ကျော်သူဇင် ( မိုင်းဖြတ် ) ဘာသာပြန်သည်
(၁) သင်ကောင်းချီး ခံစားရတာ သင်ကိုယ်တိုင် ကောင်းချီးဖြစ်ဖို့ပါ
ဘုရားသခင်က ကျွန်ုပ်တို့ကို ပြန်ပြီးကြိတ်မဲ့ အောင်မြင်မှုမျိုးကို မရရှိစေချင်ဘူး။ ကြီးမားတဲ့ အမွေဥစ္စာကို ရရှိခြင်းအားဖြင့် (ဝါ) ထီပေါက်ခြင်း အားဖြင့် ရုတ်
တရက်ကောင်းစားသွားတဲ့ လူတွေရဲ့ အကြောင်းကို မိတ်ဆွေ ကြားဖူးမယ်လို့ ကျွန်ုပ် ယုံ ကြည်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရုတ်တရက်ပိုင်ဆိုင်
ရတဲ့စည်းစိမ်ဥစ္စာက သူတို့ကို ပိုကောင်းတဲ့ အသက် တာကို မပေးနိုင်ပါဘူး။ ရုတ်တရက် ချက်ချင်းလက် ငင်းကြီးပွားပြီး သူတို့ရဲ့ စည်းစိမ်က သူတို့ရဲ့ အသက် တာကို ပို မကောင်းစေတဲ့အပြင် သူတို့ကိုဖျက်ဆီးပစ် တာ ကျွန်ုပ်တို့ မျက်မြင်ကိုယ်တွေ့ပါပဲ။
မကြာခဏ၊ ဒီလို လူမျိုးတွေဟာ သူတို့ သတ်မှတ်တဲ့ သူတို့ရဲ့ အောင်မြင်မှုကို မကိုင်တွယ် နိုင်ဘဲ ဘဝလက်တွဲဖော်ကို စွန့်ပစ်ခြင်း၊ သူတို့ရဲ့ မျက်စိရှေ့မှာ မိသားစုပြိုကွဲခြင်းတွေနဲ့ အဆုံးသတ် တတ်ကြတယ်။ သူတို့ဟာ ခေတ်မီအသုံးအဆောင် ပစ္စည်းတွေကိုဝယ်ယူသုံးစွဲပြီး၊ ကြီးမားတဲ့ အိမ်တွေမှာ နေထိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့မှာအထီးကျန် ခြင်း၊ ကင်းမဲ့ခြင်းတွေနဲ့ စိတ်အလိုဆန္ဒမပြည့်ဝခြင်း
တွေကိုခံစားနေရတုန်းဖြစ်တယ်။ တကယ်ဝမ်းနည်း စရာကောင်းတာက အဲဒီလိုရုတ်တရက်ကောင်းစား သွားတဲ့သူအများစုဟာ သူတို့ရဲ့ စည်းစိမ်ဥစ္စာတွေကို အချည်းနှီးဖြုန်းတီးပစ်ကြပြီး၊ အချို့ဆိုရင် ဒေဝါလီ ခံရတဲ့အထိ ဖြစ်လာကြခြင်းပဲ ဖြစ်တယ်။ အဲဒီလို
ကောင်းစားခြင်းမျိုးဟာ ယေရှုခံစားစေချင်တဲ့ ရလဒ် မျိုးမဟုတ်မှန်း သေချာပါတယ်။ ဒီအချက်နဲ့ ပတ်
သက်ပြီး ခပ်ရှင်းရှင်း၊ ခပ်ပြတ်ပြတ် ပြောပြပါရစေ။ ဘုရားသခင်က သင့်ကို ငွေကြေးသုံးစွဲတာနဲ့ ပတ် သက်ပြီး ဘာမှတော့ပြဿနာမရှာပါဘူး။ ဒါပေမယ့် သင့်ကို ငွေရဲ့ အသုံးချခြင်းခံရတာကိုတော့ သူ လုံးဝ အလိုမရှိဘူး။
*ဒါပေမယ့် ဆရာပရင့်(စ်)ရေ၊ ဘုရား သခင်က ငွေကြေးသုံးစွဲတာနဲ့ ပတ်သက်ပြီး ဘာမှ ပြဿနာမရှာဘူးလို့ ဘယ်လိုလုပ်ပြောနိုင်ရတာလဲ။ ကျမ်းစာက ငွေဟာ ဒုစရိုက်အားလုံးရဲ့ အရင်းအမြစ် လို့ ပြောထားတယ် မဟုတ်လား*
ခဏလေး တစ်မိနစ်လောက် နားထောင်ပါ ဦး။ ကျမ်းစာထဲမှာ အဲဒီလို မပါ ပါဘူး။ ကျမ်းစာရဲ့ ဆိုလိုရင်းအမှန်ကို ကြည့်ကြရအောင်။ ကျမ်းစာက ဒီလိုပြောတာပါ။
*ငွေကိုတပ်မက်ခြင်းသည် မကောင်းသော အမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ်သတည်း။(၁တိ၊
၆း၁၀)။
ခြားနားချက်ကို သင် မြင်ပြီမဟုတ်လား။ သင့်မှာငွေကြေးရှိခြင်း၊ သုံးစွဲခြင်းက သင့်ကို ဆိုးသွမ်း စေတာမဟုတ်ဘူး။ ငွေကိုတပ်မက်ခြင်းကပဲ သင့်ကို
မကောင်းမှုမှန်သမျှဆီကို တွန်းပို့တာ ဖြစ်တယ်။ အိတ်ကပ်ထဲမှာငွေတစ်ပြားမှ မရှိတဲ့သူဟာ သန့်ရှင်း တဲ့သူဖြစ်တယ်လို့ ဆိုလိုတာ မဟုတ်ဘူးနော်။ သူဟာ ငွေအကြောင်းကို တစ်နေ့လုံးစဉ်းစားနေတာ၊ စွဲလမ်း နေတာ၊ တပ်မက်နေတာ ဖြစ်နိုင်ပါတယ်။ သင်ဟာ ငွေကို တပ်မက်စွဲလမ်းဖို့ သင့်မှာ ငွေအများကြီးရှိ စရာမလိုပါဘူး။ လူတစ်ယောက်ဟာ တစ်ချိန်လုံး ထီလက်မှတ်နောက်ကိုလိုက်နေမယ်၊လောင်းကစားရုံ တွေကို အမြဲသွားပြီး လောင်းကစားလုပ်မယ်ဆိုရင် သေချာတယ်။ အဲဒီလူဟာ ငွေကိုချစ်တဲ့သူ၊ တပ်မက် တဲ့သူဖြစ်တယ်။ သူဟာ ငွေများများပိုရဖို့ပဲ စိတ်ထဲမှာ စွဲနေတယ်။
ဘုရားသခင်က အာဗြဟံကို ခေါ်ထုတ်တဲ့ အခါ ဒီလိုပြောခဲ့တယ်။
*သင့်ကို လူမျိုးကြီးဖြစ်စေမည်။ သင့်အား ဖြင့်လည်း လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂ လာကို ခံရကြလိမ့်မည်။(က၊၁၂း၂-၃)။
သင်နဲ့ကျွန်ုပ်ဟာ ခရစ်တော်၌ပဋိညာဉ်သစ် ယုံကြည်သူတွေဖြစ်တယ်။ ခရစ်တော်ဟာ အာဗြဟံရဲ့ မျိုးစေ့ဖြစ်တဲ့အတွက် ခရစ်တော်ထဲမှာရှိတဲ့ သင်နဲ့
ဝယ်ယူလို့ မရတဲ့ မျက်နှာသာ ကျွန်ုပ်ဟာလည်း အလိုအလျောက်အာဗြဟံရဲ့ မျိုးစေ့
တွေ၊ ကောင်းကြီးခံရတဲ့သူတွေ၊ ကောင်းကြီး ပြန် စီးဆင်းမယ့်ကောင်းကြီးတုံးတွေ ဖြစ်တယ်။ ကျွန်ုပ်တို့ ကိုယ်တိုင် ကောင်းကြီးအရင်မခံရဘဲနဲ့ ဘယ်လိုလုပ် ကောင်းကြီးစီးဆင်းစေမယ့်သူတွေ ဖြစ်နိုင်မှာလဲ။
ကျွန်ုပ်တို့ကိုယ်တိုင် တစ်ချိန်လုံး သူတစ်ပါး ၊ ဆီက ချေးငှားနေမယ်၊ ကိုယ့်မိသားစုအတွက် အနိုင် နိုင် တစ်နေ့လုပ်မှ တစ်နေ့စားရတယ်။ တစ်ချိန်လုံး ဖျားနာခြင်းတွေကို ဝပ်ပြားနေအောင် ထမ်းနေမယ် ဆိုရင် သူတစ်ပါးအတွက် ဘယ်လိုလုပ်ကောင်းကြီး ဖြစ်နိုင်မှာလဲ။ ဒီလိုဖြစ်ဖို့ ဘုရားသခင် အလိုမရှိဘူး။
ဘုရားသခင်က သင့်ကိုကျန်းမာပြီးသန်စွမ်း စေချင်တယ်။ ပြီးတော့ ငွေကြေးကိုလည်း လိုတာ ထက် ပိုလျှံအောင် ရှိစေချင်တယ်။ ကြွားဖို့တော့ မဟုတ်ဘူးပေါ့။ သူတစ်ပါးအတွက် ပြန်စီးဆင်းဖို့၊ ဘုရားရဲ့ ဘုန်းကို လူတကာ မြင်တွေ့ခံစားလာဖို့ အတွက်ပါ။ သင်ကိုယ်တိုင်က တစ်ချိန်လုံး သူတစ်ပါး ဆီကရဖို့မျှော်လင့်နေတယ်ဆိုရင် သင်ဟာဘယ်လိုလုပ်
ကောင်းကြီးပေးသူဖြစ်နိုင်မှာလဲ။ သင့်ကိုလိုတာထက် ပိုလျှံအောင် ခံစားစေချင်တာဟာ ဘုရားသခင်ရဲ့
အလိုတော် ဂိတ်ဆုံး မဟုတ်ဘူး။ သင့်ကို ကောင်းကြီး ပေးတာ သင်ကိုယ်တိုင်သူတစ်ပါးအတွက်ကောင်းကြီး ပြန်ဖြစ်ဖို့ပါ။
(၂)
ယေရှုရဲ့ သတင်းကောင်းက သဘာဝလွန်ကျန်းမာခြင်းနဲ့
ထောက်ပံ့ခြင်းကို ယူဆောင်လာတယ်
အိုး… ဆရာပရင့်စ်၊ ခင်ဗျားဟာ အဲဒီလို ကျန်းမာခြင်း၊ ချမ်းသာခြင်းနဲ့ ကြွယ်ဝခြင်းသတင်း
ကောင်းကို ဟောပြောတဲ့သူမှန်း အခု ကျွန်တော် ၊ သိသွားပြီး ၊
ကြွယ်ဝခြင်းသတင်းကောင်း* ရယ်လို့ သီးသန့် မရှိပါဘူး။ တကယ်တော့ သတင်းကောင်း ဆိုတာ တစ်ပါးပဲရှိတယ်။ အဲဒါက ယေရှုခရစ်တော်ရဲ့ သတင်းကောင်းပဲဖြစ်တယ်။ ကားတိုင်ပေါ်မှာ ယေရှုရဲ့ ပြီးစီးတဲ့ လုပ်ဆောင်ချက်အားဖြင့်၊ သူ့ရဲ့ ရှင်ပြန်ထ
မြောက်တဲ့အသက်ကိုမှီခိုလျက် သင့်ရဲ့ ဦးခေါင်းကနေ ခြေဖဝါးအထိ သူ့ရဲ့ တန်ခိုးတော် စီးဆင်းလာဖို့ မျှော် လင့်နိုင်ပါတယ်။ ဖျားနာခြင်းတွေနဲ့ ရောဂါတွေဟာ ဘုရားသခင်ဆီကလာတာ မဟုတ်ဘူး။ ကားတိုင် ပေါ်မှာ ယေရှုက ကျွန်ုပ်တို့ရဲ့ အပြစ်တွေကိုပဲ ထမ်းခဲ့ တာမဟုတ်ဘူး။ ကျွန်ုပ်တို့ရဲ့ ဖျားနာခြင်း၊ ရောဂါတွေနဲ့ အားနည်းချက်တွေအားလုံးကိုပါ ယူတင်ခဲ့တာ ဖြစ် တယ်။ ပြီးတော့ သူ့ရဲ့ ဒဏ်ချက်တော်အားဖြင့် ကျွန်ုပ်တို့ ကျန်းမာရတယ်*(ဟေ၊၅၃၅)။
အဲဒါတွေမကဘူး၊ မိတ်ဆွေ၊ ကားတိုင်ပေါ် မှာ ယေရှုက ဆင်းရဲခြင်းကျိန်ခြင်းကိုပါ ယူတင်ခဲ့တာ ဖြစ်တယ်။ ဒီအချက်ဟာ ဘုရားသခင်ကိုယ်တိုင် ကြေညာခဲ့တဲ့ နှုတ်ကပတ်တော်ဖြစ်တယ်။
#အကြောင်းမူကား၊ ငါတို့သခင်ယေရှုခရစ် ၊ သည် စည်းစိမ်ရှိသော်လည်း၊ ဆင်းရဲတော်မူခြင်း အားဖြင့် သင်တို့သည် စည်းစိမ်ရှိစေခြင်းငှာ၊ သင်တို့ အတွက်ကြောင့်ဆင်းရဲခြင်းကိုခံတော်မူသောကျေးဇူး
တော်ကို သင်တို့ သိကြ၏။(၂ကော၊၈း၉)။ ၂ကော (၈)ကို မိတ်ဆွေ ကိုယ်တိုင်ဖတ်ရှုပါ။ တစ်ခန်းလုံးမှာ လိုအပ်တဲ့သူတွေအတွက် ငွေကြေးအကြောင်းနဲ့ ငွေရေး
ကြေးရေးပိုင်းဆိုင်ရာ ကောင်းချီးမင်္ဂလာ ခံစားခြင်း ၊ အကြောင်းကို ဖော်ပြထားတယ်။ ဒီကျမ်းပိုဒ်က ဆိုလို တဲ့ကောင်းချီးမင်္ဂလာက ဝိညာဉ်ပိုင်းဆိုင်ရာ ကောင်း ချီးပါလို့ တစ်စုံတစ်ယောက်ရဲ့ ပြောဆိုခြင်းကို အခွင့် မပေးလိုက်ပါနဲ့။ ။
ကျွန်ုပ်ရဲ့ အသင်းသားတွေကို ကျွန်ုပ် အမြဲ တမ်းသတိပေးတဲ့အရာတွေထဲက တစ်ခုကတော့
အောက်ပါအတိုင်း ဖြစ်တယ်။ ကျမ်းစာဖတ်တဲ့အခါ တိုင်း စကားလုံးသက်သက်ကိုပဲ မဖတ်ကြနဲ့။ ကျမ်း ပိုဒ်ရဲ့ အပေါ်အောက် တစ်ခုနဲ့တစ်ခုရဲ့ ဆက်စပ်မှု တွေကို မိအောင်ဖတ်ရှုကြပါ။ လိုရာကိုပဲ ကွက်ပြီး ယူမယ်ဆိုရင် ဘုရားသခင်ဆိုလိုတဲ့အဓိပ္ပာယ်ကိုမရ ဘဲ ကိုယ်ရချင်လိုချင်တဲ့အရာကို အလွဲယူမိမှာ စိုးရိမ် စရာရှိတယ်။ သင်တို့အသက်တာထဲက ဘုရားသခင် ပေးထားတဲ့ ကောင်းချီးမင်္ဂလာတွေကို ဘယ်သူ့ကိုမှ ၊ လိမ်လည်လှည့်စားခွင့် မပေးကြနဲ့။
ဘာသာရေးသမားတွေက
*ဘုရားက သင့်ရဲ့ စာရိတ္တကောင်းလာဖို့နဲ့ စိတ်ရှည်လာဖို့၊ ဖျားနာခြင်းနဲ့ သွန်သင်ဖို့ အလိုရှိ တယ်လို့ ပြောပါလိမ့်မယ်။ ဘာသာရေးသမားတွေ
က ဘုရားသခင်က သင့်ကို ဆင်းရဲစေချင်တယ်။ ဒါမှ သင်ဟာ နှိမ့်ချခြင်းကို သင်ယူနိုင်မယ်လို့
ပြောပါလိမ့်မယ်။ ဒါတွေဟာ ငရဲတွင်းထဲကနေ လာတဲ့မုသာတွေဖြစ်တယ်။ သင့်ကို ဖျားနာစေချင်တဲ့ သူ၊ ဆင်းရဲစေချင်တဲ့သူက နတ်ဆိုးပဲ ဖြစ်တယ်။ ဒါပေမယ့် ကျွန်ုပ်သိထားတဲ့အရာကတော့ သင့်ကို ဖျားနာခြင်းနဲ့ဆင်းရဲခြင်းထဲကနေရွေးနုတ်ဖို့ ဘုရား၊ သခင်က ကြီးမားတဲ့အဖိုးအခကို ပေးချေခဲ့ပြီဆိုတာ ပါပဲ။
ဂိုဏ်းဂဏရဲ့ သွန်သင်ချက်အားလုံးနဲ့၊ ဘာ သာတရားအကြောင်းတွေကို ခဏမေ့ထားပြီး တော် စပ်ဆက်နွယ်မှုတစ်ခုအကြောင်းကို မျက်မှောက်ပြု ကြပါစို့။ ဖခင်တစ်ယောက်အနေနဲ့ သင့်ရဲ့ သားသမီး တွေကို စာရိတ္တကောင်းလာဖို့ စိတ်ရှည်တတ်လာဖို့ သင်ဘယ်လိုသွန်သင်မလဲ။ ဖျားနာခြင်းတွေနဲ့၊ ရောဂါ၊
တွေနဲ့ ဆုံးမသွန်သင်မလား။ သင့်သားသမီးတွေ နှိမ့်ချခြင်းရှိလာဖို့ သင် ဘယ်လိုသွန်သင်မလဲ။ သူတို့ရဲ့ အသက်တာမှာ ဆင်းရဲပါစေလို့ ကျိန်ဆိုခြင်းအားဖြင့် သွန်သင်မလား။ သင် ဒီလိုမလုပ်လောက်ပါဘူးနော်။ အခုလို ဖခင်တစ်ယောက်ရဲ့ ရှုထောင့်ကနေ စတင်
စဉ်းစားပြီး သားသမီးတွေကို မြင်ယောင်ကြည့်တဲ့ အခါ ရှင်းလင်းတဲ့ ပုံဆောင်ချက်အဖြစ် အရာရာ
ပြောင်းလဲလာတာကို အံ့သြဖွယ် တွေ့မြင်ရတယ် မဟုတ်လား။
တော်စပ်ဆက်နွယ်မှုအကြောင်းကို သင် စဉ်းစားဖို့ စတင်လိုက်တဲ့အခါ အရာရာကို ဘုရား သခင်ရဲ့ ရှုထောင့်ကနေ သင် စတင်ရှုမြင်လာပါလိမ့် မယ်။ သူဟာကျွန်ုပ်တို့ရဲ့ ဖခင်ဖြစ်တယ်။ ဘာသာရေး သမားတွေလို သူမလုပ်ဘူး။ နှိမ့်ချလာဖို့ ဆင်းရဲခြင်းနဲ့ မဆုံးမဘူး။ စာရိတ္တကောင်းမွန်လာဖို့ ဖျားနာခြင်းနဲ့ မရိုက်ဘူး။ ကျွန်ုပ်တို့ရဲ့ ကောင်းကင်ဘုံအဖက ကျွန်ုပ် တို့ကို သူနဲ့တော်စပ်မှုအားဖြင့်၊ မထိုက်မတန်ပေမယ့် အထူးမျက်နှာသာပေးခံရခြင်းအားဖြင့် ကျွန်ုပ်တို့ကို သွန်သင်တယ်။ ကျွန်ုပ်တို့ရဲ့ ကြိုးပမ်းအားထုတ်မှု တွေကို ရပ်တန့်ပြီး သူ့အပေါ်မှာ လုံးလုံး မှီခိုခြင်း အားဖြင့်ပဲ စာရိတ္တ၊ နှိမ့်ချခြင်းနဲ့ သည်းခံခြင်းတွေကို သင်ယူရမှာဖြစ်တယ်။ ကျွန်ုပ်တို့ရဲ့ အဖေရင်းကို သိ ကျွမ်းကြလေလေ၊ ကျွန်ုပ်တို့ဟာသူနဲ့တူလာလေလေ ဖြစ်တယ်။ ဒီအချက်အားဖြင့်ပဲ ဘုရားသခင်က ကျွန်ုပ်တို့အသက်တာရဲ့ အခြေအနေအစိတ်အပိုင်း
တိုင်းမှာ ဘုန်းတော်ကနေ ဘုန်းတော်ဆီကို တိုးပွား ဖွံ့ဖြိုးစေတာ ဖြစ်တယ်(၂ကော၊၃း၁၈)။
သင်ဟာ မိဘတစ်ယောက်ဖြစ်တယ်ဆိုရင် သင့်သားသမီးတွေနဲ့ပတ်သက်ပြီး အကောင်းတကာ့ အကောင်းဆုံးပဲ စဉ်းစားပေးမှာမဟုတ်ဘူးလား။ မြေ ကြီးသားဖြစ်တဲ့ ကျွန်ုပ်တို့တောင် အကောင်းဆုံးကိုပဲ စဉ်းစားတယ်ဆိုရင် ကောင်းကင်ဘုံအဖက ဘယ်
လောက်တောင် အကောင်းဆုံးစဉ်းစားပေးမလဲဆို တာရှင်းနေတာပဲမဟုတ်လား။ သင့်သားသမီးတွေကို သင်ကျန်းမာစေချင်သလိုပဲ ဘုရားသခင်ကလည်း သဘာဝလွန်ကျန်းမာခြင်းအားဖြင့် သင့်ကို ပျော်ရွှင် ၊ စေချင်တာ သေချာတယ်။ သင့်သားသမီးတွေကို အမြဲတမ်းပိုလျှံအောင် ခံစားစေချင်သလို ဘုရား သခင်ကလည်း သင့်ကိုသဘာဝလွန် ထောက်ပံ့ ဖြည့် ဆည်းပေးခြင်းအားဖြင့် ပျော်ရွှင်စေချင်တာ သေချာ ပါတယ်။ ဘုရားသခင် ထောက်ပံ့တဲ့အခါ သင့်ရဲ့ ပိုက်ကွန်တွေမပြဲအောင်၊သင့်ရဲ့လှေမနစ်အောင်သာ အဆင်သင့်ပြင်ဆင်ထားပါ။ ပိုလျှံတဲ့ မုန့်တွေကို ထည့်ဖို့ ခြင်းတောင်း တစ်ဆယ့်နှစ်တောင်းသာ အသင့်ပြင်ထားပါ။
မပြည့်စုံတဲ့မိဘတွေဖြစ်တဲ့ ကျွန်ုပ်တို့တောင် ကိုယ့်သားသမီးတွေအပေါ်မှာ အကောင်းပဲ ပေးချင် ကြတယ်ဆိုရင် ကောင်းကင်ဘုံအဖက ပိုလို့တောင် ပေးချင်တဲ့သူဖြစ်တဲ့အကြောင်း မဿဲ၊၁၁မှာ ရှင်းရှင်း လင်းလင်း ဖော်ပြထားပါတယ်။
သင်တို့သည်အဆိုးဖြစ်လျက်ပင် ကိုယ် သားတို့အား ကောင်းသောအရာကိုပေးတတ်လျှင်၊ ထိုမျှမက ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့ အဘသည် သာ၍ပေးတော်မူမည်မဟုတ်လော။
(၃)
ယေရှုကို စေ့စေ့ကြည့်ရှုပါ
မိတ်ဆွေကို အမှန်တရားတစ်ခု ပြောပြချင် တယ်။ သေချာလေး မှတ်စေချင်ပါတယ်။
*ဘုရားသခင်က ဖျားနာခြင်းကို သိပ်မုန်း တီးတယ်။ ဆင်းရဲခြင်းကိုတော့ ရွံရှာတယ်။
ဘုရားသခင်က သင်နဲ့ကျွန်ုပ်အတွက် ကား တိုင်ပေါ်မှာအသေခံပေးဖို့ သူ့ရဲ့ တစ်ပါးတည်းသော သားတော်ကိုတောင် ပေးခဲ့မှတော့ ကျန်တာအားလုံး ကိုမပေးဘဲ မနေပါဘူး။ လူသားတစ်ရပ်လုံးရဲ့ အပြစ်၊ ဖျားနာခြင်းနဲ့ဆင်းရဲခြင်းအားလုံး ယေရှုရဲ့ခန္ဓာကိုယ်
ထဲအစားထိုးခဲ့ပြီးပြီ။ အခုပဲ လူသားအားလုံးဘက်က လုပ်ရမယ့်အရာက ယေရှုရဲ့ပြီးစီးတဲ့အမှုကို လက်ခံ ယုံကြည်ဖို့ပဲ ဖြစ်တယ်။ ယုံကြည်လက်ခံမယ်ဆိုရင် အပြစ်ခွင့်လွှတ်ခြင်း၊ ကိုယ်ခန္ဓာကျန်းမာခြင်း၊ ကြွယ်ဝ ချမ်းသာခြင်းကို ခံစားရမှာဖြစ်တယ်။
ဘုရားသခင်က သင့်ကို ဝိညာဉ်၊ စိတ်၊ ခန္ဓာ သုံးပိုင်းစလုံး ကောင်းချီးမင်္ဂလာ ခံစားစေချင်တယ်။ သင်ငွေကြေးနဲ့အသုံးအဆောင်ပစ္စည်းတွေ အသုံးပြု တာကို ဘုရားသခင်က မဆန့်ကျင်ဘူး။ ဒါပေမယ့် ငွေကြေးနဲ့အရာဝတ္တုတွေရဲ့ကျွန်ဖြစ်နေတာကိုတော့ ဆန့်ကျင်တယ်။ ကျွန်ုပ်ရဲ့ အသင်းသားတွေကို ဒီလို ပြောလေ့ရှိတယ်။
*ငွေကို သုံးကြပါ။ လူကိုချစ်ကြပါ။ ငွေကို မချစ်ကြနဲ့။ လူကို အသုံးမချကြနဲ့*
ဘုရားသခင်က သင့်ရဲ့ မိသားစုကို ကောင်း ချီးမင်္ဂလာကို လိုတာထက်ပိုလျှံအောင် ခံစားစေချင် ပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ သူက သင့် ကို အောင်မြင်ခြင်းရဲ့ ဖျက်ဆီးခြင်းကို မခံစားစေချင် ဘူး။ ကြွယ်ဝခြင်းကြောင့် သင့်မိသားစုကို မပြိုကွဲစေ ချင်ဘူး။ အောင်မြင်ခြင်းကို အမြဲထိန်းသိမ်းဖို့ သင့်ရဲ့
နှလုံးသားကို ယေရှုအတွက် အမြဲတောက်လောင် စေဖို့ လိုအပ်တယ်။ သူ့ရဲ့မျက်မှောက်တော်ကို အမြဲ ဆာငတ်နေဖို့ လိုတယ်။
အောင်မြင်ခြင်းကိုအမြဲထိန်းသိမ်းနိုင်ဖို့ ယေ ရှုကို စေ့စေ့မျက်မှောက်ပြုဖို့ လိုတယ်။ နှုတ်ကပတ် တော်က ဒီလိုပြောထားတယ်။
*ဘုရားသခင်၏ နိုင်ငံတော်နှင့် ဖြောင့်မတ် ခြင်းတရားကို ရှေ့ဦးစွာ ရှာကြလော့။ နောက်မှ ထို အရာများကို ထပ်၍ပေးတော်မူလတံ့။(မဿဲ၊၆း ၃၃)။
ဘုရားသခင်ရဲ့ နိုင်ငံတော်ဆိုတာ ဘာလဲ။ တမန်တော်ပေါလုက (ရောမ၊၁၄း၁၇) ထဲမှာ ဒီလို ပြောပြထားတယ်။
ဘုရားသခင်နိုင်ငံတော်သည် အစားအ သောက်၌မတည်။ ဖြောင့်မတ်ခြင်း၊ ငြိမ်သက်ခြင်း၊ – သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ခံရသော ဝမ်း မြောက်ခြင်း၌ တည်၏။(ရောမ၊၁၄း၁၇)။
သင့်ရဲ့မျက်စိ သခင်ယေရှုအပေါ်မှာ စေ့စေ့ ကြည့်ပြီး ဘုရားသခင်ရဲ့ နိုင်ငံတော်ဖြစ်တဲ့ ယေရှုရဲ့ ဖြောင့်မတ်ခြင်း၊ သူ့ရဲ့ ငြိမ်သက်ခြင်းနဲ့သူ့ရဲ့ဝမ်းမြောက်
ခြင်းကိုရှာတဲ့အခါ ထပ်၍ ပေးမယ်ဆိုတဲ့ ဘုရား သခင်ရဲ့ ကတိတော်ဟာ သင့်အသက်တာထဲ သက် ရောက်လာပါလိမ့်မယ်။ ထိုအရာဆိုတာ သင် စား၊ သောက်၊ ဝတ်ဆင်ရမယ့်အရာတွေကို ရည်ညွှန်းတာ ဖြစ်တယ်။ ယေရှုက ထိုအရာတွေကြောင့် စိတ်သောက မရောက်ဖို့ ပြောထားတာ ဖြစ်တယ်။ ဘုရားသခင်က စပါးမစိုက်တတ်၊ စပါးမရိတ်တတ်၊ စပါးကိုလည်း မဆောက်တတ်တဲ့ စာငှက်တွေကိုတောင် အငတ် မထားဘူးဆိုရင် စာငှက်တွေထက် ပိုမြတ်တဲ့ သင့်ကို ဂရုမစိုက်ဘဲ မနေပါဘူး။
မိတ်ဆွေ၊ ယေရှုနဲ့၊ ကားတိုင်အပေါ် သူ့ရဲ့ အမှုပြီးစီးခြင်းကိုသာ စေ့စေ့ကြည့်ပါ။ သင်လိုအပ်တဲ့ အရာတွေကို ထပ်ပေးရုံမက အောင်မြင်ခြင်းကို ထိန်းသိမ်းနိုင်တဲ့၊ တည်မြဲစေနိုင်တဲ့ အစွမ်းကိုပါ ပေး မှာဖြစ်တယ်။ အခု ယေရမိထဲမှာ သခင်ယေရှုက ဥစ္စာ၊ ဉာဏ်၊ ပညာ၊ ခွန်အားနဲ့ပတ်သက်ပြီး ဘယ်လို သဘောထားရမလဲဆိုတဲ့ ဖော်ပြချက်ကို ဖတ်ရှုကြရ အောင်။ ။
*ထာဝရဘုရား မိန့်တော်မူသည်ကား၊ ပညာရှိသောသူသည် မိမိပညာ၌ မဝါကြွားစေနှင့်။
ခွန်အားကြီးသောသူသည် မိမိခွန်အား၌ မဝါကြွားစေ နှင့်။ ဥစ္စာရတတ်သောသူသည် မိမိဥစ္စာ၌ မဝါကြွား စေနှင့်။ ဝါကြွားသောသူမည်သည်ကား၊ ငါသည်မြေ ကြီးပေါ်မှာ ချစ်သနားခြင်း၊ တရားသဖြင့် စီရင်ခြင်း၊
ဖြောင့်မတ်ခြင်းကိုပြုသော ထာဝရဘုရားဖြစ်ကြောင်း တည်းဟူသော၊ ငါ့သဘောကိုသိနားလည်ခြင်း၌သာ ဝါကြွားစေ။ ငါသည် ထိုအရာတို့၌ မွေ့လျော်သည်ဟု ထာဝရဘုရားမိန့်တော်မူ၏။(ယေရမိ၊ ၉း၂၃-၂၄။)
မိမိရဲ့ ပညာ၊ ခွန်အားနဲ့ဥစ္စာအပေါ်မှာ အမှီ မပြုတဲ့သူတွေ ဖြစ်ကြပါစို့။ ယေရှုကို သိကျွမ်းခြင်း အပေါ်မှာ ဝါကြွားကြပါစို့။ သူက ကျွန်ုပ်တို့အပေါ်မှာ
ကျေးဇူးတရား၊ ကရုဏာအပြည့်အဝ ပေးချင်တယ်။ မျက်နှာသာပေးချင်တယ်ဆိုတာကို သိမှတ်ကြပါစို့။ သူကိုယ်တိုင်ဟာ ဖြောင့်မတ်ခြင်းဖြစ်ပြီး သူ့ရဲ့ ဖြောင့် မတ်ခြင်းဝတ်စုံနဲ့ ကျွန်ုပ်တို့ကို လွှမ်းခြုံထားတယ် ဆိုတာကို သိမှတ်ကြပါစို့။ ယေရှုရဲ့ ချစ်ခြင်းမေတ္တာကို သင်မျက်မှောက်ပြုလေလေ သင်ကိုယ်တိုင် ထိုက် တန်အောင်လုပ်ဖို့ ရုန်းကန်နေတာတွေ လျော့လာ လေလေ၊ သင့်ဘဝမှာလုံခြုံတည်မြဲတဲ့အောင်မြင်မှုကို ရရှိခံစားရလေလေ ဖြစ်လာပါလိမ့်မယ်။
ယောသပ်ရဲ့ အသက်တာထဲမှာ နှိုက်ထုတ် စရာတန်ဖိုးကြီးတဲ့ရတနာတွေအမြောက်အမြားရှိသေး တယ်။ ယောသပ်နဲ့အတူ ဘုရားသခင်ရှိတဲ့အတွက်
ယောသပ်နေတဲ့ ပေါတိဖာအိမ်မှာကောင်းချီးမင်္ဂလာ သက်ရောက်လာတာကို တွေ့ရတယ်။ ပေါတိဖာလို ဝိညာဉ်အရာကို မပိုင်းခြားတတ်တဲ့ သူကတောင် ဘုရားသခင်ဟာ ယောသပ်နဲ့အတူရှိကြောင်း သိမြင် ခံစားရတယ်။ ယောသပ်ထိသမျှအရာ ကောင်းချီး မင်္ဂလာဖြစ်တာကိုသူမြင်တဲ့အခါ ချက်ချင်းပဲတစ်အိမ် လုံးကို စီမံကွပ်ကဲဖို့ ရာထူးပေးလိုက်ပါတယ်။ သူ့ရဲ့ ဥစ္စာရှိသမျှကို ယောသပ်ရဲ့ လက်ထဲ အပ်နှံခဲ့တယ်။ ကျမ်းစာက ဒီလိုမှတ်တမ်းတင်ထားသေးတယ်။
*ထိုသို့ အိမ်နှင့်၊ ဥစ္စာရှိသမျှကို အုပ်စိုးစေ သည့်ကာလမှစ၍ ထာဝရဘုရားသည် ယောသပ် အတွက် ထိုအဲဂုတ္တုသား၏ အိမ်ကိုကောင်းချီးပေး
တော်မူသဖြင့်၊ ပေးတော်မူသော ကောင်းချီးမင်္ဂလာ သည် အတွင်း၊ အပြင်၊ ဥစ္စာရှိရှိသမျှပေါ်မှာလည်း သက်ရောက်လေ၏။(က၊၃၉း၅)။
မိတ်ဆွေ၊ ဘုရားသခင်ရဲ့ မျက်နှာသာပေး ခြင်းက သင့်အသက်တာထဲကနေတစ်ဆင့် သင့်ပတ်
ပတ်လည်မှာ ရှိတဲ့သူတွေဆီကို သက်ရောက်တယ်။ ဘုရားသခင်က သင့်အားဖြင့် သင်နဲ့ပတ်သက် ဆက် နွယ်သောသူတွေအားလုံးကို ကောင်းချီးမင်္ဂလာခံစား စေမယ်ဆိုတာကို ယုံကြည်ပါ။
(၄)
ဝယ်ယူလို့မရတဲ့ မျက်နှာသာ
ယောသပ်တစ်ယောက် အောင်မြင်သူဖြစ် တာ ဘုရားသခင်က သူနဲ့အတူရှိလို့၊ သူဟာ ဘုရား သခင်ဆီက ဝယ်ယူလို့မရတဲ့မျက်နှာသာပေးခြင်းအ ပေါ်မှာ လုံးလုံးအမှီပြုလို့ဆိုတာ ကျွန်ုပ်တို့ သိမြင်ခဲ့ ကြပြီးဖြစ်တယ်။ ဘုရားသခင်ရဲ့ အထူးမျက်နှာသာ ပေးခြင်းနဲ့ လုပ်ယူခြင်းနဲ့ရရှိတဲ့ မျက်နှာသာပေးခြင်း နှစ်ခုကြားမှာရှိတဲ့ ခြားနားချက်ကို သိမှတ်ဖို့လည်း အရေးကြီးလှပါတယ်။ ။
ဘုရားသခင်ရဲ့ မျက်နှာသာပေးခြင်းဟာ ယေရှုရဲ့ ထိုက်တန်ခြင်းအပေါ်မှာ လုံးလုံး အခြေပြု တယ်။ ၄င်းကို သူ့ရဲ့ ကားတိုင်ပေါ် အမှုပြီးစီးစေခြင်း ၊ ကို လက်ခံခြင်းအားဖြင့် ရရှိကြခြင်းဖြစ်တယ်။ သူ့ရဲ့ မျက်နှာသာပေးခြင်းကိုရရှိဖို့ ကျွန်ုပ်တို့ ကြိုးပမ်းလို့
မရပါဘူး။ ဒါကို မထိုက်မတန်ဘဲရရှိတဲ့အရာဖြစ်တယ်။
လောကကြီးကပေးတဲ့မျက်နှာသာကတော့ကိုယ်တိုင် ကြိုးပမ်းအားထုတ်မှုအပေါ်မှာ မူတည်တယ်။
ဘုရားသခင်ဆီမှာ သင့်အတွက် ပိုမိုမြင့်မား ကောင်းမွန်တဲ့နည်းလမ်းတွေရှိတယ်။ သင့်အတွက် အခွင့်အရေးတံခါးတွေပိတ်သွားပြီလား။ ကိစ္စမရှိဘူး။ သင့်အတွက် ပိုမိုကောင်းမွန်တဲ့နည်းလမ်းတွေဘုရား၊ သခင်ဆီမှာရှိတုန်းပဲဆိုတာ အပြည့်အဝစိတ်ချလိုက် ပါ။ ဘုရားသခင်ရဲ့ မျက်နှာသာပေးခြင်း သင့်အပေါ် သက်ရောက်လာတဲ့အခါ လူ့မျက်နှာကိုထောက်စရာ မလိုဘဲ အခွင့်ထူးတွေ ပွင့်လာပါလိမ့်မယ်။ ။
ယောသပ်ဟာ သူ့ရဲ့ အောင်မြင်မှုအတွက် သခင်ဘုရားအပေါ်မှာ အမှီပြုခဲ့တယ်။ ပေါတိဖာရဲ့ မယားရဲ့ သွေးဆောင်ခြင်းကို ခံရတဲ့အခါ သူဟာ သူရရှိခံစားရတဲ့ မျက်နှာသာပေးခြင်းအပေါ်မှာ အခိုင်အမာရပ်တည်ခဲ့တယ်။ ယောသပ်ဟာ တကယ့် စုံစမ်းသွေးဆောင်ခြင်းကို ခံခဲ့ရတယ်ဆိုတာ ကျွန်ုပ် ယုံကြည်တယ်။ ပေါတိဖာဟာ ရာထူးရာခံကြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တယ်ဆိုတာ မမေ့ပါနဲ့။ ပညာ အရာမှာရော၊ စည်းစိမ်ကြွယ်ဝမှုမှာရော ထိပ်တန်း
ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တယ်။ သူဟာ အရုပ်ဆိုးတဲ့ မိန်းကလေး၊ အသက်(၈၀)အဖွားကြီးကို လက်ထပ်မှာ မဟုတ်ဘူးဆိုတာ ကျိန်းသေတယ်။ နုပျိုချောမော လှပတဲ့သူ၊ အထူးသဖြင့် တစ်နိုင်ငံလုံးမှာ အချောဆုံး မိန်းကလေးကိုရွေးပြီး လက်ထပ်ခဲ့မှာ သေချာတယ်။
ဒါကြောင့် သူမဟာ ယောသပ်ကိုတကယ် သွေးဆောင်ခဲ့တာ သံသယရှိစရာအကြောင်း မရှိ လောက်ဘူး။ ဒါကြောင့် ယောသပ်ဟာ ထွက်ပြေးခဲ့ တာဖြစ်တယ်။ ဒီအမျိုးသမီးက ယောသပ်ကို တစ် ကြိမ်ပဲ သွေးဆောင်ခဲ့တာ မဟုတ်ဘူး။ ကျမ်းစာက ဒီလိုမှတ်တမ်းတင်ခဲ့တယ်။
*ထိုသို့သခင်မသည် နေ့တိုင်း သွေးဆောင် သော်လည်း ယောသပ်သည် သူ၏စကားကို နားမ ထောင်၊ သူနှင့်အတူ အိပ်ခြင်း၊ နေခြင်းအမှုကို ရှောင် လေ၏။(က၊၃၉း၁၀)။
ယောသပ်က ငြင်းဆန်ပြီး ဒီလိုပြန်ပြောခဲ့ တယ်……
ဤအိမ်တွင်လည်း ကျွန်တော်ထက် သာ ၍ကြီးသောသူမရှိပါ။ ကိုယ်မယားဖြစ်သောသခင်မ တစ်ပါး အဘယ်အရာကိုမျှ ကျွန်တော်အား မမြစ်
တားပါ။ သို့ဖြစ်လျှင် အပြစ်ကြီးသော ဤအမှုကို ကျွန်တော်ပြု၍ ဘုရားသခင်ကို အဘယ်သို့ပြစ်မှား နိုင်သနည်းဟု သခင်၏မယားကို ငြင်း၍ ပြန်ဆို၏။ (က၊၃၉း၉)။
သူ့ရဲ့နှုတ်ထွက်စကားကို ကြည့်တဲ့အခါ သူ အောင်မြင်ရတဲ့အကြောင်းရင်းဟာ မျက်နှာသာပေး ခံရခြင်းနဲ့ ကောင်းချီးမင်္ဂလာတွေကြောင့် ဖြစ်တယ် ဆိုတာ ထင်ရှားတယ်။ ပေါတိဖာရဲ့မယားကို ပြစ်မှား ခြင်းဟာ သူမအတွက်နဲ့ ပေါတိဖာအတွက်ပဲ ဆိုး သွမ်းတာ မဟုတ်ဘူး၊ ဘုရားသခင်ကိုပါ ပြစ်မှားရာ ရောက်တယ်လို့ သူမြင်ခဲ့တယ်။ သူတွေ့ကြုံခံစားရတဲ့
ကောင်းချီးမင်္ဂလာတိုင်းဟာ သူ့အပေါ် ဘုရားသခင် ပေးတဲ့ မျက်နှာသာကြောင့်ဖြစ်တယ်ဆိုတာကို သူ သိခဲ့တယ်။ သူ့ကို အဆင့်နိမ့်တဲ့ ကျွန်အဖြစ်ကနေ အိမ်အုပ်အရာကိုမြှင့်တင်ခန့်အပ်တဲ့သူဟာပေါတိဖာ မဟုတ်ဘူး။ ဘုရားသခင်ကိုယ်တိုင်က ခန့်အပ်တာ ဖြစ်တယ်ဆိုတာ သူ သိခဲ့တယ်။
(၅)
ယေရှုနဲ့တော်စပ်ရင်းနှီးမှုအပေါ်ရပ်တည်ပြီး သူ့ရဲ့လမ်းစဉ်၌ လျှောက်လှမ်းပါ
လူတွေက ကျွန်ုပ်ကို မကြာခဏမေးတတ် ကြတယ်။*ဆရာပရင့်စ်… သင့်ရဲ့ အသင်းတော်ကို ပညတ်တော်(၁၀)ပါး မသင်ပေးဘဲနဲ့ ဘယ်လိုအုပ်ချုပ် မလဲ ။မိတ်ဆွေ… သခင်ဘုရားကိုယ်တိုင် သူတို့ကို အုပ်ချုပ်ပါလိမ့်မယ်။ ယောသပ်ရဲ့ အသက်တာကို ကြည့်ပါ။ သူဟာ သိနတောင်မှာ မောရှေအားဖြင့်
ပညတ်တော်ကျောက်ပြားမပေးခင် နှစ်ပေါင်းများစွာ မတိုင်ခင်ကတည်းက အသက်ရှင်ခဲ့တဲ့သူ ဖြစ်တယ်။ ဒါပေမယ့် သူ့အသက်တာထဲကို အတင်းခုန်ဝင်လာတဲ့ လှပတဲ့ပေါတိဖာရဲ့ ဇနီးကို ဒီလိုပြောနိုင်ခဲ့တယ်။
အပြစ်ကြီးသော ဤအမှုကိုကျွန်တော်ပြု၍ ဘုရားသခင်ကို အဘယ်သို့ ပြစ်မှားနိုင်သနည်း။
ပညတ်တော်(၁၀)ပါးထဲမှာပါတဲ့ သူ့မယား ကိုမပြစ်မှားနှင့်ဆိုတဲ့ ပညတ်ချက်ကို မပေးခင် နှစ် အတော်ကြာကတည်းက ၄င်းဟာ ယောသပ်ရဲ့နှလုံး သားထဲမှာ ဖြစ်တည်ခဲ့တယ်။ ယောသပ်ကို ဘယ်သူ ကများ သွန်သင်ခဲ့တာပါလိမ့်။ သူ့မယားကိုပြစ်မှား တာဟာကြီးလေးတဲ့အပြစ်ဖြစ်ကြောင်း၊ ဘုရားသခင် ကို ပြစ်မှားရာရောက်ကြောင်း သူ့ကို ဘယ်သူကများ
ပြောပြခဲ့တာလဲ။ ဒါကို စဉ်းစားကြည့်ပါ။ သူဟာ အသွေးအသားရှိတဲ့ လူငယ်တစ်ယောက်၊ အိမ်နဲ့ ဝေးကွာနေရတဲ့သူတစ်ယောက်ဖြစ်တယ်။ ပြီးတော့ ပေါတိဖာရဲ့ ဇနီးနဲ့သာ အတူနေလိုက်မယ်ဆိုရင် သူမ ဆီက များစွာသော အခွင့်အရေးပေးခြင်းတွေကို လက်ခံရရှိမယ်ဆိုတာကို သူ သိခဲ့မှာ သေချာတယ်။ အဲဒီအချိန်မှာ သူခံရတဲ့အခြေအနေတွေအရ ဘုရား
သခင်ကိုရော သူ့ကိုလုပ်ကြံခဲ့တဲ့ သူ့ရဲ့ညီအစ်ကိုတွေ အပေါ်မှာပါ ခါးသီးခဲ့နိုင်ပါတယ်။ စွန့်ပစ်ငြင်းပယ် ခြင်းကို ခံစားနေရတဲ့အချိန်မှာ သူ့ဆီကို ဆိုက်ဆိုက် မြိုက်မြိုက်ရောက်ရှိလာတဲ့လက်ဆောင်(ဝါ) အခွင့် ထူးကို သူရွေးချယ်ခဲ့နိုင်ပါတယ်။ အဲဒီအချိန်မှာ သူ့ ဘေးနားမှာ ဘယ်သူမှလည်း မရှိဘူး။ ဘယ်သူကမှ လည်း သိနိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် ယောသပ်မှာ ဘုရားသခင်နဲ့ တစ်ဦးချင်းအပြန်အလှန် ရင်းနှီးကျွမ်း ဝင်မှု ရှိခဲ့တယ်။ သူ့ရဲ့ခြေတစ်လှမ်းတိုင်းမှာ ဘုရား သခင်ဟာ သူနဲ့အတူရှိပြီး သူ့ကို ဘယ်တော့မှ စွန့် မပစ်ဘူးဆိုတာကို သူ သိခဲ့တယ်။
ကျွန်ုပ်တို့ဟာ ကျောက်ပြားနှစ်ချပ်ပေါ်မှာ ရေးထားတဲ့ ပညတ်ချက်နဲ့ အပြန်အလှန်ရင်းနှီးကျွမ်း ဝင်လို့ မရနိုင်ဘူးဆိုတာ သင် သိမြင်ပြီမဟုတ်လား။ ဒါပေမယ့် ယေရှုနဲ့ကျတော့ အပြန်အလှန်ဆက်ဆံလို့ ရတယ်။ ပြီးတော့ သူကကျွန်ုပ်တို့ရဲ့ အသိစိတ်နဲ့ နှလုံး သားထဲမှာ သူ့ရဲ့ ပညတ်ချက်ကိုရေးသားပေးနိုင်တယ်။ သူကိုယ်တိုင်က ကျွန်ုပ်တို့ကို သူ့ရဲ့ လမ်းစဉ်အတိုင်း အသက်ရှင်လျှောက်လှမ်းဖို့ မစနိုင်တယ်။ ယောသပ် ဟာ ပညတ်တော် (၁၀) ပါးရဲ့ အုပ်စိုးခြင်းကို မခံခဲ့ရ
ဘူး။ ဒါပေမယ့် ပညတ်တရားရဲ့ အရှင်ဖြစ်တဲ့ သခင် ယေရှုနဲ့ အသက်ရှင်တဲ့ ရင်းနှီးကျွမ်းဝင်မှု ရှိခဲ့တယ်။ ယေရှုဟာ သူ့ရဲ့အောင်မြင်ခြင်းဖြစ်ကြောင်း သူသိခဲ့ တယ်။ အဲဒီလို သိမြင်ခြင်းကပဲ သူ့ကို စစ်မှန်တဲ့ အောင်မြင်မှုကို ရရှိစေခဲ့တာ ဖြစ်တယ်။
(၆)
ဘုရားသခင် သင့်ဖက်မှာရှိရင် ၊ သတစ်ဖက်မှာ ဘယ်သူနေနိုင်ဦးမှာလဲ
သင့်အသက်တာထဲမှာ အလိုအပ်ဆုံးသော အရာက ယေရှုရဲ့ မျက်မှောက်တော်ပဲ ဖြစ်တယ်။ နေ့စဉ် သင်လုပ်ဆောင်သမျှ အရာတိုင်းမှာ သူ့ရဲ့ မျက်မှောက်တော်ဟာ ဝမ်းမြောက်စရာ စိတ်လှုပ်ရှား စရာအကောင်းဆုံးအရာ ဖြစ်တယ်။
ယေရှုဆီကိုအရောက်သွားဖို့ ရှေ့မှာကာဆီး ထားတဲ့ ပရိသတ်လူထုကို ကျော်လွှားလျက် ခေါင် မိုးကို ဖောက်ပြီး မိမိတို့ရဲ့ သူငယ်ချင်း လေဖြတ်သူကို ကျန်းမာစေဖို့ ယေရှုဆီအရောက် ပို့ပေးကြတဲ့ လူ တစ်စုအကြောင်းကို ကျမ်းစာက မှတ်တမ်းတင်ထား တယ်(မာ၊ ၂း၁-၁၂)။ ဒီဖြစ်ရပ်ကို ကျွန်ုပ် နှစ်သက်
သဘောကျမိပါတယ်။ ယေရှုရဲ့ မျက်မှောက်တော် ထဲမှာရှိဖို့ အရေးကြီးကြောင်း ဒီဖြစ်ရပ်က ဖော်ပြပါ တယ်။ ဒါပေမယ့် ဒီနေ့ပဋိညာဉ်သစ်ကာလထဲမှာ
တော့ သူ့ရဲ့ မျက်မှောက်တော်ထဲရောက်ရှိဖို့ မြင့်မား တဲ့တောင်တွေကို တက်လှမ်းစရာ၊ ကြီးမားတဲ့သမုဒ္ဒ ရာကိုကူးခတ်စရာ၊ အိမ်ခေါင်မိုးတွေကို တက်ဖောက် စရာမလိုတော့ပါဘူး။ အခု သင်ဘယ်နေရာမှာပဲရှိရှိ ဧမာနွေလယေရှုဟာ သင်နဲ့အတူရှိတယ်။
တန်ခိုးပါပြီး စိတ်ဝင်စားစရာလည်း သိပ် ကောင်းတဲ့ အောက်ပါကျမ်းပိုဒ်ကို အလွတ်ကျက်ဖို့ တိုက်တွန်းချင်ပါတယ်။
*ဘုရားသခင်သည် ငါတို့ဖက်၌ ရှိတော်မူ လျှင်၊ အဘယ်သူသည် ငါတို့တစ်ဖက်၌ နေနိုင်မည် နည်း(ရောမ၊၈း၃၁)။
ဘုရားသခင်က ငါ့အတွက် ဟုတ်ကော ဟုတ်ရဲ့ လားဆိုပြီး မယုံနိုင်တဲ့ယုံကြည်သူတွေ ဒီနေ့ အထိရှိသေးတာ စိတ်မကောင်းစရာပါပဲ။ မိတ်ဆွေ၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်က ဘုရားသခင်ဟာ ငါတို့အတွက် ဟုတ်ကောင်းဟုတ်နိုင်ပါတယ်လို့ မပြောဘူး။ ကျမ်းစာက ငါတို့ဖက်မှာ ဘုရားသခင်
ရှိရင် ဘယ်သူက ငါတို့တစ်ဖက်မှာ နေနိုင်မလဲလို့ ဖော်ပြပါတယ်။ ဘုရားသခင်ဟာ သင့်အတွက်ဖြစ်ရင် သင့်ကိုဘယ်သူကဆန့်ကျင်ရဲမှာလဲ။ ဘုရားသခင်က သင့်အတွက်၊ သင့်ကိုယ်စား တိုက်ပေးတဲ့အခါ ဘယ် ရန်သူက သင့်ကိုရင်ဆိုင်ရဲမှာလဲ။ သင့်ကိုရင်ဆိုင်ရဲတဲ့ သူ တစ်ယောက်မှ မရှိဘူး။ ဟာလေလုယာ။
*ဒါပေမယ့် ဆရာပရင့်စ် ဘုရားသခင်က ကျွန်ုပ်တို့ဖက်မှာ ဘယ်လိုလုပ်ရှိလာနိုင်မှာလဲ။ ဒီနေ့ ကျွန်ုပ်တို့ဟာ ခရစ်ယာန်တစ်ယောက် ဖြစ်နေတာ
တောင် ခဏခဏချော်လဲပြီး ဘုရားသခင်ရဲ့ သန့်ရှင်း ခြင်းစံချိန်ကို လိုက်လို့ကိုမမီနိုင်ဘူး။ အခုထိကျွန်တော် ဟာ ကျွန်တော့်ရဲ့ စိတ်ကို ရေရှည် မထိန်းနိုင်ဘူး။ ကျွန်တော့်ရဲ့ဇနီးနဲ့ ကလေးတွေအပေါ်မှာ ခဏခဏ စိတ်ဆိုးမိတယ်။ အခုလို ဘုရားရဲ့ အလိုတော်နဲ့ လွဲချော် နေတဲ့အချိန်မျိုးမှာ ဘုရားသခင်က ကျွန်တော့်ဖက် မှာရှိတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။ ဘုရားသခင်က သိပ်သန့်ရှင်းတယ်ဆိုတာ ဆရာ သိပါတယ်။
သိပ်ကောင်းတဲ့ မေးခွန်းပဲ။ အကြောင်းရင်း ကို ရှင်းပြပါရစေ။ ဒီမေးခွန်းရဲ့ အဖြေဟာ လက်ဝါး ကားတိုင်မှာတွေ့ရတယ်။ ကားတိုင်ပေါ်မှာ သွန်းခဲ့တဲ့
ဘုရားသခင်ရဲ့ သားတော်ယေရှုရဲ့အသွေးတော်က ဘုရားသခင်ကို သင့်ဖက်မှာ ရှိစေတယ်။ ဒီနေ့ သင် ကျဆင်းနေတဲ့အချိန်မှာတောင် ဘုရားသခင်က သင့် ဖက်မှာရှိနေတာဟာ အသွေးတော်က သင့်ရဲ့အပြစ် ကို မိုးပွင့်တွေလို ဖြူသွားအောင် ဆေးကြောပေးခဲ့လို့ ဖြစ်တယ်။
အီဂျစ်ပြည်ရဲ့အိမ်ရှေ့မင်းသား (The Prince Of Egypt)ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို သင် ကြည့်ဖူးတယ်မဟုတ်လား။ ပဿခါပွဲညမှာ ဘာတွေ ဖြစ်ခဲ့သလဲဆိုတာ သင်မှတ်မိသေးတယ်မဟုတ်လား။ ဣသရေလလူမျိုးတွေဟာ သူတို့ရဲ့ တံခါးထုပ်တံခါး တိုင်မှာ သိုးသူငယ်ရဲ့ အသွေးကို သုတ်ခဲ့ကြတယ်။ အသွေးက ဘာလုပ်ပေးခဲ့သလဲ။ အသွေးတော်က ဘုရားသခင်ကို သူတို့ဖက်မှာရှိနေစေခဲ့တယ်။ အသွေး သုတ်ထားတဲ့အိမ်မှာရှိတဲ့မိသားစုတိုင်း သူတို့ရဲ့ သားဦး တွေအပေါ် သေမင်းရဲ့ စီရင်ခြင်းကို ကြောက်ရွံ့စရာ မရှိခဲ့ဘူး မဟုတ်လား။
အခု၊ခဏလေး ဒီအချက်ကို ဆင်ခြင်ကြည့် ပါ။ အဲဒီညတုန်းက ဣသရေလလူမျိုးတွေရဲ့ သားဦး အပေါ် သနားညှာတာခဲ့တာ သူတို့ရဲ့ ကိုယ်ကျင့်တရား ၊
ပြည့်ဝစုံလင်လို့ ဟုတ်ပါရဲ့လား။ ဒါမှမဟုတ် သူတို့ အပေါ် သနားညှာတာ သိုးသူငယ်ရဲ့ အသွေးကြောင့် လား။ သိုးသငယ်ရဲ့ အသွေးကြောင့်ဆိုတာ သိပ် သေချာတာပေါ့။
ဒီနည်းအတိုင်းပဲ၊ ပဋိညာဉ်သစ်ခေတ်မှာ ဘုရားသခင်က သင့်ရဲ့ ကိုယ်ကျင့်သီလ ပြည့်စုံခြင်း အပေါ်မှာ သင့်ကို ကောင်းချီးပေးတာ မဟုတ်ဘူး။ ဒီနေ့ ဘုရားသခင်က သင့်ဖက်မှာ ရှိနေတာဟာ သိုးသူငယ် ယေရှုခရစ်တော်ရဲ့ ပြည့်ဝစုံလင်တဲ့အသွေး တော်ကြောင့် ဖြစ်တယ်။ ဒီအချက်ကြောင့် ဒီနေ့ ယုံကြည်သူ ကျွန်ုပ်တို့ဟာ ကိုယ်တိုင်တိုက်စရာမလို တော့တာ ဖြစ်တယ်။ ဒီလိုသာ ပြောလိုက်ချင်တယ်။
#ဘုရားသခင်သာ ကျွန်ုပ်တို့ဖက်မှာရှိတယ် ဆိုရင် ကျွန်ုပ်တို့ကိုဘယ်သူကဆန့်ကျင်တိုက်ခိုက်ရဲဦး မှာလဲ၊
ဒီနေ့ ဘုရားသခင် သင့်ဖက်မှာရှိတယ်ဆို တာ ယေရှုရဲ့အသွေးတော်ကြောင့် ဖြစ်တယ်ဆိုတာ အမြဲတမ်းသတိရပါ။ လူတွေကြောက်ရွံ့နေတဲ့ သူ့ရဲ့ သန့်ရှင်းခြင်းစံချိန်နဲ့ ဖြောင့်မတ်ခြင်းဟာ ယေရှုရဲ့ အသွေးတော်ကြောင့် အခု သဖက်မှာရှိနေပြီဆိုတာ
သိမှတ်ပါ။ ယေရှုရဲ့ အသွေးတော်ကြောင့် ဘုရား သခင်ရဲ့ အထူးမျက်နှာသာပေးခြင်းနဲ့ ကောင်းကင် ဓမ္မမင်္ဂလာအားလုံးဟာ သင့်အတွက် ဖြစ်တယ်။ အခု သင့်ကို ဘယ်သူကလာပြီး ဆန့်ကျင်နိုင်မှာလဲ။ ဘယ်လိုဖျားနာခြင်း၊ ဘယ်ရောဂါ ဘယ်လိုပြစ်တင် စွပ်စွဲမှု၊ ဘယ်လိုအတင်းအဖျင်း၊ ဘယ်လိုလက်နက် တွေကမှ သင့်ကိုဆန့်ကျင်နိုင်မှာမဟုတ်ဘူး(ဟေရှာ၊
၅၄း၁၇)။
(၇)
ဝယ်ယူလို့မရတဲ့ လက်ဆောင်
*ဆရာပရင့်စ်၊ လူတချို့ကကောင်းတဲ့အရာ တွေလုပ်ဆောင်တဲ့အတွက် သူတို့နဲ့အတူ ယေရှုပါရှိ တယ်။ ကျွန်တော်ကကျတော့ ဘုရားသခင်အတွက် ရောအခြားလူတွေအတွက်ရောကောင်းတာများများ စားစား မယ်ဖြစ်ဘူး။ ဒီလိုဆိုရင် ယေရှုက ကျွန်တော်နဲ့ အတူ ဘယ်လိုလုပ်အတူရှိနိုင်မှာလဲ။
အချို့လူတွေက မြင့်မြတ်တဲ့အလုပ်တွေ များများ လုပ်ဆောင်ခြင်း၊ ကြင်နာတဲ့အပြုအမူတွေ ရှိခြင်းက သူတို့ဖက်မှာ ဘုရားသခင်ကိုရှိစေတဲ့အ
ကြောင်းရင်းလို့ ယုံကြည်ကြတယ်။ ဆင်းရဲသားတွေ အတွက် ငွေကြေးအမြောက်အမြား ပေးလှူခြင်း၊ အသင်းတော်ထဲမှာ မိမိရဲ့အချိန်တွေကိုအသုံးပြုလျက်၊
အစေခံခြင်းတွေက ဘုရားသခင်ဆီက မျက်နှာသာ ပေးခြင်းကို ရစေတယ်၊ ဘုရားသခင်ကိုလည်း သူတို့ ဖက်မှာရှိစေတယ်လို့ယူဆကြတယ်။ မိတ်ဆွေ၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးရအောင်။ ဘုရားသခင်က သင် ဘာလုပ်တယ်၊ ဘာမလုပ်ဘူး ဆိုတဲ့အပေါ်မှာ မူတည်ပြီး သင့်ဖက်မှာရှိတာ မဟုတ် ဘူး။ ဒါမှမဟုတ် သင် ဘာလုပ်ဆောင်ခဲ့တယ်။ ဘာ မလုပ်ဆောင်ခဲ့ဘူးဆိုတဲ့ အပေါ်မှာမူတည်ပြီး သင့် ဖက်မှာ ရှိတာမဟုတ်ဘူး။ ဒီလိုမျိုးတွေးခေါ်ယူဆ နေတာဟာ မိမိကိုယ်ကိုယ် ဗဟိုပြုခြင်းကနေမလွတ် သေးတဲ့လက္ခဏာ ဖြစ်တယ်။ အဲဒါဟာ ဘာသာရေး ဖြစ်တယ်။ တော်စပ်ဆက်နွယ်မှုမဟုတ်ဘူး။
ဘာသာရေးအားလုံးက သင့်အပေါ်မှာမူ တည်တယ်။ #သင် ဘာမလုပ်သင့်ဘူး။ ဘာတော့ လုပ်သင့်တယ်ဆိုပြီး အားလုံးက သင်၊ သင်၊ သင် ဆိုတဲ့အပေါ်မှာ အခြေပြုတယ်။ သင့်ဖက်မှာ ဘုရား သခင်ရှိလာဖို့၊ သူ့ရဲ့မျက်နှာသာကိုရရှိဖို့ အဖိုးအခ ပေးပြီး ဝယ်ခိုင်းနေတာဟာ ဘာသာရေး ဖြစ်တယ်။ ကြိုးပမ်းအားထုတ်မှုကြောင့် သူတို့ဖက်မှာ ဘုရားသခင် ရှိလာတာဖြစ်တယ်လို့ ထင်မှတ်နေကြတယ်။
မေးပါရစေ၊ ဘုရားသခင်က သင့်ရဲ့ ဆု တောင်းချက်ကို နားညောင်းပေးတာဟာ သင့်ရဲ့ ထိုက်တန်မှုကြောင့်လား၊ ဒါမှမဟုတ် ယေရှုရဲ့ ထိုက် တန်မှုကြောင့်လား။ မိတ်ဆွေ၊ ဘုရားသခင်ရဲ့မျက်နှာ သာပေးခြင်းကို သင့်ရဲ့ ကောင်းမှုကုသိုလ်အားဖြင့် ရရှိဖို့ မကြိုးစားပါနဲ့။ သင့်ကို ကျမ်းစာ မဖတ်ဖို့၊ ဆု မတောင်းဖို့၊ အစာမရှောင်ဖို့၊ အသင်းတော်ထဲမှာ အစေမခံဖို့ တိုက်တွန်းနေတာ မဟုတ်ဘူးနော်။ ဒီလို ဆိုလိုတာ လုံးဝမဟုတ်ဘူးနော်။ နှလုံးသားထဲကနေ စေတနာစိတ်နဲ့ လိုလိုလားလားလုပ်ဖို့၊ ဘာသာရေး အရ *လုပ်ရမယ်ဆိုတဲ့ စိတ်နဲ့ မလုပ်ဖို့ကို ဆိုလိုတာ ဖြစ်တယ်။
လုပ်ဆောင်သမျှအရာအားလုံးဟာ သူနဲ့ တော်စပ်ဆက်နွယ်မှုအပေါ်မှာ အခြေပြုတာ ဖြစ်ရ မယ်။ သင်ဟာ သူနဲ့ တော်စပ်တဲ့အတွက်ကြောင့် သင့်အပေါ်မှာ သူ့ရဲ့မျက်နှာသာပေးခြင်းဟာ ရှိကို ရှိနေတယ်ဆိုတာကို နားလည်ရပါမယ်။ မထိုက်တန် ပေမယ့် သူ့ရဲ့ မေတ္တာကိုခံစားနေရတဲ့အတွက် သူ့ရဲ့ မေတ္တာကို မချီးမွမ်းဘဲ မနေနိုင်အောင် ဖြစ်လာမယ်။ သူ့မျက်နှာကိုလည်း ပိုပိုပြီး ရှာချင်လာပါလိမ့်မယ်။
စိတ်နှလုံးအကြွင်းမဲ့နဲ့ သခင်ဘုရားကို စတင်ယုံ ကြည်ကိုးစားလာမယ်။ ကိုယ့်ရဲ့ အသိဉာဏ်ကိုလည်း အမှီပြုချင်စိတ်တွေ ပျောက်ကွယ်လာလိမ့်မယ်။ သင့် အသက်တာရဲ့အစိတ်အပိုင်းတိုင်းမှာ သူ့ကိုအုပ်စိုးခွင့်၊ ပေးလာပါလိမ့်မယ်။
မိတ်ဆွေ၊ ဒီနေ့ ဘုရားသခင် သင်နဲ့အတူ ရှိတာဟာ သူ့ရဲ့ တစ်ပါးတည်းသော သားတော်ယေရှု
ကြောင့်ဖြစ်တယ်။ ဘုရားသခင်က လောကကို ချစ် လွန်းအားကြီးတဲ့အတွက်ကြောင့် သူ့ရဲ့ တစ်ပါးတည်း သောသားတော်ကို ပေးခဲ့တယ်။ သူ့နာမည်က ဧမာနွေလလို့ ခေါ်တယ်။ ဘုရားသခင်က ကျွန်ုပ်တို့ကို ယေရှုကို ပေးခဲ့တယ်။ ယင့်အသက်တာထဲမှာရှိတဲ့ ယေရှုရဲ့ မျက်မှောက်တော်ဟာ ဘုရားသခင်ဆီက လာတဲ့ အခမဲ့လက်ဆောင် ဖြစ်တယ်။ အဲဒီ လက်
ဆောင်ကို သင် ဝယ်ယူလို့ မရဘူး။ သူ့ရဲ့မျက်နှာသာ ပေးခြင်းကို သင်ဝယ်ယူလို့ မရဘူး။ ဘုရားသခင်က လည်းမရောင်းဘူး။ ဝယ်နိုင်သူလည်း တစ်ယောက်မှ မရှိဘူး။ မဝယ်နိုင်ကြလို့ အခမဲ့ပေးတာ ဖြစ်တယ်။ သင်လက်ခံရရှိတဲ့ ယေရှုရဲ့မျက်မှောက်တော်နဲ့အတူ ပါရှိခြင်းကိုလည်း ပြန်ထွက်သွားအောင် သင် ဘာမှ
မလုပ်နိုင်ဘူး။ သူ့ကို သင့်နှလုံးသားထဲမှာ တစ်ကြိမ် လက်ခံပြီးတာနဲ့ သင့်ကို သူ ဘယ်တော့မှ စွန့်ခွာမ သွားတော့ဘူး(ဗြဲ၊၁၃း၅(ခ)။
*ဒါပေမယ့် ဆရာပရင့်စ် ကျွန်တော်လဲကျတဲ့ အခါ ယေရှုက ကျွန်တော့်ကိုမစွန့်ဘူးလား*
မစွန့်ပါဘူး။ ယေရှုက အခု သင့်ကိုအားပေး ဖို့ဘေးနားမှာရှိတယ်။ သင်ပြောကောင်းပြောပါလိမ့် မယ်။ ဒါပေမယ့် ကျွန်တော်က ပြန်ဆွဲထူခံရဖို့ ထိုက်မှ မထိုက်တန်တာ အဲဒါကိစ္စမရှိဘူး။ အဲဒီလို မထိုက်တန်တဲ့အတွက်ကြောင့်ပဲ သင့်အသက်တာ ထဲကို မျက်နှာသာပေးခြင်း သက်ရောက်စေတာပေါ့။ ဆာလံဆရာက ဒီလိုလှလှပပ ဖွဲ့ဆိုခဲ့တယ်။
ကောင်းသောသူ၏ ခြေရာတို့ကို ထာဝရ ဘုရားသည် ပဲ့ပြင်၍၊ သူသွားရာလမ်းကိုနှစ်သက်
တော်မူ၏။ ထိုသူသည် လဲသော်လည်း ဆုံးရာသို့ မရောက်ရ။ အကြောင်းမူကား၊ ထာဝရဘုရားသည် သူ၏လက်ကို ကိုင်တော်မူ၏။(ဆာလံ၊၃၇း၂၃
၂၄)။
သင်လဲတဲ့အခါတိုင်း ယေရှုက သင့်ကိုထူမဖို့ အမြဲအသင့်ရှိတယ်။ သူဟာ သစ္စာရှိသူ ဖြစ်တယ်။
မှီခိုအားကိုးထိုက်တဲ့ မိတ်ဆွေလည်း ဖြစ်တယ်။ ကျမ်း စာထဲမှာ မိတ်ဆွေနဲ့ပတ်သက်ပြီး ဒီလိုဖော်ပြတယ်။
*မိတ်ဆွေမူကား၊ ညီအစ်ကိုစွဲကပ်သည် ထက် သာ၍ စွဲကပ်တတ်၏။(သု၊၁၈း၂၃(ခ))။ ။
အဲဒါ ယေရှု ဖြစ်တယ်။
(၈)
ထာဝရ လဲလှယ်ခြင်း၊
ဓမ္မဟောင်းကာလရဲ့ ပညတ်တရားအရ ရာ ခိုင်နှုန်းအပြည့်နာခံမှုရှိတဲ့အချိန်အတွင်းမှာပဲ ဘုရား သခင်ဟာ ကိုယ့်ဖက်မှာရှိနိုင်တယ်။ ဒါပေမယ့် သင် တစ်ချက်ကလေးချိုးဖောက်လိုက်တာနဲ့ သူကသင့်ကို စွန့်ခွာမှာ ဖြစ်တယ်။ ဒီနေ့ သင်နဲ့ ကျွန်ုပ်ကျတော့ လုံးဝခြားနားတဲ့ပဋိညာဉ်တရားအောက်ထဲကိုရောက် ရှိသွားကြပြီ။ ဘုရားသခင်က ကျွန်ုပ်ကို ဘယ်တော့မှ မစွန့်ပစ်တော့ဘူး။ ဘာကြောင့် မစွန့်ပစ်တော့တာလဲ။ ကားတိုင်ပေါ်မှာ ယေရှုပြုခဲ့တဲ့အမှုကြောင့်ပဲ ဖြစ်တယ်။ ကားတိုင်ပေါ်မှာ သူဟာ ကျွန်ုပ်တို့ရဲ့ ပူဇော်သက္ကာ အဖြစ်ပူဇော်ခြင်းခံခဲ့တယ်။ သူက ကျွန်ုပ်တို့ရဲ့ အပြစ် ရှိသမျှကို ယူတင်ပြီး ကျွန်ုပ်တို့ကိုယ်စား အပြစ်စီရင် ခြင်းကို ခံပေးခဲ့တယ်။ ဘုရားသခင်ရဲ့ စီရင်ခြင်း ၊ အမျက်တော်ဟာ ကားတိုင်ပေါ်မှာ တစ်ဦးတည်း
စွန့်ပစ်ခြင်းခံရတဲ့ယေရှုအပေါ် သွန်းလောင်းခဲ့တယ်။ သူဟာ အဖရဲ့ ငြင်းပယ်ခြင်း၊ မျက်နှာလွှဲခြင်းကို ခံခဲ့ ရတဲ့အတွက် ကျွန်ုပ်တို့အသက်တာထဲမှာ ဘုရား သခင်ရဲ့မျက်မှောက်တော်ဟာ အဆက်မပြတ် သက် ရောက်လာတယ်။ ။
ယေရှုဟာ အကျွန်ုပ်ဘုရား၊ အကျွန်ုပ် ဘုရား၊ အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူ သနည်းလို့ကြွေးကြော်ခဲ့တယ်။ အဲဒါ ထာဝရအစား ထိုးလဲလှယ်ခြင်းဖြစ်တယ်။ ကားတိုင်မှာ ယေရှုက ကျွန်ုပ်တို့အပြစ်တွေကို ယူဆောင်ပြီး ဘုရားသခင် ရှေ့တော်ကိုရောက်သွားတဲ့အခါ ယေရှုရဲ့ဖြောင့်မတ် ခြင်းကို ကျွန်ုပ်တို့ ရရှိပြီး ဘုရားသခင်ရှေ့မှာ အမြဲ နေရာရရှိကြတယ်။ ဘုရားသခင်ရဲ့ လက်ခံခြင်းကို ထာဝရကာလအထိ ကျွန်ုပ်တို့ရရှိကြပြီ ဖြစ်တယ်။ ဒါဟာ ထာဝရအစားထိုးလဲလှယ်ခြင်း ဖြစ်တယ်။
ခရစ်တော်ထဲမှာရှိတဲ့ ကျွန်ုပ်တို့ရဲ့ အမွေနဲ့ ပတ်သက်ပြီး ကျမ်းစာက ဘယ်လိုဖော်ပြထားသလဲ ဆိုတာ ကျွန်ုပ်နဲ့အတူ တစ်ချက်လောက်ကြည့်ရအောင်။
#ငါသည် သင့်ကိုမစွန့်၊ သင့်ကိုအလျှင်းပစ်၍ မထား။ ထိုကြောင့် ထာဝရဘုရားသည် ငါ၌ပြုနိုင်
သမျှကို မကြောက်ဟု၊ ငါတို့သည် ရဲရင့်သောစိတ်နှင့် ပြောဆိုရသောအခွင့်ရှိကြ၏(ဗြဲ၊၁၃း၅-၆)။
ဒီနေ့ ကျွန်ုပ်တို့အတွက် ဘယ်လောက် စိတ်ချစရာ ကောင်းလိုက်သလဲနော်။ #အလျှင်းပစ်၍ မလားဆိုတာ ဘာကိုဆိုလိုတာလဲ။ ဆိုလိုတာက သင်ဟာ ဝိညာဉ်ရေးရာမြင့်တက်နေတဲ့အချိန်မှာ သူဟာ သင်နဲ့အတူရှိတယ်။ သင်ကျဆင်းတဲ့အချိန် မှာလည်းသင်နဲ့အတူဆက်ရှိနေတယ်။ သင်ပျော်ရွှင်တဲ့ အချိန်မှာ သင်နဲ့အတူရှိသလို သင် ဝမ်းနည်းနေတဲ့ အချိန်မှာလည်း သင်နဲ့အတူရှိတယ်။ သင် မှန်မှန် ကန်ကန် အသက်ရှင်တဲ့အချိန်မှာ သင်နဲ့အတူရှိသလို သင်ကျဆင်းနေတဲ့အချိန်မှာလည်း သင်နဲ့အတူဆက် ရှိနေတယ်။ သင့်ကိုမစွန့်၊ သင့်ကိုအလျှင်းပစ်၍မထား ဆိုတာ အထက်ပါအချက်တွေကို ဆိုလိုတာ ဖြစ်တယ်။
အထက်မှာဖော်ပြတဲ့ကျမ်းပိုဒ်ထဲမှာ အနုတ် လက္ခဏာဝေါဟာရ နှစ်ဆကို အသုံးပြုထားတာ တွေ့ရတယ်။ ၄င်းကို ဂရိလို (ou me)လို့ အသုံးပြု ထားတာ တွေ့ရတယ်။ တိုက်ရိုက်အနက်ပြန်ရမယ် ဆိုရင် #never never-ဘယ်တော့မှ-ဘယ်တော့မှ လို့ အဓိပ္ပာယ်ထွက်တယ်။ ဒီကျမ်းပိုဒ်ကို နောက်
တစ်နည်းနဲ့ ရေးရမယ်ဆိုရင် ငါဟာ သင့်ကို ဘယ်
တော့မှ.. ဘယ်တော့မှ.. စွန့်ပစ်မှာမဟုတ်ဘူး%လို့ ရေးလို့ ရပါတယ်။ ဒီလိုရေးတဲ့အခါ အဓိပ္ပာယ်ပိုပြီး ပေါ်လွင်လာတယ်။
ဒါဟာ ကျွန်ုပ်တို့အတွက်ယေရှုလုပ်ဆောင် ပေးတဲ့အရာဖြစ်တယ်။ ဘုရားသခင်ရဲ့ မျက်နှာသာ ပေးခြင်းကို အဆက်မပြတ်ခံရဖို့ လုပ်ဆောင်ပေးခဲ့ ပါတယ်။ မိတ်ဆွေ၊ နှလုံးသွင်းရမယ့်အရာက ဘုရား သခင်ကို တစ်ကြိမ် လက်ခံ ယုံကြည်လိုက်တာနဲ့ ထာဝရတိုင်စွန့်ပစ်မခံတော့ဘူးဆိုတဲ့အချက်ပဲဖြစ် တယ်။ တစ်စုံတစ်ယောက်က သင့်ကို ဘုရားသခင် စွန့်ပစ်နိုင်တယ်လို့ လာပြောရင် လုံးဝလက်မခံပါနဲ့။ သင့်အသက်တာထဲက ဘုရားသခင်ရဲ့မျက်မှောက်
တော်ကို လုယူနှောင့်ယှက်ခြင်းကိုခွင့်မပြုပါနဲ့။ ဘုရား သခင်က ဘယ်တော့မှ၊ ဘယ်တော့မှလို့ ပြောတဲ့ အခါ ဘယ်တော့မှ၊ ဘယ်တော့မှလို့ ဆိုလိုတာ ဖြစ်တယ်။ ကျွန်ုပ်တို့ရဲ့ ဘုရားသခင်ဟာ မုသာမပြော တတ်ပါဘူး။
(၉)
သင့်ဘဝရဲ့ အခြေအနေတွေက
ဘုရားသခင်ရဲ့မျက်နှာသာပေးခြင်းကို လျော့စေနိုင်ဘူး
အခု မိတ်ဆွေရဲ့ အသက်တာထဲမှာရှိတဲ့ ဘုရားသခင်ရဲ့ မျက်မှောက်တော်ဟာ အဆက်မပြတ် ခံစားရတဲ့အရာ၊ အာမခံချက်အပြည့်အဝရှိတဲ့အရာ ဖြစ်တယ်ဆိုတာ မိတ်ဆွေသိပြီးဖြစ်တယ်။ နောက်ထပ် သတိပေးချင်တာက သင့်အသက်တာထဲမှာရှိတဲ့ ဘုရားသခင်ရဲ့ မျက်မှောက်တော်နဲ့ သူ့ရဲ့မျက်နှာသာ ပေးခြင်းကို သင့်ရဲ့ အခြေအနေက လျော့နည်းသွား
အောင် မလုပ်နိုင်ဘူး ဆိုတာပါပဲ။ ဒီအချက်ကို နား လည်ဖို့ အထောက်အကူ ပေးနိုင်တဲ့ ယောသပ်ရဲ့ အသက်တာလေ့လာခြင်းကို ဆက်ကြရအောင်။
ယောသပ်က ပေါတိဖာဇနီးပေးတဲ့အခွင့် အရေးကိုငြင်းပယ်တဲ့အခါ သူမကယောသပ်စွန့်ခဲ့တဲ့ အဝတ်ကို သက်သေပြုလျက် သူမကို မရိုမသေပြုဖို့ ကြိုးစားတယ်လို့ စွပ်စွဲခဲ့တယ်။ ဇနီးပြောတဲ့စကားကို ပေါတိဖာကြားသိတဲ့အခါ အမျက်ဒေါသထွက်လျက် အရင်တုန်းက ပေးအပ်ခဲ့တဲ့ ရာထူးအားလုံးကို ရုပ် သိမ်းပြီး ထောင်ထဲကို ပို့လိုက်တယ်။
ယောသပ်ရဲ့ ဖိနပ်ကို သင်ကိုယ်တိုင်စီးကြည့် ပါလား။ ဒီနေရာမှာဘာတွေဖြစ်သွားသလဲ။ အတိတ် တုန်းက သူ့အစ်ကိုတွေ သူ့အပေါ်မှာ ကျူးလွန်ခဲ့တဲ့ နာကျင်မှုအနာတွေတောင် ကောင်းကောင်းမကျက် သေးဘူး။ အခုတစ်ခါ ဘာအမှားမှမကျူးလွန်ဘဲနဲ့
ထောင်ထဲအသွင်းခံရပြန်တယ်။ လူသားပီပီဘယ်သူ မဆို ဘုရားသခင်ကို နာကျည်းကြမှာသေချာတယ်။ အများစုကတော့ ဘုရားသခင် ဘယ်ရောက်နေ တာလဲ။ သူ့ကိုစွန့်ပစ်ဖို့အရေး ဘုရားသခင်ကဘာ
ကြောင့် ဒီလောက်ဝေးကွာတဲ့အရပ်ကို ခေါ်ဆောင် ခဲ့ရတာလဲ။ ဒါက ဘယ်လိုဖြစ်ရတာလဲ။ မတရားစွပ် စွဲတဲ့သူတွေကို စီရင်မယ့်တရားသူကြီးက ဘယ်မှာ လဲလို့ မေးခွန်းထုတ်ကြမှာ သေချာတယ်။
ဒါပေမယ့် ယောသပ်ဟာ ထူးခြားတဲ့သူဖြစ် တယ်။ ဘုရားသခင်က သူ့ကို ဘယ်တော့မှ စွန့်ပစ် မှာမဟုတ်ဘူးဆိုတာ သူ သိခဲ့တယ်။ ယောသပ်ဟာ သူ့ရဲ့ အခြေအနေကို မစဉ်းစားခဲ့ဘူး။ ဘုရားသခင်ရဲ့ မျက်မှောက်တော်ကိုပဲ အာရုံစိုက်ခဲ့တယ်။ ကျွန်တစ်
ယောက်အနေနဲ့ ရောင်းစားခံခဲ့ရခြင်း၊ တိုင်းတစ်ပါး ၊ သားဖြစ်တဲ့ပေါတိဖာရဲ့ အိမ်မှာဒုက္ခသည်တစ်ယောက် အနေနဲ့နေထိုင်ခဲ့ရခြင်း၊ အမှားလုံးဝမကျူးလွန်ပါဘဲ လျက် ထောင်ချခံခဲ့ရတဲ့ အရေးနိမ့်ခြင်းတွေက သူ့ အပေါ်မှာရှိတဲ့ ဘုရားသခင်ရဲ့ မျက်နှာသာပေးခြင်းကို မလျော့စေခဲ့ဘူး။ သူရင်ဆိုင်ဖြတ်သန်းကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေက ဘုရားသခင်ရဲ့ မျက်မှောက်
တော်နဲ့၊ မျက်နှာသာပေးခြင်းကို လုံးဝ မလျော့နည်း စေခဲ့ဘူး။ သူဟာ ခါးသီးနာကျည်းမယ့်အစား ဘုရား သခင်အပေါ်မှာ မှီခိုခဲ့တယ်။ ဘုရားသခင်ကို စွန့်လွှတ်
ကျောခိုင်းပြီး ဘဝကို အရှုံးပေးမယ့်အစား သူ့ဘဝ အတွက် အောင်မြင်ခြင်းကို ဘုရားသခင်ရဲ့မျက်မှောက်
တော်ထဲမှာ သိုထားလျက်ရှိကြောင်းကို သိမှတ်လျက် စိတ်ချမှုအပြည့်ရှိခဲ့တယ်။
ယောသပ်အတွက် ဘုရားသခင် ဘာလုပ်
ပေးခဲ့သလဲဆိုတာ သိမြင်ဖို့ အောက်မှာ ဖော်ပြတဲ့ ကျမ်းပိုဒ်ကို ဖတ်ရှုစေချင်ပါတယ်။
#သို့သော်လည်း ထာဝရဘုရားသည် သူ့ ဘက်၌ရှိ၍ ကယ်မသနားတော်မူသဖြင့်၊ ထောင်မှူး ထံမျက်နှာရစေတော်မူ၏။ သို့ဖြစ်၍ ထောင်မှူးသည်
ထောင်၌ချုပ်ထားသောသူအပေါင်းတို့ကို ယောသပ် လက်သို့အပ်၍၊ ထောင်ထဲတွင်ပြုသမျှသောအမှုကို ယောသပ်စီရင်ရ၏။ ထိုနောက် ထောင်မှူးသည် ထောင်အမှုကို ကိုယ်တိုင်ပြန်၍ မကြည့်မရှုရ။ အ
ကြောင်းမူကား၊ ထာဝရဘုရားသည် ယောသပ်ဘက် မှာရှိ၍ သူပြုလေရာရာ၌ အောင်စေတော်မူသတည်း။
(၁၀)
သင့်အသက်တာမှာ ဘုရားသခင်ရဲ့မျက်နှာသာပေးခြင်းရှိတဲ့အခါ
သင့်အပေါ်မှာ ဘုရားသခင်ရဲ့ အထူးမျက် နှာသာပေးခြင်းသက်ရောက်လာတဲ့အခါ သင် ဘယ်လို အခြေအနေမျိုးမှာပဲရှိနေရှိနေ၊ ယောသပ်လိုပဲ မျက် နှာသာပေးခြင်း၊ တိုးပွားခြင်း၊ ကြွယ်ဝခြင်းကို ခံစား ရမှာဖြစ်တယ်။ သင့်ကိုယ်သင် သင်ထင်မှတ်တာထက် တိုးပွားလာပါလိမ့်မယ်။
ယောသပ်အသက်တာထဲမှာရှိတဲ့ သက်သေ တွေကို သင်တွေ့မြင်ပြီမဟုတ်လား။ သူဟာ ကျွန် တစ်ယောက်၊ အကျဉ်းသားတစ်ယောက်ဖြစ်ခဲ့ပါစေ၊ ကိစ္စမရှိဘူး။ သင့်အသက်တာမှာလည်း ဒီအတိုင်းပါပဲ။
ကျော်သူဇင် (မိုင်းဖြတ်) သင့်အသက်တာထဲမှာ ဘုရားသခင်ရဲ့ မျက်နှာသာ ပေးခြင်းယိုဖိတ်လာတဲ့အခါ သင်ဟာ ရေကန်တစ်ခုမှာ ရှိတဲ့ဘောလုံးတစ်လုံးနဲ့ တူတယ်။ သဘာဝတရားက သင့်ကို နစ်မြုပ်သွားအောင်ဖိဖို့ ကြိုးစားပေမယ့် ဘုရားသခင်ရဲ့ မျက်နှာသာပေးခြင်းက သင့်ကို အမြဲ တမ်းရေမျက်နှာပြင်ပေါ်ကိုရောက်အောင် တွန်းတင်မှာ ဖြစ်တယ်။
မိတ်ဆွေ… သင် လက်ရှိရင်ဆိုင်နေရတဲ့ အခြေအနေတွေကြောင့် စိတ်ဓာတ်မကျပါနဲ့။ အဆင် မပြေမှုတွေ၊ ထိခိုက်နစ်နာမှုတွေကို တစ်ခါတလေ
သင် ကြုံတွေ့နိုင်တယ်ဆိုတာ ကျွန်ုပ် သိပါတယ်။ ဒါပေမယ့် ဒါတွေဟာ အဆုံးသတ် မဟုတ်ပါဘူး။ ဒီစာအုပ်ကို ကျွန်ုပ် ရေးရတဲ့ရည်ရွယ်ချက်က သင့် ဘဝနိဂုံးမချုပ်သေးဘူးဆိုတာကို သိစေဖို့ပဲဖြစ်တယ်။ ကမ္ဘာပေါ်မှာ စာအုပ်သန်းပေါင်းများစွာရှိတဲ့အထဲက အခု မိတ်ဆွေ ဒီစာအုပ်ကို ကိုင်နေတာဟာ မတော် တဆတိုက်ဆိုင်မှုလို့ ကျွန်ုပ် မယုံကြည်ဘူး။ ဒါဟာ ဘုရားသခင်ရဲ့ ချိန်းချက်ပေးမှုတစ်ခုဖြစ်တယ်။ ပြီး
တော့ ဘုရားသခင်က သင့်ကို #အခုလက်မလျှော့ လိုက်ပါနဲ့။ ဇာတ်သိမ်းခန်း မရောက်သေးဘူးလို့
ပြောနေမှာ ကျွန်ုပ် ယုံကြည်တယ်။
သင့်အသက်တာမှာ အနိမ့်ဆုံးအခြေအနေ ထဲ ကျရောက်သွားတဲ့အချိန်တွေ အကြိမ်ကြိမ်ရှိခဲ့ပါ လိမ့်မယ်။ အဲဒါ သင့်ကို ဘုရားသခင် ရာထူးမြှင့်တင်
တော့မယ်ဆိုတဲ့လဏာတွေပဲဖြစ်တယ်။ ယောသပ်ရဲ့ အသက်တာဘဝဇာတ်လမ်းကို အစကနေ အဆုံးထိ ပြန်လှန်ကြည့်ကြရအောင်။ သူသာ သူ့အစ်ကိုတွေရဲ့ လုပ်ကြံခြင်းကိုမခံရဘူးဆိုရင် ကျွန်အဖြစ် ရောင်း စားခံခဲ့ရမှာမဟုတ်ဘူး။ ကျွန်အနေနဲ့ ရောင်းစားခြင်း မခံခဲ့ရဘူးဆိုရင် ပေါတိဖာရဲ့အိမ်ကိုရောက်သွားမှာ မဟုတ်ဘူး။ သူသာ ပေါတိဖာရဲ့ အိမ်ကို ရောက်မသွား ဘူးဆိုရင်၊ *အကျဉ်းသားအဖြစ် ထောင်ထဲကို ခံရမှာ မဟုတ်ဘူး။ သူသာ ထောင်ထဲ မရောက်ခဲ့ဘူး ဆိုရင် %ဖာရောမင်းရဲ့ဝန်ထမ်းနှစ်ယောက်ရဲ့ အိပ်မက် ကို အနက်ပြန်ပေးဖြစ်ခဲ့မှာ မဟုတ်ဘူး။ သူတို့ရဲ့ အိပ်မက်ကိုသာ အနက်မပြန်ပေးခဲ့ဘူးဆိုရင် *ဖာ
ရောမင်းရဲ့ အိပ်မက်ကို အနက်ပြန်ဖို့ ခေါ် ထုတ် ခံရမှာ မဟုတ်ဘူး။ ဖာရောမင်းရဲ့ အိပ်မက်ကိုသာ အနက်မပြန်ပေးခဲ့ဘူးဆိုရင် ဖာရောမင်းက သူ့ကို *အီဂျစ်ပြည်တစ်ခုလုံးကို အုပ်ချုပ်စီမံဖို့* နန်းတော်
အုပ်အရာ၌ ခန့်ခဲ့မှာမဟုတ်ဘူး။
ဖာရောမင်းက ယောသပ်ကို ဒီလိုပြောခဲ့ တယ်။ ။
ယောသပ်အားလည်း၊ ဘုရားသခင်သည် ဤအမှုအလုံးစုံတို့ကို သင့်အားပြတော်မူသည်ဖြစ်၍ သင်ကဲ့သို့ ဉာဏ်ပညာနှင့် ပြည့်စုံသောသူမရှိ။ သင် သည် နန်းတော်အုပ်ဖြစ်ရမည်။ သင်၏စကားအတိုင်း ငါ၏ပြည်သားအပေါင်းတို့ကို ငါစီရင်စေမည်။ ရာဇ ပလ္လင်အားဖြင့်သာ ငါသည် သင့်ထက်ကြီးမြတ်မည်ဟု မိန့်တော်မူ၏။ တစ်ဖန်ကြည့်ပါ။ အဲဂုတ္တုပြည်တစ်ပြည် လုံးကိုသင်အုပ်စိုးစေခြင်းငှာ၊ ငါခန့်ထားပြီဟု ယောသပ် အား မိန့်တော်မူလျက်(က၊၄၁း၃၉-၄၁)။
ဒီအချက်ကိုပြန်ကြည့်တဲ့အခါ ဘုရားသခင် က ယောသပ်ရဲ့ အမှောင်မိုက်ဆုံး အချိန်တွေကို အတောက်ပဆုံးနေ့ရက်တွေအဖြစ်ပြောင်းပေးခဲ့တာ ကို ရှင်းရှင်းလင်းလင်းတွေ့ရတယ်။
ယောသပ်ရဲ့ အသက်တာထဲမှာရှိတဲ့ ဘုရား သခင်ရဲ့ မျက်မှောက်တော်နဲ့ မျက်နှာသာပေးခြင်းက သူ့ကို တွင်းထဲကနေ နန်းတော်ထဲကို ရောက်အောင် ဘယ်လိုပို့ပေးခဲ့သလိုဆိုတာကို သင်နဲ့ကျွန်ုပ်တွေ့မြင်
ခဲ့ကြပြီးဖြစ်တယ်။ အခြေအနေတွေအပေါ်ကြည့်နေ တာနဲ့ ၄င်းရဲ့ စိတ်ဓာတ်ကျစေခြင်းကို အခွင့်ပေးနေ တာကို ရပ်တန့်လိုက်ပါ။ ယောသပ်နဲ့အတူရှိတဲ့ ဘုရားနဲ့ အခု သင်နဲ့အတူရှိတဲ့ ဘုရားသခင်ဟာ အတူတူပဲဖြစ်တယ်။ သင့်ကို ဘယ်အရာကမှ ဆွဲချလို့ မရပါဘူး။ သင့်ရဲ့ လက်ရှိအခြေအနေတွေရဲ့ တစ်ဖက် ကမ်းမှာရှိတဲ့ ဘုရားသခင်ပြင်ဆင်ပေးတဲ့ အောင်မြင် ခြင်းကို ခံစားရဖို့ သင် မျှော်လင့်လို့ ရပါတယ်။
ဆက်လက် အသုံးတော်ခံမည့် သင်တို့ရဲ့
ကျော်သူဇင် (မိုင်းဖြတ်)