သင့်အတွက် ဘုရားသခင်၏ ကျေးဇူးတော် GOD’S GRACE TO YOU

CHARLES H.SPURGEON

ဘာသာပြန်သူ – အက်ဖ်စီ ဘီထန်း

စာရေးဆရာ Charles H.Spurgeon

အဖုံးဒီဇိုင်း ချိုချိုသန်း

အုပ်ရေ ၁၀၀၀

ပထမအကြိမ်

တန်ဖိုး ၃၀၀၀ကျပ်

အက်ဖ်စီဘီထန်း – ဘာသာပြန်၊အခန်းဖွဲ့ – စာစီစာရိုက်၊ထုတ်ဝေသည်။

ဆက်သွယ်ရန်ဖုန်း-၀၉၄၂၀၀၇၉၀၁၈

အမှာစာ

ခရစ်ယာန်အမှုတော်ဆောင်လောက၏လေးစားထိုက်သောဓမ္မဆရာ Charles H. Spurgeon ကို ဝိညာဉ်စာပေချစ်မြတ်နိုးသူတိုင်း သိကြပေသည်။ သူရေးသားခဲ့သောစာအုပ်များကို ကျွန်တော်နှစ်သက်မြတ်နိုးပါသည်။ အခု “သင့်အတွက် ဘုရားသခင်၏ကျေးဇူးတော်” (God’s Grace

To You) စာအုပ်ကို ဆရာ အက်ဖ်စီ ဘီထန်း က ဘာသာပြန်ထုတ်ဝေမည်ဟု သိရသောအခါ ဝမ်းမြောက်ပါသည်။ယောဟန်ခရစ်ဝင်ကျမ်း ၁:၁၆-၁၇ ၌ ဖော်ပြထားသည့်အတိုင်းယနေ့ခေတ် ကျွန်ုပ်တို့အသက်ရှင်ရသည့်ကာလသည် ကျေးဇူးတော်ပြည့်စုံလှသောကာလဖြစ်ကြောင်း၊ ယခင်မောရှေလက်ထဲ၌ ပညတ်တရားကိုပေးခဲ့ရာ လူသားများသည် မောရှေ၏ပညတ်ကို မလိုက်နာသဖြင့် ယေရှုခရစ်အားဖြင့် ဘုရားသခင်ပေးတော်မူသောကျေးဇူးတော်သည် အလွန်

ကြီးလှကြောင်း လူတိုင်းသဘောပေါက်ရန် လိုအပ်ပါသည်။ သို့ဖြစ်၍ ယခုဤစာအုပ်သည် ဘုရားသခင်၏ပဋိညာဉ်အကြောင်း ရှင်းလင်းဖော်ပြထားရာ စာဖတ်သူများအနေနှင့် ဘုရားသခင်သိစေလိုသောအံ့ဖွယ်ပဋိညာဉ်နှင့်ကျေးဇူးတော်ကို သာ၍နားလည်လာမည်ဟု ယုံကြည်ပါသည်။ ဘုရားသခင်နှင့် ကင်းကွာလျက်ရှိသောလူသားတိုင်းအနေနှင့် ကျေးဇူးတော်မှ

တစ်ပါး အခြားသောမင်္ဂလာသည် အကျွန်ုပ်၌ မရှိပါ (ဘုရားသခင်မှလွဲပြီး

အခြားသောကောင်းကျိုးချမ်းသာမရှိပါ) ဟူ၍ ပြောဆိုလာနိုင်လိမ့်မည်ဟု

ကျွန်ုပ်ယုံကြည်ပါသည်။

ဘုရားသခင်၏ကျေးဇူးတော်ကို အကျိုးမဲ့မဖြစ်စေဘဲ ကျေးဇူး

တော်ကို မှန်ကန်စွာတုံ့ပြန်ကြပါစို့။ ကျေးဇူးတော်ရာမှာ ကြီးပွားကြပါစို့။

Rev.စောစံအောင်

Senior Pastor (Gospel Baptist Church)

 

မာတိကာ

၁။အံ့ဩဖွယ် ပဋိညာဉ်

၂။ပဋိညာဉ်၌ရှိသောဘုရားသခင်

၃။ပဋိညာဉ်၌ရှိသောခရစ်တော်

၄။ပဋိညာဉ်၌ရှိသောသန့်ရှင်းသောဝိညာဉ်တော်

၅။ပဋိညာဉ်နှင့်ဆိုင်သောသွေးတော်

၆။ကျေးဇူးတော်နှင့်ဆိုင်သောပဋိညာဉ်ကိုအသနားခံခြင်း

အခန်း ၁

အံ့သြဖွယ် ပဋိညာဉ်

ထာဝရဘုရားက ထိုနေ့ရက်များနောက်တွင် အစ္စရေးအမျိုးနှင့် ငါပြုမည့်ပဋိညာဉ်ကား ဤသို့တည်း။ ငါသည် ငါ၏ပညတ်တရားတို့ကို သူတို့ရဲ့ အသိဉာဏ်ထဲတွင် ထည့်သွင်း၍ သူတို့၏စိတ်နှလုံးပေါ်မှာ ရေး ထားမည်။ ငါသည် သူတို့၏ဘုရားဖြစ်ပြီး သူတို့သည်လည်း ငါ၏လူမျိုး တော်ဖြစ်ကြလိမ့်မည်။ (ဟေဗြဲ ၈း၁၀ MSB) ဘုရားသခင်နှင့်ဆိုင်သောပဋိညာဉ်၏ဩဝါဒသည် မှန်ကန်သော သီဩလောဂျီအပေါင်းတို့၏ရင်းမြစ်၌ တည်ရှိပါသည်။ လုပ်ဆောင်ချက် နှင့်ဆိုင်သောပဋိညာဉ်နှင့်ကျေးဇူးတော်နှင့်ဆိုင်သောပဋိညာဉ်နှစ်ခုစပ်ကြား ရှိ အခြေခံကျသည့်မှားယွင်းမှုများပေါ်တွင် အခြေခံကြသောကြောင့်ဖြစ်သည်ဟု ကျွန်ုပ်ယူဆမိပါသည်။ အရေးပါလှ သည့်ဤအကြောင်းအရာကို သွန်သင်ရာတွင် ဘုရားသခင်သည် ကျွန်ုပ် အား တန်ခိုးတော်ကိုပေးသနားတော်မူသဖြင့် သင်သည်လည်း ဤတရား ကိုယုံကြည်လက်ခံလာနိုင်ရန် ဘုရားသခင်သည် သင့်ကို ကျေးဇူးပြုပါစေ သော။ မစပါစေသော။

သမိုင်းတလျှောက် လူသားမျိုးနွယ်တို့သည် လုပ်ဆောင်မှုနှင့် ဆိုင်သည့်ပဋိညာဉ်တရားအောက်တွင် ဘုရားသခင်ဆီမှာပဲ ဦးစွာဩဇာခံ သည့်အကြောင်းကို ဤလောကက အလေးမထားခဲ့ပေ။ အာဒံသည် လူသားမျိုးနွယ်တို့ကို ကိုယ်စားပြုသူဖြစ်သည်နှင့်အညီ ဘုရားသခင်က သူ့ကို ပညတ်ချက်တစ်ခုကိုပေးအပ်ခဲ့၏။ ထိုပညတ်ချက်ကို စောင့်ထိန်း နိုင်လျှင် သူနှင့်သူ့မိသားစုဝင်များသည် ကောင်းချီးခံစားမည်သာဖြစ်သည်။

အကယ်၍ သူသည် ချိုးဖောက်ခဲ့လျှင် သူကိုယ်တိုင်မှစ၍ သူနှင့်သက်ဆိုင်

သူအားလုံး ကျိန်ခြင်းခံကြလိမ့်မည်။ သို့သော် ကျွန်ုပ်တို့၏အဦးဆုံးသော

ဖခင်သည် ထိုပညတ်တရားကို ချိုးဖောက်ခဲ့ပြီး ၎င်း၏တာဝန်များကို ပျက်

ကွက်ခဲ့လေသည်။

သူ၏ကျဆုံးခြင်းထဲတွင် ကျွန်ုပ်တို့လူသားအားလုံးလည်း ပါဝင်

သည်။ ကျွန်ုပ်တို့အားလုံးသည် သူ့ထံမှဆင်းသက်လာသောသူများဖြစ်ကြ

သည်။ “ဆယ်ဖို့တစ်ဖို့တို့ကို ခံတတ်သောလေဝိသည် အာဗြဟံအားဖြင့်

ဆယ်ဖို့တစ်ဖို့ကိုပေးပြီဟု ဆိုစရာအခွင့်ရှိ၏။ အကြောင်းမူကား မေလခိဇေ

ဒက်သည် အာဗြဟံကိုတွေ့သောအခါ လေဝိသည် မိမိအဘ၏ကိုယ်၌

ရှိသတည်း” (ဟေဗြဲ ၇း၉-၁၀) ဟု ဖော်ပြသည့်အတိုင်း ကျွန်ုပ်တို့သည်

လည်း အာဒံ၏ကိုယ်ထဲ၌ ရှိနှင့်ပြီဖြစ်သည်။ ပထမအာဒံသည် ကျွန်ုပ်တို့

ကို ဘုရားသခင်ရှေ့တော်မှောက်၌ ကျဆုံးသူအဖြစ် ကိုယ်စားပြုပြီး ငါ တို့

၏ပျက်စီးခြင်းသည် မိမိတို့မမွေးမီကပင် စုံလင်နေပြီဖြစ်သည်။ ကျွန်ုပ်တို့၏

အဦးဆုံးသောကိုယ်စားပြုသူ ပထမအာဒံ၏ကျဆုံးခြင်းကြောင့် ကျွန်ုပ်တို့

သည် ပျက်စီးသောသူများဖြစ်ကြသည်။ ပညတ်တရားအတိုင်း လုပ်ဆောင်

” ခြင်းအားဖြင့် ကယ်တင်ခြင်းသို့ရောက်မည်ဟူသောယူဆချက်သည် ယခု

မဖြစ်နိုင်တော့ပေ။ အကြောင်းမှာ ကျွန်ုပ်တို့သည် ထိုပဋိညာဉ်တရား၏

အောက်မှာဆုံးရှုံးသူများဖြစ်ကြသည်။ ကျွန်ုပ်တို့သည် ကယ်တင်ခြင်းသို့

ရောက်ရှိသည့်တိုင်အောင် ပညတ်တရားနှင့်ဆိုင်သောပဋိညာဉ်တရား၏

လုပ်ဆောင်မှုကြောင့်မဟုတ်ဘဲ တမူထူးခြားသောအကြံအစည်ကြောင့်

သာဖြစ်မည်။ ကျွန်ုပ်တို့ကိုကိုယ်စားပြုသူ (ပထမလူက ထိုတရားကိုကြိုး

စားခဲ့ဖူးသော်လည်း မအောင်မြင်ဘဲကျဆုံးခဲ့သည်။ ထိုသူ၏ကျဆုံးခြင်း

ထဲတွင် ကျွန်ုပ်တို့အားလုံးလည်း ပါဝင်၏။ ထို့ကြောင့် ကျွန်ုပ်တို့အဖို့ ဘုရား

သခင်ထံမှမျက်နှာသာရရှိပြီး ကောင်းချီးမင်္ဂလာရရှိရန် အလားအလာမရှိ

တော့ပေ။

မည်သို့ဆိုစေကာမူ ဘုရားသခင်၏ကရုဏာသည် ကြားဝင်ဖျန်

ဖြေပေးပြီး ကျဆုံးခြင်းထဲမှကယ်တင်ခြင်း အကြံအစည်ကို ပြင်ဆင်ပေး

တော်မူ၏။ ထိုအကြံအစည်သည် သားတော်ယေရှုခရစ်တော်အားဖြင့်

အဖခမည်းတော်ဘုရားသခင်ပြုပေးသည့် ပဋိညာဉ်တည်းဟူသောအခြား

ပဋိညာဉ်ဖြစ်ပါသည်။ ထိုသူသည် ဒုတိယအာဒံဖြစ်ပြီး လူသားအားလုံးကို

ကိုယ်စားပြုသူလည်းဖြစ်သည်။

ခရစ်တော်သည် အရေးထားခြင်းခံရသည့်အလျောက် ဒုတိယ

ပဋိညာဉ်သည်လည်း ပထမပဋိညာဉ်ကဲ့သို့ပင် အတော်အတန်လုပ်

ဆောင်ခြင်းနှင့်ဆိုင်သောပဋိညာဉ်ဖြစ်ပေသည်။ ခရစ်တော်သည် လောက

သို့ဆင်းကြွလာပြီး ဘုရားသခင်၏ပညတ်တရားကို အပြည့်အဝနာခံခဲ့

သည်။ ပထမအာဒံသည် ပညတ်တရားကို ချိုးဖောက်ခဲ့သည့်အတွက်

ခရစ်တော်သည်လည်း အပြစ်၏ဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားခဲ့ရသည်။

ကိုယ်တော်သည် ထိုနှစ်မျိုးစလုံးကို လုပ်ဆောင်သောအခါ သူ၏ကောင်း

မြတ်တော်မူခြင်းကြောင့် သူကိုယ်စားပြုသောလူသားအပေါင်းတို့သည် သူ

၏မင်္ဂလာရှိခြင်း၌ မင်္ဂလာရှိပြီး ကယ်တင်ခြင်းသို့ရောက်သောသူများဖြစ်

ကြမည်။ ဤလောက၌ ကိုယ်တော်အသေခံပြီး အသက်မရှင်မချင်း

ကိုယ်တော်ဘက်၌ ရှိသည့်ပဋိညာဉ်၏လုပ်ဆောင်ချက်ဖြစ်သည်ကို သင်

မြင်မိပါသလား။ ကိုယ်တော်၌ လုပ်ဆောင်ရမည့်အမှုများရှိပြီး သူ၏လုပ်

ဆောင်ချက်တွင် မိတ်ဆွေနှင့်ကျွန်ုပ်အား ပေးအပ်မည့်ကောင်းချီးမင်္ဂလာ

တချို့ပါရှိသည်။

ကျွန်ုပ်တို့၏သခင်ဘုရားသည် ထိုပဋိညာဉ်ကို စောင့်ထိန်းတော်

မူ၏။ သူလုပ်ဆောင်ရမည့်အမှုကိုပြီးမြောက်ခဲ့သည်။ သူ၌ ရိုးဖြောင့်ခြင်း

မရှိသည်အကြောင်း မိန့်မှာထားချက်တစ်ခုမျှမရှိပေ။ သူစိတ်မရှည်သော

ကြောင့် ပညတ်တရာချိုးဖောက်သဖြင့် ပြစ်ဒဏ်ခံရသည့်အဖြစ်မျိုးလည်း

မရှိခဲ့ပေ။ ကိုယ်တော်သည် အစေကျွန်ဖြစ်လာ၍ “အသေခံခြင်းသာ

ဟုတ်၊ လက်ဝါးကပ်တိုင်မှာ အသေခံခြင်းတိုင်အောင်” (ဖိ၂း၈) ဟုဖော်

ထားသည်။ ကိုယ်တော်သည် ပထမအာဒံ မပြီးမြောက်နိုင်ခဲ့သောအမှု

အရာကို ပြီးမြောက်ပြီး ပထမအာဒံလက်လွတ်ခဲ့သည်ကို ပြန်လည်ရရှိခဲ့

သည်။ ကိုယ်တော်သည် ပဋိညာဉ်တစ်ရပ်ကို တည်ထောင်ခဲ့ပြီး ယခုတွင်

ထိုပဋိညာဉ်သည် လုပ်ဆောင်ချက်နှင့်ဆိုင်သောပဋိညာဉ်ကို ရပ်စဲစေခဲ့

သည်။ အကြောင်းမှာ လုပ်ဆောင်ချက်များမှာ အားလုံးပြီးမြောက်ပြီဖြစ်

သောကြောင့်ဖြစ်သည်။

ယခုတွင် ပဋိညာဉ်ကို စုံလင်စေရန် မည်သည့်အရာကျန်နေ

သေးသနည်း။ ဘုရားသခင်သည် ကိုယ်တော့်ဘက်၌နေလျက် လက်ဝါး

ကားတိုင်ပေါ်တွင် ကိုယ်စားပြုခြင်းခံရသောသူအပေါင်းတို့အား မထိုက်

တန်သောမျက်နှာသာကိုပေးသနားရန် မိမိကိုယ်ကို တည်ကြည်စွာကတိ

ပြုခဲ့ပေသည်။ ကိုယ်တော်သည် လူသားအားလုံးတို့ကိုယ်စား အသေခံခဲ့

သောကြောင့် ထိုသူတို့အပေါ်သို့ ကြွယ်ဝသောကောင်းချီးမင်္ဂလာများကို

ပေးသနားတော်မူမည်။ ထိုသို့ဖြစ်သည်မှာ သူတို့၏လုပ်ဆောင်မှုကြောင့်

မဟုတ်ဘဲ ဘုရားသခင်၏ကျေးဇူးတော်နှင့်ဆိုင်သော အနန္တတန်ခိုးရှင်၏

ကျေးဇူးကြောင့်ဖြစ်၏။ ထို့ပြင် မိမိ၏ပဋိညာဉ်ကတိတော်အတိုင်း ထိုသူတို့

သည် ကယ်တင်ခြင်းသို့ရောက်ရှိခြင်းဖြစ်သည်။

ချစ်သောမိတ်ဆွေ၊ လူသားတို့၏မျှော်လင့်ခြင်းကိုရှုမြင်ကြည့်ပါ။

သူတို့သည် ပျောက်ဆုံးသောသူများဖြစ်သောကြောင့် သူတို့ဘာသာသူတို့

ကယ်တင်ရန် မျှော်လင့်ခြင်းသည် အစဉ်ပျက်သုန်းလျက်ရှိ၏။ လုပ်ဆောင်

ခြင်းအားဖြင့် ကယ်တင်ခြင်းသို့ရောက်မည်ဟူသော သူတို့၏မျှော်လင့်ခြင်း

သည် မှားယွင်းသောအရာဖြစ်သည်။ အကြောင်းမှာ ပညတ်တရားကို

မစောင့်ထိန်းနိုင်သောကြောင့်ဖြစ်သည်။ သူတို့သည် ထိုပညတ်တရားကို

ချိုးဖောက်ခဲ့ပြီဖြစ်သည်။ သို့သော် ကယ်တင်ခြင်း၏လမ်းခရီး တံခါးပွင့်နေပြီ

ဟူသောအချက်ကို ဤသို့ရှင်းပြလိုပါသည်။ သခင်ယေရှုခရစ်တော်ကို

ယုံကြည်သောသူအပေါင်းတို့သည် ခရစ်တော်ရွေးယူခဲ့သည့်ချမ်းမြေ့ပျော်

ရွှင်မှုကို ရရှိပိုင်ဆိုင်သူများဖြစ်ကြသည်။ ခရစ်တော်၏လုပ်ဆောင်ခြင်း

အားဖြင့် ကျေးဇူးတော်၏ပဋိညာဉ်နှင့်သက်ဆိုင်သောကောင်းချီးမင်္ဂလာအ

ပေါင်းတို့သည် ယေရှုကို ယုံကြည်သောစိတ်ဝိညာဉ်တိုင်းနှင့်သက်ဆိုင်ပါ

သည်။ “လုပ်ဆောင်မှုမရှိသော်လည်း ဘုရားတရားမဲ့သောသူအား ဖြောင့်

မှတ်သည်ဟု အသိအမှတ်ပြုတော်မူအရှင်ကို ယုံကြည်သောသူအတွက်

မူကား ထိုယုံကြည်ခြင်းကို သူ၏ဖြောင့်မတ်ခြင်းအဖြစ် သတ်မှတ်တော်မူ

၏”(ရော၊ ၄:၅)။

ဤရှင်းလင်းချက်သည် နားလည်ရန် လုံလောက်မည်ဟု ကျွန်ုပ်

မျှော်လင့်ပါသည်။ အကယ်၍ အာဒံသည် ပညတ်တရားကိုစောင့်ထိန်း

နိုင်ခဲ့လျှင် သူ၏စောင့်ထိန်းခြင်းဖြင့် ကျွန်ုပ်တို့ကောင်းချီးခံစားပါလိမ့်မည်။

သို့သော် သူသည် ၎င်းကို ချိုးဖောက်ခဲ့သဖြင့် ကျွန်ုပ်တို့သည် ကျိန်ခြင်းသို့

ရောက်ရှိခဲ့ကြပြီ၊ ယခုတွင် ဒုတိယအာဒံ ယေရှုခရစ်တော်သည် ပညတ်

တရားကို စောင့်ထိန်းတော်မူ၏။ သို့ဖြစ်၍ ကျွန်ုပ်တို့သည် ယုံကြည်သူများ

မှန်လျှင် ခရစ်တော်နှင့်အတူ ကိုယ်စားပြုသောသူများဖြစ်၍ ခမည်းတော်

ဘုရားသခင်အား ယေရှုခရစ်တော်၏နာခံခြင်း အကျိုးဆက်များကြောင့်

ကောင်းစားသူများဖြစ်ကြသည်။ ကျမ်းစာလိပ်၌ ခရစ်တော်ကိုအမှတ်

ပြု၍ထားသည်ကား “အကျွန်ုပ်သည် သွားပါမည်ဟုဝန်ခံပါ၏။ အကျွန်ုပ်

၏ဘုရားသခင် ကိုယ်တော်၏အလိုတော်ကို ဆောင်ရာ၌ အကျွန်ုပ်သည်

အားရဝမ်းမြောက်ပါ၏” (ဆာ၊ ၄၀:၇-၈)။ ကိုယ်တော်သည် ခမည်းတော်

ဘုရားသခင်၏အလိုတော်ကိုဆောင်သောကြောင့် ကျေးဇူးတော်နှင့်ဆိုင်

ကောင်းချီးမင်္ဂလာတို့သည် လူသားတို့အပေါ်သို့ အခမဲ့ပေးအပ်ခဲ့

လေပြီ။ ကျေးဇူးတော်ကြီးလှပါသည်တကား။

ယခုတွင် ဦးစွာကျွန်ုပ်တို့အခြေပြုထားသည့်ကျမ်းချက်၌ တွေ့ရှိ

သည်အတိုင်း ကျေးဇူးတော်ပဋိညာဉ်၏အခွင့်ထူးများပေါ်တွင် ကျွန်ုပ်တို့

ဆင်ခြင်ရပါမည်။ ဒုတိယအနေဖြင့် သင်၏အာရုံစူးစိုက်မှုကို ပဋိညာဉ်နှင့်

ပါဝင်ပတ်သက်သည့်ဘက်သို့ ခေါ်ဆောင်သွားရန်ဖြစ်သည်။

ကျေးဇူးတော်ပဋိညာဉ်၏အခွင့်ထူးများ

ပထမအခွင့်ထူးမှာ ကျေးဇူးတော်ကို လက်ခံရရှိရန် စိတ်ပါဝင်

စားသူများ၏စိတ်နှလုံးကို အလင်းပေးခြင်း ပေးသနားရန်ဖြစ်သည်။ ဒါ

သည် ငါ၏ပညတ်တရားတို့ကို သူတို့၏အသိဉာဏ်ထဲတွင် ထည့်

သွင်း၍ သူ၏စိတ်နှလုံးပေါ်မှာ ရေးထားမည်။ ပုံမှန်အားဖြင့် ကျွန်ုပ်တို့၏

စိတ်နှလုံးသည် ဘုရားသခင်၏အလိုတော်ရှေ့တော်မှောက်၌ မှောင်မည်း

ပါသည်။ ဩတ္တပ္ပစိတ်သည် ကျွန်ုပ်တို့အထဲ၌ မှတ်မိခြင်းမရှိတော့သည်

ဘုရားသခင်၏အလိုတော်ကိုစောင့်ထိန်းပေးသည်။ ၎င်းသည် ဘုရားသခင်

၏အလိုတော် အထိန်းအမှတ်တစ်ခုဖြစ်သည်။ သို့သော် ၎င်းကို သိမြင်

ဖတ်ရှုနိုင်ရန် ခက်ခဲလှပေသည်။ လူတို့သည် ထိုဩတ္တပ္ပစိတ်ကို ဖတ်ရှုရန်

သတိမထားတတ်ကြပေ။ လူတို့သည် မိမိတို့ဖတ်ရှုသောအရာကို ငြင်းပယ်

တတ်ကြသည်။ သူတို့၏အသိတရားကင်းမဲ့သော စိတ်နှလုံးကိုလည်း

အမှောင်ဖုံးလွှမ်းလေ၏”(ရော၊ ၁:၂၁ MSB) ဟူ၍ ဖော်ပြခြင်းသည် လူတို့

၏စိတ်နှလုံးနှင့်ပတ်သက်၍ ကျမ်းစာဖော်ပြခြင်းပင်ဖြစ်သည်။

ပဋိညာဉ်၌ စိတ်ပါဝင်စားသူများအတွက် သန့်ရှင်းသောဝိညာဉ်

တော်သည် ကတိကဝတ်ဖြစ်တော်မူ၏။ ဝိညာဉ်တော်သည် ထိုသူတို့၏

စိတ်နှလုံးထဲသို့ဆင်းသက်လာ၍ မှောင်မိုက်အစား အလင်းကိုထွန်း

တောက်စေပြီး ဘုရားသခင်၏အလိုတော်နှင့်အညီ သူတို့အား အလင်းပေး

မည်ဖြစ်သည်။ ဘုရားတရားမဲ့သောသူ၌ အလင်းပမာဏအတော်အတန်ရှိ

သော်လည်း ၎င်းသည် အသိဉာဏ်သက်သက်သာဖြစ်သည်။ ၎င်းသည်

ချစ်ခြင်းမရှိသောအလင်းပင်ဖြစ်သည်။ “လူတို့သည် မိမိတို့ပြုသောအမှုများ

မကောင်းသောကြောင့် အလင်းထက်အမှောင်ကို ပို၍နှစ်သက်ကြ၏”

(ယော၊ ၃:၁၉)။ သို့သော် သန့်ရှင်းသောဝိညာဉ်တော်ရောက်လာသောနေ

ရာတွင် စိတ်ဝိညာဉ်မွေ့လျော်၍ အလိုရှိသည့်နေရာ၌ စိတ်ဝိညာဉ်အား

ဘုရားသခင်၏ရောင်စုံဖြင့် ဖုံးလွှမ်းစေပါလိမ့်မည်။

ချစ်မိတ်ဆွေ အသစ်ပြုပြင်ခြင်းခံရသောသူ သို့မဟုတ်

ကျေးဇူးတော်ပဋိညာဉ်အောက်၌ နေသောသူသည် အဘယ်သို့ပြုရမည်ကို

သင်ရန် မိမိ၏ကျမ်းစာကို မကြာခဏအားကိုးအားထားပြုနေစရာမလို

အပ်သလို မိမိ၏ခရစ်ယာန် မိတ်ဆွေတစ်ဦးထံသွားပြီး သွန်သင်ခြင်းကို

တောင်းခံစရာလည်းမလိုအပ်ပေ။ ထိုသူအတွက် ဘုရားသခင်၏ပညတ်

တရားသည် ကျောက်ပြားပေါ်၊ သားရေပေါ်၊ စာရွက်ပေါ်တွင် မရေးတော့

ဘဲ သူ၏စိတ်နှလုံးထဲ၌ ရေးသားလျက်ရှိ၏။ ယခုတွင် သူ့အား ဘယ်

အရာမှန်သည် မှားသည်ကိုပြောသည့် မမှားနိုင်သောဘုရားသခင်၏

သန့်ရှင်းသောဝိညာဉ်တော်သည် ထိုသူအထဲ၌ ကျိန်းဝပ်လျက်နေ၏။

သူသည် ထိုဝိညာဉ်တော်အားဖြင့် အကောင်းနှင့်အဆိုးကို အလျင်အမြန်

ခွဲခြားသိမြင်လာတတ်သည်။ သို့သော် ထိုလူသည် ကျမ်းစာဖော်ပြသည့်

အတိုင်း “မကောင်းကိုအကောင်း၊ အကောင်းကိုမကောင်းဟု ခေါ်တတ်

သောသူ၊ အလင်းအရာ၌ အမိုက်၊ အမိုက်အရာ၌ အလင်းကို၎င်း၊ အချို

အရာ၌ အခါး၊ အခါးအရာ၌ အချို” ဟူ၍ အလွဲယူတတ်သောသူမဟုတ်

တော့ပေ (ဟေရှာ၊ ၅:၂၁)။ သူ၏စိတ်နှလုံးသည် ဘုရားသခင်တောင်းဆို

ထားသည့်စစ်မှန်သောသန့်ရှင်းခြင်းနှင့်စင်ကြယ်ခြင်းတို့အတွက် ဉာဏ်အ

လင်းရရှိသောစိတ်နှလုံးဖြစ်လေ၏။

လူတို့အပေါ်သို့ ထိုအလင်းရောက်လာပုံကို ကြည့်ကြည့်ပါ။

သာမန်အားဖြင့် လူအချို့တို့သည် အကြီးအကျယ်ယိုယွင်းပျက်စီးကြ၏။

အမှန်မှာ အားလုံးယိုယွင်းပျက်စီးကြသူများဖြစ်ကြ၏။ မယုံကြည်သူတစ်ဦး

က ဘုရားသခင်၏ဝိညာဉ်တော်ရှေ့မှောက်၌ အကောင်းနှင့်အဆိုး၏ခြား

နားချက်ကို ပိုင်းခြားသိမြင်လာပြီး သင်ကြားပေးခြင်းမရှိဘဲ အလင်းတရား

၏တုံ့ပြန်မှုကို ချက်ချင်းလက်ခံလာရသည်မှာ အံ့အားသင့်ဖွယ်မဟုတ်ပေ

မလော။ သို့ဖြစ်၍ အသစ်သောစိတ်နှလုံးသည် မည်သည့်အရာသည် မှန်

ကန်၍ မည်သည့်အရာသည် နှစ်လိုဖွယ်ဖြစ်သည်ကိုလည်းကောင်း၊ ဆိုး

ညစ်သောအရာကိုသိမှတ်၍ ၎င်းကိုရှောင်ရှားရန် ထိုသူအား လမ်းညွှန်ပေး

သည်။ ကမ္ဘာကြီးကို မိတ်ဆွေတိုးတက်စေလိုပါက ဧဝံဂေလိသတင်း

ကောင်းကို‌ ဝေငှရပါမည်။ အကောင်းနှင့်အဆိုးကို ကောင်းကောင်းမွန်မွန်

သွန်သင်မည့်လူတို့ကို ရရှိလိုလျှင် ဘုရားသခင်၏သွန်သင်ခြင်းအားဖြင့်

ဖြစ်ရပါမည်။ ထိုသို့သောသွန်သင်ခြင်းသည် ဘုရားသခင်၏ဝိညာဉ်တော်

ကသာလျှင် ပေးသနားနိုင်သည်။ ကိုယ်တော်က “ပညတ်တို့ကို သူတို့

နှလုံးထဲမှာ ပေးသွင်းမည်” ဟုဆို၏။ လူသားတို့အပေါ် ကိုယ်တော်၏လုပ်

ဆောင်ချက်သည် အလွန်ကြီးမြတ်၍ မင်္ဂလာရှိလှပါသည်တကား။

ယခင်က မကောင်းသောအရာကို နှစ်သက်ပြီး ထိုမကောင်းသောအရာကို

ကောင်းသည်ဟု ဆိုတတ်သောသူအား ရွေးနုတ်လျက် မိမိ၏အလင်း

တန်းကို ထိုသူ၏စိတ်ဝိညာဉ်ထဲသို့သွင်းပေးတော်မူသော အဖဘုရားသခင်

သည် မင်္ဂလာရှိတော်မူပါစေသော။ ထိုအချိန်မှစပြီး ထိုလူသည်

ပေကတ်မနေတော့ဘဲ မိမိကိုယ်ကို ဘုရားသခင်၏အလိုတော်၌သာ လိုလို

လားလားအပ်နှံလာတော့သည်။ ၎င်းသည် ပဋိညာဉ်၏ကောင်းချီးများထဲမှ

အဦးဆုံးသောကောင်းချီးမင်္ဂလာဖြစ်ပြီး နားလည်သဘောပေါက်ခြင်းနှင့်

ဆိုင်သည့်အလင်းဉာဏ်ရရှိခြင်းဖြစ်ပါသည်။

နောက်တစ်ခုကောင်းချီးမင်္ဂလာကား “သူတို့၏စိတ်ဝိညာဉ်အပေါ်

မှာ ရေးထားမည်” ဟူ၍ ဖြစ်ပါသည်။ ဤအရာသည် ပညတ်တရားတို့ကို

သိရှိခြင်းထက် များစွာပိုပါသည်။ ဘုရားသခင်က ငါကိုယ်တိုင် ပညတ်တို့

ကိုရေးသားထားမည်။ သူတို့အား လမ်းပြရန် သူတို့နားလည်ခြင်း သက်

သက်အတွက်မဟုတ်ဘဲ သူတို့ကိုပို့ဆောင်ပေးရန် သူတို့၏စိတ်နှလုံးထဲ၌

ရေးသားထားမည်ဟုဆိုလေ၏။ ချစ်သောမိတ်ဆွေ၊ သန့်ရှင်းသောဝိညာဉ်

တော်သည် လူတို့အား ဘုရားသခင်၏အလိုတော်ကို ချစ်မြတ်နိုးစေပြီး

ဘုရားသခင်နှစ်သက်သမျှတို့၌ မွေ့လျော်စေကာ ဘုရားသခင်ရွံမုန်းသော

အရာတို့ကို ရွံမုန်းစေပါသည်။ ဘုရားသခင်ပြုလိမ့်မည်ဟူ၍ ကျမ်းစကား၌

ဖော်ပြခြင်းသည် အလွန်ကောင်းမွန်သောပြောဆိုချက်ဖြစ်ပြီး အမှန်ပင်

လူတို့သည် မိမိတို့အတွက် အဘယ်အရာမျှမပြုနိုင်ကြပေ။ “အဲသယောပိ

လူသည် မိမိအရေ၏အဆင်းကိုလည်းကောင်း၊ ကျားသစ်သည် မိမိအ

ကွက် အကျားကိုလည်းကောင်း ပြောင်းလဲနိုင်သလောက် ပြောင်းလဲနိုင်လျှင်

ဒုစရိုက်ကိုပြုလေ့ရှိသောသူတို့သည် သုစရိုက်ကိုပြုခြင်းငှာ တတ်နိုင်ကြ

လိမ့်မည်” (ယေရ၊ ၁၃:၂၃)၊ အမှုတော်ဆောင်တစ်ဦးသည် လူတစ်ဦး၏

နားအပါး၌ တရားဟောနိုင်သော်လည်း ထိုသူ၏အသက်တာကို မပြောင်း

နိုင်ပါ။ ထိုသူ၏နှလုံးသား၌ ဘုရားသခင်၏ပညတ်တရားကို မရေး

ပေးနိုင်ပေ။

“သူ တို့၏စိတ်ဝိညာဉ်အပေါ်မှာ ရေးထားမည်” ဟူ၍ သုံးနှုန်းထား

သည့်ဖော်ပြခြင်းအပေါ်တွင် ကျွန်ုပ်အလွန်အံ့အားသင့်ပါသည်။ စိတ်နှလုံး

ပေါ်၌ ရေးသားခြင်းသည် ခက်ခဲသောအမှုဖြစ်ပါသည်။ သို့ရာတွင် စိတ်နှ

လုံး၌ ရေးသားမည့်အမှု အတွင်းစိတ်နှလုံး၌ ရေးသားနိုင်မည့်သူကား

ဘုရားသခင်ပေတည်း။ လူတစ်ဦးက သစ်ခေါက်ပေါ်၌ မိမိနာမည်ကို ထွင်း

ထားနိုင်သည်။ သစ်ပင်ကြီးလာသည်နှင့်အမျှ ထိုနာမည်လည်း ရှိနေမည်။

သို့သော် နှလုံးသားသစ်ပင်ပေါ်၌ ထွင်းထားသောနာမည်သည် မည်သို့ကြီး

ထားပြီး ဖြစ်မြောက်လာနိုင်မည်နည်း။ သို့ရာတွင် ဘုရားသခင်သည် မိမိ၏

အလိုတော်နှင့်ပညတ်တို့ကို လူသား၏စိတ်နှလုံး၌ ကမ္မည်းထိုးထားပေးပါ

လိမ့်မည်။ ဘုရားသခင်အဖို့ မဖြစ်နိုင်သောအရာမရှိပေ။

ခရစ်ယာန်တို့နှင့်ပတ်သက်၍ လောကအပေါ် အမြင်သဘော

ထားကား လာက၏ထုံးတမ်းစဉ်လာနောက်ကို မလိုက်မိရန်ဖြစ်သည်။

အကြောင်းမှာ ဘုရားသခင်၏ပြစ်ဒဏ်ပေးခြင်းကို ကြောက်ရွံ့ကြသော

ကြောင့်ဖြစ်သည်။ လောကသားများက ကျွန်ုပ်တို့ခရစ်ယာန်ယုံကြည်သူ

များသည် လောက၏ပကာသနထဲ၌ ပျော်ရွှင်မြူးထူးကြမည်ဟု ယူဆကြ

သည်။ ကျွန်ုပ်တို့အပေါ် အနန္တတန်ခိုးရှင်က တရားသဖြင့် ပြဋ္ဌာန်းနိုင်သည့်

ပြင်းထန်သောပြစ်ဒဏ်သည် ကျွန်ုပ်တို့ရင်ဆိုင်တွေ့ကြုံနိုင်သောကြောင့်

လောက၏ထုံးတမ်းစဉ်လာများနောက်ကို မလိုက်ဘဲနေကြ၏။ ယနေ့ခေတ်

လူတို့သည် ဝိညာဉ်တော်၏နက်နဲသောအလုပ်ကို နားမလည်ကြတော့

ပေ။ ဝိညာဉ်တော်သည် လူတို့အပေါ်၌ မကောင်းသောအမှုအရာဘက်သို့

လိုက်ပါဆောင်ရွက်ပေးခြင်းကို လုံးဝမပြုခဲ့ပေ။ ဝိညာဉ်တော်သည် ဘုရား

သခင်၏သားသမီးများကို ကြောက်ရွံ့ခြင်း ကျွန်ခံဖို့ရန် မလုပ်ဆောင်ဘဲ

လူတို့အား မိမိတို့ကြိုက်နှစ်သက်ခဲ့သည့် လောကထုံးတမ်းစဉ်လာကို ပြန်

မချစ်ရလေအောင် သူတို့၏အသက်တာကို ပြုပြင်ပြောင်းလဲပေးခဲ့၏။

ယခင်က သူတို့ကြိုက်နှစ်သက်ခဲ့သည့်အရာများထဲမှ မလိုလားသောစိတ်

ပိုင်းဖြတ်ခြင်းဖြင့် ပြန်လှည့်လာကြသည်။ တချိန်က သူတို့ပျော်ရွှင်ခဲ့သည့်

အပြစ်တရားထဲ၌ မွေ့လျော်ခြင်း လုံးဝမရှိကြတော့ပေ။ ဤသည်မှာ ဘုရား

သခင်ကျေးဇူးပြု၍ လုပ်ဆောင်ပေးခြင်း၊ မင်္ဂလာရှိသောပဋိညာဉ်နှင့်သက်

ဆိုင်ပြီး ကျွန်ုပ်တို့အား ကတိပေးသည်အတိုင်းဖြစ်သည်။ ထိုပဋိညာဉ်ထဲ

တွင် ကျွန်ုပ်တို့အား အဘယ်အရာမှန်ကန်ကြောသင်း သင်ကြားပေးခြင်း၊ အ

ဘယ်အရာမှန်ကန်သည်ကိုသိရှိပြီး ချစ်မြတ်နိုးကာ လိုလားသောစိတ်

လုံးဖြင့် လုပ်ဆောင်ရန်ဖြစ်သည်ဟူသောအချက်များပါရှိသည်။

လူတစ်ဦးက ဤအကြောင်းအရာကိုဖတ်ပြီး “ကျွန်ုပ်ကယ်တင်

ခြင်းသို့ရောက်နိုင်မယ်ဆိုရင် ရောက်ချင်ပါတယ်”လို့ပြောဆိုခဲ့ပုံကို ကျွန်ုပ်

ဖော်ပြပါမည်။ဒါဘာကိုဆိုလိုပါသလဲ။ ငရဲကနေလွတ်မြောက်နိုင်ရင်လွတ်

မြောက်ချင်တယ်လို့ ဆိုလိုတာလား။ ခင်ဗျား ကို နောက်ပုံစံတစ်မျိုးနဲ့ ပြော

ဆိုစေချင်တယ်။ “အို၊ အပြစ်ရဲ့ ကျွန်ကနေ ငါလွတ်မြောက်ချင်ပါတယ်။ ငါ

သန့်ရှင်းချင်ပါတယ်။ ငါ့ရဲ့ မက်မောမှုတွေကို ချုပ်တည်းချင်ပါ တယ်။ ငါ့ရဲ့

တောင့်တမှုတွေနှင့်တပ်မက်မှုတွေကနေ ပြောင်းလဲချင်ပါတယ်။” ထိုအရာ

တို့သည် မိတ်ဆွေ၏လိုအင်ဆန္ဒဖြစ်မည်ဆိုပါက အလွန်မွန်မြတ်သောဧဝံ

ဂေလိသတင်းကောင်းကို သင့်အား လာရောက်ဝေငှသွားပါမည်။ လာ

ရောက်ပြီး “ဒါကိုလုပ်၊ ဒါကတော့ မလုပ်နဲ့”ဟူ၍ ပြောပြမည် မဟုတ်ပေ။

မောရှေ၏ ပညတ်ချက်သည် ထိုအတိုင်းဖြစ်သည်။ ထုံးတမ်းစဉ်လာအ

တိုင်း တရားဟောသောသူတို့သည် ထိုအတိုင်းဟောတတ်ကြ၏။ သို့သော်

ကျေးဇူးတော်ပဋိညာဉ်နှင့်ဆိုင်သော ခရစ်တော်၏အစေခံက ယေရှုခရစ်

တော်သည် အပြစ်သားများအဖို့ မောရှေ၏ပညတ်ချက်အတိုင်း မဟုတ်ဘဲ

အမှုဆောင်ရွက်ခဲ့ပြီဟု လာရောက်ပြောပြမည်။ ဘုရားသခင်သည် ခရစ်

တော်အဖို့အလို့ငှာ အပြစ်သားများထံသို့ဆင်းကြွလာပြီး သူတို့အား မှန်

ကန်သောအရာကို ပြုစေတော်မူသဖြင့် သန့်ရှင်းခြင်းနှင့်ဖြောင့်မတ်ခြင်း

နောက်သို့လိုက်စေရန် လိုလားသောစိတ်သဘောကို ထိုသူတို့အထဲသို့

သွင်းပေးတော်မူ၏။

ဤအရာသည် ကောင်းချီးမင်္ဂလာများထဲမှ အကြီးမြတ်ဆုံး

ကောင်းချီးမင်္ဂလာဖြစ်မည်ဟု ကျွန်ုပ်စဉ်းစားမိပါသည်။ သန့်ရှင်းစင်ကြယ်

သောလူတစ်ဦးသည် အစဉ်အမြဲဝမ်းနည်းလျက်နေသည်ဟူသောအရာ

သည် ဖြစ်နိုင်ချေရှိပါသလား။ အကယ်၍ ကျွန်ုပ်သည် သန့်ရှင်းစင်ကြယ်

ခြင်းကို အမြဲဆုပ်ကိုင်ထားရမည်ဆိုလျှင် ဝမ်းနည်းခြင်းကို ရွေးချယ်ရပါ

လိမ့်မည်။ ချစ်သောမိတ်ဆွေ၊ အပြစ်၏တန်ခိုးမှလွတ်မြောက်ခြင်း၊ သန့်ရှင်း

ခြင်းကို ချစ်မြတ်နိုးခြင်းတို့သည် စစ်မှန်သောပျော်ရွှင်ခြင်းပင်ဖြစ်သည်။

သန့်ရှင်းသောသူသည် ဖန်ဆင်းထားသောအရာများနှင့် ငြိမ်းချမ်းခြင်းရှိပြီး

ဘုရားသခင်နှင့် စိတ်သဘောညီညွတ်ခြင်းရှိသောသူလည်းဖြစ်သည်။ လူ

တစ်ဦး ကာလကြာရှည်စွာ ဒုက္ခဝေဒနာခံစားနေခြင်းမှာ မဖြစ်သင့်ပေ။ ထို

သူသည် မိမိဘဝအသက်တာ ရေရှည်ကောင်းစားဖို့အတွက် ဒုက္ခဝေဒနာ

ကိုအခိုက်အတန့်ခံစားနိုင်ပါသည်။ သို့သော် ဘုရားသခင်သည် ထိုသူအ

ပေါ်နှစ်သက်အားရသောကြောင့် သန့်ရှင်းသောထိုသူသည် ပျော်ရွှင်ရပါ

လိမ့်မည်။ ဤလောက၌ သန့်ရှင်းခြင်းသည် ကာလရှည်ကြာစွာ ဝမ်းနည်း

ခြင်းနှင့်တကွ ဖွဲ့စည်းထူထောင်ထားခြင်းမဟုတ်ပေ။ သန့်ရှင်းစင်ကြယ်ခြင်း

သည် ထာဝရကာလ၌ မင်္ဂလာတစ်ပါးဖြစ်ကြောင်းကိုလည်းကောင်း၊

ဘုရားသခင်၏အလိုတော်ကို နားထောင်ခြင်းသည် ထာဝစဉ် ဘုန်းတော်

ထင်ရှားခြင်းဖြစ်ကြောင်းကိုလည်းကောင်း ဘုရားသခင်ကိုယ်တော်တိုင်

ပြသပါလိမ့်မည်။ ဤပဋိညာဉ်မင်္ဂလာအကြောင်းနှင့်ပတ်သက်၍ ကောင်း

ကင်နိုင်ငံသည် ဖွင့်ထားလျက်ရှိသည်ဟူ၍ အခြေခံအားဖြင့် ကျွန်ုပ်တင်

ဆက်ခဲ့ပါပြီ။ ဘုရားသခင်၏ကျေးဇူးတော်သည် လူသားအားလုံးအပေါ်၌

ကရုဏာမျက်လုံးဖြင့် ကြည့်ရှုပြီး တံခါးဖွင့်လျက်နေတော်မူ၏။

ပဋိညာဉ်နှင့်ဆိုင်သော နောက်ထပ်မင်္ဂလာတစ်ခုမှာ ” ငါသည်

သူ တို့၏ဘုရားဖြစ်မည်’ဟူသောအရာဖြစ်သည်။ အကယ်၍ တစ်စုံတစ်ဦး

က ဤအရာသည် မည်သည့်အရာကိုဆိုလိုသနည်းဟု ကျွန်ုပ်အား မေး

မြန်းသော် “ဒါကို စဉ်းစားဖို့ ငါ့ကို တစ်လအချိန်ပေးပါ” လို့ပြန်ပြောမည်။

၎င်းကို တစ်လကြာစဉ်းစားပြီးနောက် နောက်ထပ်တစ်လအချိန်ပေးဖို့ ပြန်

တောင်းရလိမ့်မည်။ တစ်နှစ်ထပ်စောင့်သော် နောက်ထပ်တစ်နှစ် တောင်း

ဆိုပြန်လိမ့်မည်။ ကျွန်ုပ်ခေါင်းဖြူသည်အထိ စောင့်ဆိုင်းသော်လည်း

ထာ၀ရကာလတိုင်အောင် ၎င်းကို အပြည့်အ၀ရှင်းပြနိုင်သည်အထိ ရွှေ့

ဆိုင်နေရမည်ဖြစ်သည်။

“ငါသည် သူ၏ဘုရားဖြစ်မည်။” ဘုရားသခင်၏ဝိညာဉ်တော်

သည် ဘုရားသခင်၏အလိုတော်ကို သင့်အား လာရောက်သင်ကြားပေး

သည့်နေရာနှင့်သင့်အား၊ ဘုရားသခင်၏အလိုတော်ကို ချစ်မြတ်နိုးစေ

သည့်နေရာကို နားလည်ထားရမည်။ ဘုရားသခင်သည် သင့်အတွက်

အဘယ်ကဲ့သို့ဖြစ်လာပါသနည်း။ ဖခင်လော၊ မှန်ပါသည်။ ချစ်မြတ်နိုးပြီး

ကြင်နာသနားတတ်သော ခမည်းတော်ဖြစ်ပါသည်။ သိုးထိန်းလား၊ မှန်ပါ

သည်။ မိမိ၏သိုးတို့ကို ဂရုစိုက်ကြည့်ရှုပြီး ကာကွယ်စောင့်ရှောက်သော

သူဖြစ်ပါသည်။ မိတ်ဆွေလော၊ မှန်ပါသည်၊ “ညီအစ်ကိုထက် ပို၍ခင်တွယ်

တတ်သောမိတ်ဆွေ”(သု၊ ၁၈:၂၄)။ ကျောက်ဆောင်လော။ ချုံတန်းစည်းရိုး

လော၊ မြင့်သောမြို့ရိုးလော။ ခိုင်ခံ့သာရဲတိုက်လော။ အိမ်လော။ ကောင်း

ကင်လော။ ဤအရာအားလုံး ဟုတ်ပါသည်။ မှန်ပါသည်။ ထိုထက်လည်း

ပိုပါသည်။ “ငါသည်လည်း သူတို့၏ ဘုရားသခင်ဖြစ်မည်” (ယေရ၊ ၃၂:၃၈)

ဟု သခင်ဘုရားပြောဆိုသောအခါ ထိုအရာအားလုံးတို့ထက် ပိုသည်ဟု

ကိုယ်တော်ဆိုလိုခြင်းဖြစ်သည်။ အကြောင်းမှာ “ငါသည် သူတို့၏ဘုရား

ဖြစ်မည်” ဟုပြောဆိုခြင်းသည် ကျေးဇူးတရားအားလုံး၊ မင်္ဂလာရှိသော

အစာနှင့်ဘုရားသခင်နှင့်ဆိုင်သောအခွင့်ထူးအားလုံးတို့ဖြင့်

လွှမ်းခြုံထားသည်။

“ငါသည် သူတို့၏ဘုရားဖြစ်မည်” ဟုဆိုရာတွင် မရေမတွက်နိုင်

ကောင်းချီးမင်္ဂလာများပါရှိသည်။ ထောက်ပံ့ခြင်းကို သင်အလိုရှိပါသ

လား။ တောင်နှင့်ချီသောတောင်ကုန်းများပေါ်ရှိတိရစ္ဆာန်တို့ကို ကိုယ်တော်

ပိုင်တော်မူ၏ (ဆာ၊ ၅ဝး၁၀)၊ ထောက်ပံ့ပေးကမ်းခြင်းသည် ကိုယ်တော်

အတွက် ဘာမျှမဖြစ်ပေ။ ထောက်ပံ့ပေးကမ်းခြင်းသည် ကိုယ်တော်ကို

ဆင်းရဲစေမည်မဟုတ်ပါ။ ကိုယ်တော်သည် သင့်အား သူဖြစ်သည့်အ

တိုင်း ပေးသနားမူမည်။ အားပေးနှစ်သိမ့်မှုကို သင်အလိုရှိပါသလား။

ကိုယ်တော်သည် နှစ်သိမ့်ခြင်း၊ အလုံးစုံတို့ကို ပေးတော်မူသော အရှင်ဖြစ်

တော်မူ၏ (၂ကော ၁:၃)၊ ကိုယ်တော်သည် သင့်ကို သူဖြစ်သည့်အတိုင်း

နှစ်သိမ့်တော်မူလိမ့်မည်။ လမ်းညွှန်မှုကို သင်အလိုရှိပါသလား။ အကန့်

အသတ်မရှိသောဉာဏ်ပညာသည် သင့်ကို စောင့်ဆိုင်းလျက်နေပါသည်။

“သင်တို့တွင် တစ်စုံတစ်ယောက်သောသူသည် ပညာကိုလိုလျှင် ကဲ့ရဲ့ပြစ်

တင်ခြင်းကိုပြုတော်မမူဘဲ ခပ်သိမ်းသောသူတို့အား စေတနာစိတ်နှင့် ပေး

သနားတော်မူသောဘုရားသခင်ကို တောင်းစေ။ တောင်းလျှင်ရလိမ့်မည်”

(ယာ၊ ၅:၁၅)၊ ခွန်အားကို သင်အလိုရှိပါသလား။ သင့်ကို ခွန်အား ပေးရန်

ကိုယ်တော်စောင့်ဆိုင်းလျက်နေပါသည်(၆၄:၁၃)။ ကျေးဇူးပြုခြင်းကို သင်

အလိုရှိပါသလား။ ကိုယ်တော်သည် ကရုဏာ၌ မွေ့လျော်သောဘုရား

ဖြစ်တော်မူ၏ (မိက္ခာ၊ ၇:၁၈)။ ကိုယ်တော်၏ကရုဏာရှိသမျှသည် သင့်အ

တွက်ဖြစ်သည်။ ဘုရားသခင်၏သဘောသဘာဝတို့သည် သူ၏ပဋိညာဉ်

ထဲ၌ ရှိနေကြသောသူအပေါင်းတို့နှင့် သက်ဆိုင်ပါသည်။ ဘုရားသခင်၏

ဖြစ်ခြင်းတစ်ခုလုံး၊ သင်စိတ်ကူးနိုင်သောအရာအားလုံး၊ ကောင်းကင်တမန်

များပိုင်ဆိုင်သောအရာအားလုံး၊ ကောင်းကင်ဘုံ၏ဖြစ်ခြင်းတစ်ခုလုံး၊ ခရစ်

တော်၌ရှိသမျှသောအရာအားလုံး၊ ခရစ်တော်၌ရှိသောဘုရားဇာတိအဖြစ်

တော်၏ပြည့်စုံခြင်းအပေါင်း စသည်တို့သည် သင့်အတွက်ဖြစ်ပါသည်။

အကယ်၍ သင်သည် ယေရှုခရစ်တော်အားဖြင့် ဘုရားသခင်၏ပဋိညာဉ်

ထဲ၌ ရှိနေလျှင် ဤအရာအားလုံးတို့သည် သင့်နှင့်သက်ဆိုင်ပါသည်

(ကော၊ ၂:၉)။ ဘုရားသခင်၏ပဋိညာဉ်ထဲ၌နေသော သူတို့သည် အလွန်

ကြွယ်ဝသောသူများ၊ အလွန်မင်္ဂလာရှိသောသူများ၊ အလွန်ခံ့ညားထည်ဝါ

သောသူများ၊ အလွန်မြင့်မြတ်သောသူများဖြစ်ကြသည်။ သင်သည်

ကောင်းကင်ဘုံနှင့်သက်ဆိုင်သူ၊ မရေမတွက်နိုင်သော ကောင်းချီးမင်္ဂလာ

များသည် သင်နှင့်သက်ဆိုင်သည်။ အို ဘုရားသခင်၏လူ သင့်ခေါင်းကို

မော့ကြည့်လျက် ဘုရားသခင်၏ကတိတော်၌ ဝမ်းမြောက်လော့၊ လိုအရာ

ကို သင့်အား အသေးစိတ်မရှင်းပြနိုင်ပေ။ သင်သည်လည်း အကုန်

စူးစမ်းရှာဖွေခြင်းမပြုနိုင်ပေ။ ဤအရာသည် နားလည်သဘောပေါက်ရန်

အလွန်နက်နဲပါသည်။ ကျွန်ုပ်တို့သည် ၎င်းကို နားလည်သဘောပေါက်ရန်

အချည်းနှီးကြိုးပမ်းနေသလားဟု ထင်စရာရှိလာသည်။

“သူတို့သည် ငါ၏ လူဖြစ်ကြလိမ့်မည်” ဟူသောကျမ်းစကားသည်

နောက်တစ်ခုသတိပြုရမည့်အရာဖြစ်သည်။ အသက်ရှင်သောသတ္တဝါအ

ပေါင်းတို့သည် ဘုရားသခင်ပိုင်ဆိုင်တော်မူသည်ဟု ဆိုရပေမည်။ လူသား

တို့သည် ကိုယ်တော်၏ဖန်ဆင်းခြင်းကိုခံကြသောကြောင့် သူနှင့်သက်

ဆိုင်ကြ၏။ ကိုယ်တော်သည် လူသားတို့အပေါ်၌ အကန့်အသတ်မဲ့

အချုပ်အခြာအာဏာ အပြည့်အဝရှိပါသည်။ သို့သော် ကိုယ်တော်

လူသားများကို အထက်ကောင်းကင်အရပ်မှကြည့်ရှုလျက် တချို့ကိုရွေး

ကောက်ပြီး “ဤသူတို့သည် ငါ၏လူမျိုးဖြစ်သည်။ သူတို့သည် ငါ၏အထူး

လူမျိုးတော်များဖြစ်ကြသည်”ဟု ဆိုလေ၏။ လူတို့သည် ဘုရားသခင်ကို

ဆန့်ကျင်ပုန်ကန်နေကြသော်လည်း ကိုယ်တော်သည် သူတို့ကို ပြုစုစောင့်

ရှောက်တော်မူ၏။ ကိုယ်တော်သည် အခြားသောအရာများထက် မိမိလူတို့

အပေါ် ထူးခြားသောအကြံအစည်ရှိတော်မူ၏။ ကိုယ်တော်သည် မိမိ

ရန်သူတို့အပေါ် ခက်ထန်သောအကြည့်ဖြင့် ဖျတ်ခနဲကြည့်သော်လည်း

မိမိ၏လူတို့ကြောင့် မျက်စိတော်ထဲမှ မျက်ရည်ကျလာပြန်၏။ ကိုယ်တော်

သည် ထိုသူတို့အပေါ်၌ အမြဲကရုဏာသက်ရောက်လျက်နေတော်မူ၏။

ကိုယ်တော်က “ငါ့လူတို့ကိုချမ်းသာပေးပါ”ဟူ၍ ကောင်းကင်တမန်များကို

မှာကြားလေ၏။ သူရွေးကောက်သောသူတို့၏ခြေသည် ကျောက်ခဲနှင့်

မထိခိုက်စေရန် မိမိ၏ကောင်းကင်တမန်များကို တာဝန်ပေးလေ၏ (ဆာ၊၉၁: ၁၂)။

လူ တို့၌ မိမိတို့တန်ဖိုးထားသောပုလဲ၊ ကျောက်မျက်ရတနာ၊

ပတ္တမြားနှင့်စိန်များရှိပြီး ၎င်းတို့သည် သူတို့၏အထူး အဖိုးတန်ပစ္စည်းများ

ဖြစ်ကြသည်။ ထို့အတူ ကျေးဇူးတော်ပဋိညာဉ်၌ တည်နေသောသူအပေါင်း

တို့သည် “ဘုရားသခင်ပိုင်ထိုက်သော ဘဏ္ဍာတော်ဖြစ်ကြ၏” (ထွ၊ ၁၉

၅)။ ကိုယ်တော်သည် သူတို့ကို အခြားအရာအားလုံးတို့ထက် တန်ဖိုးထား

တော်မူ၏။ ကိုယ်တော်သည် ကမ္ဘာလောကကို သူတို့အဖို့ စောင့်ထိန်းပေး

တော်မူ၏။ ဤလောကကမ္ဘာသည်လည်း ကိုယ်တော်၏အသင်းတော်ကို

အစေခံရန်သာ တည်ရှိပါ၏။ မိမိလူတို့အတွက် အသစ်ဖန်ဆင်းထား

သည့်အရာကို ထုပ်ပိုးပြင်ဆင်ပြီး စေလွှတ်ပေးတော်မူ၏။ အကြောင်းမှာ

မိမိလူတို့ကို ဤလောက၌ နေထိုင်စေမည်မဟုတ်တော့ပေ။ နေ၊ လနှင့်

ကြယ်တို့သည် အဝတ်ဟောင်းနွမ်းသကဲ့သို့ကွယ်ပျောက်သွားမည်ဖြစ်ပြီး

မိမိလူတို့ကိုရွေးကောက်ကာ စုစည်းလျက် လုံခြုံစိတ်ချရသည့် ထာဝရ

ကောင်းကင်ဘုံ၌ နေထိုင်မည်ဖြစ်သည်။ အချိန်ကာလသည် ရွေး

ကောက်ခံသောသူတို့အဖို့ ရွေ့သွားနေခြင်းဖြစ်ပြီး လောကကမ္ဘာသည်

လည်း ထိုသူတို့အဖို့ တည်ရှိနေခြင်းသာဖြစ်သည်။ လူမျိုးတို့ကို မိမိတို့၏

လူဦးရေအလိုက် တိုင်းထွာတော်မူ၏။ ကိုယ်တော်သည် ရန်သူများကို

ကောင်းကင်တမန်များနှင့် တိုက်ခိုက်စေလျက် မိမိလူတို့ကိုလည်း ထို

ကောင်းကင်တမန်များဖြင့် ကာကွယ်စောင့်ရှောက်စေတော်မူ၏။

“သူတို့သည် ငါ၏လူ ဖြစ်ကြလိမ့်မည်” ဤသို့သောမေတ္တာထဲ၌

မျက်နှာသာပေးခြင်း ပါဝင်နေသည်ကို လောကစကားအားဖြင့် ဖော်ပြ၍မရ

နိုင်တော့ပေ။ ကောင်းကင်အရပ်၌ သန့်ရှင်းသူများအတွက် ငြိမ်သက်

တိတ်ဆိတ်သောနေရာများကို ပြင်ဆင်လျက်နေသည်။ ကျွန်ုပ်တို့၏

ထာဝရကာလနှင့်ဆိုင်သော ဝမ်းမြောက်ခြင်းကို ဆင်ခြင်စဉ်းစားနိုင်ပါသည်။

သင်တို့သည် သန့်ရှင်းသူအပေါင်းတို့၏နည်းတူ အနံအလျား၊ အနက်

အမြင့်တို့ကို ပိုင်းခြား၍ သိနိုင်ကြပါစေ (ဧ ၃:၁၈)။

ပဋိညာဉ်၏အကျိုးများ

ဆွေးနွေးရန်အတွက် ဘယ်အရာမေးမြန်းရမည်ကို ယခုပင်

ကျွန်ုပ်စဉ်းစားမိပါသည်။ ဘုရားသခင်သည် မည်သူ့အတွက် ပဋိညာဉ်ပြု

ပါသနည်း။ ဘုရားသခင်သည် ခရစ်တော်နှင့်အတူ ပဋိညာဉ်ပြုခဲ့သည်ကို

ကျွန်ုပ်ဖော်ပြပြီးဖြစ်သည်။ သို့သော် မိမိလူတို့ကို ကိုယ်စားပြုသောသူအ

ဖြစ်ခရစ်တော်နှင့် ပဋိညာဉ်ပြုခဲ့ခြင်းဖြစ်သည်။ အခုမေးမည့်မေးခွန်းကို မိမိ

ကိုယ်တိုင်ဖြေကြားရပါမည်။ “အလင်း၌ နေသောသန့်ရှင်းသူတို့၏ အမှု”

(ကော၊ ၁:၁၂) ဟုဆိုရာတွင် ကျွန်ုပ်၌ မိမိကိုယ်ပိုင်အကျိုး (ဝါ) ဝေစုရှိပါ

သလား။ ခရစ်တော်ယေရှုသည် ပဋိညာဉ်ကိုပြည့်စုံစေခြင်းတွင် ကျွန်ုပ်ကို

တိကျစွာကိုယ်စားပြုပါသလား။

စကြာစဠာတစ်ခုလုံးကို ခရစ်တော်ကိုယ်စားပြုသည်ဟု ကျွန်ုပ်ဆို

ရလျှင် လူသားတို့၏အစိတ်အပိုင်း ကွယ်ပျောက်ဆုံးရှုံးနေသောကြောင့်

မိတ်ဆွေသည်လည်း မည်သည့်အကျိုးကျေးဇူးမျှမတွေ့ဘဲ နေပါလိမ့်မည်။

ခရစ်တော်၌ ရှိသောသူတို့၏တန်ဖိုးသည်လည်း ထိုသူတို့အတွက် မည်

သည့်အကျိုးအမြတ်မျှမရှိသကဲ့သို့ဖြစ်နိုင်ပါသည်။

ကျွန်ုပ်သည် စိတ်နှလုံးထဲ၌ ဉာဏ်အလင်းရရှိ၍ ချစ်ခြင်း

၌ သန့်ရှင်းစင်ကြယ်မည့်အကြောင်း(ဝါ)ကျွန်ုပ်သည် ဘုရားသခင်ကို မိမိ

ကိုယ်ပိုင်ဘုရားသခင်အဖြစ် ရရှိမည့်အကြောင်း ဤပဋိညာဉ်သည် ကျွန်ုပ်

အတွက် ကောင်းမွန်သည်ဖြစ်၍ ကျွန်ုပ်သည် ခရစ်တော်၌ အထူးအကျိုး

အမြတ် အမှန်ရရှိပါမည်လောဟူ၍ မေးမြန်းရပါမည်။ ချစ်သောမိတ်ဆွေ၊

ကိုယ့်ကိုယ်ကို မလှည့်ဖြားပါနှင့်။ မည်သူမျှမိမိ၏ဘဝကံကြမ္မာအမှန်ကို

ကျော်သွား၍မရပေ။ ကျွန်ုပ်တို့အလယ်တွင် မည်သူတစ်ဦးတစ်ယောက်

ကမျှ မိမိ၏လမ်းစဉ်အတိုင်း ထာဝရအိမ်တော်နယ်ပယ်သို့ အတင်းဝင်တိုး

၍မရနိုင်ပေ။ သင်သည် အထူးဖွင့်ပြခြင်းခံရပြီ (ဝါ) ခရစ်ယာန်ဖြစ်ပြီဟု

ကိုယ့်ကိုယ်ကို အမှတ်အောင် ထူးခြားသောအိပ်မက်ရရှိပြီဟူသောအ

ယူသီးသည့်အတွေးအခေါ်သည် သင့်ကို မလှည့်စားမိစေရန် မေတ္တာဖြင့်သတိပေးပါရစေ။

မိတ်ဆွေအတွက် အထောက်အကူဖြစ်စေရန် ကျွန်ုပ်ဤသို့မေး

ရပါမည်။ ပဋိညာဉ်နှင့်ဆိုင်သောကောင်းချီးမင်္ဂလာများထဲမှတစ်ခုခုကို

ရရှိပြီးပြီလာ၊ သင်၏စိတ်နှလုံးသည် ဉာဏ်အလင်းရရှိပြီးပြီလား။ မည်

ဤအရာသည် မှန်ကန်၍ မည်သည့်အရာသည် မှားယွင်းကြောင်း သင့်

စိတ်ဝိညာဉ်က သင့်အား ပြောပြနေသည်ကို ယခုသင်မြင်တွေ့လား။ ဒုစ

ရိုက်ကိုမုန်း၍ သုစရိုက်ကိုချစ်ပြီလော (အာမုတ် ၅:၁၅)၊ ထိုသို့ဖြစ်နေပြီ

ဆိုလျှင် သင်၌ ပဋိညာဉ်နှင့်ဆိုင်သောကောင်းချီးတစ်ခုရှိသည်ဖြစ်၍ ကျန်

ရှိသောအရာအားလုံးတို့သည် ၎င်းနှင့် ကိုက်ညီရပါမည်။

ချစ်သောမိတ်ဆွေ၊ ယခုသင်၏သဘာဝဗီဇ ပြောင်းလဲပြီးပြီလား။ယခင်က သင်ကြိုက်နှစ်သက်သည့်အရာကို ယခုမုန်း၍ ယခင်ကသင်

မုန်းခဲ့သည့်အရာကို ယခုနှစ်သက်နိုင်ပြီလား။ မောရှေသည် တောင်ထိပ်

ပေါ်တွင် ရပ်လျက် မိမိမျက်စိရှေ့မှာရှိသည့်ခါနန်ပြည်ကို လှမ်းကြည့်သ

ကဲ့သို့ ပဋိညာဉ်သည်လည်း သင့်အတွက်ဖြစ်နေသလား။ ထိုပြည်သည်

သင့်အတွက်ပင်ဖြစ်သည်။ ထိုပြည်သည် နို့နှင့်ပျားရည်စီးဆင်းသောပြည်

ဖြစ်ပြီး သင့်အတွက်ဖြစ်သည်။ ထိုပြည်ကို ယေရှုခရစ်တော်အားဖြင့် သင်

အမွေရရှိခံစားပြီးဖြစ်သည်။

အကယ်၍ သင်၌ ပြောင်းလဲခြင်းမရှိသေးပါက သင့်အတွက်

မည်သည့်စကားမျှဝမ်းမြောက်စရာကောင်းမည်မဟုတ်ပေ။ သို့သော် သင့်

နှလုံးသားထဲ၌ ပြောင်းလဲမှုဖြစ်ပေါ်စေမည့်အရာအတွက် ကျွန်ုပ်ကူညီပေး

နိုင်မည့်နည်းလမ်းရှိသည်ဖြစ်၍ ဘုရားသခင်ကို ကျေးဇူးတင်ရမည်။ သင့်

အတွက် ပဋိညာဉ်ထဲ၌ ရှိသည့်အကျိုးအမြတ် ရရှိနိုင်မည့်နည်းလမ်းဖြစ်

သည့်ဘုရားသခင်၏ညွှန်ကြားချက်ကို ကျွန်ုပ်ဖော်ပြပေးနိုင်သည်။ ထိုအရာ

သည် အလွန်ရိုးရှင်းပြီး စကားလုံးအနည်းငယ်သာပါရှိသည်။ “ယုံကြည်

လျက် အသက်ရှင်ပါ”ဟူ၍ဖြစ်သည်။ ယေရှုခရစ်တော်ကို ယုံကြည်သော

သူအပေါင်းတို့သည် ပဋိညာဉ်၏ကောင်းချီးမင်္ဂလာဖြစ်သည့် ထာဝရအ

သက်ကိုရရှိကြမည်။ ပဋိညာဉ်၏ကောင်းချီးမင်္ဂလာကို ရရှိပိုင်ဆိုင်ခြင်းငှာ

သင်သည် ထိုပဋိညာဉ်ထဲ၌ တည်ရှိနေသည်သာမကပဲ ဖြစ်နေရပါမည်။

ခရစ်တော်သည် သင့်ကိုယ်စားလှယ် (ဝါ) သင့်ကိုထောက်ပံ့ပေးသူဖြစ်

ကြောင်း ထင်ရှားစွာထုတ်ဖော်ပြသရပါမည်။

တစ်စုံတစ်ဦးက “ခရစ်တော်ကိုယုံကြည်ရမည်ဟု ပြောဆိုခြင်း

သည် မည်သို့နည်း”ဟု မေးမြန်းလေ၏။ “ယုံကြည်”ဟူသောစကားလုံးနှင့်

အနက်အဓိပ္ပာယ်တူသည့်”ကိုးစား”ဟူသောစကားလုံးတစ်မျိုးလည်း ရှိပြန်

သည်။ ခရစ်တော်သည် ကျွန်ုပ်အတွက် သီးသန့်အသေခံခဲ့သည်ဟူသည်

ကို ကျွန်ုပ်မည်ကဲ့သို့သိရှိနိုင်မည်နည်း။ ၎င်းကို မိတ်ဆွေ အမှန်တကယ်

သိလား၊ မသိလားဟူသည်ကို သေချာစွာသိရှိအောင် ကိုယ်တော်ကို

ယုံကြည်ကိုးစားကြည့်ပါ။ ယေရှုခရစ်တော်သည် အပြစ်အတွက် အပြစ်

ပြေခြင်းယဇ်အဖြစ် ကရာနီကုန်းပေါ်ရှိ လက်ဝါးကပ်တိုင်ပေါ်တွင် မြှောက်

ထားခြင်းခံပြီး သူ့ကို ကြည့်ရှုသူတိုင်း အသက်ချမ်းသာရလိမ့်မည်ဟု

ထုတ်ဖော်ကြေငြာပြီးဖြစ်သည် (တော၊ ၂၁:၈)။ မိမိ၏ဖြောင့်မတ်ခြင်းကို

စွန့်လွှတ်သောသူများ၊ ယခုလက်ရှိမိမိတို့ မှီတင်းအားကိုးထားသည့်အရာ

များကိုစွန့်လွှတ်သူများ ချီးမြှောက်ခြင်းကိုခံတော်မူသော ငါတို့၏ကယ်

တင်ရှင် ပြီးမြောက်သောအလုပ်ရှိရာသို့ဝင်လာ၍ ယုံကြည်ကိုးစားသော

သူသည် ထိုယုံကြည်ခြင်းကို ရရှိသည်ဖြစ်၍ ခရစ်တော်၌ တည်ရှိနေသော

သူတစ်ဦးဖြစ်လာသည်။

ခရစ်တော်သည် လူတို့အား ကယ်တင်၍ရအောင် သစ်တိုင်ပေါ်

မှာ အသေခံခဲ့ခြင်းမဟုတ်ဘဲ လူတို့ကိုကယ်တင်ရန် (ဝါ) အမှန်

ရန်ဖြစ်သည်။ အပြစ်သားများအတွက် မိမိ၏အသက်ကို အဖိုးအခအဖြစ်

ပေးအပ်ပြီး ရွေးယူခြင်းဖြစ်သည်။ သူတို့၏အပြစ်ကြွေးအားလုံးကို ခေါ်

ခဲ့သည်။ “ကျွန်ုပ်တို့၏အပြစ်အလုံးစုံတို့ကို နက်နဲသောပင်လယ်သို့

ချပစ်တော်မူလိမ့်မည်(မိက္ခာ ၇:၁၉)။ဘုရားသခင်သည် မိမိရွေးကောက်

သောသားသမီးများအပေါ်တွင် ကျရောက်လာမည့်အပြစ်ရှိသမျှကို ဖယ်

ရှားပေးတော်မူ၏။ သင်သည် ခရစ်တော်ကိုယုံကြည်လျှင် ရွေးကောက်ခံ

တစ်ဦးဖြစ်၍ ကိုယ်တော်သည် သင့်အတွက် အသေခံတော်မူသော

ကြောင့် သင်၏အပြစ်ရှိသမျှကို ခွင့်လွှတ်တော်မူ၏။

သို့သော် တစ်စုံတစ်ဦးက ဗီဇပြောင်းလဲခြင်းသည် အဘယ်သို့

ဖြစ်၍ အဘယ်ကဲ့သို့ဖြစ်လာဖို့ လိုအပ်ပါသနည်းဟု မေးလာပါသည်။ ဗီဇ

ပြောင်းလဲခြင်းသည် အမြဲယုံကြည်ခြင်းအားဖြင့် ဖြစ်ပေါ်လာသည်။ စစ်မှန်

သောယုံကြည်ခြင်းက ဆက်လက်လိုက်လာသည်။ ခရစ်တော်၌ စစ်မှန်

သောယုံကြည်ခြင်း ရှိသည့်နေရာတိုင်းတွင် ယုံကြည်ခြင်းသည် မေတ္တာ

အားဖြင့် လုပ်ဆောင်တတ်သည် (ဂလာ၊ ၅း၆)၊ ကရုဏာသည် ချစ်ခြင်း

မေတ္တာကို ပေါက်ပွားစေ၍ ခရစ်တော်ကို ချစ်ခြင်းသည် အပြစ်ဒုစရိုက်

မုန်းတီးခြင်းကို ပေါက်ပွားစေပါသည်။ အပြစ်ဒုစရိုက်ကို မုန်းတီးခြင်းသည်

စိတ်ဝိညာဉ်ကို သန့်စင်ပေး၍ စိတ်ဝိညာဉ်သည် သန့်စင်ခြင်းခံရသော

ကြောင့် အသက်တာပြောင်းလဲခြင်းဖြစ်သည်။

ကျေးဇူးတော်ပဋိညာဉ်၏အလုပ်

သင်သည် မိမိ၏အပြင်ပန်းသဏ္ဍာန်ကို ပြုပြင်ဖာထေးရန် ကြိုး

စားခြင်းဖြင့် အစမပြုရ၊ အသစ်သောထာဝရအသက်ကို လက်ခံခြင်းဖြင့်

အစပြုရပါမည်။ “အသက်သည် ယေရှုကို ယုံကြည်သောအားဖြင့်

ဘုရားသခင်သနားတော်မူရာဖြစ်သတည်း” ဟူသောလမ်းစဉ်၌သာ တွေ့ရှိ

ရသည် (ဧ၊ ၂း၈)။ ခရစ်တော်၌

ရှိသောထိုယုံကြည်ခြင်းသည် ကျေးဇူးတော်

ပဋိညာဉ်၏လုပ်ဆောင်ချက်အတိုင်း သင့်အား ပေးအပ်ခဲ့ပြီဖြစ်သည်။ ဖိလိ

ပိ၊ ၂:၁၃ တွင် ပေါလုကလည်း ၎င်းကို “သင်တို့အထဲ၌ စေတနာတော်

အားဖြင့် ပြုပြင်တော်မူသောသူကား ဘုရားသခင်ပေတည်း”ဟု ဖော်ပြ

ထားပါသည်။

အသင်းတော်တစ်ပါးသို့ဝတ်ပြုရန် သွားဖူးသောသူသည် ထိုအ

သင်းတော်၏ထင်မြင်ယူဆချက်တချို့ကို စွဲကိုင်တတ်၏။ ထို့အတူ သာမန်

လူတစ်ဦးသည်လည်း ရေနှစ်ခြင်းခံသောကြောင့် ကယ်တင်ခြင်းသို့ရောက်

ပြီဟု မှတ်ယူတတ်သည်။ ထိုသူက “ငါကယ်တင်ခြင်းရရှိပါပြီး ဘာလို့လဲ

ဆိုတော့ ရေနှစ်ခြင်းခံပြီးပြီလေ။ အဲဒီလို ရေနှစ်ခြင်းခံတဲ့အတွက် ဘုရား

သခင်ရဲ့ သားဖြစ်သွားပြီ”ဟူ၍ မှားယွင်းစွာခံယူထားသည်ကို တွေ့ရသည်။

ထိုသို့ယုံကြည်ရသည့်အကြောင်းရင်းမှာ အသင်းတော်၏သွန်သင်မှု မှား

ယွင်းသောကြောင့်ဖြစ်ပါသည်။

သို့သော် သမ္မာကျမ်းစာအတိုင်း မှန်မှန်ကန်ကန်သင်ကြားပေး

သောသင်းအုပ်မူကား ကျမ်းစကားကို တင်စားခြင်းထက် မူရင်းဆိုလိုရင်း

အတိုင်း အသားပေးတတ်သည်။ ထိုသင်းအုပ်တစ်ပါးသည် မည်းနက်

သောမင်အိုးကိုယူ၍ ရေဆေးပြီးလျှင် လူတစ်ဦးအား ထိုမင်အိုးထဲက အ

ရည်ကိုသောက်ရန် တိုက်တွန်းလေသည်။ ထိုလူကလည်း “ငါမသောက်

နိုင်ဘူး၊ အထဲကအရည် မည်းမည်းကြီး၊ ဆရာက ဗူးခွံပဲ ဆေးတာ”ဟူ၍

ငြင်းလေသည်။ ထိုအခါ သင်းအုပ်ဆရာက “မင်းလည်း အဲဒီလိုပါပဲ၊ မင်း

ရေနှစ်ခြင်းခံတာ အပြင်ပန်းကို ရေချိုးလိုက်တာနဲ့ အတူတူပါပဲ၊ တကယ်

တမ်းတော့ အထဲက အသက်တာပြောင်းလဲဖို့ လိုအပ်တယ်။ အပြင်ပန်း

ရေနှစ်ခြင်းခံတဲ့အရာဟာ မင်းရဲ့ အပြစ်တွေကို မသန့်ရှင်းစေနိုင်ဘူး။ ညစ်

ပတ်တဲ့အရာတွေဟာ မင်းရဲ့ အထဲမှာပဲရှိတာလို့” ပြန်ပြောလေသည်။

ကျေးဇူးတော်ပဋိညာဉ်၏လုပ်ဆောင်ချက်သည် အပြင်ပန်း ဆေး

ကြောခြင်းမဟုတ်၊ သွေးသားဇာတိဆေးကြောခြင်းမဟုတ်၊ ထုံးတမ်းဓလေ့

ပြဋ္ဌာန်းခြင်းလည်းမဟုတ်၊ ပွဲလမ်းသဘင်ပြဋ္ဌာန်းခြင်းမဟုတ်၊ လက်တင်ခြင်း

လည်းမဟုတ်ပေ။ ကျေးဇူးတော်ပဋိညာဉ်၏လုပ်ဆောင်ချက်သည် အတွင်း

ပိုင်းဆေးကြောခြင်း၊ စိတ်နှလုံးသန့်စင်ပေးခြင်း၊ အတွင်းပုဂ္ဂိုလ်ကို သန့်ရှင်း

စေခြင်း၊ စိတ်ဝိညာဉ်ကို အသစ်ဖြစ်စေခြင်းတို့ဖြစ်ပါသည်။ ကယ်တင်ခြင်း

သာလျှင် လူတစ်ဦးကို ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်စေနိုင်

သည်။ ယခုတွင် သင်၏အပြင်ပန်း အကျင့်ဆိုးမှန်သမျှကို စွန့်လွှတ်နိုင်ပါ

ပြီး သင်သည် ၎င်းတို့ကို စွန့်လွှတ်လိုမည်ဟု ကျွန်ုပ်ယုံကြည်မျှော်လင့်

ပါသည်။ အသင်းတော်၏ထုံးတမ်းစဉ်လာများနှင့်ပွဲလမ်းသဘင်တို့သည်

ကျမ်းစာနှင့် ညီညွတ်မှုရှိပါက သင်သည် ၎င်းတို့ကို လက်တွေ့ကျင့်သုံးနိုင်

သည်သာမက ကျင့်သုံးရန်လည်း လိုလားရပါမည်။ သို့သော် ၎င်းတို့သည်

သင့်အတွက် မည်သည့်အရာမျှမပြုပေးနိုင်ပေ၊ ကောင်းကင်နိုင်ငံတော်ထဲ

သို့လည်း ပို့ပေးနိုင်စွမ်းမရှိပေ။

ကိုယ့်ကိုယ်ကို မေးမြန်းစစ်ဆေးခြင်း ပြုကြပါရန် ကျွန်ုပ်တိုက်

တွန်းပါသည်။ ကျွန်ုပ်သည် မည်သည့်အသင်းသားကိုမဆို ကျေးဇူးတော်

ပဋိညာဉ်၏လုပ်ဆောင်ချက်အတိုင်း ကိုယ့်အသက်တာထဲမှာ လက်တွေ့

ကျင့်သုံးကြရန် လေးလေးနက်နက်တိုက်တွန်းတတ်သည်။ ဘာသာရေး၏

ထုံးတမ်းဓလေ့၌ ပါဝင်ခြင်းသည် အခွင့်ကောင်းယူခြင်းမဟုတ်၊ ရေနှစ်ခြင်း

မင်္ဂလာခံခြင်းသည်လည်း အခွင့်ကောင်းယူခြင်းမဟုတ်၊ ပွဲတော်မင်္ဂလာ

ခံယူခြင်းသည်လည်း အခွင့်ကောင်းယူခြင်းမဟုတ်ပေ။

အမှန်မှာ သာ၍ကြီးမားသောတာဝန် ရယူခြင်းသာဖြစ်

သည်။ သင့်စိတ်နှလုံးသည် ကတိတော်ပဋိညာဉ်နှင့်အညီ သန့်ရှင်းသော

ဝိညာဉ်တော်အားဖြင့် အသစ်ပြုလုပ်ခြင်းမခံရပါက ကျိန်ခြင်းသည် သင့်

အပေါ်ကျရောက်လာပါလိမ့်မည်။ သင်သည် အသစ်သောနှလုံးသား မပိုင်

ဆိုင်သေးပါက တိတ်ဆိတ်သောနေရာကိုသွားလျက် ဒူးထောက်ကာ ၎င်း

အတွက် ဘုရားသခင်ထံအသနားခံဆုတောင်းရပါမည်။ ထိုသို့ပြုနိုင်ရန်

သန့်ရှင်းသောဝိညာဉ်တော်သည် သင့်ကိုအနိုင်အထက်သွေးဆောင်ပါစေ

သော။ သင်သည် ထိုသို့အသနားခံဆုတောင်းနေသောအခါ စိတ်နှလုံးသစ်

သည် သွေးယိုစီးလျက်နေသောနှလုံးသားထဲမှရောက်လာပါလိမ့်မည်။ ဗီဇ

ပြောင်းလဲခြင်းသည်လည်း ဗီဇဆင်းရဲဒုက္ခခံခြင်းထဲမှ ပေါ်ထွန်းလာပါလိမ့်

မည်။ သင်သည် ယေရှုကိုသာကြည့်ရှုလျက်နေရမည်။

အသေခံသောသူကို ကြည့်ရှုရာ အသက်ရှိ၏။

ဤတခဏတွင် သင့်အတွက် အသက်ရှိ၏။

ကျေးဇူးတော်ပဋိညာဉ်၏ကောင်းချီးမင်္ဂလာများ

ဤပဋိညာဉ်နှင့်ဆိုင်သောကောင်းချီးမင်္ဂလာများသည် ကျွန်ုပ်အ

တွက် ကြီးမားသောအားပေးနှစ်သိမ့်မှုနှင့်လှုံ့ဆော်အားပေးမှုဟု ထင်ရ

သည်။ ဤနှစ်မျိုး၏နှစ်သိမ့်မှုသည် နေရာတိုင်း၌ရှိသောယုံကြည်သူများ

ထံသို့ မတူညီသောလမ်းကြောင်းဖြင့် ရောက်လာတတ်သည်။

အားပေးနှစ်သိမ့်မှု၏ရင်းမြစ်

ပဋိညာဉ်၏ကောင်းချီးမင်္ဂလာများသည် သင့်အတွက် ကြီးမား

သောအားပေးနှစ်သိမ့်မှု၏ရင်းမြစ်ဖြစ်နိုင်ပါသည်။ ချစ်သောမိတ်ဆွေ၊ သင်

သည် ပဋိညာဉ်ထဲ၌ ရှိနေသောသူဖြစ်သည်။ သို့သော် သင်က “ငါဟာ

အင်မတန်ဆင်းရဲတဲ့လူပါ”လို့ဆို၏။ ဘုရားသခင်က သင့်အား “ငါသည်

သင်တို့၏ဘုရားသခင်ဖြစ်မည်” (ယေရ၊ ၇:၂၃) ဟု မိန့်ဆို၏။ သင်သည်

အဘယ့်ကြောင့် အလွန်ချမ်းသာပါသနည်း။ လူတစ်ဦးမှာ ငွေအကြွေပြား

စေ့မရှိသော်လည်း စိန်တစ်လုံးပိုင်ဆိုင်ထားလျှင် ထိုသူသည် အလွန်ချမ်း

သာသောသူဖြစ်သည်။ ထိုသို့ဖြစ်လင့်ကစား လူတစ်ဦးသည် မိမိ၌ ငွေအ

ကြွေပြားစေ့လည်းမရှိစိန်တစ်လုံးလည်းမရှိသည့်တိုင်အောင် ဘုရားသခင်

ကိုပိုင်ဆိုင်ထားသောသူဖြစ်ပါက “အလွန်အဖိုးထိုက်သောပုလဲကို ရရှိ

ထားသူဖြစ်သည်(မဿဲ၁၃:၄၆)။ထိုသူသည် အတိုင်းထက်အလွန်ချမ်းသာ

သောသူဖြစ်ပေသည်။

သို့သော် သင်က “ငါ့ကုတ်အင်္ကျီသည် ဟောင်းနွမ်းနေပြီ”ဟု

ငါ့အား ပြောပြသော်လည်း သင်သည် ကုတ်အင်္ကျီအသစ်ကို ဝယ်ယူနိုင်

ရန် အဘယ်အရပ်၌ ငွေရရှိ၍ သွားဝယ်ရမည်ကို မသိပဲနေလေ၏။

“အဝတ်အဖို့၌ အဘယ်ကြောင့် စိုးရိမ်ရသနည်း။ တောနှင်းပင်

တို့သည် အဘယ်သို့သောအားဖြင့် ကြီးပွားသည်ကို ဆင်ခြင်အောက်

မေကြလော့၊ ထိုအပင်တို့သည် အလုပ်လည်းမလုပ်၊ ချည်ဖြစ်စေခြင်းငှာ

ပင်မဝင်၊ သို့သော်လည်း ဘုန်းကြီးသောရှောလမုန်မင်းကြီး၏အဝတ်

သည် ထိုအပင်တစ်ပင်၏အဝတ်ကိုမမီဟု ငါဆို၏” (မဿဲ၊ ၆:၂၈-၂၉)။

တောနှင်းပင်က ဘုရားသခင်ကိုပိုင်ဆိုင်သကဲ့သို့ သင်သည်လည်း ဘုရား

သခင်ကိုရရှိပိုင်ဆိုင်သောသူဖြစ်ကြောင်း အောက်မေ့ရမည်။

“ယုံကြည်အားနည်းသောသူတို့ ယနေ့အသက်ရှင်လျက် နက်

ဖြန်မီးဖိုထဲသို့ရောက်သောတောမြက်ပင်ကိုဘုရားသခင်သည် ထိုသို့သော

အဝတ်နှင့် ဖုံးလွှမ်းတော်မူလျှင် ထိုမျှမက သင်တို့ကိုအဝတ်နှင့် ဖုံးလွှမ်း

တော်မူမည်မဟုတ်လား။ ထို့ကြောင့် အဘယ်သို့စားသောက်ရအံ့နည်း။

အဘယ်သို့ဝတ်ရအံ့နည်းဟူ၍ မစိုးရိမ်ကြနှင့် ထိုအရာများကို သာသနာ

ပလူတို့သည် ရှာဖွေတတ်ကြ၏။ ထိုအရာများကို သင်တို့သည် အသုံးလို

ကြောင်းကို ကောင်းကင်ဘုံ၌ရှိတော်မူသောသင်တို့အဘသည် သိတော်မူ

၏။ ဘုရားသခင်၏နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာ

ရှာကြလော့၊ နောက်မှ ထိုအရာများကို ထပ်၍ပေးတော်မူလတ္တံ့ ”(မဿဲ ၃၀း၃၃)။

ထို့ကြောင့် ဤပဋိညာဉ်ကောင်းချီးမင်္ဂလာများကို အောက်မေ့

လျက် မိမိကိုယ်ကို နှစ်သိမ့်လော့။ သို့သော် အထူးသဖြင့် “ငါ၏ဘုရား

သခင်သည် ဘုန်းအာနုဘော်၌ စံပယ်တော်မူသောစည်းစိမ်ရှိသည်အတိုင်း

သင်တို့လိုအပ်သမျှတို့ကို ယေရှုခရစ်အားဖြင့် ပြည့်စုံစေတော်မူလိမ့်မည်”

(ဖိ ၄:၁၉) ဟူသောကျမ်းစကားဖြင့် နှစ်သိမ့်ရပါမည်။

လှုံ့ဆော်အားပေးနှစ်မှု၏ရင်းမြစ်

ကျေးဇူးတော်ပဋိညာဉ်သည် ယုံကြည်သူတို့အတွက် ကြီးမား

သောအားပေးနှစ်သိမ့်မှု၏ရင်းမြစ်ဖြစ်ကြောင်းကို ကျွန်ုပ်ဖော်ပြခဲ့ပြီးဖြစ်

သည်။ ပဋိညာဉ်သည် ခရစ်တော်၏လုပ်ငန်းရှိသမျှ၌ ကျွန်ုပ်တို့အတွက်

အားပေးနှစ်သိမ့်မှုတစ်ခုဖြစ်ပေသည်။ အကြောင်းမှာ ကျွန်ုပ်တို့သည် တချို့

သောအကျိုးဆက်များရှိသည်ဟူ၍ ယုံကြည်စိတ်ချသောကြောင့်ဖြစ်သည်။

“သူတို့အား မိန့်တော်မူသည်ကား စပါးရိတ်စရာများစွာရှိ၏။ ရိတ်

သောသူတို့သည် နည်းကြ၏။ ထိုကြောင့်လုပ်ဆောင်သောသူတို့ကို စပါး

ရိတ်စေခြင်းငှာ စပါးရှင်စေလွှတ်တော်မူမည်အကြောင်း ဆုတောင်းကြ

လော့”(လုကာ၊ ၁၀:၂)။

“ယခုမှစ၍လေးလလွန်လျှင် စပါးရိတ်ရာကာလဖြစ်လိမ့်မည်ဟု

သင်တို့ဆိုတတ်သည်မဟုတ်လား။ ငါ ဆိုသည်ကား စပါးရိတ်ခြင်းအလို့

ငှာ လယ်ပြင်တို့သည် ယခုပင်ဝင်းဝင်းရှိသည်ကို မျှော်၍ကြည့်ကြလော့။

စပါးရိတ်သောသူသည် အခကိုခံရ၍ ထာဝရအသက်ရှင်ခြင်းအလိုငှာ

အသီးအနှံကိုစုသိမ်း၏။ သို့ဖြစ်လျှင် ပျိုးကြသောသူနှင့်စပါးရိတ်သောသူတို့

သည် အတူဝမ်းမြောက်ကြလိမ့်မည်”(ယော၊ ၄:၃၅-၃၆)။

“အချိန်တန်သောကာလ၌ အသီးအနှံကို ရိတ်ရကြလိမ့်မည်”

(ဂလာ၊ ၆း၉)။

ကျွန်ုပ်သည် လူမျိုးအပေါင်းတို့ ခရစ်တော်ထံသို့ပြောင်းလဲလာကြ

မည်ကို အမှန်လိုလားတောင့်တပါသည်။ လန်ဒန်မြို့၌ နေထိုင်သောအ

ပေါင်းတို့သည်လည်း ကျွန်ုပ်၏သခင် ကယ်တင်ရှင်နှင့်သက်ဆိုင်သောသူ

များဖြစ်စေလိုပါသည်။ လမ်းမရှိသမျှတို့၌ နေထိုင်သောသူတို့သည်လည်း

ကိုယ်တော်၏နာမတော်ကို ချစ်မြတ်နိုးသောသူများဖြစ်စေလိုပါသည်။ သို့

ရာတွင် ဤမြို့ကြီးသည် ဒုစရိုက်အပြစ်နှင့်ပြည့်နှက်၍ ဧဝံဂေလိသတင်း

ကောင်းတရားမှ မကြာခဏနောက်ကြောင်းပြန်နေသည်ကို ကျွန်ုပ်မြင်

သောအခါ စိတ်အားလျော့တတ်၏။ “သို့သော်လည်း သခင်ဘုရားသည်

မိမိလူတို့ကို သိကျွမ်းတော်မူ၏ဟူ၍၄င်း၊ သခင်ဘုရား၏နာမတော်ကိုဝန်ခံ

သောသူမည်သည်ကား မတရားသောအမှုကို ရှောင်ရမည်ဟူ၍၎င်း၊ တံ

ဆိပ်ခတ်လျက်ရှိသော ဘုရားသခင်၏တိုက်မြစ်ဖြစ်သည် ခိုင်ခံ့၍တည်၏။

(၂တိ၊ ၂း၁၉)။

ခရစ်တော်သည် မိမိလူတို့ကိုပိုင်ဆိုင်ပါလိမ့်မည်။ အပယ်ငရဲ၏

ခွန်အားများသည် ကျွန်ုပ်တို့ကို ရွေးနုတ်သောအရှင်သခင်အား မလုယက်

နိုင်ပေ။ မိမိစိတ်ဝိညာဉ်ခံရသောဝေဒနာ၏အကျိုးကို မိမိမြင်၍ အားရလိမ့်

မည်။ ထိုဖြောင့်မတ်သော ငါ၏ကျွန်ကို သိကျွမ်းခြင်းအားဖြင့် သူသည်

အများသောသူတို့ကို ဖြောင့်မတ်ရာ၌ တည်စေလိမ့်မည်။ သူတို့၏အပြစ်

ကို ကိုယ်တိုင်ဆောင်ရွက်ရ၏” (ဟေရှာ၊ ၅၃:၁၁)။ ကရာနီဟူသည်မှာ

ရှုံးနိမ့်ခြင်းမဟုတ်ပေ။ ဂေသရှေမန်ဥယျာဉ်သည် ရှုံးနိမ့်ခြင်းဟုတ်ပါသလား၊

လုံးဝမဟုတ်ပေ။ တန်ခိုးနှင့်ပြည့်ဝသောသူသည် သွေးသွန်းရန် ကားတိုင်

ပေါ်သို့တက်သွားပြီး ကျွန်ုပ်တို့အဖို့ အသေခံခဲ့သည်။ ထိုသူသည် ဘုရား

သခင်၏သားတော် ယေရှုခရစ်တော်ဖြစ်ပြီး ရှုံးနိမ့်ခြင်းသို့ဆင်းသွားခြင်းမရှိ

ဘဲ အောင်မြင်ခြင်းကိုရယူခဲ့သည်။ “ထာဝရဘုရားသည် သူ့ကိုနှိပ်စက်ခြင်း

ငါအလိုတော်ရှိ၍ နာစေတော်မူ၏။ သူသည် အပြစ်ဖြေသောယဇ်ကိုပူဇော်

ပြီးမှအမျိုးအနွယ်တော်ကို မြင်ရလိမ့်မည်။ အသက်တော်လည်း ရှည်လိမ့်

မည်။ ထာဝရဘုရား၏အကြံတော်သည်လည်း သူ၏လက်၌ ပြည့်စုံခြင်း

ရောက်လိမ့်မည်”(ဟေရှာ၊ ၅၃:၁၀)။

တချို့လူကယ်တင်ခြင်းသို့မရောက်ကြသော်လည်း တချို့ရောက်

ကြပါလိမ့်မည်။ ဖိတ်ခေါ်ခြင်းခံကြသောအခါ တချို့မှာ ထိုပွဲတော်သို့လာ

ရောက်ရန် မထိုက်တန်ဟု ထင်မှတ်ကြ၏။ အခြားသောသူများမူကား

ရောက်လာကြမည်။ ထိုပွဲတော်သည် မျက်စိမမြင်သောသူ၊ နားမကြား

သောသူ၊ ခြေမစွမ်းသောသူနှင့်ဧည့်သည်များဖြင့် တည်ခင်းကြသည်။ အ

ကယ်၍ ဖိတ်ကြားထားသူများသည် မိမိတိုင်းပြည်မှမရောက်လာကြလျှင်

ကြည့်ရှုလော့၊ ဤသူတို့သည် ဝေးသောအရပ်မှလာကြလိမ့်မည်။ ကြည့်

ရှုလော့၊ ဤသူတို့သည် မြောက်အရပ်၊ အနောက်အရပ်နှင့် နှိမ်ပြည်မှ

လာကြလိမ့်မည်” (၄၉:၁၂)။ “ငါသည် ထာဝရဘုရားရှေ့တော်၌ အသ

ရေထင်ရှား၍ ငါ၏ဘုရားသခင်သည် ကို ခိုင်ခံစေတော်မူသည်အ

ကြောင်းနှင့်တကွ ဣသရေလအမျိုးသည် အထံတော်၌ စုဝေးစေခြင်းကို

မခံသော်လည်း ငါသည် ယာကုပ်အမျိုးကို အထံတော်သို့ တဖန်ဆောင်ခဲ့

ရသောကျွန်ဖြစ်စေမည်အကြောင်း ငါ့ကိုအမိဝမ်းထဲမှစ၍ ဖန်ဆင်းတော်မူ

သောထာဝရဘုရားမိန့်တော်မူသည်ကား”ဟေရှာ၊ ၄၉:၅)။ ထိုအခါ သာ

သနာပလူတို့သည် ဘုရားသခင်ထံတော်ပါးသို့ စုရုံးလာကြလိမ့်မည်။

“အဲဂုတ္တုပြည်မှသံတမန်တို့သည် လာကြပါလိမ့်မည်။ ကုရှပြည်သည် မိမိ

လက်တို့ကို ဘုရားသခင်ထံတော်သို့အလျင်အမြန် ဆန့်ရပါ လိမ့်မည်”

(ဆာ၊ ၆၈:၃၁)။ သဲကန္တာရ၌ လှည့်လည်သောလူမျိုးတို့သည် ဒူးထောက်

လျက် ဝေးသောအရပ်မှဧည့်သည်တို့သည်လည်း ခရစ်တော်ကိုရှာဖွေကြ

လိမ့်မည်။ ၎င်းသည် ယနေ့ဖြစ်ပျက်နေပြီမဟုတ်လော။

အို ချစ်သောမိတ်ဆွေ၊ ဘုရားသခင်၏ရည်ရွယ်ချက်များသည်

မည်သည့်အခါမျှ စိတ်ပျက်စရာမဟုတ်ပေ။ ဘုရားသခင်၏ထာဝရအလို

တော်သည် ရှုံးနိမ့်ခြင်းမဟုတ်ပေ။ ခရစ်တော်သည် ဘုန်းအသရေနှင့် အ

သေခံခဲ့ပြီ၊ သူခံစားခဲ့သောဆင်းရဲဒုက္ခအားလုံးတို့အတွက် စုံလင်သော

ဆုလာဘ်ကိုရရှိပါလိမ့်မည်။

“ထို့ကြောင့် ငါချစ်သောညီအစ်ကိုတို့၊ သင်တို့သည် ဘုရားသခင်

၏အမှုတော်ကို ဆောင်ရွက်၍ အကျိုးကြီးသည်ကို သိမှတ်သဖြင့် တည်

ကြည်သောစိတ်နှင့် ပြည့်စုံ၍ မရွေ့မလျော့မသိမ်းမယိမ်းဘဲလျက် ဘုရား

သခင်၏အမှုတော်ကို ကြိုးစားအားထုတ်ကြလော့”(၁ကော၊ ၁၅:၅၈)။

အခန်း ၂

ပဋိညာဉ်၌ရှိသောဘုရားသခင်

“ငါသည်လည်း သူတို့၏ဘုရားသခင်ဖြစ်မည်”(ယေရ၊ ၃၂:၃၈)

ဒုတိယပဋိညာဉ်သည် ဘုန်းအသရေနှင့် ပြည့်ဝသောပဋိညာဉ်

ဖြစ်သည်။ ကောင်းပေသည်။ “သာ၍မြတ်သောကတိတော်တို့၌တည်သော

သာ၍တော်သောပဋိညာဉ်တရား” (ဟေဗြဲ၊ ၆း၈)။ အံ့သြဖွယ်ကောင်းသည့်

မိမိကိုယ်ကိုနှိမ့်ချခြင်း၊ ထိုက်တန်ခြင်းမရှိသည်ဖန်ဆင်းခံလူ အပေါင်းတို့အ

တွက် ပဋိညာဉ်ဘောင်အတွင်း၌ အဆုံးမရှိသောဘုရား သခင်၏မေတ္တာ

တော်အကြောင်းတို့ကို ကျွန်ုပ်တို့သိမြင်သောအခါ ပဋိညာဉ်တရားသည်

မိမိတို့၏စိတ်ဝိညာဉ်ထဲ၌ အတော်အတန်လွှမ်းမိုးပြီး ၎င်းအကြောင်းအရာ

ကို အမှန်စဉ်းစားခြင်းသည် ဘုန်းအသရေရှိလှပေသည်။ ထိုသို့သောမြင့်

မြတ်သောရည်ရွယ်ချက်များသည် မိမိတို့အတွက် သမာသမတ်ကျသော

စေ့ဆော်မှုများဖြစ်ပေသည်။ ထိုပဋိညာဉ်သည် အစမူလ၌ အာဒံနှင့် ပြုခဲ့

သည့်လုပ်ဆောင်မှုနှင့်ဆိုင်သောပဋိညာဉ်တရားထက် သာ၍ကောင်းပေ

သည်။ ထိုပဋိညာဉ်သည် အစ္စရေးလူမျိုးတို့နှင့် အသစ်ဖြစ်စေလျက် အီဂျစ်

ပြည်မှသူတို့ထွက်လာသောအခါ သူတို့အတွက် အသေးစိတ်ရှင်းလင်း

ဖော်ပြပေး၏။ ကျေးဇူးတော်ပဋိညာဉ်သည် လုပ်ဆောင်မှုနှင့်ဆိုင်သော

ပဋိညာဉ်ထက်သာ၍ကောင်းပေးသည်။ အကြောင်းမှာ ဤပဋိညာဉ်သည်

သာ၍အခြေခံသဘောတရား၌ အခြေခံသောကြောင့်ဖြစ်သည်။

ပဋိညာဉ်တရားဟောင်းသည် ကောင်းမှုပြုခြင်း၏အခြေခံသဘော

တရား၌ အခြေခံထားသည်။ အခြေခံအားဖြင့် ပဋိညာဉ်တရား၏အနေ

အထားမှာ ဤသို့ဖြစ်၏။ ဘုရားသခင်ကို အစေခံလော့။ သင်၏ဆုလာဘ်

သရဖူကို ရရှိပါလိမ့်မည်။ ထာဝရဘုရားကို ကြောက်ရွံ့လျက် ကောင်းမွန်

စွာလျှောက်လှမ်းပါက ဘုရားသခင်သည် ဂေရဇိမ်တောင်၏ကောင်းချီး

မင်္ဂလာများကို သင့်အပေါ်သို့စီးဆင်းစေမည် (တရား၊ ၁၁:၂၉)။ သင်သည်

လည်း ဤမြေကြီးပေါ်၌ အလွန်ကောင်းချီးမင်္ဂလာခံစားသောသူဖြစ်ပြီး

လောက၌ရှိသောအရာတို့သည်လည်း သင့်ဆီရောက်လာပါလိမ့်မည်။ သို့

သော် ပဋိညာဉ်တရားဟောင်းသည် ချောင်ထိုးခံရသည်။ ထိုပဋိညာဉ်

သည် တရားမျှတပြီး ထိုပဋိညာဉ်တရားအတိုင်းကောင်းမွန်စွာလုပ်ဆောင်

သောသူအား ဆုလာဘ်ကိုပေး၏ (ဝါ) ကောင်းမွန်စွာမပြုသောသူအား

မိမိ၏မကောင်းမှုပြုသည့်အတိုင်း ပြစ်ဒဏ်ကိုပေး၏။ သို့ဖြစ်၍ လုပ်ဆောင်

မှုနှင့်ဆိုင်သောပဋိညာဉ်သည် လူတို့၏ပျော်ရွှင်မှုအတွက် မသင့်တော်

သည့်အပြင် သူတို့အတွက် ထာဝရကောင်းကျိုးချမ်းသာကို အားပေးအား

မြှောက်မပြုပေးနိုင်ပေ။ အကြောင်းမှာ လူတို့သည် ကျရှုံးသောသူဖြစ်၍

အပြစ်ကျူးလွန်မည်မှာ မြေကြီးလက်ခပ်မလွဲပင်ဖြစ်သည်။

သို့သော်လည်း ပဋိညာဉ်တရားသစ်သည် လုပ်ဆောင်ခြင်း၌

အခြေမခံပေ။ ၎င်းသည် စင်ကြယ်သောပဋိညာဉ်ဖြစ်ပြီး ရောနှောခြင်းနှင့်

ကင်းသောကျေးဇူးတော်ဖြစ်သည်။ ဤပဋိညာဉ်တရားသစ်အကြောင်းကို

အစမှအဆုံးတိုင်အောင် ဖတ်ကြည့်ပါ။ ကျွန်ုပ်ဘက်မှလုပ်ဆောင်သည့်

စကားလုံးတစ်လုံးတစ်လေမှ တွေ့ရှိမည်မဟုတ်ပေ။ ပဋိညာဉ်တရားသစ်

တစ်ခုလုံးသည် ရောနှောခြင်းမရှိ၊ ပဋိညာဉ်တစ်မျိုးတည်းသာဖြစ်သည်။

လူနှင့်သူ့ကိုဖန်ဆင်းရှင် စပ်ကြားရှိ အကြောင်းအရာများစွာမပါဘဲ အနန္တ

တန်ခိုးရှင်နှင့်လူသားတို့ကို ကိုယ်စားပြုသောယေရှုခရစ်တော်အကြောင်း

သာပါရှိသည်။ လူသားဘက်မှပဋိညာဉ်တရားသည် ယေရှုအားဖြင့် ပြည့်စုံ

ပြီးဖြစ်သည်။ မပြည့်စုံသေးသောအရာဟူ၍ မရှိသည့်အပြင် လူသားတို့

ဘက်မှလိုအပ်ချက်များလည်း လုံးဝမရှိတော့ပေ။

ကျွန်ုပ်တို့သည် ဘုရားသခင်၏လူများဖြစ်သည့်အလျောက် မိမိ

တို့နှင့်သက်ဆိုင်သော ကျေးဇူးတော်ပဋိညာဉ်တစ်ခုလုံးသည် ယခုဤသို့

ရပ်တည်လျက်ရှိ၏။ “ငါ၊ သင်၏ဘုရားသခင်က ဤအရာကိုပေးမည်။

ထိုအရာကို ငါအပ်နှင်းမည်။ ဤကတိတော်ကို ငါပြည့်စုံစေမည်။ ထို

အကူအညီကိုငါပေးမည်။” ဤကျေးဇူးတော်အတွက် မည်သည့်ကောင်းမှု

ကိုမျှ ကျွန်ုပ်လုပ်စရာမလိုပေ။ ကျွန်ုပ်တို့လုပ်နိုင်သောအရာ ဘာမျှမရှိပေ။

ဘုရားသခင်သည် ကျွန်ုပ်တို့လုပ်ဆောင်စရာရှိသမျှတို့ကို မိမိတို့အထဲ၌

လုပ်ဆောင်ပါလိမ့်မည်။ တစ်ခါတစ်ရံကျေးဇူးတရားတို့သည် ပဋိညာဉ်၏

ပြဋ္ဌာန်းချက်များကဲ့သို့ဖြစ်တတ်သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အား

ယုံကြည်ခြင်းကို ပေးသနားတော်မူပြီး (ဧဖက်၊ ၂၈) ကျွန်ုပ်တို့အထဲသို့

ပညတ်တရားကိုသွင်းပေးရန် ကတိပြုကာ ထိုပညတ်တရားကို ကျွန်ုပ်တို့

စိတ်နှလုံးထဲ၌ ရေးသားတော်မူ၏ (ယေရ၊ ၃၁:၃၃)။

ဤသည်ကား ဘုန်းအသရေရှိသောပဋိညာဉ်ဖြစ်သည်။ ထိုသို့

ဖြစ်ရသည့်အကြောင်းမှာ ၎င်းသည် ရိုးရှင်းသောကရုဏာတရား၌ အခြေ

ခံပြီး အလွန်စင်ကြယ်သောကျေးဇူးတရားဖြစ်သောကြောင့်တည်း။ ၎င်း

သည် ကျွန်ုပ်တို့၏အတိတ်က လုပ်ဆောင်ချက်ရှိသမျှ (ဝါ) လူတစ်ဦး

အားဖြင့် ပြုဦးမည့်အမှုအရာရှိသမျှတို့၌ တည်ဆောက်ထားသည်။ သို့ဖြစ်

၍ ဤပဋိညာဉ်သည် တည်ငြိမ်မှု၌ အခြားအရာထက် သာလွန်ရခြင်း

ဖြစ်သည်။ လူ၏အမှုကိစ္စတိုင်း၌ ပြောင်းလဲတတ်ခြင်း ပမာဏအမြဲရှိသည်။

သင်သည် မည်သည့်နေရာ၌မဆို ဖန်ဆင်းခံသောအရာများနှင့် တစ်ခုခု

လုပ်ဆောင်ရပါမည်။ ထိုနေရာ၌ ပြောင်းလဲခြင်းနှင့်အတူ တစ်ခုခုကို မိတ်

ဆွေလုပ်ဆောင်ရလိမ့်မည်။ အကြောင်းမှာ ဖန်ဆင်းခံသောအရာများ၊

ပြောင်းလဲခြင်းနှင့်မသေချာမရေရာသောအရာများသည် အမြဲခုံတွဲလျက်

ရှိသောကြောင့်ဖြစ်သည်။ သို့သော် ဤပဋိညာဉ်တရားသစ်သည် လူသား

များနှင့် မည်သည့်အရာမျှလုပ်ဆောင်စရာမရှိပေ။ ထိုပဋိညာဉ်တရားသစ်

ကို ယုံကြည်လက်ခံခြင်းမှတစ်ပါး လူသားများက မည်သည့်အရာကိုမျှ

လုပ်ဆောင်စရာမရှိပေ။

ပဋိညာဉ်တရားသစ်သည် ဘုရားသခင်နှင့်ဆိုင်တော်မူသော

ကြောင့် မပြောင်းလဲသောပဋိညာဉ်တရားသစ်ဖြစ်သည်။ ဤပဋိညာဉ်ထဲ

တွင် ကျွန်ုပ်လုပ်ဆောင်စရာရှိပါက ထိုပဋိညာဉ်သည် ကျွန်ုပ်၌ လုံခြုံမှုမရှိ

ပေ။ ပဋိညာဉ်သည် ဘုရားသခင်၏လုပ်ဆောင်ချက်၌သာ အားထားမှီခို

လျှင် ကျွန်ုပ်နာမည်သည် ဤပဋိညာဉ်၌ တည်ရှိနေသရွေ့ ကျွန်ုပ်၏စိတ်

ဝိညာဉ်သည် လုံခြုံစိတ်ချမှုရှိ၍ ကြည်လင်ပြီး ဖန်သားကဲ့သို့သောရွှေစင်

လမ်းမများ၌ လျှောက်လှမ်းမည်ဖြစ်သည် (ဗျာ၊ ၂၁:၂၁)။ ထိုပဋိညာဉ်ထဲ

တွင် ကောင်းချီးမင်္ဂလာတစ်ခုခုရှိပါက ထိုကောင်းချီးမင်္ဂလာကို ကျွန်ုပ်ရရှိ

မည်ဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်၏ကတိတော်သည် ပြည့်စုံခြင်း

အားဖြင့် လိုက်လံသောကြောင့်ဖြစ်သည်။ ကတိတော်သည် မည်သည့်

အခါမျှပျက်ကွက်ခြင်းမရှိပေ။ ရည်ရွယ်ထားသည့်အတိုင်း အမြဲပြည့်စုံလေ့

ရှိသည်။ ဤပဋိညာဉ်ကို ယုံကြည်ခြင်းဖြင့် ကျွန်ုပ်လက်ခံယုံကြည်သည့်

အချိန်၌ပင် ၎င်းနှင့်ဆိုင်သည့်ကောင်းချီးမင်္ဂလာကိုရရှိမည်ဟု ကျွန်ုပ်ယုံ

ကြည်စိတ်ချသည်။ သို့ဖြစ်၍ ဤပဋိညာဉ်တရားသစ်သည် လုံခြုံစိတ်ချမှု

ပေါ်လွင်ထင်ရှားခြင်းတွင် အခြားအရာထက် အလွန်အမင်းသာလွန်ပါ

သည်။ ဤပဋိညာဉ်တရားသစ်ကို မိတ်ဆွေအမှန်တကယ် ရရှိပြီလား။

ကောင်းချီးမင်္ဂလာများနှင့်ပတ်သက်၍ ဤကျေးဇူးတော်ပဋိညာဉ်

သည် အခြားပဋိညာဉ်ထက် အံ့သြဖွယ်ကောင်းလောက်အောင် သာလွန်

ပါသည်။ ကျေးဇူးတော်ပဋိညာဉ်က မည်သည့်အရာကို ယူဆောင်လာပါ

သနည်း။ ကျေးဇူးတော်ပဋိညာဉ်သည် ဘုရားသခင်၏သားသမီးများအဖို့

ကောင်းချီးမင်္ဂလာများစွာပေးအပ်ကြောင်းကို အစပိုင်းတွင် ကျွန်ုပ်ဖော်ပြခဲ့

သော်လည်း အသေးစိတ်ဖော်ပြခြင်းမပြုခဲ့ပေ။ ဤပဋိညာဉ်သည် ကြီးမြတ်

၍ဘုန်းအသရေရှိသည့်ပဋိညာဉ်ဖြစ်ကြောင်းကိုသာ ဖော်ပြခဲ့သည်။

ဘုရားသခင်ပေးသနားတော်မူသည့်ပဋိညာဉ်ထဲတွင် ပါဝင်သော

ကြီးမြတ်သည့်တရားအကြောင်းကို စဉ်းစားကြည့်ပါ။အကျဉ်းချုပ်ဖော်ပြ

မည်လိုလျှင် ဘုရားသခင်သည် ငါတို့အား အသက်ရှင်ခြင်း၊ ဘုရားဝတ်၌

နေ့လျော်ခြင်းနှင့်ဆိုင်းသော အရာရှိသမျှတို့ကို ဘုရားတန်ခိုးတော် သည်ပေးသနားတော်

မှု၏” (၂ပေ ၁:၃)။ ကိုယ်တော်သည် သင့်အားယေရှု၌ ထာဝရအသက်ပေးသနားတော်မူပြီး မှန်ပါသည် ယေရှုကိုင်းအက် ပေးသနားတော်မူပြီး ကိုယ်တော်သည် “ထိုသားတော်ကို

လူသည်အရာ၌ ခန့်ထားတော်မူ၏” (ဟေဗြဲ၊ ၁:၂)။

သို့ဖြစ်၍ ကိုယ်တော်သည် အလုံးစုံတို့ကိုသနားတော်မူပြီ။

သုရားသခင်သည် ရွေးကောက်ခံသောသူအားလုံးအတွက် ဤ

ဘုန်းသရေရှိသောပဋိညာည်မှတဆင့် နှုတ်အားဖြင့် ဖော်ပြ၍ မရနိုင်

လောက်ပင် ကြီးမြတ်သောအမွေတော်ကို ယူဆောင်လာပေ၏။ ဤ

ပဋိညာဉ် အားဖြင့် ကျွန်ုပ်တို့အတွက် ဘုရားသခင်ယူဆောင်ပေးသော

အကြီးမြတ်ဆုံးအကျိုးကျေးဇူးကို ကျွန်ုပ်ဖော်ပြပေးပါမည်။ အခုဖော်ပြမည့်

တစ်ခုတည်းသော ကောင်းချီးမင်္ဂလာသည် ၎င်း၏အလွန်ကြီးမြတ်သော

တန်ခိုးကြောင့် ကျွန်ုပ်တို့ကိုရုတ်တရက်ထိတ်လန့်စေနိုင်ပါသည်။ ပဋိညာဉ်

စကားရပ်အတိုင်းပြောရလျှင် ဘုရားသခင်ကိုယ်တော်တိုင်သည် ယုံကြည်

သူတို့၏ဝေစုနှင့်အမွေတော်ဖြစ်လာသည်။ “ငါသည် သူတို့၏ ဘုရားဖြစ်

မည်”(ဟေဗြဲ ၈:၁၀)။

ဤနည်းအတိုင်း အကြောင်းအရာကိစ္စကို ကျွန်ုပ်အစပြုပါမည်။

“ငါသည် သူတို့၏ဘုရားဖြစ်မည်” ဟူသောအကြောင်းအရာကို အထူး

ကောင်းချီးမင်္ဂလာတစ်ခုဖြစ်ကြောင်း သင့်အား ဦးစွာပြသပါမည်။ ဘုရား

သခင်သည် ပဋိညာဉ်ထဲ၌ နာမည်စာရင်းဝင်သောသူများဖြစ်ကြသည့် ရွေး

ကောက်ခံတို့၏အထူးပိုင်ဆိုင်ရာဖြစ်တော်မူ၏။ ဒုတိယအချက်အနေဖြင့်

“ငါသည် သူတို့၏ဘုရားဖြစ်မည်ဟူသောအကြောင်းအရာကို အလွန်

အဖိုးထိုက်သောကောင်းချီးမင်္ဂလာတစ်ခုအဖြင့် ကျွန်ုပ်ဆွေးနွေးပါမည်။ တ

တိယအချက်အနေဖြင့် ဤကောင်းချီးမင်္ဂလာ၏အာမခံချက် အပေါ်တွင်

ကျွန်ုပ်ရှိနေပါမည်။ ထို့နောက် ထိုကောင်းချီးမင်္ဂလာကို ကောင်းကောင်း

အသုံးပြုနိုင်ရန် သင့်ကို အစွမ်းကုန်အားပေးပါမည်။ ထိုကောင်းချီးမင်္ဂလာ

လည် ထာဝရကျေးဇူးတော်ပဋိညာဉ်အားဖြင့် သင့်ထံသို့အတားအဆီးမရှိ၊

လွတ်လပ်စွာနှင့်ရက်ရောစွာရောက်ရှိလာပါပြီ။

ကျွန်ပ်တို့ဆက်မသွားမီ ခဏရပ်ထားပြီး ဤကတိတော်အ

ကြောင်းကို စဉ်းစားကြည့်ကြပါစို့။ ကျေးဇူးတော်ပဋိညာဉ်ထဲတွင် ဘုရား

သခင်သည် မိမိကိုယ်တိုင် သင့်ဆီကြွဆင်းလာပြီး သင်၏ပိုင်ဆိုင်ရာဖြစ်

လာသည်။ သင်သည် ဤသမ္မာတရားကို သဘောပေါက်နားလည်လျက်

ကိုယ်တိုင်ကိုယ်ကျ မိမိနှလုံးသားထဲ၌ သွင်းထားသောသူဖြစ်ပါစေ။ ဘုရား

သခင်၏နှုတ်ကပတ်တော်အားဖြင့် အားလုံး၏ဆိုလိုရင်းမှာ ထာဝရကာလ၊

အကန့်အသတ်မရှိခြင်း၊ အရာအားလုံးတတ်စွမ်းနိုင်ခြင်း၊ အရာအားလုံး

သိရှိခြင်း၊ ပြည့်စုံခြင်း၊ တရားမျှတခြင်း၊ မကျဆုံးနိုင်ခြင်း၊ ရိုးသားဖြောင့်မတ်

ခြင်းနှင့်လာဝရမေတ္တာဟူ၍ ဖြစ်ပါသည်။ ဘုရားသခင်အားဖြင့် အရာအား

လုံး၏ဆိုလိုရင်းမှာ ဖန်ဆင်းရှင်၊ အကာအကွယ်ပေးသူ၊ စောင့်ထိန်းသူ၊

အုပ်စိုးသူနှင့် စီရင်သူဖြစ်ပါသည်။ အလုံးစုံသောဘုရားသခင်၏နှုတ်က

ပတ်တော်ဆိုလိုနိုင်ချေကား အလုံးစုံကောင်းမြတ်ခြင်းနှင့်ချစ်ခြင်းမေတ္တာ

အလုံးစုံရက်ရောမှုနှင့်ကျေးဇူးတော်၊ သင်၏ပိုင်ဆိုင်ရာအဖြစ် သင့်အား

ဤပဋိညာဉ်သည် သာ၍များစွာပေးစွမ်းနိုင်သည်။ “ငါသည် သူတို့၏ဘုရား

ဖြစ်မည်” ဟူသောကျမ်းစကားသည် အလုံးစုံ၏ဘုန်းတော်ရှင် ဝိညာဉ်

တော်အားဖြင့် သင့်စိတ်နှလုံးတံခါးပွင့်လာ၍ အသက်တာ၌ ကျင့်သုံးပါက

ထာဝရကာလအတွက် သင်၏ဝမ်းမြောက်စရာအကြောင်း လုံလောက်ပေ

မည်။ အောက်က စားတမ်းကို ဆင်ခြင်ကြည့်ကြပါစို့။

ကျွန်ုပ်ဘုရား၊ အသံတော်သည် ကြည်နူးဖွယ်ပေတည်း။

ထပ်ပြောရန် နှစ်လိုဖွယ်ပေတည်း။

စိတ်နှလုံးသည် ဝမ်းမြောက်ဖွယ်နှင့် ခုန်ပေါက်စေသော။

ကမ္ဘာတစ်လွှား ဘုရားသခင်၏တန်ခိုးတော်များ

ဘုရားသခင်သည် အထူးသဖြင့် အဘယ်ကဲ့သို့ မိမိသားသမီးများ

၏ဘုရားသခင်ဖြစ်တော်မူသနည်း။ ဘုရားသခင်သည် လူအပေါင်းတို့၏

ဘုရားသခင် အရာအားလုံးကို ဖန်ဆင်းတော်မူသောဘုရားသခင်ဖြစ်

တော်မူ၏။ ကိုယ်တော်သည် အရေးပါသောတီကောင်၊ ဝေဟင်၌ပျံသန်း

သောလင်းယုန်ငှက်၊ တောက်ပသောကြယ်၊ တလိပ်လိပ်ရွေ့လျားသော

တိမ်တိုက်တို့၏ဘုရားသခင်လည်း ဖြစ်တော်မူ၏။ နေရာတိုင်း၌ ရှိတော်မူ

သောဘုရားဖြစ်တော်မူ၏။ အရာအားလုံးကို ဖန်ဆင်းတော်မူသောဘုရား

သခင်သည် အဘယ်ကဲ့သို့သောနည်းလမ်းအားဖြင့် မိတ်ဆွေနှင့်ကျွန်ုပ်၏

ဘုရားသခင်အတွက် သာ၍ပိုသောဘုရားသခင်ဖြစ်ပါသနည်း။ ဤနည်း

အားဖြင့် ဘုရားသခင်ကိုယ်တော်တိုင်နှင့်သူရွေးကောက်၍ ချစ်ရသောသူ

များစပ်ကြား၌ အထူးဆက်နွယ်မှုတည်ရှိကြောင်းကို “ထာဝရမေတ္တာနှင့်

ဟူ၍ တွေ့ရပါသည် (ယေ၊ ၃၁:၃)။ ဘုရားသခင်သည် မိမိ၏သားသမီး

များမပါဘဲ မိမိနှင့်မိမိဖန်ဆင်းသောသတ္တာဝါများစပ်ကြားတွင် အချို့ကိစ္စ

ကြောင့် ဆက်နွယ်မှုမရှိသောအရာလည်းရှိ၏။

အနန္တတန်ခိုးရှင်အဖြစ်ဦးစွာဘုရားသခင်သည် မိမိဖန်ဆင်းသောအရာအားလုံးပေါ်၌

အုပ်စိုးသောဘုရားသခင် ဖြစ်တော်မူသဖြင့် ၎င်းတို့ကို မိမိအလိုတော်ရှိ

သည့်အတိုင်း ကိုင်တွယ်နိုင်ခွင့်ရှိသည်။ သူသည် အရာအားလုံး၏ဖန်ဆင်း

ရှင်ဖြစ်တော်မူ၏။ ထိုသို့သောဘုရားဖြစ်သောကြောင့် သူသည် စကြဝဠာ

တစ်ခုလုံး၏အနန္တတန်ခိုးရှင်ဖြစ်တော်မူ၏။ ကိုယ်တော်သည် အိုးထိန်းသ

မားဖြစ်သောကြောင့် “အိုးကို ပိုင်သည်မဟုတ်လား အိုးပုံ

တည်းနှင့်အိုးမြတ်၊ အိုးယုတ်ကိုလုပ်နိုင်သည်မဟုတ်လော” (ရော၊ ၉:၂၁)။

လူသားတို့သည် ဘုရားသခင်ကို ပြစ်မှားကြသော်လည်း သူတို့၏ဘဝက်

ကြမ္မာအဆုံးသည် သူ့လက်ထဲမှရွေ့၍မရသောကြောင့် ကိုယ်တော်သည်

ထိုလူသားတို့၏ဘုရားသခင်ပင်ဖြစ်တော်မူ၏။ ကိုယ်တော်သည် လူသား

တို့ကို ရွေးကောက်သည်နှင့်အညီ သူတို့နှင့်အတူ အတိအကျအမှုပြုနိုင်

သည်။ လူသားတို့က ကိုယ်တော်၏အလိုတော်ကို သဘောမကျဘဲနေ

နိုင်သည် (ဝါ) ကိုယ်တော်၏အလိုတော်ကို ပစ်ပစ်ခါခါငြင်းနိုင်ကြသည်။

သို့ရာတွင် ကိုယ်တော်သည် သူတို့၏အမျက်ဒေါသကို သူ့အား ချီးမွမ်း

စရာအကြောင်းဖြစ်စေနိုင်သည့်အပြင် ကျန်ရှိသည့်ဒေါသကိုလည်း တည်

ငြိမ်စေနိုင်သည် (ဆာ၊ ၇၆:၁၀)၊ ကိုယ်တော်သည် သက်ရှိအပေါင်းတို့၏

ဘုရားသခင်ဖြစ်၍ ဖြစ်ပျက်သမျှသောအကြောင်းအရာထဲ၌လည်း ထို့အ

တူဖြစ်တော်မူလျက် အလုံးစုံတို့၏ဖန်ဆင်းရှင်ဖြစ်သောကြောင့် သူတို့အ

ပေါ်၌ သူအလိုတော်ရှိသည့်အတိုင်းပြုနိုင်သည်။

မည်သို့ဆိုစေကာမူ ခမည်းတော်ဘုရားသခင်၌ မိမိသားသမီးများ

အတွက် အထူးအလေးထားမှုရှိ၏။ ဤနည်းအတိုင်း ကိုယ်တော်သည်

သူတို့၏ဘုရားသခင်ဖြစ်တော်မူ၏။ သူတို့အပေါ်၌ မိမိ၏အချုပ်အခြာအာ

ဏာကို ကျင့်သုံးသောအခါ ကျေးဇူးတော်၌သာ ကျင့်သုံးတော်မူ၏။

ကိုယ်တော်သည် ကျန်ကမ္ဘာသူကမ္ဘာသားများ၏အပြစ်ကျူးလွန်ခြင်းကို

ပြစ်ဒဏ်စီရင်ခြင်းဖြင့် သူတို့၏ပြစ်မှားခြင်း စုံလင်စေခြင်းငှာ သူတို့ကို

အခွင့်ပေးလျက်နေသောအခါ မိမိ၏သားသမီးများကို ပျက်စီးခြင်းထဲမှ ရွေး

ကောက်၍ ထာဝရအသက်ကိုအမွေခံစေကာ ကျေးဇူးပြုလျက် မိမိဂုဏ်

အသရေကို အစဉ်ထာဝရဆောင်စေပါသည်။ မိမိဖန်ဆင်းသောသက်ရှိ

သတ္တဝါတို့အပေါ် မိမိ၏ဆက်နွယ်ခြင်းသည် မိမိ၏အချုပ်အခြာအာဏာ

နှင့်မိမိ၏စီရင်ပိုင်ခွင့်ကဲ့သို့ပင်ဖြစ်သည်။ ကိုယ်တော်၏မေတ္တာလက္ခဏာ

သွင်ပြင်သည် မိမိ၏သားသမီးများအပေါ်၌ အထူးတလည်ဖြစ်ပါသည်။

ဤသဘောတရားအတိုင်းပင် ကိုယ်တော်သည် သူတို့၏ဘုရားသခင်ဖြစ်

တော်မူ၏။ အံ့အားသင့်ဖွယ်မဟုတ်ပေလော။

အုပ်စိုးသူအဖြစ်

ကိုယ်တော်သည် မိမိဖန်ဆင်းသောသက်ရှိသတ္တဝါအပေါင်းတို့

၏ဘုရားသခင်ဖြစ်သည့်အပြင် အားလုံးကိုနာခံစေခြင်းငှာ အမိန့်ပေးပိုင်

ခွင့်ရှိသူလည်းဖြစ်သည်။ ဤမြေကြီးပေါ်၌ မွေးဖွားသောသူတိုင်း၏ဘုရား

သခင်လည်းဖြစ်တော်မူ၏။ အကြောင်းမှာ လူတိုင်းသည် သူ့ကို နာခံရန်

ဆက်နွယ်ပတ်သက်နေသောကြောင့်ဖြစ်သည်။ ဘုရားသခင်သည် မိမိဖန်

ဆင်းသောသက်ရှိသတ္တဝါအပေါင်းတို့အား ဂါရဝပြုကြရန် အမိန့်ပေးနိုင်

သည်။ အကြောင်းမှာ ကိုယ်တော်သည် သူတို့၏ဖန်ဆင်းရှင်

၊ အုပ်စိုးသူ၊စောင့်ထိန်းသူဖြစ်သောကြောင့်တည်း။ လူအပေါင်းတို့သည် သူတို့၏ဖန်

ဆင်းခြင်း အဖြစ်မှန်အတိုင်း ဘုရားသခင်၏လက်အောက်ခံများဖြစ်ကြ၍

ကိုယ်တော်၏ပညတ်တရားများ၌ နာခံခြင်း တာဝန်ကို ရှောင်ရှား၍မရနိုင်

ကြပေ။

ဤသို့ဖြစ်သည့်တိုင်အောင် မိမိ၏သားသမီးများအပေါ်၌ မိမိ၏

ဆက်နွယ်ခြင်းသည် အထူးအလေးထားမှုရှိပေ၏။ ဘုရားသခင်သည် လူ

အပေါင်းတို့ကို အုပ်စိုးသူဖြစ်သော်လည်း မိမိ၏စည်းမျဉ်းသည် မိမိ၏သား

သမီးများအတွက် အထူးတလည်ဖြစ်ပေသည်။ ကိုယ်တော်သည် မိမိ၏

အုပ်စိုးခြင်း ကို ချထားလျက် မိမိ၏လက်ထဲ၌ မိမိ၏သားသမီးများ

အတွက် ပြင်းထန်သောကလဲ့စားချေခြင်း မဟုတ်ဘဲ ပဲ့ပြင်ဆုံးမခြင်း

နှင့်ဆိုင်သည့်ဒုတ်ချောင်းကိုသာ ကိုင်ဆောင်ထားသည်။ ကိုယ်တော်သည်

ကျောက်တုံးပေါ်၌ ရေးသားထားသည့်ပညတ်ချက်ကို လောကလူသားတို့

အား ပေးအပ်သောအခါ မိမိ၏သားသမီးများအား သူတို့၏စိတ်နှလုံးထဲ၌

ရေးသားသည့်ပညတ်တရားများကို ပေးအပ်တော်မူ၏ (ယော၊ ၁း ၃၃)။

ဘုရားသခင်သည် သင့်အတွက်ရော ကျွန်ုပ်အတွက်ပါ အုပ်စိုး

အရှင်ဖြစ်တော်မူ၏။ သို့သော် သင်သည် ဒုတိမွေးဖွားခြင်းမခံရပါ က

သင့်အတွက် ဘုရားသခင်အုပ်စိုးသူဖြစ်ခြင်းသည် ကျွန်ုပ်အတွက်

အုပ်စိုးသူဖြစ်ခြင်းနှင့် လုံးဝခြားနားသွားပေမည်။ ကိုယ်တော်သည် ကျွန်ုပ်

အတွက် ပို၍လုပ်ပေးခဲ့သည်ကို မြင်တွေ့သောအခါ သူ့အတွက် ပို၍လုပ်

ဆောင်ပေးရန်ဖြစ်လာပါသည်။ ကိုယ်တော်သည် ကျွန်ုပ်အား ပို၍ချစ်လာ

သည်ကို မြင်တွေ့သောအခါ သူ့ကိုပို၍ ချစ်လေသည်။ ကိုယ်တော်၏

လက်တုံ့ပြန်ခြင်းသည် ကျွန်ုပ်ခေါင်းပေါ်၌ ပြင်းထန်စွာကျရောက်မည်မ

ဟုတ်။ ကျွန်ုပ်အပေါ်၌ ကျရောက်မည့်လက်တုံ့ပြန်ခြင်းသည် ကျွန်ုပ်

ကိုယ်စား ခရစ်တော်အပေါ်၌ ကျရောက်ပြီဖြစ်၍ ဆုံးမပဲ့ပြင်ခြင်းသာလျှင်

ကျွန်ုပ်အတွက် ကျန်ရစ်ပါသည်။ လူသားအားလုံးအပေါ်၌ ဘုရားသခင်၏

ဆက်ဆံရေးသည် ကမ္ဘာအနှံ့ဖြစ်ပြီး မိမိသားသမီးများအတွက်မူကား အ

ထူးဆက်နွယ်မှုဖြစ်ပါသည်။

တရားစီရင်သူအဖြစ်

ဘုရားသခင်သည် ကမ္ဘာတစ်လွှမ်းရှိ မိမိဖန်ဆင်းထားသောသက်

ရှိအပေါင်းတို့အပေါ်တွင် မိမိ၏တရားစီရင်ခြင်း အခွင့်အာဏာအပြည့်

အဝရှိတော်မူ၏။ “လောကသားတို့ကို ဖြောင့်မတ်စွာစီရင်၍ လူများကို

ဟုတ်မှန်ခြင်းတရားအတိုင်း စီရင်ဆုံးဖြတ်တော်မူလတံ့” (ဆာ၊ ၉၈၉)။

ကိုယ်တော်သည် ကမ္ဘာလူသားတို့ကို ဖြောင့်မတ်ခြင်းဖြင့် တရားစီရင်

မည်မှာ မှန်ကန်သောအရာဖြစ်ပေသည်။ အကယ်၍ မိမိ၏လူတို့သည်

“လောက်နှင့်မဆက်ဆံလျှင်” (ယော၊ ၁၅:၁၉) သူတို့သည် သမာသမတ်ရှိ

သောသူများဖြစ်ကြ၏။ ဘုရားသခင်သည် သက်ရှိသတ္တဝါအပေါင်းတို့၏

ဘုရားသခင်ဖြစ်ပြီး သူတို့၏တရားသူကြီးလည်းဖြစ်တော်မူ၏။ ကိုယ်တော်

သည် ထိုသူအားလုံးတို့ကို တရားစီရင်ရန် မိမိ၏တံတိုင်းတော် ရှေ့မှောက်

သို့ဆင့်ခေါ်တော်မူမည် (ဝါ) တရားသေလွှတ်ရန် သူတို့အသီးသီးကို

ဆင့်ခေါ်တော်မူမည်။

မည်သို့ဖြစ်စေကာမူ တရားစီရင်ခြင်းပလ္လင်ရှေ့တွင် ဘုရားသခင်

၏သားသမီးများနှင့်ပတ်သက်၍ အပြစ်မရှိကြောင်းစီရင်ခြင်းမှတစ်ပါး သူ

တို့အတွက် မည်သည့်အခါမျှတရားစီရင်ခြင်း ပြစ်ဒဏ် ချမှတ်ချက်ရှိမည်

မဟုတ်ပေ။ ကိုယ်တော်သည် အရာခပ်သိမ်းကိုတရားစီရင်သောသူဖြစ်

သည်ဟုဆိုရာတွင် မိမိ၏သားသမီးများအတွက် အထူးသဖြင့် သူတို့၏

တရားစီရင်သောအရှင်ဖြစ်တော်မူ၏။ သူ့ကိုချစ်ကြောက်ရိုသေသောသူတို့

၏တရားစီရင်သောအရှင်၊ သူ့ကိုချဉ်းကပ် သောသူတို့၏တရားစီရင်သော

အရှင်ဖြစ်တော်မူ၏။ အကြောင်းမှာ သူတို့၏စိတ်နှလုံးခံစားချက်ကို ကိုယ်

တော်၏နှုတ်ခမ်းသည် ပို၍စွဲမြဲစေမည်ကို သူတို့သိရှိသောကြောင့်ဖြစ်

သည်။ ချစ်ခြင်းမေတ္တာတော်ရှင်ဘုရားသခင်သည် ကျွန်ုပ်တို့၏စိတ်နှလုံးကို

တရားစီရင်သောသူဖြစ်သောကြောင့် ကိုယ်တော်သည် ကျွန်ုပ်တို့၏ဘုရား

သခင်ဖြစ်တော်မူသည်ဟု ရိုသေလေးစားစွာဖြင့် ကျွန်ုပ်တို့ပြောဆိုနိုင်မည်

ဖြစ်သည်။

သို့ဖြစ်၍ ဘုရားသခင်သည် အကျိုးရလဒ်ကို အဆုံးအဖြတ်ပေး

ရာတွင် အချုပ်အခြာအာဏာရှင်ကဲ့သို့ဖြစ်စေ၊ စည်းမျဉ်းဥပဒေသကိုဩ

ဇာညောင်းစေရာတွင် အုပ်စိုးသူကဲ့သို့ဖြစ်စေ၊ အပြစ်တရားကိုတရားစီရင်

ရာတွင် တရားစီရင်သူကဲ့သို့ဖြစ်စေ ဘုရားသခင်သည် လူအပေါင်းတို့၏

ဘုရားသခင်ပင်ဖြစ်သည်။ ထိုသို့ပြုမူသည့်ဘုရားသခင်၏ဝိသေသလက္ခ

ဏာအသီးသီးတွင် မိမိလူတို့နှင့်ဆက်နွယ်ခြင်းလမ်းစဉ်၌ တစ်စုံတစ်ရာ

ထူးခြားမှုပါရှိသည်။ ထို့ကြောင့် လူတို့က “ဤသို့သောဆက်နွယ်ခြင်းရှိ

သည့်တိုင်အောင် ကိုယ်တော်သည် ကျွန်ုပ်တို့၏ဘုရားသခင်ဖြစ်တော်မူ

၏”ဟု ဆိုနိုင်ခြင်းဖြစ်သည်။

ကျွန်ုပ်တို့ဘုရားသခင်၏ထူးခြားသော နည်းလမ်းများ

ချစ်သောမိတ်ဆွေ၊ ယခုတွင် ဘုရားသခင်၌ မိမိသားသမီးများအ

ပေါ် အခြားသောဆက်နွယ်မှုပုံစံများရှိသော်လည်း အခြားဖန်ဆင်းခံသက်

ရှိသတ္တဝါများအတွက်မူ ထိုအရာထဲမှအကျိုးကျေးဇူးမရှိနိုင်ပေ။ ဤအရာ၌

အဓိကကျသောအရာပါရှိသည်။ ထိုသို့ဆိုရာတွင် ဘုရားသခင်၌ မိမိလူ

တို့အတွက် ဘုန်းအသရေနှင့်ပြည့်သော အထူးကတိတော်ပါရှိပါသည်။

ဘုရားသခင်သည် ကျွန်ုပ်တို့၏ဘုရားသခင်ဟုဆိုရာတွင် ဒုတိယမွေးဖွား

ခြင်းမခံရသောသူ၊ မပြောင်းလဲသောသူ၊ သန့်ရှင်းစင်ကြယ်ခြင်းမရှိသော

သူတို့သည် ဘုရားသခင်၏အခြားသောဆက်နွယ်မှုပုံစံများကို မသိနိုင်ကြ

ပေ။ သူတို့သည် ဘုရားသခင်နှင့် သက်ဆိုင်မှုမရှိကြသူများသာဖြစ်ကြ

သည်။ ဘုရားသခင်သည် သာမန်အားဖြင့် လူသားတို့အပေါ်၌ အဘယ်

ကဲ့သို့ဆက်နွယ်သည်နှင့်စပ်လျဉ်း၍ အခြားရှုထောင့်အမြင်အားဖြင့် ကျွန်ုပ်

တို့သုံးသပ်ခြင်းဖြစ်ပါသည်။ ယခုတွင် ဘုရားသခင်သည် အခြားသူများအ

ပေါ်ပြုသကဲ့သို့မဟုတ်၊ မိမိ၏သားသမီးများအတွက် အဘယ်သို့သော

ဘုရားသခင်ဖြစ်သည်ကို ကျွန်ုပ်တို့စဉ်းစားကြပါစို့။

 

ရွေးကောက်ခြင်း၌

ဦးစွာပထမအနေဖြင့် ဘုရားသခင်သည် ကျွန်ုပ်၏ဘုရားသခင်

ဖြစ်တော်မူရာ ကိုယ်တော်သည် ကျွန်ုပ်ကို ရွေးကောက်သောဘုရားသခင်

လည်းဖြစ်တော်မူ၏။ ကျွန်ုပ်သည် ကိုယ်တော်၏သားသမီးဖြစ်သည်နှင့်

အညီ ကျွန်ုပ်ကို စကြာဝဠာတစ်ခုလုံးမဖန်ဆင်းမီကပင် ချစ်တော်မူ၍ မိမိ၏

နှုတ်ကပတ်တော်အားဖြင့် လောကကမ္ဘာကိုမတည်မီ (ဟေဗြဲ ၁:၃) ရှည်

လျားသောအချိန်၌ မိမိ၏အနန္တညာဏ်တော်သည် ကျွန်ုပ်၏ကယ်တင်ခြင်း

အတွက် ကြံစည်တော်မူ၏။

ဤကမ္ဘာမတည်မရှိမှီငါ တို့ကိုခရစ်တော်၌ ရွေးကောက်တော်မူ

သည်နှင့်အညီ ကောင်းကင်ဘုံနှင့်ဆိုင်သောအရာတို့၌ ခပ်သိမ်းသော ဓမ္မ

မင်္ဂလာတို့ကို ခရစ်တော်အားဖြင့် တို့အား ပေးသနားတော်မူသော ငါ

တို့သခင်ယေရှုခရစ်၏ ခမည်းတော်ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေ

သတည်း။ ထိုဘုရားသခင်သည် ချစ်တော်မူသောသားတော်ကြောင့် ငါတို့

အား ပေးတော်မူသောကျေးဇူးတော်၏ ဘုန်းအသရေကိုချီးမွမ်းစေခြင်းငှာ

ငါ တို့သည်ယေရှုခရစ်အားဖြင့် သားအရာကိုရမည်အကြောင်း အလို

တော်ရှိသောစေတနာအတိုင်း ရှေးမဆွကခွဲခန့်မှတ်သားတော်မူ၏ (ဧဖက်၊

၁:၄-၅)။

ကိုယ်တော်သည် ကျွန်ုပ်၏ဘုရားသခင်မှန်လျှင် ကျွန်ုပ်သည်

ကိုယ်တော်နှင့်ဝေးကွာပြီး လမ်းလွဲသွားသောအခါ ကျွန်ုပ်ကိုတွေ့ မြင်တော်

မူပါလိမ့်မည်။ ကျွန်ုပ်ပုန်ကန်သောအခါ ကိုယ်တော်သည် မိမိ၏စိတ်နှလုံး

ကိုအလျှော့မပေးသဖြင့် ကျွန်ုပ်လည်း လမ်းမှားများမှပြန်လှည့်လာသည်။

ကိုယ်တော်သည် ကျေးဇူးကရုဏာတော်အားဖြင့် ကျွန်ုပ်ကို နေ့ရက်စဉ်

တိုင်းကျွေးမွေးလျက်နေတော်မူ၏။ ကိုယ်တော်သည် ထိုကျေးဇူးကရုဏာ

တော်များကို သတ်မှတ်ထားသောအချိန်အခါ၌ သက်ရောက်စေတော်မူ

၏။ သို့သော် သူ၏ထာဝရအကြံအစည်တော်များသည် ၎င်း၏အခြေခံ

အုတ်မြစ်ဖြစ်၏။ ကိုယ်တော်သည် ကျွန်ုပ်၏ဘုရားသခင်ဖြစ်သည့်အပြင်

သူ့သားသမီးများ၏ဘုရားသခင်လည်းဖြစ်သည်။ ကိုယ်တော်သည် ထာဝရ

ကာလရွေးကောက်ခြင်း၌ ကျွန်ုပ်၏ဘုန်းကြီးသောဘုရားသခင်၊ ကျွန်ုပ်၏

မြင့်မြတ်ဘုရားသခင်ဖြစ်တော်မူ၏။ အကြောင်းမှာ ကိုယ်တော်သည်

ကျွန်ုပ်ကိုအောက်မေ့တော်မူလျက် “ငါတို့သည် ရှေ့တော်၌ သန့်ရှင်း၍

အပြစ်အနာအဆာကင်းသောသူဖြစ်ကြမည့်အကြောင်း

ဘုရားသခင်

သည် ကမ္ဘာမတည်မရှိမီကပင် ငါ တို့ကို ခရစ်တော်၌ ရွေးကောက်တော်မူ

၏”(ဧဖက်၊ ၁:၄)။

နောက်ကို ပြန်ကြည့်လျှင် ဘုရားသခင်၏ရွေးကောက်ခြင်းကို

ကျွန်ုပ်တွေ့ရသည်။ ကျွန်ုပ်သည် ရွေးကောက်ခြင်းထဲတွင် ပါဝင်ပါက

ဘုရားသခင်၏ရွေးကောက်ခြင်းသည် ကျန်ုပ်အတွက်ပင်ဖြစ်၏။ အကယ်၍

ကျွန်ုပ်သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းမရှိလျှင် (ဝါ) ဘုရားသခင်

အကြောင်းကို စဉ်းစားတွေးတောခြင်းမရှိလျှင် ကိုယ်တော်သည် ကျွန်ုပ်၏

ဘုရားသခင်မဟုတ်ဘဲ အခြားလူ၏ဘုရားသခင်သာဖြစ်မည်။ အကယ်၍

ကျွန်ုပ်သည် ရွေးကောက်ခြင်းထဲ၌ ပါဝင်ခြင်းမရှိလျှင် (ဝါ) ရွေးကောက်ခံ

ဖြစ်ကြောင်း အခိုင်အမာပြောဆိုခြင်းမရှိလျှင် ဘုရားသခင်သည် သူရွေး

ကောက်သောလူတို့၏ကြီးမြတ်သော ဘုရားသခင်အဖြစ် သူ့အပေါ်မျှော်

ကြည့်ရန် ကျွန်ုပ်သည် အနိုင်အထက်လှုံ့ဆော်ခြင်းခံရပါမည်။ ကျွန်ုပ်ပြန်

ကြည့်သော် “သိုးသငယ်၏အသက်စာစောင်၌ စာရင်းဝင်သော” ကျွန်ုပ်၏

နာမည်ကို တွေ့ရပါသည် (ဗျာ၊ ၂၁:၂၇)။

ဖြောင့်မတ်ခြင်း၌

ထို့ပြင် ယုံကြည်သူခရစ်ယာန်သည် ယေရှုခရစ်တော်၏ဖြောင့်

မတ်ခြင်းအကြောင်းအရာ၌ ရပ်တည်လျက် ဘုရားသခင်အား မိမိ၏

ဘုရားသခင်ဟု ခေါ်ဆိုနိုင်သည်။ ဆိုးညစ်သောအပြစ်သားတစ်ယောက်

သည် ဘုရားသခင်အား “ဘုရားသခင်”ဟု ခေါ်နိုင်သော်လည်း ဘုရား

သခင်၏နာမည်ရှေ့တွင် နာမဝိသေသနတစ်ခုခု ဥပမာ-အမျက်ထွက်

သောဘုရားသခင်၊ အမွှေးနံ့သာကြိုက်သောဘုရားသခင်၊ အပြစ်တင်

တတ်သောဘုရားသခင်ဟု ခေါ်လေ့ရှိသည်။ ယုံကြည်သောခရစ်ယာန်

မူကား ဘုရားသခင်အား ထောမနာပြုခြင်းဖြစ်သည့်ချိုသာသောစကားလုံး

များမှတစ်ပါး အခြားမည်သည့်နာမဝိသေသနမျှ ထည့်ပြောလေ့မရှိပေ။

“သင်တို့သည် အထက်က ဝေးလျက်ရှိသော်လည်း ယခုမှာ ယေရှုခရစ်၌

ဖြစ်၍ အသွေးတော်အားဖြင့် အနီးသို့ရောက်ကြပြီ” (ဧဖက်၊ ၂:၁၃)။

ကျွန်ုပ်တို့၏ဆိုးညစ်သောအခြေအနေကြောင့် ဘုရားသခင်၏ရန်သူဖြစ်

သောကျွန်ုပ်တို့သည် ယခုတွင် မိတ်ဆွေများဖြစ်ကြပြီး အထက်သို့မော့

ကြည့်လျက် “ကျွန်ုပ်၏ဘုရားသခင်” ဟုရဲဝံ့စွာပြောနိုင်ပြီ။ အကြောင်းမှာ

ကိုယ်တော်သည် ကျွန်ုပ်၏မိတ်ဆွေဖြစ်၍ ကျွန်ုပ်သည်လည်း ကိုယ်တော်

၏မိတ်ဆွေဖြစ်လေပြီ။ နောဧသည် ဘုရားသခင်နှင့်အတူ သွားလာ

သောကြောင့် “ကျွန်ုပ်ဘုရားသခင်”ဟု ပြောနိုင်သည် (က၊ ၅:၂၄)၊ အာဒံ

သည် အပြစ်ကျူးလွန်ပြီးနောက် ဥယျာဉ်ထဲ၌ ပုန်းလျက်နေသောအခါ

“ကျွန်ုပ်ဘုရားသခင်”ဟူ၍မပြောနိုင်ပေ။ထို့အတူ ကျွန်ုပ်သည်လည်း အပြစ်

သားဖြစ်သည့်အလျောက် ဘုရားသခင်ထံတော်ပါးမှ အဝေးသို့ရှောင်ပြေး

သောအခါ ကိုယ်တော်သည် ကျွန်ုပ်၏ဘုရားသခင်ဖြစ်သည်ဟု မခေါ်နိုင်

ပေ။ သို့သော် ကျွန်ုပ်သည် ဘုရားသခင်နှင့် ရန်ငြိမ်းလျက် အထံတော်ပါး

သို့ပြန်ရောက်လာသောအခါ ကိုယ်တော်သည် ကျွန်ုပ်၏ဘုရားသခင်၊

ကျွန်ုပ်၏မိတ်ဆွေဖြစ်လေသည်။

အမွေခံခြင်းဖြင့်

ခမည်းတော်ဘုရားသခင်သည် အမွေခံခြင်းအားဖြင့် ယုံကြည်သူ

၏ဘုရားသခင်လည်းဖြစ်၏။ စကြာဝဠာတစ်ခုလုံးကို ဘုရားသခင်ပိုင်သကဲ့

သို့ လူသည် ဘုရားသခင်ကို ကိုယ်စားပြုကြသည်ဟူသောပြောစကား

ကို ကျွန်ုပ်ကြားဖူးသည်။ ကျမ်းစာဖတ်ရှုသူတစ်ဦးဦးက ထိုသို့ပြောဆို

မှာ ကျွန်ုပ်ကိုအံ့အားသင့်စေပါသည်။ တမန်တော်ဝတ္ထု ၁၇:၂၈ ထဲမှ

“ငါတို့သည် နွယ်တော်သားပင်” ဟူသော သာသနာပလူတို့၏ကဗျာကို

မပါးသည် တစ်ကြိမ်းကိုးကားခဲ့ဖူးသည်။ တစ်ဖက်မှာ ကျွန်ုပ်တို့သည်

ဘုရားသခင်ဖန်ဆင်းတော်မူသောသူများဖြစ်သောကြောင့် ထိုသို့ပြောဆို

ခြင်းသည်လည်း မှန်ကန်မှုရှိပါသည်။ သို့သော် “သားသမီးများ” ဟူသော

ကားရပ်သည် ဒုတိယမွေးဖွားခြင်းခံရသောသူများနှင့် ခမည်းတော်ဘုရား

သခင်စပ်ကြားရှိ မြင့်မြတ်သန့်ရှင်းသောဆက်နွယ်ခြင်းရှိသောသူများအ

တွက်သာ အသုံးပြုလေ့ရှိကြောင်း သမ္မာကျမ်းစာထဲတွင် ကျွန်ုပ်တို့တွေ့

ရသည်။ ဝိညာဉ်တော်၏အမွေဆက်ခံစေခြင်းအားဖြင့် စိတ်နှလုံးထဲတွင်

တံဆိပ်ရိုက်နှိပ်ခြင်းခံရသည့်” အတ္ထအဘ” ဟုခေါ်ရသောအခွင့်ကိုရရှိသော

သူများမှတစ်ပါး မည်သူမျှ “ကျွန်ုပ်၏အဖဘုရားသခင်”ဟူ၍ ခေါ်ဆိုခွင့်မရှိ

ကြပေ။ ဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ကျန်ုပ်၏

ဘုရားသခင်ဖြစ်လာရသည့်ပုံစံမှာ အခြားသူများ၏ဘုရားသခင်ဖြစ်ခြင်းမ

ဟုတ်ပေ။ ခရစ်ယာန်တစ်ဦးသည် ဘုရားသခင်နှင့်သက်ဆိုင်ကြောင်း

ထူးတလည်ပြောဆိုချက်ရှိသည်။ အကြောင်းမှာ ဘုရားသခင်သည် မိမိ၏

ဘုရားသခင်ဖြစ်တော်မူသောကြောင့်တည်း။ ဘုရားသခင်သည် မိမိ၏သား

သမီးဖြစ်သောသူမှတစ်ပါး မည်သူ၏ဘုရားသခင်မျှ မဟုတ်ပေ။

ချစ်သောမိတ်ဆွေ၊ ဘုရားသခင်သည် အထူးလမ်းစဉ်များ၌ မိမိ

လူတို့၏ဘုရားသခင်ဖြစ်ကြောင်းကို သင့်အား ပြသသည်မှာ အတော်အ

တန်လုံလောက်ပြီဟု ယူဆမိပါသည်။ ဘုရားသခင်သည် သူဖန်ဆင်း

စားသည့်အခြားသက်ရှိ အပေါင်းတို့ထက် မိမိသားသမီးများ၏အထူး

ဘုရားသခင်ဖြစ်ကြောင်း မိတ်ဆွေကိုယ်တိုင် ဆင်ခြင်နှလုံးသွင်းရပါမည်။

ဆိုးယုတ်သောသူများက “ဘုရားသခင်”ဟု ခေါ်ဆိုတတ်ပြီး ဘုရားသခင်

၏သားသမီးများက “ကျွန်ုပ်၏ဘုရားသခင်”ဟု ခေါ်ဆိုလေ့ရှိ၏။

 

ဖုံးအုပ်သူအဖြစ်

ဘုရားသခင်သည် သင်ကိုယ်တိုင်၏ဘုရားသခင်မှန်လျှင် သူ၏

သားဖြစ်သည့်အညီ သင့်အနေအထားအတိုင်း သင့်ကို ဝတ်ဆင်ပေးပါ စေ

( ဝါ ) ဖုံးအုပ်ပေးပါစေ။ “ဖြောင့်မတ်ခြင်းနေမင်းကို ဆင်မြန်းပါ (မာလ၊၄း၂)။ “သခင်ယေရှုခရစ်ကို ယူတင်ဝတ်ဆောင်ကြလော့”(ရော၊ ၁၃း၁၄)။

“ရှင်ဘုရင်၏သမီးတော်သည် အတွင်း၌ ဂုဏ်အသရေသက်သက်ရှိ၏။

ရွှေဖြင့် ချယ်လှယ်သောအဝတ်တန်ဆာကိုဆင်၏” (ဆာ၊ ၄၅:၁၃)၊ နှိမ့်ချ

မြင်းကန်ဘောကို ဆင်ကြလော့” (၁ပေ၊ ၅:၅)၊ ချစ်ခြင်းမေတ္တာ၊ သနားခြင်း

ကရုဏာ၊ နူးညံ့သိမ်မွေ့ခြင်း၊ နှိမ့်ချခြင်းတို့ကို ဝတ်ဆင်ကြလော့။ “ကယ်

တင်ခြင်းအဝတ်တန်ဆာနှင့် ကို ဝတ်ဆင်၍ ဖြောင့်မတ်ခြင်း ဝတ်စုံ

နှင့်ခြုံတော်မူပြီ”(ဟေရှာ၊ ၆၁:၁၀)။

သင်၏အပေါင်းအသင်းနှင့် စကားစမြည်ပြောဆိုခြင်းသည် သင်

ဝတ်စားဆင်ယင်သည့်အတိုင်းဖြစ်ပါစေ။ ထူးခြားသောသူများကြားနှင့်

တရားမျှတမှုရှိသောလူမျိုးကြားတွင် အသက်ရှင်နေထိုင်ပါ။ “သားဦးတို့၏

အသင်းတော်သို့လည်းကောင်း .…. စုံလင်ခြင်းသို့ရောက်သည့်ဖြောင့်မတ်

သောသူတို့၏ဝိညာဉ်များထံသို့လည်းကောင်း” (ဟေဗြဲ၊ ၁၂:၂၃) သွားပါ။

ကြီးမြတ်တော်မူသောဘုရင်တကာတို့၏ဘုရင် နန်းတော်၌ အသက်ရှင်

နေထိုင်ပါ။ မျက်နှာတော်ကို မျှော်ကြည့်ပါ၊ ကိုယ်တော်၏ပလ္လင်တော်၌

စောင့်ဆိုင်းပါ၊ ကိုယ်တော်၏နာမတော်ကို ဆောင်ထားပါ ကိုယ်တော်၏

အကျင့်သီလများကို ပြသပါ၊ ကိုယ်တော်ကို ချီးမွမ်းပါ၊ ကိုယ်တော်၏ဂုဏ်

တော်ကိုပြန့်ပွားစေပါ၊ ကိုယ်တော်၏စိတ်ဝင်စားမှုများကို ဆုပ်ကိုင်ထားပါ။

ဆိုးယုတ်သောသူများနှင့်ဆိုးယုတ်သောလမ်းများကို သင့်အမြင်၌ ရှုတ်ချ

ပါ။ ထိုသူတို့နှင့် ပေါင်းဖော်ခြင်းထက် မြင့်မြတ်သောစိတ်ထားကိုထားပါ။

သူတို့၏ပေါင်းသင်းဆက်ဆံမှု (ဝါ) သူတို့၏အထင်အမြင်သေးခြင်း (ဝါ)

သူတို့၏မြှောက်ပင့်ခြင်း (ဝါ) သူတို့၏မျက်မှောင်ကြုတ်ခြင်းတို့ကို အ

လေးမထားပါနှင့်။ သူတို့ဝမ်းမြောက်ခြင်းနှင့်အတူ ဝမ်းမမြောက်နှင့်၊ သူတို့

ကြောက်သောအရာကို မကြောက်ပါနှင့်၊ သူတို့ဂရုစိုက်သောအရာကို ဂရု

မစိုက်ပါနှင့်၊ သူတို့၏အစားအသောက်ကို မစားပါနှင့်။ သူတို့ထဲမှထွက်

သွား၍ မသန့်ရှင်းသောအရာမဝင်ရောက်နိုင်သည့်နေရာ (ဝါ) စိတ်အ

နှောင့်အယှက်မရှိသည့်နေရာတည်းဟူသော သင့်ပြည်နှင့်သင့်နိုင်ငံသို့

ဝင်ရောက်ပါ။ သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုး၊ သန့်ရှင်းသောအ

သက်တာ ကောင်းမြတ်သောသတင်းကို မျှော်လင့်ခြင်း၊ ဘုရားသခင်၌

ဝမ်းမြောက်ခြင်း၊ ကြီးမြတ်သောအရှင်မင်းကြီး၏ရှေ့တော်မှောက်၌ နှိမ့်ချ

သောအသက်တာ စသည့်အရာတို့၌ ယုံကြည်ခြင်းဖြင့် အသက်ရှင်ပါ။

အလွန်အဖိုးထိုက်သောကျေးဇူးတော်

“ငါသည်လည်း သူ၏ဘုရားသခင်ဖြစ်မည်” ဟူသည်ဤကြီး

မြတ်သောကရုဏာ၏အလွန်အဖိုးထိုက်ခြင်းကို ယခု တခဏစဉ်းစားကြပါ

စို့။ ဘုရားသခင်ကိုယ်တိုင် ဤထက်ပို၍ ပြောစရာမရှိတော့ပေဟု ကျွန်ုပ်

ထင်မိပါသည်။ အချို့ရင်သပ်ရှုမောဖွယ်ရာများပင်လျှင် အလွန်အဖိုးထိုက်

သည်ဟုမှတ်ယူကြလျှင် ထိုထက်ပိုသောကိုယ်တော်၏ကျေးဇူးတော်သည်

အလွန်အဖိုးထိုက်သောကျေးဇူးတော်မဟုတ်ပေလော။ အို ချစ်သောမိတ်

ဆွေ၊ ဘုရားသခင်သည် သင့်ဘုရားသခင်ဖြစ်သည်ကို စဉ်းစားကြည့်ပေ

လော့၊ သင်ပိုင်ဆိုင်သောသင့်ဘုရားသခင်ကို အခြားအရာများနှင့် နှိုင်း

ယှဉ်ကြည့်ပါ။

သင့်အသက်တာကို သင့်အပေါင်းအပါများ၏ကံကြမ္မာနှင့် နှိုင်း

ယှဉ်ကြည့်ပါ။ အချို့သောသူများသည် ဤမြေကြီးပေါ်၌ မိမိတို့၏ဝေစုရှိ

ကြ၏။ ထိုသူတို့သည် လိုလေသေးမရှိ ချမ်းသာကြပြီး ပစ္စည်းဥစ္စာနှင့်

ကြွယ်ဝကြ၏ (ဗျာဒိတ်၊ ၃:၁၇)။ သူတို့၏ဝင်းမှည့်သောအသီးအနှံများကို

ယခုပင် နေရောင်ထဲတွင် ရိတ်သိမ်းလျက်နေကြ၏။ သို့သော် ထိုရိတ်သိမ်း

ခြင်းကို ရိတ်သိမ်းရှင်တည်းဟူသောသင်၏ဘုရားသခင်နှင့် နှိုင်းယှဉ်ကြည့်

ပါ၊ စပါးကျီရှိသမျှကို သင်၏ဥယျာဉ်ရှင်ဖြစ်သောဘုရားသခင်နှင့် နှိုင်း

ယှဉ်ကြည့်ပါ (ယော၊ ၁၅:၁)။ ထိုဘုရားသခင်သည် သင့်ကို မှန်သော

ကောင်းကင်မုန့်ဖြင့် ကျွေးမွေးတော်မူ၏ (ယော၊ ၆:၃၂)။

အချို့မှာ မြို့ထဲ၌ သူတို့၏အစုရှိ၏။ သူတို့၏ကြွယ်ဝခြင်းသည်

အလျှံအပယ်ပင်ဖြစ်သည်။ သူတို့သည် ရွှေငွေများကို အလွန်သိုမှီး

သူများဖြစ်လာသည်အထိ သူတို့၏ကြွယ်ဝခြင်းသည် မိမိတို့ထံသို့စမ်း

ချောင်းသဖွယ် အစဉ်စီးဆင်းလျက်နေ၏။ သို့သော် ထိုရွှေငွေတို့ကို သင်၏

ဘုရားသခင်နှင့်နှိုင်းယှဉ်ကြည့်လျှင် အဘယ်ဆိုစရာရှိသနည်း။ သင်သည်

ထိုအရာတို့၌ အသက်ရှင်၍မရပေ။ သင်၏ဝိညာဉ်ရေးရာအသက်တာ

သည်လည်း ရွှေငွေများအားဖြင့် အားဖြည့်နိုင်မည်မဟုတ်ပေ။ ၎င်းတို့ကို

သင့်ခေါင်းပေါ်တင်လိုက်လျှင် သင့်ခေါင်းကိုက်ခြင်းဝေဒနာကို သက်သာ

စေမည်လော။ စိတ်သောကရောက်သောအခါ ၎င်းတို့ကို သင့်ဝမ်းဗိုက်

ပေါ်တင်လိုက်လျှင် သင်၏စိတ်ထိခိုက်မှုသက်သာစေမည်လော၊ ၎င်းတို့ကို

သင်၏စိတ်နှလုံး မျှော်လင့်ချက်ကင်းမဲ့သည့်နေရာ၌ တင်လိုက်လျှင် အထဲ

၌ ညည်းညူနေသည့်တစ်ခုခုကို ဖြေသိမ့်ပေးနိုင်မည်လော (ဝါ) ဝမ်းနည်း

ခြင်း အနည်းငယ်မျှလျော့နည်းစေနိုင်မည်လော။ သို့သော် သင်သည်

ဘုရားသခင်ကို ရရှိပိုင်ဆိုင်သည်ဖြစ်၍ ရွှေငွေအားဖြင့် ဝယ်ယူနိုင် သော

အရာများထက် သာ၍ပိုသောအရာများကို သူ၌ သင်ပိုင်ဆိုင်ထားသည်။

အချို့လူတို့၏ဝေစုမှာ ဤလောက၌ရှိပြီး လူအများဆုံးနှစ်သက်

သောအရာ၊ ချီးကျူးသြဘာပေးသောအရာ၊ ထင်ပေါ်ကျော်ကြားသော

အရာများဖြစ်သည်။ မိမိကိုယ်ကို မေးမြန်းလော့။ သင်၏ဘုရားသခင်

သည် ထိုအရာထက်ပိုသည်မဟုတ်ပေလော။ အကယ်၍ သင်သည်

ဘုရားသခင်ကို မပိုင်ဆိုင်ဘဲလျက် ခရာပေါင်းတစ်ထောင်က သင့်ဂုဏ်ကို

အမွမ်းတင်ရန် မှုတ်နေမည်ဆိုလျှင် (ဝါ) များစွာသောတူရိယများဖြင့်

သင့်အတွက် ကျယ်လောင်စွာပဲ့တင်ထပ်နေမည်ဆိုလျှင် ထိုအရာသည်

သင့်အတွက် အဘယ်သို့သက်ရောက်မည်နည်း။ ထိုအရာသည် သင်၏

စိတ်ဝိညာဉ်ထဲ၌ ကသောင်းကနင်းဖြစ်ခြင်းကို ငြိမ်သက်စေမည်လော။ ထို

အရာသည် သင့်ကို ဂျော်ဒန်မြစ်တစ်ဖက်သို့ကူးစေ၍ လှိုင်းတံပိုးများနှင့်

တွေ့ဆုံစေကာ နောက်ဆုံးတွင် ရေတိမ်သည့်နေရာသို့ပို့ဆောင်ပေးပါ

သလော။ လေတစ်ချက်အဝှေ့တွင် သင့်ကို အထောက်အပံ့ပြုပါသလော။

သင့်မိတ်ဆွေများ၏လက်ခုပ်တီးခြင်းသည် သင်သေသည့်ခုတင်ပေါ်၌ သင့်

ကိုကောင်းချီးဖြစ်စေသလော။ မဖြစ်စေပါ ။ လူသားများဝင်ရောက်စွက်

ဖက်ခြင်းမပြုနိုင်သည့်ဝမ်းနည်းဖွယ်များရှိသည်။ လူသားများက သက်သာ

စေရန် ဝင်ရောက်စွက်ဖက်ခြင်းမပြုနိုင်သော ဝမ်းနည်းဖွယ်ဖြစ်ရပ်များဖြစ်

သည့်စိတ်ထိခိုက်ခံစားမှုများ၊ ဒုက္ခဝေဒနာများနှင့်ပူပန်သောကများလည်း

ရောက်လာအုံးမည်ဖြစ်သည်။

ထိုသို့သောအဖြစ်အပျက်များနှင့် တွေ့ကြုံသောအခါ “ငါ သည်

သင်တို့၏ဘုရားသခင်ဖြစ်မည်” (ယေရ၊ ၁၁:၄) ဟူသောကျမ်းစကားကို

အောက်မေ့လော။ သင်ပိုင်ဆိုင်သောအရာများသည် အခြားလောကီလူ

သားများကလည်း ရရှိပိုင်ဆိုင်နိုင်သောအရာများသာဖြစ်သည်။ လောကီ

ရေးရာနှင့်ဆိုင်သောအရာများသည် ထိုသူတို့၌ရှိသောအရာအားလုံးများ

ဖြစ်သောကြောင့်ဖြစ်သည်။ ဘုရားသခင်သည် အထူးသဖြင့် အဆိုးဆုံးလူ

တို့အား မကြာမကြာအချမ်းသာဆုံးဖြစ်စေသည့်အကြောင်းကို ကျွန်ုပ်တို့

စဉ်းစားသော် ဤလောက၌ ရှိသည့်စည်းစိမ်ရတနာများ၏တန်ဖိုးသည်

မပြောပလောက်သောအရာများသာဖြစ်သည်ဟူ၍ ကျွန်ုပ်တို့မှတ်ယူကြပါ

သည်။ Martin Luther က “ဘုရားသခင်ဟာ သူ့သားသမီးတွေကို စားစ

ရာတွေပေးပြီး စက်ဆုပ်စရာကောင်းတဲ့လူတွေကိုတော့ အခွံပဲပေးတယ်။

စက်ဆုပ်စရာကောင်းတဲ့လူတွေဟာ အခွံပဲရကြတယ်”ဟူ၍ ပြောဆိုခဲ့ဖူး

သည်။ ဘုရားသခင်၏လူတို့သည် လောက၌ မကြာခဏအချမ်းသာဆုံး

အဆင့်သို့မရောက်ခဲ့ကြပေ။ ရုပ်ဝတ္ထုချမ်းသာခြင်း၏တန်ဖိုးမှာ မပြောပ

လောက်သောအရာပင်ဖြစ်သည်။ အာဗြဟံသည် မိမိ၏ဇနီး ကေတုရ၏

သားများအား “ဆုလပ်များကိုပေး၍ အရှေ့ပြည်သို့လွှတ်လိုက်လေ၏။

(က၊ ၂၅:၆)။ လောကသည် လောက၌ရှိသမျှတို့ကို မိမိအဖို့ သိမ်းယူပါ

လိမ့်မည်။ အို ချစ်သောမိတ်ဆွေ၊ ဤလောက၌ ရှိသည့်အရာအတွက်

စွဲလန်းပြီးတောင်းလျှောက်မနေပါနှင့်။ သင်သည် ဤလောက၌ အသက်

ရှင်သွားလာသော်လည်း တနေ့သေရမည်။ သို့ဖြစ်၍ “ငါသည် သူတို့၏

ဘုရားသခင်ဖြစ်မည်”ဟူသောကျမ်းစကားကို မမေ့ပါနှင့်။ ဤနှုတ်ကပတ်

တော်ကတိတော်မြတ်သည် လောကက ပေးအပ်သည့်အရာရှိသမျှတို့

ထက် အလွန့်အလွန်သာလွန်ပါသည်။

ဤကတိတော်ကို သင်လိုအပ်သောအရာနှင့် နှိုင်းယှဉ်ကြည့်ပါ။

မည်သည့်အရာကို သင်တောင်းဆိုရအုံးမည်နည်း။ ဤကတိတော်ထဲတွင်

သင့်လိုအပ်ချက်များ အကုန်ပါရှိသည်မဟုတ်လော။ သင့်ကို ပျော်ရွှင်စေ

မည့်အရာ (ဝါ ) သင့်ကို ကျေနပ်အားရစေမည့်အရာအတွက် တစ်စုံတစ်

ခုကို သင်အလိုရှိနေသေးသလား။ ဤကတိတော်သည် သင့်အတွက်

လုံလောက်သည်မဟုတ်လော။ ဤကတိတော်သည် သင်၏ခွက်ဖလား

ပြည့်လျှံသည်အထိ ဖြည့်ဆည်းပေးနိုင်သည်မဟုတ်လော။ ဤကတိတော်

ကို သင့်အထဲ၌ ရှိသည့်ခွက်ဖလားထဲတွင် ထားရှိလျှင် ဒါဝိဒ်နှင့်အတူ

“အကျွန်ုပ်၏ခွက်ဖလားသည် လျှံလျက်ရှိသည်” (ဆာ၊ ၂၃:၅) ဟူ၍ သင်

ပြောနိုင်မည်မဟုတ်လော။ ထိုသို့သောဆန္ဒသည် အခြားသူများ၏နှလုံး

သားထဲ၌ရှိသည့်ဆန္ဒထက် သာ၍ပိုမည်လော။ ဤကတိတော်သည် ပြည့်

စုံခြင်းသို့ရောက်သောအခါဘုရားသခင်က သင့်အား “ငါသည် သင်တို့၏

ဘုရားသခင်ဖြစ်သည်” ဟု မိန့်တော်မူသောအခါ (ယေဇ၊ ၃၄: ၃၁)

သင်၏ ခွက်ဖလားသည် လောကအရာများနှင့် ကင်းစင်ပါစေသော။

သင်၌ လောကီရေးရာနှင့်ဆိုင်သော ပျော်ရွှင်စရာတစ်ခုမျှမရှိဟု

ဆိုကြပါစို့။ ထိုသို့ဖြစ်လင့်ကစား ကိုယ်တော်၏ကတိတော်သည် သင်၏

ခွက်ဖလားကို တုန်ယင်နေသောသင့်လက်ဖြင့် ကိုင်၍မရသည်အထိ ပြည့်

လျှံစေနိုင်သည်မဟုတ်လော။ ဘုရားသခင်သည် သင်၏ဘုရားသခင်ဖြစ်

လာသောအခါ သင်သည် ပြည့်စုံသည်မဟုတ်လော။ ဘုရားသခင်ကို ချန်

လှပ်ထားလျက် အခြားတစ်စုံတစ်ခုကို သင်အလိုရှိသေးသလော။ ဘုရား

သခင်မပါဘဲ သင်လိုချင်သောအရာရှိသမျှသည် သင်၏တပ်မက်ခြင်းကို

ဖြည့်ဆည်းရန်သာဖြစ်သည်။ ချစ်မိတ်ဆွေ၊ ခရစ်ယာန်တစ်ဦးအနေဖြင့်

အရာအားလုံး ကျရှုံးနေသော်လည်း သင်၏ဘုရားသခင်ထာဝဘုရားသည်

သင့်ကို ကျေနပ်ရောင့်ရဲစေရန် လုံလောက်ပြည့်စုံသည်မဟုတ်လော။

မည်သို့ဆိုစေကာမူ သင်သည် အေးဆေးတည်ငြိမ်သောကျေနပ်

မှုထက်ပိုသောအရာကို လိုချင်နေပါသည်။ တစ်ခါတစ်ရံ သင်သည်

အလွန်အမင်းသာယာကြည်နူးခြင်းကို လိုလားသည်။ ဤကတိတော်ကို

သင့်နှုတ်ခမ်း၌ ထားကြည့်ပါ ။ သည်မှာ၊ ချမ်းမြေ့ပျော်ရွှင်ဖွယ်ပင်လယ်

ကြီးပါ၊ ပျော်ရွှင်ဖွယ်သမုဒ္ဒရာကြီးပါ။ လာပြီး ဤပင်လယ်သမုဒ္ဒရာထဲတွင်

သင့်စိတ်ဝိညာဉ်ကို သန့်စင်စေပါ။ သင်သည် အစဉ်ထာဝရ ကူးခတ်နေ

သော်လည်း မည်သည့်အခါမျှကမ်းခြေကို တွေ့မည်မဟုတ်ပေ။ အလွန်

နက်ရှိုင်းရာထဲသို့ထိုးဆင်းသော်လည်း အောက်ခြေကို မည်သည့် အခါမျှ

တွေ့မည်မဟုတ်ပေ။ “ငါသည် သူတို့၏ဘုရားသခင်ဖြစ်မည်။” ၎င်းသည်

သင့်မျက်လုံးကို မလင်းလက်စေလျှင်၊ ၎င်းသည် သင့်ခြေထောက်ကို

ဝမ်းမြောက်ခြင်းအတွက် မကခုန်စေလျှင်၊ ၎င်းသည် သင့်စိတ်နှလုံးကို

ချမ်းမြေ့ပျော်ရွှင်ခြင်းဖြင့် မပျံဝဲစေလျှင် သေချာပေါက် သင့်စိတ်ဝိညာဉ်

သည် မကျန်းမာသောအနေအထား၌ ရှိသည်ဟုဆိုရပါမည်။

သင်သည် လက်ရှိသာယာကြည်နူးခြင်းထက် တစ်စုံတစ်ရာကို

သာ၍အလိုရှိသည်။ သင်မျှော်လင့်နိုင်သောအရာနှင့်ပတ်သက်၍ တစ်နေ့

တစ်ရာကို သင်တောင့်တနေသည်။ “ငါသည် သူတို့၏ဘုရားသခင်ဖြစ်

မည်” ဟူသည့်ဤကြီးမြတ်သော ကတိတော်၏ပြည့်စုံခြင်း ထက်သာ၍

သင့်ကို မျှော်လင့်ချက်ပေးနိုင်မည့်အရာကား အဘယ်နည်း။ “ငါသည်

သူတို့၏ဘုရားသခင်ဖြစ်မည်” ဟူသည့်ဤကတိတော်ကို ကျော်လွန်သော

မျှော်လင့်ချက်သည် ကျွန်ုပ်၌မရှိကြောင်း ဘုရားသခင်ရှေ့တော်၌ ကျွန်ုပ်

ထုတ်ဖော်ကြေငြာပါသည်။ သင်က “သင်သည် ကောင်းကင်ကို မျှော်လင့်

သည်”ဟု ဆို၏။ မှန်ပါသည်။ ငါလည်း ကောင်းကင်ကို မျှော်လင့်ပါ၏။

သို့သော် “ငါသည် သင်တို့၏ဘုရားသခင်ဖြစ်မည်ဟူသောစကားသည်

ကောင်းကင်ပင်ဖြစ်သည်။ ကောင်းကင်၏အနက်ကား ဘုရားသခင်နှင့်

အတု ရှိနေခြင်းလော၊ သူနှင့်အတူ နေခြင်းလော။ ဘုရားသခင်သည်

ကျွန်ုပ်အပိုင်ဖြစ်သည် (ဝါ) ကျွန်ုပ်သည် ဘုရားသခင်အပိုင်ဖြစ်သည်

ဟူ၍ သဘောပေါက်ခြင်းလော၊ ကျွန်ုပ်၌ ဤအရာကို ကျော်လွန်သော

မျှော်လင့်ချက်ပါ။ ဤအရာကို ကျော်လွန်သောကတိတော်လည်း မရှိတော့

ပေ။ ကတိတော်အပေါင်းတို့သည် ဤအရာ၌သာ တည်နေကြသည်။

မျှော်လင့်ချက်အပေါင်းတို့သည် “ငါသည် သင်တို့၏ဘုရားသခင်ဖြစ်မည်”

ဟူသောစကား၌ ပါဝင်ကြ၏။

“ငါသည် သူတို့၏ဘုရားသခင်ဖြစ်မည်” ဟူသောကတိတော်

သည် တိတော်အပေါင်းတို့တွင် အပြောင်မြောက်ဆုံးဖြစ်သည်။ ထိုက

တော်သည် ဘုရားသခင်က မိမိ၏သားသမီးများအတွက် စီစဉ်ပေး

အဖိုးထိုက်သောအရာများနှင့်ကြီးမြတ်သောအရာရှိသမျှတို့၏ကျော

က်ဆူးတစ်ချက်ပင်ဖြစ်သည်။ ၎င်းကို ကျွန်ုပ်တို့အမှန်တကယ်ဆုပ်ကိုင်

ထားနိုင်လျှင် ၎င်းကို ကျွန်ုပ်တို့နားလည်နိုင်ရမည်အကြောင်း ကျွန်ုပ်တို့

စိတ်ဝိညာဉ်ထဲ၌ ကျင့်သုံးနိုင်လျှင် ကျွန်ုပ်တို့သည် လက်ခုပ်တီးလျက် “အို

အံ့သြဖွယ်ကတိတော်၊ အို ဘုန်းအသရေရှိသောကတိတော်၊ အိုမြင့်မြတ်

သောကတိတော်” ဟူ၍ ပြောဆိုပါမည်။ ထိုကတိတော်က အထက်အရပ်

ကောင်းကင်ကိုဖြစ်စေသကဲ့သို့ အောက်အရပ်ကောင်းကင်ကိုလည်း ဖြစ်

စေသည်။ “ငါသည် သူတို့၏ဘုရားသခင်ဖြစ်မည်” ဟူသောကတီတော်မှ

တစ်ပါး အခြားမည်သည့်အရာမျှ အမြဲအမှန်လိုအပ်လိမ့်မည်မဟုတ်ပေ။

ယုံမှားဖွယ်မရှိသောကတိတော်

ယခုတွင် ယုံမှားဖွယ်မရှိသောဤကတိတော်အကြောင်းကို အ

ကျဉ်းချုပ်စဉ်းစားကြပါစို့။ “ငါသည် သူတို့၏ဘုရားသခင်ဖြစ်နိုင်သည်ဟု

မဆိုထားဘဲ “ငါသည် သူတို့၏ဘုရားသခင်ဖြစ်မည်’ဟူ၍သာ ဆိုထား

ပါသည်။ ဤကျမ်းစကားက “ငါသည် သူတို့၏ဘုရားသခင်ဖြစ်ကောင်းဖြစ်

မည်” ဟုလည်း မဆိုထားပေ။ “ငါသည် သူတို့၏ဘုရားသခင်ဖြစ်မည်”

ဟူ၍ ကျိန်းသေပြောဆိုထားသည်။

အပြစ်သားတစ်ဦးသည် ဘုရားသခင်ကို မိမိ၏ဘုရားသခင်

အဖြစ် ရရှိပိုင်ဆိုင်သည်ဟု မပြောဆိုဘဲ မိမိကိုထိန်းသိမ်းသောသူ၊ မိမိကို

ကန်ယူသောသူ၊ မိမိကိုအန္တရာယ်ထဲမှ ကာကွယ်သောသူအဖြစ်သာ

ရရှိပိုင်ဆိုင်သည်ဟုဆိုသည်။ ဘုရားသခင်သည် သူ့ကို ကျွေးမွေးရန်၊

သက်မုန့်ပေးရန်၊ အသက်စမ်းရေပေးရန်၊ ဖြောင့်မတ်ခြင်းဝတ်လုံပေး

ရန် ရည်ရွယ်ထားခြင်းမရှိပေ။ တနင်္ဂနွေဝတ်ပြုအစည်းအဝေးတွင် သူ့အား

ဘုရားသခင်က တစ်ထောင့်တစ်နေရာ၌ အသုံးပြုပါစေဟူသော အတွေး

မရှိပေ။ ထို့အတွက်ကြောင့် ထိုသူသည် ဘုရားသခင်ကို မိမိ၏ဘုရား

သခင်အဖြစ် မပိုင်ဆိုင်ပေ။ ဘုရားသခင်ကို မိမိ၏အလုံးစုံအတွက် မပိုင်

ဆိုင်ပေ။ မိမိ၏ဝမ်းဗိုက်သည် မိမိ၏ဘုရား (ဖိ၊ ၃:၁၉)၊ ရွှေသည် မိမိ၏

ဘုရား၊ လောကသည် မိမိ၏ဘုရားဖြစ်ပါသည်။ ဤသို့သော အပြစ်သား၌

ဘုရားသခင်၏ကတိတော်သည် မည်သို့ပြည့်စုံနိုင်မည်နည်း။

ကျွန်ုပ်သည် မကြာခဏစာအုပ်တစ်အုပ်ကို ကောက်ယူလျက်

“အို အပြစ်သား၊ ဘုရားသခင်၌ လိုလားသောစိတ်ရှိလော့၊ သို့မဟုတ်လျှင်

သင့်အား ဘုရားသခင်မကယ်တင်နိုင်” ဟူသောအချက်ကို ဖတ်ရှုရ၏။

“လူအချို့ကယ်တင်ခြင်းသို့မရောက်သည်မှာ မည်ကဲ့သို့နည်း”ဟူ၍ တစ်ခါတစ်ရံမလွန်းထုတ်မိကြ၏။ အဖြေကား “ဘုရားသခင်သည် ထိုအပြစ်

သားနှင့်အတူ ကြိုးပမ်းခဲ့သော်လည်း ထိုအပြစ်သားသည် လိုလားသော

စိတ်နှလုံးမရှိသောကြောင့်ဖြစ်သည်” ဟူ၍ မကြာခဏအဖြေရရှိ၏။ ဘုရား

သခင်သည် ကယ်တင်ခြင်းရရှိသောသူများနှင့်အတူ လုပ်ဆောင်သကဲ့သို့

အပြစ်သားနှင့်လည်း ကြိုးပမ်းလုပ်ဆောင်ခဲ့သည်။ ထိုသို့ဆိုလျှင် ထိုအပြစ်

သားသည် နောက်မှကယ်တင်ခြင်း ရရှိမည်လော။ ထုံးစံအတိုင်း ဖြေကြား

လျှင်ရရှိမည်မဟုတ်ပေ။ ကယ်တင်ခြင်းကို သူငြင်းပယ်ခဲ့ပြီ။ “ကယ်တင်

ခြင်းသည် လူ၏စိတ်သဘော၌မမူတည်”ဟု ကျွန်ုပ်ဖြေကြားရပါမည်။

“လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသောသားမဟုတ်။ မေထုန်သံဝါသအားဖြင့်ဘွား

သောသားမဟုတ်။ လူ့အလိုအလျောက်သွားသောသားမဟုတ်။ ဘုရား

သခင်ဖွားတော်မူသောသားဖြစ်သတည်း” (ယော၊ ၁:၁၃) ဟု တွေ့ရှိရပါ

သည်။ လူသည် အရာအားလုံးကိုတတ်စွမ်း၍ အောင်နိုင်သည်ဟူသော

အယူအဆ / လူ၏ခွန်အားသည် ဘုရားသခင်၏ခွန်အားထက် သာ၍ကြီး

မြတ်သည်ဟူသောအတွေး ထိုသို့သောအဓိပ္ပာယ်မရှိသည့်အတွေးအခေါ်

ကို ကျွန်ုပ်တို့သည် မည်သည့်အခါမျှလက် သင့်ခံမည်မဟုတ်ပေ။

သန့်ရှင်းသောဝိညာဉ်တော်၏သြဇာလွှမ်းမိုးမှု အချို့သည် စင်စစ်

ကြန့်ကြန့်ခံနိုင်သည်ဟု ကျွန်ုပ်ယုံကြည်ပါသည်။ သို့ရာတွင် ယေဘုယျ

အားဖြင့် ထိုဝိညာဉ်တော်၏လုပ်ဆောင်ချက်များကို ယနေ့များစွာသောလူ

တို့၏စိတ်နှလုံးထဲ၌ ခုခံငြင်းပယ်လျက်ရှိသည်ကို ကျွန်ုပ်တို့တွေ့ နိုင်သည်။

သန့်ရှင်းသောဝိညာဉ်တော်၏ထိရောက်သော လုပ်ဆောင်ချက်ဖြစ်သည့်

လူသားတို့၏ကယ်တင်ခြင်းအတွက် ကိုယ်တော်၏စိတ်ဆုံးဖြတ်ခြင်းကို

ခုခံ၍မရနိုင်ပေ။ သို့မဟုတ်လျှင် သင်က ဘုရားသခင်သည် မိမိဖန်ဆင်း

သောသူ၏အနိုင်ရခြင်းကိုခံရသည်ဟူ၍လည်းကောင်း၊ ဘုရားသခင်၏အ

ကြံအစည်တော်သည် လူ၏စိတ်ဆန္ဒအားဖြင့် နှောင့်ယှက်ခြင်းခံရနိုင်

သည်ဟူ၍လည်းကောင်း ယူဆပါလိမ့်မည်။ ထိုသို့ဖြင့် ဘုရားသခင်အပေါ်

ချစ်သောမိတ်ဆွေ၊ “ငါသည် သင်တို့၏ဘုရားသခင်ဖြစ်မည်” ဟု

စော်ကားပြောဆိုစရာဖြစ်သွားမည်ဟု စိုးစရာရှိသည်။

သောကတိတော်ကို ပြည့်စုံစေရန် ဘုရားသခင်၌ တန်ခိုးရှိတော်မူ၏။

အပြစ်သားသည် အော်ဟစ်လျက် အကျွန်ုပ်သည် ကိုယ်တော်

ကိုဘုရားသခင်အဖြစ် ပိုင်ဆိုင်ရလိမ့်မည်မဟုတ်ဟုဆိုသော် ကိုယ်တော်

က “ထိုသို့အမှန်လော”ဟု ဆိုသဖြင့် ထိုအပြစ်သားကို မောရှေလက်ထဲ

အပ်တော်မူ၏။ မောရှေသည် ထိုအပြစ်သားကို သိနတောင်သို့အတင်း

ဆွဲခေါ်ရာ လျှပ်စစ်လက်ခြင်းနှင့်မိုးခြိမ်းသံသည် ထိုသူ၏ခေါင်းပေါ်သို့ကျ

ရောက်လာ၏။

ထိုအခါ အပြစ်သားသည် ငိုကြွေးလျက် “အို ဘုရားသခင်၊ အ

ကျွန်ုပ်ကိုကယ်တင်တော်မူပါ”ဟုဆိုသော် ကိုယ်တော်က “သင်သည် ငါ့ကို

ဘုရားသခင်အဖြစ် ရယူပိုင်ဆိုင်မည်မထင်”ဟူ၍ ပြန်ဖြေလေ၏။ တစ်ဖန်

အပြစ်သားသည် တုန်တုန်ယင်ယင်ဖြင့် “အို ဘုရားသခင် ကိုယ်တော်

သည် ကျွန်ုပ်၏ဘုရားသခင်ဖြစ်မည်။ “အကျွန်ုပ်၏အဆင်တန်ဆာများကို

ရွတ်ထားပြီးပါပြီ” (ထွ၊ ၃၃၆)၊ အို ထာဝရဘုရား၊ အကျွန်ုပ်အပေါ်၌ အ

ဘယ်အမှုကိုပြုတော်မူမည်နည်း။ အကျွန်ုပ်ကို ကယ်တော်မူပါ။ မိမိကိုယ်

ကို ကိုယ်တော်လက်တော်၌ အပ်နှံပါ၏”ဟု ပြန်လျှောက်လေ၏။

ကိုယ်တော်ကလည်း ကောင်းပါပြီ။ ထိုအမှုကို ငါသိရှိပါ၏။

‘ငါသည် သူတို့၏ဘုရားသခင်ဖြစ်မည်” ငါသည် သင့်ကို ‘တန်ခိုးတော်

သောနေ့ရက်ကာလ၌ စိတ်စေတနာရှိစေခဲ့၏ (ဆာ၊ ၁၁၀:၃)။ ‘ငါ သည်

သူတို့၏ဘုရားသခင်ဖြစ်မည်။ သူတို့သည်လည်း ငါ၏လူဖြစ်ကြလိမ့်မည်

ဟုမိန့်တော်မူ၏။

ဤကောင်းချီးမင်္ဂလာ၏အသုံးဝင်မှု

ယခုနောက်ဆုံးအနေဖြင့် ဘုရားသခင်ကိုသင်ပိုင်ဆိုင်ရာဖြစ်စေ

တော်မူလျက် သင့်ဘဝရှင်သန်ခြင်းအတွက် အဓိပ္ပာယ်ရှိစေရန် စာရေး

သူကျွန်ုပ်တိုက်တွန်းပါသည်။ ဝိညာဉ်ရေးရာကောင်းချီးမင်္ဂလာသည် ကျွန်ုပ်

တို့၏ပိုင်ဆိုင်ရာဖြစ်သော်လည်း အသုံးမပြုဘဲနေတတ်ကြ၏။ ကျွန်ုပ်တို့

သည် ကြီးမြတ်သောဝိညာဉ်ရေးရာကောင်းချီးမင်္ဂလာများကို ရရှိကြသော်

လည်း ၎င်းကို ရက်ပေါင်းစွာအလဟသဖြစ်စေကြ၏။ ကျွန်ုပ်တို့သည်

ကရုဏာပလ္လင်ဖြစ်သည့်ကျေးဇူးတော်ပလ္လင်ကို ချဉ်းကပ်ခွင့်ရရှိသူများဖြစ်

ကြသော်လည်းမိမိတို့လိုအပ်ချိန်၌ထိုပလ္လင်သို့မချဉ်းကပ်ဘဲနေကြ၏။

ဘုရားသခင်၏အမွန်မြတ်ဆုံးသောအရာများ တန်ဖိုးအရှိဆုံးသောအရာ

များကို ကျွန်ုပ်တို့အား ပေးသနားပြီးဖြစ်သော်လည်း ၎င်းတို့ကိုမည်သည့်

အခါမျှအလွန်အကျွံအသုံးမပြုကြပေ။ ၎င်းတို့ကို အလွန်အကျွံအသုံးပြု၍

မရဟူသည်မှာ မှန်သောစကားဖြစ်သည်။ ကျေးဇူးတော်၏အမွှေးနံ့သာ

ကို မည်သည့်အခါမျှအကုန်မီးရှို့ ၍မရပေ။ ထို့အတူ ကုန်ဆုံးခြင်းမရှိသော

ဘုရားသခင်၏မေတ္တာကရုဏာကိုကျွန်ုပ်တို့သည် မည်သည့်အခါမျှအကုန်

အသုံးပြု၍မရပေ။

အကယ်၍ ကျွန်ုပ်တို့အား ဘုရားသခင်ပေးသနားတော်မူသော

ကောင်းချီးမင်္ဂလာများကို အသုံးမပြုဘဲနေလျှင် ဘုရားသခင်ကို အရာ

အားလုံးအတွက် အနည်းဆုံးအဆင့်၌ အသုံးပြုခြင်းသာဖြစ်ပေမည်။

ဘုရားသခင်သည် မိမိတို့၏ဘုရားသခင်ဖြစ်သော်လည်း အထံတော်ပါး

သို့ပြန်လှည့်၍ မျက်နှာတော်ကိုရှာဖွေခြင်းသည် မိမိတို့၏ဆွေမျိုးများထဲမှ

တစ်ဦးတစ်ယောက်ထံသို့ချဉ်းကပ်ခြင်းထက် သာ၍နည်းပါးနေကြောင်း

ကျွန်ုပ်တို့တွေ့မြင်နိုင်ပါသည်။ အမှန်မှာ ကျွန်ုပ်တို့အပေါ်၌ အပ်နှင်းပေး

တော်မူသောကိုယ်တော်၏ကရုဏာတော်ကိုသာ အစဉ်တစိုက်ရှေ့ဖွေကြရ

မည်သည်။ မိမိတို့၏ဘုရားသခင်ထံသို့ ချဉ်းကပ်ပုံကို ပြန်သုံးသပ်ရမည်။

သာသနာပလူတို့၏ပုံဥပမာကို ကြည့်ရှုသုံးသပ်ကြည့်ပါ။ သူတို့

၏ဘုရားများသည် ဘုရားစစ်ဘုရားမှန်မဟုတ်သော်လည်း သူတို့သည်

မိမိတို့၏ဘုရားများကို အသုံးပြုကြသည်။ သူတို့သည် မိမိတို့ထွင်းထုသော

သစ်သား (ဝါ ) ကျောက်တုံးတို့ကို ဘုရားဟုခေါ်ပြီး ၎င်းကို မိမိတို့အလို

ကျအသုံးပြုကြသည်။ မိုးရွာစေလိုသောအခါ သူတို့သည် စုရုံးလျက်

မိုးရွာစေရန် တောင်းလျှောက်တတ်ကြသည်။ ထိုသို့ပြုခြင်းမှာ မိုက်မဲ့သော

မျှော်လင့်ချက်ဖြစ်သည်ဟုထင်ရသော်လည်း သူတို့၏ဘုရားသည် မိုးကို

ရွာစေတတ်၏။ တိုက်ပွဲရှိလျှင် မိမိတို့၏ဘုရားကို တည်ရှိရာအရပ်မှ

ဆောင်ယူလျက် ပင့်မြှောက်တတ်ကြ၏။ ထိုသို့ဖြင့် သူတို့၏ရှေ့မှဆောင်

ယူခြင်းကိုခံလျက် သူတို့ကို အောင်နိုင်ခြင်းသို့ပို့ဆောင်ပေးသည်ဟု ယူဆ

ကြသည်။ အသက်ရှင်တော်မူသောသင့်ဘုရားကို သင်ပိုင်ဆိုင်လျက်ပင်

ဘာ့ကြောင့် အသုံးမပြုဘဲ နေနေသနည်း။ မိမိလိုအပ်ချိန်တိုင်း၌ သူ့ကို

အသုံးပြုရန် ကိုယ်တော်အလိုတော်ရှိပါသည်။

လမ်းညွှန်မှုကို လက်ခံပါ

ဘုရားသခင်၏သားသမီးများအနေဖြင့် ကိုယ်တော်၏လက်

တော်အကြံညဏ်တောင်းခံသည်မှာ အလွန်နည်းပါးပါ သည်။ ကျွန်ုပ်တို့

သည် ဘုရားသခင်၏လမ်းညွှန်မှုကို မတောင်းလျှောက်ဘဲ မိမိတို့၏

လုပ်ငန်းဆောင်တာများကို မကြာခဏလုပ်ဆောင်တတ်ကြသည်။ ဆင်းရဲ

ဒုက္ခကြုံတွေ့သောအခါ ကျွန်ုပ်တို့အား ကိုယ်တော်စောင့်ထိန်းစေခြင်းငှာ

မိမိတို့၏ဝန်ထုတ်များကို ကိုယ်တော်ထံ၌ ချထားရမည့်အစား မိမိတို့

ကိုယ်တိုင်ထမ်းရွက်ရန် အစဉ်ကြိုးစားလျက်ရှိသည်မဟုတ်လော။ ထိုသို့

ပြခြင်းသည် “ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့ ငါ့ထံသို့လာကြ

လော့၊ ငါသည် ချမ်းသာပေးမည်” (မဿဲ၊ ၁၁:၂၈) ဟူ၍ ကျွန်ုပ်တို့အဖို့

သခင်ဘုရား၏ကတိတော်နှင့် ညီညွတ်မှုမရှိတော့ပေ။ ငါ့သား၊ ငါသည်

သင့်အတွက်ဖြစ်၏။ ငါ့ကို သင်အလိုရှိသည့်အတိုင်း အသုံးပြုပါ။ သင်

သည် ငါ၏သိုလှောင်ရာအိမ်တော်သို့အခပေးစရာမလိုဘဲ မကြာခဏ

လာလေ ကောင်းလေဖြစ်၏။ သင့်ကို ကြိုဆိုလျက်နေ၏။ သင့်အသက်တာ

မှာ ဘုရားသခင်ကို ကျောထောက်နောက်ခံမပြုသည့်အပြင် မည်သည့်

ရည်ရွယ်ချက်မျှမရှိဘဲ နေနေသလော။ သင်၏ဘုရားသခင်ကို အခြား

သူတို့၏ဘုရားများကဲ့သို့ ပြသရန်အတွက် သက်သက်မဖြစ်ပါစေ

နှင့် ဘုရားသခင်နှင့်သင်၏ဆက်နွယ်ခြင်းသည် နာမည်ခံသက်သက်မ

စ်ပါစေနှင့်။ သင့်အား အခွင့်ထူးကို ပေးသနားတော်မူ၍ ထိုသို့သော

မိတ်ဆွေကိုသင်ရရှိပိုင်ဆိုင်သောကြောင့် ဉာဏ်တော်ရှင်အဖဘုရားသခင်

ကို နေ့စဉ်ကြည့်ရှုစောင့်ရှောက်သူအဖြစ် အသုံးပြုလိုက်ပါ။

သလိုအပ်ချက်များတွေ့ပါစေ

“ငါ၏ဘုရားသခင်သည် ဘုန်းအာနုဘော်၌ စံပယ်တော်မူသော

စည်းစိမ်ရှိသည့်အတိုင်း သင်တို့အလိုရှိသမျှတို့ကို ယေရှုခရစ်အားဖြင့်

ပြည့်စုံစေတော်မူလိမ့်မည်” (ဖိ၊ ၄:၁၉)။ သင်သည် ဘုရားသခင်ကို ရရှိ

သောသူဖြစ်၍ ကြောက်ရွံ့ခြင်း၊ အားနည်းခြင်းတို့နှင့် ကင်းဝေးပါသော။

သင်သည် ဘုရားသခင်ကိုရရှိပိုင်ဆိုင်သောသူဖြစ်၍ မည်သည့်အခါမျှ

လိုအပ်ချက်ရှိသောသူမဖြစ်ပါစေနှင့်။ သင်၏ဘဏ္ဍတိုက်ရှိရာသို့သွား၍

သင်၏လိုအပ်ချက်ရှိသမျှကို ရယူလိုက်ပါ။ ထိုနေရာ၌ သင်လိုအပ်နေ

သောအစားအစာ၊ အဝတ်အစား၊ ကျန်းမာခြင်းနှင့်အသက်ကို တွေ့ရလိမ့်

မည်။ မိတ်ဆွေ၊ ဘုရားသခင်သည် အမှုအားလုံးပြုနိုင်သောသူဖြစ်သည်

ကို သင်ယူလိုက်ပါ။ သင်၏ဘုရားသခင်သည် စားသောက်ဖွယ်ရာများ

မှစ၍ကျန်းမာခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်းနှင့်အရာရာတို့ကို လွယ်

လွယ်ကူကူပေးစွမ်းနိုင်သောဘုရားသခင်ဖြစ်ကြောင်း သင်ယူလိုက်ပါ။

ဘုရားသခင်သည် ထိုအရာအားလုံးတို့ဖြင့် သင့်ကို ဖြည့်ဆည်းပေးနိုင်

သည်။ ထိုထက်သာ၍ကောင်းသည်မှာ ကိုယ်တော်သည် သင်၏အစား

အစာ၊ သင်၏အဝတ်အစား၊ သင့်မိတ်ဆွေနှင့်သင့်အသက်လည်း ဖြစ်နိုင်ပါ

သည်။ ထိုအရာအားလုံးအတွက် ကိုယ်တော်သည် သင့်အား “ငါသည်

လည်း သင်တို့၏ဘုရားသခင်ဖြစ်သည်”(ယေဇ၊ ၃၄:၃၁)ဟုမိန့်ဆိုလေ၏။

မိတ်ဆွေအဖြစ် ရှာပါ

အထက်ကောင်းကင်မှ မွေးဖွားခြင်းခံရသောသန့်ရှင်းသူ သင်၌

လင်ယောက်ျားမရှိသော်လည်း သင်သည် မုဆိုးမမဟုတ်ပေ။ အကြောင်း

မှာ ဖန်ဆင်းရှင်သည် ထိုသူ၏လင်ဖြစ်တော်မူ၏ဟူ၍ (ဟေရှာ၊ ၅၄:၅)

ဖော်ပြထားပါ သည်။ လူတစ်ဦး၌ ဖခင်မရှိ၊ အပေါင်းအသင်းမရှိဖြစ်သော်

လည်း မိဘမဲ့မဟုတ်ပေ။ မိတ်ဆွေမရှိသောသူလည်း မဟုတ်ပေ။ ဘုရား

သခင်သည် ထိုသို့သောသူ၏ဖခင်နှင့်မိတ်ဆွေဖြစ်တော်မူ၏ (ဆာ၊ ၆၈:၅)။

မိတ်ဆွေ၌ သားမရှိသော်လည်း ဘုရားသခင်သည် သားသမီးဆယ့်နှစ်

ယောက်ထက် သာ၍ကောင်းပေးသည် (၁ရာ၊ ၁:၈)။ မိတ်ဆွေ၌ အိမ်မရှိ

သော်လည်း ထာဝရဘုရားသည် မိတ်ဆွေ၏ခိုလှုံရာဖြစ်၍ အမြင့်ဆုံးသော

ဘုရား၌ နေရာကျ၏ (ဆာလံ၊ ၉၁း၉)။ သင်သည် တစ်ယောက်တည်း

မဟုတ်ပေ။ သင့်ကို ခမည်းတော်ဘုရားသခင်က မစွန့်ပစ်ပေ (ယော၊ ၈:၂၉)။ ကိုယ်တော်သည် သင့်အတွက် ကောင်းသောမိတ်ဆွေဖြစ်သော

ကြောင့် ကိုယ်တော်နှင့်အတူ လျှောက်လှမ်းနိုင်ပါသည်၊ ကိုယ်တော်နှင့်

တိုင်ပင်နိုင်သည်၊ ကိုယ်တော်ထံ၌ နားနေနိုင်သည်။ အိပ်ရာဝင်သောအခါ

အိပ်ရာမှနိုးသောအခါ၊ အိမ်၌နေသောအခါ၊ နေ့စဉ်အလုပ်ကိုလုပ်လုပ်

သောအခါ၊ ဘုရားသခင်သည် သင်နှင့်အတူ အမြဲရှိတော်မူ၏ (မဿဲ၊ ၂၈း၂၀)။ ကိုယ်တော်နှင့်အတူ သွားလာပါ၊ နေထိုင်ပါ။ တည်းခိုပါ။ အသက်ရှင်

ပါ ၊ ထိုသို့အစဉ်အမြဲအသက်ရှင်ပါ။

ဆုတောင်းခြင်းဖြင့် နှစ်သိမ့်

အို ဘုရားသခင်၏သားသမီးတို့၊ သင်၏ဘုရားသခင်ကို အသုံး

ပြုရန် သင့်ကို ငါတိုက်တွန်းပါသည်။ ဆုတောင်းသောအခါ ကိုယ်တော်

ကိုအသုံးပြုပါ။ ကိုယ်တော်သည် သင်၏ဘုရားသခင်ဖြစ်သောကြောင့်

သူ့ထံသို့မကြာခဏသွားရန် သင့်ကို ငါတောင်းဆိုပါသည်။ အကယ်၍

ကိုယ်တော်သည် သင့်ဘုရားသခင်မဟုတ်ဘဲ အခြားလူတစ်ဦး၏ဘုရား

သခင်ဖြစ်ပါက ကိုယ်တော်အပေါ် သင်စိတ်ကုန်နေမိမှာပါ။ သို့ရာတွင်

ကိုယ်တော်သည် သင်၏ဘုရားသခင်ပင်ဖြစ်တော်မူ၏။ အကယ်၍သာ

ကိုယ်တော်သည် သင့်ဘုရားသခင်မဟုတ်ဘဲ အကျွန်ုပ်၏ဘုရားသခင်

ဖြစ်ပါက ကိုယ်တော်ကို သင်ချဉ်းကပ်ခွင့်ရရှိမည်မဟုတ်ပေ။ မည်သို့ပင်

ဖြစ်စေ ကိုယ်တော်သည် သင်၏ဘုရားသခင်သာဖြစ်သည်။ ကိုယ်တော်

သည် “မိမိကိုယ်ကို သင့်အတွက်” ဖြစ်စေတော်မူပြီ။ သူသည် မိမိသား

သမီးများ၏ အလုံးစုံပိုင်ဆိုင်ရာဖြစ်လာပါသည်။ သို့ဖြစ်၍ ကိုယ်တော်၌ရှိ

သောအရာအားလုံးနှင့်သူ၏ဖြစ်ခြင်းရှိသမျှတို့သည် သူ၏သားသမီးများ

တွက်သာဖြစ်သည်။ အို အသင်၊ သင်၏ရတနာသိုက်သည် အသုံးမပြုဘဲ

ရှိနေမည်လော၊ ထိုသို့မနေပါနှင့်၊ သွားလျက် ဆုတောင်းခြင်းဖြင့် ၎င်းကို

ရယူလိုက်ပါ။

ကိုယ်တော်ထံပါး

ကိုယ်တော်ထံပြေးပါ။ သင်၏လိုအပ်ချက်ရှိသမျှကို သူ့အား

ပြောပြပါ။ အချိန်တိုင်းမှာ ယုံကြည်ခြင်းဖြင့် ကိုယ်တော်ကို စဉ်ဆက်မပြတ်

အသုံးပြုလိုက်ပါ။ မည်းမှောင်သောမိုးတိမ်သည် သင့်အပေါ်ကျရောက်

လာပါက သင်၏ဘုရားသခင်ကို နေမင်းကဲ့သို့အသုံးပြုရန် သင့်ကို ကျွန်ုပ်

တိုက်တွန်းပါသည်။ အကြောင်းမှာ ကိုယ်တော်သည် “ဖြောင့်မတ်ခြင်း

နေမင်း” ဖြစ်တော်မူ၏ (မာလ၊ ၄:၂)။ အကယ်၍ အားကြီးသောရန်သူ

သည် သင့်ကိုတိုက်ခိုက်လာပါက သင်၏ဘုရားသခင်ကို ဒိုင်းလွှားအဖြစ်

အသုံးပြုလိုက်ပါ။ အကြောင်းမှာ ကိုယ်တော်သည် သင့်ကိုကွာကွယ်သော

ဒိုင်းလွှားဖြစ်တော်မူ၏ (ဆာ၊ ၃:၃)။ အကယ်၍ သင်သည် လမ်းပျောက်

နေပါက ကိုယ်တော်ကို သင်၏အကောင်းဆုံးလမ်းပြသူအဖြစ် အသုံးပြု

လိုက်ပါ။ အကြောင်းမှာ ကြီးမြတ်တော်မူသောဂျေဟောဝါဘုရားသည်

သင့်ကို လမ်းပြပါလိမ့်မည်။ ဘဝမုန်တိုင်းထဲကျရောက်နေပါက သူ့ကို သင်

၏ရှေ့ပြေးအဖြစ် အသုံးပြုလိုက်ပါ။ အကြောင်းမှာ ကိုယ်တော်သည်

လေပြင်းမုန်တိုင်းနှင့်ပင်လယ်ကို “တိတ်ဆိတ်ငြိမ်ဝပ်စွာနေ” ဟုဆုံးမသော

အခါ ငြိမ်းစေသောသူဖြစ်၏ (မာ၊ ၄:၃၉)။ အဘယ်အရပ်သွားရမည်ကို

သင်မသိသောအခါ သူ့ကို သင်၏သိုးထိန်းအဖြစ် အသုံးပြုလိုက်ပါ။ “ထာဝ

ရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏။ ငါသည် ဆင်းရဲမခံရ” ဟူသော

ကျမ်းစကားဖြင့် သင့်ကိုသင်သတိပေးပါ (ဆာ၊ ၂၃:၁)။ သင်သည် မည်သို့

ဖြစ်စေကာမူ မည်သည့်အရပ်၌ရှိစေကာမူ ဘုရားသခင်သည် သင်လိုအပ်

သောဘုရားဖြစ်သည်ကို အောက်မေ့လော့။

သင်အလိုရှိသောအရာနှင့်လိုအပ်ချက်ရှိသမျှတို့အတွက် သင်၏

ဘုရားသခင်ကို အသုံးပြုပါရန် အကျွန်ုပ်တိုက်တွန်းပါသည်။ သင်ဒုက္ခ

ရောက်ချိန်၌ သူ့ကိုမမေ့လျော့ဘဲ သင်၏ဆင်းရဲဒုက္ခထဲမှ သူ့ထံသို့ပြေး

လော့။ သို့ပြုလျှင် ထာဝရဘုရား၏လက်တော်မှမစခြင်းကို ရရှိခံစားမည်။

သင်၏ဘုရားသခင်၌ မွေ့လျော်လော့

မိတ်ဆွေ၊ ဤနေ့ရက်၌ ဘုရားသခင်အား သင်၏မွေ့လျော်ရာ

ဖြစ်စေခြင်းငှာ အခွင့်ပေးဖို့ သင့်ကို အကျွန်ုပ်တိုက်တွန်းပါရစေ။ အကယ်၍

သင်သည် စမ်းသပ်ခြင်းခံရသည်ဖြစ်စေ၊ ထိုစမ်းသပ်ခြင်းထဲမှလွတ်မြောက်

သည်ဖြစ်စေ သင်၏ဘုရားသခင်၌သာ မွေ့လျော်ရန် အကျွန်ုပ်တိုက်တွန်း

ပါ၏။ ယခုပင် သခင်ဘုရား၌ ဝမ်းမြောက်လော့။ “သခင်ဘုရား၌ အစဉ်

မပြတ်ဝမ်းမြောက်ခြင်းရှိကြလော့။ တစ်ဖန်ငါဆိုသည်ကား ဝမ်းမြောက်ကြ

လော့”(ဖိ၊ ၄:၄) ဟူသောပညတ်ချက်ကိုအောက်မေ့လော့။ အသင့်အတင့်

ဝမ်းမြောက်ခြင်း၌ ရောင့်ရဲတင်းတိမ်ခြင်းမရှိဘဲ အထက်အရပ်အတိသုခ

ရှိရာသို့ဝဲပျံလျက် ကောင်းကင်အောက်၌ ဝမ်းမြောက်ခြင်းရှိလော့။

ဘုရားသခင်ထံသို့ချဉ်းကပ်လော့၊ ထိုသို့ပြုလျှင် ကိုယ်တော်သည် သင့်ကို

ချဉ်းကပ်ပါလိမ့်မည်။ သင်သည် ဘုရားသခင်ကို ပို၍ချဉ်းကပ်သောအခါ

ကိုယ်တော်၏အလင်းသည် သင့်အပေါ်၌ သာ၍ထွန်း တောက်လာမည်

ဖြစ်၍ သင့်အသက်တာသည် သာ၍နွေးထွေးမှုရှိလာမည်ဖြစ်သည်။ အခြား

သက်ရှိသတ္တဝါတို့သည် ကိုယ်တော်၏ကောင်းမြတ်ခြင်းကို မထင်ဟပ်စေ

သော်လည်း ကိုယ်တော်၏အလင်းတော်သည် အစဉ်မပြတ်ထွန်းတောက်

နေမည်သာဖြစ်သည်။ ဘုရားသခင်ထံသို့မဆုတ်မနစ်၊ စဉ်ဆက်မပြတ်နှင့်

ယုံယုံကြည်ကြည်ဖြင့် တိုးဝင်ချဉ်းကပ်လော့။

“ထာဝရဘုရား၌ မွေ့လျော်ခြင်းရှိလော့။ သို့ပြုလျှင် စိတ်နှလုံး

အလိုပြည့်စုံ

ရသောအခွင့်ကိုပေးတော်မူမည်။ ကိုယ်အမူအရာကို ထာဝရ

ဘုရား၌ အပ်လော့။ ကိုယ်တော်ကို ကိုးစားလော့၊ သို့ပြုလျှင် စီရင်တော်

မူမည်”( ဆာလံ၊ ၃၄:၄-၅)။

“အကျွန်ုပ်ကို ဉာဏ်ပေး၍ပဲ့ပြင်တော်မူမည်။ နောက်တဖန် ဘုန်း

အသရေ၌ သိမ်းယူတော်မူမည်”(ဆာလံ၊ ၇၃:၂၄)။

“ငါသည် သူတို့၏ဘုရားသခင်ဖြစ်လိမ့်မည်’ဟူသောကတိတော်

သည် ပဋိညာဉ်၏ပထမကောင်းချီး မင်္ဂလာဖြစ်ပြီး ဒုတိယမှာ ၎င်းနှင့်

ညီမျှသည်။ ၎င်းကို နောက်အခန်းတွင် ကျွန်ုပ်တို့စဉ်းစားသုံးသပ်ရပါမည်။

အခန်း ၃

ပဋိညာဉ်၌ရှိသောခရစ်တော်

“ငါသည် သင့်ကို လူတော်ပဋိသည်ဖြစ်စေမည်”(ဟေရှာ၊ ၄၉း၈)။

ကျွန်ုပ်တို့၏ကယ်တင်ရှင်သည် ထာဝရကယ်တင်ခြင်း ပဋိညာဉ်

နှင့်ပတ်သက်၍ များစွာလုပ်ဆောင်ခဲ့ပြီဟု ကျွန်ုပ်တို့အားလုံး ယုံကြည်ကြ

သည်။ ကျွန်ုပ်တို့သည် ကိုယ်တော်ကို ပဋိညာဉ်၏ကြားဝင်စေ့စပ်သူအဖြစ်

လည်းကောင်း၊ ပဋိညာဉ်၏အာမခံအဖြစ်လည်းကောင်း ထင်မှတ်ရန် သင်

ယူလေ့လာပြီးဖြစ်ပါသည်။

ကိုယ်တော်ကို ပဋိညာဉ်၏ကြားဝင်စေ့စပ်ပေးသူ အဖြစ်လည်း

ကျွန်ုပ်တို့မှတ်ယူကြသည်။ အကြောင်းမှာ နှစ်ဖွဲ့ကြား၌ တစ်ဆင့်ခံပေးနိုင်

မည့်သူတည်းဟူသောကြားဝင်စေ့စပ်သူမပါဘဲ ဘုရားသခင်သည် လူနှင့်

ပဋိညာဉ်မဖွဲ့နိုင်ကြောင်းကိုကျွန်ုပ်တို့ယုံမှားဖွယ်မရှိပေ။ ကျေးဇူးကရုဏနှင့်

ပြည့်စုံသောကြားဝင်စေ့စပ်သူဖြစ်သည့်ကိုယ်တော်ကို ကျွန်ုပ်တို့ခေါ်သော

အခါ အပြစ်သားများအား ကောင်းမြတ်သောသတင်းကို ပြောပြရန် ဆင်း

ကြွလာတော်မူ၏။ ထိုကျေးဇူးတော်သည် အမြင့်ဆုံးသောဘုရားသခင်၏

ထာဝရအကြံအစည်တော်ထဲ၌ ကတိပြုခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည်

လည်း မိမိတို့၏ကယ်တင်ရှင်ကို ပဋိညာဉ်နှင့်ဆိုင်သည့်အာမခံအဖြစ်

ချစ်မြတ်နိုးကြ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့၏အကြွေးများကို ဆပ်ပေး

ရန် တာဝန်ယူထားသူဖြစ်တော်မူသည်။ အဖခမည်းတော်၏သားသမီးအ

ယောက်စီတိုင်းသည် ရှေ့တော်မှောက်၌ လုံးလုံးလျားလျားအပြစ်အနာ

အဆာကင်းလျက် စုံလင်ကြမည်အကြောင်း သားတော်ယေရှုသည် ခမည်း

တော်ဘုရားကိုယ်စား ရွေးကောက်ခံစိတ်ဝိညာဉ်အပေါင်းတို့အတွက် လုံခြုံ

စိတ်ချမှုရှိစေရန် တာဝန်ယူကြည့်ရှုတော်မူ၏။

ထို့ပြင်ခရစ်တော်သည် ပဋိညာဉ်၏ကိုယ်ထည်ဖြစ်သည်ဟူသော

အတွေး၌ ကျွန်ုပ်တို့ဝမ်းမြောက်ကြသည်ကို ကျွန်ုပ်သံသယမရှိပေ။ ကျွန်ုပ်

တို့သည် ဝိညာဉ်ရေးရာကောင်းချီးမင်္ဂလာအပေါင်းတို့ကို ခြုံငုံပြောဆို

သောအခါ “ခရစ်တော်သည် အလုံးစုံတို့၌ အလုံးစုံဖြစ်တော်မူ၏” (ကော၊

၃:၁)ဟူ၍ ပြောရမည်ကို ကျွန်ုပ်တို့ယုံကြည်လက်ခံကြသည်။ ခရစ်တော်

သည် ပဋိညာဉ်၏အချုပ်အချာဖြစ်ပြီး အဓိကအကြောင်းအရာလည်းဖြစ်

သည်။ ဘုန်းရှိသောပဋိညာဉ်နှင့်ပတ်သက်၍ လူများစွာတို့က ပြောဆိုကြ

သော်လည်း “ခရစ်တော်”ဟူသောစကားလုံးတစ်လုံးမပါလျှင် (မတွေ့ရ

လျှင်) အခြားမည်သည့်အရာမျှပြော၍မရနိုင်ပေ။

ခရစ်တော်အား ကြားဝင်စေ့စပ်ပေးသူ၊ အာမခံပေးသူ၊ ပဋိညာဉ်

၏အနှစ်သာရအဖြစ် မှတ်ယူသည့်အပြင် ဘုရားသခင်သည် မိမိ၏သား

သမီးတို့အား ပေးသနားတော်မူသည့်ကြီးမြတ်၍ ဘုန်းရှိသောပဋိညာဉ်၏

အမွေတော်အဖြစ် ခရစ်တော်ကို ကျွန်ုပ်တို့မှတ်ယူရမည့်အချိန်ဖြစ်သည်။

ခရစ်တော်သည် ငါတို့နှင့်သက်ဆိုင်သည်ဟူသောစကားမှာ ငါတို့၏နိုင်ခဲ့

သောယုံကြည်မှုဖြစ်ပြီး ကျွန်ုပ်တို့အား ဘုရားသခင်ပေးသနားတော်မူခြင်း

ဖြစ်သည်။ “မိမိသားတော်ရင်းကို မနှမြောဘဲ ငါ တို့ရှိသမျှအဘို့အလိုငှာ

စွန့်တော်မူသောသူသည် သားတော်နှင့်တကွ ခပ်သိမ်းသောအရာတို့ကို

ငါ တို့အား မပေးဘဲအဘယ်သို့နေတော်မူမည်နည်း” ဟူသောကတိတော်

ကို ကျွန်ုပ်တို့သိရှိကြသည် (ရော၊ ၈၃၂)။ မိမိတို့၏ခင်ပွန်းကို “ငါချစ်ရာ

သခင်ကို ငါဆိုင်ပေ၏။ ကိုလည်း သခင်ဆိုင်ပေ၏” (ရှောလမုန်၊၂:၁၆)

ဟူ၍ ကျွန်ုပ်တို့ပြောနိုင်ပါသည်။ ကျွန်ုပ်တို့သည် မိမိတို့၏သခင်ဘုရား၊

ကယ်တင်ရှင်ယေရှုခရစ်တော်၌ ကိုယ်ပိုင်ဝေစုရှိကြသည်ဟု မှတ်ယူကြ

သည်။ မည်သည့်စကားလုံးမျှဖြစရာမလိုဘဲ ထိုဝေစုသည် ဖြစ်နိုင်ချေအ

ကောင်းဆုံး၌ ကျွန်ုပ်တို့ကိုမွေ့လျော်စေပါလိမ့်မည်။ ထို့ကြောင့် ယေရှုခရစ်

တော်၏ပဋိညာဉ်သည် ယုံကြည်သူတိုင်း၏ဝေစုပင်ဖြစ်သည်။

ပထမအနေဖြင့် အပ်နှင်းထားသောဤအမွေဆက်ခံခြင်းကို စစ်

ဆေးရန် ကျွန်ုပ်တို့ဆောင်ရွက်ပါလိမ့်မည်။ ဒုတိယအနေဖြင့် ကျွန်ုပ်တို့ထံ

အပ်နှင်းသောထိုအမွေ၏ရည်ရွယ်ချက်ကို ဂရုပြုရပါလိမ့်မည်။ ထို့နောက်

ကြီးမြတ်သောကောင်းချီးမင်္ဂလာအဖြစ်သို့ခေါ်သွင်စေမည့် ခရစ်တော်နှင့်

ဆက်နွယ်ခြင်းဆိုင်ရာ အခြေခံသဘောတရားတစ်ခုကို ကျွန်ုပ်တို့စူးစမ်းရ

ပါလိမ့်မည်။

ယုံကြည်သူ၏ကြီးမြတ်သောအမွေဆက်ခံခြင်း

ပထမအနေဖြင့် ခရစ်ယာန်တိုင်း၏ကြီးမားသောအမွေဥစ္စာမှာ

ဤသို့ဖြစ်သည်။ ယေရှုခရစ်တော်သည် ပဋိညာဉ်အားဖြင့် ယုံကြည်သူ

တိုင်း၏ဝေစုဖြစ်ပါသည်။ ဤနည်းအတိုင်း ယေရှုခရစ်တော်ကို အာရုံခံစား

မှုအမျိုးမျိုးဖြင့် ကျွန်ုပ်တို့နားလည်ရပါမည်။

ဦးစွာယေရှုခရစ်တော်သည် သူ၏သဘောသဘာဝ အားလုံးတို့

၌ကျွန်ုပ်တို့နှင့်သက်ဆိုင်ကြောင်း ထုတ်ဖော်ကြေညာခြင်းဖြင့် ကျွန်ုပ်တို့

အစပြုရပါမည်။ သူ၌ သဘောသဘာဝနှစ်မျိုးရှိပြီး ထိုဖြစ်ခြင်းနှစ်မျိုးသည်

ပုဂ္ဂိုလ်တစ်ဦး၌ မြင့်မြတ်သောပေါင်းစည်းခြင်းဖြင့် ပူးပေါင်းထားပါသည်။

သူ၌ ရာနှုန်းပြည့်ဘုရားဖြစ်ခြင်း သဘောသဘာဝများရှိသည်နည်းတူ

ရာနှုန်းပြည့်လူဖြစ်ခြင်း သဘောသဘာဝများလည်း ပါရှိပါသည်။ မည်သို့

ပင်ဖြစ်စေ ကိုဖြစ်ခြင်းနှစ်မျိုးစလုံးတို့သည် ဘုရားသခင်ကို ယုံကြည်သော

သားသမီးတိုင်း၏အမြီးပိုင်ဆိုင်ရာဖြစ်သည်။

ဘုရားသခင်ကဲ့သို့သော ကိုယ်တော် ပင်ကိုယ်အရည်အချင်း အားလုံး၌

ဘုရားသခင်ကဲ့သို့သောခရစ်တော်၏သဘောသဘာဝများ၌ ရပ်

တည်ပြီး အကျွန်ုပ်ပြောစရာများစွာ မလိုတော့ပေ။ စစ်၍မကုန်နိုင်သော

ကိုယ်တော်၏ချစ်ခြင်းမေတ္တာ၊ အလွန်ကျယ်ပြန့်သောကိုယ်တော်၏ကျေး

ဇူးတော်၊ အလွန်ခိုင်ခံ့သောကိုယ်တော်၏သစ္စာစောင့်သိခြင်း၊ အလွန်မှန်

ကန်သောကိုယ်တော်၏ဖြေကြားချက်တို့ကို မိတ်ဆွေသိရှိပြီးဖြစ်ပါသည်။

ကိုယ်တော်သည် အရာအားလုံးကို သိမြင်တော်မူကြောင်း မိတ်ဆွေသိရှိ

သည်၊ ကိုယ်တော်သည် နေရာတိုင်း၌ ရှိတော်မူကြောင်း မိတ်ဆွေသိရှိ

သည်၊ ကိုယ်တော်သည် အရာအားလုံးကို တတ်စွမ်းနိုင်ကြောင်း မိတ်ဆွေ

သိရှိပါသည်။

ကြီးမြတ်၍ ဘုန်းရှိသောဘုရားသခင်၏သဘောသဘာဝရှိသမျှ

တို့သည် သင်နှင့်သက်ဆိုင်ကြောင်းကို သင်သဘောပေါက်နိုင်လျှင် သင့်

အတွက် ကြီးမားသောနှစ်သိမ့်မှုဖြစ်ပါလိမ့်မည်။ ဘုရားသခင်သည် သင့်

အဖို့ တန်ခိုးတော်ဖြစ်ပါသလား။ သူ၏တန်ခိုးတော်သည် သင့်ကို အ

ထောက်အပံ့ပေးရန်နှင့်သင့်ကို ခွန်အားပေးရန်ဖြစ်ပါသလား။ သူ၏တန်ခိုး

တော်သည် သင်၏ရန်သူများကိုအနိုင်ယူရန်နှင့်ခိုင်ခံ့စွာလုံခြုံစေရန် စောင့်

ထိန်းပေးပါသလား။ ကိုယ်တော်၌ ချစ်ခြင်းမေတ္တာရှိသည်မဟုတ်လော။

ကိုယ်တော်၏မြင့်မြတ်သောစိတ်နှလုံးထဲ၌ ရှိသည့်ချစ်ခြင်းမေတ္တာသည်

သင့်အတွက် မဟုတ်ပေလော။ ကိုယ်တော်၏ချစ်ခြင်းမေတ္တာရှိသမျှသည်

သင်နှင့်သက်ဆိုင်သည်မဟုတ်လော။ သင်သည် အလွန်တရာနက်သော

သမုဒ္ဒရာကဲ့သို့သော ကိုယ်တော်၏မေတ္တာတော်ထဲသို့ ဒိုင်ဗင်ထိုးဆင်း

လျက် “ဤမေတ္တာတော်သည်” ကျွန်ုပ်နှင့်သက်ဆိုင်ပါသည်ဟု ပြောဆိုရ

မည်။ ကိုယ်တော်၌ တရားမျှတခြင်းရှိသည်မဟုတ်လော။ ဤတရား

မျှတခြင်းသည် တင်းကျပ်သောသဘောသဘာဝဖြစ်ဟန်ရှိသော်လည်း

၎င်းပင်လျှင် သင့်အတွက်ဖြစ်ပေသည်။ ဘုရားသခင်၏ကတ်တော်သည်

သင့်အား ပေးအပ်ရမည်အကြောင်း ကျိန်ဆိုတိုင်တည်ခြင်းဖြင့် သင့်အား

ပဋိညာဉ်ပြုခဲ့သည့်အရာရှိသမျှတို့ကို မိမိ၏တရားမျှတခြင်းအားဖြင့် ကြည့်

ရှုတော်မူမည်ဖြစ်သည်။ ချစ်သောဓမ္မမိတ်ဆွေ၊ ခရစ်တော်သည် အစဉ်

အမြဲဘုန်းကြီးသော ဘုရားသခင်၏သားတော်ဖြစ်သည်နှင့်အညီ သူ၏

သေလက္ခဏာများနှင့်ပတ်သက်၍ သင်ကြိုက်နှစ်သက်သည့်အရာကို

ဖော်ပြလျက် ၎င်းအပေါ်၌ သင့်လက်ကိုတင်ကာ “ဤအရာသည် အုပ်

(စ်သည်”ဟူ၍ သင်ပြောဆိုနိုင်အခွင့်ရှိပါသည်။

အိုယေရှု၊ မြေကြီး၏ထောင့်တိုင်များချိတ်ဆွဲထားရာ လက်တော်

သည် အကျွန်ုပ်နှင့်သက်ဆိုင်ပါသည်။ အို ယေရှု၊ ထူထပ်သောမှောင်မိုက်

ကိုဖောက်ထွင်း၍ အနာဂတ်ကို ကြည့်ရှုသောမျက်စိတော်သည် အနှစ်

နှင့်သက်ဆိုင်ပြီး အကျွန်ုပ်ကို မေတ္တာဖြင့် ရှုမြင်တော်မူသည်။ အို ယေရှု

အကြိမ်ပေါင်းတစ်သောင်း မိုးခြိမ်းသံထက် တစ်ခါတစ်ရံ သာ၍ကျယ်

လောင်သောကိုယ်တော်၏နှုတ်ထွက်စကားသံသည် / စောင်းဖြင့် ချင်း

သောအသံထက် ချိုမြိန်သောတိုးတိုးပြောသံသည် အကျွန်ုပ်နှင့်သက်ဆိုင်

ပါသည်။ တစ်ကိုယ်ကောင်းမဆန်ဘဲ ဖြူစင်လျက် စစ်မှန်သောတ္တာဖြင့်

မြင့်မြင့်နှလုံးခုန်ခြင်းသည် အကျွန်ုပ်နှင့်သက်ဆိုင်ပါသည်။ ကိုယ်တော်၏

ဖြစ်ခြင်းတစ်ခုလုံး၊ ဘုရားသခင်၏သားတော်ဖြစ်သည်နှင့်အညီ / အရာ

အားလုံးအပေါ်၌ စိုးစံသောဘုရားသခင်ဖြစ်သည်နှင့်အညီ ကိုယ်တော်၏

ဘုန်းရှိသောသဘောသဘာဝတစ်ခုလုံး၌ အစဉ်အမြဲမင်္ဂလာရှိပါ၏ ထိုအ

ရာတို့သည် တင်စားခြင်းမဟုတ်၊ အသေအချာ၊ အမှန်စင်စစ် အမှန်အား

ဖြင့် အကျွန်ုပ်ဥစ္စာဖြစ်ပါသည်။

ကဲ့သို့သော ကိုယ်တော်၏ပင်ကိုယ်အရည်အချင်း အားလုံး၌

ကိုယ်တော်ကို လူတစ်ဦးကဲ့သို့စဉ်းစားကြည့်ပါ။ ကိုယ်တော်၌

ရှိသည့်ရာနှုန်းပြည့်လူဖြစ်ခြင်း ရှိသမျှသည် သင်နှင့်သက်ဆိုင်သည် (သင့်

ဥစ္စာဖြစ်သည်)။ ကိုယ်တော်သည် ရာနှုန်းပြည့်သူဖြစ်သည့်အတိုင်း မိမိ၏

ခမည်းတော်ဘုရားရှေ့၌ ရပ်သဖြင့် ကျေးဇူးတော်နှင့်လည်းကောင်း၊ သစ္စာ

တော်နှင့်လည်းကောင်း၊ (ယော၊ ၁:၁၄) မျက်နှာသာရခြင်းနှင့်လည်း

ကောင်းပြည့်စုံလျက်စုံလင်သောလူသားအဖြစ် ဘုရားသခင်၏လက်ခံခြင်း

ကိုရရှိလေ၏။ အို ချစ်သောဓမ္မမိတ်ဆွေ၊ ခရစ်တော်အား ဘုရားသခင်၏

လက်ခံခြင်းသည် သင့်ကိုလက်ခံခြင်းပင်ဖြစ်သည်။ စုံလင်သောခရစ်တော်

အပေါ် ခမည်းတော်ဘုရားထားရှိသည့်ချစ်ခြင်းမေတ္တာသည် သင့်အပေါ်၌

ထားရှိသောချစ်ခြင်းမေတ္တာနှင့် အတူတူဖြစ်သည်ကို သင်မသိသလော။

ခရစ်တော်သည် စုံလင်သောဖြောင့်မတ်ခြင်းဖြင့် အသက်ရှင် လျက်

ပညတ်တရားကို မိမိ၏အပြစ်ကင်းသည့်အသက်တာဖြင့် စောင့်ထိန်းကာ

ထိုပညတ်တရားကို ဂုဏ်အသရေရှိစေသည့်အရာမှာ သင့်အတွက်ဖြစ်ပါ

သည်။ ခရစ်တော်၌ရှိသည့်စင်ကြယ်သောအကျင့်သီလသည် သင့်အ

တွက်ဖြစ်သည်။ ခရစ်တော်ပြုခဲ့သောသန့်ရှင်းသောအမှုသည်လည်း သင့်

အတွက်ဖြစ်သည်။ အဖခမည်းတော်ထံသို့သူဆုတောင်းခဲ့သည်မှာလည်း

သင့်အတွက်ပင်ဖြစ်သည်။ ခမည်းတော်ဘုရားသခင်နှင့် တစ်ဦးတည်းအ

ချိန်ယူပြီး တွေးတောကြံဆမှုနှင့်လုပ်ဆောင်မှုတို့သည် ဘုရားသခင်အား

လူသားကဲ့သို့အစေခံခြင်းဖြစ်ပြီး ၎င်းသည်လည်း သင့်အတွက်ဖြစ်သည်။

သူ၏ဖြောင့်မတ်ခြင်းရှိသမျှ၊ ထိုဖြောင့်မတ်ခြင်း၏အတိုင်းအတာမဲ့ကျယ်

ပြောမှုနှင့်သူ၏ဝိသေသလက္ခဏာ စုံလင်ခြင်းရှိသမျှတို့သည် သင့်အတွက်

မှတ်ယူပြီးဖြစ်ပါသည်။

အို ချစ်သောဓမ္မမိတ်ဆွေ၊ ခရစ်တော်၏နှုတ်ကပတ်တော်ထဲ၌

သင်ရရှိသည့်အရာအားလုံးကို သုံးသပ်ဆင်ခြင်ပါ။ ဘုရားသခင်၏နှုတ်

ကပတ်တော်ကို သုံးသပ်ဆင်ခြင်ရင်း အဘယ်မျှလောက်တန်ခိုးကြီးသည်

ကိုစဉ်းစားပါ။ ထို့နောက်မှ ပြည့်စုံသောလူသား၏သဘောသဘာဝ အ

ပေါ်မှာဆင်ခြင်နှလုံးသွင်းရပါမည်။ ခရစ်တော်၏သဘောသဘာဝ၌ အစဉ်

အမြဲ

ရှိသောဖြစ်ခြင်းနှစ်မျိုးဖြစ်သည့် လူ-ဘုရားသခင်နှင့် ဘုန်းရှိသော

ဘုရားသခင်-လူ ဟူ၍ရှိသည်မှာ သင့်အတွက်ဖြစ်ပါသည်။ ထိုအမှုအရာ

အားလုံးတို့သည် သင်နှင့်သက်ဆိုင်ပြီး သင့်ထံမှပြန်လည်ရုပ်သိမ်းခြင်းမရှိ၊

မည်သည့်မျက်နှာသာမျှမတောင်းဆိုဘဲ အစဉ်ထာဝရသင့်အပိုင်ဖြစ်စေ၊

ခြင်းငှာ သင့်အား ဖြူစင်ရိုးသားစွာပေးသနားခြင်းဖြစ်ပါသည်။

ကိုယ်တော်၏ရာထူး အားလုံး၌

ချစ်သောမိတ်ဆွေ၊ ခရစ်တော်၏ပင်ကိုယ်အရည်အချင်း ရှိသမျှ

သည်သာ သင့်အတွက်မဟုတ်ဘဲ သူ၏ရာထူးအားလုံးတို့သည်လည်း

သင့်အတွက်ပင်ဖြစ်ကြောင်း သုံးသပ်ဆင်ခြင်ရပါမည်။ အခုဖော်ပြမည့်

ကိုယ်တော်၏ရာထူးများသည် မြင့်မြတ်ပြီး ဂုဏ်အသရေရှိသောရာထူး

များဖြစ်ပါသည်။ ကိုယ်တော်သည် ပရောဖက်လော။ ထိုသို့မှန်လျှင်

ကိုယ်တော်သည် သင့်အတွက် ပရောဖက်ပေတည်း။ ကိုယ်တော်သည်

ယဇ်ပရောဟိတ်လော။ ထိုသို့မှန်လျှင် ကိုယ်တော်သည် သင့်အတွက်

ယဇ်ပုရောဟိတ်ပေတည်။ ကိုယ်တော်သည် ရှင်ဘုရင်လော။ ထိုသို့မှန်

လျှင် ကိုယ်တော်သည် သင့်အတွက် ရှင်ဘုရင်ပေတည်း။ ကိုယ်တော်

သည် ရွေးနုတ်သောသူလော။ ထိုသို့မှန်လျှင် ကိုယ်တော်သည် သင့်အ

တွက် ရွေးနုတ်သောသူပေတည်း။ ကိုယ်တော်သည် ထောက်ခံသူ

လော။ ထိုသို့မှန်လျှင် ကိုယ်တော်သည် သင့်အတွက် ထောက်ခံသူ

ပေတည်း။ ကိုယ်တော်သည် ရှေ့တော်ပြေးလော။ ထိုသို့မှန်လျှင် သူသည်

သင့်အတွက် ရှေ့တော်ပြေးပေတည်း။ ကိုယ်တော်သည် ပဋိညာဉ်၏အာ

မခံသူလော။ ထိုသို့မှန်လျှင် ကိုယ်တော်သည် သင့်အတွက် အာမခံပေးသူ

ပေတည်း။ ကိုယ်တော်၏အမည်နာမရှိသမျှ၊ ကိုယ်တော်ဆောင်းတော်မူ

သောသရဖူမှန်သမျှ ကိုယ်တော်ဆင် မြန်းတော်မူသော ဝတ်ရုံရှိသမျှတို့

သည် သင့်အတွက်ပေတည်း။ ထိုအရာအားလုံးတို့၏အရှင်သခင်သည်

ခရစ်တော်ဖြစ်ပြီး ထိုခရစ်တော်သည်လည်း ယုံကြည် သူတို့၏ပိုင်ဆိုင်ရာ

ဖြစ်တော်မူသည်။

အို ဘုရားသခင်၏သား၊ သင်၏စိတ်နှလုံးထဲသို့ ထိုသို့သောအ

တွေးများကိုစုစည်းရန် သင်၌ ကျေးဇူးတော်ရှိမည်ဆိုပါက ခရစ်တော်သည်

သင့်အတွက် အလုံးစုံ၌ အလုံးစုံဖြစ်တော်မူသည်ဟူ၍ စဉ်းစားရာတွင်

သင့်အား အံ့အားသင့်ဖွယ်ကောင်းလောက်အောင် နှစ်သိမ့်မှုဖြစ်စေပါ

လိမ့်မည်။ ကိုယ်တော်သည် ခမည်းတော်ဘုရားသခင်ရှေ့၌ လက်တော်

ဆန့်တန်းလျက် ကြားဝင်ဆုတောင်းပေးနေသည်ကို သင်မြင်တွေ့နိုင်ပါ

သလား။ ကိုယ်တော်၏သင်တိုင်းနှင့်ရွှေသရဖူဆောင်းလျက် ၎င်းအပေါ်၌

“ထာဝရဘုရား၌ သန့်ရှင်းခြင်း” (ထွ၊ ၃၉:၃၀) ဟူ၍ ဖော်ပြထားသည်ကို

သင်တွေ့မြင်နိုင်ပါသလား။ ဆုတောင်းရန် မိမိ၏လက်တော်ကိုမြှောက်ပင့်

လျက်နေသည်ကို သင်တွေ့မြင်နိုင်ပါသလား။ ဂေသရှေမန်ဥယျာဉ်၌

စိတ်ဝိညာဉ်ပြင်းထန်စွာခံစားလျက် မိမိအတွက်ပင် ဆုမတောင်းနိုင်ခဲ့

သည့်ဆုတောင်းသံမျိုး၊ မြေကြီးပေါ်၌ ရှိသည့်မည်သည့်လူတစ်ဦးတစ်လေ

ကမျှဆုမတောင်းခဲ့သည့် ကိုယ်တော်၏အံ့အားသင့်ဖွယ် ကြားဝင်ဖျန်ဖြေ

ခြင်းဆုတောင်းသံကို သင်ကြားနိုင်ပါသလား။

ကိုယ်တော်သည် အသံကိုလွှင့်ပြီး အသနားခံသည်နှင့်အမျှ အ

ဘယ်ကဲ့သို့ဆုတောင်း၍ အဘယ်ကဲ့သို့အဖြေရရှိသည်ကို သင်မြင်နိုင်ပါ

သလား။ ကိုယ်တော်၏ကြားဝင်ဖျန်ဖြေခြင်း အားလုံးတို့သည် သင့်အတွက်

ဖြစ်ကြောင်းကို သင်ယုံကြည်ဝံ့ပါသလား။ သင့်နာမည်သည် ကိုယ်တော်၏

စိတ်နှလုံးထဲ၌ ကမ္မည်းထိုးထားသည်သာမက ဖျက်၍မရတော့သောကျေး

ဇူးတော်၏အမှတ်အသားများဖြင့် တံဆိပ်နှိပ်ခြင်းခံရပြီဖြစ်သည်။ ကိုယ်

တော်၏သာလွန်သောကြားဝင်ဖျန်ဖြေခြင်းအပေါင်းတို့သည် သင့်အတွက်

ဖြစ်ပြီး အကယ်၍ သင်သည် ၎င်းတို့ကို အလိုရှိပါက သင်အသုံးပြုနိုင်ပါ

သည်။ သာလွန်သောကြားဝင်ဖျန်ဖြေခြင်းကို ကိုယ်တော်အား မိတ်ဆွေ

တောင်းဆိုသောအခါ သင့်ကိုယ်စား အကောင်အထည်မဖော်စေခြင်းငှာ

ကိုယ်တော့်အပေါ်၌ ခမည်းတော်ဘုရားဩဇာညောင်းခြင်းမရှိသည်ကို

သင်သဘောပေါက်ပါသလား။ ၎င်းကို သင်တောင်းဆိုသောအခါ သူသည်

သင့်အတွက် ကြားဝင်စေ့စပ်ပေးရန် တန်ခိုးမဲ့နေသူမဟုတ်ကြောင်း သင်

သဘောပေါက်ပါသလား။ စကားလုံးများနှင့် ဖော်ပြနေခြင်းသည် ဆိုလိုရင်း

မရောက်နိုင်ဘဲ သင်ကိုယ်တိုင်ဆင်ခြင်နှလုံးသွင်းခြင်းကသာ သင့်ကိုသင်

ကြားနိုင်မည်ဖြစ်သည်။ ခရစ်တော်သည် သင့်အတွက် အလုံးစုံ၌ အလုံးစုံ

ဖြစ်၍ သူ၌ရှိသောအရာအားလုံးတို့သည်လည်း သင့်အတွက်ဖြစ်သည်ကို

သန့်ရှင်းသောဝိညာဉ်တော်ကသာလျှင် သင့်နှလုံးသားထဲ၌ မှန်ကန်သော

အနေအထား၌ တွေးတောစေမည်ဖြစ်သည်။

မြေကြီးပေါ်က ကိုယ်တော်ကို သင်မြင်တွေ့ ပါသလား။ ကိုယ်

တော်သည် ကြီးမြတ်သောယဇ်ပုရောဟိတ်မှန်သော်လည်း တကိုယ်လုံး

သွေးပေလျက် သစ်တိုင်ပေါ်မှာ မိမိကိုယ်ကို တစ်ခါတည်းပူနေသည်ကို

သင်မြင်တွေ့ပါသလား၊ လက်တော်တို့သည် ဖောက်ခြင်းခံရပြီး သွေး

တော်များသည် သူ၏အနာများမှ ပန်းထွက်လျက်ရှိပါ၏။ ကိုယ်တော်၏

အားနည်းသောမျက်နှာထားနှင့်ညှိုးနွမ်းသောမျက်စိတော်တို့သည် သနား

ခြင်းကရုဏာနှင့် ပြည့်လျက်နေသည်ကို သင်မြင်တွေ့ပါသလား။ ခေါင်း

တော်ပေါ်က ဆူးရစ်သရဖူကို သင်သတိပြုမိပါသလား။ ထိုအရာအားလုံး

တို့သည် သင့်အတွက်ပင်ဖြစ်သည်။ ကိုယ်တော်၏အသနားခံချက်သည်

ဘုရားသခင်နှင့် သင့်စပ်ကြားတွင် ငြိမ်းချမ်းခြင်းကို ဖြစ်ပေါ်စေပါသည်။

နံဘေးဘော်ဖောက်ခြင်းသည် သင့်အတွက် ခိုလှုံရာ ဖောက်ခြင်းခံရသော

လက်တော်တို့သည်လည်း သင့်အတွက် ရွေးနုတ်ခြင်းဖြစ်စေပါသည်။

ကိုယ်တော်၏ညည်းသံသည် သင့်အတွက် ညည်းခြင်းဖြစ်၍ စွန့်ပယ်ခံ

ရခြင်းသည် သင့်အကျိုးအတွက်ဖြစ်လျက် အသေခံခြင်းသည်လည်း သင့်

အတွက် အခံခြင်းဖြစ်ပါသည်။

ကိုယ်တော်၏ရာထူးများစွာထဲမှတစ်ခု၌ ခရစ်တော်အကြောင်းကို

သုံးသပ်ဆင်ခြင်ရန် သင့်အား အကျွန်ုပ်တိုက်တွန်းပါသည်။ ထိုသို့ သုံးသပ်

ဆင်ခြင်သောအခါ ခရစ်တော်သည် သင်၏ခရစ်တော်ဖြစ်ပြီး သင့်အား

ယူရမည်ဖြစ်သည်။

ထာဝရပဋိညာဉ်ကို သင်၏ထာဝရပိုင်ဆိုင်ရာအဖြစ် ပေးအပ်ပြီဟူ၍ မှတ်

ကိုယ်တော်၏လုပ်ဆောင်ချက် အားလုံး၌

နောက်တစ်ခု သတိပြုရမည့်အရာကား ခရစ်တော်၏လုပ်ဆောင်

ချက်မှန်သမျှသည် ယုံကြည်သူတို့အတွက် ဖြစ်သည်ဟူသောအရာပေ

တည်း။ ခရစ်တော်၏လုပ်ဆောင်ချက်ဟုဆိုသောအခါ ဆင်းရဲဒုက္ခနှင့်

ဆိုင်သောလုပ်ဆောင်ချက် သို့မဟုတ် တာဝန်နှင့်ဆိုင်သောလုပ်ဆောင်

ချက်စသည်တို့လည်း ယုံကြည်သူများ၏ ပိုင်ဆိုင်ရာပင်ဖြစ်သည်။ ကိုယ်

တော်သည် နို့စို့အရွယ်၌ နာကျင်စွာအရေဖျားလှီးခြင်းခံတော်မူ၏။ ထိုသို့

သွေးထွက်သံယိုခံစားခြင်းသည် ကျွန်ုပ်တို့နှင့်ပတ်သက်မှုရှိပါမည်လော။

ပတ်သက်မှုရှိကြောင်းကို တမန်တော်ပေါလုက “ခရစ်တော်၏အရေဖျား

လှီးခြင်းအားဖြင့် ဇာတိပကတိ၏ကိုယ်ကို ပယ်ရှင်း၍ လက်ဖြင့်မလုပ်သော

အရေဖျားလှီးခြင်းကို ထိုသခင်၌ သင်တို့သည် ခံရသည်ဖြစ်၍” ဟူ၍ ဖော်

ပြသည် (ကော၊ ၂:၁၁)။ အရွယ်ရောက်လာသောအခါ နှစ်ခြင်းခံတော်မူ

၏။ ထိုသို့ရေနှစ်ခြင်းခံရသည်မှာ ကျွန်ုပ်တို့ရေနှစ်ခြင်း၏ဝိညာဉ်ရေးရာအ

မှတ်လက္ခဏာနှင့်ပတ်သက်ပါမည်လော။ မှန်ပါသည်၊ ကျွန်ုပ်တို့နှင့်ပတ်

သက်မှုရှိသည်။ “အသေခံတော်မူခြင်း၌ ဗတ္တိဇံကိုခံသောသူရှိသမျှတို့သည်

အသေခံတော်မူခြင်း၌ ဗတ္တိဇံကိုခံကြသည်ဟု သင်တို့မသိသလော”

(ရော၆:၃)။ ကိုယ်တော်သည် အသေခံတော်သည်ဖြစ်၍ထိုအသေခံခြင်း

သည် ကျွန်ုပ်တို့နှင့်ပတ်သက်ပါမည်လော၊ “ခရစ်တော်နှင့်အတူသေလျှင်

ဟူ၍ (ရော၊ ၆၈) ဖော်ပြသည်ဖြစ်၍ ကျွန်ုပ်တို့နှင့်ပတ်သက်မှုရှိပါသည်။

ကိုယ်တော်သည် သင်္ဂြိုလ်ခြင်းခံရသည်ဖြစ်၍ ထိုသဂြိုလ်ခြင်းသည် ငါတို့

နှင့်ပတ်သက်ပါမည်လော။ ပတ်သက်မှုရှိပါသည်၊ ငါတို့သည် ခရစ်တော်

နှင့်အတူ သဂြိုလ်ခြင်းခံကြ၏။ ကိုယ်တော်သည် သေခြင်းမှထမြောက်

တော်မူ၏။ သင်္ချိုင်းဂူထဲမှကိုယ်တော်၏ထမြောက်ခြင်းသည် ရင်သပ်ရှုမော

အံ့ဩလောက်အောင်ပင်ဖြစ်သည်။ ထိုထမြောက်ခြင်းသည် သင်နှင့်ပတ်

သက်မှုရှိပါမည်လော။ ပတ်သက်မှုရှိပါသည်။ “ခရစ်တော်ကိုသေခြင်းမှ

ထမြောက်စေတော်မူသော ဘုရားသခင်၏ပြုပြင်အားထုတ်တော်မူခြင်းကို

ယုံကြည်သောအားဖြင့် ဗတ္တိဇံကိုခံ၍ ထိုသခင်နှင့်အတူ ထမြောက်ခြင်း

သို့ရောက်ကြ၏”(ကော၊ ၂:၁၂)။

“မြင့်သောအရပ်သို့ တက်ကြွတော်မူသဖြင့် များစွာသောသူတို့

ကို ဘမ်းသွားတော်မူ၍'(ဖက်၊ ၄:၈) ဟူသောကျမ်းစကားကိုလည်း သတိ

ပြုရမည်။ ထိုသို့တက်ကြွတော်မူခြင်းသည် ယုံကြည်သူများဖြစ်သည့်ကျွန်ုပ်

တို့နှင့်ပတ်သက်မှုရှိပါမည်လော။ ပတ်သက်မှုရှိပါသည်၊ ခရစ်တော်သည်

“ငါ တို့ကိုထမြောက်စေ (ဧဖက်၊၂:၆)ဟူ၍ဖော်ပြထားပါသည်။ ကိုယ်တော်

သည် ခမည်းတော်၏ပလ္လင်တော်၌ ထိုင်တော်မူ၏။ ထိုထိုင်တော်မူခြင်း

သည် ကျွန်ုပ်တို့နှင့်ပတ်သက်ပါမည်လော။ ပတ်သက်ပါသည်။ ကိုယ်တော်

သည် ကျွန်ုပ်တို့အား “ကောင်းကင်အရပ်၌ နေရာပေးတော်မူ” (အပိုဒ်

ငယ် ၆) ဟူ၍ ဖော်ပြထားသည်။

ခရစ်တော်ပြုသောအမှုအရာသမျှတို့သည် ကျွန်ုပ်တို့နှင့်ပတ်

သက်မှုရှိပါသည်။ ခရစ်တော်ပြုသမျှနှင့်သူ့လူတို့၏ပြုသမျှတို့သည် သူတို့

နှစ်ဖွဲ့စလုံးစပ်ကြား၌ ပေါင်းစည်းခြင်းအဖြစ် တည်ရှိနေပါသည်။ ထိုသို့ဖြစ်

ရသည့်အကြောင်းမှာ ဘုရားသခင်၏အမိန့်တော်ကြောင့် ဖြစ်ပါသည်။

ခရစ်တော်လုပ်ဆောင်သမျှကို သူ့လူတို့သည် ထိုခရစ်တော်၌ လုပ်ဆောင်

ခဲ့ကြ၏။ အကြောင်းမှာ ခရစ်တော်သည် သင်္ချိုင်း၌ သဂြိုလ်ခြင်းခံသော

အခါ သူတို့သည်လည်း သူနှင့်အတူ သဂြိုလ်ခြင်းခံကြ၏၊ ထိုသို့နှင့်အညီ

သူတို့သည် ကိုယ်တော်နှင့်အတူ မြင့်သောအရပ်သို့တက်ကြွ” ကြ၏

(ဖက်၊ ၄:၈)။ သူတို့သည် ကိုယ်တော်နှင့်အတူ အတိသုခဘုံသို့ဝင်စားပြီး

ကောင်းကင်အရပ်၌ ကိုယ်တော်နှင့်အတူ ထိုင်လျက် ကိုယ်တော်ကို

ကိုယ်စားပြုပြီး ကိုယ်တော်၏ဘုန်းကို ဆောင်သောသူများဖြစ်ကြသည်။

“အသင်းတော်တို့အလိုငှာ သူ့ကို အလုံးစုံတို့၏အချုပ်အခြာဦးခေါင်းဖြစ်စေ

တော်မူ၏” (ဧဖက်၊ ၁:၂၂)။ ခရစ်တော်၏လုပ်ဆောင်ချက်ရှိသမျှ တနည်း

အားဖြင့် ခရစ်တော်၏အရှက်ကွဲခြင်းဖြစ်စေ၊ ခရစ်တော်၏ချီးမြှောက်ခြင်း

ဖြစ်စေ ထိုအရာတို့၌ သင်သည် ပဋိညာဉ်၏အကျိုးအမြတ်ကို ပိုင်ဆိုင်

ကြောင်းကို သင်သတိပြုရမည်။

ဘုရားသခင်ဇာတိအဖြစ်တော်၏ပြည့်စုံခြင်း အပေါင်း၌

“ဘုရားသခင် ဇာတိအဖြစ်တော်၏ပြည့်စုံခြင်း အပေါင်းသည်

ခရစ်တော်၌ ကိုယ်ထင်ရှား၍ ကျိန်းဝပ်တော်မူ၏” (ကော၊၂:၉) ဟူသော

ကျမ်းစကားသည် အလွန်နှစ်သက်ဖွယ်ဆင်ခြင်စရာဖြစ်သည်ကို အကျွန်ုပ်

သည် ရုတ်တရက်စဉ်းစားမိလေသည်။ ယခုတွင် “ထိုသူ၏ပြည့်စုံခြင်းမှ

လည်း ကျေးဇူးတပါး၌ ထပ်ဆင့်၍ ကျေးဇူးတပါးကို ငါတို့ရှိသမျှသည်ခံရ

ကြ” (ဟာ၊ ၁:၁၆) ဟူသောကျမ်းစကားကို အောက်မေ့လော့။

ခရစ်တော်ဇာတိအဖြစ်တော်၏ပြည့်စုံခြင်းအပေါင်းဟူ၍ ဖြစ်ပါ

သည်။ ဤအရာသည် အဘယ်အရာဖြစ်သည်ကို သင်သိရှိပါသလား။

ဤစကားစုကို သင်နားလည်ပါသလား။ ဤစကားစုကို သင်နားမလည်ပေ

ဟူ၍ ကျွန်ုပ်ရဲရဲတင်းတင်းပြောရဲပါသည်။ ခရစ်တော်ဇာတိအဖြစ်တော်၏

ပြည့်စုံခြင်းအပေါင်းသည် သင်၏များစွာသောလိုအပ်ချက်ရှိသမျှတို့ကို

ဖြည့်ဆည်းပေးနိုင်သည်။ ခရစ်တော်ဇာတိအဖြစ်တော်၏ပြည့်စုံခြင်း

ပေါင်းသည် သင့်ကိုချုပ်တည်းသည်၊ သင့်ကိုထိန်းသိမ်းသည်။ သင့်ကို

စောင့်ထိန်းသည်။ ယေရှုခရစ်တော်၌

ရှိသောတန်ခိုးမှစ၍ ချစ်ခြင်းမေတ္တာ

နှင့်သန့်ရှင်းစင်ကြယ်ခြင်းအပေါင်းတို့၏ပြည့်စုံခြင်းသည် သင့်အတွက်ပင်

ဖြစ်သည်။ ထိုအရာများရှိသည့်အတွက် သင်၏ဘာမျှမဟုတ်ခြင်းသည်

မည်သည့်အခါမျှ ကြောက်ရွံ့စရာမဟုတ်ဟု တွေးတောစေပါသလား။ ထို

သို့သောခရစ်တော်ဇာတိအဖြစ်တော်၏ပြည့်စုံခြင်းကို သင်ပိုင်ဆိုင်သော

အခါ သင်၌ရှိသည့်ကြောက်ရွံ့ခြင်း၊ စိုးရိမ်ခြင်း၊ ဘာမျှမဟုတ်ဟု ထင်မှတ်

ခြင်းနှင့်စိတ်အားငယ်ခြင်းတို့သည် အဘယ်ကဲ့သို့ ပျောက်ကွယ်သွားသည်

ကိုပင် သင်သတိထားမိမဟုတ်ပေ။

ကိုယ်တော်၏အဆုံးစွန် အသက်တော်၌

ခရစ်တော်၏အဆုံးစွန် အသက်တော်သည် ယုံကြည်သူများ၏

ပိုင်ဆိုင်ရာဖြစ်ပါသည်။ ခရစ်တော်၏အသက်တာသည်လည်း ယုံကြည်

သူတိုင်းနှင့်သက်ဆိုင်ပါသည်။ သို့ဖြစ်လျှင် ခရစ်တော်၏အသက်သည်

အဘယ်ကဲ့သို့ဖြစ်သည်ကို သင်စဉ်းစားနိုင်ပါသလား။ သင်က အော် ဒါများ

“စဉ်းစားနိုင်ပေါ့” “အဲဒီအသက်တော်ကို ကိုယ်တော်က လက်ဝါးကား

တိုင်ပေါ်မှာ သွန်းလောင်းခဲ့တယ်လေ”ဟူ၍ ပြောပါလိမ့်မည်။ မှန်ပါသည်။

ကိုယ်တော်သည် မိမိ၏အသက်တော်ကို ကားတိုင်ပေါ်မှာပဲ စွန့်ခဲ့ပါသည်။

ထိုအသက်ကို သင့်အား ပေးသနားတော်မူပြီ။ မိမိအသက်တော်ကို စွန့်ခဲ့

သော်လည်း တစ်ဖန်ပြန်ရယူခဲ့ပါသည်။ မိမိ၏ကိုယ်ခန္ဓာပင်လျှင် ပကတိ

အတိုင်းပြန်ဖြစ်သွားသည်။

ကိုယ်တော်၏ကြီးမြတ်ခြင်း၊ဘုရားဖြစ်ခြင်း၏ဘုန်းအသရေတော်

သည် အသေသည့်အချိန်၌လည်း ပြောင်းလဲခြင်းတစ်စုံတစ်ရာမရှိခဲ့ပေ။

ယခုမှာ ကိုယ်တော်သည် ထာဝရရှင်သန်သောသူဖြစ်ကြောင်းကို သင်

သိရှိနေပြီ။ ကိုယ်တော်သည် “မရဏာနှင့်ကင်းလွတ်သောသူ” (သေခြင်း

နှင့်ကင်းသောအဖြစ်၌ရှိလျက် ၁တိမော၊ ၆:၁၆) ဟူ၍ ဖော်ပြထားသည်။

သုံးပါးတစ်ဆူထဲက ဒုတိယပုဂ္ဂိုလ်ဖြစ်တော်မူသော ခရစ်တော်ပိုင်ဆိုင်

သည့်အသက်သည် မည်သို့သောအသက်ဖြစ်သည်ကို သင်နားလည်နိုင်

ပါသလား။ ကိုယ်တော်သည် အစဉ်ထာဝရသေနိုင်ပါသလား။ လုံးဝ

မသေနိုင်ပါ။ ကောင်းကင်ဘုံနှင့်ကောင်းကင်ဗိုလ်ခြေများကလည်း ထိုသို့

ကိုယ်တော်ထာဝရသေစေရန် အလိုမရှိကြပေ။ ကိုယ်တော်၌လည်း ထိုသို့

ထာဝရသေနိုင်ရန် ပင်ကိုယ်အရည်အချင်း လုံးဝမရှိပေ။ သူ့ခမည်းတော်

ဘုရားသခင်သည် သေခြင်းနှင့်ကင်းလွတ်သကဲ့သို့ ခရစ်တော်သည်လည်း

ယနေ့ အဖခမည်းတော်၏လက်ယာတော်ဘက်၌ ထိုင်လျက်နေတော်မူ၏

(ကော၊ ၃:၁)။

အို ချစ်သောဓမ္မမိတ်ဆွေ၊ ထိုခရစ်တော်၏အသက်သည် သင့်

အတွက်ဖြစ်ပေသည်။ “ငါသည် အသက်ရှင်သောကြောင့် သင်တို့သည်

လည်း အသက်ရှင်ရကြလိမ့်မည်” (ယော၊ ၁၄:၁၉) ဟူသောယေရှု၏မိန့်

ဆိုချက်ကို နားထောင်ကြည့်ပါ။ သင်တို့အသက်သည် ခရစ်တော်နှင့်

အတူ ဘုရားသခင်၌ ဝှက်ထားလျက်ရှိ၏” (ကောလော၊ ၃:၃)။ ကျွန်ုပ်တို့

အသက်နှင့်ကိုယ်တော်၏အသက်သည် အခိုင်အမာဆက်စပ်ထားပြီး အ

သက်နှစ်မျိုးမဟုတ်ဘဲ တစ်မျိုးသာဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ဖြောင့်

မတ်ခြင်း နေမင်းကြီးမြတ်ခြင်း၏ရောင်ခြည်တော်များဖြစ်ကြသည်။ ကျွန်ုပ်

တို့သည် ကောင်းကင်နိုင်ငံတော်၏အမွေခံသားသမီး အစစ်အမှန်များဖြစ်

ကြပါက မိမိတို့၏အသက်ကို ကိုယ်တော်မရုပ်သိမ်းမချင်း ကျွန်ုပ်တို့သေရ

မည်မဟုတ်ပေ။ ကျွန်ုပ်တို့သည် ရေပန်းမခန်းခြောက်မချင်း မရပ်စဲနိုင်သော

စမ်းချောင်းများဖြစ်ကြသည်။ ကျွန်ုပ်တို့သည် နေမင်းတောက်ပခြင်း ရပ်စဲ

သည်အထိ ရပ်စဲခြင်းမရှိသည့်ရောင်ခြည်တန်းများဖြစ်ကြပါသည်။ ကျွန်ုပ်

သည် အကိုင်းအခက်များဖြစ်၍ ပင်စည်မသေမချင်း မညှိုးနွမ်းနိုင်ကြ

ပေ။ “ငါသည် အသက်ရှင်သောကြောင့် သင်တို့သည်လည်း အသက်ရှင်

ကြလိမ့်မည်။ ခရစ်တော်၏အဆုံးစွန်အသက်သည် ကိုယ်တော့်သားသ

မီးအယောက်စီတိုင်း ၏ပိုင်ဆိုင်ရာဖြစ်ပါသည်။

ကိုယ်တော်၏ပုဂ္ဂိုလ်ဖြစ်ခြင်း၌

အကောင်းတကာ့အကောင်းဆုံးမှာ ယေရှုခရစ်တော်သည် ခရစ်

ယာန်ယုံကြည်သူတိုင်း၏ပိုင်ဆိုင်ရာဖြစ်သည်ဟူသော အရာပင်ဖြစ်သည်။

ကျွန်ုပ်တို့သည် ဘုရားသခင်၏အကြောင်းအရာထက် ဘုရားသခင်၏ဆု

ကျေးဇူးများကို ပို၍မြင့်မြင့်မားမားဆက်ဆံသည်ဟု ထင်တတ်ကြသည်။

ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်အကြောင်းအရာထက် သန့်

ရှင်းသောဝိညာဉ်တော်၏သြဇာညောင်းခြင်း အကြောင်းအရာကို ပို၍မြင့်

မြင့်မားမားဟောပြောတတ်ကြသည်။ ယေရှုခရစ်တော်၏ပုဂ္ဂိုလ်ဖြစ်ခြင်း

ကြောင်းအရာထက် ခရစ်တော်၏ရာထူးများ၊ လုပ်ဆောင်ချက်များနှင့်ပင်

ကိုယ်အရည်အချင်းများကို ကျွန်ုပ်တို့ပို၍မြင့်မြင့်မားမား ပြောဆိုကြသည်

ဟု ကျွန်ုပ်ကိုယ်တိုင်ယူဆမိပါသည်။

ခရစ်တော်၏ပုဂ္ဂိုလ်ဖြစ်ခြင်းနှင့်ပတ်သက်၍ ရှောလမုန်သီးချင်း

ထဲ၌ အသုံးပြုထားသည့်တင်စားမှုများကို ကျွန်ုပ်တို့လူနည်းစုကသာ နား

လည်နိုင်ခြင်းအကြောင်းရင်းကား ကိုယ်တော်ကို ရှာဖွေရန်နှင့်သိကျွမ်းရန်

လိုအင်ဆန္ဒအလွန်နည်းသောကြောင့်ဖြစ်သည်။ သို့သော် အို ယုံကြည်သူ၊

သင်သည် တစ်ခါတစ်ရံ သင်၏သခင်ဘုရားကို မြဲမြဲဆုပ်ကိုင်ထားနိုင်ပါ

သည်။ ဖြူသောအဆင်း၊ “နီသောအဆင်းနှင့် ပြည့်စုံ၍၊ လူတသောင်းတို့

ဝင် အသင့်အမြတ်ဖြစ်တော်မူ၏။” တကိုယ်လုံး၌ ချစ်ဖွယ်သော

ဂုဏ်တော်အပေါင်းတို့နှင့်ပြည့်စုံတော်မူ၏” (ရှောလမုန်၊ ၅:၁၀-၁၆) ဟူ၍

ဖော်ပြခြင်းခံရသောကိုယ်တော်ကို သင်တွေ့ဖူးပြီလား။ ကိုယ်တော်၏ဦး

ခေါင်းတော်ကို သင်ရှုမြင်သောအခါ တစ်ခါတစ်ရံ သင်၏ဝမ်းမြောက်ဝမ်း

သာဖြစ်ခြင်း ဆုံးရှုံးခဲ့ဖူးပါသလား။ အမှန်မှာ “ကိုယ်တော်၏ဦးခေါင်းတော်

သည် ရှောင်နှင့်တူ၏” (ရှောလ၊ ၅:၁၁) ဟူ၍ ဖော်ပြထားပါသည်။

ကိုယ် ဝိသေသလက္ခဏာနှစ်ရပ်ဖြစ်သည့်အဖြူရောင်နှင့်အနီရောင်

(” နှင်းဆီပွင့်နှင့်နှင်းပွင့်” ရှောလ၊ ၂:၁) ကို သင်မရှုမြင်ဘဲ နေဖူးပါသလား။

ကိုယ်တော်သည် ဘုရားသခင်ဖြစ်သည်နည်းတူ လူသားဖြစ်ပါသလော။

ကိုယ်တော်သည် အသေခံတော်မူသောသူဖြစ်သည်နည်းတူ အသက်ရှင်

တော်မူသူဖြစ်ပါသလော။ကိုယ်တော်သည်စုံလင်သောသူဖြစ်သည်နည်းတူ

မိမိ၏ကိုယ်ခန္ဓာ၌ အသေခံတော်မူခြင်းကို ဆောင်သောသူဖြစ်ပါသလော

(၂ကော၊ ၄း၁၀)။ ကိုယ်တော်၏လက်တော်ပေါ်၌ ကျန်ရစ်နေသည့်သံ

ရိုက်ရာဒဏ်ချက်နှင့်နံဘေးတော်ပေါ်က အမာရွတ်ကို သင်သည် ရှုမြင်ဖူး

ပါသလား။ သင်သည် ကိုယ်တော်၏ချစ်စရာကောင်းသည့်အပြုံးကို ရှုမြင်

ရန်နှင့်ကိုယ်တော်၏ချိုမြိန်သောအသံကို နားထောင်ရန် လိုလားတောင့်

တဖူးပါသလား (ရှောလ၊ ၂:၁၄)၊ ကိုယ်တော့်ထံက မေတ္တာတော်သည်

သင့်ထံရောက်လာဖူးပါသလား။ ကိုယ်တော်သည် မိမိ၏မေတ္တာတော်

အောင်လံကို သင့်အပေါ်၌ ထားဖူးပါသလား (အပိုဒ်ငယ် ၄)။ သင်သည်

ကိုယ်တော်နှင့်အတူ တောအရပ်၊ ကျေးရွာများနှင့် (ရှောလ၊ ၇:၁၁)

သကြားပင်တို့၏ဥယျာဉ်သို့(ရှောလ၊ ၆:၁၁) သွားဖူးပါသလား။ သင်သည်

ကိုယ်တော်၏အရိပ်တော်အောက်မှာ ကြီးစွာသောမွေ့လျော်ခြင်းနှင့် ထိုင်

နေဖူးပါသလား။ သူ၏အသီးသည် သင့်အတွက် အရသာချိုမြိန်သည်ကို

သင်တွေ့ကြုံဖူးပါသလား (ရှောလ၊ ၂:၃)။ ထိုအရာအားလုံးကို မိတ်ဆွေ

တွေ့ကြုံခံစားဖူးပါလိမ့်မည်။ သို့ဖြစ်၍ ကိုယ်တော်၏လူပုဂ္ဂိုလ်ဖြစ်ခြင်းသည်

သင့်အတွက်သာဖြစ်သည်။

မယားသည် သူ့ယောက်ျားကိုချစ်သည်။ သူ့ယောက်ျား၏အိမ်

နှင့်သူ့ယောက်ျား၏ ပိုင်ဆိုင်ရာကိုလည်း ချစ်သည်။ သူ့ယောက်ျားက သူ့

အား ပေးသမျှသောအရာများ၊ သူ့အား ပေးအပ်သောဆုလာဘ်များ၊ သူ့အ

ပေါ်၌ သူ့ယောက်ျားအပ်နှင်းသည့်မေတ္တာရှိသမျှကိုလည်း ချစ်ပေသည်။

သို့သော် သူ့ယောက်ျားလူပုဂ္ဂိုလ်သည်သာ သူ၏ချစ်ခင်တွယ်တာမှုအ

တွက် အဓိကရည်ရွယ်ချက်ဖြစ်သည်။ ထို့အတူ ယုံကြည်သူများ၌လည်း

ဖြစ်၏။ ယုံကြည်သူသည် ခရစ်တော်ပြုသမျှသောအရာအားလုံးနှင့်ခရစ်

တော်ဖြစ်ခြင်းရှိသမျှတို့အတွက် ခရစ်တော်ကို ကောင်းချီးထောမနာပြု

တတ်၏။ ခရစ်တော်သည် သူ့အတွက် အလုံးစုံဖြစ်တော်မူ၏။ ယုံကြည်သူ

သည် ခရစ်တော်ကိုယ်တော်တိုင်အကြောင်းအရာကို အရေးစိုက်သကဲ့

သို့ခရစ်တော်၏ရာထူးအကြောင်းကို အရေးစိုက်လျက်မရှိပေ။ ဖခင်၏

ပေါင်ပေါ်၌ ထိုင်နေသည့်ကလေးငယ်တစ်ဦးအကြောင်းကို တွေးကြည့်ပါ။

ထိုကလေးငယ်အဖို့ ဖခင်သည် တက္ကသိုလ်ကောလိပ်၏။ပါမောက္ခကဲ့သို့

လည်းကောင်း၊ များစွာသောဘွဲ့ဒီဂရီများကို သင်ယူသောသူကဲ့သို့လည်း

ကောင်းဖြစ်သည်။ ကလေးငယ်က ၎င်းတို့ကို ဂုဏ်အသရေရှိသောဘွဲ့များ၊

လေးစားသမှုရှိသောဘွဲ့များဟူ၍ ထင်ကောင်းထင်ပါလိမ့်မည်။ သို့သော်

ကလေးငယ်သည် သူ့ဖခင်၏လူပုဂိုလ်ဖြစ်ခြင်းအကြောင်းအရာကို အရေး

စိုက်သကဲ့သို့ ပါမောက္ခအကြောင်းအရာနှင့် သူ့ဖခင်၏ဂုဏ်သက္ခအ

ကြောင်းအရာကို များများအရေးစိုက်မည်မဟုတ်ပေ။ ကလေးငယ်သည်

ကောလိပ်ကျောင်း၏ဦးထုပ်ပြားနှင့်ဝတ်လုံကို ချစ်ကြိုက်သည်မဟုတ်။ အ

ကယ်၍ ကလေးငယ်သည် ချစ်ခြင်းခံရလျှင်ပင် ဖခင်ကျွေးသည့်အစား

အစာ သို့မဟုတ် ကလေးငယ်နေထိုင်သည့်အိမ်သည် ကလေးငယ်အဖို့

ကလေးငယ်ကိုချစ်သောဖခင်လောက် အရေးမကြီးပေ။ ဖခင်၏နှစ်လိုဖွယ်

ကောင်းသည့်ပုဂ္ဂိုလ်ဖြစ်ခြင်းသည်သာ မှန်ကန်သောရည်မှန်းချက်ဖြစ်လာ

ပြီး ကလေးငယ်အဖို့ လှိုက်လှဲပျူငှာသောချစ်ခြင်းမေတ္တာဖြစ်လာပါသည်။

အကယ်၍ သင်သည် သင့်ကယ်တင်ရှင်ကို အမှန်သိရှိလျှင်

သင့်အပေါ်မှာလည်း ထို့အတူပင်ဖြစ်မည်ဟု ကျွန်ုပ်ယူဆသည်။ သင်သည်

ကိုယ်တော်၏ကရုဏာကိုလည်းကောင်း၊ သူ၏ရာထူးကိုလည်းကောင်း၊ သူ

၏လုပ်ဆောင်မှုများကိုလည်းကောင်း နှစ်သက်သည်။ သို့သော် သင်သည်

ကိုယ်တော်၏ပုဂ္ဂိုလ်ဖြစ်ခြင်းကို အကောင်းဆုံးချစ်ရသည်။ “ငါသည် သင့်

ကိုကာကွယ်စောင့်ရှောက်၍ လူမျိုးတို့၏ပဋိညာဉ်ကိုပေးမည်” (ဟေရှာ၊

၄၉း၈) ဟုဆိုရာတွင် သင့်အတွက် ခရစ်တော်၏ပုဂ္ဂိုလ်ဖြစ်ခြင်းသည်

ပဋိညာဉ်ထဲသို့ဆောင်ယူခဲ့ပြီဖြစ်ကြောင်း တခဏစဉ်းစားကြည့်ပါ။

ပဋိညာဉ်ထဲ၌ရှိသည့်ခရစ်တော်၏ရည်ရွယ်ချက်များ

ယခုတွင် အကျွန်ုပ်တို့၏အာရုံစိုက်ခြင်းကို ဒုတိယအဆင့်စဉ်း

စားဆင်ခြင်ခြင်းဘက်သို့လှည့်သွားကြပါစို့။ ဘုရားသခင်သည် မည်သည့်

ရည်ရွယ်ချက်များကြောင့် ခရစ်တော်ကို ပဋိညာဉ်ထဲ၌ ထားရှိရသနည်း။

နောင်တရသောအပြစ်သားများအဖို့ နှစ်သိမ့်မှုကိုပြင်ဆင်ပေးရန်

ခရစ်တော်သည် နောင်တရသောအပြစ်သားတိုင်းကို နှစ်သိမ့်

ခြင်းငှာပဋိညာဉ်ထဲ၌ရှိတော်မူ၏။ ဘုရားသခင်ထံချဉ်းကပ်လျက်နေသော

အပြစ်သားက “အို ဒီလောက်တောင်ကြီးမြတ်တဲ့ပဋိညာဉ်ကို ကျွန်ုပ်ဖက်

တွယ်၍မရနိုင်ပါဘူး။ ကောင်းကင်ဘုံကို ကျွန်ုပ်အတွက် ပြင်ဆင်ပေးတယ်

ဆိုတဲ့အရာလည်း ကျွန်ုပ်မယုံကြည်နိုင်လောက်အောင်ဖြစ်မိတယ်။ ဖြောင့်

မတ်ခြင်း ဝတ်လုံနှင့်အံ့ဩဖွယ်ရာကောင်းချီးရှိသမျှတွေကို ပျက်စီးတဲ့

ကျွန်ုပ်လိုမျိုးအတွက် ရည်ရွယ်ထားပေးတယ်ဆိုတာကိုလည်း ကျွန်ုပ်နားမ

လည်နိုင်အောင်ဖြစ်ခဲ့ပြန်တယ်” ဟု ဆိုလေ၏။ ခရစ်တော်သည် ပဋိညာဉ်

ထဲမှာရှိသည်ဟူ၍အတွေးထဲတွင် နှစ်သိမ့်မှုပေါ်လာသည်။ အို အပြစ်သား၊

ခရစ်တော်နှင့်သူ၏ကားတိုင်ကို သင်ဖက်တွယ်ထားနိုင်ပါသလား။ သင်က

ကျွန်ုပ်လက်ထဲ၌ မည်သည့်အရာမျှမယူဆောင်လာပါ။ကိုယ်တော်၏ကား

တိုင်ကိုသာ ရိုးရှင်းစွာကျွန်ုပ်ဖက်တွယ်ထားသည်ဟု ပြောဆိုနိုင်ပါသည်။

ခရစ်တော်ကို ခိုင်ခံ့စွာဖက်တွယ်စေခြင်းငှာ ဘုရားသခင်သည်

သားတော်ကို ပဋိညာဉ်ထဲတွင် ရည်ရွယ်ချက်နှင့်အတူ ထားရှိခြင်းဖြစ်

သည်။ ဘုရားသခင်၏ပဋိညာဉ်နှင့်ဆိုင်သောကရုဏာအပေါင်းတို့သည် အ

တူတကွလုပ်ဆောင်ကြပါသည်။ အကယ်၍ သင်သည် ခရစ်တော်ကိုဖက်

တွယ်ထားပါက ပဋိညာဉ်ထဲ၌ရှိသည့် ကောင်းချီးမင်္ဂလာအပေါင်းတို့ကို

သင်ရရှိပါလိမ့်မည်။ ခရစ်တော်ကို ပဋိညာဉ်ထဲတွင် ထားရှိသည့်အ

ကြောင်းရင်းတစ်ရပ်သည်လည်း သင့်အဖို့ ထိုသို့သောကောင်းချီးမင်္ဂလာ

ရှိသောကြောင့်ဖြစ်သည်။

အကယ်၍ ခရစ်တော်သည် ပဋိညာဉ်ထဲတွင် မရှိပါက ဆင်းရဲ

သောအပြစ်သားသည် “အဲဒီကရုဏာကို ငါမဆုပ်ကိုင်ရဲပါဘူး။ ဒါဟာ

ဘုရားတရားကြည်ညိုတဲ့လူနှင့်ဘုရားသားသမီးတွေအတွက်ပါပဲ။ အဲဒီအ

ပေါ်မှာ ငါ့ရဲ့ မျှော်လင့်ချက်ကို ခိုင်ခံ့စွာမချရဲပါဘူး။ ဘာလို့လဲဆိုတော့

ဒါဟာ ငါ့အတွက် သိပ်ကောင်းလွန်းတယ်။ ဒါကို ငါလက်ခံရယူလို့မဖြစ်

ဘူး။ ဒီဟာက ငါ့ရဲ့ ယုံကြည်ခြင်းကို ယိမ်းထိုးစေတယ်”ဟူ၍ ပြောပါလိမ့်

မည်။ မည်သို့ဖြစ်စေကာမူ လူက ခရစ်တော်ကို ပဋိညာဉ်ထဲ၌ရှိသည့်

မြင့်မြတ်သောပူဇော်သကာအပေါင်းတို့နှင့်အတူ မြင်ပါသည်။ ခရစ်တော်

သည် သူ့ကိုယ်သူအမြတ်တနိုးရှုမြင်၍ လက်တော်ကို အကျယ်တဝင့်

ဆန့်တန်းလျက် “ဝန်လေး၍ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့လာကြ

လော့။ ငါသည် ချမ်းသားပေးမည်”(မဿဲ၊ ၁၁:၂၈) ဟူ၍ သနားကြင်နာစွာ

ပြောဆိုပါသည်။ အပြစ်သားသည်လည်း လာရောက်ပြီး မိမိလက်ကိုဆန့်

ထန်းလျက် ခရစ်တော်ဖယ်တွယ်ထားရပါမည်။ ထိုအခါ ခရစ်တော်၏

တိုးတိုးပြောသောအသံကား “အို အသင်အပြစ်သား၊ သင်သည် ငါ့ကို

ဖက်တွယ်ထားသောကြောင့် သင်သည် အရာအားလုံးကို ဖယ်တွယ်ထား

ပြီ”ဟူ၍ဖြစ်သည်။ အပြစ်သားကလည်း “သ ကျွန်ုပ်သည် ကိုယ်တော့်

ကရုဏာကို ရရှိခံစားမည်ဟုမတွေးဝံ့ခဲ့ပါ။ ကိုယ်တော်ကို ယုံကြည်ကိုးစား

ဝံ့သော်လည်း အခြားမည်သည့်အရာကိုမျှရရှိရန် မမျှော်လင့်ခဲ့ပေ”ဟူ၍

ငိုကြွေးလေပါတော့သည်။ ထိုအခါ ခရစ်တော်က “အို အပြစ်သား၊ သင်

သည် ငါ့ကိုရရှိပိုင်ဆိုင်သည့်အတွက် အခြားကရုဏာအပေါင်းတို့ကို

လည်း သင်ရရှိပါပြီဟု” ပြန်ဖြေလေသည်။

ပဋိညာဉ်ဆိုင်ရာကရုဏာများသည် ကွင်းဆက်တစ်ခု၌ ချိတ်

ဆက်လျက်ရှိကြပါသည်။ ခရစ်တော်နှင့်ဆိုင်သည့်ကွင်းဆက်တစ်ခုသည်

အခြားကွင်းဆက်တစ်ခုကို ဆွဲဆောင်လျက်နေသည်။ အပြစ်သားတစ်ဦး

သည် ခရစ်တော်ကို ဖက်တွယ်ထားနိုင်ပါသည်။ ထိုသို့ဖက်တွယ်ထားနိုင်

ရန်လည်း ဘုရားသခင်သည် ခရစ်တော်ကို ပဋိညာဉ်ထဲ၌ထားရှိခြင်းဖြစ်

သည်။ အကြောင်းမူကား ထိုအပြစ်သားသည် ပဋိညာဉ်နှင့်ဆိုင်သော

ကရုဏာများကို ရရှိရန်ဖြစ်သည်။ အပြစ်သားတစ်ဦးသည် ခရစ်တော်ကို

တစ်ခါဆုပ်ကိုင်းထားသည်နှင့်ပဋိညာဉ်က ပေးစွမ်းနိုင်သောအရာအားလုံး

ကိုရရှိပြီဟူသောစကားသည် ထိုအပြစ်သားအတွက် ခွန်အားဖြစ်ပြီး

ကြီးစွာသောနှစ်သိမ့်မှုကိုဖြစ်စေပါသည်။

ပဋိညာဉ်ထဲ၌ ခရစ်တော်ထားရှိသည့် နောက်တစ်ခုအကြောင်း

ရင်းမှာ သံသယရှိနေသောသူတော်စင်အား ခိုင်ခံ့စေရန်လည်းဖြစ်သည်။

တစ်ခါတစ်ရံ အသက်တာယိမ်းယိုင်လျက်ရှိသောသူသည် ပဋိညာဉ်ထဲ၌

ရှိသည့်မိမိ၏ဝေစုအကြောင်းကို နားမလည်ဘဲနေတတ်သည်။ မိမိ၏ဝေစု

သည် အခြားသန့်ရှင်းသူများနှင့်အတူ ရှိနေသည်ကို စိတ်ကူးမတွေးနိုင်ပေ။

ဘုရားသခင်သည် မိမိ၏ဘုရားသခင်ဖြစ်ကြောင်း ကကနနသဘောမ

ပေါက်သည်သာမက သန့်ရှင်းသောဝိညာဉ်တော်သည် မိမိ၏စိတ်ဝိညာဉ်

နှင့်ဆက်ဆံလျက်နေသည်ကိုပင် မသိရှိပေ။

ထိုသို့ဖြင့် အပြစ်သား၊ မရေရာသောကလေးသည် ခရစ်တော်ကို

ဖက်တွယ်ထားရပါသည်။ ယုံကြည်သောသူသည် ခရစ်တော်ကိုမဖက်

တွယ်စရာအကြောင်းမရှိပေ။ ခရစ်တော်နှင့် ဆက်နွယ်နေပြီဖြစ်သော

ကြောင့် အခြားမည်သည့်အရာကိုမျှ မဖက်တွယ်နိုင်တော့ပေ။ သူကလည်း

“အိုဟုန်း၊ ငါလည်း အပြစ်သားတစ်ယောက်ပဲဆိုတာ ငါ့ကိုငါသိတယ်။

ခရစ်တော်ဟာ အထက်ကောင်းကင်အရပ်ကနေ ဆင်းကြွလာပြီး အပြစ်

သားတွေကို ကယ်တင်ခဲ့တဲ့သူပါ “ဟူ၍ ပြောဆိုခဲ့သည်။ သို့ပါသော

ကြောင့် သူသည် ခရစ်တော်ကို မြဲမြဲဆုပ်ကိုင်ထားသူဖြစ်ပါသည်။ သူက

“ဒီမှာ ငါခရစ်တော်ကိုမြဲမြဲဆုပ်ကိုင်ထားနိုင်တယ်။ ငါ့လက်မည်းချည်းက

ခရစ်တော်ရဲ့ လက်တော်ကို မည်းစေမှာမဟုတ်ပါဘူး။ ငါ့ရဲ့ အညစ်အကြေး

တွေဟာ ခရစ်တော်ကိုညစ်ညမ်းစေမှာမဟုတ်ပါဘူး” ဟူ၍ ဆက်ပြောလေ

သည်။ ထို့ကြောင့် သန့်ရှင်းသောသူသည် ခရစ်တော်ကို မြဲမြံစွာဆုပ်

ကိုင်ထားသူသာဖြစ်သည်။ ထိုသို့ဆိုလျှင် သူသည် ပဋိညာဉ်နှင့်ဆိုင်သည့်

ကရုဏာကို အဘယ့်ကြောင့် မိမိလက်ထဲ၌ လက်ခံရရှိပါသနည်း။

ဘုရားသခင်သည် မိမိ၏ဉာဏ်ပညာအားဖြင့် ခရစ်တော်ကို

ပဋိညာဉ်ထဲ၌ ထားတော်မူ၏။ ထိုသို့ဖြင့် ဆင်းရဲသောအပြစ်သား (ဝါ)

သံသယရှိသောသန့်ရှင်းသူဖြစ်သည့်ခရစ်တော်၏ကျေးဇူးပြုခြင်းကို သိရှိ

သောသူသည် ခရစ်တော်ကို ဖက်တွယ်ထားရန် ကြောက်ရွံ့ခြင်းမရှိပေ။

သူသည် ထိုအကြောင်းအရာကို လုံးဝဥဿုံသဘောမပေါက်သော်လည်း

ပဋိညာဉ်တစ်ခုလုံးကို မိမိအတွက် ဆုပ်ကိုင်ထားသူဖြစ်သည်။

များစွာသောကောင်းများ၌ အနှစ်သာရရှိစေရန်

များစွာသောအရာတို့သည် ခရစ်တော်မပါလျှင် ဘာမျှမဖြစ်နိုင်

သောကြောင့် ခရစ်တော်သည် ပဋိညာဉ်ထဲ၌ ရှိနေသင့်သည်မှာ လိုအပ်

ချက်ပင်ဖြစ်သည်။ ကျွန်ုပ်တို့၏ကြီးမားသောရွေးနုတ်ခြင်းသည် ပဋိညာဉ်

ထဲ၌ ရှိနေသော်လည်း ကိုယ်တော်၏သွေးတော်မြတ်မပါလျှင် ကျွန်ုပ်တို့၌

ရွေးနုတ်ခြင်းဟူ၍ မရှိနိုင်ပေ။ ကျွန်ုပ်၏ဖြောင့်မတ်ခြင်းသည် ပဋိညာဉ်ထဲ၌

ရှိနေသည်မှာ မှန်ကန်သော်လည်း ကျွန်ုပ်အတွက် ဘုရားသခင်မှတ်ယူ

ပေးခြင်း၊ ကျွန်ုပ်အတွက် ခရစ်တော်အနိုင်ရခြင်းမရှိပါက ကျွန်ုပ်၌ ဖြောင့်

မတ်ခြင်းဟူ၍ မရှိနိုင်ပေ။ ကျွန်ုပ်၏ထာဝရပြည့်စုံခြင်းသည် ပဋိညာဉ်ထဲ၌

ရှိနေသည်မှာ အလွန်တရာမှန်ကန်သော်လည်း ရွေးကောက်သောသူများ

သည် ခရစ်တော်၌သာ ပြည့်စုံကြသည်။ ရွေးကောက်သောသူများသည်

သန့်ရှန်းသောဝိညာဉ်တော်အားဖြင့် ဆေးကြောခြင်းမခံမီ၊ သန့်ရှင်းစင်

ကြယ်ခြင်းမခံမီ၊ ပြည့်စုံစေခြင်းမခံမီ သူတို့ကိုယ်ကို မပြည့်စုံစေနိုင်ကြပေ။

ကောင်းကင်အရပ်၌ ဘုန်းအသရေဆောင်သောသန့်ရှင်းသူတို့၏ပြည့်စုံ

ခြင်းသည် ခရစ်တော်၌ သူတို့ရရှိသည့်ဖြောင့်မတ်ခြင်းကဲ့သို့မဟုတ်ပေ။

အကယ်၍ သင်သည် ဆွဲကြိုးကို ဖြတ်ပစ်ပါက ၎င်း၌ရှိသည့်

ကျောက်မျက်ရတနာများ၊ ပုတီးစေ့များနှင့်ပုလဲများသည် ပြုတ်ကျ၍ တစ်ခု

နှင့်တစ်ခု တခြားစီကွဲလင့်သွားမည်ဖြစ်သည်။ ခရစ်တော်ကို ပဋိညာဉ်ထဲမှ

ကုတ်ယူလိုက်ပါက ထို့အတူပင်ဖြစ်သည်။ ခရစ်တော်သည် ပဋိညာဉ်ထဲ

တွင် ရွှေစင်ဖြင့်လုပ်သောဆွဲကြိုးဖြစ်ပြီး ၎င်းကို ပဋိညာဉ်နှင့်ဆိုင်သည့်

ကရုဏာများဖြင့် ရစ်ပတ်ထားခြင်းဖြစ်သည်။ ရွှေစင်ဖြင့်လုပ်သောဘွဲ့ကြိုး

တည်းဟူသောခရစ်တော်ကို သင်သည် ဖက်တွယ်ထားသောအခါ ပုလဲ

ကြိုးတစ်ခုလုံးကို သင်ရရှိခြင်းဖြစ်သည်။ အကယ်၍ ခရစ်တော်ကို ဖယ်ရှား

ပစ်မည်ဆိုပါက ပုလဲသည် ရှိနေအုံးမည်မှန်သော်လည်း ထိုပုလဲကို

ကျွန်ုပ်တို့ဝတ်၍မရတော့ပေ။ အကြောင်းမှာ ထိုဆွဲကြိုးသည် တကွဲတပြား

စီဖြစ်နေသောကြောင့်ဖြစ်သည်။ အသက်တာထဲတွင် အားနည်းသော

ယုံကြည်ခြင်းသည် ပဋိညာဉ်နှင့်ဆိုင်သောကောင်းချီးမင်္ဂလာများအား မည်

ကဲ့သို့ဆုပ်ကိုင်ထားရမည်ကို မည်သည့်အခါမျှမသိရှိပေ။ မြေကြီးကို အဖိုး

ထိုက်စေသောအရာသည် ကရုဏာတရားပေတည်း။ ခရစ်တော်သည်

ပဋိညာဉ်ထဲ၌ ရှိတော်မူ၏။

သန့်ရှင်းသူများ အသုံးပြုစေရန်

နောက်တစ်ခုသတိပြုရမည်မှာ ပဋိညာဉ်ထဲ၌ရှိသည့် ဘုရား

သခင်အကြောင်းအရာကို ကျွန်ုပ်ရေးသားသကဲ့သို့ ပဋိညာဉ်ထဲ၌ရှိသည့်

ခရစ်တော်သည် အသုံးပြုရန်ဖြစ်သည်။ ဘုရားသခင်သည် မိမိ၏သား

သမီးများက သူတို့အတွက် အသုံးပြုရန် ရည်ရွယ်ချက်မရှိဘဲ ကတိတော်

တစ်ခုကိုမည်သည့်အခါမျှ ပေးအပ်လျက်မရှိပေ။ သမ္မာကျမ်းစာထဲမှာရှိ

သည့်ကတိတော်များတွင် ကျွန်ုပ်ကိုယ်တိုင်တစ်ခါမျှ အသုံးမချဖူးသေး

သောကတိတော်တချို့

ပါရှိသည်။ ကျွန်ုပ်အတွက် အဓိပ္ပာယ်မရှိဟုထင်

ထားပြီး ကာလကြာမြင့်စွာ လျစ်လျူရှုထားသည့်ကတိတော်သည် စမ်း

သပ်ခြင်းနှင့်ပြဿနာရောက်ရှိလာသောအခါ ထိုကတိတော်ကို ကျွန်ုပ်ရှာ

ဖွေရမည့်အချိန်ရောက်ရှိလာမည်ဟု ကျွန်ုပ်ယုံကြည်ပါသည်။ ထိုသို့သော

အချိန်တွင် ထိုကတိတော်သည် ကျွန်ုပ်အတွက် တစ်ခုတည်းသောငြိမ်

သက်ချမ်းသာရာဖြစ်ပါသည်။ ပဋိညာဉ်၌ရှိသည့်ကတိတော်တိုင်း၏တန်ဖိုး

ကိုယုံကြည်သူတိုင်းက သိရှိမည့်အချိန်သည် ရောက်ရှိလာမည်ဟူ၍

လည်း ကျွန်ုပ်သိရှိပါသည်။ ဘုရားသခင်သည် မိမိ၏သားသမီးများအား

အမွေကို ပေးသနားသောအခါ မိမိတို့အတွက် အသုံးရန် ရည်ရွယ်ပြီး

ပေးသနားတော်မူခြင်းဖြစ်သည်။ ယေရှုခရစ်တော်ကိုလည်း အသုံးပြုရန်

ကျွန်ုပ်တို့အား ပေးသနားတော်မူပြီ။ အို ယုံကြည်သူတို့၊ ကိုယ်တော်ကို

ကြောက်ရွံ့ရိုသေခြင်းဖြင့် မပြီးပါနှင့်၊ အသုံးပြုလိုက်ပါ။

ရှေ့မှာ ကျွန်ုပ်ပြောခဲ့သည့်အတိုင်း ယခုပြန်ပြောပါမည်။ သင်

သည် ခရစ်တော်ကို အသုံးပြုသင့်သလောက်အသုံးမပြုခဲ့ပေ။ သင်သည်

ဒုက္ခရောက်သောအခါ အဘယ့်ကြောင့် ကိုယ်တော်ထံသွားပြီး မပြောပြ

သနည်း။ ကိုယ်တော်သည် သနားကြင်နာတတ်သူ၊ စာနာတတ်သူမဟုတ်

လော၊ ကိုယ်တော်သည် သင့်ကိုနှစ်သိမ့်ပြီး သင်၏ဝေဒနာကို သက်သာ

စေနိုင်သည်မဟုတ်လော။ သင်သည် သင်၏အကောင်းဆုံး မိတ်ဆွေထံ

သို့မသွားဘဲ သင့်မိတ်ဆွေအပေါင်းတို့ထံသို့လျှောက်လည်နေပါသည်

ကား။ သင်၏ဖြစ်စဉ်များကို သင်၏သခင်ဘုရားထံသို့မပြောပြဘဲ နေရာ

တကာလိုက်ပြောနေပါသည်တကား၊ ကိုယ်တော်ကို အသုံးပြုပါ။ ကိုယ်

တော်ကို အသုံးပြုလိုက်ပါမိတ်ဆွေ။

သင်သည် မနေ့က အပြစ်ကြောင့် မှောင်မည်းနေသေးလား။ ထို

သို့ဆိုလျှင် ဖြူစင်စေနိုင်သည့်သွေးတော်မြတ်ရှိပါသည်။ ၎င်းကို အသုံးပြု

လိုက်ပါ။ သင့်အသက်တာမှာ နောက်ထပ်ကျူးလွန်ထားသည့်အပြစ်ဒုစ

ရိုက်ရှိနေသလား။ မစိုးရိမ်ပါနှင့်၊ ကိုယ်တော်၏တန်ခိုးတော်သည် သက်သေ

ထူခဲ့ပြီမဟုတ်လော။ ကိုယ်တော်ထံချဉ်းကပ်လျက် ထိုတန်ခိုးတော်ကို အ

သုံးပြုလိုက်ပါ။ မိမိကိုယ်ပေါ်မှာ ဘာမျှဖုံးကွယ်ထားခြင်းမရှိသကဲ့သို့ခံစား

နေပါသလား။ ထိုသို့ဆိုလျှင် “ကိုယ်တော်၏ဖြောင့်မတ်ခြင်း ဝတ်လုံ”ကိုခြုံ

လိုက်ပါ (ဟေရှာ၊ ၆၁:၁၀)။ ရပ်ပြီး ကြည့်မနေပါနှင့်။ ကိုယ်တော်၏

ဖြောင့်မတ်ခြင်း ဝတ်လုံကိုယူတင်ဝတ်ဆင်လိုက်ပါ။ သင်၏ဖြောင့်မတ်ခြင်း

နှင့်ကြောက်ရွံ့ခြင်းတို့ကို ချွတ်ပစ်လိုက်ပါ။ အိုမိတ်ဆွေ၊ ကိုယ်တော်၏

ဖြောင့်မတ်ခြင်းကိုရယူ၍ ဝတ်ဆင်လိုက်ပါ။ ၎င်းသည်သာ သင်ဝတ်ဆင်

ရမည်။ သင်၏ဖြောင့်မတ်ခြင်း၌ ရပ်တည်မနေနှင့်။

မိတ်ဆွေ၊ နာမကျန်းဖြစ်နေသလား။ ကြီးမြတ်သောဆေးဆရာဝန်

ကြီးကိုနိုးရန် ညချိန်ဆုတောင်းခေါင်းလောင်းသံတီးဖို့ အခန်းထဲကိုသွား

မည်လော။ အခန်းထဲကိုသွားပြီး ကိုယ်တော်ကိုအသနားခံရန် သင့်ကို

ကျွန်ုပ်တိုက်တွန်းပါသည်။ ကိုယ်တော်သည် သင့်ကို အားပြန်ပြည့်စေရန်

ကောင်းသောဆေးဝါးကို ပေးသနားပါလိမ့်မည်။ သင်သည် နာမကျန်းဖြစ်

နေပါသလား။ ကြီးမြတ်သောဆေးဆရာဝန်ကြီး၏တံခါးသည် သင့်ဆီကို

လှည့်လာပြီ။ ကိုယ်တော်သည် ဘေးရောက်လည်ကာလ အထူးသဖြင့်

ထူမတော်မူကြောင်း ထင်ရှားလျက်ရှိ၏” (ဆာလံ၊ ၄၆:၁)။ ကိုယ်တော်

ထံကို သင်မသွားဘဲနေရမည်လော။

အို ချစ်သောမိတ်ဆွေ၊ သင်သည် ဆင်းရဲခြင်းကို ကြုံနိုင်သော်

လည်း သင့်မှာ “အလွန်ရတတ်သောပေါက်ဖော်တစ်ယောက်ရှိကြောင်း”

အောက်မေ့ပါ(ရုသ၊ ၂:၁)။ ကိုယ်တော်သည် ဤကတိတော်ကို သင့်အား

ပေးသနားတော်မူသည့်အတိုင်း သူ့ထံသို့သွားပြီး သူ၏ကြွယ်ဝခြင်းကို သင့်

အား ပေးသနားရန် မတောင်းရသလော။ အရာအားလုံးကိုယ်တော်၌

ရှိသည်နှင့်အညီ သင့်ကိုဝေမျှမည်ဖြစ်သည်။ အကြောင်းမှာ ကိုယ်တော်၏

ဖြစ်ခြင်းရှိသမျှနှင့်ကိုယ်တော်၌ ရှိသမျှသောအရာတို့သည် သင့်အတွက်

ဖြစ်ပေသည်။

ခရစ်တော်ကို အသုံးပြုရန် မိတ်ဆွေကို ကျွန်ုပ်တိုက်တွန်းပါရ

စေ။ ခရစ်တော်သည် မိမိလူတို့က သူ့ကို အမှန်တကယ်အသုံးမပြုဘဲ

ပြရုပ်သဘော၌ အသုံးပြုခြင်းကို မနှစ်သက်ပေ။ ခရစ်တော်သည် အလုပ်

လုပ်ဆောင်ခြင်းကို နှစ်သက်သူဖြစ်ပြီး သူကိုယ်တိုင်လည်း အလုပ်ကြမ်း

သမားတစ်ဦးဖြစ်ပါသည်။ သူသည် အစဉ်အမြဲသူ့ခမည်းတော်ဘုရားသခင်

အတွက် အသင့်ရှိသည်။ ယခုလည်း မိမိသိုးစုများအတွက် အမှန်စင်စစ်

အလုပ်လုပ်သောသူကို အားရနှစ်သက်သူဖြစ်သည်။

သင်သည် ကိုယ်တော်၏ပခုံးပေါ်၌ ဝန်ထုပ်များကို ပို၍တင်လေ

သင့်ကို ကိုယ်တော်သာ၍ ချစ်ပါမည်။ “သင်တို့၌ စိုးရိမ်ခြင်းအမှုရှိသမျှတို့

ကို ကိုယ်တော်၌ အပ်နှံကြလော့” (၁ပေ၊ ၅း၇)။ သင်သည် တောင်

လောက်မြင့်သောသင့်ပြဿနာများကို ကိုယ်တော်၏ပခုံးပေါ် မတင်ဘဲ

သင်ကိုယ်တိုင်အားထုတ်ပြီး ပင့်မနေမည်ဆိုပါက မည်သည့်အခါမျှ သူ့မှ

လုံးသားထဲက သနားကြင်နာခြင်းနှင့်သူ၏စိတ်ဝိညာဉ်၏ချစ်ခြင်းမေတ္တာ

ကို သိရှိမည်မဟုတ်ပေ။ သင်၏ဝန်ထုပ်ဝန်ပိုးတို့သည် သင့်စိတ်နှလုံးသား

ထဲ၌ ကြီးမားသောတောင်ကဲ့သို့လေးလံနေသလား။ ထိုဝန်ထုပ်ဝန်ပိုးတို့ကို

ခရစ်တော်ပခုံးပေါ်သို့ တစ်ဟုန်ထိုးကျနိုင်ရန်နှင့် တလှိမ့်လှိမရွေ့ သွားရန်

အမိန့်ပေးလော့။ ကိုယ်တော်သည် သင်၏ဝန်ထုပ်ဝန်ပိုးရှိသမျှတို့ကို ထမ်း

နိုင်ပေသည်။ ကိုယ်တော်သည် “သင်၏အပြစ်အလုံစုံတို့ကို နက်နဲသော

ပင်လယ်ထဲသို့ချပစ်တော်မူ” သကဲ့သို့ သင်၏ဝန်ထုပ်ဝန်ပိုးရှိသမျှတို့ကို

လည်း နက်နဲသောပင်လယ်ထဲသို့ ချပစ်တော်မူနိုင်ပါသည် (မိက္ခ၊ ၇:၁၉)။

သင်၏ဘုရားသခင်၊ သင့်သခင်ထံတော်သို့ အော်ဟစ်လော့၊

သူ့ကို အသုံးပြုလော့။ သင်သည် ကိုယ်တော်ကို လိုအပ်သည့်အခါတိုင်း၌

အသုံးပြုမည့်အကြောင်း ဤအကြံအစည်တော်ကို ခရစ်တော်၏ပဋိညာဉ်

ထဲ၌ ထားရှိပြီးဖြစ်သည်။

အပြန်အလှန်ဆက်နွယ်ခြင်း၏အခြေခံသဘောတရား

ဤနေရာတွင် ကျွန်ုပ်တို့မည်သည့်အရာသင်ယူခဲ့၍ ထိုအခြေခံ

သဘောတရားသည် မည်သို့ဖြစ်သနည်းဟူသောအရာကို ဆိုလိုနိုင်ပါ

သည်။ ခရစ်တော်သည် သင်နှင့်သက်ဆိုင်သောကြောင့် သင့်ကိုချစ်တော်

မူ၏။ သင်သည် ခရစ်တော်နှင့်သက်ဆိုင်ကြောင်း ကောင်းကောင်းသိရှိ

သည်။ ခမည်းတော်ဘုရားသခင်သည် သင့်အား သားတော်ကို ပေးသနား

သောအခါ သင်သည် ခမည်းတော်ဘုရား၏ဆုလက်ဆောင်အားဖြင့်

ကိုယ်တော်နှင့်သက်ဆိုင်သူဖြစ်လာသည်။ ကိုယ်တော်သည် သင်၏ရွေး

နုတ်ခြင်းအတွက် အဖိုးအခပေးလျက် မိမိ၏သွေးတော်မြတ်ဖြင့် ရွေးဝယ်ခဲ့

သောကြောင့် သင်သည် ကိုယ်တော်နှင့်သက်ဆိုင်သည်။ သင်ကိုယ်တိုင်

ကိုယ်တော်ထံဆက်ကပ်အပ်နှံခဲ့သောကြောင့် ကိုယ်တော်နှင့်သက်ဆိုင်

သည်။ သင်သည် ကိုယ်တော်ထံသို့ပို့ဆောင်ခြင်းခံရသောကြောင့် အမွေခံ

ခြင်းအားဖြင့် ကိုယ်တော်နှင့်သက်ဆိုင်ပြီး ကိုယ်တော်၏အမျိုးအနွယ်များ

ထဲမှတစ်ဦးအပါအဝင်ဖြစ်လာကာ ကိုယ်တော်နှင့်အတူ အမွေဆက်ခံသူ

စ်လာသည်။

ထို့ကြောင့် ချစ်မိတ်ဆွေ၊ သင်သည် အမှန်တကယ်ကိုယ်တော်

နှင့်သက်ဆိုင်ကြောင်း လောကကိုပြသနိုင်ရန် အားထုတ်ပါစေလိုကြောင်း

ကျွန်ုပ်အလေးအနက်တိုက်တွန်းပါသည်။ အပြစ်ဒုစရိုက်ကျူးလွန်ရန် သွေး

ဆောင်ခြင်းခံရသောအခါ “ငါဟာ ခရစ်တော်ရဲ့ လူတစ်ယောက်ပါ။ ဒီလို

ကြီးမားတဲ့အဖြစ်မျိုးကို ငါမကျူးလွန်နိုင်ဘူး”ဟူ၍ ပြန်ဖြေလိုက်ပါ။ အပြစ်

၏အနိုင်ယူခြင်းကိုခံစေခြင်းငှာ ဓနဥစ္စာသည် သင့်ရှေ့၌ရောက်သောအခါ

င်းကို မထိပါနှင့်။ သင်သည် ခရစ်တော်နှင့်သက်ဆိုင်သူဖြစ်ကြောင်း

ပြောလိုက်ပါ။ သို့မဟုတ်လျှင် သင်သည် ၎င်းကို ယူမှားမိနိုင်သည်ဟု

စိုးစရာရှိသည်။ သင်သည် ခရစ်တော်ကိုချစ်သောကြောင့် လောကကို

ဆည်းပူးနေသူမဟုတ်ကြောင်း စာတန်အား ပြတ်ပြတ်သားသားပြောပြ

လိုက်ပါ။ ရိုးရှင်းပြီး ပြတ်သားသောအသက်တာကို ခရစ်တော်အလိုရှိ၏။

သင်၏ယုံကြည်ခြင်းကို လောကတွင် ထုတ်ဖော်ပြသောအခါ

ခက်ခဲပြီး အန္တရာယ်ရှိသည်ဟု ယူဆပါသလား။ သင်သည် ခရစ်တော်နှင့်

သက်ဆိုင်သူတစ်ဦးဖြစ်သည်ကို အောက်မေ့လျက် ဆိုးယုတ်သောနေ့ရက်

၌ခိုင်ခံ့စွာရပ်တည်ရပါမည် (ဧဖက်၊ ၆:၁၃)၊ အခြားသောသူများသည်

ပျင်းရိစွာအလဟဿထိုင်လျက် ဘာမျှမလုပ်ဘဲနေသောအခါ သင်သည်

အလုပ်တစ်ခုကိုလုပ်ဆောင်လျက် များစွာပြီးမြောက်သောသူလော။ သင်

သည် အလုပ်လုပ်နေစဉ် နဖူးပေါ်ကချွေးစက်ကျလာ၍ တခဏရပ်နားရန်

ဖြားယောင်းခြင်းခံရသောအခါ “ငါဟာ ခရစ်တော်နှင့် သက်ဆိုင်သူတစ်ဦး

ဖြစ်တဲ့အတွက် ခဏရပ်လို့မရဘူး”ဟူ၍ ကိုယ်ကိုယ်ကိုပြောရပါမည်။

ယေရှုကိုယ်တိုင်လည်း “ငါ ခံမည့်ဗတ္တိဇံတစ်ပါးရှိ၏။ ထိုအမှုမပြီးဆုံးမီတိုင်

အောင် ငါ သည် အလွန်စိတ်သောကရောက်ပါ၏’ဟု မိန့်ဆိုခဲ့ဖူးသည်

(လုကာ၊ ၁၂:၅၀)။ အကယ်၍ ကျွန်ုပ်သည် ကိုယ်တော်နှင့်မသက်ဆိုင်၊

ကိုယ်တော်၏သွေးတော်မြတ်ဖြင့် ရွေးဝယ်ခြင်းမခံရပါက ကျွန်ုပ်သည်

“တောင်ကြားမှာ ဝပ်လျက်ရှိသည့်အားကြီးသောမြည်း” ကဲ့သို့ဖြစ်မည်

(က၊ ၄၉:၁၄)။ သို့သော် ကျွန်ုပ်သည် ခရစ်တော်နှင့်သာ သက်ဆိုင်သည်။

နှစ်လိုဖွယ်ကောင်းသည့်လင်ပိုင်းဆိုင်ရာသီချင်းသည် သင့်ကို ဖြောင့်မတ်

ခြင်းလမ်းမှသွေဖည်ရန် သွေးဆောင်သောအခါ “အို၊ သွေးဆောင်မှုရေး၊

သင့်ရဲ့ ဆွဲဆောင်မှုရှိတဲ့တီးလုံးသံကို ရပ်လိုက်စမ်း၊ ငါ က ခရစ်တော်နှင့်

ဆိုင်ပြီး မင်းရဲ့ တီးလုံးသံက ငါ့ကို မလှုပ်ရှားစေနိုင်ပါ ဘူး၊ ငါ့ကိုယ်ငါ

မပိုင်တော့ဘူး။ ငါဟာ အဖိုးနဲ့ ရွေးဝယ်ထားပြီ”ဟူ၍ ပြန်ပြောလိုက်ပါ။

ဘုရားသခင်နှင့်ဆိုင်သောအရာက သင့်ကို အလိုရှိပါက ၎င်းအ

တွက် သင့်ကိုယ်သင်ပေးအပ်လိုက်ပါ။ ဆင်းရဲသားက သင့်ကို အလိုရှိ

ပါ က သင့်ကိုယ်သင် ပေးအပ်လိုက်ပါ။ အကြောင်းမှာ သင်သည်

ခရစ်တော်နှင့်သက်ဆိုင်သည်။ မည်သည့်အချိန်အခါ၌မဆို ကိုယ်တော်

၏အသင်းတော်နှင့်ကိုယ်တော်၏ကားတိုင်တရားအတွက် တစ်စုံတစ်ခု

လုပ်ဆောင်ရန်ဖြစ်လာပါက သင်သည် ယေရှုခရစ်တော်နှင့်ဆိုင်သည်ကို

အောက်မေ့လျက် ထိုအမှုကို လုပ်ဆောင်လိုက်ပါ။ သင်ထုတ်ဖော်ပြောဆို

နေသည့် သင်၏ယုံကြည်ခြင်းကို မည်သည့်အခါမျှမငြင်းပယ်မိရန် သင့်ကို

ကျွန်ုပ်တိုက်တွန်းပါသည်။ “ဟိုလူဟာ ခရစ်တော်ရဲ့ နောက်လိုက်မဖြစ်နိုင်

ဘူး” ဟူ၍ ပြောမည့်အခြားလူများဆီကို မသွားလိုက်ပါနှင့်။ ခရစ်ယာန်

အစစ်အမှန်တစ်ဦးနှင့်အထိုက်အလျောက် အသက်ရှင်ပြီး ခရစ်တော်ကဲ့

သို့ပြောဆိုသောသူ၊ အထက်ကောင်းကင်သားကဲ့သို့ပြုမူသောသူဖြစ်လျက်

သင့်ကို မြင်တွေ့သောသူများက သင်သည် ကယ်တင်ရှင်နှင့်သက်ဆိုင်

သည်ကိုလည်းကောင်း၊ သင်၌ နှစ်လိုဖွယ်ကောင်းသည့်ကိုယ်တော်၏

အင်္ဂါရပ်နှင့်ကိုယ်တော်၏မျက်နှာထား ပေါ်လွင်နေသည်ကိုလည်းကောင်း

တွေ့မြင်ကြလိမ့်မည်။

ယခုတွင် ချစ်သောညီအစ်ကိုတို့၊ ပဋိညာဉ်ကို ဖက်တွယ်ခြင်း

မရှိသောသင်တို့ကို စကားလုံးအားဖြင့် ကျွန်ုပ်ညွှန်ပြပါမည်။ ပဋိညာဉ်

ပြုခြင်းမဟုတ်သောဘုရားသခင်၏ကရုဏာများအပေါ် ယုံကြည်ကိုးစား

သောသူများရှိနေကြောင်း တစ်ခါတစ်ရံတိုးတိုးပြောသံကို ကျွန်ုပ်ကြားသိရ

ပါသည်။ ကျွန်ုပ်သတိပေးပါရစေ၊ ယခုမှာ ကောင်းကင်ဘုံတွင် ပဋိညာဉ်

ပြုခြင်းမဟုတ်သောကရုဏာဟူ၍ မရှိတော့ပေ။ ထိုသို့သောကရုဏာ(ဝါ )

လူသားတို့ထံသို့ ပဋိညာဉ်ပြုခြင်းမဟုတ်သောကျေးဇူးတော်ဟူ၍ ဘုရား

သခင်၏ကောင်းကင်ဘုံအထက်နှင့်အောက်အရပ်တွင် လုံးဝမရှိတော့ပေ။

သင်လက်ခံရရှိနိုင်သောအရာအားလုံး၊ သင်မျှော်လင့်နိုင်သောအရာအား

လုံးတို့သည် အခမဲ့ကျေးဇူးတော်၏ပဋိညာဉ် တစ်ခုတည်းအားဖြင့်သာရရှိ

နိုင်သည်။

အပြစ်သားဖြစ်ကြောင်းကို အနည်းငယ်သာသဘောပေါက်နား

လည်သောအပြစ်သား အသင်သည် ယနေ့ပဋိညာဉ်တရားကို မဆုပ်ကိုင်

ဘဲ နေကောင်းနေပါလိမ့်မည်။ ထိုသို့ဆိုလျှင် ပဋိညာဉ်သည် သင်နှင့်

သက်ဆိုင်သည်ဟု သင်မပြောနိုင်ပေ။ သင်သည် ထိုတရားကို ကြောက်ရွံ့

နေသောကြောင့် မည်သည့်အခါမျှသင့်အတွက် မဖြစ်နိုင်ပေ။ အကြောင်း

မှာ သင်သည် ထိုတရားတော်နှင့် မထိုက်တန်သောအကောင်ယုတ်ဖြစ်၏။

ခရစ်တော်ကို သင်ဖက်တွယ်နိုင်ပါသလား။ ၎င်းကို သင်လုပ်ရဲနိုင်ပါသ

လား။ သင်က “အို၊ ငါက တကယ်မထိုက်တန်ပါဘူး”ဟူ၍ ပြောလိုက်

သည်။ ထိုသို့မပြောသင့်ပေ။ ထိုသို့ပြောဆိုခြင်းသည် မှာယွင်းပါသည်။

ယနေ့ ကိုယ်တော်၏ဝတ်လုံအစွန်းနားကို သင်တို့ထိဝံ့ပါသလား။ မြေပေါ်၌

တန်းလန်းဆွဲနေသည့်ကိုယ်တော်၏ဝတ်လုံအောက်ပိုင်းကို တို့ထိနိုင်ရန်

ကိုယ်တော်အနားသို့ ချဉ်းကပ်ဝံ့ပါသလား။ သင်က “ငါမလုပ်ရဲဘူး”ဟူ၍

ပြောလိုက်သည်။ အို ဆင်းရဲသောအသင် အပြစ်သား၊ အဘယ့်ကြောင့်

မလုပ်ဝံ့သနည်း။ အဘယ့်ကြောင့် ကိုယ်တော့်ကို မချဉ်းကပ်ဝံ့သနည်း။

သင်သည် ခရစ်တော်ကို အမှန်မကိုးစားရဲသလော။

သင်က “ငါမလာရဲဘူး၊ ငါမထိုက်တန်ဘူး”ဟူ၍ ပြောဆို၏။

သို့သော် သင့်အား ငါ့သခင် ဤသို့ခေါ်ဖိတ်နေသည့်အသံကို နားထောင်

ပါ။ “ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို့၊ ငါ့ထံသို့လာကြလော့၊ ငါ

သည် ချမ်းသာပေးမည်” (မဿဲ၊ ၁၁:၂၈)။ သင်သည် ဤသို့ဖော်ပြသည့်

နောက်တွင်လည်း ကြောက်နေဆဲလား။ “ယေရှုခရစ်သည် အပြစ်ရှိသော

သူတို့ကို ကယ်တင်ခြင်းငှာ ဤလောကသို့ကြွလာတော်မူသည်ဟူသော

စကားသည် သစ္စာစကားဖြစ်၏။ အကြွင်းမဲ့ခံယူအပ်သောစကားလည်းဖြစ်

၏။ အပြစ်ရှိသောသူတို့တွင် ငါ သည် အကြီးဆုံးဖြစ်၏” (၁တိ၊ ၁:၁၅)။

ထိုသို့ဆိုသော် သင်သည် အဘယ့်ကြောင့် ခရစ်တော်ထံသို့

မလာရသနည်း။ သင့်အား ကျောခိုင်းသွားမှာကို စိုးရိမ်နေသလား။

ကိုယ်တော်၏ပြောစကားကို နားထောင်ကြည့်ပါ။ “ငါ့ထံသို့လာသောသူကို

ငါ သည် အလျင်းမပယ်” (ယော၊၆:၃၇)။ သင်က “ငါသိတယ်၊ ကိုယ်တော်

က ငါ့ကို နှင်ထုတ်ပါလိမ့်မယ်”ဟု ဆို၏။ ကိုယ်တော်သည် မုသားကို

ပြောနေကြောင်း မိတ်ဆွေသက်သေပြနိုင်မည်ဆိုပါက လာပြီးကြည့်ရှုပါ။

မိတ်ဆွေလာပြီး ကြည့်လျှင်လည်း ဘာမုသားမျှတွေ့မည်မဟုတ်ကြောင်း

ငါသည်။ ခရစ်တော်က သူ့ထံသို့လာရောက်သောသူတိုင်းကို သူငြင်း

ပယ်မည်မဟုတ်ဟူ၍ မိန့်တော်မူ၏။ ငါသည် အမှောင်မိုက်ဆုံးထဲမှာပါဟု

ပြောနေသော်လည်း ကိုယ်တော်က “ထံသို့လာသောသူကို” (အပိုဒ်ငယ်

၃၇)ဟူ၍ပြောဆိုရာတွင် သင်သည် မည်သည့်အနေအထား၌ ရှိသည်

ဖြစ်စေ ကိုယ်တော်ထံသို့သင်လာရောက်ပါက သင်လည်း ပါဝင်သည်။

သင်၏အမှောင်မိုက်ဆုံးအနေအထားနှင့်အတူ ကိုယ်တော်ထံလာခဲ့ပါ။

  • က အညစ်အကြေးနှင့် ပြည့်လွန်းပါတယ်” ဆိုလျှင်လည်း ထိုအညစ်

အကြေးနှင့်အတူ ကိုယ်တော်ထံလာခဲ့ပါ။ လာရောက်ပြီး ကိုယ်တော်သည်

မည်သူမည်ဝါဖြစ်ကြောင်း သက်သေထူကြည့်ပါ။ ယုံကြည်ခြင်းအားဖြင့်

သူ့ထံသို့လာရောက်သောသူတိုင်းကို နှင်ထုတ်မှာမဟုတ်ကြောင်း သူမိန့်

ဆိုခဲ့သည်။ လာရောက်ပြီး ကိုယ်တော်ကိုစမ်းကြည့်ပါ။ ပဋိညာဉ်တစ်ခုလုံး

ကို ယခုပင် ဖက်တွယ်ထားရန် ကျွန်ုပ်မတောင်းဆိုပါ။ မကြာမီ လုပ်

ဆောင်မည့်အရာပါ။ ခရစ်တော်ကို ဖက်တွယ်ထားကြည့်ပါ။ သင်သည်

ထိုသို့ပြုပါက ပဋိညာဉ်ကို ရရှိပိုင်ဆိုင်သွားမည်။ ဆင်းရဲသည့်အပြစ်သား

တစ်ဦးက ကိုယ်တော်ကို ငါတကယ် ဖက်တွယ်လို့မရနိုင်ဘူး”ဟု

ပြောလိုက်လေသည်။ ထိုသို့ဆိုလျှင်လည်း ကောင်းပါပြီ၊ ကိုယ်တော်၏

ခြေတော်ရင်း၌ ဝမ်းလျားမှောက်ပြီး ကိုယ်တော်က သင့်ကို ဖက်တွယ်ထား

ရန် အသနားခံတောင်းဆိုလိုက်ပါ။ “အို ဘုရားသခင်၊ အပြစ်များသောအ

ကျွန်ုပ်ကို သနားခြင်းကရုဏာစိတ်ရှိတော်မူပါဟု (လုကာ၊ ၁၈:၁၃)

ငိုကြွေးတောင်းလျှောက်လိုက်ပါ။ “သခင် အကျွန်ုပ်တို့သည် ပျက်စီးခြင်းသို့

ရောက်ပါ၏။ ကယ်တော်မူပါ “ဟု (မဿဲ၊ ၈:၂၅) ညည်းညူလျက် ခေါ်ဆို

လိုက်ပါ။ သင့်နှုတ်က “ကျွန်ုပ်ပျက်စီးနေပြီဟု ကယ်တော်မူပါ” ဟု မပြော

နိုင်သည့်တိုင်အောင် “သင့်စိတ်နှလုံးထဲမှ ကျွန်ုပ်ပျက်စီးပါပြီ၊ ကယ်တော်မူ

ပါ “ဟူ၍ ပြောလိုက်ပါ ။

ယခုမှာ ဆုတောင်းချက်တစ်ခုကို ရိုးရိုးသားသားဆုတောင်း

လိုက်ပါ။ ကျွန်ုပ်သည် သင့်ကိုအမှန်အတိုင်း ပြောပြနေခြင်းဖြစ်သည်။

ရိုးရှင်းစွာဆုတောင်းခြင်းသည် သင့်ကို ကိုယ်တော်ကယ်တော်မူမည်ဖြစ်

ကြောင်း အသေချာဆုံးသက်သေဖြစ်ပါလိမ့်မည်။ ဘုရားသခင်က သင့်နှ

လုံးသားထဲ၌ မှန်ကန်သောညည်းညူမှုတစ်ခုကို ထည့်ပေးလိုက်ပါက

၎င်းသည် သူ့ချစ်ခြင်းမေတ္တာ၏စရန်ဖြစ်နိုင်သည်။ မှန်ကန်သောဆန္ဒတစ်ခု

ဖြင့် ကိုယ်တော်ကို ရိုးသားထက်သန်စွာရှာဖွေမည်ဆိုပါကလည်း ဘုရား

သခင်လက်ခံဖွယ်ဖြစ်၍ သင်သည် ကယ်တင်ခြင်းခံရပါလိမ့်မည်။

အို အသင်အပြစ်သား၊ ကိုယ်တော့်ထံလာပြီး သူ့ကိုဖက်တွယ်

လိုက်ပါ။ “ငါမလုပ်ရဲပါဘူး”ဟု မပြောလိုက်ပါနှင့်။ ငါလည်း သင့်လို အပြစ်

သားတစ်ဦးပါ။ သင်ထက်သာ၍ ငါ မကောင်းပါ။ ငါ့မှာ ဘာကောင်းမှု

ကုသိုလ်မျှမရှိပါ။ ဖြောင့်မတ်ခြင်းလည်း မရှိပါ။ လုပ်ဆောင်ချက်များလည်း

မရှိခဲ့ပါ။ ခရစ်တော်သာ ငါ့အပေါ်မှာ ကျေးဇူးကရုဏာမထားလျှင် ငါဟာ

ထာဝရမီးငရဲအိုင်မှာ စီရင်ခြင်းခံရမည့်လူပါ။ သို့သော် ယေရှုခရစ်တော်ကို

ယုံကြည်ပြီး ဖက်တွယ်ထားသည့်အတွက် ယနေ့မှာ မီးငရဲအိုင်သည် ငါနှင့်

မဆိုင်တော့ပါ။ သင်လည်း ထို့အတူ ယေရှုခရစ်တော်ကို ယုံကြည်ဖက်

တွယ်ထားလိုက်ပါ။ ထိုသို့ပြုပါက သင်သည် ဘုရားသားအစစ်အမှန်ဖြစ်

လာပြီး လောက၌ပင် ဘုရားသခင်၏ကျေးဇူးကရုဏာကို အပြည့်အဝ

ခံစားရမည်ဖြစ်သည်။

ငါလည်း တစ်ချိန်က သင်ကဲ့သို့ပင် မှောင်မိုက်ထဲ၌ ကျင်လည်

သောအပြစ်သားတစ်ဦးဖြစ်ခဲ့သည်။ သို့သော် ယနေ့မှာ “ဒီလက်များနှင့်

ကိုယ်တော့်ကို ကျွန်ုပ်ပွေ့ပိုက်နိုင်ပြီ” ဟူ၍ ငါပြောနိုင်ပြီ။ မိတ်ဆွေ၊ လာပါ။

ငါ့နောက်ကို လှည့်ကြည့်ပါ။ ငါလည်း ကိုယ်တော်ကို ပွေ့ပိုက်ခဲ့သည်

မဟုတ်လော။ ငါလည်း သင်ကဲ့သို့ဆိုးယုတ်သောသူမဟုတ်လော။ လာပါ။

ငါ့အဖြစ်အပျက်သည် သင့်ကိုစိတ်ချမှုရှိစေပါလိမ့်မည်။ ကိုယ်တော်ကို

ငါစတင်ပွေ့ပိုက်ချိန်မှာ ငါ့ကိုမည်သို့ဆက်ဆံခဲ့သည်ကို သင်သိရှိသွားမည်။

“အကယ်စင်စစ်ထာဝရမေတ္တာနှင့် သင့်ကိုချစ်၏ဟူသောစကားတော်

သည် အဘယ်ကြောင့်ပါနည်း။ ထိုကြောင့် ကရုဏာကျေးဇူးကို သင်၌

ကြာမြင့်စွာပြ၏” (ယေရ၊ ၃၁:၃) ဟူ၍ မိန့်ဆိုခဲ့ပါသနည်း။ အို မိတ်ဆွေ၊

လာပြီး စမ်းကြည့်ပါ။ ခရစ်တော်သည် ငါ့ကိုမနှင်ထုတ်ခဲ့လျှင် သင့်ကိုလည်း

မည်သည့်အခါမျှပစ်ပယ်သွားမည်မဟုတ်ပေ။ လာသာ လာပါ။ ကိုယ်တော်

သည် လက်ကမ်းကြိုလျက်နေပါသည်။

ကိုယ်တော်တော်သည် သင့်အတွက် သင်လိုအပ်သည့်ကောင်း

သောအရာရှိသမျှတို့ကို လုပ်ပေးနိုင်၏။ လုပ်လည်း လုပ်ပေးချင်ပါသည်။

ကျွန်ုပ်၏သခင်ကို ယုံကြည်လိုက်ပါ။ သူသည် မြင့်မြတ်တော်မူသော

ယေရှုခရစ်တော်၊ ချိုမြိန်သောသခင်ယေရှ၊ နှစ်လိုဖွယ်ကောင်းသောကယ်

တင်ရှင်၊ ကြင်နာတတ်သူ အဖြစ်ကို ခွင့်လွှတ်သောသူပင်ဖြစ်သည်။ အို

အသင်အပြစ်သား၊ လာပါ၊ သင့်အပြစ်နှင့်တကွ လာပါ။ သင်၏ အညစ်

အကြေးနှင့်အတူ လာခဲ့ပါ။ အို ဆင်းရဲသူ၊ အို သလုဆဲဆဲဖြစ်နေ

သောသူ၊ အို ပျောက်နေသောသူ ကိုယ်တော်ထံပါးသို့လာခဲ့ပါ။ လိုအပ်

ချက်များစွာနှင့် ပြည့်နှက်သောသူ၊ သင့်ကို ကိုယ်တော်ခေါ်ဖိတ်လျက်

နေသည်။ မနှောင့်နှေးဘဲ အမြန်လာခဲ့ပါ။ သခင်ယေရှုသည် သင့်ကို

မျှော်လင့်လျက်နေပါသည်။

အခန်း ၄

ပဋိညာဉ်၌ရှိသော

သန့်ရှင်းသောဝိညာဉ်တော်

“ငါ့ဝိညာဉ်ကို သင်တို့အထဲသို့သွင်းပေးမည်” (ယေဇ ၃၆:၂၇)

သန့်ရှင်းသောဝိညာဉ်တော်သည် သုံးပါးတစ်ဆူဘုရားထဲတွင် တ

တိယပုဂ္ဂိုလ်ဘုရားဖြစ်ပြီး ပဋိညာဉ်ထဲတွင်လည်း ပါဝင်သောဘုရားဖြစ်ပါ

သည်။ ပဋိညာဉ်ထဲ၌ ရှိသောဘုရာသခင်နှင့်ပဋိညာဉ်ထဲတွင် ရှိသော

ခရစ်တော်အကြောင်းကို ကျွန်ုပ်တို့စဉ်းစားသုံးသပ်ပြီးဖြစ်သည်။ ယခုမှာ

ပဋိညာဉ်ထဲတွင် သန့်ရှင်းသောဝိညာဉ်တော်ဘုရားသခင်၏ပါဝင်မှုကို သုံး

သပ်ရမည်ဖြစ်သည်။ အကယ်၍ ရွေးကောက်ခံရမည့်လူများရှိလျှင် သုံးပါး

တစ်ဆူဘုရားသခင်သည် ထိုသူတို့၏ကယ်တင်ခြင်းအတွက် အတူတကွ

အလုပ်လုပ်ဆောင်ရန် လိုအပ်သည်ကို သတိပြုရပါ မည်။ ထိုအရာသည်

အမှန်တကယ်လိုအပ်ချက်ဖြစ်ပြီး ပဋိညာဉ်ပြုသောအခါ ၎င်းတို့ရှိသမျှ

သည် ပဋိညာဉ်ထဲ၌ထားရှိရန်လိုအပ်သောအရာဖြစ်သည်။ သန့်ရှင်းသော

ဝိညာဉ်တော်ပါဝင်ခြင်းမရှိလျှင် ခမည်းတော်ဘုရားနှင့်ယေရှုခရစ်တော်

ဘုရား၏လုပ်ဆောင်ချက်ရှိသမျှတို့ပင်လျှင် မည်သည့်ထိရောက်မှုမရှိ

ပေ။ သန့်ရှင်းသောဝိညာဉ်တော်သည် လူတို့၏ကယ်တင်ရှင်နှင့်ဝိညာဉ်

အပေါင်းတို့၏ ခမည်းတော်ဘုရားသခင်ကဲ့သို့ပင် ပဋိညာဉ်နှင့် ပါဝင်ပတ်

သက်ခြင်းရှိပါသည်။

ယနေ့ သန့်ရှင်းသောဝိညာဉ်တော်ကို များစွာလျစ်လျူရှုကြသော

အခါ သူ၏မြင့်မြတ်သောပုဂ္ဂိုလ်ဖြစ်ခြင်းကို အနည်းငယ်သာသဘောတူ

ကြသောအခါ သူ၏ကြီးမြတ်ခြင်းနှင့်သန့်ရှင်းသောနာမတော်ကို ထင်ဟပ်

စေခြင်းငှာ ကျွန်ုပ်၌ တာဝန်လေးလေးနက်နက်ရှိသည်ကို ကျွန်ုပ်သိရှိလာ

ရသည်။ လေးနက်သောဤအကြောင်းအရာထဲသို့ ကျွန်ုပ်ဝင်ရောက်

သောအခါ ကျွန်ုပ်ကိုယ်တိုင်မလုံမလောက်ခံစားပြီး ကျွန်ုပ်သည် ယခုပင်

တုန်တုန်ယင်ယင်ဖြစ်နေရသည်။ သို့သော် သန့်ရှင်းသောဝိညာဉ်တော်

ကိုယ်တိုင်မစခြင်း၊ လမ်းပြုခြင်း၊ သက်သေခံခြင်း၌ အမှီပြုခြင်းဖြင့် “ငါ၏

ဝိညာဉ်ကို သင်တို့အထဲသို့သွင်းပေးမည်”ဟူသောကျမ်းစကားကို ရှင်းပြ

ရန် ကျွန်ုပ်စွန့်စားပါမည်။

ကျေးဇူးတော်၏ပဋိညာဉ်ထဲတွင် သန့်ရှင်းသောဝိညာဉ်တော်

သည် ဘုရားသခင်၏သားသမီးအပေါင်းတို့အတွက် ပေးအပ်ပြီး ထိုဝိညာဉ်

တော်ကို ဘုရားသခင်၏သားသမီးအသီးသီးက လက်ခံရရှိကြသည်။

သို့သော် ငါတို့၏သခင်ယေရှုခရစ်တော်အသက်တာထဲတွင်မူ သန့်ရှင်း

သောဝိညာဉ်တော်သည် အရင်ဆင်းသက်ပြီး ကိုယ်တော်အပေါ်၌ တည်

လျက်ရှိသည်ကို တွေ့ရသည် (မဿဲ၊ ၃:၁၆)။ ကိုယ်တော်သည် ငါတို့၏

ပဋိညာဉ်ဦးခေါင်းဖြစ်သည်နှင့်အညီ “အာရုံ၏ခေါင်းပေါ်မှာ လောင်းလျက်

သူ၏မှတ်ဆိတ်သို့စီး၍ လည်စွပ်တိုင်အောင် ကျသောနှံ့လာဖြစ်

(ဆာလံ၊ ၁၃၃:၂)။ “ဘုရားသခင်သည် ဝိညာဉ်တော်ကို အတိုင်းအဆမရှိ

ပေးတော်မူ၏” (ယော၊ ၃:၃၄)။ ယေရှုထံမှအစပြုသော ဤအတိုင်းအဆ

ပမာဏသည် “ညီညွတ်စွာအတူတကွ နေထိုင်ကြသောသူအားလုံး (ဆာ ၁၃၃:၁) သို့မဟုတ် ကိုယ်တော်နှင့်ပေါင်းစည်းသောသူများ၊ သန့်ရှင်းသော

ဝိညာဉ်တော်ကို ရရှိသောသူများအတွက် လျှံပယ်နေဆဲဖြစ်ပါသည်။

ဝိညာဉ်တော်၏ဤသန့်ရှင်းသောဘိတ်သိတ်ပေးခြင်းသည် ကိုယ်တော်၏

ခန္ဓာအပိုင်းအစဖြစ်သည့်အသင်းတော်၏အသင်းသား အသီးသီးအတွက်

ဘိတ်သိတ်ခံရသောခရစ်တော်ထံမှစီးဆင်းလာရသည်။ ခရစ်တော်နှင့်ပတ်

သက်၍ ခမည်းတော်ဘုရား၏ထုတ်ဖော်ကြေငြာချက်ကား “ငါ ရွေးချယ်

သော ငါ့ကျွန်ရင်း ငါ နှစ်သက်မြတ်နိုးသောသူကိုကြည့်ရှုလော့။ ထိုသူ၏

အပေါ်၌ ငါ့ဝိညာဉ်ကို ငါ တည်စေမည်။ သူသည် လူအမျိုးမျိုးတို့ကို တရား

ပေးလိမ့်မည်” (မဿဲ၊ ၁၂:၁၈)။ ခရစ်တော်ကလည်း “ထာဝရဘုရား၏

ဝိညာဉ်တော်သည် ငါ့အပေါ်၌ တည်တော်မူ၏။ အကြောင်းမူကား ဆင်းရဲ

သားတို့အား ဝမ်းမြောက်စရာသိတင်းကိုကြား ပြောစေခြင်းငှာကို ဘိ

သိတ်ပေးတော်မူပြီး၊ ကြေမွသောသူတို့၏အနာကိုပျောက်စေခြင်းငှာလည်း

ကောင်း၊ ဖမ်းသွားချုပ်ထားလျက်ရှိသောသူတို့အား လွှတ်ခြင်းအကြောင်း

နှင့်မျက်စိကန်းသောသူတို့အား မျက်စိမြင်ပြန်ခြင်းအကြောင်းကို ပြစေခြင်း

ငှာလည်းကောင်း၊ ညှဉ်းဆဲခံရသောသူတို့ကို ကယ်မစေခြင်းငှာလည်း

ကောင်း၊ ထာဝရဘုရား၏မင်္ဂလာနှစ်ကာလကို ကြားပြောစေခြင်းငှာလည်း

ကောင်း ငါ့ကို စေလွှတ်တော်မူပြီ”ဟုလာသတည်း (လုကာ၊ ၄:၁၈-၉)။

သို့ပါ၍ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့ပဋိညာဉ်၏

ဦးခေါင်းဖြစ်သည့် ယေရှုခရစ်တော်အပေါ်၌ ဦးစွာပထမသွန်းလောင်းရ

သည်။ ကိုယ်တော်ထံမှစ၍ ဝိညာဉ်တော်သည် ခရစ်တော်နှင့် ပေါင်းစည်း

ဘာသူအပေါင်းတို့ထံသို့ ဆင်းသက်လာရခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည်

ကိုယ်တော်နှင့် ပေါင်းစည်းသောသူများဖြစ်လျှင် ယေရှု၏နာမတော်ကို

ကြပါစို့။ ကျွန်ုပ်တို့ပဋိညာဉ်၏ဦးခေါင်းအပေါ် မျှော်ကြည့်လျက်

ကျွန်ုပ်တို့စိတ်ဝိညာဉ်ကို သန့်ရှင်းစေမည့်ကောင်းကင်နံ့သာဆီသည် သူ့ထံ

မှဆင်းလာရမည်ကိုစောင့်မျှော်ကြကုန်စို့။ တစ်နည်းအားဖြင့် ကိုယ်တော်

တံမှစီးဆင်းလာမည့် သန့်ရှင်းသောဝိညာဉ်တော်၏ဘိတ်သိတ်ကို စောင့်

မျှော်ကြကုန်စို့။

ယခု ကျွန်ုပ်တို့ဆင်ခြင်သုံးသပ်နေသည့် ကျမ်းစာစာပိုဒ်သည် အ

အပေါ်မူတည်ခြင်း မရှိသောသမ္မာကျမ်းစာ၏ကတိတော်များထဲမှ

တစ်ခုဖြစ်ပါသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ထဲတွင် အခြေအနေ

ပေါ်တည်သောကတိတော် အကြောင်းအရာများစွာရှိပြီး ၎င်းတို့သည်

လည်း သမ္မာကျမ်းစာ၏ဝိသေလက္ခဏာများပင်ဖြစ်သည်။ သို့သော် အခြေ

အနေပေါ်မူတည်သောကတိတော်နှင့် အခြေအနေပေါ် မမူတည်သော

ကတိတော်တို့၏လုပ်ဆောင်ချက်နှင့်အကျိုးဆက်များမှာ များစွာခြားနားပါ

သည်။ သင်တို့သည် ကိုယ်တော်ကိုစိတ်နှလုံးအကြွင်းမဲ့တောင်းလျှောက်

ကြလျှင်/သင်တို့သည် ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ ရှာဖွေကြလျှင်

“ငါ့ဝိညာဉ်ကို သင်တို့အထဲသို့သွင်းပေး မည်”ဟူ၍ မပြောပေ။ သို့သော်

မည်သည့်သတ်မှတ်ချက်နှင့်ပြဋ္ဌာန်းချက်မျှမရှိဘဲ “ငါ့ဝိညာဉ်ကို သင်တို့အ

ထဲသို့သွင်းပေးမည်” ဟူ၍ ရိုးရှင်းစွာဖော်ပြထားပါသည်။ အကြောင်းရင်းမှာ

ထင်ရှားပေါ်လွင်ပါသည်။ ဝိညာဉ်တော်ကို ကျွန်ုပ်တို့အထဲ၌ မထည့်သွင်း

မချင်း ကျွန်ုပ်တို့သည် ထိုဝိညာဉ်တော်ကို မခံစားနိုင်ပေ။ ကိုယ်တော်ကို

ကျွန်ုပ်တို့မေးမြန်းရှာဖွေခြင်းမပြုနိုင်ကြပေ။

သို့ဖြစ်၍ အခြေအနေပေါ်မမူတည်သော ဟုတ်မှန်သည့်ကတိ

တော်သည် လိုအပ်သည်ဖြစ်၍ ၎င်းက လူအပေါင်းတို့ကို ဘုရားသခင်၏

ရွေးကောက်ခံသူများဖြစ်စေပြီး စောင့်ဆိုင်းလျက်ရှိသောကျေးဇူးတော်၊

တောင့်တလျက်ရှိသောကျေးဇူးတော်၊ ရှာဖွေလျက်ရှိသောကျေးဇူးတော်၊

လက်ခံရရှိသောကျေးဇူးတော်၊ ယုံကြည်လျက်ရှိသောကျေးဇူးတော်တို့ကို

ထိုလူတို့အား ပေးအပ်သည်သာမက ယေရှုအကြောင်းကို အမောတကော

ပြောစေကာ ဆာငတ်စေလိမ့်မည်။ ဘုရားသခင်ရွေးကောက်သောသူအ

ပေါင်းတို့သည် အဖိုးထိုက်ကြပေသည် (၁ပေ၊ ၂:၄)။ သို့သော် ရွေးနုတ်ခြင်း

ခံရသူတိုင်း ယခုတွင် အပြစ်ဒုစရိုက်၌ နစ်မွန်းပြီး ပြစ်တင်ဝေဖန်ခြင်းခံရ

လျက်၊ အပြစ်ထဲ၌ ပြိုလဲခြင်းကြောင့် ကျရှုံး၍ ပျက်စီးခြင်းခံရလျက်။

ဘုရားသခင်ကိုမုန်းတီးပြီး လက်ရှိတွင် ရွေးနုတ်သောအရှင်ကိုပင် အထင်

အမြင်သေးလျက်နေသောသူဖြစ်၏။ သို့သော်လည်း “ငါ့ဝိညာဉ်ကို သူတို့

အထဲသို့သွင်းပေးမည်” ဟူသောကတိတော်သည် မှန်ကန်နေဆဲဖြစ်

သည်။ နောက်ဆုံးတွင် ရွေးနုတ်ခံသောသူအပေါင်းတို့သည် သူတို့၏

ဝိညာဉ်ရေးရာသေခြင်းထဲမှ အရှိန်မြှင့်စေရန် သန့်ရှင်းသောဝိညာဉ်တော်

အားဖြင့် အားအင်ဖြည့်တင်းခြင်းကိုခံကြရမည်ဖြစ်သည်။ ထိုသို့ဖြင့် သူတို့

သည် ခွင့်လွှတ်ခြင်းထဲသို့ပို့ဆောင်ခြင်းခံရပြီး ယေရှုခရစ်တော်ကို ယုံ

ကြည်ကိုးစားရန် တိုက်တွန်းခြင်းခံရလျက် ဘုရားသခင်၏အသက်ရှင်

သာမိသားစုဝင်ထဲတွင် အမွေခံအမွေစားအဖြစ် ရပ်တည်သွားကြသည်။

“ငါ့ဝိညာဉ်ကို သင်တို့အထဲသို့သွင်းပေးမည်” ဟူသောကတ်

တော်သည် ပေးသနားမည့် အတွင်းပိုင်းကောင်းချီးမင်္ဂလာနှင့်သက်ဆိုင်

သည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏နှုတ်ကပတ်တော်ထဲ၌ ဘုရားသခင်၏

ဝိညာဉ်တော်ကို ပိုင်ဆိုင်ထားကြောင်း အောက်မေ့ရမည်။ ထိုဝိညာဉ်တော်

ကို ရေနှစ်ခြင်းမင်္ဂလာနှင့်ပွဲတော်မင်္ဂလာတို့တွင်လည်း ကျွန်ုပ်တို့တွေ့မြင်

သည်။ ထိုမင်္ဂလာနှစ်ပါးတို့ကို သစ္စာရှိသောဝံဂေလိသတင်းကောင်း၏

အမှုထမ်းတိုင်းက ထမ်းရွက်ရသည်။ ဘုရားသခင်သည် ဤနည်းအားဖြင့်

ဝိညာဉ်တော်ကို ကျွန်ုပ်တို့အား မရပ်မနားပေးအပ်လျက်နေတော်မူ၏။

မည်သို့ဖြစ်စေကာမူ ကျွန်ုပ်တို့အထဲ၌ ရှိသောဘုရားသခင်၏တန်ခိုးတော်

ကို ကျွန်ုပ်တို့သဘောပေါက်နားလည်ခြင်းမရှိပါက ဝိညာဉ်တော်၏အသံကို

ကြားရန်၊ ကိုယ်တော်ကိုစကားပြောရန်၊ ကိုယ်တော်ကိုယုံကြည်ရန် တူ

သောအချက်တို့သည် အချည်းနှီးဖြစ်ပါလိမ့်မည်။

ယခုတွင် “ငါ့ဝိညာဉ်ကို သင်တို့အထဲသို့ သွင်းပေးမည်ဟူသော

အတွင်းပိုင်းကောင်းချီးမင်္ဂလာအကြောင်းကို ကျွန်ုပ်တို့သည် သဘော

ပေါက်နာလည်ခြင်းနှင့်အတူ စဉ်းစားသုံးသပ်သွားကြမည်။ သန့်ရှင်းသော

ဝိညာဉ်တော်ကိုယ်တိုင်သည် ဤအရာကိုလုပ်ဆောင်ရာတွင် ကျွန်ုပ်တို့

အား ကူညီမစပါစေသော။ ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏

လုပ်ဆောင်ချက်အမျိုးမျိုးထဲမှ တစ်ခုပြီးတစ်ခုရယူပြီး သူ၏လုပ်ဆောင်

ချက်ရှိသမျှတို့ကို အောက်မေ့ရပါမည်။ ယုံကြည်သူတိုင်းသည် သန့်ရှင်း

သောဝိညာဉ်တော်ကို ပိုင်ဆိုင်စေခြင်းငှာ ထိုဝိညာဉ်တော်ကို ပဋိသည်

ထဲတွင် ထည့်သွင်းပြီးဖြစ်သည်။

အသက်ရှင်စေသူ သန့်ရှင်းသောဝိညာဉ်တော်

အစပိုင်းတွင် ခရစ်တော်သည် ကျွန်ုပ်တို့အား “ဝိညာဉ်သာလျှင်

အသက်ရှင်စေ၏’ဟု မိန့်ဆိုခဲ့သည် (ယော၊ ၆း၆၃)၊ သန့်ရှင်းသော

ဝိညာဉ်တော်သည် လူ့ဝိညာဉ်အပေါ်၌ အသက်မသွင်းမချင်း ထိုလူသည်

ဝိညာဉ်ရေးရာ၌ သေလျက်နေသေး၏။ ကောင်းကင်လေကဲ့သို့သော

သန့်ရှင်းသောဝိညာဉ်တော်၏လေသည် သွေ့ခြောက်သောအရိုးတို့အပေါ်

၌တွက်သက်ဝင်သက်သွင်း၍ ထိုအရိုးခြောက်တို့အပေါ်သို့ အသက်

သွင်းမချင်း ၎င်းတို့သည် မည်သည့်အခါမျှအသက်ရှင်လာမည်မဟုတ်

ပေ (ယေဇ ၃၇း၆)။ သင်သည် လူသေအလောင်းကို အပေါ်ယံ အဝတ်

ကောင်းကောင်းဖြင့် ဝတ်ဆင်ပေးနိုင်သည်။ လူ့ကျင့်ဝတ်ရှိသည့်အတိုင်း

သူ့ကို ရေချိုးပေးနိုင်သည်။ ထိုအလောင်းကောင်ကို ဘုန်းအသရေရှိသော

သရဖူဖြင့် ဆင်မြန်းပြီး သူ၏နဖူးပေါ်တွင် ရတနာသရဖူကိုလည်း ဆင်မြန်း

ပေးနိုင်ပါသည်။ သူ၏ပါးပြင်ကိုလည်း အသက်ရှင်သောသူကဲ့သို့အရောင်

အမျိုးမျိုးဖြင့် ခြယ်ပေးနိုင်ပါသည်။ သို့သော် သူ၏ဝိညာဉ်သည် အသက်

မရှင်မချင်း အချိန်တိုအတွင်းမှာပင် ပုပ်သိုးပျက်စီးခြင်းက သူ၏ခန္ဓာကိုယ်

ကိုဖမ်းဆီးသွားမည်ဖြစ်သည်။

ထို့ကြောင့် ချစ်သောမိတ်ဆွေ၊ သန့်ရှင်းသောဝိညာဉ်တော်သာ

လျှင်အသက်ကိုရှင်စေနိုင်သည်။ အကယ်၍ သန့်ရှင်းသောဝိညာဉ်တော်

သည် သင့်ကို အသက်မရှင်စေခဲ့လျှင် “တစ်ချိန်က သင်တို့သည် မိမိတို့၏

အပြစ်နှင့်ကျူးလွန်သောအပြစ်များ၌ သေလျက်နေကြသည်” (ဧဖက်၊၂:၁) ဟူသောကျမ်းစကား၏ဖော်ပြချက်အတိုင်း ယခုလည်း သေနေဦး

မည်ဖြစ်သည်။ “သင်သည် .. လယ်ပြင်၌ ပစ်ထားခြင်းကိုခံရ၏” (ယေဇ၁၆:၅) ဟူသောကျမ်းစကားအတိုင်း သင်သည် ကွင်းပြင်ပေါ်မှာ သက်

သက်လဲလျောင်းနေခြင်းမဟုတ်ဘဲ သင်သည် အသေကောင်ထက်ပင်

ဆိုးဆိုးဝါးဝါးဖြစ်နေပါသည်။ ပုပ်ပျက်ခြင်းသည် သင့်အသာဖြစ်ပြီး တီကောင်

သည် သင့်အမိနှင့်နှမဖြစ်သည် (ယာဘ၊ ၁၇:၁၄)။ သင်သည် ထာဝရ

ဘုရား၏နှာခေါင်းပေါက်၌ အန္တရာယ်ရှိသောသူဖြစ်သည်။

ကယ်တင်ရှင်သည် သင့်ကို နှစ်မြို့ ဖွယ်မကောင်းသောသူဟု

ရှုမြင်သော်လည်း သင်၏စက်ဆုပ်ရွံရှာဖွယ်ကောင်းသောအရာရှိသမျှတို့

၌ပင် သင့်အား “အသက်ရှင်လော့” ဟု အမိန့်ပေးသောအရှင်ဖြစ်တော်မူ

သည် (ယေဇ၊ ၁၆:၆)။ ထိုခဏချင်းတွင် သင်သည် “ယေရှုခရစ်တော်၏

သေခြင်းမှရှင်ပြန်ထမြောက်ခြင်းအားဖြင့် အသက်ရှင်သောမျှော်လင့်

ခြင်းထဲသို့” (၁ပေ၊ ၁:၃) ရောက်ရှိသွား၏။ အသက်သည် ကိုယ်တော်၏

မိန့်တော်မူချက်အားဖြင့် သင့်အထဲသို့ဝင်လာသည်။ ထိုအခါ သန့်ရှင်းသော

ဝိညာဉ်တော်သည် သင့်အသက်ကိုရှင်စေတော်မူ၏။ ယေရှုကလည်း

မိမိ၏တပည့်တော်တို့အား ” ပြောသောစကားသည် ဝိညာဉ်ဖြစ်၏။ အ

သက်လည်းဖြစ်၏” (ယော၊ ၆:၆၃) ဟူ၍ မိန့်ဆိုခဲ့သည်။ သင်တို့သည်

သန့်ရှင်းသောဝိညာဉ်တော်၏အသက်ရှင်စေသော အစွမ်းတန်ခိုးအားဖြင့်

အသက်ရှင်လျက်ရှိကြသည်။

သင်သည် မည်သည့်အချိန်အခါ၌မဆို သင့်အထဲ၌ သေခြင်းနှင့်

ဆိုင်သောလုပ်ဆောင်ခြင်းဟု ခံစားပါက အလွန်ဖြစ်နိုင်ချေမှာ ပွင့်လန်းနေ

သောသင်၏ဘုရားတရားကိုင်းရှိုင်းခြင်းသည် ညှိုးနွမ်းရုံတင်မက သင်၏

ကိုးကွယ်ဆည်းကပ်မှုသည်လည်း အေးစိမ့်လာကာ သင်၏ယုံကြည်ခြင်း

ဇောသည် ငြိမ်းသွားပေမည်။ သို့သော် သတိပြုရမည်မှာ သင့်ကို အစ

ပထမအသက်ရှင်စေသောသူသည် သင့်ကို ရှင်သန်စေဦးမည်ဖြစ်သည်။

သင်တို့သည် ခရစ်တော်နှင့် ကိုင်းဆက်ကူးခြင်းခံရသောအခါ (ရော၊ ၁၁:

၁၆-၁၇) သစ်ရည်ကဲ့သို့သောသန့်ရှင်းသောဝိညာဉ်တော်၏အသက်ရှင်

စေခြင်း တန်ခိုးတော်သည် ခြောက်သွေ့သောအကိုင်းအခက် သို့မဟုတ်

သင်၏ဆင်းရဲခြင်းထဲသို့ဝင်လာ၏။ သင်တို့သည် ထိုသစ်ရည်အားဖြင့်

ဦးစွာအသက်ရှင်ခြင်းနှင့်တကွ စိမ်းလန်းစေကြသည်သာမက ထိုသစ်ရည်

အားဖြင့်သာ ဘုရားသခင်ထံသို့အသီးသီးနိုင်ကြသည်။ ကရုဏာအတွက်

အော်ဟစ်ကြသောအခါ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် သင်တို့၏

အဦးဆုံးထွက်သက်ဝင်သက်ရယူကြရ၏။ သင်တို့သည် ထိုဝိညာဉ်တော်

အားဖြင့် ဘုရားသခင်၏ကျေးဇူးကရုဏာများကိုလည်း ဓမ္မသီချင်းများနှင့်ဝမ်းမြောက်စွာချီးမွမ်းကြသည်။

ကြောင့် သင်တို့သိရကြ၏” (ယော၊ ၁၄:၁၆-၁၇)။ “ထိုမှတစ်ပါး ငါတို့

မတတ်နိုင်သောအရာမှာ ဝိညာဉ်တော်သည် မစတော်မူ၏”(ရော၊ ၈:၂၆)။

ဆုတောင်းခြင်း၌ ကူညီသူ

ခရစ်ယာန်တစ်ဦး၏ဖြစ်နေကျတာဝန်တစ်ခုကား ဆုတောင်းခြင်း

ပင်ဖြစ်သည်။ သို့သော် ဘုရားသခင်၏သားသမီးတို့တွင် အရေးမပါဆုံး

သောအရာကား ဆုတောင်းခြင်းပင်ဖြစ်သည်။ အောက်မှာဖော်ပြထား

သည့်ရောမဩဝါဒစာကျမ်းပိုဒ်ကို အောက်မေ့ပါ။

“ထိုမှတစ်ပါး ငါတို့မတတ်နိုင်သောအရာမှာ ဝိညာဉ်တော်သည်

မစတော်မူ၏” ငါတို့သည် ဆုတောင်းသင့်သည့်အတိုင်း အဘယ်ဆုကို

တောင်းရမည်ဟုမသိကြ သို့ရာတွင် ငါတို့ဆုတောင်းခြင်းအမှုကို နှုတ်

မမြွက်နိုင်သောညည်းတွားခြင်းအားဖြင့် ဝိညာဉ်တော်သည် စောင်မတော်

မူ၏ စိတ်နှလုံးကို စစ်တော်မူသောသူသည်လည်း ဝိညာဉ်တော်၏စိတ်

သဘောကိုသိတော်မူ၏။ အကြောင်းမူကား ဝိညာဉ်တော်သည် သန့်ရှင်းသူ

တို့၏ဆုတောင်းခြင်းအမှုကို ဘုရားသခင်၏အလိုတော်နှင့်အညီစောင်မ

တော်မူ၏” (ရော၊ ၈:၂၆-၂၇)။

သင်သည် အဘယ်သို့ဆုတောင်းရမည်ကို မသိသောအခါ

ဘုရားသခင်၏ဝိညာဉ်တော်သည်ပဋိညာဉ်ထဲတွင်ကျေးဇူးတော်ပလ္လင် သို့

ကျွန်ုပ်တို့၏အသနားခံချက်ရှိသမှုတို့၌ ကျွန်ုပ်တို့အဖို့ ကြီးမြတ်တော်မူ

သောကူညီသူဖြစ်ပါသည်။ အဘယ်သို့ဆုတောင်းရမည်ကို သင့်အား သွန်

သင်ပေးမည့် သန့်ရှင်းသောဝိညာဉ်တော်၏လှုံ့ဆော်အားပေးမှု အပေါ်၌

သာ မှီခိုအားထားလိုက်ပါ။ တစ်ခါတစ်ရံ သင်၏ခံစားချက်နှင့်လိုအင်ဆန္ဒ

အဘယ်သို့ဖော်ပြရမည်ကို သင်မသိသောအခါ ဝိညာဉ်တော်၌ မှီခိုအား

ထားလိုက်ပါ။ ထိုအခါ “ယဇ်ပလ္လင်ပေါ်က မီးညှပ်ဖြင့် ယူသောမီးခဲ့တယ်”

(ယေရှာ၊ ၆း၆) ဖြင့် ဝိညာဉ်တော်သည် သင့်နှုတ်ခမ်းကို တို့ထိနိုင်သည်။

ထိုသို့ဖြင့် သင်သည် သင်၏ထက်သန်သောလိုအင်ဆန္ဒကို ပလ္လင်တော်

ရှေ့တွင် သွန်းလောင်းနိုင်မည်ဖြစ်သည်။သင့်အထဲတွင် အသက်နှင့်တန်ခိုး

ရှိသော်လည်း တစ်ခါတစ်ရံသင်၏အတွင်းပိုင်းခံစားချက်ကို သင်မဖော်ပြ

နိုင်ခဲ့ပေ။ ထိုသို့သောအချိန်တွင် သင်၏ခံစားချက်ကို ဖော်ထုတ်ပေးရန်

ကြည်တော်ကိုအားထားရပါမည်။ အကြောင်းမှာ “ဒါတို့ဆုတောင်းခြင်း

ကို နှစ်နိုင်သေးသည်းထားခြင်းအားဖြင့် ဝိညာဉ်တော်သည်

သ၏။” သင်သည် ယာကုပ်ကဲ့သို့ကောင်းကင်တမန်နှင့်နပန်း

လုံးပြီး ရုံးလုသဲလဲဖြစ်သောအခါ သန့်ရှင်းသောဝိညာဉ်တော်သည် သင့်

လက်ရန် အားဖြည့်ဆည်းပေးရန် ခွန်အားကို တောင်းလျှောက်လိုက်ပါ။

သန့်ရှင်းသောဝိညာဉ်တော်သည် ဆုတောင်းခြင်း၏စစ်ရထားဘီး

ဖြစ်သည်။ ဆုတောင်းခြင်းသည် စစ်ရထားဖြစ်၍ လိုအင်ဆန္ဒက စစ်ရ

က ရှေ့သို့ရုန်းထွက်စေနိုင်သည်။ သန့်ရှင်းသောဝိညာဉ်တော်မူကား

ရှေ့ ကိုရွေ့လျားစေသာသီးဖြစ်ပါသည်။ ဝိညာဉ်တော်သည် လိုအင်ဆန္ဒ

ကိုမောင်းနှင်၍ စစ်ရထားကို အလျင်အမြန်လှိမ့်စေပြီး စိတ်နှလုံး၏လိုအင်

ဆန္ဒသည် “ဘုရားသခင်၏အလိုတော်နှင့်အတိုင်းဖြစ်သောအခါ” သန့်ရှင်း

သူတို့၏အသနားခံချက်ကို ကောင်းကင်အရပ်သို့သယ်ဆောင် သွားပေး

လျက်ရှိသည်။

သတင်းကောင်းတရားကို ဟောပြောရန် ဘုရားသခင်ခေါ်ယူသောသူတို့

ကိုယ်တော်က “ငါသည် ကပ်ကမ္ဘာကုန်သည်တိုင်အောင် နှင့်

တရားဟောခြင်း၌ ကူသူ

ဘုရားသခင်သားသမီးများခေါ်ထုတ်ခံရခြင်း၏အခြားတာဝန်တစ်

ခုမှာ တရားဟောခြင်းပင်ဖြစ်သည်။ အလုပ်လုပ်ဆောင်နိုင်ရန် သန့်ရှင်း

သောဝိညာဉ်တော်ကို ကျွန်ုပ်တို့ရရှိပိုင်ဆိုင်ဖို့ လိုအပ်ပါသည်။ ဧဝံဂေလို

သည် အထက်အရပ်မှလာသောအင်အားဖြင့် ကူညီလျက်ရှိကြသည်။

အစဉ်မပြတ်ရှိသည်ဟု မိန့်တော်မူ၏ (မဿဲ၊ ၂၈:၂၀)။

ကျွန်ုပ်လေ့လာတွေ့ရှိချက်အရ တချို့ လူငယ်တို့သည် သူတို့

ကိုယ်တိုင် ဝံဂေလိသတင်းကောင်း၏လျည်းသရအက္ခရာကို ကောင်း

ကောင်းမသိမီ သာသနာလုပ်ငန်းထဲကို ဝင်ရောက်ရန် အားထုတ်လျက်ရှိကြသည်။ သူတို့ကိုယ်တိုင် ဘုရားသခင်၏နှုတ်ကပတ်တော်တရားဟော

ဆရာများကဲ့သို့ပြုမူကြသည်။ ဦးစွာသူတို့လုပ်သင့်သောအရာကား တရား

ဟောခြင်းမဟုတ်ဘဲ အခြေခံဓမ္မကျောင်းနှင့် ချိတ်ဆက်ပြီး မှန်မှန်ကန်ကန်

ဖတ်ရှုတတ်အောင် အရင်လေ့လာသင်ယူရန်ဖြစ်သည်။

ဘုရားသခင်နာမတော်၏ဘုန်းအသရေ၊ စိတ်ဝိညာဉ်

များ၏ကောင်းကျိုးကို ရှာဖွေရန် တချို့သောသူများအား ဘုရားသခင်က

လိုလားသည့်စိတ်ဆန္ဒပေးသနားပြီး သူတို့သည်လည်း ဘုရားသခင်

ဖွင့်ပေးသည့်အထိ နှိမ့်ချစွာစောင့်ဆိုင်းနေကြသည်ကို ကျွန်ုပ်သိရှိပါသည်။

ဘုရားသခင်သည် ထိုသူတို့အား ကောင်းချီးပေး၍ အလျင်အမြန်

ပေးသနားတော်မူပါစေသော။ လူငယ်တစ်ဦးသည် နှစ်ခြင်းခံပြီး နောက်

တစ်ပတ်တနင်္ဂနွေနေ့မှာ ဘုရားကျောင်းတက်လျက် နောက်တစ်နေ့တွင်

ကျမ်းစာကျောင်းတက်ဖို့ ထွက်ခွာသွားသည့်အကြောင်းကို ကျွန်ုပ်သိရှိရ

သည်။ ကျွန်ုပ်သည် ထိုသူကို တရားဟောဖူးသလောဟူ၍ မေးသောအခါ

မဟောဖူးပါဟု ပြန်ဖြေလေ၏။ သို့သော် ကျွန်ုပ်ကို အလွန်အံ့အားသင့်

စေသည့်အရာကား ပြောင်းလဲခြင်းမရှိဘဲ အမှုတော်ဆောင်ရန် ကျွန်ုပ်ကို

ဘုရားသခင်သည်ဟု ပြောဆိုခြင်းပင်ဖြစ်သည်။ ထိုလူကိုခေါ်သော

သူမှာ ဘုရားသခင်မဟုတ်ဘဲ ရန်သူစာတန်ဖြစ်သည်ဟု ကျွန်ုပ်အကြွင်းမဲ့

ယုံကြည်ပါသည်။

ဘုရားသခင်၏ပဋိညာဉ်သေတ္တာတော်ကို မသန့်ရှင်းသောလက်

ချောင်းများဖြင့် သင်သည် ထိတွေ့ခြင်းမရှိသည်ကို သတိပြုရမည်။ သင်

သည် တရားဟောကောင်းဟောပါလိမ့်မည်။ သို့သော် အထက်အရပ်မှ

ဝိညာဉ်တော်က သင့်ကို သီးသန့်ခွဲခန့်ကြောင်း သဘောပေါက်ခြင်း အခိုင်

အမာမရှိဘဲနှင့် သင့်ဘာသာသင် ဿသနာလုပ်ငန်းအတွက် ပြင်ဆင်

နေခြင်းမှာ အလွန်အန္တရာယ်ရှိပြီး သတိထားရမည့်အရာဖြစ်ပါသည်။

အကယ်၍ သင့်ကို ဘုရားသခင်က “အပြစ်မရှိသောဆင်းရဲသားတို့ကို ဒ

သေသတ်၍ သွန်းသောအသွေးသည် သင်၏အဝတ်စွန်း၌ ထင်ရှား၏”

(ယေရ၊ ၂:၃၄) ဟု ဖော်ပြလျှင် မင်္ဂလာမဟုတ်ပေ။ များစွာသောလူတို့

သည် ဘုရားသခင်၏ခေါ်ယူတော်မူခြင်းမခံရဘဲ သန့်ရှင်းသောနေရာသို့

ဝင်ရောက်ရန် အပြေးအလွှားပြုကတ်ကြသည်။ ထိုသူတို့သည် မိမိတို့ထင်

မှတ်သည့်အတိုင်း အပြေးအလွှားပြုကြ၏။ စေလွှတ်ခြင်းမခံရဘဲ တရား

ဟောကြ၏။ သို့ဖြစ်၍ မည်သည့်ကောင်းချီးမျှမရဘဲ ကျိန်ခြင်းခံကြ၏။

သေလုဆဲဆဲတွင်လည်း မိမိတို့အား ဘုရားသခင်ခန့်ထားခြင်းမရှိဘဲ သူတို့

ဘာသာသူတို့ခန့်အပ်ကြသောကြောင့် ကြီးမားသောပြစ်ဒဏ်စီရင်ခြင်းခံ

ရသကဲ့သို့ အပြင်းအထန်ခံစားတတ်ကြသည်။ သင်လည်း ထိုသို့ပြုခြင်းကို

သတိပြုရမည်။

သင့်ကို ဘုရားသခင် အမှန်ခေါ်လျှင် သင့်မှာ ပင်ကိုယ်စွမ်းရည်

အနည်းငယ်သာရှိသော်လည်း တစ်စုံတစ်ဦး၏ဘဝင်မကျခြင်း သို့မဟုတ်

ပြစ်တင်ခြင်းကို မကြောက်ပါနှင့်။ သင့်စိတ်နှလုံးထဲ၌ တည်ကြည်ခိုင်ခံ့စွာ

သဘောပေါက်လျက် ဿသနာလုပ်ငန်းကို လုပ်ဆောင်ရန် သင့်အား

ဘုရားသခင်အမှန်တကယ် ဘိတ်သိတ်ပေးပါ က သင့်အား စေခိုင်းသည့်

လုပ်ငန်းနှင့်ပတ်သက်၍ ပျောက်ဆုံးသောဝိညာဉ်တစ်ပါးပြောင်းလဲခြင်း၌

သင်သည် သက်သေရရှိပါက သေခြင်းနှင့်ဆင်းရဲခြင်းက သင့်ကို မရပ်

တန့်စေပါနှင့်။ ယိမ်းယိုင်ခြင်းမရှိဘဲ ရှေ့ကိုသာ ဦးတည်ပြီး တည့်တည့်

သွားလိုက်ပါ။ အောင်မြင်သောတရားဟောဆရာဖြစ်ဖို့ ပံ့ပိုးမှုတချို့ရှိရ

မည်ဟု မတွေးလိုက်ပါနှင့်။

ဿသနာလုပ်ငန်း၌ အောင်မြင်ခြင်းရရန် တစ်ခုတည်းသော

ပံ့ပိုးမှု လိုအပ်ချက်မှာ သန့်ရှင်းသောဝိညာဉ်တော်၏ပံ့ပိုးမှုသာဖြစ်သည်။

ကျွန်ုပ်၏အမှုတော်လုပ်ငန်း၌ ဘုရားသခင်က ကျွန်ုပ်အား များစွာသော

ကောင်းချီးမည်ကဲ့သို့ပေးခဲ့သည်ကို အမှုတော်ဆောင်တစ်ဦးက မေးမြန်း

သောအခါ ကျွန်ုပ်လည်း အကျိုးအကြောင်းကို ပြောပြခဲ့ဖူးသည်။ သင်တို့

ထဲမှာလည်း ဘုရားသခင်သည် ဆယ်ကြိမ်မက ကောင်းချီးပေးနိုင်ပါ

သည်။ ထိုသို့ကောင်းချီးရရှိခြင်းသည် တရားဟောဆရာ၏အရည်အချင်း

ကြောင့်မဟုတ်သလို လူတစ်ဦးတစ်ယောက်၏အရည်အချင်း ရှိရှိစီမံမှု

ကြောင့်လည်းမဟုတ်ပေ။ လိုအပ်မှုရှိသည့်အတိုင်း ဘုရားသခင်၏ဝိညာဉ်

တော်သြဇာသက်ရောက်မှုကြောင့်သာဖြစ်သည်။

ဟိုးတုန်းက ကျွန်ုပ်ကြားဖူးသည့်ပညာမဲ့သူ၊ အကျင့်ဆိုးသူနှင့်

ပြောမကောင်းသူ ဟူသောဂုဏ်ပုဒ်ရှိသမျှတို့သည် မိမိကိုယ်တိုင်ပင်ဖြစ်

ကြောင်း သိရှိသောအခါ သာယာကြည်နူးမိပါသည်။ အလွန်ကောင်းပေ

သည်။ ဘုန်းအသရေရှိသမျှသည် ဘုရားသခင်နှင့်သက်ဆိုင်သည်။ လူတို့

သည် မိမိတို့ကျေနပ်သည့်အရာကိုပြောပါစေ၊ ကျွန်ုပ်မူကား သမ္မာတရား

ကိုအမြဲဝန်ခံပါမည်။ ကျွန်ုပ်သည် မိုက်သာဖြစ်သည်။ သင်တို့ကျ

နပ်အားရမည်ဆိုပါက “ငါသည် မိုက်မဲသောသူဖြစ်ခဲ့လေပြီ”(၂ကော၊ ၁၂:

၁၁)ဟူ၍ ပါလုပြောခဲ့ဖူးသည်။ ကျွန်ုပ်အပေါ်သို့သက်ရောက်ရန် လောက

အလိုရှိသည့် အထင်သေးဖွယ်ဂုဏ်ပုဒ်ကို ကျွန်ုပ်ရယူလက်ခံပါမည်။ မည်

သို့ပင်ဖြစ်စေကာမူ လောကလူသားတို့က ကျွန်ုပ်၏သာသနာလုပ်ငန်းအ

ပေါ် ဘုရားသခင်ကောင်းချီးပေးသည့် အကြောင်းအရာကို မငြင်းပယ်နိုင်

ကြပေ။ ပြည့်တန်ဆာမတို့သည် ကယ်တင်ခြင်းသို့ရောက်ကြ၏။ မူးယစ်

ဆေးဝါးသုံးဆွဲသူများသည် ပြန်လည်ပြုပြင်ခြင်းခရံကြ၏။ အကျင့်စရိုက်

မကောင်းသောသူများသည်လည်း အသက်တာပြောင်းလဲခြင်းသို့ရောက်

ကြ၏။ ဘုရားသခင်သည် ထိုသူတို့အသက်တာ၌ အရင်က မဖြစ်ဖူးသော

အတွေ့အကြုံများဖြင့် ထိတွေ့ခံစားစေသည်။ ထို့ကြောင့် ဘုန်းအသရေ

ရှိသမျှကို သန့်ရှင်းတော်မူသောဘုရားသခင်၏နာမတော်အဖို့ ပေးအပ်ကြ

ရမည်။ သင်တို့သည် ကျွန်ုပ်အပေါ်၌ ကြိုက်သလောက် ပြစ်တင်ရှုတ်ချ

နိုင်ပါသည်။ ထိုသို့ပြစ်တင်ရှုတ်ချခြင်းသည် အလိုတော်ရှိသည့်အတိုင်း

တတ်သည့်ဘုရားသခင်ဘုန်းတော်အတွက်သာဖြစ်ပါ လိမ့်မည်။

ကြိုးပမ်းအားထုတ်မှုတိုင်း၌ ကူညီသူ

ချစ်သောမိတ်ဆွေ၊ သင်၏အလုပ်သည် မည်သည့်အလုပ်ဖြစ်ပါ

၊ ဘုရားသခင်သည် သင်လုပ်ဆောင်ရန် ဤလောက၌ မည်သို့သောအ

လုပ်၌ ခန့်အပ်သည်ဖြစ်စေ သင်သည် ထိုအလုပ်နှင့်ညီတူညီမျှ သန့်ရှင်း

သောဝိညာဉ်တော်၏အကူအညီကို ရရှိမည်ဖြစ်သည်။ အကယ်၍ ၎င်း

သည် တနင်္ဂနွေနေ့၌ ကလေးငယ်များအား သင်ကြားခြင်းဖြစ်လျှင်လည်း

သန့်ရှင်းသောဝိညာဉ်တော်သည် သင့်ကို ကူညီမည်မဟုတ်ဟု မတွေးမိ

ပါနှင့်။ သန့်ရှင်းသောဝိညာဉ်တော်၏ကူညီမစခြင်းသည် ကြီးမားသောလူ

တုစည်းလေးကို ဟောပြောနေသူအား အတားအဆီးမဲ့စွာကူညီမစသကဲ့သို့

သင့်ကိုလည်း ကူညီမစပါလိမ့်မည်။ သင်သည် အလွန်ဆင်းရဲပြီး သေခါနီး

ပြီဖြစ်သောအမျိုးသမီးများ၏ဘေးနား၌ ထိုင်နေပါသလား။ သင်သည် သန့်

ရှင်းမြင့်မြတ်သောပွဲတော်မင်္ဂလာကို စီမံခန့်ခွဲလျက်နေသောအခါ သန့်

ရှင်းသောဝိညာဉ်တော်သည် သင့်ဆီ အမှန်ရောက်လာပါလိမ့်မည်။ အနှိမ့်

ချဆုံးနှင့်အနူးညံ့ဆုံးအလုပ်အတွက် ဘုရားသခင်ထံက ခွန်အားကို အဖြစ်

နိုင်ဆုံးနည်းလမ်းဖြင့် ရှာဖွေပါ။ အို အသင်၊ ဝိညာဉ်ရေးရာ၌ထယ်ထိုးသူ၊

သင်၏ထယ်သွားကို ဝိညာဉ်တော်အားဖြင့် ထက်မြက်စေလော့၊ အို

ဝိညာဉ်ရေးရာ၌ မျိုးစေ့ကြဲသောသူ၊ သင်၏မျိုးစေ့ကို ဝိညာဉ်တော်၌ နှစ်

လော့၊ ထိုသို့ပြုလျှင် အညှောက်ပေါက်လိမ့်မည်။ ထိုမျိုးစေ့ကို ဖြန့်ကြဲစေ

ခြင်းငှာ ဝိညာဉ်တော်သည် သင့်အား ကျေးဇူးတော်ကို ပေးသနားရန်

တောင်းလျှောက်လော့။ သို့ဖြစ်၍ “အချို့ သောမျိုးစေ့တို့သည် ကောင်း

သောမြေ၌ ကျသဖြင့်” (မဿဲ၊ ၁၃၈) ဟူ၍တွေ့ရသည်။ အို ဝိညာဉ်ရေး

ရာစစ်သည်၊ သင်၏ဓားဝိညာဉ်တော်အားဖြင့် ထက်စေလျက် အသွား

နှစ်ဖက်ထက်သောနှုတ်ကပတ်တော်ကို တောင်းလျှောက်လော့ (ဟေဗြဲ၊

၄:၁၂)။ သို့မှသာ ထိုနှုတ်ကပတ်တော်ကို ကိုင်စွဲနိုင်ရန် သင့်ကိုအားဖြည့်

ပေးမည်။

ဖွင့်ပြသူ သန့်ရှင်းသောဝိညာဉ်တော်

နောက်တစ်ခုမှာ သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်

၏သားသမီးများအား “ဉာဏ်ပညာနှင့်ဗျာဒိတ်တော်ဆိုင်ရာဝိညာဉ်ကို” (s

ဖက်၊ ၁:၁၇) ပေးအပ်ခဲ့သည်ဟူသောအကြောင်းအရာကို ကျွန်ုပ်တို့သွေး

နွေးသွားပါမည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့ကို “မှောင်

မိုက်ထဲမှအံ့ဘွယ်သော အလင်းတော်သို့ခေါ်သွင်းတော်မှု၏”(၁ပေ၊ ၂:၉)။

ဗီဇအားဖြင့် ကျွန်ုပ်တို့သည် ပညာမဲ့သောသူများနှင့်မိုက်မဲသောသူများဖြစ်

ကြသော်လည်း သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့ကို သွန်သင်၍

ဉာဏ်ရှိစေတော်မူ၏။ “သင်တို့သည် သန့်ရှင်းတော်မူသောဘုရား၏လက်

မှဘိသိတ်ကျေးဇူးတော်ကိုခံရ၍ ခပ်သိမ်းသောအရာတို့ကိုသိကြ၏” (၁ယော၂:၂၀)။

ခရစ်တော်၏ကျောင်း၌ရှိသော ကျောင်းသားကို ပညာရှိဖြစ်ရန်

အလိုရှိပါသလား။ ကျမ်းတတ်ပုဂ္ဂိုလ်အား ဘုရားသခင်အပေါ် သူမြင်

သည့်သူအမြင်ကို သင့်အား ရှင်းပြရန် မမေးမြန်းမိပါနှင့်။ ထိုသို့

ပြုမည့်အစား ယေရှု၏ခြေတော်ရင်း၌ ဒူးထောက်ပြီး သင့်အား သန့်ရှင်း

သောက်သည် သွန်သင်ပေးရန်သာ တောင်းလျှောက်လိုက်ပါ။ သင်

သည် နှစ်အတော်ကြာကျမ်းစာကိုလှန်ပြီး စာမျက်နှာတစ်ခုပြီးတစ်ခု အစဉ်

ဖက်ရှုနေသော်လည်း သန့်ရှင်းသောဝိညာဉ်တော်၏ဖွင့်ပြပေးခြင်း

ရှိပါက လျှို့ဝှက်နက်နဲသောအရာကို သင်ယူနိုင်လိမ့်မည်မဟုတ်ပေ။

သို့သော် သင်သည် တစ်ဦးတည်းသင်ယူလေ့လာချိန်၌ မထင်မှတ်ဘဲ

သန့်ရှင်းသပ်သည်တော်သည် အလင်းပေးသောအခါ သမ္မာတရားကို

အလျင်အမြန်သင်ယူလေ့လာနိုင်မည်ဖြစ်သည်။

ရွေးကောက်ခြင်းနှင့်ဆိုင်သည့်ဩဝါဒကို နားလည်ရန် ကြိုးပမ်း

နေပါသလား။ ၎င်းကို သန့်ရှင်းသောဝိညာဉ်တော်တစ်ပါးတည်းကသာ

သင့်စိတ်နှလုံးသားထဲ၌ ဖွင့်ပြပေး၍ ၎င်းကို သင့်အား သဘောပေါက်စေ

နိုင်သည်။ သင်သည် လူသား၏ယိုယွင်းပျက်စီးခြင်း ဩဝါဒကိုဆုပ်ကိုင်

ထားရန် ရုန်းထွက်နေသလား၊ သန့်ရှင်းသောဝိညာဉ်တော်သည် လူသား

၏စိတ်နှလုံးမိုက်မဲခြင်း နက်ရှိုင်းပုံကို ဖော်ပြပေးမည်။ ယုံကြည်သူသည်

“ဘုရားသခင်၏သားတော်ကို ယုံကြည်ခြင်းအားဖြင့် အသက်ရှင်သည်

နှင့်အညီ (ဂလာ၊ ၂:၂၉) သူဝမ်းမြောက်ရာဖြစ်သည့်သခင်ယေရှုနှင့်မိတ်

သဟာယဖွဲ့ခြင်းတည်းဟူသော သူ့အသက်တာ၏လျှို့ဝှက်ချက်ကို သင်အ

မှန်တကယ်သိရှိလိုပါသလား။ သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းကို

သင့်အား မဖွင့်ပြပေးပါက ၎င်းသည် သင့်အတွက် အစဉ်မပြတ် ခက်ခဲ

နက်နဲသောအရာဖြစ်ပါလိမ့်မည်။

သင်သည် ကျမ်းစာကိုဖတ်ရှုသည့်အခါတိုင်း တရားတော်

အံ့ဖွယ်သောအရာတို့ကို မြင်နိုင်ပါမည်အကြောင်း အကျွန်ုပ်၏မျက်စိကို

ကို ဖွင့်တော်မူပါ” (ဆာ၊ ၁၁၉:၁၈) ဟူ၍ ဝိညာဉ်တော်ထံသို့ငိုကြွေးလော့။

ဝိညာဉ်တော်သည် ဝိညာဉ်ရေးရာ၌ မျက်စိကန်းသောသူတို့ကို အထက်

ကောင်းကင်နှင့်ဆိုင်သည့်မျက်စိလိမ်းဆီကို ပေးသနားလျက်ရှိသည်။ သင့်

မျက်စိသည် ယခုမမြင်နိုင်သေးပါက မျက်စိလိမ်းဆီကို ရှာဖွေလိုက်ပါ။

သင်သည် ရှင်းလင်းစွာမြင်ရလိမ့်မည်။ လူ၏ကျောင်း၌သာ သင်ယူသော

သူတို့က သင့်အား ဤသူသည် စာမသင်ဘဲလျက် အဘယ်သို့တတ်ဘိ

သနည်း” ဟုဆိုကြလိမ့်မည် (ယော၊ ၇:၁၅)။

သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် သွန်သင်ခြင်းခံရသောသူ

သည် လူအားဖြင့် သွန်သင်ခြင်းခံရသောသူထက် သာလွန်သည်။ ကျွန်ုပ်

သည် တောသားလူတစ်ဦး၊ ဘဝတစ်ခုလုံး၌ တစ်ခါမျှပညာ မသင်

ကြားခဲ့ဖူးသူ၊ ပညာသင်ကျောင်းမှာ တစ်နာရီမျှပင် ဖင်မချခဲ့ဖူးသူနှင့် တစ်ခါ

တွေ့ဆုံခဲ့ဖူးသည်။ သို့သော် ထိုသူသည် ဓမ္မပညာကိုကျမ်းစာ ကျောင်းတွင်

အကောင်းဆုံးသင်ယူလေ့လာခဲ့ဖူးသူ ဆရာကြီးထက်ပင် သန့်ရှင်းသော

နှုတ်ကပတ်တော်ကို ပို၍သိရှိသည်။ လူတချို့အလုပ်နားချိန်မှာ ကျမ်းစာ

နှင့်ဆိုင်သည့်က်ခဲသော သီဩလော်ဂျီအကြောင်းအရာများကို ဆွေးနွေး

ကြသောအခါ သီအော်လော်ဂျီကို လေ့လာဆည်းပူးခဲ့ဖူးသူတော်တော်

များက အကောင်းဆုံးဖြေကြားနိုင်ကြပေ။ သို့သော် သီဩလော်ဂျီပညာကို

တစ်ခါမျှမဆည်းပူးခဲ့ဖူးသူတချို့က အကောင်းဆုံးရှင်းလင်းနိုင်ကြသည်။

အကြောင်းမှာ ကျမ်းစာကိုနှိမ့်ချစွာဖတ်ရှုကြပြီး သန့်ရှင်းသောဝိညာဉ်တော်

၏လမ်းပို့ဆောင်ခြင်းကို ခံယူကြသောကြောင့်ဖြစ်သည်။ “သမ္မာတရား

နှင့်ပြည့်စုံသောထိုဝိညာဉ်တော်သည် ရောက်လာသောအခါ သမ္မာတရား

ကို သင်တို့အား အကြွင်းမဲ့သွန်သင်ပြသလိမ့်မည်” (ယော၊ ၁၆:၁၃) ဟူ

ကားကို ယုံကြည်ကြသည်။ သန့်ရှင်းသောဝိညာဉ်တော်သည်

ပြုရန် အားရတော်မူ၏။

ဘုန်ခင်ခြင်းအပေါင်းတို့သည် ကောင်းပေသည်။ ရှောလမုန်က

*စိတ်ဝိညာဉ်သည် ပညာအတတ်မရှိဘဲ မနေကောင်း”(သု၊ ၁၉:၂) ဟုဆို

ပါသည်။ ကျွန်ုပ်တို့သည် အရာအားလုံးကို သိနိုင်သမျှသိရှိနိုင်ရန်

ဖွင့်သည်။ သို့သော် ကယ်တင်ခြင်း၏လုပ်ဆောင်ချက်တွင် စစ်မှန်

ကို သန့်ရှင်းသောဝိညာဉ်တော်၏သွန်သင်ခြင်းအားဖြင့်သာရရှိ

နိုင်သည်။ ကျွန်ုပ်သည် ခေါင်းထဲမှာမဟုတ်ဘဲ စိတ်နှလုံးထဲ၌ သင်ယူ

ပါက သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် အလုံးစုံတို့ကိုသင်ကြား

ပေးပါလိမ့်မည်။ လူထံမှသင်ယူရသောအရာကို သင်သည် ပယ်ဖျောက်

နိုင်သည်။ သို့သော် သန့်ရှင်းသောဝိညာဉ်တော်ထံမှသင်ယူသောအရာ

သည် သင့်စိတ်နှလုံးနှင့်သင့်ဩတ္တပ္ပစိတ်ထဲ၌ နေရာယူပြီး ဖျက်၍မရတော့

ပေ။ ၎င်းကို စာတန်ပင်လျှင် သင့်ထံမှခိုးယူ၍မရနိုင်ပေ။ အို သမ္မာတရား၏

ဖွင့်ပြခြင်းထဲမှ ရှောင်ရှားတတ်သောအသင်ပညာမဲ့သောသူတို့၊ သွားကြ

လော့။ သွား၍ ဝိညာဉ်တော်ကို တောင်းလျှောက်ကြလော့။ အကြောင်းမှာ

ဝိညာဉ်တော်သည် စိတ်ဝိညာဉ် အာရုံအလင်းမရသေးသောသူတို့၏လမ်း

ပြသူဖြစ်တော်မူသည်။ ဝိညာဉ်တော်၏ကူညီမစခြင်းမရှိဘဲ သူတို့သည်

“အလင်းသို့တစ်ခါရောက်၍ ကောင်းကင်ဆုကျေးဇူးကို မြည်းစမ်းခြင်း” ရှိ

သော်လည်း (ဟေဗြဲ၊ ၆:၄) သူတို့သည် သမ္မာတရားရှိသမျှကို နားလည်

နိုင်ကြမည်မဟုတ်ပေ။

တောင်းခံပေးသူ သန့်ရှင်းသောဝိညာဉ်တော်

ဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်ကို ကျွန်ုပ်တို့အား

တောင်းခံခြင်းဆိုင်ရာဝိညာဉ်တော်အဖြစ် ပေးသနားတော်မူ၏။ သို့ဖြစ်၍

ယေရှုက သူ့တပည့်တော်တို့အား “သူသည် ငါ့ဘုန်းကို ထင်ရှားစေလိမ့်

မည်။ အကြောင်းမူကား ငါ နှင့်စပ်ဆိုင်သောအရာကိုယူ၍ သင်တို့အား

ဖော်ပြလိမ့်မည်”ဟုဆို၏(ယော၊၁၆:၁၄)။ ပိုမိုရှင်းလင်းစေရန် ကိုယ်တော်

“ခမည်းတော်နှင့်စပ်ဆိုင်သမျှသည် ငါ နှင့်စပ်ဆိုင်၏။ ထိုကြောင့် ငါနှင့်

စပ်ဆိုင်သောအရာကိုယူ၍ သင်တို့အား ဖော်ပြလိမ့်မည်” ဟုထပ်မံဖြည့်

စွက်လိုက်သည် (အပိုဒ်ငယ် ၁၅)။ ယေရှုသည် တပည့်တော်တို့အား

ခမည်းတော်ဘုရားသခင်၏စကားကိုပြောပြလျက် သူတို့အားထိုစကားများ

ဖြင့် မကြာခဏ စိတ်ထဲတွင် စွဲမှတ်စေသည်ကို ကျွန်ုပ်သတိပေးပါရစေ။

“ယေရှုကလည်း ဟောသောဒေသနာသည် ငါ ၏ဒေသနာဟုတ်။

ကို စေလွှတ်တော်မူသောသူ၏ဒေသနာဖြစ်၏” (ယာ၊ ၇:၁၆)။ တစ်ဖန်

ကိုယ်တော်က “ငါ ဟောပြောသောစကားကို ကိုယ်အလိုအလျောက် ပါ

ဟောပြောသည်မဟုတ်။ ငါ ပြုသောအမှုတို့ကိုကား ငါ၌ တည်နေတော်မူ

သောခမည်းတော်သည် ပြုတော်မူ၏။” ဟု မိန့်ဆိုလေ၏ (ယော၊ ၁၄:၁၀)။

ခရစ်တော်သည် ခမည်းတော်ဘုရားသခင်၏အလိုတော်ကို သူ့

တပည့်တော်တို့အား သိစေသကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော်သည်

လည်း ခရစ်တော်၏စကားများကို ကျွန်ုပ်တို့အား သိစေတော်မူ၏။ ကျွန်ုပ်

ခိုင်ခိုင်မာမာပြောနိုင်သည့်အရာကား သန့်ရှင်းသောဝိညာဉ်တော်သည်

ခရစ်တော်၏စကားများကို ကျွန်ုပ်တို့အထဲ၌ သွင်းပေးပါက ထိုစကား

တော်များသည် ကျွန်ုပ်တို့အတွက် အသုံးမဝင်ပေ။ ချစ်သောမိတ်ဆွေ

ခရစ်တော်၏စကားတို့သည် ငါတို့နှင့်သက်ဆိုင်သည်ကိုလည်းကောင်း၊

၎င်းတို့သည် ငါတို့အတွက် ရည်ရွယ်ထားသည်ကိုလည်းကောင်း၊ မင်္ဂလာရှိ

သောထိုစကားတော်တို့တွင် ငါတို့အဖို့ ဝေစုရှိသည်ကိုလည်းကောင်း

ငါတို့စိတ်နှလုံးသည် ယုံကြည်စိတ်ချစေရန် ဤသို့သောကျင့်သုံးမှုကို ငါတို့

လိုအပ်သည်။ ထို့ပြင် ငါတို့၏စိတ်နှလုံးနှင့်ဝိညာဉ်သည် ပြန်လည်လန်း

ဆန်းခြင်းကိုရရှိရန် ငါတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ဘိသိက်ပေး

ခြင်းကို လိုအပ်ကြသည်။

ကတိတော်တစ်ခုကို သင့်စိတ်နှလုံးအတွက် လက်တွေ့အသုံးပြု

ဖူးပါသလား။ သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ဆောင်ချက်မပါဘဲ လက်

တွေ့ကျင့်သုံးခြင်း၏ဆိုလိုရင်းသည် အဘယ်သို့ဖြစ်သည်ကို သင်နားလည်

ပါလား။ သက်သာလောနိတ်မြို့သို့ဧဝံဂေလိသတင်းစကားရောက်ရှိ

ဘာည်ကို ပေါလုပြောပြသကဲ့သို့ ကတိတော်သည်လည်း သင့်ထံသို့

“..စကားသက်သက်ဖြစ်သည်မဟုတ်။ တန်ခိုးနှင့်လည်းကောင်း၊ သန့်ရှင်း

သောဝိညာဉ်တော်နှင့်လည်းကောင်း၊ ဝိစိကိစ္ဆာမရှိဘဲ အမှန်သိခြင်းနှင့်

လည်းကောင်း”(အသက်၊ ၁:၅) ရောက်ရှိလာပါသည်။

တစ်ခါတစ်ရံသန့်ရှင်းသောဝိညာဉ်တော်၏ညွှန်ကြားချက်သည်

ရုတ်တရက်ပေါ်လာပြီး ကျွန်ုပ်တို့၏အတွေးထဲတွင် အာရုံမစိုက်နိုင်

လောက်အောင်ဖြစ်ကာ စိတ်နှလုံးထဲ၌ ဝုန်းကနဲ လှိုင်းလုံးသဖွယ်တလိပ်

လိပ်တက်လာသဖြင့် မိမိတို့၏စိတ်နှလုံးကို ထိန်းမနိုင်သိမ်းမနိုင်ဖြစ်တတ်

သည်။ သို့သော် ယေရှု၏နှုတ်တော်ထွက်စကားသည် သင်၏စိတ်သောက

ကို ငြိမ်းအေးစေလေ၏။ သင်သည် ရုတ်တရက်ပင်ကြီးမားသော ငြိမ်သက်

ခြင်းရရှိသည်ဖြစ်၍ ထိုငြိမ်သက်ခြင်းသည် သင့်ဆီမည်သည့်အရပ်ကလာ

သည်ကို အံ့အားသင့်လျက်နေရလိမ့်မည်။ ချိုမြိန်သောကျမ်းစကားသည်

နားဝင်ချိုသောတီးလုံးသဖွယ် သင့်နားပါးတွင် မြည်လေသည်။ နှုတ်ကပတ်

တော်သည် သင်၏စိုးရိမ်သောကများကို ဖြေဖျောက်ပေး၍ သင်၏အတွေး

ထဲ၌ တနေ့လုံးထိပ်ဆုံး၌ နေရာကျကာ သင်၏တရားမဲ့သောစိတ်အား

ပြင်းပြမှုများနှင့်ဂနာမငြိမ်သောကြိုးပမ်းမှုများအပေါ် အစိုးရပါ လိမ့်မည်။

သင့်စိတ်နှလုံးထဲ၌ ထိုသို့ဖြစ်သည်မှာ ရက်သတ္တပတ်များစွာရှိကောင်းရှိ

နိုင်ပါသည်။ သင်သည် မည်သည့်အရပ်သို့သွားသည်ဖြစ်စေ၊ မည်သည့်

အရာကိုပြုသည်ဖြစ်စေ ချိုမြိန်သောနှုတ်ကပတ်တော်နှင့် မကင်းကွာနိုင်

ပေ။ ၎င်းနှင့် ကင်းကွာရန်လည်း အလိုမရှိပေ။ အကြောင်းမှာ ၎င်းသည်

သင့်စိတ်ဝိညာဉ်အဖို့ အလွန်ချိုမြိန်ပြီး မွှေးကြိုင်သောရနံ့ရှိသောကြောင့်

ဖြစ်သည်။ ထိုသို့သောကျမ်းစကားသည် သန့်ရှင်းသောသမ္မာကျမ်းစာထဲ

တွင် အကောင်းဆုံးနှင့်အမွန်မြတ်ဆုံးဖြစ်သည်ဟု သင်တွေးဖူးပါသလား။

ကျွန်ုပ်သည် ကတိတော်များကို အသုံးပြုရသည်မှာ အလွန်ပင်

ကြိုက်နှစ်သက်ပါသည်။ မြင့်မြတ်သန့်ရှင်းသောကျမ်းစာထဲက ထောင်

သောင်းချီသောကတိတော်များကို ကျွန်ုပ်ဖတ်ရှုခဲ့ပါသည်။ သို့သော် မည်

သည့်ထူးခြားမှုမျှမရရှိခဲ့ပေ။ ထိုကတိတော်များသည် ကြွယ်ဝခြင်းနှင့်ပြည့်

သော်လည်း ကျွန်ုပ်၏စိတ်နှလုံးမူကား မည်သည့်တောက်လောင်ခြင်းမျှ

မရှိပေ။ သို့သော် ဝိညာဉ်တော်၏လျှောက်ထားခြင်းဖြင့် ကတိတော်တစ်ခု

သည် ကျွန်ုပ်၏စိတ်ဝိညာဉ်ကို “ဆီဥနှင့်အဆီအအိမ့်” (ဆာ၊ ၆၃:၅) ရှိရာ

အိမ်တော်သို့ဆောင်ယူလေ၏။ ထိုဆီဥနှင့်အဆီအအိမ့်တို့သည် သခင်

ဘုရား၏များစွာသောဧလိယတို့အဖို့ (ယနေ့ဧလိယကဲ့သို့သောများစွာရှိ

သည်ကိုဆိုလို) ရက်ပေါင်းလေးဆယ်အတွက် လုံလောက်သောအစာ

အစာဖြစ်သည်။ အလွန်ဒုက္ခရောက်ချိန်နှင့် စမ်းသပ်စစ်ဆေးခြင်းခံရ

ချိန်၌ အောက်ဖော်ပြပါကတိတော်ကို မိမိတို့စိတ်နှလုံးထဲသို့အသုံးပြုရ

သည်မှာ အလွန်ချိုမြိန်ပါသည်တကား။

“သင်သည် ရေကိုရှောက်သွားသောအခါ သင်နှင့်အတူပါရှိ၏။

မြစ်တို့ကိုရှောက်သွားသောအခါ မနစ်မမွန်းရ၊ မီးကို ချင်းနင်းသောအခါ

လည်း မလောင်ရ။ မီးလျှံလည်း မည်ရ “(ဟေရှာ၊ ၄၃:၂)။

သင်က “အို၊ ဒါတွေဟာ စိတ်ခံစားချက်တွေပါ” ဟူ၍ ပြော

ကောင်းပြောပါလိမ့်မည်။ သင့်အဖို့ ထိုသို့မြင်နေရသည်မှာ မှန်ကန်ပါ

သည်။ ဇာတိပကတိလူသည် ဝိညာဉ်တော်နှင့်ဆိုင်သောအရာတို့ကို မသိ

မြင်နိုင်ပေ။ သို့သော်လည်း ကျွန်ုပ်တို့သည် ဝိညာဉ်ရေးရာနှင့်ဆိုင်သောအ

ကြောင်းအရာတို့ကို ဝိညာဉ်ရေးရာစိတ်သဘောရှိသောလူတို့ထံသို့ပြော

ပြနေခြင်းဖြစ်သည် (၁ကော၊ ၂:၁၃-၁၄)။ ဤအရာသည် သူတို့အဖို့ စိတ်

ခံစားချက်သက်သက်မဟုတ်ဘဲ သေခြင်းနှင့်ရှင်ခြင်းကိစ္စပင်ဖြစ်သည်။

အမှုကိစ္စတော်တော်များ၌ ဆင်းရဲပြီး ဒုက္ခရောက်နေသောယုံကြည်သူ

ပေါလောပေါ်နိုင်သည့်အကြောင်းရင်းမှာ သူစွဲကိုင်ထားသည့်ကျမ်းတစ်ပုဒ်

ကြောင့်ဖြစ်သည်။ သူစွဲကိုင်ထားသည့်အရာကို တင်းကျပ်ထားသည့်အ

တွက် ၎င်းကို မည်သည့်အရာကမျှ သူ့ထံမှမယူနိုင်ပေ။

ကျွန်ုပ်တို့စိတ်နှလုံးထဲ၌ သခင်ဘုရား၏နှုတ်ကပတ်တော်ကိုသာ

တောင်းခံရန် မဟုတ်ဘဲ “သမ္မာတရားနှင့်ပြည့်စုံသောထိုဝိညာဉ်တော်

သည် … (ယေရှု) ငါ နှင့်စပ်ဆိုင်သောအရာကိုယူ၍ သင်တို့အား ဖော်ပြ

လိမ့်မည်” (ယော၊ ၁၆:၁၃-၁၄)ဟူ၍ စကားနှင့်အညီ ဝိညာဉ်တော်၏အ

လင်းပေးခြင်းကိုလည်း တောင်းခံကြရမည်။ ကျွန်ုပ်တို့ကယ်တင်ရှင်၏အဖိုး

ထိုက်သောသွေးတော်သည်လည်း ထို့အတူ ရည်ညွှန်းပါသည်။ “သွေးနှင့်

ပြည့်သောဝမ်းချောင်းသည့် ဧမာနွေလ၏သွေးပြန်ကြောမှစီးဆင်းလာရ၏။

ဟူ၍ ဓမ္မသီချင်းတီဆိုတတ်ကြသည်။ သွေ့နှင့်ပြည့်သောရေလှောင်ကန်

ထဲ၌ ရေချိုးခြင်းကို ကျွန်ုပ်တို့ပြောနေပါသည်။ ယုံကြည်ခြင်းသည် စိတ်

ဝိညာဉ်အတွက် ခရစ်တော်၏သွေးကို မတောင်းခံပေ။ ၎င်းသည် သန့်ရှင်း

သောဝိညာဉ်တော်၏အလုပ်ဖြစ်ပေသည်။ ၎င်းကို ယုံကြည်ခြင်းဖြင့် ကျွန်ုပ်

– ရှာဖွေသည်မှာ မှန်ကန်သော်လည်း “ဒုစရိုက်အပြစ် အညစ်အကြေးကို

ဆေးကြောစရာဖို့ စမ်းရေတွင်းသည် ပွင့်လျက်ရှိလိမ့်မည်” (ဇာခ၊ ၁၃:၁)

ဟူသောစကားနှင့်အညီ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်၏အပြစ်

ကို ဆေးကြောတော်မူ၏။

သန့်ရှင်းသောဝိညာဉ်တော်သည် ခရစ်တော်နှင့်ဆိုင်သောအရာ

များကိုရရှိ၍ ကျွန်ုပ်တို့အား ပြသပေး၏။ သွေးတော်သည် သန့်ရှင်းသော

ဝိညာဉ်တော်အားဖြင့် ပက်ဖျန်းခြင်းမရှိပါက ၎င်းကို ကျွန်ုပ်တို့စိတ်နှလုံး

ထဲ၌ တစ်စက်မျှပက်ဖျန်းခြင်းခံရမည်မဟုတ်ပေ။ ထိုသို့ဖြင့် ခရစ်တော်၏

ဖြောင့်မတ်ခြင်း ဝတ်လုံသည် ဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့အတွက်

လုံးလုံးလျားလျားသင့်တော်သည်။ ကျွန်ုပ်တို့သည် မိမိတို့အဖို့ ခရစ်တော်

၏နာခံခြင်းနှင့် ဆီလျော်ရန် ဖိတ်ခေါ်ခြင်းမခံရဘဲ ဝိညာဉ်တော်သည်

ကျွန်ုပ်တို့အဖို့ ခရစ်တော်လုပ်ဆောင်ခဲ့ပြီးသောအရာရှိသမျှတို့ကို ယူ

ဆောင်ပေး၏။ ဝိညာဉ်တော်ကို တောင်းလျှောက်ပါ။ ထိုအခါ သင်သည်

နှုတ်ကပတ်တော်ကိုရရှိမည်။ သွေးတော်ကိုရရှိမည်၊ ခွင့်လွှတ်ခြင်းကိုရရှိ

မည်၊ ကျေးဇူးတော်ကိုရရှိမည်။ သင်သည် အချည်းနှီးတောင်းလျှောက်

သည်မဟုတ်။ ထာဝရဘုရားသခင်သည် သင့်အား “ငါ့ဝိညာဉ်ကို သင့်အ

ထဲ၌ သွင်းပေးမည်ဟု ကတိပေးသောကြောင့်ဖြစ်သည်။

သန့်ရှင်းစင်ကြယ်စေသူ သန့်ရှင်းသောဝိညာဉ်တော်

ယခုတွင် သန့်ရှင်းသောဝိညာဉ်တော်ကို သန့်ရှင်းစင်ကြယ်စေ

သူအဖြစ် ကျွန်ုပ်တို့လက်ခံရမည်ဟူသော အလွန်အရေးပါသည့်အချက်

ကိုကျွန်ုပ်တို့အလေးထားဖို့ လိုအပ်ပါသည်။ စိတ်နှလုံးကိုသန့်ရှင်းစင်ကြယ်

စေခြင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏အကြီးမြတ်ဆုံးအလုပ်များထဲ

မှတစ်ခုဖြစ်ပါသည်။ စိတ်ဝိညာဉ်ကို အပြစ်ထဲမှသန့်စင်ခြင်းသည် ကြီးမြတ်

သောအလုပ်ဖြစ်ပါသည်။ တစ်စုံတစ်ဦးက ကျားသစ်၏အကွက်အကျားကို

လည်းကောင်း၊ အဲသယောလူ၏အသားအရေကိုလည်းကောင်း ပြောင်း

လဲစေနိုင်လျှင် အလွန်ကြီးမြတ်ပေမည် (ယေရ၁၃:၂၃)၊ ကျွန်ုပ်တို့၏အ

ပြစ်သည် အရေပြားရောဂါထက် သာ၍နက်ရှိုင်းပြီး မိမိတို့၏ဗိထဲသို့ဝင်

ရောက်ပြီးဖြစ်သည်။ အကယ်၍ ကျွန်ုပ်တို့၏အပြင်ပန်းသည် ဖြူဝင်သည်

အထိဆေးကြော၍ စင်ကြယ်စေသော်လည်း မနက်ဖြန်မတိုင်မီ ပြန်လည်

ညစ်ညမ်းသွားပေမည်။ အစွန်းအထင်းများကို ယနေ့ဖယ်ရှားသော်လည်း

နောက်ရက်တွင် ထိုအစွန်းအထင်းများပြန်ပေါ်လာပါလိမ့်မည်။ ကျွန်ုပ်တို့

ပြုသောအမှုများနှင့်ကျင့်ကြံသမျှတို့၌ အပြစ်စွန်းထင်းလျက်ရှိသည်။ သင်

သည် သင့်အသားကို တိုက်ချွတ်ဆေးကြောနေသော်လည်း အဓိကအရာ

ကိုညစ်ညမ်းစေပါသည်။ ကျွန်ုပ်တို့၏အဖြစ်သည် နူနာရောဂါသဖွယ်ဖြစ်

ပြီး ကျွန်ုပ်တို့၏အတွင်းပီဇ၌ နှုတ်ပယ်၍မရအောင် စွဲကပ်နေပါသည်။

မည်သို့ဖြစ်စေကာမူ သန့်ရှင်းသောဝိညာဉ်တော်သည် စိတ်

ဝိညာဉ်ကို သန့်ရှင်းစင်ကြယ်စေသောသူဖြစ်ပြီး လူတစ်ဦး၏အသက်တာ

ပြောင်းလဲခြင်းရှိသောအခါ စိတ်နှလုံးထဲသို့ဝင်ရောက်ကာ သန့်ရှင်းစင်

ကြယ်ခြင်းအလုပ်ကို စတင်လုပ်လျက်ရှိသည်။ ဝိညာဉ်တော်သည် ထိုသူ

၏စိတ်နှလုံးကို ပြန်လည်ရရှိ၍ ဘုန်းတော်နှင့်ပြည့်သောကောင်းကင်နိုင်ငံ

တော်၌ နေထိုင်ရန်သင့်တော်ပြီး အပြစ်အနာအဆာနှင့်ကင်းလျက် ပြည့်စုံ

သောစိတ်နှလုံးသန့်ရှင်းစင်ကြယ်ခြင်းသို့ရောက်သည့်တိုင်အောင် ကျေးဇူး

တော်တရား၏ဆီကို ထိုသူအပေါ်၌ မရပ်မနားသွန်းလောင်းခြင်းအားဖြင့်

နေ့စဉ်သန့်ရှင်းစင်ကြယ်ခြင်းသို့ပို့ဆောင်လျက်နေသည်။

လူတစ်ဦးအပေါ် သန့်ရှင်းသောဝိညာဉ်တော်၏သန့်ရှင်း စင်

ကြယ်စေခြင်း နည်းလမ်းကား ဦးစွာစိတ်ဝိညာဉ်အား အပြစ်၏အနိဌာရုံကို

ပြသပြီး ထိုစိတ်ဝိညာဉ်အား အပြစ်၏အနိဌာရုံကို မုန်းတီးစေပါသည်။ ထို

ဝိညာဉ်တော်က အပြစ်ကို သေစေနိုင်သောအနိဌာရုံအဖြစ်နှင့်အဆိပ်အ

တောက်အဖြစ် ဆက်လက်ပြသလိုက်လေသည်။ စိတ်ဝိညာဉ်သည် ထို

အပြစ်၏အနိဋ္ဌာရုံကို စတင်မုန်းတီးလာသောအခါ သန့်ရှင်းသောဝိညာဉ်

တော်က နောက်ထပ်တစ်ခုလုပ်ဆောင်သည့်အရာကား ယေရှုခရစ်တော်

၏သွေးတော်သည် အပြစ်ရှိသမျှကို ဖယ်ရှားပစ်သည်ဟူသောအရာကို

ပြာသလိုက်ခြင်းပင်ဖြစ်သည်။ ထိုအကြောင်းအရာပေါ်၌ အခြေခံလျက်

ဝိညာဉ်တော်သည် စိတ်ဝိညာဉ်အား အပြစ်နှင့်ပတ်သက်၍ သူပြုသည်

ထက် သာ၍မုန်းတီးခြင်းသို့ပို့ဆောင်ပေးလေသည်။ သန့်ရှင်းသောဝိညာဉ်

တော်သည် စိတ်ဝိညာဉ်ကို “အာဗေလ၏သွေးထက် သာ၍မြတ်သော

အရာကို မြွက်ဆိုသည့် ပက်ဖျန်းသောသွေးတော်သို့* (ဟေဗြဲ၊ ၁၂:၂၄)

ခေါ်ဆောင်သွားသည်။ ဝိညာဉ်တော်သည် ခရစ်တော်၏သွေးတော်ကို

ညွှန်ပြလျက် သင်သည် “ကောင်းသောအကျင့်ဘက်၌ စိတ်အားကြီး၍

ပိုင်ထိုက်တော်မူသောအမျိုး”(တိ၊ ၂:၁၄) ဖြစ်စေရန် ယေရှုသည် သင့်ကို

မိမိအဖို့ ဝယ်ယူခြင်းငှာ သွေးသွန်းလေပြဟု မိန့်ဆို လေ၏။

နောက်ပိုင်းတွင် သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်

သားသမီးများ၏စိတ်နှလုံးထဲ၌ အပြစ်ကျူးလွန်ခြင်းကို အခွင့်ပေးတတ်၏။

ထိုသို့ဖြင့် သူတို့သည် အနာဂတ်၌ သာ၍မြတ်သောစောင့်ကြည့်ခြင်းနှင့်

ဂရုစိုက်ခြင်းအားဖြင့် သာ၍အားကောင်းသောချုပ်တည်းမှုကိုခံကြရမည်

ဖြစ်သည်။ ကောင်းကင်အမွေခံသားသည် အပြစ်နွံထဲ၌ မွေ့လျော်သော

အခါ သန့်ရှင်းသောဝိညာဉ်တော်သည် ထိုသူအပေါ်သို့သန့်ရှင်းစင်ကြယ်

ခြင်းနှင့်ဆိုင်သည့်ဆုံးမခြင်းကို စေလွှတ်တတ်သည်။ သို့မှသာ မိမိ၏အပြစ်

ကြောင့် ဝမ်းနည်းကြေကွဲ၍ အပြစ်နွံထဲမှပြန်လှည့်ကာ တစ်ဖန်သန့်ရှင်း

စင်ကြယ်ခြင်းကိုခံစားရမည်ဖြစ်သည်။ ထိုသူ၏ဩတ္တပ္ပစိတ်၊ ခံစားချက်နှင့်

စိတ်သောကတို့သည် သူ၏စိတ်နှလုံးကိုဆုံးမခြင်းကိုဖယ်ရှားပေးပြီး အပြစ်

ကိုထုတ်ပယ်သောခရစ်တော်ထံသို့ တွန်းပို့ပေးလေသည်။

ချစ်သောမိတ်ဆွေ၊ သင်၏သန့်ရှင်းခြင်း ရှိသမျှတို့သည် သန့်ရှင်း

သောဝိညာဉ်တော်၏လုပ်ဆောင်ချက်ဖြစ်သည်ကို အောက်မေ့လော့။

သင့်အား သန့်ရှင်းသောဝိညာဉ်တော်မပေးဘဲ မည်သည့်ကျေးဇူးတော်မျှ

မရရှိနိုင်ပေ။ သင့်အထဲ၌ ဝိညာဉ်တော်မလုပ်ဆောင်သောအကျင့်သီလ

ကောင်းဟူ၍လုံးဝမရှိပေ။ သင့်အထဲ၌ ဝိညာဉ်တော်အားဖြင့် မဟုတ်သော

ကောင်းမြတ်ခြင်းကို သင့်အား ပေးလေ့မရှိပေ။ ထို့ကြောင့် သင်၏အကျင့်

သီလကောင်းနှင့်ကျေးဇူးတရားများကြောင့် မဝါကြွားမိပါနှင့်။ ဟိုးအရင်က

အလွယ်တကူဒေါသကြီးသောသင်သည် ယခုတွင် မိမိ၏စိတ်ကိုချုပ်တည်း

နိုင်ပြီမဟုတ်လော။ ထိုအမှုကြောင့် လေလုံးမထားမိပါနှင့်။ သင့်အထဲ၌

ကျိန်းဝပ်လျက်ရှိသည့်ဝိညာဉ်တော်မကူညီပါက သင်သည် တစ်ဖန်ဒေါသ

ထွက်ပါလိမ့်မည်။ တချိန်က မသန့်ရှင်းသောသင်သည် ယခုသန့်ရှင်းစင်

ကြယ်ပြီမဟုတ်လော။ သင်၏သန့်ရှင်းခြင်းကြောင့် ကြွားလုံးမထုတ်ပါနှင့်။

ထိုသန့်ရှင်းခြင်းမျိုးစေ့သည် အထက်ကောင်းကင်အရပ်မှ သင့်ထံသို့

ရောက်လာပြီး ဝိညာဉ်တော်၏မစခြင်းမရှိဘဲ ၎င်းသည် မည်သည့်အခါမျှ

မကြီးထွားနိုင်ပေ။ ၎င်းသည် ဘုရားသခင်၏ကျေးဇူးသက်သက်ကြောင့်

သာ ကျွန်ုပ်တို့ရရှိခံစားကြသည်။

ယုံကြည်မှုမရှိခြင်းသည် သင့်ကို အနိုင်ယူနေပါသလား။ သင်၏

တဏှာကြီးခြင်း၊ သင်၏ဆိုးယုတ်သောစိတ်ထက်သန်ခြင်း၊ သင်၏ဖောက်

ပြန်သောလိုအင်ဆန္ဒတို့သည် သင့်ကိုစိုးမိုးနေပြီလား။ “ထ၍ သွားလော့”

ဟု ကျွန်ုပ်ပြောမည်မဟုတ်၊ သခ်သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်

ပြည့်ဝမည်အကြောင်း၊ ဘုရားသခင်ထံသို့ပြင်းထန်စွာငိုကြွေးလော့ဟူ၍

သာ သင့်ကို ကျွန်ုပ်တိုက်တွန်းမည်။ ထိုအခါ သင်သည် နောက်ဆုံးတွင်

အောင်မြင်၍ အလုံးစုံသောအပြစ်တရားတို့အပေါ်၌ သာ၍အောင်မြင်

သောသူဖြစ်လာမည် (ရော၊ ၈:၃၇)။ အကြောင်းမှာ သခင်ဘုရားက “မြ

ဝိညာဉ်ကို သင်တို့အထဲ၌ သွင်းပေးမည်”ဟု ဆို၏။

လမ်းပြသူ သန့်ရှင်းသောဝိညာဉ်တော်

ဘုရားသခင်၏ဝိညာဉ်တော်သည် ကယ်တင်ခြင်းအမွေခံသူများ

အတွက် လမ်းပို့ဆောင်ပေးသော ဝိညာဉ်တော်အဖြစ်လည်းကောင်း၊

သူတို့အား ကြည့်ရှုစောင့်ရှောက်ခြင်း လမ်းစဉ်၌ လမ်းပြပေးသူအဖြစ်

လည်းကောင်း ကတိပေးခြင်းဖြစ်သည်။ “သမ္မာတရားနှင့်ပြည့်စုံသောထို

ဝိညာဉ်တော်သည် ရောက်လာသောအခါ သမ္မာတရားကို သင်တို့အား

အကြွင်းမဲ့သွန်သင်ပြသလိမ့်မည်” (ယော၊ ၁၆:၁၃)။ “သွားလေရာရာ၌

ရဘုရားကို မျက်မှောက်ပြုလော့။ သို့ပြုလျှင် သင်၏လမ်းခရီးတို့ကို

ပံ့စ်တော်မူမည်” (သု၊ ၃၆)။

သင်သည် အဘယ်လမ်းရွေးချယ်ရမည်ကိုမသိသောအခါ သင့်

အား “ဤမည်သောလမ်းသည် မှန်၏။ ဤလမ်း၌ သွားလာ” (ဟေရှာ၊၃ဝး၂၁) ဟူ၍ဘုရားသခင်မိန့်ဆိုခဲ့သည်အတိုင်း သင်သည် သန့်ရှင်းသော

ညာဉ်တော်၏အသံကို စောင့်ဆိုင်းလျက်နေသောအခါ မှန်ကန်သော

ခွန်အားနှင့် မှန်ကန်သောဉာဏ်ပညာသည် သင့်အထဲ၌ တွေ့ရှိရသည်ကို

အောက်မှ။ စာရေးသူကျွန်ုပ်ကိုယ်တိုင် ဤအခြေခံသဘောတရား

သင်ယူခဲ့ပြီဖြစ်၍ ဘုရားသခင်၏သားသမီးအယောက်တိုင်းသည်လည်း

အခက်အခဲများကြားထဲရောက်သွားသောအခါ မင်္ဂလာရှိလှသောသန့်ရှင်း

သောဝိညာဉ်တော်၏လမ်းပြပို့ဆောင်ခြင်းကို အမှန်တကယ်ထိတွေ့ခံစား

ကြမည်ဟု ယုံကြည်စိတ်ချပါသည်။

သန့်ရှင်းသောဝိညာဉ်တော်သည် သင့်ကို လမ်းပြရန် သင်ဆု

တောင်းဖူးပါသလား။ သင်သည် ဆုတောင်းနေလျက်ပင် မှားယွင်းခြင်း

နောက်သို့လိုက်နေသည်ကို ကြုံဖူးပါသလား။ ထိုသို့သောဆုတောင်းခြင်း

သည် မှားယွင်းသည်ဟု ကျွန်ုပ်မဆိုလိုဘဲ မိမိတို့၏စိတ်နှလုံးသည် ဆု

တောင်းထားသည့်အတိုင်း အမှန်တကယ်လိုက်လျှောက်ခြင်း ရှိမရှိကို

ဆိုလိုခြင်းဖြစ်သည်။

“ထာဝရဘုရား မိန့်တော်မူသည်ကား ပုန်ကန်သောအမျိုးသား

တို့သည် အမင်္ဂလာရှိကြ၏။ သူတို့သည် ငါ့ကို အမှီမပြုဘဲ အချင်းချင်း

တိုင်ပင်ကြ၏။ ငါ့ဝိညာဉ်အခွင့်မရှိဘဲ မိဿဟာယဖွဲ့၍ အထပ်ထပ်အပြစ်

ရောက်ကြ၏”(ဟေရှာ၊ ၃၀: ၁)

“ဖာရောဘုရင်၏ဘုန်းကိုအမှီပြု၍ အဲဂုတ္တုအရိပ်ကို ခိုလှုံခြင်းငှါ

ငါ့နှုတ်ထွက်ကို အခွင့်မပန်ဘဲ အဲဂုတ္တုပြည်သို့ရောက်အောင် သွားကြ၏။

(ဟေရှာ၊ ၃၀:၂)

ပုန်ကန်တတ်သောသူတို့သည် မည်သည့်အခါမျှ ဘုရားသခင်၏

ခွင့်ပြုချက်မရရှိဘဲ သူတို့အား ဘုရားသခင်က ကောင်းချီးပေးသနားရန်

တောင်းလျှောက်တတ်ကြသည်။ ထိုသို့ပြုမည့်အစား အခြားတစ်စုံတစ်ဦး

(ဝါ) အခြားတစ်ခုအပေါ် ခိုလှုံကိုးစားခြင်းကို စွန့်လွှတ်ခြင်းဖြင့် အစပြုရ

မည်။ထိုအခါ “ကိုယ်အမူအရာကို ထာဝရဘုရား၌ အပ်လော့။ ကိုယ်တော်

ကို ကိုးစားလော့” (ဆာ၊ ၃၇:၅) ဟူသော ကိုယ်တော်၏ကတိတော်ကို

သက်သေရရှိမည်ဖြစ်သည်။ အို ဘုရားသခင်၏သားအသင်၊ “ရဲရင့်သော

စိတ်နှင့် ကျေးဇူးတော်ပလ္လင်တော်သို့တိုးဝင် ချဉ်းကပ်ကြကုန်အံ့” (ဟေဗြဲ၊

၄:၁၆) ဟူသောကတိတော်ကို ဝန်ခံလိုက်ပါ။ ကိုယ်တော်၊ သန့်ရှင်းသော

ဝိညာဉ်တော်၏ထွက်သက်ဝင်သက်အားဖြင့် လေဟုန်ကဲ့သို့ရွေ့လျားရန်

အလိုရှိပါသည်ဟု ပြောလိုက်ပါ။ ကိုယ်တော်၊ ကျွန်ုပ်ရှိပါ၏။ ကိုယ်တော်

လက်တော်၌ မတုန်မလှုပ်ရှိစေတော်ပါ။ ပျော်ရွှင်စွာဖြင့် ကိုယ်တော်၏

အလိုတော်ကို ကျွန်ုပ်သိရပါစေသော၊ ကိုယ်တော်၏အလိုတော်တစ်ခု

တည်းအားဖြင့်သာ ဝမ်းမြောက်စွာကျွန်ုပ်လုပ်ဆောင်ပါမည်။ “ကောင်းမြတ်

သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော

ဘုရားသခင်အလိုရှိသောအရာသည် အဘယ်အရာဖြစ်သည်ကို” ကျွန်ုပ်

အားပြသတော်မူပါ (ရော၊ ၁၂:၂)။ အဘယ်သို့ပြုရမည်နှင့်ဘယ်အရာ

ရှောင်ကြဉ်ရမည်ကို ကျွန်ုပ်အား သွန်သင်တော်မူပါ။

သင်တို့ထဲမှတချို့က ဤသို့ပြုခြင်းသည် လုံးဝအယူသန်ခြင်းဖြစ်

သည်ဟုထင်လျက် သန့်ရှင်းသောဝိညာဉ်တော်သည် လူတို့အား သူတို့

လိုက်လျှောက်သင့်သည့်လမ်းသို့

ပို့ဆောင်ပေးသည်ကို မယုံကြည်ကြပေ။

အကယ်၍ သင်သည် ဝိညာဉ်တော်၏လမ်းပြပို့ဆောင်ခြင်း တစ်ခါမျှမခံ

သေးပါက ထိုအရာသည် သင်မျှော်လင့်ရမည့်အရာပင်ဖြစ်သည်။ သို့ရာ

တွင် လူတစ်ဦးသည် မိမိမမြင်ဖူးသည့်အရာ/မိမိမခံစားဖူးသည့်အရာကို

ပြောနေလျှင် ၎င်းကို အာရုံစိုက်ပြီး ယုံကြည်ရန် အလွန်ခက်ခဲစေပါသည်။

မည်သို့ပင်ဖြစ်စေ သခင်ဘုရား၏လူတို့က သင့်အား သူတို့သည်

ဝိညာဉ်တော်၏ပို့ဆောင်ခြင်းကိုခံကြရသည်ဟု ပြောဆိုသော်လည်း ထိုသူ

တို့၏စကားလုံးများကို သေသေချာချာနှလုံးသွင်းစဉ်းစားပြီး မိမိကိုယ်တိုင်

ဝိညာဉ်တော်၏ပို့ဆောင်ခြင်းခံရရန် တောင်းခံဖို့ အကြံပြုလိုပါသည်။ သင်

ဆင်းရဲဒုက္ခကြုံတွေ့ရချိန်တိုင်း၌ ကလေးငယ်တစ်ဦးကဲ့သို့ ဘုရားသခင်

ထံတိုးဝင်ချဉ်းကပ်ခြင်းသည် ကောင်းသောအရာဖြစ်ပေသည်။ အကောင်း

ဆုံးနှင့်အလုံခြုံဆုံး တိုင်ပင်ရမည့်အကြံဉာဏ်ပေးနိုင်သူ/သင့်အား လမ်း

ညွှန်ချက်များအပေါ် လုံခြုံစိတ်ချစွာလိုက်လျှောက်စေရန် လမ်းပြပေးသူ

သင်လုံခြုံစိတ်ချစွာအမှီပြုနိုင်ရန် အကာအကွယ်ပေးမည့်မိတ်ဆွေတည်း

ဟူသန့်ရှင်းသောဝိညာဉ်တော်သည် ယနေ့ယေရှုခရစ်တော်၏တ

ပည့်တော်များနှင့် ခရစ်တော်၏အသင်းတော်ထဲတွင် ကိုယ်တိုင်ကိုယ်ကျ

ပါဝင်လျက်သည်။ သင့်အား မိမိ၏အမြော်အမြင်

ရှိသောဉာဏ်တော်ဖြင့်

လမ်းညွှန်ပေးခြင်းအတွက် သင့်စိတ်နှလုံးထဲမှကျေးဇူးတင်ရှိခြင်းနှင့်ကျေးဇူး

တော်ချီးမွမ်းခြင်းမှတစ်ပါး သင်သည် အဘယ်အခကြေးငွေမျှပေးစရာမလို

နှစ်သိမ့်ပေးသူ သန့်ရှင်းသောဝိညာဉ်တော်

သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်၏သားသမီးတို့

အား နှစ်သိမ့်ပေးသောဝိညာဉ်တော်အဖြစ် ပေးသနားခြင်းဖြစ်သည်။ ဤ

အရာသည် သူ၏ထူးခြားသောအမှုဆောင်ခြင်းဖြစ်သည်။ ရုတ်တရက်

ရောက်လာတတ်သည့်ကြီးစွာသောဝမ်းနည်းဖွယ်ပြဿနာမတိုင်မီ သင်၌

ရှင်းမပြနိုင်လောက်အောင် ဝမ်းမြောက်သောအသက်တာကို ခံစားဖူးပါသ

လား။ သင်သည် အဘယ်ကြောင့် အလွန်ပျော်ရွှင်ပြီး ငြိမ်သက်နေသည်

ကိုကောင်းကောင်းသိရှိထားပြီးပရာဒိသုဘုံ၏သမုဒ္ဒရာအပေါ်မှာ ပေါလော

ပေါ်နေသကဲ့သို့ မိမိကိုယ်ကိုထင်ရလိမ့်မည်။ သင်၏ငြိမ်းချမ်းသောစိတ်

နှလုံးကို ဖရိုဖရဲဖြစ်စေမည့်မုန်တိုင်းဟူ၍ မရှိတော့ပေ။ အရာအားလုံးသည်

ကြည်လင်ငြိမ်းအေးပြီး ငြိမ်သက်လျက် နေပါသည်။ လောက၏သာမန်

စိုးရိမ်ဖွယ်ရာနှင့်ပူပင်သောကများအားဖြင့် သင်သည် စိတ်အနှောင့်အ

ယှက်မဖြစ်တော့ပေ။ သင်၏စိတ်နှလုံးတစ်ခုလုံးသည် မြင့်မြတ်သောနှုတ်

ကပတ်တော်အပေါ် ဆင်ခြင်နှလုံးသွင်းခြင်း၌ စုပ်ယူခံစားလျက်နေသည်။

နောက်ပိုင်းတွင် သင့်အပေါ် ဒုက္ခပြဿနာရောက်လာသော်လည်း သင်က

“အခု ဒါတွေအားလုံးကို ငါ သဘောပေါက်ပြီ။ နှစ်သက်ဖွယ်ကောင်းတဲ့

ဒီငြိမ်သက်ခြင်းရဲ့ ဆိုလိုရင်းကို သဘောမပေါက်မီ ပျော်ရွှင်မှုဟာ တိတ်

ဆိတ်နေသလိုခံစားရတယ်။ ဒါပေမဲ့ အခုချိန်မှာ ဒီဒုက္ခပြဿနာတွေဟာ

မိမိရဲ့ ပတ်ဝန်းကျင်အတွက် ငါ့ကို ပြင်ဆင်စေဖို့ ပုံဖော်နေခြင်းသာဖြစ်

တယ်။ တကယ်လို့ ဒီပြဿနာတွေက ငါ့ကိုရိုက်ခတ်လာတဲ့အခါမှာ ငါဟာ

အောက်တန်းကျပြီး စိတ်ဓာတ်ကျနေမယ်ဆိုရင် အဲဒီဟာက ငါ့ရဲ့ နှလုံး

သားကို ဖျက်ဆီးသွားမှာပါ။ ဒါပေမဲ့ ကျေးဇူးတော်ကြောင့် ခုချိန်မှာ ဒါဟာ

ဘာလဲဆိုတာကို ဒီကျမ်းချက်က ရှင်းလင်းစွာ ဖော်ပြပေးတဲ့အတွက်

သဘောပေါက်သွားပါပြီ။” “အကြောင်းမူကား ငါတို့ခေတ္တခံရသောပေါ့ပါး

သည့်ဆင်းရဲဒုက္ခသည် အတိုင်းထက်အလွန်ထူးမြတ်၍ လေးနက်သော

ထာဝရဘုရားဘုန်းအသရေကို ငါတို့အတွက်ဖြစ်စေ၏” (၂ကော၊ ၄:၁၇

စံမီကျမ်း)။

သန့်ရှင်းသောဝိညာဉ်တော်နှစ်သိမ့်မှုကိုရရှိရန် ဆင်းရဲဒုက္ခခံရ

ခြင်းသည် အကျိုးနပ်သည်ဟု ကျွန်ုပ်ယုံကြည်ပါသည်။ ဝမ်းမြောက်ခြင်း

အကြောင်းကိုနားလည်ရန် ဘဝမုန်တိုင်းကို ကြံ့ကြံ့ခံခြင်းသည် အကျိုး

နပ်ပေ၏။

တစ်ခါတစ်ရံ ကျွန်ုပ်၏စိတ်နှလုံးသည် ပြက်ရယ်ပြုခြင်း၊ အရှက်

ရခြင်းနှင့်အထင်သေးခြင်းတို့ကြောင့် တုန်လှုပ်မိသည်။ ကျွန်ုပ်ထက်ကောင်း

သည်ဟုယူဆရသည့် လုပ်ဖော်ဆောင်ဖက်တစ်ဦးသည် ကျွန်ုပ်ကိုပုတ်

ခတ်ပြောဆိုလာသည်။ ကျွန်ုပ်သည် ကျွန်ုပ်၏အသင်းသားတစ်ဦးအတွက်

မှားယွင်းသောပုံစံဖြင့် ထင်ရှားမိသောကြောင့် ကျွန်ုပ်ထံမှထွက်သွားပြီး

အကြောင်းမဲ့စွာ ကျွန်ုပ်ကိုမုန်းတီးလာပါသည်။ မည်သို့ပင်ဖြစ်စေ ၎င်းသည်

အမှန်ဖြစ်ပျက်ခဲ့သည်။ အကယ်၍ အသင်းတော်တစ်ခုလုံးသည် ကျွန်ုပ်ကို

ကျောခိုင်း၍ ကမ္ဘာကြီးတစ်ခုလုံးလည်း ကျွန်ုပ်ကို မနှစ်သက်ကြောင်း အသံ

ပြုလာပါက ထိုအမှုများက ကျွန်ုပ်ကိုတုန်လှုပ်စေမည်မဟုတ်ပေ။ ဝိညာဉ်

ရေးရာအလင်း၏တောက်ပသောရောင်ခြည်သည် ကျွန်ုပ်စိတ်နှလုံး၌ ပြည့်

လာ၍ ကျွန်ုပ်အတွက် “ငါချစ်ရာသခင်သည် ကိုထိုင်တော်မူ၏။ သည်

လည်း သခင်ကိုဆိုင်ပေ၏” (ရှောလ၊ ၆:၃) ဟူသောစကားလုံးများဖြင့်

ယေရှု၏တိုးတိုးပြောသံကို ကျွန်ုပ်ကြားရပေမည်။

အို ချစ်ရသောမိတ်ဆွေ၊ ကျွန်ုပ်လုပ်နိုင်မည်ဆိုပါက သင့်ကို ဤ

ကျမ်းစကား၏နက်နဲရာသို့ ဆက်လက်ခေါ်ဆောင်သွားချင်သည်။ သို့သော်

ကျွန်ုပ်မတတ်နိုင်သောကြောင့် ဤကျမ်းစကားကို သင်နှင့်အတူ ဤနေရာ

မှာပဲ ထားခဲ့မည်။ ထိုကျမ်းစကားမှာ ပျားရည်ကဲ့သို့ချိုမြိန်ပါသည်။ ထိုကျမ်း

စကားကို သင်၏နှုတ်ခမ်း၌ထားလျက် ဝါးကြည့်ပါက ပျားရည်ကဲ့သို့ပြန်

သောအရသာထွက်ရှိလာပါလိမ့်မည်။ ထိုကျမ်းစကားထဲက ပျားရည်ကိုရ

ယူကြည့်လိုက်ပါ။ ကိုယ်တော်က “သည်ကို သတင်း

မည်” ဟု မိန့်ဆိုပါသည်။

ကျေးဇူးတော်ရှင် သန့်ရှင်းသောဝိညာဉ်တော်

လုံးလုံးယုံမှားဖွယ်မရှိသော အယောက်စီတိုင်း၏ကယ်တင်ခြင်း

ကိုမိတ်ဆွေရှုမြင်ရပါသလား။ သို့မဟုတ် ဘုရားသခင်၏အစ္စရေးမျိုးနွယ်စု

အယောက်တိုင်းသည် ကယ်တင်ခြင်းခံရမည်မှာ အသေအချာမဟုတ်ဟု

ဆိုပါသလား။ “ငါ့ဝိညာဉ်ကိုသင်တို့အထဲသို့သွင်းပေးမည်” ဟု ရေးသားရာ

တွင် ဘုရားသခင်သည် သူ့ဝိညာဉ်ကို လူတို့အထဲသို့သွင်းပေးသောအခါ

ထိုလူတို့သည် အံ့အားသင့်ဖွယ်ဖြစ်မည်ဟု သင်ယူဆပါသလား။ ဘုရား

သခင်သည် သူ့ဝိညာဉ်ကို လူတို့အထဲသို့သွင်းပေးသော်လည်း ထိုလူတို့

သည် ပျက်စီး၍ပျောက်ဆုံးနိုင်သည်ဟုသင်ယုံကြည်ဂုံပါသလား။ ချစ်သော

မိတ်ဆွေ၊ ထိုသို့ယုံကြည်ကောင်းယုံကြည်နိုင်သည်။ သို့သော် ဘုရားသခင်

ယူဆသောအရာကို သင့်အား ကျွန်ုပ်ပြောပြပါမည်။ “ပညာဉ်ကိုလည်း

သင်တို့အထဲသို့သွင်းပေးသဖြင့် သင်တို့သည် ငါ၏တရားလမ်းထဲသို့လိုက်

၍ ငါစီရင်တော်မူချက်တို့ကို စောင့်ရှောက်ကြလိမ့်မည်” (ယေဇ၊ ၃၆:၂၇)။

အပြစ်သားတို့သည် သူတို့၏ဆိုးညစ်သောအပြစ်များကြောင့် ဘုရားသခင်

နှင့်ဝေးကွာကြ၏။ သူတို့သည် အသက်ကိုရရှိခြင်းငှာ ဘုရားသခင်ထံသို့

မလာကြပေ (ယော၊ ၅: ၄၀)။ သို့သော်လည်း ဘုရားသခင်က “ငါ့ဝိညာဉ်

ကို သူတို့အထဲသို့သွင်းပေးမည်” ဟုမိန့်ရာတွင် သူတို့ကို သူ့ထံသို့အနိုင်

အထက်သွေးဆောင်မည်။

လူ၏လိုအင်ဆန္ဒအပေါ် မူတည်သည့်ကယ်တင်ခြင်းဩဝါဒအား

ဖြင့် ဘုရားသခင်ကိုကြည်ညိုရန် အားထုတ်ခြင်းသည် အချည်းနှီးဟန်

အောင်ခြင်းသာဖြစ်သည်။ ထိုသို့ပြုခြင်းသည် မှန်ကန်မည်ဆိုပါက သင်က

ဘုရားသခင်အား “အို သခင်ဘုရား၊ ကိုယ်တော်ပြုပေးတဲ့အမှုအတွက်

ကိုယ်တော်ကိုကျေးဇူးတင်တယ်။ ကျွန်ုပ်တို့ကိုများစွာပေးသနားတဲ့အတွက်

ကိုယ်တော်ရဲ့ နာမတော်နှင့် ထိုက်တန်တဲ့ဆုလက်ဆောင်ကို ကျွန်ုပ်တို့

ပြန်ပေးကြတယ်။ ကျွန်ုပ်တို့ဒီထက်မက များစွာလိုက်သန်ဦးမည် လို့လည်း

ယုံကြည်ကြတယ်”ဟူ၍ ဆုတောင်းပါလိမ့်မည်။ ချစ်သောမိတ်ဆွေ၊ ဘုရား

သခင်၏အခမဲ့ကျေးဇူးတော်မှမပါနှင့်။ လူတို့၏အခမဲ့ ထောင်ကြဉ်းပေး

မှုဆိုသည်မှာ မုသားသာဖြစ်ပြီး ခရစ်တော်၏သမ္မာတရားနှင့်ဝိညာဉ်တော်

၏သင်ကြားခြင်းနှင့် လုံးလုံးဆန့်ကျင်နေပါသည်။

ရွေးကောက်ခံရသူတိုင်းအတွက် ကယ်တင်ခြင်းသည် အလွန်

ယုံကြည်စိတ်ချရသည်။ ထိုကယ်တင်ခြင်းသည် လူ၏အလိုရှိခြင်းပေါ်၌

မမူတည်ဘဲ “တန်ခိုးတော်ပြသောနေ့ရက်ကာလ၌ ကြည်ညိုသောစိတ်

တနာရှိ၍” (ဆာ၊ ၁၁၀:၃) ဟူ၍ ဖော်ပြသည့်အတိုင်း ဘုရားသခင်အလိုရှိ

စေသောကြောင့်ဖြစ်သည်။ လူသည် ခွဲခန့်သတ်မှတ်သောအချိန်၌ ခေါ်ယူ

ခြင်းခံရပြီး ရွေးနုတ်သောအရှင်၏တန်ခိုးတော်ကို အောင်ပွဲခံစေခြင်းငှာ

စိတ်နှလုံးပြောင်းလဲခြင်းသို့ ရောက်ရှိသွားမည်ဖြစ်သည်။ အစပိုင်းတွင်

ထိုသူ၏အလိုမရှိခြင်းမှာ အဟန့်အတားကြောင့်မဟုတ်ပေ။ ဘုရားသခင်

သည် သူ့ကို အလိုရှိစေပြီးလျှင် သူသည်လည်း အလိုရှိလာမည်ဖြစ်သည်။

ထို့ကြောင့် ကောင်းကင်အမွေခံသူတိုင်းသည် ကယ်တင်ခြင်းသို့ရောက်ရှိ

ကြမည်။ အကြောင်းမှာ ဝိညာဉ်တော်သည် ထိုသူ၏အထဲသို့သွင်းပေး

သောကြောင့်ဖြစ်သည်။ ထိုသူ၏ပင်ကိုယ်စိတ်နှင့်ချစ်ခြင်းမေတ္တာသည်

လည်း ဘုရားသခင်၏အလိုတော်အတိုင်း ပုံသွင်းခြင်းခံရမည်။

သန့်ရှင်းသောဝိညာဉ်တော်မရရှိဘဲ ကယ်တင်ခြင်းသို့ရောက်နိုင်

သည်ဟု မိမိကိုယ်ကိုမှတ်ယူသောသူသည် အလွန်မိုက်မဲပြီး အသက်တာ

မရေရာသောသူသာဖြစ်သည်။ သုံးဆယ်ရှစ်နှစ်ပတ်လုံး ရောဂါစွဲသော

ဆင်းရဲသားတစ်ဦးသည် သေသဒရေကန်နားမှာနေလျက် ထိုရေနှင့်

အစဉ်နီးစပ်နေသော်လည်း ထိုရေကန်ထဲသို့မည်သည့်အခါမျှ ကိုယ်တိုင်

မရောက်ရှိသကဲ့သို့(ယော၊၅:၂-၇)တစ်ခါတစ်ရံလူတို့သည် ကယ်တင်ခြင်း

သို့မရောက်ဘဲ ကယ်တင်ခြင်းအနား၌သာ တဝဲဝဲလည်နေတတ်ကြသည်။

အပြင်ပိုင်းအကျင့်စရိုက်၌ များစွာသောအပြောင်းအလဲသည် အမှန်စင်စစ်

ပြောင်းလဲသောသူ၏အကျင့်စရိုက်နှင့်ဆင်တူမှုများစွာရှိသော်လည်း ထိုလူ

တို့၏အ၌ သန့်ရှင်းသောဝိညာဉ်တော်မရှိပေ။ သေခြင်းတရားသည်

ဟန်ဆောင်မှုမဟုတ်၊ အမှန်တကယ် ကြုံတွေ့နေရသည့်အရာဖြစ်သော်

လည်း တချို့လူအတွက်မူ ထိုသေခြင်း၏နောက်ကွယ်မှာ အလွန်ကြောက်

မက်ဖွယ်ကောင်းသည်ကို ပရောဖက်ဟေရှာယက ဤသို့ဖော်ပြသည်။

“သူတို့သည် မသေနိုင်ရာ။ သူတို့၏မီးသည်လည်း မငြိမ်းနိုင်ရာ”(ဟေ

ရှာ၊ ၆၆:၂၄)။

လွန်ခဲ့သည့်နှစ်ပေါင်းများစွာက အမျိုးသမီးတစ်ဦးအပေါ်သေ

ဒဏ်စီရင်ရန် သာမန်ထက်ထူးခြားသောဖြစ်ရပ်တစ်ခုကို ကျွန်ုပ်ဖတ်ခဲ့ဖူး

သည်။ ထိုအမျိုးသမီးသည် မိမိကလေးငယ်ကို သတ်ဖြတ်သောကြောင့်

ဧဒင်ဘာ့ဂျ်မြို့ ရှိ ဂရပ်စ်ဈေးမှာ ချိတ်ဆွဲလျက်ရှိ၏။ စကောတိစ်၏ဥပဒေ

အရ သူ့ကို ရက်သတ္တပတ်ခြောက်ပတ်တိတိ ပြုပြင်ပြောင်းလဲမှုပြုရန်

အခွင့်ပေးကြ၏။ ထိုသို့ သူနှင့်အတူရှိသောသူများက “ဒီအမျိုးသမီးဟာ

ကယ်တင်ခြင်း ယုံကြည်စိတ်ချမှုနဲ့ သေသွားမှာပါ”ဟူ၍ သူတို့၏အမြင်ကို

ပြောဆိုကြသည်။ သေဒဏ်စီရင်ရန် ရက်ချိန်းရောက်လာသောအခါ သူ့ကို

ချိတ်ဆွဲထားကြလေသည်။ သို့သော် ထိုနေ့တွင် မိုးများသောကြောင့် သေ

ဒဏ်ပေးရန် တာဝန်ကျသောသူများမှာ မိုးကာမပါကြသဖြင့် သူ့ကို သေ

ဒဏ်ပေးရန် အချိန်မတိုင်မီ သူ့ခန္ဓာကိုယ်ကို ခုတ်ဖြတ်ကြလေ၏။ ထုံးတမ်း

စဉ်လာအရ သူ့ခန္ဓာကိုယ်ကိုသဂြိုလ်ရန် သူ့သူငယ်ချင်းထံပေးအပ်ကြ၏။

သူ့အခေါင်းကို သယ်သွားကြစဉ် သူ့ယောက်ျားလည်း သူ့ကိုသဂြိုလ်ရန်

ရောက်လာသောကြောင့် စားသောက်ဆိုင်တစ်ဆိုင်မှာ နားနေကြစဉ် လု

လင်တစ်ဦးပြေးလာပြီး အခေါင်းနားမှာ လူစုလူဝေးအသံဆူညံလျက် အုံ

အားသင့်လျက် အထိတ်တလန့်ဖြစ်နေသည့်သတင်းကို လာပြောလေည်။

ထိုသို့ သူတို့ထွက်ကြည့်သောအခါ ထိုအမျိုးသမီးပြန်ရှင်လာသည်ကို

တွေ့ကြသည်။ သူ့အခေါင်းကို တင်လာသည့်လှည်းသည်လည်း ဆောင့်

လျက် လှုပ်လျက်ရှိသဖြင့် သူ့ကို ရှင်လာအောင်နိုးကြားပေးသကဲ့သို့ဖြစ်

လေသည်။ နာရီအနည်းငယ်အတွင်းမှာပင် အားပြန်ပြည့်လာသဖြင့် သူ့

ယောက်ျားနှင့်အတူ သူတို့နေရပ်ကိုပြန်သွားပြီးနောက် အခြားတိုင်းပြည် သို့ပြောင်းရွေ့ကြလေသည်။

ဤဖြစ်ရပ်၌ ဝမ်းနည်းဖွယ်အပိုင်းမှာ ထိုအမျိုးသမီးသည် ပြန်

ကောင်းလာသည့်နောက်ပိုင်း သူအသက်ရှင်စဉ်ကထက် အကျင့်စရိုက်

ပိုမိုဆိုးရွားလာခြင်းဖြစ်သည်။ သူသည် အရင်ကပြုခဲ့သည့်အပြစ်ထက်

လူပုံအလယ်မှာ ပိုလုပ်လာပြီး ဘာသာတရားကိုလည်း အရင်ကထက်

အထင်အမြင်သေးလျက် မုန်းတီးလျက်ရှိလာသည်။ ဤအဖြစ်အပျက်ကို

ကြည့်ခြင်းအားဖြင့် အသက်ထွက်ခါနီးဆဲဆဲမှာ နောင်တရသည်ဟု ပြော

ဆိုပြီး သေဆုံးသောလူအများစုသည် သူတို့၏အုတ်ဂူထဲမှပြန်ထလာကြ

မည်ဆိုပါက ဘုရားတရားကို မထီမဲ့မြင်ပြုလျက် ဘုရားမဲ့သောအသက်

တာနှင့် အသက်ရှင်ကြလိမ့်မည်ဟု မှန်းဆနိုင်ပါသည်။

ထို့ကြောင့် မိမိ၏စိတ်ထင်သည့်အရာ၌သာ အမှီပြုသောသူအဖို့

ဘုရားသခင်၏ဝိညာဉ်တော်ကျေးဇူးတော်သည် အဘယ်အကျိုးမျှမရှိပေ။

သန့်ရှင်းသောဝိညာဉ်တော်မပါဘဲ သင်ပြောင်းလဲနိုင်သော်လည်း ထိုသို့

သောပြောင်းလဲခြင်းသည် ကြာရှည်ခံမည်မဟုတ်ပေ။ သန့်ရှင်းသော

ဝိညာဉ်တော်သည် အလုပ်လုပ်ဆောင်ရန် သူ့လက်တော်ကိုမဆန့်ပါက

ထိုအလုပ်သည် ရုပ်ပျက်သွားပါလိမ့်မည်။

သို့ဖြစ်၍ သင်သည် တန်ဖိုးနည်းသောအတုမဟုတ်ဘဲ စစ်မှန်

သောအသက်တာပြောင်းလဲခြင်း သက်သေကို အမှန်တကယ်ရရှိစေခြင်း

ငှာ သခင်ဘုရားသည် သင့်အား သန့်ရှင်းသောဝိညာဉ်တော်ကို ပေးသနား

တော်မူမည်အကြောင်း ကိုယ်တော်ထံသို့ငိုကြွေးလော့။ အို အပြစ်သား၊

နားထောင်လော့။ သာမန်ကြောက်ရွံ့ခြင်း၊ သာမန်ချစ်ခြင်းနှင့်သာမန်စိတ်

ခံစားချက်တို့သည် စစ်မှန်သောပြောင်းလဲခြင်းမဟုတ်ပေ။ အစပြုသည့်

နေရာမှစ၍ နောက်ပိုင်းအသက်တာမြှင့်တင်ခြင်းအထိ အသက်တာ

ပြောင်းလဲခြင်းသည် သန့်ရှင်းသောဝိညာဉ်တော်တစ်ပါးတည်း၏အလုပ်

သာဖြစ်သည်။ သင့်နှလုံးသားထဲ၌ သန့်ရှင်းသောဝိညာဉ်တော်၏လုပ်

ဆောင်ချက်များ စိတ်ချစွာလုပ်ဆောင်ခြင်းရှိသည်အထိ သက်သောင့်

သက်သာမနေပါနှင့်။

အခန်း ၅

ပဋိညာဉ်နှင့်ဆိုင်သောသွေးတော်

ထာဝရပဋိညာဉ်တရား၏အသွေးတော်အားဖြင့် သိုးများကိုထိန်းသော

သိုးထိန်းကြီးဖြစ်သော ငါ တို့သခင်ယေရှုကိုသေခြင်းမှ နှုတ်ဆောင်တော်မူ

သော ငြိမ်သက်ခြင်း၏ အရှင်ဘုရားသခင်သည် မိမိနှစ်သက်တော်မူသော

အမှုအရာကို ယေရှုခရစ်အားဖြင့် သင်တို့၌ ပြုတော်မူ၍ သင်တို့သည်

အလိုတော်သို့လိုက်မည်အကြောင်း ကောင်းသောအကျင့်အမျိုးမျိုး၌ သင်

တို့ကိုပြုပြင်တော်မူပါစေသော။ ထိုသခင် ယေရှုခရစ်သည် ကမ္ဘာ

အဆက်ဆက်ဘုန်းကြီးတော်မူစေသတည်း။ အာမင်၊ (ဟေဗြဲ၊ ၁၃:၂၀-၂၁)

အခြားသောသူများအား လုပ်ဆောင်ရန် ကျွန်ုပ်တို့တောင်းဆို

သောအရာသည် ကျွန်ုပ်တို့ကိုယ်တိုင်လုပ်ရန် ပြင်ဆင်သင့်သည်။

သိသာထင်ရှားသောစံနမူနာ လိုက်လျှောက်ခြင်းမရှိဘဲ သွန်သင်ခြင်းသည်

ထိရောက်မှုမရှိသလို အောင်မြင်မှုလည်းမရှိပေ။ ဟေဗြဲစာရေးဆရာက

ယုံကြည်သူများအား “ငါတို့အဖို့ ဆုတောင်းကြလော့” (ဟေဗြဲ၊ ၁၃:၁၈)

ဟု တိုက်တွန်းနှိုးဆော်၏။ ဟေဗြဲစာရေးဆရာအနေနှင့် သူကိုယ်တိုင်မပေး

လိုသောအရာကိုသူတို့အား တောင်းလျှောက်နေခြင်းမဟုတ်ကြောင်း ပြသ

ခဲ့သည်။ တစ်နည်းအားဖြင့် သူကိုယ်တိုင်လည်း သူတို့အဖို့ ဆုတောင်းပေး

မနေခြင်းဖြစ်သည်။ အသင်းသူအသင်းသားများအတွက် စိတ်နှလုံးထဲမှ

မှန်စင်စစ်ဆုတောင်းပေးသောသင်းအုပ်သည် ယုံကြည်စွာဖြင့် “ငါ့အတွက်

လည်း ဆုတောင်းပေးကြလော့”ဟု ပြောဆိုပါလိမ့် မည်။

ဟေဗြဲစာရေးဆရာ၏ဆုတောင်းချက် လေသံအကြောင်းအရာ

ကို မိတ်ဆွေလေ့လာပါက သူကိုယ်တိုင်လည်း ထိုအကြောင်းအရာထဲ

မှာပဲ ဈာန်ဝင်လျက်နေသည်။ ဟေဗြဲသြဝါဒစာသည် ပဋိညာဉ်တရား

ဟောင်းနှင့်ပဋိညာဉ်တရားသစ်စပ်ကြားရှိ ခြားနားချက်များနှင့် ပြည့်နှက်

သည်။ ဟေဗြဲသြဝါဒစာ၏အဓိကအကြောင်းအရာကား အရင်ကျသော

ပဋိညာဉ်သည် ခေတ်ကာလပိုင်းခြားချက်အရ နောက်ပေါ်လာမည့်အရာ

၏နိမိတ်ပြသာဖြစ်ပြီး ရုပ်သွင်အမှန် ကောင်းကင်နှင့်ဆိုင်သောအရာများ

မဟုတ်ဘဲ ပုံရိပ်သက်သက်ဖြစ်ပါသည်။ ဟေဗြဲစာရေးဆရာ၏အဓိက အ

ကြောင်းအရာသည် ပဋိညာဉ်အကြောင်းဖြစ်သည်။ သူဆုတောင်းသော

အခါ အဝတ်ရှိသမျှတို့သည် မုရန်၊ သစ်မွှေးနှင့်သစ်ကြံပိုးတို့အနံ့ဖြင့် မွှေး

ကြိုင်လျက်နေသည် (ဆာလံ၊ ၄၅:၈)။ သူသည် မိမိတွေးတောသည့်ပုံစံ

အတိုင်း မိမိ၏လိုအင်ဆန္ဒကို ဆုတောင်းလျက် ဖော်ပြ၏။

ဤနည်းလမ်းသည် အထူးသဖြင့် လူသိရှင်ကြားဆုတောင်း

သောအခါ အလွန်ကောင်းသည်။ ထိုသို့ဆုတောင်းခြင်းသည် အမှုမျိုးစုံကို

သေချာစေသည်၊ အားဖြည့်စေသည်၊ စည်းလုံးစေသည်၊ အသက်တာ

တည်ဆောက်ခြင်းကို မြှင့်တင်ပေးသည်။ ပျားတို့သည် ပျားရည်ရရှိရေးအ

တွက် ဂတ်ရည်ကိုပန်းပွင့်မျိုးစုံထဲမှစုပ်ယူလာကြသည်။ ထို့အတူ ကျွန်ုပ်တို့

၏စိတ်ဝိညာဉ်သည်လည်း ကိုးကွယ်ဆည်းကပ်မှုနှင့်ဆိုင်သောပျားရည်ကို

ရင်းမြစ်အမျိုးမျိုးတို့မှရရှိ၏။ မည်သည့်အရာမျှ ဤပဋိညာဉ်အပေါ်၌ အ

ကျယ်တဝင့်ဟောပြောချက်ထက် သာ၍သဘာဝမကျနိုင်ဟု ဆိုရာတွင်

ဖော်စာရေးဆရာရေးသားထားသည့် ပဋိညာဉ်၏ဆုတောင်းချက်မှာ ဤ

သို့တွေ့ရှိရပါသည်။ “ထာဝရပဋိညာဉ်တရား၏အသွေးတော်အားဖြင့် သိုး

များကိုထိန်းသောသိုးထိန်းကြီးဖြစ်သော ငါ တို့သခင်ယေရှုကိုသေခြင်းမှ

နှုတ်ဆောင်တော်မူသောငြိမ်သက်ခြင်း အရှင်ဘုရားသခင်သည်

သင်တို့သည် အလိုတော်သို့ လိုက်မည်အကြောင်း ကောင်းသောအကျင့်

အမျိုးမျိုး၌ သင်တို့ကိုင်တော်မူသော

ဟေဗြဲသြဝါဒစာ၏အဓိကအကြောင်းအရာသည် အလွန်လေး

နက်ပြီး ယုံကြည်ခြင်းနှင့်စပ်လျဉ်း၍ အခြေခံကျသောအပေါ်ယံအပိုင်းများ

မှစတင်၍ သာ၍လျှို့ဝှက်နက်နဲသောသမ္မာတရားများ၏အောက်လွှာတိုင်

အောင် ရွေ့လျားလျက်ရှိသည်။ ဤဟေဗြဲသြဝါဒစာသည် ခရစ်တော်၏

ကျောင်း၌ သာ၍အဆင့်မြင့်သောအတန်းအတွက် စာအုပ်တစ်အုပ်ဖြစ်

ပါသည်။ သို့သို့ဖြစ်သောကြောင့် ဤဆုတောင်းချက်သည် ကလေးငယ်များ

အတွက်မဟုတ်ဘဲ သဘောပေါက်နားလည်သောလူကြီးများအတွက်သာ

ဖြစ်သည်။ ဤဆုတောင်းချက်နှင့်ပတ်သက်၍ ယုံကြည်သူအပေါင်းတို့အား

“ထို့ကြောင့် သင်တို့ဆုတောင်းရမည်မှာ” (မဿဲ၊ ၆း၉) ဟူ၍ ကျွန်ုပ်တို့

ပြော၍မရပေ။ အကြောင်းမှာ သူတို့သည် အဘယ်ဆုတောင်းနေသည်ကို

သူတို့နားလည်မည်မဟုတ်ပေ။ သူတို့သည် သာ၍ရိုးရှင်းသောဆုတောင်း

ချက်ဖြစ်သည့် “ကောင်းကင်ဘုံ၌ရှိတော်မူသောအကျွန်ုပ်တို့၏အဘ” ဟူ၍

အစပြုဆုတောင်းရန် လိုအပ်သည်။ “ကောင်းကင်ဘုံ၌ ရှိတော်မူသော

အကျွန်ုပ်တို့၏အဘ” ဟူသောဆုတောင်းစကားသည် ခရစ်တော်၏အစ

မူလဆုတောင်းခြင်းပုံစံ၊ ယုံကြည်သူအားလုံးနှင့်သင့်တော်သောဆုတောင်း

ခြင်းဖြစ်ပါသည်။

ရင့်ကျက်သောလူတို့သည် မာကျောသောအစားအစာကိုစားပြီး

ရင်သပ်ရှုမောဖွယ်ရာတို့ကို တွေးတောကြံစည်လျက် အရှိန်ပြင်းသော

ဆုတောင်းချက်များကို ပြုလုပ်တတ်သည်။ ကျွန်ုပ်တို့သည် ကလေးငယ်၏

ရိုးရှင်းမှုရှိလှသောဆုတောင်းချက်နှင့် လူငယ်၏တက်ကြွသောဆုတောင်း

ချက်ကို အားကျနိုင်ပါသည်။ ထိုသို့ဖြင့် ကျွန်ုပ်တို့သည် ခရစ်တော်၌ အဘ

ဖြစ်လာမည့်သူ၏ဆုတောင်းချက် အတိမ်အနက်၊ ပမာဏနှင့်ရင်သပ်ရှု

မောဖွယ်ရာတို့၌ ဝမ်းမြောက်၍ ပဋိညာဉ်အပေါ် ရှင်သန်နိုင်မည်ဖြစ်သည်

(၁ကော၊ ၄:၁၅)၊ ဤဝိသေသလက္ခဏာများကို ထောက်ရှုခြင်းအားဖြင့်

ထိုအကြောင်းအရာကို ရေးသားသူသည် ယုံကြည်ခြင်း၌ ဝိညာဉ်ရေးရာ

ရင့်ကျက်သောဖခင်ဖြစ်ကြောင်း ကျွန်ုပ်တို့သေချာပေါက် ကောက်ချက်ချနိုင်ပါသည်။

ဟေဗြဲစာရေးဆရာ၏ပဋိညာဉ်ဆိုင်ရာဆုတောင်းချက်ကို ကျွန်ုပ်

တို့ခြေရာခံလိုက်သော် ဘုရားသခင်၏နက်နဲသောအရာများကို သဘော

ပေါက်နားလည်ခြင်းငှာ သန့်ရှင်းသောဝိညာဉ်တော်၏အလင်းပေးခြင်းကို

တောင်းလျှောက်ကြရန် ကျွန်ုပ်ခေါ်ဖိတ်ပါသည်။

ပဋိညာဉ်၏အမည်များ

ဦးစွာပထမ ဟေဗြဲစာရေးသူအသုံးပြုခဲ့သည့် ပဋိညာဉ်ဆိုင်ရာ

အမည်များ ပြန်လည်သုံးသပ်ခြင်းအားဖြင့် ကျွန်ုပ်အစပြုပါမည်။ ဟေဗြဲ

စာရေးသူသည် ဘုရားသခင်အား ထာဝရမင်္ဂလာရှိတော်မူသောခမည်း

တော်တည်းဟူသော ပဋိညာဉ်၏ဘုံအရှင် ငြိမ်သက်ခြင်း၏ အရှင်ဘုရား

သခင်’ဟူ၍လည်းကောင်း၊ ရွေးနုတ်သောအရှင်အား ပဋိညာဉ်၏ကျန်တစ်

ဝက်ကို ပြည့်စုံစေခြင်းငှာ တာဝန်ယူသောသူဖြစ်သည့် “သိုးများကိုထိန်း

သောသိုးထိန်းကြီးဖြစ်သောငါတို့သခင်ယေရှု” ဟူ၍လည်းကောင်း အသီး

သီး အမည်ပေးလေ၏။

သခင်ယေရှုခရစ်တော်ကို ယုံကြည်သောကျွန်ုပ်တို့သည် ခရစ်

တော်၌ရှိကြသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့၏ဦးခေါင်းနှင့်ကိုယ်စားပြု

ပေးသူ၊ ကျွန်ုပ်တို့၏သိုးထိန်းနှင့်ထောက်ပံ့ပေးသူဖြစ်တော်မူသည်။ ကျွန်ုပ်

တို့ကိုယ်စား ခမည်းတော်ဘုရားသခင်နှင့် ပဋိညာဉ်ပြုပေးသူလည်းဖြစ်

သည်။ ကျွန်ုပ်တို့သည် ဒုစရိုက်အပြစ်၌ သေလျက်ရှိသောအခါ (ဧဖက်၊

၂:၁) ခရစ်တော်သည် ထိခိုက်နစ်နာမှုအတွက် နစ်နာကြေးအပြည့်အဝ

ပေးရန် ကတိပြုခဲ့သည်။ ခမည်းတော်သည် ကျွန်ုပ်တို့အား ပြည့်ဝသော

ခွင့်လွှတ်ခြင်း၊ လက်ခံခြင်း၊ အမွေခံစေခြင်းနှင့်ထာဝရအသက်ပေးရန်

သတ်မှတ်တော်မူသည်။ ပဋိညာဉ်သည် ခရစ်တော်အားဖြင့် ကျွန်ုပ်တို့

ဘက်တွင် အပြည့်အဝကျေနပ်မှုရှိလေပြီ။ ကိုယ်တော်၏ ကတိတော်ပြည့်စုံ

သောကြောင့် ယေရှုသည်လည်း မိမိ၏သွေးကို သွန်းခဲ့လေပြီဟူ၍ ကျမ်းစာ

တော်မြတ်က ကျွန်ုပ်တို့ကို အခိုင်အမာပြောဆိုထားသည်။

ငြိမ်သက်ခြား၏အရှင်ဘုရားသခင်

ဟေဗြဲစာသည် ပဋိညာဉ်၏ရှုထောင့်အရ ခမည်းတော်

ဘုရားကို “ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်” ဟုခေါ်ဆိုခဲ့ပါသည်။ အလွန်

မွန်မြတ်သောနာမတော်ဖြစ်ပါသည်။ လုပ်ဆောင်ချက်များနှင့်ဆိုင်သော

ပဋိညာဉ်အောက်တွင် ကိုယ်တော်သည် လက်တုံ့ပြန်သောဘုရားသခင်

ဖြစ်သည်။ “သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ….. အပြစ်ရှိသည်

ဟု ယုံလွယ်သောဘုရားဖြစ်တော်မူ၏” (တရား၊ ၄:၂၄)။ ထို့ပြင် “လူမျိုး

ခြားတို့ကို လက်တို့ပြန်၍ လူတို့ကို ဒဏ်ခတ်ခြင်းငှာလည်းကောင်း” (ဆာ၊

၇၇)ဟူ၍တွေ့ရသည်။ ကိုယ်တော်သည် အပြစ်သားများအဖို့ သန့်ရှင်း

တော်မူဘုရားသခင်ဖြစ်ပြီး “သန့်ရှင်းရာဌာနတော်ပြင်မှာ ကြောက်ရွံ့

ဖွယ်ဖြစ်တော်မူ၏” (၃၅)။ “လောင်သောမီးလည်း ဖြစ်တော်မူ၏။

(ဟေဗြဲ ၁၂:၂၉)။ ငါတို့၏ကြီးမြတ်တော်မူသော ဦးခေါင်းတည်းဟူသော

ပြုသူအားဖြင့် ပဋိညာဉ်သည် ငါတို့ဘက်၌ ပြည့်စုံပြီဖြစ်သည်။

“ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်” ဖြစ်တော်မူ၏။

ခင်နှင့် ဘုရားသခင်စပ်ကြားတွင် အရာအားလုံးငြိမ်းချမ်းလေပြီး

သို့ ငြင်းအကြောင်းအရာများမရှိတော့ပေ။ နောက်တပ်

အမျိုးပြန်လာမှာကိုလည်း စိုးရိမ်စရာမလိုတော့ပေ။ ထာဝရ

မြို့သည် နှင့်ဘုရားခင်စပ်ကြားတွင် ထာဝရငြိမ်းချမ်းမှုကို

ဖြစ်ပြီး သည် အနှစ်သာရမရှိသည့် ယာယီစစ်ပြေငြိမ်း

အခင်းမဟုတ်သလို ခွင့်လွှတ်ရန် မေ့လျော့ပြီး အနာတရာ

သော ဘုရားသခင်လည်းမဟုတ်ပေ။ သို့သော်

ဖက်မှု အနက်ရှိုင်းဆုံးတွင် ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်”ဖြစ်

f၏။ ကိုယ်တော်ကိုယ်တိုင်သည် ငြိမ်သက်မှုအပြည့်ရှိပြီး “အဘယ်

၁၃၍မမီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်းသည်” (ဖိ၊ ၄၇) သူ၌

ရှိ၏။

ပြီး ကိုယ်တော်၏မေတ္တာကရုဏာကြောင့် ကိုယ်တော်၏လူ

၏စိတ်ငြိမ်းချမ်းခြင်း၌ ဝမ်းမြောက်ရန် ပြုပြင်ခြင်းခံ

ကြရသည်။ ထိုသို့ ဘုရားသခင်သည် သင်နှင့်ပြန်လည်သင့်မြတ်ပြီဖြစ်

ကြောင်း သင်ခံစားလာရပြီး သင့်နှလုံးသားသည် ကိုယ်တော်၌ ငြိမ်ဝပ်စွာ

နားနေသည်။ ကိုယ်တော်နှင့် ဝေးကွာစေသော သင့်အပြစ်များသည်လည်း

ဖယ်ရှားလေပြီ။ စုံလင်သောချစ်ခြင်းမေတ္တာသည် ညှဉ်းဆဲခြင်းနှင့်ဆိုင်

သောကြောက်ရွံ့ခြင်းရှိသမျှတို့ကို ဖယ်ရှားတတ်သည် (၁ယော၊ ၄း၁၈)။

သခင်ဘုရားသည် မိမိကိုယ်တိုင် ငြိမ်သက်ခြင်းအရှင်ဖြစ်သော

ကြောင့် သင်သည်လည်း သူ့အားဖြင့် အတွင်းပိုင်းငြိမ်သက်ခြင်း၌

ဝမ်းမြောက်ရန် ဖန်ဆင်းခြင်းခံရသည်။ ကိုယ်တော်သည် သင့်အား စစ်၍

မကုန်နိုင်သောချစ်ခြင်းမေတ္တာအားဖြင့် ချစ်သောကြောင့် သင့်အပေါ် မည်

သည့်ရန်ငြိုးမျှမထားဘဲ ငြိမ်းချမ်းလျက်နေတော်မူ၏။ ကိုယ်တော်သည်

သင့်အပေါ် ဝမ်းမြောက်အားရခြင်းမှတစ်ပါး အခြားမည်သည့်အရာမျှ

မတွေ့ရှိတော့ပေ။ ကျေးဇူးတော်ပဋိညာဉ်ထဲတွင် ကိုယ်တော်သည် သင်၏

အရှိတရားအဖြစ်မှန်အတိုင်း မကြည့်ရှုဘဲ ယေရှုခရစ်တော်၌ သင့်အဖို့

သူကိုယ်တိုင် အာမခံပေးသူအဖြစ်နှင့်သာ ရှုမြင်ပါသည်။ ဘုရားသခင်၏

မျက်တော်ရှေ့တွင် မိမိ၏သားတော်နှင့်မိမိ၏သားတော်ထဲ၌ရှိသည့် မိမိ

လူတို့ကိုချစ်သကဲ့သို့ချစ်ရသောသူဟူ၍ ဤစကြဝဠာထဲတွင် လုံးဝမရှိပေ။

ဘုရားသခင်သည် ကျွန်ုပ်တို့၏ပုံပန်းမကျခြင်းကိုယ်အင်္ဂါချို့ယွင်းခြင်းတို့

ကို ယေရှုခရစ်တော်၌ မေ့ပျောက်လျက် အဆင်းလှပသောသူများအဖြစ်

အသစ်တစ်ဖန်ဖန်ဆင်းတော်မူ၏။ ထို့ပြင် ကျွန်ုပ်တို့ကျူးလွန်ခဲ့သောအပြစ်

ရှိသမျှတို့ကို ယဇ်ပုရောဟုတ်မင်းကြီးတည်းဟူသောယေရှုခရစ်တော်၏

သွေးတော်မြတ် သွန်းလောင်းခြင်းအားဖြင့် ကျွန်ုပ်တို့ကို ခွင့်လွှတ်တော်မူ

သဖြင့် ကျွန်ုပ်တို့၏မစုံလင်ခြင်းတို့ကို အစွမ်းထက်သောစုံလင်ခြင်းအဖြစ်

သို့ပြောင်းလဲစေတော်မူ၏။

ထိုအခါ ကျွန်ုပ်တို့၏စိတ်ဝိညာဉ်သည် ခရစ်တော်၏သွေးသွန်း

လောင်းပူဇော်ခြင်းယဇ်ကို အသိအမှတ်ပြုလျက် ကျွန်ုပ်တို့အပေါ် ဘုရား

သခင်ထားရှိသည့်ချစ်ခြင်းမေတ္တာကိုလည်း သဘောပေါက်လာကာ ဘုရား

သခင်နှင့် စစ်မက်ခင်းခြင်းကို မည်သည့်အခါမျှမပြုတော့ပေ။ ယခင်က

ကျွန်ုပ်တို့သည် ဘုရားသခင်ကိုပုန်ကန်သည်သာမက သူ့ကို မုန်းတီးကြ

သည်။ ယခုပင်လျှင် တစ်ခါတစ်ရံ ကျွန်ုပ်တို့၏ဇာတိဟောင်း အနည်းငယ်

ထလာသောအခါ သခင်ဘုရား၏အလိုတော်သည် ကျွန်ုပ်တို့၏လိုအင်

ဆန္ဒနှင့် ထိပ်တိုက်ရင်ဆိုင်လျက် ကိုယ်တော်ရှေ့တော်မှောက်၌ ပျပ်ဝပ်

လျက် ကောင်းကင်နှင့်မြေကြီးကို အစိုးရတော်မူသောအဘ၊ …ကျေးဇူး

တော်ကို အကျွန်ုပ်မှပါ။ ထိုသို့ အလိုတော်ရှိသောကြောင့် မှန်ပါ၏

အဘ”ဟု (မဿဲ၊ ၁၁:၂၅-၂၆) ဝန်ခံပြောဆိုရန် ခက်ခဲသည်ဟု ထင်တတ်

ကြသည်။ သို့သော် အသစ်သောသဘောသည် ရှေ့တန်းထွက်လာလျက်

ဘုရားသခင်နှင့်စိတ်ဝိညာဉ်စပ်ကြား ယှဉ်ပြိုင်တိုက်ခိုက်မှုမှန်သမျှကို စိုးမိုး

ထိန်းချုပ်ပြီး ၎င်းတို့ကို အဆုံးသတ်စေတတ်သည်။ အပေါ်လွင်ဆုံးနှင့်

ပြည့်ဝစုံလင်ခြင်း အရှိဆုံးသဘောတရားအားဖြင့် ပြောဆိုသော် သခင်

ဘုရားသည် “ငြိမ်သက်ခြင်း အတွင်းဘုရားသခင်” ပင်ဖြစ်သည်။

“ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်” ဟူသောအမည်နာမကို

ကျွန်ုပ်အလွန်ချစ်မြတ်နိုးသည်။ ဘုရားသခင်ကိုယ်တော်တိုင်သည် ငြိမ်

သက်သောဘုရား၊ ဝမ်းမြောက်သောဘုရား၊ မတုန်လှုပ်ဘုရား၊ အနှောင့်

အယှက်ကင်းသောဘုရားဖြစ်ပြီး မိမိတို့ကိုယ်တိုင် “အဘယ်သူမျှကြ၍မမီ

နိုင်သောဘုရားသခင်၏ငြိမ်သက်ခြင်းသည် ယေရှုခရစ်တော်အားဖြင့် သင်

တို့၏စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်” (ဖိ၊ ၄:၇) ဟူသောကျမ်းစကား

အပေါ်၌ဝမ်းမြောက်ရန်ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့နှင့် ရန်ငြိမ်း

လျက်ရှိပြီး ကျွန်ုပ်တို့အပေါ် မည်သည့်အခါမျှ အမျက်ထွက်တော့မည်

မဟုက်၊ အပြစ်တင်တော့မည်မဟုတ်။ ကျွန်ုပ်တို့သည် ကိုယ်တော်၌ အစဉ်

၀မ်းမြောက်၍ သူ၏။ပညတ်တရား၌ မွေ့လျော်ကာ သူ့ဘုန်းတော်အတွက်

အသက်ရှင်လျက်နေကြသည်။ သို့ဖြစ်၍ စိုးရိမ်ခြင်းအမှုရှိသမျှတိုင်း၌

အားတက်စေသော နာမတော်ဖြစ်သည့် “ငြိမ်သက်ခြင်း၏အရှင်ဘုရား

သခင်” ကို ကျွန်ုပ်တို့မျှော်ကြည့်လျက်နေကြသည်။

ကျွန်ုပ်တို့၏သခင်ယေရှု

ဟေဗြဲစာရေးသူ၌ ပဋိညာဉ်အတွက် အခြားအမည်ပေးထား

သည်မှာ “ငါတို့၏သခင်ယေရှု” ဟူ၍ဖြစ်သည်။ ကျွန်ုပ်တို့သည် ရွေးနုတ်

သောအရှင်ကို ဦးစွာပထမ ငါတို့အား ထာဝရချမ်းသာထဲသို့ပို့ဆောင်ပေး

တော်မူသော (ဟေဗြဲ၊ ၄:၁) ငါတို့၏ကယ်တင်ရှင် ယေရှုအဖြစ်သိရှိကြရ

မည်။ ဝိညာဉ်ပိုင်းဆိုင်ရာခါနန်ပြည်သည်လည်း ပဋိညာဉ်အားဖြင့် ကျွန်ုပ်

တို့အား ပေးအပ်ပြီးဖြစ်၏ (ထွ၊ ၆:၄)။ “ဘုရားသခင်၏လူတို့အဖို့အလို့ငှာ

ငြိမ်ဝပ်ခြင်း ချမ်းသာတမျိုးသည် ကျန်ရစ်သေး၏”(ဟေဗြဲ၊ ၄:၉)။

ကျွန်ုပ်တို့ကို ရွေးနုတ်သောအရှင် သခင်ယေရှုသည် ကျွန်ုပ်တို့

နာခံ၍ ကိုးကွယ်ဆည်းကပ်ရန် ခပ်သိမ်းသောအထွဋ်အမြတ်၊ အာဏာ

စက်” (ဧဖက်၊ ၁:၂၁) ဟူသောသူ၏ဝိသေသလက္ခဏာ ဘွဲ့နာမရှိသမျှတို့

တွင် ချီးမြှောက်ခြင်းရှိ၏။ ကိုယ်တော်သည် ငါတို့၏သခင်ယေရှုပင်ဖြစ်

တော်မူ၏။ ကိုယ်တော်သည် မိမိကိုယ်တိုင်သည် ငါတို့အဖို့ ပေးအပ်ခဲ့၍

ငါတို့သည် သူ့ကို သန့်ရှင်းသောဝမ်းမြောက်ခြင်းဖြင့် လက်ခံ၍ ရွှင်လန်း

တက်ကြွစွာအစေခံသောကြောင့် ကိုယ်တော်သည် ငါတို့နှင့်ဆိုင်၏ ကိုယ်

တော်သည် ငါတို့ကိုကယ်တင်သောကြောင့် ငါ တို့နှင့်ဆိုင်၏ ကိုယ်တော်

သည် ငါတို့ကို သူ့နိုင်ငံတော်ထဲသို့ပို့ဆောင်ပြီး ကယ်ချွတ်တော်မူသော

ကြောင့် ငါတို့နှင့်ဆိုင်၏။ ငါတို့သည် ကိုယ်တော်နှင့် အထူးဆက်နွယ်ခြင်း

ရှိသောကြောင့် ငါတို့သည် ကိုယ်တော်နှင့်ဆိုင်ကြ၏။

သိုးများကို ထိန်းသောသိုးထိန်းကြီး

ထို့ပြင် ငါတို့၏သခင်ဘုရားသည် “သိုးများကို ထိန်းသောသီး

ထိန်း” ဟုလည်း ခေါ်သည်။ ပဋိညာဉ်ထဲတွင် ငါတို့သည် သိုးများဖြစ်၍

သခင်ယေရှုသည် သိုးထိန်းဖြစ်တော်မူ၏။ သင်သည် သိုးတို့နှင့် ပဋိညာဉ်

မပြုနိုင်ပေ။ အကြောင်းမှာ သူတို့၌ ပဋိညာဉ်ပြုနိုင်သည့်စွမ်းရည်မရှိသော

ကြောင့်ဖြစ်သည်။ သို့ရာတွင် သင်သည် သိုးတို့ကို ထိန်းကျောင်းသော

သိုးထိန်းနှင့် ပဋိညာဉ်ပြုနိုင်သည်။ ထိုသို့ပြုနိုင်သောကြောင့် ဘုရားသခင်

ဘုန်းကြီးခြင်းရှိပါစေသော။ ကျွန်ုပ်တို့သည် လမ်းပျောက်သောသိုးများကဲ့

သို့လမ်းလွဲနေသော်လည်း (ဟေရှာ၊ ၅၃၆) ယေရှုနှင့် သက်ဆိုင်သူများ

ဖြစ်ပြီး ကိုယ်တော်သည် မိမိတို့ကိုယ်စား ပဋိညာဉ်ပြုပေးသဖြင့် အသက်

ရှင်တော်မူသောဘုရားသခင်ရှေ့တော်မှောက်၌ မိမိတို့အတွက် ရပ်တည်

ပေးလျက်နေ၏။

ငါတို့၏သခင်ဘုရားသည် ကောင်းသောသိုးထိန်းဖြစ်သည်ကို

သူ၏သေခြင်းထဲ၌ ပြသခဲ့သည်။ “ကောင်းသောသိုးထိန်းသည် သိုးတို့အဖို့

အလို့ငှာ မိမိအသက်ကို စွန့်တတ်သည်” (ယော၊ ၁၀:၁၁)။ သို့ထိုဖြင့်

ကိုယ်တော်သည် မိမိ၏ကောင်းမြတ်ခြင်းကို ပြသတော်မူ၏။ ကျမ်းစာ၌

ဖော်ပြသည့်အတိုင်း ကိုယ်တော်သည် ထမြောက်ခြင်း၌ “သိုးထိန်းကြီး”

ဖြစ်ပြီးထမြောက်ခြင်း၊ ဘုန်းတော်နှင့်တကွ တစ်ဖန်ပြန်ကြွလာခြင်းတို့သည်

သူ၏ကြီးမြတ်ခြင်းကို ပြသလေသည်။ ထို့ပြင် ဒုတိယအကြိမ်ပြန်ကြွလာ

ခြင်းတွင်လည်း ကိုယ်တော်သည် သိုးထိန်းကြီးဖြစ်လျက် သူ၏သာလွန်

သောအခွင့်အာဏာကို ပြသမည်ဖြစ်သည်။ “သိုးထိန်းကြီးပေါ်ထွန်းတော်

မူသောအခါ” (၁ပေ၊ ၅:၄) “ငါတို့သည်လည်း ထိုသခင်နှင့်အတူ ဘုန်းကြီး

၍ ထင်ရှားကြလတ္တံ့ “(ကော၊ ၃:၄)။

ကျွန်ုပ်တို့၏သခင်ဘုရားသည် ကောင်းသောသိုးထိန်းဖြစ်ပြီး သိုး

များအတွက် မိမိအသက်ကို ပေးအပ်ခဲ့သူဖြစ်သည်။ ကိုယ်တော်သည်

မိမိ၏ကောင်းမြတ်ခြင်းကို အခြားသောသိုးထိန်းများထံသို့မျှဝေပြီး မိမိသိုး

များကို မိမိ၏နာမတော်၌ ကျွေးမွေးစေတတ်သည်။ ဒုတိယအကြိမ်ပြန်ကြွ

လာသောအခါ ထိုသူတို့အလယ်၌ သိုးထိန်းကြီးအဖြစ် ပေါ်လာမည်ဖြစ်

သည်။ သို့ရာတွင် ကျွန်ုပ်တို့၏ဖြောင့်မတ်ခြင်းအဖို့ ကိုယ်တော်၏ရှင်ပြန်

ထမြောက်ခြင်း၊ ပဋိညာဉ်နှင့်ဆက်နွယ်ခြင်းတို့တွင် ပရောဖက်စကားရှိ

သည့်အတိုင်း ကိုယ်တော်တစ်ပါးတည်းသာလျှင် “သိုးထိန်းကြီး” ဟူသော

နာမတော်ကိုခံရသည်။ ကိုယ်တော်နှင့်ဆိုင်သည့်ဘုရားသခင်၏မိန့်မှာချက်

ရှိသမျှတို့သည်လည်း ပြည့်စုံခြင်းရှိ၏။ ကိုယ်တော်တစ်ပါးတည်းသာလျှင်

သိုးတို့၏တစ်ပါးတည်းသောသိုးထိန်းအဖြစ် ပဋိညာဉ်၏အစွမ်း၌ ရပ်တည် လျက်နေသည်။

ဓမ္မဟောင်းကျမ်းစာထဲမှသိုးထိန်းများ၏ခြေရာခံလိုက်ခြင်းသည်

အလွန်ကောင်းမွန်ပေသည်။

ခရစ်တော်ကို ကိုယ်စားပြုသည့် အာဗေလ။

သိုးကိုသက်သေခံခြင်း၊ မြေကြီးပေါ်က သွေး၏အသံ ဘုရားသခင်ထံသို့

ရောက်ရှိခြင်း စသည့်အကြောင်းများကို ကျွန်ုပ်တို့တွေ့ရှိနိုင်ပါသည် (က၊

၄:၁၀)။ ခွဲထွက်သောသိုးထိန်း အာဗြဟံသည် မိမိ၏မိသားစုဝင်သုံးတို့ကို

တိုင်းတစ်ပါးသားပြည်သို့ခေါ်ဆောင်၍ ထိုအရပ်၌ နေထိုင်လေသည် (ဟေ

ဗြဲ၊ ၁၁း၉)။ သိမ်မွေ့သောသိုးထိန်းဣဇာက်သည် မိမိ၏သိုးတို့အတွက်

ရေတွင်းများကို တူးဖော်လေသည် (က၊ ၂၆:၁၈)။ မိမိသိုးတို့အတွက် လုံခြုံ

စိတ်ချမှုကိုပေးသောသိုးထိန်းယာကုပ်သည် ထိုသိုးတို့ကိုရရှိရန် အားသွန်

ခွန်စိုက်ကြိုးစား၍ ပင်ပန်းနွမ်းနယ်ခဲ့သည် (က၊ ၂၉:၂၀၃၀)။

အစ္စရေးအဖို့အလို့ငှာ အီဂျစ်ပြည်အထက်တွင် သိုးထိန်း၏ဦး

ခေါင်းတည်းဟူသောကျွန်ုပ်တို့၏သခင်ဘုရားကို ယောသပ်၌ တွေ့ရပြီး

သေအံ့ဆဲဆဲဖခင်က “သိုးထိန်းတည်းဟူသောအစ္စရေးအမျိုး၏ကျောက်”

(က၊ ၄၉:၂၄) ဟု ပြောဆိုခဲ့သည်။ ကျွန်ုပ်တို့၏သခင်ယေရှုသည် ယခုတွင်

“အသင်းတော်အဖို့အလို့ငှာ သူ့ကို အလုံးစုံတို့၏အချုပ်အခြာ ဦးခေါင်းဖြစ်

စေတော်မူ၏” (ဧဖက်၊ ၁:၂၂)။ ကိုယ်တော်သည် မိမိရွေးကောက်သော

သူတို့အဖို့အလို့ငှာ မြေကြီးတပြင်လုံးကို အုပ်စိုးသောရှင်ဘုရင်ဖြစ်ပြီး ထို

သူတို့အဖို့အလို့ငှာ မိမိလက်ထဲ၌ တန်ခိုးအာဏာရှိသမျှတို့ကို ရယူထား

သည့် “သိုးများကိုထိန်းသောသိုးထိန်းကြီး” ဖြစ်တော်မူ၏။

ပင်လယ်နီကို ဖြတ်ကူး၍ တောကန္တရထဲသို့ရောက်ရှိပြီး (ထွ၊

၁၆:၂၂) ကတိတော်ပြည်တိုင်အောင် (ထွ၊ ၁၆:၃၅) မိမိလူတို့ကို ခေါ်

ဆောင်သွားသော ရွေးကောက်သိုးထိန်းဖြစ်သည့်မောရှေ့၌ ခရစ်တော်ကို

ကျွန်ုပ်တို့တွေ့မြင်နိုင်ပါသည်။ မောရှေသည် မိမိလူတို့ကို မန္ဒမုန့်ကိုကျွေး

လျက် ကျောက်တုံးကိုရိုက်သောအခါ သူတို့ကို ရေသောက်စေပါသည်

(ထွ၊ ၁၆:၃၂၊ ၁၇း၆)။ နောက်တစ်ခါ ယေရှုကို ပုံဆောင်သည့်သိုးထိန်းရှင်

ဘုရင်ဒါဝိဒ်ကို ကျွန်ုပ်တို့တွေ့ရပြီး သူသည် မိမိလူမျိုးတို့အပေါ်၌ ပဋိညာဉ်

ပြုထားနှင့်အညီ အုပ်စိုးကာ မိမိလူတို့အလယ်၌ ဘုန်းကြီးသောဘုရင်

တစ်ပါးဖြစ်လေသည်။ ဤအရာအားလုံးတို့က “သိုးများကို ထိန်းသောသိုး

ထိန်ကြီး ၏ဘုန်းအသရေအမျိုးမျိုးကို ငါ တို့အား မြင်တွေ့စေပါသည်။

ကျွန်ုပ်တို့သည် ကျေးဇူးတော်ပဋိညာဉ်၌ နားနေသောအခါ သခင်

ဘုရားကို ကျွန်ုပ်တို့၏သိုးထိန်းအဖြစ် ရှုမြင်ရမှာဖြစ်ပြီး သိုးတို့အနေဖြင့်

မိမိတို့ကိုယ်ကိုကျွေးမွေးခြင်း၊ လမ်းပြခြင်းနှင့်ကာကွယ်ခြင်း လုပ်ဆောင်

စရာမလိုဘဲ သိုးထိန်းကြီးထံက ဖြေသိမ့်မှုကိုသာ ရှာဖွေကြရမည်။ သိုးတို့

သည် မိမိတို့၏သိုးထိန်း ပြင်ဆင်ပေးသည့်စားကျက်ရှိရာ အရပ်သို့သာ

လိုက်ရန်ဖြစ်သည်။ “စိန်းလန်းသောကျက်စားရာအရပ်၌ ငါ့ကို အိပ်စေ

တော်မူ၏။ သာယာသောမြစ်နားသို့ လမ်းပြတော်မူ၏”(ဆာ၊ ၂၃:၂)။

ဤသင်ခန်းစာသည် အလွန်ကြီးမြတ်ပြီး အရိပ်အမြွက်ကိုသာ

ကျွန်ုပ်ပြပေးနိုင်သည်။ ကျွန်ုပ်တို့၏သိုးထိန်းသည် ကြီးမြတ်သောကြောင့်

ဝမ်းမြောက်ကြကုန်စို့။ အကြောင်းမှာ ထိုသိုးထိန်းသည် မိမိသိုးအုပ်တို့ရင်

ဆိုင်ကြုံတွေ့ရမည့်ကြီးမားသောဘေးအန္တရာယ်မှကာကွယ်စောင့်ထိန်းပေး

နိုင်သည်။ “အကယ်၍ သေမင်း၏အရိပ်လွှမ်းမိုးသောချိုင့်ထဲသို့လျှောက်

သွားရသော်လည်း ဘေးအန္တရာယ်ကို မကြောက်ပါ။ အကြောင်းမူကား

ကိုယ်တော်သည် အကျွန်ုပ်နှင့်အတူ ရှိတော်မူသည်ဖြစ်၍ လှံတံတော်နှင့်

တောင်ဝှေးတော်သည် အကျွန်ုပ်ကိုချမ်းသာစေဖ” (အပိုဒ်ငယ် ၄)။

ကိုယ်တော်သည် သိုးထိန်းဖြစ်သည်နှင့်အညီ ကြီးမားသောအမှုများကို

မိမိသိုးတို့အတွက် ဘုရားသခင်နှင့်အတူ ပြုပေးနိုင်သည်။ ကျေးဇူးတော်

ပဋိညာဉ်အောက်တွင် ယေရှုသည် ပရောဖက်ယဇ်ပုရောဟိတ်နှင့်ဘုရင်

ဟူသောရာထူးသုံးခုကို ပိုင်ဆိုင်ထားပြီး သိုးထိန်းတစ်ဦးအနေဖြင့် ဤရာ

ထူးသုံးခုတို့သည် သိုးတို့အတွက် မရှိမဖြစ်လိုအပ်ပေသည်။ ကိုယ်တော်

သည် ဤရာတစ်ခုချင်းစီတိုင်းတွင် ကြီးမြတ်တော်မူ၏။

ပဋိညာဉ်၏တံဆိပ်

ကျွန်ုပ်တို့ဆင်ခြင်ရမည့် ဒုတိယအချက်ဟူမူကား ဟေဗြဲစာရေး

သူက ပဋိညာဉ်၏တံဆိပ်ကို “ထာဝရပဋိညာဉ်တရား၏အသွေးတော်အား

ဖြင့် သိုးများကိုထိန်းသောသိုးထိန်းကြီးဖြစ်သော ဝါ တို့သခင်ယေရှုကိုသေ

ဖြစ်မှ နှုတ်ဆောင်တော်မူသောငြိမ်သက်ခြင်း၏ အရှင်ဘုရားသခင်သည်”

ဟူ၍ရည်ညွှန်းထားပါသည်။ ပဋိညာဉ်၏တံဆိပ်ကား ယေရှု၏သွေးတော်

ပင်ဖြစ်သည်။

ရှေးခေတ်က လူတို့သည် ပဋိညာဉ်ပြုကြသောအခါ ပုံမှန်အား

ဖြင့် နှစ်ဦးနှစ်ဖက်ကြားမှာ တစ်စုံတစ်ရာအားဖြင့် အပေးအယူလုပ်တတ်

ကြသည်။ ယခု ဘုရားသခင်နှင့် ပဋိညာဉ်ပြုရာတွင်လည်း အသွေးအားဖြင့်

ထိုပဋိညာဉ်သည် အစဉ်တည်မြဲမှုရှိသည်။ အသွေးသွန်းပြီး သားကောင်

သေပြီးသည်နှင့်တပြိုင်နက် သဘောတူညီမှုသည် အစဉ်ထာဝရတည်

ဆောက်လေပြီဖြစ်သည်။

ပဋိညာဉ်ကိုချပ်ဆိုသူ

ကျွန်ုပ်တို့၏ကောင်းကင်ဘုံအဖခမည်းသည် ကျွန်ုပ်တို့ကိုယ်စား

ယေရှုခရစ်တော်နှင့် ပဋိညာဉ်ပြုသောအခါ ထိုပဋိညာဉ်သည် မှန်ကန်ပြီး

တည်မြဲသည်။ “ငါသည်လည်း သင်တို့နှင့်ထာဝရပဋိညာဉ်ပြု၍ဒါဝိဒ်၌ မြဲမြဲ

သောကျေးဇူးတော်ကို သင်တို့အားပေးမည်(ဟေရှာ၊၅၅:၃)၊ ထိုပဋိညာဉ်

ထာဝရတည်တံ့မြဲမြံစေရန် အသွေးသွန်းလောင်းဖို့ လိုအပ်သည်။ ယခုတွင်

ပဋိညာဉ်တံဆိပ်သည် သွေးနှင့်ဆိတ်၏အသွေး” (ဟေ၊ ၁၀:၄) မဟုတ်၊

ဘုရားသခင်ကိုယ်တော်တိုင်၏သားတော်အသွေးပင်ဖြစ်သည်ဟု ခွဲခန့်

လိုက်ပါသည်။ ပဋိညာဉ်သည် ထိုသို့ချုပ်ဆိုထားသောကြောင့် “အယ်ဆုံး

သောဝိန္ဒတစ်လုံးပျက်စီးလွယ်သည်ထက် ကောင်းကင်နှင့်မြေကြီး ပျက်စီး

လွယ်၏”(ဟေဗြဲ၊ ၁၀:၁၇) ဟု ရေးသားခြင်းလည်းဖြစ်သည်။

ဘုရားသခင်သည် မိမိ၏ကတိတော်များကို စောင့်ထိန်းလျက်နေ

တော်မူ၏။ သူသည် အချည်အနှောင်ကင်း၍ လွတ်လပ်သောဘုရားဖြစ်

သော်လည်း မိမိကိုယ်ကိုတိုင်တည်တော်မူ၏။

ဘုရားသခင်သည် အာဗြဟံ၌ ကတိတော်ထားသောအခါ

ကိုယ်တော်ထက်သာ၍ ကြီးမြတ်သောသူကို တိုင်တည်၍ကျိန်ဆိုရန် မရှိ

သောကြောင့် မိမိကိုယ်ကိုတိုင်တည်၍ (ဟေဗြဲ ၆:၁၃)

လူတို့သည် မိမိထက်ကြီးမြတ်သောသူကို တိုင်တည်၍ ကျိန်ဆို

လေ့ရှိကြ၏။ မြဲမြစေတတ်သောအကျိန်သည် ငြင်းခုံခြင်းရှိသမျှကို ဖြေ

တတ်၏ (ငယ် ၁၆)။

ထို့ကြောင့် ကတိတော်ကို အမွေခံရသောသူတို့သည် ဘုရား

သခင်၏အကြံအစည်တော် မဖောက်ပြန်နိုင်ကြောင်းကို အတပ်သိစေခြင်း

ဘုရားသခင်သည် အကျိန်အားဖြင့် အာမခံတော်မူ၏ (ငယ် ၁၇)။

အကြောင်းမူကား ဘုရားသခင်သည် မုသားမသုံးနိုင်သောအရာ

တည်းဟူသောမဖောက်ပြန်မပြောင်းလဲနိုင်သောအရာနှစ်ပါးကို အမှီပြု၍

ကိုယ်ရှေ့၌ထားသောမျှော်လင့်ရာကို ခိုလှုံခြင်းငှာ ပြေးသောငါတို့သည်

သက်သာအားကြီးကြမည်အကြောင်းတည်း။ (အငယ် ၁၈)

ခရစ်တော်၏အသွေးသည် ကျေးဇူးတော်၏ပဋိညာဉ်တံဆိပ်သို့

သွန်းလောင်းသည်နှင့်တပြိုင်နက် ဘုရားသခင်သည် သိုးတို့အပေါ်၌

ကောင်းချီးမင်္ဂလာပုံအပ်ရန် မိမိ၏ကျိန်ဆိုခြင်းဖြင့် တိုင်တည်တော်မူ၏။

ချစ်မိတ်ဆွေ၊ သင်နှင့်ကျွန်ုပ်သည် ရိုးသားသောသူဖြစ်သည့်အညီ

မိမိတို့၏စကားအားဖြင့် ဆက်နွယ်ပတ်သက်ကြသူများဖြစ်ကြသည်။ အ

ကယ်၍ ကျွန်ုပ်တို့သည် ကျိန်ဆိုခြင်းပြုကြမည်ဆိုလျှင် ကျွန်ုပ်တို့အချင်း

ချင်းကြား၌ ထိုကျိန်ဆိုခြင်းဖြင့် နှစ်ဦးနှစ်ဖက်တိုင်တည်ခြင်းခံကြမည်ဟု

ကျွန်ုပ်ယုံကြည်သည်။ အကယ်၍ ဓမ္မဟောင်းကာလကဲ့သို့အသွေးသွန်းပြီး

ကျိန်ဆိုကြမည်ဆိုပါက ၎င်းကို ကျွန်ုပ်တို့အလေးထားကြမည်ဟု ယုံကြည်

ပါသည်။

ဘုရားသခင်သည် မိမိစိတ်စေတနာရှိသည့်အတိုင်း မိမိ၏သား

တော်နှင့်လည်းကောင်း၊ ငါတို့နှင့်လည်းကောင်း မိမိထံ၌ ပဋိညာဉ်ပြုပြီး

နောက် မိမိသားတော်၏အသွေးကို ပက်ဖျန်းခဲ့ပြီဖြစ်၍ ကျေးဇူးတော်

ဋိညာဉ်ကို ပယ်ဖျက်နိုင်သည်ဟူသောအချက်မှာ လုံးဝမဖြစ်နိုင်သည်ကို

တခဏစဉ်းစားကြည့်ပါ။ ပယ်ဖျက်ရန် လုံးဝမဖြစ်နိုင်ပါ။ ပရိညာဉ်သည့်

ထာဝရပဋိညာဉ်ဖြစ်သည်။ ထိုပဋိညာဉ်သည် ဘုရားသခင်၏သားတော်

ယေရှုခရစ်တော်၏အသွေးအားဖြင့် တည်သောကြောင့် ထာဝရမှန်ကန်

သောပဋိညာဉ်ဖြစ်သည်။

ပဋိညာဉ်ဆိုင်ရာကျေနပ်အားရခြင်း၏စကားရပ်များ

ခရစ်တော်၏အသွေးသည် ပဋိညာဉ်ကိုသာ အတည်ပြုခြင်း

မဟုတ်ဘဲ ၎င်း၏စကားရပ်များကိုလည်း အမှန်တကယ်ကျေနပ်မှုရှိစေပါ

သည်။ ပဋိညာဉ်၏ပြဋ္ဌာန်းချက်သည် ဤသို့ဖြစ်၏။ ခရစ်တော်သည် ကျွန်ုပ်

တို့၏အပြစ်များကြောင့် ဆင်းရဲဒုက္ခခံရ၍ ဘုရားသခင်၏ပညတ်တရားကို

လေးစားရပါမည်။ ကိုယ်တော်သည် မိမိဘဝတလျှောက်လုံး၌ ပညတ်

တရားကို စောင့်ထိန်းတော်မူ၏။ ကိုယ်တော်သည် ပဋိညာဉ်ကို မိမိဘက်မှ

အကြွင်းမဲ့ပြည့်စုံစေသည်မှန်လျှင် “လက်ဝါးကပ်တိုင်မှာ အသေခံခြင်းတိုင်

အောင် အစေကျွန်ခံ၍ ကိုယ့်ကိုကိုနှိမ့်ချတော်မူ၏” (ဖိ၊ ၂၈) ဟူသည်မှာ

ဖြစ်သင့်ပေသည်။ သို့ဖြစ်၍ မိမိ၏အသွေးတော်ကို သွန်းလောင်းခြင်းသည်

မိမိ၏ကတိတော်ကို အဆုံးတိုင်အောင် နာခံလျက် သယ်ဆောင်သွားခြင်း

ဖြစ်သည်။ ထိုသို့ပြုခြင်းသည် ကျွန်ုပ်တို့ကိုယ်စား ပဋိညာဉ်နှင့်ပတ်သက်၍

ခရစ်တော်ဘက်မှ အမှန်စင်စစ်ကျေနပ်အားရခြင်းဖြစ်သည်။ ထို့ကြောင့်

ပဋိညာဉ်တစ်ခုလုံးသည် ယခုခိုင်ခံ့မြဲမြလျက်ရှိ၏။ ၎င်းသည် သွေးတော်

အားဖြင့် အတည်ပြုခြင်းဆိုင်ရာလက်မှတ်ထိုးခြင်းသက်သက်မဟုတ်ဘဲ

ထိုအသွေးတော်အားဖြင့် ခရစ်တော်ဘက်မှ အမှန်စင်စစ်ပြီးမြောက်ခြင်း

ကိုဆိုလိုသည်။ ခရစ်တော်၏အသွေးတော်အားဖြင့် ပြီးမြောက်သော ထို

ပဋိညာဉ်ကို ထာဝရခမည်းတော်ဘုရားသခင်သည် မိမိဘက်မှရုပ်သိမ်း၍

မရပေ။ အကြောင်းမှာ “သိုးများကိုထိန်းသောသိုးထိန်းကြီးသည် မိမိအ

သက်ကို ငါတို့အဖို့ ပေးအပ်ပြီဟူသောစာသည် ရှိနေပြီဖြစ်သည်။

ဓမ္မသစ်၏အသွေး

ပဋိညာဉ်သည် အသွေးတော်သွန်းလောင်းခြင်းဖြင့် ပဋိညာဉ်

တရားသစ်အဖြစ်သို့ပြောင်းလဲသွားသည်။ ကျမ်းစာဖော်ပြသည့်အတိုင်း

“ဤခွက်ကား ပဋိညာဉ်တရားသစ်နှင့်ဆိုင်၍ လူများတို့၏အပြစ်ကို လွတ်

စေခြင်းငှာ သွန်းသောငါ၏အသွေးဖြစ်၏” (မဿဲ၊ ၂၆:၂၈)။ “အမွေခံစေ

ခြင်းငှာ အခွင့်ပေး၍ စာချုပ်သည်အမှုမှာလည်း စာချုပ်တည်လျှင် စာချုပ်

သောသူသည် ဧကန်သေရမည်မှန်”(ဟေဗြဲ၊ ၉:၁၆)။

တချို့အင်္ဂလိပ်ကျမ်းစာများတွင် မသဲ၊ ၂၆:၂၈ နှင့် ဟေဗြဲ ၉:၁၆

ထဲကစကားလုံးကို (“teslancin” or “covenant”) “ဓမ္မသစ်တရား” (ဝါ)

“ပဋိညာဉ်တရားသစ်”ဟူ၍ အသီးသီးဘာသာပြန်ဆိုကြသည်။ မည်သို့ဘာ

သာပြန်ကြသည်ဖြစ်စေ ခရစ်တော်သည် ပဋိညာဉ်နှင့်ပတ်သက်၍ သူ့

ဘက်မှတာဝန်ကျေခဲ့ပြီဖြစ်သည်။ ကိုယ်တော်သည် သူ့အပေါ် ပြုစေလို

သည့်အရာကို ကျွန်ုပ်တို့အား ပြုစေလိုပါသည်။ ထို့ပြင် သူ၏အသေခံခြင်း

အားဖြင့် ကျွန်ုပ်တို့အား အမွေပေးခဲ့၍ အရာအားလုံးသည် သူ့အတွက်

ဆုလာဘ်သရဖူအဖြစ် ရောက်ရှိလာကာ ပဋိညာဉ်တရားသစ်အားဖြင့်

ကျွန်ုပ်တို့ကို အမွေခံသောသူများဖြစ်စေတော်မူ၏။ သို့ဖြစ်၍ အထက်က

စကားလုံးကို “ဓမ္မသစ်တရား” ဟူ၍လည်းကောင်း၊ “ပဋိညာဉ်တရားသစ်”

ဟူ၍လည်းကောင်း မိမိကြိုက်နှစ်သက်သည့်အတိုင်း ဖော်ပြနိုင်သည်။

သို့သော် ယေရှု၏အသွေးတော်သည် သိုးထိန်းကြီး၏သိုးအပေါင်းတို့အ

တွက် ထာဝရ”ဓမ္မာသစ်တရား” သို့မဟုတ် ထာဝရ “ပဋိညာဉ်တရားသစ်”

ဖြစ်သည်ကို မမေ့သင့်ပေ။

ပဋိညာဉ်၏ထာဝရတံဆိပ်

တာဝရပဋိညာဉ်”ဟူသောစကားရပ်အပေါ်၌ ဝမ်းမြောက်အားရ

စွာကပ်နေလိုက်ပါ။ ယနေ့လူတချို့က “ထာဝရ”ဟူသည်မှာ “ထာဝရ”

မဟုတ်ဟု ငြင်းဆိုလျက် ကာလအချိန်ကုန်ဆုံးမည့်အချိန် အနှေးနှင့်အမြန်

ရောက်လာတော့မည်ဟု ဆိုတတ်ကြသည်။ ထာဝရကာလနှင့်ဆိုင်သည့်

အနာစက်တရားစီရင်ခြင်းကို ငြင်းပယ်လိုသော ဆိုးယုတ်သောသူတို့၏

စိတ်ကို အားရကျေနပ်စေရန် ထာဝရကောင်းကင်ဘုံ၏ဝိသေသနှင့်

ဘုရားသခင်၏အခြားသောကောင်းချီးမင်္ဂလာများကို စွန့်လွှတ်ရန် ကျွန်ုပ်၌

မည်သည့်အလေ့အထမျှမရှိပေ။ လူသားတို့၏သဘာဝသည် ထိုဘက်သို့

ယိမ်းယိုင်သော်လည်း ဘုရားသခင်၏နှုတ်ကပတ်တော်မူကား လုံးဝမယိမ်း

ဟိုင်ပေ။ အမှားအယွင်းမရှိသော ထိုနှုတ်ကပတ်၏လမ်းညွှန်ချက်သို့

ကျွန်ုပ်တို့လိုက်သွားပါက အစဉ်အမြဲတည်ရှိသောထာဝရပဋိညာဉ်ထဲ၌

ကျွန်ုပ်တို့ဝမ်းမြောက်ကြပေမည်။

အလုပ်နှင့်ဆိုင်သောပဋိညာဉ်သည် မရှိတော့ပေ။ ၎င်းသည် လူ

သား၏ခွန်အားနှင့်စွမ်းရည်၌ အခြေခံသောကြောင့် အိပ်မက်ကဲ့သို့ အလို

လိုပျောက်ကွယ်သွားသည်။ လူသားတို့၏ဗီဇသည် ထာဝရကာလ မတည်

တုံနိုင်ပေ။ လူသားသည် မိမိ၏အခြေအနေကို မစောင့်ထိန်းနိုင်သော

ကြောင့် နောက်ပိုင်းတွင် မိမိ၏ဗီဇအဆင့်အတန်းသည်လည်း ချောင်ထိုးခံ

ရသည်။ သို့သော် ကျေးဇူးတော်ပဋိညာဉ်သည် ပဋိညာဉ်နှင့်ဆိုင်သည့်

အပိုင်းကို နာခံမှုအပြည့်အဝဖြင့် စုံလင်စေသောခရစ်တော်၏ တန်ခိုး

ချစ်ခြင်းမေတ္တာနှင့်သစ္စာတရားတို့၌သာ မူတည်ပါသည်။ ထို့ကြောင့် ယနေ့

ပဋိညာဉ်သည် ဘုရားသခင်၏ချမ်းသာခြင်းအပေါ်၌ သာရှိပြီး “သစ္စာတည်

သဖြင့် ကိုယ်ကို ငြင်းပယ်တော်မမူနိုင်”(၂တိ ၂:၁၃) သောဘုရားသခင်၌

တည်လျက်ရှိသည်။ ကိုယ်တော်၏နှုတ်ကပတ်တော်သည် မကျရှုံးနိုင်သ

လို၊ မပျောက်ကွယ်နိုင်ပေ၊ “မိမိကိုယ်ကို တိုင်တည်တော်မူ၏” (ဟေဗြဲ၊

၆:၁၃)။

“ကရုဏာတော်သည် အစဉ်အမြဲရှိ၍ သစ္စာတော်သည် ကာလ

အဆက်ဆက် တည်လေသတည်း” (ဆာ၊ ၁၀၀:၅)။ ကိုယ်တော်က သူ

တို့ကိုမစွန့်ပစ်ဘဲ အစဉ်ကျေးဇူးပြုခြင်းငှာ သူတို့၌ ထာဝရဘုရားပဋိညာဉ်

ကိုငါထားမည်။ သူတို့သည်လည်း ငါ့ထံမှမထွက်မသွားမည်အကြောင်း

ငါ့ကို ကြောက်ရွံ့ သောသဘောနှင့် ပြည့်စုံစေမည်” ဆိုလေ၏ (ယေရ၊ ၃၂

၄၀)။ “ဘုရားသခင်သည် မုသားစကားကို အံ့သောငှာ လူဖြစ်

မူသည်မဟုတ်။ နောင်တရအံ့သောငှာ လူသားဖြစ်တော်မူသည်မဟုတ်။

မိန့်တော်မူပြီးမှစကားတော်အတိုင်းမပြုဘဲနေတော်မူမည်လော။ သတိထား

တော်မူပြီးမှ ကတိတော်မတည်ဘဲ နေတော်မူမည်လော” (တောလည်။

၂၃:၁၉)။ သို့ဖြစ်၍ ခရစ်တော်၏အသွေးနှင့်ဆိုင်သော ပဋိညာဉ်တံဆိပ်

သည် အရာအားလုံးကို ယုံကြည်စိတ်ချစေပါသည်။

ပဋိညာဉ်၏ပြည့်စုံခြင်း

ယခုတွင် ပဋိညာဉ်၏ပြည့်စုံခြင်းကို စူးစမ်းလေ့လာကြပါစို့။ အ

ကြောင်းမှာ ဘုရားသခင်သည် ပဋိညာဉ်ထဲ၌ မိမိ၏အပိုင်းကိုအစပြုလုပ်

ဆောင်ခဲ့ပြီဖြစ်သည်။ “ထာဝရပဋိညာဉ်တရား၏အသွေးတော်အားဖြင့် သိုး

များကိုထိန်းသောသိုးထိန်းကြီးဖြစ်သော ငါ တို့သခင်ယေရှုကို သေခြင်းမှ

နှုတ်ဆောင်တော်မူသော ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်သည်” ဟူ၍

ဖော်ပြပါသည်။

ယေရှုခရစ်တော်သည် ထာဝရပဋိညာဉ်တရား၏အသွေးတော်

အားဖြင့် အနန္တတန်ခိုးရှင်ဘုရားသခင်က သေခြင်းမှပြန်ထစေတော်မူပြီ။

ယေရှုခရစ်တော်သည် ကျွန်ုပ်တို့ကိုယ်စား ပဋိညာဉ်တရားသစ်ဖြစ်တော်မူ

၏။ ကိုယ်တော်သည် ကျွန်ုပ်တို့အပြစ်များကို သူကိုယ်တိုင်ယူဆောင်

သွား၍ ထိုအပြစ်များအတွက် ဆင်းရဲဒုက္ခခံရန် တာဝန်ယူဆောင်ရွက်လေ

သည်။ မိမိအသက်ကိုပေးဆပ်လျက် လက်ဝါးကပ်တိုင်ပေါ်မှာ အသေခံ

ခဲ့ပါသည်။ ထို့နောက် ကားတိုင်ပေါ်မှသင်္ချိုင်းတွင်းသို့ယူဆောင်ခြင်းခံရပြီး

သေများနှင့်ဆိုင်သောသင်္ချိုင်းတွင်း၌ အကျဉ်းချခံလျက်နေ၏။ ပဋိညာဉ်

စကားရပ်အရ ခမည်းတော်ဘုရားသခင်သည် မိမိအပိုင်းမှ “ခရစ်တော်၏

ဝိညာဉ်ကို မရဏာနိုင်ငံ၌ ပစ်ထားတော်မမူ။ ကိုယ်တော်၏သန့်ရှင်းသော

သူအားလည်း ပုပ်စပ်ခြင်းကို ရှိစေတော်မမူဘဲ အသက်ရှင်ခြင်းလမ်းကို

ပြညွှန်တော်မူလိမ့်မည်”(တမန်၊ ၂:၂၇) ဟူ၍ ပါရှိသည်။

“ခရစ်တော်သည် လက်ဝါးကပ်တိုင်၌ သူ့ကို ယုံကြည်သောကျွန်ုပ်

တို့အားလုံးကို ကိုယ်စားပြုသောကြောင့် ကျွန်ုပ်တို့သည် သူနှင့်အတူ

အသေခံရသည်။ ထို့အတူ ယရှုသည် သင်္ချိုင်းတွင်း၌ ကျွန်ုပ်တို့ကို

ကိုယ်စားပြုသောကြောင့် ကျွန်ုပ်တို့သည် သူနှင့်အတူ သဂြိုဟ်ခြင်းကိုခံ

ကြရ၏။ သူ၌ ဖြစ်ပျက်ခဲ့သမျှတို့သည်လည်း သူ့သီးတို့၌ ဖြစ်ပျက်ခဲ့၏။

ထိုသို့ဆိုသော် မည်သည့်အမှုသည် ယေရှုကိုယ်ခန္ဓာပေါ်၌ ဖြစ်ပျက်သ

နည်း။ ဘုရားသခင်သည် မိမိ၏ပဋိညာဉ်ကို စောင့်ထိန်းပါသလော။ ဤ

လောကသို့ဆင်ကြွလာသောကိုယ်တော်သည် ရှင်ပြန်မြောက်ခြင်းမရှိ

ဘဲနေရမည်လော။

သုံးရက်မြောက်နေ့ အာရုံဦးသန်ကို သွားရောက်နေ့

လိုက်ဝါးကတိတော်အချိန်ခါ ရောက်ရှိပြီး အများကြီး

အသေကောင်များရှိရာအရပ်၌ နေသားအား သွား

ဘောင်လောက်အောင်မျှမထိမကိုက်ဝံ့။ သို့သော် ကျွန်းနှင့်

ပြည့်သောနံနက်တွင် အိပ်မောက်သားတော်သည် အ

ကောင်များရှိရာအရပ်မှန်းဆန်းစွာ နှိပ်ပြီး သချိုင်းသို့ တက်အား

သောက်သည် လိုက် ကိုယ်တော်မြောက်ပြီး ကောင်း

တတို့သည် ကိုယ်တော်ကိုခြံရံကြ၏။

ကိုယ်တော်ထဲ၌သင်တို့ကို ဟောပြောတော်မူ၏။ ယေရှုသည် သေခြင်းတရားကိုအောင်နိုင်ခဲ့ပြီး မည်မျှ

သေတော့မည်မဟုတ်ကိုယ်တော်သည် အမှန်စင်စစ်ရှင်ပြန်ထမြောက်

ကြောင်း တပည့်တော်များက သူ့ကို မြင်တွေ့နိုင်ခြင်းမှာ ရက်ပေါင်း

စောင့်ဆိုင်းနေသော ဘုန်းတော်နှင့်ပြည့်စုံသော

မိမိ၏အတွင်းသို့ပြန်သွားရန်ဖြစ်

သည်။ ဘုရားသခင်သည် ကိုယ်တော်ကို ထ မြောက်စေရန်နှင့်

ကောင်းကင်ပေါ်သို့သို့ ပြန်တက်သွားစေရန် သူ့အပေါ်၌ သစ္စာတည်

လော။ တည်ပါသည်။ အချိန်ရောက်သော် ကိုယ်တော်သည် သံလွင်

တောင်ပေါ်၌ အထက်ကောင်းကင်အရပ်သို့တက်သွားတော်မူ၏။ တပည့်

တော်တော် ကြည့်ရှုလျက်နေကြစဉ် ကိုယ်တော်သည် အထက်သို့

ချီဆောင်ခြင်းကိုခံတော်မူ၍ မိုးတိမ်သည် ကိုယ်တော်ကို သူတို့မြင်ကွင်းမှ

သွားလေ၏။ ထိုသို့ဆိုလျှင် ကိုယ်တော်သည် မိမိအရင်ဆင်းကြွ

အရာပ်တိုင်အောင် အပြည့်အဝမြောက်ပါ သလား။ ကိုယ်တော်

မြောက်ခြင်းအားဖြင့် တို့သည် ယိုယွင်းပျက်စီးခြင်းအပေါင်းတို့မှ အ

ပြည့်အားပြန်ကောင်းလာကြပါသလား။ အို ချစ်သောမိတ်ဆွေ၊ ကိုယ်တော်

သည် ကောင်းကင်တံခါးသို့ဝင်ရောက်သွားလေပြီ။ ခမည်းတော်

ဘုရားသခင်သည် ကိုယ်တော်ကို အားရဝမ်းမြောက်ခြင်းနှင့် ကြိုဆိုလျက်

နေတော်မူ၏။ ကိုယ်တော်သည် လေထဲ၌တက်သွား၍ ခမည်းတော်လက်

ယာဘက်၌ ထိုင်လျက်နေတော်မူ၏။ “ထို့ကြောင့် ဘုရားသခင်သည်

ကိုယ်တော်ကို အလွန်ခြောက်၍ ဘွဲ့နာမတကာတို့ထက် ကြီးမြတ်သော

ဘွဲ့နာမတော်ကို ပေးသနားတော်မူ၏”(ဖိ၊ ၂:၉)။

လေရှုသည် သေခြင်းမှဘုန်းအသရေရှိသမျှနှင့် ဖုံးလွှမ်းသော

အင်သို့ပြန်လှည့်သွားသည်ဟူသောအနက်အဓိပ္ပာယ်ကား မည်သို့နည်း။

အကြောင်းမှာ ထာဝရဋိညာဉ်နှင့်ဆိုင်သည့်မိမိ၏အသွေးတော်ကို တင်

လှသောကြောင့်ဖြစ်သည်။ ယေရှုသည် မိမိဘက်မှပဋိညာဉ်တာဝန်ကို

သေခြင်းတိုင်အောင် စောင့်ထိန်ခဲ့ကြောင်း ခမည်းတော်ဘုရားသခင်ခြင်

သောအခါ ခမည်းတော်သည်လည်း မိမိ၏သားတော်ကို သင်္ချိုင်းတွင်းမှ

သက်ရှင်ခြင်းသို့လည်းကောင်း ရှက်ကြောက်ခြင်းမှဂုဏ်ပြုချီးမြှင့်ခြင်းသို့

လည်းကောင်း၊ အရှက်ရခြင်းမှဘုန်းအသရေသို့လည်းကောင်း၊ သေခြင်းမှ

အရှင်ခြင်းသို့လည်းကောင်း တစ်ဖန်ပို့ဆောင်တော်မူ၏။ သို့ဖြစ်၍

စ်တော်သည် ဘုရားသခင်၏လက်ျာတော်ဘက်၌ အစဉ်အမြဲ

ထိုင်၍ မိမိရန်သူတို့ကို မိမိခြေတင်ရာချမထားမှီတိုင်အောင်လင့်

က်နေတော်မူ၏(ဟေဗြဲ၊ ၁၀:၁၂-၁၃)။

ယေရှုအပေါ်၌ ပြုခဲ့သမျှသည် သူ့လူအပေါင်းတို့၌လည်း ပြုခဲ့

နီးပါးဖြစ်သည်။ အကြောင်းမှာ ငြိမ်သက်ခြင်း၏ အရှင်ဘုရားသခင်

ဉ် ကိုယ်တော်ကို သေခြင်းထဲမှထမြောက်စေတော်မူခဲ့၏။ ယေရှုတစ်

ပါးတည်းဟူ၍မဟုတ်ဘဲ ငါတို့၏သခင်ယေရှုတည်းဟူသောသိုးများကို

ကိန်းသိုးထိန်းကြီးအဖြစ် ထမြောက်စေခဲ့သည်။ သိုးတို့သည် သိုး

ကိန်းနှင့်အတူရှိကြ၏။ အို သိုးတို့၏သိုးထိန်းကြီး၊ သင်၏သိုးတို့သည်

မှာရှိကြသနည်း။ ကိုယ်တော်သည် သိုးတို့ကို အဆုံးတိုင်အောင်

ချစ်ကြောင်း ကျွန်ုပ်တို့သိရှိသော်လည်း ကိုယ်တော်သည် မိမိသိုး အနှင့်

မရှိပေ။ မိမိတို့ကို တောကန္တရ၌ ထားရစ်ခဲ့သလော။ ထိုသို့မဖြစ်နိုင်ပေ။

“ခရစ်တော်၏မေတ္တာတော်နှင့် ငါတို့ကို မည်သူကွာနည်” (ရော၊

၈၃၅) ဟူ၍ ကျမ်းစာ၌ ဖော်ပြသည်။ “အကျွန်ုပ်ရှိရာအရပ်၌ အကျွန်ုပ်

နှင့်အတူ ရှိနေစေခြင်းငှာ အကျွန်ုပ်အလိုရှိပါ၏” ဟူသော သိုးထိန်းကြီး

ပြောစကားကို နားထောင်လော့ (ယော၊ ၁၇:၂၄)။ “မြ သည် အသက်ရှင်သော

ကြောင့် သင်တို့သည်လည်း အသက်ရှင်ရကြလိမ့်မည်” (ယော၊၁၄:၁၉)၊ “ ငါ၏အမှုဆောင်သည်လည်း ငါ ရှိရာအရပ်၌ ရှိရလိမ့်မည်”

(ယော၊ ၁၂:၂၆)။ချစ်သောမိတ်ဆွေ၊ သိုးတို့သည် မည်သည့်အခါမျှ “သိုးများ

ကိုထိန်းသောသိုးထိန်းကြီး နှင့် မကွဲကွာပေ။ သိုးတို့သည် ကိုယ်တော်၏

လက်တော်၌ အစဉ်အမြဲရှိသည်ဖြစ်၍ မည်သူမျှကိုယ်တော်၏လက်တော်

ထဲမှမလုယူနိုင်ပေ (ယောဟန်၊ ၁၀:၂၈)၊ ထိုသိုးတို့သည် မြေကြီးပေါ်၌

ကိုယ်တော်နှင့်အတူရှိပြီး တစ်ဖန်ကိုယ်တော်နှင့်အတူ ထမြောက်ကြ၏။

အကယ်၍ ယေရှုသည် သင်္ချိုင်းတွင်း၌ ကျန်ရစ်နေမည်ဆိုပါက မိမိသုံး

ရှိသမျှတို့သည် ထိုအရပ်၌ပင် ပျက်စီးကြပါလိမ့်မည်။ မည်သို့ပင်ဖြစ်စေ

ခမည်းတော်သည် သားတော်ယေရှုကို ထမြောက်စေတော်မူသောကြောင့်

ကျွန်ုပ်တို့သည်လည်း သားတော်နှင့်အတူ ထမြောက်ကြ၏။ ဤအကြောင်း

ကြောင့် ခမည်းတော်ဘုရားသခင်သည် ကျွန်ုပ်တို့အား “အသက်ရှင်ခြင်း

နှင့်စပ်ဆိုင်သောမျှော်လင့်ခြင်” ကိုပေးသနားတော်မူ၏ (၁ပေတ၊ ၁:၃)။

သို့ဖြစ်၍ ကျွန်ုပ်တို့၏စိတ်ဝိညာဉ်သည် မည်သည့်အခါမျှ မသေဆုံးတော့

ဘဲ ဘုန်းအသရေနှင့်ပြည့်စုံသော မိမိတို့၏ကိုယ်ခန္ဓာထမြောက်ခြင်းကို

ဝမ်းမြောက်စွာဖြင့် စောင့်မျှော်လျက်နေကြသည်။

ယေရှုသည် ကောင်းကင်ဘုံ၌ ကျွန်ုပ်တို့ကို ကိုယ်စားပြုပေးသူ

အဖြစ်ရပ်တည်လျက် သိုးတို့သည်လည်း သူ့နောက်သို့လိုက်လျက်နေ

ကြသည်။ ကောင်းကင်ကုန်းမြင့်တို့သည် နိမ့်ပါးသောမြေကြီးပေါ်ထဲမှ

တက်လာသူများဖြစ်သည်ကို သင့်စိတ်နှလုံး၌ ကျွန်ုပ်မြင်တွေ့စေလိုသည်။

ကျွန်ုပ်တို့သည် ဤလောက၌ ခဏတာနေရစဉ် ကိုယ်တော်၏ကြည့်ရှုခြင်း

အောက်၌ ကျွေးမွေးခြင်းခံရလျက် ဝေးလှသောကောင်းကင်ကုန်းမြင့်မှ

မြစ်တစ်မြစ် စီးဆင်းလျက်ရှိပြီး ထိုမြစ်သည် ကျွန်ုပ်တို့အား ကောင်းကင်

စားကျက်မြေနှင့် ခွဲခွာစေသည်။ ချစ်လှစွာသောညီအစ်ကိုတို့သည် အချိန်

စေ့သောအခါ ကောင်းမြတ်တော်မူသောသိုးထိန်း၏ခေါ်သံကို ကြားကြပြီး

တစ်ယောက်ပြီးတစ်ယောက် သိုးထိန်းကြီးရှိရာ ကောင်းကင်အမြင့်သို့

ထိုမြစ်ကိုဖြတ်ကျော်လျက် သွားကြရသည်။ ထိုသိုးတို့သည် ဘုရားသခင်

၏လမ်းညွှန်ခြင်းအောက်၌ နေထိုင်ပြီး သိုးသငယ်၏ကျွေးမွေးခြင်းကိုခံရ

လျက် မည်သည့်အမင်ပုလွမလာရောက်နိုင်သည့်ထိုအရပ်၌ ထာဝရ

နေလိုင်ကြရသည်။

ကျွန်ုပ်တို့အမြင်၌ သီးတို့အဖို့ စားကျက်မြေသည် ရေးစီးသန်

သည့်ဒန်မြစ်က ခြားလျက်နေသည်ဟုထင်ရသော်လည်း ထိုးအပေါင်း

တို့အတွက် ကိုယ်တော်၌ စားကျက်မြေတစ်ခုတည်းသာရှိသည်။ သိုးရှိသ

မျှတို့သည် ထာဝရပဋိညာဉ်၏အသွေးတော်အားဖြင့် မှတ်သားခြင်းခံရပြီး

ယေရှုအသက်ရှင်သောကြောင့် ယေရှု၏ကြည့်ရှုစောင့်ရှောက်ခြင်းကိုခံ

ကြ၏။ ကိုယ်တော်သည် မိမိ၏အသွေးလွန်းခြင်းအားဖြင့် အန္တတန်ခိုးရှင်

က ကိုယ်တော်အား သေခြင်းထဲမှထမြောက်စေသည့်အတိုင်း သိုးတို့ကို

ထို့အတူ ထမြောက်စေတော်မူလိမ့်မည်။

သိုးတို့အား ဆုံးမပဲ့ပြင်ခြင်းသည် သိုးထိန်းကြီးအားဖြင့် ဖြစ်ပေါ်

ပြီး သိုးတို့သည်လည်း ထိုသိုးထိန်းကြီးထံ၌ သေဆုံးကြသည်။ သိုးထိန်း

ကြီးအသက်ရှင်သောကြောင့် ယနေ့သိုးတို့သည်လည်း အသက်ရှင်ကြ

သည်။ သိုးတို့၏အသက်သည် အသစ်သောအသက်တာ၏အကျိုးဆက်

ပင်ဖြစ်သည်။ ကိုယ်တော်သည် သေခြင်းထဲမှအသက်ရှင်ခြင်းထဲသို့ခေါ်

ထုတ်ခံရသည့်အတိုင်း ခေါ်ယူခြင်းမခံရသေးသည့်အပြစ်တရား၌ သေ

လျက်နေသောမိမိသုံးရှိသမျှတို့ကို ခေါ်ထုတ်ရလိမ့်မည်။ ကိုယ်တော်သည်

သင်္ချိုင်းမှပလ္လင်ရှိရာ အထက်အရပ်သို့တက်သွားသည့်အတိုင်း ခေါ်ယူ

ခြင်းခံရသောသူတို့ကို အရှေ့သို့လည်းကောင်း၊ အသက်အရပ်သို့လည်း

ကောင်းပို့ဆောင်တော်မူလိမ့်မည်။ ကိုယ်တော်ကိုယ်တိုင်သည် ထာဝရ

ပဋိညာဉ်၏အသွေးတော်အားဖြင့် စောင့်ထိန်းခြင်းခံရသည့်အတိုင်း မိမိ

သိုးတို့ကို သူတို့၏လမ်းခရီးတလျှောက်၌ စောင့်ထိန်းတော်မူလိမ့်မည်။

မိမိပြည့်စုံသကဲ့သို့မိမိသိုးတို့ကို ပြည့်စုံစေတော်မူလိမ့်မည်။ ငြိမ်သက်ခြင်း

အရှင်ဘုရားသခင်သည် ကိုယ်တော်ကို ဘုန်းအသရေရှိစေတော်မူသည့် အတိုင်း သူရွေးကောက်သောမိမိသိုးတို့ကို မိမိနှင့်အတူ ဘုန်းအသရေရှိ

စေတော်မူလိမ့်မည်။

ပဋိညာဉ်၏ကြီးမြတ်သောကောင်းချီးမင်္ဂလာ

ယခုတွင် ကျွန်ုပ်တို့၏ကျမ်းစကား၌တွေ့ရှိသည့် ပဋိညာဉ်၏

ကောင်းချီးမင်္ဂလာထဲသို့နှိုက်နှိုက်ချွတ်ချွတ်ရှာဖွေကြပါစို့။ ပဋိညာဉ်နှင့်

လည့်ကောင်းချီးမင်္ဂလာများထဲတွင် မည်သည့်ကောင်းချီးမင်္ဂလာည် အ

ကြီးမြတ်ဆုံးနည်း။ ဟေဗြဲစာရေးသားသူက “ငြိမ်သက်ခြင်း၏အရှင်ဘုရား

သင်သည် …………. မိမိနှစ်သက်တော်မူသောအမှုအရာကို ယေရှုခရစ်အား

ဖြင့် သင်တို့၌ ပြုတော်မူ၍ သင်တို့သည် အလိုတော်သို့လိုက်မည်အ

ကြောင်း ကောင်းသောအကျင့်အမျိုးမျိုး၌ သင်တို့ကို ပြုပြင်တော်မူ

ဟူ၍ တောင်းဆိုခဲ့သည်။ ပဋိညာဉ်တရားသစ်၏ကောင်းချီးမင်္ဂလာ

များထဲမှအဓိကတစ်ခုကား ဘုရားသခင်ကို အစေခံရန် စွမ်းရည် (ဝါ)

အလိုရှိခြင်းပင်ဖြစ်သည်။ ပဋိညာဉ်တရားဟောင်းက “ကျောက်ပြားပေါ်၌

ရေးသားထားသောစာသားတိုင်းကို သင်သည် လိုက်နာစောင့်ရှောက်ရ

မည်”ဟုဆိုလေသည်။ ထိုသို့ပြုပါက သင်သည် အသက်ရှင်ရမည်။ ထိုသို့

မပြုပါက သင်သည် သေဆုံးရလိမ့်မည်။ ထိုပဋိညာဉ်တရားဟောင်းကို

မည်သူတစ်ဦးတစ်ယောက်ကမျှ အဆက်မပြတ်လိုက်လျှောက်နိုင်ခြင်းမရှိ

သလို ထိုတရားအားဖြင့် မည်သူမျှငြိမ်သက်ခြင်းကို မတွေ့နိုင်ပေ။

သို့ရာတွင် ပဋိညာဉ်တရားသစ်သည် ဤနည်းအတိုင်း ဖော်ပြ၏။

“ငါ ထာဝရဘုရားသည် ပညတ်တို့ကို သူတို့နှလုံးထဲမှာ ပေးသွင်းမည်။

သူတို့စိတ်ဝိညာဉ်၏အပေါ်မှာရေးထားမည်ဟု အထက်ကမိန့်တော်မူပြီးမှ

သူတို့ပြစ်မှားခြင်း၊ လွန်ကျူးခြင်း အမျိုးမျိုးကို ငါ မအောက်မေ့ဘဲ နေမည်

ဟု လာသတည်း” (ဟေဗြဲ၊ ၁၀:၁၆-၁၇)။ “သူတို့သည်လည်း ထံမှ

မထွက်သွားမည်အကြောင်း ကိုကြောက်ရွံ့သောသဘောနှင့် ပြည့်စုံစေ

မည်” (ယေရ၊ ၃၂:၄၀)။ ပရောဖက်တို့သည်လည်း ဤပဋိညာဉ်တရား

သစ်အပေါ်၌ မျက်စိကျယ်ကျယ်ဖွင့်ပေးလျက် ချဲ့ကားပြောဆိုကြသည်။

“သင်အလိုရှိလျှင် ငါအလိုရှိမည်”ဟူသောပဋိညာမဟုတ်ဘဲ “ငါလုပ်ပေး

သဖြင့် သင်ဖြစ်လိမ့်မည်”ဟူ၍ဖြစ်သည်။ အကယ်၍ ကျွန်ုပ်အားဖြင့် တစ်စုံ

တစ်ရာလုပ်ဆောင်ရန် ရှိမည်ဆိုပါက ပဋိညာဉ်၏တောင်းဆိုချက်ကို ပြည့်

စုံစေခဲ့သည်ဟု ကျွန်ုပ်မည်သည့်အခါမျှစိတ်ချနိုင်မည်မဟုတ် ဘုရား

သခင်သည် ကျွန်ုပ်တို့ကို လုပ်ဆောင်စေသောကြောင့် ကျနော်တို့

ဆောင်ခြင်းဖြစ်သည်။ သို့ရာတွင် ပဋိညာဉ်တစ်ခုလုံးသည် ဤကြီးမြတ်

သောကတိတော်အပေါ်၌သာ အားထားမှီခိုရပါသည်။ “သူတို့ကိုမစွန့်ပစ်

ဘဲ အစဉ်ကျေးဇူးပြုခြင်းငှာ သူတို့၌ ထာဝရပဋိညာဉ်ကို ငါပေးမည်။

(ယေရ၊ ၃၂:၄၀)။

“အလိုတော်သို့လိုက်မည်အကြောင်း ကောင်းသောအကျင့်အမျိုး

မျိုး၌ ငါတို့ကိုပြုပြင်တော်မူပါစေသော”ဟု ဟေဗြဲစာရေးသူက ဆုတောင်း

သည်မှာ မှန်လှပါသည်။ အကြောင်းမှာ ကနဦးအချိန်မှစ၍ ဤအရာသည်

ကတိတော်၏အဓိကဖြစ်သည်။ ယေရှုအသေခံပေးခြင်းကို ခံရသောသူတို့

သည် သန့်ရှင်းစင်ကြယ်ရမည် ဖြောင့်မတ်ရမည်။ ဘုရင်ကို အ

ခံရန် တပ်ဆင်ခြင်းခံရသောသူများဖြစ်ရမည်။ “အဘယ်ကြောင့်နည်းဟူမူ

ကား ငါတို့သည် ကောင်းသောအကျင့်တို့ကို ကျင့်ရမည်အကြောင်း သေ

ခရစ်၌ ပြုပြင်၍ ဖန်ဆင်းတော်မူရာဖြစ်ကြ၏။ ထိုကောင်းသောအကျင့်တို့၌

ငါတို့သည် ကျင်လည်ရမည်အကြောင်း ဘုရားသခင်သည် တို့ကို

ပြင်ဆင်တော်မူနှင့်ပြီ” (ဧဖက်၊ ၂:၁၀)။ ကောင်းမွန်သောဆုတောင်းချက်

ဖြစ်ပါသည်။ ဤဆုတောင်းချက်သည် ပဋိညာဉ်က အာမခံပေးသောအရာ

ကိုသာ တောင်းလျှောက်ခြင်းဖြစ်သည်။

အမှုတော်အတွက် လုံးလုံးလျားလျား တပ်ဆင်ခြင်း

ဟေဗြဲစာရေးသူက ပထမဦးဆုံးတောင်းဆိုသည့်ကောင်းချီးမင်္ဂ

လာသည် ဘုရားသခင်အမှုတော်အတွက် စွမ်းရည်ဖြစ်သည်ဟု ကျွန်ုပ်

မြင်မိပါသည်။ ဂရိစကားလုံး ““katartizo” “သင့်ကိုပြည့်စုံစေသည်” ဟု

သောစကားလုံးမှာ ယနေ့ကျွန်ုပ်တို့သုံးနှုန်းနေသည့် “ပြည့်စုံခြင်း” ဟူသော

အနက်အဓိပ္ပာယ်နှင့် မတူညီပေ။ ““katartizo” စကားလုံး၏ဆိုလိုရင်းမှာ

“တပ်ဆင်သည်။” “သင့်တော်သည်။” “ပြင်ဆင်သည်။” “တတ်နိုင်သည်။

ဟူ၍ဖြစ်ပါသည်။ ဤစကားရပ်နှင့်ပတ်သက်၍ ဤအရာမှန်သည်။ ဤအ

ရာမှားသည်ဟူ၍ ကျွန်ုပ်ထောက်ပြလိုခြင်းမဟုတ်ပေ။ အကြောင်းအရာ

ကို ဖော်ပြခြင်းသာဖြစ်သည်။ ဘုရားသခင်၏အလိုတော်ကို လုပ်ဆောင်

ဖို့အတွက် သင့်ကိုပြည့်စုံစေသည်” သို့မဟုတ် “သင့်ကို လုံးလုံးလျားလျား

တပ်ဆင်သည်” ဟူ၍ ဖော်ပြခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏

အလိုတော်ကို ဆောင်ရွက်ရန် အရည်အချင်းနှင့်ပြည့်စုံ၍ ဘုရားသခင်

၏အသုံးတော်ခံခြင်းငှာ စိတ်အားထက်သန်စွာအသနားခံလျက် တောင်း

လျှောက်သင့်သည်။

တချိန်က အပြစ်၌ သေလျက်နေသောကျွန်ုပ်တို့သည် ယနေ့

တစ်ဖန် အသက်ရှင်လျက်ရှိကြပြီ။ မေးစရာမေးခွန်းကား မည်သူသည်

သခင်ဖြစ်လာမည်နည်း။ ကျွန်ုပ်တို့သည် မည်သူ့ထံ၌ အသေခံ၍သေခြင်းမှ

မည်သူနှင့်အတူ ထမြောက်ပြီး မည်သူ့ထံ၌ အပ်နှံလျက်နေကြသနည်း။

သိုးများကိုထိန်းသောသိုးထိန်းကြီးပင်မဟုတ်လော။ ကျွန်ုပ်တို့၏အသနားခံ

ဆုတောင်းခြင်းသည် ဘုရားသခင်၏အလိုတော်ကို အပြည့်အဝဆောင်

ရွက်နိုင်ရန်ဖြစ်သင့်သည်။ ကျွန်ုပ်တို့၏သိုးထိန်းကြီးသည်လည်း အဖခမည်း

တော်၏အလိုတော်ကို ဆောင်ရွက်ခဲ့သည်။ “အို အကျွန်ုပ်၏ဘုရားသခင်

ကိုယ်တော်၏အလိုတော်ကို ဆောင်ရွက်ရာ၌ အကျွန်ုပ်သည် အားရဝမ်း

မြောက်၏” (ဆာ၊ ၄၀း၈)။ “အလိုတော်နှင့်အညီ ….ငါတို့သည် စင်ကြယ်

ခြင်းသို့ရောက်ကြ၏” (ဟေဗြဲ၊ ၁၀:၁၀)။ ကျွန်ုပ်တို့တစ်ဦးချင်းစီသည်

လည်း ထိုအလိုတော်ကိုဆောင်ရွက်နိုင်ရန် စင်ကြယ်ခြင်းသို့ရောက်ကြ

သည်မဟုတ်လော။

ခရစ်ယာန်တိုင်းသည် မိမိဘုရားသခင်ကို အစေခံရန် ပြင်ဆင်

စေခြင်းငှာလည်းကောင်း၊ ဘုရားသခင်အသုံးပြုနိုင်သောအိုးဖြစ်စေခြင်းငှာ

လည်းကောင်း၊ ဘုရားသခင်၏လက်တော်အတွက် သင့်တော်သောတန်

ဆာပလာဖြစ်စေခြင်းငှာလည်းကောင်း ပဋိညာဉ်သစ်နှင့်ဆိုင်သောအသွေး

တော်အားဖြင့် သန့်ရှင်းစင်ကြယ်ခြင်းသို့ရောက်ပြီ။ ချစ်သောမိတ်ဆွေ၊

အမှုတော်ဆောင်ရွက်နိုင်ရန် စွမ်းရည်ကိုတောင်းခံလိုက်ပါ။ သင်အပျောက်

အသုံးဝင်သောတန်ဆာ၊ ကောင်းသောအမှုအားလုံးအတွက် ပြင်ဆင်ခြင်း ခံရသောတန်ဆာဖြစ်ရလိမ့်မည်” (၂တိ၊ ၂:၂၀) ဟုဖော်ပြသည့်အတိုင်း

သင်သည်လည်း ထိုသို့ဖြစ်စေခြင်းငှာ နေ့ရောညပါ ဆုတောင်းရမည်။

ကျေးဇူးတော်၏အတွင်းပိုင်း လုပ်ဆောင်ချက်

ဟေဗြဲစာရေးသူသည် အမှုတော်အတွက် စွမ်းရည်အတွက်သာ

ဆုတောင်းသည်မဟုတ်ဘဲ မိမိနှစ်သက်တော်မူသောအမှုအရာကို ယေရှု

ခရစ်တော်အားဖြင့် သင်တို့၌ ပြုတော်မူ၍” ဆိုသည့်အတိုင်း ကျေးဇူးတော်

၏အတွင်းပိုင်း လုပ်ဆောင်ချက်အတွက်လည်း ဆုတောင်း၏။ ကျွန်ုပ်သည်

အခြားအရာရှိသမျှတို့ထက်မိမိအဖို့ သန့်ရှင်းသောဝိညာဉ်တော်၏အတွင်း

ပိုင်းလုပ်ဆောင်မှုကို သာ၍တောင့်တပါသည်။ ယနေ့တွင် သာမန်ကာလျှံ

ကာမျှဘာသာရေးများစွာရှိသည်ဖြစ်၍ ကျွန်ုပ်တို့သည်လည်း ၎င်းနှင့်

နပ်အားရရန် ပြုတတ်ကြသည်။ သို့ဖြစ်၍ ထိုအရာက ကျွန်ုပ်တို့ကို စိတ်နှ

လုံးအကြွင်းမဲ့ဆုတောင်းစေပါသည်။ ကျွန်ုပ်တို့၏ချစ်ခင်မှုကို မြှင့်တင်ဖို့

လိုအပ်သည်။ ကျွန်ုပ်တို့၏လိုအင်ဆန္ဒများကို ထိန်းချုပ်ဖို့ လိုအပ်သည်။

ကျွန်ုပ်တို့၏စိတ်နှလုံး ဉာဏ်အလင်းရရှိဖို့ လိုအပ်သည်။ သန့်ရှင်းသော

ဝိညာဉ်တော်အတူပါရှိခြင်းအားဖြင့် ကျွန်ုပ်တို့၏ဖြစ်ခြင်းတစ်ခုလုံးသည်

ဝိညာဉ်သဘောရှိဖို့ လိုအပ်လှပေသည်။

“ဘုရားသခင်မိန့်တော်မူသည်ကား သူတို့တွင် ငါကျိန်းဝပ်မည်။

သူတို့တွင် လှည့်လည်၍ သူတို့၏ဘုရားသခင်ဖြစ်မည်” (၂ကော၊ ၆:၁၆)

ဟူသောကျမ်းစကားသည် ပဋိညာဉ်နှင့်ဆိုင်သည့်ကတိတော်ဖြစ်သည်။

ဘုရားသခင်သည် ခရစ်တော်၏ကိုယ်ခန္ဓာကို အသက်ရှင်စေခြင်းအားဖြင့်

သင်္ချိုင်းတွင်း ခရစ်တော်၌ အလုပ်လုပ်တော်မူသည်နည်းတူ ကျွန်ုပ်တို့အ

ထဲ၌လည်း အလုပ်လုပ်တော်မူမည်။ “ထိုတန်ခိုးတော်ကား ခရစ်တော်ကို

သေခြင်းမှထမြောက်စေတော်မူ၍ ဂုစ်တော်၌ ပြုပြင်သောမဟာတန်ခိုး

အာနုဘော်အရှိန်ကဲ့သို့ဖြစ်၏”(ဧဖက်၊ ၁:၁၈)။

သင့်အထဲ၌ ထိုတန်ခိုးတော်အလုပ်လုပ်ဆောင်ရန် သခင်ဘုရား

တံဆုတောင်းပါ။ အနည်းငယ်သောအရာနှင့်ဘာသာရေးအတွင်း၌

နည်းသောလှုပ်ရှားမှုများဖြင့် မရောင့်ရဲပါနှင့်။ ထိုသို့ပြုမည့်အစား သင့်အ

ထဲ၌ ဘုရားသခင်၏ခွန်အားများဖြင့် အလုပ်လုပ်ခြင်းကိုခံစားရန် တောင်း

ဆိုလိုက်ပါ။ ဘုရားသခင်၏ထာဝရတတ်စွမ်းနိုင်ခြင်းကို တွေ့ကြုံခံစားပြီး

သင့်စိတ်ဝိညာဉ်ထဲ၌ အားကြီးစွာလုပ်ဆောင်လျက် အပြစ်တရားကိုအ

နိုင်ယူပြီး ကျေးဇူးတော်တရားသည် အောင်ပွဲခံသည်အထိ ဆက်လက်

တောင်းလျှောက်ရမည်။ ဤသည်ကား ပဋိညာဉ်နှင့်ဆိုင်သည့်ကောင်းချီး

မင်္ဂလာဖြစ်ပါသည်။ ၎င်းကို ရှာဖွေပါ။

အပြင်ပိုင်း မြင်နိုင်သောပြောင်းလဲခြင်း

မည်သို့ဖြစ်စေကာမူကျွန်ုပ်တို့သည် ဘုရားသခင်၏ဝိညာဉ်တော်

အားဖြင့် အတွင်းပိုင်းရောအပြင်ပိုင်းမှာပါ အလုပ်လုပ်ဆောင်ဖို့ လိုအပ်ပါ

သည်။ စုံလင်သောဖြောင့်မတ်ခြင်းသည် ဘုရားသခင်ကိုဝမ်းမြောက်စေ

နိုင်ကြောင်း သင်အောက်မေ့သောအခါ “မိမိနှစ်သက်တော်မူသောအမှုအ

ရာကို ယေရှုခရစ်တော်အားဖြင့် သင်တို့၌ ပြုတော်မူ၍” ဟူသောစကား

သည် သေးငယ်သောအမှုကိစ္စမဟုတ်ပေ။ ပေါလုသည် ကျွန်ုပ်အယောက် ၂

စီတိုင်းကို အသရေရှိသောတန်ဆာ၊ သခင်အတွက် အသုံးဝင်သောတန်

ဆာ၊ ကောင်းသောအမှုအားလုံးအတွက် ပြင်ဆင်ခြင်းခံရသောတန်ဆာ

ဖြစ်စေလိုပါသည် (၂တိ၊ ၂:၂၁)။

ကောင်းသောအမှုအမျိုးမျိုးတို့ကို ပြုနိုင်သည့်ဘက်စုံသုံး၍ရသော

လူများဖြစ်စေခြင်းငှာ ယေရှုသည် ကျွန်ုပ်တို့အား တပ်ဆင်ပေးရန် မိမိ၏

လိုအင်ဆန္ဒကို ဖော်ပြခဲ့သည်။ ထို့ကြောင့် “ငါအမှန်အကန်ဆိုသည်ကား

ငါ့ကိုယုံကြည်သောသူသည် ငါပြုသောအမှုတို့ကိုပြုလိမ့်မည်။ ထိုအမှုတို့

ထက် သာ၍ကြီးသောအမှုတို့ကိုလည်း ပြုလိမ့်မည်”(ယောဟန်၊ ၁၄:၁၂)။

ကိုယ်တော်သည် ကျွန်ုပ်တို့အား ချထားသောနေရာတိုင်းနှင့် ရာထူးတိုင်း၌

အရည်အချင်းပြည့်မီစေလိုပါသည်။

ယေရှုသည် သေခြင်းမှထမြောက်သောအခါ သူ့ကိုမြင်တွေ့ကြ

ရသည်။ ကိုယ်တော်၏အသက်ရှင်ခြင်းသည် လျှို့ဝှက်သောအသက်တာ

မဟုတ်ဘဲ မြင်၍ရသောအသက်တာဖြစ်သည်။ သူ၏အသက်ရှင်ခြင်းကို

ကောင်းကင်တမန်များနှင့်လူတို့က မြင်ကြသည်။ လောက၌ အသက်ရှင်

သောအခါ သူ့ကို မြင်တွေ့သောမျက်မြင်သက်သေများစွာရှိကြသည်။ ထို့

အတူ ကျွန်ုပ်တို့အသက်တာ၌လည်း အတွင်း၌ ထမြောက်ခြင်း အသက်

တာကို ခံစားရုံသက်သက်မဟုတ်ဘဲ အသစ်သောအသက်တာ၌ ထင်ထင်

ရှားရှားအသက်ရှင်လျှောက်လှမ်းကြသည် (ရောမ၊ ၆:၄)။ ကျွန်ုပ်တို့သည်

သခင်ဘုရား၏ထမြောက်ခြင်း တန်ခိုးကိုသိရှိပြီး ထိုတန်ခိုးကို မိမိတို့၏အ

သက်တာ ပြုမူဆောင်ရွက်ခြင်းတိုင်း၌ ပြသရမည်။ ဘုရားသခင်သည်

ဤအရာကို ကျွန်ုပ်တို့အား ပေးသနားတော်မူ၍ သင်သည်လည်း ၎င်းကို

အတွေ့အကြုံအားဖြင့် သိရှိပါစေသော။

ကောင်းချီးမင်္ဂလာ၏ပြည့်စုံခြင်း

ယခုတွင် ဤကောင်းချီးမင်္ဂလာပဋိညာဉ်၏ပြည့်စုံခြင်းကို လေ့

လာကြပါစို့။ ယေရှသည် ဤလောကသို့ဆင်းကြွလာသောအခါ မိမိ၏

သွေးတော်ကို အသွန်းခြင်းအားဖြင့် ဂုဏ်အသရေနှင့်တန်ခိုးတော်ကို

မပျောက်ဆုံးခဲ့ဘဲ သာ၍မြင့်ရာသို့ချီးမြှောက်ခြင်းခံရသည်။ ထို့ကြောင့်

ဘုရားသခင်၏ပုံစံဒီဇိုင်းသည် အာဒံ၏ကနဦးအစပိုင်း၌ သန့်ရှင်းစင်ကြယ်

သကဲ့သို့ ကျွန်ုပ်တို့ကို သန့်ရှင်းစင်ကြယ်စေရန်ဖြစ်သည်။

ကိုယ်တော်သည် ကျွန်ုပ်တို့အသက်တာထဲတွင် မခံစားဖူးသည့်

သာ၍အားကြီးသောချစ်ခြင်းမေတ္တာကို မိမိတို့၏အကျင့်စရိုက်၌ ထပ်ဖြည့်

ပေးရန် ရည်ရွယ်ထားသည်။ ကျွန်ုပ်တို့သည် အပြစ်မကျူးလွန်ဖူးပါက

အပြစ်ခွင့်လွှတ်ခြင်းလည်း ရှိမည်မဟုတ်ပေ။ “ခရစ်တော်သည် တို့ကို

ချစ်တော်မူသောအားဖြင့် မိမိကိုယ်ကိုဆက်ကပ်၍ ‘ဧဖက်၊ ၅:၂)ဟူသော

စကားတော်မရှိပါက ကျွန်ုပ်တို့၌ ထက်သန်သောကိုးကွယ်ဆည်းကပ်မှု၊

စုံလင်သောဆက်ကပ်ပူဇော်ခြင်း၏ခွန်အား မည်သည့်အခါမျှ သင်ယူနိုင်

ကြမည်မဟုတ်ပေ။

ဘုရားသခင်သည် ကျွန်ုပ်တို့ကိုစကြာဝဠာလုံးဆိုင်ရာမင်းမျိုးနွယ်

နှင့်ကောင်းကင်ဗိုလ်ခြေတို့၏ခုံရုံးအရာရှိ ဖြစ်စေလိုပါသည်။ သူနှင့်လည်း

အလွန်နီးကပ်စေလိုပြီး သူ့ကို အနှိမ့်ချဆုံးအသက်တာဖြင့် ကြည်ညိုစေ

လိုပါသည်။ ကျွန်ုပ်တို့သည် ဘုရားပကတိကို ဆက်ဆံရသောသူများဖြစ်

ကြသော်လည်း (၂ပေ၊ ၄:၁) နာခံမှုအရှိဆုံးအစေခံများဖြစ်ရမည်။ စုံလင်

သောကိုယ်စားလှယ်များဖြစ်ရမည်။ အတွေးအခေါ်၌လည်းကောင်း၊ စကား

ပြောဆိုရာ၌လည်းကောင်း၊ လုပ်ဆောင်ရာ၌လည်းကောင်း မည်သည့်

အခါ မနာခံသောသူများမဖြစ်ရဆန့်ကျင်ပုန်ကန်သောသူများ မဖြစ်ရ။

ဤသည်မှာ ထာဝရအမိန့်တော်များကို နာခံမည့်ကိုယ်တော်ပုံ

ဖော်ထားသည့်ထောင်သောင်းချီသောအလုံးအရင်းဖြစ်သည်။ ကိုယ်တော်

သည် ကျွန်ုပ်တို့၏ကြီးမားသောအပြစ်များကို ခွင့်လွှတ်တော်မူ၍ ကြီးမြတ်

သောကောင်းချီးမင်္ဂလာများကို ကျွန်ုပ်တို့အပေါ် သွန်းလောင်းပေးသနား

တော်မူ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့အသီးသီးကို မိမိချစ်တော်မူသော

သားတော်နှင့်အတူတစ်ဦးအပါအဝင်ဖြစ်စေတော်မူ၍ကျွန်ုပ်တို့ကိုသေခြင်း

တရားထဲမှ အပြီးအပိုင်လွတ်မြောက်စေလျက် ယေရှုရှိရာအရပ်သို့ ကျွန်ုပ်

တို့ကို ပို့ဆောင်ပေးမည်ဖြစ်သည်။ ကျွန်ုပ်တို့သည်လည်း ထိုအရပ်၌

ကိုယ်တော်ကို ချီးမွမ်းကိုးကွယ်ခြင်းနှင့်အတူ အစေခံကြရမည်။ ကောင်း

ကင်တမန်အပေါင်းတို့သည် ကိုယ်တော်ကို ကျွန်ုပ်တို့ချစ်သကဲ့သို့မည်

သည့်အခါမျှချစ်နိုင်ကြမည်မဟုတ်ပေ။ အကြောင်းမှာသူတို့သည် ကျွန်ုပ်တို့

လူသားများကဲ့သို့ ကိုယ်တော်၏ရွေးနှုတ်ခြင်း ကျေးဇူးတော်နှင့် ကိုယ်တော်

၏အသက်နှင့် ရင်းပြီးချစ်သောချစ်ခြင်းမေတ္တာကို တစ်ခါမျှမမြည်းစမ်းကြ

သောကြောင့်ဖြစ်သည်။ ဤမြင့်မြတ်သော ဆက်ကပ်အပ်နှံခြင်းသည်

ကျွန်ုပ်တို့အဖို့ သခင်ဘုရား၏ရည်မှန်းချက်ပင်ဖြစ်သည်။

သခင်ယေရှုသည် သာမန်အသက်တာအားဖြင့် အသက်ရှင်ရန်

ဘုရားသခင်သည် သူ့ကို သေခြင်းမှထမြောက်စေတော်မူသည်မဟုတ်။

ခမည်းတော်ဘုရားသည် သခင်ယေရှုကို ချီးမြှောက်လျက် “အလုံးစုံတို့ကို

သူ့ခြေဖဝါးတော်အောက်သို့ ချထားရန် အသင်းတော်တို့အလိုငှာ သူ့ကို

အလုံးစုံတို့၏အချုပ်အခြာဦးခေါင်းဖြစ်စေတော်မူ၏(ဧဖက်၊ ၁:၂၂)။ ခရစ်

ယာန်တို့၏ဘဝကြမ္မာသည်လည်း လျှို့ဝှက်ဆန်းကြယ်ပြီး ရင်သပ်ရှုမော

ဖွယ်ဖြစ်သည်။ သူတို့သည် သဘာဝသေခြင်းမှကိုယ်ကျင့်တရားသိက္ခာ

အတွက်သာ ချီးမြှောက်ခြင်းခံရကြသူများမဟုတ်ပေ။ သူတို့သည် ပရဟိ

တဒါနရှင်များထက် သာလွန်သောသူများ၊ မိမိတို့ကိုယ်ကို သူမတူအောင်

ကောင်းသည်ဟု အထင်ကြီးနေသောသူများထက် များစွာသာလွန်သော

သူများဖြစ်ကြသည်။ သူတို့သည် ကောင်းကင်တမန်တို့အား ဘုရားသခင်

၏အံ့ဩဖွယ်ကျေးဇူးတော်တန်ခိုးများကို ပြသကြပါလိမ့်မည်။ သားတော်၏

သေခြင်းအားဖြင့် ဘုရားသခင်သည် မိမိ၏ဖန်ဆင်းသောသတ္တဝါများနှင့်

အတူ မည်သည့်အရာလုပ်ဆောင်နိုင်သည်ကို သူတို့၏ဖြစ်ခြင်း၌ ပြသခြင်း

ဖြစ်သည်။

ပဋိညာဉ်အပေါ် ချီးကျူးပြောဆိုခြင်း

ဤအကြောင်းအရာလေ့လာခြင်းကို ပဋိညာဉ်အပေါ် ချီးကျူး

ပြောဆိုခြင်းဖြင့် ကျွန်ုပ်တို့ကောက်ချက်ချပါ၏။ “ထိုဘုရားသခင်သည်

ကမ္ဘာအဆက်ဆက်ဘုန်းကြီးတော်မူစေသတည်း။ အာမင်” (လာ၁၅)။

လောက၌ရှိသောတစ်စုံတစ်ခုသည် လူတစ်ဦးအား ဘုရားသခင်ကို ချီးမွမ်း

စရာအကြောင်းဖြစ်စေနိုင်ခဲ့လျှင် ထိုအမှုသည် ကျေးဇူးတော်၏ပဋိညာဉ်

တရားဖြစ်ပြီး ထိုလူ၏အသိတရားသည်လည်း ကျေးဇူးတော်၏ပဋိညာဉ်

တရားထဲ၌ ပါဝင်သည်။

သင့်အား ပဋိညာဉ်ထဲ၌ရှိသော ဘုရားသခင်၏ချစ်ခြင်းမေတ္တာ

ကိုစဉ်းစားရန် ကျွန်ုပ်တောင်းဆိုပါသည်။ ပဋိညာဉ်ထဲ၌ရှိသော ဘုရား

သခင်၏ချစ်ခြင်းမေတ္တာသည် သင်တို့အားလုံးနှင့် မသက်ဆိုင်ပေ။ ယေရှု

ခရစ်တော်သည် လူအုပ်စုတစ်ခုလုံး၏သိုးထိန်းမဟုတ်ဘဲ တို့၏သိုး

ထိန်းကြီးသာဖြစ်သည်။ ကိုယ်တော်သည် မိမိသိုးတို့အတွက်မှလွဲ၍ လူ

သားအားလုံးအတွက် ပဋိညာဉ်တစ်ခုခုထဲသို့ဝင်ရောက်လာခြင်း မဟုတ်

ပေ။ ပဋိညာဉ်သည် ကိုယ်တော်နှင့်ဆိုင်သောလူတို့အတွက်သာဖြစ်သည်။

ကိုယ်တော်ကို သင်ယုံကြည်လျှင် ပဋိညာဉ်သည် သင့်အတွက်ဖြစ်သည်။

သို့သော် ကိုယ်တော်ကို သင်ငြင်းပယ်လျှင် သင်သည် ဤပဋိညာဉ်ထဲ၌

ပါဝင်ပတ်သက်ခြင်းမရှိပေ။ အကြောင်းမှာ သင်သည် သင့်ကိုပြစ်၍

ရှုတ်ချသောလုပ်ဆောင်ခြင်းနှင့်ဆိုင်သည့် ပဋိညာဉ်အောက်၌ရှိနေသော

ကြောင့်ဖြစ်သည်။

ယခုတွင် မိတ်ဆွေ၊ ဤအလွန့်အလွန်ကြီးမြတ်သောကရုဏာ

အပေါ်၌ တခဏစဉ်းစားကြည့်ပါ။ သင့်ဘုရားသခင်၊ ထာဝရခမည်းတော်

ဘုရားသည် သင့်ကိုကယ်တင်၍ စောင့်ထိန်းသဖြင့် စုံလင်စေခြင်း ငှါ သင့်

ကိုယ်စား ခရစ်တော်နှင့်အတူ အလေးအနက်သဘောတူပြီ။ ကိုယ်တော်

သည် သင့်ကို ကယ်တင်ခဲ့ပြီ။ သင့်ကို ပဋိညာဉ်၏ကြီးမားသောကဏ္ဍ၌

ဖြစ်စေတော်မူပြီ။ သင့်ကို အသက်ရှင်ခြင်းလမ်း၌ ချထား၍ ယနေ့တိုင်

အောင် ထိုလမ်း၌ စောင့်ထိန်းလျက်နေ၏။

သင်သည် အမှန်စင်စစ်ကိုယ်တော်နှင့်ဆိုင်လျှင် သင့်ကို အဆုံး

တိုင်အောင် စောင့်ထိန်းပါလိမ့်မည်။ သခင်ဘုရားသည် မိုက်မဲ့သောသူ

ကဲ့သို့အိမ်ကိုစတင်ဆောက်လုပ်ပြီး အပြီးသတ်မဆောက်သောသူမဟုတ်

ပေ။ ကိုယ်တော်သည် ပုံစံဒီဇိုင်းသစ်ကို အစပြုပြီးနောက် နောက်ပြန်

ဆုတ်သောသူမဟုတ်ပေ။ သူအစပြုခဲ့သည့်မိမိအလုပ်ကို သင်၌ ပြီးဆုံး

သည်အထိ ဆက်လက်လုပ်ဆောင်သွားပါလိမ့်မည်။ “သင်တို့တွင် ကောင်း

သောအမှုကို အစပြုတော်မူသောသူသည် ယေရှုခရစ်၏နေ့ရက်တိုင်

အောင် ပြီးစီးလျက် ပြုတော်မူမည်ဟု ငါသဘောကျ၏”(ဖိ၊ ၁း၆)။

သင်သည် ၎င်းကို အမှန်တကယ်ယုံကြည်ပါသလား။ မကြာမီ

သင်္ချိုင်းတွင်း၌ အိပ်ပျော်သွားမည့်သေးနုပ်သည့်သေခြင်းတရားသည် သင်

နှင့်အတူရှိသည်။ ကိုယ်တော်သည် သင်နှင့်အတူ ထာဝရပဋိညာဉ်ပြုခဲ့ပြီ။

“ထိုဘုရားသခင်သည် ကမ္ဘာအဆက်ဆက်ဘုန်းကြီးတော်မူစေသတည်း”

ဟူသောကျမ်းစကားကို သင်သည် သဘောတူထောက်ခံမည်မဟုတ်ပေ

လော၊ သေဆုံးရာခုတင်ပေါ်၌ရှိနေသောဒါဝိဒ်ကဲ့သို့ သင်သည် “အမျိုး

အနွယ်သည် ဘုရားသခင့်ရှေ့တော်၌ မြဲမြဲသည်မဟုတ်လော။ သေချာစွာ

စီရင်၍ မပျက်နိုင်သောနိစ္စထာဝရပဋိညာဉ်ကို ငါနှင့်ဖွဲ့တော်မူပြီး (၂ရာ၊

၂၃:၅) ဟူ၍ ပြောနိုင်သည်။ သင်သည်လည်း “ထိုဘုရားသခင်သည် ကမ္ဘာ

အဆက်ဆက်ဘုန်းကြီးတော်မူစေသတည်း”ဟူ၍ ဝမ်းမြောက်စွာပြောဆို

နိုင်မည်ဟု ကျွန်ုပ်ယုံကြည်စိတ်ချရသည်။

အထူးသီးသန့်ဘုန်းအသရေ

ကျွန်ုပ်တို့၏ဘုရားသခင်သည် တမူထူးခြားသောဘုန်းအသရေ

နှင့်တိုက်တန်ပေသည်။ ပဋိညာဉ်နှင့်ဆိုင်သောသီဩလော်ဂျီသည် ဘုရား

သခင်တစ်ပါးတည်းကိုသာချီးမွမ်းသည်။ လူကိုချဲ့ကားပြောဆိုသည့် အခြား

သောသီဩလော်ဂျီများသည် နေရာတိုင်းတွင် ရှိသည်။ ထို့ပြောင်းနှင့်

ဆိုင်သောသီဩလော်ဂျီသည် လူကိုဘေးချိတ်၍ သူ့ကိုမြီစားနှင့်တွေ

ဖြစ်စေသည်သာမက သူ့ကို မကုန်ဆုံးနိုင်သောကျေးဇူးတော်တယ်

ထဲသို့ထိုးဆင်းစေကာ ကောင်းမှုမပါသောမျက်နှာသာပေးခြင်းကိုခံ၏

သည်။ ထို့ပြင် ပဋိညာဉ်နှင့်ဆိုင်သောသီဩလော်သည် ထိုသူအား

နှုတ်ခမ်း၌ ဘဝင်မြင့်ခြင်းစကားကို မပြောမိစေရန် ကြားခြင်းမှန်ကို

စွန့်လွှတ်စေလျက် မေတ္တာမပါသောအပြောအဆိုများကို ရပ်တန့်

သည်။ ပဋိညာဉ်သစ်အားဖြင့် ကယ်တင်ခြင်းသို့ရောက် သော

ဘုန်အသရေရှိသမျှကို ဘုရားသခင်နာမတော်အတွက် အော်တတ်ပြီး

ဘုန်းအသရေရှိသမျှတို့သည် ဘုရားသခင်နှင့်ဆိုင်သည်ဟုဆိုတတ်လည်း

ပဋိညာဉ်သစ်အားဖြင့် ဖြစ်ပေါ်သောကယ်တင်ခြင်းတွင် သင်၌

တမူထူးခြားဘုန်းအသရေရှိသည်။ သို့သော် လူကို ချဲ့ကားဆိုသည့်

အခြားသောသီဩလော်ဂျီများတွင် လူကိုသာ မြှောက်ပြောဆိုပြီး

ဘုရားသခင်၏ဘုန်းအသရေထင်ရှားခြင်းထက် လူတို့၏ဂုဏ်သတဲ့

ချဲ့ကားပြောဆိုတတ်ကြ၏။

အဆုံးမရှိသောဘုန်ရေ

ဘုရားသခင်၌ အဆုံးမရှိသောဘုန်အသရေရှိ၏။ “ထိုဘုရား

သခင်သည် ကမ္ဘာအဆက်ဆက်ဘုန်းကြီးတော်မူစေသတည်း” ဘုရား

သခင်၏ပဋိညာဉ်နှင့်ဆိုင်သောကရုဏာသည် သင့်အပေါ်၌ရှိသောကြောင့်

သင်သည် သူ့ကို အနည်းငယ်ချီးမွမ်းဖူးပါသလား။ ဆက်ပြီးချီးမွမ်းလိုက်ပါ။

သင်သည် ငယ်ရွယ်ချိန်၌ သူ့ကို ကောင်းကောင်းအစေခံပါသလား။ သင်

သည် ကိုယ်တော်ကို သင်အလိုရှိသည့်အတိုင်း အစေမခံခဲ့သည်မဟုတ်

လော။ ဤနောက်ဆုံးသောနေ့ရက်၌ သူ့ကို သာ၍ကောင်းမွန်စွာအစေခံရ

မည်။ ဘုရားသခင်၏ဘုန်းအသရေထဲသို့ မိမိကိုယ်ကို ပုံအပ်လိုက်ပါ။ သင့်

ကိုယ်သင် ကယ်တင်ခြင်းရအောင် နည်းမျိုးစုံဖြင့် ကြိုးစားလုပ်ဆောင်ခြင်း

သည် ကယ်တင်ခြင်းမဟုတ်သလို သင်ရမည့်အလုပ်လည်းမဟုတ်ပေ။ ထို

အလုပ်ကို ယေရှုကိုယ်တိုင်လုပ်ဆောင်ခဲ့လေပြီ။

သင်၏စိတ်ဝိညာဉ်သည် ကယ်တင်ခြင်းခံပြီးပါပြီ။ “ကျေးဇူးတော်

နှင့်အညီ ငါ တို့ကိုကယ်တင်၍ သန့်ရှင်းသောအရာ၌ ခေါ်သွင်းတော်မူ၏”

(၂တိ၊ ၁း၉)။ သင်သည် ထာဝရပဋိညာဉ်၏အသွေးတော်အားဖြင့် ကောင်း

ကင်နိုင်ငံတော်အတွက် သင့်တော်သောသူဖြစ်စေပြီ။ “အလင်း၌နေသော

သန့်ရှင်းသူတို့၏အမေကိုငါတို့သည်ဆက်ဆံဝင်စားထိုက်မည်အကြောင်း

ကျေးဇူးပြုတော်မူ၏” (ကော၊ ၁:၁၂)၊ သင်လုပ်ရမည့်အလုပ်ကား သင့်ကို

ကယ်တင်၍ သင့်ခြေကို ကျောက်ပေါ်၌ တင်စေကာ သင်၏ခြေရာတို့ကို

တည်စေတော်မူသောသခင်ဘုရားကို ချီးမွမ်းရန်ဖြစ်သည် (ဆာ၊ ၄၀:၂)။

ယခုမှာ သင်၏ခွန်အားရှိသမျှဖြင့် သူ့ကို ချီးမွမ်းလော့။

ချစ်သောညီအစ်ကို၊ သင်သည် တဖြည်းဖြည်းခေါင်းဖြူလာပြီမ

ဟုတ်လော။ သင့်အတွေ့အကြုံရှိသမျှနှင့် ဘုရားသခင်ကို ယခင်ကထက်

ယခုသာ၍ချီးမွမ်းသင့်ပြီ။ သင်သည် များမကြာမီ အသက်ရှင်သော ပြည်

တော်ထဲသို့တက်သွားပါတော့မည်။ ဤလောတွင် တခဏသာရရှိသည့်

အချိန်တိုအတွင်းမှာ ရွေးနုတ်သူကို အသံတိုးတိုးဖြင့် မချီးမွမ်းလိုက်ပါနှင့်

ကျွန်ုပ်တို့သည် မိုးတိမ်အထက်ကောင်းကင်ဘုံသို့တက်သွားသောအခါ

ကျွန်ုပ်တို့၏ပဋိညာဉ်အရှင်ဘုရားသခင်ကို ချဲ့ကားပြောဆိုကြပါလိမ့်မည်။

ကောင်းကင်ဘုံရောက်သောအခါ အံ့ဩဖွယ်မေတ္တာတော်အကြောင်း

နှင့်ပတ်သက်၍ ဘုရားသခင်ကို ကျေးဇူးတင်ရှိကြောင်း ပြောဆိုဦးမည်ဟု

ကျွန်ုပ်ယုံကြည်ပါသည်။ အချိန်အခါသည် ထာဝရဘုရား၏ဂုဏ်တော် အ

ပေါင်းကိုမမြွက်ဆိုနိုင်သကဲ့သို့ ထာဝရကာလသည်လည်း ထို့အတူထာဝရ

ဘုရား၏ဂုဏ်တော်အပေါင်းကို မမြွက်ဆိုပေ။

ပဋိညာဉ်ဘုန်းအသရေ

ဤပဋိညာဉ်နှင့်ဆိုင်သောဘုန်းအသရေသည် ကျွန်ုပ်တို့တေး

ဂီသရှိသမျှတွင် အချိုသာဆုံးတေးမှတ်ဖြစ်ပါလိမ့်မည်။ ကိုယ်တော်သည်

ကျွန်ုပ်တို့နှင့်အတူ နိစ္စထာဝရပဋိညာဉ်ကို ဖွဲ့တော်မူ၏။ “သိုးများကိုထိန်း

သောသိုးထိန်းကြီး” ပဋိညာဉ်နှင့်အတူ သိုးအားလုံးသည် ထိန်းသိမ်းစောင့်

ရှောက်ခြင်းခံရပြီး ထာဝရဘုန်းအသရေ၏ကြွယ်ဝသောကျက်စားရာသို့

ပို့ဆောင်ခြင်းခံကြရ၏။ ကျွန်ုပ်တို့သည် ကောင်းကင်ဘုံ၌ ချစ်ခြင်းမေတ္တာ

နှင့်ဆိုင်သော ပဋိညာဉ်သီချင်းကို သီဆိုကြပါလိမ့်မည်။ မြေကြီးပေါ်၌

ကျွန်ုပ်တို့၏နောက်ဆုံးသီချင်းနှင့်ပရဒိသုဘုံ၌ ကျွန်ုပ်တို့၏ပထမဆုံးသီချင်း

သည် သွေးတော်နှင့် တံစိပ်ခတ်ထားသောပဋိညာဉ်တရားဖြစ်ပါ လိမ့်မည်။

ခရစ်တော်၏အစေခံများက ဤပဋိညာဉ်တရား၏သြဝါဒကို

ကမ္ဘာတဝှမ်း တိုး၍တိုး၍ပျံ့နှံ့စေရန် ကျွန်ုပ်အလိုရှိသည်။ ပဋိညာဉ်နှစ်မျိုး

အကြောင်းကို သဘောပေါက်နားလည်သောသူသည် သီဩလော်ဂျီ

ရှိသမျှ၏အဓိကအချက်ကို တွေ့ရှိသူဖြစ်သည်။ သို့သော် ထိုပဋိညာဉ်

နှစ်မျိုးအကြောင်းကို နားမလည်သောသူမူကား ခရစ်တော်၏ကောင်းမြတ်

သောသတင်းကောင်းကိုလည်း နားလည်မည်မဟုတ်ပေ။ ပဋိညာဉ်နှစ်မျိုး

ကိုနားမလည်သောကြောင့် ကယ်တင်ခြင်းကိုလည်း လုပ်ဆောင်အားဖြင့်

ဖြစ်သည်ဟု ဆိုတတ်ကြသည်။ ထိုသို့ယုံကြည်ခြင်းသည် အရာအားလုံးအ

တွက် မသေချာမရေရာသောအမှုကိစ္စဖြစ်၏။ အကယ်၍ သင်က ထိုသူ

အား ဘုရားသခင်၏အလိုတော်များ၊ ရည်ရွယ်ချက်များ၊ ကတိတော်များ၊

တိုင်တည်ခြင်းများ၊ အသွေးတော်အကြောင်းများကို ပြောပြပါက သူက

သင့်အား ကာလ်ဗင်းဩဝါဒကို လက်ခံသောသူဟူ၍ ပြောဆိုပါလိမ့်မည်။

အမှန်မှာ ကာလ်ဗင်းဩဝါဒသည် ကာလ်ဗင်းမပေါ်မီ နှစ်ပေါင်းများစွာက

ပင် ရှိနှင့်ပြီဖြစ်သည်။ ဤတရားကို ကျွန်ုပ်တို့ကြိုက်နှစ်သက်သည်နည်းတူ

ကာလ်ဗင်းလည်း နှစ်သက်ခဲ့သည်။ ထို့ကြောင့် ထိုတရားသည် ကာလ်ဗင်း

အားဖြင့် ပေါ်လာသောဩဝါဒမဟုတ်ပေ။ တမန်တော်ပေါလုသည်လည်း

ဤတရားကို ခရစ်တော်ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းခံရပြီးနောက်

ဟောပြောခဲ့သည်။ သို့ဖြစ်၍ ဤတရားကို ကျွန်ုပ်တို့လက်ခံယုံကြည်ရ

သည်။ ဤတရားကို ရှေ့တန်းတင်ဟောပြောခြင်းသည် အသင်းတော်အ

တွက် ကြီးမားသောကောင်းချီးမင်္ဂလာဖြစ်သည်။

ဘုရားသခင်၏ကောင်းမြတ်သောကျေးဇူးတော်ကြောင့် ကျွန်ုပ်တို့

သည် ဤဩဝါ ဒ၌ အသက်ရှင်ကျင်လည်၍ ဤတရားကိုဟောပြောရ၏။

“ထာဝရပဋိညာဉ်တရား၏အသွေးတော်အားဖြင့် သိုးများကိုထိန်းသော

သိုးထိန်းကြီးဖြစ်သော ငါ တို့သခင်ယေရှုကို သေခြင်းနှုတ်ဆောင်တော်မူ

သော ငြိမ်သက်ခြင်း အရှင်ဘုရားသခင်သည် သင်တို့သည် အလို

တော်သို့လိုက်မည်အကြောင်း ကောင်းသောအကျင့်အမျိုးမျိုး၌ သင်တို့ကို

ပြုပြင်တော်မူပါစေသော။” ထိုအခါ ကိုယ်တော်သည် ပဋိညာဉ်နှင့်သင့်

အားဖြင့် ယခုမှစ၍ ထာဝစဉ်ထာဝရဘုန်းကြီးခြင်းရှိပါလိမ့်မည်။

အခန်း ၆

ကျေးဇူးတော်ပဋိညာဉ်ကို

အသနားခံခြင်း

ပဋိညာဉ်တော်ကို ထောက်တော်မူပါ။ (ဆာ၊ ၇၄:၂၀).

ဘုရားသခင်ထံ အသနားခံခြင်းပညာကို နားလည်သောသူသည်

ဆုတောင်းခြင်း၌ အောင်မြင်ရလိမ့်မည်။ “ငါ့ကို သတိပေးလော့၊ တရား

တွေ့ကြကုန်အံ့” (ဟေရှာ၊ ၄၃:၂၆) ဟူသောကျမ်းစကားသည် ဘုရား

သခင်၏မိန့်မှာချက်ဖြစ်ပြီး “လာကြ၊ တရားစီရင်ကြကုန်အံ့” (ဟေရှာ၊ ၁:

၁၈) ဟူသောကျမ်းစကားမှာ ဘုရားသခင်၏မြင့်မြတ်သောခေါ်ဖိတ်သံဖြစ်

လျက် “သင်တို့၏အမှုကို စောင့်ကြလော့ဟု ထာဝရဘုရားမိန့်တော်မူ၏။

သင်တို့၏ခိုင်ခံ့သောသက်သေများကို ထုတ်ပြကြလော့” (ဟေရှာ၊ ၄၁

၂၁) ဟူသောကျမ်းစကားသည်လည်း အသနားခံခြင်း၌ မည်ကဲ့သို့အောင်

မြင်သောသူဖြစ်လာမည်ကို ဘုရားသခင်၏လိုက်လျောသောညွှန်ကြားမှု

ဖြစ်ပါသည်။ အသနားခံခြင်းသည် နပန်းလုံးခြင်းဖြစ်ပြီး မိမိအလိုရှိသည့်

အရာများကို ဆုပ်ကိုင်ထားခြင်း။ ယာကုပ်ကဲ့သို့ပဋိညာဉ်၏ကောင်းကင်

တမန်ကို အနိုင်ယူသည့်အထိ ရုန်းကန်ပြီး ဆုပ်ကိုင်ထားခြင်းဟူ၍ ဖြစ်ပါ

သည် (က၊ ၃၂:၂၄-၂၈)။

နှိမ့်ချစွာဖော်ပြလိုသော ကျွန်ုပ်တို့၏လိုအင်ဆန္ဒကား တန်ဖိုးမဲ့နေ

ခြင်းမဟုတ်ဘဲ ကျွန်ုပ်တို့ဆုတောင်းသံအား ဘုရားသခင်နားညောင်းသင့်

သည့်အကြောင်းရင်းကား ထိရောက်သောဆုတောင်းသံဖြင့် ဆုတောင်း

သောကြောင့်ဟူသောအကြောင်းရင်းများကို ဖော်ပြနိုင်ရန်ဖြစ်သည်။ အ

ကြောင်းရင်းများစွာထဲမှ ထိရောက်သောဆုတောင်းခြင်းဖြင့် ဘုရားသခင်

ကိုအသနားခံတောင်းလျှောက်နိုင်သည်။ “ပဋိညာဉ်တော်ကို ထောက်တော်

မူပါ” ဟူသောစကားထက် သာ၍အားကြီးသောအရာမရှိပေ။

ဒါဝိဒ်က ဂေါလျတ်ဓားကဲ့သို့သောဓားမရှိ သို့မဟုတ် “ထိုဓားနှင့်

တူသောဓားမရှိ” ဟုဆိုသည့်အတိုင်း (၁ရာ၊ ၂၁:၉) ကျွန်ုပ်တို့သည်လည်း

ထိုပဋိညာဉ်နှင့်တူသော အခြားမည်သည့်ပဋိညာဉ်မျှမရှိဟု ပြောဆိုနိုင်ကြ

သည်။ တစ်စုံတစ်ရာနှင့်ပတ်သက်၍ ကျွန်ုပ်တို့၌ ဘုရားသခင်၏နှုတ်က

ပတ်တော်ရှိပါက ကျွန်ုပ်တို့သည် ကောင်းမွန်စွာဆုတောင်းနိုင်ပါသည်။ မိန့်

တော်မူသည်အတိုင်း ပြုတော်မူပါဟူ၍ ဆုတောင်းနိုင်ပါသည်။ အကြောင်း

မှာ လူကောင်းသည် မိမိပြောခဲ့သောစကားကို စောင့်ထိန်းနိုင်ရန် သူ့စကား

ကိုပြန်သတိပေးဖို့ လိုအပ်ပါသည်။ ထို့အတူ သစ္စာရှင်ဘုရားသခင်၌လည်း

မိန့်တော်မူ

ခဲ့သောစကားတော်အတိုင်းပြုတတ်၏။ ကျွန်ုပ်တို့သည် သူ၏စ

ကားတော်များကို မိန့်တော်မူသည့်အတိုင်း အောက်မေ့ပါက ကိုယ်တော်

သည် ကျွန်ုပ်တို့အဖို့ အမှုပြုပါလိမ့်မည်။ ကိုယ်တော်သည် မိမိ၏နှုတ်က

ပတ်တော်ထက် သာလွန်သောပဋိညာဉ်ကို ကျွန်ုပ်တို့အား ပေးသနား

တော်မူ၏။ ကိုယ်တော်ထံငိုကြွေးပါ၊ “ပဋိညာဉ်တော်ကိုထောက်တော်မူပါ ။”

ထိုသို့ပြုပါက ကျွန်ုပ်တို့သည် အကြီးမားဆုံးသောတည်ငြိမ်အေးချမ်းမှုကို

ရရှိပါလိမ့်မည်။ ထိုအခါ ကျွန်ုပ်တို့သည် ကိုယ်တော်၏ကယ်တင်ခြင်းအ

တွက် စိတ်ရှည်စွာမျှော်လင့်၍ တည်ငြိမ်စွာတောင်းဆိုင်းနိုင်မည်ဖြစ်သည်။

သင်သည် ဤအကြောင်းအရာနှင့်ပတ်သက်၍ အုတ်မြစ်ကောင်း

ကောင်းမွန်မွန်ချပြီဖြစ်၍ နောက်တစ်ဖန် ရှင်းပြစရာမလိုအပ်တော့ဟု

ကျွန်ုပ်ယုံကြည်ပါသည်။ ဤအကြောင်းအရာဟုဆိုရာတွင် ကျေးဇူးတော်

နှင့်ဆိုင်သောပဋိညာဉ်ကို ဆိုလိုပါသည်။ ကျွန်ုပ်တို့သည် ဆုတောင်းရာ၌

အသနားခံ၍မရသောအရာတစ်ခုရှိသည်။ ၎င်းမှာ ကျွန်ုပ်တို့ကိုဖျက်ဆီး

သည့်လုပ်ဆောင်ခြင်းနှင့်ဆိုင်သောပဋိညာဉ်ဖြစ်ပါသည်။ အကြောင်းမှာ

ထိုပဋိညာဉ်ကို ကျွန်ုပ်တို့မလိုက်လျှောက်နိုင်သောကြောင့် ချိုးဖောက်ခဲ့

လေပြီး ကျွန်ုပ်တို့သည် ဘုရားသခင်ရှေ့တော်မှောက်၌ ဆက်လက်ပေတိ

ပေကတ်နေထိုင်အသက်ရှင်သည်ဖြစ်၍ ထိုပဋိညာဉ်သည် ကျွန်ုပ်တို့ကို

ဖြစ်တင်ရှုတ်ချလျက်နေသည်။ လုပ်ဆောင်ခြင်းနှင့်ဆိုင်သောထိုပဋိညာဉ်

အားဖြင့် မည်သူမျှဖြောင့်မတ်နိုင်မည်မဟုတ်ပေ။ အကြောင်းမှာ ကျွန်ုပ်တို့

သည် မိမိတို့၏ဝေစုအမွေကို ဆက်လက်ချိုးဖောက်နေသည်ဖြစ်၍ အမျက်

တော်၏အဆုံးစွန်ပမာဏသည် ကျွန်ုပ်တို့အပေါ် ကျရောက်လျက်ရှိသဖြင့်

ဘုရားသခင်၏မျက်နှာသာပေးခြင်းကို မရရှိနိုင်ကြပေ။

သို့ရာတွင် ဘုရားသခင်သည် ဒုတိယအာဒံတည်းဟူသောယေရှု

ခရစ်တော်နှင့်အတူ ပဋိညာဉ်သစ်ပြုလိုက်လေသည်။ ဤပဋိညာဉ်သည်

ခရစ်တော်ည့်စုံစေပြီးသောအလုပ်မှတစ်ပါး မည်သည့်အခြေအနေတစ်

ခုခု၌မျှ မှီခိုခြင်းမရှိပေ။ သေချာစွာစီရင်၍ မပျက်နိုင်သောနိစ္စထာဝရ

ပဋိညာဉ်ကို ငါနှင့် ဖွဲ့တော်မူပြီ” (၂ရာ၊ ၂၃:၅) ဟူ၍ ဖော်ပြပါရှိပါသည်။

အောက်ပါကျမ်းပိုဒ်များမှာ သာ၍ကောင်းမွန်သောပဋိညာဉ်နှင့်ဆိုင်သည့်

အတော်များဖြစ်သည်။

” သည် သူတို့၏ဘုရားဖြစ်မည်။ သူတို့သည်လည်း လူ

ဖြစ်ကြလိမ့်မည်” (ဟေဗြဲ၊ ၈:၁၀)။

“စိတ်နှလုံးသစ်ကို မည်။ ဘောဂ်ကို သွင်းထားမည်”

(ယေဇ၊ ၃၆၂၆)။

“သူတို့သည် ကိုဖြစ်မှာသမျှသောအပြစ်တို့ကို ငါရှင်းမည်။

ကိုပြစ်မှား၍ ငါ၏တရားကို လွန်ကျူးသမျှသောအပြစ်တို့ကို ငါလွှတ်

မည်” (ယေရ၊ ၃၃း၈)။

ဤကျေးဇူးတော်ပဋိညာဉ်သည် တစ်ချိန်က အခြေအနေပေါ်

မူတည်သောပဋိညာဉ်ဖြစ်ဖူးသော်လည်း သခင်ယေရှုသည် ကျွန်ုပ်တို့၏ပြစ်

မှားလွန်ကျူးသောအပြစ်များအတွက် အဖိုးအခကိုပေးဆပ်လိုက်သော

အခါ ဘုရားသခင်၏တောင်းဆိုချက်မှန်သမျှကို ပြည့်စုံစေပြီဖြစ်၍ အပြစ်

တရားကိုအဆုံးသတ်စေကာ ထာဝရဖြောင့်မတ်ခြင်းကို ယူဆောင်ပေးပါ

သည်။ ယနေ့ပဋိညာဉ်သစ်သည် ကတိတော်ပေါင်းချုပ်ဖြစ်၍ ပျက်စီးခြင်း

နှင့်ကင်းလျက် ထာဝစဉ်ထာဝရတည်ရှိနေမည်ဖြစ်သည်။

“ပဋိညာဉ်ကို ထောက်ရှုတော်မူပါ” ဟူသောအသနားခံချက်၏

ဆိုလိုရင်းသည် အဘယ်သို့ဖြစ်သည်ကို ကျွန်ုပ်တို့ပထမချင့်ချိန်စဉ်းစား

သွားပါမည်။ ဒုတိယအနေဖြင့် ၎င်းသည် မည်သည့်ရင်းမြစ်မှလာသည်ကို

ကျွန်ုပ်တို့စဉ်းစားသုံးသပ်သွားကြမည်။ တတိယအနေဖြင့် ၎င်းကို ကျွန်ုပ်

တို့သည် အဘယ်ကဲ့သို့နှင့်မည်သည့်အချိန်၌ အသနားခံကြမည်နည်းဟု

သည်ကို ဆွေးနွေးကြမည်။ ထို့နောက် ကျွန်ုပ်တို့အသုံးပြုနိုင်စေရန် လက်

တွေ့ဆန်သောဆိုလိုချက်ကို အဆုံးအဖြတ်ပေးကြပါမည်။

အသနားခံခြင်း၏ဆိုလိုရင်း

ပထမအနေနှင့် “ပဋိညာဉ်ကို ထောက်ရှုတော်မူပါ” ဟူသော အ

သနားခြင်း၏ဆိုလိုရင်းကား အဘယ်နည်း။ ၎င်းသည် တစ်စုံတစ်ရာကို ဤ

သို့ဆိုလိုရလိမ့်မည်။ “အို ဘုရားသခင်၊ ကိုယ်တော်၏ပဋိညာဉ်ကို ပြည့်စုံ

စေတော်မူပါ။ ၎င်းကို ပျက်ပြယ်မသွားစေပါနှင့်၊ ဟာတာတာ မဖြစ်စေပါနှင့်။

ကိုယ်တော်သည် ဤအရာဟိုအရာကို မိန့်ဆိုခဲ့ပြီ။ ယခုမှာ မိန့်ဆိုခဲ့သည့်

အတိုင်းပြုတော်မူပါ။ ကိုယ်တော်သည် ကျိန်ဆိုခြင်းကို နှစ်သက်၍ အသွေး

ဖြင့် ကိုယ်တော်လူတို့နှင့် ပဋိညာဉ်ပြုလေပြီ။ ထိုပဋိညာဉ်ကို စောင့်ထိန်း

တော်မူပါ။ “မိန့်တော်မူပြီးမှ စကားတော်အတိုင်း မပြုဘဲနေတော်မူမည်

လော ကတိထားတော်မူပြီးမှ ကတိတော်မတည်ဘဲ နေတော်မူမည်လော”

(တော၊ ၂၃:၁၉)။ ကျွန်ုပ်တို့သည် ကိုယ်တော်၏သစ္စာတရားနောက်ကို

လိုက်နေပါသည်။ ကျွန်ုပ်တို့၏မျက်စိသည် ကိုယ်တော်၏ပဋိညာဉ်နှင့်ဆိုင်

သောကတိတော်များအပေါ်၌ ရှုမျှော်ကြပါမည်။

ဤအသနားခံခြင်း၏ဆိုလိုရင်းကား “ပဋိညာဉ်၏ကတိတော်ရှိ

သမျှကို ပြည့်စုံစေပါ” ဟူ၍ အဓိပ္ပာယ်ရပါသည်။ အကြောင်းမှာ ပဋိညာဉ်

ထဲ၌ရှိသောကတိတော်ရှိသမျှသည် ယခုရရှိနိုင်ပြီး “ထိုသခင်မှာ ဘုရား

သခင်၏ကတ်ရှိသမျှတို့သည် ငါ အားဖြင့် ဘုန်းအသရေတော်ကို

ထင်ရှားစေခြင်းအလို့ငှာ ဟုတ်မှန်၏ဟူ၍လည်းကောင်း၊ အာမင်ဟူ၍

လည်းကောင်းဖြစ်သတည်း” (၂ကော၊ ၁:၂၀)။ ကတိတော်ရှိသမျှတို့သည်

ကျွန်ုပ်တို့အားဖြင့် ဘုရားသခင်ဘုန်းထင်ရှားဖို့ရန် ယေရှုခရစ်တော်၌

ဟုတ်မှန်ပြီး အာမင်ဟူ၍ဖြစ်ပါသည်။ပဋိညာဉ်ထဲ၌ ၎င်း၏မြင့်မြတ်သန့်ရှင်း

သောပဋိညာဉ်စာတမ်းပါရှိပြီး သနားခြင်းကရုဏာနှင့်ပြည့်စုံသောစကား

လုံးတိုင်းသည် အမြင့်ဆုံးသောဘုရားသခင်ထံမှလည်းကောင်း၊ ပရော

ဖက်များနှင့်တမန်တို့၏နှုတ်ခမ်းထဲမှလည်းကောင်း၊ ယေရှုခရစ်တော်ကိုယ်

တိုင်၏နှုတ်တော်ထဲမှလည်းကောင်း ထွက်ပေါ်လာရသည်။

ဤကိစ္စ၌ ဆိုလိုရင်းအနက်ကား “ကိုယ်တော်၊ ကိုယ်တော် လူတို့

နှင့်ပတ်သက်၍ ကိုယ်တော်၏ကတိတော်များကို စောင့်ထိန်းတော်မူပါ။ အို

သခင်ဘုရား၊ ကျွန်ုပ်တို့၌ ကောင်းသောအရာတစ်စုံတစ်ခုမျှ မလိုရလေ

အောင် ကိုယ်တော်၏ကတိတော်များကို ပြည့်စုံစေတော်မူပါ(ဆာ၊ ၃၄း၁၀)။ ကိုယ်တော်၏နောက်တစ်ခုကတိတော်ကား “သင်သည် ရေကို

လျှောက်သွားသောအခါ သင်နှင့်အတူ ရှိ၏”(ဟေရှာ၊ ၄၃:၂)။ ကျွန်ုပ်တို့

သည် ဒုက္ခမြစ်ထဲ၌ ရှိနေကြ၏။ ယခုကျွန်ုပ်တို့နှင့် အတူပါရှိတော်မူပါ။

ကိုယ်တော်အစေကျွန်တို့အပေါ်၌ ကိုယ်တော်ကတိတော်နှင့်အညီရွေးနုတ်

တော်မူပါ။ ကိုယ်တော်၏လူတို့သည် ကျမ်း၊စကား၌ရပ်တည်ပြီး သရော်ခြင်း

မခံစေဘဲ ကိုယ်တော်ရေးသားခဲ့သောအရာနှင့် မိန့်ဆိုခဲ့သောအရာတို့

သည် အဘယ်သို့ဆိုလိုသည်ကို သက်သေထူတော်မူပါ။ ကိုယ်တော်မိန့်

ဆိုခဲ့သည့်အငယ်ဆုံးစကားလုံးအပေါ်၌ ကိုယ်တော်သည် တန်ခိုးရှိစေပြီး

ကောင်းသောအမှုကိုပြုတတ်သည်ကို ကျွန်ုပ်တို့အား မြင်တွေ့စေတော်

ပါ၊ “ကောင်းကင်နှင့်မတည်သော်လည်း ငါးကားတည်လိမ့်မည်

ဟုမိန့်ဆိုခဲ့သည်မဟုတ်လာ(မသဲ ၂၄:၃၅)။ကို သခင်ဘုရား၊ ကိုယ်တော်

ပဋိညာဉ်နှင့်ဆိုင်သည့်ကတိတော်များကို ထောက်ရှုတော်မူပါ။

ဤအကြောင်းအရာ၌ အသနားခံသူ၏ဆိုလိုရင်း နောက်တစ်မျိုး

ရှိနေသည်မှာ သံသယရှိစရာမလိုပေ။ “အို သခင်ဘုရား၊ ကိုယ်တော်၏

ကတိတော်များနှင့်လွဲစေမည့်အရာများထဲမှတားဆီးတော်မူပါ။ဘုရားသခင်

၏လူတို့သည် အလွန်ကြောက်မက်ဖွယ်ကောင်းသောအနေအထားများ၌

ရှိနေကြသည်။ ဗိမ္မာန်တော်သည် မီးရှို့ခြင်းခံရပြီး ယုံကြည်သူများစုဝေး

ခြင်းသည်လည်း ပျက်ပြယ်သွားပြီ။ ဘုရားသခင်အား ဝတ်ပြုကိုးကွယ်ခြင်း

ရပ်စဲလာပြီ။ တစ်ချိန်က ဘုရားသခင်ဘုန်းထင်ရှားခဲ့သောသန့်ရှင်းသော

နေရာ၌ပင် ရုပ်တုဆင်းတုများဖြင့် ပြည့်နှက်လာပြီ။ တောင်းလျှောက်

သောသူက “ကိုယ်တော်၏ရည်ရွယ်ချက်များနှောင့်ယှက်ခြင်းမခံရအောင်

သို့မဟုတ် ကိုယ်တော်၏ကတိတော်များ ရှောင်လွဲခြင်းမခံရအောင် ရန်သူ

၏တန်ခိုးအာဏာကို အခွင့်မပေးပါနှင့်” ဟုအသနားခံလျက်နေ၏။ ထို့အ

တူ ကျွန်ုပ်တို့ကလည်း “အို သခင်ဘုရား၊ ကျွန်ုပ်သည် မကျဆုံးစေခြင်းငှာ

ထိုသို့သောစုံစမ်းနှောင့်ယှက်ခြင်းကို မခံရအောင် အခွင့်ပေးတော်မမူပါနှင့်။

ကျွန်ုပ်သည် ဖျက်ဆီးခြင်းမခံစေခြင်းငှာ ထိုသို့သောနှိပ်စက်ခြင်းကို မိမိတို့

အပေါ်ကျရောက်ရန် အခွင့်ပေးတော်မမူပါနှင့်။ သင်တို့မခံနိုင်သောစုံစမ်း

နှောင့်ယှက်ခြင်းကို သင်တို့အပေါ် ကျရောက်ရန် အခွင့်ပေးမည်မဟုတ်။

ထိုစုံစမ်းနှောင့်ယှက်ခြင်း၌ လွတ်မြောက်ရာလမ်းကို ပြင်ဆင်ပေးမည်ဟု

ကတိပေးခဲ့သည်မဟုတ်လော (၁ကော၊ ၁၀:၁၃)။ ယခုမှာ “ပဋိညာဉ်ကို

ထောက်ရှုတော်မူပါ။” ကျွန်ုပ်တို့အပေါ် ကိုယ်တော်၏ကျိန်ဆိုခြင်းနှင့် ဆန့်

ကျင်ဘက်မဖြစ်မည်အကြောင်း ကိုယ်တော်၏ကြည့်ရှုစောင့်ရှောက်ခြင်းကို

အမိန့်ပေးတော်မူပါ။

ဤအသနာခံခြင်း၏နောက်တမျိုး ဆိုလိုရင်းကား“ပဋိညာဉ်တ

ပြည့်စုံစေခြင်းငှာ ကျွန်ုပ်တို့ကို ဝန်းရံသောအရာရှိသမျှအား အမိန့်

တော်ရှိတော်မပါ ။ ကိုယ်တော်၏အသင်းတော်သည် ကျဆင်းနေသည်

မဟုတ်လော။ ၎င်းထဲမှဧဝံဂေတရားကို တန်ခိုးနှင့် ဟောပြောမည့်သူကို

ချီးမြှောက်တော်မူပါ။ လူသားတို့ကိုဖန်ဆင်းတော်မူသောအရှင်၊ လူသားတို့

၏စိတ်နှလုံးအရှင်၊ ကိုယ်တော်၏နှုတ်ကပတ်တော်ကို တန်ခိုးနှင့် ဟော

ပြောမည့်သူ၏နှုတ်ခမ်းကို ဘိသိတ်ပေးတော်မူပါ။ ကိုယ်တော်၏ပဋိညာဉ်

သည် ကိုယ်တော်၏အသင်းတော်နှင့်အတူရှိပါစေ။ ကိုယ်တော်သည်

အသင်းတော်ကို မည်သည့်အခါမျှမစွန့်ပစ်ပေ။ မြေကြီးဘုရင်တို့သည်

ကိုယ်တော်လက်တော်၌ ရှိကြပါ၏။ အဖြစ်အပျက်မှန်သမျှတို့ကိုလည်း

ကိုယ်တော်ထိန်းချုပ်တော်မူ၏။ အခိုက်အတန့်အချိန်မှစ၍ ဧရာမအချိန်

တိုင်အောင်အရာအားလုံးကို ကိုယ်တော်မိန့်တော်မူ၏။ တစ်စုံတစ်ရာ

သည် ကိုယ်တော်၏ရည်ရွယ်ချက်အဖို့ သေးငယ်လွန်းပါသလား။ တစ်စုံ

တစ်ရာသည် ကိုယ်တော်၏ရည်ရွယ်ချက်အဖို့ ကြီးလွန်းပါသလား။ အရာ

အားလုံးကို စီမံတော်မူပါ။ ထိုသို့အဆုံး၌ ကိုယ်တော်၏ကတိတော်တိုင်း

သည် ရွေးကောက်ခံသောလူမျိုးတို့အတွက် ပြည့်စုံလာပါလိမ့်မည်။

“ပဋိညာဉ်ကို ထောက်ရှုတော်မူပါ” ဟုဆိုရာတွင် အသနားခံခြင်း

ဖြစ်သည်ဟု ကျွန်ုပ်ယူဆပါသည်။ သခင်ဘုရား၊ ပဋိညာဉ်ကို စောင့်ထိန်း

တော်မူပါ။ ကတိတော်ကို ပြည့်စုံစေလျက် ကိုယ်တော်၏သားသမီးတို့ကို

ရန်သူတို့၏မကောင်းသောကြံစည်မှုထဲမှ တားဆီးပေးပါ။ ဤသည်ကား

ကရုဏာနှင့်ပြည့်သောအသနားခံခြင်းဖြစ်ပါသည်။

သနားခံခြင်း တန်ခိုး၏ရင်းမြစ်

ဤအသနားခံခြင်းသည် အဘယ်ကဖြစ်သည်ကို ကြည့်ကြပါစို့။

“ပဋိညာဉ်ကို ထောက်ရှုတော်မူပါ” ဟူသောစကားသည် ၎င်း၏အားမန်

ပါခြင်းမှဆင်းသက်လာရသည်။ အကြောင်းမှာ ၎င်းသည် ဘုရားသခင်၏

ဝိသေသလက္ခဏာ၌ အခြေခံသည့်ပဋိညာဉ်၏အသနားခံခြင်းဖြစ်သည်။

၎င်း၌ အန္တတန်ခိုးရှင်၏တန်ခိုးရှိသမျှတို့ပါရှိသည်။

ဘုရားသခင်၏သမ္မာတရား

အကယ်၍ လူသည် ပဋိညာဉ်ပြုပါက ၎င်းကို လူက စောင့်ထိန်း

ရပါမည်။ မိမိပြုခဲ့သောပဋိညာဉ်ကို မစောင့်ထိန်းသောသူသည် အဆင့်

အတန်းကြည်ညိုလေးစားခြင်းမခံရ။ လူတစ်ဦးစကားပြောလိုက်သောအခါ

ထိုစကားက သူ့ကိုပြန်လည်ချုပ်နှောင်ပါသည်။ အကယ်၍ အရာတစ်ခုအ

တွက် တည်ကြည်လေးနက်စွာဆိုင်းထိုးပြီး တံစိပ်ခတ်ပါက ၎င်းသည်

သာ၍ခိုင်ခံ့မှုရှိလာပါသည်။ မိမိပြုခဲ့သောပဋိညာဉ်ကို မအောက်မေ့ဘဲ

နောက်ဆုတ်သောသူသည် လူပုံအလယ်၌ သူ၏ပြုမူကျင့်ကြံခြင်းသည်

လက်လွတ်သောအဆုံးခံသောသူသာဖြစ်သည်။

အမြင့်ဆုံးသောဘုရားသခင်သည် မိမိ၏နှုတ်ကပတ်တော်၌ မှား

ယွင်းနိုင်သည်ဟု ကျွန်ုပ်တို့ယူဆခြင်းကို ဘုရားသခင်သည် ပြင်းထန်စွာ

တားမြစ်ထားပါသည်။ ဘုရားသခင်သည် လူကဲ့သို့မုသားစကားပြောခြင်း

မှတစ်ပါး (တရား၊ ၂၃:၁၉) အရာအားလုံးကိုလုပ်နိုင်သည်။ ဘုရားသခင်

သည် မမှန်မကန်ဖြစ်နိုင်သည်ဟု ယူဆခြင်းမှာ လုံးဝမဖြစ်နိုင်သောအရာ

ဖြစ်သည်။ “ငါထာဝရဘုရားသည် ပြောင်းလဲခြင်းမရှိ” (မာလ၊ ၃:၆) ဟု

သောကျမ်းစကားအရ ဘုရားသခင်သည် မပြောင်းလဲနိုင်သောဘုရားဖြစ်

သည်။ “ဘုရားသခင်ပေးသနားတော်မူခြင်း၊ ခေါ်ထားတော်မူခြင်း ကျေးဇူး

သည် ဖောက်ပြန်ခြင်းသဘောရှိ” (ရော၊ ၁၁:၂၉) ကိုယ်တော်၏နှုတ်က

ပတ်တော်သည် ပြန်လည်ရုပ်သိမ်း၍မရပေ။ သူ့နှုတ်တော်ထဲမှမိန့်ဆိုခဲ့

သောပဋိညာဉ်ကို ဖောက်ဖျက်မည်မဟုတ် (ဆာ၊ ၈၉:၃၄)။

ကျွန်ုပ်တို့သည် ကရုဏာပဋိညာဉ်အတွက် ဘုရားသခင်ရှေ့

တော်မှောက်၌ ဆုတောင်းဖို့ ရောက်လာသောအခါ ကျွန်ုပ်တို့ကို အားပေး

ထောက်ခံမည့်ဘုရားသခင်၏သစ္စာတရားရှိပါသည်။ “အို ဘုရားသခင်၊

ဤအမှုကိုပြုပေးတော်မူပါ။ ကိုယ်တော်သည် အန္တတန်ခိုးရှင်ဖြစ်၍ အလိုရှိ

သည့်အတိုင်းပြုနိုင်သည်။ ထိုသို့ပြုရန် ကိုယ်တော်ကိုယ်တိုင် တိုင်တည်ခဲ့

ပြီးကိုယ်တော်မိန့်ဆိုပြီးမှဖြစ်မလာပါကကိုယ်တော်၏နှုတ်ကပတ်တော်ကို

ပြန်လည်အောက်မေ့တော်မူပါ။” ကျွန်ုပ်တို့၌ မှီခိုအားထားရာ ဘုရားသခင်

၏သစ္စာရှိခြင်းရှိသည်မှာ မိမိတို့၏ယုံကြည်ခြင်းကို အမြဲခိုင်ခံ့စေပါသည်။

သူ့လူတို့အပေါ် ကိုယ်တော်၏ပန်တိုဖြင့် စောင့်ရှောက်ခြင်း

ကျွန်ုပ်တို့အား အထောက်အကူဖြစ်စေရန် အသုံးပြုရာတွင် ဤ

အသနားခံခြင်းသည် နောက်ပုံစံတမျိုးဖြစ်ပါသည်။ ဘုရားသခင်၏သန့်ရှင်း

သောသဝန်တိုခြင်းသည် သူ့လူများဖြစ်သောကျွန်ုပ်တို့အပေါ်၌ ရှိပါသည်။

သူသည် သဝန်တိုသောဘုရားဖြစ်ကြောင်းကို ကျွန်ုပ်တို့အား ဖော်ပြခဲ့ပြီး

“ထာဝရဘုရားသည် သဝန်တိုတတ်၏။ နာမတော်ကား သဝန်တိုသော

ဘုရားပေတည်” (ထွ၊ ၃၄:၁၄)။ ကိုယ်တော်သည် မိမိလူတို့ကို လူအ

ပေါင်းတို့ကြားတွင် အလေးထားတော်မူ၏။

ထို့ကြောင့် ယောရှုသည် ဤသို့

အသနားခံလေ၏။ “ကိုယ်တော်သည် ကြီးမြတ်သောနာမတော်အဖို့အလို

ငှါအဘယ်သို့ပြုတော်မူမည်နည်းဟု လျှောက်ဆို၏” (ယောရှု၊ ၇၉)။

အကယ်၍ ဘုရားသခင်၏ပဋိညာဉ်သည် အသေးအဖွဲ့ဖြစ်နေ

လျှင်/အကယ်၍ ကိုယ်တော်သည် မိမိရွေးကောက်သောလူတို့၌ ကတိ

တော်ရှိသည့်အတိုင်း မစောင့်ထိန်းခဲ့ကြောင်း သက်သေပြနိုင်ခဲ့လျှင် ၎င်း

သည် ကျွန်ုပ်တို့အဖို့ ထိတ်လန့်ဖွယ်ဖြစ်သည်သာမက ကိုယ်တော်၏နာမ

တော်မကြည်ညိုစရာအကြောင်းဖြစ်စေနိုင်သည်။ ဘုရားသခင်သည် အ

လွန်သန့်ရှင်းပြီး မိမိကျွန်ုပ်တို့အား ပေးအပ်သည့်နှုတ်ကပတ်တော်ဘက်

ကိုပြန်သွားကြည့်လျှင်ပင် သူသည် လုံးလုံးအစဉ်ထာဝရကြည်ညိုလေး

စားဖွယ်ဖြစ်တော်မူ၏။

ကျွန်ုပ်၏ခွန်အားသည် ကုန်ခန်းလုနီးပါးဖြစ်ပြီဟု ခံစားပါက တွင်း

ထဲကျခါနီးပြီဖြစ်သည်။ ထိုအချိန်၌ပင် ကိုယ်တော်သည် ကျွန်ုပ်အား လုံးလုံး

ပျက်စီးသွားမည်ကို အခွင့်ပေးမည်မဟုတ် သို့မဟုတ်လျှင် ကိုယ်တော်၏

ဂုဏ်ကျက်သရေသည် အစွန်းအထင်းရှိလာမည်။ ထိုသို့ဖြစ်ရသည့်အ

ကြောင်းမှာ ကိုယ်တော်က “ထိုသိုးတို့သည် ပျက်စီးခြင်းနှင့် အစဉ်မပြတ်

ကင်းလွတ်ကြလိမ့်မည်။ အဘယ်သူမျှထိုသိုးတို့ကိုငါ့လက်မှမနှုတ်မယူရာ”

(ယော၊ ၁၀:၂၈)။ အမှန်မှာ ကိုယ်တော်သည် ကျွန်ုပ်ကို ရန်သူတို့လက်ထဲ

သို့လွယ်လွယ်ကူကူအပ်နိုင်သည်။ အကြောင်းမှာ ကျွန်ုပ်သည် ရန်သူတို့

၏ဖျက်ဆီးခြင်းနှင့်ထိုက်တန်သောသူပင်ဖြစ်သည်။ သို့ရာတွင် ကိုယ်တော်

သည် ဤနိမ့်ကျဆုံးသောကျွန်ုပ်တို့လူသားများကို ကယ်တင်ရန် မိမိကိုယ်

ကိုတိုင်တည်ခဲ့ပြီး ကိုယ်တော်က “ငါသည် သူတို့အား ထာဝရအသက်ကို

ပေး၏” (အပိုဒ်ငယ် ၂၈) ဟု မိန့်ဆိုခဲ့၏။ သို့ဖြစ်၍ ကိုယ်တော်သည် ကျွန်ုပ်

အား သူ၏ဂုဏ်အသရေအဖို့အလို့ငှာ ရန်သူ၏သားကောင်ဖြစ်

ရသော

အခွင့်ပေးမည်မဟုတ်ပေ။ ကျွန်ုပ်သည် သခင်ဘုရားနေ့ရက်တိုင်အောင်

အပြစ်အနာအဆာနှင့် ကင်းရမည်အကြောင်း ကိုယ်တော်သည် ကျွန်ုပ်ကို

စောင့်ထိန်းပါလိမ့်မည် (၁ကော၊ ၁:၈)။

ပဋိညာဉ်၏ခိုင်မြဲသောကြန်အင်

နောက်တစ်ခုကျွန်ုပ်တို့ကို ကြီးစွာခွန်အားဖြစ်စေမည့်အရာကား

ပဋိညာဉ်၏ခိုင်မြဲသောဝိသေသလက္ခဏာဖြစ်ပါသည်။ အလေးထားအင်

သောပဋိညာဉ်သည် မနေ့တနေ့မှပေါ်လာသောအရာမဟုတ်ဘဲ ကမ္ဘာမ

တည်မီကပင် ရှိနေပြီဖြစ်သည်။ ဘုရားသခင်နှင့်ပတ်သက်၍ ဤပဋိညာဉ်

သည် အစနှင့်အဆုံးဖြစ်သည်ဟုမဖော်ပြသင့်ပေ။ လူသားဆန်ဆန် ကျွန်ုပ်

တို့သည်ထိုသို့ပြောနိုင်သော်လည်း ကျေးဇူးတော်ပဋိညာဉ်မှာ ဘုရားသခင်

၏အစပထမစဉ်းစားသောအရာပင်ဖြစ်သည်။ တစ်ခါတစ်ရံ ကျွန်ုပ်တို့က

လုပ်ဆောင်ခြင်းနှင့်ဆိုင်သောပဋိညာဉ်သည် အရင်ပေါ်လာသောကြောင့်

ရှေးကျသည်ဟုယူဆပြီး ကျေးဇူးတော်ပဋိညာဉ်မူကား နောက်ပိုင်းမှပေါ်

လာသောကြောင့် နောက်ကျသည်ဟု မှတ်ယူတတ်ကြသည်။ ဘုရားသခင်

၏လူတို့သည် မနေ့တနေ့ကမှရွေးကောက်ခြင်းမဟုတ်ပေ။ ဤကမ္ဘာမ

တည်ရှိမီ ငါတို့ကို ခရစ်တော်၌ ရွေးကောက်သည်နှင့်အညီ”ဟူ၍ဖော်ပြပါ

သည် (ဧဖက်၊၁:၄)။ သိုးသငယ်ကို သတ်ဖြတ်ခြင်းသည် ပဋိညာဉ်ကို

အတည်ပြုရန်ဖြစ်သော်လည်း လွန်ခဲ့သောရာစုနှစ်များစွာ ဤကမ္ဘာမတည်

မီကပင် ဘုရားသခင်၏အကြံအစည်တော်၌ အမှန်စင်စစ်သတ်ဖြတ်ခဲ့ခြင်း

ဖြစ်သည် (ဗျာ၊ ၁၃:၈)။ ထို့ကြောင့် ကျေးဇူးတော်ပဋိညာဉ်မှတစ်ပါး ရှေးကျ

သောပဋိညာဉ်ဟူ၍ အခြားမည်သည့်မျှမရှိပေ။

ကျေးဇူးတော်ပဋိညာဉ်သည် ဘုရားသခင်ထံတော်ပါး၌ ရိုသေ

ကြည်ညိုမှုအပြည့်အဝရှိသောပဋိညာဉ်ဖြစ်သည်။ ကျေးဇူးတော်ပဋိညာဉ်

သည် ဘုရားသခင်တွေးတောကြံဆမှုများ၏အလင်းရောင်ခြည်မဟုတ်သ

လိုနေမထွက်မီ အရည်ပျော်တတ်သည့် နံနက်နှင်းစက်ကို ဖန်ဆင်းရန်

ဘုရားသခင်အား ပို့ဆောင်ပေးသောပဋိညာဉ်လည်းမဟုတ်ပေ။ ထို့ပြင်

၎င်းသည် တိမ်တိုက်နှင့်နေရောင်ထိတွေ့စေလျက် မကြာမီကွယ်ပျောက်

တတ်သည့် ထွန်းလင်းဝင်းပသောရောင်ခြည်လည်းမဟုတ်ပေ။ ကျေးဇူး

တော်ပဋိညာဉ်သည် ဘုရားသခင်၏တွေးတောကြံဆမှုများတွင် အကြီး

မြတ်ဆုံးတစ်ခုဖြစ်ပြီး ကိုယ်တော်၏အတွင်းကျကျ တွေးတောကြံဆမှုဖြစ်

သလို ကိုယ်တော်၏ထာဝရတွေးတောကြံဆမှုလည်းဖြစ်သည်။

ကျေးဇူးတော်ပဋိညာဉ်သည် အလွန်ရှေးကျသောပဋိညာဉ်ဖြစ်၍

ဘုရားသခင်၌ အလွန်အရေးပါသောအရာပြီး ကျွန်ုပ်တို့၏နှုတ်ခမ်း၌ ဤ

ပဋိညာဉ်၏အသနားခံခြင်းနှင့်အတူ ဘုရားသခင်ထံချဉ်းကပ်ကြသောအ

ခါ “ယုံမှားသောစိတ်နှင့်ကင်း၍ ဘုရားသခင်၏ကတိတော်ကို တွေးတော

ခြင်းမရှိဘဲ” (ရော၊ ၄:၂၀) နေကြရမည်။ ယုံမှားသောစိတ်မရှိဘဲ နှုတ်ကို

ကျယ်ကျယ်ဖွင့်လျက် ကိုယ်တော်သည် အမှန်စင်စစ်ဖြည့်ဆည်း ပေးမည်

ဖြစ်သည်။ “အို အဖဘုရား၊ ဤသည်ကား ကိုယ်တော်၏ပဋိညာဉ်ပင်ဖြစ်

သည်။ ကိုယ်တော်၏အကြံအစည်တော်နှင့်အညီ ဤကမ္ဘာမတည်မီကပင်

ခွဲခန့်တော်မူသည့်ရှေးအကျဆုံးပဋိညာဉ်ဖြစ်ပြီး ကိုယ်တော်၏နှလုံးတော်၌

ချထားလျက် ကိုယ်တော်ကိုယ်တိုင်၏ဖြစ်ခြင်းတည်းဟူသော ချစ်ခြင်း

မေတ္တာကို ထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

ဘုရားသခင်၏နှုတ်ကပတ်တော် ထောက်ခံချက်

ကျေးဇူးတော်ပဋိညာဉ်တရားနှင့်ပတ်သက်၍ အသနားခံခြင်း အ

ကြောင်းရင်းရှိသမျှကို သင်အား နေရာလပ်မရှိအောင် မဖော်ပြနိုင်သော်

လည်း နောက်တစ်ခုဖော်ပြရန် ရှိသေး၏။ ၎င်းမှာ ကျေးဇူးတော်ပဋိညာဉ်

သည် ဘုရားသခင်၏နှုတ်ကပတ်တော်အပေါ်၌ တည်ရှိပြီး တည်ကြည်

လေးနက်သောထောက်ခံချက်ဖြစ်ပါသည်။ ဘုရားသခင်ကိုယ်တော်တိုင်

၏နှုတ်ကပတ်တော်သည် တံစိပ်ခတ်ထားပြီးသည်ဖြစ်၍ လုံလောက်မှုရှိ

ပြီးသားဖြစ်ပါသည်။ စကြဝဠာတစ်ခုလုံးကို ဖန်ဆင်းတော်မူသောနှုတ်က

ပတ်တော်သည် ပဋိညာဉ်အကြောင်းကို ပြောဆိုသည့်နှုတ်ကပတ်တော်

လည်းဖြစ်သည်။ ဘုရားသခင်၏နှုတ်ကပတ်တော်သည် လုံလောက်ပြည့်စုံ

သော်လည်းကျွန်ုပ်တို့သည် ယုံမှားသံသယရှိတတ်သူများဖြစ်သောကြောင့်

ကိုယ်တော်သည် မိမိ၏ကျိန်ဆိုခြင်းကိုဤသို့ထည့်သွင်းထားခြင်းဖြစ်သည်။

“ကိုယ်တော်ထက်သာ၍ ကြီးမြတ်သောသူကို တိုင်တည်၍ ကျိန်ဆိုရန်

မရှိသောကြောင့်ကိုယ်တော်သည် မိမိကိုယ်ကိုတိုင်တည်တော်မူ၏” (ဟေ

ဗြဲ ၆:၁၃)။ ထာဝရဘုရားသခင်သည် မုသားစကားသက်သက်ဖြစ်သည်

ဟု တွေးတောခြင်းသည် ကိုယ်တော်ကို ကျိန်ဆဲခြင်းဖြစ်သည်။ “ဘုရား

သခင်သည် မုသားမသုံးနိုင်သောအရာတည်းဟူသော မဖောက်ပြန်မ

ပြောင်းလဲနိုင်သောအရာနှစ်ပါးကို အမှီပြု၍” (အပိုဒ်ငယ် ၁၈) ဟူ၍ မိမိ၏

ပဋိညာဉ်အတွက် တိုင်တည်ထားပါသည်။ အကြောင်းမှာ ကျွန်ုပ်တို့အား

“ကြီးမာသောနှစ်သိမ့်မှု” နှင့်ဆိုင်သော ကျေးဇူးတော်အမွေကို (အပိုဒ်ငယ်

၁၈) ပေးအပ်ရန်ဖြစ်သည်။

သိုးသငယ်၏အသွေးဖြင့် တံစိပ်ခတ်

ဤကြည်ညို ကိုင်းရှိုင်းဖွယ်ပဋိညာဉ် | ဘုရားသခင်၏ကျိန်ဆိုခြင်း

ဖြင့် အတည်ပြုသောအရာသည် အသွေးတော်အားဖြင့် တံစိပ်ခတ်ခြင်းခံ

ရ၏။ ယေရှုသည် ၎င်းကို အတည်ပြုရန် အသေခံခဲ့သည်။ သူ၏နှလုံးတော်

ထဲမှထွက်လာသောအသွေးသည် သူ့လူတို့အတွက် ကျေးဇူးတော်ပလ္လင်၌

ပျက်ဖျန်းခဲ့ရသည်။ ထိုသို့ လူသားတို့အပေါ် ဘုရားသခင် ၏တောင်းဆိုမှု

မှန်သမျှကို ယေရှုသည် ကျွန်ုပ်တို့ကိုယ်စားပြည့်စုံစေခဲ့သည်။ ကျွန်ုပ်တို့၏

အာမခံပေးသူတည်းဟူသောကိုယ်စားပြုပေးသောသည် ပညတ်တရားကို

တပြိုင်နက်စောင့်ထိန်းပြီး မိမိလူတို့ခံစားရမည့်ဝေဒနာအပေါင်းတို့ကို သူ

ကိုယ်တိုင်ယူဆောင်သွား၏။ သခင်ဘုရားသည် မိမိ၏နှုတ်ကပတ်တော်

အပေါ်၌ မှန်ကန်သည်မဟုတ်လော။ ထာဝရဘုရားသခင်သည် မိမိ၏သား

တော်အပေါ်၌ သစ္စာစောင့်ထိန်းသည်မဟုတ်လော။ “ထိုသခင်သည် မိမိ

ရှေ့၌ ထားသောဝမ်းမြောက်ခြင်း အကြောင်းကြောင့်”(ဟေဗြဲ၊ ၁၂:၂) ဟု

ဖော်ပြောသည့်အတိုင်း ခမည်းတော်ဘုရားသည် သားတော်ကို အဘယ်သို့

ငြင်းပယ်နိုင်မည်နည်း။ သားတော်ကို ဆုလာဘ်သရဖူအပ်နှင်းရန် ကတိပြု

ခဲ့သည်မဟုတ်လော။ “သူသည် … အမျိုးအနွယ်တော်ကိုမြင်ရလိမ့်မည်။

မိမိစိတ်ဝိညာဉ်၌ ခံရသောဝေဒနာ၏အကျိုးကို မိမိမြင်၍ အားရလိမ့်

မည်”(ဟေရှာ၊ ၅၃:၁၀-၁၁)။

ချစ်သောမိတ်ဆွေ၊ ပဋိညာဉ်အပေါ် ဘုရားသခင်၏သစ္စာတော်

သည် သူနှင့်သူ့သားတော်စပ်ကြား၌ အရေးပါသလောက် သင်နှင့်ဘုရား

သခင်စပ်ကြားတွင် အရေးမပါပေ။ ယခုမှာ ခရစ်တော်သည် အပြစ်အနာ

အဆာကင်းသောအာမခံပေးသူအဖြစ်ရပ်တည်လျက် မိမိ၏အသွေးတော်

အားဖြင့် ဆေးကြောခြင်းခံရသောသူများအတွက် ကျေးဇူးတော်ပလ္လင်ရှေ့

၌အမှုထမ်းလျက်နေတော်မူ၏။ “သေချာစွာစီရင်၍ မပျက်နိုင်သောနိစ္စထာ

ဝရပဋိညာဉ်” ဖြစ်စေခြင်းငှာ (၂ရာ၊ ၂၃:၅)။ သားတော်၏လုပ်ပိုင်ခွင့်

သည် ချစ်ခြင်းမေတ္တာနှင့်ရောစပ်၍ ခမည်းတော်၏မှန်ကန်ခြင်းသည် ထာဝ

ရပဋိညာဉ်ကိုဖြစ်ပေါ်စေသည်။

ပဋိညာဉ်၏မဆုတ်မနစ်သောသဘောသဘာဝ

ယနေ့ချိန်ထိ တစ်ခါမျှပဋိညာဉ်မပျက်ကွက်ဖူးသည်ကို သတိပြု

စေလိုပါသည်။ သခင်ဘုရား၏စကားတော်သည်လည်း ထောင်သောင်းချီ

သောမိမိတို့ထံသို့ ဤအကြောင်းအရာနှင့်စပ်လျဉ်း၍ အကြိမ်ပေါင်း

ထောင်သောင်းစမ်းသပ်ခဲ့လေပြီ။ သူတို့သည်လည်း အရေးပေါ်သောက

ရောက်ကြပြီး ပြင်းထန်သောအခက်အခဲနှင့် ရင်ဆိုင်ခဲ့ကြသည်။ သို့သော်

ကတိတော်သည် မည်သည့်အခါမျှမပျက်ပြယ်ခဲ့ဖူးပေ။ မည်သူမျှပရိညာဉ်

သည် အကျိုးပျက်ပြားပြီး အချည်းနှီးဖြစ်သည်ဟု မဆိုဖူးပေ။ သင့်အရင်

သင့်ထက် ရေနက်အရပ်ကိုလျှောက်ခဲ့ဖူးသောသူများကို မေးမြန်းကြည့်ပါ။

မာသရအနေနှင့် သူတို့၏အသက်ကို ပေးဆပ်ခဲ့သူများကိုလည်း မေးကြည့်

ပါ။ ကိုယ်တော်သည် သင်နှင့်အတူ အဆုံးတိုင်အောင်ရှိမည်မဟုတ်ပေ

လော။ သေသည့်တိုင်အောင် အနာကျင်ဆုံးဝေဒနာဖြင့် နှိပ်စက်ခြင်းခံကြ

သောအခါ သူတို့၏မျက်နှာသည် ငြိမ်သက်ခြင်းအပြုံးနှင့် သူတို့ဘက်၌

ဘုရားသခင်ရပ်တည်ပေးခဲ့ကြောင်း သက်သေထူနိုင်ခဲ့ကြသည်။ အရှင်

လတ်လတ်မီးရှို့ခြင်းခံကြသောအခါ ဝမ်းမြောက်ဖွယ်သီချင်း သီဆိုနိုင်ကြ

သည်။ ခြေလက်ချည်တုပ်ပြီး တဖြည်းဖြည်းကားရားဆန့်ထုတ်ခြင်းခံကြ

ချိန်၌လည်း ဘုရားသခင်ကို ချီးမြှောက်နိုင်ကြသည်။ မနှစ်မြို့ဖွယ်မြေ

အောက်အကျဉ်း၌ ချုပ်နှောင်ခြင်းခံကြသောအခါ လက်ခုပ်တီးပြီးအသံ

ကျယ်ကျယ်နှင့် ဘုရားသခင်ကိုချီးမွမ်းနိုင်ကြသည်။ ဤအရာအားလုံးတို့

ကသူတို့အပေါ်သခင်ဘုရားအဘယ်မျှပင်သစ္စာရှိကြောင်းသက်သေပြခြင်း

ဖြစ်သည်။

ဘုရားသခင်၏လူများ သေလုနီးပါး၌ အဘယ်ကဲ့သို့သက်သေခံ

ကြသည်ကို မိတ်ဆွေကြားဖူးပါသလား။ သူတို့၏အခြေအနေသည် စိတ်

ကူးအကြံအားဖြင့်ပင်လျှင် မဖြစ်နိုင်ဟုထင်ရသော်လည်း သူတို့အဖို့ သေ

ရမည့်ရက်သည် မင်္ဂလာဆောင်မည့်ရက်ပမာဝမ်းမြောက်ခြင်းနှင့် ကြိုဆို

ကြသည်။ ယခုဘုရားသခင်ရင်ခွင်တော်၌ ရှိနေပြီဖြစ်သောသင့်မိခင်ဆုံး

သွားစဉ် သို့မဟုတ် ကယ်တင်ရှင်၏မေတ္တာတရားကို သိရှိသောသင့်က

လေးငယ်ဆုံးသွားစဉ် သင့်ဇနီးက ထိုသေခြင်းကို အဘယ်သို့ပြောဆိုသ

နည်း။ သူတို့၏သက်သေခံချက်များကို ယခုအမှတ်ရသေးသည်မဟုတ်

လော။ ဤလောကအရာများတွင် ကောင်းကင်နှင့်ဆိုင်သောဝမ်းမြောက်

ခြင်းသည် အမြင့်မြတ်ဆုံးဖြစ်မည်ဟု ကျွန်ုပ်မျှော်လင့်ပါသည်။ သန့်ရှင်း

သူတို့သည် ဤလောကမှထွက်ခွာရန် ကောင်းကင်တမန်များ၏အသံကို

ကြားကြသောအခါ ဝမ်းမြောက်သောစကားဖြင့် ကျွန်ုပ်တို့အား ပြောပြ

ရန် အားထုတ်လျက်နေကြသည်။ ထို့ပြင် သူတို့၏အမြင်အာရုံသည် အတိ

သုခဖြင့် ဖုံးလွှမ်းလျက် ဤလောကမှအမြန်ထွက်သွားရန် အလိုရှိတတ်

ကြာသည်။ ထို့ကြောင့် ဤလောကထဲမှသန့်ရှင်းသူတို့၏ထွက်ခွာခြင်းသည်

အလွန်မင်္ဂလာရှိလှပေသည်။

အခုကျွန်ုပ်ဖော်ပြသည်မှာ သင်၏မှတ်ဉာဏ်ကို အားသစ်လောင်း

ပေးခြင်းမဟုတ်ဘဲ သင်၏ယုံကြည်ခြင်းကို တည်ဆောက်ရန်သာဖြစ်သည်။

ကိုယ်တော်သည် အကြိမ်ပေါင်းများစွာမှန်ကန်ခဲ့ပြီး မည်သည့်အခါမျှမပျက်

ကွက်ခဲ့ပေ။ ကိုယ်တော်၏ပဋိညာဉ်အပေါ် ကိုးစားရင်း အခက်အခဲတစ်ခုခု

ကို ကျွန်ုပ်တို့တွေ့ကြုံခံစားသင့်သလား။ မဟုတ်ပါ။ သစ္စာရှင်ဘုရားသခင်

သည် ထိုအရာအားလုံးအားဖြင့် လွန်ခဲ့သောနှစ်ပေါင်းများ၌ စမ်းသပ်ခဲ့ပြီး

မည်သည့်အခါမျှပျက်ကွက်ခြင်းမရှိပေ။ ကိုယ်တော်သည် ကျွန်ုပ်တို့ကိုဂရု

စိုက်လျက်နေကြောင်း လုံးလုံးယုံကြည်စိတ်ချကြပါစို့။ “ပဋိညာဉ်တော်ကို

ထောက်ရှုတော်မူပါ” ဟူ၍ ရဲဝံ့စွာဆုတောင်းကြပါစို့။ ဤအရာသည် အစ

ဖြစ်သလို ယခုလည်းဖြစ်၏။ အစဉ်အမြဲလည်းဖြစ်မည်။ ကမ္ဘာကုန်ဆုံး

သည်အထိဖြစ်မည်။ ပထမဆုံးယုံကြည်သူအတွက်ဖြစ်သလို နောက်ဆုံး

ယုံကြည်သူအတွက်လည်းဖြစ်သည်။ နောက်ဆုံးစစ်သည်ဗိုလ်ခြေများ၏

သက်သေခံချက်ကား “ကတိတော်ရှိသမျှအတိုင်း မိမိကျွန်မောရှေ့

အားဖြင့် ထားတော်မူသောကတိတော်ကောင်းတစ်ခွန်းမျှမပျက်ရ” (၃ရာ၊

၈:၅၆)။

ပဋိညာဉ်၌ရှိသော ယုံကြည်ခြင်း၏ဆုကျေးဇူး

ကျန်ုပ်တို့ဆင်ခြင်နှလုံးသွင်းရန်နောက်တစ်ခုရှိသေး၏။ကျွန်ုပ်တို့

၏ဘုရားသခင်သည် သူ၏နာမတော်၌ ကိုးစားရန် ကျွန်ုပ်တို့ကို သင်ကြား

ပေးခဲ့သည်။ ထိုသင်ခန်းစာကို ကျွန်ုပ်တို့အကြာကြီးလေ့လာသင်ယူကြ

သည်။ အခြားမဟုတ်၊ အရာခပ်သိမ်းတတ်စွမ်းနိုင်ခြင်းသည် ကျွန်ုပ်တို့အား

“အမြင်အားဖြင့်မဟုတ်ဘဲ ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လျှောက်

လှမ်းစေသည်” (စံမီကျမ်း-၂ကော၊ ၅:၇)။ သခင်ဘုရားသည် စိတ်ရှည်

သည်းခြင်းနှင့်အတူ နောက်ဆုံးတွင် ကျွန်ုပ်တို့ကိုယ်ကို မှီခိုခြင်းမှကင်းဝေး

ရာသို့ပို့ဆောင်ပေးတော်မူ၏။ ယခုမှာ ကျွန်ုပ်တို့သည် ကိုယ်တော်၏သစ္စာ

ရှိခြင်းနှင့်သူ၏သမ္မာတရား၌သာ မှီခိုအားထားလေသည်။ ဤသို့သော

ယုံကြည်ခြင်းကို သင့်အား ဘုရားသခင်ပေးသည်မှာ သင့်ကို သရော်ဖို့

လော။ ကိုယ်တော်သည် သင့်အား သူ၏နာမတော်ကို မှီခိုရန်နှင့်အရှက်

တရားနှင့်ကင်းဝေးစေခြင်းငှာ သွန်သင်သည်ဟု ယုံကြည်ပါသလား။ သင့်

အား သူ၏သန့်ရှင်းသောဝိညာဉ်တော်ကို ပေးအပ်ရသည်မှာ လိမ်လည်

ခြင်း၌ ယုံကြည်စိတ်ချမှု

ရှိအောင် ပေးအပ်ခြင်းလော။ ကိုယ်တော်သည်

သင့်အား မှားယွင်းသောယုံကြည်ခြင်း၌ ကြီးထွားစေပါသလား။ ထိုအရာ

တို့ကို ဘုရားသခင်တားမြစ်ပါ၏။ ကျွန်ုပ်တို့၏ဘုရားသခင်သည် နတ်ဆိုး

ကဲ့သို့ကျွန်ုပ်တို့အား ဒုက္ခပင်လယ်၌ မွေ့လျော်စေပြီး ထိုအရာကို အမြဲ

ယုံကြည်စွဲလန်းရန် အလိုရှိသောဘုရားမဟုတ်ပေ။

သင်၌ ယုံကြည်ခြင်းရှိလျှင် ကိုယ်တော်သည် ၎င်းကို သင့်အား

ပေးတော်မူ၏ (ဧဖက်၊ ၂း၈)။ ထိုဆုကျေးဇူးကို သင့်အား ပေးသနားတော်

မူသောသူသည် သူ၏ဆုကျေးဇူးကို သူသိရှိပြီး ၎င်းကိုကြည်ညိုပါလိမ့်မည်။

ကိုယ်တော်သည် ယုံကြည်ခြင်း အချည့်နဲ့ဆုံးအချိန်၌ပင် မည်သည့်အခါမျှ

မမှားယွင်းခဲ့ပေ။ သင်၏ယုံကြည်ခြင်း အားကြီးလျှင် သို့မဟုတ် အားအကြီး

ဆုံးချိန်၌ပင် သင်၏ယုံကြည်ခြင်းထက် ဘုရားသခင်သည် သာ၍ကြီးမြတ်

ကြောင်း သင်မြင်ရလိမ့်မည်။ ထို့ကြောင့် ယေရှုက ‘တည်ကြည်သော

စိတ်ရှိကြလော့” (မဿဲ၊ ၁၄:၂၇) ဟုမိန့်မှာခဲ့သည်။ သင်ယုံကြည်သည့်အ

ရာက သင့်အား ခွန်အားပေး၍ ဤသို့ပြောစေရမည်။ “အို ကိုယ်တော်၊

ကိုယ်တော့်အပေါ် ခိုနားရန် ယခုကျွန်ုပ်လာပါပြီ။ ကျွန်ုပ်ကို လွန်သွားမည်

လော။ ကျွန်ုပ်ဆင်းရဲသားတီကောင်၌ ယုံကြည်စိတ်ချမှုမရှိကြောင်း ကျွန်ုပ်

သိပါ၏။ ကျွန်ုပ်ကို စွန့်ခွာရမည်လော။ ယေရှုနာမတော်မှတစ်ပါး ကျွန်ုပ်၌

အခြားခိုလှုံရာမရှိပေ။ ကိုယ်တော်၏ကိုယ်စားခံအသက်ပေးဆပ်ခြင်းမှ

တစ်ပါး ကျွန်ုပ်မျှော်လင့်ရာမရှိပေ။ ကိုယ်တော်၏အလင်းတော်မှတစ်ပါး

ကျွန်ုပ်၌ အခြားအလင်းမရှိပေ။ ကိုယ်တော်၊ ကျွန်ုပ်ကိုစွန့်ပစ်နိုင်မည်

လော။ စွန့်ပစ်နိုင်မည်မဟုတ်ပေ။ အကြောင်းမှာ သွေးတော်မြတ်ဖြင့် ရွေး

ဝယ်သောကြောင့်ဖြစ်သည်။

ကိုယ်တော်ကို ကိုးစားသောသူအား စွန့်ပယ်ထားသည်ဟူသည်

မှာ လုံးဝမဖြစ်နိုင်ပေ။ “မိန်းမသည် မိမိဖွားသောသားကို မသနားသည်

တိုင်အောင် မေ့လျော့နိုင်သလော။ အကယ်၍ မေ့လျော့သော်လည်း

သင့်ကို ငါမမေ့လျော့” (ဟေရှာ၊ ၄၉:၁၅)။ ကျွန်ုပ်တို့၏သားသမီးများသည်

ကျွန်ုပ်တို့ကို ယုံကြည်ကိုးစားပြီး မှီခိုအားထားသောအခါ သူတို့ကို ကျွန်ုပ်

တို့မေ့လျော့နိုင်မည်လော။ မမေ့လျော့နိုင်ပေ။ ကျွန်ုပ်တို့၏ကောင်းကင်ဘုံ

ရှင့်အဖဘုရားသခင်သည်လည်း ကျွန်ုပ်တို့ကို လုံးဝမမေ့လျော့နိုင်ပေ။

သခင်ဘုရားသည် ကြောက်မက်ဖွယ်မဟုတ်၊ သူသည် သနားကျင်နာခြင်း၊

နှင့်ပြည့်စုံလျက် သစ္စာတည်ကာ မှန်ကန်သောဘုရားဖြစ်တော်မူ၏။ ထို့ပြင်

မေသည် ကျွန်ုပ်တို့၏မိတ်ဆွေဖြစ်ပါ သည်။ “မိတ်ဆွေမူကား ညီအစ်ကို

စွဲကပ်သည်ထက် သာ၍စွဲကပ်တတ်” (သု၊ ၁၈:၂၄)။ ကိုယ်တော်၏

ပဋိညာဉ်ထဲ၌ ကျွန်ုပ်တို့အား ယုံကြည်ခြင်း ပေးအပ်သည့်အကြောင်းရင်း

မှာ “ပဋိညာဉ်တော်ကိုထောက်ရှုတော်မူပါ”ဟူ၍ မိမိတို့အဖို့ အထောက်

အမဖြစ်သင့်သည်။

ပဋိညာဉ်ဆိုင်ရာအသနားခံခြင်း၏အသုံးဝင်မှုများ

ဤအရာတပိုင်းတစကို ဖော်ပြခဲ့သည့်အတိုင်း အသနားခံခြင်း၏

ဆိုလိုရင်း၊ ၎င်း၏ရင်းမြစ်နှင့်၎င်း၏တန်ခိုးတို့ကို အသနားခံခြင်း၌ တချို့

လက်တွေ့ကျသောဆင်ခြင်စရာများကို ဆွေးနွေးသွားပါမည်။ “ပဋိညာဉ်

တော်ကိုထောက်ရှုတော်မူပါ” ဟုဆိုရာတွင် ထိုပဋိညာဉ်ကို မည်ကဲ့သို့အ

သနားခံ၍ မည်သည့်အချိန်၌ အသနားခံရမည်နည်း။

အပြစ်ရှိကြောင်း ထင်ရှားလျက်ရှိသောအခါ

သင်သည် အပြစ်တရား၏အောက်၌ ရှိနေသောအခါ သင့်စိတ်

ဝိညာဉ်သည် အပြစ်တရားနှင့်ဆိုင်သည့်အရာ၌ မလုံမလဲဖြစ်သောအခါ

အသနားခံရမည်ဖြစ်သည်။ ဟေဗြဲစာရေးသူက ကျေးဇူးတော်ပဋိညာဉ်

အကြောင်းကို ရေးသားသောအခါ ယေရမိရေးသားခဲ့သောဟေဗြဲဘာ

သာစကားကို ထပ်လောင်းရေးသားခြင်းဖြစ်သည်။

“နောင်ကာလအခါ ဣသရေလအမျိုးသားတို့၌ ငါပေးအပ်သော

ပဋိညာဉ်တရားဟူမူကား ငါထာဝရဘုရားသည် ငါ့ပညတ်တို့ကို သူတို့စိတ်

ဝိညာဉ်ထဲသို့သွင်းမည်။ သူတို့နှလုံးပေါ်မှာ ငါရေးထားမည်။ ငါသည် သူတို့

၏ဘုရားဖြစ်မည်။ သူတို့သည်လည်း ငါ၏လူဖြစ်ကြလိမ့် မည်။

ထိုသူတို့က ထာဝရဘုရားကို သိသလော့ဟု အမျိုးသားချင်း၊

ညီအစ်ကိုအချင်းချင်း တစ်ယောက်ကိုတစ်ယောက် ဆုံးမဩဝါဒမပေးရ

ကြ၊ အကြောင်းမူကား အငယ်ဆုံးသောသူတိုင်အောင် ထိုသူအပေါင်းတို့

သည် ငါ့ကိုသိကြလိမ့်မည်။

ထိုအခါ ငါသည် သူတို့အပြစ်များကို သည်းခံမည်။ သူတို့ပြစ်

မှားခြင်း၊ ကျူးလွန်ခြင်းများကို မအောက်မေ့ဘဲ နေမည်ဟု ထာဝရဘုရား

မိန့်တော်မူ၏” (ဟေဗြဲ ၈၁၀-၁၂)။

ချစ်သောမိတ်ဆွေ သင်သည် ဒုစရိုက်အပြစ်အောက်၌ အသက်

ရှင်လျက် အပြစ်၏ဝန်ထမ်းနေသည်ဟု ဆိုကြပါစို့။ အတိတ်က သင်ကျူး

လွန်ခဲ့သောအပြစ်ဒုစရိုက်တချို့သည် သင့်အထဲ၌ ပြန်လည်အမှတ်ရလာ

သည်ဟုဆိုကြပါစို့။ အခုရက်ပိုင်းတွင်သင့်အသက်တာထဲ၌ ဝမ်းနည်းဖွယ်

ရာများနှင့်ခလုတ်တိုက်မိနေသည်ဟု ဆိုကြပါစို့။ စာတန်ကလည်း “မင်းက

အပြစ်ကျူးလွန်တဲ့သူပါ။ ပြေးမလွတ်ပါဘူး။ ဖျက်ဆီးခြင်းခံရမှာ မြေကြီး

လက်ခပ်မလွဲပါ” ဟူ၍ တိုးတိုးလေးပြောလာလိမ့်မည်။ ထိုအချိန်၌ သင်

သည် ကောင်းကင်ဘုံရှင်သင့်ခမည်းတော်ထံသို့ချဉ်းကပ်၍ ကျမ်းစာကိုဖွင့်

လျက် ဟေဗြဲ ၈:၁၂ ပေါ်တွင် မိမိလက်ညှိုးကိုထိုးကာ ကိုယ်တော်၊ ဤ

ကျမ်းပိုဒ်ကို အောက်မေ့တော်မူပါ။ ကိုယ်တော်ကို ကျွန်ုပ်တောင်းပန်

ပါ ၏။ ကိုယ်တော်၏ပဋိညာဉ်တော်ကို ထောက်ရှုတော်မူပါ။ “ထိုအခါ ငါ

သည် သူတို့အပြစ်များကို သည်းခံမည်” ဟူ၍ မိန့်တော်မူသည်မဟုတ်

လော။ အို ဘုရားသခင်၊ ကျွန်ုပ်ကို သနားကြင်နာတော်မူပါ။ “သူတို့ပြစ်

မှားခြင်း၊ လွန်ကျူးခြင်းများကို မအောက်မေ့ဘဲနေမည်”ဟု ထာဝရဘုရား

မိန့်တော်မူခဲ့သည်မဟုတ်လော။ အို ထာဝရဘုရား၊ ကျွန်ုပ်၏အပြစ်များကို

မအောက်မေ့ဘဲ ထာဝစဉ်ထာဝရမေ့ပစ်တော်မူပါ။ ဤသည်မှာ ပဋိညာဉ်

ကိုအသုံးပြုမည် နည်းလမ်းဖြစ်ပါသည်။ သင်သည် ဒုစရိုက်အပြစ်အောက်

ရောက်မိသော် သင်၏အမှုကိစ္စပြေလည်သွားမည်အကြောင်း ပဋိညာဉ်

သစ်တရားထဲ၌ အသနားခံတောင်းလျှောက်ရပါမည်။

သန့်ရှင်းခြင်းကို လိုလားလျက်နေသောအခါ

သင်သည် သင့်အထဲ၌ရှိသောယိုယွင်းပျက်စီးခြင်းကို အနိုင်ယူ

ရန် ကြိုးပမ်းလျက်နေပါက သင့်အထဲ၌ သန့်ရှင်းခြင်း အရှိန်မြှင့်တင်ရန်

ပြင်းထန်သောလိုအင်ဆန္ဒရှိရပါမည်။ ယေရမိစာအုပ်ထဲ၌ သင်တွေ့ရှိ

သည့်အတိုင်း ပဋိညာဉ်အကြောင်းကို နောက်တစ်ဖန်ပြန်ဖတ်ပါ ။ “နောင်

ကာလအခါ ဣသရေလအမျိုးသားတို့၌ ငါပေးအံ့သောပဋိညာဉ်တရား

ဟူမူကား ထာဝရဘုရားသည် ငါ၏ပညတ်တရားကို သူတို့အတွင်းထဲသို့

သွင်းမည်။ သူတို့နှလုံးပေါ်မှာ ရေးထားမည်”(ယေရ၊ ၃၁:၃၃)။

ယခုတွင် သင်သည် ဤသို့အသနားခံနိုင်မည်မဟုတ်လော။

“ကိုယ်တော်၊ ကျောက်ပြားပေါ်မှာ ရေးထားတဲ့ကိုယ်တော်ရဲ့ ပညတ်တော်

တွေဟာ သန့်ရှင်းပါတယ်။ ဒါပေမဲ့ ဒါတွေကို ကျွန်ုပ်မေ့လျော့ပြီး ချိုးဖောက်

ခဲ့တယ်။ အို ကျွန်ုပ်ဘုရားသခင်၊ အဲဒါတွေကို ကျွန်ုပ်နှလုံးသားကျောက်

ပြားပေါ်မှာ ရေးပေးတော်မူပါ။ ယခုပင် ဆင်းကြွလာပြီး ကျွန်ုပ်ကို သန့်ရှင်း

စေလျက် ပြောင်းလဲစေတော်မူပါ။ ကျွန်ုပ်စိတ်ဝိညာဉ်ထဲမှာ ကိုယ်တော်ရဲ့

အလိုတော်ကိုရေးသားတော်မူပါ။ သို့မှသာ ထိုပညတ်တော်အတိုင်း ကျွန်ုပ်

အသက်ရှင်နိုင်ပြီးစိတ်ထဲမှရုတ်တရက်ဖြစ်ပေါ်လာတဲ့အတိုင်း ကိုယ်တော်

ထိုက်တန်စွာအစေခံနိုင်မှာဖြစ်ပါတယ်။ “ပဋိညာဉ်တော်ကို ထောက်ရှုတော်

မူပါ”ကိုယ်တော်၏အစေကျွန် ကျွန်ုပ်ကို သန့်ရှင်းစင်ကြယ်စေတော်မူပါ။

စုံစမ်းနှောင့်ယှက်ခြင်းကို ခုခံသောအခါ

သင်သည် အားကြီးသောစုံစမ်းနှောင့်ယှက်ခြင်းကိုခံရသောအခါ

ထိန်းသိမ်းခြင်းကို ရရှိလိုသည်ဟု ဆိုကြပါစို့၊ သို့မဟုတ်လျှင် သင်သည်

ချော်လဲ၍ သင်၏စရိုက်ဟောင်းများဆီသို့ ပြန်လှည့်မည်ဟု စိုးရိမ်စရာရှိ

သည်။ ယေရမိအခန်းကြီး ၃၂ မှာတွေ့ရှိသည့်အတိုင်း ပဋိညာဉ်ကိုရယူ

လိုက်ပါ။ အောက်ပါအပိုဒ်ငယ်များကို ဆင်ခြင်နှလုံးသွင်းလျက် စိတ်နှလုံး

ထဲ၌ ကျက်မှတ်လိုက်ပါ။ ထိုကျမ်းပိုဒ်များသည် ယနေ့ခေတ်ကြီးတွင် သင့်

အတွက် အထောက်အကူဖြစ်လာပါလိမ့်မည်။

“သူတို့သည် ငါ၏လူဖြစ်ကြလိမ့်မည်။ ငါသည်လည်း သူတို့၏

ဘုရားသခင်ဖြစ်မည်” (အပိုဒ်ငယ် ၃၈)

“ကိုယ်အကျိုးအလိုငှါလည်းကောင်း၊ နောက်ဖြစ်လတံ့သော

သားသမီးတို့၏အကျိုးအလိုလည်းကောင်း၊ ငါ့ကို အစဉ်ကြောက်ရွံ့ စေ

ခြင်းငှါ တညီတညွတ်တည်း ကျင့်ကြံနိုင်သောသဘောကို ငါပေးမည်”

(အပိုဒ်ငယ် ၃၉)။

“သူတို့ကို မစွန့်ပစ်ဘဲ အစဉ်ကျေးဇူးပြုခြင်း၊ သူတို့၌ ထာဝရ

ပဋိညာဉ်ကို ငါထားမည်။ သူတို့သည်လည်း ငါ့ထံမှ မထွက်မသွားမည် အ

ကြောင်း၊ ငါ့ကိုကြောက်ရွံ့သော သဘောနှင့် ပြည့်စုံစေမည်” (ငယ် ၄၀)။

ယခုမှာ “ရဲရင့်သောစိတ်နှင့် ကျေးဇူးတော်ပလ္လင်သို့တိုးဝင်ချဉ်း

ကပ်ကြကုန်အံ့” (ဟေဗြဲ၊ ၄:၁၅)။ ထို့နောက် “အို သခင်ဘုရား၊ ကျွန်ုပ်

ကျရှုံးခါနီးပြီ၊ လူတွေကလည်း လွဲမှာမဟုတ်တော့ဘူး၊ ကျရှုံးတော့မယ်လို့

ပြောနေကြပြီ။ ဒါပေမဲ့ အို သခင်ဘုရား၊ ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်

ဟာ အမြဲပြောင်းလဲခြင်းမရှိ၊ ခိုင်ခံ့မြမြဲပါတယ်။ ကျွန်ုပ်ရဲ့ နှလုံးသားထဲမှာ

ကိုယ်တော်ကို ကြောက်ရွံ့ခြင်း ထည့်ပေးတော်မူပါ။ ကိုယ်တော်ထံမှ

ကျွန်ုပ်လွဲမသွားမည့်အကြောင်း ကိုယ်တော်ရဲ့ ကတိတော်ကို ကျွန်ုပ်အပေါ်

ပြည့်စုံစေတော်မူပါ” ဟူ၍ အော်ဟစ်တောင်းလျှောက်လိုက်ပါ။ ဤသည်

ကား နောက်ဆုံးမဆုတ်မနစ်ကြိုးပမ်းခြင်းအတွက် ယုံကြည်စိတ်ချသော

လမ်းစဉ်ဖြစ်ပါသည်။

တစ်ခုခုလိုအပ်သောအခါ

ဘုရားသခင်၏လူများ လိုအပ်ချက်အမျိုးမျိုးရှိလာသောအခါ အ

ဘယ်သို့ပြုလေ့ရှိကြသည်ကို သင့်အား ကျွန်ုပ်ပြောပြပါမည်။ ထိုအချိန်၌

သူတို့၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ဘုရားသခင်ထံတော်ပါးသို့

“ပဋိညာဉ်တော်ကို ထောက်ရှုတော်မူပါ” ဟု သူတို့၏လိုအပ်ချက်နှင့်အညီ

လိုက်ဖက်စွာငိုကြွေးကြ၏။ ဥပမာ သင်သည် ပြင်းထန်စွာ စိတ်သောက

ခံစားနေသောကြောင့် နှစ်သိမ့်မှုကိုလိုအပ်သည်ဟု ဆိုကြပါစို့။ “အမိသည်

သားကိုနှစ်သိမ့်စေသကဲ့သို့ သင်တို့ကို နှစ်သိမ့်မည်” (ဟေရှာ၊ ၆၆:၁၃)

ဟု ဖော်ပြားသကဲ့သို့ သင်သည်လည်း ထိုကတိတော်နှင့်အတူ ဘုရားသခင်

ထံသို့တိုးဝင်ချဉ်းကပ်လျက် “ကိုယ်တော်၊ ကိုယ်တော်ကျွန်ကို သက်သာ

မတော်မူပါ”ဟူ၍ ဆုတောင်းလိုက်ပါ။

အသင်းတော်၌ ဒုက္ခပြဿနာဖြစ်ပျက်လာပါက သခင်ဘုရားထံ

သို့တိုးဝင်ချဉ်းကပ်လျက် “ထိုအသင်းကို မရဏာနိုင်ငံ၏တံခါးတို့သည်

နိုင်ရာ”(မဿဲ၊ ၁၆:၁၈) ဟူ၍ပြောဆိုနိုင်သောအခွင့်ရှိသည်မှာ အလွန်ပင်

မင်္ဂလာရှိသည်မဟုတ်လော။ အို သခင်ဘုရား၊ ထိုပြဿနာသည် ကိုယ်

တော်၏အသင်းတော်ကို အနိုင်မယူရမည်အကြောင်း ကိုယ်တော်အခွန်

အားကိုဖြတ်ဝင်စေတော်မူပါ။ ကိုယ်တော်၏အသင်းတော်ကို ကိုယ်တော်

ကိုယ်တိုင် ကယ်တင်တော်မူပါ။ လက်တော်ဆန့်တန်းတော်မူပါ။

သင်သည် ဤလောက၏မှောင်မိုက်ထဲသို့ကျရောက်လျက်နေ

သောဘုရားတရားမဲ့သောသူများ၏အသက်တာ ပြောင်းလဲခြင်းကို ရှာဖွေ

လျက် အပြစ်သားများကယ်တင်ခြင်းသို့ရောက်ကြရန် လိုလားလျက်

နေ၏။ ထိုသို့သောအချိန်၌ ဤကျမ်းပိုဒ်ကိုအောက်မေ့ပါ။ “ပဋိညာဉ်တော်

ကိုထောက်တော်မူပါ။ အကြောင်းမူကား မြေကြီးပေါ်မှာမှောင်မိုက်သော

အရပ်တို့သည် လုယူညှဉ်းဆဲခြင်းနေရာသက်သက်ဖြစ်ကြပါ၏” (ဆာ၊

၇၄:၂၀)။ သင်သည် ဤအရာ၌ ဤသို့ပေါင်းထည့်နိုင်ပါသည်။ ကိုယ်တော်

က “အကြောင်းမူကား ပင်လယ်ရေသည် မိမိနေရာကိုလွှမ်းမိုးသကဲ့သို့

မြေကြီးသည် ထာဝရဘုရား၏ ဘုန်းတော်ကို သိကျွမ်းခြင်းပညာနှင့်ပြည့်စုံ

လိမ့်မည်” (ဟဗ၂:၁၄)။ “လူအပေါင်းတို့သည် ဘုရားသခင်၏ကယ်တင်

တော်မူခြင်းအကြောင်းကို မြင်ရကြလတံ့(လု၃:၆) ဟုမိန့်ဆိုသည်မဟုတ်

လော။ “ပဋိညာဉ်တော်ကိုထောက်တော်မူပါ” ကိုယ်တော်၊ ကျွန်ုပ်တို့၏

ဿသနာလုပ်ငန်း လုပ်ဆောင်နှုန်းကို အရှိန်အဟုန်နှင့် သွားစေတော်မူပါ။

အို သခင်ဘုရား၊ ကမ္ဘာမြေကြီးပေါ်တွင် နေထိုင်ကြသူများဖြစ်သည့်

တိုင်းနိုင်ငံ၊ မျိုးနွယ်စု၊ ဘာသာစကားအမျိုးမျိုးပြောဆိုသောလူမျိုးအသီးသီး

တို့အား ထာဝရတည်သည့်ကောင်းမြတ်သောသတင်းကို ဟောပြောမည့်

သူတည်းဟူသောကောင်းကင်အလယ်၌ ပျံသန်းနေမည့် အားကြီးသော

ကောင်းကင်ကို (ဗျာ၊ ၁၄:၆) အမိန့်တော်ရှိတော်မူပါ။ “ပဋိညာဉ်တော်ကို

ထောက်တော်မူပါ” ဟူသောဆုတောင်းချက်သည် ဿသနာလုပ်ငန်းနှင့်

ဆိုင်သည့်ကြီးမားသောဆုတောင်းသံဖြစ်သည်။ အို မိတ်ဆွေ၊ ပဋိညာဉ်အ

တိုင်း အသနားခံခြင်းသည် နှစ်ဖက်ထက်သောဓားဖြစ်ပြီး ပဋိပက္ခဖြစ်

သည့်အခြေအနေတိုင်း၌ အသုံးပြုနိုင်သည်သာမက ဆင်းရဲဒုက္ခအခြေအ

နေမှန်သမျှကို ပျောက်ကင်းသက်သာစေပါသည်။

အသနားခံခြင်း၏ပေါ်လွင်ထင်ရှားသောဆိုလိုချက်

ယခုဤနောက်ဆုံးမေးခွန်းဖြင့် အဆုံးသတ်ကြပါစို့။ “ပဋိညာဉ်

လောက်တော်မူပါ” ဟူသောအသနားခံခြင်းထဲမှကျွန်ုပ်တို့အသက်

တာအတွက် မည်သည့်အရာသည် ပေါ်လွင်ထင်ရှားပြီး လက်တွေ့ဆန်

သောဆိုလိုချက်ဖြစ်ပါသနည်း။ ကျွန်ုပ်တို့သည် ဘုရားသခင်အား ပဋိညာဉ်

တော်ကိုထောက်တော်မူရန် တောင်းလျှောက်သကဲ့သို့ မိမိတို့ကိုယ်တိုင်

လည်း ထိုပဋိညာဉ်တော်ကို ထောက်ရှုကြရမည်မဟုတ်လော။ ပဋိညာဉ်

တော်ကို ထောက်ရှုရမည်ဟုဆိုရာတွင် ကဏ္ဍအမျိုးမျိုးရှိပြီး တစ်ခုချင်းစီ

ကို ကျွန်ုပ်တို့အသက်တာထဲ၌ ကြီးထွားစေဖို့ လိုအပ်ပါသည်။

ကျေးဇူးသိတတ်သောအလေးထားမှု

ပထမဦးစွာ ထိုပဋိညာဉ်အတွက် ကျေးဇူးသိတတ်သောထောက်

ထားမှု ကျွန်ုပ်တို့၌ရှိရန် လိုအပ်သည်။ ကျွန်ုပ်တို့နှင့် ပဋိညာဉ်ပြုရန် အစဉ်

နှိမ့်ချတတ်သောသခင်ဘုရားကို ကောင်းချီးထောမနာပြုလော့။ ကိုယ်တော်

သည် သင့်အား ကတိတော်တစ်ခုပေးရန်၊ သင်နှင့် သာ၍ပဋိညာဉ်ပြုရန်

ရှိသည့်တိုင်အောင် သင်၌မည်သည့်အရာကိုတွေ့နိုင်မည်နည်း။ ကျွန်ုပ်တို့

ကဲ့သို့သောအပြစ်သားများနှင့် ထာဝရပဋိညာဉ်ပြုရန် မိမိကိုယ်ကိုနှိမ့်ချ

သောကိုယ်တော်၏ချစ်မြတ်နိုးဖွယ်နာမတော်သည် မင်္ဂလာရှိပါစေသော။

ဤသည်ကား ဤလောက၌ ကျွန်ုပ်တို့၏ဓမ္မ နှင့်ဆိုင်သည့်ချိုလာ

သောဆိုလိုရင်းဖြစ်သည်မက ကောင်းကင်ဘုံ၌ ကျွန်ုပ်တို့သီချင်း၏အင်

ကအကြောင်းအရာလည်းဖြစ်သည်။

ယုံကြည်နေသောအလေးထားမှု

ကျွန်ုပ်တို့၌ နောက်တစ်ခုရှိရမည့်အရာကား ပရိညာဉ်ကိုယုံ

ကြည်သောထောက်ထားမှုဖြစ်ပါသည်။ ဘုရားသခင်၏ပဋိညာဉ်မှန်လျှင်

သင်၏သံသယစိတ်ဖြင့် ၎င်းကို ဂုဏ်အသရေမညှိုးစေပါနှင့်။ “သေချာစွာ

စီရင်၍ မပျက်နိုင်သောနိစ္စထာဝရပဋိညာဉ်”(၂ရာ၊ ၂၃:၅) သည် တည်တံ့

သည်။ သင်သည်လည်း အာဗြဟံကဲ့သို့ “ယုံမှားသောစိတ်နှင့်ကင်း၍

၁၃ရားသခင်ဖာတ်တော်ကို တွေးတောခြင်းမရှိ ယုံကြည်အားကြီးသဖြင့်

ဘုရားသခင်ကို ချီးမွမ်း”(ရော၊ ၄:၂၀) နိုင်သောသူဖြစ်ပါစေသော။

ဝမ်းမြောက်ဖွယ်ရာ အလေးထားမှု

ကျွန်ုပ်တို့၌ နောက်တစ်ခုရှိရမည့်အရာကား ပဋိညာဉ်အတွက်

ဝမ်းမြောက်ဖွယ်ရာ အလေးထားမှုဖြစ်ပါသည်။ သင်၏စောင်းကောက်များ

ကိုယူလျက် ဒါဝိဒ်နှင့်အတူ ချီးမွမ်းလိုက်ပါ။ “ငါ့အမျိုးအနွယ်သည် ဘုရား

သခင့်ရှေ့တော်၌ မြမြသည်မဟုတ်လော။ သေချာစွာစီရင်၍ မပျက်နိုင်

သောနိစ္စထာဝရပဋိညာဉ်ကို ငါနှင့်ဖွဲ့တော်မူပြီ(၂ရာ၊ ၂၃:၅)။ ဤလောက

၌ ကျွန်ုပ်တို့ရှိနေစဉ် ကျွန်ုပ်တို့စိတ်နှလုံးထဲ၌ ကောင်းကင်နိုင်ငံတော်တည်

ထောင်နိုင်ပါသည်။ သခင်ဘုရားသည် ကျေးဇူးတော်ပဋိညာဉ်နှင့်ငြိမ်သက်

ခြင်းထဲသို့ဝင်ရောက်ခဲ့လေပြီ။ ကိုယ်တော်သည် ကျွန်ုပ်တို့ကိုအစဉ်ထာဝရ

ကောင်းချီးပေးမည်။

ကျွန်ုပ်တို့၌ ပဋိညာဉ်အတွက် သဝန်တိုသောအလေးထားမှုရှိ

နေဖို့ လိုအပ်ပါသေးသည်။ ကျေးဇူးတော်ပဋိညာဉ်နှင့်လုပ်ဆောင်ခြင်းကို

အခြေခံသောပဋိညာဉ်နှစ်မျိုးကို မည်သည့်အခါမျှမရောနှောပါနှင့်၊ နှစ်

သက်ရမည့်တရားဟောချက်ကား ကျေးဇူးတော်ပဋိညာဉ်နှင့်လုပ်ဆောင်

ခြင်းကို အခြေခံသောပဋိညာဉ်နှစ်ခုစပ်ကြား၌ ကွဲပြားမှုမရှိသောတရား

ဟောခြင်းဖြစ်သည်။ အကြောင်းမှာ ထိုသို့ကွဲပြားမှုမရှိသောတရားဟော

ခြင်းသည် သေစေနိုင်သောတရားဟောချက် သို့မဟုတ် အကျိုးမပေး

သောတရားဟောချက်ဖြစ်သောကြောင့်တည်း။ သင့်အနေဖြင့် အမြဲသတိ

ပြုရမည့်အရာကား လူနှင့်ဆိုင်သောအရာနှင့်ဘုရားသခင်နှင့်ဆိုင်သော

အရာနှစ်ခုစပ်ကြား၌ အဘယ်သို့ကွဲပြားမှုရှိသည်ကို ရှင်းလင်းဖြောင့်တန်း

စွာသိရှိရပါမည်။ “လူကိုကိုးစား၍ လူသတ္တဝါကို အမှီပြုသဖြင့် စိတ်နှလုံး

ထဲ၌ ထာဝရဘုရားထံတော်မှထွက်သွားသောသူသည် ကျန်အပ်သောသူ

ဖြစ်၏” (ယေရ၊ ၁၇:၅) ဟု ဖော်ပြထားသည်။

အကယ်၍ သင်သည် ကျေးဇူးတော်ပဋိညာဉ်အောက်၌ ဝိညာဉ်

တော်အားဖြင့် အစပြုပါက အခြားသောပဋိညာဉ်အောက်၌ ရှိသည့်သွေး

သားဇာတိ၌ စုံလင်ခြင်းရှိသည်ဟု မတွေးလိုက်ပါနှင့်။ ကောင်းကင်ဘုံ

ခမည်းတော်ဘုရားသခင်၏စည်းမျဉ်းအောက်၌ သန့်ရှင်းခြင်းရှိရမည်။ သို့

သော် ပဋိညာဉ်တရားဟောင်းတည်းဟူသောပညတ်တရားအတိုင်း လိုက်

လျှောက်ခြင်းအောက်၌ မဖြစ်ပါစေနှင့်။ ပညတ်တရား၏ကျွန်ကို ပြန်မခံ

ကြပါနှင့်။ အကြောင်းမှာ “သင်တို့သည် ပညတ်တရားလက်၌မရှိ၊ ကျေးဇူး

တရားလက်၌ရှိသောကြောင့် အပြစ်တရားသည် သင်တို့ကို မအုပ်စိုးရ”

(ရော၊ ၆:၁၄)။ “ထိုကြောင့် ခရစ်တော်သည် ငါတို့ကို လွှတ်တော်မူသော

လွှတ်ခြင်းအခွင့်၌တည်နေသဖြင့် ကျွန်ခံရာထမ်းဘိုးကိုထမ်း၍ ချည်နှောင်

ခြင်းကို တဖန်မခံကြနှင့်”(ဂလာ၊ ၅:၁)။

လက်တွေ့ဆန်သောအလေးထားမှု

နောက်ဆုံးတွင် ကျွန်ုပ်တို့၌ ပဋိညာဉ်အတွက် လက်တွေ့ဆန်

သောအလေးထားမှုရှိဖို့ လိုအပ်ပါသည်။ ကျေးဇူးတော်ပဋိညာဉ်သည် သင်

၏အားထားရာ၊ သင်၏မွေ့လျော်ရာဖြစ်သည်ကို အခြားသောသူများမြင်

တွေ့ပါစေ။ ဤအကြောင်းအရာကို အခြားသောသူများအား ပြောကြား

ရန် အသင့်ဖြစ်ရမည်။ ထိုကျေးဇူးတော်ပဋိညာဉ်သည် သင့်အပေါ်၌

အကျိုးသက်ရောက်မှုရှိသည်မှာ ဘုရားသခင်၏ထိုက်တန်စေခြင်းကြောင့်

ဟူသောအချက်ကို ပြသရန် အသင့်ဖြစ်ရမည်။ အကြောင်းမှာ ထိုကျေးဇူး

တော်ပဋိညာဉ်သည် သင့်အသက်တာကို သန့်ရှင်းစေသောအကျိုးသက်

ရောက်မှု

ရှိသောကြောင့်တည်း။ ထိုသို့ မျှော်လင့်သောသူမည်သည်ကား

ကိုယ်တော်သန့်ရှင်းတော်မူသည်နည်းတူ ကိုယ်ကိုကိုယ်သန့်ရှင်းစေတတ်

၏” (၁ယော၊ ၃:၃)။ ထိုသို့ ဘုရားသခင်ရွေးကောက်ခြင်းခံရသူတစ်ဦး

အနေဖြင့် “ပဋိညာဉ်တော်ကို ထောက်ရှုတော်မူပါ’ဟူသောစကားကို မိမိ

ကိုယ်တိုင် ပြုမူကျင့်ရပါမည်။

ပဋိညာဉ်တော်က “သင်တို့အပေါ်မှာ သန့်ရှင်းသောရေကို ပြန်

သဖြင့် သင့်ကို ခပ်သေးအညစ်အကြေးမှစ၍ ခပ်သိမ်းသော

ရုပ်တုနှင့် ကင်းမည်”(ယေဇ ၃၆:၂၅) ဟုဆိုထားပါသည်။ ရုပ်တု

ဆင်းတုများကို မချစ်ကြပါနှင့်၊ အို ပဋိညာဉ်ပြုခြင်းခံရသောသူတို့၊ သန့်ရှင်း

ခြင်းရှိကြလော့။

ငါထာဝရဘုရားမိန့်တော်မူပြီ။ ငါသည် လုပ်ဆောင်၍ရောက်

လာမည်။ ငါသည် မချုပ်တည်း မနှမြော၊ စိတ်ပြောင်းလဲဘဲ သင်၏အ

ကျင့်စရိုက်၊ လုပ်ဆောင်မှုများအရ သင်သည် စီရင်ခြင်းခံရမည်”ဟု အရှင်

ထာဝရဘုရားမိန့်တော်မူ၏။ သခင်ဘုရားသည် ကျွန်ုပ်တို့ရှိသမျှအပေါ်သို့

သူ၏ပဋိညာဉ်နှောင်ကြိုးကို သယ်ဆောင်ပေး၍ သူ၏ချစ်လှစွာသော

သားတော်၌ ရိုးရှင်းသောယုံကြည်ခြင်းကို ကျွန်ုပ်တို့အား ပေးသနားတော်

မူပါစေသော။ ၎င်းသည် ပဋိညာဉ်တော်ကို အမွေခံသောသူများ၏အမှတ်

လက္ခဏာပင်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *