအကြောင်းကို သူတို့သိလာသည်မှာ ကြာမြင့်လှပြီ

ဖြစ်သည်။

သို့သော် ထိုအချိန်ရောက်လာသည့်အခါ သူတို့သည် လောကထဲတွင် ဘုရားသခင်ကို

မှန်ကန်စွာဖော်ပြကြရမည်ဖြစ်သည်။ ထို့ကြောင့် သခင်ဘုရားသည် သူတို့၏မှားယွင်းသော

ခံယူချက်များ၊ မသိနားမလည်မှုများနှင့် လောကအမြင်များကို ဆေးကြောဖယ်ရှားပေးရန်

သူတို့ကို စိတ်ရှည်လက်ရှည်ညွှန်ကြားသွန်သင်ပေးတော်မူခဲ့သည်။ ထို့ကြောင့် ဂေသရှေမန်

ဥယျာဉ်နှင့် ကရာနီတောင်ကုန်းသို့ရောက်ရန် နီးကပ်လာသည့်အချိန်တွင် “သင်တို့သည်

ငါဟာပြောသောစကားအားဖြင့် ယခုပင် ရှင်းလင်းလျက်ရှိကြ၏” ဟုမိန့်တော်မူခြင်းမှာ

ကိုယ်တော် ၏ကျေးဇူးတော်နှင့်ပြည့်စုံသောမဆုတ်မနစ်လုပ်ဆောင်တော်မူချက်အတွက်

ချီးကျူးဂုဏ်ပြုခြင်းပင်ဖြစ်သည်။

ယနေ့လည်း ကျွန်ုပ်တို့သည် ဘုရားသခင်၏စိတ်တော်နှင့်တွေ့လျက် ဘုရားသခင်ကို

လောကအလယ်တွင် ဖော်ပြကြမည်ဆိုလျှင် ကျွန်ုပ်တို့၏ မှားယွင်းသောအတွေးအခေါ်များကို

ကိုင်းဖြတ်ဖယ်ရှားရန်နှင့် ကျမ်းစာနှင့်ညီသောစိတ်ဓါတ်ဖြင့်ကြီးထွားရန်အတွက် သခင်ဘုရား

အား သူ၏နှုတ်ကပတ်တော်ဖြင့်ဆေးကြောပေးတော်မူရန် ကျွန်ုပ်တို့ အစဉ်အမြဲခွင့်ပြုရန် လို

အပ်ပါသည်။ ခရစ်ယာန်ဘာသာရေးလောကသည် ရာစုနှစ်များအတွင်း ကမ္ဘာ့အလယ်တွင်

ဘုရားသခင်ကို မှားယွင်းစွာဖော်ပြခဲ့သည်။ အယူမှားဟုဆိုလျက် လူတို့ကိုမီးရှို့ အသေသတ်ခဲ့

သည်။ သန့်ရှင်းသောမြေကိုပြန်ရယူရန်ဟုဆိုလျက် ခရူးဆိတ်စစ်ပွဲအားဖြင့် လူများစွာကို

သတ်ဖြတ်ခဲ့သည်။ ဤအရာအားလုံးကို ယေရှု၏နာမဖြင့်လုပ်ခြင်းဖြစ်သည်ဟု သူတို့ဆိုကြ

သည်မှာ အမှန်ပင်စိတ်မကောင်းစရာဖြစ်သည်။ ယေရှု၏နှုတ်ကပတ်တော်ကို အနည်းငယ်မျှ

သာ သိရှိနာခံသူကပင် ထိုလုပ်ရပ်များမှားယွင်းကြောင်းအတိအလင်းပြောဆိုနိုင်မည်ဖြစ်သည်။

ထိုချဉ်စုတ်စုတ်ပျစ်သီးများက ကမ္ဘာလောက၏နှုတ်ခမ်းတွင် မနှစ်မြို့ဖွယ်အရာသာကို စွဲကျန်စေခဲ့သည်။

ယနေ့ ကျွန်ုပ်တို့အတွက်အန္တရာယ်မှာ အခြားသောအစွန်းတစ်ဖက်ဖြစ်နိုင်ပါသည်။

အသင်းတော်သည် လောကီအတွေးအခေါ်များ၏ဖိစီးမှုအောက်တွင် ခရစ်တော်၏ နှုတ်ကပတ်

တော်၊ အပျိုစင်မှမွေးဖွားတော်မူခြင်း၊ အံ့ဖွယ်နိမိတ်လက္ခဏာပြုခြင်း၊ ခရစ်တော်၏ ဘုရားဖြစ်

ခြင်းနှင့် ကိုယ်တော်တစ်ပါးတည်းသာ ကယ်တင်ရှင်ဖြစ်ခြင်းတို့ကို ဥပေက္ခာပြုလျက် သို့မဟုတ်

စွန့်လွှတ်လျက် လက်ဝါးကပ်တိုင်ပေါ် အသေခံတော်မူခြင်း၊ ရှင်ပြန်ထမြောက်ခြင်းနှင့် ဒုတိယ

အကြိမ်ကြွလာတော်မူခြင်းတို့ကို မဟောပြောတော့ဘဲ လောကတွင်ခေတ်စားနေသည့်

လူမှုရေး၊ နိုင်ငံရေးနှင့် ဘာသာရေး အတွေးအခေါ်များကို မှန်သောစပျစ်ပင်နှင့်ကိုင်းဆက်

ပေးရန်ကြိုးစားနေလျှင် ထိုအသင်းတော်ကို ချစ်ခြင်းမေတ္တာ၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်

ခြင်းနှင့်နူးညံ့သိမ်မွေ့ခြင်းတို့နှင့် ကယ်တင်ရန် ခက်ခဲပေလိမ့်မည်။

အသီးသီးခြင်းအတွက် မရှိမဖြစ်သောအခြေအနေ

ခရစ်တော်က “ငါ၌တည်နေကြလော့။ ငါသည်လည်း သင်တို့၌တည်နေမည်။ စပျစ်ခက်သည်

အပင်၌မတည်လျှင်၊ ကိုယ်အလိုအလျောက် အသီးမသီးနိုင်သကဲ့သို့၊ သင်တို့သည် ငါ၌မတည်လျှင်

အသီးမသီးနိုင်ကြ” ဟု မိန့်တော်မူထားသည် (၁၅း၄)။ ခမည်းတော်သည် ဥယျာဉ်မှူးဖြစ်

တော်မူစဉ်မှာပင် ကျွန်ုပ်တို့သည် ထိုဥယျဉ်မှူး၏ဂရုစိုက်မှုနှင့် ကိုင်းဖြတ်ပြုပြင်မှုအားဖြင့်

အသီးပိုသီးနိုင်ရန် ခရစ်တော်၌တည်နေရမည်ဖြစ်သည်။

ထိုသို့တည်ရန် မခက်ဟု မြင်နိုင်ပါသည်။ ရှုထောင့်တစ်ခုမှကြည့်လျှင် မှန်ပါသည်။ ယုံကြည်

သူသည် ခရစ်တော်၌ မိမိကိုယ်တိုင်သွား၍တည်နေရန်မဟုတ်။ ဘုရားသခင်က တည်စေ

တော်မူသည်။ ထို့ပြင် ဘုရားသခင်က ဂရုစိုက်လျက်ရှင်းလင်းပေး၍ ခရစ်တော်က မိမိ၏

နှုတ်ကပတ်တော်အားဖြင့် သန့်ရှင်းစေသည်။

သို့သော် လက်တွေ့အတွေ့အကြုံ အရ ခရစ်ယာန်များသည် ခရစ်တော်၌တည်နေရန်

အလွန်ခက်ခဲကြောင်း မကြာခဏတွေ့ကြုံကြရသည်။ ခရစ်တော်နှင့် သူ၏နှုတ်ကပတ်တော်

သည် တမန်တော်များနှင့် ပထမရာစု ခရစ်ယာန်များအတွက် လုံလောက်မှုရှိခဲ့သော်လည်း ယခု

ကျွန်ုပ်တို့ခေတ်တွင် ကျွန်ုပ်တို့အတွက် လုံလောက်မှုမရှိတော့ဟုတွေးထင်ရန် သွေးဆောင်မှု

များအပြင်း အထန်ခံနေကြရသည်။ သို့မဟုတ် ခရစ်တော်နှင့်နှုတ်ကပတ်တော်သည် ကျွန်ုပ်တို့

တစ်ဦးချင်းစီကို ပြောင်းလဲစေလျက် ဘုရားသခင်ထံခေါ်ဆောင်လာရန် လုံလောက်မှုရှိ

သော်လည်း နောက်ထပ်ဝိညာဉ်ရေးတိုးတက်မှုအတွက်နှင့် လောကအလယ်တွင်သက်သေခံရန်

တို့အတွက် လုံလောက်မှုမရှိတော့ဟု တွေးထင်မိရန် သွေးဆောင်မှုခံနေကြရသည်။

အမှန်မှာ ဤသွေးဆောင်မှုသည် အလွန်ရှေးကျသောသွေးဆောင်မှုတစ်ခုဖြစ်သည်။

ပထမရာစုက ကောလောသဲအသင်းတော်၏ အတွေ့အကြုံမျိုးဖြစ်သည်။ သမ္မာတရားတည်း

ဟူသော ဝံဂေလိတရားဟု ရှင်ပေါလုပြောသောတရားသည် (ကော ၁း၄-၆) သူတို့ထံ ရောက်

လာခဲ့သည်။ သူတို့သည် သမ္မာတရားအားဖြင့် ဘုရားသခင်၏ကျေးဇူးတရားကို သိရသည့်

အချိန်မှစ၍ ထိုတရားသည် ကမ္ဘာလောက၏ အခြားနေရာများ၌ကဲ့သို့ သူတို့ထဲ၌လည်း

အသီးသီးလျက် ကြီးထွားလာခဲ့သည်။ သို့သော် ထိုအချိန်မှာပင် သူတို့သည် ဝိညာဉ်ရေး

အန္တရာယ်ထဲရောက်ရှိသွားခဲ့ကြသည်။ အကြောင်းမှာ ခရစ်တော်နှင့်သူ၏ဧဝံဂေလိသတင်း

ကောင်းသည် သူတို့၏ ဝိညာဉ်ရေးပြောင်းလဲမှုအတွက် လုံလောက်မှုရှိသော်လည်း သူတို့သည်

ဝိညာဉ်ရေး၌တိုးတက်ကြီးထွားလိုသည်ဆိုလျှင် ပိုမိုအဆင့်မြင့်သော အတွေးအမြင်နှင့်အကျင့်

တို့လိုအပ်သည်ဟု ထိုကောလောသဲအသင်းသားတို့ကို သွန်သင်သူများ ထိုနေရာသို့ရောက်

လာကြသောကြောင့်ဖြစ်သည်။ ဤသို့ဖြင့် သူတို့သည် ဘုရားသခင်ဖွင့်ပြတော်မူသော နှုတ်က

ပတ်တော်ပေါ် အခြေမခံဘဲ လူ၏ဆင်ခြင်တွေးခေါ်မှုနှင့်ထင်မြင်ယူဆမှုတို့အပေါ် အခြေခံသော

တရားများကို လက်ခံကြရန် တိုက်တြန်းခြင်းခံရကြသည်(၂းဂ)။

သူတို့သည် မစား

အသောက်နှင့်ပတ်သက်သောပညတ်ချက်များ၊ ဘာသာရေးပွဲသဘင်များ၊ လနှင့်ဆိုင်သည့်

အထူးအချိန် အခါများနှင့် ဥပုသ်နေ့များကိုလည်း စီရင်လိုက်နာကြရန် တိုက်တွန်းခြင်းခံရကြ

သည် (၂း၁၆)။ အချို့တို့ကလည်း အိပ်မက်ရူပါရုံများမြင်မက်နိုင်ရန်၊ ကောင်းကင်တမန်များကို

ကိုးကွယ်ဆည်းကပ်ရန် သူတို့ကို အကြံပြုကြသည် (၂း၁၈ ၁၉)။ အချို့တို့ကလည်း ပြင်းထန်

ကျင်သောနည်းလမ်းများဖြင့်ကျင့်ကြံလျက် မိမိကိုယ်ခန္ဓာကိုအပြစ်ပေးသည့် ခြိုးခြံကျင့်ကြံ

ခြင်းဖြင့် မကောင်းသောစိတ်ဆန္ဒများကိုဖယ်ရှားကာ ဘုရားတရားကြည်ညိုမှုကို မြင့်မားစေ

ခြင်းအားဖြင့် ဝိညာဉ်အသက်တာအဆင့်မြင့်မားစေရန်နည်းလမ်းပေးကြသည် (၂း၁ဝ-၂၃)။

ရှင်ပေါလုက “အတုအယောင်” ဟု ဆိုထားသည်။ ၎င်းတို့အားလုံးသည် ကောင်းဟန်

ဆောင်သည့် အန္တရာယ်များဖြစ်ကြသည်။

ဝိညာဉ်ရေးကို ဆင်းရဲနုံချာစေသောအရာများ၊

လုံးလုံးမလိုအပ်သောအရာများဖြစ်သည် – အကြောင်းမှာ “ထိုနက်နဲသောအရာ (ခရစ်တော်)၌

ပညာဘဏာ၊ ဉာဏ်ဘဏ္ဍာရှိသမျှတို့သည် ဝှက်ထားလျက်ရှိကြ၏။ အကြောင်းကား၊

ဘုရားသခင်၏ ဇာတိအဖြစ်တော်၏ ပြည့်စုံခြင်းအပေါင်းသည် ခရစ်တော်၌ ကိုယ်ထင်ရှား၍ ကျိန်းဝပ်

တော်မူ၏။ အထွဋ်အမြတ်အာဏာစက်ရှိသမျှကို အုပ်စိုးတော်မူသော ထိုသခင်၌ သင်တို့သည် စုံလင်

ခြင်းရှိကြ၏” (၂း၃၊ ၉-၁၀)။ ခရစ်တော်အပြင် အပိုရှာစရာမလိုပေ။ “သင်တို့သည် သခင်ယေရှု

ခရစ်ကို ခံယူပြီးသည်ဖြစ်၍၊ ထိုသခင်၌ စိုက်ပျိုးခြင်း၊ တည်ဆောက်ခြင်းရှိလျက်၊ .. ” (၂း၆)။

တစ်နည်းအားဖြင့် ခရစ်တော်၌တည်လျက်၊ စပျစ်ပင်၌တည်လျက် .

သခင်ဘုရားမိန့်တော်မူသည်မှာ “ငါ၌ တည်နေကြလော့။ ငါသည်လည်း သင်တို့၌တည်နေမည်”။

သူသည် ခရစ်တော်၌တည်နေခြင်းအားဖြင့် ခရစ်တော်သည် သူ၌တည်နေတော်မူကြောင်း

သိမြင်ရန် ယုံကြည်သူ၌ တာဝန်ရှိသည်။ ဤအမိန့်တော်က ခရစ်တော်သည် စစ်မှန်သော

ယုံကြည်သူကို စွန့်ခွာသွားနိုင်သည်ဟု မဆိုလိုပါ။ သို့သော် ကိုယ်တော်အလိုရှိတော်မူသော

အရာမှာ ကျွန်ုပ်တို့သည် မိမိတို့၏ ယုံကြည်ချက်များအပေါ်မှန်ကန်မြဲမြံရုံသာမကဘဲ ကိုယ်တော်

နှင့် စဉ်ဆက်မပြတ် နက်နက်ရှိုင်းရှိုင်းနှင့်လက်တွေ့ကျကျ မိတ်သဟာရဖွဲ့ခြင်း၌ မှန်ကန်မြဲမြဲကြ

ရန်ဖြစ်သည်။ ထိုအခါ ကျွန်ုပ်တို့သည် “ခရစ်တော်၏နှုတ်ကပတ်တရားသည် ပညာအမျိုးမျိုးနှင့်

သင်တို့အထဲ၌ ကြွယ်ဝစွာတည်နေ၍ သင်တို့သည် ဆာလံသီချင်းမှစသော ဓမ္မသီချင်း

အမျိုးမျိုးအားဖြင့်၊ အချင်းချင်းတို့ကို ဆုံးမသွန်သင်ခြင်း သတိပေးခြင်းကိုပြု၍၊ နူးညွတ်သော

စိတ်နှလုံးနှင့် ဘုရားသခင်ရှေ့တော်၌ တင့်တယ်လျောက်ပတ်စွာ သီချင်းဆိုကြလော့” (ကော၊

၃း၁၆) ဟူသော

ကောလောသဲမြို့သားတို့အား ရှင်ပေါလုပေးသည့်အကြံဉာဏ်ကို

ကောင်းစွာလိုက်နာနိုင်ကြမည်ဖြစ်သည်။

(၂၀)စပျစ်ဥယျာဉ်မှူးတို့စပျစ်ကိုင်းများနှင့်ဆက်စပ်ကြပုံ

“ငါသည် စပျစ်နွယ်ပင်ဖြစ်၏။ သတို့သည်အခက်များဖြစ်ကြ၏။ အင်သူသည် ငါ၌တည်၍

ငါသည် လည်းသူ့၌တည်၏၊ ထိုသူသည် များစွာသောအသီးကိုသီးတတ်၏။ ငါနှင့်ကွာလျှင်

သတို့သည် အဘယ်အမှုကိုမှ မတတ်နိုင်ကြ၊ င၌မတည်သောသူသည် သွေ့ခြောက်သော

အခက်ကဲ့သို့ပြင်သို့ပစ်လိုက်ခြင်းကိုခံရ၏။ ထိုသို့သောအခက်များကို လူတို့သည်စုသိမ်း၍

မီးထဲသို့ချလိုက်ကြသဖြင့် မီးလောင်ခြင်းသို့ရောက်ကြ၏။ သင်တို့သည် ငါ၌တည်၍ ငါ့စကား

သည် သင်တို့၌တည်လျှင် သင်တို့သည်တောင်းချင်သမျှကို တောင်း၍ရလိမ့်မည်။ သင်

တို့သည် များစွာသောအသီးကိုသီးသောအားဖြင့်၊ ငါ့ခမည်းတော်သည် ဘုန်းထင်ရှားတော်မူ

၍ သင်တို့သည်လည်း ငါ၏တပည့်မှန်ကြလိမ့်မည်။”

(ယော ၁၅:၅-၈)

ခရစ်တော်သည် သန့်ရှင်းစင်ကြယ်ခြင်းနှင့်ဆိုင်သော မိမိသင်ခန်းစာ၏ဒုတိယအပိုင်းကို

“သည် မှန်သောစပျစ်နွယ်ပင်ဖြစ်၏”ဟူသောမိန့်တော်မူချက်ဖြင့် အစပြုတော်မူခဲ့သည် (၁၅း၁)။

ယခု ၁၅း၅ တွင် ထိုမိန့်တော်မူချက်ကို ထပ်၍မိန့်တော်မူခဲ့သည် – “ငါသည် စပျစ်နွယ်ပင်ဖြစ်၏”။

ထပ်ကျော့ခြင်းသက်သက်မဟုတ်ပါ။ ထိုမိန့်တော်မူချက်တို့၏နောက်၌လိုက်လာသောအချက်

များကို နှိုင်းယှဉ်ကြည့်လျှင် သိနိုင်ပါသည်။ ၁၅း၁ တွင် “ငါသည် မှန်သောစပျစ်နွယ်ပင်ဖြစ်၏။

ငါ့ခမည်းတော်သည်လည်း ဥယျာဉ်စောင့်ဖြစ်တော်မူ၏”ဟူသောမိန့်တော်မူကာ ခမည်းတော်နှင့်

အကိုင်းတို့၏ ဆက်နွယ်မှုနှင့် သူတို့အပေါ် ကိုယ်တော်၏ဂရုစိုက်မှုတို့ကို အလေးပေးထားသည်။

သို့သော် ဤနေရာတွင် “ငါသည် စပျစ်နွယ်ပင်ဖြစ်၏။ သင်တို့သည်အခက်များဖြစ်၏” ဟုမိန့်

တော်မူကာ အကိုင်းအခက်များ စစ်ပင်းနှင့်ဆက်စပ်ရာ၌ သူတို့၏ အခန်းကဏ္ဍကို အလေးပေး

ထားသည်။ တစ်ချိန်က အစ္စရေးသည် စပျစ်ပင်ဖြစ်ခဲ့သော်လည်း ယုံကြည်သူတို့ကိုယ်တိုင်သည်

စပျစ်ပင်မဟုတ်ကြပေ။ စပျစ်ပင်ဖြစ်ဖို့လည်း ကြိုးစားရန်မလိုပေ။ ဘုရားသခင်ကို ကျေးဇူးတင်

ရပါသည်။ ခရစ်တော်သည် စပျစ်ပင်ဖြစ်တော်မူ၍ အကိုင်းအခက်များဖြစ်ကြသည့် ယုံကြည်

သူတို့သည် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် စပျစ်ပင်၌ရှိသည့် စွမ်းအား အရင်းအမြစ်

အားလုံးနှင့် သက်ဆိုင်ပတ်သက်ခွင့်ရကြသည်။ ဘုရားသခင်ကို ထပ်၍ကျေးဇူးတင်ရပေမည်။

သို့သော် ယုံကြည်သူများသည် အကိုင်းအခက်များသာဖြစ်ကြသည်ဖြစ်၍ စပျစ်ပင်မပါဘဲ

လွတ်လပ်စွာအသက်ရှင်ခြင်း၊ စဉ်းစားတွေးခေါ်ခြင်းနှင့်လုပ်ဆောင်ခြင်း မပြုနိုင်ကြပေ။

ထို့ကြောင့် ဤအခန်းကြီး ၁၅ တွင် “ဒါသည် စပျစ်နွယ်ပင်ဖြစ်၏။ သင်တို့သည်အခက်များဖြစ်

ကြ၏” ဟူသော ခေါင်းစီးကို သန့်ရှင်းစင်ကြယ်ခြင်းသင်ခန်းစာအတွက် အရေးကြီးသည့်

အချက်လေးချက်က လိုက်လာသည်-

၁။ ခရစ်တော်၌တည်ခြင်း အကျိုးကိုဖြစ်ထွန်းစေမည်ဖြစ်ကြောင်းသေချာမှု – “အကြင်သူသည်

ငါ၌တည်၍ ငါသည် လည်းသူ့၌တည်၏။ထိုသူသည် များစွာသောအသီးကိုသီးတတ်၏” (၁၅း၅)။

၂။ ခရစ်တော်၌မတည်ခြင်း၏နောက်ဆက်တွဲအကျိုးအတွက်သတိပေးခြင်း – “ငါနှင့်ကွာလျှင်

သင်တို့သည် အဘယ်အမှုကိုမျှ မတတ်နိုင်ကြ၊ မီးလောင်ခြင်းသို့ရောက်၏။” (၁၅း၆)။

၃။ ဥယျာဉ်မှူး၏ကရုစိုက်မှုကိုတောင်းဆိုလျက် သူနှင့်ပူးပေါင်းလုပ်ဆောင်ရန် ဖိတ်ခေါ်ခြင်း –

“သင်တို့သည် ငါ၌တည်၍ ငါ့စကားသည်သင်တို့၌တည်လျှင်

၊ သင်တို့သည်တောင်းချင်သမျှကို

တောင်း၍ရကြလိမ့်မည်” (၁၅း၇)။

၄။ အကိုင်းများ အသီးသီးသည့်အခါ ခမည်းတော်ဘုန်းထင်ရှားကြောင်း သတိရစေခြင်း

“ယ်တို့သည် များစွာသောအသီးကိုသီးသောအားဖြင့် ငါ့ခမည်းတော်သည် ဘုန်းထင်ရှားတော်မူ၍၊

သင်တို့သည်လည်း ငါ၏တပည့်မှန်ကြလိမ့်မည်” (၁၅း၈)။

စပျစ်ပင်၌တည်သောအကိုင်းနှင့် မတည်သောအကိုင်း

ကျွန်ုပ်တို့သည် ခရစ်တော်၌တည်၍ ခရစ်တော်သည် ကျွန်ုပ်တို့၌တည်သည်ဆိုလျှင် ကျွန်ုပ်

တို့သည် များစွာသောအသီးသီးမည်ဖြစ်ကြောင်း မေးခွန်းထုတ်စရာမလိုအောင်သေချာလှ

သည်။ အရေးကြီးသည်မှာ စပျစ်ပင်သည် ငါဖြစ်သည်’ဟုမိန့်တော်မူသော ဘုန်းအာနုဘော်

တော်နှင့်ပြည့်စုံသောအရှင်ဖြစ်နေခြင်းပင်ဖြစ်သည် (၂း၄)။ သို့သော် ခရစ်တော်သည် ထို

သေချာမှုကို သတိပေးချက်လည်းဖြစ်သော ရှင်းပြချက်ဖြင့် ထပ်ဖြည့်ပေးသည် – သူသည်

ပြည့်စုံမှုရှိသောစပျစ်ပင်ဖြစ်သည်သာမက အခြားသောစပျစ်ပင်မရှိကြောင်း သူသတိပေးသည်။

“ငါနှင့်ကွာလျှင် သင်တို့သည် အဘယ်အမှုကိုမျှ မတတ်နိုင်ကြ”ဟု မိန့်တော်မူသည်။ ခရစ်တော်

သည် ကယ်တင်ရှင်များစွာထဲက တစ်ပါးမဟုတ်ပေ။ ဘုရားသခင်ထံတော်ပါး၌ ထိုစပျစ်ပင်

တစ်ပင်သာရှိ၍ ထိုစစ်ပင်မပါလျှင် ကျွန်ုပ်တို့ဘာမျှမတတ်နိုင်ပေ။

သို့သော် တစ်ခါတစ်ရံ

ကျွန်ုပ်တို့သည် ကိုယ်တော်မပါဘဲ တတ်နိုင်သည့်ပုံမျိုးပြုမူမိတတ်ကြသည်။

သို့သော် နောက်ထပ်သတိပေးချက်က ပိုပြင်းထန်သည် – “ငါ၌မတည်သောသူသည်

သွေ့ခြောက်သောအခက်ကဲ့သို့ပြင်သို့ပစ်လိုက်ခြင်းကိုခံရ၏။ ထိုသို့သောအခက်များကို လူတို့သည်

စုသိမ်း၍ မီးထဲသို့ချလိုက်ကြသဖြင့် မီးလောင်ခြင်းသို့ရောက်ကြ၏”။

ဤစိတ်မကောင်းဖွယ်ဖော်ပြချက်တွင် ပထမဆုံးသိထားရမည့်အချက်မှာ ခရစ်တော်၌

မတည်သောသူသည် သူကိုယ်တိုင်က အစပြု သည်။ သူကိုယ်တိုင်က ခရစ်တော်၌ မတည်ခြင်း

ဖြစ်သည်။ အပိုဒ်ငယ် ၂ နှင့်မတူပါ။ ထိုနေရာတွင် အသီးမသီးသောအကိုင်းကို ကိုင်းဖြတ်ပြု

ပြင်သူက ဖယ်ရှားလိုက်ခြင်းဖြစ်သည်။

 သို့သော် ဤနေရာတွင် မတည်သူကိုယ်တိုင်က ခရစ်တော်

၌မတည်ခြင်း၊ သူ့ကိုသူဖယ်ရှားလိုက်ခြင်း ဖြစ်သည်။ မည်သို့သောသူသည် ထိုသို့ပြု မည်နည်း။

ပထမအဖြေအတွက် အခန်းကြီး ၁၃ ကို တစ်ခါပြန်သွားလျက် ယုဒအကြောင်း မည်သို့

ဆိုထားပုံကိုကြည့်ကြပါစို့ – “ ယုဒရှကာရုတ်သည် မုန့်တလုပ်စာကိုခံပြီးမှချက်ခြင်းထွက်သွား၏။ ထို

အချိန်ကားညအချိန်ဖြစ်၏” (၁၃း၃၁)။ ယခု ယုဒထွက်သွားခြင်းသည် အထက်ခန်းမ၏ တံခါးကို

ဖွင့်လျက် တကယ်ထွက်သွားခြင်းဖြစ်သည်။ အချိန်သည် ညဖြစ်နေသောကြောင့် အမှန်တကယ်

လည်း မှောင်နေသည့်အခြေအနေဖြစ်သည်။ သို့သော် ထိုထက်မက အဓိပ္ပါယ်ရှိသည်။ ထိုထွက်

ခွာသွားချိန်တွင် ခရစ်တော်နှင့် တမန်တော်များကို ရုပ်ပိုင်းဆိုင်ရာ ယာယီသာ စွန့်ခွာသွားသည်

မဟုတ်။ ဝိညာဉ်ရေးအရလည်း သူသည် သူတို့ကိုစွန့်ခွာသွားပြီဖြစ်သည်။ အစပြု သူမှာ

သူကိုယ်တိုင်ဖြစ်သည်။ ခရစ်တော်အပေါ် သစ္စာဖောက်ရန် သူကိုယ်တိုင်ဆုံးဖြတ်ခဲ့သည်။

ခရစ်တော်သည် သူ့အကြောင်း အလုံးစုံသိသော်လည်း သူ့ကိုနှင်မထုတ်ဘဲ မိမိ၏ခင်မင်

ရင်းနှီးမှုကိုပုံဆောင်လျက် မုန့်ကိုနှစ်၍ပေးတော်မူခဲ့ကြောင်း ကျွန်ုပ်တို့သတိရကြမည်ဖြစ်သည်။

ထိုအချိန်တွင် ယုဒသည် နောင်တရလျက် ဝန်ချတောင်းပန်ကာ ခွင့်လွှတ်ခြင်းကိုရယူခဲ့ပါက

သူဆက်နေရမည်ဖြစ်သည်။ သို့သော် သူနောင်တမရခဲ့။ သူထွက်သွားလျက် ရုပ်ပိုင်းဆိုင်ရာ

အမြင်အားဖြင့်သာ မှောင်မဲခြင်းမဟုတ်ဘဲ ဝိညာဉ်ရေးအရလည်း မှောင်မဲလျက် မည်သည့်

အခါမျှ မိုးမလင်းတော့သောနေရာသို့ သူသွားခဲ့သည်။

ထို့ကြောင့် တစ်ခါက တမန်တော်ဟုပင် အခေါ်ခံရလျက် လောကကြီးထဲတွင် ခရစ်တော်

ကို ထင်ရှားစေရသည့်အခွင့်ရခဲ့သော ယုဒသည် ခရစ်တော်ကိုစွန့်ခွာလျက် ထွက်သွားသည့်အခါ

သူ၌မည်သည့်အရာများဖြစ်ပျက်လာမည်နည်း။ သူ့ကိုငွေပေးခဲ့ကြသည့် ယဇ်ပုရောဟိတ်များ

ပင် နောက်ဆုံးတွင် သူ့ကိုအချိန်မပေးကြတော့ပေ (မ ၂၇း၃-၁၀)။ သူသည် မိမိကိုယ်ကိုယ်

သေကြောင်းကြံလျက် သစ္စာဖောက်ခြင်းဖြင့်သူရ သည့်ငွေသည် သူ့သချိုင်းဝယ်ရန်အတွက်သာ

ဖြစ်သွားခဲ့သည် (တ ၁း၁၅-၂၆)။

ဤအချက်ကိုစဉ်းစားကြရင်း သူ၌မတည်သောသူများ၌ဖြစ်ပျက်လာမည့်အကြောင်း

သခင်ဘုရား၏ မိန့်တော်မူချက်ထံသို့ ပြန်သွားကြပါစို့။ သူ၌မတည်သောသူဟု တိုက်ရိုက်ပြောဆို

ရာမှ စပျစ်ပင်နှင့်အကိုင်းများဖြင့်တင်စားလျက် နောက်ဆက်တွဲအကျိုးကို မိန့်တော်မူခဲ့သည်။

တကယ့်စပျစ်ပင်တွင် အပင်၌မတည်တော့ဘဲ ပြုတ်ကျ သည့်အကိုင်းသည် ဘာဖြစ်သွားမည်

နည်းဟု မေးစရာရှိပါသည်။ စပျစ်စိုက်သူသည် ထိုအကိုင်းကိုကောက်လျက် စပျစ်ခြံပြင်ပသို့

လွှတ်ပစ်လိုက်မည်ဖြစ်သည်။ ၎င်းသည် အပင်ပေါ်ဆက်မတည်သောကြောင့် ညှိုးနွမ်းခြောက်

သွေ့သွားမည်ဖြစ်သည်။ ၎င်း အကိုင်းခြောက်သွားသည့်အခါ လူတို့သည် အခြားကိုင်းခြောက်

များနှင့်အတူ စုပြီးမီးရှို့ လိုက်မည်ဖြစ်သည်။ သခင်ဘုရားသည် အပြင်လောကတွင် အမှန်တ

ကယ်ဖြစ်ပျက်နေသောအရာကို ဥပစာအဖြစ်ယူ၍ မိမိ၌မတည်ခြင်းကြောင့်ဖြစ်လာမည့် ဝိညာဉ်

ရေးပျက်စီးမှုကို တင်စားခိုင်းနှိုင်းလျက်ဖော်ပြတော်မူခဲ့ခြင်းဖြစ်သည်။

ရှင်ယောဟန်ကိုးကားဖော်ပြသောဖြစ်ရပ်တစ်ခု

ဤအရေးကြီးသောသတိပေးချက်ကို သခင်ဘုရားထံမှကြားခဲ့ရသော တမန်တော်ရှင်

ယောဟန်သည် နောက်နှစ်ပေါင်းများစွာကြာပြီးနောက် သူ့ခေတ်တွင်ပေါ်လာကြသော မှား

ယွင်းစွာသွန်သင်သူများအကြောင်းဖော်ပြရန် ဆင်တူသောစကားများကို အသုံးပြုခဲ့သည်

(၁ယော ၂း၁ဂ-၂၂)။ သူသည် ဦးစွာ သူတို့ကို “အန္တိခရစ်”များဟုခေါ်လျက် “ ချစ်သားတို့၊ ယခု

ကာလသည် နောက်ဆုံးသောကာလဖြစ်၏။ ခရစ်တော်၏ ရန်သူတည်းဟူသောအန္တိခရစ်ပေါ်လာ

ကြောင်းကို သင်တို့ကြားရသည်အတိုင်း၊ ယခုပင်အန္တိခရစ်အများရှိကြ၏။ ထိုကြောင့် ယခုကာလသည်

နောက်ဆုံးသောကာလဖြစ်သည်ကိုသိရ၏”ဟု ရေးသားခဲ့သည်။ ထို့နောက် သူတို့သွန်သင်သည့်

မှားယွင်းသောသွန်သင်ချက်၏သဘာဝကို သူဖော်ပြသည် – “မုသာကိုသုံးသောသူကားအဘယ်

သူနည်း။ ယေရှုသည်ခရစ်တော်မဟုတ်ဟု ငြင်းပယ်သောသူ ဖြစ်သတည်း။ ခမည်းတော်နှင့် သားတော်

ကို ငြင်းပယ်သောသူသည် အန္တိခရစ်ဖြစ်၏”။ မှားယွင်းသောသွန်သင်ချက်ကို ဤထက်ပို၍

အခြေခံကျအောင် မည်သူမျှ စဉ်းစားနိုင်မည်မဟုတ်ပေ။ တုန်လှုပ်ချောက်ချားဖွယ်အချက်မှာ

ဤသူတို့သည် မည်သူများပင်ဖြစ်ကြပါစေ၊ သူတို့သည် ခရစ်ယာန်အသင်းတော်၏ အသင်းဝင်

များဖြစ်ကြခဲ့သည်ဟူသောအချက်ပင်ဖြစ်သည်။ သူတို့သည် ဆရာသမားများပင်ဖြစ်ခဲ့ကြောင်း

ဖြစ်ခဲ့နိုင်ပါသည်။ အကြောင်းမှာ ရှင်ယောဟန်က သူတို့နှင့်ပတ်သက်၍ “ထိုသူတို့သည် ငါတို့

ထံမှထွက်သွားကြ၏”ဟုဆိုထားသည်။ သေချာသည်မှာ သူတို့သည် ခရစ်ယာန်အသင်းတော်၏

အသင်းဝင်များမဖြစ်ခဲ့လျှင် ထိုသို့ရေးမည်မဟုတ်ချေ။

ထိုသို့ဆိုလျှင် သူတို့သည် တစ်ချိန်က စစ်မှန်သောယုံကြည်သူများ၊ ဘုရားသခင်အားဖြင့်

အသစ်မွေးဖွားသူများ၊ ခမည်းတော်၏သားသမီးများဖြစ်ခဲ့ကြပြီး နောက်မှ စစ်မှန်သောယုံ

ကြည်သူများမဟုတ်ကြတော့ဘဲ သူတို့၏ ကယ်တင်ခြင်းကိုပြန်လည်ဆုံး ရှုံးသွားကြပါသလား။

ထိုသို့မဟုတ်ပါ။ ရှင်ယောဟန်ကိုယ်တိုင်က မိမိ၏တမန်တော်ဖြစ်ခြင်းအခွင့်အာဏာဖြင့် – “ထို

သူတို့သည် ငါတို့မှထွက်သွားကြ၏။ သို့သော်လည်းအထက်က ငါတို့နှင့်မစပ်ဆိုင်ကြ၊ ငါတို့နှင့်

စပ်ဆိုင်လျှင် တို့နှင့်အတူနေ´ လိမ့်မည်။ ထိုသူအပေါင်းတို့သည် ငါတို့နှင့်မစပ်ဆိုင်ကြောင်းကို

ထင်ရှားစေခြင်းငှာ၊ ငါတို့ထံမှထွက်သွားကြ၏” ဟု ကျွန်ုပ်တို့ကိုပြောထားသည်။ ထို့ကြောင့်

သူတို့သည် မိမိကိုယ်ကိုယ် ခရစ်ယာန်ဟု ပြောဆိုကြ၍ အခြားသောအသင်းဝင်များက သူတို့ကို

ခရစ်ယာန်များအဖြစ်အသိအမှတ်ပြုကာ ဆရာသမားများအဖြစ် လေးစားမှုရှိခဲ့ကြလျှင်လည်း

သူတို့သည် ယုံကြည်သူများ အမှန်ဖြစ်ခဲ့ကြမည်မဟုတ်။ သူတို့သည် ခရစ်တော်ထဲ၌ရှိနေကြ

သည်ဟု ထင်စရာရှိနိုင်ပါသည်။ သူတို့သည် ယုံကြည်သွန်သင်မှုနှင့် တမန်တော်များအစုအဖွဲ့ကို

စွန့်ခွာသွားပြီးသည့်အခါလည်း သူသည်သည် ခရစ်ယာများဖြစ်ကြသည်ဟု ဆိုကောင်း ဆိုနိုင်

ကြပါသည်။ သို့သော် ရှင်ယောဟန်၏ဖော်ပြချက်က တိကျပြတ်သားပါသည်- သူတို့သည် ငါတို့

နှင့် မည်သည့်အခါကမျှမစပ်ဆိုင်ခဲ့ကြ။ သူတို့သည် မည်သည့်အခါကမျှ စစ်မှန်သောခရစ်ယာန်

များမဟုတ်ကြ။ သူတို့သည် စစ်မှန်သောခရစ်ယာန်များဖြစ်ခဲ့ကြလျှင် ငါတို့နှင့်အတူရှိနေကြ

လိမ့်မည်။ သူတို့ထွက်သွားခြင်းသည် “ထိုသူအပေါင်းတို့သည် ငါတို့နှင့်မစပ်ဆိုင်ကြောင်း”

အစကတည်းက မှန်ခဲ့သောအရာကို သူတို့ ဖော်ပြလိုက်ခြင်းဖြစ်သည်။

ထို့ကြောင့် ဤအချက်များအားဖြင့် ကျွန်ုပ်တို့ကောက်ချက်ချနိုင်သည့်အချက်မှာ စစ်မှန်

သောယုံကြည်သူများသည် မည်သည့်အခါမျှ မိမိကိုယ်ကိုယ် ခရစ်တော်ထံမှ ဖယ်ရှားကြမည်

သို့မဟုတ် စပျစ်ပင်နှင့် မိမိကိုယ်ကိုယ်ကွဲကွာကြမည် မဟုတ်ပေ။ အခြားတစ်ဘက်တွင်

စစ်မှန်သောယုံကြည်သူများအတွက် လက်တွေ့မြင်နိုင်သော အထောက်အထားမှာ ခရစ်တော်၌

တည်နေခြင်းပင်ဖြစ်သည်။

 သို့သော် မှားယွင်းစွာသွန်သင်သူများသည် ကျလောက်အောင်

အပြောကောင်းကြသောကြောင့် စစ်မှန်သောယုံကြည်သူများပင် သူတို့၏မှားယွင်းသောသွန်

သင်မှုနောက် ဆွေးလိုက်မိကာ စစ်မှန်သောယုံကြည်သူမဟုတ်သည့်ပုံမျိုးဖြစ်သွားနိုင်ပါသည်။

ဆိုလိုသည်မှာ မိမိကျမ်းဖတ်သူများအတွက် သင်ခန်းစာယူပေးသော ရှင်ယောဟန်ကို ကျွန်ုပ်တို့

အားလုံး နားထောင်ရမည်ဖြစ်သည် “ထိုကြောင့်၊ တို့သည် ရှေ့ဦးစွာကပင် ကြားရသော (ဆိုလို

သည်မှာ တမန်တော်မရားထံမှ သင်တို့ကြားရသော) ဒေသနာကို သတို့၌ တည်စေကြလော့။

ထိုဒေသနာသည် တို့၌တည်လျှင်၊ သင်တို့သည် သားတော်၌၄င်း၊ ခမည်းတော်၌၎င်း၊

တည်ရလိမ့်မည်။ … ချစ်သားတို့ သားတော်သည်ထင်ရှားပေါ်ထွန်းတော်မူသောအခါ ငါတို့သည်

အထံတော်သို့ ရောက်လျှင် ရဲရင့်ရသောအရှိ၍၊ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်မည်အကြောင်း

သားတော်၌ တည်နေလော့။”(၁ယော ၂း၂၄၊ ၂၈)။

သုတ်သင်ရှင်းလင်းခြင်း၌ ပူးပေါင်းပါဝင်ကြရန် အကိုင်းများကိုဖိတ်ခေါ်ခြင်း

ဤမိန့်တော်မူချက်သည် အရေးကြီးသော တတိယမိန့်တော်မူချက်ဖြစ်သည်- “သင်တို့

သည် ငါ၌တည်၍ ငါ့စကားသည်သင်တို့၌တည်လျှင်၊ သင်တို့သည် တောင်းချင်သမျှကို တောင်း၍

ရကြလိမ့်မည်” (၁၅း၇)။ ကျေးဇူးတရားနှင့်ပြည့်စုံသော ဤဖိတ်ခေါ်ချက်ကို နားလည်နိုင်သည့်

အကောင်းဆုံးနည်းမှာ “သင်တို့သည် များစွာသောအသီးကိုသီး သောအားဖြင့် ငါ့ခမည်းတော်သည်

ဘုန်းထင်ရှားတော်မူ၍၊ သင်တို့သည်လည်း ငါ၏တပည့်မှန်ကြလိမ့်မည်” (၁၅းဂ) ဟူသော စတုတ္ထ

မိန့်တော်မူချက်နှင့် နီးကပ်စွာချိတ်ဆက်ပေးသည့်နည်းဖြစ်သည်။

စတုတ္ထမိန့်တော်မူချက်သည် နားလည်ရလွယ်သည်။ ပထမအနေဖြင့် ခရစ်တော်၏ စစ်မှန်

သောတပည့်တော်တို့၏ အမှတ်အသားမှာ ၃၁ တွင် ကျွန်ုပ်တို့တွေ့ခဲ့သည့်အတိုင်း ခရစ်တော်

၏နှုတ်ကပတ်တော်၌တည်၍ ထိုသို့တည်သည့်အတွက် အသီးများစွာထားခြင်းပင်ဖြစ်သည်။

ဒုတိယအနေဖြင့် ခရစ်တော်၏တပည့်တော်များ အသီးများစွာသီးသည့်အခါ ခမည်းတော်သည်

ဘုန်းထင်ရှားသောကြောင့် ထိုအမှတ်အသားကို အလွယ်တကူတွေ့နိုင်သည်။

 ခမည်းတော်

သည် ဥယျာဉ်မှူးဖြစ်လျက် အကိုင်းများကို အစဉ်အမြဲဂရုစိုက်ကာ ကိုင်းဖြတ်ပြုပြင်ပေး

တော်မူကြောင်း အစကပင် ကျွန်ုပ်တို့သိခဲ့ကြပြီဖြစ်သည်။ လက်တွေ့တွင်လည်း စပျစ်သီးများ

စွာသီးသည့်အခါ ချီးမွမ်းခံရသူမှာ စပျစ်ကိုင်းများမဟုတ်ဘဲ စပျစ်စိုက်သည့်ဥယျာဉ်မှူးပင်ဖြစ်

သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဝိညာဉ်ရေးအသီးများသီးသည့်အခါ ချီးမွမ်းခံရသူသည်

ကျွန်ုပ်တို့မဟုတ်ဘဲ ခမည်းတော်ဖြစ်ကြောင်း ကျွန်ုပ်တို့သိရပေမည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့

၏အလင်းကို လူတို့ရှေ့၌လင်းစေကြသည့်အခါ လူတို့သည် ကျွန်ုပ်တို့၏ ကောင်းသော လုပ်

ဆောင်ချက်များကိုမြင်ကြ၍ ကောင်းကင်ဘုံရှိ ကျွန်ုပ်တို့၏ အဖသည် ဘုန်းတော်ထင်ရှားမည်

ဖြစ်သည် (မ၊ ၅း၁၆)။

သို့သော် စတုတ္ထမိန့်တော်မူချက်သည် ၎င်း၏နောက်ခံအခြေအနေမှန်၌ ထင်ရှားမှန်ကန်

သည့်အဓိပ္ပါယ်ပေါ်ထွက်လာပြီဆိုလျှင် တတိယမိန့်တော်မူချက်ကို ၎င်း၏နောက်ခံအခြေအနေ

နှင့်အညီ အနက်ဖွင့်ရန်အတွက် အန္တရာယ်အကင်းဆုံးနည်းလမ်း အစပေါ်လာပြီဖြစ်သည်။

ကျွန်ုပ်တို့သည် တောင်းချင်သမျှကို တောင်း၍ရကြမည်ဆိုသည့်ဖိတ်ခေါ်ချက်ကို ကျွန်ုပ်တို့

လိုချင်သည့်အရာအားလုံး ကားအသစ်၊ အိမ်ကောင်း၊ စသည်ဖြင့် တောင်းချင်သည့်အရာကို

တောင်းလျှင်ရမည်ဟု အဓိပ္ပါယ်မယူသင့်ပါ။ ဤဖိတ်ခေါ်ချက်ကို အခြေအနေနှစ်ရပ်ဖြင့် ထိန်း

ထားသည်။ ပထမ- “သင်တို့သည် ငါ၌တည်၍။ ဆိုလိုသည်မှာ သခင်ဘုရားနှင့် နီးနီးကပ်ကပ်

နက်နက်ရှိုင်းရှိုင်း မိတ်သဟာဖွေခြင်းရှိရမည်။ ဒုတိယ- “ငါ့စကားသည်သင်တို့၌တည်လျှင်’။ ဤအ

ခြေအနေနှစ်ရပ်လုံးပြည့်စုံရမည်။ ကျွန်ုပ်တို့၏ သီးသန့်ကိုးကွယ်ဝတ်ပြုခြင်းသည် သခင်ဘုရား

နှင့်နက်ရှိုင်းစွာပေါင်းစည်းခြင်းဖြစ်လာသည့်အခါ ကျွန်ုပ်တို့သည် သခင်ဘုရား၏ မေတ္တာတော်

ကို ပို၍ပို၍ သိရှိလာမည်ဖြစ်သည်။ ထိုမေတ္တာတော်သည် ကျွန်ုပ်တို့တောင်းသောအရာများကို

ဘုရားသခင်ပေးတော်မူမည်ဟူသောစိတ်ချမှုကို ပေးမည်ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့ ဘာကို

တောင်းကြမည်နည်း။ ဤနေရာတွင် လမ်းပြမှုလိုအပ်ပါသည်။ ကိုးကွယ်ခြင်းနှင့် အကောင်း

ဆုံးဆက်ကပ်မည်ဟူသောဆုံးဖြတ်ချက်တို့သည် သူတို့သီးသန့်ဆိုလျှင် လုံလောက်မှုမရှိသေးပါ။

တစ်ခါက ယောဟန်နှင့်ယာကုပ်တို့သည် သခင်ဘုရားထံလာလျက် နိုင်ငံတော်တည်ထောင်

သောအခါ သူတို့ကို သူ၏လက်ယာဘက်နှင့် လက်ဝဲဘက်တွင် ထိုင်စေရန် တောင်းဆိုကြသည်။

သူတို့၏ တောင်းဆိုချက်ကို လက်ခံပေးပါက သူတို့သည် ခရစ်တော်နှင့်အတူ တတ်နိုင်သမျှ

အနစ်နာခံပေးဆပ်ကြမည်ဖြစ်ကြောင်း ခရစ်တော်အားသေချာစွာသိစေကြသည်။ သို့သော်

သူတို့တောင်းသောအရာကို သူတို့နားမလည်ကြောင်း၊ ထိုအရာကိုပေးပိုင်သူမှာ မိမိမဟုတ်

ကြောင်းနှင့် ၎င်းသည် သူတို့အတွက် ဘုရားသခင်ထားရှိသည့် အကြံအစည်တော်မဟုတ်

ကြောင်း ခရစ်တော်သည် သူတို့ကို ပြောပြခဲ့ရသည် (မာ ၁၀း၃၅-၄၀)။

သို့သော် အံ့ဖွယ်အချက်မှာ ဥယျာဉ်မှူးက မိမိအလိုတော်ကိုပြည့်စုံစေသည့်အမှုတွင်

ကျွန်ုပ်တို့ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ် သည့်အချက်ဖြစ်သည်။ ကျွန်ုပ်တို့သည် တင်စားပြောဆို

သည့်အခါ စပျစ်ကိုင်းများဖြစ်ကြသော်လည်း ပြုသမျှနုရသော သစ်သားများတော့မဟုတ်ပါ။

ကျွန်ုပ်တို့၌ ရွေးနှုတ်ကယ်တင်ခြင်းခံရပြီးသောကိုယ်ရည်ကိုယ်သွေးရှိသည်။ ကျွန်ုပ်တို့သည်

ခရစ်တော်နှင့်သူ၏နှုတ်ကပတ်တော်၌ စတည်သည်နှင့် ကိုယ်တော်သည် ကျွန်ုပ်တို့၌တည်လျက်

ကျွန်ုပ်တို့၏စိတ်သဘောကို အသစ်ပြုပြင်ရန် အစပြု သည့်အခါ ကျွန်ုပ်တို့၏ ကိုယ်ရည်ကိုယ်

သွေး၌ရှိသည့် အမှားအယွင်းများ၊ တစ်နည်းအားဖြင့် အသီးသီးရန်အတွက် အတားအဆီးဖြစ်

စေသည့် စပျစ်ကိုင်းပေါ်ရှိ မာကြောသည့်အဖုအမျက်များကို ကျွန်ုပ်တို့တွေ့မြင်လာကြမည်ဖြစ်

သည်။ ထိုအခါ ကျွန်ုပ်တို့သည် အသီးများစွာသီးခြင်းအားဖြင့် ဥယျာဉ်မှူး၏ဘုန်းကို ထင်ရှား

စေရန်အတွက် ဤအဖုအမျက်များဖယ်ရှားရာတွင် ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်ခြင်းခံရကြ

သည်။ ဥယျာဉ်မှူးကို ဘာလုပ်ဘာလုပ်ဟု ပြောဆိုညွှန်ကြားရန် အကိုင်းဖြစ်သည့်ကျွန်ုပ်တို့ကို

ခွင့်မပြုပါ။ ကိုယ်တော်သည် ကျွန်ုပ်တို့မျှော်လင့်မထားသောနည်းလမ်း၊ တစ်ခါတစ်ရံလည်း

နာကျင်သောနည်းလမ်းကို ရွေးချယ်ကြောင်း ကျွန်ုပ်တို့တွေ့မြင်ရမည်ဖြစ်သည်။ ထိုအရာများ

ကို ဖယ်ရှားရန် အချိန်မည်မျှယူရန်လည်း ကျွန်ုပ်တို့ပြောပိုင်ခွင့်မရှိပါ။ သို့သော် ကျွန်ုပ်တို့

တောင်းသည့်အရာသည် အချည်းနှီးမဟုတ်ကြောင်း ဘုရားသခင်ပေးသည့်စိတ်ချမှုဖြင့်

ကျွန်ုပ်တို့တောင်းနိုင်ပါသည်။ ဆက်၍ဆက်၍တောင်းနိုင်ပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့

တောင်းသောအရာကို ပေးမည်ဖြစ်သည်။ သီးသောအသီးအားဖြင့် ကိုယ်တော်၏ ဘုန်းတော်

ထင်ရှားသောအခါ ကျွန်ုပ်တို့သည် ကိုယ်တော်၏ဘုန်းတော်ထင်ရှားခြင်းအတွက် ပူးပေါင်းပါ

ဝင်ခဲ့ကြသည်ကို သိရှိလျက် ဝမ်းမြောက်ရကြမည်ဖြစ်သည်။ ထို့ပြင် ကျွန်ုပ်တို့၏ အသီးသီးခြင်း

က ကျွန်ုပ်တို့သည် ခရစ်တော်၏တပည့်တော်စစ်ဖြစ်ကြောင်း ပြသနေသည်ကိုသိသည့် အတွက်

လည်း ကျွန်ုပ်တို့ဝမ်းမြောက်ကြမည်ဖြစ်သည်။

သေချာသည်မှာ ခရစ်တော်၏ နှုတ်ကပတ်တော်သည် ကျွန်ုပ်တို့၌တည်နေသည်ဆိုလျှင်

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ အတွက်သာ တောင်းမည်မဟုတ်။ အခြားသောသူတို့၏ကောင်းကျိုး

အတွက်နှင့် ကောင်းချီးမင်္ဂလာအတွက်လည်း တောင်းကြမည်ဖြစ်သည်။ ကျွန်ုပ်တို့ အတွက်

ထက်ပင် အခြားသူတို့အတွက် ပိုတောင်းကောင်းတောင်းနိုင်ပါသည်။ သို့သော် ဤအချက်သည်

အခြားသောသင်ခန်းစာ၌ လေ့လာမည့်အကြောင်း အရာဖြစ်သည်။

စပျစ်ပင်၏ လုပ်ငန်းဆောင်ရွက်မှု –

ယေရှု၏ ချစ်ခြင်းမေတ္တာပုံစံထဲ၌ရှိသည့်

စပျစ်ကိုင်းများ အတွက်နမူနာပုံသက်သေ

“ခမည်းတော်သည်ငါ့ကိုချစ်တော်မူသကဲ့သို့ ငါသည်သင်တို့ကိုချစ်၏။ ငါ၏ချစ်ခြင်းမေတ္တာ၌

တည်နေလော့၊ ငါသည် ခမည်းတော်၏ပညတ်ကို စောင့်ရှောက်၍ ခမည်းတော်၏

မေတ္တာ၌ တည်နေသကဲ့သို့ သင်တို့သည် ပညတ်တို့ကို စောင့် ရှောက်လျှင်၊ ငါ့မေတ္တာ၌

တည်နေကြလိမ့်မည်။ သင်တို့၌ ငါဝမ်းမြောက်စရာအကြောင်း တည်စေခြင်းတ၎င်း၊

သတို့ဝမ်းမြောက်စရာအကြောင်း စုံလင်စေခြင်းငှာ၎င်း၊ ဤစကားကို သင်တို့အားငါဟာ

ပြော၏။ ပညတ်ဟူမူကား၊ ငါသည် သင်တို့ကိုချစ်သည်နည်းတူ၊ သင်တို့သည်

အချင်းချင်းချစ်ကြလော့။”

(ယော ၁၅း၉-၁၂))

သခင်ဘုရားသည် သူ၏ စပျစ်ပင်နှင့်စပျစ်ကိုင်းပုံဥပမာအားဖြင့် စပျစ်ကိုင်းများ အပေါ်

ဥယျာဉ်မှူး၏ဂရုစိုက်မှုနှင့် စပျစ်ပင်နှင့်အကိုင်းတို့၏ဆက်နွယ်ပတ်သက်မှုတို့အကြောင်းကို

ကိုယ်တော်သင်ကြားပေးပြီးပြီဖြစ်သည်။ ဤပုံဥပမာ၏ ဒုတိယအပိုင်းတွင် စပျစ်ပင်ကိုယ်တိုင်

၏လုပ်ဆောင်မှုကိုဖော်ပြပြီး ထိုမှတစ်ဆင့် စပျစ်ပင်၏လုပ်ဆောင်မှုသည် စပျစ်ကိုင်းများ၏

လုပ်ဆောင်မှု အတွက် နမူနာကို ချပြပေးကြောင်း ဆက်လက်ဖော်ပြမည်ဖြစ်သည်။

တကယ့်စပျစ်ပင်တစ်ပင်၏လုပ်ဆောင်မှုကို အလွယ်တကူဖော်ပြနိုင်ပါသည်။ စပျစ်ပင်

သည် မြေဆီထဲသို့ အမြစ်တွယ်လျက် အကိုင်းများအသီးသီးနိုင်ရန်အတွက် လိုအပ်သော

အဟာရများကိုရယူကာ ထိုအဟာရများကို အကိုင်းများထံ ပို့ဆောင်ပေးသည်။ အကိုင်းများ

သည် ထိုအဟာရများကို လက်ခံရယူပြီး စပျစ်သီးများကို ပြန်၍သီးပေးသည်။ အဟာရများကို

ရယူသော်လည်း အကိုင်းများထံသို့မပို့ပေးလျှင် အသီးများသီးလာစရာအကြောင်းမရှိပေ။

သခင်ဘုရားသည် ဘုရားသခင်၏ချစ်ခြင်းမေတ္တာကိုရယူလျက် လုံးဝလျော့နည်း သွားစေ

ခြင်းမရှိဘဲ မိမိတပည့်တော်များထံပို့ဆောင်ပေးခြင်းဖြင့် ပြည့်စုံသောစပျစ်ပင်အဖြစ် မည်ကဲ့သို့

လုပ်ဆောင်တော်မူပုံကိုကြည့်ပါ – “ခမည်းတော်သည် ငါ့ကိုချစ်တော်မူသကဲ့သို့ ငါသည် သင်တို့ကို

ချစ်၏။” (၁၅း၉)။ ပြည့်စုံသောစပျစ်ပင်အဖြစ် ကိုယ်တော်သည် ခမည်းတော်ထံကြားရသမျှ

တို့ကို မိမိတပည့်တော်များအား ပြန်လည်လက်ဆင့်ကမ်းတော်မူကြောင်းကိုလည်း ကြည့်ပါ

“ငါသည် ခမည်းတော်ထံ၌ ကြားသမျှသောအရာတို့ကို သင်တို့အားငါပြသ၏” (၁၅း၁၅)။

ဘုရားသခင်၏ နှလုံးသားနှင့် ဘုရားသခင်၏ စိတ်သဘော၊ ကိုယ်တော်၏ချစ်ခြင်းမေတ္တာနှင့်

ကိုယ်တော်၏ နှုတ်ကပတ်တော်၊ အားလုံးကို သစ္စာရှိရှိနှင့်ပြည့်ပြည့်စုံစုံ လက်ဆင့်ပေးတော်မူ

သည်။ ထိုသို့ပြုတော်မူခြင်းအားဖြင့် အသီးသီးရန်းသောက် ကိုင်းများနပူ-ယူရမည့်ပုံစံ

တစ်ခုကို ပြည့်စုံသောစပျစ်ပင်၏လက်တွေ့လုပ်ဆောင်မှုထဲတွင် တွေ့နိုင်ပါသည်။

မင်းဘက် ဤအချက်သည် ဘာသာရေးဆိုင်ရာ အပြောသက်သက်မဟုဘဲ။

အခန်းကြီး ၁၃ ကိုပြန်ကြည့်ကြမည်ဆိုလျှင် ဤလောက၌ရှိသောမိမိသူတို့ကိုချစ်တော်မူ

သောကြောင့် အဆုံးတိုင်အောင်ချစ်တော်မူ၍ မိမိဝတ်ရုံတော်ကိုချလျက် သူတို့၏ ကို

နှိမ့်ချစွာဆေးကြောပေးတော်မူသည်ကို တွေ့ရသည်။ နောက်ပြန်ကောက်ရလျှင် ကိုယ်တော်

သည် ထိုင်တော်မူလျက် “ငါသည် သခင်ဖြစ်က်၊ အရှင်ဘုရားလည်းဖြစ်လျက်နှင့် သင်တို့၏ခြေကို

ဆေးနှင့် သင်တို့သည် အချင်းချင်းကြိုးကို မည်၊ ငါသည် သင်တို့သကဲ့သို့ ကို

သည်ပြုစုခြင်းဘက်ကို ပြပြီ” ဟု မိန့်တော်မူသည် (၁၃း၁၄-၁၅)။

ခရစ်တော်သည် မိမိ၏ မေတ္တာတော်ကို ကျွန်ုပ်တို့ အပေါ် လက်တွေ့ပြသတော်မူခဲ့ပြီးဖြစ်

သည်။ ထိုလက်တွေ့ပြသမှုများကို ထိုအတိုင်းထားရန်မဟုတ်။ ထိုအတိုင်းထားလျှင် တို့

သည် ကျွန်ုပ်တို့ကိုးဖျက်ဆီးနိုင်သည့် အရာယ်ရှိသည်။ အကျင့်ပျက်အောင်ဖျက်ဆီးခံရသည့်

ကလေးများကို ကျွန်ုပ်တို့တွေ့ဖူးကြမည်ဖြစ်သည်။ သူတို့၏မိဘများသည် သူတို့ကို အစဉ်အမြဲ

လက်ဆောင်းမျိုးစုံပေးလျက် အသစ်သောင်းကိုပြသကြသည်။ သို့သော် မိဘများ၏

လက်ခေတင်များသာ ကလေးများထံရောက်ရှိပြီ။ သူတို့၏ အနစ်နာခံသောတ္တာသည် ကလေ။

များထံမပေ။ ထို့ကြောင့် ထိုကလေးများသည် မိမိတို့ ညီအစ်ကိုမောင်းနှင့် အနီး

အားရှိ အခြားကလေးများ၊ အာ၊ ထိုမေတ္တာမျိုးမပြသနိုင်ကြချေ။ သူတို့ကိုဖျက်ဆီးသည့်

လက်ဆောင်သူတို့ ပိုရလေလေ သူတို့ ပို၍ပို၍တစ်ကိုယ်ကောင်း၊ ဆန်ဖြစ်ကြသည်။

ကျွန်ုပ်တို့၏ဝိညာဉ်တွင်လည်း ထိုနည်းတူဖြစ်နိုင်ပါသည်။ ထို့ကြောင့် သခင်ဘုရားက

ထိုသို့မဖြစ်ခင် ခြေလှမ်းပြင်ဆထားပါသည်။ လမ်းမှာ ကျွန်ုပ်တို့သည်

စစ်ကိုင်းများ၊ စပျစ်ပင်နှင့်ဆက်နေသကဲ့သို့ ခရစ်တော်နှင့်ပေါင်းစည်။ နေသည့်အဆင့်ဖြစ်

သည်။ ထိုသို့ဖြင့် “ငါတို့အား ပေးတော်မူသော သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်၏

မောက်ကို စိတ်နှလုံးထဲ န်းလောင်းတော်မူ၏”ဟု ရှင်ပေါလုက်ထားသည့်

အို ဘုရားသခင်၏ အသက်နှင့်တို့သည် ကိုယ်တော်၏နှလုံးသားမှတစ်ဆင့် ကျွန်ုပ်

တို့၏နှလုံးသားထဲ စီးဝင်လာမည်ဖြစ်သည်။

တစ်နည်းဆိုရင် ကျွန်ုပ်တို့သည် ခရစ်တော်၏

ချစ်ခြင်းမေတ္တာကို လက်တွေ့ကျကျ ခံစားကြရုံနှင့် မပြီးပါ၊ ထိုးမူပုံသက်သေကို ကျွန်ုပ်တို့

လိုက်လျှောက်ရန် ကျွန်ုပ်တို့၌ တာဝန်ရှိပါသည်။ ခရစ်တော်၏ အသက်နှင့် ချစ်ခြင်းမေတ္တာသည်

ကျွန်ုပ်တို့စိတ်နှလုံထဲ နေ့စဉ်နှင့်အမျှ စီးဝင်လာခြင်းသည် ကိုယ်တော်ပေးသည့် ပုံသက်သေကို

ကျွန်ုပ်တို့ လက်တွေ့တုယူနိုင်ရနံတွေက် လှုံ့ဆော်မှုနှင့်ခွန်းအားကိုးရန် ဖြစ်သည်။

ဒုတိယခြေလှမ်းမှာ စပျစ်ပင်က စပျစ်ကိုင်းများနှင့်ဆက်နွယ်ပတ်သက်ရာ၌ လုပ်ဆောင်

သည့်လုပ်ဆောင်မှုနည်းလမ်းဖြစ်သည်။ သို့သော် ゞင်းကို မြင်နိုင်ရန်အတွက် ပုံဥပမာ၏ဤ

ဒုတိယပိုင်းတွင်လည်း ပထမပိုင်း၌ကဲ့သို့ အပိုင်းနှစ်ပိုင်းရှိကြောင်း ဦးစွာသိထားရမည်ဖြစ်

သည်။ အပိုင်းနှစ်ပိုင်းလုံးသည် မိမိတို့၏ခေါင်းစီးစာသားများဖြင့် အစပြုကြသည်။

အပိုင်း ၁ ၁၅း၉ မိမိတပည့်တော်များအပေါ်ထားရှိသည့် ယေရှု၏ချစ်ခြင်းမေတ္တာပုံစံ –

အပိုင်း ၂ ၁၅း၁၃ မိမိမိတ်ဆွေများအပေါ်ထားရှိသော ကိုယ်တော့်ချစ်ခြင်းမေတ္တာ၏

ပမာဏ

ထိုခေါင်းစီးစာသားတစ်ခုစီကို အရေးကြီးသောစကားရပ်လေးခုစီက လိုက်လာပါသည်။

ပထမတစ်စုသည် အောက်ပါအတိုင်းဖြစ်သည်။

စကားရပ်များ ၁။ ခရစ်တော်၏မေတ္တာကိုခံစားနိုင်သည့်နည်းလမ်း

၂။ ကိုယ်တော်၏ချစ်ခြင်းမေတ္တာ၌တည်ရန်အတွက် လိုအပ်သောလက် တွေ့အခြေအနေ

၃။ ဤတိုက်တွန်းနှိုးဆော်မှု၏ရည်ရွယ်ချက်

ခရစ်တော်၏ချစ်ခြင်းမေတ္တာကိုလက်တွေ့ပျော်ရွှင်စွာခံစားရခြင်း

ဤကျမ်းပိုဒ်များကိုလေ့လာသည့်အခါ ခရစ်တော်အစပြုသည့်နေရာမှ အစပြုရမည်ဖြစ်

သည်။ မဟုတ်ပါက ၄င်းတို့၏အားပေးတိုက်တွန်းမှုကို ကျွန်ုပ်တို့ အဓိပ္ပါယ်ကောက်လွဲသွားနိုင်

သည်။ ခရစ်တော်က . . . တယ်ဆိုရင်တော့ သင်တို့ကိုငါချစ်မယ် ဆိုသည့် အခြေအနေပေါ်

မူတည်သောကတိတော်ဖြင့်အစမပြုဘဲ အခြေအနေပေါ်မူမတည်သောအချက်ဖြင့် အစပြု

တော်မူသည်

ထိုဖော်ပြချက်တွင် ပုံကြီးချဲ့ခြင်းဘာမျှမရှိပါ။ ခရစ်တော်သည် လွန်ခဲ့သည့်သုံးနှစ်ကာလ

ကို ပြန်သတိရ၍ စကားလုံးအလှအပများခြယ်သလျက် မိန့်တော်မူနေသည်မဟုတ်။ မှန်ပါ

သည်။ ယာကုပ်နှင့်ယောဟန်တို့သည် တစ်ကိုယ်ကောင်းဆန်လျက် ခရစ်တော်၏နိုင်ငံတော်တွင်

ထိပ်ဆုံးနေရာများရယူလိုကြရာ အခြားသောတမန်တော်များ သူတို့အပေါ် အလွန်စိတ်ဆိုးကြ

သည်မှာ ထိုနေရာသည် သူတို့အတွက်သာဖြစ်သင့်သည်ဟု စိတ်ထဲ၌ခံစားကြလျက် ထိုနေရာ

ရရန်ကြိုးစားနေကြသောကြောင့်ဖြစ်ကြောင်း သံသယဖြစ်စရာမလိုပေ (မာ ၁၀း၃၅-၄၁)။

မှန်ပါသည်။ သူတို့သာရှိခဲ့သည့် အထက်ခန်းမတွင်ပင် မည်သူ့ကို အကြီးမြတ်ဆုံးဟု သတ်မှတ်

ရမည်နည်းဟု ဘာမဟုတ်သည့်ကိစ္စလေးနှင့်ငြင်းခုံခဲ့ကြပုံကြည့်လျှင် သူတို့၏တစ်ကိုယ်ကောင်း

ဆန်မှုသည် ပြုပြင်ရခက်ဟန်ရှိသည် (လု ၂၂း၂၄)။ သို့သော် အခန်းကြီး ၁၃ က ကျွန်ုပ်တို့အား

ပြန်သတိပေးသည့်အတိုင်း ခရစ်တော်၏ချစ်ခြင်းမေတ္တာသည် သူတို့အပေါ်စတည်သည့်

အချိန်မှစ၍ ယုတ်လျော့ခြင်းမရှိဘဲ အစဉ်အမြဲပြည့်စုံစွာတည်သည်။ ထိုမေတ္တာသည် နောင်

ထာဝရကာလတွင်လည်း မည်သည့်အခါမျှ လျော့နည်းသွားမည်မဟုတ်။

မိမိတမန်တော်များနှင့် မိမိလူတို့အပေါ် ခရစ်တော်ထားရှိသောမေတ္တာသည် မပြောင်းမလဲ

အစဉ်တည်သော်လည်း ထိုမေတ္တာအပေါ် ကျွန်ုပ်တို့၏ခံစားမှုသည် ကွာခြားမှုများရှိနေသည်။

မိဘနှစ်ပါးသည် သူတို့၏သားသမီးများကို ချစ်လျက် သူတို့ထဲမှတစ်ဦးကိုခေါ်၍ ချောကလက်

အချပ်ကြီးတချပ်ကိုပေးကာ အခြားမောင်နှမများကိုဝေပေးရန် မှာလိုက်သည်ဆိုပါစို့။ ထို

ကလေးသည် ချောကလက်ကိုယူပြီး အခြားမောင်နှမများအားဝေငှပေးရန် ငြင်းဆိုလေသည်။

မိဘများက ထိုသို့မလုပ်ရန်ပြောကြသည့်အခါ သူသည် ဝုန်းဒိုင်းကြဲလျက် အဝေးသို့ထွက်ပြေး

လေသည်။ မိဘများကမူ တစ်ကိုယ်ကောင်းဆန်သော သူတို့ကလေးကို အရင်ကအတိုင်းချစ်မြဲ

ချစ်ကြမည်ဖြစ်သော်လည်း ထိုကလေးမှာမူ ထွက်ပြေးလျက် ချောကလက်ကိုဝေငှပေးရန်

ငြင်းနေသရွေ့ မိဘများ၏အချစ်ကိုခံစားရာ၌ ပျော်မွေ့စရာ ကောင်းတော့မည်မဟုတ်ပေ။

ကျွန်ုပ်တို့ကြုံနေရသည်မှာ ထိုနည်းတူဖြစ်သည်။ ကျွန်ုပ်တို့အပေါ် ခရစ်တော်၏မေတ္တာ

သည် မည်သည့်အခါမျှ ယုတ်လျော့ပြောင်းလဲခြင်းမရှိပေ။ သို့သော် ဤနေရာတွင် ကျွန်ုပ်တို့ကို

ကိုယ်တော်ပြောနေသည့်အရာမှာ သူ၏မေတ္တာ၌ ကျွန်ုပ်တို့တည်နေကြရန်ဖြစ်သည်။ ဆိုလိုသည်

မှာ ကျွန်ုပ်တို့သည် ကိုယ်တော်၏မေတ္တာကို စဉ်ဆက်မပြတ်ပျော်ရွှင်စွာခံစားကြရန်ဖြစ်သည်။

ထိုသို့ဖြစ်ရန် မည်သို့လုပ်ရမည်နည်း။ ခရစ်တော်က ကျွန်ုပ်တို့၏လုပ်ဆောင်မှုအတွက်

နမူနာပုံသက်သေကို ထပ်၍ပေးထားပါသည်။ ကိုယ်တော့်အပေါ် ခမည်းတော် ထားရှိသော

မေတ္တာသည် ပြောင်းလဲခြင်းမရှိပါ။ ထိုနည်းတူ – ကရာနီတောင်ကုန်းပေါ်တွင် ကျွန်ုပ်တို့၏

အပြစ်များကြောင့် ဘုရားသခင်၏စွန့်ခွာခြင်းခံရသည့် အနည်းငယ်သောအချိန်မှလွဲ၍ –

ခမည်းတော်၏မေတ္တာအပေါ် ခရစ်တော်၏ဝမ်းမြောက်စွာခံစားမှုသည်လည်း ပြောင်းလဲမှုမရ

ပေ။ ခမည်းတော်၏ပညတ်ချက်တို့ကို တစ်သဝေမတိမ်းလိုက်နာသကဲ့သို့ ခမည်းတော်၏

မေတ္တာကို လက်တွေ့မခံစားရသည့်အချိန်ဟူ၍လည်းမရှိခဲ့ချေ။ ကျွန်ုပ်တို့သည်လည်း ခရစ်

တော်၏မေတ္တာကို လက်တွေ့ကျကျဝမ်းမြောက်စွာခံစားသိရှိသည့်အခါ ကိုယ်တော်၏ပညတ်

တော်တို့ကို စောင့်ထိန်းရမည်ဖြစ်သည်။

ထိုသို့ဆိုလျှုင် ကျွန်ုပ်တို့ ထိုအတိုင်းအဘယ့်ကြောင့်အမြဲတမ်းမလုပ်ကြသနည်း။ မကြာခဏ

ထိုသို့ဖြစ်ရသည်မှာ ချောကလက်ယူပြီးထွက်ပြေးသွားသည့် ကလေးငယ်နှင့် အကြောင်းရင်း

အတူတူပင်ဖြစ်သည်။ ချောကလက်ကို အခြားသူများအားဝေငှပေးရမည်ဟူသော မိဘများ၏

အမိန့်သည် သူ၏ဝမ်းမြောက်မှုကို ခြောက်လှန့်နေသည့်အမိန့်ဖြစ်နေသည်။ လူကြီးစကားနှင့်

ပြောရလျှင် သူ့အကျိုးကို သူကာကွယ်ရမည် ဖြစ်သည်။ ချောကလက်များစွာ လက်ထဲရောက်

လာသည့်အခါ မိဘများအကြံပေးသည့်အတိုင်းလုပ်လျှင် ရက်ရောလွန်းရာကျမည်ဟု သူခံစား

လာသည်။ ပေးဝေခြင်းအားဖြင့်ရရှိသည့်ဝမ်းမြောက်မှုနှင့် ကောင်းချီးမင်္ဂလာအကြောင်းကို

မိဘများကဲ့သို့နားမလည်သေးသော ထိုကလေးကို ကျွန်ုပ်တို့နားလည်ပေးနိုင်ပါသည်။ အမှန်

မှာ သူသည် မောင်နှမများကို ဝေပေးလိုက်လျှင် သူ့လက်ထဲမှ ချောကလက်နည်းသွားမည်ကို

သာသိပြီး ထိုချောကလက်ပေးသည့် မိဘများထံတွင် ထိုချောကလက်မျိုး များစွာကျန်သေး

သည်ကို သူမစဉ်းစားမိချေ။ ထို့ကြောင့် သူ၏နာခံမှုတွင် ဆုလဒ်ရှိကြောင်းကိုလည်း သူမစဉ်း

စားမိသကဲ့သို့ ထိုနာခံမှုအားဖြင့် မိဘတို့၏မေတ္တာကို ပိုမိုနက်ရှိုင်းစွာနှင့် ပိုမိုကြာရှည်စွာ

ခံစားရမည့်အကျိုးကိုလည်း သူနားမလည်ချေ။ ထို့ပြင် သူနာခံခဲ့လျှင် ပေးဝေခြင်းအားဖြင့်

ခံစားရသည့် ဝမ်းမြောက်မှုကိုလည်း သူခံစားရမည်ဖြစ်သည်။

ကျွန်ုပ်တို့၌လည်း ထိုနည်းတူ မကြာခဏဖြစ်တတ်ပါသည်။ မှားမိသော်လည်း နောင်တရ

သည့်ညီအစ်ကိုများကို ခွင့်လွှတ်ရန် ကျွန်ုပ်တို့ကို တောင်းဆိုလာသည့်အခါ ခွင့်လွှတ်နိုင်မည်

မဟုတ်ဟု ကျွန်ုပ်တို့ခံစားတတ်ကြသည်။ ကျွန်ုပ်တို့၏လက်ရှိ ပျော်ရွှင်မှု၊ အချိန်၊ စွမ်းအင်၊

ငွေကြေးနှင့် သက်သာမှုတို့ကို အခြားသူတို့၏အကျိုးအတွက် အနစ်နာခံလျက်ဝေငှပေးရန်

ခရစ်တော်က တောင်းဆိုလာသည့်အခါ ထိုတောင်းဆိုမှုသည် အကြောင်းတရားခိုင်လုံမှုမရှိ၊

ပေးဆပ်မှုများလွန်းသည်ဟုခံစားလျက် ယောနကဲ့သို့ အခြားဘက်သွားသည့်သင်္ဘောပေါ်

လိုက်သွားကာ မိမိတို့နှစ်သက်သောအရာကို ကာကွယ်တတ်ကြသည် (ယောန ၁)။

ဝမ်းမြောက်ခြင်းပါရမီနှင့်ပြည့်စုံသောစပျစ်ပင်

တမန်တော်များ၏စိတ်နှလုံးကိုလည်းကောင်း၊ ကျွန်ုပ်တို့၏စိတ်နှလုံးကိုလည်းကောင်း သိ

တော်မူသော ခရစ်တော်သည် ဤအကြောင်းတရားအတွက် ရှင်းပြချက်တစ်ခုကို ထပ်ပေး

ထားပါသည်။

တစ်နည်းပြောရလျှင်

ဤပညတ်ကိုသူပေးရခြင်းမှာ သူတို့၏ဝမ်းမြောက်မှုကို လျော့နည်းစေရန်မဟုတ်ဘဲ တိုးပွားစေ

ရန်ဖြစ်ကြောင်း သူတို့ကိုသေချာစွာသိစေခဲ့သည်။ သူတို့သီးသည့်အသီးများအားဖြင့် အခြား

သူတို့ဝမ်းမြောက်ရသည်ဆိုလျှင် စပျစ်ပင်သည် ဂုဏ်ယူဝမ်းမြောက်ရလေသည်။ အပင်များ

လည်း စကားပြောနိုင်သည်ဆိုလျှင် အခြားသူများစားသုံးနိုင်ရန်အတွက် စပျစ်ကိုင်းများက

အသီးများများသီးနိုင်ရန် အာဟာရများပို့ဆောင်ပေးရသည့်အတွက် စပျစ်ပင်သည် မည်သည့်

အခါမျှ ညည်းတွားလိမ့်မည်မဟုတ်ပေ။ စပျစ်ပင်သည် ခံစားတတ်မည်ဆိုလျှင် ယောသံက

ဖော်ပြသည့်ပုံဥပမာလိုပင် အခြားသူများကို ပျော်ရွှင်စေသော ဘုရားပေးလုပ်ငန်းတာဝန်

အတွက် အလွန်ဝမ်းမြောက်လိမ့်မည်ဖြစ်သည် (တရားသူကြီး ၉း၁၂-၁၃)။

မှန်သောစပျစ်ပင်ဖြစ်တော်မူသည့် ခရစ်တော်သည် ထိုအတိုင်းဝမ်းမြောက်တော်မူခဲ့သည်

နည်းတူ ယခုလည်း ဝမ်းမြောက်နေဆဲဖြစ်သည်။ ဖုန်ထူထပ်သည့် ပင်ပန်းလှသောခရီးရှည်ကြီး

လျှောက်ရသော်လည်း အထီးကျန်နေသောအမျိုးသမီးတစ်ဦးကို ဝိညာဉ်ရေးစိတ်ကျေနပ်မှုရရှိ

စေသည့်အခါ ဘုရားသခင်၏အလိုတော်ကိုဆောင်ခြင်းနှင့် ဘုရားသခင်၏အမှုတော်ကိုပြီးစီး

စေခြင်းသည် သူ့အတွက်စားစရာဖြစ်သည်ဟု တပည့်တော်တို့ကို ရှင်းပြတော်မူခဲ့သည် (၄း၃၁-

၃၄)။ ကိုယ်တော်သည် သန့်ရှင်းသောဝိညာဉ်တော်၌ ဝမ်းမြောက်တော်မူကြောင်းနှင့် မိမိ

ရတနာများကို ကလေးတို့အားဖွင့်ပြတော်မူရာတွင် အသုံးတော်ခံရသောကြောင့် ကောင်းကင်

နှင့်မြေကြီး၏အရှင်သခင် ခမည်းတော်ကို ကျေးဇူးတင်တော်မူကြောင်း ရှင်လုကာက မှတ်တမ်း

တင်ထားသည် (၁၀း၂၁)။ ထို့ပြင် ကိုယ်တော်သည် ကရာနီတောင်ကုန်းပေါ်တွင် မိမိကိုယ်ကိုယ်

ယဇ်အဖြစ်ပူဇော်ရန် အထက်ခန်းမမှ ထွက်ခွာသည့်အချိန်တွင် သီချင်းဆိုခဲ့သည် (မ ၂၆း၃၀)။

ထို့ကြောင့် ကိုယ်တော်၏မေတ္တာကို ဝမ်းမြောက်ခြင်းဖြင့်လက်တွေ့ခံစားနိုင်သည့် တစ်ခု

တည်းသောနည်းလမ်းမှာ ကိုယ်တော်၏ပညတ်တော်ကိုလိုက်နာခြင်းသာဖြစ်ကြောင်း မိန့်တော်

မူရသည့်အကြောင်းရင်းမှာ အခြားသူတို့အား မိမိကိုယ်ကိုယ်ပေးအပ်သော စပျစ်ပင်၏ ဝမ်း

မြောက်ခြင်းသည် ကျွန်ုပ်တို့ကိုဖြတ်လျက် စီးဆင်းလာသည့်အခါ ကျွန်ုပ်တို့သည် ထိုဝမ်းမြောက်

ခြင်း၏စီးဆင်းမှုအတွက် လမ်းမပိတ်ဘဲ ကျွန်ုပ်တို့မှတစ်ဆင့် ဆက်လက်စီးဆင်းစေခြင်း

အားဖြင့် ကျွန်ုတို့ကိုယ်တိုင်သည်လည်း စပျစ်ကိုင်းများအဖြစ် ဘုရားသခင်ပေးအပ်ထားသော

တာဝန်ကို ပြည့်စုံစေလျက် ထိုဝမ်းမြောက်မှုကို အဆုံးအထိခံစားကြစေရန်အတွက်ဖြစ်သည်။

ထို့ကြောင့် ဤတိုတောင်းသောသင်ကြားမှုအပိုင်း၏အဆုံးပိုင်းတွင် ပေးတော်မူသည့်

ပညတ်ချက်ဖြစ်သကဲ့သို့ အခြားသောပညတ်ချက်အားလုံးထက်လည်း ပိုအရေးကြီးသော

ပညတ်ချက်မှာ ကိုယ်တော်က ကျွန်ုပ်တို့ကို ချစ်သည့်မေတ္တာမျိုးဖြင့် ကျွန်ုပ်တို့ အချင်းချင်း

တစ်ဦးကိုတစ်ဦး ချစ်ကြရန်ပင်ဖြစ်သည် (၁၅း၁၂)။

(၂၂)စပျစ်ပင်၏လုပ်ငန်းဆောင်ရွက်မှု

ယေရှု၏ချစ်ခြင်းမေတ္တာ အတိုင်းအတာထဲ၌ရှိသည့်

စပျစ်ကိုင်းများအတွက်နမူနာပုံသက်သေ

ပြီးခဲ့သည့်သင်ခန်းစာတွင် ကျွန်ုပ်တို့သည် အခြားသူတို့၏ဝမ်းမြောက်မှုအတွက် နှစ်သက်

ဖွယ်ကောင်းသောဝိညာဉ်အသီးသီးနိုင်ရန် ကိုယ်တော်နည်းတူ လှပ၍ကျေးဇူးပြုတတ်သည့်

သဘောနှင့်ပြည့်ဝသူများဖြစ်ရန်နှင့် ကျွန်ုပ်တို့ကို ကိုယ်တော်ချစ်သည့်နည်းတူ ကျွန်ုပ်တို့လည်း

အခြားသူများကိုချစ်ကြရန် ခရစ်တော်က ကျွန်ုပ်တို့ကို သင်ကြားပေးခဲ့ပြီဖြစ်သည်။ သို့သော်

မည်သည့်အတိုင်းအတာအထိ ကျွန်ုပ်တို့ချစ်ရမည်နည်း။ လာမည့်သင်ခန်းစာသည် အခြေခံ

ဥပဒေသဖြစ်သည့် ခေါင်းစီးစာသား တစ်ခုကိုပေးပြီး ၄င်း၏အဓိပ္ပါယ်များကိုဖော်ဆောင်သော

အရေးကြီးသည့် စကားရပ်လေးခုနှင့်ထပ်ဖြည့်ကာ ဤမေးခွန်းကို ဖြေဆိုပေးမည်ဖြစ်သည်။

ခေါင်းစီး၊

စကားရပ်များ ၁။ ကျွန်ုပ်တို့ ခရစ်တော်၏မိတ်ဆွေများဖြစ်လာကြပုံ

၂။ မိမိမိတ်ဆွေများဖြစ်သောကျွန်ုပ်တို့အပေါ် ခရစ်တော်၏ ဆက်ဆံမှု –

၃။ ကျွန်ုပ်တို့က မဟုတ်ဘဲ၊ ခရစ်တော်က ကျွန်ုပ်တို့ကိုရွေးကောက်

တော်မူည်ဆိုသောအချက်၏ ဆိုလိုရင်းအဓိပ္ပါယ်

၄။ ပညတ်ချက်များပေးရသည့် အကြောင်းနှင့်ရည်ရွယ်ချက်

ဦးစွာလုပ်ဆောင်ရမည့်အရာမှာ ကျွန်ုပ်တို့သည် အခြေခံဥပဒေသ၏ဆိုလိုရင်းကို နား

လည်နေကြောင်းသေချာနေရန်ဖြစ်သည်။ ကိုယ်တော်က သူ၏မေတ္တာတော်သည် လူသားတို့

၏အကြီးမားဆုံးသောမေတ္တာထက် ပိုမိုကြီးမားကြောင်းဖော်ပြနေခြင်းဖြစ်သည်ဟု အချို့တို့က

ထင်မြင်ကြသည်။ ကိုယ်တော်သည် မိမိရန်သူတို့အတွက်ပင် မိမိ အသက်ကို

စွန့်တော်မူသည်ဟု သူတို့ဆိုကြသည်။ ကျွန်ုပ်တို့သည် သူ၏ရန်သူများ ဖြစ်ကြစဉ် မှာပင်

ကိုယ်တော်သည် ကျွန်ုပ်တို့အတွက် အသေခံတော်မူခဲ့သည်မှာ အမှန်ဖြစ်သည် (ရော ၅း၆-၁၀)။ သို့သော် ဤနေရာတွင် ၄င်းကို ကိုယ်တော်ဖော်ပြနေသည်မဟုတ်။ ဤနေရာတွင်

ကိုယ်တော်သည် မိမိ၏မိတ်ဆွေများထံ အမိန့်ရှိတော်မူကြောင်းကို နောက်တစ်ပိုဒ်တွင် ပို၍

ပင်ရှင်းလင်းစွာ တွေ့ရမည်ဖြစ်သည်။ သူတို့ကို အတိုင်းအတာတစ်ခု အထိချစ်နေစဉ်တွင်

သူ၏ရန်သူတို့ကို ပို၍ပင်ချစ်တော်မူသည်ဟု ပြောပြနေခြင်းလည်း မဟုတ်ပါ။

နောက်ခံအခြေအနေမှာ သူတို့အပေါ်ကိုယ်တော်ချစ်သကဲ့သို့ သူတို့အချင်းချင်းချစ်ကြ

ရန် ကိုယ်တော်က သူတို့ကို မိန့်မှာနေခြင်းဖြစ်သည် (၁၅း၁၂)။ ထို့ကြောင့် သူတို့ကို သူချစ်သည့်

ပုံစံအတိုင်း သူတို့အချင်းချင်းချစ်ရမည်ဆိုလျှင် မည်သည့်အတိုင်းအတာအထိ ချစ်ရမည်ကို

ကိုယ်တော်ရှင်းပြရမည်ဖြစ်သည်။ အခြားသူအတွက် အသေခံပေးသည့်မေတ္တာသည် ပိုကြီး

မားအောင် မချစ်နိုင်ပေ။ ထို့ကြောင့် သူတို့၏မေတ္တာသည် ထိုမေတ္တာထက်မနည်းအောင် သူတို့

ပြင်ဆင်ထားရမည်ဖြစ်သည်။

ထို့ကြောင့် ကျွန်ုပ်တို့သည်

ဘာကိုဆိုလိုကြောင်း နားလည်ရန် သတိထားရမည်ဖြစ်သည်။ တိုက်ရိုက်ပြန်လျှင် မိမိမိတ်ဆွေ

အတွက် အသေခံခြင်းပင်ဖြစ်သည်။ ခရစ်တာ်သည် တကယ်လည်း ကျွန်ုပ်တို့အတွက် လက်ဝါး

ကပ်တိုင်ပေါ်တွင်အသေခံတော်မူ၍ ကျွန်ုပ်တို့ကိုလည်း ကျွန်ုပ်တို့၏ယုံကြည်သူမိတ်ဆွေများ

အတွက် အသေခံရန် ခေါ်ယူသည့်အချိန်ရောက်လာနိုင်ပါသည်။ ထိုသို့မဟုတ်လျှင်လည်း သူတို့

အတွက် အသေခံရန် အဆင်သင့်ပြင်ဆင်ထားရန်လည်း ဖြစ်နိုင်သည်။ ငါနှင့်အတူ ယေရှုခရစ်၏ အမှုတော်ကို ဆောင်ရွက်သောသူ၊ ပြစ်ကိလနှင့်အာကုလကို နှုတ်ဆက်ကြလော့။ ထိုသူတို့သည် ငါ့အသက်အဖို့ မိမိတို့လည်ပင်းကို ချထားသောသူဖြစ်ကြ၏။ သူတို့ကျေးဇူးရှိသည်ဟု ငါတစ်ယောက်တည်းသာ ဝန်ခံသည်မဟုတ်။ တစ်ပါးအမျိုးသား အသင်းတော်အပေါင်းတို့သည် ဝန်ခံကြ၏။

(ရော ၁၆း၃-၄)ဟု ရှင်ပေါလုရေးထားသည်ကို ကြည့်လျှင် သူတို့သည်

ဤဩဝါဒစာကို သူရေးစဉ် အသက်ရှင်နေကြဆဲဖြစ်သည်ကို သိရသည်။ သို့သော် သူက

အချိန်အတိအကျမသိရသည့်အတိတ်က သူတို့၏လုပ်ဆောင်မှုကို ဆက်ဖော်ပြ

ထားသည်။

သို့သော် သာမန်အားဖြင့် ကျွန်ုပ်တို့သည် ပိုမိုခက်ခဲသောလုပ်ဆောင်မှုအတွက်ဖြစ်နိုင်

သော်လည်း ထိုကဲ့သို့ သူရဲကောင်းလုပ်ရန်အတွက် ခေါ်ယူထားခြင်းမဟုတ်ပါ။ မိမိအသက်ကို

စွန့်ခြင်းသည် အိမ်၌၊ အလုပ်၌၊ အသင်းတော်၌ သူတစ်ပါးအတွက် မိမိအချိန်၊ မိမိစွမ်းရည်၊

မိမိ၏စိတ်ရှည်သီးခံမှု၊ ဂရုစိုက်မှုနှင့် စိတ်ဝင်စားမှုတို့ကို ပေးရန်ဖြစ်သည်။ ゞင်းသည် ရင်ခုန်

စရာကောင်းချင်မှကောင်းပါမည်။ သို့သော် ゞင်းသည် သာမန်ခရစ်ယာန်အသက်တာ၏ပုံမှန်

လုပ်ငန်းစဉ်ဖြစ်သည်။

ရှင်ယောဟန်က ခရစ်တော်သည် ကျွန်ုပ်တို့အတွက် မိမိအသက်ကိုစွန့်တော်မူသည်ဖြစ်၍

ကျွန်ုပ်တို့သည်လည်း ညီအစ်ကိုများအတွက် မိမိအသက်ကိုစွန့်သင့်ကြောင်း သူ၏ပထမဩဝါဒ

စာတွင် ဖော်ပြထားသည်။ သို့သော် သူ၏အကဲခတ်လေ့လာမှုသည် အလွန်လက်တွေ့ကျသည်

ကို တွေ့ရသည်။ ကျွန်ုပ်တို့၏ယုံကြည်သူညီအစ်ကိုများအား သူတို့၏နေ့စဉ်သာမန်လိုအပ်ချက်

များအတွက် ဝေမျှပေးရန် ကျွန်ုပ်တို့မပြင်ဆင်ထားဘဲ သူတို့အတွက် အသက်ကိုစွန့်မည်ဟု

ကျွန်ုပ်တို့‌ ကြွေးကြော်နေလျှင် မည်သို့အဓိပ္ပါယ်ရှိနိုင်မည်နည်း ” အကြင်သူသည် လောကီစည်းစိမ်ဥစ္စာ ရှိလျက်ပင်၊ မိမိညီအစ်ကိုဆင်းရဲခြင်းကို မြင်၍၊ သနားခြင်း ကရုဏာစိတ်ကို ချုပ်တည်း၏။ ထိုသူ၌ ဘုရားသခင်၏ မေတ္တာတော်သည် အဘယ်သို့ တည်မည်နည်း။ ” (၁ယော ၃း၁၇)။

ရှင်

ယောဟန်၏စကားလုံးအသုံးအနှုန်းသည် လက်တွေ့ဘဝအတွက် မှန်သည်။ စစ်မှန်သောယုံ

ကြည်သူတိုင်းသည် အခြားသူ၏လိုအပ်နေမှုကိုမြင်သည့်အခါ လူ၏ကောင်းမှုကုသိုလ်သက်

သက်အားဖြင့်မဟုတ်ဘဲ အထဲ၌ကိန်းဝပ်တော်မူသော ကယ်တင်ရှင်ထံမှ ကရုဏာစိတ်အလိုလို

ပေါက်ဖွားလာမည်ဖြစ်သည်။ သို့သော် ထိုယုံကြည်သူသည် သူ့အထဲ၌ကိန်းဝပ်တော်မူသော

ဘုရားသခင်၏ကရုဏာတော်မထင်ရှားတော့သည့်အထိ မိမိ၏တစ်ကိုယ်ကောင်းဆန်စိတ်က

ထိုကရုဏာစိတ်များကို ထိန်းချုပ်နိုင်ပါသည်။

နှစ်လမ်းသွားခင်မင်ရင်းနှီးမှု

သို့ဖြစ်၍ ကျွန်ုပ်တို့သည် မိမိအဆွေခင်ပွန်းများအတွက် အသက်စွန့်ရမည်။ သို့သော်

ခင်မင်ရင်းနှီးမှုသည် တစ်လမ်းသွားမဟုတ်ပါ။ ကျွန်ုပ်တို့သည် ဘုရားသခင်၏မိသားစုဝင်များ

အနေဖြင့် ခရစ်ယာန်ညီအစ်ကိုမောင်နှမများကို မိတ်ဆွေကဲ့သို့ဆက်ဆံသည်ဆိုလျှင် သူတို့လည်း

ထိုအတိုင်းတုန့်ပြန်ရမည်ဖြစ်သည်။ ကျွန်ုပ်တို့က မိတ်ဆွေအဖြစ်ပေါင်းသင်းဆက်ဆံသော်

လည်း အကျွန်ုပ်တို့အပေါ် မိတ်ဆွေကဲ့သို့မဆက်ဆံသောသူကို မိတ်ဆွေဟုခေါ်သင့်ပါသလား။

သို့သော် သခင်ဘုရားဆက်ပြောသည့်အရာကို ကြည့်လျှင် ကျွန်ုပ်တို့ပိုရှင်းသွားပါလိမ့်မည်။

အခြေ အနေပေါ်မူတည်သော စကားဆက် လျှင်ကို ရှောင်လွှဲ၍မရပါ။

သို့သော် ဤနေရာတွင် ကန့်ကွက်လိုသူရှိနိုင်ပါသည်။ ကျွန်ုပ်တို့အပေါ်ထားတဲ့ ခရစ်တော်

ရဲ့ချစ်ခြင်းမေတ္တာက ဘာလို့ သူ့ပညတ်တော်လိုက်နာမှုအပေါ် မူတည်တယ်လို့ ဘယ်လိုလို့ ပြော

နိုင်တာလဲ။

ကျွန်ုပ်တို့အပြစ်ရှိစဉ်မှာဘဲ ကိုယ်တော်က ကျွန်ုပ်တို့ကို အစကတည်းက ချစ်ခဲ့တယ်

မဟုတ်လား။ ပြီးတော့ ကျွန်ုပ်တို့ရဲ့အားနည်းချက်ကြောင့် သူ့ပညတ်တွေကိုလိုက်နာဖို့ပျက်

ကွက်ခဲ့ရင်တောင် သူက ကျွန်ုပ်တို့ရဲ့မိတ်ဆွေဖြစ်နေဆဲဘဲမဟုတ်လား။

ဟုတ်ပါသည်။ သူ့ကို ဝေဖန်သူများက ဝေဖန်သည့်အတိုင်း ကိုယ်တော်သည် ပုဆိန်ရိုး

အခွန်ခံများ၊ ပြည့်တန်ဆာမများ၏ မိတ်ဆွေဖြစ်ခဲ့ကာ သူတို့သည် ပေတရုကဲ့သို့ ရှုံးနိမ့်ခဲ့ကြ

လျှင်ပင် ကိုယ်တော်သည် သူ့ကိုယုံကြည်စိတ်ချသူတို့အပေါ် သစ္စာရှိသောမိတ်ဆွေတစ်ဦးဖြစ်

နေမည်ဖြစ်သည်။

သို့သော် အပေါ်ကကန့်ကွက်မှုသည် နားလည်မှားမှုကြောင့်ဖြစ်သည်။

စစ်မှန်သောခင်မင်ရင်းနှီးမှုသည် သခင်ဘုရားနှင့်ကျွန်ုပ်တို့ကြားဖြစ်လျှင်ပင် အသွားအပြန်

ရှိသည့်နှစ်လမ်းသွားဖြစ်သည်ကို မမေ့ပါနှင့်။ ကိုယ်တော်က ကျွန်ုပ်တို့ကို လုပ်ဆောင်စေသော

အရာတို့ကို လုပ်ဆောင်ရန် အနည်းငယ်မျှကြိုးစားအားထုတ်မှုမရှိဘဲ ကိုယ်တော်သည် ကျွန်ုပ်

တို့အပေါ် မိတ်ဆွေကောင်းအဖြစ် အမြဲတမ်းဆက်ဆံနေမည်ဟု ကျွန်ုပ်တို့မျှော်လင့်နေသည်

ဆိုလျှင် စိတ်မချမ်းမြေ့ဖွယ်ဖြစ်ပေလိမ့်မည်။

ခရစ်တော်၏အစေခံများ၏ဂုဏ်ရည်အဆင့်အတန်း

က်ိုယ်တော်သည် ကျွန်ုပ်တို့အပေါ်မည်မျှအံ့မခမ်းဖွယ်ဆက်ဆံတော်မူသည်ကို စဉ်းစား

ကြည့်ပါ။ မည်သည့်အကြောင်းပြချက်မျှမပေးဘဲ ကျွန်ုပ်တို့ကို ခိုင်းချင်သမျှခိုင်းလျက် ကျွန်ကဲ့

သို့ဆက်ဆံလိုလျှင် ဆက်ဆံနိုင်သည့်အခွင့်အာဏာ ကိုယ်တော်၌ရှိသည်။ သို့သော် ကိုယ်တော်

ထိုသို့မပြုပါ။ ကျွန်ုပ်တို့သည် တမန်တော်များနှင့်အတူ မိမိတို့ကိုယ်ကိုယ် ယေရှုခရစ်တော်၏

ကျွန် ဟု (ဖိ ၁း၁) ဂုဏ်ယူရန် အခွင့်ရှိသော်လည်း ကိုယ်တော်က ကျွန်ုပ်တို့ကို ထိုသို့မခေါ်ပါ။

ထိုသို့လည်း မဆက်ဆံပါ။

ကိုယ်တော်သည် ဘာမှမမေးနှင့်။ ခိုင်းတာအကုန်လုပ် ဆိုသည့် ကျွန်ပိုင်ရှင်တစ်ဦးကဲ့သို့

ကျွန်ုပ်တို့ကို ခိုင်းစေလိုသောသူ မဟုတ်ပါ။ ရှေ့တွင် သတိပေးသည့်အတိုင်းပင် ကိုယ်တော်

သည် စပျစ်ပင်ဖြစ်တော်မူ၍ အကိုင်းများဖြစ်ကြသည့်ကျွန်ုပ်တို့သည် ကိုယ်တော်မပါလျှင်

ဘာမျှမလုပ်နိုင်ကြပေ။ သို့သော် ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် အကိုင်းများဖြစ်ကြ သည့်ကျွန်ုပ်တို့သည် ဘုရားသခင်က မိမိကိုယ်ကိုယ်ဖွင့်ပြတော်မူသည့်ဖြစ်စဉ်တွင် သီးခြားခွဲ

ထုတ်၍မရသည့် မရှိမဖြစ်သောအစိတ်အပိုင်းများဖြစ်ခွင့်ရကြသည်။ ခရစ်တော်ကလည်း

ကျွန်ုပ်တို့ကို ထိုအတိုင်းစုစည်း၍ ဆက်ဆံတော်မူသည်။ မှန်သောစပျစ်ပင်၏ မိမိကိုယ်ကိုယ်

ပေးအပ်မှုအားဖြင့် အကိုင်းများဖြစ်ကြသည့်ကျွန်ုပ်တို့အား ခမည်းတော်ပြောသမျှတို့ကို ပြန်

ပြောပြတော်မူသည်။

ထို့ကြောင့် ကျွန်ုပ်တို့သည် ကိုယ်တော်ပညတ်သောအရာတို့ကို လုပ်ဆောင်နိုင်ရန်အတွက်

မိမိအသက်ကိုပေးဆပ်ရန် အဆင်သင့်ပြင်ဆင်လျက် နှုတ်အားဖြင့်ဖြစ်စေ၊ လုပ်ဆောင်မှုအား

ဖြင့်ဖြစ်စေ ကိုယ်တော်၏မိတ်ဆွေအဖြစ် ဝမ်းမြောက်စွာပြန်လည်တုန့်ပြန်မှုမပြုကြလျှင် မည်မျှ ရှက်ဖွယ်ကောင်းလိမ့်မည်နည်း။ ကျွန်ုပ်တို့သည် ကိုယ်တော်ပြင်ဆင်ထားသည့် မိမိနှင့်ကျွန်ုပ်တို့

ကြားခင်မင်ရင်းနှီးမှု၏စစ်မှန်သောအဓိပ္ပါယ်ကိုနားလည်ကြလျှင် သို့မဟုတ် ထိုခင်မင်ရင်းနှီးမှု

၏တန်ဖိုးကို နားလည်ကြလျှင် ကျွန်ုပ်တို့က အစဉ်အမြဲအစပြုကာ ထိုတာဝန်ကိုထမ်းဆောင်ရန်

အတွက် ကျွန်ုပ်တို့ကိုရွေးချယ်တော်မူရန် ခရစ်တော်ထံအပူကပ်သင့်ပေသည်။ သို့သော် ကိုယ်

တော်ကိုယ်တိုင်သည် အစပြုတော်မူလျက် ကျွန်ုပ်တို့ကို ကယ်တင်ခြင်း (၂သက် ၂း၁၃) နှင့်

သူ၏အမှုတော်မြတ် (၁ပေ ၂း၉) တို့နှစ်ခုလုံးအတွက် ကျွန်ုပ်တို့ကို ရွေးချယ်တော်မူသည်။

မည်သည့်သီးခြားတာဝန်အတွက် ကျွန်ုပ်တို့ကိုရွေးချယ်တော်မူကြောင်းကိုသာ ကျွန်ုပ်တို့က

ကိုယ်တော်ကို မေးရမည်ဖြစ်သည်။

ခရစ်တော်ဘက်မှအစပြုခြင်း၏သွယ်ဝှိုက်ညွှန်းဆိုမှုများ

ခရစ်တော်က မိန့် တော်မူသည် (၁၅း၁၆)။

ကျွန်ုပ်တို့သည် ရှေ့မှကျမ်းပိုဒ်များအပေါ် ကျွန်ုပ်တို့၏ခံယူမှုပေါ်မည်တည်လျက် တစ်ခု

ထက်မကသောနည်းလမ်းများဖြင့် ဤစကားလုံးများ၏သင်ခန်းစာများကို ဖတ်ရှုနိုင်ပါသည်။

သို့သော် မည်သည့်နည်းလမ်းဖြင့်ဖတ်သည်ဖြစ်စေ ကနဦးတွင် ဤစကားတို့သည် မိမိ၏တမန်

တော်အရာ၌ ခရစ်တော်ရွေးကောက်ထားသော တမန်တော်ဆယ့်တစ်ပါးကို ပြောသောစကား

များဖြစ်ကြောင်းသတိရခြင်းအားဖြင့် ကျွန်ုပ်တို့အစပြုရမည်ဖြစ်သည်။ အခန်းကြီး ၁၃ ကို

နောက်တစ်ခေါက်ပြန်ကြည့်ကြမည်ဆိုလျှင် ညနေအစောပိုင်းကတည်းက ကိုယ်တော်သည်

သူတို့ကိုရွေးကောက်တော်မူခြင်းအကြောင်း ရည်ညွှန်းပြောဆိုခဲ့သည်ကို ကျွန်ုပ်တို့သတိရကြ

မည်ဖြစ်သည် (၁၃း၁၈-၂၀)။

သူရွေးကောက်သောသူတို့ထဲမှ တစ်ဦးသည် သူ့ကိုသစ္စာဖောက်

မည်ကို သူသိတော်မူကြောင်းနှင့် သစ္စာဖောက်မည့်သူကို ရွေးချယ်ခြင်းသည် မသိ၍ သို့မဟုတ်

မှား၍ရွေးချယ်ခြင်းမဟုတ်ကြောင်း သူတို့ကို အသိပေးရန်လိုအပ်လာသောကြောင့်ဖြစ်သည်။

ယုဒနှင့်ပတ်သက်သည့် ကျမ်းစာထဲမှကြိုတင်ဟောပြောချက်ကို ကိုယ်တော်အမြဲသိထားတော်မူ

သည်။ ယုဒသည် မည်သည့်လူစားမျိုးဖြစ်ကြောင်းနှင့် သူလုပ်ဆောင်မည့်အရာတို့ကို ကိုယ်

တော်ကြို၍သိမြင်ပြီးသားဖြစ်သည်။ ယုဒသည် မည်သည့်အခါကမျှ ကိုယ်တော်မျှော်လင့်မထားခဲ့ပါ။ မိမိနာမဖြင့် ခမည်းတော်ထံဆု

တောင်းရန်လည်း ယုဒကို သူခွင့်မပြုဖူးပါ။ တည်ကြည်သောအသီးကိုသီးရန်အတွက် သူရွေး

ကောက်ထားသော ဤဆယ့်တစ်ပါးအားမိန့်တော်မူသည့် ကိုယ်တော်၏ဤကြေငြာချက်သည်

ယုံကြည်စိတ်ချမှုနှင့်အတူ သူတို့စိတ်နှလုံးထဲတွင်ပြည့်နေမည်ဖြစ်သည်။

ထိုသို့ဖြစ်ခဲ့ခြင်းမှာ ကိုယ်တော်ပြုသောအံ့ဖွယ်အမှုများကို မြင်ခြင်းဖြင့် ခေတ္တစိတ်အား

ထက်သန်နေကြချိန်လေးတွင် ကိုယ်တော့်ကိုကိုယ်စားပြုသူများအဖြစ် သူတို့ကိုမှတ်ယူပေးရန်

သူတို့က ကိုယ်တော်ကို အတင်းတောင်းဆိုသောကြောင့်မဟုတ်ပါ။

ထိုသို့အားဖြင့်ဖြစ်လာခဲ့

သည်ဆိုလျှင် တည်ကြည်သောအသီး သီးလာရန်လမ်းစမရှိပေ။ အမှန်မှာ ခရစ်တော်သည်

အစပြုတော်မူ၍ သူတို့၏ပင်ကိုယ်စရိုက်၊ အားနည်းချက်၊ အားသာချက်၊ အနာဂါတ်တွင်

သူတို့ပြုမိမည့်အမှားမှအစ အလုံးကိုအပြည့်အဝသိလျက် သူတို့ ကိုရွေးကောက်တော်မူခဲ့သည်။

ထိုသို့ရွေးကောက်တော်မူခြင်း၏အံ့ဖွယ်ရည်ရွယ်ချက်မှာ စပျစ်ပင်၏အကိုင်းများအဖြစ် သူ့

အတွက်အလုပ်လုပ်ပေးသူများဖြစ်စေတော်မူရန်ဖြစ်သည်။ ထို့ကြောင့် မိမိကိုယ်ကိုယ် သူတို့ထံ

အပြည့်အဝပေးအပ်လျက် သူတို့နှင့်တစ်လုံးတစ်ဝတည်းဖြစ်ကာ သူတို့ကိုပေးအပ်ထားသည့်

တာဝန်များလုပ်ဆောင်ရန်အတွက် ခမည်းတော်ဘုရားသခင်ထံတောင်းလျှောက်ကြသည့်အခါ

သူ၏နာမတော်နှင့်ဆိုင်သောအခွင့်အာဏာရှိသမျှကို အသုံးပြုနိုင်ရန်အတွက်လည်း အခွင့်ပေး

တော်မူသည်။ စပျစ်ပင်က စပျစ်ကိုင်းများထံ မိမိကိုယ်ကိုယ်ပေးအပ်ခြင်းသည် အိတ်သွန်

ဖာမှောက်ပေးအပ်လိုက်ခြင်းဖြစ်သည်။ စပျစ်ကိုင်းများက စပျစ်ပင်ထံ မိမိတို့ကိုယ်ကိုယ်ပေး

အပ်သည့်အခါလည်း ထိုနည်းတူပေးအပ်ကြမည်ဟု သူတို့ကိုမျှော်လင့်တော်မူမည်ဖြစ်သည်။

ခရစ်တော်၏ရွေးကောက်မှုအကြောင်းကြေငြာချက်အားဖြင့် တမန်တော်များ၏နှလုံး

သားထဲ၌ပေါက်ဖွားလာသော ဤယုံကြည်စိတ်ချမှုသည် တမန်တော်တို့၏ထင်ရှားသောအသီး

သီးခြင်းအတွက် ကြီးမားသောအစိတ်အပိုင်းတစ်ခုဖြစ်သည်။ ထိုနည်းတူ ခမည်းတော်ထံ သူတို့

ဆုတောင်းသည့်အခါ မိမိ၏နာမတော်နှင့်အခွင့်အာဏာကိုအသုံးပြုနိုင်ကြောင်း ခရစ်တော်၏

ခွင့်ပြုချက်လည်းဖြစ်သည်။ ထိုမျှမကသေးဘဲ ဆန့်ကျင်မှုများ၊ တားဆီးနှောင့်ယှက်မှုများနှင့်

ဆုံးရှုံးမှုများကြုံတွေ့ရချိန်တွင် ကိုယ်တော်ဘက်မှအစပြုလျက်ရွေကောက်တော်မူကြောင်း

သူတို့သတိရသည့်အခါ ゞင်းသည် စိတ်ဓါတ်ရှင်သန်မှုကိုယူဆောင်လာလျက် တည်ကြည်သော

အသီး သီးနိုင်ရန်အတွက်မရှိမဖြစ်လိုအပ်သော ခံနိုင်ရည်ကိုဖြစ်ပေါ်စေမည်ဖြစ်သည်။ တမန်

တော်ရှင်ပေါလုက ၄င်းကို ဤသို့မှန်ကန်စွာဖော်ပြထားသည်ကိုတွေ့ရသည် “ထိုတရားကို ငါ၌အပ်ပေးတော်မူသည်ဖြစ်၍၊ ငါ့ကိုခွန်အား နှင့် ပြည့်စုံစေတော်မူသော ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်ကို ငါချီးမွမ်း၏။

ငါသည် ကဲ့ရဲ့သောသူ၊ ညဉ်းဆဲသောသူ၊ ကြမ်းကြုတ်သောသူ ဖြစ်ဖူးသော်လည်း၊ သစ္စာရှိသောသူဟု ထိုသခင်သည် မှတ်၍၊ ဓမ္မဆရာအရာ၌ ခန့်ထားတော်မူ၏။ ထိုသို့ငါပြုသောအခါ ယုံခြင်းမရှိ၊ အမှန်မသိဘဲ ပြုသောကြောင့်၊ ကရုဏာတော်ကို ငါခံရပြီ။

ငါတို့သခင်ဘုရား၏ ကျေးဇူးတော်သည်လည်း ယေရှုခရစ်၌ ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့်တကွ၊ အတိုင်းထက်အလွန် ကြွယ်ဝပြီ။

ယေရှုခရစ်သည် အပြစ်ရှိသောသူတို့ကို ကယ်တင်ခြင်းငှာ၊ ဤလောကသို့ ကြွလာတော်မူသည်ဟူသောစကားသည် သစ္စာစကားဖြစ်၏။ အကြွင်းမဲ့ ခံယူအပ်သောစကားလည်းဖြစ်၏။ အပြစ်ရှိသော သူတို့တွင် ငါသည် အကြီးဆုံးဖြစ်၏။

သို့သော်လည်း၊ ထာဝရအသက်အလိုငှာ ယုံကြည်လတ္တံ့သောသူတို့ လိုက်စရာပုံသက်သေ ဖြစ်စေခြင်းငှာ၊ အကြီးဆုံးသောအပြစ်ရှိသော ငါ၌၊ ယေရှုခရစ်သည် ခပ်သိမ်းသောခန္တီတော်ကို ပြတော်မူမည်အကြောင်း၊ ငါ့ကိုသနားတော်မူပြီ။”

(၁တိ ၁း၁၂-၁၆)။

ကိုယ်တော်သည် မိမိတမန်တော်တို့ကို ရွေးကောက်တော်မူကြောင်းကြေငြာချက်သည်

အားတက်စေသေအရာဖြစ်သကဲ့သို့ ゞင်းကိုဖတ်သည့်အခါ စပျစ်ပင်မှအကိုင်းများသည် မိမိ

အဆွေခင်ပွန်းအတွက် အသက်စွန့်ရမည်ဆိုသည့် သူတို့အပေါ်ထားရှိသည့်မျှော်လင့်ချက်

အတွက် သတိပေးချက်လည်းဖြစ်သည်။ လွတ်လပ်သောကုန်သည်တစ်ဦးသည် စိုက်ပျိုးရေး

သမားတစ်ဦးကို မိမိအတွက်စပျစ်စိုက်ပျိုးပေးရန် ရွေးချယ်သည်ဆိုလျှင် စပျစ်သီးများသီးလာ

သည့်အခါ ထိုကုန်သည်သည် လူတိုင်းကိုရောင်းပေး၍လည်းရသည်၊ လူအချို့သာရွေးလျက်

ရောင်းပေး၍လည်းရသည်၊ အမြတ်ရအောင်ရောင်း၍လည်းရသည်၊ အခမဲ့ပေး၍လည်းရ

သည်၊ ရောင်းလည်းမရောင်း ပေးလည်းမပေးဘဲ မိမိအတွက်သာထား၍လည်းရသည်။

သို့သော် စပျစ်စိုက်ပျိုးရေးသမားတစ်ဦးက လူတစ်ဦးက မိမိ၏အစေခံအဖြစ်ရွေးကောက်

လျက် မိမိပြင်ဆင်ထားသောသူတို့အား စပျစ်သီးများကို အခမဲ့လိုက်လံဝေငှစေသည်ဆိုလျှင်

ထိုအစေခံသည် ထိုစပျစ်သီးများကို မိမိကြိုက်သလိုလုပ်၍မရပေ။ သေချာသည်မှာ မိမိအတွက်

သိမ်းထား၍မရပေ။ သူ့ကိုရွေးချယ်ခန့်အပ်သောသူဖြစ်သည့် စပျစ်စိုက်ပျိုးရေးသမား၏

ညွှန်ကြားချက်အတိုင်းလုပ်ရမည်ဖြစ်သည်။ ရှင်ပေါလုက ဤသို့ပြောထားသည် ငါသည် ဧဝံဂေလိတရားကို ဟောရုံပြုလျှင် ဝါကြွားခြင်း အကြောင်းမရှိသေး။ အဘယ်ကြောင့် နည်းဟူမူကား၊ မဟောဘဲမနေနိုင်။ မဟောဘဲနေလျှင် အမင်္ဂလာရှိ၏။

သို့ဖြစ်၍ အမှုတော်ကို အလိုအလျောက် ဆောင်ရွက်လျှင် အကျိုးရှိ၏။ ကိုယ်အလိုကိုငြင်းဆန်၍ ဆောင်ရွက်လျှင် အရာတော်၌ ခန့်ထားသောသူဖြစ်၏။ (၁ကော ၉း၁၆-၁၇)။

ထို့ပြင် မိမိတမန်တော်များကို သခင်ဘုရားရွေးကောက်လိုက်ခြင်းက သူတို့အတွက်

အားတက်စရာဖြစ်သကဲ့သို့ သူတို့အသက်တာတွင် အခြားရွေးချယ်စရာရှိ၊ စပျစ်ကိုင်းများ

အဖြစ်ထမ်းဆောင်လျက် ဘုရားသခင်၏မေတ္တာနှင့်နှစ်ဖွယ်ကောင်းမှုတို့ကို အခြားသော

လူသားရောင်းရင်းတို့ထံ ပို့ဆောင်ပေးရမည့် ဘုရားပေးတာဝန်သာ သူတို့တာဝန်ဖြစ်ကြောင်း

ကိုလည်ထောက်ပြသည်။

ကျွန်ုပ်တို့၏အပိုင်းကဏ္ဍသည် အဓိကစပျစ်ကိုင်းများဖြစ်ကြသည့် တမန်တော်များ

လောက်တော့ဖြစ်မည်မဟုတ်ဟု ကျွန်ုပ်တို့ခံစားမိတတ်ကြသည်။ သို့သော် ဤစပျစ်ကိုင်းများကို

မိန့်တော်မူသောအရာတို့သည် စပျစ်ပင်ပေါ်မှ အခက်အလက်အားလုံးနှင့်လည်း ဆိုင်သည်။

]]ခရစ်တော်သည် ငါ့အတွက်အသက်ကိုစွန့်တော်မူသည်}}ဟု ယုံကြည်သူအားလုံးက ပြောနိုင်

သည်။ ကိုယ်တော်၏ပညတ်တော်ကိုလိုက်လျှောက်ခြင်းဖြင့် ကိုယ်တော်၏မိတ်ဆွေဖြစ်ရန်

ယုံကြည်သူတိုင်းကို ဖိတ်ခေါ်ထားသည်။ ထိုနည်းတူ ခရစ်တော်သည်လည်း ယုံကြည်သူတစ်ဦး

စီ၏ မိတ်ဆွေဖြစ်လျက် ခမည်းတော်ထံမှကြားရသော အတွင်းစကားအားလုံးကို ပြန်ပြောပြ

သည်။ ခရစ်တော်သည် ယုံကြည်သူတိုင်းကို တည်ကြည်သောအသီးသီးရန် ရွေးကောက်တော်

မူသည်။ ယုံကြည်သူတစ်ဦး၏အသက်တာ၌တွေ့ရသည့်အရည်အသွေး၏သက်သေခံခြင်းရ

လဒ်အဖြစ် ကြီးထွားတိုးတက်လာသည့် ခရစ်ယာန်အကျင့်ဓလေ့ကောင်းအားလုံးနှင့် ကျေးဇူး

တရားအားလုံးတို့သည်လည်းကောင်း၊ ထိုသက်သေခံခြင်းကြောင့် ခရစ်တော်ကိုယုံကြည်လာ

သောသူတစ်ဦးစီတို့သည်လည်းကောင်း ထာဝရတည်မည့်အသီးပင်ဖြစ်ကြပါသည်။ ゞင်းကပေး

သောဝမ်းမြောက်မှုသည် မည်သည့်အခါမျှမပျောက်ပျက်နိုင်ပေ။

ခရစ်တော်၏ ရက်ရောသောမိန့်တော်မူချက်ကို သတိထားကြည့်ပါ။သင်တို့၏အသီး။ ကျွန်ုတို့ကြောင့် သီးလာတာလား။

တစ်မျိုးပြောရလျှင် မဟုတ်ပါ။ ကိုယ်တော်မပါလျှင် ကျွန်ုပ်တို့ ဘာမျှမလုပ်နိုင်ပါ။ လိုအပ်သော

အရာများကို ကိုယ်တော်ကပေးတော်မူသည်။ ကိုယ်တော်က ကျွန်ုပ်တို့ကို စောင့်ရှောက်ရသည်။

ဥယျာဉ်မှူးမှာလည်း ခမည်းတော်ဖြစ်သည်။ သို့သော် အကျိုးရလဒ်ထွက်ပေါ်လာသောအခါ

ကိုယ်တော်သည် သဘောထားကြီးစွာဖြင့် ]သင်တို့၏အသီး}ဟု ခေါ်သည်။ အကြောင်းမှာ

ဤဖြစ်စဉ်တွင် ကျွန်ုပ်တို့၏ပင်ကိုယ်အရည်အသွေးနစ်မြုပ်မသွားပါ။ ကျွန်ုပ်တို့သည်

အနန္တတန်ခိုးရှင်အချို့က မိမိကောင်းချီးများစီးဆင်းစေသည့် ပုဂ္ဂိုလ်မဲ့သည့်အကိုင်းများ၊

ပိုက်များ၊ မြောင်းများ မဟုတ်ပါ။ ကျွန်ုပ်တို့သည် လူပုဂ္ဂိုလ်များဖြစ်ကြလျက် မိမိတို့၏ပင်ကိုယ်

အရည်အသွေးမပျောက်ပျက်ဘဲ ခရစ်တော်၌တည်နေသူများဖြစ်ကြသည်။ အမှန်မှာ ခရစ်

တော်၌တည်နေခြင်းက ကျွန်ုပ်တို့၏ကိုယ်ရည်ကိုယ်သွေးကို ပို၍ပင်ပြောင်မြောက်စေသည်။ ထို

အခါ ကျွန်ုပ်တို့ကို ဖန်ဆင်းလျက် ကျွန်ုပ်တို့၏စွမ်းရည်ကိုသိတော်မူသော ဘုရားသခင်သည်

ကျွန်ုပ်တို့ကို အပြည့်အဝကြီးထွားတိုးတက်စေသည်။ ခရစ်တော်သည် အရင်းအမြစ်ဖြစ်သော်

လည်း သီးလာသောအသီးကို ရက်ရောစွာနှင့် ]သင်တို့၏အသီး}ဟု မိန့်တော်မူသည်။ ကျွန်ုပ်တို့

သည် ထိုအသီးကိုကြည့်လျက် ထိုအသီးအတွက် ထာဝရဝမ်းမြောက်ရမည်ဖြစ်သည်။

ခမည်းတော်ထံဆုတောင်းသည့်အခါ ခရစ်တော်၏နာမတော်နှင့်အခွင့်အာဏာကိုအသုံး

ပြုရန် ယုံကြည်သူတိုင်းကို ခွင့်ပြုလျက် (အားပေးတိုက်တွန်းထားပါသည်)။ ဤအချက်က

ဘာကိုဆိုလိုကြောင်း စဉ်းစားကြည့်ပါ။ အလွန်ချမ်းသာြွကယ်ဝသောသူဌေးတစ်ဦးသည်

ဆင်းရဲသည့်သူငယ်ချင်းတစ်ဦးကို စီးပွားရေးလုပ်ငန်းမတည်ပေးပြီး သူ့သူငယ်ချင်းသည် သူ့

စီးပွားရေးဆက်လက်လည်ပတ်နိုင်ရန်အတွက်လည်း လုံလောက်သောအရင်းအနှီးမရှိကြောင်း

သိသဖြင့် လိုအပ်သည့်အခါ သူ့ဘဏ်သို့သွား၍ သူ့နာမည်ကို အသုံးပြုနိုင်ကြောင်း ခွင့်ပြုထား

သည်ဆိုကြပါစို့။ အကျိုးကျေးဇူးမှာ ထိုသူသည် ဘဏ်သို့သွား၍ ချမ်းသာသောမိမိသူငယ်ချင်း

၏နာမည်ကိုအသုံးပြုပါက သူလိုအပ်သောငွေကြေးကို ဘဏ်ကထုတ်ပေးမည်ဖြစ်သည်။ အံ့ဩ

စရာတော့ကောင်းပါသည်။ တစ်ခါက တော်လှန်ပုန်ကန်သူများဖြစ်ခဲ့ကြပြီး ယခု ရွေးနှုတ်ကယ်

တင်ခြင်းကိုခံရကြပြီဖြစ်သော်လည်း မကြာခဏ အပြစ်ပြုမိနေဆဲဖြစ်သည့် ကျွန်ုပ်တို့သည်

ကောင်းကင်ဘဏ်သို့ဝင်ကာ ခမည်းတော်ထံသို့ ဘုရားသားတော်၏နာမတော်ဖြင့် ကျွန်ုပ်တို့လို

အပ်သောအရာများကို တောင်းလျှောက်နိုင်ပြီဖြစ်သည်။ ထိုအခါ ခမည်းတော်သည် သားတော်

၏နာမတော်ကို ဂုဏ်ပြုလျက် ကျွန်ုပ်တို့ တောင်းသောအရာကို ပေးတော်မူမည်ဖြစ်သည်။

ခရစ်တော်သည် ထို့ထက်ပိုကောင်းသည့်မိတ်ဆွေ ဖြစ်နိုင်ဦးမည်လား။ ကျွန်ုပ်တို့သာ ကိုယ်

တော့်အပေါ် မိတ်ဆွေကဲ့သို့ မတုန့်ပြန်လျှင် ရှက်စရာကောင်းပေမည်။ ထို့ကြောင့် ကျွန်ုပ်တို့

သည် ကိုယ်တော်အပေါ် မိတ်ဆွေကဲ့သို့တုန့်ပြန်လိုသည်ဆိုလျှင် ကိုယ်တော်သည် အဆုံးသတ်

တော့မည်ဖြစ်၍ သူ၏ပညတ်တော်ကို ဤသို့ပေါင်းချုပ်တော်မူသည်။

 

(ခ)လောက၏မုန်းတီးမှုအကြောင်းထုတ်ဖော်ပြောဆိုခြင်း

ကြိုတင်အသိပေးခြင်း

ပြီးခဲ့သည့်အပိုင်းတွင် စစ်မှန်သောသန့်ရှင်းစင်ကြယ်ခြင်း၏မရှိမဖြစ်သောအပိုင်းတစ်ပိုင်း

မှာ ဘုရားသခင်ရှေ့တော်၌ ဘုရားသခင်အတွက် လောကထဲတွင် သက်သေခံရန်ဖြစ်ကြောင်း

ကျွန်ုပ်တို့သင်ယူခဲ့ပြီဖြစ်သည်။ ထိုသို့သက်သေခံခြင်းတွင် ပထမအနေဖြင့် စိတ်ဝင်စားဖွယ်

ကောင်းသည့်ဝိညာဉ်အသီးများသီးသောအသက်တာအားဖြင့် သက်သေခံခြင်းဖြစ်၍ ကျွန်ုပ်တို့နှင

ထိတွေ့ရသောသူတို့သည် ထိုကောင်းသောအသက်တာအားဖြင့် သခင်ဘုရားကို မြည်းစမ်းခွင့်

ရကြမည်ဖြစ်ပြီး ‘ဒုတိယအနေဖြင့် တစ်ဦးချင်းဖြစ်စေ၊ အများရှေ့တွင်ဖြစ်စေ နှုတ်အားဖြင့်

ဟောပြောသက်သေခံခြင်းဖြစ်သည်။

ယခု ဤသင်ခန်းစာတွင်မူ ကျွန်ုပ်တို့သက်သေခံရမည့်လောကသည် ဘုရားသခင်နှင့်ခရစ်

တော်တို့အပေါ် မုန်းတီးမှုများကို ထင်ရှားစွာဖော်ပြနေသည့်လောကဖြစ်ကြောင်း သိမြင်စေ

ခြင်းအားဖြင့် ကျွန်ုပ်တို့၏လုပ်ငန်းတာဝန်အတွက် ကျွန်ုပ်တို့ကို ပြင်ဆင်တော်မူမည်ဖြစ်သည်။

ထိုမုန်းတီးမှုက ခရစ်တော်ကိုယ်တိုင်ကို လက်ဝါးကပ်တိုင်ပေါ်တင်ခဲ့သည်။ သို့သော်

ဘုရားသခင်သည် စွန့်ပစ်တော်မမူဘဲ ဘုရားသခင်သည် မည်သို့သောအရှင်ဖြစ်တော်မူသည်ကို

ထိုလောကထဲတွင်သက်သေခံရန် ကျွန်ုပ်တို့ကို စေလွှတ်တော်မူသည်။ ထိုအခါ အချို့တို့၏

မျက်စိကို ပွင့်စေလျက် ဘုရားသခင်နှင့်ပြန်လည်သင့်မြတ်နိုင်စေရန်ဖြစ်သည်။

လောကသည် ခရစ်တော်ကိုဆက်ဆံသည်ထက် ကျွန်ုပ်တို့ကို ပိုမိုကောင်းမွန်စွာဆက်ဆံ

လိမ့်မည်ဟု ကျွန်ုပ်တို့မျှော်လင့်၍မရပါ။ သို့သော် ကျွန်ုပ်တို့အတွက် ခရစ်တော်ပေးသည့် ထူး

မြတ်သောအထောက်အမအကြောင်း ကိုယ်တော်၏ကြေညာချက်အားဖြင့် ဤအပိုင်းကို

ကျွန်ုပ်တို့အဆုံးသတ်ကြမည်ဖြစ်သည်။ လောကထဲတွင် ခရစ်တော်အကြောင်းသက်သေခံရမည့်

ကြီးလေးသောမဟာတာဝန်ကို ကျွန်ုပ်တို့ကိုယ်တိုင်ထမ်းရန်မလိုပါ။ ခရစ်တော်က ခမည်းတော်

ထံမှစေလွှတ်လိုက်သော သန့်ရှင်းသောဝိညာဉ်တော်သည် ထိုမဟာတာဝန်ကိုထမ်းဆောင်မည်

ဖြစ်သည်။ အသိအမှတ်ပြုပေးတော်မူထားသည့် ကျွန်ုပ်တို့၏တာဝန်မှာ ခရစ်တော်အကြောင်း

ဝိညာဉ်တော်ကသက်သေခံတော်မူရာတွင် တန်ဆာပလာအဖြစ် အသုံးတော်ခံရန်ဖြစ်သည်။

လောက၏မုန်းတီးမှုကိုသိနားလည်ခြင်း

“ လောကီသားတို့သည် သင်တို့ကိုမုန်းလျှင်၊ သင်တို့ကို မမုန်းမီ ငါ့ကိုမုန်းကြသည်ကို သိမှတ်ကြလော့။

သင်တို့သည် လောကီနှင့်ဆက်ဆံလျှင်၊ လောကီသားတို့သည် မိမိတို့နှင့်ဆက်ဆံသော သင်တို့ကို ချစ်ကြလိမ့်မည်။ သင်တို့သည် လောကီနှင့်မဆက်ဆံ၊ လောကီထဲက ငါရွေးကောက်သောသူဖြစ်သောကြောင့်၊ လောကီသားတို့သည် သင်တို့ကိုမုန်းကြ၏။

ကျွန်သည် မိမိသခင်ထက်သာ၍ ကြီးမြတ်သည်မဟုတ်ဟု ငါပြောခဲ့ပြီးသောစကားကို အောက်မေ့ကြလော့။ သူတို့သည် ငါ့ကိုညှဉ်းဆဲလျှင် သင်တို့ကို ညှဉ်းဆဲကြလိမ့်မည်။ ငါ့စကားကိုနားထောင်လျှင် သင်တို့၏ စကားကို နားထောင်ကြလိမ့်မည်။

ထိုသူတို့သည် ငါ့ကိုစေလွှတ်တော်မူသောသူကို မသိသည်ဖြစ်၍၊ ငါ၏နာမကြောင့် သင်တို့အား ထိုအမှုရှိသမျှတို့ကို ပြုကြလိမ့်မည်။”

(ယော ၁၅း၁၈-၂၁)

ယေရှုခရစ်တော်သည် အဘယ့်ကြောင့်မုန်းတီးခြင်းခံရမည်နည်း။ အသက်ပေးပိုင်သော

အရှင်၊ ဖြောင့်မတ်ခြင်းနှင့်ငြိမ်းချမ်းခြင်းဘုရင်၊ အပြစ်သားတို့၏အဆွေခင်ပွန်း၊ ဘုရားသခင်

၏ခွင့်လွှတ်ခြင်းကိုယူဆောင်လာသူနှင့် တောင်ပေါ်ဒေသနာကိုဟောကြားသောသူသည် အဘယ့်

ကြောင့် လက်ဝါးကပ်တိုင်ပေါ်တင်သည့်အထိ အမုန်းခံရသနည်း။ ထိုသို့မုန်းတီးသောသူတို့

သည် ဟစ်တလာကဲ့သို့သော နိုင်လိုမင်းထက်ပြုသည့်အာဏာရှင်မျိုးကို မုန်းတီးသည်ဆိုလျှင်

နားလည်ပေး၍ရနိုင်ပါသည်။ သို့သော် ယေရှုခရစ်တော်ကို အဘယ့်ကြောင့်မုန်းရသနည်း။

တစ်နေ့သောအခါ လူမျိုးခေါင်းဆောင်များသည် ကိုယ်တော်ကို လက်ဝါးကပ်တိုင်ပေါ်တင်

ရန်ကြိုးစားကြလိမ့်မည်ဟု ပေတရုနှင့်သူ့မိတ်ဆွေ တပည့်တော်များ ပထမဆုံးအကြိမ်ကြားရ

စဉ်က သဘာဝမကျသောအမှားတစ်ခုဟုထင်မြင်ခဲ့ကြသည်။ ထိုအခါ ပေတရုသည် ကိုယ်တော်ကို မိမိနှင့်အတူ ခေါ်၍၊ သခင်၊ ကိုယ်တော်၌ ဤသို့ မဖြစ်ပါစေနှင့်။ ဤအမှုသည် ကိုယ်တော်၌ မရောက်ရာဟု အပြစ်တင်သောစကားကို လျှောက်သော်၊(မ ၁၆း၂၂)။

သို့သော် ထိုအတိုင်းဖြစ်လာခဲ့သည်။ ထို့ပြင် ကောင်းကင်သို့ ကိုယ်တော်ပြန်တက်ြွကပြီး

သည့်နောက်ပိုင်းတွင်လည်း တပည့်တော်များအပေါ် လောက၏ပြုမူဆက်ဆံမှုသည် ကိုယ်

တော့်အပေါ် ပြုမူဆက်ဆံခဲ့ပုံထက် ပိုကောင်းစရာအကြောင်းမရှိပေ။ ထို့ကြောင့် သူတို့သည်

လောကထဲသို့သွား၍ ခရစ်တော်အတွက်သက်သေခံကြမည်ဆိုလျှင် လောက၏မုန်းတီးမှု

ကိုရင်ဆိုင်ရန် အဆင်သင့်ပြင်ထားရမည်ဖြစ်သည်။ ထိုသို့ပြင်ဆင်ရာတွင် ‌၄င်း၏အကြောင်း

ရင်းမှန်ကို နားလည်ထားပါက အထောက်အကူဖြစ်ပေလိမ့်မည်။ ထိုသို့နားလည်ခြင်းက မိမိခြေ

လက်တို့ကို သံမှိုနှင့်ရိုက်သောသူတို့အတွက် ]]အိုအဘ၊ သူတို့အပြစ်ကိုလွှတ်တော်မူပါ။ သူတို့

သည် ကိုယ်ပြုသောအပြစ်ကိုမသိကြ}}ဟု ဆုတောင်းပေးခဲ့သော သူတို့သခင်ကဲ့သို့ သူတို့ကို

လည်း မေတ္တာကရုဏာရှိလာစေမည်ဖြစ်သည်။ ထိုအခါ သူတို့သည် ထိုကရုဏာအားဖြင့် ဘုရား

သခင်နှင့်သားတော်တို့အကြောင်း သမ္မာတရားကို မဖြစ်မနေဟောပြောလိုသည့်ဆန္ဒဖြစ်ပေါ်

လျက် သေခြင်းကိုဖြစ်စေသည့် ထိုမသိမှုကိုဖယ်ရှားရန်အတွက်ဆိုလျှင် လိုအပ်ပါက မည်သည့်

မုန်းတီးမှုကိုမဆိုသီးခံမည့် စေတနာစိတ်ဆန္ဒလည်း ဖြစ်ပေါ်လာသည်။

တပည့်တော်တို့သည် သူတို့အပေါ် လောက၏မုန်းတီးမှုကို ရင်ဆိုင်နိုင်ရန်အတွက်

ထိုမုန်းတီးမှုနှင့်ပတ်သက်၍ မိမိတို့စိတ်ထဲ သိရှိနေရမည့်အချက်လေးချက်မှာ-

၁။ ၄င်းတွင် အစဉ်အလာတစ်ခုရှိသည်

၂။ လောက၏မုန်းတီးမှုကိုနှိုးဆွပေးသော ခရစ်တော်နောက်လိုက်သူတို့၏အကြောင်းအရာ

၃။ ခရစ်တော်ထက် သူတို့ကို ပိုကောင်းစွာပြုမူဆက်ဆံကြလိမ့်မည်ဟု ခရစ်ယာန်တို့မျှော်လင့်

၍မရပါ ။

၄။ လောက၏မုန်းတီးမှုကိုဖြစ်စေသော အခြေခံအကြောင်းရင်း အစဉ်အလာ

သခင်ယေရှုခရစ်တော်၏သတင်းကောင်းသည် ဝမ်းမြောက်ဖွယ်ဖြစ်လျက် ပြည့်စုံသော

ခွင့်လွှတ်ခြင်း၊ ထာဝရအသက်လက်ဆောင်၊ ဘုရားသခင်နှင့်ရန်ငြိမ်းခြင်း၊ နေ့စဉ်နှင့်အမျှ ခရစ်

တော်နှင့်အတူအသက်ရှင်ခြင်း၊ ကောင်းကင်ရောက်မည့်စိတ်ချမှုနှင့် အခြားကောင်းချီးများစွာ

တို့ကို ရရှိစေသည်။ ထို့ကြောင့်လည်း ယုံကြည်သူလူသစ်များသည် ထိုသတင်းကောင်းကို မိမိ

တို့မိတ်ဆွေများအား ပြန်ပြောပြရန် စိတ်စောနေတတ်ကြခြင်းဖြစ်သည်။ လူတို့ ယေရှုကို

မယုံကြည်ကြသေးသည့် တစ်ခုတည်းသောအကြောင်းရင်းမှာ ကယ်တင်ခြင်းကို အမှန်အတိုင်း

မသိကြသေးသောကြောင့်ဖြစ်သည်ဟု ထိုယုံကြည်သူလူသစ်က စဉ်းစားမိသည်။ ထို့ကြောင့်

အကျိုးသင့်အကြောင်းသင့်စဉ်းစားတတ်သော သူ့မိတ်ဆွေများကို ပြောပြလိုက်ရန်သာလို

သည်။ သူတို့ဝမ်းမြောက်စွာလက်ခံကြလိမ့်မည်ဟု သူထင်သည်။ သို့သော် လက်တွေ့တွင် သူ

သည် အေးတိအေးစက် စိတ်မဝင်စားမှုများနှင့်ကြုံရသည်။ တစ်ခါတစ်ရံ ရန်လိုမှုများကိုပင်

ကြုံရသည်။ သူ့ကို အဘယ့်ကြောင့်လက်မခံကြသနည်းဟု သူစဉ်းစားမရဖြစ်နေသည်။ သူ၌ရှိ

သည့်အရာသည် အစစ်အမှန်ကောဟုတ်ပါရဲ့လားဟုပင် သူစဉ်းစားလာမိသည်။ သူတို့လူမျိုး၏

ဘာသာရေးခေါင်းဆောင်များဖြစ်ကြသည့် ယဇ်ပုရောဟိတ်ကြီးများနှင့်တရားလွတ်တော်တို့

သည် သူတို့နှင့်သူတို့၏သတင်းကောင်းအပေါ် ခါးခါးသီးသီးရန်လိုကြလိမ့်မည်ဟု မိမိတမန်

တော်များအား ယေရှုမိန့်တော်မူထားသည်မဟုတ်ပါလား။

ဤအခြေအနေတွင် ယုံကြည်စခရစ်ယာန်တစ်ဦးက မိမိကိုယ်ကိုယ် ]ငါ တစ်ခုခုများ မှား

နေသလား}ဟု မေးမိလျှင် ゞင်းသည် သဘာဝပင်ဖြစ်သည်။ မှန်ပါသည်။ တစ်ခါတစ်ရံ ယုံကြည်

စခရစ်ယာန်သည် စိတ်အားထက်သန်လွန်းသောကြောင့် အခြားသူများထံ သူ၏သက်သေခံမှု

သည် ပါးနပ်မှုမရှိ၊ ရိုင်းသလိုပင်ဖြစ်သွားတတ်ပါသည်။ တစ်ခါတစ်ရံလည်း နဂိုခရစ်ယာန်

လူဟောင်းများ၏အပြုအမူအနေထိုင်များကြောင့် သူတို့ဟောပြောသည့် သတင်းကောင်း

အပေါ် လူတို့၏တန်ဖိုးထားမှုလျော့နည်းနေတတ်သည်လည်းရှိသည်။ ခရစ်ယာန်မဟုတ်သူ

များက ခရစ်ယာန်များအပေါ် မကျေမချမ်းဖြစ်ရခြင်းမှာ တစ်ခါတစ်ရံတွင် ခရစ်ယာန်

တို့၏အမှားကြောင့်လည်းဖြစ်တတ်သည်။ နိုင်ငံရေးနှင့်ဘာသာရေးကို မသန့်မရှင်းရောနှောသူ

များ၏ ခရစ်ယာန်လောကသည် မကြာခဏပင် ခရစ်ယာန်မဆန်သော ရက်စက်မှုများနှင့်

ယုတ်မာမှုများ ကျူးလွန်မိတတ်၍ ထိုလုပ်ရပ်များကြောင့် မုန်းတီးခြင်းသည် မုန်းတီးထိုက်၍

မုန်းတီးခြင်း ဖြစ်သည်ဟု နားလည်လက်ခံ၍ရသည်။

သို့သော် ゞင်းအကြောင်းတရားနှင့်မတူညီသောအကြောင်းရင်းကြောင့်ဖြစ်လာသည့်

မုန်းတီးမှုလည်းရှိသည်။ ထိုအခြေအနေများမတိုင်မီကပင် လောကသည် ခရစ်ယာန်များကို

မုန်းတီးလျက် ယေရှုခရစ်တော်ကို ပို၍ပင်မုန်းတီးခဲ့သည်ကို ကျွန်ုပ်တို့သတိရမိပေလိမ့်မည်။

ယေရှုသည် မည်သည့်အမှားကိုမျှမကျူးလွန်ခဲ့ပေ။ တစ်ဘက်စောင်းနင်းဖြစ်သော အယူသန်မှု၊

စာနာမှုကင်းမဲ့သောဘာသာတရားနှင့် လူတို့၏ခံစားမှုကိုလျစ်လျူရှုခြင်းမျိုး ဘာမျှမပြုခဲ့ပေ။

သို့သော် လူတို့သည် သူ့ကို မိမိတို့ဆန္ဒအလျောက်မုန်းခဲ့ကြသည်။ နေရာအနှံ့ပြန့်နေသော

လောက၏ယုတ်မာမှုများကြောင့် ကျွန်ုပ်တို့ ထုံနေပြီလားမပြောတတ်ပါ။ မည်သို့ပင်ဖြစ်စေ၊

အသက်ရှင်ခဲ့သမျှသောလူတို့တွင် တရားမျှတမှုအရှိဆုံးသောလူသားသည် အခြားသောလူသား

တို့၏ ကားတိုင်တင်သတ်ခြင်းကိုခံရသည်ဆိုသည့် အမှန်ထူးဆန်းသောဖြစ်ရပ်အကြောင်းကို

ကျွန်ုပ်တို့တကယ်ပင် ဆင်ခြင်စဉ်းစားသင့်ပါသည်။ ထို့ကြောင့် ဤလောကသည် ထိုအရှင်၏

နောက်လိုက်များကိုလည်း မုန်းတီးပါက နောက်လိုက်များ၏အမှားဟု ပြော၍မရတော့ပေ။

 

လောက၏မုန်းတီးမှုကိုနှိုးဆွပေးသော

ခရစ်တော်နောက်လိုက်သူတို့၏အကြောင်းအရာ

ခရစ်တော်နောက်လိုက်သူတို့အပေါ် လောက၏မုန်းတီးမှုသည် အပြည့်အဝသစ္စာရှိခြင်း

ကြောင့်ဖြစ်လာသည့် စွဲမြဲနေသောထိပ်တိုက်တွေ့ဆုံမှု၌ အရင်းခံသည်။ လောကသည်

ထိုအချက်ကိုသိ၍ ထိုအချက်ကိုမုန်းသည်။ ပိုဆိုးစေသည်မှာ ခရစ်တော်နောက်လိုက်သူများသည်

မူလက အခြားသူများကဲ့သို့ ]လောကနှင့်ဆိုင်သောသူများ} ဖြစ်ခဲ့ကြသည်။ သူတို့သည်

လောက၏စိတ်သဘောထားများ၊ ယူဆချက်များ၊ တန်ဖိုးထားမှုများ၊ ရည်ရွယ်ချက်များနှင့်

လောက၏ပန်းတိုင်များကို မျှဝေခံယူခဲ့ကြသူများ ဖြစ်ကြသည်။ သို့သော် ယခုပြောင်းလဲသွားပြီ

ဖြစ်သည်။ ခရစ်တော်သည် သူတို့ကို လောကမှ ရွေးနှုတ်လိုက်ပြီဖြစ်သည်။ သူတို့၏သစ္စာခံမှုသည်

လောကနှင့်ဆန့်ကျင်ဘက်ဖြစ်နေသည့် နိုင်ငံတော်အတွက်ဖြစ်သွားသည်။ ထို့ကြောင့်

လောကသည် ခရစ်တော်နောက်လိုက်သူများကို သဘောမတွေ့တော့ပေ။ လောကသည် တစ်ခါ

တစ်ရံလည်း မသိမသာ၊ တစ်ခါတစ်ရံလည်း ထင်ထင်ရှားရှားနှင့် စစ်မှန်သောခရစ်ယာန်များအား

လောကကိုခြိမ်းခြောက်နေသူဖက်သို့ သွားကြသည့် တပ်ပြေးများအဖြစ် မြင်နေတတ်သည်။

အချို့သော လိုအပ်သည့်ရှင်းပြချက်များနှင့်အဓိပ္ပါယ်ဖွင့်ဆိုချက်များ

သို့သော် ဤနေရာတွင် ခေတ္တရပ်လျက် ]လောက}ဆိုသောစကားလုံးအားဖြင့် ခရစ်တော်

သိစေလိုသောအရာသည် မည်သည့်အရာဖြစ်ကြောင်း ကျွန်ုပ်တို့မေးခွန်းထုတ်ကြပါမည်။

ကိုယ်တော် မိန့်တော် မူရာတွင် ခရစ်ယာန်မဟုတ်သူများအားလုံးသည် အချင်းချင်း ချစ်ကြလိမ့်မည်ဟု မဆိုလိုပေ။

သူတို့အချင်းချင်းမချစ်ကြကြောင်းအထင်အရှားပင်ဖြစ်သည်။

ကမ္ဘာ့နေရာများစွာတွင်

ဖြစ်ပျက်နေသော ပြည်တွင်းစစ်များ၊ လူမျိုးရေးစစ်ပွဲများကိုကြည့်ပါ။

ထို့နည်းတူ ကိုယ်တော် မိန့်တော်မူရာတွင်

ခရစ်ယာန်မဟုတ်သူအားလုံးက ခရစ်ယာန်တိုင်းကို မုန်းကြသည်ဟု မဆိုလိုပါ။ ထိုသို့မဟုတ်

မှန်း ခရစ်တော်သိသည်။ ကိုယ်တော်သည် ညှင်းပန်းနှိပ်စက်မှုကို အရူးအမူးဖြစ်နေသူ

မဟုတ်ပါ။ အမုန်းတရားမရှိသည့်နေရာများတွင် ၄င်းအကြောင်းကို ကိုယ်တော်မစဉ်းစားပါ။

မိခင်များသည် မိမိတို့ကလေးငယ်များကို ကိုယ်တော့်ထံခေါ်ဆောင်လာကြ၍ ကိုယ်တော်သည်

သူတို့ကိုကောင်းချီးပေးတော်မူသည် (မာ ၁၀း၁၃-၁၆)။ ကိုယ်တော်သည် လူအုပ်ကြီးအပေါ်

ကရုဏာထားတော်မူလျက် သူတို့သည် သိုးထိန်းမရှိသောသိုးများနှင့်တူနေကြသည်ဟု ခံစား

တော်မူ၍ သူတို့ကိုကျွေးမွေးကာ သူတိ၏ အနာရောဂါများကိုငြိမ်းစေတော်မူသဖြင့် သူတို့သည်

ကိုယ်တော်အတွက် ဘုရားသခင်ကို ချီးမွမ်းခဲ့ကြသည် (မ ၉း၃၅-၃၆၊ ၁၅း၃၀-၃၂)။

အပြစ်

သားများအပေါ် ကရုဏာထားတော်မူလျက် သူနှင့်အတူတကွစားသောက်ရန် သူတို့ဖိတ်ခေါ်

သည့်အခါ ကိုယ်တော်သည် လက်ခံတော်မူလျက် မိမိစားပွဲတွင် သူတို့နှင့်အတူစားသောက်

သောကြောင့် သူ့ခေတ်သူ့အခါက ဘာသာရေးခေါင်းဆောင်များက အခွန်ခံများနှင့်အပြစ်သား

များ၏မိတ်ဆွေဟု စွပ်စွဲပြောဆိုခဲ့ကြသည် (လု ၁၅း၁၊ ၁၉း၇)။ ဂျေရုဆလင်မှလူထုတို့သည်

အာဏာပိုင်များ၏ကြိုးကိုင်ခြယ်လှယ်မှုကြောင့် ကိုယ်တော့်ကို လက်ဝါးကပ်တိုင်ပေါ်တင်ရန်

အော်ဟစ်ခဲ့ကြသော်လည်း ထိုသို့လက်ဝါးကပ်တိုင်ပေါ်တင်ခြင်းကိုခံတော်မမူမီ သတင်းတစ်

ပတ်အကြာက သူတို့သည် ကိုယ်တော်၏ဟောကြားသွန်သင်ချက်ကို ဝမ်းမြောက်စွာနားထောင်

ခဲ့ကြသည်။ ထို့ပြင် ပင်တေကုတ္တေပွဲနှင့်နောက်ပိုင်းတွင် သူတို့ထဲမှ ထောင်နှင့်ချီသောလူတို့သည်

မိမိတို့၏သစ္စာခံမှု၊ ယုံကြည်မှုနှင့်မေတ္တာတို့ကို ကိုယ်တော်အားပုံအပ်လျက် ကိုယ်တော်နောက်

သို့လိုက်ခဲ့ကြသည် (မာ ၁၂း၃၇၊ ၁၅း၁၁၊ တ ၂း၄၁၊ ၄း၄)။

ထို့ကြောင့် ခရစ်တော်က တပည့်

တော်များအား လောကသည် သူတို့ကိုမုန်းသည့်အခါ သူတို့မအံ့ဩကြရန်မိန့်တော်မူခြင်းက

ခရစ်ယာန်မဟုတ်သူအားလုံးက ခရစ်ယာန်တိုင်းကို မုန်းကြလိမ့်မည်ဟု မဆိုလိုပါ။

ထိုမိန့်တော်မူချက်အားဖြင့် ကျွန်ုပ်တို့နားလည်ရမည့်အချက်မှာ လောက၏နေရာတိုင်း

တွင် မကောင်းမှုများစိမ့်ဝင်ပြန့်နှံ့နေသည်ကို ကျွန်ုပ်တို့မြင်အောင်ကြည့်ရမည်ဖြစ်ပြီး ဤသို့ဖြစ်

ရခြင်းမှာ သမ္မာကျမ်းစာ၏သဘောအရပြောရလျှင် လူသားမျိုးနွယ်တို့ ဘုရားသခင်နှင့်ဝေးကွာ

နေခြင်းကြောင့်ဖြစ်သည်။ ဤလောက၏မင်းဖြစ်လာသော (ယော ၁၂း၃၁၊ ၁၄း၃၀၊ ၁၆း၁၁)

စာတန်က ဧဒင်ဥယျာဉ်တွင် အာဒံနှင့်ဧဝတို့အား ဘုရားသခင်သည် သူတို့နှင့်ဆန့်ကျင်ဘက်

ဖြစ်ကြောင်း၊ ပျော်ရွှင်သောဘဝကိုပိုင်ဆိုင်ရန်အတွက်ဆိုလျှင် ဘုရားသခင်နှင့် ဘုရားသခင်

၏စကားကို ဆန့်ကျင်တော်လှန်ရမည်ဖြစ်ပြီး ဘုရားသခင်ကိုမမှီခိုဘဲ ဘဝ၏ ကောင်းသော

အရာများကို ဝမ်းမြောက်စွာခံစားရမည်ဖြစ်သည်ဟု သွေးဆောင်ဖြားယောင်းသည့်အချိန်မှ

စ၍ ထိုသို့ဖြစ်လာခဲ့သည်။ သူတို့သည် စာတန်၏လိမ်လည်မှုတွင် ကျရှုံးခဲ့ကြပြီး အကျိုး

ဆက်အဖြစ် လိပ်ပြာမလုံဖြစ်ကြကာ မကောင်းသောအသိစိတ်ကြောင့် ဘုရားသခင်သည် ယခု

သူတို့နှင့်ဆန့်ကျင်ဘက်ဖြစ်တော်မူပြီဟု သူတို့ခံစားလာခဲ့ကြသည်။ ထိုအခါ သူတို့သည်

ထွက်ပြေးလျက် ဘုရားသခင်ထံမှ ပုန်းနေရန်ကြိုးစားလာကြသဖြင့် ဘုရားသခင်သည် သူတို့

အတွက် ကြီးမားသောခြိမ်းခြောက်မှုတစ်ခုဖြစ်လာခဲ့သည် ( ကမ္ဘာဦးကျမ်း ၃ ကိုကြည့်ပါ)။

အသုံးပြုသည့်နည်းလမ်းသာ ပို၍ခေတ်မီကောင်းခေတ်မီလာမည်-လူတို့သည် ယခုလည်း

ဘုရားသခင်ထံမှထွက်ပြေး၍ပုန်းနေရန် ကြိုးစားနေကြဆဲဖြစ်သည်။ လူများစွာတို့သည် သိပ္ပံ

ပညာကိုအားကိုးလျက် စကြဝဠာပြင်ပတွင် ဘုရားသခင်မရှိကြောင်း၊ ရှိခဲ့လျှင်လည်း စကြဝဠာ

ထဲဝင်ရောက်လာလျက် စကြဝဠာထဲရှိသည့်အရာများကို ဝင်ရောက်စွက်ဖက်မှုမပြုနိုင်ကြောင်း

သိပ္ပံပညာက သက်သေပြပေးရန် အလိုရှိကြသည်။ သိပ္ပံပညာက ထိုသို့သက်သေမပြပေ။

ကျွန်ုပ်၏အိမ်နီးနားချင်းတစ်ဦး၌ ဟင်းသီးဟင်းရွက်စိုက်ပျိုးသည့်ခြံကြီးတစ်ခြံရှိ၍

သူသည် အာလူးများကို စိုက်ပျိုုးထားသည်ဆိုကြပါစို့။ သူနှင့်ကျွန်ုပ်သည် လုံးဝမတည့်ကြဟု

လည်းဆိုကြပါစို့။ သို့သော် ကျွန်ုပ်တို့သည် တန်ရာတန်ကြေးပေးနိုင်သည်ဆိုလျှင် သူသည်

ကျွန်ုပ်အား သူ့အာလူးများကို ရောင်းပေးနိုင်ပါသည်။ သို့သော် ကျွန်ုပ်သည် ရှိသမျှကုန်၍

လူမွဲစာရင်းဝင်ကာ ကျွန်ုပ်အတွက်လိုအပ်သောအာလူးဝယ်ရန် ငွေကြေးလုံးဝမရှိတော့သည်

ဆိုလျှင်မူ သူ့ကိုမမှီခို၍မရတော့ပါ။

သူက ကျွန်ုပ်ကို တစ်စုံတစ်ခုပေးမည်ဟု ကျွန်ုပ်မမျှော်လင့်မီ

ကျွန်ုပ်ကိုသနားရန် တောင်းပန်ပြီး သူနှင့်ပြန်လည်သင့်မြတ်ရန်လုပ်ဆောင်ရမည်ဖြစ်သည်။

လူနှင့်ဘုရားသခင်အကြားတွင်လည်း ထိုနည်းတူဖြစ်သည်။ လူတို့သည် မိမိတို့အမှားကို

စွန့်ခွာလျက် မိမိတို့၏ကိုယ်ကျင့်တရားပိုင်းနှင့်ဝိညာဉ်ရေးပိုင်းမွဲတေနေမှုကို ဝန်ခံကာ ဘုရား

သခင်ကိုမှီခိုအားကိုးကာ သူ၏သနားခြင်းကရုဏာကိုတောင်းခံလျက် သူနှင့်ပြန်လည်သင့်မြတ်

ပြီး ခွင့်လွှတ်ခြင်းနှင့်ထာဝရအသက်ကို သူ့ထံမှ လက်ဆောင်အဖြစ်ရယူရန် ဘုရားကဖိတ်ခေါ်

နေသည်။ သို့သော် လူသည် မာနထောင်လွှားလျက် ဘုရားသခင်ကိုမမှီခိုဘဲနေရန်ကြိုးစားနေ

သရွေ့ လူနှင့်ဘုရားသခင်အကြား ဝေးကွာနေမှုသည် ဆက်ပြီးရှိနေမည်ဖြစ်ပြီး ဘုရားသခင်

သည် လူတို့အတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်ဦးမည်ဖြစ်သည်။ သူတို့သည် ကိုယ်တော်ကို

မနှစ်မြို့ဘဲ သူ့ကိုချစ်သည့်အကြောင်းလည်း မပြောလိုကြပေ။ ထို့ကြောင့် ယေရှုအကြောင်း

အမြဲပြောဆိုနေတတ်သည့် စစ်မှန်သောခရစ်ယာန်တစ်ဦးဦးကို သူတို့တွေ့ရ၍ ထိုသူသည်

ဘုရားသခင်နှင့်ခရစ်တော်တို့ကို အမှန်ချစ်သကဲ့သို့ ဘုရားသခင်နှင့်ခရစ်တော်ကလည်း သူ့ကို

အမှန်ချစ်ကြကြောင်း သက်သေထင်ရှားလျှင် သူတို့သည် ထိုသူကိုလည်း မနှစ်မြို့တော့ပေ။

အစွန်းရောက်လာသည့်အခါ ထိုမနှစ်မြို့မှုကြောင့် အစိုးရများထဲတွင်ပင် ဘုရားသခင်ဆိုသော

အတွေးကို တရားဥပဒေ၏စွမ်းအားဖြင့် လူ့ဝန်းကျင်မှ ဖယ်ထုတ်ပစ်ရန် ကြိုးစားလာကြသည်။

ခရစ်တော်ကြုံတွေ့ရသည့်ညှင်းဆဲမှုမျိုးကို ခရစ်ယာန်များလည်းမျှော်လင့်ထားနိုင်သည်

ခရစ်တော်က မိန့်တော်မူခဲ့သည်။ ခရစ်တော်သည် တပည့်တော်များအပေါ် ရိုးသားပွင့်လင်းတော်မူသည်။

တပည့်တော်ဖြစ်စေခြင်းလုပ်ငန်းတွင် အဖိုးအခဘာမျှမပေးရသည့်ပုံမျိုး သူဟန်မဆောင်ခဲ့ပေ။

သစ္စာရှိမှုအတွက် အသက်ကိုပင်ပေးရန် ကိုယ်တော်ဖိတ်ခေါ်ခဲ့သည်။ ကိုယ်တော်၏နာမတော်

အတွက် ယုံကြည်သူထောင်ပေါင်းများစွာတို့သည် မိမိတို့အသက်ကို စတေးခဲ့ကြသည်။

အခြားတစ်ဘက်တွင် ကိုယ်တော်၏ဟန်ချက်ညီသောအတွေးအမြင်ကို ကျွန်ုပ်တို့တွေ့ရ

သည်။ သခင်ဘုရား

သည် ရုပ်ခန္ဓာဖြင့်လောကတွင်အမှုတော်ဆောင်ရွက်စဉ် ကိုယ်တော်၏စကားကိုယုံကြည်ကြ

သဖြင့် သူတို့၏ယုံကြည်ခြင်းကြောင့် ကယ်တင်ခြင်းခံရကာ ငြိမ်းချမ်းစွာဘဝငြိမ်းရသူများ

လည်း ရှိကြသည်။ ထိုနည်းတူ ပေတေကုတ္တေပွဲနေ့နောက်ပိုင်းတွင် ခရစ်တော်၏တမန်တော်

များဟောပြောသည့်စကားကိုယုံကြည်သူများ တိုးပွားများပြားလာခဲ့သည်။

အကယ်စင်စစ်

ထိုသို့ယုံကြည်ကြခြင်းမှာ ထိုစကားတို့သည် ခရစ်တော်၏စကားများပင်ဖြစ်၍ဖြစ်သည်။

ထို့ကြောင့် စစ်မှန်သောသန့်ရှင်းစင်ကြယ်ခြင်းအတွက် အမှန်ပင်ရှိနေသည့်လောက၏ရန်

လိုမှုကို အေးဆေးတည်ငြိမ်စွာလက်ခံရင်ဆိုင်ရန် လိုအပ်ပါသည်။ သို့သော် လောကတစ်ခုလုံး

အပေါ် ယုံမှားသံသယလွန်ကဲစွာ အဆိုးမြင်ရန်တော့မဟုတ်ပါ။ သန်းပေါင်းမြောက်မြားစွာ

သောလူတို့သည် ကောင်းမြတ်သောသတင်းကို ယုံကြည်ကြမည်ဖြစ်သည်။

လောက၏မုန်းတီးမှုကိုဖြစ်စေသည့် နက်ရှိုင်းစွာအမြစ်တွယ်သောအကြောင်းတရား

ယခု နောက်ဆုံးအနေဖြင့် ခရစ်တော်က လောက၏မုန်းတီးမှုကိုဖြစ်စေသည့် နက်ရှိုင်း

စွာအမြစ်တွယ်သောအကြောင်းတရားကို လက်ညှိုးထိုးပြလိုက်ပါသည်။ ထိုအကြောင်းကို

ကျွန်ုပ်တို့ဆင်ခြင်သုံးသပ်ကြည့်မည်ဆိုလျှင် ကျွန်ုပ်တို့ကရုဏာသက်မိမည်ဖြစ်သည်။

ခရစ်တော်က လောကသည် ငါ၏နာမကြောင့် သင်တို့ကို မုန်းတီး၍ ညှင်းပန်းနှိပ်စက်

လိမ့်မည် ဟုမိန့်တော်မူသည်။ ပင်တေကုတ္တေပွဲပြီးသွားသည်နှင့်ချက်ချင်း ထိုမိန့်တော်မူချက်

အတိုင်းဖြစ်လာသည်။ ဂျူးအမျိုးသားကောင်စီက တမန်တော်တို့ကို အမိန့်ပေးလာသည်။ တမန်တော်တို့ ဆက်လက်ဟောပြောသွန်သင်ကြသည့်အခါ ပြန်လည်ခြိမ်းခြောက်လျက် ရိုက်နှက်ကြပြန်သည်။

တမန်တော်ရှင်ပေါလုက မိမိလည်း မပြောင်းလဲမီက ခရစ်ယာန်

များကို ပြင်းထန်စွာညှင်းပန်းနှိပ်စက်ခဲ့ရသည့်အကြောင်းကို အဂြိပ္ပမင်းအား ရှင်းပြခဲ့သည်။

ယနေ့ကာလတွင်လည်း ခရစ်ယာန်တို့

ခရစ်တော်၏မိန့်တော်မူချက်ကို ပြန်လည်ဟောပြောလျက် တမန်တော်များနည်းတူ မဆုတ်မနစ်ဟောပြောကြသည့်အခါ ခရစ်တော်၏ထိုအထူးသီးသန့်ဖြစ်သောအခိုင်

အမာမိန့်တော်မူချက်ကြောင့် ဘုရားမဲ့ဝါဒီများသာမက ဘာသာရေးသမားများလည်း မကျေ

မနပ်ဖြစ်နေကြဆဲဖြစ်သည် (တ ၄း၁၈၊ ၅း၂၈၊ ၂၆း၉၊ ၄း၁၂ တို့ကိုကြည့်ပါ)။

သို့သော် ခရစ်တော်ဖော်ပြသည့် ချွတ်ယွင်းမှုတွေ့ရှိချက်သည် ပို၍နက်ရှိုင်းပါသည်။

ထိုသို့ပြုသောသူတို့သည် ကျွန်ုပ်တို့ရှေ့တွင်တွေ့ရပြီးသည့်

အတိုင်း မယုံကြည်သူများနှင့်ဘုရားမဲ့ဝါဒီများသာမက ဘာသာရေးခေါင်းဆောင်များလည်း

ပါကြမည်ဖြစ်သည်။ ရှင်ပေါလုဖြစ်လာသည့် တာရှုမြို့သားရှောလုသည်လည်း နမူနာတစ်ဦး

ပင်ဖြစ်သည်။ အခြားသောသူအမျိုးသားချင်း ဂျူးများနည်းတူ သူသည် ဘာသာတရားကို

အလွန်ကိုင်းရှိုင်းလျက် ဘုရားသခင်အကြောင်းကို သူဘေးနားမှ မယုံကြည်သူများထက်

သူများစွာပိုသိသည်ဟု သူထင်ခဲ့သည်။ သို့သော် ဘုရားသခင်သည် လူသားယေရှုအဖြစ်

လောကသို့ ဆင်းကြွလာသောအခါ သူသည် ဘုရားသခင်ကို မသိမှတ်ရုံမက အမှန်ပင် ညှင်းပန်း

နှိပ်စက်ခဲ့သည်။

သူမသိ၍ပြုမိခဲ့ကြောင်း နောက်ပိုင်းတွင် သူပြန်၍ဝန်ခံခဲ့သည် (၁တိ ၁း၁၃)။

ထိုထက် စိတ်မကောင်းဖွယ်ဘာရှိဦးမည်နည်း။ စိတ်ကြံ့ခိုင်သော ဘုရားသခင်၏

သားတော်သည် ‌၄င်းကြောင့် မျက်ရည်ကျခဲ့ရသည်။ ကိုယ်တော်သည် ဂျေရုဆလင်မြို့အနားသို့

ရောက်သည့်အခါ ငို‌ ကြွေးလျက် ဤသို့မိန်တော်မူခဲ့သည်။ ” ယေရုရှလင်မြို့အနီးသို့ ရောက်၍ ကြည့်မြင်လျက် ငိုကြွေးတော်မူ၍၊

သင်၏ကိုယ်မှစ၍ သင်၏ သားသမီးတို့ကို မြေနှင့်တညီတည်း ညှိသဖြင့်၊ သင်၏ကျောက်တစ်ခုပေါ်မှာ တစ်ခုမျှ ထပ်ဆင့်၍ မကျန်ရစ်စေခြင်းငှာ ပြုကြသောအချိန်ကာလသည် ရောက်လိမ့်မည်ဟု မိန့်တော်မူ၏။ ” (လု ၁၉း၄၁၊ ၄၄)။

ယနေ့ကာလတွင်လည်း ကျွန်ုပ်တို့သည် ခရစ်တော်၏တပည့်တော်များအနေဖြင့် ကျွန်ုပ်

တို့၏အံ့ဖွယ်အကောင်းဆုံးသောကယ်တင်ရှင်ကိုပေးရန် လောကထဲသို့ဝင်ကြသည့်အခါ ထို

နည်းတူပင် အမှန်ကိုမသိခြင်းကြောင့် ရန်လိုမုန်းတီးသူများနှင့်ကြုံရမည်ဖြစ်သည်။ ထိုအခြေ

အနေမျိုးသည် ကျွန်ုပ်တို့ကိုလည်း သနားသောစိတ်ဖြင့်မျက်ရည်ကျစေသင့်ပေသည်။

လောက၏ရန်လိုမှုအပေါ်ဘုရားသခင်၏အံ့ဖွယ်တုန့်ပြန်မှု

“ငါသည် လာ၍ ထိုသူတို့အား မဟောမပြောလျှင် သူတို့၌အပြစ်မရှိ။ ယခုမူကား၊ မိမိတို့အပြစ်ကို ဝှက်၍ မထားနိုင်ကြ။

ငါ့ကို မုန်းသောသူသည် ငါ့ခမည်းတော်ကိုမုန်း၏။

ငါသည် အခြားသူမပြုဘူးသောအမှုကို ထိုသူတို့ရှေ့မှာမပြုလျှင် သူတို့၌အပြစ်မရှိ။ ယခုမူကား၊ သူတို့သည် ထိုအမှုကိုမြင်ရ၍ ငါနှင့်ငါ့ခမည်းတော်ကို မုန်းကြ၏။

သို့ဖြစ်လျှင်၊ အကြောင်းမရှိဘဲ ငါ့ကိုမုန်းကြ၏ဟု သူတို့၏ပညတ္တိကျမ်းစာ၌ ရေးထားသောစကားသည် ပြည့်စုံခြင်းသို့ ရောက်သတည်း။

ခမည်းတော်ထံမှထွက်လာ၍ သမ္မာတရားနှင့်ပြည့်စုံသော ဝိညာဉ်တော်တည်းဟူသော ခမည်းတော်ထံမှ သင်တို့ဆီသို့ ငါစေလွှတ်လတ္တံ့သော ဥပဇ္ဈာယ်ဆရာသည် ရောက်လာသောအခါ၊ ငါ၏အကြောင်းကို သက်သေခံလိမ့်မည်။

သင်တို့သည်လည်း ရှေးဦးစွာမှစ၍ ငါနှင့်အတူရှိနေသောကြောင့် သက်သေခံရကြလိမ့်မည်။”

(ယော ၁၅း၂၂-၂၇)

လောက၏မုန်းတီးခြင်း၊ ငြင်းပယ်ခြင်းနှင့် သားတော်ကို လက်ဝါးကပ်တိုင်ပေါ်တင်ခြင်းတို့

အပေါ် ဘုရားသခင်၏တုန့်ပြန်တော်မူချက်အကြောင်း ယခု ကျွန်ုပ်တို့လေ့လာကြမည်ဖြစ်

သည်။ သို့သော် ထိုတုန့်ပြန်ချက်ကို ゞင်းအံ့ဖွယ်ဘုန်းအသရေအားလုံးထဲတွင် မြင်နိုင်ရန်

အတွက် သခင်ယေရှုက သူ့ခေတ်သူ့အခါကလူတို့ခံစားရသည့် အပြစ်စွဲစိတ်အကြောင်းကို

ကျွန်ုပ်တို့အားပြောပြရန် ကျွန်ုပ်တို့ကကိုယ်တော်ကို ဦးစွာအခွင့်ပေးရမည်ဖြစ်သည်။

ကျွန်ုပ်တို့၏ပြီးခဲ့သည့်သင်ခန်းစာတွင် ဘုရားသခင်သည် ယေရှုကိုလောကသို့စေလွှတ်

တော်မူကြောင်းကို လောကသည်မသိသောကြောင့် ယေရှုကိုငြင်းပယ်ခြင်းဖြစ်သည်ဟု ကျွန်ုပ်

တို့သင်ယူခဲ့ကြပြီဖြစ်သည်။ သို့သော် မသိခြင်းနှစ်မျိုးရှိသည်။ တစ်မျိုးသည် အပြစ်တင်သင့်

သောမသိခြင်းဖြစ်၍ အခြားတစ်မျိုးမှာ ထိုသို့မဟုတ်ပေ။ ဥပမာအနေဖြင့် အလယ်ခေတ်တွင်

ဥရောပတိုက်နှင့်အာရှတိုက်တွင်နေထိုင်သောလူတို့သည် ဩစတြေးလျတိုက်ရှိကြောင်းကို

လုံးလုံးသတိမထားမိခဲ့ကြချေ။ ထိုသို့မသိခြင်းမှာ သူတို့ထဲမှ မည်သူမျှ ထိုတိုက်ကိုမမြင်ဖူးပေ။

ထိုတိုက်တွင်နေထိုင်သောသူတစ်ယောက်မျှလည်း သူတို့ထံရောက်လာလျက် ထိုတိုက်အ

ကြောင်းကို မပြောပြဖူးချေ။ ထို့ကြောင့် ဩစတြေးလျတိုက်ရှိကြောင်းကို မသိရသလော၊ မယုံရ

သလောဟု သူတို့ကိုအပြစ်တင်၍မရပါ။ သို့သော် ၁၈၀ဝ ခုနှစ် ပတ်ဝန်းကျင်နှစ်များတွင်

စိန့်ပီတာစဘတ် (ရုရှား) ၌ နေထိုင်ခဲ့သောသူက ပြင်သစ်ရှိသည်ဟုယုံကြည်ရန် ငြင်းနေသည်ဆို

လျှင် ၄င်းအခြေအနေနှင့်မတူပါ။ သက်သေအထောက်အထားများအားလုံးရှိနေလျက်နှင့် မသိ

ခြင်းသည် မသိချင်၍မသိခြင်းဖြစ်သောကြောင့် အပြစ်တင်၍ရသည်။

ထိုသို့ဆိုလျှင် ခရစ်တော်၏ခေတ်ကာလတွင် အစ္စရေး၌အသက်ရှင်နေထိုင်ခဲ့ကြသူများကို

မည်သို့သတ်မှတ်မည်နည်း။ သူတို့က ခရစ်တော်ကိုငြင်းပယ်ရခြင်းမှာ ခမည်းတော်က သူ့ကို

စေလွှတ်တော်မူသောခမည်းတော်ကို သူတို့မသိသောကြောင့်ဖြစ်သည်ဟု ခရစ်တော်၏မိန့်

တော်မူချက်အရ ကျွန်ုပ်တို့သိခဲ့ကြသည်။ သို့သော် ဆက်စဉ်းစားရမည့်အချက်မှာ- ခမည်း

တော်ကို သူတို့သိချင်ခဲ့သည်ဆိုလျှင် သူတို့သိခဲ့ကြမည်လားဆိုသည့်မေးခွန်းဖြစ်သည်။ အဖြေ

မှာ- ဟုတ်ကဲ့၊ သူတို့သေချာသိနိုင်ပါသည်။ သူတို့မသိစရာ အကြောင်းမရှိပါ။ သူတို့၏မသိခြင်း

သည် အပြစ်တင်ထိုက်သောမသိခြင်းဖြစ်သည်။

ထို့ကြောင့် မိမိနှင့်ခမည်းတော်တို့နှစ်ပါးလုံးအပေါ် သူ့ခေတ်သူ့အခါကလူတို့၏မုန်းတီးမှု

အတွက် အပြစ်တင်ထိုက်ကြောင်း အရေးကြီးသည့်အချက်သုံးချက်ကို ကိုယ်တော်က ယခု

ဖော်ပြတော်မူသည်။ ပြီးနောက် စတုတ္ထအချက်အနေဖြင့် အပြစ်တင်ခံထိုက်သော ထိုမသိရှိမှု၊

မုန်းတီးမှုနှင့် ရန်လိုမှုတို့အပေါ် ဘုရားသခင်၏ထူးခြားသောတုန့်ပြန်မှုကို ဖော်ပြတော်မူသည်။

ဘုရားသခင်သည် ထိုသူတို့ကို ကမ္ဘာပေါ်မှ ဖယ်ရှားတော်မူမည်မဟုတ်ပေ။ သူတို့ကို ခရစ်တော်

အကြောင်းသက်သေခံပေးလျက် ဖြစ်နိုင်လျှင် သူတို့ကို နောင်တရခြင်း၊ ယုံကြည်ခြင်း၊ ဘုရား

သခင်နှင့်ပြန်လည်သင့်မြတ်ခြင်းနှင့် အပြစ်လွှတ်ခြင်းဆီသို့ ခေါ်ဆောင်သွားမည့်ဘုရား ဖြစ်

တော်သည့် ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်ကို သူတို့ထံစေလွှတ်ပေးမည်ဖြစ်သည်။

၁။ ခရစ်တော်၏စကားကို လောကငြင်းပယ်ခြင်း

၂။ ခရစ်တော်၏လုပ်ဆောင်မှုကို လောကငြင်းပယ်ခြင်း

၃။ ဓမ္မဟောင်းကျမ်း၏ကြိုတင်သတိပေးချက် – အစ္စရေးလူမျိုးတို့သည် မေရှိယြွကလာ

သောအခါ သူ့ကိုမုန်းတီးကြလိမ့်မည်ဖြစ်ကြောင်း ဆာလံကျမ်းအတော်များများထဲတွင်

သူတို့ကို ကြိုတင်သတိပေးထားသည် (၁၅း၂၅)။

၄။ လောက၏မုန်းတီးမှုအပေါ် ဘုရားသခင်၏တုန့်ပြန်မှု – ခရစ်တော်အကြောင်း

သက်သေခံမည့် သမ္မာတရားနှင့်ဆိုင်သောဝိညာဉ်တော်ကို စေလွှတ်တော်မူခြင်း

(၁၅း၂၆-၂၇)။

နံပါတ် ၁ နှင့် ၂ သည် နီးကပ်စွာဆက်နွယ်ကြသည်ဖြစ်၍ ၅င်းတို့ကို အတူစဉ်းစားကြစို့။

အပြစ်တင်ခံထိုက်သော မသိနားမလည်မှု

ပထမအနေဖြင့် စည်းစံနစ်တစ်ခု။ ခရစ်တော်က အပိုဒ်ငယ် ၂၂ နှင့် ၂၄ တို့တွင် စကားစုကို နှစ်ကြိမ်မိန့်တော်မူသည်။ ကိုယ်တော်က သူကြွလာ၍ဟောပြော

သွန်သင်ကာ အံ့ဖွယ်အမှုများပြုခဲ့ခြင်းမရှိပါက သူ့ခေတ်သူ့အခါကပုဂ္ဂိုလ်များသည် သူတော်စင်

များဖြစ်ကြလျက် အပြစ်ကင်းခဲ့ကြပေလိမ့်မည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ ထို့ကြောင့် သူတို့လည်း

အခြားသူများနည်းတူ အပြစ်သားများဖြစ်ကြကြောင်း ထင်ရှားနေသည်။ ]]အပြစ်ရှိသည်}}

ဟူသောစကားစုက အပြစ်တင်ခံထိုက်သည်ဟု ဆိုလိုသည်။ မည်သည့်အနံ့ကိုမျှ အနံ့မရသော

လူတစ်ဦးသည် ဓါတ်ငွေ့များပြည့်နေသည့်အခန်းထဲဝင်ပြီး မီးခြစ်ခြစ်မိသဖြင့် တစ်ခန်းလုံး

မီးထလောင်လျှင် ထိုသူကိုအပြစ်တင်၍မရ၊ သူ၌အပြစ်မရှိပေ။ အခြားတစ်ဘက်တွင် သူသည်

အခန်းထဲ၌ဓါတ်ငွေ့များပြည့်နေသည်ကိုသိလျက်နှင့် မီးတောက်နေသည့်မီးခြစ်ဆံကို အခန်းထဲ

ပစ်ထည့်လိုက်သည်ဆိုလျှင် သူ၌]အပြစ်ရှိ}သည်။

ဒုတိယအနေဖြင့် အလွန့်အလွန်အရေးကြီးသောအချက်၏အခြေခံနိယာမတစ်ခု။ ယေရှုက

ဤကျမ်းပိုဒ်များတွင် မိမိတရားစီရင်မည့် (ယော ၅း၂၂-၂၃) နောက်ဆုံးသောတရားစီရင်ခြင်း

တွင် လူတို့သည် သူတို့ကြားသိရသော သို့မဟုတ် သူတို့ကြားသိလိုလျှင် ကြားသိနိုင်သော ဘုရား

သခင်နှင့်ခရစ်တော်တို့အကြောင်း သတင်းအချက်အလက် အထောက်အထားများပေါ်

အခြေခံလျက် မိမိတို့၏လုပ်ဆောင်ချက်များအတွက် တာဝန်ယူကြရမည်ဖြစ်သည်ဟု ကျွန်ုပ်တို့

ကို မိန့်တော်မူထားသည်။ သူတို့အတွက် မဖြစ်နိုင်ခဲ့သည့်အရာများအတွက် သူတို့၌တာဝန်မရှိ

ပါ။ ဘုရားသခင်က သူ၏စကြဝဠာနှင့် ကျွန်ုပ်တို့၏လောကကမ္ဘာတို့တွင် သူ့ကိုရည်ညွှန်းဖော်ပြ

နေသောအရာများစွာနှင့်ပြည့်စေတော်မူသည်။ လူတို့သည် ထိုအရာများကိုကြည့်လျက် ဘုရား

သခင်ကိုရှာကြစေရန်အတွက်ဖြစ်သည်။ အချို့တို့က ရှာကြသည်။ သို့သော် အများစုတို့သည်

မရှာကြသည့်အပြင် ゞင်းတို့ကို လုံးလုံးဥပေက္ခာပြုကြသည် (တ ၁၄း၁၃-၁၇၊ ၁၇း၂၆-၂၈၊ ရော

၁း၁၈-၃၂၊ ၂း၁၄-၁၆)။ သူတို့သည် ゞင်းအတွက် တာဝန်ယူကြရမည်ဖြစ်သည်။

သို့သော် ခရစ်တော်အကြောင်း မကြားဖူးသောသူတို့သည် (အခြားအရာများစွာအတွက်

အပြစ်တင်ခြင်းခံရမည်ဖြစ်သော်လည်း) ခရစ်တော်ကိုမယုံကြည်သည့်အတွက် အပြစ်တင်ခြင်း

ခံရမည်မဟုတ်ပေ။ တစ်ဘက်တွင် ခရစ်တော်၏ခေတ်ကာလ၌ အသက်ရှင်နေထိုင်ခဲ့ကြသည့်

အစ္စရေးလူမျိုးတို့သည် မိမိကိုယ်ကိုယ်သက်သေထူသည့်အနေဖြင့် ဘုရားသခင်ပေးထားသော

နှုတ်ကပတ်တော်ကို ကြားခွင့်ရကြပြီး ၄င်းက သူတို့အား ဘုရားသခင်၏တရားမျှတမှုနှင့်

မေတ္တာတို့အကြောင်း သိစေခဲ့သည်။

သူတို့သည် ကိုယ်တော်၏ဘုရားတန်ခိုးတော်ကိုထင်ရှား

စေသည့် အံ့ဖွယ်နိမိတ်များကိုလည်းတွေ့မြင်ခွင့်ရကြပြီး လူတို့၏အမြင့်မားဆုံးဝိညာဉ်ရေး

လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ကြောင်းလက်တွေ့ ပြသမှုများကိုလည်း မြင်တွေ့ရသည်။

ထိုအခါ သူတို့သည် ခရစ်တော်ကိုကြည့်၍ ကိုယ်တော်ကိုမြင်ခြင်းအားဖြင့် ခမည်းတော်၏

ပြည့်စုံသောထင်ရှားခြင်းကို မြင်ခဲ့ရသည်။ သို့သော် သူတို့မျက်စိပွင့်နေရက်နှင့် မကျေမချမ်းဖြစ်

လျက် ငြင်းဆန်ခဲ့ကြသည်။ သေချာသည်မှာ သူတို့ထဲမှ များစွာတို့က သူတို့သည် ခရစ်တော်

ကိုသာငြင်းပယ်ပြီး ဘုရားသခင်ကို သူတို့ယုံကြည်လက်ခံနေဆဲဖြစ်သည်ဟု ဆိုကြမည်ဖြစ်သည်။

သို့သော် ထိုသို့လုပ်ရန် မဖြစ်နိုင်ပါ။ ယေရှုသည် လူ့ဇာတိခံသောဘုရားသခင်ဖြစ်တော်မူသည်။

ယေရှုက သူ့ကိုမုန်းသောသူသည် ခမည်းတော်ကိုလည်းမုန်းသည်ဟု မိန့်တော်မူသည်။

ဓမ္မဟောင်းသတိပေးချက်

ခရစ်တော်၏ကြွလာတော်မူခြင်း၊ ဟောပြောသွန်သင်ခြင်းနှင့် အံ့ဖွယ်နိမိတ်လက္ခဏာတို့

၏ရလဒ်အဖြစ် အစ္စရေးလူမျိုးတို့သည် သူတို့၏ဘုရားသခင်ကို မသိရှိမှုနှင့် ခရစ်တော်ကို

ငြင်းပယ်မှုတို့အတွက် ဆင်ခြေဆင်လက်ပေးစရာရှိမည်မဟုတ်ပေ။ ထို့ပြင် သူတို့စောဒကတက်

မရသည့်အခြားအကြောင်းတစ်ရပ်လည်းရှိသေးသည်။ သူတို့၏ကြီးမြတ်သည့် ပထမဆုံးရှင်

ဘုရင်ဖြစ်သည့်ဒါဝိဒ်မင်းကြီးသည် ကဗျာဆရာသာဖြစ်သည်မဟုတ်၊ သားတော် မေရှိယအရှင်

ြွကလာတော်မူသည့်အခါ အစ္စရေးလူမျိုးသည် သူ့ကိုမုန်းမည်ဖြစ်ကြောင်း နောင်လာမည့်

အစ္စရေးမျိုးဆက်များကိုသတိပေးရင်း ဆာလံသီချင်းများစွာ ရေးစပ်ခဲ့သည့် ပရောဖက်တစ်ပါး

လည်းဖြစ်သည် (ဆာ ၃၅း၁၉၊ ၆၉း၄၊ ၁၀၉း တို့ကိုကြည့်ပါ)။ ထို့ကြောင့် ယေရှု၏ခေတ်ကာလ

၌အသက်ရှင်နေထိုင်သူများသည် မိမိကိုယ်ကိုယ် မေရှိယဟု အခိုင်အမာပြောဆိုသောသူကို

သူတို့မုန်းတီးလျက် ငြင်းပယ်ကြသည့်အခါ ထိုအချက်ကို သူတို့ပြန်စဉ်းစားသင့်သည်။ သို့သော်

ဓမ္မဟောင်းကျမ်းကို ကောင်းစွာတတ်မြောက်သူများဟု မိမိတို့ကိုယ်ကိုယ်ထင်မှတ်ကြသော

လူမျိုးခေါင်းဆောင်ကြီးများသည် ယေရှုအပေါ်ရန်လို၍ သူသည် မေရှိယမဟုတ်ဟု သက်သေ

ပြရန်ကြိုးစားရင်း ဓမ္မဟောင်းမှကြိုတင်မိန့်တော်မူချက်များကိုမေ့လျော့ကာ (ကိုယ်တော်သည်

မေရှိယဖြစ်ကြောင်း အမှတ်မထင်သက်သေပြ၍ – တ ၁၃း၂၇-၃၀ ကိုကြည့်ပါ) လက်ဝါးကပ်

တိုင်ပေါ်တင်ခဲ့ကြသည်။ ထိုသို့အားဖြင့် ယေရှုကိုငြင်းပယ်မှုနှင့်ဆိုင်သည့်အပြစ်မကင်းမှုကို

ထပ်ဖြည့်ကြပြန်သည်။

လောက၏မုန်းတီးမှုအပေါ် ဘုရားသခင်၏တုန့်ပြန်မှု

မိမိနှင့်မိမိ၏သားတော်တို့အပေါ် သိလျက်နှင့်မုန်းတီးခြင်းကို ဘုရားသခင်မည်ကဲ့သို့ တုန့်

ပြန်တော်မူမည်နည်း။ လက်သင့်ခံရန်မဖြစ်နိုင်သောမုန်းတီးရန်လိုမှု၏ကြောက်မက်ဖွယ်ရလဒ်

အဖြစ် သူတို့ကို ချက်ချင်းပစ်ပယ်လိုက်ပါသလား။

ထိုသို့ပြုတော်မမူပါ။ ထိုသို့ပြုခဲ့လျှင် ဘုရားသခင်ဟုတ်မည်မဟုတ်။ မည်သူမျှ အပြစ်စီရင်

ခြင်းမခံရဘဲ လူအပေါင်းတို့သည် ကယ်တင်ခြင်းကိုခံလျက် သမ္မာတရားကိုသိရှိလာစေရန်

ဘုရားသခင်သည် သူ့ကိုဆန့်ကျင်သူများကိုကယ်တင်ရန် အခြားသောနည်းလမ်းဖြင့်လုပ်

ဆောင်ပေးတော်မူခဲ့သည်။ ယေရှုသည် မိမိ၏သားတော်ဖြစ်ကြောင်းနှင့် နောင်တရသောသူ

တို့ကို ကယ်တင်သည့် ဘုရားသခင်ခွဲခန့်သောကယ်တင်ရှင်ဖြစ်ကြောင်း သူတို့ကိုသက်သေခံပေး

မည့် သမ္မာတရားနှင့်ဆိုင်သောဝိညာဉ်တော်ကို သူတို့ထံစေလွှတ်တော်မူခဲ့သည်။

ဤအချိန်အထိ ခရစ်တော်ကလုပ်ဆောင်တော်မူသောအရာများထက် သူတို့စိတ်နှလုံးများ

ကိုသိမ်းသွင်းရန် သန့်ရှင်းသောဝိညာဉ်တော်က လုပ်ဆောင်နိုင်သောအရာကို နောက်သင်ခန်း

စာတွင် လေ့လာသင်ယူရမည်ဖြစ်သည်။ သို့သော် တစ်ချိန်တည်းမှာပင် အရေးကြီး၍ထူးခြား

သောအချက်နှစ်ချက်ကို ကျွန်ုပ်တို့သိထားရပါမည်။

ပထမ၊ ခရစ်တော်က မိန့်တော်မူသည်။ သူတို့သည် အစကတည်းကစ၍

ကိုယ်တော်နှင့်အတူရှိခဲ့ကြသည့်အချက်ပေါ်အခြေခံလျက် ကိုယ်တော်သည် ဤကတိကို အရင်း

ခံအားဖြင့် တမန်တော်တို့အား ပေးတော်မူခဲ့ကြောင်း ကျွန်ုပ်တို့တွေ့ရသည်။ အကျိုးဆက်

အနေဖြင့် တမန်တော်ဝတ္ထု ၁း၂၁-၂၂ အရ တမန်တော်တို့သည် ယုဒရှကာရုတ်ကိုယ်စား

အခြားတမန်တော်တစ်ပါးရွေးချယ်ကြသည့်အခါ ထိုသူသည် သတ်မှတ်လျက် ထိုသူအပေါ် မိမိတို့လက်ကို

တင်ခြင်းအားဖြင့် မိမိတို့၏ထူးခြားသည့်တမန်တော်အခွင့်အာဏာကို မိမိတို့ ကောင်းစွာသိထား

ကြောင်း ပြသခဲ့ကြသည်ကိုတွေ့ရသည်။ တမန်တော်ခေတ်နှောင်းရာစုနှစ်များတွင်လည်း

မည်သည့်ပုဂ္ဂိုလ်၊ မည်သည့်ကောင်စီကမျှ မိမိတို့ကိုယ်ကိုယ် ထိုမူလတမန်တော်များနည်းတူ

အခြေခံအခွင့်အာဏာကို အသုံးမပြုခဲ့ချေ။

သို့သော် ဖော်ပြခဲ့ပြီးသည့်အတိုင်းပင် ထိုကတိတော်သည် ဆင့်ပွားအနေဖြင့် ခေတ်

အဆက်ဆက်မှ ခရစ်တော်၏တပည့်တော်အားလုံးနှင့်လည်း သက်ဆိုင်ပါသည်။ ခရစ်တော်

အတွက် သက်သေခံရသည့်အခွင့်ထူးကို ခရစ်တော်၏တပည့်တော်အားလုံးတို့အား ပေးအပ်

ထားပါသည်။

ထို့ပြင် ဤနေရာတွင် ကျွန်ုပ်တို့သိထားရမည့်ဒုတိယအချက်မှာ သခင်ဘုရားသင်ကြားပေး

သည့် သန့်ရှင်းစင်ကြယ်ခြင်းသင်ခန်းစာတစ်လျှောက်တွင် အဖန်တလဲလဲပေါ်လာသည့်

နှစ်သက်ဖွယ်ကောင်းသောနမူနာပုံစံပင်ဖြစ်သည်။

သခင်ဘုရားက အခန်းကြီး ၁၃ ကို ဤလောကသည် ညစ်ပေသောလောကဖြစ်၏။

သို့ဖြစ်၍ သင်တို့သည် မိမိတို့တတ်နိုင်သမျှအတိုင်း မိမိကိုယ်ကို သန့်ရှင်းစေကြလော့ ဟု

အစမပြုပါ။ အသစ်သောမွေးဖွားခြင်းဆိုင်ရာရေချိုးခြင်းနှင့် ခြေအဆက်မပြတ်ဆေးကြော

ခြင်းတို့အတွက် မိမိပေးထားသော ထူးမြတ်သည့်ကူညီမစမှုအကြောင်းကို ဦးစွာကြေညာအသိ

ပေးတော်မူခဲ့သည်။

ထိုနည်းတူ အခန်းကြီး ၁၄ ကိုလည်း တပည့်တော်တို့သည် ခရစ်တော်နှင့် တတ်နိုင်သမျှ

နီးကပ်စွာလျှောက်လှမ်းရမည်ဖြစ်သော်လည်း ]]ငါရောက်သည့်နေရာသို့ သင်တို့ရောက်နိုင်

မည့်အကြောင်း ငါနှင့်နီးကပ်စွာ ငါ့နောက်သို့လိုက်ကြလော့}}ဟု မိန့်တော်မူခြင်းဖြင့် အစမပြုပါ။

တပည့်တော်များအတွက် မိမိလုပ်ဆောင်ပေးသောအရာကို ဖော်ပြလျက် မိန့်တော်လျက် အစပြုတော်မူခဲ့သည် (၁၄း၃)။

တစ်ဖန် အခန်းကြီး ၁၅ တွင် ကျွန်ုပ်တို့တွေ့ခဲ့ပြီးသည့်အတိုင်း ကိုယ်တော်က အစ္စရေး

လူမျိုးသည် မြေကြီးပေါ်၌ ဘုရားသခင်စိုက်ပျိုးထားတော်မူသောစပျစ်ပင်အဖြစ် ထမ်းဆောင်

ရမည့်ဝတ္တရားကို မထမ်းဆောင်နိုင်ခဲ့။ ယခု သင်တို့သည် ထိုထက်ကောင်းမွန်စွာ လုပ်ဆောင်နိုင်

ရန် ကြိုးစားကြလော့ ဟုမိန့်တော်မူခြင်းဖြင့် အစမပြုခဲ့ပါ။ ပထမအနေဖြင့် ဘုရားသခင်၏

စိတ်တော်နှင့်တွေ့စေသည့် အသီးသီးနိုင်ရန် ဘုရားသခင်ပြင်ဆင်ပေးတော်မူသော အံ့ဖွယ်

ကူညီပံ့ပိုးမှုအကြောင်း ဦးစွာအသိပေးတော်မူခဲ့သည်။ ခရစ်တော်က မိန့်တော်မူသည်။

ထို့ကြောင့် ဤနေရာတွင် နောက်သင်ခန်းစာ၏အစ၌ ကိုယ်တော်က ]]ကမ္ဘာလောက

သည် ဘုရားသခင်အပေါ် ရန်လိုစိတ်ရ၏။ သို့သော် သင်တို့သည် လောကကထဲသို့ဝင်၍

ငါနှင့် ငါ့ခမည်းတော်အတွက် သက်သေခံရမည်}}ဟု မိန့်တော်မမူပါ။ ပထမဆုံး ဤလောက

တွင် ကိုယ်တော့်ရှေ့၌သက်သေခံခြင်းအတွက် ကြီးမားသောကူညီမစမှုအကြောင်းကို သိစေ

တော်မူသည်။ ထိုကူညီမစမှုမှာ သန့်ရှင်းသောဝိညာဉ်တော်၏ြွကဆင်းလာခြင်းအပြင် အခြား

မဟုတ်ပါ။ ခရစ်တော်က တမန်တော်များသက်သေခံခဲ့ကြသည့်နည်းတူ ယုံကြည်သူတိုင်း

သည် ဘုရားသခင်ပေးထားသောဆုကျေးဇူးစွမ်းရည်နှင့်အညီ သခင်ဘုရားအတွက်

သက်သေခံရန် တာဝန်ရှိပါသည်။

သို့သော် ထိုကြီးမားသောတာဝန်သည် ကျွန်ုပ်တို့တာဝန်

သာဖြစ်သည်ဟုထင်လျှင် အချိုးအစားမကျသည့်အဖြစ်သို့ရောက်သွားပေလိမ့်မည်။ ကမ္ဘာ

လောကထဲတွင် ခရစ်တော်ရှေ့တော်၌ သက်သေခံခြင်းအတွက် အဓိကတာဝန်သည်

ကျွန်ုပ်တို့တစ်ဦးစီအပေါ် မတည်သကဲ့သို့ အသင်းတော်အပေါ်လည်းအဓိကမတည်ပါ။

သန့်ရှင်းသောဝိညာဉ်တော် အပေါ်မှာသာတည်ပါသည်။ လေးလံသောဝန်ကို ထမ်းဆောင်

ပြီးမြောက်စေသူမှာ သန့်ရှင်းသောဝိညာဉ်တော်သာဖြစ်သည်။ တမန်တော်ကြီးများပင်လျှင်

အောက်လက်အစေခံများဖြစ်ကြသည်ဆိုလျှင် ကျွန်ုပ်တို့သည် မည်မျှပို၍ အောက်လက်

အစေခံများဖြစ်ကြမည်နည်း။ ကျွန်ုပ်တို့သည် ဤအရေးကြီးလှသောအချက်ကို နားလည်

သည့်အခါ သခင်ဘုရား၏အမှုတော်အတွက် လွန်ကဲသောဖိစီးမှုမှလွတ်မြောက်ပြီး ဘုရား

သခင်၏ဝိညဉ်တော်အပေါ် တည်မှီခြင်းအားဖြင့် အသစ်သောခွန်အားများကို အမြဲတမ်း

ရရှိနိုင်ကြမည်ဖြစ်သည်။

သန့်ရှင်းသောဝိညာဉ်တော်သည် ကမ္ဘာလောကထဲတွင် မည်ကဲ့သို့ ထိရောက်စွာ သက်သေ

ခံတော်မူခဲ့သည်ကို ကျွန်ုပ်တို့ပြန်ကြည့်ပါက အလွန်အားတက်စရာအချက်များကို ကျွန်ုပ်တို့

တွေ့မြင်ရမည်ဖြစ်သည်။ ရာစုနှစ်များတစ်လျှောက်တွင် အလွန်ကြီးမားသည့် ဆန့်ကျင်မှုများ

အဆက်မပြတ်သက်ရောက်နေစဉ်မှာပင် ယနေ့အချိန်တွင် ယခင် နှစ်ဆယ်ရာစုနှစ်များထက်ပင်

ဧဝံဂေလိသတင်းကောင်းကို ပိုမိုဟောပြောလာကြကြောင်း တွေ့မြင်ရသည်။ လွန်ခဲ့သည့်

ရာစုနှစ်ကပင် အိပ်မက်မက်ခဲ့သောအခြေအနေအတိုင်း သန်းပေါင်းများစွာသောလူတို့သည်

သတင်းကောင်းကို ကြားကြရပြီး တိုင်းနိုင်ငံအချို့တို့က မိမိတို့၏နိုင်ငံသားများ ခရစ်ယာန်

ယုံကြည်မှုအကြောင်းမကြားသိရစေရန် ဧဝံဂေလိတရားကိုတားဆီးရန်ကြိုးစားသည့် တံတိုင်း

ကြီးများလည်း လှုပ်ခါပြိုကျနေကြပြီဖြစ်သည်။ ကျွန်ုပ်တို့သည် ကမ္ဘာလောကထဲတွင် ခရစ်တော်

အတွက်သက်သေခံသည့်လုပ်ဆောင်မှုများအတွက် စီစဉ်ညွှန်ကြားတော်မူသော သန့်ရှင်းသော

ဝိညာဉ်တော်ထံမှာ တန်ခိုး၊ ဉာဏ်ပညာ၊ နည်းဗျူဟာနှင့် စွမ်းအားတို့အပေါ် အပြည့်အဝ

စိတ်ချမှုရှိနိုင်ပါသည်။

ဂ။ သန့်ရှင်းခြင်း၏ထိရောက်သောသက်သေခံခြင်းဆိုင်ရာလျှို့ဝှက်ချက်၊

မပျောက်ပျက်နိုင်သောဝမ်းမြောက်ခြင်း၊ အနိုင်မခံအရှုံးမပေးသောရဲစွမ်းသတ္တိနှင့်

အဆုံးစွန်သောအောင်မြင်မှု ကြိုတင်အသိပေးခြင်း

ကျွန်ုပ်တို့၏လွန်ခဲ့သောကျောင်းတော်သင်ခန်းစာတွင် လောကထဲ၌ခရစ်တော်အကြောင်း

သက်သေခံခြင်းအတွက် အဓိကတာဝန်သည် သန့်ရှင်းသောဝိညာဉ်တော်အပေါ်တည်ကြောင်း

ကျွန်ုပ်တို့သင်ကြားခဲ့ကြသည်။ သို့သော် သန့်ရှင်းသောဝိညာဉ်တော်သည် ဤသက်သေခံခြင်းအ

တွက် ယုံကြည်သူများကိုပင်စေလွှတ်တော်မူမည်ဖြစ်ပြီး ထိုယုံကြည်သူများအားဖြင့် မိမိ၏

သက်သေခံခြင်းအမှုကို ပြုတော်မူမည်ဖြစ်သောကြောင့် ဤသက်သေခံခြင်းတွင် ယုံကြည်သူ

အားလုံး၏အခန်းကဏ္ဍပါရှိသည်။

ဤအပိုင်းတွင် ထိုသက်သေခံခြင်း၏ထိရောက်မှုသည် ခရစ်တော် အဝေးသို့ကြွတော်မူ

ခြင်းပင်ဖြစ်ကြောင်း ကျွန်ုပ်တို့ကို သင်ကြားပေးမည်ဖြစ်သည်။ ဆိုလိုသည်မှာ ကိုယ်တော်၏

ကြွသွားတော်မူခြင်း နှင့်ပတ်သက်၍ သန့်ရှင်းသောဝိညာဉ်တော်က ရှင်းပြသည့်နည်းတူပင်

ကိုယ်တော်၏အသေခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်းနှင့် ကောင်းကင်သို့တက်ြွကသွားတော်မူခြင်း

တို့သည် ဦးစွာ လောကအတွက်ဖြစ်ပြီး ထိုမှတစ်ဆင့် အသင်းတော်အတွက်ဖြစ်သည်။

ကျောင်းတော်ပြီးဆုံးရန်နီးကပ်လာသည်နှင့်အမျှ ခရစ်တော်က မိမိတပည့်တော်များသည်

မိမိသင်ကြားပေးခဲ့သောအခြေခံအချက်အားလုံးကို အမှန်တကယ်နားလည်သိရှိမှုရှိမရှိ စစ်

ဆေးနေသည်ကို ကျွန်ုပ်တို့ကြားရမည်ဖြစ်သည်။ ပြီးသည့်အခါ သူတို့သည် အားနည်းချက်များ

ရှိနေကြသော်ငြားလည်း မိမိ၏အောင်မြင်မှုကို သူတို့အားဝေမျှပေးမည်ဖြစ်သောကြောင့် သူတို့

သည် အမှန်တကယ်အောင်မြင်မှုရရှိကြမည်ဖြစ်ကြောင်း နောက်ဆုံးတွင် သူတို့ကို အသေအချာ

သိစေတော်မူခဲ့သည်ကို ကျွန်ုပ်တို့ကြားရမည်ဖြစ်သည်။

(၂၅)သန့်ရှင်းသောဝိညာဉ်တော်၏သက်သေခံချက် လောကအား အပြစ်ကိုသိမြင်စေခြင်း

” သင်တို့သည် စိတ်မပျက်စေခြင်းငှာ ဤစကားကို ငါဟောပြော၏။

လောကီသားတို့သည် သင်တို့ကို တရားစရပ်မှ နှင်ထုတ်လိမ့်မည်။ သင်တို့ကို သတ်သောသူမည်သည်ကား၊ ဘုရားဝတ်ကို ငါပြုပြီဟု မိမိထင်မှတ်သောအချိန်ကာလ ရောက်လိမ့်မည်။

ခမည်းတော်ကိုမသိ၊ ငါ့ကိုလည်း မသိသောကြောင့် ထိုသို့ပြုကြလိမ့်မည်။

ထိုအချိန်ကာလရောက်သောအခါ၊ ငါသည်အထက်က ဤသို့ပြောပြီးသည်ကို သင်တို့အောက်မေ့စေခြင်းငှာ ယခုပင် ငါဟောပြော၏။ အစဦး၌ သင်တို့နှင့်အတူ ငါရှိသောကြောင့် ဤသို့မပြောဖူးသေး။

ငါ့ကို စေလွှတ်တော်မူသောသူထံသို့ ယခု ငါသွားရမည်ဖြစ်၍၊ အဘယ်အရပ်သို့ သွားမည်နည်းဟု သင်တို့မမေးကြ။

ဤအကြောင်းအရာတို့ကို ငါဟောပြောသောကြောင့် သင်တို့သည် အလွန်ဝမ်းနည်းခြင်းသို့ ရောက်ကြ၏။

ငါအမှန်အကန်ဆိုသည်ကား၊ ငါသွားလျှင် သင်တို့အကျိုးရှိလိမ့်မည်။ အကြောင်းမူကား၊ ငါမသွားလျှင် ဥပဇ္ဈာယ်ဆရာသည် သင်တို့ဆီသို့မလာ။ ငါသွားလျှင် ထိုသူကို သင်တို့ဆီသို့ ငါစေလွှတ်မည်။ ဥပဇ္ဈာယ်ဆရာသည် ရောက်လာလျှင်၊ ဒုစရိုက်အပြစ်ကိုလည်းကောင်း၊ အပြစ်ကင်းခြင်းကိုလည်းကောင်း၊ အပြစ်စီရင်ခြင်းကိုလည်းကောင်း၊ လောကီသားတို့အား ထင်ရှားစွာဖော်ပြမည်။

ငါ့ကို မယုံကြည်ကြသောကြောင့် ဒုစရိုက်အပြစ်ကို ဖော်ပြမည်။

ငါသည် ခမည်းတော်ထံသို့ သွားမည်ဖြစ်၍၊ သင်တို့သည် နောက်တစ်ဖန် ငါ့ကိုမတွေ့မမြင်ရသောကြောင့်၊ အပြစ်ကင်းခြင်းကို ဖော်ပြမည်။ ဤလောကကို အစိုးရသောမင်းသည် အပြစ်စီရင်ခြင်းကိုခံရသောကြောင့် အပြစ်စီရင်ခြင်းကိဖော်ပြမည်။ ”(ယော ၁၆း၁-၁၁)

ဖောက်ပြန်သောဘာသာတရား

ကျောင်းတော်၏ပြီးခဲ့သည့်သင်ခန်းစာတွင် သခင်ဘုရားက မိမိ၏တမန်တော်များအား

မိမိအတွက် သူတို့စတင်လျက် သက်သေခံကြသည့်အခါကြုံတွေ့ရမည့် လောက

၏ရန်လိုမှုအ

ကြောင်းကို သတိပေးခြင်းအားဖြင့် အစပြုခဲ့၍ စိတ်အားတက်ြွကဖွယ်မဟုတ်သကဲ့သို့ဖြစ်ခဲ့

သည်။ သို့သော် အလေးဆုံးဝန်ကို ကိုယ်တိုင်ထမ်းလျက် တစ်လောကလုံးတွင် ခရစ်တော်

အတွက် သက်သေခံမည့် သမ္မာတရားနှင့်ဆိုင်သည့် သန့်ရှင်းသောဝိညာဉ်တော်ကို ခမည်းတော်

ထံမှ စေလွှတ်တော်မူမည်ဟူသော ခရစ်တော်၏ကတိတော်သည် မှိုင်းညို့ညို့အခြေအနေဖြင့်

အစပြုခဲ့သောသင်ခန်းစာကို ထွန်းလင်းတောက်ပသောနေအလင်းဖြင့် အဆုံးသတ်စေခဲ့သည်။

ကျောင်းတော်၏နောက်ဆုံးသင်ခန်းစာကို ယခုပြန်အစပြုသည့်အခါလည်း လောက၏ရန်

လိုမှုနှင့်ဆိုင်သည့်ခေါင်းစဉ်သို့ ပြန်ရောက်သွားသည့်အခါ အခြေအနေသည် မှိုင်းညို့ညို့

ပြန်၍ဖြစ်သွားပြန်သည်။ သို့သော် ဤတစ်ကြိမ်တွင် ထိုရန်လိုမှုရောက်လာရာဘက်ကို ကိုယ်

တော်အာရုံစိုက်ကြောင်းတွေ့ရသည်။

 ထိုလမ်းကြောင်းသည် တမန်တော်တို့၏ ဂျူးအမျိုးသား

ဘာသာပင်ဖြစ်သည်။ ညှင်းပန်းနှိပ်စက်မှုအကြောင်းဖော်ပြရန်အသုံးပြုသည့် ဝေါဟာရများက

ဤအချက်ကို သေချာစေသည် တာရှုမြို့သားရှောလုကိုလည်း (တ ၇း၅၀-၆၀၊ ၉း၁-၉) အခြားသော နမူနာတစ်ခုအဖြစ် ကျွန်ုပ်တို့ကိုးကားနိုင်ပါသည်။ ရှောလု၏စိတ်ရင်းကို ကျွန်ုပ်တို့သံသယမရှိနိုင်ပါ။

ခရစ်ယာန်များကို ညှင်းပန်းနှိပ်စက်ခြင်းသည် ဘုရားသခင်၏အလိုတော်နှင့်ညီသည်ဟု သူ

အမှန်တကယ်ခံယူထားခဲ့သည်။ ဘာသာတရားအားဖြင့်ဖြစ်လာနိုင်သည့် ဝမ်းနည်းစရာနှင့် ဆိုး

ဝါးမှုပင်မဟုတ်ပါလား။ ရှေးကျသောဘာသာတို့က ၄င်းတို့၏အယူသည်းမှုနှင့်ရက်စက်ကြမ်း

ကြုတ်မှုတို့ကြောင့် လုပ်မိသည့်အမှားသာကမဘဲ တစ်ဆူတည်းသောဘုရားကိုအခြေခံသည့်

ဂန္ထဝင်ဘာသာများကပင် လုပ်မိသည့်အမှားဖြစ်သည်။

ယေရှု၏ခေတ်ကာလတွင် ဘုရားသခင်

ပေးထားသည့်ဘာသာတရားကို ဦးဆောင်နေကြသော အစ္စရေးခေါင်းဆောင်များသည် ထိုဘာ

သာကို ဘုရားသခင်၏သားတော်ကိုအသေသတ်ခြင်းသည်အပြစ်မရှိဟု ချမှတ်ရန်အတွက်

အသုံးပြုနိုင်သည့်ဘာသာအဖြစ်ပြောင်းလဲစေကြသည်မှာ စိတ်နှလုံးကြေကွဲဖွယ်ဖြစ်ရပ်ဖြစ်

သည်။ ခရစ်ယာန်တို့၏သမိုင်းတွင်လည်း ထိုထက်ပင်ဆိုးဝါးသည့်အရာများရှိခဲ့သည်။ ယေရှု

နောက်လိုက်ပါသည်ဟုဆိုလျက် မိမိကိုယ်ကိုယ် ခရစ်ယာန်ဟုဆိုသောသူအချို့တို့သည် ကိုယ်

တော် တားမြစ်ထားသည့် အကြမ်းဖက်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ သေဒဏ်စီရင်ခြင်းတို့ကို

ကျူးလွန်လျက် အစ္စရေးတို့ထက်ပင် ပိုမိုများပြားသောလူတို့ကို အစုလိုသတ်ဖြတ်ခဲ့ကြသည်။

ပြည့်တန်ဆာအိမ်၊ ယစ်ထုတ်တို့ခိုအောင်းရာနေရာ သို့မဟုတ် ဘုရားမဲ့ဝါဒီတို့၏ကျောင်း၌သာ

သူတို့၏ဖန်ဆင်းရှင်ကို ပထားသည့်အလုပ်များလုပ်ကြသည်မဟုတ်။ ဘာသာတရားကိုယ်တိုင်

ပင်လျှင် ဘုရားသခင်ကို သိမ်သိမ်မွေ့မွေ့နှင့်တော်လှန်သည့်ပုံစံဖြစ်နိုင်ပါသည်။ ထိုကဲ့သို့သော

ဘာသာတရားသည် ကယ်တင်ခြင်းကိုမပေးစွမ်းနိုင်ပါ။ ၄င်းသည် လောက၏အစိတ်အပိုင်း

တစ်ခုအဖြစ် ဘုရားသခင်၏တရားစီရင်ခြင်းအောက်မှာ ရပ်နေရမည်ဖြစ်သည်။ အသက်ရှင်

တော်မူသောဘုရားသခင်နှင့် သားတော်ယေရှုခရစ်တို့ကသာ ကယ်တင်နိုင်သည်။

သို့သော် ဤအချိန်လေးတွင် မှိုင်းညို့ညို့အနေအထားကိုဖြစ်စေသည့် ဤခေါင်းစဉ်ကို

ခရစ်တော်သည် အဘယ့်ကြောင့် တစ်ပတ်ပြန်ကျော့ရသနည်း။ ကိုယ်တော်ကိုယ်တိုင်အား ရှင်း

ပြစေတော်မူပါ (၁၆း၄)။ ပထမ၊ ညှင်းပန်းနှိပ်စက်မှုကြုံလာရသည့်အခါ ကိုယ်တော်သည် သူတို့

ကို မိန့်တော်မူခဲ့ပြီးသားဖြစ်ကြောင်းသတိရကြလျက် ကိုယ်တော်သည် သူတို့ကိုခွန်အားပေးမည်

ဖြစ်ကြောင်းစိတ်ချလျက် တုန်လှုပ်ခြင်းမရှိကြစေရန်အတွက် သူတို့ကိုကြိုတင်သတိပေးရန်ဖြစ်

သည်။ ‘ဒုတိယအချက်မှာ ယခင်က ဤအကြောင်းကို သူတို့အားပြောပြရန်မလိုအပ်ခဲ့ပေ။

အဘယ့်ကြောင့်ဆိုသော် သူတို့ထံရန်လိုမှုများရောက်လာသည့်အခါတိုင်း ကိုယ်တော်သည် သူတို့

နှင့်အတူရှိလျက် သူတို့နှင့်အတူရင်ဆိုင်ခဲ့သောကြောင့်ဖြစ်သည်။

 သို့သော် ယခု ကိုယ်တော်သွား

ရတော့မည်ဖြစ်သည်။ ကိုယ်တော်ထွက်ခွာသွားသည်နှင့် သူတို့ထံရောက်ရှိလာမည့် ညှင်းပန်းနှိပ်

စက်မှုအကြောင်း ကြို၍မပြောထားလျှင် ကိုယ်တော်သည် အခက်အခဲပြဿနာအတွက်

ကြိုတင်မျှော်မှန်းလျက်ကြိုတင်ပြင်ဆင်ခြင်းမရှိသောကြောင့် ကိုယ်တော့်ကို သူတို့အလိုအပ်ဆုံး

အချိန်တွင် ကိုယ်တော်သည် သူတို့ထံမှထွက်ခွာသွားသည်ဟု သူတို့ထင်မြင်ယူဆသွားနိုင်သည်။

နောက်တစ်ချက်မှာ ကိုယ်တော်သည် သူထွက်ခွာသွားသည့်အခါ ညှင်းပန်းနှိပ်စက်မှု

ရောက်လာမည်ကို သိလျက်နှင့် အဘယ့်ကြောင့်ထွက်ခွာသွားခဲ့သနည်း။ သူတို့သည် ၈ေသရှေ

မန်ဥယျာဉ်၏အရိပ်မဲများဆီသို့ဦးတည်လျက် မှောင်မဲ၍ရန်လိုနေသည့် ဂျေရုဆလင်၏ လမ်း

များပေါ် ဖြည်းဖြည်းချင်းသွားနေကြချိန် ကိုယ်တော်က ဤအရာများပြောနေသည်ကို ကြားရ

သည့်အခါ တမန်တော်များအတွက် အံ့ဩစရာနှင့်ချောက်ချားစရာအမှန်ပင်ဖြစ်နေပေလိမ့်မည်။

ခရစ်တော်သွားရသည့်အကြောင်းရင်း

အဘယ့်ကြောင့် ခရစ်တော်ထွက်ခွာသွားရသနည်း။ လောကကိုသက်သေခံရမည့်အလုပ်

သည် အဓိကအလုပ်ဖြစ်နေသည်ဆိုလျှင် အတူရှိတော်မူလျက် ကိုယ်တော်ကိုယ်တိုင်သက်သေခံ

လျှင် ပို၍မကောင်းပေဖူးလား။ ကိုယ်တော်က တပည့်တော်တို့အား ထပ်မံမိန့်တော်မူခြင်းသည် မည်သည့်အဓိပ္ပါယ်ရှိသနည်း။ ဤအကြောင်းကို

အခြားသောအခြေအနေတစ်ခုတွင် ကျောင်းတော်သင်ခန်းစာ၏အပိုင်းတစ်၌ ကျွန်ုပ်တို့

ဆွေးနွေးခဲ့ကြပြီဖြစ်သည် ( အခန်း ၉၊ စာမျက်နှာ ၇၄ ကိုကြည့်ပါ)။ သို့သော် သခင်ဘုရားက

သွားလျှင် ဟု မိန့်တော်မူခြင်းအားဖြင့် ဘာကိုဆိုလိုကြောင်း ကျွန်ုပ်တို့သေချာနားလည်ထားရ

မည်ဖြစ်သည်။ ထိုချိန်ကတပည့်တော်များကဲ့သို့ မဖြစ်ရန်လိုသည်။ သူတို့သည် ကိုယ်တော်မည်

သည့်အရပ်သို့သွားမည်ကို တစ်ဦးကမျှမမေးကြဟုအပြောခံရသည့်အထိ ဝမ်းနည်းကြေကွဲမှု၏

လွှမ်းမိုးမှုကိုခံခဲ့ကြသည်(၁၆း၅၆)။ ကိုယ်တော်မည်သည့်အရပ်သို့သွားမည်ကို အရင်က

ပေတရု မေးခဲ့သည်မှန်ပါသည်(၁၃း၃၆-၃၇)။

သို့သော် သူနောက်ထပ်ပြောသောစကားအရ သွားလျှင် ဟူသောစကားသည် ကိုယ်တော်၏

အသေခံခြင်း}}ကို ဆိုလိုသည်ဟု သူနားလည်နေဟန်ရှိသည်။ ယခု သခင်ဘုရားသည် အမှန်ပင်

အသေခံတော့မည်ဖြစ်သည်။ သို့သော် ကိုယ်တော်သွားရသည့်ရည်ရွယ်ချက်မှာ အသေခံရန်

မဟုတ်ပေ။ ကိုယ်တော်သည် ခမည်းတော်ထံသို့ သွားတော့မည်ဖြစ်သည် (၁၆း၁၀)။ ထိုအထဲ

တွင် အသေခံခြင်းသက်သက်သာမဟုတ်။ ကိုယ်ခန္ဓာဖြင့်ရှင်ပြန်ထမြောက်ခြင်း၊ ကောင်းကင်သို့

ပြန်လည်တက်ြွကခြင်းနှင့်ချီးမြှောက်ခံတော်မူခြင်းတို့ပါသည်။

ခရစ်တော်သွားရခြင်းသည် ယခု လောလောဆယ်လေ့လာနေသည့်အခြေအနေတွင်

ဖော်ပြထားသည့် ယေရှုနှင့်တပည့်တော်တို့အပေါ်လောက၏ရန်လိုမှုနှင့် ဆက်နွယ်မှုရှိနေသည်

ဟု ကျွန်ုပ်တို့ယခုမြင်နိုင်ပါသည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ထိုသို့ရန်လိုနေသောလူတို့ကို

သက်သေခံဖို့ြွကလာသည်ဆိုလျှင် သူတို့ကိုမည်သို့မည်ပုံသက်သေခံတော်မူမည်နည်း။ မည်သည့်

အရာကို သူမိန့်တော်မူမည်နည်း။ ယေရှုသည် မြေကြီးပေါ်တွင် တရားဒေသနာများစွာဟော

ကြားတော်မူခဲ့ပြီး အံ့ဖွယ်နိမိတ်လက္ခဏာများလည်းများစွာပြုတော်မူခဲ့သည်။ သို့သော် ယေရှု

အပေါ်ရန်လိုသောသူတို့သည် မယုံကြည်ကြသေးပေ။

သူတို့ကိုမေးလျှင် သူတို့သည် ဘုရား

သခင်ကိုယုံကြည်ကြပြီး ယေရှုကိုသာမယုံကြည်ပါဟု ဖြေကြမည်ဖြစ်သည်။ တစ်နည်းပြောရ

လျှင် သူတို့သည် ဘုရားသခင်ကိုယုံကြည်သူများဖြစ်သည်ဟုဆိုခြင်းသည် မှန်ပါသည်။ ဘုရား

သခင်ရှိတော်မူကြောင်း၊ အပြည့်အဝသန့်ရှင်းတော်မူကြောင်းနှင့် အနန္တတန်ခိုးရှင်ဖြစ်တော်မူ

ကြောင်းကို သူတို့ယုံကြည်ကြသည်။ သူတို့သည် တစ်ဆူတည်းသောဘုရားသခင်ကို သိရသော

ကြောင့် ဂုဏ်ယူလျက် ဗာဟီရဝါဒ (စေါညေငျာ) ၏ နတ်ဘုရားများကိုးကွယ်မှုဖြစ်သည့်

ဗဟုနာထဝါဒ (စသူပအ့နငျာ) ကို ရယ်ဖွယ်ကောင်း၍ စက်ဆုပ်ဖွယ်လည်းကောင်းသောယုံ

ကြည်မှုဖြစ်သည်ဟု ခံစားကြသည်။ ဘုရားသခင်သည် သူတို့၏အစ္စရေးလူမျိုးကို လူ့သမိုင်း၏

အရေးကြီးသောကဏ္ဍတစ်ခုအတွက် ရွေးချယ်ထားလျက် ဓမ္မဟောင်းခေတ်ပရောဖက်များ

အားဖြင့် သူတို့ထံ မိမိကိုယ်ကိုယ်ဖွင့်ပြတော်မူသည်ဟု သူတို့ယုံကြည်ကြသည်။

သို့သော် အရေးကြီးဆုံးသောအချက်အားဖြင့်ပြန်ကြည့်သည့်အခါ သူတို့သည် ဘုရား

သခင်ကို မယုံကြည်သောသူများဖြစ်ကြသည်။ သူတို့သည် အဆင့်မြင့်သည့်မယုံကြည်သူများဖြစ်

ကြသည်။ အဘယ့်ကြောင့်ဆိုသော် ယေရှုခရစ်တော်သည် သူတို့အား မိမိသည် ငါဖြစ်၏ ဟု သူတို့ကိုသိစေတော်မူသည့် ဘုရားသခင်ပင်ဖြစ်တော်မူလျက် လူ့သဏ္ဌာန်၌ရှိသော

ဘုရားသခင်ဖြစ်တော်မူသည် (ထွက်မြောက်ရာ ၃၊ လာမည့်စာမျက်နှာ ၂၂၀၊ ၁၃၇ ကိုကြည့်ပါ)။

ကိုယ်တော်ကို သူတို့အသိအမှတ်မပြုခြင်းသည် ဘုရားသခင်ကို အသိအမှတ်မပြုခြင်းပင်ဖြစ်

သည်။ ထို့ကြောင့် သူတို့သည် ယေရှုကို မယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ကိုမယုံကြည်သူ

များ ဖြစ်ကြောင်း မိမိကိုယ်ကိုယ် ထင်ရှားစေကြသည်။

ဘုရားပေးနမူနာ

နှုတ်ကပတ်တော်၌ “သို့သော်လည်း၊ ထာဝရအသက်အလိုငှာ ယုံကြည်လတ္တံ့သောသူတို့ လိုက်စရာပုံသက်သေ ဖြစ်စေခြင်းငှာ၊ အကြီးဆုံးသောအပြစ်ရှိသော ငါ၌၊ ယေရှုခရစ်သည် ခပ်သိမ်းသောခန္တီတော်ကို ပြတော်မူမည်အကြောင်း၊ ငါ့ကိုသနားတော်မူပြီ။”(၁တိ ၁း၁၆) ဟူ၍ သူ၏ပြောင်းလဲခြင်းအတွေ့အကြုံကိုဖော်ပြထား

သည့် တမန်တော်ကို နမူနာအဖြစ် ထပ်မံကိုးကားနိုင်ပါသည်။ တာရှုမြို့သားရှောလုသည်

မပြောင်းလဲမီကပင် ဘုရားသခင်ကို ယုံကြည်ပြီးသားဖြစ်ပေလိမ့်မည်။ သူ၏ကုသိုလ်ကောင်းမှု

များသည် ဘုရားသခင်အတွက် လက်ခံဖွယ်ဖြစ်မည်ဟု အပြည့်အဝယုံကြည်လျက် ဘုရားသခင်

ပေးထားသည့် ပညတ်တရားတို့ကို စောင့်ရှောက်ရန် စိတ်အားထက်သန်ပြီး သူကိုးကွယ်သည့်

ဘာသာတရား၏ဘာသာရေးကျင့်ဝတ်များကို အထူးလေးစားလိုက်နာခဲ့သည်။ သို့သော်

အရေးအကြီးဆုံးသောအချက်အရ သူသည် မယုံကြည်သူသာဖြစ်ခဲ့သည်။ ယေရှုအဖြစ် လူ့ဇာ

တိခံသောဘုရားသခင်ကို သူညှင်းဆဲနေခြင်းက သူသည် မယုံကြည်သူဖြစ်ကြောင်းပြသနေ

သည်။ ထို့ကြောင့် သူပြောင်းလဲပြီးသည့်အခါ ဤသို့သူဝန်ခံခဲ့သည် – (ယေရှုနှင့်

ယေရှု၏နောက်လိုက်များကို ညှင်းပန်းနှိပ်စက်ခြင်း) ငါသည် ကဲ့ရဲ့သောသူ၊ ညဉ်းဆဲသောသူ၊ ကြမ်းကြုတ်သောသူ ဖြစ်ဖူးသော်လည်း၊ သစ္စာရှိသောသူဟု ထိုသခင်သည် မှတ်၍၊ ဓမ္မဆရာအရာ၌ ခန့်ထားတော်မူ၏။ ထိုသို့ငါပြုသောအခါ ယုံခြင်းမရှိ၊ အမှန်မသိဘဲ ပြုသောကြောင့်၊ ကရုဏာတော်ကို ငါခံရပြီ။ (၁ တိ ၁း၁၃)။ နောက်ပိုင်းတွင် အစ္စရေးလူမျိုး

အားလုံး၏ပြောင်းလဲခြင်းအကြောင်း သူဆွေးနွေးရာတွင် ဘုရားသခင်သည် သူတို့ကို

ကရုဏာထားတော်မူလျက် ကယ်တင်နိုင်ကြောင်း၊ ဘုရားသခင်သည် သူတို့အား မိမိတို့၏

မယုံကြည်မှုကို သိရှိဝန်ခံလာစေမည်ဖြစ်ကြောင်း သူဖော်ပြခဲ့သည် (ရော ၁၁း၃၀-၃၂)၄

။ အစ္စရေးလူမျိုး မဟုတ်ကြသော ကျွန်ုပ်တို့အတွက်လည်း ဤသင်ခန်းစာသည် အကျုံးဝင်

ပါသည်။ လူတစ်ဦးသည် တစ်ဘက်တွင် ဘုရားသခင်ကိုယုံကြည်သူဖြစ်နေသော်လည်း

]ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရသည့်}အပိုင်းတွင် ယုံကြည်သူ

မဖြစ်သေးသူဖြစ်နိုင်ပါ သည်။

သို့သော် လေ့လာနေသည့်သင်ခန်းစာ၏နောက်ခံအခြေအနေသို့ပြန်သွားရန် ကျွန်ုပ်တို့

သည် မိမိကိုယ်ကိုယ် မေးခွန်းနှစ်ခုမေးရမည်ဖြစ်သည်။

၁။ ယေရှုသည် အသက်တာတစ်လျှောက် ဟောပြောသွန်သင်လျက် အံ့ဖွယ်နိမိတ်များ

လည်းပြသခဲ့ပါလျက်နှင့် ဂျူးလူမျိုုးတို့က ကိုယ်တော်သည် ဘုရားသခင်၏သားတော်ဖြစ်

ကြောင်း မယုံကြည်ခဲ့ကြလျှင် ထိုအချက်ကို ဂျူးလူမျိုးယုံကြည်စေရန် သန့်ရှင်းသောဝိညာဉ်

တော်သည် မည်သည့်အရာကို ဆက်လက်သွန်သင်ဦးမည်နည်း။

၂။ သူတို့ကယ်တင်ခြင်းခံရရန်အတွက် မရှိမဖြစ်သောလိုအပ်ချက်မှာ ယေရှုကိုမယုံကြည်

ခြင်းသည် ဘုရားသခင်ကိုမယုံကြည်ခြင်းပင်ဖြစ်ကြောင်းနှင့် ၄င်းသည် ဆိုးဝါးသောအပြစ်

ဖြစ်ကြောင်း သူတို့သိမှတ်ဝန်ခံရန်ဖြစ်သည်။ ထို့အပြင် သူတို့သည်လည်း အပြစ်သားများဖြစ်

ကြကြောင်း၊ နတ်ဘုရားများကိုးကွယ်သူများနှင့်အတူတူပင်ဖြစ်ကြောင်း၊ ဘုရားသခင်၏ပညတ်

တရားကို စောင့်ထိန်းခြင်းဖြင့် ကယ်တင်ခြင်းမရနိုင်ကြောင်းနှင့် ဘုရားသခင်နှင့်သူ၏

ကရုဏာတော်ကိုအပြည့်အဝယုံကြည်ခြင်းအားဖြင့်သာ ကယ်တင်ခြင်းခံရမည်ဖြစ်ကြောင်းကို

လည်း သူတို့အသိအမှတ်ပြုလက်ခံရမည်ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ထိုကဲ့သို့

သူတို့လုံးလုံးလျားလျားပြောင်းလဲရန် ဘာကိုလုပ်ဆောင်နိုင်မည်နည်း။

ဤမေးခွန်း၏အဖြေမှာ ဤသို့ဖြစ်သည်- သန့်ရှင်းသောဝိညာဉ်တော်သည် မိမိ၏ရှိနေ

တော်မူခြင်းနှင့်တန်ခိုးတော်တို့ကို ထင်ရှားစေခြင်းအားဖြင့် သူတို့က လက်ဝါးကပ်တိုင်ပေါ်

တင်ခဲ့သောယေရှုဘုရားသည် သေသောသူတို့ထဲမှထမြောက်တော်မူလျက် ကောင်းကင်သို့ ပြန်

တက်ြွကတော်မူကာ သူြွကလာသည့်နေရာဖြစ်သောခမည်းတော်ထံ ပြန်သွားတော်မူကြောင်းကို

ထုတ်ဖော်ကြေညာနိုင်ပါသည်။

ယေရှုခရစ်တော်ပြန်မသွားလျှင် သန့်ရှင်းသောဝိညာဉ်တော်မြွကလာရခြင်း၏အဓိက

အကြောင်းရင်းတစ်ခုကို ကျွန်ုပ်တို့ ယခုသိရပြီဖြစ်သည်။ ယေရှုပြန်မသွားလျှင်၊ တစ်နည်း

အားဖြင့် အသေမခံ၊ မထမြောက်၊ ခမည်းတော်ထံသို့မပြန်၊ ဘုန်းထင်ရှားစေခြင်းကိုမခံရလျှင်

သန့်ရှင်းသောဝိညာဉ်တော်ဟောပြောရန်လိုအပ်သောသတင်းစကား မည်သို့ရှိနိုင်မည်နည်း။

ခေါင်းထဲရှင်းအောင် ပြန်ကြည့်ကြပါစို့။ သန့်ရှင်းသောဝိညာဉ်တော်သည် ပင်တေကုတ္တေပွဲ

နေ့တွင် ယေရှု၏ တောင်ပေါ်ဒေသနာကိုပြန်သတိပေးလျက် ၄င်းကိုပြန်လည်ဆင်ခြင်ကာ

လက်တွေ့လိုက်နာကြရန် တိုက်တွန်းခြင်းအားဖြင့် ထောင်နှင့်ချီသောလူတို့ကိုပြောင်းလဲစေ

ခဲ့သည်မဟုတ်ပါ။

 ယခုခေတ်တွင်လည်း ခရစ်ယာန်လူ့ကျင့်ဝတ်တို့သည် သူ့နေရာနှင့်သူ အရေး

ကြီးသော်လည်း ゞင်းကိုဟောပြောခြင်းဖြင့် လူတို့ပြောင်းလဲကြမည်မဟုတ်ပေ။ သန့်ရှင်းသော

ဝိညာဉ်တော်ဟောပြောသောသတင်းကောင်းမှာ ခရစ်တော်ကိုယ်တော်တိုင်ပင်ဖြစ်သည်။

ကိုယ်တော်၏ပုဂ္ဂိုလ်ဖြစ်ခြင်း၊ ကိုယ်တော်လုပ်ဆောင်ပေးသောရွေးနှုတ်ကယ်တင်ခြင်း၊ ကိုယ်

တော်၏အသေခံတော်မူခြင်း၊ ရှင်ပြန်ထမြောက်ခြင်း၊ ကောင်းကင်သို့ပြန်လည်တက်ြွကခြင်းနှင့်

ပြန်လည်ကြွလာမည့်အကြောင်းတို့ဖြစ်သည်။ ရှင်ပေါလုက ရေးသားလျက် တစ်ဖန်ြွကလာတော်မူ

မည်ဖြစ်ကြောင်း ဆက်လက်ရေးသားထားသည်ကို တွေ့ရသည်(၁၅း၅၀-၅၈)။

သန့်ရှင်းသောဝိညာဉ်တော်က ကမ္ဘာလောကအားသိစေမည့်အမှုကိစ္စသုံးရပ်

သန့်ရှင်းသောဝိညာဉ်တော်သည် အပြစ်အကြောင်း၊ ဖြောင့်မတ်ခြင်းအကြောင်းနှင့်

တရားစီရင်ခြင်းအကြောင်း စသည့်အကြောင်းအချက်သုံးချက်ကို ကမ္ဘာလောကအားသိစေ

မည်ဟု ခရစ်တော်မိန့်တော်မူထားသည်။ သို့သော် ဤအချက်သုံးချက်အားဖြင် မိမိဘာကိုဆိုလို

ကြောင်း ဂရုတစိုက်ရှင်းပြတော်မူခဲ့သည်။ ထို့ကြောင့် ゞင်းတို့ကို အစီအစဉ်အလိုက် ကျွန်ုပ်တို့

လေ့လာကြမည်။ သန့်ရှင်းသောဝိညာဉ်တော်က လောကကိုသိစေမည့်အချက်သုံးချက်မှာ-

၁။လိမ်ညာခြင်း၊ ခိုးခြင်း၊ သူတပါးသားမယားပြစ်မှားခြင်း စသည့်အပြစ်များကိုပြောခြင်း

မဟုတ်ပါ။ ယေရှုကိုမယုံကြည်သောအပြစ်ကို ပြောခြင်းဖြစ်သည်။ ထိုသို့ယုံကြည်ရန် ငြင်းဆန်

ခြင်းသည် အပြစ်ဖြစ်ကြောင်း သန့်ရှင်းသောဝိညာဉ်တော်သည် သူတို့ကို မည်ကဲ့သို့သိစေမည်

နည်း။ ဒုတိယအချက်တွင် အဖြေပေးထားပါသည်။

၂။ ဖြောင့်မတ်ခြင်း ကို ၄င်း၏အခြေခံပညတ်တရားဆိုင်ရာအဓိပ္ပါယ်ဖြင့် နားလည်ထားရ

မည်ဖြစ်သည်။ ဘုရားသခင်သည် ယေရှုကို သေခြင်းမှထမြောက်စေတော်မူလျက် မိမိ၏လက်

ယာလက်တော်ဘက်တွင် ချီးမြှောက်တော်မူခြင်းအားဖြင့် ကိုယ်တော်အတွက်သက်သေထူ

တော်မူကာ ကိုယ်တော်မှန်ကန်တော်မူကြောင်းထင်ရှားစေလျက် လောက၏ဆုံးဖြတ်မှုကို

ပြောင်းပြန်လှန်၍ ယေရှုကိုယုံကြည်ရန်ငြင်းဆန်ခြင်းသည် မှားယွင်းကြောင်းနှင့်အပြစ်ဖြစ်

ကြောင်းထင်ရှားစေတော်မူခဲ့သည်။

၃။ ပထမအနေဖြင့် ယေရှုကိုအပ်နှံခြင်း၊ ဘာသာရေးခေါင်းဆောင်များနှင့်နိုင်ငံရေးခေါင်း

ဆောင်များက အပြစ်စီရင်ခြင်း၊ ဆိုးဝါးစွာသိက္ခာချခြင်း၊ လက်ဝါးကပ်တိုင်ပေါ်တင်ခြင်းနှင့်

ဖျက်ဆီးခြင်း စသည့်စာတန်၏အကြံအစည်အားလုံးတို့သည် ယေရှု၏ရှင်ပြန်ထမြောက်ခြင်း

ကြောင့်အချည်းနှီးဖြစ်သွားကြသည်။

ဒုတိယအနေဖြင့် ဤလောကကိုအစိုးရသောမင်းသည် ကိုယ်ကျင့်တရားပိုင်းတွင် အရေး

နိမ့်ခဲ့သည်။ နောက်ဆုံးတွင် လူသားတစ်ဦးသည် စာတန်၏သွေးဆောင်မှုများကို ကျော်လွှား

လျက် ဘုရားသခင်အပေါ်ထားရှိသည့် မိမိ၏သစ္စာတရားကိုခိုင်မြဲစေကာ ゞင်းအတွက် လက်ဝါး

ကပ်တိုင်ပေါ်တင်ခြင်းခံခဲ့ရသည်။ ထိုသို့အားဖြင့် ဘုရားသခင်အပေါ်ထားရှိသည့် မိမိ၏ယုံ

ကြည့်ခြင်းနှင့်သစ္စာရှိခြင်းတို့ကို လူထုရှေ့တွင် ထင်ထင်ရှားရှားအပြည့်အဝသက်သေထူခဲ့သည်။

ဘုရားသခင်သည် သူ့ကိုရှင်ပြန်ထမြောက်စေတော်မူလျက် စကြဝဠာတစ်ခုလုံး၏အမြင့်မားဆုံး

သောတန်ခိုးအာဏာကို ပေးတော်မူခဲ့သည်။

တတိယအနေဖြင့် စာတန်နှင့်ဘုရားသခင်ကြားဝိညာဉ်ရေးယှဉ်ပြိုင်မှုတွင် စာတန်သည်

အသရေပျက်အောင်မဟုတ်မမှန်ပြောဆိုသည့်လိမ်ညာလှည့်ဖြားသူဖြစ်ကြောင်း ထင်ရှားခဲ့

သည်။ ဧဒင်ဥယျာဉ်၌ပင် ဘုရားသခင်သည် လူနှင့်ဆန့်ကျင်ဘက်ဖြစ်သည်ဟု စာတန်ကပြောဆို

ခဲ့သည်။ သို့သော် ခရစ်တော်၏လက်ဝါးကပ်တိုင်က ゞင်းနှင့်ဆန့်ကျင်ဘက်ပြသခဲ့သည်။

အကြောင်းမှာ ဘုရားဘက်တွင် ခရစ်တော်၏အသေခံခြင်းသည် လူတို့ရရှိသည့် ရွေးနှုတ်ကယ်

တင်ခြင်း၊ ခွင့်လွှတ်ခြင်းနှင့် ပြန်လည်သင့်မြတ်ခြင်းတို့အတွက် ဘုရားသခင်၏ပြင်ဆင်ပေးမှု

ဖြစ်သည်။ လူတို့သည် အပြစ်သားများဖြစ်ကြလျက် ဘုရားသခင်ကို ရန်ပြုနေကြစဉ်မှာပင်

(ရော၊ ၅း၆-၁၁) ဘုရားသခင်သည် သူတို့အတွက် အသေခံမည့် မိမိသားတော်ကိုပေးခြင်း

အားဖြင့် လူသားထုအပေါ် မိမိ၏ချစ်ခြင်းမေတ္တာကိုထင်ရှားစေတော်မူခဲ့သည်။ အပြင်းထန်

ဆုံးသောပုန်ကန်မှုသည် ခွင့်လွှတ်ခြင်းခံရလျက် ပြန်လည်သင့်မြတ်ခြင်းကိုရရှိခဲ့သည်။ အဆိုး

ဝါးဆုံးသောအပြစ်သားသည် ကျေးဇူးတော်သက်သက်အားဖြင့် ဖြောင့်မတ်သည်ဟု အသိ

အမှတ်ပြုခံရလျက် သန့်ရှင်း၍လွတ်လပ်သောအသက်တာဖြင့်အသက်ရှင်ခွင့်ရလာသည်။

အပြစ်စီရင်ခြင်းခံရန်မလိုအပ်တော့ပေ။ ခေတ်ကာလကြာရှည်ခဲ့သော စာတန်၏လိမ်ညာမှု

သည် မည်သည့်အရာဖြစ်ကြောင်းထင်ရှားသွားခဲ့သည်။

စတုတ္ထအနေဖြင့် စာတန်၏ ကိုယ်ကျင့်တရားနှင့်ဝိညာဉ်ရေးရှုံးနိမ့်မှုသည် စာတန်၏

အသုဘခေါင်းလောင်းသံကို ထွက်ပေါ်လာစေလျက် သူ့ဘက်၌ဆက်၍ရှိနေကြသောသူတို့သည်

တစ်နေ့သောအခါ သူ၏ပျက်စီးခြင်းကို မျှဝေခံစားကြရလိမ့်မည်ဟု သတိပေးလျက်ရှိသည်။

နောက်ဆက်တွဲရလဒ်

တပည့်တော်များသည် ထိုအချိန်တွင် ဤအချက်အားလုံးကို ရှင်းလင်းစွာနားလည်ချင်မှ

နားလည်ကြပေလိမ့်မည်။ သို့သော် ကျွန်ုပ်တို့သည် တမန်တော်ဝတ္ထုကိုဖွင့်၍ ပင်တေကုတ္တေပွဲ

နေ့နှင့် ゞင်းနောက်ပိုင်းတွင် တပည့်တော်များ မည်ကဲ့သို့သက်သေခံခဲ့ကြသည်ကို လေ့လာလျှင်

သန့်ရှင်းသောဝိညာဉ်တော်သည် ခရစ်တော်မိန့်တော်မူထားသည့်အတိုင်း ြွကလာလျက် အလုပ်

လုပ်တော်မူကြောင်း ထင်ရှားစွာတွေ့ရမည်ဖြစ်သည်။ တမန်တော်များနှင့် တရားတော်ဟော

ကြားသူတို့သည် လူတစ်ဦးစီတို့၏အပြစ်များကို လူသိရှင်ကြားရှုတ်ချခြင်း မပြုခဲ့ကြသကဲ့သို့

စင်ကြယ်သောအကျင့်သီလများဆောက်တည်ကြရန် လူတို့ကိုတိုက်တွန်းခြင်းလည်း မပြုခဲ့ကြ

ချေ။ ゞင်းက ကနဦးခရစ်ယာန်များသည် လူ့ကျင့်ဝတ်နှင့်လူတို့၏တန်ဖိုးထားမှုတို့တွင် အခြား

သူများနှင့်မထူးမခြားခဲ့ကြဟု မဆိုလိုပါ။ ပြောင်းလဲလာသောသူတို့ထံ တမန်တော်များရေးသား

သည့် ဩဝါဒစာများတွင် ကိုယ်ကျင့်တရားဆိုင်ရာသွန်သင်မှုများနှင့်ပြည့်နေပါသည်။

သို့သော် ကမ္ဘာလောကထံ သူတို့သက်သေခံသည့်အခါ သူတို့ (တစ်နည်းအားဖြင့် သန့်ရှင်း

သောဝိညာဉ်တော်အားဖြင့် သူတို့) အထူးအာရုံစိုက်သည့်

အရာမှာ အလွန့်အလွန်အရေးပါ

သည့်အပြစ်တစ်ခုဖြစ်သည်။ ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းက ကိုယ်တော်သည် တန်ခိုး

တော်နှင့်ပြည့်စုံသော ဘုရားသခင်၏သားတော်ဖြစ်ကြောင်းပြသလျက် အမှန်တကယ်တုန်လှုပ်

စရာအချက်ကိုရည်ညွှန်းဖော်ပြနေသည် အစ္စရေးလူမျိုးတို့သည် ဘုရားသခင်စေလွှတ်သော

မေရှိယကို လက်ဝါးကပ်တိုင်ပေါ်တင်မိကြပြီ။ လူသားတို့သည် မိမိတို့၏အသက်သခင်ကို ကွပ်

မျက်မိကြပြီ (၃း၁၅)။ လူတို့သည် မိမိတို့ကိုဖန်ဆင်းသောအရှင်ကို အသေသတ်မိကြပြီ။ ခရစ်

တော်ကို လက်ဝါးကပ်တိုင်ပေါ်တင်ခြင်းသည် (သမ္မာကျမ်းစာပေါ်အခြေခံသည့်) ကနဦးခရစ်

ယာန်များ၏အမြင်အတိုင်းပင် ဘုရားသခင်အပေါ် လူတို့၏ဒေါသူပုန်ထခြင်းသက်သက်သာ

ဖြစ်သည်။ ဂျူးလူမျိုးများနှင့်လူမျိုးခြားတို့က သူတို့အပေါ် ဘုရားသခင်၏ထိန်းချုပ်မှုနှင့်

ကန့်သတ်မှုတို့ကို (၄း၂၃-၃၁) ဖယ်ရှားပစ်ရန် စုပေါင်းအားထုတ်ကြခြင်းဖြစ်သည်။

 ဤအချက်

သည် ချဲ့ကားပြောဆိုခြင်းမဟုတ်ပါ။ တစ်လောကလုံးက တစ်ချိန်လုံးခံစားလာရသော အခြေခံ

ဒုက္ခပြဿနာကို ခရစ်တော်၏လက်ဝါးကပ်တိုင်တော်က ရှာဖွေဖော်ထုတ်ပေးသည်။ ဤသို့

ပြုခြင်းသည် လူသားအချင်းချင်းရန်လိုခြင်းမဟုတ်ပါ။ လူသားအချင်းချင်းရန်လိုခြင်းသည်

ဘေးထွက်ဆိုးကျိုးတစ်ခုသာဖြစ်သည်။ ဤလုပ်ဆောင်ချက်သည် လူက ဘုရားသခင်ကို ရန်လို

ခြင်းသာဖြစ်သည်။ ဘုရားသခင်၏သားတော်ကို လက်ဝါးကပ်တိုင်ပေါ်တင်ခြင်းသည်

လူအပြစ်ပြုမိသည့်အချိန်မှစ၍ ဘာသာရေးသမားဖြစ်စေ၊ ဘာသာရေးမလိုက်စားသူဖြစ်စေ၊

ရှေးခေတ်လူဖြစ်စေ၊ ယခုခေတ်လူဖြစ်စေ လူသားအားလုံး၏စိတ်နှလုံးထဲ၌ တငွေ့ငွေ့

လောင်ကျွမ်းနေသော ဘုရားသခင်အပေါ် အမျက်ထွက်ခြင်းနှင့်ပုန်ကန်ခြင်းများ ပေါက်ကွဲ

ထွက်ပေါ်လာရာ မီးတောင်ထိပ်ဝတစ်ခုပင်ဖြစ်သည်။

သို့သော် ဤအရာသည် သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ဆောင်မှုအရ ခရစ်တော်၏

လက်ဝါးကပ်တိုင်တော်က လူ၏အပြစ်ကိုရှာဖွေဖော်ထုတ်လျက် ထင်ရှားစေခြင်းဖြစ်သည်ဆို

လျှင် ဤနေရာတွင်သာ အဆုံးမသတ်ပါ။ တစ်ချိန်တည်းမှာပင် သန့်ရှင်းသောဝိညာဉ်တော်က

ကြားသောသူအပေါင်းတို့ကို မိန့်တော်မူနေသည့်အချက်မှာ ခရစ်တော်၏အသေခံခြင်း၊ ရှင်

ပြန်ထမြောက်ခြင်းနှင့် ဘုရားသခင်၏ပလ္လင်တော်ပေါ် ချီးမြှောက်ခံရခြင်းတို့သည် နောင်တရ၍

ယုံကြည်သောသူအားလုံးတို့အား ဘုရားသခင် ယခုပေးတော်မူသော အပြစ်များခွင့်လွှတ်ခြင်း

နှင့် ဝိညာဉ်တော်၏ဆုကျေးဇူးတို့၏အခြေခံဖြစ်သည်ဆိုသည့်အချက်ပင်ဖြစ်ပါသည်။ ဤ

သတင်းစကားသည် သန့်ရှင်းသောဝိညာဉ်တော်၏

မိတ်ဖက်ငယ်များဖြစ်ကြသည့် ကျွန်ုပ်တို့က

ရင့်ကျက်မှုရှိနေသောသန့်ရှင်းစေကြယ်ခြင်း၏ဦးဆောင်မှုကိုလိုက်ရင်း လောကထဲသို့ ဟော

ပြောသက်သေခံရမည့် သတင်းစကားပင်ဖြစ်သည်။

(၂၆)သန့်ရှင်းသောဝိညာဉ်တော်၏သက်သေခံချက်၊

ခရစ်တော်၏ဘုန်းတော်ကိုထင်ရှားစေခြင်း

“ သင်တို့အား ငါပြောစရာစကား အများရှိသော်လည်း၊ သင်တို့သည် ယခုမခံနိုင်ကြ။

သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက် ဟောပြောမည်အဟုတ်။ ကြားသမျှတို့ကို ဟောပြောလိမ့်မည်။ နောင်လာလတ္တံ့သောအရာတို့ကိုလည်း သင်တို့အား ဖော်ပြလိမ့်မည်။

ထိုသူသည် ငါ့ဘုန်းကိုထင်ရှားစေလိမ့်မည်။ အကြောင်းမူကား၊ ငါနှင့်စပ်ဆိုင်သောအရာကိုယူ၍ သင်တို့အား ဖော်ပြလိမ့်မည်။

ခမည်းတော်နှင့်စပ်ဆိုင်သမျှသည် ငါနှင့်စပ်ဆိုင်၏။ ထိုကြောင့် ငါနှင့်စပ်ဆိုင်သောအရာကိုယူ၍ သင်တို့အားဖော်ပြလိမ့်မည်ဟု ငါပြော၏။ ”

(ယော ၁၆း၁၂-၁၅)

ယခုအခါ တမန်တော်တစ်ဆယ့်တစ်ပါးတို့သည် သခင်ယေရှုမိန့်တော်မူသမျှတို့ကို ကြားသိ

နိုင်ရန်အတွက် ကိုယ်တော်အနားစုစုစည်းစည်းနှင့် လျှောက်လာကြသည်မှာ ဂေသရှေမန်

ဥယျာဉ်အနားသို့ရောက်လာကြပြီဖြစ်သည်။ မကြာမီအတွင်း သွန်သင်ညွှန်ကြားမှုအားလုံး ပြီး

ဆုံးမည့်အချိန်ရောက်လာတော့မည်ဖြစ်သည်။ သခင်ဘုရားက သူတို့ကို ပြောရမည့်အရာများ

ဖြစ်သော်လည်း မပြောရသေးသည့်အရာ များစွာကျန်နေဦးမည်ဖြစ်သည်။ ထိုသို့ဖြစ်ခြင်းသည်

အချိန်မလောက်ခြင်းသက်သက်မဟုတ်ပါ။ သူတို့ကို မပြောသေးရန် ကာကွယ်ပေးလိုက်ခြင်း

လည်းဖြစ်သည်။ အကယ်၍ပြောပြခဲ့လျှင်ပင် ထိုအချိန်တွင် သူတို့နားလည်ကြဦးမည်မဟုတ်

ပေ။ ယေရှုသည် အသက်ရှင်တော်မူသောဘုရားသခင်၏သားတော်တည်းဟူသော ခရစ်တော်

ဖြစ်သည်ဟု လွန်ခဲ့သည့်လများက သူတို့ယုံကြည်ဝန်ခံလာခဲ့ကြသည် (မ ၁၆း၁၆)။ သူတို့သည်

ဘုန်းထင်ရှားစေခြင်းခံရလျက် ကိုယ်ခန္ဓာဖြင့်ထမြောက်တော်မူခြင်းနှင့် ကောင်းကင်သို့ တက်

ြွကတော်မူခြင်းကို မမြင်မတွေ့ရသေးသည့်အချိန်တွင် ဤအခြားအရာများကို သူတို့သိရှိ

လက်ခံနိုင်စွမ်းမရှိကြသေးချေ။ ဥပမာအားဖြင့် ဥယျာဉ်ထဲတွင် ချွေးတပြိုက်ပြိုက်ကျလျက်

အလွန်စိတ်ပင်ပန်းမှုခံစားနေရပြီး လက်ဝါးကပ်တိုင်ပေါ်တင်ခြင်းခံရကာ သင်္ချိုင်းဂူတစ်ခုထဲ

သင်္ဂြိုဟ်ခြင်းခံရတော့မည့်ပုဂ္ဂိုလ်သည် သူ့အားဖြင့်စကြဝဠာတစ်ခုလုံးကိုဖြစ်ပေါ်လာစေသော

အရှင်ဖြစ်ပါမည်လော။ ထို့ကြောင့် ကျန်ရှိသေးသောဤအရာများကို သူတို့အား ကိုယ်တော်

ယခုမပြောသေးပါ။ သို့သော် နောင်အခါ သူတို့ကိုပြောပြမည်ဖြစ်သည်။ ထို့ကြောင့် ဤသို့ပြု

တော်မူခြင်းဖြစ်သည်။

ဤအချက်မှာ သန့်ရှင်းသောဝိညာဉ်တော်သည် လောကကိုသာ သက်သေခံသည်မဟုတ်။

တမန်တော်များကိုလည်းကောင်း၊ ထိုတမန်တော်များမှတစ်ဆင့် ကျွန်ုပ်တို့ကိုလည်းကောင်း

သက်သေခံတော်မူသည်ဆိုသည့်အချက်ဖြစ်သည်။ ဤသက်သေခံခြင်းနှင့်ပတ်သက်၍ တမန်

တော်များအား ယေရှုနှလုံးသွင်းစေသောအဓိကအရာသုံးခုရှိသည်။

တမန်တော်တို့ကိုလမ်းပြသွန်သင်တော်မူသည့်အခါ

ဝိညာဉ်တော်အခြေခံမည့် သမ္မာတရား၏အရင်းအမြစ်

သခင်ယေရှုက သန့်ရှင်းသောဝိညာဉ်တော်သည် မိန့်တော်မူပြီး ချက်ချင်းပင် မိမိလောကတွင်ရှိစဉ်မလုပ်ဆောင်ခဲ့

သော ဤအမှုအရာကို သန့်ရှင်းသောဝိညာဉ်တော်သည် မည်ကဲ့သို့လုပ်ဆောင်တော်မူမည်ကို

ရှင်းပြတော်မူသည်ကို သတိပြုပါ။ ထိုရှင်းပြချက်သည် သန့်ရှင်းသောဝိညာဉ်တော်က ခရစ်

တော်၏တပည့်တော်များအားသိစေမည့် သမ္မာတရားနှင့်ပတ်သက်သည့် အချက်သုံးချက်ကို

ရှင်းရှင်းလင်းလင်းသိစေသည်။

က။ သန့်ရှင်းသောဝိညာဉ်တော်သည် သီးသန့်ဖြစ်သော သမ္မာတရား၏အရင်းအမြစ်တစ်

ခုမဟုတ်ပေ။ ခရစ်တော်က မိန့်တော်မူသည်။

ခ။ သန့်ရှင်းသောဝိညာဉ်တော်သည် ခရစ်တော်၏လူတို့ကို သင်ကြားပေးသောဆရာ အဖြစ်

သခင်ယေရှုကိုအစားထိုးသည်မဟုတ်။

မှန်ပါသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ ကျေးဇူးတော်နှင့်ပြည့်စုံသည့် အမှုတော်မြတ်

သည် ဘုရားသခင်၏လူတို့ကို သွန်သင်ပေးရန်ဖြစ်သည်။ သခင်ဘုရားကလည်း တိတိကျကျ

မိန့်တော်မူထားပါသည် (၁၄း၂၆)။ ထိုသို့မိန့်တော်မူထားသည့်အချက်ကို ဤနေရာတွင်ပြန်

လည် ချေဖျက်သည်မဟုတ်။ သို့သော် သန့်ရှင်းသောဝိညာဉ်တော်၏သွန်သင်ခြင်းအစပြုရာ

အရင်းအမြစ်ကို ကိုယ်တော်က ဤနေရာ၌ ကျွန်ုပ်တို့ကို အသိပေးနေခြင်းဖြစ်သည်။ ထို့ကြောင့် သန့်ရှင်းသောဝိညာဉ်တော်က ဘုရားသခင်၏လူတို့ကို ပေးနေသော

သွန်သင်မှုသည် အခြားပုဂ္ဂိုလ်ထံမှ သူကြားရသောအရာဖြစ်သည်။ မည်သူ့ထံမှ သူကြားရ

သောအရာဖြစ်မည်နည်း။ သခင်ယေရှုထံမှဖြစ်သည်။ သခင်ယေရှု၏စကားအားလုံးတို့သည်

လည်း ခမည်းတော်ဘုရားသခင်ထံမှဖြစ်သည် ၁၄း၁၀ ကိုပြန်ကြည့်ပါ။

ဤအချက်အတွက် သမ္မာသစ်ကျမ်းကိုယ်တိုင်ထဲမှ နမူနာအမှန်တစ်ခုကို ကြည့်ကြပါစို့။

ဗျာဒိတ်ကျမ်းက မိမိကိုယ်ကိုယ်

ဆိုလျက် ဆက်လက်၍ ထိုဗျာဒိတ်တော်ကို ယေရှု၏အစေခံကျွန်တို့အား မည်သူက အမှန်

တကယ်ပြသကြောင်းနှင့် မည်ကဲ့သို့ပြသကြောင်းကို ကျွန်ုပ်တို့အား ပြောပြသည်။ ခရစ်တော်

ကိုယ်တော်တိုင်က မိမိ၏အစေခံကျွန်ယောဟန်ထံ ကောင်းကင်တမန်စေလွှတ်လျက် အသိပေး

တော်မူခဲ့ခြင်းဖြစ်သည် ။ထိုရည်ရွယ်ချက်ဖြင့်

ရှင်ပြန်ထမြောက်တော်မူသောခရစ်တော်သည် မိမိ၏ဘုန်းအာနုဘော်တော်ဖြင့် ရူပါရုံထဲတွင်

သူ့ထံပေါ်လာလျက် အာရှမိုင်းနားတွင်ရှိသောအသင်းတော်ခုနစ်ပါးထံ တစ်စောင်စီပို့ရန်

စာခုနစ်စောင်ကို သူ့အားနှုတ်တိုက်ချပေးခဲ့သည်ဟု ရှင်ယောဟန်ကပြောပြပါသည်။

စာစောင်တစ်ခုစီကို သခင်ယေရှုထံမှ အသင်းတော်ထံသို့ရေးသားကြောင်းလိပ်မူလျက်

ရူပါရုံထဲတွင်မိမိပြသသည့်အရာတစ်ခု သို့မဟုတ် တစ်ခုထက်ပိုသည့်အရာကိုအာရုံစိုက်ရန်

မေးခွန်းဖြင့် အစပြုထားသည်။ ဥပမာအားဖြင့် ပထမစာစောင်ကို အစပြုထားသည် (၂း၁)။

ဤပုံစံမှာ ရူပါရုံထဲတွင် ကိုယ်တော်ကို

ယောဟန်မြင်ရသည့် ပုံစံပင်ဖြစ်သည်။ ထို့ကြောင့် သူ့ကိုနှုတ်တိုက်ချပေးနေသောပုဂ္ဂိုလ်သည်

သခင်ယေရှုဖြစ် ကြောင်း လုံးဝသံသယရှိစရာမလိုပေ။ သို့သော် စာစောင်၏အဆုံးတွင်

ယေရှုက မိန့်တော်မူထားသည်(၂း၇)။ ဤအချက်မှ ကျွန်ုပ်တို့

ကောက်ချက်ချနိုင်သည့်အချက်မှာ အသင်းတော်များအား ခရစ်တော်ပြောနေသောအရာများ

ကို ပြောနေသူမှာ သန့်ရှင်းသော ဝိညာဉ်တော်ဖြစ်သည်။ ထို့နောက် သခင်ယေရှုက မိန့်တော်မူလျက် စာစောင်ကို အဆုံးသတ်ခဲ့သည်။

ဤအရာအားလုံးကိုကြည့်လျှင် သခင်ယေရှုသည် ဘုရားသခင်က ဖော်ပြရန်အတွက်

မိမိကိုပေးထားသော မိမိနှင့်ဆိုင်သောအရာကို ဖော်ပြ၍ သန့်ရှင်းသောဝိညာဉ်တော်သည်

သခင်ယေရှုထံမှ မိမိကြားရသောအရာကို အသိပေးတော်မူကြောင်း ထင်ရှားသည်။ ထမြောက်

တော်မူသော သခင်ယေရှုသည် မိမိလူတို့ကို ဆက်လက်သွန်သင်နေဆဲဖြစ်သည်။ သန့်ရှင်းသော

ဝိညာဉ်တော်သည်လည်း သွန်သင်ပေးတော်မူသကဲ့သို့ သခင်ယေရှုကလည်းသွန်သင်ပေးနေ

သည်။ သန့်ရှင်းသောဝိညာဉ်တော်က မိမိလူတို့၏ဆရာအဖြစ် သခင်ယေရှုကိုအစားထိုးသည်

မဟုတ်။

ဂ။ တမန်တော်တို့ကို သန့်ရှင်းသောဝိညာဉ်တော်သွန်သင်ပေးသည့်အတိုင်းအတာ

သမ္မာတရားနှင့်ဆိုင်သောဝိညာဉ်တော်သည် တမန်တော်တို့အား သမ္မာတရားရှိသမျှကို

သွန်သင်ပြသတော်မူမည်ဖြစ်ကြောင်း သခင်ယေရှုမိန့်တော်မူထားသည်။ ထို့ပြင် သန့်ရှင်းသော

ဝိညာဉ်တော်သည် ဖြစ်လာမည့်အရာများကိုလည်း တမန်တော်တို့အားပြောပြမည်ဖြစ်သည်

(၁၆း၁၃)။

ဤအံ့ဖွယ်ကတိတော်၏ထူးခြားမှုကို မြင်နိုင်ရန်အတွက် သမိုင်းကြောင်းကိုကောင်းစွာ

လေ့လာလျက် သခင်ယေရှုက ဤကတိတော်များကို မည်သူ့ထံမိန့်တော်

မူခဲ့ကြောင်း သိရမည်ဖြစ်သည်။ ကိုယ်တော်သည် တမန်တော်တို့ကို မိန့်တော်မူခြင်းဖြစ်သည်။

နောင်အခါ တိုးပွားလာသောယုံကြည်သူအားလုံးထံ မိန့်တော်မူခြင်းမဟုတ်။ ကိုယ်တော်က

အသင်းတော်၏အုတ်မြစ်ကိုချမည့်သူများဖြစ်ကြသည့် မိမိ၏တမန်တော်များနှင့် ပရောဖက်

များကို ဗျာဒိတ်တော်အကြောင်း မိန့်တော်မူနေခြင်းဖြစ်သည်။ ယခင်က တစ်ခါမျှ ဖွင့်ပြခြင်း

မရှိခဲ့ဖူး၍ မည်သူကမျှမကြားခဲ့ဖူးသော သမ္မာတရားကို မိန့်တော်မူနေခြင်းဖြစ်သည်။ ထို

အကြောင်းကို နောက်ပိုင်းတွင် ရှင်ပေါလုက ကျေးဇူးတော်သာသနာကို အပ်ပေးသည် အကြောင်းဟူမူကား၊ ငါသည်အထက်က အနည်းငယ် ရေးထားခဲ့သည်အတိုင်း၊ ဘုရားသခင်သည် ဗျာဒိတ်တော်အားဖြင့် နက်နဲသောအရာကို ငါ့အားပြတော်မူ၏။

ထိုနက်နဲသောအရာကို သန့်ရှင်းသော တမန်တော်တို့နှင့် ပရောဖက်တို့အား၊ ယခုကာလ၌ ဝိညာဉ် တော်အားဖြင့် ဖွင့်လှစ်တော်မူသည်နည်းတူ၊ အခြားသော ကာလတို့၌ လူမျိုးတို့အား ပြတော်မမူ။”ဟုဖော်ပြရေးသားထားသည်

(ဧဖက် ၃း၃၊ ၅)။ ပင်တေကုတ္တေပွဲနေ့နောက်ပိုင်းတွင် တမန်တာ်တို့အား သခင်ယေရှုဖော်ပြ

သည့်အရာများကို ကျွန်ုပ်တို့ပို၍ပို၍နားလည်နိုင်ရန် ယနေ့လည်း သန့်ရှင်းသောဝိညာဉ်

တော်က ကျွန်ုပ်တို့ကို ကူညီမစနေပါသည်။ သို့သော် သန့်ရှင်းသောဝိညာဉ်တော်၏ ထိုကဲ့သို့

သောအမှုတော်လုပ်ငန်းအကြောင်းကို ထိုစဉ်က ခရစ်တော်မိန့်တော်မူနေသည်မဟုတ်ပါ။

ထိုနည်းတူ ရှေ့တွင် ကိုယ်တော်က မိန့်တော်မူရာ၌ တမန်တော်များနှင့်ပရောဖက်များအား

သူဖွင့်ပြထားသည့်သမ္မာတရားတွင် ယခု ကျွန်ုပ်တို့နားမလည်နိုင်သေးသောအရာများစွာပါ၍

ゞင်းတို့ကို နောင်အခါ ကျွန်ုပ်တို့အားပြန်ရှင်းပြလိမ့်မည်ဟု ကျွန်ုပ်တို့ကို ပြောပြနေခြင်းမဟုတ်

ပါ။ ကိုယ်တော်က တမန်တော်တို့အားပြောပြနေသောအရာမှာ ကိုယ်တော်သည် သူတို့အား

များစွာသောသမ္မာတရားတို့ကို ဖွင့်ပြပြီးပြီဖြစ်သော်လည်း ယခုအချ်ိန် သူတို့မခံယူနိုင်သေး၍

သူတို့ကိုမဖွင့်ပြရသေးသော သမ္မာတရားများရှိသေးသည်ဟူ၍ဖြစ်သည်။

သို့သော် ရှင်ပြန်

ထမြောက်တော်မူခြင်းနှင့် ကောင်းကင်သို့ပြန်လည်တက်ြွကတော်မူခြင်းပြီး၍ ပင်တေကုတ္တေပွဲ

နေ့တွင် သန့်ရှင်းသောဝိညာဉ်တော်ြွကဆင်းလာသည့်အခါ သူတို့သည် ကျန်သောဗျာဒိတ်

တော်များကို ခံယူနိုင်ကြပြီဖြစ်သောကြောင့် ゞင်းတို့ကို သူတို့အပြည့်အဝရရှိခဲ့ကြသည်။ သူတို့

သည် သမ္မာတရားကိုအြွကင်းမဲ့သွန်သင်ခြင်းခံရကြသည်။ သခင်ဘုရား၏ဝမ်းကွဲညီအစ်ကို

ဖြစ်သူ ယုဒသည် မိမိ၏ဩဝါဒစာကို ရေးသားသည့်အချိန်တွင် ယုံကြည်ခြင်းအကြောင်းကို ရေးသားဖော်ပြနိုင်ပြီ ဖြစ်သည်

(ယုဒ ၃ မြန်မာ့စံမီကျမ်း)။ ဤယုံကြည်ခြင်းကို ပြည့်ပြည့်စုံစုံနားလည်ပြီး ၄င်း၌ပါဝင်သော

အရာအားလုံးကို ဆွဲယူနိုင်ရန်အတွက် နှစ်ပေါင်းရာနှင့်ချီကြာနိုင်ပါသည်။ သို့သော် ဤ

ယုံကြည်ခြင်းကို ထပ်မံဖြည့်စွက်ရန်၊ ပြုပြင်မွမ်းမံရန် မည်သည့်အခါမျှ လိုအပ်မည်မဟုတ်ပေ။

ထိုနည်းတူ သခင်ဘုရားက သန့်ရှင်းသောဝိညာဉ်တော်သည် ကတိပြုတော်မူရာတွင် စကားလုံးကို အလွန်ဂရု တစိုက်နှင့်ရွေးချယ်အသုံးပြုတော်မူခဲ့သည်။ ]နောင်လာလတံ့သောအဖြစ်အပျက်အချို့ကို}

ဖော်ပြမည်မဟုတ်ပါ။

ဘုရားသခင်

က ဖွင့်ပြတော်မူမည့် လောကအတွက် မိမိ၏ဘုရားအစီအစဉ်အားလုံးပါဝင်ပါသည်။ ဓမ္မသစ်

တွင် ကျွန်ုပ်တို့ကိုပေးထားသည့် ထိုအစီအစဉ်ကို နားလည်ရန် ရာစုများစွာအတွင်း လုပ်ဆောင်

လာကြပြီဖြစ်သော်လည်း ゞင်းကိုအပြည့်အဝနားလည်ပြီဟု ပြောနိုင်သူမရှိသေးပါ။ သို့သော်

ထိုအစီအစဉ်ကို ဓမ္မသစ်ကျမ်းရေးသားသည့်တမန်တော်များနှင့်ပရောဖက်များက တစ်ကြိမ်

တည်းနှင့်အပြီးပေးအပ်ခဲ့ကြပြီဖြစ်သည်။ ထပ်မံဖြည့်စွက်ရမည့်နေရာကဏ္ဍ ၄င်းတွင်မရှိပေ။

သန့်ရှင်းသောဝိညာဉ်တော်သက်သေခံသည့်ရည်ရွယ်ချက်နှင့်အကြောင်းအရာများ

ခရစ်တော်က ငါ၏ဘုန်းကိုထင်ရှားစေလိမ့်မည်ဟု မိန့်တော်မူထားသည်။ ဤအချက်

သည် ပင်တေကုတ္တေနေ့တွင်ဆင်းြွကလာတော်မူသည့်အချိန်မှစ၍ သန့်ရှင်းသောဝိညာဉ်တော်

၏ပျော်ရွှင်ဖွယ်ကောင်းသောဦးတည်ရည်မှန်းချက်ဖြစ်သည်။ ထိုနေ့တွင် သန့်ရှင်းသောဝိညာဉ်

တော်နှင့်ပြည့်ဝသော ရှင်ပေတရုက ယေရှုပြန်လည်တက်ြွကသွားတော်မူသည့်နောက်ပိုင်းတွင်

သန့်ရှင်းသောဝိညာဉ်တော်ကို သွန်းလောင်းသည့်အကြောင်းသာမက ထိုသို့ရှင်ပြန်ထမြောက်

လျက် ကောင်းကင်သို့တက်ြွကသွားတော်မူသောယေရှုကိုယ်တော်တိုင်ကပင် သန့်ရှင်းသော

ဝိညာဉ်တော်ကို သွန်းလောင်းတော်မူကြောင်း ဖော်ပြခဲ့သည် – “ထိုသို့ဘုရားသခင်သည် လက်ယာလက်တော်နှင့် ချီးမြှောက်တော်မူသဖြင့်၊ ထိုသခင်သည် ကတိတော်နှင့် ယှဉ်သော သန့်ရှင်းသောဝိညာဉ်တော်ကို ခမည်းတော်ထံ၌ ခံပြီဖြစ်၍ သင်တို့သိမြင်ကြားရသောအရာကို ညွှန်းလောင်းတော်မူ၏။ “(တ ၂း၃၃)။

သို့သော် သန့်ရှင်းသောဝိညာဉ်တော်သည် ပုဂ္ဂိုလ်မဟုတ်သော

တန်ခိုးစွမ်းအားမဟုတ်ပါ။ သုံးပါးတစ်ဆူဘုရားသခင်၏အဖွဲ့ဝင်ဖြစ်သည်။ ယေရှု

ခရစ်တော်က သန့်ရှင်းသောဝိညာဉ်တော်ကို သွန်းလောင်းတော်မူသည်ဆိုလျှင် ထိုယေရှုခရစ်

တော်သည် မည်သူဖြစ်မည်နည်း။ မိမိကိုယ်တော်တိုင် ဘုရားသခင်ဖြစ်သောအရှင်ကသာ

ဘုရားသခင်၏ဝိညာဉ်တော်ကို သွန်းလောင်းနိုင်မည်မဟုတ်ပါလား။ သန့်ရှင်းသောဝိညာဉ်

တော်သည်လည်း ရှင်ပေတရုအားဖြင့် လူထုတို့အား ဤအံ့ဩဖွယ်အရာကို သိစေတော်မူခဲ့

သည်” ထို့ကြောင့် သင်တို့သည်လက်ဝါးကပ်တိုင်မှာ ကွပ်မျက်သောယေရှုကို ဘုရားသခင်သည် ခရစ်တော်၌လည်းကောင်း၊ အစိုးရသော အရှင်အရာ၌လည်းကောင်း ခန့်ထားတော်မူသည်အကြောင်းကို ဣသရေလအမျိုးသားအပေါင်းတို့ အတပ်အမှန် သိမှတ်ကြလော့ဟု ပေတရုဟောလေ၏။ ” (တ ၂း၃၆)။

ထို့ကြောင့် သန့်ရှင်းသော

ဝိညာဉ်တော်သည် အစကတည်းကစ၍ သခင်ယေရှု၏ဘုန်းတော်ကို ထင်ရှားစေခဲ့သည်။

ငါနှင့်ဆိုင်သောအရာ ဆိုသည့်စကားကို မည်သည့်အထိ နားလည်သတ်မှတ်နိုင်

သနည်းဟု ကျွန်ုပ်တို့မေးသည်ဆိုလျှင် ယေရှု၏အဖြေမှာ အံ့မခန်းဖွယ်ဖြစ်ပေသည်။

ဤအရာအပေါ် ကျွန်ုပ်တို့ပထမဦးဆုံးတုန့်ပြန်လုပ်ဆောင်သင့်သည့်အရာမှာ ဤနေရာ

တွင်ခေတ္တရပ်လျက် ယခုပင် သခင်ယေရှုကို မိမိစိတ်နှလုံးထဲမှ ရှိခိုးကိုးကွယ်ရန်ပင်ဖြစ်သည်။

ကျွန်ုပ်တို့ ဒုတိယအနေဖြင့်တုန့်ပြန်လုပ်ဆောင်ရမည့်အရာမှာ ဝိညာဉ်တော်အားဖြင့်

သခင်ယေရှုဖော်ပြပေးသော ဘုရားသခင်အကြောင်းထက်ပို၍ ဘုရားသခင်အကြောင်းကို

ကျွန်ုပ်တို့မသိနိုင်ကြောင်း အသက်တာတစ်လျှောက် ကျွန်ုပ်တို့သတိရနေရန်ဖြစ်သည်။ အခြား

တစ်နေရာတွင် ခရစ်တော်က မိန့်တော်မူသည် (မ ၁၁း၂၇)။

ထို့ကြောင့် သခင်ယေရှုက မိန့်တော်မူခဲ့ ခြင်းဖြစ်သည်မဟုတ်ပါလား။

သန့်ရှင်းသောဝိညာဉ်တော်က ခရစ်တော်၏လူတို့ကို သင်ကြားပေးသည့်အရာမှာ ဤ

အရာပင်ဖြစ်ခဲ့၍ ဤအရာပင်ဖြစ်နေပြီး ဤအရာပင်ဖြစ်နေဦးမည်ဖြစ်သည်။ အချို့သော

ပညာရပ်နှင့်နည်းစနစ်များကို အသုံးပြုခြင်းအားဖြင့် လူတို့သည် ဘုရားသခင်အကြောင်းနှင့်

ဘုရားသခင်၏ဗျာဒိတ်တော်ကို အပြည့်အဝသိရှိနိုင်ပြီး ဘုရားသခင်နှင့်အပြည့်အဝပူးပေါင်း

မှုကိုရရှိစေနိုင်သည်ဆိုသည့်အဆိုအားဖြင့်ဖြစ်လာသည့် သန့်ရှင်းစင်ကြယ်ခြင်းနှင့်ဆိုင်သည့်

သီအိုရီအယူအဆသည် သန့်ရှင်းသောဝိညာဉ်တော်ထံမှလာသောအရာမဟုတ်ပါ။ ထို့ကြောင့်

ゞင်းအယူအဆများ မမှန်ပါ။ ゞင်းတို့ကို လုံးလုံးရှောင်ကြဉ်ကြပါစို့။

ခရစ်တော်၏ဘုန်းတော်ကိုထင်ရှားစေသည့်

သန့်ရှင်းသောဝိညာဉ်တော်၏်အမှုတော်လုပ်ငန်းမှ နမူနာတစ်ခု

ယခု ဤသင်ခန်းစာ၏အဆုံးပိုင်းသို့ရောက်လာပြီဖြစ်၍ တမန်တော်တစ်ပါးအပေါ်

သန့်ရှင်းသောဝိညာဉ်တော်မှုတ်သွင်းခြင်းဖြင့် ကျွန်ုပ်တို့ကိုဖွင့်ပြသောအကြောင်းအရာတစ်ခုကို

အစအဆုံး ဖြည်းဖြည်းနှင့် ဂရုတစိုက်ဖတ်လျှင် ပို၍အပ်စပ်မှုရှိပေလိမ့်မည်။ ထိုအကြောင်း

အရာမှာ ခမည်းတော်နှင့်ကိုယ်တော်၏ဆက်နွယ်မှု၊ ကိုယ်တော်နှင့်ဖန်ဆင်းခံအရာများ၏

ဆက်နွယ်မှု၊ ကိုယ်တော်နှင့်အလုံးစုံသောပြန်လည်သင့်မြတ်ခြင်းတို့၏ဆက်နွယ်မှု၊ ကိုယ်တော်

နှင့်အသင်းတော်တို့၏ဆက်နွယ်မှု၊ အတိတ်က လက်ဝါးကပ်တိုင်ပေါ်တွင် ကျွန်ုပ်တို့အတွက်

ကိုယ်တော်ပြုတော်မူသောအမှု၊ ယခု ကျွန်ုပ်တို့အထဲ၌ ကိန်းဝပ်တော်မူခြင်းနှင့် အနာဂါတ်တွင်

ကိုယ်တော်သည် ရွေးနှုတ်ခံသူတို့နှင့်အတူ ဘုန်းတော်နှင့်တကွ ထင်ရှားတော်မူမည့်အကြောင်း

တို့ဖြစ်သည်။

 ဤအကြောင်းအရာများကို ဖတ်ရှုရင်း ကိုယ်တော်ကို ထပ်မံကိုးကွယ်ကြပါစို့။

(၂၇)ထမြောက်တော်မူပြီး လူတို့ထံထင်ရှားပြတော်မူခြင်း၊

ဖယ်ရှားမရနိုင်သောဝမ်းမြောက်ခြင်း၏အကြောင်းတရား

“ခဏကြာပြီးမှ သင်တို့သည် ငါ့ကိုမမြင်ရကြ။ တစ်ဖန် ခဏကြာပြီးမှ ငါ့ကိုမြင်ပြန်ကြလိမ့်မည်။ အကြောင်းမူကား၊ ငါသည်ခမည်းတော်ထံသို့ သွားမည်ဟု မိန့်တော်မူ၏။

တပည့်တော်အချို့ကလည်း၊ ခဏကြာပြီးမှ သင်တို့သည်ငါ့ကို မမြင်ရကြ။ တစ်ဖန် ခဏကြာပြီးမှ ငါ့ကို မြင်ပြန်ကြလိမ့်မည်ဟူ၍လည်းကောင်း၊ အကြောင်းမူကား၊ ငါသည် ခမည်းတော်ထံသို့ သွားမည်ဟူ၍လည်းကောင်း၊ မိန့်တော်မူသောစကားသည် အဘယ်သို့နည်း။

ခဏဟူ၍မိန့်တော်မူသော် အဘယ်သို့ဆိုလိုသနည်း။ မိန့်တော်မူသောစကားကို အကျွန်ုပ်တို့သည် နားမလည်ဟု အချင်းချင်းပြောဆိုကြ၏။

တပည့်တော်တို့သည် မေးလျှောက်လိုသည်ကို ယေရှုသိမြင်တော်မူလျှင်၊ ခဏကြာပြီးမှ သင်တို့သည် ငါ့ကိုမမြင်ရကြ။ တစ်ဖန် ခဏကြာပြီးမှ ငါ့ကိုမြင်ပြန်ကြလိမ့်မည်ဟု ငါပြောသောစကားကို သင်တို့သည် အချင်းချင်း ဆင်ခြင်ကြသလော။

ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့သည် ငိုကြွေးမြည်တမ်းခြင်း ရှိကြလိမ့်မည်။ လောကီသားတို့သည် ဝမ်းမြောက်ခြင်းရှိကြလိမ့်မည်။ သင်တို့မူကား ဝမ်းနည်းခြင်းရှိသော်လည်း ထိုဝမ်းနည်းခြင်းသည် တစ်ဖန် ဝမ်းမြောက်ခြင်း ဖြစ်လိမ့်မည်။

မိန်းမသည်သားကို ဖွားစဉ်အခါ ဖွားရသောအချိန်စေ့သောကြောင့် ဝမ်းနည်းခြင်းရှိ၏။ ဖွားမြင်ပြီးမှ ဤလောက၌ လူတစ်ယောက်ကိုဖွားမြင်သောကြောင့် ဝမ်းမြောက်ခြင်းရှိ၍၊ အထက်ခံရသောဝေဒနာကို မေ့လျော့တတ်၏။

ထိုနည်းတူ၊ ယခုတွင် သင်တို့သည် ဝမ်းနည်းခြင်းရှိကြသော်လည်း၊ နောက်တစ်ဖန် သင်တို့ကို ငါတွေ့မြင်သဖြင့် သင်တို့သည် စိတ်နှလုံးဝမ်းမြောက်ခြင်း ရှိကြလိမ့်မည်။ ထိုဝမ်းမြောက်ခြင်းကို အဘယ်သူမျှ လုယူဖျက်ဆီးခြင်းငှာ မတတ်နိုင်။

ထိုနေ့၌ သင်တို့သည် ငါ့ကိုအလျှင်းမမေးမြန်းရကြ။ ငါအမှန်အကန်ဆိုသည်ကား၊ သင်တို့သည် ငါ၏နာမကို အမှီပြု၍ ခမည်းတော်မှာ ဆုတောင်းသမျှတို့ကို ခမည်းတော်သည် ပေးတော်မူမည်။

ယခုတိုင်အောင် ငါ၏နာမကိုအမှီပြု၍ သင်တို့သည် အဘယ်ဆုကိုမျှ မတောင်းကြသေး။ သင်တို့သည် ဝမ်းမြောက်စရာအကြောင်း စုံလင်စေခြင်းငှာ တောင်းကြလော့။ ထိုသို့တောင်းလျှင် ရကြလိမ့်မည်။ ”

(ယော ၁၆း၁၆-၂၄)

ယခုအချိန်တွင် တပည့်တော်များလည်း ပင်ပန်းနေကြမည်သေချာသည်။ ထို့ကြောင့်

လည်း ဂေသရှေမန်ဥယျာဉ်ရောက်ကြသည့်အခါ ခရစ်တော်သည် အိပ်စက်ခြင်းမပြုဘဲဆု

တောင်းတော်မူစဉ် သူတို့သည် လိုက်၍ဆုမတောင်းနိုင်ဘဲ အိပ်ပျော်နေကြသည်။ လွန်ခဲ့သည့်

နာရီများအတွင်း များစွာသောအရာတို့ကို သူတို့သင်ယူခဲ့ရသည်။ သင်ကြားမှုသည် မကြာမီကမှ

ပြီးဆုံးသွားခဲ့သည်။ အချို့သောအရာများလည်း နားလည်ရန်အလွန်ခက်ခဲသည်။ အထူး

သဖြင့် ခရစ်တော်၏မိန့်တော်မူချက်တစ်ခုသည် သူတို့အတွက်ပဟေဠိဖြစ်လျက် သူတို့အကြား

အမောမပြေမီပင် ဆွေးနွေးစရာဖြစ်ခဲ့သည်။ ဆိုသည့်မိန့်တော်မူချက်ဖြစ်သည်။

ဤမိန့်တော်မူချက်တွင် သူတို့ကို အခက်တွေ့စေသည့် အချက်နှစ်ချက်ရှိသည်။ ပထမမှာ

တိုတောင်းသည့်အချိန်ကာလနှစ်ခုကို သူတို့တွေ့ရသည်။ ]]ခဏကြာပြီးမှ}}နှစ်ခုသည် သူတို့

အတွက် အတော်ကိုနားလည်ရခက်နေသည်။ အချိန်တိုတိုအတွင်း သူတို့မြင်ကွင်းမှ မည်ကဲ့သို့

ပျောက်ကွယ်သွားပြီး နောက်မကြာမီအတွင်း မည်ကဲ့သို့ပြန်ပေါ်လာမည်နည်း။ ၄င်းကို ခရစ်

တော်က ရှင်းပြခြင်းက ပြဿနာကို

ဖြေရှင်းပေးဖို့အထောက်အကူဖြစ်ပါရဲ့လား။ ထိုနောက်ဆုံးစကားစုက သူမကြာမီသေဆုံးရ

တော့မည်ဟုလည်း ဆိုလိုနိုင်သည်မဟုတ်ပါလား။ ထိုသို့ဆိုလျှင် ပထမအချက်နှင့်လည်း ကိုက်ညီပေမည်။ အခြားတစ်ဘက်တွင်မူ

လူသည် သေ၍ သူ၏ဝိညာဉ်သည် ဘုရားသခင်ထံပြန်သွားသည်ဆလျှင် မကြာမီအတွင်း

သူ့ကိုသင်ပြန်တွေ့ရမည်မဟုတ်ပေ။ ဤအရာအားလုံးသည် ဘာကိုဆိုလိုနေပါသနည်း။

ကိုယ်တော်သည် သေရာမှပြန်လာမည်လား။ နာဣနမြို့သူ မုဆိုးမ၏သားအား သေရာမှ

ပြန်ရှင်စေတော်မူခဲ့သည်ကို သူတို့တွေ့ခဲ့သည် (လု၊ ၇း၁၁-၁၇)။ ယာဣရု၏သမီးကို

သေခြင်းနှင့်ဆိုင်သောအိပ်စက်ခြင်းမှာ

ပြန်လည်ထမြောက်စေတော်မူခဲ့ကြောင်းကိုလည်း

သူတို့ထဲမှ သုံးဦးတို့က သက်သေခံခဲ့ကြသည် (လု၊ ၈း၄၉-၅၆)။ လာဇရုကို အသက်ပြန်

ရှင်လာရန် ပြန်ခေါ်တော်မူခဲ့ကြောင်း သူတို့အားလုံးသည် မျက်မြင်သက်သေများဖြစ်ကြသည်

(ယော ၁၁)။ သို့သော် ဤအဖြစ်အပျက် အားလုံးတွင် အသက်ပြန်ရှင်ရန်ပြန်ခေါ်သောသူသည်

အသက်ရှင်နေဆဲပုဂ္ဂိုလ်ဖြစ်ပြီး ထိုသူတို့သည်လည်း ]]ခမည်းတော်ထံ ပြန်သွား}}သူများ

မဟုတ်ခဲ့ကြချေ။

ဤအရာအားလုံးသည် သူတို့အတွက် ပဟေဠိဖြစ်နေသည်။ ဤအရာကို သူတို့မစဉ်းစား

တတ်ဖြစ်နေသည်မှာ သူတို့၏ပင်ပန်းမှုတစ်ခုတည်းကြောင့်မဟုတ်ပေ။ လာဇရု၏ထမြောက်

ခြင်းနှင့်အစပြုရမည်ဆိုလျှင် ゞင်းသည် အခြားသူနှစ်ဦးကဲ့သို့ပင် ခရစ်တော်ရှင်ပြထမြောက်

မည့်ပုံစံမျိုးဖြင့် ပြည့်စုံသောရှင်ပြန်ထမြောက်ခြင်းမဟုတ်သေးပေ။ ゞင်းသည် ပြန်လည်

သက်ဝင်နိုးကြားလာခြင်း (မနလငလင်ငခအေငသည) ဟုခေါ်လျှင် ပိုကောင်းနိုင်သည့်အရာ ဖြစ်သည်။

လာဇရုသည် မူလရုပ်ခန္ဓာ၌ မူလလောကအသက်ဖြင့် ပြန်ရှင်ရန် ပြန်ခေါ်ခြင်းခံခဲ့ရသည်။

သူ၏ပြန်လည်သက်ဝင်နိုးကြားလာခြင်းသည် ကြီးမြတ်သည့်ရှင်ပြန်ထမြောက်ခြင်းကို ဖော်ပြ

နေသည့်လက္ခဏာတစ်ခုဖြစ်သည်။ သို့သော် ゞင်းသည် ထိုရှင်ပြန်ထမြောက်ခြင်းကို ကိုယ်စား

မပြုပါ။ လာဇရုသည်လည်း နောက်တစ်ဖန် ပြန်လည်သေဆုံးဦးမည်ဖြစ်သည်။ ထိုအခါ

သူကိုယ်တိုင်သည် ပရဒိသုဘုံတွင် ခရစ်တော်နှင့်အတူရှိရန်သွား၍ သူ၏ရုပ်ခန္ဓာသည် သင်္ချိုင်း

ဂူထဲကျန်ခဲ့မည်ဖြစ်သည်။ သူသည် (၂ကော ၅း၁-၆)

ရုပ်ခန္ဓာအားဖြင့် ရှင်ပြန်ထမြောက်ခြင်းကို ထိုပရဒိသုဘုံမှ စောင့်နေမည်ဖြစ်သည်။

သို့သော် ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းသည် ထိုကဲ့သို့မဟုတ်ပါ။ ကိုယ်တော်သည်

ခမည်းတော်ထံသွားရန် လောကထံမှထွက်ခွာတော်မူခဲ့ပြီး သူ၏ခန္ဓာကို သင်္ချိုင်းဂူထဲမထားခဲ့ပါ။

ဤလောကနှင့်ထိတွေ့ပြောဆိုနိုင်သည့် ခန္ဓာဖြင့်ရှင်ပြန်ထမြောက်၍ မိမိတပည့်တော်များက

သူ့ကိုမြင်နိုင်ထိနိုင်ကြသည်။ သို့သော် သူ၏ခန္ဓာသည် လောကရုပ်ခန္ဓာထက်ပိုမိုထူးခြားပြီဖြစ်

ပြီး ဘုရားသခင်၏ရှေ့တော်သို့ တက်ြွကသွားကာ ထိုနေရာတွင် ထာဝရစိုးစံနိုင်သည့်ခန္ဓာဖြစ်

သည်။ တပည့်တော်များသည် ကိုယ်တော်ရှင်ပြန်ထမြောက်ပြီး ကောင်းကင်သို့တက်ြွကတော်မ

မူမီ ကိုယ်တော်ကိုမြင်လျက်၊ ကိုယ်တော်ကိုထိလျက်၊ ကိုယ်တော်နှင့်စကားပြောလျက် ကိုယ်တော်

နှင့်အတူစားသောက်ခဲ့ကြသည်။ သို့သော် ကိုယ်တော်၏ခန္ဓာတော်သည် ယခင်ကမရှိခဲ့သည့်

ခန္ဓာမျိုးဖြစ်သည်။ ၄င်းသည် မည်သည့်နေရာ၌မဆို တစ်ပြိုင်ပေါ်လာနိုင်ပြီး တစ်ပြိုင်နက် မြင်

ရာမှ ပျောက်ကွယ်သွားနိုင်သည့်ခန္ဓာဖြစ်သည်။ ကိုယ်တော်ကောင်းကင်သို့ပြန်တက်ြွကသွား

သည့်အခါ ထိုခန္ဓာကိုချန်မထားခဲ့ပါ။ ၄င်းသည် ကိုယ်တော်၏အစိတ်အပိုင်း ထာဝရဖြစ်နေမည်

ဖြစ်သည်။ ကိုယ်တော်သည် ကောင်းကင်သို့ပြန်လည်တက်ြွကရာတွင် ခမည်းတော်ထံသို့ လူသား

ခန္ဓာ၊ စိတ်၊ ဝိညာဉ် အပြည့်အဝပါလျက် တက်ြွကတော်မူမည်ဖြစ်သည်။

ရှောင်လွှဲမရနိုင်သော နာကျင်မှုနှင့်ဝမ်းနည်းကြေကွဲမှုတို့၏အမှန်တကယ်ရှိနေခြင်း

ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းသည် လုံးလုံးအသစ်ဖြစ်သောအရာဖြစ်သည်။ ゞင်းလို

မျိုး ယခင်က လုံးဝမရှိခဲ့ချေ။ ထိုရှင်ပြန်ထမြောက်ခြင်းအကြောင်း သူတို့ကိုပြည့်ပြည့်စုံစုံရှင်းပြ

ရန်အတွက်လိုအပ်သည့်မှတ်ချက်မျိုးကို သခင်ဘုရားမိန့်တော်မူ၍ တပည့်တော်များအတွက်

ပဟေဠိဖြစ်ခဲ့ခြင်းသည် အံ့ဩစရာမဟုတ်ပါ။

ထိုအခါ သခင်ဘုရားသည် မိမိ၏ရှင်ပြန်ထမြောက်သည့်ခန္ဓာ၏သဘာဝကို သူတို့အား

အသေးစိတ်ရှင်းပြလျက် သူတို့စိတ်၌ရှုပ်ထွေးနေသောအရာများကို ချက်ချင်းရှင်းသွားအောင်

အဘယ့်ကြောင့်မလုပ်ဆောင်ပေးခဲ့သနည်းဟု ကျွန်ုပ်တို့မေးစရာရှိပါသည်။

အကြောင်းရင်းတစ်ခုမှာ ထိုအချိန်သည် ညနက်နေပြီဖြစ်၍ ထိုအရာများရှင်းသွားအောင်

စကားလုံးများဖြင့်ရှင်းပြရန် ခက်ခဲမှုရှိနိုင်ပါသည်။ ထို့အပြင် သုံးရက်အတွင်း သူတို့သည် ကိုယ်

တော်၏ရှင်ပြန်ထမြောက်သောခန္ဓာကို အမှန်တကယ် မြင်ရ၊ ထိရသည့် ပိုမိုလွယ်ကူသောနည်း

လမ်းဖြင့် သင်ယူရတော့မည်ဆိုလျှင် အဘယ့်ကြောင့် ယခု ထိုသို့ကြိုးစားနေမည်နည်း။

သို့သော် ထိုထက်လေးနက်သည့်အကြောင်းရင်း ရှိပေလိမ့်မည်။ သူတို့အတွက် အရေး

တကြီး ချက်ချင်းလိုအပ်နေသောအရာမှာ နာရီအနည်းငယ်အတွင်း သူတို့မလွဲမသွေကြုံရ

တော့မည့် ဝမ်းနည်းကြေကွဲမှုနှင့်နာကျင်မှုအတွက် ပြင်ဆင်ထားရန်ဖြစ်သည်။ ခရစ်တော်

ကိုယ်တော်တိုင်သည် ပြင်းထန်သောမချိမဆံ့ဝေဒနာများနှင့် ကြုံတွေ့ရတော့မည်ဖြစ်သည်။

ဂေသရှေမန်တွင်ဖမ်းဆီးခြင်း၊ စစ်ဆေးခြင်း၊ ကြာပွတ်နှင့်ရိုက်နှက်ခြင်း၊ လက်ဝါးကပ်တိုင်ပေါ်

တင်ခြင်း၊ စွန့်ပစ်ခံရခြင်းနှင့် အသက်စွန့်တော်မူခြင်းတို့ကို ယခု ကျွန်ုပ်တို့၏ကိုယ်ခန္ဓာနှင့်တူ

သော အသွေးအသားကိုယ်ခန္ဓာဖြင့် တွေ့ကြုံခံစားရမည်ဖြစ်သည်။ ကိုယ်တော်သည် ဘုန်း

တော်ထင်ရှားသောခန္ဓာတော်ဖြင့် ထမြောက်ရမည်ဆိုသည့်အချက်နှင့် ゞင်းကိုသိခြင်းတို့က

အသွေးအသားခန္ဓာခံစားရသောဝေဒနာကို လျော့နည်းစေပါ။ ကိုယ်တော်ကြုံတွေ့ရသည့်

အရာသည် လူတို့၏ညှင်းပန်းနှိပ်စက်မှုကြောင့် ကောင်းကင်တမန်အပေါ် ဘာမျှသက်ရောက်မှု

မရှိနိုင်သောအရာမျိုးမဟုတ်ပေ။ ထို့အပြင် တမန်တော်များသည် ကိုယ်တော်ခံစားရသော

ဝေဒနာများနှင့်အသေခံတော်မူခြင်းတို့ကိုမြင်သည့်အခါ ကိုယ်တော်၏ ကိုယ်ခန္ဓာဖြင့်ရှင်ပြန်ထ

မြောက်ခြင်းအကြောင်းကို တစ်ဝက်တစ်ပျက်သာနားလည်သည့်နားလည်မှုဖြင့် ပြောဆိုကြမည်

ဆိုလျှင် ဆိုးဆိုးဝါးဝါးမှားယွင်းလျက် ကိုယ်တော်ခံစားရသောဝေဒနာ၏ပြင်းထန်မှုသည် အမှန်

မဟုတ်သလို သို့မဟုတ် သနားစရာမဟုတ်သလိုဖြစ်သွားနိုင်သည်။

ထို့အပြင် တမန်တော်တို့ကိုယ်တိုင်သည်လည်း ခရစ်တော်နှင့်သူတို့ကိုယ်တိုင်အပေါ်

လောက၏ရန်လိုမုန်းတီးမှုကို အမှန်တကယ်တွေ့ကြုံရမည်ဖြစ်ကြောင်း ကိုယ်တော်လက်ဝါး

ကပ်တိုင်ပေါ်တင်ခြင်းခံရသည့်အမှုက ဖော်ပြလျက်ရှိသည်။ လောကလုပ်ဆောင်နိုင်သည့်

အဆိုးဝါးဆုံးအရာများကို သူတို့ကြုံရမည်ဖြစ်သည်။ ゞင်း၏ရုပ်ပိုင်းဆိုင်ရာရက်စက်မှုများကို

သာမက ゞင်း၏အငြိုးအတေးဖြင့် ဝမ်းမြောက်အောင်ပွဲခံမှုများကိုလည်း သူတို့ကြုံရမည်ဖြစ်

သည်။ ခရစ်တော်၏ရှင်ပြန်ထမြောက်မှုသည် သူတို့အတွက် စစ်မှန်သေချာမှုရှိသော်လည်း

သူတို့လက်ရှိခံစားရသည့်ဝေဒနာကို လျော့နည်းစေမည်မဟုတ်ပေ။ ခရစ်တော်အတွက်သက်

သေခံသည့်အတွက် အနာဂတ်တွင် သူတို့ခံစားရတော့မည် ညှင်းပန်းခြင်း၊ အကျဉ်းချခြင်း၊

နှိပ်စက်ကလူပြုခြင်းနှင့် အသေသတ်ခြင်းဝေဒနာများအတွက်သာ သူတို့ကိုပြင်ဆင်ပေးမည်

ဖြစ်သည်။ သူတို့ကိုယ်တိုင်လည်း ရှင်ပြန်ထမြောက်ကြမည်ဟူသော သေချာသည့်အချက်က

လည်း သူတို့ခံစားရမည့်ဝေဒနာများကို မလျော့နည်းစေပါ။ သခင်ဘုရားအသုံးပြုသည့်

ခိုင်းနှိုင်းမှုအရပြောရလျှင် ကလေးငယ်၏မွေးဖွားလာမည့်အကြောင်းသိရှိခြင်းက မိခင်ဖြစ်သူ

၏သားဖွားဝေဒနာကို မလျော့နည်းစေပါ။

မပျောက်ပျက်နိုင်သောဝမ်းမြောက်မှု

အခြားတစ်ဘက်တွင်မူ ရှင်ပြန်ထမြောက်တော်မူသောခရစ်တော်သည် သူတို့ထံလာသဖြင့်

သူတို့သည် ကိုယ်တော်ကို မြင်ရ၊ ထိရပြီး ကိုယ်တော်နှင့်အတူ စားသောက်လျက် စကားပြောဆို

ရသောအခါ ကိုယ်တော်သည် ခန္ဓာမရှိသောဝိညာဉ်မဟုတ်ကြောင်း၊ သေခြင်းတရားသည် ကိုယ်

တော်၏ကိုယ်ခန္ဓာကိုမဖျက်ဆီးနိုင်ကြောင်း၊ ကိုယ်တော်၏မည်သည့်အပိုင်းမျှ သေဆုံးပျက်စီး

သည်ဟူ၍မရှိကြောင်း၊ တစ်နည်းအားဖြင့် ကိုယ်တော်သည် လုံးလုံးအသက်ရှင်နေသည့်

လူသားစင်စစ်လည်းဖြစ်တော်မူကြောင်း သူတို့တွေ့မြင်ရသည်။ သေခြင်းတရားသည် ရှင်သန်

မှုမရှိတော့ပေ။ ゞင်းသည် အလုပ်မဖြစ်တော့ပါ။ ကိုယ်တော်အသေမခံမီက သူ၏လူ့ကိုယ်ခန္ဓာ

သည် ဘာမျှြွကင်းကျန်ရစ်ခြင်းမရှိ၊ အစားထိုးခြင်းလည်းမရှိဘဲ ရှင်ပြန်ထမြောက်လျက် ဘုန်း

ထင်ရှားစေခြင်းကိုသာခံရသည်။ ဤအရာကို သူတို့တွေ့ရှိသွားသည့်အခါ သူတို့သည် ဝမ်း

မြောက်ရုံဝမ်းမြောက်ခဲ့ကြသည်မဟုတ်။ သူတို့၏ထိုဝမ်းမြောက်ခြင်းသည် လောကက မည်သည့်

အခါမျှ မဖျက်ဆီးမနှုတ်ယူနိုင်သောဝမ်းမြောက်ခြင်းဖြစ်သည်။ ရှင်ပြန်ထမြောက်တော်မူသော

ခရစ်တော်ကို လောက၏တန်ခိုးက အန္တရာယ်မပေးနိုင်တော့ပေ။ သို့သော် ခရစ်တော်သည်

သေခြင်းသို့ဦးတည်နေသွားက်ိုယ်ခန္ဓာနှင့် ယုတ်လျော့ကျဆင်းလာသည့် ကိုယ်ရည်ကိုယ်သွေး

ဖြင့် အသက်ရှင်နေသည်မဟုတ်။ အစိတ်အပိုင်းအားလုံး၌ ဘုန်းထင်ရှားစေခြင်းခံရပြီဖြစ်သော

လူသားကိုယ်ရည်ကိုယ်သွေးဖြင့် အသက်ရှင်တော်မူလျက် ရှိသည်။

ဤသရုပ်ဖော်ပြသမှုသည် တမန်တော်များ ခရစ်တော်အတွက် ဒုက္ခဆင်းရဲခြင်းများခံစား

ရသည့်အလှည့်ရောက်လာသည့်အခါ သူတို့အတွက် အကျိုးရှိမည်ဖြစ်သည်။ ခရစ်တော်ပေး

သော တင်စားခိုင်းနှိုင်းမှုကို ပြန်သုံးရလျှင် မိမိ၏ရင်သွေးငယ်ကိုမွေးဖွားနေရ၍ ဝေဒနာခံစား

နေရသောမိခင်လောင်းသည် ရင်သွေးငယ်မွေးဖွားပြီးသည့်အခါ ရရှိမည့်ဝမ်းမြောက်ခြင်း

အကြောင်း ပြောဆိုနေခြင်းထက် ပို၍အားရှိစေသောအရာအခြားမရှိပါ။ ခရစ်တော်၏အသေ

ခံတော်မူခြင်းနှင့် ရှင်ပြန်ထမြောက်တော်မူခြင်းအကြောင်းသက်သေခံနေကြသောသူတို့၏ ဝမ်း

မြောက်ခြင်းကို မည်သူကမျှလုယူဖျက်ဆီး၍မရနိုင်ပေ။

ထို့ကြောင့် ဤအမှုအရာကို သူတို့ကိုယ်တိုင်တွေ့ကြုံရသောအခါ တမန်တော်များ သိရှိလာ

သောအချက်မှာ ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းအကြောင်းသက်သေခံခြင်းသည် သူတို့၏

ထူးခြားသောအရည်အချင်းနှင့်တာဝန်ဝတ္တရားများအနက် တစ်ခုအပါအဝင်ဖြစ်သည်ဆိုသည့်

အချက်ပင်ဖြစ်သည်။ ယုဒ၏နေရာ၌ တမန်တော်ဖြစ်လာမည့်သူကို သူတို့ရွေးချယ်သည့်အခါ

ထိုသူသည် ခရစ်တော် လောက၌အသက်ရှင်သွားလျက် အမှုတော်လုပ်ငန်းများလုပ်ဆောင်ခြင်း

အတွက် သက်သေဖြစ်ရုံမက ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းအတွက်လည်း သက်သေဖြစ်

ဖြစ်ရမည်ဟု သူတို့ဆိုကြသည် (တ၊ ၁း၂၂)။ ရှင်ပေတရုသည် တပါးအမျိုးသားဖြစ်သူ

ကောနေလိအား မိမိသည် တမန်တော်အစစ်အမှန်ဖြစ်ကြောင်း ဖော်ပြလျက် ဟု သက်သေခံ

ခဲ့သည် (တ ၁၀း၄၁)။

ဤရာစုနှစ်၌အသက်ရှင်ကြသောကျွန်ုပ်တို့သည် ရှင်ပြန်ထမြောက်တော်မူသောသခင်

ဘုရားကို မမြင်ဖူးကြသကဲ့သို့ သူ၏ကိုယ်ခန္ဓာကိုလည်း မထိဖူးကြချေ။ သို့သော် ကျွန်ုပ်တို့သည်

မိမိတို့မျိုးဆက်တွင် ခရစ်တော်အတွက် သက်သေခံနေကြသည်နှင့်အညီ ကျွန်ုပ်တို့သက်သေခံ

နေသောသတင်းကောင်း၏မရှိမဖြစ်သောအစိတ်အပိုင်း ဖြစ်ကြောင်းသတိရကြပါစို့ (၁ကော ၁၅း၅-၉)။ ထိုနည်းတူ ငါတို့သည်

ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်းဖြစ်သည် (၁ပေ ၁း၃၊ ၈)။ ကျွန်ုပ်တို့အပေါ်ကျရောက်လာနိုင်သည့်

လောကကြီး၏မည်သည့် ရန်လိုမှုကိုမဆို ကျွန်ုပ်တို့ခံနိုင်ရည်ရှိရှိရင်ဆိုင်နိုင်ရန် ကျွန်ုပ်တို့ကို

ရဲရင့်ခြင်းနှင့်ခွန်အား ပေးမည့် အရာမှာ ဤအရာကပင်ဖြစ်ပေသည်။

အပြည့်အဝရရှိသောဝမ်းမြောက်ခြင်း

ရှင်ပြန်ထမြောက်တော်မူသောသခင်ဘုရားကိုမြင်တွေ့ရခြင်းထက်ပြည့်ဝသောဝမ်း

မြောက်ခြင်းအကြောင်း စဉ်းစားကြည့်ရန် အစတွင် ခက်ခဲနိုင်ပါသည်။ သို့သော် ဤသင်ခန်း

စာမတိုင်မီက သင်ခန်းစာအဆုံးတွင် ထိုကဲ့သို့သောဝမ်းမြောက်ခြင်းရှိသည်ဟု တပည့်တော်တို့

အား အတိအကျမိန့်တော်မူထားခဲ့ပြီဖြစ်သည်။

ဦးစွာ သူတို့ သူ့ကိုမေးခွန်းများမေးတော့မည်မဟုတ်သည့်နေ့ရက်ကို ကိုယ်တော်ထောက်

ပြသည်။ ဤကတိတော်ကို သူ့နောက်ခံအခြေအနေတွင် ဖတ်ရမည်ဖြစ်သည်။ ရှင်လုကာပြော

ပြထားသည့်အတိုင်း သူတို့ပြုကြလျက် အမျိုးမျိုးသောအကြောင်းအရာများအတွက် ကိုယ်

တော်ကို သူတို့မေးမြန်းခဲ့ကြသည် (တ ၁း၆)။ သို့သော် ကိုယ်တော်၏ရှင်ပြန်ထမြောက်ခြင်းနှင့်

ကောင်းကင်သို့တက်ြွကတော်မူခြင်းတို့ကို သူတို့မြင်တွေ့ရသည်နှင့် ယခုလောလောဆယ် သူတို့

အတွက် ပဟေဠိဖြစ်နေသောအရာများအတွက် သူတို့ကို ရှင်းပြစရာလိုတော့မည်မဟုတ်ပေ။

ဤအရာများကို သူတို့လက်တွေ့ကြုံရလျှင် လုံလောက်သွားမည်ဖြစ်သည်။ ယုံကြည်သူအား

လုံးသည် ရှင်ပြန်ထမြောက်တော်မူသောကိုယ်တော်ကို ရုပ်ခန္ဓာဖြင့်မမြင်ရသေးသော်လည်း ဤ

အချက်သည် ယုံကြည်သူအားလုံးအတွက်လည်း မှန်ပါသည်။ ကောင်းကင်သို့ပြန်လည်တက်

ြွကတော်မူခြင်း၊ လူ့ခန္ဓာဖြင့် ဘုရားသခင်ရှေ့တော်၌ရှိနေရင်း လောကမှ မိမိလူတို့နှင့်လည်း

အတူရှိနေခြင်း စသည့် သောကပွားသောမေးခွန်းများမေးရန်မလိုပါ။ အဘယ့်ကြောင့်ဆိုသော်

ကလေးငယ်တစ်ဦးက မိမိ၏ဖခင်ကိုသိသကဲ့သို့ ယုံကြည်သူတစ်ဦးသည် ဤအရာများမှန်ကန်

ကြောင်း ဘုရားသခင်ကိုယုံကြည်သောကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့သည် သိပ္ပံပညာရှင်များ

အနေဖြင့် ကျေးငှက်များနှင့်ပတ်သက်၍ သူတို့သည် မည်ကဲ့သို့ပျံကြသနည်း- အခြားနေရာ

များသို့ တစ်ကြိမ်တစ်ခါမျှ မပြောင်းရွှေ့ဖူးသော ငှက်များပင် မိမိပြောင်းရွှေ့ရမည့်အချိန်နှင့်

ဦးတည်သွားရမည့်နေရာတို့ကို မည်ကဲ့သို့တိတိကျကျသိကြသနည်း- စသည့်မေးခွန်းများကို

မေးတတ်ကြသည်။ သို့သော် ငှက်များကိုယ်တိုင်က ထိုမေးခွန်းများမမေးကြပါ။ ဤအရာများ

ကိုသိသော အသိတရားသည် သူတို့ဘဝ၏အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ယုံကြည်သူများနှင့်

ပတ်သက်၍လည်း ထိုနည်းတူပင်ဖြစ်သည်။ သူတို့သည် ရှင်ပြန်ထမြောက်တော်မူသော ကယ်

တင်ရှင်၏အသက်ကို မျှဝေခံယူကြသည့်အတွက် ခရစ်တော်၏ရှင်ပြန်ထမြောက်တော်မူခြင်း၊

ကောင်းကင်သို့တက်ြွကတော်မူခြင်းစသည့် တမန်တော်များ၏သက်သေခံချက်များသည်

မှန်ကန်ကြောင်း အလိုလိုသိနေကြသည်။

သခင်ယေရှု၏နာမတော်ဖြင့်တောင်းလျှောက်ခြင်း

သို့သော် ရှင်ပြန်ထမြောက်တော်မူသော ခရစ်တော်နှင့်တွေ့ဆုံရခြင်းနှင့် ခမည်းတော်ထံ

ပြန်ြွကသွားတော်မူခြင်းကို တွေ့မြင်ရခြင်းတို့က တမန်တော်တို့၏ဆုတောင်းခြင်းကို ထူးခြား

လေးနက်စေသည်။ သူတို့သည် ဘုရားသခင်ထံဆုတောင်းနေကြဖြစ်သည်။ သို့သော် ယေရှု၏

နာမဖြင့် ဘုရားသခင်ထံမည်သည့်အရာကိုမျှ သူတို့မတောင်းခဲ့ကြဖူးချေ။ သေဆုံးနေကြသည့်

မောရှေ၊ ယေရမိ စသည့်သန့်ရှင်းသူများ၏နာမဖြင့်လည်း သူတို့တောင်းစရာမလိုပေ။ သို့သော်

ရှင်ပြန်ထမြောက်တော်မူသောခရစ်တော်သည် ကောင်းကင်သို့တက်ြွကသွားသည်ကို မြင်ရ

သည့်အခါ သန့်ရှင်းသောဝိညာဉ်တော်၏လမ်းပြမှုကြောင့် ခမည်းတော်ထံမှြွကလာလျက်

ခမည်းတော်ထံပြန်တက်ြွကတော်မူသောအရှင်အတွက် သူ၏နာမဖြင့်တောင်းလျှောက်ခြင်း

သည် ဘာကိုဆိုလိုကြောင်း သူတို့သိနားလည်လာကြသည်။ ခမည်းတော်ထံတောင်းရမည်ဟု

ယေရှုသင်ကြားပေးသောအရာများကို ကိုယ်တော်၏နာမဖြင့်တောင်းလျှင် ခမည်းတော်သည်

ပေးတော်မူမည်ဖြစ်ကြောင်း သူတို့သိသွားကြသည်။ ထို့ကြောင့် နောက်ဆက်တွဲအဖြစ် သူတို့၏

ဝမ်းမြောက်ခြင်းသည် ပြည့်ဝစုံလင်သွားခဲ့ပေလိမ့်မည်။ လောကတွင် သူတို့နှင့်အတူ သွားလာ

လျက် ပြောဆိုလျက် နေထိုင်လာခဲ့သောယေရှုသည် ယခုအခါ စကြဝဠာ၏အထွတ်အထိပ်

ပလ္လင်သို့ရောက်တော်မူသည်သာမက ဘုရားသခင်၏စိတ်နှလုံးတော်ထဲ၌ရှိတော်မူကြောင်း

ထိုအတွေ့အကြုံများက ပြသနေသည်။

(၂၈)ခရစ်တော်၏နှုတ်ခွန်းဆက်အားပေးခြင်းနှင့်

အောင်မြင်မှုအတွက်စိတ်ချမှုပေးခြင်း

‘‘ဤအရာတို့ကို ပုံဥပမာအားဖြင့် ငါဟောပြော၏။ ပုံဥပမာအားဖြင့် မဟောမပြောဘဲ၊ ခမည်းတော်နှင့် စပ်ဆိုင်သောအရာတို့ကို သင်တို့အား အတည့်အလင်းဖော်ပြသောအချိန်ကာလ ရောက်လိမ့်မည်။

ထိုကာလ၌ သင်တို့သည် ငါ၏နာမကိုအမှီပြု၍ ဆုတောင်းကြလိမ့်မည်။ သင်တို့အဖို့အလိုငှာ ငါသည် ခမည်းတော်ကို တောင်းမည်ဟုမဆို။

အကြောင်းမူကား၊ သင်တို့သည်ငါ့ကိုချစ်ကြ၍၊ ငါသည် ဘုရားသခင်အထံတော်မှ ကြွလာသည်ကို ယုံကြည်သောကြောင့် ခမည်းတော်သည် ကိုယ်တော်တိုင် သင်တို့ကိုချစ်တော်မူ၏။

ငါသည် ခမည်းတော်ထံမှထွက်၍ ဤလောကသို့ကြွလာပြီ။ တစ်ဖန် ဤလောကမှထွက်၍ ခမည်းတော်ထံသို့ သွားဦးမည်ဟု မိန့်တော်မူ၏။

တပည့်တော်တို့ကလည်း၊ ကိုယ်တော်သည် ယခုတွင်ပုံဥပမာကိုမဆောင်ဘဲ အတည့်အလင်း ဟောပြောတော်မူ၏။

အလုံးစုံတို့ကို သိတော်မူသည်ကိုလည်းကောင်း၊ အဘယ်သူမျှကိုယ်တော်ကို မေးမြန်းစေခြင်းငှာ အလိုတော်မရှိသည်ကိုလည်းကောင်း၊ ယခုတွင် အကျွန်ုပ်တို့သိကြပါ၏။ အကျွန်ုပ်တို့သည် ဤအကြောင်းကိုထောက်၍ ကိုယ်တော်သည် ဘုရားသခင်အထံတော်မှ ကြွတော်မူသည်ကို ယုံပါသည်ဟု လျှောက်ကြ၏။

ယေရှုကလည်း၊ ယခုတွင်ယုံကြပြီလော။

သင်တို့သည် ကွဲပြား၍ ငါ့ကို တစ်ကိုယ်တည်းနေစေခြင်းငှာ စွန့်ပစ်လျက်၊ အသီးသီးမိမိသို့နေရာသို့ ပြေးသွားမည့်အချိန်ကာလသည် လာ၍ယခုပင်ရောက်ပေ၏။ သို့သော်လည်း ငါသည် တစ်ကိုယ်တည်းနေသည်မဟုတ်။ ခမည်းတော်သည် ငါနှင့်အတူရှိတော်မူ၏။

သင်တို့သည် ငါ့ကိုအမှီပြု၍ ငြိမ်သက်ခြင်းရှိစေခြင်းငှာ ဤစကားကိုငါဟောပြောပြီ။ သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကိုခံကြရလိမ့်မည်။ သို့သော်လည်း မစိုးရိမ်ကြနှင့်။ ငါသည် လောကကိုအောင်ပြီဟု မိန့်တော်မူ၏။

(ယော ၁၆း၂၅-၃၃)

ထိရောက်မှုရှိသည့် မည်သည့်ကျောင်းကောင်း၌မဆို တွေ့ရတတ်သည့်အတိုင်း ခရစ်တော်

၏ကျောင်းတော်တွင်လည်း စာသင်ချိန်၏နောက်ဆုံးပိုင်းကို တပည့်တော်များက မဖြစ်မနေ

နားလည်သတိရရမည့် အရေးကြီးသည့်အချက်ကို ပြန်၍အကျဉ်းချုပ်ရန်အတွက် အသုံးပြု

ကြောင်းတွေ့ရသည်။ အသေးစိတ်အချက်အလက်များစွာကို နောက်ပိုင်းတွင် သူတို့ကို သန့်

ရှင်းသောဝိညာဉ်တော်က ပြန်လည်သတိရစေရန်အတွက် ချန်ထားပြီး ခရစ်တော်က သူတို့ကို

သင်ကြားခဲ့သမျှသောအရာထဲမှ အခြေခံကျသည့်အရေးပါသောအချက်နှစ်ချက်ကို ယခု

အကျဉ်းချုပ်လျက် သူတို့၏မှတ်ဉာဏ်နှင့်သိနားလည်မှုထဲ၌ စွဲမြဲစေတော်မူမည်ဖြစ်သည်

ခမည်းတော်အကြောင်းအလွန်အရေးကြီးသည့်သွန်သင်မှု

ခရစ်တော်မိန့်တော်မူသည့်

စကားထဲမှ ပုံဥပမာဟု ဘာသာပြန်ထားသောစကားလုံးသည် အချို့နေရာတွင် ]စကားပုံ} ဟု

လည်းဘာသာပြန်ဆိုသည့်စကားလုံးဖြစ်သည် (၂ပေ၊ ၂း၂၂)။ ဤနေရာတွင် ဤစကားလုံး

သည် ]ပဟေဠိဆန်ခြင်း}ကို ပိုမိုဆိုလိုသည်။ ]နားလည်ရခက်သောစကားဖြင့်}ဟု ဆိုလိုသည်။

ခရစ်တော်က ]]ဤအရာများကို နားလည်ရခက်သည့်စကားဖြင့် သင်တို့ကို ငါပြောခဲ့ပြီ။

သို့သော် ငါသည် နားလည်ရခက်သောစကားဖြင့်မပြောတော့ဘဲ ရှင်းလင်းလွယ်ကူသောစကား

ဖြင့် ခမည်းတော်အကြောင်း သင်တို့ကိုပြောပြသောအချ်ိန်ရောက်လာလိမ့်မည်}}ဟု ပြောနေ

ခြင်းဖြစ်သည်။

ပဟေဠိဆန်သောဗျာဒိတ်တော်

ခရစ်ဝင်ကျမ်း လေးကျမ်းတွင် မှတ်တမ်းတင်ထားသည့် လူထုကြားကိုယ်တော်ပြုသော

အမှုတော်လုပ်ငန်းများကို ပြန်ကြည့်လျှင် မိမိကိုယ်တိုင်အကြောင်း၊ ကောင်းကင်မှဆင်းြွကလာ

တော်မူခြင်းအကြောင်း၊ ခမည်းတော်နှင့်မိမိ၏ဆက်နွယ်မှုအကြောင်းနှင့် အထူးသဖြင့် မိမိ၏

အသေခံတော်မူခြင်းနှင့် အဝေးသို့ြွကသွားတော်မူခြင်းအကြောင်းတို့ကို မိန့်တော်မူသည့်အခါ

ပဟေဠိဆန်ဆန်မိန့်တော်မူလေ့ရှိသည်ကို တွေ့ရမည်ဖြစ်သည်။ သို့သော် မိမိနှင့်ခမည်းတော်ဘု

ရားသခင်၏ဆက်နွယ်မှုကို ဖြည်းဖြည်းနှင့်ပဟေဠိဆန်ဆန် ဖွင့်ပြတော်မူရန် နှိုးဆော်ပေးသည့်

ဘုရားÓဏ်ပညာနှင့်ကျေးဇူးတော်တို့ကို ကျွန်ုပ်တို့သဘောကျချီးမွမ်းရမည်ဖြစ်သည်။ ကိုယ်

တော်က စကြဝဠာကို နာဇရက်မြို့မှလက်သမားတစ်ဦးဖြစ်သည့် မိမိအားဖြင့်ဖန်ဆင်းထားခြင်း

ဖြစ်ကြောင်း ယုံကြည်လက်ခံရန် ပေတရုနှင့်တွေ့တွေ့ချင်း သို့မဟုတ် အန္ဒြေနှင့်တွေ့တွေ့ချင်း

သို့မဟုတ် ကျန်ဆယ့်တစ်ပါးထဲမှတစ်ပါးပါးနှင့်တွေ့တွေ့ချင်း မတိုက်တွန်းခဲ့ပါ။

ကိုယ်တော်သည် သူတို့အား သူ၏ရှေ့ပြေးဖြစ်သော ဗတ္တိဇံဆရာယောဟန်၏သက်သေခံ

ချက်များကို နားထောင်စေသည်။ ထို့နောက် နှိမ့်ချမှုရှိသော်လည်း မြင့်မြတ်မှုလည်းရှိသည့်

မိမိ၏အပြုအမူကို သူတို့အားစောင့်ကြည့်စေခဲ့သည်။ ကိုယ်တော့်သွန်သင်ချက်များ၏မိမိကိုယ်

ကိုယ်သက်သေထူသောÓဏ်ပညာနှင့်အခွင့်အာဏာတို့က သူတို့ကိုအံ့အားသင့်စေပြီး သူတို့၏

ပိုက်ကွန်များကိုစွန့်လျက် နောက်တော်သို့လိုက်ရန်ခေါ်သည့်အခါ ထူးခြား၍ငြင်းပယ်ရန်ခက်ခဲ

သောတန်ခိုးမျိုးပါသည်ကို သူတို့ခံစားမိကြသည်။ ပြောပြစရာမလိုဘဲ လူ့အထဲ၌ဖြစ်ပျက်နေ

သောအရာကို သိတော်မူကြောင်း သူတို့သိသည့်အခါ သူတို့အတွက်ကသိကအောက်ဖြစ်ရ

သည့်အခါများလည်းရှိတတ်သည်။ ကိုယ်တော်၏မျက်မှောက်တော်တွင် အံ့ဖွယ်သန့်ရှင်းခြင်းကို

သတိထားမိသကဲ့သို့ မိမိကိုယ်တိုင် သတိမထားမိခဲ့သည့်အပြစ်များနှင့် ゞင်းတို့၏မသန့်ရှင်းမှု

များ မိမိတို့စိတ်နှလုံးထဲရှိနေကြောင်းကိုလည်း ရှေ့တော်ရောက်၍ သတိထားမိလာသည့်အခါ

များလည်းရှိသည်။ သို့သော် တစ်ချိန်တည်းမှာပင် သူသည် အပြစ်လွှတ်ပိုင်ခွင့်ရှိသည်ဟုမိန့်

တော်မူလျက် လူတို့ကို ]]အပြစ်လွှတ်သော ဤသူသည် အဘယ်သူနည်း။ ဘုရားသခင် တပါး

တည်းသာ အပြစ်လွှတ်နိုင်သည်မဟုတ်လော}}ဟု ဆိုရသည့်အထိ ထိုအခွင့်အာဏာကို ထိထိ

ရောက်ရောက်လက်တွေ့အသုံးပြုတော်မူသည်ကိုမြင်ရသည့်အခါ အံ့ဩကြရပြန်သည်။

မှန်ပါသည်။ မိမိကို ခမည်းတော်ကစေလွှတ်တော်မူကြောင်း မိန့်တော်မူချက်ကို သက်သေ

ထူသည့် အံ့ဖွယ်နိမိတ်လက္ခဏာများ များစွာကို ကိုယ်တော်ပြုခဲ့ပါသည်။ သို့သော် မောရှေသည်

လည်း အံ့ဖွယ်အမှုများပြုခဲ့သည်မဟုတ်လား။ ထိုနည်းတူ ဧလိယနှင့်ဧလိရှဲတို့လည်းပြုခဲ့ကြ

သည်မဟုတ်ပါလား။ သို့သော် ထိုသူသုံးဦးတို့အနက် မည်သူကမျှ မိမိသည် ခမည်းတော်ဘုရား

သခင်နှင့်အတူရှိသည်ဟု မပြောခဲ့ကြချေ။ မှန်ပါသည်။ သူတို့သည် တစ်ဆူတည်းသောဘုရား

သခင်ကို ကိုးကွယ်သည့် စည်းကမ်းကြီးသော အစ္စရေးလူမျိုးများဖြစ်ကြသည်။ ယေရှုက မိမိပြု

သည့်အံ့ဖွယ်အမှုများကို ရှင်းပြသည့်အခါ မိန့်တော်မူသည့်စကားများသည် ရှေးပရောဖက်များ

ပြောဆိုခဲ့သည့်စကားနှင့် မတူပါ။ မောရှေသည် တောထဲတွင် မိမိလူမျိုးတို့ကို မန္နမုန့်ကိုကျွေး

သည့်အခါ ငါသည် အသက်နှင့်ဆိုင်သော မန္နမုန့်ဖြစ်၏ ဟု မပြောခဲ့ချေ။ သို့သော် ယေရှု

သည် မုန့်နှင့်ငါးအနည်းငယ်ဖြင့် လူများစွာတို့ကို ကျွေးမွေးတော်မူသည့်အခါ မိန့်တော်မူခဲ့သည်။ လူများစွာတို့သည်

အခြားမည်သည့်အရာဖြင့်မျှ မပြည့်ဝစေနိုင်သော မိမိတို့စိတ်ဝိညာဉ်၏ဆာငတ်မှုကို ကိုယ်တော်က

အဆာပြေစေတော်မူကြောင်း ခံစားသိရှိကြလျက် ကိုယ်တော်သည် မိမိကိုယ်ကိုယ် သက်သေထူ

သောအရှင်ဖြစ်သည်ဟု သိရှိခဲ့ကြသည်။

]]ငါသည် ဤလောက၏အလင်းဖြစ်၏}}။ ]]ငါသည် ကောင်းသောသိုးထိန်းဖြစ်၏}}။

]]ငါသည် ရှင်ပြန်ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏}}။ ကိုယ်တော်က

မိမိသည်မည်သူဖြစ်ကြောင်းကို သူတို့စိတ်နှလုံးထဲတွင် တဖြည်းဖြည်းချင်း နားလည်သိရှိစေလျက်

အခါသမယရောက်လာသည့်အခါ မိမိသည် ]]ငါ ဖြစ်၏}}ဟု မိန့်တော်မူသောဘုရားသခင်

ပင်ဖြစ်ကြောင်း သူတို့ကိုသိစေခဲ့သည် (ယော ၈း၂၄)။ အချို့သောဂျူးအမျိုးသားတို့သည်

ယေရှုဤသို့မိန့်တော်မူခြင်းသည်

ဘုရားသခင်ကိုစော်ကားပြောဆိုခြင်းဖြစ်သည်ဟုဆိုလျက်

ကိုယ်တော်ကို ကျောက်ခဲနှင့်ပေါက်ရန် ကျောက်ခဲများကောက်ယူကြသည်။ သို့သော် တပည့်

တော်များအပါအဝင် အချို့သောဂျူးအမျိုးသားတို့က ဘုရားသခင်၏လုပ်ဆောင်ချက်နှင့်

ဆန့်ကျင်ခြင်းမရှိသော ထိုအံ့ဖွယ်အမှုတို့ကိုပြု၍ အမှန်တကယ်သန့်ရှင်းတော်မူကြောင်းလည်း

သိကြသည့်အတွက် ထိုစကားတို့သည် ဘုရားသခင်ကိုစော်ကားသည့်စကားများမဟုတ်ကြောင်း

သိကြသည်။ သူတို့သည် ယေရှုကို စောင့်ကြည့်လေ့လာနေကြစဉ် ခမည်းတော်သည် သူတို့စိတ်

နှလုံးတွင် သူတို့မသိအောင် အလုပ်လုပ်တော်မူသည်မှာ ယေရှုက သူတို့အား ငါ့ကိုမည်သူဟု

ထင်ကြသနည်းဟုမေး၍ ပေတရုက ယေရှုကလည်း၊ ရှိမုန်ဗာယောန၊ သင်သည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ အသွေးအသားသည် ဤအကြောင်းအရာကို သင့်အား ဖော်ပြသည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်သည် ဖော်ပြတော်မူသတည်း။ ဟု ပြန်လည်မိန့်တော်မူခဲ့

သည် (မ ၁၆း၁၇)။

ယေရှုမည်သူဖြစ်သည်ကိုသိရှိအောင် စူးစမ်းလေ့လာသည့်လမ်းကြောင်းပေါ် သူတို့လျှောက်

လှမ်းလာကြပြီဖြစ်သည်။ သို့သော် ပဟေဠိဆန်သောအရာ ရှိနေဆဲဖြစ်သည်။ မှန်ပါသည်။

သဏ္ဍာန်တော်ပြောင်းလဲသည့်တောင်ပေါ်တွင် ဘုရားသခင်ရှိနေတော်မူကြောင်းထင်ဟပ်ပြ

သည့် တိမ်တိုက်ကိုသူတို့မြင်တွေ့ခဲ့ရပြီး ထိုတိမ်တိုက်ထဲမှ ]]ဤသူသည် ငါ၏ချစ်သားပေတည်း}}

ဟု ယေရှုအကြောင်းမိန့်တော်မူသည့်အသံကိုလည်း သူတို့ကြားခဲ့ရသည်။ သို့သော် ထိုမြင်ကွင်း

ကွယ်ပျောက်သွားသည့်အခါ ]]ချစ်သား}}ဆိုသည့်စကားသည် ဘာကိုဆိုလိုလေသနည်း- ဤ

အရာအားလုံးသည် ကိုယ်တော်မကြာခဏမိန့်တော်မူသည့် အသေခံရမည်၊ မိမိကိုစေလွှတ်တော်

မူသောအရှင်ထံပြန်သွားရမည်၊ ခမည်းတော်ထံပြန်သွားရမည်- စသည့်အချက်များနှင့် မည်ကဲ့

သို့ဆက်စပ်မှုရှိလေသနည်း စသည့်မေးခွန်းများနှင့် သူတို့ကျန်ရစ်ခဲ့ကြသည်။

ထို့ကြောင့် အထက်ခန်းတွင် ကိုယ်တော်က တပည့်တော်တို့အား သူတို့ ဘုရားသခင်အပေါ်

ထားရှိသည့်ယုံကြည်ခြင်းမျိုးဖြင့် သူ့ကိုလည်းယုံကြည်ကြရန် မိန့်တော်မူသည့်အခါ ဖိလိပ္ပုက

ခမည်းတော်ကို သူတို့အားပြသတော်မူရန် တောင်းဆိုခဲ့သည်ကို ကျွန်ုပ်တို့သတိရကြမည်ဖြစ်

သည်။ သို့သော် ယေရှုက ရိုးရိုးလေးပြန်၍ မိန့်

တော်မူခဲ့သည်။ ပဟေဠိကျန်နေဆဲဖြစ်သည်။ ဘုရားသခင်၏ဘုန်းအာနုဘော်တော်ကို သူတို့

အားမပြသခဲ့ပေ။ သိနတောင်ပေါ်တွင် အစ္စရေးလူမျိုးတို့မြင်တွေ့ခဲ့ရသည့် လောင်သောမီးနှင့်

လျှပ်စီးလက်ခြင်းမျိုးကိုပင် သူတို့မမြင်တွေ့ရပေ။ သူတို့သည် ထိုကဲ့သို့သောပြသမှုကို မြင်တွေ့

ရလျှင် အလွန်ကြောက်လန့်သွားကြမည်ဖြစ်သောကြောင့်ဖြစ်သည်ဆိုလျှင် ကောင်းသောအ

ကြောင်းပြချက်ဖြစ်ပေလိမ့်မည်။

ထိုသို့ဆိုလျှင် ယေရှုက အစကစ၍ မိမိနှင့်ခမည်းတော်တို့၏ဆက်နွယ်မှုနှင့်ဆိုင်သော

ဘုရားဘုန်းအာနုဘော်တော်ကို အသိပေးကြေညာသည့်နည်းတူ လက်တွေ့လည်းပြသတော်မူ

ခဲ့သည်။ သူ့အထဲ၌ သူ့အားဖြင့် သူ့အတွက် စကြဝဠာသည် ဖန်ဆင်းခြင်းခံရသောဖန်ဆင်းရှင်

အဖြစ် ကိုယ်တော်ကို ရှေ့တော်၌ပျပ်ဝပ်လျက် သူတို့အသိအမှတ်ပြုသင့်ပေသည်။ သို့သော်

ဘုရားသခင်က လူနှင့်မိမိ၏ဆက်နွယ်မှုကို ဖန်ဆင်းရှင်နှင့်ဖန်ဆင်းခံတို့၏ဆက်နွယ်မှုထက် ပို၍

အဆင့်မြင့်စေလိုလျက် ဝိညာဉ်ရေးမွေးဖွားခြင်းအားဖြင့် သားသမီးများ၊ ထိုမှတစ်ဆင့်

အရွယ်ရောက်လာသည့်သားများနှင့် ဖခင်တို့၏ဆက်နွယ်မှုမျိုးအထိ မြှင့်တင်တော်မူလိုသည်။

ထိုသို့သော ဝိညာဉ်ရေးမွေးဖွားခြင်းသည် မိမိ၏သားတော်နှင့်တစ်ဦးချင်းဆက်နွယ်မှုအပေါ်

မူတည်မည်ဖြစ်သည်။ ထိုမျှတစ်ဖန် ကိုယ်တော်အတွက် သူတို့၏စိတ်ဝင်စားဖွယ်ကောင်းခြင်း

နှင့် ကိုယ်တော့်အပေါ်ကြောက်လန့်မှုကင်းခြင်းတို့အပေါ် မူတည်မည်။ သူတို့၏ယုံကြည်ခြင်း

သည် ပိုပိုကြီးထွားလာမည်။ ကိုယ်တော်က မိမိကိုယ်ကိုယ်ဖွင့်ပြတော်မူသည့်အလျောက် သူတို့

၏နားလည်သိရှိမှုသည် ပိုပိုနက်ရှိုင်းလာပြီး သူတို့၏ချစ်ခြင်းမေတ္တာလည်းပိုမိုကြီးထွားလာ

မည်။ သို့သော် ထိုသို့ပိုမိုနက်ရှိုင်းအောင် သိရှိလာခြင်းက သူတို့၏လူသားကိုယ်ရည်ကိုယ်သွေး

ကို လွှမ်းမိုး၍ ပျောက်ကွယ်သွားစေမည်မဟုတ်။ ကိုယ်တော်၏မိတ်ဆွေအဖြစ် သူတို့၏ ကျင့်

ကြံမှုကို ရပ်တန့်သွားစေမည် မဟုတ်ပေ။

လူမျိုးများစွာတို့၏ပုံပြင်များထဲတွင် သူတို့၏တော်ဝင်မင်းသားသည် ဆင်းရဲသည့် သာမန်

အမျိုးသမီးငယ်နှင့် တားဆီးမရအောင် ချစ်ကျွမ်းဝင်မိသည့်ဇာတ်လမ်းပုံပြင်များရှိပါသည်။ ထို အခါ ထိုအမျိုးသမီးငယ်ကို မိမိ၏သတို့သမီးအဖြစ်ရယူနိုင်ရန်အတွက် မိမိ၏နန်းတော်ကိုစွန့်၍

သာမန်အဝတ်အစားများဝတ်ဆင်ကာ ထိုအမျိုးသမီးငယ်ကို သာမန်လူတစ်ဦးအနေဖြင့် ချဉ်း

ကပ်ရသည်။ သူ၏ပြောပုံဆိုပုံနှင့် အပြုအမူတို့သည်လည်း ထိုအမျိုးသမီးငယ်၏အဆင့်အ

တန်းနှင့်ကိုက်ညီအောင်ပြုပြင်ရသည်။ သို့သော် ထိုအမျိုးသမီးငယ်ကို သူ့ကိုမရှိန်မကြောက်

စေရန် မိမိ၏ဂုဏ်အရှိန်အဝါကို ဖုံးကွယ်ထားရသည်။ အခြားတစ်ဘက်တွင်လည်း သူ၏စည်း

စိမ်ဂုဏ်အရှိန်အဝါကြောင့် သူ့မေတ္တာကိုလက်ခံသည့်အဖြစ်မျိုးကိုလည်း သူမလိုလားချေ။ ထို

အမျိုးသမီးငယ်၏အမှန်တကယ်ချစ်မြတ်နိုးမှုကို ရရှိ၍ သူ့အပေါ်သစ္စာရှိကြောင်းလည်းသေ

ချာသည့်အခါ မိမိ၏စည်းစိမ်၊ မိမိ၏ဂုဏ်အရှိန်အဝါအကြောင်းကို တဖြည်းဖြည်းသိမြင်စေ

လျက် လူထုရှေ့ နန်းတော်၌ ဂုဏ်အသရေတင့်တယ်စွာ မင်္ဂလာဆောင်လျက် ထိုအမျိုးသမီး

ငယ်ကို လက်ထပ်ထိမ်းမြှားသည့်ဇာတ်လမ်းမျိုးဖြစ်သည်။

ရှေးရိုးစဉ်လာပုံပြင်ထဲတွင်မဟုတ်ဘဲ လူ့သမိုင်းအမှန်ထဲတွင် ထိုအတိုင်းအမှန်တကယ် ဖြစ်

ခဲ့ပါသည်။ ဘုရားသခင်၏သားတော်သည် ကျွန်ုပ်တို့ကို ပိုင်ဆိုင်ရရန်အတွက် ကျွန်ုပ်တို့ကိုရှာဖွေ

တော်မူရန် လူ့ဇာတိကိုခံလျက် ဘုရားစင်စစ်ဖြစ်သော လူစင်စစ်အဖြစ် လောကသို့ ြွကလာတော်

မူခဲ့သည်။ မင်္ဂလာရှိလှသည့်ပဟေဠိပါလားဟု ေြွကးကြော်လိုက်ခြင်းမှအပ ကျွန်ုပ်တို့ဘာလုပ်နိုင်

မည်နည်း။ ကိုယ်တော်၏ဘုရားဘုန်းအာနုဘော်တော်သည် ကြီးမားလှပါသည်။ ဘုရားသခင်

သည် သွေးသားအားဖြင့် ထင်ရှားတော်မူပါ၏(၁တိ ၃း၁၆)။

ခမည်းတော်နှင့်ဆိုင်သည့် ပွင့်လင်းမြင်သာသောဖွင့်ပြတော်မူချက်

သူတို့၏အကန့်အသတ်ရှိသည့်လက်ရှိအစွမ်းတန်ခိုးများအတွက် ပဟေဠိဆန်သောအရာ

များကိုသာ အမြဲတမ်းကြားရမည်မဟုတ်ပါ။ ထိုအချိန်ကာလသည် ကိုယ်တော်၏အသေခံတော်မူခြင်း၊ ရှင်ပြန်ထမြောက် ခြင်းနှင့်ကောင်းကင်သို့ပြန်လည်တက်ြွကတော်မူခြင်းတို့နှင့်အတူ ရောက်လာခဲ့ပါသည်။

ကိုယ်တော်သည် ဖြစ်တော်မူကြောင်း စကား

လုံးများနှင့်ပြောမပြနိုင်သောအရာများကို ကိုယ်တော်၏ရှင်ပြန်ထမြောက်ခြင်းက ဖော်ပြပေးပါ

သည် (ရော ၁း၄)။

ထို့ပြင် ကိုယ်တော်၏ရှင်ပြန်ထမြောက်ခြင်းက လက်ဝါးကပ်တိုင်ပေါ်တင်ခြင်းခံတော်မူ

ခြင်းသည် မတော်တဆမဟုတ်သကဲ့သို့ ဘေးဒုက္ခဆိုက်ရောက်ခြင်းလည်းမဟုတ်ကြောင်းကို

လည်း ဖော်ပြသည်။ ゞင်းသည် ဘုရားသခင်၏အဖြစ်တော်နှင့်ဂုဏ်အင်လက္ခဏာများနှင့်

လိုက်ဖက်မှုမရှိကြောင်းလည်းသေချာသည်။ ゞင်းသည် ကမ္ဘာ့သမိုင်းတစ်လျှောက် ဘုရားသခင်

၏နှလုံးသားကို အရှင်းလင်းဆုံးဖော်ပြသည့်ဖော်ပြချက်ပင်ဖြစ်သည်။ ゞင်းသည် ကမ္ဘာမပေါ်

မရှိမီကတည်းက မိမိ၏ကြိုတင်သိမြင်သောအနာဂတံသÓဏ်တော်အားဖြင့် ဘုရားသခင်က

ကြံစည်ထားတော်မူသော (၁ပေ ၁း၂၀၊ တ ၂း၂၃) အချိန်နှင့်ထာဝရတို့၏ဗဟိုချက်ဖြစ်၍

ဓမ္မဟောင်းကျမ်း၏ပရောဖက်ကျမ်းများတွင် ကြိုတင်ပြောထားကာ (လု ၂၄း၂၅-၂၇) ဘုရား

သခင်သတ်မှတ်သည့်အချိန်တွင် လက်တွေ့ဖြစ်ပျက်လာသည့် အံ့ဖွယ်အကောင်းဆုံးနှင့် နှစ်

သက်ဖွယ်အကောင်းဆုံးဖြစ်သကဲ့သို့ လူတို့အမျှော်လင့်နိုင်ဆုံးသော သို့မဟုတ် ဘုရားသခင်

ကိုယ်တော်တ်ိုင်အတွက်လည်း အဖြစ်နိုင်ဆုံးသော ခမည်းတော်၏နှလုံးသားကို အရှင်းလင်း

ဆုံး အပြတ်သားဆုံးဖော်ပြသည့်အရာဖြစ်သည်။

ဘုရားသခင်သည် အံ့ဖွယ်တန်ခိုးတော်ကိုပိုင်ဆိုင်တော်မူသော်လည်း သမ္မာကျမ်းစာ၏

မည်သည့်နေရာ၌မျှ ဘုရားသခင်သည် တန်ခိုးဖြစ်တော်မူ၏ဟု မဖော်ပြပေ။ ဘုရားသခင်သည်

ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏ဟုသာ ဖော်ပြတော်မူသည်။ ခမည်းတော်သည် ထိုသို့ချစ်ခြင်း

မေတ္တာဖြစ်တော်မူသည်ဆိုလျှင် ခရစ်တော်၏လက်ဝါးကပ်တိုင်တော်ထက် မည်သည့်အရာက

ထိုမေတ္တာကို ကျွန်ုပ်တို့အားပို၍သိစေနိုင်မည်နည်း။ သားတော်အားဖြင့် ငါတို့သည် အသက်ရှင်စေခြင်းငှာ၊ ဘုရားသခင်သည် တစ်ပါးတည်းသော သားတော်ကို ဤလောကသို့ စေလွှတ်တော်မူသောအရာ၌၊ ငါတို့ကို ချစ်တော်မူသော မေတ္တာတော်သည် ထင်ရှားလျက်ရှိ၏။

ငါတို့သည် ဘုရားသခင်ကိုချစ်ကြသည်ဟု မဆို။ ဘုရားသခင်သည် ငါတို့ကိုချစ်၍ ငါတို့၏အပြစ် ဖြေစရာအကြောင်း ဖြစ်စေခြင်းငှာ၊ သားတော်ကို စေလွှတ်တော်မူသောအရာ၌ ချစ်ခြင်းမေတ္တာရှိ၏။ (၁ယော ၄း၉-၁၀၊ ၁၄)။

သို့သော် ခရစ်တော်သည် ゞင်းနှင့်မကျေနပ်သေးပါ။ ကိုယ်တော်သည် ခမည်းတော်၏

စရိုက်လက္ခဏာကို လက်ဝါးကပ်တိုင်ပေါ်တွင် အပြည့်အဝပြသခဲ့လျှင်ပင် ကျွန်ုပ်တို့ဖက်မှ

၎င်းကို မခံယူနိုင်လျှင် ဘာဖြစ်မည်နည်း။ ထို့ကြောင့် ခမည်းတော်နှင့်ပတ်သက်သည့် မိမိ၏

ပွင့်လင်းထင်ရှားသောဖွင့်ပြတော်မူချက်ကို ပြည့်စုံစေရန်အတွက် ကောင်းကင်သို့တက်ြွကသွား

သည့်နောက်ပိုင်း မိမိလူတစ်ဦးစီတို့၏စိတ်နှလုံးထဲတွင် ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို

နားလည်လျက် ဝမ်းမြောက်စွာခံယူနိုင်စေရန်အတွက် ထိုချစ်ခြင်းမေတ္တာကိုသွန်းလောင်းရန်

သန့်ရှင်းသောဝိညာဉ်တော်ကိုစေလွှတ်တော်မူသည်။

နားလည်သဘောပေါက်ရမည့်အဓိကအချက်

ယခုအထိ ခရစ်တော်သင်ကြားပေးသောအရာများကို တမန်တော်တို့သည် အနည်းနှင့်

အများ နားလည်ကြပြီဖြစ်သော်လည်း သူတို့သေချာနားလည်ရမည့်အချက်မှာ ဤအ

ချက်သည် ပြောင်းလဲစလူကဖြစ်စေ၊ နှစ်ကြာလာပြီဖြစ်သောသန့်ရှင်းသူကဖြစ်စေ ခရစ်တော်၏

တပည့်တော်အားလုံးက သေချာနားလည်ထားရမည့်အဓိကအချက်ဖြစ်နေဆဲဖြစ်သည်။ ကျွန်ုပ်

တို့သည် ဘဝပြဿနာများနှင့်နပန်းလုံးရင်း ခရစ်ယာန်တာဝန်ဝတ္တရားများကို ထမ်းဆောင်ရန်

ကြိုးစားရင်း သို့မဟုတ် သွန်သင်ချက်နှင့်ဓမ္မလမ်းကြောင်းဆိုင်ရာအချက်အလက်များကို လက်

တွေ့လုပ်ဆောင်ရန်ကြိုးစားရင်းတစ်ဦးချင်းစီအပေါ်တိုက်ရိုက်သက်ရောက်သော ခမည်းတော်

၏ချစ်ခြင်းမေတ္တာကို ကျွန်ုပ်တို့စိတ်နှလုံးထဲ၌ အလွယ်တကူပင်မှေးမှိန်သွားစေတတ်ကြပါ

သည်။ ကိုယ်တော်၏မေတ္တာအပေါ် ထိုသို့ခံစားလာပါက ကျွန်ုပ်တို့၏ဆုတောင်းခြင်းအသက်

တာသည် ဝန်ထုပ်ဝန်ပိုးဖြစ်လာလျက် သံသယနှင့်ကြောက်ရွံ့မှုတို့က ကျွန်ုပ်တို့ကို ဖိစီးနေကြ

မည်ဖြစ်သည်။

ဥပမာအနေဖြင့် သခင်ဘုရားက မိမိရှင်ပြန်ထမြောက်လျက် ကောင်းကင်သို့ပြန်တက်ြွက

သည့်အခါ မိမိ၏နာမဖြင့် ခမည်းတော်ထံဆုတောင်းနိုင်ကြောင်းနှင့် ခမည်းတော်သည်

မိမိနာမတော်ကို ဘုန်းထင်ရှားစေရန် သူတို့တောင်းသည့်အတိုင်းပေးသနားတော်မူမည်ဖြစ်

ကြောင်း ပြီးခဲ့သည့်သင်ခန်းစာတွင် သူတို့ကိုမိန့်တော်မူထားပြီးပြီဖြစ်သည်။ သို့သော် သူတို့ကို

ထပ်မံရှင်းလင်းညွှန်ကြားခြင်းမပြုပါက ဤကတိတော်ကို သူတို့နားလည်မှားနိုင်ကြောင်း ကိုယ်

တော်ကြိုတင်သိတော်မူသည်။ သခင်ယေရှု၏နာမဖြင့်ဆုတောင်းရခြင်းမှာ ခမည်းတော်ဘုရား

သခင်ကိုယ်တော်တိုင်က သူတို့ကိုစိတ်မဝင်စားသောကြောင့်ဖြစ်၍ သူတို့သည် သခင်ယေရှု

အားဖြင့် ချော့မော့မြှောက်ပင့်လျက် နားမချပါက ခမည်းတော်သည် သူတို့တောင်းသော

အရာကို ပေးမည်မဟုတ်ဟု သူတို့ထင်သွားနိုင်သည်။ ထိုသို့လုံးဝမဟုတ်ကြောင်းသေချာပါသည်။ သင်တို့သည် ငါ၏နာမဖြင့်ဆုတောင်းကြသည့်

အခါ ငါသည်လာ၍ အကျွန်ုပ်၏တပည့်တော်များ တောင်းလျှောက်သည့်အရာကို အဘယ့်

ကြောင့်ဂရုမစိုက်သနည်း။ အဘယ့်ကြောင့် သူတို့ကို မပေးသနည်း ခမည်းတော်ကို စုံစမ်းမေး

မြန်းစရာလိုမည်မဟုတ်။ ငါ့နာမနှင့် သင်တို့တောင်းလျှောက်တဲ့အရာကို ပေးတော်မူမည်ဟု သင်တို့

ယုံကြည်စိတ်ချ၍ရ၏ ဟု မိန့်တော်မူခြင်းဖြစ်သည်။

မှန်ပါသည်။ ခရစ်တော်သည် ခမည်းတော်ဘုရားသခင်ရှေ့တော်၌ ကျွန်ုပ်တို့အတွက် ကြား

ခံဆုတောင်းပေးသောအရှင်ဖြစ်ပါသည်။ ဤသင်ခန်းစာပြီးသည့်အခါ ထိုအကြောင်းကို ကျွန်ုပ်

တို့လေ့လာကြမည်ဖြစ်သည်။ သို့သော် ဘုရားသခင်က ကျွန်ုပ်တို့နှင့်မတည့်သောကြောင့် သူ့ကို

ကြားခံပုဂ္ဂိုလ်အဖြစ်ထားရှိတော့မဟုတ်ပါ။ ကိုယ်တော်ကို ကျွန်ုပ်တို့အတွက်ကြားခံဆုတောင်း

ပေးသူအဖြစ်ကိုယ်တော်ခွဲခန့်ထားခြင်းမှာ ကျွန်ုပ်တို့ကိုချစ်လျက် ကျွန်ုပ်တို့၏ကောင်းကျိုးအ

တွက် ထိုသို့စီမံတော်မူခြင်းဖြစ်သည် (ဟေဗြဲ ၅ း၁-၁၀၊ ၇ း၂၀-၂၅)။

နောက်ဆုံးအနေဖြင့် ခမည်းတော်သည် သူတို့ကိုချစ်တော်မူကြောင်း တမန်တော်တို့အား

ခရစ်တော်က ယုံကြည်စိတ်ချစေသည့်အခါ ခရစ်တော်ရည်ညွှန်းသောခမည်းတော်၏ချစ်ခြင်း

မေတ္တာသည် ဘုရားသခင်က ဖန်ဆင်းထားသောအရာအားလုံးအပေါ်ချစ်သည့်ချစ်ခြင်းမေတ္တာ

မျိုးကို မရည်ညွှန်းပါ။ မိမိ၏သားတော်ကိုချစ်လျက် ယေရှုသည် ခမည်းတော်ထံမှြွကလာသော

သူဖြစ်ကြောင်း (၁၆း၁၇) ယုံကြည်သောသူတို့အပေါ် ခမည်းတော်ထားရှိတော်မူသော အထူး

မေတ္တာမျိုးကို ရည်ညွှန်းပါသည်။ အပြစ်သားတို့ကို အပြစ်ရှိစဉ်ပင်ချစ်တော်မူသည့်အတွက်

ခံစားရသည့်ပြင်းထန်သောဝေဒနာကို ကရာနီကုန်းပေါ်တွင် လိုလိုလားလားနှင့်ပြင်းစွာခံစား

တော်မူခဲ့သည်။ ထိုချစ်ခြင်းမေတ္တာကို ပစ်ပစ်ခါခါငြင်းပယ်လျက် ဘုရားသခင်၏သားတော်ကို

မိမိခြေအောက်တွင်ထားကာ

ကိုယ်တော်၏အသွေးတော်ကို တန်ဖိုးမရှိဟုသတ်မှတ်၍

ပြောင်းလဲခြင်းမရှိသောသူတို့အပေါ် ဘုရားသခင်၏တုန့်ပြန်မှုမှာ အစဉ်တည်သောအမျက်

တော်ပင်ဖြစ်သည် (ဟေဗြဲ ၁၀း၂၈-၂၉)။ သို့သော် လူတို့က ဘုရားသခင်၏သားတော်ကို

ခမည်းတော်၏နှလုံးသားမှလာသောလက်ဆောင်အဖြစ် လက်ခံမြတ်နိုးခြင်းဖြင့် ဘုရားသခင်၏

မေတ္တာကိုတုန့်ပြန်ကြသည့်အခါ အနှောင်အဖွဲ့ရှိသမျှနှင့်ကင်းလွတ်သော ခမည်းတော်နှင့်ဆိုင်

သည့်ချစ်ခြင်းနှင့်မြတ်နိုးမှုတို့ကိုဖြစ်ပေါ်စေသည့်တုန့်ပြန်မှုကိုထွက်ပေါ်လာစေသည်။

ခရစ်တော်ကိုယ်တော်တိုင်နှင့်ဆိုင်သည့်အရေးကြီးသောသွန်သင်ချက်

ခရစ်တော်က မိမိနှင့်ပတ်သက်၍သင်ကြားပေးသောအရာအားလုံးထဲမှ အရေးအကြီးဆုံး

သောအချက်များကို တပည့်တော်များက သိရှိနားလည်ထားခြင်းရှိမရှိ စစ်ဆေးကြည့်ရန် ယခု

အချိန်ရောက်လာပြီဖြစ်သည်။ ကိုယ်တော်မိန့်တော်မူခဲ့သမျှသောအရာအားလုံး၏တရားနည်း

လမ်းကျခြင်းသည် ဤမဟာအခြေခံအချက်ပေါ်မူတည်သည်။

ခမည်းတော်၊ သန့်ရှင်းသောဝိညာဉ်တော်တို့နှင့်အတူ သုံးပါးတစ်ဆူ ဘုရားသခင်ဖြစ်

တော်မူသောပုဂ္ဂိုလ်က မိန့်တော်မူခြင်းဖြစ်သည်။ ဓမ္မဟောင်းကျမ်းမှ မည်သည့်ပရောဖက်ကမျှ၊

ထိုပရောဖက်များထဲမှ အကြီးဆုံးပရောဖက်ကပင် ထိုသို့မပြောခဲ့ပါ။ ဧလိယက ဘုရားသခင်နှင့်

ပတ်သက်၍ ပြောဆိုခဲ့

သည် (၃ ရာ ၁၇း၁) ။

ခရစ်တော်အတွက် သက်သေခံကြလျက် လောက၏ကြီးမားသောဖိအားပေးမှုကို ကြုံ

တွေ့ရမည့် တမန်တော်များနှင့်တကွ သူတို့နောက်ကလိုက်လာကြမည့် ခရစ်ယာန်အားလုံးတို့က

ဤအချက်ကို နားလည်လျက် အခိုင်အမာယုံကြည်စွဲကိုင်ထားရန် လိုအပ်သည်။ အဘယ့်ကြောင့်

ထိုသို့လိုအပ်သည်ကို တွေ့မြင်နိုင်ရန် ဓမ္မဟောင်းသမိုင်းကြောင်း၏ အစိတ်အပိုင်းတစ်ခုကို

ဥပမာတစ်ခုအဖြစ်ကြည့်ကြပါစို့။

ကမ္ဘာဦးကျမ်း (အခန်းကြီး ၁၅) က ဘုရားသခင်သည် အဘအာဗြဟံကိုခေါ်လျက်

လူ့သမိုင်းတွင် အထူးအရေးကြီးသည့်ကဏ္ဍတစ်ခုကို ထမ်းဆောင်ရန်အတွက် မိမိပေါ်ထွန်းစေ

မည့်လူမျိုးသစ်၏မူလကနဦးအဘဖြစ်ရန်အတွက် ခန့်အပ်တော်မူကြောင်း ကျွန်ုပ်တို့ကိုသိစေ

သည်။ ထို့နောက် ဘုရားသခင်သည် ဤလူမျိုးတော်ထမ်းဆောင်ရမည့်အရာကို အာဗြဟံအား

အကျဉ်းချုပ်မိန့်တော်မူသည်။ လူ့သမိုင်း၏အချိန်တစ်ချိန်တွင် ယခု အစ္စရေးဟုလူတို့သိသော

လူမျိုးတော်သည် ခါနန်ပြည်မှထွက်ခွာလျက် အီဂျစ်ပြည်တွင် အခြေချနေထိုင်ရမည်ဖြစ်သည်။

သို့သော် အီဂျစ်ပြည်သားတို့သည် သူတို့ကိုဆန့်ကျင်ကြသည့်အတွက် ဘုရားသခင်သည် သူတို့

ကို အီဂျစ်ပြည်မှ လွတ်မြောက်စေလျက် ကတိတော်ထားရာခါနန်ပြည်သို့ ပြန်လည်ခေါ်ဆောင်

လာမည်ဖြစ်သည်။ ထိုအတိုင်းလည်း ဖြစ်ပျက်ခဲ့ပြီဖြစ်သည် (ထွ ၁-၁၂)။

သို့သော် ဤအချက်ကို ကျွန်ုပ်တို့သိထားရန်လိုပါသည်။ ဘုရားသခင်သည် မိမိလူမျိုးတော်

ကို လွတ်မြောက်စေရန်အတွက် အီဂျစ်ပြည်၏ရှင်ဘုရင်ဖြစ်သော ဖာရောဘုရင်အား ဘုရား

သခင်၏လူမျိုးတော်ကို သွားခွင့်ပြုရန်အတွက်တောင်းဖို့ မောရှေကို စေလွှတ်တော်မူသည့်အခါ

မောရှေသည် အောက်ပါအချက်ကို အခြေခံလျက်တောင်းဆိုရမည်ဖြစ်သည်။ ]]ဤလူမျိုးတော်

သည် အီဂျစ်ပြည်သို့မရောက်လာမီ ဘုရားသခင်သည် သူတို့၏ဖိုးဖွားများနှင့် ပဋိညာဉ်ဖွဲ့

တော်မူလျက် မိမိ၏အကြံအစည်တော်ကို သူတို့အားဖွင့်ပြတော်မူခဲ့သည်။ လူမျိုးတော်သည် လူ့

သမိုင်း၏အချိန်တစ်ချိန်တွင် အီဂျစ်ပြည်သို့ဝင်ရောက်နေထိုင်ရမည်ဖြစ်သည်။ သို့သော် အမြဲ

တစေနေရန်မဟုတ်။ အီဂျစ်ပြည်မဟုတ်ဘဲ သူတို့၏ဖိုးဖွားများအား ကတိထားတော်မူသော

ပြည်တွင် သူတို့အတွက် အနာဂါတ်ရှိသည်။ ယခု အီဂျစ်ပြည်မှ သူတို့လွတ်မြောက်ရမည့်

ထိုအချိန်အခါ ရောက်လာပြီဖြစ်၍ ဖာရောဘုရင်သည် သူတို့ကို သွားခွင့်ပြုရမည်ဖြစ်သည်။}}

ထိုအခါ ဖာရောဘုရင်က မည်သို့တုန့်ပြန်ခဲ့သနည်း။ မောရှေရှေ့တွင် သူရယ်မောခဲ့သည်။

မောရှေ၏ဘုရားသခင်ကို သူအသိအမှတ်မပြုချေ။ အတိတ်ကာလတွင် ဘုရားသခင်သည်

လူမျိုးတော်အတွက် အကြံအစည်တော်ကို သူတို့၏ဖိုးဖွားများအား ဖွင့်ပြခဲ့သည်ဆိုသည့်

အချက်အားလုံးကို သဏ္ဍာရီပုံပြင်ကဲ့သို့ သူ့ခေါင်းထဲမှဖယ်ထုတ်ထားလိုက်သည်။ တစ်နေ့သော

အခါ သူတို့ကိုဘုရားသခင်ခေါ်ဆောင်သွားမည့်ကတိတော်ပြည်သည် အီဂျစ်ပြည်၏ပြင်ပတွင်

ရှိသည်ဆိုသည့် သူတို့၏ယုံကြည်ချက်သည်လည်း ပုံပြင်သက်သက်သာဖြစ်ပြီး ထိုယုံကြည်မှုကို

သူတို့တွေယုံနေလျှင် အလုပ်စခန်းများ၌ သူခန့်ထားသည့်သူ့လူများကြောင့် သူတို့တွေ မကြာမီ

ဇက်ပြုတ်သွားကုန်လိမ့်မည်ဟုသူမြင်သည်။ အစ္စရေးအမျိုးသားများအတွက် အီဂျစ်ပြည်သာ

သူတို့ကမ္ဘာဖြစ်ရမည်။ သူတို့ဘဝသည် အလုပ်လုပ်မည်၊ စားမည်၊ သောက်မည်၊ အိပ်မည်၊

နောက်ဆုံးတွင် သေမည်- ထိုထက်မပိုရဟု သူသတ်မှတ်ထားသည်။

ထို့ကြောင့် ဘုရားသခင်သည် အစ္စရေးလူမျိုးကို လွတ်မြောက်စေရန်အတွက် ဖာရော

ဘုရင်ကို ဖျက်ဆီးရမည်ဖြစ်သည်။ သို့သော် ထိုသို့ပြုတော်မမူမီ မောရှေသည် အီ၈ျစ်ပြည်သို့

ဘုရားသခင်ကစေလွှတ်တော်မူခြင်းဖြစ်ကြောင်းနှင့် သူတို့သည် မောရှေကိုယုံလျှင် မောရှေက

သူတို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်လျက် ခေါ်ဆောင်သွားမည့် ကတိတော်ပြည်အမှန်တကယ်

ရှိကြောင်းတို့ကို အစ္စရေးအမျိုးသားတို့ယုံကြည်အောင် လုပ်ဆောင်တော်မူရမည်ဖြစ်သည်။

ဤရှေးခေတ်အဖြစ်အပျက်သည် ကျွန်ုပ်တို့အတွက် ပုံဥပမာတစ်ခုဖြစ်လာသည်။ ဤလောက

၏မင်းဖြစ်သော စာတန်သည် သန်းပေါင်းများစွာသောလူတို့အား သူတို့အတွက် ဤလောက

တစ်ခုတည်းသာရှိသည်ဟု ယုံကြည်စေသည်။ စကြဝဠာဖန်ဆင်းခြင်းနှင့်ပတ်သက်၍ ဘုရား

အကြံအစည်တော်ဟူ၍ဘာမျှမရှိ၊ ထို့ကြောင့် ဘုရားဆိုတာလည်းမရှိဟု သူတို့ယုံကြည်အောင်

စာတန်က သူတို့ကိုသွေးဆောင်လျက် အယုံသွင်းထားသည်။ ဤဘဝ၏နောက်တွင် ကောင်း

ကင်နိုင်ငံဟူ၍မရှိဟုလည်း သူတို့ကို အယုံသွင်းထားသည်။ စာတန်၏အဆိုအရ ဘုရားသခင်၏

ပရဒိသုဘုံနှင့်ဆိုင်သောအကြောင်းအရာအားလုံးသည် ဒဏ္ဍာရီသာဖြစ်သည်။ သူ၏လိမ်ညာမှု

ကိုသိရှိစေနိုင်သည့်သိပ္ပံဆိုင်ရာအတွေးအခေါ်မရှိသောသူတို့အား ဘုရားသခင်နှင့်ကောင်းကင်

နိုင်ငံကိုယုံကြည်ခြင်းသည် သိပ္ပံပညာနှင့်မကိုက်ညီဟု လှည့်စားလျက် ယုံကြည်စေသည်။

ဤနည်းဖြင့် စာတန်သည် ဤလောကကို သူတို့အတွက် အကျဉ်းထောင်ကဲ့သို့ဖြစ်စေလျက်

ဤဘဝကို မျှော်လင့်ချက်မဲ့သောဘဝဖြစ်စေလေသည်။

ဘုရားသခင်သည် လူတို့ကို ဤဆင်းရဲဒုက္ခအနှောင်အဖွဲ့မှလွတ်မြောက်စေရန် မိမိ၏သား

တော်ယေရှုခရစ်တော်ကို ဤလောကသို့စေလွှတ်တော်မူခဲ့သည်။ သို့သော် ကျွန်ုပ်တို့ ထိုသို့လွတ်

မြောက်ရန်အတွက် အခြားအရာများထက် ကျွန်ုပ်တို့သိရှိယုံကြည်ရမည့်အချက်တစ်ချက်ရှိ

သည်။ ၄င်းသည် ကိုယ်ကျင့်တရားနှင့်ဆိုင်သော ခရစ်တော်၏သွန်သင်ချက်သက်သက်မဟုတ်

ပေ။ ထို့ကြောင့် ဤလောကတစ်ခုတည်းရှိသည်မဟုတ်။ ဤ

လောကသည် ကိုယ်အလိုအလျောက်ဖြစ်လာသည်မဟုတ်။ ဤလောက၏ရှေ့နှင့်နောက်တွင်

ခမည်းတော်ရှိတော်မူသည်။ ခရစ်တော်က ဆက်၍မိန့်တော်မူသည်။ ထို့ကြောင့် ဤလောကသည် ဘဝလမ်းဆုံးရာ မဟုတ်။ ဤလောက၏နောက်ပိုင်းတွင်လည်း ဘဝရှိသေးသည်။ ထိုသို့အားဖြင့် စာတန်၏လိမ် ညာမှုသည် ထင်ရှားလာလျက် ခရစ်တော်ကိုယုံကြည်သောသူတို့အတွက် ဤလောကကိုအကျဉ်း ထောင်ဖြစ်စေမည့် စာတန်၏တန်ခိုးသည် မှေးမှိန်ပျက်စီးသွားလေသည်။

ခရစ်တော်၏တပည့်တော်များအတွက် ခရစ်တော်၏စိန်ခေါ်မှု

သို့သော် ခရစ်တော်၏တပည့်တော်များက ဤအချက်ကိုယုံကြည်ကြပါသလား။ သူတို့ယုံ

ကြည်ပါသည်ဟု သူတို့ပြောကြပါသည်။ ကိုယ်တော်သည် ယခု ပုံဥပမာမဆောင်ဘဲ အတိအလင်း

ဟောပြောတော်မူသည်ဟု သူတို့ပြောကြသည်။ ကိုယ်တော်သည် အလုံးစုံတို့ကိုသိတော်မူ

ကြောင်းနှင့် နောက်ထပ်ရှင်းပြရန်အတွက် ကိုယ်တော်ကိုထပ်မံမေးမြန်းရန်မလိုအပ်ကြောင်းကို

သူတို့သိမြင်သွားကြသည်။ သူတို့သည် ကိုယ်တော်အား လျှောက်ကြသည်။

သူတို့စိတ်ထဲရှိသည့်အတိုင်း ပြောကြခြင်းဖြစ်သည်။ သို့သော် သင်၏သင်ခန်းစာကို သင်

အပြည့်အဝနားလည်သဘောပေါက်ခြင်းနှင့်ပတ်သက်၍ ပြောစရာအချက်တစ်ချက်ရှိသည်။

သင်ခန်းစာကိုအပြည့်အဝနားလည်ခြင်းသည် သင်၌ရှိသည့်အရာကို သင်သက်သေထူရန်အ

တွက် စစ်ဆေးမှုနှင့်ကြုံတွေ့ရခြင်းနှင့်မတူပါ။ ထို့ကြောင့် ခရစ်တော်က မိမိ၏ကရုဏာတော်

အားဖြင့် သူတို့၏စိတ်ချသေချာမှုကို သိမ်မွေ့စွာမေးတော်မူ

ခဲ့သည်။ နောက်နာရီအနည်းငယ်အတွင်း အပြင်းထန်ဆုံးသောစစ်ဆေးမှုကို သူတို့ကြုံရတော့

မည်ဖြစ်သည်။ သူတို့၏ယုံကြည်ခြင်းသည် လှုပ်ယမ်းသွားမည်ဖြစ်သည်။ သမ္မာတရားကို သူတို့

ကောင်းကောင်းသဘောပေါက်ပြီဆိုသော သူတို့၏ထင်မြင်မှုသည် သူတို့ထင်သလောက် အခိုင်

အမာမဟုတ်သေးကြောင်း သက်သေထူတော့မည်ဖြစ်သည်။ သူတို့သည် ခရစ်တော်ကို ထားခဲ့

လျက် မိမိတို့အသက်နှင့်ဤလောက၌ရှိသည့် မိမိတို့စိတ်ဝင်စားသည့်အရာများကို ကာကွယ်ရန်

အတွက် အဝေးသို့ထွက်ပြေးသွားကြလိမ့်မည်။

အောင်မြင်မှုအတွက် စိတ်ချသေချာမှု

ထိုသို့ဆိုလျှင် သူတို့အားလုံး ပျောက်ကွယ်သွားကြမည်လား။ အကယ်စင်စစ် ထိုသို့မဟုတ်

ပါ။ ခရစ်တော်သည် တစ်ကိုယ်တည်းရပ်၍ ခမည်းတော်ပါလျက် ညှင်းပန်းနှိပ်စက်မှုနှင့်

သေခြင်းတို့အပါအဝင် လောကနှင့် လောက၏မင်းတို့ကို ရင်ဆိုင်တော့မည်ဖြစ်သည်။ တပည့်

တော်တို့သည် ခေတ္တယိမ်းယိုင်လျက် ထွက်ပြေးကြမည်ဖြစ်သော်လည်း ကိုယ်တော်က သူတို့

အား မိန့်တော်မူသည်။ ကိုယ်တော်သည် စာတန်၏အကျဉ်းထောင်ကို

မြေသို့ပြိုကျစေမည်ဖြစ်သည်။ လောကအချုပ်အနှောင် အတားအဆီးတို့ကို ဖြိုဖျက်တော်မူ

မည်ဖြစ်သည်။ ကိုယ်တော်၏အသေခံခြင်းနှင့်ရှင်ပြန်ထမြောက်ခြင်းတို့ကို လောကအကျဉ်း

ထောင်၏တံခါးကို ကျယ်ကျယ်ပွင့်စေ၍ ခမည်းတော်ထံသို့ ပြန်တက်ြွကတော်မူသည့်အခါ

မိမိလူအားလုံးတို့အား မိမိ၏အောင်ပွဲကို မျှဝေခံစားစေမည်ဖြစ်သည်။ သူတို့သည်လည်း သူတို့

ကို ချစ်တော်မူသော ခရစ်တော်အားဖြင့် အထူးအောင်မြင်သောသူများဖြစ်ကြမည်ဖြစ်သည်

(ရော ၈း၃၇)။

ကျွန်ုပ်တို့သည်လည်း မိမိတို့မျိုးဆက်၌ ထလျက် ကျွန်ုပ်တို့နှင့်အတူအသက်ရှင်နေသူများ

ထံ ခရစ်တော်အတွက် သက်သေခံကြမည်ဆိုလျှင် လောကကိုအောင်ခြင်း၏လျှို့ဝှက်ချက်ကို

လေ့လာသိရှိထားရမည်ဖြစ်သည်။

သင်ရိုး၊အပိုင်းသုံး

က။ဆရာ့ဆုတောင်းချက်

(၂၉)ခမည်းတော်ထံ သားတော်အစီရင်ခံခြင်း

ယခုအခါ သန့်ရှင်းစင်ကြယ်မှုနှင့်ဆိုင်သည့် ခရစ်တော်၏သင်ကြားမှုသည် အချိန်အားဖြင့်

ပြီးဆုံးပြီဖြစ်သည်။ ကိုယ်တော်၏တပည့်တော်များသည် စိတ်ရှုပ်ထွေးမှုများခံစားရာ ဂေသရှေ

မန်ဥယျဉ်ထဲတွင်လည်းကောင်း၊ ဝေဒနာပြင်းစွာခံစားရာ လက်ဝါးကပ်တိုင်တွင်လည်းကောင်း

ကိုယ်တော်ကိုကြည့်ခြင်းအားဖြင့် အလွန်လေးနက်သည့်သင်ခန်းစာများကို သင်ယူမိကြမည်

သေချာသည်။ သို့သော် ဝမ်းမြောက်ပီတိဖြစ်ရသကဲ့သို့ အံ့ဩရသည့် ရှင်ပြန်ထမြောက်ရာနေ့၌

သူတို့ထံကိုယ်တော်ရောက်လာသည့်နေ့အထိ ကိုယ်တော်နှင့်သူတို့အကြား စကားအားဖြင့်ဆက်

သွယ်ပြောဆိုမှုသည် ယခုအချိန်၌အလွန်နည်းလှပေမည်။

ပုံမှန်သင်ကြားခြင်းသည် အချိန်ကာလအရ အဆုံးသတ်သော်လည်း သင်ကြားပေးသော

ဆရာ၏လုပ်ဆောင်မှုတို့သည် အဆုံးမသတ်သေးပါ။ ယခုအထိ ကိုယ်တော်သည် တပည့်တော်

တို့အား ခမည်းတော်အကြောင်းကိုမိန့်တော်မူခဲ့ပြီး ယခုအခါတွင် ခမည်းတော်အားတပည့်တော်

များအကြောင်း ကြားလျှောက်ရမည်ဖြစ်သည်။ သူတို့ကို မည်ကဲ့သို့ကောင်းကောင်းမွန်မွန် သင်

ကြားပေးသည့်အကြောင်းနှင့် သူတို့သည်လည်း မိမိသင်ကြားပေးသောအရာများကို မည်ကဲ့သို့

ကောင်းကောင်းမွန်မွန်လက်ခံယုံကြည်ကြကြောင်းကို ကိုယ်တော်အစီရင်ခံတော့မည်ဖြစ်သည်။

စာသင်ကျောင်း၌ ကျောင်းသားဆရာဆက်ဆံရေးတွင် အမြဲတမ်းအနားနှစ်ဘက်ရှိသည်။

ကျောင်းသားဘက်တွင် သူတို့၏သင်ကြားလိုသည့်ဆန္ဒ၊ လေ့လာသင်ကြားသည့်လုံ့လဝိရိယနှင့်

သူတို့၏သင်ကြားခံယူနိုင်မှုစွမ်းရည်တို့နှင့်ပတ်သက်၍ မေးခွန်းမေးစရာရှိသည်။ ဤအဆင့်တွင်

သခင်ယေရှုက ယခုချိန်၌ သူတို့၏ခံယူနိုင်မှုစွမ်းရည်အကန့်အသတ်ရှိသောကြောင့် အကန့်

အသတ်ဖြင့် သူတို့ကိုပြောပြမည်ဖြစ်သည်ဟု ညနေအစောပိုင်းက မှတ်ချက်ချလျက်မိန့်တော်မူ

ခဲ့သည်ကို ကျွန်ုပ်တို့ကြားခဲ့ရပြီဖြစ်သည် (၁၆း၁၂)။

သို့သော် သင်ကြားခြင်း၏အောင်မြင်မှုသည် ကျောင်းသား၌သာမူတည်သည်မဟုတ်ပါ။

အဘယ့်ကြောင့်ဆိုသော် အခြားတစ်ဘက်တွင် ဆရာနှင့်ပတ်သက်၍လည်း မေးခွန်းမေးစရာရှိ

ပါသည်။ ဆရာသည် မိမိသင်ကြားသည့်ဘာသာရပ်ကို ထိထိရောက်ရောက်ဆက်သွယ်အသိပေး

နိုင်ပါရဲ့လား။ စွမ်းရည်အကန့်အသတ်ရှိသည့်ကျောင်းသားများက နားလည်သဘောပေါက်နိုင်

အောင် မိမိ၏နက်နဲသောအရာများကို ရိုးရိုးရှင်းရှင်းဖြစ်အောင် ရှင်းပြနိုင်ပါသလား။

သင်ကြားပေးရသည့်အကြောင်းအရာသည် ကျွန်ုပ်တို့အတွက်ဖြစ်သော ထာဝရအသက်

နှင့်သက်ဆိုင်သည့်ဘုရားသခင်အကြောင်းသိရှိခြင်းဆိုလျှင် ဤမေးခွန်းသည် အလွန့်အလွန်

အရေးကြီးသည်ဟုဆိုရပါမည်။ အကြောင်းမှာ ကျွန်ုပ်တို့၏ကယ်တင်ခြင်းသည် ကျွန်ုပ်တို့၏

ဉာဏ်ရည်ဉာဏ်သွေးနှင့် သင်ကြားခံယူနိုင်မှုစွမ်းရည်အပေါ် လုံးလုံးမူတည်သည်ဆိုလျှင် မည်

သူသည် ကယ်တင်ခြင်းခံရနိုင်မည်နည်း။ ထိုသို့မဟုတ်ပါ။ ဤကိစ္စတွင် အားလုံးသည် ကျွန်ုပ်တို့

၏ဆရာအဖြစ် ဘုရားသခင်စေလွှတ်တော်မူသောအရှင်၏အရည်အချင်းပေါ် မူတည်ပါသည်။

ကိုယ်တော်သည် မိမိသင်ကြားပေးသည့်အကြောင်းအရာကို အပြည့်အဝသိထားပါသည်။ ကိုယ်

တော်သည် လူတို့ကိုဖန်ဆင်းသောအရှင်ဖြစ်၍ လူ့စိတ်သည် မည်သို့အလုပ်လုပ်တတ်သည်ကိုသိ

လျက် မိမိ၏ကျောင်းသားများအကြောင်းကို အပြည့်အစုံသိထားသူဖြစ်သည်။ ထို့

အပြင် သူ ကိုယ်တိုင်သည် လူသားအဖြစ်လူ့ဇာတိခံသူဖြစ်သည်။ ကိုယ်တော်အားဖြင့် သင်ယူမည်ဆိုလျှင် ဘုရားသခင်ကို သိကျွမ်းလိုသောသူတိုင်းသည် ဘုရားသခင်ကိုသိကျွမ်းနိုင်မည်ဖြစ်သည်။ မိမိ၏အထူးတာဝန်လုပ်ဆောင်မှုအကြောင်း

သားတော်က ခမည်းတော်ကို အစီရင်ခံခြင်း

“ထိုသို့ မိန့်တော်မူပြီးမှ ယေရှုသည် ကောင်းကင်သို့ကြည့်မျှော်၍၊ အို အဘ၊ အကျွန်ုပ်အချိန်ရောက်ပါပြီ။

ကိုယ်တော်သည် သားတော်လက်သို့ အပ်ပေးတော်မူသမျှသောသူတို့အား ထာဝရအသက်ကို ပေးစေခြင်းငှာ၊ လူမျိုးအပေါင်းတို့ကို အစိုးရသောအခွင့်တန်ခိုးကို သားတော်အား ပေးတော်မူသည်နှင့်အညီ၊ သားတော်သည် ကိုယ်တော်၏ဘုန်းကို ထင်ရှားစေပါမည်အကြောင်း သားတော်၏ဘုန်း ထင်ရှားစေတော်မူပါ။

ထာဝရအသက်ဟူမူကား၊ မှန်သောဘုရားသခင် တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကိုလည်းကောင်း၊ သိကျွမ်းခြင်းတည်း။

အကျွန်ုပ်သည် မြေကြီးပေါ်မှာကိုယ်တော်ကို ဘုန်းထင်ရှားစေပါပြီ။ အကျွန်ုပ်ဆောင်ရွက်စရာဖို့ အကျွန်ုပ် အပ်ပေးတော်မူသောအမှုကို အကျွန်ုပ်ဆောင်ရွက်၍ ပြီးပါပြီ။

အို အဘ၊ ဤကမ္ဘာမတည်မရှိမီ အထံတော်၌ အကျွန်ုပ်ခံစားရသော ဘုန်းအသရေနှင့် ယခုတွင်လည်း အကျွန်ုပ်ကိုအထံတော်၌ ချီးမြှောက်တော်မူပါ၏။

(ယော ၁၇း၁-၅)

မိမိသင်ကြားပေးသည့်ဘာသာရပ်ကို အသေးစိတ်ကောင်းမွန်စွာရှင်းပြပုံ

ကိုယ်တော်က မိမိသင်ကြားပေးနေသည့်အကြောင်းအရာကို မည်ကဲ့သို့အနက်ဖွင့်သည်ကို

ဦးစွာကြည့်ကြပါစို့။

အခြေခံကျကျအရေးကြီးသောအရာအချို့ကို ဤအချက်ထဲမှ ကျွန်ုပ်တို့သင်ယူရပါသည်-

၁။ သန့်ရှင်းစင်ကြယ်ခြင်း၊ ゞင်းသည် ဤစာအုပ်တစ်လျှောက်လုံးတွင် ကျွန်ုပ်တို့ လေ့လာ

သင်ယူလာခဲ့သောအကြောင်းအရာဖြစ်ပြီး ဓာတုဗေဒ သို့မဟုတ် ရူပဗေဒကဲ့သို့သော ဘာသာ

ရပ်မျိုးမဟုတ်ချေ။ ဥပမာအားဖြင့် ရူပဗေဒဘာသာရပ်တွင် ကျောင်းသားတစ်ဦးသည် အိုင်

စတိုင်း၏လူသိများသောပုံသေနည်းကို သင်ယူပါက အိုင်စတိုင်းအကြောင်းဘာမျှမသိ၊ အိုင်စ

တိုင်းနှင့်ခင်မင်မှုဘာမျှမရှိလည်းရသည်။ သို့သော် စစ်မှန်သည့်သန့်ရှင်းစင်ကြယ်ခြင်းအတွက်

ဆိုလျှင် ဘာသာရပ်တစ်ခုကို သိရှိခြင်းမဟုတ်တော့ဘဲ ပုဂ္ဂိုလ်တစ်ဦးကိုသိကျွမ်းခြင်းဖြစ်သည်။

ထိုပုဂ္ဂိုလ်မှာ ဘုရားသခင်ပင်ဖြစ်သည်။ သူ့ကိုသိကျွမ်းခြင်းတွင်လည်း (သူ့အကြောင်း များစွာ

သိရှိလေ့လာထားခြင်းသည်အရေးကြီးသော်လည်း) ထိုသို့လေ့လာခြင်းသက်သက်မဟုတ်ဘဲ

ဘုရားသခင်နှင့်တစ်ဦးချင်းသိကျွမ်းရန်လိုအပ်သည်။

၂။ ထို့နောက် အရာဝတ္ထုတစ်ခုကိုသိကျွမ်းခြင်းနှင့် လူပုဂ္ဂိုလ်တစ်ဦးကိုသိကျွမ်းခြင်းတို့

အလွန်ကွာခြားမှုရှိကြောင်း ကျွန်ုပ်တို့သိထားရပါမည်။ အက်တမ် (အေသာ) ဟုခေါ်သည့်

အနုမြူတစ်ခုကို ဥပမာအနေဖြင့်ယူကြပါစို့။ သင်သည် အေသာ တစ်ခုအကြောင်း သိသင့်သမျှကို

သိလိုသည်ဆိုလျှင် ထို အေသာ များကိုလေ့လာနိုင်သည့် အရှိန်ပေးကိရိယာတစ်မျိုးဖြစ်သော

ခပခူသအမသည ထဲတွင် ゞင်းကိုထည့်လျက် အရှိန်ပြင်းပြင်းပေးပါက ထို အေသာ သည် ゞင်း၏ လျှို့

ဝှက်ချက်ရှိသမျှတို့ကို ထင်ရှားလာစေမည်ဖြစ်သည်။

သို့သော် လူပုဂ္ဂိုလ်တစ်ဦးဦးကို ထိုနည်းနှင့် သိကျွမ်းအောင်လုပ်ဆောင်၍မရပါ။ သင်သည်

ဦးနှောက်ကိုဖြန့်ကြက်စူးစမ်းသည့် ဘမငေညျခညေညနမ ဖြင့် ကျွန်ုပ်၏ဦးနှောက်ကို အမျိုးမျိုး

စူးစမ်းလေ့လာလျှင် သိပ္ပံနည်းဖြင့်သိနိုင်သည့်အရာများကိုသိရမည်ဖြစ်သော်လည်း ကျွန်ုပ်နှင့်

သိကျွမ်းရန်တော့ဖြစ်နိုင်မည်မဟုတ်ချေ။ ကျွန်ုပ်သည် အရာဝတ္ထုတစ်ခုမဟုတ်ဘဲ လူပုဂ္ဂိုလ်တစ်

ဦးဖြစ်သောကြောင့် ကျွန်ုပ်က စိတ်နှလုံးပါလျက် သင်နှင့်ဆက်ဆံပြောဆိုခြင်းမပြုပါက သင်သည်

ကျွန်ုပ်ကိုသိကျွမ်းနိုင်မည်မဟုတ်ပေ။ သင်သည် ကျွန်ုပ်အကြောင်း များစွာသိထားသော်လည်း

ကျွန်ုပ်ကိုယ်တိုင်နှင့်သိကျွမ်းခြင်းမရှိဘဲဖြစ်နိုင်ပါသည်။

ထိုနည်းတူပင် (ထိုထက်မကလည်းဖြစ်နိုင်သည်) ဘုရားသခင်ကိုယ်တော်တိုင်က လူတစ်ဦး

ဦးကို ဆက်သွယ်အသိပေးလျက် မိမိကိုသိကျွမ်းခွင့်ပြုတော်မမူပါက မည်သူမျှကိုယ်တော်ကို

သိကျွမ်းနိုင်မည်မဟုတ်ပေ။

၃။ သို့သော် ဤသို့ တစ်ဦးချင်းတိုက်ရိုက်ဖြစ်သည့်နည်းလမ်းဖြင့် လူတစ်ဦးဦးအား မိမိကို

သိကျွမ်းခွင့်ပေးတော်မူရန်အတွက် ဘုရားသခင်သည် လူတို့အား သတင်းအချက်အလက်သက်

သက်ကိုသာ ဝေမျှခြင်းမဟုတ်ဘဲ မိမိကိုယ်တိုင်၏အသက်ကို သူတို့အား ပေးဝေရသည်။ သမ္မာ

ကျမ်းစာက ထာဝရအသက်ဟုဆိုသောအသက်သည် သေသည့်နောက်ပိုင်းအသက်ရှင်ခြင်း

သက်သက် သို့မဟုတ် သေပြီးသည့်အခါ ကောင်းကင်သို့သွားခြင်းသက်သက်မဟုတ်ပါ။ ထာဝရ

အသက်တွင် စစ်မှန်သည့်တစ်ဆူတည်းသောဘုရားသခင်နှင့် ဘုရားသခင်ကလောကသို့စေ

လွှတ်တော်မူသည့် ယေရှုခရစ်တော်ကို တစ်ဦးချင်း အသက်ရှင်သောရင်းနှီးဆက်ဆံမှုအားဖြင့်

သိကျွမ်းခြင်းလည်းပါသည်။ ထို့ကြောင့်လည်း သမ္မာကျမ်းစာက ယုံကြည်သူတိုင်းသည် ကောင်း

ကင်သို့မရောက်မီ လောကတွင်အသက်ရှင်နေစဉ်မှာပင် ထာဝရအသက်ကိုရရှိခံစားနိုင်သည်ဟု

ပြောနေခြင်းဖြစ်သည်။ အကြောင်းမှာ ခရစ်တော်က သူ၏ဆုတောင်းချက်ထဲတွင် ဘုရားသခင်

က သူ့ကိုပေးအပ်ထားသမျှသောသူတို့ကို ထာဝရအသက်ပေးရန် ဘုရားသခင်သည် သူ့ကို

အခွင့်ပေးတော်မူသည်ဟု ဆုတောင်းသည်ကို ကျွန်ုပ်တို့ကြားရပြီဖြစ်သည်။

၄။ သို့သော် သန့်ရှင်းစင်ကြယ်ခြင်းသည် ဘုရားသခင်ကိုသိကျွမ်းခြင်းသက်သက်လည်း

မဟုတ်ပါ။ ဘုရားသခင်ကို ယုံကြည်ခြင်း၊ ဘုရားသခင်ကိုချစ်ခြင်း၊ ဘုရားသခင်ထံသစ္စာရှိစွာ

ဆက်ကပ်အပ်နှံခြင်းတို့လည်းပါသည်။ ဘုရားသခင်၏သားတော်အား ဤထူးမြတ်သောတာဝန်

ကိုပေးအပ်ထားသည်။ ကိုယ်တော်သည် ဤလောကသို့ြွကလာလျက် စာတန်က လူတို့စိတ်နှလုံး

ထဲထိုးဖောက်ဝင်ရောက်စေခဲ့သည့် ဘုရားသခင်အသရေပျက်အောင် မဟုတ်မမှန်ပြောဆိုသည့်

စကားများကို ရင်ဆိုင်လျက် ဘုရားသခင်သည် မိမိ၏ချစ်ခြင်းမေတ္တာရှိသမျှနှင့်သန့်ရှင်းဖြူစင်

ခြင်း၊ မိမိ၏ဘုန်းအာနုဘောတော်၊ ကျေးဇူးတော်နှင့်လှပမှုတို့ထဲတွင် မည်သို့သောဘုရားသခင်

ဖြစ်သည်ကို လူတို့ထံ အမှန်အတိုင်းထင်ရှားစေရမည်ဖြစ်သည်။ စကားတစ်ခွန်းနှင့်ပြောရမည်

ဆိုလျှင် သားတော်၏အထူးတာဝန်မှာ လူတို့စိတ်ထဲမှ ဘုရားသခင်နှင့်ဆိုင်သည့်မှားယွင်းသော

အတွေးအခေါ်များကို ပြောင်းလဲစေလျက် ဘုရားသခင်ကိုမုန်းသောသူအဖြစ်မှ ဘုရားသခင်ကို

ချစ်သောသူအဖြစ်သို့ရောက်စေကာ ဘုရားသခင်ကိုဥပေက္ခာပြုရာမှ အံ့ဖွယ်အပေါင်း၊ ကောင်း

မြတ်ခြင်းအပေါင်းနှင့် ကိုးကွယ်မှုနှင့်ထိုက်တန်ခြင်းအပေါင်းတို့နှင့်ပြည့်စုံသော ခမည်းတော်ကို

ချစ်စိတ်အပြည့်အဝဖြင့် ကိုးကွယ်ဆည်းကပ်သူများဖြစ်စေခြင်းအားဖြင့် လူတို့ကြားတွင် ဘုရား

သခင်၏ဘုန်းတော်ကိုထင်ရှားစေရန်ဖြစ်သည်။

ဤဘာသာရပ်သည် ဆရာက အသေးစိတ်ရှင်းပြပေးရမည့်ဘာသာရပ်ဖြစ်သည်ဆိုလျှင်

ゞင်းကို မည်ကဲ့သို့ ကောင်းကောင်းမွန်မွန် အသေးစိတ်ရှင်းပြပေးခဲ့သနည်း။ အတိအကျနှင့်

ပြည့်ပြည့်စုံစုံ ရှင်းပြပေးခဲ့ပါသည်။ ခမည်းတော်ထံအစီရင်ခံပုံကို ထပ်၍နားထောင်ကြည့်ပါ။

ကိုယ်တော်သည်

ဤသို့မိန့်တော်မူစဉ်မှာပင် လောက၌ မိမိ၏သက်တော်စဉ်တစ်ခုလုံးကို ပြန်ပြောင်းလှည့်

ကြည့်တော်မူမည်မလွဲပေ။ ထိုနည်းတူ အရှေ့ကိုလည်း လှမ်း၍ကြည့်ရှုတော်မူခဲ့သည်။

ခမည်းတော်ထံ ကိုယ်တော်အစီရင်ခံသည့်အတိုင်း လက်ဝါး

ကပ်တိုင်ပေါ် မိမိ၏အံ့ဖွယ်အမှုအားဖြင့် ခမည်းတော်အပေါ်မိမိ၏မေတ္တာတော်နှင့် ဘုရား

သခင်ကို မိမိမည်ကဲ့သို့သိထားတော်မူကြောင်းကို လောကရှေ့တွင်ပြသတော်မူလျက် သန့်ရှင်း

တော်မူသောဘုရားသခင်က လောက၏အပြစ်ကို မည်ကဲ့သို့ရှုမြင်၍ ချစ်ခြင်းမေတ္တာဖြစ်တော်မူ

သော ထိုဘုရားသခင်က ထိုအပြစ်သားတို့ကို မည်ကဲ့သို့ချစ်တော်မူကြောင်းကိုလည်း ထင်ရှား

စေရမည်ဖြစ်သည့် ကမ္ဘာမတည်မရှိမီက ကြံစည်တော်မူသောအကြံအစည်တော်ကို လုပ်ဆောင်

ရမည့်အချိန်နာရီရောက်လာပြီဖြစ်သည်။ ခရစ်တော်၏လက်ဝါးကပ်တိုင်တော်က ထိုအရာအား

လုံးကို ဖော်ပြခဲ့ပါသည်။ ကရာနီတောင်ကုန်းပေါ်တွင်မထင်ရှားခဲ့သည့် ဘုရားသခင်၏ နှလုံး

သားနှင့်ထူးခြားမှုအသွင်အပြင်မျိုးကို အခြားနေရာ၊ အခြားအချိန်တွင် မည်သူကမျှ ရှာဖွေ

တွေ့ရှိနိုင်မည်မဟုတ်ပေ။

အချိန်ရောက်လာပြီဖြစ်၍ ဆုတောင်းချက်ပြီးဆုံးသွားသည်နှင့်ချက်ချင်းပင် လက်ဝါး

ကပ်တိုင်ပေါ်ကြီးမားသောအမှုကိုပြုရန်အတွက် ကေဒြုန်ချောင်းကိုဖြတ်လျက် ဂေသရှေမန်

ဥယျာဉ်၌ခြေချရန် ခရစ်တော်သည် အဆင်သင့်ဖြစ်နေခဲ့သည်။ ကိုယ်တော်က မိမိသည် ဘုရား

သခင်၏ဘုန်းတော်ကိုထာဝရထင်ရှားစေသည့်အမှုကို အမှန်ပင်ပြီးမြောက်စေမည်ဖြစ်ကြောင်း

ယုံကြည်စိတ်ချမှုအပြည့်ဖြင့် အတိတ်ကာလပုံစံဖြင့် လျှောက်ဆိုတော်မူခဲ့သည်။

သို့သော် ဘုရားသခင်၏ဂုဏ်အင်လက္ခဏာပြသခြင်းကို အပြီးသတ်ရန်အတွက် ထပ်၍

နောက်ဆုံးအဆင့်ကို အကောင်အထည်ဖော်ရဦးမည်ဖြစ်ပြီး ၄င်းသည် ဘုရားသခင်ကိုယ်တော်

တိုင်အားဖြင့်ဖြစ်သည်။ ခရစ်တော်က မြွက်ဆိုတော်မူသည်။ ၄င်းသည်

သားတော်၏အထွတ်အထိပ်ဆက်ကပ်အပ်နှံခြင်းကို ခမည်းတော်ကတုန့်ပြန်တော်မူလျက် သား

တော်ကို သေခြင်းမှထမြောက်စေတော်မူ၍ ဖန်ဆင်းခြင်းမဖြစ်ပေါ်မီကတည်း မိမိနှင့်အတူ

သားတော်စိုးစံတော်မူရာနေရာ၌ သားတော်ကိုချီးမြှောက်တော်မူမည်ကိုဆိုလိုသည်။ မစဉ်းစား

ကောင်းသည့်အရာကိုစဉ်းစားမည်ဆိုလျှင် အကယ်၍ ဘုရားသခင်သည် ဝေဖန်ပြောဆိုသူများက

လွဲမှားစွာနားလည်ထားသည့်အတိုင်း သို့မဟုတ် ဘုရားမဲ့ဝါဒီများက လူသိရှင်ကြားပုတ်ခတ်

သရော်သည့်အတိုင်း သားတော်ကို သေခြင်းမှထမြောက်စေရန် မတတ်စွမ်းနိုင်ဘဲ သားတော်၏

ဆက်ကပ်မှုသည် မှန်ကန်ကြောင်းသက်သေပြန်ရန်ပျက်ကွက်ခဲ့ပါက ဘုရားသခင်သည် အယူသီးမှု

တစ်ခုသာဖြစ်ပြီး ထာဝရသင်္ချိုင်းဂူ၏မြေမှုန့်ထဲ၌သာအဆုံးသတ်ရပြီး ကောင်းကင်သည် အမှောင်

ကျသွားကာ ဘုရားသခင်၏ဂုဏ်အင်လက္ခဏာသည် ထာဝရပျက်စီး သွားခဲ့မည်ဖြစ်သည်။

သို့သော် ထိုသို့သောအန္တရာယ်မျိုးလုံးဝမရှိခဲ့ပေ။ ကိုယ်တော်သည် မိမိသိကျွမ်း၍ ချစ်မြတ်

နိုးသော ခမည်းတော်အပေါ် အဆုံးစွန်ယုံကြည်စိတ်ချလျက် လူတို့ကိုလည်း အသေးစိတ်

ရှင်းပြတော်မူကာ ခမည်းတော်သည် မိမိ၏သားတော်ကို သေခြင်းမှထမြောက်စေတော်မူလျက်

မိမိ၏ထာဝရသားတော်အရိုက်အရာ၌ ချီးမြှောက်တော်မူခြင်းအားဖြင့် မိမိ၏နာမတော်နှင့်ဆိုင်

သောဖွင့်ပြတော်မူချက်ကို ပြည့်စုံစေတော်မူရန် ဘုရားသခင်၏သားတော်အဖြစ် ခမည်းတော်

ထံ တောင်းလျှောက်တော်မူခဲ့သည်။ ခမည်းတော်သည် ခရစ်တော်ကို ထိုသို့ဘုန်းထင်ရှားစေ

တော်မူခြင်းအားဖြင့် ကိုယ်တော်၏ ကမ္ဘာမတည်မရှိမီကတည်းကပိုင်ဆိုင်သောဂုဏ်တော်ကို

ပြန်လည်အပ်နှင်းမည်သာမက ယေရှုကိုမြင်ခြင်းအားဖြင့် ခမည်းတော်ကိုလည်းမြင်ပြီဖြစ်

ကြောင်းကိုလည်း လောကကိုသိစေတော်မူမည်ဖြစ်သည်။

မိမိ၏တပည့်တော်များက မိမိတို့သင်ခန်းစာများကို

မည်ကဲ့သို့ကောင်းစွာသင်ယူခဲ့ကြောင်း ဆရာအစီရင်ခံခြင်း

“ဤလောကထဲမှယူ၍ အကျွန်ုပ်၌ အပ်ပေးတော်မူသောသူတို့အား အကျွန်ုပ်သည် ကိုယ်တော်၏ နာမကိုပြပါပြီ။ ထိုသူတို့ကို ကိုယ်တော်သည်ပိုင်တော်မူသဖြင့် အကျွန်ုပ်အား ပေးတော်မူ၏။ ကိုယ်တော်၏ နှုတ်ကပတ်တရားကို သူတို့သည်စောင့်ကြ၏။

အကျွန်ုပ်အား ပေးတော်မူသမျှတို့သည် ကိုယ်တော်မှဖြစ်ကြောင်းကို သူတို့သည် ယခုသိကြပါ၏။

အကြောင်းမူကား၊ အကျွန်ုပ်အား ပေးတော်မူသမျှသော အရာတို့ကို သူတို့အားအကျွန်ုပ်ပေး၍ သူတို့သည် ခံယူသဖြင့်၊ အကျွန်ုပ်သည် အထံတော်မှကြွလာသည်ကို အတပ်သိကြသည်နှင့် ကိုယ်တော်သည် အကျွန်ုပ်ကို စေလွှတ်တော်မူသည်ကို ယုံကြပါ၏။”

(ယော ၁၇း၆-၈)

သို့သော် ဤထူးချွန်သောအောင်မြင်မှုရလဒ်အတွက်

ချီးကျူးမှုသည် တပည့်များအတွက်မဟုတ်ဘဲ ဆရာ့အတွက်ဖြစ်သည်။ အဘယ့်ကြောင့်ဆို

သော် ကိုယ်တော်သည် သူတို့၏ယုံကြည်ခြင်းကို မည်သို့မည်ပုံတည်ဆောက်ပေး၍ ဘုရား

သခင်အပေါ် သူတို့၏ချစ်ခြင်းမေတ္တာနှင့်ဆက်ကပ်အပ်နှံမှုတို့ကို မည်သို့မည်ပုံ ထွက်ပေါ်လာ

စေခဲ့သည်ကို ကျွန်ုပ်တို့ဆင်ခြင်ရမည်ဖြစ်သည်။

က။ ဦးစွာပထမ ကိုယ်တော်သည် ဘုရားသခင်၏နာမတော်ကို သူတို့ရှေ့၌ထင်ရှားစေသည်။

ဤအရာအားဖြင့် ဘုရားသခင်က အီဂျစ်ပြည်မှ လွတ်မြောက်စေတော်မူသော အစ္စရေး

လူမျိုးတို့၏လမ်းခရီးကို ကျွန်ုပ်တို့ပြန်၍သတိရမိပေလိမ့်မည်။ အခြေအနေမှာ ကျွန်ုပ်တို့သတိရ

သည့်အတ်ိုင်း ထိုစဉ်က အစ္စရေးမျိုးဆက်သည် ချိုးဖျက်ဖောက်ထွက်ဖို့မဖြစ်နိုင်အောင်ကြီးမား

သည့် ဖာရောဘုရင်၏အုပ်ချုပ်မှုအောက်တွင် ကျွန်ခံရသည့်ခါးသီးသောဘဝအပြင် အခြားဘာ

ကိုမျှမသိကြပေ။ ဘုရားသခင်က သူတို့ကိုလွတ်မြောက်စေမည်ဆိုသောသတင်းစကားဖြင့် သူတို့

ထံသို့မောရှေကိုစေလွှတ်ချိန်တွင် လွတ်မြောက်ရန် သို့မဟုတ် တော်လှန်ရန် မဖြစ်နိုင်သည့်

အခြေအနေမျိုးဖြစ်နေခဲ့သည်။ သူ့ကိုလည်းကောင်း၊ သူပြောဆိုသောဘုရားသခင်အကြောင်း

ကိုသော်လည်းကောင်း သူတို့ယုံကြည်လိမ့်မည်ဟု မောရှေမည်ကဲ့သို့မျှော်လင့်နိုင်ပါသနည်း။

သို့သော် မောရှေသည် ပြဿနာကို ကြိုတင်သိမြင်ထားပြီး ဘုရားသခင်က သူ့ကိုခိုင်းစေ

လာသည့်အခါ မောရှေက ပြန်၍မိန့်တော်မူခဲ့

သည်။ တစ်ဖန် ဘုရားသခင်က “မောရှေကလည်း၊ အကျွန်ုပ်သည် ဣသရေလအမျိုးသားတို့ရှိရာသို့ရောက်၍၊ သင်တို့ဘိုးဘေးများ၏ဘုရားသခင်သည် ငါ့ကိုသင်တို့ရှိရာသို့စေလွှတ်တော်မူပြီဟု အကျွန်ုပ်ဆိုလျှင်၊ သူတို့က၊ ထိုဘုရားသခင်၏နာမတော်ကား အဘယ်သို့နည်းဟု အကျွန်ုပ်ကိုပြန်၍မေးသောအခါ၊ အဘယ်သို့ပြန်ပြောရပါမည်နည်းဟု ဘုရားသခင်အားမေးလျှောက်လေ၏။ ဘုရားသခင်ကလည်း၊ ငါဖြစ်သည်အတိုင်းငါဖြစ်၏ဟူ၍လည်းကောင်း၊ ငါဖြစ်သည်ဟု အမည်ရှိသောသူသည်၊ ငါ့ကိုသင်တို့ရှိရာသို့စေလွှတ်တော်မူပြီဟု ဣသရေလအမျိုးသားတို့အားပြန်ပြောလော့ဟူ၍လည်းကောင်း၊ မောရှေအားမိန့်တော်မူ၏။

တစ်ဖန်ဘုရားသခင်က၊ သင်တို့ဘိုးဘေးများ၏ဘုရားသခင်၊ အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားတည်းဟူသောထာဝရဘုရားသည်၊ ငါ့ကို သင်တို့ရှိရာသို့စေလွှတ်တော်မူပြီဟု ဣသရေလအမျိုးသားတို့အား ပြောရမည်။ ထိုအမည်သည် အစဉ်ငါ့အမည်ဖြစ်၏။ လူမျိုးအစဉ်အဆက်မပြတ် ငါ့ဘွဲ့နာမဖြစ်၏။”ဟု မိန့်တော်မူခဲ့သည် (ထွ၊ ၃း၁၃-၁၅)။

ထိုအခါ မောရှေသည် အစ္စရေးအမျိုးသားတို့ထံသွား၍ ငါဖြစ်သည့်အတိုင်းငါဖြစ်သည် ဟု

မိန့်တော်မူသောဘုရား၊ မိမိဘာသာမိမိတည်ရှိတော်မူသောဘုရား၊ ထာဝရဖြစ်တော်မူသော

အရှင်၊ အာဗြဟမ်ဖြစ်စေ၊ ဣဇက်ဖြစ်စေ မိမိဖန်ဆင်းထားသောလူနှင့်မိတ်သဟာရဖွဲ့သည့်အခါ

ထိုပုဂ္ဂိုလ်အပေါ် မပြောင်းမလဲသစ္စာရှိတော်မူသောဘုရား၏နာမတော်ကို သူတို့ထံ အခိုင်အမာ

ဟောပြောခဲ့သည်။ က်ိုယ်တော်သည် မိမိ၏ကတိတော်ကို တည်မြဲပြည့်စုံစေတော်မူမည်ဖြစ်ပြီး

ကိုယ်တော်၏တန်ခိုးတော်နှင့်ကရုဏာတော်သည် သူတို့ကို အမှန်ကယ်တင်မည်ဖြစ်သည်။

အစ္စရေးလူမျိုးတို့သည် ထိုနာမတော်ကို ကြားရသည့်အခါ သူတို့စိတ်နှလုံးသည် လှုပ်ရှား၍

သူတို့၏စိတ်ဝိညာဉ်သည် နိုးကြားလာခဲ့သည်။ ဘုရားသခင်က သူတို့ကို သတိရတော်မူခြင်းမှာ

ဘုရားသခင်သည် ထိုကဲ့သို့သောဘုရားသခင်ဖြစ်၍ဖြစ်သည်။ ကိုယ်တော်သည် မိမိဖန်ဆင်း

ထားသောလူတို့ထဲမှ မည်သူ့ကိုမဆို ချစ်သည်ဟုဆိုလျက် ကတိတော်ပေးပြီး နောက်မှ ငြီးငွေ့

လာသည်ဟုဆိုလျက် ပြန်စွန့်ပစ်ကာ မေ့လျော့၍ နောက်ပိုင်းတွင် စိတ်ဝင်စားမှုမရှိတော့သည့်

ဘုရားမျိုးမဟုတ်ပေ။ ထို့ပြင် ဤထာဝရဘုရားသည် ခပ်လှမ်းလှမ်းမှာရှိလျက် မခံစားတတ်

သောဘုရားမဟုတ်ပေ။ သူတို့ခံစားရသည့် နာကျင်မှုများ၊ ဝမ်းနည်းကြေကွဲမှုများကို မြင်တော်

မူလျက် သူတို့၏ညည်းတွားသံကိုကြားလျက် သူတို့ကိုလွတ်မြောက်စေရန် ြွကလာသောဘုရား

သခင်ဖြစ်တော်မူသည် (ထွ ၃း၆-၈)။

ထို့ကြောင့် အစ္စရေးလူမျိုးတို့သည် မောရှေနှင့် သူရှင်းပြသည့်နာမတော်ပိုင်ရှင် ဘုရား

သခင်ကို ယုံကြည်ခဲ့ကြသည်။ အကြောင်းမှာ ယုံကြည်ခြင်းသည် မိမိဘာသာလုပ်ယူသည့်

စိတ်ချမှုနှင့်ဆိုင်သောခံစားမှုတစ်မျိုးမဟုတ်ဘဲ သိမြင်ရန်ဖွင့်ပြသည့် ဘုရားသခင်၏ထူးခြားမှု

သွင်ပြင်လက္ခဏာကို တုန့်ပြန်ခြင်းသာဖြစ်သည်။ အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးကို

လက်ထပ်နိုင်သည့်အထိ ချစ်လျက်ယုံကြည်စိတ်ချလာသည့်အခြေအနေနှင့် တစ်ထေရာတည်းမ

ဟုတ်သော်လည်း အလားသဏ္ဌာန်တူပါသည်။ ထိုအမျိုးသားက ယုံကြည်စိတ်ချသည့်ခံစားမှု

ကို မိမိဘာသာမိမိလုပ်ယူခြင်းမဟုတ်ပေ။ သူသည် ထိုအမျိုးသမီး၏အလှအပကိုမြင်လျက်

စိတ်ဝင်တစားဖြစ်လာသည်။ ထိုမှတစ်ဆင့် ထိုအမျိုးသမီး၏ကောင်းမြတ်မှု၊ ကြင်နာမှုနှင့် သစ္စာ

ရှိမှုတို့ကို တွေ့မြင်လာသည့်အခါ သူ့နှလုံးသားသည် ထိုအမျိုးသမီးထံရောက်ရှိလျက် တစ်သက်

တာလုံး မိတ်သဟာရဖွဲ့လိုသည့်ဆန္ဒဖြစ်ပေါ်လာ၍ လုပ်တွေ့လုပ်ဆောင်ချက်အားဖြင့် ထို

အတိုင်းဖြစ်ရန် ပြင်ဆင်လာသည်။

မောရှေက အစ္စရေးလူမျိုးတို့အတွက် လုပ်ဆောင်ပေးသောအရာသည် ခရစ်တော်က

တပည့်တော်များအတွက်၊ လူသားအားလုံးအတွက် လုပ်ဆောင်ပေးသောအရာပင်ဖြစ်သည်။

ဘုရားသခင်၏နာမတော်ကို လူတို့အားသိစေသည်။ ဘုရားသခင်၏ဂုဏ်အင်လက္ခဏာကို

စကားလုံးအားဖြင့်ဖြစ်စေ၊ လုပ်ဆောင်ချက်အားဖြင့်ဖြစ်စေ အသေးစိတ်ရှင်းပြလျက် အထွဋ်

အထိပ်အနေဖြင့် လက်ဝါးကပ်တိုင်ပေါ်အသေခံခြင်းအားဖြင့် ဘုရားသခင်၏အနန္တမေတ္တာနှင့်

သစ္စာတရားတို့ကို ပြသတော်မူခဲ့သည်။ အပြစ်ဒဏ်ခံစေမည့်အစား ဘုရားသခင်၏သားတော်

ကိုယ်တိုင်သည် ဝေဒနာခံစားလျက် အသေခံပေးတော်မူမည်ဖြစ်သည်။

ခ။ ဒုတိယအနေဖြင့် သခင်ယေရှုသည် ဘုရားသခင်၏နာမတော်ကိုသာ အသေးစိတ်ရှင်းပြ

တော်မူသည်မဟုတ်။ ထိုနည်းတူ ဘုရားသခင်၏သတင်းစကားဖြစ်သော ဘုရားသခင်၏စကား

ကိုသာ အသိပေးသည်မဟုတ် (၁၇း၆)။ ထိုသို့ပြုတော်မူရာ၌ ကိုယ်တော်အသုံးပြုသော စကား

တို့သည် ခမည်းတော်က သူ့ကိုပေးထားသည့် စကားလုံးများဖြစ်သည်။

ထို့ကြောင့် တပည့်တော်တို့သည် သူတို့အတွက် ဘုရားသခင်ပေးသော သတင်းစကားကို

နားလည်ရန်အတွက် ယေရှုအသုံးပြုသည့်စကားလုံးများနောက်ကွယ်အထိ သွားစရာမလိုပါ။

ထိုသတင်းစကားကို သိရှိစေရန်အတွက် ကိုယ်တော်အသုံးပြုသည့်စကားလုံးများသည် ဘုရား

သခင်၏စကားများပင်ဖြစ်သည်။ တပည့်တော်များကလည်း ထိုအတိုင်းသိရှိကြလျက် ခရစ်

တော်၌ရှိသောအရာအားလုံးသည် ဘုရားသခင်ကပေးထားသောအရာများဖြစ်ကြောင်းကို သိ

ရှိလာခဲ့ကြသည်။ ထိုအချက်က သခင်ယေရှုသည် ဘုရားသခင်ထံမှလာသည်ဆိုသည့် တိကျ

သောအသိတရားကို သူတို့အားရရှိစေသဖြင့် ဘုရားသခင်သည် ကိုယ်တော်ကိုစေလွှတ်တော်

မူကြောင်း သူတို့ယုံကြည်ကြသည်။

ယနေ့လည်း ယုံကြည်ခြင်းသည် ထိုနည်းအတ်ိုင်းပင်ရောက်လာပါသည်။ သမ္မာကျမ်းစာက

သို့ဖြစ်၍၊ ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့် ဖြစ်၏။ ကြားနာခြင်းသည်လည်း၊ ဘုရားသခင်၏ စကားတော်အားဖြင့် ဖြစ်၏။ဟုဆိုထားသည် (ရော ၁၀း၁၇)။ ဘုရားသခင်သည် မိမိကိုယ်ကို သက်သေ

ထူတော်မူသည်။ ကိုယ်တော်၏စကားတော်တို့ကိုယ်တိုင်တွင် ဘုရားတန်ခိုးတော်ပါ၍ ကြားနာ

သောသူတို့အား သမ္မာတရားကို သိရှိယုံကြည်စေလျက် သူတို့၏ယုံကြည်ခြင်းနှင့် စိတ်ချမှုတို့ကို

ဖြစ်ပေါ်စေသည်။ လူတို့မယုံကြည်ကြခြင်းမှာ ဘုရားသခင်၏စကားတော်တို့ကို မကြားကြ၊

သမ္မာကျမ်းစာကို မဖတ်ကြသောကြောင့်ဖြစ်သည်။ သူတို့သည် ဘုရားသခင်ရှိမရှိနှင့် ဘာသာ

တရားအကြောင်း လူတို့၏ငြင်းခုံမှုများကို နားထောင်ကြမည်ဖြစ်သည်။ ထိုဆွေးနွေးငြင်းခုံမှု

များသည် အထောက်အကူပြုနိုင်သကဲ့သို့ အထောက်အကူမပြုလည်းဖြစ်နိုင်ပါသည်။ ကျွန်ုပ်

တို့သည် လူတစ်ဦးကို ယုံကြည်စိတ်ချတော့မည်ဆိုလျှင် သူပြောသည့်စကားများကို နားထောင်ရ

မည်ဖြစ်သည်။ ထို့အတူ ကျွန်ုပ်တို့သည် ဘုရားသခင်ကို ယုံကြည်စိတ်ချဖို့ဆိုလျှင် ဘုရားသခင်

မိန့်တော်မူသည့်စကားများကို တစ်ဦးချင်းတိုက်ရိုက်နားထောင်ရမည်ဖြစ်သည်။ ယေရှုမိန့်တော်

မူသောစကားတို့သည် ဘုရားသခင်၏စကားတော်များပင်ဖြစ်သည်။ ကျွန်ုပ်တို့သည် အလွန့်

အလွန်ပါးနပ်မှသာ သို့မဟုတ် ဉာဏ်ရည်အလွန်ထက်မြက်မှသာ သို့မဟုတ် သေချာလေ့ကျင့်

ထားသောဓမ္မပညာရှင်ဖြစ်မှာသာ ခရစ်တော်၏စကားတော်များကို ကြားနိုင်၊ ဖတ်နိုင်၍ ၄င်းတို့

၏ထင်ရှားသောတန်ဖိုးတို့ကို ခံယူနိုင်မည်မဟုတ်ပါ။ ကိုယ်တော်က “ငါအမှန်အကန်ဆိုသည်ကား၊ သေလွန်သောသူတို့သည် ဘုရားသခင်သားတော်၏ စကားသံကိုကြား၍၊ ကြားသောအားဖြင့် အသက်ရှင်ရမည့်အချိန်ကာလသည် လာ၍ ယခုပင်ရောက်လျက်ရှိ၏။”ဟု (ယော ၅း၂၄) မိန့်တော်မူရာတွင် ဤဘုရားစကားတော်တို့ကို ကျွန်ုပ်တို့တစ်ဦးစီ

အား မိန့်တော်မူနေခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ဤစကားတော်တို့ကို ရိုးရိုးရှင်းရှင်းနှင့် စာ

သားအဓိပ္ပါယ်အတ်ိုင်း ယုံကြည်လက်ခံ၍ ထိုသို့ယုံကြည်လက်ခံခြင်းဖြင့် ထာဝရအသက်ကိုရရှိ

နိုင်ပါသည်။ ရှင်ယောဟန်ခရစ်ဝင်ကျမ်း၏အခြားတစ်နေရာတွင် ဖော်ပြထားသည့်အတိုင်းပင်ဖြစ်သည်။

(၃၀)တပည့်တော်များ၏ယုံကြည်ခြင်းခိုင်မြဲရန် သားတော်ဆုတောင်းခြင်း

“သူတို့အဖို့အလို့ငှာ အကျွန်ုပ်ဆုတောင်းပါ၏။ လောကီသားတို့အဖို့အလို့ငှာ ဆုတောင်းသည်မဟုတ်ပါ၊ အကျွန်ုပ်အား ပေးတော်မူသောသူတို့သည် ကိုယ်တော်၏လူဖြစ်သောကြောင့်၊ ထိုသူတို့အဖို့အလို့ငှာ ဆုတောင်းပါ၏။

အကျွန်ုပ်နှင့်စပ်ဆိုင်သော အရာရှိသမျှတို့သည် ကိုယ်တော်နှင့် စပ်ဆိုင်ကြပါ၏။ ကိုယ်တော်နှင့်စပ်ဆိုင်သော အရာရှိသမျှတို့သည်လည်း၊ အကျွန်ုပ်နှင့်စပ်ဆိုင်၍ ထိုအရာတို့အားဖြင့် အကျွန်ုပ်သည် ဘုန်းထင်ရှားပါ၏။

ယခုမှစ၍အကျွန်ုပ်သည် ဤလောက၌မရှိပါ၊ ဤသူတို့မူကား၊ ဤလောက၌ ရှိရစ်ရကြပါမည်။ အကျွန်ုပ်သည် ကိုယ်တော်ထံသို့ သွားရပါမည်။ သန့်ရှင်းတော်မူသောအဘ၊ ကိုယ်တော်နှင့်အကျွန်ုပ်သည် တစ်လုံးတစ်ဝတည်းဖြစ်သကဲ့သို့ အကျွန်ုပ်အား ပေးတော်မူသော ဤသူတို့သည် ဖြစ်ရပါမည်အကြောင်း၊ သူတို့ကို ကိုယ်တော်၏ နာမ၌တည်စေတော်မူပါ။

အကျွန်ုပ်သည် ဤလောက၌ ဤသူတို့နှင့်တကွ ရှိစဉ်ကာလ၊ သူတို့ကိုကိုယ်တော်၏နာမ၌ တည်စေပါပြီ။ အကျွန်ုပ်အား ပေးတော်မူသောသူတို့ကို အကျွန်ုပ်စောင့်မပါပြီ။ ထိုသူတို့တွင် ပျက်စီးခြင်း၏သား တစ်ယောက်မှတစ်ပါး အဘယ်သူမျှ ပျက်စီးခြင်းသို့မရောက်ပါ။ ထိုသူသည် ပျက်စီးခြင်းသို့ ရောက်သည်အကြောင်းကား၊ ကျမ်းစာ ပြည့်စုံမည်အကြောင်းတည်း။

ယခုတွင် အကျွန်ုပ်သည် ကိုယ်တော်ထံသို့သွားရမည်ဖြစ်၍၊ ဤသူသည် အကျွန်ုပ်ကို အမှီပြုသဖြင့် ဝမ်းမြောက်ခြင်းနှင့် ပြည်စုံမည်အကြောင်း၊ ဤစကားကို ဤလောက၌ အကျွန်ုပ်ပြောပါ၏။”

(ယော ၁၇း ၉-၁၃)

ထို့ကြောင့် တပည့်တော်တစ်ဆယ့်တစ်ပါးတို့သည် ရပ်နေကြလျက် ဘုရားသခင်၏သား

တော်က သူတို့အတွက် ခမည်းတော်ထံဆုတောင်းပေးနေသည်ကို အံ့ဩတိတ်ဆိတ်စွာနှင့်

နားထောင်ခဲ့ကြသည်။ သူတို့သည် ကိုယ်တော်ကိုယုံကြည်ကြသည်။ ကိုယ်တော်ကိုယုံကြည်ခြင်း

အားဖြင့် ခမည်းတော်ကိုလည်းယုံကြည်ကြသည်။ သို့သော် လက်တွေ့ကျကျမေးရမည့်မေးခွန်း

မှာ ယခု သူတို့သည် ယုံကြည်သူများဖြစ်ကြပြီဖြစ်သည်။ သို့သော် သူတို

့သည် နောင်တွင်လည်း

ယုံကြည်သူများဆက်ဖြစ်နေကြဦးမည်လား။ သူတို့မကြာမီကြုံရတော့မည့်မုန်တိုင်းများထဲတွင်

သူတို့၏ယုံကြည်ခြင်းကို ခိုင်ခိုင်မြဲမြဲစွဲကိုင်ထားနိုင်ကြမည်လား။ ဘဝ၏အပြောင်းအလဲများ

ကြားထဲတွင် အဆုံးတိုင် မှန်ကန်နိုင်ကြပါမည်လား။ သို့မဟုတ် အလွန်ပြင်းထန်သော ညှင်းပန်း

နှိပ်စက်မှု၊ ဖျားနားမှု၊ ပူဆွေးမှု၊ ဘေးဒုက္ခ၊ ဝမ်းနည်းကြေကွဲမှု တစ်ခုခုကြောင့် သူတို့၏ယုံကြည်

ခြင်းသည် ပျက်စီး၍ သူတို့သည် ခရစ်တော်နှင့်ဝေးကွာလျက် ထာဝရပြစ်ဒဏ်ကိုခံရကြမည်လား။

ဤမေးခွန်းသည် အနှေးနှင့်အမြန် ယုံကြည်သူတို့ကြုံတွေ့ရမည့် မေးခွန်းဖြစ်သည်။ ထို့ကြောင့်

ဤအကြောင်းအရာနှင့်ပတ်သက်၍ သခင်ဘုရားမိန့်တော်မူရန်ရှိသည့်အရာကို ကျွန်ုပ်တို့ယခု

နားထောင်ရန် အလွန်အရေးကြီးပါသည်။

ချိန်ခွင်ညှာပေါ်ရှိသောအကြောင်းကိစ္စ

သခင်ဘုရားသည် ပြဿနာကိုကြိုမြင်၍ သူတို့၏ယုံကြည်ခြင်းကို မည်သည့်ပုံစံဖြင့် ကာ

ကွယ်ထိန်းသိမ်းပေးရမည်ကိုလည်း သိထားတော်မူပါသည်။ ဘုရားသခင်ရှိတော်မူကြောင်းကို

ယေရှုနှင့်မတွေ့မီကပင် သူတို့ယုံကြည်ခဲ့ကြပြီးပြီဖြစ်သည်။ ဘုရားသခင်ရှိတော်မူကြောင်း သူတို့

ယုံကြည်လာအောင် ယေရှုဘာမျှလုပ်ပေးစရာမလိုပေ။ သို့သော် ဘုရားသခင်အပေါ်သူတို့ထား

ရှိသည့်ယုံကြည်ခြင်းအတိုင်း သူ့ကိုလည်းယုံကြည်ကြရန် ယေရှုက သူတို့ကိုဖိတ်ခေါ်ခဲ့သည်။

ကိုယ်တော်က ]]သင်တို့သည် ဘုရားသခင်ကိုယုံကြည်ကြပါ။ ငါ့ကိုလည်းယုံကြည်ကြပါ}}ဟု

တူညီသောလေသံဖြင့် တစ်ဆက်တည်းမိန့်တော်မူသည်။

ဘုရားသခင်အပေါ် သူတို့ယုံကြည်သည့်နည်းတူ သူ့ကိုလည်းယုံကြည်ကြရန် ယေရှု၏မိန့်

တော်မူချက်သည် ဘုရားသခင်ကိုပြင်းထန်စွာစော်ကားပြောဆိုခြင်းဖြစ်သည်ဟု ထိုအချိန်က

ဂျူးလူမျိုးများစွာတို့ ထင်မြင်ယူဆခဲ့ကြသည်။ သို့သော်လည်း တပည့်တော်များသည် ယေရှုမိန့်

တော်မူသည့်အတိုင်းယုံကြည်ကြသည်။ ထိုသို့ယုံကြည်ခြင်းသည် ဘုရားသခင်ကိုစော်ကားခြင်း

မဟုတ်ပါ။ ခမည်းတော်သည် သူတို့ကို သူ့အား ပေးတော်မူပြီဟု ခရစ်တော်မိန့်တော်မူခဲ့သည်။

ထိုသို့အားဖြင့် သူတို့သည် ခရစ်တော်ကိုယုံကြည်သူများ

ဖြစ်လာကြလျက် ဘုရားသခင်ကသူတို့ကိုပိုင်ဆိုင်တော်မူသကဲ့သို့ ခရစ်တော်ပိုင်ဆိုင်သောသူ

များလည်းဖြစ်လာကြသည်။

ခရစ်တေ်ကိုယုံကြည်ခြင်းက သူတို့ကို ဘုရားသခင်နှင့်မဝေးစေပါ။ ဘုရားသခင်အပေါ်သူတို့၏

သစ္စာရှိမှုကိုလည်း မဆုတ်ယုတ်စေပါ။ ခရစ်တော်ကို တပည့်တော်များအားဖြင့် ဘုန်းတော်ထင်

ရှားစေခြင်းသည် ခမည်းတော်၏ဘုန်းတော်ကို မကျဆင်းစေပါ။ အကြောင်းမှာ ခရစ်တော်က

မိန့်တော်မူပါသည်။ ခရစ်တော်သည် ခမည်းတော်၏သားတော်ဖြစ်

တော်မူ၍ ခမည်းတော်နှင့်အတူရှိတော်မူသောအရှင်ဖြစ်သည်။

သို့သော် ကိုယ်တော်ပြန်ြွကသွားတော်မူပြီးသောအခါ ကိုယ်တော်၏တပည့်တော်တို့သည်

ဘုရားသခင်ကိုယုံကြည်၍ ဘာသာတရားကိုင်းရှိုင်းကြသော်လည်း ယေရှုသည် ဘုရားသခင်

ကိုစော်ကားပြောဆိုသူဖြစ်သည်ဟုယုံကြည်လျက် ကိုယ်တော်ကို ယုံကြည်သောသူတို့ကို ညှင်း

ပန်းနှိပ်စက်ရန်ပြင်ဆင်ထားကြသည့် မိမိတို့၏အမျိုးချင်း ဂျူးလူမျိုးတို့ကို ရင်ဆိုင်ကြရမည်

ဖြစ်သည်။ ထို့ကြောင့် တပည့်တော်များသည် ကြုံတွေ့ရင်ဆိုင်ရသည့် ညှင်းပန်းနှိပ်စက်မှုများ

ကြောင့် ယေရှု၏ဘုရားသခင်ဖြစ်ခြင်း၌ယုံကြည်မှုကိုစွန့်လွှတ်လျက် ဘုရားသခင်၌ယုံကြည်ခြင်း

ကိုသာဆက်လက်စွဲကိုင်ရန် သွေးဆောင်ခြင်းခံရကြမည်ဖြစ်သည်။

သေချာသည်မှာ ထိုသို့လုပ်ဆောင်ရန်မဖြစ်နိုင်ချေ။ တမန်တော်ရှင်ယောဟန်က သူ၏မိတ်

ဆွေယုံကြည်သူများအား” သားတော်ကို ငြင်းပယ်သောသူမည်သည်ကား၊ ခမည်းတော်ကိုမသိ။ သားတော်ကို ဝန်ခံသောသူမည်သည်ကား၊ ခမည်းတော်ကိုသိ၏။” ဟု သတိပေးခဲ့သည် (၁ ယော ၂း၂၃)။ သို့သော် ရာစုနှစ်များတစ်လျှောက် လူများစွာတို့သည် ယေရှုကို သာမန်လူသားတစ်ဦး

ဖြစ်သည် သို့မဟုတ် ဘာသာရေးခေါင်းဆောင်ကြီးတစ်ဦးဖြစ်သည်ဟုခံယူရန် သွေးဆောင်ခြင်း

ခံရလျက် ယေရှုကို ခမည်းတော်နှင့်အတူစိုးစံသောအရှင်၊ ဘုရားသခင်နှင့်ထာဝစဉ်အတူရှိ

တော်မူသော ဘုရားသခင်၏နှုတ်ကပတ်တော်ဖြစ်တော်မူကာ လူဇာတိခံလျက် ကျွန်ုပ်တို့

အလယ်၌ ကိန်းဝပ်တော်မူသောအရှင်အဖြစ် ဝန်မခံကြဘဲလျက် မိမိကိုယ်ကို ဘုရားသခင်ကို ယုံ

ကြည်သူဖြစ်သည်သာမက ခရစ်ယာန်ဟုပင်ခံယူထားသူများရှိခဲ့ကြသည်။ တကယ်တမ်းတွင်

ဤသွေးဆောင်မှုသည် ပြီးခဲ့သည့်ရာစုနှစ်တွင် ဓမ္မအတွေးအခေါ်လောက၌ သောင်းကျန်းရုံ

သောင်းကျန်းခဲ့သည်မဟုတ်၊ လူများစွာတို့သည် ထိုသွေးဆောင်မှုကို မလွန်ဆန်နိုင်ခဲ့ကြပေ။

တမန်တော်များအကြောင်းအမှန်တရား

ဤအချက်က အလွန်အရေးကြီးသောမေးခွန်းများကို ထွက်ပေါ်လာစေပါသည်။ သခင်

ယေရှု၏ဘုရားဖြစ်ခြင်း၌ယုံကြည်သောယုံကြည်ခြင်းကို တမင်တကာ အတည်ပစ်ပယ်သောသူ

တို့သည် အစက ခရစ်တော်ကို အမှန်ယုံကြည်ခဲ့ကြပါရဲ့လား။ သမ္မာကျမ်းစာ၏အဖြေမှာ အမှန်

ယုံကြည်ခဲ့သူများမဟုတ်ပါ။

ဦးစွာ ဤအချက်ကို တမန်တော်ရှင်ယောဟန်ထံ (၁ယော ၂း၁၈-၂၉) ပြန်နားထောင်

ကြည့်ပါ (အစောပိုင်းတွင် ဆွေးနွေးထားသည့်အချက်ကို စာမျက်နှာ ၁၅၅ တွင်ကြည့်ပါ)။ အစ

ပိုင်းတွင် တမန်တော်များနှင့်အတူရှိပြီး ခရစ်ယာန်အသိုင်းအဝိုင်းထဲပါဝင်ကာ နောက်ပိုင်းတွင်

ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်းကို ငြင်းပယ်သောသူတို့အကြောင်း သူပြော

ထားသည်။

ထို့နောက် ရှင်ယောဟန်က ]]ထွက်သွား}}သောသူတို့နှင့် စစ်မှန်သောယုံကြည်သူများကြား

ထင်ရှားသောခြားနားမှုကို ဆက်၍ဖော်ပြသည်ကိုတွေ့ရသည်။ သူကဆက်၍ ဆိုထားသည်။

စစ်မှန်သောယုံကြည်သူသည် ယေရှုအားဖြင့်ရရှိသည့် အပြစ်ခွင့်လွှတ်ခြင်း၊ ပြန်လည်သင့်

မြတ်ခြင်းနှင့် ဘုရားသခင်နှင့်ငြိမ်းချမ်းမှုရရှိခြင်းတို့ကို သိသည်ဖြစ်၍ ယေရှုသည် ဘုရားသခင်

၏သားတော်ဖြစ်ကြောင်းကို အလိုအလျောက်သိသည်။ အမှန်အားဖြင့် သူခံစားရသည့် ကယ်

တင်ခြင်းသည် ဘုရားသခင်၏သားတော်က သူ့ကိုချစ်လျက် ဘုရားပညတ်တော်၏ကျိန်ခြင်းကို

သူ့ကိုယ်စားခံ၍ သူ့အတွက် အသေခံတော်မူသည့်အချက်ပေါ်တွင် လုံးလုံးမူတည်လျက်ရှိသည်။

ကိုယ်တော်သည် လူသားသက်သက်သာမကဘဲ သန့်ရှင်းတော်မူလျက် လောကသားအားလုံး၏

အပြစ်အတွက် အခြားသောလူသားများအတွက် မိမိကိုယ်ကို ယဇ်အဖြစ်ကိုယ်စားပူဇော်နိုင်

သောအရှင်ဖြစ်သည်။ စစ်မှန်သောယုံကြည်သူသည် ဤအချက်ကို အလိုအလျောက်သိ၍

သခင်ယေရှု၏ဘုရားဖြစ်ခြင်းကို ငြင်းပယ်သည့်သွန်သင်ချက်ရှိသမျှသည် လိမ်ညာမှုဖြစ်

ကြောင်းကိုလည်း သိသည်။

သခင်ဘုရားရည်ညွှန်းဖော်ပြသောဆုံးဖြတ်ချက်

သခင်ဘုရား၏ဆုတောင်းချက်ထံသို့ပြန်သွားလျက် တမန်တော်ရှင်ယောဟန်ထံမှ လော

လောလတ်လတ် ကျွန်ုပ်တို့သင်ယူခဲ့သောသင်ခန်းစာကို ကိုယ်တော့်ထံမှ ကျွန်ုပ်တို့သင်ယူကြ

မည်။ ကိုယ်တော်က မိမိဆုတောင်းချက်၏အတိုင်းအတာနယ်ပယ်တွင် လောကကို တိတိကျကျ ခြွင်းချန်ထားခြင်းဖြင့် အစပြု

တော်မူသည်။ သူသည် မိမိ၏ခမည်းတော်နှင့်မတူဘဲ လောကီသားတို့ ကယ်တင်ခြင်းခံရမည်ကို

မလိုလားဟု မဆိုလိုပါ (၃း၁၆ ကို ကြည့်ပါ)။ တမန်တော်ရှင်ပေါလုကဲ့သို့ လောကီသားတို့၏

ကယ်တင်ခြင်းအတွက် ဆုမတောင်းလိုဟုလည်းမဆိုလိုပါ (ရော ၁၀း၁၊ ၁ တိ ၂း၁-၂ ကိုကြည့်

ပါ)။ သို့သော် ယခုကိုယ်တော်ဆုတောင်းဖို့ပြင်ဆင်သည့်အချက်မှာ မိမိပိုင်ဆိုင်သောသူတို့၏ယုံ

ကြည်မှုကိုတည်တံ့ခိုင်မြဲစေရန်အတွက်ဖြစ်သည်။ လောကီသားတို့၏ယုံကြည်ခြင်းတည်တံ့ခိုင်မြဲ

ရန်လည်း ဆုတောင်း၍မရပါ။ အဘယ့်ကြောင့်ဆိုသော် လောကီသားတို့တွင် ယုံကြည်ခြင်းမရှိ

ပါ (မရှိသေးပါ)။ လောကီသားများဆိုသည်မှာ ဘုရားသခင်၏သားတော်ကိုမယုံကြည်သောသူ

များကို ဆိုလိုသည်။ ထို့ကြောင့် သူတို့သည် ခမည်းတော်ကိုလည်း မယုံကြည်ကြချေ။ ထိုသို့

သောသူတို့သည် မိမိကိုယ်ကို ခရစ်ယာန်ဟုဆိုလျှင်ပင်၊ ဓမ္မပညာကိုသင်ပေးသူများဖြစ်လျှင်ပင်

သူတို့သည် လောကီသားများ၊ ခရစ်ယာန်မဟုတ်သူများသာဖြစ်ကြသည်။ ယုဒရှကာရုတ်သည်

တစ်ခါက တမန်တော်တစ်ဦးကဲ့သို့တာဝန်ထမ်းဆောင်ခဲ့သော်လည်း လောကီသားသာဖြစ်နေခဲ့

ပါသည်။ သူသည် အမြဲတမ်း တစ်ဦးသာဖြစ်နေခဲ့ပါသည် (၁၇း၁၂)။

သခင်ဘုရား၏တောင်းဆိုချက်

ဤနေရာတွင် သခင်ဘုရားသည် စစ်မှန်သောယုံကြည်သူများအတွက် ဆုတောင်းတော်မူ

သည်။

အချို့ဘာသာပြန်ကျမ်းများတွင် အကျွန်ုပ်အား ပေးသနားတော်မူသောနာမတော်၌ လုံခြုံစေ

တော်မူပါဟု တွေ့ရသည်။

အကျွန်ုပ်အား ပေးသနားတော်မူသောနာမတော်၌ ဟူသောစကားစုကို နားလည်ရန်

အတွက် ထွက်မြောက်ရာကျမ်းမှ အဖြစ်အပျက်ကို ကျွန်ုပ်တို့ထပ်မံကိုးကားကြပါမည်။ ဘုရား

သခင်သည် အစ္စရေးလူမျိုးတို့ကို အီဂျစ်ပြည်မှထွက်ခွာစေလျက် သူတို့၏ကတိတော်ပြည်သို့

ပို့ဆောင်သည့်ခရီးကို အစပြုကြသည့်အခါ ဘုရားသခင်က မိန့်တော်မူခဲ့သည်။ ဆိုလိုသည်မှာ သူတို့ကို ဦးဆောင်သည့်ကောင်းကင်တမန်သည် ဘုရားသခင်

၏အခွင့်အာဏာ အပ်နှင်းခြင်းခံရသူဖြစ်သည်။ သူ့ကိုနာခံခြင်းသည် ဘုရားသခင်ကိုနာခံခြင်း

ပင်ဖြစ်သည်။

ယခု များစွာပိုမိုလေးနက်သောအဓိပ္ပါယ်ဖြင့် ခမည်းတော်သည် မိမိနာမတော်ကို သား

တော်အားပေးတော်မူသည်။ တပည့်တော်တို့သည်လည်း ထိုနာမတော်အားဖြင့် ကွယ်ကာ

စောင့်ရှောက်ခြင်းခံရရန်လိုအပ်ကြသည်။ သခင်ယေရှုသည် ခမည်းတော်နှင့်အတူရှိတော်မူ

သည်ဖြစ်၍ ကိုယ်တော်သည် ခမည်းတော်၏နာမတော်ကိုဆောင်ထားကြောင်း တပည့်တော်

များဆက်လက်ယုံကြည်နေရန်လည်းလိုသည်။ တပည့်တော်များသည် ကိုယ်ကျင့်တရား

ကောင်းမွန်ရုံနှင့်မလုံလောက်ပါ။ ထိုခေတ်က အခြားအစ္စရေးလူမျိုးများယုံကြည်ကြသကဲ့သို့

ယေရှုသည် ပရောဖက်ကြီးတစ်ပါး သို့မဟုတ် ပြန်ပေါ်ထွန်းလာသောဧလိယဟု ယုံကြည်ရုံနှင့်

(မ ၁၆း၁၃-၁၇ ကိုကြည့်ပါ) မလုံလောက်ပါ။ သင်တို့လည်း ငါ့ကိုအဘယ်သူဖြစ်သည်ဆိုကြ

သနည်းဆိုသည့် ယေရှုမေးတော်မူသည့်မေးခွန်းမျိုးကြုံရသည့်အခါတိုင်း ကိုယ်တော်သည်

ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသောဘုရားသခင်၏သားတော်ဖြစ်သည် ဟု

သူတို့ဖြေနိုင်ရမည်ဖြစ်သည်။

ထို့ကြောင့် ခမည်းတော်နှင့်သားတို့သည် တစ်လုံးတစ်ဝတည်းဖြစ်ကြသည်ဖြစ်၍ စစ်မှန်

သောယုံကြည်သူအားလုံးတို့သည် သူတို့၏ယုံကြည်ခြင်းနှင့် သခင်ယေရှုအကြောင်းသူတို့၏

သက်သေခံချက်တို့တွင် တစ်လုံးတစ်ဝတည်းဖြစ်ကြရန် အရေးကြီးပါသည်။ သူတို့သက်သေခံ

ခြင်း၏ထိရောက်မှုသည်သာမက သူတို့၏ကယ်တင်ခြင်းသည်လည်း သူတို့၏ယုံကြည်ခြင်း၌

သူတို့ဆက်တည်နေခြင်းနှင့် သခင်ယေရှုအပေါ် မှန်ကန်ခြင်းတို့အပေါ်မူတည်ပါသည်။

သခင်ဘုရားတောင်းသောဆုတောင်းချက်၏ထိရောက်မှု

ကိုယ်တော်က မိမိ၏တပည့်တော်အစစ်အမှန်ဖြစ်ကြသည့် တပည့်တော်တစ်ဆယ့်တစ်ပါး

ကို စောင့်ရှောက်ပေးခြင်းသည် မည်မျှထိရောက်မှုရှိခဲ့သည်ကို ကျွန်ုပ်တို့သိကြသည်။ အကြောင်း

မှာ ကိုယ်တော်ကိုယ်တိုင်က မိန့်တော်မူခဲ့သောကြောင့်ဖြစ်သည်။

အဘယ်သူမျှ ပျက်စီးခြင်းသို့မရောက်ပါ။ အလွန်ထူးခြားသောအခိုင်အမာပြောဆိုချက်

ဖြစ်သည်။ သို့သော် ပုံကြီးချဲ့ပြောဆိုသောစကားမဟုတ်ပါ။ ဖြစ်ရိုးဖြစ်စဉ်မဟုတ်သောကြောင့်

စာသားအဓိပ္ပါယ်အတိုင်းယူရမည့်စကားမဟုတ်ဟု ဆိုရမည့်စကားလည်းမဟုတ်ပါ။ အလားတူ

စကားမျိုးကို အစောပိုင်းတွင်လည်း သခင်ဘုရားကမိန့်တော်မူခဲ့ပြီးပြီဖြစ်သည် – ခမည်းတော်သည် ငါ့အား ပေးတော်မူသမျှသော သူတို့သည် ငါထံသို့လာကြလိမ့်မည်။ ငါ့ထံသို့ လာသောသူကို ငါသည်အလျှင်းမပယ်။

အကြောင်းမူကား၊ ငါသည် ကိုယ်အလိုသို့လိုက်ခြင်းငှာ ကောင်းကင်မှဆင်းသက်သည်မဟုတ်။ ငါ့ကို စေလွှတ်တော်မူသောသူ၏ အလိုတော်သို့လိုက်ခြင်းငှာ ဆင်းသက်၏။

ငါ့ကိုစေလွှတ်တော်မူသောခမည်းတော်၏ အလိုတော်ကား၊ ငါ့အားပေးသောသူတို့တွင် တစ်စုံတစ်ယောက်ကိုမျှ ငါမပျောက်စေရဘဲ၊ နောက်ဆုံးသောနေ့၌ ထိုသူအပေါင်းတို့ကို ထမြောက်စေခြင်းငှာလည်းကောင်း၊

သားတော်ကို ကြည့်မြင်၍ ယုံကြည်သောသူရှိသမျှတို့သည် ထာဝရအသက်ကို ရစေခြင်းငှာလည်းကောင်း အလိုတော်ရှိ၏။ ငါသည်လည်း နောက်ဆုံးသောနေ့၌ ထိုသူတို့ကို ထမြောက်စေမည်ဟု မိန့်တော်မူ၏။ (ယော ၆း၃၇-၄၀)။

ထို့ကြောင့် တပည့်တော်တို့သည် ခရစ်တော် သူတို့နှင့်အတူရှိတော်မူစဉ် လုံခြုံဘေးကင်းခဲ့

ကြသည်။ သူတို့၏ယုံကြည်ခြင်းကို မိမိခွန်အားနှင့်မိမိတို့စောင့်ထိန်းနိုင်သောကြောင့်မဟုတ်ဘဲ

သခင်ဘုရားသည် သူတို့ကိုစောင့်ရှောက်လျက် သူတို့ယုံကြည်ခြင်းကို ထိန်းသိမ်းပေးသော

ကြောင့်ဖြစ်သည်။ သို့သော် အနာဂါတ်တွင် မည်သို့ဖြစ်မည်နည်း။ ကိုယ်တော်သည် သူတို့ထံမှ

ထွက်ခွာကာ လောကတွင်သူတို့နှင့်အတူရှိတော့မည်မဟုတ်ပေ။ ယခု သူတို့ကို မည်သူက

စောင့်ရှောက်ပေးမည်နည်း။ အဖြေမှာ သူတို့ကိုစောင့်ရှောက်ရန်အတွက် တာဝန်ယူပေးတော်မူ

ရန် ခရစ်တော်က ခမည်းတော်ကိုတောင်းလျှောက်တော်မူခဲ့သည်။

ထို့ကြောင့် ယနေ့ စစ်မှန်သောယုံကြည်သူများမေးရမည့် တစ်ခုတည်းသောမေးခွန်းမှာ

သခင်ဘုရားက တမန်တော်များ၏ယုံကြည်ခြင်းကို စောင့်ရှောက်ကာကွယ်ပေးတော်မူခဲ့

သည်ထက် ကျွန်ုပ်အပေါ် ခမည်းတော်၏စောင့်ရှောက်မှုနှင့် ကျွန်ုပ်၏ယုံကြည်ခြင်းကို

စောင့်ထိန်းပေးမှုသည် ထိရောက်မှုပို၍အားနည်းနေမည်လားဆိုသည့်မေးခွန်းဖြစ်သည်။

အဖြေသည် မိမိဘာသာမိမိသက်သေထူလျုက်ရှိပါသည် – လုံးဝ ပို၍အားနည်းမည် မဟုတ်

ပေ။ သို့သော် သေချာမှုနှစ်ထပ်ရရှိရန်အတွက် ပြီးခဲ့သည့်အဖြစ်အပျက်တွင် ဤအကြောင်း

ကိုယ်တော်၏မိန့်တော်မူချက်ကို ပြန်ကြည့်ကြပါစို့ ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။

ထာဝရအသက်ကိုလည်း ငါပေး၏။ သိုးတို့သည် ပျက်စီးခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မည်။ အဘယ်သူမျှ ထိုသိုးတို့ကို ငါ့လက်မှမနုတ်မယူရာ။

ထိုသိုးတို့ကို ငါ့၌အပ်ပေးတော်မူသော ငါ့ခမည်းတော်သည် ခပ်သိမ်းသောသူတို့ထက် ကြီးမြတ်တော်မူသည်ဖြစ်၍၊ အဘယ်သူမျှ ထိုသိုးတို့ကို ငါ့ခမည်းတော်၏ လက်မှ မနုတ်မယူနိုင်ရာ။

ငါသည် ငါ့ခမည်းတော်နှင့် တစ်လုံးတစ်ဝတည်းဖြစ်သည်ဟု မိန့်တော်မူ၏။ (ယော၊၁၀း၂၇-၃၀)။

စစ်မှန်သောယုံကြည်သူတိုင်းသည် ဤအမှုအရာအားဖြင့် များစွာသောဝမ်းမြောက်ခြင်းကို

ခံစားကြရမည်ဖြစ်သည်။ ၄င်းသည် သခင်ဘုရား၏ရည်ရွယ်ချက်ပင်ဖြစ်သည်။ ကိုယ်တော်

သည် တပည့်တော်များအတွက် ဆုတောင်းပေးတော်မူသည့်အခါ မိမိဆုတောင်းသောအချက်

တို့ကို တပည့်တော်ကြားစေရန် သူတို့ကို မိမိအနားသို့ခေါ်ထားတော်ပြီး အဖြေရရှိမည်ဖြစ်

ကြောင်းကိုလည်း သူတို့အားသေချာသိရှိစေတော်မူသည်။

ယခုဆွေးနွေးနေသောအကြောင်းကိစ္စနှင့်ပတ်သက်သည့်သာဓက

ဒါဆို ပေတရုနှင့်ပတ်သက်ပြီး ဘယ်လိုပြောမလဲ။ ဒီနေရာမှာ သခင်ဘုရားက ဒီလိုဆု

တောင်းပေမဲ့ ဒီခရစ်ဝင်ကျမ်းရဲ့နောက်အခန်းကြီးမှာဘဲ ပေတရုက ကိုယ်တော်ကိုငြင်းပယ်တဲ့

အကြောင်းပြောပြနေတယ်မဟုတ်လားဟု မေးလိုသူလည်း ရှိနိုင်ပါသည်။

မှန်ပါသည်။ ထိုအတိုင်းဖြစ်ခဲ့ပါသည်။ ဤအဖြစ်အပျက်က စစ်မှန်သောယုံကြည်သူတစ်ဦး

သည် ဖိအားပေးမှုတစ်ခုခုအောက်တွင် မိမိ၏ယုံကြည်ခြင်းအတွက် မရည်ရွယ်ဘဲအလျှော့အ တင်းလုပ်မိနိုင်ကြောင်း ကျွန်ုပ်တို့ကို သတိရစေပါသည်။

သို့သော် ပေတရုသည် ယုဒမဟုတ်ပါ။ ပေတရုသည် စစ်မှန်သောယုံကြည်သူဖြစ်သည်။

သခင်ယေရှုဆုတောင်းသည်မှာ ပေတရုကို ခမည်းတော်ကကာကွယ်စောင့်ရှောက်တော်မူရန်

ဖြစ်ပြီး ပေတရုသည် သူ့ကိုယာယီငြင်းပယ်မည်ဖြစ်ကြောင်းကိုလည်း ကိုယ်တော်က ကြိုသိ

တော်မူသကဲ့သို့ ကြိုတင်မိန့်တော်မူခဲ့ပြီဖြစ်သည် (၁၃း၃၇-၃၈)။ သို့သော် သူ့အတွက် ကိုယ်

တော်ဆုတောင်းတော်မူသည်။ ထိုအခါ သူ၏ဆုတောင်းချက် အဖြေရရှိခဲ့သည်။ ဤခရစ်ဝင်

ကျမ်း၏နောက်ဆုံးအခန်းကြီးကိုဖတ်လျက် ဘယ်လိုအဖြေရခဲ့သည်ကိုရှာကြည့်ပါ။ ပေတရု

မဆုံးရှုံးခဲ့ပါ။ သူသည် အပြည့်ပြန်လည်တည်ဆောက်ပေးခြင်းကိုခံခဲ့ရသည်။ သူ၏ယုံကြည်ခြင်း

သည် ပြန်လည်သန့်စင်သွားခဲ့သည်။ သူသည် မာတုရတစ်ဦးအဖြစ်အသေခံလျက် ဘုရားသခင်

၏ဘုန်းတော်ကိုထင်ရှားစေခဲ့သည့်အထိ ကျန်သည့်ဘဝတစ်လျှောက်လုံး သခင်ဘုရားအပေါ်

သစ္စာရှိခဲ့သည်။

ထို့ကြောင့် သခင်ဘုရားက စစ်မှန်သောယုံကြည်သူတိုင်းသည် အဆုံးတိုင်အောင်ခိုင်မာစွာ

ရပ်တည်နိုင်လိမ့်မည်ဟု ဂုဏ်ယူဝင့်ကြွားစွာ‌ ကြွေးကြော်တော်မူသည်။

(၃၁)တပည့်တော်များ၏သန့်ရှင်းစင်ကြယ်ခြင်းဖြစ်စဉ်နှင့်

လောက၌သူတို့လုပ်ဆောင်ရမည့်တာဝန်တို့အတွက် သားတော်ဆုတောင်းခြင်း

“ကိုယ်တော်၏နှုတ်ကပတ်တရားကို ဤသူတို့အား အကျွန်ုပ်ပေးပါပြီ။ အကျွန်ုပ်သည် ဤလောကနှင့် မဆက်ဆံသကဲ့သို့ ဤသူတို့သည် မဆက်ဆံသောကြောင့်၊ လောကီသားတို့သည် ဤသူတို့ကို မုန်းကြပါ၏။

ဤသူတို့ကို ဤလောကမှ နုတ်ယူတော်မူမည်အကြောင်း အကျွန်ုပ်တောင်းသည် မဟုတ်ပါ။ မကောင်းသောအမှုအရာနှင့် ကင်းလွတ်စေခြင်းငှာ စောင့်မတော်မူမည်အကြောင်းကိုသာ တောင်းပါ၏။

အကျွန်ုပ်သည် ဤလောကနှင့်မဆက်ဆံသကဲ့သို့ ဤသူတို့သည် မဆက်ဆံကြပါ။

ကိုယ်တော်၏သမ္မာတရားအားဖြင့် သူတို့ကို သန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏နှုတ်ကပတ်သည် သမ္မာတရားဖြစ်ပါ၏။

ကိုယ်တော်သည် အကျွန်ုပ်ကို ဤလောကသို့ စေလွှတ်တော်မူသည်နည်းတူ၊ အကျွန်ုပ်သည် ဤသူတို့ကို စေလွှတ်ပါ၏။

သမ္မာတရားအားဖြင့် သူတို့ကို သန့်ရှင်းစေမည်အကြောင်း၊ အကျွန်ုပ်သည် သူတို့အဖို့အလိုငှာ ကိုယ်ကို သန့်ရှင်းစေပါ၏။

ထိုသူတို့အဖို့ကိုသာ အကျွန်ုပ်ဆုတောင်းသည် မဟုတ်ပါ၊ သူတို့ ဟောပြောခြင်းအားဖြင့် အကျွန်ုပ်ကို ယုံကြည်သောသူတို့အဖို့ကိုလည်း ဆုတောင်းပါ၏။

ကိုယ်တော်သည် အကျွန်ုပ်ကိုစေလွှတ်တော်မူသည်ကို လောကီသားတို့သည် ယုံကြမည်အကြောင်း ထိုသူအပေါင်းတို့သည် တစ်လုံးတစ်ဝတည်းဖြစ်လျက်၊ အဘ၊ ကိုယ်တော်သည် အကျွန်ုပ်၌ရှိတော်မူ၍ အကျွန်ုပ်သည်လည်း ကိုယ်တော်၌ရှိသကဲ့သို့၊ ထိုသူအပေါင်းတို့သည် ငါတို့၌ တစ်လုံးတစ်ဝတည်းဖြစ်စေခြင်းငှာ ဆုတောင်းပါ၏။

ငါတို့သည် တစ်လုံးတစ်ဝတည်းဖြစ်သကဲ့သို့၊ အကျွန်ုပ်သည် သူတို့၌ရှိ၍၊

ကိုယ်တော်သည်လည်း၊ အကျွန်ုပ်၌ ရှိတော်မူသောအားဖြင့် သူတို့သည် တစ်လုံးတစ်ဝတည်းဖြစ်၍၊ တစ်လုံးတစ်ဝတည်း၌ စုံလင်စေခြင်းငှာလည်းကောင်း၊ ကိုယ်တော်သည် အကျွန်ုပ်ကိုစေလွှတ်တော်မူကြောင်းနှင့် အကျွန်ုပ်ကို ချစ်တော်မူသကဲ့သို့ သူတို့ကိုလည်း ချစ်တော်မူကြောင်းကို လောကီသားတို့သည် သိစေခြင်းငှာလည်းကောင်း၊ ကိုယ်တော်သည် အကျွန်ုပ်အားပေးတော်မူသော ဘုန်းအသရေကို အကျွန်ုပ်သည်သူတို့အား ပေးပါပြီ။”

(ယော ၁၇း၁၄-၂၃)

သခင်ယေရှုသည် တပည့်တော်တို့၏ယုံကြည်ခြင်းခိုင်မြဲရန်အတွက် ဆုတောင်းပေးပြီး

သည့်နောက် ပိုပို၍များသောလူတို့သည် သူ့ကိုယုံကြည်လာကြစေရန်နှင့် လောကကလည်း သူ

သည် ဘုရားသခင်စေလွှတ်တော်မူသောအရှင်ဖြစ်ကြောင်း သိမှတ်လာစေရန်အတွက် လောက၌

တပည့်တော်တို့လုပ်ဆောင်ရမည့် သာသနာလုပ်ငန်းအတွက် ဆုတောင်းပေးတော်မူခဲ့သည်။

ဆုတောင်းချက်၌ပါဝင်သော အချက်များကို အလွန်ရိုးရှင်းအောင် ဤသို့ချပြနိုင်ပါသည်။

က။ ၁၈း၁၄-၁၉ လောကထဲတွင် တပည့်တော်တို့ထမ်းဆောင်ရမည့်တာဝန်၊

ခ။ ၁၇း၂၀-၂၃ တပည့်တော်တို့ထမ်းဆောင်ရမည့်တာဝန်၏ထိရောက်မှု

ထို့ကြောင့် ဆုတောင်းချက်၏ဤအပိုင်းနှစ်ပိုင်းကို အစီအစဉ်အလိုက် စူးစမ်းလေ့လာကြ

ပါစို့။ ပထမအပိုင်း(က)ကို ဤအခန်းတွင်လေ့လာပြီး အပိုင်း(ခ)ကို နောက်အခန်းတွင်လေ့လာ

ကြမည်။

လောကထဲတွင် တပည့်တော်တို့ထမ်းဆောင်ရမည့်တာဝန်

ဆုတောင်းချက်ကို ဤသို့ဂရုတစိုက်ပြန်စီနိုင်ပါသည်-

၁။ (က) အခြေအနေ။

(ခ) အသနားခံတောင်းလျှောက်ချက်။

၂။ (က) အခြေအနေ။

(ခ) အသနားခံတောင်းလျှောက်ချက်။

၃။ (က) အခြေအနေ။

(ခ) အကူအညီအထောက်အမ။

ပထမအခြေအနေ ဤလောက၏ရန်လိုမှု

ကျွန်ုပ်တို့အားလုံးကောင်းကောင်းသိထားသည့်အတိုင်း ကမ္ဘာလောကသည် အလွန်ရန်လို

သောနေရာတစ်ခုဖြစ်နိုင်ပါသည်။ ၄င်းသည် အမျိုးသားရေးဝါဒ၊ လူမျိုးရေးဝါဒ၊ လူတန်းစား

ခွဲခြားမှု၊ ဘာသာရေးစစ်ပွဲများနှင့် တစ်ဦးချင်း၏လောဘနှင့်ရန်လိုမှုတို့အားဖြင့် ခါးသီးသော

အမုန်းစိတ်များနှင့်ပြည့်နေသည်။ သို့သော် ယခုသခင်ဘုရားရည်ညွှန်းပြောဆိုနေသော ရန်လိုမှု

သည် ခရစ်တော်က တပည့်တော်တို့ကိုပေးထားသည့် ဘုရားနှုတ်ကပတ်တော်အပေါ် လောကီ

သားတို့စိတ်နှလုံးထဲမှမုန်းတီးမှုကဆွပေးသော အထူးရန်လိုမှုဖြစ်သည်။ ထိုနှုတ်ကပတ်တော်

သည် လောကတွင် အခြေခံကွဲပြားမှုကို အမြဲဖြစ်ပေါ်စေလေ့ရှိသည် (၇း၄၃၊ ၉း၁၆။ ၁၀း၁၉)။

ゞင်းက လူတို့၏အပြစ်ကိုဖော်ပြလျက် သူတို့ကို နောင်တရကြရန်ဖိတ်ခေါ်၍ ဘုရားသခင်ကို

ပုန်ကန်သည့်လက်နက်များကိုချထားကာ ဘုရားသခင်နှင့်ရန်ငြိမ်းကြရန် ဖိတ်ခေါ်သည်။

သဘာဝအားဖြင့် ထိုနှုတ်ကပတ်တော်ကိုလက်ခံသောသူတို့သည် ゞင်းကိုငြင်းပယ်သောသူတို့နှင့်

ဆန့်ကျင်ဘက်ဖြစ်လာကြသည်။ ယေရှုကိုယ်တော်တိုင်သည် လောကဘက်၌မရှိသကဲ့သို့ သူတို့

သည် လောကဘက်၌မရှိကြတော့သောကြောင့် လောကသည် သူတို့ကိုမုန်းတီးလာသည်။

ထူးဆန်းသည်မှာ လောက၏ရန်လိုမှုကိုဖြစ်ပေါ်စေသည့်အရာမှာ လောက၏အပြစ်ကို

ယေရှုကဖော်ပြ၍ရုတ်ချသောကြောင့်သာမဟုတ်ဘဲ ကရုဏာ၊ ခွင့်လွှတ်ခြင်း၊ ကယ်တင်ခြင်းတို့

နှင့်ဆိုင်သောသတင်းစကားသည်လည်း ထိုနည်းတူဖြစ်စေသည်ဆိုသည့်အချက်ဖြစ်သည်။

ကိုယ်တော်က နောင်တတရားနှင့်ယုံကြည်ခြင်းတရားအကြောင်းသွန်သင်ရင်း လူတစ်ဦးသည်

အပြစ်ခွင့်လွှတ်ခြင်း၊ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခံရခြင်းနှင့် ဘုရားသခင်နှင့်ရန်ငြိမ်း

ခြင်းတို့ကိုရရှိနိုင်ကြောင်း သွန်သင်တော်မူသောအခါ ထိုစဉ်က ဘာသာရေးခေါင်းဆောင်တို့

သည် ပြင်းထန်စွာကန့်ကွက်ခဲ့ကြသည် (လု ၅း၁၇၊ ၇း၄၉)။ ကိုယ်တော်သည် လူသားအားလုံး၏

တရားသူကြီးဖြစ်သည်နှင့်အညီ သူသည် ယုံကြည်သောသူတို့အား ထာဝရအသက်ကိုပေးပိုင်

တော်မူကြောင်းသွန်သင်တော်မူသောအခါ ဂျူးလူမျိုးတို့သည် ကိုယ်တော်ကိုသတ်ရန်ကြိုးစား

ခဲ့ကြသည် (ယော ၅း၁၈-၂၄)။ အကြောင်းမှာ ထိုသူတို့သည် မိမိတို့၏ဘာသာရေးထုံးတမ်း

စဉ်လာအားလုံးနှင့် ဘုရားသခင်၏ပညတ်ချက်တို့ကို လိုက်နာရန်ကြိုးစားကြသော်လည်း သူတို့

စိတ်နှလုံးထဲတွင် ကယ်တင်ခြင်းစိတ်ချမှုကို မခံစားရသောအချိန်တွင် ခရစ်တော်က သူသည်

မိမိတပည့်တော်တို့အား ထိုစိတ်ချမှုကိုပေးသည်ဟု အခိုင်အမာမိန့်တော်မူသောအခါ သူတို့

သည် ဘဝင်မကျဖြစ်လျက် မကျေမချမ်းဖြစ်ကာ ရန်လိုမှုရှိလာကြသည်။

ထို့ကြောင့် လောကသည် ဘုရားသခင်၏နှုတ်ကပတ်တော်ကိုဟောပြောသောခရစ်တော်ကို

မုန်းတီးသည်ဆိုလျှင် တပည့်တော်တို့သည် လောကထဲသို့ဝင်လျက် ထိုနှုတ်ကပတ်တော်ကို

ဟောပြောကြသည့်အခါ တပည့်တော်တို့ကိုလည်း မုန်းတီးမည်ဖြစ်သည်။ သခင်ဘုရားက သူ၏

ဆုတောင်းချက်ထဲတွင် တပည့်တော်တို့ကိုလောကထဲသို့စေလွှတ်မည်ဟုပါသည်။ (ပြီးခဲ့သည့်

အခန်းတွင် ကျွန်ုပ်တို့တွေ့ခဲ့ရသည့်အတိုင်း) ကိုယ်တော်သည် ဦးစွာ သူတို့၏ယုံကြည်ခြင်း

ခိုင်မြဲရန်အတွက် ဆုတောင်းတော်မူသည်။ ခမည်းတော်သည် သူတို့ကိုစောင့်ရှောက်တော်မူရန်

သူ၏တောင်းဆိုမှုကို သူတို့အား အဘယ့်ကြောင့်ထပ်မံ၍ကြားစေတော်မူခဲ့သနည်းဆိုလျှင်

သူတို့သည် ထိုသို့ကြားခြင်းအားဖြင့် ခမည်းတော်သည် သူတို့ထဲမှမည်သူ့ကိုမျှ ဆုံးရှုံးတော်မူ

မည်မဟုတ်ကြောင်း သူတို့သေချာစိတ်ချမှုရလျက် စိတ်နှလုံးထဲ၌ ဝမ်းမြောက်ခြင်းနှင့်ပြည့်ဝ

ကြစေရန်ဖြစ်သည် (၁၇း၁၂-၁၃)။ သူတို့စိတ်နှလုံးတွင် ထိုကယ်တင်ခြင်းစိတ်ချမှုမခံစားကြ

ပါက သူတို့သည် မည်သို့လောကထဲသို့ဝင်လျက် နှုတ်ကပတ်တော်ကိုဟောပြော၍ လောက၏

ရန်လိုမှုများကို မည်သို့ခံနိုင်ရည်ရှိကြမည်နည်း။ ထို့အပြင် သူတို့၌ ထိုစိတ်ချမှုမရှိလျှင် သူတို့၌

မည်သည့်ဟောပြောစရာသတင်းကောင်းရှိနိုင်မည်နည်း။

ပထမအသနားခံတောင်းလျှောက်ချက်

သို့သော် တစ်ချိန်တည်းမှာပင် သခင်ဘုရားသည် (သမ္မာကျမ်းစာက ခေါ်ဝေါ်သည့်အရ

၁၄း၃၀၊ ၂ကော ၄း၄) ဤလောက၏မင်းနှင့်ဘုရားဖြစ်သည့် မကောင်းသောအမှုအရာ

(မကောင်းသောသူ)က ခရစ်တော်၏အစေခံများအပေါ်ပြုဖို့ကြိုးစားမည့်အရာကိုလည်းသိထား

တော်မူသည်။ ထိုမကောင်းသောသူသည် သူတို့ကို ညှင်းပန်းနှိပ်စက်ခြင်းအားဖြင့်သာ

ဆန့်ကျင်မည်မဟုတ် သူလုပ်န်ိုင်သည်ဆိုလျှင် သူတို့ဟောပြောသည့်ကောင်းမြတ်သောသတင်း

ကို သိက္ခာချနိုင်ရန်အတွက် သူတို့ကို လောကီဆန်ဆန်အသက်ရှင်ရန်၊ အပေးအယူလုပ်ရန်နှင့်

အပြစ်ပြုရန်လည်း သွေးဆောင်ဖြားယောင်းမည်ဖြစ်သည်။ ဤအချက်သည် အလေးအနက်

ထားရမည့်အချက်ဖြစ်သည်။ သို့သော် သခင်ဘုရားသည် ဤအချက်ကြောင့် ကြောက်လန့်ခြင်း

တော့မရှိပါ။ ရန်သူ၏တိုက်ခိုက်မှုကိုရှောင်ရှားရန်အတွက် သူ၏တပည့်တော်များကို ဤလောက

၏ပြင်ပသို့ခေါ်ဆောင်သွားဖို့အတွက်ဆုတောင်းရန် ကိုယ်တော်မစဉ်းစားပါ။ ခမည်းတော်သည်

သူ့တပည့်တော်များကို မကောင်းသောသူ၏ရန်မှ ကာကွယ်စောင့်ရှောက်ပေးမည်ဆိုသည်ကို

ခရစ်တော်သေသေချာချာယုံကြည်စိတ်ချတော်မူသည်။ ထို့ကြောင့် ထိုသို့ဆုတောင်းတော်မူခဲ့

သည်။ ခရစ်ယာန်များသည် စာတန်အကြောင်း ပေါ့ပေါ့လေးတွေး၍ သို့မဟုတ် ပေါ့ပေါ့လေး

ပြော၍မရပါ။ ထိုနည်းတူ ဘုရားသခင်၏နှုတ်ကပတ်တော်ပြန့်နှံ့ရန် တက်ြွကစွာပါဝင်လုပ်ဆောင်

သူတို့သည် စာတန်၏အထူးတိုက်ခိုက်မှုကို မျှော်လင့်ထားရမည်ဖြစ်သည်။ အကြောင်းမူကား၊ ငါတို့သည် အသွေးအသားရှိသော ရန်သူတို့နှင့် ဆိုင်ပြိုင် တိုက်လှန်ရကြသည်မဟုတ်။ အထွဋ်အမြတ်တို့နှင့်လည်းကောင်း၊ အာဏာစက်တို့နှင့်လည်းကောင်း၊ လောကီမှောင်မိုက်၌ အစိုးတရပြုလုပ်သော မင်းတို့နှင့်လည်းကောင်း၊ မိုးကောင်းကင်၌နေသော နတ်ဆိုးတို့နှင့်လည်းကောင်း ဆိုင်ပြိုင်တိုက်လှန် ရကြ၏။ (ဧဖက် ၆း၁၂)။

သို့သော် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့တစ်ကိုယ်တည်း သို့မဟုတ် လက်နက်မဲ့ ရင်ဆိုင်တ်ိုက်ခိုက်

ကြသည်မဟုတ်။ ခမည်းတော်ကိုယ်တော်တိုင်က ကျွန်ုပ်တို့ကို ကာကွယ်ပေး၍ လက်နက်များ

တပ်ဆင်ပေးတော်မူပါသည်။ ကျွန်ုပ်တို့၏တာဝန်မှာ အချိန်တိုင်းအချိန်တိုင်း ကိုယ်တော့်

အပေါ် နှိပ်ချစွာမှီတည်နေရန်နှင့် ကိုယ်တော်ပြင်ဆင်ပေးသောလက်နက်များ မည်ကဲ့သို့ အသုံး

ပြုရမည်ကို သင်ယူရန်ဖြစ်သည်။ “

၁၀ ကြွင်းသေးသော စကားဟူမူကား၊ ညီအစ်ကိုတို့၊ သခင်ဘုရားအားဖြင့်လည်းကောင်း၊ တန်ခိုးတော်အရှိန် အားဖြင့်လည်းကောင်း၊ ခိုင်ခံ့ခြင်းရှိကြလော့။

၁၁ မာရ်နတ်၏ ပရိယာယ်တို့ကို တားဆီးနိုင်မည်အကြောင်း၊ ဘုရားသခင်သည် ပြင်ဆင်တော်မူသော လက်နက်စုံကို ဝတ်ဆောင်ကြလော့။

၁၃ ထိုကြောင့်၊ ခဲယဉ်းဆိုးယုတ်သော နေ့ရက်ကာလ၌ ဆီးတားနိုင်သဖြင့်၊ ကိစ္စအလုံးစုံတို့ကို ပြီးစီး၍ ခံရပ်နိုင်မည်အကြောင်း၊ ဘုရားသခင် ပြင်ဆင်တော်မူသော လက်နက်စုံကို ယူဆောင်ကြလော့။

၁၄ သစ္စာတည်းဟူသော ခါးပန်းကိုစည်းလျက်၊ ဖြောင့်မတ်ခြင်း ပါရမီတည်းဟူသော ရင်အုပ်တန်ဆာကို ဝတ်ဆင်လျက်၊

၁၅ ငြိမ်သက်ခြင်းနှင့်ယှဉ်သော ဧဝံဂလိတရားကို ဟောပြောအံ့သောငှာ ပြင်ဆင်သော အဖြစ်တည်းဟူသော ခြေစွပ်ကိုစွပ်လျက် ခံရပ်ကြလော့။

၁၆ မာရ်နတ်ပစ်ခတ်သော မီးစက်လက်နက်ကို ကာသတ်နိုင်သော ယုံကြည်ခြင်းတည်းဟူသော လွှားကိုလည်း ခပ်သိမ်းသော လက်နက်တို့အပေါ်မှာ ထပ်ဆင့်၍ ယူဆောင်ကြလော့။

၁၇ ကယ်တင်ခြင်းတည်းဟူသော သံခမောက်လုံးကိုလည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တည်းဟူသော ဝိညာဉ်တော်၏ ဓားကိုလည်းကောင်း ယူကြလော့။

၁၈ ကာလအစဉ် စိတ်နှလုံးပါလျက် ဆုတောင်း ပတ္ထနာပြုခြင်းအမျိုးမျိုးတို့ဖြင့် ဆုတောင်းကြလော့။ ထိုသို့ ဆုတောင်းခြင်းငှာ အားမလျော့ဘဲလျက်၊ ငါမှစ၍ သန့်ရှင်းသူ အပေါင်းတို့အဖို့ ဆုတောင်းလျက် စောင့် ရှောက်ကြလော့။

၁၉ ငါသည် ဧဝံဂေလိတရားကြောင့် သံကြိုးနှင့် ချည်နှောင်ခြင်းကိုခံလျက်၊

၂၀ သံတမန်အမှုကို ပြုရသည်ဖြစ်၍၊ ထိုတရား၏ နက်နဲသောအရာကို ဖော်ပြခြင်းငှာ ငါသည်နှုတ်ကို ရဲရင့်စွာ ဖွင့်လှစ်ခြင်းအခွင့် ရှိမည်အကြောင်းကိုလည်းကောင်း၊ ထိုတရားကို ဟောပြောအပ်သည်နှင့်အညီ၊ ရဲရင့်စွာဟော ပြောမည်အကြောင်းကိုလည်းကောင်း၊ ငါ့အဖို့ လည်း ဆုတောင်းကြလော့။ ” (ဧဖက် ၆း၁၀-၁၁၊ ၁၃-၂၀)။

ဒုတိယအခြေအနေ

ဤအချက် ကိုယ်တော်မိန့်တော်သည်ကို ကျွန်ုပ်တို့ကြားရသည့်အခါ အပိုဒ်ငယ် ၁၄ တွင်

မိန့်တော်မူခဲ့ပြီးသောအရာကို တစ်ကျော့ပြန်၍မိန့်တော်မူသည်ဟု ကျွန်ုပ်တို့ထင်မြင်လျက် ]]အ

ဘယ့်ကြောင့် ထပ်၍မိန့်တော်မူရသနည်း}}ဟု မေးခွန်းထုတ်မိနိုင်ပါသည်။ မှန်ပါသည် တစ်ကျော့

ပြန်၍မိန့်တော်မူခြင်းဖြစ်သည်။ သို့သော် ရိုးရိုးပြန်ကျော့ခြင်းတော့မဟုတ်ပါ။ အပိုဒ်ငယ် ၁၄

တွင် လောက၏မုန်းတီးမှု၏အကြောင်းတရားကို ရှင်းပြတော်မူခြင်းဖြစ်ပြီး တပည့်တော်များကို

မကောင်းသောအမှုအရာမှ ကာကွယ်စောင့်ရှောက်ရမည်ဆိုသည့် ကိုယ်တော့်ဆုတောင်းချက်၏

အခြေခံကို ဖြစ်ပေါ်စေပါသည်။ ယခု မကောင်းသောအမှုအရာမှာကွယ်ကာခြင်းသည် လက်တွေ့

သန့်ရှင်းစင်ကြယ်ခြင်း၏အနှုတ်လက္ခဏာဆန်သောအခြမ်းဖြစ်သည်။ သို့သော် အနှုတ်ဘက်တစ်

ခြမ်းသည် မပြည့်စုံသေးပါ။ သန့်ရှင်းစင်ကြယ်ခြင်း၏အပေါင်းဘက်တစ်ခြမ်းနှင့်ပြန်ဖြည့်စွက်ရန်

လိုသည်။ ထို့ကြောင့် သခင်ဘုရားက ယခုထပ်၍ တပည့်တော်များသည် ဤလောကနှင့်ပတ်

သက်သောသူများမဟုတ်ကြောင်းကို ပြန်ကိုးကားလျက် ゞင်းကို သူတို့၏ အပေါင်းလက္ခဏာ

ဆန်သောသန့်ရှင်းစင်ကြယ်ခြင်းဖြစ်စဉ်အတွက် အသနားခံတောင်းလျှောက်တော်မူခြင်း၏

အခြေခံဖြစ်စေတော်မူခဲ့သည်။

ဒုတိယအသနားခံတောင်းလျှောက်ချက်

သန့်ရှင်းစင်ကြယ်ခြင်းဖြစ်စဉ်၏အနားနှစ်ဖက်ကို သရုပ်ပေါ်စေရန်အတွက် ရှေးအစ္စရေး

တို့၏ဗိမာန်တော်၌အသုံးပြုခဲ့သည့် သန့်ရှင်းသောတန်ဆာပလာများကို နမူနာယူနိုင်ပါသည်။

ゞင်းတို့သည် ဘုရားသခင်ကိုဝတ်ပြုရာတွင်အသုံးခံနိုင်ရန်အတွက် ဦးစွာသန့်ရှင်းရမည်ဖြစ်

သည်။ မည်သည့်အစွန်းအထင်းကိုမျှ ခွင့်မပြုချေ။ စွန်းထင်းမိသည်ဆိုလျှင် ချက်ချင်းဆေး

ကြောရမည်ဖြစ်သည်။ ထို့ပြင် အစွန်းအထင်းကင်းရုံနှင့်လည်းမလုံလောက်သေးပါ။ အစ္စရေး

အိမ်ထောင်ရှင်များ၏မီးဖိုချောင်တွင် အစွန်းအထင်းကင်းသောအိုးခွက်များရှိပါသည်။ သို့

သော် ゞင်းတို့ကို ဗိမာန်တော်တွင်သုံး၍မရပါ။ အဘယ့်ကြောင့်နည်း။ ゞင်းတို့သည် ထာဝရ

ဘုရားသခင်၏ဝတ်ကိုပြုရန်အတွက် ဆက်ကပ်ထားသောအရာများမဟုတ်ကြပေ။ အိမ်ရှင်မများ

က မိမိတို့ရည်ရွယ်ချက်အတွက်သုံးသော အသုံးအဆောင်များသာဖြစ်ကြသည်။ အကြောင်းမှာ ထာဝရဘုရားသခင်ကို ဝတ်ပြုရာတွင် အသုံးပြုမည့်တန်ဆာပလာသည် သန့်ရှင်းရုံမက ထာဝရ

ဘုရားသခင်အတွက်ဆက်ကပ်ထားသောအရာများလည်းဖြစ်ရမည်။ ခရစ်တော်၏တပည့်တော်

များလည်း ထိုနည်းတူဖြစ်သည်။ ခရစ်တော်အတွက် သက်သေခံရန် အသုံးပြုခံရမည့်အ

ကြောင်း သူတို့သည် သခင်ဘုရားထံဆက်ကပ်ခံရသူများဖြစ်ရမည်ဖြစ်သည်။

ဤအချက်သည် မိမိတို့အချိန်နှင့်စွမ်းအင်အားလုံးကို ဝိညာဉ်ရေးလုပ်ငန်းအတွက် အသုံး

ပြုရန် ခေါ်ခြင်းခံရသောသူတို့နှင့်သာ သက်ဆိုင်သည်မဟုတ်ပါ။ ဘဝပုံစံအမျိုးမျိုးအသက်ရှင်

လျှောက်လှမ်းကြသည့် ယုံကြည်သူအားလုံးနှင့်ဆိုင်ပါသည်။ စက်ရုံ၊ ဈေးဆိုင် သို့မဟုတ်

မည်သည့်နေရာ၌အလုပ်လုပ်သောယုံကြည်သူမဆို မည်သည့်အလုပ်ကိုပင်လုပ်လုပ် လူအတွက်

လုပ်နေသည်ဟု မခံယူဘဲ သခင်ယေရှုကိုအစေခံသည်ဟူသော စိတ်သဘောဖြင့် လုပ်ဆောင်

ရမည်ဖြစ်သည် (ကော ၃း၂၃-၂၄)။ သမ္မာကျမ်းစာတွင် မာကေဒေါနိပြည်သားခရစ်ယာန်တို့

ကို နမူနာအဖြစ်ယူထားသည် (၂ကော ၈း၅)။ သူတို့သည် အလွန်ဆင်းရဲကြသော်လည်း

အစာခေါင်းပါးခြင်းဒဏ်ကိုခံစားနေရသော ဂျေရုဆလင်မြို့ရှိ ခရစ်ယာန်ညီအစ်ကိုများကို

ထောက်ပံ့ရန်အတွက် ပါဝင်လှူဒါန်းကြရန်တိုက်တွန်းခြင်းခံရသည့်အခါ သူတို့သည် ငွေ

အမြောက်အမြားပေးလှူခဲ့ကြသည်။ သူတို့၏လျှို့ဝှက်ချက်မှာ ဤသို့ဖြစ်သည် – ]]သူတို့သည်

သခင်ဘုရား၌ မိမိတို့ကိုယ်ကို မိမိတို့လှူကြ၏}}။ ပြီးသည့်အခါ ဘုရားသခင်၏အလိုတော်

နှင့်အညီ မိမိတို့ငွေကို ပေးလှူရန် သူတို့အတွက် ခက်ခဲမှုမရှိတော့ပေ။ ခရစ်ယာန်အားလုံးတို့၌

ဖြစ်လေ့ဖြစ်ထရှိသောအရာကို အောက်ပါအတိုင်းဖော်ပြထားသည် – ငါတို့တွင် အဘယ်သူမျှ ကိုယ်အဖို့အလိုငှာ အသက်မရှင်။ အဘယ်သူမျှ ကိုယ်အဖို့အလို့ငှာ မသေ။

အသက်ရှင်လျှင်၊ သခင်ဘုရားအဖို့အလိုငှာ ရှင်၏။ သေလျှင်လည်း၊ သခင်ဘုရားအဖို့အလိုငှာ သေ၏။ ထိုကြောင့် အသင်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ၊ သခင်ဘုရားဆိုင်တော်မူ၏။

အကြောင်းမူကား၊ ခရစ်တော်သည်၊ သေသော သူတို့ကိုလည်းကောင်း၊ ရှင်သောသူတို့ကိုလည်းကောင်း၊ အစိုးရသောအရှင် ဖြစ်လိုသောငှာ အသေခံ၍၊ ခံပြီးမှ အသက်ရှင်ပြန်တော်မူ၏။ (ရော ၁၄း၇-၉)။

သန့်ရှင်းစင်ကြယ်ခြင်းဖြစ်စဉ်၏အောက်ခြေအခံများနှင့်နည်းစနစ်များ

ထို့ကြောင့် ယခု စုံစမ်းစစ်ဆေးကြစို့။ (၁) တပည့်တော်များ၏သန့်ရှင်းစင်ကြယ်ခြင်းဖြစ်

စဉ်အတွက် ခရစ်တော်ဆုတောင်းရာတွင် အခြေပြုသည့်အောက်ခြေအခံများနှင့် (၂) သန့်ရှင်း

စင်ကြယ်ခြင်းဖြစ်စဉ်ကို ရှေ့ဆက်အကောင်အထည်ဖော်မည့်နည်းစနစ်များ။

အောက်ခြေအခံများမှာ သူတို့သည် လောကနှင့်မဆက်ဆံသောသူများ

မည်ကဲ့သို့ဖြစ်လာကြသနည်း။ သခင်ဘုရား၏စကားကိုယူသုံးရမည်ဆိုလျှင် သူတို့သည်

ကောင်းကင်ဘုံနှင့်ဆိုင်သောမွေးဖွားခြင်း ကို ခံယူကြပြီး ဤလောကနှင့်မဆိုင်သော အသက်

သစ်ကို ရရှိကြခြင်းဖြင့် လောကနှင့်မဆိုင်သောသူများဖြစ်လာကြသည်။ ထိုအသက်သည် ဘုရား

သခင်အားဖြင့်ဖြစ်၍ ဘုရားသခင်၏သားတော်ကို ယုံကြည်ခြင်းအားဖြင့်ရရှိသည့်အခါ ထို

အသက်ကိုရရှိကြသည် (ယော၊ ၁း၁၁-၁၃)။ ၄င်းသည် ကျောင်းသင်ခန်းစာ၏ပထမပိုင်းတွင်

ကျွန်ုပ်တို့လေ့လာခဲ့သည့် အသစ်မွေးဖွားခြင်း၊ အသစ်မွေးဖွားခြင်းနှင့်ဆိုင်သောဆေး

ကြောခြင်း၊ တစ်ကြိမ်နှင့်အပြီးရေချိုးခြင်းပင် ဖြစ်သည်။

သို့သော် တပည့်တော်တို့သည် လောကနှင့်မဆိုင်သောသူများဖြစ်ကြပြီဖြစ်၍ သူတို့သည်

ဘုရားသခင်၏အမှုတော်အတွက် ကောင်းစွာဆက်ကပ်ကြရန်နှင့် သူတို့၏ဆက်ကပ်မှုကို ဆက်

လက်ထိန်းသိမ်းစောင့်ရှောက်ကြရန်လိုအပ်မည်ဖြစ်သည်။ သူတို့သည် မည်ကဲ့သို့ မည်သည့်နည်း

ဖြင့် ထိုသို့လုပ်ဆောင်နိုင်မည်နည်း။

သူတို့သည် လောက၌ခရစ်တော်အတွက် သက်သေခံလျက် အသက်ရှင်နေထိုင်ရေး

အတွက်လုပ်ငန်းခွင်သို့သွားသည်နှင့် လောက၏အတွေးအခေါ်များ၊ အကြံအစည်များ၊ လှုပ် ဆော်မှုများနှင့် နည်းစနစ်များသည် သူတို့ပတ်လည်၌ ဝိုင်းယံနေကြမည်ဖြစ်သည်။ အသင်း

တော်သည် ခရစ်တော်ထံဆက်ကပ်အပ်နှံခြင်းမှသွေဖည်လျက် လောက၏အမြင်နှင့်နည်းစနစ်

များကို မွေးစားအသုံးပြုနိုင်သည့်အန္တရာယ်သည် အမြဲရှိနေသောအန္တရာယ်ဖြစ်သည်။ ရာစုနှစ်

များတစ်လျှောက်တွင် ခရစ်ယာန်ယုံကြည်မှုသည် အမျိုးမျိုးသောတိုင်းနိုင်ငံများနှင့် အင်ပါယာ

များ၏အုပ်ချုပ်မှုနိုင်ငံရေးစနစ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ဖြစ်သွားကာ ခရစ်တော်အတွက်

အနာအဆာနှင့်ကင်းသော စေ့စပ်ထားသည့်အပျိုစင်အဖြစ်နှင့်ကင်းဝေးသည့်အချိန်များ ရှိခဲ့

သည် (ဧ၊ ၁ း၁၁၊ ကော ၁း၁၈၊ ၂ကော ၁၁း၂-၃)။

 ထိုသို့အားဖြင့် လောကနိုင်ငံရေးအစွမ်း

တန်ခိုးသည် ခရစ်တော်၏နေရာကိုယူလျက် သခင်ဘုရားအပေါ် အသင်းတော်၏သစ္စာရှိမှုနှင့်

ဆက်ကပ်အပ်နှံမှုတို့သည် အပေးအယူလုပ်ခြင်းခံခဲ့ရသည်။ ဝမ်းနည်းစရာကောင်းသော်လည်း

အမှန်တကယ်ဖြစ်ခဲ့သည့်အချက်မှာ လေးရာစုမှစ၍ နောက်ပိုင်းတွင် အသင်းတော်သည်

ရောမအင်ပါယာ၏သက်ဦးဆံပိုင်အုပ်ချုုပ်ရေးနှင့်ရောယှက်သည့် အသင်းတော်နှင့်ဆိုင်သောဖွဲ့

စည်းတည်ဆောက်မှုပုံစံကို ပုံဖော်ခဲ့သည်။ ထိုတည်ဆောက်ပုံသည် လောကီဆန်လျက်

အလှမ်းကျယ်လွန်းသောအသင်းတော်များနှင့်နိုင်ငံရေးသမားများကြား အာဏာလုယူပြိုင်ဆိုင်

မှုများဖြစ်လာကာ အပုပ်နံ့ထွက်လာပြီး နိုင်ငံတကာပဋိပက္ခများဖြစ်ပေါ်လာခဲ့သည်။ ခေတ်

ကာလအားလုံးတို့တွင် အသင်းတော်များသည် ဘုရင်စနစ်၊ မြေရှင်ပဒေသရာဇ်စနစ်၊ ဒီမို

ကရေစီစနစ် သို့မဟုတ် ဆိုရှယ်လစ်စနစ်၊ မာတ်စ်ဝါဒ သို့မဟုတ် လွတ်မြောက်ရေးဓမ္မအတွေး

အခေါ်စသည်ဖြင့် မိမိ၏ခေတ်ကာလတွင် လူကြိုက်များသော နိုင်ငံရေးစနစ်နှင့် ပါဝင်ပတ်

သက်သဖြင့် အသင်းတော်ကယူဆောင်လာသောသတင်းကောင်းနှင့်ပတ်သက်၍ လူတို့၏စိတ်

ထဲ၌ မရှင်းမလင်းဖြစ်ခဲ့ရသည်။ တတိယကမ္ဘာ့နိုင်ငံများက ခရစ်ယာန်သာသနာပြုများကို

ကိုလိုနီအစိုးရများ၏သူလျှိုများဟုပင်ထင်မှတ်ခဲ့ကြသည်။

ထို့ပြင် ဤအချက်သည် ခရစ်တော်၏အစေခံများနှင့် သူတို့၏သက်သေခံချက်ကို ကမ္ဘာ့

နိုင်ငံရေးနှင့် မရောထွေးမိစေရန်အတွက် စောင့်ရှောက်ခြင်းနှင့်ဆိုင်သည့်မေးခွန်းဖြစ်သည်သာ

မက လောက၏ကိုယ်ကျင့်တရားဆိုင်ရာစံနှုန်းများ၊ အတွေးအခေါ်များ၊ စီးပွားရေးအမြတ်

ထုတ်ဝါဒတို့နှင့် မရောနှောမိရန်စောင့်ရှောက်ခြင်းနှင့်လည်း ဆိုင်သည်။ ခရစ်ယာန်ဘာသာ

သည် ငွေထုတ်စက်ကြီးနှင့်ပုံစံတူနေသည်ဟု လူတို့အကြား မကြာခဏမကောင်းသတင်း

ထွက်နေတတ်သည်။ ထို့ပြင် ပြီးခဲ့သည့်နှစ်ပေါင်းနှစ်ရာ၌ အနောက်နိုင်ငံများတွင် သမ္မာ

ကျမ်းစာကို ပညာရေးဆန်ဆန်လေ့လာသည့်အခါ ဆင်ခြင်မှုအဓိကဝါဒီအတွေးအခေါ်များပေါ်

အခြေခံခဲ့သည့်အဖြစ်သည် အထက်ကဘေးအန္တရာယ်ထက်မကြီးလျှင်ပင် ထိုဘေးအန္တရာယ်

နည်းတူပင် ဆိုးဝါးခဲ့သည်။ ゞင်းသည် မယုံကြည်မှုအပေါ်အခြေခံလျက် ကြိုတင်ကောက်ချက်

ချသည့်အရာဖြစ်သောကြောင့် နောက်ဆုံးရလဒ်သည် ကျောင်းသားမျိုးဆက် အဆက်ဆက်တို့

၏ယုံကြည်ခြင်းကို လျော့ပါးစေသည့် မယုံကြည်မှုပင်ဖြစ်ခြင်းမှာ အံ့ဩစရာမဟုတ်ပေ။

ထိုသို့ဆိုလျှင် ခရစ်တော်၏အစေခံများကို လောကနှင့်အပေးအယူမလုပ်ဘဲ အကျင့်ဆိုး

နှင့်တပ်မက်မှုများကင်းဝေးကာ သခင်အသုံးပြုရန်အတွက် သင့်တော်သော သန့်ရှင်းဖြူစင်

သည့်တန်ဆာပလာများဖြစ်ရန်(၂ တိ ၂း၁၄-၂၆) သူတို့ကို မည်ကဲ့သို့စောင့်ရှောက်နိုင်မည်နည်း။

ဘုရားသခင်၏သမ္မာတရားအားဖြင့်ဟု ခရစ်တော်ကမိန့်တော်မူပါသည်။

 သို့သော်

သမ္မာတရားသည် မည်သည့်အရာနည်း။ ဘုရားသခင်၏နှုတ်ကပတ်တော်သည် သမ္မာတရား

ဖြစ်၏ဟု ခရစ်တော်ကမိန့်တော်မူပါသည်။ “လူပျိုသည် မိမိသွားသောလမ်းကို အဘယ်သို့ သန့်ရှင်းစေနိုင်ပါမည်နည်းဟူမူကား၊ နှုတ်ကပတ်တော်အတိုင်း သတိပြုရမည်။ “ဟု

ဖြေထားသည် (ဆာ ၁၁၉း၉)။ ထိုအဖြေသည် ကလေးလူကြီး၊ တစ်ဦးချင်းနှင့်အသင်းတော်

အလိုက်၊ အချိန်တိုင်း တိုင်းပြည်တိုင်းအတွက် မှန်နေဆဲဖြစ်သည်။ သန့်ရှင်းစင်ကြယ်ခြင်းဖြစ်

စဉ်ကိုဆက်လက်လျှောက်လှမ်းရန်အတွက်နှင့်လိုအပ်သည့်အခါ သန့်ရှင်းစင်ကြယ်ခြင်း

ဖြစ်စဉ်၌နလန်ထချိန်အတွက် အဓိကသော့ချက်မှာ ဘုရားသခင်၏နှုတ်ကပတ်တော်ကို လုံ့လဝိ

ရိယရှိရှိလေ့လာခြင်း၊ နာခံခြင်းနှင့် လက်တွေ့လိုက်လျှောက်ခြင်းပင်ဖြစ်သည်။ အကြောင်းမှာ

ဘုရားသခင်သည် မိမိလူတို့ကို သန့်ရှင်းစေရန်အတွက်အသုံးပြုသည့်အရာမှာ ထိုနှုတ်ကပတ်

တော်ပင်ဖြစ်ပြီး တစ်ခါနှင့်အပြီးရေချိုးပြီးသောသူတို့သည် ကိုယ်တော်၏အမှုတော်မြတ်ထဲတွင်

ကိုယ်တော်နှင့်ဝမ်းမြောက်စွာမိတ်သဟာယဖွဲ့လျက် လောကထဲတွင် ကိုယ်တော်အတွက် မှန်

ကန်စွာသက်သေခံကြမည်ဆိုပါက ကိုယ်တော်သည် သူတို့၏ခြေများကို နှုတ်ကပတ်တော်ရေ

အားဖြင့် စဉ်ဆက်မပြတ် ပြန်ပြန်ဆေးကြောပေးရန် လိုအပ်နေသောကြောင့်ဖြစ်သည်။

တတိယအခြေအနေ

ခရစ်တော်၏တပည့်တော်များသည် လောကအလယ်တွင် အသက်ရှင်နေထိုင်ခြင်းဖြင့်

၄င်း၌ရှိသောဘေးအန္တရာယ်များကို ရင်ဆိုင်ရမည်ဖြစ်သောကြောင့် သူတို့၏ယုံကြည်ခြင်းနှင့်

သူတို့၏သန့်ရှင်းစင်ကြယ်မှုတို့ကို ကာကွယ်ရန်လိုအပ်ပါသည်။ သို့သော် စစ်မှန်သောခရစ်

ယာန်သန့်ရှင်းစင်ကြယ်မှုသည် လောကထဲမှထွက်ခွာလျက် လောကနှင့်လုံးဝအထိအတွေ့မရှိ

အောင် တံတိုင်းဆောက်လိုက်ခြင်းမျိုးမဟုတ်ပါ။ ဤနေရာတွင်လည်း ခရစ်တော်ကိုနမူနာယူ

နိုင်ပါသည်။ ခမည်းတော်သည် လူတို့ကိုချစ်လျက် မိမိ၏မေတ္တာတော်အားဖြင့် ကိုယ်တော်ကို

ဤလောကသို့စေလွှတ်တော်မူခဲ့သည်။ ကိုယ်တော်သည် ပျောက်သောသူတို့ကို ရှာ၍ကယ်တင်

တော်မူရန် ကြွလာတော်မူသည်။ ဝတ်ပြုစည်းဝေးကျောင်း (တရားဇရပ်) များတွင် တရားဟော

ရန်သာ ကြွလာသည်မဟုတ်။

ကိုယ်တော်သည် လူအမျိုးမျိုးတို့နှင့်ရောနှောနေထိုင်လျက် မိမိ၏

ခင်မင်ရင်းနှီးမှုနှင့်ပျူငှာမှုတို့ကို နာမည်ဆိုးနှင့်ကျော်ကြားသောအပြစ်သားများကိုပင် ပြသ

တော်မူလျက် သူတို့ဧည့်ခံပြုစုခြင်းကိုလည်း ပြန်လည်လက်ခံတော်မူခဲ့သည် (လု ၁၅း၁-၂၊

၁၉း၇)။ ဖာရိရှဲတို့က ကိုယ်တော်သည် ဘုရားသခင်၏သန့်ရှင်းစင်ကြယ်မှုစံနှုန်းကို လျှော့ချ

လျက် အပြစ်ရှိသောအပြုအမူကို လျစ်လျူပြုနေသည်ဟု ဝေဖန်ခဲ့ကြသည်။ သို့သော် သူ့

အပေါ်ဝေဖန်သောသူတို့အပေါ် ကိုယ်တော်၏တုန့်ပြန်မှုသည် ပြန်လည်ချေပရန်မဖြစ်နိုင်သည့်

အဖြေမျိုးဖြစ်သည် – ပြည်တန်ဆာမိန်းမတို့နှင့် ပေါင်းဖော်၍ မိမိဥစ္စာကိုဖြုန်းသော ဤသားငယ် ရောက်လာသောအခါမူကား၊ အဘသည် ဆူအောင်ကျွေးသော နွားကလေးကို သတ်လေပြီတကားဟု ဆို၏။

အဘကလည်း၊ ငါ့သား၊ သင်သည် ငါ့ထံမှာ အစဉ်နေ၏။ ငါ၏ဥစ္စာရှိသမျှသည် သင်၏ဥစ္စာဖြစ်၏။

သင်၏ညီမူကား အထက်ကသေ၏။ ယခုရှင်ပြန်၏။ အထက်ကပျောက်၏။ ယခုတွေ့ပြန်၏။ ထိုကြောင့် ပျော်မွေ့ဝမ်းမြောက်စရာအကြောင်း ရှိ၏။ အဘဆိုသည်ဟု မိန့်တော်မူ၏။ (လု ၅း၃၀-၃၃)။ အန္တရာယ်ရှိသည့် ကူးစက်

ရောဂါခံစားနေရလျက် ဆေးရုံတက်နေသူများကို သွားရောက်ကုသပေးသည့်ဆရာဝန်က

ထိုရောဂါသည် ဂရုစိုက်စရာမလိုဟုဆိုလျက် သူတို့ထံသွားခြင်းမဟုတ်။ သူတို့ကို သွားရောက်

ကုသပေးခြင်းဖြစ်သည်။ အပြစ်ရှိသောသူတို့နှင့် ခရစ်တော်ရောနှောနေထိုင်တော်မူခြင်းသည်

ထိုနည်းတူပင်ဖြစ်သည်။ ထိုနေရာမျိုးတွင် အတူရှိနေသောသူတိုင်းကို ကိုယ်တော်၏ရည်ရွယ်

ချက်ကိုသိကြသည်။ ကိုယ်တော်သည် ထိုသူတို့ကိုကယ်တင်လို၍ဖြစ်သည်။ သို့သော် ထိုသူတို့၏

အပြစ်သည် ကိုယ်တော့်အပေါ် စွန်းထင်းခြင်းလုံးဝမရှိခဲ့ချေ။

]]သို့သော် ထိုသို့သောအပြုအမူမျိုးသည် ကိုယ်တော်၏တပည့်တော်များအတွက်

အန္တရာယ်မရှိနိုင်ဘူးလား}}ဟု မေးသောသူရှိနိုင်ပါသည်။ မှန်ပါသည်။ အန္တရာယ်ရှိပါသည်။

မူးယစ်ဆေးဝါးစွဲရာမှ လောလောလတ်လတ်လွတ်မြောက်လာသောလူငယ်တစ်ဦးကို မူးယစ်

ဆေးဝါးရောင်းဝယ်သူများအလယ် ပြန်မလွှတ်ရန် ကျွန်ုပ်တို့၏အတွေ့အကြုံÓဏ်ပညာက

အကြံပြုမည်ဖြစ်သည်။ ကျောက်ရောဂါကူးစက်နေသည့်နေရာသို့ အတွေ့အကြုံမရှိ၊ လေ့ကျင့်

ပေးထားခြင်းလည်းမခံရသော ဆယ်ကျော်သက်တစ်ဦးကို မစေလွှတ်သင့်ပါ။

 သို့သော် ယေဘုယျ

ခြုံပြောလျှင် ခရစ်တော်၏တပည့်တော်အားလုံးသည် လောကထဲသို့စေလွတ်ခြင်းခံရ၍

လောကသည် သူတို့အတွက် သူ့အတိုင်းတာနှင့်သူ အန္တရာယ်ရှိသည်။ သို့သော် သူတို့ကို စေလွှတ်

တော်မူသောခရစ်တော်သည် ထိုအန္တရာယ်ကိုကြိုတင်သိမြင်တော်မူလျက် ゞင်းတို့ကို ရင်ဆိုင်

ရန်အတွက်လိုအပ်သောအကူအညီအထောက်အမများကို ပြင်ဆင်ပေးထားပြီးပြီဖြစ်သည်။

အကူအညီအထောက်အမ

အပြစ်တရားသည် သခင်ယေရှုကို တစ်ချိန်တစ်ခါမျှမစွန်းထင်းန်ိုင်ခဲ့ပါ။ ကိုယ်တော်သည်

သက်တော်စဉ်တစ်လျှောက်လုံးတွင် သန့်ရှင်းစင်ကြယ်လျက် အပြစ်စွန်းထင်းခြင်းလုံးဝမရှိခဲ့

ချေ။ ကိုယ်တော်၌ အပြစ်လုံးဝမရှိပေ။ ကိုယ်တော်သည် အပြစ်နှင့်သိကျွမ်းခြင်းမရှိချေ။

မည်သည့်အပြစ်ကိုမျှ ကိုယ်တော်မကျူးလွန်ခဲ့ချေ (ဟေဗြဲ ၇း၂၆၊ ၁ယော ၃း၅၊ ၂ကော ၅း၂၁၊

၁ပေ ၂း၂၂)။ ထိုသို့ဆိုလျှင် မိမိကိုယ်ကို သန့်ရှင်းစေတော်မူမည့်အကြောင်း မည်ကဲ့သို့မိန့်

တော်မူနိုင်သနည်း။

မှန်ပါသည်။ ကိုယ်တော်သည် သန့်ရှင်းစင်ကြယ်စေခြင်းကိုခံရရန် မလိုအပ်သောကြောင့်

မိမ်ိကိုယ်ကို သန့်ရှင်းစေရန်ဆေးကြောမည့်အဓိပ္ပါယ်ဖြင့်မိန့်တော်မူခြင်းမဟုတ်ပါ။ သို့သော်

ကိုယ်တော်သည် ဘုရားသခင်က သူ့ကိုပေးအပ်သည့်လုပ်ငန်းအတွက် မိမိကိုယ်ကို သီးခြား

ခွဲထုတ်လျက် အခြားသောအနက်အဓိပ္ပါယ်ဖြင့် မိန့်တော်မူနိုင်ပါသည်။

ဥပမာတစ်ခုကိုကြည့်လျှင် အထောက်အကူဖြစ်ပါလိမ့်မည်။ ဘုရားသခင်သည် အစ္စရေး

အမျိုးသားတို့အား သူတို့အလယ်တွင်ြွကလာလျက်ကိန်းဝပ်နိုင်ရန်အတွက် တဲတော်ကိုဆောက်

လုပ်ရန်မှာကြားသည့်အခါ အာရုန်ဆိုသောပုဂ္ဂိုလ်တစ်ဦးကို ယဇ်ပုရောဟိတ်မင်းအဖြစ် ခွဲခန့်

တော်မူခဲ့သည်။ အာရုန်၏လုပ်ငန်းတာဝန်မှာ ထိုတဲတော်ထဲသို့ဝင်လျက် ဘုရားသခင်၏လူမျိုး

တော်ကိုကိုယ်စားပြုသူအဖြစ် ဘုရားသခင်နှင့်တွေ့ဆုံရန်ဖြစ်သည်။ ဤအထူးတာဝန်ကြောင့်

သူသည် ဤတာဝန်ကိုထမ်းဆောင်နိုင်ရန် အခြားအရာအားလုံးမှ မိမိကိုယ်ကိုသီးခြားခွဲထုတ်

လျက် သန့်ရှင်းစင်ကြယ်စေခြင်းကိုခံရရန်လိုအပ်သည်။

ဘုရားသခင်သည် လောကတဲတော်တွင် လောကယဇ်ပုရောဟိတ်မင်းများအားဖြင့် မိမိ

အမှုတော်ကို ဆောင်ရွက်ခဲ့ပြီဖြစ်သည်။ ယနေ့ကာလတွင် ဘုရားယဇ်ပုရောဟိတ်မင်းကို ခန့်

ထားတော်မူပြီဖြစ်၍ ထိုယဇ်ပုရောဟိတ်မင်းမှာ ခရစ်တော်ပင်ဖြစ်သည် (ဟေဗြ ၇)။ ကိုယ်တော်

သည် လောကတဲတော်ထဲတွင်မဟုတ်ဘဲ ကောင်းကင်ဘုံတွင် ဘုရားသခင်၏လူအားလုံးတို့

အတွက်ကိုယ်စားပြုသူအဖြစ် အမှုတော်ထမ်းဆောင်လျက်ရှိသည် (ဟေဗြဲ ၈း၁-၂၊ ၉း၂၄)။

ထို့ကြောင့် ကိုယ်တော်သည် တပည့်တော်များနှင့်အတူရပ်လျက် ဆုတောင်းသည့်အခါ

တပည့်တော်တို့သည်လည်း သန့်ရှင်းစင်ကြယ်စေခြင်းကို အမှန်ခံရစေရန် မိမိကိုယ်တော်တိုင်

သန့်ရှင်းစင်ကြယ်စေခြင်းခံရမည့်အကြောင်းမိန့်တော်မူခဲ့သည်။

ထိုသို့မိန့်တော်မူသည်မှာ ယခု

မိမိသည် ဘုရားသခင်ပေးအပ်သည့် ကြီးမားသောတာဝန်နှစ်ရပ်ကို ထမ်းဆောင်ရန်အတွက်

သူတို့ထံမှလည်းကောင်း၊ လောကထံမှလည်းကောင်း မိမိကိုယ်ကို သီးခြားခွဲထားကာ သူတို့ထံမှ

ထွက်ခွာတော့မည်ဖြစ်ကြောင်း ရည်ညွှန်းတော်မူခြင်းဖြစ်သည်။ ကိုယ်တော်ထမ်းဆောင်ရမည့်

တာဝန်ကြီးနှစ်ရပ်မှာ-

၁။ မိမိလူအားလုံးတို့ကို သန့်ရှင်းစင်ကြယ်စေရန်အတွက် လက်ဝါးကပ်တိုင်ပေါ်တွင်

အပြစ်အတွက်ပူဇော်သောယဇ်အဖြစ် မိမိကိုယ်ကိုပေးအပ်တော်မူရန်နှင့်

၂။ ကောင်းကင်၌ ဘုရားသခင်၏ရှေ့တော်တွင် သူတို့အတွက် ယဇ်ပုရောဟိတ်မင်း၊

ကိုယ်စားလှယ်နှင့် ရှေ့နေလိုက်ပေးသူအဖြစ်အမှုတော်ထမ်းဆောင်တော်မူရန်ဖြစ်သည်။

ဤထူးမြတ်သောတာဝန်နှစ်ရပ်ကို နှုတ်ကပတ်တော်အားဖြင့်လည်း ကျွန်ုပ်တို့ဖော်ပြနိုင်ပါ

သည်။ ထိုသို့ဖော်ပြသည့်အခါ ကိုယ်တော်၏ဤအမှုတော်မြတ်နှစ်ပါးသည် မိမိလူတို့၏သန့်ရှင်း

စင်ကြယ်ခြင်းဖြစ်စဉ်နှင့်လည်းကောင်း၊ လောကထဲတွင် သူတို့အသက်ရှင်နေထိုင်လျက်

ကိုယ်တော်အတွက်သက်သေခံစဉ် သူတို့ကို ကာကွယ်စောင့်ရှောက်ပေးခြင်းနှင့်လည်းကောင်း

မည်ကဲ့သို့ဆီလျှော်ဆက်စပ်မှုရှိကြောင်း သိသာထင်ရှားလာမည်ဖြစ်သည်။

ကိုယ်တော်အသေခံခြင်း၏ရလဒ်တစ်ခုဖြစ်သောသန့်ရှင်းစင်ကြယ်ခြင်း

က။ ဟေဗြဲ ၁၀း၆-၁၀

ခ။ ဟေဗြဲ ၁၃း၁၂-၁၄

(ဟေဗြဲ ၂း၁၇-၁၈၊ ၄း၁၄-၁၆)။

ခ။ သူတို့လဲ၍အပြစ်ပြုမိသည့်အခါ သူတို့အတွက် ကြားခံဆုတောင်းပေးတော်မူခြင်း-

(၁ယော ၂း၁-၂၊ လု ၂၂း၃၁-၃၂)။

ဂ။ မိမိလူတို့ကို သူတို့၏အခက်အခဲအားလုံးနှင့်အတူ ဘုရားရှေ့တော်သို့ ပို့ဆောင်တော်မူလျက်

သူတို့ကို အဆုံးတိုင်အောင်ကယ်တင်တော်မူနိုင်စွမ်းရှိတော်မူခြင်း (ဟေဗြဲ ၆း၁၉-၂၀၊ ၇း၂၄-၂၅၊ ရော ၈း၃၄-၃၉)။

သောပစ္စည်းများ၏ အစုအစည်းတစ်ခုမဟုတ်။ အင်္ဂါတစ်ခုစီတို့သည် ကိုယ်ခန္ဓာ၏ သီးခြားခွဲ

ထုတ်၍မရသောအစိတ်အပိုင်းဖြစ်ကြသည်။ အင်္ဂါအားလုံးတို့သည် အခြားအင်္ဂါတစ်ခုစီ၏

ကိုယ်အင်္ဂါများဖြစ်ကြသည်။ ဤသို့ဖြစ်တည်ရခြင်းမှာ ကိုယ်အင်္ဂါအားလုံးတို့သည် ကိုယ်ခန္ဓာ၌

တည်ကြ၍ ထိုကိုယ်ခန္ဓာ၏အသက်သည် အင်္ဂါအားလုံးအပေါ်သက်ရောက်လျက် အင်္ဂါအား

လုံးကိုအတူတကွစုစည်းထားသောကြောင့်ဖြစ်သည်။

ထိုသို့ဆိုလျှင် ပင်တေကုတ္တေပွဲနေ့မှစ၍ ယုံကြည်သူအားလုံးသည် မည်သို့မည်ပုံခရစ်တော်

၌ရှိကြသနည်း။ ရှင်ပြန်ထမြောက်တော်မူသောခရစ်တော်က မိမိလူအားလုံးကို သန့်ရှင်းသော

ဝိညာဉ်တော်ထဲ၌ ဗတ္တိဇံမင်္ဂလာပေးလျက် မိမိ၌ပူးပေါင်းစေတော်မူသည်။ သင်သည် ဓမ္မသစ်

ကျမ်းကိုဖတ်သည့်အခါ ကနဦးခရစ်ယာန်များက ယခုသူတို့သည် ]]ခရစ်တော်၌}}ရှိကြပြီဖြစ်

ကြောင်း စဉ်ဆက်မပြတ်ရည်ညွှန်းပြောဆိုကြသည်ကို သင်တွေ့ရမည်ဖြစ်သည်။ နမူနာများစွာ

ထဲမှ တစ်ချို့ကို ဤနေရာတွင်ဖော်ပြပါမည်။

ဘုရားသခင် ကယ်လွှတ်တော်မူသောကြောင့် ယေရှုခရစ်၌တည်၍၊ ဇာတိပကတိအတိုင်းမကျင့်၊ ဝိညာဉ် ပကတိအတိုင်း ကျင့်သောသူတို့သည် အပြစ်စီရင်ခြင်းနှင့် လွတ်ကြ၏။(ရော ၈း၁)။

လူမည်သည်ကား၊ ခရစ်တော်၌ရှိလျှင် အသစ် ပြုပြင်သောသတ္တဝါ ဖြစ်၏။ ဟောင်းသောအရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။ (၂ကော ၅း၁၇)။

ဘုရားသခင်၏သားတော်သည် ကြွလာ၍၊ မှန်သောဘုရားသခင်ကို သိသောဉာဏ်ကို ငါတို့အား ပေးတော်မူသည်ကိုလည်း ငါတို့သိကြ၏။ မှန်သောဘုရားသခင်၌လည်းကောင်း၊ သားတော်ယေရှုခရစ်၌လည်းကောင်း ငါတို့သည် တည်လျက်ရှိကြ၏။ ထိုသူသည်မှန်သော ဘုရားသခင် ဖြစ်တော်မူ၏။ ထာဝရအသက်လည်း ဖြစ်တော်မူ၏။ ချစ်သားတို့၊ ရုပ်တုဆင်းတုကို ကြဉ်ရှောင်ကြလော့။ ရှင်ယောဟန်ဩဝါဒစာပထမစောင်ပြီး၏။ (၁ယော ၅း၂၀)။

ပေါလု၊ သိလွာနု၊ တိမောသေတို့သည် ခမည်းတော်ဘုရားနှင့် သခင်ယေရှုခရစ်၌ တည်ရှိသော သက်သာလောနိတ်မြို့သား အသင်းတော်ကို ကြားလိုက်ပါ၏။ သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့်အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။ (၁ သက် ၁း၁)။

ခရစ်တော်၌ ရှိခြင်းက ယုံကြည်သူများကို မယုံကြည်သူများနှင့်ခြားနားစေပါသည်။ ゞင်း

သည် ရုပ်ခန္ဓာသေဆုံးခြင်းက မဖျက်ဆီးနိုင်သော ထူးခြားမှုတစ်ခု၊ အဖြစ်မှန်တစ်ခုဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် ခရစ်တော်ပြန်ြွကလာသည့်အခါ “သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်း အသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော်ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံမှ ကိုယ်တိုင် ဆင်းသက်တော်မူ၍၊ ခရစ်တော်၌ သေလွန်သောသူတို့သည် အဦး ထမြောက်ကြလိမ့်မည်။”ဟု ရှင်ပေါလုပြောထားသည် (၁ သက် ၄း၁၆)။

လူ့သမိုင်းကြောင်း၌ ခရစ်တော်နှင့်တူသောပုဂ္ဂိုလ်မရှိမခြင်း

ယခု သမိုင်းကြောင်းအရ ဤအချက်သည် အလွန်လွယ်ကူစွာသတိပြုမိနိုင်သည့်အရာဖြစ်

သည်။ ဆိုကရေးတီး၊ ပလေတို စသည့် ရှေးခေတ်အတွေးအခေါ်ပညာရှင်များတွင် စိတ်အား

ထက်သန်သည့်နောက်လိုက်များစွာရှိခဲ့သည်။ ဆိုကရေးတီးနှင့်ပလေတိုတို့သည် သာမန်လူသား

များအနေဖြင့် အလွန်ထူးချွန်သူများဖြစ်ကြသည်မှန်သော်လည်း ယေရှုမိန့်တော်မူသည့်စကား

မျိုး ပြောဆိုခဲ့ကြမည်ဆိုလျှင် အဓိပ္ပါယ်ရှိမည်မဟုတ်ပေ။

သို့သော် ယေရှုသည် လူသား

သက်သက်သာဖြစ်သည်မဟုတ်။ ကိုယ်တော်သည် ဒုတိယအာဒံဖြစ်လျက် လူ့သားလည်းဖြစ်

တော်မူကာ မိမိကိုယုံကြည်သူအားလုံးကို မိမိနှင့်ပေါင်းစပ်စေတော်မူနိုင်သည့်ပုဂ္ဂိုလ်ဖြစ်တော်မူ

သည်။ ထို့ပြင် အထက်တွင် ကျွန်ုပ်တို့မှတ်ချက်ချခဲ့သည့်အတိုင်း ခရစ်တော်ရှင်ပြန်ထမြောက်

ပြီး နှစ်အနည်းငယ်အတွင်း ကနဦးခရစ်ယာန်များက ခရစ်တော်၌ ရှိခြင်းအကြောင်းကို

သဘာဝကျကျပြောဆိုနေကြခြင်းသည် ထူးခြား၍အလွယ်တကူသတိပြုမိနိုင်သည့်အရာဖြစ်

သည်။ သူတို့သည် အစောဆုံးကာလကတည်းကစ၍ ယေရှုသည် မည်သူမည်ဝါဖြစ်ကြောင်းကို

သိရှိနေကြပြီဖြစ်ကြောင်း ゞင်းအချက်ကပြသနေသည်။

သို့သော် ကျွန်ုပ်တို့အားလုံးအတွက် ညီတူညီမျှအရေးကြီး၍ လက်တွေ့ကျကာ တစ်ဦးချင်း

စီနှင့်ဆိုင်သောမေးခွန်းမှာ ကျွန်ုပ်သည် ခရစ်တော်၌ရှိနေပါရဲ့လား ဆိုသည့်မေးခွန်းဖြစ်

သည်။ ခရစ်တော်၌ရှိသောယုံကြည်သူအားလုံးက မိမိသည် ခရစ်တော်၌ရှိနေကြောင်းကိုသိကြ

သည်။ နောဧနှင့်သူ၏မိသားစုသည် မိမိတို့ သင်္ဘောထဲရှိလျက် ဘေးလွတ်လုံခြုံမှုရှိကြကြောင်း

သိကြသကဲ့သို့ ယုံကြည်သူအားလုံးက မိမိသည် မိမိ၏ကိုယ်ပိုင်ဖြောင့်မတ်ခြင်း၊ ပညတ်ချက်

များလိုက်လျှောက်ခြင်းတို့ကြောင့်မဟုတ်ဘဲ ခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် (ဖိ၊ ၃း၉)

ခရစ်တော်၌ ရှိလျက် ထာဝရကယ်တင်ခြင်းကိုခံရ၍ ဘေးလွတ်လုံခြုံလျက်ရှိကြောင်း အလို

အလျောက်သိကြသည်။ သို့သော် လူတစ်ဦးသည် ခရစ်တော်၌ရှိခြင်းသည်ဘာကိုဆိုလိုကြောင်း

တွေ့ကြုံခံစားရခြင်းမရှိဘဲ သာမာန်ခရစ်ယာန်တစ်ဦးဖြစ်နိုင်သည့်အခြေအနေမျိုးလည်း ရှိပါ

သည်။ ထို့ကြောင့် ကျွန်ုပ်သည် ခရစ်တော်၌ရှိပါသလားဟု မိမိကိုယ်ကို တည့်တည့်မေးရန်

လိုအပ်ပါသည်။

လူတစ်ဦး မည်သည့်နည်းဖြင့် ခရစ်တော်၌ ရှိနိုင်မည်နည်း။

ခရစ်တော်ကို ရိုးရိုးလေးယုံကြည်ခြင်းအားဖြင့် ခရစ်တော်၌ ရှိနိုင်ပါသည်။ ဤဆု

တောင်းချက်ထဲတွင် ကိုယ်တော်ကတိတိကျကျရည်ညွှန်းသောသူများဖြစ်ကြသည်။ ခရစ်တော်၌ရှိခြင်း

သည် အဆင့်မြင့်သည့်အထူးသန့်ရှင်းသောခရစ်ယာန်များအတွက် စီစဉ်ထားသောအရာ

မဟုတ်ပါ။ ယုံကြည်သူအားလုံးသည် စစ်မှန်သောနောင်တနှင့်ယုံကြည်ခြင်းအားဖြင့် ခရစ်တော်ထံ

မိမိကိုယ်ကို ယုံကြည်အပ်နှံသည့်တခဏချင်းတွင်ပင် ခရစ်တော်၌ ရှိနေကြပြီဖြစ်သည်။

သူတို့ကို ခရစ်တော်၌တည်စေသောသူမှာ ဘုရားသခင်ပင်ဖြစ်တော်မူသည်။ ထို့ကြောင့် ရှင်ပေါ

လုက”ထိုဘုရားသခင်အားဖြင့် သင်တို့သည် ယေရှုခရစ်၌ တည်နေကြ၏။ ထိုသခင်မူကား၊ ဘုရားသခင် စီရင်တော်မူသည်အတိုင်း၊ ငါတို့၌ ပညာမှစ၍ ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း၊ ရွေးနုတ်ခြင်းဖြစ်တော်မူ၏။”ဟု ဖော်ပြထားသည် (၁ကော ၁း၃၀)။

 ယုံကြည်သူအားလုံးသည် ခရစ်တော်

ထံ မိမိကိုယ်ကို ယုံကြည်အပ်နှံသည့်တခဏချင်းတွင် ခရစ်တော်၌သာရှိကြသည်မဟုတ်၊ သူတို့

အားလုံးသည် ခရစ်တော်၌အတူတူဖြစ်သွားကြသည်။ အတိုင်းအတာပမာဏနှင့်မဆိုင်ပါ။ ခရစ်

တော်၌ မည်သူမျှ အခြားသူတစ်ဦးထက် ပမာဏပိုမိုကြီးမြတ်ခြင်းမရှိပါ။ ထို့ပြင် ကယ်တင်ခြင်း

အတွက် ခရစ်တော်၌ရှိခြင်းက အခြားသောထူးခြားမှုအားလုံးကို ဖယ်ရှားလိုက်ပါသည်။ “

ယေရှုခရစ်၌ ယုဒလူမရှိ၊ ဟေလသလူမရှိ၊ ကျွန်မရှိ။ လူလွတ်မရှိ၊ ယောက်ျားမရှိ၊ မိန်းမမရှိ၊ ထိုသခင်၌ သင်တို့အပေါင်းသည် တစ်လုံးတစ်ဝတည်း ဖြစ်ကြ၏။” (ဂလာတိ ၃း၂၈)။

နှုတ်ကပတ်တော်ကိုယုံကြည်စိတ်ချစေသောသက်သေအထောက်အထား

ကိုယ်တော်သည် ခမည်းတော်အား မိမိအပေါ်ယုံကြည်သောသူအားလုံးတို့ကို တစ်လုံးတစ်

ဝတည်းဖြစ်စေတော်မူရန် တောင်းဆိုတော်မူရာတွင် အခြားသောရည်ရွယ်ချက်လည်းရှိပါ

သည်။ ယခု သေချာထင်ရှားနေသည့်အချက်မှာ သခင်ဘုရား

မိန့်တော်မူသောသော တစ်လုံးတစ်ဝတည်းဖြစ်ခြင်းသည် ယုံကြည်သူအားလုံး ကိုယ်တော်၌

လည်းကောင်း၊ ခမည်းတော်၌လည်းကောင်း ရှိနေခြင်းအားဖြင့်ဖြစ်ပေါ်လာသော တစ်လုံးတစ်ဝ

တည်းဖြစ်ခြင်းဖြစ်သည်။ ရာစုနှစ်များအတွင်း ခရစ်ယာန်လောက၌ပေါ်ထွန်းလာသောအဖွဲ့အ

စည်းအကြီးအငယ်တို့ကို ခရစ်တော်ကရည်ညွှန်းနေသည်မဟုတ်။ ခရစ်ယာန်လောကတွင်

ကြီးမားကြံ့ခိုင်သည့် အဖွဲ့အစည်း အကြီးအသေးအမျိုးမျိုး အချိန်အခါအလိုက် နေရာဒေသ

အလိုက် ပေါ်ပေါက်လာမည်သေချာသည်။ မတ်စ်ကွန်မြူနစ်ဝါဒက အခြားသော သွေဖည်မှု

သို့မဟုတ် ပြန်လည်ပြင်ဆင်ရေးတို့ကို ဖိနှိပ်လျက် အသိတရားပိုင်းအားဖြင့်လည်းကောင်း၊ ရုပ်

ပိုင်းဆိုင်ရာအားဖြင့်လည်းကောင်း အတင်းအကျပ်လုပ်ဆောင်လျက် ကြီးမားသည့်အဖွဲ့အစည်း

ဆိုင်ရာစည်းလုံးညီညွှတ်မှုကို တည်ဆောက်ခဲ့သည်။ သို့သော် ထိုညီညွတ်မှုက မတ်စ်သည်

ဘုရားသခင်စေလွှတ်သောပုဂ္ဂိုလ်ဖြစ်သည်ဟု သက်သေမပြပါ။ သို့မဟုတ် သူ၏သွန်သင်မှုသည်

မှန်ကန်သည်ဟုလည်း သက်သေမထူပါ။

ကမ္ဘာလောကအသိအမှတ်ပြုရန်အတွက် သခင်ဘုရားကြံစည်သောအရာမှာ လူတို့သည်

စစ်မှန်သည့်ခရစ်ယာန်များ(လူဆင်းရဲ၊ လူချမ်းသာ၊ ပညာတတ်၊ ပညာမဲ့)နှင့် တစ်ဦးချင်း

ထိတွေ့လျက် သတိထားမိလာသည့်အခါ သူတို့တွင် ]]ခရစ်တော်သည် သူတို့အတွက် အစစ်

အမှန်ဖြစ်တော်မူသည်}}ဆိုသည့် တူညီ၍ သိသာထင်ရှားသည့်အချက်ရှိနေကြောင်းကို သိရှိ

သွားရန်ပင် ဖြစ်သည်။ သူတို့သည် ယေရှုအကြောင်းပြောဆိုသည့်အခါ သမိုင်းတွင် စံတင်ထိုက်

သူသက်သက်အဖြစ် ပြောဆိုခြင်းမပြုကြသကဲ့သို့ ဝေးလံသည့် ကောင်းကင်တွင်ရှိနေသော

ပုဂ္ဂိုလ်သက်သက်အဖြစ်လည်း မပြောဆိုကြပေ။ ခရစ်တော်အကြောင်း သူတို့ပြောဆိုသည့်အခါ

ကလေးငယ်က မိဘများကို သိသကဲ့သို့ ခရစ်တော်ကိုသိကျွမ်းကြောင်းပြောဆိုကြသည်။

 သူတို့

သည် ခရစ်တော်၌လည်းကောင်း၊ ခမည်းတော်ဘုရားသခင်၌ လည်းကောင်း ရှိနေကြ

ကြောင်း သူတို့ပြောဆိုကြမည်ဖြစ်သည်။ သူတို့သည် မည်သည့်ဂိုဏ်းဂဏမှပင်ဖြစ်ဖြစ်

ကယ်တင်ခြင်းရရန် အသင်းတော်ထဲဝင်သည်ဟုပြောကြမည်မဟုတ်။ သူတို့အသင်းတော်

သာလျှင် စစ်မှန်သည့်တစ်ခုတည်းသောအသင်းတော်ဖြစ်သည်ဟုလည်း ပြောကြမည်မဟုတ်။

ကယ်တင်ခြင်းအတွက်ဆိုလျှင် ခရစ်တော်အကြောင်းကိုသာ သူတို့ဟောပြောကြမည်ဖြစ်သည်။

သူတို့အတွက် ခရစ်တော်သည် အလုံးစုံ၏အလုံးစုံဖြစ်သည်။ သူတို့သည် သွန်သင်မှုများကို

ဟောပြောသွန်သင်ကြမည်မှန်ပါသည်။ သို့သော် ထိုသွန်သင်မှုများကိုယ်တိုင်က ကယ်တင်ခြင်း

သည် သွန်သင်မှုများအားဖြင့်မဟုတ်ဘဲ ခရစ်တော်အားဖြင့်သာဖြစ်ကြောင်း ဖော်ပြကြမည်

ဖြစ်သည်။

ကျွန်ုပ်တို့တစ်ဦးစီတို့သည် ကြားခံတစ်ခုခုထံသို့မဟုတ်ဘဲ ခရစ်တော်ကို ယုံကြည်

လျက်၊ ကိုယ်တော်ကိုလက်ခံလျက်၊ ကိုယ်တော်၏လက်ခံခြင်းကိုလည်းရရှိလျက် ကိုယ်တိုင်ထံသို့

တိုက်ရိုက်လာ၍ သိုးစုထဲသို့ဝင်သောသိုးကဲ့သို့ ကိုယ်တော်ကိုတံခါးအဖြစ်ဖြတ်လျက် ကယ်တင်

ခြင်းထဲသို့ရောက်ရှိကာ ကိုယ်တော်နှင့်အတူ အစဉ်မပြတ်ရှိကြမည်ဖြစ်သည်။ လူတို့သည် ထို

အချက်ကိုသိမြင်ပြီးမှသာ ခရစ်ယာန်အသင်းတော်တစ်ပါးပါးသို့ဝင်ရောက်သင့်ပါသည်။

ထိမိ၍လဲစရာဖြစ်သည့်ဂိုဏ်းဂဏဆိုင်ရာအမှတ်လက္ခဏာများ

ဂိုဏ်းဂဏအမှတ်လက္ခဏာများက စစ်မှန်သောယုံကြည်သူများတွင်ရှိသည့် စည်းလုံး

ညီညွတ်ခြင်းအတွက် မကြာခဏအတားအဆီးဖြစ်နေခြင်းသည် စိတ်မကောင်းဖွယ်ဖြစ်သည်။

ခရစ်ယာန်များသည် အကြောင်းတစ်စုံတစ်ခုကြောင့် ထူးခြားသောအမှတ်လက္ခဏာများနှင့်ဆ်ိုင်

သည့်အခင်းအကျင်းအောက်တွင် အများရှေ့၌ မိမိတို့ကိုယ်ကို ကြော်ငြာရန်အတွက် မတော်

လျှော်သော (ကျမ်းစာနှင့်မညီသော) ယိမ်းယိုင်မှုများပြုမိတတ်ကြသည်။ သူတို့အသင်းတော်

များကို (၁ ကော ၁-၄ ကို ဖီဆန်လျက်)တိုင်းပြည် သို့မဟုတ် မြို့ပြနာမည်၊ထင်ရှားသည့်ခရစ်

ယာန်ခေါင်းဆောင်တစ်ဦးဦး၏နာမည်၊ ခရစ်ယာန်သွန်သင်မှု သို့မဟုတ် ကျင့်ထုံးတစ်ခုခု၏

နာမည်၊ အသင်းတော်အုပ်ချုပ်မှုပုံစံ သို့မဟုတ် နည်းစနစ်၏နာမည်ကိုယူ၍ မှည့်ခေါ်တတ်ကြ

သည်။ တစ်ခါတစ်ရံလည်း အခြားဂိုဏ်းဂဏများနှင့်မတူညီသည့်နာမည်ကိုယူလျက် ခရစ်တော်

၏နာမကိုယူလျက် မှည့်ခေါ်သည့်အခါလည်းရှိသည်။ ဤကား ကြားရမကောင်းသောသတင်း

ဖြစ်၍ ခရစ်တော်ကိုမလေးမစားပြုခြင်းလည်းဖြစ်သောကြောင့် နေရာတိုင်း ခရစ်ယာန်တိုင်း

အချိန်မဆွဲဘဲ နောင်တရသင့်သောအရာဖြစ်သည်။

ထိုမကောင်းသတင်းရှိသော်လည်း စစ်မှန်သောယုံကြည်သူများသည် (မည်သည့်ဂိုဏ်းဂဏ

၌ပင်ပါဝင်ပါဝင်) ခရစ်တော်၌ရှိခြင်းဖြင့်၊ ခမည်းတော်၌ရှိခြင်းအားဖြင့် တစ်လုံးတစ်ဝတည်းရှိ

နေကြဆဲဖြစ်သည်။ ထိုညီညွတ်မှုကို ဖြိုဖျက်၍မရနိုင်ပေ။ ဤအချက်က ခရစ်တော်သည် လူတို့

၏ကယ်တင်ခြင်းအတွက် ဘုရားသခင်စေလွှတ်တော်မူသော အသက်ရှင်တော်မူသည့်သခင်

ဘုရားဖြစ်ကြောင်း လောကကို တွေ့မြင်စေသည်။

ကူညီထောက်မမှု

“ငါတို့သည် တစ်လုံးတစ်ဝတည်းဖြစ်သကဲ့သို့၊ အကျွန်ုပ်သည် သူတို့၌ရှိ၍၊

ကိုယ်တော်သည်လည်း၊ အကျွန်ုပ်၌ ရှိတော်မူသောအားဖြင့် သူတို့သည် တစ်လုံးတစ်ဝတည်းဖြစ်၍၊ တစ်လုံးတစ်ဝတည်း၌ စုံလင်စေခြင်းငှာလည်းကောင်း၊ ကိုယ်တော်သည် အကျွန်ုပ်ကိုစေလွှတ်တော်မူကြောင်းနှင့် အကျွန်ုပ်ကို ချစ်တော်မူသကဲ့သို့ သူတို့ကိုလည်း ချစ်တော်မူကြောင်းကို လောကီသားတို့သည် သိစေခြင်းငှာလည်းကောင်း၊ ကိုယ်တော်သည် အကျွန်ုပ်အားပေးတော်မူသော ဘုန်းအသရေကို အကျွန်ုပ်သည်သူတို့အား ပေးပါပြီ။” (ယော ၁၇း၂၂-၂၃)။

 

အပေါ်ယုံ ကြည်လျှင်

ဤကူညီထောက်မမှုသည် ယခင်ကတောင်းလျှောက်ပြီးသားကို ထပ်

မံတောင်းလျှောက်ခြင်းဖြစ်သည်ဟု ထင်မိစရာရှိပါသည်။ သို့သော် တူညီမှုများရှိသော်လည်း

ထင်ရှားသည့်ခြားနားမှုများလည်းရှိသည်။

ပထမအနေဖြင့် ခရစ်တော်က သူတို့တစ်ခုတည်းဖြစ်ခြင်း၏ရိုးရှင်းမှုကိုမဖော်ပြတော့ဘဲ

တစ်လုံးတစ်ဝတည်း၌စုံလင်ကြခြင်းအကြောင်း မိန့်တော်မူသည်။ ဖွဲ့ဖြိုးတိုးတက်မှုရှိနိုင်သော

တစ်လုံးတစ်ဝတည်းဖြစ်ခြင်းဖြစ်သည်။

ဒုတိယအနေဖြင့် ဤနေရာတွင် ယုံကြည်သူများ ခရစ်တော်၌ရှိခြင်းနှင့် ခမည်းတော်၌ရှိ

ခြင်းတို့အကြောင်းကို ကိုယ်တော်မပြောတော့ဘဲ ကိုယ်တော်ကိုယ်တိုင် ယုံကြည်သူများ၌ရှိ

တော်မူခြင်း၊ ခမည်းတော်သည် မိမိ၌ရှိတော်မူခြင်းအားဖြင့် ယုံကြည်သူများ၌ရှိ

တော်မူခြင်းအကြောင်းကို မိန့်တော်မူသည်။

နှစ်ခုလုံးတို့သည် စစ်မှန်သောယုံကြည်သူများအတွက် တပြိုင်တည်းမှန်ကန်ပါသည်။ ယုံ

ကြည်သူသည် ခရစ်တော်၌ရှိ၍ ခရစ်တော်သည် ယုံကြည်သူ၌ရှိတော်မူသည် ( ကော ၁း၂၇၊

၂ကော ၁၃း၅ ကိုကြည့်ပါ)။ ငါးတစ်ကောင်သည် အသက်ရှင်နိုင်ရေးအတွက် ရေထဲတွင်ရှိရပြီး

ရေသည် သူ့အထဲတွင်လည်း ရှိသည်။ လူတစ်ဦးသည် ရုပ်ခန္ဓာဖြင့်အသက်ရှင်ရန်အတွက်

လေထဲတွင်ရှိရမည်ဖြစ်သကဲ့သို့ တစ်ချိန်တည်းတွင်ပင် လေသည် သူ့အထဲတွင်ရှိနေသည်။ ဤ

အခြေအနေနှစ်ရပ်အနက် တစ်ရပ်တည်းသာဖြစ်နေလျှင် အသက်ရှင်မှုမရှိနိုင်ပေ။ ထို့ကြောင့်

ယုံကြည်သူတစ်ဦး၏ ထာဝရဝိညာဉ်အသက်သည် ခရစ်တော်၌သူရှိနေခြင်းနှင့် တစ်ချိန်တည်း

တွင် သူ၌ခရစ်တော်ရှိနေခြင်းတို့အပေါ် မူတည်နေသည်။

တတိယအနေဖြင့် ဤနေရာတွင် ခရစ်တော်က ဤအမှုအရာဖြစ်ပေါ်လာအောင် သူလုပ်

ဆောင်ပြီးစီးခဲ့သောအရာကို ဖော်ပြသည်။ ခမည်းတော်က သားတော်ကိုပေးအပ်ခဲ့

သည့်ဘုန်းအသရေသည် သူ့အထဲတွင်ကိန်းဝပ်နေသောဘုန်းအသရေဖြစ်သည်(၁၄း၁၀)။ ယခု

သခင်ဘုရားက ကြွလာလျက် မိမိလူတစ်ဦးစီ၏အထဲ၌ကိန်းဝပ်တော်မူခြင်းဖြစ်သည့်

မိမိ၏ဖြေရှင်းချက် ပေးပါပြီ အတိတ်ကာလကိုသုံးသည်)ကို ကြေညာတော်မူသည်။

ခမည်းတော်သည် သူ၌ကိန်းဝပ်တော်မူသည်ဖြစ်၍ သခင်ယေရှုသည် မိမိလူတို့၌ကိန်းဝပ်တော်

မူသောအခါ ခမည်းတော်သည်လည်း သူတို့၌ကိန်းဝပ်တော်မူသည်။

သို့သော် စတုတ္ထအနေဖြင့် အရေးကြီးသောခြားနားမှုတစ်ခုကို ကျွန်ုပ်တို့သတိပြုမိရန်လို

သည်။ ယုံကြည်သူအားလုံးသည် ခရစ်တော်၌ရှိ၍ ၄င်းသည် အတိုင်းအတာပမာဏနှင့်ဆိုင်

သောကိစ္စမဟုတ်၊ ပိုနည်းသည် ပိုများသည်ဟူ၍မရှိ၊ ကိုယ်တော်၌ အားလုံးသည် ညီတူညီမျှ

ရှိကြသည်။ ထိုနည်းတူ ခရစ်တော်သည်လည်း ယုံကြည်သူအားလုံး၌ ရှိတော်မူသည်။

 သို့သော်

ဤအချက်တွင် အတိုင်းအတာပမာဏကွာခြားမှုရှိလာသည်။ ကိုယ်တော်သည် အချို့သောမိမိ

လူတို့တွင် ပိုမိုပြည့်ဝစွာ ပိုမိုကျယ်ပြန့်စွာကိန်းဝပ်တော်မူသည်။ င်းဖြစ်ရပ်သည် အိမ်တစ်အိမ်

နှင့်တူသည်။ အိမ်တစ်အိမ်ကိုပိုင်ဆိုင်သော အိမ်ပိုင်ရှင်က သူ့အိမ်၌နေထိုင်ရန် သင့်ကိုဖိတ်ခေါ်

သည်။ သင်ရောက်သွားသောအခါ သင့်အား အခန်းတစ်ခန်းတွင်နေထိုင်စေလျက် ကျန်အခန်း

များကို သူပိတ်ထားနိုင်သည်။ သို့မဟုတ် အခန်းနှစ်ခန်းကို သင့်အားအသုံးပြုခွင့်ပေးနိုင်သည်။

သို့မဟုတ် အခန်းသုံးခန်းကို သင့်အားအသုံးပြုခွင့်ပေးနိုင်သည်။ ခရစ်တော်သည် မိမိလူအား

လုံး၌ကိန်းဝပ်တော်မူသည်။ သို့သော် တစ်ခါတစ်ရံ ကျွန်ုပ်တို့၏စိတ်နှလုံးသည် အခြားအရာ

များနှင့်ပြည့်နေပြီး ခရစ်တော်အတွက် နေရာမရှိဖြစ်နေတတ်သည်။ တစ်ခါတစ်ရံလည်း

ခရစ်တော်ရှေ့၌ အချို့အခန်းများကို တံခါးပိတ်ထားတတ်ကြသည်။ ထို့ကြောင့် ရှင်ပေါလုက

မိမိအားဖြင့် ပြောင်းလဲလာသောသူတို့အတွက် ဆုတောင်းပေးသည့်အခါ သူတို့စိတ်နှလုံးထဲ၌

ခရစ်တော် နေရာကောင်းကောင်းရရှိရန်အတွက် သူတို့ကိုခွန်အားပေးတော်မူရန် ဆုတောင်း

ပေးလေ့ရှိသည်ကိုတွေ့ရသည်။ သူ၏ဆုတောင်းချက်မှာ ဤသို့ဖြစ်၍ ကျွန်ုပ်တို့လည်း မိမိတို့

အတွက် ဤအတိုင်းဆုတောင်းနိုင်ပါသည်။

“အထက်ဆိုခဲ့ပြီးသော အကြောင်းကြောင့်၊ ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာရှိသော တစ်အိမ်ထောင်လုံး တည်းဟူသော သားတော်အပေါင်းတို့၏ အချုပ်အခြာဖြစ်တော်မူသော၊

ငါတို့ သခင်ယေရှုခရစ်၏ ခမည်းတော်ရှေ့မှာ ငါသည် ဒူးထောက်၍ ဆုတောင်းလေ့ရှိ၏။

ဆုတောင်းသောအချက်ဟူမူကား၊ ဝိညာဉ်တော်အားဖြင့် သင်တို့၏အတွင်းလူကို ခွန်အားနှင့် မြဲမြံခိုင်ခံ့စေ၍၊

ယုံကြည်ခြင်းအားဖြင့် ခရစ်တော်သည် သင်တို့၏ စိတ်နှလုံးအထဲ၌ ကျိန်းဝပ်တော်မူမည်အကြောင်း၊ ဘုန်းတော်ကြွယ်ဝပြည်စုံခြင်းနှင့် ညီလျော်စွာ သင်တို့အား ပေးတော်မူ၍၊ မေတ္တာ၌ စိုက်ပျိုးခြင်း၊ တိုက်မြစ်လည်းကျတည်ခြင်း ရှိသဖြင့်၊

သင်တို့သည် သန့်ရှင်းသူအပေါင်းတို့၏ နည်းတူ၊ အနံအလျား အနက်အမြင့်တို့ကို ပိုင်းခြား၍ သိခြင်းငှာလည်းကောင်း၊

ကိုယ်ဉာဏ်နှင့်မသိနိုင်သော ခရစ်တော်၏ မေတ္တာတော်ကို သိနားလည်ခြင်းငှာလည်းကောင်း၊ သင်တို့သည် တတ်စွမ်းနိုင်သဖြင့် ဘုရားသခင်၏ ပြည်စုံတော်မူခြင်း ရှိသမျှနှင့်အညီ ပြည့်စုံကြပါမည်အကြောင်း၊ ငါသည် ဆုတောင်းလေ့ရှိ၏။

ငါတို့၌ ပြုပြင်သောတန်ခိုးတော်အတိုင်း၊ ငါတို့ တောင်းပန်ကြံစည်သမျှထက် အလွန်ထူးခြားစွာ ပြုခြင်းငှာ တတ်နိုင်တော်မူသော ဘုရားသခင်သည်၊

ယေရှုခရစ်အားဖြင့် အသင်းတော်၌ ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်။” (ဧဖက် ၃း၁၄-၂၁)။

ထို့ကြောင့် ခရစ်တော်သည် ကျွန်ုပ်တို့စိတ်နှလုံး၌ ပိုမိုပြည့်ဝစွာကိန်းဝပ်လာသည်နှင့်အမျှ

ကျွန်ုပ်တို့သည် အခြားသောယုံကြည်သူများနှင့်တစ်လုံးတစ်ဝတည်းဖြစ်ခြင်း၌ ပိုမိုနက်ရှိုင်းစွာ

ဝမ်းမြောက်လာနိုင်ကြသည်ကို ကျွန်ုပ်တို့တွေ့ကြုံခံစားလာရမည်ဖြစ်ပြီး ကျွန်ုပ်တို့သည်

တစ်လုံးတစ်ဝတည်း၌စုံလင် လာကြမည်ဖြစ်သည်။

နောက်ဆုံးအနေဖြင့် ဤဖြစ်စဉ်သည် ဖွဲ့ဖြိုးတိုးတက်မှုရှိ၍ ကျွန်ုပ်တို့စိတ်နှလုံးထဲ၌ ဘုရား

သခင်ချစ်သောချစ်ခြင်းမေတ္တာတော်ကို ပိုပိုနက်ရှိုင်းစွာခံစားလာကာ ဘုရားသခင်သည် သား

တော်ကိုချစ်သည့်ပုံစံအတိုင်း၊ သားတော်ကိုချစ်သည့်ပမာဏအတိုင်း ကျွန်ုပ်တို့ကိုချစ်တော်မူ

ကြောင်း ကျွန်ုပ်တို့သိလာမည်ဖြစ်သည်။ ထိုအခါ ချစ်ခြင်းမေတ္တာမဲ့သော၊ မျှော်လင့်ချက်မဲ့သော၊

မုန်းတီးမှုနှင့်ပြည့်သော၊ လုံခြုံမှုကင်းသော၊ ငြိမ်သက်ခြင်းကင်းသော ဤလောကတွင်ရှိနေကြ

သည့်လူတို့သည် ထိုအခြေအနေကို သတိထားမိလာကြပြီး ကျွန်ုပ်တို့ခံစားရသော ဝမ်းမြောက်

ခြင်း၊ ငြိမ်သက်ခြင်း၊ လုံခြုံခြင်းတို့သည် ကျွန်ုပ်တို့၏ကိုယ်ပိုင်ကောင်းမှုကုသိုလ်နှင့်ကျွန်ုပ်

တို့၏ကိုယ်ပိုင်စွမ်းရည်တို့ထဲမှထွက်ပေါ်လာသောအရာများမဟုတ်သကဲ့သို့ ကျွန်ုပ်တို့ကြုံတွေ့

ရသည့်အခြေအနေများတွင်လည်းမူမတည်ဘဲ ကျွန်ုပ်တို့အထဲ၌ ခရစ်တော်ကိန်းဝပ်တော်မူခြင်း

နှင့် ဘုရားသခင်၏ချစ်ခြင်းမေတ္တာကိုခံစားရခြင်းတို့ကြောင့် ဖြစ်ပေါ်လာသောအရာများ

ဖြစ်ကြောင်းကို သိမြင်လာကြမည်ဖြစ်သည်။

(၁၃)ဘုန်းတော်နှင့်ပြည့်စုံသောအိမ်တော်သို့

ဦးတည်နေကြသည့်လူသားအားလုံးအတွက် သားတော်ဆုတောင်းခြင်း

“ငါတို့သည် တစ်လုံးတစ်ဝတည်းဖြစ်သကဲ့သို့၊ အကျွန်ုပ်သည် သူတို့၌ရှိ၍၊

ကိုယ်တော်သည်လည်း၊ အကျွန်ုပ်၌ ရှိတော်မူသောအားဖြင့် သူတို့သည် တစ်လုံးတစ်ဝတည်းဖြစ်၍၊ တစ်လုံးတစ်ဝတည်း၌ စုံလင်စေခြင်းငှာလည်းကောင်း၊ ကိုယ်တော်သည် အကျွန်ုပ်ကိုစေလွှတ်တော်မူကြောင်းနှင့် အကျွန်ုပ်ကို ချစ်တော်မူသကဲ့သို့ သူတို့ကိုလည်း ချစ်တော်မူကြောင်းကို လောကီသားတို့သည် သိစေခြင်းငှာလည်းကောင်း၊ ကိုယ်တော်သည် အကျွန်ုပ်အားပေးတော်မူသော ဘုန်းအသရေကို အကျွန်ုပ်သည်သူတို့အား ပေးပါပြီ။” (ယော ၁၇း၂၂-၂၃)

သခင်ယေရှုသည် မိမိ၏ဆုတောင်းချက်များထဲတွင် တပည့်တော်များအတွက်နှင့် သူတို့

၏သန့်ရှင်းစင်ကြယ်ခြင်းဖြစ်စဉ်၏တိုးတက်မှုတို့အတွက် လက်တွေ့ကျသည့်အဆင့်များဖြင့်

စီကာစဉ်ကာဆုတောင်းပေးတော်မူခဲ့သည်။ ကိုယ်တော်က သူတို့၏ဝိညာဉ်ရေးခရီးလမ်း

အစပိုင်းတွင် သူတို့ကို ယုံကြည်ခြင်းဆီသို့ပို့ဆောင်တော်မူလျက် ပြုစုပျိုးထောင်ပေးကာ

သူတို့နှင့်အတူရှိ၍ ရုပ်ခန္ဓာဖြင့်အမှုတော်လုပ်ငန်းများလုပ်ဆောင်နေစဉ် သူတို့၏ယုံကြည်

ခြင်းကို ကြီးထွားစေတော်မူခဲ့သည်။ ထို့နောက် သူတို့နှင့်အတူမရှိသည့်အချိန်တွင် သူတို့၏

ယုံကြည်ခြင်းဆက်လက်ရှင်သန်ခိုင်မြဲနေရန်အတွက် ကိုယ်တော်ဆုတောင်းပေးခဲ့သည်။ ထို့

နောက် လောက၌သူတို့ထမ်းဆောင်ရမည့်တာဝန်ဝတ္တရားနှင့် သန့်ရှင်းစင်ကြယ်ခြင်းဖြစ်စဉ်

တွင် ဆက်လက်တိုးတက်နေရန်လိုအပ်သည့် သူတို့၏လိုအပ်ချက်အတွက် စုံလင်စွာ ဆု

တောင်းပေးတော်မူခဲ့သည်။ ပြီးသည့်အခါ သူတို့ဟောပြောသည့်စကားများအားဖြင့် ရာစု

နှစ်များတစ်လျှောက် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ယုံကြည်ပြောင်းလဲလာကြသည့် အထိ

သူတို့သက်သေခံသော သက်သေခံချက်၏ထိရောက်မှုအတွက် ဆုတောင်းပေးတော်မူသည်။

ထို့နောက် ယခုအခါတွင် သူ့ဆုတောင်းချက်များ၏အဆုံးပိုင်းရောက်လာသည်နှင့် အညီ

မိမိလူအားလုံးတို့သည် သူတို့၏ပြည့်စုံသောသန့်ရှင်းစင်ကြယ်ခြင်းဖြင့် မိမိ၏ထာဝရ

ဘုန်းတော်ထဲသို့ ရောက်ရှိလာကြမည့် ကြီးမြတ်သောပြီးမြောက်ပြည့်စုံခြင်းကို လှမ်း၍

ကြည့်တော်မူသည်။ ထို့နောက် ထိုကြီးမြတ်သောပြီးမြောက်ပြည့်စုံခြင်းကို သေချာမှုရှိစေ

တော်မူရန်လည်း ဆုတောင်းတော်မူသည်။ သူတို့၌ကောင်းသောအမှုကို အစပြုတော်မူသော

အရှင်သည် ကောင်းစွာအဆုံးသတ်တော်မူမည်ဖြစ်သည်။ ကိုယ်တော်သည် မိမိ၏ဆုတောင်း

ခြင်းဖြင့်မပြည့်စုံစေနိုင်သောအရာကို ဟောပြောခြင်းဖြင့် အစပြုတော်မူခဲ့မည်မဟုတ်ပေ။

သန့်ရှင်းစင်ကြယ်ခြင်း၏ပြီးမြောက်ပြည့်စုံခြင်း

ထို့ကြောင့် ယခု ကိုယ်တော်သည် မိမိလူတို့၏အသက်တာတစ်လျှောက် တိုးတက်ဖြစ်

ပေါ်လာသော သန့်ရှင်းစင်ကြယ်ခြင်း၏ပြီးမြောက်ပြည့်စုံခြင်းအတွက် ဆုတောင်းပေးတော်

မူသည်။ ゞင်းကို ကိုယ်တော်က မည်ကဲ့သို့ဖော်ပြတော်မူကြောင်း သတိထားကြည့်ပါ။

ဆိုလိုရင်းက ထိုအတိုင်းဖြစ်သော်လည်း သူတို့ကိုကောင်းကင်သို့ဆောင်ယူတော်မူပါဟု ကိုယ်

တော်ဆုမတောင်းခဲ့ပါ။ အကျွန်ုပ်ရှိရာအရပ်၌ သူတို့ရှိစေရန် ဟူ ၍သာမဟုတ်ပါ။ ဘုရားမေတ္တာတော်သည် ဤအချက်ကို မှုန်မှုန်ဝါးဝါးချန်မထားခဲ့ပါ။ ကိုယ်တော်၏လူတစ်ဦးစီတို့သည် ကိုယ်တော်နှင့်ထာဝရအတူ မရှိနေသေးသရွေ့ ကိုယ်တော်၏ချစ်

ခြင်းမေတ္တာတော်သည် ကျေနပ်နိုင်မည်မဟုတ်ပေ။

ခရစ်ယာန်တစ်ဦးအတွက် ပြည့်စုံသောမှတ်ချက်မှာ သေအံ့ဆဲဆဲသူခိုးတစ်ဦးကို ကိုယ်

တော်မိန့်တော်မူခဲ့သည်။ ရှင်ပေါလုက “ကိုယ်ခန္ဓာနှင့် ကွာဝေးရာအရပ်သို့ သွား၍၊ သခင်ဘုရားထံတော်၌ နေမြဲနေခြင်းငှာ အလိုရှိလျက်၊ ရဲရင့်သောစိတ်နှင့်ပြည့်စုံကြ၏။” (၂ကော ၅း၈) ဟုဆိုပြီး အခြား

တစ်နေရာတွင် ” ထိုအကျိုးနှစ်ပါး၏အကြား၌ ငါသည်ယခု ကျဉ်းမြောင်းစွာ နေရ၏။ စုတေ့၍ ခရစ်တော်နှင့်အတူ နေခြင်းငှာ တောင့်တလိုချင်သောစိတ် ရှိ၏။ သာ၍ အလွန် ထူးမြတ်သောအကျိုးဖြစ်၏။” (ဖိ ၁း၂၃)ဟု ဖြည့်စွက်ခဲ့သည်။

တွဲဖက်ရည်ရွယ်ချက်

ခရစ်တော်သည် မိမိလူတို့ မိမိနှင့်အတူရှိနေကြမည့်အကြောင်း ဆုတောင်းရာတွင် တွဲဖက်ရည်ရွယ်ချက်တစ်ခုလည်းပါသည်။ ထိုဘုန်းတော်သည် ဆုတောင်းချက်၏အစပိုင်းတွင် ကိုယ်တော်ဖော်ပြသောဘုန်းတော်ဖြစ်လျက် လောကမတည်

မရှိမီကတည်းက ခမည်းတော်နှင့်အတူ ကိုယ်တောင်ပိုင်ဆိုင်တော်မူသောဘုန်းတော်ပင်ဖြစ်

သည် (၁၇း၅)။ ထိုဘုန်းတော်ကို ရှုမြင်ရရန် ယခုအချိန် ကျွန်ုပ်တို့အတွက် စဉ်းစား၍မမှီနိုင်

သော်လည်း ထိုဘုန်းတော်ကိုမြင်ရသည့်အခါ ယခု ကျွန်ုပ်တို့အတွက် မှုန်မှုန်ဝါးဝါးဖြစ်နေ

သောအရာကို ထင်ထင်ရှားရှားမြင်ရမည်ဖြစ်သည်။ ကိုယ်တော်သည် မိမိ၏ဆင်းရဲခြင်း

အားဖြင့် ကျွန်ုပ်တို့ကိုကြွယ်ဝစေတော်မူရန်အတွက် ကျွန်ုပ်တို့၏အကျိုးအတွက် မိမိ၏ထို

ဘုန်းစည်းစိမ်ကို စွန့်၍ လောကသို့ြွကလာတော်မူခဲ့သည် (၂ကော ၈း၉)။

သို့သော် ထိုဆုတောင်းချက်အားဖြင့် ကိုယ်တော်သည် ဖန်ဆင်းခြင်းမတိုင်မီကတည်းက

ရှိနှင့်သော မိမိ၏ဘုန်းတော်ကို ကျွန်ုပ်တို့အား တွေ့မြင်စေရန် ကျွန်ုပ်တို့ကိုခေါ်ဆောင်သွား

လျက် မိမိ၏ဦးတည်ချက်ကို အနည်းငယ်ပြောင်းလိုက်သည်။ ထိုဘုန်းတော်သည် ခမည်း

တော်က သူ့အပေါ်ထားရှိသည့်မေတ္တာ၏ထင်ရှားမှုနှင့်နက်ရှိုင်းမှုတို့ဖြစ်သည်။ ကျွန်ုပ်တို့သည်

ထိုဘုန်းတော်ကိုမြင်ရခြင်းအားဖြင့် သားတော်အပေါ်ခမည်းတော်ထားရှိသော အနန္တမေတ္တာ

တော်၏နက်ရှိုင်းမှုကို သိမြင်နိုင်ရန်အတွက် ထိုဘုန်းတော်ထံသို့ ကျွန်ုပ်တို့ကိုခေါ်ဆောင်သွား

ရမည်ဖြစ်သည်။ သို့သော် ကိုယ်တော်သည် မိမိစိတ်နှလုံးထဲစဉ်းစားထားသောအရာ၏

အထွဋ်အထိပ်ကို မဖော်ပြမီ လေးနက်တည်ကြည်သောမှတ်ချက်တစ်ခုကို ကြားဖြတ်ဖော်ပြ

ခဲ့သည် ။အလွန်ဝမ်းနည်းစရာကောင်းသော မသိရှိမှုဖြစ်သည်။

 လောကသည် ဘုရားသခင်နှင့်ကင်းကွာခြင်း၊ ဘုရားကို မအားကိုးဘဲ ပုန်ကန်ကာ သားတော်ကိုလည်းမသိ၊ ဘုရားသခင်၏သင်ကြားပေး

ခြင်းကိုခံယူနိုင်ရန် နှိမ့်ချခြင်းလည်းမရှိပေ။ ထို့ကြောင့် သူတို့ကို ဖော်ပြသောဘုရားသခင်၏

ချစ်ခြင်းမေတ္တာတော်နှင့် သားတော်၏ချစ်ခြင်းမေတ္တာတော်တို့ကို မရရှိနိုင်ချေ။ ဘုရားသခင်

၏သားတော်ကို လက်ဝါးကပ်တိုင်ပေါ်၌သာ အရှက်ခွဲလျက် စွန့်ပစ်ကြသည်။ ယခု ဘုရား

သခင်၏တရားမျှတမှုအရ သူတို့သည်

ဖန်ဆင်းခြင်းနှင့်ရွေးနှုတ်ကယ်တင်ခြင်းဆိုင်ရာ

ကောင်းချီးမင်္ဂလာများကိုသာမက ဖန်ဆင်းရှင်နှင့်ရွေးနှုတ်ကယ်တင်သောအရှင်တို့နှင့် ပါဝင်

ပတ်သက်ခြင်းကိုလည်း သူတို့လက်လွှတ်ဆုံးရှုံးရတော့မည်ဖြစ်သည်။

သို့သော် ထိုသို့သောဝမ်းနည်းဖွယ်နောက်ခံအခြေအနေနှင့်ဆန့်ကျင်လျက် ပိုမိုနက်ရှိုင်း

သောကျေးဇူးတရားအားဖြင့် ကိုယ်တော်က ဆက်၍မြွက်ဆိုခဲ့သည်။

သို့သော် ထိုသူတို့မည်ကဲ့သို့ သိသွားကြသနည်းဟု မေးစရာရှိပါသည်။ ထူးခြားသော

Óဏ်စွမ်းအားဖြင့်သိခြင်းမဟုတ်သကဲ့သို့ သူတို့၏ကောင်းမှုကုသိုလ်အားဖြင့်လည်း မဟုတ်

ကြောင်းသေချာသည်။ သူတို့သည် သခင်ဘုရားဖော်ပြသည့်အတိုင်း ကလေးငယ်များကဲ့သို့

သာဖြစ်ကြလျက် (လု ၁၀း၂၁-၂၄) ကလေးငယ်များ၏နေရာကိုယူရန် ပြင်ဆင်ခြင်းခံရသူ

များသာဖြစ်ကြသည်။ သူတို့ခံစားရသည့်ကယ်တင်ခြင်း၊ သူတို့၏ထာဝရအသက်နှင့် သူတို့၏

အစဉ်အမြဲတည်သောဘုန်းအသရေတို့သည် ထိုနာမတော်ကို သိခြင်းအပေါ်မူတည်၍ ထို

နာမကိုသိနိုင်သည့်အရည်အချင်းကို ဘုရားသခင်လည်းဖြစ်သော သူတို့၏ဆရာသမားက

သူတို့အား ပေးတော်မူသောကြောင့် သူတို့သည် ထိုနာမတော်ကိုသိနိုင်ကြခြင်းဖြစ်သည်။

ခရစ်တော်က မိန့်တော်မူသည်။

သားတော်ကိုယ်တိုင်သည် သူတို့ကို ဝိညာဉ်ရေးကလေးငယ်များကဲ့သို့ သူတို့ကိုသင်ကြားပေး ၍

ဘုရားသခင်၏မိသားစုမှ သားသမီးငယ်များအားလုံးနည်းတူ ခမည်းတော်ကို သူတို့သိကြ

သည် (၁ယော ၂း၁၃)။

သို့သော် ဘုရားသခင်၏ဂုဏ်အင်လက္ခဏာတည်းဟူသော ဘုရားသခင်၏နာမတော်၌

ဘုန်းစည်းစိမ်အနန္တရှိသည်။ ထို့ကြောင့် ဘုရားသခင်၏လူတို့သည် ဝိညာဉ်ရေး၌ အမြဲတမ်း

ကလေးငယ်များသာဖြစ်နေကြရန်မဟုတ်။ သူတို့သည် ဘုရားသခင်ကိုသိကျွမ်းခြင်းအရာ၌

ကြီးထွားလျက် ရင့်ကျက်သောသားသမီးများဖြစ်၍ ခမည်းတော်နှင့်သားတော်တို့ကို တိုး၍

တိုး၍သိနားလည်လာရမည်ဖြစ်သည်။ ထို့ကြောင့် ယခု အဆုံးပိုင်းတွင် သားတော်ကိုယ်တော်

တိုင်က ကတိပေးတော်မူသည်။

ထိုကတိတော်အတိုင်း ခရစ်တော်သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို အသုံးပြု

ခြင်းအားဖြင့်လည်းကောင်း၊ သူတို့၏ဘဝအတွေ့အကြုံများဖြင့် သူတို့ကိုလေ့ကျင့်သင်ကြား

ပေးခြင်းအားဖြင့်လည်းကောင်း မိမိလူတို့အား ခမည်းတော်၏နာမတော်ကို စဉ်ဆက်မပြတ်

သင်ကြားပေးတော်မူလျက်ရှိသည်။ လူအနည်းငယ်တို့သည် အတော်အတန်ပြည့်စုံမှုရှိသည့်

လူသားဖခင်၏သားသမီးဖြစ်ခွင့်ရကြသည်။ အချို့သောသူတို့မှာမူ မိဘများက (မရည်ရွယ်ဘဲ)

ဖခင်ဖြစ်ခြင်းကို လွဲမှားစွာဖော်ပြကြသောကြောင့် စိတ်ဒဏ်ရာများပင် ရရှိကြသည်။

ခရစ်တော်သည် ထိုကဲ့သို့သော မှားယွင်းသည့်ထင်မြင်ခံစားချက်များကို ပြုပြင်ပေးလျက်

ပြည့်စုံသော ဂရုစိုက်မှု၊ ပြုစုမှု၊ ကြင်နာသနားမှု၊ စိတ်ရှည်သည်းခံမှုနှင့် ခမည်းတော်၏

မေတ္တာတော်နှင့်ဆိုင်သောကရုဏာတို့ကို သူတို့၏စိတ်နှလုံးထဲ၌ သိရှိခံစားစေလျက်

ခမည်းတော်၏မေတ္တာသည် ကျွန်ုပ်တို့စိတ်ကူးကြည့်နိုင်သည့်အရာထက်ပင် ပိုမိုအံ့ဩဖွယ်

ကောင်းကြောင်း သူတို့ကိုသိစေရန်အတွက် သူတို့၏ဘဝတစ်သက်တာအထိပင် အချိန်ယူရ

နိုင်ပါသည်။ ထိုနည်းတူ ခမည်းတော်သည် မည်သည့်အဖိုးအခပင်ပေးရပေးရ မိမိလူတို့

၏သန့်ရှင်းစင်ကြယ်ခြင်းကို မိမိ၏သန့်ရှင်းစင်ကြယ်တော်မူခြင်းနှင့်ဟပ်စပ်နိုင်သည့်အထိ

တိုးတက်ကြီးထွားစေရန် အလိုရှိတော်မူကြောင်း (ဟေဗြဲ ၁၂း၅-၁၁) ကျွန်ုပ်တို့ကို သိရှိစေရန်

အတွက် ခရစ်တော်သည် အချိန်များစွာယူရန် လိုအပ်နိုင်ပါသည်။

သို့သော် ခရစ်တော်၏ဆုတောင်းချက်သည် အထွတ်အထိပ်သို့ရောက်လာနေပြီဖြစ်

သည်။ ကိုယ်တော်သည် နောက်ဆုံးတွင် မိမိလူတို့ကို မိမိရှိရာအရပ်၌ မိမိနှင့်အတူ ရှိစေရန်

အကြံအစည်ရှိတော်မူသည်။ ထိုအရပ်တွင် ကမ္ဘာမဖန်ဆင်းမီကတည်းက မိမိပိုင်ဆိုင်တော်မူ

သည့် မကုန်ခန်းနိုင်သောဘုန်းစည်းစိမ်ကို သူတို့အားမြင်တွေ့စေမည်ဖြစ်သည်။ ထိုသို့

အဆုံးမရှိပြသတော်မူခြင်းအားဖြင့် သူတို့သည် ခမည်းတော်ပေးတော်မူသောဘုန်းတော်၏

အနန္တကျယ်ပြောမှုကို နှစ်နှစ်ခြိုက်ခြိုက်စူးစမ်းရှာဖွေခြင်းအားဖြင့် သားတော်အပေါ်ထားရှိ

သောခမည်းတော်၏ချစ်ခြင်းမေတ္တာတော်ကို ပိုပို၍နားလည်သိရှိလာကြမည်ဖြစ်သည်။

သား

တော်အပေါ်ခမည်းတော်ထားရှိသောချစ်ခြင်းမေတ္တာအပေါ် သူတို့၏ကြည်ညိုမြတ်နိုးခြင်း

တေးသံ၏အထက်တွင် ခမည်းတော်၏နာမတော်ကိုထင်ရှားစေသော သားတော်၏အသံကို

ကြားရမည်ဖြစ်သည်။ ခမည်းတော်ဘုရားသခင်သည် သားတော်ကိုချစ်သည့်နည်းတူ သူတို့

ကိုလည်း သစ်လွင်ပြည့်ဝ၍ မကုန်ခန်းနိုင်သောမေတ္တာတော်ဖြင့် ချစ်တော်မူကြောင်းကို သူတို့

သိရသည့်အခါတိုင်း ပီတိဖြာလျက် အံ့ဩဝမ်းမြောက်မှုကို အထပ်ထပ်ခံစားကြရမည်ဖြစ်

သည်။ ထို့အပြင် ဘုရားသခင်၏ချစ်ခြင်းမေတ္တာတော်သည် သူတို့၌တည်၍ ဘုရားသခင်၏

သားတော်သည်လည်း သူတို့၌ထာဝရတည်တော်မူမည်ဖြစ်သည်။

 

Leave a Reply

Your email address will not be published. Required fields are marked *