သက်သာလောနိတ် ဩဝါဒစာ (ပထမစောင်)

1 Thessalonians – နိဒါန်း Introduction

ရည်ရွယ်ချက်

သက်သာလောနိတ်မြို့(Thessalonica) သား ခရစ်ယာန်များ

၏ ယုုံကြည်ခြင်းအား ခိုုင်မာစေရန်နှင့် ခရစ်တော် ဒုုတိယအကြိမ်ကြွလာခြင်းအတွက် စိတ်ချမှုကိုုဖြစ်စေရန်။

ကျမ်းစာရေးသားသူ

ပေါလု (Paul)

ရည်ညွှန်းရေးသားသူ

သက်သာလောနိတ် (Thessalonians) အသင်းတော်နှင့် နေရာ အနှံ့အပြားရှိ ယုံုကြည်သူများ အားလုံုးထံသိုု့။

ရေးသားချိန်

အေဒီ ၅၁ (A.D. 51)၊ ကောရိနု္တမြို့ (Corinth)၊ ပေါလုု၏ အစောဆုံး ရေးသားခဲ့သည့် စာများ၌ ဤစာသည် ပါဝင်သည်။ သမိုုင်းနောက်ခံ သက်သာလောနိတ် အသင်းတော်သည် လွန်စွာနုုနယ်ပြီး ဤစာ မရေးသားမီ ၂နှစ်၊ ၃နှစ်အချိန်၌ အစပြုခဲ့သည်။ သက်သာလောနိတ် ခရစ်ယာန်တိုု့သည် သူတိုု့၏ ယုံုကြည်ခြင်း၌ ရင့်ကျက်ရန်လိုုသည်။ ထိုု့အပြင် ခရစ်တော် ဒုုတိယအကြိမ် ကြွလာခြင်းနှင့် ပတ်သက်၍ နားလည်မှားမှုများ ရှိနေခဲ့သည်။ အချို့တိုု့က ခရစ်တော်သည် ယခုုချက်ချင်း ပြန်ကြွလာမည်ဟုု ယူဆကြသောကြောင့် သူတိုု့၏ ချစ်မြတ်နိုုးသော သူများ သေဆုံုးသော အခါ၌ သူတိုု့၌ ရှုပ်ထွေးမှုများ ဖြစ်လာရသည်။ ထိုု့အပြင် ယုံုကြည်သူများသည် နှိပ်စက် ညှင်းပန်းမှုများကိုု ခံနေကြရသည်။

အဓိကကျမ်းပိုုဒ်

ယေရှု (Jesus) သည် သေပြီးမှ တဖန် ထမြောက်တော်မူ သည်ကိုု ငါတိုု့သည် ယုံုလျှင် ထိုုနည်းတူ ယေရှု၌ အိပ်ပျော်သော သူတိုု့ကိုုလည်း ထိုုသခင်နှင့် အတူ ဘုုရားသခင် ပိုု့ဆောင်တော်မူ လိမ့်မည် (၄း၁၄)။

အဓိကပုုဂ္ဂိုလ်များ

ပေါလုု (Paul)၊ တိမောသေ (Timothy)၊ သိလွှာနုု (Silas)

အဓိကနေရာ

သက်သာလောနိတ်မြို့ (Thessalonica) ထူးခြားချက်များ

ပေါလုုသည် တိမောသေထံမှ သက်သာလောနိတ်မြို့နှင့် ပတ်သက်သော ကောင်းမွန်သည့် အစီရင်ခံချက်ကိုု လက်ခံရရှိခဲ့သည်။ ထိုုသူတိုု့၏ ရှင်ပြန်ထမြောက်ခြင်း၊ ခရစ်တော် ဒုုတိယအကြိမ် ကြွလာခြင်းနှင့် ပတ်သက်၍ မှားယွင်းသော အယူအဆများကိုု ပြင်ရန်အတွက် ပေါလုုသည် ဤစာကိုု ရေးသားရခြင်းဖြစ်သည်။

အခြေခံအချက်

၁။ ဘုုရားရှင်အား သစ္စာရှိခြင်း (၁း၁ – ၃း၁၃)

၂။ ဘုုရားရှင်အား မျှော်လင့်စောင့်စားခြင်း (၄း၁ – ၅း၂၈)

ပေါလုုနှင့် အပေါင်းအဖော်တိုု့သည် ညှင်းပန်းနှိပ်စက်မှုများ ကြားမှပင် ဧဝံဂေလိ (Gospel) သတင်းကောင်းကိုု သစ္စာရှိစွာဖြင့် ဟောပြောကြ၏။ သက်သာလောနိတ်မြို့သားတိုု့သည် ခရစ်ယာန်များ ဖြစ်လာကြသည်မှာ မကြာသေးသော်လည်း တမန်တော်များ သူတိုု့နှင့်အတူ မရှိစဉ်၌ပင် သူတိုု့သည် ဘုုရားရှင်အား သစ္စာရှိကြသည်။ ထိုုကဲ့သိုု့ပင် လူအချို့တိုု့သည် ဘုုရားရှင်၏ စကားတော်ကိုု ကျွန်ုုပ်တိုု့ထံသိုု့ သစ္စာရှိစွာ ဆောင်ခဲ့ကြပြီးဖြစ်သည်။ ကျွန်ုုပ်တိုု့ မှ ဆက်လက်၍ သစ္စာရှိရန်နှင့် ခရစ်တော်သည် မည်သည့် အချိန်၌မဆိုု ပြန်လာလိမ့်မည် ဖြစ်ကြောင်းကိုု မျှော်လင့်ခြင်းဖြင့် အသက်ရှင်ရန် လိုုအပ်သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်များ

ညှင်းပန်းနှိပ်စက်ခြင်း

ရှင်းလင်းချက်

ပေါလုု (Paul) နှင့်အသစ်သော သက်သာလောနိတ်မြို့သား (Thessalonians) ခရစ်ယာန်တိုု့သည် သူတိုု့၏ ခရစ်တော်၌ ယုုံကြည်ခြင်းနှင့်အတူ ညှင်းပန်းနှိပ်စက်ခြင်းကိုု ခံရသည်။ ကျွန်ုုပ်တိုု့သည်လည်း စုံုစမ်းမှုများ၊ အခက်အခဲများကိုု တွေ့နိုုင်သည်။ ကျွန်ုုပ်တိုု့သည် ထိုုကဲ့သိုု့သော အချိန်များတွင် ကျွန်ုုပ်တိုု့၏ ယုံုကြည်ခြင်း၌ ခိုုင်မာစွာရပ်တည်လျက် သန့်ရှင်းသော ဝိညာဉ်တော်၏ ခွန်အားပေးမှုကိုု ရယူပါ။

အရေးပါမှု

သန့်ရှင်းသော ဝိညာဉ်တော်သည် ကျွန်ုုပ်တိုု့မှ ညှင်းပန်းနှိပ်စက်မှုများ၊ သတ်ဖြတ်မှုများ၊ ဖိနှိပ်မှုများကိုု ခံရစဉ်တွင် ကျွန်ုုပ်တိုု့၏ ယုံုကြည်ခြင်းကိုု ဆက်လက်ခိုုင်မြဲရန် အခြားယူများအား အမှန်တကယ် ချစ်နိုုင်ရန် ကျွန်ုုပ်တိုု့၏ ကိုုယ်ကျင့်တရားများကိုု ဆက်လက် ထိန်းသိမ်းနိုုင်ရန် ကူညီသည်။

ပေါလုု၏သာသနာပြုလုုပ်ငန်း

ရှင်းလင်းချက်

ပေါလုုသည် မမှန်မတရား စွပ်စွဲမှုကိုု ခံရနေချိန်၌ပင် ဤအသင်းတော် အတွက် စိုုးရိမ်မှု ရှိကြောင်း ဖော်ပြခဲ့သည်။ ခက်ခဲသော အချိန်များ၌ပင် သတင်းကောင်းကိုု ဖြန့်ဝေရန်အတွက် ပေါလုု၏ ဆက်ကပ်မှုကိုု ကျွန်ုုပ်တိုု့မှ စံပြုကာ ထိုုအတိုုင်း လိုုက်လျှောက်သင့်သည်။

အရေးပါမူ

ပေါလုုသည် သတင်းကောင်းကိုု ဟောပြောသည် မဟုုတ်ဘဲ သူ၏ ကိုုယ်ကိုု ထိုုအတွက် ပေးအပ် ထားသည်။ ကျွန်ုုပ်တိုု့ သည်လည်း သာသနာ ပြုလုုပ်ငန်းများကိုု လုုပ်ကိုုင်နေစဉ်တွင် ပေါလုုကဲ့သိုု့ သစ္စာရှိစွာ၊ ရဲရင့်စွာ၊ အခြားသူတိုု့၏ လိုုအပ်ချက်များကိုု သတိပြုကာ မိမိကိုုယ်ကိုု လုံုးဝဆက်ကပ် အပ်နှံလျက် လုုပ်ဆောင်ရမည်။

မျှော်လင့်ခြင်း

ရှင်းလင်းချက်

တစ်နေ့၌ အသက်ရှင်လျက်ရှိသော ယုံုကြည်သူများ၊ သေဆုံုးပြီးသော ယုံုကြည်သူများ တိုု့သည် ခရစ်တော်နှင့်အတူ ပြန်လည်ဆုံုဆည်း ကြရမည်။ ခရစ်တော် မကြွလာမီ သေဆုံုးခဲ့သော ခရစ်ယာန်တိုု့အတွက် မျှော်လင့်စရာမှာ ကိုုယ်ခန္ဓာ ရှင်ပြန်ထမြောက် ခြင်းဖြစ်သည်။

အရေးပါမူ

ကျွန်ုုပ်တိုု့သည် ခရစ်တော်၌ ယုံုကြည်လျှင် သူနှင့်အတူ အစဉ်နေရ ကြလိမ့်မည်။ ခရစ်တော် ဒုုတိယအကြိမ် ကြွလာသော အခါတွင် သမိုုင်းကြောင်း တလျှောက်၌ ရှိသော ယေရှုနှင့် စပ်ဆိုုင်သောသူ အားလုံုးတိုု့သည် သူနှင့်အတူ ရှိလိမ့်မည်။ ကျွန်ုုပ်တိုု့ကိုု ချစ်ခင်မြတ်နိုုး ရသော သူသည် ယုံုကြည်သူ ဖြစ်ပါလျှင် ထိုုသူနှင့် ကျွန်ုုပ်တိုု့သည် ထိုုအချိန်၌ ပြန်လည် ဆုံုတွေ့ရပေမည်။

ပြင်ဆင်လျက်ရှိကြလော့

ရှင်းလင်းချက်

မည်သူမျှ ခရစ်တော် ပြန်လည်ကြွလာမည့် နေ့ရက်ကိုု မသိနိုုင်ပါ။ ကျွန်ုုပ်တိုု့သည် အကျင့်စာရိတ္တပြည့်စုံု၍ သန့်ရှင်းသော အသက်တာ၌ အသက်ရှင်ပြီး ပြန်လည်ကြွလာခြင်းကိုု စောင့်မျှော်လျက်နေရမည်။ မိမိတိုု့၌ ရှိသော တာဝန်များကိုု မျက်ကွယ် ပြုထားရမည် မဟုုတ်ဘဲ၊ ဘုုရားရှင်၏ စိတ်တော်နှင့်တွေ့သော လုုပ်ဆောင်မှု၊ အသက်တာနှင့် ဆက်လက် ရှင်သန်ရပေမည်။

အရေးပါမူ

ဧဝံဂေလိ သတင်းကောင်းအား ကျွနုု်ပ်တိုု့မှ ယုံုကြည်သည် သာမက ထိုုသတင်းကောင်း အတိုုင်း ကျွန်ုုပ်တိုု့ အသက်ရှင်ရမည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ကျွန်ုုပ်တိုု့အား သစ္စာရှိရန် လမ်းပြမည် ဖြစ်သောကြောင့် ကျွန်ုုပ်တိုု့သည် မှားယွင်းသော စိတ်ထား၊ လုုပ်ဆောင်မှု များကိုု ရှောင်ရှားနိုုင်မည်။ ခရစ်တော်သည် မည်သည့် အချိန်၌ မဆိုု ပြန်လည်ကြွလာတော်မူ နိုုင်ကြောင်းကိုု သိရှိမျှော်လင့်လျက် အသက်ရှင်ပါ။ သင်သည် ထိုုအချိန်ကိုု ပြင်ဆင်မှု မရှိဘဲ မတွေ့ကြံုရပါစေနှင့်။

အခန်းကြီး ၁

၁း၁ ပေါလုုနှင့် သူ၏ အပေါင်းအဖော် တိုု့သည် အေဒီ ၅၀-ခုု (A.D. 50) နွေဦးပိုုင်း၌ သက်သာလောနိတ်မြို့ (Thessalonians) သိုု့ရောက်ခဲ့သည်။ သူတိုု့သည် ထိုုမြို့၌ ပထမဆုုံးသော ခရစ်ယာန် အသင်းတော်ကို တည်ထောင်နိုုင် ခဲ့သော်လည်း သူတိုု့၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်မှု များကြောင့် ထိုုမြို့မှ လျင်မြန်စွာ ထွက်ခွာသွားရသည် (တမန် ၁၇း၁-၁၀)။ ကောာရိနု္တမြို့ (Corinth) သိုု့ ရောက်သောအခါ၌ ပေါလုုသည် ပထမဆုံုး အခွင့်အလမ်း အနေဖြင့် တိမောသေ (Timothy) အား သက်သာလောနိတ်မြို့သိုု့ စေလွှတ်ပြီး အသစ်သော ယုံုကြည်သူများ၏ အခြေအနေကိုု ကြည့်ရှုစေသည်။ တိမောသေသည် ပေါလုုထံသိုု့ ကောင်းသော သတင်းကိုု ယူဆောင်လာခဲ့သည်။ ယင်းမှာ သက်သာလောနိတ်မြို့ရှိ ခရစ်ယာန်များသည် သူတိုု့၏ ယုံုကြည်ခြင်း၌ ဆက်လက် ခိုုင်မာလျက်၊ စည်းလုံုးညီညွတ်လျက်ရှိသည်။ သိုု့သော် သူတိုု့၏ အသစ်သော ယုံုကြည်ခြင်းနှင့် ပတ်သက်၍ မေးရန်မေးခွန်းများရှိသည်။ တိုုတောင်းသော ခရီးစဉ်၌ ပေါလုုသည် ထိုုမေးခွန်းများ အားလုံုးကိုု ဖြေဆိုု၍ မပြီးစဉ်တွင်ပင် မေးခွန်း အသစ်များ ထပ်မံ၍ ပေါ်လာသည်။ ထို့ကြောင့် ဤစာအားဖြင့် ပေါလုုသည် သူတိုု့၏ မေးခွန်းများကိုု ဖြေကြားပြီး ခရစ်တော်၌ သူတိုု့၏ ယုံုကြည်ခြင်းကိုု ထားရှိရန် တိုုက်တွန်းထားသည်။

၁း၁ ပေါလုုနှင့် ပတ်သက်၍ တမန်တော်ဝတ္ထု ၉ ၌ တွေ့နိုုင်သည်။ တိမောသေနှင့် ပတ်သက်၍ တိမောသေ (ပထမစာစောင်) ၌ တွေ့နိုုင်သည်။ သိလွှာနုု (Silas) သည် ပေါလုု၏ ဒုုတိယ သာသနာပြု ခရီးစဉ်၌ ပေါလုုနှင့်အတူ လိုုက်ပါသွားခဲ့သည် (တမန် ၁၅း၃၆ – ၁၇း၁၅)။ သူသည် သက်သာလောနိတ်မြို့၌ အသင်းတော် တည်ထောင်ရာတွင် ပေါလုုအား ကူညီခဲ့သည် (တမန်၁၇း၁-၉)။ သူ၏ အကြောင်းကိုု ဆက်လက် ဖတ်ရှုရန် ၂ ကော ၁း၁၉၊ ၂ သက် ၁း၁၊ ၁ ပေ ၅း၁၂၊ တမန် ၁၆။

၁း၁ သက်သာလောနိတ်မြို့သည် ရောမအင်ပါယာ (Roman Empire) မာကေဒေါနိပြည်နယ် (Macedonia State) ၏ အကြီးဆုံုးသော မြို့တော်ဖြစ်သည် (လူဦးရေ ၂၀၀,၀၀၀)။ ရောမနှင့် အရှေ့ဘက် Oriental ကိုု ဆက်သွယ်ထားသော အရေးပါသည့် လမ်းမကြီးသည် သက်သာလောနိတ်မြို့ကိုု ဖြတ်သွားသည်။ ထိုုလမ်းမကြီးနှင့် ထိုုမြို့ရှိ ပင်လယ်ဆိပ်ကမ်းတိုု့သည် ထိုုမြို့အား ရောမအင်ပါယာ၌ အချမ်းသာဆုံုး၊ အစည်ကားဆုံုး၊ စီးပွားရေး အချက်အခြာ ကျသောမြို့ ဖြစ်စေသည်။ ရောမ အုုပ်ချုပ်သူတိုု့သည် သူ၏ အင်ပါယာ အတွင်း၌ ရှိသော အခြားမြို့များကဲ့သိုု့ မဟုုတ်ဘဲ သက်သာလောနိတ်မြို့ကိုု လွတ်လပ်သောမြို့အဖြစ် သတ်မှတ်ပြီး ကိုုယ်ပိုုင် အုုပ်ချုပ်ခွင့်ကိုု ပေးသည်သာမက ချုပ်ခြယ်မှုများကိုုလည်း မထားရှိပေ။ ထိုုမြို့သိုု့ ကမ႓ာ အရပ်ရပ်မှ လူများ လာရောက်ကြသောကြောင့် သူတိုု့နှင့် ပါလာသော အခြားသော ယုံုကြည် ကိုုးကွယ်မှုများ၊ ထုံုးတမ်း စဉ်လာများမှာ နုုပျိုသော ခရစ်ယာန်များ၏ ယုံုကြည်ခြင်းကိုု စိမ်ခေါ်လျက်ရှိသည်။

၁း၃ ညှင်းပန်းနှိပ်စက်မှုများကိုု ခံရစဉ်၌ သက်သာလောနိတ် ခရစ်ယာန်တိုု့သည် ခိုုင်မာစွာရပ်တည် ခဲ့ကြသည် (၁း၆၊ ၃း၁-၄၊ ရ)။ ပေါလုုမှ ထိုုသူတိုု့အား ယုံုကြည်ခြင်းမှ ပေါက်ဖွားလာသော လုုပ်ဆောင်မှု၊ မေတ္တာတရားမှ နှိုးဆွသော လုုပ်ကိုုင်မှု၊ မျှော်လင့်ခြင်း၌ ပြည့်ဝသော သည်းခံစောင့်ဆိုုင်းမှု တိုု့ကိုု လုုပ်ဆောင်ရန် ပြောခဲ့သည်။ ယင်းတိုု့သည် ထိရောက်ထက်မြက်သော ခရစ်ယာန်တိုု့၏ အမှတ်သညာများ ဖြစ်ကြသည်။

၁း၅ ဧဝံဂေလိတရား (Gospel) သည် တန်ခိုုးနှင့် ရောက်လာသော အခါတွင် သက်သာလောနိတ်မြို့သားများ အပေါ်၌ လွန်စွာ ထိရောက်မှု ရှိသည်။ မည်သည့် အချိန်၌ မဆိုု ကျမ်းစားကိုု ကြားသိလိုုက်လျှော်သော အခါ၌ အသက်တာတိုု့သည် ပြောင်းလဲရသည်။ ခရစ်ယာန်ဘာသာသည် စိတ်ဝင်စား စရာကောင်းသော အချက်များ စုုစည်းထားသော ဘာသာ ဖြစ်သည်သာမက ယုံုကြည်သော သူအားလုံုးအတွက် ဘုုရားရှင်၏ တန်ခိုုးလည်းဖြစ်သည်။ သင်သည် ပထမဦးဆုံုးအကြိမ် ယုံုကြည်ပြီးသည်နှင့် ဘုုရားရှင်၏ တန်ခိုုးတော်သည် သင်၏ အသက်တာ၌ မည်သည့်အရာတိုု့ကိုု လုုပ်ဆောင်ပြီးခဲ့ပါပြီနည်း။

၁း၅ လူတိုု့သည် ဧဝံဂေလိတရားကိုု ယုံုကြည်သော အခါ၌ သန့်ရှင်းသော ဝိညာဉ်တော်သည် ထိုုသူတိုု့ကိုု ပြောင်းလဲမှု ဖြစ်စေသည်။ ကျွန်ုုပ်တိုု့သည် အခြားသူများအား ခရစ်တော်အကြောင်းကိုု ပြောသောအခါ၌ သန့်ရှင်းသော ဝိညာဉ်တော်ကိုု အားကိုုးရမည်။ အဘယ့်ကြောင့်ဆိုုသော် သန့်ရှင်းသော ဝိညာဉ်တော်သည် ထိုုသူတိုု့၏ ဝိညာဉ်မျက်စိကိုု ဖွင့်ပေးပြီး ထိုုသူတိုု့အား ကယ်တင်ခြင်း လိုုအပ်ကြောင်းကိုု ထိုုသူတိုု့၏ စိတ်တွင်း၌ သိရှိလက်ခံ လာအောင် လုုပ်ဆောင်ပေး၍ဖြစ်သည်။ ဘုုရားရှင်၏ တန်ခိုုးတော်သည် လူတိုု့အားပြောင်းလဲစေသည်။ ထိုုသိုု့ပြောင်းလဲခြင်းမှာ ကျွန်ုုပ်တိုု့၏ တော်မှု၊ တတ်မှု၊ ဆွဲဆောင်နိုုင်မှုတိုု့ကြောင့် မဟုုတ်ပါ။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုုပ်ဆောင်မှု မပါရှိလျှင် ကျွန်ုုပ်တိုု့ ပြောသော စကားများသည် အဓိပ္ပါယ်မဲ့ ဖြစ်ရသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် လူတိုု့အား အပြစ်ကိုု ဖော်ပြသည့်အပြင် ဧဝံဂေလိတရား၏ မှန်ကန်ခြင်း အပေါ်၌ စိတ်ချမှုကိုု ဖြစ်စေသည်။ သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပတ်သက်၍ ဆက်လက် ဖတ်ရှုရန် ယောဟန် ၁၄း၂၃-၂၆၊ ၁၅း၂၆-၂၇၊ ၃၆၊ တမန် ၁း၅။

၁း၅ ‘ငါတိုု့သည် သင်တိုု့နှင့်အတူ နေသောအခါ သင်တိုု့အတွက် အဘယ်သိုု့သောသူ ဖြစ်သည်ကိုု သင်တိုု့ သိကြသည်’ ပေါလုု (Paul)၊ သိလွှနုု (Silas)၊ တိမောသေ (Timothy) တိုု့သည် သူတိုု့ ပြောကြားသည့် အတိုုင်း အသက်ရှင်ကြသည်ကိုု သက်သာလောနိတ်မြို့သားတိုု့သည် တွေ့မြင်ကြ သောကြောင့် သူတိုု့ပြောကြားသော စကားများသည် မှန်ကန်သည်ဟုု ထိုုမြို့သားတိုု့သည် ယုံုကြည်ကြသည်။ သင်၏ အသက်ရှင်မှုသည် သခင်ခရစ်တော် ယုံုကြည် ပါသည်ဟုု ပြောဆိုုသော အရာအတိုုင်း ဖြစ်ပါသလား (သိုု့) အပြောနှင့်အလုုပ် မညီမှုများ ဖြစ်နေပါသလား။

၁း၆ သက်သာလောနိတ်မြို့ (Thessalonians) သားများသည် ဧဝံဂေလိတရား (Gospel) ကို လွန်စွာ ဝမ်းမြောက်ခြင်းဖြင့် ကြိုဆိုလက်ခံကြ သော်လည်း ထိုအတွက်ကြောင့် ဂျူးလူမျိုးများ၊ တပါးအမျိုးသားများမှ ညှင်းပန်းနှိပ်စက်ခြင်းကို ခံခဲ့ရသည် (၃း၂-၄၊ တမန် ၁ရး၅)။

ဧဝံဂေလိတရားကို ယုံကြည်၍ ခရစ်တော်၌ အသစ်သော အသက်တာကို ရရှိသော အခါတွင် သူတို့သည် ခရစ်တော် ပြန်လာချိန်အထိ သေခြင်းမှ ကာကွယ်မှုကို ရရှိလိမ့်မည်ဟု သက်သာလောနိတ်ပြည်သားတို့သည် ယုံကြည်ကြသည်။ သက်သာလောနိတ်ပြည်သား အချို့သည် ညှင်းပန်းနှိပ်စက်မှုဒဏ်ကြောင့် သေဆုံးကြသောအခါ၌ သူတို့သည် သူတို့၏ ယုံကြည်ခြင်းနှင့် ပတ်သက်၍ မေးခွန်းများစွာ မေးလာကြသည်။ ဤစာ၌ ပေါလုသည် ထိုသူများအား ယုံကြည်သူ တစ်ဦး သေဆုံးသော အခါ၌ မည်သို့ဖြစ်မည်နှင့် ပတ်သက်၍ သူသည် ရေးသားဖေါ်ပြ ထားသည်။ (၄း၁၃)

၁း၉-၁၀ ကျွန်ုပ်တို့ အားလုံးတို့သည်လည်း သက်သာလောနိတ်မြို့သားများကဲ့သို့ ဘုရားရှင်ထံ ပြန်လှည့်ခြင်း၊ ဘုရားရှင်အား အစေခံခြင်း၊ သားတော်ယေရှု ခရစ်တော်သည် ကောင်းကင်ဘုံမှ ပြန်လည် ကြွလာမည်ကို မျှော်လင့်ခြင်းတို့ဖြင့် ဧဝံဂေလိတရားကို တုန့်ပြန် သင့်သည်။ ခရစ်တော်သည် ဤကမ္ဘာအား စီရင်ရန် ကြွလာတော် မူမည်ဖြစ်သောကြောင့် ကျွန်ုပ်တို့သည် ဘုရားရှင်ထံသို့ ပြန်လှည့်ရပေမည်။ ခရစ်တော် ပြန်လည်ကြွလာတော်မူခြင်းသည် လွန်စွာနီးကပ်နေပြီ ဖြစ်သောကြောင့် ကျွန်ုပ်တို့သည် ကြိုးစားလုပ်ဆောင် ကြရပေတော့မည်။ မည်သည့် အချိန်၌ ပြန်လည်ကြွလာတော်မူ မည်ကို မသိသောကြောင့် ကျွန်ုပ်တို့သည် အစဉ်ပြင်ဆင်လျက်ရှိရမည်။

၁း၁၀ ဤကျမ်း၌ ပေါလုသည် ခရစ်တော် ဒုတိယအကြိမ်ကြွလာခြင်းကို အဓိကအာရုံပြုရေးထားသည်။ သက်သာလောနိတ် အသင်းတော်သည် ညှင်းပန်း နှိပ်စက်ခြင်းကို ခံနေရသောကြောင့် ပေါလုသည် ထိုသူတို့အား ခရစ်တော်မှ ဆောင်ယူလာမည့် လွတ်မြောက်ခြင်း၌သာ အာရုံထားရန် အားပေးထားသည်။ ယုံကြည်သူတစ်ဦး၏ မျှော်လင့်ချက်သည် ကျွန်ုပ်တို့၏ကယ်တင်ရှင်သခင် ယေရှု၏ကြွလာခြင်းကို မျှော်လင့်ခြင်း၌ ဖြစ်သည် (တိတု ၂း၁၃)။ ထိုသို့ မျှော်လင့်ခြင်း မရှိသော မျှော်လင့်ခြင်းသည် မစုံလင်သော မျှော်လင့်ခြင်းဖြစ်သည်။ ခရစ်တော်သည် သေခြင်းမှ ရှင်ပြန်ထမြောက်ပြီး ကောင်းကင်သို့ တက်သွားခဲ့သည့် နည်းတူ တနေ့၌ ဤလောကသို့ ပြန်လည်ကြွလာလိမ့်မည် (တမန် ၁း၁၁)။

အခန်းကြီး ၂

၂း၁ ‘ငါတို့သည် သင်တို့အထဲသို့ဝင်ခြင်း’ ယင်းသည် ပေါလု၏ သက်သာလောနိတ်မြို့သို့ ပထမဆုံးအကြိမ် သွားရောက်ခြင်းကိုရည်ညွှန်းသည် (တမန် ၁ရး၁-၉)။

၂း၂ သက်သာလောနိတ်မြို့(Thessalonians) သည် မလာရောက်မီ ဖိလိပ္ပိမြို့(Philippians) ၌ ပေါလုသည် အကျဉ်းချ ခံခဲ့ရကြောင်းကို သက်သာလောနိတ်မြို့သားတို့ သိရှိသည် (တမန် ၁၆း၁၁ – ၁ရး၁)။ အကျဉ်းချခံရမည်ကို ကြောက်ရွံ့ခြင်းသည် ပေါလုအား ဧဝံဂေလိတရားကို မဟောပြောခြင်း မဖြစ်စေပါ။ အကယ်၍ ဘုရားရှင်သည် အရာတစ်ခုခုကို လုပ်ဆောင်စေလိုလျှင် ကျွန်ုပ်တို့ရှေ့၌ မည်သို့သော အတားအဆီး အမျိုးမျိုး ရှိနေစေကာမူ သူသည် ကျွန်ုပ်တို့အား ခွန်အားနှင့် စွမ်းရည်ကို ပေးသည်။

၂း၃ ဤကျမ်းပိုဒ်သည် ဂျူးဘာသာ (Judaism) ခေါင်းဆောင်များ၏ စွပ်စွဲမှုများကို တုန့်ပြန်ခြင်းဖြစ်သည်။ ထိုသူတို့သည် လူတို့အား အုတ်အုတ်သဲသဲ ဖြစ်စေရန် လှုံ့ဆော်သောကြောင့် ဖြစ်သည်။ (တမန် ၁ရး၅) ပေါလုသည် ဧဝံဂေလိတရား (Gospel) ကို ဟောပြောခြင်းဖြင့် ငွေကြေးစုဆောင်းခြင်း၊ နာမည်ကြီးစေခြင်း၊ ထင်ပေါ်ကျော်ကြားရန်အားထုတ်ခြင်း မပြုခဲ့ပါ။ ပေါလုမှ သူ၏ သန့်စင်သော စိတ်ထားကို ပြသည့် အနေဖြင့် သူနှင့် သိလ (Silas) တို့သည် ဖိလိပ္ပိမြို့ (Philippi) တွင် ဧဝံဂေလိတရားကို ဟောပြောသော အခါ၌ နှိပ်စက်မှုများကို ခံခဲ့ရကြောင်းကို ပြောပြခဲ့သည်။ လူတို့သည် အကြောင်း အမျိုးမျိုးကြောင့် ဘာသာရေး လုပ်ငန်းများကို လုပ်ဆောင်နေကြသည်။ သို့သော် လူအားလုံးတို့သည် ကောင်းမွန်သော သန့်စင်သော စိတ်ထားဖြင့် လုပ်ဆောင်နေကြသည် မဟုတ်ပါ။ သူတို့၏ မှားယွင်းသော စိတ်ထားများ ပေါ်လွင်လာသော တနေ့၌ ဘုရားရှင်၏ အမှုတော်မြတ်အား ထိခိုက်မှုကို ဖြစ်ပေါ်စေသည်။ သင်သည် သာသနာပြု လုပ်ငန်းကို လုပ်ဆောင်သော အခါ၌ ဘုရားရှင်အား ချစ်ခြင်း၊ အခြားသူများအား ချစ်ခြင်းကိုသာ အခြေခံ၍ လုပ်ဆောင်ပါ။

၂း၄-၈ အခြားသူများအား တိုက်တွန်း ဆွဲဆောင်ရန် ကြိုးစားလုပ်ဆောင်သော အခါ၌ နားထောင်၍ ကောင်းအောင် ကျွန်ုပ်တို့သည် ပြောကြားသော အရာကို အနည်းငယ် လှည့်ပြောင်း၍ ပြောဆိုရန် ချော့မော့ပြောဆိုရန် စိတ်တွင်း၌ ဖြစ်ပေါ်လာတတ်သည်။ လူအများ လက်ခံရန်အတွက် ပေါလုသည် သူ၏စကားများကို မည်သည့်အခါမှ လှည့်ပြောင်း၍ ပြောဆိုခြင်း မပြုပါ။ သူသည် နားထောင်သူ လူစုကွာခြားမှုအလိုက် အမျိုးမျိုးသော ပြောဆိုမှု နည်းလမ်းကိုသာသုံးသည်။ အခြေအနေ အမျိုးမျိုးအရ ကျွန်ုပ်တို့၏ တင်ပြပုံ နည်းစနစ်သည် ပြောင်းလဲနိုင်သော်လည်း ဧဝံဂေလိတရားရှိ အမှန်တရားများကို မည်သည့်အခါမျှ ထိန်ချန် လှည့်ပြောင်းခြင်းမပြုရပါ။

၂း၅ မဟုတ်မမှန် ချော့မော့ မြှောက်ပင့်ပြောဆိုခြင်းသည် မနှစ်မြို့ဖွယ်ရာဖြစ်သည်။ ယင်းသည် မှားယွင်းသော လုပ်ဆောင်ခြင်းဖြစ်ပြီး စစ်မှန်သော စိတ်ဆန္ဒကို မှားယွင်းစွာ ဖုံးကွယ်ခြင်းသာဖြစ်သည်။ ခရစ်ယာန်တို့သည် ထိုသို့မလုပ်ဆောင်ရပါ။ ဘုရားရှင်၏ အမှန်တရားကို ပြောကြားသော သူတို့သည် ရိုးသားရန် အထူးလိုအပ်သည်။ သင်၏ စကား၊ လုပ်ဆောင်မှုများ၌ သင်သည်ရိုးသားခြင်း၊ ဖြောင့်မတ်ခြင်း ရှိပါသလား၊ သင်လိုသောအရာကို ရရှိရန်အတွက် သင်သည် အခြားသူများအား သူတို့ နားထောင်လိုသော အရာများကိုသာ ပြောကြားနေသောသူ ဖြစ်ပါသလား။

၂း၆-၈ ပေါလုသည် သက်သာလောနိတ်မြို့၌ ရှိစဉ် သူသည် မှားယွင်းစွာဖြင့် ချော့မော့သော စကားကို ပြောဆိုခြင်း၊ ချီးမွမ်းမှုကို ရှာဖွေခြင်း မပြုသကဲ့သို့ ထိုသူတို့အပေါ်၌ ဝန်ထုပ်ဝန်ပိုးကဲ့သို့ မဖြစ်စေခဲ့ပါ။ သူနှင့် သိလ (Silas) တို့သည် ဘုရားရှင်၏ ကယ်တင်ခြင်း သတင်းကို သက်သာလောနိတ်မြို့သားများအား ပြောကြားရန်သာ လုံးဝအာရုံစိုက်သည်။ ဤအချက်သည် လွန်စွာအရေးကြီး လေသည်။ ထိုသို့ လုပ်ဆောင်မှုကြောင့် သက်သာလောနိတ်မြို့ရှိ ယုံကြည်သူများ၏ အသက်တာကို ပေါလုမှ မဟုတ်ဘဲ ဘုရားရှင်မှ ပြောင်းလဲစေခဲ့သည်။ ထိုသူတို့သည် ပေါလုပြောဆိုသည်တို့ကို ယုံကြည်သူများ မဟုတ်ဘဲ ဘုရားရှင် ပြောကြားသည်တို့ကို ယုံကြည်သူများဖြစ်လာကြသည်။ ခရစ်တော်အတွက် သက်သေခံသော အခါ၌ ကျွန်ုပ်တို့သည် လူများတို့အား ကျွန်ုပ်တို့ လုပ်ဆောင်မှုများ အပေါ်၌ အာရုံမစိုက်စေဘဲ ဘုရားရှင်ထံသို့သာ အာရုံစိုက်ကြစေရန် ကျွန်ုပ်တို့မှညွှန်ပြရမည်။

၂း၇ ဤလောကတွင် ကျွန်ုပ်တို့သည် ဖြည်းညှင်းစွာ ပြုမူခြင်းအား မမြင်ဘဲရှိတတ်သည်။ မည်သူမျှ မခံလိုသော်လည်း တန်ခိုးခွန်အားကို သုံး၍ လုပ်ဆောင်ခြင်းအား ပို၍ အလေးထားကြသည်။ ဖြည်းညှင်းစွာပြုခြင်းသည် ချစ်ခြင်းမေတ္တာကို အလုပ်ဖြင့် ဖော်ပြခြင်း (အခြားသူများအတွက် စဉ်းစားပေးခြင်း၊ အခြားသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်း၊ အခြားသူများမှ ပြောကြားသော စကားများကို နားထောင်ခြင်း၊ သင်ယူလိုစိတ်ရှိခြင်း) ဖြစ်သည်။ ယင်းတို့သည် ကျွန်ုပ်တို့ အားလုံးအတွက် မရှိမဖြစ် ရှိသင့်သော အရာများဖြစ်သည်။ ကျွန်ုပ်တို့သည် အခြားသူများအပေါ် ဖြည်းညှင်းစွာ ပြုမူခြင်းအား ဆက်လက်စောင့်ထိန်းပါ။

၂း၉ ပေါလုသည် သူ၏ သင်ကြားမှုကို နာယူသော သူတို့ထံမှ ငွေကြေးအထောက်အပံ့ကို ရယူခွင့်ရှိသော်လည်း သူသည် အလုပ် လုပ်၍ သူ့ကိုယ်ကို သူထောက်ပံ့သည် (တမန် ၁၈း၃)။ ထို့အတွက်ကြောင့်လည်း သူသည် သက်သာလောနိတ်မြို့သား တို့အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်ခဲ့ပါ။

၂း၁၁ မည်သည့် ချစ်တတ်သော ဖခင်မျှ မိမိ၏ ကလေးများ၏ လုံခြုံရေးကို လစ်လျူပြုမည် မဟုတ်ပါ။ ကလေးငယ်များအား (အသက်) အန္တရာယ်ရှိသော နေရာများသို့ သွားရောက်စေမည် မဟုတ်ပါ။ ထိုနည်းတူ ကျွန်ုပ်တို့သည် အသစ်သော ယုံကြည်သူများအား သူတို့၏ ယုံကြည်ခြင်း၌ သူတို့သည် ခိုင်မာစွာ ရပ်တည်နိုင်သည်အထိ ကျွန်ုပ်တို့မှ ပြုစုပျိုးထောင်ပေးရမည်။ အသစ်သော ယုံကြည်သူများမှ အခြားသူများအား ဧဝံဂေလိတရားကို ဖြန့်ဝေနိုင်သည်အထိ ခိုင်မာမှု ရှိအောင် ထိုသူတို့အား ကျွန်ုပ်တို့မှ ကူညီရမည်။

၂း၁၁-၁၂ ပေါလုသည် သူ၏ ပြောဆိုမှု၊ အသက်ရှင်မှု များအားဖြင့် သက်သာလောနိတ်မြို့သားများအား အားပေးထားသည်မှာ ဘုရားရှင်၏ မြင့်မြတ်ခြင်းနှင့် အထိုက်အလျှောက် နေထိုင်ရန်ဖြစ်သည်။ သင်၏နေ့စဉ် အသက်တာ၌ မည်သည့်အရာသည် ဘုရားရှင်အား အသားရေပျက်စေပါသနည်း။ သင့်ကို ကြည့်ခြင်းဖြင့် လူတို့သည် ဘုရားရှင်အား မည်သို့ထင်မြင်ကြပါသနည်း။

၂း၁၃ ဓမ္မသစ်ကျမ်းတွင် ‘ဘုရားရှင်၏ နှုတ်ကပတ်တရား’ သည် ဧဝံဂေလိတရား၊ ဓမ္မဟောင်းကျမ်း၊ ယေရှုခရစ်တော်ကို ညွှန်းလေ့ရှိသည်။ ယခု အချိန်အခါ၌ ကျွန်ုပ်တို့သည် ‘ကျမ်းစာ’ တစ်ခုတည်းကိုသာ ရည်ညွှန်းသုံးနှုံး လေ့ရှိသည်။ ယေရှုခရစ်တော်သည် နှုတ်ကပတ်တော်ဖြစ်ကြောင်း အစဉ်သတိရပါ (ယောဟန် ၁း၁)။

၂း၁၄ ယေရုရှလင်မြို့(Jerusalem) ရှိ ဂျူးလူမျိုး ခရစ်ယာန်တို့သည် အခြားဂျူးလူမျိုးများ၏ နှိပ်စက်ခြင်းကို ခံရသကဲ့သို့ သက်သာလောနိတ်မြို့ရှိ တပါးအမျိုးသား ခရစ်ယာန်တို့သည်လည်း တစ်ပါးအမျိုးသားတို့၏ နှိပ်စက်ခြင်းကို ခံခဲ့ရသည်။ နှိပ်စက်ခြင်း (အထူးသဖြင့် မိမိအမျိုးသားမှ ပြန်၍ နှိပ်စက်ခြင်း) သည် စိတ်ပျက်ဖွယ်ရာဖြစ်သည်။ ကျွန်ုပ်တို့မှ ခရစ်တော်ဘက်၌ ရပ်တည်သောအခါတွင် ကျွန်ုပ်တို့သည် ပတ်ဝန်းကျင် အသိုင်းအဝိုင်း၊ မိတ်ဆွေ၊ မိသားစုမှ ဆန့်ကျင်ခြင်း၊ အသိအမှတ်မပြုခြင်း၊ မမှန်မတရား၊ မထီမဲ့မြင် ပြောဆိုခြင်းတို့ကို ခံရပေလိမ့်မည်။

၂း၁၄ ‘ယုဒ (Jude) လူ’သည် ဧဝံဂေလိတရား (Gospel) အား ဆန့်ကျင်သော ဂျူးလူမျိုး (Jews) ကိုသာ ရည်ညွှန်းသည်။ ဂျူလူမျိုးအားလုံးကို ရည်ညွှန်းခြင်း မဟုတ်ပါ။ ပေါလု၏ ဝေမျှမှုကြောင့် ပြောင်းလဲသော သူများတွင် ဂျူးလူမျိုးများစွာ ပါဝင်သည်။ ပေါလုသည်ပင်လျှင် ဂျူးလူမျိုးဖြစ်သည် (၂ ကော ၁၁း၂၂)။

၂း၁၅-၁၆ အဘယ်ကြောင့် ဂျူးလူမျိုးအများသည် ခရစ်ယာန်ဘာသာကို ဆန့်ကျင်ကြသနည်း။

(၁) ရောမအစိုးရသည် ဂျူးဘာသာကို တရားဝင် ကြေညာထားသော်လည်း ဂျူးတို့နှင့် အစိုးရအကြား ဆက်ဆံမှုသည် ခိုင်မာမှု မရှိသေးပေ။ ထိုအချိန်၌ ခရစ်ယာန်ဘာသာသည် ဂျူးဘာသာကို အခြေခံသော ဘာသာရေးအဖွဲ့ အဖြစ်သာမြင်သည်။ ခရစ်ယာန်များအား ဖိနှိပ်သောအခါ၌ သူတို့ကိုပါ ဖိနှိပ်မည်ကို ဂျူးလူမျိုးတို့သည် စိုးရိမ်သည်။

(၂) ဂျူးခေါင်းဆောင်တို့သည် ယေရှုအား မှားယွင်းသော ပရောဖက် (Prophet) ဟု ထင်မြင်ပြီး သူ၏ သင်ကြားမှုကို မပြန့်နှံ့စေလိုပါ။

(၃) ဂျူးလူမျိုးများစွာတို့သည် ယေရှုနောက်သို့ လိုက်သွားခဲ့လျှင် သူတို့ရရှိထားသော နိုင်ငံရေး အဆင့်အတန်း အားနည်းနိမ့်ကျသွားမည်ကို ဂျူးခေါင်းဆောင်တို့ စိုးရိမ်သည်။

(၄)သူတို့သည် ဘုရားရှင်မှ ရွေးကောက် ထားသောသူများ ဖြစ်ရခြင်းအတွက် ဂုဏ်ယူပြီး ခရစ်ယာန် အသင်းတော်၌ တပါးအမျိုးသားတို့သည် အပြည့်အဝပါဝင်ခွင့် ရှိခြင်းအား မနှစ်မြို့ပေ။

၂း၁၈ စာတန် (Satan) သည် စစ်မှန်သည်။ သူ့အား ‘ဤလောကကို အစိုးရသောဘုရား’ (၂ ကော ၄း၄)၊ ‘အာကာသ ကောင်းကင်၏ တန်ခိုးကို အစိုးရသောမင်း’ (ဧဖက် ၂း၂) ဟုခေါ်သည်။ ပေါလုအား မည်သည့်အရာမှ (ဆန့်ကျင်ခြင်း၊ ဖျားနာခြင်း၊ ခရီးစဉ်အခက်အခဲ၊ စာတန်မှတိုက်ရိုက် တိုက်ခိုက်ခြင်း) သက်သာလောနိတ်မြို့သို့ ပြန်လည်သွားရောက်ရန် တားဆီးသည်ကို တိတိကျကျ မသိသော်လည်း စာတန်သည် တနည်းနည်းဖြင့် လုပ်ဆောင်ခဲ့သည်။ ဘုရားရှင်၏ လုပ်ငန်းကို အောင်မြင်ပြီးမြောက်အောင် လုပ်ဆောင်ရာ၌ ကျွန်ုပ်တို့မှ တွေ့ကြုံရသော အခက်အခဲများသည် စာတန်၏ လုပ်ဆောင်မှုကြောင့်ဖြစ်နိုင်သည် (ဧဖက် ၆း၁၂)။

၂း၂၀ ပေါလု၏ သာသနာပြု လုပ်ငန်းကြောင့်ရရှိသော အကျိုးအမြတ်မှာ ငွေကြေးလေးစားမှု၊ ကျော်ကြားမှုများ မဟုတ်ဘဲ ဧဝဂေလိတရားကို ကြားနာခြင်းဖြင့် ဘုရားရှင်မှ အသက်တာကို ပြောင်းလဲစေခဲ့သော အသစ်သော ယုံကြည်သူများပင်ဖြစ်သည်။ ထို့ကြောင့်လည်း ထိုသူတို့ကို ပေါလုသည် တွေ့မြင်လိုခဲ့သည်။ ဘုရားရှင်သည် သင့်အားမည်ကဲ့သို့သော သာသနာပြုလုပ်ငန်းမျိုးကို ပေးထားသည် ဖြစ်စေ သင့်အတွက် အကြီးမြတ်ဆုံးသော အကျိုးအမြတ်၊ ဝမ်းမြောက်မှုမှာ ခရစ်တော်၌ ယုံကြည်၍ ကြီးပွား တိုးတက်သောသူများ ရရှိလာခြင်းဖြစ်သည်။

အခန်းကြီး ၃

၃း၁-၃ လူအချို့တို့ ထင်မြင်ကြသည်မှာ အခက်အခဲ များသည် အပြစ်ကြောင့် (သို့) ယုံကြည်ခြင်း အားနည်း သောကြောင့် ဖြစ်ရသည်။ စုံစမ်းခြင်းများသည် ယုံကြည်သူများအတွက် ဘုရားရှင်မှ ပြင်ဆင်မှု တစ်စိတ်တစ်ဒေသဖြစ်သည်။ ပြဿနာများ၊ နှိပ်စက်ညှင်းပန်းမှုများကို တွေ့ကြုံ ရခြင်းသည် ကျွန်ုပ်တို့၏ ကိုယ်ရည်ကိုယ်သွေး တည်ဆောက်မှုကို ဖြစ်စေသည် (ယာကုပ် ၁း၂-၄)။ သည်းခံခြင်းကိုဖြစ်စေသည် (ရောမ ၅း၃-၅)။ ပြဿနာ ဖြစ်နေသော သူများအပေါ်၌ သနားခြင်း ကရုဏာကို ဖြစ်စေသည် (၂ ကော ၁း၃-၇)။ ပြဿနာများသည် ဘုရားရှင်၏ လူများအတွက် ရှောင်ရှား၍ရမည့် အရာများ မဟုတ်ပါ။ သင်၏ ပြဿနာများသည် ထိရောက် ထက်မြက်သော ခရစ်ယာန်ကဲ့သို့ အသက်ရှင်မှု၏ သင်္ကေတလည်းဖြစ်နိုင်သည်။

၃း၁-၄ ပေါလုသည် သက်သာလောနိတ်မြို့သို့ မပြန်နိုင်သောကြောင့် (၂း၁၈) သူ၏ ကိုယ်စားအနေဖြင့် တိမောသေ (Timothy) အား ထိုမြို့သို့ ပြန်လည်စေလွှတ်ခဲ့သည်။ တမန်တော် ၁ရး၁၀ အရ ပေါလုသည် သက်သာလောနိတ်မြို့မှ ထွက်ခွာပြီးနောက် ဗေရိမြို့(Berea) သို့ သွားခဲ့သည်။ ဗေရိမြို့၌ ပြဿနာများ ဖြစ်ပေါ်သောအခါ၌ ခရစ်ယာန် အချို့သည် ပေါလုအား အာသင်မြို့ (Athens) သို့ ခေါ်ယူသွားပြီး သိလ (Silas) နှင့် တိမောသေ (Timothy) တို့သည် ထိုမြို့၌ နေရစ်သည် (တမန် ၁ရး၁၃-၁၅)။ ထိုနောက် တိမောသေနှင့် သိလတို့အား အာသင်မြို့သို့ လာရောက်ရန် ပေါလုမှ ညွှန်ကြားခဲ့သည်။ ထို့နောက်ပိုင်းတွင် ပေါလုသည် တိမောသေအား စေလွှတ်ပြီး အခက်အခဲ၊ နှိပ်စက် ညှင်းပန်းမှုများ ကြုံတွေ့စဉ်၌ပင် မိမိတို့၏ ယုံကြည်ခြင်းအပေါ် ခိုင်မာမှုရှိရန် သက်သာလောနိတ် ခရစ်ယာန်များအား အားပေးစေသည်။

၃း၄ လူအချို့တို့သည် ဤကမ္ဘာ၌ တွေ့ကြုံရမည့် ခက်ခဲမှုများမှ လွတ်မြောက်လိုသော မျှော်လင့်ခြင်းဖြင့် ဘုရားရှင်ထံသို့ လှည့်ကြသည်။ သို့သော် ဘုရားရှင်သည် ထိုသို့သော ကတိကို မပေးပါ။ ဘုရားရှင်သည် ထိုအချိန်များ၌ ကျွန်ုပ်တို့မှ ဆက်လက်၍ ရှင်သန်နိုင်ရန် ခွန်အားကိုပေးသည်။ ခရစ်ယာန် အသက်တာ ဆိုသည်မှာ စုံစမ်းမှုများ၊ ခက်ခဲမှုများကို ကြုံတွေ့ရသည့်ကြားမှ ခရစ်တော်အား နာခံခြင်းဖြစ်သည်။

၃း၅ စာတန် (Satan) (စုံစမ်းသွေးဆောင် တတ်သောသူ) သည် တန်ခိုး အရှိဆုံးသော မကောင်းသည့် ဝိညာဉ်ဆိုး ဖြစ်သည်။ သူ၏ တန်ခိုးသည် ဝိညာဉ်ကမ္ဘာအား၎င်း (ဧဖက် ၂း၁-၃၊ ၆း၁၀-၁၂)၊ ကိုယ်ခန္ဓာနှင့် ပတ်သက်၍ လည်းကောင်း (၂ ကော ၁၂း၇-၁၀) အကျိုးသက်ရောက်မှုကို ပြုနိုင်သည်။ စာတန်သည် ယေရှုကိုပင် စုံစမ်းခဲ့သည် (မဿဲ ၄း၁-၁၁)။ သို့သော်လည်း ယေရှုသည် ကျွန်ုပ်တို့၏ အပြစ်အတွက် ကားတိုင်တော်၌ အသေခံခြင်းဖြင့် စာတန်အား အောင်မြင်ပြီး တဖန်ရှင်ပြန် ထမြောက်ခြင်းအားဖြင့် အသစ်သော အသက်တာကို ကျွန်ုပ်တို့အားပေးသည်။ အချိန်တန်သော အခါ၌ ဘုရားရှင်သည် စာတန်အား ထာဝရပယ်ရှားမည်ဖြစ်သည် (ဗျာဒိတ် ၂၀း၇-၁၀)။

၃း၇-၈ နှိပ်စက်မှုများ၊ ဆင်းရဲခက်ခဲမှုများကို ခံရစဉ်တွင် ယုံကြည်သူတို့သည် တစ်ဦးကိုတစ်ဦး အားပေးမှုပြုရမည်။ ဘုရားရှင်၌ ခိုင်မာစွာ ရပ်တည်သော သူသည် သင်းအုပ်နှင့် ဓမ္မဆရာ (သူတို့ လုပ်ဆောင်မှု၏ အကျိုးကိုတွေ့ရသည်) တို့အားလည်းကောင်း၊ ယုံကြည်သူအသစ် (ရင့်ကျက်သော သူတို့၏ ခိုင်မာမှုကို လေ့လာနိုင်သည်) တို့အား လည်းကောင်း အားပေးမှုဖြစ်စေသည်။

၃း၉-၁၀ ခရစ်ယာန်တို့အဖို့ အခြားသူ တစ်ဦးမှ ခရစ်တော်၌ ယုံကြည်လာပြီး ယုံကြည်ခြင်း၊ ရင့်ကျက်လာမှုကို တွေ့ရသောအခါ၌ လွန်စွာအားရ ရွှင်လန်းမှုဖြစ်ရသည်။ ပေါလုသည် ထိုကဲ့သို့သော ခံစားမှုမျိုးကို မရေမတွက် နိုင်အောင် တွေ့ကြုံခဲ့သည်။ ထိုသူတို့မှ ခရစ်တော်အား သိရှိလာမှု၊ ယုံကြည်ခြင်း ခိုင်မာလာမှုအတွက် ဘုရားရှင်အား ပေါလုသည် ကျေးဇူးတင်ခဲ့သည်။ ထိုသူတို့မှ ဆက်လက်၍ ကြီးထွားရင့်သန်မှု ရှိရန်လည်း ပေါလုသည် ဆုတောင်းခဲ့သည်။ သင်သည် အသစ်သောခရစ်ယာန် တစ်ဦးကိုတွေ့ရှိလျှင် ဘုရားရှင်အား ကျေးဇူးတင်လျက် ထိုသူ၏ ယုံကြည်ခြင်း ဆက်လက်တိုးတက် ရင့်သန်ရန်အားပေးကူညီပါ။

၃း၁၁ ပေါလုသည် သက်သာလောနိတ်မြို့သို့ ပြန်လည်သွားရောက်လိုသည်။ ပေါလုမှ ထိုမြို့သို့ ထပ်မံ သွားရောက် နိုင်ခဲ့သည်နှင့် ပတ်သက်၍ သမိုင်းမှတ်တမ်းများ မရှိသော်လည်း သူ၏ တတိယ သာသနာပြု ခရီးစဉ်တွင် သက်သာလောနိတ်မြို့သား အာရိတ္တာခု (Aristarchus) နှင့် သေကုန္ဒု (Secundus) တို့သည် ပေါလုနှင့် အတူ လိုက်ပါခဲ့ကြသည် (တမန် ၂၀း၄-၅)။

၃း၁၁-၁၃ ‘ထိုသခင်သည် မိမိသန့်ရှင်းသူ အပေါင်းတို့နှင့် အတူကြွလာတော် မူသောအခါ’ ယင်းသည် ထာဝရ နိုင်ငံတော်အား တည်ထောင်ရန်အတွက် ခရစ်တော်သည် ဒုတိယအကြိမ် ကြွလာသောအခါကို ညွှန်းသည်။ ထိုအချိန်၌ ခရစ်တော်သည် ယုံကြည်သူများ အားလုံး (သေဆုံးပြီးသောသူများ၊ အသက်ရှင်လျက် ရှိနေသေးသောသူများ) ကို စုစည်း၍ သူ၏အုပ်စိုးမှု အောက်တွင်ရှိသော တစည်းတလုံးတည်း ရှိသည့် မိသားစုကို တည်ဆောက်မည်ဖြစ်သည်။

၃း၁၂ အကယ်၍ ကျွန်ုပ်တို့သည် ဘုရားရှင်၏ မေတ္တာတော်နှင့် ပြည့်ဝသော သူများဖြစ်လျှင် ကျွန်ုပ်တို့ထံမှ ထိုမေတ္တာတော်သည် အခြားသူများ ထံသို့ စီးဆင်းမည်ဖြစ်သည်။ ကျွန်ုပ်တို့မှ အခြားသူများအား ယဉ်ကျေးပျူငှာစွာဖြင့် ဆက်ဆံခြင်းသည် မလုံလောက်ပါ။ ကျွန်ုပ်တို့သည် ထိုသူတို့အား မေတ္တာကို အစဉ်တစိုက်လက်တွေ့ကျကျ ပြရပေမည်။ ကျွန်ုပ်တို့၏ ချစ်ခြင်းမေတ္တာသည် အစဉ်တိုးတက် ရှင်သန် ရပေမည်။ သင်၏ ချစ်ခြင်း မေတ္တာသည် တိုးတက်ရှင်သန်မှု မရှိလျှင် မည်သည့် အခါ၌မျှ မကုန်ဆုံးနိုင်သော ဘုရားရှင်၏ မေတ္တာတော်ဖြင့် သင့်ကိုဖြည့်ဆည်းပေးရန် ဘုရားရှင်အားတောင်းလျှောက်ပါ။

အခန်းကြီး ၄

၄း၁-၈ မေထုန်ပြုခြင်း (Sexual immorality) နှင့် ပတ်သက်သော ကန့်သတ်ချက်များမှာ ရောမအင်ပါယာ (Roman Empire) ၌ လွန်စွာနိမ့်ကျသည်။ ယနေ့ အချိန်၌လည်း လူ့အဖွဲအစည်း များစွာတို့၌ ထိုကန့်သတ် ချက်များသည် မြင့်မားမှု မရှိတော့ချေ။ မိမိ၏ ကြင်ယာနှင့် မဟုတ်ဘဲ အခြားသူနှင့် မေထုန်ပြုခြင်းသည် လွန်စွာအားကြီးသော သွေးဆောင်မှု ဖြစ်သည်။ ထိုသွေးဆောင်မှုနောက်သို့ လိုက်ခြင်းသည် လွန်စွာဆိုးဝါးသော အကျိုးဆက်ကို ဖြစ်စေသည်။ မေထုန်ပြုခြင်းအပြစ်သည် တဦးဦး (မိမိကိုယ်တိုင်၊ အခြားသူ၊ မိသားစု၊ စီးပွားရေး၊ အလုပ်အကိုင်၊ အသင်းတော်) ကို ထိခိုက်မှု အစဉ်ရှိသည်။ ကိုယ်ကာယအားဖြင့် ထိခိုက်မှုရှိသကဲ့သို့ ဝိညာဉ်ရေးရာ၌လည်း ထိခိုက်မှုကိုဖြစ်စေသည်။ မေထုန်ပြုခြင်း၏ အပြစ်နှင့် ပတ်သက်သော ဆိုးကျိုးများကို ဆက်လက် ဖတ်ရှုရန် (၁ ကော ၆း၁၈)။

၄း၁-၈ လိင်ဆက်ဆံ လိုစိတ်နှင့် ဆက်ဆံမှု များကို ခရစ်တော်၏ ထိန်းချုပ်မှုအောက်၌ ထားရှိရမည်။ ဘုရားရှင်သည် လိင်ဆက်ဆံမှုအား သားသမီးများ မွေးဖွားရန်၊ ကောင်းသော ခံစားမှုကို ခံစားနိုင်ရန်၊ အကြင်လင်မယား နှစ်ဦးတို့အကြား ချစ်ခြင်းမေတ္တာကို ဖော်ကြူးသည့် အနေဖြင့် ဖန်ဆင်းခဲ့သည်။ လိင်ဆက်ဆံမှုကို အိမ်ထောင်ရှင် နှစ်ဦးသာ ပြုလုပ်ခံစား သင့်သည်။ သို့မှသာ မိမိကိုယ်ကိုလည်းကောင်း၊ ဘုရားရှင်နှင့် မိဿဟာရ ပြုခြင်းကိုလည်းကောင်း၊ အခြားသူများနှင့် ဆက်ဆံမှုများကိုလည်းကောင်း နာကျင်ထိခိုက်စေခြင်းမှ ကင်းဝေးမည်ဖြစ်သည်။

၄း၃ သန့်ရှင်းခြင်းသည် ခရစ်ယာန်အသက်တာ အသက်ရှင်မှုဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ကျွန်ုပ်တို့ အတွင်း၌ လုပ်ဆောင်ခြင်းဖြင့် ခရစ်တော်၏ အသွင်သဏ္ဍန်သို့ ကျွန်ုပ်တို့အား ပြောင်းလဲစေသည် (ရောမ ၈း၂၉)။

၄း၁၁-၁၂ ကျွန်ုပ်တို့သည် အခြားခရစ်ယာန်များကို ချစ်သည်သာမက ခရစ်ယာန် အသက်တာ အတိုင်း အသက်ရှင်ရန် လိုသည်။ ကျွန်ုပ်တို့ အသက်တာ အစိတ်အပိုင်းတိုင်း အတွက် ကျွန်ုပ်တို့၌ တာဝန်ရှိသည်။ အချို့သော သက်သာလောနိတ် (Thessalonians) ခရစ်ယာန်တို့သည် ပျင်းရိပြီး အခြားသူများအား မှီခိုသည်။ အချို့သော ဂရိ (Greece) လူမျိုးတို့သည် လက်လုပ် လက်စား လုပ်ကိုင်ခြင်းအား အထင်အမြင်သေးသည်။ ထို့ကြောင့် ပေါလုသည် သက်သာလောနိတ်မြို့သား တို့အား ကြိုးစား၍ အလုပ်လုပ်ပြီး ငြိမ်သက်သော အသက်တာ၌ အသက်ရှင်ရန် ပြောခဲ့သည်။ သင့်အား မလေးစားသော သူများက သင့်၏ ယုံကြည်ခြင်းကို ဝေမျှခြင်းသည် ထိရောက်မှု မရှိနိုင်ပါ။ သင်သည် မည်သည့် အရာကို လုပ်ဆောင်သည်ဖြစ်စေ သစ္စာရှိစွာ လုပ်ဆောင်လျက် သင်၏ ပတ်ဝန်းကျင် အသိုင်းအဝိုင်းကို တည်ဆောက်သော အင်အားတရပ် ဖြစ်စေပါ။

၄း၁၃ သက်သာလောနိတ်မြို့သားတို့သည် အဘယ်ကြောင့် သူတု့ိ၏ မိတ်ဆွေယုံကြည်သူများ သေဆုံးကြရသနည်း။ ခရစ်တော်ကြွလာသော အခါ၌ ထိုသူတို့ မည်သို့ ဖြစ်မည်နည်းနှင့် ပတ်သက်၍ စဉ်းစားနေကြသည်။ ပေါလုမှ သက်သာလောနိတ်မြို့သားများအား နားလည်စေလိုသည်မှာ သေခြင်းသည် အဆုံးမဟုတ်။ ခရစ်တော်ပြန်လာသောအခါ၌ ယုံကြည်သူအားလုံး (သေဆုံးပြီးသောသူများ၊ အသက်ရှင်လျက်ရှိသေးသော သူများ) တို့သည် ပြန်လည်ဆုံးဆည်း ကြရမည်ဖြစ်သည်။ ထိုအချိန်၌ နာကျင်မှု၊ သေဆုံးမှုများ ဖြစ်ပေါ်ရတော့မည်မဟုတ်ပေ။

၄း၁၅ ‘သခင်ဘုရား၏ ဗျာဒိတ်တော်အားဖြင့်’ ယင်းသည် ပေါလုမှ မည်သည့်အရာကို ပြောလိုပါသနည်း။ ယင်းသည် ဘုရားရှင်မှ ပေါလုအား တိုက်ရိုက်ဖော်ပြချက် (သို့) တမန်တော်များနှင့် အခြားသော ခရစ်ယာန်များမှ နှုတ်အားဖြင့် ဆက်လက်ပြောကြားသော ယေရှု၏ သင်ကြားချက်ကို ရည်ညွှန်းလိုပေမည်။

၄း၁၅-၁၈ ခရစ်တော် ပြန်လာသော အခါတွင် သေသော သူတို့သည် မည်သည့် အချိန်၌ ရှင်ပြန်ရမည်ကို တိတိကျကျ သိစေ လိုခြင်းထက်၊ ချစ်ခင်မြတ်နိုးသော သူတို့သေဆုံး သောအခါ၌ ယုံကြည်သူများအား သက်သာခြင်း၊ အားပေးခြင်း၊ ဖြစ်စေရန် ပေါလုမှ ရေးသားရခြင်းဖြစ်သည်။ ဤကျမ်းပိုဒ်သည် ယုံကြည်သူများ သေဆုံးသောအခါ၌ လွန်စွာနှစ်သိမ့် သက်သာမှုကို ဖြစ်စေသည်။ ဤအသက်တာ၌ ယုံကြည်သူများအား ဆုံဆည်းစေသော ချစ်ခြင်းမေတ္တာသည် ခရစ်တော် ထာဝရကြွလာစိုးစံသော အချိန်၌လည်း ယုံကြည်သူများအား ပြန်လည်ဆုံဆည်းစေမည်ဖြစ်သည်။

၄း၁၅-၁၈ ယေရှုခရစ်တော်သည် ပြန်လည်အသက်ရှင် သောကြောင့် ယုံကြည်သူများ အားလုံးတို့သည်လည်း ပြန်လည်၍ အသက်ရှင်ရမည်။ ထိုအချိန်၌ ခရစ်ယာန်အားလုံး (အသက်ရှင်လျက် ရှိသူများ အပါအဝင်) တို့သည် ခရစ်တော်နှင့်အတူ ထာဝရ စိုးစံရမည်။ ထို့ကြောင့် ကျွန်ုပ်တို့ ချစ်မြတ်နိုးရသောသူ သေဆုံးသောအခါ၊ အရာရာတို့သည် ဆိုးဝါးခြင်းတို့ ဦးတည်သောအခါတို့၌ ကျွန်ုပ်တို့သည် စိတ်ပျက်အားလျော့မည် မဟုတ်ပါ။ ဘုရားရှင်သည် ကျွန်ုပ်တို့ကြုံတွေ့နေရသော ဆိုးဝါးမှုများကို အောင်ပွဲခံခြင်းသို့လည်းကောင်း၊ ဆင်းရဲခြင်းကို ချမ်းသာခြင်းသို့လည်းကောင်း၊ နာကျင်ခြင်းကို ကြွယ်ဝတင့်တယ်ခြင်းသို့လည်းကောင်း၊ ဆုံးရှုံးခြင်းကို အောင်မြင်ခြင်းသို့လည်းကောင်း ပြောင်းပေးမည်။ ဘုရားရှင် တည်ရှိခြင်း၊ လုံခြုံခြင်း၊ စိတ်ချခြင်း၌ သမိုင်းတလျှောက်လုံးတွင်ရှိသော ယုံကြည်သူအားလုံးတို့သည် ပြန်လည် ဆုံဆည်းကြရမည်။ ပေါလုသည် သက်သာလောနိတ်မြို့သားများအား ရှင်ပြန်ထမြောက်ခြင်းနှင့် ပတ်သက်သော ကတိတော်အားဖြင့် သက်သာစေသကဲ့သို့ ကျွန်ုပ်တို့သည်လည်း တစ်ဦးနှင့် တစ်ဦးကို ထိုကြီးမားသော မျှော်လင့်ခြင်းဖြင့် သက်သာခြင်း၊ စိတ်ချခြင်းဖြစ်စေပါ။

၄း၁၆ ̔ ကောင်းကင်တမန်မင်း’ (Archangel) သည် အာဏာရှိသော ဦးဆောင်မှုကို ပြုနိုင်သည်ဖြစ်၍ ကောင်းကင် တမန်မျိုးဖြစ်သော၊ အထူးတာဝန်ကို သူ့အားပေးအပ် လေ့ရှိသည်။ မိက္ခေလ (Michael) သည် ဓမ္မသစ်ကျမ်း၌ ဖော်ပြထားသည့် တစ်ပါးတည်းသော ကောင်းကင်တမန် မင်းများဖြစ်သည် (ရှင်ယုဒ ၉)။

အခန်းကြီး ၅

၅း၁ ‘ကပ်ကာလ အချိန်များ’ ယင်းသည် အနာဂတ် ကာလ၌ အဘယ်သို့ ဖြစ်မည်၊ အထူးသဖြင့် ခရစ်တော်ပြန်လည် ကြွလာခြင်းကို သိရှိခြင်းအားရည်ညွှန်းသည်။

၅း၁-၃ ခရစ်တော် ပြန်လည်ကြွလာမည့် အချိန်ကို သတ်မှတ်ရန် ကြိုးစားခြင်းသည် ရူးသွပ်သော လုပ်ရပ်ဖြစ်သည်။ ထိုအချိန်ကို သိသည်ဟု ပြောဆိုသော သူများ၏ မှားယွင်းသော ဆွဲဆောင်မှုနောက်သို့ သင်သည် မလိုက်မိ ပါစေနှင့်။ ဤကျမ်းပိုဒ်၌ မည်သူမျှ မသိရှိကြောင်းနှင့် ယုံကြည်သူများပင်လျှင် အံံ့သြလိမ့်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ဘုရားရှင်သည် လျင်မြန်စွာဖြင့် မမျှော်လင့်သော အချိန်၌ ကြွလာတော်မူမည်။ ထိုကြောင့် ပေါလုမှ အသင့်ရှိရန် သတိပေးထားသည်။ ယေရှုသည် ဤကမ္ဘာသို့ မည်သည့်အချိန်၌ ပြန်လည်ကြွလာမည်ကို မည်သူမျှ မသိရှိသောကြောင့် ကျွန်ုပ်တို့သည် အစဉ်အသင့်ရှိရမည်။ ယနေ့ပင် ပြန်လာနိုင်သည့်အလား အစဉ်ယူဆ ထားရမည်။ သင်၏ အသက်ရှင်မှုနှင့် ပတ်သက်၍ ဘုရားရှင်သည် သင့်ကိုမည်သို့ ထင်မြင်ပါသနည်း။ သင်သည် ဘုရားရှင်နှင့် တွေ့ဆုံရန် အသင့်ဖြစ်နေ ပါပြီလား။ ခရစ်တော်အား ကြိုဆိုရန် ပြင်ဆင်ခြင်းဖြင့် နေ့စဉ်အသက်ရှင်ပါ။

၅း၂ ‘ဘုရားရှင်၏ နေ့ရက်’ ယင်းသည် ဤကမ္ဘာ၌ ဖြစ်ပျက်နေသော အရာများအား ဘုရားရှင်မှ တိုက်ရိုက်ထိရောက်စွာဖြင့် ဝင်ရောက်ဆောင်ရွက်မည့် အနာဂတ်ကာလကို ရည်ညွှန်းသည်။ ဓမ္မဟောင်းကျမ်း၌မှန်းဆ၊ ရှင်းပြထားသည့်အတိုင်း (ဟေရှာယ ၁၃း၆-၁၂၊ ယောလ အနာဂတ္တိ ၂း၂၈-၃၂၊ ဇေဖနိ ၁း၁၄-၁၈) ဘုရားရှင်၏ နေ့ရက်တွင် အပြစ်ပေးမှု၊ ကောင်းချီးပေးမှု တို့ပါဝင်သည်။ ခရစ်တော်သည် အပြစ်ကို စီရင်ပြီးနောက် သူ၏ထာဝရ နိုင်ငံတော်ကို တည်ဆောက်မည်ဖြစ်သည်။

၅း၈ ခရစ်ယာန်တို့၏ လက်နက်စုံကို ဆက်လက်ဖတ်ရှုရန် (ဧဖက် ၆း၁၃-၁၇)။

၅း၉-၁၁ သင်သည် ပန်းတိုင်နှင့် နီးကပ်လာသည်နှင့်အမျှ သင်၏ခြေတို့သည် နာကျင်လာမည်။ လည်ချောင်းတို့သည် ခြောက်ကပ်လာပြီး ကိုယ်ခန္ဓာတစ်ခုလုံးသည် သင့်ကို ရပ်ဆိုင်းရန် အော်ဟစ်နေသကဲ့သို့ ရှိမည်။ ထိုအချိန်၌ မိတ်ဆွေကောင်းနှင့် အေးမြသော လေသည် တန်ဘိုးအရှိဆုံးဖြစ်သည်။ ယင်းတို့သည် သင့်အားနာကျင်မှုများ ရှိလျက်နှင့်ပင် ပန်းတိုင်သို့ရောက်အောင် ကူညီလိမ့်မည်။ ထိုနည်းတူ ခရစ်ယာန်တို့သည် တစ်ဦးကိုတစ်ဦး ကူညီရမည်။ မှန်ကန်သော အချိန်၌ အားပေးစကား တစ်လုံးသည် အောင်မြင်စွာ ပြီးဆုံးခြင်းနှင့် ခြေကုန်လက်ပန်းကျလျက် ဆုံးရှုံးခြင်းကို ဆုံးဖြတ်နိုင်သည်။ သင်၏ပတ်ဝန်းကျင်ကို ကြည့်ပါ။ အားပေးမှုကို လိုအပ်နေသော သူများအား ကူညီအားပေးသော စကားပြောဆိုမှု၊ ကူညီမှုတို့ကိုပြုလုပ်ပါ။

၅း၁၂ ‘သင်တို့တွင် အမှုတော်ကို ဆောင်ရွက်ခြင်း၊ သခင်ဘုရားအခွင့်နှင့် အုပ်စိုးခြင်း၊ သတိပေးခြင်းအမှုကို ပြုသောသူတို့’ ယင်းသည်အသင်းတော်လူကြီးများကို ရည်ညွှန်းလိုပေလိမ့်မည်။

၅း၁၂-၁၃ သင်၏ သင်းအုပ်နှင့် အသင်း လူကြီးများအား သင်သည် မည်ကဲ့သို့ ရိုသေလေးစားမှုကို ပြနိုင်မည်နည်း။ သင်သည် ထိုသူတို့အား အလေးထားကြောင်း ဖော်ပြခြင်း၊ သူတို့၏ ခေါင်းဆောင်မှု သင်ကြားမှုတို့သည် သင့်ကိုမည်သို့ ကူညီမှုဖြစ်စေကြောင်း ပြောပြခြင်း၊ သူတို့၏ သင့်အတွက် လုပ်ဆောင်မှုများအပေါ် ကျေးဇူးတင်စကား ပြောဆိုခြင်းတို့ဖြင့် ပြသနိုင်သည်။ သင်သည် ထိုသူတို့အား မည်သည့်အရာကိုမျှ မပြောကြားလျှင် သင်၏ အခြေအနေကို ထိုသူတို့သည် မည်သို့သိရှိနိုင်ပေမည်နည်း။ သင်သတိရရမည်မှာ ထိုသူတို့သည် သင်၏ ထောက်မမှု၊ ချစ်ခြင်းမေတ္တာကိုလိုအပ်သည်။

၅း၁၄ မတရားစွာပြုသော သူတို့နှင့် အတူ အကျိုးမဲ့စွာဖြင့် အချိန်ကို မကုန်လွန်ပါစေနှင့်။ ထိုသူတို့အား သတိပေးပါ။ စိတ်အားငယ်သောသူ၊ အားနည်းသော သူတို့အား မအော်ဟစ်ပါနှင့်။ ထိုသူတို့အား အားပေးကူညီပါ။ မတရားသော လုပ်ဆောင်မှုနှင့် ကြောက်ရွံ့တတ်ခြင်းကို ခွဲခြားရခက်သော အခါများရှိပေမည်။ မည်သည့် အရာကိုမျှ မလုပ်ဆောင်သောသူ နှစ်ဦးရှိသည်။ တစ်ဦးသည် ပျင်းရိသောကြောင့်ဖြစ်ပြီး၊ တစ်ဦးမှာမူ အမှားပြုလုပ်မည် စိုးသောကြောင့်၊ ရှက်သောကြောင့်မည်သည့် အရာမျှ မလုပ်ဆောင်ကြ။ သာသနာပြုလုပ်ငန်း၏ အဓိက သော့ချက်မှာ ခံစားတတ်ခြင်းပင်ဖြစ်သည်။ လူတစ်ဦးစီ၏ လိုအပ်ချက်များကို ခံစားတတ်ပြီး သင့်လျှော်သောဆေးကို ပေးခြင်းလည်း ဖြစ်သည်။ သင်သည် ပြဿနာကို မသိရှိလျှင် ထိရောက်စွာ မကူညီနိုင်ပါ။ အနာကိုမသိလျှင်ဆေးမရှိပါ။

၅း၁၆-၁၈ ကျွန်ုပ်တို့၏ ဝမ်းမြောက်ခြင်း၊ ဆုတောင်းခြင်း၊ ကျေးဇူးတော် ချီးမွမ်းခြင်းတို့သည် ပတ်ဝန်းကျင် အခြေအနေ ခံစားမှုများကို လိုက်၍ မပြောင်းလဲရပါ။ ဝမ်းမြောက်ကြလော့၊ မခြားမလပ် ဆုတောင်းပဌာနာ ပြုကြလော့၊ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းကြလော့ စသောအရာ (၃)ခုသည် တစ်ခါတစ်ရံ၌ ကျွန်ုပ်တို့၏ စိတ်တွင်း ခံစားချက်များနှင့် ဆန့်ကျင်လျက် ရှိနေသည်။ ဘုရားရှင် ပြောကြားသော ထိုအရာများကို လုပ်ဆောင် မည်ဟု ဆုံးဖြတ်သော အခါ၌ ကျွန်ုပ်တို့သည် လူများကို အသစ်သော ရှုထောင့်မှ မြင်လာမည်။ ဘုရားရှင်၏ အလိုကို လိုက်လျောက်သော အခါ၌ ကျွန်ုပ်တို့သည် ဝမ်းမြောက်ရ၊ ကျေးဇူးတင်ရ လွယ်ကူကြောင်း တွေ့ရှိလာလိမ့်မည်။

၅း၁၇ ကျွန်ုပ်တို့သည် အချိန်တိုင်း၌ ဒူးထောက် ဆုတောင်း၍ မနေနိုင်သော်လည်း အချိန်တိုင်း၌ ဆုတောင်းခြင်း အသွင်ကိုဆောင်နိုင်သည်။ ယင်းအသွင်သည် ဘုရားရှင်အပေါ်၌ မှီခိုခြင်းအသိ၌ အခြေခံပြီး ဘုရားရှင်သည် ကျွန်ုပ်တို့နှင့် အတူရှိခြင်းအား သတိရလျက် ဘုရားရှင်အား လုံးဝနာခံရန် ဆုံးဖြတ် ခြင်းလည်းဖြစ်သည်။ ထို့နောက် မကြာခဏပင် တိုတောင်းသော ဆုတောင်းခြင်းများအား အလိုလို ပြုလာပေမည်။ ဆုတောင်းခြင်းအသွင်သည် မှန်မှန်ဆုတောင်းသော အချိန်များအတွက် အစားထိုးခြင်း မဟုတ်ဘဲ၊ ထိုမှန်မှန် ဆုတောင်းသော အချိန်ထက်ပို၍ ဆုတောင်းခြင်းဖြစ်သည်။

၅း၁၈ ပေါလုမှ ကျွန်ုပ်တို့၌ ဖြစ်ပေါ်သောအရာ အားလုံးအတွက် ဘုရားရှင်အား ကျေးဇူးတင် ရမည်ဟု သင်ကြားခြင်း မဟုတ်ဘဲ အရာအားလုံး၌ ကျေးဇူးတော် ချီးမွမ်းရန် သင်ကြား ခြင်းဖြစ်သည်။ မကောင်းမှုတို့သည် ဘုရားရှင်ထံမှ လာရောက်သည် မဟုတ်သောကြောင့် ထိုအရာအတွက် ဘုရားရှင်အား ကျေးဇူးမတင်ရပါ။ သို့သော်မကောင်းမှုများ၏ ထိုးနှက်မှုကို ခံနေရသော အချိန်များ၌ ဘုရားရှင်သည် ကျွန်ုပ်တို့နှင့် အတူရှိမှု၊ ထိုအရာများမှ ဖြစ်ပေါ်လာမည့် ကောင်းသော အရာများ အတွက် ဘုရားရှင်အား ဆက်လက်၍ ကျေးဇူးတင်နိုင်သည်။

၅း၁၉ ဝိညာဉ်တော်၏ အရှိန်ကို မငြိမ်းစေနှင့်၊ ယင်းသည် ပေါလုမှ ကျွန်ုပ်တို့အား သန့်ရှင်းသော ဝိညာဉ်တော်၏ ဆုကျေးဇူးများကို ပစ်ပယ်ခြင်း မပြုရန် သတိပေးထားခြင်း ဖြစ်သည်။ ဤကျမ်း၌ ပရောဖက် (Prophet) ပြုခြင်း ဆုကျေးဇူးကိုလည်းကောင်း (၅း၂၀)၊ (၁ ကော ၁၄း၃၉) ၌ အခြားသော ဘာသာစကား ဆုကျေးဇူးကိုလည်းကောင်း ဖော်ပြထားသည်။ အချိန်များစွာ၌ ဝိညာဉ်တော် ဆုကျေးဇူးများသည် အငြင်းပွားစရာဖြစ်ပြီး အသင်းတော် ကွဲခြင်းကို ဖြစ်စေနိုင်သည်။ ထိုပြဿနာများကို ဖြေရှင်းရန် မကြိုးပမ်းဘဲ ဝိညာဉ်တော် ဆုကျေးဇူးများကို ဖုံးကွယ်ထားခြင်းသည် အသင်းတော်အား ဆင်းရဲချို့တဲ့မှုကို ဖြစ်စေသည်။ ကျွန်ုပ်တို့သည် လူတစ်ဦး၏ အသက်တာ၌ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကို မထိန်ဝှက်စေဘဲ ခရစ်တော်၏ ကိုယ်ခန္ဓာ တစ်ခုလုံးအတွက် အကျိုးရှိရန် အတွက် ထိုဆုကျေးဇူးကို ပို၍ ပေါ်လွင်လာအောင်အားပေးပါ။

၅း၂၀-၂၁ ကျွန်ုပ်တို့ ယုံကြည်သော အရာများကို သဘောမတူသော သူတို့အား မထီမဲ့မြင် မပြုရပါ။ (ပရောဖက်ပြုခြင်း (Prophecy) ကို မထီမဲ့မြင် မပြုကြနှင့်။) သို့သော် ခပ်သိမ်းသော အရာတို့အား ကျမ်းစာနှင့် နှိုင်းယှဉ်၍ ဆန်းစစ်ရမည်။ အမှန်တရားကို ပြောသော သူများကို မထီမဲ့မြင်ပြုခြင်းသည် ကျွန်ုပ်တို့အတွက် အန္တရာယ် ကြီးမားသည်။ ထိုသို့ပြုမည့်အစား ကျွန်ုပ်တို့သည် လူတို့ပြောကြားသော အရာများကို သတိရှိစွာ ဆန်းစစ်လျက် မှန်ကန်သော အရာများကို လက်ခံပြီး မှားယွင်းသော အရာများကို ပစ်ပယ်ရမည်။

၅း၂၂-၂၄ ခရစ်ယာန် တစ်ဦးသည် မကောင်းမှုများနှင့် ပြည့်ဝနေသော ဤကမ္ဘာ၌ အသက်ရှင် နေရသောအခါ၌ မကောင်းမှုများကို လုံးဝ ရှောင်ရှားရန် မဖြစ်နိုင်ပါ။ သို့သော် ကျွန်ုပ်တို့သည် မှားယွင်းနိုင်သည့် အခြေအနေများကို ရှောင်ရှားပြီး ဘုရားရှင်အား နာခံခြင်း၌ အာရုံပြုခြင်းဖြင့်သာ ကျွနု်ပ်တို့၏ အသက်တာ၌ မကောင်းမှုများကို အမြစ်မတွယ်စေနိုင်ပါ။

၅း၂၃ ‘ကိုယ်ခန္ဓာ၊ စိတ်၊ ဝိညာဉ်’ ဟု ဖော်ပြခြင်းသည် လူတစ်ဦးအား ခွဲခြားစိတ်ဖြာလိုခြင်းထက် တစ်လုံးတစ်ဝတည်း သဘောကို ရည်ညွှန်းလိုခြင်း ဖြစ်သည်။ ကျွန်ုပ်တို့ အသက်တာ အစိတ်အပိုင်း အားလုံး၌ ဘုရားရှင်အား ပါဝင် စေလိုခြင်းကို ရည်ရွယ်၍ ရေးသားထားခြင်း ဖြစ်သည်။ ကျွန်ုပ်တို့၏ ဝိညာဉ်ရေးရာ အသက်တာနှင့် အခြားအရာများကို ခွဲခြားထားနိုင်သည်။ အချို့သော အသက်တာ၏ အဓိက မကျသော အစိတ်အပိုင်းများ၌သာ ဘုရားရှင်အား နာခံမည်။ တစ်ပတ်တွင် တစ်ရက်သာ ဘုရားရှင်အတွက် အသက်ရှင်မည် စသော တွေးခေါ်မှုတို့သည် မှားယွင်းသည်။ ခရစ်တော်မှ ဘာသာရေးပိုင်း၌ သာမက ကျွန်ုပ်တို့၏ အသက်တာ တစ်ခုလုံးအား ထိန်းချုပ်မှုကိုဖြစ်စေပါ။

၅း၂၇ ဤစာအား ထိုမြို့ရှိ ခရစ်ယာန်အားလုံး ဖတ်ရှုရန်အတွက် ဖြန့်ဝေရန် မိတ္တူ အလုံအလောက် မရှိသောကြောင့် ဤစာကို လူထုစည်းဝေးပွဲများ၌ ဖတ်ရှုခဲ့သည်။ ဤစာသည် အရေးကြီးသော မေးခွန်းများ အတွက်အဖြေကိုလည်းကောင်း၊ လိုအပ်သော အားပေး လမ်းညွှန်မှုများကို လည်းကောင်း ရေးသားထား သောကြောင့် လူတိုင်းမှ ဤစာကို ကြားသိရန် ပေါလုအလိုရှိသည်။

၅း၂၈ သက်သာလောနိတ် အသင်းတော်သည် နုပျိုသည် ဖြစ်သောကြောင့် အကူအညီ အားပေးမှု လိုအပ်သည်။ သူတို့တွေ့ကြုံရသော ဆင်းရဲခြင်း၊ အခြားဘာသာ ထုံးတမ်းစဉ်လာတို့၏ ဆွဲဆောင်မှု များသည် ထိုအသစ်သော ခရစ်ယာန်များအတွက် ပြဿနာပေါ်ပေါက်ဖွယ်ရာဖြစ်သည်။ ဤစာအားဖြင့် ပေါလုသည် သူတို့၏ ယုံကြည်ခြင်းကို အားမြှင့်စေပြီး နှိပ်စက်မှုများ သွေးဆောင်မှုများကို ပို၍ ခံနိုင်ရည် ရှိစေသည်။ ထိုကဲ့သို့ အသစ်သော ယုံကြည်သူများအား ကျွန်ုပ်တို့သည် ကူညီရန်၊ သူတို့၏ ယုံကြည်ခြင်း ဆက်လက်တိုးမြှင့်ရန်၊ မှားယွင်းသော ယုံကြည်ချက် လုပ်ဆောင်မှုများကြောင့် လမ်းမှန်မှ သွေတိမ်း မသွားရအောင် ထိန်းသိမ်းပေးရန် တာဝန်ရှိသည်။ သက်သာလောနိတ် သြဝါဒစာ ပထမစောင်သည် ခရစ်ယာန် ညီအစ်ကို မောင်နှမများအား မည်ကဲ့သို့ ကူညီသင့်ကြောင်းကို ကျွန်ုပ်တို့အား လမ်းညွှန်မှုပေးသည်။ အားပေးတည်ဆောက်မှုကို ပြုသောသူတစ်ဦး၌ရှိသော အရည်အသွေးများ တစ်ဦးနှင့်တစ်ဦး အားပေးတည်ဆောက်ရန် မိန့်မှာတော်မူချက်ကို ကျမ်းစာတလျှောက်လုံး၌ တွေ့ရသည်။ (၅း၁၁-၂၃) တွင် ပေါလုမှ မည်ကဲ့သို့ အားပေးတည်ဆောက်နိုင်ကြောင်း ဥပမာများကို ဖော်ပြထားသည်။

ကျမ်းညွှန်း         ဥပမာ    လက်တွေ့အသုံးပြုချက်

၅း၁၁    တစ်ယောက်ကို တစ်ယောက် တည်ဆောက်ကြလော့။         ထိုသူ၌ရှိသည့် သင်အလေးထားသော အရည်အသွေးကို ထောက်ပြပါ။

၅း၁၂     ခေါင်းဆောင်တို့အား ရိုသေပါ။    ထိုသူတို့နှင့်မည်ကဲ့သို့ ပူးပေါင်းနိုင်မည့် နည်းလမ်းကို ရှာဖွေပါ။

၅း၁၃    ခေါင်းဆောင်များအား အလေးအမြတ်ထားပါ။      ထိုသူတို့အပေါ် သင်ထပ်မံပြုလုပ်မည့် ဝေဖန် ချက်အားမပြုပါနှင့်။ သူတို့၏လုပ်ဆောင်ချက်များ အပေါ်ကျေးဇူးတင်ပါ။

၅း၁၃    အချင်းချင်းသင့်မြတ်ပါ။ သူတို့နှင့်အဆင် ပြေအောင် နေထိုင်နိုင်မည့် နည်းလမ်းကို ရှာဖွေပါ။

၅း၁၄    စိတ်ငယ်သောသူတို့ကို အားပေးပါ။          ထိုသူတို့အား ဘုရားရှင်၏ ကတိတော်များကို သတိရစေခြင်းဖြင့် အားပေးပါ။

၅း၁၄    အားနည်းသောသူကို ထောက်မပါ။           ထိုသူတို့အားချစ်ခြင်း ထိုသူတို့အတွက် ဆုတောင်းပေးခြင်းအားဖြင့် အားနည်းသော သူကို ထောက်မပါ။

၅း၁၄    ရှည်သောစိတ်ရှိပါ။        သင်၏စိတ်ရှည်ခြင်းကို ဆန်းစစ်မည့်အခြေအနေ များအားကြိုတင် တွေးဆပြီး ထိုအချိန်များ၌ မည်ကဲ့သို့ ငြိမ်သက်စွာ နေနိုင်မည်ကို ကြိုတင်ပြင်ဆင်ပါ။

၅း၁၅    ရန်တုန့်မမူနှင့်။  ကျွန်ုပ်တို့အား မမှန်မကန်ပြုသော သူများအား ရန်တုန့်ပြန်မည့်အစား ထိုသူတို့အပေါ် အကောင်းအားဖြင့်တုန့်ပြန်ပါ။

၅း၁၆    အစဉ်ဝမ်းမြောက်ခြင်းရှိပါ။         ခက်ခဲဆိုးဝါးမှုများကို ကြုံတွေ့နေရသော အချိန်၌ပင် ဘုရားရှင်သည် အရာရာကို ထိန်းချုပ်မှုရှိကြောင်း သတိရပါ။

၅း၁၇    မခြားမလပ် ဆုတောင်း ပဋ္ဌာနာပြုပါ။      ဘုရားရှင်သည်သင်နှင့်အတူ အစဉ်အမြဲ ရှိတော်မူသည်။ ဘုရားရှင်အား စကားပြောပါ။

၅း၁၈    ကျေးဇူးတော်ကို ချီးမွမ်းကြလော့။          ဘုရားရှင်မှပြုတော်မူသော ကျေးဇူးတော်များကို စာရင်းပြုစုပြီး ထိုလုပ်ဆောင်မှု တစ်ခုစီအတွက် ကျေးဇူးတော်ချီးမွမ်းပါ။

၅း၁၉    ဝိညာဉ်တော်၏အရှိန်ကို မငြိမ်းစေကြနှင့်။ ခရစ်ယာန်တို့၏ မိတ်သဟာရ ပြုခြင်း၌ ပါဝင်ရန် ဝိညာဉ်တော်သည် သင့်ကိုလှုံ့ဆော်သော အခါ၌ ထိုဝိညာဉ်တော်နှင့် ပူးပေါင်းလုပ်ဆောင်ပါ။

၅း၂၀     ပရောဖက်ပြုခြင်းကို မထီမဲ့မြင်မမှတ်ကြနှင့်။        ဘုရားရှင်ကိုယ်စား ပြောကြားသော သူတို့ထံမှ ဘုရားရှင်၏ စကားတော်ကို လက်ခံပါ။

၅း၂၂      မကောင်းသောအရာ အမျိုးမျိုး ရှိသမျှကို ရှောင်ကြလော့။ သင်သွေးဆောင်မှု နောက်သို့ပါသွားနိုင်မည့် အခြေအနေ နေရာများကို ရှောင်ရှားပါ။

၅း၂၃     ဘုရားရှင်၏ အစဉ်ဆောင်မခြင်းကို အားကိုးပါ။     ခရစ်ယာန်အသက်တာသည် မိမိတို့၏ခွန်အားအတိုင်း အသက်ရှင်ကြရ မည်မဟုတ်ဘဲ ဘုရားရှင်၏ တန်ခိုးတော်အားဖြင့် အသက်ရှင် ရမည်ဖြစ် ကြောင်းကိုသတိပြုပါ။

  1. EH RAYMOND MU, M.D.

Dip. Theology C. Missiology

Diplomate (American Board of Internal Medicine)

Member (American College of Physicians,

American Society of Internal Medicine)

Leave a Reply

Your email address will not be published. Required fields are marked *