ဝိညာဉ်ရေးရာ ဆိုင်ပြိုင်တိုက်လှန်ခြင်း

HOW TO LIVE IN VICTORY and RETAKE THE LAND

ဘာသာပြန် – ဆရာဦးဒီအောင်ရီ

Foreword by JOHN DAWSON

DEAN SHERM

AN

မာတိကာ

အကြောင်းအရာ

၁။သေရေးရှင်ရေးတိုက်ပွဲ

၂။အကြီးဆုံးသော စွန့်စားခြင်း

၃။သင့်ရန်သူကိုသင်သိပါ

၄။စစ်မြေပြင်သုံးခု

၅။ဝိညာဉ်ရေးရာကျန်းမာရေးအဆင့်များ

၆။မမြင်နိုင်သောလွင်ပြင်

၇။စာတန်ရဲ့အဆောက်အအုံနဲ့တိုက်ပွဲပုံစံ

၈။ဘုရားပေးတဲ့အာဏာတန်ခိုးကိုသုံးစွဲပါ

၉။မေတ္တာတော်ရှင် ဘုရားသခင်ဟာ အဘယ်ကြောင့် ဒုစရိုက်ကို ခွင့်ပြုထားသလဲ

၁၀။မကောင်းသောအမှုအရာမှကယ်နှုတ်တော်မူပါ

၁၁။ဆုတောင်းခြင်းဟာအရာရာကိုပြောင်းလဲပေးနိုင်သလား

၁၂။တိုက်ပွဲကိုဘယ်လိုဆင်နွဲမလဲ

၁၃။လေ့လာမှုလမ်းညွှန် ( အခန်း ၁ မှ ၁၂ ထိ )

“အမှာစာ”

ကျွန်တော်စာမူကို ဖတ်ပြီးတဲ့အခါ ချက်ခြင်းဆိုသလို ထဒူးထောက် ပြီး ဘုရားသခင်ရဲ့ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ ကောင်းကင်ဘုံမှာရှိတဲ့မေတ္တာ

တော်ရှင် အဖဘုရားသခင်ကို ကျွန်တော်ရဲ့ ဝိညာဉ်ဟာ တစ်ဖန်ရိုသေ၊ လေးမြတ်၊ ကိုင်း ညွှတ်ခြင်းနှင့် ပြည့်ဝလာပြန်တယ်။ ဘုရားသခင်ရဲ့ ထူးခြားထင်ရှားတဲ့ ဂုဏ်အင်္ဂါလက္ခဏာတွေကတော့ ပြိုင်ဖက်ကင်းဝေးပြီး အကြံအစည်တော်ကလည်း ပြည့်ဝစုံလင်လှပါ တယ်။ဒင်းရှားမင်းဟာ အချက်အလက်တွေ အသေးစိတ်ရှာဖွေ ဖော်ထုတ်ပြီး သူရဲ့ချင့်ချိန်နှိုင်းဆတဲ့ သင်ကြားမှုဟာ လူတွေကို ထိုးထွင်းသိမြင်စေတဲ့အပြင် ဟာသဉာဏ်ကွန့် မြူးတော့ စာဖတ်ရတာ စိတ်ဝင်စားစရာကောင်းတယ်။

ဒီစာအုပ်က ရှာဖွေဖော်ထုတ်တဲ့ သမ္မာတရားတွေဟာ ယုံကြည်သူ တစ်ဦးရဲ့ အသက်တာ တည်ဆောက်ဖို့အတွက် အုတ်မြစ်ချထားဘို့လိုတယ်။ ကျွန်တော် မိသားစုကို ဖတ်ပြရဦးမယ်။ မိတ်ဆွေတွေဖတ်အောင်လည်း ထောက်ခံရမယ်။

ဒင်းဟာ ကျွန်တော်ရဲ့အချစ်ဆုံးမိတ်ဆွေထဲက တစ်ဦးဖြစ်တယ်။ ဒီသင်ခန်းစာတွေကို ဒင်းသင်ကြားပို့ချတာ မကြားဖူးပေမဲ့၊ ဒီသင်ခန်းစာတွေအတိုင်းပဲ သူအသက်ရှင်နေတာကိုတော့ မျက်ဝါးထင်ထင်မြင်တွေ့နေရပါတယ်။ ဒီစာအုပ်ထဲက ဖော်ပြထားတဲ့ ဗျာဒိတ်တော်တွေဟာ အလွယ်တကူနဲ့ မရနိုင်ပါဘူး။ ကျွန်တော့်မိတ်ဆွေ ရဲ့ နှစ်ဆယ့်သုံးနှစ်တိုင်တိုင် သာသနာပြုခဲ့တဲ့ အတွေ့အကြုံတွေမှာ ဝမ်းနည်းခြင်း၊ အောင် မြင်ခြင်း အကြောင်းအရာတွေ ဖြစ်တဲ့အတွက် အလွန်အဖိုးထိုက်တန်တဲ့ ရေမွှေးတွေကို ပုလင်းကလေးထဲ စုသိမ်းထားလိုက်သလိုပဲ ကျွန်ုပ်တို့အားလုံး ဒီစာအုပ်ကို လိုအပ်ပြီး ယုံကြည်သူတိုင်းအတွက် အလွန်အရေးကြီးတဲ့ စာအုပ်တစ်အုပ်ဖြစ်လို့ ဝယ်ယူဖတ်ရှု လိုက်နာအသက်ရှင်ကြပါစို့။

ဂျွန်ဒေါ်ဆင်

လိပ်ဝရှုး၊ တဲရစ်၊ ကယ်လီဖေနီးယား စက်တင်ဘာလာ၊ ၁၉၉၀ခုနှစ်

အခန်း(၁) ၊

သေရေးရှင်ရေးတိုက်ပွဲ A Life And Death Struggle

ကျွန်တော်ဟာ ပါပေါနယူးဂင်နီနိုင်ငံရဲ့ ပို့မော်ရက်(စ်)ဘီ နေအိမ် ပျဉ်ပြားပေါ်မှာ လဲလျောင်းနေတယ်။ အချိန်ကတော့ ၁၉၇ဝ ခုနှစ်ကဖြစ်တယ်။ ခုနှစ် ရက်ပတ်လုံး ကျွန်တော်ဟာ အစာရှောင်ဆုတောင်းနေပါတယ်။ အဖြေတစ်ခုခုရမှ ဖြစ် တော့မယ်လို့ အကြံရတယ်။

ကျွန်ုပ်တို့ သာသနာပြုခရစ်ယာန်လူငယ်(YWAM) အဖွဲ့နဲ့ ဒီမြို့ကို ရောက်လာတာ သုံးလလောက်တော့ ရှိသွားပါပြီ။ ဒီအရပ်မှာ လူထုဟောပြောပွဲနဲ့ သက်သေခံလုပ်ငန်းတွေကို များသောအားဖြင့် ဈေးတစ်ဝိုက်မှာ လုပ်ကြပါတယ်။ လူတွေ အနည်းငယ်တော့ ပြောင်းလဲကြပါတယ်။ ဒါပေမဲ့ ကျွန်တော်အကြောင်းအရာ တစ်ခုခုကို တွေ့လိုက်မိတယ်။ စိတ်ထဲမှာ မပျော်ပိုက်ဘူး။ အသင်းတော်တွေမှာတော့ လူတွေ အများကြီးပါပဲ၊ နောက်ပြီးတော့ လူထောင်ပေါင်းများစွာ ဒုတိယမွေးခြင်း ခံရတယ်လို့ ပြောကြပြန်တယ်။ လူတွေကတော့ အပြစ်နွံအတွင်းက မလွတ်ကြသေးပါဘူး။ ခရစ် ယာန်နာမည်ခံတွေကတောင် စုံးကဝေတွေ ယုံတုံးပဲ။ ကျွန်ုပ်တို့ကတော့ ဒီအရာတွေ အကြောင်း တရားဟောကြပါတယ်။ ဒါပေမယ့် သူတို့အသက်ရှင်ပုံတွေ မပြောင်းလဲ ကြဘူး။ စိတ်နှလုံးခိုင်မာတဲ့ လူမျိုးပဲ။ တစ်ခုခုတော့ မှားနေပြီထင်တယ်။ ဒါကြောင့် လည်း ကျွန်တော်စပြီးတော့ အစာရှောင်ဆုတောင်းတယ်။ ဘုရားသခင် အဖြေပေးဘို့ တောင်းခံနေပါတယ်။ ။

ကြမ်းပြင်ပေါ်မှာ လဲလျှောင်းနေရာ၊ တစ်နေ့တော့ ဘုရားသခင်က ကျွန်တော်စိတ်နှလုံးထဲမှ စကားပြောတယ်။ ကျွန်တော်မမျှော်လင့်ဘူး။ ကျွန်တော် အတွေးအခေါ်နဲ့ဆိုရင် ထူးခြားနေတယ်။ ဘုရားသခင်ဖော်ပြနေတာကတော့ အလွန်ရှင်း လင်းပြတ်သားပါတယ်။ အသံတော်ကတော့

“အမှောင်အင်အားစုကြီးကို ဖြိုခွင်းဘို့ရာ အဓိကသော့ချက်ဟာ ဘုရားသခင်ဂုဏ်တော်ချီးမွမ်းခြင်းဖြစ်တယ်။ အစအဦးကတည်းက ဒီအမှောင် ထုဟာ ဒီမြို့ကို ချည်နှောင် ထားတယ် ။ ဒီအမှောင် အင်အားစုကို ဘယ်သူကမှ စိန်မခေါ်ခဲ့သေးဘူး”

ကျွန်တော် အလွန်မိန်းမောတွေဝေနေမိတယ်။ ဝိညာဉ်ဆိုးတွေဟာ

တစ်ခုခုကို ချုပ်ကိုင်ထားတယ်ဆိုတာကို တစ်ခါမှကျွန်တော်မစဉ်းစားမိဘူး။ ၁၉၇ဝခုနှစ် လောက်ကဆိုရင် ဘယ်သူကမှ အမှောင်အင်အားစုဟာ မြို့တွေကို ချုပ်ကိုင်ထားတဲ့အ

ကြောင်း မပြောဖူးဘူး။ အချို့ဆရာတွေဟာ နတ်ဆိုးတွေနှင်ထုတ်တဲ့ သာသနာလုပ်နေ တာတော့ သတိထားမိတယ်။ ကျွန်တော်လှဲနေတုံး ကျွန်တော်စဉ်းစားနေပြန်တယ်။ – ဘုရားသခင်ဖော်ပြတဲ့အရာတွေကိုလည်း ချင့်ချိန်စဉ်းစားနေတယ်။

နယူးဂင်နီနိုင်ငံရှိ အသင်းတော်တွေဟာ စနစ်တစ်ကျ တည်ထောင် ထားတယ်။ တိုးတက်သင့်သလောက်တော့ တိုးတက်ပါတယ်။ သာသနာပြု ဆရာ၊ ဆရာမက လာပြီးတော့ ရိုးသားစွာ သခင်ယေရှုခရစ်၏ အသင်းတော်ကို နှစ်ပေါင်းများ စွာ တည်ထောင်ခဲ့ပါတယ်။ သူတို့ ကျမ်းစာကိုယုံတယ်။ ခရစ်ယာန်မူဝါဒတွေလည်း မှန် ပါတယ်။ ဒါပေမယ့် ဘာကြောင့် ဘုရားသခင်က ပါပေါ်နယူးဂင်နီမှာ နတ်ဆိုးတွေကို တစ်ခါဘူးမှ မနှင်ထုတ်ကြဘူးလို့ ပြောနေရတာလဲ ? အမှောင်လောကမှာရှိတဲ့ နတ်ဆိုး တွေကို မနှင်ထုတ်ဘဲနဲ့ အသင်းတော်ဟာ အတိုင်းအတာတစ်ခုအနေနဲ့ ကြီးပွားပါလား ? အဖြစ်အပျက်တွေကို စဉ်းစားနေမိတယ်။

( ကျွန်တော်ဘုရားသခင်ကို မေးပါတယ်။ ကျွန်တော်စိတ်ကူးယဉ် မဟုတ်ဘဲ ကိုယ်တော်တကယ်ပြောနေကြောင်း အတည်ပြုပေးပါလို့ မေးတယ်။ ဒီကိစ္စကို အခြားဝိုင်ဝင်(မ်) (YWAM) ခေါင်းဆောင်တွေကိုလည်း ဝေမျှလိုက်တယ်။ သူတို့က

တော့ တွမ်ဟဲလပ်(စ်)နဲ့ ကလားဖီမိုးလာတို့ ဖြစ်ကြတယ်။ ဒီစကား ဘုရားသခင်ထံက လာကြောင်း သူတို့လည်း ယုံတယ်။ ဒီကိစ္စဟာ အသစ်အဆန်းဖြစ်နေတော့ ဘုရား သခင်ကို ကျွန်တော် ထပ်မေးပါတယ်။

နောက်မကြာခင်မှာပါပဲ ကားတစ်စီးဟာ ကျွန်တော့်အိမ်ရှေ့မှာ ထိုး ဆိုက်လိုက်တယ်။ ချွေးတွေသံတွေနဲ့ အရပ်ရှည်ရှည်နဲ့ အမေရိကန်ပြည်သားတစ်ယောက် ထွက်လာတယ်။

“ညီအစ်ကိုတို့ ဘုရားသခင်ဂုဏ်တော် ချီးမွမ်းပါ။ ကျွန်ုပ်က ခရစ် ယာန်တွေကို လိုက်ရှာနေတာလေလို့ ပြောရင်းဆိုရင်း လက်ဆွဲနှုတ်ဆက်နေတယ်။ ၄င်း ကကျွန်ုပ်လိုချင်တာတွေ တစ်မြို့လုံးရှာပါတယ်ဗျာ။ လူတိုင်းက ဒီအိမ်ကိုပဲ လက်ညှိုးထိုး ပြတယ်။ ဘုရားဂုဏ်တော်ချီးမွမ်းပါတယ်ဗျာ” လို့ပြောနေတယ်။

ကျွန်တော် တံတွေးမျိုချလိုက်ပြီးတော့ “တွမ်”နဲ့ “ကလာဖှီ”တို့ကို လှမ်းကြည့်လိုက်တယ်။ ဒီတက်ကြွနေတဲ့ ဧဝံဂေလိဆရာဟာ ကျွန်တော်တို့လို လူမျိုးဘဲ ၊ လို့ မြို့ထဲကလူတွေက ယူဆနေကြတယ်။ ဘာဘဲဖြစ်ဖြစ် ကျွန်တော်တို့ သူ့ကိုလက်ခံလိုက် ပြီး၊ အိမ်မှာဧဝံဂေလိ နိုးကြားရေးတွေ လုပ်ခွင့်ပေးလိုက်တယ်။

တောင်ကုန်းပေါ်လာကြတဲ့ လူအချို့ကို သူဟောပြောတယ်။ ပလုတ်

တုတ်ကို ဝှေ့ရမ်းပြီးတော့ သီချင်းဆိုစေတယ်။ ထိုသူ ဆုတောင်းတဲ့အခါ ငယ်သံပါအောင် အော်

ပြီး ဆုတောင်းလေ့ရှိတယ်။ လူတွေက ကယ်တင်ခြင်းရဖို့ ဘုရားသခင်ကို အသနား ခံတယ်။ လူတွေရောဂါပျောက်ကင်းဖို့ သန့်ရှင်းသော ဝိညာဉ်တော်နဲ့ ပြည်ဖို့ ဆု တောင်းတယ်။ ။

ထိုသူရဲ့ ထူးကဲတဲ့လက္ခဏာတွေရှိသော်လည်း လွဲမှားမှုမရှိကြောင်း (ကျွန်တော်တို့ တွေ့ရတယ်။ ဒုတိယနေ့ညဟောပြောတဲ့အခါမှ အဖြေထွက်တယ်။ ထိုသူ ဟာ တရားနာလူစုအရှေ့မှာ မတ်တတ်ရပ်ပြီးတော့ မျက်စေ့မှိတ်လိုက်တယ်။ ပရောဖက် ပြုတဲ့ပုံစံနဲ့ ကြေညာလိုက်တယ်။ “ဟုတ်တယ်။ ဒီမြို့ကို ဖုံးလွှမ်းနေတဲ့ အမှောင်ထုရဲ့ အင် အားစုကို ဖြိုခွင်းဖို့ ဘုရားရှင်ဟာ ဂုဏ်တော်ချီးမွမ်းစေတယ်။ ဂုဏ်တော်ချီးမွမ်းခြင်းဟာ သော့ချက်ပဲ”လို့ ပြောနေပြီ။

ဟုတ်ရဲ့လားလို့ ကျွန်တော်စဉ်းစားနေတယ်။ ကျွန်တော် အစာရှောင် ဆုတောင်းနေတုံးကလဲ ဒါကိုဘဲ ဘုရားရှင်ကပြောခဲ့တယ်မဟုတ်လား ? ၊

၊ နောက်တဖန် အနည်းငယ်ကြာတဲ့အခါ၊ဒတ်(ချ်)လူမျိုးဧဝံဂေလိဆရာ ၊ တစ်ဦးရောက်လာပါတယ်။ ဘုရားထံက သတင်းစကားကို တိုက်ရိုက်လာပေးတယ်။ “အ မှောင်ထုကြီးရဲ့ အင်အားစုတွေကို ဖြိုချဖို့ရန် ဂုဏ်တော်ချီးမွမ်းခြင်းဟာ သော့ချက်ဖြစ် တယ်လို့ လာပြောနေတယ်။ နောက်နယူးဇီလန်က တတိယလူလာတယ်။ နောက်ထပ် သြစတေးရီးယားက စတုတ္ထလူလာတယ်။ အားလုံးဒီသတင်းစကားကိုပဲ ပြောနေတယ်။ လေးငါးပတ်အတွင်းမှာ လေးနိုင်ငံက လူလေးယောက်လာပြောတယ်။ ကျွန်တော်ကြမ်း ပြင်ပေါ်မှာ အိပ်နေတုံးက ဒီအကြောင်းအရာကို သူ့နည်းသူ့ဟန်နဲ့ သူတို့လာပြောကြ တယ်။

ဘုရားသခင် စကားပြောတာကို နားလည်ဖို့ ဒုံးပျံသိပ္ပံရှင်ကြီး ဖြစ်ဖို့ မလိုပါဘူး။ ကျွန်ုပ်တို့လက်တွေ့လုပ်ကြတယ်။ ပြင်းပြင်းထန်ထန် “ဂုဏ်တော်ချီးမွမ်းသူ များ” ဖြစ်လာတယ်။ တစ်ခါတစ်ရံ ကျွန်ုပ်တို့ သာသနာပြုအိမ်ကလေးမှာ နံနက်ပိုင်းတစ် ခုလုံး ဝတ်ပြုကိုးကွယ်ကြတယ်။ ကျွန်ုပ်တို့ အိမ်ခန်းထဲမှာ လှည့်ပြီးတော့ အသံကုန်သီ ချင်းဆိုကြတယ်။ အော်ဟစ်ပြီး ဂုဏ်တော်ချီးမွမ်းတယ်။ ဒူးထောက်ကြတယ်။ မှောက် ခုံအိပ်ပြီး ဂုဏ်တော်ချီးမွမ်းကြတယ်။ တဖြေးဖြေးနဲ့ ထူးခြားမှုတွေ ပြင်ပမှာ မြင်ကြရ တယ်။ ထိုးဖောက်မှုတွေ ရှိလာပြီး မြို့မှာလူတွေအများကြီး ပြောင်းလဲလာကြတယ်။ ချည်‌ နှောင်ခြင်းမှ လွတ်လာကြတယ်။ ဝိညာဉ်တော်နဲ့ ပြည့်၀သော အသက်တာ ရလာကြ တယ်။

ကျွန်ုပ်တို့ ဧဝံဂေလိ သွားရောက်လုပ်တဲ့အခါ လူတွေပြောင်းလဲမှုဟာ ထင်ရှားနေတာ တွေ့ရတယ်။ ခေါင်းမာမှုတွေ လျော့နည်းလာပြီး မပြောင်းလဲတဲ့

လူတွေဟာ ခုတော့ လူရှေ့သူရှေ့မှာတောင် ငိုယိုနေတာ တွေ့ရတယ်။ သူတို့စုံးက‌ဝေ လိုက်စားခဲ့တာတွေ စွန့်လွှတ်လိုက်ကြတယ်။ ပြောင်းလဲလာတဲ့ လူတွေကလည်း များ လာပြီ။ ကျွန်ုပ်တို့ နိုးကြားရေးအစီအစဉ်မှာ ငါးထောင်လောက်တောင် လာတက်ကြ တယ်။ အပတ်စဉ် ကျွန်ုပ်တို့ ပင်လယ်ထဲမှာ လူသစ်တွေကို နှစ်ခြင်းပေးရတယ်။ ဒါဟာ သုံးနှစ်လောက်တောင် ကြာနေပါပြီ။ ခြေမစွမ်းသူ လမ်းလျှောက်၊ မျက်ကမ်းသို့ အ လင်းရပါတယ်။ ခြောက်လအတွင်း ပိုပေါ်ရက်(စ်)ဘီမြို့မှာ ဝိညာဉ်တော်နဲ့ ပြည့်တဲ့ တပည့်တော်စု ကိုးစုတောင် ဖြစ်လာတယ်။ ကျွန်ုပ်တို့ လှိုင်းကြီးပေါ်မှာ စီးနေကြသလို ပါပဲ။

သို့သော်လည်း မကြာမီ ဝိညာဉ်ရေးရာ တိုက်ပွဲဟာ ဘယ်လောက် အင်အားကြီးပါတယ်ဆိုတာ သိလာကြရတယ်။ စာတန်ရဲ့ တိုက်ခိုက်မှုဟာ ရုတ်တရက် ချက်ချင်းလာတယ်။ အလွန်မှ ညစ်ညူးကြမ်းကြုတ်တဲ့ စာတန်။

နယူးဇီလန်နိုင်ငံသား ဒေးဗစ်ဝေါလစ်ဟာ အသက်(၂၀)ဝန်းကျင်ရှိ ပြီး ကျွန်ုပ်တို့အဖွဲ့ဝင်တစ်ဦးဖြစ်တယ်။ ဤကဲ့သို့ ဝိညာဉ်ရေးရာ နိုးထမှု အရှိန်အဟုန် မြင့်နေတဲ့ အချိန်အခါမှာ ဒေးဗစ်ဟာ သူ့အဖွဲ့ဝင်တွေနဲ့ ရွာနီးချုပ်စပ်မှာ ဧဝံဂေလိသွား လုပ်ကြတယ်။ အဲဒီရွာမှာရှိတဲ့ နတ်ဆရာဟာ ၄င်းတို့ကို ပြင်းပြင်းထန်ထန် တိုက်ခိုက် တယ်။ လူငယ်တွေ ဧဝံဂေလိဆက်လုပ်နေတော့ နတ်ဆရာဟာ ၄င်းတို့ကို ကျိန်စာသင့် စေတယ်။

နောက်ခြောက်ပတ်ခန့် ကြာတဲ့အခါမှာ သူတို့အဖွဲ့ဟာ ပို့မော်ရက်(စ်) ဘီမြို့ကို ပြန်လာကြတယ်။ ဒေးဗစ်ကတော့ ဒီကျိန်စာကို ဂရုမစိုက်ပါဘူး။ ကျွန်ုပ်တို့ လည်း ဂရုမစိုက်ပါဘူး။ အရင်ကလည်း နတ်ဆရာတွေ ကျွန်ုပ်တို့လုပ်ရပ်တွေအပေါ်မှာ ကျိန်ကြပါတယ်။ ဘာမှမဖြစ်ပါဘူး။ သို့သော်လည်း ဒေးဗစ်ဟာ ဖျားနာပြီး အပူရှိန်တက် လိုက်ကျလိုက် ဖြစ်နေတယ်လို့ သိရတယ်။ အခုတော့ အဖျားမရှိသော်လည်း အားအလွန် နည်းနေတယ်။ ကျွန်ုပ်ကပဲ ဆရာဝန်သွားပြဖို့ ပြောလိုက်တော့ သူကနေကောင်းပါ တယ်။ အနားယူချင်တယ်လောက်ပဲ ပြန်ပြောတယ်။

ဒေးဗစ်ဟာ အိပ်ယာထဲမှာ အတော်အတန်နားနေပြီးတဲ့အခါ ပို တောင်အားနည်းနေတယ်။ နောက်ပြီးတော့ အဖျားဟာ ပြန်ဝင်လာတယ်။ ရွာကပြန်လာ ပြီး သုံးရက်လောက်အကြာမှာ ကျွန်တော် သူ့အခန်းထဲဝင်ကြည့်တယ်။ ဒေးဗစ်ဟာ အဖျားတွေတက်နေပြီး ယောင်ယမ်းနေတော့တယ်။ ညည်းသံနဲ့ စကားတွေပြောနေ တယ်။ ကျွန်ုပ်တို့က မဖြစ်တော့ဘူးဆိုပြီး ဆေးရုံချက်ချင်းပို့လိုက်ရတယ်။ အဲဒီအချိန်

လောက်က ဘာမှန်းမသိသေးဘူး။ ဆေးရုံမှာ စစ်ဆေးကြည့်မှပဲ ဒေးဗစ်ဟာ ငှက်ဖျားပိုး ဦးနှောက်ထဲ ရောက်နေတာ သိရတယ်။ ကျွန်တော်က ဒါဘယ်လိုဖြစ်ရတာလဲ ?ဒီပါပေါ်

နယူးဂင်နီတစ်ဝိုက်မှာ ငှက်ဖျားဆိုတာ မရှိပါဘူး။ ဒါပေမယ့် ဆရာဝန်တွေက သေချာ တယ်။ ရောဂါရှာဖွေရေးကလည်း အတည်ပြုထားတယ်။ ရောဂါဟာ အခြေအနေ မကောင်းဘူးလို့ ပြောတယ်။ ဆရာဝန်က လာပြီးတော့ ဒီငှက်ဖျားမျိုးဟာ အဆိုးဆုံး ပဲတဲ့။ ဒေးဗစ်အသက်ရှင်ဖို့ မလွယ်တော့ပါဘူးလို့ သိရတယ်။ အသက်ရှင်ခွင့်ရရင်လည်း သူ့ရဲ့ ဦးနှောက်ဟာ အလုပ်မလုပ်တော့ဘူး။ အမြဲတမ်း ဟင်းရွက်ပုံစံအဆင့်မှာပဲ ရှိတော့ မယ်လို့ဆိုတယ်။

ကျွန်ုပ်တို့အဖွဲ့ဟာ အိမ်ပြန်လာကြပြီးတော့ ပြင်းပြင်းထန်ထန် အစာ ရှောင်ဆုတောင်းကြတယ်။ တစ်ညလုံးဆုတောင်းတဲ့အခါမှာ ကြီးစွာသောတော်လှန် ခြင်းများကို ကြုံတွေ့ခံစားကြရတယ်။ ဖိနှိပ်ချုပ်ချယ်နေခြင်းလည်း များစွာခံနေကြရ တယ်။ အရင်တုံးကလည်း နာရီပိုင်းများစွာ ဆုတောင်းခဲ့ကြပါတယ်။ အခုတော့ ကြီးစွာ

သောလိုအပ်ချက်အတွက် နှုတ်ကတော့မဖော်ပြနိုင်တဲ့ အခြေအနေဆိုက်ရောက်နေကြ တယ်။ ကျွန်တော့်အနေနဲ့ ပြောရရင် ကျွန်တော်ရဲ့ဆုတောင်းချက်တွေဟာ ပါးစပ်က ထွက်လာပြီးတော့ ရင်ပတ်ပေါ် ပြန်ကျနေသလိုပဲ ခံစားနေရတယ်။ မရဏာနိုင်ငံ ရဲ့ တန်ခိုးတွေဟာ အစုလိုက်အပြုံလိုက် ကျွန်ုပ်တို့ကို ဝိုင်းရံထားနေသလိုပါပဲ။ ၄င်းတို့ရဲ့ ဒေါသအမျက်တွေဟာ ဒေးဗစ်ဝေါလစ်ရဲ့ ကိုယ်ခန္ဓာပေါ်မှာ စူးစိုက်နေပါပြီ။

မနက်ရောက်တော့ ကျွန်ုပ်တို့တော့ ဝိညာဉ်ရေးရာ ထိုးဖောက်မှု အ တော်အတန် ရခဲ့ပြီလို့ယုံကြည်တယ်။ ကျွန်ုပ်ဆေးရုံကို အပြေးအလွှားသွားလိုက်တဲ့အခါ ဒေးဗစ်ရဲ့ မွေ့ယာဟာ အသစ်ပြန်ခင်းထားတာ တွေ့ရတယ်။ သူမရှိတော့ဘူး။ ကျွန်တော် မေထရွန်ဆရာမကြီးကို လိုက်ရှာတယ်။ သူမက ဒေးဗစ်ဟာအသက်ကယ်ခန်းထဲ ရောက် နေတယ်။ အကြောတွေဆွဲနေပြီး တက်နေတယ်။ မေထရွန်က သူသေမှာပဲ။ ဒါဟာမင်း တို့အပြစ်ပဲ။ မင်းနဲ့မင်းတို့ဘာသာရေး ခံယူချက်တွေကြောင့် ဒီလူရဲ့အသက်ဟာ ပါသွား ရမယ်ဟုတ်လား! သူရှင်ရင်လည်း ဘာထူးမလဲ၊ ဦးနှောက်ဟာ သုံးလို့မရတော့ဘူး။

ကျွန်တော်က ရှင်းပြနေတယ်။ စောစောက ဆေးရုံတက်ဖို့ လုပ်ကြ ပါတယ်။ ဆရာဝန်ဆီသွားမကုရဘူးလို့ ကျွန်ုပ်တို့အဖွဲ့မှာ ခံယူချက်မရှိပါဘူး။ ဒါပေမယ့် မေထရွန်ကို ကြည့်ရတာ လက်မခံဘူး။ ဆေးရုံက အမှုထမ်းတွေအားလုံးက ကျွန်တော် တို့ဟာ ဘာသာရေးတွေပဲ။ ဒီလူငယ်အတွက် တရားတောင်စွဲလို့ရတယ်လို့ ပြောနေ

ကြတယ်။

ကျွန်တော်ခွေယိုင်ပြီး ပြန်သွားတယ်။ ဒေးဗစ်သေရင် ဘာဖြစ်မှာလဲ? ကျွန်ုပ်တို့ကို တရားစွဲကြမှာလား? သူတို့တရားမစွဲရင်လည်း ဒီမြို့ငယ်ကလေးမှာ ကျွန်ုပ် တို့ သိက္ခာကျတော့မှာပဲ။ သာသနာဆက်လုပ်ဖို့တော့ မကောင်းတော့ဘူး။ ကျွန်ုပ်တို့ ကြောင့် ပြောင်းလဲလာတဲ့လူတွေကော? သူတို့ယုံကြည်ခြင်း ဘာဖြစ်လာမှာလဲ? ဘုရား

သခင်ဟာ ယနေ့နိမိတ်လက္ခဏာတွေ လုပ်နေတယ်ဆိုတာ ဟောတယ်။ ပြောခဲ့တယ်။ သခင်ယေရှုခရစ်အားဖြင့် အမှောင်အင်အားစုကို နှင်ထုတ်နိုင်တဲ့ အာဏာတန်ခိုးရှိတယ် ။ ဆိုပြီး ကျွန်ုပ်တို့ အော်ခဲ့ကြတယ်။

ဆေးရုံအုပ်ချုပ်ရေးပိုင်းက နယူးဇီလန်နိုင်ငံမှာရှိတဲ့ ဒေးဗစ်မိသားစု ကိုခေါ်တယ်။ ဒေးဗစ်ဖခင် ချက်ချင်းရောက်လာတယ်။ သူကတော့ တွေ့တွေ့ခြင်း ဘာ မှတော့ မပြောဘူး။ ဒါပေမယ့် ကျွန်တော့်ကို ပြောတာက ကျွန်ုပ်တို့အဖွဲ့နဲ့ မပေါင်းဖို့ သူသတိပေးထားတယ်လို့ ပြောပြတယ်။ “ငါပြောတယ် ဒီအဖွဲ့ဟာ တာဝန်မဲ့တဲ့အဖွဲ့ပဲ”လို့ ပြောတယ်။

ဒုတိယနေ့ ညနေပိုင်းမှာလည်း ဆေးရုံဆရာဝန်တွေက ဒေးဗစ်က တော့ မျှော်လင့်စရာမရှိတော့ဘူးလို့ ပြောပြန်တယ်။ ကျွန်တော် ဒေးဗစ်ဆီသွားကြည့်

တော့ သတိမရဘူး။ ကွေးကွေးကလေး အိပ်နေတာ တွေ့ရတယ်။ အရောင်က ဝါတာတာ နဲ့ ထောပတ်အတုံးကလေးလိုပဲ။ တစ်ကိုယ်လုံး ပိုက်တွေတပ်ထားပြီးတော့ ရင်ဘတ်မှာ လည်း အသက်ရှူစက်တပ်ထားတဲ့အတွက်ကြောင့် ရင်နဲနဲခုန်နေပုံရတယ်။ သို့မဟုတ်ရင် လူသေကောင်လိုပဲ ထင်ရတယ်။

ကျွန်တော်ယုံကြည်ခြင်းရှိသမျှနဲ့ အားယူလိုက်တယ်။ ကျွန်တော်ရင် ထဲမှာပဲ ငိုကျွေးပြီးတော့ ဘုရားသခင်ကိုခေါ်တယ်။ ရုတ်တရက် စိတ်နိုးဆော်တာနဲ့ သူ့ ကုတင်ဘေးမှာ ဒူးထောက်လိုက်ပြီး ဒေးဗစ်နားထဲမှာ ပြောလိုက်တယ်။ “မရဏာနိုင်ငံက နတ်ဆိုး၊ မင်းကိုငါရှုတ်ချတယ်။ ဒီလူနာကို ချုပ်ကိုင်မှုမှ ထွက်ခွာသွားရန် မင်းကို ယေရှုရဲ့ နာမနဲ့ အမိန့်ပေးတယ်”လို့ ပြောလိုက်တယ်။ ။

ကျွန်တော်ပြောလိုက်တာနဲ့ ဒေးဗစ်ရဲ့ အာခေါင်ထဲက ရေပွက်သံလို မြည်နေတယ်။ အဲဒါပဲ။ နောက်ကျွန်တော်အိမ်ပြန်ပြီး တစ်ညလုံးပဲဆုတောင်းနေတယ်။

နောက်နေ့ ကျွန်တော်ပြန်သွားတယ်။ ဒေးဗစ်အသက်ကယ်ခန်းဆီ သွားတယ်။ ကျွန်တော် လျှောက်ဝင်လိုက်တာနဲ့ ဒေးဗစ်ထထိုင်နေတာ တွေ့ရတယ်’ပါး စပ်မှာလည်း အသက်ရှူပိုက်မရှိတော့ဘူး။ သွေးသွင်းပိုက်တွေတော့ ချိတ်ထားတုံးပဲ။ ဒေးဗစ်အဖေက ကျွန်တော့ဘက်လှည့်ပြီး မျက်နှာညှိုးငယ်စွာနဲ့ ကြည့်နေတယ်။ ကျွန် တော် ဒေးဗစ်မျက်လုံးကို စေ့စေ့ကြည့်တော့ မျက်တောင်မခတ်ဘူး။

သူ့အဖေက ကျွန်တော်ဒီမနက်လာတယ်။ တစ်ချိန်လုံး သူ့နာမည်ခေါ် တယ်။ ဘာမှမထူးဘူးလို့ ပြောပြတယ်။

ကျွန်တော် မေထရွန်ကိုရှာပြီးတော့ ဒေးဗစ်အခြေအနေကို မေးကြည့် တော့ “အခြေအနေဆိုးလာတယ်”လို့ သူမကပြန်ပြောတယ်။

ကျွန်တော်က “မနေ့ကတော့ အိပ်နေတယ်မဟုတ်လား? ဒီနေ့ထထိုင်

နေပြီလေ။ အောက်စီဂျင်ပိုက်တောင် တပ်မထားဘူးမဟုတ်လား? သူနေကောင်းတယ်။ နေကောင်းရမှာပဲ”လို့ ပြောနေမိတယ်။

သူမ ဘာမျှပြန်မပြောပါ။ သူဟာမကောင်းလာဘူး။ နဂိုပကတိမဖြစ် လာနိုင်တော့ဘူး။ ဒါဟာဝမ်းနည်းစရာပါဘဲ။ ဒီလူငယ်ဘယ်လိုဖြစ်မလဲ? ဒါဟာကျွန်ုပ် တို့ အပြစ်ကြောင့်ပဲလို့ ပြောနေကြတယ်။

ကျွန်တော်ဒေးဗစ်အခန်းထဲ ဝင်သွားတော့ သူ့အဖေထွက်သွားတယ်။ ကျွန်တော်ပဲ ဒေးဗစ်နဲ့ရှိတယ်။ ကျွန်တော် သူခြေရင်းဘက်လျှောက်သွားတဲ့အခါ သူ့မျက် လုံးအစုံဟာ ကျွန်တော့်ကို လိုက်ကြည့်နေတာ သတိထားမိတယ်။ ကျွန်တော်က “ဒေးဗစ် တို့အားလုံးဟာ မင်းအတွက်ဆုတောင်းပေးနေတယ်။ ယေရှုကသာ အနိုင်ယူရမယ်။” ထိုအခါ ရုတ်တရက် ချက်ချင်းဆိုသလို မယုံနိုင်လောက်တဲ့ အရာတစ်ခု ဖြစ်ပေါ်လာတယ်။ ကျွန်တော်သာ ကိုယ့်မျက်စေ့နဲ့ မမြင်မတွေ့မကြားရရင် ကျွန်တော်ယုံမှာမဟုတ်ဘူး။ သူ့နှုတ်ခမ်းလည်း မလှုပ်ဘူး။ မျက်လုံးဟာလည်း စိုက်ကြည့်နေတာ မပျက်ဘဲနဲ့ “ဟာလေ လုယာ ဆိုတဲ့အသံကြီး သူလည်ချောင်းထဲက ထွက်လာတယ်။ ကျွန်တော်ချက်ချင်း ပြန် သွားပြီး အဖွဲ့ကိုပြန်ပြောတယ်။ ဘုရားသခင် ကျွန်ုပ်တို့ဆုတောင်းသံ နားညောင်းတော် မူပြီ။

နောက်တစ်နေ့ ကျွန်တော်ဆေးရုံ ပြန်သွားတဲ့အခါ ဒေးဗစ်ကို အရေး ပေါ်ခန်းက ပြန်ယူခဲ့ပါပြီ။ ဒေးဗစ်အလွန်အားနည်းနေပါသေးတယ်။ မှန်မှန်ကလေးပဲ စကားပြောတယ်။ အကူအညီနဲ့တော့ လမ်းလျှောက်နိုင်တယ်။ ကျွန်တော်မနေနိုင်မထိုင် နိုင် ထခုန်လမ်းလျှောက်နေပြီး “ဘုရားသခင်ဂုဏ်တော် ချီးမွမ်းပါတယ် ́ဆေးရုံတစ်ခုလုံး ကြားသွားအောင် အော်လိုက်တယ်။ ကျွန်ုပ်တို့ ဘာသာရူးတွေပဲလို့ ထင်ချင်ထင်ပါလေ့ စေ။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို အောင်ပွဲခံစေခဲ့ပြီး မဟုတ်ပါလား ?

ဒီကိစ္စဟာ အနှစ်(၂၀)ကျော်ခဲ့ပါပြီ။ နောက်ပိုင်း ဒေးဗစ်ဝါးလစ်ဟာ အိန္ဒိယပြည်တောင်ပိုင်းမှာ သာသနာပြု ဆရာတစ်ဦးဖြစ်တယ်။ ကျွန်တော့်အတွက်တော့ လူငယ်တစ်ဦး အသဲအသန် ဖျားနာရာမှ ပျောက်ကင်းသွားတယ်ဆိုတဲ့ အတွေ့အကြုံ ထက်မကပါဘူး။ ကျွန်ုပ်တို့၏ ကြီးစွာသောအစာရှောင် ဆုတောင်းခြင်းအားဖြင့် ဘုရား သခင်ဟာ ပို့မော်ရက်(စ်)ဘီမြို့ကို ပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ခွင့်ပေးတယ်ဆိုတာ ခံယူ ပါတယ်။ ဒီမြို့မှာ လူခုနှစ်သောင်းခွဲရှိတယ်။ ဒီမြို့အတွက် ခြားခံဆုတောင်းပေးသူတွေ ဟာ ကျွန်တော်တို့မှာရှိတယ်။ အခြားဆုတောင်းအဖွဲ့တွေလည်း ရှိပါတယ်။ ဒါပေမယ့် ကျွန်ုပ်တို့ အဖွဲ့ ရဲ့ ဆုတောင်းသံဟာ မှောင်မိုက်တန်ခိုးတွေကို တွန်းလှန်တိုက်ဖျက်ခွင့် ပေးခဲ့တယ်။ ထိုနေရာဒေသမှာ ထိရောက်စွာ ဧဝံဂေလိ လုပ်စေဖို့ပဲဖြစ်တယ်။ အဲဒီမြို့မှာ ထိုအချိန်က ဆိုရင် ဝိညာဉ်တော်နဲ့ ပြည့်ဝတဲ့လူဟာ ငါးဦးပဲရှိတယ်။ အခုတော့ အသင်း

တော်ကြီး ငါးပါးဖြစ်လာပါပြီ။ ရောမကာသိုလ်လိပ်၊ အင်္ဂလီကန်စုပေါင်းအသင်းတော် များတွေမှာတောင် နိုးထမှုကြီးတွေ ဖြစ်နေတယ်။

ကျွန်ုပ်တို့မှာတော့ အဖွဲ့ဝင်တစ်ဦးတောင် သေရတော့မလို ဖြစ်ခဲ့ရ တယ်။ သို့သော် ခရစ်တော်က အောင်ပွဲခံခွင့်ပေးတယ်။ ဘုရားသခင်ဟာ ဝိညာဉ်ရေးရာ တိုက်ပွဲကို ဆင်နွှဲဖို့ရန် ကျွန်ုပ်တို့ဒီနည်းနဲ့ပဲ နှိုးဆော်ခဲ့တယ်။ ဒါအောင်ပွဲအတွက် လမ်း စပဲ။ ကျွန်တော်ဆုတောင်းပြီး ဒီအချက်အလက်တွေကို ကျမ်းစာမှာရှာတယ်။ ကျွန်တော် ဟာ တော်တော်ခရီးသွားရတယ်။ ကျွန်တော် သာသနာပြုဆရာတွေ၊ ခေါင်းဆောင်တွေ ကို ဒီအကြောင်းပြောပြတယ်။ ကျွန်တော်ဘယ်နေရာပဲသွားသွား ခြားနားချက်တွေကို တွေ့ရတယ်။ အချို့နေရာမှာဆိုရင် ဝိညာဉ်ရေးရာနှိုးကြားမှုရှိတဲ့နေရာဟာ စာတန်ရဲ့ အုပ်စိုးမှု ရှိတဲ့နေရာနဲ့ ကပ်လျက်သားဖြစ်နေတတ်တယ်။ ဥပမာဆိုရင် ကင်းရှားနိုင်ငံ နဲ့ ဆိုမားလီးယားနိုင်ငံနှစ်ခုရဲ့ နယ်စပ်မှာ မတ်တပ်ရပ်လို့ရတယ်။ သင့်ရဲခြေမဟာ တစ် နိုင်ငံမှာချပြီး ဖနှောင့်ကတော့ တစ်နိုင်ငံမှာ ချထားလို့ရတယ်ဆိုရင် မှားမယ်မထင်ဘူး။ ကင်းရှားနိုင်ငံမှာ ခရစ်ယာန်(၁၆)သန်းရှိတယ်။ လူများစုဖြစ်တယ်။ သို့သော်လည်း ဆိုမားလီးယားနိုင်ငံမှာဆိုရင် ခရစ်ယာန် တစ်ရာခိုင်နှုန်းအောက်မှာ ရှိတယ်။ ဒီခရစ် ယာန်တွေဟာလည်း နိုင်ငံခြားသားတွေဖြစ်တယ်။ ကျွန်တော်စဉ်းစားကြည့်တော့ နားမ လည်ဘူး။ ဘာကြောင့်လဲ ? ၊

ဒီလိုခြားနားချက်တွေကို မြို့အချင်းချင်းမှာ တွေ့ရတယ်။ ရပ်ကွက်အ ချင်းချင်းမှာ တွေ့ရတယ်။ ခရစ်ယာန်အိမ်ထောင်အချင်းချင်း၊ ခရစ်ယာန်တစ်ဦးချင်းမှာ

တောင် တွေ့မြင်ရတယ်။ အောင်မြင်သော အသက်တာရရှိနိုင်တဲ့သူတို့ရဲ့ အရည်အချင်း တွေပေါ်လာတယ်။ ဒီလိုဆိုရင် ကျွန်ုပ်တို့ တစ်ခုခုလိုနေပြီဆိုတဲ့ သဘောလား? တန်ခိုး နဲ့ပြည့်စုံရမယ်။ ကြီးကျယ်ထည်ဝါရမယ်ဆိုတဲ့ အရာတစ်ခုခုက ဘာလဲ ?

အဖြေဟာ တဖြည်းဖြည်းပေါ်ထွက်လာပါတယ်။ အဖြေမှန်ကို ရရှိ လာတဲ့အခါ ကျွန်တော်အလွန်စိတ်တက်ကြွနေမိတယ်။ ခရစ်ယာန်တိုင်းဟာ အောင်မြင်

သောခရစ်ယာန်အသက်တာအတွက် “တန်ခိုး” ကိုခံယူကြရမယ်။ ကမ္ဘာကြီးကို အောင် မြင်ဖို့ စွမ်းပကားရရန်လိုတယ်။ ထိုအခါ တိုင်းနိုင်ငံများ လူနေမှုအဆောက်အအုံများ ဟာ စာတန်ရဲ့ချည်နှောင်ခြင်းမှ လွတ်မြောက်ရန် တန်ခိုးနဲ့ဆောင်ရွက်ကြရမယ်။ ဒီကိစ္စ ကို ပေါ့ပေါ့တန်တန် လုပ်လို့မရဘူး။ ကျွန်ုပ်တို့အားလုံးဟာ ဘုရားသခင်ရဲ့ စစ်သည်တော် များဖြစ်ကြရမယ်။ စာတန်ကို တိုက်ပွဲဝင်နိုင်ရန် လေ့လာဆည်းပူးသင်ကြားခံယူဖို့ လို အပ်နေပြီဖြစ်တယ်။

အခန်း(၂)

အကြီးဆုံးသောစွန့်စားခြင်း The Greatest Adventure

ရုပ်ရှင်ကောင်းကောင်း ကြည့်ရရင် ပျော်တဲ့သူရှိပါသလား? တိုက် တာခိုက်တာပါတဲ့ တီဗွီအစီအစဉ်ဆိုရင်ကော ? ဆွဲဆောင်မှုအပြည့်ရှိတဲ့ စာအုပ်ကို လက် ကမချတန်း ဖတ်ရရင်ကော ? အားကစားပြိုင်ပွဲကြီးတစ်ခုကို စင်မြင့်ပေါ်က လှုပ်လှုပ်ရွရွ ကြည့်နေရရင်ကော ? လူတိုင်းလိုလို ဇာတ်လမ်းကောင်းကောင်းကြည့်လိုကြတယ်။ အား ကစားပြိုင်ပွဲကောင်းကောင်းကိုလည်း ကြည့်လိုကြတယ်။ ဇာတ်ဆောင်သူတွေဟာ ၄င်း တို့ ပင်ကိုယ်မဟုတ်တာတွေကို သရုပ်ဆောင်ပြသကြတဲ့အခါ လူတွေက ပိုက်ဆံအများ ကြီးပေးတယ်။ အချိန်အများကြီး အကုန်ခံကြတယ်။ အပြစ်ကင်းမဲ့တဲ့လူကို လူဆိုးကြီးက ရိုက်ပုတ်နှိပ်စက်လိုက်ပြီဆိုရင် ပွဲကြည့်ပရိသတ်ကဒေါသထွက်နေတယ်။ လူစွမ်းကောင်း ကြီးက မကောင်းမှုတွေကို ဖြိုခွင်းလိုက်ပြီဆိုရင် ကျွန်ုပ်တို့ ရင်တမမနဲ့ လက်ခုပ်လက် ဝါးတီးကြတယ်။ ကျွန်ုပ်တို့အသင်းက တစ်ဖက်အသင်းကို တစ်ဂိုးအနိုင်ရပြီဆိုရင် အောင် ပွဲခံအော်ဟစ်နေတော့တာပဲ မဟုတ်ပါလား ? ။

ဝတ္ထုထဲမှာပဲဖြစ်ဖြစ် အားကစားမှာပဲဖြစ်ဖြစ် ပြိုင်ပွဲတွေပါတယ်။ ဒီပြိုင်ပွဲ၊ တိုက်ပွဲတွေမှာ အင်အားစု(၂)ရပ်ရှိတယ်။ အဲဒီအင်အားစုတွေ အပြန်အလှန် တိုက်ခိုက်မှုမှာ ကျွန်ုပ်တို့ဘေးကနေပြီး ပျော်ရွှင်မြူးတူးနေလေ့ရှိတယ်။ ဒီပျော်ပွဲရွှင်ပွဲ

တွေ ကြည့်ဖို့ဘာကြောင့် စိတ်ဓါတ်ပြင်းထန်နေရပါသလဲ ? အပြန်အလှန် တိုက်ခိုက်မှု စွန့်စားမှု၊ စိတ်လှုပ်ရှားမှုတွေကို ကြိုက်နှစ်သက်ရတဲ့အကြောင်းရင်းကတော့ လူဟာ အ ကြီးဆုံးသော တိုက်ပွဲဝင်စေဖို့ဘဲဖြစ်တယ်။ အကောင်းနဲ့အဆိုးကို တိုက်ခိုက်ကြရမယ်။ တိုက်ပွဲတစ်ခုမှာ လူ့သဘာဝအလျှောက် တစ်ဘက်ဘက်ကို ဘက်လိုက်လေ့ရှိတယ်။ ဘာ ကြောင့်လဲဆိုတော့ ဘုရားသခင်ဟာ ကျွန်ုပ်တို့ကို တိုက်ပွဲမှာ ဆင်နွှဲစေလိုတဲ့အတွက် ကြောင့်ပဲဖြစ်တယ်။ အမှန်တရားအတွက် တိုက်ပွဲဝင်စေလိုတယ်။ ဘုရားသခင်ရဲ့ နိုင်ငံ တော်တည်ထောင်တဲ့နေရာမှာ အဖျက်လုပ်ငန်း၊ အဆီးအတားများကို ကျွန်ုပ်တို့ ကိုယ် ထိလက်ရောက် တိုက်ခိုက်တွန်းလှန်ဖို့ တာဝန်ပေးထားတယ်။ အဓိကတွန်းလှန်ရမဲ့ အင် အားစုကတော့ အမှောင်အင်အားစုကြီးပဲဖြစ်မယ်။

အကြီးဆုံးသော တိုက်ပွဲ၊ အကြီးဆုံးသောစွန့်စားခန်းမှာ ကျွန်ုပ်တို့ပါ ဝင်ခွင့်ရှိသည်။ အဆိုးကို အကောင်းက အောင်ပွဲခံတာမြင်ကြရမယ်။ ဖမ်းဆီးချုပ်နှောင်

ခြင်းခံရတဲ့လူတွေ လွတ်မြောက်သွားတာတွေ့ရမယ်။ အကြောင်းအရာတွေကို ဝတ္ထုတစ် ပုဒ်၊ ရုပ်ရှင်ကားတစ်ကားရဲ့ ဇာတ်လမ်းမှာ မတွေ့ရဘူး။ ဘုရားသခင်က လက်တွေ့ကျ ကျ ကျွန်ုပ်တို့လုပ်ဆောင်ဖို့ ကြံရွယ်ခဲ့တယ်။ ဝိညာဉ်ရေးရာ တိုက်ပွဲကို ဘယ်လိုဆင်နွှဲ ရမယ်ဆိုတာကို သိကျွမ်းလိုက်တာနဲ့ ဧကန်ဒိဋ္ဌိလုပ်ဆောင်ရမဲ့ အရာတစ်ခုဖြစ်လာပါ တော့တယ်။

ဝမ်းနည်းစရာကောင်းတာက လူတော်တော်များများဟာ မသိနားမ လည်ပဲနဲ့ ဒီလိုတိုက်ပွဲမျိုးကို ဆင်နွဲတဲ့အခါ ပြိုလဲကြတော့တယ်။ အမှန်မှာလူတိုင်းလိုလို ဝိညာဉ်ရေးရာတိုက်ပွဲကို ဆင်နွှဲကြရမှာဖြစ်တယ်။ ဒီတိုက်ပွဲတွေဟာ ခေတ်အဆက်ဆက် လူတွေ ဆင်နွှဲနေရတော့ ကျွန်ုပ်တို့ကိုကင်းလွတ်ခွင့်မပေးဘူး။ ကြားနေလို့လည်းမရဘူး။ ကျွန်ုပ်တို့ဟာ အမှောင်အင်အားစုရဲ့ ဖိနှိပ်မှုကိုခံနေရတဲ့ အနေအထား သို့မဟုတ် အောင် ပွဲခံရတဲ့အနေအထားတစ်ခုခုမှာ ရှိနိုင်တယ်။ အောင်ပွဲခံရရင် ပျောက်ဆုံးဝိညာဉ်တွေ ရမယ်။ လူနေအဆောက်အအုံကို သာယာဝပြောစေနိုင်မယ်။ သမိုင်းကိုပြုပြင်နိုင်မယ်။ ဝိညာဉ်ရေးရာတိုက်ပွဲကြောင့် ဘုရားသခင်ရဲ့ နိုင်ငံတော်ကို ကျယ်ပြန့်စေနိုင်မယ်။

လူတွေက ကျွန်တော့်ကိုပြောကြတယ်။ “ဆရာဟာ ဝိညာဉ်ရေးရာ တိုက်ပွဲအကြောင်း သင်နေတော့ စာတန်ဟာ ဆရာ့နောက် တကောက်ကောက်လိုက်နေ မှာဘဲနော်”လို့ ပြောကြတယ်။ ကျွန်တော်ဟာ အထူးကိစ္စတစ်ရပ်ပဲလို့ စိတ်ထင်နေရင် မှားသွားပါလိမ့်မယ်။ ဒီလိုသာဆိုရင် ကျွန်တော်စာတန်ရဲ့ တိုက်ခိုက်မှုကို ခံယူသင့် တယ်။ ဝိညာဉ်ရေးရာ မာနထောင်လွှားမှုကိုလည်း တိုက်ခိုက်ခံယူသင့်တယ်။ စာတန် ဟာ ကျွန်တော့်အပေါ် အထူးအာရုံစူးစိုက်နေမှာမဟုတ်ပါဘူး။ ခရစ်ယာန်တိုင်းကို တိုက်ခိုက်မှာပဲ။ ခရစ်ယာန်တိုင်းမှာ အောင်ပွဲခံဖို့ရှိတယ်။ ရှုံးနိမ့်ဖို့လည်းရှိတယ်။ စာ တန်ဟာခရစ်ယာန်တိုင်းရဲ့ ခြိမ်းခြောက်မှုကို ခံရမယ်။ တိုက်ခိုက်မှုကိုခံရမယ်။ အဲဒီခရစ် ယာန်ကသာ ခရစ်တော်၌အောင်ပွဲခံသူဖြစ်ရမည့်ပြင် ဝိညာဉ်ရေးရာတိုက်ပွဲအခြေခံလူ တွေကို အစဉ်တစိုက် လက်တွေ့ကျင့်သုံးနေသူဖြစ်ရမယ်။

ကျွန်တော်ဘာဖြစ်လို့ ဝိညာဉ်ရေးရာတိုက်ပွဲအကြောင်း သင်နေရ တာလဲလို့ အကြိမ်ကြိမ်အမေးခံရတယ်။ ကျွန်တော်အထူးဗျာဒိတ်တော်ရလို့ ဟောပြော နေတာလဲ မဟုတ်ဘူး။ အာဏာတန်ခိုးရလို့လည်း မဟုတ်ဘူး။ ဘုရားသခင်က ဒီကိစ္စ သင်ကြားဖို့ သီးသန့်ရွေးချယ်ခြင်း ခံရလို့လည်း မဟုတ်ပါဘူး။ ကျွန်တော်ဟာ ဒီဘာသာ ရပ်ကို အသိပညာရှင်အနေနဲ့ သင်နေတာလည်းမဟုတ်ဘူး။ ဝိညာဉ်ရေးရာ တိုက်ပွဲအ

ကြောင်း ဟောပြောဖို့ ဝိညာဉ်ဆုကျေးဇူးရတာလဲမဟုတ်ဘူး။ ရွေးကောက်ခြင်းခံရလို့ လည်း မဟုတ်ပါ။ အခြားဘာသာရပ်တွေကိုလည်း စိတ်ပါလက်ပါသင်ကြားပါတယ်။ ကျွန်တော်စာတန်နောက်တကောက်ကောက် လိုက်ဖမ်းနေတဲ့လူ မဟုတ်ပါ။ လူတစ်

ယောက်ကိုတွေ့လို့ အားနည်းချက်တွေကို တွေ့မြင်တဲ့အခါ ဒါဟာစာတန်ကြောင့်ပဲ စာ တန်ကိုချည်နှောင်ရတော့မယ်လို့ ပြောနေတဲ့လူမဟုတ်ပါ။

– ကျွန်တော်ဝိညာဉ်ရေးရာ တိုက်ပွဲဘာသာရပ်ကို သင်ရတဲ့ အကြောင်း ရင်းကတော့ ယနေ့ကမ္ဘာ့ဧဝံဂေလိလုပ်ငန်းမှာ အရေးကြီးလုပ်ဆောင်ချက်တွေ ပျောက် ကွယ်နေတဲ့အတွက်ပဲဖြစ်တယ်။ ခရစ်တော်ရဲ့ အသင်းတော်ဟာ ယေရှုရဲ့နာမနဲ့ အောင် ပွဲခံပြီး သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးနဲ့ လုပ်ဆောင်တဲ့အခါမှာ အမှောင်အင်အားစု တွေကို မထိုးဖောက်ဘဲ လစ်လျူရှုထားကြတယ်။

ဒုတိယအကြောင်းရင်းကတော့ သူတစ်ပါးတွေကို ဂရုပြုအတိုင်ပင်ခံ လုပ်ငန်းလုပ်တဲ့အခါ ရရှိတဲ့အတွေ့အကြုံကြောင့် ဝိညာဉ်ရေးတိုက်ပွဲ ဘာသာရပ်ကိုသင် ရတော့မှာဖြစ်တယ်။ ခရစ်တော်ဟာ လက်ဝါးကပ်တိုင်ဘေးမှာ အောင်ပွဲခံခဲ့တာကို ခရစ်

ယာန်လူထုက ကျဆုံးခဲ့တဲ့ စာတန်ဟာ အောင်ပွဲတွေကို ခိုးယူသိမ်းပိုက်နေတာကို လက် ပိုက်ကြည့်နေကြတယ်။

နောက်ဆုံးတစ်ချက်ကတော့ လူ့သမိုင်းတစ်လျှောက် ဘုရားသခင် ဟာ ဒီစာတန်မာရ်နတ်ရဲ့ လုပ်ရပ်တွေ ဖြိုခွင်းဘို့အရေးကြီးကြောင်း အကြိမ်ကြိမ်သတိ ပေးခဲ့တဲ့ အတွက်ကြောင့်ဖြစ်တယ်။ ဘုရားသခင်ဟာ ယနေ့လည်းသတိပေးနေပါသေး တယ်။ ဘုရားသခင်ဟာ ယုံကြည်သူတွေကို ခရစ်ယာန်စစ်သည်တော်အနေနဲ့ ကမ္ဘာကို လွှမ်းမိုးပြီး စာတန်ကို နှင်ထုတ်ကြဖို့ပဲဖြစ်တယ်။

သင်တိုက်ပွဲဆင်နွှဲနေပြီ -(အဆင်သင့်ဖြစ်သည်။ အဆင်သင့်မဖြစ်ပါ။)

လူတွေတော်တော်များများ ဝိညာဉ်ရေးရာတိုက်ပွဲ စိတ်မဝင်စား ကြောင်း သတိထားမိတယ်။ ဒီလူတွေ ဆွေးနွေးပွဲခေါ်ရင် မလာကြဘူး။ တိတ်ခွေလည်း နားမထောင်ကြဘူး။ စာတန်ရန်သူအကြောင်း ဟိုစာအုပ် ဒီစာအုပ်လည်း မဖတ်ကြဘူး။ ဝိညာဉ်ရေးရာ ဘာသာရပ်ဟာ ဝိညာဉ်ဆုကျေးဇူးရထားတဲ့ ခရစ်ယာန်တစ်စုအတွက်ပဲ လို့ ခံယူကြတယ်။ သြစတေးရီးယားက အမျိုးသမီးတစ်ဦးကို သတိရမိတယ်။ သူမက “အင်း ကျွန်မကတော့ တိုက်ခိုက်တာတွေ ဝါသနာမပါဘူး”လို့ ပြန်ဖြေတယ်။

ဝိညာဉ်ရေးရာတိုက်ပွဲဆိုတာ လူပုဂ္ဂိုလ်နဲ့ မဆိုင်ပါဘူး။ ဝိညာဉ်ဆု ကျေးဇူး၊ ရွေးကောက်ခြင်း၊ သမိုင်းနောက်ခံနဲ့လည်း မဆိုင်ပါဘူး။ ကျွန်ုပ်တို့ ခရစ်ယာန် ဖြစ်လာပြီဆိုရင် ကျွန်ုပ်တို့ဟာ အလိုလိုတိုက်ပွဲဆင်နွှဲသူဖြစ်နေပါပြီ။ ဦးစားပေးလုပ်ရမဲ့ သဘောမပါပါဘူး။ တိုက်ပွဲထဲရောက်နေပြီလို့ အသိတရားဝင်လိုက်တာနဲ့ ဝိညာဉ်ရေး၊ တိုက်ပွဲကို စလိုက်တာနဲ့အတူတူပါဘဲ။

ခရစ်ယာန်တိုင်းလိုလို ခရစ်တော်ဟာ ကားတိုင်ပေါ်မှာ စာတန်ကို

အောင်ပွဲခံလိုက်တယ်ဆိုတာ လက်ခံကြတယ်။ ခရစ်တော်ဟာ စာတန်ကိုနိုင်လိုက်တယ် ဆိုတဲ့ အသိတရားနဲ့ ကျွန်ုပ်တို့ဟာလည်း စာတန်အပေါ် အနိုင်ရလိုက်တယ်ဆိုတဲ့ ခံယူ ချက်နဲ့တော့ မလုံလောက်ပါ။ လက်တွေ့အားဖြင့် စာတန်ဟာ ရှုံးနိမ့်သူဖြစ်သော်လည်း နေ့စဉ်အသက်ရှင်တဲ့အခါမှာ ကျွန်ုပ်တို့စာတန်ကို ခြယ်လှယ်ခွင့် ပေးနေကြတယ်။ ကျွန်ုပ် တို့ဟာ ခရစ်တော်မှာ အောင်ပွဲခံတဲ့ ပုံစံမပေါ်ဘဲနဲ့ စစ်ရှုံးသူတွေပုံစံပေါ်နေတယ်။

ဘုရားသခင်ရဲ့ သားသမီးဆိုရင် ဘယ်သောအခါမျှ စစ်သုံ့ပန်းမဖြစ်ရ၊ ပါ။ ဝိညာဉ်ရေးရာတိုက်ပွဲရဲ့ ဓမ္မကြောင်းတွေကို သိဖို့လိုတယ်။ စာတန်ဘယ်လိုနည်း ဗျူဟာသုံးတယ်ဆိုတာ သိဖို့လိုတယ်။ ကျွန်ုပ်တို့ ကြံကြံခံလိုက်ရင် အောင်ပွဲကိုသာခံ ကြရမယ်။

စာတန်ကဖန်တီးနေတာလား ?

ခရစ်ယာန်ဘာသာမှာ ကဏ္ဍအသီးသီးရှိတယ်။ ဝိညာဉ်ရေးရာ တိုက် ပွဲဟာ လက်နက်ကဏ္ဍတစ်ခုဖြစ်တယ်။ လုပ်ဆောင်တဲ့နေရာမှာ ဟန်ချက်ညီဖို့လိုတယ်။ များသောအားဖြင့် တစ်ဖက်စွန်းရောက်တာများတယ်။ အချို့က နေရာတကာ ဝိညာဉ် ရေးရာတိုက်ပွဲပြောကြတယ်။ အချို့ကတော့ ဂရုမစိုက်ကြဘူး။

အချို့နေရာတကာ ဝိညာဉ်ရေးရာတိုက်ပွဲကို အရေးပေးကြတယ်။ အရာရာမှာ စာတန်ကိုတွေ့တယ်လို့ ဆိုတယ်။ သင့်ဇနီးပြောမှားဆိုမှားဖြစ်ရင် ဒါ စာတန်ပဲလို့ စွပ်စွဲတယ်။ မော်တော်ကား စက်နှိုးလို့မရရင် ဒါစာတန်လုပ်ရပ်ပဲ။ အဆင် မပြေတစ်ခုခုပေါ်လာရင် စာတန်ပဲ။ သင်သိတဲ့လူတိုင်းလိုလို၊ စာတန်ရှိနေတယ်လို့ ဆို တယ်။ စာတန်ဘယ်နှစ်ယောက်လဲ။ နာမည်တွေကတော့ အမျိုးစုံပြောကြပြန်တယ်။ ဘာပြသနာပဲဖြစ်ဖြစ် စာတန်ကို နှင်ထုတ်ကြတယ်။ အခွင့်ရတိုင်းနှင်ထုတ်တာ ဝါသနာ ပါနေကြတယ်။ လေးလံထိုင်းမှိုင်းတဲ့ စာတန်၊သွားပိုးစားတဲ့ စာတန်၊အပေါင်ခံရင် အတိုး ကြီးတဲ့စာတန် စသည်ဖြင့် စာတန်အမျိုးမျိုးကိုဖော်ထုတ်ကြတယ်။ ဒီလိုလူတွေဟာ အခက်အခဲတွေကို လူတွေရဲ့ တာဝန်ဖြစ်တာတွေကို မပြောတော့ဘဲနဲ့၊ မကောင်းတာ မှန်သမျှ၊ ဆိုးတာမှန်သမျှ စာတန်နဲ့အပေါင်းပါရဲ့ လုပ်ရပ်ပဲလို့ စွပ်စွဲနေကြတယ်။

စာတန်ကို စွဲလန်းနေတဲ့လူစုကတော့ အောင်ပွဲခံဖို့ မကြိုးစားတော့ ဘူး။ စာတန်နဲ့ပဲ လုံးထွေးနေကြတယ်။ တိုက်ခိုက်နေကြတယ်။ အဲဒီနောက်၊ လူတွေနဲ့ ပဋိပက္ခဖြစ်လာကြတယ်။ အမှန်မှာ ခရစ်ယာန်ဆိုရင် ယေရှုခရစ်အားဖြင့် စာတန်ကို အမြဲအောင်ပွဲခံလိုက်ရုံပါဘဲ။ ဒါကို သတိမလစ်ကြဖို့ အရေးကြီးတယ်။ စာတန်ကို နေ ရာတကာ လိုက်လံရှာဖွေ တွန်းလှန်နေဖို့ မဟုတ်ပါဘူး။ ။

သာသနာ့လုပ်ငန်းတွေမှာ ကျွန်ုပ်တို့အောင်မြင်မှုကလေးတွေကိုသာ

အမွန်းတင် ပြောဆိုနေလေ့ရှိတယ်။ ကျွန်ုပ်သာသနာလုပ်ငန်းတွေမှာ ကုသခြင်းသာသ နာ၊ နတ်ဆိုးနှင်ထုတ်ခြင်း သာသနာတွေရှိတယ်။ အချို့ကတော့ သင်ကြားပို့ချတဲ့နေရာ မှာ အသစ်တွေ၊ အဆန်းတွေရလာရင် ကျေနပ်နေလေ့ရှိတယ်။ ဒီသင်ကြားမှု၊ ဒီနည်း စနှစ်၊ ဒီသာသနာဆိုပြီး ကြွားဝါလေ့ရှိတယ်။ တစ်မျိုးကိုတော့ ကျန်တာတွေ စွန့်လွှတ် လိုက်လေ့ရှိတယ်။ အခြားခရစ်ယာန်တွေနဲ့ မပေါင်းတော့ဘူး။ အခြားခံယူချက်တွေ လက်မခံကြတော့ဘူး။ သီးသီးသန့်သန့်ပဲ နေလိုက်ကြတယ်။ ပြောတဲ့အခါ “ကျွန်ုပ်မှာ အဖြေရှိတယ်၊ ကျွန်ုပ်မှာပဲ သော့ချက်ရှိတယ်ဆိုပြီး ဘဝင်မြင့်လာကြတယ်။ ဒါတွေဟာ “ဝိညာဉ်ရေးမာန”လို့ခေါ်ရပါလိမ့်မယ်။

ဝိညာဉ်ရေးမာနက အလွတ်ရုန်းထွက်ဖို့ခက်တယ်။ လွန်ခဲ့တဲ့ ချုပ်ကိုင် မှု၊ အသိအမှတ်ပြုမှုတွေကို နှလုံးသားကကြိုက်တယ်။ လွန်ခဲ့တဲ့ နှစ်တွေက နယူးဂင်နီမှာ ရှိစဉ်က အဖြစ်အပျက်တစ်ခုရှိတယ်။ တစ်နေ့တော့ ကျွန်တော် လူတစ်ဦးရဲ့ ခေါင်းပေါ် မှာ လက်တင်ဆုတောင်းတဲ့အခါမှာ၊ အဲဒီလူလဲကျသွားတယ်။ တုန်ခါနေပြီးတော့ ပါးစပ် ကအမြှုပ်တွေထွက်လာတယ်။ ကြည့်ရတာ တစ်မျိုးကြီးပဲ။ သူ့အထဲမှာရှိတဲ့ စာတန်ကို နှင်ထုတ်အမိန့်ပေးလိုက်တော့ စာတန်ထွက်သွားတယ်။ ကျွန်တော်ကိုယ့်လက်ကိုကြည့် ပြီး မယုံနိုင်အောင်ဖြစ်နေတယ်။ ဘာတန်ခိုးလဲ? ကျွန်တော်ဟာ ဝိညာဉ်ရေးရာ နယ်ပယ် သစ်ထဲ ရောက်သွားပြီထင်တယ်။ ကျွန်ုပ်လုပ်လိုက်ရင် ဖြစ်နေပါလား ?

အဲဒီအချိန်တုန်းကတော့ ကျွန်တော် ကောင်းကောင်းသဘောမ ပေါက်သေးပါဘူး။ လုပ်ဆောင်ချက်ကိုပဲ ဂရုစိုက်လုပ်ဆောင်တယ်။ ရလဒ်ကို အလေး မထားဘူး။ စာတန်ကလည်း ကျွန်တော့်ကို ဖေးမနေတယ်။ နောက်လအတော်ကြာကြာ ကျွန်တော်ဘယ်ပဲသွားသွား စာတန်ရဲ့လုပ်ဆောင်ချက်တွေ တွေ့ရတယ်။ နောက်ဆုံး တော့ ကျွန်တော်ဆုတောင်းပေးတဲ့လူတွေ လွတ်မြောက်ခြင်း မရကြောင်း သတိထားမိ လာတယ်။ အသက်တာတစ်ခုလုံး ပြောင်းလဲသွားတဲ့ အခြေအနေမျိုးမှာ မရှိကြဘူး။

ဒါကို ကျွန်တော်စဉ်းစားနေတယ်။ လူတစ်ယောက်ဟာ ကျွန်တော် ဘာမှမလုပ်ဘဲနဲ့ လုံးဝစာတန်လက်ထဲက လွတ်သွားရင် ကျွန်တော်စိတ်ပျက်သွားမှာပဲ လို့ခံစားမိတယ်။ ဒါတွေဟာ မှားနေတယ်။

ဒါကြောင့် ကျွန်ုပ်တို့အများကြီး သတိထားကြရမယ်။ ကျွန်ုပ်တို့ အံ့ ဖွယ်ရာ နိမိတ်လက္ခဏာတွေကို တွေ့ချင်ဖို့သာ ကြိုးစားနေရင်၊ စိတ်ထားမမှန်ပါ။ ဒါကို စာတန်က အခွင့်ကောင်းယူပြီးတော့ ကျွန်ုပ်တို့ကို အားပေးနေပါတယ်။ ဘုရားသခင် ကတော့ ကျွန်ုပ်တို့ ဖြစ်ချင်တာတွေ ဖြစ်လာအောင် လုပ်ပေးမှာမဟုတ်ဘူး။

ကျွန်တော်တစ်ယောက်အနေနဲ့ လူတွေစာတန်ချည်နှောင်ရာမှ လွှတ် လာတယ်ဆိုတာ အကြွင်းမဲ့ယုံတယ်။ သို့သော်လည်း ဝိညာဉ်ရေးရာ တိုက်ပွဲဆိုတာ

တိုက်ပွဲလုပ်ဖို့လောက်ပဲ မကြိုးစားသင့်ဘူး။ လိုအပ်ချက်တစ်ရပ်ကို အောင်မြင်ဖို့က အ ရေးကြီးတယ်။ ဘုရားသခင်ရဲ့လိုအပ်ချက်တွေအပေါ်မှာ အာရုံစူးစိုက်ဖို့လိုတယ်။ ခရစ်

တော် ဤလောကတွင်ရှိစဉ် ဘုရားသခင်လိုအပ်ချက်ကိုပဲကြည့်တယ်။ ဘုရားသခင်ဟာ အလုပ်နှစ်ခုကို အမြဲလုပ်တယ်။ (၁)သခင်ယေရှုခရစ်အားဖြင့် ပျောက်ဆုံးတဲ့လူတွေ ဘုရားသခင်ထံလာပြီး ရန်ငြိမ်းဖို့ဖြစ်တယ်။ လူနဲ့ဘုရား ပြန်လည် သင့်မြတ်ခြင်းဟာ အဓိကပဲ။ (ကမ္ဘာ့ဧဝံဂေလိလုပ်ငန်း)(၂) ဘုရားသခင်သည် ခရစ်တော်၏ ကိုယ်ခန္ဓာ တည်းဟူသော အသင်းတော်ကို တစ်လုံးတစ်ဝတည်းဖြစ်ဖို့၊ ရင့်ကျက်စေဖို့နဲ့ ပြည့်ဝ စုံလင်စေဖို့ဖြစ်တယ်။

ကျွန်ုပ်တို့သည်လည်း ဤပန်းတိုင်နှစ်သွယ်ကို လျှောက်လှမ်းတဲ့အခါ ချည်နှောင်ခြင်းအောက်တွင် အသက်ရှင်တဲ့လူတွေ၊ လွှတ်မြောက်ခြင်းအခွင့်ကိုရဖို့ လူ တွေကို တွေ့ဆုံကြမှာဖြစ်တယ်။ ထိုသူတို့ကို မေတ္တာနဲ့ကမ်းလှမ်းရတယ်။ ချုပ်နှောင်ခြင်း မှ လွတ်မြောက်စေရမယ်။ ဆက်လက်လျှောက်လှမ်းပြီးတော့ ဘုရားသခင်အလိုရှိတဲ့ ပန်းတိုင်ကို မျက်ခြေမပြတ် မြင်တွေ့နေရမယ်။ ခရစ်တော်က မာကု၊၁၆း၁၅ မှာဖော် ပြထားတယ်။ သင်တို့သွား၍ ဝေနေယျသတ္တဝါအပေါင်းတို့အား ဧဝံဂေလိတရားကို

ဟောကြလို့ မိန့်မှာတယ်။ ငယ်(၁ရ၊၁၈)နောက်ဆက်တွဲအနေနဲ့ ပေါင်းစပ်လိုက်တာက၊ လူတွေအနာရောဂါများကို ငြိမ်းစေပါ။ နတ်ဆိုးတွေကိုလည်း နှင်ထုတ်ပါလို့ ဖော်ပြထား တယ်။ ခရစ်တော်ရဲ့ မြင်ကွင်းထဲမှာ “ဒုက္ခရောက်နေတဲ့ လူတွေ” ဖြစ်တယ်။ အံ့ဖွယ်ရာ နိမိတ်လက္ခဏာတွေမဟုတ်ဘူး။

စာတန်အကြောင်းမပြောရင်၊ စာတန်အဝေးသို့သွားပါလိမ့်မယ်

‘ဝိညာဉ်ရေးရာ တိုက်ပွဲအခြေခံမူတွေကို လုံးဝဂရုမစိုက် လျှစ်လျူရှု ထားလိုက်ရင် ဂရုတစိုက်လုပ်တဲ့ လူတွေလိုပါပဲ။ သဘာဝမကျပြန်ဘူး။ မြို့တိုင်းမှာ စာ တန်ကို အလွန်အကျွံဂရုစိုက်တဲ့ အဖွဲ့တွေရှိသလို၊ လုံးဝဂရုမစိုက်တဲ့အဖွဲ့ တစ်ခုတော့ အ နည်းဆုံးရှိပါလိမ့်မယ်။ ဒီအဖွဲ့တွေဟာ လုံးဝစိတ်မဝင်စားတဲ့အပြင်၊ နတ်ဆိုးကို နှင်ထုတ် တာကြားတာနဲ့ လန့်ဖျပ်ကုန်ကြတယ်။ ၄င်းတို့ စိတ်မဝင်စားကြရာမှ မယုံကြည်နိုင်တော့ တဲ့အခြေကို ဆိုက်ရောက်သွားတော့တယ်။ “

ကျွန်တော့်မိတ်ဆွေတစ်ဦးဟာ အာရှတိုက်ခရစ်ယာန် နည်းပါးတဲ့ နိုင်ငံတစ်ခုမှာ အမှုတော်လုပ်ငန်းအတွက် အဖွဲ့တစ်ဖွဲ့ကိုခေါ်သွားတယ်။ အဲဒီနိုင်ငံမှာ

တော့ စုန်း၊ကဝေ၊ဝိဇ္ဇာအတတ်နဲ့ စာတန်ရဲ့လုပ်ဆောင်ချက်တွေ အများကြီးရှိတယ်။ အိမ်ရှင်အသင်းတော်ရဲ့ သင်းအုပ်ဆရာက ကျွန်တော့်မိတ်ဆွေကို “နတ်ဆိုး” “စာတန်” အသုံးအနှုန်း မသုံးဖို့ တားမြစ်တယ်။ လူတွေနဲ့ ဆုတောင်းတဲ့အခါမှာလည်း မသုံးမိဖို့

ပြောတယ်။ ဒီပင်တေကုတ္တေ အသင်းတော်က သင်းအုပ်ဆရာက “စာတန်အကြောင်း ပြောလိုက်ရင်လည်း အစစအရာရာ အလွဲလွဲအချော်ချော်နဲ့ ဖြစ်ကုန်တာပဲ”လို့ ရှင်းပြနေ တယ်။ ဆရာက “နောက်ပြီးတော့ စာတန်ကို နေရာတကာတွေ့တဲ့အုပ်စုလို မဖြစ် ချင်ဘူး”လို့ထပ်ပြောတယ်။

ဒါတွေဟာ မထူးဆန်းပါဘူး။ ရန်သူအကြောင်းစဉ်းစားမယ်၊ သူတို့ အကြောင်းပြောရင် စာတန်ရဲ့ တိုက်ခိုက်မှုကို ခံကြရမယ်လို့ သဘောပေါက်နေကြတယ်။ စာတန်ကို အသိအမှတ်ပြုလိုက်တာနဲ့ စာတန်ရဲ့ လှုပ်ရှားမှုကို ဖိတ်ခေါ်လိုက်သလို ဖြစ်နေ မှာစိုးရိမ်ကြတယ်။ စာတန်ကိုဖော်ပြတဲ့အခါ၊ စာတန်ကို အောင်ပွဲခံပြီလို့ ကြေညာလိုက် ရုံပါပဲ။ သူတို့ရဲ့ဆန္ဒအရ ပြတ်သားစွာ မှတ်ချက်ချကြတယ်။

အချို့မှတ်ချက်တွေက တော့

“ဘုရားသခင်ဂုဏ်တော် ချီးမွမ်းပါတယ်။ ကျွန်ုပ်တို့ အောင်ပွဲခံပြီ၊ အာမင်” သို့မဟုတ် .. “ယေရှုဟာ စာတန်ကို အနှစ်နှစ်ထောင်အထက်က ခြေမှုန်းခဲ့ပါပြီ

နောက်ပြီးတော့ “သူဟာ ခြင်္သေ့ပဲ၊ ဒါပေမဲ့ သွားတွေမရှိတော့ပါဘူး”

နောက်ပြောနေကြ အရာတစ်ခုကတော့ ….. ….. ။ “ငါ့စာအုပ် (ကျမ်းစာ)နောက်ကျောကိုပဲဖတ်လိုက်တယ် ….တို့အောင်ပွဲခံပါပြီ”

မိမိတို့ပိုမိုသဘောပေါက်စေရန်နဲ့ သူတစ်ပါးလည်း သဘောပေါက် ကြစေဖို့ လုပ်နေရင်းနဲ့ ကျွန်ုပ်တို့ရဲ့ အောင်ပွဲကိုတော့ မေးစရာမလိုပါဘူး။ သေချာပါ တယ်။ အခိုင်အမာပါပဲ။ ခရစ်တော်သည် ကားတိုင်ပေါ်တွင် အောင်ပွဲခံတာ အချိန်အခါ မရွေး၊ လူလည်းမရွေးပါဘူး။ သို့သော် လက်ခံရမယ်။ ကျင့်သုံးရမယ်။ စာတန်အကြောင်း ၊ သိရတာ ကြောက်စရာမဟုတ်ပါဘူး။ ရန်သူအကြောင်းဟာ သိဖို့ကောင်းပါတယ်။ တပ် မတော်ဟာ ရန်သူရဲ့အကြောင်းကို သိရတာ နစ်နာစရာမှမဟုတ်ဘဲ။ ပိုသိရင်ပိုကောင်း ပါတယ်။ ကျွန်ုပ်တို့ သက်တောင့်သက်သာနဲ့သာ အောင်ပွဲခံပါ။ စာတန်ရဲ့အကြောင်း၊ စာတန်ဗျူဟာနည်းပရိယာယ်တွေကို သိခွင့်ရှိပါတယ်။

သို့သော် စာတန်ကိုလျှစ်လျူရှုထားလို့မရပါ။ စာတန်ဆိုတာ မရှိပါ ဘူးလို့လည်း ဟန်မဆောင်နေပါနဲ့။ မပတ်သတ်ချင်ဘူးဆိုပြီး စာတန်ထွက်သွားမှာ မဟုတ်ဘူး။ ကလေးငယ်ကလေးလိုပဲ မျက်စိပိတ်ထားပြီး “မင်းငါ့ကိုမတွေ့ဘူး၊ မင်းငါ့ကို ရှာလို့မရဘူး”လို့ အော်နေသလိုပဲ။ ကျွန်ုပ်တို့ စာတန်မယုံတာနဲ့ စာတန်ထွက်သွားမှာ မဟုတ်ဘူး။ စာတန်ကျွန်ုပ်တို့ဖယ်ရှားလိုက်လို့ စာတန်ကျွန်ုပ်ကိုဖယ်ရှားမှာ မဟုတ်ဘူး။ ဝိညာဉ်ရေးရာတိုက်ပွဲ လောကမှာ မသိတာ သုခချမ်းသာမဟုတ်ပါ။ မသိရင် စာတန်ရဲ့

ချည်နှောင်ခြင်းခံရမယ်။ စာတန်ဟာ အမှောင်မှာလှုပ်ရှားနေတယ်။ သူလုပ်ချင်တာ လုပ်ခွင့် ရှိတယ်။ စာတန်ရဲ့ လုပ်ရပ်အပေါင်း မီးမောင်းထိုးပြလိုက်ရင်၊ စာတန်အလုပ်ကို တားဆီးနိုင်မယ်။

စာတန်ဟာ သူ့ရန်သူကိုသိကြောင်း ကျွန်ုပ်တို့ နားလည်ထားဖို့လို တယ်။ စာတန်ဟာ ကျွန်ုပ်တို့အကြောင်း ကောင်းကောင်းလေ့လာထားတယ်။ ကျွန်ုပ်တို့ ခရစ်တော်အတွက် အကျိုးပြုမှာဟုတ်မဟုတ် သူသိတယ်။ တ၊၁၉း၁၅ မှာ နတ်ဆိုးက သူ့အပေါ် အာဏာပြတဲ့လူတွေကို တန်ပြန်တယ်။ နတ်ဆိုးကလည်း “ယေရှုကို ငါသိ၏။ ပေါလုကိုလည်း ငါသိ၏။ သင်တို့က အဘယ်သူနည်း”လို့ မေးတယ်။ စာတန်ဟာ ဘုရား သခင်ထဲမှ ရတဲ့တန်ခိုး၊ အာဏာအစစ်အမှန်ကို အစဉ်တစိုက်သုံးစွဲတဲ့ လူတွေကိုသိတယ်။ ဝိညာဉ်ရေးရာတိုက်ပွဲနဲ့ ဆိုင်တဲ့ကျမ်းအခြေခံသဘော တရားတွေကိုတောင်သိတယ်။ စာတန်ဟာ တန်ခိုးမရှိတဲ့ အပြောသမားတွေကိုလည်း သိတယ်။ အဲဒီအပြောသမားတွေ ဟာ ယုံလည်းမယုံဘူး၊ အောင်ပွဲခံရမှန်းလည်း မသိကြပါဘူး။ မျက်စိကို ကွယ်ထားတဲ့ လက်တွေကို ဖယ်ရှားလိုက်ပါ။ သမ္မာတရားအစစ်အမှန်ကို ရင်ဆိုင်ထိတွေ့ဖို့လိုပါသည်။

ရှင်ယောဟန် အခန်းကြီး(၈)မှာ “သမ္မာတရားကိုလည်း သိကြသ ဖြင့်၊ထိုတရားသည် သင်တို့ကိုလွှတ်လိမ့်မည်” လို့ဖော်ပြထားတယ်။ သမ္မာတရားဟာ တကယ်ပဲ ကျွန်ုပ်တို့ကို လွှတ်လိမ့်မယ်ဆိုတာယုံပါသလား ? အဲဒီလိုဆိုရင် ဘာသမ္မာ တရားလဲ? သမ္မာတရားအားလုံးလား ? အမှောင်လောကနဲ့ဆိုင်တဲ့ တန်ခိုးတွေနဲ့ ပတ်သက်တဲ့တရား၊ သမ္မာတရားဆိုရင်ကော? အဲဒီသမ္မာတရားဟာ ကျွန်ုပ်တို့ကို လွှတ် လိုက်နိုင် ပါသလား ? ။

ရန်သူနဲ့ဆိုင်တဲ့ အကြောင်းတွေအားလုံးဟာ တစ်နေရာထဲကပဲလာ တယ်။ ဘုရားသခင်နဲ့ဆိုင်တဲ့ အကြောင်းတွေလည်း ပါရှိတယ်။ အဲဒါဟာ သမ္မာကျမ်း တပ်မဟုတ်လား? ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဖြစ်တဲ့၊ သန့်ရှင်းသော ဝိညာဉ်တော် ဘုရားက မှုတ်သွင်းပေးထားတာဖြစ်တယ်။ ထိုကျမ်းစာရှိသမျှသည် ကောင်းသောအမှု အမျိုးမျိုးတို့ကို ပြုရတတ်၏လို့ ဆိုပါတယ်။ စာတန်အကြောင်းလည်း အများကြီးပါရှိတာ တွေ့ရတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်မှာ စာတန်ကို အသိအမှတ်ပြုထားပြီး

တော့ သူရဲ့ လုပ်ရပ်တွေကိုလည်း ရှင်းပြထားတဲ့အတွက် ဘာပဲဖြစ်ဖြစ် ကျွန်ုပ်တို့ဟာ ဒီသမ္မာ ကျမ်းစာတွေကို လေ့လာတဲ့အချိန်ပေးရမယ်။ စဉ်းစားတွေးခေါ်ကြရမယ်။ စာတန်အကြောင်းကောင်းကောင်းသိရင် ကျွန်ုပ်တို့လွှတ်မြောက်ခွင့် ရနိုင်မယ်။ စာတန် အကြောင်းတွေ ကျမ်းစာက သွန်သင်တာ အားလုံးသိရင် အန္တရာယ်မရှိပါဘူး။ ကျမ်းစာ ကဖော်ပြ တာတွေကို မသိတာက အန္တရာယ်တွေကိုမသိတော့ ကြောက်စရာကောင်း တယ်။

အခြားတစ်ဖက်ကိုကြည့်ရင် အမှောင်ထုနဲ့ ပက်သက်တာတွေဟာ သမ္မာကျမ်းစာမှာပဲရှိတယ်။ စာတန်နဲ့ပတ်သက်တဲ့ ဓမ္မအကြောင်း၊ ယုံကြည်ချက်တွေ ကို ကျွန်ုပ်တို့အတွေ့အကြုံတွေ၊ စာတန်ရဲ့ သက်သေခံချက်တွေအပေါ်မှာ အခြေမခံပါနဲ့။ အချို့လူတွေရှိတယ်။ ရန်သူအကြောင်း အနီးကပ်လေ့လာပြီးပြီ။ ကောင်းကောင်းသိပါ တယ်လို့ ပြောလေ့ရှိတယ်။ ဒါတွေက နတ်ဆိုးနှင်ထုတ်ပွဲတွေက ရခဲ့တဲ့အတွေ့အကြုံတွေ၊ ပါ။ စာတန်ချည်နှောင်ခြင်း ခံရတဲ့လူတွေနဲ့ ပြောကြဆိုကြတော့ သိကြတယ်။ ဒါပေမဲ့ ဝိညာဉ်ရေးရာတိုက်ပွဲအကြောင်း သမ္မာကျမ်းစာမှာ မပါရင်တော့ သတိထားကြပါ။

စာတန်ကိုသတိထားပါ။ ဘုရားနဲ့နီးကပ်စွာနေပါ

လူတော်တော်များများ နတ်ဆိုးကို ကြောက်ကြတယ်။ စာတန်ဟာ သူတို့အသင်းတော် အိမ်ထောင်မိသားစု၊ သူတို့ကို ဘာလုပ်မလဲဆိုတာ တွေးပြီး ကြောက် နေကြတယ်။ ကျွန်တော့်ကို စကားပြောခိုင်းတော့ တစ်နေရာမှာ သင်းအုပ်ဆရာက ကျွန်

တော့်ကိုပြောတယ်။ “ဒင်းရေ၊ မင်းလူတော်တော်များများကို ဝိညာဉ်ရေးရာ တိုက် ပွဲအကြောင်း သင်နေတာ ငါစိတ်ပူမိတယ်ကွဲ။ လူတွေက သူတို့ဘာတွေဖြစ်လာမလဲဆို တာ မသိကြသေးဘူးနော်”လို့ ပြောလိုက်ပါတယ်။ ဆရာက ထပ်ပြီးတော့ သူ့အသင်း တော်မှာ စစ်အတွင်းက နတ်ဆိုးတွေ၊ စုံကဝေတွေ နှင်ထုတ်ခဲ့ရတဲ့ ဖြစ်ရပ်တွေကို ပြော ပြပြန်တယ်။ ရုတ်တရက်ဆိုသလို အသင်းတော်လူကြီးတစ်ဦးဟာ အိမ်ထောင်ကွဲသွား တယ်။ တစ်ဦးကတော့နှလုံးရောဂါဖြစ်တယ်။ တစ်ဦးကတော့ စိတ်ခြောက်ခြားသွားကြ တယ်။ ဆရာက ဆက်ပြီးတော့ “မင်းဟာ လူတွေကို အန္တရာယ်ရှိတဲ့နေရာကို သွားခိုင်း နေတာပဲ” လို့ သတိပေးလိုက်တယ်။

ကျွန်တော်ဒီသင်းအုပ်ဆရာကို လေးစားတဲ့အတွက် ဆရာပြောတာ တွေကို နှလုံးသွင်းပြီးတော့ ပြန်တဲ့အခါ အများကြီးဆုတောင်းတယ်။ ကျမ်းစာကိုလည်း ရှာတယ်။ ဒါပေမဲ့ ဒီတိတ်လန့်ကြောက်မက်ဖွယ်တွေကို ကျမ်းစာမှာ မတွေ့ပါဘူး? ကျမ်း စာထဲမှာ ဝိညာဉ်ရေးရာတိုက်ပွဲ ကြောက်စရာကောင်းတယ်လို့ မပြောပါဘူး။ စာတန်ကို တိုက်လှန်ရင်လည်း စာတန်ရဲ့ အင်အားစုရဲ့ တိုက်ခိုက်ခြင်းကို ခံရမယ်လို့ ကျမ်းစာက မပြောထားပါဘူး။ “မကြောက်ကြနှင့်’ လို့ ကျမ်းစာမှာ အကြိမ်(၃၀၀)ပါတယ်။ ဆာလံ ၊၂၃း၄ မှာ ကိုယ်တော်သည် အကျွန်ုပ်နှင့်အတူရှိတော်မူသည်ဖြစ်၍ လှံတံတော်နှင့်တောင်မွှေးတော်သည် အကျွန်ုပ်ကို ချမ်းသာစေပါ၏ဟူ၍ ကတိတော်ရှိတယ်။ ဟေဗြဲ၊ ၂း၁၄-၁၅ မှာလည်း ပါပါတယ်။ ။

စာတန်ကတော့ လူတွေကိုကြောက်စေဖို့ အလိုရှိတယ်။ ဘုရားကို မသိတဲ့အခါ ကြောက်ရွံ့ခြင်းဟာ ကြီးမားပါတယ်။ ဝိညာဉ်ရေးရာ တိုက်ပွဲမှာ ထိရောက်

အောင်မြင်စေဖို့ ကြောက်ရွံ့ခြင်းကင်းပြီးတော့ တည်ငြိမ်ဖို့ စာတန်ကိုသတိထားပါ။ ဘုရားသခင်ထံ ချဉ်းကပ်ပါ။ အခြားနည်းတော့မရှိဘူး။ စာတန်ကို ချဉ်းကပ်စရာလည်း မလိုဘူး။ ကြောက်စရာလည်းမလိုဘူး။ ဘုရားကို သတိထားရုံနဲ့လည်း မလုံလောက်ဘူး။ ကျွန်ုပ်တို့ပြောတာ၊ ဆိုတာတွေ ဂရုမစိုက်ရင်၊ စာတန်ရဲ့ အမှောင်အင်အားစုကြီးကိုပဲ စူးစိုက်မြင်တွေ့နေတတ်တယ်။ စာတန်ဘာလုပ်နေသလဲဆိုတာကိုပဲ ကြောက်နေတတ် တယ်။ အမျိုးသမီးတစ်ဦးက ကျွန်တော့်ကိုပြောတယ်။ သူမရဲ့မြို့ကလေးမှာတောင်၊ စုံးမ (၃၀)ကို တွေ့ကြတယ်လို့ အားရပါးရပြောနေရှာတယ်။ ကျွန်တော်ကပြန်ပြောလိုက် တယ်။ “အင်း စုံးမ(၃၁)ကောင်မရှိတာ တော်သေးတာပေါ့”လို့ ပြောလိုက်တယ်။

ရန်သူရဲ့ လုပ်ရပ်တွေကို တအံ့တသြပြောဆိုနေစရာ မလိုဘူး။ ရန်သူ ဟာ ကျွန်ုပ်တို့ကို ဘာတွေနှောင့်ယှက်နေတာကိုဘဲ လေ့လာဖို့လိုတယ်။ ကျွန်ုပ်တို့က “အဲဒါဟာ ရန်သူရဲ့ လုပ်ရပ်ပဲနော်” သို့မဟုတ် “ဒီအဖြစ်အပျက်မှာ စာတန်ကြိုးကိုင်နေပြီ ထင်တယ်”လို့ ပြောနိုင်ရမယ်။ စာတန်ရဲ့ လှုပ်ရှားမှုတွေကို ကောင်းကောင်းဖော်ထုတ် နိုင်ပြီး အတွင်းကျကျ သိလာခဲ့ရင် ကျွန်ုပ်တို့ ဘယ်အချိန်၊ ဘယ်မှာ၊ ဘယ်လိုတိုက်ခိုက် ရမယ်ဆိုတာ သိလာရမယ်။ ။

ဥပမာ၊ ဒီကိစ္စဟာစာတန်ပဲ၊ သို့မဟုတ် ဝန်းကျင်အခြေအနေတစ်ရပ် ကပေါ်ပေါက်တာပဲလို့ ဘယ်လိုသိနိုင်မလဲ? အလွဲအချော်ဖြစ်တိုင်း နောက်မှာစာတန်ရဲ့ လှုပ်ရှားမှုပဲဆိုတဲ့ ခံယူချက်တွေ ပပျောက်အောင် ဘယ်လိုလုပ်ရမှာလဲ? အဖြေမှန်လိုချင် ရင်ဘုရားသခင်ကိုပဲ မေးကြရမယ်။ ဒါဟာစာတန်ပဲလို့ အရာရာမှာ မှတ်ချက်မချပါနဲ့။ စာတန်ဟာမရှိဘူး၊ မဟုတ်ဘူးလို့လဲ တထစ်ချမငြင်းပယ်ပါနဲ့။ တကယ့်အဖြစ်မှန်ဟာ ဘာလဲဆိုတာကိုသာ ဘုရားကိုမေးကြပါ။ ဘုရားသခင်ဟာ ကျွန်ုပ်တို့ကို လမ်းပြမယ်လို့ ကတိတော်ရှိတယ်။ ဝိညာဉ်များကို ခွဲခြမ်းစိတ်ဖြာနိုင်တဲ့ ဆုကျေးဇူးတွေပေးထားတယ်။ ၁ကော၊ ၁၂း၁ဝ မှာကြည့်ပါ။ ဘုရားသခင်ဟာ ဝိညာဉ်ရေးရာ လောကမှာ ဘာတွေဖြစ် နေတယ်ဆိုတာ သိခွင့်ပေးတယ်။ ဟေဗြဲ၊ ၅း၁၄ ကိုလည်းကြည့်ပါ။

ဘုရားကို နက်နက်နဲနဲ ထင်ဟပ်မှုရဖို့ အရေးကြီးပါတယ်။ ဘုရားနဲ့ နီးနီးကပ်ကပ် အသက်ရှင်ပြီးတော့ ဘုရားအကြောင်း ပိုမိုသိရှိဖို့လည်း အရေးကြီးပါ တယ်။ စာတန်အကြောင်းတွေသိပြီး ဘုရားအကြောင်းတွေမသိခဲ့ရင် ဘာမှထိရောက်မှု ရှိမှာမဟုတ်။ ဝိညာဉ်ရေးရာ တိုက်ပွဲသာမကပါဘူး။ ဘယ်မှာမဆို မအောင်မြင်နိုင်ပါ ဘူး။ ရန်သူအကြောင်း လေ့လာပြီဆိုရင် ဘုရားသခင်ရဲ့ သမ္မာတရားကို အရင်သိထား ရမယ်။ ဘုရားသခင်ရဲ့ ကြီးမြတ်တော်မူခြင်းကိုသိရင် စာတန်ကို ဘယ်သောအခါမျှ မ

ကြောက်တော့ပါ။ ဘုရားသခင်ဟာ တန်ခိုးကြီးတယ်။ အနန္တတန်ခိုးရှင်ဖြစ်တယ်။ သနား ခြင်းဂရုဏာနဲ့ ပြည့်စုံတယ်။ ကျွန်ုပ်တို့ကိုချစ်ပြီးတော့ ကျွန်ုပ်တို့ကို ကိုယ်ပိရင်ပိစောင့်

ရှောက်တယ်။

သစ္စာတရားတစ်ခုကတော့ “ခရစ်တော်၌ရှိခြင်း’ဖြစ်တယ်။ ဒီလက် နက်ကို တပ်ဆင်ကြရမယ်။ ခရစ်တော်၌ တစ်လုံးတစ်ဝတည်းမရှိရင် စာတန်က ဒုက္ခပေး

တော့မှာပဲ။ လူတွေကိုချောင်းမြောင်းကြည့်နေတတ်တယ်။ ဘုရားသခင်နဲ့ အဆက်မ ပြတ် အသက်ရှင်တဲ့လူလည်း ဖြစ်ရမယ်။ ဒို့တတွေဟာ ခရစ်ယာန်တွေပါပဲလို့ ပြောရုံနဲ့ မလုံလောက်ပါဘူး။ ဘုရားသခင်အပေါ် စစ်မှန်တဲ့ယုံကြည်ခြင်းရှိရင် ဘုရားသခင်က လည်း ဒီလူတွေ ငါ့လူဖြစ်တယ်လို့ ကြေညာလာမယ်။ ကျွန်ုပ်တို့ဟာ ဘယ်လိုလူမျိုးဖြစ် တယ်ဆိုတာ ကျမ်းစာမှာဖော်ပြထားတယ်။ ကျမ်းစာက ဖော်ပြထားတဲ့အတိုင်းပဲ လက် တွေ့ကျကျ အသက်ရှင်ရမည်။ ဘုရားပေးတဲ့ အခွင့်အာဏာနဲ့ အသက်ရှင်တဲ့လူလည်း ဖြစ်ရမယ်။

ကျွန်ုပ်တို့ ဘယ်သူဖြစ်မှန်း ကျွန်ုပ်တို့သိရင် စာတန်ဟာ နောက်ကို ဆုတ်တော့မယ်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့ဟာ အသက်ရှင်တဲ့ဘုရားရဲ့ စိတ်ချ တွယ်ရာ သားသမီးတွေဖြစ်နေလို့ ဖြစ်တယ်။ ထောင်ပေါင်းများစွာသော ခရစ်ယာန်တွေ ကို နေ့စဉ်စာတန်က ချယ်လှယ်နေတယ်။ အခြေအနေအရ ဓားစာခံတွေဖြစ်လာကြ တယ်။ လူတွေအနိုင်ကျင့်ခံရတယ်။ လွဲမှားတဲ့ ခံယူချက်တွေနောက် ပါသွားကြတယ်။ အမှန်မှာ ဒီခရစ်ယာန်တွေဟာ သူတို့ခရစ်တော်၌ဘယ်သူဘယ်ဝါဖြစ်တာသိရင် ရဲဝင့်စွာ

လျှောက်လှမ်းသွားလာကြမယ်။ နှိမ့်ချစွာနဲ့ စိတ်ချလက်ချအသက်ရှင်လာတဲ့အခါ “ငါ ဘယ်သူလည်းဆိုတာ ငါသိတယ်။ ဒါကြောင့်စာတန် မင်းဒါတွေငါ့ကိုလုပ်လို့မရဘူး”လို့ ပြောလိုက်ရုံပါပဲ။

ကျွန်တော်ဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်မှာ အဖြေရှာတဲ့အ ခါ ဝိညာဉ်ရေးရာနဲ့ ပတ်သက်ပြီးတော့ အသိတရားတွေ ဝင်လာတယ်။ ဧဖက်သြဝါဒစာ ပါ။ ဟာ သက်ဝင်လှုပ်ရှားလာတယ်။ အောက်ပါကျမ်းစကားများကို ဧ၊၆း၁ဝ-၂ဝမှာကြည့်

ကြွင်းသေးသော စကားဟူမူကား ညီအစ်တို့၊ သခင်ဘုရားအား ဖြင့်၄င်း၊ တန်ခိုးတော်အရှင်အားဖြင့်၄င်း၊ ခိုင်ခံ့ခြင်းရှိကြလော့။ မာရ်နတ်၏ ပရိ ယယ် တို့ကို ဆီးတားနိုင် မည် အကြောင်း၊ ဘု ရားသခင်ပြင်ဆင်တော်မူသော လက်နက်စုံကို ဝတ်ဆောင်ကြလော့။ အကြောင်းမူကား ငါတို့သည် အသွေးအသား ၊ ရှိသော ရန်သူတို့ နှင့် ဆိုင်ပြိုင်တိုက်လှန်ရကြမည်မဟုတ်။ အထွဋ်အမြတ်တို့နှင့်၄င်း၊ အာဏာစက်တို့ နှင့်၄င်း၊ လောကီမှောင်မိုက်၌ အဆိုးတစ်ရပ်ပြုလုပ်သော မင်းတို့နှင့် ၄င်း၊ မိုယ် ကောင်းကင်၌နေသော နတ်ဆိုးတို့နှင့်၄င်း၊ ဆိုင်ပြိုင်တိုက် လှန်ကြရ၏။

ထို့ကြောင့် ခဲယဉ်းဆိုးယုတ်သောနေ့ရက်ကာလ၌ ဆီးတားနိုင် ၊

သဖြင့် ကိစ္စအလုံးစုံတို့ကို ပြီးစီး၍ခံရနိုင်မည်အကြောင်း၊ ဘုရားသခင်ပြင်ဆင်တော် မူသော လက်နက်စုံကို ယူဆောင်ကြလော့။ သစ္စာတည်းဟူသော ခါးပန်းကို စည်း လျက်၊ ဖြောင့် မတ်ခြင်းပါရမီတည်းဟူသော ရင်အုပ်တန်ဆာကို ဝတ်ဆင်လျက်၊ ငြိမ်သက်ခြင်းနှင့် ယှဉ်သော ဧဝံဂေလိတရားကို ဟောပြောအံ့သောငှါပြင်ဆင်သော အဖြစ်တည်းဟူသော ခြေ စွပ်ကို စွပ်လျက်ခံရပ်ကြလော့။ မာရ်နတ်ပစ်ခတ်သော မီးစက်လက်နက်ကို ကာသတ်နိုင် သောယုံကြည်ခြင်းတည်းဟူသော လွှားကိုလည်း ခပ်သိမ်းသောလက်နက်တို့အပေါ်မှာ ထပ်ဆင့်၍ယူဆောင်ကြလော့။ ကယ်တင်ခြင်း တည်းဟူသော သံခမောက်လုံးကို၄င်း၊ ဘုရားသခင်၏ နှုတ်ကပါတ်တည်းဟူသော ဝိညာဉ်တော်၏ ထားကို ၄င်းယူဆောင်ကြ လော့။ ကာလအစဉ်စိတ်နှလုံးပါလျက် ဆုတောင်းပဌာနပြုခြင်းအမျိုးမျိုးတို့ဖြင့် ဆုတောင်းကြလော့။ ထိုသို့ဆုတောင်း ခြင်းငှာ အားမလျော့ဘဲလျက်၊ ငါမှစ၍ သန့်ရှင်းသူ အပေါင်းတို့အဖို့ဆုတောင်းလျက် စောင့်ရှောက်ကြလော့။ ။

ငါသည် ဧဝံဂေလိတရားကြောင့် သံကြိုးနှင့် ချည်နှောင်ခြင်းကိုခံ လျက်၊ သံတမန်အမှုကို ပြုရသည်ဖြစ်၍ ထိုတရား၏ နက်နဲသောအရာကို ဘော်ပြ ခြင်းငှာ ငါသည် နှုတ်ကို ရဲရင့်စွာဖွင့်လှစ်ခြင်း အခွင့် ရှိမည်အကြောင်းကို၄င်း၊ ထိုတရားကို ဟော ပြောအပ်သည်နှင့် အညီ၊ ရဲရင့်စွာ ဟောပြောမည်အကြောင်းကို ၄င်း၊ ငါ့အဘို့လည်း ဆုတောင်းကြလော့။ ။

ဧ၊ ၆း၁၀တွင် သခင်ဘုရားအားဖြင့် ခိုင်ခံ့ခြင်းရှိကြလော့ဟု ဖော်ပြ ထားသည်။ “ကြွင်းသေးသောစကားဟူမူကား”လို့ သုံးစွဲထားတဲ့ အဓိပ္ပါယ်ကတော့ “သခင်ဘုရား၌ ခိုင်ခံ့ခြင်း”သည် ဝိညာဉ်ရေးရာတိုက်ပွဲ အဆင့်ဆင့်တွင် နောက်ဆုံး

သော လိုအပ်ချက်ဖြစ်ကြောင်း ဖော်ပြထားတယ်။ ကြွင်းသေးသော စကားလို့ပြောလိုက် တာက၊ ဖော်ပြမည်အရာတွေဟာ ဧဖက်သြဝါဒစာရဲ့ အရေးကြီးဆုံးတွေပဲလို့ ပြော လိုက်ခြင်းပဲဖြစ်တယ်။ သခင်ဘုရား၌ ခိုင်ခံဖို့ တမန်တော်ရှင်ပေါလုက အခြေခံမူများ ကို ချပြထားပါတယ်။ “ကြွင်းသေးသော စကားနဲ့ ” “ခိုင်ခံ့ခြင်း” ဆိုတဲ့ စကားနှစ်လုံးကို နားလည်သဘောပေါက်ချင်ရင် ဧဖက်သြဝါဒစာမှာ ချမှတ်ထားတဲ့ အခြေခံမူအားလုံးကို သဘောပေါက်ထားဖို့လိုတယ်။

ဆရာကြီး ဝတ်(ချ်)မင်နီဟာ ဧဖက်သြဝါဒကို အနက်ဖွင့်ကျမ်းရေးခဲ့ ပါတယ်။ ခေါင်းစဉ်ကတော့ “ထိုင်ပါ…လျှောက်ပါ… ရပ်ပါ”လို့ ခေါင်းစဉ်တပ်ထား တယ်။ ဒီခေါင်းစဉ်ကိုပ်ယူပြီး ဧဖက်သြဝါဒစာရဲ့ အခြေခံသတင်းစကားကို ကျွန်တော်ဖော်ပြပါမယ်။ ရှင်ပေါလုဟာ ခရစ်ယာန်အသက်ရှင်မှုအတွက် အခြေခံအုတ် မြစ်သုံးခုချခဲ့တယ်။ “ထိုင်ပါ…လျှောက်ပါ… ရပ်ပါ”ဆိုတဲ့ အုတ်မြစ်ပါပဲ။

ထိုင်

ဧဖက်သြဝါဒစာ အခန်းကြီး ၁မှ၃ကို ကြည့်ရင် ကျွန်ုပ်တို့ခရစ်တော်၌ ရှိခြင်းကို ဖော်ပြထားတယ်။ ဘုရားသခင်နဲ့ ဆက်သွယ်နေပုံကို ဖော်ပြထားတယ်။ ဘုရား သခင်ဟာ မိမိသားသမီးတွေကို ခွင့်လွှတ်တယ်။ ရန်ငြိမ်းခြင်းအမှုကို ပြုတယ်။ ဒီအခန်း ကြီးသုံးခန်းမှာ ဘုရားသခင်ရဲ့ပြုတော်မူသာ ကျေးဇူးတော်ကြောင့် ကျွန်ုပ်တို့ဟာ ဘယ် သူတွေဖြစ်တယ်ဆိုတဲ့ ကြေညာစာတမ်းတွေပဲ။ ဘုရားသခင်ဟာ ကျွန်ုပ်တို့ကို ဝိညာဉ် ဆုကျေးဇူးတွေ ချပေးတယ်။ ကမ္ဘာမတည်မီကပင် ကျွန်ုပ်တို့ကို ရွေးကောက်ထားတာကို ဖော်ပြထားတယ်။ ဘုရားသခင်ဟာ ရှေးမဆွက ခွဲခန့်မှတ်သားတယ်။ ခရစ်တော်အား ဖြင့် အမွေခံဖြစ်ကြတယ်။ ကျွန်ုပ်တို့အပေါ်မှာ ကျေးဇူးတော်အပေါင်း ချပေးသနားတော် မူတယ်။ သားတော်၏အသွေးတော်အားဖြင့် အပြစ်လွှတ်တော်မူခြင်းတည်းဟူသော ရွေး နှုတ်တော်မူခြင်းကျေးဇူးကို ခံကြရတယ်။ ဘုရားသခင်ဟာ စေတနာတော်နှင့် လျှော်ညီ

သောအလိုတော်၏ နက်နဲသောအရာကို ငါတို့အားပြတော်မူ၏လို့ ဖော်ပြထားတယ်။ ငါတို့သည် ထိုခရစ်တော်အားဖြင့် အမွေခံဖြစ်ကြတယ်။ ဝိညာဉ်တော်ရဲ့ တံဆိပ်ခတ်ခြင်း ခံရတယ်။ ကျွန်ုပ်တို့ဟာ သေသောသူများဖြစ်ကြသော်လည်း ခရစ်တော်နှင့် အတူပြန် ရှင်ခွင့်ပေးတယ်လို့ ဖော်ပြထားတယ်။ အပြစ်တွေကိုလွှတ်တယ်။ ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းအခွင့်ကိုရတယ်။ အလုပ်လုပ်ယူလို့မရပါ။ ဒါကြောင့် ဝါကြွားစရာအ

ကြောင်းမရှိပါ။ တစ်ချိန်က ဝေးခဲ့ရတယ်။ ယခုတော့ အသွေးတော်အားဖြင့်သာ ဘုရား သခင်နဲ့ နီးကပ်တဲ့ အခွင့်ကိုရကြတယ်။ ခရစ်တော်ဟာ ကျွန်ုပ်တို့ရဲ့ ငြိမ်သက်ခြင်းပါပဲ။ ခရစ်တော်အားဖြင့် ဝိညာဉ်တော်ကြောင့် ခမည်းတော်ထံရောက်ကြရမယ်။ သူစိမ်းတွေ မဟုတ်တော့ဘူး။ ကောင်းကင်နိုင်ငံသားတွေဖြစ်တယ်။ ဘုရားသခင်ရဲ့ အိမ်သားတွေ ဖြစ်ခွင့်ရပြီ။

ဒါတွေဟာ ကျွန်ုပ်တို့ ဘယ်သူတွေဖြစ်တယ်ဆိုတဲ့ အကြောင်းပဲ။ ဘုရားသခင်ထံက ကြီးမားတဲ့ အခွင့်အရေးတွေ ခံစားရတဲ့ ယုံကြည်သူတွေဖြစ်တယ်။ တဖြည်းဖြည်းနဲ့ ဘုရားသခင်နဲ့နီးကပ်လာတဲ့အခါ “ကောင်းကင်အရပ်၌ နေရာပေးတော် မူပြီ” လို့ ဖော်ပြထားတယ်။ ဒါဟာ ယုံဖို့တောင် တော်တော်ခက်တယ်။ ဒါပေမဲ့ ဘုရားက

တော့ ကြေညာလိုက်တာပဲ။ ဧဖက်သြဝါဒစာကို ဖတ်လိုက်ရင် တုန်လှုပ်ခြောက်ခြားမှု နဲ့ကင်းတဲ့ ယုံကြည်စိတ်ချမှုကို ခံစားရတယ်။ ဒါပေမဲ့ ကျမ်းစကားတွေသိရုံနဲ့ မလုံ

လောက်သေးဘူး။ ခရစ်ယာန်ဘာသာဆိုတာ ကဏ္ဍတစ်ခုထဲမဟုတ်ဘူး။ စာရွက်တစ် ရွက်ပေါ်မှာ ရေးထားတဲ့ ယုံကြည်ချက်တွေကို ယုံတယ်ဆိုရုံလောက်နဲ့ မပြီးပါဘူး။ ကျွန်ုပ်တို့ယုံကြည်ချက်တွေအပေါ်မှာ အသက်ရှင်ပြသရမယ်။ ဒီသမ္မာတရားတွေကို ရင်မှာပိုက်ပြီးတော့ ကျင့်သုံးရမယ်။ ဘုရားသခင်နဲ့အတူ ရှိရမယ်။ တစ်လုံးတစ်ဝတည်း

ဖြစ်နေရမယ်။

ဘုရားသခင်နဲ့အတူရှိတယ်။ ထိုင်နေတယ်ဆိုရင် သုံးချက်နဲ့ညီရမယ်။ စိုးမိုးနေမှုရှိရမယ်။ ရော၊ ၅း၁၇ ကိုကြည့်ရင် ကျေးဇူးတော်ကြွယ်ဝခြင်းကို လည်း

ကောင်း ဖြောင့်မတ်ရာသို့ သွင်းပေးတော်မူခြင်းကိုလည်းကောင်း ခံရသောသူတို့ သည် တစ် ယောက်သောသူတည်းဟူသော ယေရှုခရစ်အားဖြင့် အသက်ရှင်လျက် သာ၍စိုးစံရကြလတံ့လို့ပါရှိတယ်။ ကျွန်ုပ်တို့ လောကမှာစိုးစံနေဖို့ ဖြစ်တယ်။ ကျွန်ုပ်တို့ မေးကြည့်ကြပါ။ ကျွန်ုပ်တို့ စိုးစံနေကြပါသလား? ကျွန်ုပ်တို့ ဝန်းကျင်မှာ ကျွန်ခံနေ သလား? ရန်သူ ရဲ့ တိုက်ခိုက်ခြင်းကို ခံနေရပါသလား?

ဘုရားသခင်နဲ့အတူ ထိုင်နေတယ်ဆိုရင် လုပ်ငန်းပြီးမြောက်ခြင်း အ မိပ္ပါယ်ရတယ်။ အလုပ်ပြီးရင် ထိုင်နေကြတာပဲ။ ဧဖက်သြဝါဒစာကို ကြည့်ရင် ဘုရား သခင်က ကျွန်ုပ်တို့ဖြစ်သင့်ဖြစ်ထိုက်တဲ့အရာတွေအတွက် လုပ်ခဲ့ပြီးပြီလို့ ပြောနေတယ်။ အလုပ်ပြီးပြီလေ။ ခရစ်တော်ဟာ အပြစ်အတွက် ကိုယ်စားခံယူခဲ့ပြီးပြီ။ စာတန်ကိုလည်း

အောင်ပွဲခံပြီးပြီ။ အထွဋ်အမြတ်၊ အာဏာစက်တွေကိုလည်း ဆိုင်ပြိုင်တိုက်လှန်ခဲ့ပြီးပြီ။ ခရစ်တော်ဟာ ဘုရင်တကာတို့ရဲ့ ဘုရင်အဖြစ် စိုးမိုးနေတယ်။ ခရစ်တော်ဟာ ထိုက် ထိုက်တန်တန် ခမည်းတော်ရဲ့ လက်ျာတော်ဘက်မှာ ထိုင်နေတယ်။ ကျွန်ုပ်တို့အတန်တန် ခမည်းတော်ရဲ့ ဘုရင်အဖြစ် စိုးမိုးနေတယ်။ ကျွန်ုပ်တို့အတွက်လည်း နေရာပေးထား တယ်။ ကယ်တင်ရှင်သခင်ခရစ်တော်က အောင်ပွဲခံပြီးတော့ နေရာပေးတယ်။ အဲဒီနေ ရာမှာကျွန်ုပ်တို့ ထိုင်နေဘို့ဘဲ။ ကော၊ ၂း၁ဝမှာကြည့်ရင် ကယ်တင်ခြင်းရပြီးပြီ။ ရန်သူ အပေါ် အာဏာတန်ခိုးနဲ့ အောင်ပွဲခံပြီးပါပြီ။

နောက်ဆုံး အတူတကွ ထိုင်နေတယ်ဆိုတာ အနားယူနေတာပါပဲ။ အလုပ်ပြီးလို့ နားတာဖြစ်တယ်။ ပြီးမြောက်တဲ့ ခရစ်တော်ရဲ့ လုပ်ငန်းကို ဖျက်သိမ်းလို့ မရဘူးဆိုတာ ကျွန်ုပ်တို့ သဘောပေါက်တဲ့အတွက် စိတ်ချလက်ချထိုင်နေတယ်။ ဘုရား သခင်ရဲ့ တန်ခိုးတော်နဲ့ ပတ်စည်းခြင်းခံရတာကို သိတဲ့ ခရစ်ယာန်တွေများများ လိုနေ တယ်။ ကယ်တင်ခြင်းစိတ်ချရပြီလို့ သိတဲ့ခရစ်ယာန်တွေ၊ ခရစ်တော်မှာ လုံခြုံနေပြီလို့ သိတဲ့ခရစ်ယာန်တွေဟာ ကောင်းကင်အရပ်မှာ နေရာရကြပါပြီ (ဧ၊ ၂း၆)။

လျှောက်လှမ်းခြင်း

ဧဖက်၊ ၄း၁-၉ဟာ ဒုတိယပိုင်းဖြစ်တယ်။ ရှင်ပေါလုက ယုံကြည်သူ တစ်ဦးရဲ့ တာဝန်ဝတ္တရားတွေ ဖော်ပြထားတယ်။ ထိုသူဟာ အလိုတော်နဲ့အညီ အသက် ရှင်ရမယ်။ နှုတ်ကပတ်တော်နဲ့လည်း အသက်ရှင်ဖို့ တာဝန်ရှိတယ်။ ဘုရားသခင်နဲ့ အတူ ထိုင်နေတယ်။ လုံခြုံမှုရတယ်ဆိုတာ ခရစ်ယာန်အသက်တာရဲ့ အပိုင်းတစ်ပိုင်းဖြစ်တယ်။

ခရစ်‌တော်နဲ့ထိုင်မယ်။ တစ်လုံးတဝတည်းရှိပြီဆိုရင်ဖြင့် ကိုယ်ကိုယ်ကို ဘယ်သူလည်း ဆိုတာသိပါပြီ။ ခရစ်တော်ရဲ့ ပြုတော်မူခဲ့သော လုပ်ငန်းအကျိုးကိုသိတယ်။ ခံစားခွင့် လည်းရတယ်။ ပြီးရင် အသက်တာမှာ လျှောက်လှမ်းရတော့မယ်။

ကျွန်ုပ်တို့ရဲ့ အသက်ရှင်မှုဟာ တစ်နေရာမှာရပ်မနေဘူး။ သွားလာ လှုပ်ရှားနေတယ်။ အသက်ရှင်မှုနဲ့ ပြည့်စုံတယ်။ လုပ်ငန်းဆောင်တာတွေ အများကြီးလုပ် ကြရတယ်။ အချိန်နဲ့အသက်ရှင်သလို ကဏ္ဍအသီးသီးမှလည်း ပါဝင်ကြရတယ်။ မနက် ဆိုရင် အိပ်ရာကထတယ်။ ပြီးတာနဲ့ တစ်ခုခုတော့လုပ်ကြတယ်။ ပြီးတော့ အသီးသီးတဲ့ အသက်တာမှာ အသက်ရှင်ကြတယ်။ တစ်ရက်၊ တစ်ချိန်၊ ဆုံးဖြတ်ချက်တစ်ခု၊ အလုပ် တစ်ခုဆိုသလို စီတန်းနေတယ်။ အဲဒီပုံစံနဲ့ တနင်္လာနေ့ကြစတယ်၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာတစ်ရက်ပြီးတစ်ရက် .. ။

ကျမ်းစာကပြောတယ်။ “အဘယ်သူမျှ ဝါကြွားစရာအခွင့်မရှိ။ အ လုပ်နဲ့ ဝါကြွမှုမရှိစေရ” (ဧ၊ ၂း၉)။ ။

ခေါ်တော်မူခြင်း ကျေးဇူးတော်ကို သင်တို့သည် ခံရသည်နှင့်အထိုက် အ

လျှောက် ကျင့်ဆောင်ရမယ်လို့ ဆိုပြန်တယ်။ (ဧ၊ ၄း၁) လှည့်ဖြားတတ်သော လောဘစိတ်တို့ဖြင့် ပုပ်ပျက်သော လူဟောင်း ကို ချွတ်ပယ်၍ စိတ်နှလုံးသစ်ကို ရယူဖို့ဖြစ်တယ်။ (ဧ၊ ၄:၂၂) ၊ အမျက်မပြေဘဲနေမဝင်စေနဲ့၊ (ဧ၊ ၄း၂၇) ညစ်ညူးသောစကားတစ်ခွန်းကိုမျှ သင်တို့နှုတ်ထဲကမထွက်စေနှင့်။ (ဧ၊၄း၂၉) ၊ ခပ်သိမ်းသောစိတ်တိုခြင်း ………….သင်တို့မှပယ်ရှားကြလော့ (ဧ၊ ၄း၃၁) .

သမ္မာကျမ်းစာက အသက်ရှင်မှုမှာ လက်တွေ့လျှောက်လှမ်းစေ တယ်။ တာဝန်ရှိရှိ အသက်ရှင်ကြရတယ်။ ခေတ်အဆက်ဆက် ခရစ်ယာန်တွေဟာ ဓမ္မ

ကြောင်းတွေပေါ်မှာ အငြင်းပွားနေကြတယ်။ ယနေ့တိုင်အောင်ပဲ။ တစ်ဘက်ကပြော တယ်။ “မင်းတို့အလုပ်လုပ်နေကြပါလား။ မင်းတို့ရဲ့ လုပ်ဆောင်မှုတွေပြုပြီး ခရစ်တော် မှာရှိတာတွေကို တောင်းဆိုနေကြပါလား။ အခြားတစ်ဘက်အုပ်စုက ပြန်ပြောတယ်။ “မင်းတို့ဟာတာဝန်မဲ့တဲ့ လူတွေပဲ။ နေ့စဉ်နဲ့အမျှ အလုပ်ဆိုတာ မင်းတို့မလုပ်ကြဘူး”လို့ ပြန်ပြောတယ်။

ကျွန်ုပ်တို့အငြင်းပွားနေကြဖို့ မဟုတ်ပါ။ နှစ်ဘက်စလုံးကလည်း သူ ဟာနဲ့သူ မှန်နေကြတာပဲ။ ခရစ်ယာန်အသက်တာရဲ့ ကဏ္ဍကြီးနှစ်ခုကို ထင်ဟပ်ဖော်ပြ နေခြင်းသာဖြစ်ပါတယ်။ အပြစ်လွှတ်ခြင်းတရားနဲ့ ကယ်တင်ခြင်းဆုကျေးဇူးကိုတော့ လူကလုပ်ယူလို့မရပါဘူး။ ခရစ်တော် ကားတိုင်ပေါ်မှာ လုပ်ဆောင်ခဲ့တာတွေအပေါ် ကျွန်ုပ်တို့က ထပ်မံပေါင်းစပ်ပေးလို့လည်း မရပါဘူး။ ခရစ်တော်လုပ်စရာရှိတာတွေ

သူလုပ်ခဲ့ပြီးပါပြီ။ ကျွန်ုပ်တို့ လုပ်အားကောင်းမှုကုသိုလ်နဲ့ ငြင်းပယ်ဖို့ပဲရှိတယ်။ ကျွန်ုပ် လုပ်သားကောင်းမှုကုသိုလ်နဲ့ ခရစ်တော်လက်ခံဖို့ ဝင်ခွင့်ပေးဖို့တောင်းဆိုလို့မရပါ ဘုရားသခင်ရဲ့ လုပ်ငန်းတော်မြတ် ပိုမိုပြည့်စုံအောင် လူကဖြည့်ဆည်းပေးလို့ မရပါ။ လူက ဘုရားသခင် ထံတော်ပါးမှာ ထိုင်နေလိုက်ရုံပါပဲ။

ကျွန်ုပ်တို့ ခရစ်တော်မှာနေရာရပြီဆိုရင် ခရစ်တော်ချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း လိုက်လျှောက်ကြရတော့မယ်။ ကျွန်ုပ်တို့မှာရှိတဲ့ အစွမ်းသတ္တိနဲ့ ဘုရား သခင်ကို အစေခံဖို့ တာဝန်ရှိတယ်။ နာခံဖို့ အလင်းမှာသွားလာဖို့၊ ဝိညာဉ်တော်နဲ့ အသက် ရှင်ဖို့လည်း တာဝန်ရှိတယ်။ ဘုရားသခင်ပြုတော်မူသော ကျေးဇူးတော်ကြောင့် ကောင်း ကင်အရပ်၌ နေရာရပြီဆိုသော်လည်း ခရစ်တော်နှင့်အတူ တာဝန်ရှိရှိ လုပ်ဆောင်ရမယ်။ အသက်ရှင်ကြရမယ်။ လျှောက်လှမ်းကြရမယ်။

မတ်တပ်ရပ်ခြင်း

ဧ၊ ၆း၁ဝ-၂ဝ အခန်းကိုရောက်ပါပြီ။ ဧဖက်သြဝါဒရဲ့ မတ်တပ်ရပ် ခြင်း (ဝါ) တိုက်လှန်ခြင်းအခန်းပဲဖြစ်တယ်။ နောက်ဆုံး၊ အပိုင်းဖြစ်တယ်။ ရန်သူကို တိုက်လှန်ဖို့ ညွှန်ပြထားတယ်။ ကယ်တင်ခြင်းမှာ လုံခြုံမှုမရှိဘဲနဲ့တော့ အမှောင်တန်ခိုး တွေကို စိတ်ချလက်ချ၊ ပိုင်ပိုင်နိုင်နိုင် မတိုက်ခိုက်နိုင်ပါဘူး။ ဘုရားသခင်၌ ထိုင်နေသူ၊ ခရစ်တော်၌ရှိနေသူ၊ ဘုရားသခင်ရဲ့ ကျေးဇူးတော်အပေါင်းကို ခံစားနေပြီး ရှုံးနိမ့်မှုနှင့် ကင်းဝေးနေသူဖြစ်ရမယ်။ ဘုရားသခင်နဲ့အတူ စိတ်ချလက်ချလျှောက်လှမ်းနေသူ မဟုတ်ခဲ့လျှင် ရန်သူကိုအောင်ပွဲခံဖို့ရန် ခဲယဉ်းသွားပါလိမ့်မယ်။ ။

တစ်ခါတစ်ရံ ကျွန်ုပ်တို့ နောက်ကိုတွန်းလှန်ခြင်းကို ခံတတ်တယ်။ ကျွန်ုပ်တို့ ကယ်တင်ခြင်းရတော့ အေးအေးဆေးဆေး နေလိုက်တဲ့အခါတွေ၊ ခရစ်တော်၌ လုံခြုံပြီဆိုပြီး သက်တောင့်သက်သာနေခဲ့တာတွေရှိတော့ အမှတ်တမဲ့ဖြစ်နေတဲ့ အချိန် တွေရှိတယ်။ သင်သည် လုံခြုံရေးကို စိတ်ချလက်ချရမရ။ ဆန်းစစ်ပါ။ စိတ်နှလုံးတံခါးကို ဖွင့်ပြီးတော့ဘုရားသခင်ပေးသမျှအရာတွေ ရမရ ဧဖက်၊၁မှ၃ကို စေ့စေ့ကြည့်ပါ။ ဘုရား သခင်ရဲ့ သမ္မာတရားဟာ သင့်နှလုံးသားထဲမှာ နှစ်မြုပ်ပြီးတော့ အမြစ်စွဲပြီဆိုရင်တော့ ရပါတယ်။ ထိုင်ပါ။ သက်တောင့်သက်သာပဲနေပါ။ ရပါတယ်။ ။

တဘက်ကိုကြည့်ရင် တာဝန်ရှိရှိနေ့စဉ် လျှောက်လှမ်းမှုကို မစဉ်းစား ဘူးဆိုရင် သင်သည်ဧဖက် ၃-၄ကို ကြည့်ပါ။ နှလုံးသွင်းပါ။ အလိုတော်နှင့်အညီ သင် သည်တာဝန်ရှိရှိ အသက်ရှင်ဘို့ အရေးကြီးတယ်။ ။

ဘုရားသခင်က လူဟောင်းကိုချွတ်ပယ်၍ လူသစ်ကို ယူတင်ဝတ် ဆောင်ဖို့ ပြောနေတယ်။ သင်အင်္ကျီဝတ်တယ်၊ ချွတ်တယ်မဟုတ်ပါလား? ဒီအတိုင်းဘဲ

ပေါ့။ ဒါဟာ တာဝန်ရှိရှိ လုပ်တာဘဲ။ ပြင်ပလောကမှာတောင် ဒီလိုစနစ်တကျ အသက် ရှင်နိုင်သေးတာဘဲ။ မနက်ဆိုရင် သွားကိုမှန်မှန်တိုက်တယ်။ မော်တော်ကားကို ဆီလဲ၊ တယ်။ နေ့စဉ် အသက်ရှင်တဲ့အခါလည်း ဒီလိုဘဲ။ လူသစ်ကို ယူတင်ပြီးမှ အသက်ရှင်ပါ။ မှန်ကန်စွာ ရွေးချယ်ပါ။ ဒါဟာ အလုပ်လုပ်နေတာမဟုတ်ဘူး။ ဘုရားသခင်ကို မှန်ကန် စွာ တုန့်ပြန်တော့တာဘဲ။ ဘုရားသခင်ပြုတော်မူသော ကျေးဇူးတော်ကို တုန့်ပြန်ရတယ်။

ကျွန်ုပ်တို့ ကယ်တင်ခြင်းရဘို့ လုပ်ယူလို့တော့မရဘူး။ ဒါဟာ ကျေး ဇူးတော်သက်သက်ဘဲ။ ဒီဆုကျေးဇူးကို ရပြီဆိုရင်၊ ဘုရားသခင်ရှေ့တော်မှောက်မှာ စိတ် ထားမှန်ကန်နေရမယ်။ ၁ယော၊ ၃း၂၁-၂၂မှာ ကြည့်ရင် “ကိုယ်စိတ်နှလုံးသည် ကိုယ်ကို အပြစ်မတင်လျှင်၊ ဘုရားသခင်ရှေ့တော်၌ ရဲရင့်ရသောအခွင့်ရှိကြ၏။ ငါတို့သည် ပညတ် တော်တို့ကို စောင့်ရှောက်၍ နှစ်သက်တော်မူသော အကျင့်တို့ကို ကျင့်သောကြောင့် ” လို့ပါရှိတယ်။ အဲဒီတော့မှ ရန်သူကိုဆိုင်ပြိုင်တိုက်လှန်ဖို့ အဆင်သင့်ဖြစ်မယ်။

သင့်ဘဝအသက်တာမှာ ကယ်တင်ခြင်း စိတ်ချပြီဆိုရင် ခေါ်တော်မူ ခြင်းနဲ့ဆိုင်တဲ့ အသက်ရှင်မှုအတိုင်း အသက်ရှင်တော့မယ် (နေ့စဉ်ပေးအပ်ထားတဲ့ `တာဝန်ဝတ္တရားတွေလည်း ကျေပြွန်ပါစေ)။ အဲဒီတော့မှ စိတ်ချလက်ချ စာတန်ကို ပိုင်ပိုင် ၊ နိုင်အောင် တွန်းလှန်နိုင်မယ်။ သင်အဆင်သင့်ဖြစ်ဘို့ဘဲ လိုတယ်။ အဆင်သင့်ဖြစ်ရင် တိုက်

လှန်ပါ။

ကြည့်ရတာ ကျွန်ုပ်တို့ဘာဂျွမ်းအတတ်ကို ကျွမ်းကျင်တဲ့လူလိုပါဘဲ။ မှန်ပါတယ်။ ကျွန်ုပ်တို့အရင် “ထိုင်” ရမယ်။ “လျှောက်လှမ်း”ရမယ်။ “တိုက်လှန်” ကြရမယ်။ အဆင်သင့်ဖြစ်မှသာ အမှောင်ထုကို အောင်နိုင်မယ်။ ကျွန်ုပ်တို့ “သခင်ဘုရား အားဖြင့် ၄င်း၊ တန်ခိုးတော်အရှိန်အားဖြင့်၄င်း၊ ခိုင်ခံ့ခြင်းရှိမယ်”။ ဝိညာဉ်ရေးရာ တိုက်ပွဲ အတွက် အဆင်သင့်ဖြစ်နေပါပြီ။

အခန်း(၃)

သင့်ရန်သူ့ကိုသင်သိပါ Knowing Your Enemy

ဧ၊ ၆း၁၂မှာ ငါတို့သည် အသွေးအသားရှိသော ရန်သူတို့နှင့် ဆိုင် ပြိုင် တိုက်လှန်ကြရသည်မဟုတ်။ အထွဋ်အမြတ်တို့နှင့်၄င်း၊ အာဏာစက်တို့နှင့်၄င်း၊

လောကီမှောင်မိုက်၌ အစိုးတရပြုလုပ်သော မင်းတို့နှင့်၄င်း၊ မိုယ်ကောင်းကင်၌ နေသော နတ်ဆိုး တို့နှင့်၄င်း၊ ဆိုင်ပြိုင်တိုက်လှန်ရကြ၏လို့ ဖော်ပြထားတယ်။

စစ်သားကောင်းမှန်ရင် အပြည့်အစုံပြင်ဆင်ပြီးမှ စစ်မြေပြင်ကို သွား တယ်။ ရန်သူကို တိုက်လှန်ဘို့ အပြည့်အစုံ လက်နက်တွေ တပ်ဆင်ထားတာမကပါဘူး စစ်မြေပြင်ရောက်ရင် ဘာကိုရင်ဆိုင်ရမှာကို သိတယ်။ အရေးကြီးတာကတော့ ရန်သူရဲ့ သဘောသဘဝကို သိတယ်။ ဘယ်လိုတိုက်ရမှာကိုလည်း သိတယ်။ ဒ၊၆း၁၂ ကျမ်းစကား ကို ဂျိန်းဘုရင်ကျမ်းစာအုပ်ကိုကြည့်ရင် ဆိုင်ပြိုင်တိုက်လှန်ခြင်းကို နပန်းသတ်တယ်လို့ ရေးထားတယ်။ ရှင်ပေါလုခေတ်က နပန်းသတ်ပွဲတွေ အလွန်ခေတ်စားတယ်။ ဒါကြောင့် ပေါလုက ဒီအသုံးအနှုန်းကို ယူထားတာ။ ဝိညာဉ်ရေးရာတိုက်ပွဲနဲ့ လူတွေနပန်းသတ်ပွဲ မှာ ဆင်တူရိုးမှားတွေရှိတယ်။

။ နပန်းသတ်ပွဲဟာ အခြားအားကစားနဲ့ မတူတာက နားချိန်မပေးဘူး။ တစ်ပွဲစလိုက်တာနဲ့ နပန်းပွဲဆိုတာ ပြင်းပြင်းထန်ထန် အာရုံစူးစိုက်မှု ရှိရတယ်။ စိတ်ကို စူးစိုက်ထားရတယ်။ ကြွက်သားတွေက တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေရမယ်။ စိတ်

လျှော့လိုက်တာနဲ့ ချက်ချင်းဆိုသလို ရန်သူကို အောင်ပွဲခံစေသလို ဖြစ်သွားနိုင်တယ်။ မရှုံးသည့်တိုင်အောင် မိမိရတဲ့ အခွင့်အရေးတွေ ဆုံးရှုံးသွားနိုင်တယ်။

နပန်းသတ်ပွဲလိုဘဲ ဝိညာဉ်ရေးရာတိုက်ပွဲဟာလည်း အမှားမခံဘူး။ တည်ငြိမ်မှု အမြဲရှိနေရမယ်။ ကျွန်ုပ်အရေးကြီးတာတစ်ခု ပြောပါလို့ဆိုရင်၊ ဒီလိုတိုက်ပွဲ မျိုးဟာ တစ်ချိန်လုံးရှိနေတယ်လို့ ပြောချင်တယ်။ တိုက်ပွဲဟာ တစ်ရက်(၂၄)နာရီ၊ တစ် ပါတ်(ရ)ရက်၊ တစ်နှစ်(၅၂)ပါတ်ဘဲ။ စာတန်ဟာ စနေနေ့ည၊ တနင်္လာနေ့မနက် မနား ဘူး။ ဖျားလို့ နားတယ်ဆိုတာမရှိဘူး။ စာတန်ဟာ မနားမနေ ကျွန်ုပ်တို့ရဲ့ ဘုရားသခင် လုပ်ငန်းကော်မြတ် ဆောင်ရွက်မှုတွေကို ပျက်ပြားစေတယ်။

တိုက်ပွဲဟာ အဆက်မပြတ်ဘူးလို့ ပြောရတာဟာ၊ ဘုရားသခင် ပြုခဲ့ သမျှတွေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြရမယ့် သဘောမဟုတ်ပါဘူး။ ကယ်

တင်ခြင်းရဘို့ တိုက်ပွဲမဝင်ရပါဘူး။ ဘုရားသခင်ရဲ့ကျေးဇူးတော်ဟာ အောင်ပွဲနေရာကို ပေးပြီးပါပြီ။ ကယ်တင်ခြင်းဆုကျေးဇူးကို ကာကွယ်နေတာမဟုတ်ဘူး။ ကယ်တင်ခြင်း ရလို့ စာတန်ကို တိုက်ရတာဖြစ်တယ်။

အထက်ကပြောခဲ့သလို ဝိညာဉ်ရေးရာတိုက်ပွဲကို အောင်မြင်တာဟာ စာတန်ရဲ့ လုပ်ရပ်တွေကို သိထားတဲ့အတွက်ကြောင့်ဘဲ ဖြစ်တယ်။ တစ်ချိန်လုံး တိုက်ခိုက် နေတာမျိုးလည်း မဟုတ်ပါဘူး။ ကျွန်ုပ်တို့အသက်တာမှာ မိနစ်တိုင်းလိုလို တိုက်ပွဲဟာ ဆင်နွှဲနေရတာကို သိရှိနေခြင်းဘဲဖြစ်တယ်။

ကျွန်ုပ်တို့ ဒစ်နီခြံကြီးမှာ နေလို့ မရဘူး။

စာတန်ဟာ ဘုရားသခင်ရဲ့ သားသမီးတွေအပေါ်မှာ နိုင်ချက်ရှိတာ ကတော့ သူ့ရဲ့တစ်သတ်မှတ်တည်း ထိုးစစ်ဆင်မှုဘဲ။ ကျွန်ုပ်တို့ကတော့ တစ်သတ်မှတ် တည်းမရှိကြဘူး။ ခရစ်ယာန်တွေ နေထိုင်အသက်ရှင်မှုဟာ မမှန်ဘူး။ တစ်ခါတစ်ရံ ဘုရားဝတ်၌ မွေ့လျော်ကြတယ်။ တစ်ခါတစ်ရံဆိုရင် ဘုရားနဲ့ ကင်းကွာနေကြတယ်။

စာတန် ကျွန်ုပ်တို့ရဲ့ ပျော့ကွက်ဟာကွက်ကို အရင်ကတည်းက သိ တယ်။ ခရစ်ယာန်တွေ ကြေညာသံကို စာတန်ကြားနေရတယ်။ “ ကျွန်ုပ်တော့ ဘုရား နဲ့နီးနီးကပ်ကပ်နေတော့မယ်။ ကျွန်ုပ်ဘုရားအတွက် ကြီးသောအမှုကိုပြုမယ်။ ကမ္ဘာကို

တောင် ပြောင်းလဲစေမယ်နော်”လို့ ကြုံးဝါးနေကြတယ်။ ကျွန်ုပ်တို့ စိတ်ကူးတည့်လို့ ခေတ္တဆက်ကပ်သံတွေကို စာတန်က အထင်မကြီးပါဘူး။ ဇန်နဝါရီလ (၁)ရက်နေ့ဆိုရင် ခရစ်ယာန်တွေ မှန်မှန်ဆုတောင်း၊ ကျမ်းစာဖတ်မယ်လို့ဆုံးဖြတ်ခဲ့ပြီးတော့ ဖေဖေါ်ဝါရီ လ အလယ်လောက်ကျတော့ မေ့ပျောက်သွားကြတာကို စာတန်သိတယ်။ ကျွန်ုပ်တို့ ဘုရားသခင်အပေါ် အလေးအနက် ဆက်ကပ်နေပေမယ့် ကျွန်ုပ်တို့အားလျှော့မယ့်အချိန် ကို စာတန်စောင့်နေတယ်။ စာတန်ကတော့ စိတ်ဓာတ်မကျဘူး။ တစ်ပါတ်၊ တစ်လ၊ တစ်နှစ်လိုသလို စောင့်နေတယ်။

ခရစ်ယာန်တွေ ညည်းညူးသံတွေ သင်ခဏခဏကြားဖူးတယ်မဟုတ် လား။ “အခုတော့ ဘာတွေလုပ်ရကိုင်ရမှန်း မသိတော့ပါဘူး”

“ ငါ့စိတ်တွေ ရှုပ်ထွေးနေပြီ”

“ငါ့ခေါင်းဆောင်တွေ ငါ့အပေါ်မကောင်းကြဘူး။ ငါ့မိတ်ဆွေတွေ လည်း မကောင်းကြဘူး။ ဘုရားသခင်လည်း ကျွန်ုပ်အပေါ်မှာ မကောင်းဘူး”

“ကျွန်ုပ်ဒီလိုအဖြစ်အပျက်တွေ ဒီလိုဘဲခံစားနေရတယ်”

“ကျွန်ုပ်ခဏတော့ စောင့်ကြည့်လိုက်မယ်။ အချိန်ယူပြီး ခေါင်းအေး အေးထားပြီး စဉ်းစားမယ်လေ”

ကျွန်ုပ်တို့အားလုံး တစ်ခြားကမ္ဘာမှာနေရရင် အကောင်းသားဘဲ။ ဒစ်နီခြံကြီးနဲ့တူတဲ့ ကမ္ဘာမှာနေရင် နားနေလို့ရတယ်။ ဖြောင့်မတ်ခြင်းနဲ့ မဖြောင့်မတ် ခြင်းတွေ ဒွန်တွဲ လွန်ဆွဲပွဲတွေက ခဏအနားယူရင် ကောင်းပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီလို လက်တွေ့မှာ နေလို့မရကြဘူး။ ခရစ်ယာန်ဘာသာကနေ ခဏခွင့်ယူလို့ ရတာမျိုးမရှိ ပါဘူး။ ဘုရားသခင်ခဏရပ်ထားပါ။ စာတန်လည်း ခဏရပ်ထားပါလို့ လုပ်ယူလို့မရကြ ပါဘူး။ “ကျွန်ုပ်ခဏအပန်းဖြေနေရင် ဘုရားသခင်ခွင့်ပြုမှာပါ”လို့ ကျွန်ုပ်တို့ ပြောလို့မရ ဘူး မဟုတ်လား? “ဘုရားသခင်ဟာ ကျွန်တော်ဝမ်းနည်းခြင်းတွေ သိတယ်။ ကျွန်တော် အခြေအနေတွေ သိတယ်။ ကျွန်တော့်ခံစားချက်တွေလည်း သိပါတယ်။ ဒီအနာအဆာ တွေ ပပျောက်သွားဖို့တော့ကုစားချိန်ပေးပါတယ်။? အမှန်မှာတော့ ကျွန်ုပ်တို့ ရုန်းကန် နေရတာတွေ နာကြည်းမှုတွေ ကြေကွဲမှုတွေကို ဘုရားသခင်သိပါတယ်။ ဒါပေမဲ့ဘုရား ဟာ ကျွန်ုပ်တို့အောင်မြင်မှုကိုသာ တွေ့ချင်တာ။ ရှုံးနှိမ့်မှုကိုတော့ မမြင်ချင်ဘူး။ ဒါ

ကြောင့် ဘုရားဟာ ကျေးဇူးတော်ပေးပြီး အောင်နိုင်သူဖြစ်စေတယ်။ ဘုရားသခင် ဟာ ကျွန်ုပ်တို့အပေါ် သနားညှာတာမှုနဲ့ ခွင့်လွှတ်မှု ရှိပေမယ့် စာတန်ကတော့ ဘယ်သော အခါမှ ညှာတာမှာ မဟုတ်ဘူးဆိုတာ သိထားပါ။

သူဘယ်လောက်ဆိုးသလဲ ?

ကျွန်ုပ်တို့ အခက်အခဲနဲ့ ကြုံတွေ့နေရတဲ့အခါ စာတန်က မနှောင့် ယှက်ဘူးဆိုရင်တော့ ကောင်းမှာဘဲမဟုတ်လား? အဝေးမှာ ခဏနေရင်ကောင်းမယ်။ ဒါပေမဲ့ ကျွန်တော်ပြောမယ်။ သူမနေဘူး။ စာတန်ဟာ ညစ်သွားတယ်။ ကျွန်တော်တို့ ကျဆင်းချိန်မှာမှ အခွင့်အရေးယူတယ်။ စာတန်သဘောသဘာဝအတိုင်းပါဘဲ။ ကျွန်ုပ်တို့ အားနည်းနေချိန်မှာ ပြင်းပြင်းထန်ထန် နှိပ်စက်လိုတယ်။ ရန်သူကိုတော့ လျော့ပြီးမတွက် ပါနဲ့။ စာတန်ကို အထင်မသေးပါနဲ့။ အလွန်ရက်စက်ကြမ်းကြုတ်တယ်။ ။

စာတန်ဟာ တိုက်ခိုက်ရင် ပြင်းပြင်းထန်ထန် တိုက်ခိုက်တတ်တယ်။ အဘယ်ကြောင့်ဆိုသော် လူကိုအလွန်မုန်းသောကြောင့်ဖြစ်တယ်။ ကျွန်ုပ်တို့ လုံးလုံးပြိုကွဲ ပျက်စီးတာ မြင်ချင်တယ်။ စာတန်မှာ ကောင်းတာ ဘာမှမရှိဘူး။ စာတန်မှာ ကောင်း မြတ်ခြင်း၊ သနားကြင်နာခြင်းဆိုတာ လုံးဝမရှိဘူး။ ဒါဟာ သူ့သဘာဝဘဲ။ ဘယ်တော့မှ လည်း မပြောင်းလဲဘူး။ .

လူအချင်းချင်း နှိပ်စက်ညှင်းဆဲမှု အဆိုးဆုံးကို စဉ်းစားကြည့်ပါ။ န၁ဇီ တွေ မီးလောင်တိုက်ထဲမှာ လူတွေမီးရှို့တာ စဉ်းစားကြည့်ပါ။ လူသား ရေနဲ့မီးစလောင်း လုပ်တာတွေကော၊ လူအချင်းချင်း စစ်တိုက်တယ်၊ သတ်ဖြတ်ကြတယ်။ လူတွေကို သစ် ပုံကြီးမှာ ချည်နှောင်ထားပြီးတော့ မီးရှို့တာတွေကို ဝိုင်းကြည့်ကြတယ်။ လူလက်နဲ့ ခြေ

တွေကို‌ တုတ်နှောင်ပြီးတော့ မြင်းလေးကောင်မှာ ချည်ထားလိုက်ကြတယ်။ မြင်းလေး ကောင်က လေးဘက်လေးတန် ပြေးတဲ့မြင်ကွင်းက ကြောက်စရာဘဲမဟုတ်လား? လူ ဟာ စုတ်ပြတ်သွားတာပေါ့။ ဂူးလက်အာကီပိလေးဂိုကျွန်းမှာ ဖြစ်ပေါ်တဲ့ ညှင်းဆဲမှုများ တောင်ပိုင်း လူမဲအသင်းတော်တွေကို ဗုံးကြဲတိုက်ခိုက်တာတွေ မိန်းကလေးတွေကို တနင်္ဂနွေနေ့ ဥပုသ်စာဖြေကျောင်းမှာ ရက်ရက်စက်စက် သတ်ခဲ့တာတွေဟာ အများကြီး ပါဘဲ။ အချို့မိဘတွေဟာ လေးလကလေးကို မုဒိန်းကျင့်တယ်။ ကလေးတွေအပေါ်ရေ နွေးပူလောင်းတယ်ဆိုတာ မယုံနိုင်လောက် အောင်ပါဘဲ။ လူတွေဟာ အချင်းချင်းရက် စက်နိုင်ကြတယ်။ ညစ်ညူးတယ်။ ပြင်းပြင်းထန်ထန်နှိပ်စက်ကြတယ်။ နေ့စဉ်ဆိုသလို

ထောင်တွေမှာ မျက်စိတွေ၊ လက်သည်းခွံတွေ ဆွဲထုတ်တယ်။ လူကို လူရဲ့ မစင်ကျွေးကြ တယ်။ စုန်းတစ္ဆေလောကမှာ ကလေးတွေကို သတ်ပြီး စားကြတယ်။ ကျွန်တော် ယိုးဒယားနိုင်ငံ သုံ့ပန်းစခန်းမှာ လူတွေကိုတွေ့တယ်။ အဲဒီစခန်းမှာ စစ်သားတွေဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးကို ဝမ်းဗိုက်ခွဲပြီး ကလေးဟာ ရွှံ့ဗွက်ထဲကျသွားတယ်။ မိသားစုဟာ မယုံနိုင် လောက်တာတွေကို ကြည့်နေရတယ်။

လူအချင်းချင်း ရက်စက်ကြမ်းကြုတ်မှုတွေ ကြားရတာ ကျွန်ုပ်တို့ အလွန်ထိတ်လန့်သွားပါလိမ့်မည်။ ကျွန်ုပ်တို့ကတော့ ဒီဖြစ်ရပ်တွေနဲ့တော့ မကြုံကြိုက် ရဘူးပေါ့။ ဒီဖြစ်ရပ်အားလုံးရဲ့ ကြိုးကိုင်မှုဟာ တစ်ပါးတည်းသော ရန်သူဖြစ်တဲ့ စာတန် ပါဘဲ။ ဒါတွေတောင်မကပါဘူး။ စာတန်ဟာ ဒီထက်ဆိုးဝါးတာတွေ လုပ်နိုင်သေးတယ်။ ကျွန်ုပ်တို့ ရန်သူအကြောင်းသိကောင်းစရာတွေ သိထားဖို့ လိုနေပြီ။ ကျွန်ုပ်တို့ ဘုရား၊ သခင်ထံက ဗျာဒိတ်တော်တွေဖြစ်တဲ့ ကောင်းမြတ်ခြင်း၊ သနားကြင်နာခြင်း၊ ချစ်ခြင်း မေတ္တာလိုအပ်သလိုဘဲ စာတန်ရဲ့ မကောင်းမှုဒုစရိုက် အလုံးစုံအကြောင်းကို သိထားမှ ဖြစ်မယ်။

ရန်သူဟာ မျှတမှုမရှိပါဘူး။ သနားခြင်း ကရုဏာဆိုတာကို စာတန် မသိဘူး။ ကျွန်ုပ်တို့ကျတဲ့အချိန်မှာ ကန်ကျောက်တယ်။ ငမန်းလိုဘဲ။ သွေးနံ့ရရင် ဝင် ကိုက်တော့တာဘဲ။ စာတန်ဟာ မုန်းတီးမှု ကြီးမားပြီး အရှိန်ပြင်းထန်တယ်။ သင်၌ ဝမ်း နည်းမှုတွေ ကြုံကြိုက်လာရင်၊ စာမေးပွဲကျရင်၊ အလုပ်ပြုတ်ရင်၊ ဇနီးယောင်္ကျားသစ္စာ ဖောက်ရင်၊ မိသားစုကားတိုက်မှုဖြစ်ရင် စာတန်ဟာ အရှိန်အဟုန်နဲ့ ဝင်ရောက်လာပြီး တော့ အလွန်ဆိုးဝါးမှုတွေနဲ့ ဒုက္ခပေးတော့တာဘဲ။

ဝမ်းနည်းဖွယ်ရာနဲ့ ကြုံတွေ့ရင် စိတ်ပျက်ကြမှာဘဲ။ ဝမ်းနည်းကြေကွဲ ဖြစ်လေ့ရှိကြတယ်။ အဲဒီလို အချိန်အခါမျိုးမှာ များစွာသတိပြုပါ။ စာတန်ဟာ ထပ်မံ တိုက်ခိုက်ပါဦးမယ်။

စာတန်ဟာ ကျွန်ုပ်တို့အားနည်းချက်ကိုဘဲ ရှာတယ်။ ဘာအားနည်း

ချက်လဲ ? တပ်မက်ခြင်းလား ? သံသယဖြစ်မှုလား ? စိတ်ဓာတ်ကျဆင်းနေမှုလား ? စာတန်ကသင့်ကို စောင့်ကြည့်နေပြီ။ အခွင့်သာတာနဲ့ ပျက်စီးစေတဲ့လမ်းစကို ရှာစေ တယ်။ အဲဒီမကောင်းမှုမျိုးစေ့ဟာ အမြစ်တွယ်စေတယ်။ တစ်ခါတစ်ရံ ကျွန်ုပ်တို့ သိတာ နောက်ကျနေပြီ။ တစ်ခါတစ်ရံ သိတောင်မသိလိုက်ကြဘူး။

ကျွန်ုပ်တို့ တာဝန်ကတော့ စာတန်ရဲ့ မလျှော့တဲ့ဇွဲကို သတိပြုကြရ မယ်။ ကျွန်ုပ်တို့အားနည်းချက်ကို ရှာပါ။ ဒုက္ခပေးခဲ့တဲ့အချက်တွေ ရှာဖွေပြီး အမြန်ဆုံး ပြုပြင်ကြရမယ်။ သင်သည် လမ်းပေါ်တစ်နေရာတွင် ကားတိုက်မှုဖြစ်တယ် ဆိုပါစို့။ နောက်တစ်ကြိမ်ဒီနေရာရောက်ရင် သတိရနေမှာဘဲ။ ကားမောင်းရင် သတိကြီးစွာနဲ့ မောင်းမယ်။ တခြားမှာတော့ မသိဘူး။ဒီလိုပါဘဲ။အသက်တာမှာ မှားခဲ့တာတွေကိုသတိ ။ ရပြီးတော့ ပြုပြင်ရမယ်။ အောင်ပွဲခံနိုင်ကြရမယ်။

စာတန်ဟာ ခင့်ကိုမုန်းတယ်၊ သင့်အသက်တာမှာ မကောင်းကြံစည်မယ်။

ယော၊ ၁၀း၁၀ မှာ သူခိုးသည် ခိုးခြင်း၊ သတ်ခြင်း၊ ဖျက်ဆီးခြင်းငှာ သာလာတတ်၏။ ငါမူကား သိုးတို့သည် အသက်လွတ်ရုံ မျှမက အထူးသဖြင့် ပြည့်စုံစေခြင်းငှာ လာသတည်းလို့ ပါရှိတယ်။

ဒီကျမ်းချက်မှာ စာတန်ရဲ့ သဘောသဘာဝနဲ့ လုပ်ဆောင်ချက်တွေကို ဖော်ပြထားတယ်။ စာတန်ဘာလုပ်သလဲ ? စာတန်ဟာ ခိုးတယ်။ သတ်တယ်။ ဖျက်ဆီး တယ်။

စာတန်ဟာ သူခိုးပဲ။ ကျွန်ုပ်တို့ဆီက ရသမျှလုယူချင်တယ်။ ကျွန်ုပ်တို့ ရဲ့ ကျန်းမာရေးကို ခိုးယူတယ်။ အသက်ရှင်နေတာ မရှင်စေချင်ဘူး။ ကျွန်ုပ်တို့ ကုန်ထုတ် ပစ္စည်းတွေ ခိုးချင်တယ်။ ကျွန်ုပ်တို့ရဲ့ ဆက်ဆံမှု၊ ဝမ်းမြောက်မှု၊ ငြိမ်သက်မှု၊ ယုံကြည်မှု မှန်သမျှ ရတာအကုန်ခိုးယူချင်တယ်။

။ သင်နေ့စဉ်ဆိုသလို ဘာပြောသလဲ? “ဒီနေ့ဟာ တော်တော်ဆိုးတာဘဲ နော်။ ဒီတစ်ပါတ်ကတော့ ရှုံးသွားတော့တာဘဲ။ ဒီလ ဘာမှကုန်မထွက်ပါလား ́ စာတန် က ဒီအသံဘဲ ကြားချင်တယ်။ ကျွန်ုပ်တို့နေ့စဉ် ဆုံးရှုံးမှုတွေနဲ့ဘဲ ရင်ဆိုင်စေချင်တယ်။ စာတန်၏ ခို.ယူမှု စက်ကွင်းထဲကျသွားတဲ့အခါ “ဒီနေ့ဆိုးတယ်ဟေ့” ပုံစံဝင်သွားတယ်။ ဒါ ကျွန်ုပ်တို့နိုးနိုးကြားကြားရှိဖို့ လိုတယ်။ သတိကြီးစွာ နေဖို့လည်းလိုတယ်။ ကျွန်ုပ်တို့ နေ့တွေ၊ အချိန်တွေ သူ့ကိုပေးလို့မဖြစ်ဘူး။ ဒီလိုသာဆိုရင် သေကြောင်းကြံစည်နေတာ နဲ့အတူတူဘဲ။ ကျွန်ုပ်တို့အသက်တာဆိုတာ အသက်ရှင်တဲ့ရက်တွေ ပေါင်းထားတာဘဲ မဟုတ်လား? ကျွန်ုပ်တို့အခြေအနေ ဆိုးဝါးလာရင် ကျွန်ုပ်တို့ပြောရမှာက “စာတန် ဒီနေ့ ဟာ မင်းအတွက်မဟုတ်ဘူး။ ဒီအချိန် မင်းကိုမပေးနိုင်ဘူး။ ငါ့အခွင့်အရေးတွေ ငါ့ပျော်

ရွှင်မှုတွေ မင်းမပေးနိုင်ဘူး”လို့ ပြောလိုက်ရမယ်။

စာတန်ဟာ လူသတ်သမားဘဲ။ လူသတ်ဖို့ကြိုက်တယ်။ သေခြင်း တရားနဲ့ပတ်သက်ရင် စာတန်ဟာ လုပ်ဆောင်ကယ်။ ထောက်ခံတယ်။ အားပေးတယ်။ စာတန်ဟာ သေခြင်းကို အားပေးစကားတွေကို ကြိုက်တယ်။ “ငါမမွေးလာရင် ကောင်း မှာဘဲ။ ငါသေလိုက်ရင်ကောင်းမယ်” ဆိုတာတွေ ကြိုက်တယ်။ စာတန်ဟာ ကျွန်ုပ်တို့ သေကြောင်းကြံရင် သတ်ဖြတ်မှုတွေအားလုံးကို တွန်းအားပေးတယ်။

လူအများ ခရစ်ယာန်တွေတောင်မှ သေလိုက်ရင် ကောင်းမှာဘဲဆိုတဲ့ စကားသုံးကြတယ်။ ဒီသေကြောင်းကြံစည်မှုဟာ စာတန်ရဲ့ နှလုံးသားထဲက ထွက်လာ တာဘဲ။ ကျွန်တော့်အနေနဲ့ ဘာမဆို စာတန်ကိုဘဲ ပုံမချချင်ပါဘူး။ ဒါပေမဲ့ သေကြောင်း ကြံစည်တာကတော့ လူ့အကြံမဟုတ်ဘူး။ စာတန် လုပ်ရပ်ပါဘဲ။ စာတန်ရဲ့ လုပ်ရပ်ဟာ ဖျက်ဆီးခြေမှုန်းဖို့ဘဲ။ လူဟာ ကိုယ့်ကိုယ်ကို ချစ်တော့ ဖျက်ဆီးချင်တဲ့ ဗီဇမရှိဘူး။ ဘုရား သခင်ဟာ လူကိုဖန်ဆင်းကတည်းက မသေကြေမပျက်စီးစေတဲ့ ရုန်းကန်မှုစိတ်ဓာတ်ဟာ အပြင်းထန်ဆုံးဘဲ။ သေကြေပျက်စီးအောင် လုပ်တဲ့စိတ်ဓာတ်က စာတန်ထည့်သွင်းထား ပေးတာဘဲဖြစ်တယ်။

စာတန်ဟာ လူကိုချက်ခြင်းလက်ငင်း ဖျက်ဆီးဖို့ရန် မလုပ်နိုင်တဲ့ အခါ အနှေးနည်းကို အသုံးပြုလေ့ရှိတယ်။ ကိုယ့်ကိုယ်ကို ဖျက်ဆီးခိုင်းတယ်။ ကနေ့ထင် ပေါ်နေတာက မူးယစ်ဆေးဝါး အရက်ဘဲဖြစ်တယ်။ လူတွေကပြောလေ့ရှိတယ်။ “ငါ့ကိုယ် ကို ငါမထိန်းနိုင်ဘူး။ အဲဒီတော့ လက်လျှော့လိုက်တော့မယ်ကွာ”လို့ ပြောကြ တယ်။ ဒါဟာသေစေဖို့ဘဲ မဟုတ်လား ? ဒီအရာအားလုံးဟာ စာတန်ရဲ့ အခြေခံမူဘဲ။ ပျက်စီးဆုံးရှုံးစေတဲ့ စိတ်ဓာတ် သွင်းပေးလိုက်တာဘဲ။ ပုံစံကတော့ အမျိုးမျိုးရှိလာတယ်။ တချို့ကတော့ အပြစ်လို့တောင် မထင်ရဘူး။ အချို့ အစားကြူးတယ်။ တဏှာရာဂ၊ တီဗွီ အလွန်အကျွံကြည်တယ်။ ခဏခဏဈေးဝယ်ချင်တယ်။ မှန်ကန်တဲ့အသက်ရှင်မှုကို အခြားအရာနဲ့ အစားထိုးလိုက်တဲ့အခါ အမှန်တရားကို လူတွေမမြင်အောင် ဖုံးကွယ်ထား တာနဲ့ အတူတူဘဲမဟုတ်လား? ဒါဟာ သေကြေစေတဲ့ လမ်းကြောင်းဘဲ။ သေခြင်း ၊ တရားဘဲ။

စာတန်ဟာ အပြစ်နဲ့ ကျွန်ုပ်တို့ကို ဖျက်ဆီးတယ်။ အပြစ်လုပ်ဖို့ မြူ ဆွယ်တယ်။ ကောင်းတာတွေနဲ့ တမ်းပြတယ်။ ဥပမာ ကျွန်ုပ်တို့လင်မယား မသင့်မြတ် နေတဲ့အခါ အခြားတစ်ယောက်နဲ့ ပေါင်းသင်းရင် စိတ်ချမ်းသာမှာဘဲလို့ စိတ်ကူးလာကြ တယ်။ ဒါပေမဲ့ ရန်သူဟာ စိတ်ချမ်းသာဖို့ မလိုလားပါဘူး။ ကျွန်ုပ်တို့ သမ္မာတရား၊ ဖြောင့်မတ်ခြင်းတရားကနေ သွေဖီသွားပြီဆိုတာနဲ့ အမှောင်လောကထဲ မသိမသာ ရောက်သွားတော့တာဘဲ။ အပြစ်ကိုလုပ်လာတဲ့အခါ အမှောင်အင်အားစုဟာ ကျွန်ုပ်တို့

အသက်တာထဲမှာ အလုပ်လုပ်လာကြတယ်။ စာတန်နဲ့ အနီးအနားမှာရှိတယ်။ စာတန် ခိုင်းတာလုပ်တယ်။ မိမိဘဝကို မိမိဘဲဖျက်ဆီးကြတော့တယ်။

စာတန်ဟာ အနီးအနားမှာရှိတယ်။ ဒါကြောင့် စာတန်ရဲ့သဘော သဘာဝ၊ စာတန်ရဲ့အကြံအစည်တွေ၊ စာတန်ရဲ့ ပါဝင်ရောယှက်မှုတွေဟာ တကယ်ဘဲ ဖြစ်နေတယ်။ ကျွန်ုပ်တို့ စာတန်ရဲ့ နယ်ပယ်ထဲသွားပြီဆိုတာနဲ့ စာတန်ရဲ့ မိတ်ဆွေဖြစ် လာတယ်။ သူခိုးကြီးရဲ့မိတ်ဆွေ၊ အဖျက်သမားကြီးရဲ့ မိတ်ဆွေ၊ လူသတ်သမားကြီးရဲ့ မိတ် ဆွေဖြစ်လာတော့တယ်။

စာတန်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ကျွန်ုပ်တို့စိတ်နှလုံးကို ဖျက် ဆီးလိုတယ်။ ကိုယ်ခန္ဓာကိုဖျက်ဆီးမယ်။ အကျင့်စာရိတ္တကို ဖျက်ဆီးမယ်။ ဂုဏ်သရေ ကို ဖျက်ဆီးမယ်။ ဆက်သွယ်မှုအားလုံးကို ဖြတ်တောက်လိုက်တော့မယ်။ ရန်သူဟာ ဖြောင့်မတ်ခြင်း၊ ကောင်းမြတ်ခြင်း မှန်သမျှ ဖြိုဖျက်ဖို့ အလွန်ဆန္ဒပြင်းပြတယ်။ ဒါ တောင်လူတွေအများကြီးဟာ အပြစ်ဒုစရိုက်ကို မကြောက်ဘူး။ လက်တစ်လုံးကြား ကျေး လွန်နေကြတယ်။ အမှောင်အင်အားစုနဲ့လည်း အပေးအယူလုပ်ချင်ကြတယ်။ သူတို့က ပြောလေ့ရှိတယ်။ သူတို့ကပြောလေ့ပြောထရှိတာက “ဘုရားသခင်သိပါတယ်ကွယ်၊ ဘုရားကမနေပါဘူး၊ ခွင့်လွှတ်မှာပါ”လို့ ပြောတယ်။ ပြဿနာကတော့ ဘုရားကသ

ဘောပေါက် ခွင့်လွှတ်တဲ့ကိစ္စမဟုတ်ဘူး။ ကျွန်ုပ်တို့ က စည်းဖေါက်ပြီးတော့ ညစ်ည္တဲ့စာတန်၊ ရက်စက်ကြမ်းကြုတ်တဲ့စာတန်၊ လူသတ်သမား စာတန်နဲ့ အပေါင်းအ သင်းလုပ်ကြလာတကဲ့ ပြဿနာပါဘဲ။ ရွေးယူရမှာကတော့ ကျွန်ုပ်တို့ တာဝန်ပါဘဲ။ အပြစ် တရားဟာ အဆုံးအဖြတ်ပေးနေတယ်။ စာတန်ကို တိုက်ခိုက်မှာလား? စာတန်ရဲ့ဘက်တော်သားလား? ၊

အပြစ်ကင်းမဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်သို့ မဟုတ် သေစေနိုင်တဲ့အန္တရယ်

တရား၊ ၁၈း၁၀-၁၂မှာ သင်တို့သည် မိမိသားသမီးကို မီးဖြင့်ပူဇော် သောသူဖြစ်လတံ့သောအမှုကို ကိုယ်ဉာဏ်နှင့်ဟောပြောသောသူ၊ ကာလဗေဒင်ကို ကြည်သောသူ ၊ မကောင်းသော အတတ်ကိုပြုစုသောသူ၊ ပြုစားတတ်သောသူ၊ နတ်ဆိုး နှင့်ပေါင်းသောသူ၊ ဝိဇ္ဇာအတတ်ကို ပြုစုသောသူ၊ လူသေကိုမေးမြန်းသောသူ တစ်စုံတစ် ယောက်မျှမရှိရလို့ ဖော်ပြထားတယ်။

စာတန်ရဲ့မြူဆွယ်မှုဟာ ပျက်စီးရာလမ်းကြောင်းကို ပို့တယ်။ လှည့် ဖြားမှု၊ ဆွဲဆောင်မှုအလွန်ကောင်းတယ်။ သူရဲ့ကြံစည်မှုဟာ ပိရိလွန်းတယ်။ လူတိုင်း ဆီကို ရောက်အောင်ပို့ခိုင်းတယ်။ “နယူးအိပ်(ရှ်)” လှုပ်ရှားမှုကြီးမှာ ထင်ထင်ပေါ်ပေါ်ဘဲ လုပ်တယ်။

လွန်ခဲ့တဲ့အနှစ်(၂၀)ခန့်ကဆိုရင် ဝိဇ္ဇာအတတ်ဟာ တိုးတက်တယ်။ ကျယ်ပြန့်လာတယ်။ လူတွေအများကြီး လက်ခံလာကြတယ်။ ဒီလှုပ်ရှားမှုတွေဟာ လူ တိုင်းကို ထိပါးလာတော့တယ်။ လူတွေမနက်စောစော ကော်ဖီသောက်တဲ့အခါ နေ့စဉ် သတင်းစာမှာပါတဲ့ ဇာတာခွင်ဇယားကို လူသန်းပေါင်းများစွာ ကြည့်ကြတယ်။ အဲဒီ နေ့ရဲ့ ကံဇာတာကို ရှာကြတယ်။ သင်ဟာ ပိုချမ်းသာတဲ့ လူတစ်ယောက်ဖြစ်ရင် ဗေဒင် နက္ခတ်ဇယားလုပ်ခိုင်းလို့ရတယ်။ ဗေဒင်ဆရာတစ်ဦးကို ငှားထားလို့ရတယ်။ စာအုပ် ဆိုင်တိုင်းလိုလို ဆွဲဆံတွေမှာ ဖဲပြားတွေရှိတယ်။ နောက်ပြီး ကလေးကစားစရာ အံဆွဲ တွေမှာလည်းရှိတယ်။ အူဂျာကပ်ပြားဆိုတာလဲရှိတယ်။ မြေအောက်ခန်းနဲ့ နဂါးကစား စရာတွေ၊ ကာတွန်းစာအုပ်၊ သူရဲတစ္ဆေပုံ အမျိုးမျိုးစာအုပ်တွေလည်းရှိတယ်။ ပွဲဈေးတန်း တွေမှာ လက္ခဏာကြည့်ကြတယ်။ ယုတ်စွအဆုံး လူတွေဟာ လက်ဖက်ရည်ပန်းကန်လုံး ထဲ စိုက်ကြည့်ရင် အနာဂတ်တွေ ပေါ်လာတယ်ဆိုပြီး ကြည့်ကြတယ်။

ဒီအရာတွေအားလုံးရဲ့ အချုပ်ကတော့ ကောင်းတဲ့နေ့၊ ဆိုးတဲ့နေ့ရှိ တဲ့အတွက် ရွေးချယ်ပြီး သွားလာကြဖို့ဟာ အဓိကဘဲ။ ကမ္ဘာကျော်ဂျွန်လင်နင်ဟာ နယူး

ယောက်မြို့မှာ အသတ်ခံရတယ်။ ဝိဇ္ဇာဆရာကြီးတွေက ဂျွန်ကဗေဒင်ကြည်တယ်ဆိုရင် အဲဒီနေ့ဟာ ကံဆိုးတဲ့နေ့ဖြစ်တာ ကြိုတင်သိမှာဘဲလို့ ပြောကြတယ်။ အဲဒီနေ့ဟာ အိမ်က တောင် ထွက်ဖို့မကောင်းဘူးလို့ ပြောကြတယ်။

လူအများကတော့ ဒါတွေဟာ အဓိပ္ပါယ်မရှိတဲ့ လုပ်ရပ်တွေဘဲ။ အပြစ်မရှိပါဘူးလို့လဲ ပြောကြတယ်။ ဒီကံဇာတာဇယားတွေဟာတော့ လူတွေစိတ်ဝင် စား အောင် လုပ်နေကြတာဘဲလို့ ကျွန်တော်ထင်တယ်။ သတင်းစာထဲမှာ အဓိပ္ပါယ်မရှိ တဲ့ဟောကိန်းတွေထုတ်တာ စာတန်နဲ့ မဆိုင်ပါဘူးလို့ ပြောပါလိမ့်မည်။ ဒါပေမဲ့ ဘုရား သခင် အတွက်တော့ ရွံ့ရှာဘွယ်ရာလုပ်ရပ်ဘဲ။ ဒီဇယားတွေကြောင့် မဟုတ်ဘူး။ စာတန် ရဲ့ စီမံချက်အတိုင်း လူတွေကလိုက်နာကျင့်သုံးနေတဲ့အတွက် ဘုရားကရွံရှာတယ်။

စာတန်ဟာ.လူတိုင်းအတွက် စီမံချက်တွေရှိတယ်။ ခရစ်ယာန်တွေ ကဒါကို သတိထားကြရမယ်။ သတိထားဖို့ ပြောတာ။ ထိတ်လန့်ဖို့မဟုတ်ပါဘူး။ ကျွန်ုပ် တို့ဟာ သဘာ၀တက်လွန်ကဲတဲ့ အင်အားစုထဲက သိချင်တာတွေတောင်းခံလိုက်ရင် အ မှောင်တန်ခိုးကို လမ်းဖွင့်ပေးလိုက်ပြီဆိုတာ သိထားဖို့လိုတယ်။ အန္တရာယ်ဆိုတာ ကျွန်ုပ်တို့ရွေးချယ်မှုအပေါ်မှာဘဲ တည်နေတယ်။ ကျွန်ုပ်တို့ရဲ့ စိတ်ဆန္ဒအရ ဘုရားသခင် ထံမသွားဘဲ တစ်ဦးဦးထံသွားပြီး အနာဂတ်ကို မေးလေ့ရှိတယ်။ ဒီလိုမေးတဲ့အတွက် ကျွန်ုပ်တို့ ဒုက္ခရောက်စေဖို့ စာတန်ရဲ့ ကျော့ကွင်းထဲ ဆင်းသွားသလို ဖြစ်လိမ့်မယ်။

ဓမ္မဟောင်းခေတ်က ဝိဇ္ဇာအတတ်တွေကို အသုံးပြုခြင်းကို လုံးဝတား ၊ မြစ်ထားတာ တွေ့ရတယ်။ စုံတွေ၊ တစ္ဆေတွေ၊ ဗေဒင်တွေ၊ နတ်ကိုတင်လှူပူဇော်တာ

တွေ လုပ်တာ ဖမ်းမိရ အဲဒီလူကို မြို့ပြင်ခေါ်ထုတ်သွားပြီးတော့ ခဲနဲ့ပေါက်သတ်တယ်။ ဘုရားသခင်ဟာ ဒီကိစ္စတွေမှာ ပြင်းပြင်းထန်ထန်ရှုံ့ချတယ်။

မလုပ်ရဆိုတဲ့ အရာတွေက စာရင်းလုပ်ပြီး တိမ်းရှောင်နေမဲ့အစား၊ အခြေခံမူတစ်ခုကို မှတ်ထားတာက ပိုကောင်းတယ်။ သဘာဝထက်လွန်ကဲတဲ့ အင်အား စုက အချက်အလက်တွေတောင်းခံရင် ဘုရားသခင်ထံက ဖြစ်ရမယ်။ သို့မဟုတ် စာတန် ကဖြစ်ရမယ်။ ဘုရားသခင်ထံက တောင်းခံရင် သိချင်တာတွေက သန့်ရှင်းသော ဝိညာဉ်

တော်မှတစ်ဆင့် သိခွင့်ရမယ်။ ခရစ်တော်ရဲ့ နာမတော်ကိုလည်း အမှီပြုဖို့လိုတယ်။ နှုတ် ကပတ်တော်နဲ့လည်း ကိုက်ညီရမယ်။ ကျန်တဲ့နည်းလမ်းတွေကတော့ ဘုရားသခင် ရွံရှာတဲ့အရာတွေဘဲဖြစ်တယ်။ စာတန် ကောင်းတာလုပ်ပေးမယ် ဆိုတာတောင် သူ့စီမံ ချက်အရ ပျက်စီးရာလမ်းကြောင်းကိုဘဲ ပို့မှာဖြစ်တယ်။ ဒါ့ကြောင့် လူကို ဘုရားသခင်က အထူးတားမြစ်ထားတယ်။ ဘုရားသခင်ဟာ မိမိလူတွေကို သူကဘဲလမ်းညွှန်မယ်။ လမ်း ပြတယ်။ ဒါ့ကြောင့် ထွက်၊ ၂၀း၃ မှာ ဘုရားသခင်က “ငါမှတစ်ပါး တခြားသော ဘုရားကို မကိုးကွယ်နှင့်”လို့ ပညတ်ထားတယ်။

မသိတာတွေကို ဘယ်သူကအကောင်းဆုံးပြောနိုင်သလဲ ?

ဝိဇ္ဇာအတတ်၊ စိတ်ပညာအတတ်ပညာရှင်တွေဟာ သဘာဝထက် လွန်ကဲတဲ့ အင်အားစုကို အားကိုးဖို့ ပြန်လည်တည်ထွင်ကြတယ်။ ဒါတွေကို အသင်း တော်ဟာ အစကတည်းကသိနေတာဘဲ။ ဒါပေမဲ့ ယနေ့အသင်းတော်ဟာ သီဩလော်ဂျီ စာအုပ်တွေဘဲ လှန်ကြည့်နေပြီး ဘုရားသခင်ဟာ သဘာဝထက်လွန်ကဲတာတွေ လုပ် သေးရဲ့လားလို့ ရှာဖွေနေကြတယ်။ စိတ်ပညာရှင်တွေကတောင် ရဲဌာနကို ပြောပြနိုင် တယ်။ မင်းတို့ရှာနေတဲ့လူတွေ ဘယ်မှာရှိတယ်ဆိုတာ ပြောပြနိုင်တယ်။ ရဲစခန်းက အသင်းတော်ကို ဖုန်းဆက်ပြီး “သဲလွန်စတွေရအောင် အသင်းတော်က ဆုတောင်းပေး ကြပါလား ?” ဆိုတဲ့နေ့ ရောက်အောင်တော့ ကျွန်တော်စောင့်ဆိုင်းနေပါတယ်။

သဘာဝထက်လွန်ကဲတဲ့ အင်အားစုတွေကို တိုင်ပင်မေးမြန်းမှုတွေကို ဘုရားသခင်တားမြစ်တဲ့ အကြောင်းရင်းကတော့ လူတွေက ဘုရားကိုသာ အားကိုးစေ လိုတဲ့အတွက် ဖြစ်တယ်။ အသက်ရှင်တော်မူတဲ့ ဘုရားက ကျွန်ုပ်တို့ကို ချစ်တဲ့အတွက် ကျွန်ုပ်တို့ကို လမ်းပြလိုတယ်။ ဆာလံ ၃၂မှာ ငါသည် သင့်ကိုလမ်းပြမည်လို့ ဖော်ပြထား တယ်။ ယောဟန် ၁၀မှာ ခရစ်တော်က ငါ့သိုးတို့ဟာ ငါ့အသံကို ကြားတယ်လို့ ပြောထား တယ်။ ကျမ်းစာထဲမှာ ဘုရားသခင်ရဲ့ ကတိတော်အများကြီးပါဘဲ။ လမ်းပြမယ်။ မစမယ်။ ပြုပြင်မယ်ဆိုတာတွေ အများကြီးပါတယ်။ ဘာဖြစ်လို့ ကျွန်ုပ်တို့ဘုရားသခင် ထံဘဲမသွားကြတာလဲ? ကျွန်ုပ်တို့အတွက် စီမံချက်ရှိတယ်။ ဒီအကြံအစည်တွေကို

အောင်မြင်ဖို့ ဘုရားသခင်အချက်အလက်တွေ ပြောပြမယ်။ လုပ်ဆောင်စေမယ်။ ဘုရားသခင်ပြောနေတာကိုပဲ နားမလည်ရင်၊ အသံတော်ကိုလည်း မကြားဘူးဆိုရင် လည်း ဘုရားသခင်ကို အားကိုးလို့ရပါတယ်။ ဘုရားသခင်လမ်းပြမယ်ဆိုတာ ယုံကြည်ဖို့ ဘဲလိုတယ်။ ဘုရားသခင်ဟာ သမိုင်းမှာ ဘာတွေလုပ်ခဲ့တယ်ဆိုတာ ကျမ်းစာမှာ အပြည့်ပါတယ်။ ဘုရားသခင်ဟာ ဘယ်သူ့ကိုမှ ဒုက္ခရောက်အောင် မလုပ်ဘူး။ မငြင်း ၊ ပယ်ခဲ့ဘူး။ ကျွန်ုပ်တို့အပေါ်မှာ ကတိတည်တယ်။ တရားမျှတတယ်။ သနားကြင်နာ တယ်။ ဒါကြောင့် ဘုရားကိုဘဲ ကိုးစားကြပါ။

အတက်နဲ့အကျ

ကျွန်ုပ်တို့သည်လည်း သဘာဝအတက်နဲ့ အကျဆိုတာ ရှိတယ်။ စိတ် လှုပ်ရှားမှုပိုင်းရော၊ ကိုယ်ခန္ဓာပိုင်းဆိုင်ရာရော အတက်အကျရှိတယ်။ အမျိုးသမီးများဆို လျှင် လစဉ်ဓမ္မတာရာသီဆိုတာ ရှိတယ်။ ဒါတွေဟာ စာတန်နဲ့ မဆိုင်ဘူး။ ဒါပေမဲ့ စာ တန်ဟာ နေရာတကာ အခွင့်ကောင်းရှာတတ်တယ်။ သတိရှိဖို့လိုတယ်။ သဘာဝအရာ တွေကို မပျက်ပြားစေရန် သတိရှိပါ။ အချိန်မရွေး စာတန်နှောင့်ယှက်နိုင်တယ်။

ဒါဝိဒ်မင်းကြီးဟာ မနက်နိုးထရင် စိတ်ပူပင်တယ်။ စိတ်ဓါတ်ကျ တယ်။ ဒါဝိဒ်ကပြောတယ်။ ဆာလံ၊ ၄၂း၁၁မှာ “အို ငါ့ဝိညာဉ်၊ သင်သည် အဘယ်

ကြောင့် ညှိုးငယ်ရသနည်း။ ငါ့အထဲမှာ အဘယ်ကြောင့် မငြိမ်မဝပ်ရှိသနည်း? ဘုရား သခင်ကို မျှော်လင့်လျက်နေလော့”လို့ အားယူတယ်။ ဒါဝိဒ်ဟာ ဘုရားသခင်ထံကဘဲ အားယူလေ့ရှိတယ်။

ကျွန်ုပ်တို့ဟာ တစ်ချိန်လုံး စိတ်တက်ကြွနေတယ်လို့ ဘုရားသခင် မ မျှော်လင့်ပါဘူး။ တစ်ခါတစ်ရံတော့ စိတ်ညှိုးငယ်ကြမှာဘဲ။ စိတ်ဓါတ်ကျမယ်။ ဝမ်းနည်း မယ်။ ကျွန်တော်ကတော့ တစ်နေ့ဝိညာဉ်ရေးရာ ရင့်ကျက်လာရင်တော့ စိတ်အတက် အကျမရှိတော့ဘူးလို့ ထင်နေတာဘဲ။ ကျွန်တော် တီဗွီမှာ နှလုံးအကြောင်းပြောတာ ကြည့်တယ်။ အတက်အကျဆိုတာ လူရဲ့သဘာဝဘဲလို့ ဖော်ပြတယ်။ စိတ်ဟာ တသမတ် တည်းရှိတဲ့အခါ သင်ဟာသေနေပြီလို့ ဆိုကြမယ်။ ခရစ်ယာန်ရင့်ကျက်မှုမှာ စိတ်ဓါတ်ကျ တာနဲ့ မဆိုင်ပါဘူး။ ခရစ်ယာန်ရင့်ကျက်မှုဆိုတာ အဲဒီအတက်အကျတွေကို ထိန်းသိမ်း ဖို့ဘဲ ဖြစ်တယ်။ စာတန်ကတော့ ကျွန်ုပ်တို့ကျနေတဲ့အချိန် တိုက်ခိုက်တာဘဲ။

ဒါကြောင့် အားယူရမယ်။ အချင်းချင်းအားပေးကြရမယ်။

 

ဝိညာဉ်ရေးရာရေဒါကိရိယာ

ဝိညာဉ်ရေးရာတိုက်ပွဲမှာ ထက်ထက်မြက်မြက် နိုးနိုးကြားကြားရှိ လိုတယ်။ စာတန်ရဲ့လုပ်ရပ်တွေကို မျက်ခြေမပြတ်ကြည်နေရမယ်။ မကြာခဏ သင်

ကြားဖူးမှာပေါ့။ “စာတန်အကြောင်းမပြောနဲ့၊ မစဉ်စားနဲ့ ဘုရားသခင်ကိုဘဲ စေ့စေ့ကြည့် ပါ”လို့ သတိပေးသံတွေ ကြားရပါလိမ့်မယ်။ အမှန်မှာတော့ ဘုရားသခင်ကို မျက်စိနဲ့ ကြည့်လို့မရပါဘူး။ အဓိပ္ပါယ်ကတော့ ဘုရားကိုသာ အာရုံပြုထားပါလို့ ဆိုတယ်။ ဘုရား သခင်က သူ့တန်ခိုးနဲ့ ကျွန်ုပ်တို့ကို ကာကွယ်မယ်။ အတွင်းအပြင် အလုပ်လုပ်နေတယ်။ ကျွန်ုပ်တို့ကို ချစ်တယ်။ ဘုရားကိုဘဲ အာရုံစူးစိုက်ပါ။ ဘုရားဟာ ဘယ်သူလဲဆိုတာ သိတယ်။ ဘုရားဘာလုပ်ပေးမယ်ဆိုတာလည်း သိရမယ်။

ဒီအကြံပြုချက်တွေဟာ အားလုံးကောင်းပါတယ်။ ဒါပေမဲ့ ခရစ်ယာန် တွေကို အခြားအကြံအဉာဏ်တစ်ခု ထပ်ပေးပါရစေ။ “စာတန်ကို စေ့စေ့ကြည်ပါ” လို့ ပြောချင်တယ်။ လူများစုကတော့ သိပ်ကြိုက်မှာမဟုတ်ဘူး။ စာတန်ကို စေ့စေ့ကြည့်မယ် ဆိုရင် ဘုရားကို ဘယ်လိုစေ့စေ့ကြည့်မလဲလို့ ပြောကြမယ်။ အသက်ရှင်တဲ့ဘုရားအပေါ် အာရုံစူးစိုက်နေပြီးတော့ တစ်ချိန်တည်းမှာဘဲ စာတန်ကို မျက်ခြေမပြတ်ကြဖို့ အရေး ကြီးပါတယ်။

ကျွန်တော်ဟာ တိုက်ပွဲကြီးတစ်ခုထဲမှာဆိုရင် ကျည်ဆံတွေကလည်း ပလူပျံနေသလို ဖြစ်နေတယ်ဆိုကြပါစို့။ ကျွန်တော်က ဗိုလ်မှူးကြီးထံ ချဉ်းကပ်ပြီးတော့ “ဗိုလ်မှူးကြီး အခုဟာ စစ်တိုက်နေတာနော်။ သင်ဘယ်သူ့ကို တိုက်နေတာလဲ? သူတို့ရဲ့ လှုပ်ရှားပုံကကော? သူတို့ဘယ်လို လက်နက်တွေသုံးတာလဲ?”လို့ မေးနေတယ်ဆိုကြပါ

ဗိုလ်မှူးကြီးကလည်း “ကဲ ငါတို့ရန်သူကို ဂရုမစိုက်ပါဘူးကွာ။ သူတို့ အကြောင်းတွေ မဆွေးနွေးချင်ပါဘူးကွာ၊ သူတို့ဘယ်မှာရှိလဲတော့ မသိဘူး။ ဘာလုပ် နေလည်း မသိပါဘူး။ တို့ကတော့ သေနတ်နဲ့ ပစ်နေတာဘဲ။ လက်ပစ်ဗုံးကို လွှင့်ထည့် လိုက်တာဘဲ။ အဲဒါ ဒီနေ့တို့ကျည်ဆံ (၁၇၀၀၀) တောင်ပစ်ခဲ့ပြီဘဲ။ ဒါအားရစရာကြီး နော်။ တို့လုပ်တာ အောင်မြင်တယ်မဟုတ်လား’

တပ်မှူးက ဒီစကားတွေပြောပါ့မလား? အသိဉာဏ်ကင်းမဲ့တဲ့ ဒီလို တိုက်ပွဲမျိုး မရှိဘူးဆိုတာ ရှင်းနေပါတယ်။ သို့သော်လည်း ခရစ်ယာန်တော်တော်များ ၊ များ ဝိညာဉ်ရေးရာတိုက်ပွဲကို အဓိပ္ပါယ်ကင်းမဲ့စွာနဲ့ တိုက်နေပြီး အမှောင်စာတန်ကနေ အကာအကွယ် ယူနေကြတယ်။ စာတန်အကြောင်း မသိဘဲနဲ့တော့ အကာကွယ်ယူလို့ မရပါဘူး။ စာတန်ကို သေသေချာချာကြည့်ပါ။ စစ်ဆေးပါ။ နောက်တစ်ခုက စာတန်ကို ဘဲကြည်နေပြီး ဘုရားကို မျက်ခြေပြတ်သွားရင်လည်း ဒုက္ခရောက်နိုင်တယ်။ ဘုရားကို

စေ့စေ့ကြည့်ပါ။ အာရုံမပျက်ပါနဲ့။ နောက်ပြီး စာတန်ကိုလည်း စူးစမ်းပါ။ သူဘယ်မှာလဲ ? သူဘာလုပ်နေလဲဆိုတာ သိဖို့လိုတယ်။

ဒီနိုးကြားမှုဟာ ရေဒါစက်လိုဘဲ မြင်နိုင်တယ်။ ရေဒါကိရိယာ အလုပ်လုပ်နေဖို့ လိုတယ်။ ရေဒါလက်တန်ဟာ တစ်ခါတစ်ခါ ရပ်နေရင် အသုံးမကျနိုင် ဘူး။ ညနေအချိန်၊ ခရစ်စမတ်အချိန်၊ ရုံးပိတ်ရက်၊ ချက်လက်မှတ်ရောက်လာက်အချိန် ‘စက်ဆရာက နေထိုင်မကောင်းတဲ့ အချိန်တွေမှာ ရေဒါဟာ အလုပ်မလုပ်ဘူး။ ဒီစနစ်ကို အားကိုးလို့မရတော့ဘူး။ ကျွန်ုပ်တို့ (၆)လတိုင်တိုင် အမှောင်အင်အားကို ဂရုစိုက်ပြီး

တော့ တစ်ရက်လောက်နားလိုက်တဲ့အခါ ဒုက္ခတွေ့မှာဘဲ။ အဲဒီနေ့မှာ စာတန်တိုက်မှာ ဘဲ။ တစ်ချိန်လုံး ဂရုမစိုက်ဘူးဆိုတာ စာတန်တွက်ချက်ထားတယ်။ ကျွန်ုပ်တို့အား နည်းချိန်၊ ဂရုမစိုက်တဲ့အချိန်မှာ အရှိန်အဟုန်နဲ့ စာတန်ဝင်လာတတ်တယ်။

ရေဒါရှိရင် ရန်သူလာတိုက်ဖို့တော့ ခက်တာပေါ့။ ကျွန်ုပ်တို့က မျက် ခြေမပြတ် ဂရုစိုက်ရင်တော့ စာတန်ဝင်လာဖို့ ခက်ပါတယ်။ စာတန်ဟာ ရေဒါစက်ကိရိ ယာ ဒိုင်ခွက်ပေါ်မှာ ပေါ်လာရင် ကျွန်ုပ်တို့ကို မီးနီပြမယ်။ နိုးစက်ပေးမယ်။ တိုက်ပွဲဝင် ရန် ပြင်ဆင်ကြရမယ်။ တစ်ခါတစ်ရံ ပြင်ဆင်မှုတွေကြောင့် စာတန်နောက်ဆုတ်သွား ပါတော့တယ်။

အခန်း(၄)

စစ်မြေပြင်သုံးခု Three Battle Grounds

တံတား၊ လမ်း၊ လေယာဉ်ကွင်း၊ ရုပ်မြင်သံကြားနှင့် အသံလွှင့်ရုံများ၊ စစ်မက်အင်္ဂါဖြစ်သောအခါ အချက်အချာကျတဲ့နေရာတွေက စစ်တပ်များများ ချထား လေ့ရှိတယ်။ ရန်သူရဲ့ တိုက်ခိုက်မှုကို ကာကွယ်ကြရမယ်။ အချက်အချာကျတဲ့နေရာ တွေကို တပ်စွဲနိုင်တဲ့ဘက်က အနိုင်ရလေ့ရှိတယ်။ ကျွန်ုပ်တို့အသက်တာတွေမှာလည်း ၊ ဗျူဟာကျတဲ့နေရာ သုံးနေရာရှိတယ်။ တိုက်ခိုက်မှုကို အထူးကာကွယ်ကြရမယ်။ အဲဒီ သုံးနေရာကတော့ (၁)စိတ် (၂)နှလုံးသား (၃)နှုတ်ပါးစပ်တို့ ဖြစ်ကြတယ်။ တပ်မတော်ရဲ့ အချက်အချာကျတဲ့ နေရာလိုဘဲ ကျွန်ုပ်တို့ဟာ အသက်ပေးပြီးတော့ ခုခံကာကွယ်ကြဖို့ လိုအပ်တယ်။

စိတ်-ပထမဗျူဟာကျသောနေရာ

ကျွန်ုပ်တို့ စိတ်ထဲဝင်လာတဲ့ အရာတိုင်းဟာ အရင်းအမြစ်သုံးခုဆီက လာတယ်။ ပထမဝင်လာတဲ့ အရာကတော့ ကျွန်ုပ်တို့အထဲကဘဲ ဖြစ်ပေါ်လာတယ်။ ဘုရားသခင်ဟာ ကျွန်ုပ်တို့ကို စဉ်းစားတတ်ဖို့ ဖန်ဆင်းထားတယ်။ အခြားအရင်းအမြစ် နဲ့ မဆက်သွယ်ဘူး။ ကျွန်ုပ်တို့ရဲ့ စဉ်းစားတွေးခေါ်မှုဘဲ။ ဒုတိယဝင်လာတဲ့ အရာကတော့ ဘုရားသခင်ထံက လာတယ်။ ဘုရားသခင်ဟာ ကျွန်ုပ်တို့ စိတ်ထဲမှာ စကားပြောတယ်။ ဒါကို ကျွန်ုပ်တို့က ဗျာဒိတ်ရူပါရုံဘဲခေါ်ခေါ်၊ လမ်းပြပို့ဆောင်တယ်ဘဲခေါ်ခေါ်၊ အသံ

တော်ဘဲခေါ်ခေါ် ထိုးထွင်းခြင်းတရားရဲ့ ဆုကျေးဇူးဘဲခေါ်ခေါ် ခေါ်လို့ရပါတယ်။ ဘုရားသခင်ကတော့ လူကိုစိတ်ထဲမှာ တိုက်ရိုက်ဘဲစကားပြောတယ်။ တတိယ ဝင်လာ တာကတော့ စာတန်တည်းဟူသော ရန်သူဘဲဖြစ်တယ်။ လောကီမှောင်မိုက်တန်ခိုး

ကြောင့် လူကိုစကား ပြောနိုင်တယ်။ စိတ်မကောင်းစရာတစ်ခုကတော့ ခရစ်ယာန် တော်တော်များများဟာ ရန်သူစကားကို နားထောင်ကြတယ်။ စာတန်ရဲ့ လှည့်ဖြားမှုကို ခံကြတယ်။ အကျိုးဆက် ကို ခံကြရတယ်။

အချို့ကတော့ မေးကြတယ်။ စိတ်ထဲကို စာတန်ဘယ်လိုစကားပြော သလဲ? စာတန်ဟာ နေရာတိုင်းမှာမရှိဘူးမဟုတ်လား? ကျမ်းစာကပြောတယ် ယာ၊ မှာ မာရ်နတ်ကို ဆီးတားကြလော့။ သို့ပြုလျှင် သူသည် သင်တို့ထံကပြေးသွားလိမ့်

မည်လို့ဖော်ပြထားတယ်။ ကျမ်းစာက စာတန်သို့မဟုတ် ရန်သူလို့ပြောတဲ့အခါ စာတန်

နိုင်ငံကို ညွှန်ပြလေ့ရှိတယ်။ တစ်ဦးချင်းကို မဆိုလိုဘူး။ လူစီဖါကို မဆိုလိုဘူး။ ရန်သူဟာ နေရာတကာမှာ တစ်ချိန်ထဲမရှိနိုင်ဘူး။ လူတွေကို စုံစမ်းလိုက်၊ စိတ်ထဲမှာ စကားပြောလိုက်ဆိုတာမျိုး မဟုတ်ပါ။ စာတန်နဲ့ အပေါင်းပါဖြစ်တဲ့ ကောင်းကင်တမန် ဆိုးတွေရှိတယ်။ (ကျမ်းစာထဲမှာ စာတန်နောက်လိုက် ကောင်းကင်တမန် အရေအတွက် မပြောဘူး) သူတို့ကဘဲ စာတန်ရဲ့ ခိုင်းစေချက်တွေ လုပ်နေကြတယ်။ ကျွန်ုပ်တို့ လူစီဖာ စာတန်နဲ့ တိုက်ရိုက်တွေ့ဖူးမှာ မဟုတ်ဘူး။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ထဲမှာ မာရ် နတ်ကို ဆီးတားကြလော့လို့ ပြောတာ။ စာတန်ရဲ့ အပေါင်းပါတွေကို ပြောတာဖြစ် တယ်။ ကျွန်ုပ်လည်း စာတန်ရဲ့ လက်ပါးစေတွေကို စာတန်ဘဲခေါ်ပါမယ်။ ကောင်းကင် ကကျလာတဲ့ ကောင်းကင်တမန်နတ်ဆိုးတွေကို ခြုံငုံပြီးပြောနေတာ ဖြစ်တယ်။

မှောင်မိုက်တန်ခိုးတွေဟာ ကျွန်ုပ်တို့ စိတ်နှလုံးအကြံအစည်ကို မသိ ပါဘူး။ ဘုရားကသာ သိတာ (ဆာ၊ ရ၉)။ သူတို့က အကြံပေးလို့ရတယ်။ မြူဆွယ်လို့ ရတယ်။ ခရစ်တော်က အသေသတ်ခြင်းကို ခံရမည်။ သုံးရက်မြောက်သောနေ့၌ ထ မြောက်လိမ့်မည်ဟု ပြောတဲ့အခါ ပေတရုရဲ့ တုန့်ပြန်ချက်ကို ခရစ်တော်က မျက်နှာတော် ကို လှည့်၍ “အချင်းရန်သူ၊ ငါနောက်သို့ဆုတ်လော့”လို့ ဖော်ပြတယ်။ (မ၊ ၁၆း၂၃)။ ခရစ်တော်က ပေတရု စာတန်နတ်ဆိုးသွားပြီးလို့ မပြောပါဘူး။ ပေတရုက စာတန်စိတ် ထဲ မှာဖော်ပြတဲ့အရာတွေကို ပြန်ပြောတာဘဲဖြစ်တယ်။

ဝိညာဉ်ရေးရာတိုက်ပွဲတွေဟာ များသောအားဖြင့် လူရဲ့ စိတ်ထဲမှာ ဖြစ်တယ်။ စဉ်းစားနေတဲ့အရာတစ်ခုဟာ မဖြောင့်မတ်ဘူးဆိုရင် တိုက်ပွဲစလာတော့ တယ်။ ဘုရားသခင်ရဲ့ သမ္မာတရားနဲ့ မကိုက်ညီဘူးဆိုရင် စာတန်နဲ့ နပန်းလုံးရတော့ မယ်။ ဆိုးညစ်တဲ့ စဉ်းစားမှုတွေအားလုံးဟာ စာတန်ကမလာဘူး။ သို့သော် ဒီညစ်ညူးမှု ကို စာတန်က အသုံးချတယ်။ ပိုမိုဆိုးဝါးအောင် လုပ်တယ်။

တစ်ရက်ကျွန်တော် စည်းဝေးကအပြန် ကားမောင်းလာတယ်။ ကျွန် တော်စိတ်ထဲမှာ မကျေနပ်ချက်တွေ၊ ဝေဖန်ချက်တွေ ပြည့်လာတယ်။ ဝိညာဉ်တော်နဲ့ ပြည့်ဝတဲ့ ခေါင်းဆောင်တွေပါဘဲ။ အမှန်မှာ ဒီဆရာတွေကို ဝေဖန်ချင်တာမဟုတ်ပါဘူး။ မုန်းတီးလို့လည်း မဟုတ်ပါဘူး။ ဒါပေမဲ့ စိတ်ထဲမှာ မကျေနပ်ချက်တွေ ပြည့်နေတယ်။ နောက်မှ ကျွန်တော်က စိတ်ကိုထိန်းချုပ်ပြီးတော့ ဒါစာတန်ရဲ့ လုပ်ရပ်တွေပါဘဲလို့ ဆုံး ဖြတ်ချက်ချလိုက်ရတယ်။

ရန်သူဟာ လူတွေကို အပုပ်ချဖို့ ကြိုက်တယ်။ ခင်မင်ရင်းနှီးနေမှုကို ဖြိုခွင်းချင်တယ်။ စာတန်ဟာ စိတ်ထဲမှာ မသင်္ကာမှု၊ စွပ်စွဲချက်တွေ အများကြီး ” လိုက်တော့ လင်မယား၊ ခေါင်းဆောင်များ၊ မိတ်ဆွေများကို မသင့်မတင့်ဖြစ်စေတယ်။

အခြားနိုင်ငံကလူတွေသာမက ဘုရားနဲ့တောင် အဆက်ဖြတ်စေချင်တယ်။ ရန်သူဟာ မုသာရဲ့အဖ (ယော၊၈း၄၄)၊ ညီအစ်ကိုများကို အပြစ်တင်သောရန်သူဖြစ်တယ်။ (ဗျာ၊

၁၂း၁၀)။

အမှောင်ကိုကြောက်ရွံ့ခြင်း၊

ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်သည်။ စကြာဝဠကြီး တစ်ခုလုံး ကို ဘုရားသခင်သည် လွတ်လပ်လဟာကနေ ဖန်ဆင်းတယ်။ ဘုရားသခင်ဟာ ကုန် ကြမ်း တွေမရှိပါဘူး။ ဘုရားစိတ်တော်ထဲမှာ ဖန်ဆင်းမယ်လို့ ပေါ်လာတဲ့အခါမှ ဖန်ဆင်းခြင်း ဖြစ်လာတယ်။ ပုံသဏ္ဍာန်တော်နဲ့အညီ လူသားတွေဟာလည်း ဖန်ဆင်း ခြင်းခံကြရတယ်။ ဘုရားသခင်ဟာ ကျွန်ုပ်တို့ကို လက်တွေ့ဆောင်ရွက်နိုင်တဲ့ စိတ်ကူး စိတ်သန်းတွေ ပေးထားတယ်။ ကျွန်ုပ်တို့နေတဲ့ ကမ္ဘာကြီးကို ဘုရားသခင် ဖန်ဆင်း ပြီးတဲ့နောက် ကျွန်ုပ်တို့လည်း ထပ်မံတီထွင်ကြတယ်။ ဘိလပ်မြေ၊ ဓါတ်မီး၊ မော်တော် ကား၊ မှန်ဘီလူး၊ ပန်းချီပန်းပု၊ ဇာတ်တီးဝိုင်း စသည်ဖြင့် ပေါ်ပေါက်လာတယ်။ ဘုရား သခင်ပေးတဲ့ စွမ်းပကားနဲ့ စိတ်ထဲမှာ တီထွင်ဖန်တီးကြတယ်။

ဒီအံ့ဖွယ်ရာ အစွမ်းသတ္တိဟာလည်း အမှောင်တန်ခိုးအတွက် ပစ်မှတ် ဖြစ်လာတယ်။ စာတန်ဟာ ကျွန်ုပ်တို့စိတ်ထဲမှာ မှားယွင်းမှုတွေ၊ လွဲမှားတာတွေကို ထည့် သွင်းပေးလေ့ရှိတယ်။ ကျွန်ုပ်တို့ စိတ်ပူပန်တယ်။ ကြောက်ရွံ့တုန်လှုပ်တယ်။ ကျွန်ုပ်တို့ စဉ်းစားတာတွေ ဘာဖြစ်လာမလဲ? မကောင်းတဲ့အရာတွေကတော့ လွယ်လွယ်နဲ့ ဖြစ်မ လာဘူး။ လူတွေက အမှောင်ဆိုရင် ကြောက်ကြတယ်။ တကဲ့အမှောင်ကို မဆိုလိုဘူး။ စိတ်ကူးစိတ်သန်းတွေဟာ ကြောက်မက်ဘွယ်ရာများ ဖြစ်လာတဲ့အခါ၊ အဲဒီအမှောင်

လောကကို ကြောက်ကြတယ်။ မြင်တွေ့နေကျအရာမဟုတ်တော့ဘဲနဲ့ ကြောက်မက် စရာတွေ မြင်တွေ့လာတယ်။

စာတန်ကို နေရာပေးလိုက်ရင် စာတန်ဟာ အခွင့်ကောင်းယူပြီးတော့ သူလိုချင်တဲ့ ပုံစံဖော်လိုက်ကြတယ်။ စစ်မှန်တဲ့ တီထွင်မှုတွေ ပျောက်ကွယ်သွားတယ်။ ဒက်ဘန်ဒီဆိုတဲ့ လူဟာ လူ(၁၈)ဦးကို ဆက်တိုက်သတ်တယ်။ ၁၉၈၉ခုနှစ် ဖလော်ရီဒါ ပြည်နယ်မှာ ကြိုးမိန့်ပေးခဲ့ရတယ်။ သူမသေခင် ဒေါက်တာဂျိမ်းဒွပ်ဆန်ကို ပြောပြတယ်။ သူအရင်က ညစ်ည္တဲ့စာပေအကြမ်းဖက်မှု၊ ရုပ်ပုံတွေကို လိုက်စားခဲ့လို့ ဒီလိုဖြစ်တာလို့ ပြောတယ်။

ဘုရားသခင်ဟာ လူတွေရဲ့ စိတ်ကူးစိတ်သန်းကို မသန့်ရှင်းတာတွေ ညစ်သွားတာတွေနဲ့ မပျက်စီးစေချင်ဘူး။ ကျွန်ုပ်တို့ကို ဘုရားသခင်က ယုံကြည်ခြင်းဟာ ” ဘုရားသခင်ဖော်ပြသောအရာများကို ပြီးပြည့်စုံစေသည်ဟု ယုံကြည်လက်ခံသည်။

ကျွန်ုပ်တို့စိတ်ထဲမှာ ပြည့်စုံနေတာမြင်ရင် ဒါဟာ ယုံကြည်ခြင်းဘဲ။ ဒါကြောင့် ကျမ်း

ထဲမှာကြည့်ရင် ဟေဗြဲ၊၁၁း၁ အရ ယုံကြည်ခြင်းသည် မျှော်လင့်သောအရာ များကို မျက်မှောက်ပြုတယ်လို့ ဆိုတယ်။

၂ကော၊ ၁၀း၃-၅ မှာလည်း အဘယ်ကြောင့်နည်းဟူမူကား ငါတို့ သည် လူ့ဇာတိ၌ ကျင်လည်သော်လည်း ဇာတိပကတိအလိုသို့ လိုက်၍ စစ်တိုက်ကြ သည်မဟုတ်။ ငါတို့စစ်တိုက်၍ သုံးစွဲသောလက်နက်သည် ဇာတိပကတိလက်နက် မဟုတ်။ ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် မြို့ရိုးမြို့ပြတို့ကို ဖြိုဖျက်နိုင်သော လက်နက်ဖြစ်၏။ ထိုလက်နက်အားဖြင့် လူတို ၏အကြံအစည်တို့ကို၄င်း၊ ဘုရား သခင်သိသော ပညာကို ဆီး တားသော မာန်မာနရှိသမျှတို့ကို၎င်း၊ နှိမ့်ချမှောက်လှန် ၍ ခပ်သိမ်းသော စိတ်တို့ကို ဘမ်း သွားချုပ်ထားလျက် ခရစ်တော်၏စကားကို နားထောင်စေကြ၏လို့ ဖော်ပြထားတယ်။ လူတွေကတော့ မြို့ရိုးမြို့ပြကို သုံးစွဲကြတယ်။ သူတို့က လူသားဝါဒ၊ အစ္စလမ်၊ကွန်မြူနစ်ဝါဒ၊ အခြားဘာသာများနှင့် အဖွဲ့အစည်းတွေ မှာ သုံးစွဲလေ့ရှိကြတယ်။ သို့သော်လည်း ကောရိန္ဒူ ဒုတိယစောင်မှာတော့ မြို့ရိုးမြို့ကို ထုထည်ကြီးမားသော အဆောက်အုံ၊ လူတွေ၊နတ်ဆိုးတွေမှာ မသုံးဘူး။ ဒီနေရာမှာ စိတ် နဲ့ဆိုင်တယ်။ ဒီမြို့ရိုးမြို့ပြတွေဟာ စိတ်နှလုံးထဲမှ ရဲတိုက်ကြီးတွေ ဆောက်တယ်။ လွဲမှားတဲ့ အတွေးအခေါ်နဲ့ တည်ဆောက်တာကို ဆိုလိုတယ်။ မယုံကြည်တဲ့ စိတ်နေ သဘောထားတွေ စိတ်ဓါတ်အလွန် ကျဆင်း နေတာတွေ၊ ကြောက်ရွံ့တုန်လှုပ်နေတာ တွေ အဖျက်လုပ်ငန်းနဲ့ဆိုင်တဲ့ ကြံစည်မှုတွေကို ပြောနေတာဖြစ်တယ်။

စိတ်ပိုင်းဆိုင်ရာ မြို့ရိုးမြို့ပြတွေရှိတယ်။ ခရစ်ယာန်ရော၊ မယုံကြည် သူတွေပါ တူကြတယ်။ ညံ့ဖျင်းတယ်လို့ ခံယူတဲ့စိတ် အပြစ်ဒဏ်ပေးခံရတယ်ဆိုတဲ့ စိတ် တွေပဲ။

ညံ့ဖျင်းတဲ့စိတ်က “မင်းဟာ လူကြီးလူကောင်းမဟုတ်ဘူး။ မင်းဟာ မတော်ဘူး။ မင်းဟာ ကြည့်လို့မကောင်းဘူး။ မင်းဟာ ဖြစ်ဖြစ်မြောက်မြောက်ရှိမှာ မ ဟုတ်ဘူး။ မင်းဟာ တန်ဘိုးမရှိဘူး” ဒီစိတ်နေသဘောထားကြောင့် သူတစ်ပါးတွေကို မနာလိုဝန်တို ဖြစ်လာတတ်ကြတယ်။

စာတန်ကလည်း စွပ်စွဲတယ်။ “မင်းဟာ ဘုရားကို မချီးမွမ်းပါလား။ မင်းဟာ ဝိညာဉ်ရေးရာ မပြည့်ဝဘူး။ ကျမ်းစာလည်း သိပ်မဖတ်ပါလား။ ဘုရားနဲ့ နီးနီး ကပ်ကပ်မနေဘူးလား” ဒီတွေးခေါ်မှုတွေကြောင့် ဘုရားသခင်ရဲ့ နယ်ပယ်ထဲမရောက် နိုင်ကြတော့ပါ။ အချို့ခရစ်ယာန်တွေဆိုရင် နေ့စဉ်လိုလို စိတ်ပျက်အားလျော့ပြီး အပြစ် ဒဏ်ခံနေရသလို မြင်တွေ့ရတယ်။

မြို့ရိုးမြို့ပြလို့ ခေါ်တဲ့ စာတန်ရဲ့ယဇ်ပုလ္လင်တည်ထောင်မှုနှစ်မျိုးကို

တော့ တိုက်ပွဲဝင်ရမယ်။ ဖြိုဖျက်ကြရမယ်။ ပြီးတော့ ကျမ်းစာမှာ ဘုရားသခင်ပြောတဲ့ အတိုင်း လုပ်ကြပါစို့။

စိတ်ပိုင်းဆိုင်ရာကင်းစောင့်

စဉ်းစားတာတွေဟာ ပါးစပ်ထဲထည့်တဲ့အစာတွေနဲ့ တူတယ်။ တစ်ခု ပြီးတစ်ခု မြိုချလိုက်တာ သတိမထားကြဘူး။ တစ်လုပ်စားပြီးရင် စဉ်းစားလိုက် မလုပ်ကြ ပါဘူး။ မကောင်းတာစားမိရင် ချက်ခြင်းထွေးထုတ်လိုက်တယ်။ စဉ်းစားတာလည်း ဒီ ပုံစံပါဘဲ။ အလိုလို ကျင့်သားရနေတယ်။

တပ်မတော်စစ်စခန်းတွေမှာ အစောင့်ထားတယ်။ ဒီအစောင့်တွေ ဟာ တိတ်ဆိတ်စွာနဲ့ စောင့်နေကြတယ်။ အနီးအနားက ခြုံပုတ်တွေက အသံကြားရင် ချက်ချင်းလှုပ်ရှားလာပြီး “ဟေ့ဘယ်သူလဲ” လို့ မေးတယ်။ ရန်သူမှန်သမျှကို တိုက်ခိုက်ဖို့ အဆင်သင့်လုပ်တယ်။ ဒီလိုဘဲ ကျွန်ုပ်တို့ စိတ်တံခါးဝမှာ အစောင့်ထားရမယ်။ စဉ်းစား တာ၊ တွေးခေါ်တာတွေကို စစ်ဆေးဖို့လိုတယ်။ မမှန်တာ မဟုတ်တာတွေကိုချက်ခြင်း ဖယ်ရှားရမယ်။ ဘုရားအလိုတော်နဲ့ ဆန့်ကျင်တဲ့အရာတွေ။ မကောင်းရင်ချက်ခြင်းဖယ် လိုက်ပါ။ ဒါဟာ ဝိညာဉ်ရေးရာတိုက်ပွဲဘဲ။ စဉ်းစားတဲ့အရာတစ်ခုစီကို စီစစ်တိုက်ထုတ်

ရမယ်။

ကျမ်းစာကပြောတယ်။ “သူသည် စိတ်ထင်သည်အတိုင်းဖြစ်၏” သု၂၃း၇ မှာ ပါတယ်။ ရန်သူရဲ့ အဓိကလုပ်ရပ်ကတော့ စစ်မှန်တဲ့ ခရစ်ယာန်တွေရဲ့ လုပ်

ဆောင်ချက်တွေကို လိုက်ဖျက်တယ်။ ထိရောက်အောင်မြင်မှုဆိုတာကို မလိုလားဘူး။ သူတို့သေလို့ ကောင်းကင်ဘုံသွားတာတောင် ဒီလောကမှာရှိတဲ့အခိုက် ထုံထိုင်းလေး လန်စေတယ်။ မလုပ်နိုင်အောင် ချုပ်ကိုင်တယ်။ အချိန်ဖြုန်းတီးစေတယ်။ လွဲမှားတာ တွေကို စဉ်းစားစေတယ်။ ဒီပုံစံနဲ့တိုက်တော့ ထောင်ပေါင်းများစွာသော ခရစ်ယာန် တွေဟာ မအောင်မြင်တော့ဘူး။ စစ်မှန်တဲ့ ခရစ်ယာန်တွေမဖြစ်လာတော့ဘူး။

နှလုံးသား- ဒုတိယမဟာဗျူဟာ စစ်မြေပြင်

သု၊ ၄း၂၃ မှာ နှလုံးသည် အသက်၏အခြေအမြစ်ဖြစ်သောကြောင့် သင်၏နှလုံးကို အထူးသဖြင့် စောင့်ရှောက်လို့ လို့ပါရှိတယ်။ ကျမ်းစာက နှလုံးလို့ ဖော်ပြတဲ့အခါမှာ အဓိပ္ပါယ်အမျိုးမျိုး ဖော်ထုတ်လို့ရတယ်။ ဝိညာဉ်ရေးရာ တိုက်ပွဲနဲ့ ဆိုင် တာကြည်ရင် ကျမ်းစာထဲမှာပါတဲ့ အချက်နှစ်ချက်ကို ဖော်ထုတ်မယ်။ ပထမကတော့ စိတ်နေသဘောထားဖြစ်တယ်။ ဒုတိယကတော့ တွေ့ထိခံစားစိတ်ဖြစ်တယ်။

သမ္မာကျမ်းစာက ကျွန်ုပ်တို့ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို ဘုရား

သခင်ရဲ့လက်နက်စုံနဲ့ ကာကွယ်ဖို့ သွန်သင်တယ်။ ကိုယ်ခန္ဓာပိုင်းရော၊ ဝိညာဉ်ပိုင်းရော၊ ကြည့်ရင် ဦးခေါင်းနဲ့ နှလုံးသားဟာ အရေးကြီးတယ်။ အန္တရာယ်ရနိုင်တယ်။ လက်တစ်

ချောင်း၊ ခြေတစ်ချောင်းတိုက်ပွဲမှာ ကျသွားနိုင်တယ်။ ဦးခေါင်းဒဏ်ရာ၊ နှလုံးဒဏ်ရာ ဆိုရင် သေစေနိုင်တယ်။ ဝိညာဉ်ရေးရာပိုင်းကို ကြည့်ရင် ဦးခေါင်းရော၊ နှလုံးရေးဟာ အရေးကြီးတာပဲ၊ ကွယ်ကာစောင့်ရှောက်ကြရမယ်။

ကျွန်ုပ်တို့ ခရစ်ယာန်တွေဟာ လက်တွေ့လုပ်ဆောင်တဲ့အပြစ်တွေကို အထူးကာကွယ်ကြတယ်။ စိတ်နေသဘောထားတွေကိုတော့ ပြင်းပြင်းထန်ထန် မကာ ကွယ်ကြဘူး။ ကျွန်ုပ်တို့ရဲ့ ချစ်လှစွာသော တရားဟောဆရာဟာ မတရားတဲ့ မေထုန် ကျူးလွန်ခြင်း သို့မဟုတ် လိင်တူဆက်ဆံခြင်း၊ သို့မဟုတ် ခိုးတတ်တယ်ဆိုရင် ကျွန်ုပ်တို့ အလွန်ဒေါသထွက်ကြမှာဘဲ။ ချက်ခြင်းအရေးယူမယ်၊ သူ့စည်းဝေး မတက်တော့ဘူး။ သူ့ကိုချက်ခြင်းဘဲ ရာထူးကဖြုတ်ချဖို့ လုပ်ကြတော့မယ်။ ဒါပေမဲ့ တရားဟောကောင်း တဲ့ ဆရာတစ်ပါးဟာ ပုန်ကန်စိတ်ရှိတယ်။ မာနထောင်လွှားတယ်။ ငြင်းခုံတတ်တယ်။ စိတ်ဆိုးတတ်တယ်ဆိုရင် မသိမသာထားလိုက်ကြတယ်။ ကျွန်ုပ်တို့က “မင်း၊ ဒီလိုဘဲ ဇာတိသဘောတွေရှိတော့ ကောင်းသလိုပါဘဲ”လို့ ပြောကောင်းပြောကြပါလိမ့်မယ်။

သို့သော်လည်း ကျမ်းစာကတော့ ခွင့်မပြုဘူး။ ဧ၊ ၄:၂၆-၂ရမှာ ကြည့် ရင် အမျက်ထွက်ရာတွင် အပြစ်မရှိစေနှင့်။ အမျက်မပြေဘဲ နေမဝင်စေနှင့်။ မာရ်နတ် ကို အခွင့်မပေးကြနှင့်လို့ ဖော်ပြထားတယ်။ အမျက်ထွက်တာမကပါဘူး။ အများကြီးရှိ ပါသေးတယ်။ ဒီကျမ်းချက်တွေကို ကြည့်ရင် လွဲမှားသောစိတ်နေသဘောထားဟာ စာတန်တိုက်ခိုက်စေဖို့အခွင့်ပေးနေတာနဲ့ တူတယ်။ ဒါတောင် ရှင်ပေါလုဟာ အလွန်ရင့် ကျက်တဲ့ အသင်းတော်တစ်ပါးကို ရေးတဲ့စာစောင်ဖြစ်တယ်။ ဂလာတိ၊ ကောရိန္ဒ အသင်း တော်များနဲ့ စာကြည်ရင် ဧဖက်အသင်းတော်ဟာ အများကြီးကောင်းပါတယ်။ ဖေက်အသင်းတော်မှာ ရင့်ကျက်တယ်။ ဝိညာဉ်တော်နဲ့ ပြည့်ဝကြတယ်။ ဘုရားဝတ်နဲ့မွေ့

လျှော်တဲ့ ခရစ်ယာန်တွေက များပါတယ်။ ဒါတောင် ရှင်ပေါလုက စာတန်ကို အခွင့်မပေး ဖို့ သတိပေးနေတယ်။ သူတို့လုပ်နေကြတယ်လို့ မပြောပါဘူး။ သူတို့လုပ်ချင်နေကြမှာ olu

ဧဖက်အသင်းတော်မှာ ဖြစ်နိုင်ရင် ကျွန်ုပ်တို့မှာလည်း ဖြစ်နိုင်တာဘဲ။ ဖြစ်တဲ့လူတွေရှိမယ်။ ကျွန်ုပ်တို့က စိတ်နေသဘောထားပိုင်းကို လစ်လျူရှုကြတဲ့အခါ မကောင်းတဲ့ စကားတွေထွက်လာမယ်။ မဟုတ်တာတွေ လုပ်ကြတော့မယ်။

မှန်မှန်သွားတိုက်နေသလို စိတ်နေသဘောထားကိုစီစစ်ပါ

မကြာခဏဆိုသလို ကျွန်ုပ်တို့ဟာ လွဲမှားတဲ့ စိတ်နေသဘောထား

တွေ အမြစ်စွဲစေတယ်။ စစ်ဆေးမှုမရှိဘဲ အပြင်မှာ ပေါ်ထွက်လာလေ့ရှိတယ်။ ကျွန်ုပ်တို့ နှလုံးထဲမှာ စာတန်ကိုမရှိစေချင်ရင် မှားယွင်းတဲ့ စိတ်နေသဘောထားတွေကို ဖော်ထုတ် ကြရမယ်။ အမျက်မပြေဘဲ နေမဝင်စေနဲ့လို့ ကျမ်းစာက သတိပေးထားတယ်။ ကျွန်ုပ်တို့ အမျက်ထွက်ကြတယ်။ အဲဒိအမျက်ကို ဖြေရှင်းကြဖို့ အရေးကြီးတယ်။

ကျွန်ုပ်တို့မှာရှိတဲ့ လွဲမှားတဲ့စိတ်နေသဘောထားတွေဟာ ကယ်တင် ခြင်းရရင် ပျောက်ကွယ်သွားမယ်မထင်ပါနဲ့။ နေ့စဉ်အသက်ရှင်မှုမှာ တာဝန်ရှိရှိ အသက် ရှင်ဖို့ကတော့ ကျမ်းစာဟာ ရှင်းပါတယ်။ မှန်တာတွေ ရွေးယူရမယ်။ အမှားတွေကို

ပြင်ကြရမယ်။

ကျွန်ုပ်တို့နေ့စဉ် ရေချိုးတယ်၊ သွားတိုက်တယ်၊ ကျွန်ုပ်တို့က ပြောကြ တယ်။ ‘ငါဒါတွေလုပ်စရာ မလိုပါဘူး။ ဘုရားသခင်က အဝတ်လဲလှယ်စေချင်ရင် အဝတ် ပေးမှာဘဲ”လို့ ပြောလို့မရဘူး။ သို့မဟုတ် “ဘုရားက သွားကိုစင်ကြယ်စေချင်ရင် သူတိုက် ပေးမှာပေါ့” လို့ပြောလို့မရဘူး။ ကျွန်ုပ်တို့မှာ တာဝန်ရှိကြတယ်။ ဒါကို မှန်မှန်လုပ်ကြ တယ်။ ကျွန်ုပ်တို့ မောပန်းနေသည်ဖြစ်စေ၊ စိတ်ဓါတ်ကျနေသည်ဖြစ် စေ၊ အစစအရာရာ အဆင်မပြေသည်ဖြစ်စေ အိမ်ကမထွက်ခင် အဝတ်လဲလှယ်သွားကြတာဘဲ မဟုတ်လား?

လွဲမှားနေတဲ့ စိတ်နေသဘောထားကိုလည်း ဒီလိုဘဲတာဝန်ရှိရှိ ဖြိုဖျက် ပြရမယ်။ ကျွန်ုပ်တို့က ဒီနေ့တော့ “ငါ့သဘော၊ ငါ့လုပ်ငန်းတွေအပေါ်မှာ ဒီနေ့တော့ တာဝန်မယူဘူး”လို့ ပြောလို့ရမှာလား? သို့မဟုတ် “ငါနောင်တရဖို့ မလိုပါ ဘူး။ နှိမ့်ချဖို့ မလိုပါဘူး။ ပြုံးရွှင်ဖို့၊ ခွန်အားပေးဖို့ မလိုဘူး။ စိတ်မပါသေးဘူး”လို့ ပြောလို့မရပါဘူး။ လူရယ်စရာဖြစ်နေပါလိမ့်မယ်။ “ဖေဖော်ဝါရီလကတော့ ငါ့အတွက် ခက်တယ်။ မတ်လကျမှဘဲ ရေချိုးတော့မယ်”ဆိုရင်ကော။

ဧ၊ ၄း၂၂-၂၄ မှာ လူဟောင်းကိုပယ်ပြီး၊ လူသစ်ကို ယူတင်ဝတ် ဆောင်ပါ ဆိုတဲ့ ကျမ်းစကားဟာ နေ့စဉ်ကျွန်ုပ်တို့ရဲ့ စဉ်းစားတွေးခေါ်မှုတွေကို တာဝန် ယူဖို့ ပြောနေတာဖြစ်တယ် ။ ဒီတာဝန်တွေကို ခရစ်ယာန်လူသစ်ဖြစ်လာရင် ပစ်ပယ်လို့မရဘူး။ စိတ်ဓါတ်ကျနေလို့ပါလို့ ပြောလို့မရဘူး။ နားမလည်လို့လည်း ဆင်ခြေပေးလို့မရဘူးမဟုတ်လား။ (ဧဖက်၊ ၄။ ကော၊ ၃း၈)။

တာဝန်ရှိရှိ၊ စနစ်ရှိရှိ အသက်ရှင်တာ အလွန်အရေးကြီးပါတယ်။ အမှောင်တန်ခိုးဟာ စိတ်နေသဘောထားကနေ ဝင်လာလို့ပါ။ ကျွန်ုပ်တို့ဟာ မာနကြီး နေမယ်။ အမှန်တရားကို ပုန်ကန်နေမယ်ဆိုရင် ဘုရားသခင်ထံက အာမခံချက်မရနိုင်ပါ ဘူး။ လုံခြုံမှုအတွက် ဘုရားက ပေးတော့မှာမဟုတ်ဘူး။ ခါးသီးမှုတွေကို နေ့ရှည်လများ မြိုသိပ်ထားမယ်ဆိုရင် ရန်သူကိုဖိတ်ခေါ်နေတာနဲ့ တူတူဘဲ။(မ၊ ၁၈း၃၄-၃၅)။ ကျွန်ုပ်တို့ ဟာ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်တယ်။ ကျေးဇူးတော်ခံရတယ်။

ဒီ‌နေရာမှာက စာတန်စိတ်နှလုံးထဲ ဝင်လာတာ တံခါးပေါက်တွေ ပိတ်ထားဖို့ကိုသာ

ပြောနေခြင်းဖြစ်တယ်။

စာတန်ရဲ့ယဇ်ပုလ္လင် စိတ်နှလုံးထဲမှာ တည်ဆောက်ထားရင် မြင်တွေ့ င်ပါတယ်။ (ဟေဗြဲ၊ ၁၂း၁၄-၁၅)။ အဲဒီလူတွေဟာ အရာရာမှာ အဆင်မပြေကြဘူး။ စိတ်ဆိုးတယ်။ စိတ်တိုတယ်။ ဝေဖန်ပြောဆိုတတ်တယ်။ သူတို့နဲ့ပတ်သက်ရင် လူတွေ

ရောဂါစွဲသွားကြတယ်။ ညစ်ညူးသွားတယ်။ အခြေအနေအရပ်ရပ်ကို ဗလောင်းဗလဲလုပ် တယ်။ ယောက်ျား၊ မိန်းမ၊ အဖွဲ့အစည်းတွေမှာ မွှေနှောက်ကြတယ်။ တွေ့တဲ့လူနဲ့ အဆင် မပြေကြဘူး။

အမြစ်စွဲနေတဲ့ ခါးသီးမှုတွေ အပြင်ရောက်လာတဲ့အခါ ချက်ချင်း လက်ငင်းဖြိုဖျက်လိုက်ဖို့လိုတယ်။ သစ်ပင်ဟာ သေးငယ်တဲ့အခါ ဆွဲနှုတ်ရတာ လွယ် တယ်။ သစ်ပင်ဟာ ကြီးမားလာတဲ့အခါ ဆွဲနှုတ်ရတာ ကြီးကျယ်တဲ့လုပ်ငန်းကြီးတစ်ခု ဖြစ်လာတယ်။ အမြစ်တွေက ပြန့်နှံ့နေပြီး ကြီးမားနေတော့ စက်ကြီးတွေသုံးရတယ်။ ဒိုင်းနမိုက်နဲ့ ဖောက်ခွဲရတယ်။ တူးရတယ်။ အခက်အလက်တွေခုတ်ထွင်းရတယ်။ နှလုံး ထဲမှာ လွဲမှားတာတွေ ကြာရှည်အမြစ်တွယ်ရင် ဒီပုံစံဘဲဖြစ်မယ်။ မြန်မြန်ပြင်ရင် အကျိုး ရှိတယ်။ ကျွန်ုပ်တို့ လူတစ်ယောက်ကို ကြည့်လို့မရတာကြာလာရင် နေမဝင်ခင် မြန်မြန် ဖြေရှင်းဖို့ဘဲ။ အမြစ်တွယ်ပြီး ကြီးထွားလာနိုင်တဲ့အတွက်ကြောင့် မြန်မြန်နှုတ်ပစ် ကြရ မယ်။

ကျွန်ုပ်တို့ နှလုံးထဲမှ ခါးသီးမှု၊ ပုန်ကန်မှု၊ သီးခြားနေလိုမှု၊ မာန ထောင်လွှားမှု၊ မယုံကြည်မှုတွေကို မြိုသိပ်ထားရင် အောင်မြင်သော အသက်တာကို မရ နိုင်ပါ။ အချို့ခရစ်ယာန်တွေက ပြောလေ့ရှိကြတယ်။ “အင်း၊ ငါကတော့ အထိမခံဘူးကွဲ၊ ဟုတ်ကဲ့ မလုပ်နိုင်ပါဘူး။ ပြောစရာရှိရင် ပြောရမှာဘဲ” လို့ ကြားနေရတယ်။ စာတန်သာ မရှိရင် ဒီပြောဆိုချက်တွေဟာ ဘာမှအန္တရာယ်မရှိပါဘူး။ ဒါပေမဲ့ ကျွန်ုပ်တို့ ပျက်စီးစေ ဖို့အင်အားစုဟာ စောင့်နေတယ်။ ဒီလိုပြောဆိုချက်တွေဟာ ဝိညာဉ်ရေးရာ ကျဆင်းစေ နိုင်တယ်။

ကျွန်တော်နဲ့ အတိုင်ပင်ခံ အကြံပြုနေရတဲ့ လူတွေရှိတယ်။ သူတို့ကို စာတန်အမျိုးမျိုး လှည်စားနေတာ တွေ့ရတယ်။ ဒါတောင် စာတန်ဟာ ကောင်းကင်က ရှုံးနိမ့်လာတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ ဒီကျွန်တော့်လူတွေဟာ ကယ်တင်ခြင်းရပြီးသားပါဘဲ။

ကောင်းကင်ဘုံ သွားမယ့်လူတွေပါ။ ဒါပေမဲ့ စာတန်ဟာ သူတို့အသက်တာမှာ အမျိုးမျိုး ၊ ဖျက်ဆီးနေတယ်။ နေ့စဉ်လိုလိုပါဘဲ။ သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေမှာ၊ အိမ်ထောင် မှာ၊ ဆက်သွယ်ရေးမှာ ပြဿနာတွေ အများကြီးရှိတယ်။ သူတို့နှလုံးထဲ စာတန်ကို နေရာ ပေးကြတယ်။ လွဲမှားစွာ စဉ်းစားတွေးခေါ်လို့ ဖြစ်တယ်။ လွယ်လွယ်နဲ့ မပြုပြင်ကြဘူး။

ဒါတွေဟာ လူတချို့မဟုတ်ဘူး။ နံနက်စာစားနေသလိုဘဲ။ လူတိုင်းလိုလို လုပ်နေတဲ့ ကိစ္စ ဖြစ်တယ်။

ခရစ်တော်သာလျှင် ကားတိုင်ပေါ်တွင် ကျွန်ုပ်တို့အတွက် အသေး၊ သွန်းတဲ့အတွက် အောင်ပွဲခံခဲ့တယ်။ ကျွန်ုပ်တို့ နှလုံးသားထဲမှာ ဒီလွဲမှားနေတာတွေ ကိန်းအောင်းနေသမျှ ကာလပတ်လုံး ခရစ်တော်ရဲ့ အောင်ပွဲအရသာကို ခံစားကြရမှာမ ဟုတ်ဘူး။ ကျွန်ုပ်တို့ မသိတဲ့ အရာတွေအပေါ်မှာ တာဝန်ရှိတယ်လို့တော့ ဘုရားသခင် မပြောဘူး။ သို့သော် မှားယွင်းနေတာကို ဘုရားကဖော်ပြလိုက်တဲ့အခါ နေလို့မရတော့ ဘူး။ ချက်ခြင်းလက်ငင်းဆိုသလို အကုန်အစင် ဖယ်ရှားကြရမယ်။

နှိမ့်ချခြင်းဖြင့် အသက်ရှင်ခြင်း

၁ပေ၊ ၅း၆-၉ တွင် ထို့ကြောင့် ကာလအချိန်တန်လျှင် ဘုရားသခင် သည် သင်တို့ကို ချီးမြှောက်တော်မူမည်အကြောင်း၊ တန်ခိုးကြီးသော လက်တော် အောက်၌ ကိုယ်ကိုကိုယ် နှိမ့်ချကြလော့။ သင်တို့ကို သတိနှင့်ကြည့်ရှုတော်မူသော ကြောင့် သင် တို့၌ စိုးရိမ်ခြင်းအမှု ရှိသမျှတို့ကို ကိုယ်တော်၌အပ်နှံကြလော့။ ။

သမ္မာသတိရှိလျက် မအိပ်ဘဲ စောင့်နေကြလော့။ သင်တို့၏ရန်သူ တည်းဟူသော မာရ်နတ်သည် ဟောက်သော ခြင်္သေ့ကဲ့သို့ အဘယ်သူကို မျိုးရမည် နည်း ဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ၏။ သို့ဖြစ်၍ လူ့ပြည်အရပ်ရပ်တို့၌ ရှိသောသင် တို့ညီအစ်ကိုများတို့သည် ထိုသို့သော ဆင်းရဲကိုခံရကြသည်ဟု သိမှတ်လျက် ယုံ ကြည်ခြင်း၌တည် ၍ မာရ်နတ်ကို ဆီးတားကြလော့။ မှားယွင်းသော စိတ်လှုပ်ရှားမှု တွေကိုလည်း လွဲမှားသော စဉ်းစားတွေးခေါ်မှုလိုဘဲ အရေးယူဖယ်ရှားကြရမယ်။ စိတ်လှုပ်ရှားမှုဟာ မမှားပါဘူး။ ဘုရားသခင်လည်း စိတ်လှုပ်ရှားတဲ့အတွက် လူတွေကို အမွေပေးထားတယ်။ ဒါဟာ အသက်ရှင်မှုရဲ့ အစိတ်အပိုင်းတစ်ခုဘဲ။ စိတ်လှုပ်ရှားမှုသာ မရှိရင် မတုန်မလှုပ်တဲ့လူလို ဖြစ်မယ်။ စာတန်ဟာ လွဲမှားတဲ့ စိတ်လှုပ်ရှားမှုတွေကို အားပေးတယ်။ စိတ်လှုပ် ရှားသူကိုများစွာ စာတန်ကြိုးဆွဲနိုင်တယ်။

၁ပေ၊ ၅း၆-၉မှာ ကျွန်ုပ်တို့စဉ်းစားတွေးခေါ်မှု၊ စိတ်လှုပ်ရှားမှုတွေကို ဘယ်လိုကိုင်တွယ်ရမှာကို သွန်သင်တယ်။ ပထမအဆင့်ကတော့ နှိမ့်ချဖို့ပြောတယ်။ နှိမ့်ချတာ ဘာကိုဆိုလိုသလဲ? ကျွန်ုပ်တို့ဘယ်သူဘယ်ဝါဆိုတာ သိရှိနေဖို့ဖြစ်တယ်။ မရ၊ မလိုရပါ။ ဘယ်လောက်နှိမ့်ချရမှာလဲ? ကျွန်ုပ်တို့ ရေဘယ်နှစ်ခါ ရေချိုးကြသလဲ? လိုအပ်တဲ့အခါ ရေချိုးကြတာဘဲမဟုတ်လား? လိုအပ်တဲ့အချိန်မှာ နှိမ့်ချမှုဟာ စုံလင် သော အသက်တာရဲ့ သော့ချက်ပါဘဲ။

ယနေ့အသင်းတော်တွေမှာ ခရစ်ယာန်စုံလင်ခြင်းကို အမျိုးမျိုး

အဓိပ္ပါယ်ဖွင့်ဆိုနေကြတယ်။ အချို့ကပြောတယ်။ “ဘယ်သူမှမစုံလင်ဘူး” ခရစ်တော်က တောစုံလင်တယ်။

ဒါကြောင့် ယုံကြည်သူတွေ စိတ်နှလုံးထဲမှာ ကိန်းဝပ်နိုင်တယ်။ ကျမ်း သဘောအရ စုံလင်ခြင်းဟာ အပြုအမူအကျင့်အကြံပေါ် အခြေမခံဘူး။ လူတွေဟာ တစ် ခါတစ်ရံ မှားလေ့ရှိတယ်။ ကျမ်းစာက ပြောတာက စုံလင်ခြင်းဆိုတာ ရည်ရွယ်ချက်နဲ့ ဆက်ကပ်မှုမှာ စုံလင်ဖို့ပြောတယ်။ ကျမ်းစာကပြောတဲ့ စုံလင်ခြင်းဟာ သမ္မာတရားအ ပေါ်မှာ သစ္စာရှိဖို့ပြောနေတာပါ။ ကျွန်ုပ်တို့ သမ္မာတရားနဲ့ သွေဖီရင် နောင်တရရမယ်။ နှိမ့်ချစွာနဲ့ ဘုရားသခင်ရှေ့၊ လူတို့ရှေ့မှာ ပြန်လည်တည်မတ်စွာ နေကြရမယ်။

ကျမ်းစာကပြောတဲ့ စုံလင်ခြင်းဆိုတာ စိတ်ဆိုးတာ မနာလိုတာတွေ လုံးဝကင်းမဲ့နေရမယ်လို့ ဆိုလိုတာမဟုတ်ဘူး။ ဒီလိုအားနည်းချက်တွေ ရှိလာရင် ချက် ချင်းလက်ငင်းပြုပြင်ကြဖို့၊ နှိမ့်ချစွာနဲ့ ဝန်ခံဖို့ပြောနေတာဖြစ်တယ်။ စိတ်နှလုံးနှိမ့်ချ ခြင်းဟာ အသက်ရှင်မှုနည်းမှန် ဖြစ်ရမယ်။ အလွယ်ဆုံးနည်းကတော့ “ကျွန်တော်ဝမ်း နည်းပါတယ်။ ကျွန်တော် မာနကြီးခဲ့တယ်”လို့ ပြောနိုင်ရမယ်။ “ကျွန်တော့ကို ခွင့်လွှတ် ကြပါ”လို့ ပြောပါ။ မကောင်းတာတွေ ပေါ်လာတိုင်း လုပ်ရမယ့် အလုပ်ဖြစ်တယ်။

ဘုရားသခင်ရဲ့ ကတိတော်ရှိတယ်။ ကျွန်ုပ်တို့ကိုယ်ကို နှိမ့်ချရင် ချီ.. မြှောက်ခြင်းခံရမယ်လို့ ဖော်ပြထားတယ်။ ကိုယ်ကိုကိုယ် ချီးမြှောက်ရင် နှိမ့်ချခြင်း ခံရ မယ်လို့ ပါရှိတယ်။ (မ၊ ၂၃း၁၂)။ အဲဒီတော့ နှိမ့်ချရမယ့် အချိန်မှာ မနှိမ့်ချရင် ချီးမြှောက် နေတာနဲ့တူတူဘဲ၊ မနှိမ့်ချခြင်းနဲ့ အသက်ရှင်တာ အလွန်လွယ်ကူတယ်။ စစ်မှန်တဲ့ နှိမ့်ချ ခြင်းအတွက် ချီးမြှောက်ခြင်း အမြဲရှိတယ်။ ဘုရားသခင်ဟာ ကတိတော်တည်တယ်။ ဒါကြောင့် နှိမ့်ချဘို့မကြောက်ကြပါနဲ့။

စာတန်ရဲ့ ဗဟိုဗလီလုံးသုံးလုံး

စိတ်နေသဘောထားပိုင်းနဲ့ စိတ်လှုပ်ရှားပိုင်းတွေအပြင် ပူပင် သောကမှုမရှိရန် သတိပေးထားတယ်။ ပူပင်သောကဟူသမျှကို ဘုရားသခင်ပေါ်တင်ရန် ဖော်ပြထားတယ်။ ပူပင်သောကဆိုတာ ကြောက်ရွံ့ခြင်းပါတယ်။ မယုံကြည်မှုလည်း ပါတယ်။ ဘုရားကိုမယုံတာရယ်၊ ပူပင်သောကရောက်နေတာရယ် ဒွန်တွဲနေတတ် တယ်။ ပူပင်တယ်ဆိုတာ ဘုရားသခင်က ကူညီမစမယ်ဆိုတာ မယုံကြည်လို့ဘဲဖြစ်

တယ်။

ကျမ်းစာရဲ့ သွန်သင်ချက် ရာပေါင်းများစွာအနက် ဒီနှစ်မျိုးကိုကြည့် ပါ။ နှိမ့်ချပါ၊ စိတ်မပူနဲ့ဆိုတဲ့ နှစ်မျိုးဟာ ဝိညာဉ်ရေးရာတိုက်ပွဲမှာ အရေးကြီးတယ်။

လူတော်တော်များများ စာတန်ရဲ့ထုထည်ကြီးမားတဲ့ နိုင်ငံကို အထင် ကြီးကြတယ်။ စာတန်နိုင်ငံမှာ ဝိဇ္ဇာအတတ်၊ စုန်းကဝေ၊ အရှေ့တိုင်းဘာသာ၊ ဒဿနိက၊

လူသားဝါဒ၊ ညစ်ညူးရုပ်ရှင် စာပေဗီဒီယို၊ မူးယစ်ဆေးဝါး၊ လူသတ်မှုများ၊ ရက်စက် ကြမ်းကြုတ်မှုများ ရှိတယ်။ ဒီအမှောင်လောကရဲ့ အရိပ်အရောင်တွေဟာ တစ်ကမ္ဘာလုံး မှာ ရှိနေပြီ။ ဘုရားသခင်နိုင်ငံတော်မှာ ပေါ့ပေါ့တန်တန်နေတဲ့ ခရစ်ယာန်တွေ စာတန် နိုင်ငံကို အထင်ကြီးကြတယ်။

ဒီစာတန်ရဲ့ ယန္တရားကြီးကို ထိန်းထားတဲ့ ဗလီလုံးသုံးလုံးရှိတယ်။ ဒါဟာစာတန်ရဲ့ အခြေခံလက်နက်ဘဲ။ ဒါတွေကို ကျွန်ုပ်တို့အသက်တာထဲမှာ မရှိရင် စာတန်ကို ဖယ်ရှားမယ်။ သူရဲ့လုပ်ရပ်တွေဟာ မထိရောက်တော့ဘူး။ ဒီသုံးမျိုးဟာ မာန

ထောင်လွှားခြင်း၊ မယုံကြည်မှုနဲ့ ကြောက်ရွံ့တုန်လှုပ်ခြင်းဘဲ ဖြစ်တယ်။ စာတန်လုပ်သမျှ စာတန်ရဲ့ နိုင်ငံတစ်ခုလုံးကို ချုပ်ကိုင်မှုတွေမှာ မာရ်နတ်ကစတယ်။ မယုံကြည်မှုက စတယ်။ ကြောက်ရွံ့ခြင်းကစတယ်။ ဒီသုံးမျိုးကို ခရစ်ယာန်တစ်ဦးရဲ့ အသက်တာမှာ ဘယ်တော့မှ ခွင့်မပြုပါနဲ့။ ။

မာနထောင်လွှားမှုကို နှိမ့်ချခြင်းဖြင့် ကုစားရမယ်။ မယုံကြည်မှုနဲ့ ကြောက်ရွံ့မှုကို ဘုရားသခင်၌ အပ်နှံကြရမယ်။

သမ္မာသတိရှိပါ။ ပြုံးရွှင်ပါး

ရှင်ပေတရုဟာ ၁ပေ၊ ၅း၈ မှာ သမ္မာသတိရှိလျက် မအိပ်ဘဲ စောင့် နေကြလော့လို့ဆိုထားပါတယ်။ သမ္မာသတိရှိခြင်းဟာ အရက်မူးခြင်းရဲ့ ဆန့်ကျင်ဘက် လို့ ဖော်ပြလေ့ရှိတယ်။ အချို့ ကတော့ တည်ကြည်မှုဟာ မျက်နှာထား တင်းနေရမယ်လို့ ဆိုကြပြန်တယ်။

ကျွန်တော် လူကြီးတစ်ဦးနဲ့ ဘုရားကျောင်းသွားလေ့ရှိတယ်။ သူက တနင်္ဂနွေနေ့ဖြစ်လို့ မရယ်မောစေချင်ဘူး။ သူက တနင်္ဂနွေနေ့ဟာ သန့်ရှင်းရာနေ့၊ ပျော် ရွှင်ဖို့မဟုတ်ဘူး၊ တည်တည်ကြည်ကြည်နေဖို့လို့ ခံယူတယ်။ သူက ကျွန်တော်တို့အိမ် မှာလာပြီး တစ်ခါတစ်လေ ညစာစားတယ်။ သူမေ့ပြီးတော့ ရယ်မောမှာလားလို့ စောင့် ကြည်နေကြတယ်။ သူဘယ်တော့မှ စည်းမဖောက်ဘူး။

ဝိညာဉ်ရေးရာတိုက်ပွဲမှာ သမ္မာသတိရှိခြင်းသည် ကင်းစောင့်သလို သတိမလစ်ဟင်းဘဲ ဂရုစိုက်နေရန်ဖြစ်တယ်။ သင်ရဲ့ အာရုံစူးစိုက်မှုဟာ တစ်ခြားမ ရောက်နေရဘူး။

သင်ဟာ တိုက်ပွဲတစ်ခုရဲ့ ရှေ့တန်းမှာဆိုရင်၊ ကျည်ဆံတွေ၊ မော်တာ တွေ ပလူပျံနေရင် ကျင်းထဲနေကြရတယ်။ ကျည်ဆံတွေဟာ ကျင်းပေါ်က ဖြတ်သွား ၊ တယ်။ ကျွန်ုပ်တို့ကတော့ သဲအိတ်တွေမှာ ခိုလှုံနေရတယ်။ လုံခြုံနေရင် စိတ်သက်သာ တာပေါ့။ လုံခြုံမှုကိုမေ့ပြီးတော့ ခေါင်းထောင်လိုက်ရင် သေသွားနိုင်တယ် မဟုတ်လား?

ဒါကြောင့် သမ္မာသတိ အမြဲရှိနေဖို့လိုတယ်။ သင်ဘယ်မှာရှိသလဲ? ၊ သီးခံမရှိသလား? အန္တရာယ်တွေကို ကောင်းကောင်းသိရဲ့လား။ သိရင် သက်သာရာရ တယ်။ ဝိညာဉ်တော်ဘုရားဟာ ကျွန်ုပ်တို့ကို ရန်သူလက်မှ ကာကွယ်ပေးမယ်။ ခရစ် ဟန်ဆိုတာ အမှန်ဆိုရင် အပျော်ဆုံးသော လူဖြစ်ရမယ်။ အသက်တာဆိုတာ ပျော်ရွှင် ဝမ်းမြောက်ဖို့ဘဲ မဟုတ်လား? သို့သော် ဘယ်နေရာမှာဘဲဖြစ်ဖြစ်၊ ပျော်ပွဲရွှင်ပွဲမှာဘဲဖြစ် ဖြစ်၊ ပြောကြဆိုကြတဲ့နေရာမှာဘဲဖြစ်ဖြစ် ကျွန်ုပ်တို့ ဘယ်ရောက်နေတယ်ဆိုတာ သတိ ရှိရမယ်။ ဒါတွေဟာ တိုက်ပွဲရဲ့ ရှေ့တန်းဘဲ။ ဟန်ဆောင်နေလို့မရဘူး။ သေရေးရှင်ရေးဘဲ ဖြစ်တယ်။ အမှားမခံဘူး။

၁ပေ၊ ၅ မှာ မအိပ်ဘဲစောင့်နေကြလော့လို့ သတိပေးထားပါတယ်။ မအိပ်ဘဲ နိုးနိုးကြားကြားရှိနေဖို့ လိုတယ်။ စာတန်ရဲ့လုပ်ရပ်တွေ အကုန်မြင်တွေ့နေဖို့ လိုတယ်။

ရှင်ပေတရုက နှိမ့်ချပါ။ စိုးရိမ်ခြင်းမရှိရပါ။ သမ္မာသတိရှိပါ။ မအိပ် ဘဲနေပါလို့ ပြောရတာကတော့ “သင်တို့၏ ရန်သူတည်းဟူသော မာရ်နတ်သည် ဟောက်

သောခြင်္သေ့ကဲ့သို့ အဘယ်သူကို မျိုရမည်နည်းဟူ၍ လှည့်ရှာဖွေလျက်ရှိတယ်”လို့ ဖော် ပြထားတယ်။ ကျွန်ုပ်တို့ရန်သူဟာ ဘယ်သူလဲ? ရန်သူဟာ ခေါင်းဆောင်တစ်ဦး၊ လုပ် ဖော်ဆောင်ဖက်၊ ယောက္ခမမဟုတ်ဘူး။ ရန်သူဟာ စာတန်ဖြစ်တယ်။ ခရစ်ယာန်တိုင်း ရဲ့ ရန်သူဘဲ။ အမှောင်ထုရဲ့ တန်ခိုးဟာ အင်အားကြီးတစ်ခုလိုဖြစ်ပြီးတော့ လှည့်စားနေ တာကို စိတ်ကူးယဉ်နေတဲ့ လူတွေရှိတယ်။ လူကို တိုက်ရိုက်တိုက်ခိုက်နေတယ်လို့ မခံ စားမိကြဘူး။ စာတန်ဟာ လူတစ်ဦးစီကို တိုက်ခိုက်နေတာပါ။ အသင်းတော်၊ လူစုလူ ဝေးမဟုတ်ဘူး။

ဟောက်သံကိုမကြောက်ပါနဲ့

ဟောက်သောခြင်္သေ့ဟာ ဘုရားသခင်ရဲ့ သားသမီးတွေကို ပါတယ်။ ဘုရားက ကာကွယ်ပေးမှ လွတ်မြောက်မယ်။ စာတန်ကသိတယ်။ ခရစ်ယာန်အစစ်တွေ ကို မျိုချလို့မရရင် ဟောက်သံတွေကိုဘဲ ပေးနေတယ်။ ဒီအသံကြောင့် လူတစ်ဦးရဲ့ ထိ ရောက်မှုကို ပျက်ပြားစေနိုင်တယ်။

ခြင်္သေ့ဟောက်သံ အံသွားကြီးရဲ့ အင်အား၊ လက်သဲခြေသဲ ထက်မြက် ၊ မှုတွေဟာ ကြောက်စရာကောင်းတယ်။ ဟောက်သံကြားတာနဲ့ စိတ်လှုပ်ရှားလာစေ တယ်။ သေမှာကြောက်ကြတယ်။ စာတန်ရဲ့ ဟောက်သံကို နားထောင်ပြီးတော့ ဘုရားနဲ့ ဝေးသွားမယ်ဆိုရင် စာတန်ဟာ တကယ်မျိုနိုင်တယ်။

စာတန်ဟောက်ရင် အချို့ကြောက်ရွံ့တုန်လှုပ်တယ်။ အချို့စိတ်ဆိုးကြ

တယ်။ အချို့တပ်မက်ကြတယ်။ အချို့စိတ်ဓါတ်ကျတယ်။ အချို့ပုန်ကန်တယ်။ စာတန် ရဲ့လမ်းပြမှုလား? ဘုရားရဲ့ လမ်းပြမှုကို ခံယူနေတာလား?

ကျွန်ုပ်တို့အလုပ်ပြောင်းတယ်။ လခပိုလိုချင်တယ်။ အိမ်ထောင်ပြုတာ တစ်ဦးထဲမနေချင်လို့။ အိမ်ပြောင်းတာ အိမ်ကြီးကြီးလိုချင်လို့ ဖြစ်တယ်။ ဘုရားကျောင်း မသွားတာကတော့ စိတ်ဆိုးတယ်။ စိတ်ကုန်တယ်။ သူတို့ပြောင်းလဲမယ်လို့ မထင်ဘူး။ ဒီဆုံးဖြတ်ချက်တွေမှာ ဘုရားရဲ့ အသံတွေ ဘယ်မှာလဲ? စိတ်လှုပ်ရှားမှုနဲ့ ဆုံးဖြတ်ချက်

တွေချရင် ဘုရားရဲ့ လမ်းပြမှု ရမှာမဟုတ်ဘူး။ ခြင်္သေ့ရဲ့ဟောက်သံနဲ့ဘဲ ကြောက်ပြီးလုပ် နေကြတာဖြစ်တယ်။ စိတ်ဆိုးလို့ လျှောက်လုပ်နေကြတယ်။ စိုးရိမ်တယ်။ မာနထောင် လွှားတယ်။ လုံခြုံတဲ့နေရာကနေ စာတန်မျိုရမယ့် နေရာရောက်သွားကြတယ်။ ကျွန်ုပ်တို့ လှည့်ကြည့်ရင် ဘုရားကျောင်းထိုင်ခုံတွေဟာ လူမရှိဘူး။ ရာထူးတွေလည်း လစ်လပ်နေ ကြတယ်။ ခြင်္သေ့ဟောက်သံကြောင့် ပြေးကုန်ကြပြီ။

စာတန်ဟာ အလွန်ထက်မြက်တဲ့အတွက် ကျွန်ုပ်တို့ရဲ့အားနည်းချက် ကို ချက်ချင်းသိတယ်။ အားအနည်းဆုံးနေရာကို ရွေးပြီး တိုက်ခိုက်တာ စာတန်ရဲ့ သဘောသဘာဝဘဲ။စာတန်က သူ့လုပ်ငန်းအောင်မြင်ပြီဆိုတာနဲ့ အဲဒါကိုဘဲအဖန်တလဲ လဲ တိုက်ခိုက်ပြီး ကျွန်ုပ်တို့ အသက်တာတစ်လျှောက်လုံး အလဲထိုးမယ်။ စာတန်က သူ

ဟောက်ရင် ကျွန်ုပ်တို့က ကြောက်ပြီး တုန့်ပြန်မယ်ဆိုတာသိတယ်။ ကျွန်ုပ်တို့ရဲ့ အား နည်းချက်ကို သူကပြောတဲ့အခါ ကျွန်ုပ်တို့ကလည်း ဘာမှမတတ်နိုင်ဘူး။ ယနေ့ဒီခံယူ ချက်တွေ ရှိကြတယ်။ မှန်ရဲ့လား? မမှန်နိုင်ပါဘူး။ ချည်နှောင်ခြင်းဘယ်လောက်ဘဲ ကြီး `မားသော်လည်း ခရစ်တော်ဟာ ကျွန်ုပ်တို့ကို လွတ်မြောက်စေနိုင်တယ်။

ဘုရားသခင်ဟာ ကျွန်ုပ်တို့ကို လမ်းပြလိုတယ်။ ကျွန်ုပ်တို့ကို ချစ် တော့ ကျွန်ုပ်တို့အတွက် အကောင်းဆုံးကို သိတယ်။ စိတ်လှုပ်ရှားမှုကိုပေးထားတော့ ကောင်းသောစိတ်လှုပ်ရှားမှုရှိရမယ်။ ကျွန်ုပ်တို့ ရယ်မောရမယ်။ သီချင်းဆိုရမယ်။ ပျော် ရွှင်မြူးထူးရမယ်။ စိတ်တက်ကြွနေရမယ်။ လူဖြစ်တော့ ဝမ်းနည်းတဲ့အခါရှိမယ်။ ငိုမယ်။ ပူဆွေးမယ်။ ဒါပေမဲ့ စိတ်လှုပ်ရှားမှုဟာ မျှတမှုရှိရမယ်။ ဒီစိတ်လှုပ်ရှားမှုအပေါ် အခြေခံအသက်တာရဲ့ ဆုံးဖြတ်ချက်တွေမချရဘူး။ ဘုရားလမ်းပြမှုအတိုင်း ဖြစ်ကြရ မယ်။ ကျွန်ုပ်တို့ စိတ်လှုပ်ရှားမှု၊ ခြင်္သေ့ရဲ့ဟောက်သံကြောင့် မဖြစ်စေပါနဲ့။

လူသားဝါဒကပြောတယ်။ “သင်ကောင်းတယ်ထင်ရင် လုပ်သာလုပ် ပါလို့ ဆိုတယ်” ဒီစကားဟာ ကိုယ်ကျိုးကိုကြည့်တယ်။ ဘုရားနဲ့ဆန့်ကျင်တယ်။ ခရစ် ယာန်ခံယူချက် မဟုတ်ဘူး။ ကျွန်ုပ်တို့ စိတ်ကူးတဲ့အပေါ်မှာ ဘာကိုမှမရွေးချယ်ပါနဲ့။ ကျွန်ုပ်တို့ရွေးယူလိုက်တဲ့အခါ ခံစားမှုအပြည့်အဝရှိရမယ်။ သမ္မာတရား နောက်ကိုဘဲ လိုက်ရမယ်။ ဘယ်လိုဘဲခံစားမှုတွေရှိရှိ အခွင့်မပေးပါနဲ့။ ဘုရားကို နာခံရင် ကောင်း

သောခံစားမှုတွေ ပေါ်ထွက်လာပါလိမ့်မယ်။

( ကျွန်ုပ်တို့ခြေစုံရပ်ပြီး “ငါမတွေ့ဘူး၊ ငါ့စိတ်ထဲမှာ ဘာဘဲဖြစ်ဖြစ်၊ ဘာ ဆန္ဒရှိရှိ စိတ်ဓါတ်ကျပါလေစေ။ ကဲ့ရဲ့ကြပါလေစေ။ ငွေမရှိပါလေစေ။ နာကျင်မှုတွေ ပါလေစေ။ စိတ်ပျက်ဝမ်းနည်းရပါလေစေ။ စိတ်ခြောက်ခြားမှု ရပါလေစေ။ ငါဒီနေရာ က မရွေ့ဘူး။ ဘုရားသခင်က ရွှေခိုင်းမှရွေ့တော့မယ်”ဆိုဒါမျိုးကို ဘုရားသခင်အလိုရှိ

တယ်။

ဘုရားက သိတယ်။ ကျွန်ုပ်တို့လည်း သိရမယ်။ ဘာဘဲဖြစ်ဖြစ် ဘုရား နဲ့ဘဲ ဆက်သွယ်မယ်။ ဘုရားကိုဘဲ တုန့်ပြန်မယ်။ အလွန့်အလွန် ခက်ခဲနေတဲ့အခါတွေရှိ မယ်။ မတရားခံနေရတဲ့ အချိန်ရှိမယ်။ လူတွေဝိုင်းပယ်ခံရတဲ့ အချိန်တွေရှိမယ်။ တွက် ပြေးဖို့ဘဲ စိတ်ထဲကပေါ်နေတဲ့ အချိန်ရှိမယ်။ သို့သော်လည်း ဘုရားသခင်စီမံချက်ကို စောင့်မျှော်နားထောင်ပါ။ ဘုရားက ကျွန်ုပ်တို့ကို ဘယ်တော့မှ မပစ်ထားဘူး။ ကိုယ့် စိတ်အလိုမလိုက်နဲ့။ ဘုရားစိတ်အလိုဘဲ လိုက်ပါ။ ဒါဟာ ဝိညာဉ်ရေးရာ ရင့်ကျက်မှုလို့ ခေါ်တယ်။ ဒီလိုခံယူချက်တွေ ရှိလာတဲ့အခါ စာတန်ကထွက်ခွာသွားပါလိမ့်မယ်။

နှုတ်ပါးစပ်-တတိယနယ်မြေ

ကျွန်ုပ်တို့ရဲ့ တာဝန်ဟာ ညီအစ်ကိုများကို အားပေးစကားပြောရ မယ်။ ပြီးတော့ သမ္မာတရားကို ဟောပြောကြရမယ်။ ဒါပေမဲ့ ဒီပါးစပ်ကို စာတန်ရဲ့ လက်နက်ဖြစ်သွားတယ်။ ပျက်စီးယိုယွင်းစေတဲ့ လုပ်ငန်းကို လုပ်ကြတယ်။ ကျွန်တော် လူတွေကို အကြံပြုအတိုင်ပင်ခံလုပ်တဲ့အခါ၊ လူတွေစိတ်ထဲမှ နာကြည်းမှုတွေဖြစ်နေရ

တာ သူတစ်ပါးပြောဆိုကြလို့ဘဲ။ ၄င်းအပေါ် မကောင်းပြောတော့ ခံစားနေကြရတယ်။ ဒီဒဏ်ရာဒဏ်ချက်တွေဟာ ကိုယ်ထိလက်ရောက် ဒဏ်ရာတွေလိုဘဲဖြစ်နေတယ်။

စကားပြောတာဟာ လူတစ်ယောက်ရဲ့သေရေးရှင်ရေးကို ဖြစ်စေတဲ့ လက်နက်ဖြစ်တယ်။ နှုတ်ကပြောလိုက်တဲ့ စကားဟာ စိတ်နှလုံးထဲက ရည်ရွယ်ချက်တွေ နဲ့ပေါင်းလိုက်တော့ “အင်အားစုကြီး”ဖြစ်သွားတယ်။ ဥပမာ၊ ဒေသနာဟောတယ်။ ဒီ ဒေသနာဟာ ဘုရားသခင် ဘိသိတ်ပေးပြီး ဗျာဒိတ်တော်တွေ ဖွင့်ဟလိုက်ရင် ဝိညာဉ် ၊ အရှိန်တန်ခိုးပါလာတယ်။ စကားပြောသူရဲ့ ဖြူစင်တဲ့ စိတ်နှလုံး နှုတ်ထွက်စကားတွေ ၊ အပေါ် သန့်ရှင်းသောဝိညာဉ်တော်ဟာ အလုပ်လုပ်တယ်။ ဘုရားသခင်ရဲ့ သမ္မာတရား ၊ ကို လူတို့ရဲ့နှလုံးသားထဲ ရောက်သွားစေနိုင်တယ်။

ကျွန်ုပ်တို့ရဲ့ ပြောသောစကားဟာ ဝိညာဉ်တော်က သမ္မာတရားဖော် ပြဖို့ တန်ဆာပလာဖြစ်လာတယ်။ ဖြောင့်မတ်ခြင်းတရား၊ အသက်ရှင်ခြင်းတရားကို သယ်ဆောင်တယ်။ သို့မဟုတ် စာတန်ရဲ့ လက်နက်လည်း ဖြစ်နိုင်တယ်။ လှည့်ဖြားဖို့

မတရားစွပ်စွဲဖို့၊ သေစေဖို့ဖြစ်ပါတယ်။ စကားဆိုတာ တေးသံလိုဘဲ ပို့ဆောင်ပေးတယ်။ ပို့ဆောင်ပေးခြင်းဟာ သဘောတရားမဟုတ်ဘူး။ ကောင်းတာလဲမဟုတ်ဘူး၊ ဆိုးတာ လည်းမဟုတ်ဘူး။

စကားဟာ ထိရောက်မှုရှိတယ်ဆိုတာ ခရစ်ယာန်တွေသိကြပါတယ်။ အခြားနိုင်ငံမှာရှိတဲ့ လူတစ်ယောက် ဖျားနေရင် ထောင်ပေါင်းများစွာ ဝေးနေသော်လည်း ဒီနိုင်ငံကလူတစ်စုက ဆုတောင်းတဲ့အခါ ထိုလူနာရဲ့ ကိုယ်ခန္ဓာမှာ အကျိုးသက်ရောက် မှုရှိနိုင်တယ်။ ကျွန်ုပ်တို့ဆုတောင်းခြင်းရဲ့ တန်ဖိုးကို ယုံတယ်။ စကားမှာ ဘာတန်ဖိုး မှမရှိရင် ဘုရားကလည်း သူလုပ်ချင်တာကိုဘဲလုပ်ရင် ကျွန်ုပ်တို့ဆုတောင်းတာ ဘာမှ အဓိပ္ပါယ်မရှိဘူး။ စကားမှာ တန်ခိုးရှိတယ်။ အလိုတော်နှင့်အညီ ဆုတောင်းရင် ကတိ တော်အတိုင်း ကိုက်ညီရင် စကားဟာတန်ခိုးရှိတယ်။

အဲဒီစာကြောင်း ဘယ်ကလာတာလဲ ?

အခြားနိုင်ငံတစ်နိုင်ငံမှာ ဖျားနေတဲ့ လူတစ်ယောက်အတွက် မစရန် ကျွန်ုပ်တို့အနေနဲ့ သဘာဝထက် လွန်ကဲတဲ့ တန်ခိုးကိုလွှတ်လိုက်နိုင်တယ်။ ကျွန်ုပ်တို့ စုပြီးတော့ အပြစ်ပြောမယ်။ သူတစ်ပါးကို ဝေဖန်မယ်ဆိုရင် ဘာတန်ခိုးကို လွှတ်လိုက် ကြတာလဲ? တစ်ကိုယ်ကောင်းဆန်တယ်။ တရားစီရင်ချင်တယ်ဆိုတဲ့နှလုံးသားကပြော တဲ့စကားတွေဟာ ဘာမှမဖြစ်ဘူးလို့ ထင်နေသလား? စကားမှာ တန်ခိုးအာဏာရှိတယ်။ ကျွန်ုပ်တို့ပါးစပ်ကလည်း အသက်ရေထွက်ရာ စမ်းရေတွင်းလား၊ သေစေနိုင်တဲ့ တွင်း လား ? သု၊ ၁၈း၂၁မှာ လျှာသည် အသက်သေခြင်းနှင့် ရှင်ခြင်းကို အစိုးရ၏။ လျှာကို နှစ် သက်သောသူသည်လည်း လျှာ၏အသီးကို စားရ၏လို့ ဖော်ပြထားတယ်။

ဆာ၊ ၁၄၁း၃ မှာ ဒါဝိဒ်က အိုထာဝရဘုရား၊ အကျွန်ုပ်၏ နှုတ်ရှေ့ မှာ ကင်းကို ထားတော်မူပါ။ အကျွန်ုပ်၏ နှုတ်ခမ်းတံခါးကို စောင့်တော်မူပါလို့ ဆုတောင်းတယ်။ ဒါဝိဒ်လိုပဲ အကျွန်ုပ်တို့ ဆုတောင်းကြဖို့လိုတယ်။

နှုတ်ကိုစောင့်စည်းရတဲ့အကြောင်းကို ယောဘဝတ္ထုမှာ တွေ့ရတယ်။ | ကျွန်ုပ်တို့ တိတ်ဆိတ်စွာနေဖို့ မဆိုလိုပါဘူး။ အပြစ်အနာအဆာတွေကို ဘူးဆို့ပိတ်ထား

သလို ပိတ်ထားဖို့လည်းမဟုတ်ဘူး။ အလွန်ခံစားနေရတဲ့အခါ ယောဘက တိတ်ဆိတ်စွာ မနေပါဘူး။ ဒါပေမဲ့ ယောဘဟာ ဘုရားကို မလွန်ကျူးဘူး။ ပါးစပ်နဲ့လည်း အပြစ်မလုပ် ဘူး။ (ယောဘ၊ ၁း၂၂။ ၂း၁၀) ဒါဟာအံ့ဩစရာဘဲ။ ယောဘအငြိမ်မနေပါဘူး။ ဘုရားကို အများကြီး မေးခွန်းထုတ်တယ်။ သူအော်ပြောတယ်။ “ဘုရား ကျွန်တော် နားမလည်ပါ လား? ဘုရားဟာ တရားမျှတတယ်။ ဒါဘယ်လိုကြောင့် ဖြစ်ရတာလဲ?” နောက်ပြီးပြော သေးတယ်။ “ဒီလိုလုပ်ရင်တော့ ဘုရားသခင် နာမည်ပျက်မှာဘဲ”။

သို့သော်လည်း ယောဘဟာ သိပ်ပွင့်လင်းတယ်။ စည်းတော့မဖောက် ဘူး။ ကျွန်တော် မိတ်ဆွေတစ်ဦးဖြစ်တဲ့ တွန်ဟဲလပ်(စ်)ကပြောတယ်။ ယောဘဟာ ဘုရားသခင်ရဲ့ ဝိသေသလက္ခဏာကို ဘယ်တော့မှ မထိပါးဘူးလို့ ပြောတယ်။ စာတန် ဟာ ယာဘထဲ ဝင်လို့မရဘူး။ ယောဘပါးစပ်နဲ့ ဘုရားကို မပြစ်မှားဘူး။

ဘုရားက ကျွန်ုပ်တို့ကို ဘယ်လိုပြောမလဲ? မင်းတို့ပါးစပ်နဲ့ ဘယ် တော့မှ အပြစ်မလုပ်ကြဘူးနော်။ ကျွန်ုပ်တို့ အခက်အခဲတွေ ကြုံတွေ့လာတဲ့အခါ ကျွန်ုပ် တို့ စိတ်ရှုပ်ထွေးမယ်။ ဒဏ်ရာဒဏ်ချက်တွေ ရှိလာတဲ့အခါ ဘုရားအပေါ် သစ္စာရှိမှာ လား။ ပါးစပ်ကို စည်းကမ်းထုတ်ထားမှာလား ? ။

အကျည်းတန်မှုကို ဖုံးကွယ်ခြင်း ၊

ပါးစပ်နဲ့အပြစ်လုပ်တဲ့ နည်းအများကြီးရှိတယ်။ စာတန်ကတော့ အား ပေးနေတာဘဲ။ မိတ်ဆွေတွေ စုလိုက်ကြရင် ဖြစ်ပေါ်လာလေ့ရှိတယ်။ လူတစ်ဦးက အဲဒီ ဝိုင်းမှာမရှိတဲ့ လူတစ်ဦးကို ဝေဖန်လိုက်တယ်။ ဝေဖန်မှုကို စဉ်းစားလာကြတယ်။ ပြီး

တော့ ထိတ်လန့်မှုတွေ ဖြစ်လာတယ်။ ထိတ်လန့်မှုကနေ အပြစ်ပြောလာတယ်။ အကျည်း တန်မှုကို ဖုံးကွယ်လို့မရတော့ဘူး။ ဒီစကားတွေဟာ မေတ္တာပြသလိုလိုနဲ့ ပေါ်ထွက်လာ တတ်တယ်။ ပြောလိုက်တဲ့စကားတွေက … ။

“ဒို့ ဂျွန်အတွက်ဆုတောင်းပေးရမယ်။ ဘာဖြစ်လို့လည်းဆိုတော့…” “ဒါတွေ ပြောနေတာဟာ၊ ဘာဆုတောင်းပေးရမလဲဆိုတာ သိဖို့” “ငါ့တူမက စီရင်နေတာမဟုတ်ဘူးနော်။ ဒါပေမဲ့…..” “ဒီလူဟာ ခေါင်းဆောင်ကောင်းပါဘဲ။ သို့သော်လည်း…..”

ယာ၊ ၃း၁၀မှာ နှုတ်တစ်ပါးတည်းအထဲက ထောပနာချီးမွမ်းခြင်းနှင့် ကျိန်ဆဲခြင်း၊ တွက်တတ်ပါသည်တကားလို့ ပါရှိတယ်။ ပါးစပ်ထဲက အံ့ဖွယ်ရာကောင်း ချီးထွက်လာနိုင်သလို၊ စာတန်ရဲ့ လုပ်ငန်းကို အားပေးမှုတွေလည်း ထွက်လာနိုင်ပါတယ်။

ကျွန်ုပ်တို့ ပါးစပ်က ဘုရားသခင် တည်ဆောက်ထားတာတွေကို ဖြို ဖျက်နိုင်တယ်။ အဖွဲ့တစ်ခုခုမှာ မယုံကြည်မှုအတွက် ရွေးချယ်ထားတဲ့ လူတစ်ယောက်

ယောက် ပါနိုင်တယ်။ ဒီလူဟာ အပြစ်ရှာတယ်။ မဖြစ်နိုင်ဘူးဘဲ ပြောတတ်တယ်။ ဘယ် မှာမဆို အဖျက်လုပ်တတ်တယ်။ လူတွေကို သူ့ဘက်ပါအောင် စည်းရုံးလာတဲ့အခါ “မဖြစ် နိုင်ပါဘူး”လို့ ဆုံးဖြတ်ကြတယ်။ တောလည်ရာကျမ်း(၁၃)မှာပါတဲ့ သူလျှို(၁၀)ဦးလိုဘဲ သတင်းပို့ကြတယ်။ ဘုရားသခင်ကို စိတ်ဆိုးစေတယ်။ လုပ်ငန်းတော်မြတ်ကို နှောင့်နှေး

စေတာဘဲ။

ကျွန်ုပ်တို့ပါးစပ်မှာ တန်ခိုးရှိတယ်။ စကားပြောရင် ဝိညာဉ်တန်ခိုး

ပါတယ်။ အပြုသဘော၊ အနှုတ်သဘော တစ်ခုခုတော့ဖြစ်လာမယ်။ ကျွန်ုပ်တို့နှလုံးထဲက စကားဟာ လူတွေကို ထိခိုက်နိုင်တယ်။ ကျွန်ုပ်တို့ကိုလည်း ထိခိုက်စေတယ်။ နှုတ်ကို သတိထားပါ။ စည်းကမ်းလုပ်ထားရမယ်။ မပြောသင့်တာ မပြောမိဖို့ စိတ်ထဲမှာပေါ်လာ တိုင်း မပြောမိဖို့ စည်းကမ်းသတ်မှတ်ပါ။ မ၊ ၁၅း၁၈ မှာ ခံတွင်းမှထွက်သောအရာမူ ကား နှလုံးထဲက ထွက်လာ၍ လူကိုညစ်ညူးစေသော အရာဖြစ်၏လို့ သတိပေးထား တယ်။

ကျွန်ုပ်တို့ အမြဲတစေ စိတ်၊ နှလုံး၊ ပါးစပ်ကို ထိန်းလိုက်ရင် စာတန် ကျွန်ုပ်တို့ အသက်တာထဲ ဝင်လာလို့မရဘူး။ အဲဒီတော့မှ အောင်ပွဲအသက်တာ ရကြ မယ်။ အဲဒီအောင်ပွဲရမှသာ စာတန်ကို ထိုးစစ်ဆင်ပြီး နှင်ထုတ်ကြပါစို့။

အခန်း(၅)

ဝိညာဉ်ရေးရာ ကျန်းမာရန်အဆင့်များ

Steps To Spiritual Fitness

ယောလ၊ ၃၁ဝမှာ အားနည်းသောသူက ငါအားကြီးသည်ဟု ပြောဆိုစေ။

ဝိညာဉ်ရေးရာ တိုက်ပွဲဆိုတာ နပန်းသတ်သလိုဘဲ တစ်ချိန်လုံး အသင့် ရှိနေရမယ့်အကြောင်း အထက်ကဖော်ပြခဲ့ပါတယ်။အခြားသဘောတရားတွေ လည်း ရှိပါသေးတယ်။ နပမ်းလုံးတယ်ဆိုတာ ကိုယ်ခန္ဓာ၊ စိတ်၊ လှုပ်ရှားမှုပုံစံဝင် နေဖို့လို တယ်။ အမှန်ပြောရရင် နပန်းသတ်တာ အခြားအားကစားတွေထက် ကျန်းမာသန်စွမ်းဖို့ လိုတယ်။ ထိုနည်းတူပါဘဲ၊ ဝိညာဉ်ရေးရာတိုက်ပွဲမှာ ဝိညာဉ်ရေးရာ ကျန်းမာဖို့ အထူးလို ပါတယ်။

ဧ၊ ၆း၁၀မှာ သခင်ဘုရားအားဖြင့်၄င်း တန်ခိုးတော်အရှိန်အားဖြင့် ၄င်း ခိုင်ခံ့ခြင်းရှိကြလော့လို့ သတိပေးထားတယ်။

ဝိညာဉ်ရေးရာကြောင်း ပြောရင်း၊ သမ္မာကျမ်းစာက ခိုင်ခံ့ခြင်းရှိဖို့ မိန့်မှာတယ်။ ခရစ်ယာန်ဖြစ်လာတာ ကြာသည်နှင့်အမျှ ခိုင်ခံ့လာမယ်လို့ မဆိုလိုဘူး။ ကျွန်ုပ်တို့ဟာ အားနည်းတဲ့လူတွေဘဲ။ ဘယ်တော့မှ မကျန်းမာနိုင်ဘူးလို့ မပြောဘူး။ ကျွန်ုပ်တို့ မည်သူမည်ဝါဖြစ်ကြောင်းကို ခဏခဏငြင်းဆိုတယ်။ ဘုရားသခင်ဘာတွေ လုပ်ပေးတယ်ဆိုတာလည်း သတိမထားကြဘူး။ ကျွန်ုပ်တို့ ဓမ္မသီချင်းဆိုတယ်။ “ကျွန်ုပ် တို့ ခွန်အားနည်းတယ်လို့ ပြောနေလေ့ရှိတယ်။

အစိုးရဌာနတစ်ခုမှ အရာရှိကြီးတစ်ယောက်က ပြောတယ်။ ခရစ် တော်ဟာ တို့တတွေကို အံ့သြဖွယ်ရာ လုပ်စေတယ်။ ဒါပေမဲ့ ဒို့တတွေက မလုပ်နိုင်ကြ ဘူး မဟုတ်လားလို့ ပြောလိုက်တယ်။ လူအများက ကျမ်းစာကပြောတာ မဖြစ်နိုင်ဘူးလို့ ယုံနေကြတယ်။ ကျမ်းစာက ဖော်ပြတဲ့ ပန်းတိုင်တွေကို လူတွေကမမှီနိုင်ဘူးလို့ ဆိုကြ တယ်။

ဒီလိုစိတ်နေသဘောထားဟာ သမ္မာတရားကို ဖီဆန်နေတယ်။ ဘုရားသခင်ရဲ့နှုတ်ကပတ်တော်နဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်။ ခရစ်တော်၌ရှိရင် အသစ် ပြုပြင်တဲ့ သတ္တဝါဖြစ်ရမယ်လို့ ကျမ်းစာကဆိုတယ်။ ယနေ့ ခရစ်ယာန် ဘယ်နှစ်ယောက် က ငါဟာ ခိုင်ခံ့တယ်။ နှိမ့်ချတယ်၊ သန့်ရှင်းပါတယ်လို့ ပြောကြသလဲ ?

ဘုရားသခင်ဟာ ခက်ခဲအောင်လုပ်နေတာလား ?

ဘုရားသခင်ဟာ မဖြစ်နိုင်တာတွေကို ကျွန်ုပ်တို့ကို ခိုင်းနေတာလား? ဘုရားသခင်ဟာ ဖိနပ်သုံးရံကို ထုတ်ပေးပြီးတော့ တစ်ခုစီကို စီးခိုင်းမှာလား? ဒီလို သဘောတွေ ခရစ်ယာန်တော်တော်များများ ကိန်းအောင်းနေတာ တွေ့တော့ ကျွန်တော် ထိတ်လန့်သွားတယ်။ ဒီသဘောထားတွေဟာ မုန်လာဥနီကို မြည်းရှေ့မှာ ချိတ်ထားသ လိုဘဲ။ မြည်းဟာ ဒီဥကိုလည်း စားလို့မမှီဘူး။ မမှီတာကို ခုန်ပေါက်နေသလိုဘဲ။ ဘုရား သခင်ဟာ ကျွန်ုပ်တို့အတွက် ခက်ခဲစေတာလား? ဘုရားသခင်ပြောတာကို လူကလုပ်နိုင် မှာလား? ဘုရားသခင်အလိုတော်နဲ့အညီ အသက်ရှင်နိုင်မှာလား? ၊

ခရစ်ယာန်ဆိုတာ ယုံချက်တစ်ခု၊ ဝန်ခံချက်တစ်ခုမဟုတ်ပါ။ အသက် ရှင်မှုဖြစ်တယ်။ ကျမ်းစာကဖော်ပြထားတဲ့ အခြေခံမူတွေကို မလိုက်နိုင်ဘူးဆိုတာ မရှိ စေရဘူး။ မလိုက်နိုင်တဲ့ အမိန့်မရှိစေရဘူး။ မမှီနိုင်တဲ့ ကတိတော်ဆိုတာ မရှိရပါဘူး။ ကျမ်းစာကပြောတယ် “ခိုင်ခံ့ခြင်းရှိကြလော့”ဆိုရင် ခိုင်ခံ့ခြင်းရှိရမယ်။ ကျမ်းစာကပြော တယ် “နှိမ့်ချပါ ́ဆိုရင် နှိမ့်ချကြရမယ်။ ကျမ်းစာကပြောတယ် “သန့်ရှင်းခြင်းရှိကြလော့” လို့ပြောရင် သန့်ရှင်းအောင် နေကြရမယ်။ မလိုက်နိုင်တာ မရေးထားဘူး။

ကျွန်ုပ်တို့ တစ်ဦးချင်း လုပ်နိုင်ကြရမယ်။ မာနလူက “ငါ့ဟာ ငါခိုင်ခံ့ နိုင်ပါတယ်”လို့ ပြောလိမ့်မယ်။ မာနရှိတဲ့လူတွေဟာ ဒုက္ခရောက်ပါလိမ့်မယ်။ သူတို့ ဘုရားကို လိုအပ်ကြောင်း သိလာကြမယ်။ ဘုရားသခင်ဟာ ကျွန်ုပ်တို့ ခွန်အားဘဲဖြစ် တယ်။ ကျွန်ုပ်တို့ အခုလိုဖြစ်နေတာ ကျွန်ုပ်တို့မှာရှိနေတဲ့ အရာတွေဟာ ကျွန်ုပ်တို့လုပ် နိုင်ကိုင်နိုင်တာ ဘုရားသခင်ကြောင့်ပါဘဲ။

ကျွန်ုပ်တို့ဟာ ဝိညာဉ်ရေးရာ စစ်ပွဲဆင်နွှဲနေရတယ်။ ကျွန်ုပ်တို့ ခိုင်ခံ့ မှုရှိနိုင်တာကို မသိရင် အရှုံးဘဲ ရင်ဆိုင်နေရတော့မှာဘဲ။ ကျွန်ုပ်တို့ ဖြစ်နိုင်ပါတယ်လို့ ဘုရားက ပြောရဲ့သားနဲ့ ကျွန်ုပ်တို့မဖြစ်ရင် ဒါဝမ်းနည်းစရာဘဲ။ ကျွန်ုပ်တို့က မဖြစ်နိုင် ဘူးလို့ ခံယူလာတဲ့ အပြစ်ကြောင့်ဘဲ။ ဒါ့ကြောင့် ကျွန်ုပ်တို့ ခိုင်ခံ့တယ်။ ဒါကြွားဝါစရာ မဟုတ်ဘူး။ မာနထောင်လွှားနေတာလည်း မဟုတ်ဘူး။ ဒါဟာ နှိမ့်ချခြင်းဖြစ်တယ်။ ဘုရားသခင်ရဲ့ သမ္မာတရားနဲ့ ကိုက်ညီတယ်။ ခရစ်တော်၌ ကျွန်ုပ်တို့ခိုင်ခံ့တယ်။

ဝိညာဉ်ရေးရာထက်မြက်စေဖို့

အားကစားသမားတိုင်းဟာ ကျန်းမာရေးထက်မြက်စေဖို့ ပြေးရ တယ်။ လေ့ကျင့်ခန်းတွေ လုပ်ရတယ်။ ကိုယ်အလေးချိန်မှန်အောင် လုပ်ရတယ်။ သူဟာ သန်စွမ်းပေမယ့် ခွန်အားကို ပြုစုရမယ်။ ဝိညာဉ်ရေးရာတိုက်ပွဲမှာလည်း ဒီလိုဘဲထက်မြက်နေရမယ်။

ဒီလိုခိုင်ခံ့မှုရှိစေရန် ခရစ်ယာန်တွေ လုပ်စရာတွေရှိတယ်။ ပထမလုပ် ငန်းကတော့ ဘုရားကို စကားပြောရမယ်။ ဘုရားစကား နားထောင်ရမယ်။ စည်းဝေး တွေမှာ ပုံမှန်ဆုတောင်းကြတာမျိုး အစီအစဉ်အရ ဆုတောင်းတာမျိုးဆိုရင် ခွန်အားရ မှာမဟုတ်ဘူး။ ဆုတောင်းခြင်းနဲ့ ခွန်အားမရဘူး။ ဘုရားကို စကားပြောတာဖြစ်မှ ခွန် အားရမယ်။ ယေဘုရားသခင်နဲ့ ရင်းရင်းနှီးနှီးဆုတောင်းတဲ့ ပုံစံတွေ ပျောက်ကုန်ကြ တယ်။ ပုံမှန်ဆုတောင်းတာက ပုံမှန်ပြောနေတဲ့ သဘောဘဲရှိတယ်။ အသက်ရှင်တဲ့ ဘုရားနဲ့ ရင်းရင်းနှီးနှီး ဖြစ်ဖို့လိုတယ်။ သက်ဝင်လှုပ်ရှားလာရမယ်။ ခွန်အားရှိလာကြရ မယ်။ ဘုရားသခင် ခြေတော်ရင်းသို့ တိုးဝင်ချဉ်းကပ်ပြီး စကားပြောပါ။ ရင်းနှီးမှုဟာ ပေါ်ပေါက်လာပါလိမ့်မယ်။ အပြန်အလှန် ဆက်သွယ်မှုရလာဖို့ လိုတယ်။ ဘုရားသခင်နဲ့ အတူရှိရင် ခွန်အားဝင်လာပါလိမ့်မယ်။

ဒုတိယအချက်ကတော့ တရားတော်မြတ်ကို ဆင်ခြင်နှလုံးသွင်းပါ။ ဆုတောင်းသလိုဘဲ ဘာသာရေးလုပ်ထုံးလုပ်နည်း မဖြစ်စေပါနဲ့။ကျမ်းစာဖတ်ရုံနဲ့ ခွန်အား ရချင်မှရမှာ။ ဆင်ခြင်နှလုံးသွင်းမှ ခွန်အားရမယ်။ ကျွန်တော်လည်း ကျမ်းစာ အခန်းကြီး လေးခန်းဖတ်တယ်။ ဒါပေမဲ့ စိတ်က တခြားရောက်နေတတ်တယ်။ သမ္မာ တရား တစေ့လောက်တောင် မရလိုက်ဘူး။ ပုံမှန်ကျမ်းစာဖတ်ပြီးတော့ ထသွားလိုက် တာ၊ တာဝန်ကျေသလိုဘဲ ခံစားရတယ်။ ဆင်ခြင်အောက်မေ့မှု၊ နှလုံးသွင်းမှုမရှိရင် ဘာအကျိုးရှိမှာလဲ? နားလည်သဘောပေါက်ဖို့ လိုတယ်။ ယုံဖို့လိုတယ်။ လိုက်နာ ကျင့်သုံးဖို့ လိုတယ်။ ကျွန်ုပ်တို့ဟာ ဘာသာတရား ကိုင်းရှိုင်းရုံလောက်ဘဲ လုပ်နေကြ တယ်။

ကျွန်ုပ်တို့ ဘဝအသက်တာမှာ ဒေသနာတောင်ပေါင်းများစွာ ကြား ဖူးမှာပေါ့။ ကျမ်းပိုဒ်တွေလည်း ဖတ်ဖူးမှာပေါ့။ ဒီအရာတွေဟာ တကယ်အကျိုးရှိပါ တယ်လို့ ပြောရင် တကယ်ဘဲနှလုံးသွင်းဖို့ ဖြစ်တယ်။ အသက်ရှင်လိုက်လျှောက်ဖို့ ဖြစ် တယ်။ သို့မဟုတ်ကျမ်းစာဖတ်ရုံလောက်နဲ့ ဘာမှဘဝအသက်တာမှာ မထူးခြားလာဘူး။

ကျွန်တော် လေ့ကျင့်ခန်းကလေးတစ်ခု လုပ်ထားတယ်။ တရားတော် မြတ်ကို ဆင်ခြင်တဲ့အခါ စိတ်ထဲမှာ လူတစ်ဦးက ကျွန်တော့်ကို လက်ညှိုးထိုးနေတယ်လို့ မြင်တယ်။ “မင်းဘာသင်ခန်းစာရသလဲ?? ဒီမေးခွန်းကြောင့် ဆင်ခြင်ရတယ်။ ကျမ်းစာ ပြန်ဖတ်ရတယ်။ အဲဒီတော့မှ ကျမ်းစာဖတ်ရင် တရားတော်မြတ်ကို ဆင်ခြင်ဘက် မေ့ တတ်လာတယ်။

ပွင့်လင်းမှုရှိရင်ခိုင်ခံ့လာတယ်

ခိုင်ခံ့မှုရှိစေရန် မိဿဟာယဖွဲ့မှု ရှိရမယ်။ ကျမ်းစာဖတ်သလိုဘဲ။ ဘာသာတရား ကိုင်းရှိုင်းရုံလောက် အဆင့်ဘဲရှိတယ်။ ကျွန်ုပ်တို့ ဘုရားကျောင်းသွားကြ တယ်။ လက်ဆွဲနှုတ်ဆက်တယ်။ ရယ်မောနေကြတယ်။ အချို့ ဖက်ရမ်းလိုက်သေးတယ်။ နှုတ်ဆက်လိုက်ကြတာ ဘာမှခွန်အားမရကြပါဘူး။ မိဿဟာယဖွဲ့ခြင်းဆိုတာ မိတ်ဆုံ စည်းဝေးတွေလောက်နဲ့မရဘူး။ ခရစ်တော်၌ရှိတဲ့ ညီအစ်ကိုမောင်နှမတွေဟာ ရင်းရင်း နှီးနှီးခင်မင်ပြီး ဆက်သွယ်မှုရှိရမယ်။ ဘုရားကျောင်းသွားတာ ခွန်အားရချင်မှ ရကြမှာ။ စစ်မှန်တဲ့ မိဿဟာယဖွဲ့ခြင်းကတော့ ခွန်အားရမှာ သေချာတယ်။ မိဿဟာယဆိုတာ ပွင့်လင်းမှုပတယ်။ ရိုးသားမှုကစတယ်။ နှိမ့်ချစွာ ဆက်ဆံမှုဟာ ခွန်အားဖြစ်တယ်။ မာန၊သီးခြားနေထိုင်မှု၊ တံခါးပိတ်ဝါဒတွေဟာ ခွန်အားမရနိုင်ဘူး။ ဘယ်လောက်ဘဲ စည်းဝေးလုပ်လုပ် မရဘူး။ လူတွေကြားမှာနေတာတောင် ပုန်းနေသလို ထင်ရတယ်။ ပွင့်လင်းရင်းနှီးမှု ရှိရမည်။ သူ့နေရာနဲ့သူ၊ သူ့အချိန်နဲ့သူ ဖြစ်ရမယ်။ စိတ်တူသဘောတူတဲ့ ၊ လူတွေလည်း ဖြစ်ဖို့လိုတယ်။ ပွင့်လင်းမှုရဲ့ အကျိုးဆက်ဖြစ်တယ်။

ဟေဗြဲ ၃း၁၃မှာ ဒုစရိုက်၏ လှည့်ဖြားခြင်းအားဖြင့် သင်တို့စိတ် နှလုံး မခိုင်မာစေခြင်းငှါ၊ ယနေ့ဟူ၍ ခေါ်ဝေါ်သောအချိန်၊ နေ့တိုင်းအစဉ် အချင်း ချင်းတစ် ယောက်ကိုတစ်ယောက် တိုက်တွန်းနှိုးဆော်ကြလော့။

စစ်မှန်တဲ့ မိဿဟာယဖွဲ့ခြင်းမှာ တိုက်တွန်းနှိုးဆော်ခြင်းပါတယ်။ အချင်းချင်း တိုက်တွန်းရမယ်။ စိတ်နှလုံးမခိုင်မာဖို့ သတိပေးရမယ်။ အချင်းချင်း အား ပေးတဲ့အခါ ယုံကြည်ခြင်းကြီးမားဖို့၊ ချစ်ခြင်း၊ နာခံခြင်းနေ့စဉ်ရှိဖို့ နှိုးဆော်ကြပါ။ တစ် ယောက်ကိုတစ်ယောက် ယိုင်းပင်းတယ်။ ကူညီစရာရှိရင် ကူညီမစတယ်။ ဒါဟာ ခရစ် ယာန်အသက်ရှင်မှုမှာ အရေးကြီးတယ်။ (၁သက်၊ ၂း၁၁၊၅း၁၁)။

အလင်းတော်ဆိုတာ ပွဲသဘင်ကျင်းပမှုတွေ လျော့ပြီး လုပ်ဆောင်တဲ့ အဖွဲ့ပုံစံတွေ ဖော်ထုတ်ကြရတယ်။ ဘုရားသခင်ဟာ လူတွေကိုသီးခြားနေဖို့ မရည်ရွယ် ဘူး။ အချင်းချင်း ကူညီကြရမယ်။ ဘုရားသခင်ရဲ့ အိမ်တော်သားတွေ ဖြစ်ရမယ်။ ညီ ရင်းအစ်ကိုသဖွယ် ချစ်ခင်ကြရမယ်။ ဒုက္ခရောက်နေသူ၊ စုံစမ်းသွေးဆောင်ခြင်း ခံရသူ ၊

တွေ အနားမှာရှိဖို့၊ မိမိအလှည့်ရောက်ရင်လည်း အကူအညီရယူဖို့ အရေးကြီးပါတယ်။ ဝိညာဉ်တော်၌ဆုတောင်းခြင်း ၊

ယုဒ ၁၉၊၂၀ မှာ ထိုသူတို့သည် သင်းခွဲသောသူ၊ဝိညာဉ်တော်နှင့် ကင်းသော ဇာတိပကတိလူ ဖြစ်ကြ၏။ ချစ်သူတို့၊ သင်တို့သည် မိမိတို့အလွန် သန့်ရှင်းသော ယုံကြည်ခြင်းအပေါ်မှာ မိမိတို့ကို တည်ဆောက်လျက်၊ သန့်ရှင်းသော

ဝိညာဉ်တော်အား ဖြင့် ဆုတောင်းပဌနာပြုလျက် ……….။

ဝိညာဉ်ရေးရာထက်မြက်စေဖို့ရန် ဝိညာဉ်တော်၌ ဆုတောင်းကြဖို့ ၊ ဖြစ်တယ်။ အမျိုးမျိုးသော ဘာသာစကားပြောရင် ကောင်းပါတယ်။ ၁ကော၊ ၁၄း၄ မှာ အခြားသောဘာသာစကားအားဖြင့် ပြောသော သူသည်ကိုယ်ကိုသာ တည်ဆောက်၏ လို့ ပါရှိတယ်။ ကျွန်ုပ်တို့ အမျိုးမျိုးသော ဘာသာစကားပြောတဲ့ကိစ္စ ယုံချင်ယုံမယ်။ မယုံချင်မယုံဘူး။ ယုံကြည်သူတွေအတွက် ပေးထားတယ်ဆိုတာ ကျမ်းစာမှာရှင်းပါ တယ်။ ဝိညာဉ်တော်၌ဆုတောင်းရင်း တည်ဆောက်တယ်။ အတွင်းလူကို ခိုင်ခံ့စေတယ်။

ကျွန်ုပ်တို့ ဝတ်ပြုကိုးကွယ်ရင်လည်း ခွန်အားရတာဘဲ။ ဝတ်ပြုရင် ငါ့ အတွက် ဘာရမှာလဲဆိုတာမျိုးထက် မကပါဘူး။ ဝတ်ပြုခြင်းဟာ ဘုရားသခင်အတွက် ဖြစ်ရမယ်။ စစ်မှန်တဲ့ ဝတ်ပြုခြင်းကသာ တည်ဆောက်မှုရနိုင်တယ်။ သီချင်းဆိုတယ်။ အော်တယ်။ လက်မြှောက်တယ်ဆိုတာမှာ တည်ဆောက်မှုရချင်ရမယ်။ မရချင်မရဘူး။ ကျွန်ုပ်တို့က ဝတ်ပြုခြင်းကို ရှုပ်ထွေးစေတယ်။ ဝတ်ပြုခြင်းဟာ အဓိကစိတ်ထဲမှ ဝတ်ပြု ကြရမှာ။ လှုပ်ရှားမှုတွေဟာ အဓိပ္ပါယ်ရှိဖို့လိုတယ်။ သို့မဟုတ် ဘာသာရေးအစီအစဉ် တွေ ဖြစ်သွားနိုင်တယ်။ စစ်မှန်တဲ့ ဝတ်ပြုခြင်းဟာ လူသည်ဘုရားရဲ့ ပလ္လင်တော်ရှေ့ကို ရဲဝံ့စွာ လာခြင်းဘဲ။ စိတ်နေသဘောထား ဖြူစင်ရမယ်။ ဦးညွတ် ရိုသေကြရမယ်။ ဘုရား သခင်နဲ့ ထိတွေ့မှု ရှိရမယ်။

ကလေးတွေ‌တောင်ခိုင်ခံ့တယ်

ခိုင်ခံ့စေဖို့ အချို့အရာတွေဟာ အထောက်အကူ ပြုနိုင်တယ်။ ဘာဖြစ် လို့ခိုင်ခံ့ဖို့လိုသလဲ? ရန်သူဟာ သားကောင်ကို ချောင်းမြောင်းနေတယ်။ အားနည်းတဲ့လူ၊ အားနည်းတယ်လို့ ထင်နေတဲ့လူကို ချောင်းမြောင်းတယ်။ ကျွန်ုပ်တို့ခွန်အားရှိဖို့ လိုတယ်။ ကျမ်းစာက ဒီလိုဘဲပြောတယ်။ အားရှိဖို့လိုတယ်။ ကျွန်ုပ်တို့ခွန်အားဟာ ဘုရားသခင်နဲ့ ဆက်သွယ်တဲ့နေရာမှာလိုအပ်တယ်။ ခိုင်ခံ့ရင် ဘုရားသိမယ်။ ဘုရားကိုချစ်မယ်။ စကား ၊ ပြောမယ်။ အသံတော်ကြားမယ်။ ဝတ်ပြုကိုးကွယ်မယ်။ စိတ်ချစွာနဲ့ ဘုရား သခင်နဲ့ အတူ အောင်ပွဲခံမယ်။ ။

ကျွန်ုပ်တို့ဟာ အချင်းချင်းအားနည်းကြတယ်လို့ သင်ကြားနေတာကိုး။ ခရစ်ယာန်ဖြစ်စတွေလည်း အားနည်းသေးတယ်လို့ ပြောကြတယ်။ ဒီသဘောတွေ ကျမ်းစာမှာ မပါဘူး။ ခရစ်ယာန်သစ်တွေဟာ ခရစ်ယာန်ဟောင်းတွေလောက် အား မနည်းဘူး။ “ခရစ်ယာန်နို့စို့ကလေး”သို့မဟုတ် “ဘာသာဝင်လူသစ်’ဆိုရင် ရင့်ကျက်မှု အ ခြားနိုင်တယ်။ အတွေ့အကြုံ ကွာဟချက်ရှိမယ်။ အားနည်းတယ်။ အားမရှိဘူး

ဆိုတာ မှားနေတယ်။

ကျွန်ုပ်တို့ မသိတာတွေ အများကြီး ရှိသေးတယ်။ ကျွန်ုပ်တို့ဟာ ကြီး ထွားနေဆဲ၊ ခရစ်တော်နည်းတူဖြစ်ဖို့ ပုံသွင်းနေဆဲဖြစ်တယ်။ အကျင့်စာရိတ္တတွေဟာ လည်း စုံလင်လာဖို့ ဖြစ်တယ်။ ခရစ်တော်၌ ကျွန်ုပ်တို့အားမနည်းပါဘူး။ ဘုရားသခင် ရဲ့ ခွန်အားနဲ့ ကျွန်ုပ်တို့အားကြီးနေတယ်။ ဒါကြောင့် ယုံကြည်စိတ်ချစွာနဲ့ ရန်သူကိုတိုက် ထုတ်ကြရမယ်။ ရောမ၊ ၅:၂ မှာ ထိုကျေးဇူးတော်ကို ခံစားရသည်။ အကြောင်းမှာ ယုံကြည်ခြင်းရှိရန်၊ ထိုသခင်အားဖြင့်သာ ခံစားသောအခွင့်ကိုရကြ၏ လို့ပါရှိတယ်။

ကိုင်တွယ်တတ်ဖို့သင်ယူပါ

နပန်းသတ်တဲ့ပုံစံအတိုင်း ကျွန်ုပ်တို့ တိုက်ပွဲရဲ့ ပုံစံမှာလာတူညီတယ်။ ကိုင်တွယ်တတ်တဲ့ ပုံစံဘဲ။ နပန်းသတ်တာ ခွန်အားကြောင့် အနိုင်ရတာမဟုတ်ဘူး။ နပန်းသတ်တဲ့ပညာပေါ်မှာ အခြေခံတယ်။ ချန်ပီယံနပန်းဆရာကြီးဟာ ကျွန်တော့ အလေး ချိန်အတိုင်း ဆိုကြပါစို့။ ကျွန်ုပ်တို့ နပန်းသတ်ကြရင် သူဘဲနိုင်မှာသေချာတယ်။ သူက ပညာတတ်လို့ဖြစ်တယ်။ နပန်းစသင်တဲ့အခါ ပညာကိုအရင်သင်ပေးတယ်။ ပွဲအလယ်မှာ ရပ်လို့မရဘူး။ သင်ခန်းစာအုပ် ဖတ်ကြည့်ဦးမယ် လုပ်လို့မရဘူး။ သူရဲ့လှုပ် ရှားပုံ၊ ကိုင်တွယ်ပုံဆိုတာ သဘာဝအလျှောက် ပုံသွင်းပြီးသား အနေအထားမှာ ရှိနေရ မယ်။ အလိုလို ဖြစ်ပေါ်လာတာဘဲ။ “

ဝိညာဉ်ရေးရာ တိုက်ပွဲမှာလည်း ဒီအတိုင်းပါဘဲ။ ကျွန်ုပ်တို့မှာ ခွန်အားရှိမယ်။ ခိုင်ခံ့မယ်။ အခြေခံပညာတော့ တတ်ထားကြရမယ်။ ဘယ်လိုလှုပ်ရှား ကိုင်တွယ် မယ်ဆိုတာ သိကိုသိထားဖို့လိုတယ်။

ဝိညာဉ်ရေးရာ တိုက်ပွဲနဲ့ နပန်းသတ်တာဟာ တစ်ချိန်လုံးဆက်တိုက် လုပ်ငန်းဖြစ်တယ်။ အချို့လူတွေကို သင်ပေးတဲ့အခါမှာ အခက်အခဲရှိတာ တွေ့ရတယ်။ တိုက်ပွဲဆိုတာတပြေးညီဖြစ်ရမယ်။ လူတိုင်းဒီလိုဘဲလို့ ဆိုတဲ့အခါ မေးခွန်းတွေမေးလာ ကြတယ်။ အချို့က “ဒိန်း၊ နေပါဦး ကျွန်တော်သိတာတော့ ယုံကြည်ခြင်းဟာ အဓိကဘဲ ဆို။ တိုက်ခိုက်မှုဆိုတာ မလုပ်ရဘူး။ နပန်းလုံးနဲ့ လက်တွဲအသက်ရှင်ပါလို့ ဆရာတွေ သင်နေပါလား? နောက်ပြီးတော့တိုက်ပွဲဆိုတာ ကျွန်တော်တိုက်ရမှာမဟုတ်ဘူး။ ဘုရား ဟာ တိုက်ပေးမှာဆို”လို့ မေးခွန်းတွေပေါ်လာတယ်။ အချို့လူတွေက ဆန့်ကျင်ဘက်တွေပြောနေတာလို့ မြင်လာပေမယ့် အပေးအယူလုပ်လို့ မရပါဘူး။ တိုက်ပွဲဆိုပေမယ့် တိုက်ပွဲထဲမှာတောင် အနားယူလို့ရပါတယ်။ အဓိကသော့ချက်၊ ကတော့ ကိုင်တွယ်တတ်ဖို့ဘဲလိုတယ်။

ချန်ပီယံနပန်းဆရာနဲ့ ကျွန်တော်တိုက်ကြရင် ဆရာကြီးက ကုတ် အင်္ကျီတောင် ချွတ်ဖို့မလိုဘူး။ ချက်ခြင်းဘဲပြီးသွားမယ်။ ဆရာကြီးက အနာမခံဘူး။ ခွန်

အားလည်း အကုန်မခံဘူး။ စလိုက်တာနဲ့ စက္ကန့်ပိုင်းအတွင်း ပွဲပြီးသွားမှာပါ။ ချွေးတောင် လက်မှာမဟုတ်ဘူး။ ဆရာကြီးက ရေတောင်ချိုးဖို့ မလိုဘူး။ သူ့သရဖူကို ထိပါးလို့မရ

။ ပွဲမစခင်ကဘဲ သူဟာအောင်သူဖြစ်နေပါပြီ။ သူဘာမှ မပူပါဘူး။ နားနားနေနေဘဲ နပမ်းလုံးသွားမှာပါ။

တိုက်ပွဲကာလအနားယူခြင်း

တိုက်ပွဲဟာ မနားတန်းတိုက်ရမှာတော့ မှန်တယ်။ ဒါကိုသဘော မပေါက်ရင် ခဏခဏ ရှုံးနိမ့်ပါလိမ့်မယ်။ ခရစ်ယာန်တွေ သိထားဖို့ကတော့ ကျွန်ုပ်တို့ အသက်တာတစ်လျှောက် တစ်မိနစ်မှ နားချိန်ဆိုတာမရှိဘူး။ တိုက်ပွဲဟာ အမြဲဖြစ်နေ တယ်။ သို့သော်လည်း ကျွန်ုပ်တို့နိုင်ခဲ့တယ်။ ကိုင်တွယ်တတ်တယ်ဆိုရင် တိုက်ပွဲဟာ ကြီးကြီးကျယ်ကျယ်မဖြစ်နိုင်ဘူး။ နေ့စဉ်အသက်ရှင်နေတဲ့နေရာမှာ အာမခံချက်အပြည့် ရှိတယ်။ အခက်အခဲတိုင်းကို ကျော်လွှားနိုင်တယ်။ အခြေအနေအမျိုးမျိုး၊ စာတန် ရဲ့ ထိုးစစ်ကို ဖြေရှင်းနိုင်တယ်။ တိုက်ပွဲတော့ အမြဲရှိနေမှာဘဲ။ ခွန်အားရှိတော့ နားနေခွင် ရှိတယ်။ ဘုရားသခင်ကို အားကိုးလို့ နားနေခွင့်ရတယ်။ ။

ယုံကြည်ခြင်းရှိလို့ ဝိညာဉ်ရေးရာတိုက်ပွဲ မရှိဘူးလို့ မတွက်ချက် လိုက်ပါနဲ့။ ဘာမှဖြစ်မှာမဟုတ်ဘူး။ တိုက်ပွဲဆိုတာ ဘုရားက တိုက်ပေးမှာပါ။ တုန့်ပြန် စရာမလိုပါဘူးဆိုပြီး တစ်သက်လုံး ဂီဗွီထိုင်ကြည့်နေလို့မရဘူး။ ကျွန်ုပ်တို့ ကိုယ်စား ဘုရားကပြင်းပြင်းထန်ထန် တိုက်ပေးနေတယ်လို့ ခံယူလေ့ရှိကြတယ်။ ၆ရာ၊၂ဝမှာ ပါ တယ်။ တိုက်ပွဲကို ဘုရားကတိုက်ပေးတယ်။ ဒါပေမဲ့ ဆက်ဖော်ပြတာကတော့ မနက်ဖြန် သွားတိုက်ဖို့ ပါရှိတယ်။ ဘုရားသခင်ပေးတဲ့ ခွန်အားနဲ့ တိုက်ဖို့တာဝန်ရှိတယ်ဆိုတာ ပြောနေတာပါ။ ကျွန်ုပ်တို့ဟာ ခိုင်ခံ့တယ်။ ကိုင်တွယ်တတ်တယ်ဆိုရင် ဘာပြဿနာမှ မရှိပါဘူး။ ဒါဟာ နေ့စဉ်စည်းကမ်းချက်ကို လိုက်နာတဲ့ ပုံစံလောက်ပါဘဲ။ နားနားနေ နေလုပ်လို့ရတယ်။

၂ကော၊ ၂း၉-၁၀ မှာ သင်တို့သည် အရာရာ၌ နားထောင်သည်။ နားမထောင်သည်ကို ငါသိလို၍ သင်တို့ကို စုံစမ်းသောအားဖြင့် အထက်ကရေး ၏။ ………….. သို့မဟုတ်လျှင် စာတန်သည် ငါတို့ကို နိုင်မည်ဟု စိုးရိမ်စရာရှိ ၏။ သူ၏အကြံအစည်များကို ငါတို့သိကြ၏။

ရှင်ပေါလုက စာတန်၏ အကြံအစည်များကို ငါတို့သိကြ၏လို့ ဖော် ပြတယ်။ ပြဿနာက ဘာလဲဆိုတော့ ကျွန်ုပ်တို့ စာတန်ရဲ့ အကြံအစည်ကို မသိကြပါ။ ကျွန်ုပ်တို့ကို လူကြီးတွေက စာတန်ရဲ့ အကြံအစည်ကို သိဖို့မလိုဘူး။ စာတန်ကို လစ်လျူ ရှုထားပါ။ ယုံကြည်ခြင်းရှိပြီဘဲ မတိုက်နဲ့လို့ မှားယွင်းစွာ သွန်သင်ခဲ့ကြတယ်။

ကျွန်ုပ်တို့စာတန်ရဲ့ အကြံအစည်တွေကို လေ့လာပြီး အသိအမှတ်ပြု ကြရမယ်။ နေရာတကာမှာ ဘယ်ဟာဖြစ်ရင် စာတန်ရဲ့ လုပ်ရပ်ဘဲလို့ ဖော်ထုတ်ရမယ်။ တိုက်ခိုက်ရမယ်။ စာတန်ရဲ့ အကြံအစည်တွေမှာ အိမ်ထောင်ကို ဖျက်ဆီးဖို့ ခင်မင်မှုပျက် ပြားစေဖို့ လှည့်ဖြားဖို့တွေရှိတယ်။ ရှာဖွေဖော်ထုတ်ပါ။ တွေ့မြင်ရင်သိမယ်။ သိရင်၊ ကိုင်တွယ်တတ်မယ်။ ရန်သူရဲ့ ကိုင်တွယ်ပုံကိုသိမယ်။ ဖော်ထုတ်မယ်။ တုန့်ပြန်ကိုင်တွယ် မယ်။ တိုက်ပွဲအောင်ပါပြီ။ ။

စာတန်ရဲ့ စီမံချက်သိတာနဲ့ စာတန်ဟာ ရှုံးနိမ့်သွားပါလိမ့်မယ်။ သိ ရုံလောက်နဲ့ အောင်ပွဲကို ပို့ဆောင်ပေးမယ်။ ရန်သူက ကျွန်ုပ်တို့မသိခြင်းနဲ့ အားနည်းခြင်း၊ ကိုဘဲ ချောင်းမြောင်းနေတာဖြစ်တယ်။ ကျွန်ုပ်တို့က သိတယ်။ အင်အားနဲ့ ခုခံနိုင်တယ် ဆိုရင် တိုက်ပွဲဟာ ပြီးဆုံးသွားပါပြီ။

ကျွန်ုပ်တို့အောင်ပွဲအတွက်ဘုရား၏လျှို့ဝှက်ချက်

၁ကော၊ ၂း၆-၈ မှာ သို့သော်လည်း စုံလင်သောသူတို့အား ငါတို့ သည် ပညာစကားကို ဟောပြော၏။ ထိုသို့ဆိုသော် လောကီပညာကို မဆိုလို။ ပြယ်

ပျောက်တတ်သော လောကီမင်းတို့၏ ပညာကို မဆိုလို။ ဤကမ္ဘာမတည်မရှိမှီ၊ ငါတို့၏ ဘုန်း အသရေဖြစ်စေခြင်းငှါ၊ ဘုရားသခင် စီရင်တော်မူသောပညာ၊ နက်နဲ

သောအရာ၌ ဝှက် ထားသော ဘုရားသခင်၏ပညာကို ငါတို့သည် ပြသကြ၏။ ထိုပညာကို လောကီမင်းတစ်စုံတစ်ယောက်မျှမသိ။ သိလျှင်ဘုန်းကြီးတော်မူသော သခင်ကို လက်ဝါးကပ်တိုင်မှာ မကွပ်မျက်ကြပြီ။ အမှောင်တန်ခိုးမှ ကွယ်ဝှက်ထား

သော ပညာရှိတယ်။ ကျွန်ုပ်တို့ ဘုရားသခင် ရှေ့တော်မှောက်မှာ နှိမ့်ချရင် ကျွန်ုပ်တို့ ရကြပါလိမ့်မယ်။ ဒီပညာဟာ ဟေဗြဲဆရာပြောချက်အရ၊ ရင့်ကျက်သော သူတွေ အတွက်ဘဲ ဖြစ်တယ်။ ဟေဗြဲ၊ ၅း၁၄မှာ ကောင်းကျိုး၊ မကောင်းကျိုးကို ပိုင်းခြား၍သိ နိုင်သော ဉာဏ်ပေးတတ်သော အကြားအမြင် အတွေ့အစမ်းများသော သူတည်းဟူ

သော စုံလင်သော အရွယ်ရှိသော သူတို့မူကား၊ ကြေခဲသောအစာအာဟာရကို သုံးဆောင်ရကြ၏လို့ ဖော်ပြထားတယ်။

ဘုရားသခင်ရဲ့ ပညာလျှို့ဝှက်ချက်ဟာ ရန်သူရဲ့ အကြံအစည်တွေကို သိမြင်နားလည်တဲ့ လူတွေအတွက်ဖြစ်တယ်။ ကျွန်ုပ်တို့ လေ့လာတယ်ဆိုရင် သိနိုင်ပါ တယ်။ စာတန်ထံက ဘာတွေလာတယ်။ ဘုရားသခင်ထံက ဘာတွေလာတယ်ဆိုတာကို ခွဲခြားယူနိုင်တယ်။ ဘုရားဟောတဲ့ ပညာဟာ ခွဲခြားသိမြင်ဖို့ မစတယ်။ စာတန်ရဲ့လုပ် ရပ်ကိုလည်း ကွဲကွဲပြားပြားသိမယ်။ ဘုရားသခင်ရှေ့တော်၌ ငြိမ်ဝပ်စွာနေပြီး ရှာဖွေပါ။ ဘာ်လိုကိုင်တွယ်ရမယ်ဆိုတာ ပေါ်လာမယ်။ စာတန်ရဲ့ စီမံချက်တွေပေါ်လာမယ်ချက်

ချင်းလက်ငင်းတောင် တုန့်ပြန်လို့ရတယ်။ “ဟေ့ စာတန်ဟာ ဒီအထဲငါ့ကို ဆွဲချင်နေတာ

လို့ ပြောနိုင်ရမယ်။ “ငါမလုပ်ဘူး။ ငါစိတ်ဓါတ်ကျအောင် မလုပ်ဘူး။ ဒီပရောဂထဲမှာ ငါမပါဘူး။ ငါ့ဇနီးကို ငါစိတ်မဆိုးချင်ဘူး။ လွဲမှားတဲ့ ဆက်ဆံမှုတွေနဲ့ မပတ်သက်ချင်

ကျွန်ုပ်တို့ ဒါတွေကို မြင်လာပါလိမ့်မယ်။ ကိုင်တွယ်တတ်ရင် တန်ပြန်လိုက်ပါ။ အဲဒီ တော့ ဝိညာဉ်ရေးရာ တိုက်ပွဲဆိုတာ ရိုးသွားပါလိမ့်မယ်။ နေ့စဉ်ရေချိုးသလိုဘဲ အပန်း မကြီးတော့ဘူး။

သေနတ်ကိုလွဲတဲ့ဘက်မလှည့်နဲ့

ဧ၊၆း၁၂ မှာ ငါတို့သည် အသွေးအသားရှိသော ရန်သူတို့နှင့်ဆိုင် ပြိုင် တိုက်လှန်ရကြသည်မဟုတ်။ အထွဋ်အမြတ်တို့နှင့်၄င်း၊ အာဏာစက်တို့နှင့်၄င်း၊

လောကီ မှောင်မိုက်၌ အစိုးတရပြုသော မင်းတို့နှင့်၄င်း၊ မိုယ်ကောင်းကင်၌နေသော နတ်ဆိုးတို့ နှင့်၄င်း၊ ဆိုင်ပြိုင်တိုက်လှန်ရကြ၏။ –

ဧ၆း၁၂ကို ဟောတဲ့ ဆရာတိုင်းလိုလို ကျွန်ုပ်တို့ တိုက်ပွဲဟာဘာလဲ။ ဘယ်သူနဲ့တိုက်ရမှာလဲဆိုတာတွေဘဲ ဟောတယ်။ အထွဋ်အမြတ်၊ အာဏာစက်၊

လောကီ မှောင်မိုက်၌ အစိုးတရပြုလုပ်သောမင်းတို့ကိုဘဲ ဖော်ပြတယ်။ အရေးကြီးတာ တစ်ချက်ကတော့ ဘယ်သူ့ကိုရှောင်ရမှာလဲဆိုတဲ့ မေးခွန်းဘဲ။ ကျွန်ုပ်တို့အသွေးအသားရှိ တဲ့လူကို မတိုက်ရဘူး။ ဒါကို မေ့နေကြတယ်။ ရာစုပေါင်းများစွာ ခရစ်ယာန် အသင်းတော်ဟာ အရေးကြီးတဲ့ ညွှန်ကြားချက်ကို လိုက်နာဖို့ ပျက်ကွက်ခဲ့တယ်။ အသွေး အသားကို ဘယ်တော့မှ မတိုက်ပါနဲ့။ ။

ကျွန်တော်တွေ့တဲ့လူတွေအထဲမှာ ဝိညာဉ်ရေးရာတိုက်ပွဲဆိုရင် လုံးဝ ၊ စိတ်မဝင်စားတဲ့ လူတွေရှိတယ်။ သူတို့က စာတန်ကို တိုက်တယ်။ ရန်သူကို တိုက်လှန် တယ်ဆိုတာ စိတ်မမှန်တဲ့လူတွေ လုပ်ကြတယ်လို့ ခံယူကြတယ်။ လူတွေကတော့ စာတန်ကို တိုက်လှန်ဖို့ ကြောက်နေလေ့ရှိတယ်။ ဒါပေမဲ့လို့ လူလူချင်း တိုက်ကြဖို့တော့

ကွယ်တယ်။ လူတွေကိုဝေ့ဖန်တယ်၊ အပြစ်တင်တယ်၊ မကောင်းပြောတယ်၊ အပုပ်ချ၊ တယ်။ လူလူချင်းတော့ အမျိုးမျိုးတိုက်ခိုက်နိုင်တယ်။ မတိုက်တဲ့လူတော့ နည်းပါလိမ့် ၊

မယ်။

ကျမ်းစာကပြောတယ်။ အသွေးအသားရှိတဲ့ လူကိုဆိုင်ပြိုင်တိုက်လှန် ခြင်းမလုပ်ကြပါနဲ့။ ဘယ်သောအခါမှ၊ ဘယ်လိုဘဲဖြစ်ဖြစ်၊ ဘယ်လိုအကြောင်းဘဲရှိရှိ မတိုက်ရဘူး။ ဆုံးရှုံးခဲ့တဲ့ စာတန်ဟာ အောင်ပွဲခံတဲ့ အသင်းတော်ကို တိုက်ခိုက်အနိုင်ယူ နေတာဟာ ဘာကြောင့်လဲ အချင်းချင်း တိုက်ခိုက်နေကြလို့ ဖြစ်တယ်။ ကျွန်ုပ်တို့ အချိန်

တွေအများကြီးဖြုန်းတီးပြီးတော့ အခြားဂိုဏ်းဂဏတွေကို ဝေဖန်တယ်။ တိုက်တယ်။ အချင်းချင်းဝေဖန်တယ်။ တရားဟောတယ်။ စာတွေရေးကြတယ်။ အဲဒါတိုက်ပွဲကျတဲ့ အသင်းတော်ဘဲ၊တိုက်ပွဲကျတဲ့ ခရစ်ယာန်တွေဘဲ။ ခရစ်ယာန်စစ်မှန်ရင် ဒါတွေမရေးရ ဘူး။ မပြောရဘူး။ သီဩလော်ဂျီတွေ ငြင်းခုံလိုက်ကြတာ။ ဘယ်သူမှမရှုံးဘူး။ ဘယ်သူမှ လည်း မနိုင်ဘူး။ စာတန်ဘဲ ကြားကအောင်ပွဲခံပြီး ရယ်မောနေတယ်။

ဒီထက်ဆိုးတာက ပြဿနာလုပ်တဲ့ ရန်သူကျတော့ မတိုက်ကြဘူး။ ကျွန်ုပ်တို့ ခေါင်းဆောင်တွေအကြိုက် မလုပ်ပေးလို့ တိုက်ခိုက်တယ်။ ညီအစ်ကိုတွေကို အယူဝါဒကြောင့် တိုက်ခိုက်ပြန်တယ်။ အချင်းချင်းလည်း မတဲ့ကြဘူး။ စာတန်ကသိပ် အလုပ်လုပ်နေရတယ်။ ကျွန်ုပ်တို့ အပြစ်ကြောင့်ဘဲမဟုတ်လား ? ၊

မှန်တော့မှန်တယ်၊ ဘုရားမပါဘူး ၊

အသင်းတော်သမိုင်းကို ကြည့်ရင်တွေ့ရမယ်။ ခရူးဆိပ်ချီတက်ပွဲပြီး အယူကွဲဝါဒခုံရုံး၊ မီးရှို့ခြင်းများ၊ ညှဉ်းဆဲခြင်းများ၊ အသင်းတော်ကွဲခြင်းတွေဟာ ဘုရား၊ သခင်ရဲ့နာမတော်နဲ့ လုပ်ကြတယ်။ ခရစ်တော်ရဲ့နာမတော် ဝိညာဉ်ရေးရာတိုက်ပွဲတွေ ဖြစ်တယ်။ ကျွန်ုပ်တို့ မှတ်ထားရမှာက လူလူခြင်းဆိုင်ပြိုင်တိုက်လှန်မှု မလုပ်ရဘူး။ အငြင်းပွားမှုကို နိုင်သော်လည်း ရှုံးနိမ့်ရပါလိမ့်မယ်။ ကျွန်ုပ်တို့ မှန်တယ်။ ဒါပေမဲ့ စိတ် နေသဘောထား၊ မမှန်ဘူး။ မူဝါဒတွေ မှန်တယ်ဆိုပေမယ့် လူတွေကို ထိခိုက်နာကျင်

အောင် လုပ်ရင် ရန်သူကိုဝင်ခွင့်ပေးတာနဲ့ အတူတူဘဲ။ ပြဿနာတွေကို ငြင်းခုံကြရတာ ရပါတယ်။ အဲဒီပြဿနာနောက်က လူတွေကို မတိုက်ပါနဲ့။ လူတွေကိုတိုက်ပြီဆိုရင် • ကျွန်ုပ်တို့ အနိုင်မရကြဘူး။

ဒါတွေကို လက်ခံဖို့တော့ ခက်တယ်။ ဖာရိရှဲတွေလုပ်တာ အမှန်ဘဲ။ သူတို့က ကျမ်းစာသိတယ်။ အယူဝါဒဟာလည်း စနစ်ကျတယ်။ ဂျူးလူမှန်ဖြစ်ဖို့ သူတို့ နားလည်တယ်။ သူတို့ကျမ်းစာကိုယုံတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အပေါ် လုံးဝဥသုံနာခံတယ်။ သူတို့ဖြောင့်မတ်တာကို မာနထောင်လွှားတဲ့အခါ သူတို့ဘုရားနဲ့ ကွဲသွားကြတယ်။ ယေရှုသူတို့ရှေ့မှာ လျှောက်ပြကယ်။ သူတို့နဲ့စကားပြောတယ်။ အပြစ် တင်ရှုတ်ချတယ်။ ခရစ်တော်ကို သူတို့မမြင်ဘူး။ သူတို့ရဲ့ အမှန်တရားကို လက်ခံပြီးတော့ မာနထောင်လွှားနေတဲ့အတွက် ဖြစ်တယ်။ ယေရှုက ဒီစိတ်နေသဘောထားတွေကို ဖယ် ရှားတယ်။ စာတန်ရဲ့လုပ်ရပ်တွေဖြစ်ကြောင်း ဖော်ပြတယ် (ယော၊ ၈း၄၄)။ ဖာရိရှဲတွေ ဟာ ဘုရားတရားကြည်ညိုတာတွေ၊ မှန်တာတွေကို ကာကွယ်ပြီးတော့ ဘုရားကို လက် ဝါးကပ်တိုင် တင်လိုက်ကြတယ်။

ကျွန်ုပ်တို့အချင်းချင်း တိုက်ခိုက်မှု၊ အသွေးအသားတိုက်ပွဲတွေကို

သမိုင်းတစ်လျှောက်ကြည့်မယ်ဆိုရင် ယနေ့တိုင် စာတန်ကမ္ဘာကို ချုပ်ကိုင်မှုကြီးထွားစေ တယ်။ ဘုရားသခင်ရဲ့ လူတွေဘဲဖြစ်ဖြစ်၊ မယုံကြည်သူတွေကိုဘဲဖြစ်ဖြစ် စာတန်အုပ်စိုး ခင်ရတယ်။ ကျွန်ုပ်တို့ရဲ့ မာနထောင်လွှားမှုတွေကြောင့် တိုက်ပွဲကို ဝင်စေတယ်။ တိုက် ပွဲဝင်ရင် ရှုံးနိမ့်ရမှာဘဲ။ အသွေးအသားကို ဘယ်သောအခါမှ ဆိုင်ပြိုင်တိုက်လှန်မှု မလုပ် ကြပါနဲ့။ ရန်မဖြစ်ကြပါနဲ့။ လူကိုတိုက်ခိုက်ရင်၊ ရန်သူကိုမလိုက်နိုင်တော့ဘူး။

ဆိုရိုးစကားရှိတယ် “ဒီလူဟာ ကောင်းကင်စိတ်ဓါတ်ရှိတော့ လောကီ စိတ်ဓါတ်ပျောက်နေလို့ မကောင်းဘူး”လို့ ဆိုကြတယ်။ မှန်ပါတယ်။ အချို့လူတွေဟာ ဝိညာဉ်ရေးရာ မြင့်မားတဲ့အခါ လက်တွေ့မဖြစ်လာဘူး။ တာဝန်မယူကြဘူး။ ဒီလိုဆို၊ ရင်ကောင်းမယ် “မြေကြီးစိတ်ဓါတ်အပြည့်ရှိတော့ ၊ ကောင်းကင်စိတ်ဓါတ်ပျောက်ကွယ် နေပြီ” လို့ သတိပေးကြပါစို့။

စိုးမိုးရာ နယ်မြေနှစ်ခုရှိတယ်။ မြေကြီးနဲ့ကောင်းကင်။ မြေကြီးလို့ ပြောရင် မြင်နိုင်တယ်၊ ထိတွေ့နိုင်တယ်။ မြင်တွေ့နေရတဲ့ ကမ္ဘာ။ ကောင်းကင်ဘုံက တော့ မမြင်တွေ့ရတဲ့ ကမ္ဘာ။ အဲဒီမမြင်တွေ့ရတဲ့ ကမ္ဘာမှာ တိုက်ပွဲဖြစ်နေတာဖြစ်တယ်။ နေ့စဉ် နာရီတိုင်း၊ ကျွန်ုပ်တို့အိပ်နေတဲ့ အချိန်၊ စားနေတဲ့အချိန်၊ တီဗွီကြည့်နေတဲ့အချိန်၊ ဇနီးကိုနမ်းနေတဲ့အချိန်မှာ တိုက်ပွဲဟာ အဆက်မပြတ် ကောင်းကင်မှာဖြစ်နေတယ်။ ရာစုနှစ်ပေါင်းများစွာဖြစ်နေတာ။ ကျွန်ုပ်တို့မမွေးခင်က စတယ်။ ကျွန်ုပ်တို့သေပြီးရင် လည်း တိုက်နေကြမှာဘဲ။ လူတွေရဲ့ ကိစ္စကြောင့် တိုက်နေကြရတာ။ အလင်းအင်အားစု နဲ့ အမှောင်အင်အားစုတို့ရဲ့ တိုက်ပွဲဖြစ်တယ်။

ကျွန်ုပ်တို့က လောကီစိတ်ဓါတ်နဲ့ လောကမှာဘဲ တိုက်နေကြတယ်။ ကောင်းကင်တိုက်ပွဲမှာ မပါနိုင်ကြဘူး။ ကျွန်ုပ်တို့လက်နက်တွေဟာ လွဲမှားတဲ့ကမ္ဘာမှာ သုံးနေတယ်။ ကောင်းကင်ယံမှာ မတိုက်ရင် လောကီမှာ အချင်းချင်း တိုက်ကြတော့မှာ ဘဲ။ မှောင်မိုက်အင်အားစုကို မတိုက်ရင် လူကိုတိုက်ကြတော့မှာဘဲ။ စိတ်ထဲမှာ တရား မျှတမှုမရှိဘူး၊ စိတ်ထဲမှာ နှိုးဆော်ခံရပါလိမ့်မယ်။ လွဲမှားတာတွေလုပ်နေပြီ။ ကောင်း ကင်ယံမှာ တိုက်ပါ။ ရန်သူကို တွန်းလှန်ပါ။ ပြောင်းလဲစေဖို့ ဆုတောင်းပါ။ သို့မဟုတ်ရင် အချင်းချင်းတိုက်ကြတော့မှာဘဲ။ လောကပြဿနာတွေကို တိုက်ရမှာ၊ လောကလူတွေ ကို မဟုတ်ဘူး။ လူကိုတိုက်နေရင် ဘုရားသခင်နိုင်ငံတော် မကျယ်ပြန့်နိုင်ဘူး။ ဘယ် လောက်ဘဲမှန်နေပါလေစေ။ နိုင်ငံတော်ကျယ်ပြန့်ဖို့ရန် ဘုရားနဲ့လုပ်ရမယ်။ ဘုရားရဲ့ တုန့်ပြန်မှုလိုတယ်။ ဆုတောင်းပြီး တောင်းခံရမယ်။ ဝိညာဉ်တော်လမ်းပြမှုနဲ့ လုပ်ကြရ

မယ်။

ဘုရားသခင်တတ်နိုင်ပါသလား ? ။

လူတိုင်းသိတဲ့ ဓမ္မတေးတစ်ပုဒ်က ဖော်ပြပါတယ်။ ငြိမ်သက်ခြင်းကို လက်လွှတ်ရတယ်။ ဒုက္ခဝေဒနာတွေကိုလည်း ခံစားကြရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရာဝင်းပြီး ဘုရားသခင်ထံ မပို့လို့ခံရတာ။

သန့်ရှင်းသော ဝိညာဉ်တော်ဟာ လူတို့စိတ်နှလုံးထဲမှာ စကားပြော တယ်ဆိုတာ တကယ်ယုံကြည်ပြီးတော့ ကျွန်ုပ်တို့ အစွမ်းထက် အများကြီးလုပ်ပေးနိုင် တယ်ဆိုတာ ယုံရင် အစစအရာရာ ဘုရားကိုပုံအပ်မှာဘဲ၊ အရေးယူရမယ့် အရာတွေကို

တောင်းခံမှာဘဲမဟုတ်လား။ များသောအားဖြင့် ကျွန်ုပ်တို့လုပ်တယ်။ နောက်ဆုံး မတတ်နိုင်တော့မှဘဲ ဘုရားကိုအားကိုးတယ်။ ဒဏ်ရာဒဏ်ချက်တွေ အများကြီးဖြစ်နေ ပြီ။ ကျွန်ုပ်တို့ကဘဲ မှန်တယ်လို့ ထင်နေတုန်းဘဲရှိသေးတယ်။

ဘာမဆို ချက်ချင်းဆုတောင်းတဲ့ အလေ့အထရှိရမယ်။ ကျွန်ုပ်တို့က ပိုလုပ်နိုင်တယ် ထင်နေသလား? သန့်ရှင်းသော ဝိညာဉ်တော်ထက် တတ်နိုင်ကြသလား? လူတွေနဲ့ဆောင်ရွက်တဲ့ ကျွန်ုပ်တို့ဟာ ဘုရားထက်တော်တယ်လို့ ထင်နေကြသလား? ကိုယ့်ကလေးတွေကို ဆုံးမတာ၊ လင်ယောက်ျား၊ မိန်းမ ပြေပြစ်အောင် ကိုယ့်ခွန်အားနဲ့ လုပ်နိုင်ကြသလား? လုပ်ဖော်ဆောင်ဖက်တွေကို စည်းကမ်းလိုက်နာစေနိုင်သလား? ခေါင်းဆောင်တွေကို သတိပေးတာ၊ အခက်အခဲဟူသရွေ့ ဖြေရှင်းတာ ဘုရားသခင်ရဲ့ ဝိညာဉ်တော်ထက် တတ်နိုင်ကြတယ်လို့ ထင်နေကြသလား? ဘုရားသခင်ဟာ ကျွန်ုပ် ၊ တို့ကို စိတ်ဝင်စားတယ်။ လုပ်ပေးနိုင်တယ်ဆိုတာကော သေချာသိသလား? ဆုမတောင်း ဘဲနဲ့ ကိုယ့်သဘောနဲ့ကိုယ် လုပ်ကြတာကတော့ မာနထောင်လွှားမှုကြောင့်ပါဘဲ။ ဘုရား ထက်တောင် ကျွန်ုပ်တို့စီမံခန့်ခွဲတာ တော်တယ်လို့ ထင်နေကြတယ်။ ။

လူတွေကို ဘုရားက ပိုချစ်တာပါ။ ဘုရားက အတိုင်းအဆမရှိ တတ် နိုင်တော်မူတယ်။ လူတွေစိတ်နှလုံးကို ပြင်ဆင်ပေးနိုင်တယ်။ သွေးဆောင်နိုင်တယ်။ ဒါ တွေကို ကျွန်ုပ်တို့ယုံရင် အချင်းချင်း ဆုတောင်းပေးဖို့ လိုနေပြီ။

သတိရှိဖို့ငါးချက်

၁။အလုပ်မလုပ်မီဆုတောင်းပါ

တာဝန်ရှိတဲ့ သင်းအုပ်ဆရာ၊ ခေါင်းဆောင်ကြီးတွေ၊ မိဘတွေဘဲဖြစ်ဖြစ် ရှေးဦး စွာ ဆုတောင်းပြီးမှ အလုပ်လုပ်ပါ။ ကျွန်တော်ဟာ ဖခင်တစ်ဦးအနေနဲ့ ကလေးတွေ ကို စည်းကမ်းပေးရမယ်။ ပြုပြင်ပေးဖို့ တာဝန်ရှိတယ်။ ဒါပေမဲ့ ကိုယ့်သဘောနဲ့

မလုပ်ဘဲနဲ့ ဆုတောင်းပြီးမှ လုပ်တယ်။ ခေါင်းဆောင်တွေလည်း လူတွေကိုဆုံးမကြ တာဘဲ။ ဒါပေမဲ့ ဘုရားကို အရင်တင်ပြပါ။ ဆုတောင်းပြီးမှ ဆုံးမပါ။ ကျွန်ုပ်တို့က ဘာမှမလုပ်ဘဲ၊ ဘုရားကိုဘဲ အားလုံးလုပ်စေတဲ့သဘောမဟုတ်ဘူး။ ဘုရားကိုဦး စားပေးပြီး ဘုရားပြင်ဆင်မှုဟာ လိုအပ်တယ်။ အဲဒီတော့ ဘုရားက တိုက်ရိုက်လုပ် တဲ့ အခါရှိသလို၊ ကျွန်ုပ်တို့ကို ဉာဏ်ပညာပေးပြီးတော့ လုပ်စေမယ်။

၂။ ရန်သူကိုဆီးတားပါ၊ အာဏာသုံးစွဲပါ။

ပြဿနာက လူမဟုတ်ဘူး။ နေရာတကာမှာ စိုးမိုးအုပ်ချုပ်နေတဲ့ အမှောင်အင် အားစုဘဲဖြစ်တယ်။ ပြဿနာတွေ ကြီးထွားအောင်လုပ်တယ်။ ရန်ငြိမ်းစေတာတွေ ဖျက်လိုက်တယ်။ ခင်မင်မှုကို ပျက်ပြားစေတယ်။ ရန်သူကို တိုက်လှန်ပါ။ နေရာတ ကာမှာ ဖြိုဖျက်ပါ။ ကျွန်ုပ်တို့ ပြောရမှာက “ဟေ့ စာတန် မင်းကိုငါပြစ်တင်ရှုပ်ချ တယ်ကွာ။ ငါ့အိမ်ထောင်၊ ငါ့ကလေးတွေ၊ ငါ့မိတ်ဆွေတွေ၊ ငါ့ခေါင်းဆောင်တွေကို မထိနဲ့။ ယေရှုရဲ့နာမနဲ့ မင်းကို ငါချည်နှောင်တယ်”လို့ အမိန့်ပေးရမယ်။ ဘုရား သခင်ရဲ့ လုပ်ငန်းကို နှောင့်ယှက်တဲ့ ရန်သူကို တားဆီးရမယ်။ ကျွန်ုပ်တို့ ဘုရား အလုပ်ကိုလုပ်နေကြတဲ့ လူတွေ ဖြစ်တယ်။

၃၊ အသွေးအသားကိုတိုက်မဲ့အစား၊ အမှန်ကိုရှာဖွေဖော်ထုတ်ပါ။

ဆုံးမဩဝါဒတွေ၊ ဝေဖန်ပြစ်တင်တာတွေ၊ စွပ်စွဲတာတွေကို နှိမ့်ချစွာနဲ့ ဆင် ခြင်သုံးသပ်ပါ။ ဆန္ဒမစောပါနဲ့။ မှန်ချင်မှန်မယ်။ တချို့တဝက်လည်း မှန်နိုင်တယ်။

ကျွန်ုပ်တို့အမှားလုပ်မိပြီဆိုရင် စဉ်းစဉ်းစားစားနဲ့ ပြုပြင်ခြင်းကို ခံယူပါ။ ဒါ ဟာနှိမ့်ချခြင်းဘဲ။ ဒါဟာ ဝိညာဉ်ရေးရာ တိုက်ပွဲဘဲဖြစ်တယ်။ ။

မာနထောင်လွှားမှုကြောင့် ရာစုနှစ်ပေါင်းများစွာ အထက်က အသင်းတော် ဟာ ပြိုကွဲခဲ့ရတယ်။ “ငါမှန်တယ်။ သူတို့မှားတယ်။ ငါသိတယ်။ မင်းတို့ မသိဘူး” ဒီပုံစံဘဲ။ ကျွန်ုပ်တို့အပြစ်ဝန်ခံသည်ထက် ပိုပြီးအမှားလုပ်ခဲ့တတ်ကြတယ်။ တစ်ခါ တစ်ရံ ကျွန်ုပ်တို့ မှန်တယ်။ အမှန်ကိုလည်း သိတယ်။ ဒါပေမဲ့ သူတစ်ပါးစွပ်စွဲတာ တွေကို ဆင်ခြင်ဖို့လိုသေးတယ်။ ဘာ့ကြောင့် ဒီလိုပြောရတာလဲ? သင်ပြောလိုက် တဲ့အထဲမှာလည်း အမှားပါသွားနိုင်တယ်။ ဒါကိုမကာကွယ်ပါနဲ့။ ဒါနဲ့ ခိုက်ရန်များ ၊ နဲ့။ သင်မှန်နေရင် နောင်တရလာကြမယ်။ ပြန်လည်ပြုပြင်လာကြမယ်။ ခရစ်တော် နဲ့တူလာကြမယ်။

 

၄၊ စိတ်ဓါတ်မကျနဲ့၊ အပြစ်ဒဏ်မပိစေနဲ့ ၊

လူ့စကားဟာ မှန်မယ်၊ မှားမယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်အပေါ် ယုံ ကြည်ခြင်း ရွေ့လျော့စရာ အကြောင်းဘာမှမရှိဘူး။ ကျွန်ုပ်တို့ရဲ့ ကယ်တင်ခြင်းဟာ လည်း စိတ်ချမှုရှိနေရမယ်။ ကျွန်ုပ်တို့ရဲ့ ခိုင်ခံ့မှု၊ ရင့်ကျက်မှုဟာလည်း ပုံမပျက်ရ ဘူး။ လူတွေနဲ့ ကျွန်ုပ်တို့သဘောချင်း မတိုက်ဆိုင်ရင်၊ ကျွန်ုပ်တို့စိတ်ဓါတ်ကျတတ် တယ်။ ဝေဖန်မှုဟာ ပြင်းထန်ရင် စွပ်စွဲသူရှေ့မှာ အရေပျော်ပြီး လက်ပိုက်အရှုံးပေး တတ်ကြတယ်။ ခေါင်းဆောင်တစ်ဦးဦး ဝေဖန်တဲ့အခါ ဝန်ခံလေ့ရှိကြတယ်။ ။ ကျွန်ုပ်တို့ကိုယ်ကို သံသယဖြစ်လာကြတယ်။ မှန်တယ်လို့ လက်ခံထားတဲ့ကိစ္စတွေ ရှိတယ်။ ဘုရားကိုတောင် သံသယဖြစ်တဲ့လူတွေရှိတယ်။ ပြောကြတာက “သူတို့ မှန်ကြမှာဘဲ၊ ငါမှားနေပြီထင်တယ်။ ငါအမြဲမှားတတ်တယ်။ ငါဘာကိုယုံရမလဲမသိ တော့ဘူး”လို့ စိတ်ဓါတ်ကျဆင်းနိုင်တယ်။

သူတို့ပြောတာတွေကို ယူပြီးဆုတောင်းပါ။ နှိမ့်ချပါ။ ပွင့်လင်းပါ။ ဘုရားသခင်၊ ရှေ့မှာ လုပ်သင့်တာတွေ အကုန်လုပ်ပါ။ သူတို့ပြောတဲ့အရာတွေဟာ ဘုရားသခင် က အတည်မပြုပေးရင်တော့ လူတွေစွပ်စွဲတာတွေ၊ ပြောတာတွေ ဂရုမစိုက်ပါနဲ့။ ဘုရားလက်ထဲမှာဘဲ အပ်နှံလိုက်ပါ။ စိတ်ဓါတ်ကျစရာမလိုဘူး။ ယုံကြည်ခြင်း၌သာ ခိုင်မြဲနေပါ။ အပြစ်ဒဏ်မပိပါစေနဲ့။

၅၊ ဘာဘဲဖြစ်ဖြစ်ခင်မင်မှုမပျက်စေနဲ့

သု၊ ၁၈၁၉ က ပြောတယ်။ အငြိုးထားသော ညီအစ်ကိုသည် ခိုင်ခံ့သော မြို့ထက်သာ၍ခက်၏။ ညီအစ်ကိုရန်တွေ့ခြင်းအမှုသည် ရဲတိုက်တံခါးကျဉ်းကဲ့သို့ ဖြစ်၏လို့ ဆိုတယ်။ ကျွန်ုပ်တို့လူနဲ့ ရန်ဖြစ်ရင်၊ ဝိညာဉ်ရေးရာတိုက်ပွဲကို မယုံလို့ဘဲ။ ခင်မင်မှုကို ပျက်ပြားစေရင် မူဝါဒတွေဝင်လာမယ်။ လူအချင်းချင်း ခွဲလိုက်ကြမယ်။ ပြသနာတွေဘဲ စဉ်းစားနေကြမယ်။ ဘုရားသခင်နိုင်ငံတော် မတည်ချင်ကြဘူး။ စာတန်နိုင်ငံကိုလည်း မဖြိုရဲကြဘူး။ နိုင်ငံတော်တည်ထောင်တာကို နှောင့်နှေးစေ ပြီး အမှောင်နိုင်ငံကို အားပေးတဲ့လူတွေဖြစ်လာမယ်။

မှန်ကန်တဲ့အမျက်ဒေါသ

ရန်သူကို တိုက်ခိုက်ရန် ဘုရားသခင်ပေးထားတဲ့ လက်နက်တွေကို သုံးစွဲပါ။ ဘုရားက ဘာကြောင့် ဝေဖန်ဖို့စိတ်ပေးတာလဲ? စိတ်ဆိုးဖို့ပေးတာလဲ? ငြင်း ခုံဖို့ စိတ်ပေးတာလဲ? အပြစ်နဲ့ စာတန်ကို စိတ်ဆိုးဖို့ပေးတာဖြစ်တယ်။ ဆုတောင်းတဲ့

အခါ စာတန်ကိုစိတ်ဆိုးပါ။ ရန်သူကို တော်လှန်ပါ။ စိတ်ဆိုးတာ၊ အမျက်ဒေါသထွက်တာ အပြစ်ဖြစ်နိုင်တယ်။ ဘယ်တော့လဲဆိုတော့ လူတွေကို မာနနဲ့ စိတ်ဆိုးလို့ဖြစ်တယ်။ ဘုရားလည်း စိတ်ဆိုးတတ်တာဘဲ။ ဘာဖြစ်လို့ အပြစ်မဖြစ်တာလဲ? ဘုရားစိတ်ဆိုးတာ ဟာ သူ့ကိုယ်ကျိုးကို တွန်းအားပေးနေတာမဟုတ်ဘူး။ ဘုရားမှာ မာန်မရှိဘူး။ သမာ သမတ်ဖြစ်လာဖို့ စိတ်ဆိုးတာပါ။ ဘုရားဒေါသကိုလည်း မှန်ကန်စွာ အသုံးပြုလိုက် တယ်။ လူတွေကတော့ ဆန့်ကျင်ဘက်လုပ်တယ်။ ကျွန်ုပ်တို့ မာနကို ထိပါးလာရင် စိတ် ဆိုးတယ်။ ကိုယ်ကျိုးအတွက် ထိခိုက်လာရင် မကြိုက်တော့ဘူး။ စိတ်ဆိုးလာတယ်။

ဒါကြောင့် အမှောင်အင်အားစုကိုဘဲ အာရုံစူးစိုက်ပြီး တိုက်ပါ။ လူ တွေနဲ့ဘဲ အချိန်ကုန်၊ အင်အားကုန်ပြီး တိုက်ခိုက်နေမဲ့အစား ရန်သူဘက်များလှည့်လိုက် ပါ။ လောကမှာ အများကြီးပြောင်းလဲမှုတွေ မြင်ရကြမယ်။ စာတန်အင်ပါယာကြီး ပြိုကွဲသွားတာမြင်ရမယ်။ ကျွန်ုပ်တို့ဘဲ စာတန်ကိုမွေးထားတာ ကြာပါပြီ။ ကျွန်ုပ်တို့ အသက်ရှင်သရွေ့ လူလူချင်း မတိုက်ဘူးဆိုရင် စာတန်အခုဘဲ တုန်လှုပ်သွားပါတော့ မယ်။ လူလူချင်း တိုက်လာတာရပ်ပြီး သူ့ဘက်လှည့်ကြစို့။ သမ္မာတရားကို သိစေပါ။ ကျွန်ုပ်တို့တိုက်ပွဲဟာ အသွေးအသားမဟုတ်ဘူး။ လူကိုမတိုက်ရဘူး။

အခန်း(၆)

မမြင်နိုင်သောလွင်ပြင် The Invisible Terrain

ပါပေါ်နယူးဂင်နီနိုင်ငံ မြင်းစခန်းလို့ခေါ်တဲ့ဆင်းရဲသားရွာတစ်ရွာမှာ အဲဒီနေ့ကတော့ ပူစပ်ပူလောင်ပါဘဲ။ သံပြား၊ သစ်သားနဲ့ဆောက်ထားတဲ့အိမ်ကလေး ကျွန်တော့်စကားပြန်နှင့် အမျိုးသမီးတစ်ဦးကို ဝိညာဉ်ရေးရာကမ္ဘာအကြောင်း ရှင်းပြ

နေတယ်။

သူမက “‌ဪ ဟုတ်ပြီးဒါလား…..”စကားပြန်က ကျွန်တော့်ကိုရှင်း ပြနေတယ်။ သူမက ကီဝေနတ်ဆိုးကိုခေါ်တယ်။ “အင်း ဟုတ်တယ်” လို့သူမက ခေါင်း ချွတ်ပြလိုက်တယ်။ “မနက်ဆိုရင် အိမ်မှာ သုံးကောင်တောင်ရှိတယ်။ ဒီပုံတွေကြည့်ပါ လား”လို့ဆိုပြီး စာရွက်တစ်ရွက်ကို ပေးတယ်။ စာရွက်ပေါ်မှာ လူတစ်ပိုင်း တိရစ္ဆာန်တစ် ပိုင်းပုံစံနဲ့ တူတယ်။

ကျွန်တော်အဲဒီနေ့ မြင်းစခန်းမှာ ကောင်းကောင်းသဘောပေါက်သွား ပါပြီ။ အခြားဒေသများဖြစ်တဲ့ အာရှ၊ ပစ္စဖိတ်နယ်မြေ၊ အာဖရိက ဒေသတွေမှာ ဝိညာဉ် ရေးရာနိုင်ငံဆိုတာ ရှိတဲ့အကြောင်း ရှင်းပြနေစရာတောင် မလိုဘူး။ အဲဒီလူတွေက နေ့ စဉ်ဆိုသလို စာတန်ကို ကြုံတွေ့နေကြတယ်။ နတ်ဆိုးတွေကို မျက်စိနဲ့တောင် တွေ့ကြ တယ်။ အခု အမေရိကနိုင်ငံမှာဆိုရင် အကျော်အမော်တွေ၊ ခေါင်းကြီးပိုင်းကလူကြီးတွေ ကတောင် နတ်ကိုမေးကြတယ်။ ရှေးရှေးကအကြောင်းတွေမေးတော့ နတ်ဆရာဟာ အသံပြောင်းသွားတယ်။ ဟိုခေတ်ကလူတွေ ပြောနေတဲ့အသံလို ဖြစ်နေတယ်။

သို့သော်လည်း အနောက်တိုင်းနိုင်ငံကလူတွေကတော့ မမြင်နိုင်တဲ့ ကမ္ဘာကို လှပတဲ့ကမ္ဘာဘဲလို့ ခံယူကြတယ်။ သူတို့အနေနဲ့ စူပါမင်း၊

မမောက်၊ ဟော ဗစ်ဒါတွေနဲ့ တစ်တန်းတစ်စားထဲထားကြတယ်။ အစစ်အမှန်လို့ ခံယူကြတယ်။ ဒါပေမဲ့ ယနေ့ လက်တွေ့ကမ္ဘာလောက်တော့ လက်ဆုပ်လက်ကိုင်မပြနိုင်ဘူး။ ကိုင်လို့မရဘူး။ မမြင်ရဘူး။ အနံ့မရဘူး၊ ဝယ်လို့မရဘူး။ ရောင်းလို့မရဘူး။ ဒီကမ္ဘာနှစ်ခုကို မြင်နိုင်တယ် မမြင်နိုင်ဘူးလို့ ပြောမယ့်အစား လက်ဆုပ်လက်ကိုင် ပြနိုင်တယ်၊ လက်ဆုပ်လက်ကိုင် မပြနိုင်ဘူးလို့ ခွဲခြားဖော်ပြသင့်တယ်။

ခရစ်ယာန်တွေကတော့ ဒီကမ္ဘာတွေတော့ရှိကြတယ်။ ဒါပေမဲ့ ဆက် စပ်မှုမရှိဘူးလို့ ခံယူကြတယ်။ မမြင်တဲ့အရာတွေကို ကျွန်ုပ်တို့ဘယ်လို သေသေချာချာ

သိနိုင်ပါ့မလဲ? ဒီကမ္ဘာနှစ်ခုဟာ ထရံကြီး ခြားထားသလိုပါဘဲ။ စပိုစကီ၊ ကက်စပါ သရဲ တွေလောကဟာ သီးခြားပါဘဲလို့ ထင်မြင်ယူဆကြတယ်။ ကျွန်ုပ်တို့ ယနေ့မြေကြီးပေါ် မှာ ရပ်နေတယ်။ အခြားကမ္ဘာကတော့ မသေချာမရေရာဘူး။ ဒီမမြင်နိုင်တဲ့ လောက

ပြောရရင် နိမိတ်နိမာအစွဲအလမ်းကြီးတဲ့လူတွေ စိတ်စွမ်းအင်ကို အသုံးပြုတဲ့လူတွေ၊ စုန်းနတ်တစ္ဆေနှင့် ဆိုင်တဲ့လူတွေရဲ့ ကမ္ဘာဘဲလို့ ပြောဆိုကြတယ်။

သို့သော်လည်း ဒီမမြင်နိုင်တဲ့ကမ္ဘာကို ကောင်းစွာသိထားဖို့လိုတယ်။ ကျွန်ုပ်တို့ရဲ့ တိုက်ပွဲဟာ ကောင်းကင်အရပ်မှာဆိုတော့ ကမ္ဘာပေါ်က ရှုပ်ထွေးပွေလီတဲ့ အရာတွေကြောင့် တစ်ခြားကမ္ဘာအကြောင်းကို အလေးအနက်ထားကြရမယ်။ ဖုံးကွယ် နေတဲ့ကမ္ဘာဖြစ်ပေမယ့်လို့ ယနေ့အသက်ရှင်မှုမှာ ထင်ဟပ်ပေါ်လွင်နေတယ်။

မမြင်နိုင်တဲ့ကမ္ဘာကတော့ ကျိုးပဲ့ပေါက်ကွဲမှုနည်းပါတယ်။

မမြင်နိုင်တဲ့ ကမ္ဘာကတော့ ယခုကမ္ဘာလိုဘဲ။ အခိုင်အမာရှိပါတယ်။ အမှန်မှာကတော့ ပိုမိုတည်မြဲတယ်။ ပေါက်ကွဲကျိုးပဲ့မှုတောင် မရှိသလောက်ဘဲ။ ယနေ့ အနုမြူဗုံးသာ သင့်အပေါ်မှာ တိုက်ရိုက်ပေါက်ကွဲရင် အဆောက်အဦး၊ ပရိဘောဂ၊ သစ် သား၊ ကွန်ကရစ်က ခံပြီးတော့ ခိုင်ခံ့တဲ့အရာအားလုံးဟာ အခိုးအငွေ့တွေ ဖြစ်သွားမယ်။ မမြင်နိုင်တဲ့ ကမ္ဘာကျတော့ ထိခိုက်ဒဏ်ရာမရဘူး။ အကျိုးအပဲ့မရှိဘူး။ ကွန်ကရစ်တွေ၊ သစ်သားတွေ မရှိခင်ကတည်းက ရှိနေတာဘဲ။နောက်လည်း အစဉ်ထာဝရတည်မြဲနေ၊ မှာဘဲ။

ဒါတွေကို ရှင်ပေတရု ကောင်းကောင်းသိတယ်။ သူက (၂ပေ၊ ၃၁၀၁၁)မှာ သူခိုးသည် ညဉ့်အခါလာသကဲ့သို့ ထာဝရဘုရား၏နေ့ရက်သည် လာလိမ့် မည်။ ထိုနေ့၌ မိုယ်ကောင်းကင်သည် ကြီးစွာသောအသံနှင့်တကွ ပျောက်သွားလိမ့် မည်။ လောကဓါတ်တို့သည်လည်း ပူအားကြီး၍ ပျက်ကြလိမ့်မည်။ မြေကြီးကိုယ်မှစ ၍ မြေကြီးပေါ်မှာ ပြုလုပ်သမျှသော အရာတို့သည် ကျွမ်းလောင်ကြလိမ့်မည်။

သို့ဖြစ်၍ ဤအရာအလုံးစုံတို့သည် ကုန်စင်မည်မှန်သောကြောင့် မိုးကောင်းကင်သည် မီးနှင့်ပျက်၍ လောကဓါတ်တို့သည် ပူအားကြီးလျက်၊ အရေ ကြိုခြင်း ကို ခံရသောနေ့တည်းဟူသော ဘုရားသခင်၏ နေ့ရောက်လိမ့်မည်ဟု သင်တို့သည် မျှော် လင့်တောင့်တလျက်၊ သန့်ရှင်းသောအကျင့်ကို ကျင့်ခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်း အားဖြင့် အဘယ်သို့သောသူ ဖြစ်အပ်ကြသနည်း။

မမြင်ရသေးသော ကမ္ဘာအတွက် အချိန်နှင့်ခွန်အားကို ရင်းနှီးမြှုပ်နှံ ကြရမယ်။ ကျွန်ုပ်တို့အားလုံး

နေ့စဉ်မေးခွန်း(၂)ခွန်းကို မေးသင့်တယ်လို့ ကျွန်တော်ထင် တယ်။

(၁) ယနေ့ကျွန်ုပ်တို့၏ စိတ်နေသဘောထား၊ လုပ်ဆောင်ချက်နဲ့ ပြော ဆိုချက်များဟာ မမြင်ရတဲ့ကမ္ဘာကို မည်ကဲ့သို့ ထင်ဟပ်မှုရှိမလဲ?

(၂) ယခုအချိန်မှာ မမြင်ရတဲ့ကမ္ဘာဟာ ကျွန်ုပ်တို့အပေါ် မည်မျှအကျိုး သက်ရောက်မှု ရှိမလဲ?

ဒီမေးခွန်းနှစ်ခုကို မေးကြမယ်ဆိုရင်၊ ဝိညာဉ်ရေးရာ သူရဲကောင်းအ – နေနဲ့ ထိရောက်မှု ပိုမိုရှိပါလိမ့်မယ်။ ဒီမေးခွန်းမေးဖို့ကတော့ မလွယ်ဘူး။ ဘာဖြစ်လို့လဲ

ဆိုတော့ ကျွန်ုပ်တို့မမြင်ရတော့ ဂရုမစိုက်ချင်ကြဘူး။ ဒါပေမဲ့ ခရစ်ယာန်တွေအတွက် ကတော့ အခိုင်အမာ ဆက်သွယ်မှုလုပ်ထားတယ်။ ဝိညာဉ်ရေးရာနယ်ပယ်နဲ့ ဆက်သွယ် ဖို့ ကျမ်းစာအုပ်လမ်းကြောင်းရှိတယ်။ မမြင်နိုင်တဲ့ကမ္ဘာအကြောင်း အများကြီးရေး တယ်။ ကောင်းကင်ဘုံအကြောင်း အများကြီးပါတော့ ကျမ်းစာဖတ်ရင် ဒီအကြောင်း တွေကို ရှောင်လို့မရဘူး။

‘ မမြင်နိုင်တဲ့ကမ္ဘာကို မှန်ဘီလူးကမ္ဘာနဲ့ နှိုင်းယှဉ်ကြည့်ပါ။ မှန်ဘီလူး ကြီးနဲ့ကြည့်ရင် လူ့မျက်စိနဲ့မမြင်နိုင်တဲ့ ပိုးမွှားတွေ သန်းပေါင်းများစွာကို တွေ့နိုင်တယ်။ ရိုးရိုးမျက်စိနဲ့တော့ ရေတစ်စက်ဘဲ မြင်တယ်။ ဒီပိုးမွှားတွေဟာရှိကြောင်း ကျွန်ုပ်တို့

ကောင်းစွာသိတယ်။ နောက်ဥပမာတစ်ခုကတော့ တေးသံတွေဖြစ်တယ်။ ရောင်စုံဓါတ် ပုံတွေလည်းဖြစ်တယ်။ မျက်စိနဲ့မမြင်ဘူး။ မကြားဘူးဆိုပေမယ့် ဝန်းကျင်လောကထဲမှာ ပြည့်နေတာဘဲ။ ရေဒီယိုရှိမှ အသံဖမ်းယူလို့ရတယ်။ တီဗွီရှိမှ ရုပ်ပုံတွေ ပေါ်လာတယ်။ ကမ္ဘာထဲက ကမ္ဘာကလေးတွေဘဲ ကျွန်ုပ်တို့ လုံးဝမမြင်ရ၊ မကြားရဘဲ ထိတွေ့မှုမရှိ ရတာတွေလည်း ရှိနေရာတာဘဲ။ ယနေ့လူတွေက ရေဒီယိုလေလှိုင်း၊ ဓာတ်ငွေ့၊ ပိုးမွှား တွေကို မမြင်လို့ မယုံဘူးဆိုရင် မသိလို့လည်းဖြစ်မယ်။ ရူးနေတာလည်းဖြစ်မယ်။

မမြင်တဲ့လောကမှာ နေထိုင်တဲ့ သတ္တဝါတွေကတော့ ကောင်းကင် တမန်တွေဘဲ။ ဒါကိုတော့ ဆင်ခြင်လိုက်ရင် ယုံလာပါလိမ့်မယ်။ ကောင်းကင်တမန်တွေ ဟာ ကျွန်ုပ်တို့အနီးအပါးမှာ ရှိနေတယ်။ ကျွန်တော်ခရီးသွားပြီး အသင်းတော်တွေမှာ သာသနာလုပ်ငန်း လုပ်တဲ့အခါဖြစ်စေ၊ အဖွဲ့နဲ့သွားတာဘဲဖြစ်စေ၊ လူတွေက နတ်ဆိုးအ တွေ့အကြုံတွေ ပြောကြတယ်။ ဒါပေမဲ့ ကောင်းကင်တမန် တပ်ချတာတွေတော့ သိပ်မ ပြောကြဘူး။

ကောင်းကင်တမန်တွေကိုတော့ လူအများကလက်ခံထားကြတယ်။ ဥပမာ ကျွန်တော်က အိမ်မှာ ကုလားထိုင်တွေ အများကြီးရှိတယ်လို့ ပြောလိုက်ရင်၊ ဒါ ဟာသဘာဝကျတယ်လို့ သင်မှတ်ချက်ချမယ်။ သင်ကျွန်တော့်အိမ်လာရင် တွေ့မှာဘဲ။ သင်သဘောမတူစရာမရှိနိုင်ဘူး။ ကျွန်တော်က သင်ကို ကောင်းကင်တမန်တွေ ဝိုင်းရံ ထားတယ်။ အခုလည်း ဝိုင်းထားတယ်ဆိုရင် သင်လက်ခံဖို့ ခက်နေပါလိမ့်မယ်။ ဟုတ်

မှမဟုတ်ပါလားလို့ သံသယဖြစ်နိုင်တယ်။ သင်ဟာခရစ်ယာန်ဖြစ်ခဲ့လျှင် “အင်း ဟုတ်မှာ ပါဘဲ၊ ရှိမယ်လို့မျှော်လင့်တယ်။ ရှိလည်းရှိနေမှာပါဘဲ”လို့ ပြောလိမ့်မယ်။ အမှန်တကယ် ရှိ တယ်ဆိုတာကို သင်ယုံကြည်စိတ်ချဖို့လိုတယ်။ ကောင်းကင်တမန်တွေ ရှိနေတာကို လက်ခံနေရမယ်။ ကုလားထိုင်တွေ အခန်းထဲမှာရှိနေတာကို ယုံသလိုဘဲ ယုံကြရမယ်။

မျက်စိနဲ့မြင်သစကျွန်ုပ်တို့ ကျမ်းစာကိုယုံပါသလား ?

ကုလားထိုင်တွေရှိတာ လွယ်ကူစွာနဲ့ယုံတယ်။ ကောင်းကင်တမန် တွေရှိတာတော့ စဉ်းစားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကုလားထိုင်ကို မြင်တယ်။ ကိုင် ကြည့်လို့ရတယ်။ ကျွန်ုပ်တို့ဟာ မျက်စိကို အားကိုးတယ်။ ထိတွေ့ခံစားမှုအပေါ် အခြေခံ ပြီး လက်ခံလေ့ရှိကြတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ မျက်စိကို စိတ်မချရဘူး။ အမှောင်ထဲမှာ သွားလာတဲ့အခါ ကျွန်ုပ်တို့အရိပ်တွေ၊ မဲမဲကြီးတွေ မြင်တယ်လို့ ထင်နေလေ့ရှိတယ်။ ဒါတွေဟာ အမှန်မှာမရှိပါဘူး။ လူတွေဟာ သဲကန္တာရထဲမှာ ရေပြင်ကြီးတွေ မြင်ကြ တယ်။ အိပ်ငိုက်နေရင် အရာဝတ္ထုတွေ ရွေ့လျားနေတယ်လို့ ထင်တယ်။ ဒါတွေဟာ မဟုတ်ပါဘူး။

သမ္မာကျမ်းစာကို ယုံပါသလား?

ကျွန်ုပ်တို့ရဲ့ အာရုံတွေနဲ့ ထိတွေ့မြင် တွေ့မှုလောက် ယုံပါသလား? လူရဲ့ မျက်စိကတော့ စိတ်ချရတယ်တော့ ပြောတယ်။ သမ္မာကျမ်းစာကလည်း အမြဲတန်း ယုံကြည်စိတ်ချရတယ်။ ကျွန်တော်ကုလားထိုင်တွေ တွေ့တော့ ယုံတယ်။ ကျမ်းစာက ဆာ၊ ၃း၄၇ မှာ“ထာဝရဘုရားကို ကြောက်ရွံ့သော သူတို့ပတ်လည်၌ ကောင်းကင်တမန်တော်တို့သည် တပ်ချ၍ ကယ်လွှတ်တတ်ကြ ၏”လို့ ဖော်ပြထားတယ်။ ဒီကျမ်းချက်ကို ဘယ်အတိုင်းအတာနဲ့ ယုံပါသလဲ ? ၊

အချို့ကတော့ မေးကြမယ်။ ဒါဟုတ်ရဲ့လား? သို့မဟုတ် ဒါဝိဒ်မင်း ကြီးက ဆာလံသီချင်းစပ်ဆိုတဲ့အခါ ဘုရားသခင်ရဲ့ ကွယ်ကာမှုကို ပေါ်လွင်စေဘို့ ရေး တာလား? သမ္မာကျမ်းစာထဲမှာ ကောင်းကင်တမန်အကြောင်း ဒီတစ်နေရာထဲပါရင်

တော့ စဉ်းစားစရာဘဲပေါ့။ ဒါပေမဲ့ ကျမ်းစာမှာ အများကြီးပါတယ်။ ဘုရားသခင်စေ လွှတ်ထားတယ်။ ကျွန်ုပ်တို့ကို ဝိုင်းရံထားတယ်။ ကျွန်ုပ်တို့အတွက် အလုပ်လုပ်ပေးနေ တယ်။ ကျမ်းစာကတော့ ရှင်းပါတယ်။ ကယ်တင်ခြင်းအကြောင်း ခရစ်တော်ကိုယ်စား အသေခံတော်မူခြင်းအကြောင်း၊ ခရစ်တော်ဘုရား ဇာတိတော်ရှိတဲ့အကြောင်းတွေလိုဘဲ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ ဒါကြောင့် မမြင်ရတဲ့ကမ္ဘာကို လက်ခံရမယ်။ ကျမ်းစာက သမ္မာတရားတွေဟာလည်း ထင်ရှားလို့ လက်ခံကြရမယ်။

” ဘာဖြစ်လို့ ကောင်းကင်တမန်တွေဟာ ကျွန်ုပ်တို့အတွက် အရေးကြီး သလဲ? ကျွန်ုပ်တို့ဟာ ကယ်တင်ခြင်းဆုကျေးဇူးကို ခံစားရတဲ့အခါ ကျွန်ုပ်တို့ဟာ ကောင်း

ကင်တမန်နယ်ပယ်ကို ရောက်သွားတယ်။ ဟေဗြဲ၊ ၁၂:၂၂မှာ သင်တို့သည် ဇိအုန် ၄င်း၊ အသက်ရှင်တော်မူသော ဘုရားသခင်၏ မြို့တော်တည်းဟူသော ကောင်းကင် ပေ) ရှလင်မြို့သို့ ၄င်း၊ အတိုင်းမသိများစွာသော ကောင်းကင်တမန်တို့ စည်းဝေးခြင်း သို့၎င်း ……. ရောက်ကြ၏။

ကယ်တင်ခြင်းဆိုတာ ကောင်းကြီးမင်္ဂလာအထုပ်ကြီးဘဲ။ အပြင် လွှတ်ခြင်းအခွင့်ကို ရကြတယ်။ အသစ်ပြုပြင်သော သတ္တဝါတွေဖြစ်လာတယ်။ အပင်းတွေ ပျောက်ကွယ်သွားပြီ။ ကောင်းကင်ဘုံသို့ သွားရမယ်။ အသက်ရှင်တဲ့ ဘုရားသခင်ရဲ့ သားသမီးဖြစ်ရတဲ့ အခွင့်ကိုရကြတယ်။ ကောင်းကင်တမန်တွေလည်း ပိုင်းရံလတယ်။ နေ့စဉ် မိနစ်တိုင်းရှိတယ်။ ကျွန်ုပ်တို့နေစဉ် သွားလာမှုမှာ လုံခြုံရေး ရာ ကောင်းကင်တမန်တွေကြောင့်လို့ ဘယ်သူခံယူသလဲ? ကျွန်ုပ်တို့ မြေကြီးပေါ်မှာ ရပ်နေတာ သေချာ သလို ကောင်းကင်တမန်တွေ ဝိုင်းနေတာလည်း သေချာတယ်။ ဒါ ဘာမှ နက်နဲတဲ့အရာ မဟုတ်ဘူး။ သဘာဝကျတယ်။ အံ့သြနေစရာလည်း မလိုဘဲ။ ဒါဟာအမှန်ဘဲ။

ဧကောင်းကင်တမန်တွေတစ်နေ့လုံးဘာလုပ်နေသလဲ ?

မရေမတွက်နိုင်တဲ့ ကောင်းကင်တမန်တွေဟာ ကျွန်ုပ်တို့ကို ဝိုင်းရံပြီး ဘာလုပ်နေတယ်ထင်သလဲ? မိုယ်တိမ်ပေါ်မှာ ထိုင်နေတာလား? စောင်းတီးနေသလား? အတောင်တွေ ခတ်နေကြတာလား? ကျမ်းစာက ဒီလိုမပြောပါဘူး။ ဟေဗြဲ၊ ၁း၁၄ မှာ

ကောင်းကင်တမန်များတို့အား ကယ်တင်တော်မူခြင်း ကျေးဇူးကို အမွေခံလတံ့သော သူတို့ကို ပြုစုစေခြင်းငှါ၊ စေလွှတ်တော်မူသော အစေခံနံဝိညာဉ်ဖြစ်ကြသည်မဟုတ်

လော။ လို့ ရှင်းပြထားတယ်။ ကယ်တင်ခြင်းရမယ့် လူတွေကို အစေခံနေကြရတယ်။ ခရစ်ယာန်တွေ အတွက်ဘဲဖြစ်တယ်။

ဒါကြောင့် ကောင်းကင်တမန်ရဲ့ သာသနာပြုလုပ်ငန်းအတွက် ဘုရား သခင်ကို ဘယ်နှစ်ခါ ကျေးဇူးတင်ဖူးသလဲ? ကျေးဇူးတင်တဲ့ လူတွေနည်းပါတယ်။ လူ တွေဟာ ညီးတွားတယ်။ အပြစ်တွေပြောတယ်။ ကျေးဇူးတော်ကို စဉ်းစားကြည့်ပါ။ ဘာ ကြောင့် ကျေးဇူးမတင်နိုင်ရတာလဲ ? အပြစ်ပြောနေရကြတာလဲ? ဘုရားသခင်ဟာ ကောင်းကင်တမန်တွေ တပ်ချထားပြီး တစ်ချိန်လုံး မစနေတာမဟုတ်ဘူးလား? လူက တော့မြင်တာတွေ၊ ရတာတွေ အပေါ်မှာလောက်ဘဲသိတယ်။ ကြီးမားတော်မူသော ဘုရားသခင်ရဲ့ ပေးသနားတော်မူခြင်းကို အမှတ်တမဲ့ဘဲ နေလိုက်ကြတယ်။

ဆာလံ၊ ၉၁း၁၁-၁၂မှာ သွားလေရာရာ၌ သင့်ကိုစောင့်ရှောက်စေ ခြင်း၊ ကောင်းကင်တမန်တို့အား သင့်အဘို့မှာလားတော်မူသည်ဖြစ်၍၊ သင်၏

‌ ခြေကိုကျောက်နှင့်မထိခိုက်စေခြင်းငှါ၊ သူတို့သည် သင့်ကိုလက်နှင့် မစချီပင့်ကြလိမ့်မည်။

ကျွန်တော်စဉ်းစားကြည့်တယ်။ ကျွန်ုပ်တို့ ကောင်းကင်ဘုံရောက်ရင် ဘုရားသခင်ကကျွန်ုပ်တို့ မြေကြီးပေါ်က အကြောင်း ဗွီဒီယိုပြမလားမသိဘူး။ ကြည် ရရင် မမှားပါဘဲ။ မြင်နိုင်တဲ့ဘဝအသက်တာ ရှုဒေါင့်ကသာမက၊ မမြင်နိုင်တဲ့ ကမ္ဘာကဘာတွေ

လုပ်ပေးနေတယ်ဆိုရင် ပိုကြည့်လို့ကောင်းမှာဘဲ။ ကျွန်ုပ်တို့ အသက်တာမှာ ကောင်းကင်တမန်တွေ ဝိုင်းရံနေပြီး ကာကွယ်ပေးနေတယ်။ အမှုတော်ဆောင်တို့ အခါ မနိုင်မနင်းဖြစ်နေတာတွေကို ကူညီမစနေတဲ့အခန်းတွေပေါ့။ ဝိညာဉ်တော်ဘုရား

ဟာလည်းမစနေတယ်။ လမ်းပြနေတယ်ဆိုတာတွေ ပါလာမယ်။ ဗွီဒီယိုကြည့်ရင် ဒုက္ခ အမျိုးမျိုးက လွတ်မြောက်ခဲ့တာတွေ ပေါ်လာမှာဘဲ။ ဒီလိုမြင်မှ ကျေးဇူးတင်လာမယ်။ ချီးမွမ်းမယ်။ ကျေနပ်နှစ်သိမ့်မှုရကြမယ်။ အချို့နေရာမှာတော့ ဝိညာဉ်တော်ဘုရားနဲ့ ကောင်းကင်တမန်တွေဟာ ကျွန်ုပ်တို့ကို တစ်ချိန်လုံး တွန်းနေရပြီးတော့ သူတို့ဘဲ အားလုံး လုပ်ပေးနေရသလားတော့ မသိဘူး။ ပေါ်လာမှာဘဲ။

ကောင်းကင်တမန်တွေဟာ ကျွန်ုပ်တို့နဲ့ အမြဲတစေရှိနေတယ်လို့ ပြောလို့ရတယ်။ ကျေးဇူးတင်စွာနဲ့ သတိရကြပါ။ ကျမ်းစာထဲမှာ လမ်းပြတဲ့ကောင်းကင် တမန်တွေ ဖော်ပြထားတယ်။ မ၊ ၁၈း၁၀မှာ သင်တို့သည် ဤသူငယ်တစ်စုံတစ်ယောက် ကို မထီမဲ့မြင် မပြုမည်အကြောင်းသတိရှိကြလော့။ ငါဆိုသည်ကား သူတို့၏ ကောင်း ကင်တမန်တို့သည် ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့အဘ၏ မျက်နှာတော်ကို အစဉ်မပြတ် ဖူးမြင်ကြ၏လို့ ပါရှိတယ်။ “ဤသူငယ်” ဆိုတာ ကလေးတွေဘဲမဟုတ် ဘူး။ ဘုရားကို အားကိုးအားထားနေရတဲ့သူတွေ အားလုံးပါတယ်။ ဘုရားသခင်ရဲ့ သား သမီးတွေကိုပြောတာ။ “သူတို့၏” လို့ပြောတာကတော့ လူတစ်ဦးဆီမှာ ကောင်းကင် တမန်တစ်ဦးကို တာဝန်ပေးထားတာကို ဆိုလိုတယ်။ ဒါကြောင့် ကျွန်ုပ်တို့မှာ တာဝန်ကျ

ကောင်းကင်တမန်တွေ ရှိတယ်။ သူတို့ဟာ ဘုရားသခင်ရဲ့ မျက်နှာတော်ကို အစဉ်မပြတ် ဖူးမြင်နေကယ်လို့ ဆိုတယ်။ ဘုရားအမိန့်ကို သူတို့နာခံနေတယ်။ သူတို့ဘာဆက်လုပ် ရမှာကိုမှ ကျွန်ုပ်တို့ကို လုပ်ပေးမှာဖြစ်တယ်။

ထူးဆန်းတဲ့ဖြစ်ရပ် ၊

တ၊ ၁၂း၁၃-၁၅မှာ အိမ်ဦးတံခါးကို ခေါက်လေသော် ရောဒေ အမည်ရှိသော မိန်းမတစ်ယောက်သည် နားထောင်ခြင်းငှါလာ၍ ပေတရု၏ စကားသံကို သိလျှင် ဝမ်းမြောက်သောအားဖြင့် တံခါးကိုမဖွင့်ဘဲ အထဲသို့ပြေးဝင်၍ ပေတရုသည် တံခါး ရှေ့မှာ ရပ်နေသည်ဟု ကြားပြော၏။ ထိုသူတို့က သင်သည်

အရူးဖြစ်၏ဟု ထိုမိန်းမငယ် အားဆိုကြသော်လည်း ပေတရု၏ ကောင်းကင်တမန် ဖြစ်လိမ့်မည်ဟု ဆိုကြ၏။

ကောင်းကင်တမန်နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်ခွန်အားရတဲ့ အကြောင်းကတော့ ပေတရုထောင်ထဲမှာ အကျဉ်းခံရတဲ့ အကြောင်းပဲဖြစ်တယ်။ပေတရု၊ ဧဝံဂေလိတရားဟောလို့ ထောင်ချလိုက်တယ်။ အသင်းတော်ဟာ ကြီးစွာဆုတောင်းကြ တယ်။ အဲဒီအချိန်မှာ ကောင်းကင်တမန်တစ်ပါး ပေတရုအကျဉ်းခန်းထဲလာတယ်။

ဒီအကြောင်းဟာ ယုံတမ်းစကားမဟုတ်ဘူး။ စနေနေ့မနက်ဆိုရင် ကာ တွန်းတွေပြတယ်။ နေဝင်ဆည်းဆာ ပြဇာတ်မဟုတ်ဘူး။ မြေကြီးပေါ်မှာ လူတစ် ယောက်ရဲ့ တကယ့်အဖြစ်အပျက်ဖြစ်တယ်။

ကောင်းကင်တမန်ဟာ ဘယ်လိုထောင်ထဲဝင်သွားသလဲ? ပေတရု လက်က သံကြိုးကို ဘယ်လိုချွတ်လိုက်သလဲ? ပေတရုကို ထောင်ထဲကဘယ်လိုခေါ်ထုတ် လာသလဲ? ကျွန်ုပ်တို့ မသိဘူး။ ကျွန်ုပ်တို့သိတာက မမြင်နိုင်တဲ့ကမ္ဘာကလုပ်ရပ်ဟာ မြင် နိုင်တဲ့ကမ္ဘာပေါ်မှာ ဖြစ်ပေါ်နေတာဘဲသိတယ်။ အသင်းတော်ဟာ ကြီးစွာဆုတောင်းနေ ကြတော့ မြင်နိုင်တဲ့ကမ္ဘာဟာ မမြင်နိုင်တဲ့ကမ္ဘာကို ကြီးစွာတောင်းဆိုနေတော့ ပေတရု လွှတ်ခွင့်ရတယ်။ ဒီဖြစ်ရပ်ကိုကြည့်ရင် ကျွန်ုပ်တို့သည်လည်း အရေးကြီးချိန်အခါမှာ ဆု ကိုတောင်းကြရမယ်။ ဒါဟာ ကြီးသောသာကေတစ်ခုပါဘဲ။

ဒီအကြောင်းရဲ့ အခြားတစ်ခုကတော့ မမြင်နိုင်တဲ့ကမ္ဘာရဲ့ လုပ်ရပ် တစ်ခုကြောင့်ဘဲ။ သူတို့အချင်းချင်း ဘာပြောကြသလဲ? “ပေတရု ၏ ကောင်းကင် တမန်” လို့ပြောကြတယ်။ ဒါဟာ အချက်နှစ်ချက်ကို အခြေခံတယ်။ ပထမကတော့ ကနဦး အသင်းတော်လက်ထက်မှာ ခရစ်ယာန်တွေက မမြင်နိုင်တဲ့ကမ္ဘာကိုသိတယ်။ ပေတရု ကောင်းကင်တမန်ကိုသိတယ်။ သိလို့လည်း ပြောပြတယ်။ ဒုတိယကတော့ လူ တွေကို ကောင်းကင်တမန် အစောင့်တွေ ထားတာကို သိတယ်။ ယုံ တယ်။ တမန်တော်တွေလက်ထက် ခရစ်ယာန်တွေဟာ နက္ခတ်၊ ဗေဒင်၊ စုန်း၊ တစ္ဆေသမားတွေ မဟုတ်ဘူး။ သူတို့ဟာ တကယ်စစ်မှန်တဲ့ ခရစ်ယာန်တွေ၊ မှန်ကန်တဲ့လူတွေဖြစ်တယ်။ မြေကြီးပေါ် ခြေနှစ်ချောင်းချပြီး ခိုင်ခိုင်လုံလုံ အသက်ရှင်တဲ့ လူတွေဘဲ။ ကောင်းကင် တမန်တွေ သူတို့အပေါ်မှာ တပ်ချထားတာယုံတယ်။

ဓမ္မဟောင်းကျမ်းကာတွန်းစာအုပ်လား ?

ဓမ္မဟောင်းကျမ်းမှာ မမြင်နိုင်တဲ့ကမ္ဘာက အကြောင်းတွေ အများကြီး ပါတယ်။ ဤသမိုင်းကြောင်းတွေကိုကြည့်ပြီး ယနေ့ကျွန်ုပ်တို့နဲ့ မဆိုင်သလိုလို သဘော ထားကြတယ်။ ခရစ်ယာန်တွေဆိုတော့ ပွင့်ပွင့်လင်းလင်းတော့ မပြောဘူး၊ ဓမ္မဟောင်း

ကျမ်းမှာ စိတ်ကူးယဉ်ကမ္ဘာကြီးလို အချို့သဘောထားကြတယ်။ အံဖွယ်ရာအကြောင်း တွေဟာ ယနေ့ကျွန်ုပ်တို့ အတွေ့အကြုံထဲမှာ မရှိတော့ဘာမှမဆိုင်သလိုဘဲလို့ ခံစားနေ ကြတယ်။ ကျမ်းစာထဲက သူရဲကောင်းတွေဟာ ယနေ့ကာတွန်းစာအုပ်တွေက်ကရ

ကောင်းတွေဘဲလို့ မြင်တွေ့တဲ့လူတွေ အများကြီးရှိတယ်။ ဓမ္မဟောင်းက်က ဖော်ပြထား တဲ့ ထာဝရဘုရားဟာ ပုံကြီးချဲ့ထားတဲ့ ဘုရားလိုဘဲ။ ဓမ္မဟောင်းကျမ်းက ဘုရားက ကို တန်ခိုးရှိသလိုဘဲ။ လူတွေနဲ့ ထိတွေ့မှုဟာ တော်တော်များပါလား” ကျွန်ုပ်တို့ ယနေ့ကမ္ဘာ ဟာတော့ သဘာဝကျတယ်။ ဓမ္မဟောင်းခေတ်ကမ္ဘာကတော့ထင်ယောင်ထင်မှား လှည် စားထားသလို မြင်တွေ့နေကြတယ်။

သို့သော်လည်း သမ္မာကျမ်းစာထဲက ဖြစ်ရပ်တွေအားလုံးဟာ အမှန် ဘဲ။ ဒီဖြစ်ရပ် သမ္မာတရားတွေအပေါ်မှာ ကျွန်ုပ်တို့အသက်မရှင်ရင် ကျွန်ုပ်တို့ဟာ သမ္မာ တရားနဲ့ ဝေးနေကြပြီ။

တကယ့်ဖြစ်ရပ်မှန်ကို မသိနိုင်ကြတော့ပါ။

ဧလိရှဲရဲ့ အကြောင်းမှာ ကောင်းကင်တမန် အကြောင်းတွေလည်းပါ လာတယ်။ ၄ယာ၊ ၆း၁၅-၁၇ကို ကြည့်ရင် နံနက်စောစော ဘုရားသခင်လူ (ဧလိရှဲ)၏ ကျွန်သည် ထ၍ ပြင်သို့ထွက်သောအခါ၊ မြင်းစီးသူရဲ၊ ရထားစီးသူရဲ ဗိုလ်ခြေတို့သည် မြို့ကိုဝိုင်းလျက် ရှိကြသည်ဖြစ်၍ အိုသခင် အဘယ်သို့ပြုရပါမည်နည်းဟု မိမိသခင် အား ဆို၏။ ဧလိရှဲက မစိုးရိမ်နှင့် ငါတို့ဘက်၌နေသောသူတို့သည် ရန်သူတို့ဘက်၌ နေသော သူတို့ထက် သာ၍များကြသည်ဟု ဆိုလျက်၊ အိုထာဝရဘုရား ဤသူသည် မြင်နိုင်မည့် အကြောင်း သူ၏မျက်စိကို ဖွင့်တော်မူပါဟု ဆုတောင်းသည်အတိုင်း ထာဝရဘုရား သည် ထိုလုလင်၏ မျက်စိကို ဖွင့်တော်မူသဖြင့်၊ ဧလိရှဲပတ်လည်၌ တတောင်လုံးသည် မီးမြင်း၊ မီးရထားနှင့် ပြည်သည်ကို မြင်လေ၏။

ဧလိရှဲဟာ ပရောဖက်ဖြစ်တယ်။ ပရောဖက် ကျောင်းအုပ်ကြီးလည်း ဖြစ်တယ်။ သူတို့ကျောင်းကို ရန်သူတပ်ကြီး ဝိုင်းထားတယ်။ ကျောင်းသားတစ်ယောက် ဟာ ရန်သူတပ်ကိုတွေ့တော့ဧလိရှဲတံပြေးပြီး သွားပြောတယ်။ ဧလိရှဲက မစိုးရိမ်နဲ့လို့ ပြောတယ်။ ဘုရားသခင်အပေါ် စိတ်ချယုံကြည်မှု အပြည့်ရှိတယ်။ ဧလိရှဲက အေးအေး ဆေးဆေးဘဲ ပြောလိုက်တယ်။ “မင်းဒါတွေ မထိတ်လန့်ပါနဲ့၊ ဒို့ဘက်မှာရှိတဲ့ လူတွေဟာ သူတို့မှာရှိတာထက် များပါတယ်’ ‘

ဒီနေရာမှာ ကျောင်သားကလေးကတော့ ဧလိရှဲဆရာကြီးကတော့ ကယ်လိုဖြစ်ပါလိမ့်လို့ ထင်ကောင်းထင်ပါလိမ့်မယ်။ သူက ဟိုကြည့်ဒီကြည့်နဲ့ လုပ်နေ တယ်။ ဘာမှလည်း မတွေ့ရပါလား။ အပြင်မှာတော့ ရန်သူတပ်ကြီးရှိနေပြီး။ ဧလိရှဲက ဒါတွေသိနေတယ်။ ဒီလူငယ်ထက် အားလုံးကို မြင်တွေ့နေပြီဘဲ။ မမြင်နိုင်တဲ့ကမ္ဘာကို

ကောင်းစွာ မြင်ထားပြီး။

ဧလိရှဲဆုတောင်းတယ်။ လူငယ်ရဲ့ မျက်စိဖွင့်ပေးဖို့ ဘုရားကိုဆု တောင်းတယ်။ ချက်ချင်းဆိုသလို ကောင်းကင်တမန်တပ်ကို မြင်လိုက်တယ်။ ဘုရား သခင်ဟာ နေ့ကို အိပ်မက်ပေးနေတာ မဟုတ်ဘူး။ ပုံစံအမျိုးမျိုးကို ပြနေတာလည်း မဟုတ်ဘူး။ ဘုရားသခင်ဟာ ဒီလူငယ်ကလေးရဲ့ မျက်စိအာရုံကို တန်ခိုးပေးလိုက်တော့ ဝန်းကျင်မှာ တကယ်ရှိတာကို တကယ်မြင်လိုက်ရတယ်။ လူငယ်က တတောင်လုံးသည် မီးမြင်း မီးရထားနှင့် ပြည်သည်ကို မြင်လေ၏ဟု ကျမ်းစာမှာ ဖော်ပြထားတယ်။ လူငယ်ဟာ တော်တော်အံ့သြသွားမှာဘဲ။ သူအတွက်တော့ ထူးဆန်းတဲ့ကမ္ဘာဘဲ။ မမြင်တွေ့ ရတဲ့ကမ္ဘာဟာ မြင်တွေ့နေရတဲ့ ကမ္ဘာလိုဘဲ ထင်ထင်ရှားရှား ဖြစ်လာတော့တယ်။

ဧလိရှဲဘာမြင်သလဲ ? ။

အချို့ကပြောတယ် ဧလိရှဲဟာ ယုံကြည်ခြင်းကြီးမားတော့ လူတွေမ မြင်တာ သူမြင်တယ်လို့ ပြောတယ်။ ကျမ်းစာက ဘာမှမပြောဘူး။ ဧလိရှဲဟာ ဒါတွေ ကို သူမြင်ချင်မှမြင်မယ်။ လူငယ်ကဘဲ မြင်ရတာဖြစ်တယ်။ ဧလိရှဲက ဒါတွေရှိတာကို

တော့ ကောင်းကောင်းသိပါတယ်။ လူငယ်က ဒါမြင်မှအားရှိလာမှာကို လူငယ်အတွက် ကအရေးကြီးတယ်။ ။

မမြင်ရတဲ့ ကမ္ဘာအကြောင်းကို သိလာလေလေ ပြဿနာတွေ အများ ကြီး ဖြေရှင်းသွားပါလိမ့်မယ်။ ကျွန်တော်လူတွေ အများကြီးတွေ့တယ်။ ဘုရားသခင် အလုပ်မလုပ်ကြဘူး။ သူတို့ဟာ အဆိုးမြင်ဝါဒသမားတွေဘဲ။ သူတို့ပြောလိုက်တာတွေ အမှားတွေ အများကြီးပါတယ်။ အခြေအနေဝန်းကျင်မှာ အလိုလိုကျရှုံးနေကြတယ်။ သူတစ်ပါးတွေကလည်း သူ့ကို နှောင့်ယှက်ကြတယ်။ တကယ်လို့ဘုရားကိုသာ အားကိုး ကြရင် ဘယ်တော့မှ လောကမှာမရှုံးဘဲ နေ့စဉ်အောင်ပွဲခံချင်ရင်၊ မမြင်နိုင်တဲ့ကမ္ဘာမှာ ရှိနေတဲ့ အင်အားစုကြီးကို သိထားပါ။ သူတို့က တိုက်ပွဲဝင်ပေးမယ်။ ဒီအသိတရားနဲ့ (၂၄)နာရီ အသက်ရှင်ပါ။ နေ့စဉ်ဒီလိုဘဲ ဖြစ်ပါစေ။ မြင်တွေ့တာ၊ ကြားတာ၊ အနံ့ရတာ၊ ထိတွေ့တာ၊ အရသာခံတာတွေမှာ အားလုံးသင့်ကို ‘မစနေတယ်ဆိုတာ သိထားပါ။

ဧလိရှဲဟာ အဲဒီလို ကမ္ဘာမှာနေတယ်။ ကျွန်ုပ်တို့လည်း နေခွင့်ရှိတယ်။ ကျွန်ုပ်တို့ အခက်အခဲနဲ့ ကြုံတွေ့ရတဲ့အခါ၊ ဘယ်လိုမှလည်း အဆင်မပြေနိုင်တဲ့အခါ၊ ဆိုး သွမ်းတဲ့ရန်သူနဲ့ တွေ့တဲ့အခါ ဓားစာခံမဖြစ်ရဘူး။ အပြစ်တွေကိုပြောပြီးတော့ ဒုက္ခ ရောက်သွားတာမျိုး မဖြစ်ရဘူး။ ကျွန်ုပ်တို့ ရန်သူထက် ကျွန်ုပ်တို့ ဘက်တော်သားတွေ များတယ်။ “ငါတို့ဘက်၌နေသောသူတို့သည် ရန်သူတို့ဘက်၌ နေသောသူတို့ထက် သာ ၍များကြသည်”ဟုဆိုသည်။

ကောင်းကင်တမန်သုံးမျိုး

သမ္မာကျမ်းစာက ကောင်းကင်တမန်တွေကို ဖော်ပြတဲ့အခါ လုပ်ငန်း သုံးမျိုးဆောင်ရွက်ကြောင်း တွေ့တယ်။

၁။ စစ်သူရဲကောင်းကင်တမန် ၊

ပထမအမျိုးအစားကတော့ စစ်သူရဲတွေဖြစ်တယ်။ ဆိုင်ပြိုင်တိုက်လှန် တယ်။ ဒံယေလ(၁၀)နဲ့ ဗျာဒိတ်(၁၂)မှာ ကောင်းကင်တမန် အချုပ်အကြောင်း ၊ ဖြစ်တယ်။ မင်းသားကြီး ကောင်းကင်တမန်ဖြစ်တယ်။ နာမည်က မိချော့လဖြစ်ပြီး ဘုရားသခင်ရဲ့ ကောင်းကင်တမန်တပ်ကို အုပ်ချုပ်ရတယ်။

ကောင်းကင်တမန်တွေ ဘယ်လောက်ကြာရင် တစ်ခါတိုက်တယ်ထင် သလဲ? ဖရင့်ပါရက်တီဆိုတဲ့ စာရေးဆရာက “ယခုခေတ်အမှောင်ထု”စာအုပ်ရေး

တော့ လူတွေကကျမ်းစာနဲ့ မကိုက်ညီလို့ လက်မခံကြဘူး။ ခရစ်ယာန်တွေ ယခုထိ လက်မခံဘူး။ ကျွန်ုပ်တို့က အလယ်ခေတ်ကို အခြေခံရေးထားပေမယ့် သမ္မာကျမ်း စာကတော့ ရှင်းပါတယ်။ ခရစ်တော်ဟာ ကားတိုင်မှာ အသေခံတယ်။ ကျွန်ုပ်တို့ ကယ်တင်ခြင်းရတယ်။ ယခုအချိန်မှာပင် ကောင်းကင်တမန်တွေဟာ မမြင်နိုင်တဲ့ ကမ္ဘာမှာ တိုက်ပွဲဝင်နေကြတယ်။ ဒံယေလ(၁၀)ဟာ မမြင်နိုင်တဲ့ ကမ္ဘာ အကြောင်းရေးထားတာ အပွင့်လင်းဆုံးပဲ။ ဒံယေလဟာ(၃)ပါတ်တိတိ ဆု

တောင်းနေတယ်။ အဖြေဘာမှမရဘူး။ ဒါဟာ တော်တော်ထူးဆန်းတာပဲ။ ကျွန်ုပ် တို့ဆိုရင် မိနစ်(၄၀)လောက် ဆုတောင်းလို့မရရင် လက်လျှော့လိုက်ကြမှာ။ ဒံယေလဟာ မရပ်ဘဲနဲ့ (၂၁)ရက်တိုင်တိုင် အစာရှောင် ဆုတောင်းတယ်။ ဘာမှ မဖြစ်လာရင် ဆက်ကောင်းဦးမှာပဲ။ ကောင်းကင်တမန်တစ်ပါး ရောက်လာ တယ်။ ဒံ၊ ၁း၁၂-၁၃ မှာ … ။

ထိုအခါ သူကလည်း အချင်းဒံယေလ မကြောက်နှင့်။ သင်သည် နားလည်ခြင်းငှါ၎င်း၊သင်၏ဘု ရားရှေ့မှာ ကိုယ်ကို ကိုယ်ဆုံးမခြင်းငှါ၎င်း၊ စိတ်ပြဋ္ဌာန်း သော ပထမနေ့မှ စ၍ သင်၏စကားကိုကြားတော်မူပြီ။ ထို စကားကြောင့်လည်း ငါရောက်လာပြီ။ ပေရသိနိုင်ငံကို အစိုးရသောမင်းမူကား အရက်နှစ်ဆယ် တစ် ရက်ပတ်လုံး ငါ့ကို ဆီးတား၏။ နောက်တစ်ခါ အမြတ်ဆုံးသော မင်းစုထဲက မိက္ခေလ သည် ငါ့ကိုအကူလာ၍ ငါသည်လည်း ထိုအရပ်၌ ပေရသိမင်းကြီးတို့ထံ မှာ ဆိုင်းလင့်၍နေရ၏။

နောက်တော့ ကောင်းကင်တမန်က “ပေရသိမင်းကို စစ်တိုက်အံ့၊ သောငှါ ယခုငါပြန်သွားရမည်” လို့ ဖော်ပြထားတယ်။ (ဒံ၊ ၁၀:၂၀) ၊

ဒီအကြောင်းဟာ သမ္မာတရားတွေကို အများကြီး ဖော်ထုတ်ပေး

တယ်။ ပထမအနေနဲ့ ကျွန်ုပ်တို့ရဲ့ ဆုတောင်းသံကို ပထမနေ့ကတည်းက ဘုရား သခင်ကြားသည်။ ကျွန်ုပ်တို့စိတ်ဓါတ် ဘယ်လောက်ပဲကျကျ ဘယ်လောက်ပဲ စောင့်နေရ စောင့်နေရ ကျွန်ုပ်တို့ဆုတောင်းသံကိုကြားမယ်။

နောက်ဒံယေလအကြောင်းကို ကြည့်ရင် ကျွန်ုပ်တို့ဆုတောင်းတဲ့ အတွက် ဘုရားသခင်ဟာ ကောင်းကင်တမန်ကို အသုံးပြုတယ်ဆိုတာ သိရတယ်။ ကျွန်ုပ်တို့ ကောင်းကင်တမန်ကို ဆုမတောင်းပါဘူး။ ဘုရားကိုပဲတောင်းတယ်။ ဘုရားက အရေးယူစေလွှတ်ပေးတယ်။ ကျွန်ုပ်တို့ ဆုတောင်းသံဟာ ကောင်းကင် ဘုံအထိ ရောက်ပါတယ်။ ပြီးတော့ မြေကြီးပေါ်ကို ပြန်လည်တုန့်ပြန်တယ်။

ဒီအပါတ်ထဲမှာ ကျွန်ုပ်တို့ဆုတောင်းရင်၊ ကောင်းကင်တမန်တွေ အလုပ်များ နေတော့မှာပဲ။ ကျွန်ုပ်တို့ဆုတောင်းတာ ဘုရားသခင်နားထဲမှာ အသံကြားနေရုံလောက်သာ မဟုတ်ပါဘူး။ ဆုတောင်းတဲ့အတွက် ကောင်းကင် တမန်တပ်သား တွေဟာ ကျွန်ုပ်တို့အတွက် တိုက်ပွဲဝင်ပေးတယ်။ လုပ်ဆောင်ပေး တယ်။ ခရစ်တော်အတွက်ကြောင့် သူတို့လုပ်ကြရတယ်။

နောက်ပြီးတော့ ဒံယေလအကြောင်းထဲမှာ ကောင်းကင်တမန်ဟာ စစ်တိုက်ရတယ်။ သူတို့ဘယ်လို တိုက်လဲမသိရဘူး။ သူတို့တော့ တိုက်တယ်။ ကျွန်ုပ်တို့ ဆုတောင်းပေးလို့ရတယ်။ သူတို့လေစာလက်နက်၊ ဓါးနဲ့တော့ မဟုတ် ဘူးထင်ရတာပဲ။ အင်အားတော့ သုံးရတယ်ထင်တယ်။ ဟေဗြဲ၊ ၁းရမှာ ကောင်း ကင်တမန်တွေ ဟာ လေအဟုန်လိုပဲလို့ ပါတယ်။ ကောင်းကင်တမန်ဟာ ဖြောင့် မတ်ခြင်းလေလက်နက်နဲ့ ဒုစရိုက်အင်အားစုကို တိုက်တာဖြစ်တယ်။ သေချာ

တော့မသိရဘူးပေါ့။ ကျွန်ုပ်တို့သိလို့ကော ဘာထူးလာမှာလဲ?ဒါပေမဲ့ ကျွန်ုပ်တို့ အတွက် သူတို့တိုက်ရတာ။ ဆုတောင်းရင် လုပ်ဆောင်ပေးတယ်။

 ၂။ စေတမန်ကောင်းကင်တမန်

ဒုတိယအမျိုးအစားကတော့ စေတမန်တွေပဲ။ ဆက်သွယ်ရေး လုပ် ငန်းလုပ်တယ်။ ဂါဗြောလဟာ မယ်တော်မာရိကို သတင်းယူဆောင်ခဲ့တယ်။ ဒံယေလ၊ ဇာခရိ တို့ကို သတင်းယူဆောင်ခဲ့တဲ့ ကောင်းကင်တမန် အကြီးအကဲ ဖြစ်တယ်။ ကျမ်းစာထဲမှာ ကောင်းကင်တမန်တွေ လူနဲ့စကားလာပြောတာပါ တယ်။ သတင်းလာ တယ်။ သတိပေးတယ်။ ဗျာဒိတ်လာပို့တယ်။

အကြိမ်ကြိမ်ပါပဲ။ ကျွန်တော် ကောင်းကင်တမန်တွေ့ဖူးတဲ့ လူတွေနဲ့ တွေ့ဖူးတယ်။ ဒီခေတ်ကလူတွေဟာလည်း ဒံယေလ၊ မာရိ၊ ယာကုပ်တို့လိုပါပဲ။ နည်းစနစ် မပြောင်းလဲကြဘူး။ ကျွန်ုပ်တို့အားလုံးတော့ ကောင်းကင်တမန် ဘာ

ကြောင့်မတွေ့ကြတာလဲ? ဘုရားသခင်ကတော့ လူတွေဟာ ကောင်းကင်တမန် တွေနဲ့ ဆက်သွယ်ပြီး ဘဝင်မြင့်လာရင် ဘုရားကိုတောင် မရှာတော့မှာကြောက် လို့ဖြစ်လိမ့်မယ်။ ဒါပေမဲ့ လူအများကြီးကို တွေ့ခွင့်ပြုတယ်။ ဒါဟာလည်း လူတွေ ကို ကောင်းကင်တမန်ရှိကြောင်း သက်သေထူနေတာဖြစ်ပါလိမ့်မည်။ မမြင်နိုင် တဲ့ ကမ္ဘာရှိတယ်ဆိုတာ သတိပေးနေတယ်။ ။

ကျမ်းစာကပြောတယ်။ ကောင်းကင်တမန်မရှာနဲ့။ ဝတ်ပြုကိုးကွယ် မှုမလုပ်နဲ့။ (၈ပေ၊ ၁း၈။ ကော၊ ၂း၁၈)။ ဘုရားက အလိုရှိရင် စကားပြောလို့ရ တယ်။ မြင်ခွင့်ရတယ်။ ဒါဟာ ဘုရားအလုပ်ပဲ။ သူတို့ဝန်းကျင်မှာရှိနေတာကို သတိပြုကြပါ။ ခရစ်တော်က ငါ့ကိုမမြင်ဘဲ ယုံသောသူတို့သည် မင်္ဂလာရှိကြ၏ဟု မိန့်တော်မူ၏။ (ယော၊ ၂၀း၂၉)။ ခရစ်တော်ကို ယုံသောသူတွေကို ရည်စူး ပြောတာပါ။ ဒါပေမဲ့ အခြေခံမူကတော့ အတူတူပါပဲ။ မမြင်နိုင်တဲ့ကမ္ဘာရှိတာကို ယုံပါ။ ဘုရားသခင်က ဖော်ပြထားတာဖြစ်တယ်။ မြင်ရလို့မဟုတ်ပါဘူး။ မမြင် လို့ ယုံကြည်ခြင်းမရှိတာ မဖြစ်စေပါနဲ့။ သံသယလုံးဝမရှိပါနဲ့။

၃။ ဝတ်ပြုကိုးကွယ်တဲ့ ကောင်းကင်တမန်

တတိယအုပ်စုကတော့ ဝတ်ပြုကိုးကွယ်တဲ့ အုပ်စုဖြစ်တယ်။ ဘုရား ကိုပဲဝတ်ပြုကြတယ်။ ဒီလိုကောင်းကင်တမန်တွေ အများကြီးရှိတယ်။ ဗျာဒိတ် ကျမ်းမှာ ကောင်းကင်တမန်အုပ်စုကြီးတွေ ကြွေးကြော်နေကြတယ်။ ဗျာ၊၅း၁၁၁၂ မှာ ကုဋေသင်္ချေမက အတိုင်းမသိများစွာသော ကောင်းကင်တမန်တွေဟာ “အသေသတ်ခြင်းကို ခံပြီးသော သိုးသငယ် ́ကို ကိုးကွယ်ကြတယ်။ ဒီအုပ်စုဟာ ခရစ်တော်မွေးနေ့ သီချင်းဆိုတဲ့ အုပ်စုပါပဲ။

အမှောင်လောက

ဝတ်ပြုကိုးကွယ်ခြင်းကို ဦးဆောင်တဲ့ဗိုလ်ချုပ်ကို မဖော်ပြတော့ဘူး။ ဒါဟာ လူစီဖာဖြစ်နိုင်တယ်။ ၄င်းနောက် စာတန်ဖြစ်သွားတယ်။

ဂါလ၊ မိကျေလတို့ လိုပဲ လူစီဖာဟာ ဗိုလ်ချုပ်ပဲ။ ယေဇ၊ ၂၈၁၂-၁၄ကို ကြည့်ရင် သင်သည် ထူးဆန်းသော တံဆိပ်ဖြစ်၏။ ပညာနှင့်ပြည်စုံ ၍ တင့်တယ်ခြင်း အသရေလည်း စုံလင်လျက်ရှိ ၏။ ……… သင်သည် ဖြန့်၍လွမ်းမိုးသော ခေရုဗိမ်ဖြစ်လျက် ငါ့အခွင့်နှင့် ဘုရားသခင် ၏ သန့်ရှင်း သောတောင်ပေါ်မှာ နေရာကျ၍ ….. ။ ဧ၊၂း၂တွင် အာကာသ ကောင်း ကင်၏တန်ခိုးကို အစိုးရသောမင်းဟု ခေါ်ထားပါသည်။ ဗိုလ်ချုပ်တစ်ပါးဖြစ်သည်။ လူစီဖာဟာ ကောင်းကင်တမန် အချောဆုံး၊ အလှဆုံးဖြစ်ခဲ့တယ်။ အလွန်လိမ္မာရေးခြား၊

ပညာရှိတယ်။ ဝတ်ပြုခြင်းမှာ တာဝန်ခံထိပ်တန်းပဲ။ ဘုရားနဲ့ တိုက်ရိုက်တွေ့ခွင့်ရသူဖြစ် တော့ သူ့ကိုဘယ် သူမှ မယှဉ်နိုင်သလောက်ပါဘဲ။

တစ်နေ့ကျတော့ လူစီဖာဟာ ဘုရားသခင်ထံမှ နှင်ထုတ်ခြင်းခံရ တယ်။ ကောင်းကင်က ထွက်သွားရတယ်။ ဘာကြောင့်လဲ? ဘာတွေအမှားလုပ်သလဲ? စာတန်ကို အချို့ဝိုင်းပြီးသနားကြမှာပဲ။ လူစီဖာက ဘုရားသခင်ရဲ့ နန်းကိုလုယူတယ်လို့ ပြောကြတယ်။ ဘုရားက ခွန်အားကြီးလို့ နှင်ထုတ်လိုက်တာလို့ သနားနေကြတယ်။

စာတန်ကယ်တင်ခြင်းရမှာလား ?

စာတန်ဟာ ဘုရားကို ရန်လုပ်တယ်။ အမှန်မှာ ဘုရားက မကြောက် လန့်ပါဘူး။ အမှန်ကတော့ အခြားကောင်းကင်တမန်တွေကသာ လူစီဖာကို နှင်ထုတ်တာ ဖြစ်တယ်။ (ဗျာဒိတ်၁၂)။ စာတန်ကိုသနားစရာ မလိုပါဘူး။ စာတန်ဟာ အလင်းကို ငြင်း ပယ်တယ်။ ပညာကို စွန့်ပယ်တယ်။ ဒါကြောင့်မို့လို့ နောင်တရစရာ အလင်းနဲ့ ဉာဏ် ပညာ မရှိတော့ဘူး။ ကယ်တင်ခြင်းလည်း မရနိုင်တော့ဘူး။

လူစီဖာက သူ့လုပ်ရပ်ကြောင့် သူခံရတာပါ။ ဘုရားသခင်ရဲ့ သဘော သဘာဝကိုကြည့်ရင်၊ လူစီဖာလုပ်ငန်းဟာ ဘုရားသခင် စိတ်မကောင်း ဖြစ်မှာပါပဲ။

ဟေရှာ၊ ၁၄း၁၃-၁၄မှာ သင်ကလည်း ကောင်းကင်ပေါ်သို့ ငါတက် မည်။ ဘုရားသခင်၏ ကြယ်တို့အပေါ်မှာ ငါ့ပလ္လင်ကို ငါချီးမြှောက်မည်။ မြောက် မျက်နှာဘက်၊ ဗျာဒိတ်တော်တောင်ပေါ်မှာ ငါထိုင်မည်။ မိုယ်တိမ်ထိပ်ပေါ်သို့ ငါတက်မည်။ အမြင့်ဆုံးသော ဘုရားကဲ့သို့ ငါနေမည်ဟု စိတ်အကြံရှိလေပြီလို့

ဖော်ပြထားတယ်။ လူစီဖာကလည်း ဘုရားတစ်ပါးလုပ်ချင်တယ်။ ဘုရားသခင်နဲ့ အံတု လိုတယ်။ ယနေ့တိုင် စာတန်ဟာ ဒီအတိုင်းပဲ စီမံချက်မပြောင်းဘူး။

ကျွန်တော်အံ့သြမိတယ်။ လူတွေဟာ လူစီဖာကို အခြားဘုရားတစ် ပါးပါးလို့ထင်ကြတယ်။ ခရစ်ယာန်တွေလည်း ထင်ကြတာပဲ။ သူတို့က ဘုရားသခင်ဟာ

ကောင်းတာလုပ်တဲ့ဘုရား၊ စာတန်ဟာ မကောင်းတာလုပ်တဲ့ဘုရားလို့ ဆိုကြတယ်။ တန်းတူထားချင်ကြတယ်။ စာတန်ဟာ ဒီနေရာနဲ့ လူတွေလိုက်လိမ်နေတယ်။ နှိုင်းယှဉ်၍ မရပါ

လောကီသဘောကသာ ဘုရားနဲ့စာတန်ကို တဘက်စီထားကြတာ ပဲ။ အရှေ့တိုင်း ယုံချက်တွေမှာလည်းရှိတယ်။ “ရင်း” နဲ့ “ရမ်း”တို့လို ထားချင်တယ်။ နှိုင်းယှဉ်၍မရပါ။ ဘုရားသခင်သည် ဘုရားသာဖြစ်သည်။ ဘုရားသခင်ဟာ ဖန်ဆင်းရှင် ပဲ။ အစမရှိအဆုံးမရှိပါ။ ထာဝရကာလတည်မြဲတယ်။ ဘုရားဟာ အားလုံးသိတယ်။

အနန္တတန်ခိုးရှင်ဖြစ်တယ်။ နေရာတကာမှာရှိတယ်။ တန်ခိုးအာဏာအထွဋ်အထိပ်ဖြစ် မယ်။ လူစီဖာကတော့ ကျဆုံးတဲ့ကောင်းကင်တမန်တစ်ပါးပါပဲ။ ဖန်ဆင်းထားတယ်။ အကန့်အသတ်သာဖြစ်မယ်။ ဉာဏ်ပညာ မပြည့်စုံဘူး။ အရည်အသွေးနည်းတယ်။ သွား လာမှု ကန့်သတ်ချက်ရှိတယ်။ အားလုံးမသိပါဘူး။ အားလုံးလည်း မလုပ်နိုင်ဘူး။ တစ်ချိန် တစ်နေရာမှာပဲ နေလို့ရတယ်။

ခရစ်ယာန်တရားတော်ကတော့ ဘုရားတစ်ဆူထဲပဲရှိတယ်။ ဟိန္ဒူ ဘာသာမှာသာ နှစ်မျိုးနှစ်စုံ၊ တန်းတူရည်တူတွေ ရှိတယ်။ အခြားအရှေ့တိုင်းဘာသာ အချို့မှာလည်း ရှိတယ်။ အကောင်းနဲ့အဆိုးဟာ အင်အားပြိုင်ဆိုင်မှုမရှိပါ။ အင်အားပြိုင် တဲ့သဘော မရှိပါ။ ကျမ်းစာက စာတန်ဟာ “ဤလောကရဲ့ဘုရား”လို့ ခေါ်ထားတယ်။ အဓိပ္ပါယ်ကတော့ သူပိုင်ဆိုင်လှုပ်ရှားနေတဲ့ စနစ်ကြီးမှာ အာဏာရှိတယ်လို့ ဖော်ပြ နေတာပဲဖြစ်တယ်။ ကောင်းကင်တမန်တွေဟာ လူစီဖာကို ကောင်းကင်ဘုံက နှင်ထုတ် လိုက်တဲ့အခါ စာတန် နာမည်ရသွားတယ်။ အမှောင်လောကရဲ့ နိုင်ငံ တည်ထောင် တယ်။ ကျွန်ုပ်တို့ စာတန်ကို ခရစ်တော်ရဲ့ အာဏာနဲ့ ဆိုင်ပြိုင်တိုက်လှန်နေတာဖြစ်တယ်။

ဘုရားသခင်ဟာ စာတန်ကို မတိုက်ပါဘူး။ နောင်လည်း မတိုက်ပါ ဘူး။ ဘာနဲ့တူသလဲဆိုတော့ ပုရွက်ဆိတ်ကလေးတစ်ကောင် ကျွန်တော့်ပုခုံးပေါ်တက် လာပြီးတော့ ကဲ နပမ်းလုံးရအောင်လို့ ပြောနေတာနဲ့ အတူတူပဲ။ ကျွန်တော်ဘယ်လို ပိုးမွှားကလေးတစ်ကောင်နဲ့ နပမ်းလုံးလို့ရမှာလဲ? လေကလေးနဲ့ မှုတ်ထုတ်လိုက်ရုံပါပဲ။ ပုရွက်ဆိတ်ဟာ သတ္တိရှိတယ်။ မာနထောင်လွှားတယ်ဆိုပေမယ့် ဘာမှမယှဉ်နိုင်တာပဲ။

ဒီလိုပဲ ဘုရားသခင်ဟာ စာတန်နဲ့ တိုက်ဖို့မဖြစ်နိုင်ဘူး။ ဘုရားသခင် ဟာ အနန္တတန်ခိုးရှင်၊ ဖန်ဆင်းရှင်ဖြစ်တယ်။ လူစီဖာကို ဘုရားသခင်ဖန်ဆင်းခဲ့တယ်။ ကျွန်ုပ်တို့ကပ် ဘုရားသခင်ရဲ့ တန်ခိုးတော်နဲ့ တိုက်ခိုက်ရမယ်။

လူစီဖာက ဘုရားဖြစ်ချင်တာလည်း မဖြစ်နိုင်ပါဘူး။ စာတန်ဟာ ဘယ်လို ဘုရားဖြစ်လာမှာလဲ? ဖန်ဆင်းခြင်းခံရတဲ့ သတ္တဝါဟာ ဘယ်လိုဖန်ဆင်းရှင် ဖြစ်နိုင်ပါ့မလဲ? အကန့်အသတ်ရှိတဲ့ အရာဟာ အကန့်အသတ်မရှိတဲ့အရာ မဖြစ်နိုင်ဘူး။ ဘုရားဟာဘုရားပဲ။ စကြာဝဠာမှာ ဘုရားနဲ့တူတာ ဘာမှမရှိဘူး။

လူစီဖာဟာမိုက်လုံးကြီးတယ်ထင်သလား ? ၊

လူစီဖာဟာ ဘုရားမဖြစ်နိုင်တော့ ဘာဖြစ်လို့ဘုရားဖြစ်အောင် ကြိုး စားရတာလဲ? အဖြေဟာ ကျွန်ုပ်တို့အထဲမှာပဲရှိတယ်။ ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့အတွက် အသက်ရှင်နေပါသလား? ကျွန်ုပ်တို့စိတ်ထဲမှ ဘုရားဆိုတာမလိုပါဘူးလို့ ပြောတဲ့အခါ “ငါဟာခွန်အားကြီးတယ်။ လမ်းငါကြောင်းမယ်။ ဘယ်သူ့အကူအညီမှ မလိုဘူး။”လို့

ပြောမယ်။ အဓိပ္ပါယ်ကတော့ “ငါဟာ အမြင့်မြတ်ဆုံးပဲ။ စကြာဝဠာမှာ ငါဟာအရေးကြီး ဆုံး ပုဂ္ဂိုလ်ပဲ။ ငါဘုရားဖြစ်နိုင်တယ်”လို့ ပြောနေတာနဲ့ တူတူပါပဲ။

လူတိုင်းလိုလို ပြောဖူးတာကတော့ “ငါဘုရားမလိုပါဘူး”။ ကျွန်ုပ်တို့ ဟာ စင်္ကြာဝဠာမှာ အရေးကြီးဆုံးပုဂ္ဂိုလ်လို့ ဘဝင်မြင့်နေတတ်တယ်။ ကျွန်ုပ်တို့ လကမ္ဘာ သွားနိုင်တာပဲ။ ကွန်ပြူတာတွေ ဆောက်နိုင်တယ်။ ရောဂါတွေကုနိုင်တယ်။ လူမှုဝန်း ကျင်မှာ ပြဿနာတွေ အားလုံးဖြေရှင်းပေးနိုင်တယ်။ လူသားတစ်ရပ်လုံး ပြည့်စုံအောင် လုပ်မယ်။ ဒို့တတွေ ဘုရားမလိုပါဘူး။ ဘာသာတရားလည်း မလိုဘူး။ ဒို့ဟာ လွတ်လပ် ရမယ်။ အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေလည်းဖြစ်တယ်။ နောက်ဆုံးတော့မှ ကင်ဆာရောဂါ ဝင်လာတယ်။ အဲဒီတော့မှ ဘုရားသခင်ခြေတော်ရင်းကို ကလေးလေးလို ပဲတွားသွား ကြမယ်။ အသနားခံကြတော့တယ်။

စာတန်လုပ်တာတွေဟာ ရူးသွပ်နေတဲ့ ပုံစံပဲ။ ကျွန်ုပ်တို့ကလည်း အ လွန်သေးသိမ်တဲ့လူ၊ အအေးမိရင် နှာစေးတယ်။ သက်ပြင်းမချခင် ချက်ခြင်းလူသေ

ကောင်ဖြစ်သွားနိုင်တယ်။ ဘုရားမပါပဲနဲ့ အကုန်လုပ်လို့ရတယ် ဟုတ်လား?ဘုရားမရှိပဲ နဲ့ အသက်ရှင်လာတဲ့အခါ ဘုရားဖြစ်အောင် လုပ်နေတာနဲ့ အတူတူပဲ။ ဒီလိုစိတ်ဓါတ် တွေဟာ စာတန်ရဲ့ စိတ်ဓါတ်ပဲ။ အဲဒီစိတ်ဓါတ်ဟာ ကျွန်ုပ်တို့ အထဲမှာလည်း ရှိတယ်။

စာတနံရဲ့ အရေးဆိုချက်ကို ကျွန်ုပ်တို့ယုံခဲ့ကြတယ် ၊

စာတန်ဆိုရင် နာမည်ကြားတာနဲ့ ရာစုနှစ်ပေါင်းများစွာ ကြောက်ခဲ့ ကြတယ်။ အပြစ်ဒုစရိုက်တွေအားလုံးရဲ့ ပုံဆောင်ချက် ဖြစ်လာတယ်။ စာတန်ကလည်း ဘုရားပုံစံနဲ့ လူတွေကို ပြနေတာပဲ။ ခရစ်ယာန်တွေတောင် စာတန်အကြောင်းတွေ၊ ရုပ် ပုံတွေကို အသုံးပြုကြသေးတယ်။

စာတန်ရဲ့ အဓိပ္ပါယ်ကတော့ “ဆန့်ကျင်သူ”ဖြစ်တယ်။ “အရာရာကို ဆန့်ကျင်မှုပြုခြင်း”ဖြစ်တယ်။ ကျမ်းစာထဲမှာ စာတန်လို့ဖော်ပြတဲ့အခါ ၄င်းရဲ့အင်အားစု ကို ဆိုလိုတယ်။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို မဆိုလိုဘူး။ ပုဂ္ဂိုလ်ကတော့ စာတန်ပဲ။

ကောင်းကင်မှ နှင်ထုတ်ခြင်းခံရတဲ့ ဗိုလ်တစ်ဦးဖြစ်တယ်။ ဘုရားကို ဆန့်ကျင်တယ်။ ဘုရားကို ပုန်ကန်ခဲ့တယ်။ ဒါကြောင့် ကျွန်ုပ်တို့ရဲ့ ဆန့်ကျင်ဘက်လည်း ဖြစ်တယ်။ ဒီ အတိုင်းပဲ ခံယူကြရမယ်။

စာတန်ဟာ သူ့နိုင်ငံမှာ သူတစ်ဦးထဲ မဟုတ်ဘူး။ သူ့ကို ကောင်းကင် က နှင်ထုတ်လိုက်တဲ့အခါ ကောင်းကင်တမန်နောက်လိုက်တွေ အများကြီးခေါ်သွား တယ်။ ဘယ်လောက်လဲတော့ ကျွန်ုပ်တို့မသိဘူး။ အရေအတွက်ကတော့ ကန့်သတ်ချက် ရှိတယ်။ စာတန်ဟာ ဖန်ဆင်းခြင်းကို မလုပ်နိုင်ဘူး။ စာတန်နဲ့ အပေါင်းပါတွေဟာ

စာတန်နိုင်ငံထူထောင်တယ်။ ကျမ်းစာမှာတော့ နှင်ထုတ်ခံရတဲ့ ကောင်းကင်တမန်တွေ နတ်ဆိုးတွေ ဆက်စပ်ပုံကို မပြောဘူး။ နတ်ဆိုးတွေဟာ ကောင်းကင်က မကျလာရင် ဘယ်က လာကြတာလဲ? နတ်ဆိုးတွေဟာ ကျရှုံးတဲ့ ကောင်းကင်တမန်တွေပဲဖြစ်တယ်။

ဝိညာဉ်တွေဖြစ်တယ်။ နတ်ဆိုးတွေရဲ့ လှုပ်ရှားပုံက အရေးကြီးတယ်။ ဘယ်ကလာတာ ဒီလောက်အရေးမကြီးပါဘူး။

ကျွန်တော် ဖော်ပြသလို ကမ္ဘာပေါ်မှာရှိတဲ့ ယဉ်ကျေးမှုတွေအရ၊ နတ် ဆိုးတွေရှိတယ်ဆိုတာ အထူးရှင်းပြနေစရာတောင် မလိုဘူး။ အလွန်ယဉ်ကျေးတဲ့ လူ၊ ပညာတတ်တဲ့လူ၊ အထက်တန်းလွှာလို့ ခေါ်တဲ့လူတွေတောင် နတ်တွေနဲ့ပတ်သက်နေကြ ပါပြီ။ ခရစ်ယာန်တွေလည်း သိထားကြရတော့မယ်။ ကျွန်ုပ်တို့ဟာ ဒါတွေကိုမယုံဘူး။ မရှိပါဘူးဆိုရင် အသိဉာဏ်နည်းပါးတာကြောင့်ပဲ ဖြစ်မယ်။

အမှောင်နိုင်ငံမှာ အဓိကကတော့ စာတန်ပဲ။ (ကောင်းကင်မှ နှင် ထုတ်ခြင်းခံရသူ)နောက် ၄င်းရဲ့ အပေါင်းပါက ကောင်းကင်တမန်တွေ၊ နတ်ဆိုးတွေဖြစ် တယ်။ ကျမ်းစာမှာပါတဲ့အတိုင်းပဲ။ ဒီအရာတွေဟာ ပုဂ္ဂိုလ်တွေဖြစ်တယ်။ နှမ်ဝိညာဉ် ပုဂ္ဂိုလ်တွေပဲ၊ “အမှောင်အင်အားစု”မဟုတ်ဘူး။ နားမလည်နိုင်တဲ့အရာတွေ အင်အားစု ကြီးမဟုတ်ဘူး။ ခရစ်တော်က ၄င်းတို့ကို အင်အားစုကြီးကို ရင်ဆိုင်နေတာ မဟုတ်လား။ နတ်ဆိုးဆိုတဲ့ အကောင်တွေကို ရင်ဆိုင်နေတာ၊ ပြောနေတာဖြစ်တယ်။ နာမည်နဲ့တောင် ဖော်ပြလိုက်သေးတယ်။

တစ္ဆေ၊ သူ့အက်(ဖ်)အို၊ အခြားဂြိုလ်သားတွေ ၊

လွန်ခဲ့တဲ့အနှစ်(၂ဝ)က လူတွေဟာ တစ္ဆေတွေကို စိတ်ဝင်စားလာကြ တယ်။ ယူအက်(ဖ်)အို၊ အခြားဂြိုလ်သားတွေကိုတော့ လေ့လာကြတယ်။ ကျမ်းစာမှာက

တော့ ဒါတွေမပါဘူး။ ကမ္ဘာပေါ်မှာ သူတို့အကြောင်းကို ရှာဖွေတွေ့ရှိထားပါတယ်။ ဒါပေမဲ့ ကျမ်းစာမှာ မမြင်ရတဲ့ကမ္ဘာက အကြောင်းအရာတွေ ဖော်ပြတာ လုံလောက် တယ်လို့ ကျွန်တော်ယုံကြည်တယ်။ ကျမ်းစာမှာမပါရင် ကျွန်ုပ်တို့သိဖို့မလိုလို့ မပါတာဘဲ လို့ ခံယူပါ။ သဘာဝထက်လွန်ကဲတဲ့အရာတွေ အခြားဂြိုလ်ကဖြစ်ရပ်တွေဟာလည်း ဘုရားသခင်ရဲ့ ကောင်းကင်တမန်တွေရဲ့ လုပ်ရပ်သို့မဟုတ် စေတန်ရဲ့လုပ်ရပ်လို့ မှတ်ယူ ဖို့ ကျွန်တော်အကြံပြုတယ်။

အခြားပုဂ္ဂိုလ်တွေလိုပဲ စာတန်ကောင်းကင်တမန်တွေဟာ စဉ်းစား တတ်တယ်။ နားထောင်တတ်တယ်။ ဆက်သွယ်တတ်တယ်။ အတွေ့အကြုံရှိတယ်။ လုပ်

ဆောင်နိုင်တယ်။ ပြန်လည်တုန့်ပြန်နိုင်တယ်။ သူတို့ဟာ ပုဂ္ဂိုလ်(အကောင်)တွေ ဖြစ် တယ်။ ကျမ်းစာထဲမှာ သူတို့အကြောင်း အများကြီးပါတယ်။

ဒါကြောင့်လူတွေနဲ့ အများ

ကြီးဆက်ဆံနိုင်တယ်ဆိုတာ ကျွန်ုပ်တို့ သိရတယ်။ သူတို့ဟာ ကျွန်ုပ်တို့စိတ်ထဲမှာ စကား၊ လာပြောနိုင်တယ်။ (ယော၊ ၁၃း၂ကို ကြည့်ရင် ယုဒရှကာရုတ်စိတ်ထဲမှာ စာတန်က ခရစ်တော်ကို အပ်နှံဖို့ လာပြောတယ်)။ ကျွန်ုပ်တို့ပြောတာလည်း သူတို့ကြားတယ်။ ကျွန်ုပ်တို့ ဘာတွေလုပ်လဲဆိုတာကို ကြည့်နေတယ်။ ပြီးတော့မှ သူတို့စီမံတယ်။ ဗျူဟာ ချမှတ်တယ်။

သူတို့ဟာ နားထောင်တတ်တော့ ကျွန်ုပ်တို့ဝိညာဉ်ရေးရာ တိုက်ပွဲ လုပ်တဲ့အခါ သူတို့ကို စကားပြောလို့ရတယ်။ အချို့ကတော့ စာတန်ကို စကားမပြောရဲ ကြဘူး။ ကျမ်းစာကတော့ ရှင်းပါတယ်။ မာရ်နတ်ကို ဆီးတားကြလော့လို့ ဖော်ပြထား တယ်။ (ယာ၊ ၄း၇။၁ပေ၊ ၅း၉)။ ဘယ်လိုဆီးတားမလဲ? ကျမ်းစာကိုလှုပ်ပြရမှာလား? ပါးစပ်ကရွတ်ဆိုရမှာလား? မျက်စိမှိတ်ထားရမှာလား? အသက်မရှူဘဲနဲ့ နေရမှာလား? ပုဂ္ဂိုလ်တစ်ဦးကို ဆီးတားလိုရင် ပါးစပ်နဲ့ဖော်ပြပါ။ ပြောပါ။ တိုက်ရိုက်ပြောလိုက်ပါ။ အပြစ်တင်ရှုတ်ချပါ။ ဆုံးမပါ။ မောင်းထုတ်လိုက်ပါ။ ခရစ်တော်က နတ်ဆိုးတွေကို တိုက် ရိုက်စကားပြောတယ်။ ကျွန်ုပ်တို့ဟာ သာ၍ကြီးသောအမှုကိုလုပ်ကြရမယ်လို့ ခရစ် တော်ဖော်ပြတဲ့အတွက် စာတန်ကိုပိုင်ပိုင်နှင်ထုတ်ပါ။ ဆီးတားပါ။

မာ၊ ၁၆း၁ရမှာ ခရစ်တော်က မဟာစေစားချက် ထုတ်ပြန်ခဲ့တယ်။ ယေရှုရဲ့နာမကို သုံးစွဲစေတယ်။ ခရစ်တော်က ကျွန်ုပ်တို့အတွက် သူလုပ်ပေးမယ် မပြော ဘူး။ သူ့နာမနဲ့ စာတန်ကို နှင်ထုတ်စေတယ်။

စာတန်ကိုအောင်ပွဲခံဖို့ နည်းစနစ်အခိုင်အမာ သိရှိပါပြီ။ နေ့စဉ် တိုက်ပွဲ ဝင်ရပါလိမ့်မယ်။ ဒါပေမဲ့ ပိုမိုသိရှိ နားလည်ဖို့ရန် လိုအပ်ပါသေးတယ်။ စာတန်ရဲ့ လုပ်ရပ်တွေကို ဆက်ပြီးလေ့လာပါ။ ပြီးတော့တိုက်ပွဲဝင်ပါ။

အခန်း(၇)

စာတန်ရဲ့ အဆောက်အအုံနဲ့ တိုက်ပွဲပုံစံ

Satan Hierarchy And Battle Plan

စာတန်ရဲ့ အမှောင်နိုင်ငံမှာ ဘယ်သူတွေ လှုပ်ရှားနေတာကိုတော့ ကျွန်ုပ်တို့သိတယ်။ ၈တန်နဲ့သူ ရဲ့ အပေါင်းပါနတ်ဆိုးတွေပါဘဲ။ သူရဲ့ နိုင်ငံကို ဘယ်လိုအုပ်ချုပ်တာကို သိဖို့လိုတယ်။ ကျမ်းစကားအရဆိုရင် “သူ၏အကြံအစည်များ ကို ငါတို့ သိကြ၏”လို့ ဖော်ပြထားတယ် (၂ကော၊ ၂း၁၁)။ ကျွန်ုပ်တို့ဟာ ရဲတပ်ဖွဲ့ဆိုရင် ၊ တရားခံတစ်ဦးရဲ့ “အမ်အို” “ကိုယ်ရေးနောက်ခံ’ ကိုသိမှ ကိုင်တွယ်လို့ရမယ်။

စာတန်ရဲ့ “အမ်အို”ကို သိချင်ရင်တော့ ကမ္ဘာလောကမှာ သူတိုက်ခိုက် နေတဲ့ လက်နက်သုံးမျိုးသုံးစားကို သိဖို့လိုတယ်။

လက်နက်(၁)စာတန်ရဲ့ အဆင့်အတန်းအဆောက်အအုံ

စာတန်ရဲ့ ပထမလက်နက်ကတော့ သူ့ရဲ့ အုပ်ချုပ်မှုယန္တရားအတွက် တည်ဆောက်ထားတဲ့ အဆောက်အအုံဘဲဖြစ်တယ်။ ဒီအဆောက်အအုံမှာပါတဲ့ အင် အားစုဟာ ကမ္ဘာပေါ်မှာလုပ်ဆောင်နေသမျှ ကြီးကြပ်ကွပ်ကဲဖို့အတွက်ဖြစ်တယ်။ စာတန်ဟာဤလောကရဲ့ဘုရားလို့ ပြောတဲ့နေရာမှာ အလွန်ပညာပါတဲ့ ဗျူဟာတွေကို အသုံးပြုတယ်။ အခြားဘာသာရေးအဆောက်အအုံတွေမှာလိုဘဲ။ လုပ်ငန်းတာဝန်တွေ အမျိုးမျိုး ပေးအပ်ထားတယ်။ ဒါတွေဟာ ကျမ်းစာမှာအပြည့်အစုံပါတယ်။ သူတို့ဟာ အထွဋ်အမြတ်ရှိတယ်။ အာဏာစက်ရှိတယ်။ အစိုးတရပြုလုပ်တဲ့မင်း ကောင်းကင်က နတ်ဆိုးတွေ အဆင့်ဆင့်ရှိတယ်။ ကျမ်းစာထဲမှာတော့ အသုံးအနှုန်းတွေ အနည်းငယ်

တော့ ကွဲပြားတာတွေ့ရတယ်။ ဒါပေမဲ့လို့ အရေးကြီးတာကတော့ သူတို့ရဲ့ လုပ်ပုံကိုင်ပုံ ၊ ကို သိရှိဖို့နဲ့ ဘယ်လိုတိုက်ခိုက်ရမယ် ဆိုတာကသာ အရေးကြီးပါတယ်။

အထွဋ်အမြတ်

သမ္မာကျမ်းစာမှာ အမျိုးမျိုးသုံးစွဲထားတယ်။“ရာဇပလ္လင်”“တိုင်းနိုင်ငံ “အမြင့်ဆုံးသော အာဏာပိုင်အဖွဲ့အစည်း’၊ အထွဋ်အမြတ်စသည်ဖြင့် သုံးစွဲထားတာ

တွေ့ရတယ်။ ဒီအခေါ်အဝေါ်တွေအားလုံးဟာ စာတန်ရဲ့ရာထူးတွေဘဲ။ အထွဋ်အမြတ် (ဝါ)အုပ်ချုပ်သူဟာ သူတစ်ပါးတွေအပေါ် အာဏာတန်ခိုးနဲ့ စိုးမိုးအုပ်ချုပ်ဖို့ပါဘဲ။ ရန်သူ

ဟာဘယ်လို ကမ္ဘာလောကထဲ ဝင်လာပြီးတော့ လူတွေကိုဘယ်လိုစိုးမိုးနိုင်သလဲ

သိဖို့လိုတယ်။

ခရစ်တော်က မဿဲ၊ ၁၆မှာ “မရဏာနိုင်ငံ၏တံခါး”လို့ သုံးစွဲထား တယ်။ ထိုစဉ်အခါက မြို့ခေါင်းဆောင်တွေဟာ တံခါးဝမှာ ရုံးဖွင့်တယ်။ အဲဒီမှာရုံးထိုင်ပြီး

တော့ တစ်မြို့လုံးကို အုပ်ချုပ်တယ်။ တံခါးဝဟာ မြို့ရဲ့ ထွက်ပေါက်ဝင်ပေါက် မဟုတ်ဘဲ တရားရုံးချုပ် အဓိပ္ပါယ်ရတယ်။ ကွန်ဂရက်လို့လဲ ခေါ်နိုင်တယ်။ ပါလီမန်နဲ့လည်း တယ်။ အိမ်ဖြူတော်၊ ခရင်မလင်နန်းတော်၊ အမှတ်(၁၀)ဒေါင်းနင်းလမ်း (အင်္ဂလန်)တို့နဲ့ တူတယ်။ စာတန်ဟာ လူတွေအုပ်ချုပ်သလိုဘဲ အုပ်ချုပ်တယ်။ အဲဒီတော့မှ လူတွေကို စိုးမိုးလို့ရနိုင်မယ်။ ဘယ်လိုအုပ်ချုပ်သလဲ? အရင်ကလိုပါဘဲ။ ဧဒင်ဥယျာဉ်မှာ စာတန်က လူတွေထံလာတယ်။ လိမ်လည်လှည့်ဖြားတယ်။ လူတွေဟာ လမ်းလွဲကို လိုက်ကြတယ်။ ဒီပုံစံနဲ့ စိုးမိုးတာဘဲ။

အုပ်ချုပ်မှုယန္တရားကိုကြည့်ရင် ကျွန်ုပ်တို့ကတော့ အမြင့်ဆုံးကို ကြည့်လေ့ရှိကြတယ်။ ဒါပေမဲ့ အလွှာတွေအများကြီးရှိတယ်ဆိုတာ သိထားဖို့လိုတယ်။ အာဏာပိုင်အဖွဲ့အစည်းဆိုတာ အမြင့်ဆုံးတရားရုံးချုပ်ကနေ အနိမ့်ဆုံးခွေးလိုင်စင် ထုတ်လာတဲ့ လူအထိရှိတယ်။ အစိုးရပိုင်းက တစ်မျိုးရှိသလို ကျောင်းတွေ၊ စီးပွားရေး၊ အသင်းတော်၊ ကုန်သည်ကြီးအသင်းကလပ်တွေ၊ အားကစားအဖွဲ့၊ အိမ်ထောင်တွေအဆုံး အုပ်ချုပ်မှုဟာ သက်ဝင်လှုပ်ရှားတယ်။ ရှေးရှေးကကျောက်ခေတ်မှာတောင် အဖွဲ့ခေါင်း ဆောင်၊ ရွာလူကြီးတွေရှိခဲ့တာဘဲမဟုတ်လား?

ထရံအပေါက်ရှိတယ်

တံခါးတွေဟာ အာဏာပိုင်တွေလို့ဆိုရင် ထရံတွေကတော့ လူနေအ ဆောက်အအုံကို ကွယ်ကာပေးထားတဲ့ ကျမ်းစာကဖော်ပြချက်ဘဲ။ စာတန်ဟာ ကျွန်ုပ်တို့ လူနေမှုအဆောက်အအုံကို သေသေချာချာ လေ့လာတယ်။ လူတွေဟာ မှန်နေရင် သူအုပ် စိုးလို့မရဘူး။ လူတို့ရဲ့ သရဲတွေဟာ သူ့ကိုကာဆီးထားတယ်။ ထရံတွေဟာ ပြိုကျနေရင်၊

တော့ သူဝင်လာမယ်။ အုပ်စိုးမယ်။ စိမ့်ဝင်လာတော့မယ်။ လူထဲမှ အုပ်ချုပ်မှုမခိုင်မာရင် သူ့အတွက်လွယ်တယ်။ အချင်းချင်းမသင့်မတင့်ဖြစ်၊ ပုန်ကန်မှုတွေဖြစ်၊ ဗရုန်းသုန်းကား တွေဖြစ်နေရင် စာတန်ဟာ လွယ်လွယ်နဲ့ ဝင်အုပ်ချုပ်တော့မယ်။ ပြိုကွဲမှုရှိလေလေ၊ စာ တန်ရဲ့ အုပ်ချုပ်မှု ပိုခိုင်မာလေလေဘဲ။ ယနေ့အိမ်ထောင်တွေ၊ အသင်းတော်တွေ၊ ကျောင်း တွေမှာ စာတန်ရဲ့တိုက်ခိုက်မှု ပြင်းထန်တာ တွေ့ရမယ်။

ဝိညာဉ်ရေးရာ တိုက်ပွဲရဲ့ လက်စွဲစာအုပ်ကတော့ ဓမ္မဟောင်းကျမ်း ဘဲဖြစ်တယ်။ အဲဒီအချိန်က ကမ္ဘာပေါ်မှာတိုက်ပွဲတွေဟာ အခုမျက်မြင်မရတဲ့ ကမ္ဘာမှာ

တိုက်နေတာ တစ်ပုံစံထဲဘဲ။ စာတန်ဟာ အသွေးအသားတပ်မကြီးကို ဖွဲ့စည်းပြီး အစ္စရေး ကိုဖျက်ဆီးတယ်။ ယနေ့လည်း စာတန်ဟာ အဓိကဘုရားလူတွေကို ဖြိုဖျက်နေတယ်။ သူရဲ့ဗျူဟာကတော့ မပြောင်းဘူး။

ဓမ္မဟောင်းခေတ်ဣသရေလတွေဟာ လူတွေမြို့ထဲမှာ နေကြတယ်။ မြို့ရိုးတွေကလည်း ရန်သူကြောက်တော့ အမြင့်ကြီးဘဲ၊ မြို့ရိုးနဲနဲချို့ယွင်းတာနဲ့ ရန်သူဟာ ဝင်လာမယ်။ သတ်ဖြတ်လုယူမယ်။ နေဟမိဟာ ယေရုရှလင်မြို့ပြန်တဲ့အခါ မြို့ရိုးကိုအရင် ပြန်တည်ဆောက်တယ်။ ကျန်တာနောက်မှလုပ်တယ်။ မြို့ရိုးဟာ ရန်သူကိုကာကွယ်ဖို့ ဘဲ။ ပထမဦးစားပေးရတယ်။

အဲဒီရှေးရှေးကမြို့တွေကိုကြည့်ပြီး ယနေ့မျက်မြင်မရတဲ့ ကမ္ဘာကရန် သူတွေကို ကာကွယ်ဖို့ ပုံစံနမူနာယူကြမယ်။ ဓမ္မဟောင်းခေတ်မြို့တွေလိုဘဲ။ အုပ်ချုပ်ရေး၊ အဆောက်အအုံတွေကို နံရံနဲ့ကာကွယ်ထားကြရမယ်။ ဒီနံရံတွေကို အခုတော့ မမြင်ရ ပေမယ်လို့ ကာကွယ်ထားရတာတော့ အမှန်ဘဲ။ ဒီလိုသာ မကာကွယ်ထားရင် အဖြေက တော့ ရှင်းရှင်းပါဘဲ။ ပြိုကွဲကြရမယ်။ မျက်မြင်မရတဲ့ ကမ္ဘာမှာ စာတန်ဟာ ထိထိရောက် ရောက် ဖျက်ဆီးတဲ့နည်းစနစ်သုံးမျိုးရှိတယ်။

စာတန်လက်ထဲအာဏာအပ်နှင်းခြင်း ၊

ပထမအဖျက်လုပ်ငန်းကတော့ ဘုရားမပါတဲ့ ခေါင်းဆောင်မှုပါဘဲ။ ခေါင်းဆောင်တွေဟာ ကျမ်းစာအတိုင်း အသက်မရှင်ဘူး။ မလုပ်ဆောင်ဘူးဆိုရင် အလို

တော်နဲ့ မကိုက်ညီဘူးဆိုရင်၊ သူတို့ရဲ့ အာဏာဟာ ပြိုကွဲမှာဘဲ။ သူတို့အုပ်ချုပ်ရေးထဲ စာ တန်ကိုခွင့်ပြုထားခြင်းဘဲဖြစ်တယ်။ ဥပမာ တရားသူကြီးတစ်ယောက် တံစိုးလက်ခံ တယ်။ ဘုရားမကြောက်ဘူးဆိုတာနဲ့ သူ့အာဏာကို စာတန်လက်ထဲ အပ်လိုက်တာနဲ့ တူတူဘဲ။ သူအပ်လိုက်တာ သူသဘောမပေါက်ဘူး။ သူ့လုပ်ငန်းတွေမှာ စာတန်လုပ်ချင် သလို လုပ်တော့မယ်။ အခြားအုပ်ချုပ်ရေးတွေမှာလည်း ဒီလိုပါဘဲ။ ဘုရားမပါတဲ့ ခေါင်း ‘ ဆောင်မှုတွေမှာ တရံပြိုကျပြီးတော့ စာတန်ကို ခွင့်ပေးလိုက်တယ်။ စာတန်ဟာ အခွင့် အရေးတစ်ခုမှ လက်မလွတ်တော့ဘူး။

၁တိ၊ ၂း၁-၂မှာ ကျွန်ုပ်တို့ကို ဆုတောင်းစေတယ်။ “အာဏာလက်ခံရ ရှိသူတွေအတွက် ဆုတောင်းပေးဖို့လိုတယ်။ အာဏာမှန်သမျှ တိုက်ခိုက်ခံရမယ်။ စာ တန်ဟာ သူကိုယ်တိုင် အုပ်ချုပ်ချင်တယ်။ လူနေအဆောက်အအုံတွေမှာ ခေါင်းဆောင် မှုပြဿနာတွေ ခဏခဏတွေ့ရတယ်။ ခေါင်းဆောင်မှုနံရံကို ခိုင်ခံ့စေဖို့ လိုတယ်။ ကျွန်ုပ် ၊ တို့ခေါင်းဆောင်တွေအတွက် ဆုတောင်းပေးကြရမယ်။ ကျွန်ုပ်တို့က ခေါင်းဆောင်ဆိုရင် လည်း ခိုင်ခံ့ဖို့လိုတယ်။ သမ္မာတရားနဲ့ ဦးဆောင်ဖို့လိုတယ်။ စာတန်ကို နှောင့်နှေးစေပါ။

တစ်ဘက်ကလည်း အာဏာကို အလွဲသုံးစားလုပ်ရင် စာတန်ရဲ့ အကြံအစည်ကို ထ မြောက်စေတာဘဲ။

လူနေအဆောက်အအုံရဲ့ နံရံပြိုကွဲစေတာကတော့ “လစ်လျူရှုမှု’ဘဲ။ ခေါင်းဆောင်တွေဟာ ခေါင်းရှောင်နေကြတယ်။ အချို့လင်ယောက်ျားတွေဟာ အိမ်ဦး စီးတာဝန်မယူကြဘူး။ မိဘကလည်း တာဝန်မကျေဘူး။ ဆရာတွေက စာမသင်ကြဘူး။ တာဝန်မကျေပွန်တော့ ဟာကွက်တွေ ပျော့ကွက်တွေဖြစ်လာတယ်။ စာတန်က ဝင် ရောက်နေရာယူလုပ်ဆောင်တယ်။ ဥပမာ၊ မိခင် ဖခင်တွေဟာ ကလေးတွေကို အချိန်မ ပေးနိုင်ဘူး။ အလုပ်များနေကြတယ်။ သွန်သင်ဆုံးမမှု အားနည်းတယ်။ စည်းကမ်းမချ ဘူး။ အဲဒီအခါ ကလေးတွေက မဟုတ်တာလုပ်ကြတယ်။ စာတန်က ပုံသွင်းသွားတယ်။

တတိယပုံစံကတော့ ပုန်ကန်မှုဘဲ။ ကျွန်တော်စာသင်ရင် လူတွေကို မေးတယ်။ သင်ပုန်ကန်ခဲ့ဖူးရင် လက်မြှောက်ပြခိုင်းတယ်။ လူတိုင်းလိုလို လက်ပြကြ တယ်။ ကလေးကနေ လူကြီးတွေအထိ ပုန်ကန်ခဲ့ဖူးကြတာဘဲ။ ခရစ်ယာန်လောကမှာ

တောင် ပုန်ကန်မှုကို အရေးမယူဘူး။ လစ်လျူရှုထားကြတယ်။ ကျွန်ုပ်တို့ ဘာပြောကြ သလဲဆိုရင်

“ကျွန်ုပ်ဟာ ဒီလိုပါဘဲ” “ကျွန်တော့်အထဲမှာ ခေါင်းမာတတ်တဲ့ အလေ့အထရှိတယ်” ။ “ကျွန်ုပ်ကတော့ ဟုတ်ကဲ့လို့ ပြောမှာမဟုတ်ဘူး” “ကျွန်ုပ်ကတော့ လွတ်လွတ်လပ်လပ်ဘဲနေချင်တယ်” “တစ်ခါတစ်လေတော့ ထပြီးအရေးဆိုမှဖြစ်မယ်” “ငါဟာ စာတန်ရဲ့ ရှေ့နေလုပ်လိုက်ချင်နေပြီ “ဒါတွေဟာ ကျွန်တော့ရဲ့ ဗီဇတွေပါဘဲ”

ကျွန်ုပ်တို့ဟာ ပုန်ကန်တဲ့ နှလုံ-သားကို စာလုံးလှလှကလေးတွေနဲ့ ကာကွယ်လိုက်ကြတယ်။ အာဏာစိုးမိုးတည်တံ့မှု ထရံကြီးတွေကို ဖောက်ထွင်းနေရာ ရောက်သွားတတ်တယ်။ အချို့နေရာတွေမှာ လိုက်လျှောတယ်- မလိုက်လျှောနိုင်ဘူး ဆိုတာ ဖြစ်လာတတ်တယ်။ ထောက်ခံတယ်- ကန့်ကွက်တယ်။ လက်ခံကျင့်သုံးတယ်မကျင့်သုံးနိုင်ဘူး ဆိုတာတွေရှိတော့ ကျွန်ုပ်တို့ဟာ မသိမသာနဲ့ ပုန်ကန်နေကြတာဘဲ။

ပုန်ကန်မှုဆိုတာဘာလဲ ?

၁ရာ၊ ၁၅း၂၃မှာ ကြည့်ရင်ငြင်းဆန်သော သဘောသည် နတ်ဆိုးနှင့် ပေါင်းခြင်းကဲ့သို့၄င်း၊ ခိုင်မာသောသဘောသည် ဗေဒင်တန်ဆာကို သုံးခြင်းကဲ့သို့၄င်း အပြစ်ကြီး၏လို့ ဆိုထားပါတယ်။ ဒါဟာ ပြင်းပြင်းထန်ထန် နှိုင်းယှဉ်ထားတာဘဲ။

ပုန်ကန်မှုတွေဟာ နံရံတွေကို ဖြိုချတာတော့ သေချာတယ်။ ပုန်ကန်မှုဟာ စိတ်နှလုံး

သား ခံယူမှုဖြစ်တော့ “ငါဥပဒေတွေမလိုဘူး၊ ငါခေါင်းဆောင်တွေကိုလည်း အလိုမရှိဘူး၊ ဘာလုပ်ရမယ်ဆိုတာတွေ လာမပြောနဲ့ ၊

ရိုးရိုးနဲ့ ရှင်းရှင်းပြောရရင် ပုန်ကန်တဲ့စိတ်ဓါတ်ဟာ အာဏာကို ဖီဆန် လာတာဘဲ။ လွတ်လပ်ရေးကို တောင်းဆိုတယ်။ ဘာမှကွပ်ကဲမှုကို မလိုချင်ဘူး။ ဝိဇ္ဇာအ တတ်ပညာကို လက်ခံလိုက်သလိုပါဘဲ။ ပုန်ကန်မှုကြောင့် စာတန်ဝင်လာတာဖြစ်တယ်။ ပုန်ကန်တာနဲ့ ဝိဇ္ဇာအတတ်ဟာ တ ဦး ရော၊ အဖွဲ့အစည်းမှာရော လုပ်ဆောင်ချက် ကူတယ်။ အမှောင်လောကရဲ့ အင်အားစုနဲ့ တိုက်ရိုက်အလုပ်လုပ်ကြတယ်။

ရောမ၊၁၃း၁-၃ မှာ ကြည့်ရင် အစိုးရသောမင်းအာဏာစက်၏ အုပ်စိုးခြင်းကို လူတိုင်းဝန်ခံစေ။ အကြောင်းမူကား ဘုရားသခင်၏ အခွင့်မရှိလျှင် မင်းအာဏာစက်မရှိ။ အာဏာစက်ရှိသမျှသည် ဘုရားသခင်ခန့်ထားတော်မူရာ ဖြစ်သတည်း။

ထို့ကြောင့် မင်းအာဏာကို ဆန်သောသူသည် ဘုရားသခင်စီရင် တော်မူရာကို ဆန်သောသူဖြစ်၏။ ထိုသို့ဆန်သောသူသည် ရာဇဝတ်ကိုခံရမည်။ မင်းမူ ကား၊ ကောင်းသောအကျင့်ကိုကျင့်သောသူ ကြောက်ဘို့ဖြစ်သည်မဟုတ်။ မကောင်း သောအကျင့်ကို ကျင့်သောသူကြောက်ဘို့ဖြစ်၏။ မင်းအာဏာကို မကြောက်ဘဲနေချင် သလား။ ကောင်းသောအကျင့်ကို ကျင့်လော့။ ကျင့်လျှင်မင်း အာဏာကြောင့် ချီးမွမ်းခြင်း ကို ခံရလိမ့်မည်။

ရော၊ ၁၃၁ မှာ အစိုးရသောမင်းတွေမှာ ဘုရားသခင်၏ အခွင့်မရှိ လျှင် မင်းအာဏာစက်မရှိလို့ ဖော်ပြထားတယ်။ ဒါကြောင့် အာဏာစက်တွေကြည့်ရင်၊ မကောင်းတဲ့ ရဲသားတွေရှိတယ်။ မကောင်းတဲ့တရားသူကြီးတွေ ရှိတယ်။ ဥက္ကဌတွေ၊

သင်းအုပ်ဆရာတွေ၊ မိဘတွေအားလုံး မကောင်းပါ။ ကောင်းသောသူလည်း အများကြီး ရှိတယ်။ အုပ်ချုပ်မှု ယန္တရားကိုတော့ ဘုရားသခင်တည်ဆောက်ပေးတယ်။ ဘုရားသခင် အလိုတော်ရှိမှ အုပ်ချုပ်မှုယန္တရားရှိနိုင်တယ်။ အုပ်စိုးခြင်းကို လူတိုင်းဝန်ခံစေလို့ဆို တယ်။ အဲဒီအုပ်ချုပ်မှုနံရံကြီးကို ဘုရားက ကာကွယ်ထားတယ်။

အုပ်ချုပ်မှုထိရောက်လာပြီဆိုတာနဲ့ မကောင်းမှုဒုစရိုက်တွေ ပျောက် ကွယ်သွားတယ်၊ ရောမ ၁၃၃ မှာ ပါတယ်။ အစိုးရကောင်းရင် ဒုစရိုက်လုပ်တဲ့လူတွေ

ကြောက်ကိုကြောက်ရတယ်။ တိုင်းပြည်တစ်ပြည်မှာ အာဏာတည်တံ့ပြီဆိုရင် ဒုစရိုက် မကောင်းမှုတွေကို သုတ်သင်ရှင်းလင်းလို့ရတယ်။ ခရစ်ယာန်ဟုတ်သည်ဖြစ်စေ၊ မဟုတ် သည်ဖြစ်စေ မဆိုင်ဘူး။ အိမ်ထောင်မှာ အခြေခံစည်းကမ်းတွေထားရင် ပြဿနာတွေ၊ ညစ်ညူတာတွေ ပပျောက်သွားတတ်တယ်။ အိမ်ထောင်ရဲ့ ခိုင်ခံ့တဲ့ နံရံတွေကြောင့် စာ

တန်တိုးလို့မရဘူး။ အဆောက်အအုံ၊ အဖွဲ့အစည်းတိုင်းမှာလည်း ဒီလိုပါဘဲ။ ဘုရားသခင် ရဲ့ စင်္ကြာဝဠာမူဝါဒဘဲ။ လူတိုင်းနဲ့ အကြုံးဝင်တယ်။ သက်ဆိုင်တယ်။

မနာခံမှု၊ ပုန်ကန်မှုမဟုတ်

ကျွန်ုပ်တို့ဟာ လောကီအာဏာအုပ်စိုးခြင်းကို ဝန်ခံတာ၊ ဘုရားကို နာခံတာထက် မြင့်မားပါသလား? မဟုတ်ပါဘူး။ တမန်တော် ဝတ္ထု(၄)မှာ ပေတရုကို ယဇ်ပုရောဟိတ်အကြီးထံ ခေါ်သွားတယ်။ ဧဝံဂေလိတရား ဟောတဲ့အကြောင်းကြောင့် ဖြစ်တယ်။ သူတို့ပေးတဲ့ အမိန့်ဟာ ဘုရားသခင်ပေးတဲ့ အမိန့်နဲ့ ဆန့်ကျင်နေတယ်။ ပေတရုမနာခံဘူး။ ပေတရုက လူထက်ဘုရားစကားကို နာခံမယ်လို့ ပြောတယ်။ ဒါပေ မဲ့ ယဇ်ပုရောဟိတ် အာဏာကို သူမဖီဆန်ဘူး။ ပေတရုမပုန်ကန်ဘူး။ ပုန်ကန်မှုနဲ့ နာခံမှု မှာ ကွာခြားချက်ရှိတယ်။

အာဏာပိုင်တွေကို ဝန်ခံစေလို့ဆိုတဲ့နေရာမှာ အစစရာရာ“ဟုတ်ကဲ့” လို့ပြောနေတာ မဟုတ်ဘူး။ ကျွန်ုပ်တို့မှာလည်း ကိုယ်ပိုင်ဆန္ဒတွေရှိတယ်။ မမှန်တာတွေ

ထောက်ပြရမယ်။ အားနည်းချက်တွေကို ပြင်ဖို့ပြောရမယ်။ အချို့နေရာမှာ သဘော မတူနိုင်တာ တွေရှိတယ်။ ခရစ်တော်ရဲ့ ဝိညာဉ်တော်နဲ့ ဆုံးမဩဝါဒပေးသင့်တဲ့ နေရာ ပေးကြရမယ်။ ဒါဟာ ကောင်းစေချင်လို့ဘဲ။ ဒါပေမဲ့ ခေါင်းဆောင်တွေကို မရှုတ်ချရဘူး။ အတိုက်အခံမလုပ်ကြရဘူး။ ဘာဖြစ်လဲဆိုတော့ ဘုရားသခင်ခန့်ထားတဲ့ မင်းအာဏာ တွေဖြစ်တယ်။

စာတန်ဟာ အိမ်ထောင်တွေ၊ ကုန်သည်ကြီးအသင်းတွေ၊ တိုင်းနိုင်ငံ တွေကို ဒီအတိုင်းဘဲ အဆင့်ဆင့်ပစ်မှတ်ထားတယ်။ အဆင့်အတန်းလည်း ခွဲထားတယ်။ ကျွန်ုပ်တို့ဟာ တစ်နေရာရာမှာ ပုန်ကန်တယ်။ ဖျက်ဆီးတယ်ဆိုရင် အာဏာတွေပြိုကွဲစေ တယ်။ အဲဒီအခါ ကျွန်ုပ်တို့ဟာ စာတန်ရဲ့လူ၊ စာတန်ရဲ့ လက်ပါးစေတွေ ဖြစ်သွားတယ်။

စာတန်ဟာ စောစောကပြောသလို နံရံကြီးတွေကို ဖြိုချတယ်။ ကျွန်ုပ် တို့ဘာလုပ်ရမှာလဲ? ယေဇကျေလ၊ ၂၂:၃၀မှာ ထိုပြည်ကို ငါမဖျက်ဆီးစေခြင်းငှာ ကွယ် ကသောသူ၊ မြို့ပျက်ပေါ်မှာရပ်၍ ဆီးတားသောသူတစ်ယောက်ကို မျှ ငါရှာ၍မတွေ့လို့ ဖော်ပြတယ်။ ဘုရားဟာ ပြိုကွဲတဲ့နံရံတွေကို ပြန်ဆောက်မဲ့လူတွေကို ဆုတောင်းခြင်း နဲ့ ရှာစေတယ်။ အခုတော့ နံရံတွေ မြို့ရိုးပျက်တွေကို သိပါပြီ။ အနီး အနားမှာ အများကြီးတွေ့နေရပြီ။ ပြိုကွဲနေတာတွေ တွေ့ရတယ်။ အုပ်ချုပ်မှုတွေဟာ လည်း ပြိုကွဲနေတယ်။ ဒါတွေကို ဆီးတားရမယ်။ ပြန်ဆောက်ကြရမယ်။ ဆုတောင်း အဖြေရှာကြရမယ်။ ရန်သူတွေကို ဆီးတားပါ။ မြို့သူမြို့သားများ ချမ်းသာရကြဖို့လို

တယ်။ အိမ်ထောင်တွေ၊ ကျောင်း တွေ၊ လူသားတွေကို ကာကွယ်ကြရမယ်။

ယေဇကျေလ၊ ၁၃း၄-၅ မှာ လူနေအဆောက်အအုံမှာ ပြန်လည်ထူ တင် ပရောဖက်အရာ၊ ဆုတောင်းသူရဲကောင်းတာဝန်တွေကိုယူဖို့ ပြင်းပြင်းထန် စိန်ခေါ်ထားတယ်။ “အို ဣသရေလအမျိုး သင်၏ပရောဖက်တို့သည် တော၌နေ သောမြေခွေးနှင့် တူကြ၏။ ဣသရေလအမျိုးသည် ထာဝရဘုရား၏ နေ့ရောက်မှ စစ်တိုက်၍ ခံနိုင်မည်အကြောင်း သူတို့သည် မြို့ရိုးပျက်အပေါ်သို့ တက်၍ ပြုပြင်ခြင်း အမှုကို မပြုပဲနေကြ၏”လို့ ပါရှိတယ်။

မြေခွေးဟာ မြို့ရိုးပျက်တွေကြားမှာ တွင်းလုပ်ပြီး အေးအေးဆေးဆေး နေတတ်တဲ့ အလေ့အကျင့်ရှိတယ်။ ခရစ်ယာန်တွေလည်း ဒီလိုလုပ်တယ်။ ဝန်းကျင်မှာ ပျက်စီးနေရင် ရေသာခိုလိုက်ကြတယ်။ ထပြီးတော့ မြို့ရိုးပျက်တွေ မပြင်ကြဘူး။ တိုက်ပွဲ မဝင်ကြဘူး။ ဆုမတောင်းကြဘူး။ ပါဝင်ရောယှက်မှုမရှိကြဘူး။

 

အာဏာစက်

စာတန်ရဲ့ အဆောက်အအုံ အဆင့်အတန်းအလိုက် သတ်မှတ်ထားရာ ဒုတိယလုပ်ငန်းမှာ အာဏာစက်ဖြစ်တယ်။ စာတန်ရဲ့အာဏာစက် လွှမ်းမိုးစေမည့် စီမံ ချက်ဖြစ်တယ်။ ဒီစီမံချက်မှာ ပါဝင်နေတဲ့လုပ်သားတွေကတော့ နယ်မြေအလိုက်ခွဲတမ်း ချထားတဲ့နတ်ဆိုးတွေပါဘဲ။ အမှောင်နိုင်ငံမှာ အခြားနတ်ဆိုးတွေလိုပါဘဲ။ သူတာဝန်နဲ့ သူ လုပ်ကြရတယ်။ ခေါင်းလေးလုံးနဲ့ မျက်စိဆယ်လုံးမရှိပါဘူး။ နယ်ပိုင်နယ်စားနဲ့ အလုပ် လုပ်ကြတယ်။

ဒီအာဏာစက်စကားကို ကြည့်ရင်၊ မင်းသားဟာ ခေါင်းဆောင်ဖြစ် တယ်။ အာဏာသက်ရောက်မှုအတွက် ပထဝီအနေအထား၊ လူတွေအနေအထားကို အ ခြေခံလေ့ရှိတယ်။ မြေအနေအထား၊ လူမျိုးစုအနေအထားဟာ အရေးကြီးတယ်။ ကျွန်ုပ် တို့ကမ္ဘာမှာ အာဏာသက်ရောက်မှုအတွက် စာတန်ဟာ စနစ်ကျတယ်။ ကမ္ဘာ့မြေပုံကို ကြည့်ပြီးမှ စာတန်အလုပ်လုပ်တယ်။ တာဝန်ခွဲဝေသတ်မှတ်တယ်။ ထင်သလိုနတ်ဆိုး တွေကိုဟိုပို့ဒီပို့မလုပ်ဘူး။ ဗရုတ်သုတ်ခမလုပ်ဘူး။ စနစ်ရှိတယ်။

အမှောင်နိုင်ငံမှာ အလွန်အားကျစရာကောင်းတဲ့ တပ်မဟာလိုဘဲ။ နယ်မြေအလိုက် လူမျိုးနွယ်အလိုက် စစ်စီမံချက်ရှိတယ်။ အိန္ဒိယနိုင်ငံနဲ့ နယူးယောက် မြို့ဆိုရင် လုံးဝပုံစံမတူဘူး။ ရေခံမြေခံမတူတော့ စီမံချက်မတူနိုင်ဘူး။ ကိုလမ်ဘီယာ နိုင်ငံမှာရှိတဲ့ အိုးမဲ့အိမ်မဲ့ကလေး စီမံချက်နဲ့ အမ်စတာဒင်မြို့ ပြည့်တန်ဆာလောကမှာ ရှိတဲ့ စီမံချက်ဟာ ကွာခြားလှပါတယ်။ တိကျတဲ့အာဏာနဲ့ တိကျတဲ့နယ်မြေမှာ တိကျ တဲ့ လူတစ်စုကို တိုက်ခိုက်ချေမှုန်းတယ်။

နာမည်ကြီးဗိုလ်ချုပ်လိုဘဲ စာတန်ဟာ မြေပုံကိုကောင်းကောင်းကြည့်

ပြီး အမိန့်ပေးတယ်။ ကမ္ဘာကို အမျိုးမတူခွဲခြမ်းစိတ်ဖြာလိုက်တယ်။ တိုင်းနိုင်ငံပြည်နယ် ဒေသ၊ မြို့နယ်၊ မြို့ရပ်စသည်ဖြင့် အဆင့်ဆင့်ခွဲထားတယ်။ တောအရပ် မြို့ဒေသတွေမှာ လူဦးရေထူထပ်မှု အခြေအနေကိုလည်း ကြည့်တယ်။ လူမျိုးတိုင်းကို သိတယ်။ လူမျိုးနွယ်၊ လူမျိုးအုပ်စု၊ အမျိုးအနွယ်၊ အိမ်ထောင်အလိုက် သုတေသနလုပ်ထားတယ်။ ဘာသာ စကား၊ အရပ်စကား၊ အုပ်စုစကား၊ ဒေသစကား၊ ယဉ်ကျေးမှု အမွေအနှစ်အမျိုးမျိုး၊

ဆွေစဉ်မျိုးဆက် စာရင်းတွေအားလုံး လုပ်ထားတယ်။ အသင်းအဖွဲ့ ကော်မတီ၊ ကလပ်မှ စပြီးတော့ လူအစုအဝေး မှန်သမျှ စာရင်းလုပ်ထားတယ်။ စာတန်ဟာ သူရဲ့ စစ်မြေပြင် ကို ကျွမ်းကျင်တယ်။ ရန်သူကိုသိတယ်။ တိုက်ပွဲအတွက် အဆင်သင့်ဖြစ်နေတယ်။

မြေပုံထုတ်ကြည့်ပါ

သင်သည် နိုင်ငံနှစ်ခုကို ခွပြီးရပ်ကြည့်ပါ။ ခြေမဟာ တစ်နိုင်ငံမှာ ထားပါ။ ခရစ်ယာန်တွေ အများကြီးဘဲရှိတယ်။ ခြေဖဝါးဟာ အခြားနိုင်ငံမှာထားပါ။ ခရစ်ယာန်တွေ မရှိဘူး။ ဘာကြောင့်လဲ? လူတွေအများကြီးဒီလို အဖြစ်မျိုး ကြုံတွေ့ကြရ တယ်။ မြို့တစ်မြို့မှာ ဘုရားသခင်ရဲ့ လုပ်ငန်း အောင်မြင်တယ်။ အေးချမ်းသာယာဝပြော တယ်။ နောက်တစ်မြို့ကျတော့ လူတွေတင်းမာမှုရှိတယ်။ လူမျိုးနွယ်ခြင်း မတဲ့ကြဘူး။ ဖိနှိပ်ချုပ်ချယ်မှုတွေ များတယ်။ စာတန်ရဲ့ အမှောင်လောကလွှမ်းမိုးနေတယ်။ မြို့တစ်မြို့ ထဲမှာ တံခါးကို ဖြတ်ကျော်လိုက်တဲ့အခါ ဝိညာဉ်ရေးရာ ဟိုဘက်နဲ့ ဒီဘက်မတူဘူးဆို တာ ကျွန်တော့်အဖွဲ့သားများက ခံစားကြရတယ်။ လော့(စ်)အိန်ဂျယ်လီမြို့မှာဆိုရင်ကျွန် တော်ဟိုရပ်ကွက်ကနေ ဒီရပ်ကွက်လာတော့ ဝိညာဉ်ရေးရာ နယ်ပယ်သစ်ထဲ ရောက် သွားသလိုပဲ ခံစားမိတယ်။ သတိထားကြည့်လိုက်တော့ နယူးအိတ်(ဈ)ဆိုင်တွေ၊ ဝိဇ္ဇာ အတတ်ဆိုင်တွေများတာ တွေ့ရတယ်။ အဲဒီတော့ ဘုရားကျောင်းနည်းတယ်။ ငယ် တယ်။ စာတန်ပိုပြီး အုပ်ချုပ်တယ်။ ဝိဇ္ဇာအတတ်တွေ လိုက်စားသူတွေများတယ်။ အဲဒီလို လူမျိုးတွေဘဲစုနေကြသလို မြင်ရတယ်။

ဘုရားသခင်ဟာ ဝိညာဉ်ရေးရာ လက္ခဏာတွေကို မြင်တွေ့ဖို့ အာရုံ ပေးထားတယ်။ ဝိညာဉ်ရေးရာ မြင်တွေ့မှုမရှိရင်တောင်မှ ကိန်းဂဏန်းတွေ ကြည့်လိုက် ရင်တောင် တွက်ချက်ယူလို့ရတယ်။ မြို့နှစ်မြို့ကို နှိုင်းယှဉ်ကြည့်ပါ။ လူသတ်မှုစာရင်း၊ အကြမ်းဖက်မှု၊ မူးယဇ်ဆေးဝါးမှု၊ အရက်သေစာမှု၊ ပြည်တန်ဆာမှု၊ ညစ်ညူးစာပေ ရုပ်ရှင်၊ မီးကောင်ပေါက် ကိုယ်ဝန်ပြဿနာ၊ကလေးဖျက်ချမှု၊မတရားမေထုန်၊လင်မယား ပြတ်စဲမှု၊ သေကြောင်းကြံစည်မှုစာရင်းတွေဟာ မတူကြဘူး။ လိင်တူဆက်ဆံမှု၊ ဝိဇ္ဇာ၊ စုန်းကဝေ၊ ဘာသာအယူဝါဒ အမျိုးမျိုးတွေဟာလည်း ခြားနားမှုရှိတယ်။ အချို့စာရင်း မှာ ကလေးသေပျောက်မှု၊ စိတ်ရောဂါဝေဒနာ၊ တိုက်ခိုက်မှု၊ ရောဂါဝေဒနာ စွဲကပ်မှုတွေ

ကိုလည်း လေ့လာသိရှိနိုင်တယ်။

စာတန်ဟာ မြို့ရွာဒေသအားလုံးကြည့်ပြီး ဗျူဟာချမှတ်လုပ်ဆောင် နေတာဖြစ်တယ်။ ကျွန်ုပ်တို့ဝိညာဉ်ရေးရာတိုက်ပွဲကို စိတ်ဝင်စားရင် တိုင်းနိုင်ငံစာရင်း၊

နယ်စာရင်းတွေကို ကောင်းကောင်းလေ့လာထားရမယ်။ ခရစ်ယာန်တွေဟာ ဒါတွေကို များများလေ့လာသိရှိရမယ်။ လုပ်စရာတိုက်စရာတွေ အများကြီးရှိတယ်။

စာတန်လှောင်အိမ်ကိုလှုပ်ခါကြစို့

ကျွန်ုပ်တို့လုပ်တာတွေကို စာတန်ဖယ်ရှားလိုက်တယ်။ ကျွန်ုပ်တို့မှား နေတယ်။ မဖွယ်မရာလုပ်နေလို့တော့ မဟုတ်ပါဘူး။ ကျွန်ုပ်တို့ လုပ်နေတာတွေဟာ မ ထိရောက်ဘူး။ အကယ်၍သာ မြေပုံနဲ့တကွ စနစ်တကျ ဆုတောင်းမယ်။ နေရာဒေသ လူမျိုးနွယ်တွေအပေါ် စနစ်တကျဆုတောင်းပေးရင်တော့ စာတန် လန့်သွားမယ်၊ သူက အဲဒီနေရာ အဲဒီလူတွေကို ဖျက်ဆီးနေလို့ဘဲဖြစ်တယ်။

သင်မရောက်ဖူးတဲ့ နိုင်ငံအတွက် ဆုတောင်းပေးတယ်ဆိုတာ အသစ် အဆန်းဖြစ်နေတယ်။ ကမ္ဘာ့ပထဝီစာရင်းထဲမှာ လူမျိုးကလေးတစ်မျိုးရှိတယ်။ အဲဒီလူ တွေအတွက် တကယ်ဘဲ စိတ်ပါလက်ပါ ဆုတောင်းမယ်ဆိုရင်ကော? ဘယ်လောက်ခရီး ရောက်သွားမလဲ? ခရစ်တော်ရဲ့ မဟာစေစားချက်က ကမ္ဘာလောကကြီးထဲ သွားခိုင်း တယ်။ တစ်ကမ္ဘာလုံးအတွက် ဆုတောင်းပေးရမယ်။ ဒါဟာ မှန်ကန်တဲ့ ခြေလှမ်းဘဲ။ လူတွေကို ခရစ်တော်ထံရောက်စေဖို့ဘဲမဟုတ်လား? ခရစ်ယာန်တိုင်း ကမ္ဘာ့လူသားတွေ အတွက် ဆုတောင်းပေးဖို့ ချိန်တန်ပါ။

ပထဝီအနေအထားအလိုက် ဆုတောင်းရင် စာတန်တုန်လှုပ်မယ်။ သူ့ လုပ်ငန်းတွေနှောင့်နှေးသွားနိုင်တယ်။ ကျွန်ုပ်တို့မသိတဲ့လူ၊ မတွေ့ဖူးတဲ့လူတွေကို ဘယ် လိုနည်းနဲ့ ဆုတောင်းကြမှာလဲ? စာတန်ကတော့ သုတေသနလုပ်ထားတော့ စာရင်း နဲ့အင်းနဲ့ရှိတယ်။ ဒါကြောင့် အသင်းတော်တွေမှာ ပထဝီဘာသာကို သင်ဖို့ကောင်းပြီ။ ဥပမာ“စစ်ကင်း” ကို ဘယ်လိုဆုတောင်းပေးမလဲ? အချို့က “စစ်ကင်း”ကို ခွေးကို ခေါ် တာလို့ ပြောကြတယ်။ “စစ်ကင်းနိုင်ငံဟာ “တန်”နိုင်ငံနဲ့ ကပ်နေတယ်။ ဘူတန် ကကောဘာလဲ? အချို့က ဘူတန်ဟာ လှလှပပပြင်ဆင်ထားတဲ့ စတိုးလို့ ထင်နေကြပြန် တယ်။ ဘူတန်ဟာ နိုင်ငံတစ်နိုင်ငံဖြစ်တယ်။ ခရစ်ယာန်လက်တစ်ဆုပ်လောက်ဘဲရှိ တယ်။ ကိုဇန်ဘိကိုတော့ အချို့သိကြတယ်။ အဲဒီနိုင်ငံကို စာတန်ဟာ အထူးစစ်ဆင်ရေး လုပ်တယ်။ ရာစုနှစ်ပေါင်းများစွာ ဖျက်ဆီးခဲ့တယ်။ ချည်နှောင်ခဲ့တယ်။

ခရစ်ယာန်အချို့ဘဲ မော်ရီတေးနီးယားအတွက် ဆုတောင်းပေးတယ်။ ခရစ်ယာန်တော့နဲနဲရှိတယ်။ ဘယ်မှာလဲ၊ ဘယ်သူတွေနေလဲတော့ အများကမသိကြပါ

ဘူး။ စာတန်ကတော့ ကောင်းကောင်းသိတယ်။

အမှောင်တန်ခိုးကတော့ လူမျိုးနွယ်တိုင်းကိုသိတယ်။ စီမံချက်ရှိ တယ်။ စာတန်ရဲ့ အခက်အခဲကတော့ အသင်းတော်ဘဲ။ ကမ္ဘာနဲ့အဝှမ်း ဝိညာဉ်ရေးရာ တိုက်ပွဲလုပ်ရင် တိုင်းနိုင်ငံအလိုက် အသင်းတော်၌ဆုတောင်းပွဲအစီအစဉ် ရှိကိုရှိရမယ်။

ဒံယေလ(၁၀)မှာ ပေရသိမင်းအကြောင်း ဖော်ပြထားတယ်။ စာတန် ရဲ့ ပေရသိနယ်မြေကို ပြောနေတာဖြစ်တယ်။ ဒီနယ်မြေဟာ မပျောက်သွားပါဘူး။ စာ

တန်ရဲ့ တာဝန်ခံကလည်း အသက်ကြီးပြီး ကွယ်လွန်သွားမှာမဟုတ်ဘူး။ အငြိမ်းစားယူ . သွားမယ်လည်းမထင်ဘူး။အဲဒီမှာဘဲရှိနေမှာဘဲ။ ခါတိုင်းလိုဘဲ အဖျက်လုပ်ငန်းလုပ်နေပါ

လိမ့်မယ်။ ဒံယေလအနာဂတ္တိကျမ်းမှာ ဟေလသမင်းအကြောင်းလည်း ပါတယ်။ (ဂရိလူ မျိုး)၊ တာဝန်ကျမင်းသားတွေ(ဝါ)နတ်ဆိုးတွေဖြစ်မယ်။ အဲဒီလိုဆိုရင် စကော့တလန်မင်း သား၊ ဟာဝေယံ၊ လန်ဒန်၊ ဓားလက်(စ်)၊ မြောက်ဓားလက်(စ်)စသည်ဖြင့် နယ်မြေ တာဝန်ခံတွေ အများကြီးရှိမှာဘဲ။

လူမျိုးနွယ်-လူစုလူဝေးအကြောင်း လေ့လာခြင်းဟာလည်း အရေး ကြီးတယ်။ စာတန်ဟာ လူမျိုးအလိုက် စီမံချက်ရှိတယ်။ ဗျူဟာနဲ့ နည်းစနစ်တွေလည်း သတ်မှတ်ထားတယ်။ လူမျိုးတိုင်းအတွက်ရှိတယ်။ နတ်ဆိုးတွေကို အားလုံးတာဝန်ပေး ထားတယ်။ အိုးမဲ့အိမ်မဲ့သုံ့ပန်းတွေ၊ ရဲတပ်ဖွဲ့တွေ၊ အိမ်ရှင်မတွေ၊ တယ်လီဖုန်းအော်ပ ရေတာတွေ၊ မျက်မမြင်တွေ၊ စီပွားရေးသမားတွေ စသည်ဖြင့် အမျိုးမျိုးကိုခွဲပြီး နည်းမျိုး စုံနဲ့ စာတန်အင်အားစုကို အလုပ်လုပ်တယ်။ ။

တွေမကြည့်တဲ့ဘောလုံးပွဲ

ခရစ်တော်ရဲ့ အသင်းတော်နဲ့ မှောင်မိုက်တန်ခိုးအကြား ဖြစ်ပွားမှုဟာ ဘောလုံးပွဲလိုဘဲ။ ဘောလုံးပွဲမှာ အသင်းနှစ်သင်းရှိတယ်။ ဂိုးတိုင်တွေလည်း နှစ်ဖက်မှာ ရှိတယ်။ ဦးတည်ချက်ကတော့ အသင်းတစ်သင်းဟာ တစ်ဖက်အသင်းကို ဂိုးရဖို့ဖြစ် တယ်။ တစ်ချိန်တည်းမှာဘဲ တစ်ဘက်အသင်းဟာ မိမိနယ်ပယ်ထဲ မဝင်လာနိုင်ဖို့ ကာ ကွယ်ရသေးတယ်။ အသင်းတော်ဟာလည်း ဒီလိုပါဘဲ။ အသင်းတစ်သင်းလိုဘဲ ပုံစံဖော် ထားတယ်။ ကျွန်ုပ်တို့မှာ သင်းအုပ်ဆရာကြီး၊ လက်ထောက်သင်းအုပ်၊ လူငယ်သင်းအုပ်၊ သက်ကြီးသင်းအုပ်၊ ကားရပ်ဖို့နေရာချထားတဲ့သင်းအုပ်၊ ဓမ္မတေးတာဝန်ခံ၊ ဌာနတွေ က၀ည်း အများကြီးဘဲ။ သင်းထောက်အဖွဲ့၊ ဥပုသ်စာဖြေအဖွဲ့၊ ကျမ်းစာသင်အဖွဲ့၊ စသည် စသည်ဖြင့် အမျိုးမျိုး တန်းစီထားကြတယ်။ စည်းဝေးတွေလုပ်လိုက်ကြတော့ ပန်းတိုင် တွေ စီမံချက်တွေ ပေါ်လာတော့တယ်။

ဒါတွေဟာကောင်းပါတယ်။ ဒါတွေဟာ ကောင်းလို့လုပ်ကြရမှာဘဲ။ အသင်းတော်ဟာ ဘောလုံးအသင်းလိုဘဲ တစ်ဖက်မှာ သီချင်းဆိုနေတယ်။ “အောင်မြင်

သော အသင်းတော်”လို့ သီဆိုနေကြတယ်။

ကွင်းတစ်ဖက်မှာတော့ စာတန်ရဲ့ အင်အားစုဟာ တန်းစီနေတယ်။ ကို စနစ်တကျနဲ့ ဖွဲ့စည်းထားပြီးတော့ တိုက်ခိုက်နေတယ်။ ဒါတင်မကဘဲ အခြား ပပ်ငန်းတွေလည်း အများကြီးလုပ်တယ်။ တရားမဝင်ဘဲ လက်ထပ်ထားတဲ့မိခင်တွေ ဘရာဇီးမှာရှိတဲ့ မိဘမဲ့တွေ၊ နယူးရောက်မှာရှိတဲ့ တက္ကစီမောင်းသမားတွေ၊ ကယ်လီ နီးယားမှာရှိတဲ့ လားအိုတွေ၊ စပိန်စကားပြောတဲ့အုပ်စု၊ လေပြိုင်ပွဲအသင်း၊ အမေဇုံ

တောနက်ထဲက လူရိုင်းတွေ၊ အများကိုကိုင်ထားတယ်။ ခရစ်ယာန်တွေ ကြားတောင် မကြားဖူးဘူး။

ဒီဘောလုံးပွဲရဲ့ ပြဿနာကတော့ ဘယ်သူမှ ဝတ်စုံတွေ မပေရဘူး။ စကန်လိုက်တာနဲ့ ကျွန်ုပ်တို့ဟာ ဘေးတွေမှာနေပြီး လေ့ကျင့်ခန်းတွေ လုပ်နေကြတယ်။ စာတန်ကတော့ လွတ်လွတ်လပ်လပ်ကြီး ဂိုးသွင်းနေတော့တယ်။ ဒီလိုအသင်းနှစ်သင်း ဟာ ယှဉ်ပြိုင်မှုမရှိတော့ ဘယ်သူကမှ ပိုက်ဆံပေးပြီး လာကြည့်မှာမဟုတ်ဘူး။

ကျွန်တော်ကတော့ ဒီဘောပွဲကိုစိတ်ဝင်စားလာအောင် လုပ်ချင် တယ်။ ခရစ်တော်ရဲ့ အသင်းတော်ဟာ စာတန်ဘာတွေလုပ်နေတယ်ဆိုတာ လေ့လာပါ။ လွန်ခဲ့တဲ့ ရာစုနှစ်တွေမှာ ဘာတွေလုပ်ခဲ့တယ် ပြီးတော့ ကွင်းထဲဆင်းပြီး စာတန်ကိုပိတ် ဆို့ပါ။

အမှန်မှာတော့ ဝိညာဉ်ရေးရာတိုက်ပွဲဟာ ဘောလုံးပွဲမဟုတ်ဘူး။ ဒါပေမဲ့ စာတန်ရဲ့ တိုက်ခိုက်မှုတွေကို ပိတ်ဆို့လို့ရတယ်။ ရန်သူနဲ့တွေ့ပါ။ သူရဲ့လုပ်ငန်း တွေကို နှောင့်နှေးစေပါ။ ဆုတောင်းပွဲလုပ်ပါ။ ပထဝီနယ်မြေအလိုက် လူမျိုးနွယ်တွေ အလိုက် ရန်သူကို ပိတ်ဆို့ပါ။ အသင်းတော်ရဲ့ အလုပ်ဘဲ။ အသင်းတော်ရဲ့ ဆုတောင်းအင် အားစုဟာ နယ်မြေအလိုက်၊ လူမျိုးအလိုက်၊ ဆုတောင်းတဲ့အခါ လူတွေ ခရစ်တော်ထံ ရောက်လာကြမှာပေါ့။ ထွက်လာကြမှာဘဲ။ စာတန်ဟာ ကမ္ဘာကြီးကို မွှေနှောက်နေ တုန်းဘဲ။ အချို့တစ်နိုင်ငံလုံးကို စာတန်ချည်နှောင်ထားတယ်။ ခရစ်ယာန် တရားတော် ဟောလို့မရဘူး။ ဘာကြောင့်လဲဆိုတော့ စာတန်ကို တာဝန်ရှိရှိ မတိုက်ခိုက်လို့ပါဘဲ။ စာတန်ဘာတွေလုပ်နေကာ အသင်းတော်ကမသိဘူး။ သိအောင်လည်း ဘယ်သူကမှ မ ပြောပြဘူး။ ဘယ်လိုလုပ်ရမဲ့ နည်းစနစ်တွေကိုလည်း မသင်ပေးကြဘူး။

အချို့နေရာ တော်တော်များများမှာ နယ်မြေအလိုက်၊ အကြောင်းအ ရာအလိုက်၊ ဆုတောင်းပွဲတွေလုပ်တော့ ဧဝံဂေလိတရားကို လုံးဝတုန့်ပြန်မှုမရှိတဲ့ ဒေသ တွေဟာ အခုတော့ပြောင်းလဲသွားပြီး ခရစ်တော်ကို လက်ခံကြတယ်။ ဥပမာ နီပေါနိုင်ငံ ကိုကြည့်ပါ။ ၁၉၅၉ ခုနှစ်က ခရစ်ယာန် (၂၉)ဦးရှိတယ်။ အခုတော့ (၁၀၀,၀၀၀)ဦး ရှိနေ ပြီး။

တီးတိုးပြောတဲ့ဝိညာဉ်ရေးရာတိုက်ပွဲ

နောက်ဥပမာတစ်ခုကတော့ ဆုတောင်းခြင်းတန်ခိုးကြောင့် ရိုမေးနီး ယားနိုင်ငံမှာ ထူးကဲမှုဖြစ်ပေါ်ခဲ့တယ်။ ဖရင့်ဘာတွန်ဆိုတဲ့ ပုဂ္ဂိုလ်ဟာ ၁၉၈၃ ခုနှစ် လောက်ကစပြီးတော့ ရိုမေးနီးယားနိုင်ငံသွားပြီး သာသနာပြုတယ်။ သူရောက်တော့ အလွန်ထိတ်လန့်သွားတယ်။ ရဲစုံထောက်တွေဟာ သမ္မတကောင်နက်စကူးလက်ထက် က လူ (၆ဝ,ဝဝဝ)ကျော် သတ်ဖြတ်ခဲ့တယ်။ စီးပွားရေးအခြေအနေက အလွန်ကျဆင်း

တော့ အိမ်တွေမှာ မီးသီးတစ်လုံးဘဲ တပ်ခွင့်ရတယ်။ တစ်ညကို ခဏဘဲမီးပေးတယ်။ ကလေးတွေ အများကြီး ဆေးရုံမှာ အေးစက်ခဲပြီးသေဆုံးကြတယ်။ အစိုးရက ဥပဒေ ထုတ်တယ်။ ကလေးဆိုတာ တစ်လပြည့်မှ လူစာရင်းဝင်တယ်လို့ ဆိုတယ်။ အဲဒီထက် ငယ်ပြီး သေရင်စာရင်းမဝင်ဘူး။

ဖရင့်ဟာ ရိုမေးနီးယားကို ခဏခဏသွားပြီး တီမီဘိုးရားမြို့မှာတပည့် တော်စုတစ်စုရတယ်။ အိမ်မှာ တိတ်ဆိတ်စွာ ဝတ်ပြုကြတယ်။ သူတို့ကို ဘုရားသခင်က ဝိညာဉ်ရေးရာ တိုက်ပွဲသင်ပေးတယ်။ ဘုရားသခင်က သူတို့စိတ်ထဲမှာ ကြောက်ရွံ့တဲ့ စိတ်ဓါတ်ကို တိုက်ပွဲဝင်ခိုင်းတယ်။ ကြောက်မက်ဖွယ်ရာများကို တိုက်ထုတ်ဖို့သင်ပေး တယ်။ ဒီစာတန်တွေဟာ ရိုမေးနီးယားလူနေမှု အဆောက်အအုံတစ်ခုလုံးကို ထိန်းချုပ် ထားတာ တွေ့ရတယ်။ သူတို့က ညဉ့်နက်ရင် အဖွဲ့လိုက်အပြင်ထွက်ကြတယ်။ သူတို့မြို့ ကိုပတ်ပြီးတော့ လမ်းလျှောက်ဆုတောင်းကြတယ်။ အစိုးရအဆောက်အဦးတွေမှာ ဖရင့် နဲ့ ဒေသခံခရစ်ယာန်တွေဟာ အထွဋ်အမြတ်၊ အာဏာစက်တွေကို တိုးတိုးပြောပြီး မောင်းထုတ်တယ်။ ဆုတောင်းတယ်။ အာဏာပိုင်တွေမသိအောင် လုပ်ကြတယ်။

သူတို့က စိတ်ထဲမှာ မယုံသလိုဘဲ။ ဒါပေမဲ့ ဘုရားခိုင်းတော့ လုပ်ကြ တယ်။ တစ်လကျော်သွားတဲ့အခါ အခြေအနေတွေဟာလည်း ဆိုးရွားလာတယ်။ ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလမှာ သင်းအုပ်ဆရာနှစ်ပါး ပျောက်သွားတယ်။ ထောက်လှမ်းရေး ရဲတွေက သတ်ဖြတ်လိုက်တယ်။ အခြားလူတွေကိုတော့ ထောင်ထဲထည့်လိုက်တယ်။ သို့သော် ခရစ်ယာန်တွေက တွေ့ဆုံကြပြီးတော့ ဝိညာဉ်ရေးရာတိုက်ပွဲဆက်လုပ်တယ်။ ဘုရားသခင်က သူတို့ကို ထပ်ပြောတယ်။ အောင်ပွဲခံရမယ် မကြောက်ကြနဲ့လို့ အားပေး တယ်။

နောက်ဆုံး ၁၉၈၉ ခုနှစ် အောက်တိုဘာလ (၂၃)ရက်နေ့မှာ ဘုရား သခင်စကားပြောတယ်။ သူတို့မြို့မှာ မီးလောင်မယ် ပြီးတော့ ရိုမေးနီးယားတစ်နိုင်ငံလုံး ကူးစက်သွားမယ်လို့ ပြောတယ်။ မယုံနိုင်လောက်အောင် ဖြစ်နေကြတယ်။

သို့သော်လည်း တီမီဘိုးရားမှာ ဘုရားသခင်ဖော်ပြသလို မီးလောင် ၊ တယ်။ ၁၉၈၉ခု ဒီဇင်ဘာလ (၁၅)ရက် အိမ်တွေမှာ လူတွေဖမ်းဆီးကြတယ်။ အိမ်က

‌တော့ပြုပြင်ပြောင်းလဲရေး အသင်းတော်က သင်းအုပ်ဆရာလာဇလိုတုတ်အိမ်ဖြစ်တယ်။ အရင်ကတော့ ဆရာကိုလာဖမ်းရင်ပြီးသွားတာဘဲ။ ဒါပေမဲ့ ဒီတစ်ချိန်မှာ ထူးခြားတယ်။ ဆရာတုတ်ကို ဖမ်းတဲ့အကြောင်း၊ လူတွေပြောကြပြီး အုံကြွလာကြတယ်။ အရင်တုံးက

တော့ ခရစ်ယာန်တွေဟာ အဝေးကနေတယ်။ အခုတော့ ခရစ်ယာန်တွေ စုပြုံလာကြ တယ်။ အိမ်ဝမှ လူတန်းကြီးတွေ ဖြစ်လာတယ်။ ရဲကတော့ လူတွေကို ခြောက်လန့်တယ်။ မရဘူး။ တစ်ခါထဲလူထုကြီးဟာ ကြွေးကြော်လာကြတယ်။ “

မကြောက်ကြနဲ့၊ မကြောက် ကြနဲ့ လွတ်လပ်ပြီ”လို့ အော်ကြတယ်။

လူတွေများလာတယ်။ အချို့ လူတွေ ရဲကဆွဲပြီး နှိပ်စက်တယ်။ လူ တွေမကြောက်ဘူး။ တိုးလာကြတယ်။ ထောင်နဲ့ချီပြီးလာကြတယ်။ ခရစ်ယာန်မဟုတ် တဲ့လူတွေပါလာတော့ မကြောက်ကြတော့ဘူး။ လူတွေက စစ်သားတွေဆီလာပြီး

သေနတ်ပြောင်းဝမှာ ရင်ကော့ပြကြတယ်။ “ဒို့နိုင်ပြီ”လို့ အော်ကြတယ်။ “ချောင်ချက်စ ကူးကျဆုံးပါစေ” သတင်းတွေထွက်လာတယ်။ ရာနဲ့ထောင်နဲ့ လက်နက်မဲ့ယောက်ျား၊ မိန်းမ၊ ကလေးတွေကိုသတ်ဖြတ်ကြတယ်။ ၁၉၈၉ခု ဒီဇင်ဘာလအတွင်းမှာ ဖြစ်တယ်။ လူထုကြီးကတော့ ကြီးလာဆဲဘဲ။ လူတွေက စစ်သားတွေအရှေ့မှာ ဒူးထောက်ဆု တောင်းကြတယ်။

မီးတောက်မီးလျှံတော့ ထွန်းညှိလိုက်ပါပြီ။ တပ်မတော်ဟာ ထောက် လှမ်းရေးရဲတွေကို လူထုနဲ့ တိုက်ထုတ်တယ်။ ချောင်ချက်စကူး အာဏာရှင်အစိုးရဟာ ၁၉၈၉ ခရစ္စမတ်အချိန်မှာ ပြုတ်ကျသွားတော့တယ်။ သတင်းစာတွေ ရေးတာက “ကြောက်ရွံ့ခြင်းနှင့် ထိန့်လန့်ခြင်း၊ အဆောက်အအုံဟာ ပြိုကွဲပြီ”လို့ ရေးတယ်။ ကြောက် ရွံ့ခြင်းနဲ့ တိန့်လန့်ခြင်းအတွက် ဘုရားသခင်ဟာ လူတစ်စုကို နှစ်နှစ်တိုင်တိုင် ဆုတောင်း စေခဲ့ရတယ်။

ဒါ… သတင်းတစ်ခုထဲဘဲရှိသေးတယ်။ လူတွေအများကြီး ဆုတောင်း လာကြတယ်။ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်အတွင်း အသင်းတော်များတို့ဟာ ဖိနှိပ်ချုပ်ချယ် မှုအောက် ရောက်နေတဲ့ အသင်းတော်တွေအတွက် ဆုတောင်းလာကြတယ်။ ဒီလိုအာရုံ စူးစိုက် ဆုတောင်းပေးတဲ့အတွက် အထွဋ်အမြတ်၊ အာဏာစက်တွေ ပြိုကွဲကြရတယ်။ ကျွန်ုပ်တို့ အရှေ့ဥရောပတိုက်ရဲ့ မတည်မငြိမ်မှုတွေအတွက် ဆက်လက်ဆုတောင်းကြဖို့ လိုတယ်။

စာတန်ရဲ့ အဆောက်အအုံမှာ တတိယအင်အားစုကတော့တန်ခိုး(ဝါ) မြို့ရိုးမြို့ပြတွေ ဖြစ်တယ်။ အဖျက်လုပ်ငန်းတွေ လုပ်ဖို့ နတ်ဆိုးတွေကို တာဝန်ပေးထား

တယ်။ မကောင်းမှုဒုစရိုက်တွေ အစိုင်အခဲဖြစ်ဖို့ စာတန်ခံတပ်(ဝါ)မြို့ရိုးမြို့ပြတွေ တည် ဆောက်တဲ့ လုပ်ငန်းဖြစ်တယ်။

စစ်ရှုံးခဲ့တဲ့ ရန်သူဟာ ဘာ့ကြောင့် ကမ္ဘာကြီးကို ချုပ်ကိုင်နိုင်တာလဲ? ၊ ကျွန်တော်ငယ်ငယ်တုံးက ဆရာကြီးတစ်ပါး၊ တရားဟောတာ စာတန်ဟာရှုံးနှိမ့်ခဲ့ပြီလို့

ဟောတယ်။ ခရစ်တော်ဟာ စာတန်ကိုအနိုင်ယူပြီလို့ ပြောတယ်။ ကျွန်ုပ်တို့ အောင်ပွဲခံ မယ်။ စာတန်ဘာမှမလုပ်နိုင်တော့ဘူး။ အလုပ်မရှိတော့ဘူးလို့ ပြောပြတယ်။ ကျွန်တော် အပြင်ဘက်ရောက်တော့ စဉ်းစားနေတယ်။ စာတန်ဟာ အနှစ် နှစ်ထောင်အထက်က စစ်ရှုံးခဲ့ပြီ မှန်ရင်ဘာ့ကြောင့် ဒီမြို့ထဲမှာရှိနေရတာလဲ? ကျွန်တော်ဟာ လူငယ်ကလေး ပေမဲ့ စာတန်ရဲ့ လုပ်ရပ်တွေ သိတယ်။

စာတန်ဟာ အမှန်မှာ လုံးဝစစ်ရှုံးခဲ့ရပါပြီ။ အမှန်မှာ ပျောက်ကွယ် သွားပါပြီ။ ဒီရန်သူဟာ ယနေ့ဤလောကမှာ လှုပ်ရှားနေတာလည်း အမှန်ပါဘဲ။ ဘယ်လို ဖြစ်နိုင်မှာလဲ? ကျွန်ုပ်တို့လူ့အသိုင်းအဝိုင်းမှာ လူတွေဟာ အပြစ်လုပ်တယ်။ တစ်ကိုယ်

ကောင်းဆန်တယ်။ ကျွန်ုပ်တို့ ဘုရားနဲ့ဆန့်ကျင်သဘောအခွင့်အာဏာကို စာတန်ကိုပေး တယ်။ သမိုင်းကလည်း အပြစ်ကြွေးတွေ အများကြီးပါလာသေးတယ်။ စာတန်လှုပ်ရှား နိုင်တာကတော့ ကျွန်ုပ်တို့ ခွင့်ပြုထားလို့ဘဲ။ ကျွန်ုပ်တို့ဟာ အပြစ်လုပ်တယ်။ မတရား အသက်ရှင်ကြတယ်။

စာတန်ရဲ့ လှုပ်ရှားမှုဟာ ကျွန်ုပ်တို့အပြစ်လုပ်တဲ့ အတွက်ဘဲ။ အပြစ် လုပ်ကြတော့ စာတန်အတွက် နေရာရတယ်။ သူခြယ်လှယ်လို့ရတယ်။ စာတန်က နတ် ဆိုးတွေကို အာဏာအပ်နှင်းပြီး ဆောင်ရွက်စေတယ်။ ကျွန်ုပ်တို့ဟာလည်း လောကတန် ခိုးတွေ ဝင်လာတယ်။ လိင်တူဆက်ဆံမှု၊ စိတ်ဓါတ်ကျဆင်းမှု၊ ကြောက်ရွံ့တုန်လှုပ်မှု၊ စုန်းတစ္ဆေအတတ်စသည်ဖြင့် အများကြီးရှိတယ်။ အပြစ်များလေလေ အပြစ်တန်ခိုး တွေ လည်း များတယ်။

စာတန်မှာ အာဏာအိုးကြီးမရှိပါဘူး။ တဏှာရာဂလိုဟာမျိုးကို ယူ ပြီး မြို့တစ်မြို့ကို ကျူးလွန်ခိုင်းတာမျိုးတော့ မဟုတ်ဘူး။ ဒါပေမဲ့ မြို့တစ်မြို့၊ တိုင်းနိုင်ငံတစ် ခုဟာ အလွန်တပ်မက်မောတဲ့စိတ်တွေ များတယ်ဆိုတာ ပြောနိုင်တယ်။ လူများစုက လိုလားတဲ့အတွက် အဲ့ဒီအပြစ်တရားဟာ ထင်ပေါ်လာတော့တယ်။ တစ်နေရာနဲ့တစ် နေရာ မတူဘူး။ အချို့မြို့တွေဟာ ညစ်ည္တဲ့ စာပေလွှမ်းမိုးတယ်။ အချို့မြို့ကတော့ ဝိဇ္ဇာ အတတ်ပိုကျော်ကြားတယ်။ အချို့ဒေသကတော့ လောင်းကစားပါတယ်။ မတူကြဘူး။

အချို့အိမ်ထောင်မှာလည်းအပြစ်တစ်ခုခုကြောင့် စာတန်တန်ခိုး ထင် ပေါ်တယ်။ အသင်းတော်တွေတောင်မှဘဲ ဒီလိုအရာတွေဝင်လာတတ်တယ်။ အချို့ အသင်း တော်ဟာ ခဏခဏ စိတ်ဝမ်းကွဲတယ်။ ဘယ်တော့မှ လူတွေမတဲ့ကြဘူး။

ဒါအပြစ်တရား တစ်ခုဘဲ။ တိုင်းနိုင်ငံ၊ မြို့၊ လူစု၊ တစ်ဦးချင်းမှာလည်း စာတန်တန်ခိုး မျိုးမျိုး ကျဆင်းနိုင်ဘယ်။ လူတွေရဲ့ပြဿနာတွေကို စစ်ဆေးလိုက်ရင် လွန်ခဲ့တဲ့နှစ် ပေါင်းများစွာက ပြဿနာဟာ ပြန်ပေါ်လာတယ်။ ထိုအချိန်က လူတွေအပြစ်လုပ်ခဲ့ကြ တော့ ယခုတိုင်အေးချမ်းမှု မရနိုင်ဘူး။

ဝိညာဉ်ရေးရာ တိုက်ပွဲမှာ ဘုရားသခင်ကသာ စာတန်ရဲ့ တန်ခိုး သက် ရောက်မှုအခြေအနေမှန်ကို ဖော်ပြနိုင်တယ်။ အိမ်တွေ၊ မြို့တွေ၊ တိုင်းနိုင်ငံတွေမှာ ဘုရား သခင်ဟာ စာတန်ရဲ့ တန်ခိုးသက်ရောက်မှု အခြေအနေကို ပြနိုင်တယ်။ ကျွန်ုပ်တို့က ဒါ တွေမသိတော့ ဘာမှမလုပ်ကြဘူး။ သိဖို့လိုတယ်။ အရေးယူဖို့လိုတယ်။ သိရုံလောက်နဲ့ တော့မပြီးဘူး။

ကျွန်ုပ်တို့လုပ်ဖို့သုံးချက်

သူတစ်ပါးဩဇာမညောင်းစေပါနဲ့

အငြင်းအခုံဖြစ်နေတဲ့ အိမ်ကိုရောက်သွားရင် ကျွန်တော်အများကြီး သတိထားရတယ်။ ရန်လိုမှုထဲမပါသွားဖို့ရန် သတိထားရတယ်။ ဒီလိုဘဲ ခရစ်

ယာန်အချို့ဟာ မော်မွန်းသို့မဟုတ် ယေဟောဝါသက်သေခံအဖွဲ့နဲ့ တွေ့ကြရင် စကားများရန်ဖြစ်ကြတယ်။ ခရစ်ယာန်ကတော့ သမ္မာတရားကို ဖော်ပြပေမဲ့ ငြင်းခုံတတ်တဲ့ ဝိညာဉ်ဆိုးတွေကြောင့် ပါသွားတတ်တယ်။ ငြင်းခုံလိုက်ရင် ဘယ်

တော့မှ ခရစ်တော်ကို လက်ခံမှာမဟုတ်ဘူး။ သူတို့ကိုလည်း အဲဒီငြင်းခဲ့တဲ့ ဝိညာဉ်စိုးမိုးနေလို့ဘဲဖြစ်တယ်။ သမ္မာတရားကို ပြသော သန့်ရှင်းသောဝိညာဉ်ရှိ မှ သမ္မာတရားကို လူတွေ့မြင်နိုင်တယ်။

၂။ ဝိဉာဉ်ဆိုးရဲ့ တန်ဖိုးတွေကို ဆုတောင်းခြင်းဖြင့် တိုက်ထုတ်ပါ

ဘုရားသခင်ဟာ သြဇာညောင်းစေမဲ့ ဝိညာဉ်ဆိုးကို ကျွန်ုပ်တို့ကို ပြ မယ်။ အဲဒီအခါမှ ဆုတောင်းခြင်းဟာ ထိရောက်မယ်။ ခရစ်တော်ရဲ့ နခမနဲ့ အဲဒီ ဝိညာဉ်ဆိုးတွေကို ဖြိုဖျက်ပါ။ ဝိညာဉ်တော်ဘုရား ဆင်းသက်ကြွလာ၍ ကုစား

ပေးဖို့ တောင်းခံပါ။ တိတိကျကျဆုတောင်းလေလေ ထိရောက်အောင်မြင်မှုကို ရကြမယ်။ ဥပမာ မိသားစုတစ်စုမှာ ခေတ်အဆက်မိရိုးဖလာက ဆင်းသက်လာ တဲ့ ချည်နှောင်မှုတွေ ရှိတယ်။ သူတို့ဘိုးဘေးရဲ့ ဝိညာဉ်ဆိုးကို လေ့လာဖော်ထုတ် ပါ။ တစ်ခါတစ်ရံ မိသားစုတစ်ခုထဲ မဟုတ်ဘဲ အိမ်ထောင်အများဖြစ်နေရင်း ရွာ

တစ်ရွာ၊ မြို့တစ်မြို့ဆိုရင် လူအများကစိတ်သဘောတူညီစွာ ဆုတောင်းပေးကြရ မယ်။ အချိန်များစွာယူပြီး ဆုတောင်းစေပါ။

၃၊ ဆန်ကျင်ဘက်ဝိညာဉ်သဘောနဲ့ အသက်ရှင်ပါ

ဆန့်ကျင်ဘက်ဝိညာဉ်သဘောနဲ့ အသက်ရှင်ကြရမယ်။ တစ်နေရာ မှာ လူတွေကလောဘကြီးတာတွေကို တွေ့မယ်။ ကျွန်ုပ်တို့ ဆန့်ကျင်ဘက်ကို ပြမယ်။ ပေးကမ်းစွန့်ကြဲတာ ပြလိုက်မယ်။ ဘယ်လိုပေးကမ်းရမယ် ဆိုတာတော့ ဘုရားရဲ့ လမ်းပြမှုတောင်းခံပါ။ အချို့ လူတွေ ဝမ်းနည်းကြေကွဲနေတာ မြင်ရမယ်။ သင်ကတော့ ဘုရားသခင်ဂုဏ်တော်ချီးမွမ်းပါ။ အရာရာ၌ ကျေးဇူးတော်ချီးမွမ်း ပြပါ။ ဆန့်ကျင်ဘက်ဝိညာဉ်သဘောကိုပြရင် အဲဒီသဘောက သြဇာညောင်းလာ မယ်။ မကောင်းတဲ့ ချည်နှောင်မှုတွေ ပြိုလဲလာတော့မယ်။ တစ်ခါတစ်ရံ လုပ်ဖို့ မဟုတ်ဘဲ နေ့စဉ်အသက်ရှင်ပြသပါ။ အမှောင်နယ်မြေမှာ အလင်းဟာ ထင်ရှား စေပါ။ အလင်းဟာ စိုးမိုးပါလိမ့်မယ်။

ကျွန်တော် ဧဝံဂေလိအဖွဲ့တွေကို အဝေးကိုခေါ်ဆောင်သွားတယ်။ ရောက်တဲ့နေရာမှာ ဆုတောင်းတယ်။ အဲဒီနေရာမှာ စာတန်ဘယ်လို စိုးမိုးနေ သလဲ? သိဖို့လိုတယ်။ နိုင်ငံတစ်နိုင်ငံရောက်တော့ အဲဒီနိုင်ငံဟာ ကမ္ဘာပေါ်မှာ သေကြောင်းကြံစည်မှု အများဆုံး နိုင်ငံဖြစ်တယ်။ သာသနာပြုဆရာတွေ အရှုံး ပေးခဲ့ကြတာ ကြားရတယ်။ အိမ်တွေမှာ စိတ်ဓါတ်ကျဆင်းနေတာဟာ စာတန်ရဲ့ ချည်နှောင်မှုဘဲ။ ကျွန်ုပ်တို့ရောက်ပြီး နှစ်ပါတ်လောက်ကြာတော့ လူတွေ ကျွန်တော့် ဆီလာကြတယ်။

“ကျွန်ုပ် အလွန်စိတ်ဓါတ်ကျတာဘဲ” “ကျွန်ုပ်တို့ ဒီမှာဘာမှလုပ်လို့ မရကြဘူး” “ကျွန်ုပ်ဟာ အသုံးမကျတော့ဘူး ။

ကျွန်ုပ်တို့ဟာ အဲဒီစာတန်ကို မတွေ့မြင်ရင် သူတို့ပြောသလိုဘဲ ယုံနေ မှာဘဲ။ အခြားတစ်ခုသိထားဖို့က စာတန်ရဲ့ အဆောက်အအုံ အဆင့်အတန်းဘဲ။ အထွဋ်အမြတ်၊ အာဏာစက်၊ တန်ခိုးရှင်တွေကို သိထားရမယ်။ ဒီလိုအဆင့်တွေ က ပုံသေမဟုတ်ဘူး။ လူ့လောကကိုကြည့်ရင် ကုမ္ပဏီတွေမှာ ဥက္ကဌတွေရှိတယ်။ တစ်ဦးစီမှာ အလုပ်သီးခြားတာဝန်ရှိတယ်။ စာတန်ရဲ့ ဒုဥက္ကဌတွေမှာလည်း ဒီလို ပါဘဲ။ တစ်ခါတစ်ရံ အထွဋ်အမြတ်ဟာ အာဏာစက်ဖြစ်လာတယ်။ တန်ခိုးရှင်က လည်း နေရာပြောင်းတာဝန်ယူရတဲ့ အချိန်တွေရှိတယ်။ ရိုမေးနီးယား အခြေအနေ မှာ ဒါတွေ တွေ့ရတယ်။ နတ်ဆိုးတစ်ကောင်ဟာ အလုပ်အမျိုးမျိုးလုပ်တာ တွေ့

ရတယ်။

ရန်သူရဲ့လုပ်ရပ်တွေကို ကောင်းကင်ကအားလုံးသိတယ်။ ကျွန်ုပ်တို့ သန့်ရှင်းသော ဝိညာဉ်တော်ကိုမေးရင် စာတန်လုပ်ရပ်တွေ အားလုံးဖော်ပြပါလိမ့် မယ်။ အဲဒီတော့ စာတန်လုပ်ရပ်ကို တိတိကျကျဆုတောင်း ဖြေရှင်းလို့ရမယ်။ ဘုရားသခင်ဟာ နိုင်ငံတစ်နိုင်ငံကို ဒုက္ခပေးနေတဲ့ အာဏာစက်တစ်ခုကို ဆု

တောင်းစေနိုင်တယ်။ သို့မဟုတ် အိမ်ထောင်တစ်ခုအတွက် ဆုတောင်းစေမယ်။ လူတစ်မျိုးနတ်စားဘဝက လွတ်မြောက်လာဖို့ ဆုတောင်းစေမယ်။ အဲဒီလိုလုပ် ရင် စာတန်ထိခိုက်နာကျင်ပျက်စီးသွားမယ်။ ဆုတောင်းခြင်းလက်နက်ဟာ အလွန်ထိရောက်တယ်။ စုံစမ်းနေတာထက် အရေးကြီးတယ်။

လက်နက်(၂) အမှောင်အင်အားစု

စာတန်ဟာ လူသားတွေကို တိုက်ခိုက်တဲ့အခါ အမှောင်အင်အားစုကို သုံးတယ်။ ဇ၊ ၆း၁၂ မှာ လောကီမှောင်မိုက်၌ အစိုးတရပြုလုပ်သောမင်းလို့ ခေါ်ဆိုထား တယ်။ ဒီမင်းဟာ ဘာလုပ်သလဲ? သူတို့လုပ်ရပ်နှစ်ခုရှိတယ်။ (၁) မုသာပြောဆိုစေ တယ်။ (၂) သမ္မာတရားကို ဖုံးကွယ်စေတယ်။

မုသာပြောသောဝိညာဉ်ဆိုး

စာတန်ဟာ ဝိညာဉ်ဆိုးတွေကို ဒီလောကကိုစေလွှတ်တဲ့ ရည်ရွယ် ချက်တစ်ချက်ကတော့ လူတွေရဲ့ စိတ်နှလုံးဟာ အမှောင်မှာဘဲနေစေဖို့ဖြစ်တယ်။ ဒီနတ် ဆိုးတွေဟာ မုသာကလေး၊ မုသာကြီး အမျိုးမျိုးကို လိမ်ညာစေတယ်။ ဥပမာ မုသာပြော တဲ့နတ်ဆိုးတစ်ကောင် နာမည်ကတော့ “မိုရိုနီ” ဖြစ်တယ်။ ဒီနတ်ဆိုးဟာ အမေရိကန် ပြည် လိမ်စစ်တီးမြို့မှာ ဗဟိုပြုတယ်။ လူတွေရဲ့ မျက်စိကို ဖုန်းကွယ်စေအောင် လုပ်တယ်။ ဒီမှသာနတ်ဆိုးဟာ ဂျိုးဇက်စမစ်ဆီသွားတယ်။ အခြားမုသာနတ်ဆိုးတွေ အများကြီး ရှိပါသေးတယ်။ ကမ္ဘာ့ယုံချက်တွေကို တာဝန်ယူထားကြတယ်။ ၂ကော၊ ၄မှာ ထိုသို့ မယုံကြည်သောသူတို့ကား၊ ဘုရားသခင်ပုံသဏ္ဍာန်တော်တည်းဟူ သော ခရစ်တော်၏ ဘုန်းအသရေနှင့် ပြည့်စုံသော ဧဝံဂေလိတရား၏ အရောင်သည် အလင်းကိုမပေးစေခြင်းငှါ၊ ဤလောကကို အစိုးရသော ဘုရားသည် သူတို့၏ဉာဏ် ၊ မျက်စိကို ကွယ်စေ၏။

ကျွန်ုပ်တို့ ယခင်က ယုံကြည်ခဲ့တာတွေ အခုမယုံကြတော့ဘူး။ အ မှောင်လောကဟာ တော်တော်ဝင်လာပြီ။ ကျွန်ုပ်တို့ အသက်တာမှာ ပိုမိုအလင်းရဖို့ ကြိုး

စားကြရမယ်။ မှားယွင်းမှုတွေ ဖယ်ရှားဖို့ သမ္မာတရားကို စွဲမြဲစွာ ခံယူဖို့လိုတယ်။ ရန်သူရဲ့အလုပ်ကတော့ သမ္မာတရားကို မှေးမှိန်စေဖို့ဘဲ။ လွဲမှားတာတွေနဲ့ အစားထိုး တယ်။ လူတိုင်းစိတ်နှလုံးထဲမှာ အမှားတွေဘဲ အစဉ်ထည့်သွင်းနေတယ်။ ဘုရားဟာ မရှိဘူး။ ဘုရားဟာ မကောင်းဘူး။ လူကိုမချစ်ဘူး။ အခြားလူတွေရဲ့ မကောင်းသတင်း ဘဲ ပေးတယ်။ ကျွန်ုပ်တို့ကိုလည်း အမျိုးမျိုးလိမ်ခိုင်းတယ်။ ကိုယ့်ကိုယ်ကို မုန်းတီးစေ တယ်။ ဒါတွေဟာ အမှောင်ထုဘဲ။

လိမ်လည်မှုအတွက်ကြီးစွာသော ကြံစည်မှု

ကျွန်ုပ်တို့အထက်က ဖော်ပြခဲ့သလို စာတန်၏ လိမ်လည်မှုလုပ်ငန်း ဟာ အလွန်ရှုပ်ထွေးတယ်။ လွဲမှားတဲ့ခံယူချက်တွေ ဒီလောကမှာ အများကြီးရှိတယ်။ ဒီလိုခံယူချက်တွေနဲ့ နောက်ဆက်တွဲအကျိုးဆက်မှုတွေဟာ လူတွေရဲ့ စိတ်ကို လိမ်လည် လှည့်ဖြားစေတယ်။ လွဲမှားတာတွေကို ခံယူစေတယ်။ တိုင်းနိုင်ငံအသီးသီးမှာရှိတယ်။ လူမျိုးနွယ်တွေမှာလည်း ရှိတယ်။ ၁တိ၊ ၄၂မှာ နောင်ကာလ၌ ဩတ္တပ္ပစိတ်တွင် သံပူ နှင့် ခတ်ခြင်းကိုခံပြီးလျှင် မုသာစကားကိုပြောတတ်သော သူတို့၏လျှို့ဝှက်ခြင်းအား ဖြင့် လူအချို့တို့သည် ယုံကြည်ခြင်းကိုစွန့်ပယ်၍၊ လှည့်ဖြားတတ်သော စိတ်ဝိညာဉ် ကို၄င်း၊ နတ်ဘုရားတို့နှင့် စပ်ဆိုင်သောဩဝါဒတို့၌ ၄င်း မှီဝဲဆည်းကပ်ကြလိမ့်မည် လို့ ပါရှိတယ်။

ဤလောကမှာ ခံယူယုံကြည်ချက်တွေဟာ အချို့စာတန်ရဲ့ လှည့်ဖြား မှုဘဲ။ အမှောင်ထုထဲမှ ဖော်စပ်ခဲ့ပြီးတော့ စိတ်နှလုံးတွေကို အမှောင်ထု ကျွန်ခံစေတယ်။ ယခုတလော အနောက်တိုင်းနိုင်ငံတွေမှာ နယူးအိတ်(ရှ်)လှုပ်ရှားမှုဟာ အလွန်ခေတ်စား တယ်။ ကမ္ဘာဦးက ဧဒင်ဥယျာဉ်မှာ ဧဝကိုပြောတဲ့ ဖြစ်ရပ်ကို ပြန်ဖော်ထုတ်တာဘဲ။ စာ တန်က ဧ၀ကိုပြောခဲ့တယ်။ ၄င်းတို့၏အဆိုကတော့ …. ။

“မင်းဟာ ဘုရားဖြစ်နိုင်တယ်။ မင်းဟာမင်းတည်ထောင်လို့ ရ တာဘဲ။ မင်းတရားနဲ့မင်း မင်းအကျင့်တရားနဲ့မင်း ဖြစ်ရင်မကောင်းဘူးလား။ မင်းမသေ ရဘူး။ ပြန်ရှင်လာဦးမယ်။ ဘုရားဟာ ပုဂ္ဂိုလ်မဟုတ်ပါဘူး။ အင်အားကြီးတစ်ခုဘဲ။ လူတိုင်းမှာရှိတယ်။ အရာရာတိုင်းမှာရှိတယ်။ ဒါတွေကို မင်းရှာဖွေဖော်ထုတ်ပါ။ မင်းဟာ သာလွန် မြင့်မြတ်လေလေ ဒါတွေအားလုံး သိလေလေဖြစ်မယ်” ။

ဒီအလင်းတရားဟာ အမှန်ကတော့ ကမ္ဘာဦးက အမှောင်တရားဖြစ် နေတယ်။ လူတွေက ဒါတွေကိုကမ္ဘာဦးအစက ခံယူလာတယ်။ ဆင်းသက်လာတယ်။ နယူးအိတ်(ဈ)ဆိုရင် တေးသီချင်းတွေရှိတယ်။ တီဗွီအစီအစဉ်တွေရှိတယ်။ ရုပ်ရှင်၊ စာ ပေ၊ ဆွေးနွေးပွဲ အစုံရှိတယ်။ ဟောလီးဝတ်ရုပ်ရှင်မင်းသား၊ မင်းသမီးတွေ ကြိုက်တဲ့

ဘာသာတရားဖြစ်တယ်။ အမေရိကန်အိမ်ဖြူတော်က အရာရှိကြီးတွေကလည်း ကြိုက် ယ်။ ဒီသဘောတရားတွေ မူလတန်းတောင်ရောက်နေပြီ။ ကျွန်ုပ်တို့ဘယ်လိုလုပ်ကြ

မလဲ

နိုင်ငံရေးမဟုတ်။ သိပ္ပံလည်းမဟုတ်ပါ

အခြားစနစ်တွေရှိတယ်။ ဒါတွေဟာ တိုက်ရိုက်မပတ်သက်ဘူး။ ဆိုင် သလောက်တော့ဆိုင်တယ်။ ကွန်မြူနစ်စနစ်နဲ့ အခြားစနစ်တွေကိုတော့ ဝေဖန်ရခက် တယ်။ နိုင်ငံရေးတို့ သိပ္ပံတို့ဟာလည်း တိုက်ရိုက်မပတ်သက်ဘူး။ ဒါပေမဲ့ ကွန်မြူနစ်က တေ ဘာသာတရားကို တားဆီးတယ်။ သတင်းကောင်းကို ပျက်ပြားစေတယ်။ အသင်းတော်ကိုလည်း နှိပ်စက်တယ်။ ဘုရား၌မျှော်လင့်ချက်မရှိအောင် လုပ်တယ်။ ဒဿနိကဗေဒဘဲဖြစ်ဖြစ်၊ ဘယ်အယူဝါဒဘဲဖြစ်ဖြစ် ဘုရားကိုပုန်ကန်ရင် စာတန်ရဲ့လုပ် ရပ်တွေသာ ဖြစ်တယ်။

မျောက်ကနေ လူဖြစ်လာတဲ့ သိပ္ပံပညာရပ်တွေကလည်း ဝိညာဉ်ရေး ရာတိုက်ပွဲရှုထောင့်က ကြည့်ရင် အရေးမကြီးပါဘူး။ ကမ္ဘာ့အလွှာတွေ၊ ကျောက်ဖြစ်ရုပ် ကြွင်းတွေအပေါ် ငြင်းခုံနေတာနဲ့ ဘာမှမဖြစ်လာပါဘူး။ ဒါပေမဲ့ လူတွေစိတ်ထဲမှာ ယုံ ချက်တွေပေါ်လာတယ်။ ကွန်မြူနစ်၊ လူသားဝါဒ၊ လူသာလျှင် ပဓာန၊ နာဇီဝါဒတွေ ပေါ် လာတယ်။ ဘုရားမသိ၊ ဘုရားမရှိတဲ့ ဝါဒတွေဘဲ။ သိပ္ပံပညာရပ်လို့ သတ်မှတ်လာကြ တယ်။ နောက်ကနေ လူဖြစ်လာတဲ့ဝါဒကတော့ အဆိုးဆုံးဘဲ။ ငရဲသားကြီးတောင်မှ သူ တို့ကိုနိုင်မှာမဟုတ်ဘူး။

ဒီအယူသီးမှုတွေဟာ ကျွန်ုပ်တို့အတွက် ဝိညာဉ်ရေးရာ တိုက်ပွဲဘဲ။ ဆုတောင်းသူရဲကောင်းအနေနဲ့ ဒါတွေကို ဆုတောင်းပေးရမယ်။ ဝိညာဉ်ရေးရာ နယ် ပယ်မှာ တိုက်ပွဲဝင်ရမယ်။ သမ္မာတရားပေါ်အမြဲရပ်တည်ခြင်းနဲ့ အနိုင်ယူရမယ်။ မှား ယွင်းမှု၊ လိမ်လည်မှုတွေကို တိုက်ထုတ်ရမှာ ကျွန်ုပ်တို့တာဝန်ဖြစ်နေတယ်။ သမ္မာတရား ကို ကာကွယ်သူ၊ သမ္မာတရားကို ကြေညာသူတွေ ဖြစ်ရမယ်။ သမ္မာတရားကိုဖုန်းကွပ်ခြင်း ၊

ဒီအမှောင်အင်အားစုတွေဟာ မုသာကိုဖြန့်ကြဲရုံသာမက သမ္မာ တရားကို ပိတ်ဆို့လုပ်ငန်းလုပ်တယ်။ ကျွန်ုပ်တို့ကတော့ သတိထားမိချင်မှ သိမှာ။ ဧဝံ ဂေလိတရားကို ပိတ်ဆို့ဖို့ အမှောင်အင်အားစု သီးခြားရှိတယ်။ သူတို့ဟာ ဧဝံဂေလို အဖျက်သမားတွေပေါ့။ ခရစ်ယာန်တွေ ဧဝံဂေလိလုပ်ငန်း၊ သာသနာပြုလုပ်ငန်းအပြင် လူတွေ စိတ်နှလုံး ခိုင်မာဖို့ အမျိုးမျိုးလုပ်တယ်။

ကျွန်ုပ်တို့ကတော့ ဧဝံဂေလိကို အခွင့်အရေးသာရင် လုပ်လေ့လုပ်ထ ရှိတယ်။ အချို့က တုန့်ပြန်တယ်။ အချို့ကငြင်းပယ်တယ်။ တစ်ခါတစ်ရံ ကျွန်ုပ်တို့ ဧဝံ ဂေလိလုပ်ချင်ကြဘူး။ တစ်ခါတစ်ရံစိတ်တွေ့လာတဲ့ အခါမှလုပ်လေ့ရှိတယ်။ ဧဝံဂေလိ အလုပ်ဆိုတာ လုပ်ရမယ့်တာဝန်ရှိတာ ခရစ်ယာန်တွေသိသားဘဲ။ သို့သော် စိတ်ပါ လက်ပါမရှိကြဘူး။ ဒါတွေ ဘာ့ကြောင့်ဖြစ်ရတာလဲ? စိတ်မပါ့တပါ ဘာဖြစ်လို့ ဖြစ်ရ တာလဲ? လူတွေဘာကြောင့် စိတ်မပါကြတာလဲ? ဧဝံဂေလိလုပ်ငန်းဟာ အရေးကြီးတော့ အမှောင်အင်အားစုဟာ အထူးအလုပ်လုပ်တယ်။ ဧဝံဂေလိမလုပ်ဖို့စာတန်ဟာ စိတ်ဓါတ် စစ်ဆင်ရေးတစ်ရပ်လုပ်တယ်။ စာတန်က “ကျမ်းစာမရူးနဲ့။ မင်းဟာ ဧဝံဂေလိဆရာ မဟုတ်ဘူး။ မင်းကြည့်ရတာ ပုံပျက်ပန်းပျက်ဖြစ်နေတယ်။ လူတွေက နားထောင်မှာ မဟုတ်ဘူး။ သူတို့ကမှားပြီး မင်းကမှန်တယ်လို့ ဘယ်သူပြောသလဲ? မလုပ်ပါနဲ့”

နတ်ဆိုးမုန်းတဲ့အရာနှစ်ခု

ထိရောက်စွာ ဆုတောင်းတာ စာတန်မုန်းတယ်။ စာတန်မုန်းတဲ့ အရေးကြီးတဲ့ နှစ်ချက်ကတော့ ခရစ်ယာန်တွေရဲ့ နှိမ့်ချခြင်းနဲ့ ထိရောက်စွာ ဧဝံဂေလိ လုပ်ခြင်းဘဲဖြစ်တယ်။ နှိမ့်ချခြင်းဟာ မာနထောင်လွှားမှုကို ဖြိုဖျက်တယ်။ စာတန်အုပ်စိုး မှုကို ဖြိုဖျက်စေတယ်။ စာတန်ဟာ လက်ဝါးကပ်တိုင်ပေါ်မှာ ခရစ်တော်ရဲ့ နှိမ့်ချမှု သဏ္ဍာန်ကြောင့် ရှုံးနိမ့်သွားတယ်။ အမှောင်ထုက ဧဝံဂေလိလုပ်ငန်းကို မုန်းတာက သူ့နယ်မြေထဲ ထိုးဖောက်ဝင်ရောက်လို့ ဖြစ်တယ်။

ကျွန်ုပ်တို့စည်းဝေးတွေလုပ်ကြတယ်။ သီချင်းဆိုပွဲတွေ လုပ်ကြ တယ်။ ကောင်းကြီးတောင်းခံတဲ့ ကလပ်ဖွဲ့တယ်။ စာတန်ဟာ ဒါတွေဂရုမစိုက်ဘူး။ ဒါပေ မဲ့သူ့နယ်မြေ ဝင်သူ၊ ဝိညာဉ်ကယ်တင်လုပ်ငန်း လုပ်လိုက်တာနဲ့ စာတန်ဟာ နည်းမျိုးစုံနဲ့ ကျွန်ုပ်တို့ကို အပုပ်ချမယ်။ ကြောက်တတ်လာဖို့ လုပ်မယ်။ ငွေရေးပြဿနာတွေ ဖြစ်စေ မယ်။ သာသနာစီမံကိန်းတွေ ပျက်စေမယ်။ သာသနာကွင်းထဲမရောက်အောင် အမျိုးမျိုး လုပ်မယ်။ ဧဝံဂေလိသတင်းမဟောဖို့တော့ အထပ်ထပ်ဖိနှိပ်မှာဘဲ။ အဆင်ပြေမှ ဧဝံဂေ လိ လုပ်မယ်လို့ မခံယူပါနဲ့။ ထိုးစစ်ဆင်ပြီး ဟောပါ၊ ပြောပါ၊ သက်သေခံပါ။ ခရစ်တော် အကြောင်း သက်သေခံဖို့ ဆုံးဖြတ်လုပ်ဆောင်ပါ။

လု၊ ၁၀း၂ မှာ စပါးရိတ်စရာ များစွာရှိ၏။ ရိတ်သောသူတို့သည် နည်းကြ၏။ ထို့ကြောင့် လုပ်ဆောင်သောသူတို့ကို စပါးရိတ်စေခြင်းငှာ စပါးရှင်စေ လွှတ် တော်မူမည်အကြောင်း ဆုတောင်းကြလော့လို့ ဖော်ပြတယ်။ ဧဝံဂေလိတရား ဟောတာ လုံလောက်ပြီလို့ မထင်ပါနဲ့။ လူများများဟောဖို့ အရေးကြီးတယ်။ ဘုရား သခင်က လောကကြီးထဲသို့ သွားပါဆိုတာ ခရစ်ယာန်ဘယ်လောက်များများ သွားမှာလဲ?

အမှောင်အင်အားနဲ့စာလျှင် ဟောပြောသူအလွန် နည်းပါသေးတယ်။ ဝိညာဉ်တစ်ခု သာ ကယ်ရမယ်ဆိုရင်လည်း လုပ်ဆောင်သောသူတွေ နည်းနေသေးတာဘဲ။

ကျွန်ုပ်တို့ စိတ်ဓါတ်မကျပါနဲ့။ ကျွန်ုပ်တို့ သင်ယူကြရမယ်။ ကမ္ဘာ့ ဧဝံဂေလိလုပ်ငန်းနဲ့ ဝိညာဉ်ရေးရာတိုက်ပွဲဟာ ခွဲလိုမရဘူး။ ကျွန်ုပ်တို့ ဘာလုပ်ရမှာလဲ? ဆုတောင်းပြီး စာတန်နှင်ထုတ်ပါ။ ကျွန်ုပ်တို့ဟာ အမှောင်ခန်းထဲမှာနေရင် အမှောင်ကို နှင်ထုတ်လို့မရဘူး မဟုတ်လား ? မီးဖွင့်လိုက်ပါ။ကမ္ဘာ့အမှောင်ထုကို ဖယ်ရှားလိုရင် ခရစ်တော်ရဲ့ အလင်းကို ထွန်းညှိပါ။ ကျွန်ုပ်တို့ သီချင်းဆိုမယ်။ ဟောပြောမယ်။ ရေး သားမယ်။ ပြဇာတ်ပြမယ်။ နည်းမျိုးစုံနဲ့ ဧဝံဂေလိလုပ်ရမယ်။ သမ္မာတရားကို ဖော် ထုတ်တယ်ဆိုရင် နည်းစနစ်တွေကို မကန့်ကွက်ပါနဲ့။ ဧဝံဂေလိလုပ်တိုင်း ဝိညာဉ်ရေး ရာတိုက်ပွဲကို ဆင်နွှဲပါ။ ၁ကော၊ ၁၅၅၈ မှာ ထိုကြောင့် ငါချစ်သောညီအစ်ကိုတို့ သင် တို့သည် သခင်ဘုရား၏ အမှုတော်ကို ဆောင်ရွက်၍ အကျိုးကြီးသည်ကို သိမှတ် သဖြင့် တည်ကြည်သောစိတ်နှင့် ပြည့်စုံ၍ မရွှေ့လျော့ မတိမ်ယိမ်းဘဲလျက်၊ သခင် ဘုရား၏ အမှုတော်ကို ကြိုးစားအားထုတ်ကြလော့။

လက်နက်(၃) တစ်ဦးချင်းအပေါ် တိုက်ခိုက်မှု

စာတန်ရဲ့ တတိယလက်နက်ကတော့ ဝိညာဉ်ဆိုးများရဲ့ လုပ်ဆောင် ချက်များဘဲဖြစ်တယ်။ ဒီဝိညာဉ်ဆိုးတွေကတော့ နယ်မြေတွေကိုလည်း စိတ်မဝင်စား ဘူး။ အဖွဲ့လိုက်လည်း စိတ်မဝင်စားဘူး။ တစ်ဦးချင်းကိုဘဲ တိုက်ခိုက်ဘို့စဉ်းစားတယ်။ သူတို့ဟာ လူတစ်ဦးချင်းရဲ့ ပြုမူလုပ်ကိုင်ပုံအပေါ် တိုက်ခိုက်တယ်။ အခန်းကြီး(၄) မှာလည်း တစ်ဦးချင်းအကြောင်း ဖော်ပြခဲ့ပြီးဖြစ်တယ်။ ၄င်းတို့ရဲ့ ပစ်မှတ်ကတော့ လူရဲ့ စိတ်နှလုံးနဲ့ ပါးစပ်တို့ဖြစ်တယ်။ သူတို့ဟာ လူကိုအပြစ်လုပ်ဖို့ အားပေးတယ်။ အောင်မြင် ရင် လူတွေကို ချည်နှောင်မှုဖြစ်စေတယ်။

လူ့အဖွဲ့အစည်းမဟုတ်ဘဲ၊ တစ်ဦးချင်းကို ဖျက်ဆီးတယ်။ ကောင်း ကင်တမန်တွေ တပ်ချထားတဲ့ အကြောင်းအထက်မှာ ဖော်ပြခဲ့ပြီးဖြစ်တယ်။ စာတန်ဟာ လည်း ဝိညာဉ်ဆိုးတွေကို တစ်ဦးချင်းအစောင့်ချထားတယ်။ စိတ်မပူပါနဲ့။ ကျွန်ုပ်တို့ဟာ ခရစ်ယာန်ဖြစ်ရင် ဘုရားသခင်ရဲ့ တန်ခိုးတော်နဲ့ ကာကွယ်ပေးနေပါတယ်။ ဒါပေမဲ့ စာတန်ဟာ တစ်ဦးချင်းကို စိတ်ဝင်စားတယ်။

နတ်ဆိုးတွေဟာ လူတွေမကောင်းတာလုပ်ဖို့ မြူဆွယ်တယ်။ မကောင်းတာလုပ်ဖို့ အစဉ်ဘဲ နှိုးဆော်တယ်။ စိတ်ကူးစိတ်သန်း သဘောထားအရသာ၊ အလိုဆန္ဒတွေမှာ ဝင်ရောက်စွက်ဖက်ပြီး လမ်းလွဲစေတယ်။ မြူဆွယ်တယ်။ ကိုယ်ထိ လက်ရောက် ပါဝင်မလုပ်နိုင်ဘူး။ ၁၉၆၀ခုလောက်က ဖလစ်ဝီလစင်ဆိုသူက ပြဇာတ်ပြ

တယ်။ ခေါင်းစဉ်ကတော့ “စာတန်လုပ်ခိုင်းလို့လုပ်ရတာပါ”။ ဒီပြဇာတ်ဟာ ဇာတ်မြူး ဖြစ်တယ်။ ဒါပေမဲ့ လက်တွေ့မှာ အဲဒီအတိုင်းမဟုတ်ဘူး။ လူတွေကတော့ လက်ပန်းကျ တယ်လို့ ဆိုသော်လည်း တကယ်တော့ မကျဘူး။ ခိုးတဲ့စိတ်ဓါတ်ပြင်းထန်တဲ့ လူတောင် ကြည့်နေရင် မခိုးတော့ဘူး။

ချည်နှောင်ခြင်းဆီသို့

တိုးတက်ခြင်း ဆိုတာရှိရမယ်။ အမှားဆိုတာ သြဇာညောင်းမှုကစ သည်။ စုံစမ်းခြင်းခံရတယ်။ ကျွန်ုပ်တို့လည်း လိုက်လျောမိတယ်။ ဘုရားသခင်ကို

တောင်းခံပြီးတော့ ငြင်းဆိုလို့ရတယ်။ သူတစ်ပါး သြဇာကိုခွင့်ပြုလိုက်တာနဲ့ ကျွန်ုပ်တို့ ဆန္ဒပေါ်မှာ ဖိအားပေးခံရပြီ။ အပြစ်လုပ်မိပြီ။ နောက်တစ်ကြိမ်လုပ်ဖို့ ဝန်မလေးတော့ ဘူး။ ထပ်လုပ်လေလေ လွယ်ကူလေလေပဲ။ ကြာတဲ့အခါ အပြစ်ကိုအပြစ်လို့ မမြင်တော့ ပါ။ လူသတ်သမားဟာ လူတစ်ယောက်သတ်ပြီးတော့ အေးအေးဆေးဆေး ထမင်းစားပွဲ သွားနိုင်တယ်။ သူ့မှာ စိတ်အနှောင့်အယှက်မဖြစ်ဘူး။ လုပ်နေကျအလုပ်ဖြစ်သွားပြီ။

ကျွန်ုပ်တို့ဒုစရိုက်မှာ နစ်မွန်းနေရင် အပြစ်လုပ်တဲ့ အကျင့်ဖြစ်သွား တယ်။ အကျင့်ဆိုတာ အလွန်ဆိုးရွားတယ်။ အမှားနှစ်ခုကတော့(၁) လူဟာအမှားလုပ် ကြမှာပါပဲဆိုပြီး ပြုပြင်လို့မရတော့ဘူး

(၂) ဒီအလေ့အကျင့်ဟာ လွှမ်းမိုးသွားတယ်။ တကယ်တော့ မဟုတ်ပါဘူး။ အလေ့အထဖြစ်လို့ လုပ်တာပဲ။ အမြစ်စွဲနေတယ်။ အမြစ်စွဲ

တော့ မစဉ်းစားဘဲနဲ့ လုပ်ကြတော့တယ်။ ဥပမာ ပြောရရင် ကျွန်တော်နယူးဇီလန်သွား တဲ့အခါ ကားမောင်းတာ အားလုံးပြောင်းဆန်သွားတာပဲ။ ကျွန်တော် ကားမောင်းလိုက် တဲ့အခါ ကားမောင်းတာ လက်ျာဘက်မှာရှိတယ်။ ဘယ်ဘက်မှာမဟုတ်ဘူး။ လမ်းကွေ့ မှာ ညာကပ်လို့မရဘူး။ ဘယ်ဘက်မှာနေရတယ်။ ညာဘက်ကကိုမောင်းလို့မရဘူး။ ရဲ ကကွေ့တော့ ခေါ်စစ်တယ်။ ရှင်းပြနေရသေးတယ်။ ။

ကျွန်တော်မတတ်နိုင်ဘူး။ ကျွန်တော်က ဒီအတွေ့အကြုံမရှိဘူး။ ညာ ၊ ဘက်မှမောင်းတာ ကျွန်တော်အကျင့်ဖြစ်နေပြီ။ တသက်လုံးလည်း ညာဘက်ကဘဲ မောင်းတယ်။ ကျွန်တော်မှာတော့ အားနည်းချက်ရှိပါတယ်။ ချက်ခြင်းပြင်လို့ မရဘူး။ လမ်းအလယ်ကမောင်းရင် မကောင်းဘူးလား? အလေ့အကျင့်ရတဲ့အထိတော့ လိုအပ် တယ်။

မဟုတ်ဘူး၊ ဒါလည်းလုပ်လို့ရဘူး။ ကျွန်တော်လမ်းဘယ်ဘက်က ပထမအကြိမ်မောင်းတဲ့အခါ မောင်းလို့ရသွားတယ်။ ညာဘက်ကမောင်းတဲ့ နတ်ဆိုးများ ရှိလေသလား?အကျင့်ဖြစ်နေတာကို ချက်ခြင်းပြင်ရတာ ခက်တယ်။ အချို့တော်တော့ကို အသားသေနေပြီ။ ဒါတွေဟာလည်း ကျေးဇူးတော်နဲ့ ပြင်ကြရမှာဘဲ။ ကျွန်ုပ်တို့ကလည်း

ကြိုးစားအားထုတ်ဖို့ လိုတယ်။

သို့သော်လည်း ကျွန်ုပ်တို့အပြစ်ထဲမှာ အကျင့်ပါနေရင်၊ ချည်နှောင် ခြင်းခံရမယ်။ ချည်နှောင်ခြင်းဆိုတာ ပြင်ပအရာတစ်ခုက လုပ်လို့ဘဲဖြစ်တယ်။ ကျွန်ုပ်တို့ လိုယ်ရည်ကိုယ်သွေးမှာ ရန်သူဟာ ကိုင်ဆွဲထားပြီဘဲ။ အစဉ်အလာအရကတော့ ကျွန်ုပ် ထို့က အလေ့အကျင့်ဘဲလို့ ပြောကြတယ်။ စွဲမက်မှု၊ ဖိနှိပ်ချုပ်ချယ်မှု၊ ချုပ်ကိုင်မှု စသည် ဖြင့် အမျိုးမျိုးရှိတယ်။ ဒါတွေပြောရတာ ရှုပ်ပါတယ်။ ဖြစ်ရပ်တွေက ရောထွေးနေတော့ သီးခြားဖော်ပြရတာ ခက်တယ်။ ချုပ်ကိုင်မှုဆိုတဲ့ စကားဟာ ကျမ်းစာမှာမရှိဘူး။ စာတန် ရဲ့ချုပ်ကိုင်မှုဘဲ ကျမ်းစာမှာပါတယ်။ ဒါကတော့တကယ်ချုပ်ကိုင်မှုဘဲ။

သင်ရဲ့ ကိုယ်ရည်ကိုယ်သွေး၊ သင်ရဲ့ လုပ်ငန်းမှာ ချည်နှောင်ရှိတယ်။ ဒါပေမဲ့ ဒုက္ခမပေးဘူး။ တစ်စိတ်တစ်ဒေသ ချုပ်နှောင်မှုလားတော့ ပြောလို့မရဘူး။ ဘယ်လိုဘဲဖြစ်ဖြစ်၊ ဘယ်အဆင့်ဘဲရောက်ရောက် ချည်နှောင်တာနဲ့ ယေရှုရဲ့နာမနဲ့ ဖြည် လွှတ်ဖို့လိုတယ်။

ဝိညာဉ်ရေးရာတိုက်ပွဲနှစ်ဆင့်ရှိတယ်။ မိုးမြေကမ္ဘာနဲ့ ဆိုင်တဲ့အဆင့် နဲ့ တစ်ဦးချင်းနဲ့ဆိုင်တဲ့ အဆင့်တွေဖြစ်တယ်။ အမှောင်နိုင်ငံမှာ အထွဋ်အမြတ်၊ အာဏာ စက်၊ မှောင်မိုက်တန်ခိုးတွေနဲ့ ရင်ဆိုင်ရတယ်။ တိုင်းနိုင်ငံ၊ လူမျိုးနွယ်၊ အာဏာပိုင်အဖွဲ့ အစည်းတွေမှာရှိတယ်။ တစ်ဦးချင်းတော့ ဆုတောင်းခြင်းနဲ့ ဖြည်လွှတ်ခွင့်ရမယ်။ ညစ် ပူးမှုတွေကို တိုက်ထုတ်ကြရမယ်။ ကျွန်ုပ်တို့မှာလည်း တိုက်ဖို့လိုတယ်။ ကယ်တင်ခြင်း သတင်းကောင်းကိုဝေငှပါ။ အမှောင်ရှိသမျှ အလင်းနဲ့ခင်းပါ။ ဒါဟာတာဝန်ကြီးသလား? ကျွန်ုပ်တို့ဟာ ဘုရားသခင်မှာခိုင်ခံ့အောင် လုပ်လို့ရတယ်။ ဘုရားပေးတဲ့ အာဏာနဲ့ အလွှာအသီးသီးမှာ အောင်ပွဲခံကြရမယ်။

အခန်း(၈)

ဘုရားပေးတဲ့အာဏာတန်ခိုးကိုသုံးစွဲပါ

Using Your God -Giving Authority

စာတန်အင်အားစုရဲ့ အရွယ်အစားနဲ့ ကြီးမားတဲ့အဆောက်အအုံ ကြည့်ခြင်းအားဖြင့် ကျွန်ုပ်တို့အတွက် စိတ်ဓါတ်ကျစရာ ဖြစ်နိုင်ပါတယ်။ သို့သော်လည်း ဘုရားသခင်ဟာ ကျွန်ုပ်တို့အတွက် ကြီးမားသော အင်းအားစုကြီးကို ဖွဲ့စည်းပေးထားပါ တယ်။ အဲဒီအင်အားစုကတော့ ကျွန်ုပ်တို့ပါဘဲ။ ခရစ်ယာန်တိုင်းဖြစ်တယ်။ သင်လည်း ပါဝင်တယ်။ ဒီလိုဆိုရင် ပိုစိတ်ဓါတ်ကျသွားမလားမသိဘူး။ မျှော်လင့်ခြင်းရှိပါတယ်။ ခရစ်ယာန်အင်အားစုအပေါ် ကျွန်ုပ်တို့ ယုံကြည်စိတ်ချမှုမရှိရင် ကျွန်ုပ်တို့ကိုယ်ကိုလည်း မသေချာဘူးဆိုရင် ကျွန်ုပ်တို့ ဘယ်သူတွေလည်းဆိုတာ ကျွန်ုပ်တို့ ကိုယ်တိုင်မသိကြလို့ ဘဲဖြစ်တယ်။ ဘယ်သူရဲ့အာဏာနဲ့ လုပ်ဆောင်နေတယ်ဆိုတာ မသိကြလို့ဘဲ။

အမှောင်အင်အားစုအပေါ်မှာ ခရစ်ယာန်တွေ အာဏာသုံးစွဲပြီး မ တိုက်ခိုက်နိုင်ဘူးလားလို့ ကျွန်တော်မေးရင် သင်ဘာပြောမလဲ?”အာမင်ညီအစ်ကိုခင်ဗျာ” ဒါပေမဲ့ ရုတ်တရက်ချက်ခြင်းဆိုသလို နတ်ဆိုးစွဲတဲ့လူတစ်ယောက်နဲ့ ရင်ဆိုင်ရရင် ဘာ ဖြစ်မလဲ? သင်တစ်ခါထဲ သင်းအုပ်ဆရာကို အကူအညီတောင်းမယ်။ ဆရာကလည်း အခြား ဆရာတွေ ထပ်ဆင့်ခေါ်တော့မယ်။ ကျွန်ုပ်တို့ ဝန်ခံတယ်။ သို့သော်လည်း ဝိညာဉ် ရေးရာအာဏာနဲ့ မလှုပ်ရှားနိုင်ဘူး။ ဘာကြောင့်လည်းဆိုတော့ အတွင်းစိတ်ထဲမှာက သံသယဖြစ်နေလို့ဘဲ။ ဘာကြောင့်လဲ? ကျွန်ုပ်တို့ကိုပေးထားတဲ့ အာဏာနဲ့ စိတ်လှုပ်ရှား မှုတွေဟာ လွဲမှားစွာရောထွေးနေတဲ့အတွက်ကြောင့် ဖြစ်တယ်။

အာဏာမဟုတ်တဲ့အရာတွေ ၊

အချို့အချိန်အခါတွေမှာ ဘုရားကျောင်းအပြန်ထွက်လာတဲ့အခါ စိတ် ချစွာနဲ့ ပြုံးရယ်နေတယ်။ ဒေသနာလည်း ကောင်းတယ်။ ဝတ်ပြုခြင်းလည်း အားရတယ်။ စာတန်ကိုတော့ ကိုင်တွယ်လိုက်မှာဘဲလို့ ပြင်ဆင်နေကြတယ်။ နှစ်ရက်လောက်ကြာတ အခါ ကျွန်ုပ်တို့ဟာ ကယ်တင်ခြင်းမှ စိတ်ချရရဲ့လားလို့ စဉ်းစားနေမိတယ်။ ကျွန်ုပ်တို့ ၊ ခံစားချက်နဲ့ လက်ဝယ်မှာရှိတဲ့ အာဏာတန်ခိုးတွေဟာ ရောထွေးကုန်တယ်။

အချို့က အာဏာတန်ခိုးရတာ လူပေါ်မှာတည်တယ်လို့ ထင်တယ်။ ကျွန်ုပ်က လူတစ်ဦးကို “အာဏာရှိတဲ့လူ’လို့ ပြောဆိုဆက်ဆံကြတယ်။ ကျွန်ုပ်တို့ပြော

နေတာက ဒီလူဟာ အာဏာရှိတယ်။ သူနဲ့ပေါင်းသင်းကြဖို့လိုတယ်ဆိုတဲ့ ခံယူချက်တွေ တယ်။ ဒီလူက ဥပဓိရုပ်ကောင်းတယ်။ အရပ်မြင့်တယ်။ အသံအောင်တယ်။ မျက်ခုံး

ကောင်းကောင်းနဲ့ စကားပြောရင် လက်သီးဆုတ်လိုက်တယ်။ ပြတ်ပြတ်ပြောတတ် တယ်။ ဒါဟာ အာဏာရှိတဲ့လူလို့ သတ်မှတ်လေ့ရှိတယ်။ အချို့က ရှက်တတ်တယ်။ ပြီး

တော့ ပြောသေးတယ်“အင်း၊ ကျွန်ုပ်ကတော့ အာဏာရှိတဲ့လူမဟုတ်ဘူး”လို့ ပြောလေ ရှိတယ်။ ဒါပေမဲ့ ကျွန်ုပ်ပြောနေတဲ့ အာဏာတန်ခိုးဟာ ကိုယ်ရည်ကိုယ်သွေးမဟုတ်ဘူး။ ခံစားချက်ရှိတဲ့ အပေါ်မှာလည်း မတည်ဘူး။ လူတွေဟာ ရင့်ကျက်လာလို့ အာဏာရလာ တာလည်း မဟုတ်ဘူး။ ခရစ်ယာန်ဖြစ်တာကြာပြီ ဆိုတာနဲ့လည်း မဆိုင်ဘူး။ ခရစ်ယာန် တိုင်း မိမိရဲ့ ဝိညာဉ်ရေးရာ အာဏာရှိကြောင်း သိထားဖို့လိုတယ်။

ရန်သူကတော့ ကျွန်ုပ်တို့မှာ အာဏာရှိတယ်။ အသုံးပြုမှာကို အလွန် ကြောက်တယ်။ အာဏာဆိုတာ စိတ်ကူးယဉ်ပဲလို့ ထင်စေချင်တယ်။ ကျွန်ုပ်တို့မှာ ယုံ ကြည်စိတ်ချမှုမရှိဘူး။ အာဏာရှိတာ ပြတ်ပြတ်သားသား မသိသမျှ တွေဝေနေမှာပဲ။ စာတန်ဆိုတာ ကြောက်တယ်။

ဒီအခန်းမှာ ကျွန်ုပ်တို့ရဲ့ ဝိညာဉ်ရေးရာ အာဏာရရှိမှုရဲ့ အခြေခံမှာ တရားဝင်တယ်။ ကျွန်ုပ်တို့ ယုံကြည်မှုမရှိရင်လည်း ဒီအာဏာဟာ မပျက်ပြယ်သွားဘူး။ စာချုပ်စာတမ်း ချုပ်ထားသလိုပဲ တရားဝင်တယ်။ လက်ထပ်စာချုပ်တို့လိုပဲ တရားဝင်စာ ချုပ်ဖြစ်တယ်။ ကျွန်တော်လူတွေကို အိမ်ထောင်သည်လား မေးတဲ့ခါ “ကျွန်ုပ်မသေချာ ဘူးလို့ ဘယ်သူမှမပြောဘူး။ အိမ်ထောင်ရှိရင်ရှိတယ်။ မရှိရင်မရှိဘူး ပြောကြမှာဘဲ။ မှန်တယ်မှားတယ် တစ်ခုခုဖြေပါလိမ့်မယ်။ အိမ်ထောင်သည်ဆိုရင် အမြဲလိုလို အဲဒီအသိ စိတ်ဟာ ကိန်းအောင်းနေမယ်။ စာချုပ်လည်းရှိတယ်။ စိတ်ကူးစိတ်သန်း၊ စဉ်းစားတွေး ခေါ်မှု၊ ကိုယ်ရည်ကိုယ်သွေးတွေဟာ စာချုပ်စာတမ်းတစ်ခုကို ပြောင်းလိုက်လို့မရပါ။

ဒါကြောင့် ကျွန်ုပ်တို့ရဲ့ ဝိညာဉ်ရေးရာ အာဏာသက်ရောက်မှုဟာ လက်ထပ်စာချုပ်လိုပဲ ဖြစ်တယ်။ အခြေခံမူမဟုတ်ဘူး။ တကယ့်စာချုပ်ဖြစ်တယ်။ ဘယ်လိုပျောက်ဆုံးသွားတာလဲ

အာဏာတန်ခိုး ဘယ်လိုအလုပ်လုပ်တယ်ဆိုတာ သိထားဖို့လိုတယ်။ ကမ္ဘာဦးအစကိုကြည့်ရင် ဧဒင်ဥယျာဉ်ကိုတွေ့မယ်။ လူကိုဖန်ဆင်းတာ တိရစ္ဆာန်နဲ့ မတူ ၊ ဘူး။ လူကိုလွတ်လပ်စွာ လုပ်ပိုင်ခွင့်ပေးထားတယ်။ အုပ်စိုးပိုင်ခွင့်၊ အာဏာသုံးစွဲခွင့် ပေးထားတယ်။ အာဏာအားလုံးဟာ ဘုရားသခင်လက်ထဲမှာရှိတယ်။ ဒါပေမဲ့ အခါ ဥယျာဉ်ထဲမှာ အာဏာအချို့ လက်ပြောင်းလက်လွဲလုပ်လိုက်ကြတယ်။ ဘုရားက အာ ဏာအချို့ကို လူကိုပေးထားတယ်။ ပြန်မရုပ်သိမ်းဘူး။ ဒါကြောင့် လူဟာ ဒုစရိုက်တွေ

လုပ်ချင်တာတွေ လုပ်နေတယ်။ ဘုရားက မတားဆီးဘူး။

အချို့ကပြောတယ်။ ဘုရားက ဒီအာဏာကို လူကိုပေးတော့ဘုရားရဲ့ အာဏာ၊ ဘုရားရဲ့ ပိုင်သအုပ်စိုးမှုဟာ လျော့နည်းသွားတယ်လို့ ပြောကြတယ်။ မလျော့ ပါဘူး။ ဘုရားမှာရှိတယ်။ အခုလည်းရှိတယ်။ ဘုရားမှာအာဏာဆိုတာ အစဉ်ရှိတယ်။ အားလုံးကို ပိုင်သအုပ်စိုးတာပဲ။ အာဏာအပြည့်အဝရှိတယ်။ အားလုံးကိုအုပ်စိုးနေ တယ်။ ဘုရားသခင်မတတ်နိုင်တာ ဘာမှမရှိဘူး။ သို့သော်လည်း လူကိုတော့ အာဏာ အချို့ လွှဲပေးခဲ့တယ်။

ကုမ္ပဏီကြီးတွေမှာ ဥက္ကဋ္ဌကလူတွေခန့်ပြီးတော့ ဒါရိုက်တာ၊ မန်နေ ဂျာ၊ အုပ်ချုပ်ရေးမှူးတွေ ခန့်ပြီး တာဝန်ပေးတယ်။ အာဏာအပ်နှင်းတယ်။ ဥက္ကဌနဲ့ အာဏာတချို့တဝက်ကို ပေးလေ့ရှိတယ်။ ဒါပေမဲ့လို့ ဥက္ကဌဟာ အားလုံးချုပ်ကိုင် ထားတာပဲ။ အလုပ်လုပ်လို့ရအောင်လို့သာ ဒီပုံစံကိုသုံးတာပဲ။ ဒီလိုပဲ ဘုရားသခင်ဟာ လူကို အာဏာအပ်နှင်းတယ်။ ခိုင်းစေတယ်။ အပေါ်ကနေ စိုးမိုးအုပ်ချုပ်တယ်။

စာတန်ဟာ မြွေပုံစံနဲ့ အဲဒီဧဒင်ဥယျာဉ်ရောက်နေတယ်။ စာတန်ဟာ ဧဝကို ချဉ်းကပ်တယ်။ ဘာကြောင့်လဲ? ဘာဖြစ်လို့ ကြိုးစားပြီး ဧဝကိုလှည့်စားရတာလဲ? စာတန်ဟာ ဘုရားကိုစိတ်နာတော့ နာကျည်းအောင်လုပ်တယ်။ အခြားအကြောင်းရှိ သေးတယ်။ အာဒံနဲ့ဧဝဟာ အသုံးဝင်တယ်။ လူကိုပေးထားတဲ့ အာဏာကို စာတန်လုယူ ချင်သေးတယ်။ သူ့မှာ ဘာမှအာဏာမရှိတော့ဘူး။ နှင်ထုတ်ခံခဲ့ရပြီ။ အာဏာရချင်လို့ ဧဝကိုချဉ်းကပ်တာ။ စာတန်ပြောချင်တာက “မင်းမှာရှိတဲ့ အာဏာအချို့ ငါ့ကိုပေးပါ လား?။

လူဟာ အာဏာကို သုံးနိုင်တယ်။ အလွဲသုံးစားလုပ်နိုင်တယ်ဆိုတာ စာတန်သိတယ်။ လူဟာ ဘုရားကိုပုန်ကန်တဲ့အခါ စာတန်ဟာ လူကအာဏာကို ရလိုက် တယ်။ ဘုရားက အာဏာကို လူကိုပေးတယ်။ လူကအဲဒီအာဏာ စာတန်ကိုလွှဲပေးလိုက် တော့တယ်။

သို့သော်လည်း စာတန်မှာ အာဏာအပြည့်မရှိဘူး။ သူကမ္ဘစကို အုပ် စိုးလို့မရဘူး။ ဧဒင်ဥယျာဉ်မှာလုပ်တဲ့ပုံစံလိုပဲ ဒီလောကမှာ လုပ်နေရတယ်။ လူတွေကို ဘုရားကပေးတယ်။ သူကလုယူတယ်။ လူကလည်း စာတန်ကိုပေးနေတာပဲ။ စာတန်ဟာ လူနဲ့မခွဲဘူး။ လူကအပြစ်လုပ်မှ သူဝင်လို့ရတယ်။ ကမ္ဘာကြီးကို မွှေနှောက်လို့ရတယ်။ လူက ဘုရားပုန်ကန်မှ စာတန်အာဏာပိုရတယ်။ စိုးမိုးပိုင်ခွင့်ရတယ်။ တန်ခိုးအာဏာ ဟာ ကမ္ဘာပေါ်မှာ အပြန်အလှန်ဖြစ်နေတယ်။ ။

လူဟာ ဥယျာဉ်မှာ အပြစ်လုပ်တဲ့အခါ ဘုရားသခင်ဟာ အားလုံးကို ဆုံးမတော့တာပဲ။ က၊ ၃၁း၅ မှာ သင်နှင့် မိန်းမကို၄င်း၊ သင်၏အမျိုးအနွယ်နှင့်

မိန်းမ၏အမျိုး အနွယ်ကို၄င်း၊ ငါသည် ရန်ငြိုးဖွဲ့ စေမည်။ သူသည် သင်၏ခေါင်းကို တ်လိမ့်မည်။ သင် သည် သူ၏ဖနှောင့်ကို ကြိတ်လိမ့်မည်ဟု မိန့်တော်မူ၏။ :

ဘုရားသခင်ဟာ မြွေရဲ့ ခေါင်းကိုကြိတ်မယ်။ တိုက်ရိုက်မဟုတ်ဘူး။ မိန်းမ၏အမျိုးအနွယ်မှ တစ်ဆင့် ကြိတ်မယ်။ စာတန်ကလည်း လူသားတို့ရဲ့ ဖနှောင့်ကို ကြိတ်မယ်လို့ အမိန့်ပေးလိုက်တယ်။ ဒါဟာ ဝိညာဉ်ရေးရာတိုက်ပွဲပဲ။ စာတန်ဟာ လူမှ တစ်ဆင့် ကုန်းကမ္ဘာပေါ်မှာ အလုပ်လုပ်တယ်။ ဘုရားသခင်ကလည်း လူကနေ စာတန် ကို နှိမ်နင်းတယ်။ လူ့သမိုင်းတစ်လျှောက် ဒါတွေပဲဖြစ်နေတယ်။

ကလေးတွေကိုတိုက်ခိုက်ခြင်း ၊

ရန်ငြိုးဖွဲ့တယ်ဆိုတာ တိုက်ခိုက်ခြင်းပဲ။ စာတန်ရဲ့ အမျိုးအနွယ်ဟာ နတ်ဆိုးတွေပဲ။ စာတန်မှာ သားသမီးတွေမရှိတော့၊ သူရဲ့ မျိုးစေ့ကို လူတွေမှာထည့် တယ်။ မိန်းမနဲ့ အမျိုးအနွယ်က သုံးမျိုးရှိတယ်။ ပထမအချက်မှာ ဧဝကမွေးဖွားလာတဲ့ လူတွေအားလုံး လူသားတစ်ရပ်လုံးပဲ ဖြစ်တယ်။ စာတန်က တိုက်တာဟာ လူသားတို့ရဲ့ ကလေးတွေအားလုံးကို တိုက်တာဖြစ်တယ်။

စာတန်ဟာ အမျိုးအနွယ်အစ ကလေးတွေကို ပစ်မှတ်ထားတယ်။ သူတို့ကို ဒုက္ခပေးတယ်။ ချည်နှောင်တယ်။ ဖျက်ဆီးတယ်။ စာတန်နဲ့ ကလေးသူငယ်တွေ ရဲ့ ရန်ငြိုးဟာ အလွန်ပြင်းထန်တယ်။ ကလေးဟာ ဘာမှမသိဘူး။ အပြစ်မရှိဘူး။ ဓမ္မ

ဟောင်းခေတ်က “မောလက်”အချိန်ရှိတယ်။ မီးတောက်လောင်တယ်။ မိဘတွေဟာ မွေး စကလေးကို အဲဒီအရုပ်ကြီးလက်မှာ အပ်နှံကြတယ်။ လက်ဟာ မီးချောင်းကြီးလိုပဲ၊ အပူ တိုက်ထားတယ်။ ကလေးတွေကို ပူဇော်ခိုင်းတယ်။ ယနေ့စစ်ပွဲတွေမှာလည်း ကလေး တွေ ပျက်စီးရတယ်။ ကိုယ်ဝန်ဖျက်ချကြတယ်။ ဘိန်းဖြူစွဲတယ်။ ကလေးကို မေထုန်ပြု တယ်။ အစသည်ဖြင့် စာတန်ဟာ လူအမျိုးအနွယ်အစ၊ ကလေးကိုစဖျက်ဆီးတယ်။ ။

ဒုတိယအချက်နဲ့ တတိယအချက်ကတော့ ဣသရေလနိုင်ငံ၊ အစ္စရေး လူမျိုးကိုဆိုလိုတယ်။ ဘုရားသခင်ရဲ့ သားသမီးတွေဖြစ်တယ်။ နောက်တစ်ခုကတော့ သားတော် သခင်ယေရှုခရစ်ပဲ။

ဘုရားသခင်က သင်သည် သူ၏ဖနောင့်ကိုကြိတ်လိမ့်မည်ဟု ဆို တယ်။ စာတန်ဟာ လူတွေရဲ့ ဖနှောင့်ကို ကြိတ်မယ်လို့ဆိုတယ်။ လူဟာဖောင့်ကြိတ်ခံ ရရင်သွားချင်သလောက် သွားလို့မရဘူး။ မြန်မြန်လည်း သွားလို့မရဘူး။ အပြစ်ရဲ့ အကျိုး အဆက်ကြောင့် လူတွေ ဖနှောင့်ကြိတ်ခံရတယ်။ ဒါကြောင့် လူတွေဆံပင် ကျွတ်တယ်။ ဆံပင်ဖြူတယ်။ အရေတွေတွန့်လာတယ်။ မျက်စိမှုန်တယ်။ အားအင်တွေချိနဲ့လာတယ်။ စိတ်တွေ လေးလံလာတယ်။ မွေးကတည်းကလူဟာ တဖြေးဖြေးနဲ့ သင်္ချိုင်းကို ရှေ့ရှုနေတာပဲ။ ရော၊ ၅း၁၂ မှာ အပြစ်တရားသည် တစ်ယောက်သောသူအားဖြင့် ဤလောက ၊ သို့ဝင်၍ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့် အညီ လူအပေါင်းတို့ သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ရောက်ကြ၏လို့ ဆိုတယ်။ ဒါဖနှောင့်ကြိတ် ခံရတာပဲ။

မ္မဟောင်းကျမ်းဟာဘာကြောင့်ပြင်းထန်ရတာလဲ ၊

ဘုရားသခင်က ပြောတယ်။ မိန်းမရဲ့ အမျိုးအနွယ်ဟာ စာတန်ရ ခေါင်းကို ကြိတ်လိမ့်မယ်လို့ ကတိတော်ရှိတယ်။ စာတန်က ဒါကိုကောင်းကောင်းသိ တယ်ထင်တယ်။

ဒါကြောင့် စာတန်အမြဲသတိရှိတယ်။ အမျိုးအနွယ်ကိုရှာတယ်။ ဧဝဟာ မျိုးစေ့ကိုယူခဲ့တယ်။ ဧဝကလေးနှစ်ယောက်ကို မွေးတယ်။ ကာဣနနဲ့ အာဗေလဖြစ် တယ်။ သူတို့ကြီးလာတဲ့အခါ စာတန်က ကာဣနကိုမြူဆွယ်တယ်။ အာဗေလကတော့ ဘုရားလူပဲဆိုတာ သိတယ်။ ဘုရားသခင်ရဲ့ ကတိတော်ကို စာတန်သိတော့ စာတန်ဟာ အာဗေလကို ကာဣနကိုသတ်ခိုင်းတယ်။ ဘုရားသခင်ရဲ့ စီမံချက်ဟာ အဲဒီမှာမရပ်ဘူး။ ဧဝဟာ ရှေ့သကိုထပ်မွေးတယ်။ ရှေးသကသာ ဣသရေလလူမျိုးပေါ်ပေါက်လာတယ်။ ပြီးတော့ ခရစ်တော်ပေါ်ထွန်းတယ်။

ကာဣနနဲ့ အာဗေလအကြောင်းကတော့ လူ့သမိုင်းအကြောင်းပါပဲ။ ဝိညာဉ်ရေးရာတိုက်ပွဲ ရှုထောင့်ကကြည့်ရင် ဓမ္မဟောင်းကျမ်းဟာ (၂)ပိုင်းပေါ်လာ တယ်။

ဘုရားသခင်ဟာ မိန်းမရဲ့ အမျိုးအနွယ်မှတစ်ဆင့် ဣသရေလနိုင်ငံ ကို တည်ဆောက်ခဲ့တယ်။ ထိုမှတစ်ဆင့် သခင်ယေရှုခရစ်ကို ဤလောကကြီးထဲသို့ ဆင်း သက်စေတယ်။

ကျမ်းတစ်ကျမ်းလုံးဟာ စာတန်ရဲ့ သမိုင်းဖြစ်တယ်။ စာတန်ဟာ ခေတ်အဆက်ဆက် မိမိခေါင်းကိုကြိတ်မဲ့ မိန်းမရဲ့ အမျိုးအနွယ်အားလုံးကို ဖျက်စီးချေ မှုန်းတယ်။

ဒါကြောင့် ဓမ္မဟောင်းကျမ်းခေတ်မှာ များစွာသော တိုက်ခိုက်ခြင်း ဖြိုဖျက်ခြင်းတွေကို စာတန်လုပ်တယ်။ အာဒံနဲ့ဧဝကတစ်ဆင့် နာဇ၊ အာဗြဟံ၊ ဒါဝိဒ်၊ မာရိ ခေတ်အဆက်ဆက် ဘုရားသခင်ဟာ မိန်းမရဲ့ အမျိုးအနွယ် မျိုးစေ့ကို ချပေးခဲ့တယ်။ စာတန်ကလည်း တစ်ဘက်နည်းမျိုးစုံနဲ့ တိုက်ခိုက်ဖျက်ဆီးတယ်။

ခရစ်ယာန်တွေ တော်တော်များများ ဓမ္မဟောင်းခေတ် တိုက်ခိုက်မှု တွေကို နားမလည်နိုင်ကြဘူး။ အချို့လူတွေက ကြောက်လန့်ပြီး မဖတ်ရဲဘူး။ ဘုရား ၊ သခင်ရဲ့ ချစ်ခြင်းမေတ္တာ ပျောက်ကွယ်မှာ စိုးရိမ်နေကြတယ်။ ဓမ္မသစ်ကျမ်းကတောင် ၊

သွားပါပြီ။ ဓမ္မဟောင်းကျမ်းက တိုက်ပွဲတွေဟာ မိန်းမရဲ့ အမျိုးအနွယ်လို ထိန်းသိမ်းပေး ဖို့ ခရစ်တော်အရောက် ပို့ဆောင်ဖို့ပဲဖြစ်တယ်။

 

လူသားတစ်ရပ်လုံးအတွက်တိုက်ပွဲ ၊

ဓမ္မဟောင်းခေတ်တစ်လျှောက် စာတန်ဟာ မိန်းမရဲ့ အမျိုးအနွယ်ကို မရောက်ရှိဖို့ အမျိုးမျိုးအဖျက်လုပ်ငန်းတွေ လုပ်တယ်။ ဒီမျိုးစေ့ဟာ ဣသရေလလူမျိုး ကလာတယ်ဆိုတာ စာတန်ကောင်းကောင်းသိတယ်။ လူတိုင်းလိုလို အစ္စရေးကို တိုက် နေကြသလို ဖြစ်လာတယ်။အာမလက်လူမျိုးတွေ ဣသရေလတွေကို တိုက်ချင်လို့မဟုတ် ပါဘူး။ အမှောင်အင်အားစုက ခိုင်းလို့လုပ်ကြရတာ ဖြစ်တယ်။ မိန်းမရဲ့ အမျိုးအနွယ် အဆက်ဆက်ကို ဖြတ်တောက်ချင်တယ်။ အမျိုး(ဝါ)မျိုးစေ့ကို ထိန်းသိမ်းကာကွယ်ရတာ သေရေးရှင်ရေးပဲဖြစ်တယ်။ သွေးချောင်းစီးတယ်။ မျိုးစေ့ကိုထိပါးလာတဲ့အတွက် ဘာမှ သနားစရာမလိုဘူး။

ဒီတိုက်ပွဲတွေဟာ မြေကြီးမှာဖြစ်တယ်။ ဣသရေလတွေဟာ ဝိညာဉ် ရေးရာတိုက်ပွဲလည်း ဝင်ကြရတယ်။ လူလူချင်းတိုက်ရတာတော့ မိန်းမရဲ့ အမျိုးအနွယ် ဟာလည်း လူဖြစ်နေတယ်။ ဘုရားကလူ့ဇာတိခံယူတဲ့အတွက်ကြောင့် တိုက်ပွဲဟာ မြေ ကြီးပေါ်မှာ ဖြစ်တယ်။မြေကြီးပေါ်မှာရှိတဲ့ လက်ဝါးကပ်တိုင်ပေါ်မှာ အသေခံရန်အတွက် လည်းဖြစ်တယ်။

စာတန်ဟာ မျိုးစေ့ကိုဖျက်ဆီးရန် လောကီအောင်ပွဲကိုခံဖို့ လိုတယ်။ မေရှိယအရှင်သခင်ဟာ မြေကြီးပေါ်ကို ဆင်းလို့ရမရ၊ တိုက်ပွဲတွေမှာ အဆုံးအဖြတ်ပေး မယ်။ ဒီတိုက်ပွဲတွေဟာ လူတွေကယ်တင်ခြင်းရဖို့ပဲ ဖြစ်တယ်။

နို့စို့ကလေးတွေ ဘာ့ကြောင့်သတ်ကြသလဲ ?

ဘုရားက ဘာဖြစ်လို့ နို့စို့ကလေးတွေ အသတ်ခံစေရတာလဲ” ဣသ ရေလနိုင်ငံမှာ လူမျိုးတစ်မျိုးက ဖျက်ဆီးခံရပြီး အခြားလူမျိုးတစ်မျိုးက လွတ်သွားရတာ လဲ? ဘုရားသခင်မှာလည်း မသာယာတဲ့နေ့တွေများရှိလို့လား တစ်နေ့ ရက်စက်ပြီး တစ်နေ့သနားတတ်တာ ဖြစ်နိုင်ပါ့မလား? ဘုရားသခင်ဟာ ဒေါသအမျက်ထွက်ပြီး၊ ကလဲ့စားချေလိုက်တာ အိန္ဒြေမဆည်နိုင်ဘဲ ဖြစ်သွားသလား? အဖြေတွေကတော့ အမျိုး မျိုးရှိတယ်။ ဘုရားသခင်ရဲ့ ဝိသေသလက္ခဏာကို သေသေချာချာကြည့်ပါ။ ရက်စက် တယ်လို့ ထင်ရသလား။ ဒါတွေအသာထားပြီးတော့ မေးခွန်းမမေးကြပါနဲ့။ သံသယ လည်းမရှိကြပါနဲ့။ နောက်ပြီးတော့ ဘုရားကို ယုံတယ်။ လူတစ်မျိုးလုံးကို သတ်လိုက် ရင်လည်း ဘုရားမှာခိုင်လုံတဲ့ အကြောင်းပြချက်ရှိလို့ပေါ့ လို့ပြောမလား?

ဘုရားသခင်ဟာ အရာရာမှာ ဖြောင့်မတ်တယ်။ သနားခြင်း၊ ဂရုဏာ ရှိတယ်။ (ဆာ၊ ၁၄၅း၁၇)။ ဘုရားသခင်ဟာ တရားစီရင်ရတာ အရေးကြီးတဲ့ အကြောင်း တွေရှိလို့ စီရင်ချက်ချရတာပဲ။

ဓမ္မဟောင်းခေတ်က ရုန်းကန်မှုတွေအထဲမှာ လိင်ကိစ္စတွေ အများ ကြီး ပါလာတယ်။ ဟေလသဘာသာတွေမှာ လိင်ကိစ္စတွေရှိတယ်။ ဥပမာ ယောက်ျား ချင်း လိင်စပ်ယှက်မှု၊ မိန်းမအချင်းချင်း လိင်ကိစ္စ၊ လိင်ရှုပ်ထွေးမှုတွေ အများကြီးရှိတယ်။ အာရှရ၊ ဗာလဘုရားရှေ့မှာ ဝတ်ပြုကိုးကွယ်တယ်။ စာတန်ဟာ လူတွေရဲ့ အားနည်းချက် တွေသိတော့ သူတို့ဘုရားတွေကို ကိုးကွယ်ဖို့အားပေးတယ်။ အဲဒီပွဲတွေမှာ လိင်စပ်ယှက် မှုအခန်းတွေ အမြဲပါတယ်။ လိင်ကိစ္စနဲ့ အကျင့်စာရိတ္တပျက်ပြားမှုကို အခြေခံပြီးတော့ စာတန်ဟာ မိန်းမအမျိုးအနွယ်ကို ပိုင်ပိုင်နိုင်နိုင် ဖျက်ဆီးတယ်။ သို့မဟုတ် မိမိခေါင်း ကြိတ်ခံရမှာ စိုးရိမ်လို့ဖြစ်တယ်။

ဒီလိုလိင်ကိစ္စတွေကြောင့် လူမျိုးမှာ ကာလသားရောဂါတွေ အများ ကြီး ဖြစ်နိုင်တယ်။ ဒါကြောင့် ကြီးထွားမှု ဖင့်နွှဲတယ်။ ကိုယ်ခန္ဓာပျက်စီးတယ်။ သေကြေ ကြရတယ်။ ကာကွယ်မှုမရှိရင် ကာလသားရောဂါဟာ တစ်မျိုးလုံးဆုံးရှုံးနိုင်တယ်။ ဘုရားသခင်ဟာ ဣသရေလရန်သူတွေကို တမျိုးလုံးမျိုးပြုတ်စေတယ်။ ဘုရားသခင်က လူယောက်ျား၊ မိန်းမ၊ ကလေးတွေ သိုးတွေဆိတ်တွေပါ ဖျက်ဆီးလိုက်တယ်။

ကြီးစွာသောသနားခြင်းကရုဏာ

ဘုရားသခင်ဟာ သနားကြင်နာတယ်။ တရားမျှတတယ်။ ဓမ္မ ဟောင်းခေတ်က ပြင်းထန်ပြီးတော့ ဓမ္မသစ်ခေတ်မှာ သက်ညှာတာမျိုး မရှိပါဘူး။ ဘုရား သခင်ဟာ ဘယ်တော့မှ မပြောင်းလဲဘူး။ တစ်ခါတစ်ရံ ဣသရေလလူမျိုးဟာ ရောဂါရှိ တဲ့ရန်သူတွေနဲ့ တိုက်ရတယ်ထင်တယ်။ ဒီလူမျိုးတွေဟာ လုံးဝဘုရားကိုမသိဘူး။ တွေ့ ရာရှိခိုးကိုးကွယ်တယ်။ စာတန်ရဲ့လက်နက်ဖြစ်ပြီး ဣသရေလကိုဖျက်ဆီးဖို့ သုံးစွဲခြင်း ခံရတယ်။ လူတွေအားလုံးကိုတောင် စာတန်က ဖျက်ဆီးစေတယ်။ ရန်သူတွေကို ဖြိုဖျက် ဖို့နဲ့ လူမျိုးကို ကွယ်ကာဖို့ကတော့ ဘုရားသခင်ဟာ အဲဒီလူဆိုးတွေကို မြေကြီးပေါ်က ရှင်းလိုက်ရတယ်။ ဒါဟာ လူသားတစ်ရပ်လုံးကို ချစ်လို့သနားလို့ လုပ်လိုက်ရတာပဲ။

စာတန်ဟာ မျိုးစေ့ကို ဖျက်ဆီးချေမှုန်းဖို့ မဖြစ်လာပါ။ ဣသရေလ တွေလည်း အရေးနိမ့်တဲ့ အချိန်အခါရှိတယ်။ သူတို့တတွေ အပြစ်လုပ်တယ်။ သူတို့ဘုရား နောက်လိုက်ကြတယ်။ ဒါပေမဲ့ ဘုရားအပေါ်မှာ သစ္စာရှိတဲ့လူတွေရှိတော့ မျိုးစေ့ကို ထိန်းပေးတယ်။ နောက်ဆုံးအချိန်စေ့တဲ့အခါ ဘုရားသခင်ဟာ ကတိတော်ပြည့်စုံစေ တယ်။ ဂလ၊ ၄း၄မှာ အချိန်ကာလစေ့သောအခါ ငါတို့သည် သား၏အခွင့်အရာကို

ခံရမည်။ ပဋိသန္ဓေယူ၍ ပညတ်တရားအောက်၌ ဖွားမြင်ရသော သားတော်ကို ဘုရား သခင်သည် စေလွှတ်တော်မူ၏လို့ ပါရှိတယ်။

စာတန်ဟာ မိန်းမရဲ့ အမျိုးအနွယ်မျိုးစေ့ဖြစ်တဲ့ မေရှိယ မွေးဖွားတာ ကို တားလို့မရတဲ့အခါ သူငယ်တော်ကို ဖျက်ဆီးဖို့ နှစ်ဆသော ကြိုးစားမှုနဲ့ တိုက်ဖျက် တယ်။ စာတန်ဟာ ဟေုဒ်မင်းကြီးကို နှိုးဆော်ပြီးတော့ ဗက်လင်မြို့မှာ နှစ်နှစ်အောက် ကလေးတွေအားလုံး သတ်စေတယ်။ (မဿဲ၊၂) ထောင်ပေါင်းများစွာ ကလေးတွေသေရ တယ်။ မျိုးစေ့ကို ဖျက်ဆီးတုန်းပါပဲ။ ယောသပ်နဲ့ မာရိဟာ အဲဂုတ္တုပြည်ကို တိမ်းရှောင် ကြရတယ်။ ယေရှုသေဘေးမှာ လွတ်သွားတယ်။

ယေရှုဟာ နာဇရက်မြို့မှာ ကြီးပြင်းလာတယ်။ အဲဒီနှစ်တွေမှာတော့ သတင်းအစုံအလင် မရလိုက်ဘူး။ ဒါပေမဲ့ စာတန်ကတော့ အမြဲလိုလို နှောင့်ယှက်နေ မှာပါပဲ။ လူကိုလည်း ဒုက္ခပေးမယ်။ စိတ်ဓါတ်ရေးရာလည်း ဒုက္ခပေးမှာပဲ။ ဟေဗြဲ၊ ၄း၁၅ မှာ အမျိုးမျိုးသော စုံစမ်းနှောင့်ယှက်ခြင်းတို့ကို ခံဘူးသောသူ ဖြစ်တော်မူ၏။ သို့ရာ တွင် ဒုစရိုက်အပြစ်နှင့် ကင်းလွှတ်တော်မူ၏လို့ ပါရှိတယ်။ စာတန်ဟာ မျိုးစေ့ကို အချိန်ရသရွေ့ ဖျက်ဆီးမှာပဲ။ စုံစမ်းမှာပဲ။ ယေရှုဟာ အရွယ်ရောက်လာတဲ့အခါ လူတို့ ကြုံတွေ့ရတဲ့ စုံစမ်းခြင်းအားလုံး ခံရတယ်။ ကျွန်တော်တို့ ကြုံတွေ့ရသလို ခရစ်တော် လည်းကြုံ တွေ့ရတယ်။ ခရစ်တော်ဟာ အစဉ်ပဲအပြစ်နဲ့ ကင်းမဲ့နေပါတယ်။

သမ္မာကျမ်းစာကပြောတယ်။ ယော်ဒန်မြစ်မှာ နှစ်ခြင်းဆရာယော ဟန်လက်ထဲမှာ ခရစ်တော်နှစ်ခြင်းခံတဲ့အကြောင်း ဖော်ပြတယ်။ နှစ်ခြင်းခံစဉ် သန့်ရှင်း

သောဝိညာဉ်တော်ဟာ ဂျိုးငယ်ကဲ့သို့ ခရစ်တော်အပေါ်မှာ ဆင်းသက်တယ်။ ကောင်း ကင်အသံက ဤသူကား ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်းဟု ကောင်းကင် က အသံဖြစ်ကြောင်း ဖော်ပြတယ်။ နှစ်ထောင်ပေါင်းများစွာကြာမှ တိုက်ပွဲအမျိုးမျိုးကို

ကျော်လွှားပြီးတဲ့နောက် ဘုရားသခင်ဟာ မိမိသားတော်ဖြစ်တဲ့ မိန်းမရဲ့ အမျိုးအနွယ်မျိုး စေ့ကို ကြေညာတယ်။

စာတန်ရဲ့ မိုက်ရူးအားထုတ်မှု ၊

ယေရှုဟာ ယော်ဒန်မြစ်ကနေ တောအရပ်ကိုသွားပြီးတော့ စုံစမ်း သွေးဆောင်ခြင်းကိုခံတယ်။ ခရစ်တော်ဟာ လူ့အနေနဲ့ ဘုရားသခင်ထံကလာတဲ့ မျိုးစေ့ ဟာ လူစီဖာဆိုတဲ့ ကောင်းကင်ကကျတဲ့ကောင်းကင်တမန်အကြီးအကဲ အရှေ့မှာ ရပ်နေ တယ်။ နတ်ဆိုးတွေလည်း အများကြီးဝိုင်းရံထားပါလိမ့်မယ်။ ဒါဟာတွေ့ဆုံပွဲ၊ မိတ်ဆက် ပွဲမဟုတ်ဘူး။ တကယ့်တိုက်ပွဲပဲ။ စာတန်ဟာ သူ့အင်အားကို အစွမ်းကုန်သုံးပြီးတော့ သူ့ခေါင်းကို ကြိတ်မယ်မျိုးစေ့ကို အလဲထိုးတယ်။

ယေရှုဟာ ရဲဝံ့စွာ စုံစမ်းသွေးဆောင်ခြင်းကို ရင်ဆိုင်လိုက်တယ်။ အရက်လေးဆယ်တိုင်တိုင် အစာရှောင်ပြီးတော့ ကျောက်ခဲကို မုန့်လုပ်ခိုင်းတဲ့ စုံစမ်းခြင်း ကို ရင်ဆိုင်လိုက်တယ်။ ခရစ်တော်ရဲ့ ဝိညာဉ်ရေးရာတန်ခိုးကို စိန်ခေါ်နေတာပဲ။ ငတ်ခြင်းဒဏ်ကို ဘယ်လောက်ခံနိုင်မလဲ? ယနေ့ဆရာတွေ တော်တော်များများ နိမိတ် လက္ခဏာ ပြနိုင်တဲ့ ဘုရားတန်ခိုးကို ကိုယ်ကျိုးအတွက် သုံးလိုက်ကြတယ်။ ခရစ်တော် ကတော့ လက်မခံဘူး။

ဒုတိယစုံစမ်းခြင်းကတော့ မြင့်တဲ့နေရာကနေ ခုန်ချဖို့ ပြောတယ်။ ဘုရားသခင်ဟာ ကယ်မှာပဲ၊ ကာကွယ်မှာပဲလို့ ပြောတယ်။ ခုန်ချပြီးတော့ ကောင်းကင် တမန်တွေ ချီပင့်ထားရင် ကမ္ဘာမှာ ဟိုးလေးတစ်ကျော်ကျော်ဖြစ်သွားနိုင်တယ်။ ခရစ်

တော်ဟာ ဘုရားလက်ကိုတောင် ခိုင်းစားလို့ရတဲ့ အခြေအနေ ဆိုက်ရောက်သွားပါလိမ့် မယ်။ လူထုကြီးကတော့ နောက်တော်လိုက်ကြတော့မယ်။ မာနထောင်လွှားဖို့ ဖန်တီး နေတယ်။

ကျွန်ုပ်တို့လည်း လူတွေအထင်ကြီးဖို့ တစ်ခါတစ်ရံ လုပ်လိုကြတယ်။ မိမိကို ထင်ပေါ်စေချင်တယ်။ အစွမ်းသတ္တိတွေ ပြချင်ကြတယ်။ အာဏာပြပြီး နောက် လိုက်တွေနဲ့ နေချင်တယ်။ ဘုရားသခင်ရဲ့ အလုပ်ထက်ကိုယ့်အလုပ်က အရေးကြီးနေ တယ်။ ငါဟာ ဗီ-အိုင်-ပီ ပဲလို့ လူတွေကိုပြောချင်တယ်။ ခရစ်တော်ဒါတွေ လက်မခံပါ။ ခရစ်တော်ဟာ လူသားတွေအတွက် အသက်ပေးသည်အထိ အစေခံလိုတယ်။ လူတွေကို လှုံ့ဆော်ပြီး လူပေါ်လူဇော်လုပ်ဖို့ မဟုတ်ပါ။

တတိယစုံစမ်းခြင်းကတော့ တန်ခိုးအာဏာလွှဲပြောင်းတဲ့ ကိစ္စဖြစ် တယ်။ စာတန်က လူကရထားတဲ့ တန်ခိုးအာဏာအားလုံးကို ခရစ်တော်ကိုပေးမယ်လို့ ပြောတယ်။ ခရစ်တော်က စာတန်ကို ရှိခိုးရမယ်။ အချို့ ကပြောတယ်။ စာတန်က ခရစ် တော်ကို မုသာပြောနေတာတဲ့။ စာတန်ပြောတာမှန်တယ်။ ဒီတော့မှ စုံစမ်းခြင်းလို့ ခေါ် ဆိုနိုင်မယ်။ လူတွေဟာ အပြစ်မှာ နစ်မွန်းပြီးတော့ တကိုယ်ကောင်းစိတ်ရှိနေသမျှကာလ ပတ်လုံး အာဏာတန်ခိုးဟာ စာတန်လက်ထဲမှာပဲရှိမယ်။ “

စာတန်က အာဏာတန်ခိုးကို အပေးအယူလုပ်တယ်။ အထွဋ်အထိပ် ချုပ်ကိုင်မှု၊ အစိုးတရပြုမှု ဒါတွေအားလုံးပါတယ်။ ဒုက္ခမခံဘဲ၊ ကားတိုင်မတက်ဘဲ ရတဲ့ နည်းလမ်းဖြစ်တယ်။ ခရစ်တော်လက်မခံဘူး။ ခရစ်တော်ဟာ ရန်သူကိုချိုးနှိမ်မယ်။ တန် ခိုးနဲ့မဟုတ်ဘူး။ နှိမ့်ချခြင်းနဲ့ အနိုင်ယူမယ်။ တန်ခိုးရယူခြင်းနဲ့ ဘယ်သောအခါမှ ဘုရား သခင် လုပ်ငန်းမအောင်မြင်နိုင်ပါ။ အသင်းတော်သည်လည်း နှိမ့်ချမှုမရှိဘဲနဲ့ တန်ခိုးသုံး လို့ မရဘူး။ အသင်းတော်ဟာ ဘုရားသခင်ရဲ့ တန်ခိုးသုံးရင် ခရစ်တော်၏ နှိမ့်ချခြင်းကို အရင် ရယူရမည်။

ခရစ်တော်ရဲ့ သုံးနှစ်ကာလ သာသနာမှာ ခရစ်တော်ကို ခဏခဏ သတ်ဖြတ်ရန် ကြံစည်ကြတယ်။ ခရစ်တော်ဟာ မိမိအမှုတော်လုပ်ငန်း မပြီးမရှင်းအပ်နှံ မကို မလုပ်ဘူး။ တိမ်းရှောင်တယ်။ အချိန်ကျတော့မှဘဲ ခရစ်တော်ဟာ အလိုအလျှောက် မိမိကိုယ်ကို လူဆိုးတွေလက်အပ်တယ်။ ခရစ်တော်က ယော၊ ၁း၁၈ မှာ ငါ့အသက်ကို အဘယ်သူမျှ မလုမယူ။ ကိုယ်အလိုအလျှောက် ငါစွန့်၏လို့ ဖော်ပြတယ်။

အဘယ်ကြောင့်ခရစ်တော်သည်ဝေဒနာခံရသလဲ ?

လူတို့စိတ်ထဲမှာ ဆိုးညစ်မိုက်မဲမှုများ စွန်းထင်တတ်တယ်။ အလွန် ညစ်ညူတာတွေ၊ ရွံစရာကောင်းတာတွေ ရက်စက်ကြမ်းကြုပ်တာတွေ ဝင်တတ်တယ်။ မကောင်းမှုမှန်သမျှ ခရစ်တော်အပေါ်ကျင့်ကြံပြုမူကြတယ်။ ကျမ်းစာမှာ ခရစ်တော်ဟာ နာကျင်စွာထိုးခြင်း၊ နှိပ်စက်ခြင်း၊ ငြင်းပယ်ခြင်းတို့ကို ခံရကြောင်းပါရှိတယ်။ ကဲ့ရဲ့ ပစ် တင်တယ်။ ကြာပွတ်နဲ့ရိုက်တယ်ဆိုတာ သိရတယ်။ အဘယ်ကြောင့် ခရစ်တော်အသေ မခံမီ ဒီလောက်ရက်ရက်စက်စက် ညှဉ်းဆဲတာ ဘုရားသခင် ခွင့်ပြုထားပါသလဲ? ခရစ်

တော်ဟာ ကျွန်ုပ်တို့ အပြစ်များအတွက် အသေခံရတာသာမကဘဲ၊ ဟေရှာ၊ ၅၃၅ မှာပါရှိတဲ့အတိုင်း ငါတို့၏ငြိမ်သက်ခြင်းချမ်းသာကို ဖြစ်စေသော ဆုံးမခြင်းသည် သူ့အပေါ်သို့ ရောက်တယ်လို့ ဆိုထားပါတယ်။ ။

ခရစ်တော်ကို လူတွေက မုန်းတယ်၊ ငြင်းပယ်တယ်။ မတရားနှိပ်စက် တယ်။ ဒီလိုခံရတာ ငါတို့၏ ငြိမ်သက်ခြင်းချမ်းသာကို ဖြစ်စေတယ်။ ကျွန်ုပ်တို့ခရစ်တော် လို ခံစားရတဲ့အခါ ငြိမ်သက်ခြင်းရဖို့ ဖြစ်တယ်။ ကျွန်ုပ်တို့ဟာ ယုံကြည်ခြင်းကြောင့် အပြစ်မှ ခွင့်လွှတ်ခြင်း၊ ဆေးကျောသန့်စင်ခြင်းရသလို ကျွန်ုပ်တို့ ဝမ်းနည်းကြေကွဲရတဲ့ အခါ၊ ကဲ့ရဲ့ပြစ်တင်ခြင်း ခံရတဲ့အခါ စွန့်လွှတ်ခြင်းခံရတဲ့အခါ ဘုရားသခင်ဟာ ငြိမ်သက် ခြင်းကို ပေးမယ်။

ခရစ်တော်သည် ကျွန်ုပ်တို့အတွက် ဒုက္ခဝေဒနာကို ခံယူတယ်။ နောက်ဆုံးကားတိုင်ပေါ်မှာ သံနဲ့ရိုက်ထားခြင်းခံရတယ်။ ဖြည်းဖြည်းနဲ့ နာကျင်စွာဝေ ဒနာခံပြီး အသေခံသွားတယ်။

ကျမ်းစာကပြောတယ်။ ခရစ်တော်သေပြီးတဲ့နောက် မရဏာနိုင်ငံကို သွားတယ်လို့ ပြောတယ်။ သဘောထား ကွဲလွဲမှုတွေရှိတယ်။ မရဏာနိုင်ငံမှာ အပိုင်းနှစ် ပိုင်းရှိတယ်။ ပထမပိုင်းကကော ပရဋ္ဌိသုဘုံဖြစ်တယ်။ လု၊ ၂၃၄၃ မှာ ခရစ်တော်ကသူခိုး ကြီးအား ငါနှင့်အတူ ပရန္တိသုဘုံမှာရှိမယ်လို့ ဖော်ပြတဲ့နေရာဖြစ်တယ်။ ဒီနေရာကတော့ သန့်ရှင်းသူများရဲ့ ဝိညာဉ်များဟာ ရှင်ပြန်ထမြောက်ခြင်းကို စောင့်ဆိုင်းနေကြတယ်။ အခြားအပိုင်းကတော့ ဆိုးညစ်မိုက်မဲတဲ့ ဝိညာဉ်တွေ စောင့်နေတဲ့နေရာဖြစ်တယ်။ ခရစ်

တော်က နှစ်ပိုင်းစလုံးကို သွားပါတယ်။ ပရန္တိသုဘုံမှာတော့ တရားဟောတယ်လို့ ပါရှိတယ်။ ဆိုးညစ်မိုက်မဲသော ဝိညာဉ်များဟာ စာတန်လက်ထဲက သုံ့ပန်းတွေဖြစ် တယ်။ စာတန်တည်းဟူသော သေမင်းလက်ထဲမှာရှိတယ်။ ဝေဒနာခံစားမှုများ မရှိသေး ပါ။ ဇ၊ ၄း၈ မှာဖော်ပြထားတဲ့အတိုင်း ကိုယ်တော်သည် မြင့်သောအရပ်သို့ တက်ကြွ

တော် မူသဖြင့် များစွာသောသူတို့ကို ဖမ်းသွားတော်မူ၍၊ လူတို့အား ဆုလဒ်များကို ပေးတော်မူသည်ဟု လာသတည်း။

တရားဝင်ရရှိထားတဲ့ တန်ခိုးအာဏာ

ခရစ်တော်ဟာ မရဏာနိုင်ငံမှာရှိတဲ့ စာတန်ပိုင်သအုပ်စိုးတဲ့ အခြမ်း ကိုလည်း သွားတယ်။ ထိုအချိန်မှာ ကျွန်ုပ်တို့အာဏာတန်ခိုးနဲ့ သုံးစွဲနိုင်ဖို့တရားဝင် စီစဉ် ခဲ့တယ်။ လူထုထံမှ လုယူခဲ့တဲ့အာဏာတွေကို စာတန်လက်ကနေ ပြန်ယူခဲ့တယ်။ ကော၊ ၂း၁၅ မှာ အထွဋ်အမြတ်၊ အာဏာစက်များကို လုယူလျှင် ထင်ရှားစွာ ထုတ်ပြ၍ လက်ဝါးကပ်တိုင်တော်အားဖြင့် အောင်ပွဲကိုခံတော်မူပြီလို့ ပါရှိတယ်။ ခရစ်တော် လက်ထဲမှာ သေခြင်းနဲ့ မရဏာနိုင်ငံတံခါးတွေရဲ့ သော့ လက်ထဲမှာရှိပြီ။ စာတန်ဟာ တရားဝင်ပိုင်ဆိုင်မှုဘာမှမရှိတော့ဘူး။ ဗျာ၊ ၁း၁၈ မှာ အသက်ရှင်သူလည်း ဖြစ်၏။ ငါသည် အရင်သေ သည်ဖြစ်၍ ကမ္ဘာအဆက်ဆက် အသက်နှင့်ပြည့်စုံ၏။ မရဏနှင့် မရဏာနိုင်ငံကိုလည်း ငါအစိုးရ၏လို့ ကြေညာခဲ့တယ်။ ဒီကမ္ဘာပေါ်မှာ တန်ခိုးအာဏာ ပြိုင်ဆိုင်မှု မရှိစေဖို့ ခရစ်တော်ဟာ တရားဝင်အာဏာတွေကို စာတန်လက်ထဲက သိမ်းပိုက်ခဲ့တယ်။

ဒါကြောင့် ဘုရားဟာ လူ့ဇာတိကိုခံယူရခြင်း ဖြစ်တယ်။ ခရစ်တော် ကြွလာတော်မူခြင်းရဲ့ အဓိကလုပ်ငန်းဟာ အပြစ်တွေကို ချေဖျက်ဖို့ပဲ။ ဘုရားက လူကို လွတ်လပ်စွာ အာဏာပေးခဲ့ပြီး စိုးမိုးစေခဲ့တယ်။ လူကသာ အလွဲသုံးစား လုပ်ခဲ့တယ်။ ဒါ့ကြောင့် ဘုရားက လူကိုပယ်ရမလား? လွတ်လပ်စွာသုံးစွဲခွင့်ကို ရုပ်သိမ်းရမလားလူ အဖြစ်ကိုခံ၇တဲ့နည်းစနစ်ကို ရွေးယူလိုက်တယ်။ ဒါကြောင့် အရက်လေးဆယ်စာတန် နဲ့ တွေ့တဲ့အခါ စာတန်ကို အောင်ပွဲခံနိုင်တာပေါ့။ တောကြီးမျက်မည်းထဲမှာ စာတန်ကို ငြင်းပယ်နိုင်တယ်။ စံပြလူပီသစွာ အသက်ကိုတင်လှူပူဇော်တယ်။ ခရစ်တော်သည် နှိမ့် ချစွာနဲ့ မိမိအသရေကိုစွန့်၍ အစေခံကျွန်သဏ္ဍာန်ကို ယူဆောင်တယ်။ အသေခံခြင်း တိုင်အောင် အစေကျွန်ခံ၍ ကိုယ်ကိုကိုယ် နှိမ့်ချတော်မူခဲ့တယ်။ အာဒံအလွဲသုံးစားလုပ်ပြီး ပေးလိုက်တဲ့ အာဏာတွေကို စာတန်လက်ထဲက ပြန်ယူလိုက်တယ်။

ခရစ်တော်ဟာ ကျွန်ုပ်တို့ရဲ့ မူလဘူတအာဏာကို ပြန်အပ်နှင်းခဲ့ တယ်။ စာတန်ရဲ့ လုပ်ရပ်တွေကိုလည်း ဖြိုဖျက်လိုက်တယ်။ ၁ယော၊ ၃း၈မှာ မာရ်နတ်

အမှု တို့ကို ပယ်ဖျက်ခြင်းငှါ၊ ဘုရားသခင်၏သားတော်သည် ထင်ရှားပေါ်ထွန်းတော် မူ၏။ မာရ်နတ်ရဲ့ အမှုတွေကတော့ လူကိုဖနှောင့်နဲ့ ကြိတ်တဲ့ကိစ္စပါဘဲ။ အပြစ်လုပ်တော့ လဟာ အပြစ်ဒဏ်ခံရတာ စာတန်ရဲ့ လုပ်ငန်းစီမံချက်ဘဲ။ ရောဂါဝေဒနာ၊ ဒုက္ခဆင်းရဲ ခြင်း၊ စိတ်ဓါတ်ကျဆင်းခြင်း၊ မသိခြင်း၊ ကြောက်ရွံ့တုန်လှုပ်ခြင်း၊ စိတ်ပျက်ဝမ်းနည်း ခြင်း၊ ဝိညာဉ်ရေးရာ ခမ်းခြောက်ခြင်း၊ စစ်မက်အင်္ဂါဖြစ်ခြင်း၊ အစာရေစာခေါင်းပါးခြင်း၊ မုန်းတီးခြင်း တွေကို စာတန်က ကောင်းကောင်းလုပ်ခဲ့တယ်။ ဒါတွေကို အောင်မြင်ဖို့ရာ ခရစ်တော်က ဖျက်ဆီးပြီး အာဏာကို ပြန်လည်ရယူခဲ့တယ်။

ခရစ်တော်က ပရောဖက်ဟေရှာယဟောခဲ့တာကို မီးမောင်းထိုးပြ လိုက်တယ်။ လု၊ ၄း၁၈-၁၉မှာ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်၌တည်

တော်မူ၏။ အကြောင်းမူကား ဆင်းရဲသားတို့အား ဝမ်းမြောက်စရာ သိတင်းကိုကြား ပြောစေခြင်းငှါ ငါ့ကိုဘိသိက်ပေးတော်မူပြီ။ ကြေမွသောသူတို့၏ အနာကိုပျောက် စေခြင်းငှါ၎င်း၊ ဘမ်းသွားချုပ်ထားလျက်ရှိသောသူတို့အား လွှတ်ခြင်းအကြောင်းနှင့် မျက်စိကန်းသောသူတို့အား မျက်စိမြင်ပြန်ခြင်းအကြောင်းကို ပြစေခြင်းငှါ၎င်း၊ ညဉ်း ဆဲခံရ သောသူတို့ကို ကယ်မစေခြင်းငှါ၎င်း၊ ထာဝရဘုရား၏ မင်္ဂလာနှစ်ကာလကို ကြားပြော စေခြင်းငှါ၎င်း၊ ငါ့ကိုစေလွှတ်တော်မူပြီလို့ ကြေညာလိုက်တယ်။ တ၊ ၁၀၃၈ မှာလည်း ဘုရားသခင်သည် သန့်ရှင်းသော ဝိညာဉ်တော်နှင့်၄င်း၊ တန်ခိုးတော်နှင့်၄င်း၊ နာဇရက် မြို့သားယေရှုကို ဘိသိက်ပေးတော်မူသဖြင့် ထိုသူသည် ဘု ရားသခင် ၏ အခွင့်ကောင်းနှင့် ကျေးဇူးပြုလျက် မာရ်နတ်ညှင်းဆဲသောသူ အပေါင်းတို့အား ချမ်းသာကို ပေးလျက် လှည့် လည်တော်မူ၏လို့ ဖော်ပြ တယ်။ ခရစ်တော်ဟာ ကုသတယ်။ မစတယ်။ နတ်ဆိုးနှင် ထုတ်တယ်။ လူတွေကို စာတန် လက်ထဲက ရွေးထုတ်ကယ်တင်တယ်။

ကားတိုင်ပေါ်မှာ စာတန်ရဲ့ လုပ်ရပ်တွေကို ဖြိုဖျက်လိုက်တဲ့အတွက် ကျွန်ုပ်တို့ကိုလည်း ထိုနည်းတူ ဖြိုဖျက်စေချင်တယ်။ ဒုက္ခရောက်တဲ့လူတွေထံ သွားစေ တယ်။ စိတ်ပျက်ဝမ်းနည်း၊ ဖျားနာတဲ့လူတွေထံသွားစေတယ်။ ခရစ်တော်ကောင်းကင် သို့မတက်မီ စာတန်ရဲ့ လုပ်ငန်းဖျက်ဆီးဖို့ရန် အမိန့်ပေးခဲ့တယ်။ ခရစ်တော်ရဲ့ မဟာစေ စားချက်ထဲမှာ နတ်ဆိုးတို့ကို နှင်ထုတ်တယ်။ လူနာတွေအပေါ် လက်တင်ဆုတောင်း ပေးရမယ်။ (မဿဲ၊ ၁၆း၁၇-၁၈)။ ခရစ်တော်ဟာ အာဏာပြန်သိမ်းပြီး ကျွန်ုပ်တို့လက် ထဲ ပြန်လည်အပ်နှင်းခဲ့တယ်။

လူနေဝန်းကျင်ကို ကျွန်ုပ်တို့ပြုပြင်ရမယ်

ကျွန်ုပ်တို့ရထားတဲ့ အာဏာဟာ ခရစ်တော်စာတန်ကို တိုက်ဖျက်တဲ့

အတိုင်း ဖြစ်ရမယ်။ သည့်ပြင် ကျွန်ုပ်တို့ကို ကယ်တင်ခဲ့တဲ့အပေါ်မှာလည်း အခြေခံကြရ မယ်။ ကော၊ ၁း၁၃-၁၄မှာ မှောင်မိုက်တန်ခိုးမှလည်း ငါတို့ကို နှုတ်၍ချစ်တော်မူသော သား တော်၏နိုင်ငံထဲသို့ သွင်းတော်မူ ၏။ ထိုသားတော်၏ အသွေးအားဖြင့် အပြစ်လွှတ်တော် မူခြင်းတည်းဟူသော ရွေးနှုတ်တော်မူခြင်း ကျေးဇူးကို ငါတို့သည် ခံရကြ၏လို့ ရှင်းပြ ထားတယ်။ ။

ကျွန်ုပ်တို့ဟာ စာတန်ရဲ့ သားသမီးတွေ ဖြစ်ခဲ့ပြီးမှ ခရစ်တော်ထံ ရောက်လာကြတယ်။ အမှောင်နိုင်ငံမှာ နေခဲ့ရပါပြီ။ သိရှိခံစားခဲ့ရပါပြီ။ ခရစ်ယာန်ဖြစ် လာတော့ အသစ်အသစ်တွေ စဉ်းစားလာတယ်။ အသစ်အသစ်တွေ လုပ်ဆောင်လာတာ မကပါဘူး။ မိရိုးဖလာ အမွေအနှစ်က ရတာလည်းမဟုတ်ဘူး။ ခရစ်တော်က လူကောင်း ကို သာပြီးတော့ ကောင်းအောင်လုပ်ပေးနေတာလောက် မဟုတ်ဘူး။ ခရစ်ယာန်တွေ ဆိုတာ အထုပ်တွေအပိုးတွေ ယူဆောင်လာပြီးတော့ အိမ်သစ်မှာတက်နေသလို ဖြစ်ရ မယ်။ အပြစ်မှကယ်ချွတ်ခြင်းခံရပြီး တစ်ကိုယ်ကောင်းစိတ်ဓာတ်၊ သေခြင်းတရား၊ အမှောင်လောက၊ ပျက်စီးမှု၊ လူဟောင်းကလွှတ်ခဲ့ရပါပြီ။ အမှောင်လောက်က အလင်း

လောကဖြစ်တဲ့ ခရစ်တော်ရဲ့ နိုင်ငံထဲရောက်ကြပြီး နေ့စဉ်ဘဝဟောင်းမှ ကယ်တင်ခဲ့တဲ့ ခရစ်တော်ကို သတိရကျေးဇူးတင်ဖို့ လိုအပ်တယ်။

ကျွန်ုပ်တို့ဟာ ဖော်ပြတဲ့နေရာနှစ်ခုအနက် ဘယ်နေရာမှာရှိသလဲ ? အလယ်အလတ်ဆိုတာ ခရစ်ယာန်မှာမရှိဘူး။ အမှောင်နယ်မြေလား? သားတော်နိုင်ငံ ထဲမှာလား? နောင်တရတဲ့လူ၊ ခရစ်တော်ကိုယ်စား အသေခံခဲ့တာကို ယုံကြည်တဲ့ လူတွေ ကတော့ သားတော်ရဲ့ နိုင်ငံထဲ ရောက်ပြီး ကျွန်ုပ်တို့နေရာသစ်ဟာ အလင်းနိုင်ငံ ဖြစ် တယ်။ အလင်းသားသမီးတွေ အလင်းအလုပ်ကို လုပ်ကြရမယ်။ ဘုရားပေးအပ်တဲ့ အလုပ်ကိုလုပ်တဲ့အခါ အာမခံချက်အပြည့်အဝရမယ်။ မိမိကိုယ်ကိုလည်း ယုံကြည်စိတ်ချ လာမယ်။ အဲဒီအခါမှ ခရစ်တော်ဟာ ပို၍တာဝန်ပေးအပ် လုပ်ကိုင်စေတယ်။

ခရစ်တော်ဟာ ရွေးနှုတ်ပေးတယ်။ အာဏာနဲ့ လုပ်ဆောင်စေတယ်။ ဘုရားသခင်ရဲ့တန်ခိုးဟာ ကျွန်ုပ်တို့အထဲမှာရှိတော့ ဘာမဆို ရင်ဆိုင်နိုင်တယ်။ ရင်ဆိုင် ခဲ့တယ်။ ၁ယော၊ ၄၄မှာ သင်တို့ဘက်၌ရှိသောသူသည် လောကဘက်၌ရှိသော သူထက်သာ၍ကြီးတော်မူ၏ဟု ကတိတော်ရှိတယ်။ ခရစ်ယာန်တော့ အချို့ အောင်ပွဲဆို တာ ဘာမှန်းမသိကြဘူး။ အပြစ်နွံထဲက ရွေးနှုတ်တဲ့ တန်ခိုးဟာ ကျွန်ုပ်တို့ကိုဆက်ပြီး

တော့ တနင်္လာနေ့၊ အင်္ဂါနေ့မှစ၍ နေ့စဉ်ပို့ဆောင်နေတာကိုလည်း မသိကြဘူး။ အထွဋ် အမြတ်၊ အာဏာစက်ကို ဘယ်လိုတိုက်ထုတ်ကြမလဲ ? အောင်မြင်တဲ့အသက်တာ ရှေးဦးစွာ ရထားသူဖြစ်ရမယ်။

ကျွန်ုပ်တို့အထဲမှာရှိတဲ့ ဘုရားဟာ အပြင်လောကမှာရှိတဲ့ စာတန်

ထက်ကြီးမားတယ်။ ဒီသမ္မာတရားကို အချို့ခရစ်ယာန်တွေ မသိကြဘူး။ ခရစ်ယာန်တွေ စိတ်ပျက်ကြတယ်။ ညည်းညူကြတယ်။ သူတို့ဟာ ဓားစာခံတွေဘဲလို့ ထင်တယ်။ ခေါင်း

ဆောင်တွေကပိတယ်။ ဥပဒေတွေက ကြပ်တည်းတယ်။ အသင်းတော်မှာ အဆင်မပြေ ဘူး။ လင်မယားပြဿနာဖြစ်တယ်။ ကလေးတွေပြဿနာဖြစ်တယ်။ သူတို့လုပ်ပုံတွေ ကို ကြည့်ရင် လောကမှာရှိတဲ့ စာတန်ကကြီးတယ်။ ဝန်းကျင်မှာလည်း စာတန်ဘဲကြီး တယ်။ ကျွန်ုပ်တို့အထဲမှာရှိတဲ့ ဘုရားကငယ်တယ်။ မတွန်းလှန်ပေးနိုင်ဘူးလို့ ခံယူနေ ကြတယ်။

ခရစ်ယာန်တွေဟာ စာတန်ရဲ့ လုပ်ငန်းတွေကို အထင်ကြီးတယ်။ လူ တစ်ယောက်ကပြောတယ်။ “ကျွန်ုပ် နယူးယောက်မြို့ကိုသွားတယ်။ အဲဒီမှာ ဖိနှိပ်ချုပ် ချယ်မှုဟာ ကြီးတယ်။ စာတန်ဟာ ဝိုင်းရံထားတယ်။ မနေနိုင်ဘူး၊ ထွက်ပြေးလာရတယ်” လို့ပြောပြနေတယ်။ ခရစ်ယာန်တွေကပြောတယ်။ ဘယ်မြို့၊ ဘယ်နိုင်ငံဖြစ်ရင် အမှောင်လောကဘဲလို့ ပြောနေသံကြားတယ်။ ဘာဖြစ်လို့ ဒီဖိနှိပ်မှုတွေ စိတ်ဝင်စားနေရတာလဲ? ကျွန်ုပ်တို့အထဲမှာရှိတဲ့ ဘုရားဟာ ကြီးမြတ်တယ်မဟုတ်လား?

ခရစ်တော်ရှိတော့ စာတန်ကိုမကြောက်ဘူး ၊

ခရစ်ယာန်တွေ တော်တော်များများဟာ ဖိနှိပ်ခြင်းဒဏ်ကို မခံနိုင်ကြ ဘူး။ ခရစ်ယာန်လူနက်တစ်ဦး လောကီတက္ကသိုလ်တက်ရင် အောင်မြင်ဖို့ မလွယ်ဘူးလို့

ပြောကြတယ်။ အချို့လည်း မှန်ပါတယ်။ အဲဒီလူငယ်ဟာ သူ့အထဲမှာရှိတဲ့ ဘုရားဟာတန် ခိုးကြီးတယ်ဆိုတာ သူသိထားရမယ်။ လောကီစုံစမ်းနှောင့်ယှက်ခြင်းတွေကို ထိုဘုရား ကတွန်းလှန်ပေးမယ်ဆိုတာ မယုံရင်မအောင်မြင်နိုင်ဘူး။

ခရစ်တော်နဲ့ ခရစ်ယာန်တစ်ယောက် ပေါင်းလိုက်ရင် စင်္ကြာဝဠာမှာ အင်အားအကြီးဆုံးဖြစ်မယ်ဆိုတာ ယုံသလား? ဘယ်နေရာမှာမဆို စာတန်ရဲ့ အင်အား ဟာ ကျွန်တော့်အထဲမှာရှိတဲ့ ခရစ်တော်ထက် ကြီးမယ်ထင်သလား? ခရစ်တော် ကျွန်ုပ် တို့အထဲမှာရှိတာဘယ်လိုအသုံးဝင်မှာလဲ? ပေးထားတဲ့ အာဏာကကော ဘာသုံးလို့ရ မှာလဲ? အလုပ်ကို သေချာစွာလုပ်နိုင်ရမယ်။ နယူးယောက်မှာ နေနိုင်ရမယ်။ အပ်စတာ ဒမ်မြို့ မီးနီရပ်ကွက်မှာ သက်သေခံနိုင်တယ်။ ဗန်ကောက်မြို့ ဆင်းရဲသားရပ်ကွက်မှာ လမ်းလျှောက်နိုင်ရမယ်။ ဟိန္ဒူအိမ်မှာ အလည်သွားနိုင်ရမယ်။ ကျွန်ုပ်တို့အထဲမှာရှိတဲ့ ခရစ်တော်ဟာ ဒုက္ခအမျိုးမျိုးတွေ့ရင် မငြင်းဆိုတတ်ဘူး။ ဘယ်နေရာ၊ ဘယ်လိုအခြေ အနေမှာဘဲဖြစ်ဖြစ် ခရစ်ယာန်ဟာ အောင်မြင်သူဘဲဖြစ်ရမယ်။ ဒီအပြင်လောက၊ လူသား ဝါဒ၊ စာတန်အပေါင်းအသင်းတွေဟာ ခရစ်ယာန်မစိုးမိုးနိုင်တာ မရှိဘူး။ ။

ကျွန်ုပ်တို့သာ ဘုရားသခင်ပေးတဲ့ တန်ခိုးအာဏာမသိလို့ မရှိရင်

စာတန်ဟာ အနိုင်ယူတော့မယ်။ ယှဉ်ပြိုင်လို့မရတော့ဘူး။ ကျွန်ုပ်တို့ရဲ့ သံသယဖြစ်မှု၊

ကြောက်ရွံ့တုန်လှုပ်မှု၊ အားနည်းမှုအမျိုးမျိုးကြောင့် ထွက်ပြေးတိမ်းရှောင်နေဖို့ဘဲရှိ တယ်။ ဘုရားသခင်ရဲ့ ဝိညာဉ်တော်သည် ကျွန်ုပ်တို့အထဲမှာ ကျိန်းဝပ်တော်မူသည်။ စာတန် ဘာဘဲပြောပြော မယုံပါနဲ့။ သမ္မာတရားကို လက်ကိုင်မထားရင် ကျွန်ုပ်တို့အထဲ မှာရှိတဲ့ ဘုရားဟာကြီးမှန်းမသိနိုင်ဘူး။ စာတန်ကိုကြောက်တယ်။ ဝန်ခံမယ်။ ဝန်းကျင် ရဲ့ ဓားစာခံဖြစ်လာမယ်။ အမှောင်ထဲမှာဘဲ ကျင်လည်နေမယ်။ တန်ခိုးရှင်သည် သင့်အထဲ မှာရှိတယ်။ မှန်သလား? မှားသလား? မယုံရင် ဒုက္ခတွေ့တော့မယ်။ စာတန်ကို ရဲရဲပြော ပါ။ ဘုရားကို ယုံ တယ်။ သမ္မာတရားကို လက်ခံတယ်။ ဘုရားဖြစ်စေလို တဲ့ အသက်တာမှာ အသက်ရှင်ပါ။ ဘုရားက လမ်းပြပါလိမ့်မယ်။ “

ရော၊ ၈း၃၅-၃၉မှာ ခရစ်တော်ချစ်ခြင်းမေတ္တာနှင့် ငါတို့ကို အဘယ် သူ ကွာစေမည်နည်း။ အကယ်စင်စစ် ကိုယ်တော်အတွက် အကျွန်ုပ်တို့သည် အစဉ်မပြတ် အသေသတ်ခြင်းကို ခံရကြပါ၏။ သတ်ဘို့ရာထားသော သိုးကဲ့သို့ အကျွန်ုပ်တို့ကို သူတစ်ပါးမှတ်တတ်ကြပါ၏ဟု ကျမ်းစာလာသည်နှင့်အညီ ဆင်းရဲငြိုငြင်ခြင်း၊ ညဉ်းဆဲနှိပ် စက်ခြင်း၊ မွတ်သိပ်ခြင်း၊ အဝတ်အချည်းအစည်း ရှိခြင်း၊ ဘေးနှင့်တွေ့ကြုံခြင်း၊ ကွပ်မျက် ခြင်းကို ခံရသော်လည်း ထိုအမှုတို့တွင် အဘယ်အမှုသည် ခရစ်တော်၏ ချစ်ခြင်းမေတ္တာ တော်နှင့် ငါတို့ကို ကွာစေမည်နည်း။ မကွာစေသည်သာမက ငါတို့ကို ချစ်တော်မူသော သူ၏ကျေးဇူးတော်ကြောင့်၊ ငါတို့ သည် ထိုအမှုခပ်သိမ်းတို့ကို ခံစဉ်တွင်ပင် အထူးသဖြင့် အောင်မြင်ကြ၏။ အကြောင်း မူကား သေခြင်းဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ အထွဋ်အမြတ်ဖြစ်စေ၊ အာဏာတန်ခိုးဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ နောင် လာလတံ့သော အရာဖြစ်စေ၊ အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊ ဤအရာမှစ၍ အဘယ် နိမိတ်အရာမျှသည် ငါတို့သခင်ယေရှုခရစ်အားဖြင့် ခံရသော ဘုရားသခင်၏ မေတ္တာတော်နှင့် ငါတို့ကိုမကွာစေနိုင်ဟု ငါသည်သဘောကျလျက်ရှိ၏။

ကျွန်ုပ်တို့ပေးလိုက်တဲ့အရာကိုခရစ်တော်ပြန်ပေးတယ်

ခရစ်တော်က ကျွန်ုပ်တို့ကို အာဏာသုံးစွဲစေတယ်။ လု၊ ၁၀၁၉မှာ သင်တို့သည် မြွေ၊ ကင်းမြီးကောက်တို့ကို နိုင်ရသောအခွင့်နှင့် ရန်သူများကို နိုင်ရသော အခွင့်တန်ခိုးကို ငါပေး၏။ သင်တို့ကို အဘယ်မျှ မညဉ်းဆဲရ။ ကျွန်ုပ်တို့ တစ်ဦးချင်း ရန်သူရဲ့ အင်အားစုအားလုံးအပေါ် အာဏာသုံးလို့ရတယ်။ ဒါဟာ အလွန် အံ့သြစရာ ကောင်းတဲ့ သမ္မာတရားဘဲ။ စာတန်ရဲ့ လုပ်ငန်းအားလုံး၊ နတ်ဆိုးအားလုံး၊ တပည့်တပန်း အားလုံး၊ ဝိဇ္ဇာအတတ်အားလုံးမှစ၍ စာတန်ရဲ့

အင်အားစုကို ချေမှုန်းရန်ခရစ်တော် ကျွန်ုပ်တို့ကို အာဏာပေးထားတယ်။

ခရစ်တော်ဟာ စာတန်ရဲ့လုပ်ဆောင်ချက် မှန်သမျှကို အောင်ပွဲခံပြီး တော့ ရှင်ပြန်ထမြောက်တယ်။ ကောင်းကင်ဘုံသို့ မတက်သေးဘဲ တမန်တော်(၁၁)ပါး သွန်သင်တယ်။ ဒီတမန်တော်တွေဟာ အားနည်းတယ်။ ထွက်ပြေးတယ်။ ကြောက်လန့် တယ်။ ပေတရုက ခရစ်တော်ကို ငြင်းပယ်တယ်။ ခရစ်တော်က ၄င်းတို့ကို ရှာတယ်။ အပြစ်မတင်ပါဘူး။ သူတို့အပေါ်မှာ ဝိညာဉ်တော်ကို မှုတ်သွင်းလိုက်တယ်။ ယော၊ ၂၀း၂၂-၂၃ မှာ အကြင်သူ၏အပြစ်ကို သင်တို့သည် လွှတ်လျှင်၊ ထိုသူသည် အပြစ်လွှတ် လျက်ရှိ၏။ အကြင်သူ၏အပြစ်ကို သင်တို့သည် တည်စေလျှင် ထိုသူသည် အပြစ် တည် လျက်ရှိ၏ဟု မိန့်တော်မူ၏။ ခရစ်တော်ဟာ စာတန်ကပြန်ယူလိုက်တဲ့ အာဏာ တန်ခိုးကို ၄င်းတို့ကိုပေးလိုက်တယ်။ စာတန်ကို လူပေးလိုက်တဲ့အာဏာ လူပြန်ရတယ်။

ဧ၊ ၁း၁၈-၂၃မှာ ခေါ်တော်မူသောကြောင့် မျှော်လင့်ရသောအရာ အား အဘယ်အရာဖြစ်သည်ကို၄င်း၊ သန့်ရှင်းသူတို့သည် ခံရသောအမွေတော်၏ ဘုန်း စည်းစိမ်ကား အဘယ်မျှလောက်ကြီးသည်ကို၄င်း၊ ယုံကြည်သော ငါတို့၌ ပြတော်မူသော အလွန်ကြီးလှစွာသော တန်ခိုးတော်ကား အဘယ်မျှလောက်ကြီး သည်ကို၄င်း၊ သင်တို့ သည် သိစေခြင်းငှါ၊ သင်တို့၏ ဉာဏ်မျက်စိကို လင်းစေပါ မည်အကြောင်း ဆုတောင်း ပဌနာပြု၏။ ထို တန်ခိုးတော်ကား ခရစ်တော် ကိုသေခြင်းမှ ထမြောက်စေတော်မူ၍ ခရစ်တော်၌ ပြုပြင်သော မဟာတန်ခိုးအာနု

ဘော် အရှိန်ကဲ့သို့ဖြစ်၏။ ခပ်သိမ်းသော အထွဋ်အမြတ်၊ အာဏာစက်၊ တန်ခိုး၊ အစိုး၊ ရခြင်းမှစ၍ ယခုဘဝနောင်ဘဝ၌ ခေါ်ဝေါ် သမုတ်သော ဘွဲ့နာမအလုံးစုံ တို့ အထက်ကောင်းကင်အရပ်၌ မိမိလက်ျာတော်ဘက်မှာ အလွန်မြင့်မြတ်သော နေရာကို ခရစ်တော်အားပေးတော်မူ၍၊ ခြေဖဝါးတော်အောက်သို့ အလုံးစုံတို့ကို ချထားသဖြင့် အသင်းတော် အဘို့အလို့ငှါ သူ့ကို အလုံးစုံ တို့၏ အချုပ်အခြာ ဦးခေါင်းဖြစ်စေတော်မူ၏။ ထို အသင်းတော်ကား အလုံးစုံ တို့ကို အလုံးစုံ တို့နှင့် ပြည်စုံ စေတော်မူသောသူ၏ ပြည်စုံခြင်းတည်းဟူသော ခရစ်တော်၏ ကိုယ်ဖြစ်သ တည်း။

ကျွန်ုပ်တို့ဘာလုပ်ကြမလဲ

လူဟာ အာဏာပြန်ရတယ်။ ခရစ်တော်ကားတိုင်ပေါ်မှာ အသေခံ တော်မူခြင်းနဲ့ ရှင်ပြန်ထမြောက်ခြင်းအတွက် အခွင့်ထူးခံစားကြရတယ်။ လူကတော့ တစ်ကိုယ်ကောင်းဆန်ပြီး အပြစ်တွေလုပ်နေမယ်ဆိုရင် စာတန်ဟာဝင်မှာပါဘဲ။ တန်ခိုး ဟာ အပြိုင်အဆိုင်ဖြစ်လာရင် ခရစ်တော်ရဲ့နာမကို ကိုင်စွဲထားတဲ့ လူဘဲနိုင်မှာဘဲ။

လူဟာ ခရစ်တော်အားဖြင့် ဘုရားသခင်နဲ့ ဆက်သွယ်နေသမျှကာလပတ်လုံး လူမှာ အာဏာတန် ခိုးပြည့်ဝစုံလင်တယ်။ ကျွန်ုပ်တို့အာဏာရရင် တာဝန်ပါရယူရမယ်။ ဘုရားသခင်ရဲ့ လုပ်ငန်းတော်မြတ်လည်း ဆောင်ရွက်ကြရမယ်။ ကျွန်ုပ်တို့ စာတန်ကို မဆုံးမရင် စာတန် ကြောက်မှာမဟုတ်ဘူး။ စာတန်ကိုအဝေးကို မတွန်းထုတ်ရင် သူမ သွားဘူး။ အနားမှာဘဲ ချောင်းမြောင်းနေတတ်တယ်။ ကျွန်ုပ်တို့ရွေးယူပါ။ ကျွန်ုပ်တို့ဟာ အာဏာပြန်ရကြောင်း စာတန်ကောင်းကောင်းသိတယ်။ သို့သော် ကျွန်ုပ်တို့အားနည်း ချက်ကိုဘဲ စောင့် ကြည့်နေတယ်။ စာတန်သိသလို ကျွန်ုပ်တို့လည်းသိထားဖို့ လိုတယ်။

ကျွန်ုပ်တို့ ယေရှုရဲ့နာမနဲ့ အာဏာကိုသုံးစွဲကြပါစို့။ ဥပမာ ကျွန်တော် နေတဲ့မြို့မှာ ရဲအဖွဲ့ကို အာဏာအပ်နှင်းထားတယ်။ မြို့သူမြို့သားမှာ ဒီအာဏာတွေမရှိ ဘူး။ သူတို့ရဲ့ ဝတ်စုံ၊ တံဆိပ်တွေက အဲဒီအာဏာကို ဖော်ပြနေတယ်။ သူတို့ဘယ်ဘဲသွား သွား အာဏာဟာရှိနေတာဘဲ။ ဒါပေမဲ့ မှုခင်းဖြစ်လာတဲ့အခါ လက်တွေ့အာဏာကို သုံး စွဲကြတယ်။

ကျွန်တော်အိမ်ပြန်လာလို့ အိမ်မှာသူခိုးဝင်နေရင် ရဲကိုဖုန်းဆက် တယ်။ ရဲတွေချက်ချင်း ရောက်လာမယ်။ ဒါပေမဲ့ ဒီရဲတွေဟာ လာတော့လာတယ်။ လမ်း ဘေးမှာ အေးအေးဆေးဆေးလုပ်နေရင် အိမ်ကပစ္စည်းတွေ ပါကုန်မှာဘဲ။ ရဲက အာဏာ ကို အပြည့်အဝမသုံးစွဲတော့ ပျက်စီးဆုံးရှုံးကြရတယ်။ ကျွန်ုပ်တို့လည်း ဒီလိုပါဘဲ။ ကျွန်ုပ်တို့ အာဏာအကြောင်း ပြောတယ်။ မသုံးစွဲဘူး။ အာဏာရှိရုံနဲ့မရဘူး။ ထိရောက် စွာသုံးစွဲရတယ်။

အာဏာသုံးစွဲရမယ့်နည်းလမ်းငါးချက်

၁၊ယေရှုရဲ့နာမဟာလက်နက်

စာတန်ရဲ့တန်ခိုးအကြောင်း ကောင်းစွာသိထားဖို့ လိုတယ်။ ယေရှုရဲ့ အမည်နာမမှာ တန်ခိုးရှိတယ်။ အမည်နာမကို ဖော်ထုတ်ပြောဆိုရမယ်။ မျက် လှည့်ပြတဲ့စကားလုံးတွေ မဟုတ်ဘူး။ ခရစ်တော်အပေါ် လုံးဝဆက်ဂပ်အပ်နှံ ထားသူက နာမှုကိုသုံးစွဲ ရမယ်။ ဒီနာမကြောင့် နတ်ဆိုးတွေ ငိုယိုကြတယ်။ ယေရှုကို ကြောက်လို့ ဝက်အုပ်ထဲဝင်ကုန်ကြတယ်။ ရှင်ပြန်ထမြောက်သော ခရစ်တော်ကိုယ်တိုင် ဒီအခွင့်အရေးကို အပ်နှင်းထားတယ်။ မာ၊ ၁၆း၁ရ မှာ ငါ၏နာမကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်ကြလတံ့လို့ ဖော်ပြထားတယ်။ ယေရှုနာမရဲ့ နာမကြောင့် ကားတိုင်ရဲ့ အောင်ပွဲ၊ ရှင်ပြန်ထမြောက်ခြင်းရဲ့ အောင်ပွဲကို သက်သေထူတယ်။

၂။ နှုတ်ကပတ်တော်နဲ့တိုက်ပွဲ

ခရစ်တော်ရဲ့ အာဏာကို သုံးစွဲတဲ့အခါ နှုတ်ကပတ်တော်ကို သုံးစွဲပါ။ ဧ၊ ၆း၁၇မှာ ဘုရားသခင်၏နှုတ်ကပတ်တည်းဟူသော ဝိညာဉ်တော်၏ ထားကို ၄င်း၊ ယူကြလော့လို့ ပါရှိတယ်။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဟာ စာအုပ်တစ် အုပ်လို့ ယူဆလို့မရဘူး၊ ဓားဖြစ်တယ်။ ချွန်ထက်တယ်။ နှစ်ဘက် ချွန်တယ်။ စာတန်ကို ထိုးခုတ်နိုင်တယ်။ ယေရှုဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်

တော်ကို တောအရပ်မှာ အသုံးပြုခဲ့တယ်။ စာတန်ကို ကျမ်းစာနဲ့ ထိုးဖောက် တယ်။ ကျွန်ုပ် တို့လည်း ကျမ်းစာကို ပြောရမယ်။ လက်နက်သဖွယ်အသုံးပြုကြရ မယ်။

ကျွန်တော်ရဲ့ ပထမအတွေ့အကြုံမှာ သမ္မာကျမ်းစာရဲ့ တန်ခိုးကို ကောင်းစွာ တွေ့မြင်လိုက်တယ်။ ကျွန်တော်ဖရင့်ဟောက်စတန်ဆိုတဲ့ လူနဲ့ ဩစတြေးရီးယားနိုင်ငံမှာ မီးကောင်ပေါက်မိန်းကလေးတစ်ဦးကို ဆုတောင်းပေး နေတယ်။ သူမရဲ့ အသံကို နားထောင်ပြီး မငြိမ်မသက်ဖြစ်နေတာ ကြည့်ရတာ နတ်ဆိုးတစ်ကောင်တော့ အနည်းဆုံးရှိမယ်လို့ သိရတယ်။ ကျွန်ုပ်မထင်မမှတ် ဘဲနဲ့ ၁ယော၊၃၈ ကို မိန်းကလေးထဲက စာတန်ကို ပြောလိုက်တယ်။ “မာရ်နတ် အမှုတို့ကို ပယ်ဖျက်ခြင်း၊ ဘုရားသခင်၏ သားတော်သည် ထင်ရှားပေါ် ထွန်းတော်မူ၏” ကျွန်တော်ကျမ်းချက်ကို ရွတ်ဆိုလိုက်တာနဲ့ သူမထအော်တယ်။ တံတွေးထွေးတယ်။ နောက်ထပ်အော်တယ်။ ကျမ်းစာကြားတာနဲ့ စာတန်ဟာ မီးတောင်ပေါက်သလို ထဆူတော့တာဘဲ။ ။

၃၊ သန့်ရှင်းသောဝိညာဉ်တော်တန်ခိုး

သန့်ရှင်းသောဝိညာဉ်တော်ရဲ့ တန်ခိုးအာဏာသုံးစွဲခြင်းဟာ ထိ ရောက်တယ်။ ယော၊ ၂၀:၂၂မှာ ခရစ်တော်က တမန်တော်တွေအပေါ်မှာ “သင်တို့ သည် သန့်ရှင်းသောဝိညာဉ်တော်ကို ခံကြလော့’လို့ မှုတ်သွင်းလိုက် တယ်။ တန်ခိုး အာဏာပေးလိုက်တာဘဲ။ ပြီးတော့ ယေရုရှလင်မြို့မှာ စောင့်နေ၍ တန်ခိုးကိုခံယူ စေတယ်။ တ၊ ၁၈ မှာ သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်

တော် ဆင်းသက် သောအခါ သင်တို့သည် တန်ခိုးကိုခံရ၍ ယေရုရှလင်မြို့မှစသော (ယုဒပြည်၊ ရှမာရိ ပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေဖြစ်ကြလိမ့် မည်ဟု မိန့်တော်မူ၏။ တန်ခိုးဟာ အာဏာကိုသုံးစွဲဖို့ဖြစ်တယ်။ ရဲသားတစ်

ယောက်ဟာ အာဏာအပ်နှင်းခြင်းခံရတယ်။ ဒါပေမဲ့လို့ အင်နဲ့အားနဲ့ရှိမှ သွား လာလုပ်ကိုင်နိုင်မယ်။

ယေရှုက မ၊၁၂း၂၈ မှာ ငါသည်ဘုရားသခင်၏ ဝိညာဉ်တော်ကို အ ပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်မှန်လျှင် အကယ်စင်စစ် သင်တို့၌ ဘုရား သခင်၏ နိုင်ငံတော် တည်ချိန်ရောက်လေပြီလို့ ဖော်ပြတယ်။ ဧ၊ ၆း၁၈မှာလည်း ဝိညာဉ်တော်၌ ကျွန်ုပ်တို့ဆုတောင်းဘို့လိုတယ်။ ဒီတော့မှ ရန်သူကိုထိရောက်စွာ တွန်း လှန်နိုင်မယ်။

၄၊ ယေရှု၏အသွေးတော်

ခရစ်တော်ရဲ့အသွေးတော်မှာ တန်ခိုးရှိတယ်။ စာတန်ကို အသွေး တော်အကြောင်း သတိပေးကြရမယ်။ ဗျာ၊ ၁၂၁၁မှာ သူတို့သည် သိုးသငယ်၏ အသွေးအားဖြင့် အောင်မြင်တယ်လို့ ဖော်ပြတယ်။ စာတန်ဟာ ကားတိုင်မှာရှုံး နိမ့်တာကို သတိပေးပါ။ အသွေးတော်ဟာ ယိုစီးပြီးတော့ အပြစ်ကိုဆေးကြော တယ်။ ကျိန်ခြင်းခံခဲ့ရတာ ချေမှုန်းပြီး စာတန်ကိုင်တွယ်ထားတာ ဖယ်ရှားလိုက် တယ်။ ခရစ်တော်ရဲ့ အသွေးတော်ကို ကြေညာပါ။ စာတန်အလွန်ကြောက်တယ်။ နေရာတိုင်းမှာ အောင်ပွဲခံမယ်။ အသွေးတော်နဲ့ လွှမ်းခြုံပေးမယ်။ အသွေးတော်နဲ့ ဆေးကြောပေးမယ်။ ဒါကိုစာတန်မြင်ရင် ရှုံးနိမ့်ပြီဟု ခံယူလိမ့်မယ်။ အသွေး တော်မှာ တန်ခိုးရှိတယ်။

၅။ သစ္စာတရား

ကျွန်ုပ်တို့ရဲ့ သစ္စာတရား၊ သက်သေခံချက်မှာ အာဏာရှိတယ်။ ဗျာ ၁၂၁၁ မှာ မိမိတို့သက်သေခံချက် နှုတ်ကပတ်တရားအားဖြင့်၄င်း၊ အောင် မြင်တယ်လို့ ဖော်ပြထားတယ်။ အဓိပ္ပါယ်မှာ (၁) ဘုရားသခင်ရဲ့ပြုတော်မူသော အမှုတော်နဲ့ သဘောသဘာဝကို ဖော်ပြတယ်။ စာတန်က ဘုရားကိုနေရာမပေး ချင်ဘူး။ ကျွန်ုပ်တို့ကို လိမ်တယ်။ ဘုရားမရှိဘူးလို့ လာပြောနေတယ်။ အားကိုး လို့မရဘူးလို့ မြူဆွယ်တယ်။ ကျမ်းစာအတိုင်း သက်သေခံပါ။ ဘုရားသခင်ရဲ့ ကြီးမားတော်မူခြင်းကို ဖော်ပြပါ။ ဘုရားသခင်ရဲ့ အောင်မြင်ခြင်း၊ ပြုတော်မူသော ကျေးဇူးတော်ကို ရေတွက်ပါ။

(၂)အခြားအဓိပ္ပါယ်တစ်ခုက ကျွန်ုပ်တို့ရဲ့ အကြောင်းကို သက်သေခံ ပါ။ မကောင်းတာဖြစ်ခဲ့တယ်။ အခုကောင်းတယ်။ ဘုရားသခင်ရဲ့ သားစစ်၊ သမီး စစ်ဖြစ်လာပြီ။ မှန်မှန်ပြောပါ။ အမှောင်သည် ပျောက်ကွယ်သွားတယ်။ လူ တိုင်းနှလုံးသားထဲ အလင်းဝင်လာပါလိမ့်မယ်။ စာတန်လုပ်သမျှ မအောင်မြင် တော့ပါ။ ကျွန်ုပ်တို့အလင်းထဲ ရောက်ပြီ။ စာတန်ကို မကြောက်တော့ပါ။ အလွန်

ထိရောက်သော သက်သေခံချက်ကို ပေးပါ။ တန်ခိုးပါသည်။

အချို့လူတွေဟာ ချည်နှောင်ခံနေရာမှ အပြစ်တွေကို ဝန်ခံတယ်။ အလိုတော်ကို ဝန်ခံတယ်။ ပြောရင်းဆိုရင်းနဲ့ လွှတ်မြောက်ခွင့်ကို ရသွားကြ တယ်။ ပြီးတော့ ခရစ်တော်ကို လက်ခံမယ်။ ခရစ်တော်ကို အားကိုး ယုံကြည်တဲ့ အကြောင်းပြောတော့ သူတစ်ပါးတွေ ခွန်အားရမယ်။ သူတစ်ပါးတွေလည်း ပြောင်းလဲလာမယ်။

ကျွန်ုပ်တို့ အစစ်အမှန် ဝန်ခံဖို့အရေးကြီးတယ်။ “ငါဟာ ခရစ်တော် ရဲ့အသွေးတော်နဲ့ ဆေးကြောခဲ့ပြီ။ ငါဟာ ခရစ်တော်၌ အသစ်သော သတ္တဝါဖြစ် ပြီ။ ဘုရားသခင်ရှေ့မှာ သတို့သမီးကညာဖြစ်ပြီ။ ငါသည် အောင်နိုင်သောသူ ဖြစ် ပြီ” ဒီလိုသက်သေခံနိုင်ရင် စာတန်အလွန်ကြောက်ပြီး ထွက်ပြေးတဲ့အခါ အလင်း၊ တရားဝင်လာပါလိမ့်မယ်။ လူတွေပွင့်လင်းလာမယ်။ ချစ်ခင်လာမယ်။ သမ္မာ တရားကိုမြင်တွေ့ လက်ခံလာမယ်။

ရန်သူကို တိုက်မှ ဖြစ်တော့မယ်။ စာတန်ဟာ စစ်ရှုံးကြီးဘဲ။ ဒါပေမဲ့ ခြေကုပ်ယူထားတယ်။ ဘုရားသခင်ရဲ့ တန်ခိုးတော်နဲ့ အာဏာသုံးစွဲပြီး မှောင်၊ မိုက်ကို အလင်းဖြစ်စေအောင် တိုက်ထုတ်ကြပါစို့။

အခန်း(၉)

မေတ္တာတော်ရှင်ဘုရားသခင်ဟာ အဘယ်ကြောင့်

ဒုစရိုက်ကိုခွင့်ပြုထားသလဲ

Why Does a Loving God allow Evil

ဘုရားသခင်ဟာ မေတ္တာတော်ရှင်ဖြစ်ရင် ဘာကြောင့် ဤကမ္ဘာပေါ် မှာ ဒုစရိုက်ဆိုးညစ်မိုက်မဲမှုတွေ ခွင့်ပြုထားပါသလဲ? သင်ဟာ ဘယ်သူဘဲဖြစ်ဖြစ် ဒီမေး ခွန်းဟာ သင့်အတွက် အရေးကြီးတဲ့ မေးခွန်းဖြစ်တယ်။ ခရစ်ယာန်တွေအတွက် အလွန် အရေးကြီးပါတယ်။ ဒီမေးခွန်းကို မဖြေရင် သံသယတွေအများကြီးဝင်နေကြမယ်။ အချို့ ဘုရားကို စိတ်ဆိုးတယ်။ အပြစ်တင်တယ်။ အချို့ခရစ်ယာန်တွေက နားမလည်နိုင်ဖြစ် တယ်။ အလွန်ကောင်းတဲ့ ဘုရားဟာ ဒုစရိုက်ကို ခွင့်ပြုထားတော့ လူတွေပျက်စီးကုန်တာ ပေါ့။ စိတ်ရှုပ်ထွေးမှုတွေ၊ စိတ်မသာယာမှုတွေကြောင့် ဘုရားသခင်အပေါ် နှစ်နှစ်ကာ ကာ မရှိဘဲနေကြတယ်။ ။

ကမ္ဘာပေါ်မှာ ဆိုးညစ်မိုက်မဲမှုတွေဟာ မယုံကြည်သူတွေအတွက်မှာ တောင် ထိမိ၍ လဲစရာဖြစ်နေတယ်။ ဘုရားကို သူတို့နားမလည်ဘဲ ဖြစ်နေကြတယ်။ ပြင်သစ်ဒဿနိက ပညာရှင် ချား(လ်)ဘော်ဒီလဲကပြောတယ်။ “ဘုရားဆိုတာရှိရင်၊ သူ ဟာ စာတန်ဘဲဖြစ်ရမယ်”လို့ ခံယူတယ်။ ဝမ်းနည်းကြေကွဲမှုတွေ ဖြစ်ပေါ်လာတိုင်း ဘုရားသခင်ဟာ တရားခံဖြစ်ရတယ်။ .ကပ်ဆိုးကြီးတွေ ဆိုက်ရောက်လာရင် “ဘုရားရဲ့ လုပ်ရပ်’ လို့ဘဲ သတ်မှတ်ကြတယ်။ ငတ်မွတ်ခေါင်းပါးမှု၊ ကပ်ကြီးဆိုက်ရောက် မှုမှန်သမျှ ဘုရားကိုဘဲ အပြစ်တင်ကြတယ်။

ခရစ်ယာန်တွေအနေနဲ့ မကျေနပ်တဲ့မေးခွန်းတွေ မေးလေ့ရှိတယ်။ “ကျွန်ုပ်တူကလေး ဘာကြောင့်ကားတိုက်ခံရတာလဲ? ကျွန်ုပ်မိန်းမ ဘာကြောင့်လေဖြတ် တာလဲ? ဘာဖြစ်လို့ လက်ခြေမစုံတဲ့ ကလေး ငါမွေးရတာလဲ? ဒီလောက်ကောင်းတဲ့ လူ ဘာ့ကြောင့်သေရတာလဲ?” လို့ အမျိုးမျိုးမေးနေကြတယ်။ အဓိကရည်ရွယ်ချက်ကတော့ “ဘာဖြစ်လို့ ဒါတွေဘုရားက ခွင့်ပြုရတာလဲ ” အချို့ကတော့ တိုက်ရိုက်ပြောတယ်။ “ဘုရားက ဘာဖြစ်လို့လုပ်တာလဲ?”လို့ ပြောကြတယ်။

ခရစ်ယာန်လူများစုကတော့ မမေးကြဘူး။ ဒါပေမဲ့ စိတ်ထဲမှ တအုံ နွေးနွေးဖြစ်နေကြတယ်။ ကြိုးစားပြီးတော့ နားလည်ယူတယ်။ ယုံကြည်ခြင်းကို အားပြု တယ်။ ဒီလိုမေးလိုက်တာနဲ့ ဘုရားသခင်ကို သံသယဖြစ်တာဘဲလို့ ပြောဆိုနေကြတယ်။

ဒါကြောင့်လည်း တိတ်ဆိတ်စွာနေတယ်။ နှလုံးထဲမှာ မြိုသိပ်ထားတယ်။ လျှို့ဝှက်စွာနဲ့ ဘဲ ဘုရားကိုအပြစ်တင်ကြတယ်။ ဒုက္ခရောက်တိုင်း မကျေမနပ် ခံစားနေကြတယ်။

ကျွန်ုပ်တို့ ဒီမေးခွန်းကိုဖြေကြရမယ်

ဒီမေးခွန်းရဲ့ အဖြေကိုမသိရင်တော့ ကျွန်ုပ်တို့ဝိညာဉ်ရေး သူရဲ ကောင်း မဖြစ်နိုင်ဘူး။ ဒီဒုစရိုက်တွေ ဒီမှာရှိနေတာ မသိဘဲနဲ့ ဘယ်လိုခုခံကာကွယ်မလဲ? ဘယ်လိုယုံကြည်စိတ်ချစွာနဲ့ ဆုတောင်းမလဲ? ဘုရားသခင်ဟာ ဒီဒုစရိုက်တွေကို သူလုပ် တာမဟုတ်ဘူးဆိုတာ ကျွန်ုပ်တို့ ရှင်းရှင်းလင်းလင်း သိထားဖို့ လိုတယ်။ ဒီတော့မှ ဘုရားသခင်အပေါ်မှာ ယုံကြည်စိတ်ချမှုရှိမယ်။

လူအများကတော့ ဖြစ်သမျှအားလုံးဟာ ဘုရားသခင်အလိုတော်ဘဲ လို့ ယုံကြည်ကြတယ်။ ဖြစ်သင့်ဖြစ်ထိုက်တာတွေဟာ ဖြစ်လာမှာဘဲ။ ဒုစရိုက် မကောင်းမှု ဆိုတာ ရှောင်တိမ်းလို့တော့ မရဘူး။ ဖြစ်ပျက်သမျှဟာ ဖြစ်ပျက်ရမှာဘဲ။ နောင်လည်း ဖြစ်မှာဘဲ။ ဒါတွေဟာ ဘုရားသခင်အလိုတော်ကြောင့်ဘဲ။ ဒီသဘောတရား ဟာ ခရစ်ယာန်သဘောတရားမဟုတ်ဘူး။ ကံသာအမိ၊ ကံသာအဖဟု မှတ်ယူသည့်ဂါဒ လို့ အဘိဓာန်က ဖော်ပြတယ်။ ဘာသာတရားတော်တော်များများ ဒီဝါဒကို လက်ခံကြ တယ်။ ဘုရားရဲ့အလိုတော်ပါဘဲလို့ ပြောလေ့ပြောထရှိတယ်။

ကျွန်တော့်မိတ်ဆွေ တစ်ဦးဟာ အာဖရိကမြောက်ပိုင်းနိုင်ငံတစ်ခုမှာ သဲကန္တာရထဲမှာ သစ်ပင်စိုက်ဖို့ ရေလှောင်ကန်လုပ်ဖို့ အလုပ်သမားရှာတယ်။ ဒီစီမံ ကိန်းဟာ လူအများအတွက် အကျိုးဖြစ်ထွန်းဖို့ ဖြစ်သော်လည်း လူတွေကကြောက်နေ ကြတယ်။ သဲကန္တာရမှာ သစ်ပင်ပေါက်တာ ဘုရားသခင်အလိုမရှိဘူးထင်တယ်လို့ ပြော ကြတယ်။

ဒီသဘောတရားဟာ ကျမ်းသဘောတရားမဟုတ်ဘူး။ ခရစ်ယာန် ဘာသာက ပြောတယ်။ ဘုရားမှာ သူ့အလိုရှိတယ်။ နှုတ်ကပတ်ထဲမှာ ဖော်ပြထားတယ်။ လူတွေက နာခံလို့ရတယ်။ မနာခံဘဲနေလို့လည်းရတယ်။ (ယောရှု၊ ၂၄း၁၅။ ယော၊ ၃၁း၉-၂၁။ ဗျာ၊ ၃း၂၀)။ ခရစ်ယာန်ကဆုတောင်းရင် ကမ္ဘာကိုတောင်မှ ပြောင်းလဲစေနိုင် တယ်လို့ ယုံကြည်တယ်။ ကမ္ဘာပေါ်မှာရှိတဲ့ မကောင်းမှုတွေဟာ ခရစ်ယာန်မှာ အဖြေရှိ တယ်။ ဘုရားသခင်ကို လွဲမှားစွာအပြစ်တင်နေဖို့ မလိုဘူး။

ကျွန်ုပ်တို့ရန်သူကိုတွေ့ပြီ–ရန်သူဟာကျွန်ုပ်တို့ပါဘဲ

မကောင်းမှုဒုစရိုက် ကမ္ဘာပေါ်မှာ ရောက်နေရတာ လူတွေရဲ့ ချယ်မှုကြောင့်ဘဲ။ ဒုစရိုက်ဟာ ဘုရားသခင်ကြောင့် မဟုတ်ဘူး။ ဘုရားသခင်ကြောင့်

သာဆိုရင် နောင်တတရားဆိုတာ ရယ်စရာဖြစ်သွားပါလိမ့်မယ်။ အပြစ်ဒုစရိုက်တွေကို ဒဏ်ခတ်တယ်ဆိုတာ မတရားဖြစ်သွားပါလိမ့်မယ်။

ရော၊ ၅း၁၂ မှာ ဤကြောင်းအရာဟူမူကား အပြစ်တရားသည် တစ် ယောက်သောသူအားဖြင့် ဤလောကသို့ဝင်၍ အပြစ်တရားအားဖြင့် သေခြင်းတရား ဝင်သည်နှင့်အညီ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ရောက်ရကြ

၏။ ပထမဦးစွာ အာဒံနဲ့ဧဝဟာ လွဲမှားစွာရွေးချယ်မှုကို လုပ်ကြတယ်။ ကျွန်ုပ်တို့က ( ဒါကို “လူရဲ့ ကျဆင်းခြင်း” သို့မဟုတ် “မူလအပြစ်”လို့ ခေါ်ဆိုတယ်။ အဲဒီအချိန်ကစပြီး

တော့ ကျွန်ုပ်တို့ ဒီအတိုင်းဘဲ လိုက်လုပ်ကြတယ်။ ကမ္ဘာပေါ်မှ ဒုစရိုက်တွေ များလာ တယ်။ ကျွန်ုပ်တို့ ရွေးချယ်ဖို့ ဖြစ်လာတာတွေဘဲ။ လူသန်းပေါင်း ထောင်ပေါင်းများစွာ ဟာ နှစ်ပေါင်းထောင်ပေါင်းများစွာ ကြာလာတဲ့အခါမှာ အမှားတွေကို ရွေးချယ်ပြီး လုပ်လာ ကြတယ်။ ထုထည်ဟာ အလွန်ကြီးမားလာတော့တာဘဲ။ အခုအချိန်အထိ ဒုစရိုက်ရဲ့ အင်အားစုကို တွေ့မြင်ရတယ်။ ကျွန်ုပ်တို့အားလုံးဟာ စိတ်တူသဘောတူ ဒုစရိုက်ကို ကမ္ဘာပေါ်မှာ အားပေးလာကြတယ်။ ဒါကြောင့် ဒုစရိုက်လောကကြီးမှာ ရှိ တာ ဘာအံ့ဩနေသေးသလဲ။ ဘယ်သူမပြု မိမိမှုဘဲမဟုတ်ပါလား?

လူသားတွေရဲ့ လက်ရှိအခြေအနေတွေကို ကျမ်းစာက “ကျိန်ခြင်းခံရ တယ်”လို့ ရေးထားပါတယ်။ “ကျိန်ခြင်း” ဆိုတာ လူတို့ရဲ့ အပြစ်လုပ်ခြင်းမှ ပေါ်ပေါက် လာတဲ့ရလဒ်ဘဲ။

သူတစ်ပါးအပြစ်လုပ်လို့ သူခံရတာမကဘူး၊ မဆီမဆိုင် ကျွန်ုပ်တို့ပါ ဒဏ်ခံကြရတယ်။ ကမ္ဘာ့ဒုစရိုက်တွေကြောင့် လူအများနှစ်နာဆုံရှုံးမှု ခံရတယ်။ ကျွန်ုပ် တို့အားလုံး သေကြရတယ်။ ကျွန်ုပ်တို့အပြစ်လုပ်လုပ် မလုပ်လုပ် အပြစ်ဒဏ်ခံကြရမှာ ဘဲ။ ကလေးတွေ အင်္ဂါမစုံဘဲမွေးလာကြတာ လူတစ်ဦးရဲ့ အပြစ်ကြောင့် မဟုတ်ဘူး။ ကျွန်ုပ်တို့နေထိုင်တဲ့ ကမ္ဘာဟာ ယိုယွင်းပျက်စီးနေလို့ အဲဒီဒဏ်ကို ခံကြရတယ်။ အချိန် ကျိန်ခြင်းခံရမှုဟာ မပြင်းထန်ဘူး။ စိတ်အနှောင့်အယှက်ဖြစ်ရုံဘဲ။ လူတွေအများ မျက်မှန် တက်ကြရတယ်။ သွားတွေလည်းပိုးစားတယ်။ ခါးနာတယ်။ အချို့လူတွေ တွန်းလှည်းနဲ့ သွားလာရတယ်။ တစ်ခါတစ်ရံ ကပ်ဆိုက်တယ်။ လေယာဉ်ကောင်း

ကောင်း မပြင်တော့ လူတစ်ရာလောက်သေကြရတယ်။ ကျွဲနွားတွေ စပါးဝင်စားတော့ လယ်တွေ ပျက်စီးတယ်။ ကလေးတွေ အငတ်ဘေးမှာ သေကြေကြရတယ်။

ဒုစရိုက်တိုင်းမှာ အကြောင်းတရားရှိတယ်။ တစ်ခါတစ်ရံ တာဝန်ရှိ တာကတစ်ဦးတစ်ယောက်ဖြစ်တယ်။ တစ်ခါတစ်ရံ အများကစုပေါင်းလုပ်လို့ ဖြစ်တယ်။ အချို့နေရာမှာကတော့ အကျင့်ပျက်မှု တစ်ခုခုကြောင့် ဖြစ်တယ်။ အချို့နေရာမှာက

တော့ အများပြည်သူရဲ့ လမ်းလွဲမှုကြောင့် ဖြစ်ရတယ်။

ခရစ်ယာန်အနေနဲ့ကတော့ လူတွေရုန်းကန်လှုပ်ရှားတဲ့အခါ ဘုရား ကပါ ကူညီဖို့ရည်ရွယ်တယ်။ ဘုရားက အနန္တတန်ခိုးရှင်ဖြစ်တယ်။ ဘုရားက ပြုပြင်ပေး ရင် အကုန်ဖြစ်နိုင်တယ်။ ဘုရားက ခဏခဏဝင်မလုပ်တာလဲ? စစ်မက်အင်္ဂါတွေကို ဘုရားကဘာကြောင့် ချက်ခြင်းမလုပ်တာလဲ? လူတွေအပြစ်ကြောင့် ပျက်စီးနေတာ ဝန်ခံပါတယ်။ ဘုရားကပြုပြင်ပေးပါလား ? ။

ဒီမေးခွန်းတွေ အများကြီးရှိတယ်။ အဖြေမပေးရင် ခရစ်ယာန်ယုံ ၊ ကြည်ခြင်း အားနည်းသွားနိုင်တယ်။ အဖြေရှိပါတယ်။ သို့သော်လည်း အဲဒီအဖြေမှာ ဘုရားသခင်ဟာ လူကိုဘယ်လောက်ချစ်သလဲဆိုတဲ့ အပေါ်မူတည်တယ်။

အပြစ်ဒုစရိုက်ဆိုတာ ကမ္ဘာပေါ်မှာရှိမှာပဲ။ လူတွေကို လွတ်လပ်စွာ ရွေးချယ်ခွင့် ပေးထားတယ်။ ကောင်းတာရွေး၊ မကောင်းတာပယ်ရန် လူ့တာဝန်ဖြစ် တယ်။ ဒီလိုမှ လွတ်လပ်ခွင့်မလာရင် လူမဟုတ်တော့ဘူး။ ဘုရားနဲ့လူ ဆက်သွယ်တဲ့ အခါ လွတ်လပ်ခွင့်ဟာ အဓိကဘဲ။ ဆက်သွယ်မှာလား။ မဆက်သွယ်ဘူးလား ? လူလူ ချင်းတောင် ဆက်သွယ်ပေါင်းဖော်မလား ? ၊

ရုပ်သိမ်းမှုမှာချစ်ခြင်းမေတ္တာရှိသလား ၊

ဘုရားသခင် မိမိဖန်ဆင်းတဲ့လူကို မိမိနဲ့အစဉ် ဆက်သွယ်နေစေချင် တယ်။ ဘုရားက လူကိုဖန်ဆင်းတာ သူနဲ့ဆက်သွယ်ဘို့ဘဲ။ ဘုရားက ပျင်းရိနေတာ မဟုတ်ပါဘူး။ ဘုရားမှာမပြည့်စုံလို့လည်း မဟုတ်ဘူး။ လူကဘုရားကို ပြည့်စုံအောင် လုပ်တာ မဟုတ်ဘူး။ ဘုရားကသာ လူကိုပြည့်စုံအောင် လုပ်ပေးတာ။ ဘုရားနဲ့ဆက် သွယ်မှ ဘုရားအကြောင်း သိမှာပေါ့။ ဘုရားဟာ စက်ရုပ်လိုလူမျိုးနဲ့ မဆက်သွယ် ချင်ဘူး။ အရုပ်ကလေးလို “မင်းကိုငါချစ်တယ်”လို့ ပြောနေတာမျိုး ဘုရားက မလိုချင် ဘူး။ ဘုရားနဲ့ ရင်းနှီးစွာ ဆက်သွယ်ကြရမယ်။ အခြားသူတွေနဲ့လည်း ချစ်ခင် ရင်းနှီးကြ ရမယ်။ ရုပ်သေးလို ကြိုးဆွဲမှ ကတာမျိုး မလိုချင်ဘူး။ ရွေးချယ်တယ်။ ရွေးယူတယ်။ မိမိသဘောနဲ့ ဘုရားကို ဆက်သွယ်တယ်။ မိမိသဘောနဲ့ ဘုရားကိုချစ်တယ်။ မချစ်ဘဲနဲ့ လည်းနေကြတယ်။

လူမှာလွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်။ ဘုရား ဒါကိုတန်ဖိုး ထားတယ်။ ဒုစရိုက်မရှိဘူးဆိုတာထက် တန်ဖိုးရှိတယ်။ ဘယ်လောက် တန်ဖိုးရှိသလဲ? ဒါကို သေသေချာချာ စဉ်းစားကြည့်ပါ။ မကောင်းမှုဒုစရိုက် အမှိုက်ပုံကြီးကိုကြည့်ပါ။ အဲဒီအပုံကြီးထဲမှာ စစ်မက်အင်္ဂါတွေ၊ ငတ်မွတ်ခေါင်းပါးတာတွေ၊ ရက်စက်သတ်ဖြတ်မှု တွေ၊ ကပ်ဆိုက်တာတွေ၊ ပေါက်ကွဲမှုတွေ၊ မတရားမှုတွေ၊ တစ်ကိုယ်ကောင်းဆန်မှုတွေ၊ ညစ်ညူတာတွေ၊ မုန်းတီးမှုတွေ၊ ဝမ်းနည်းကြေကွဲမှုတွေကို အားလုံးပေါင်းလိုက်ပါ။

ကမ္ဘာပေါ်မှာရှိတဲ့ ဒုစရိုက်အမျိုးမျိုးရဲ့ အန္တရာယ်ကြီးကိုကြည့်ပါ။ အလွန်ကြီးမားရွံရှာ တွယ်ရာကောင်းတာ တွေ့ရမယ်။ ကျွန်ုပ်တို့မသိတဲ့အရာတွေလည်း ရှိမယ်။ ပြီးတော့ တစ်ဆင့်တက်လိုက်ပါဦး။ ဒါတွေကို ဘုရားက ချုပ်ငြိမ်းစေဘို့ ရွေးချယ်ခွင့်ပေးလိုက် တယ် ဆိုပါစို့။ ဒါတွေကို ဖယ်ရှားပေးမယ်။ ဒါပေမဲ့ လူတွေရဲ့ လွတ်လပ်စွာ ရွေးချယ်ပိုင် ခွင့်ကိုလည်း ရုပ်သိမ်းလိုက်မယ်။ သင်ဘာကိုရွေးယူမလဲ ?

ဘုရားကတော့ သင်မဆုံးဖြတ်ခင် ဆုံးဖြတ်လို့ပြီးပါပြီ။ ဘုရားက ပြောတယ်။ လူကိုလွတ်လပ်ခွင့်ပေးရမယ်။ ဒုစရိုက်အမျိုးမျိုးရှိတာထက် အရေးကြီး တယ်။ လူရဲ့လွတ်လပ်ရေးကို ရုပ်သိမ်းလိုက်မယ်။ လွတ်လပ်စွာ ဆုံးဖြတ်ခွင့် မပေးဘူးဆို ရင် ဘုရားဟာ ပိုပြီးတော့ လူအပေါ်မှာ ရက်စက်ရာ ရောက်သွားပါလိမ့်မည်။ ဒုက္ခ ဆင်းရဲခြင်းတွေကတော့ ရှိပါစေ။ လူအခွင့်အရေးကိုတော့ ဘုရားကမရုပ်သိမ်းဘူး။

ဧဝံဂေလိ စိတ်ပါလက်ပါလုပ်တဲ့ လူအတွက်ကတော့ ခေါင်းစဉ်ကြီး စာတမ်းကို ဖြေဖို့ကောင်းတယ်။ “မေတ္တာတော်ရှင် ဘုရားသခင်ဟာ အဘယ်ကြောင့် ဒုစရိုက်ကို ခွင့်ပြုထားပါသလဲ??သင်ဟာဘယ်မှာပဲရှိရှိ လမ်းဘေးမှပဲရှိရှိ တက္ကသိုလ်စာ သင်ခန်းထဲမှာပဲရှိရှိ ကြိုးစားဖို့ကောင်းတယ်။

“ဘုရားသခင်ဟာ မေတ္တာတော်ရှင်ဖြစ်တယ်။ အနန္တတန်ခိုးရှင် ဘုရားဖြစ်တယ်။ ဘာ့ကြောင့် ဒုစရိုက်ကို ခွင့်ပြုရပါသလဲ? အပြစ်နဲ့ကင်းမဲ့တဲ့ နို့စို့ကလေး တွေ ဘာကြောင့်သေရတာလဲ? ဒီကမ္ဘာကြီးရဲ့ ဒုက္ခအမျိုးမျိုးတွေကို ကျွန်ုပ်တို့ ဘာ ကြောင့် မရပ်လိုက်နိုင်ရမှာလဲ?”

– ဒီအရေးကြီးတဲ့ မေးခွန်းတွေအတွက် အရေးကြီးတဲ့အဖြေတွေလည်း ရှိရပါမယ်။ ဒါဟာ ဒဿနိကပညာရပ်နဲ့ ဆိုင်တဲ့ဆွေးနွေးမှုဘဲ။ ဆွေးနွေးကြရမှာက၊ ဘုရားက မေတ္တာတော်ရှင်ဖြစ်ပြီးတော့ အနန္တတန်ခိုးရှင် မဟုတ်ဘူးဆိုရင်ကော? ဘုရား က အနန္တတန်ခိုးရှင်တော့ ဖြစ်တယ်။ မေတ္တာတော်ရှင်ကော မဟုတ်ဘူးလား? လူတွေ ပြောကြတာက၊ ကမ္ဘာပေါ်မှာ ဒုစရိုက်တွေ ပေါများနေတာကြည့်တော့ ဘုရားဟာ ပြောကြတယ်။ မေတ္တာတော်ရှင် အနန္တတန်ခိုးရှင် နှစ်မျိုးလုံး မဖြစ်နိုင်ဘူးလို့ ဒဿနိကပညာရှင်တွေက

ဘုရားမှာအပြစ်ရှိသလား ၊

ကျွန်ုပ်တို့အမျိုးမျိုး အဖြေရှာလိုက်တဲ့အခါ ဒီအကြောင်းပြချက်တွေ ဟာလည်း မှန်တယ်လို့ ပြောရပါလိမ့်မယ်။

ဥပမာ ကျွန်တော်ဟာ လမ်းထောင့်တစ်ခုမှာ ရပ်နေတယ်။ ကလေး – ငယ်ကလေးဟာ ဘက်(စ်)ကားကြီးလာနေတာ အရှေ့ကိုဖြတ်တယ်။ ကလေးကို ဘာမှ ၊

မတားလိုက်ဘူးဆိုရင် ကျွန်တော်ဟာ အပြစ်ရှိနေပြီလို့ ခံယူရမှာဘဲ။ ကျွန်တော် ဒီကလေးမသေအောင် တားဆီးနိုင်တဲ့ အသိဥာဏ်ရှိတယ်။ လုပ်ပိုင်ခွင့်လည်း အပြည့် ရဲ့သားနဲ့ ဘာမှမလုပ်ဘူးဆိုရင်တော့ အပြစ်ရှိမှာ အမှန်ဘဲ။ အဲဒီလိုဖြစ်ရပ်မျိုး သန်း ပေါင်းများစွာ ဖြစ်ကြတယ်ဆိုရင်ကော ? ဘုရားသခင်ဟာ မိုက်မဲမှုကြီးတွေ ဖြစ်တော့ မယ်ဆိုတာ မြင် တယ်။ သိတယ်။ ။

လူတွေရဲ့ဒုက္ခဝေဒနာ ခံစားမှုတွေကို ကျွန်ုပ်တို့အားလုံး မသိကြပါ ဘူး။ ဘုရားသခင်အကြောင်းဆိုရင်လည်း မသိတာတွေ အများကြီးရှိပါသေးတယ်။ ဘုရားသခင်ရဲ့ သဗ္ဗညုတဉာဏ်တော်ရဲ့ အတိုင်းအတာကို ကျွန်ုပ်တို့မသိဘူး။ ဘုရား သခင်ဟာ အလုံးစုံကို သိတော်မူတဲ့ ဘုရားဖြစ်တယ်။ ကျွန်ုပ်တို့ရဲ့ ဥဏှောက်ကတော့ ငယ်ငယ်ကလေးဘဲ။ ကျွန်တော်မှာ ဆရာကြီးစီးအက်(စ်)လူးဝစ်ခေါ်တဲ့ “ပြဿနာနဲ့ ဝေဒ နာ” အတွက်အဖြေတွေ အားလုံးမရှိပါဘူး။ ကျွန်တော် ယုံကြည်တာကတော့ ဘာမှ မပြောဘဲနဲ့ ဘုရားသခင်ရဲ့ ဂုဏ်အင်္ဂါလက္ခဏာတည်ကြည်ခန့်ညားမှုကိုဘဲ လက်ခံလိုက် ရင် အကောင်းဆုံးပါဘဲလို့ ထင်တယ်။ ဘုရားသခင်ကို သိသလောက်နဲ့ ရှုမြင်သုံးသပ်တဲ့ အခါ အဖြေတွေ့လာပါတယ်။ ဘုရားသခင်မှာ တန်ခိုးအာဏာအပြည့်အဝရှိသော်လည်း ဘုရားသခင်ဟာဟာ အသုံးမပြုဘူး။ အခြားအရေးကြီးတဲ့အရာတွေလည်း ရှိသေးတယ်။ အခြားအရေးကြီးတဲ့အရာတစ်ခုကို ကျွန်ုပ်ရဲ့အထက်က စဉ်းစားခဲ့တယ်။ လူကို လွတ် လပ်စွာ စဉ်းစားလုပ်ပိုင်ခွင့် ပေးထားလို့ဘဲ ဖြစ်တယ်။ အခြားရှိသေးတယ်။ တစ်ခု ကတော့ ဘုရားသခင်ဟာ တရားမျှတမှုကို ထိန်းသိမ်းတယ်။

ဘုရားသခင်ဟာ တရားမျှတတယ်။ ဘုရားက ဘယ်လိုနဲ့မှ အပေး အယူမလုပ်ဘူး။ ဘုရားသခင်ဟာ သမာသမတ်လုပ်တယ်။ ဘက်မလိုက်ဘူး။ ဘုရား သခင်ဟာ စစ်ပွဲတစ်ပွဲကို ရပ်လို့မရဘူး။ ရပ်လိုက်ရင် အခြားစစ်ပွဲတွေကို ရပ်ဆိုင်းပစ်ရ မယ်။ ဒုစရိုက်မှန်သမျှကို ဘုရားကအားလုံးရပ်ဆိုင်းပေးရင် လူတွေရဲ့ အခွင့်အရေးမှန် သမျှ အားလုံးကိုလည်း ရပ်ဆိုင်းလိုက်ဖို့လိုတယ်။ အဲဒီအခါကျတော့ လူဟာ မိမိအလို အလျှောက် ဘုရားသခင်ကို ကိုးစားမယ်။ ယုံကြည်မယ်။ နာခံမယ်။ ဆက်သွယ်မယ်ဆို တာ ပျောက်သွားပါလိမ့်မယ်။ ။

အချို့ကတော့ ပြောပါလိမ့်မယ် “ဒီလိုဆိုရင် ဘုရားသခင်ဟာ အား လုံးကိုပဲ ရပ်ဆိုင်းလိုက်ရင် မကောင်းဘူးလား? ဒုစရိုက်တွေ ပျောက်ကုန်ရင် တော်ပါပြီ လို့ပြောကြမှာဘဲ။ ဘုရားဟာ တစ်ကြိမ်က လုပ်ခဲ့ဘူးတယ်။ ဘုရားဟာ ဒါတွေကြောင့် ကမ္ဘာကြီးကို ဆေးကြောခဲ့တယ်။ ဖြောင့်မတ်ခြင်းနဲ့ မညီညွတ်တာတွေကို အားလုံးသုတ် သင်ဖယ်ရှင်းခဲ့တယ်။ ကမ္ဘာကို ရေလွှမ်းမိုးစေခဲ့တယ်။ လူရှစ်ယောက်ပဲကျန်တယ်။ ဒါ ဟာ ဘုရားသခင်ရဲ့ နောက်ဆုံးစီမံချက်မဟုတ်ဘူး။

ဘုရားသခင်ဟာ မေတ္တာတော်ရှင်ပါပဲ။ ကမ္ဘာကြီးအတွက် လူတွေ အတွက် အကောင်းဆုံးလုပ်နေတယ်။ အမှန်မှာတော့ ဘုရားဟာ အလွန်ဝမ်းနည်းမိ တယ်။ ဒုစရိုက်တိုင်း၊ မတရားမှုဖြစ်တိုင်း၊ နာကျင်မှုရှိတိုင်း၊ မျက်ရည်ကျတိုင်း၊ ဘုရား သခင်ရဲ့ နှလုံးတော်ကို ထိခိုက်နာကျင်စေတယ်။ (ဟေရှာ၊ ၆၃း၁၀။ ဆာ၊ ၇၈း၄၀)။ ဘုရားဟာ ဒါတွေကို ထိုင်ကြည့်နေပြီး ဖြစ်ချင်တာဖြစ်လို့ သဘောမထားပါဘူး။ ဘုရား ရဲ့မေတ္တာကြောင့် လူတွေအပေါ်မှာ သံယောဇဉ်ဖြစ်နေတယ်။ ဒုစရိုက်ဖြစ်လာရင် ဘုရား ကအရေးယူတယ်။ တန်ပြန်တယ်။ လုပ်သင့်လုပ်ထိုက်တာကို ဘုရားကလုပ်တယ်။ တရားမျှတမှုကို ရှေးရှုထားတဲ့အတွက် တန်ခိုးကို နေရာတကာမသုံးဘူး။ လူတွေကို လွတ်လပ်မှု၊ လုပ်ချင်တာလုပ်စေဆိုတာကို မရုပ်သိမ်းချင်ဘူး (မ၊ ၂၃း၃၇။ သု၊ ၁း၂၄။ ဟေရှာ၊ ၆၅း၁-၃)။ ။

ဘုရားဟာ မေတ္တာ၊ ကရုဏာ၊ တန်ခိုးအနန္တ၊ တရားမျှတမှုကို ဦး၊ တည်တယ်ဆိုတာ သိထားဘို့လိုတယ်။ ဘုရားရဲ့ အတိုင်းအဆမရှိတဲ့ဉာဏ်ဟာ လူတွေ

ကောင်းစားဘို့ဘဲ။ လူဟာ ဆုံးဖြတ်ပြီးတော့ ချည်နှောင်ခြင်း၊ ဒုက္ခဝေဒနာကျရောက် ခြင်း မှ အလွှတ်ရုန်းထွက်ဖို့ လုပ်ရမည်။ ဆုံးဖြတ်ချက်ချပြီးတော့ အကောင်အထည်ဖော်ရ မယ်။ ပြီးတော့ ဘုရားနဲ့အဆက်မပြတ် ဆက်သွယ်နေရမယ်။ ဘုရားရဲ့ တန်ခိုး၊ မေတ္တာ၊ တရားမျှတခြင်း၊ ဉာဏ်ပညာအလုံးစုံဟာ ခရစ်တော်နဲ့ လက်ဝါးကပ်တိုင်မှာ လာပေါ် တယ်။ ထင်ရှားတယ်။ လုပ်ဆောင်တယ်။(ယော၊ ၃း၁၆)။

ထာဝရဘုရားကဒီလိုဘဲလား

ဘုရားသခင်ရဲ့ ဉာဏ်တော်အရ ကျွန်ုပ်တို့ရဲ့ ခေတ္တခံစားနေရတဲ့ ဒုက္ခ ဆင်းရဲခြင်းကို မြင်တွေ့ရပါတယ်။ ဘယ်သူ့ကိုမှ ထာဝရကာလဝေဒနာ မခံစားစေချင် ဘူး။ ဤလောကမှာ အသက်ရှင်တာ ထာဝရကာလတည်မြဲခြင်းနဲ့ဆိုရင် ခေတ္တခဏ ပါဘဲ။ ဘုရားသခင်နဲ့အတူ အစဉ်အမြဲနေရဘို့ဘဲ အရေးကြီးတယ်။ လူတွေ ခဏခေတ္တ ဒုက္ခရောက်နေတာက ထိုထာဝရကာလနဲ့ဆိုရင် မပြောပလောက်ပါဘူး။ ဒါကြောင့် ဘုရားသခင်ဟာ လူတွေရဲ့ နှလုံးသားထဲမှာ စစ်မှန်တဲ့ လွတ်မြောက်မှု၊ ငြိမ်သက်မှု၊ အသက်တာကာလတွေကို သိစေချင်တယ်။ ဒီအရာတွေဟာ ယခုဒီဘဝမှာ ခေတ္တခံစား နေရတာနဲ့ စာကြည့်ရင် အလွန်အရေးကြီးတဲ့ တန်ဘိုးရှိတဲ့ အရာတွေဘဲ။ လူဟာ မိမိ အတ္တ၊ လောဘရဲ့ အကျိုးဆက်တွေက လွှတ်မြောက်သွားစေဖို့ စီမံချက်လုပ်ထားတယ်။ လူဟာ မိမိလုပ်ခဲ့တဲ့ ဆိုးညစ်မှုတွေက ကျော်လွှားနိုင်ဖို့ စီမံထားတယ်။ အဲဒီတော့ လူဟာ ရွေးချယ်ပိုင်ခွင့်ရှိတဲ့အတွက် အသက်ကိုရွေးမလား? သေခြင်းကို ရွေးမလား? လူရဲ့ရွေးရ မယ့် အချက်ကတော့ (၁) ခေတ္တခဏဒုက္ခဆင်းရဲခြင်းနဲ့ ထာဝရအသက်ရှင်ခြင်းကို

ရွေးမလား? (၂) ထာဝရကာလဆင်းရဲခြင်းနဲ့ ထာဝရကာလသေခြင်းကို ရွေးမလား? ဘယ်သူမှ ထာဝရကာလ ဆင်းရဲဒုက္ခမရောက်ရဘူး။ ရွေးယူတာမှန်မှ လွတ်မြောက်နိုင် တယ်။ ရွေးယူတာမှန်ကန်ဘို့ လိုတယ်။

ယခု ကျွန်ုပ်တို့ ဘုရားသဘောကို သိကြပါပြီ။ လွတ်လပ်စွာ ရွေးချယ် ပိုင်ခွင့်ဟာ ဒုက္ခဆင်းရဲထက် တန်ဘိုးရှိတာ သိကြပါပြီ။ အဲဒီတော့မှာ ဘုရားသခင်ဟာ လူရဲ့ လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ကို အခြေခံပြီးတော့ ဒုက္ခဆင်းရဲခြင်းတွေကို ပပျောက်

အောင် လုပ်တော့မယ်။ လူဟာ ဘုရားသခင်နဲ့ ဆက်သွယ်ရမယ်။ ဘုရားသခင်နဲ့တစ်လုံး တစ်ဝတည်းရှိရမယ်။ ဘုရားသခင်နဲ့ မှန်ကန်စွာ ဆက်သွယ်လိုက်ရင် ကမ္ဘာပေါ်မှာရှိတဲ့ အနိဌါရုံဟူသရွေ့ ချုပ်ငြိမ်းသွားပါတော့မယ်။

အောင်ပွဲခံသူဖြစ်စေပါ၊ ပျက်စီးဆုံးရှုံးသူမဖြစ်စေနဲ့ ၊

ဒုစရိုက်တွေ ဒီလောကမှာရှိနေတဲ့ အခြားအကြောင်းတစ်ခုရှိသေး တယ်။ ဒါဟာ လူတွေဖွံ့ဖြိုးတိုးတက်ဘို့ဘဲ။ ဒုစရိုက်ကို လူကယူဆောင်လာတာ အထက် မှာ ပြောခဲ့ပါတယ်။ ဒုစရိုက်ကို လူကရွေးချယ်လို့ ရောက်လာတာပါ။ ဒီဒုစရိုက်နဲ့ လူရဲ့ ကျဆင်းခြင်းကို အသုံးပြုပြီးတော့ လူတစ်စုကို ပြုစုပျိုးထောင်တယ်။ ဒုစရိုက်မလုပ်တဲ့ လူတစ်စုဖြစ်ရမယ်။ ဒါကြောင့် ကျမ်းစာမှာ အောင်ပွဲခံသူ၊ အောင်နိုင်သူဆိုတဲ့ စကား များစွာ သုံးထားတယ်။ ကျွန်ုပ်တို့ဟာ ဒီဒုစရိုက်တွေကို အောင်ပွဲခံသူ ဖြစ်ရမယ်။

ကျွန်ုပ်တို့ဟာ အောင်ပွဲခံတဲ့လူတွေဖြစ်ရင် ရှေးဦးစွာ ဒုစရိုက် လောက တကိုယ်ကောင်းဆန်တဲ့ လောကကြီးအကြောင်း ကောင်းကောင်းသိထားဘို့ လိုတယ်။ ဒီဆိုးယုတ်တဲ့ ကမ္ဘာမှာ ကျွန်ုပ်တို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးထားတာ မဟုတ်ဘူး။ ဒုစရိုက်တွေ၊ တစ်ကိုယ်ကောင်းဆန်တာတွေဟာ တစ်ချိန်လုံးဖြစ်နေတဲ့ ကိစ္စဘဲ။ ကျွန်ုပ်တို့လည်း ခံကြရမယ်။ သူတစ်ပါးတွေလိုဘဲ ဒုက္ခရောက်ကြမှာပါဘဲ။ သူ တစ်ပါးတွေ အကျင့်ပျက်တာတွေကို အံ့သြမနေပါနဲ့။ ဒုစရိုက်ဟာ အချိန်မရွေး သင့်ထံ ရောက်လာနိုင်တယ်။ တုန်လှုပ်ခြောက်ခြားမနေပါနဲ့၊ လာမယ်ဆိုတာ သိထားပါ။ ပါဝင် ရောယှက်ခြင်းတော့ လုံးဝမဖြစ်စေပါနဲ့။ (ဟေဗြဲ၊ ၁၁း၂၄-၂၆)

ဘုရားသခင်ဟာ ဒုစရိုက်ကို အကြောင်းပြုပြီးတော့ ကျွန်ုပ်တို့ကို ဖွံ့ ဖြိုးစေတဲ့အချက်နှစ်ချက်ရှိတယ်။ ပထမကတော့ ဘဝဆိုတာ တိုက်ပွဲဖြစ်တာသိစေချင် တယ်။ ကျွန်ုပ်တို့စိတ်မှာ ရှုပ်ထွေးမယ်။ စိတ်ဆိုးမယ်။ မကျေနပ်မှုတွေရှိမယ်။ ဒါတွေကို သိရဲ့သားနဲ့ လုပ်ရင်ရှုံးနိမ့်မှာပါဘဲ။ သို့မဟုတ် ဒါတွေနဲ့မပတ်သက်ရလေအောင် ခေါင်း ကိုသဲပုံထဲမှာ မြှုပ်ထားလို့မရဘူး။ မကောင်းတွေမရှိပါဘူးလို့ အယောင်ဆောင်နေလို့ လည်း မရဘူး။ ကိုယ့်ဝန်းကျင်မှာ ဖြစ်ပျက်နေသမျှ ကိုယ့်ကိုပြုပြင်ပေးနေတာဘဲလို့ ခံယူ

ပါ။ အပြစ်မလုပ်မိအောင်တော့ ထိန်းကြရမှာဘဲ။ ကမ္ဘာကြီးကတော့ သူဖြစ်ချင် ဖြစ်နေမှာဘဲ။ တားလို့မရဘူး။ ရွေးချယ်ဖို့က ကျွန်ုပ်တို့တာဝန်ပါဘဲ။ ခွန်အားရဘို့ သင်ခန်းစာရယူပါ။ တမူထူးခြားစွာ အသက်ရှင်ပြသပါ။ သို့မဟုတ် စုံစမ်းခြင်းတွေ မခံနိုင်ဘဲ ကျဆုံးသွား ပါလိမ့်မယ်။

ဘုရားသခင်ဟာ ဒီကျဆင်းတဲ့ ကမ္ဘာကို အသုံးပြုပြီးတော့ စုံစမ်းသွေး ဆောင်ခြင်းနဲ့ အသက်တာခိုင်ခံ့စေတယ်။ လောကကြီးမှာ စစ်ဆေးခြင်း၊ စုံစမ်းနှောင့် ယှက်ခြင်း၊ ဘေးဒဏ်ကြီးတွေဟာ ရှိနေမှာဘဲ။ အချို့လူတွေကသာ ဒါတွေမရှိပါဘူးလို့

ယောင်ဆောင်နေကြတယ်။ အချို့ဘာသာတရားတွေက ဒီဒုက္ခဆင်းရဲခြင်းတွေဟာ တကယ်မဟုတ်ဘူး လှည့်စားမှုတွေဘဲလို့ပြောနေကြတယ်။ အချို့ခရစ်ယာန်တွေကဘာ ပြောသလဲဆိုတော့ မကောင်းတာတွေရှိတာ ဝန်မခံနဲ့။ ဝန်ခံရင် ဒုက္ခတွေ ကိုယ့်ဆီလာ လိမ့်မယ်လို့ ဆိုကြပြန်တယ်။ အမှန်မှာတော့ မကောင်းတာတွေ အမှန်တကယ်ရှိပါ တယ်။ အချို့ဆိုးညစ်မှုတွေဟာ ပျောက်မသွားဘူး။ ကျွန်ုပ်တို့ ဆုတောင်းလို့ ဆိုးညစ်မိုက် မဲမှုတွေဟာ မပျောက်ကွယ်သွားဘူးဆိုရင် ဒီမကောင်းမှုတွေကို ရှောင်ပါ။ မိမိကိုယ်ကို ခိုင်ခံ့စေပါ။ ဒုစရိုက်ကို မနှစ်မြို့ပါနဲ့။ ကျွန်ုပ်တို့ရဲ့ အောင်ပွဲကိုလည်း ဒုစရိုက်ကြောင့် မပျက်စီးစေပါနဲ့။ အောင်ပွဲဆိုတာ ပစ္စည်းဥစ္စာရတဲ့အပေါ် မူမတည်ပါဘူး။ အောင်ပွဲဆို တာ အရာဝတ္ထုပစ္စည်းတွေအထဲက ပေါ်ထွက်လာရမယ်။ အောင်ပွဲဆိုတာ နှလုံးသားထဲ ကရတာ။ အောင်ပွဲဟာ အရာရာတိုင်းကို ကျော်လွှားနိုင်ရမှာ ဖြစ်တယ်။

သင်က စုံစမ်းခြင်း၊ နှောင့်ယှက်ခြင်း၊ သွေးဆောင်ခြင်းတွေဟာ လာ ကိုလာမှာဘဲလို့ စောင့်မျှော်နေရင် ထိုအရာတွေရဲ့ လွှမ်းမိုးမှုကို မခံစားရဘူး။ သို့မဟုတ် “ဒါတွေငါ့ဆီမှာ ဘာဖြစ်လို့ လာဖြစ်ရတာလဲ”လို့ ခေါင်းခါပြမနေပါနဲ့။ လာသမျှ အခက် အခဲတွေကိုတော့ တိုက်ဖျက်ရမှာဘဲ၊ ကျော်လွှားရမှာဘဲလို့ ခံယူရင် အောင်ပွဲကို ဆွတ်ခူး ဖို့ဘဲရှိတယ်။

ကျွန်တော့အနေနဲ့ သေကြေပျက်စီးမှုတွေ အများကြီးတွေ့ဖူးတယ်။ မဖြစ်သင့်ဘဲနဲ့ ဖြစ်ကြရတယ်။ အသင်းတော်တွေ မကွဲသင့်ဘဲနဲ့ ကွဲကြရတယ်။ ငွေတွေ ပြတ်တောက်သွားလို့ သာသနာ့အဖွဲ့ အစည်းတွေ ဖျက်သိမ်းလိုက်ရတယ်။ သင်းအုပ် ဆရာတွေ မိန်းမပျိုကလေးတွေနဲ့ ထွက်ပြေးသွားတယ်။ လူတွေဟာ တစ်ခါတစ်ခါ တွေ ၊ ဝေနေတယ်။ ထိတ်လန့်ကြောက်ရွံ့နေကြတယ်။ သူတို့ဟာ သံသယဖြစ်ပြီးတော့ ဘုရား

တောင်အပြစ်တင်ကြတယ်။ အချို့ခွဲခွာကြပြီး ဘုရားကို အစေမခံကြတော့ဘူး။အားနည်း သူတွေမဟုတ်ဘူး။ နိမိတ်လက္ခဏာကော မြင်ဖူးတဲ့လူတွေဘဲ။ သာသနာ့လုပ်ငန်းမှာ ထူးချွန်စွာ ဆောင်ရွက်ခဲ့ကြတယ်။ ဘုရားသခင်ထဲက ကောင်းကြီးများစွာ ခံခဲ့ရတဲ့လူ တွေ အခုထွက်ပြေးကုန်ကြပြီ။

 

အောင်ပွဲဆိုတာ ကျည်ဆန်မတိုးတဲ့ မှန်အိမ်ထဲနေလို့လား ၊

ပြဿနာကတော့ ကျွန်ုပ်တို့ဟာ ဒုစရိုက်ကမ္ဘာထဲမှာ နေကြတယ်ဆို တဲ့ အသိမရှိကြလို့ဘဲ။ အောင်ပွဲဆိုတာ စစ်ဆေးခြင်း၊ ဒုက္ခခံရခြင်း၊ စုံစမ်းသွေးဆောင် ခြင်းထဲက လာတာမဟုတ်ဘူးလို့ ထင်နေကြတယ်။ သူတို့ဟာ စိတ်ကူးယဉ်ကမ္ဘာထဲမှာ နေပြီးတော့၊ ကယ်တင်ခြင်းဆိုတာ ကြောက်မက်ဖွယ်ရာတွေထဲက ကင်းလွတ်ခွင့်ရ တယ်လို့ ထင်နေကြတာ။ ဆိုးညစ်မိုက်မဲတဲ့ ဖြစ်ရပ်တွေ ဖိစီးလာတဲ့အခါ သူတို့မှာ ပြင် ဆင်မှု မရှိကြဘူး။ ။

ကျွန်ုပ်တို့အနေနဲ့ ဒုစရိုက်ကမ္ဘာထဲမှာ အသက်ရှင်နေတာကို သိဖို့လို တယ်။ ဒါတွေကြောင့် ကျွန်ုပ်တို့ဟာ ရုန်းကန်လှုပ်ရှား တိုးတက်နေရမယ်။ အောင်ပွဲတွေ ဆင်နွဲနေကြရမယ်။ ၁ပေ၊ ၄း၁၂-၁၃ မှာ …. ။

ချစ်သူတို့ သင်တို့ကို စုံစမ်းစရာဘို့ ယခုခံရသော မီးစစ်ခြင်းအရာ ကိုကား သင်တို့၌ အံ့သြဖွယ်သောအရာဖြစ်သည်ဟု ထင်မှတ်၍ အံ့ဩခြင်းမရှိကြ နှင့်။ သင် တို့သည် ခရစ်တော်၏ ဆင်းရဲကို ဆက်ဆံကြသည်ဖြစ်၍၊ ဘုန်းတော် ပေါ်ထွန်းသောအခါ အလွန်ဝမ်းမြောက်ရွှင်လန်းမည်အကြောင်း ယခုပင် ဝမ်းမြောက် ကြလော့။

ပေတရုဟာ ဒီစာစောင်ကို ခရစ်ယာန်တွေထံရေးတယ်။ အဲဒီခရစ် ယာန်တွေဟာ နေ့စဉ်ဆိုသလို နှိပ်စက်ညှဉ်းဆဲခြင်းကိုခံရတယ်။ သတ်ဖြတ်ခြင်းကို ခံကြ ရတယ်။ သေခါနီးလူတွေက ဒီစာကိုဖတ်ပြီး မကြာခင် အားကစားကွင်းကြီးထဲမှာ ခြင်္သေ့ ကိုက်စားခြင်းကို ခံကြရမယ့် ခရစ်ယာန်တွေဘဲ။ ဒီစာကိုဖတ်ပြီးတာနဲ့ ကြိုးချည်ခံရ တယ်။ ပြီးတော့ ဆီထဲမှာဖြစ်တယ်။ ပြီးတော့ မီးတုတ်ကြီးလို ထွန်းညှိခံရကြတယ်။ ဧကရာဇ်မင်း ရဲ့ ဧည့်ခံပွဲမှာ မီးထုတ်တွေဖြစ်ကြတယ်။ ပေတရုက အားပေးစကားပြော တယ်။ ခရစ်ယာန်တွေ ဒီလိုရက်ရက်စက်စက် နှိပ်စက်ခံရတာတော့ ဘုရားသခင်နဲ့ အဆက်အသွယ် မပြတ်ရပါဘူး။ ဒီလိုခံရတာဟာ အံ့သြဘွယ်သော အရာဖြစ်တယ်။ ခရစ်တော်ရဲ့ ဆင်းရဲ ခြင်းကို ဆက်ဆံကြတာဘဲလို့ အားပေးလိုက်တယ်။

ကျွန်ုပ်တို့ဟာ ခွေးရူးမဟုတ်ဘူး၊ တစ်ခုခုသိရှိထားတယ်

ကျွန်ုပ်တို့ဟာ ဒုစရိုက်ကမ္ဘာထဲမှာ နေတာတော့ မမေ့လိုက်ပါနဲ့။ ဘုရားသခင်ကလည်း အမျိုးမျိုးကို ခွင့်ပြုထားတယ်။ တစ်ခုခုဖြစ်လာရင် အံ့သြနေစရာ မလိုဘူး။ ဘေးဒဏ်ကြီးကာလထဲမှာ ဝမ်းမြောက်ရမယ်ဆိုရင် ကျွန်ုပ်တို့ရူးနေလို့လား” သို့မဟုတ် ဘုရားသခင်အကြောင်းကို ကောင်းကောင်းသိထားလို့လား? ဘုရားသခင်ရဲ့ ။ နှုတ်ကပတ်တော်ကို ကျေကျေညက်ညက်သိထားလို့ဘဲ ဖြစ်ရမယ်။ ဒီကမ္ဘာအကြောင်းနဲ့

လူတွေရဲ့ ဖြစ်စဉ်ကို အကုန်အစင်သိထားလို့သာ ဖြစ်တယ်။

အထက်က ပေတရုဖော်ပြထားတဲ့ ကျမ်းချက်မှာ၊ ပေတရုက ကျွန်ုပ် တို့လုပ်သမျှ ပြောသမျှ ဘုရားသခင်ရဲ့ ဘုန်းတော်နာမတော် ထင်ရှားကြရမယ်လို့ သွန် သင်တယ်။ ကျွန်ုပ်တို့လုပ်သမျှ၊ တုန့်ပြန်သမျှ၊ နာရီတိုင်း၊ နေရာတိုင်းမှာ ကျွန်ုပ်တို့ဟာ ဘုရားသခင်ရဲ့ ဘုန်းကိုဖော်ပြနေတဲ့လူတွေ ဖြစ်ရမယ်။ ဘုရားရဲ့ ဝိသေသလက္ခဏာများ ကို ဝန်းကျင်ကလူတွေကို ထုတ်ပြရမယ်။ ကျွန်ုပ်တို့ဘုရားကို တကယ်ဘဲ သိသလား? သိရင် တွေ့ကြုံသမျှမှာ ဝမ်းမြောက်ရွှင်လန်းနေရမယ်။ ဘာဘဲဖြစ်ဖြစ် စစ်မှန်တဲ့ လမ်း

ကြောင်းပေါ်က မရွေ့ရှားသွားဘူးဆိုတာ ဂဃနဏသိတယ်။ သင်ဟာ ဘုရားကိုသိရင် ဘုရားရဲ့ စစ်မှန်တဲ့မေတ္တာကိုလည်း သိမယ်။ ကျွန်ုပ်တို့အပေါ် ဘုရားရဲ့ ရည်ရွယ်ချက်၊ စီမံချက်တွေဟာ ဘယ်သောအခါမှ မပြောင်းလဲဘူး။ စိတ်ပျက်ဝမ်းနည်းတဲ့အခါခါတိုင်း ဝမ်းမြောက်နိုင်တယ်။ ကျွန်ုပ်တို့အထဲမှာရှိတဲ့ ဘုရားဟာ အောင်ပွဲခံတဲ့ဘုရားဖြစ်တယ်။ ဘုရားသခင်ရဲ့ လက္ခဏာတွေကို သူတစ်ပါးကို ပြသနိုင်တယ်။ အထူးသဖြင့် ဒုက္ခဆင်းရဲ ခံနေရတဲ့အခါမှာ ဘုရားကိုထုတ်ဖော် ပြသနိုင်ရမယ်။

ယာ၊ ၁၂-၄ မှာ ငါညီအစ်ကိုတို့ သင်တို့၏ယုံကြည်ခြင်းကို စစ်ကြော စုံစမ်းခြင်းအရာသည် သည်းခံခြင်းကို ပွားစေတတ်သည်ဟု သိမှတ်လျက်၊ အထူးထူး အပြားပြား စုံစမ်းနှောင့်ယှက်ခြင်းနှင့် တွေ့ကြုံသောအခါ ဝမ်းမြောက်စရာ အကြောင်း သက်သက်ဖြစ်သည်ဟု မှတ်ကြလော့။ သင်တို့သည် အလျှင်းမချို့တဲ့ဘဲ စေ့စပ်စုံလင်မည်အကြောင်း သည်းခံခြင်းစိတ်သည် အကုန်အစင် ပြုပြင်ပါစေ။

“အထူးထူးအပြားပြားသော စုံစမ်းနှောင့်ယှက်ခြင်း”နဲ့ “ယုံကြည်ခြင်း ကို စစ်ကြောစုံစမ်းခြင်း” တို့ဟာ ဝမ်းမြောက်စရာတွေ မဟုတ်ဘူးဆိုတာ ကျွန်ုပ်တို့သိ တယ်။ ဒါပေမဲ့ ပေတရုက ဒါတွေကို တွေ့ကြုံတဲ့အခါ၊ ဝမ်းမြောက်စရာအကြောင်းသက် သက်ဖြစ်သည် မှတ်ရတယ်လို့ ဆိုထားတယ်။ ကျွန်ုပ်တို့ဟာ ဒုက္ခဆင်းရဲခြင်းနဲ့ ပတ်သက် လို့ ကိုယ်ခန္ဓာ၊ စိတ်မှစ၍ လူတစ်ကိုယ်လုံး နာကျင်မှုအမျိုးမျိုးအပေါ် သည်းခံစိတ်ရှိရ မယ်။ ဒါဟာ ဝမ်းမြောက်ခြင်း၊ သက်သက်ဘဲဖြစ်ရမယ်။ ဘာ့ကြောင့်လဲ? ဒီလိုပြင်းထန် တဲ့ ဝေဒနာခံစားမှုကနေ နှိုင်းယှဉ်လို့မရတဲ့ တန်ဖိုးဟာ ပေါ်ထွက်လာတယ်။ သည်းခံ ခြင်းစိတ်ဘဲဖြစ်တယ်။

အနောက်တိုင်းနိုင်ငံတွေမှာဆိုရင် သည်းခံခြင်းစိတ်ကို သဘောမ ပေါက်ကြဘူး၊ လူမှုဝန်းကျင်ကတော့ စည်းစိမ်ခံစားမှု၊ လိုတရတဲ့ ကြွယ်ဝချမ်းသာမှုကို ဘဲ တောင်းဆိုနေကြတယ်။ ကျွန်ုပ်တို့တစ်ခုခု မကြိုက်တော့ဘူးဆိုရင် လဲလိုက်တာဘဲ။ ဒါပေမဲ့ လူများစုကတော့ သူတို့ဘဝပြောင်းလဲလာဖို့တော့ အခွင့်အရေး မရကြဘူး။ အဲဒီတော့ သည်းခံစိတ်ဘဲ မွေးကြရတယ်။

စုံစမ်းသွေးဆောင်ခြင်းကို ဘယ်သူမှမလွတ်နိုင်ဘူး။ ချွင်းချက်မထား ဘူး။ သည်းခံနိုင်တဲ့ လူကတော့ အောင်ပွဲခံရမှာဘဲ။သည်းခံစိတ်အပေါ် တန်ဖိုးဖြတ်လို့မရ ဘူး။ ကျွန်ုပ်တို့မှာရှိတဲ့ အရာတွေထဲမှာ သည်းခံခြင်းဟာ တန်ဖိုးအရှိဆုံးထဲကတစ်ခုဘဲ။

သည်းခံခြင်းစိတ်ဓါတ်ကြောင့် ကျွန်ုပ်တို့အသက်ရှင်တဲ့အခါ နှလုံး သားထဲမှာတော့ ဝမ်းမြောက်ခြင်းအခွင့်ကို ရကြတယ်။ ဘုရားသခင်မြင်တာကို ကျွန်ုပ် တို့မြင်မယ်ဆိုရင် သည်းခံခြင်းကြောင့် ဆုလဒ်တွေ အများကြီးခံစားကြရမယ်။ နေရာ တကာတိုင်းမှာ ကျေနပ်နှစ်သိမ့်ခြင်းအခွင့်ကို ခံစားကြရမယ်။

ကျွန်ုပ်တို့ဘဝကို ရှောင်တိမ်းလို့ရအောင် ခရစ်တော်လက်ဝါးကပ် တိုင်မှာ အသေခံပေးတာ မဟုတ်ဘူး။ ကျွန်ုပ်တို့ အသက်တာမှာ အောင်မြင်ဘို့ဘဲ ဖြစ် တယ်။ နေရာတကာမှာ လှုပ်ရှားနိုင်ဖို့ ကျေးဇူးတော်ကို ပေးတယ်။ ခရစ်တော်ဟာ အပြစ် နဲ့ကင်းမဲ့တဲ့ အသက်တာမှာ အသက်ရှင်ခဲ့တယ်။ လက်ဝါးကပ်တိုင်မှာ အသေခံတယ်။ ဝေဒနာပြင်းပြစွာနဲ့ သေရရှာတယ်။ မရဏာနိုင်ငံဆင်းသွားတယ်။ စာတန်လက်က အာဏာတန်ခိုးကို သိမ်းယူခဲ့တယ်။ အပြစ်ရဲ့တန်ခိုး၊ သေခြင်းတရားကို စာတန်လက် မှ ဖယ်ရှားခဲ့တယ်။ ပြီးတော့ ရှင်ပြန်ထမြောက်တယ်။ ကောင်းကင်သို့ တက်ကြွတယ်။ ခမည်းတော်ရဲ့ လက်ျာတော်ဘက်မှာ ထိုင်နေတယ်။ ကျွန်ုပ်တို့အတွက် အစဉ်မပြတ် ဆု

တောင်းပေးနေတယ်။ ဘုရားသခင်ဟာ ကျွန်ုပ်တို့ကို အမှန်တကယ် ချစ်တယ်ဆိုတဲ့ အထောက်အထားမခိုင်လုံဘူးလား? ခရစ်တော်ရဲ့ ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းတွေကြောင့် ကျွန်ုပ်တို့ဟာ အရာရာမှာ သည်းခံစိတ်နဲ့ အောင်ပွဲခံဘို့ဘဲရှိတယ်။ ဒါမှမလုံလောက်ဘူး ဆိုရင်တော့ အခြားဘာသာတရားတစ်ခုခုကို ရှာဘို့ကောင်းပြီ။

လူဟာ ဘယ်လိုပြည်စုံ ရမှာလဲ၊ စုံလင်ရမှာလဲ၊ လိုလေသေးမရှိ အသက်ရှင်ရမှာလဲ? အဖြေကတော့ အရာရာမှာသည်းခံစိတ်နဲ့ အသက်ရှင်ပြီး အောင် ပွဲခံဘို့ပါဘဲ။ ဒီလိုသည်းခံစိတ်ပွားများနေတဲ့အခါ ပြောရမယ့် စကားကတော့ “ဒါဟာ ငါရဲ့ ဝမ်းမြောက်ခြင်း”လို့ စိတ်ထဲမှာဖော်ပြပါ။ စိတ်ဓါတ်စစ်ဆင်ရေး လုပ်နေတာမဟုတ် ဘူး။ အခက်အခဲတိုင်းဟာ ကျွန်ုပ်တို့ကို ပြုပြင်ပေးနေတယ်ဆိုတာ သဘောပေါက်တဲ့ လက္ခဏာဘဲဖြစ်ရမယ်။ တစ်နေ့တစ်ခြား ခရစ်တော်နဲ့ တူလာရမယ်။ ဝမ်းမြောက်တဲ့ စိတ်ရှိလာရင် ပိုမိုပြီး သည်းခံစိတ်နဲ့ ဒုက္ခဝေဒနာကို ခံယူနိုင်မယ်။

ကျွန်ုပ်တို့အဲဒိပုံစံ ပေါ်လာအောင်တော့ ဘုရားသခင် စောင့်မျှော်နေ တယ်။ အကောင်းမြင်ဝါဒနဲ့ အရာရာပေါ်မှာ အခွင့်အရေးယူတတ်ဘို့ပါဘဲ။ ရော၊ ၈၂၈ကို ဒါကို ဖော်ပြတယ်။ ဖတ်ကြည့်ပါ။ ခေါ်တော်မူသောသူတို့၏ အကျိုးကို – ခပ်သိမ်းသော အရာတို့သည် တညီတညွတ်တည်း ပြုစုကြသည်ကို ငါတို့သိကြ၏လို့ ပြောနိုင်ရမယ်။ ကျွန်ုပ်တို့ သည်းခံခွင့်လွှတ်တဲ့စိတ်နဲ့ ချီတက်တဲ့အရာ စုံလင်ခြင်းအခွင့်ကို

ရကြလိမ့်မယ်။

ရော၊ ၅း၁-၅ကို သေသေချာချာကြည့်ပါ။ ထိုကြောင့် ငါတို့သည် ယုံ ကြည်ခြင်းရှိ၍ ဖြောင့်မတ်ရာသို့ ရောက်လျှင် ငါတို့သည် သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင် ရှေ့တော်၌ငြိမ်သက်ခြင်းကို ခံစားကြ၏။ ထိုကျေးဇူးတော်ကို ခံစားရသည် `အကြောင်းမှာ ယုံကြည်ခြင်းရှိ၍ ထိုသခင်အားဖြင့်သာ ခံစားရသောအခွင့်ကို ရကြ၏။ သို့ဖြစ်၍ ဘုရားသခင်၏ ဘုန်းတော်ကို မျှော်လင့်၍ ဝါကြွားဝမ်းမြောက်ခြင်းရှိကြ၏။ ထိုမျှမက ဒုက္ခဆင်းရဲခြင်းကို ခံ၍ ဝါကြွားဝမ်းမြောက်ခြင်းရှိကြ၏။ အကြောင်းမူကား ဒုက္ခဆင်းရဲခြင်းသည် သည်းခံခြင်းကို ပြုစုတတ်၏။

သည်းခံခြင်းသည်လည်း သက်သေထင်ရှားခြင်းကို ပြုစုတတ်၏။ သက်သေထင်ရှားခြင်းသည်လည်း မျှော်လင့်ခြင်းကို ပြုစုတတ်၏။ ထိုမျှော်လင့်ခြင်းသည် ရှက်ကြောက်စရာ အကြောင်းနှင့် ကင်းလွှတ်၏။ အဘယ်ကြောင့်နည်းဟူမူကား ငါတို့ အား ပေးသနားတော်မူသော သန့်ရှင်းသော ဝိညာဉ်တော်သည် ဘုရားသခင်မေတ္တာ တော်ကို ငါတို့စိတ်နှလုံးထံသို့ သွန်းလောင်းတော်မူ၏။

စိတ်ဓါတ်ကျစရာတွေကို ကြိုဆိုလက်ခံပါ ၊

“ဒုက္ခဆင်းရဲကိုခံ၍ ဝါကြွားဝမ်းမြောက်ခြင်း” ရှိဘို့ ဖော်ပြထားတယ်။ ဒုက္ခဆင်းရဲခြင်းကို ရှောင်တိမ်းဖို့ မဟုတ်ဘူး။ မရှိပါဘူးလို့ စိတ်မထင်ပါနဲ့။ မကောင်း

တာဝင်လာရင် ချက်ခြင်းမောင်းထုတ်ကြစို့ဆိုတဲ့ သဘောလည်းမဟုတ်ဘူး။ ဖြစ်သမျှ ငါခံမယ်ဆိုပြီး အံကြိတ်နေဘို့လည်း မဟုတ်ဘူး။ ဒုက္ခဆင်းရဲကို ခံတယ်ဆိုတာ လာသမျှ အရာတွေကို ရင်ဆိုင်လိုက်တယ်။ စိတ်ပျက်စရာတွေ၊ ဝမ်းနည်းစရာတွေကို ရှုမြင်သုံး သပ်မယ်။ ဘာကြောင့်ဖြစ်ရတာလဲ? ဒါဟာ ငါ့အတွက် အကောင်းဖြစ်ဘို့ဘဲလို့ ခံယူခြင်း ဟာ ဝါကြွားဝမ်းမြောက်ခြင်းဖြစ်တယ်။ လူတွေကတော့ သင်ရူးနေသလားလို့ ပြောကြ မှာပါ။ ဒါပေမဲ့ အခြေအနေကို စေ့စေ့ကြည့်ပါ။ ရှောင်တိမ်းလို့မရတဲ့အတွက် ရင်ဆိုင်ရ တော့မယ်။ ရဲရဲကြီး ရင်ဆိုင်လိုက်ပါ။ အဆိုးထဲက အမြတ်ထုတ်ကြရမယ်။

ခရစ်ယာန်ရဲ့ ကောင်းသောပုံသက်သေကို ဘယ်လိုပြမလဲ? ဒုက္ခဆင်း ရဲခြင်းကို ခံနိုင်တဲ့ ခရစ်ယာန်ကို လူတွေမြင်တွေ့မယ်။ သက်သေထင်ရှားမယ်။ လူတွေ အတုယူစရာဖြစ်လာမယ်။ အရာရာကို အောင်ပွဲခံတဲ့လူကို သူတို့မြင်မှာပါဘဲ။ သူတစ် ပါးထက် ထူးခြားတယ်။ သူတစ်ပါးက ပြိုလဲတယ်။ သင်ကအောင်ပွဲခံတယ်။ ဒုက္ခဆင်းရဲ ( ခြင်းကို ပြုံးပြုံးကလေးနဲ့ အောင်ပွဲခံတာ ဝိညာဉ်ရေးရာတိုက်ပွဲဖြစ်တယ်။

ရော၊ ၅း၄-၅မှာ သေချာစွာကြည့်ပါ။ သည်းခံခြင်းသည်လည်း သက် သင်ရှားခြင်းကို ပြုစုတတ်၏လို့ ပါရှိတယ်။ ဒါဟာ ဘုရားသခင်ရဲ့ စီမံချက်ဘဲ။

ဘုရားသခင်ဟာ စာတန်ပေးတဲ့ ဒုက္ခတွေကို ဖြတ်ကျော်စေတယ်။ ကောင်းသောပုံသက် သေဖြစ်ဘို့ အခွင့်အရေးတစ်ရပ်ပါဘဲ။ သက်သေထင်ရှားခြင်းသည်လည်း မျှော်လင့်ခြင်း ကို ပြုစုတတ်၏ဟု နောက်ဆက်တွဲအကျိုးဆက်တွေ ပါလာပါတယ်။ ဘာဖြစ်လို့လဲဆို

တော့ မျှော်လင့်ခြင်းရှိတဲ့လူဟာ စိတ်မပျက်ဘူး။ ထိုမျှော်လင့်ခြင်းသည် ရှက်ကြောက် စရာအကြောင်းနှင့် ကင်းလွတ်၏လို့ ဖော်ပြတယ်။

ဘုရားသခင်ဟာ ကျွန်ုပ်တို့ကို ပစ်မထားပါဘူး။ ကျွန်ုပ်တို့ ရင့်ကျက် လာအောင် လေ့ကျင့်ပေးတယ်။ ခိုင်ခံ့ရမယ်။ ရင့်ကျက်လာရမယ်။ ခရစ်တော်နဲ့တူလာ ရမယ်။ ဒါကြောင့် ဒုက္ခဆင်းရဲထဲမှာ ဝါကြွားဝမ်းမြောက်နိုင်မှာဖြစ်တယ်။

တရား၊ ၈း၂မှာ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်ကို နှိမ့်ချစုံ စမ်း၍ ပညတ်တော်တို့ ကို ကျင့်ချင်သောစိတ်ရှိသည် မရှိသည်ကို သိမည်အကြောင်း လွန်ခဲ့ပြီးသော အနှစ်လေးဆယ်ပတ်လုံး တော၌ ပို့ဆောင်တော်မူ သော လမ်းခရီးတစ် လျှောက်လုံးကို အောက်မေ့ရမည်။

ဘုရားသခင်ဟာ ဣသရေလလူတွေကို တောထဲမှာနေခိုင်းတာ သမိုင်းဖြစ်ရပ်တစ်ခုသာမကပါဘူး။ သူတို့ရဲ့ဖြစ်ပုံတွေကိုကြည့်ပြီးတော့ ဘုရားဟာလူ တွေကို ဘယ်လိုဆက်ဆံပြုမူတယ်ဆိုတာ ပေါ်လာတာဘဲ။

ဣသရေလူတို့အတွက်တော့ အရပ်ဟာသင်ခန်းစာကြီးတစ်ရပ်ပါဘဲ။ နေ့စဉ် ရုန်းကန်ကြရတယ်။ ကျွန်ဘဝမှာနေတုံးရတဲ့ အခွင့်အရေးကလေးတွေ တောင်မှ မရရှာဘူး။ တောအရပ်ဟာ သူတို့အတွက် ကောင်းကျိုးတစ်ရပ်ဖြစ်ရမယ်။ အနားယူဘို့၊ အမောပြေဘို့ သွားနေတာမဟုတ်ဘူး။ နေပူလွန်းလို့ ခွန်အားတွေ ခမ်းခြောက်သွား တယ်။ လေပူတိုက်တော့ မခံမရပ်နိုင်အောင်ဘဲ ဖြစ်တယ်။ ရေနဲ့အစာဆိုတာတော့ မသေရုံတမယ်ပါဘဲ။

တောအရပ်မှာမွေးတယ်၊ ကြီးပြင်းလာတယ်

တောအရပ်ဟာ သေတဲ့အရပ်ဘဲ။ လူမျိုးတစ်မျိုးလုံး အားနည်းပြီး တော့ အားလုံးသေကြေပျက်စီးကြရတယ်။ သူတို့နဲ့အတူ ညည်းတာတွေ၊ ခါးသီးမှုတွေ၊ ကြောက်ရွံ့မှုတွေ၊ အားနည်းမှုတွေလည်း သေခြင်းနဲ့အတူ ပါသွားတယ်။ တောအရပ်ဆို တာ အသက်ရှင်တဲ့အရပ်လည်းဖြစ်တယ်။ မွေးဖွားလာတဲ့ကလေးတွေဟာ အဲဒီအရပ်မှာ ဘဲ ကြီးပြင်းလာကြရတယ်။ ဒီမျိုးဆက်သစ်ဟာ ဣသရေလနိုင်ငံ ထူထောင်တဲ့ သူရဲ့ ကောင်းတွေ ဖြစ်လာတယ်။ အားရှိတယ်။ သတ္တိလည်းရှိတယ်။ အကျင့်စာရိတ္တကတော့ တောအရပ်က ပြုပြင်ပေးလိုက်တဲ့ သံမဏိကျင့်ဝတ်ပါဘဲ။ တောအရပ်မှာဆိုတော့ ဆင်း ရဲဒုက္ခတွေ့တယ်။ ချမ်းသာကြွယ်ဝတာကတော့ ဗလာနတ္တိဘဲ။ ဒါပေမဲ့ ဘုရားသခင်ရဲ့

ကတိတော်ကိုဘဲ ဦးထိပ်ထားအသက်ရှင် လျှောက်လှမ်းသွားကြတယ်။

ဣသရေလလူတွေကို တောထဲပို့တာ ဘုရားသခင်မှာ တိကျတဲ့အကြံ အစည်ရှိတယ်။ ယနေ့လည်း ဘုရားသခင်ဟာ သူ့လူတွေကို ဒီပုံစံနဲ့ဘဲကျင့်သုံးနေတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ တောအရပ်ကတော့ သဲကန္တာရက သဲသောင်တွေ၊ ရေပေါက်တွေ မပါ ဘူးပေါ့။ အလားတူ ပုံစံဘဲဖြစ်တယ်။ ကျွန်ုပ်တို့ရဲ့ ဒုက္ခဝေဒနာကတော့ ဝန်းကျင်မှာရှိတဲ့ ကျဆင်းတဲ့ကမ္ဘာရဲ့ အနိဋ္ဌာရုံတွေဖြစ်တယ်။ ကျွန်ုပ်တို့လည်း သူတို့လိုဘဲ ဖြတ်ကျော်ရ မယ်။ လျှောက်လှမ်းအသက်ရှင်နိုင်ရမယ်။ ။

ကျွန်ုပ်တို့ဘဝမှ တောအရပ်တွေ အများကြီးရှိတယ်။ ဘာဖြစ်လို့ ဘုရားက ကျော်ဖြတ်စေတဲ့ အဓိပ္ပါယ်မသိရင်တော့ ကျွန်ုပ်တို့စိတ်ဓါတ်ကျမယ်။ ခါးသီး မယ်။ ဘုရားကို မကျေမနပ်ဖြစ်မယ်။ ယုံကြည်ခြင်းမခိုင်မြဲတဲ့လူကတော့ ကျဆင်းမှာ ဘဲ။ ဒီမေ့သဘောတရားကို ယုံရင်အောင်မြင်စွာ ဖြတ်ကျော်မယ်။ ယုံကြည်ခြင်းမရှိရင် ငါ့အပြစ်ဘဲ။ ဘုရားနဲ့မဆိုင်ဘူးဆိုတဲ့ အသိတရားရှိရမယ်။ ဘုရားဟာ ကတိမတည်ဘူး လို့ ပြောချင်ပြောကြမှာပါ။ ခရစ်တော်ဟာ အလွန်ဆိုးရွားတဲ့ တောအရပ်မှာ ရန်သူကို အနိုင်ယူခဲ့တယ်။ ကျွန်ုပ်တို့ကိုယ်စီမှာလည်း တောအရပ်တွေရှိတယ်။ လက်တွေ့ခရစ် တော်မှာ အောင်ပွဲခံကြပါစို့။

ဘုရားက ဘာကြောင့် တောအရပ်ကိုဖြတ်ကျော်စေရတာလဲ? နှိမ့်ချ စွာ အသက်ရှင်နိုင်ဘို့ အဲဒီလို အချိန်အခါကျ ငါဘယ်သူလဲ? ဘုရားဟာ ဘယ်မှာလဲ?ဆို တာ သိလာမယ်။ နှိမ့်ချစိတ်ပုံစံယူမယ်။ ဘုရားကို အားကိုးမယ်။ လူတွေ ကျွန်ုပ်တို့ရဲ့ မှန်ကန်တဲ့ အသက်ရှင်မှုကို တွေ့မယ်။ ကျွန်ုပ်တို့မှာလည်း ဒုက္ခရှိတယ်။ ဒီဒုက္ခဆင်းရဲ ခြင်းကို ကျော်လွှားနိုင်တဲ့ လူဆိုတာ ပေါ်လာပါလိမ့်မယ်။

သင့်အတွက်တော့ ကသိကအောက်ဖြစ်နေမိမှာဘဲ။ လောကကြီးက တော့ မောက်မာမယ်။ ကြွားဝါမယ်။ အကြီးဆုံးတဲ့ လက်နက်ဟာ နိမ့်ချခြင်းဖြစ်တော့ ဘုရားက ဒီဆုကိုဘဲပေးချင်တယ်။ ဒါကြောင့် ခရစ်ယာန်တွေ တေအရပ်ကို မရှောင် ကြနဲ့။ နှိမ့်ချမှုကို ရယူပါ။ နှိမ့်ချခြင်းဟာ ကောင်းတယ်။ မာနကို ကြောက်ဘို့ကောင်း ဒါ။ အဲဒီတော့ လူဟာ ဘုရားအပေါ် သစ္စာရှိမယ်။ ကိုးစားမယ်။ သည်းခံမယ်။ နိမ့်ချမှုရဲ့ အသီးအပွင့် ခံစားကြရမယ်။

လမ်းပေါ်ကစာမေးပွဲ

ဘုရားက လူတွေကို တောအရပ်ကိုခေါ်သွားလာ စာမေးပွဲစစ်ဖို့ ဖြစ် တယ်။ စစ်ကြောခြင်းကိုခံကြရမယ်။ ကျွန်ုပ်တို့ မော်တော်ကားငယ်တဲ့အခါ အမျိုးမျိုး စစ်ဆေးတယ်။ အပြစ်အနာအဆာတွေကို ကြည့်တယ်။ ဘယ်လောက်ကြာကြာ ခံမယ်။

ဘယ်လောက်အထိ စိတ်ချရမယ်ကို သေသေချာချာကြည့်တယ်။ အကြမ်းခံနိုင်မှုကို စိတ်

ကြိုက်စစ်တယ်။

ဘုရားကလည်း လူကိုဒီလိုဘဲ စစ်တာဘဲ။ အခက်အခဲထဲမှာထား တယ်။ ဘယ်လိုအသက်ရှင်မလဲ? အခက်အခဲကြားထဲကျမှ ဇာတိတွေ ပေါ်လာတယ်။ အပြစ်အနာအဆာတွေကို တွေ့နိုင်တယ်။ စစ်တိုက်မှ ပေါ်တဲ့စကားရှိတယ်။ ကောင်းတာ ပေါ်လာတယ်။ ဆိုးတာလည်း ပေါ်လာတယ်။ ဒီတော့မှ ဘုရားဟာ နာခံတဲ့လူတွေကို ပြင်ပေးတယ်။ ကောင်းသည်ထက်ကောင်းအောင်လုပ်ပေးပြီးမှ သာသနာ့ဂွင်ထဲထည့် လိုက်တယ်။

တောအရပ်ထဲရောက်မှ ကျွန်ုပ်တို့ ရုပ်လုံးဟာပေါ်လာတော့မယ်။ ကျွန်ုပ်တို့ တနင်္ဂနွေနေ့ ဘုရားကျောင်းသွားမယ်။ သီချင်းဆိုမယ်။ ဆုတောင်းမယ်။ တရားနာ မယ်။ အနှစ်(၄၀)လုံးလုံး လုပ်နိုင်တယ်။ ဒါပေမဲ့ တောအရပ်မှာမနေဖူးရင် သင်ရဲ့ ဝိညာဉ် ရေးရာ အခြေအနေမှာ မပေါ်လာနိုင်ဘူး။ ၊ ၊

အခက်အခဲတွေ ကြုံကြိုက်လာမယ်။ ဖိနှိပ်ချုပ်ချယ်မှုတွေ ရှိလာမယ်။ အဲဒီတော့ ကျွန်ုပ်တို့ ရုန်းကန်ရမယ်။ တုန့်ပြန်ရတော့မယ်။ စိတ်မသာညည်းတွားလာ မယ်။ စိတ်တို၊ စိတ်ဆိုးမယ်။ မကျေနပ်မှုတွေ များလာတော့မယ်။ သူတစ်ပါးတွေကို အပြစ်တင်မယ်။ အပြစ်ပုံချမယ်။ မာနဖုံးလွှမ်းနေရင် အတွင်းနှလုံးသားရဲ့ အခြေအနေမှန် ကို မသိနိုင်ဘူး။ ဟန်ဆောင်မှုတွေပဲ များနေမယ်။ မာနရှိရင် စိတ်နေသဘောထား၊ စိတ် လှုပ်ရှားမှု၊ တုန့်ပြန်မှုတွေဟာ မမှန်တော့ဘူး။ နှိမ့်ချမှုရှိမှ အသုံးဝင်မယ်။ တာဝန်ကိုကျေ ပြွန်စွာ ထမ်းဆောင်ကြမယ်။

တောအရပ်မှာဘာလုပ်ရမှာလဲ

၁)ဘုရားသခင်ရဲ့ ဂုဏ်တော်ချီးမွမ်းပါ။ အတွင်းလူကို ပြုပြင်ပေးဖို့ အပ်နှံပါ။

၂)နောင်တနှလုံးသားရှိစေပါ။ မိမိ၏အပြစ် မှားယွင်းမှုမှန်သမျှကို ဝန်ချတောင်းပန်

သင်သည် အပြုအမူ၊ အကျင့်အကြံ၊ စိတ်နေသဘောထား မှန်ကန်တို့ ဘုရားသခင်

ကိုတောင်းခံပါ။ အရာရာကို ကျော်လွှားနိုင်ဘို့ ခွန်အားတောင်းပါ။

၃)မာရ်နတ်ကို ဆီးတားပါ။ သင့်ကိုစုံစမ်းသမျှ ဖယ်ရှားပါ။

၄)သင်သည် တောအရပ်ထဲမှာ လျှောက်လှမ်းနေတာကို ဝန်ခံပါ။

၅)တောအရပ်မှာနေစဉ် မကောင်းမှုမှန်သမျှ ပေါ်ထွက်လာတဲ့အတွက် မိမိကိုယ်ကို

အပြစ်မတင်ပါနဲ့။ ဝန်ခံပါ။ ပြုပြင်ပါ။

၆)ဘုရားသခင်ကို နေ့စဉ်ကျေးဇူးတင်ပါ။ စိတ်နှလုံးထဲက အညစ်အကြေးတွေကို

မြင်တွေ့ဖို့ ပြင်ဆင်ပေးဖို့ တောင်းခံပါ။ ပြင်ဆင်မှုကို ခံယူပါ။ လူသစ်စိတ်သစ် ဖြစ်စေပါ။

စာတန်ရဲ့ သွေးဆောင်မှုတွေ ပြိုကွဲသွားပါတော့မယ်။ ဝိညာဉ်တော် ဘုရားကလည်း၊ စာတန်နောက်ဆုတ်တာနဲ့ နေရာဝင်ယူပြီး ပြုပြင်လမ်းပြပေးမယ်။ ဝိညာဉ်တော်ရဲ့ ပြုပြင်မှုကြောင့် လွတ်မြောက်ရသော အခွင့်ကိုရမယ်။ နောင်တရပါ။ အပြစ်ကို ဝန်ချတောင်းပန်ပါ။ ။

ခေါင်းဆောင်တွေဘာကြောင့်ကျရှုံးရတာလဲ၊

ဘုရားသခင်ဟာ ခေါင်းဆောင်တွေ ရှာတယ်။ ခရစ်တော်ရဲ့ ကိုယ် ခန္ဓာမှာ ဘာလိုသလဲဆိုရင်၊ စိတ်ချရတဲ့ ရင့်ကျက်တဲ့၊ မှန်ကန်စွာလုပ်ဆောင်တဲ့ ခေါင်း

ဆောင်တွေလိုတယ်။ ရာထူးတွေမှာ လူတွေအများကြီး ခန့်အပ်ဘို့ မဆိုလိုဘူး။ ခေါင်း ဆောင်ဖြစ်ရင် နှိမ့်ချမှုရှိရမယ်။ ခိုင်ခံ့မှုရှိရမယ်။ လူနေမှု အဆောက်အအုံတိုင်းလိုလို စာတန်ဟာ ခေါင်းဆောင်တွေကို အကြီးအကျယ် တိုက်ခိုက်တယ်။ သင်းအုပ်ဆရာ။ နိုင်ငံရေးသမား၊ မိဘစသည်ဖြင့် နေ့စဉ်လိုလို ကျရှုံးနေကြတယ်။ ခေါင်းဆောင်တစ်ဦး ဟာ ကျရှုံးရင် အကျိုးဆက်တွေဟာ ကြောက်ခမန်းလိလိဘဲ။ ကျရှုံးတဲ့ ခေါင်းဆောင်ဟာ သူ့လုပ်ငန်းမှာ မထိုက်တန်လို့တော့ မဟုတ်ဘူး။ သူတို့ဟာ တောအရပ်မှာ မစစ်ဆေး ခဲ့လို့ဘဲဖြစ်တယ်။ ထင်ပေါ်ကျော်ကြားမှု၊ ဥစ္စာဓနပေါကြွယ်ဝမှုတို့ ရှေ့တန်းတင်လိုက်တဲ့ အတွက် အစစ်အဆေးမခံဘူး။ အစစ်အဆေးခံမှ ခေါင်းဆောင်ပီသတယ်။ အရည်အချင်း ပြည့်ဝနိုင်မယ်။ ပေးအပ်မယ့်ရာထူးမှာ မထိုက်တန်ဘဲနဲ့ လုပ်ခွင့်ပေးကြတယ်။

ထောင်ပေါင်းများစွာသော သူတို့ဟာ မအောင်မြင်ကြဘူး။ သူတို့က တော့ မလိုပါဘူးကွာ၊ ဘုရားက ငါ့ကိုရွေးထားပြီးပြီဘဲလို့ ဆင်ခြေပေးကြတယ်။ တော အရပ်မှာ မနေဘဲနဲ့ အထူးအခွင့်အရေးရတယ်လို့ ခံယူကြတယ်။ ဒီလိုလူတွေဟာ တစ်နေ့ နေ့ အိပ်ရာကနိုးလာပြီး ကြီးမားတဲ့ပြဿနာ ရင်ဆိုင်ကြရတယ်။ အတွေ့အကြုံမရခဲ့တော့ ပြိုကွဲသွားတော့တယ်။ ဒါကြောင့် ဘုရားသခင်က တောအရပ်မှာ စစ်ဆေးခဲ့တဲ့ ခေါင်းဆောင်တွေကိုပဲ လိုချင်တယ်။ ကြီးမားတဲ့အရာကို ခေါင်းဆောင်မှုပေးရလေလေ ကြီး မားသော စစ်ကြောခြင်းကို ခံခဲ့သူဖြစ်ကြရမယ်။

ဒီစာအုပ်ကို သင်ဘတ်နေတဲ့အတွက် သင်ခေါင်းဆောင်တစ်ဦးဖြစ်နိုင် တယ်လို့ပြောချင်တယ်။ ရာထူးတစ်ခုခုရမယ်လို့ မဆိုလိုပါဘူး။ ဒါပေမဲ့ ခေါင်းဆောင်

ကောင်းတစ်ဦးတော့ သင်ဖြစ်လာမယ်။ ခရစ်ယာန်ကျင့်ဝတ်နဲ့ ပြည့်ဝစုံလင်ဖို့ သင်ပြု ပြင်ခွင့်ပေးရမယ်။ စစ်ကြောခွင့်ပေးရမယ်။ ခေါင်းဆောင်ကောင်းပီသကြောင်း ပြသ လိုက်ပါ။ လူတွေက သင့်ကိုလာ ရှာပါလိမ့်မယ်။ ရင့်ကျက်တဲ့ ခေါင်းဆောင်ဖြစ်ရင် လူ

တွေ လိုချင်လာပါလိမ့်မယ်။ အရည်အချင်းတွေ၊ ပညာတတ်တွေ၊ နောက်မှစဉ်းစားမယ်။ သခင်ရဲ့ အသက်ရှင်ပုံနဲ့ လူတွေကို သင်ခရစ်တော်ထံ ပို့တော့မှာဘဲ။ ယနေ့အသင်းတော် ဟာ ဒီလိုခေါင်းဆောင်လိုတယ်။ ဘုရားသခင်ပြုပြင်ပေးတဲ့ ခေါင်းဆောင်ကောင်း ဘုရား သခင်ပုံသွင်းပေးတဲ့ ခေါင်းဆောင်တွေကို အလိုရှိနေပြီ။ ပေးသမျှတာဝန်ကို ကျေပြွန် တယ်။ အားကိုးအားထားရတယ်။ ဘုရားရဲ့လူဖြစ်တယ်။

ကျွန်ုပ်တို့အားလုံး တောအရပ်ကို ဖြတ်ကျော်ကြရမယ်။ ဘုရားပေး တဲ့ ပညတ်တွေကို စောင့်ရှောက်သူဟုတ်မဟုတ် ပေါ်ထွက်လာမယ်။ တောအရပ်မှာလဲ။ မယ်။ တောအရပ်မှာ စာမေးပွဲအောင်မယ်။ အပြစ်ဒုစရိုက်တွေ မှားယွင်းတာတွေ ရှောင် ရှားကြရမယ်။ ခံနိုင်ရည်ရှိရမယ်။ တပ်မက်ခြင်းကို မရှောင်တိမ်းနိုင်ရင် တောအရပ်မှာ တိုက်ပွဲကျတော့မှာဘဲ။ တောအရပ်ရဲ့ ဒဏ်ကိုမခံနိုင်တဲ့အခါမှာ ထွက်သွားမယ်။ ပျက် ကွက်မယ်၊ အပြစ်လုပ်မယ်၊ ဘုရားသခင်ရဲ့ အလိုတော်ကို ဆန့်ကျင်မယ်။

ဘုရားကတော့ လူကိုမကျရှုံးစေချင်ဘူး။ အောင်မြင်စေဖို့ လွှတ် လိုက်တာဘဲ။ ကျွန်ုပ်တို့ဟာ တိုက်ပွဲတိုင်းမှာ သစ္စာရှိမယ်။ ဘုရားစကားနားထောင်မယ်။ ပညတ်တော်တွေ စောင့်ရှောက်မယ်ဆိုရင် အောင်မြင်စွာနဲ့ ထွက်လာမှာဘဲ။ ဒါဟာ ဘုရားသခင်ရဲ့ အလိုတော်ဘဲ။ ဒုက္ခရောက်တဲ့ အချိန်မှာ ဘုရားစကားနားထောင်ရင် ကျွန်ုပ်တို့ဟာ တကယ် ဆက်ကပ်တာ ပေါ်လွင်မယ်။ ပညတ်တော်အတိုင်း အသက်မရှင် နိုင်ရင် ဆက်ကပ်မှု မလုံလောက်ဘူးဆိုတာ ထင်ရှားတယ်။

တောအရပ်မှာ ရင့်ကျက်မှုကို ရယူပါ။ တောအရပ်မှာ သွားလာတဲ့ အခါ အပြစ်ကို ငြင်းဆိုမယ်။ အလိုတော်အတိုင်း အသက်ရှင်မယ်။ စုံစမ်းခြင်းဟူသရွေ့

ကျော်လွှားမယ်။ အကျင့်သီလ သမာဓိရှိတယ်။ ဝိညာဉ်ရေးရာ ရင့်ကျက်တယ်။ တစ်ခု ခုချွတ်ချော်သွားရင်လည်း လက်မလျော့ပါနဲ့။ နောင်တရပါ။ နှိမ့်ချပါ။ ကျေးဇူးတော်ကို ရေတွက်ပြီးတော့ ပြန်လည်ကြိုးစားပါ။ တောအရပ်ကျောင်းမှာ ရန်သူရဲ့ တိုက်ခိုက်မှု ကြောင့် မရှုံးနိမ့်ဖို့ကတော့ အရေးကြီးဆုံးဘဲဖြစ်တယ်။

အခန်း(၁၀)

မကောင်းသောအမှုအရာမှ ကယ်နှုတ်တော်မူပါ

Deliver Us From Evil

ကျွန်တော်ဟာ သာသနာပြုဆရာ လူငယ်တစ်ဦးပါဘဲ။ အသက်ကြီး သူသင်းအုပ်ဆရာက ပြောလိုက်တာ ကျွန်တော်လန့်ဖျပ်သွားတာဘဲ။ အဲဒီဆရာကို တောင်ပေါ်မြို့ကလေးတစ်မြို့မှာ တွေ့တယ်။

“ဒိန်းရေ၊ ငါမြို့ထဲကနေ ပြောင်းသွားတယ်”လို့ ပြောပြနေတယ်။ ဆရာက သူဟာမြို့ကြီးတစ်မြို့မှာ သာသနာ့လုပ်ငန်း အလွန်အောင်မြင်ခဲ့တဲ့အကြောင်း ပြောပြတယ်။ “အဲဒီမြို့ဟာ ဒုစရိုက်တော်တော်များတယ်။ ဘုရားသခင် အတွက်ဆိုရင် အဲဒီမြို့မှာ မနေထိုက်ဘူး။ အပြစ်ဒုစရိုက်လုပ်ဖို့ စုံစမ်းခြင်းတွေ များပါတယ်”လို့ ပြောပြ နေတယ်။

ကျွန်တော် အလွန်အံ့သြသွားတာပါဘဲ။သင်းအုပ်ဆရာဟာ သူ့ အသင်းသား တော်တော်များများကို ခေါ်ပြီးတော့ စုံစမ်းခြင်းတွေနဲ့ လွတ်ကင်းတဲ့တောင် ပေါ်မြို့ကလေးမှာ သွားနေတယ်။ သူတို့ချန်ခဲ့တဲ့ မြို့မှာတော့ ဆားနဲ့အလင်း လျော့နည်း သွားမှာပါဘဲ။ ဒါပေမဲ့ ခရစ်ယာန်တွေဟာ အပြစ်ဒုစရိုက်တွေကို ထားခဲ့တယ်။ကျွန်တော် မထင်ပါဘူး။ တောင်ပေါ်မြို့မှာ စုံစမ်းခြင်းအသစ်တွေ တွေ့ကြဦးမှာဘဲ။ စုံစမ်း ခြင်းဆိုတာ က အသက်ရှင်မှုနဲ့ ဒွန်တွဲနေတာဘဲ။ ဘယ်မှာနေနေ ရှိတယ်။

ကျွန်ုပ်တို့နေတဲ့ ရပ်ကွက်ကို အပြစ်တင်လို့မရဘူး။ ဝန်းကျင်မှာ လည်း စုံစမ်းခြင်း ပပျောက်သွားအောင်လည်း လုပ်လို့မရဘူး။ ဘုရားကိုလည်း အပြစ်၊ တင်လို့မရဘူး။ ယာကုပ် ၁း၁၃-၁၅ မှာ … ၊

အပြစ်သွေးဆောင်ခြင်းကို ခံရသောသူမည်သည်ကား၊ ဘုရား သခင် သည် ငါ့ကိုသွေးဆောင်တော်မူသည်ဟု မပြောစေနှင့်။ မကောင်းသောအရာ သည် ဘုရားသခင်ကို မသွေးဆောင်နိုင်ရာ။ ကိုယ်တော်သည်လည်း အဘယ်သူမျှ အပြစ်သို့သွေးဆောင်တော်မမူ။ မိမိတပ်မက်သော စိတ်ထဲဝယ် ဖြားယောင်းခြင်း ကို ခံသောသူ မည်သည်ကား အပြစ်သွေးဆောင်ခြင်းသို့ ရောက်တတ်၏။ တပ်မက် သောစိတ်သည် ပဋိသန္ဓေယူ၍ ဒုစရိုက်ကိုဘွားတတ်၏။ ဒုစရိုက်သည်လည်း ပြည့်စုံ လျှင် သေခြင်းကို ဘွားတတ်၏။ ထို့ကြောင့် မျှော်လင့်ခြင်းရှိကြောင်း တွေ့မြင်ရတယ်။

၁ကော၊ ၁၀၁၃ မှာ လူပြစ်တင်သော စုံစမ်းနှောင့်ယှက်ခြင်းကို ၊

ကို သင်တို့သည် ခံရကြ၏။ ဘုရားသခင်သည် သစ္စာနှင့် ပြည့်စုံတော်မူသည်ဖြစ်၍

တို့ မခံနိုင်သော စုံ စမ်းနှောင့်ယှက်ခြင်းကို သင်တို့၌ ရောက်စိမ့်သောငှါ အခွင့်ပေးတော်မမူ။ သင်တို့သည် ခံနိုင်မည်အကြောင်း၊ စုံစမ်းနှောင့်ယှက်ခြင်း အရာနှင့်တကွ ထွက်မြောက် သောလမ်းကိုလည်း စီရင်ပြုပြင်တော်မူလိမ့်မည်။

ဒီကျမ်းချက်ဟာ ကျွန်ုပ်တို့ကို အရေးကြီးတဲ့ အချက်တွေကို သင်ပေး နေတယ်။ ကျမ်းစာက ပြောတယ်။ စုံစမ်းသွေးဆောင်ခြင်းဟာ အပြစ်မဟုတ်ဘူး။ လူ တော်တော်များများ စုံစမ်းခြင်းခံရတဲ့အခါ စိတ်ဆိုးတယ်။ အပြစ်ရှိတယ်လို့ ထင်တယ်။ စက်ဆုတ်ရွံရှာတယ်။ စုံစမ်းခြင်းဟာ အပြစ်မဟုတ်ပါဘူး။ ဟေဗြဲ၊ ၄:၁၅ မှာ ခရစ်တော် ဟာ ငါတို့ခံရသည်နည်းတူ အမျိုးမျိုးသော စုံစမ်းနှောင့်ယှက်ခြင်းတို့ကို ခံဘူးသောသူ ဖြစ်တော်မူ၏။ သို့ရာတွင် ဒုစရိုက်အပြစ်နှင့် ကင်းလွတ်တော်မူ၏။

စုံစမ်းခြင်းမှာ အပြစ်ပါရင်၊ ခရစ်တော်လည်း အပြစ်ရှိသွားနိုင်တယ်။ အားနည်းချက်ကတော့ စုံစမ်းခြင်းဟာ အပြစ်ကိုပေးချင်တယ်။ စုံစမ်းခြင်းကို ခံရရင် အပြစ်လုပ်မိသွားတယ်။ အပြစ်ဆိုတာ လုပ်မှမဟုတ်ဘူး။ စိတ်ထဲမှာ တစ်ခုခုပြစ်မှား လိုက်ရင်လည်း အပြစ်ဘဲ။ ဘုရားသခင်ဗျာဒိတ်တော်ဖော်ပြပေးဘို့တော့ လိုတယ်။ စုံစမ်း ခြင်းတော့ ခံရတယ်။ ဒါပေမဲ့ ဘာမှအပြစ်အနာအဆာမရှိဘူးဆိုတာ ပေါ်လာရမယ်။

၁ကောမှာ၊ ဖော်ပြချက်အရ စုံစမ်းနှောင့်ယှက်ခြင်းဟာ ကျွန်ုပ်တို့ကို ကျော်သွားပါလိမ့်မယ်။ စုံစမ်းခြင်းဟာ အပြင်မှာဘဲရှိတယ်။ ခရစ်တော်၌ အသစ်ပြုပြင် ခြင်းခံရသောသူတွေ အထဲမဝင်နိုင်ဘူး။

၂ကော၊ ၅း၁ရ မှာ ထို့ကြောင့် လူမည်သည်ကား ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သော သတ္တဝါဖြစ်၏လို့ ပါရှိတယ်။ တောင်းသောအရာတို့သည် ပြောင်းလဲ ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။ သတ္တဝါသစ်ဆိုတာက ဘာလဲ? အပြစ်ဟာ ကျွန်ုပ်တို့မှာ မရှိဘူး။ ကျွန်ုပ်တို့က “ငါဟာသူခိုးဘဲ။ ငါဟာ လူလိမ် ဘဲ”လို့ ပြောရင် အပြစ်တွေကို မကျော်လွှားနိုင်ဘူးဆိုတာ ထင်ရှားလာမယ်။ စာတန်ကတော့ အပြစ်လုပ် ခိုင်းမှာဘဲ။ ကျွန်ုပ်တို့က အပြစ်သားလို့ ဝန်ခံနေတာကိုး။ စာတန်ကပြောတယ်။ “မင်းဟာ ဒီလိုပါဘဲ။ မင်းမှာဒီလိုနေခဲ့တာ အနှစ်သုံးဆယ်တောင် ရှိပြီမဟုတ်လား? ဒါဟာမင်းရဲ့ အားနည်းချက်ဘဲလေ” စာတန်ပြောတာ ယုံမဲ့အစား သမ္မာကျမ်းစာကိုဘဲယုံပါ။ သင်ဟာ သတ္တဝါသစ်ဖြစ်သွားပြီလို့ ပြောနေပြီဘဲ။

သင်တစ်ဦးထဲမဟုတ်ပါ

အခြားအချက်ရှိတယ်။ စုံစမ်းခြင်းဟာ လူတွေနဲ့မကင်းဘူး။ ၁ကော မှာ ဖော်ပြထားသလိုပါဘဲ။ လူတိုင်း စုံစမ်းခံရတယ်။ ကျွန်ုပ်တို့ဘဲ ခံရတယ်လို့ မထင် ပါနဲ့။ လူအများက တို့တတွေမှာဘဲ မကောင်းတဲ့ အကြံအစည်ရှိတယ်လို့ ထင်နေကြ တယ်။ ကျွန်တော်လူတွေကို အတိုင်ပင်ခံ အကြံပြုတဲ့အခါ လူတွေကပြောတယ်။ “ ပြဿနာ ကျွန်တော်မှာဘဲရှိတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော် တိတ်ဆိတ် စွာ အချိန်ယူလိုက်တော့မှ ဒီမကောင်းတဲ့ဟာတွေအားလုံး ခေါင်းထဲဝင်လာတော့ ဟာဘဲ”လို့ ပြောနေရှာတယ်။ ကျွန်တော်က “မဟုတ်ဘူး သင်တစ်ဦးထဲမဟုတ်ဘူး။ ကျွန်ုပ် ဒီတစ်ပါတ်လုံး လူတွေနဲ့တွေ့တာ သူတို့လည်း ဒီလိုဘဲဖြစ်နေတယ်လို့ ပြောတယ်” ဆိုပြီး ပြောပြလိုက် မှ စိတ်အေးသွားကြတယ်။

လူတွေရှေ့မှာ အပြစ်ဝန်ချတောင်းပန်တာ နှိမ့်ချပြောဆိုတာတွေ ဟာ အသင်းတော်အတွက် အများကြီး အကျိုးရှိတယ်။ လူတစ်ဦးက အပြစ်ကို ဝန်ချ တောင်းပန်ရင် အခြားလူတွေလည်း ဝန်ခံချင်ကြတယ်။ သူတို့ဘဲဖြစ်တာ မဟုတ်ဘူးဆို တာ သိလာကြတယ်။ ကျွန်ုပ်တို့ တစ်ဦးပေါ်တစ်ဦး ပွင့်လင်းဘို့လိုတယ်။ ခံစားချက်တွေ ကို ဝေငှတယ်။ အခက်အခဲတွေကို ဖော်ပြတယ်။ စုံစမ်းခြင်းခံရတာတွေကို ပြောပြကြ တယ်။

ဝိုင်ဝင်(မ်)မှာ အလုပ်လုပ်တဲ့အခါ အနီးကပ်ပေါင်းဖော်တဲ့ မိတ်ဆွေ တွေကို ကျွန်တော်ကျေးဇူးတင်တယ်။ တစ်ဦးကိုတစ်ဦး ကူညီရိုင်းပင်းကြပြီးတော့ အခက်အခဲတွေမှာ မစကြတယ်။ ဒါ့ကြောင့်လည်း အခက်အခဲအမျိုးမျိုးကို ကျော်လွှား နိုင်ကြတယ်။

အချို့က ဝိညာဉ်ရေးရာ ရင့်ကျက်ရင် စုံစမ်းခြင်းမခံရဘူးလို့ ဆိုကြ တယ်။ ဒါဟာ မမှန်ပါဘူး။ တကယ်ရင့်ကျက်တဲ့ ယောက်ျား၊ မိန်းမတွေဟာ စုံစမ်းခြင်း တွေကို ရုန်းကန်ခဲ့ရတာတွေ ဝန်ခံလေ့ရှိတယ်။ တစ်ဘက်မှာတော့ ကျွန်ုပ်တို့ဟာ ဘယ်

လောက်ဆိုးညစ်တယ်။ ဘယ်လောက်လွဲမှားနေပြီဆိုတာ စာတန်ကပြောဘို့ အလွန်နှစ် သက်တယ်။ ကျွန်ုပ်တို့တစ်ဦးဘဲ ဒါတွေလုပ်တတ်တာ စာတန်က ထောက်ပြနေတယ်။ လူအများတွေ ခရစ်တော်၌ လွတ်မြောက်ခြင်းအခွင့်ကို ရကြပြီ။ သင်တစ်ယောက်ဘဲ ကျန်တယ်။ မျှော်လင့်ချက်မရှိတော့ဘူးလို့ စိတ်ဓါတ်ကျအောင် ပြောတယ်။ မလွတ်နိုင်

တော့ဘူး။ ဒါတွေဟာ စာတန်ရဲ့ မုသာတွေဘဲ။ ကျွန်ုပ်တို့ တွေ့ဆုံရတဲ့ စုံစမ်းခြင်းတွေက အခြား ခရစ်ယာန်တွေလည်း ခံကြရပါတယ်။ စာတန်ရဲ့ တန်ခိုးအာဏာဟာ မှေးမှိန်သွား ပါလိမ့်မယ်။

စုံစမ်းခြင်းအပြစ်ကို လုပ်စေတာမကပါဘူး။ နောက်က အပြစ်လုပ်မိ အောင် အမျိုးမျိုး လှည့်စားနေတယ်။ ကျွန်ုပ်တို့က ငြင်းပယ်ရင် စာတန်ကို မထိဘူး။ စုံ စမ်းခြင်းနောက်က အားပေးတဲ့ စာတန်တန်ခိုးကို နိုင်ချင်ရင် ကိုယ်ကို နှိမ့်ချပါ။ လူရှေ့ ဘုရားရှေ့မှာ ပွင့်လင်းစေပါ။ ထိန်ချန်မှု မရှိစေပါနဲ့။ အဲဒီတော့မှ ကျွန်ုပ်တို့ရဲ့ ဆုတောင်း

ခြင်းတွေဟာ စာတန်တန်ခိုးတွေကို တားဆီးနိုင်မှာဖြစ်တယ်။

ကျွန်တော့်မိတ်ဆွေတစ်ဦးက အချိန်ပြည့်အမှုတော်ဆောင်ဘဲ။ သူ နားချင်း လိင်ဆက်ဆံဖို့ စုံစမ်းခြင်းခံရတယ်။ အကြိမ်ကြိမ် အလွတ်ရုန်းခဲ့ လည်း အဲဒီတပ်မက်ခြင်းဟာမကုန်ဘူး။ သူက မိတ်ဆွေတစ်စုကိုခေါ်ပြီးတော့

င်း စုံဖော်ပြတယ်။ ဂန်ချတောင်းပန်တယ်။ မိတ်ဆွေတွေက ဆုတောင်းပေး တယ်။ သူ့ကို မေတ္တာနဲ့ ဆက်ဆံကြတယ်။ သူရဲ့ နှိမ့်ချမှုကြောင့် ဒီအပြစ်နွံတွင်းက လုံးဝလွတ်ကင်းခဲ့ပါပြီ။

။ ကျွန်ုပ်တို့ကလည်း စုံစမ်းသွေးဆောင်ခြင်းတွေ မရှိတော့ဘဲနဲ့ လုံးဝ အောင်ပွဲခံရမယ့် အချိန်လာတော့မှာဘဲ။ တိတ်ဆိတ်မျှော်လင့်နေကောင်း မျှော်လင့်ပါ လိမ့်မယ်။ စုံစမ်းသွေးဆောင်ခြင်းတွေဟာ ကျွန်ုပ်တို့ကို ဘုရားသခင်ဖြစ်စေလိုတဲ့ အနေအထားမရောက်အောင် ဆွဲချနေတယ်လို့ ထင်ကောင်းထင်နေပါလိမ့်မယ်။ စုံစမ်း သွေးဆောင်ခြင်းသာမရှိရင် ကျွန်ုပ်တို့ ပီသတဲ့ ခရစ်ယာန်တွေ ဖြစ်လာမှာမဟုတ်ဘူး။ စုံစမ်း ခြင်းထဲကနေ အောင်မြင်ခြင်းကို မရမချင်း အောင်ပွဲမခံနိုင်ဘူး။

အပြစ်ကိုရှောင်လွှဲနိုင်တယ်

ကျွန်ုပ်တို့ စာတန်ရဲ့ လိမ်လည်မှုကို ယုံရင် အပြစ်ဆိုတာ ရှောင်လွှဲလို့ မရဘူး။ စုံစမ်းခြင်းဆိုတာ ကြီးမားတော့ ရှောင်လွှဲလို့မရနိုင်ဘူးလို့ အမျိုးမျိုး နှိုးဆော် ပါလိမ့်မယ်။ အဲဒီအခါ အပြစ်လုပ်မိမှာဘဲ။ ကျွန်ုပ်တို့က ဘယ်လိုမှ ရုန်းထွက်လို့ မရတော့ ဘူးလို့ လက်ခံလာရင် ပြစ်မှားမှာ သေချာတယ်။ ဒါပေမဲ့ ၁ကော၊ ၁၀၁၃ မှာ ဖော်ပြထား တဲ့အတိုင်း မခံနိုင်တဲ့ စုံစမ်းခြင်းကို မပေးဘူးလို့ ဖော်ပြထားတယ်။ ဘုရားသခင်ရဲ့ နှုတ် ကပတ်တော်ကိုသာ ယုံပါ။ ကျွန်ုပ်တို့ မခံနိုင်တာကို ဘုရားကမခံစေပါဘူး။ ဖယ်ရှားပေး ပါမယ်။

ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့် ကျွန်ုပ်တို့ စုံစမ်းခြင်းမှ ရုန်း ထွက်လာပြီး အောင်ပွဲခံရကြတယ်။ ခရစ်ယာန်ထောင်ပေါင်းများစွာဟာ အပြစ်နွံတွင်း ထဲကျနေကြတယ်။ သူတို့ဟာ ခရစ်တော်၌ အသစ်ပြုပြင်ခြင်းကို မခံယူဘူး။ ခံယူဖို့ ဗျာ ဒီတ်မရကြဘူး။ ကျွန်ုပ်တို့ စာတန်ကိုပြောရမယ်။ ရော၊ ၆း၁၄အရ ကိုယ်အင်္ဂါများကို လည်း သုစရိုက်လက်နက်ဖြစ်စေ၍ ဘုရားသခင်အား ဆက်ကြလော့လို့ ပါရှိတယ်။

ကျမ်းစာကတော့ ရှင်းပါတယ်။ ကျွန်ုပ်တို့ အောင်ပွဲခံကြရမယ်။ (ဗျာ၊ ၁၂၁း၁)။ ဒါဟာ မမှန်ဘူးလို့ပြောရင် လက်ဝါးကပ်တိုင်ရဲ့ တန်ခိုးဟာ ဘယ်မှာလဲ? ရှင် ပြန်ထမြောက်ခြင်းကြောင့် အပြစ်မှလွတ်ကင်းနိုင်ခွင့် ရတာဘယ်မှာလဲ ? အပြစ်ကို ရှောင်လွှဲနိုင်ကြဘူးဆိုရင် “အသစ်ပြုပြင်သော သတ္တဝါ”ဆိုတာ ယုံတမ်းစကားဘဲဖြစ်

သွားပါလိမ့်မယ်။ အသစ်မဖြစ်လာလို့ဘဲ ခံယူရတော့မယ်။

ရော၊ ၆း၁၁-၁၄ မှာ ထိုနည်းတူ သင်တို့သည် အပြစ်တရားနှင့်ဆိုင် သော အရာ၌ကား အသေဖြစ်သည်ဟူ၍၄င်း၊ ဘုရားသခင်နှင့်ဆိုင်သော အရာ ငါတို့သခင်ယေရှုခရစ်အားဖြင့် အသက်ရှင်သည်ဟူ၍၄င်း၊ ကိုယ်ကိုကိုယ် ထင် ကြလော့။

ထိုကြောင့် သင်တို့၏ သေတတ်သောကိုယ်ခန္ဓာ၏ တပ်မက်ခြင်း အလိုသို့ လိုက်ရသည်တိုင်အောင် အပြစ်တရားသည် ကိုယ်ခန္ဓာ၌ အစိုးမရစေနှင့် သင်တို့၏ကိုယ်အင်္ဂါများကို ဒုစရိုက်လက်နက်ဖြစ်စေ၍ အပြစ်တရားအား မဆက်ကြ နှင့်။ သေခြင်းမှ ထမြောက်၍ အသက်ရှင်သောသူကဲ့သို့ ဘုရားသခင်အား ကိုယ်ကို ကိုယ် ဆက်ကြလော့။ ကိုယ်အင်္ဂါများကိုလည်း သုစရိုက်လက်နက်ဖြစ်စေ၍ ဘုရား သခင်အား ဆက်ကြလော့။ သင်တို့သည် ပညတ်တရားလက်၌မရှိ၊ ကျေးဇူးတရား လက်၌ ရှိသော ကြောင့် အပြစ်တရားသည် သင်တို့ကို မအုပ်စိုးရ။

ကျွန်ုပ်တို့အထဲမှာရှိတဲ့ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းကို အလေး အနက်ထားစဉ်းစားပြီးတော့ အပြစ်ဒုစရိုက်ကို အလေးမထားပါနဲ့။ အချို့ ကတော့ အပြစ် နဲ့ ကင်းမဲ့ပြီး စုံလင်တဲ့ မူဝါဒကလို အသုံးပြုတဲ့ပုံစံမျိုးကို မဆိုလိုပါဘူး။ ခရစ်တော်မှ တစ်ပါး ဘယ်သူမှအပြစ်နဲ့မကင်းဘူး။

ကျွန်ုပ်တို့ ကောင်းကင်ဘုံကို သွားတဲ့အချိန်မရောက်မချင်း ပြုပြင်နေ ရမယ်။ သဘောထားတွေ ပြောင်းလဲကြရမယ်။ အကြံအစည်တွေ ဆင်ချေရမယ်။ လုပ်

ဆောင်မှုတွေကို စီစစ်ရဦးမယ်။ ဒါပေမဲ့ ကျွန်ုပ်တို့မှာ သန့်ရှင်းသော ဝိညာဉ်တော်ရှိရ မယ်။ ဝိညာဉ်တော်ဟာ ခရစ်တော်ကဲ့သို့ အသက်ရှင်နိုင်ဘို့ နေ့စဉ်ပြုပြင်ပေးနေတယ်။ ခရစ်တော်၌ အသက်ရှင်ရင် အပြစ်ဟာ တဖြည်းဖြည်းနဲ့ ဝေးကွာသွားမယ်။ မှေးမှိန်သွား မယ်။ ဝိညာဉ်တော်ဟာ ချော်လဲမှုမရှိဘို့ ထိန်းကျောင်းပေးတယ်။ ဘုရားသခင်ရှေ့မှာ ရဲဝံ့စွာရပ်နိုင်ဘို့ အပြစ်ကင်းမဲ့စွာနဲ့ ဝမ်းမြောက်နိုင်ဘို့လုပ်ပေးမယ် (ယုဒ၊ ၂၄)။

ထွက်ပေါက်ဆိုတာအမြဲရှိတယ်

၁ကော၊၁၀း၁၃ မှာ ဘုရားသခင်ဟာ စုံစမ်းခြင်းနဲ့ ကင်းလွတ်ဘို့ နည်း ၊ လမ်းပေးထားတယ်။ ထွက်မြောက်သောလမ်းကိုလည်း စီရင်ပြုပြင်တော်မူလိမ့်မည် ။ ကတိတော်ရှိတယ်။ ဒီထွက်ပေါက်ဟာဘာလဲ? ဒီထွက်မြောက်သောလမ်းကို ဘယ် ပေးမလဲ ? ယောသပ်ရဲ့ အသက်တာမှာ ထွက်လမ်းကိုဖော်ပြထားတယ်။ ယောသပ်ဟာ စမ်းခြင်းအများကြီးတွေ့တယ်။ တွေ့တိုင်းဘဲ လွတ်လာတယ်။ အကြောင်းအရာတစ်ခု တော့ ယောသပ်ဟာ ပေါတိဖာအိမ်မှာနေစဉ်က ဖြစ်ရပ်ဘဲ။ သူ့မယားက ယောသပ်ကို

တပ်မက်ပြီးတော့ ကြီးစွာသော စုံစမ်းခြင်းကို ခံရတယ်။ ယောသပ်ဟာ အလွန်အခက်ကြုံ နေရ

တယ်။ ယောသပ်ဟာ သူ့ဘဝအတွက် အဆင်ပြေအောင် လိုက်လျောညီထွေ လုပ်ရင် အဆင်ပြေနိုင်တယ်။ သူငြင်းဆိုတဲ့အတွက်လည်း ထောင်ထဲမှာ လှောင်ထားခြင်းကို ခံရ

တယ်။

ယောသပ်က ပေါတိဖာရဲ့မယားကို ပြောတယ်။ “အပြစ်ကြီးသော ဤ အမှုကို ကျွန်တော်ပြု၍ ဘုရားသခင်ကို အဘယ်သို့ပြစ်မှားနိုင်သနည်းဟု သခင်၏မယား

ငြင်း၍ ပြန်ဆို၏”လို့ပါရှိတယ်။ ယောသပ်ဟာ ဘုရားကိုဘဲ ကြောက်တယ်။ ဒါကြောင့် စုံစမ်းသွေးဆောင်ခြင်းကို လုံးဝရှောင်ကြဉ်တယ်။

ကျွန်ုပ်တို့ဟာ လူ့အမြင်နဲ့ ဖမ်းဆီးမိတယ်။ လူတွေ ဘယ်လိုထင်မလဲ ဆို တာလောက်ဘဲ စဉ်းစားပြီးတော့ ကျွန်ုပ်တို့ရဲ့ လိုအပ်ချက်၊ ကျွန်ုပ်တို့ရဲ့ အခွင့်အရေး၊ အလိုဆန္ဒ၊ ခံစားချက်တွေအပေါ်မှာ မြင်ပြီးတော့ ဘုရားကိုထည့်သွင်းစဉ်းစားမှု မပြုရင် ကျွန်ုပ်တို့ စုံစမ်းခြင်း မလွတ်နိုင်ပါ။ ကျွန်ုပ်တို့ဟာ ဘုရားကိုကြောက်မှ ရုန်းထွက်နိုင် မယ်။ ဘုရားက ဘာပြောမလဲ? ဘုရားကိုကြောက်ရွံ့ဘို့ဘဲ တောင်းခံပါ။ သု၊ ၈း၁၃ မှာ “ထာဝရဘုရားကို ကြောက်သောသဘောကား၊ ဒုစရိုက်ကို မုန်းသောသဘော တည်း” လို့ ရှင်းလင်းစွာပါရှိတယ်။

ခရစ်တော်က ပဌနာတော်ကို သင်ပေးတယ်။ “အပြစ်သွေးဆောင်ရာ ၊ သို့ မလိုက်မပါစေဘဲ၊ မကောင်းသောအမှုအရာမှလည်း ကယ်နှုတ်တော်မူပါ”လို့ ပါရှိ တယ်။ ဘုရားကလမ်းပြနေမှသာ၊ ဘုရားသခင်ဟာ စုံစမ်းသွေးဆောင်ခြင်းမှ လွတ် မြောက်အောင် ကူညီမစမယ်။

တိုက်ရိုက်တိုက်ခိုက်မှု

ဘုရားသခင်ဟာ စာတန်ရဲ့ တိုက်ခိုက်မှုကို တစ်ခါတစ်ရံ ခွင့်ပြုတယ်။ စာတန်ဟာ ကယ်တင်ခြင်းကို ခိုးယူဖို့မဟုတ်ဘူး။ ကျွန်ုပ်တို့ကို အပြစ်လုပ်စေချင်လို့ လည်းမဟုတ်ဘူး။ ကျွန်ုပ်တို့ သဘောမပါဘဲနဲ့ စာတန်ကလည်း မဖြစ်စေချင်ပါဘူး။

ရှင်ပေါလုပြောတာ ကြည့်ပါ။ “ငါခံရသော ဗျာဒိတ်တော် အလွန်ထူး မြတ်၍ ငါသည်ထောင်လွှားသောစိတ်မရှိစေခြင်းငှာ၊ ငါ့ကိုဒဏ်ခတ်သော စာတန်၏ တမန်တည်းဟူသော ငါကိုယ်၌ စူးသောဆူးကို ပေးတော်မူ၏”လို့ ပါရှိတယ်။ ရှင် ပေါလုကိုကြည့်ပါ။ ဝိညာဉ်တော်နဲ့ ပြည့်ဝတဲ့ယုံကြည်သူတစ်ဦးဖြစ်တယ်။ စာတန်ရဲ့ စေတမန်က ပုတ်ခတ်ထိုးသတ်တယ်။ ခရစ်ယာန်တိုင်းလည်း ဒီလိုဘဲ စာတန်ရဲ့တိုက်ခိုက် မှုကို ခံကြရမှာဘဲ။ ဘုရားက တော်တော်ခွင့်ပြုထားတယ်။ ကျွန်ုပ်တို့ မာရ်နတ်ကို ဆီး စားတတ်ဖို့ဘဲဖြစ်တယ်။

ကျွန်ုပ်တို့ဟာ ခွန်အားနဲ့ စာတန်ရဲ့ တိုက်ခိုက်မှုကို ဆီးတားနိုင်ရမယ်။ များသောအားဖြင့် တိုက်ခိုက်မှုတွေဟာ တစ်ကြိမ်တစ်ခါလောက်ဘဲဖြစ်တယ်။ ယောဘ ကိုကြည့်ပါ။ ပေါလုလိုအခြေအနေမှာတော့ ဘုရားသခင်ဟာ စာတန်ကို ပိုခွင့်ပြုထား တယ်။ ကျေးဇူးတော်ဟာ လုံလောက်နေပြီဆိုတာ ကောင်းကောင်းသိစေချင်တယ်။ စာ တန်ရဲ့ လုပ်ရပ်တွေလာရင် အေးအေးဆေးဆေးမနေပါနဲ့။ စာတန်ကို မဆီးတားတတ်ရင် စာတန်ဟာ ကျွန်ုပ်တို့ကို သွားပါလိမ့်မယ်။ တစ်ခါတစ်လေ နှစ်နဲ့ချီပြီးကြာတတ်တယ်။ မတွန်းလှန်လို့တော့မရဘူး။

စာတန်တိုက်ခိုက်တဲ့နည်းငါးမျိုး

၂ကော၊ ၁၂း၁၀ မှာ သို့ဖြစ်၍ ခရစ်တော်ကြောင့် ခံရသော အား နည်းခြင်း၊ ကဲ့ရဲ့ခြင်း၊ ဆင်းရဲခြင်း၊ ညှဉ်းဆဲနှိပ်စက်ခြင်း၊ ကျပ်တည်းစွာသော ဒုက္ခ ဝေဒနာခံ ခြင်းတို့ကို ငါနှစ်သက်၏။ အကြောင်းမူကား ငါသည် အားနည်းသောအခါ တန်ခိုးနှင့် ပြည့်စုံလျက်ရှိ၏လို့ ပါရှိတယ်။ စာတန်ရဲ့ တိုက်ခိုက်မှုဟာ နည်းမျိုးစုံရှိတယ်။ ဒီကျမ်း ချက်မှာ တိုက်ခိုက်မှု ငါးမျိုးပါရှိတယ်။ အားနည်းခြင်း၊ ကဲ့ရဲ့ခြင်း၊ ဆင်းရဲခြင်း၊ ညှဉ်းဆဲ နှိပ်စက်ခြင်း၊ ကျပ်တည်းစွာသော ဒုက္ခဝေဒနာခံခြင်းတို့ဘဲ ဖြစ်တယ်။

(၁) အားနည်းခြင်း

အားနည်းခြင်းဆိုတဲ့ အဓိပ္ပါယ်ဟာ စာတန် ကိုယ်ထိလက်ရောက် တိုက်ခိုက်ခြင်းလို့ ဆိုနိုင်တယ်။ ဒီအရာကို ကျွန်ုပ်တို့ သဘောမပေါက်’ နားမလည်ရင် စာတန်ဟာ ဆက်တိုက်၊ ကျွန်ုပ်တို့ကိုယ်ခန္ဓာကို တိုက်ခိုက်မယ်။

ဖျားနာတိုင်း စာတန်ကလာတာမဟုတ်ပါဘူး။ အသင်းတော်ရဲ့ ခံယူ ချက်နှစ်ရပ်ရှိတယ်။ တစ်ဖွဲ့ကပြောတယ်။ ဖျားနာတာ စာတန်ကဖြစ်တယ်။ ဒါမမှန်ဘူး။ လူရဲ့ ကျဆင်းခြင်းကြောင့် ဖျားနာခြင်းဟာ ကမ္ဘာထဲဝင်ရောက်လာတဲ့ ကိစ္စဖြစ်တယ်။ အခြားအုပ်စုကပြောတယ်။ ဖျားနာတာ စာတန်နဲ့ဘာမှမဆိုင်ဘူး။ သိပ္ပံနည်းကျကျဘဲ စဉ်းစားရမယ်။ ဒါလည်းမမှန်ပါဘူး။

ဖျားနာတာ ရောဂါပိုးတွေကြောင့် ဖြစ်တယ်။ သို့သော် မကြာခဏ ကျွန်ုပ်တို့ဖျားနာတာ စာတန်ကြောင့်မဟုတ်ဘူး။ ကျွန်ုပ်တို့အထဲမှာရှိတဲ့ အပြစ်တွေ

ကြောင့်လည်းမဟုတ်ဘူး။ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းကြောင့်လည်း မဟုတ်ဘူး။ ပိုးမွှားတွေကြောင့် ရောဂါရတာ။ ဇီဝကမ္မဗေဒနဲ့ ဆိုင်တဲ့ ချို့ယွင်းချက်တွေကြောင့် ဖြစ် တယ်။ ကျွန်ုပ်တို့နေတဲ့ ကမ္ဘာမှာ ဖြစ်ပေါ်နေတဲ့ အရာတွေဘဲ။ အားနည်းလို့ဖျားတာဘဲ။ ကျွန်တော် မျက်မှန်တပ်တာ စာတန်ရှိနေလို့မဟုတ်ပါဘူး။ ကျွန်ုပ်တို့ရဲ့ ကိုယ်ခန္ဓာဟာ

မခိုင်ခံ့ဘူး။ ပြိုကွဲတယ်။ အားနည်းခြင်းတွေဟာ လူတွေမှာ ကမ္ဘာဦးအစကျဆင်းမှု ကြောင့် ဖြစ်ပေါ်နေတယ်။

ရောဂါဟာ ကိုယ်ခန္ဓာကို ကောင်းကောင်းမလားလို့ဘဲ။ အစားအ သောက်မမှန်ဘူး။ လေ့ကျင့်ခန်းမရှိဘူး။ အနားယူမှုမရှိဘူး။ ဒါတွေကြောင့်ဖြစ်တယ်။

တစ်ခါတစ်ရံ ဖျားနာခြင်းဟာ သဘာဝထက်လွန်ကဲတဲ့အရာက ဖြစ် လာတယ်။ ဘုရားက သူ့သားသမီးတွေကို ရောဂါမပေးဘူးလို့ ကျွန်တော်ဟောတယ်။ ဒါပေမဲ့ ဘုရားကတစ်ခါတစ်ခါ ပေးတတ်တယ်လို့ ကျမ်းစာမှာပါတယ်။ ဖျားနာမှုကို အသုံးပြုပြီး တရားစီရင်တယ်၊ အသုံးပြုဒါက ကျွန်ုပ်တို့ကောင်းတို့အတွက်ပါဘဲ၊ နောင်တ ရဘို့ ပြန်လည်ကောင်းမွန်လာဘို့ ရည်ရွယ်တယ်။ ဖျားနာတာ ဘုရားကလာပြီး တော့ လူက နောင်တရတယ်ဆိုရင် ချက်ခြင်းလက်ငင်း ရောဂါပျောက်ကြတယ်။

ကျွန်တော် နယူးဂင်နီမှာ အမှုတော်ဆောင်နေတဲ့အခါ လူငယ်တစ်ဦး ရောဂါဝေဒနာ ပြင်းထန်တာတွေ့ရတယ်။ လေးပါတ်ကြာကြာခံရတယ်။ ကျွန်ုပ်တို့ ဆု တောင်းပေးတယ်။ ဆေးကုပေးကြတယ်။ အဲဒီအတောအတွင်း အခြားလူတွေ ရောဂါ ပျောက်ပေမယ့်လို့ အဲဒီလူငယ်ရောဂါ မပျောက်ဘူး။ နောက် သူ့စိတ်ထဲမှာ ခါးသီးမှုရှိ တာတွေကို သူဝန်ခံလိုက်တယ်။ ချက်ချင်း ရောဂါပျောက်သွားတယ်။ ဆုတောင် မ တောင်းလိုက်ဘဲနဲ့ ပျောက်သွားတယ်။

အချို့ရောဂါရဲ့ အရင်းအမြစ်ဟာ စာတန်ကလာတယ်။ ဒါကို တားဆီး ကြရမယ်။ သင်ပြောရမှာက “စာတန် ငါဒီတိုက်ခိုက်မှုကို လက်မခံဘူး။ ယေရှုနာမနဲ့ သင့်ကိုမောင်းထုတ်တယ်”လို့ ပြောပါ။ စာတန်က လာတာလား၊ မသိရင် ဘုရားသခင် ကို မေးပါ။ ဘုရားသခင်က ရောဂါရဲ့ အရင်းအမြစ်ကို ဖော်ပြပေးပါလိမ့်မယ်။ ဘာဘဲ ဖြစ်ဖြစ် ဘုရားထံဘဲ ချဉ်းကပ်ပါ။ နားလည်ဘို့၊ ရောဂါပျောက်ကင်းတို့ ဖြစ်တယ်။

(၂) ကဲ့ရဲ့ခြင်း ၊

စာတန်ဟာ ကဲ့ရဲ့ခြင်းနဲ့ တိုက်ခိုက်တယ်။ လူရဲ့အပြစ်ကို ဖော်ထုတ် တယ်။ ကမ္ဘာက အသင်းတော်ကို အမြဲကြည့်နေလေ့ရှိတယ်။ အပြစ်တင်စရာတွေ ပေါ် လာရင် စာတန်ဟာ ကဲ့ရဲ့ခြင်းလက်နက်ကို သုံးပြီး အသင်းတော်ကို အပြစ်တင်တယ်။ ယုံကြည်သူတွေကဘဲ စာတန်ကို ကူညီတယ်။ အချင်းချင်း ကဲ့ရဲ့အောင်လုပ်တယ်။ တစ် ဦးချင်းကိုလည်း ကဲ့ရဲ့ပြီး သိက္ခာကျအောင်လုပ်တယ်။ ဆွဲချတယ်။ အရာရာကို ပျက်ပြား စေတယ်။

သိတင်းစာတွေကတော့ ကျွန်ုပ်တို့ရဲ့ သစ္စာမရှိမှုတွေ ဖော်ထုတ်လေ့ ရှိတယ်။ အတင်းအဖျင်းတွေ ပုံကြီးချဲ့တယ်။ မကောင်းမှုတွေကို ကဲ့ရဲ့တယ်။ ကမ္ဘာက

တော့ ခရစ်ယာန်တွေ နိမ့်ကျအောင် လုပ်တဲ့နေရာမှာ အခြားဝိဇ္ဇာအတတ်၊ နတ်ဘုရား တွေနဲ့ နှိုင်းယှဉ်ပြီး အပုပ်ဈတယ်။ စာတန်ကို အသင်းတော်က တားဆီးရမယ်။ စာ ရဲ့ လုပ်ရပ်ထဲမှာ ယုံကြည်သူတွေက ဓားစာခံမဖြစ်ဖို့ လိုတယ်။ စာတန်က လူတွေ သုံးသွားမှာဘဲ။ သင်ကိုယ်တိုင်က တားဆီးပါ။ ပြသပါ။ သင်မပါပါစေနဲ့။ စာတန်ရဲ့ ပင် ယာယ်တွေကို သိထားပြီးတော့ ရှောင်ရှားပါ။ စာတန်ရဲ့တီးတိုးလုပ်ငန်းတွေမှာ အားပေး အားမြှောက်မပြုပါနဲ့။ အတင်းအဖျင်း မပြောပါနဲ့။ သင်ဟာ စာရေးဆရာဖြစ်ပြီး၊ စာအုပ်

တွေ၊ မဂ္ဂဇင်းတွေ ထုတ်လုပ်ရင်၊ ခရစ်တော်၌ရှိတဲ့ ညီအစ်ကိုမောင်နှတွေကို မတိုက်ခိုက် ပါနဲ့။ မရေးသားပါနဲ့။

(၃) ဆင်းရဲခြင်း

အမှောင်အင်အားစုဟာ ဆင်းရဲဒုက္ခရောက်တဲ့ ပုံစံနဲ့ ကျွန်ုပ်တို့ကို တိုက်ခိုက်လေ့ရှိတယ်။ ဝန်းကျင်အခြေအနေက တင်းမာမှု၊ ပြိုကွဲမှုတွေ ဖြစ်လာရင် စိတ် ဓါတ်ကျမယ်။ စိတ်ဆင်းရဲမယ်။ ယုံကြည်ခြင်း ပြိုကွဲလာတော့မယ်။ ဒါကို စာတန်က

စောင့်နေတယ်။ အဲဒီတော့မှ ကျွန်ုပ်တို့ လက်မှိုင်ကျပြီးတော့ မလုပ်တတ် မကိုင်တတ် တာတွေ ဖြစ်လာတော့မယ်။ တော်ပြီ၊ တန်ပြီ ဆိုတဲ့ စကားတွေကိုဘဲ စာတန်ကြားချင် တယ်။ အသက်တာတွေကို မထိန်းနိုင်တော့ဘူး။ သာသနာ့လုပ်ငန်းကလည်း ထွက်လိုက် ကြတော့တယ်။

(၄) ညဉ်းဆဲနှိပ်စက်ခြင်း

စာတန်ဟာ ညှဉ်းဆဲနှိပ်စက်ခြင်း အမျိုးမျိုးနဲ့ လူကိုအနိုင်ယူတယ်။ သာသနာပြုဆရာတွေကို နှိပ်စက်တော့ ဧဝံဂေလိလုပ်ငန်း မလုပ်နိုင်တော့ဘူး။ ခရစ် ယာန်သမိုင်းကို ကြည့်ရင် မာတုရတွေ၊ ထောင်တွင်း အကျဉ်းကျတာတွေ၊ ရိုက်ပုတ်နှိပ် စက်တာတွေ အမျိုးမျိုးတွေ့ရတယ်။ သတင်းကောင်း ကြဲဖြန့်တဲ့လုပ်ငန်းဟာ စာတန် ၊ အကြောက်ဆုံးဘဲဆိုတော့ စာတန်နည်းမျိုးစုံနဲ့ ပိတ်ပင်တားဆီးတယ်။ ခရစ်ယာန်ပီသ

လာမှာ စိုးရိမ်တော့ အမျိုးမျိုးဒုက္ခပေးတယ်။ ညှဉ်းဆဲတယ်။ စိတ်ဓါတ်ကျအောင်လုပ် တယ်။

(၅) ကြပ်တည်းစွာသော ဒုက္ခဝေဒနာခံစေတယ်

နောက်ဆုံးနည်းတစ်နည်းကတော့ ကျွန်ုပ်တို့လိုအပ်ချက်တွေ မ ဘူး။ ကျမ်းစာက ကြပ်တည်းစွာသော ဒုက္ခဝေဒနာ ခံစေတယ်လို့ ဆိုထားတယ်။ လုံး တဲ့လူ၊ ရန်ပုံငွေမှစပြီးတော့ ဧဝံဂေလိသာသနာ လုပ်ငန်းအတွက် လိုအပ်တာတွေကို ကြပ်

တည်းစေတယ်။မပေးဘူး။ ခက်ခဲစေတယ်။ ဘုရားသိက္ခာကျအောင်လုပ်တယ်။ ယုံကြည်ချက်ပျက် ပြားအောင်လည်း လုပ်တယ်။ တိုးတက်ကြီးပွားမှုကို ပြိုကွဲစေတယ်။ ဒါပေမဲ့ ဘုရားကလည်း မနေဘူး။ သူ့သာသနာကို သူကြည့်တယ်။ သာသနာပြု တွေ၊ သင်းအုပ်ဆရာတွေ၊ ဘယ်သူတွေ ထွက်ပြေးသလဲ? ငွေကြေးအခက်အခဲနဲ့ ဒုက္ခခံပြီး လုပ်နေရှာတယ်။ ကြပ်တည်းတဲ့ ဒဏ်ကိုခံတယ်။ ရန်သူကို ဆီးတားကြရမယ်။ ဒီတော့မှ ငွေတွေရောက်လာမယ်။ ဝန်ထမ်းတွေ ရောက်လာကြရမယ်။ အဆောက်အ

တွေ ဆောက်ခွင့်ရကြမယ်။ အခြားလိုအပ်တဲ့ပစ္စည်းတွေ အံ့သြဘွယ်ရာ ရောက်လာ မယ်။ စာတန်ထွက်ပြေးတဲ့အထိ ဆီးတားပါ။ သူကတော့ ကျွန်ုပ်တို့ ထွက်ပြေးမလား သိပြီးတော့ လက်ပိုက်ကြည့်နေသေးတယ်။ ဆံရန်အချိန်တန်ပြီ

ကျွန်ုပ်တို့ ပေးလိုက်သလောက် စာတန်အကုန် ယူသွားတော့တာဘဲ။ ဒါကြောင့် စာတန်ဟာ လွယ်လွယ်နဲ့တော့ အရှုံးပေးမှာမဟုတ်ဘူး။ စာတန်ဟာ လူအ

ကြောင်းသိတယ်။ ကျွန်ုပ်တို့မှာ ဇွဲသတ္တိ၊ ခံနိုင်ရည်မရှိတာသိတော့ အဲဒါကိုဘဲ ချောင်း မြောင်းနေတယ်။ ကျွန်ုပ်တို့ စိတ်ဓါတ်ကျအရှုံးပေးဘို့ စောင့်ဆိုင်းနေတယ်။ သူထင်သလို ဘဲ လူတွေကလည်းဖြစ်လာတယ်။ စာတန်ကို တကယ်ဆီးတားရင် စာတန်မခံနိုင်ပါဘူး။ ပြေးရမှာပါ။ ချက်ချင်းတော့ မဟုတ်ဘူးပေါ့။ ဒါပေမဲ့ ပြေးရမှာဘဲ။ ကျွန်ုပ်တို့ စိတ်ဓါတ် ကြံ့ခိုင်ရင်၊ စာတန် မကြံခိုင်နိုင်ဘူး။ ကျွန်ုပ်တို့မှာ ဘုရားပေး တန်ခိုးအာဏာရှိတာသိ ရင် သူကမြင်တယ်။ သူမတိုက်ရဲတော့ဘူး။ ကျွန်ုပ်တို့ ဘယ်တော့မှ အပေးအယူမလုပ် ပါနဲ့။ စိတ်ဓါတ်လည်း မကျပါနဲ့။ အောင်ပွဲဟာ ကျွန်ုပ်တို့လက်ထဲမှာဘဲ ရှိတယ်။ အဖိုးအခါ ပေးရမယ်။ အဖိုးအခကတော့ ယုံကြည်ခြင်းနဲ့ ခိုင်မြဲစွာ ရပ်တည်ခြင်းဘဲ ဖြစ်တယ်။

ကျွန်ုပ်တို့ ပြိုပျက်တဲ့ကမ္ဘာ၊ ကျဆင်းနေတဲ့ကမ္ဘာမှာ နေရတာကိုတော့ မမေ့ပါနဲ့။ဒုစရိုက်ဟာကျွန်ုပ်တို့ကို ဝိုင်းရံလျက်ရှိတယ်။ခရစ်တော်ဟာ ကျွန်ုပ်တို့အထဲမှာ ရှိတယ်။ ရှောင်တိမ်းရမဲ့အရာတွေကို ဖယ်ရှားပြီးတော့ အသက်ရှင်ပါး မှန်ကန်စွာ တုန့် ပြန်မှုရှိရင်၊ ဒီအရာတွေဟာ တည်ဆောက်စရာတွေ ဖြစ်လာလိမ့်မယ်။ အကျင့် သီလနဲ့ ခွန်အားဟာ ချက်ချင်းမရနိုင်ဘူး။ ဖြတ်လမ်းမရှိဘူး။ စုံစမ်းခြင်းခံရင် အကျင့်သီလ တည်ဆောက်မှုဖြစ်မယ်၊ စုံစမ်းခြင်းတွေ တွေ့လာတဲ့အခါ၊ ခိုင်ခံ့လာမယ်။ ဒုစရိုက်ကို ရွံရှာလာမယ်။ စာတန်တိုက်ခိုက်တဲ့အတွက် ကျွန်ုပ်တို့အလိုလို ဘုရားကို အားကိုးတို့ ဖြစ်လာတယ်။ ဝိညာဉ်ရေးရာ ကြွက်သားတွေတက်လာတယ်။ ဘုရားသခင်ကတော့ ဓားစာခံမဖြစ်ဘို့ အမြဲသတိပေးနေတယ်။ ခွန်အားဗလရှိတဲ့ သူရဲကောင်းတွေ ဖြစ်ပြီး တော့ ဘဝမှာအောင်နိုင်သူတွေဖြစ်ဘို့ ဘုရားက မျှော်လင့်တယ်။

အခန်း(၁၁)

ဆုတောင်းခြင်းဟာ အရာရာကို ပြောင်းလဲပေးနိုင်သလား

Does Prayer Really Change Things

တိုက်ပွဲပြင်းထန်နေတယ်။ အလွန်ဘဲ ပြင်းပြင်းထန်ထန် တိုက် ကြတယ်။ တိုက်ပွဲနယ်မြေကတော့ ကျွန်ုပ်တို့ပါဘဲ။ ကျွန်ုပ်တို့ဟာ စစ်မြေပြင်ဖြစ် တယ်။ ကြီးမားတဲ့ အင်အားစုတွေဟာ တိုက်ခိုက်နေကြတယ်။ လူတစ်ဦးစီရဲ့ ” ရဘို့ တိုက်ခိုက်နေတာဖြစ်တယ်။ ကျွန်ုပ်တို့ကလည်း စစ်သူရဲတွေဖြစ်နေပြန်တယ်။ ကျွန်ုပ်တို့အတွက် ကျွန်ုပ်တို့တိုက်နေတဲ့အပြင် စာတန်တိုက်ခိုက်လို့ ရှုံးနိမ့်သူတေလ စစ်ကူကြရမယ်။ ကျယ်ပြန့်တဲ့နိုင်ငံတော်အတွက် ကျွန်ုပ်တို့ဟာ ဝိညာဉ်ရေးရာ သရဲ ကောင်းပီသကြဘို့ လိုတယ်။

ကျွန်ုပ်တို့နေ့တဲ့ ကမ္ဘာကြီးကတော့ ဆိုးညစ်မိုက်မဲမှုတွေနဲ့ ညှိစွန်းနေ ပါပြီ။ အမေရိကန်ပြည် ဝါရှင်တန်မြို့တော်မှာရှိတဲ့ မှုခင်းဆိုင်ရာဌါနချုပ်က စာရင်းဇယား တွေအရဆိုရင်၊ အမေရိကန်နိုင်ငံမှာ ၁၉၈၈ ခုနှစ် စာရင်းအရ၊ (၂၅)မိနစ်တိုင်းမှာ လူ သတ်မှု တစ်ခုဖြစ်ပွားတယ်။ ငါးမိနစ်တိုင်းမှာ အမေရိကန် အမျိုးသမီးတစ်ဦး မုဒိမ်းမှု ဖြစ်ပွား တယ်။ စက္ကန့်(၆၀)တိုင်းမှာ ကလေးတစ်ဦးကို အလွဲသုံးစားလုပ်တယ်။ နှစ်စဉ် ကလေး (၂ဝဝဝ)ကို မိဘများက သတ်ဖြတ်ကြတယ်။ နေ့စဉ်လိုလို ကျည်ဆံ၊ ဗုံး၊ မီး၊ အရက်မူး ကားသမားတွေဟာ အချက်များကို ဆုံးရှုံးစေတယ်။ လူတွေဟာ ခိုးဝှက် ၊ တယ်။ လိမ်လည်တယ်၊ မတရားလုပ်တယ်။ အစိုးရတွေကလည်း ခေါင်းပုံဖြတ်တယ်။ ဖိနှိပ်ချုပ်ချယ်တယ်။ ရွေးကောက်တင်မြှောက်ထားတဲ့ အရာရှိအရာခံနဲ့ ယုံကြည်စိတ်ချ ရတယ်ဆိုတဲ့ လူတွေဟာ အံ့မဆုံးအောင် ဒုစရိုက်တွေလုပ်ကြတယ်။ ကျွန်ုပ်တို့ ကလေး

တွေကိုတော့ မူးယစ်ဆေးဝါး၊ ညစ်ည္ရုပ်ရှင်၊ လိင်တူဖောက်ပြန်မှု၊ သေကြောင်းကြံစီမှု၊စုံးကဝေလိုက်စားမှုတွေက ဖိဆီးနေကြတယ်။ လူသန်းပေါင်းများစွာဟာ ရောဂါတွေ စောင့်ယူနေသလိုဘဲ။ အစာရေစာ ခေါင်းပါးမှုတွေကလည်း အသက်ကို ချုပ်ငြိမ်းစေတယ်။

စိတ်ချောက်ခြားပြီးထွက်ပြေးမလား ပြင်းပြင်းထန်ထန်လုပ်ဆောင်မလား

ပြဿနာတွေကတော့ များလှပါတယ်။ အချို့ကတော့ ထွက်ပြေး တိမ်းရှောင်လိုကြတယ်။ ကမ္ဘာကို လစ်လျူရှုပြီးတော့ သာယာတာတွေကိုဘဲ စဉ်းစား

တော့တယ်။ အမှန်ဖြစ်ပျက်နေတဲ့ ကမ္ဘာကနေ နံရံတွေကာပြီးတော့ အထဲမှာဘဲ စိတ်ကူး ယဉ်ကမ္ဘာမှာ နေချင်ကြတယ်။ ဝန်းကျင်မှာ သေကြေပျက်စီးမှုတွေကို ဂရုမစိုက်တဲ့လမ်း စ် လိုက်ကုန်ကြတယ်။ သူတို့ကတော့ တေးဂီတ၊ အနုပညာနဲ့ ဝိုင်းရံထားပြီး ပျော်ကြ တယ်။ ကျေနပ်နှစ်သိမ့်မှုကို ရှာကြတယ်။ လူဆိုးတွေနေတဲ့မြို့အပိုင်းကို ရှောင်တယ်။ သတင်းတွေကိုလည်း နားမထောင်ကြတော့ဘူး။ စိတ်ဓါတ် အလွန်ကျနေတဲ့အခါမှ စိတ်ပြေလက်ပျောက် နားထောင်တယ်။

အချို့လူတွေက ပြင်းပြင်းထန်ထန် ဒုစရိုက်တွေကို ချေမှုန်းလိုကြ တယ်။ ရန်ပွဲထဲဝင်ပြီးတော့ အင်တိုက်အားတိုက် ဖြေရှင်းလိုကြတယ်။ မတရားမှုတွေကို မုန်းတီးတယ်။ ဒါတွေ ဘယ်ကပေါ်ပေါက်လာတာကို မစဉ်းစားမဆင်ချေကြဘူး။ အနိ ဋ္ဌာရုံတွေကို ရွံ့ရှာတယ်။ ခါးသီးတယ်။ ဒေါသထွက်တယ်။ ကိုယ်ထိလက်ရောက် လုပ် ချင်ကြတယ်။ ဘာမဆို ဖြေရှင်းချင်တယ်။ သူတို့ဟာ လူသားဝါဒကို လက်ကိုင်ထား တယ်။ နယူးအိတ်(ဈ)လှုပ်ရှားမှုကို ကြိုက်နှစ်သက်တယ်။ မတ်(စ်)ဝါဒ…ဘာဘဲဖြစ် ဖြစ် ကမ္ဘာ့ပြဿနာကို ဖြေရှင်းလိုတယ်။

ခရစ်ယာန်များတောင် လွဲမှားစွာလုပ်ဆောင်တာ တွေ့ရတယ်။ အချို့ ခရစ်ယာန်တွေ ပိုက်ဆံ၊ အချိန်၊ လုပ်အားပေးပြီး လူမှုရေးအခြေအနေ မြှင့်တင်လိုကြ တယ်။ ဒုစရိုက်တွေကို ဝိညာဉ်ရေးရာနည်းနဲ့ မဖြေရှင်းလိုကြဘူး။ ဒီခရစ်ယာန်တွေက

တော့ လူတွေကိုဘဲ အာရုံစူးစိုက်ပြီး ဘုရားရဲ့အလိုကိုမဆင်ချေဘူး။ ဒါ့ကြောင့် ဒီလူတွေ အရေးဆိုကန့်ကွက်ကြတယ်။ သပိတ်မှောက်တဲ့အထဲ ပါကြတယ်။ ပညာပေးအစီအစဉ် တွေမှာ ပါဝင်ကြတယ်။ ဆုတောင်းအဖြေရှာဘို့ အချိန်မပေးနိုင်ကြဘူး။ ဝိညာဉ်ရေးရာ တိုက်ပွဲ၊ ဧဝံဂေလိလုပ်ငန်းတွေကို စိတ်မဝင်စားကြဘူး။

ဒီလိုအစွန်းထွက်တဲ့ အုပ်စုနှစ်စုအနက် အလယ်အလတ်သမားတွေ လည်းရှိတယ်။ ဒုက္ခဆင်းရဲခြင်းကို မရှောင်ရှားဘူး။ တိုက်ခိုက်မှုကိုလည်း မလိုလားကြ ဘူး။ ကမ္ဘာ့ဖြစ်ရပ်တွေအပေါ်မှာ နှစ်မြုပ်မှုမရှိဘဲနေကြတယ်။ လောကထဲက အပြစ်ဒု စရိုက်တွေကိုတော့ သဘောပေါက်နားလည်တယ်။ ဒါတွေပပျောက်သွားအောင်တော့ ထိထိရောက်ရောက် ပါဝင်လုပ်လိုကြတယ်။ အဲဒီအတွက် ကျွန်ုပ်တို့ဟာ ဘုရားသခင်ရဲ့ နိုင်ငံတော် ကျယ်ပြန့်ဘို့ ခရစ်တော်ရဲ့ စစ်သူရဲကောင်းများ ဖြစ်ကြရမယ်။ အဲဒီအတွက် ကျွန်ုပ်တို့ကို တာဝန်ပေးအပ်ထားတာ ဖြစ်တယ်။

ရင့်ကျက်တဲ့ ခရစ်ယာန်ဆိုတာ ဘုရားသခင်ပြုတော်မူသော ကျေးဇူး တော်ကို ကောင်းစွာ သိထားတဲ့အချိန်က စတာဘဲ။ သင်သည် ခရစ်တော်၌ မည်သူမည်ဝါ ဖြစ်တာကိုလည်း သိတဲ့လူဖြစ်ရမယ်။ ဒါဟာ အခြေခံဘဲရှိသေးတယ်။ ဘုရားသခင်ရဲ့ နိုင်ငံတော်ကျယ်ပြန့်တဲ့ လုပ်ငန်းမှာ ကိုယ်စီတာဝန်ကို မယူဘဲနဲ့ရင့်ကျက်တဲ့ ခရစ်ယာန်

မဖြစ်လာနိုင်ဘူး။ ကျွန်ုပ်တို့ ဒီလောကမှာရှိနေတာ တိုက်ပွဲဝင်ဘို့ဘဲ။ ဒါကို စောစော လာတာနဲ့ စစ်မှန်တဲ့ ခရစ်ယာန်စောစောဖြစ်လာပါလိမ့်မယ်။ ဘုရားသခင် ကျွန်ုပ် အပေါ် ပြုတော်မူသော ကျေးဇူးတော်က တစ်ပိုင်း၊ ကျွန်ုပ်တို့က စစ်သူရဲကဲ့သို့ ဘ သခင်အတွက် အလုပ်လုပ်တာကတစ်ပိုင်း စုစုပေါင်းနှစ်ပိုင်းကို ကွဲကွဲပြားပြား သိ ဘို့လိုပြီ။

ခံစစ်နဲ့ထိုးစစ်

စစ်သူရဲမှန်ရင် ခံစစ်ရော၊ ထိုးစစ်ရော ကျွမ်းကျင်ရမယ်။ ဘောလုံးပွဲ မှာ အသင်းတွေဟာ ခံစစ်ကစားလေ့ရှိတယ်။ တစ်ဘက်သားအသင်းရဲ့ ထိုးဖောက်မှုမရှိ ရလေအောင် အမျိုးမျိုး ကာကွယ်တယ်။ ခံစစ်ကစားတဲ့ အသင်းဆိုရင် ရန်သူတွေကို အကျော်မခံဘူး။ ဝိညာဉ်ရေးရာတိုက်ပွဲကို ဒီလိုဘဲတိုက်ကြရတယ်။

ဧ၊ ၆း၁၀-၁၁မှာ သခင်ဘုရားအားဖြင့်၄င်း၊ တန်ခိုးတော်အရှိန်အား ဖြင့်၄င်း၊ ခိုင်ခံ့ခြင်းရှိကြလော့။ မာရ်နတ်၏ ပရိယာယ်တို့ကို ဆီးတားနိုင်မည်အ

ကြောင်း ဘုရားသခင် ပြင်ဆင်တော်မူသော လက်နက်စုံကို ဝတ်ဆောင်ကြလော့လို့ သွန်သင်တယ်။ ဆီးတားနိုင်ဘို့ရန် ခံစစ်မှာဖြောင့်မတ်ခြင်းတရားနဲ့ သစ္စာတရားဟာ လက်နက်ဘဲ။ ကျွန်ုပ်တို့ဟာ ဖြောင့်မတ်မယ်၊ သမ္မာတရားကိုသိမယ်ဆိုရင် ကျွန်ုပ်တို့ အသက်တာမှာ မာရ်နတ်ကို ဆီးတားနိုင်မယ်။ လူ့ဝန်းကျင်မှာလည်း ဆီးတားနိုင်မယ်။

ဒါပေမဲ့ ထိုးစစ်ဆိုတာ ရှိသေးတယ်။ ဘောလုံးအသင်းရဲ့ ခံစစ်ကစား နည်းအတိုင်းဘဲ၊ ကျွန်ုပ်တို့ဘက်ကွင်းကို ကာကွယ်ထားသလို ရန်သူနယ်မြေထဲကို ထိုး ဖောက်ဝင်ရောက်ကြဘို့ လိုသေးတယ်။ စာတန်ရဲ့ ခံတပ်ကို ထိုးဖောက်ကြရမယ်။ များ သောအားဖြင့် ခရစ်ယာန်တွေ ဝိညာဉ်ရေးရာ ခံစစ်လောက်ဘဲ လုပ်ဆောင်ကြတယ်။ သူ တို့ရဲ့ မျှော်မှန်းချက်ဟာ သရေပွဲဖြစ်ရင် ကျေနပ်နေလေ့ရှိတယ်။ ဘုရားသခင်အတွက် နယ်မြေသစ်ကို မယူဘူး။ စာတန်ကိုလည်း မိမိနယ်ထဲ မဝင်လာအောင် လုပ်ဆောင် တယ်။

မရဏာနိုင်ငံတံခါးတို့သည် နိုင်နေသည် ။

ကျွန်ုပ်တို့ ဘုရားကျောင်းသွားတယ်။ စည်းဝေးတွေ မှန်မှန်တက်၊ တယ်။ ဘုရားသခင်ဟာ သူ့အသင်းတော် တည်ဆောက်နေတယ်ဆိုတာ ခဏခဏကြား နေရတယ်။ အသင်းတော်ဟာ အင်အားကြီးတယ်။ “မရဏာနိုင်ငံ၏ တံခါးတို့သည် မနိုင် ရာ” ဆိုတာ သိရတယ်။ ကျွန်ုပ်တို့က “အာမင်၊အလွန်ကောင်းတာဘဲ”လို့ ပြောကြမယ်။ ဒါပေမဲ့ တကယ့်အဖြစ်မှန်က မရဏာနိုင်ငံတံခါးတို့ကဘဲ အနိုင်ယူနေတယ်။ မြို့တွေ၊

ကောလိပ်တွေ၊ အထက်တန်းကျောင်းတွေ၊ ကလပ်တွေ၊ အိမ်ထောင်တွေ၊ လင်မယား တွေ၊ တစ်ဦးချင်းတွေဟာ မရဏာနိုင်ငံတံခါးထဲမှာ လှောင်မိနေကြပြီ။

မရဏာနိုင်ငံတံခါးတွေဟာ အလိုလို ပြိုကျလာမယ်လို့ ကျမ်းစာက မပြောဘူး။ တံခါးဆိုတာဟာ ခံစစ်လက်နက်ဖြစ်တယ်။ တိုက်ခိုက်မှုမလာရင် မပြိုလဲနိုင် ဘူး။ ဒီလိုဘဲ ခံတပ်သဖွယ်ရှိနေမှာဘဲ။ သူတို့အလိုလိုတော့ ပြိုမလဲတာတော့အမှန်ဘဲ။ အင်အားနဲ့ပြည့်စုံတဲ့ အသင်းတော်ဟာ ထိုးစစ်ဆင်ရမယ်။ သူတို့ကို တိုက်ကြရမယ်။ ကျွန်ုပ်တို့မရဏာနိုင်ငံတံခါးကို ထိုးစစ်နဲ့ဝင်ပြီး တိုက်ခိုက်မှသာ ကျမ်းစာက ဖော်ပြ တဲ့အတိုင်း သူတို့မနိုင်ရာလို့ ပါရှိတယ်။ (မ၊ ၁၆း၁၈)။ ဒီလိုထိုးစစ်ဆင်နိုင်အောင် ခရစ်

တော်ရဲ့ ကိုယ်ခန္ဓာဖြစ်တဲ့ အသင်းတော်ဟာ ဘုရားသခင်ပြင်ဆင်တော်မူသော လက်နက် စုံကို ဝတ်ဆောင်ကြရမယ်။ စာတန်ရဲ့ခံတပ်ကို တိုက်ဖျက်ဘို့ဘဲ ဖြစ်တယ်။

သမ္မာကျမ်းစာမှာ ဣသရေလသမိုင်းကို သေသေချာချာ ဖော်ပြထား တယ်။ သူတို့ထံက ကျွန်ုပ်တို့ဝိညာဉ်ရေးရာ ဖြစ်ရပ်အမှန်ကို ရယူဘို့ဘဲဖြစ်တယ်။ သူတို့ အတွေ့အကြုံအရ ကတိတော်နယ်မြေကို တိုက်ယူတဲ့အခါ ဘယ်လိုထိုးစစ်ဆင်ရတယ်၊ ဆိုတာ သင်ယူဘို့ လိုတယ်။

သူကြီး၊ ၃:၁-၂မှာ ခါနာန်ပြည်၌ တိုက်သော စစ်မှုရှိသမျှတို့ကို မသိ သော ဣသရေလအမျိုးသားအပေါင်းတို့ကို စုံစမ်းခြင်းငှာ၄င်း၊ စစ်မှုကို မသိသော ဣသရေလအမျိုးသား အစဉ်အဆက်တို့သည် စစ်အတတ်ကိုသင်၍ တတ်စေခြင်း ၄၄င်း၊ထာဝရဘုရား ချန်ထားသော လူမျိုးများဟူမူကား လို့ပါရှိတယ်။

ဘုရားသခင်ဟာ ဣသရေလတို့ကို အဲဂုတ္တုပြည်မှ ကယ်မခဲ့တယ်။ ဒီအမှန်တကယ်ဖြစ်ရပ်ဟာ ကျွန်ုပ်တို့ကယ်တင်ခြင်း ဆုကျေးဇူးရတာနဲ့ တစ်ပုံစံထဲဘဲ။ ကျွန်ုပ်တို့ ကယ်တင်ခြင်းရတဲ့အခါ၊ ချည်နှောင်ခြင်းက လွတ်လာခဲ့ကြတယ်။ ဘုရား သခင်ဟာ ဣသရေလတို့ကို ပင်လယ်နီထဲက ဖြတ်ကျော်စေတဲ့ အရာဟာ ကျွန်ုပ်တို့နှစ် ခြင်းမင်္ဂလာ ခံယူသလိုဘဲ။ ပြီးတော့ သူတို့ကို တောအရပ်မှာ ခေါ်ဆောင်သွားတယ်။ စုံစမ်းစစ်ဆေးဖို့အတွက်ဘဲ ဖြစ်တယ်။ တိုက်ခိုက်ခံရတယ်။ ပြီးတော့ အတွေ့အကြုံတွေ ရတယ်။ ခွန်အားရှိလာတယ်။ သစ်လွင်လာတယ်။ သန့်ရှင်းလာကြတယ်။ ဒါတွေဟာ ခရစ်ယာန်အသက်တာတွေမှာလိုဘဲ။ ပြုပြင်မှုတွေ ပြုကြရမယ်။ ဘုရားသခင်ဟာ သူတို့ ကို တောအရပ်မှာ စမ်းသပ်ကြည့်တာ ဘုရားသခင်ရဲ့ လူမျိုးတော်ပုံစံကို ဖော်ချင်တဲ့ အတွက်ဘဲဖြစ်တယ်။ အဲဒီပုံစံ မပေါ်လာဘူး။ အဲဒီတော့မှ ဘုရားသခင်ဟာ မျိုးဆက်သစ် ကို ပြုစုရတယ်။ အဲဒါ အနှစ်လေးဆယ်ကြာသွားတယ်။ ပြီးတော့မှ ပုံစံပေါ်လာတဲ့ လူမျိုး တော်ဟာ ရင့်ကျက်တယ်။ ဆက်ကပ်အပ်နှံကြတယ်။ ခိုင်ခံ့တယ်။ ယုံကြည်စိတ်ချရ တယ်။ ပြီးတော့မှ ကတိတော်ပြည်ကို ဝင်စေတယ်။

ကတိ‌တော်ပြည်ကရန်သူတွေ

ဘုရားသခင်ဟာ ၄င်းတို့ကို ယော်ဒန်မြစ်ကို ထူးထူးကဲကဲ ဖြတ်ကျော် စေပြီးမှ ကတိတော်မြေသို့ ပို့ဆောင်တယ်။ ဘုရားသခင်ဟာ အာဗြဟံကို စီမံချက်ဖော်ပြ ပြီးတဲ့ အနှစ် ၅ဝဝ ကျမှ ပြည်တော်ကို အမွေခံရတယ်။ နို့နဲ့ ပျားရည်စီးတာ တွေ့ရတယ်။

ဒါဟာ မယုံနိုင်လောက်တဲ့ ဖြစ်ရပ်ကြီးတစ်ခုပါဘဲ။ သူတို့ဟာ အေး အေးဆေးဆေး ကြွယ်ဝချမ်းသာစွာ ပျော်ပျော်ပါးပါး နေချင်ပါပြီ။ ဒီလိုပျော်ရွှင်ပွဲတွေပြီး

တော့ သူတို့နေထိုင်ဘို့ ကြည့်တဲ့အခါ သူတို့ဘဲမဟုတ်ဘူး။ ဝန်းကျင်မှာ ကြမ်းတမ်းတဲ့လူ တွေ၊ စစ်မက်အင်္ဂါလုပ်ချင်တဲ့လူတွေ၊ အခြားဘုရားကို ကိုးကွယ်တဲ့လူတွေ စုံနေတာဘဲ။ အဲဒီလူတွေက ပြူငှာစွာ နေရာပေးမယ့်လူတွေ မဟုတ်ဘူး။

ဣသရေလလူတွေက ထင်မှာဘဲ။ ဒါဟာ ကတိတော်ပြည်မှ ဟုတ်လေစွ။ ဘုရားသခင်ကဘဲကတိပျက်နေလို့လား? သူတို့အကောင်းဆုံး ကြိုးစားလာ ခဲ့တာဘဲ။ ဘယ်မှာလည်း ငြိမ်သက်ခြင်း? သူတို့ဟာ ဘယ်သူတွေလဲ? ဘာဖြစ်လို့ အမွေခံ ရမယ့် ပြည်မှာ သူတို့ကိုထားရတာလဲ ? ။

ဘုရားသခင်ဟာ ပျက်ကွက်တဲ့ဘုရားမဟုတ်ဘူး။ ကတိတော်ပြည် ဆိုတာ ဒီလိုပုံစံမျိုးဘဲ ဖြစ်ရမယ်။ သူကြီး၊ ၃၁ မှာပါတဲ့အတိုင်းဘဲ၊ ဘုရားသခင်ဟာ တိုက်ခိုက်စေဘို့ တမင်သက်သက် ချန်ထားတာ။ ဒီတော့မှ စစ်တိုက်ကြရမယ်။ စစ်ပညာ တက်မယ်။ စစ်သူရဲတွေဖြစ်လာမယ်။ ဒီလူတွေဟာ အရုပ်တွေမဟုတ်ဘူး။ တကယ်တိုက် ရမယ်။ သူတို့ကိုလည်း ဆုံးမဘို့လိုတယ်။ တရားစီရင်ဘို့လိုတယ်။ ဘုရားသခင်ဟာ ၊ သဘာဝထက် လွန်ကဲတဲ့ပုံစံနဲ့ တရားမစီရင်ဘူး။ သောဒုံနဲ့ ဂေါမောရလို မလုပ်ဘူး။ ဘုရားလူ တွေလက်ထဲအပ်မယ်။ ဘုရားလူတွေက ဆုံးမကြရမယ်။ ဘုရားလူတွေ စစ်အတတ်ပညာကို သင်ယူကြရမယ်။ .

ကျွန်ုပ်တို့ တိုက်ရမယ်

ခရစ်ယာန်တိုင်းရဲ့ အသက်တာမှာလည်း တိုက်ပွဲဝင်ကြရမယ်။ ကယ် တင်ခြင်းရတဲ့ ခရစ်ယာန်တွေဟာ ပြည်တော်ကို အမွေခံရသလိုပါဘဲ။ ဒါပေမဲ့ အဲဒီ ရောက်တော့ ဝိညာဉ်ရေးရာ သူ ရဲကောင်းတွေ ဖြစ်ကြရမယ်။ ဝန်းကျင်မှာရှိတဲ့ ရန်သူတွေကို တိုက်ကြရမယ်။

ကျမ်းစာကပြောတယ်။ ဒီလူတွေကို မတိုက်ရင် သူတို့မထွက်ဘူးလို့ ဆိုတယ်။ ကျွန်ုပ်တို့ဟာ ဘုရားကိုအားကိုးမယ်။ မဟုတ်ရင် မတိုက်ထုတ်နိုင်ဘူး။ ဒီရန်သူ တွေ ဝိုင်းနေတာလည်း ကျွန်ုပ်တို့ကို ဘုရားအားကိုးစေဘို့ ဖြစ်လာတယ်။ ဘုရားက သူ့လူ

မျိုးကို ပြောခဲ့တယ်။ ကျွန်ုပ်တို့ကိုလည်း ယနေ့ပြောနေတယ်။ ကျွန်ုပ်တို့ဟာ အပေးအယူ မလုပ်ဘဲနဲ့ လုံးလုံးဘုရားကိုအားကိုးမှသာ တိုက်ပွဲကို နိုင်မယ်။ မြေကိုသိမ်းပိုက်ခွင့်ရ

မယ်။

ဣသရေလလူတွေလိုဘဲ ကတိတော်နယ်မြေဟာ ရှိနေပါပြီ။ ဘုရား သခင်ဟာ ရန်သူကိုအနိုင်ယူခဲ့ပါပြီ။ ကျန်တဲ့လုပ်ငန်းတွေကတော့ ကျွန်ုပ်တို့ဆက်လုပ် ရမယ်။ အမှောင်ထုတွေ နေရာတကာမှာ ရှိနေတာ၊ အမှောင်ကိုခွင်းပြီး အလင်းပို့ကြရ မယ်။ ဘုရားမပါလို့တော့ မရဘူး။ ကျွန်ုပ်တို့ပါဝင်မှ ဘုရားကလုပ်ပေးမှာ။ ဒီကမ္ဘာရဲ့ အခြေအနေဟာ ဒီအတိုင်းပါဘဲ။ ခရစ်တော်ရဲ့ စစ်သူရဲဖြစ်ဘို့ သင်ယူလေ့ကျင့်ရမယ်။ ဘုရားကို အားကိုးတတ်ဘို့ သင်ယူရမယ်။ ဘုရားကို နာခံမယ်ဆိုရင် တိုက်ပွဲရှုံးစရာမရှိ ဘူး။ ကျွန်ုပ်တို့ကိုယ်တိုင် တိုက်ဘို့ ဘုရားက အလိုရှိတယ်။

ကျွန်ုပ်ဟာ ဖခင်တစ်ဦးပါဘဲ။ ကလေးတွေ အမှိုက်ရှုပ်ထားလို့ ရှင်း ပေးရင် ကလေးတွေ ဘာမှနားလည်မှာမဟုတ်ဘူး။ သူတို့ကို ရှင်းခိုင်းမှ တာဝန်သိလာ မယ်။ ကျွန်ုပ်တို့လည်း မူလအပြစ်ကံစပြီး ကမ္ဘာပေါ်မှာ အပြစ်အမှိုက်တွေ တောင်လိုပုံနေ တယ်။ ဘုရားကပြောတယ် ငါကူညီပါ့မယ်။ ဒါပေမဲ့ မင်းတို့ဘဲ ဒီပြဿနာကိုရှင်းကြရ မယ်။

ဘုရားကပြောတယ်၊ ကျွန်တော်တို့မှာ တာဝန်တွေ အများကြီးရှိ တယ်။ ကျွန်ုပ်တို့နဲ့အတူ လုပ်ပေးမယ်လို့ ဘုရားကပြောနေပြီဘဲ။ ကျွန်ုပ်တို့ကိုယ်စား

တော့ မလုပ်ပေးဘူး။ ကျွန်ုပ်တို့ ဧဝံဂေလိလုပ်ကို လုပ်ကြရမယ်။ ကျွန်ုပ်တို့ဆုတောင်းကြ ရမယ်။ စာတန်ကို ဆီးတားရမယ်။ မဆီးတားရင်လာပြီး မွှေနှောက်နေမယ်။ ယေရှုရဲ့ နာမမှာ ဘုရားသခင်ရဲ့ ဝိညာဉ်တော်ကို ခံယူပါ။ ဝိညာဉ်တော်နဲ့ ပြည့်စေပါ။ ကျေးဇူး

တော်တန်ခိုးတော်နဲ့ ပေါင်းစပ်လိုက်ရင် ထိရောက်တဲ့သူရဲကောင်းတွေ ဖြစ်လာပါလိမ့် မယ်။ ဘုရားလုပ်ပေးမှာဘဲလို့ လက်ပိုက်ကြည့်နေရင် ဘုရားကမလုပ်ဘူး။ ပြောပြီးပြီဘဲ။ ဘုရားမှာ သူ့ပုံစံရှိတယ်။ သူ့လူတွေနဲ့ သူအလုပ်လုပ်တယ်။ ဘုရားက ဘာလုပ်ရမယ်ဆို တာ ပြောတဲ့အခါ လက်နက်စုံကိုလည်း တပ်ဆင်ပေးလိုက်တယ်။

ဘုရားပေးတဲ့လက်နက်စုံ

ဝိညာဉ်ရေးရာတိုက်ပွဲကို ဘယ်လိုတိုက်ကြမလဲ? အခြေခံနည်းစနစ် ကတော့ကြားခံဆုတောင်းခြင်းပုံစံဘဲ ဖြစ်တယ်။ ၁တိ၊ ၂း၂မှာ ဆုတောင်းပဌဌာနပြုခြင်း၊ မေတ္တာပို့ခြင်း၊ ကျေးဇူးတော်ကို ချီးမွမ်းခြင်းကို ရှေးဦးစွာ ပြုစေခြင်းငှာ ငါတိုက် ၊ တွန်းသွေးဆောင်၏ လို့ ပါရှိတယ်။

ရှင်ပေါလု တိမောသေကို ရေးတဲ့အခါမှာ “ရှေးဦးစွာ” လုပ်ခိုင်းတာ

ကတော့ ဆုတောင်းပဌနာပြုခြင်းဘဲဖြစ်တယ်။ အသင်းတော်ရဲ့ ပထမဦးစားပေးတာဝန် ဖြစ်တယ်။ ဆုတောင်းပဌနာပြုခြင်းဆိုတာ လူနဲ့ဘုရား တစ်လုံးတစ်ဝတည်း ဖြစ်ဘို့၊ ဘုရားသခင်နဲ့ အပြန်အလှန်စကားပြောဘို့၊ ဘုရားရဲ့ သွန်သင်ချက်၊ ညွှန်ကြားချက်တွေ နာခံဘို့ဘဲ ဖြစ်တယ်။ ခရစ်ယာန်သမိုင်းကို ကြည့်ပါ။ ထူးကဲမှုတွေ၊ လှုပ်ရှားမှုကြီးတွေ ဖြစ်ပေါ်လာတာ တစ်ညီတစ်ညွတ်တည်း အတူတကွ ဆုတောင်းကြဘို့ဘဲ။ တမန်တော် ရှင်ပေါလုကနေ၊ ဂျွန်ဝက်စလီ၊ ဘီလီဂရေဟန်အထိ ကြည့်ရင် ကမ္ဘာပေါ်မှာ ထူးကဲမှုတွေ ဖြစ်တာ အသင်းတော်ရဲ့ ဆုတောင်းမှုတွေကြောင့်ဘဲ။ ခရစ်ယာန်တိုင်းအတွက် “ရှေးဦး စွာ” ဆုတောင်းခြင်းက စကြရမယ်။

အသနားခံခြင်း

ရှင်ပေါလုက ဆုတောင်းခြင်းတစ်မျိုးကို ဖော်ပြထားတယ်။ “အသ နားခံခြင်းဟာ မိမိအတွက် အသနားခံတယ်။ သူတစ်ပါးတွေအတွက် အသနားခံတယ်။ တစ်ခုခုကို ရလိုတဲ့အတွက်ဖြစ်တယ်။ အသနားခံခြင်းတွေ ဆက်တိုက်ဖြစ်လာရင် အပူတ ပြင်းတောင်းခံခြင်း အဓိပ္ပါယ်ရတယ်။ အချို့ဆရာတွေက ပြောကြတယ်။ “တို့တတွေ

တောင်းလွန်းလို့ဘုရားကစိတ်ညစ်နေပြီ” လို့ ပြောကြတယ်။ ဒါတွေ ကျမ်းစာမှာ မပါပါ ဘူး။ လူကဘဲ လုပ်ပြောကြတယ်။ ဘုရားက ဆက်တိုက်တောင်းခိုင်းတယ်။ တောင်းဘို့

တောင် အမိန့်ပေးတယ်။ ဘုရားဟာ ပေးတဲ့ဘုရားဖြစ်တယ်။ ကျွန်ုပ်တို့ အကောင်းဆုံး ဖြစ်ဘို့ လိုတာပြည့်စုံစေတယ်။ ကျွန်ုပ်တို့တောင်းရင် စိတ်ထားမှန်ရမယ်။ မှန်တာကို တောင်းရမယ်။ ဒါပေမဲ့ လွတ်လပ်စွာ တောင်းခံပိုင်ခွင့်ရှိတယ်။

ကျေးဇူးတော်ချီးမွမ်းခြင်း ၊

ရှင်ပေါလု ကျေးဇူးတော်ချီးမွမ်းဘို့ ဖော်ပြတယ်။ ဒီဆုတောင်းတဲ့ ပုံစံ ဟာ ယုံကြည်ခြင်းနဲ့ ဘုရားကို နေရာပေးတာ၊ ကျေးဇူးတုန့်ပြန်တဲ့ သဘောပါတယ်။ ဘုရားက ကျွန်ုပ်တို့အထဲမှာ အလုပ်လုပ်တယ်။ ကျွန်ုပ်တို့နဲ့အတူ လုပ်တယ်။ ကျွန်ုပ်တို့ အတွက် လုပ်ပေးတယ်။ ကျွန်ုပ်တို့တောင်းခံရင် ဘုရားကလုပ်ပေးတယ်ဆိုတာ ရဲရဲကြီး

ကြေညာဖို့ကောင်းတယ်။ ဘုရားရှင်ကျေးဇူးတင်တယ်။ ဘုရားလုပ်ပေးပါတယ်။ ကျေး ဇူးတင်တယ်။ ဘုရားဟာ တရားမျှတတယ်။ ကျေးဇူးတင်တယ်။ များစွာသောအရာတွေ ကို လုပ်ပေးနိုင်တယ်။ ကြွယ်ဝစွာ ပေးသနားတော်မူတယ်။ ကျွန်ုပ်တို့မတောင်းတာ မ စဉ်းစားမိတာကိုတောင် ပေးသနားတော်မူတဲ့ ဘုရားဖြစ်တယ်။

ကျွန်ုပ်တို့ ဘုရားကိုတောင်းခံတိုင်း၊ တောင်းခံတိုင်း ကျေးဇူးတော် ချီးမွမ်းခြင်း ပါရှိပါစေ။ ကျေးဇူးတော်ချီးမွမ်းတိုင်း စာတန်တပ်စုထဲ မြှားဝင်စိုက်သလို

ဖြစ်မယ်။ မကျေနပ်မှုတွေ၊ မယုံကြည်မှုတွေဖြစ်တိုင်းဖြစ်တိုင်း ကျွန်ုပ်တို့ကို ကြွားဝင်

စူးနိုင်တယ်။

တိုးလျှိုးတောင်းပန်ခြင်း

ရှင်ပေါလုက မေတ္တာပို့ခြင်းလို့ ဖော်ပြထားပါတယ်။ အဓိပ္ပါယ်က တော့ ကြားခံဆုတောင်းခြင်း၊ တိုးလျှိုးတောင်းပန်ခြင်းလည်း ဖြစ်တယ်။ အဓိပ္ပါယ်နှစ်ရပ် ဖြစ်တယ်။ ပထမအချက်ကတော့ အမှုတော်ဆောင်ခြင်း၊ သူတစ်ပါးအတွက် ဆုတောင်း ပေးခြင်းဖြစ်တယ်။ “ကိုယ်စားပြုခြင်း” အဓိပ္ပါယ်ရတယ်။ ခရစ်တော်ဟာ ကြားခံဆု

တောင်းပေးတယ်။ ကျွန်ုပ်တို့ကိုယ်စား ဆုတောင်းပေးနေတယ်။ကျွန်ုပ်တို့အတွက် နမူနာ ဖြစ်ရမယ်။ ခရစ်တော်ဟာ ကျွန်ုပ်တို့အတွက် အပြစ်ကင်းမဲ့စွာ အသက်ရှင်တဲ့အတွက် ကိုယ်စားပြုနိုင်တယ်။ ကျွန်ုပ်တို့ကိုယ်စား ကားတိုင်မှာအသေခံတယ်။ ကျွန်ုပ်တို့ ကိုယ် စားနေ့စဉ် ဆုတောင်းပေးနေတယ်။ (ဟေဗြဲ၊ ၇း၂၅) ခရစ်တော်ရဲ့ သက်တော်စဉ်၊ သေ ခြင်း၊ ရှင်ပြန်ထမြောက်ခြင်းအားလုံးဟာ ကြားခံလုပ်ဆောင်ခြင်းပဲ ဖြစ်တယ်။ ယခုပင် လျှင် ကျွန်ုပ်တို့အတွက် ဆုတောင်းပေးနေတယ်။

ဒုတိယအချက်ကတော့ မေတ္တာပို့ခြင်းကတော့ “ကြားခံလုပ်ငန်း” ဖြစ်တယ်။ ဆုတောင်းရင်၊ မေတ္တာပို့ရင် တစ်ခုခုအတွက် ဖြစ်ရမယ်။ ကျွန်ုပ်တို့အတွက် ကြားခံပြီး ဆုတောင်းလို့မရဘူး။ သူတစ်ပါးအတွက် မြို့၊ နိုင်ငံ၊ စီးပွားရေးအဖွဲ့၊ နေရာ ဒေသတစ်ခုခုအတွက် ဆုတောင်းပေးတာကို ခေါ်ဆိုတယ်။ ဆုတောင်းစာရင်း၊ ဆု တောင်းဘို့ အချက်အလက်တွေ ရှိရမယ်။ ဆုတောင်းခံယူသူနဲ့ ဘုရားအကြားမှာ ဆု တောင်းပေးသူရှိတယ်။ ဆုတောင်းခံယူသူနဲ့ စာတန်ကြားမှာ ဆုတောင်းပေးသူ ရှိတယ်။

ကြားခံဆုတောင်းတဲ့အခါ၊ တိကျစွာတောင်းခံပေးတယ်။ အရာဝတ္ထု ပစ္စည်းရဘို့၊ ကွယ်ကာစောင့်ရှောက်ပေးဘို့၊ လမ်းပြဘို့၊ ကောင်းကြီးမင်္ဂလာခံစားတို့ ရှိ ရမယ်။ လူ့ကိုယ်စား၊ နေရာကိုယ်စား၊ ကြားဝင်တယ်။ လူနဲ့ဘုရားစပ်ကြား ဝင်တဲ့အခါ မှာ တရားစီရင်ခြင်းမပြုဘို့ အသနားခံတယ်။ များသောအားဖြင့် ကမ္ဘာအတွက်၊ လူတွေ အတွက် ဆုတောင်းလိုက်တဲ့အခါ ဘုရား တရားစီရင်ခြင်းကို ဘုရားက ရပ် ရွှေ့ဆိုင်းတယ်။ ကျွန်ုပ်တို့မှာ ဘုရားထက် သနားခြင်းကရုဏာ ကြီးမားတယ်လို့ မဆိုလို ဘူး။ ဘုရားကသာ ကရုဏာ ပြသနေတယ်။ ကျွန်ုပ်တို့ကဝင်ပြီး တောင်းပန်တော့ ဘုရား က နှစ်သက်တယ်။ စီရင်ခြင်းဖယ်ရှားတယ်။ ရွှေ့ဆိုင်းတယ်။ လူတွေနောင်တရဘို့ အချိန် ရလာကြတယ်။ (ထွ၊ ၃၂း၃၂။ ၂ပေ၊၂း၉။ က၊ ၁၈း၁၆-၃၃)

ကျွန်ုပ်တို့ကစာတန်ကို အန္တရာယ်ပြုနိုင်တယ်

ကြားခံဆုတောင်းသူဟာ စာတန်နဲ့လူတွေကြားမှာ ရပ်လိုက်တာဘဲ။ ဒီလိုဆုတောင်းလိုက်တာနဲ့ ဒီကမ္ဘာပေါ်မှာ သူလုပ်ချင်တာတွေကို အဟန့်အတား ပြုလိုက် တယ်။ စာတန်ကို တားဆီးလိုက်တယ်။ သူ့ရဲ့ တိုက်ခိုက်မှုတွေကို ဖြိုခွင်းတယ်။ စီမံချက် တွေ ပျက်ပြားစေတယ်။ သူ့ရဲ့ ထိရောက်မှုကို မှေးမှိန်စေတယ်။

စာတန်ဟာ ခရစ်ယာန်တွေကို ကိုယ့်အလုပ်တွေနဲ့ ရှုပ်နေတာ ကြိုက် တယ်။ အရေးမကြီးတာတွေကို အရေးတကြီးလုပ်တာ စာတန်ကြိုက်တယ်။ ကျွန်ုပ်တို့ ဟာ ကိုယ့်ပြဿနာနဲ့ကိုယ် ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်ထွေးပွေလီနေရင် ဆုတောင်းချိန် မရတော့ဘူး။ သူတစ်ပါးအတွက် ဆုတောင်းဘို့ မအားကြတော့ဘူး။ တဖြည်းဖြည်းနဲ့

ကြောက်ရွံ့နေစေချင်တယ်။ စိတ်ဓါတ်ကျနေစေချင်တယ်။ တပ်မက်မောတဲ့ စိတ်တွေ များနေတယ်။ ဥစ္စာပစ္စည်းမှာဘဲ အချိန်ကုန်နေစေချင်တယ်။ အတ္တလွန်ကဲတာ စာတန် ကြိုက်တယ်။ သူတစ်ပါးအတွက် ပြဿနာတွေအတွက် သူ့ရဲ့ လုပ်ငန်းထိခိုက်ဘို့ ကြားခံ ဆုတောင်းနေရင်တော့ စာတန်တားဆီးပိတ်ပင်မှာ သေချာတယ်။ ကြားခံဆုတောင်း ရင် ဘုရားသခင်ရဲ့ ကိုယ်စားလှယ်အဖြစ် လုပ်ငန်းတွေဆောင်ရွက်ရင်တော့ စာတန်ရဲ့ ရန်သူဘဲ။ နည်းမျိုးစုံနဲ့ ကျွန်ုပ်တို့ကို တိုက်ခိုက်တော့မယ်။

စာတန်နဲ့လူတွေအကြားမှာ ရပ်နေရင် ကြားခံဆုတောင်းသူ ဖြစ်ရင် တော့ ပေါ့ပေါ့နေလို့မရတော့ဘူး။ ဆီးတားကြရတော့မယ်။ လူတစ်ဦးအတွက် ကြားခံ ဆုတောင်းပေးရင် အောက်ပါနမူနာကိုကြည့်ပါ။ ။

အဖဘုရား သခင်ယေရှုခရစ်ရဲ့ နာမတော်နဲ့ ခြေတော်ရင်းသို့ ရောက် လာပါပြီ။ ဒီပုဂ္ဂိုလ်အတွက် ဆုတောင်းပေးနေတယ်။ ဒီလူဟာ သူ့အသက်တာမှာ နောင်တရဘို့လိုပါတယ် ကိုယ်တော်။ သူ့အပြစ်ကိုမြင်တွေ့ပြီးတော့ ကိုယ်တော်ထံသို့ လာစေပါ။

အချင်းစာတန် ယေရှု ရဲ့နာမကို ကိုင်စွဲပြီးတော့ မင်းကိုတိုက်ဖျက်ဘို့ ငါလာတယ်။ ဒီပုဂ္ဂိုလ်နဲ့ပတ်သက်ပြီးတော့ မင်းဘာမှမလုပ်ဘို့ ငါတားဆီးတယ်…..။

ကျွန်ုပ်တို့ရဲ့ အသုံးအနှုန်းတွေကတော့ အရေးကြီးပါတယ်။ လက် တွေ့ဆောင်ရွက်ချက်က ပိုပြီးအရေးကြီးတယ်။ မမြင်နိုင်တဲ့ကမ္ဘာ ကျွန်ုပ်တို့ဘာလုပ်နေ တာကို သဘောပေါက်ကြရမယ်။ စာတန်ကို ဆိုင်ပြိုင်တိုက်လှန်တဲ့အခါ ခရစ်တော်ရဲ့ နာမကို ကိုင်စွဲပါ။ စာတန်လုပ်ရပ်တွေကို အားလုံးတားဆီးပိတ်ပင်လိုက်ပါ။

ချည်နှောင်ခြင်းနှင့်ဖြည်လွှတ်ခြင်း ၊

ခရစ်တော်ကပြောတယ် “သင်တို့သည် မြေကြီးပေါ်မှာ ချည်နှောင် သမျှသည် ကောင်းကင်ဘုံ၌ ချည်နှောင်လျက် ရှိလိမ့်မည်။ မြေကြီးပေါ်မှာ ဖြည်လွှတ် သမျှသည် ကောင်းကင်ဘုံ၌ ဖြည်လွှတ်လျက်ရှိလိမ့်မည်”လို့ ဖော်ပြတယ်။ (မဿဲ၊ ၁၆: ၁၉)ကျွန်ုပ်တို့ ဆုတောင်းတဲ့အခါ ခံစားနေရတဲ့လူနဲ့ စာတန်ကို ဖြတ်တောက်လိုက်တယ်။ (ချည်နှောင်ခြင်း) ပြီးတော့ ဒီလူအပေါ်မှာ နိုင်ငံတော်ဆင်းသက်စိုးမိုးလာဖို့ ဆုတောင်း တယ် (ဖြည်လွှတ်ခြင်း)။ နိုင်ငံတော်ဆိုတာ ဘုရင့်(ခရစ်တော်)ရဲ့ စိုးမိုးခြင်းဖြစ်တယ်။ ဆုတောင်းရာတွင် ဖြည်လွှတ်ခြင်းပေါ်ထွက်လာတယ်။ ဒီလူအပေါ်မှာ ခရစ်တော်စိုးမိုး စေဘို့ ဖြစ်တယ်။ ခရစ်တော်စိုးမိုးလာပြီဆိုရင် အဲဒီလူအပြစ်တွေကို မြင်တွေ့လာမယ်။ ကျေးဇူးတော် သက်ရောက်မယ်။ မေတ္တာလွှမ်းခြုံမယ်။ ဗျာဒိတ်ရူပါရုံရမယ်။ စာတန်ကို ချည်နှောင်ခြင်းဖြင့် စာတန်ရဲ့လုပ်ရပ်တွေ ပြတ်တောက်သွားမယ်။ ကောင်းကင်တမန် တွေကို လွှတ်ချပေးမယ်။ ဘုရားသခင်ရဲ့ ဝိညာဉ်တော် ဆင်းသက်ကြွလာပြီးတော့ ဒီလူ ကိုအသစ်ပြုပြင်ပေးမယ်။

ကျွန်တော့်ကိုမေးကြတယ်။ “ကြားခံဆုတောင်းတိုင်း စာတန်ကိုဆီး တားရမှာလားလို့ မေးလေ့ရှိတယ်။ မဟုတ်ဘူး။ ကြားခံဆုတောင်းတဲ့အခါ ဝိညာဉ်ရေး ရာတိုက်ပွဲကို ထည့်သွင်းလေ့ရှိတယ်။ အမြဲတော့မဟုတ်ဘူး။ ဆုတောင်းတိုင်း စာတန် ကို ဆီးတားဘို့မလိုဘူး။ မကြာခဏလိုအပ်ရင် ဆီးတားကြရမယ်။

သင်ဟာပျောက်နေတဲ့လူလား ?

ဘုရားသခင်ဟာ ကျွန်ုပ်တို့ကို ယေရှုရဲ့နာမမှာ တိုက်မယ့်စစ်သူရဲ တွေအဖြစ် ခန့်ထားတယ်။ ကျွန်ုပ်တို့ဟာ ဘာမှမဟုတ်ဘူးလို့ ကိုယ်ကိုယ်ကိုထင်ရင် ဟေရှာယ(၅၉)ကို ဖတ်ပါ။ ဟေရှာယ(၅၉)ရဲ့ ပထမအပိုင်းကတော့ ယနေ့ကျွန်ုပ်တို့ မြင်တွေ့နေရတဲ့ လူမှုဝန်းကျင်ဘဲ။ ဒီအထဲမှာ မဖြောင့်မတ်တာတွေ၊ မတရားတာတွေ၊ ဒုစရိုက်တွေဟာ အတိုင်းထက်အလွန်ဘဲ ရှိတယ်။ ဒုစရိုက်တွေကို ဖော်ပြပြီးတဲ့အခါ ဟေရှာယက ဘုရားရဲ့ တုန့်ပြန်မှုကို ဖော်ပြတယ်။ ဟေရှာ၊ ၅၉၁၅-၁၆ မှာ ထိုအမှုကို ထာဝရဘုရားသည် မြင်လျှင် တရားမရှိသောကြောင့် မုန်းတော်မူ၏။ လူတစ်ယောက်မျှ မရှိသည်ကို မြင်တော်မူ၏။ တောင်းပန်သောသူ တစ်ယောက်မျှမရှိသည်ကို အံ့သြ တော်မူ၏။

ပရောဖက် ဟေရှာယက ဘုရားသခင် ဤလောကကြီးမှာ ဒုစရိုက် တွေမြင်တဲ့အခါ မနှစ်မြို့ဘူး။ ဘုရားသခင်ဟာ အားလုံးမြင်တွေ့ပါတယ်။ မမြင်တာ ဘာ မှမရှိဘူး။ မတရားတာတွေ မြင်ရင် ကျွန်ုပ်တို့လည်း စိတ်မချမ်းသာကြဘူး။ ကျွန်ုပ်တို့

လိုဘဲ ဘုရားသခင်ခံစားနေတယ်ဆိုတာ ယုံရခက်နေတယ်။ အပြစ်တစ်ခုမှ မလွတ်ဘူး။ ကြမ်းတမ်းတဲ့ စကားတစ်ခွန်းမှ မလွတ်ဘူး။ တရားမမျှတာ အားလုံးသိတယ်။ ဘုရား သခင်ရဲ့ ဉာဏ်တော်မှာ မှတ်ထားပြီး နှလုံးတော်မှာ နာကျင်တယ်။ ဘုရားသခင်လည်း စိတ်လှုပ်ရှားလာတာဘဲ။ ဝမ်းနည်းတယ်။ ကြေကွဲတယ်။ ဒါတွေကို လုံးဝမကြိုက်ဘူး။

လူအများစုက ဒါတွေကို ဘုရားကဂရုမစိုက်ပါဘူးဗျာလို့ ပြောကြ တယ်။ ဖြစ်ရမှာတွေကတော့ ဖြစ်တာဘဲ။ ဒီခံယူချက်တွေဟာ ခရစ်ယာန်ခံယူချက် မဟုတ်ဘူး။ အစ္စလမ်ဘာသာမှာတော့ ဘာဘဲဖြစ်ဖြစ် အာလာရဲ့ ဆန္ဒအတိုင်းဘဲလို့ ဆိုတယ်။ ဆိုး ညစ်မိုက်မဲမှုဟာ ဘုရားအလိုတော်လို့ ဆိုရင် ကမ္ဘာမှာ ပြောင်းလဲလာရန် ဘယ်လိုဆု တောင်းရတော့မှာလဲ? ကျမ်းစာကရှင်းပါတယ်။ ဘုရားဟာ ဒုစရိုက်ကို မုန်းတယ်၊ မတရားလုပ်ဆောင်မှုတွေကိုလည်း ရွံရှာတယ်။

ဘုရားရဲ့ထားကို အခြေခံပြီး ကျွန်ုပ်တို့ ကြားခံဆုတောင်းရမယ်။ ကျွန်ုပ်တို့ကြားခံဆုတောင်းတယ်။ ဖြစ်ပျက်နေသမျှ ဘုရားဟာ မကြိုက်တာ ကျွန်ုပ်တို့ သိတယ်။ ဘုရားကပြောင်းလဲလာတာ ကြိုက်တယ်။ ကောင်းလာဘို့ လိုလားတယ်။

ဟေရှာယ ၅၉ငယ် (၁၆)မှာ ကြည့်ရင်ဘုရားက ဘယ်သူမှ မတွေ့ဘူး လို့ ဆိုတယ်။ဆုတောင်းမယ့်လူ မရှိတာကို ဘုရားကအံ့ဩနေတယ်။ ဘာ့ကြောင့်ထာဝရ လောက်တည်ရှိပြီးတော့ တန်ခိုးအနန္တကြီးမြတ်တော်မူသော ဘုရားသခင်ဟာ လူကိုဘာ ကြောင့်ရှာနေရတာလဲ? သူမလုပ်နိုင်လို့လား? ဖြစ်ပျက်နေတာ ချက်ချင်းရပ်လိုက်ပါ လား? ကြီးမြတ်တဲ့ဘုရားဟာ လူကိုဆုတောင်းခိုင်းနေရသလား? ဘုရားမှာလည်းမေးခွန်းရှိတယ် ။

တစ်ကမ္ဘာလုံး၊ ခရစ်ယာန်အပါအဝင် လူတွေ ဆိုးညစ်မိုက်မဲမှုတွေ တွေ့ပြီးတော့ ပြောတယ်။ “ဘုရားဟာ ဘာဖြစ်လို့တစ်ခုခုမလုပ်တာလဲ?ဘုရားကဘယ် မှာလဲ” လို့မေးကြတယ်။ သမ္မာကျမ်းစာက ပြောတယ်။ ဘုရားကလည်း သူ့မှာမေးခွန်း တွေရှိတယ်။ ဒီဆိုးညစ်မှုတွေ ဘုရားကမြင်တော့ ဘယ်သူမှ ဆုတောင်းကြတာ မမြင် ဘူး။ ခရစ်ယာန်တွေ ဘယ်မှာလဲ? ကြားခံဆုတောင်းတဲ့ လူတွေမတွေ့တော့ ဘာကြောင့်

သနေရတာလဲ? ကြားခံဆုတောင်းခြင်းဟာ အရေးကြီးတယ်။ လူရဲ့ လုပ်ဆောင်ချက် ဟာလည်း အရေးကြီးကြောင်း ဘုရားသခင်သိတယ်။

ဘုရားသခင်ဟာ အရေးကြီးတဲ့ အခြေခံမူတွေ ချထားတယ်။ လူတွေ ရဲလုပ်ငန်းထဲမှာ ဘုရားသခင်ပါဝင်ရောယှက်မယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဆုတောင်း တဲ့ အပေါ်မှာ တည်တယ်။ ဒါကြောင့် ဘုရားဟောကြားခံဆုတောင်းတဲ့ လူတွေရှာနေတာ ဖြစ်တယ်။ လူမတွေ့တော့ ဘုရားဟာ အံ့အားသင့်နေတယ်။ ဘုရားမှာ တန်ခိုးအပြည့်ရှိ

တယ်။မေတ္တာလည်းရှိတယ်။ ကမ္ဘာကိုလည်း ပြောင်းလဲစေချင်တယ်။ ကျွန်ုပ်တို့ တောင်းခံတော့ဘုရားဟာ အံ့သြတယ်။ လန့်ဖျပ်တယ်။ ဘုရားဟာ မိမိလူတွေကို ခေါ် တယ် “ငါလှုပ်ရှားချင်တယ်။ ငါကောင်းကြီးပေးချင်တယ်။ ငါကယ်တင်ချင်တယ်။ ငါစောင့်ရှောက်ချင်တယ်။ ပေးကမ်းစွန့်ကြဲတယ်။ မတရားတာ ဖယ်ရှားမယ်။ ဘာဖြစ် လို့ မတောင်းခံကြတာလဲ ?

ဆုတောင်းခြင်းဟာ အရာရာကို ပြောင်းလဲပေးနိုင်တာကို သံသယ မရှိသိနေရမယ်။ ကွာခြားမှုရှိတယ်။ ကျွန်ုပ်တို့အလုပ်လုပ်တာနဲ့ မတူဘူး။ ဆုတောင်း ခြင်းကို ဘုရားက အဖြေပေးတဲ့အတွက် ဆုတောင်းခြင်းဟာ ပြောင်းလဲပေးနိုင်တယ်။ ကျွန်ုပ်တို့ဆုတောင်းရင် ဘုရားကလုပ်ပေးတယ်။ ဒီလောကမှာ ဘာတွေလုပ်ဘို့လိုတာ

တော့သိတာပေါ့။ လူတွေမှာလည်း လိုအပ်ချက်သိတယ်။ ဘုရားသခင်ရဲ့ အလိုတော်ကို လူတွေကို သိစေချင်တယ်။ တိတိကျကျဖော်ပြတယ်။ အလိုတော်အတိုင်း ဆုတောင်း စေလိုတယ်။ ဘာကိုတောင်းခံဘို့တောင် ပြောတယ်။ ကျွန်ုပ်တို့ ဘုရားကိုမျှော်ကြည့်ပါ။ ဘုရားကပြောမယ်။ အလိုတော်နှင့်အညီ တောင်းခံမယ်။ ပြီးတော့ ဘုရားက ဆောင်ရွက် ပေးမယ်။

ဘုရားမှာ အကန့်အသတ်မရှိဘူး။ ဆုမတောင်းရင်လည်း ဘုရားက လုပ်နိုင်ပါတယ်။ ဘုရားက သူလုပ်ချင်တာလုပ်မှာဘဲ။ ဘုရားဟာ ကြီးမြတ်တော်မူ တယ်။ လူရဲ့ ချည်နှောင်မှုအောက်မှာ မဟုတ်ဘူး။ ကျွန်ုပ်တို့ ဆုတောင်းတဲ့အပေါ် အခြေခံ ပြီးတော့ လူတွေကိစ္စမှာ ပါဝင်တယ်။ ကြားထဲက လူကိုမပယ်ဘူး။ အချို့ ကိစ္စတွေမှာ ကျွန်ုပ်တို့မတောင်းဘဲနဲ့တော့ ဘုရားဟာမပါလာဘူး။ ကျွန်ုပ်တို့ မတောင်းတော့ဘုရား က အံ့သြနေတယ်။

ကျွန်ုပ်တို့ဘာကြောင့် များများဆုမတောင်းကြတာလဲ။ ကျွန်ုပ်တို့ ဆုတောင်းတဲ့ရင် ထူးခြားမယ်ဆိုတာ ကျွန်ုပ်တို့မသိဘူးလို့ ကျွန်ုပ်ထင်တယ်။ ကျွန်ုပ်တို့ ဆုတောင်းတဲ့ခါ ကျွန်ုပ်တို့ကြားနေကြ စကားတွေကိုဘဲ ပြန်ပြီးပြောနေကြတယ်။ တကယ်စိတ်ထဲမှ ခံစားနေရတာကိုပြောပါ။ စိတ်နှလုံးပါလျက် တောင်းရင် ထူးခြားမှု ရှိလာပါလိမ့်မယ်။ ဆုတောင်းလမ်းညွှန်၊ ဝတ်ပြုပုံစံမဟုတ်ပါ

ခရစ်တော်ရဲ့ တပည်တော်တွေဟာ ဆုတောင်းတဲ့နည်းကို မေးတဲ့အ ခါ ခရစ်တော်က ပဌနာတော်ကို သင်ကြားပေးတယ်။ ပဌနာတော်ဟာ ဆုတောင်းပုံစံ ထက် မြေကြီးနဲ့ကောင်းကင် ဆက်စပ်လုပ်ဆောင်ပုံကို ပြောပြနေတာဘဲဖြစ်တယ်။ ကောင်းကင်ဘုံကလည်း မြေကြီးပေါ်မှာ အလုပ်လုပ်တဲ့ပုံစံဖြစ်တယ်။ ပဌနာတော်ဟာ

တကယ်ဆုတောင်းဘို့အတွက် လမ်းညွှန်ဘဲဖြစ်တယ်။

မ၊ ၆း၉-၁၃မှာ ပါတဲ့ပဌနာတော်မှာ “ကျွန်ုပ်တို့အဖ”ကို ပေါ်လွင်စေ တယ်။ ခရစ်မော်က ဘုရားသခင်ကို ရဲရဲကြီးချဉ်းကပ်စေတယ်။ ဖခင် သားသမီးပုံစံကို ဖော်တယ်။ ခရစ်တော်က နိုင်ငံတော်တည်ထောင်ပါစေသော”၊“အလိုတော်သည် မြေ ကြီးပေါ်မှာ ပြည့်စုံပါစေသော”လို့ ဆုတောင်းစေတယ်။ ခရစ်တော်က ရဲရဲကြီးတောင်းခံ စေဖို့ ဆန္ဒရှိပုံရတယ်။ ဘုရားသခင်ရဲ့ အလိုတော်ပြည့်စုံဘို့ ဆုတောင်းစေပြီး နိုင်ငံတော် ဟာ မြေကြီးပေါ်မှာ ကျယ်ပြန့်တိုးတက်စေဘို့ အထူးတောင်းခံစေတယ်။ ကျွန်ုပ်တို့ အ သက်တာထဲမှာလည်း အလိုတော်ပြည့်စုံဘို့ အလိုတော်အတိုင်း အသက်ရှင်တို့ အလိုရှိ တယ်။ အိမ်ထောင်မှာ မိတ်ဆွေတွေ၊ အသိတွေ၊ အသက်တာမှာ၊ မြို့တွေ၊ နိုင်ငံတွေမှာ နေရာတကာမှာ အလိုတော်အတိုင်း ဖြစ်စေလိုတယ်။

နိုင်ငံတော်တည်ထောင်ပါစေသော

မြေကြီးပေါ်မှာ ဘုရားသခင်နိုင်ငံတည်ထောင်စေဘို့ ဆုတောင်းလို့ ရမှာလား? ဗျာဒိတ်ကျမ်းကပြောတယ်။ တစ်နေ့သောအခါ ဘုရားသခင်ဟာ သူရဲ့ နိုင်ငံ ကို ကမ္ဘာပေါ်မှာ တည်ထောင်မယ်လို့ ဖော်ပြထားတယ်။ ဒါမှန်တယ်။ ကျမ်းစကားတိုင်း ဟာလည်း ပြည့်စုံမှာပဲ။ ကျွန်ုပ်တို့ဆုတောင်းသည်ဖြစ်စေ မတောင်းသည်ဖြစ်စေ ဘုရား သခင်ဟာ သူကတိပေးတဲ့အတိုင်း လုပ်မယ်။

နောက်ပြီးတော့ ဘု ရားသခင်ရဲ့ နိုင်ငံတော်ဟာ အခြားအချက် အလက်လည်းရှိသေးတယ်။ ယုံကြည်သူတိုင်းရဲ့ အထဲမှာ ကျိန်းဝပ်မယ့် နိုင်ငံတော် (လု၊ ၁၇း၂၁) ဒီနိုင်ငံကို တည်ထောင်ဘို့ ခရစ်တော်က ဆုတောင်းခိုင်းတာဖြစ်တယ်။ ခရစ်

တော်က နိုင်ငံတော်တည်ထောင်စေဘို့ ဆုတောင်းခိုင်းတာ ရယ်စရာများဖြစ်နေလို့ လား? “နိုင်ငံတော် တည်ထောင်ပါစေသော” ကျွန်ုပ်တို့ဆုတောင်းတာ ဘာမှမဖြစ်လာ နိုင်ဘူးဆိုတာလည်း သိတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့ဆုတောင်းတာ အဓိပ္ပါယ်ရှိတယ်။ ကျွန်ုပ်တို့မှ တောင်းရင် နိုင်ငံတော်တည်လာနိုင်ဘူး။ ကျွန်ုပ်တို့ဟာ တောင်းခံသင့်သလောက် မကောင်းခံတဲ့အတွက် ဘုရားသခင်ရဲ့ နိုင်ငံတော်မှာ လူသန်းပေါင်းနှစ်ထောင် မကျော်ဘူး။

အလိုတော်ပြည့်စုံပါစေသော

ဘုရားသခင်ရဲ့ အလိုတော် မြေကြီးပေါ်မှာ ပြည့်စုံပြီလား? ဒီမေးခွန်း ကတော့ ခက်တဲ့မေးခွန်းဘဲ။ ကျွန်ုပ်တို့က “ဟုတ်တယ်”လို့ ဖြေရင် ကနေ့လောကမှာရှိတဲ့ အပြစ်နဲ့ မိုက်မဲခြင်းတွေဟာ ဘုရားသခင်ရဲ့ အလိုလို့ ဆိုမလား? ကျွန်ုပ်တို့က “မဟုတ်

ဘူး”လို့ပြောရင်၊ ဒီမြေကြီးရဲ့ အဖြစ်အပျက်တွေကို ဘုရားသခင်က မထိန်းနိုင်လို့လား? ” ကတော့ “ဟုတ်တယ်” နဲ့ “မဟုတ်ဘူး”ဖြစ်တယ်။ ဘုရားသခင်ကတော့ ဆိုးညစ်၊မိုက်မဲမှု

၊ အပြစ်၊ သေခြင်း၊ ပျက်စီးဆုံးရှုံးမှုတွေကို အလိုတော်မရှိပါဘူး။ စာတန်ဟာ ပြီးတော့ လုပ်ချင်သလိုလုပ်လို့လည်း အလိုတော်မရှိဘူး။ ဘုရားသခင်ဟာ ဒီကမ္ဘာ ကို ထိန်းသိမ်းထားပါတယ်။ ဘုရားသခင်ဟာ သူပြောတဲ့အတိုင်းဘဲ သူလုပ်တယ်။ ဘုရားသခင်ဟာ ထာဝရကာလ ရည်ရွယ်ချက်တွေနဲ့ ဒီကမ္ဘာကလူတွေနဲ့ ဆက်သွယ် ပေးတယ်။ ဘယ်နေရာမှာမဆို ပြုပြင်ပေးဘို့ တန်ခိုးအာဏာရှိတယ်။ ဘုရားဟာ လူတွေ

ကောင်းစားရေးအတွက် လူမှတစ်ဆင့်သာ အလုပ်လုပ်တယ်။ နောက်ပြီး လူတွေ ဆုတောင်းချက် တွေအပေါ်လည်း ဘုရားကကြည့်တယ်။

ဘုရားဟာ အပြစ်ကိုမုန်းတယ်။ မတရားမှု၊ ဖြောင့်မတ်ခြင်းကင်းမဲ့ မှုမှန်သမျှကို ဖျက်ဆီးတယ်။ လူတွေနေ့တိုင်း သေနေကြတာဘဲ။ သို့သော် ဘုရားသခင် က ၂ပေ၊ ၃၉ မှာ ငါတို့တွင် အဘယ်သူမျှ မပျက်စီးဘဲ၊ ရှိသမျှတို့သည် နောင်တရစေ၊ ခြင်းငှာ အလိုတော်ရှိတယ်။ ၁တိ၊ ၂း၄ မှာလည်း လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ ရောက်ရန်ဖြစ်တယ်။ လူတိုင်း ကယ်တင်ခြင်းမရနိုင်ဘူးဆိုတာ ကျွန်ုပ်တို့သိသားဘဲ။ ဘုရားသခင်ရဲ့ အလိုဆန္ဒကို ကျွန်ုပ်တို့သိနိုင်တယ်။ ဘုရားသခင်အပေါ် တုန့်ပြန်တဲ့ လူ အားလုံးကို အလိုတော်အတိုင်း ဖြစ်စေချင်တယ်။ ဒါပေမဲ့ နေရာအများအပြား အခြေအ အမျိုးမျိုးတွေမှာ ဘုရားသခင်ရဲ့ အလိုတော်ဟာ မပြည့်စုံလာပါဘူး။

ဒါကြောင့် ခရစ် တော်က ဆုတောင်းခိုင်းတယ်။ “နိုင်ငံတော်တည်ထောင်ပါစေသော အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော” ဘုရားသခင်ဟာ သူ့အလို ပြည့်စုံစေဘို့ ကျွန်ုပ်တို့ကို ကင်းစောင့်ခိုင်းတယ်။

ဟေရှာ၊ ၆၂း၆-ရမှာ အိုယေရုရှလင်မြို့၊ နေ့ညဉ့်မပြတ် တိတ်ဆိတ် စွာမနေရသော လူစောင့်တို့ကို သင်၏မြို့ရိုးပေါ်မှာ ငါထားပြီ။ ထာဝရဘုရားကို

အောက်မေ့စေသောသူတို့၊ တိတ်ဆိတ်စွာ မနေကြနှင့်။ ယေရုရှလင်မြို့ကို အမြဲ တည်တော်မမူ။ မြေကြီးပေါ်မှာ ချီးမွမ်းစရာအကြောင်း ဖြစ်စေတော်မမူမှီတိုင် အောင် ဘုရားသခင်ကို မငြိမ်စေကြနှင့်။

ဟေရှာယ ၆၂ ဟာ ယေရုရှလင်မြို့ကို ရည်ရွယ်ပြီး ရေးသားသော် လည်း ယနေ့ ကျွန်ုပ်တို့အတွက် အခြေခံမူတစ်ရပ်ကို ထားခဲ့တယ်။ အချို့လူတွေက ပြော ကြတယ် “သင်ဆုတောင်းတယ်၊ တစ်ခါဘဲတောင်းပါ သင်နှစ်ခါတောင်းရင် သင့်မှာယုံ ကြည်ခြင်းမရှိလို့ဘဲ”လို့ ဆိုကြတယ်။ ဒါဟာ ကျမ်းစာမှာမရှိဘူး။ အမှန်မှာ ဆန့်ကျင် ဘက်ဆိုရင် မှန်တယ်။ ကျွန်ုပ်တို့ တောင်းပါ။ ဆက်ပြီးတောင်းခံပါ။ အဖြေရတဲ့အထိ တောင်းကြရမယ်။ သို့မဟုတ် လုံလောက်ပြီလို့ ပြောလိမ့်မယ်။ ပထမအကြိမ်တောင်း

ပြီးရင် လုံလောက်ပြီလို့ ပြောနိုင်တယ်။ သူ့ကို ကိုးစားစေချင်တယ်။ အဓိကသော့ချက်က လိုက်လျှောက်ပါ၊ နာခံပါ။

ဟေရှာယထဲမှာ ဘုရားသခင်ဟာ “ကင်းစောင့်” သို့မဟုတ် ကြားခံဆု တောင်းသူတွေ ခန့်ထားတယ်။ တစ်နေ့လုံး တစ်ညလုံး ဆုတောင်းစေတယ်။ ဘုရား သခင်ကို ထပ်တလဲလဲ တောင်းခံကြဘို့ လိုတယ်။ ကျွန်ုပ်တို့ဟာ ဘုရားသခင်ကို အမြဲ “သတိပေးနေခြင်းသဘောမျိုးရှိရမယ်။ ဆုတောင်းပြီး ဘုရားသခင်ကို “အနားမပေးပါ” အဖြေရတဲ့အထိ တောင်းခံကြရမယ်။ မလျော့သောဇွဲလုံ့လနဲ့ တောင်းခံစေတယ်။ ကျွန်ုပ် တို့ ဆုတောင်းသံဟာ အဖြေကိုရကြပါလိမ်မယ်။

သမ္မာကျမ်းစာမှရဲရင့်စွာဆုတောင်းခြင်း ၊

လူတော်တော်များများ တောင်းခံချက်တွေနဲ့ ဘုရားသခင်ကို မနှောင့် ယှက်စေချင်ဘူး။ ကျွန်ုပ်တို့ ဆုတောင်းချက်တွေဟာ အဓိပ္ပါယ်တောင်မဲနိုင်တယ်။ ဥပမာ၊ “ဘုရားသခင် ကျွန်တော်နှောင့်ယှက်တာ ခွင့်လွှတ်ပါ လို့ ပြောကြမလား? ကိုယ်

တော်အလုပ်များနေတာ ကျွန်တော်သိတယ်။ သို့သော်လည်း တတ်နိုင်ရင် ကူညီပါ။ ကိုယ်တော်ဟာ ဒုက္ခမများဘူးဆိုရင်… ကိုယ်တော်မှာ အလိုရှိခဲ့လို့ရှိရင်.. အလိုတော် မရှိရင်… ကျွန်တော်နားလည်ပါတယ်…ဒါပေမဲ့…… အကယ်၍သာ..”ဒီဆုတောင်းချက် မျိုး ကျမ်းစာမှာမရှိဘူး။ ကျမ်းစာထဲက လူယောက်ျား၊ လူမိန်းမတွေဟာ ဘုရားကိုသိ တယ်။ သူတို့ဟာ ဘုရားထဲမှာ ဘယ်သူတွေဖြစ်တယ်ဆိုတာလည်း သိတယ်။ သူတို့ဆု

တောင်းရင် ကမ္ဘာပေါ်မှာ ပြောင်းလဲမှုတွေဖြစ်လာမယ်ဆိုတာလည်း သိကြတယ်။ သူတို့ ရဲရင့်တယ်။ အရှိန်တန်ခိုးပါတယ်။ ပြင်းပြင်းထန်ထန် တောင်းတယ်။ ဖြောင့်ဖြောင့်မတ် မတ်ဘဲ တောင်းကြတယ်။ ရဲရင့်စွာဆုတောင်းတို့ ဘုရားက ခွင့်ပြုထားတယ်။ ဘုရားကို ရှာရမယ်။ အဖြေရတဲ့အထိရှာရမယ်။ “

ဘုရားသခင်ကပြောတယ် “ငါ့ကိုအနားမပေးနဲ့”လို့ ပြောတယ်။ ရဲဝံ့ စွာဆုတောင်းရင် ဘုရားကမကန့်ကွက်ဘူး။ လွဲမှားစွာတောင်းရင်တောင် ပြင်ပေးဦး မယ်။ ဘုရားသခင်ဟာ နားညောင်းချင်တယ်။ တုန့်ပြန်ချင်တယ်။ နေဟမိ၊ ဒါဝိဒ်နဲ့ အခြားသူတွေဟာ ဘုရားသခင်သူတို့အော်သံကို နားညောင်းတို့ တောင်းဆိုတယ်။ ဘုရားသခင်နဲ့ အကျေအလယ်ဆွေးနွေးတယ်။ ဘုရားနဲ့ နပန်းလုံးကြတယ်။ ဒါဟာ မာန မပါဘူး။ ထောင်လွှားမှုလည်း မဟုတ်ဘူး။ ဘုရားက သူ့ကိုရှာဘို့ကြိုက်တယ်ဆိုတာ သူတို့သိတယ်။ ဘုရားကို အနားမပေးရဘူးဆိုတာ သူတို့သိတယ်။ ရဲရဲဆုတောင်းတာနဲ့ တိတိကျကျတောင်းခံပါ။ မရိုသေလေးစားလို့ မဟုတ်ဘူး။ ဒါတွေက ဘုရားသခင်ရဲ့ သဘောသဘာဝသိလို့ တောင်းတာ။ ဘုရားရဲ့ သားသမီးဖြစ်လို့ တောင်းခံတာ။ ဘုရားသခင်က တိုက်တွန်း

တယ်“လာကြ၊ ငါ့ကိုအနားမပေးကြနဲ့။ ငါလူကိုကယ်တင်ချင်တယ်။ ပေးချင်တယ်။ ကုသချင်တယ်။ လှုပ်ရှားချင်တယ်။ လာကြ။ မခြားမလပ်ဆု

တောင်းကြ”။

သူမရဲ့ ယုံကြည်ချက်ကို စိန်ခေါ်တယ်

တစ်ခါတစ်ရံ ကျမ်းစာကဖော်ပြထားတဲ့ အကြောင်းအရာတစ်ခုဟာ ရတာ သိပ်မပျော်ပိုက်ဘူး။ အဲဒီဖြစ်ရပ်ရဲ့ အကုန်အစင်ကို ကျွန်ုပ်တို့နားမလည်လို့ ဘဲ။ ခါနာန်အမျိုးသမီးအကြောင်းကို မသဲ(၁၅)မှာ တွေ့ပါလိမ့်မယ်။ မ၊၁၅း၂၂-၂၃မှာ…။

ခါနာန်အမျိုးဖြစ်သော မိန်းမတစ်ယောက်သည် ထိုနယ်စပ်မှ ထွက် လာ၍ ဒါဝိဒ်၏သားတော်ရှင်၊ ကျွန်မကိုသနားတော်မူပါ။ ကျွန်မ၏သမီးသည် နတ် ဆိုးနှိပ်စက်ခြင်းကို ပြင်းစွာခံရပါသည်ဟု ဟစ်ကြော်သော်လည်း စကားတစ်ခွန်းမျှပြန် တော်မမူလို့ ပါရှိတယ်။

ဘာ့ကြောင့် ခရစ်တော် ဤကဲ့သို့ဆက်ဆံပါသနည်း? ခရစ်တော်ဟာ အပြစ်ကင်းမဲ့စွာ အသက်ရှင်တယ်။ တစ်ကိုယ်ကောင်းဆန်တဲ့ သဘောလုံးဝမရှိဘူး။ ခရစ်တော်ဟာ သနားခြင်းဂရုဏာရှိတယ်။ တရားမျှတတယ်။ ဘာဖြစ်လို့ ခါနာန်အမျိုး သမီးကိုတော့ ကောင်းကောင်း မဆက်ဆံရတာလဲ? ဘာဖြစ်လို့စကား ပြန်မပြော တာလဲ? အမျိုးသမီးဟာ တကယ်ပဲ အော်ဟစ်တောင်းပန်နေရှာတယ်။ ဘုရားက အဖြေ မပေးဘူး။

ကျွန်ုပ်တို့လည်း ဘယ်လောက်ကြာကြာ ဆုတောင်းပြီးတော့ ဘုရား ကအဖြေမပေးတာ ရှိသလား?။ ဒါဟာ စဉ်းစားစရာ ခက်တယ်။ ကျမ်းစာမှာတော့ ဘုရားဟာ ဆုတောင်းတာကို ချက်ချင်းအဖြေမပေးတာတွေ ရှိတယ်။ ဘုရားက မဖြေရင် ကျွန်ုပ်တို့စိတ်ဓါတ်ကျပြီးတော့ နေမထိထိုင်မထိ ဖြစ်တတ်တယ်။ ကျွန်ုပ်တို့က ပြော တယ်။ “ငါနဲ့တော့ မထိုက်တန်ဘူး။ ဘုရားဟာ ငါကိုတော့မချစ်ဘူး။ မထူးတော့ဘူး။ လက်မြှောက်အရှုံးပေးမှဘဲ”လို့ ပြောလေ့ရှိကြတယ်။ ပြီးတော့ ယုံကြည်ခြင်းအားလျော့ တယ်။ ဆုမတောင်းခင်ကထက် အားပျော့နေကြတယ်။

ခရစ်တော်ဟာ အဲဒီအမျိုးသမီးကို အဖြေမပေးဘူး။ ပြီးတော့ သူမဟာ အားမလျော့ဘဲ ထပ်ပြီးတောင်းတယ်။ သူမဟာ စိတ်ဓါတ်ကျပြီးတော့ မထွက်သွားဘူး။ ထပ်တလဲလဲပြောပြန်တယ်။ နောက်ဆုံး ခရစ်တော်က တုန့်ပြန်တယ်။ ခရစ်တော်က လိုက်တာ သူ့ကိုခွေးနဲ့နှိုင်းသလို ဖြစ်သွားတယ်။ ကိုယ်တော်က သား၏အစာကိုယူ၍

အားမပေးမချအပ်ဟု ပြန်ပြောတော်မူ၏။ ဣသရေလလူတို့ဟာ ခါနာန်လူတွေကို ခွေးလောက်သဘောထားကြတယ်။ အဲဒီတော့ ခရစ်တော်ဟာ မရက်စက်ဘူးလား? ခရစ်

တော်ဟာ အယူသည်းနေသလား? မဟုတ်ပါဘူး။ သူမရဲ့ လူနေမှုအခြေအနေကို ကိုယ်

တော်က ဖော်ပြနေတာ။ သူမနှလုံးသားထဲက ယုံကြည်ခြင်းကို ကိုယ်တော်သိပါတယ်။ ဒါကြောင့် စိန်ခေါ်နေတာ။ သူမ အမျက်ထွက်အောင် နှိုးဆော်ပေးလိုက်တော့ အတွင်း စိတ်သဘော တုန့်ပြန်မှုကို ကိုယ်တော်ကြားချင်နေတယ်။

သူမ ငယ်(၂၇)မှာ တုန့်ပြန်တယ်။ “မှန်ပါ၏သခင်၊ ခွေးမည်သည် ကား မိမိသခင်၏ စားပွဲ မှ ကျသောစားနုပ်စားပေါက်ကို စားမြဲထုံးစံရှိပါ၏ဟု

လျှောက်ပြန်တယ်” ဒီမိန်းမဟာ ဂျူးတွေအကြောင်းကို မသိဘူး။ ကျမ်းစာထဲက အကြောင်းတွေ သူရဲကောင်းတွေကိုလည်း မသိဘူး။ သူမဘာလိုချင်တာကိုသိတယ်။ ခရစ်တော်ကသူတောင်းတာကို ပေးနိုင်တယ်ဆိုတာဘဲ သိတယ်။ ကိုယ်တော်ဟာ သူမရဲ့ယုံကြည်ခြင်းကို ချီးမွမ်း တယ်။ သူမရဲ့ ယုံကြည်ခြင်းက တစ်ခါလောက်တောင်းတဲ့ ယုံကြည်ခြင်းမျိုးမဟုတ်ဘူး။ ထပ်တလဲလဲတောင်းတဲ့ ယုံကြည်ခြင်း သူမရဲ့ သမီးကို ကုပေးနိုင်တာ သိတယ်။ ကိုယ် တော် ကုပေးလိုက်တယ်။

စစ်မှန်တဲ့ ယုံကြည်ခြင်းဟာ ဘယ်တော့မှ အရှုံးမပေးဘူး။ ဇွဲနဲ့ တောင်းခံတတ်တယ်။ ယုံကြည်ခြင်းရှိရင် တစ်ခါတောင်းရုံနဲ့ မရဘူး။ မရမချင်း တောင်း တဲ့ ယုံကြည်ခြင်းဖြစ်ရမယ်။ ဘုရားသခင်ဟာ စောင့်ဆိုင်းပြီး ပိုမိုတောင်းခံတို့ စိတ်ဆွေ ပေးတယ်။ ဘုရားသခင်တုန့်ပြန်တဲ့အထိ ခွန်အားကြီးတဲ့ ယုံကြည်ခြင်းမျိုးဖြစ်ရမယ်။ ဘုရားကို ပိုပြီးရှာစေချင်တယ်။ ဝန်းကျင်အခြေအနေပေါ် မူမတည်ဘူး။ နှောင့်နှေးနေ ရင်လည်း ရသည်အထိ တောင်းရမယ်။

ဆီးတားမှုကိုဖယ်ရှားပါ အားမနာတမ်းတောင်းပါ

လု၊ ၁၁:၅-၉မှာ ခရစ်တော်ဖော်ပြထားတယ်။ တစ်ဖန် မိန့်တော်မူ သည် သင်တို့တွင် တစုံတစ်ယောက်သောသူ၌ အဆွေခင်ပွန်းရှိသည်ဖြစ်၍ သန်း ခေါင်အချိန်တွင် ထိုအဆွေခင်ပွန်း၏ အိမ်သို့သွားပြီးလျှင် အဆွေ၊ အကျွန်ုပ်အဆွေခင် ပွန်းတစ်ယောက်သည် ခရီးမှလာ၍ အကျွန်ုပ်ထံသို့ ရောက်ပါပြီ။ သူ့ကိုကျွေးစရာမရှိ သောကြောင့် မုန့်သုံးလုံးချေးနှင့်ပါဟု ဆိုသော်၊ အိမ်ရှင်ကလည်း ငါ့ကိုမနှောင့်ယှက် ၊ နှင့်။ တံခါးပိတ်လျက်ရှိ၏။ ငါသားသမီးတို့သည် ငါနှင့်အိပ်လျက်ရှိကြ၏။ ငါထ၍ သင့်အား မပေးနိုင်တဲ့ အိမ်ထဲက ပြန်ဖြေသည်အရာမှာ ငါဆိုသည်ကား အဆွေခင် ပွန်းဖြစ်သည်ကို ထောက်၍ မထ၊ မပေးသော်လည်း အားမလျော့ဘဲတောင်း၍ နေ သောကြောင့် ထ၍လို ချင်သမျှကို ပေးလိမ့်မည်။ တစ်ဖန် ငါဆိုသည်ကား

တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့၊ ရှာလျှင်တွေ့မည်။ တံခါး ကိုခေါက်ကြလော့၊ခေါက်လျှင်ဖွင့်မည်။

ခရစ်တော်က သူ့ဥပမာကို ကျစ်ကျစ်လစ်လစ် အပိုအလိုမရှိ ဖော်ပြ သားတယ်။ ဒါပေမဲ့ ဒီဥပမာကို ကြည့်ပါ။ ကျွန်ုပ်တို့ဟာ သန်းခေါင်အချိန် အိမ်နီးချင်းဆီ သွားပြီးတော့ စားစရာတွေ ချေးငှားဘို့ မလုပ်လိုကြဘူး။ လူတွေဒီလို သိပ်မလုပ်ကြဘူး။ အိမ်နီးချင်းက တောင်းနေတဲ့လူကို “မပေးနိုင်ဘူးသွားတော့” ဆိုတာ ရိုင်းစိုင်းသလို ဖြစ်နေ တယ်။ ဒီလူဟာ လူမှုရေးမသိဘဲနဲ့ အတင်းတောင်းနေသလိုဖြစ်တယ်။ ဒါပေမဲ့ သူဟာခွဲ နဲ့ တောင်းခံနေလို့သာ လိုချင်တာရသွားတယ်။

ကျွန်ုပ်တို့ ဒီလိုအခြေအနေမျိုးမှာ သွားတောင်းမယ့် လူတွေ မဟုတ် ဘူးထင်တယ်။ ဒါပေမဲ့ ဘုရားသခင်ဟာ ခွင့်ပြုတယ်။ ဆုတောင်းခြင်းမှာ အားပေးတယ်။ ဂရိစကားအရ ကြည့်ရင် တောင်းကြလော့၊ ဆက်လက်ပြီးမရမချင်းတောင်းပါ။ ရှာကြ

လော့၊ ဆက်လက်ရှာပါ။ တံခါးခေါက်ပါ။ ဆက်လက်ခေါက်ပါဆိုတဲ့ အဓိပ္ပါယ်မျိုးသက် ရောက်တယ်။ ခရစ်တော်က ဒီဥပမာမှာ အဆီးအတားဘယ်လောက်ပဲရှိရှိ လုပ်ဆောင် စေတယ်။ မရှက်မကြောက် အားမနာတမ်းတောင်းပါ။ တစ်ခုခုကြောင့်တော့ဆုတောင်း ခြင်းကို မရပ်လိုက်ပါနဲ့။

တရားသူကြီးအမှုကိုကြည့်ပါ

လု၊ ၁၈၁-၈မှာ ခရစ်တော်ဥပမာတစ်ခု ထပ်ပေးတယ်။ လူတို့သည် အားမလျော့ဘဲ ကြိုးစား၍ ဆုတောင်းရမည်အကြောင်းကို ဥပမာစကားအားဖြင့် မိန့်တော် မူသည်ကား မြို့တစ်မြို့၌ ဘုရားသခင်ကို မကြောက်မရွံ့၊ လူကိုအားမ နာတတ်သော တရားသူကြီးတစ်ယောက်ရှိ၏။ ထိုမြို့၌နေသော မုဆိုးမတစ်ယောက် သည် တရားသူကြီး ထံသို့သွား၍ ကျွန်မရန်ဘက်ကို လက်စားချောက်အောင် အပြစ်အလျှောက်ဒဏ်စီရင်ပါဟု တောင်းပန်သော်လည်း တရားမစီရင်ဘဲ ကြာမြင့် စွာနေ၏။ ထိုနောက် တရားသူ ကြီးက၊ ငါသည် ဘုရားသခင်ကို မကြောက်ရွံ့ ။ လူကို အားမနာတတ်သောသူ ဖြစ်သော် လည်း၊ ဤမုဆိုးမသည် ငါ့ကိုနှောင့်ယှက်

ကြောင့် သူ့ဘက်၌ တရားစီရင်မည်။ သို့ မဟုတ် အစဉ်လာ၍ ငါ့ကိုပင်ပန်းစေလိမ့် မည်ဟု စိတ်ထဲ၌အကြံရှိတယ်။ မတရားသော ထိုတရားသူကြီး၏ အကြံကိုမှတ်ကြ

လော့။ ဘုရားသခင်ရွေးကောက်တော်မူသော သူတို့သည် ညဉ့်နေ့မပြတ် အော်ဟစ် ၍တောင်းလျှောက်လျှင် ဘုရားသခင်သည် သူတို့ဘက်၌ တရားမစီရင်ဘဲ နေတော်မူ မည်လော။ ကြာမြင့်စွာသည်းခံတော်မူမည်လော။ ငါဆိုသည်ကား၊ သူတို့ဘက်၌ အလျှင်အမြန် တရားစီရင်တော်မူမည်။ သို့သော်လည်း လူသားသည် ကြွလာသော အခါ ယုံ ကြည်ခြင်းကို မြေကြီးပေါ်မှာ တွေ့မည်လောဟု သခင်ဘုရားသည် မိန့်တော်မူ၏။

ခရစ်တော်ရဲ့ လူတွေဟာ ဆုတောင်းခြင်းမှာ ဇွဲလုံ့လဝိရိယ မရှိရင် မြေကြီးပေါ်မှာ ယုံကြည်ခြင်းခွန်အားကြီးတာတွေ နိုင်ပါ့မလား? ခရစ်တော် ဒီဥပမာ တွေပြောရတာ ကျွန်ုပ်တို့ဇွဲနဲ့ ဆုတောင်းစေဘို့ဘဲ။ ဆုတောင်းတဲ့အခါမှာ ကျွန်ုပ်တို့ ဘုရားကို ဖယ်ထားကြရမယ်။ အဖြေမရမချင်း မလွှတ်နဲ့။ ကျွန်ုပ်တို့ဟာ အဆက်မပြတ် ဆုတောင်းကြရမယ်။ ကောင်းကင်ဘုံကို လှုပ်ပါး တုန့်ပြန်မှုရတဲ့အထိလုပ်ရမယ်။ ကျွန်ုပ် တို့ကြိုးစားဆုတောင်းတာ ဘုရားသခင်ကို နှိုးတာမဟုတ်ဘူး။ ဘုရားသခင်ထံက

တောင်းစားနေတာ မဟုတ်ဘူး။ အပေးအယူလုပ်နေတာလည်း မဟုတ်ဘူး။ ဘုရားသခင် သဘောပေါက်လာအောင် ပြောနေတာမဟုတ်ဘူး။ ဘုရားက သဘောပေါက်ပါတယ်။ ကူညီချင်စိတ်ရှိပါတယ်။ ကောင်းကြီးပေးချင်တယ်။ ကယ်တင်ချင်တယ်။ ဒါဟာ ဘုရား ရဲ့ သဘောသဘာဝဘဲ။ ကျွန်ုပ်တို့ကို နှိုးနေတာ၊ ကျွန်ုပ်တို့ကို သဘောပေါက်စေလိုတယ်။

သင်လိုတာတိတိကျကျတောင်းပါ

ကျွန်ုပ်တို့ဟာ ဇွဲသတ္တိနဲ့တောင်းခံရုံသာမဟုတ်ဘူး။ အင်နဲ့အားနဲ့ တောင်းရမယ်။ တိတိကျကျတောင်းရမယ်။ မာ၊ ၁၀၄၆-၅၂မှာ ဗာတိမဲဟာ လူကန်း တစ်ဦးဖြစ်တယ်။ ခရစ်တော်ဟာ ယေရိခေါမြို့ကအထွက်၊ အကန်းဖြစ်တဲ့ ဗာတိမဲဟာ ခရစ်တော်လာနေတာကြားတယ်။ ငါတိမဲ အားရပါးရအော်ခေါ်တယ်။ “ဒါဝိဒ်၏သား တော်ယေရှု၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါ”လို့ ဟစ်ကြော်တယ်လို့ ကျမ်းစာက ပြောတယ်။ ဘေးဝန်းကျင်ကလူတွေက သူ့ကို ငေါက်ကြတယ်။ သူဟာ ပွဲပျက်အောင် လုပ်နေတယ်။ ဒါပေမဲ့ဗာတိမဲဟာ ထပြီးတော့အော်ဟစ်နေတယ်။ “ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်ကို ကယ်မသနားတော်မူပါ” ဆိုပြီး အသံဟာပိုတောင်ကျယ်လာတယ်။ ခရစ်

တော်ဟာ သူ့အနားကို လာတယ်။ “ယေရှုကလည်း၊ သင်၌အဘယ်သို့ပြုစေလိုသနည်း ဟုမေးတော်မူတယ်”။

ခရစ်တော်ဟာ ကျွန်ုပ်တို့ဇွဲနပဲနဲ့ ဆုတောင်းတာကြိုက်တယ်။ ခရစ် တော်က မလွှတ်ဘဲကိုင်ထားတာ ကြိုက်တယ်။ အဖြေချက်ချင်းမရရင်လည်း စောင့်မျှော် နေတာ လိုချင်တယ်။ ခရစ်တော်က အရှိန်အဟုန်နဲ့ တောင်းခံတာမျိုး ကြိုက်တယ်။ ပြီး

တော့ တိတိကျကျတောင်းစေချင်တယ်။ ယနေ့ ခရစ်တော် ကျွန်ုပ်တို့မေးနေတုန်းပါဘဲ။ “သင်၌အဘယ်သို့ ပြုစေလိုသနည်း” လိုချင်တာကို ပွင့်ပွင့်လင်းလင်း တိတိကျကျသာ ၊

တောင်းပါ။ အသေးစိတ်ဖော်ပြလေလေ ကောင်းလေလေဘဲ။ ယေဘုယျမတောင်းပါနဲ့။ ဘာသာရေး ဆုတောင်းပွဲတွေမှာ တောင်းသလို ကျွန်ုပ်တို့ ဘာတောင်းနေမှန်း ဘုရား သခင်မသိဘူး။ တိတိကျကျတောင်းမှ တိတိကျကျ ဘုရားသခင် အဖြေပေးမယ်။ ကျွန်ုပ် တို့ အသေးစိတ်မသိရင်တောင် သိသလောက်တော့ ဖော်ပြပါ။

ခရစ်ယာန်တိုင်း ရဲဝံ့စွာဆုတောင်းကြရမယ်။ ဘုရားသခင်ထံက အ ဖြေကိုစောင့်မျှော်ပါ။ ဘုရားကို အနားပေးစရာမလိုပါဘူး။ အဖြေရအောင် တောင်းပါ။ ကျွန်ုပ်တို့ဟာ ဘာသာရေးအစဉ်အလာနဲ့ ဆီးတားမှုတွေကို ဖယ်ရှားလိုက်ပါ။ အဲဒီတော့ မှ ဘုရားကိုရှာမယ်။ ဆုတောင်းခြင်းမှာ မလျော့သော ခံယူချက် အခိုင်အမာနဲ့ တောင်း ကြရမယ်။ ဘုရားဟာ လူတွေကိစ္စမှာ ပါဝင်တာ လုံးလုံးသဘောပေါက်ရင် ကျွန်ုပ်တို့ စစ်မှန်တဲ့ ဆုတောင်းမျိုးရမယ်။ ကျွန်ုပ်တို့ဆုတောင်းတဲ့အခါ ဘုရားသခင်ရဲ့ လက်တော် လှုပ်ရှားတာ မြင်ကြရမယ်။ ဝန်းကျင်မှာ ပြောင်းလဲမှုတွေ တွေ့ကြရမယ်။ ဆုတောင်း ခြင်းဟာ ကျွန်ုပ်တို့အသက်တာမှာ အလွန်ထူးခြားတဲ့အရာတွေ ဖြစ်လာမယ်။ ကျွန်ုပ်တို့ ဝန်းကျင်က ကမ္ဘာကို တုန်လှုပ်ရတော့မယ်။ လူ့အသိုင်းအဝိုင်းမှာ ပြုပြင်မှုတွေ ဖြစ်လာ

တော့မယ်။ ကျွန်ုပ်တို့ ပတ်ဝန်းကျင်က လူတွေပြောင်းလဲကြတော့မယ်။ ကျွန်ုပ်တို့သည် လည်း ထိရောက်အောင်မြင်သော ဆုတောင်းသူရဲကောင်းတွေ ဖြစ်ကြရမယ်။

အခန်း(၁၂)

တိုက်ပွဲကိုဘယ်လိုဆင်နွှဲမလဲ How To Wage Warfare

ဝိညာဉ်ရေးရာ တိုက်ပွဲဆိုတာ ဆုတောင်းတယ် သို့မဟုတ် နတ်ဆိုးကို ၊ ဆုံးမလိုက်တာ မကဘဲ လူတစ်ဦးရဲ့ အသက်ရှင်မှု တစ်ခုလုံးနဲ့ ဆိုင်တယ်။ အထက်က

ဖော်ပြခဲ့တဲ့ အတိုင်းပါဘဲ။ဆုတောင်းခြင်းဟာ အရေးကြီးတယ်။သို့သော်လည်း ယာ၊ ၅၁၆ မှာ ပါတဲ့အတိုင်းဘဲ သူတော်ကောင်းဆုတောင်း၍ အရှိန်ကြီးသော ပဌနာသည် အလွန် တန်ခိုးပါ၏လို့ ပါရှိတယ်။ ဘုရားသခင်ဟာ ဆုတောင်းခြင်းနဲ့ သန့်ရှင်းတဲ့ အသက်တာ နဲ့ ဒွန်တွဲထားတယ်။ ကျွန်ုပ်တို့အသက်ရှင်ပုံဟာ အလွန်အရေးကြီးပါတယ်။ ကျွန်ုပ်တို့ လုပ်ကိုင်ဆောင်ရွက်မှုဟာ အမှောင်အင်အားစုကို အားပေးနိုင်တယ်။ နှင်ထုတ်နိုင်တယ်။ အထက်ကပြောခဲ့သလို ကျရှုံးနေတဲ့စာတန်ဟာ လူတွေအပြစ် လုပ်နေမှုးတစ်ကိုယ်ကောင်းဆန်ဆန် အသက်ရှင်နေမှုရှိမှ သူဝင်ထွက်လို့ရတယ်။ သူ စိုးမိုးလို့ရတယ်။ အဲဒီ အဆင့်မှာဘဲ ရှိတယ်။ ပိုလည်းမပိုဘူး။ လိုလည်းမလိုဘူး။ အပြစ် ဆိုတာ စာတန်ကို တံခါး ဖွင့်ပေးလိုက်တာနဲ့ အတူတူဘဲ။ ဧ၊ ၄၂ရ မှာ မာရ်နတ်ကို ၊ အခွင့် မပေးကြနဲ့လို့ သတိပေးထားတယ်။

ယေရမိ၊ ၅:၁ မှာ ဘုရားသခင်ဟာ မိမိရဲ့ကရုဏာနှလုံးသားကို ဖော် ပြတယ်။ဖြောင့်မတ်သူ တစ်ဦးရဲ့ တန်ခိုးအာဏာကို ဖော်ပြတယ်။ ဘုရားသခင်ကယေရမိ ကို ပြောတယ်။ ယေရုရှလင်မြို့ကို အပြစ်မှငါလွှတ်မည်အကြောင်း တရားသဖြင့် ကျင့် သောမြို့သား၊ သစ္စာစောင့်သော မြို့သားတစ်စုံတစ်ယောက်မျှရှိလျှင် ထိုသူကိုတွေ့ဆုံ သောငှါ မြို့လမ်းတို့၌ တောင်မြောကပြေး၍ ကျယ်သောအရပ်တို့၌ ရှာဖွေကြည့်ရှုကြ လော့လို့ ဖော်ပြတယ်။ ဘုရားသခင်ဟာ ဖြောင့်မတ်သောသူတစ်ဦးရှိလျှင် မြို့ကိုချမ်း သာပေးမယ်လို့ ပြောတယ်။

သောဒုံနဲ့ ဂေါမောရအကြောင်း က၊၁၈း၂၀-၃၃ မှာ တွေ့ရတယ်။ ပုံစံ ခြင်းတူတယ်။ အာဗြဟံဟာ ဘုရားသခင်ကို မြို့များမဖျက်ဆီးဖို့ တောင်းပန်တယ်။ လူ (၅၀) ဖြောင့်မတ်သောသူရှိရင် ချမ်းသာပေးဖို့ ပြောတယ်။ ဘုရားသခင်သဘောတူတဲ့ အခါ အာဗြဟံလူ (၄၀)ဖြောင့်မတ်တဲ့လူတွေ ရှာတယ်။ ဘုရားသခင် သဘောတူတယ်။ အာဗြဟံလူနည်းစုကို ရှာတယ်။ နောက်ဆုံးတော့ လူ(၁၀)ယောက်ရှိရင် ချမ်းသာပေး မယ်လို့ ပြောတယ်။ ဘုရားသခင်ဟာ အာဗြဟံနဲ့ အပေးအယူမလုပ်ပါဘူး။ ဘုရားသခင်

ဟာ ဖြောင့်မတ်ဘို့ လူဘယ်လောက်ရှိသလဲဆိုတာ သိပြီးသားဖြစ်တယ်။ အာဗြဟံကိုသာ ဘုရားသခင်က သူရဲ့သနားခြင်းကရုဏာကို သိစေချင်လို့ ခွင့်ပေးနေတာဖြစ်တယ်။

ဘုရားသခင်ဟာ ခွင့်ပြုတယ်။ သနားခြင်းကရုဏာနဲ့လည်း ပြည့်စုံ တယ်။ ဖြောင့်မတ်သောသူ တစ်ဦးဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတာ အာဗြဟံ ကို သိစေသလို ကျွန်ုပ်တို့ကိုလည်း သိစေတယ်။

လူနေဝန်းကျင်၌ထိရောက်မှု

သမိုင်းတစ်လျှောက် ပြည့်စုံတဲ့ နိုးထမှုကြီးတွေအကြောင်း မှတ်တမ်း တင်ထားတယ်။ ကျွန်ုပ်တို့က နိုးထမှုဆိုတာ စည်းဝေးပွဲတွေ အများကြီးလုပ်ကြတယ်လို့ ထင်နေတာ။ စစ်မှန်တဲ့ နိုးထမှုကြီးဆိုရင် လူထုကြီးပါအုံကြွလာတယ်။ ဥပမာ ဝေလနယ် နိုးထမှုကြီးကိုကြည့်ပါ။ နှစ်ဆယ်ရာစု ပထမ(၁၀)ခုနှစ်မှာ ဖြစ်တယ်။ နှစ်နှစ်အတွင်း လူ ၁ဝဝ,ဝဝဝ ပြောင်းလဲလာတယ်။ လူတွေရဲ့ အကျင့်စာရိတ္တတွေ ပြောင်းလဲလာတော့

ပျော်ပွဲစားရုံတွေ မွဲကုန်ကြတယ်။ ရဲတွေအလုပ်မရှိတော့ဘူး။ ပြောင်းလဲလာတဲ့ လူ(၈၀) ရာခိုင်နှုန်းဟာ နောက်ငါးနှစ်ကြာတော့လည်း ဘုရားကျောင်းမှန်မှန်လာတယ်။

ဘာဖြစ်လို့ ဒီလိုနိုးထမှုကြီးတွေ နေရာတကာမှာ မဖြစ်တာလဲ? ဘုရားသခင်ဟာ ရွာတစ်ရွာကို အခြားရွာတွေထက် ပိုသဘောကျလို့ နိုးထမှုဖြစ်တာ လား? ဘုရားသခင်ဟာ လူမျက်နှာ မလိုက်ဘူးလို့ ကျမ်းစာကပြောတယ်။ (တ၊ ၁၀၃၄) လူတစ်ဦးထက် တစ်ဦးကို ဦးစားမပေးဘူး။ မြို့တွေ၊ ရွာတွေ၊ တိုင်းနိုင်ငံတွေကိုလည်း ရွေးချယ်ပြီးတော့ ဦးစားမပေးပါဘူး။ ဘာဖြစ်လို့ ရွာတစ်ရွာမှာ လူတွေအားလုံး ပြောင်း လဲပြီးတော့ အခြားမှာ ဒီလိုမဖြစ်လာတာလဲ ?

ဒါဟာ နိုးထမှုရဲ့ ပုံစံဘဲ။ ဘုရားသခင်ဟာ ဉာဏ်တော်၊ တန်ခိုးတော် ကို အသုံးပြုပြီးတော့ လူတွေကို အပြစ်မြင်တွေ့စေတယ်။ အချို့က ဘုရားရဲ့ လှုပ်ရှားမှု ကြီးအပေါ် တုန့်ပြန်လာကြတယ်။ တုန့်ပြန်တဲ့လူကတော့ နည်းတယ်။ နေရာတစ်နေရာ မှာ ဘုရားရဲ့ လူတွေဟာ ဘုရားနဲ့ မှန်ကန်စွာဆက်သွယ်ပြီးတော့ လူလူချင်းလည်း မှန် ကန်မှုရှိလာရင် အဲဒီနေရာဟာ ကောင်းမွန်တဲ့အတွက် ကောင်းကြီးမင်္ဂလာတွေ သွန်း

လောင်းတယ်။ ပြီးတော့ မင်္ဂလာဟာ အသင်းတော်ထဲက ဖြာထွက်လာပြီးတော့ မယုံ ကြည်သူတွေထံ ရောက်လာတယ်။ စာတန်ဟာ ဖြောင့်မတ်ခြင်းရဲ့ အရှိန်တန်ခိုးကြောင့် နှင်ထုတ်ခြင်းကို ခံရတယ်။ ပြီးတော့ ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဟာ ဆင်းသက်ကြွလာ တယ်။ အဲဒီတော့ ဝန်းကျင်က လူအများဟာ အပြစ်တွေ မြင်တွေ့လာကြတယ်။ လူတွေ ရဲ့နှလုံးသားစိတ်ဟာ သတင်းကောင်းကို လက်ခံလာကြတယ်။ အချို့ လူတွေဘယ်သူမှ လာမဟောဘဲနဲ့တောင် ကယ်တင်ခြင်းအခွင့်ရကြတယ်။

ဤဖြစ်ရပ်မျိုးဟာ သမိုင်းမှာအကြိမ်ပေါင်းများစွာ ဖြစ်ခဲ့တယ်။ ဒီနိုး ၊ ထမှုဟာ သန့်ရှင်းသော အသက်ရှင်မှုရဲ့ တန်ခိုးကြောင့် ဖြစ်ပေါ်လာတယ်။

နောင်တရခြင်းဟာတိုက်ပွဲပဲ ၊

ခရစ်တော်ကပြောတယ်။ ကျွန်ုပ်တို့ဟာဤလောကရဲ့ဆား၊ဤလော ရဲ့အလင်းလို့ ဆိုတယ်။ ခရစ်တော်ကပြောတယ်။ ဆားဆိုတာ အငန်ကင်းပျောက်နိုင် တယ်။ အလင်းဆိုတာလဲ တောင်းဇလားအောက်မှာထားရင် မလင်းတော့ဘူး။ ကျွန်ုပ်တို့ ဟာ ထိရောက်နိုင်သလို မထိရောက်ဘဲလည်း ဖြစ်နိုင်တယ်။ ကျွန်ုပ်တို့အလင်းဟာ ကမ္ဘာ ကြီးကို ထိုးပြတဲ့ မီးမောင်းကြီးဖြစ်နိုင်တယ်။ သို့မဟုတ် မဖြစ်နိုင်ဘူး။ ကျွန်ုပ်တို့ဟာ ဆားအနေနဲ့ သန့်ရှင်းတဲ့ အသက်တာကြောင့် ကမ္ဘာမှာ လူတွေအတုယူလာကြသလို ကျွန်ုပ်တို့ဟာ သူလိုငါလိုဘဲ ဘာမှအရာမထင်ကြဘူး။ ဥပမာ၊ အပြစ်ရှိတဲ့လူတစ်ယောက် အတွက် ကျွန်ုပ်တို့ဆုတောင်းပေးမယ်။ ဒါပေမဲ့ ကျွန်ုပ်တို့လည်း အပြစ်ရှိပြီး ဂရုမစိုက် နေရင် ကျွန်ုပ်တို့ဆုတောင်းတာ ဘာမှတန်ခိုးမပါဘူး။

ကျွန်ုပ်တို့ နောင်တရပြီး ဆု

တောင်းရင် ကျွန်ုပ်တို့စာတန်ရဲ့ လုပ်ရပ်တွေ ဖြိုခွဲနိုင်မယ်။ နိုးထမှုအတွက် လမ်းခင်းပေး နိုင်မယ်။ ဘုရားသခင်ရဲ့ နိုင်ငံကို ထူထောင်နိုင်မယ်။

အာဂျင်တီးနားနိုင်ငံမှာ ကျင်းပတဲ့ကမ္ဘာ့ဘောလုံးဖလားပွဲ အချိန်မှာ ကျွန်တော်နောင်တရခြင်းနဲ့ ဆိုင်တဲ့ တန်ခိုးအကြောင်း သိလာတယ်။ ဒါဟာ ဝိညာဉ်ရေး ရာတိုက်ပွဲဘဲ။ အဲဒီမှာ ဂျွန်ဒေါ်စင်၊ ဝင့်နီး(စ်)နဲ့၊ ကျွန်တော်တို့ဟာ ကော်ဒိုးဘားဒေသမှာ အင်အား (၂၀၀)ကျော်နဲ့ အမှုတော်ဆောင်တယ်။ ကမ္ဘာဖလားပွဲချိန်ခါ ဧဝံဂေလိလုပ်ငန်း လုပ်ကြတယ်။ ကျွန်ုပ်တို့ ဧဝံဂေလိအမှုတော်ဆောင် နှစ်ရာကျော်ဟာ လမ်းပေါ်မှာဟော နေတယ်။ ဒေသခံတွေကတော့ ဂျာမန်နဲ့ အီတာလီယံတွေဘဲ။ ကျွန်ုပ်တို့ဟောတာ မထိ ရောက်ဘူး။ နေ့စဉ်စာတွေနဲ့ ထွက်ဟောတယ်။ လမ်းပေါ်မှာဟောတယ်။ သက်သေခံ တယ်။ ဘာမှဖြစ်မလာဘူး။

ဂျွန်ရယ်၊ ဝင့်ရယ်၊ ကျွန်တော်ရယ် ဆုတောင်းကြတယ်။ ကျွန်ုပ်တို့ ဆုတောင်းတဲ့အခါ ဘုရားသခင်ကဖော်ပြတယ်။ ဒီလူထုဟာ မာနထောင်လွှားတယ်။ စာတန်ရဲ့ ခံတပ်ဘဲ။ သန့်ရှင်းသော ဝိညာဉ်တော်ကလည်း ကျွန်ုပ်တို့နှလုံးသားထဲမှာရှိတဲ့ မာနကလေးတွေ ထောက်ပြနေတယ်။ ကျွန်ုပ်တို့သုံးဦး နှိမ့်ချစွာနဲ့ အချင်းချင်းဖော်ပြကြ တယ်။ မာနတွေ ရှာဖွေဖော်ထုတ်ပြီး အပြစ်ဝန်ချတောင်းပန်ကြတယ်။ ဘုရားသခင်ရဲ့ ဆေးကြောသန့်စင်မှုကို တောင်းခံတယ်။

ဒါကြောင့် ကော်ဒိုးဘားနယ်မြေမှာ မအောင် မြင်တဲ့အကြောင်း သိလာတယ်။

ကျွန်ုပ်တို့သုံးဦး ဝန်ထမ်း ၂၀၀ ဆီသွားပြီး သူတို့ရှေ့မှာ နှိမ့်ချမှုကို

ပြတယ်။ သူတို့ရဲ့တန့်ပြန်မှုကိုရတဲ့အခါ၊ ဘုရားသခင်ဟာ ကော်ဒိုးဘားမှာလုပ်ရမဲ့ ဗျူဟာ ကိုဖော်ပြတယ်။ ကျွန်ုပ်တို့လူ(၃၀)စီ ခွဲထွက်ရမယ်။ လမ်းမကြီးလမ်းဆုံတွေကို သွား ရမယ်။ ဒီမြို့ဟာ မာနထောင်လွှားတယ်။ ထည်ဝါတဲ့ဆိုင်ကြီးတွေ၊ စားသောက်ဆိုင်ကြီး –

တွေ၊ ဘဏ်ရပ်ကွက်တစ်လျှောက် ကျွန်ုပ်တို့ဟာ ဒူးထောက်တယ်။ ဘုရားသခင်ကို နာခံ တယ်။ အပြစ်များကို ဝန်ချတောင်းပန်တယ်။ ကျွန်ုပ်တို့ရဲ့ အပြစ်တွေအပေါ်မှာ နှိမ့်ချစွာ တောင်းပန်သလို ဒီမြို့ရဲ့ မာနထောင်လွှားမှုတွေကိုလည်း ဘုရားကိုတောင်းပန်တယ်။

လမ်းလေးဂွဆုံမှာ ဒူးထောက်ကာ မျက်လှည့်ပြနေတာမဟုတ်ဘူး။ ဘုရားလာမခိုင်းရင် ကျွန်ုပ်တို့မလုပ်ပါဘူး။ ကျွန်ုပ်တို့ စိတ်ထဲမှာ ရယ်စရာလိုဘဲ ဖြစ် တယ်။ ဒါပေမဲ့ နာခံတယ်။ ချက်ချင်းဆိုသလို ဝန်းကျင်မှာပြောင်းလဲသွားတာ တွေ့ရ တယ်။ ကော်ဒိုးကားဒေသခံလူတွေဟာ ကျွန်ုပ်တို့သတင်းစကားကို နားထောင်လာ တယ်။ ဇဝံဂေလိတရားကို သိချင်ကြတယ်။ နောက်အပါတ်တွေမှာ လူတွေချဉ်းကပ်လာ ကြတယ်။ ကယ်တင်ခြင်းရဖို့ သိချင်ကြတယ်။ ပေစာကိုတောင် တန်းစီယူကြတယ်။ စာအပေါ်မှာ သတိရလက်မှတ် ထိုးခိုင်းကြတယ်။

နောင်တရခြင်းဟာ စာတန်ကိုတိုက်ဖို့ လက်နက်ကြီးဘဲ။ လွယ်ပါ တယ်။ ကျွန်တော်နောင်တရရင် ကျွန်တော်အမှောင်အင်အားစုကို ချိုးဖောက်လိုက်တာ ဘဲ။ ကျွန်တော်ဘုရားစကားနားမထောင်ရင် စာတန်ကိုလုပ်ခွင့်ပေးနေတယ်။ ကျွန်တော် ဘုရားကို နာခံရင် စာတန်ကို ကျွန်တော်နှင်ထုတ်လိုက်တာနဲ့ တူတူဘဲ။ ကျွန်တော်ဟာ ကျမ်းစာမယုံရင့်၊ စာတန်ကိုနေရာပေးလိုက်တာဘဲ။ ကျွန်တော်ယုံကြည်ခြင်းနဲ့ အလုပ် လုပ်ရင် စာတန်ကိုပိုင်းလိုက်တာဖြစ်တယ်။

ကိုယ်ထိလက်ရောက် အောင်ပွဲခံရာနယ်မြေ

ကျွန်ုပ်တို့နယ်မြေတစ်ခုကို ရွေးချယ်ပြီး ဘုရားသခင်အတွက် ဆက် (ကပ်လိုက်ရင် တူးကဲတာဖြစ်လာတယ်။ ခရီးသွားနေရင် ဝိညာဉ်ရေးရာ သဘောကိုမသိ ၇။ လေယာဉ်စီးနေရင် ပျော်ပွဲစားထွက်နေရင် ဘာမှသိမှာမဟုတ်ဘူး။ ကျွန်ုပ်တို့ ဘုရားကို နာခံပြီး ညာဉ်တော်နဲ့ ပြည်ဝတဲ့ အသက်တာနဲ့ ဖြောင့်မတ်စွာ အသက်ရှင် က်အခါ ကံမှုတွေ ဖြစ်လာမယ်။ ဆိုးညစ်မိုက်မဲတဲ့ ရပ်ကွက်ဘက်လမ်းလျှောက်သွား တဲ့အခါပဲဖြစ်ဖြစ်၊ လေယာဉ်ပေါ်က ဆင်းပြီး အမှောင်နယ်မြေထဲ ရောက်သွားတဲ့အခါ တိုက်ပွဲဟာ စလာတော့တာပဲ။

ဟာရှ၊ ၆း၁-၂၀ မှာ ကြည့်ရင် ဣသရေလလူမျိုးတွေဟာ ယေရိခေါ် မြို့ကို ခုနှစ်ရက်လှည့်ပတ်ရတယ်။ နေ့စဉ်တစ်ပတ်ပတ်တယ်။ ခြောက်ရက်ကြာတယ်။ ခုနှစ်ရက်မြောက်တဲ့နေ့မှာ နှစ်ကြိမ်ပတ်ရတယ်။ လူတွေရဲ့သဘောကိုသိတော့ အချိန်

တစ်ဝက်ကျိုးတဲ့အခါလောက်မှာ လူအချို့ကတော့ မကျေနပ်သံတွေ ထွက်လာတော့ မယ်။ ဘုရားဟာ ဘာဖြစ်လို့ မြို့ရိုးတွေကို သူကိုယ်တိုင်မဖြိုဖျက်တာလဲ? နေပူထဲမှာ ဒီလူ တွေကို အမှန်တော့ လျှောက်ခိုင်းစရာတောင် မလိုဘူး။ ဒါပေမဲ့ သူတို့နာခံတယ်။ နေ့စဉ် နေ့ဆက် တစ်လှမ်းချင်းလျှောက်ကြတယ်။ ခုနှစ်ရက်တိုင်တိုင် ကိုယ်ထိလက်ရောက် နာ ခံတဲ့အခါမှာ မြို့ရိုးတွေပြိုကျတယ်။ ဒီမြို့ရိုးတွေပြိုကျတာ ဣသရေလလူတွေ ပတ် လျှောက်လို့လား ?

ဘုရားကတော့ မြို့ရိုးတွေကို အချိန်မရွေး ဖြိုချလို့ရပါတယ်။ ဘုရားမှာ ကြီးတဲ့အကြံအစည်ရှိတယ်။ အဲဒီခုနှစ်ရက်မြောက်တဲ့နေ့မှာ တိုက်ပွဲတစ်ပွဲထဲ အောင်တာ၊ မဟုတ်ဘူး။ သူတို့ရဲ့နာခံမှုနဲ့ ဘုရားသခင်ရဲ့ လူတွေကြောင့် ဣသရေလလူတွေဟာ အ

မှောင်တန်ခိုးကို မမြင်နိုင်တဲ့ ကမ္ဘာဆီကို တွန်းပို့လိုက်တယ်။ ဘုရားဟာ သူပြတဲ့နေရာ ကို တည့်တည့်မတ်မတ်သွားဘို့ ဖော်ပြနေတယ်။ သူလုပ်ခိုင်းတာကိုလည်း တိတိကျကျ လုပ်စေတယ်။ ယေရိဘေမြို့ရိုး မပြုခင်ကပင် ဝိညာဉ်ရေးရာ နယ်ပယ်မှာ သူတို့အောင်ပွဲ ခံခဲ့ကြပြီ။

အလင်းနဲ့ အမှောင်တိုက်ပွဲမှာ လူဟာပွဲကြည့်ပရိသတ် မဖြစ်ရဘူး။ ဘုရားသခင်ဟာ ကျွန်ုပ်တို့ကို တိတိကျကျ တာဝန်ပေးထားတယ်။ အာဏာအပ်နှင်းထား တယ်။ ကျွန်ုပ်တို့ ခိုင်းစေရာကိုသွားမှ၊ ဟောမှ၊ ပြောမှ ဘုရားသခင်ဟာ ပါဝင်လှုပ်ရှား မယ်။ ဘုရားသခင်ဟာ ယေရိခေါမြို့ရိုးကို ဖြိုချတာ သူ့လူတွေ စီတန်းလှည့်လည်ပြီးမှ ဖြစ်တယ်။ လူကအရင်လုပ်ရတယ်။ စာတန်ဟာ အထက်ကဖော်ပြခဲ့သလို ပထဝီနယ်မြေ အလိုက် သူ့အင်အားစုကို ခွဲဝေသတ်မှတ်ထားတယ်။ စာတန်ရဲ့ အထွဋ်အမြတ်အပေါ်မှာ ထိထိရောက်ရောက် တိုက်ထုတ်လိုရင် အဲဒီနေရာကို သွားရမယ်။ တခြားကနေထိုင်ရင် ထိရောက်သင့်သလောက် မထိရောက်ဘူး။ အဲဒါကြောင့် သာသနာပြုခြင်းလုပ်ငန်းဟာ အလွန်အရေးကြီးတယ်။ ဘုရားသခင်ဟာ သူ့လူတွေကို ခေါ်ယူစေလွှတ်ခြင်းရဲ့ ရည်ရွယ် ချက်အောင်မြင်ဖို့ရန် အချိန်တိုတောင်းသော်လည်း သွားရန်လိုအပ်တယ်။

လွန်ခဲ့တဲ့ နှစ်တွေမှာ ကျွန်တော် ရေတိုစီမံကိန်းသာသနာလုပ်ငန်းကို လူတွေနဲ့ နိုင်ငံအသီးသီးကို သွားခဲ့တယ်။ ဒီလူစုံဟာ ရိုးရိုးခရစ်ယာန်တွေပါပဲ။ ကမ္ဘာကို

ပြောင်းလဲချင်တဲ့စိတ်ဆန္ဒ ရှိသူများ ဖြစ်တယ်။ သို့သော်လည်း အချို့ ငွေကုန်ကြေးကျများ တယ်လို့ ဆိုကြတယ်။ သူတို့လုပ်ရပ်ကို ဝေဖန်ကြတယ်။ ဒါကြောင့် ကျွန်တော်ဘုရား သခင်ရှေ့သွားပြီး ဒီပုံစံမျိုးလုပ်သင့်မလုပ်သင့် ကြိမ်ဖန်များစွာ အဖြေရှာခဲ့ဖူးတယ်။

ဘုရားသခင်က ကျွန်တော့်ကို ဖော်ပြတာကတော့ လူတွေဟာ အိမ်ကနေအဝေးကြီးက လာပြီးတော့ အတူလက်တွဲဆောင်ရွက်ရင် မမြင်နိုင်တဲ့ ကမ္ဘာ ဟာ ထူးခြားမှုဖြစ်နိုင်တယ်လို့ ဖော်ပြတယ်။ သူတို့လာပြီး အစေခံတယ်။ ချစ်ခင်ကြ

တယ်။ ဧဝံဂေလိဟောကြတယ်။ သီချင်းဆိုတယ်။ ဝတ်ပြုကိုးကွယ်တယ်။ ဂုဏ်တော်ချီး မွမ်းတယ်။ စီတန်းလမ်းလျှောက်တဲ့အခါ အဲဒီနေရာမှာရှိတဲ့ အမှောင်ထုဟာ ထုခွဲခြင်းခံ ရပါတော့တယ်။ ရိုးရိုးခရီးသွားကြတာ မဟုတ်ဘူး။ ဘုရားစကားကို နာခံပြီးလုပ်ကြ တော့ အမှောင်ထုကို ဖြိုခွင်းနိုင်တယ်။

သတ်မှတ်နယ်မြေမှာဆုတောင်းခြင်း

ဘုရားသခင်ဟာ အသင်းတော်ရှိ ယုံကြည်သူတွေကို သတ်မှတ်နယ် မြေကို သွားစေတယ်။ ဆုတောင်းခြင်းအစီအစဉ်နဲ့ တိုက်ပွဲဝင်တယ်။ လူတွေအများကြီး လမ်းလျှောက်ဆုတောင်းကြတယ်။ လမ်းမကြီးတွေမှာ အခေါက်ခေါက်အခါခါ လမ်း

လျှောက်စေတယ်။ ဘုရားသခင်ဟာ အချို့နေရာတွေမှာ ရပ်ခိုင်းတယ်။ ဆုတောင်းခိုင်း တယ်။ အဖြေကို ပေးသနားတယ်။ အချို့လူတွေကတော့ စာတန်ရဲ့ အထွဋ်အမြတ်နေရာ တွေ ဖြိုခွဲဖို့ ရူပါရုံရလို့ ဆုတောင်းကြတယ်။ ဓမ္မဟောင်းခေတ်မှာလိုဘဲ။ ဘုရားသခင် ဖော်ပြတဲ့ စာတန်ဌါနချုပ်တွေရှိတယ်။ အချို့နေရာတွေကတော့ ဒုစရိုက်နဲ့ ညစ်ည္တဲ့ နေရာတွေရှိတယ်။ ဒါတွေကို တာဝန်ယူပြီး ဆုတောင်းအစီအစဉ် လုပ်ကြရမယ်။

ကျွန်ုပ်တို့ရဲ့ ဗျူဟာလုပ်ဆောင်ရမယ့် အချက်တွေဟာ ဘုရားသခင် ထံကလာရမယ်။ အချိန်အခါတိုင်း၊ နေရာတိုင်းမှာ ဘုရားအလိုတော်ကို ရှာပါ။ လုပ်ရိုး လုပ်စဉ်လို မလုပ်သင့်ဘူး။ အချို့နေရာတွေမှာ စာတန်ရဲ့ မြို့ရိုးမြို့ပြတွေကို အရင်ဖြိုခွဲစေ တယ်။ အချို့အချိန်တွေမှာ တဆင့်ဆင့်တက်လှမ်း လုပ်ဆောင်ခိုင်းတယ်။ ခိုင်းစေတဲ့ အတိုင်း လုပ်ဆောင်ပါ။ ဓမ္မဟောင်းခေတ်ကဆိုရင် ဘုရားသခင်ဟာ မိမိလူတွေကို တိုက်ရိုက် ခေါ်ဆောင်ချီတက်ပြီးတော့ ဒုစရိုက်တွေကို ရင်ဆိုင်တိုက်ဖျက်တယ်။ ၃ရာ၊ ၁၈ မှာပါရှိတဲ့အတိုင်း ကရမေလတောင်ပေါ်မှာ ရင်ဆိုင်ကြတယ်။ အချို့နေရာတွေမှာ

တော့ဘုရားသခင်ဟာ ရန်သူတွေကို အကြိမ်ကြိမ်မောင်းထုတ်ပေးမယ်လို့ ပြောတယ်။ (ထွ၊ ၂၃း၂၉-၃၀)။

အတိတ်ကလုပ်ခဲ့တဲ့အပြစ်တွေ၊ လုပ်ဆောင်မှုတွေဟာ ဒုစရိုက်အနိုင် အခဲတွေဖြစ်လာတော့၊ ဝိညာဉ်ရေးရာ ဆေးကြောသန့်စင်မှုဟာ လုပ်ဘို့လိုတယ်။ နေရာ၊ အဆောက်အဦးမတူကြဘူး။ သူရဲစီးတဲ့အိမ်ဆိုတာ ယုံတမ်းစကားမဟုတ်ဘူး။ တကယ် ဖြစ်တာဘဲ။ ယေရှုရဲ့နာမတော်နဲ့ နတ်ဆိုးတွေကိုနှင်ထုတ်ရမယ်။

ဝိုင်ဝင်(မ်)အဖွဲ့တစ်ဖွဲ့ဟာ ယိုးဒယားနိုင်ငံ ဇင်းမယ်မြို့မှာရှိတယ်။ အိမ်တစ်အိမ်ဟာ သူရဲခြောက်လို့ ဈေးပေါပေါနဲ့ ရတယ်။ အဖွဲ့သားတွေ လေ့လာတော့ တကယ်နတ်ဆိုးတွေရှိတယ်။ ဒါပေမဲ့ အဖွဲ့သားတွေဟာ ယေရှုရဲ့နာမနဲ့နှင်ထုတ်လိုက် ကြတယ်။ အဲဒီအိမ်ကို ဝယ်ပြီး နှစ်ပေါင်းများစွာ အေးအေးဆေးဆေးနေကြရတယ်။

ကမ္ဘာ့အနှံ့အပြားမှာလည်း အချို့နေရာမှာ နေရာဒေသကို ရှိခိုးကိုး ကွယ်ကြတယ်။ ကျိန်စာသင့်အောင် လုပ်ထားကြတယ်။ ဝိညာဉ်ဆိုးတွေကို နေခိုင်းကြ တယ်။ အဲဒီတော့ စာတန်ရဲ့ တကယ်မြို့ရိုးမြို့ပြတွေ ဖြစ်လာတယ်။ ပထဝီနယ်မြေတစ်ခု မှာ ဒုစရိုက်တွေလုပ်ကြတော့ စာတန်ရဲ့ ယဇ်ပလ္လင်ဟာ ကနေ့တိုင်ရှိနေသေးတယ်။ ဘုရားသခင်ဟာ ခရစ်ယာန်တွေကို လမ်းပြပြီး အဲဒီနယ်မြေတွေကို ဆုတောင်းပွဲနဲ့ ပြန် လည် သိမ်းပိုက်စေတယ်။

ဒီလိုလုပ်ငန်းတွေမှာ အရေးကြီးတာက ဘုရားသခင်ကို အရင်ရှာပါ။ ဘုရားသခင်ရဲ့ လမ်းပြမှုကို ရယူပါ။ နေရာတကာ ဆေးကြောသန့်စင်မှုလုပ်ဘို့ မလိုပါ ဘူး။ ကျွန်ုပ်တို့ဟာ ကျောက်ဆောင်၊ သစ်ပင်တွေကို တိုက်ဖျက်တဲ့ သီဩလော်ဂျီတွေ ဖော်ထုတ်ချင်ကြတယ်။ ခရစ်တော်ဟာ လူတွေကို ကယ်တင်ဘို့ဆိုတာ မမေ့ပါနဲ့။ နယ် မြေတစ်ခုမှာ စွဲကပ်နေတဲ့ စာတန်ရဲ့ အဆောက်အအုံဖြိုခွဲတာရဲ့ အဓိက ကတော့ လူတွေ အတွက်ဘဲ။ အဲဒီဒေသမှာရှိတဲ့ လူတွေအပေါ် မြူဆွယ်မှုကို ကာကွယ်ကြရမယ်။ ကျွန်ုပ် တို့ဟာ မြို့များကို ကင်းစောင့်ဖြစ်လာ ကြရမယ်။ နိုင်ငံအဖွဲ့အစည်းတွေကိုလည်း ကင်း

စောင့်ကြရမယ်။ လူမှုဝန်းကျင်မှာ မကောင်းမှုဒုစရိုက်တွေကို နေ့စဉ်ဖြတ်တောက်ဘို့ဘဲ အရေးကြီးတယ်။

ဆာ၊ ၁၀၁၈ မှာ ဆိုးသောအမှုကို ပြုသောသူအပေါင်းတို့ကို ထာဝရဘုရား၏ မြို့တော်မှ ပယ်ဖြတ်မည်အကြောင်း မတရားသော ပြည်သားရှိသမျှ တို့ကို စော စောဖျက်ဆီးလေအံ့သတည်း။

ဟောပြောင်တိုက်ပွဲဘဲ

ဝိညာဉ်ရေးရာ တိုက်ပွဲနဲ့ ဟောပြောတာ ခွဲလို့မရဘူး။ အမှောင် လောကကို ဖြိုခွင်းလိုရင် အလင်းဆီ ပို့လိုက်ဘို့ဘဲ။ ဧဝံဂေလိဟောပြောရင် အမှောင်ကို အလင်းပေးတာနဲ့ တူတူဘဲ။ အသင်းတော်ကို ခရစ်တော်တည်ထောင်တဲ့ အဓိကလုပ်ငန်း ကတော့ဧဝံဂေလိဟောပြောဖို့ဘဲ။ ဧဝံဂေလိနည်းမျိုးစုံကို သိရမယ်။ နည်းဟန်အမျိုးမျိုး ကို အသုံးပြုကြရမယ်။ ဧဝံဂေလိသတင်းစကားကို ဟောပြောတဲ့အခါ တီထွင်မှုမရှိဘဲ ရှေးဟောင်းနည်းစနစ်ကို သုံးရင်ထိရောက်ပါတယ်။ ခရစ်တော်ရဲ့ ချစ်ခြင်းမေတ္တာ ခရစ်

တော်ရဲ့ သမ္မာတရားကို ဟောဘို့ဘဲအရေးကြီးတယ်။ ကျွန်ုပ်တို့လုပ်ကို လုပ်ကြရမယ်။ အချို့ကတော့ ဧဝံဂေလိနည်းမနစ်ကို ရွေးတယ်။ အချို့ နည်းစနစ်ကိုတောင် ပယ်ဖျက် တယ်။ အချို့လူငယ်တွေ ဆံရှည်ရှည်နဲ့ ၊ တီးဝိုင်းတီးတယ်။ အချို့ တစ်ကိုယ်တော် လမ်း

ထောင့်မှာ အသံချဲ့စက်နဲ့ ဟောကြတယ်။ ဘယ်လိုဘဲဟောဟော သတင်းစကားဟာ လူတစ်ဦးရဲ့ နှလုံးသားထဲ ရောက်အောင်လုပ်ရမှာဘဲ။ ဟောရမှာဘဲ။ ဒါပေမဲ့ ကျွန်ုပ်တို့

လုပ်ရပ်ဟာ အကျိုးရှိသလား? အဟန့်အတားဖြစ်နေသလား? နည်းစနစ်တစ်ခုကိုတော့ ထင်အမြင်မသေးဘို့ အရေးကြီးတယ်။ စာတန်ကတော့ ဧဝံဂေလိတရားဟောတာ တော့ နည်းမျိုးစုံနဲ့ ဖျက်တယ်။ ဧဝံဂေလိဟောရင် အမှောင်အင်အားစုကို ဖြိုခွဲနိုင်တယ်ဆို တာ စာတန်ကောင်းကောင်းသိတယ်။

မှန်ကန်စွာတုန့်ပြန်တာလဲတိုက်ပွဲဘဲ

မှန်ကန်စွာတုန့်ပြန်ပြောဆိုတာလည်း ဝိညာဉ်ရေးရာ တိုက်ပွဲတစ်မျိုး ဘဲ။ ခရစ်ယာန်လူဟောင်းတွေတောင် ပြဿနာအကြီးအကျယ် ဖြစ်တတ်တယ်။ ကျမ်း စာကပြောတယ်။ ဆာ၊ ၃၄၁၉ မှာ ဖြောင့်မတ်သောသူသည် များစွာသော ဒုက္ခဆင်းရဲ ကို ရသော်လည်း ထာဝရဘုရားသည် ခပ်သိမ်းသော ဒုက္ခဆင်းရဲထဲက ကယ်လွှတ်

တော်မူ၏။ စာတန်ရဲ့တိုက်ခိုက်မှုဟာ ကျဆင်းနေတဲ့ ကမ္ဘာမှာရှိနေမှာဘဲ။ ဘယ်သူမှ လွတ်မှာ မဟုတ်ဘူး။ ယောဘဝတ္ထုကို ကြည့်ရင် ဘုရားအပေါ်မှာသစ္စာရှိတဲ့ လူတစ်ဦး အပေါ် စုံစမ်းခြင်းအမျိုးမျိုးလာတာ သဘာဝဘဲ။ ယောဘဝတ္ထုက ဘာသင်ပေးသလဲ ဆိုတော့ မှန်ကန်စွာ တုန့်ပြန်ရင် စာတန်အပေါ် အောင်ပွဲခံရတယ်ဆိုတာ သာဓကပါဘဲ။

ယောဘအလုံး စုံဆုံးရှုံးတယ်။ အမျိုးမျိုးတိုက်ခိုက်ခံရတယ်။ ဝိညာဉ်ရေးရာရော ကိုယ်ထိ လက်ရောက်ရောခံရတာဘဲ။ သို့သော်လည်း ယောဘအောင်ပွဲခံတယ်။ စာတန်ရဲ့ တိုက်ခိုက်မှုဟာ မအောင်မြင်ဘူး။ ယောဘဒုက္ခဆင်းရဲ ခံနေရပြီး တွေဝေနေတဲ့ အခါမှာ ဘာဖြစ်နေမှန်း သူနားမလည်ဘူး။ ဒါပေမဲ့ ယောဘကပြောတယ်။ “ငါရဲ့ ကယ်တင်ရှင် ဟာ အသက်ရှင်တယ်”။

ဒီလိုဒုက္ခဆင်းရဲခြင်းမျိုးမှာ ကြီးတယ်၊ ငယ်တယ်မရှိဘူး။ ကျွန်ုပ်တို့ အဖြစ်မှန် အလုံးစုံကို မသိတာတော့ အမှန်ဘဲ။ ကျွန်ုပ်တို့ကို ဒါတွေ ဘာ့ကြောင့်လာဖြစ် ရတာလဲ? ဒါပေမဲ့ ဘာဘဲဖြစ်ဖြစ် ကျွန်ုပ်တို့ ဘုရားသခင်ဟာ ကောင်းမြတ်တော်မူတဲ့ ဘုရားဖြစ်တယ်” လို့ ပြောနိုင်ရမယ်။ (၁သက်၊ ၅း၁၈။ သု၊၃၅-၆)။ စာတန်ဟာ သက်သေတူတယ်။ ကျွန်ုပ်တို့အခြေအနေမကောင်းရင် ဘုရားဟာ ပစ်သွားပြီမဟုတ် လားလို့ အယုံသွင်းတယ်။ ကျွန်ုပ်တို့ နာကြည်းစွာ၊ ခါးသီးစွာနဲ့ ဘုရားကိုတုန့်ပြန်စေချင် တယ်။ ကျွန်ုပ်တို့ဟာ ဘုရားအပေါ်မှာ လုံးဝဥဿုံယုံကြည် ကိုးစားတယ်ဆိုတာ ပြသပါ။ ကျွနိုပ်တို့ ဖြစ်ရပ်တွေကလည်း ဘုရားရဲ့ အခြေအနေကို မပြောင်းလဲနိုင်ဘူးမဟုတ်လား? ဘုရားကို ဘယ်တော့မှ အပြစ်မတင်နဲ့။ နှုတ်ဖြင့် အပြစ်မလုပ်ပါနဲ့။ ဘုရားကို မစွပ်စွဲနဲ့။ မဝေဖန်ပါနဲ့။ အပြစ်မတင်ပါနဲ့။ မကဲ့ရဲ့ပါနဲ့။ မနနပ်မှုမရှိပါနဲ့။ ဘုရားကို ပုန်ကန်ရင် စာတန်ကိုအောင်ပွဲခံစေတာနဲ့ အတူတူဘဲဖြစ်တယ်။

စာတန်ရဲ့ တိုက်ခိုက်မှုဖြစ်ရင် ခရစ်ယာန်တွေ အတွက်မှန်ကန်စွာ

တုန့်ပြန်ဖို့ အခွင့်အရေးဘဲ။ ဘုရားသခင်ရဲ့ ဂုဏ်တော်ချီးမွမ်းခွင့်ရမယ်။ ဘုရားသခင်ရဲ့ သဘောသဘာဝကို သိမယ်။ စာတန်ကို ခုခံနိုင်မယ်။ ကျွန်ုပ်တို့ဟာ ဝိညာဉ်ရေးရာတိုက် ပွဲဝင်ကြရမယ်။ ဒုက္ခဆင်းရဲခြင်း ကင်းဝေးတဲ့နေရာမှာ ခိုလှုံနေဘို့မဟုတ်ဘူး။ ဘုရား သခင်ဘယ်သူဖြစ်တယ်ဆိုတာ သိခြင်းဟာ ကျွန်ုပ်တို့ရဲ့ ခိုလှုံမှုဘဲ။ ကျွန်ုပ်တို့အောင်ပွဲခံရ မယ်။ ရေသာခိုနေဘို့ မဟုတ်ဘူး။ ဘုရားသခင်ရဲ့ နိုင်ငံတော်တည်ထောင်ဘို့ ခေါ်ဆောင် ထားတာ။အမှောင်ထုကို ဆီးတားဘို့ခေါ်ယူစေလွှတ်တာ ဖြစ်တယ်။ ကျွန်ုပ်တို့ ကယ်တင် ခြင်းရတာနဲ့ ဘုရားဟာ ခေါ်ဆောင်သွားလို့ရပါတယ်။ ဒီလောကမှာထားတာက တိုက်ပွဲ ဝင်စေဖို့ ဖြစ်တယ်။ ဒုက္ခဝေဒနာ တွေကြုံတွေ့ရမယ်။ မှန်ကန်တဲ့ တုန့်ပြန်မှုရှိရမယ်။ ကျွန်ုပ်တို့ အံသွားကိုက်ပြီး စာတန်ရဲ့ တိုက်ခိုက်မှုကို မှန်ကန်စွာ ခုခံကာကွယ်ပါ။

သုံ့ပန်းတွေလွှတ်လိုက်ပါ

ဝိညာဉ်ရေးရာတိုက်ပွဲမှာ တစ်ခါတစ်ရံ နတ်ဆိုးစွဲတဲ့လူနဲ့ ပက်ပင်း တွေ့တတ်တယ်။ ခရစ်တော်က ကျွန်ုပ်တို့ကို ကမ္ဘာလောကကြီးထဲသွားပြီး ဧဝံဂေလိ သတင်းကို ဟောပြောနေတဲ့အခါ၊ ယေရှုရဲ့နာမ၌ နတ်ဆိုးတွေကို နှင်ထုတ်စေတယ်။

လူတွေဟာ သူတို့အသက်တာမှာ ချည်နှောင်မှုတွေ ဖြစ်စေတယ်။ ဒါ တွေကို ဖြိုဖျက်ကြဘို့လိုတယ်။ ကျွန်ုပ်တို့မှာ အာဏာရှိတယ်။ ဒီအာဏာကို လိုရင်လိုသ လိုသုံးကြရမယ်။ လူမှာဖြစ်တဲ့ ပြဿနာတိုင်းဟာ စာတန်ကလာတာမဟုတ်ဘူး။ ဒီချည် နှောင်မှုတွေကို ဟုတ်မဟုတ် ဘုရားကိုမေးဘို့ လိုအပ်တယ်။

တစ်ခါတစ်ခါ တိုက်ခိုက်ခြင်းဟာ စာတန်လည်းဟုတ်တယ်။ သဘာဝ ကလည်း ပါရှိတယ်။ လူဟာ သဘာဝအလျှောက် နာကြည်းတာတွေရလာပြီးတဲ့နောက် စာတန်ဟာ ဝင်ရောက်မွှေနှောက် လာတတ်ပါတယ်။ အဲဒီလိုအခါမျိုးမှာ စာတန်ကိုနှင် ထုတ်ပါ။ ပြီးလို့ရှိရင် ခံစားမှုတွေကို ခရစ်တော်ရဲ့ နာမနဲ့ ဆက်လက်ကုစားပါ။ အချို့ ကိစ္စ တွေဟာ လူရဲ့ဆန္ဒဟာ သိပ်အရေးကြီးတယ်။ သူကတော့ လွှတ်မြောက်ချင်ပါသလား? သူနောင်တရလိုပါသလား? ခွင့်လွှတ်နိုင်ပါ့မလား အပြစ်နဲ့ကင်းလွတ်အောင် နေနိုင်ပါ မလား? သမ္မာတရားနောက်ကို လိုက်နိုင်ပါ့မလား?။ .

နတ်ဆိုးနှင်ထုတ်ပြီးရင် နောင်တရခြင်းနဲ့ ကုသခြင်းများ လိုအပ်ပါ တယ်။ နတ်ဆိုးဆိုတာ ယင်ကောင်လိုဘဲ။ အနာမှာ လာအုံကြတယ်။ အနာကို ကြီးစေ တယ်။ ယင်ကောင်ကို နှင်ထုတ်ပါ။ အပြစ်ကိုဝန်ချတောင်းပန်ပါ။ အနာရောဂါကို ကုစား စေပါ။ နောက်ဆက်တွဲအတွက် ပြုပြင်ခြင်းခံရတဲ့လူဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ် တော်နဲ့ ပြုစုပျိုးထောင်ပေးရမယ်။ ခွန်အားရမှ နောက်လာမဲ့ အန္တရာယ်တွေကို တွန်းလှန် အနိုင်ယူခွင့်ရကြမယ်။

အချို့က ဝိညာဉ်ရေးရာတိုက်ပွဲဆိုတာ နတ်ဆိုးနှင်ထုတ်တာဘဲလို့ တယ်။ အချို့ကတော့ ကောင်းကင်ယံမှာ စာတန်ရဲ့ ယဇ်ပလ္လင်တွေကို ဖြိုဖျက်

လည်တယ်။ အချို့က ခရစ်တော်ရဲ့ အလုပ်ကိုလုပ်စေတာလို့ ပြောတယ်။ ဟော ပြောခြင်း၊ သင်ကြားပို့ချခြင်း၊ သမ္မာတရား၌ အသက်ရှင်ခြင်းလို့ ပြောတယ်။ အချို့က

တွေဟာ လက်တွေ့မကျပါဘူး။ တကယ့်လက်တွေ့က ဆာငတ်သူကို ကျွေးရမယ်။ လရေး ပြဿနာကို ဖြေရှင်းရမယ်။ လူမှုရေး ဖိနှိပ်ချုပ်ချယ်မှုကို ဖြေရှင်းပေးရမယ်။ ကျွန်တော် ထင်တာကတော့ အားလုံးလုပ်ကြရမယ်။

စာတန်ရဲ့ မြို့ရိုးမြို့ပြတွေ ဖြိုဖျက်တဲ့လုပ်ငန်းဟာ လူတွေကို ခရစ်တော် ထံခေါ်ဆောင်နိုင်မှ အဓိပ္ပါယ်ရှိလာမယ်။ အချို့ဆိုရင် သတင်းကောင်းကို နားမဝင်ကြ ဘူး။ စိတ်နှလုံးခိုင်မာတယ်။ စာတန်ရဲ့ တန်ခိုးတွေကို ဖယ်ရှားမှ နားဝင်လာမယ်။ အချို့ အောင်ပွဲအဆင့် မရောက်နိုင်ဘူး။ သူတို့အသက်တာမှာ ယဇ်ပလ္လင်ကို ဖြိုချလိုက်မှ လွှတ် မြောက်သွားကြတယ်။ စနစ်တကျတော့ လုပ်ဘို့လိုတယ်။ ဘုရားသခင်ရဲ့ လမ်းပြမှုကို ခံယူပါ။

ဓမ္မဟောင်းခေတ်မှာ ဘုရားသခင်ဟာ တိုက်ပွဲတွေမှာ ဗျူဟာအမျိုး မျိုးသုံးတယ်။ ခရစ်တော်ကိုကြည့်ပါ။ လူနာတွေကုသတာ တစ်ယောက်နဲ့တစ်ယောက် နည်းစနစ်မတူဘူး။ လမ်းကြောင်းတစ်ခုနောက် မလိုက်ပါနဲ့။ ဝိညာဉ်တော်လမ်းပြတဲ့ အတိုင်း လုပ်ဆောင်ရင် လူတွေရဲ့ လိုအပ်ချက်ပြည့်စုံမယ်။

အစာရှောင်တိုက်ပွဲ

အစာရှောင်ခြင်းဟာ ရန်သူအတွက် အလွန်ကြီးမားတဲ့ လက်နက်ဖြစ် တယ်။ ဟေရှာ၊ ၅၈၆ မှာ ငါနှစ်သက်သော အစာရှောင်ခြင်းဟူမူကား၊ မတရားသော အချည်အနှောင်ကို ချွတ်ခြင်း၊ လေးသောဝန်ကို ချခြင်း၊ ညဉ်းဆဲခံရသောသူတို့ကို လွှတ်ခြင်း တမ်းပိုးရှိသမျှတို့ကို ချိုးခြင်းမဟုတ်လော လို့ ပါရှိတယ်။ ဒီစာအုပ်ရဲ့ အခန်း(၁) မှာ ပါပေါ်နဂင်နီကျွန်းမှာ ဝိညာဉ်ရေးရာ တိုက်ပွဲကို ဆင်နွှဲဘို့ နည်းစနစ် တွေပေးခဲ့တဲ့အကြောင်း ဖော်ပြပြီး ဖြစ်တယ်။ ဘုရားရဲ့ နည်းစနစ်တွေဟာ အစာရှောင် ၊ ဆုတောင်းတဲ့ အချိန်အခါမှာဘဲ ရရှိတယ်။ ကျွန်တော် သြစတေးရီးယားနိုင်ငံ စစ်နီမြို့မှာ ဝိုင်ဝင်(မ်) သာသနာ သွားရောက်တည်ထောင်တဲ့အခါ၊ ကျွန်တော့်ကို အရှေ့ပိုင်းရပ် ကွက်တွေဆီ ခေါ်သွားတယ်။ ခရစ်ယာန်သက်သေခံမှု မရှိတာတွေ့ရတယ်။ အဲဒီတော့ ကျွန်တော် အရက်(၃၀)တိုင်တိုင် အစာရှောင်ဆုတောင်းတယ်။ အဲဒီလမ်းတွေမှာ လျှောက်ပြီးတော့ ဝိညာဉ်ရေးရာမှာ တိုက်ပွဲလုပ်တယ်။ အခုတော့ နိုးထတဲ့ အသင်း တော်တွေ ပေါ်ပေါက် လာပါပြီ။ စစ်နီမြို့အရှေ့ပိုင်းအတွက် ပြောင်းလဲလာဘို့ ဆုတောင်း

ကြတာ ကျွန်တော် တစ်ယောက်ထဲ မဟုတ်ပါဘူး။ စာတန်ရဲ့ မြို့ရိုးမြို့ပြတွေကတော့ အစာရှောင်ဆုတောင်း လို့ ပြိုကွဲကြရတယ်။

ကျွန်တော် ၁၉၆၅ ခုနှစ်၊သာသနာပြု ခရစ်ယာန်လူငယ်အဖွဲ့ ဝိုင် ဝင်(မ်) မှာ အမှုတော်ထမ်းရွက်မှီ ကျွန်တော်ဝါရှင်တန်ပြည်နယ်မှာ သိက္ခာတော်ရ ဆရာဂျိမ်းနစ်ကိုဆင်ရဲ့ လက်ထောက်သင်းအုပ်ဆရာ လုပ်နေတယ်။ ကျွန်ုပ်တို့နှစ်ဦး မိန်းကလေးတစ်ဦး နတ်ဆိုးနှင်ထုတ်တဲ့ တိတ်ခွေကို နားထောင်ကြတယ်။ တော်တော်ကောင်းပါတယ်။ ကျွန်တော်တစ်ခုတော့ မမေ့ဘူး။ ခရစ်ယာန်တစ်ဦးက ကြေညာတယ်။ စာတန် မထွက်သွားမချင်း ကျွန်ုပ်တို့ အစာရှောင်ဆုတောင်းကြမယ်လို့ ကြေညာတယ်။ စာတန်က မိန်းကလေးပါးစပ်နဲ့ ပြောတယ်၊ “အစာမရှောင်ပါနဲ့။ ခရစ်ယာန် ခေါင်း

ဆောင်က “ဘာဖြစ်လို့လဲ”လို့ ပြောတဲ့အခါ စာတန်က “ငါ့ကိုအားနည်းစေတယ်”လို့ ပြန်ဖြေတယ်။

စာတန်ရဲ့ ပြောတဲ့စကားတွေနဲ့ ခရစ်ယာန်မူဝါဒကို ပြုစုဘို့မလိုပါဘူး။ သို့သော်လည်း စာတန်ပြောတဲ့စကားတွေကိုတော့ဖော်ပြဘို့ “ဝန်မလေးပါနဲ့။ ကျမ်း စာမှာပါပါတယ်။ နတ်ဆိုးတွေဟာ ခရစ်တော်ကိုဘုရားသခင်ရဲ့ သားတော်လို့အော်ပြီး ဝန်ခံတယ်။ အစာရှောင်ခြင်းဟာ ထိရောက်တဲ့လက်နက်ဖြစ်တယ်။

ပေးလှူခြင်းဟာဝိညာဉ်ရေးရာတိုက်ပွဲ

ပေးလှူခြင်းဟာ ဘယ်လိုဝိညာဉ်ရေးရာတိုက်ပွဲ ဖြစ်နိုင်ပါ့မလဲလို့ သင်စဉ်းစားနေပါလိမ့်မယ်။ မာလ၊ ၃း၁၀-၁၁ မှာ “ဆယ်ဘို့တစ်ဘို့ ရှိသမျှကို ဘဏ္ဍာ တိုက်ထဲသို့သွင်း၍ ငါ့အိမ်တော်၌ စားစရာရှိစေခြင်းငှါ ပြုကြလော့။ ငါသည် မိုယ် ကောင်းကင် ပြတင်းပေါက်တို့ကိုဖွင့်၍ ကောင်းကြီးမင်္ဂလာကို အကုန်အစင် သွန်း လောင်းမည်မသွန်းလောင်းမည်ကို ထိုသို့စုံစမ်းကြလော့ဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော်မူ၏။

ကိုက်စားတတ်သော အကောင်ကို သင်တို့အတွက် ငါဆုံးမ၍ သင်တို့ ၏ မြေအသီးအနှံကို မဖျက်ဆီးရ။ သင်တို့၏ စပျစ်ဥယျာဉ်သည် အသီးမသီး ဘဲ မနေရဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။”

စာတန်ဟာ လူတွေရဲ့ စီးပွားရေးမှာလည်း ပါတယ်။ အခုလုပ်ဆောင် နေတယ်။ ဒါဟာ ကြီးထွားလာနိုင်တယ်။ ဗျာဒိတ်ကျမ်းမှာ စာတန်ရောက်လာတဲ့အခါ အန္တိတရစ်အနေနဲ့ စီးပွားရေးလောကတစ်ခုလုံးကို ချုပ်ကိုင်လိုက်မယ်လို့ ဖော်ပြထား တယ်။ ဘဏ္ဍာရေး၊ အာဏာတွေကို သုံးစွဲညွှန်ကြားမယ်။ “သားရဲ၏နာမ (ဗျာ၊ ၁၃း၁၇) ဆိုရာ၌ ရောင်းဝယ်ဖောက်ကားမှုကို ချုပ်ကိုင်မယ့်အကြောင်း ဖော်ပြထားတယ်။

စာတန်ဟာ ငွေရေးကြေးရေး စိတ်ဝင်စားတယ်။ လူရဲ့ တစ်ကိုယ် ကောင်းဆန်မှုကို သိတယ်။ အဲဒီစိတ်ဓါတ်ဟာ ငွေကိုတပ်မက်ခြင်းကစတယ်။ ကျမ်းစာ က ၁တိ၊ ၆း၁၀မှာ ငွေကိုတပ်မက်ခြင်းသည် အပြစ်၏မူလအမြစ်ဖြစ်တယ် လို့ဖော်ပြ ထားတယ်။ ဒီငွေကို တပ်မက်တာ လူနေမှုတစ်ခုလုံးမှာ ပေါ်လွင်နေတယ်။ လောဘလွန် ကျူးခြင်းဟာ စာတန်ရဲ့ စီးပွားရေးစနစ်ရဲ့ အခြေခံအုတ်မြစ်ဖြစ်တယ်။ ထိုကြောင့် ဒီအုတ် မြစ် ကိုချေမှုန်းဖို့ အရေးကြီးဆုံး လက်နက်ဟာ ပေးလှူတဲ့နှလုံးသားဘဲ ဖြစ်တယ်။ လူတွေ ပေးလှူတဲ့အခါ စာတန်အလွန်စိတ်ဓါတ်ကျတယ်။ တကိုယ်ကောင်းဆန်တဲ့စိတ် ကို နှလုံး သားထဲ ထည့်ပေးလို့မရတော့ဘူး။ ပေးလှူခြင်းဟာလည်း ကူးစက်တတ်တယ်။ စာတန်လုပ်ငန်းကို ဖျက်ဆီးနိုင်တယ်။ လူတစ်ဦးပေးလှူခြင်းဟာ အလွန်ထိရောက် တယ်။ လှိုင်းဂယက်ထသလိုပါဘဲ။ ပေးလှူခြင်းရဲ့အစဟာ စေတနာပြည့်ဝတဲ့နှလုံးသား ပါဘဲ။ စေတနာစိတ်တွေ ပွားများလာရင် ပို၍ပေးလှူလာကြတယ်။ ပေးလှူခြင်းဟာ စက်ဝိုင်းလိုဘဲ။ လှိုင်းကလေးတွေထတော့ လူအများကူးစက်သွားတယ်။

ဘုရားသခင်ဟာ သင့်မှာငွေဘယ်လောက်ရှိတာ စိတ်မဝင်စားဘူး။ ဒီငွေတွေဟာ သင်စိတ်နှလုံးကို ဆွဲကိုင်တယ် မကိုင်ဘူးဆိုတာကိုတော့ စိတ်ဝင်စား တယ်။ သင်ငွေ ဘယ်လောက်ရတာ မသိချင်ပါဘူး။ သင်ဘယ်လောက်ပေးလှူတာကို

တော့ သိချင်တယ်။ ဘုရားသခင်က ကြွယ်ဝချမ်းသာမှုကို ခွင့်ပြုပါတယ်။ ဒါပေမဲ့ သင်ရဲ့ နှလုံးသားခံယူချက်ကို ဘုရားသခင်ဂရုစိုက်တယ်။ သင်သန်းကြွယ်သူဌေးဖြစ်နေရင် ရ ပါတယ်။ ဘုရားသခင်ဟာ သူ့သားသမီးတွေကို မဆင်းရဲစေချင်ဘူး။ လက်ဖြန့်လိုက်လို့ ရတာတွေကို ယူစေပါတယ်။ ဒါပေမဲ့ သင်ဟာ ရယူခြင်းထက် ပေးလှူခြင်းမှာ ခွန်အား ကြီးရမယ်။

အပါတ်စဉ်ဆိုသလို သာသနာပြုဆရာတွေ သာသနာ့ကွင်းထဲက ပြန် လှည့်ကြရတယ်။ ထောက်ပံ့မယ့်လူတွေ မရှိလို့ဖြစ်တယ်။ ဒါပေမဲ့ အချို့အသင်းတော်တွေ နဲ့ သာသနာ့အဖွဲ့အစည်းတွေဟာ စည်းမဲ့ကမ်းမဲ့ ငွေသုံးတယ်။ မလိုတဲ့နေရာမှာ သုံးစွဲ ကြတယ်။ ခရစ်ယာန်ဝန်ထမ်းအချို့ရဲ့ တာဝန်မဲ့မှုကြောင့် မပေးလှူချင်ဘူးလို့တော့ အကြောင်းမပြပါနဲ့။ တာဝန်ရှိစွာ ပေးလှူခြင်းဟာ သမ္မာကျမ်းစာနဲ့ ကိုက်ညီတယ်။ အဲဒီ ငွေနဲ့ အမှောင်လောကကို တိုက်ထုတ်ဖို့ ဝိညာဉ်ရေးရာတိုက်ပွဲ ဆင်နွှဲပါ။ ညီညွတ်ခြင်းဟာတိုက်ပွဲဘဲ ၊

ညီညွတ်ခြင်းဟာ အင်အားကြီးတယ်။ တိုက်ပွဲတစ်မျိုးဖြစ်တယ်။ မမြင်နိုင်တဲ့ နယ်မြေအတွက် အလွန်ကြီးမြတ်တဲ့ အင်အားစုဖြစ်တယ်။ ခရစ်တော်က မ၊၁၈၁၉ မှာ မြေကြီးပေါ်မှာ သင်တို့တွင် နှစ်ယောက်တို့သည် သဘောချင်းတူ၍

ဆုတောင်းလျှင် တောင်းသမျှသောဆုတို့ကို ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏ ခမည်းတော်သည် ပေးတော်မူလတံ့။ သို့သော်လည်း ခရစ်တော်ကဘုရားသခင်ရဲ့ အလို

တော်ကို အတင်းအဓမ္မအဖြေပေးစေဖို့ မဆိုလိုပါဘူး။ အမှောင်တန်ခိုးတွေကို မောင်း ထုတ်စေဖို့ ညီညွတ်တဲ့ဆုတောင်းခြင်းမျိုးကို ဖြစ်ပေါ်စေလိုတဲ့အတွက် ဖြစ်တယ်။ စာတန် ဟာ လူညီညွတ်ရင် မကြိုက်ဘူး။ လူတွေကွဲပြားခြားနားနေတာကြည်ရင် စာတန် ရဲ့ လုပ် ဆောင်ချက်ကို တွေ့ရတယ်။ သစ္စာဖောက်မှု၊ ဖြတ်တောက်မှု၊ အစုလိုက်အုပ်စုဖွဲ့မှုတွေ ဟာ ခရစ်ယာန်အသိုင်းအဝိုင်းမှာတောင် တွေ့ရတယ်။

ကျွန်ုပ်တို့အချင်းချင်း တိုက်ခိုက်တဲ့အခါ ဆက်ဆံမှုတွေ ပြိုသွားကြ တယ်။ အိမ်ထောင်၊ အသင်းတော်၊ အဖွဲ့အသီးသီးမှာ ပြိုကွဲကြတယ်။ စာတန်ဟာ အထက် စည်းရသွားတော့တယ်။ ဝံပုလွေဟာ သိုးတို့ကိုအရင်ခွဲတယ်။ ပြီးတော့မှ ကိုက်စား တယ်။ ကျွန်ုပ်တို့ မကွဲပြား၊ မခြားနားဖို့တော့ အထူးသတိပြုကြရမယ်။ နှိမ့်ချမှုနဲ့စပါ။ ပြီးတော့ အဖြေရှာပါ။ ခွင့်လွှတ်ပါ။ နောက်တစ်မိုင်ထပ်လျှောက်ပါ။ အစစအရာရာ သည်းခံခွင့်လွှတ်ပါ။ ကျွန်ုပ်တို့ ညီညွတ်ခြင်းကို ကြိုးစားအားထုတ်ရင် စာတန်ကို တံခါးပိတ် လိုက်တာနဲ့ အတူတူပါဘဲ။

ရှင်ယောဟန် (၁ရ)ဟာ ခရစ်တော်ရဲ့ ယဇ်ပုရောဟိတ်အကြီး ဆု တောင်းခန်းဖြစ်တယ်။ ကျွန်ုပ်တို့ တစ်လုံးတဝတည်းဖြစ်ကြဖို့ ဆုတောင်းတယ်။ ညီ ညွတ်ခြင်းရဲ့ အရေးကြီးပုံကို ခရစ်တော်ကောင်းကောင်းသိတယ်။ ဝိညာဉ်ရေးရာ တိုက်ပွဲ အတွက် ရည်ရွယ်တယ်။ ခမည်းတော်ကို ငယ်(၁၅)မှာ တောင်းတာက ရန်သူလက်မှ ကာကွယ်ပေးရန် ခရစ်တော်တောင်းခံတယ်။ ကျွန်ုပ်တို့ဟာ စာတန်တိုက်ခိုက်ဘို့ တံခါး တွေ အများကြီးဖွင့်ပေးနေတယ်လို့ ကျွန်တော်ထင်တယ်။ ဖျားနာကြတယ်။ သေကျေ ပျက်စီးတယ်။ တစ်လုံးတစ်ဝတည်းမရှိတဲ့ အကျိုးဆက်တွေ အများကြီးပါဘဲ။

သို့သော်လည်း ကျွန်ုပ်တို့အတူတကွ ညီညွတ်နေရင် တစ်ဦးကိုတစ်ဦး လေးစားမယ်။ တန်ဖိုးထားမယ်။ ကျွန်ုပ်တို့အောင်ပွဲခံရမယ်။ အရာရာ၌ တိုးပွားမယ်။ တန်ခိုးအာဏာ ပိုမိုလာမယ်။ တရား၊ ၃၂း၃၀ မှာ လူတစ်ယောက်သည် လူတစ်ထောင် ကို အဘယ်သို့ နှင်နိုင်မည်နည်း။ လူနှစ်ယောက်သည် လူတစ်သောင်းကိုအဘယ်သို့ ပြေးစေနိုင်မည်နည်း လို့ဖော်ပြတာဟာ ကောင်းကင်ယံမှာ ညီညွတ်ခြင်းရဲ့ လက္ခဏာ တွေ့မြင်တွေ့နေကြရပြီ။ ။

တန်ခိုးနိမိတ်လက္ခဏာရဲ့ လက်နက်

ကျွန်ုပ်တို့ စာတန်ရဲ့ အင်အားစုနဲ့ ယှဉ်ပြိုင်ရတော့မယ်ဆိုရင် ကောင်း ကင်ယံမှာ ယှဉ်ပြိုင်ကြတာဘဲ။ ဒါကြောင့် ကျွန်ုပ်တို့အသက်တာမှာ ဘုရားသခင်ရဲ့

သန့်ရှင်းသောဝိညာဉ်တော်ရဲ့ တန်ခိုးနိမိတ်လက္ခဏာတွေ ရယူကြရမယ်။ ၁ကော ၁၂မှာ ဖော် ပြထားတဲ့ ဝိညာဉ်ဆုကျေးဇူးတွေ ရှိကြရမယ်။ ရှင်ယောဟန် (၇)မှာ ခရစ်တော်က သန့် ရှင်းသောဝိညာဉ်ဟာ အသက်စမ်းရေပမာ အင်အားနဲ့ စီးထွက်ရမယ်။ မြစ်ကြီးလို ကျွန်ုပ်တို့ရဲ့ အသက်စမ်းရေတွင်းက ထွက်လာရမယ်။ ခရစ်တော်က ဒီလိုတန်ခိုးတွေ ရှားပါးတယ်လို့ မပြောပါဘူး။ ဝိညာဉ်ရေးရာ သူရဲကောင်းတစ်ဦး၊ နှစ်ဦး ဟိုမှာ၊ ဒီမှာပေး မယ်လို့ မပြောပါဘူး။ ဒါဟာ ခရစ်ယာန်တိုင်းအတွက် တိုက်ပွဲဝင်ရန် လက်နက်ကိရိယာ တန်ဆာပလာပါဘဲ။ ဒါကြောင့် ဇ၆း၁၈ မှာ ဝိညာဉ်တော်၌ ဆုတောင်းကြရန် အားပေး နေတယ်။ ဒီလိုဆုတောင်းမှ အမှောင်အင်အားစုကို ဖြိုခွဲနိုင်မယ်။ ဆုတောင်းချက်တိုင်းမှာ ဝိညာဉ်ရေးရာ တိုက်ပွဲအာနိသင်ရှိတယ်။ သန့်ရှင်းသောဝိညာဉ်တော်ဟာ ကျွန်ုပ်တို့အထဲ ကနေ စီးထွက်လာမယ်။ အမှောင်ထုကို တွန်းထုတ်လိုက်ရမယ်။

ကျွန်တော် သြစတေးရီးယားနိုင်ငံ ဆစ်နီမြို့ပင်လယ်ကမ်းခြေမှာ သက်သေခံခဲ့တာ သတိရနေမိတယ်။ အသက် (၁၂)နှစ်အရွယ် မိန်းကလေး၊ ရန်သူကိုတွေ့ တယ်။ ဒါပေမဲ့ လူမိုက်မကလေးဘဲ။ သူမက ခေါင်းဆောင်ပြီး သူ့အနားမှာတပည့်တပန်း တွေရှိတယ်။ ကျွန်ုပ်တို့နေ့စဉ် မာရိုးဘရားကမ်းခြေမှာ သက်သေလာခံတဲ့အခါ သူမဟာ ကျွန်ုပ်တို့နောက်လိုက်ပြီး ညစ်ညူးတဲ့စကားတွေ အော်ပြောတယ်။ ကျွန်ုပ်တို့ သက်သေ ခံတဲ့အခါ နှောင့်ယှက်တယ်။ “သူတို့ပြောတာ နားမထောင်နဲ့။ ဒီလူတွေဟာ ………..”

နောက်ရက်အတော်ကြာတဲ့အခါ ကျွန်ုပ်တို့သူ့အတွက် ဆုတောင်း ပေးကြတယ်။ နောက်တစ်နေ့ ကမ်းခြေလာတဲ့အခါမှာ သူမ ရှိတယ်။ တန်းကိုမှီပြီးတော့ ဆေးလိပ်သောက်နေတယ်။ ကျွန်ုပ်တို့က အနားမှာဆုတောင်းနေတော့ သူမလာတယ်။ ခနဲ့တဲ့တဲ့နဲ့ ညစ်ည္တာတွေ ပြောပြန်တယ်။ ဒီတစ်ကြိမ်ကျတော့ ကျွန်ုပ်တို့အဖွဲ့တစ်ဦး အီရင်မက်ရောဘတ်ဟာ သူမကို ရပ်လိုက်ပြီးတော့ “မင်းပြဿနာဟာ ဘာလဲသိလားလို့” စကားစလိုက်တယ်။ မင်းသုံးနှစ်သမီးအရွယ်ကလေ မင်းဒါတွေဖြစ်ခဲ့တယ်သိလား…”

အီရင် သူမအသက်တာ အသေးစိတ်ကို ပြောပြလိုက်တယ်။ သုံးနှစ်အ ရွယ်၊ ခြောက်နှစ်အရွယ် နောက်ကြီးလာတဲ့အထိ တိတိကျကျပြောပြလိုက်တယ်။ အိမ်

တောင်ပြသနာတွေ၊ လိင်ကိစ္စဖောက်ပြန်တာတွေ အကုန်ဘဲ။ သူမ ပါးစပ်ဟ ပြီးကြည့် နေတယ်။ နောက်ပြီး ငိုတယ်။ ‘ရှင်ဒါတွေ ဘယ်လိုသိတာလဲ”လို့ မေးတယ်။ အဲဒီနေ့ မှာဘဲ သူမနဲ့မိတ်ဆွေတစ်စု ခရစ်တော်ကို လက်ခံလိုက်တယ်။ စာတန်ရဲ့ အဆောက်အအုံ ကို ဝိညာဉ်တော် ဆုကျေးဇူးတစ်ပါးနဲ့ တိုက်ထုတ်လိုက်တယ်။ အဲဒီ ဝိညာဉ်ဆုကျေးဇူး ကတော့ “ထိုးသွင်းခြင်းတရား’ဆုကျေးဇူးဖြစ်တယ်။

ကျွန်ုပ်တို့လည်း ဝိညာဉ်ဆုကျေးဇူးကို တောင်းခံထားဘို့လိုတယ်။ အံ့ သစရာကောင်းတဲ့ တန်ခိုးတွေဟာ ရနိုင်တယ်။ ဒီဆုကျေးဇူးတွေဟာ ကျွန်ုပ်တို့တိုက်ပွဲ

ကို အထောက်အကူပြုတယ်။ အမှောင်ထုကို နှင်ထုတ်နိုင်တယ်။

အစေခံခြင်းတိုက်ပွဲဘဲ၊

ဝိညာဉ်ရေးရာတိုက်ပွဲမှာ အံ့သြဘွယ်ရာ နည်းစနစ်က အစေခံခြင်းမှာ ဖြစ်တယ်။ စာတန်ရဲ့ သဘောသဘာဝက ယော၊ ၁၀၁၀အရ ခိုးခြင်း၊ သတ်ခြင်း၊ ဖျက်ဆီး ခြင်းလာတယ်။ ကျွန်ုပ်တို့ဟာ တန်ပြန်ရမယ်။ အချို့လူတွေ ပျောက်ဆုံးမှုရှိတယ်။ ကျန်းမာရေး ကျဆင်းတယ်။ စစ်မက်အင်္ဂါကြောင့် ပျက်စီးဆုံးရှုံးမှုတွေ များစွာရှိတယ်။ အချို့ ဝမ်းနည်းစရာတွေလည်း အများကြီးပါဘဲ။ ကူညီမစရင် စာတန်ရဲ့ လုပ်ဆောင်ချက် တွေကို ဖယ်ရှားတာဖြစ်တယ်။ လူတွေကို ကိုယ်ထိလက်ရောက် အစေခံတာ လူမှုရေး သာသနာမကပါဘူး။ ဘုရားသခင်က စေခိုင်းတာဖြစ်တယ်။ တိုက်ရိုက်ဝိညာဉ်ရေးရာ တိုက်ပွဲလည်း ဖြစ်တယ်။ ချစ်ခြင်းမေတ္တာနဲ့ အစေခံတာ အဖျက်သမားတွေကို မောင်း ထုတ်တာနဲ့ အတူတူဘဲ။ လူတွေကို ဖျက်မယ်၊ သေစေမဲ့ စာတန်လုပ်ရပ်ကို တန်ပြန်တာ ဖြစ်တယ်။

ရန်သူမှာ နည်းစနစ်ရှိတယ်။ ဖျက်ဆီးတယ်။ ထောင်ပေါင်းများစွာ နေ့စဉ် ပျက်စီးဆုံးရှုံးကြရတယ်။ ဘုရားသခင်ရဲ့ အသင်းတော်ဟာ လူတွေရဲ့ လိုအပ်ချက် တွေဖြည့်ဆီးပေးရင် စာတန်ရဲ့ လုပ်ငန်းဟာ ပျက်ပြားသွားမှာဘဲ။ ငတ်မွတ်သူကို ကျွေး မွေးရမယ်။ အိုးမဲ့အိမ်မဲ့ကို နေရာချထားရမယ်။ သုံ့ပန်းတွေကို ပြုစုရမယ်။ သဘာဝဘေး ဒဏ်ကြောင့် ခံစားရတဲ့ ဒုက္ခသည်တွေကို ကူညီမစရမယ်။ ဒါဟာ တိုက်ပွဲဘဲ။ အဖျက် သမားကို မောင်းထုတ်တာနဲ့ အတူတူဘဲ။

ရှုတ်ကပတ်တော်ကိုအခြေခံတဲ့ယုံကြည်ခြင်း

တိုက်ပွဲတွေမှာ ယုံကြည်ခြင်းဟာ အရေးကြီးတယ်။ ယုံကြည်ခြင်း၊ ဟာဘုရားသခင် ကျွန်ုပ်တို့တောင်းတာတွေ ပေးမှာဘဲဆိုတဲ့စိတ်ထဲက ခံစားချက်တွေ မဟုတ်ဘူး။ ယုံကြည်ခြင်းဆိုတာ ဘုရားဟာ ဘယ်သူလဲဆိုတာ သိလို့ယုံတာဖြစ်တယ်။ ဘုရားသခင် ဖော်ပြခဲ့တာကို ယုံတယ်။ ယုံကြည်ခြင်းနှုတ်ကပတ်တွေ ဖွင့်ဟချက် တွေ ၊ မှာ အခြေခံတယ်။ နှုတ်ကပတ်တော် ဖော်ပြချက်ကို ယုံတယ်။ ကျမ်းစာမှာ ဖော်ပြတဲ့ ဘုရားသခင်ရဲ့အကြောင်းအရာတွေကိုလည်း ယုံတယ်။

ဟေဗြဲ၊ ၁၂း၂ မှာ ယုံကြည်ခြင်းကို အစအဦး စီရင်၍ စုံလင်စေတော် မူသော သခင်ယေရှုကို စေ့စေ့ထောက်ရှုကြကုန်အံ့ လို့ ဖော်ပြထားတယ်။ ဘုရားသခင် အစလုပ်ရင်း ပြီးအောင်လုပ်တယ်။ ဘုရားသခင်က တစ်ခုခုဖြစ်တော့မယ်လို့ ပြောရင်

အမှန်ဖြစ်တာဘဲ။ သို့သော်လည်း ကျွန်ုပ်တို့အနေနဲ့ ယုံကြည်ခြင်းကို အဆင့်ဆင့်တက် လှမ်းကြဖို့ လိုတယ်။ အဆင့်ဆင့် နာခံကြရမယ်။ ဒီတော့မှ အမှောင်အင်အားစုဟာ နောက်ဆုတ်သွားပါလိမ့်မယ်။ ။

ကျွန်တော် ကိုနာကျွန်းမှာနေတယ်။ အဲဒီကျွန်းဟာ ဝေယံကျွန်းစုမှာ ရှိတယ်။ အိမ်ကတော့ ဝိုင်ဝင်(မ်)ရဲ့ နိုင်ငံတကာ တက္ကသိုလ်ကျောင်းဝင်းနားမှာဘဲ ရှိ တယ်။ အိမ်ကတော့ ပစိဖိတ်သမုဒ္ဒရာကို မျက်နှာပြထားတဲ့ လှပတဲ့အိမ်ပါဘဲ။ ဒီအိမ်ကို ဝယ်ရတာ ဝိညာဉ်ရေးရာ တိုက်ပွဲတစ်ခုကို ဆင်နွှဲလိုက်ကြရတယ်။ ယုံကြည်ခြင်း အဆင့် ဆင့်ကိုတက်ရတယ်။ အချို့လောကီမျက်စိနဲ့ကြည့်တော့ သိပ်အဓိပ္ပါယ်မပေါက်ကြဘူး။ စ ဘုရားသခင်ဟာ ဝိုင်ဝင်(မ်)အဖွဲ့သားတွေကို ပြောတယ်။ သူတို့မှာရှိတဲ့ အမြတ် တနိုး တန်ဖိုးထားတဲ့အရာတွေကို အချင်းချင်းပေးခိုင်းတယ်။ ဒီအိမ်ကို အပြိုင်အ ဆိုင် ဝယ်လိုတဲ့လူတွေရဲ့ လောဘစိတ်တွေ ပျောက်သွားစေရန်အတွက် ဖြစ် တယ်။ • သာသနာ့ အမှုတော်ဆောင်တွေကို ညအပြင်ထွက်ပြီး စခန်းချခိုင်းတယ်။ သူတို့ မိသားစုနဲ့ အလှည့်ကျမြေကြီးပေါ်မှာ အိပ်ခိုင်းတယ်။ အဲဒီအချိန်မှာ ကျန်တဲ့မိသား စုတွေကတော့ ဂုဏ်တော်ချီးမွမ်းခိုင်းမယ်။ အဓိပ္ပါယ်ကတော့ ဘုရားသခင်တစ် ပါးတည်းကသာ ဦးခေါင်းပေါ်မှာ အမိုးပေးနိုင်တယ်ဆိုတာကို သတိရအောက်မေ့ စေဘို့ ဖြစ်တယ်။ စီ ခေါင်းဆောင်ဖြစ်တဲ့ လော်ရင်ကမ်းနင်းဟမ်းဟာ တရားသူကြီးကို ကြေညာ ချက်တွေကို ဖတ်ပြတယ်။ အိမ်ကိုဝယ်ယူလက်ခံတဲ့အချိန်မှာ ဖြစ်တယ်။ ဒီကြေ ညာချက်ဟာ လော်ရင်ကို ဘုရားသခင်ပြောခိုင်းတဲ့စကားတွေ ဖြစ်တယ်။ လော ကီအနေနဲ့တော့ ဒါတွေဟာ ရယ်စရာအလုပ်တွေလို့ ထင်ကြမှာဘဲ။

သုံးနှစ်လွန်မြောက်ခဲ့ပါတယ်။ နောက်ဆုံးတော့ ရှေ့နေဟာ စာချုပ် စာတမ်းတွေကို ချုပ်ဆိုတဲ့အခါမှာ ပြောတယ်။ “အင်း၊ခင်ဗျားတို့ ဘုရားဟာ ဒီဥစ္စာပစ္စည်း တွေကို မင်းတို့ကိုဘဲပေးတယ်”လို့ ပြောတယ်။ ဘုရားကပေးတာပါဘဲ။ ပြီးတော့ ကျွန်ုပ် တို့ယုံကြည်ခြင်းလုပ်ဆောင်ချက်တွေကြောင့်လည်း ဖြစ်နိုင်တယ်။ ဝိုင်ဝင်(မ်)အဖွဲ့သား တွေအားလုံးရဲ့ နာခံမှုကိုအခြေခံတဲ့ ယုံကြည်ခြင်းဘဲဖြစ်တယ်။

( ၁ယော၊ ၅း၄ မှာ ကျွန်ုပ်တို့ယုံကြည်ခြင်းရဲ့ တန်ခိုးကိုတွေ့ရတယ်။ “ဘုရားသခင်၏ သားဖြစ်သောသူ မည်သည်ကား လောကကို အောင်တတ်၏။

လောက ကိုအောင်ခြင်းအကြောင်းမူကား၊ ငါတို့၏ယုံကြည်ခြင်းပေတည်း လို့ ပါရှိ တယ်။ ကျွန်ုပ်တို့ဟာ ဘုရားကိုလုံးဝအားကိုးတဲ့ လူတွေဖြစ်ရမယ်။ နှုတ်ကပတ်တော် ကို ရှာသောသူများ ဘုရားသခင်ကို စောင့်မျှော်သောသူများ ဖြစ်ရမယ်။ ဗျာဒိတ်တွေ

ဆင်းလာရမယ်။ အသက်ရှင်တဲ့ နှုတ်ကပတ်တော်တွေ ရမယ်။ ဘုရားသခင်ရဲ့ အသံ တော်ကိုကြားရင်ယုံကြည်ခြင်းနဲ့ တက်လှမ်းပါ။ အဲဒီတော့ အမှောင်တန်ခိုးကို နိုင်မယ်။ စာတန်က မသိနားမလည်ရင် ကြိုက်တယ်။ ကျမ်းစာမယုံရင် ကြိုက်တယ်။

ကျွန်ုပ်တို့ဟာ ဘာသာတရား ကိုင်းရှိုင်းတဲ့ပုံစံနဲ့ သက်သက်သာသာ နေတတ်တယ်။ အဲဒီအသက်ရှင်မှုပုံစံထဲ ပြန်မရောက်သွားအောင် ကာကွယ်ပါ။ ကျွန်ုပ် တို့လုပ်နေကျကတော့ ကျမ်းစာဖတ်တယ်။ ဘုရားကျောင်းသွားတယ်။ ဆုတောင်းကြ တယ်။ မိဿဟာယဖွဲ့ကြတယ်။ ပုံစံက မမှန်တော့ ဘုရားသခင်ထံကဘာမှမကြားဘူး။ ယုံကြည်ခြင်းနဲ့လည်း မလျှောက်လှမ်းနိုင်ကြဘူး။ ရေသာခိုတဲ့ နယ်ပယ်မှာ နွေတာများ လာတဲ့အခါ ဘုရားသခင်ဟာ ဘယ်သူလည်းဆိုတာ မသိကြတော့ဘူး။ ဘုရားသခင်ဘာ သွန်သင်တာလည်း မသိတော့ဘူး။ ယုံကြည်ခြင်းခွန်အားကြီးရမယ်။ အဲဒီယုံကြည်ခြင်းနဲ့

လျှောက်လှမ်းရမယ်။ မဟုတ်ရင် ကမ္ဘာက ကျွန်ုပ်တို့ကို လွှမ်းမိုးသွားပါလိမ့်မယ်။ ကျွန်ုပ် တို့ ကမ္ဘာကို မနိုင်ကြတော့ဘူး။

ကျွန်ုပ်တို့ ဘာဘဲလုပ်လုပ် နှုတ်ကပတ်တော်အတိုင်း လုပ်ဆောင်ပါ။ ရော၊ ၁၀၁ရ မှာ ပါတဲ့အတိုင်းဘဲ ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့် ဖြစ်၏။ ကြားနာခြင်းသည်လည်း ဘုရားသခင်၏ စကားတော်အားဖြင့် ဖြစ်၏ လို့ သွန်သင် တယ်။ ဒီအတိုင်းလုပ်ရင် ယုံကြည်ခြင်းကြိုးဟာ တင်းမာစွာ ဆွဲကိုင်ထားပါလိမ့်မယ်။ ဒီကြိုးကိုဆွဲပြီး လုပ်ဆောင်ရင် ရန်သူကို ချည်နှောင်နိုင်ပါလိမ့်မယ်။ ကျွန်ုပ်တို့ ဘုရား သခင်က နှုတ်ကပတ်တော်စကားကို ကြားရင် အဖြေပေးတဲ့အတွက် ကျေးဇူးတင်ရမယ်။ ယုံကြည်ခြင်း ကို အမြဲဝန်ခံပါ။ ကော၊ ၄:၂ မှာပါတဲ့အတိုင်းဘဲ “ဆုတောင်း ပဌနာပြု ခြင်းအမှုကို အမြဲပြု၍ ကျေးဇူးတော်ကို ချီးမွမ်းလျက် စောင့်ရှောက်ကြလော့” လို့ မှာကြားတယ်။

ကျွန်ုပ်တို့ ယုံကြည်ခြင်းနဲ့ အသက်ရှင်ရမယ်။ ကျွန်ုပ်တို့မှာ ငွေတစ် သန်းဘဲရှိရှိ၊ တစ်ပြားမှမရှိတော့ဘူးဘဲ ဖြစ်ဖြစ်၊ ဘုရားသခင်အပေါ် လုံးဝဥဿုံ ယုံကြည် ကိုးစားပြီး အသက်ရှင်ကြရမယ်။ နယူးယောက်မြို့က ဘဏ်သူဌေးကြီးဟာ ယုံကြည်ခြင်း ရှိဘို့လိုတယ်။ အမေဇုံမြစ်ဝှမ်း တောနက်ကြီးထဲမှာနေတဲ့ သာသနာပြုဆရာလည်း လို တာ ဘဲ။ ယုံကြည်ခြင်းဖြင့် အသက်ရှင်ခြင်းဆိုတာ ဘုရားကို ကိုးစားပါ။ စောင့်မျှော်ပါ။ နားစွင့်ပါ။ ကြားနာပါ။ လုပ်ဆောင်ပါ။ မ၊ ၄၄မှာ လူသည်မုန့်အားဖြင့်သာ အသက် ကိုမွေးရမည်မဟုတ်။ ဘုရားသခင် `မိန့်တော်မူသမျှအားဖြင့် အသက်ကိုမွေးရမည် ကျမ်းစာလာသည်ဟု ပြန်ပြောတော်မူ ၏။ ကျွန်ုပ်တို့သည်လည်း ဘုရားသခင်၏ နတ်ကပတ်တော်နဲ့ အသက်ရှင်ကြရပါလိမ့်မယ်။ ယုံကြည်ခြင်းဖြင့် အသက်ရှင်မယ်။ အဲဒီအခါ ကျွန်ုပ်တို့ အမှောင်အင်အားစုကို ဖယ်ရှားလိုက်နိုင်ပါပြီ။

ဂုဏ်တော်ချီးမွမ်းခြင်းဖြင့်တိုက်ခိုက်ခြင်း ၊

ကျမ်းစာထဲမှ ဂုဏ်တော်ချီးမွမ်းခြင်းကြောင့် အမှောင်အင်အားစုကို မောင်းထုတ်တဲ့အကြောင်း အများကြီးရှိတယ်။ ၆ရာ (၂၀)မှာ ယောရှဖတ်အကြောင်းကို

ရတယ်။ သူဟာ ရန်သူနဲ့တွေ့တယ်။ စစ်တပ်တွေကို စေလွှတ်မယ့်အစား သူက ထာဝရဘုရားကို ချီးမွမ်းစေတယ်။ ဂုဏ်တော်ချီးမွမ်းခြင်းနဲ့ ရန်သူကို ရင်ဆိုင်တယ်။ ၆ရာ၊ ၂၀း၂၁-၂၂မှာ ထိုသူတို့သည် ချီးမွမ်းရာ သီချင်းကို ဆိုစပြုကြသောအခါ ယုဒ ပြည်ကို တိုက်အံ့သောငှါ လာသောစိရတောင်သားတို့ကို အချွန်အမျိုးသား၊ မောဘ အမျိုးသားတို့ တဘက်၌ ထာဝရဘုရား ချောင်းမြောင်းစေတော်မူသဖြင့် … အကုန် အစင်သတ်ပြီးမှ တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်၍ဖျက်စီးခြင်းသို့ ရောက်ကြ ၏လို့ ပါရှိတယ်။ ယောရှဖတ်ချီးမွမ်းသူရဲကောင်းတွေ ဂုဏ်တော်ချီးမွမ်းသောကြောင့် ဘုရားသခင်ဟာ သူ့ကောင်းကင်တမန်တပ်ကို စေလွတ်တိုက်ခိုက် အောင်ပွဲခံစေတယ်။ ရန်သူတွေကျရှုံးရတာ ဂုဏ်တော်ချီးမွမ်းခြင်း တန်ခိုးကြောင့် ဖြစ်တယ်။

ဂုဏ်တော်ချီးမွမ်းခြင်းဟာ ကျွန်ုပ်တို့အတွက်တော့ စည်းဝေးအစပြု ဘို့ အစီအစဉ်တစ်စုအနေနဲ့ အသုံးပြုလေ့ရှိကြတယ်။ လူတွေ နွေးထွေးအောင်လုပ်ဘို့ မ ဟုတ်ဘူး။ ခရစ်ယာန်အစဉ်အလာရှိလို့ ဆိုရမှာမဟုတ်ဘူး။ ဂုဏ်တော်ချီးမွမ်းခြင်းဟာ အစီအစဉ်တစ်ခု မဖြစ်စေရပါ။ သီချင်းဆိုတယ်။ လက်မြောက်ချီးမွမ်းတဲ့ အရာဟာ နှလုံး သားထဲက ခံယူချက်ကို ဖော်ပြလိုက်ခြင်းပါဘဲ။ ပြင်ပလက္ခဏာအနေနဲ့ လုပ်ရတာ ဘယ်

တော့မှ မဖြစ်စေပါနဲ့။ လုပ်ရိုးလုပ်စဉ်ဆိုရင် ဘာမှအဓိပ္ပါယ်မရှိတော့ဘူး။ ဒါပေမဲ့ ကျမ်း၊ စာကဖော်ပြတဲ့ ချီးမွမ်းခြင်းဟာ တကယ့်ချီးမွမ်းခြင်းဖြစ်သော အင်ထုကို ဖြိုခွင်း တယ်။ ဘုရားသခင်ရဲ့ ကောင်းကင်တမန်တွေ ဆင်းလာပြီးတော့ သူ့လူတွေအစား တိုက် ၊ ခိုင်းတယ်။ ဘုရားသခင် သင်တို့နဲ့အတူရှိတယ်။ ကာကွယ်စောင့်ရှောက်တယ်ဆိုတာ ဘုရားက လက်တွေ့ပြလိုက်တာပါဘဲ။

ဘာ၊ ၁၄၉း၅-၉မှာ ‘သန့်ရှင်းသူတို့သည် ဘုန်းကြီး၍ ဝမ်းမြောက် ဝမ်းသာကြစေ။ ကျိန်းဝပ်ရာပေါ်မှာ ရွှင်လန်းစွာ သီချင်းဆိုကြစေ။ တစ်ပါးအမျိုး သားတို့အား တရားအတိုင်း အပြစ်ပေး၍ လူစုတို့အား ……….ဘု ရားသခင်၏ ဂုဏ် တော်ကိုနှုတ်နှင့် ချီးမွမ်း၍ သန်လျက်ကိုလက်နှင့်ကိုင်ကြစေ။’ ယနေ့နိုးထတဲ့ အသင်း တော်တွေမှာ သန့်ရှင်းသောဝိညာဉ်တော်ဟာ ဆင်းသက်ပြီး ဂုဏ်တော်ချီးမွမ်းခြင်းကို အားသန်စေတာ တွေ့ရတယ်။ ဂုဏ်တော်ကို အင်အားနဲ့ချီးမွမ်းတယ်။ ဝတ်ပြုကိုးကွယ် တယ်။ သမ္မာကျမ်းစာ သင်တန်းတွေ လုပ်ကြတယ်။ နှစ်ဘက်ချွန်တဲ့ သံလျက်ကို လက်နဲ့ ကိုင်လာကြတယ်။ ကြီးပွားလာတယ်။ တိုးတက်လာတယ်။ နိုးကြားလာတယ်။ ကမ္ဘာ

ပေါ်မှာ ဒီအသင်းတော်တွေ အနှံ့အပြား ပေါ်ပေါက်လာပါပြီ။

ယနေ့ အခြေအနေရ ဒါတွေဟာ ဒီလောက်ဘဲလို့ ခံယူနေကြတဲ့ ကိစ္စ ပါဘဲ။ ဝတ်ပြုခြင်း မှန်လာတယ်။ သင်ကြားမှု ကောင်းလာတယ်။ လူတွေ ကျန်းမာတယ်။ ရင့်ကျက်တဲ့ ခရစ်ယာန်တွေဖြစ်လာတယ်။ ဘုရားကျောင်းသွားပြီး ဝတ်ပြုတယ်။ သင်

ကြားခံယူတယ်။ ကျောင်းသွားတယ်။ စခန်းသွားတယ်။ အားသစ်လောင်း အစီအစဉ်မှာ ပါလာကြတယ်။ ဒါဟာ အဆုံးမဟုတ်ဘူး။ ဒါတွေ ပြင်ဆင်မှုအဆင့်ဘဲ ရှိသေးတယ်။ ကြီး သောအမှုကိုလုပ်ဘို့ ဒါတွေလုပ်ကြရတာ။ သို့မဟုတ် ရည်မှန်းချက်ကို ပျက်ပြယ် သွားနိုင်တယ်။ ပြုစုပျိုးထောင်မှုနဲ့ ကျေနပ်သွားနိုင်တယ်။

ကျွန်ုပ်တို့ လုပ်ရတဲ့ရည်ရွယ်ချက်က ကောင်းကြီးခံရလောက် မဟုတ်ဘူး။ ဆာ၊ ၁၄၉ရ-၉ကို သေသေချာချာကြည့်ပါ။ “တပါးအမျိုးသားတို့အား တရား အတိုင်း အပြစ်ပေး၍၊ လူစုတို့အား ဒဏ်ခတ်ခြင်းငှာ၄င်း၊ သူတို့၏ ရှင်ဘုရင် များကို သံကြိုးနှင့်ချည်နှောင်၍ မှူးမတ်………….” ဂုဏ်တော်ချီးမွမ်း၊ ဝတ်ပြုကျမ်းစာ သင်ပြီးရင် အမှောင်ဘုရင်ကို တိုက်ဖို့ သံကြိုးနဲ့ချည်နှောင်ဘို့ သံခြေချင်းခတ်ဘို့ လုပ် ဆောင်ကြရမယ်။ စာတန်ကိုတိုက်ပွဲဝင်ကြရမယ်။

ဒါကြောင့် ဝတ်ပြုခြင်းနဲ့ ကျမ်းစာသင်ကြားခြင်းဟာ ဝိညာဉ်ရေးရာ တိုက်ပွဲဖြစ်တယ်။ ရန်သူကိုတိုက်ဘို့ အလင်းကိုအမှောင်နယ်မြေသို့ ပို့ဘို့ဖြစ်တယ်။ နိုင်ငံ

တော်တည်ထောင်စေဘို့ ဖြစ်တယ်။ ကျွန်ုပ်တို့ဟာ ဘုရားရှိခိုးကျောင်းကြီးတွေမှာ ကျေ နပ်ဘို့မဟုတ်ဘူး။ ကျွန်ုပ်တို့မှန်ကန်စွာ အသက်ရှင်၊ ဝတ်ပြု၊ ချီးမွမ်း၊ နှုတ်ကပတ်တော် ဖြိုဖျက်ပါ။ ဘုရားသခင် အလိုတော်ကို ပြည့်စုံစေဘို့ လုပ်ကြပါ။

နှုတ်ဖြင့်ရန်သူ့ကိုနှင်ထုတ်ပါ

အထက်ပါဖော်ပြခဲ့သလိုပါဘဲ၊ စာတန်ကိုတိုက်ခိုက်တဲ့အခါ နှုတ်နဲ့ တည့်တည့်မတ်မတ် မောင်းထုတ်လိုက်ပါ။ ယာ၊ ၄ရမှာ ဖော်ပြသလိုပါဘဲ၊ ဘုရားသခင် အလိုတော်သို့ လိုက်ကြလော့။ မာရ်နတ်ကို ဆီးတားကြလော့။ သို့ပြုလျှင် သူသည် သင်တို့ထဲကပြေးသွားလိမ့်မည်လို့ ပါရှိတယ်။ ရန်သူကို ပြတ်ပြတ်ကိုင်တွယ်ပါ။ မညှာ ပါနဲ့။ ခရစ်တော် တောထဲမှာ အစာရှောင်တုန်းကလိုဘဲ နှုတ်နဲ့ပြန်ပြောလိုက်တယ်။ နှုတ်ကပတ်နဲ့ တိုက်ခိုက်တယ်။ မ၊ ၁၂၂၉ မှာ ခရစ်တော်က သူရဲကို ရှေးဦးစွာ မချည် မနှောင်လျှင် အဘယ်သူသည် သူရဲအိမ်သို့ဝင်၍ သူ၏ဥစ္စာကို လုယူနိုင်အံ့နည်း။ သူရဲကို ချည်နှောင်ပြီးမှ သူ၏အိမ်ကို လုယူနိုင်၏လို့ ဖော်ပြတယ်။ သူရဲဟာ စာတန်ရဲ့ အပေါင်းပါတွေဘဲ။ ခရစ်ယာန်တွေကို အထူးလာချုပ်ကိုင်တယ်။ ပယ်ရှားကြတယ်။ သေရေးရှင်ရေး ဖြစ် တယ်။ ပေါ့ပေါ့မတွက်ပါနဲ့။

လွန်ခဲ့တဲ့နှစ်တွေက ဝိုင်ဝင်(မ်)အဖွဲ့ တည်ထောင်တဲ့ ပုဂ္ဂိုလ်လော်ရင်း ကန်နီဟမ်းရဲ့ ဇနီး ဒါလင်းကန်နီဟန်ဟာ အတွေ့အကြုံ တစ်ခုရလာတယ်။ သူတို့ ဝိုင် ဝင်(မ်) ပထမစခန်းဖြစ်တဲ့ ဆွမ်ဇာလန်နိုင်ငံမှာ နေစဉ်က ဒါလင်းဟာ အဝတ်လှမ်းတဲ့ အခန်း ကွန်ကရစ်အစိုပေါ်မှာ ရပ်နေတယ်။ အဝတ်တွေကို အဝတ်လျှော်စက်ကယူပြီး

တော့ အဝတ်ခြောက်လှမ်းစက်ထဲ ထည့်နေတယ်။ စက်ကြီးတွေဘဲ။ ဥရောပတိုက်မှာ လျှပ်စစ်အားကတော့ ဗို့ ၃၅ဝ ဖြစ်တယ်။

အခြောက်လှမ်းစက်နောက်ထဲ အဝတ်တစ်စကျသွားတော့ ဒါလင်း လှမ်းပြီးတော့ ကောက်ယူလိုက်တယ်။ စက်ပြင်သမားတွေက အဖုံးပြန်မတတ်ခဲ့ကြ ဘူးဆိုတာ မသိလိုက်ဘူး။ သူမလက်ဟာ လွတ်နေတဲ့ ဝိုင်ယာကြိုးနဲ့ ထိလိုက်တာနဲ့ တစ် ကိုယ်လုံး ခါထွက်သွားတာဘဲ။ သူမ ဓါတ်အားကြိုး ကပ်နေတော့တာဘဲ။ ဗို့ ၃၅၀ အားဟာ တစ်ကိုယ်လုံး စီးဆင်းတော့တာဘဲ။ “ဘုရားကယ်ပါ။ ယေရှုကယ်ပါ”လို့ အော် တော့တာဘဲ။ ဒါပေမဲ့ ဓါတ်အားဟာ ဝင်နေတုန်းဘဲ။

သူမ သေဖို့စက္ကန့်အနည်းငယ်ဘဲ လိုတော့တာ သိလိုက်တာနဲ့ ဒါလင်း ဆုတောင်းပြန်တယ်။ “ဘုရား ဘာဖြစ်လို့ အလုပ်မလုပ်တာလဲ?” လို့ အော်ပြန်တယ်။ “ဘာ ဖြစ်လို့ ကျွန်မအော်တာကို မဖြေတာလဲ?”လို့ ပြောတော့ ဘုရားကချက်ချင်းဖြေတယ်။ “ဒါလင်း၊ စာတန်ကိုချည်နှောင်လိုက်ပါ”လို့ အမိန့်ပေးတယ်။ ဒါလင်း စာတန်ကို နှင်ထုတ် လိုက်တဲ့အခါ၊ ကိုင်ထားတဲ့ ဝိုင်ယာကြိုးက လွှတ်ထွက်လာပြီးတော့ နံရံဘက်ဆီသို့ လန် ထွက်သွားတယ်။

ရက်တော်တော်ကြာကြာ ဒါလင်းရဲ့နှလုံးခုန်ကာ မမှန်ဘူး။ ဒါပေမဲ့ ပြန်ကောင်းလာတယ်။ ဝိုင်ယာကြိုးဓါတ်အားကြောင့် လက်ဝါးပေါ်မှာ တစ်လက်မ လောက် မီးလောင်သွားတယ်။ နောက်တဖြည်းဖြည်းကုတော့ အမာရွတ်တောင် မရှိ တော့ဘူး။ ဒါပေမဲ့ ဒါလင်းဟာ အဝတ်လျှော်ခန်းရဲ့ သင်ခန်းစာကိုတော့ ဘယ်တော့မှ မမေ့နိုင်တော့ဘူး။

နောက်ဆုံးသောလက်နက်

ယခုခေတ်မှာ လူတွေက ထွက်ပြေးကြတယ်။ ခေါင်းဆောင်နေရာက ထွက်ပြေးတယ်။ အိမ်ထောင်က ထွက်ပြေးတယ်။ အသင်းတော်အပြင်ဘက် ရောက်သွား ကြတယ်။ ကျွန်ုပ်တို့ စိတ်ဓါတ်ကျတယ်။ နာကြည်းတယ်။ ထွက်ပြေးတယ်။ ဒါဟာ ဝိညာဉ်ရေးရာတိုက်ပွဲဖြစ်တယ်။ သင်ဟာဇွဲသတ္တိ၊ ခံနိုင်ရည်လိုနေပါပြီ။ သင်သည် ဘုရား ၊ သခင်ရဲ့ အလိုတော်ကို ဆောင်မှ၊ ကတိတော်ကို ခံစားကြရမယ်။ (ဟေဗြဲ၊ ၁၀၃၆)။ စာတန်ကတော့ ဘုရားလူတွေ လက်မြှောက်အရှုံးပေးတာ စောင့်နေတယ်။ သူတို့ဝန်း

ကျင်၊ ပေးအပ်တဲ့တာဝန်၊ နေ့စဉ်ရုန်းကန်နေရတာတွေဟာ များလွန်းတယ်။ ဒဏ်မခံနိုင် ကြဘူး။ ၊

အောင်နိုင်သူဆိုတဲ့ လူဟာဘယ်တော့မှ အရှုံးမပေးဘူး။ ကျွန်ုပ်တို့ တင်းမာလာရင် စာတန်နောက်ဆုတ်သွားတယ်။ ကျွန်ုပ်တို့ခံနိုင်ရည်ရှိတာသိရင် သ ချက်ချင်းလိုဘဲ ထွက်သွားပါလိမ့်မယ်။ တစ်ခါတစ်ရံ ထိရောက်တဲ့လက်နက်ဆိုတာ

နောက်ဆုံး လက်နက်ကတော့ “ဒါမဖြစ်လာရင်၊ ငါအသေခံလုပ်မယ်”လို့ ပြောပါ။ ကျမ်း စကားအရပြောရရင် ဗျာ၊ ၁၂၁၁ မှာ ပါတဲ့အတိုင်းဘဲ။ “သူတို့သည် အောင်မြင်၍ အသေခံ သည်တိုင်အောင် ကိုယ်အသက်ကို မနှမြောကြ”လို့ ပါရှိတယ်။

ဒီကြံ့ကြံ့ခံနိုင်တဲ့ လက်နက်ကြောင့် စာတန်အရှုံးပေးပါလိမ့်မယ်။ ခရစ်ယာန်တွေဟာ အောင်ပွဲမခံမှီကလေးမှာ ထွက်ပြေးသွားတတ်ကြတယ်။

ဝိညာဉ်ရေးရာ တိုက်ပွဲကို ရှုထောင့်အမျိုးမျိုးက ကြည့်ရင် ကျမ်းစာ မှာ ပါသမျှ ကျမ်းချက်တွေအားလုံး ဆိုင်တယ်။ ခရစ်ယာန်အသက်တာ တစ်ခုလုံးနဲ့လည်း ဆိုင်တယ်။ ခရစ်ယာန်ဘာသာဟာ ဘုရားနဲ့ ကျွန်ုပ်တို့ဟာ ပြည့်စုံတဲ့ကမ္ဘာကြီးမှာ လေ တိုက်ရရင် ပြီးတာဘဲ။ ကျွန်ုပ်တို့ဘုရားသခင်ရှေ့မှာ ထိုင်ကြမယ်။ အားလုံးပြုပြင်နေပြီး

တော့ ခရစ်တော်နဲ့ တထပ်ထဲတူလာကြမယ်။ အပြစ်ဆိုတာမသိဘူး။ စာတန်ဘယ်မှာ လဲ? ဒုစရိုက်တွေကို နို့နားမလည်ဘူး။ အချင်းချင်းကွဲပြားမှုလည်း မရှိနိုင်ဘူး။ ဒီဘဝကို ကျွန်ုပ်တို့ ရောက်ကြဘို့ မကြာပါဘူး။ ခရစ်ယာန်တိုင်းအတွက် ဘုရားသခင်ရဲ့ ထာဝရ အသက် ကတိတော်ဘဲ မဟုတ်လား? ကောင်းကင်ဘုံရောက်မှဘဲ ဘဝအမှန်ကို တွေ့ ရမယ်။ ဒါပေမဲ့ ခရစ်ယာန်ဘာသာဟာ ဒါပါဘဲလို့ ဟန်ဆောင်မှုမလုပ်ကြပါနဲ့။ ဒီဘ၀၊ ဒီကမ္ဘာမှာ ရနိုင်တယ်လို့ မထင်ပါနဲ့။ လွဲမှားတဲ့ ထွက်ရာလမ်းဖြစ်နေမယ်။ ကျဆုံး၊ တဲ့ကမ္ဘာမှာ အခုနေနေရတယ်။ ဒုစရိုက်ကို မယုံနိုင်လောက်အောင် တွေ့နေရတယ်။ ကြားနေရတယ်။ လှည်စားတဲ့ စာတန်ရှိတယ်။ စုံစမ်းသွေးဆောင်ခြင်း ခံရတယ်။ ဘေးဒဏ်ကြီးကာလကို ကျော်ဖြတ်ကြရမယ်။ နှောင့်ယှက်ခြင်းအမျိုးမျိုး၊ အတိုက်အခံ အမျိုးမျိုးကို လွှဲရှောင်လို့မရတဲ့ ကမ္ဘာမှာနေရကြတယ်။ ဝန်းကျင်မှာ ပျောက်ဆုံး လူတွေ၊ ငတ်နေတဲ့လူတွေ၊ စစ်မက်အင်္ဂါကြုံတွေ့နေရတဲ့လူတွေ ရှိတာကို မငြင်းပါနဲ့

ဒါပေမဲ့ ဒါတွေဟာ ယာယီပါဘဲ။ ထာဝရကာလနဲ့ နှိုင်းစာရင် ဒါ ခဏကလေးပါဘဲ။ အချိန်ကာလရဲ့ မိနစ်ပိုင်းပါဘဲ။ သို့သော်လည်း ဒီအချိန်ကလေး အတွက် ဘုရားသခင်ရဲ့ အာရုံစူးစိုက်မှုကြီးမားတယ်။ ဘုရားက ဖန်ဆင်းခြင်းတွေအများ အကျယ်လုပ်တယ်။ အချိန်ကို တောင်းသော်လည်း ဒီကမ္ဘာမှာလူနဲ့စာတန်တိုက်ပွဲ အနာဂတ်အတွက် အဖြေဘဲ။ အောင်ပွဲဟာ ရပါတယ်။ ဒါပေမဲ့ အဲဒီအောင်ပွဲမှာပါ လူဟာအဓိက ဖြစ်နေတယ်။ သင်ပါသလား?

ကျွန်ုပ်တို့စစ်သူရဲတို့ရဲ့ တိုက်ခိုက်မှုကြောင့် အနာဂတ်မှာ အဖြေထွက် မယ်။ ဘုရားမပါလို့မရဘူး။ ဘုရားဟာ ဖန်ဆင်းရှင်၊ သခင်၊ ကယ်တင်ရှင်ဖြစ်တယ်။ ဘုရားဟာ ကျွန်ုပ်တို့ရဲ့ ခွန်အား၊ မျှော်လင့်ခြင်းဖြစ်တယ်။ ဘုရားကဘဲ အမှောင်ကိုနိုင် နင်းဘို့ အာမခံပေးထားတယ်။ ဒါပေမဲ့လို့ သူမလုပ်ဘူး။ လူတွေကိုလုပ်ခိုင်းတာ။ ဘုရား က ကျွန်ုပ်တို့ကို တာဝန်ပေးတယ်။ ဘုရားသခင်နိုင်ငံတည်ထောင်ဘို့ ကျွန်ုပ်တို့ဟာ ဘုရားရဲ့ လုပ်ဖော်ဆောင်ဖက်တွေ ဖြစ်တယ်။ စာတန်နိုင်ငံဖြိုဖျက်ဘို့၊ လက်တွဲရမယ်။ ဘုရားသခင်ဟာ သူ့လူတွေအဆင်သင့်ဖြစ်လာဘို့ စောင့်နေတယ်။ အောင်ပွဲခံဘို့ လက် ဝါးကပ်တိုင်ပေါ်မှာ အသွေးတော်နဲ့ ဝယ်ယူခဲ့တယ်။ ကျွန်ုပ်တို့ကားတိုင်ကို ပြန်လှည့် ကြည့်ပါ။ ခရစ်တော်နာမနဲ့ ဆုတောင်းပါ။ ကားတိုင်အောင်ပွဲကို ယူခဲ့ကြပါ။ ယခုအချိန် ယခုဒေသမှာ ကားတိုင်အောင်ပွဲ ဆင်နွှဲမယ်။

ဝိညာဉ်ရေးရာတိုက်ပွဲဟာ ခရစ်ယာန်အသက်ရှင်ခြင်းဘဲ။ သမ္မာ တရားနဲ့ နေ့စဉ်အသက်ရှင်ပါ။ စာတန်ကိုဂရုစိုက်ပါ။ ဆက်ကပ်အပ်နှံပါ။ ဘုရားက တာ ဝန်ပေးပြီဆိုတော့ အမှောင်ထုကိုမနှင်ထုတ်ရင် သူတို့ရှိနေမှာဘဲ။ ဒုက္ခပေးနေမှာဘဲ။ စာ တန်ကိုမောင်းထုတ်ပါ။ ကျွန်ုပ်တို့ဘာလုပ်ရင် ဘယ်သူလုပ်မှာလဲ? ကျွန်ုပ်တို့ ဒီကမ္ဘာမှာ ဒုစရိုက်တွေမရှင်းရင်၊ ဒုစရိုက်တွေ ဖုံးလွှမ်းနေဦးမှာဘဲ။

ဝိညာဉ်ရေးရာ တိုက်ပွဲဟာ ခရစ်ယာန်ဘာသာရဲ့ တစ်စိတ်တစ်ဒေသ မဟုတ်ဘူး။ ခရစ်ယာန်ဘာသာတစ်ခုလုံးဟာ တိုက်ပွဲပါ။ ကျွန်ုပ်တို့ဘာဘဲလုပ်လုပ် တိုက်ပွဲဘဲ။ ခရစ်ယာန်ဆိုတာ ဝိညာဉ်ရေးရာ သူရဲကောင်းဘဲဖြစ်ရမယ်။ ဝိညာဉ်ရေးရာ သူရဲကောင်းဖြစ်ရင် အသက်တာမှာ မှန်မှန်နေပါ။ အောင်ပွဲခံပါ။ ခရစ်တော် သင့်အနား မှာ ရှိဘို့ရန်တော့ မမေ့ကြပါနဲ့။

အခန်း(၁) လေ့လာမှုလမ်းညွှန်

တစ်ဦးချင်းလေ့လာရန်

။ သင်သည် ဆီးတားမှုသို့မဟုတ် ခက်ခဲမှုများကို ကြုံတွေ့ရသောအခါ ဝိညာဉ်ရေးရာ တိုက်ခိုက်မှုမှန်း မသိဘဲ နေခဲ့ပါသလား ? ယနေ့ထိုအရာ များကို မည်ကဲ့သို့ သင်တုန့်ပြန်မည်နည်း ? ၊ ဝိညာဉ်ရေးရာ တိုက်ခိုက်မှုကြောင့် ယနေ့ကျွန်ုပ်အသက်တာ၊ ကျွန်ုပ်ဝန်း

ကျင်တွင် ထိခိုက်နစ်နာမှုများ ပေါ်ပေါက်ပါသလား? ကျွန်ုပ်ခံစားမှုကို အခြေခံပြီး တွန်းလှန်မှုကို လုပ်ရမည်လား ? ။ ကျွန်ုပ်တို့ ဧဝံဂေလိတရား ဝေငှသောအခါ လက်မခံဘဲနေသူ ရှိပါသလား? ထိုသူကို ဝိညာဉ်ရေးရာ ဆိုင်ပြိုင်မှု လုပ်ရမည်လား ? ဝိညာဉ်ရေးရာ တိုက်ခိုက်မှုအပေါ် ပိုမိုသတိရှိရန် မည်ကဲ့သို့ လုပ်ဆောင်ရမည်နည်း ?

ကျွန်ုပ်တို့ဆုတောင်းခြင်းတွင် အခက်အခဲဆုံးသောအရာကား အဘယ် နည်း ? ၊ ယနေ့ကြုံတွေ့နေရသော ကြီးမားသော ဆုတောင်းခြင်းဆိုင်ရာ စိန်ခေါ် ချက်ကား အဘယ်နည်း ?

ကျွန်ုပ်တို့ အသက်တာတွင် အားနည်းခြင်းနှင့် ထိခိုက်နာကျင်စေနိုင်မည့် ဝိညာဉ်ရေးရာ နယ်ပယ်ကား အဘယ်နည်း? ဤအရာများကို တွန်းလှန် နိုင်ရန် ဘုရားသခင်သည် မည်သည့်ကျမ်းအခြေခံများကို လိုက်နာစေ သနည်း ? ဝိညာဉ်ရေးရာ တိုက်ခိုက်မှုများလာလျှင် ကျွန်ုပ်ဆိုင်ပြိုင်သူလား? ရှေးရှောင် ရှားသူလား? အဘယ်ကြောင့် ဤကဲ့သို့သော ခံယူချက်ဖြစ်လာရသနည်း? ကျွန်ုပ်ရပ်တည်ချက်များ ပြင်ဆင်ရမည်လား ? ပြုပြင်ရမည်လား ?

အဖွဲ့လိုက်လေ့လာဆွေးနွေးရန် • ကျွန်ုပ်တို့၏ မိဿဟာယအဖွဲ့တွင် တိကျသောစိန်ခေါ်ချက်များ ရှိပါသ

လား၊ ပြဿနာများ ရင်ဆိုင်နေရပါသလား? လူများစုဖြစ်သော အသင်း

တော်၌လည်း ဤအရာများရှိသလား ? ၊ • ဤပြဿနာများကို မည်ကဲ့သို့ အဖြေရှာခဲ့ကြပါသနည်း?

ဤစိန်ခေါ်ချက်များ ဤပြဿနာများသည် ဝိညာဉ်ရေးရာ တိုက်ခိုက်မှုကြောင့်ပါလား

ထိုတိုက်ခိုက်မှု များကို ရင်ဆိုင်နိုင်ရန် မည်ကဲ့သို့သော ပြင်ဆင်မှုပြု လုပ်မည်နည်း ? ။ ဒေးဗစ်ဝေါလစ်၏ အဖြစ်အပျက်ကိုကြည့်ခြင်းဖြင့် အပြင်းဖျားနာခြင်း၊ သေလုမျောပါးဖြစ်ခြင်းများအပေါ် တိကျသောဆောင်ရွက်မှုများဖြင့် ကွယ်ကာ၍ရမည်လား ? ။ ၈ ကျွန်ုပ်တို့ အသင်းသားတစ်ဦး စာတန်ကို တိုက်ခိုက်အောင်ပွဲခံခြင်းဖြင့် အသင်းတော်တွင် နှစ်ထောင်းအားရမှုဖြစ်မည်လား ? တစ်နိုင်ငံလုံး ခရစ် ယာန်လောကတွင်လည်း ရွှင်လန်းအားရမှုများ ဖြစ်ပေါ်မည်လား ? ကမ္ဘာနှင့်အဝှမ်း ထူးကဲမှုများဖြစ်လာမည်လား ?

အခန်း(၂) လေ့လာမှုလမ်းညွှန်

. တစ်ဦးချင်းလေ့လာရန်

  • ကျွန်ုပ်အသက်တာတွင် ဝိညာဉ်ရေးရာ ဆိုင်ပြိုင်တိုက်ခိုက်မှုများကို အ

လေးအနက်ထား၍ လုပ်ဆောင်ပါသလား? သို့မဟုတ် လစ်လျူရှုထား ပါသလား? အမှန်တကယ်ဖြစ်ရပ်များရှိလျှင် ဖော်ပြပါ။ ။ ကျွန်ုပ်သည် တင်းမာမှု၊ ခက်ခဲမှုအခြေအနေများတွင် ရန်သူ၏တိုက်ခိုက်မှု များလာနိုင်သည်ဟု ခံယူပါသလား ? ။ ဝိညာဉ်ရေးရာ ဆိုင်ပြိုင်တိုက်လှန်မှုများကို ဂရုမစိုက်ဘဲ နေနိုင်သည့်ခံယူ ချက်များကားအဘယ်နည်း? သမ္မာကျမ်းစာမှ ဖော်ပြသော ဤအရာ များအပေါ် ကျွန်ုပ်၏ ခံယူချက်ကို ပြန်လည်ဆန်းစစ်မည်လား ? ကျွန်ုပ်မည်မျှဘုရားကို သိပါသနည်း ? ဘုရားသခင်သည် စာတန်ထက် တန်ခိုးကြီးကြောင်းကို တိကျပြတ်သားစွာ သိရှိစေရန် ကျွန်ုပ်တို့ဘုရား သခင်နှင့် မည်မျှရင်းနှီးပွင့်လင်းစွာ နေထိုင်ပါသနည်း ? ။ ကျွန်ုပ်သည် ဝန်းကျင်၏လှိုင်းဂယက်တွင် အသက်ရှင်နေရသည်ဟု ခံယူ မည်လား၊ သို့မဟုတ် သင်သည် ခရစ်တော်နှင့်အတူ အသက်တာတွင် စိုးမိုးနေပါသလား? (သင့်အဖြေကို အကြောင်းပြချက်များနှင့် ဖော်ပြပါ။) ကျွန်ုပ်သည် ခရစ်တော်၌ပိုင်ပိုင်နိုင်နိုင် တည်ရှိနေပါသည်ဟူသော အချက် ကိုကျွန်ုပ်၏ ဝိသေသလက္ခဏာများဖြင့် သက်သေထူပါ။ တည်ရှိမှု အား နည်းချက်များရှိလျှင်လည်း ဖော်ပြပါ။

ဘုရားသခင်၏ ရွေးနှုတ်ကယ်တင်ခြင်းအပေါ် သစ္စာရှိစွာ အသက်ရှင် ပါသလား? သို့မဟုတ် ဘုရားပေးတာဝန်တွေကို လစ်လျူရှုထားပါ သလား? မည်သည့်အရာများကို ကျွန်ုပ်တို့ပြုပြင်သင့်ပါသလား ? ၊ ခရစ်တော်၌ တည်ရှိခြင်း၊ ခရစ်တော်နှင့်အတူ လျှောက်လှမ်းခြင်း၊ ခရစ်တော်နှင့်အတူ ဆိုင်ပြိုင်တိုက်လှန်ခြင်းများအတွက် ကျွန်ုပ်အသက်တာ တွင် လက်တွေ့ကျကျ ဘာလုပ်ရမည်နည်း ?

အဖွဲ့လိုက်လေ့လာဆွေးနွေးရန်

ဧဝံဂေလိလုပ်ငန်း တော်တော်များများတွင် အဘယ်ကြောင့် ဝိညာဉ်

ရေးရာ ဆိုင်ပြိုင်တိုက်လှန်မှုအစီအစဉ်များ ပျောက်ကွယ်နေရပါသနည်း? ဤသော့ချက်လုပ်ငန်း မရှိသည့်အတွက် မည်ကဲ့သို့သော အကျိုးဆက်များ ဖြစ်ပေါ်လာသနည်း ? ခရစ်ယာန်တော်တော်များများ ဝိညာဉ်ရေးရာ ဆိုင်ပြိုင်တိုက်လှန်မှုကို မ

လေ့လာပါ။ အဘယ်ကြောင့် ရှောင်ရှားကြသနည်း။ ၄င်းတို့၏ စိတ်နေ သဘောထားများ ပြောင်းလဲလာရန် မည်ကဲ့သို့ လုပ်ဆောင်ရမည်နည်း? ဧ ကျွန်ုပ်တို့၏ အသင်းတော်ဝန်းကျင်တွင် ဝိညာဉ်ရေးရာ ဆိုင်ပြိုင်မှုများကို အလေးအနက်ထား သွန်သင်မည်လား? မေ့ပျောက်စေမည်လား ? ၊ လူအပေါင်းတို့သည် ခရစ်တော်နှင့် ပြန်လည်သင့်မြတ်လာစေရန် ဝိညာဉ် ရေးရာဆိုင်ပြိုင်တိုက်လှန်မှုကို မည်ကဲ့သို့ အသုံးပြုမည်နည်း? ခရစ်တော်၏ ကိုယ်ခန္ဓာအသင်းတော်ကို တစ်လုံးတစ်ဝတည်းဖြစ်စေဖို့၊ ရင့်ကျက်လာ

စေဖို့၊ စုံလင်ခြင်းသို့ရောက်စေဖို့ လုပ်ဆောင်မည်လား ? ၊ • ဝိညာဉ်ရေးရာ ဆိုင်ပြိုင်တိုက်လှန်မှု လုပ်ငန်းကို ရှောင်ရှားကြသည့်အ

ကြောင်းပြချက်များကား အဘယ်နည်း? သူတို့၏ အကြောင်းပြချက်များ ကို မည်ကဲ့သို့ တုန့်ပြန်မည်ကို ဖော်ပြလား ? ၊ ကျွန်ုပ်တို့ ခရစ်တော်၌ မည်သူတွေဖြစ်သနည်း ?(ဧဖက် ၁-၃ ကိုလေ့လာ

ပါ)

အခန်း(၃) လေ့လာမှုလမ်းညွှန်

တစ်ဦးချင်းလေ့လာရန်

  • ကျွန်ုပ်အနေနှင့် ခရစ်ယာန်အသက်တာမှ ခေတ္တအပန်းဖြေ အနားယူ ဖူးပါသလား? ကျွန်ုပ်အသက်တာတွင် မည်သို့ဖြစ်လာမည်နည်း? နောင်

သောအခါ ဤကဲ့သို့ အနားယူမှုပုံစံ မဖြစ်စေရန် မည်ကဲ့သို့ ကာကွယ် ရမည်နည်း? အခန်း(၁)တွင် ကျွန်ုပ်တို့ အသက်တာ၌ ရန်သူ၏တိုက်ခိုက်မှုအတွက် ဘယ်နေရာတွင် အများဆုံးအားနည်းနေသနည်းဟု မေးထားသည်။ ပိုမို လေ့လာသောအခါ အဆိုပါအားနည်းချက်များကို ပီပီပြင်ပြင် ကျွန်ုပ်မြင် တွေ့လာပါသလား ? ၊ ကျွန်ုပ်၌ သေကြောင်းကြံစည်မှု စိတ်ထားပေါ်ပေါက်တတ်ပါသလား? ထိုအရာများ ကျွန်ုပ်စိတ်ထဲရောက်လာစေရန် ရန်သူသည် မည်သည့်ဖြစ် ရပ်များကို အကြောင်းပြုပြီး ထည့်သွင်းပါသနည်း? ဤကဲ့သို့သော ကြံစည်မှုများ ပပျောက်သွားစေရန် ကျွန်ုပ်မည်ကဲ့သို့ လုပ်ဆောင်မည် နည်း ? ။ စာတန်၏ ဝင်ရောက်ထိုးဖောက်စေရန် ကျွန်ုပ်မည်ကဲ့သို့သော အသက် ရှင်မှုများကြောင့်နည်း? စာတန်ကို ခွင့်ပြုခဲ့သည်များကို ရုပ်သိမ်းနိုင်ရန် မည်ကဲ့သို့ကျင့်ကြံ ပြုမူရမည်နည်း ? စာတန်၏လုပ်ဆောင်ချက်များကို မျက်ခြေမပြတ် ဂရုစိုက်နေထိုင်ရန် သတိပြုရမည့် အချက်များကား အဘယ်နည်း?

အဖွဲ့လိုက်လေ့လာဆွေးနွေးရန် • အဆက်မပြတ်ဖြစ်ပေါ်နေသော ဝိညာဉ်ရေးရာ ဆိုင်ပြိုင်တိုက်လှန်မှုများ

အပေါ် သတိဝိရိယရှိစေရန် မည်ကဲ့သို့ အသက်ရှင်မှု နည်းဟန်ရှိရ မည်နည်း? အချင်းချင်းတို့အတွက် မည်ကဲသို့ ဆုတောင်းပေးမ မည်ကဲ့သို့ ကာကွယ်ပေးမည်နည်း ? ၊ ကျွန်ုပ်တို့အသက်တာတွင် ရန်သူ၏ “ပျက်စီးခြင်းမျိုးစေ့” အဘယ်ကဲ့သို့

ချသနည်းကို အမျိုးအမည်များကို ဖော်ပြပါ။ • လှည့်ဖြာသော ကတိပေးချက်များအတွက် စာတန်၏အလွန်ထိရောက်

အောင်မြင်သော လုပ်ဆောင်ချက်များကား အဘယ်နည်း? စာတန်နည်း

စနစ်များကို သမ္မာကျမ်းစာ၌ မည်သည့်ဖြစ်ရပ်များက ပေါ်လွင်စေ သနည်း ? ။ ကျွန်ုပ်တို့၏ ရန်သူကိုမသိခြင်း၊ ရန်သူ၏လုပ်ရပ်များကို မသိခြင်း၏ အန္တရာယ်များကြား အဘယ်နည်း? ရန်သူကိုသိသည်။ ၄င်း၏နည်းစနစ်ကို လည်း သိသည်ဆိုလျှင် မည်သည့်အခွင့်အလမ်းများ ရရှိမည်နည်း ? ၊ ရန်သူ၏နည်းစနစ်နှင့် ထိုးနှက်ချက်များအပေါ် ကျွန်ုပ်တို့ အချင်းချင်း မည် ကဲ့သို့ တားဆီးကာကွယ်ပေးမည်နည်း ?

အခန်း(၄) လေ့လာမှုလမ်းညွှန်

တစ်ဦးချင်းလေ့လာရန်

 ကျွန်ုပ်၏စဉ်းစားတွေးခေါ်မှုများ၏ အရင်းအမြစ်ကို အချိန်ယူပြီး ရှုမြင်သုံး

သပ်နေပါသလား ? ။ •

ကျွန်ုပ်၏ စဉ်းစားတွေးခေါ်မှု နယ်မြေတစ်ခုခုတွင် စာတန်၏ ယဇ်ပလ္လင်

တည်ဆောက်ခွင့်ပေးထားပါသလား? ထိုယဇ်ပလ္လင်များ ဖြိုဖျက်စေရန် မည်ကဲ့သို့ ဆောင်ရွက်ရမည်နည်း ? ။ လွဲမှားသော ခံယူချက်များအပေါ် ပြုပြင်မွန်းမံရန် မည်သည့်နည်းလမ်းကို အသုံးပြုသနည်း? ကျွန်ုပ်တို့၏ ခံယူချက်၊ စိတ်လှုပ်ရှားမှုများအပေါ် ရန်သူ၏စိုးမိုးမှုကို ခွင့်ပြုထားပါသလား? မည်ကဲ့သို့ ခွင့်ပြုထားသနည်း?

စာတန်ချဉ်းနင်း ဝင်ရောက်လာမှုမရှိစေရန် မည်ကဲ့သို့ တားဆီးမည်နည်း? နု ကျွန်ုပ်၌ မာနထောင်လွှားခြင်း၊ မယုံကြည်မှုရှိခြင်း၊ ကြောက်ရွံ့တုန်လှုပ် မှုရှိခြင်းများ ရှိနေပါသလား? စာတန်၏ လုပ်ရပ်များကို အားပေးနေပါသ

လား? (သင်၏ အားနည်းမှုများကို တိကျစွာရေးသားဖော်ပြပါ။ ဤအပြစ် များကို ဝန်ချတောင်းပန်ကြရမည်။) . ။ စု နှုတ်သတ္တိနှင့်ဆိုင်သော ဝိညာဉ်တန်ခိုးကို လွဲမှားစွာ ကျွန်ုပ်သုံးစွဲနေပါ

သလား? ဤအပြစ်နှင့် ပတ်သက်ပြီး ကျွန်ုပ်တောင်းပန်ရမည့်သူများ ရှိပါသလား။ အပြစ်လွှတ်ရန် တောင်းပန်ရမည်လား ?

အဖွဲ့လိုက်ဆွေးနွေးရန်

အခြားယုံကြည်သူများအပေါ် အမြင်မကြည်လင်မှု ဖြစ်စေရန် စာတန် သည် မကောင်းမြင်စိတ်ကို ထည့်သွင်းပေးနေသလား ? မည်သည့်လုပ်ဆောင်ချက်များက ကျွန်ုပ်တို့အချင်းချင်း ခါးသီးမှုများကို အမြစ်တွယ်စေပါသနည်း? ထိုခါးသီးမှုများ အမြစ်တွယ်ပြီး အပင်ပေါက် မှုကို တားမြစ်ရန် မည်ကဲ့သို့ ဆောင်ရွက်ရမည်နည်း ? ၊ ယုံကြည်သူများ စိတ်လှုပ်ရှားမှုများအပေါ် အခြေခံပြီး ဆုံးဖြတ်ချက်များ ချလျှင် အသင်းတော်ကို မည်ကဲ့သို့ ထိခိုက်စေမည်နည်း ?

ဖော်ပြသောအကြောင်းအရာတစ်ခုသည် ရိုးသားစွာ ပြောဆိုရာမှ ပြစ် တင် ရှုပ်ချဝေဖန်သော ပုံကြီးချဲ့ စွပ်စွဲမှုကြီး ဖြစ်ပေါ်လာနိုင်သည်။ ဤ အရာများကို ကျွန်ုပ်တို့အတူတကွ မည်ကဲ့သို့ တားဆီးကြမည်နည်း ?

အခန်း(၅) လေ့လာမှုလမ်းညွှန်

တစ်ဦးချင်းလေ့လာရန်

  • ဘုရားသခင်က လူသည် သန့်ရှင်းရမည်။ ခိုင်ခံ့ရမည်။ နှိမ့်ချရမည် စသည်

ဖြင့် ဖော်ပြထားရာ ကျွန်ုပ်ဘာယုံသနည်း? ဘုရားသခင်၏ မိန့်မှာချက် များသည် စိတ်ကူးယဉ်လား? အမှန်တကယ် အမိန့်ပေးနေတာလား ၇ ကျွန်ုပ်တို့၏ ဝိညာဉ်ရေးရာအတွက် တိုးတက်ရေး၊ ရင့်ကျက်လာရေး အတွက် မည်သည့်အရာတစ်ခုခုကို လုပ်ရမည်နည်း? ကျွန်ုပ်၏ ဝိညာဉ်ရေးရာ တိုးတက်လာစေရန် ခရစ်ယာန်အသိုင်းအဝိုင်း တွင် လှုပ်ရှားရမည်လား? အဆိုပါအသိုင်းအဝိုင်းတွင် နောက်အပတ် အလုပ်စနိုင်ရန် မည်ကဲ့သို့ ပြင်ဆင်ရမည်နည်း ၇ “သတိရစေရန် အချက်ငါးချက်”ကို စတင်အသုံးပြုနိုင်ရန် ကျွန်ုပ်မည်ကဲ့သို့ လှုပ်ရှားရမည်နည်း ? ။ ဘုရားသခင်၏ နိုင်ငံတော်ကို နှောင့်နှေးစေပြီး စာတန်၏နိုင်ငံကို တိုးပွား စေမည့် လုပ်ရပ်ကို လုပ်ကိုင်ပေးပါ။ မည်သည့်ဆက်သွယ်မှုများက ထို အရာကို ပြုပြင်ပေးမည်နည်း ?

အဖွဲ့လိုက်လေ့လာဆွေးနွေးရန်

ပျော်ရွှင်ဝမ်းမြောက်စေမည့် ခရစ်ယာန်အသိုင်းအဝိုင်းကို ရရှိစေဖို့ ကျွန်ုပ် တို့မည်ကဲ့သို့ လုပ်ဆောင်ရမည်နည်း ? ဝတ်ပြုကိုးကွယ်ခြင်းသည် ဝိညာဉ်ရေးရာ ဆိုင်ပြိုင်တိုက်လှန်မှုအတွက် အ ဘယ်ကြောင့် အရေးကြီးပါသနည်း ? အားနည်းသော ခရစ်ယာန်များ၏ ခံယူချက်သည် ကျမ်းစာမှ သမ္မာတရား များနှင့် အဘယ်ကြောင့် ဆန့်ကျင်နေပါသနည်း ? ။ စာတန်မာရ်နတ်ကို တိုက်ခိုက်ခြင်းသည် ဘုရားသခင်၌ တည်ရှိခြင်းအ

ပေါ် အဘယ်ကြောင့် အခြေခံသနည်း ? ။ • ဝိညာဉ်ရေးရာ အင်အားစုကို ဆိုင်ပြိုင်တိုက်လှန်မည့်အစား ဘယ်သော

အခါမှ အသွေးအသားရှိသော ရန်သူများကို တိုက်ခိုက်ရမည်နည်း? ထိုအချိန်အခါမျိုးတွင် ထိရောက်စွာ ဆောင်မြင်စွာ မည်ကဲ့သို့ တိုက်ခိုက်ရ မည်နည်း?

အခန်း(၆) လေ့လာမှုလမ်းညွှန်

တစ်ဦးချင်းလေ့လာရန်

  • မမြင်နိုင်သော ကမ္ဘာ၏တည်ရှိမှုအပေါ် ကျွန်ုပ်၏ယုံချက်နှင့် ခံယူချက်

မည်သို့နည်း ? ။ မမြင်နိုင်သော ကမ္ဘာ၏ဖြစ်ရပ်များသည် နေ့စဉ်ကျွန်ုပ်၏ စဉ်းစားတွေး ခေါ်မှု၊ စိတ်လှုပ်ရှားမှုနှင့် လုပ်ဆောင်မှုများအပေါ် မည်မျှထင်ဟပ်စေ ပါသနည်း ? ။

ကောင်းကင်တမန်များ အမှန်တကယ် တပ်ချစောင့်ရှောက်နေမှုအပေါ် ကျွန်ုပ်ယုံကြည်သည်ဆိုလျှင် ကျွန်ုပ်၏ ဘဝစိန်ခေါ်ချက်၊ ဝန်းကျင်လှုပ်

ရှားမှုများအပေါ် ခံယူချက်ပြောင်းလဲသွားမည်လား ? ၊ ။ မည်သည့်ဘုရားသခင်၏ ဝိသေသလက္ခဏာများ၊ ဂုဏ်တော်များတို့သည် ၊

ကျွန်ုပ်၌ ကြီးမားသော ရူပါရုံနှင့် သိရှိနားလည်မှု လိုအပ်နေပါသလား? လိုအပ်ခဲ့ပါလျှင် ကျွန်ုပ်အသက်တာ၌ မည်ကဲ့သို့ တိုးတက်မှု ဖြစ်လာမည် နည်း ? ၊ • စာတန်နှင့် အပေါင်းအပါတို့သည် မည်သည့်တိကျသော ပုံစံဖြင့် ကျွန်ုပ်၏

စိတ်နှလုံးထဲသို့ ဝင်ရောက်လာပါသနည်း? စာတန်၏ ထိုးဖောက်ဝင်

ရောက်မှုကို ကျွန်ုပ်ထိရောက်စွာ မည်ကဲ့သို့ တွန်းလှန်ရမည်နည်း ? • ရန်သူကို ဆိုင်ပြိုင်တိုက်လှန်ရန် ကျွန်ုပ်ကိုယ်တိုင် တာဝန်ယူမည်လား?

မည်သည့်တိုက်လှန်မှုမျိုးသည် ပိုမိုထိရောက်အောင်မြင်စေမည်နည်း ?

အဖွဲ့လိုက်လေ့လာဆွေးနွေးရန်၊ • အဘယ်ကြောင့် အနောက်တိုင်းနိုင်ငံများသည် မမြင်နိုင်သော ကမ္ဘာအ

ပေါ် သံသယရှိနေခြင်း၊ လစ်လျူရှုရှိခြင်း ဖြစ်နေပါသနည်း ? ၊

ကောင်းကင်တမန်များ ကျွန်ုပ်တို့ ဝန်းကျင်တွင် အမှန်တကယ်ရှိနေခြင်း ကို သိရှိခံစားလာလျှင် ကျွန်ုပ်တို့ခံယူချက်၊ ဆောင်ရွက်ချက်နှင့် ဆု

တောင်းချက်များကို မည်ကဲ့သို့ ပြောင်းလဲစေမည်နည်း ? • စာတန်အပေါ် မည်သည့်လွဲမှားသော ယုံချက်များရှိနေပါသနည်း? ၄င်း တို့၏ စိတ်ကူးယဉ်လွဲမှားမှုများသည် ကျွန်ုပ်တို့၏ တွေးခေါ်မှု၊ လုပ်

ဆောင်မှုများအပေါ် မည်ကဲ့သို့ ထိခိုက်စေသနည်း ? ၊ စ ဘုရားသခင် ကျွန်ုပ်တို့ကို လုပ်ပေးမှာပဲဟူသော ခံယူချက်အစား၊ ဘုရား ပေးသောအာဏာနှင့် ကျွန်ုပ်တို့ ရန်သူကို တိုက်ခိုက်လျှင် စဉ်းစားတွေး ခေါ်မှု လုပ်ဆောင်မှုများ မည်ကဲ့သို့ ပြောင်းလဲသွားမည်နည်း ?

အခန်း(၇) လေ့လာမှုလမ်းညွှန်

တစ်ဦးချင်းလေ့လာရန်

ကျွန်ုပ်၏အသက်ရှင်မှုတွင် အတူတကွ ပေါင်းသင်းနေသော ခေါင်းဆောင် အချို့ရှိပါသည်။ ၄င်းတို့အား ခွန်အားဖြစ်စေရန်၊ တွန်းအားဖြစ်စေရန် ကျွန်ုပ်မည်ကဲ့သို့ လုပ်ဆောင်ရမည်နည်း ? ကျွန်ုပ်တွင် ခေါင်းဆောင်မှုတာဝန်ရှိပါသလား? ရှိလျှင် ထိရောက်အောင် မြင်မှုရှိစေရန် မည်ကဲ့သို့ ဖြည့်ဆည်းရမည်နည်း ? ကမ္ဘာ့လူမျိုးနွယ်များ ကမ္ဘာ့နိုင်ငံအသီးသီးအတွက် ထိရောက်စွာဆု

တောင်းပေးနိုင်ရန် မည်ကဲ့သို့ အစပြုရမည်နည်း ) အောက်ပါတို့ကို ဆောင်ရွက်လျှင် ကျွန်ုပ်အတွက် အကျိုးရှိမည်လား

(၁) အဆိုးမြင်ဝါဒကို ရှောင်ရှားခြင်း

(၂) ရန်သူအင်အားစုကို ဦးတည်၍ ဆု

တောင်းခြင်း

(၃) ဆန့်ကျင်ဘက်ဝိညာဉ်၌ အသက်ရှင်ခြင်း။ •

မုသာနတ်ဆိုးတို့ကို စူးစမ်းရှာဖွေဖော်ထုတ်ခြင်းဖြင့် ကျွန်ုပ်အသက်တာ

ကို မထိပါးစေရန် ပြတ်ပြတ်သားသား ဖြေရှင်းရမည်လား ? ဧဝံဂေလိလုပ်ငန်းကို ကျွန်ုပ်ဘယ်လိုခံယူပါသနည်း? စာတန်၏ အင်အားစု

သည် ကျွန်ုပ်၏ခံယူချက်များအပေါ် သြဇာညောင်းမည်လား ? • ဝိညာဉ်ဆိုးများကြောင့် ကျွန်ုပ်အသက်တာနဲ့ ချုပ်နှောင်မှုတစ်မျိုးမျိုး ရှိနေ ပါသလား? ထိုချည်နှောင်မှုများမှ လွတ်မြောက်ရန် မည်ကဲ့သို့ လုပ်ဆောင် ရမည်နည်း?

အဖွဲ့လိုက်လေ့လာဆွေးနွေးရန် • စာရေးသူက နံရံကြီးများအကြောင်း ဆွေးနွေးသောအခါ “ယနေ့ လင်မ

ယား၊ မိသားစုများ၊ အသင်းတော်များ၊ ကျောင်းများ တိုက်ခိုက်ခံနေ ရသည်”ဟု ဆိုရာ အဘယ်ကြောင့် မှန်သည်ဟု ဆိုရမည်နည်း ? ၊ ကမ္ဘာနှင့်အဝှမ်း စာတန်၏ တိုက်ခိုက်မှုများကို ယုံကြည်သူများ ဆိုင်ပြိုင် တိုက်လှန်ဆုတောင်းနိုင်ရန် မည်သည့်တန်ဆာပလာများ လိုအပ်နေပါ သနည်း ? ပထဝီအနေအထား၊ စာတန်၏အဆောက်အအုံကို သိရှိနားလည်မှသာ လျှင် ထိရောက်သော ဆိုင်ပြိုင်မှုကို ပြုလုပ်နိုင်မည်ဟု ဆိုနိုင်မည်လား ? ကျွန်ုပ်တို့၏ ဝန်းကျင်တွင် မည်ကဲ့သို့သော ရန်သူအင်အားစုအများဆုံး ရှိမည်နည်း? ထိုဒေသရှိ အသင်းတော်တွင် မည်ကဲ့သို့ တိုက်ခိုက်မှုခံရမည် နည်း ?

ခရစ်တော်ပေးအပ်ထားသော တန်ခိုးအာဏာကို ကိုင်ဆွဲခြင်းဖြင့် ကျွန်ုပ် တို့၏ ဧဝံဂေလိလုပ်ငန်း မည်ကဲ့သို့ အကျိုးခံစားရမည်နည်း?

အခန်း(၈) လေ့လာရန်လမ်းညွှန်

တစ်ဦးချင်းလေ့လာရန် • “

ကျွန်ုပ်အထဲမှာ ရှိသောသူသည် ကမ္ဘာလောကထဲတွင်ရှိသောသူထက်

ကြီးသည်”ဟူသော ကျမ်းစကားကို ကျွန်ုပ်မည်ကဲ့သို့ တုန်ပြန်ရမည်နည်း? • ကျွန်ုပ်အသက်တာတွင် အောင်ပွဲမခံနိုင်ရသေးသော နယ်မြေရှိပါသလား?

ပြောင်းလဲလာမှုကိုရရှိစေရန် အချက်နှစ်ချက်သုံးချက်ကို ရှာဖွေဖော် ထုတ်ရမည်လား ?

ကျွန်ုပ်နှင့် အခြားခရစ်ယာန်လက်ထဲတွင် ရှိသောကျမ်းစာမှ ဖော်ပြသည့် ၊

တန်ခိုးအာဏာကို ကျွန်ုပ်ယုံပါသလား ? • ခရစ်တော်၏ တန်ခိုးအာဏာအပေါ် ကျွန်ုပ်ဘယ်ကဲ့သို့ ယုံပါသနည်း?

ကျွန်ုပ်နေ့စဉ် အသက်ရှင်မှုအပေါ် ထိုတန်ခိုးအာဏာ မည်ကဲ့သို့ သက်ဝင် လှုပ်ရှားပါမည်နည်း ? ။ ခရစ်တော်ထံမှ ရသောတန်ခိုးအာဏာကို သုံးစွဲရာတွင် အကြီးဆုံးသော အဟန့်အတားကို ကျွန်ုပ်မြင်တွေ့ပါသလား? ဤအဟန့်အတားများကို ဖယ်ရှားရန် ကျွန်ုပ်မည်ကဲ့သို့ လျှောက်လှမ်းရမည်နည်း ? ၊ • ကျွန်ုပ်သည် ခရစ်တော်၌တည်ရှိပြီဟု ကြေညာလိုက်သည်နှင့် အခက်အခဲ

တွေ၊ ပြဿနာတွေ ပျောက်ကွယ်သွားမည်လား? မည်သည့်အရာများက ပြောင်းလဲမည်နည်း? ဘယ်ကဲ့သို့နည်း ?

အဖွဲ့လိုက်လေ့လာဆွေးနွေးရန် ၊ • ခရစ်တော်၏တန်ခိုးအာဏာသည် ကျွန်ုပ်တို့အထဲ၌ ရှိရမည်ဖြစ်သော်

လည်း မရရှိခြင်း၏ အဟန့်အတားများကား အဘယ်နည်း? ထိုအဟန့် အတော်များကို မည်ကဲ့သို့ဖယ်ရှားမည်နည် ၇ ခရစ်တော်၏ ကိုယ်ခန္ဓာအနေနှင့် ခရစ်တော်တန်ခိုးအာဏာများကို မည်

သည်နေရာများတွင် သုံးစွဲကြမည်နည်း ? • သမ္မာကျမ်းစာမှ ဖော်ပြထားသော တန်ခိုးအာဏာနှင့် တန်ခိုးအာဏာကို

ရရှိသောသူတို့၏ အနေအထားများကား အဘယ်နည်း ? ၊ • တန်ခိုးအာဏာကို သုံးစွဲသော “နည်းလမ်းငါးရပ်”ကို လုပ်ဆောင်ခြင်းဖြင့်ကျွန်ုပ်တို့ အသင်းတော်၏ လုပ်ဆောင်မှု၊ ဧဝံဂေလိထိုးဖောက်များကို ပြုပြင် ပြောင်းလဲပေးနိုင်မည်လား ?

 

အခန်း(၉) လေ့လာရန်လမ်းညွှန်

တစ်ဦးချင်းလေ့လာရန် • ကျွန်ုပ်အသက်တာတွင် ခက်ခဲမှုများကြုံတွေ့သောအခါ ဘုရားသခင်၏

မေတ္တာတော်၊ ဉာဏ်ပညာတော် တန်ခိုးတော်အပေါ် သံသယဖြစ်မည် လား? ထိုခက်ခဲသောအရာများ၏ အကြောင်းရင်းကို ယခုပိုမိုစွာ သဘော

ပေါက်ပြီ မဟုတ်ပါလား ? ၊ • ကမ္ဘာပေါ်တွင် ဒုစရိုက်များ၊ ညိစွန်းမှုရှိနေသည် အပေါ်လွဲမှားစွာ ကျွန်ုပ်

မြင်တွေ့ခဲ့ပြီမဟုတ်လား? ဤစာအုပ်ကိုဖတ်သောအခါမှ ကျွန်ုပ်၏ထင် မြင်ယူဆမှုကို မည်ကဲ့သို့ ပြောင်းလဲစေခဲ့သနည်း ? ။ ကျွန်ုပ်အသက်တာတွင် ရန်သူ၏ လုပ်ဆောင်မှုများကို မည်ကဲ့သို့ တုန့်ပြန် ခဲ့ပါသနည်း? ထိုကဲ့သို့ တုန့်ပြန်မှုများကြောင့် ကျွန်ုပ်ဘုရားသခင်နှင့်

ဆက်သွယ်မှုအပေါ် မည်ကဲ့သို့ ရောင်ပြန်ဟပ်မည်နည်း ? ၊ ၈ စုံစမ်းခြင်းတွေ့သောအခါ “ဝမ်းမြောက်စရာအကြောင်းသက်သက်”ဟု မည်ကဲ့သို့ ခံယူမည်နည်း? ကျွန်ုပ်၏အသက်ရှင်မှု နည်းဟန်နှင့် စဉ်းစား

တွေးခေါ်မှုအပေါ် လွမ်းမိုးမှုရှိမည်လား? ၊ • ခက်ခဲသောအချိန်အခါများတွင် သည်းခံခြင်းကို ပြုစုရန် မည်ကဲ့သို့လုပ်

ဆောင်ရမည်နည်း ? ။ ယနေ့ကျွန်ုပ်အသက်တွင် ဝါကြွားဝမ်းမြောက်ခြင်းခံရန် စုံစမ်းသွေး

ဆောင်ခြင်း၊ ဒုက္ခဆင်းရဲခြင်းများ ရှိပါလား ? ကျွန်ုပ်အသက်တာ၌ လွန်ခဲ့သော “တောအရပ်တွေ့အကြုံ”များမှာ အကျိုး ကျေးဇူး မည်ကဲ့သို့ခံစားရပါသနည်း ? ။

အဖွဲ့လိုက်လေ့လာဆွေးနွေးရန်

® ဒုက္ခဆင်းရဲခြင်းသည် ဤမြေကြီးပေါ်၌ ရှိနေသည်ဟူသော အဆိုကို ယနေ့

ခရစ်ယာန်များ၊ အသင်းတော်များက ဖြေကြားရန် ရှောင်ရှားနေကြပါသ နည်း? ® ဤမြေကြီးပေါ်တွင် ဘုရားသခင်သာသနာတော် တည်တန့်ခိုင်မြဲစေရန်

လူအားပေးထားသော လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်သည် အဘယ်ကြောင့် အရေးကြီးပါသနည်း ? ။ • ဒုက္ခဆင်းရဲခြင်းနှင့် ရင်ဆိုင်ရသောအခါ ကျွန်ုပ်တို့အကျင့်စာရိတ္တကောင်း

မွန်ရေး၊ ဝိညာဉ်ခွန်အား တိုးပွားလာရေးအတွက် မည်ကဲ့သို့ လုပ်ဆောင် ရမည်နည်း ? ။ စုံစမ်းခြင်း၊ သွေးဆောင်ခြင်း၊ စစ်ဆေးခြင်းများသည် မလွဲမသွေ တည်ရှိ နေသောကြောင့် ကျွန်ုပ်တို့၏ ခံယူချက်မည်ကဲ့သို့ ရှိရမည်နည်း? စုံစမ်း သွေးဆောင်မှုနှင့် နှိမ့်ချမှုသဘောတရားများသည် ကျွန်ုပ်တို့ ဖြစ်စေလို သည် တွေးခေါ်မှုနှင့် လွဲချော်နေပါသလား? ဤကဲ့သို့ စစ်ကျောခြင်းအမှု၊ နှိမ့်ချခြင်းအမှုများ မရှိခဲ့ပါလျှင် အသင်းတော်သည် မည်ကဲ့သို့သော ပုံစံ မျိုးပေါ်ထွက်လာမည်နည်း ? ။

အခန်း(၁ဝ) လေ့လာရန်လမ်းညွှန်

တစ်ဦးချင်းလေ့လာရန်

စုံစမ်းသွေးဆောင်ခြင်းများကို တွေ့ကြုံခံစားနေရသည့် ကျွန်ုပ်၏ အသက်

တာနယ်ပယ်သစ်များ ရှိနေသည်ကို သတိပြုမိပါသလား? ထိုနယ်ပယ်များ ၊ တွင် တွန်းလှန်တိုက်ဖျက်နိုင်ရန် အချက်သုံး၊လေးချက်ကို ဖော်ပြမည် လား ?

စုံစမ်းသွေးဆောင်ခြင်းများ ရောက်ရှိလာသောအခါ တစ်ဦးတည်းခံစား၊ နေရသည်ဟူသော ခံယူချက်ကို ကျွန်ုပ်မည်ကဲ့သို့ တိုက်ဖျက် အနိုင်ယူရ မည်နည်း ? စုံစမ်းသွေးဆောင်ခြင်းများ ပေါ်ထွက်လာသောအခါ ချိုးနှိမ်တိုက်ဖျက်နိုင် ရန် စစ်မှန်သော စိတ်နေသဘောထားကား အဘယ်နည်း ?

စာတန်၏ ချောင်းမြောင်းတိုက်ခိုက်မှုများသည် ကျွန်ုပ်အပေါ်သို့ ကျ ရောက်လာသောအခါ၊ ကျွန်ုပ်ချေမှုန်းဖျက်ဆီးပစ်ရန် ဘာလုပ်ရမည် နည်း? ရန်သူနှင့် ဝိညာဉ်ရေးရာ ဆိုင်ပြိုင်တိုက်လှန်မှုများ ပြုလုပ်သောအခါ အကျွန်ုပ်အရှုံးမပေး၊ လက်မမြှောက်ဖို့ရန် ဇွဲသတ္တိနှင့် အပင်ပန်းခံလုပ် ဆောင်နိုင်မည်လား ? ။

အဖွဲ့လိုက်လေ့လာဆွေးနွေးရန်

စုံစမ်းသွေးဆောင်ခြင်း၏ အရင်းအမြစ်ကား အဘယ်နည်း? စုံစမ်းသွေး

ဆောင်ခြင်းအမှုအရာတွင် ဝန်းကျင်လောက၊ ဖြစ်ပေါ်သည့်အခြေအနေ များသည် အဓိကအကြောင်းတရားများ မဟုတ်ကြောင်း သင်သိပါ သလား ? စုံစမ်းသွေးဆောင်ခြင်းနှင့် အပြစ်တရား၏ ခြားနားပုံကား အဘယ်နည်း? ဤကွဲပြားခြားနားမှုကို ကောင်းမွန်စွာသဘောပေါက်နားလည်ခြင်း အဘယ်ကြောင့် အရေးကြီးပါသနည်း ၃ လူအများ ရှေ့မှောက်၌ အပြစ်ကိုဝန်ခံခြင်း၊ တာဝန်ရှိမှုကို ဖော်ပြခြင်း သည် အပြစ်နွံတွင်းမှ ရုန်းထွက်မှု၊ ဒုစရိုက်ကို ဖြိုဖျက်မှုများတွင် အဘယ်

ကြောင့် အကျိုးသက်ရောက်မှုရှိပါသနည်း ? • အသင်းတော် မိဿဟာယဖွဲ့ခြင်းလုပ်ငန်းများတွင် စုံစမ်းသွေးဆောင်မှု

များကို ထိရောက်အောင်မြင်စွာ တိုက်ထုတ်နိုင်ရန် မည်ကဲ့သို့ အစီအစဉ် များ ပြုလုပ်ကြမည်နည်း ?

အခန်း(၁၁) လေ့လာရန်လမ်းညွှန်

တစ်ဦးချင်း‌လေ့လာရန်

ဒုစရိုက်အပေါ် ဝင်ရောက်ထိုးဖောက်ဖျက်ဆီးမည်လား? ခုခံကာကွယ် မည်လား? အပြစ်ဒုစရိုက်အလုံးစုံ ပပျောက်သွားစေရန် ဝင်ရောက်ထိုး ၊

ဖောက် ဖျက်ဆီးမှုတွင် ကျွန်ုပ်မည်ကဲ့သို့ တိတိကျကျဆောင်ရွက် ရမည်နည်း ? ။ ကျွန်ုပ်နှင့်ဆိုင်သော “ဣတိတော်နယ်မြေ” အဘယ်မှာနည်း? ထိုနယ်မြေ တွင် ရန်သူများကို နှိမ်နှင်းရမည် ဖြစ်ပါသောကြောင့် မည်မျှထိထိရောက် ရောက် ကျွန်ုပ်ဆောင်ရွက်နိုင်မည်နည်း ? ကျွန်ုပ်အသက်တာတွင် ဘုရားသခင်သည် တိုက်ပွဲဝင်ရန် ရန်သူများချ ထားသည်။ ဘုရားသခင်၏ တန်ခိုးတော်နှင့် တိုက်ထုတ်နိုင်ရန် ထိုရန်သူ များကား အဘယ်နည်း ? ။ ဆုတောင်းခြင်း လက်နက်တွင် “ကျေးဇူးတော်ချီးမွမ်းခြင်းသည် အဓိက

သော့ချက်လက်နက် ဖြစ်သည်ဆိုပါက၊ မည်သည့်အရာများအတွက် အစဉ် တစိုက်ဘုရားသခင်ကို ကျေးဇူးတင်ရမည်နည်း ? ကျွန်ုပ်၏ဆုတောင်းခြင်း အသက်တာတွင် မိမိအတွက်သာ ဆုတောင်းပါ သလား? သူတစ်ပါးကို ဦးစားပေး၍ ဆုတောင်းပါသလား? လူအများ အတွက် ဆုတောင်းပေးနိုင်ရန် မှန်ကန်ဘက်ညီသော ဆုတောင်းခြင်း အသက်တာမျိုး မည်ကဲ့သို့ ရနိုင်မည်နည်း ? ၊ – ဘုရားသခင်သည် အထူးဆုတောင်းပေးရန် လူများအခြေအနေအမျိုးမျိုး

ကို အထူးသဖြင့် ဆုတောင်းပေးရန် ဘုရားသခင်နိုးဆော်နေသည်ဟု သင် ခံယူပါသလား ? ကျွန်ုပ်လူတွေအတွက်၊ အခြေအနေအမျိုးမျိုးအတွက် ဆုတောင်းသောအ ခါ အဖြေမရသဖြင့် စိတ်ဓါတ်ကျနေပါသလား? ကျွန်ုပ်ခံယူချက်၊ ကြိုးစား အားထုတ်မှုများကို အသစ်တဖန် ပြန်လည်ပြုပြင်ရမည်နည်း ?

အဖွဲ့လိုက်လေ့လာဆွေးနွေးရန် ၊ •

ဒုစရိုက်များကို ပယ်ဖျက်သောအခါ အစွန်းရောက်နေမှုများကို ဖော်ပြပါ။

အစွန်းထွက်နေသည့် ခံယူချက်များမှာ အဘယ်ကြောင့် သမ္မာကျမ်းစာနှင့် မကိုက်ညီပါသနည်း ? • အပြစ်ဒုစရိုက်များအပေါ် ဓမ္မဓိဋ္ဌာန်ကျကျ သမ္မာကျမ်းစာ၏ သွန်သင် ချက်ကား အဘယ်နည်း? ကျွန်ုပ်တို့ဝန်းကျင်ရှိ အနိဋ္ဌာရုံများကို တွန်းလှန် တိုက်ဖျက်သောအခါ သမ္မာကျမ်းစာနှင့်အညီ အသင်းတော်မိဿဟာယ အဖွဲ့သည် မည်ကဲ့သို့တုန့်ပြန်မည်နည်း ? ။ ကျွန်ုပ်တို့၏ဖြောင့်မတ်သောစိတ်ဆန္ဒများကို ဘုရားသခင်ထံတော်ပါးမှ ရဲဝံ့စွာတောင်းခံရမည်။ အဘယ်ကြောင့် ဤလုပ်ဆောင်ချက်များအပေါ် မကြောက်မရွံ့ လုပ်ဆောင်ရမည်နည်း ? ။ ဧ ကမ္ဘာနှင့်အဝှမ်းဘုရားသခင်၏ သာသနာတော် ထွန်းပြောင်စေဖို့၊ ကြားခံ ဆုတောင်းခြင်းသည် အဘယ်ကြောင့် အရေးကြီးပါသနည်း ?

အခန်း(၁၂) လေ့လာမှုလမ်းညွှန်

တစ်ဦးချင်းလေ့လာရန် •

ဘုရားသခင်၏ စကားကိုနာခံသည် မနာခံပါဟူသော အချက်နှစ်ချက်ကို

ရွေးချယ်ရာတွင် ကျွန်ုပ်အသက်တာ၊ အသင်းတော်၊ ဝန်းကျင်တွင် မည်ကဲ့ ၊ သို့သော ထူးခြားချက်များ ဖြစ်ပေါ်မည်နည်း ? •

နောက်တစ်ကြိမ်ခရီးသွားခဲ့လျှင် အတွေ့အကြုံသစ်များအပေါ် ကျွန်ုပ်၏ ဝိညာဉ်ရေးရာ ဆိုင်ပြိုင်တိုက်လှန်မှု အခြေခံမူဝါဒများကို မည်ကဲ့သို့ အသုံး

ပြုရမည်နည်း ? ။ •

အတိတ်ကာလများတွင် ပြဿနာကြောင့် ဒုက္ခတစ်ခုခုကြောင့် ကျွန်ုပ်

ဘုရားသခင်အပေါ် အပြစ်တင်ခဲ့ဖူးပါသလား? ထိုကဲ့သို့သော အခြေအနေ ပြန်ပေါ်လာခဲ့သော် ကျွန်ုပ်၏တုန့်ပြန်မှုကား အဘယ်နည်း ?

ဝိညာဉ်ရေးရာ ဆိုင်ပြိုင်တိုက်လှန်မှုတွင် အစာရှောင်ခြင်းကို လက်နက် အဖြစ်မည်ကဲ့သို့ အသုံးပြုရမည်နည်း ?

ကျွန်ုပ်၏ ပေးလှူခြင်းကြောင့် ဝိညာဉ်ရေးရာ ဆိုင်ပြိုင်တိုက်လှန်မှုတွင် ပိုမိုထိရောက်အောင်မြင်မှု ရှိရမည်လား ?

အတိတ်မှ ပြိုပျက်ခဲ့သော ဆက်ဆံမှုများကို မည်ကဲ့သို့ ပြန်လည်ကုစားရ မည်နည်း ? မည်သည့်ဝိညာဉ်ဆုကျေးဇူးများကို ဘုရားသခင်သည် ကျွန်ုပ်ကိုပေး သနား၍ လုပ်ဆောင်စေမည်နည်း? ထိုဝိညာဉ်ဆုကျေးဇူးများကို စနစ် တကျမည်ကဲ့သို့ လုပ်ဆောင်မည်နည်း ? ဘုရားသခင်သည် ကျွန်ုပ်အား ပဋိပက္ခတစ်ခုခု၊ ဆိုင်ပြိုင်တိုက်လှန်မှုတစ်ခု ခုအပေါ် လုပ်ဆောင်စေသနည်း? ထိုပြဿနာများကို ထိရောက်စွာ လုပ် ဆောင် ဖြေရှင်းနိုင်ရန် မည်ကဲ့သို့ ခြေလှမ်းလှမ်းမည်နည်း ?

အဖွဲ့လိုက်လေ့လာဆွေးနွေးရန်

ယုံကြည်သူတိုင်း သန့်ရှင်းမြင့်မြတ်သော အသက်ရှင်မှု၏ အရေးကြီးပုံ

ကား အဘယ်နည်း ? ဝိညာဉ်ရေးရာ ဆိုင်ပြိုင်တိုက်လှန်မှုကို စနစ်တကျကိုင်တွယ်လုပ်ဆောင်

နည်းကား အဘယ်နည်း ? • ဝိညာဉ်ရေးရာ နယ်ပယ်တွင် ခရစ်ယာန်များ တစ်လုံးတစ်ဝတည်းရှိခြင်း

၏အကျိုးအာနိသင်ကား အဘယ်နည်း? အသင်းတော်တွင် ညီညွတ်မှုကို တည်ဆောက်ရန် မည်ကဲ့သို့လုပ်ဆောင်မည်နည်း? အသင်းတော်အားလုံး ညီညွတ်ရန်လည်း လိုအပ်ပါမည်လော ? လူတစ်ဦး၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်းသည်ပင်လျှင် ဝိညာဉ်ရေး ရာဆိုင်ပြိုင်တိုက်လှန်မှုမဟုတ်ပါလား ? ။ ဝတ်ပြုကိုးကွယ်ခြင်းသည် ဝိညာဉ်ရေးရာ ဆိုက်ပြိုင်တိုက်လှန်မှု၏ လုပ်

ဆောင်မှုတစ်ရပ်ဟု ခံယူခဲ့ပါလျှင် ကျွန်ုပ်တို့တစ်ဦးချင်း၊ စုပေါင်းဝတ်ပြု ကိုးကွယ်ခြင်းသည် ပြောင်းလဲမှုကို ဖန်တီးနေသည် မဟုတ်ပါလား ? ဝိညာဉ်ရေးရာ ဆိုင်ပြိုင်တိုက်လှန်မှု၏ “နောက်ဆုံးသောလက်နက်” ကား အဘယ်နည်း) ဤလက်နက်သည် အောင်မြင်သော ခရစ်ယာန် အသက်တာအတွက် အဓိကကျနေခြင်း မဟုတ်ပါလား ?

စာရေးသူနှင့် ၄င်း၏သာသနာ့လုပ်ငန်း

ဟာဝေယံကျွန်းစုရှိ ကိုနာကျွန်းတွင် သာသနာပြုခရစ်ယာန်လူငယ် ဝိုင်ဝင်(မ်)မှ တည်ထောင်ထားသော နိုင်ငံတကာ တက္ကသိုလ်တွင် ဒင်းရှားမင်းသည် ခရစ်ယာန်သာသနာကောလိပ်၏ အုပ်ချုပ်ရေးမှူးဖြစ်သည်။ ၄င်းကို သမ္မာကျမ်းစာ ဆရာကြီးတစ်ဦးအနေနှင့် နိုင်ငံတကာက အသိအမှတ်ပြုထားသည်။ လေးစားကြည်ညို ကြသည်။ ၁၉ရဝ ခုနှစ်ခန့်မှစ၍ ဓမ္မအမှုတော်ဆောင် ညီလာခံများ၊ ဝိုင်ဝင်(မ်)ကျောင်း များ၊ အမေရိကန်ပြည်နယ် (၄၉)ခုမှ အသင်းတော်များနှင့် အခြားနိုင်ငံပေါင်း (၄၀)ကျော် တွင် သင်ကြားပို့ချသည့် ဆရာကြီးတစ်ဦးဖြစ်သည်။ ဆရာကြီး၏ သင်ခန်းစာများမှာ ကက်စက်တိတ်ခွေ၊ ဗွီဒီယိုတိတ်ခွေပေါင်း နှစ်သောင်းငါးထောင်ကျော်ရှိသည်။ ထိုသင် ခန်းစာများကို ဘာသာပေါင်း (၁ရ) ဘာသာဖြင့် ဘာသာပြန်ဆိုရောင်းချပါသည်။

ဆရာကြီးဒင်းသည် နယူးဇီလန်၊ မှီဂျီ၊ တွန်းဂါး၊ သြစတေးရီယားနှင့် နယူးဂင်နီနိုင်ငံများတွင် ဝိုင်ဝင်(မ်)သာသနာအဖွဲ့များကို ထူထောင်ရာတွင် ပါဝင်ခဲ့ပါ သည်။ အာရှတိုက်၊ ပစိဖိတ်နယ်မြေများတွင် ဝိုင်ဝင်(မ်)အဖွဲ့၏ ခေါင်းဆောင်မှု ကောင်စီ များတွင် အဖွဲ့ဝင်အဖြစ် ဦးဆောင်မှုပေးခဲ့ပါသည်။ ၄င်းပြင် ထိုနိုင်ငံများ၏ သာသနာ့ လုပ်ငန်းများတွင်လည်း အကြံပေး ပုဂ္ဂိုလ်အဖြစ် ပါဝင်ခဲ့ပါသည်။ ဆရာကြီးဒင်း၊ ဇနီးမီရှဲ နှင့် ကလေးနှစ်ဦးတို့သည် အော်ရီဂွန်ပြည်နယ် ဆာလမ်မြို့တွင် နေထိုင်ကြပါသည်။ ၄င်း မိသားစုသည် သာသနာပြုအဖွဲ့များနှင့် အာရှဒေသ၊ ပစိဖိတ်ဒေသများတို့တွင် သွား ရောက် အမှုတော်ဆောင်ရွက်ကြသည်။

သာသနာပြုခရစ်ယာန်လူငယ် (ဝိုင်ဝင််)အဖွဲ့နှင့် နိုင်ငံတကာတက္ကသိုလ်

ဝိုင်ဝင်(မ်)အဖွဲ့သည် နိုင်ငံတကာနှင့် သက်ဆိုင်သည်။ ခရစ်ယာန် သာသနာဂိုဏ်းပေါင်းစုံနှင့်လည်း သက်ဆိုင်သည်။ ကမ္ဘာနှင့်အဝှမ်း သခင်ယေရှုခရစ်၏ ဝမ်းမြောက်ဖွယ်ရာ သတင်းကို ဟောပြောကြရာတွင် ဧဝံဂေလိလုပ်ငန်း၊ သင်တန်းလုပ် ငန်း၊ ကရုဏာသာသနာလုပ်ငန်းများဖြင့် အကောင်အထည်ဖော်လုပ်ဆောင်သည်။ ဝိုင် ဝင်(မ်)အဖွဲ့တွင် အချိန်ပြည့်အမှုတော်ဆောင် (၅၀၀၀)ရှိရာ၊ နှစ်စဉ်အချိန်ပိုင်း အမှုတော်

ဆောင် (၂၅,၀၀၀)ကို မွေးထုတ်သည်။ ထိုသူများကို နိုင်ငံ(၁၀၀)တွင် အခြေစိုက်စခန်း (၃၉၀)တွင် အမှုတော်ဆောင်စေသည်။

နိုင်ငံတကာ တက္ကသိုလ်သည် မသဲ၊ ၂၈၁၈-၂၀ တွင် ခရစ်တော်၏ မဟာစေစားချက်ကို ဦးတည်ပြီး လူမျိုးတကာတို့ကို သတင်းကောင်းဝေငှရန် အမျိုးသား

အမျိုးသမီးများကို လက်နက်ကိရိယာ တပ်ဆင်ပေးသည်။ တစ်ကမ္ဘာလုံး သင်တန်း

ကျောင်း(၁၅၀)ရှိရာ၊ နိုင်ငံတကာကျောင်းအုပ်ချုပ်အဖွဲ့ရှိသည်။ ကျောင်းသားသမဂ္ဂအဖွဲ့ လည်းရှိသည်။ မူရင်းတက္ကသိုလ်မှာ ကိုနာကျွန်း၊ ဟာဝေယံကျွန်းစုတွင်တည်ရှိသည်။ ဒင်းရှားမင်းသည် ထိုကျောင်းတွင်နေထိုင်ပြီး သင်ကြားပို့ချသည်။

ဝိုင်ဝင် ( မ် ) ရည်ရွယ်ချက်လမ်းညွှန် Statement of Purpose(YWAM). သာာနပြုခရစ်ယာန်လူငယ်အဖွဲ့၊ ဝိုင်ဝမ်(မ်)သည် အပြည်ပြည်ဆိုင်ရာ ခရစ်ယာန်ဂိုဏ်းပေါင်းစုံမှပါဝင်သဖြင့် ခရစ်တော် အကြောင်းကို ဖေါ်ပြရန် ရည် ရွယ် သည် ။ လူမြောက်များစွာဖြင့် လှုပ်ရှားစေသည်။ ယုံကြည်သူများအား ခရစ်တော်၏မဟာစေစားချက်ကို လုပ်ဆောင် ရန် သင်ကြား ပို့ချခဲ့သည်။ အသက်တာကြီးထွားရင့်ကျက်ရန် ကရိယာ တန်ဆာ ပလာတပ်ဆင်ပေးသည်။ ကျွန်ုပ်တို့ အားလုံး ဘုရားသခင်၏ နိုင်ငံတော်သားများအနေနှင့် အချင်းချင်းချစ်ရမည်။ ဝတ်ပြု ကိုးကွယ်ရမည်။ ဘုရားသခင်၏စကားကို နားထောင်ရမည်။ ခရစ်တော်၏ကိုယ်ခန္ဓာတည်းဟူသော အသင်းတော်ကိုချစ်ရမည်။ အစေခံ ရမည်။ လူ တစ်ကိုယ်လုံးကို ကယ်တင်ဘို့ ရန် တစ်ကမ္ဘာလုံးတွင် ဥဿသုံသတင်းကောင်းကို ကြေငြာရမည်။ သာသနာပြုခရစ်ယာန်လူငယ်များအဖွဲ့အနေနှင့် သမ္မာကျမ်းစာသည် ဝိညာဉ်တော်မှုတ်သွင်းထားပြီး တန်ခိုးအာဏာရှိ သည်ဟု ယုံကြည်သည်။ ခရစ်တော်သည် ဘုရားသခင်၏သားတော် ဖြစ်သည်။ ပုံသဏ္ဌာန်တော်နှင့်အညီ ဘုရာ ဖန်ဆင်းထားသည်။ လူတိုင်းခရစ်တော်အားဖြင့် ထာဝရ အသက်ကို ရစေသည်။ လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင် ရှေ့တော်မှောက်၌ အသရေပျက်ကြ သော်လည်း ခရစ်တော်သည် ကားတိုင်ပေါ်တွင် အသေခံ ရှင်ပြန်ထမြောက် သောကြောင့် လူတို့သည် ကယ်တင်ခြင်းအခွင့်ကိုရနိုင်သည်။ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် နောင်တရခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သနားခြင်းအားဖြင့် တုံ့ပြန်ကြရမည်။ လူအပေါင်း တို့သည် ကယ်တင်ခြင်းကိုရ၍ သမ္မာတရားကိုသိရန် ဘုရားသခင်အလိုတော် ရှိသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏တန်ခိုးတွန်းအားဖြင့် ခရစ်တော်၏ နောက်ဆုံးစေစားချက်ဖြစ်သော လောကီ နိုင်ငံ အရပ်ရပ်ရှိသမျှသို့သွား၍ ဝေနေယျသတ္တဝါအပေါင်းတို့ ဧဝံဂေလိ တရားကို ဟောကြရမည်။ (မာ၊ ၁၆း၁၅ )

 

Leave a Reply

Your email address will not be published. Required fields are marked *