လေ့လာသင့်သော ကမ္ဘာ့ဘာသာကြီးများ

သိက္ခာတော်ရ ဒေါက်တာအေးမင်း

မာတိကာ

အမှာစာ – စာရေးသူအမှာစာ – ကျေးဇူးမှတ်တမ်းလွှာ –  ဘာသာတရားဆိုသည်မှာ

  • ဘာသာတရားနှင့် ဒဿနအတွေးအခေါ်
  • ဘာသာတရားဖြစ်ပေါ်လာရန် ဖွဲစည်းထားသောအခြေခံမူ (၄)မျိုး
  • ဘာသာတရား၏ပင်မလုပ်ဆောင်မှု
  • ကမ္ဘာ့ပေါ်တွင်ထင်ရှားသောဘာသာတရားများ
  • ဂျူးဘာသာ ၊
  • ဇိုရိုအက်စ်တရမ်ဘာသာ
  • ခရစ်ယာန်ဘာသာ
  • အစ္စလာမ်ဘာသာ
  • ဘာဟာအီဘာသာ
  • ဟိန္ဒူဘာသာ
  • ဂျိန်းဘာသာ
  • ဗုဒ္ဓဘာသာ
  • ဆစ်ခ်ဘာသာ
  • တာအိုဘာသာ
  • ကွန်ဖြူးရှပ်ဘာသာ
  • ရှင်တိုဘာသာ

အမှာစာ

ကမ္ဘာကျော်ဂျာမန်ဓမ္မတွေးခေါ်ရှင် ပေါလ်တီးလိပ်(ခ) (Paul Tillich, 1886-1965) က သူ၏ အတွေးအခေါ် တည်ဆောက်ဖွဲစည်းခြင်းစနစ် (theological system) သည် ဆက်နွယ်မှု (Correlation) အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်သည်ဟု ဆိုခဲ့ဖူးပါသည်။ သူဆိုလိုသည်မှာ ကမ္ဘာ့ဘာသာ တရားများ (World Religions) သည် တစ်ခုစီ သီးခြားရပ် တည်ခြင်းမဟုတ်ဘဲ တစ်ခုနှင့်တစ်ခု ဆက်နွယ်မှုရှိကြောင်း တိတိပပ ဖေါ်ထုတ်ခြင်းဖြစ် သည်။ ခရစ်ယာန်ဘာသာအကြောင်း ပြည့်ပြည့်စုံစုံ သိရှိလိုပါက အခြားကမ္ဘာ့ဘာသာတရား များကို သိရှိရမည်ဟုလည်း သူဆိုခဲ့ဖူးပါသည်။ သိုဖြစ်ရာ သူတစ်ပါး၏ ဘာသာတရားများကို လေ့လာ သိရှိနိုင်ဖိုရန် ဤဘာသာတရားများကို ကျွမ်းကျင်လျက် ပိုချသော ဒေါက်တာအေး မင်းက ထိုကမ္ဘာ့ဘာသာတရားများကို စုစည်းပြီး အများလေ့လာနိုင်ရန် စာအုပ်တစ်အုပ် အဖြစ် ပြုစုပါသဖြင့် မြန်မာပြည်ရှိ ယုံကြည်သူခရစ်ယာန် များအတွက် အလွန်ပင် ဝမ်းမြောက် ဝမ်းသာစရာ ဖြစ်ပါသည်။ ။

ထိုမျှသာ မဟုတ်ပါ။ ဤစာအုပ်သည် သာသနာပြုရေးအတွက် အလွန်တရာ အရေး ကြီးမည် ဖြစ်ပါသည်။ အကြောင်းမှာ (၂၁)ရာစုတွင် ကုန်လွန်ခဲ့သော ရာစုများအတွင်း အသုံးချခဲ့သော “ဆင်ကမ်းတောတိုး” သဘောမျိုးနှင့် အခြားဘာသာတရားများကို အပေါ် စီးပြီး အနိုင်ကျင့်လျက် တိုး၍ မရတော့ပါ။ အထက်တွင်ဆိုခဲ့သည့်အတိုင်း ဘာသာတစ်ခုနှင့် တစ်ခု အပြန်အလှန်ဆက်နွယ်မှုရှိသည် ဖြစ်ရာ သူတစ်ပါး၏ ဘာသာတရားကို သိပါမှ မည် နည်းမည်ပုံ သူတိုကို ပီပီပြင်ပြင် ဆက်သွယ် ရမည့်အကြောင်း သိရှိနိုင်မည်ဖြစ်ပါသည်။ ထိုမှလည်း အခြားဘာသာဝင်များနှင့် ချစ်ချစ်ခင်ခင် မိမိဘာသာကို တင်ပြဆွေးနွေးခွင့်ရနိုင် မည် ဖြစ်ပါသည်။ ပုဂ္ဂိုလ်ခင်မှ တရားမင်မည် မဟုတ်ပါလော။ အတိတ်ကကဲ့သို ဘာသာ တရားများ၏ မတူကွဲပြားမှုများကို ရှေ့တန်း မတင်တော့ဘဲ တူညီမှုများကို ရှာဖွေဖေါ်ထုတ်ပြီး အပြန်အလှန်တရားဆွေးနွေးနိုင်မည် ဖြစ်ပါသည်။ ကုန်လွန်ခဲ့သော ရာစုများ၏ သာသနာပြု ခြင်းဗျူဟာ (mission strategy) သည် အသုံးတည့်တော့မည် မဟုတ်ချေ။

ဆွစ်ဇလန်နိုင်ငံသား အထင်ကရ ဓမ္မတွေးခေါ်ရှင် ကာလ်ဗတ် (Karl Barth, 1886-1968) က ခရစ်ယာန်ဘာသာမှအပ အခြားသောဘာသာတရားအားလုံးတိုသည် အချည်နှီး အလဟသသာ ဖြစ်သည်ဟု ဆိုခဲ့သည်။ (All religions of the world except Christianity are non-sense) ဤခံယူချက်လည်း မမှန်တော့ချေ။ ခရစ်ယာန်ဘာသာဝင် များသည် သူတို့၏ ခရစ်ယာန်ဘာသာကိုသာ အမှန်ဆုံးဘာသာဟု ယူဆသကဲ့သို ခရစ်ယာန်ဘာသာဝင် မဟုတ်သော အခြားဘာသာဝင်များကလည်း သူတို၏ဘာသာကိုသာ အမှန်ဆုံး သော ဘာသာတရား (true religion) ဟုသာ လက်ခံကြမည်ဖြစ်ပါ သည်။ ကာလ်ဗတ်၏ ဗဟုဝါဒ (exclucivism) မှ ဂျာမန်နိုင်ငံမှ ရောမကာသိုလိပ်ဓမ္မတွေးခေါ်ရှင် ကာလ်ရာဏာ (Karl Rahner, 1904-1984) ဖော်ထုတ်သော ယှဥ်တွဲတည်ရှိမူဝါဒ (Inclucivism) သို့ပြောင်း ရွှေ့ဖို့ လိုအပ်ပါလိမ့်မည်။ ထိုမှသာ (၂၁)ရာစုတွင် ရှင်သန်စွာ သာသနာပြုနိုင်မည် ဖြစ်ပါ သည်။

ခရစ်ယာန်ဘာသာအပါအဝင် ဘာသာတရားအားလုံးတို၏ အန္တိမပန်းတိုင်တစ်ခု ဖြစ်လျက် လူသားအားလုံးတို၏ လိုလားတောင့်တသော အရာတစ်ခုမှာ ကမ္ဘာ့ငြိမ်းချမ်းရေး (world peace -Shalom) ပင်ဖြစ်သည်။ ဘာသာတစ်ခုတည်းနှင့် ထိုငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ပါ။ ဘာသာတရားအားလုံး လက်တွဲပြီး ကြိုးစားအားထုတ်မှသာ ရရှိမည့် ငြိမ်းချမ်း ရေး ဖြစ်ပါသည်။ ထိုအတွက်ကြောင့် မိမိ၏ ယုံကြည်ကိုးကွယ်သော ဘာသာတရားအပြင် အခြားဘာသာတ ရားများကိုလည်း လေ့လာလျက် နားလည်သဘောပေါက်ဖို အထူး လိုအပ် လှပေသည်။

မိမိကိုးကွယ်ယုံကြည်သောခရစ်ယာန်ဘာသာကို ပိုမို နက်နဲကျယ်ပြန့်စွာ နားလည် သဘောပေါက်နိုင် ရန်အတွက်ဖြစ်စေ၊ ထိရောက်သော သာသနာပြုခြင်းကို လုပ်မိကိုင်မိရန် နှင့် မနုဿလူသားအားလုံး ဆာငတ်နေသော ကမ္ဘာ့ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ဖိုရန် ဤ “လေ့လာသင့်သော ကမ္ဘာ့ဘာသာကြီးများ” စာအုပ်သည် အလွန့်အလွန် အရေးကြီးလှပါ သည်။ ဓမ္မတက္ကသိုလ်တိုင်း၊ ကျမ်းစာကျောင်းတိုင်း၊ အသင်းတော်တိုင်းနှင့် ယုံကြည်သူတိုင်းက ဖတ်ရှုလေ့လာ သဘောပေါက်ရမည့် အထူးစာကောင်းပေမွန်တစ်အုပ် ဖြစ်ပါသည်။ များ မြောင်လှသော တာဝန်များ စွာထဲမှ သူတစ်ပါးအကျိုးကိုငဲ့ပြီး ဤစာအုပ်ကို ရေးသားပြုစု သော ဆရာဒေါက်တာအေးမင်း အားလည်း အထူးကျေးဇူးဥပကာယတင်ရှိကြောင်းနှင့် ဘုရား ရှင်သည် ဆရာအား ထိရောက်စွာ ဆက်လက်အသုံးပြုပါစေကြောင်း ဆုတောင်းမေတ္တာ ပိုလျက် နိဂုံးချုပ်လိုက်ပါတော့သည်။

အမှုတော်မြတ်၌

Rev.Dr.ဆိုင်မွန်ပေါင်ခန့်အင်း (ဆရာအင်နိုး)

နာယကဆရာတော်၊

တီးတိန်နှစ်ခြင်းအသင်းတော်၊ ရန်ကုန်

စာရေးသူအမှာစာ

ယနေ့ ကမ္ဘာကြီးသည် ရှေးလွန်ခဲ့သောနှစ်ပေါင်းများစွာ အချိန်နှင့်နှိင်းယှဉ်လျှင် လွန်စွာပင် ကွာခြားမှုများစွာကို တွေ့မြင်နိုင်ပါသည်။ အထူးသဖြင့် ဘာသာတရားများ ပေါ် ပေါက်လာခြင်း ဆိုင်ရာနောက်ခံသမိုင်းများကိုကြည့်မည်ဆိုလျှင်၊ ရှေးကာလတွင် မည်သည့် ဘာသာတရားမှ မပေါ် ပေါက်ခဲ့သော်လည်း၊ ယနေ့တွင် ဘာသာတရားများစွာ ပေါ်ပေါက်လာ ခဲ့ပါသည်။ လူသားများ၏ နေထိုင်ရာဒေသအလိုက် ယုံကြည်ကိုးကွယ်မှုများ၊ ပညတ်တရားများ၊ သွန်သင်ဆုံးမချက်များကို နှစ်ပေါင်းများစွာအခြေခံတည်ဆောက်လာရာမှ၊ နောက်ဆုံးတွင် ဘာသာတရားများဖြစ်ပေါ်လာ ကြပါသည်။ ထိုကဲ့သို ကမ္ဘာ့ပေါ်တွင် သူ့ဒေသနှင့်သူ ဘာသာ တရားများပေါ်ပေါက်လာကြသော်လည်း၊ တစ်ဦး၏ဘာသာအကြောင်းကို တစ်ဦးကမသိ၊ တစ်ဦး၏ ယုံကြည်သက်ဝင်မှုများနှင့် ဘာသာဓလေ့ထုံး ထမ်းအစဉ်အလာများကို၊ တစ်ဦးက မသိ၊ အခြားသူတို၏ တန်ဖိုးထားရာအကြောင်း တရားများကို ကိုယ်ကမသိခဲ့ကြပါ။ ထိုကဲ့သို မသိမှုများက တစ်ဦးပေါ်တစ်ဦးနားမလည်မှုများ၊ အမြင်မတူညီမှုများ အထင်အမြင်လွဲမှားမှု များ ဖြစ်ပေါ်လာပါသည်။ တွေးခေါ်စဉ်းစားမှုနှင့် ကိုးကွယ်ယုံကြည်မှုများ ကွဲပြားခြားနားမှု များကို အမှန်တကယ် နားမလည်သဘောမပေါက်သော ကြောင့်၊ နောက်ဆုံးတွင် ဘာသာ တရားတို၏ စစ်မှန်သောအမှန်တရားများနှင့် ကောင်းမြတ်သော တရားများကို အမှန်တရား များက ဖုံးကွယ်သွားပြီး၊ မဖြစ်သင့်သော ရန်လိုမုန်းတီးမှုများ ဖြစ်ပေါ်ခဲ့ကြရပါသည်။ ကမ္ဘာ့ ဘာသာ တရားများ၏ပန်းတိုင်မှာ လူသားအားလုံး ဆင်းရဲခြင်းကင်းစွာ ဖြင့် အေးချမ်းသာယာ သောဘဝအသက် တာများကို ရရှိစေလိုပြီး၊ ငြိမ်းချမ်းသောဘဝနိဂုံးသို ပိုဆောင်ပေးသည်သာ မက၊ ပူပင်သောကလုံးဝ ကင်းစင်ရာချမ်းသာသုခနှင့်ပြည့်စုံသော တမလွန်ကိုပင် လမ်းညွန် ပေးပါသည်။ ထိုကြောင့် ခရစ်ယာန် ဘာသာဝင်တိုင်းသာမက၊ ဘာသာဝင်အသီးသီးတိုက ကမ္ဘာ့ဘာသာတရားများ အကြောင်းကိုလေ့လာ သိရှိကြပြီး၊ တစ်ဦးပေါ်တစ်ဦး နားလည်ကာ၊ ကွဲပြားခြားနားမှုများကို အမှန်ပင်တွေ့မြင်ပြီးနောက် ငြိမ်းချမ်းအေးချမ်းသော လူ့လောကကြီး အဖြစ်တည်ဆောက်ရန်ဖြစ်သည်။ ထိုအရာသည် ဘုရားသခင် ၏ အလိုတော်ပင် ဖြစ်သည်။ ရန်လိုမုန်းတီးမှုများကို တွန်းလှန်ပယ်ရှင်းပြီး ကမ္ဘာကြီးကို ကောင်းမြတ် သောတရားများ၊ ငြိမ်းချမ်းသောလက်များဖြင့်ဝန်းရံကာ မေတ္တာ၊ ကရုဏာတရားများ အစဉ်ရှင်သန်စေ ရန် ရည်ရွယ်ကာ ဤစာအုပ်ကိုရေးသားခဲ့ရခြင်းဖြစ်ပါသည်။ ပိုဆောင်ပေးသော ဘုရားရှင်၏ ကောင်းကြီးအဖြာဖြာ ကိုချီးမွမ်းသကဲ့သို၊ ထုတ်ဝေပေးသော မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန် အသင်းချုပ်ကြီးအား ကျေးဇူးအထူးပင်တင်ရှိပါသည်။

Rev.Dr.အေးမင်း

ကျေးဇူးမှတ်တမ်းလွှာ

မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်၊ စာပေနှင့်ပုံနှိပ်ထုတ်ဝေရေးဌာန၏ လုပ်ငန်းခွဲဖြစ်သော ထုတ်ဝေဖြန့်ချိရေးလုပ်ငန်းမှ တစ်နှစ်ကို စာအုပ်အသစ် အနည်းဆုံး တစ်အုပ်ထုတ်ဝေနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။ ယခုနှစ်တွင် Rev.Dr.အေးမင်း ရေးသားသည့် “လေ့လာသင့်သော ကမ္ဘာဘာသာကြီးများ” စာအုပ်ကို ထုတ်ဝေခွင့်ရသည့် | အတွက် ရှေးဦးစွာ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းမိပါသည်။

ဤစာအုပ်ရေးသားထုတ်ဝေရခြင်း ရည်ရွယ်ချက်မှာ ကမ္ဘာပေါ်ရှိ ဘာသာတရား များအကြောင်းကို လေ့လာသိရှိစေရန်၊ ဘာသာအချင်းချင်း လေးစားမှုရှိရန်၊ အချင်းချင်းရင်း နှီးရိုင်းပင်မှုရှိရန်၊ မိမိတိုဘာသာများ၏ ယဉ်ကျေးမှုဓလေ့ထုံးထမ်းများကို သိရှိရခြင်းဖြင့် ကမ္ဘာ့ငြိမ်းချမ်းစွာ တည်ဆောက်ခြင်းတွင် အတူတကွ လက်တွဲပါဝင်နိုင်ရန် ဖြစ်ပါသည်။

ထိုပြင် ဤစာအုပ်ကို အချိန်ပေး ရေးသားသည့် Rev.Dr.အေးမင်းကိုလည်း အထူး ကျေးဇူး တင်မိပါသည်။ စာပေကဏ္ဍ၏ လိုအပ်ချက်အတွက် ကိုယ်ရောစိတ်ရောပါဝင်ပြီး ရေးသားခြင်း၊ ကိုယ်တိုင်တည်းဖြတ်ပေးခြင်းဖြင့် နှစ်ခြင်းအသင်းချုပ်၊ စာပေနှင့်ပုံနှိပ်ထုတ်ဝေ ရေးဌာန၏ မူပိုင်အဖြစ် ထုတ်ဝေခွင့်ပေးသော Rev.Dr.အေးမင်းနှင့်မိသားစုအပေါ်သို ဘုရားသခင်၏ ကောင်းချီးမင်္ဂလာအစဉ် အမြဲ သက်ရောက်ပါစေကြောင်း ဆုတောင်းမေတ္တာ ပိုသရင်း ကျေးဇူးတင်ခြင်း မှတ်တမ်းလွှာကို နိဂုံးချုပ်အပ်ပါသည်။

နန့်သီသီမြ

တွဲဖက်တာဝန်ခံ

ထုတ်ဝေဖြန့်ချိရေးလုပ်ငန်း

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ

 

 

ဘာသာတရားဆိုသည်မှာ

 (The meaning of Religion)

ဘာသာတရား (Religion) ၏မူလအဓိပ္ပါယ်တွင် “ဘာသာ” နှင့် “တရား” တို ပေါင်း ထားပါသည်။ ဘာသာသည် ပါဠိစကားမှလာပါသည်။ ဘာသာ၏မူလအဓိပ္ပါယ်မှာ “စကား” (word) ဖြစ်သည်။ တစ်နည်းစကားဖြင့် ပြောခြင်းဖြစ်သည်။ ထိုကြောင့် ဘာသာတရား ဆိုသည်မှာ စကားမှသည်တ  ရားဖြစ်သည် (သို) တရားစကားပင်ဖြစ်သည်။ လူသားတို ၏စိတ် အတွင်းမှ မှန်သည်၊ ကောင်းမြတ်သည်၊ စစ်မှန်သည်၊ တရားသည် စသောကောင်းမှုများနှင့် မှားယွင်းမှု၊ မကောင်းမှု၊ မမှန်ကန်မှု၊ မတရားမှု စသည့် မကောင်းမှုများကို သိရှိခွဲခြားနိုင်ပြီး ထုတ်ဖော်ပြောကြားရာမှ တရားစကားများ ဖြစ်လာပါသည်။ အင်္ဂလိပ်စာပေအရ ဘာသာ တရားကို ရီလဂျင် Religion ဟု ခေါ်ဆိုပါသည်။ ထိုစကားလုံး၏ မူလစကားသည် လက်တင် စာပေမှလာပါသည်။ ရီလဂျင် Religion တွင် Re နှင့် ligare တို ပေါင်းစပ်ထားပါသည်။ Re ၏ အဓိပ္ပါယ်မှာ to back နောက်သို ပြန်လှည့်သည် ဟုဆိုပြီး၊ ligare ၏ အဓိပ္ပါယ်မှာ to bind (or) bind together အတူတကွ စုစည်းခြင်း ဖြစ်သည်။ Religion သည် to bind back ဟု အဓိပ္ပါယ်ရပါသည်။ ဆိုလိုရင်းမှာ “အတိတ်အရာများကို စုပေါင်းထားသည်” ဟု ဆိုပါသည်။ လူသားတိုသည် မိမိတို၏ခံယူယုံကြည်ချက်များ၊ ရှေးလူကြီးများ၏သွန်သင်ချက်များကို ရှေး နှစ်ပေါင်းများစွာ ကတည်းက စုစည်းပေါင်းစုကာ ထိန်းသိမ်းလာခဲ့ရာမှ အခိုင်အမာ အသိ အမှတ်ပြုတည်ထောင်လက်ခံလိုက်သည့်အခါတွင် ဘာသာတရားဖြစ်ပေါ်လာပါသည်။

 

ဘာသာတရားများကိုလေ့လာမှု (Study of Religions)

ယနေ့ခေတ်သည် ဘာသာတရားများ ပေါင်းစုံရာ၊ လူမှုအသိုင်းအဝိုင်းကြီးဖြစ်ထွန်း ရာ ဗဟုအဝန်းအဝိုင်း (Plurality) ခေတ်ဖြစ်သည်။ ဘာသာတစ်ခုစီတိုင်းသည် လူသားတို၏ ဘဝနေမှုနှင့် တမလွန်ရေးရာများသွန်သင်ပြသနေပါသည်။ လူသားတို စတင်နေထိုင်အသက်ရှင်ခဲ့သော အချိန်မှစ၍၊ လက်ခံယုံကြည်ကျင့်သုံးခဲ့မှုများ၊ နှစ်ကာလတစ်လျှောက် တဖြည်း ဖြည်း စုစည်းပေါင်းစပ်လာပြီး၊ ရေခံမြေခံ၊ ယဉ်ကျေးမှုများ၊ ရိုးရာစာပေစကားများ၊ ထုံးထမ်း | စဉ်လာများနှင့် ပထဝီအနေအထား စသည့် အကြောင်းတရားများသည် ဘာသာတရား၏ အရင်းအမြစ် (Source of religions) များ ဖြစ်လာခဲ့သည်။ ဘာသာတရားတစ်ခုကို လေ့လာ မည်ဆိုပါကအထက်ပါအရင်းအမြစ်များ ကို တစ်ပေါင်းတည်းထည့်သွင်းလေ့လာမှသာ ဘာသာ တရားများ၏အကြောင်းကို လွယ်ကူရှင်းလင်းစွာ နားလည်သဘောပေါက်မည်ဖြစ်သည်။ ဘာသာတရားတိုင်းသည် စတင်ရာအချိန်ကာလ၊ စတင်တည်ထောင်သူ၊ ဖြစ်တည်ခဲ့သော သမိုင်းကြောင်းများနှင့် ဖြတ်သန်းလာခဲ့သောခေတ်ကာလများ၊ စသောအကြောင်းအရာများ ကို မည်သူမဆို လေ့လာနိုင်ရန် ဖွင့်ပြထားပါသည်။ ဘာသာတရားများကို လေ့လာခြင်းဖြင့် လူမျိုးတို၏ သမိုင်းရာဇဝင်များ၊ ယဉ်ကျေးမှု၊ စာပေစကားများ ကျင့်ကြံပြုမူခြင်းများ၊ ထုံးထမ်း အစဉ်အလာနှင့် ယုံကြည်သက်ဝင်မှုများစသည့် ပညာရပ်ဆိုင်ရာ အခြေခံအကြောင်းများကို လည်း သိရှိလာမည်ဖြစ်သည်။ ထိုကဲ့သိုဘာသာတရားများကိုလေ့လာသိရှိပြီး၊ နားလည် သဘောပေါက် လာပါက တစ်ဘာသာနှင့်တစ်ဘာသာအကြား၊ လေးစားအသိအမှတ်ပြုကာ၊ တစ်ဦးအပေါ်တစ်ဦး ချစ်ခင်ရင်းနှီးစွာဖြင့် ဆွေးနွေးပြောဆိုနိုင်သော မိတ်ဆွေကောင်းများ ရရှိလာနိုင်ပါသည်။ ဘာသာအချင်း ချင်း အမြင်မကြည်လင်မှုများလည်း ပပျောက်သွားပြီး၊ သံသယများကင်းရှင်းကာ၊ ငြိမ်းချမ်းသာယာ သော လူမှုအသိုင်းအဝိုင်းကြီးဖြစ်လာပါမည်။

ဘာသာတရားနှင့် ဒဿနအတွေးအခေါ်

(Religion and Philosophy)

ဘာသာတရား (Religion) နှင့် ဒဿနအတွေးအခေါ် (Philosophy) တို မည်သို့ကွာ ခြင်းသည်ကို ဆွေးနွေးပါက၊ ဘာသာတရားသည် ယုံကြည်ကျင့်သုံးမှုများကို ပေါင်းစည်းထား ခြင်း (bind what we believe and practice) ဖြစ်သည်။ ဘာသာတရားသည် လူသားတို့၏ ဘဝနှင့် ကမ္ဘာလောက ကြီးတစ်ခုလုံး၏ အစနှင့်အဆုံး (begin and end)ကိုဖေါ်ထုတ်၊ ညွှန်ပြ နေပါသည်။ ဒဿနအတွေးအ ခေါ်သည် ထိုကဲ့သိုသော လူသားတို၏ဘဝနှင့် ကမ္ဘာလောက ကြီးတစ်ခုလုံး၏ အစနှင့်အဆုံး ကိုဖေါ်ထုတ်၊ ညွှန်ပြနိုင်ရန် တူးစွဖေါ်ထုတ်ပေးသော ကိရိယာ တစ်ခု (tool)သာ ဖြစ်သည်။ ဘာသာတရားများသည် ငြိမ်းချမ်းသာယာခြင်း၊ လွတ်မြောက် ခြင်းနှင့် တရားမျှတခြင်း၊ စသည့်တိုကို လူသားတို၏ဘဝများအတွက် အမှန်ခံစားနိုင်ရန် ပေးနေသော အစစ်အမှန် ဓမ္မအဟာရများပင် ဖြစ်သည်။ ထိုပြင် ဘဝ၏အစအဆုံးနှင့် တမလွန်ရောက်မည့်လမ်းများကို ရှာဖွေပေးနေသော လမ်းပြအိမ်မြောင်များပင်ဖြစ်သည်။ ဒဿန (Philosophy) ၏အဓိပ္ပါယ်မှာ ပညာ၊ စဉ်းစားဉာဏ် (Philo) နှင့် ကြိုက်နှစ်သက်ခြင်း (Sophy) တိုပေါင်းစပ်ထားခြင်းဖြစ်သည်။ ဒဿန (Philosophy) ဆိုသည်မှာ ပညာနှင့် စဉ်းစားဉာဏ်ကိုကြိုက်နှစ်သက်ခြင်း (love the wisdom and thinking) ဖြစ်သည်။ ဒဿန သည် ဘဝ၏အစ၊ အလယ်နှင့် တမလွန်သို ဘယ်လိုရောက်မည်၊ ဘယ်ကဲ့သို ဆက်ဖြစ်မည် စသော အကြောင်းအရာများကို နားလည်ရှင်းလင်းလာအောင် ရှာဖွေတူးစွ ဖေါ်ထုတ်ပေး ခြင်းပင်ဖြစ်သည်။ ထိုကြောင့် ဘာသာတရားကိုလေ့လာဆင်ခြင်မည်ဆိုပါက၊ ဒဿနကို ဘယ်နည်းနှင့်မျှ ဘေးဖယ်ထား၍ မရပါ။ လှေသည်အစမှအဆုံးကိုပိုပေးနိုင်ပေမယ့်၊ လှော် တက်မပါရှိပါက၊ လမ်းဆုံးသို ရောက်မည် မဟုတ်ပါ။ ဘာသာတရားသည် လှေဖြစ်နေပါက၊ လှော်တက်သည် ဒဿနပင် ဖြစ်နေပါမည်။

ဘာသာတရားဖြစ်ပေါ်လာရန် ဖွဲစည်းထားသောအခြေခံမှု (၄)မျိုး

(Modes of Religion)

၁။        ဘာသာတရားသည် လောကကြီး၏ အရှိတရားများအပေါ်အခြေခံပြီး၊ လူသားတို၏ ထိတွေ့မှုအတွေ့အကြုံများ၊ ခံယူယုံကြည်ချက်များဖြင့် စုစည်းကာ၊ ခေတ်အဆက်ဆက် လက် ခံလာသော အခြေခံမူပေါ်တွင် တည်ဆောက်ထားပါသည်။ ဥပမာ- လူ၊ သဘာဝ၊ စွမ်းအင် များ၊ ကမ္ဘာ၊ ကောင်းကင်၊ လေ၊ ရေ၊ မြေ၊ မီး စသည့်အရှိတရားများပေါ် အခြေခံကာ ဖြစ် ထွန်းလာခြင်းဖြစ်သည်။ (Existential Mode)

၂။        ဘာသာတရားသည် လူသားတို၏ အတွေးအခေါ်၊ အယူအဆများဖြင့် နေ့စဉ် တွေ့ကြုံနေရသော အဖြစ်အပျက်များအပေါ်တွင် အခြေခံကာ၊ ရှင်ခြင်းနှင့်သေခြင်း၊ တည်မြဲ ခြင်းနှင့် မတည်မြဲခြင်း၊ မြင်နိုင်သောအရာနှင့် မမြင်နိုင်သောအရာ၊ အလင်းနှင့်အမှောင်၊ အကောင်းနှင့်အဆိုး၊ အမှားနှင့်အမှန်၊ စသည်တိုကို ဆင်ခြင်ပိုင်းခြားခြင်း၊ ပြုကျင့်ရမည့် အရာများနှင့် မပြုကျင့်သင့်သော အရာများ၊ လုပ်ဆောင်သင့်သောအလုပ်များနှင့် မလုပ် ဆောင်သင့်သောအလုပ်များကို မှန်ကန်စွာ ဆင်ခြင်ပိုင်းခြားနိုင်မှု အခြေခံမှုပေါ်တွင် တည် ဆောက်ကာ ထွန်းကားလာပါသည်။ (Intellectual Mode)

၃။        အထက်ပါ အခြေခံမှုများအရ ခံယူလာသောအကြောင်းအရာများနှင့် စုစည်းလာ သော တရားအပေါင်းတိုကိုဖွဲစည်းကာ၊ ပညတ်များ ဥပဒေများအဖြစ်၊ စည်းမျဉ်းမူဘောင် အသွင်သို ခံယူကျင့်သုံးလာသောအခြေခံမူပင် ဖြစ်သည်။ (Institutional Mode)

၄။        လူထက်ကြီးမြတ်သောအရာများနှင့် မြင့်မြတ်ဆုံးသော အကြောင်းတရားများကို ကိုယ်တိုင် သိရှိမှု၊ ခံစားမှု၊ ကျင့်ကြံမှုတိုဖြင့် လူ့အသိုင်းအဝိုင်းအတွင်း၌ ကိုယ်ကျင့်တရား၊ သွန်သင်မှု၊ ဆုံးမမှုစသည့် ခံယူချက်အပေါ်မူတည်ပြီးဖြစ်လာသော အခြေခံမူပင်ဖြစ်သည်။ (Ethical Mode)

 

 

ဘာသာတရား၏ပင်မလုပ်ဆောင်မှု

(Majar Works of Religion)

 

ဘာသာတရားသည် ကမ္ဘာ့လူသားများအတွက် လှပခြင်းကို ရှာဖွေခြင်းဖြစ်သည်                       Religion is seeking the Beautiful to the People of the World

ကျွန်ုပ်တို၏နှလုံးသားသည် ဘာသာတရားအားလုံး၏အခြေခံဖြစ်ပြီး၊ တစ်ပါးသူ၏ အလှတရားကို ရှာဖွေတက်ပါသည်။ ထိုအရာသည်ပင် ဘာသာတရား၏အဓိပ္ပါယ်ဖြစ်သည်။ the Heart we open ourselves to receive the beauty of the Other.

 

ဘာသာတရားသည် ကမ္ဘာ့လူသားများအတွက် စစ်မှန်သောတရားကိုရှာဖွေခြင်းဖြစ်သည်           Religion is Seeking the Truth to the People of the World

ကျွန်ုပ်တို့၏အသိဉာဏ်များသည် မတူကွဲပြားကြသော အသွေးအရောင်များနှင့် အစစ်အမှန်တည်ရှိနေသော တရားများကို မှန်ကန်စွာပိုင်းခြားပြသပြီး စစ်မှန်သော သမ္မာ တရားများကို ရှာဖွေနိုင်ပါသည်။ ထိုကဲ့သို ရှာဖွေခြင်းသည် ဘာသာတရားပင်ဖြစ်သည်။ the Head we mentally reach out to the other to learn from those who think differently from us.

 

ဘာသာတရားသည် ကမ္ဘာ့လူသားများအတွက် ကောင်းမြတ်ခြင်းကိုရှာဖွေခြင်း                           Religion is seeking the Good to the People of the World

ကျွန်ုပ်တို့၏လက်များ၊ တွဲလက်ညီကာ လူသားများ၏အကျိုးနှင့် ကောင်းမြတ်သော ပေးလှူလုပ်ဆောင်မှုများကို ရှာဖွေဖော်ထုတ်နိုင်ပါသည်။ ထိုကဲ့သို ဖော်ထုတ်ခြင်းသည် ဘာ သာတရားပင် ဖြစ်သည်။ ထိုလက်များဖြင့် ကျွန်ုပ်တို နေထိုင်သော ကမ္ဘာကြီးကို ကောင်း သထက်ကောင်းအောင် ပြုပြင်နိုင်ပါသည်။ the Hands we join together with others to work to make the world a better place in which we all must live together.

ဘာသာတရားသည်ကမ္ဘာ့လူသားများအတွက် တစ်စုတစ်စည်းတည်းဖြစ် ခြင်းကိုရှာဖွေခြင်း       Religion is Seeking the one to the People of the World

လူသားများသည် တစ်ကွဲတစ်ပြားနေထိုင်၍ မရနိုင်ပါ။ ကျွန်ုပ်တို၏ အသက်ရှင်ခြင်း သည် ကွဲပြားနေခြင်းမရှိ၊ တစ်စုတည်းကိုသာ ဦးတည်ရှာဖွေနေပါသည်။ ထိုကဲ့သို ဖော်ထုတ် နေခြင်းသည် ဘာသာတရား၏ အဓိပ္ပါယ်ဖြစ်သည်။ We humans cannot long live a divided life. We humans can be truly human, however, only if we bring our various parts together in harmony, if we integrate our being holistically.

 

ဘာသာတရားသည် ကမ္ဘာ့လူသားများအတွက် မေတ္တာတော်ကိုရှာဖွေခြင်း                                 Religion is Seeking the Love to the People of the World

ကျွန်ုပ်တို့ဘဝကို တည်ဆောက်ထားသည့်အခြေခံကျဆုံးအရာမှာ မေတ္တာဖြစ်သည်။ ထိုအရာကို ရှာဖွေခြင်းသည် ဘာသာတရား၏အဓိပ္ပါယ် ဖြစ်သည်။ ဘုရားကိုသိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ မေတ္တာသည် လူသားတို၏ဘဝကို ဖြစ်ပွားစေပါသည်။ One of the foundations of life is love. The authentic love extends throughout all human experience, affecting all persons, whether they are aware of God or believe in God or not.

 

 

 

 

 

 

 

 

 

 

ကမ္ဘာပေါ်တွင် ထင်ရှားသော ဘာသာတရားများ

World Religions

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ဂျူးဘာသာ

(Judaism)

 

နောက်ခံသမိုင်း

ဂျူးဘာသာသည် ကမ္ဘာပေါ်တွင် ရှေးအကျဆုံးဘာသာတစ်ခုဖြစ်သည်။ အင်္ဂလိပ် စာပေအရ ဂျူးလူမျိုး (Jews) ကို မြန်မာစကားဖြင့် ခေါ်ဆိုသောအခါ ယုဒလူမျိုးဟု ခေါ်ဆို ပါသည်။ ဂျူးလူမျိုးတို ကိုးကွယ်သောဘာသာကို ဂျူးဘာသာ (သို) ယုဒဘာသာဟုလည်း ခေါ်ဆိုပါသည်။ ရဟူဒီဘာသာ ဟုလည်း အများသိကြသည်။ ဂျူးလူမျိုးများကို ရှေးယခင်က ဣသရေလလူမျိုးဟု ခေါ်ဆိုကြပြီး၊ ယနေ့တွင် အစ္စရေးနိုင်ငံတွင် နေထိုင်ကြပါသည်။ ဂျူးဘာ သာသည် လွန်ခဲ့သောနှစ်ပေါင်း ၄ဝဝဝ ကျော်က စတင်ခဲ့သောဘာသာ ဖြစ်သည်။ စတင် တည်ထောင်သူမှာ အာဗြဟံ Abraham ဖြစ်ပြီး၊ သူ၏ဘိုးဘေးများနေထိုင်ရာ၊ ဥရုမြစ်ဝှမ်း နယ်မြေ (ယနေ့ခေတ် အီရတ်နိုင်ငံတောင်ပိုင်း)မှ စတင်ထွက်ခွာခဲ့ပြီး နယ်မြေသစ်ဖြစ်သော ခါနန်ပြည် (ယနေ့ခေတ် အစ္စရေး) သို ပြောင်းရွှေ့နေ ထိုင်ခဲ့သည်။ အာဗြဟံ၏ဘိုးဘေးများ သည် ဆီးမိုက်လူမျိုးများ Semites ဖြစ်ကြသော ဟေဗြဲလူမျိုးနွယ်များ Hebrews ဖြစ်ကြသည်။ အာဗြဟံသည် ထာဝရဘုရား တစ်ဆူတည်းကိုသာ ကိုးကွယ်သူ Monotheism ဖြစ်သော်လည်း သူ၏ဘိုးဘေးတိုသည် ဘုရားအများ ကိုးကွယ်ခဲ့ကြသူများ Polytheism ဖြစ်သည်။ ထာဝရ ဘုရားသခင်သည် အာဗြဟံ၏မျိုးနွယ်စုအပေါင်းကို ကွယ်ကာစောင့် ရှောက်တော်မူခဲ့ပြီး၊ သူ၏ လူမျိုးကိုလည်း လူမျိုးကြီးဖြစ်စေခဲ့သည်။ ကောင်းသောမြေရှိရာ ခါနန်ပြည်ကို သူ၏မျိုးနွယ် များအတွက် ပေးခဲ့ပါသည်။ ထိုခေတ်က ခါနာန်နယ်မြေသည် မြေဩဇာပြည့်ဝကောင်းမွန် သောနယ်မြေဖြစ်သောကြောင့်၊ အာဗြဟံ၏ မျိုးစင်မျိုးဆက်တိုသည် ထိုနေရာတွင် ခေတ်အ ဆက်ဆက် နေထိုင်ခဲ့ကြသည်။ သူ၏သားဣဇက် Isaac မျိုးဆက်မှစတင်ပြီး၊ မြေးဖြစ်သော ယာကုပ် Jacob မျိုးဆက်ထိ နေထိုင်ခဲ့ကြပါသည် ယာကုပ်မှစ၍၊ ယာကုပ်၏မျိုးနွယ်စု အား လုံးကို ဣသရေလလူမျိုး Israel ဟု ခေါ်ဆိုသမုတ်ခဲ့ပါသည်။

အီဂျစ်ပြည်သိုရောက်ရှိခြင်း၊

ယာကုပ်တွင်သား (၁၂) ဦးရှိပြီး၊ အငယ်ဆုံးသားငယ်မှာ ယောသပ်ဖြစ်သည်။ ယာကုပ်သည် အငယ်ဆုံးသားယောသပ်ကို မျက်နှာသာပေးသောအခါ၊ သူ၏အစ်ကိုများက သူကို မနာလိုမုန်းတီး ကြသည်။ တစ်နေ့တွင် အစ်ကိုများက ဖခင်မသိစေဘဲ၊ ယောသပ်ကို အီဂျစ်သိုသွားသော ကုန်သည်များလက်သို ကျွန်အဖြစ် ရောင်းစားလိုက်ကြသည်။ ယောသပ် သည် အီဂျစ်ပြည်တွင် အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ပြီးနောက်၊ အီဂျစ်ဘုရင် ဖာရောမင်း၏ ခန့်အပ်ချက်အရ နိုင်ငံတော်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ပေးခြင်း ခံခဲ့ရ သည်။ နောက်ဆုံးတွင် ယောသပ်သည် အီဂျစ်ပြည်၏ အမြင့်ဆုံးရာထူးကို ဘုရင်က ပေးအပ် ခဲ့ပါသည်။ ယာကုပ်နှင့်ယောသပ်၏ အစ်ကိုများနေထိုင်ရာဒေသတွင် အစာရေစာခေါင်းပါး သောအခါ၊ ယောသပ်သည် သူ၏ဖခင်နှင့် အစ်ကိုအားလုံးကိုအီဂျစ်သို လာရောက်နေထိုင် စေခဲ့သည်။ ယောသပ်၏ ခေါင်းဆောင်မှုအောက်တွင် အီဂျစ်ပြည်ကြီးသည် ကြွယ်ဝပြည့်စုံလာ ပြီး၊ ဣသရေလ (ဂျူး)လူမျိုးများသည် စီးပွားအင်အားနှင့် လူအင်အားတိုသည် များပြားလာ သည်သာမက တောင့်တင်းခိုင်မာလာခဲ့သည်။ ယောသပ် ကွယ်လွန်သွားပြီးနောက်ပိုင်းတွင် အီဂျစ်ဘုရင်များက ပြန်လည် ဦးဆောင်လာခဲ့သည်။ ထိုသိုဖြင့် ဘီစီ ၁၃ဝဝ ခန့်လောက်တွင် နန်းတက်လာသော အီဂျစ်ဘုရင်ဟစ်ဆော့စ် Hyksos လက်ထက်တွင် ဣသရေလလူမျိုးအား လုံးကို ကျွန်အဖြစ်သတ်မှတ်ပြီး အစေခံအဖြစ် သတ်မှတ်ခဲ့ပါသည်။ ထိုမင်းသည် ယောသပ်ကို မသိသူတစ်ဦး ဖြစ်ခဲ့သည်။ ထိုပြင် ဣသရေလအမျိုးသမီးများမှ မွေးလာသော သားယောက်ျား ကလေးတိုင်းကို သတ်ပစ်ရန်၊ ဝမ်းဆွဲအမျိုးသမီးများကို အမိန်ပေးခဲ့ပါသည်။ ထိုအချိန်အခါ တွဲ ဂျူးအမျိုးသမီးမိခင်တစ်ဦးသည် သားယောက်ျားကို ဖွားမြင်ခဲ့ရာ သတ်ဖြတ်ခြင်းဘေးမှ ကင်းလွတ်ဖိုရန် ခြင်းတောင်းထဲသိုထည့်ကာ နိုင်းမြစ်ထဲသို မိမိကလေးကို ရေထဲမျှောစေခဲ့ သည်။ ဖာရောဘုရင်ကြီး၏သမီးတော်သည် မြစ်ထဲသို ရေချိုးဆင်းရာမှ ကလေးငယ်ကိုတွေ့ရှိ ပြီး၊ မွေးစားခဲ့ပါသည်။ ထိုကလေးသည် ကြီးပြင်းလာသောအခါ အီဂျစ်အမည်နာမဖြစ်သော မောရှေ (ခ) မိုးဇက် (Moses) အမည်ရရှိခဲ့သည်။

အီဂျစ်ပြည်မှထွက်မြောက်ခြင်း

မောရှေသည် အီဂျစ်ဘုရင်၏ နန်းတော်တွင် ကြီးပြင်းလာပြီး ပညာဉာဏ်၊ အစွမ်း သတိနှင့် ပြည့်စုံသူ ဖြစ်ခဲ့သည်။ တစ်နေ့တွင် ဂျူးလူမျိုးတစ်ဦးကို မတရားညှင်းဆဲခိုင်းစေသော အီဂျစ်လူမျိုးတစ်ဦးကို ခုခံတိုက်ခိုက်ရာမှ ထိုသူသည် သေဆုံးသွားခဲ့သည်။ ထိုသတင်းကို ဖာရောဘုရင်ကြားသောအခါ မောရှေအားအသေသတ်ရန် အမိန့်ပေးခဲ့သည်။ ထိုနောက် မောရှေသည် အီဂျစ်ပြည်မှရှောင်တိမ်းပြီး မိချန်ပြည် Midian သို သွားရောက်နေထိုင်ခဲ့သည်။ ထိုနေ့မှစ၍ မောရှေသည် ကျွန်ခံနေရသော သူ၏ဂျူးလူမျိုးများကို အီဂျစ်ပြည်မှ ကယ်ထုတ် | ရန် ကြိုးစားခဲ့ပါသည်။ သူသည်မိချန်ပြည်တွင် ယဇ်ပုရောဟိတ်မွေလ Reuel ၏သမီး ဇိပေါရ | Zipporah နှင့် အိမ်ထောင်ပြုခဲ့သည်။ မောရှေသည် သူ့အစ်ကိုတော်သူအာရုန် Aaron နှင့် ပူးပေါင်းကာ ဣသရေလူမျိုးတော်များကို ကျွန်ဘဝမှလွတ်မြောက်စေရန် စတင် ကြိုးစားခဲ့ပါ သည်။ သူတိုသည် ဖာရောဘုရင် အာမန်ဟိုတပ်ဒုတိယမင်း Amantotep Il အား အကြိမ် ကြိမ် တွေ့ဆုံတောင်းဆို မှုများပြုခဲ့သော်လည်း ခွင့်ပြုပေးခြင်း မရှိခဲ့ပါ။ မောရှေသည် ထာဝရ ဘုရား၏ အကူအညီကို တောင်းခံခဲ့ရာ၊ ဘုရားသခင်က သူတိုကိုကူညီခဲ့ပါသည်။ ဘုရားသခင် သည် အီဂျစ်ပြည်ကို ဘေးဒဏ်ကြီး (၁၀)ခုဖြင့် ဒဏ်ခတ်ခဲ့ပါသည်။ သီးနှံပိုးများကျရောက်ခြင်း၊ ဖားလောင်းမိုးများရွာခြင်း၊ ရေများသွေးကဲ့သို အရောင်ပြောင်းသွားခြင်း စသည်တိုဖြစ်ပြီး  နောက်ဆုံးတွင် ပုလိပ်ရောဂါကြီး ကျရောက်ခဲ့ရာ အီဂျစ်ဘုရင်၏သားများသာမက တစ်တိုင်း ပြည်လုံးရှိ သားဦးများ သေဆုံးခဲ့ရသည်။ သိုသော် ဣသရေလလူမျိုးတိုသည် ထိုသေဘေးကြီး မလာခင် အိမ်တိုင်း၏ပြတင်းပေါက်များတွင် သိုးသငယ်၏ သွေးကို သုတ်လိမ်းထားရမည်ဟု ထာဝရဘုရားမိန့်မှာသည့်အတိုင်း ပြုလုပ်ခဲ့ကြသော ကြောင့် သူတို၏ သားဦးများ၊ တစ်ဦး တစ်ယောက်မျှ ဆုံးရှုးခြင်းမရှိခဲ့ပါ။ နောက်ဆုံးတွင် ဘုရင်ကြီးက သူတိုကို အီဂျစ်ပြည်မှ ထွက်ခွာခွင့် ပြုခဲ့ပါသည်။ ထိုသိုသားဦးများမသေဘဲ ထွက်မြောက်နိုင်ခြင်းကို ပဿခါနေ့ Passover အဖြစ် သတ်မှတ်ခဲ့ပြီး ယနေ့တိုင် ဂျူးလူမျိုးများသည် နှစ်စဉ်ပဿခါပွဲကို ကျင်းပ ကြပါသည်။ သူတို၏ ထွက်မြောက်ရာလမ်းတစ်လျှောက်လုံးတွင် ထာဝရဘုရားသခင်က သူတိုအားအမျိုးမျိုးသောအန္တရာယ် ဒုက္ခအပေါင်းမှ ကယ်တင်ခဲ့ပါသည်။ ဣသရေလလူမျိုး တိုသည် အီဂျစ်ပြည်မှထွက်ခွာပြီး မကြာမီ အီဂျစ်ဘုရင်ကြီးသည် စိတ်ပြောင်းသွားပြီး စစ် တပ်ကြီးကို လူမျိုးတော်နောက်သိုလိုက်စေပြီး သုတ်သင်စေခဲ့ပါသည်။ ဣသရေလလူမျိုးတို သည် ရှေ့တွင်လည်း ပင်လယ်နီကြီးကခံနေသည်၊ နောက်တွင်လည်း စစ်တပ်ကြီးက လိုက် လာနေသည်။ ထိုအချိန်တွင် ဘုရားသခင်သည် ပင်လယ်ကို နှစ်ခြမ်းခွဲကာ ဣသရေလလူမျိုး ကို ကယ်တင်ခဲ့ပါသည်။ ဣသရေလလူမျိုးတိုသည် နောက်ဆုံးတွင် သန့်ရှင်းရာတောင်ဖြစ်သော ဆိုင်နိုင်းတောင် Mount Sinai သို ရောက်ရှိခဲ့ပါသည်။ ထိုတောင်ပေါ်တွင် ဘုရားသခင် သည် မောရှေအား ဣသရေလလူမျိုးများ လိုက်နာရန် ပညတ်တော်(၁၀)ပါး the Ten Commandments ကို ပေးခဲ့ပါသည်။ ပညတ်တော် (၁၀)ပါးသည် ဘုရားသခင်နှင့် ဂျူးလူမျိုး တိုပြုသည့် ကတိတော်ပဋိညာဉ်တရားပင်ဖြစ်သည်။ ဘုရားသခင်သည် သစ္စာစောင့်သော ယုံကြည်သူများကို ကတိပြုရာပြည်သိုဝင်ရောက်စေပြီး၊ သစ္စာစောင့်သိခြင်း မရှိသောသူတိုကို ဘုရားသခင် ကတိပြုရာ ခါနန်ပြည်သို ဝင်ရောက်ခွင့်မပြုပါ။ ပညတ်တော်(၁၀)ပါးသည် ဂျူးလူမျိုးတိုင်းလိုက်နာရမည့် ပညတ်တရားဖြစ်လာပြီး ယနေ့တိုင်အောင် ကျင့်ဆောင်ရပါ သည်။ နောက်ဆုံးတွင် လူမျိုးတော်သည် ဘုရားသခင်က သူတို့အား ဝင်ရောက်စေ သော ကတိပေးထားရာ ခါနန်ပြည် Canaan သို ရောက်ရှိခဲ့ပါသည်။ ခါနန်ပြည်သည် ဘိုးဘေးဖြစ်သော အာဗြဟံတို နေထိုင်ခဲ့သောပြည် ဖြစ်ခဲ့သည်။ အီဂျစ်ပြည်မှ ခါနန်ပြည်ရောက်ရန် နှစ်ပေါင်း (၄၀) ကျော်ဖြတ်လာခဲ့ရာ၊ ခါနန်ပြည် မရောက်မီ မောရှေသည် ကွယ်လွန်ခဲ့ပြီး၊ အာရုန်၏ ဦးဆောင်မှုဖြင့်သာ ကတိပေးရာပြည်သို ဝင်ရောက်ခဲ့ကြပါသည်။

ခါနန်ပြည်သိုရောက်ရှိခြင်း

ခါနန်ပြည်သည် တိုးတက်စည်ပင်ဝပြောသောပြည်ဖြစ်ပြီး၊ ယဉ်ကျေးမှု တိုးတက် ထွန်းကားကြပြီး ကိုးကွယ်ရာမှာလည်း နတ်ဘုရားများစွာကို ကိုးကွယ်ကြသည်။ စိုက်ပျိုးရေး လုပ်ငန်းဖြစ်ထွန်းအောင်မြင်ပြီး၊ စီပွားရေးကောင်းမွန်သောပြည် ဖြစ်ပါသည်။ အင်အား တောင့်တင်းနေ သော ခါနန်ပြည်သိုလွယ်ကူစွာ သိမ်းပိုက်ဝင်ရောက်နိုင်ခြင်းသည် လူမျိုးတော် ဘက်တွင် ဘုရားသခင်ပါရှိပြီး၊ စစ်ရေးစစ်ရာကျွမ်းကျင်သူခေါင်းဆောင်ကြီး ယောရှု၏ ဦးဆောင်မှုဖြင့် ဝင်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ခါနန်ပြည်သည် စိုက်ပျိုးရေးထွန်းကားရခြင်း အကြောင်းမှာ သူတိုသည် ဘယ် Baal ဘုရားကို ကိုးကွယ်ကြပါသည်။ ဝင်ရောက်လာကြသော လူမျိုးတော်သည် မွေးမြူရေးကိုဖြစ်ပွားစေသော ယာဝေထာဝရဘုရား Yahweh ကို ကိုးကွယ် ကြပါသည်။ ထိုကဲ့သို လူမျိုးနှစ်မျိုး ထိပ်တိုက်ရင်ဆိုင်မှုမှာ၊ ဘာသာရေးဆိုင်ရာ၊ စီးပွား ရေးဆိုင်ရာ၊ လူမျိုးရေးဆိုင်ရာ ထိပ်တိုက်ရင်ဆိုင်မှုများစွာဖြစ်ပွားပြီးနောက်တွင် ဣသရေလ လူမျိုးတော်တို အသာစီးရရှိခဲ့ပြီး ပြည်တော်ကို ဦးဆောင်နိုင်ခဲ့ပါသည်။ အထူးသဖြင့် ကိုးကွယ် မှုပိုင်းတွင် ခါနန်ရှိ ဘာလ်ဘုရား၏ ပရောဖက်များနှင့် လူမျိုးတော်တို၏ ထာဝရဘုရား ယာဝေ၏ ပရောဖက်များ အားပြိုင်မှုများသည် ကြီးထွားလာခဲ့ပြီး နောက်ဆုံးတွင် ယာ ဘုရား၏ပရောဖက်များ အနိုင်ရရှိခဲ့ပါသည်။ ထိုထဲတွင် လူမျိုးတော်တို၏ ပရောဖက်ဧလိယ ကြီးသည် အလွန်မှပင် အောင်မြင်ကျော်ကြား သောပရောဖက် ကြီးဖြစ်ခဲ့သည်။ ဣသရေလလူ မျိုးတော်သည် ခါနန်မှတစ်ဆင့် ဖိလိတ္တိပြည် Palestine နယ်ပယ်ကြီး တစ်ခုလုံးကို လွမ်းမိုး အုပ်ချုပ်နိုင်ခဲ့ပါသည်။ ဣသရေလလူမျိုးများ၏ ပညာနှင့် ခါနန်ပြည်ရှိ လူများ၏ကျွမ်းကျင်မှု အတတ်ပညာများ၊ လူမျိုးနှစ်မျိုး၏ နည်းပညာနှင့်အစွမ်းများ ပေါင်းဆုံသွားခြင်းကြောင့်၊ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေးများတွင် အောင်မြင်ကြီးထွားလာပြီးနောက် ပိုင်းတွင် ကြီးမား သော နိုင်ငံတော်ကြီးကို တည်ထောင်နိုင်ခဲ့ပါသည်။ ထိုကဲ့သို ကြီးမားသော နိုင်ငံတော်ကြီး ဖြစ်ထွန်းအောင် ဦးဆောင်ခဲ့သောမင်းကြီးများတွင် ရှောလှမင်း Saul၊ ဒါဝိဒ်မင်း David ရှောလမုန်မင်း Solomon တိုသည် သမိုင်းတွင် အလွန်ထင်ရှားခဲ့သောမင်းများဖြစ်သည်။ ဒါဝိဒ်မင်းကြီးသည် ရန်သူအပေါင်းကို နှိမ်နှင်းအောင်နိုင်ခဲ့ပြီး ဣသရေလ (အစ္စရေး) နိုင်ငံနှင့် ပါလက်စတိုင်နယ်မြေတစ်ခုလုံးကို လွမ်မိုးအုပ်ချုပ်နိုင်ခဲ့သည်။ ဂျေရုဆလင်မြိုကို ဘုရင်နန်း တော်မြိုဖြစ်စေပြီး၊ တိုင်းပြည်ကြီးကို တောင့်တင်းခိုင်မာအောင် တည်ထောင်နိုင်ခဲ့ပါသည်။ သူ၏သား ရှောလမုန်မင်းကြီးသည် ပညာဉာဏ်အမြော်အမြင်နှင့်ပြည့်စုံပြီး၊ တရားမျှတစွာ စီရင်နိုင်သော ဘုရင်ကြီးဖြစ်ခဲ့ပါသည်။ တိုင်းပြည်ကိုချမ်းသာကြွယ်ဝစေပြီး၊ ဘာသာရေး အဆောက်အဦးများကို တည်ဆောက်ခွင့်ပြုခဲ့ပြီး မြိုတော်ဂျေရုဆလင်တွင် ကြီးကျယ်ထင်ရှား သော ဗိမာန်တော်ကြီးကို တည်ဆောက်ခဲ့သည်။ စာပေအနုပညာ၊ ကဗျာလင်္ကာများနှင့် အတွေးအခေါ်ပညာများသည် ထိုခေတ်တွင် စတင်ထွန်းကားလာပါသည်။ ရှောလမုန်မင်းကြီး ကွယ်လွန်သွားပြီးနောက် ဣသရေလနိုင်ငံတော်ကြီးသည် နှစ်ပိုင်းကွဲသွားခဲ့ပါသည်။

 

နှစ်နိုင်ငံကွဲသွားခြင်း

ရှောလမုန်မင်းကြီး ကွယ်လွန်သွားပြီး၊ နောက်တက်လာသောမင်းများကြောင့် ဣသ ရေလနိုင်ငံတော်ကြီးသည် နှစ်နိုင်ငံဖြစ်ခဲ့ရပါသည်။ တောင်ဘက်ပိုင်းဖြစ်သော ဂျေရုဆလင် မြိုတော်အဖြစ် အုပ်ချုပ်သည့် ယုဒနိုင်ငံ Juda နှင့်၊ မြောက်ဘက်ပိုင်း ရှမာရိမြိုတော်အဖြစ် အုပ်ချုပ်သည့် အစ္စရေးနိုင်ငံ Isreal ဟူ၍ နှစ်ပိုင်းကွဲသွားပြီး သီခြားအုပ်ချုပ်သော နိုင်ငံများ ဖြစ်ခဲ့ကြသည်။ ထိုကဲ့သို ကွဲပြားသွားပြီးနောက်ပိုင်းတွင် ပါလက်စတိုင်းနိုင်ငံ၏ ဧရိယာသည် သေးငယ်သွားပြီး အီဂျစ်နှင့်ဆီးရီးယားနိုင်ငံကြားတွင် တည်ရှိနေသည်။ ထိုခေတ် အချိန်အခါ က နိုင်ငံရေးအခြေအနေတို့သည်လည်း မတည်ငြိမ်ခဲ့ကြပါ။ အီဂျစ်အနေနှင့် ရှုရီ Syria ပြည် ကို သိမ်းပိုက်လိုသည်။ သေးငယ်သွားသော ပါလက်စတိုင်းနိုင်ငံကို နိုင်ငံခြားတိုင်းပြည်များက လည်း သိမ်းပိုက်လိုကြသည်။ ယုဒနိုင်ငံနှင့် အစ္စရေးနိုင်ငံအချင်းချင်းသည်လည်း သင့်မြတ် ခြင်းမရှိကြဘဲ တိုက်ခိုက်ခဲ့ကြသည်။ ယင်းနိုင်ငံနှစ်ခုသည် ကြွယ်ဝချမ်းသာသောအချိန်ကာလ များရှိသကဲ့သို အင်အားဆုတ်ယုတ်၍ ဆင်းရဲဒုက္ခရောက်သောအချိန်များလည်း ရှိသည်။ နောက်ဆုံးတွင် အာရှုရီနိုင်ငံ Assyria သည် မြောက်ပိုင်းအစ္စရေးနိုင်ငံကို ဘီစီ ၇၂၁ တွင် သိမ်းပိုက်ဖျက်ဆီးခဲ့သည်။ ထိုနည်းတူ ဗာဗုလုန်နိုင်ငံသည် တောင်ပိုင်းဂျေရုဆလင်ကို ဘီစီ ၅၈၇ တွင် သိမ်းပိုက်ဖျက်ဆီးခဲ့သည်။ ဣသရေလလူမျိုးတိုသည် တိုင်းတစ်ပါး နိုင်ငံများ၏ လက်အောက်သို ကျရောက်ခဲ့ရသည်။

 

စစ်သုံးပန်းဘဝဖြစ်ရခြင်း

ဂျေရုဆလင်မြိုတော်နှင့် ထာဝရဘုရားအားကိုးကွယ်ရာ ဗိမာန်တော်ကိုစွန့်ခွာပြီး ယုဒခေါင်းဆောင်နှင့် ယုဒပြည်သူများ၊ ဘာသာရေးခေါင်းဆောင်များသည် ဗာဗုလုန်နိုင်ငံ တွင် စစ်သုံးပန်းများအဖြစ် နေထိုင်ခဲ့ရပါသည်။ လူမျိုးတော်သည် တိုင်းတစ်ပါးတို၏ လက်အောက် တွင်နေရသော်လည်း ကိုယ်တိုင်းပြည်နှင့် ကိုယ့်မြိုသိုပြန်နိုင်ရန် အမြဲပင် ဆန္ဒရှိခဲ့ပါ သည်။ ဘီစီ ၅၃၈ တွင် ပါးရှန်း Persian ဘုရင်၊ ကုရုမင်း Curus သည် စစ်အင်အားကြီးမား ပြီး တန်ခိုးကြီးထွားလာရာ၊ ဗာဗုလုန်နိုင်ငံနှင့် အင်ပါယာတစ်ခုလုံးကို သိမ်းပိုက်အောင်မြင် ခဲ့ပါသည်။ ယုဒလူမျိုးတိုသည် ကုရုမင်းခွင့်ပြုချက်အရ မိမိတိုင်းပြည်ကိုပြန်ခွင့်ရသည်သာမက၊ ဂျေရုဆလင်မြိုတော်နှင့် မြိုရိုးများကို ပြန်လည်တည်ဆောက်ခွင့်ရခဲ့ကြသည်။ ပါရှန်းဘုရင် များ၏လက်အောက်ခံမြိုတော်ဝန် အဆက်ဆက်၏ အုပ်ချုပ်မှုအောက်တွင် ဂျေရုဆလင်မြို သည် ဆက်လက်တည်တံ့ခဲ့သည်။ သို့သော်လည်း ဂျေရုဆလင်မြိုသည် ဘီစီ ၃၅၀ နောက်ပိုင်း တွင် ဂရိဘုရင်မင်းများ၏လက်အောက်သို ကျရောက်ခဲ့ရပါသည်။

 

ဂရိနှင့်ရောမလက်အောက်ရောက်ရှိခြင်း

ပါရှန်းဘုရင်များလက်မှ ဂရိဘုရင်များလက်သိုရောက်ရှိသွားသော ဣသရေလလူ မျိုးတော်သည်၊ ထပ်မံ၍ ဒုက္ခအခက်အခဲများနှင့် ရင်ဆိုင်ရပြန်သည်။ ဘီစီ ၁၆၆ တွင် ဂရိ ဘုရင် အန်တီအိုရှိရ်အဖီးဖနီက ဂျူးလူမျိုးတို၏ ထာဝရဘုရားကိုးကွယ်သောဘာသာကို စွန့် လွတ်ရန် အမိန့်ထုတ်ခဲ့သည်။ ယုဒလူအနည်းငယ်ကသာ အမိန့်ကိုနာခံခဲ့ကြပြီး၊ အများစုမှာ အမိန့်တော်ကို ဆန့်ကျင်ခဲ့ကြသည်။ ယဇ်ပုရောဟိတ်မိသားစုအနွယ်ဝင်ဖြစ်သော မက္ကဘီယမ် များက ဆန့်ကျင်ပုန်ကန်ပြီး၊ သူတို၏ ဦးဆောင်မှုများအောက်တွင် လွတ်လပ်စွာ နေထိုင်ခဲ့ကြ သည်။ နှစ်ပေါင်း (၁၀၀)နီးပါးမျှယုဒလူမျိုးယဇ်ပုရောဟိတ်အကြီးအကဲများက ဂျေရုဆလင် မြိုတော် နိုင်ငံငယ်ကို အုပ်ချုပ်စိုးမိုးခဲ့ကြသည်။ ဘီစီ ၆၃ တွင် ရောမလူမျိုးတိုသည် ဂရိလူမျိုး တိုကို အောင်နိုင်ခဲ့ပါသည်။ ရှုရိပြည်နှင့်ပါလက်စတိုင်းတိုကိုပါ သိမ်းပိုက်အုပ်ချုပ်ခဲ့ပါသည်။ ထိုကြောင့် ဂျူးလူမျိုးတိုသည် ရောမလက်အောက်တွင် ဆက်လက်နေထိုင်ရပြန်သည်။ အစ တွင် ရောမတိုက သူတိုအလိုကျ အုပ်ချုပ်နိုင်သောယဇ်ပုရောဟိတ်များနှင့် ယုဒသွေးပါသော ဟေရုဒ် Herods မင်းဆက်များဖြင့် အုပ်ချုပ်စေခဲ့သည်။ နောက်ပိုင်းတွင် ရောမအရာရှိများက ဂျေရုဆလင်နှင့်ယုဒပြည်ကို တိုက်ရိုက်တာ ဝန်ယူအုပ်ချုပ်ခဲ့ကြသည်။ အေဒီ ၆၆ တွင် ယုဒ လူများက ရောမတိုကို ထပ်မံတော်လှန်ပုန် ကန်တိုက်ခိုက်ခဲ့သော်လည်း မအောင်မြင်ခဲ့ပါ။ ထိုသို တင်းမာမှုများ ကြီးထွားလာခဲ့ရာ အေဒီ ၇ဝတွင် ရောမတိုသည် ဂျေရုဆလင်မြိုကို သိမ်းပိုက်ခဲ့ပြီး၊ ဂျူးလူမျိုးတိုကိုးကွယ်အားထားရာ ဗိမာန်တော် ကြီးကို ဖျက်ဆီးခဲ့ကြသည်။ ထိုအချိန်မှစ၍ ရောမအင်ပါယာထဲတွင်နေထိုင်ကြသော ဂျူးလူမျိုးတစ် ယောက်မကျန် ရောမ မြိုတော်ရှိ ဂရိနတ်ဘုရား ဂျူပီတာရှိရာ ဗိမာန်တော်အတွက် အခွန်ဘဏ္ဍများကို စိတ်မပါသော်လည်း ပေးဆောင်ခဲ့ကြရသည်။

ဂျူးလူမျိုးတို့ အနယ်နယ်အရပ်ရပ်သိုပြန့်နှံသွားခြင်း

ဂျူးလူမျိုးတိုသည် ဗာဗုလုံသို ကျွန်အဖြစ်ရောက်ရှိစဉ်ကတည်းက အနယ်နယ်အရပ် ရပ်သို ပြောင်းရွှေ့နေထိုင်ခဲ့ရသည်။ ဘီစီ (၁၀၀) ခုနှစ်အချိန်မှစကာ ဂျူးလူမျိုးတိုသည် ရောမအင်ပါယာ ၏မြိုတော်ကြီးများတွင်လည်းကောင်း၊ ရှုရိပြည်၊ အီဂျစ်ပြည်တိုတွင်လည်း ကောင်း၊ အာရေဗီးယား ပြည်နယ်များသိုလည်းကောင်း ပြန့်နှံရောက်ရှိနေထိုင်ခဲ့ကြသည်။ ဂျူးလူမျိုးတိုသည် ဂရိဘာသာစကား ကိုသင်ယူပြောဆိုကြရသော်လည်း မိမိ ဘာသာစကား နှင့် ဓလေ့ထုံးထမ်းများကိုမူ ဆက်လက်ထိန်း သိမ်းစောင့်ရှောက်ခဲ့ကြသည်။ အချိုသော ဂျူးများ သည် ဂရိဒဿနိကပညာရပ်များကိုပင် လေ့လာဆည်းပူးခဲ့ကြသည်။ ဂျေရုဆလင်မြိုတော်ရှိ ဂျူးတို၏ဗိမာန်တော်ကို ဖျက်ဆီးခံခဲ့ရသော်လည်း ဂျူးတို၏ဘာသာတရားမူကား ပျောက်ကွယ် သွားခြင်း မရှိခဲ့ပါ။ ဂျူးလူမျိုးများသည် မည်သည့်နေရာ ဒေသရောက်ရှိနေပါစေ၊ မိသားစု အချင်းချင်း ရင်နှီးစွာ ပေါင်းသင်းနေထိုင်ကြပြီး ဘာသာတရားကို ထိန်းသိမ်းကြသည်။ သူတို သည် စီးပွားရေးတွင်လည်း ကျွမ်းကျင်စွာ လုပ်ကိုင်နိုင်သောကြောင့် ကြီးပွားချမ်းသာသူများ ကြသည်။ အခြားသောသူများက သူတိုကို နားလည်မှုမပေးခြင်း၊ ငြိုငြင်ခြင်း၊ ပြစ်တင်ရှုတ်ချ ခြင်းတိုကို ခံကြရသည်။ တချိုအချိန်များတွင် ဘုရင်နှင့်အုပ်ချုပ်သူလူတန်းစားများက သူတို၏ ဥစ္စာပစ္စည်းများကို သိမ်းပိုက်ခြင်း၊ သီးသန့်အဝတ်များကို ဝတ်ဆင်စေခြင်း၊ တစ်ခါတစ်ရံ သူတိုသည် သတ်ဖြတ်ညှင်းဆဲခြင်းအမျိုးမျိုးကိုလည်း ခံကြရသည်။ ထိုကဲ့သို ကြမ်းတမ်းခက် ထန်သောဘဝနှင့် ပတ်ဝန်းကျင်အမျိုးမျိုးကို ဖြတ်သန်းခဲ့ရသော်လည်း မိမိယုံကြည်သော ထာဝရဘုရားသခင်နှင့် ဘာသာထုံးထမ်းများကို ဆက်လက်တည်တံ့စေခဲ့သည်။ သူတို၏ အကြီးမားဆုံး ယုံကြည်မျှော်လင့်ချက်တစ်ခုမှာ တစ်နေ့တွင် ဂျူးလူမျိုးအားလုံးသည် ပါလက် စတိုင်းနယ်မြေအား မိမိတို လက်ထဲရောက်ရှိပြီး အားလုံးပြန်လည်ပေါင်းစည်းရမည်ဟု ယုံ ကြည်ခဲ့သည်။

 

မိမိတို့၏တိုင်းပြည်သိုပြန်လာခြင်း

၂၀ ရာစုခေတ်ရောက်လာသောအခါ ဂျူးလူမျိုးများသည် ပါလက်စတိုင်းသို ပြန်လာ ၍ အခြေတကျနေထိုင်ခဲ့ကြသည်။ ပထမကမ္ဘာစစ်ကြီးအပြီး ၁၉၁၈ နောက်ပိုင်းတွင် ပါလက် စတိုင်းသည် ဗြိတိသျှတို၏လက်အောက် ကျရောက်သွားစဉ်တွင်၊ ဗြိတိသျှတိုက သူတို့ကို ပြန်လည်နေထိုင် စေခဲ့ပါသည်။ ဒုတိယကမ္ဘာစစ်အတွင်း ဂျာမဏီမှစစ်ဗိုလ်ချုပ်ကြီးဟစ်တလာ သည် ဂျူးလူမျိုး (၆) သန်းကိုသတ်ခဲ့ပါသည်။ အထူးသဖြင့် ဒုတိယကမ္ဘာစစ်ကြီးပြီးနောက်တွင် ၁၉၃၉-၁၉၄၅ အတွင်း ဂျူးလူမျိုးအများအပြား ပြန်လည်နေထိုင်ခဲ့ကြသည်။ ၁၉၄၉ ခုနှစ် တွင် လွတ်လပ်သောအစ္စရေး နိုင်ငံတော်ကို တည်ထောင်ခဲ့ကြပါသည်။ ယခုအခါတွင် အစ္စရေး နိုင်ငံသည် တိုးတက်ခေတ်မှီသော နိုင်ငံတစ်ခုအဖြစ် ရပ်တည်လျက်ရှိပါသည်။

 

ခွဲခြားမရသောဂျူးလူမျိုးနှင့်ဂျူးဘာသာ

ဂျူးဘာသာသည် ဂျူးလူမျိုးတို၏သမိုင်းကြောင်းနှင့် ခွဲထုတ်၍မရပါ။ ဂျူးလူမျိုးတို ကိုးကွယ်သော ထာဝရဘုရားသခင်သည် ကမ္ဘာကြီး စတင်ဖြစ်ချိန်မှစ၍ ယနေ့ထိတိုင်အောင် ဂျူးလူမျိုးတိုနှင့်အတူပါရှိနေသည်ဟု ယုံကြည်လက်ခံကြပါသည်။ ဂျူးလူမျိုးတို၏ သမိုင်း ကြောင်းထဲတွင် ထာဝရဘုရားရှင်သည် အဓိကကျပြီး ဘုရား၏စကားတော်များနှင့် ပညတ် တော်များကို လိုက်လျှောက်ခဲ့စဉ်က ကောင်းမြတ်ခြင်းနှင့် ချမ်းသာသုခကိုခံစားခဲ့ရသော် လည်း၊ ဘုရား၏စကားတော်များနှင့် ပညတ်တော်များကို နားမထောင်၊ မလိုက်လျှောက်ခဲ့ သည့်အခါတွင် ဘုရားသခင်၏ ဒါဏ်ခတ်ခြင်း၊ ဆုံးမခြင်းများကြောင့် သူတစ်ပါး၏ကျွန် ဘဝဖြင့် ဆင်းရဲဒုက္ခအမျိုး မျိုးကိုခံခဲ့ကြရပြီး၊ တိုင်းတစ်ပါးလက်အောက်သို ကျရောက်ခဲ့ကြ ရသည်။ ထိုကဲ့သိုကျရောက် ရခြင်းသည် ဘုရားသခင်၏ဒဏ်ခတ်ကြောင်း ယုံကြည်လက်ခံကြ ပါသည်။ ဘုရားသခင်သည် ဂျူးဘာသာသမိုင်းတွင်ပါဝင်ခဲ့ပြီး၊ ဂျူးလူမျိုးတို၏ ကိုးကွယ် အားထားရာ လမ်းပြရှင်အဖြစ် ယုံကြည်ခဲ့ပါသည်။

 

ကျမ်းစာများ (The Scriptures)

ဂျူးတို့၏ကျမ်းစာကိုမရေးသားမှီက နှုတ်ဖြင့်သာ သယ်ဆောင်စုဆောင်းခဲ့ကြပါ သည်။ ဘီစီ (၁ဝဝဝ မှ ၄ဝဝ)အတွင်း စာပေအားဖြင့် ပြန်လည်ရေးသားခဲ့ကြပါသည်။ ကျမ်းများကို တန်ဖိုးထားထိန်းသိမ်းပြီး လူမျိုးတော်အတွက် ထာဝရဘုရားသခင်၏ အလိုတော်၊ အမိန့်တော်နှင့် အကြံအစည်တော်များကို နားလည်ရန် ဖတ်ရွတ်ဆည်းပူးရပါသည်။ ကျမ်းစာ တွင် အပိုင်း (၃)ပိုင်း ခွဲခြားထားပါသည်။ ။

(၁) တိုရာကျမ်း (The Torah = Law)

ပညတ္တိကျမ်း (၅)စောင်ပါရှိပါသည်။ ကမ္ဘာမြေကြီးနှင့် လူသားများကို ဖန်ဆင်းခြင်း အကြောင်းအရာများ၊ တရားတော်များ၊ ပညတ်များနှင့် ပါလက်စတိုင်းကို မောရှေ့အားဖြင့် ဝင်ရောက်နိုင်ခြင်းများ စသည့် အကြောင်းတရားများအား ရေးသားထား ပါသည်။

 

(၂) ပရောဖက်ကျမ်း: (Navim = The Prophets)

ပရောဖက်အဆက်ဆက် ထာဝရဘုရား၏သတင်းစကားများကို ကျမ်းတစ်စောင် ခြင်း ရေးသားပြုစုထားပါသည်။ ပါလက်စတိုင်းကို အောင်မြင်ခြင်းအကြောင်းနှင့် တိုင်းတစ်ပါး ၌ ကျွန်အဖြစ် မခံရမှီအထိ ဘုရင်အဆက်ဆက် အုပ်ချုပ်ခဲ့သောသမိုင်းကြောင်းများနှင့် ထာဝရဘုရားသခင်၏ အုပ်စိုးခြင်း ဦးဆောင်ခြင်းများကို ရေးသားထားပါသည်။

 

(၃) စာပေရေးရာစာစောင်များ (Katuvim = The Writings)

ကဗျာလင်္ကာများ၊ ဗိမာန်တော်တွင်ချီးမွမ်းသော ဓမ္မတေးသီချင်းများ၊ ပညာရှိများ၏ အဆိုအမိန့်များနှင့် လူမျိုးတော်တို၏သမိုင်းအဖြစ်အပျက်များလည်း ပါရှိပါသည်။ ဂျူးကျမ်းစာကို ဟေဗြဲစာပေဖြင့် ရေးသားခဲ့ပါသည်။ သိုသော် ဘီစီ ၂၅၀ နှင့် ၁၅ဝ ကြားတွင် ဟေဗြဲကျမ်းကို ဂရိဘာသာစကားဖြင့် ဘာသာပြန်ထားသောကျမ်း ဆက်တွာ” ဂျင်း (Septuagint) ကျမ်းစာကို ရေးသားခဲ့ပါသည်။ ဘီစီ ၉၀ တွင် ဂျမ်နီယာကောင်စီ (Jamnia Council)တွင် ဂျူးပညာရှင်များ ကျမ်းဘောင်သွင်းခြင်းကို ပြုလုပ်ခဲ့ကြပါသည်။ ခရစ်ယာန်ဘာသာက ထိုကျမ်းကို ဓမ္မဟောင်း ကျမ်းအဖြစ် သတ်မှတ်ခံယူကြသည်။ ယင်းကောင်စီတွင် ဂျူးလူမျိုးကျမ်းတတ်ပညာရှင်ဖြစ်သူ ရာဘီဂျိုဟနန်ဘင်ဂျက်ခိုင် (Rabbi Johanan ben Jaccai) က ဦးဆောင်ခဲ့သည်။ ကျမ်းဘောင်သွင်းရာတွင် စည်းမျဥ်းစံနှုန်း (၃)ခု ထားခဲ့ကြပါသည်။ ကျမ်းစာသည်

(၁) ဘုရားသခင်မှုတ်သွင်းခြင်း ပါရှိရမည်။

(၂) ဘုရားသခင်ကို ယုံကြည်သောသူများ၏ အသိအမှတ်ပြုခြင်းရှိရမည်။

(၃) ဘုရားသခင်ကို ယုံကြည်သောသူများက စုဆောင်းထိန်းသိမ်းပိုင်ဆိုင်မှုတိုဖြစ်သည်။

 

ကိုးကွယ်ဝတ်ပြုခြင်း (Worship)

ဣသရေလလူမျိုးတိုသည် ရောက်ရှိသည့်နေရာတိုင်းတွင် ယာထာဝရဘုရားကို တင်လှူဘွယ်ရာများနှင့် ယဇ်ပူဇော်ခြင်းဖြင့် ကိုးကွယ်ဝတ်ပြုခဲ့ကြသည်။ ကန္တာရခရီးတစ်လျှောက်တွင် တဲတော်အရှင်တစ်ခုကို သူတိုနှင့်အတူတစ်ပါးတည်း သယ်ဆောင်ခဲ့ကြပြီး စခန်းချရာနေရာတိုင်းတွင် ဘုရားသခင်သည် သူတိုနှင့်အတူရှိသည့်လက္ခဏာရပ်အနေဖြင့် တဲတော်ကို စိုက်ထူတည်ဆောက်ကာ ဝတ်ပြုကိုးကွယ်ပူဇော်ကြပါသည်။ ဗိမာန်တော်သည်ထာဝရဘုရား၏နာမတော်၊ ဘုန်းတော်တည်ရှိရာ သန့်ရှင်းရာဌာနတော်ဖြစ်ပြီး၊ ထာဝရ ဘုရား ကိန်းဝပ်ရာနေရာဖြစ်သည်ဟု ယုံကြည်ခံယူကြပါသည်။ အတည်တကျနေထိုင်သော အချိန်ရောက်သည့်အခါ ဗိမာန်တော်တည်ဆောက်ကာကိုး ကွယ်ကြပါသည်။ ဗိမာန်တော်တွင် ယဇ်ပုရောဟိတ်များက ဦးဆောင်ပူဇော်ကြပြီး၊ ယဇ်ပူဇော်သူများက ဘုရားဂုဏ်တော်ချီးမွမ်း သီချင်းများကို သီဆိုကြပါသည်။ စစ်အောင်နိုင်သော အခါတွင်လည်းကောင်း၊ ဘုရင်တစ်ပါး ပါးကို တင်မြောက်သောပွဲများတွင်လည်းကောင်း၊ ကျေးဇူးတော်ချီးမွမ်းပွဲများတွင်လည်း ကောင်း တေးသီချင်းများကို သီဆိုကြသည်။ ဂျူးလူမျိုးများသည် ဘေးဒုက္ခအန္တရာယ်များနှင့် ရင်ဆိုင်ရသောအချိန်များတွင်လည်းကောင်း၊ ပြင်းထန်သောဝေဒနာခံစားနေရသောအချိန် များတွင်လည်းကောင်း၊ ကပ်ဘေးများ ကျရောက်ချိန်များတွင်လည်းကောင်း အထူးသီးသန့် ဆုတောင်း ပဌာနာတော်ပြုကာ ဆုတောင်းပွဲများ ပြုကြပါသည်။ ကျွန်ခံရာတိုင်းတစ်ပါးနိုင်ငံ များသို့ ရောက်ရှိနေ ချိန်တွင် ဗိမာန်တော်များ မရှိခဲ့ကြသော်လည်း ဘုရားသခင်ကို နည်းလမ်း သစ်များရှာ၍ ကိုးကွယ်ခဲ့ကြရာ ကိုးကွယ်ဝတ်ပြုရာနေရာ တရားဇရပ်များ (Synagogue) ကို ဆောက်လုပ်ကာ ဥပုဒ်နေ့များ အပါအဝင် အပတ်စဉ်ကိုးကွယ်ခဲ့ကြပါသည်။ ဂျူးလူမျိုးများ နေထိုင်ရာနေရာတိုင်းတွင် တရားဇရပ်များကိုဆောက်ကာ ဝတ်ပြုကိုးကွယ်ခဲ့ကြသည်။ ရှီမ ကျမ်းတွင် ဘုရားဝတ်ပြုပုံဝတ် ပြုနည်းများနှင့် ဘုရားကျောင်းတွင် လိုက်နာရမည့် ဓလေ့များ ပါဝင်ပါသည်။ ။

ဘာသာတရားကို အလေးထားသော ဂျူးလူမျိုးများသည် တစ်နေ့သုံးကြိမ်သင့်တော် ရာ နေရာတွင် ဝတ်ပြုကြရသည်။ အိပ်ရာထ၊ မွန်းလွဲနှင့် ညနေခင်းတိုဖြစ်သည်။ တစ်ပတ် တစ်ခါ (သို) တစ်လတစ်ခါ ဂျူးဘုရားကျောင်းတွင်စုဝေးကြပြီး၊ ဝတ်ပြုခြင်းကို ဘာသာရေး ခေါင်းဆောင် ရာဗီ Rabi က ဦးဆောင်လေ့ရှိပါသည်။ ဝတ်ပြုရာနေရာတွင် ဂီတဆရာတစ်ဦး ရှိနေကာ ဝတ်ပြုချိန်တွင် တေးသွားအလိုက် သီဆိုဝတ်ပြုကြသည်။ ဘုရားကျောင်းသို မိသားစု ဝင်အားလုံး စုဝေးရောက်ရှိကြပြီး စားဖွယ်များကို ယူဆောင်လာကြကာ အတူစားသောက် ကြသည်။

 

ပညတ်တော် (၁၀) ပါး (Ten Commandment)

ဂျူးလူမျိုးများသည် ဘုရားသခင်၏ သီးသန့်ရွေးချယ်ခံရသူလူမျိုးဖြစ်ကြောင်း ခံယူ ယုံကြည်ကြသည်။ ပထမဆုံးတာဝန်မှာ ဘုရားသခင်၏ပညတ်တော်များကို နားထောင်လိုက် လျှောက်ရန်ဖြစ်သည်။

(၁) ငါမှတပါး အခြားသောဘုရားကိုမကိုးကွယ်နှင့်။

(၂) ရှိသမျှသောအရာနှင့် ပုံသဏ္ဍာန်တူအောင် ရုပ်တုဆင်းတုကိုကိုယ်အဘိုမလုပ်နှင့်။ ဦးမချဝတ်မပြုနှင့်။

(၃) ထာဝရဘုရားသခင်၏နာမတော်ကို မုသာနှင့်ဆိုင်၍မညွှတ်မဆိုနှင့်။

(၄) ဥပုသ်နေ့ကိုသန့်ရှင်းစေခြင်းငှါ ထိုနေ့ရက်ကိုအောက်မေ့လော့။

(၅) သင်၏မိဘကို ရိုသေစွာပြုလော့။

(၆) လူအသက်ကို မသတ်နှင့်။

(၇) သူ့မယားကို မပြစ်မှားနှင့်။

(၈) သူ့ဥစ္စာကို မခိုးနှင့်။

(၉) ကိုယ်နှင့်စပ်ဆိုင်သောသူတဖက်၌ မမှန်သောသက်သေကိုမခံနှင့်။

(၁၀) ကိုယ်နှင့်စပ်ဆိုင်သောသူ၏ ဥစ္စာတစ်စုံတစ်ခုကိုမျှတပ်မက်လိုချင်သောစိတ်မရှိစေနှင့်။

 

နှုတ်ထွက်ပညတ်များ(The Oral Laws)

ရေးသားထားပြီးသော ပညတ်များသည် မည့်သိုလိုက်နာကျင့်ဆောင်ရမည်၊ မည်သို မှန်ကန်စွာ ဝတ်ပြုရမည်ကို အသေးစိတ်ရှင်းလင်းထားခြင်းမရှိသောကြောင့် ယဇ်ပုရောဟိတ် နှင့် အခြားသူများက အသေးစိတ်ပြန်လည်ရှင်းလင်းဖော်ပြချက်များကို နှုတ်တော်ထွက် ပညတ်များဟု ခေါ်ပါသည်။ ထိုပညတ်များကိုဖော်ပြပေးသူများမှာ ရဗ္ဗိဆရာများ (Rabbis) နှင့် ကျမ်းပြုဆရာများ (Scribes) ဖြစ်သည်။ ပညတ်တော်များကို ကြပ်တည်းစွာ လိုက်လျောက် သူများမှာ ဖာရိရှဲများ (Pharisees) ဖြစ်သည်။ ထိုနှုတ်ထွက်ကျမ်းများကို ယုဒဓမ္မသတ်ကျမ်း ကြီးဖြစ်သော တာလ်မုဒ်ကျမ်း (Talmud) တွင် စုစည်းရေးသားထားပါသည်။ ဂျူးအယောက် စီတိုင်း လိုက်နာရမည့်၊ မြွက်ဆိုရမည့်ကျမ်းစာမှာ “အိုဣသရေလအမျိုး နားထောင်လော့။ ငါတို၏ ဘုရားသခင်ထာဝရဘုရားသည် တစ်ဆူတည်းသော ထာဝရဘုရား ဖြစ်တော်မူ၏။ သင်၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိ သမျှနှင့် ချစ်လော့။ ယနေ့ ငါမှာထားသောစကားကို နှလုံးသွင်းရမည်။ ထိုစကားကို သင်၏သားသမီး တို့အား ကြိုးစား၍ သွန်သင်ရမည်။ အိမ်၌ထိုင်လျက်နေသည်ဖြစ်စေ၊ ခရီးသွားသည်ဖြစ်စေ၊ အိပ်သည် ဖြစ်စေ၊ ထသည်ဖြစ်စေ ထိုစကားကိုပြောရမည်” (တရားဟောရာကျမ်း ၆း၄-၇)။

 

ယုံကြည်ကျင့်သုံးမူများ(Belief and Practice)

ဂျူးဘာသာသည် ဘုရားတစ်ဆူတည်းကိုသာ Monotheism ယုံကြည်ကိုးကွယ်သော ဘာသာ ဖြစ်သည်။ ထာဝရဘုရားသခင်သည် ခပ်သိမ်းသောအရာတိုကို ဖန်ဆင်းသောဘုရား ဖြစ်သည်ဟု ယုံကြည်ကြသည်။ ထိုဘုရားမှလွဲ၍ ကြီးမြတ်သောဘုရား လုံးဝမရှိဟု ခံယူကြ သည်။ တစ်ဆူတည်းသော ထာဝရဘုရားကို ယားဝေး Yahweh ဘုရား အသက်ရှင်တော်မူ သော တစ်ဆူဘုရား (the Living One) ဟု ခေါ်ဆိုကြသည်။ ဖန်ဆင်းခံအရာများထဲတွင် လူသည် ဘုရားရှင်၏ပုံသဏ္ဍာန်ဖြင့် ဖန်ဆင်းသည်ဟု လက်ခံကြပါသည်။ သိုသော် လူသားများ သည် ဘုရားသခင်၏ပုံသဏ္ဍာန်တော်ကို အတိအကျသိနိုင်ခြင်းငှါ မစွမ်းဆောင်နိုင်ပါ။ ဘုရား သခင်သည် ဂျူးလူမျိုးများကို ဘုရား၏လူမျိုးတော်အဖြစ် သီးသန့်ရွေးချယ်ခဲ့သည်ဟု ဂျူးများ က ယုံကြည်ကြပါသည်။ ။

ကျမ်းစာအရ ရွေးချယ်ခံရသောလူမျိုးတော်အဖို ပါလက်စတိုင်းနယ်မြေကို ဘုရား သခင်ပေးသနားခဲ့ပြီး ဘုရားသခင်သည် လူမျိုးတော်နှင့်ပဋိညာဉ် (သို့) သဘောတူညီမှုဖြင့် ဖွဲစည်းထားကြောင်း ယုံကြည်ကြသည်။ ထိုပြင် ဘုရားသခင်သည် အခြားသော လူမျိုးများ အားလုံးကို ကောင်းကြီးမင်္ဂလာပေးရန်အတွက် ဂျူးလူမျိုးကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ဘုရား သခင်သည် ဤလောကတစ်ခုလုံးကို အုပ်စိုးသောရှင်ဘုရင်ဖြစ်သည်ဟုလည်း ယုံကြည်ကြပါ သည်။ လူတို၏အသက်ဝိညာဉ်ကို ပေးပိုင်သောအရှင်ဖြစ်ပြီး၊ လူမျိုးအားလုံးကို ထိန်းချုပ်နေ သောအရှင် ဖြစ်သည်။ ။

သဘာဝတရားကို ထိန်းချုပ်နိုင်သောအရှင် ဖြစ်သည်သာမက လူသားတိုကို ကူညီ ထောက်မပေးသောအရှင်ဖြစ်သည်။ အပြစ်စီရင်ရာတွင်လည်း သဘာဝတရားအစွမ်းများကို အသုံးပြုသောဘုရားဖြစ်သည်။ ဗိမာန်တော်၌ ယားဝေးထာဝရဘုရားကို ကိုးကွယ်ဝတ်ပြုခဲ့ပြီး၊ ယဇ်ပူဇော်ခြင်းနှင့် လှူဘွယ်ရာများကို တင်လှူပူဇော်ခဲ့ကြသည်။ ထာဝရဘုရားရှင်သည် ဂျူးလူမျိုးတော်ကို ဖြောင့်မတ်သောအသက်တာ၌ ကြီးပွားအသက်ရှင်ရန် အလိုတော်ရှိ ကြောင်းကို ယုံကြည်လက်ခံကြပါသည်။ ဘုရားသခင်သည် ဖြောင့်မတ်ပြီး ထူးမြတ်သောလူ ကောင်းများကို ဂျူးလူမျိုးထဲမှရွေးချယ်ပြီး၊ ပညတ်တရားများနှင့် သတင်းစကားများကို ပေးခဲ့ သည်။ အာဗြဟံမှအစ မောရှေ၊ စသည့် ပရောဖက်များကို တိုက်ရိုက်ညွှန်ကြားပေးခဲ့သည့် တရားများကို လူသားများအားလုံး လိုက်နာရပါမည်။ လိုက်နာခြင်းမရှိသော လူသားများသည် အပြစ်ရှိသောလူသားများအဖြစ် သတ်မှတ်ကာ အပြစ်ဒဏ်ကိုပေးသော ဘုရားလည်း ဖြစ်သည်။ အကယ်၍ အပြစ်ပြုမိပါက၊ အပြစ်မှလွတ်ရန် အပြစ်ရှိကြောင်း ဝန်ခံခြင်း နောင်တဖြင့် ဆုတောင်းခြင်း၊ ပူဇော်ခြင်းနှင့် ကောင်းမြတ်သောပညတ်တော်များကို ကျင့်ဆောင်ခြင်းဖြင့် | ရနိုင်ပါသည်။ ထိုကဲ့သို လိုက်နာလုပ်ဆောင်သောသူသည် သေလွန်သောအခါ ထာဝရငြိမ်း ချမ်းပျော်ရွှင်ရာ ကောင်းကင်နိုင်ငံတော်သို ရောက်ရှိခံစားရမည်ဖြစ်သည်။

 

အစားအစာကန့်သတ်ချက်

နေ့စဉ်အသက်ရှင်ရာတွင် စားသောက်သင့်သောအစာများနှင့် စားသောက်ရန် မသင့်သော အစာများကို ပြဌာန်းထားပါသည်။ အကြေးခွံပါသောငါးများနှင့် ဆူးတောင်ပါ သော ငါးများကို စားသုံးနိုင်သည်။ ငါးခူ၊ ငါးရှဉ့်ကဲ့သိုသော အကြေးခွံမပါသော ငါးများကို မစားရဟု သတ်မှတ်ထားပါ သည်။ သီးနှံကိုသာစားသော ငှက်၏အသားကို စားနိုင်သည်။ အသားစားသောငှက်တို၏အသားကိုမူ မစားရပါ။ သီးနှံစားသော အမဲသား စသည့်အသား များကို စားနိုင်သော်လည်း ဝက်သားကို စားခွင့်လုံးဝမပြုပါ။ တိရစ္ဆာန်များကိုစားရန် သတ်ဖြတ် သည့်အခါ မသတ်မီတရားစာရွက်ဆိုရပါသည်။ ညှင်းပန်းခြင်းကင်းစွာ စနစ်ကျစွာ သတ်ပြီးမှ စားရပါသည်။ အထူးပွဲများတွင် နိုနှင့်နိုထွက်ပစ္စည်းများကို အသားနှင့်ရောနှော၍ မစားသုံးဘဲ သီးသန့်သုံးဆောင်ရပါသည်။

 

အရေပြားလုံးမင်္ဂလာ (Circumcision)

သားယောက်ျားလေးဖွားမြင်ပါက မွေးဖွားပြီး ၈ ရက်မြောက်နေ့တွင် ဗိမာန်တော်သို ဆောင်ယူသွားကာ အရေဖျားလှီးမင်္ဂလာကို ပြုကြပါသည်။ သားငယ်၏လိင်အင်္ဂါထိပ် အရေ ပြားကို ဖြတ်ပေးခြင်း မင်္ဂလာကို ပြုလုပ်ကြသည်။ သားငယ်တိုင်းကို ဟီးဘရူးအမည်ပေးကြ သည်။ သားငယ်တိုင်းသည် နေ့စဉ်သုံးအမည်နှင့် ဟီးဘရူးအမည်နှစ်ခုရှိကြသည်။ အလားတူ သမီးငယ်သည် လည်း ဂျူးဘုရားကျောင်းတွင် အမည်တစ်ခုခုပေးလေ့ရှိသည်။

 

 

 

ပညတ်တော်ခံယူခြင်း: (Bar Mitzvah)

အသက် ၁၃ နှစ်အရွယ်တွင် ဂျူးတို၏ပညတ်တော်များနှင့် ပြဌာန်းချက်များကို ခံယူသော မင်္ဂလာဘာမတ်ဗာပွဲပြုလုပ်ကြသည်။ ဘာ Bar ဆိုသည်မှာ သားတော်ဟု အဓိပ္ပါယ် ရပြီး၊ မတ်ဗာ Mitzvah ဆိုသည်မှာ ပြဌာန်းချက်ပညတ်များဟု ဆိုပါသည်။ ထိုကဲ့သို ပြုပြီးမှ သာ ဂျူးဘာသာ တရားများ လေ့လာခြင်းနှင့် ဂျူးဘုရားကျောင်း၌ ဘုရားဝတ်ပြုချိန်တိုင်းတွင် ရှိရမည့် ယောက်ျားလေး ဆယ်ယောက်တွင် ပါဝင်ခွင့်ရသွားခြင်း ဖြစ်သည်။ ယနေ့ခေတ်သစ်တွင် သက်သေခံအဖြစ် ရှိရမည့် ရပ် တည်ပေးသော ယောက်ျားလေး (၁၀) ဦးထဲတွင် မိန်းကလေးများ လည်း ပါဝင်လာကြသည်။

 

မင်္ဂလာဆောင်ခြင်း (Marriage)

မင်္ဂလာဆောင် အခမ်း အနားကို တို၏ဘုရားကျောင်း မှာသာမက နှစ်သက်ရာနေရာတွင် ပြုလုပ်ကြသည်။ သတိုသားနှင့်သတိုသမီးတိုအား လူနှစ်ဦး အုပ်မိနိုင်သော ဇာပုဝါဖြင့် အုပ်ထားရသည်။ သတိုသမီးနှင့်သတိုသားတိုသည် မင်္ဂလာဆောင် ပြီး တစ်အိုးတစ်အိမ်တည်ထောင်ခြင်းကိုပြပြီး မင်္ဂလာသစ္စာဆိုခြင်းပင်ဖြစ်သည်။ ထိုနောက် ကတိသစ္စာဆိုခြင်း အထိမ်းအမှတ်အဖြစ်၊ ဝိုင်တစ်ခွက်ကိုသောက်ကြရသည်။ ထိုနောက် သတိုသားက ထိုခွက်ကို လွတ်ချ၍ ခွဲပြရသည်။ ထိုနောက်ခြေဖြင့် နင်းခြေရသည်။ ထိုသိုပြု ရခြင်းမှာ ဂျေရုဆလင်မြိုရှိ ဗိမာန်တော်ကို ရန်သူများ ဖျက်ဆီးသွားခြင်းကို အမှတ်ရစေသည့် အထိမ်းအမှတ် ဖြစ်သည်။

 

အသုဘအခမ်းအနား (Funeral)

သေဆုံးသူ၏ခန္ဓာကိုယ်အား ရေဆေးပေးခြင်း အဝတ်ဖြူနှင့်ပတ်ခြင်း မြန်နိုင်သမျှ မြန်မြန် သင်္ဂြိုလ်ကြရသည်။ မီးနှင့်သင်္ဂြိုလ်ခြင်းကို ခွင့်မပြု၊ မြေသိုမြှုပ်နှံခြင်းကိုသာပြုရသည်။ သေဆုံးသူ အတွက် ဆုတောင်းပွဲကို တစ်ပတ်ခန့်ပြုလုပ်ကြရသည်။ ထိုစဉ်ကာလအတွင်း သေဆုံးသူ၏ မိသားစုသည် နေအိမ်တွင်ပင် နေကြရသည်။ အလုပ်မလုပ်ကြပါ။ မိတ်ဆွေများ လာရောက်ပြီး အားပေးစကားပြောခြင်းနှင့် အစားအသောက်များယူလာ၍ အတူတကွ စားသောက်ကြသည်။ သေဆုံးပြီး ဆယ်တစ်လတိုင်တိုင် အိမ်တွင် နေ့စဉ်ကျမ်းစာများကိုရွတ်ဖတ် သရဇ္ဈာယ်ကြသည်။ ထိုနောက်တစ်နှစ်တစ်ကြိမ်သတိတရအောက်မေ့ခြင်းဖြင့် ကျမ်းစာများ ကို ရွတ်ဖတ်ကြသည်။

 

ပွဲတော်များ (The Feasts)

ဂျူးတို့၏ပွဲတော်များသည် သူတို့၏ ရာဇဝင်သမိုင်းကြောင်းများနှင့် ထာဝရဘုရား သခင်၏ ကွယ်ကာစောင်မခြင်းဆိုင်ရာ သတိတရားများကို ရရှိစေပါသည်။

 

ပသခါပွဲ (Feast of Passover)

နှစ်စဉ် နွေဦးရာသီတွင် ကျင်းပလေ့ရှိသည့် ပသခါပွဲ (Feast of Passover) သည် ထင်ရှားသောပွဲဖြစ်သည်။ အီဂျစ်ပြည်မှ ကျွန်ဘဝကိုလွတ်မြောက်လာခြင်းနှင့် ဒုက္ခအခက် အခဲများကို ဘုရားသခင် ပိုဆောင်မှုနှင့်အတူ ဘိုးဘေးတို၏ဦးဆောင်မှုဖြင့် လွတ်မြောက် အောင်မြင်ခဲ့ရခြင်းကို အောက်မေ့သောအားဖြင့် ပြုလုပ်သောပွဲပင်ဖြစ်သည်။ ထိုပွဲကို ယနေ့ ထိတိုင် ကျင်းပပြုလုပ်ဆဲ ဖြစ်သည်။ ထိုပွဲတွင် တစေးမပါသော ဂျုံပြားကို အရသာခါးခါး ပြုလုပ်ထားသည်။ သစ်သီး ဟင်းသီးဟင်းရွက်အရောတစ်ပွဲ၊ ကြက်ဥတစ်လုံးနှင့်ဝိုင်အရက်တို ဖြင့်၊ တည်းခင်းဧည့်ခံလေ့ ရှိကြပါသည်။ ဂျုံပြားကို အရသာခါးခါး လုပ်ဆောင်ထားခြင်းသည် ဂျူးတို၏ခက်ခဲသော ဘဝဖြတ်သန်းမှုကို အမှတ်ရစေသည်။ ခပ်ခါးခါးသစ်သီးနှင့် ဟင်းသီး ဟင်းရွက်ရောရခြင်းမှာ ပိရမစ်အဆောက်အဦးကြီးများကို ဂျူးတိုသည် ကျွန်အဖြစ်နှင့် တည်ဆောက်ခဲ့ရခြင်းနှင့် ထိုစဉ်က စားခဲ့ရသောအစာများကိုအမှတ်ရစေခြင်းဖြစ်သည်။ ကြက်ဥမှာ ဘဝသစ်ကို ရည်ညွှန်းသည်။ ဝိုင်အရက်မှာ ဒုက္ခအပေါင်းမှ လွတ်ကင်းကြောင်း ပျော်ရွှင်မှု အထိမ်းအမှတ်ဖြစ်သည်။

 

 

 

 

ပင်တေကုတ္တေပွဲတော် (Feast of Pentecost)

ထင်ရှားသောပွဲတော် နောက်တစ်ခုမှာ ပင်တေကုတ္တေပွဲတော် (Feast of Pentecost) ဖြစ်သည်။ ကောက်သစ်စားပွဲတော်ကဲ့သိုပင်ဖြစ်သည်။ ရိတ်သိမ်းပြီးစ ကောက်သစ်ကို ထာဝရဘုရားအား တင်လှူပူဇော်ခြင်းနှင့် ဣသရေလလူမျိုးကို ဘုရားကောင်းကြီးပေးခဲ့ခြင်း ကို အောက်မေ့သတိရ သောပွဲတော်ဖြစ်သည်။ နောက်ပိုင်းတွင် တဲတော်ပွဲတော် (Feast of Tebernacles) ကို ကောက်ပဲသီးနှံရိတ်သိမ်းခြင်းနှင့်အတူ ဘာသာရေးဆိုင်ရာပွဲတော်တစ်ခု အဖြစ် ကျင်းပကြသည်။ ထိုပွဲတွင် သစ်သီးသစ်နှံများ၊ လှပသောသစ်ရွက်များဖြင့် ယာယီတဲ့ နန်းတစ်ခု တည်ဆောက်၍ အစားအစာများ သုံးဆောင်ခြင်း (သို) နားနေအိပ်စက်ခြင်းများ ကို ပြုလုပ်ကြသည်။ ပွဲတော်ကျင်းပစဉ် ပျော်ရွှင်ကခုန်ခြင်းများဖြင့်ဆင်နွဲကြပြီး၊ မရှိဆင်းရဲ သားများနှင့် လိုအပ်သောသူများကို ပေးကမ်းလှူတမ်းခြင်းများကို ပြုလုပ်ကြသည်။

 

အပြစ်ဖြေရာနေ့ (Solem Day Atonement)

ဂျူးတို့၏ ဟီးဘရူးပြက္ခဒိန်အရ နှစ်သစ်ကူးပွဲတော်ကျင်းပလေ့ရှိပြီး “ယုံကပ်ပါ ” ခေါ် အမှားများကိုဝန်ခံသည့် အာပတ်ဖြေသည့်နေ့လည်း ရှိသည်။ အတိတ်ကာလက အောင် မြင်ခဲ့ခြင်းတိုကို အောက်မေ့သောပွဲတော်ဖြစ်သည့် ပူရမ်မွှာကိုလည်း ကျင်းပကြသည်။ ဂျူးလူ မျိုး မဟုတ်သော ဟာမန် Haman မင်းသည် ဂျူးလူမျိုးတိုအား သတ်ဖြတ်မှုကို ဘုရင်မကြီး အက်စတာက လိမ္မာပါးနပ်စွာ ရဲရဲရင့်ရင့် တွန်းလှန်အောင်မြင်ခဲ့သည်ကို အမှတ်တရကျင်းပ ခြင်းဖြစ်သည်။ လူငယ်အများ နှစ်သက်ကြပြီး ဒီဇင်ဘာလတွင် ကျင်းပလေ့ရှိသည့် ဟန်ခါ Hanakkah ပွဲတော်လည်းရှိသည်။ နှစ်ပေါင်းများစွာ ဂျူးတိုသည် မိမိတို၏လွတ်လပ်ရေးနှင့် ယုံကြည် ကိုးကွယ်မှုအတွက် တိုက်ပွဲဝင်ခဲ့ သည်။ အောင်မြင်ခဲ့သည့်အခါ ဂျေရုဆလင်မြိုတော်တွင် စုဝေးကာ အောင်ပွဲကျင်းပပြီး မီးတိုင်များ ထွန်းညှိခဲ့သည်။ မီးတိုင်တွင် ဆီအနည်းငယ်သာရှိခဲ့ သော်လည်း ထိုမီးတောက်မှာ ရှစ်ရက်တိုင်တိုင် မီးမငြိမ်းဘဲ လောင်ကျွမ်းခဲ့သည်။ ထိုဖြစ်ရပ် သည် စစ်ကြီးကိုအောင်နိုင်ခြင်း အထိမ်းအမှတ်အဖြစ် ဖယောင်းတိုင်ရှစ်တိုင်နှင့် မီးညှိတိုင်တစ် တိုင် စုစုပေါင်းဖယောင်းတိုင်ကိုးတိုင်ပါသော မီးအိမ်ထွန်းခြင်းဓလေ့ ဖြစ်ပေါ်ခဲ့သည်။ ရို့ချ်ဟာရှန်နာ (Rosh Hashanah) ခေါ် နှစ်သစ်ကူးပွဲတော်တွင် အထူးဆုတောင်းချက်များနှင့် အတူ ဓမ္မသီချင်းများကို သီဆိုကြခြင်းဖြင့် ကျင်းပကြပါသည်။ ဤပွဲတော်ကို အခြားသူများအား ပြစ်မှားမိခဲ့ခြင်းကိုနောင်တ တရားရပြီးနောက် (၁၀)ရက်အကြာတွင် ပြုလုပ်သည်။ ထိုနောက် မှတစ်ဆင့် အပြစ်ဖြေရာနေ့ (Solem Day Atonement) ကို အစာရှောင်ခြင်း၊ နောင်တရ ခြင်းနှင့် ဆုတောင်းပဌာနာပြုခြင်းတိုဖြင့် တစ်ဆက်တည်း ကျင်းပကြပါသည်။ မီဇူဇာ Mezuzah ဟီးဘရူး သမ္မာကျမ်းစာပါစာသားအချိုအားရေးသားထားသောစာရွက်လိပ်ကို သိမ်း ဆည်းထားသော ဗီရိုငယ်လေးကိုခေါ်ခြင်းဖြစ်သည်။ အိမ်တိုင်းတွင် အဆိုပါ ဗီရိုငယ်လေး ရှိတတ်သည်။ ဂျူးတိုသည် အိမ်ထဲသိုမဝင်မီ မိမိလက်ဖြင့်ထိပြီးမှ အိမ်တွင်းသို ဝင်လေ့ရှိသည်။ ဗုဒ္ဓဘာသာအိမ်များတွင် ဘုရားစင်ရှိသည့်နည်းတူ ဂျူးအိမ်တိုင်းတွင် မီဇုဇာရှိပါသည်။

 

ဂျူးဘာသာအုပ်စုကွဲများ

(၁) ရှေးရိုးစွဲ ဂျူးဘာသာ (Orthodox Judaism)

(၂) ပြုပြင်ပြောင်းလဲခြင်းကို လက်မခံသောဂျူးဘာသာ (Conservative Judaism)

(၃) ပြုပြင်ပြောင်းလဲသော ဂျူးဘာသာ (Reform Judaism)

(၄) ရှေးကျသောဂျူးဘာသာ (Ancient Judaism)

(၅) ဟာစီးဒစ်ဂျူးဘာသာ (Hasidic Judaism) စသည်တို့ဖြစ်သည်။

 

 

ဇိုရှိအက်စ်တရမ်ဘာသာ

(Zoroastrianism)

 

ဇိုရိုအက်စ်တရမ်ဘာသာသည် ရှေးအကျဆုံးဘာသာအယူဝါဒတစ်ခုဖြစ်သည်။ ဇိုရို အက်စ်တရမ်ဘာသာကို စတင်တည်ထောင်သူမှာပါရှန်း လူမျိုး (ယနေ့ အီရန်လူမျိုး) ဇိုရိုအက် စတား Zoroaster (ခ) ဇရာတုတ္ထ Zarathuster ပင် ဖြစ်သည်။ သူ့အားမမွေးဖွားမီ နှစ်ပေါင်း များစွာကတည်းက ဖွားမြင်လာမည့်အကြောင်းကို ပရောဖက်ပြုခဲ့ပါသည်။ ဇိုရိုအက်စတားကို ဘီစီ ၆၁၈ တွင် ကစ်စပီးယန်းပင်လယ်၏အနောက်ဘက် အဇာဘိုင်ကျန်မြိုတော်တွင် အဖ ပေါလုရှနှင့် အမိ ဂေါဒိုဘာတိုမှ မွေးဖွားလာပါသည်။ တစ်ဦးတည်းသောသား ဖြစ်ပြီး ငယ်နာမည်မှာ ဇရတုတ္တရ ဟုအမည်တွင်ခဲ့သည်။ ဇရတုတ္တရ မွေးဖွားခြင်းနှင့်ဆိုင်သော ဒဏ္ဍရီ များစွာရှိခဲ့သော်လည်း ထင်ရှားသောအဖြစ်အပျက်တစ်ခုမှာ၊ သူမွေးဖွားချိန်တွင် အီရန်နိုင်ငံ မှ မှော်ဆရာချုပ်ကြီးသည် ကြီးစွာတုန်လှုပ်ခြင်းဖြစ်ခဲ့ရသည်ဟုဆိုပါသည်။ အဘယ်ကြောင့် ဆိုသော် ယခုမွေးဖွားလာမည့် သူငယ်သည် အီရန်နိုင်ငံရှိ မှော်အတတ်ပညာများ၊ အောက် လမ်းအတတ်ပညာများ၊ ရုပ်တုဆင်းတု ကိုးကွယ်မှုများ၊ နတ်ဘုရားကိုးကွယ်ခြင်းများအား ဖျက်စီးပစ်မည်ဟု မှော်ဆရာချုပ်ကြီးမှ တွက်ချက်သိလိုက်သောကြောင့်ဖြစ်သည်။ ထိုကြောင့် ဆရာကြီးသည် တပည့်များကိုလွှတ်၍ ကလေးငယ်ကို ခိုးယူစေခဲ့သည်။ ထိုနောက် ကလေးငယ် ကို မှော်ဘုရားကျောင်းအတွင်းရှိ မီးဖိုကြီးထဲ ပစ်ထည့်ကာ သေပြီးဟု ထင်မှတ်ကာ ပြန်သွားခဲ့ ကြသည်။ ကလေး၏မိခင်သည်အိမ်ပြန်သောအခါ ကလေးကိုမတွေ့ရသဖြင့် သောကကြီးစွာ ဖြင့် ဘုရားကျောင်းရှိ မီးနတ်ဘုရားအား တိုင်တည်ဆုတောင်း ရန်သွားရောက်သောအခါ၊ မီးတောက်မီးလျှံများ၏အလယ်၌ မီးညွန့်မီးလျှံများကို ဆော့ကစားနေသော သူ၏ သားငယ် လေးကိုတွေ့မြင်ပြီး ပြန်လည်ခေါ်ဆောင်သွားခဲ့သည်။ မှော်ဆရာကြီးသိရှိသွားသော အခါတွင် ထိုကလေးသည် သာမာန်ကလေးတစ်ဦးမဟုတ်ကြောင်းကို သိရှိသွားပါသည်။

သိုသော် ထပ်မံ၍ကလေးကိုသတ်ရန် ကြံစည်ပြန်သည်။ ကလေးကိုထပ်မံခိုးယူကာ နွားအုပ်ကြီးလာရာလမ်းတွင်ချထားလိုက်ပါသည်။ သိုသော် ရှေ့ဆုံးမှနွားကြီးတစ်ကောင်သည် ကလေးငယ်အားခွထား၍ ကာရံပေးထားလိုက်ခြင်းဖြင့် အသက်ချမ်းသာရာရခဲ့ပြန်သည်။ ထိုသတင်းကိုကြားသော မှော်ဆရာကြီးသည် ပိုမိုထိတ်လန့်သွားကာ၊ ယခင်အကြိမ်များထက် ပိုမိုပြင်းထန်သောလုပ်ကြံမှုကိုပြုပါသည်။ ဤတစ်ကြိမ်တွင် မှော်ဆရာကြီးသည် ကလေးငယ် အားခိုးယူစေပြီး သားရဲများရှိရာတွင်းထဲသို ပစ်ချလိုက်ပါသည်။ သားရဲများသည် ကလေးငယ် ထံတိုးလာသည့်အခါ သူတို၏ခြေထောက်များသည် မြေကြီးနှင့်ကပ်သွားကြပြီး လုံးလုံးလျား လျား လှုပ်ရှား၍မရတော့ပါ။ ကလေးငယ်လေးသည် ဆာလောင်၍ ငိုကြွေးသောအခါ နတ် သားနှစ်ပါးသည် ကလေးရှိရာသိုရောက်ရှိလာပြီး ဆိတ်မကြီး အယောင်ဆောင်ကာ နို့တိုက်ကျွေးခဲ့သည်။ မိဘများသည် သူတိုသားသည် ထူးခြားသောကလေးဖြစ်ကြောင်း သိရှိပြီး ၊ အသက် (၇)နှစ်အရွယ်တွင် အီရန်နိုင်ငံတွင် အကျော်ကြားဆုံး သုခမိန်ပညာရှိကြီးထံ စေလွတ်ကာ ပညာသင်စေခဲ့ပါသည်။ ပညာများတတ် မြောက်ပြီး နေရပ်သိုပြန်လာသောသားကို မိဘတိုက အီရန်လူမျိုးတို၏ ဓလေ့ထုံးစံအတိုင်း ခါးစည်းကိုဝတ်ဆင်ကာအစဉ်အလာ ဘာ သာရေးယုံကြည်လက်ခံကြောင်း မင်္ဂလာပွဲပြုလုပ်ခဲ့ပါသည်။ ဇရာတုတ္တရ (၁၅)နှစ်အရွယ်တွင် တိုင်းပြည်ကိုတိုက်ခိုက်လာသောရန်သူများကို တိုက်ထုတ်ရန် စစ်တပ်ထဲသို ဝင်ရောက်ခဲ့သည်။ အသက် (၂၀)တွင် ဟာဗိုဗွီဆိုသူနှင့် အိမ်ထောင်ပြုခဲ့ပြီး လယ်ယာလုပ်ငန်းလုပ်ကိုင်ကာ အခြေတကျ နေထိုင်လာခဲ့သည်။

သူသည် အသက် (၃၀) တွင် သူ့ဇနီးကို ပန်ကြားပြီးလျှင် လူသူအရောက်အပေါက် နည်းရာ (ဆဗာလန်) တောင်တန်းများပေါ်ရှိ ကျောက်ဂူအတွင်း ဆိတ်ငြိမ်စွာ တရားအား ထုတ်ခဲ့ရာ တရားဓမ္မကိုတွေ့ခဲ့သည်။ သူတွေ့ခဲ့သည့်တရားမှာ လောကကြီးတွင် (ဒွန္ဒ)သဘော မှတစ်ပါး အခြားဘာမျှမရှိ ယင်းဒွန္ဒသဘောသည် မည်သည့်အခါမျှ မပြောင်းလဲမြဲ၏။ အကောင်း နှင့်အဆိုး၊ အကြောင်းနှင့်အကျိုး၊ အမှားနှင့်အမှန်၊ အဖိုနှင့်အမ ဆန့်ကျင်ဘက် အင်အားစု တစ်စုံချည်းသာဖြစ် သည်။ အကောင်းသည် အမြဲပင် ကောင်းသည်။ မည်သည့်အခါမျှ အဆိုး မဖြစ်နိုင်။ အဆိုးလည်း ထိုအတူပင်ဖြစ်သည်။ ဆန့်ကျင်ဘက်အင်အားစုများသည် သူ့သဘော သူဆောင်လျက် ရပ်တည်မြဲမြဲ လျက် ရှိနေသည်။ ဇိုရိုအက်စတားသည် သူတွေ့ရှိထားသော အမှန်တရားကို သူဖာသာသူ ကျေနပ်လှ၍ အိမ်သိုပြန်ပြီးလျှင် သူ့မိသားစုအား စတင်ဟော ပြောခဲ့ရာ မည်သူမျှ မနှစ်သက်လက်မခံကြပါ။ တခြားသောသူများကို ဟောပြောသော်လည်း လက်ခံသူတစ်ဦးတစ်ယောက်မျှ မတွေ့ရ။ (၁၀)နှစ်လုံးလုံး မလျှော့သောဇွဲဖြင့် တိုင်းပြည် အနှံအပြားဟောပြောသော်လည်း ဝမ်းကွဲညီတစ်ယောက် မှတစ်ပါးသူ၏တရားကို နှစ်သက်သူ မရှိပါ။ နောက်ဆုံးတွင် သူသည်ဘုရင်ဝိတ္တပ္ပထံသိုသွား၍ တရားသစ်ကိုဟောကြားရန် လျှောက် တင်သောအခါ ဘုရင်ကြီးက သူ၏ပညာရှိအမတ်များ၊ ယဇ်ပုရောဟိတ်များ၊ မှော်ဆရာများနှင့် ဆွေးနွေးစေသည်။ ဇိုရိုအက်စတားက နတ်ဘုရားမြောက်မြား စွာနှင့် ရုပ်တုပေါင်းသောင်းချီ ကိုးကွယ်ခြင်းကို ငြင်းပယ်ပြီး တစ်ဆူတည်းသောပညာတော်ရှင် ဘုရားသခင်ကိုသာ ကိုးကွယ် ရမည်အကြောင်း ရဲရင့်စွာဖြင့် နန်းတော်တွင်းဝယ် ဆွေးနွေးကြသည်။

 

ဇိုရိုအက်စတားနှင့် ဘုရင်မင်းမြတ်တို ဆွေးနွေးမေးမြန်းခြင်း၊

ဘုရင်ကြီးက သင်ပြောသောအကောင်းအင်အားစုနှင့် အဆိုးအင်အားစုတို့ဟာ ဒီ အတိုင်း တည်မြဲသွားမည်လောဟု မေးမြန်းရာ ဇိုရိုအက်စတားက အကောင်းအင်အားစုသည် အနိုင်ရသွား ပါလိမ့်မည်။ အနိုင်ရသောနေ့တွင် အဟုရမာဇဒါ ဘုရားသခင်သည် တရားစစ် ဆေးဆုံးဖြတ်ပေးမည်။ စစ်ဆေးပုံမှာ လူကောင်းတွေရော၊ လူဆိုးတွေပါ သေသူတွေ အားလုံး ရှင်ပြန်ထမြောက်စေပြီး၊ ရဲရဲတောက်နေသောသံရည်ပူချောင်းထဲ ဖြတ်ရပါလိမ့်မည်။ လူ ကောင်းတွေဖြတ်တဲ့အခါ မပူလောင်ဘဲ နွားနိုနွေးနွေးထဖြတ်ရသကဲ့သိုဖြစ်မည်။ သူတိုက ကောင်းကင်နန်းကို စံမြန်းသွားရပါလိမ့်မည်။ လူဆိုးတွေဖြတ်တဲ့အခါမှာ မခံနိုင်အောင် အပြင်းအထန် ပူလောင်ပါလိမ့်မည်။ ထိုနောက် ဘုရားသခင်က လူဆိုးများနှင့် ဘုရားဆိုးဖြစ်သောအင်္ဂရ-မညတိုကို ကမ္ဘာမြေကြီးရဲ့ အလယ်ဗဟို ကိုပိုလိုက်ပြီး၊ ထာဝရငရဲမီးထဲသို ချပစ် လိုက်မည် ဖြစ်သည်။ လူကောင်းများသာ ကျန်ရှိသော လောကကြီးဖြစ်လာမည်ဟု ပြန်ဖြေ ကြားခဲ့သည်။ ထိုနောက်အမတ်ကြီးတစ်ဦးက အဟုရမာဇဒါဘုရား ညွှန်ကြားသောနည်းလမ်း များ ရှိပါသလားဟုမေးရာ ဇိုရိုအက်စတားက

(၁) ကာယသုစရိုက်

(၂) ဝစီသုစရိုက်

(၃) မနောသုစရိုက်တိုအပြင်

(၄) စိတ်၏စင်ကြယ်သန့်စင်ခြင်း

(၅) ပေးကမ်းလှူဒါန်းခြင်း ၊

(၆) မြေကြီးပေါ်မှာ ထွန်ယက်စိုက် ပျိုးစားသောက်ခြင်း ၊

(၇) လူ့အကျိုးပြုလုပ်ငန်းများ လုပ်ဆောင်ခြင်း

(၈) တိရစ္ဆာန်တိုကို သနားကြင်နာခြင်းတိုကို ကျင့်ဆောင်ရပါမည်ဟု ဖြေဆိုခဲ့သည်။

နောက်ဆုံးတွင် ဘုရင်နှင့်တိုင်းသူပြည်သားများက အယူဝါဒဟောင်းများကို စွန့်ပယ် ၍ အဟုရမဇဒါဘုရားကို ကိုးကွယ်ကြသည်။ အိမ်နီးချင်းနိုင်ငံမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ၊ ဘုရားကျောင်း တွင် ဆုတောင်းနေသော ဇိုရိုအက်စတားကို သတ်ခဲ့ကြသည်။ ဇိုရိုအက်စတား ကွယ်လွန်ပြီးနှစ်ပေါင်း (၃၀၀) ခန့်ကြာသောအခါ (မက်ဆီဒိုးနီးယား) နိုင်ငံမှ (မဟာအလက် ဇန္ဒား) ဘုရင်က ပါးရှာကိုသိမ်း ယူပြီးနောက် ဇိုရိုအက်စတာဘာသာကို ဖျက်ဆီးပစ်လိုက်ပြီး ဂရိတို့၏ဘာသာကို ကိုးကွယ်စေခဲ့သည်။

အခြေခံယုံကြည်ချက်များ

သက်ရှိသက်မဲ့အားလုံးနှင့် လောကတစ်ခုလုံးကို ဘုရားသခင် အဟုရမာဇဒါက ဖန်ဆင်းသည်ဟု ယုံကြည်လက်ခံကြသည်။ ထိုဘုရားသခင်သည် နံဝိညာဉ်ဘုရား ဖြစ်တော် မူသည်။ ဘုရားသခင်ကို မည်သူမျှမမြင်နိုင်ပါ။ အသံတော်ကိုကြားနိုင်ခွင့်မရပါ။ ကိုယ်တော်၏ ကောင်းမြတ်ခြင်းလုပ်ရပ်များကို ထိတွေ့ခံစားခြင်းဖြင့် သိနိုင်သည်။ အဟုရမာဇဒါသည် ကောင်းမြတ်၍ အပြစ်ကင်းစင်သော အရာမှန်သမျှကို ဖန်ဆင်းသည်။ မကောင်းသော အပြစ် မကင်းသည့် အရာများကိုမူ အင်္ဂရမည ဘုရားကဖန်ဆင်းသည်။ ဤဘာသာတွင် ဘုရားနှစ်ဆူ ရှိသည်။ အဟုရမာဇဒတစ်ဆူတည်းသာ ကိုးကွယ်ရမည်။ နောက်ဆုံးတွင် ကောင်းမြတ်သော ဘုရားကသာ အနိုင်ယူသွားမည်။ လောက၌ ဒွိသဘော Dualism မှတစ်ပါး ဘာမျှမရှိပါ။ ထိုသဘောသည် မပြောင်းလဲသောသဘောပင် ဖြစ်သည်။ အကောင်းနှင့်အဆိုး၊ အကြောင်း နှင့်အကျိုး၊ အမှားနှင့်အမှန်၊ အဖိုနှင့်အမ စသည်ဖြင့် နှစ်ခုတစ်စုံ တည်းသာဖြစ်သည်။ ထိုဆန့် ကျင်ဘက်အင် အားစုများ အမြဲအစဉ် ပဋိပက္ခဖြစ်နေသည်။ ထိုအကောင်းနှင့်အဆိုး အားပြိုင် မှုတွင် နောက်ဆုံးတွင် အကောင်းကသာ အနိုင်ယူမည်ဖြစ်သည်။ ဇိုရိုအက်စ်တရမ်ဘာသာ သည် တစ်ဆူဘုရား Monotheism ကို ကိုးကွယ်သော်လည်း ဒွိသဘော Dualism ကို လက်ခံ သောကြောင့် ဘုရားနှစ်ပါးလက်ခံသောဝါဒ Henotheism ဆောင်နေပါသည်။ လူတစ်ဦး သည် ဘုရား၏ စစ်မှန်သောတရားတော် ‘asha’ များကို ဖေါက်လွဲဖေါက်ပြန်ပြုပါက အပြစ် ဖြစ်ပါသည်။ ထိုသူသည် အပြစ်စီရင်ခြင်းကိုခံရပါမည်။

 

ဇိုရိုအက်စ်တရမ်ဘာသာ၏ကျမ်းစာ

ဇိုရိုအက်စ်တရမ်ဘာသာ၏ကျမ်းစာမှာ သန့်ရှင်းသောကျမ်းစာ အာဗီစ်တာ Holy book of Avesta ဖြစ်သည်။ ထိုကျမ်းစာထဲတွင် အရေးကြီးဆုံးအပိုင်းမှာ ဂါသီစ် Gathas ဖြစ်သည်။ ထိုထဲတွင် ဝတ်ပြုရာတွင် ရွတ်ဆိုရမည့်ကျမ်းများ၊ သီဆိုရမည့် တေးသီချင်းများ၊ လိုက်လျှောက်ရမည့် ကိုယ်ကျင့်တရားများ၊ လူမှုရေး ဆိုင်ရာ တရားများပါဝင်ပါသည်။

 

ယုံကြည်သက်ဝင်မှု ၊

 ဇိုရိုအက်စ်တရမ် ဘာသာဝင်များသည် ဖန်ဆင်းခြင်းကို လက်ခံကြ သည်။ အဟူရာမာ ဇာဒါသည် တစ်ဆူတည်းသော ထာဝရဘုရားသခင်ဖြစ်သည်။ ကမ္ဘာကြီး ကို ဖန်ဆင်းစကတည်းက ကြီးမြတ်သောမီးတောက်သည် လောင်မြိုက်လျက်ရှိပါသည်။ ထိုမီးတောက်သည် ကောင်းကင်မှမြေကြီးပေါ်ဆင်းသက်လာပါသည်။ ထိုမီးတောက်သည် အရာ မာဇာဒါ ဘုရားအဖြစ် ပုံဆောင်နေပါသည်။ ထိုမီးသည်လူသားများကို မကောင်းမှု၊ အမှောင်၊ အေးခဲခြင်းတိုမှ ကာကွယ်ပေးနေ ပါသည်။ ထိုမီးသည် သန့်ရှင်းကိုပုံဆောင်ပြီး ကိုးကွယ်မှုတိုင်း တွင် မီးကို လူပရိသတ်၏အလယ်တွင် ထားကာ လူများကဝိုင်းပတ်ကာ ရှိခိုးကြပါသည်။ အဟူရာမာဇာဒါတွင် ဝိညာဉ်တော် (၆)ပါးရှိပါသည်။

(၁) အမြင့်ဆုံးသောပညတ်တော်ဖြစ်သည့်ဝိညာဉ်တော်

 (Asha = the spirit of the Highest Law)

(၂) သန့်ရှင်းဆုံးလွမ်းမိုးအုပ်ချုပ်သောဝိညာဉ်တော်

(Khshatra = the spirit of Holy Dominion)

(၃) ကောင်းမြတ်သောအသိသညာဝိညာဉ်တော်

(Vohu Mano = the spirit of the Good Mind)

(၄) ကြွယ်ဝပြည့်စုံခြင်းနှင့်ချမ်းသာသော ဝိညာဉ်တော်

(Haurvatat = the spirit of Perfection and Well-Being)

(၅) ကောင်းကြီးအဖြာဖြာဖြစ်တော်မူသော ဝိညာဉ်တော်

(Spenta Armaiti = the spirit of Benevolent Devotion)

(၆) ထာဝရစဉ်ရှင်သန်သောဝိညာဉ်တော်

(Ameretat = the spirit of Immortality)

 

ကိုးကွယ်မှုဆိုင်ရာများ

ဇိုရိုအက်စ်တရမ်တိုသည် အာရီယန်တို၏ အယူအဆကဲ့သိုပင် မီးသည် လူအများ တွက် အလင်းရောင်ပေးခြင်း နွေးထွေးစေခြင်း၊ စသည့် အကောင်းဘက်တွင် မွန်မြတ်သော အထိမ်းအမှတ် အဖြစ် အသိအမှတ်ပြု၍ ကိုးကွယ်ကြသည်။ မီးပူဇော်ခြင်းသည် ရှေးဟောင်း လူတို အယူဓလေ့ဖြစ် သည်။ မီးပူဇော်ရာတွင် မဲဂျိုင်ဟုခေါ်သော ဘုန်းကြီးများက ဦးဆောင်မှ ပြုရသည်။ အထူးသဖြင့် ရုပ်တုဆင်းတုကိုးကွယ်မှုကို တားမြစ်ထားသည်။ အိန္ဒိယပြည်တွင် | ဇိုရိုအက်စ်တရမ်ဘာသာ ကိုးကွယ်သူများကို ဖာရစီများဟုခေါ်ပါသည်။ သူတို၏ ဘုရားကျောင်းတွင် မီးကိုအမြဲ တွန်းညှိထားကာ မီးကိုကိုးကွယ်ကြသည်။

 

အသုဘချခြင်း

ဇိုရိုအက်စ်တရမ်ဘာသာသည် မြေ၊ ရေ၊ မီးတို့ကို အလေးအမြတ်ထား ကိုးကွယ်ကြ သဖြင့် သူတိုသေလျှင် အသုဘချဖိုရန် အလွန်အခက်အခဲတွေ့ကြရသည်။ အလောင်းကောင် ကို မြေမှာမြှုပ် လျှင် မြေညစ်သွားမည်ကို စိုးရိမ်ရသည်။ ရေထဲမျှောပြန်လျှင်လည်း ရေညစ်ညူး သွားမည် ဖြစ်သည်။ မီးသဂြိုလ်ပြန်လျှင်လည်း မီးညစ်တေးသွားပေမည်။ သိုဖြစ်၍ အသုဘ ရုပ်ကို မြေလည်း မမြှုပ်၊ ရေလည်းမမျှော၊ မီးလည်းမသဂြိုလ်ဘဲ မြင့်မားသောစင်ကြီးများ၊ ဆောက်၍ ထိုစင်မြင့်ကြီး များပေါ်၌တင်ထားကာ လင်းတငှက်များ၊ လာရောက်စားသောက် ခြင်းဖြင့် ရှင်းပစ်ကြသည်။ ယင်းစင်မြင့်ကြီးများကို ဆိတ်ငြိမ်စင်ဟုခေါ်ကြသည်။

 

နောက်ဆုံးတရားစီရင်ခြင်း

လူတို့သေဆုံးပြီး သုံးရက်အကြာတွင် ပြုသမျှသော ကောင်းမှုနှင့် မကောင်းမှုတို အတွက် ဘုရားသခင်သည် စီရင်ဆုံးမမည်ဖြစ်သည်ဟု ယုံကြည်ကြသည်။ ကောင်းသောသူ အတွက် အထက်ကိုတက်စေသော တံတားရှိပြီး၊ မကောင်းသောသူအတွက် ငရဲသို လား သော တံတားရှိသည်။ အပြစ်ဒဏ်များကိုကျခံပြီးမှသာ ငရဲမှလွတ်မြောက်မည် ဖြစ်သည်။

 

ခရစ်ယာန်ဘာသာ

(Christianity)

 

ခရစ်ယာန်ဘာသာသည် ဂျူးဘာသာနှင့်စပ်ဆက်နေပါသည်။ ဂျူးလူမျိုးတစ်ဦးဖြစ်သော ယေရှု Jesus သည် ဂျူးဘာသာကို ပြုပြင်ပြောင်းလဲရာမှ ထွက်ပေါ်လာသောဘာသာ ဖြစ် သည်။ ခရစ်ယာန် ဘာသာကိုစတင်သူမှာ ယေရှုပင်ဖြစ်သည်။ ဂျူးဘာသာဝင်များက ယေရှုကို ပြုပြင်ပြောင်းလဲရေး သမားတစ်ဦး၊ ဂျူးဘာသာဝင်တစ်ဦးအဖြစ် သတ်မှတ်ကြပါသည်။ ခရစ် ယာန်ဘာသာဝင်များကမူ သခင်ယေရှုသည် ဘုရားသခင်က လူဇာတိအဖြစ်ခံယူသူ ဘုရား (ခရစ်တော်) Christ ပင်ဖြစ်ကြောင်း ယုံကြည်လက်ခံကြသည်။ လူသားအသွင်ဖြင့် မွေးဖွား လာသောကြောင့် သူ့ကို ဘုရားသား Son of God ဟုလည်း ခေါ်ဆိုကြပါသည်။ ယေရှုဟူသောအမည်မှာ အပြစ်မှကယ်ချွတ်မည့်သူဟု ဆိုပါသည်။ ထိုကြောင့် ခရစ်ယာန်ဘာသာဝင် များက ယေရှုကို ကယ်တင်ရှင်ယေရှုခရစ်တော်ဘုရားဟု ခေါ်ဆိုသုံးစွဲကြပါသည်။ ခရစ်ယာန် ဘာသာ စတင်ခဲ့သောအချိန်က ဂျူးလူမျိုးတိုသည် တိုင်းတစ်ပါး ရောမအင်ပါယာတို၏လက်အောက်တွင် ကျရောက်နေသောအချိန် ဖြစ်သည်။ ရောမ၏လက်အောက်မှ လွတ်မြောက်ပြီး ကိုယ့်မင်းကိုယ့်တိုင်းပြည်ကို ပြန်လည်ရရှိအောင် ကြိုးစားနေသောအချိန်အခါ ဖြစ်သည်။

ခရစ်ယာန်ဘာသာသမိုင်းအကျဉ်း

ခရစ်တော်သည် ယုဒပြည်၊ ဂါလိလဲပြည်နှင့်ဂျေရုဆလင်မြိုတိုတွင် လှည့်လည်၍ တရားဒေသနာတိုကို ဟောကြားခဲ့သည်။ သူဟောကြားသောတရားများသည် သူ့ရှေ့မှာ ဟောကြားခဲ့ ပြီးသော ဂျူးပရောဖက်များနှင့် မတူကွဲပြားခဲ့ပါသည်။ ယေရှုက သူသည် မေရှိယ (ခရစ်တော်) ဖြစ်ကြောင်း၊ ဘုရားသခင်၏ နိုင်ငံတော်ကို ဤလူ့လောကတွင် တည်ထောင်ရန် ကြွဆင်းလာသည်ဟု ဟောကြားခဲ့သည်။ (ဟေဗြဲစာပေအရ၊ ခရစ်တော်ကို မေရှိယဟု ခေါ်ဆို ပါသည်။) သူနှင့်အဖ ဘုရားသခင်သည် တစ်လုံးတစ်ဝတည်းဖြစ်ကြောင်းနှင့် အပြစ်သားများ ၏အပြစ်ကို လွတ်ပိုင်ခွင့်ရှိသည်။ ထိုပြင် ဘုရားသခင်ပေးထားသော ပညတ်တော်များကိုလည်း ဖြည့်စွက်ဖေါ် ထုတ်နိုင်ခွင့်ရှိသည်။ သူသည် ဖန်ဆင်းရှင်ဘုရားသခင်ကဲ့သို တန်ခိုးနိမိတ်လက္ခဏာ များစွာကို ပြသခဲ့သည်။ အနာရောဂါများကို ပျောက်ကင်းစေခဲ့သည်။ ငတ်မွတ်နေသူများကို ကျွေးမွေးခဲ့သည်။ သေသူကိုပင် ပြန်လည်ရှင်စေခဲ့သည်။ ထိုကြောင့် ခရစ်ယာန်ဘာသာဝင် တိုက သခင်ယေရှုခရစ်တော် သည် လူသားစင်စစ် ဖြစ်သကဲ့သို၊ ဘုရားစင်စစ်လည်းဖြစ်သည် ဟု ယုံကြည်လက်ခံကြသည်။ ထိုကဲ့သို ခရစ်တော်ဟောပြောချက်များကြောင့် ဘာသာရေး ခေါင်းဆောင်များကလည်း သခင်ယေရှုကို ငြင်းပယ်လက်မခံသကဲ့သို၊ ရောမအုပ်ချုပ်သူများ ကလည်း သခင်ယေရှု၏ ထင်ပေါ်ကျော်ကြားမှုကို စိုးရိမ်လာပြီး နောက်ဆုံးတွင် သခင်ယေရှု ကိုသတ်ဖြတ်ရန် ဘာသာရေးခေါင်းဆောင်နှင့်အုပ်ချုပ်သူများ က ကြံစည်ခဲ့ကြသည်။ ထိုကြောင့် ရောမအစိုးရ ပုန်တိစ်ဖိလပ်မင်း Pontius Pilate လက်ထက် အေဒီ ၃၃ တွင်၊ ဘာသာရေး ခေါင်းဆောင်များက သခင်ယေရှုသည် ဘုရားသခင်အား ပြစ်မှားသူ၊ ဂျူးဘာသာကိုဖောက် ဖျက်သူ၊ အုပ်ချုပ်ရေးပျက်ပြားစေသူအဖြစ် စွပ်စွဲခံရပြီး၊ အပြစ်များစွဲဆိုကာ ကားစင်တင်၍ သတ်ပစ်ခဲ့ကြသည်။ သခင်ယေရှု၏တပည့်တော် (၁၂)ဦးနှင့် အခြားသောတပည့်များ၊ သူ၏ မိတ်ဆွေများသည် သခင်ယေရှု အသေသတ်ခံရခြင်းကြောင့် ကြောက်ရွံစိုးရိမ်ကာ၊ ထွက်ပြေး ပုန်းကွယ်ခဲ့ကြသည်။ သို့သော် သခင်ယေရှုသည် အသေသတ်ခံရသော်လည်း (၃)ရက်မြောက် သောနေ့တွင် သူကိုဂူသွင်းထားရာ ကျောက်ဂူထဲမှ ရှင်ပြန်ထမြောက်ခဲ့ပြီး၊ တပည့်တော်များ နှင့် သွားရောက်တွေ့ဆုံခဲ့ပြီး အထက်ကောင်းကင်နိုင်ငံတော်သို ပြန်တက်ကြွခဲ့သည်။ တပည့်တော်များသည် ယေရှုခရစ်တော်မရှိသည့်နောက် သူ၏အဆိုအမိန့်တော်အတိုင်း လူမျိုးတကာ တိုအားသွား၍ ခရစ်တော်၏ သမ္မာတရားတော်များကို ကမ္ဘာအနှံ လူတိုင်းအား လိုက်လံဟော ကြားခဲ့ကြသည်။ သခင်ယေရှုသည် အပြစ်ရှိသောသူတိုင်းကို အပြစ်မှကယ်တင်ပေးနိုင်ကြောင်း နှင့် ယေရှုကိုယုံကြည် သူတိုင်း ငရဲမှလွတ်မြောက်ပြီး၊ ထာဝရအသက်ရရှိမည်ဟူသော သတင်း ကောင်းကို ဟောပြောခဲ့ကြ သည်။ ထိုကြောင့်ပင် ခရစ်ယာန်များသည် ခရစ်တော်ဘုရား၏ တရားတော်နှင့်သတင်းကောင်းများ Gospels ပြန့်ပွားစေရန် မစ်ရှင် Mission (သာသနာပြု လုပ်ငန်းများကို ယနေ့တိုင် လုပ်ဆောင်ကြပါ သည်။ ခရစ်တော်ကို ယုံကြည်လက်ခံသောသူများ ထဲတွင် ဂျူးလူမျိုးပညာတက် ဘာသာရေးဆရာ ရှင်ပေါလုဆိုသူသည် ခရစ်တော်နှင့်ဆိုင်သော ဩဝါဒစာများကို အေဒီ ၄၈-၆၄ အတွင်းရေးသား သွန်သင်ခဲ့သည့် ထင်ရှားဆုံးသောသူတစ် ဦးဖြစ်သည်။ သူသည် ရောမနိုင်ငံသားတစ်ဦး ဖြစ်သည်။ အစက သူသည် ခရစ်ယာန်များကိုတရားစွဲဆိုခဲ့သောသူဖြစ်သော်လည်း၊ ခရစ်တော်အသက်ရှင်ကြောင်း နှင့် ရှင်ပြန်ထမြောက်ကြောင်းကို ကိုယ်တိုင်မြင်တွေ့ခံစားခဲ့ပြီးနောက် ယုံကြည်သူတစ်ဦးဖြစ်ခဲ့သည်။ ခရစ်ယာန် ကျမ်းစာတွင် ရှင်ပေါလု ရေးသားသောကျမ်းစာ (၁၃)စောင်ရှိပါသည်။ ခရစ်ယာန်တို့၏သာ သနာပြုခြင်း ကြီးထွားလာခြင်းနှင့်အတူ ခရစ်တော်နောက်လိုက်များ တဖြည်းဖြည်းများလာ သောကြောင့် ရောမအုပ်ချုပ်သူများ၏ နှိမ်နှင်းခြင်း၊ နှိပ်စက်ခြင်း၊ ဖိနှိပ်ခြင်းများကို ပြုလုပ်ခဲ့ ကြသည်။ ခရစ်ယာန်များ၏သာသနာပြုခြင်းကြောင့်၊ အုပ်ချုပ်သူများက ပို၍သတ်ဖြတ် ညှင်းဆဲခြင်းများ ပြုလုပ်ခဲ့ကြပါသည်။ ရောမအင်ပါယာအတွင်း အုပ်ချုပ်သူအင်ပါယာများ သည် နှစ်ပေါင်း ၂၀၀ ကျော် ညှင်းဆဲသတ်ဖြတ်ခဲ့ကြသည်။ နောက်ဆုံးအင်ပါယာမှာ ဒိုင် ကလီရှန် Diocletian ဖြစ်သည်။ အေဒီ ၃၁၃ တွင် အင်ပါယာကွန်စတန်တိုင်းသည် ခရစ်တော်ဘုရားကို လက်ခံပြီး ခရစ်ယာန်ဘာသာဝင် ဖြစ်ခဲ့သည်။ သူကြောင့်ပင် ခရစ်ယာန်များ သည် ညှင်းဆဲသတ်ဖြတ်ခြင်းမှ လွတ်ကင်းခဲ့ကြသည်။ ထိုနောက် အေဒီ ၃၉၄ တွင် အင်ပါယာ သီအိုဒိုးစီးရက်စ် Theodosius က ရောမအင်ပါယာကို ခရစ်ယာန်နိုင်ငံအဖြစ် ကြေငြာခဲ့သည်။

 

အခြေခံယုံကြည်ချက်များ

ခရစ်ယာန်ဘာသာဝင်တိုင်းသည် ထာဝရဘုရားသခင်ကို ယုံကြည်ကြပါသည်။ ထာဝရ ဘုရားသခင်သည် ကမ္ဘာလောကကြီးနှင့် လူသတ္တဝါအားလုံးကို ဖန်ဆင်းသောဖန်ဆင်း ရှင်ဖြစ်ကြောင်း ယုံကြည်ကြပါသည်။ ခရစ်ယာန်တိုသည် တစ်ဆူဘုရား Monotheism ကို လက်ခံကြပါသည်။ တစ်ဆူတည်းသောထာဝရဘုရားသည် ကမ္ဘာဦးမှစ၍ ခရစ်တော်မပေါ် ထွန်းမီက အချိန်ကာလအထိ ခမည်းတော်ဘုရားအဖြစ် ရှိခဲ့သည်။ ခရစ်တော်ပေါ်ထွန်းလာ သည့် အချိန်ကာလတွင် သားတော်ဘုရား အဖြစ်နှင့်လည်းကောင်း၊ ခရစ်တော် အသေသတ် ခံပြီးနောက် ရှင်ပြန်ထမြောက်သွားသော ကာလမှယနေ့အထိ ဝိညာဉ်တော်ဘုရားအဖြစ် လည်းကောင်း လူသားတိုနှင့်အတူ ယနေ့တိုင်ရှိနေပါ သည်။ ကာလအပိုင်းသုံးပိုင်းပေါ် အခြေ ခံကာ ခမည်းတော်ဘုရား၊ သားတော်ဘုရား၊ သန့်ရှင်းသောဝိညာဉ်တော်ဘုရား၊ သုံးပါးတစ်ဆူ ဘုရား Trinity အဖြစ် လက်ခံယုံကြည်ကြပါသည်။

 

ခမည်းတော်ဘုရား (သို့)ထာဝရဘုရားသခင် (Father)

ထာဝရဘုရားသခင်သည် ဘုန်းတန်ခိုးတော်နှင့်ပြည့်စုံပြီး၊ အစွမ်းသတ္တိကြွယ်ဝတော် မူသောဘုရား ဖြစ်သည်။ ကောင်းမြတ်စုံလင်တော်မူပြီး၊ မေတ္တာတော် အနန္တ၊ ဉာဏ်တော် အနန္တနှင့် ပြည့်စုံပါသည်။ ခပ်သိမ်းသောအရာအလုံးစုံကို သိကျွမ်းတော်မူပါသည်။ ဘုရား သခင်သည် နေရာတိုင်းတွင်ရှိသောကြောင့်၊ ဘုရားသခင်ကို အဘယ်သူမျှ ရှောင်ပုန်း၍ မရနိုင်ပါ။ ထာဝရဘုရားသခင်သည် အစမရှိ၊ အဆုံးမရှိသောဘုရားဖြစ်သည်။ သူ့အား ဖွားမြင်သူ မရှိသကဲ့သို သူ၌သေဆုံးခြင်းလည်း မရှိပါ။ သူသည် နိစ္စထာဝရဘုရားဖြစ်သည်။ သန့်ရှင်းမြင့်မြတ်ဆုံးသောဘုရား၊ တစ်ဆူတည်းသော ဖန်ဆင်းရှင်ထာဝရဘုရား ဖြစ်သည်။

ကောင်းကင်နှင့်မြေကြီး၊ လူသားနှင့် တိရစ္ဆာန်များ၊ သစ်ပင်၊ တောတောင်၊ မြစ်ချောင်း၊ အင်းအိုင်၊ မိုးရေ၊ လေ၊ မီးစသော သက်ရှိသက်မဲ့၊ အားလုံးကိုဖန်ဆင်းတော်မူသော ဘုရားရှင် ဖြစ်သည်။ သူဖန်ဆင်းထားသောအရာအားလုံးကို ယနေ့တိုင်အောင် ထိန်းသိမ်းစောင့်ရှောက် လျက် ရှိသည်။ လူသားအားလုံးကိုချစ်ပြီး၊ အစဉ်အမြဲ ကွယ်ကာစောင့်မပေးသည်သာမက ဘေးအန္တရာယ်အပေါင်းမှ ကယ်တင်သောဘုရားဖြစ်သည်။ လူသားတို လိုက်လျှောက်ရန် အတွက် ပညတ်တရားတော်များကို ပေးသောဘုရား ဖြစ်သည်။ ထာဝရဘုရားသခင်သည် ဝိညာဉ်ဖြစ်သောကြောင့် သူကို သန့်ရှင်းသော ဝိညာဉ်တော်ဘုရားဟုလည်း ခေါ်ဆိုပါသည်။ အခြားသောအမည်နာမအားဖြင့် ခမည်းတော်ဘုရားဟု လည်း ခေါ်ဆိုကြပါသည်။ မူလဟေဗြဲ စာပေအားဖြင့် ယာထာဝရဘုရားဟုလည်း ခေါ်ဆိုကြပါသည်။ ယားဝေး၏အဓိပ္ပါယ်မှာ ငါမှတပါးအခြားသောဘုရားမရှိ တစ်ဆူတည်းသော ဘုရားဖြစ်သည်ဟု ဆိုပါသည်။ ထာဝရ ဘုရားသခင်သည် ကောင်းသောသူအပေါ်သိုလည်းကောင်း၊ မကောင်းသော သူအပေါ်သို့ လည်းကောင်း မိုးကိုရွာစေတော်မူပြီး၊ ဖြောင့်မတ်သောသူနှင့် မဖြောင့်မတ်သောသူ အပေါ်သို့ လည်း နေကိုသာစေသော ဘုရားရှင်ဖြစ်ပါသည်။ ထာဝရဘုရားသခင်သည် တရားမျှတ သောဘုရား ဖြစ်ပါသည်။ လူသားအားလုံးအပေါ် မေတ္တာတရားထားရှိသော်လည်း၊ လူသား တို မကောင်းမှုလုပ်သည့်အခါတွင် တရားစီရင်သောဘုရားရှင်ဖြစ်ပါသည်။ ထာဝရဘုရား သခင်အ ကြောင်းကို ဓမ္မဟောင်းကျမ်းစာတွင် ဖေါ်ပြထားပါသည်။

 

ယေရှုခရစ်တော် (သားတော်ဘုရား) (Son)

သခင်ယေရှု၏ ဖခင်မှာ ယောသပ်ဖြစ်ပြီး မိခင်မှာ မာရိတိုဖြစ်သည်။ သူတိုသည် ဂျူးဘာသာ ဝင်များဖြစ်သည်။ ယောသပ်နှင့်မာရိတို့ထိမ်းမြားခြင်းမပြုမှီ ဘုရားသခင်၏ သန့် ရှင်းသော ဝိညာဉ်တော်အားဖြင့် မာရိသည် ကိုယ်ဝန်ရရှိခဲ့သည်။ ယောသပ်သည် မာရိကိုယ် ဝန်ရှိသည်ဟု သိလိုက်သောအခါ သူမကို စွန့်ပစ်ရန်ကြံစည်နေခိုက် ဘုရားသခင်၏ကောင်း ကင်တမန်က သူအား ထိုအမှုအရာသည် ဘုရားသခင်၏အမှုအရာကြောင့်ဖြစ်သည်။ သင် မာရိ၏ ကိုယ်ဝန်စောင့် ရှောက်မည်ဟု ဘုရား၏အမိန့်တော်ကြားပြီးနောက် ယောသပ်သည်  ယေရှုသူငယ်လေးမွေးဖွား သည့်အထိ စောင့်ရှောက်ခဲ့သည်။ သခင်ယေရှုသည် ဘီစီ ၄၊ ခုနှစ်၊ ပါလတ်စတိုင်း၊ ယုဒပြည်နယ် ဗက်လင်မြို (ယခု အစ္စရေး) တွင် ဖွားမြင်ခဲ့သည်။ ယေရှု Jesus ၏ အဓိပ္ပါယ်သည် “အပြစ်မှကယ်ချွတ် မည့်သူ ဖြစ်သည်ဟု မသဲ ၁း၂၁ တွင် ဖေါ်ပြ ထားပါသည်။ ယေရှု Jesus ဟူသော အမည်နာမသည် ဓမ္မဟောင်းတွင် သုံးခဲ့သည်။ ဟေဗြဲ စာပေအားဖြင့် ယောရှု Joshua နှင့်အတူတူပင် ဖြစ်သည်။ အဓိပ္ပါယ်မှာ “ဘုရားသခင်ကယ် တင်တော်မူသည်’ဟု ခေါ်သည်။ ထိုအမည်သည် သခင်ယေရှု လက်ထက်က အများတကာ ပေးလေ့ရှိသော အမည်နာမဖြစ်ပါသည်။ သခင်ယေရှု၏ လူသားနှင့်ဆိုင် သော အမည်နာမ ဖြစ်ပါသည်။ ယေရှုတွင် လူ့ဇာတိ အပြည့်အဝရှိပါသည်။ ယေရှုသည် လူသားတစ်ဦး ကဲ့သို မျက်ရည်ကျပါသည်။ ချစ်တတ်ပါသည်။ အမျက်ထွက်တတ်ပါသည်။ ပျော်ရွှင်တတ်ပါသည်။ ငိုကြွေးတတ်ပါသည်။ ထိုပြင် ယေရှုသည် ဘုရားဇာတိ အပြည့်အဝရှိသောကြောင့် သူ့ကို ခရစ်တော် Christ ဟုလည်း ခေါ်ဆိုပါသည်။ ယေရှုသည် လူသားအမည်နာမဖြစ်ပြီး ခရစ် တော်သည် ဘုရားအမည် ဖြစ်ပါသည်။

ကျမ်းစာအရ သခင်ယေရှုသည် ဂျူးလူမျိုးတို၏အကျော်ကြားဆုံးဘုရင်ဖြစ်သည့် ဒါဝိဒ်မင်းကြီး ၏ မျိုးဆက်ဖြစ်သည်။ သို့သော်လည်း သူသည် အထင်ကရဖြစ်သော နန်းတော် ထဲတွင် ဖွားမြင်ခြင်း မဟုတ်ဘဲ၊ ပါလက်စတိုင်းရှိ သေးငယ်သော ဗက်လင်မြိုရှိ တည်းခိုရာအိမ် တစ်အိမ်အတွင်း တိရစ္ဆာန်များစားရာ စားခွက်ထဲတွင် နှိမ့်ချစွာ မွေးဖွားခဲ့ပါသည်။ ထိုသတင်း ကိုကြားသောအခါ ရောမတို့ခန့်အပ်ထားသော ဘုရင်ခံ ဟေရုဒ်မင်းကြီးမှ သခင်ယေရှုသည် ဂျူးတို၏အနာဂတ် ခေါင်းဆောင်ဘုရင်ဖြစ်လာမည်ဟု ပညာရှင်များ၏ ပြောကြားချက်များ ကြောင့် သခင်ယေရှုကို သတ်ဖြတ်ရန် ကြံစည်ခဲ့သည်။ သခင်ယေရှု၏မိဘတို့က သိရှိသွားပြီး ယေရှုကို အီဂျစ်နိုင်ငံသိုခေါ် ဆောင်ပြီး၊ ဟေရုတ်မင်းကြီး ကွယ်လွန်မှ နာဇရက်မြိုသို ပြန် ရောက်နေထိုင်ခဲ့ကြသည်။ သခင်ယေရှုသည် မိဘများနှင့် ဗိမာန်တော်သို သွားရောက်ဝတ်ပြု စဉ်တွင် သူ၏အသက်မှာ (၁၂) အရွယ်သာရှိပါသည်။ သိုသော် သူသည် ကျမ်းတတ်ရှိဆရာ များနှင့် တန်းတူတရားဓမ္မများကို ဆွေးနွေးပြောဆိုနိုင်သူဖြစ်သည်။ ထိုကြောင့်ပင် သူအား ရှိဆရာတစ်ဦးအဖြစ် သတ်မှတ်ကြသည်။

ပညာရှိပရောဟိတ်တစ်ပါးဖြစ်သူ နှစ်ခြင်းဆရာယောဟန်သည် ခရစ်တော်မကြာမီ ရောက်လာတော့မည်။ နိုင်ငံတော်သစ်တည်ထောင်မည်ဟု ဟောပြောခဲ့သည်။ ထိုသူသည် သူ့ထက်ကြီးမြတ်ကြောင်းနှင့် နောင်တရကြရန်ဟောပြောပြီး နှစ်ခြင်းပေးလျက်ရှိသည်။ သခင် ယေရှုသည် သာသနာတော်ကိုအစပြုလုပ်ဆောင်ရန် နှစ်ခြင်းဆရာယောဟန်ထံ သွားရောက် ပြီး နှစ်ခြင်းမင်္ဂလာခံယူခဲ့သည်။ ထိုနောက် အသက် (၂၉)နှစ်တွင် မြို၊ ရွာများသို တရားဓမ္မ များ ဟောကြားဖိုရန် စတင်ခဲ့ပါသည်။ ပထမဆုံးခရီးတွင် လူသူမရှိသောတောထဲသို တစ်ဦးတည်းထွက်ကာ အစာရှောင်ဆုတောင်းခြင်း၊ တရားဓမ္မတိုကို ဆင်ခြင်နှလုံးသွင်းခြင်းနှင့် တရားများကို ကျင့်ဆောင်ခဲ့ပါသည်။ ထိုအချိန်တွင် စာတန်မရ်နတ်သည် သခင်ယေရှုကို အမျိုးမျိုးစုံစမ်းနှောင့် ယှက်ခဲ့ပါသည်။ စာတန်မာရ်နတ်၏ တိုက်ခိုက်ဖျက်ဆီးမှုများကိုအောင် မြင်ပြီး နောက်ဆုံးတွင် မြိုရွာများထဲသို သွားရောက်ကာ ကယ်တင်ခြင်းတရားများကို ဟော ကြားသွန်သင်ခဲ့ပါသည်။ ယေရှုက ငါသည်သမ္မာတရားဖြစ်၏၊ လမ်းခရီးလည်းဖြစ်၏၊ အသက် လည်းဖြစ်၏ဟုဆိုခဲ့ပြီး၊ သူ့အား ယုံကြည်သောသူအပေါင်းတိုသည် ဘုရားသခင်၏ကယ်တင် ခြင်းကို ခံရမည်ဟု ဟောပြောသွန်သင်ခဲ့ ပါသည်။ သည်းခံခြင်းတရား၊ ချစ်ခြင်းမေတ္တာတရား နှင့် ခွင့်လွှတ်ခြင်းတရားများကို သွန်သင်ပြသ သွားခဲ့သည်။ သခင်ယေရှုသည် ဒုက္ခရောက်နေ သူ ဆင်းရဲသားများ၊ မတရားဖမ်းဆီးညှင်းဆဲခံရသူများ ကို ကူညီမစပေးလေ့ရှိပါသည်။ ဖျားနာ သူများ၊ နူနာစွဲသူများ၊ ကျိုးကန်းရွံအသူများကို မေတ္တာဖြင့် ကုသပျောက်ကင်းစေခဲ့သည်။ သခင်ယေရှုသည် ကလေးသူငယ်များကိုချစ်သောသူဖြစ်သည်။ သခင်ယေရှုက ကလေးသူငယ် တို ငါထံသိုလာပါလေစေ၊ မဆီးတားကြနှင့်။ သင်တိုသည် သူငယ်ကဲ့သို စိတ်ထားမျိုးမဖြစ်လျှင် ဘုရားသခင်ထံသိုရောက်မည်မဟုတ်ဟုလည်း ဟောကြားခဲ့ပါသည်။ မိဘမဲ့များ၊ မုဆိုးမများ အိုမင်းရင့်ရောသောသက်ကြီးသူများနှင့် အငယ်ဆုံးသောသူများကို ပြုစုခြင်းသည် ဘုရားကို ပြုစုခြင်းဖြစ်သည်ဟုလည်း ဟောကြားတော်မူခဲ့သည်။ သူသည် ကောင်းကင်မှဆင်းသက်လာ သောထာဝရဘုရားဖြစ်ကြောင်းနှင့် ငါ့ကိုမြင်သောသူသည် ဘုရားသခင်ကိုမြင်သောသူဖြစ် သည်။ ငါ့ကိုယုံကြည်သောသူသည် ဘုရားသခင်ကိုယုံကြည် သောသူဖြစ်သည်ဟု ဟောကြားခဲ့ ပါသည်။ သိုသော်လည်း ထိုခေတ်အခါက မနာလိုအမုန်းထား သောဘာသာရေးခေါင်းဆောင် များက သခင်ယေရှုကိုသတ်ရန် ကြံစည်ခဲ့ကြပြီး၊ နောက်ဆုံးတွင် အပြစ်မရှိသောသခင်ယေရှု ကို အပြစ်အမျိုးမျိုးစွဲဆိုကြပြီး၊ ကားတိုင်ပေါ်တွင် သတ်ပစ်ခဲ့ကြပါသည်။ အပြစ်မရှိသော သခင်ယေရှုကိုသတ်ခဲ့ကြသော်လည်း ထိုသူတို၏အပြစ်ကိုခွင့်လွတ်ဖိုရန် ဘုရားသခင်ထံ ဆု တောင်းပေးခဲ့သူဖြစ်သည်။ သိုသော်လည်း သခင်ယေရှုသည် သုံးရက်မြောက်သောနေ့တွင် သေခြင်းမှ ရှင်ပြန်ထမြောက်ပြီး ကောင်းကင်သိုပြန်လည် ကြွမြန်းသွားခဲ့ပါသည်။ ထိုကြောင့် ခရစ်ယာန်တိုင်းသည် လက်ဝါးကားတိုင်ကို ရွံမုန်းရမည့်အစား၊ အမြတ်တနိုး တန်ဖိုးထားခဲ့ ကြပါသည်။ လူသားတိုအား သခင်ယေရှုမိန့်တော်မူခဲ့သည်မှာ၊ သူ့ထံသို လာကြရန်နှင့် သူ့ အား အကြွင်းမဲ့ယုံကြည်ပါက သင်တို၏အပြစ်အလုံးစုံကို ခွင့်လွှတ်ပေးမည်။ သင်သည် ငါ့ အား ယုံကြည်ပြီးနောက်ပိုင်းတွင် ဘုရားသခင်ကိုလည်း ယုံကြည်ရမည်။ ငါမရှိသည့်နောက် တွင် ဘုရားသခင်၏ သန့်ရှင်းသောဝိညာဉ်တော်ကိုလည်း ယုံကြည်ရမည်ဟု မိန့်တော်မူခဲ့ သည်။

 

သန့်ရှင်းသောဝိညာဉ်တော်ဘုရား (Holy Spirit)

ထာဝရဘုရားသခင်သည် မျက်မြင်မရ၊ ရူပပုံသဏ္ဌာန်မရှိသော အရူပဝိညာဉ်ဘုရား ဖြစ်ပါသည် (ယော ၄း၂၄)။ အသက်ရှင်သော ဝိညာဉ်ဖြစ်တော်မူပြီး တစ်ခြားဝိညာဉ်များ၏ ဂုဏ်အင်္ဂါရှိ သမျှတိုနှင့်မတူဘဲ ထူးခြားသောသဘော ရှိသည်။ ရုပ်သည် ကန့်သတ်၍ ရသော် လည်း၊ ဝိညာဉ်သည်ကန့်သတ်၍မရပါ။ ဘုရားသခင်သည် ရူပပုံသဏ္ဌာန်မရှိသောဘုရား ဖြစ် သည်။ ထိုကြောင့်ပင် ပညတ်တော်(၁၀)ပါးတွင် ဘုရားနှင့်တူသော အခြားသောရုပ်တု များ မထုလုပ်ရန် တားမြစ်ထားခြင်းဖြစ်သည် (ထွက် ၂၀း၄)။ ထိုပြင် ဘုရားသခင်သည် အသက်အားလုံး၏ အရင်းအမြစ်ဖြစ်သည်။ လူသားတို၏ ရုပ်သဏ္ဌာန်ထဲတွင် ဘုရားသခင်၏ မျက်မြင်မရသော ဝိညာဉ်သဏ္ဌာန်ရှိနေပါသည်။ ဝိညာဉ်တော် ဟေဗြဲစကားအားဖြင့် ရှုအာ (ruah) ဟုခေါ်ဆိုပြီး၊ ဂရိစကားအားဖြင့် နူမာ (Pneuma) ဟု ခေါ်ဆိုပါသည်။ အဓိပ္ပါယ်မှာ လေ (wind) (သို့) ဇီဝအသက် (breath of life) ဖြစ်သည်။ ဘုရားသခင်သည် လေမဟုတ် သော်လည်း၊ လူသားတို၏ ဘာသာစကား၊ စာပေများအရ ဘုရား၏သဘောကိုနားလည်ရန် အနီးစပ်ဆုံးခိုင်းနှိင်းထားခြင်းဖြစ်သည်။ မမြင်ရသော် လည်း ရှိနေသောဘုရားဖြစ်သည်။ ဝိညာဉ်တော်သည် မသန့်ရှင်းသောအရာများ၊ မကောင်းသောအရာ များနှင့် မတရားသော အရာအားလုံးနှင့် မပေါင်းနိုင်သောကြောင့် သန့်ရှင်းသောဝိညာဉ်တော်ဖြစ်သည်။ ခရစ်တော် ဘုရားရှင်ပြန်ထမြောက်ပြီးနောက် ခရစ်တော်ဘုရား၏ကတိတော်အတိုင်း ငါသွားလျှင် သင် တိုကိုအနီးကပ် အစဉ်အမြဲ သွန်သင်လမ်းပြပေးမည့် သန့်ရှင်းသောဝိညာဉ်တော်ကို သင်တို နှင့် အတူရှိစေမည်ဆိုသည့်အတိုင် ယနေ့တိုင်အောင် သန့်ရှင်းသောဝိညာဉ်တော်ဘုရားသည် လူသားအား လုံးနှင့်အတူ ဤလောကကြီးတွင် တည်ရှိတော်မူသည်။

 

လူ

ဘုရားသခင်သည် ကမ္ဘာပေါ်တွင် ပထမဆုံးလူသားနှစ်ဦးဖြစ်သည့် အမျိုးသားအာဒံ နှင့် အမျိုးသမီးဧဝကို ဖန်ဆင်းခဲ့ပါသည်။ မြေမှုန့်အားဖြင့် လူ၏ကိုယ်ခန္ဓာကို ဖန်ဆင်းပြီး နောက်တွင် အသက်ဝိညာဉ်ကို နှာခေါင်းမှ မှုတ်သွင်းခဲ့ပါသည်။ လူတိုသည် ဘုရားသခင်၏ သားသမီးများ ဖြစ်ကြပါသည်။ ထိုနောက် လှပသောကမ္ဘာကြီးဖြစ်သော ဧဒင်ဥယျဉ်တော် တွင် နေထိုင်စေခဲ့ပါသည်။ ဘုရားသခင်သည် သူတိုကို ကိုယ်စွမ်းဉာဏ်စွမ်းများဖြင့် ပြည့်စုံ စေခဲ့ပါသည်။ လူသားနှစ်ဦးသည် အေးချမ်းသောမိသားစုဘဝကိုတည်ဆောက်ပြီး ဘုရား သခင်ပေးထားသော တာဝန်များကိုလိုက်နာပြီး ဖန်ဆင်းထားသည့်အရာအားလုံးကို ထိန်းသိမ်း စောင့်ရှောက်ခဲ့ပါသည်။ ဧဒင်ဥယျာဉ်ထဲတွင် သူတိုစားလိုသောအသီးများကို စားခွင့်ပေးထားသော်လည်း၊ ဥယျာဉ်အလယ်၌ရှိသော ကောင်း၊ မကောင်း သိကျွမ်းရာအပင်၏ အသီး မစားကြရန် တားမြစ်ခဲ့ပါသည်။ စားရမည့်အသီးများကိုစားရန်နှင့် မစားရမည့် အသီးများကို မစားရန် မှာကြားခဲ့ပါသည်။ အကယ်၍ တားမြစ်ထားသောအသီးကို စားသောအချိန်မှစ၍ အသက်ဝိညာဉ်သည် ဘုရားသခင်နှင့်ဝေးကွာသွားပြီး ဆုံးရှုးခြင်းသို ရောက်မည်ဖြစ်သည်။ အာဒံနှင့်ဧဝတို့သည် ထိုအချိန်က ဘုရားသခင်၏စကားတော်ကို ကြားနာသိရှိနိုင်ပြီး၊ လူသား တို့က ပြန်ပြောသောစကားကိုလည်း ဘုရားသခင်သည် ပြန်လည်ပြောကြား ခဲ့ပါသည်။ ဘုရား နှင့် လူသားတိုသည် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ပြောဆိုခဲ့ကြပါသည်။

 

အပြစ်

လူသားတိုသည် ဘုရားသခင်၏မိန့်တော်မူချက်များနှင့် တားမြစ်ချက်များကို နားမ ထောင်။ ပေးထားသောတာဝန်များကိုလည်း မလိုက်နာခဲ့ပါ။ တာဝန်မဲ့စွာ အသက်ရှင်ခဲ့သည့် အပြင်၊ တားမြစ်ထားသည့်၊ မစားရသောအသီးကိုလည်း စားခဲ့ကြပါသည်။ တစ်ဦးအပေါ် တစ်ဦး ထားရှိထားသော ချစ်ခြင်းမေတ္တာများသည်လည်း လျော့နည်းခဲ့ကြပါသည်။ ထိုကဲ့သို လူသားတို၏ လောဘလွန်ကျူးမှု၊ တပ်မက်မှု၊ နားမထောင်မှုများကြောင့် ဘုရားသခင်၏ မိန့်မှာချက်စကားတော်များ ကို မကြားနိုင်တော့ပါ။ ဘုရားသခင်နှင့် တဖြည်းဖြည်းဝေးသွားရ ပြီး၊ အသက်ဝိညာဉ်ဆုံးရှုးခြင်းနှင့် ရင်ဆိုင်ခဲ့ရပါသည်။ ဘုရားသခင်ထံသို ပြန်လည်ပြောကြား ကြသော်လည်း ဘုရားသခင်သည် နားမထောင်တော့ပါ။ နောက်ဆုံးတွင် လူသားသည် ဘုရားသခင်၏စကားတော်များကို မကြားနိုင်တော့ပါ။ ထိုအချိန်မှစ၍ လူသားတိုသည် ဘုရား သခင်သွန်သင်သောလမ်းမှ သွေဖည်ကာ အခက်အခဲများ၊ ဆင်းရဲခြင်းများနှင့် ရင်ဆိုင်ခဲ့ကြ ရပါသည်။ သူတိုတွင် ကောင်းမြတ်သောတရားတော် များ လျော့နည်းသွားပြီး၊ မကောင်းသော အပြစ်တရားများနှင့် ပြည့်ဝကာ၊ လောဘ၊ ဒေါသ၊ မောဟများ လွန်ကျူးသောသူများဖြစ်ခဲ့ကြ ပါသည်။ ထာဝရဘုရားသခင်၏ မိန့်တော်မူချက်များကို နားမထောင်ချိုးဖောက်ခဲ့သော ကြောင့် လူသားတိုသည် ဘုရားသားအဖြစ်မှ အပြစ်သားဖြစ်ခဲ့ရပါသည်။

 

မေတ္တာတရား

ဘုရားသခင်သည် အပြစ်ရှိလျှင် ဒါဏ်ပေးတက်သော်လည်း မေတ္တာတရားကြီးမားသော ဘုရားရှင်ဖြစ်သောကြောင့်၊ လူသားများကိုအမျိုးမျိုး လမ်းပြကွယ်ကာပေးခဲ့ပါသည်။ လူသား များသည် အပြစ်ကိုပြုသောကြောင့် အပြစ်သားဖြစ်သွားကြသော်လည်း ဘုရားသခင်သည် လူသားများကို ဆက်လက်ချစ်နေပြီး၊ အပြစ်မှကယ်တင်ဖိုရန် စီမံတော်မူခဲ့ပါသည်။ ထိုကြောင့် ဘုရားသခင်သည် မေတ္တာတော်ရှင်ဘုရားပင်ဖြစ်သည်။ ကျမ်းစာတွင် ဘုရားသခင်သည် ချစ်ခြင်း မေတ္တာဖြစ်သည်ဟု ဖေါ်ပြထားပါသည်။ ဘုရားသခင်သည် သူ၏အမိန့်တော်များကို လူသား များပြန်လည်ကြား သိစေရန်နှင့် လူသားများပြောကြားလိုသော စကားများကို ဘုရားရှင်ထံ ရောက်ဖိုရန်အတွက်၊ ကမ္ဘာလောကကြီးထဲမှ သူတော်စင်သူတော်ကောင်းများဖြစ်သည့် ပရော ဖက်များကိုရွေးကောက်ခဲ့ပြီး၊ လူနှင့်ဘုရားသခင်ကြား အပြန်အလှန်ဆက်သွယ်စေသောတာဝန် ကို ပေးခဲ့ပါသည်။ ပရောဖက်များ အားဖြင့် လူသားတိုကို အပြစ်တရားလက်မှ ကင်းဝေးစေခဲ့ ပါသည်။ ပရောဖက်များသည် ဘုရားသခင်၏ တရားတော်များနှင့် အမိန့်တော်အသစ်များကို လူသားများအား သွန်သင်ပြောကြား ခဲ့သော်လည်း လူသားတိုသည် ပရောဖက်များထံမှ ကြား နာခဲ့ရသောအမိန့်တော်များနှင့် တရားတော်များကို နားမထောင်ခဲ့ကြပါ။ ထိုကြောင့် လူသည် ဘုရားသခင်နှင့် ပို၍ပင်ဝေးကွာသွားပြီး၊ ဘုရားသခင်ထံသို ပြန်မရောက်နိုင်တော့ပါ။ နောက် ဆုံးတွင် ဘုရားသခင်သည် သူဖန်ဆင်းထားသော လူသားများကို၊ သူထံသို ပြန်လည်ရောက် ရှိစေရန် ကယ်တင်ခြင်းတရားလမ်းကို ထပ်မံလုပ်ဆောင် ပေးခဲ့ပါသည်။ ဘုရားသခင်သည် သူ၏ သားသမီးများကိုကယ်တင်ရန်အတွက် ကောင်းကင်ပလ္လင်နန်း တော်ကိုစွန့်ခွာပြီး အပြစ် တရားများနှင့် ပြည့်နှက်နေသော ကမ္ဘာလောကကြီးထဲသိုဆင်းကြွရန် လုပ်ဆောင်ပေးသော မေတ္တာသည် အကြီးမြတ်ဆုံးသော ဘုရားရှင်၏မေတ္တာတရားပင် ဖြစ်သည်။

 

ကယ်တင်ခြင်းတရား (လွတ်မြောက်ခြင်းတရား)

ကယ်တင်ခြင်းတရားဆိုသည်မှာ ဘုရားသခင်က အပြစ်ရှိသောလူသားများကို အပြစ်မှ ကယ်တင်ဖိုရန် လုပ်ဆောင်ပေးခြင်းပင် ဖြစ်သည်။ ဘုရားသခင်သည် လူသားများ နေထိုင်သော လူ့ကမ္ဘာထဲသို လူ့ဇာတိအဖြစ်ခံယူပြီး၊ သခင်ယေရှုဘုရား ဘွဲအမည်နာမကို ခံယူကာ မွေးဖွားခဲ့ပါသည်။ ထာဝရဘုရားတစ်ဆူတည်းရှိကြောင်းကို အကြွင်းမဲ့ ယုံကြည်ရ မည်။ ငါ့ကိုလည်း ယုံကြည်ရမည်ဟု ဟောကြားခဲ့သည်။ ဘုရားသခင်သည် သခင်ယေရှုအားဖြင့် သေခြင်းတရားနှင့် ရင်ဆိုင်ခဲ့ရပါသည်။ သိုသော်လည်း သူသည် သေခြင်းကိုအောင်မြင်သော ဘုရားရှင်ဖြစ်ကြောင်းနှင့် သူကိုယုံကြည်သောသူ အပေါင်းတိုသည် အပြစ်တရားလက်မှ လွတ်မြောက်သွားပြီးဖြစ်ကြောင်း၊ အသက်ဝိညာဉ်ဆုံးရှုးခြင်းသို မရောက်ရနိုင်ကြောင်းကို ကယ် တင်ခြင်းတရားအားဖြင့် ပြသခဲ့ပါသည်။ ထိုကြောင့် သခင်ယေရှုကို ယုံကြည်သူတိုင်းသည် အပြစ်တရားကြောင့် သေလွန်သွားသော်လည်း အပြစ်ငရဲသိုမရောက်ရှိတော့ဘဲ၊ ဘုရားသခင် ထံသိုသာ ပြန်ရောက်ရှိမည်ဖြစ်သည်။ ဘုရားသခင်သည် လူသားတိုကို အပြစ်မှလွတ်မြောက် ဖို့ရန် ကယ်တင်ခြင်းတရားကိုပေးသည်သာမက၊ လောကတွင် ဘုရားသား၊ ဘုရားသမီး အစစ်များအဖြစ် အသက်ရှင်ရန်အတွက်၊ လိုက်လျှောက်ရမည့် ကောင်းမြတ်စုံလင်သော တရားများကိုလည်း ပေးခဲ့ပါသည်။ သင်၏ ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ချစ်ရန်နှင့် ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်ရမည်ကိုလည်းကောင်း၊ မှန်ကန်သော သမ္မာ တရားဖြင့် အသက်ရှင်ရမည်ကိုလည်းကောင်း မှာကြားခဲ့ပါသည်။

 

ကျမ်းစာ

ခရစ်ယာန်တို့၏ကျမ်းစာကို သမ္မာကျမ်းစာဟုခေါ်ဆိုပါသည်။ ဘုရားသခင်၏ နှုတ် တော်ထွက်စကားလုံးများပါရှိသောကြောင့် အသက်ရှင်သော နှုတ်ကပတ်တော်ဟုလည်း ခေါ် ပါသည်။ ဘုရားသခင်အပေါ် သစ္စာစောင့်သိပြီး၊ ပညတ်တော်များကို မြေဝယ်မကျ လိုက်နာ ကျင့်ဆောင်ရန် မိန့်တော်မူခဲ့သော ဘုရားသခင်၏သမ္မာကျမ်းစာတွင် နှစ်ပိုင်းပါရှိသည်။ ပထမ ပိုင်းမှာ ဓမ္မဟောင်းကျမ်းဖြစ်ပြီး၊ ဒုတိယပိုင်းမှာ ဓမ္မသစ်ကျမ်း ဖြစ်ပါ သည်။ ပထမပိုင်းဓမ္မဟောင်းကျမ်း တွင် ထာဝရဘုရားသခင်၏ ဖန်ဆင်း ခြင်းအကြောင်းနှင့် ဘုရားသခင်၏ သွန်သင်ဆုံးမထားသောတရား ဓမ္မများ ပါရှိပါသည်။ ထိုပြင် သူတော်စင်  ပရောဖက်ကြီးများ၏ အဆုံးအမ များနှင့် သူတိုထံမှကြားခဲ့ရသော ဘုရားသခင်၏စကားတော်များကို ရေးသားထားသောကျမ်း ဖြစ်ပါသည်။ လူသားတို လိုက်နာရမည့် ပညတ်တော် (၁၀)ပါးကို လည်း မှာကြားထားပါသည်။ သုခမိန်ပညာရှိများ၏ အဆုံးအမများလည်း ကျမ်းစာထဲတွင် ပါရှိပါသည်။ ဓမ္မဟောင်းတွင် ကျမ်းစာအုပ်ပေါင်း (၃၉)ကျမ်းရှိပါသည်။ ဒုတိယပိုင်း ဓမ္မသစ် ကျမ်းတွင် သခင်ယေရှုဘုရား ဟောကြားသွန်သင်ခဲ့သော တရားဓမ္မများနှင့် သူ၏တပည့် တော်များဖြစ်သော တမန်တော်များ၏သွန်သင်ဟောကြား ထားသော ကျမ်းများ ပါရှိပါသည်။ ထိုပြင် အနာဂတ်အတွက် ဟောကြားထားသောဗျာဒိတ်ကျမ်းလည်း ပါရှိပါသည်။ ဓမ္မသစ် ကျမ်းတွင် ကျမ်းစာအုပ်ပေါင်း (၂၇)အုပ် ပါရှိပါသည်။ သမ္မာကျမ်းစာတွင် စုစုပေါင်း (၆၆) ကျမ်း ရှိပါသည်။ ရိုမန်ကက်သိုလစ်နှင့် ပရိုတက်စတန့်ဂိုဏ်းတိုတွင် ကျမ်းစာကို လက်ခံပုံ မတူကြပါ။ ပရိုတက်စတန့်တိုက မူရင်းဟေဗြဲကျမ်းစာအုပ် (Hebrew Bible) ကို ဓမ္မဟောင်း အဖြစ် လက်ခံအသုံးပြု၍၊ ရိုမန်ကက်သိုလစ်တိုကမူ ဟေဗြဲကျမ်းစာကို ဂရိ Greek နှင့် လက်တင် Latin ဘာသာ ပြန်ဆိုထားသော ဆက်သွာဂျင့် (Septuagint) နှင့် လက်တသ်ဗားလ် ဂိတ် (Latin Vulgate) ကျမ်းစာတိုကို အသိအမှတ်ပြုကာကျမ်းစာအဖြစ် အသုံးပြုကြသည်။ မူရင်းဟေဗြဲကျမ်းစာတွင် မပါဝင်သောစာအုပ်အချိုကို ဆက်သွာဂျင့်နှင့် လက်တသ်ဗားလ် ဂိတ်တိုတွင် ထည့်သွင်းထားပါသည်။ ယင်းထည့် သွင်းထားသောကျမ်းများကို ပရိုတက်စတန့် တိုက (Apocrypha) ပယ်ကျမ်းအဖြစ် သတ်မှတ်ကြသော်လည်း ရိုမန်ကက်သိုလစ်တိုက ဒုတိယအကြိမ်ကျမ်းဘောင်သွင်းထားသောကျမ်းစာ (Deutero-canonical) အဖြစ် သတ်မှတ် ထားသည်။

 

ဝတ်ပြုကိုးကွယ်ခြင်း

ခရစ်ယာန်တိုင်းသည်၊ ဘုရားသခင်ကို မိမိတိုနေထိုင်ရာအိမ်၌ပင် ဆုတောင်းဝတ်ပြု နိုင်ပါသည်။ ဘယ်သွားသွား မိမိရှိသည့်နေရာမှ ထာဝရဘုရားသခင်အား ရှိခိုးခြင်း၊ ဆု ကောင်းခြင်းဖြင့် ဝတ်ပြုနိုင်ပါသည်။ အထူးသဖြင့် ဥပုသ်နေ့တွင် သက်ဆိုင်ရာဘုရားရှိခိုးကျောင်း သို့ သွားရောက်ကာ ဝတ်ပြုကိုးကွယ်ကြပါသည်။ ခရစ်ယာန်မိသားစုများသည် သတ်မှတ်ထားသောအချိန်နာရီတွင် ဘုရားကျောင်းသိုသွားကြပြီး၊ ဘုရားဂုဏ်တော်များ၊ ဓမ္မတေးသီချင်းများ သီဆိုခြင်း၊ တရားနာယူခြင်း၊ ဆုတောင်းခြင်းများအပြင်၊ အပြစ်များကို ဖော်ပြတောင်းပန်ကာ ဘုရားသခင်ထံမှ ခွင့်လွတ်ခြင်းကို တောင်းခံခြင်းအားဖြင့် စုပေါင်းဝတ်ပြုကြပါသည်။ ထိုပြင် ယူဆောင်လာသောအလှူငွေများကို ဘုရားကျောင်းသိုပေးလှူခြင်းဖြင့်၊ ဒါနပြုကြပါသည်။ ဥပုသ်နေ့တွင် ကလေးသူငယ်များသည် ဘုရားကျောင်းရှိ ဥပုသ်စာပြေကျောင်းသိုသွားရောက် ပြီး၊ ကျမ်းစာနှင့်ဆိုင်သော သင်ခန်းစာများကို သင်ယူရပါသည်။ အစားမစာမီအခါတိုင်းတွင် ဘုရားသခင်၏ကျေးဇူးတရားတိုကို ချီးမွမ်းဆုတောင်း ပြီးမှ အစားအစာတိုကို စားကြပါသည်။

 

 

 

ထင်ရှားသောပွဲတော်အကြောင်း

ခရစ်ယာန်ဘာသာတွင် ထင်ရှားသောနေ့ထူးနေ့မြတ်များ ရှိပါသည်။ ထိုနေ့ထူးနေ့ မြတ်များကို ပွဲတော်အဖြစ် စီရင်ကျင်းပကြပါသည်။ အထူးသဖြင့် ခရစ်စမတ်ပွဲတော်နေ့နှင့် နှစ်သစ်ကူးပွဲတော်နေ့တို ဖြစ်ပါသည်။ သခင်ယေရှုဘုရား လူ့လောကထဲသို ကြွဆင်းလာ သောနေ့၊ လူသားအဖြစ် မွေးဖွားသော နေ့ကို ခရစ်စမတ်ပွဲတော်နေ့အဖြစ် ကျင်းပကြပါသည်။ ထိုအကြောင်းကြောင့် ခရစ်တော်မွေးဖွား ရာဒီဇင်ဘာလရောက်တိုင်း ခရစ်တော်မွေးဖွားခြင်း နှင့်ဆိုင်သော တေးသီးချင်းများကို အိမ်များသိုလှည့် လည်သီဆိုကျေးအေးကြပါသည်။ ပျော်ရွှင် သော နှစ်သစ်မင်္ဂလာပွဲကိုလည်း နှစ် စဉ် ကျင်းပကြပါ သည်။ နှစ်ဟောင်းကုန်၍ နှစ်သစ်သိုကူးမြောက်သည့်အချိန် | အခါတွင် ခရစ်ယာန်တိုင်းသည် ဘုရားသခင်၏ကျေးဇူးတရားများကို ချီးမွမ်း ပြီး ဆုတောင်းပွဲများ ကျင်းပကြပါသည်။ ထိုပြင် အီစတာပွဲတော် (ခေါ်) ယေရှု ဘုရား ရှင်ပြန်ထမြောက်ရာနေ့သည်လည်း နေ့ထူးနေ့မြတ်ပင်ဖြစ်သည်။ ထိုနေ့ရောက်သောအခါတိုင်း ခရစ်ယာန်တိုသည်ဘုရားကျောင်းသိုသွားကာ သခင်ယေရှု ဘုရား၏ သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့ခြင်းကို သတိရအောက်မေ့ကာ ဆုတောင်းဝတ်ပြုကိုး ကွယ်ကြပါသည်။

 

 

ထူးခြားသောဝိသေသလက္ခဏာများ

ခရစ်ယာန်တို့၏ ထူးခြားသောဝိသေသလက္ခဏာမှာ ဘုရားကျောင်းများ၏ ထိပ်ဆုံး ၊ ပိုင်းတွင် တွေ့ရလေ့ရှိသည့် လက်ဝါးကားတိုင်တော်ပင် ဖြစ်သည်။ ခရစ်ယာန်ဘာသာဝင်တို ၏ အိမ်ရှေ့နှင့် အိမ်အဝင်အုပ်တံတိုင်းတိုတွင်လည်းကောင်း၊ အိမ်ထဲရှိ ဘုရားစင်နှင့် အိမ်နံရံ များတွင်လည်းကောင်း၊ တွေ့ရှိရပါသည်။ ထိုပြင် လူတို၏လည်ပင်းတွင်လည်းကောင်း၊ ရင် ဘက်တွင်လည်းကောင်း ချိတ်ဆွဲ၍ဝတ်ဆင်ကြပါသည်။ ကားတိုင်သည် သေခြင်းတရားကို ပုံဆောင်သကဲ့သို၊ သေခြင်းမှ ရှင်ပြန်ခြင်းတရားကိုလည်း ပြသနေပါသည်။ ခရစ်ယာန်တို၏ ထူးခြားသောလက္ခဏာနောက်တစ်ခုမှာ ခရစ်စမတ်ပွဲတော်၌ တွေ့မြင်နေရသော စန်တာကလော့ ရုပ်ပုံများပင်ဖြစ်သည်။ စန်တာကလော့သည် ထူးခြားသောလက္ခဏာရှိပြီး ခရစ်စမတ် အတွက် မပါမဖြစ်သောရုပ်ပုံဖြစ်သည်။စန်တာကလော့၏ အင်္ဂလိပ်အမည်မှာ နိကိုလ်လပ်စ် ဖြစ်ပြီး၊ သူသည် ခရစ်ယာန်ဘာသာရေးဘုန်းတော်ကြီးတစ်ဦး ဖြစ်သည်။ သူသည် ဆင်းရဲဒုက္ခ ရောက်နေသော လူသားများကို အမြဲပင် ကူညီမစပေးသောသူဖြစ် သည်။ ညအချိန်၌ အိတ်ကြီး ထဲသို စားစရာများ၊ အနွေးထည်များ၊ စောင်များနှင့် ကလေးများအတွက် ကစားစရာအရုပ် များကိုထည့်ပြီး လူများအိပ်နေချိန်တွင် သူတို၏ အိမ်ရှေ့တိုင်းတွင် လက်ဆောင်များ ကို အခမဲ့ချပေးလေ့ရှိခဲ့သောခရစ်စမတ်ဘိုးဘိုးကြီး ဖြစ်ပါသည်။

 

တရားတော်များ

သခင်ယေရှုဘုရားသည် ပထမဦးဆုံး သူ၏နောက်လိုက်များကို ဟောကြားခဲ့သော တရားဦးမင်္ဂလာတရားတော်ပင် ဖြစ်သည်။

(၁) စိတ်နှလုံးနှိမ့်ချသောသူများသည် မင်္ဂလာရှိကြ၏။

(၂) စိတ်နှလုံးနူးညံ့သိမ်မွေ့သောသူတိုသည် မင်္ဂလာရှိကြ၏။

(၃) စိတ်ဝိညာဉ်ဆင်းရဲနွမ်းနယ်သောသူတိုသည် မင်္ဂလာရှိကြ၏။

(၄) စိတ်နှလုံးဖြောင့်မတ်သောသူတိုသည် မင်္ဂလာရှိကြသည်။

(၅) သနားစုံမက်တက်သောသူတိုသည် မင်္ဂလာရှိကြ၏။

(၆) စိတ်နှလုံးဖြူစင်သောသူတိုသည် မင်္ဂလာရှိကြ၏။

(၇) သူတစ်ပါချင်းခိုက်ရန်ဖြစ်ခြင်းကို ငြိမ်းစေသောသူသည် မင်္ဂလာရှိကြ၏။

(၈) ဖြောင့်မတ်ခြင်းတရားကြောင့် နှောင့်ယှက်ညှင်းဆဲခြင်းကိုခံရသောသူတိုသည် မင်္ဂလာရှိကြ၏။

(၉) ယေရှုဘုရားကြောင့် သင်တိုကို ကဲ့ရဲ့ ညှင်းဆဲ၍မမှန်ဘဲလျက် အပြစ်တကာ တင်ကြ သောအခါ သင်တိုသည် မင်္ဂလာရှိကြ၏။

 

 

ဓမ္မဟောင်းကျမ်းရှိ ထွက်မြောက်ရာကျမ်း အခန်းကြီး ၂၀ တွင် ဘုရားသခင်ပေးတော်မူသော ပညတ်တော် (၁၀)ပါး

(၁) ငါမှတပါးအခြားသောဘုရားကိုမကိုးကွယ်နှင့်။

(၂) အထက်မိုးကောင်းကင်၌လည်းကောင်း၊ အောက်အရပ်မြေကြီးပေါ်၌လည်းကောင်း၊ မြေကြီးအောက်ရေထဲ၌လည်းကောင်း၊ ရှိသမျှသောအရာနှင့် ပုံသဏ္ဌာန်တူအောင် ရုပ်တု ဆင်းတုကို ကိုယ်အဘိုမလုပ်နှင့်။ ဦးမချဝတ်မပြုနှင့်။ အကြောင်းမူကား၊ သင်၏ ဘုရားသခင် ငါထာဝရဘုရား သည်၊ သင်၌ အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရား၊ ငါ့ကိုမုန်းသောသူတို၏ အမျိုးအစဉ်အဆက်။ တတိယအဆက်၊ စတုတ္တအဆက်တိုင်အောင်၊ အဘတို၏ အပြစ်ကို သားတို၌ ဆပ်ပေးစီရင်သောဘုရား ငါ့ကိုချစ်၍ ငါ့ပညတ်တိုကို ကျင့်သောသူတို၏ အမျိုး အစဉ်အဆက် အထောင်အသောင်းတိုင်အောင် ကရုဏာကိုပြသောဘုရားဖြစ်၏။

(၃) သင်၏ ဘုရားသခင်ထာဝရဘုရား၏နာမတော်ကို မုသာနှင့်ဆိုင်၍ မမြွက်မဆိုနှင့်။ အကြောင်းမူကား၊ နာမတော်ကို မုသာနှင့်ဆိုင်၍ မြွက်ဆိုသောသူကို အပြစ်မရှိဟု ထာဝရ ဘုရား မှတ်တော်မမူ။

(၄) ဥပုသ်နေ့ကိုသန့်ရှင်းစေခြင်းငှါ ထိုနေ့ရက်ကို အောက်မေ့လော့။ ခြောက်ရက်ပတ်လုံး အလုပ်အမျိုး မျိုးကို ကြိုးစား၍ လုပ်ဆောင်လော့။ သတ္တမနေ့ရက်သည် သင်၏ဘုရားသခင် ထာဝရဘုရား၏ ဥပုသ်နေ့ဖြစ်၏။ ထိုနေ့၌သင်မှစ၍ သင်၏သားသမီး၊ ကျွန်ယောက်ျားမိန်းမ တိရစ္ဆာန်၊ သင်၏တံခါးအတွင်း၌နေသော ဧည့်သည်အာဂန္တသည်အလုပ်မလုပ်ရ။ အကြောင်း မူကား၊ ထာဝရဘုရားသည် မိုးကောင်းကင်၊မြေကြီး၊သမုဒ္ဒရာ၊ အရပ်ရပ်၌ရှိသမျှတိုကို ခြောက် ရက်ကိုကောင်းကြီးပေး၍ သန့်ရှင်းစေတော်မူ၏။

(၅) သင်၏ ဘုရားသခင်ထာဝရဘုရားပေးသနားတော်မူသောပြည်၌ သင်၏အသက် တာရှည်မည်အကြောင်း၊ သင်၏မိဘကိုရိုသေစွာပြုလော့။

(၆) လူအသက်ကိုမသတ်နှင့်။

(၇) သူ့မယားကိုမပြစ်မှားနှင့်။

(၈) သူ့ဥစ္စာကိုမခိုးနှင့်။

(၉) ကိုယ်နှင့်စပ်ဆိုင်သောသူတဖက်၌မမှန်သောသက်သေကိုမခံနှင့်။

(၁၀) ကိုယ်နှင့်စပ်ဆိုင်သောသူ၏အိမ်ကို တပ်မက်လိုချင်သောစိတ်မရှိစေနှင့်။ ကိုယ်နှင့် စပ်ဆိုင်သောသူ၏မယား၊ သူ၏ကျွန်ယောက်ျား၊ မိန်းမ၊ နွား၊ မြည်းမှစ၍ ကိုယ်နှင့်စပ်ဆိုင် သောသူ၏ ဥစ္စာတစ်စုံတစ်ခုကိုမျှ တပ်မက်လိုချင်သောစိတ်မရှိစေနှင့်။

မိမိကိုးကွယ်သော ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ချစ်ရမည်၊ ကိုယ်နှင့် စပ်ဆိုင် သောသူကို ကိုယ်နှင့်အမျှချစ်ရပါမည်။ အထူးသဖြင့် သူတစ်ပါး၏ အပြစ်ကို ခွင့်လွတ်နိုင်ရ မည်။ သင်၏ရန်သူကိုပင်ချစ်ရပါမည်ဟု သွန်သင်ခဲ့ပါသည်။ သင်တိုကို ကျိန်ဆဲသောသူတို့အား မေတ္တာပိုရမည်။ သင်တိုကို မုန်းသောသူတိုအား ကျေးဇူးပြုကြရမည်။ သင်တိုကိုနှောင့် ယှက် ညှဉ်းဆဲ သောသူတို့အဖို့ ဘုရားသခင်အား ဆုတောင်းကြရမည်။ သင်၏ပါးတစ်ဖက်ကို သူတစ်ပါးပုတ်လျှင်၊ ပါးတစ်ဖက်ကိုလှည့်၍ပေးရမည်။ သင့်အင်္ကျီကိုယူလို၍ တရားတွေသော သူအား၊ သင့်ဝတ်လုံကိုလည်း ယူစေခြင်းငှါ အခွင့်ပေးလိုက်ပါ။ အကြင်သူသည် သင့်အား အနိုင်ပြု၍ ခရီးတစ်တိုင်သွားစေ၏၊ ထိုသူနှင့်တကွ နှစ်တိုင်သွားပေးလိုက်ပါ။ တောင်းသော သူကိုလည်းပေးရမည်။ ချေးငှါးသောသူကိုလည်း မငြင်းမပယ်ပါနှင့်။

ယုံကြည်ခြင်းတရား၊ ခွင့်လွတ်ခြင်းတရား၊ ချစ်ခြင်းမေတ္တာတရား၊ သန့်ရှင်းမွန်မြတ် ခြင်းတရား၊ ကိုယ်ချင်းစာတရား၊ သနားခြင်းကရုဏာတရား၊ ကောင်းမြတ်ခြင်းတရား၊ သည်း ခံခြင်းတရား၊ နှိမ့်ချခြင်းတရား၊ ငြိမ်းချမ်းခြင်းတရားတို ဖြစ်ကြပါသည်။

 

မင်္ဂလာဝတ်များ

ခရစ်ယာန်ဘုရားကျောင်းများတွင် လက်ခံကျင့်သုံးသောမင်္ဂလာဝတ်များရှိပါသည်။ သခင်ယေရှုခရစ်တော် ကိုယုံကြည်လက်ခံ သူတိုင်းသည်နှစ်ခြင်းမင်္ဂလာဝတ်ကိုပြုရပါသည်။ နှစ်ခြင်းမင်္ဂလာဝတ်သည် ရေနှင့်ပြုရသော မင်္ဂလာဝတ်ပင်ဖြစ်သည်။ နှစ်ခြင်းအသင်းတော် များသည် ရေထဲတွင် တစ်ကိုယ်လုံးနှစ်မြုပ်ပြီး ပြန်ထလာခြင်းကိုပြုရသည်။ ထိုသိုပြုခြင်းကို သင်းအုပ်ဆရာ တော်မှ ပြုလုပ်ပေးရပါသည်။ နှစ်ခြင်းခံခြင်း၏အကြောင်တရားမှာ၊ မိမိကိုယ် ကို ဘုရားသခင်ထံသို လုံးလုံးလျားလျား အပ်နှံလိုက်ပြီး၊ ဘုရားနှင့်အတူသေပြီး၊ ဘုရားနှင့် အတူရှင်ပြန်ထမြောက်ခြင်းကို ပုံဆောင်ပါသည်။ သခင်ယေရှုကို ယုံကြည်သောသူတိုင်းသည် တမလွန်တွင် ဘုရားသခင်ထံသိုသာ ရောက်ရှိမည်ဖြစ်သည်။ ရောမကက်သိုလစ်အသင်း တော်များမှာမူ ကလေးငယ်တိုင်းနှစ်ခြင်းမင်္ဂလာ ဝတ်ကို ပြုကြရပါသည်။ ကျောင်းတိုင်ဆရာ တော်ကသန့်ရှင်းသောရေနှင့် ပတ်ဖြန်းပေးခြင်းဖြင့် နှစ်ခြင်းမင်္ဂလာဝတ်ကို ပြုပေးပါသည်။ ထပ်မံ၍အရေးပါသောမင်္ဂလာဝတ်မှာ ပွဲတော်မင်္ဂလ င်္ဂလာ ဝတ်ကို ဘုရားကျောင်းသိုသွားသောအခါတွင် ပြုလုပ်ရပါသည်။ ဘုရားဝတ်ပြုချိန်တွင် မုန့်နှင့်စည် ရည်ကို သောက်စားခြင်းဖြစ်သည်။ ပွဲတော်မင်္ဂလာဝတ်ပြုလုပ်ရခြင်း၏ အကြောင်းရင်းမှာ ဘုရားသခင်၏ကယ်တင်တော်မူခြင်းတရားတော်ကို အောက်မေ့ဖိုရန် ပြုပေးခြင်းဖြစ်သည်။ သခင်ယေရှုဘုရားသည် သေခြင်းကိုအောင်မြင်ပြီး သုံးရက်မြောက်သောနေ့တွင် ရှင်ပြန်ထ မြောက်ခဲ့ခြင်းကိုယုံကြည်စွာဖြင့် လက်ခံနေခြင်းကိုပြသခြင်းဖြစ်သည်။ မိမိပြုခဲ့သောအပြစ် များကို ပွဲတော်နေ့တွင် ဘုရားသခင်ရှေ့မှောက်တော်၌ဝန်ခံခြင်းလည်း ပြုကြပါသည်။

 

ခရစ်ယာန်သာသနာပြန့်ပွားမှုသမိုင်း

သခင်ခရစ်တော်မရှိသည့်နောက်ပိုင်းတွင် သူ၏တပည့်တော်များနှင့် နောက်လိုက် တမန်တော်များက ခရစ်ယာန်သာသနာတော်ကို ဆက်လက်ဖြန့်ချီတော်မူခဲ့သည်။ ထိုနောက် ယုံကြည်သူအစုအဝေးများ စုဝေးဟောပြောရာ ခရစ်ယာန်ဘုရားကျောင်းများ Churches ပေါ်ထွက်ခဲ့ပါသည် (အေဒီ ၃၃ မှ ၅ဝ)။ သိုသော် ရောမနိုင်ငံအတွင်း ခရစ်ယာန်အသင်းတော်များ နှိပ်စက်ခြင်းအမျိုးမျိုးကိုခဲ့ရသော်လည်း၊ ကွယ်ပျောက်သွားခြင်းမရှိဘဲ၊ စစ်မှန်သော ယုံကြည်ခြင်းကို မစွန့်လွတ်၊ ညှင်းပန်းနှိပ်စက်ခြင်းနှင့်သတ်ဖြတ်ခြင်းကိုခံရသည့်တိုင် ခရစ်တော်၏တရားတော်များကို ရဲရဲဝံ့ဝံ့သက်သေခံခြင်း၊ သာသနာပြုခြင်းတိုကြောင့် ခရစ်ယာန် တို၏သာသနာသည် ပို၍ပင် ကျယ်ပြန့်ခဲ့သည် (အေဒီ ၁၀၀ မှ ၃၂၃)။ အေဒီ ၃၂၃ ခုနှစ် တွင် ကွန်စတင်တိုင်းမင်းကြီး ခရစ်ယာန်ဘာသာကို လက်ခံကိုးကွယ်ခြင်းမှအစပြုကာ ခရစ် ယာန်အသင်းတော်များသည် နှိပ်စက်ခြင်းအမျိုးမျိုးမှလွတ်ကင်းသွားပြီ အသင်းတော်သည် ကမ္ဘာ့မိသားစုအသင်းတော်ကြီး ကက်သိုလစ်အသင်းတော် Catholic Church ကြီး အသွင်ဖြင့်ပေါ်ပေါက်ခဲ့ပြီး ခရစ်ယာန်သာ သနာတော်သည် ပို၍ပင် အောင်မြင်ထွန်းကားခဲ့ပါသည် (အေဒီ ၃၂၃ မှ ၁ဝ၅၄)။ ကက်သိုလစ်၏ အဓိပ္ပါယ်သည် စကြဝဠာအသင်းတော် (သို) တစ်လုံးတစ်ဝတည်းအသင်းတော်ဟု ဆိုပါသည်။ ခရစ်တော်မှအစပြုကာ၊ တပည့်တော် တမန်တော်များ ဦးဆောင်ခဲ့သော သာသနာသည် ပထမဦးစွာ ကက်သိုလစ်သာသနာ တစ်ခုသာ မားမားမတ်မတ်ရပ်တည်ခဲ့ပါသည်။ ထိုအချိန်က ဂိုဏ်းကွဲအသင်း တော်များ မပေါ် ပေါက်သေးပါ။ ရောမတို၏နယ်မြေအပိုင်းအခြားအရ အရှေ့ပိုင်းနယ်မြေနှင့် အနောက်ပိုင်း နယ်မြေဟူ၍ ခွဲခြားသတ်မှတ်ခဲ့သည်။ အရှေ့ပိုင်းနယ်မြေကို ကွန်စတင်တီနိုပယ် သာသနာပိုင် သြဇာညောင်းရာ အရှေ့အသင်းတော်အဖြစ် သတ်မှတ်ခဲ့ပါသည်။ အနောက်ပိုင်းနယ်မြေ ကို ရောမပုပ်ရဟန်မင်းသြဇာညောင်းရာ အနောက်အသင်းတော်ဖြစ်ခဲ့ပါသည်။ နှစ်ပေါင်းများ စွာ ကြာမြင့်လာသောအခါတွင် အရှေ့အသင်းတော်နှင့် အနောက်အသင်းတော်တိုသည် လုပ် ဆောင်ကျင့်သုံးပုံများ ကွာခြားလာမှုအပေါ် အခြေခံကာ ကွဲပြားသွားပါသည်။ ထိုကဲ့သို ကွဲပြား သွားပြီးနောက် အရှေ့အသင်းတော်ကိုအော်သိုဒေါ့စ်အသင်းတော် Eastern Orthodox Church (ရှေးရိုးမူလစွဲဂိုဏ်း) ဖြစ်ပေါ်ခဲ့သည်။ အနောက်အသင်းတော်သည် ရောမကက်သိုလစ် အသင်းတော် Roman Catholic Church (ရောမပုပ်ရဟန်းဆိုင်ရာဂိုဏ်း) အဖြစ် ပေါ်ပေါက် ခဲ့ပါသည်။ အေဒီ ၁၄၀၀ ကျော်မှစ၍ ရောမကက်သလစ်အသင်းတော်အတွင်း ပြုပြင်ပြောင်း လဲခြင်းများဖြစ်ပေါ်ခဲ့ပြီးနောက် ပရိုတက်စတင့်အသင်းတော် (ဆန့်ကျင်သောဂိုဏ်း) Protestant Church များပေါ်ထွက်လာခဲ့သည်။ အေဒီ ၁၅ဝဝတွင် မာတင်လူသာ Martin Luther မှ ဦးဆောင်ကာ စတင်ခဲ့ပါသည်။ အင်္ဂလန်နိုင်ငံတွင် လည်း ဘုရင်ဟင်နရီ(၈)ကလည်း အင်္ဂလိပ်အသင်းတော် Church of England ကို ရောမကက်သိုလစ် အသင်းတော်မှ ခွဲထွက်ခဲ့ သည်။ ပြုပြင်ပြောင်းလဲခြင်းမှ လူသာရင်အသင်းတော် (Lutheran)၊ ပရက်တိုင်တီးရီးယား (Presbyterian)၊ ပေါ်ထွက်ခဲ့ပြီး၊ ပြုပြင်ပြောင်းလဲမှုအချိန်လွန်မှ ပေါ်ပေါက်လာ သောအသင်းတော်များသည် ကွန်ဂရီရေးရှင်းနယ် (Congregational)၊ နှစ်ခြင်း (Baptist)၊ မက်သဒစ် (Methodist)၊ ဒီဆိုင်ပယ် (Disciples) စသော အသင်းတော်များ ပေါ်ထွက်ခဲ့ပါသည်။ (၁၇ဝဝ မှ ၁၉ဝဝ)။

ရောမကက်သိုလစ်အသင်းတော် (Roman Catholicism)

ခရစ်ယာန်ဘာသာတွင် ယုံကြည်ကိုးကွယ်သူအများဆုံးသော အဖွဲအစည်းဖြစ်သည်။ သွန်သင်ချက်များမှာ

(၁) ရောမအသင်းတော်သည် သစ္စာစောင့်သိသောတစ်လုံးတစ်ဝတည်းအသင်း တော် ဖြစ်ရမည်။ ခရစ်တော်၌ ခန္ဓာကိုယ်တစ်ခုတည်းရှိပြီး၊ သူသည် ဦးခေါင်းဖြစ်ပြီး၊ အသက်လည်း ဖြစ်သည်။ အသင်းတော်သည် မကွဲမပြား အတူရှင်၊ အတူသေရမည် တစ်လုံးတစ်ဝ တည်းသော ခန္ဓာဖြစ်ရမည်။ ။

(၂) ရောမဘာသာဝင်တစ်ဦးသည် ခရစ်တော်နှင့်အတူရှင်၊ အတူသေသော်လည်း၊ ခမည်းတော်မြိုသိုရောက်ရှိရန်အတွက်မှု၊ အသန့်ရှင်းဆုံးအဆင့်သို မရောက်ရှိသေးသောကြောင့်၊ သန့်ရှင်းဖိုရန်၊ သန့်ရှင်းပေးရာဌာန (Purgatory) သို့ဝင်ရောက်ပြီးမှသာ၊ ခမည်းတော်ထံသို ရောက်ရမည်ဖြစ်သည်။

(၃) အေဒီ ၁၈၅၄ ခုနှစ်တွင်စတင်၍ မယ်တော်မာရိအယူဝါဒကို စတင်ခဲ့သည်။ ဘုရားသားတော်ယေရှု၏မိခင်သည် ဘုရားသခင်၏ကျေးဇူးတော်၊ တန်းခိုးတော်နှင့်ပြည့်ဝ သွားပြီး၊ မူလအပြစ်ကင်းစင်သွားပါသည်။ သူသည် ခမည်းတော်ထံသို တိုက်ရိုက်ဝင်နိုင်သောကြောင့် အသန့်ရှင်းဆုံးသူတစ်ဦး ဖြစ်သွားပါသည်။ (Immaculate Concept) သူမ၏ အသက် တာသည် အပြစ်ကင်းသွားသည်။ အစဉ်အမြဲအပျိုကညာဖြစ်သွားပါသည်။ ။

(၄) ပွဲတော်မင်္ဂလာကျင်းပရာတွင် ခရစ်တော်သည် ဦးဆောင်သူ ယဇ်ပရောဟိတ် ထံမှတစ်ဆင့် ကားတိုင်ပေါ်တွင် အသေခံခဲ့ပါသည်။ ပွဲတော်ကျင်းပနေချိန်အတွင်း အသင်း သားအားလုံးသည် ခရစ်တော်နှင့်အသေခံလိုက်ခြင်း ဖြစ်သည်။ ဝိညာဉ်တော်သည် ပေါင်မုန့် နှင့်ဝိုင်ကို ခရစ်တော်ရှိနေကြောင်း အတည်ပြုပြီး အမှန်တကယ် သွေးနှင့်အသားဖြစ်သွားကာ ပူဇော်ခြင်း ဖြစ်သည်။ ထိုကဲ့သို မိမိကိုယ်ကိုခရစ်တော်နှင့် ပူဇော်ခြင်းသည် အမြင့်မြတ်ဆုံး ဖြစ်၍ ကယ်တင်ခြင်းရရှိရန်ဖြစ်သည်။ ခမည်းတော်ထံသို မဝင်ထိတိုင်အောင်ပြုလုပ်ရမည်။

(၅) သန့်ရှင်းသောဝိညာဉ်တော်သည် ယုံကြည်သူအသင်းသားအားလုံးကို ခရစ်တော် ၏ကောင်းမြတ်မှုဖြင့် အစဉ် ကယ်တင်လျက်ရှိသည်။ ခရစ်တော်ပါရှိသောအသင်းတော်ဖြင့် သာ ကယ်တင်ခြင်းရှိမည်ဖြစ်သည်။

ရောမကက်သိုလစ်အသင်းတော်၏ ဖွဲစည်းအုပ်ချုပ်ပုံတွင် အမြင့်ဆုံးသောခေါင်း ဆောင်မှာ ပုပ်ရဟန်းမင်းကြီး Pope ဖြစ်ပြီး အီတလီနိုင်ငံ၊ ဗာတီကန် ခေါ် အချုပ်အခြာအာ ဏာပိုင်နိုင်ငံတွင် ရုံးစိုက်ပါသည်။ ပုပ်ရဟန်းမင်းကြီး၏အောက်တွင် ဂိုဏ်းချုပ် Archbiship နှင့် ဒေသဆိုင်ရာဂိုဏ်းချုပ် Bishop အပြင် အသင်းတော်နှင့်သာသနာ ဦးဆောင်ဆရာတော် Priest များစွာရှိပါသည်။ ပုပ်ရဟန်း မင်းမှစဆရာတော်အားလုံးသည် အမျိုးသားများဖြစ် သည့်အပြင် အိမ်ထောင်မရှိသူများ ဖြစ်ကြသည်။ အသင်းတော်နှင့် သာသနာ့နယ်များတွင် အမျိုးသမီးသာသနာပြု Nan များလည်း ရှိပါသည်။

 

အရှေ့မူရင်းအသင်းတော် (Eastern Orthodox Church)

ဤအသင်းတော်သည် တမန်တော်များခေတ် Corinth, Antioch and Ephesusမြိုများမှ စတင်ခဲ့သည်။ အေဒီ ၅၀၀ မှစ၍ အတွေးအခေါ် အယူအဆပေါ်မူတည်ပြီး အရှေ့ နှင့် အနောက်အသင်း တော်စတင်ကွဲလာခဲ့ကြသည်။ ကနဦးအသင်းတော်ဖခင်ကြီးများ၏ သွန်သင်ချက်ကို အဓိကထား၍ လက်ခံကျင့်သုံးကြသည်။ ဤအသင်းတော်သည် ပုဒ်ရဟန်း မင်းနှင့် ရောမရှိ Bishop အုပ်ချုပ်မှုကို လက်မခံကြပါ။ သူတို၏ ခံယူချက်များမှာ

(၁) ကိုယ်ပိုင်အုပ်ချုပ်သောအသင်းတော်ဖြစ်ခြင်းကို လက်ခံကြသည်။

(၂) သူတို့ အဓိကထားသောကျမ်းမှာ St. John Chrysostom နှင့် St. Basil တို၏ ကျမ်းများ ဖြစ်သည်။

(၃) အမှုတော်ဆောင်သည် လက်တင်မင်္ဂလာမယူခင်အိမ်ထောင်ပြုရမည်။

(၄) ပွဲတော်ကို ကလေးများကို ပါဝင်ခွင့်ပြုသည်။

(၅) ဝတ်ပြုရာတွင်ဟောပြောခြင်းထက် သီချင်းဖြင့် ဝတ်ပြုကြသည်။

ဆန့်ကျင်သောဂိုဏ်း: (Protestants)

၁။ ကျမ်းစာသည် အသင်းတော်၏အစဉ်အလာထက်မြင့်မြတ်သည်။

၂။ ယဇ်ပရောဟိတ်၏အာဏာနှင့်အခွင့်ကိုငြင်းပယ်သည်။ လူတိုင်းသည် ဘုရားသခင်ရှိ ရောက်ရန်မှာ ယုံကြည်ခြင်း၊ ကျမ်းစာ၊ ကျေးဇူးတော်၊ ခရစ်တော်၊ ဘုရား၏ဘုန်းတော်တိုကိုသာ လက်ခံကြသည်။ ။

 

မာတင်လူသာ (Martin Luther, 1483-1546)

သူ၏သင်ကြားမှုမှာ – လူသည် သန့်ရှင်းပေးရာဌာန (Purgatory) သိုရောက်ပြီးမှသာ အပြစ် လွတ်မည်ကို  ငြင်းပယ်ခဲ့သည်။ ကျမ်းစာကို လူတိုင်းနားလည်စေသည်။

 

ဂျွန်ကယ်ဗင် (John Calvin, 1509-1564)

ကျမ်းစာအကြောင်းကို အကျယ်တဝင့်ဖွင့်ဆိုခဲ့သည်။ ဘုရားသခင်၏လွမ်းမိုးအုပ် ချုပ်မှုသည် အသင်းအုပ်ဆရာအားလုံးနှင့် အတွေးအခေါ်ပညာရှင်ကို လွမ်းမိုးထားသည်။ အသင်းတော်များတွင် အသင်းအုပ်ဆရာများနှင့် အသင်းအုပ်ဆရာမများ ဦးဆောင်ကြသည်။ သူတိုအားလုံးသည် အိမ်ထောင်ပြုခွင့်ရှိသည်။

 

သမ္မာကျမ်းစာဆိုင်ရာကွန်ဗင်ချက် (Doctrine of the Bible)

ကျမ်းစာကို အင်္ဂလပ်စမအားဖြင့် ဘိုင်ဘလ် Bible ဟုခေါ်ဆိုသည်။ မူလနာမည် မှာ ဘိုင်ကလော့စ် Byblos မှလာပါသည်။ ပင်ဟုခေါ်ပါသည်။ နိုင်းမြစ်ကမ်းတစ် လျှောက်တွင်ပေါက် နေသော ကျူပင်ကိုအသုံးပြု၍ ကျမ်းစာရေးသားခဲ့သောကြောင့် ဘိုင်ဘလော့စ် Byblo မှ တိုင်လ် Bible ဖြစ်လာပါသည်။ ကျမ်းစာဖြစ်ရန်မှာ အခြေခံအချက် (၃) ချက်လိုအပ်ပါသည်။ ။

(၁) ဝိညာဉ်တော်၏ဖွင့်ပြတော်မူခြင်း (Inspiration)

(၂) ကျမ်းများကို ကျမ်းဘောင်သွင်းခြင်း (Canonicity)

(၃) ကျမ်းစာကို အနက်ဖွင့်ဆိုခြင်း (Interpretation)

 

(က) သဘာဝဗီဇအားဖြင့်ဖွင့်ပြတော်မူခြင်း (Natural Inspiration)

ကျမ်းစာရေးသူသည် မွေးကတည်းက မွေးရာပါ ဝိညာဉ်တော်ကပေးထားသော ထူးခြားသော ဉာဏ်စွမ်းများဖြင့် ရေးသားခြင်းဖြစ်သည်။

 

(ခ) ထူးခြားနက်ရှိင်းစွာဖွင့်ပြတော်မူခြင်း (Dynamic Inspiration)

ရေးသားမည့်သူကို တိုက်ရိုက်ဦးတည်ဖွင့်ပြတော်မူခြင်းဖြစ်သည်။ ရေးသားသူ၏ အသိထဲတွင် ဖွင့်ပြကာ ရေးသားစေခြင်းဖြစ်သည်။

 

(ဂ) ကျမ်းအနက်ဖွင့်ခြင်း (Interpretation of the Bible)

ကျမ်းစာကို ရှေးနှစ်ပေါင်းများစွာက ရေးသားခဲ့ပြီး၊ ခေတ်ကာလအဆက်ဆက် သမိုင်းကြောင်းများ၊ ရေမြေပထဝီအနေအထား၊ စာပေနှင့် ယဉ်ကျေးမှုများကို အခြေပြုခဲ့ သောကြောင့် ကျမ်းစာကို နားလည်နိုင်ရန်မှာ အနက်ဖွင့်ခြင်းဖြင့် ဖေါ်ပြရပါမည်။

 

ကျမ်းဘောင်သွင်းထားသောကျမ်း (Canonization of the Bible)

ကျမ်းစာတွင် ဓမ္မဟောင်းကျမ်း (၃၉) ကျမ်းနှင့် ဓမ္မသစ်ကျမ်း (၂၇) ကျမ်း ပေါင်း (၆၆) ကျမ်းကို ကျမ်းဘောင်သွင်းထားပါသည်။

 

 

ဓမ္မဟောင်းကျမ်း (၃၉) ကျမ်း

ပညတ်တ္တိကျမ်း (၅) ကျမ်း (Torah (law))

(၁) ကမ္ဘာဦးကျမ်း Genesis (အစအဦး)

(၂) ထွက်မြောက်ရာကျမ်း Exodus (လွတ်မြောက်ခြင်း) ၊

(၃) ဝတ်ပြုရာကျမ်း Leviticus (သန့်ရှင်းခြင်း)

(၄) တောလည်ရာကျမ်း Numbers (လှည့်လည်သွားရခြင်း)

(၅) တရားဟောရာကျမ်း Deuteronomy (ပဋိညာဉ်ပြုခြင်း)

 

ရာဇဝင်ဆိုင်ရာကျမ်း (၁၂) ကျမ်း (The History)

(၁) ယောရှုမှတ်စာ Joshua (အောင်နိုင်ခြင်း)

(၂) တရားသူကြီးမှတ်စာ Judges (စီရင်ခြင်း)

(၃) ရုသဝတ္ထု Ruth (ရွေးနှုတ်ကယ်တင်ခြင်း)

(၄) ဓမ္မရာဇဝင်ပထမစောင် 1 Samuel (ကူးပြောင်းခြင်း)

(၄) ဓမ္မရာဇဝင်ဒုတိယစောင် I Samuel (ဒါဝိဒ်ဖြစ်ခြင်း)

(၆) ဓမ္မရာဇဝင်တတိယစောင် 1 Kings (နိုင်ငံတော်ကွဲပြားခြင်း)

(၇) ဓမ္မရာဇဝင်စတုတ္တစောင် ]] Kings (နိုင်ငံတော်ကျရှုးခြင်း)

(၈) ဓမ္မရာဇဝင်ချုပ်ပထမစောင် I Chronicles (ဒါဝိဒ်၏အုပ်ချုပ်ခြင်းအပေါ် အမြင်)

(၉) ဓမ္မရာဇဝင်ချုပ်ဒုတိယစောင် II Chronicles (ယုဒနိုင်ငံအပေါ် အမြင်)

(၁၀) ဧဇရမှတ်စာ Ezra (ဗိမာန်တော်တည်ဆောက်)

(၁၁) နေဟမိမှတ်စာ Nehemiah (မြိုရိုးတည်ဆောက်)

(၁၂) ဧသတာမှတ်စာ Esther (ထောက်ပံ့ခြင်း)

 

ကဗျာ၊ လက်ာကျမ်း () (The Books of Poetry)

(၁) ယောဘဝတ္ထု Job (အုပ်ချုပ်လွမ်းမိုးခြင်း) ၊

(၂) ဆာလံကျမ်း Psalms (ဝတ်ပြုချီးမွမ်းခြင်း)

(၃) သုတ္တံကျမ်း Proverbs (ပညာရှိခြင်း)

(၄) ဒေသနာကျမ်း Ecclesiastes (အစိုးမရခြင်း)

(၅) ရှောလမုန်သီချင်း Song of Soloman (မေတ္တာအိမ်ထောင်)

 

အနာဂတ္တိကျမ်း – အဓိကပရောဖက်(၅)ကျမ်း (The Major Prophets)

(၁) ဟေရှာယအနာဂတ္တိကျမ်း Isaiah (ဘုရားသခင်၏ကယ်တင်ခြင်း)

(၂) ယေရမိအနာဂတ္တိကျမ်း Jeremiah (ရှေ့သိုဆက်လက်ချီတက်ခြင်း)

(၃) ယေရမိမြည်တမ်းစကား ILamentations (ရှေ့ သိုဘုရားသခင်ပိုဆောင်ခြင်း)

(၄) ယေဇကျေလအနာဂတ္တိကျမ်း Ezekiel (ခွန်အားကြီးသောဘုရား)

(၅) ဒံယေလအနာဂတ္တိကျမ်း Daniel (ဘုရားသခင်သည်ကျွန်ုပ်၏တရားစီရင်ခြင်း)

 

 

အနာဂတ္တိကျမ်း – သာမာန်ပရောဖက်(၁၂)ကျမ်း (The Minor Prophets)

(၁) ဟောရှေအနာဂတ္တိကျမ်း Hosea (ကယ်တင်ခြင်း)

(၂) ယောလအနာဂတ္တိကျမ်း Joel (ယာဝေးသည် ဘုရားသခင်ဖြစ်သည်)

(၃) အာမုတ်အနာဂတ္တိကျမ်း Amos (ဝန်လေးခြင်း)

(၄) ဩဗဒိအနာဂတ္တိကျမ်း Obadiah (ဘုရားသခင်၏အစေခံ)

(၅) ယောနအနာဂတ္တိကျမ်း Jonah (ဝိညာဉ်တော်၏အမျက်)

(၆) မိက္ခာအနာဂတ္တိကျမ်း Micah (ဘုရားကဲ့သို မည်သူဖြစ်သနည်း)

(၇) နာဟုံအနာဂတ္တိကျမ်း Nahum (နှစ်သိမ့်ပေးသူ)

(၈) ဟဗက္ကုတ်အနာဂတ္တိကျမ်း Habakkuk (ပွေ့ဖက်ပေးသည်)

(၉) ဇေဖနိအနာဂတ္တိကျမ်း Zephaniah (ဘုရားသခင်၏လျှိဝှက်ချက်)

(၁၀) ဟဂဲအနာဂတ္တိကျမ်း Haggai ( ပွဲတော်)

(၁၁) ဇာခရိအနာဂတ္တိကျမ်း Zechariah (ဘုရားသခင်၏အောက်မေ့ခြင်း)

(၁၂) မာလခိအနာဂတ္တိကျမ်း Malachi (ကျွန်ုပ်၏သတင်းပေးသူ)

 

ဓမ္မသစ်ကျမ်း (၂၇) ကျမ်း ခရစ်ဝင် (၄)ကျမ်း (The Four Gospels (BC 4 to AD 30))

(၁) ရှင်မဿဲခရစ်ဝင်ကျမ်း Matthew (ယေရှုသည် စစ်မှန်သောဘုရင်ဖြစ်သည်)

(၂) ရှင်မာကုခရစ်ဝင်ကျမ်း Mark (ယေရှုသည် အစေခံဖြစ်သည်)

(၃) ရှင်လုကာခရစ်ဝင်ကျမ်း Luke (ယေရှုသည် သနားကျင်နာသူဖြစ်သည်)

(၄) ရှင်ယောဟန်ခရစ်ဝင်ကျမ်း John (ယေရှုသည် ဘုရားသခင်၏သားဖြစ်သည်)

 

တမန်တော်ဝတ္ထု (The Acts (AD 30 to AD 62))

(၁) တမန်တော်ဝတ္ထု The Acts of the Apostles

 

ရှင်ပေါလုဩဝါဒစာစောင် (၁၃)ကျမ်း (Letters of Paul (AD 31 to AD 62))

(၁) ရောမဩဝါဒစာ Romans (ကျွန်ုပ်တိုကိုကယ်ဖိုဘုရားအစီအစဉ်) ၊

(၂) ကောရိဩဝါဒစာပထမစောင် i Corinthians (ကောရိန္တုအသင်းတော်၏အခက်အခဲ)

(၃) ကောရိန္ဩဝါဒစာဒုတိယစောင် ii Corinthians (စွပ်စွဲသူများအတွက်ရှင်ပေါလု၏အဖြေ)

(၄) ဂလာတိဩဝါဒစာ Galations (ခရစ်ယာန်သည်စစ်မှန်သည်) ၊

(၅) ဧဖက်သြဝါဒစာ Ephesians (ကျွန်ုပ်တိုအားလုံးခရစ်တော်၌တစ်လုံးတစ်ဝဖြစ်သည်)

(၆) ဖိလိပ္ပိသြဝါဒစာ Philipians (ဝမ်းမြောက်စွာဖြင့် အစေခံပါ)

(၇) ကောလောသဲသြဝါဒစာ Colossians (ခရစ်တော်သည် ခပ်သိမ်းသောအရာ၏ အထက်တွင်ရှိသည်) ၊

(၈) သက်သာလောနိတ်ဩဝါဒစာပထမစောင် I Thessalonians (အသစ်သောခရစ်ယာန်များအတွက် အားပေးခြင်း)

(၉) သက်သာလောနိတ်ဩဝါဒစာဒုတိယစောင် II Thessalonians (ခရစ်တော်ပြန်ကြွလာမည်)

(၁၀) တိမောသေသြဝါဒစာပထမစောင် I Timothy (ငယ်ရွယ်သောတရားဟောသူအတွက် အကြံပေးမှု)

(၁၁) တိမောသေသြဝါဒစာဒုတိယစောင် II Timothy (ခရစ်တော်၏စစ်သည်တိုင်းအတွက် အားပေးခြင်း)

(၁၂) တိတုသြဝါဒစာ Titus (ကောင်းသောအလုပ်အတွက် ညွှန်ကြားခြင်း)

(၁၃) ဖိလေမုန်ဩဝါဒစာ Philemon (ကျွန်တစ်ဦးခရစ်ယာန်ဖြစ်လာခြင်း)

 

အထွေထွေဩဝါဒစာစောင်များ (၈)ကျမ်း (The Epistles (AD 49 to AD 100))

(၁) ဟေဗြဲသြဝါဒစာ Hebrews (ခရစ်တော်အားဖြင့် ကောင်းမွန်သာလွန်သောဘဝဖြစ်ခြင်း)

(၂) ယာကုပ်ဩဝါဒစာ James (ခရစ်ယာန်တစ်ဦးကဲ့သို ဘယ်လို အသက်ရှင်မည်နည်း)

(၃) ရှင်ပေတရုသြဝါဒစာပထမစောင် I Peter (ဘုရားသခင်၏ရွေးကောက်ခြင်းအတွက်ရေးသားခြင်း ၊

(၄) ရှင်ပေတရုသြဝါဒစာဒုတိယစောင် II Peter (မှားယွင်းသောသင်ကြားမှုများကို အမှန် ပြင်ခြင်း)

(၅) ရှင်ယောဟန်ဩဝါဒစာပထမစောင် I John (ဘုရားသခင်၏ချစ်ခြင်းမေတ္တာ)

(၆) ရှင်ယောဟန်ဩဝါဒစာဒုတိယစောင် II John (မှားယွင်းသောဆရာများကို သတိထားပါ)

(၇) ရှင်ယောဟန်ဩဝါဒစာတတိယစောင် III John (စစ်မှန်သောတရားကို လိုက်လျှောက် သူများကိုချစ်ပါ)

(၈) ယုဒဩဝါဒစာ Jude (ဆိုးသောသူများကို သတိပေးစကားပြောရန်)

 

အနာဂတ်ဗျာဒိတ်ကျမ်း (The Apocalypse (AD 49 to AD 100))

(၁) ဗျာဒိတ်ကျမ်း Revelation အဖုံးဖွင့်လိုက်ခြင်း

 

 

 

 

ကျမ်းပယ်များအကြောင်း

ရိုမန်ကက်သိုလစ်နှင့် ပရိုတက်စတန့်ဂိုဏ်းတိုတွင် ကျမ်းစာကို လက်ခံပုံမတူကြပါ။ ပရိုတက်စတန့်တိုက မူရင်းဟေဗြဲကျမ်းစာအုပ် (Hebrew Bible) ကို ဓမ္မဟောင်းအဖြစ် လက်ခံအသုံးပြု၍၊ ရိုမန်ကက်သိုလစ်တိုကမူ ဟေဗြဲကျမ်းစာကို ဂရိ Greek နှင့် လက်တင် Latin ဘာသာပြန်ဆိုထားသော ဆက်သွာဂျင့် (Septuagint) နှင့် လက်တသ်ဗားလ်ဂိတ် (Latin Vulgate) ကျမ်းစာတိုကို အသိအမှတ်ပြုကာ ကျမ်းစာအဖြစ် အသုံးပြုကြသည်။ မူရင်းဟေဗြဲကျမ်းစာတွင် မပါဝင်သောစာအုပ်အချိုကို ဆက်သွာဂျင့်နှင့် လက်တင်ဗားလ် ဂိတ်တိုတွင် ထည့်သွင်းထားပါသည်။ ယင်းထည့်သွင်းထားသောကျမ်းများကို ပရိုတက်စတန့် တိုက (Apocrypha) ပယ်ကျမ်းအဖြစ် သတ်မှတ်ကြသော်လည်း ရိုမန်ကက်သိုလစ်တိုက ဒုတိယအကြိမ် ကျမ်းဘောင်သွင်းထားသောကျမ်းစာ (Deutero-canonical) အဖြစ်သတ် မှတ်ထားသည်။ ထိုကျမ်းစာများမှာ –

(၁) ပထမအက်စ်ဒရစ်ကျမ်း ( I Esdras) ၊

(၂) ဒုတိယအက်စ်ဒရစ်ကျမ်း (2 Esdras)

(၃) တိုဘိတ်ကျမ်း (Tobit) ၊

(၄) ဒတ်ချ်ကျမ်း (Judith)

(၅) အာဇာရိရား၏ဆုတောင်းကျမ်း  (Prayer of Azariah)

(၆) သန့်ရှင်းသူ ယုဒလူသုံးဦး၏သီချင်းကျမ်း (Song of three Holy Jews)

(၇) စူဆန်နာကျမ်း (Susana)

(၈) ဘဲလ်နှင့်မြွေနဂါးကျမ်း (Bel and the Dragon)

(၉) ဧသတာ နောက်ဆက်တွဲကျမ်း (Additions to Esther)

(၁၀) မနာရှည်စ်၏ဆုတောင်ခြင်း (The prayer of Manasses)

(၁၁) ယေရမိ၏အထွေထွေစာ (The Epistle of Jeremiah)

(၁၂) ဘရတ်ရ်ကျမ်း (The book of Baruch)

(၁၃) ဒေသနာနောက်ဆက်တွဲ (Ecclesiasticus)

(၁၄) ရှောလမုန်၏ပညာကျမ်း (The Wisdom of Solomon)

(၁၅) ပထမမာကေဘီရမ်ကျမ်း (1 Maccabees)

(၁၆) ဒုတိမာကေဘီစ်ကျမ်း (2 Maccabees)

(၁၇) တတိယမာကေဘီစ်ကျမ်း (3 Maccabees)

(၁၈) စတုတ္တမာကေဘီစ်ကျမ်း (4 Maccabees)

 

ကမ္ဘာပေါ်တွင် ခရစ်ယာန်ဘာသာကိုကိုးကွယ်ယုံကြည်သောနိုင်ငံများ

ခရစ်ဘာသာတွင် ရိုမန်ကက်သလစ်ခရစ်ယာန်များ၊ နှစ်ခြင်းခရစ်ယာန်များ၊ အင်္ဂလီ ကန်ခရစ်ယာန်များ၊ ရှေးရိုးစွဲခရစ်ယာန်များနှင့် အခြားသောအမည်နာမကို ခံယူသောခရစ် ယာန်များစွာ ရှိပါသည်။ ရိုမန်ကက်သလစ်ခရစ်ယာန်များ၊ နှစ်ခြင်းခရစ်ယာန်အများစုသည် အမေရိကန်နိုင်ငံ၊ အာဖရိကနိုင်ငံများနှင့် အာရှနိုင်ငံများတွင် နေထိုင်ကြပါသည်။ အင်္ဂလီကန် ခရစ်ယာန်အများစုသည် အင်္ဂလန်နိုင်ငံတွင် နေထိုင်ကြပါသည်။ ရိုမန်ကက်သလစ်ခရစ် ယာန်အများစုသည် ဥရောပနိုင်ငံများတွင် နေထိုင်ကြပါသည်။ အထူးသဖြင့် အီတလီနိုင်ငံ တွင် အများဆုံး နေထိုင်ကြပါသည်။ ဩစတေးလျနိုင်ငံ တွင်လည်း ခရစ်ယာန် အများစုနေ ထိုင်ကြပါသည်။ အာရှတိုက်ရှိ ဖိလစ်ပိုင်နိုင်ငံသည်တစ်ခုတည်းသော ခရစ်ယာန်နိုင်ငံဖြစ် သည်။ ခရစ်ယာန်များသည် တစ်ကမ္ဘာလုံးတွင်ပြန့်နှံလျက် နေထိုင်ကြပါသည်။ ကမ္ဘာပေါ်တွင် လူအများဆုံး ကိုးကွယ်သောဘာသာမှာ ခရစ်ယာန်ဘာသာ ဖြစ်သည်။

 

 

အစ္စလာမ်ဘာသာ

(Islam)

 

အစ္စလာမ်ဟူသောအမည်မှာ အာရဗ်ဘာသာစကားဖြစ်ပြီး နာခံခြင်းဟုဆိုပါသည်။ တစ်နည်း အားဖြင့် မိမိအလိုအတ္တကို အလ္လာဟ်ဘုရားရှင်၏ ရှေ့မှောက်တွင် ခဝါချခြင်းဖြင့် ယခုဘဝနှင့် နောင်ဘဝ ငြိမ်းချမ်းခြင်းကို ဘုရားရှင်၏အမိန့်တော်ကိုနာခံခြင်းဖြင့် တည် ဆောက်ခြင်းပင် ဖြစ်သည်။ (Attaining Peace by Submitting your will to the Absolute truth). ငြိမ်းချမ်းခြင်းကို ဂျူးဘာသာအားဖြင့် ဟီးဘရူးစကားအားဖြင့် ရှလုံမ် (Shalom) ဟုခေါ်ဆိုပါသည်။ တစ်ဆူတည်းသော ဘုရားသခင် (အလ္လာဟ်)၏ အမိန့်တော်ကို နာခံခြင်း ကိုပင် အစ္စလာမ်ဟုခေါ်ပါသည်။ တစ်ဆူတည်းသော ဘုရားသခင် (အလ္လာဟ်)၏ အမိန့်တော်ကို နာခံသူတိုင်းကို မူဆလင် (Muslim) ဟုခေါ်ပါသည်။ မိုဟာမက် (Muhammad) တည်ထောင်သောဘာသာဖြစ်၍ (မဟာမေဒင်ဘာသာ)ဟုလည်း ခေါ်ပါသည်။ အစ္စလာမ် ဘာသာသည် ဂျူးဘာသာမှမြစ်ဖျားခံပြီး၊ ခရစ်ယာန်ဘာသာနှင့်လည်း ပက်သတ်ဆက်နွယ်မှု ရှိသော ဘာသာဖြစ်သည်။

 

အာရဗ်တို့၏ဘာသာရေး

အာရဗ်တို့၏ ရှေးဦးကိုးကွယ်မှုမှာ သဘာဝဆိုင်ရာယုံကြည်ကိုးကွယ်မှုများဖြင့် အစ ပြုခဲ့ကြသည်။ နေ၊ လ၊ ကြယ်၊ ကောင်းကင် စသည်တိုကို ကိုးကွယ်ကြသည်။ နောက်ပိုင်းတွင် ဝိညာဉ်များ နတ်များကိုကိုးကွယ်ခဲ့ကြပါသည်။ ထိုနောက် သူတိုကိုးကွယ်သော ဘုရားများကို ပုံဖေါ်ကာ ရုပ်တုဆင်းတုများ ထုလုပ်ကာကိုးကွယ်ခဲ့ကြသည်။ မက္ကာမြိုရှိ အထွတ်အမြတ် ထားရာ ကျောင်းတော်ရာတွင် ထိုရုပ်များကိုထား၍ ကိုးကွယ်ခဲ့ကြသည်။ ထိုရုပ်ထု အရေအတွက်ပေါင်းမှာ (၃၆၀) ရှိခဲ့ပြီး၊ တစ်ရက်လျှင် ရုပ်တုတစ်ခုစီကို ပူဇော်ပသလေ့ရှိပြီး၊ တစ်နှစ် ပြည့်လျှင် ပွဲတော်ကြီးတစ် ခါကျင်းပကြပါသည်။ အာရဗ်ပြက္ခဒိန်တွင် ရက်ပေါင်း ၃၆ဝ ရှိ၍ ရုပ်တုပေါင်း ၃၆ဝ ထားခြင်းဖြစ်သည်။ ယင်းရုပ်တုထဲတွင် အရေးကြီးဆုံးရုပ်တုမှာ (ဟာဘဲလ်) ဟူသော လူရုပ်တုတစ်ခုဖြစ်သည်။ အာရေဗျပြည်၌ ထိုစဉ်က လူမျိုးများစွာ ကွဲပြားခြားနား သည့်အလျှောက် လူမျိုးနွယ်တစ်ခုစီတွင် မိမိတို၏ကိုယ်ပိုင်ကိုးကွယ်ယုံကြည်မှုများ ရှိကြပါ သည်။ တူညီသောဘိုးဘွားများမှ ဆင်းသက်ခဲ့ကြသော်လည်း အချင်းချင်း မကြာခဏဆိုသလို ရက်စက်စွာ တိုက်ခိုက်သတ်ဖြတ်နေ ကြသူများဖြစ်သည်။ ထိုပြင် ပထဝီအနေအထားအရ အင်အားကြီးနိုင်ငံများဖြစ်ကြသော ဗာဗုလုန်၊ ပါးရှား၊ ဂရိ၊ ရောမ စသည်နိုင်ငံများ၏ ကျူးကျော်တိုက်ခိုက်မှု လွန်စွာနည်းပါးလှသည်။ ထိုပြင် အာရဗ်နိုင်ငံသည် အမွှေးအကြိုင်များ ပေါကြွယ်ဝသော ဒေသဖြစ်သည့်အလျောက် မက္ကာမြိုသည် ထိုပစ္စည်းများ ရောင်းဝယ်ဖောက် ကားသော မြိုတစ်မြိုဖြစ်ခဲ့သည်။ မက္ကာမြိုတော်တွင် ဘုရားပွဲတော်ရှိသည့် အချိန်အခါတိုင်း တွင် အာရဗ်တိုသည် ယင်းတိုနှင့်အတူ ယူဆောင်လာသော ဟင်းခပ်အမွှေးအကြိုင်များ၊ ရေမွှေးများကို ခင်းကျင်းရောင်းချကြသည်။ သိုဖြင့် နှစ်စဉ်ရောင်း ဝယ်မှုများကြောင့် မက္ကာမြို တွင် အခြေကျနေထိုင်သူများကြောင့် ချမ်းသာကြွယ်ဝလာကြပါသည်။ မက္ကာကုန်သည်ကြီး များသည် အထူးသဖြင့် ဣရှမေလ၏ ဇမ်ဇမ် (Zam Zam) ရေတွင်းကိုပင် သူတို ပိုင်ဆိုင် သည်ဟုကြေငြာပြီး တွင်းထဲမှရေကို ဘုရားဖူးများအား ရောင်းချပြီး စီးပွားဖြစ်နေခဲ့ပါသည်။ သူတိုသည် လောင်းကစား၊ အစားအသောက်များဖြင့် အချိန်ကုန်စေခဲ့ကြသည်။ ရောမတို လက်ချက်ဖြင့် ယေရုရှလင်မြို ကျဆုံးပြီးနောက် အာရေဗျသိုရောက်ရှိလာသော လူများသည် ယင်းတိုနှင့်အတူပါလာသောဂျူးဘာသာနှင့် ခရစ်ယာန်ဘာသာများတိုကို လေ့လာခွင့်ရခဲ့ သော်လည်း၊ အာရဗ်လူမျိုးများကို ထိရောက်စွာ မဆွဲဆောင်နိုင်ခဲ့ပါ။ ထိုအချိန်က အာရဗ်လူ မျိုးများ စိတ်ဝင်စားဆုံးအရာမှာ ကဗျာပြိုင်ပွဲများ၊ စီးပွားရှာဖွေစုဆောင်းခြင်းများ၊ လောင်း ကစားနှင့် အရက်သေစာစားသောက်ခြင်းတို ဖြစ်သည်။ ထိုအခြေအနေတွင် မိုဟာမက်သည် အာရဗ်လူမျိုးများကို တိုက်တွန်းဟောပြောခဲ့သည်။

 

စတင်တည်ထောင်သူ

အစ္စလာမ်ဘာသာကိုစတင်တည်ထောင်သူမှာ မိုဟာမက် (Muhammad) ဖြစ်ပြီး၊ ခရစ်တော် ပေါ်ပြီးနောက် အေဒီ ၅၇၀ (၅၇၀ CE) တွင် အာရေဗျကျွန်းဆွယ်ရှိ မက္ကာမြိုတွင် မွေးဖွားခဲ့ပါသည်။ ယနေ့တွင် ဆော်ဒီအာရေဗျနိုင်ငံတွင် ရှိနေပါသည်။ ဖခင်မှာ အဗ်ဒွလ္လာဟ် နှင့်မိခင်မှာ အမေနာဟ်တို့ဖြစ် ကြပါသည်။ သူ၏မျိုးနွယ်မှာ အာဗြဟံ၏သားကြီး အစ္စမာအိလ် (မေလ) မျိုးရိုးမှဆင်းသက်လာပြီး ကိုရိုက်၍အနွယ်ဝင်ဖြစ်သည်။ ထိုအနွယ်သည် ဗနူာရှင်မ်အမျိုးအုပ်စုမှတစ်နွယ် ဖြစ်ပါသည်။ မိုဟာမက်မမွေးခင်တွင် ဖခင်သည်ကွယ်လွန်ခဲ့ပါ သည်။ ထိုနောက် သူ၏အဘိုး (အဗ်ဒွလ်မွသ်သွလိဗ်) နှင့်အဘွား (အွမ်မေအိုင်မန်) တိုက ပြုစု စောင့်ရှောက်ခဲ့ပါသည်။ မိုဟာမက် သက်တော်ရှစ်နှစ်သား အရွယ်တွင် ဘိုးတော်သည် ကွယ်လွန်သွားပြီး၊ သူ၏ဦးရီးတော်အဗ္ဗသွလိဗ်က ဆက်လက်ပြုစုစောင့်ရှောက်ခဲ့ရသည်။ မိဘမဲ့ဘဝရောက်ခဲ့ရသဖြင့် ဆွေမျိုးတို၏ သိုး၊ ဆိတ်၊ ကုလားအုပ်များကို ထိန်းကျောင်းရင်း ကြီးပြင်းလာခဲ့သည်။ မိုဟာမက်သည် ငယ်စဉ်ကလေးဘဝကပင် ကောင်းမြတ်သော စာရိတ္တ ပိုင်ရှင်ဖြစ်ခဲ့သည်။ အသက် (၁၂)အရွယ်တွင် ဘထွေးတော်က ဆီရီးယားနိုင်ငံဘက်သို ခေါ်ဆောင်သွားခဲ့သည်။ လမ်းတွင် (ဗိုဟိုင်ရယ်) အမည်ရှိသော ခရစ်ယာန်ဘုန်း တော်ကြီးနှင့် တွေ့ဆုံခဲ့ပါသည်။ ဘုန်းတော်ကြီးကမိုဟာမက်တွင် နောက်ဆုံးနဗီတမန်တော်၏ ဥပဓိရုပ် လက္ခဏာတော်ကိုမြင်ရ၍ မက္ကာမြိုသို ပြန်ပိုစေခဲ့သည်။ ကြီးလာသောအခါ ယီမင်၊ ဆီးရီး ယားများသို ကုန်ကူးသမားများ၏ ကုလားအုပ်မောင်းအဖြစ် လိုက်ပါရလေ့ရှိသည်။ယင်းသို ဖြင့် ဆီးရီးယား၊ အီဂျစ်၊ ပါလက်စတိုင်းစသော နိုင်ငံများသိုရောက်လျှင် ဂျူးဘာသာ၊ ခရစ် ယာန်ဘာသာနှင့် ဇိုရိုအက်စတိန် ဘာသာများကို လေ့လာနှီးနှောခွင့်ရခဲ့သည်။ သက်တော် (၂၅) နှစ်ရောက်သော (ဘီဘီခတီဂျာဟ်) Kadija အမည်ရှိ ကုန်သည်သူဌေးမထံတွင် ဝင် ရောက် အလုပ်လုပ်ခဲ့သည်။ သူ၏ရိုးသားမှု၊ သတ္တိစွမ်းရည်နှင့် ယောက်ျားကောင်းပီသမှုတိုကြောင့် ခတီဂျာဟ်သခင်မနှင့် ထိမ်းမြားခဲ့ကြသည်။ သူမသည် ကလေး(၃)ဦးရှိပြီး၊ မုဆိုးမ တစ်ဦးဖြစ်သည်။ သူမ၏အသက်သည် (၄၀)နှစ်ရှိပါသည်။ မိုဟာမက်၏ လုပ်ရည်ကိုင်ရည် နှင့် ချမ်းသာကြွယ်ဝမှုများကြောင့် မက္ကာမြိုသူမြိုသားများက သူကို ချစ်ခင်လေးစားခဲ့ ကြ သည်။ ကလေး (၆)ဦး ဖွားမြင်ခဲ့သော်လည်း ဘီဘီဖာသမာသမီးတစ်ဦးသာမျိုးနွယ်တင်ခဲ့ပါ သည်။ ကျန်ကလေးများသည် သေဆုံးခဲ့ကြပါသည်။ မိုဟာမက်သည် သူ့လူမျိုးများ၏ အကျင့် စရိုက်များ၊ ယိုယွင်းပျက်စီးနေသောစာရိတ္တများကို ပြုပြင်ပြောင်းလဲချင်သည်။ ထိုပြင် တစ် ဖက်စွန်းစွဲလမ်းယုံ ကြည်မှုများ၊ ရုပ်တုကိုးကွယ်ခြင်း မှားယွင်းစွာကိုးကွယ်မှုများကိုလည်း တည့် မှတ်ချင်သူဖြစ်သည်။ သူ၏ယောက္ခမတော်စပ်သူခဟီချက်၏အစ်ကို ဝါရကာ၏ ဖက်ရွတ် ရှင်းလင်းပြသခဲ့သဖြင့် ခရစ်ယာန်သမ္မာကျမ်းစာနှင့် ခရစ်တော်အကြောင်းများကို ပိုမိုနား လည်သဘောပေါက်ခဲ့ပြီး၊ ပြုပြင်ပြောင်းလဲဖိုရန် စိတ်အားထက်သန်ခဲ့သည်။ ထိုနောက် မက္ကာ မြိုအနီးရှိ ဟီရာပတ္တမြားလှိုဏ်ဂူထဲတွင် သွားရောက်ကာ တစ်ဦးတည်း ကျင့်ကြံအားထုတ်ခဲ့ ပါသည်။ ထိုအချိန်တွင်သူ၏အသက်မှာ အသက်(၄၀)ရောက် ရှိပါသည်။ တစ်နေ့တွင် ဘုရားရှင်ထံမှ ကောင်းကင်တမန်တော်ကြီး ဂါဗေလကိုတွေ့မြင်ပြီး ဂါလထံမှ အလ္လာဟ်ရှင်မြတ်၏ ဗျာဒိတ်တော် ရွှေဉာဏ်တော်နှင့်တရားတော်များကိုရှိခဲ့ပါသည်။ ထိုနောက် မိုဟာ မက်သည် တရားဒေသနာတော် များကို လိုက်လံဟောကြားဖြန့်ချီဖိတ်ခေါ်ခဲ့ပါသည်။

 

အခြေခံယုံကြည်မှုများ

အစ္စလာမ်ဘာသာသည်တစ်ပါးတည်းသောအရှင် ထာဝရဘုရားကိုသာလက်ခံသော တစ်ဆူတည်းဘုရား (Monotheism) ကို ကိုးကွယ်သူများဖြစ်သည်။ တစ်ပါးတည်ဖြစ်ခြင်းကို အရဗီဘာသာ စကားအားဖြင့် သောဝ်ဟီးဒ် (Tawheed) ဟုခေါ်ဆိုပြီး တစ်ပါးတည်းဖြစ်ခြင်း၊ ပြိုင်ဖက်ကင်းခြင်း၊ တုနှိင်း၍မရခြင်းဟု ဆိုပါသည်။ ထိုတစ်ပါးတည်းသော အရှင်ကို အရဗီ ဘာသာအားဖြင့် “အလ္လာဟ်’ဟုခေါ်ဆိုပြီး ဆည်းကပ်အားထားရာ အရှင်ဘုရားဟု အဓိပ္ပါယ်ရ ပါသည်။ သူသည်ခပ်သိမ်းသောအရာကို ဖန်ဆင်းသောဖန်ဆင်းရှင်ဘုရား ဖြစ်သည်။ ကောင်း ကင်တမန်များကို ယုံကြည်ကြသည်။ တမန်တော်ပရောဖက်အားလုံးကိုယုံရသည်။ ကျမ်းမြတ် ကုရ်အာန်ကိုယုံရမည်။ နောက်ဆုံးကမ္ဘာ့ တရားစီရင်ရာနေ့ကို ယုံကြည်ရသည်။ လူသားအား လုံး ရှင်ပြန်ထမြောက်ခြင်းကို ယုံကြည်ကြသည်။ တစ်လောကလုံး ဖြစ်ပျက်သမျှသည်အလ္လာဟ်ရှင်မြတ်၏ အလိုတော်အတိုင်း ဖြစ်ကြောင်းကို ယုံကြည်ကြသည်။ တမလွန်တွင် ကောင်းကင်ဘုံ(ဂျနက်) နှင့် ထာဝရငရဲ (ဂျဟန္ဒာ) ရှိသည်ကို ယုံကြည်ကြသည်။ ဘာသာရေး မဏ္ဍိုင်(၅)ခုကို လက်ခံကျင့်သုံးကြသည်။

(၁) ရှဟာဒါ Shahada သက်သေခံခြင်းကို ပြုရပါမည်။ အမှန်တရားကို သက်သေခံ ခြင်း ဖြစ်သည်။ အလ္လာဟ်ရှင်မြတ်သည် တစ်ဆူတည်းသောဘုရားဖြစ်သည်။မိုဟာမက်သည် အကြီးမြတ်ဆုံးသော တမန်တော်ဖြစ်သည်။

(၂) တစ်နေ့လျှင် ငါးကြိမ်ဝတ်ပြု Salat ရမည်။ အရုဏ်တက်၊ နေ့လည်၊ မွန်းလွဲ၊ နေဝင်ချိန်နှင့် ညအချိန်တို့ဖြစ်သည်။

(၃) မရှိဆင်းရဲသားများ အားပေးလှူခြင်း Zakat ပြုရမည်။ သန့်ရှင်းမှုမှ တိုးပွားခြင်း ဖြစ်သည်။ မိမိဝင်ငွေမှ အသုံးစရိတ်ကိုနုတ်ပြီး ငွေအပိုရှိပါက ယင်းအပိုငွေတစ်နှစ်ပြည့်လျှင် အပုံ ၄ဝ လျှင် တစ်ပုံကို ဆင်းရဲသားများကိုပေးရမည်။

(၄) ဥပုသ်လဖြစ်သော ရာမန်ဒန် Ramadan တွင် တရားတော်နှင့်အညီ ဥပုသ် သီလဆောက်တည်ရမည်။

(၅) ဟာဂျီ Haji ခေါ် မက္ကာမြို့သို့ ခရီးသွား၍ တရားကျင့်ကြံကြရမည်။ တစ်သက် လျှင် တစ်ကြိမ်မျှ ဟာဂျီသွားရမည်။ မက္ကာမြိုတော်တွင် အားလုံးတူညီသောဝတ်စုံကို ဝတ်ကြ ရမည်။ တန်းတူရည်တူ အညီအမျှဆိုသည့်သဘော ဖြစ်သည်။ ထိုသို ဝတ်ပြီးလျှင် ကာဘာKaba ခေါ် အထိမ်းအမှတ် ကျောင်းတော်ကြီးအား ခုနစ်ပတ်မျှ လှည့်ပတ်ကာ တရားရှုမှတ် ခြင်း၊ ရှိခိုးခြင်းနှင့် ကျင့်စဉ်များကို အားထုတ်ရပါသည်။ –

လူသားနှင့်ပက်သတ်၍ အစ္စလာမ်ဘာသာအရ ဖန်ဆင်းခံတိုအနက် လူသားသည် အမြင့်မြတ်ဆုံးဖြစ်သည်။ လူသားသည် အားနည်းတတ်သည့်သဘောမျိုးရှိပြီး အမေ့အမှား မကင်းပါ။ ထိုကြောင့် လူသားသည် ကျဆုံးမှုသို ရောက်ရှိသွားနိုင်ပါသည်။ ထိုအခါ အလ္လာဟ် အရှင်မြတ်က လူသားတိုလမ်းမှားချွတ်ချော်မှုမရှိစေရန် လမ်းညွှန်ကျမ်းကုရ်အာန်ကိုပေးခဲ့ပြီး ထိုလမ်းညွှန်ကျမ်း ကိုနားလည်ရန် ပြညွန်ပေးသော တမန်တော်များကို စေလွတ်ပေးခဲ့ပါသည်။ ထိုထဲတွင် တမန်တော်မွတ်ဟာမက်သည် နောက်ဆုံးတမန်တော်ဖြစ်သည်။ လူသားသည် သိလျက်နှင့် အမှားကိုလုပ်ဆောင်နိုင်သလို မသိဘဲနှင့်လည်း အမှားကိုလုပ်ဆောင်တတ်သည် လည်း ရှိသည်။ အစ္စလာမ်ဘာသာတရား၏ အဆုံးအမအရ မကောင်းမှုကို ပြုလုပ်မိပါက ယခုလက်ရှိဘဝတွင်လည်း အကျိုးဆက်ကိုပြန်လည်ခံစားရမည်ဖြစ်သလို နောင်တမလွန်တွင် လည်း ထိုက်တန်သောအကျိုးဆက် ကို ခံစားရမည်ဖြစ်သည်။ လူသားအားလုံးသည် သေခြင်း တရားကို မြည်းစမ်းရမည်ပြီးနောက် အလ္လာဟ်အရှင်မြတ်ထံသို မလွဲမသွေပြန်ကြရမည် ဖြစ်သည်။

မွတ်စလင်တစ်ဦးသည် စကြာဝဠာအလုံးစုံပျက်သုဉ်းသွားပြီးနောက်တွင် ပြန်လည် ရှင်ပြန်ထမြောက်ပြီး (Resurrection) အလ္လာဟ်ရှင်မြတ်၏ ရှေ့တော်မှောက်တွင် တရားစီရင် ခံယူရန် စုရုံးရောက်ရှိသွားကြရမည်။ အလ္လာဟ်အရှင်မြတ်က ကိယာမသ် ခေါ် ကမ္ဘာ့တရား စီရင်နေ့တွင် လူသားအားလုံး မိမိတိုလုပ်ခဲ့သောအလုပ်များအတိုင်း စစ်ဆေးစီရင်တော်မူပြီး ကောင်းမှုကုသိုလ် ပြုလုပ်ဆောင်ရွက်ခဲ့သူများကို ဂျန္နသ်တည်းဟူသော သုခဘုံသို ပိုဆောင်မည် ဖြစ်ပြီး မကောင်းမှုပြုလုပ်ခဲ့သူများကို ဂဟန္နမ်ဟူသော ဒုက္ခငရဲဘုံသို ပိုဆောင်တော်မူလိမ့် မည်။ မည်သူမဆို လူသားတစ်ဦး၏ အသက်ရှင်သန်ရေးကို ဖေးမကူညီဆောင်ရွက်ခြင်းသည် လူသားထုတစ်ရပ်လုံးအား ဖေးမကူညီဆောင်ရွက်ခြင်းပင် ဖြစ်သည်။ အကြင်သူတစ်ဦးသည် မိမိမတရားခံခဲ့ရမှုနှင့်ပတ်သက်ပြီး သည်းခံခွင့်လွတ်၊ သင်ပုန်းချေ မေတ္တာထားခဲ့မည်ဆိုလျှင် ယင်းသိုပြုမူဆောင်ရွက်ခြင်းသည် အကောင်းဆုံးအမွန်မြတ်ဆုံးသာဖြစ်သည်။ အစ္စလာမ်၌ ဇတ်နိမ့်ဇတ်မြင့်ခွဲခြားခြင်း၊ လူမျိုးရေးခွဲ ခြားခြင်း စသည်တိုကို ပြုလုပ်ခွင့် မရှိသလို လူသား အားလုံးကို တန်းတူမေတ္တာထား၌ ဆက်ဆံရမည်ဟု ပြဌာန်းထားသည်။

 

သာသနာတော်ပြန့်ပွားလာခြင်း

ရှေးဦးစွာ တမန်တော်မိုဟာမက်သည် အလ္လာဟ်အရှင်မြတ်၏အမိန့်တော်ဖြင့် (၃) နှစ်တိုင်တိုင် တိတ်တဆိတ်သိုသိပ်စွာဖြင့် သာသနာကို စတင်ဖြန့်ချီခဲ့သည်။ မိုဟာမက်၏ဟောပြောခြင်းကို ယုံကြည်၍ မွတ်စလင်ဖြစ်လာသူများသည် မိမိတို၏အစ္စလာမ်နှင့်အီမာန် (ယုံကြည်ခြင်း)ကို သူတစ်ပါးကိုပြန်လည်ပို့ချရန် တာဝန်ဝတ္တရားရှိသည်ဟု သတ်မှတ်ခဲ့သည်။ ဤသိုဖြင့် သုံးနှစ်အတွင်း လူ (၃၀)ခန့်သာသနာဝင်ဖြစ်လာခဲ့ပြီး ထိုသူတို၏ဆက်လက်ကြိုး ပမ်းမှုကြောင့် သာသနာတော်သည် တိုးပွားလာခဲ့သည်။ ထိုဒေသတွင် ကနဦးရှိနှင့်ပြီးသား နတ်ဘုရားများ ကိုးကွယ်သောသူများ (ကာဖိရ်) က တစ်ဆူဘုရားကိုးကွယ်သော မွတ် စလင်များကို ညှင်းပန်းနှိပ်စက်မှုများပြင်းထန်လာသဖြင့် သာသနာဝင်အချို့ကို အီသီယိုး ပီးယားပြည် (ဟင်ရှဟ်) သို ပြောင်းရွေ့နေထိုင်ကြရန် ကိုယ်တော် မြတ်က အမိန့်ပေးလိုက် သည်။ ထိုအခါ လူအချိုသည် မက္ကာဟ်မြို ကိုစွန့်လွှတ်၍ ထိုမြိုသိုပြောင်း ရွေ့ခဲ့ကြသည်။ ထိုအဖွဲကို ဦးဆောင်သူများမှာ ဟဇရသ်ဂျက်ဖရ်နှင့် ဟဇရသ်အွစ်မာန်တို ဖြစ်သည်။ ကာဖိရ် တိုသည် အီသီယိုးပီးယားဘုရင်အား မွတ်စလင်တိုကို လက်မခံရန် ကိုယ်စားလှယ်နှစ်ဦးကို လွတ်၍ လက်မခံရန် တိုက်တွန်းခဲ့ကြသည်။ သိုသော် ဘုရင်မင်းမြတ်က နှစ်ဘက်စလုံး သံ တော်ဦးတင်သော စကားများကိုကြားနာပြီး၊ ကာဖိရ်များကို လာရင်းတိုင်းပြည်သိုပြန်စေရန် အမိန့်ပေးခဲ့သည်။ ဘုရင်မင်းကြီးကိုယ်တိုင် အစ္စလာမ်ဘာသာကိုယုံကြည်သက်ဝင်ပြီး အီမာန် ခံယူလိုက်ပါသည်။ ထိုဘုရင်၏အမည်မှာ အဆဟမတ်ဖြစ်ပြီး မူလက ခရစ်ယာန်ဘာသာဝင် ဖြစ်သည်။ မက္ကာဟ်မြိုသူမြိုသားများက မိုဟာမက်၏တရားတော်များကို လက်မခံသည့် အပြင် လှောင်ပြောင် နှောင့်ယှက်ခြင်းများနှင့် ရင်ဆိုင်ရပါသည်။ မိုဟာမက်သည်ဇနီးသည် ခတီဂျဟ်ကွယ်လွန်ပြီးနောက်တွင် နောက်လိုက်နောက်ပါတိုနှင့် မက္ကာဟ်မြိုမှ မိုင် (၂၅၀)ဝေး သော (မဒီနာမြို)သို အေဒီ ၆၂၂ တွင် ပြောင်းရွှေတိမ်းရှောင်ခဲ့ကြသည်။ မဒီနာမြိုသို ပြောင်းရွေ့ရခြင်း၏ အကြောင်းအရင်းမှာ မိုဟာမက်သည် အလ္လာဟ်ရှင်မြတ်၏ တမန်တော် ချုပ်ဖြစ်သည်ဟု ကြေငြာလိုက်သောအခါ မက္ကာဟ်မြို့သူမြို့သားများက သူ့အားစိတ်မနှံသူ အရူးဟု စွပ်စွဲပုတ်ခတ်ကြသော်လည်း၊ တစ်နေ့တစ်ခြားယုံကြည်သူများ တိုးပွားလာသောအခါ မြိုအာဏာရှိများက ထိတ်လန့်စိုးရိမ် လာခဲ့ကြသည်။ ထိုပြင် သူတိုကိုးကွယ်နေသော ရုပ်တု ဆင်းတုများကို ဆန့်ကျင်တော်လှန်နေသဖြင့် လက်ရှိဘာသာရေးခေါင်းဆောင်များက မခံ မရပ်နိုင်အောင် ဖြစ်လာခဲ့သဖြင့် မိုဟာမက်နှင့်အဖွဲဝင်များ ၏ပစ္စည်းများကို သိမ်းယူသည့် အပြင် သေဒဏ်ချမှတ်ခံရခြင်းကြောင့် မဒီနာမြိုသို ပြောင်းရွေ့ခဲ့ ရခြင်းဖြစ်သည်။ ထိုအချိန် တွင် မိုဟာမက်သည် သက်တော်(၅၃)နှစ်ရှိပါသည်။ မဒီနာမြိုသားများက တမန်တော်မိုဟာ မက်ကို ကောင်းစွာ လက်ခံကြပြီး အစ္စလာမ်ဘာသာသို ကူးပြောင်းခဲ့ကြသည်။ ထိုကြောင့် အစ္စလာမ်ဘာသာတွင် မဒီနာသိုပြောင်းသော ခုနှစ်ကို အလွန်အရေးထားကာ မွတ်စလင် သက္ကရဇ်ကို ထိုနှစ်မှ စခဲ့သည်။ ထိုကြောင့် အေဒီ ၆၂၂ သည် မွတ်စလင် အေအိချ် AH ဟစ်ဂျရီ သက္ကရာဇ်(၁) မှ စတင်ခဲ့သည်။ မဒီနာမြိုသည် အစ္စလာမ်နိုင်ငံဖြစ်လာပြီး၊ အေဒီ ၆၃ဝ ဟစ်ဂျရီသက္ကရာဇ် (၈)ခုနှစ်တွင် မက္ကာဟ်မြိုသို ချီတက်သိမ်းပိုက်ခဲ့သည်။ မိုဟာမက် သည် စစ်ကိုလည်း ဦးဆောင်နိုင်သူ ဖြစ်သည်။ နိုင်ငံတော်၏တရားသူကြီးချုပ်လည်း ဖြစ် သကဲ့သို သုခမိန်လည်းဖြစ်သည်။ ထိုနောက်တွင်အာရေဗျနယ်မြေ၌ အစ္စလာမ်သာသနာ တော်သည် ထွန်းကားလာခဲ့ပါသည်။ အေဒီ ၆၃၂ ဇွန်လ (၈) ရက်နေ့တွင် တမန်တော်မိုဟာ မက်ကွယ်လွန်သွားပြီး၊ သူ၏ယောက္ခမဖြစ်သူ အဘူဘက်ခ် (၅၇၃-၆၃၄) သည် အာရေဗျ ဆိုင်ရာအစ္စလာမ်သာသနာ၏ ခေါင်းဆောင် ဖြစ်လာသည်။ ထိုပြင် အခြားသာသနာခေါင်း ဆောင် သုံးဦး၊ ပေါင်းလေးဦးသည် ထိုအချိန်က မွတ်စလင်သာသနာကို ပါရှန်းနှင့် မြောက် အာဖရိကထိ ပြန့်ပွားနိုင်ခဲ့သည်။ ထိုလေးဦးထဲတွင် တတိယခေါင်းဆောင်ဖြစ်သူ အလီအဘ် အဘီတာလစ်ဘ် (၅၉၈-၆၆၁) သည် မိုဟာမက်အမျိုးတူထဲမှ မဟုတ်ခဲ့ပါ။ ထိုကြောင့်နောက် ပိုင်းတွင် အခြားခေါင်းဆောင်နှစ်ဦးတို့နှင့် ကွဲလွဲသွားကြပြီး၊ တစ်ဖွဲက စွတ်နီ Sunnis နှင့် တစ်ဖွဲက ရှီးရိုက် Shiites ဖြစ်သွားကြကာ ယနေ့ထိပင် ကွဲပြားနေကြပါသည်။

 

ကျမ်းစာ

ကုရ်အာန် Quran ဟူသော ဝေါဟာရသည် အရဗီဝေါဟာဖြစ်ပြီး ဖတ်ရွတ်လိုက် နာခြင်းဟု ဆိုပါသည်။ ကုရ်အာန်၏ရေးသားသုံးနှုန်းမှုသည် ရှေးကျသော အာရဗ်စာပေပုံစံ Classical Arabic Literature ဖြစ်ပြီး စာပေဆိုင်ရာ ဖွဲစည်းတည်ဆောက်ထား ပုံမှာ ကာရံပါသောစကားပြေ Ryhmed Prose ပုံစံဖြစ်သည်။ မိုဟာမက်သည် မက္ကာမြို၌နေစဉ် ဟောကြားသော အခန်းပေါင်း (၉၂)ခန်း၊ မဒီနာမြို၌နေစဉ် ဟောကြားသောအခန်းပေါင်း (၂၂)ခန်း စုစုပေါင်း (၁၁၄)ခန်း ခွဲထားပြီး၊ အပိုဒ်ပေါင်း (၆၂၄၀) ပါဝင်သည်။ ကုရ်အာန်ကျမ်းတွင် တိုရာ the Tawrat (Torah) ၊ ဇဗူရ် Zabur or Pslams, to David ၊ အင်ဂျီးလ် the Injil (Evangel or Gospel to Jesus)၊ တာလီမွတ်အစ္စလာမ် (တာလ်မွတ Talmud ) ပြည်တော်ပြန်များ ပြုစုသည့် အုပ်စု (၄)ခုပါဝင်သည်။ တမန်တော်မိုဟာမက်၏ဟောပြောချက် (ဟဒီးစ်) ဩဝါဒတော်များ၊ ဘုရားရှိခိုးခန်းများ၊ ရှေးပညာရှိများ၏ ကဗျာလင်္ကာများ၊ စကားပုံများ ပါရှိပါသည်။

 

မင်္ဂလာဝတ်များ

အစ္စလာမ်ဘာသာဝင်ကလေးငယ်တစ်ယောက်အတွက် မွေးဖွားလာသည်နှင့် တပြိုင်နက် ကလေးငယ်၏အနားသိုကပ်ပြီး အလ္လာဟ်ရှင်မြတ်သည် အကြီးကျယ်ဆုံးဖြစ်တော် မူကြောင်း၊ တမန်တော်မြတ်သည် အလ္လာဟ်ရှင်မြတ်၏ စေတမန်တော်ဖြစ်ကြောင်းကို ရွတ်ဆို ပေးခြင်းဖြင့် မင်္ဂလာတရားတစ်ပါးကို ဆောင်ရွက်ရသည်။ ထိုသိုပြုခြင်းသည် အလ္လာဟ်ရှင် မြတ်၏နာမတော်ကို မိတ်ဆက်အသိပေးလိုက်ခြင်းဖြစ်သည်။ အရဗီဘာသာအားဖြင့် အာဇန် (Invitation ဖိတ်ခေါ်အသိ အမှတ် ပြုသည်)ဟု ခေါ်ဆိုသည်။ မွေးဖွားလာသော ကလေးငယ် သည် ယောက်ျားလေးဖြစ်လျှင် အရေပြားလှီးဖြတ်မင်္ဂလာပြုခြင်း (Circumcision) ဖြင့် သန့်ရှင်းမှုကို စတင်ဆောင်ရွက်ပေးရသည်။ အဘယ်ကြောင့်ဆိုသော် အလ္လာဟ်ရှင်မြတ်က သန့်ရှင်းစင်ကြယ်မှုကိုနှစ်သက်သဘောကျ သောကြောင့်ဖြစ်သည်။ ကလေးငယ်များ ကုရ် အာန်ကျမ်းကို စတင်ဖက်နိုင်သောနေ့ကို ပွဲတစ်ခုအဖြစ် ကျင်းပကြသည်။ အချိန်တန်အရွယ် ရောက်လူလားမြောက်သော် နိကာဟ် ထိမ်းမြားမင်္ဂလာပြုမှုကို မိဘများအုပ်ထိန်းသူများက တာဝန်ယူဆောင်ရွက်ပေးရသည်။ အစ္စလာမ်ဘာသာသည် အိမ်ထောင်ပြုပြီး အိမ်ထောင်မှု ဘဝ တည်ဆောက်ခြင်းကို လမ်းညွန်အားပေးတော်မူသည်။ မင်္ဂလာဆောင်ခြင်းသည် တရား ဝင်သဘောတူသည့်သဘောဖြစ်သည့်အပြင် ဘာသာရေးဆိုင်ရာ ကတိကဝတ်လည်းဖြစ်သည်။ မင်္ဂလာဆောင်ရန်သင့်တော်သော မည်သည့်နေရာတွင်မဆို ဆောင်ရွက်နိုင်သည်။ ဘာသာ ရေးဆရာများ မင်္ဂလာဆောင်အခမ်းအနားတွင် ပါရှိရန်မလိုပါ။

 

ဝတ်ပြုကိုးကွယ်ခြင်း

အစ္စလာမ်ဘာသာဝင်တိုသည် နေ့စဉ် (၅)ကြိမ်ဝတ်ပြုရသည်။ အိမ်မှာတစ်ဦးတည်း ဖြစ်စေ၊ အိမ်သူအိမ်သားများနှင့် စုပေါင်း၍ ဖြစ်စေ၊ သိုမဟုတ် ဗလီဝတ်ကျောင်းတော်သို သွားရောက်ပြီး လူစုလူဝေးနှင့်ဖြစ်စေ ဝတ်ပြုရသည်။ ဗလီကျောင်းတော်များက ထိုဝတ်ပြုချိန် (၅)ကြိမ်ကိုအသံ အားဖြင့် ရွတ်ဆိုဖိတ်ခေါ်ကြသည်။ ထိုသို အသံအားဖြင့် ဟစ်အော်ရွတ်ဆို ဖိတ်ခေါ်ခြင်းကို အရဗီဘာသာအားဖြင့် အာဇန်ဟုခေါ်ဆိုပြီး တစ်နေ့ (၅) ကြိမ် ဖိတ်ခေါ်ရ သည်။ ထိုပြင် သောကြာနေ့မွန်းလွဲပိုင်းအချိန်တွင် တစ်ပတ်တစ်ကြိမ်စုပေါင်းဝတ်ပြုပွဲရှိသည်။ ထိုနေ့တွင် ကလေးလူကြီးအားလုံး ဗလီကျောင်းတော်သို သွားရောက်ဝတ်ပြုရလေသည်။ တစ်နှစ်တွင် အီဒ်ပွဲတော် (၂)ကြိမ်ရှိပြီး ထိုအချိန်များ၌လည်း ဗလီဝတ်ကျောင်းတော်သိုသွားရောက်၍ လူစုလူဝေးဖြင့် စုပေါင်း ဝတ်ပြုရသည်။ အီဒ်ပွဲတော်တစ်ခုမှာ ဥပုသ်ကာမြီးသည့် အထိမ်းအမှတ်အနေဖြင့် ကျင်းပသော အီဒွလ်ဖိတိရ်နှင့်ကျန်တစ်ခုမှာ ဟိုအချိန်ကာလနှင့်တိုက်ဆိုင်ကျင်းပသော အီဒွလ်အဒ်ွ  ဟာပွဲတော် ဖြစ်သည်။ ကျင်းပသောနေ့ရက်များနှင့်ပတ်သက်၍ အင်္ဂလိပ် လများအပေါ် အခြေမခံဘဲ လဝင်လ ထွက်ခြင်းအပေါ်တွက်ချက်ပြီး ကျင်းပရလေသည်။ အီး ဆိုသည်မှာ အရဗိဝေါဟာရဖြစ်ပြီး ပျော်ရွှင်ခြင်းဟုဆိုပါသည်။

 

 

အစ္စလာမ်ဘာသာ၏ဝိသေသလက္ခဏာများ

ဝတ်ကျောင်းတော် – မစ္စဂျစ်(ဒ်) (Masjid (Mosque))

အစ္စလာမ်ဘာသာ၏ ဝိသေသလက္ခဏာများကို ဗလီဝတ်ကျောင်းတော်များတွင် အဓိကအားဖြင့် တွေ့မြင်ရလေသည်။ ဗလီဟု လူသိများသော်လည်း ထိုစကားလုံးသည် အိန္ဒိယတောင်ပိုင်းသားများ၏ တမီ(လ်)ဘာသာနှင့် မောင့် Mosque ဟူ၍ ခေါ်ဆိုကြပါ သည်။ အခြားကမ္ဘာအရပ်ရပ်တွင်မူ ဝတ်ကျောင်းတော်ကို မစ္စဂျစ်(ဒ်) Masjid ဟု ခေါ် ဆိုပါသည်။

လှပဆန်းသစ်သော ဒီဇိုင်များဖြင့် ပုံဖေါ်တည်ဆောက်ကြသည်။ ဗလီဝတ်ကျောင်း တော်တွင် မဖြစ်မနေပါရှိရမည့် သတ်မှတ်ချက်များမှာ

(၁) ဗလီဝတ်ကျောင်းတော်များအားလုံးသည် မက္ကာဟ်မြိုတွင်ရှိသော ကက်ဘာ ကျောင်းတော် ကြီးဖက်သို ဝတ်ကျောင်းတော်၏ နံရံတစ်ဖက်ကို ဦးတည်ပေးရသည်။မြန်မာ နိုင်ငံအတွက်ဆိုလျှင် အနောက်ဖက်အရပ်ဖြစ်သည်။

(၂) ယင်းအနောက်ဖက်နံရံတွင် နံရံကလိုင်ပေါက် (Niche) တစ်ခုကို ပြုလုပ်ထားပြီး ယင်းကို အရဗီဘာသာစကားဖြင့် မဲဟ်ရာမ်း Mihrab ဟု ခေါ်သည်။ဝတ်ပြုသူတိုက မဲဟ် ရာဗ်းဖက်သို့ မျက်နှာမူပြီး ဝတ်ပြုရသည်။

(၃) မဲဟ်ရာမ်း၏ ဘေးဖက်တွင် ပလက်ဖေါင်းလှေခါးအသွင်တစ်ခုရှိပြီး ယင်းကို မိန်ဗဲရ် Minbar ဟုခေါ်ပြီး ယင်းအပေါ်မှနေ၍ တရားဓမ္မကို ဟောကြားကြသည်။

မွတ်ဆလင်တို့သည် ဝတ်ပြုဆုတောင်းရန် အချိန်ကျလာပါက နီးစပ်ရာဗလီသို့ မသွားနိုင်ခဲ့သော် မည်သည့်နေရာမရွေးဝတ်ပြုဆုတောင်းနိုင်သည်။ ဗလီကျောင်းဆောင် အတွင်းသို မဝင်ရောက်မီ ဖိနပ်များချွတ်ခြင်း၊ ခြေလက်မျက်နှာဆေးကြောခြင်းတိုကို ပြုလုပ် ကြရသည်။ အမျိုးသမီးတိုသည် သတ်မှတ်ရာနေရာသီးသန့်တွင်၊ အမျိုးသားများနှင့် မရော နှောဘဲ ကိုးကွယ်ရသည်။ ယနေ့တချို့ နိုင်ငံများတွင်မူ သီးသန့်အခန်းမထားရှိဘဲ ရောနှော၍ ဝတ်ပြုကိုးကွယ်နိုင်သည်။ မက္ကာမြိုတော်ဘက်သို့ မျက်နှာမူပြီး၊ မတ်တက်ရပ်၍လည်းကောင်း၊ ဦးညွတ်၍လည်းကောင်း၊ ဦးခေါင်းနှင့်ကျမ်းပြင်ထိ၍ လည်းကောင်း၊ အနေအထားများစွာဖြင့် တရားရှုမှတ်ဉာဏ်ပွားကာ ဝတ်ပြုကြသည်။ သောကြာနေ့သည် မွတ်စလင်များအတွက် နေ့ထူးနေ့မြတ်ဖြစ်ပြီး အလုပ်ပိတ်ရက်မဟုတ်သော်လည်း နေ့လည်နှင့် မွန်းတည့်၊ ညနေအချိန် များတွင် အလုပ်ပိတ်ဈေးဆိုင်များပိတ်၍ ဘုရားဝတ်ပြုကြသည်။

အစ္စလာမ်ဘာသာ၏ ဗလီဝတ်ကျောင်းတော်များအတွင်း၌ ပန်းချီကားများ၊ ဓါတ် ပုံများ၊ ရုပ်ထုများထားရှိခြင်း မရှိပါ။ ပန်းချီကားနှင့်ပတ်သက်ပြီး ကျမ်းစာများကို အနုပညာ ဆန်ဆန် ပုံဖေါ်ရေးသားထားခြင်းကိုမူ ခွင့်ပြုလေသည်။ ထိုပြင် အလ္လာဟ်အရှင်မြတ်၏ နာမတော်နှင့် တမန်တော်၏အမည်များကို အရဗီဘာသာဖြင့် ပန်းပုထုဆစ်ထားခြင်း၊ ပန်းချီ ရေးထားခြင်းကို ခွင့်ပြုထားသည်။

အစ္စလာမ်ဘာသာတွင်သတ်မှတ်ထားသည့် (၅) ကြိမ်အပြင် နှလုံးသားသန့်စင်ရေး နှင့် အေးချမ်းစေရန် ဉာဏ်ပွား၍ အားထုတ်ရသည့်တရားကျင့်စဉ်ဇိကိရ် (နာမ်မှာ ဉာဏ် ကပ်ရသော ကျင့်စဉ်) ပွားများရာ တရားရိပ်သာများကို ခါန်နေကာဟု ခေါ်ဆိုကြပါသည်။ မိရိုးဖလာလွန် အစ္စလာမ်များ၏ အထက်တန်းတရားကျင့်ကြံအားထုတ်ရာနေရာ ဖြစ်သည်။ တရားပြဆရာ၏ လမ်းညွှန်ချက်ကိုတပည့်အဖြစ် ခံယူကျင့်ကြံအား ထုတ်ရသည့်နေရာ ဖြစ် သည်။ ထိုအစ္စလာမ်တရား တော်ကို ဆူဖီဓမ္မဟုခေါ်သည်။ မိမိတို တရားပြရာဆရာ (သို) သူတော်စဉ်တစ်ပါးပါးကွယ်လွန်သွား၍ မြှပ်နှံထားသည့် ဂူဗိမာန်ကို ဒါ(ရ်)ဂါ ဟုခေါ်သည်။ ထိုဂူဗိမာန်ကိုကိုးကွယ်ရာနေရာအဖြစ် ဉာဏ်နိမ့်သူတို ထင်မှတ်မှားနိုင်သည့်အတွက် ထိုနေရာတွင် တရားအားထုတ်ခြင်းအား အချိုသော သာသနာ့ပညာရှင်များက ကန့်ကွက် ကြသည်။

 

ကြယ်နှင့်လခြမ်း

အစ္စလာမ်ဘာသာ၏ထူးခြားသော ပုံဆောင်မှုမှာ ကြယ်နှင့်ဆန်းဦးစလပုံ ( Star and Crescent) တိုဖြစ်သည်။ ယင်းသည် သင်္ကေတဆိုင်ရာ သရုပ်ဖေါ်ခြင်းတစ်ရပ်သာဖြစ်ပြီး ရှေးဟောင်း အော်တိုမန် အင်ပါယာကြီးတွင် အသုံးပြုခဲ့သောသင်္ကေတတစ်ရပ်ဖြစ်ခဲ့သည်။ ၂ဝ)ရာစုနောက်ပိုင်းတွင် အစ္စလာမ်ဘာသာ၏ သင်္ကေတတစ်ရပ်အဖြစ် တွင်တွင်ကျယ် ကျယ် အသုံးပြုခဲ့ကြသည်။

ဂျီဟာဒ် (Jihad)

ဂျီဟာဒ်သည် အစ္စလာမ် (ငြိမ်းချမ်းရေး)နှင့် မကိုက်ညီသောအတွေးကို တွန်းလှန် ခြင်းမျှသာမဟုတ်။ မိမိ၏နှလုံးသားမှ အကုသိုလ်စိတ်ကို တွန်းလှန်တိုက်ထုတ်ခြင်းဖြစ်သည်။ သာသနာ့ရန်သူများကို စွမ်းစွမ်းတမံ တိုက်ထုတ်တွန်းလှန်ခြင်းသည်လည်း ဂျီဟာဒ်ပင်ဖြစ် သည်။ ဆင်းရဲခြင်းများကို တွန်းလှန်ခြင်း၊ အသိဉာဏ်ကင်းမဲ့ခြင်းများကို တွန်းလှန်ခြင်းစသည့် မကောင်းမှုများမှ ကောင်းမှုသိုတွန်းလှန်ခြင်းများသည် ဂျီဟာဒ်ဟု ခေါ်ပါသည်။ မတရားသည့် အဓမ္မအမှုတိုအား တွန်းလှန်ခုခံကာကွယ်ခြင်းသည်လည်း ဂျီဟာဒ်ပင်ဖြစ်သည်။ အစ္စလာမ် (ငြိမ်းချမ်းခြင်း) ကို ဆန့်ကျင်သူအား ဖယ်ရှာရုံမျှမဟုတ်၊ မင်းစိုးမင်းညစ်ရှေ့၌ အမှန်တရား ဖေါ်ထုတ်ပြောဆိုခြင်းသည်လည်း ဂျီဟာဒ်ပင်ဖြစ်သည်။ မတရားမှုများကိုတိုက်ထုတ်ရန် ရောက် လာသောသူများ၏ မိဘများကို ပြုစုပေးခြင်းကိုလည်း ဂျီဟာဒ်ပင် ဖြစ်သည်။ အမျိုးသမီး တစ်ဦးသည် ဟူဘာဝနာကိုကျင့်ကြံခြင်းသည်လည်း သူမအတွက် ဂျီဟာဒ်ပင်ဖြစ်သည်။

 

ဂိုဏ်းကွဲများ

အစ္စလာမ်ဘာသာတွင် ဂိုဏ်းကွဲ (၃)ခုသည် အထင်အရှား တွေ့ရပါသည်။

(၁) စွတ်နီ Sunnis၊

(၂) ရှီးရိုက် Shiites

(၃) စူလ်ဖိလ် Sufi တို ဖြစ်ကြသည်။

တမန်တော် မွတ်ဟာမက်ကွယ်လွန်ပြီး အရိုက်အရာဆက်ခံရာမှ စတင်ခဲ့ခြင်းဖြစ်သည်။ စွန်နီအုပ်စုသည် တမန်တော်မွတ်ဟာမက်၏သာဝကတပည့်ကြီးများဖြစ်ကြသော ကာလစ်ဒ် Caliph ၃ ဦးမှ စတင်ခဲ့ပါသည်။ ထိုအုပ်စုသည် မွတ်စလင်များတွင် ၈၅ ရာခိုင် နှုန်းရှိပါသည်။ ရှီရိုက်တိုသည် တမန်တော် မွတ်ဟာမက်သားမက်ဖြစ်သူ အလီအား အရိုက် အရာဆက်ခံသူအဖြစ် ဦးဆောင်စေလို သော အုပ်စုဖြစ်သည်။ စူလ်ဖိလ်တိုသည် စွန့်လွတ်ခြင်း နှင့်အတူ သူတော်စင်ကိုဦးစားပေးရာမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ စူလ်ဖိလ်သည် မွတ် စလင်များတွင် အနည်ဆုံး အုပ်စုဖြစ်သည်။ သူတိုသည် ရှေးရိုးဆန်သောသူများဖြစ်သည်။

 

ဘာဟာအီဘာသာ

(Bahai)

 

လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ က ပါရှားပြည် (ယခုအီရန်) မှ စတင်ခဲ့သော ဘာသာ တရားဖြစ်သည်။ မိုင်ဇာအလီမွတ်ဟာမတ် (၁၈၁၉ မှ ၁၈၅၀)ဆိုသူက သူသည် ဘုရားသခင် က ထင်ရှားစေသူဖြစ်သည်ဟု ကြေငြာပြောဆိုကာ ဘတ် Bab ဟူသော အမည်တွင်ခဲ့သည်။ ဘုရားသခင်ထံသို တံခါးဝဟု အဓိပ္ပါယ်ရပါသည်။ သူနောက်တွင် ကမ္ဘာလုံးဆိုင်ရာပညာရှိ ပရောဟိတ်တစ်ဦးပေါ်လာပြီး ထိုသူသည် ကမ္ဘာလူသားအားလုံးနှင့် တစ်သားတည်းရှိမည်ဖြစ် ပြီး ငြိမ်းချမ်းရေးကို ယူဆောင်လာမည်သူဟူ၍ ဟောပြောခဲ့သည်။ သူ၏ဟောပြောချက်များ ကို အစ္စလာမ်ဘာသာဝင်များက အပြင်းအထန်ရှုတ်ချကြပါသည်။ သူ၏သွန်သင်မှုများသည် တဖြည်းဖြည်း ထင်ပေါ်ကျော်ကြားလာပြီး သူနောက်လိုက်သူများစွာရှိလာသောကြောင့် ပါရှားအုပ်ချုပ်သူများကို ထိတ်လန့်စေခဲ့ပါသည်။ ထိုကြောင့် အစိုးရက သူ၏လှုပ်ရှားမှုများကို ပိတ်ပင်တားဆီးကာ၊ နောက်ဆုံးတွင် ဘတ်အား ဖမ်းဆီးကာ ၁၈၅၀ ခုနှစ်တွင် သူအား သတ်ခဲ့ပါသည်။ ၁၃ နှစ်ကြာသောအခါ တွင် မိုင်ဇာဟိုင်ဇန်အလီ Mirza Hysayn Ali က သူသည် ဘက် Bab ဟောပြောခဲ့သောနောက်ပေါ်လာ မည့် ပညာရှိပရောဟိတ်ပင်ဖြစ်သည်။ ထိုသူသည် သူ၏အမည်ကို ဘဟာအူလာ Bahu’u’llah အမည်သို့ ပြောင်းလဲလိုက်သည်။ ၁၈၆၃ ခုနှစ်တွင် ဘဂ္ဂဒက်မြိုတော်ရှိ ရီပန် Ridvan ဥယျာဉ်တွင် ဘဟာအူလာက သူသည် ဘတ်ပြောခဲ့သူဖြစ်ကြောင်း ကြေငြာခဲ့ပါသည်။ ဘဟာအူလာ Bahu’u’llah (the glory of God) ဘုရားသခင်၏ဘုန်းတော်ဂုဏ်တော်ဟု ဆိုပါသည်။ ထိုအမည်အားဖြင့် ဘာဟာအီ Baha’I အမည်တွင်ခဲ့ ပါသည်။ သူသည် ဘဟာအီ ယုံကြည်ခြင်းနှင့်ဆိုင်သော စာအုပ်ကို ရာနှင့်ချီ ရေးသားခဲ့ပါသည်။ ဘဟာအူလာ ကွယ်လွန်သွားပြီးနောက် သူ၏သား အဘိစ်အီဖက်ရ် Abbas Ellendi က ခေါင်းဆောင်အဖြစ် ဆက်ခံခဲ့ပါသည်။ သူ၏အမည်ကိုလည်း အဘထူ ဘဟာ Abdu?]-Baha ဟု အမည်တွင်ခဲ့ပါသည်။ ဘာဟာ၏ အစေခံဟုဆိုလိုပါ သည်။ သူ့ဖခင်၏ အမွေအနှစ်များကို ဆက်လက်ထိန်သိမ်းခဲ့ပြီး ၁၉၂၁ ခုနှစ်တွင် ကွယ်လွန်ခဲ့ ပါသည်။ သူသည်ဘဟာအီယုံကြည်ချက်များကို ဥရောပနှင့် မြောက်အမေရိကနိုင်ငံများသို လှည့်လည်ကာ သာသနာပြုခဲ့ပါသည်။ ထိုနောက်သူ၏သား ဖြစ်သူ ရှိကီရာအီဖက်ရ်က ဆက် လက်ဦးဆောင်ခဲ့ပါသည်။ သူလက်ထက်တွင် ဘဟာအီဘာသာကို တစ်ကမ္ဘာလုံးသိရှိအောင် စွမ်း ဆောင်နိုင်ခဲ့ပါသည်။ ၁၉၅၇ ခုနှစ်တွင် သူကွယ်လွန်ခဲ့ပြီးနောက်၊ ဘဟာအီသာသနာ ၏ခေါင်းဆောင်များကို ရွေးချယ်ကာ တင်မြောက်လာခဲ့သည်။ ထိုရွေးချယ်သောအဖွဲ ကို စကြဝဠာလုံးဆိုင်ရာ တရားမျှတခြင်းအိမ်တော်ဟု အမည်ပေးခဲ့သည်။

 

ယုံကြည်ခံယူချက်

ဘုရားသည်တစ်ဆူတည်းရှိသည်ဟု ခံယူကြပါသည်။ တစ်ဆူတည်းသောဘုရားသည် အားလုံးသော လူသားတို၏ဘုရားပင်ဖြစ်သည်။ အရာခပ်သိမ်းကို ဘုရားသည် တိုက်ရိုက် မဖန်ဆင်းပါ။ ဘုရား၏ဂုဏ်တော်များက ဖန်ဆင်းပါသည်။ ဘုရားသခင်သည် မပြောင်းလဲ သောဘုရား ဖြစ်သည်။ ဘုရားသည် ဖန်ဆင်းခံအရာများနှင့် တိုက်ရိုက်ဆက်သွယ်ဘဲ သူ ၏ဂုဏ်တော်များကသာ ဆက်သွယ်ခြင်းဖြစ်သည်။ လူသားအားလုံးသည် အတူတူပင်ဖြစ် သကဲ့သို ဘုရားဟူသည်လည်း တစ်ဆူတည်းသာဖြစ်သည်ဟု ခံယူယုံကြည်ကြသည်။ တစ်ဆူ တည်းသောဘုရားသည် ဘာသာတရားများထဲမှ အမှန်တရားနှင့်ဆိုင်သော အသိတရားများ ကို ဖွင့်ပြနေသည်။ ဘဟာအီဘာသာ ၏ အဓိကရည်ရွယ်ချက်မှာ ကမ္ဘာလူသားများ ပေါင်း စည်းရေး၊ လူသားချင်းစာနာရေး၊ ကမ္ဘာ့ငြိမ်းချမ်း ရေးကိုဖေါ်ဆောင်ရေးတိုပင် ဖြစ်သည်။ ဘာသာတရားများနှင့် သိပ္ပံတို နောက်ဆုံးတွင် ပေါင်းစည်းသွား ပြီး၊ အတူယှဉ်တွဲ ခရီးဆက် ကြလိမ့်မည်ဟု ယုံကြည်ကြပါသည်။ ဘဟာအီဘာသာသည် ကျားနှင့်မ၊ တန်းတူ၊ တူညီသော အခွင့်အရေးရပိုင်ခွင့် အတူတူပင်ဖြစ်သည်။

 

တမလွန်ဆိုင်ရာခံယူချက်

လူတစ်ဦးသေ ဆုံးသွားပါက သူ၏ဝိညာဉ်သည် စကြဝဠာထဲရှိ ဝိညာဉ်လောကထဲသို့ ရောက်ရှိသွား ပါသည်။ ထိုလောကသည် အချိန်နှင့်နေရာတိုမရှိသော သဘောဆောင်ပါသည်။ ကောင်းကင်နှင့်ငရဲသည် နေရာအဖြစ် တည်ရှိခြင်းမဟုတ်ဘဲ၊ စိတ်ဝိညာဉ်နှင့် သက်ဆိုင်ပါ သည်။ စိတ်ဝိညာဉ်သည် ကောင်းမြတ်စုံလင်ခြင်းရှိလျှင် ကောင်းကင်နှင့်သက်ဆိုင်ပြီး၊ ကောင်းမြတ် စုံလင်ခြင်းကင်းမဲ့ပါက ငရဲပင်ဖြစ်သည်။ ခရစ်တော်ဒုတိယအကြိမ် ကြွလာခြင်း ဖြစ်ရပ် သည် ဘဟာအူလာကြွလာခြင်းပင်ဖြစ်သည်ဟု ယုံကြည်လက်ခံကြသည်။ သူသည် လူသား ယေရှုကဲ့သို အသက်ရှင်ပြီး ဘုရား၏ဘုန်းတော်များ ထင်ရှားစွာရှိပါသည်။ လူတစ်ဦးသည် ပျော်ရွှင်သော အသက်တာဖြင့် ကောင်းမြတ်သောကိုယ်ကျင့်တရားများဖြင့် ဘုရားရှင်ထံသိ ကိုးကွယ် စည်းကပ်မည်ဆိုလျှင် တမလွန်တွင် လွတ်မြောက်ခြင်းကိုရရှိပြီး ငရဲသို မရောက်နိုင် ပါ။ လွတ်မြောက်ခြင်း (ကယ်တင်ခြင်း )သည် အပြစ်တရားအကြောင်းပေါ် မူမတည်ဘဲ၊ လူတစ်ဦး၏ နိမ့်ကျသောစိတ်ထား၊ လူ့အသိုင်းအဝိုင်းကို ပျက်စီးစေသောလုပ်ရပ်များ စသည့် အကြောင်းတရားပေါ် မူတည်ပါသည်။ ဘဟာအီဘာသာသည် ဆရာတော်ဘုန်းကြီးများ၊ မင်္ဂလာ ဝတ်များ၊ ကျင့်စဉ်ထုံးထမ်း များ မရှိပါ။ အလုပ်လုပ်ခြင်းသည်ပင် ဝတ်ပြုကိုးကွယ်သကဲ့သိုပင် ဖြစ်သည်။ ဘာသာဝင်အချင်းချင်း တို၏နေအိမ်များတွင် ဝတ်ပြုဆုတောင်းပွဲများ လုပ်ကြ သည်။ ဘာသာရေးခေါင်းဆောင်ဟူ၍ မရှိပါ။ လူများထဲမှ လေးစားပြီး စာရိတ္တကောင်းသူ တစ်ဦးကို ရွေးချယ်ပြီး ဦးဆောင်စေသည်။ ဝတ်ပြုခြင်းတွင် ကျမ်းစာဖတ်ခြင်း၊ ဆုတောင်း ခြင်း၊ တေးကျူးခြင်းများ ပါဝင်ပါသည်။ သူတိုသည် နေ့စဉ်ဝတ်ပြုကြပါ သည်။ ဘဟာအီခေါ် ဘဟိုက်ဘာသာရေးဆိုင်ရာဝတ်ကျောင်းတော်များကို ကမ္ဘာအနှံ တည်ဆောက်ကြ ပါသည်။ ဘဟာအူလာညွန့်ကြားခဲ့သည့်အတိုင်း ဝတ်ကျောင်းတော်များမှာ ပန်းခြံများ၊ ရေကန်များဖြင့် လှပအောင် တည်ဆောက်ထားကြပါသည်။ ဝတ်ကျောင်း၏မျက်နှာစာမှာ ကိုးခုပါရှိပြီး၊ ထု လုံးပုံ အမိုးအကာဖြင့် ပြုလုပ်ကြပါသည်။

 

ကျမ်းစာ

ဘဟာအီဘာသာ၏ ကျမ်းစာတော် မြတ်မှာ အကြီးမြတ်ဆုံးသောသန့်ရှင်းသော ကျမ်းစာ The Most Holy Book ဖြစ်သည်။ ထိုကျမ်းစာကို ဘဟာအူလာနှင့်သူ၏သား အဗာထူဘဟာတိုက ရေးသားခဲ့ကြပါသည်။ ။

 

 

ဘဟာအူလာ Bahu’ullah ၏ခေတ်သစ်ကြီးအတွက် သစ္စာဩဝါဒတော်များ

၁။ ကမ္ဘာပေါ်ရှိ လူမျိုးအားလုံးတိုကို လူတစ်မျိုးတည်းဟူ၍အမှတ်ပြုရမည်။

၂။ လူတိုင်း လူတိုင်းတိုသည် အမှန်တရားကိုလွတ်လပ်သောစိတ်ဖြင့်ရှာဖွေကြရမည်။

၃။ ဘာသာ သာသနာအားလုံးတို၏ မူလအခြေခံတရသည်အတူတူပင်ဖြစ်သည်။

၄။ သာသနာဟူသည် လူသားအားလုံးတို၏ ညီညွတ်ရေးအကြောင်းအရင်းဖြစ်စေရမည် ၊

၅။ သာသနာသည် လောကဓါတ်ပညာနှင့်လည်းကောင်း၊ ဆင်ခြင်တုံတရားနှင့်လည်းကောင်း ” ကျိုးကြောင်းလျော်ညီခြင်းရှိရမည်။

၆။ ယောက်ျားနှင့်မိန်းမအားအဆင့်အတန်းမခွဲခြား တန်းတူအခွင့်အရေး ရရှိစေရမည်။

၇။ လူတိုင်းလူတိုင်းတို့သည် အယူသီးမှု၊ အမြင်ကျဉ်းမှုတိုကိုပယ်ဖျက်ပစ်ရမည်။ ၈။ ကမ္ဘာငြိမ်းချမ်းရေးအတွက် လူအပေါင်းတို ကြိုးစားလုပ်ဆောင်ကြရမည်။

၉။ မသင်မနေရ ပညာရေးစနစ်ကို ဖန်တီးတည်ထောင်ရမည်။ –

၁၀။ စီးပွားရေး ပြဿနာများကို လောကုတ္တရာနည်းဖြင့် ဖြေရှင်းရမည်။

၁၁။ တစ်ကမ္ဘာလုံးတွင်အသုံးပြုနိုင်သည့် ဘာသာစကားတစ်မျိုးထားရှိရမည်။

၁၂။ ကမ္ဘာပေါ်ရှိ တိုင်းပြည်တိုင်းပါဝင်သည့် ကမ္ဘာ့အဖွဲ့ချုပ်ကြီးတစ်ခုကို ဖွဲစည်းထားရှိရမည်။

 

ဘဟာအီဘုရားကျောင်းတော်ကြီးများ၏အဝင်တံခါးပေါက် (၉)ခုတွင် ကဗ္ဗည်းထိုးထားသော နှုတ်ကပတ်တော် ၉ ချက်

၁။ ဤကမ္ဘာသည်တစ်ခုတည်းသော တိုင်းပြည်ဖြစ်၍ လူသားအားလုံးတိုသည် ၄င်း၏တိုင်းသူ

ပြည်သားများသာ ဖြစ်ကြသည်။

၂။ ငါအရှင်အချစ်မြတ်နိုးဆုံးသောအရာကား တရားမျှတမှုဖြစ်သည်။ ငါအရှင်အား အလိုရှိပါက တရားမျှတမှုမှ သွေဖယ်၍မသွားပါနှင့်။

၃။ ငါ၏ချစ်ခြင်းမေတ္တာသည် ငါ့ခံတပ်ဖြစ်၏။ အကြင်သူသည် ၄င်းအတွင်းသိုဝင်လျှင် လုံခြုံ ပြီး အန္တရာယ်ကင်းမည်။

၄။ သင်ကိုယ်တိုင် အပြစ်မကင်းသမျှ ကာလပတ်လုံး သူတစ်ပါး၏အပြစ်အနာအဆာကို စိုးစဉ်းမျှ ထုတ်ဖော်ပြောဆိုခြင်းမပြုလေနှင့်။

၅။ သင့်နှလုံးသားသည် ငါအရှင့်အိမ်တော်ဖြစ်၏။ ငါအရှင်ဆင်းသက်တော်မူရန် ၄င်းအား သန့်ရှင်းစင်ကြယ်အောင်ထားလော့။

၆။ သေခြင်းတရား (မရဏ) သင်ထံသို့လာခြင်းသည် ဝမ်းမြောက်ခြင်း၏စေတမန်လာသကဲ့သို ငါအရှင်သည် စီမံတော်မူ၏။ အသင်သည် သေခြင်းတရားကိုတွေ့ပြီး အဘယ့်ကြောင့် စိတ်ပျက်ဝမ်းနည်းနေသနည်း။ ။

၇။ ငါအရှင်၏ ကမ္ဘာတွင် ငါအရှင်အား ဖေါ်ကျူးလော့။ သိုမှသာငါအရှင်၏ ကောင်းကင်ဘုံတွင် ငါ့အရင်အသင့်အား အမှတ်ရနိုင်ပေမည်။

၈။ အို.. ကမ္ဘာ့လူချမ်းသာတို၊ အသင်တို့၏ အလယ်တွင်ရှိသော သူဆင်းရဲများကား ငါ့အရှင် အသင်တိုအထံ အပ်နှံထားသည့် ဘဏ္ဍာရတနာများပင်ဖြစ်လေသည်။ အရှင် အပ်နှံထားသူများကို စောင့်ရှောက် ကြကုန်လော့။

၉။ အားလုံးသော အတတ်ပညာများ၏ အရင်းအမြစ်မှာ ဘုရားရှင်အား သိခြင်းပင် ဖြစ်လေသည်။ ကိုယ်တော်၏ ဘုန်းကျက်သရေတော်သည် ကြီးမြတ်တော်မူပါသည်။

 

ပွဲတော်များ

ဘဟာအူလာ၏ကြွေးကြော်သည့်နေ့ကို အထိမ်းအမှတ်အဖြစ် (၁၂) ရက်တိုင်တိုင် ပွဲကျင်းပကြ သည်။ ဘဟာအီခေါ် ဘဟိုက်ဘာသာရေးပြက္ခဒိန်အရ မတ်လ (၂၁) ရက်နေ့ သည် နှစ်သစ်ကူးနေ့ဖြစ် သည်။ နွေဦးရာသီပထမရက်လည်း ဖြစ်သည်။ ဘတ်၏မွေးနေ့ကို လည်း ပွဲတော်ကျင်းပကြပါသည်။

 

 

ဟိန္ဒူဘာသာ

(Hinduism)

 

ဟိန္ဒူဘာသာသည် ကမ္ဘာပေါ်တွင် ရှေးအကျဆုံးဘာသာတစ်ခုဖြစ်သည်။ ဟိန္ဒူနှင့် အင်ဒိယန်း (Indian) (ခ) အိန္ဒိယလူမျိုးတိုသည် အိန္ဒုမြစ်ဝှမ်းကို Indus Valley အစွဲပြု၍ ဆင်းသက်လာသောဝေါ ဟာရများ ဖြစ်သော်လည်း၊ ဟိန္ဒူဘာသာသည် ထိုအစွဲပြုထားသော မြစ်အမည်ထက်ပင် ရှေးကျပါ သည်။ ဟိန္ဒူဘာသာ၏ အစမူလအမည်ရင်းမှာ အာယဓမ္မ (Arya Dhamma)ခေါ် အာယာကျင့်စဥ် (Aryan Way)အဖြစ်ထင်ရှားခဲ့ပါသည်။ အိန္ဒိယ လူမျိုးများနေထိုင်သော နိုင်ငံကို အိန္ဒိယနိုင်ငံဟု ခေါ်ဆိုခဲ့သည်။ ထင်ရှားသောကမ္ဘာဘာသာ တရားများထဲတွင် ဟိန္ဒူဘာသာ၊ ဂျိန်းဘာသာ၊ ဗုဒ္ဓဘာသာနှင့် ဆစ်ခ်ဘာသာတိုသည် အိန္ဒိယ နိုင်ငံတစ်ခုထဲတွင် ပေါ်ပေါက်ခဲ့ပါသည်။ ဟိန္ဒူဘာသာသည် ပေါ်ပေါက်ခဲ့ သော နှစ်ကာလကို တိတိကျကျ ပေးထားသောသာဓကများ မတွေ့ရပါ။ ဟိန္ဒူဘာသာကို တည်ထောင် သူဟူ၍ အမည်နာမ မရှိခဲ့ပါ။ ဘီစီ ၃၀၀၀ ခန့်တွင် အင်ဒိုဥရောပအနွယ်မှ ဆင်းသက်လာသော အာရိယာန်လူမျိုးတိုသည် ပါရှားပြည် (ပေရသိ) ယခု အီရန်နိုင်ငံသို ရွှေ့ပြောင်းလာရာ အချိုတို့သည် ထိုဒေသတွင် ဝင်ရောက်နေထိုင်ကြသည်။ အချိုတိုသည် ဆက်လက်ဆင်းလာ ကာ အိန္ဒိယပြည်သို ပြန့်နှံဝင်ရောက်လာခဲ့သည်။ ထိုအချိန်တွင် အိန္ဒိယတွင် တိုင်းရင်းသားဖြစ် ကြသော ရဝိဒ် (ဓရာဗီဒီယန် Dravidians) များရှိနှင့်ပြီး ဖြစ်သည်။ သူတိုသည် ရေမြေတော တောင်နှင့် နတ်ဘုရားများကို ကိုးကွယ်ကြသည်။ အာရိယာန်များ ထိုဒေသသို ဝင်ရောက် လာရာ ထိတွေ့မှုများဖြစ်ခဲ့ပြီးနောက်ဆုံး တွင် ပေါင်းစည်းသွားခဲ့ကြသည်။ အိန္ဒိယပြည်သို ဝင်ရောက်လာသော အာရိယာန်များသည် သူတိုနှင့် အတူ နတ်ဘုရားများကိုးကွယ်မှုပါလာပြီး၊ ထူးခြားသည်မှာ သူတို့သည် ဂါတာမန္တာန်များနှင့် ပူဇော်ပသခြင်းများ စသည့်အတက်ပညာ များ ပါလာကြပြီး၊ ၄င်းတို၏အဆင့်မြင့်နတ်ဘုရားများနှင့် ဒေသခံတို၏ နတ်ကိုးကွယ်မှုများ ရောယှက်သွားကာ ဝေဒနတ်ဘုရားခေတ်(ခ)မန္တာန်ခေတ်ဟူ၍ ပေါ်ပေါက်ခဲ့ပါသည်။ သမိုင်း ပညာရှင်များကထိုခေတ်ကို (ဝေဒခေတ် the age of Veda) ဟု ခေါ်ဆိုခဲ့ပါသည်။

 

‌ဝေဒခေတ် (the age of Veda (BC 3000-2000))

ထိုခေတ်ကနတ်များကို နေရာဌာနအလိုက် အုပ်စု(၃)စုခွဲကာ စနစ်တကျ ပူဇော်ပသ ကိုးကွယ်ကြသည် အုပ်စုတစ်စုလျှင် နတ်ဘုရား (၁၁) ပါးကျစီပါဝင်ပြီး အောက်ပါအတိုင်း ခွဲခြားထား ပါသည်။

 

ပထမအုပ်စု

ပထဝီဌာနိကနတ်များဖြစ်သည်။ ထင်ရှားသောနတ်များမှာ ပထဝီ(မြေ)နတ်၊ အဂ္ဂိုနိ (မီး)နတ်၊ ယမ(သေရည်)နတ်၊ သောမ (သေရက်)နတ်တိုဖြစ်သည်။

ဒုတိယအုပ်စု

အန္တလိက္ခဌာနိက နတ်များဖြစ်သည်။ ထင်ရှားသောနတ်များမှာ ဣန္ဒာ (သိကြား) နတ်၊ ဝါယု(လေ)နတ် ၊ပဇ္ဇန္ဒ(မိုး)နတ်၊ အာပေါ (ရေ)နတ်တို့ဖြစ်သည်။

တတိယအုပ်စု

ဒျူဌာနိကနတ်များဖြစ်သည်။ ထင်ရှားသောနတ်များမှာ သူရိယ (နေ)နတ်၊ ဥဿာ (အာရုဏ်ဦး) နတ်၊ ရာတြိ (ည)နတ်တို့ ဖြစ်သည်။

ယင်းနတ်များနှင့်ပတ်သက်၍ ပူဇော်ပသကိုးကွယ်ရာတွင်လည်း စနစ်တကျရှိစေရန် လုပ်ထုံးလုပ်နည်းများ ရေးဖွဲထားသောကျမ်း (Sacrificial Literature) ဝေဒကျမ်း (၄) ကျမ်းရှိသည်။

 

၁။ ဣရုဝေဒ (ခ) ရိဂ်ဝေဒကျမ်း ( Rig Veda)

ဤကျမ်းများသည် နတ်များ၏ဘုန်းတော်၊ ဂုဏ်တော်၊ ကျေးဇူးတော်များကို ရေးဖွဲ ထားသော ကျမ်း ဖြစ်သည်။

၂။ ယဇုဝေဒကျမ်း (Yazur Veda)

ဤကျမ်းများသည် နတ်များပူဇော်ရာ၌ ဆိုင်ရာပိုင်ရာအလိုက် စနစ်တကျ ယဇ်ပစ္စည်း အစား အလိုက်သတ်မှတ်၍ ပူဇော်ပသသည့်နည်းစနစ်များ ရေးသားထားပါသည်။

၃။ သာမ ဝေဒ ( Sama Veda)

ဤကျမ်းမှာနတ်များကိုပူဇော်ပသရာတွင် သာယာငြိမ့်ညောင်းသော ဂီတနှင့် တူ ရိယာများ အသုံးပြုပုံများ စီစဉ်ရေးဖွဲထားသောကျမ်းဖြစ်သည်။

၄။ အာတဗ္ဗဏဝေဒ (Atharia Veda)

ဤကျမ်းသည်တေးဂီတများဖြင့် သီဆိုချီးမွမ်းရာ၌ အသံ၏စွမ်းပကားထက်မြက် စေရန် ဌာန်ကရိုဏ်း၊ ပယတ်တိုဖြင့် ဂါထာမန္တာန်များကိုရွတ် ဆိုတတ်ရန် သံစဉ်(သံပုံ)များ စီရင်ရေးထားရာကျမ်းဖြစ်သည်။

အထက်ပါကျမ်းများကို ဖန်ဆင်းရှင်ဘုရားသခင်က ပိုချသည့်အတိုင်း သူတော်စင် တိုက ရေးသားစီရင်ကြသည်။ ထိုကျမ်းများသည် တစ်ဆူတည်းသောဘုရား၏ နှုတ်ကပတ်တော်ကျမ်းပင် ဖြစ်သည်။ ထိုဘုရားမှာဗြဟ္မာ (Brahma) ပင် ဖြစ်သည်ဟု ယုံကြည်လက်ခံ ခဲ့သည်။ ဗြဟ္မာသည် နတ်ဘုရားအပေါင်းတို၏ အချုပ်အချာဖြစ်ပြီး ဖန်ဆင်းရှင် Creator လည်းဖြစ်သည်။ ဝေဒခေတ်ပြီးနောက် ဗြဟ္မဏခေတ်ဖြစ်ပေါ်လာပါသည်။

 

ဗြဟ္မာဏခေတ် (the Age of Brahmanas (BC 1200-1000)

နတ်ဘုရားများကို ကိုးကွယ်ရာမှနောက်ပိုင်းတွင် အရာခပ်သိမ်း၏ အချုပ်အချာဖြစ် သည့် အကြီးဆုံးအမြင့်ဆုံးတစ်ဆူတည်းသော ဗြဟ္မာဏကို ကိုးကွယ်လာကြသည်။ ထိုခေတ်ကို ဗြဟ္မာဏခေတ်ဟု ခေါ်တွင်ပြီး၊ ယဇ်ပူဇော်မှုကိုလည်း အလွန်ခမ်းနားသိုက်မြိုက်စွာ ကျင်းပ ကြပါသည်။ ဖန်ဆင်းရှင်ဘုရားသည် အနန္တဝိညာဉ်တော်ကြီးဖြစ်ပြီး၊ ထိုဝိညာဉ်တော်ကြီးသည် အစလည်းမရှိ၊ အဆုံးလည်းမရှိ နိစ္စထာဝရတည်တော်မူသည်။ ထိုဝိညာဉ်တော်ကြီးတွင် ဗြဟ္မာ၊ ဗိဿနိုး၊ သီဝဟူ၍ ပုဂ္ဂိုလ်သုံးပါး ပါဝင်နေသော်လည်း တစ်ဆူတည်းသောဖန်ဆင်းရှင်၏ နိမ္မိတရုပ်ပွားများသာဖြစ်ပြီး တစ်လုံးတစ်ဝတည်းဖြစ်သည်။ ထိုနိမ္မိတရုပ်ပွားများသည် သီး ငှားလုပ်ဆောင်ချက်များရှိပါသည်။ နိမ္မိတရုပ်ပွားများသည် အောက်ပါအတိုင်းဖြစ်သည်။

 

ဗြဟ္မာ (Brahma)

သူသည် လောကနှင့် လူသတ္တဝါအားလုံး ဖန်ဆင်းသည်။ သူ၏ ကြင်ယာတော်သည် သူရဿတီမယ်တော် ဖြစ်သည်။ လူတိုအား အသိပညာ၊ ဉာဏ်အလင်းရောင်ကိုပေးပြီး၊ ဝေဒကျမ်းကို စောင့်ရသည်။

 

 

 

ဗိဿနိုး (Vishnu)

သူသည် ဖန်ဆင်းခံလောကကြီးနှင့် လူသားများ၏ ကောင်းမှုလိုက် တိုးတက်ကြီးပွား ချမ်းသာရေးကို ကူညီမစရသည်။ လိုအပ်ပါက လောကသိုဆင်း၍ (အဝတာရ လူ့ဇာတိခံ ယူသော ဘုရားအဖြစ် ခံယူကာ လမ်းမှားရောက်နေသူများကို ကောင်းကင်ဘုံသိုရောက်သော တရားနည်းလမ်းများဖြင့် ပြသကူညီမစခြင်းများကို ပြုလုပ်ပေးပါသည်။ သူ၏ ကြင်ယာတော်သည် လက္သမီးဖြစ်ပြီး၊ လူကောင်းသူကောင်းများကို စောင့်ရှောက်လျှက် ထိုသူတို၏ ကြီးပွားချမ်းသာရေးကို ကူညီမစသူဖြစ်သည်။

 

သီဝ (Siva)

သူသည် လူတို၏ ဒုစရိုက်မကောင်းမှုလိုက်၊ ပြစ်ဒဏ်ပေးခြင်း၊ ဖျက်ဆီးခြင်းအမှုတိုကို ပြုရသည်။ သူ၏ကြင်ယာတော်သည် ပါရာမတီ-ပဗ္ဗတီ ဖြစ်သည်။ ဒုစရိုက်သမားများ၏ အဖျက် အမှောက်လုပ်ငန်းများကို ဖျက်ဆီးသည့်အလုပ်များကို လုပ်ကိုင်သူဖြစ်သည်။

အထက်ပါဘုရားများဖြစ်သော ဗြဟ္မာ (Brahma) ၊ ဗိဿနိုး (Vishnu) ၊ သီဝ (Siva) တို့သည် တစ်ဆူတည်းဖြစ်သည်။ ထိုကဲ့သို တစ်ဆူတည်းဖြစ်ခြင်းကို ဣတ္ထုရား (ခ) ပရမေးသျွှရား ဟု ခေါ်ဆိုပါသည်။ အလုံးစုံသော တန်ခိုးတော်အနန္တနှင့်ပြည့်စုံပြီး၊ ပုံဖေါ်၍မရ အမြဲထာဝရ ဖြူစင် မှန်ကန်နေပြီး စက်(သ်) (ခ) သစ္စာတရားသာလျှင်ဖြစ်သည်။

 

အရညကခေတ်နှင့်ဥပနသျှခေတ် (BC 1000- BC 600)

အသိပညာထူးရရှိရန် ဗြဟ္မာဏအချိုတိုသည် တောအရပ်သိုဝင်၍ ဆိပ်ငြိမ်ရာနေ ရာကိုရှာပြီး ထိုအရပ်၌ပင် တရားထိုင်ခြင်း၊ တရားဘာဝနာပွားများခြင်း၊ ပြင်းထန်သော ယောဂကျင့်စဉ် ကမ္မဌာန်းထိုင်ခြင်းစသည့် အကျင့်တရားများဖြင့် အသိထူးကိုရှာကြသည်။ ထိုကဲ့သို ကျင့်စဉ်ဖြင့် အသိထူးရှာသောခေတ်သည် အရညကခေတ် ဖြစ်လာပါသည်။ ထိုသို ကျင့်ကြံအားထုတ်ရာ မှရရှိခဲ့သော အသိဉာဏ်သည်သာမညမဟုတ်၊ ဗြဟ္မာ၏ သဘော သဘာဝကိုသိသောဉာဏ် (သို) အတ္တာမကိုသိသောဉာဏ်ထူးဖြစ်သည်ဟု ကြွေးကြော်ဟောပြောသောပုဂ္ဂိုလ်ကြီးများ ပေါ်လာခဲ့သည်။ ထိုသူများထံသို့ ချဥ်းကပ်၍ တပည့်ခံကာ အလုပ်အကျွေးပြုခါ ပညာဉာဏ်ကို ရှာမှီသော ခေတ်ထွက်ပေါ်လာပါသည်။ ထိုခေတ်ကို ဥပနိသျှဒ် ခေတ်၊ ဆရာ့အနီး၌ထိုင်ကာ အသိဉာဏ်ပညာကို ရှာခြင်းဟု ဆိုပါသည်။

 

ယုံကြည်ခံယူချက်များ

ဘုရားသည် အဆုံးစွန်ဆုံးအမှန်တရား Absolute Reality ဖြစ်သည်ကို လက်ခံကြ သည်။ ပုဂ္ဂိုလ်သဘောမဟုတ် အကြွင်းမဲ့ဥဿုံဖြစ်သည်။ God is impersonal. ထိုပြင် ဘုရား သည်ပုဂ္ဂိုလ်သဘော God is personal ဖြစ်သည်ကိုလည်း လက်ခံပါသည်။ ထိုကြောင့် ဟိန္ဒူ ဘာသာသည် ဒိဝါဒ Duality ကို လက်ခံသူများဖြစ်သည်။ လူသားတိုသည် သံသရာလည်ခြင်း ပြန်လည်မွေးဖွား Rebirth ခြင်းရှိသည်ကို လက်ခံကြသည်။ လူသည် နောက်ဆုံးတွင် ဘုရား နှင့် ပြန်လည်ပေါင်း စည်းသွားခြင်း သံသရာမှ လွတ်မြောက်မှု Liberation (Moksha)ရှိသည် ကို လက်ခံကြပါသည်။ တစ်နည်း လူ၏ရည်မှန်းချက်ပန်းတိုင်မှာ ဘုရားအဖြစ်သို ဝင်စားခြင်း ဖြစ်သည်။ ဘုရားကဲ့သို ချည်နှောင်ခြင်းမှလွတ်မြောက်ပြီး၊ ပြောင်းလဲခြင်းကင်းသော သုခ စည်းစိမ်သို ဝင်စားခြင်းဖြစ်သည်။ ဤသိုဝင်စားနိုင်ရန် ကျင့်စဉ်တစ်ခုတည်းကိုသာ (သို့) ကျင့်စဉ်အားလုံးကို လိုက်လျှောက်ခြင်းဖြင့် ရောက်ရှိနိုင်ပါသည်။ ဘုရား၊ လူ၊ တိရစ္ဆာန်နှင့် စကြဝဠာတို အားလုံးသည် တစ်ခုတည်းဖြစ်ခြင်းကို လက်ခံကြသည်။ လူသည် ဖန်ဆင်းခံဖြစ် ခြင်းထက် ဘုရားနှင့်တစ်လုံး တစ်တည်းဖြစ်ခြင်းကို လက်ခံကြသည်။ လူသားတိုင်းသည် လောကတွင် အလုပ်နှစ်ခုနှင့် ပြည့်စုံရမည်ဟု ဟိန္ဒူတိုက လက်ခံကြသည်။ လောကတွင် လူသည် သာယာနှစ်သက်ခြင်းနှင့် ပျော်ရွှင်ချမ်းသာခြင်း စသည့် ဘဝဆန္ဒနှင့်ပြည့်စုံသော path of desire ဖြစ်ရေးသည် ပထမအလုပ်ဖြစ်ပြီး၊ ဒုတိယအလုပ်မှာ တရားရရှိရန် စွန့်လွှတ် ခြင်းအလုပ် path of renunciation ကို လုပ်ရပါမည်။ ဟိန္ဒူတို့သည် ဘဝတွင် အဆင့်(၄) ဆင့်ရှိရမည်ကို လက်ခံကြသည်။

(၁) ဓလေ့ရိုးရာများကိုလေ့လာခြင်း၊

(၂) ဥစ္စာရှာ၊ အိမ်ထောင်ပြုခြင်းနှင့်ပတ်ဝန်းကျင်တိုးတက်အောင်ပြုခြင်း၊

(၃) တရားဓမ္မဆိုင်ရာ စိတ် ဝိညာဉ်တိုကို လေ့လာခြင်း ၊

(၄) မိသားစုစည်းစိမ်ဥစ္စာတိုကိုစွန့်လွှတ်ပြီး ရသေ့ရဟန်းအဖြစ် ကျင့်ကြံသွားလာခြင်း စသဖြင့် တွေ့ရပါသည်။

 

အပြစ်တရားများ

(၁) ဟိန္ဒူဘုရားရှင်များ၏ ဆိုဆုံးမမှုကို မလိုက်နာလျှင် အပြစ်ဖြစ်၏။

(၂) ငါးပါးသီလတော်မြတ်ချိုးဖောက်လျှင် အပြစ်တရားမည်၏။

(၃) “ဟိန်သ’အကြမ်းဖက်ခြင်းသည် ကြီးလေးသော အပြစ်ဖြစ်၏။

(၄) မိမိကြောင့် သူတစ်ပါးဒုက္ခရောက်စေလျှင် အပြစ်မည်၏။

(၅) “ပါပ(သ်)” အကုသိုလ်များကျူးလွန်လျှင် အပြစ်ဖြစ်သည်။

(၆) သူတစ်ပါးအပေါ် ကောက်ကျစ်သော စိတ်ယုတ်နိမ့်သော စိတ်များထားလျှင် အပြစ်မည်၏။

အထက်ဖော်ပြပါအချက် ခြောက်ချက်စလုံးကို ကိုယ်၊ နှုတ်၊ စိတ်တိုဖြင့် မပြစ်မှား မိအောင် ဟိန္ဒူတို့သည် ရှောင်းရှားရမည်ဖြစ်သည်။

 

ကန့်ကွက်ခံရသောခေတ် (The Age of Protest 600 -200 BC)

ဘီစီ ၆ဝဝ တွင် ဂျိန်းဘာသာနှင့် ဗုဒ္ဓဘာသာတိုသည် ဟိန္ဒူဘာသာအတွင်းမှ ပေါ်ထွက်လာပြီး၊ မူလဘာသာကို ကန့်ကွက်ခဲ့ကြသည်။ လူ၏အန္တိမ အဆုံးစွန်သော ပန်းတိုင် မှာ မိမိကိုယ်ကိုသိရမည်၊ ဘုရားထံဘုန်းဝင်စားခိုလုံမှုထက် ကိုယ့်ကိုယ်ကို စောင့်ထိန်းပြီး ပြည့်ဝစေရန်နှင့် ကျင့်စောင့်ရမည်ဟု ထိုဘာသာများက သွန်သင်ခဲ့ကြသည်။ လူသည် ကိုယ် ကျင့်တရားနှင့် ကိုယ့်လိုအင်လောဘတိုကို ထိန်းသိမ်းစောင့်ရှောက်နိုင်မှသာ ဘဝ၏ပန်းတိုင် ကို ဆွတ်ခူးနိုင်မည်ဟု ဆိုခဲ့ကြပါသည်။ ထိုဘာသာ နှစ်ခုသည် ဝေဒခေတ်အယူအဆ ပြင်းထန် လွန်ကဲမှုကို ဆန့်ကျင်သည့် လှုပ်ရှားမှုများကို လုပ်ဆောင်ခဲ့သည်။ အိန္ဒိယပြည်၏ ပြည့်ရှင် အာသောကမင်းကြီးလက်ထက်တွင် ဗုဒ္ဓဘာသာသည် လျှမ်းလျှမ်းတောက် ကျော်ကြားအောင် မြင်ခဲ့သော်လည်း၊ ဟိန္ဒူယုံကြည်မှုနေရာကို အောင်မြင်စွာ အစားထိုးရန် မတတ်စွမ်းနိုင်ခဲ့ပါ။ ဗုဒ္ဓဘာသာသည် အိန္ဒိယပြည်၌ နောက်ဆုံးတွင် မှေးမှိန်ခဲ့ရပါသည်။ ဟိန္ဒူဘာသာ၏ မူလ အယူအဆများသည်လည်း စိန်ခေါ်ခြင်းခံရပါသည်။ ဟိန္ဒူဘာသာ၏အကျင့်ဓ လေ့၊ ထုံးစံနှင့် ကိုးကွယ်မှုများကိုလည်း မေးခွန်းထုတ်ခြင်းခံခဲ့ရပါသည်။ သိုသော် ဟိန္ဒူဘာသာ၏ အုတ်မြစ် ကား ယိုင်လဲခြင်းမရှိခဲ့ပါ။ ဟိန္ဒူဘာသာသည် နောက်ဆုံးတွင် ဗုဒ္ဓဘုရားကို ဟိန္ဒူဘုရားများ အနက် တစ်ပါးအပါအဝင်အဖြစ် ကိုးကွယ်ခဲ့ကြသည်။

 

ဂန္ဓဝင်စာပေနှင့် ပုရာဏစာပေများခေတ်

The Age of Epics and Puranas (200 BC-AD 1000)

ဤခေတ်တွင် ရှေးကျမ်းဂန်များဖြစ်သည့် ရာမယဏကျမ်းနှင့် မဟာဘာရတကျမ်းများသည် ဟိန္ဒူဘာသာတိုးတက်စေရန် အရေးကြီးသောကဏ္ဍမှပါဝင်ခဲ့သည်။ ဥပါတ်နိသျှ ကျမ်းများ၏ စိတ်ကူးအယူအဆများနှင့် သဒ္ဓါတရားများသည် ဂန္ဓဝင်လင်္ကာဝတ္ထုများ အသွင် သို ပြောင်းလဲခဲ့သည်။ ဤစာပေများကြောင့် လူတိုင်း၏စိတ်ကိုဆွဲဆောင်၍ စိတ်ကူးစိတ်သန်း များကို တိုးပွားစေပါသည်။ မမြင်နိုင်သောဘုရားသည် လောကသိုကြွဆင်းလာသည်ကို လက် ခံလာကြသည်။ ဘဂဝဂီတနှင့်ကျမ်းစာများထဲတွင် ကရစ်သျှနာဘုရားသည် ထာဝရဘုရားဖြစ်ကြောင်းနှင့် အလုံးစုံတို့၏အရှင်သခင်ဖြစ်ကြောင်း ဖော်ပြထားသည်။ လူဉာဏ်ဖြင့်မမီ၊ မြင်နိုင် စွမ်းမရှိသောဘုရားသည် ဖြောင့်မတ်သူများကိုကယ်တင်ရန်လည်းကောင်း၊ မိုက်မဲသူများကို ဖျက်ဆီးရန်နှင့် ဓမ္မတရားစစ်ကိုဆောက်ဆည်းရန်လည်းကောင်း လောကသိုကြွလာမည်ဟူ၍ ကရစ်သျှနားကမြွတ်ဆိုခဲ့သည်။ ဟိန္ဒူတို၏ယုံကြည်ချက်တွင် သုံးပါးတစ်ဆူဘုရားသဘော ကို တွေ့ရပါသည်။ ဗြဟ္မာ (Brahma) ဖန်ဆင်းရှင်ဘုရား ဗစ်ရှ်နု (vishnu) ကွယ်ကာပေးသော ဘုရား၊ သီဝ(Siva) ဖျက်ဆီးသောဘုရားဟူ၍ သုံးပါးတစ်ဆူဘုရားကို တွေ့ရပါသည်။ လင်္ကာ ကဗျာများ (ပုရာဏ) သည် ဘုရားများ၏အကျင့်တရားများ၊ သူရဲကောင်းများ၏ မတရားမှု များကို အနိုင်ယူခြင်းနှင့် သန့်ရှင်းသူများ၏ ကြွယ်ဝသောအသက်တာများအကြောင်း ဖော်ပြ ထားသည်။ ပုရာဏကျမ်းလင်္ကာ များတွင် သစ္စာတရား(၁၈)ပါး ရှိပါသည်။ အထက်ပါ ဘုရား သုံးပါး၏သစ္စာတရားများဖြစ်သည်။ ထိုနောက်ပိုင်းတွင် ဘဂဝ ဂီတပုရာဏဟူ၍ ပေါ်ပေါက် လာသည်။ ဟိန္ဒူဘာသာဝတ်ပြုမှု စာပေကျမ်းဂန်တွင် သီးခြား ထင်ရှားသောစာပေကျမ်းဂန် ဖြစ်သည်။ ထိုကျမ်းတွင် ကယ်တင်ခြင်းဆိုင် ရာအာရုံပြုခြင်းများနှင့် လူတိုင်းစိတ်ဝိညာဉ်ခွန် အားရရှိစေသောပြဇာတ်များ၊ ကဗျာလင်္ကာများနှင့် ရုပ်စုံများပါဝင်သည်။ တန်ခိုးရှင် (Shakti) မယ်တော်ဘုရား (mother goddess) အဖြစ် ပုဂ္ဂိုလ်အသွင် ဆောင်သောဘုရားကို ကိုးကွယ်ကြ သည်။ ယင်းကို တန်တရာ (Tantra) စာပေဟူ၍ခေါ်သည်။ ထင်ရှားသောလောကီ အမြင် စာပေများလည်း ရှိခဲ့ပါသည်။ ထိုထဲတွင် ဟိန္ဒူအဘိဓမ္မာ (အတွေးအခေါ်) စာစောင် (၉) စောင်ပါဝင်သည်။

 

ဗက်ခ်ထီခေတ် (The Age of Bhakti AD 1000-1750)

ဗက်ခ်တီး၏အနက်မှာ ထာဝရဘုရားကို မေတ္တာထားကြည်ညိုသဒ္ဒါစိတ်ပွားလျက် တိုးဝင်ချဉ်းကပ်အာရုံပြုခြင်း loving devotion ဟုဆိုပါသည်။ ဟိန္ဒူဘာသာဝင်များသည် မိမိ နှစ်သက်ရာ ဘုရားများကို နေရာအနှံတွင် ဗိမာန်များဆောက်လုပ်ကာကိုးကွယ်ကြသည်။ အိန္ဒိယပြည်တောင်ပိုင်းတွင် ထင်ရှားသော ဗက်ခ်ထီယုံကြည်မှုသည် ကဗျာဆရာများ၊ အဆို တော်များတို၏ ကဗျာလင်္ကာသီချင်းများ၏ဆွဲဆောင်မှုကြောင့် နေရာအနှံပျံ့ပွားလာခဲ့သည်။ ယင်းကဲ့သို ပြင်းပြသောခံယူယုံကြည်စိတ်ထားတစ်ဦးစီ၏ ဘာသာတရားကြည်ညိုမှုနှင့် ယုံကြည် ချက်သည် ကယ်တင်ခြင်းလမ်းဖြစ်သည်ဟူသော အချက်ကိုလက်ခံကြသည်။ တစ်ဆယ့်နှစ် ရာစုက အသက်ရှင်ခဲ့သည် ရာမပုညသည် ဘုရားတရားအာရုံပြုခြင်းကျင့်စဉ်ကို အဘိဓမ္မာ အခြေပြုကာ ပြုစုသင်ကြားခဲ့သည်။ ဘုရား၊လူနှင့်လောကကြီးသည် အစစ်အမှန်များပင်ဖြစ် သည်။ လူသည် ရိုးသားဖြူစင်သောယုံကြည်မှုနှင့်အတူ အားလုံးစွန့်လွတ်နိုင်ရမည်။ လောက ကြီးနှင့် လူသည် ဘုရားအားဖြင့်လည်းကောင်း၊ ဘုရား၌လည်းကောင်း တည်လျက်ရှိသည်။ လူသည် ဘုရားအပေါ် ဥဿုံမှီခိုအသက်ရှင်နေရကြောင်း စွဲလန်းသတိရခြင်းအားဖြင့် ကယ် တင်ခြင်းကို ခံစားရရှိနိုင်သည်။ အစ်ဆလမ်ဘာသာသည် အိန္ဒိယပြည်သိုဝင်ရောက်ကာ၊ မူဆလင်များသည်သိမ်းပိုက်ကာ အုပ်ချုပ်ခဲ့ကြသည်။ အစ်ဆလမ်ဘာသာသည် ဟိန္ဒူဘာသာ အပေါ် သြဇာသက်ရောက်မှုမရှိခဲ့ပါ။ မူဆလင်ဘုရင် အက္ကဘာသည် ဟိန္ဒူတရားအဆီအနှစ် ပါသော ဘာသာသစ်တစ်ခုကိုတည်ထောင်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပါ။ မတူညီသောဘာသာနှစ်ခုအလယ်တွင် ဟိန္ဒူဘာသာဝင်များ သည် မိမိတို၏ဘာသာကို ပို၍ သက်ဝင်လာပြီး၊သာသနာပြုဘာသာမဟုတ်သော်လည်း သာသနာပြုလိုစိတ်များ ပြင်းထန်ခဲ့ သည်။ ဤခေတ်တွင် ဆစ်ခ်ဘာသာပေါ်ပေါက်ခဲ့သည်။

 

ခေတ်သစ်ကာလ (The Modern Age AD 1750 – today)

ဤခေတ်တွင် အိန္ဒိယပြည်သိုအနောက်နိုင်ငံများနှင့်အတူ ခရစ်ယာန်ဘာသာ သြဇာ လွမ်းမိုးမှု သက်ရောက်လာပါသည်။ ထိုခေတ်တွင် အိန္ဒိယအမျိုးသားရေးစိတ်ဓါတ်များ သက် ဝင်လှုပ်ရှားခဲ့ပြီး၊ ဟိန္ဒူဘာသာအသက်ရှင်မှုလမ်းစဉ်သည်လည်း ပြုပြင်ပြောင်းလဲမှုခိုင်မာစေ ခဲ့ပြီး ပြုပြင်ပြောင်းလဲမှု လှုပ်ရှားမှုများ ပေါ်လာခဲ့ပါသည်။ ပြုပြင်ရေးလှုပ်ရှားမှုကြီး (၃)ဖွဲ ပေါ်ပေါက်ခဲ့သည်။

၁။        ပထမအဖွဲမှာ ဘုရားနှင့်ပေါင်းဖော်သောအဖွဲ Brahmo Sama ခေါ် the Society of God အဖြစ် ရကျာရန်မိုဟန်ရွိင်းRaja Ram Mohan Roy ဆိုသူက တည်ထောင်ခဲ့ သည်။ လူမှုရေးနှင့် ဘာသာရေး ဆိုင်ရာကိစ္စများဖြစ်သော အသက်အရွယ်ငယ်သူများ လက် ထပ်ခြင်းနှင့် ရုပ်ထုဆင်းထုကိုး ကွယ်မှုများကို လက်မခံသောအဖွဲဖြစ်သည်။ တစ်ဆူတည်းသော ဘုရားကိုကိုးကွယ်ဝတ်ပြုသော ယုံကြည်ချက်ကို လေးလေးနက်နက်ထားကြသည်။ လူမျိုးခွဲ သောဇာတ်စနစ်ကို ပြစ်တင်ရှုတ်ချကြသည်။

၂။ ဒုတိယအဖွဲမှာ ဆွာမီဒေယန်နန်ဆာရာဗာတီ အမည်ရှိ အကြမ်းဖက်လိုသော စိတ်ရှိ သူ ဖွဲစည်းခဲ့သော အာရာဆမ်မာဘ်အဖွဲဖြစ်သည်။ ပြုပြင်ရေးထက် ပြန်လည်ဖွဲစည်းနိုးကြားရေးကို ပြန်လည်ဖော်ထုတ်ခဲ့ သည်။ ဤအဖွဲသည် ဟိန္ဒူဘာသာ၏ အမွေအနှစ်များကို ပြန် လည်ဖော်ထုတ်သောအဖွဲဖြစ်သည်။ အစ်ဆလမ်နှင့်ခရစ်ယာန်တိုကို ဆန့်ကျင်ကြသည်။ အမျိုး ဘာသာသာသနာစိတ်ဓါတ်ကိုမြှင့်တင်ပြီး ဟိန္ဒူယုံကြည်မှုကို လေးစားရိုသေလိုက်နာရန် သွန် သင်ကြသည်။

၃။ တတိယအဖွဲ့မှာ ရှရီရာမကရစ်သျှနာပါရာမံဟံစာ ဦးဆောင်သော ရာမကရစ်သျှနား သာသနာပြုအဖွဲ ဖြစ်သည်။ ပညာမဲ့သော်လည်း ရိုးသား၍ ဘုရားတရားကြည်ညိုသူ ဟိန္ဒူ ဘုရားကျောင်းဘုန်းတော်ကြီးတစ်ဦးဖြစ်ပြီး ကိုယ်ကျင့်တရား ပြည့်ဝစွာ၊ ဘုရားကိုရှာဖွေသော သူဖြစ်သည်။ မယ်တော်ဘုရားသည် ကိုယ်ထင်ပြသည့်နေ့ရက်တိုင်အောင် အာရုံပြုသူဖြစ် သည်။ အခြားသောဘုရားအပါအဝင် ခရစ်တော်နှင့်ပတ်သတ်ပြီး ရူပါရုံရသူဖြစ်သည်။ အစ် ဆလမ်ဘာသာ၊ ခရစ်ယာန်ဘာသာနှင့် ဟိန္ဒူဘာသာတိုသည် ခြားနားကြသော်လည်း တူညီ သောဘုရားကိုရှေ့ရှု၍ ကိုးကွယ်ကြခြင်းဖြစ်သည်ကို ပြောခဲ့ပါသည်။

ဤခေတ်တွင် ထင်ရှားသောအတွေးအခေါ်ပညာရှင်များ၏ ယုံကြည်လက်ခံမှုများ သည်လည်း ထင်ရှားလာပါသည်။ ထိုထဲတွင် အောက်ပါပုဂ္ဂိုလ်ကြီးများပါဝင်ပါသည်။

 

တဂိုး (Tagore)

အိန္ဒိယပြည်၏ ကဗျာဆရာကြီး ရေဘင်ဒရာနတ်တဂိုး (Robindranath Tagore) သည် ဟိန္ဒူယုံကြည်မှုကို ပြန်လည်ထွန်းကားလာရေးတွင် အရေးပါအရာရောက်သူဖြစ်သည်။ သူ၏သီချင်း များ၊ ကဗျာလင်္ကာများသည် ဘုရားနှင့်လူအကြောင်းအပြင် အိန္ဒိယလူမျိုးတို၏ ခံစားချက်များ၊ မျိုးချစ်စိတ်များကို မြှင့်တင်ပေးခဲ့သည်။ ဟိန္ဒူယုံကြည်ချက်တစ်ခုဖြစ်သော လူသည် ဘုရားဖြစ် သည်ဆိုသောအချက်ကို တဂိုး၏သီချင်းများတွင် သီကုံးထားပါသည်။ ဘုရား၏ ဘာသာတရားသည် လူ၏ဘာသာတရားဖြစ်သည်။ လူနှင့် ဤလောကကြီးသည် ပဋိညာဉ်ပြုထားသည်ဟု သီကုံးခဲ့ပါသည်။

 

ဂန္ဓီ (Gandhi)

အိန္ဒိယပြည်လွတ်လပ်ရေးလှုပ်ရှားမှုခေါင်းဆောင်တစ်ဦးဖြစ်ပြီး၊ အကြမ်းမဖက်သော ဝါဒ(ahimsa = non violence) ကို ကျင့်ကြံ့သူဖြစ်သည်။ ဘုရားသည် သစ္စာ၊ မေတ္တာတရား၊ ကျင့်ဝတ်နှင့် ကိုယ်ကျင့်တရားဖြစ်သည်ဟု ခံယူသည်။ သူသည် ဘာသာတစ်ခုစီ လက်ကိုင်ထား သူတိုင်းဘုရားထံ ရောက်ရာလမ်းကို ဘာသာတရားတိုင်းက လမ်းညွှန်ထားသည်ဟု ယုံကြည်သည်။ ယုံကြည်ခြင်း တစ်ခုမှတစ်ခုသို ပြောင်းလဲအသက်ရှင်ခြင်းသည် မလိုအပ်သောအရာ ဖြစ်သည်။

 

ရာဒါခရစ်ရှနန်နှင့်အာရိုဘင်ဒူ (Radhakrishnan and Aurobindo)

ယနေ့ခေတ် ဟိန္ဒူဘာသာ၏စံထားရသောသူများဖြစ်သည်။ ရာဒါခရစ်ရှနန်က ဘာသာ အချင်းချင်း တိုက်ခိုက်မှုများ၏ အဖြေကို တူညီသောယုံကြည်မှုချမှတ် လိုက်နာခြင်းဖြင့် ရှာ ဖွေနိုင်မည်မဟုတ်၊ ဘုရားကိုတူညီသောရှာဖွေမှုဖြင့်သာ ရှာဖွေနိုင်မည်ဟုဆိုခဲ့သည်။ “

အာရိုဘင်ဒူက စကြဝဠာ လူသားအားလုံးနှင့်ဆိုင်သော ဟိန္ဒူဘာသာသည် ဒဿနိက တွေးခေါ်မျှော်မြင်မှုများနှင့် သိပ္ပံပညာရပ်များသည် ဘုရားကိုသက်သေပြရန် နည်းလမ်းအစုံဖြင့် ကြိုးစားနေခြင်းဖြစ်သည်။ သေခြင်းတရားသည် ပျောက်ကွယ်ဆုံးရှုးခြင်းမဟုတ်ဟု ခံယူခဲ့သည်။

 

ဟိန္ဒူဘာသာဝင်တို့၏ (အဝတာရ) မြတ်စွာဘုရားများ

ဣသျှရ (ဘုရားရှင်မှ မည်သည့်သရုပ်ဖြင့်ဖြစ်စေ လောကသို ဝင်စားပေါ်ပေါက် ပွင့်တော်မူသည်ကို အဝတာရဟု မှတ်ယူကြသည်။ အဓိကအားဖြင့် အဝတာရ (၁၀)ပါးပွင့်ရန်  ရှိပြီး ယနေ့တိုင် (၉)ပါး ပွင့်တော်မူခဲ့ပြီဖြစ်သည်။ ဤအဝတာရများသည် ဝိရှနူးမှ ဝင်စားပွင့် တော်မူလေ့ရှိသည်။ စကြဝဠာလောကတစ်ခုလုံးအား စောင့်ရှောက်ပေးတော်မူသောအရှင်ဖြစ် ခြင်းကြောင့် လိုအပ်သောအခါတိုင်းတွင် အဝတာရအဖြစ် ပွင့်တော်မူ၍ လုပ်ငန်းများကို စီမံဆောင်ရွက်တော်မူသည်။ ၄င်း (၁၀)ပါးတိုမှာ –

၁။ မသ်(စ်ယ)

စတ်(သ်)ယုဂ်ကာလတွင် ဘုရားရှင်ဝိရှနူးမှ ငါးမင်းဘဝဖြင့် ပထမဦးဆုံးသော အဝ တာရအဖြစ် ပွင့်တော်မူခဲ့သည်။ အောက်ပိုင်းသည် ငါး၏ကိုယ်ထည်ဖြစ်၍ အပေါ်ပိုင်းသည် မနုဿလူကိုယ်ထည် (လူတစ်ပိုင်းငါးတစ်ပိုင်း)ဖြစ်ခြင်းကြောင့် မသ်(စ်)ယအဝတာရမည်၏။ လောကတစ်ခုလုံး ရေလွှမ်း မိုးမှုဖြစ်ပေါ်လာချိန်က ဤငါးမင်းက စောင့်ရှောက်တော်မူခဲ့သည်။

၂။ ကူးရ်မ

ကူးရ်မသည် ဘုရားရှင် ဝိရှနူး၏ဒုတိယမြောက် အဝတာရဖြစ်သည်။ နိုပင်လယ်မွှေ ခြင်းအမှုသည် လောက၏ ဖွံဖြိုးတိုးတက်ရေးအတွက် အထူး လိုအပ်သည်။ ဝိရှနူးသည် ကူးရ်မ (လိပ်မင်း)အဖြစ် အဝတာရယူပြီးလျှင် မန္ဒရာကျဲလ်တောင်ကြီးအား ကျောကုန်းပေါ်တွင် ထမ်း ထားပေးခဲ့ရသည်။

 ၃။ ဝါရဟ

ဘုရားရှင် ဝိရှနူး၏တတိယမြောက် အဝတာရဖြစ်သည်။ ဝါရဟ (ဝက်မင်း)သည် ရေအောက်သို နစ်မြှုပ်သွားသော ကမ္ဘာမြေကြီးအား မိမိ၏အစွယ်ဖြင့် ရေလွတ်ရာသို မတင်၍ ပြန်လည်တည်မြဲ ထွန်းကားစေခဲ့သည်။

၄။ နရ်ဆင်း(ဟ်)

နရ်ဆင်း(ဟ်)သည် ဘုရားရှင်ဝိရှနူး၏ စတုတ္ထမြောက် အဝတာရဖြစ်သည်။ လူတစ်ပိုင်း ခြင်္သေ့တစ်ပိုင်းဖြစ်သည်။ လွန်လေပြီးသော ကာလ၌ မိစ္ဆာဒိဋ္ဌိ ဘီလူမင်းဖြစ်သော ဟီရာဏက သျှÜကို နှိမ်နင်း၍ သူတော်စင် ပြတ်လာဒ်ကို ကာကွယ်စောင့်ရှောက်တော်မူခဲ့သည်။

၅။ ဝါမန

ပဉ္စမမြောက် အဝတာရဖြစ်သည်။ ဘီလူးမင်း ဗာလိအား နတ်ပြည်ကိုပါ အုပ်ချုပ်မင်း လုပ်ခြင်းမှ ကင်းဝေးစေခြင်းဖြင့် နတ်အပေါင်းတိုအား ကာကွယ်စောင့်ရှောက်တော်မူခဲ့သည်။ | ၆။

၆။ ပရဆုရား(မ်)

ဆဋ္ဌမမြောက် အဝတာရဖြစ်သည်။ ပရဆု (ရဲဒင်း)အမည်ရှိ လက်နက်ကို ကိုင်စွဲထား တော်မူခြင်းကြောင့် ပရသုရား(မ်)အမည်တွင်လေသည်။

၇။ ရာမဘုရား

ရာမဘုရားသည် အယုဒ္ဓယပြည့်ရှင် ဒဿရဋ္ဌမင်း၏သားတော်ဖြစ်သည်။ ရာမ ဘုရားကို ကျဲသလဆန်း (၉)ရက်၊ နတ်မီနေ့တွင် ဖွားမြင်တော်မူခဲ့သည်။ ရသေ့၊ ရဟန်းများ၏ တရားကျင့်ခြင်း၊ မီးဟုမ်းပူဇော်ခြင်းများကို အနှောင့်အယှက်ပေးခဲ့ကြသော ဘီလူးမိစ္ဆာများစွာ  ကို နှိမ်နင်းခဲ့သည်။ မိတ္ထီလာဘုရင် ဂျနကမင်း၏သမီးတော် သီတာဒေဝီအတွက် မိမိအကြိုက် | ခင်ပွန်းရွေးချယ်ပွဲတွင် အလွန်လေးလံသော လေးတော်ကြီးကို တင်နိုင်ပြီး သီတာဒေဝီနှင့် | ထိမ်းမြားလက်ထပ်ခဲ့သည်။ ရာမ၏ ဘဝဖြစ်စဉ်တွင် ကတိတည်စိတ်၊ မျိုးချစ်စိတ်၊ သာတူညီမျှ ဆက်ဆံစိတ်၊ ကူညီလိုစိတ်၊ မာန်မာနကင်းဝေးစိတ် စသော ဂုဏ်အရည်အသွေးများနှင့် | စံပြုထိုက်အောင် ကျင့်ကြံခဲ့သည်။ သုလ်ဆီဒါစ်ရသေ့ကြီးဟိန္ဒီဘာသာစာပေဖြင့် ရေးသားသော ရာမဇာတ်တော်ကျမ်းကို “ရာမယဏ” သိုမဟုတ် “ရာမကျရိသ်မာနတ်(စ်)ကျမ်း”ဟုခေါ်ဆိုသည်။ ယနေ့တိုင် ဟိန္ဒူတို့ ၄င်း၏ လမ်းစဉ်ကို လေးစားလိုက်နာကြသည်။

 ၈။ ကရိသျှနား

ကရိသျှနားသည် ဖခင် ဝါသုဒေဝ (ဝါဆုဒေဝ)နှင့် မိခင် ဒေဝကီတို၏ ရှစ်ယောက် မြောက်သားတော်ဖြစ်သည်။ ဦးရီးတော်ကံသမင်းက သူ၏ထီးနန်းသိမ်းပိုက်ခံရမည်ကို စိုးရိမ် သောကဖြစ်သော ကရိသျှနား၏ ဖခင်နှင့်မိခင်တိုက ဖွားမြင်သည့် ခုနစ်ယောက်မြောက် ကလေးငယ်အထိ သတ်ဖြတ်ပစ်ခဲ့ပြီး ဖြစ်သည်။ ကရိသျှနားသည် ရှစ်ယောက်မြောက်ဖြစ်ပြီး သတ်ဖြတ်ခံရခြင်းမှ လွတ်မြောက်ခဲ့သည်။ ကရိသျှနားသည် နန္ဒဘုရင်နှင့် မိဖုရား ယဆိုဒါတို ထံတွင် ကြီးပြင်းခဲ့ရပြီး ယက္ခဘီးလူးများဖြစ်သော ပူသနာ၊ ဘကာဆုရ်၊ အဂါဆုရ်၊ ဂရ်ဗာ ဆုရ်တိုကို ရှင်းလင်းသုတ်သင်ပြီး ကံသမင်းကိုပါ သတ်ဖြတ်နိုင်ခဲ့သည်။ ယမုံနာမြစ်အတွင်း မှ အဆိပ်သင့်နေသော နဂါးမင်းကိုလည်း သုတ်သင်ရှင်းလင်းခဲ့သည်။

ကရိသျှနားသည် ဘုရားရှင် ဝိရှနူး၏ ပြည့်ဝသော အဝတာရဖြစ်သည်။ အံ့ဖွယ် ဆောင်ရွက်မှု (လီယာ)တိုကို ပြုမူဆောင်ရွက်တော်မူခဲ့သဖြင့် “လီလာပုရုသျှ”ဟုလည်း ခေါ် ဝေါ်ကြသည်။ ကရိသျှနားဘုရားသည် ဒိဗ္ဗဉာဏ်အလင်းကို ပေးဆောင်တော်မူပြီး လောက တစ်ခွင်တွင် အဓမ္မဝါဒီများအား နှိမ်နင်းကာ ဓမ္မတရားတော်မြတ်အား ပြန်လည်ထွန်း တောက်စေခဲ့သည်။ “ဘဂ်ဝဒ်ဂီတာ” တရားတော်မြတ်အားဖြင့် ဒိဗ္ဗဉာဏ်အလင်းကို ပေး ဆောင်တော်မူခြင်း ဖြစ်သည်။

မဟာရသေ့ကြီး ဝေဒဗျာသသည် “သျှရီမတ်(သ်)ဘဂ်ဝဒ်ပူရာမ်ကျမ်း”တွင် ကရိသျှ နား၏ ဆောင်ရွက်ချက်များကို ရေးသားထားသည်။ သျှရိကရိသျှနားဘုရားအား ဂိုးဝင်သား၊ ဒါမိုးသကား၊ မာဓဝါး စသည့်ဘွဲ အမည်များဖြင့်လည်း ခေါ်ဝေါ်ကြသေးသည်။

၉။ ဗုဒ္ဓမြတ်စွာဘုရား

ခမည်းတော် သုဒ္ဓေါဒနနှင့် မယ်တော် မဟာမယာဒေဝီတိုက ဖွားမြင်သည့် သား ၊ တော်တစ်ပါးဖြစ်သည်။ သိဒ္ဓတ္ထမင်းသားဟု အမည်မှည့်ခေါ်လေသည်။ သိဒ္ဓတ္ထမင်းသားသည် ခြောက်နှစ်တာ ကာလပတ်လုံး ဒုက္ကရာစရိယကျင့်စဉ်ဖြင့် တရားအားထုတ်ခဲ့ပြီး နောက်ဆုံး တွင် မဇ္ဈိမပဋိပဋာကျင့်စဉ်ဖြင့် အားထုတ်တော်မူရာ ဂါယာအရပ်ရှိ မဟာဗောဓိပင်ရင်းတွင် အလုံးစုံသော တရားတော်ကို သိရှိတော်မူသော သဗ္ဗညုတဉာဏ်တော်ကို ရရှိ၍ ဘုရားအဖြစ် သို ရောက်တော်မူလေ သည်။ ထိုအချိန်မှစ၍ ဂေါတမဗုဒ္ဓအမည်တွင်ခဲ့သည်။

ဘုရားအဖြစ်သို ရောက်တော်မူပြီးနောက် ပဉ္စဝဂ္ဂီငါးဦးတိုအား ဗာရာဏသိအနီး ဆာရာနတ်ထ် မိဂဒါဝုန်တောအုပ်တွင် တရားဦးကို ဟောကြားတော်မူခဲ့သည်။ ထိုတရားဦး မှာ ဓမ္မစကြာသုတ် (ဓရ်မကျက္ကရ်ပြဝရ်သမ္မ) အမည်ဖြင့် ကျော်ကြားလေသည်။ ဗုဒ္ဓဘုရားရှင်သည် လူနတ်ဗြဟ္မာစ သတ္တဝါအပေါင်းတို့အား ဒုက္ခသံသရာမှ လွတ်မြောက်အောင် လှည့် လည် ဟောကြားတော်မူသည်။ လူတိုင်းသည် ညီတူညီမျှဖြစ်သည်။ အနိမ့်၊ အမြင့်၊ အယုတ် အလတ်မရှိ။ ဟိ သမပြုလုပ်ကြနှင့်။ သက်ရှိသတ္တဝါတိုင်းကို သနားကြင်နာကြပါ။ ဤသည်က ပင် အဟံသတရားဖြစ်သည်ဟု ဆုံးမဩဝါဒ ပြုလုပ်တော်မူခဲ့သည်။

၁၀။ ကာလ်ကီး

ဘုရားရှင် ဝိရှနူးမှ ဝင်စားပွင့်တော်မူလေ့ရှိသော အဓိက အဝတာရ (၁၀)ပါးအနက် (၁၀)ကြိမ် မြောက် နောက်ဆုံး ပွင့်တော်မူမည့် အဝတာရမှာ ကာလ်ကီးအဝတာရဖြစ်သည်။ လောကတွင် ဓမ္မတရားများ ဆိတ်သုဉ်းသွားသောအခါတွင် ဘုရားရှင်ကာလ်ကီး ပွင့်တော်မူ ပြီး ဓမ္မရောင်ဝါကို ပြန်လည်ထွန်းတောက်စေမည် ဖြစ်သည်။ မည်သည့်အခါတွင် ပွင့်တော် မူမည်၊ မည်သည့်ပုံ သဏ္ဌာန်အနေအထားနှင့် ပွင့်တော်မူမည်ကို ဟိန္ဒူဓမ္မကျမ်းများတွင် အသေးစိတ် ဖော်ပြထားသည်။

 

ဟိန္ဒူဘာသာဝင်တို၏ ဒေဝီဒေဝတာများ

၁။ ဗြဟ္မာ

ဟိန္ဒူဘာသာတွင် ဗြဟ္မာသည် စကြဝဠာလောကကြီးတစ်ခုလုံးကို ဖန်ဆင်းတော်မူ သော ဘုရားသခင်ဖြစ်သည်။ ဗြဟ္မာသည် သူရဿတီမယ်တော်၏ ဘဝအရှင်သခင်ဖြစ် သည်။ ဦးခေါင်းတော်လေးလုံး၊ နားရွက်တော်လေးစုံ၊ လက်တော်လေးချောင်းရှိပြီး စီးတော် ယာဉ်မှာ ဟင်္သာငှက်ဖြစ်သည်။

၂။ သူရဿတီမယ်တော် (စရဆွသီ)

သူရဿတီမယ်တော်သည် အသိပညာအလင်းရောင်ကို ပေးတော်မူသော မယ် တော်ဘုရားသခင်မဖြစ်သည်။ သုခချမ်းသာနှင့် အလှအပကိုလည်း ပေးသည်။ ခပ်သိမ်းကုန် သော အနုပညာ၊ သိပ္ပံပညာတိုကိုလည်း ပေးတော်မူသည်။ မယ်တော်တွင် လက်တော်လေး ချောင်းရှိသည်။ ဗီနာ့သ်ဗျပ်စောင်းကို ကိုင်စွဲထားခြင်းကြောင့် ဗီနာ့သ်ရာနီးဟူ၍လည်း ခေါ်ဆိုကြသည်။ စီးတော်ယာဉ်မှာ ဆွတ်ဆွတ်ဖြူသော ဟင်္သာငှက်ဖြစ်သည်။ စင်ကြယ်ခြင်း နှင့် မာန်မာနကင်းခြင်း၏ အထိမ်းအ မှတ်ဖြစ်သည်။

၃။ ဗိသျှကူး (ဗိဿနိုး)

စကြဝဠာလောကတစ်ခုလုံးကို စောင့်ရှောက်လျက် (အဝတာရ)အဖြစ် လောကတွင် ဆင်းကြွပွင့်တော်မူသော ဘုရားရှင်ဖြစ်သည်။ လက်တော်လေးချောင်းတွင် ခရုသင်း၊ စကြာ၊ ဂါးနှင့် ပဒုမ္မာကြာတိုကို ကိုင်စွဲထားသည်။ မယ်တော်လမီး၏ ဘဝအရှင်ဖြစ်တော်မူလေ သည်။ စီးတော်ယာဉ်မှာ ဂရုဒ (ဂဠုန်)ဖြစ်သည်။

၄။ လက္ချမီးမယ်တော်

လက္ချမီးမယ်တော်သည် ဓနဥစ္စာပစ္စည်း၊ ဂုဏ်နှင့် ကောင်းမြတ်ခြင်း မင်္ဂလာအဖြာ ဖြာကို ပြည့်စုံပေးစွမ်းတော်မူသည်။ ဗိသျှကူးအရှင်၏ ဘဝဖော်မွန်ဖြစ်သည်။ လက်တော်လေး ချောင်းရှိ၏။ ထာဝရနုပျိုလှပလျက် ရှိသည်။ စီးတော်ယာဉ်မှာ ဇီးကွက်ဖြစ်သည်။

၅။ မဟေ့(ရှ်)သီဝ

ကလျာဏမိတ္တသဘောဖြင့် လောကတွင် ကောင်းသူ ကို ကယ်တင်ပြီး မကောင်းသူကို နှိမ်နင်းတော်မူသောအရှင်မှာ သီဝ သိုမဟုတ် ရှန်ကဲ(လ်)အရှင်ဖြစ်သည်။ သီဝအသွင်ဖြင့် လက်တော်နှစ်ချောင်း၊ ရှန်ကဲ(လ်)အသွင်ဖြင့် လက်တော်လေးချောင်းရှိသည်။ မျက်လုံးတော် သုံးလုံး ပိုင်ဆိုင်ခြင်းကြောင့် တြိနေတြအမည်နာမတော်ဖြင့်လည်း သိရှိကြသည်။ ပါရ်ဝသီမယ် တော်သည် ဘုရားရှင်သီဝ၏ ဘဝဖော်မွန်ဖြစ်သည်။ ဂနေ့နှင့် ကာရံသီကဲယားတိုမှာ သား တော်နှစ်ပါးဖြစ်ပြီး စီးတော်ယာဉ်မှာ နန်ဒီမည်သော နွားလားဖြစ်သည်။

၆။ ဒုရ်ဂါမယ်တော်

ဒူရ်ဂါမယ်တော်အား အာဒိသျှတ္တိ ပါ(ရ်)ဝသီ၊ စန္ဒီ၊ ကာလီစသော ဘွဲအမည်များဖြင့် လည်း သိရှိကြသည်။ သျှသီးကို ပေးတော်မူသော စွမ်းအားရှင်မယ်တော်ဖြစ်သည်။ မဟီချာ သျှမရ်ဒိုနီ ဟုလည်း ခေါ်ဆိုကြသည်။ လက်တော်ရှစ်ချောင်းရှိပြီး အသျှတဗူးဂျာဟူသော ဘွဲအမည်တွင်သည်။ စီးတော်ယာဉ်မှာ ကျားနှင့် ခြင်္သေ့ဖြစ်သည်။

၇။ ဂနေ့ရှ် (ဂဏပတိ)

အနှောင့်အယှက်ဘေးရန်များကို တားဆီးဖယ်ရှားပေးတော်မူသော အရှင်ဖြစ်သည်။ ကျက်သရေမင်္ဂလာအဖြာဖြာကို ပေးစွမ်းပြီး နတ်ဒေဝါအပေါင်းတိုတွင် ဦးစွာ ပူဇော်အထူးကိုခံရသူမှာ ဂနေ့ရှ်ကိုယ်တော်ဖြစ်သည်။ ဂဏပတိ၊ ဂဂျာနန္ဒ စသည့် ဘွဲနာမတော်များဖြင့်လည်း လူသိများကြသည်။ ဂနေ့၍ဘုရားရှင်သည် အသိတရားနှင့် ပညာဉာဏ်တိုကို စောင်မပေး တော်မူသည်။ ပူဇော်ပွဲများတွင် ဦးစွာ ပထမ ပူဇော်ရသောအရှင်မှာ ဂနေ့ရှ်အရှင်ဖြစ်သည်။

၈။ ကာရ်သိကေယ (မူရူဂန်)

ကာရ်သိကေယသည် ရှန်ကဲရ်ခေါ် သီဝဘုရားရှင်နှင့် မယ်တော်ပါရ်ဝသီတို၏ သား တော်တစ်ပါးဖြစ်သည်။ ဂနေ့၍ဘုရားရှင်၏ ညီတော်လည်း ဖြစ်သည်။ အထူးသဖြင့် အရှင် မြတ်အား အိန္ဒိယနိုင်ငံ တောင်ပိုင်းသားတိုက ဆည်းကပ်ကိုးကွယ်လေ့ရှိကြသည်။ အရှင်မြတ် သည် နတ်ဒေဝါတို၏ စစ်သေနာပတိချုပ်အဖြစ် အသိအမှတ်ပြုထားခြင်းခံရသူဖြစ်သည်။ စစ်သည်တော်များ စစ်စွမ်းရည်နှင့် စစ်အောင်နိုင်ရေးအတွက် အရှင်မြတ်အား ဝတ်ပြုကိုး ကွယ်ကြသည်။ စီးတော်ယာဉ်မှာ ဒေါင်း ဖြစ်သည်။

၉။ ဟနုမာန်

ဟနုမာန်၏ ဖခင်မှာ ပဝန်ဒေဝဖြစ်၍ မိခင်မှာ အန်ဂျနာဖြစ်သည်။ ဟနုမာန်သည် ဝါနုရတို၏ ဘုရင် ဆုပရိဝ် (သုကျိတ်)၏မိတ်ဆွေဖြစ်သည်။ ဆူဂရိဝ်၏ ထီးနန်းကို နောင် တော် ဘာလီက လုယူသိမ်းပိုက်လိုက်သောအခါ ဆူဂရိပ်မှာ ဟနုမာန်နှင့်အတူ တိမ်းရှောင်၍ ရယမုက်တောင်ပေါ်တွင် ပုန်းအောင်းနေခဲ့ရသည်။

၁၀။ အိန္ဒုရ် (သိကြားမင်း)

ဒေဝရာရုံ၊ အိန္ဒုရ်အား နတ်ဝေတာအပေါင်းတို့၏ မင်းအဖြစ် သိရှိကြသည်။ အိန္ဒုရ် သည် မိုးနတ်အရှင်သခင် (အဓိပတိ)လည်း ဖြစ်သည်။ အရှင်၏ကြင်ယာတော်မှာ အိန္တာဏီ ဖြစ်၍ စီးတော်ယာဉ်မှာ ဧရာဝပ်ဘ်ဆင်ဖြူတော်ဖြစ်သည်။

၁၁။ ယမမင်း

ယမမင်းသည် သူရိယနေမင်း၏ သားတော်ဖြစ်သည်။ သက်ရှိသတ္တဝါအပေါင်းတို၏ ကုသိုလ်နှင့် အကုသိုလ်ကို အဆုံးအဖြတ်ပေးရသည်။ သက်ရှိသတ္တဝါတို၏ လုပ်ဆောင်ချက် ကရ်မူအားလုံးအနက် မည်သည်က ကုသိုလ်၊ မည်သည်က အကုသိုလ်ဖြစ်သည်တိုကို အဆုံး အဖြတ်ပေးရသည်။ ဒီပါဝလီပွဲတော်အကြိုနေ့တွင် ဆီမီးထွန်းညှိပူဇော်ကြသည်ကို ယမဒီပါ ဒါနဟု ခေါ်ဆို၏။ ယမမင်းကို ပူဇော်ကြခြင်း ဖြစ်သည်။

၁၂။ ကျိသဂုပ္တ

ဗြဟ္မာကြီး၏ကိုယ်မှ ပေါက်ဖွားလာခဲ့သည်။ ယမလောကတွင် စံမြန်းတော်မူသည် သက်ရှိသတ္တဝါတို့၏ လုပ်ဆောင်ချက် (ကုသိုလ်နှင့် အကုသိုလ်)များကို မှတ်တမ်းရေးမှတ်ရ သောအရှင်ဖြစ်သည်။

၁၃။ အဂ္ဂနိဒေဝ (မီးနတ်သား)

အရှေ့တောင်ထောင့်အရပ်သည် အဂ္ဂနိဒေဝ (မီးနတ်သား)စံမြန်းရာ အရပ်ဖြစ် သည်။ ယဂ် (မီးဟုန်း)ပူဇော်ပွဲတော်တွင် ပူဇော်ပသသည်များကို နတ်ဒေဝါများထံသို သယ်ဆောင်ပေးသူမှာ အဂ္ဂနိဒေဝဖြစ်သည်။ ထိုသို ပူဇော်ခြင်းဖြင့် သတ္တိ၊ ခွန်အား၊ ဘုန်းတန် ခိုး၊ ကျန်းမာခြင်းနှင့် အေးချမ်းခြင်းတို့ကို ရရှိနိုင်သည်။

၁၄။ ဝိဆွကရ်မာ(ဝိသကြုံ)နတ်သား

ဝိဆွကရ်မာနတ်သားသည် စကြဝဠာတစ်ခွင်လုံး၏ ဗိသုကာကြီးဖြစ်သည်။ ပန်းချီ၊ ပန်းပုစသော ပန်း (၁၀)မျိုး အတတ်ပညာကို တီထွင်ပေါက်ဖွားစေသူအဖြစ် မှတ်ယူထားကြသည်။ ထိုပန်း (၁၀)မျိုး အတတ်ပညာရှင်များ ကိုးကွယ်ယုံကြည်ပူဇော်လေ့ရှိကြသည်။ နတ် ‘ ဘုံဗိမ္မာန်တော်အပေါင်းကို တည်ဆောက်ပေးရသည်။

၁၅။ ဓဝန်းသနရီး

နို့ပင်လယ်ကို မွှေနှောက်စဉ် ပင်လယ်တွင်းမှ ရတနာ (၁၄)ပါး ထွက်ပေါ်လာခဲ့ သည်။ နောက်ဆုံး ရတနာတစ်ပါးအဖြစ် အမရာရွှေစင် အပြည့်ပါသော ရွှေအိုးကိုထမ်းလျက် ဘုရားရှင်ဓဝန်းသနရီးသည် အာယုဗ္ဗေဒကျမ်းမြတ်ကို ဖန်တီးချီးမြှင့်ပေးတော်မူခဲ့သည်။ အာယု ဗေဒကျမ်းမြတ်အား အနီးဆုံးဆရာ တော်မြတ်ဖြစ်သော ဆုရုသ်မုနိမြတ်သည် ဘုရားရှင် ဓဝန်း သနရီးထံမှ “ဓဝန်းသနရီးဆံဟိသာ ကျမ်း”ပညာရပ်များကို ပြည့်စုံစွာ ဆည်းပူးခဲ့ရလေသည်။

 

 

၁၆။ နေမင်း (ဘဂဝန်ဆူရိယ)

ဆူရိယနေမင်းသည် အမြင်အာရုံကို ပေးသနားတော်မူသည်။ ရောဂါအပေါင်းတိုမှ ကင်းဝေးစေတော်မူသည်။ ဂြိုဟ်ဆိုးများကြောင့် ဖြစ်ပေါ်တတ်သော ဒုက္ခအပေါင်းတိုမှ ကယ် တင်ပေးတော်မူသည်။ ကိုးကွယ်သူတို အလိုဆန္ဒများကို ပြည့်ဝစေတော်မူသည်။ နေမင်း၏ ရွေ့လျားနေမှုကြောင့်ပင် နေ့၊ ရက်၊ လ၊ နှစ်၊ ရာသီဥတုစသည်တို ပိုင်းခြားဖြစ်ပေါ်လျက်ရှိသည်။ နေမင်းသည်သာ အရပ်မျက်နှာများကို ပိုင်းခြားပေးသည်။ နေမင်း၏ ရွေ့လျားမှု သည်ပင်လျှင် လောက၏လှုပ်ရှားမှု ဖြစ်ပေတော့သည်။

၁၇။ လမင်း (ကျန္ဒြ)

နို့ပင်လယ်ကို မွှေနှောက်ခြင်းဖြင့် ထွက်ပေါ်လာသော ရတနာ (၁၄)ပါးအနက်မှ လမင်းစန္ဒာသည်လည်း တစ်ပါးအပါအဝင်ဖြစ်သည်။ လက္ခမီမယ်တော်သည်လည်း ထိုရတနာ (၁၄)ပါးတွင် တစ်ပါးအပါအဝင်ဖြစ်ခြင်းကြောင့် လမင်းစန္ဒာနှင့် မောင်နှမတော်စပ်သည်။ သိုဖြစ်၍ လမင်းအား ဟိန္ဒူတိုသည် ကျန္ဒမားမားဟု ခေါ်ဆိုကြသည်။ လမင်းသည် နေမင်း ကဲ့သို မှောင်မိုက်ခြင်းကို ဖြိုခွင်းလျက် အလုံးစုံတိုအား ညီတူမျှတူ အေးမြစေသည်။ လောက ကြီးတွင် ဖြစ်ခြင်းပျက်ခြင်း ဓမ္မတာများ ရှိသကဲ့သို ဆုတ်ယုတ်သွားခြင်း၊ ပြန်လည်ပြည့်ဝလာ ခြင်းတိုကို လမင်းစန္ဒာက ဖော်ညွှန်းပြသလျက် ရှိသည်။

 

သံသရာမှလွတ်မြောက်ရေးနောက်ဆုံးသောပန်းတိုင် (Moksha)

ဟိန္ဒူဘာသာ၏ နောက်ဆုံးသောပန်းတိုင်မှာ သံသရာမှလွတ်မြောက်သွားခြင်း (Moksha) ဖြစ်သည်။ လူသားတစ်ဦးစီတိုင်းတွင် အသက်ဇီဝရှင်သန်နေရခြင်းသည် သူထဲတွင် အတ္တမာ (ခ) ဝိညာဉ်ရှိနေသောကြောင့်ဖြစ်သည်။ ထိုဝိညာဉ်သည်သေပြီးနောက် ဘုရားရှင် နှင့် ပေါင်းသွားခြင်းမရှိဘဲ၊ လောကသံသရာထဲတွင် ကျင်လည်နေပါက ဆင်းရဲဒုက္ခအပေါင်း လွတ်ငြိမ်းချမ်းသာခြင်းရမည် မဟုတ်ပါ။ ထိုအတွက်ကြောင့် နောက်ဆုံးသောပန်းတိုင်မှာ လူသား၏ ဝိညာဉ်သည်၊ အမြဲပင်တည်ရှိပြီး ဆင်းရဲဒုက္ခအပေါင်းလုံးဝမရှိသည့်ဘုရား၏ ဝိညာဉ်တော်ကြီးနှင့် ပေါင်းစပ်သွားခြင်း (Moksha) ပင်ဖြစ်သည်။ ထိုသိုပေါင်းစပ်သွားရန်မှာ နည်းလမ်း (၃)သွယ် လိုအပ်ပါသည်။

 

သံသရာမှလွတ်မြောက်ရန် နည်းလမ်း (၃)သွယ်

၁။ လိုက်နာရမည့်စည်းကမ်းများ၊ဥပဒေများ၊အကျင့်များကို တာဝန်ကျေပြွန်စွာကျင့်ဆောင်ခြင်း Karma Marga (path of Duties)

၂။ ထက်မြက်သော အသိတရားရှာဖွေခြင်းနှင့် ကိုယ်ကျင့်တရားကောင်းမွန်အောင် ထိန်းသိမ်းခြင်း၊ မှန်ကန်သောစဉ်းစာဆင်ခြင်ခြင်းတိုကိုကျင့်ဆောင်ခြင်း Jnana Marga (path of Knowledge)

ဘီစီ ၅ဝဝ မှ ဘီစီ ၁၅ဝဝအတွင်း အဆင့်ဆင့်ကျင့်စဉ်စနစ် (၆)ဆင့် ပေါ်ခဲ့ပါသည်။

(က) စစ်မှန်သောပညာတရားထူးကိုရှာဖွေခြင်း  (ညာရစနစ်- the Nyaya system)

(ခ) ယုတ္တိကျကျရှာဖွေလေ့လာခြင်းနှင့်မမြင်နိုင်သောစွမ်းအားများကိုလေ့လာခြင်း (the Vaisheshika system)

(ဂ) ဗြဟ္မာနှင့် လူ၏ဝိညာဉ်အကြောင်းနှင့် ရုပ်နှင့်နာမ်ကွဲကွာခြင်းတိုကိုသိရှိရန် ရှာဖွေလေ့ လာခြင်း (the Sankhya system)

(ဃ) ရုပ်နှင့်စိတ်၊ ကိုယ်နှင့်ဝိညာဉ်တို ထိန်းသိမ်းကျင့်ဆောင်ခြင်း (Yoga System)

(င) ဝေဒ၏အမှန်တရားများကို ရှာဖွေခြင်းနှင့် ကြီးမြတ်သောဘုရားကိုရှာဖွေခြင်း (Purva Minaansa System)

(စ) စိတ်ပညာဆိုင်ရာပညာများနှင့် မာယာကိုရှောင်ရန်အပြည့်အဝစိတ်ထားရှိရန်ရှာဖွေခြင်း (Vedanta System)

၃။ ပြည့်စုံစွာ ဝတ်ပြုကိုးကွယ်ခြင်းဖြင့်လွတ်မြောက်ရန်ကျင့်ခြင်း Bhakti (path of Devotion)

 

 

ဝေဒခေတ်ယုံကြည်သက်ဝင်မှု

ဝေဒခေတ်တွင်ယုံကြည်မှုအခြေခံအကြောင်းတရား (၄)မျိုး တွေ့ရှိရပါသည်။ ဟိန္ဒူ ဘာသာ၏ယုံကြည်မှုစတင်ရာခေတ်ဖြစ်သကဲ့သို၊ ထုံးထမ်း အစဉ်အလာအမျိုးမျိုး ရောယှက် ရှုပ်ထွေးမှုများရှိခဲ့သည်။

 

(၁) ဝေဒခေတ်နတ်ဘုရားများယုံကြည်ကိုးကွယ်မှု

ဝေဒခေတ်၏ရှေးအကျဆုံးယုံကြည်မှုကို ရစ်ဂျ်ဝေဒကျမ်း Rig Vedas တွင် တွေ့နိုင်ပါသည်။ မိုးကောင်းကင်၊ နေ၊ လ၊ မြေကြီး၊ မုန်တိုင်းနှင့် မီးအစရှိသော နတ်ဘုရားများကို ကိုးကွယ်ခဲ့ကြပါသည်။ သဘာဝစွမ်းအားတန်းခိုးများကို နတ်ဘုရားအဖြစ် ကိုးကွယ်ခဲ့ခြင်းဖြစ် သည်။ ထိုထဲတွင် တန်းခိုးရှင် အိန္ဒရာ Indra ဘုရားနှင့် ဖြောင့်မတ်ခြင်းဘုရားဝေယုဏ Varuna တိုသည် ခေါင်းဆောင်အကြီး အကဲများဖြစ်သည်။ ဝတ်ပြုခြင်းနှင့် ယဇ်ပူဇော်ခြင်းများ ကို ဘုရားများနှစ်သက်မြတ်နိုးစေရန် ကျင်းပပြုလုပ်ကြသည်။ယဇ်ပူဇော်ခြင်းကြောင့်သာ စကြာဝဠာကြီး တည်တံ၍ခိုင်မြဲနေခြင်း ဖြစ်သည်ဟု ယုံကြည်ကြသည်။ စကြဝဠာကြီးသည်ပင် ဘုရားများ၏ ယဇ်ပူဇော်ခြင်းကြောင့် ဖြစ်ပေါ်လာသည်ဟု လက်ခံသူများလည်းရှိခဲ့သည်။ အစတွင် ဝတ်ပြုခြင်းနှင့်ယဇ်ပူဇော်ခြင်းကိုသာ အဓိကအားကိုးကြပြီး၊ နောက်ပိုင်းတွင် ထို အရာများကို ဦးဆောင်သောယဇ်ပုရောဟိတ်များကသာလျှင် တစ်စထက်တစ်စ အရေးပါ၊ ဩဇာအာဏာကြီးထွားလာကြသည်။ ထိုနောက်တွင် ယဇ်ပုရောဟိတ်မျိုး ရိုးသည်သာ အထက် တန်းစားဟု လက်ခံလာခဲ့ကြသည်။ သူတိုသည် လျှိဝှက်နက်နဲသော အသိပညာကို စောင့် ထိန်းရသူများနှင့် လူတို၏ကောင်းကျိုးချမ်းသာကိုပြုစုနိုင်သော ကိုးကွယ်သူများအတွက် မရှိ မဖြစ်လူတန်းစားဖြစ်ခဲ့ပါသည်။

 

(၂) အဆုံးစွန်သောအမှန်တရား The Ultimate Reality

ဝေဒခေတ်တွင် ဘုရားအများဝတ်ပြုကိုးကွယ်မှု Poliytheism ရှိခဲ့ကြသော်လည်း မြင့်မြတ်ဆုံး သောတစ်ဆူတည်းသော ထာဝရဘုရား Monotheism ကို ရှာဖွေခဲ့ကြသည်။ ထိုကဲ့သိုသော တစ်ဆူ တည်းသော ထာဝရဘုရားသခင်ကို ဝေဒခေတ်မှ စတင်ရှာဖွေမှုများရှိခဲ့ ပြီး၊ နောက်တစ်ခေတ် ဥပါဒ်နိသျှတွင် ပို၍ထင်ရှားလာသည်။ ထိုခေတ်အသုံးအနှုန်းများထဲ တွင် စကြဝဠာ၏ တန်ခိုးအာဏာအကြီးမြတ်ဆုံးသော ဝိညာဉ်တော်ရှင် (သို) စကြဝဠာကို ဖန်ဆင်းထိန်းသိမ်းကွပ်ကဲသော ဝိညာဉ်တော်ရှင်မြတ်ကြီးကို ညွန်ပြသောသဘောများကို တွေ့ရပါသည်။ ထိုအယူအဆတိုသည် အဆုံးစွန်သော တစ်ဆူတည်းသော အစစ်အမှန်ရှိသည် ကို ညွှန်ပြနေခြင်းဖြစ်သည်။ စကြဝဠာ၏တန်ခိုးအာဏာအကြီးမြတ်ဆုံးသော ဝိညာဉ်တော် ရှင်ကို ဗြဟ္မာ Brahma နှင့် လူ၏ဝိညာဉ်အတ္တမန် Atman တိုသည် (၂)ခုမဟုတ်၊ တစ်ခုတည်းသာ ဖြစ်သည်။ ထိုဝါဒကိုအပ်ဗာတာ Advaila ခေါ် နှစ်ခုမရှိ (not twoness) ဟု ထင်ရှားခဲ့ သည်။ ထိုတစ်ခုတည်းဖြစ်ခြင်းကို အဆုံးစွန်သော အမှန်တရား Ultimate Reality အဖြစ် လက်ခံလာကြသည်။ ဤဝါဒကို အနည်းငယ်သောလူစုကသာ ရှာဖွေကိုးကွယ်ခြင်း၊ တစ်ဆူ ဘုရားကိုသာသိရန်နှင့် ထိုဘုရားထံ၌သာ ကြီးပွားအသက်ရှင်ရန် ကြိုးစားခဲ့ကြသည်။ လူ အများစုက ဘုရားများကိုကိုးကွယ်ခြင်းပူဇော်ပသခြင်းအမှုတိုကို ကြိုးစားဆောင်ရွက်ကြသည်။

 

ကမ္မ (သို) ကံတရား

ကံတရားသည် ဇာတ်စနစ်နှင့် ဆက်နွယ်လျက်ရှိသည်သာမက၊ ဟိန္ဒူဘာသာ၏ ဗဟိုအချက်အခြာကျသောတရားပင် ဖြစ်သည်။ ဇာက်စနစ်သည် လက်တွေ့ဘဝ အသက်ရှင် မှုကို ဖေါ်ပြပြီး၊ ကံတရားသည် ဝိညာဉ်ဘဝအသက်ရှင်မှုနှင့်ဆက်နွယ်လျက်ရှိသော တရားပင် ဖြစ်သည်။ ရှေးကျသော အယူဝါဒများအရ လူ့ဘဝ၏ရည်မှန်းချက်ပန်းတိုင်မှာ အဆုံးစွန်သော သစ္စာတရားနှင့် တစ်ပါးတည်းဖြစ်ကြောင်းကို အသိမှန်တရားမှန်ရရှိရေးပင် ဖြစ်သည်။ ထိုသို မရရှိခင်တွင် လူ၏ဝိညာဉ်သည် ဘဝအမျိုးမျိုး၌ကျင်လည်သက်ရှင်ရပါမည်။ ဝိညာဉ် တစ်ခုသည် ဖွားမြင်ခြင်းမရှိ၊ သေဆုံးပျောက်ကွယ်သွားခြင်းလည်းမရှိ။ သေခြင်းတရားသည် မွေးဖွားခြင်းနောက်လိုက်လာသကဲ့သို ပြန်လည်ဖြစ်ပျက်နေခြင်းသည်ကံတရားပင် ဖြစ်သည်။ ယင်းဖြစ်စဉ်ကို သံသရာ Samsara ဟုခေါ်ဆိုပါသည်။ လူတစ်ဦး၏ ယနေ့ ကံတရား၏အကျိုး သည်၊ မနေ့က ပြုလုပ်ခဲ့သောအလုပ် (ကံ) ၏ စီရင်မှုကြောင့်ဖြစ်သည်။ ထိုအရာသည် ကံ တရားပင် ဖြစ်သည်။ မနက်ဖန်၏အကျိုးတရားသည် ယနေ့လုပ်ခဲ့သောအပြုအမူ အကျိုး တရားပေါ် မူတည်နေပါသည်။ ဖြစ်ပျက်ခဲ့သောကိစ္စအမှုတစ်ခုသည် နောက်ဆက်တွဲအမှု တစ်ခု ထပ်ချပ်မကွာ ဆက်လက်ဖြစ်ပျက်ခံစားနေရမည်ဖြစ်သည်။ ကံတရားတွင် ပုဂ္ဂိုလ်စွဲ လည်း မရှိ၊ ချီးမြင့်မြှောက်စားခြင်း၊ အပြစ်ဒဏ်ခံရခြင်းဟူ၍လည်းမရှိ။ ကိုယ်လုပ်သည့်အ တိုင်း ကိုယ်ကခံရမည် ဖြစ်သည်။ ကံတရားသည် မျက်မှောက်ဘဝနှင့်လွန်ခဲ့သော ဘဝအ ဆက်ဆက် အဖြစ်အပျက်များနှင့် ဆက်စပ်လျက်ရှိသည်။

 

ဗြဟ္မာဏခေတ်ယုံကြည်သက်ဝင်မှု

ဗြဟ္မာဏခေတ်တွင် ဇာတ်ခွဲခြားမှု the caste system များသည်လည်း ပေါ်ပေါက် လာခဲ့ပါသည်။ ဗြဟ္မာသည် လူကိုဖန်ဆင်းခြင်းအပေါ်တွင် မူတည်ပြီး လူသားများက ဇာတ်ခွဲ ခြားမှုများကို ပေါ်ပေါက်စေခဲ့ရပါသည်။ ဘုရားကခွဲခြားခြင်းမဟုတ်ပါ။

(၁) ဗြဟ္မာ၏ခံတွင်းမှ – ပုဏ္ဏားမျိုး Priest class (ဗြဟ္မဏ Brahmanas)

(၂) ဗြဟ္မာ၏လက်ရုံးနှစ်ဘက်မှ – ခတ္တိယ Kshatriya (မင်းမျိုး Ruling class)

(၃) ဗြဟ္မာ၏ခြေနှစ်ချောင်းမှ – ဝေဿ (ဝိဇယ) Vaisya (ကုန်သည်မျိုး Middle class)

(၄) ဗြဟ္မာ၏ခြေဖဝါးနှစ်ဘက်မှ – သုဒ္ဓ (ဆတ္တာ) Sudya (ဆင်းရဲသားမျိုး Low class)

ဇတ်နိမ့်ဇတ်မြင့်ခွဲခြားသည့်ဝါဒမှာ ဟိန္ဒူ၊ ဗြဟ္မဏဘာသာဝင်များသာရှိပြီး၊ အခြား ဗြဟ္မာကြီးကို မကိုးကွယ်သော မည်သည့်လူမျိုးနှင့်မျှ မသက်ဆိုင်ပေ။ ဟိန္ဒူဇတ်မတူသူချင်း ဝင်ထွက်သွားလာစား သောက်ခြင်း ဘုရားကျောင်းတစ်ကျောင်းတည်းသို အတူတက်ရောက် ခြင်းမရှိသော်လည်း ဇတ်အနိမ့်ဆုံးသော (သုဒ္ဓအမျိုး) သည်ပင် ဗြဟ္မာကြီးကို မကိုးကွယ်သူ ထက် အနှိင်းမရှိ အတုမရှိမြင့်မြတ်ပေသည်ဟု ယုံကြည်နေကြသည်။ ဟိန္ဒူမဟုတ်သူများသည် စွန့်ပစ်ခံရသူများဖြစ်၍ မတော်တဆထိမိသွားလျှင်၊ ဂင်္ဂါမြစ်တွင် ချက်ချင်းဆင်း၍ ရေချိုးပစ် မှ စင်ကြယ်သည်ဟုခံယူကြ သည်။ ဗြဟ္မာဏပုဏ္ဏားတိုသည် ဖန်ဆင်းရှင် ဗြဟ္မာကြီးနှင့် လူ တိုအကြားတွင် ဆက်သွယ်ပေးရသော ယဇ်ပုရောဟိတ်များဖြစ်သဖြင့် သူတိုပြောသမျှသည် လည်းဖန်ဆင်းရှင်၏အလိုတော်အတိုင်းသာဖြစ်၍ မည်သူကမှ မပယ်ကြပါ၊ တလေးတစား ကြောက်လန့်၍ ရိုသေကြပြီး၊ ဘုရင်မင်းမြတ်မှစ၍ ကျန်လူတန်းစားအားလုံးက လိုက်နာကြ ရသည်။ ဗြဟ္မာဏပုဏ္ဏားတိုသည် ကိုးကွယ်ခံပူဇော်ခံလူတန်းစားဖြစ်လာပြီး ၄င်းတိုသည် ယဇ်ပူဇော်ခြင်းကို ပို၍ အရှိန်အဟုန်မြင့်ခဲ့သည်။ ရှေးကအရက်ဖြင့် ပူဇော်ကြရာမှ တိရစ္ဆာန် တို၏အသွေးအသားများကိုပါ ပူဇော်လာကြသည်။ ကောသလမင်းကြီး၏ ယဇ်ပူဇော်ပွဲ၊ ကုန္တပုဏ္ဏားကြီး၏ ပူဇော်ပွဲတိုသည် ဆိတ်တစ်ရာ၊ သိုးတစ်ရာ၊ သမင်တစ်ရာ၊ နွားတစ်ရာ စသဖြင့် ပူဇော်ခဲ့ကြသည်။ နောက်ဆုံးတွင် လူကိုပါ ပူဇော်ခဲ့ကြသည်။ အလွန်ရှည်လျားသော ဗြဟ္မာခေတ်တစ်လျှောက်တွင် ဇတ်ခွဲခြားမှုပြဿနာများယဇ်ပူဇော်ခြင်း ဆိုင်ရာကိစ္စရပ်များ ဖြင့်သာ အချိန်ကုန်ခဲ့ပြီး မည်သည့်အသိထူးပညာထူးများ မရရှိခဲ့ပါ။ ထိုကြောင့် ဗြဟ္မာဏတို သည် နည်းလမ်းသစ်များကို ရှာဖွေခဲ့ကြသည်။

 

ဘဝရည်ရွယ်ချက်ပန်းတိုင် (၄) သွယ်

(၁) ပထမဦးဆုံးသောရည်မှန်းချက်မှာ ဓမ္မ Dhama (ခ) ဖြောင့်မတ်မှန်ကန်ခြင်း (Righteousness)

(၂) ဒုတိယရည်မှန်းချက်မှာ အာသာ Arthar (ခ) လောကီကောင်းကျိုးစီးပွားချမ်းသာ တိုးပွားခြင်း (Prosperity)

(၃) တတိယရည်မှန်းချက်မှာ ကာမ Kama (ခ) သာယာပျော်ရွှင်ချမ်းမြေ့မှုရှိခြင်း (Pleasure)

(၄) စတုရည်မှန်းချက်မှာ မုခ်ရှ် Moksha (ခ) လွတ်မြောက်မှုရရှိခြင်း (Liberation)တို့ ဖြစ်သည်။

လူ့ဘဝ၏နောက်ဆုံးသောပန်းတိုင်မှာ လူ၏သွေးသားဇာတိသဘော Flesh နှင့် သေခြင်းတရား ဖြစ်သော ဖောက်ပြန်ပျက်စီးခြင်း Death အချည်အနှောင်အဖွဲများမှ လွတ် မြောက်သွားပြီး နောက်ဆုံးသော ပန်းတိုင်မုခ်ရှ် Moksha သို ဝင်စားသွားရမည်ဖြစ်သည်။

 

 

 

ဘဝ၏အသက်အရွယ်အပိုင်းအခြား (၄) မျိုး The Four Stage of Life

လူတစ်ဦးတွင် အရွယ် (၄)ပါးဖြင့် အသက်ရှင်နေထိုင်ရမည်ကိုခွဲထားခြင်းဖြစ်သည်။

(၁) ပထမအရွယ်တွင် ဆရာသမားဂုရု Guru ၏အိမ်တွင် အထွက်အမြတ်ပညာများကို ဆည်းပူးလေ့လာကာ၊ ဆရာ၏လမ်းပြသွန်သင်မှုအောက်တွင် အသက်ရှင်ရသည့် လူပျိုဘဝ အရွယ်၊

(၂) ဒုတိယအရွယ်မှာ အရေးကြီးလာပြီးဖြစ်သော အိမ်ထောင်ပြုကာ ဦးစီးရမည့်အရွယ် ဖြစ်သည်။ ရှုပ်ထွေးလှသော လူ့အဖွဲအစည်းကိစ္စများကို ထိန်းသိမ်းစောင့်ရှောက်လျက် အသက်ရှင်ရမည်။ ဇနီးခင်ပွန်းနှင့်အတူ သားသမီးများကို ကျွေးမွေးပြုစုခြင်း၊ ဘိုးဘေးတို၏ အမွေအနှစ်ကို ဆက်လက်ထိန်းသိမ်းရမည်။ ဧည့်ဝတ်ကျေပွန်မှုနှင့် လုံးလဝိရိယရှိမှု အစရှိသော၊ ပါရမီများကိုစောင့်ထိန်းပြီး၊ လူ့အဖွဲအစည်း ကောင်းစားရေးအတွက် ဆောင်ရွက်နေ သူဖြစ်ရမည်။

(၃) တတိယအရွယ်တွင် ဇနီးမယားနှင့်အတူတောတွက်၍ ဘဝ၏တန်ဖိုးရှိသော တရား ဘဝနာများကို ကမ္မဌာန်းပြုလျက်အသက်ရှင်ရမည်။

(၄) စတုတ္တအရွယ်တွင် သန့်ရှင်းသောသတိပညာအမြော်အမြင်နှင့် ပြည့်ဝသောဘဝ အဆင့်ဖြင့် နေထိုင်ခြင်းဖြစ်သည်။ ထိုအရွယ်တွင် လောကီနှင့် လောကီတပ်မက်မှု အရာခပ် သိမ်းကို စွန့်လွှတ်ရပါသည်။

 

ကိုးကွယ်ခြင်း

ဟိန္ဒူဘာသာတွင် ကာလရှည် ကြာစွာ ဖြတ်သန်းလာခြင်းကြောင့် ဘုရား ၊ ပေါင်းများစွာကို ကိုင်တွယ်ခြင်း၊ ကျမ်းစာ အုပ်များ ပေါများခြင်းတိုကြောင့် ကိုးကွယ် ပုံများလည်း ထူးခြား ခြားနားပါသည်။ နေ့ စဉ်နေ့တိုင်းမိမိတိုနှစ်သက်ရာ ဘုရားနှင့် ၊ ဘုရားကျောင်းများသို သွားကာ လွတ်လပ်စွာ ဝတ်ပြုကိုးကွယ်ကြပါသည်။ ဘုရားကျောင်း များသိုသွားကာ ကိုးကွယ်ဝတ်ပြုခြင်း၊ ဥပုသ်သီလစောင့်တည်ခြင်း၊ အလှူဒါနများပေးကမ်း ခြင်း၊ ဘုရားတေးသီးချင်းများ ပူဇော်သီကျူးခြင်း၊ ဘုရားဂုဏ်တော်များရွတ်ဆိုခြင်း၊ တရား ဓမ္မများ ဟောကြားခြင်းများသည် ဟိန္ဒူတို၏ ဝတ်ပြုကိုးကွယ်ခြင်းများဖြစ်ပါသည်။

 

ပွဲတော်များ

ဝိဂျယဒရ်မီးပွဲတော်ကို ဟိန္ဒူတိုသည် နှစ်စဉ်တော်သလင်းလဆန်း (၁၀) ရက်နေ့တွင် ကျင်းပလေ့ရှိကြသည်။ မည်သူမျှ မနှိမ်နင်းနိုင်သော မဟီရှအသူရာ (မဟီရှားဆူးရ) အား မယ်တော်နူရ်ဂါ၊ မယ်တော်ကာလီ မယ်တော်မန္ဒီဒေဝီစသည့်ဖြင့်လည်း ဘွဲအမည်များဖြင့် ခေါ်ဆိုသည့် မယ်တော်ကြီးမှ သုတ်သင်အောင်မြင်ခြင်းကိုအကြောင်းပြု၍ အဓိကကျင်းပလေ့ ရှိကြပါသည်။ ရဲစွမ်းသတ္တိတိုအားရည်စူးလျက် ဤပွဲတော်ကြီးကို တခမ်းတနား ကျင်းပကြ ပါသည်။ ဓါး၊ လှံ၊ လက်နက်များကိုလည်း ပူဇော်ရာစင်မြင့်တွင်ထားရှိလျက် သိဒ္ဓိတင်လေ့ရှိပြီး၊ စစ်သည်တော်များကို စစ်ခင်းပြပွဲများကိုလည်း ကျင်းပကြသည်။ ထိုအချိန်က တပြိုင်တည်း တွင် ရာမမြတ်စွာဘုရားသည် ခေါင်းဆယ်လုံးရှင်လင်္ကာနိုင်ငံဘုရင်မိစ္ဆာဒိဋ္ဌိရာဝဏ ခေါ် ဒဿဂီရိအား အောင်မြင်တော်မူခဲ့ပေသည်။ ဤပွဲတော်ကျင်းပနေချိန်တွင်လည်း သက်ကြီး ရွယ်အိုများအား ပူဇော်ကန်တော့ကြခြင်း ဆွေမျိုးသားချင်းများအား တွေ့ဆုံနှုတ်ဆက်ခြင်းနှင့် ဘုရားကျောင်းများသို သွားရောက်လျက် ဝတ်ပြုပူဇော်ပွဲများကို တခမ်းတနား ကျင်းပလေ့ ရှိကြပါသည်။ ဟိန္ဒူတိုအတွက် မကောင်းမှုကို သုတ်သင်ရှင်းလင်းပြီး ကောင်းမှုများကို ဆောင် ကျဉ်းနိုင်ရန်အတွက် ခွန်အားအစွမ်းသတ္တိကို ပေးအပ်သောပွဲတော်အဖြစ် ရည်စူးကျင်းပ လျက် ယနေ့တိုင်စည်ကားသိုက်မြိုက်စွာ ကျင်းပကြပါသည်။ ။

 

ဒီပါဝလီပွဲတော်

ဟိန္ဒူဘာသာမျိုးနွယ်စုများအတွက် အရေးကြီးဆုံးသောပွဲတော်တစ်ခုဖြစ်သည်။ လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာကတည်းက ကျင်းပခဲ့ပါသည်။ ဒီပါဝလီ၏အဓိပ္ပါယ်မှာ ဒီပါနှင့်အဝါလီတို ပေါင်းစပ်ခေါ်ဝေါ်ခြင်းဖြစ်သည်။ ဒီပါ၏အဓိပ္ပါယ်မှာ ဆီမီးဖြစ်ပြီး အဝါလီ အဓိပ္ပါယ်မှာ တန်းစီထွန်းညှိပူဇော်ခြင်းဖြစ်သည်။ ထိုကြောင့် ဒီပါဝလီဆိုရာ၌ ဆီမီးတန်စီ ထွန်းညှိပူဇော်ကြခြင်း ဖြစ်သည်။ မြတ်စွာဘုရားရှင် ကရစ်ရှနားသည် အဓမ္မတရားများ ကြီးစိုးနေသော တရားအမှောင်ထုဖုန်းကွယ်နေသော ဘာရတနိုင်ငံအား အဆူရမ်၏ လက် ထဲမှ အောင်နိုင်ပြီး ဓမ္မအလင်းတဆောင်ထွန်းညှိနိုင်ခဲ့သော အထိမ်းအမှတ်ဖြင့် ဘာရတ နိုင်ငံသူ၊ နိုင်ငံသားများက ဆီမီးများထွန်းညှိကာ တန်းစီကြိုဆိုကြရာမှ တောင်ပိုင်းသားတို၏ ဒီပါဝလီပွဲတော် ပေါ်ထွန်းခဲ့ပါသည်။ ထိုနေ့တွင် ဟိန္ဒူအိမ်တိုင်းတွင် မုန့်နှင့်အချိုမုန့်မျိုးစုံကို စီမံကျွေးမွေးဧည့်ခံလျက် လူတိုသည်လည်း အဝတ်အထည်သစ်များ ဝတ်စားဆင်ယင်လျက် များစွာပျော်မြူး ကြည်နူးစွာဖြင့် ဆွေမျိုးမိတ် သင်္ဂဟများကို သွားရောက်နှုတ်ဆက်ခြင်းများ လူကြီး မိဘများအား ကန်တော့ကြခြင်း ဘုရားကျောင်းများသိုသွားကာ ဘုရားဝတ်ပြုကြခြင်း များကို ပြုကြပါသည်။

 

ဟိန္ဒူကျမ်းများ (The Scriptures of Hinduism)

ဟိန္ဒူကျမ်းတွင် သုတီနှင့်သမတီ (Shruti and Smriti) ဟူ၍ နှစ်မျိုးရှိသည်။ သုတီ ၏အဓိပ္ပါယ်မှာ ရှေးပညာရှိကြီးများ ဖေါ်ပြခဲ့သော သစ္စာတရားကို “ကြားနာခွင့်ရခဲ့သည်ဟု ဆိုပါသည်။ ဝေဒခေတ်တွင်ပေါ်ခဲ့သော ကျမ်း(၄)ကျမ်းသည် ရှေးဟောင်းကျမ်းများကို စု ဆောင်း၍ သုတီ Shruti ကျမ်းအဖြစ် စုစည်းထားခြင်းဖြစ်သည်။ ယင်းကျမ်းများသည် ဟိန္ဒူ ဘာသာ၏ ယုံကြည်မှုအခြေ ခံကျမ်းများဖြစ်သည်သာမက ဩဇာအာဏာအရှိဆုံးကျမ်း ဖြစ် သည်။ သမတီ Smriti ကျမ်း၏ အဓိပ္ပါယ်မှာ “မှတ်မိသိရှိခဲ့သည်ဟု ဆိုပါသည်။ စာပေပညာ ရှင်များက ပညာအားဖြင့်အနက် ဖွင့်ဆိုခဲ့သော သစ္စာတရားဖြစ်သည်။ ဝေဒကျမ်းမှလွဲ၍ အား လုံးသောကျမ်းများကို သမတီကျမ်းအဖြစ် အမျိုးအစားသတ်မှတ်ထားသည်။ ယင်းသမတီကျမ်း အများအပြားသည် ဂိုဏ်းဂဏနှင့်သက်ဆိုင်သော အသွင်ဆောင်ပြီး ဒုတိယအဆင့် အရေးပါ သောကျမ်းများဖြစ်သည်။ ၄င်းကျမ်းများတွင် ပုံဝတ္ထုများနှင့် ရှေးဟောင်းဒဏ္ဍာရီဝတ္ထုများ၊ အဖွဲအစည်းနှင့် တစ်ဦးချင်းကျင့်ဆောင်ရမည့် စည်းကမ်းများ ကိုးကွယ်မှုဆိုင်ရာ နည်းနာများ ဓမ္မပညာကျောင်းများနှင့် ဒဿနိကပညာနည်းစနစ်များ ပါဝင်ပါသည်။ သိုသော် ယင်းကျမ်း များအနက် ဂန္ဓဝင်မြောက်သောမှတ်သားဖွယ်ရာကျမ်း (၂)ကျမ်းမှာ ပုရာဏ Puranas ခေါ် ရာမာယန The Ramayana ကျမ်းနှင့် မဟာဘာရတ Mahabharata ကျမ်းများသည် အများနှင့်သက်ဆိုင်သော တရားအမွေအနှစ်များကို ရေးသားထားသောကျမ်းများ ဖြစ်သည်။

 

ဝေဒခေတ်တွင် ဝေဒကျမ်း

Vedas ဝေဒခေတ်တွင် ဝေဒကျမ်းများ ဖြစ်ပေါ်လာပါသည်။ ဝေဒကျမ်း (၄)ကျမ်းမှာ

(၁) ဣရုဝေဒ (ခ) ရိဂ်ဝေဒကျမ်း (Rig Veda)

(၂) ယဇုဝေဒကျမ်း (Yazur Veda)၊

(၃) သာမဝေဒ (Sama Veda)၊

(၄) အာတဗ္ဗဏဝေဒ (Atharia Veda)တို့ဖြစ်သည်။

ဝေဒကျမ်းများတွင် မန္တာန်များပါရှိပါသည်။ ထိုထဲတွင် ဘုရားကိုချီးမွမ်းသည့် ဂုဏ် တော်ဘွဲ တေးကဗျာများနှင့် သီချင်းများပါရှိပါသည်။

 

ဗြဟ္မဏခေတ် ဗြဟ္မဏကျမ်း (Brahmanas)

ဗြဟ္မဏကျမ်းသည် မန္တာန်များကို ဖွင့်ဆိုရှင်းလင်းထားချက်များဖြစ်သည့်အပြင် ယဇ်ပူဇော်ခြင်းဝတ်များနှင့်ဆိုင်၍ အသေးစိတ်ရေးသားဖေါ်ပြထားသောကျမ်းများဖြစ်သည်။

 

အရညကကျမ်းခေတ်အရညကကျမ်း (Aranyakas)

အနက်အဓိပ္ပါယ်ရှင်းလင်းဖေါ်ပြသော ကမ္မဌာန်းထိုင်ခြင်းများ ပါဝင်သည်။

 

 

ဥပါနိသျှဒ်ကျမ်းများ Upanishads

လျှိဝှက်နက်နဲသောဩဝါဒများ စကြဝဠာ၏သဘောသဘာဝများ၊ လူနှင့်စကြဝဠာ ဆက်နွယ်မှုအကြောင်းများ ရေးထားသည်။ ဥပါနိသျှဒ်ကျမ်း၏ဩဝါဒများကို ဝေဒန္တ၏ လမ်း ဆုံးဟူ၍လည်း ထင်ရှားကျော်ကြားသည်။ နက်ရှိင်းသော ဝိညာဉ်ရေးပိုင်ဆိုင်ရာ သစ္စာတရား များ ပါဝင်ပါသည်။ ရာစုနှစ်ပေါင်းများစွာ ဥပနိသျှဒ်ကျမ်းဆိုင်ရာ အနက်ဖွင့်ဆိုချက်များနှင့် နက်နဲသောအယူ အဆများကို ပြန်ဆိုရေသားထားချက်များ ပါဝင်ပါသည်။

 

ရာမာယန The Ramayana ကျမ်း နှင့် မဟာဘာရတ Mahabharata ကျမ်း

ဤကျမ်းများသည်လူကြိုက်အများဆုံး ဂန္ဓဝင်မြောက်ကျမ်းများဖြစ်သည်။ ကျမ်းထဲ တွင်ပါရှိသော တန်ခိုးတော်ဆိုင်ရာအချက်များနှင့် စံနမှုနာများကိုယူ၍ ဟိန္ဒူဘာသာဝင်များ စွာ လိုက်လျှောက်အသက်ရှင်ကြသည်။ ရာမာယနကျမ်း The Ramayana တွင် ရက်စက် ကြမ်းကြုတ်သော ဘုရင်ရာဝဏကို တိုက်ခိုက်ဖျက်ဆီးပြီး ကမ္ဘာမြေပေါ်တွင် ဖြောင့်မတ်ခြင်း တရားကို ပြန်လည်တည်ဆောက်ခြင်းအကြောင်းကို ရေးသားထားသည်။ ရာမနှင့်ကြင်ယာတော် သီတာ Sita တိုသည် စံထားအပ်သော လူယောက်ျားနှင့်လူမိန်းမများဖြစ်သည်။ ရာမ သည် ဘုရားဝင်စားသော သူဖြစ်သည်ဟု ခံယူယုံကြည်ကြသည်။ ခေတ်ပေါ် ဟိန္ဒူဘာသာဝင် များသည် ရာမအမည်နာမကို အကြိမ်ကြိမ်ရွတ်ဆိုခြင်းဖြင့် ဝတ်ပြုကိုးကွယ်မှုပြုကြသည်။ မဟာဘာရတ Mahabharata ကျမ်းမှာ စစ်ပွဲကြီးအကြောင်း မှတ်တမ်းတင်ထားသောကျမ်း ဖြစ်သည်။ အကုသိုလ်မကောင်းမှုကို ကိုယ်စားပြု ထားသောကောရဗျမင်း Kaurava ၏ ညီအစ်ကို (၁၀၀)နှင့် ကုသိုလ်ကောင်းမှုကို ကိုယ်စားပြုထားသော ၄င်းတို၏ဝမ်းကွဲညီအစ်ကို (၅)ဦးဖြစ် သည့် ပဏ္ဍဝမင်း Pandavas တို စစ်ခင်းကြပုံဖြစ်သည်။ လူဝင်စားဘုရားရှရီကရစ်သျှနား Sri Krishna က မစကူညီမှုဖြင့် ကုသိုလ်ကောင်းမှုသည်အကုသိုလ်ကို အနိုင်ယူခဲ့သည်။

 

 

ဘဂဝဂီတကျမ်း Bhagavad Gita

ဘဂဝဂီတကျမ်း (ခေါ်) ဘုရားဓမ္မတေး The Lord’s Song သည် ဟိန္ဒူကျမ်းစာတွင် ထင်ရှားဆုံးကျမ်းဖြစ်သည်။ ဤကျမ်းသည် မဟာဘာရတကျမ်း၏ကဏ္ဍတစ်ခုအဖြစ် ပါဝင် သည်။ စစ်ပွဲကြီး၊ မစမှီ၊ ပဏ္ဍဝမင်းသားများထဲမှ အာဇနမင်းသားသည် သံသယစိတ်များနှင့် စိတ်မတည်ငြိမ်မှု ဖြစ်ခဲ့သည်။ ငါ၏အမှုသည် တရားသော်လည်း၊ ငါ၏လူတိုကိုဆန့်ကျင်၍ အဘယ်ကဲ့သို တိုက်ခိုက်ရပါ မည်နည်းဟု တွေးမိသည်။ စစ်မြေပြင်တွင် ခရစ်သျှနားဘုရား၊ သည်၊ လူ့အသက်ရှင်မှုဆိုင်ရာ အကျင့်တရားနှင့် အဘိဓမ္မအတွေးအခေါ်ပညာရပ်များကို ရှင်းလင်းဖေါ်ပြခဲ့သည်။ ကျမ်းတစ်ခုလုံး သည် အပြန်အလှန်ပြောဆိုသည့်ပုံစံဖြင့် ရေးသား ထားသည်။ မည်သည့်ဓမ္မမဆို ဓမ္မ၏အကျိုးကွင်း ဆက်မည်သိုပင်ဖြစ်စေ၊ လူသည် ထိုဓမ္မ တရားများကို မိမိဝတ္တရားတစ်ရပ်အနေနှင့် ပြုမူလိုက်လျှောက် ရန် သွန်သင်ထားသည်။ ဘဂဝဂီတကျမ်း၏အခြေခံဩဝါဒမှာ အတ္တဆန်မှုကင်းမဲ့စေရေးအတွက် ဖြစ်သည်။

 

ဂျိန်းဘာသာ

(Jainism)

ဂျိန်းဘာသာကိုစတင်သူမှာ မဟာဝီရပင်ဖြစ်သည်။ မဟာဝီရ Mahavira သည် ဗုဒ္ဓနှင့် ခေတ်ပြိုင်ဖြစ်ပြီး၊ ဗုဒ္ဓထက်စော၍အရင်ပေါ်ထွက်ခဲ့သည်။ ဟိန္ဒူဗြဟ္မဏတို၏ ဇာတ်မြင့် ခွဲခြားမှုကို ပြတ်ပြတ်သားသား ဆန့်ကျင်လမ်းခွဲထွက်ခဲ့သောသူများထဲတွင် အထင်ရှားဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ သူကို ဝိဟာမန Vardhamana ဟူ၍လည်း ခေါ်ဆိုကြသည်။ ဂျိန်း ဘာသာဝင်တိုက သူ့ကို သူထူးသူမြတ်ကြီးထဲတွင် ၂၄ ဦးမြောက် Trithankaras နောက်ဆုံး သောခေါင်းဆောင်ကြီးဖြစ်သည်ဟု ခံယူကြသည်။ သူသည် ခတိယ (မင်းမျိုး) Kchatriya အနွယ်ဖြစ်သည်။ အိန္ဒိယပြည်မြောက်ပိုင်း (မာဂစတိုင်း)တွင် ဝေသာလီမင်းနေပြည်တော်တွင် ဘုရင်မင်းမြတ် (သျှရီ-ရာမ)နှင့် မိဖုရားခေါင်ကြီး (သျှရီ-ဆာလာ) တို၏ ဒုတိယမြောက်သားတော်ဖြစ်သည်။ မင်းသားလေး၏ငယ်အမည်မှာ ဝန္ဒမဏဖြစ်သည်။ မဟာဝီရအမည်၏ အဓိပ္ပါယ်မှာ သူရဲကောင်းဟုဆိုပါသည်။ ဂျိန်းဘာသာ၏ခေါင်း ဆောင်ဖြစ်သောကြောင့် သူကို ဇိနဟူ၍လည်း ခေါ်ဆိုကြပါသည်။ ဂျိန်းဘာသာကို ဗုဒ္ဓဘာသာတွင် နိဂဏ္ဍဂိုဏ်းဟု ခေါ်ဆိုကြ ပါသည်။ မဟာဝီရသည် ငယ်စဉ်ကပင် ရဲစွမ်းသတ္တိနှင့် ပြည့်စုံသူဖြစ်သည်။ သူငယ်စဉ်တွင် ကစားဖော်များနှင့် ဥယျာဉ်တော်တွင် ကစားနေကြခိုက်၊ မုန်ယိုနေသောဆင်ကြီး တစ်ကောင် သည် စွယ်စုံကြီးကို ဝှေ့ယမ်းကာ သူတိုထံသို ပြေးလာရာ ကစားဖော်များက ပြေးသွားကြ သော်လည်း မဟာဝီရသည် မပြေးဘဲရပ်လျက်နေပြီး ဆင်ကြီး၏အစွယ်ကိုလက်ဖြင့် သပ်ပေး ပြီး၊ ဆင်ကြီး၏ဦးခေါင်းပေါ်သို့တက်ကာ ဆင်ကြီးကို ဆင်တင်းကုပ်သိုပြန်စေခဲ့သည်။ အသက် (၁၂)နှစ်သား အရွယ်တွင် ဘာသာရေးထုံးစံအရ “ပရိတ်စလွယ်ကြိုးဆင်မင်္ဂလာ”ကို ခံယူပြီး ကျမ်းဂန်များကို သင်ကြားခဲ့သော်လည်း မနှစ်သက်တော့ကာ အသက်(၁၉)နှစ်သားအရွယ်ရောက်သောအခါ ဆက်လက်မသင်ကြားတော့ဘဲ အိမ်ထောင်ပြုခဲ့သည်။ အသက် (၃၀)နှစ် ရောက်သောအခါ ဝေသာလီနန်းစည်းစိမ်ကိစန်၍ တရားနာရန် တောထွက်လေတော့သည်။ ထိုနောက် နှစ်ပေါင်း (၂၀)လုံးလုံး ရေငုံနုတ်ပိတ် (ဝစီပတ်) အကျင့်ကိုကျင့်ကြံကာ သစ္စာ ဓိဌာန်ပြုခဲ့သည်။ မဟာဝီရသည် နေပြည်တော်သိုမပြန်တော့ဘဲ အနှစ် (၂၀)လုံးလုံး သည်းခံ ငြိမ်သက်စွာ ဖြည့်ကျင့်ရှာဖွေခဲ့ရသော သူ၏တရားအသစ်များကို အိန္ဒိယပြည်အနှံ လှည့်လည် ဟောပြောခဲ့သည်။

 

ဂျိန်းတို့၏ယုံကြည်မှု

ဂျိန်းဘာသာဝင်တိုသည် ဘုရားအများကိုကိုးကွယ်သော Poliytheistic သူများ ဖြစ်သည်။ မရေမတွက်နိုင်သောဘုရားများကို ကိုးကွယ်ကြပါသည်။ လောကထဲက ထာဝရ လွတ်မြောက်သွား သောဝိညာဉ်များလည်း ထိုမရေတွက်နိုင်သော ဘုရားများထဲတွင် ပါဝင်သွားကြ သည်။ လောကဖြစ် တည်မှုနှင့် စကြဝဠာသည် နဂိုမူလက တည်ရှိနေပြီးဖြစ်သည်ဟု ခံယူကြ သည်။ ထိုစကြဝဠာလော ကကြီးကို အလွှာ (၇)လွှာဖြင့် ဖွဲစည်းထားသည်ကို ယုံကြည်ကြသည်။

(၁) အဆုံးစွန်အမြင့်ဆုံးအလွှာဖြစ်ပြီး လွတ်မြောက်သွားသောဝိညာဉ်တို ရောက်ရှိသည့်နေရာ ဖြစ်သည်။

(၂) လောက၏ အမြင့်ဆုံးအလွှာ ကောင်းကင်အာကာသပေါင်း ၃၀ ဖွဲစည်းထားပါသည်။

(၃) အလယ်အလတ်အလွှာဖြစ်ပြီး ကမ္ဘာနှင့်မြင်နိုင်သော စကြဝဠာများ ရှိပါသည်။

(၄) အောက်ဆုံးသောအလွှာဖြစ်ပြီး ငရဲ (၇)ဆင့်ရှိသည်။

(၅) နိကိုဒ Nigoda သည်အလွန်နှိမ့်ကျသော အလွှာဖြစ်သည်။

(၆) အမြင့်ဆုံးသောအလွှာအတွင်းတိမ်လွှာများရှိပါသည်။

(၇) ရုပ်မရှိသောနေရာ၊ တိုင်းတာ၍မရသော လောကလွန်နေရာဖြစ်သည်။

 

ဂျိန်းဘာသာ၏ကျမ်းစာ

ဂျိန်းဘာသာတွင် သန့်ရှင်းသော ကျမ်း (၂၄)အုပ်ရှိပြီး၊ ထိုကျမ်းစာကို အဓိက အပိုင်း (၆)ပိုင်း ခွဲထားပါသည်။ ထိုထဲတွင် ကယ် ပါသုတ် Kalpa Sutra သည် ထင်ရှားဆုံးဖြစ် ပြီး သူထူးသူမြတ် (၂၄) ဦး Trithankaras များအကြောင်း ရေးသားထားသောကျမ်း၊ ဖြစ်သည်။ ထိုကျမ်းစာများကို ဂျိန်းဘာသာရေးခေါင်းဆောင် (၅) မျိုးက ဦးဆောင်ရပါသည်။ ယင်းခေါင်းဆောင်များမှာ –

(၁) ဘာသာဝင်များက ရွေးချယ်သောခေါင်းဆောင် (acharya)

(၂) ဘုန်းကြီးများ ၊

(၃) မယ်သီလရှင်များ

(၄) အမျိုးသားဘာသာရေးဦးဆောင်နိုင်သူများ ၊

(၅) အမျိုးသမီးဘာသာရေး ဦးဆောင်နိုင်သူများတိုဖြစ်သည်။

 

အပြစ်

မကောင်းသော အကုသိုလ် ကံတရားကိုကျူးလွန်ပါက အပြစ်ဖြစ်သည်။ အပြစ်မဖြစ် ရန် လိုက်နာကျင့်ဆောင်ရမည့် တရား (၅) ပါးနှင့် ရှောင်ကျဉ်ရမည့်တရား(၃)ပါးရှိပါသည်။

 

လိုက်နာရမည့်တရား samitis (၅)ပါးမှာ

(၁) ပုံမှန်လမ်းရှောက်ခြင်းကျင့်စဉ် (iriya samitis)

(၂) ပုံမှန်ဟောပြောခြင်းကျင့်စဉ် (bhasa samitis)

(၃) ပုံမှန်ဆွမ်းခံခြင်းကျင့်စဉ် (esnna samitis)

(၄) ပုံမှန်စောင့်ထိန်းခြင်းသန့်ရှင်းခြင်းကျင့်စဉ် (adana nikshepana samitis)

(၅) ပုံမှန်အမှိက်နှင့်အညစ်ကြေးများကိုရှင်းလင်းခြင်း (utsarga samitis) တိုဖြစ်သည်။

 

ရှောင်ကျဉ်ရမည့်တရား (၃)ပါး

(၁) စိတ်ပိုင်းဆိုင်ရာမကောင်းမှုကိုမလုပ်ရန် (mana gupti)

(၂) နှုတ်မှမကောင်းမှုကိုမပြောရန် (vachana gupti)

(၃) ကိုယ်အမှုအရာမကောင်းမှုကိုမပြုရန် (kaya gupti)

 

အပြစ်

အပြစ်ဖြစ်ခြင်းမှာ မကောင်းမှုကိုပြုခြင်းသည်အပြစ်ဖြစ်သည်။ မကောင်းမှုကိုမဖြစ် ရန်မှာ – (၁) ကိုယ်ကာယဆိုင်ရာမကောင်းမှုများကို မလုပ်ခြင်း (mana gupti)၊

(၂) မကောင်းမှု များကိုမပြောခြင်း (vachana gupti)၊

(၃) မကောင်းမှုများကို မကြံစီခြင်းတိုကို လုပ်ဆောင်ရပါမည်။ ထိုကဲ့သို မလုပ်ဆောင်ပါက အပြစ်ဖြစ်ပါ သည်။

 

လွတ်မြောက်ခြင်းတရား

သံသရာမှအစဉ် လွတ်မြောက်ခြင်း (moksha) ကို ရလိုပါက လိုက်နာရမည့် အ ကြောင်းတရား (၃)ခုရှိပါသည်။

(၁) မှန်ကန်သောသိမြင်နားလည်မှု (samyak darsana) ရှိရပါမည်။ စစ်မှန်သောသဘာဝတရားကို သိရှိရပါမည်။

(၂) မှန်ကန်သောအသိပညာသုတ (samyak jnana) ရှိရပါမည်။ ထိုအရာရရှိမှသာ ဉာဏ် အလင်းတရား ရရှိမည်ဖြစ်သည်။

(၃) မှန်ကန်သော အကျင့် (samyak charitrya) ကျင့်ရမည်။ မကောင်းမှုကိုရှောင်ကျဉ်ရမည်။

ဟိန္ဒူဘာသာကလက်ခံသော အကြမ်းမဖက်ဝါဒဖြစ်သည့် အဟိန္ဓ Ashisa တရား ကို လက်ခံကြပါသည်။ သူတစ်ပါးအပေါ် ဒုက္ခမရောက်စေခြင်း ထိခိုက်စေခြင်းတိုကို လုံးဝ ရှောင်ရှားသော သဘောဖြစ်သည်။ ဂျိန်းဘာသာ၏ရတနာသုံးပါးမှာ မှန်ကန်သောဗဟုသုတ၊ မှန်ကန်သော ယုံကြည် ချက်နှင့်မှန်ကန်သောလုပ်ဆောင်ချက်တိုဖြစ်သည်။ ဂျိန်းတိုသည် သံ သရာ Cycles of birth ကို လက်ခံကြသည်။ ဘုရားကလူ၊ ဘုရင်၊ ဘုန်းကြီးအဖြစ် ဝင်စား သည်ကို လက်ခံကြပါသည်။ အရာခပ်သိမ်းကိုစွန့်လွတ်ခြင်း၊ အယူဝါဒ Ascetism ကို လက်ခံသောသူများ ဖြစ်သည်။ ဂျိန်းအယူအ ဆမှာ ခန္ဓာကိုယ်တွင်းကိန်းအောင်းနေသော (ဝိညာဉ်) လွတ်မြောက်ရန်အတွက် ရုပ်ခန္ဓာကိုယ်ကိုပယ် ရမည်ဟူသော အယူအဆပင်ဖြစ်သည်။ လူ့ ဘဝတစ်ခုလုံးသည် “ဒုက္ခ” နှင့်သာ ပြည့်နှက်လျက်ရှိသည်။ မွေးဖွားခြင်း၊ အိုမင်းခြင်း၊ သေဆုံး ၊ ခြင်း၊ အလိုမပြည့်ခြင်းတိုသည် ဘဝ၏ ဒုက္ခဝေဒနာများသာ ဖြစ်သည်။ ထိုဒုက္ခဝေဒနာများသည် ဆန္ဒကြောင့် ဖြစ်ပေါ်ကြရသည်။ ထိုဆန္ဒသည်အသွေးအသားရုပ် ခန္ဓာကြီးကြောင့် ဖြစ်သည်။ ကိုယ်ခန္ဓာအတွင်း၌ရှိသော ဇီဝအတ္တ (ဝိညာဉ်) သည် ထိုဒုက္ခဝေဒနာကြောင့် ညစ်ညမ်းသွား ကာ ဆန္ဒ၏အကျည်းသားအဖြစ် ရောက်ရှိသွားသည်။ ထိုဇီဝအတွေ့ (ဝိညာဉ်)သည် ကိုယ်ခန္ဓာ ထဲမှ ထာဝရစဉ်လွတ်မြောက်သွားရန် ဖြစ်သည်။ ကိုယ်ခန္ဓာမရှိမှ ဒုက္ခငြိမ်းမည်ဖြစ်သော ကြောင့် ထိုခန္ဓာကြီးကို ပယ်ရမည်ဖြစ်သည်။ ထိုကြောင့် သူတော်ကောင်းများသည် အိမ်၊ ခြံမြေ ရှိရန်မလို အစာအဟာရကိုလည်း တဖြေးဖြေးဖြတ်တောက်၍ ရုပ်ခန္ဓာကြီးကို နိဂုံးချုပ်ရ မည်။ အရာဝတ္ထုတိုင်း၌ ဝိညာဉ်ရှိသည်။ ထိုအရာဝတ္ထုနှင့် ကိုယ်ခန္ဓာသည် ဒုက္ခကို ပေးနိုင် သည်။ ဝိညာဉ်ပျက် စီးသွားမည်ကို စိုးရိမ်ရသဖြင့် မည်သည့်အရာကိုမျှ မဖျက်စီးရ။ အသက်ရှူလျှင်လည်း ပိုးကောင်များ ပါဝင်သွားပါက သေကုန်မည်ကိုစိုးရိမ်ရသဖြင့် နှာခေါင်းကို အဝတ် ဖြင့်စည်းထား၍ ဖြည်းညှင်းစွာ ရှူရှိက်ရမည်။ ညင်သာစွာ မှုတ်ထုတ်ရမည်။ သတ္တဝါအားလုံး ကို အန္တရာယ်မပြုရ။ သစ်ပင်သစ်ကိုင်း များကို မချိုးရ၊ သစ်ရွက်များကိုလည်း မခူး မဆိတ်ရ။ မြေအောက်တိရစ္ဆာန်များ သေမည်စိုးရိမ်ရ သဖြင့်၊ မြေမတူးရ၊ မထွန်ယက်ရ၊ အထူးသဖြင့် ကိုယ်ကာယ၏ ဆန္ဒကာမရာဂကို ချိုးနှိမ်ရမည်။ ထကြွလာပါက မီးဖြင့်အပူတိုက်ခြင်း၊ ဆူးဖြင့် ထိုးဆွခြင်းတိုဖြင့် ငြိမ်းသပ်ရမည်။ ဆူးပေါ်၌အိပ်စက် အနားယူရမည်။ ဂျိန်းဘာသာထဲတွင် လည်း လောကီအာရုံကာမဂုဏ်များကိုပယ်၍ ခန္ဓာကိုယ်ကို ညှင်းဆဲလျှင် ဝိညာဉ်လွတ်မြောက် နိုင်သည်ဟုယူဆကာ လိင်အင်္ဂါအစိတ်အပိုင်းများကိုပင် ဖြတ်တောက် စွန့်ပစ်သောဂိုဏ်းများ လည်း ရှိပါသည်။ ဂျိန်းဘာသာတွင်ထင်ရှားသောဂိုဏ်း (၂)ခုရှိ ပါသည်။

 

ဒီဂမ္မရဂိုဏ်း (Digambaras)

ဤဂိုဏ်းသည် အဝတ်မဝတ်သောဂိုဏ်းဖြစ်ပြီး၊ ကာမဆက်ဆံခြင်းကိုဆန့်ကျင်သော သူများဖြစ်သည်။ ဘုန်းကြီးမှန်လျှင် အဝတ်မဝတ်ကြပါ။ သူတိုသည် မိုးပြာရောင်းဂိုဏ်းဟုလည်း ခေါ်ဝေါ်ကြသည်။ မိမိကိုယ်ကိုပြင်းထန်စွာ ညှဉ်းဆဲသောအယူဝါဒ (အတ္တကိလမထနု ယောဂ) Ascetism ကို လက်ခံသောသူများဖြစ်သည်။ အမျိုးသမီးများကို ဆန့်ကျင်သောဂိုဏ်းဖြစ် သည်။ အမျိုးသမီးများသည် လွတ်မြောက်ခြင်းကိုရလိုလျှင် အမျိုးသားဘဝအဖြစ် လူပြန်ဖြစ် ပြီးမှ ရမည်ကို လက်ခံကြသည်။ သူတိုသည် အိန္ဒိယပြည်၏တောင်ပိုင်းတွင် နေထိုင်ကြသည်။

 

သေတမ္မရဂိုဏ်း (Svetambaras)

အဝတ်ကိုဝတ်ဆင်သောဂိုဏ်း ဖြစ်သည်။ အဖြူရောင်အဝတ်ကို ဝတ်ဆင်ကြသည်။ အဖြူရောင်ဂိုဏ်းဟုလည်း ခေါ်ဝေါ်ကြသည်။ အမျိုးသမီးများသည် အမျိုးသားဘဝဖြစ်ရန် မလို၊ လွတ်မြောက်ခြင်းကို ရနိုင်ပါသည်။ သူတိုသည် အိန္ဒိယပြည်၏မြောက်ပိုင်းတွင် နေထိုင် ကြသည်။

 

ဇီဝ (Jiva) နှင့် အဇီဝ (Ajiva)

ဇီဝ (အသက်) သည် ဘဝ၏ဗဟို ဖြစ်သည်။ စိတ်ဝိညာဉ်သဘောဖြစ်သည်။ အနန္တ သဘောထာဝရသဘောဖြစ်သည်။ ဇီဝသည်ပုံသဏ္ဍာန်မဲ့၊ ထာဝရသဘောကို လူ၏စိတ်နှင့် ပုံဖေါ်၍ မရနိုင်ပါ။ အဇီဝသည် အသက်မဲ့ဖြစ်သည်။ သူ့တွင် စိတ်သဘောမရှိပါ။ အဇီဝတို မှာအရောင်အဆင်း၊ အနံ၊ အရသာ၊ လေ၊ ရေ၊ မြေကြီးတို ဖြစ်ကြပါသည်။ ဇီဝ (၅)မျိုး ရှိပါသည်။

(၁) အာရုံငါးပါးရှိသောအစု – လူ (မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်ကာယ)

(၂) အာရုံလေးပါးရှိသောအစု – ပျား၊ယင်ကောင် (မျက်စိ၊ နှာခေါင်း၊ လျှာ၊ ကိုယ်ကာယ)

(၃) အာရုံသုံးပါးရှိသောအစု – ပိုးမွှား၊ အင်းဆက်များ (နှာခေါင်း၊ လျှာ၊ ကိုယ်ကာယ)

(၄) အာရုံနှစ်ပါးရှိသောအစု – တီကောင် (လျှာ၊ ကိုယ်ကာယ)

(၅) အာရုံတစ်ပါးရှိသောအစု – သစ်ပင်၊ မျိုးစေ့ (ကိုယ်ကာယ)

 

ဘာသာရေးပွဲတော်များ

ပါယုဇန Paryusana ပွဲတော်ကြီးကို (၈)ရက်မှ (၁၀)ရက်တိုင်ကြာအောင် ဩဂုတ်လနှင့် စက်တင်ဘာလအတွင်း ကျင်းပလေ့ရှိသည်။ ဘဝမှန်သမျှ အသက် မှန်သမျှကို လေး စားရန်၊ တန်ဖိုးထားရန် သွန်သင်ပေးသောပွဲတော်ကြီးဖြစ်သည်။ ဂျိန်းဘာသာဝင်တိုသည် ယောက်ျားဖြစ် စေ၊ မိန်းမဖြစ်စေ၊ ဘုန်းကြီး သို့မဟုတ် သီလရှင်ဝတ်ကြပါသည်။ ထိုကာလအတွင်း ခယ်ပါ ဆုတရာ Kalpa Sutra (ခေါ်) ဓမ္မကျမ်းကိုလေ့လာကြသည်။ ဥပုသ်သီလ ဆောက်တည် ကြသည်။ အလှူဒါနပြုကြသည်။ အပြစ်ရှိခဲ့ပါကခွင့်လွှတ်ရန် တောင်းပန်ဆုတောင်းကြသည်။

 

ဗုဒ္ဓဘာသာ

(Buddhism)

ဗုဒ္ဓ၏ မျိုးနွယ်အမည်မှာဂေါတမဖြစ်ပြီး၊ မင်းသား၏အမည်မှာ သိဒ္ဓတ္တ (အလိုဆန္ဒ ပြည့်စုံသူ) မင်းသားဖြစ်သည်။ သာကီဝင်အမျိုးအုပ်ချုပ်သူ လူတန်းစားများဖြစ်သည့် သုဒ္ဓေါ ဒနမင်းကြီးနှင့် မိဖုရားမာယာဒေဝီတိုမှ ဘီစီ ၅၆၃ မဟာသက္ကရာဇ် ၆၈ ခုကဆုန်လပြည့်နေ့၊ ဒေဝဒဟပြည် နှင့်ကပိလဝတ်ပြည်တို၏အကြားရှိ လုမ္ဗိနီ (Rumumandai) သာမောအင်ကြင်းတော၊ ယခုခေတ် အိန္ဒိယနှင့်နီပေါနိုင်ငံစပ်ကြားဒေသတွင် မွေးဖွားခဲ့ပါသည်။ သိဒ္ဓတ္တမင်း သားမဖွားမြင်မီက မယ်တော်၏အိပ်မက်ကိုပညာရှိကြီးများက အနက်ဖွင့်ရာတွင် ဘုန်းတန်ခိုး ကြီးသောမင်းတရားကြီး (သို) ဘာသာရေးဆိုင်ရာခေါင်းဆောင်ကြီးဖြစ်လိမ့်မည်ဟု ဟော ကြားခဲ့သည်။ ဖခင်ခမည်းတော် မှာအစဉ်အလာအတိုင်းဘုန်းကြီးသောရှင်ဘုရင် မင်းကြီးဖြစ် စေချင်သည်။ အရှင်မင်းကြီးက သားတော် သိဒ္ဓတ္တအား အခြွေအရံအသင်းအပင်းများစွာနှင့် လိုလေသေးမရှိအောင် နန်းတော်ထဲမှာပင်ထားခဲ့သည်။ မင်းသားသည် ဥယျာဉ်တော်မှလွဲ၍ တခြားအရာများကို မမြင်ဘူးမသိဘူးခဲ့ပါ။ အသက် ၁၆နှစ်အရွယ် တွင် ယသော်ရာဒေဝီမင်း သမီးနှင့်ထိမ်းမြားပြီး သားတော်ရာဟုလာ တစ်ဦးတည်းသောသားကိုရရှိ ခဲ့သည်။ အသက် ၂၉ နှစ်အရွယ်တွင် အဖခမည်းတော်၏ဥယျာဉ်ထဲမှထွက်ခွာ၍ ပြင်ပလောကကိုလေ့ လာခဲ့သည်။

(၁) လူအို၊

(၂) လူနာ၊

(၃) လူသေ၊

(၄) ရဟန်းစသည့် နိမိတ်ကြီးလေးပါးကိုတွေ့မြင်ပြီးနောက်၊ တောထွက်ကာ ဒုက္ကရ စရိယာ တရားကျင့် စဉ်ကို ပြင်းပြင်းထန်ထန် (၆)နှစ်တိုင် ကျင့်တော်မူခဲ့သည်။ အသက်(၃၅) နှစ်အရွယ်တွင် စောင်းကြိုးညှိ ခြင်းနှင့် စပ်ဆိုင်သောတရားဖြစ်သည့် တင်းလွန်းကပြတ်မည်၊လွန်းက အသံမမြည် ဖြစ်မည်ဆိုသော တရားကိုအခြေခံကာ၊ အလယ်အလတ်ကျင့်စဉ် (မဇ္ဈိမပဋိပဒါတရား)ဖြင့် ကျင့်ကြံအားထုတ်ရာမှ သဗ္ဗညုတဉာဏ်တော်ရရှိကာ ဗုဒ္ဓအဖြစ်ရောက် ရှိခဲ့သည်။ ဗုဒ္ဓ၏အဓိပ္ပါယ်မှာ သိရှိသည်၊ အသိတရားရှိ သူဟု ဆိုပါသည်။ ဗုဒ္ဓဘုရားရှင်သည် ပထမဦးဆုံး သိမြင်တော်မူသော သစ္စာလေးပါးတရားတော်ကို သူ၏ တပည့်တော် သာဝက ကြီးငါးဦးအား တရားဦးအဖြစ် ဟောတော်မူခဲ့သည်။ ထိုသာဝကကြီးငါး ဦးသည် ပဉ္စဝဂ္ဂီငါးဦး ဟူ၍ ကျော်ကြားလာခဲ့သည်။ ဗုဒ္ဓဘုရားရှင်သည် (၄၅)နှစ် ကာလပတ်လုံး၊ တရားတော်များကိုဟောကြားသွန်သင်တော်မူခဲ့ပြီး၊ သက်တော် (၈၀)အရွယ် ဘီစီ ၅၄၃ ခုနှစ် မဟာသက္ကရာဇ် ၁၄၈ ခု ကဆုန်လပြည့်နေ့တွင် ကုသိနာရုံပြည် မလ္လာမင်းတို့၏ ဥယျာဉ်တော်၌ ပရိနိဗ္ဗာန်စံ တော်မူလေသည်။

 

ဗုဒ္ဓဂုဏ်တော် (၉)ပါး

ဗုဒ္ဓဂုဏ်တော် (၉)ပါး ပါဠိတော်ကို ဒိဃနိကာယ်သီလက္ခန္ဓပါယဠိတော်တွင် ဖေါ်ပြ ထားပါသည်။ ယင်းတိုမှာ –

(၁) ဣတိပိသော ဘဂဝါ အရဟံ

“        ထိုမြတ်စွာဘုရားသည် ပူဇော်အထူးကို ခံတော်မူထိုက်သောကြောင့် “အရဟံ” ဂုဏ် တော်နှင့် ပြည့်စုံတော်မူပါ၏။

(၂) ဣတိပိသော ဘဂဝါ သမ္မာသမ္ဗုဒ္ဓေါ

ထိုမြတ်စွာဘုရားသည် သစ္စာလေးပါးမြတ်တရားကိုပိုင်းခြားထင်ထင် ကိုယ်တော် တိုင် ထိုးထွင်း၍ သိမြင်တော်မူသောကြောင့် “သမ္မာသမ္ဗုဒ္ဓ’ ဂုဏ်တော်နှင့်ပြည့်စုံတော်မူပါ၏။

(၃) ဣတိပိသော ဘဂဝါ ဝိဇ္ဇာစရဏ သမ္ပန္နော

ထိုမြတ်စွာဘုရားသည် ဝိဇ္ဇာဉာဏ်အသိတရားနှင့် အကျင့်စရဏတရားနှစ်ပါးစုံပြည့် တော်မူသောကြောင့် “ဝိဇ္ဇာစရဏ သမ္ပန္န ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။

(၄) ဣတိပိသော ဘဂဝါ သုဂတော်

ထိုမြတ်စွာဘုရားသည် ကောင်းသောစကားကို ဆိုတော်မူတတ်သောကြောင့် “သု ဂတ” ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။

(၅) ဣတိပိသော ဘဂဝါ လောကဝိဒူ

“        ထိုမြတ်စွာဘုရားသည် သတ္တလောက၊ သြကာသလောက၊ သင်္ခါရလောကတည်းဟူသော လောကသုံးပါးကိုသိတော်မူသောကြောင့် လောကဝိဒူ ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။

(၆) ဣတိပိသော ဘဂဝါ အနုတ္တရောပုရိသဒမသာရထိ

ထိုမြတ်စွာဘုရားသည် မယဉ်ကျေးသောလူယောက်ျား၊ နတ်သား၊ တိရစ္ဆာန်တိုကို ဆုံးမရာ၌ သူမတူအောင်ကျွမ်းကျင်လိမ္မာတော်မူသောကြောင့် “အနုတ္တရောပုရိသဒမသာရထိ” ဂုဏ်တော်နှင့်ပြည့်စုံတော်မူပါပေ၏။

(၇) ဣတိပိသော ဘဂဝါ သတ္တာဒေဝမနုဿာနံ

ထိုမြတ်စွာဘုရားသည် လူနတ်ဗြဟ္မာသတ္တဝါတို၏ဆရာဖြစ်တော်မူသောကြောင့် “သတ္တာဒေဝမနုဿာနံ ဂုဏ်တော်နှင့်ပြည့်စုံတော်မူပါပေ၏။

(၈) ဣတိပိသော ဘဂဝါ ဗုဒ္ဓေါ

ထိုမြတ်စွာဘုရားသည် မိမိသိပြီးသော သစ္စာလေးပါးမြတ်တရားကို သတ္တဝါတိုအား မဟာကရုဏာဖြင့် ဟောကြားပြသတော်မူသောကြောင့် ဗုဒ္ဓဂုဏ်တော်နှင့်ပြည့်စုံတော်မူပါပေ၏။

(၉) ဣတိပိသော ဘဂဝါ ဘဂဝါ

ထိုမြတ်စွာဘုရားသည် ဣဿရိယ၊ ဓမ္မ၊ ယဿ၊ သိရိ၊ ကာမ၊ ပယတ္တတည်းဟူသော ဘုန်းတော်ခြောက်ပါးနှင့်ပြည့်စုံသောကြောင့် “ဘဂါဝါ” ဂုဏ်တော်နှင့်ပြည့်စုံတော်မူပါပေ၏။

 

တရားဂုဏ်တော် (၆)ပါး

အင်္ဂုတ္တရနိကာယ်ပါဠိတော်တွင်ဖေါ်ပြထားပါသည်။ ယင်းတိုမှာ –

 

၁။ သွက္ခာတော ဘဂဝတာ ဓမ္မာ

မြတ်စွာဘုရားသည် ဟောကြားအပ်သောတရားတော်သည်သဒ္ဒါအားဖြင့်၎င်း၊ အနက်အဓိပ္ပါယ် အားဖြင့်၄င်း၊ အကျိုးစီးပွားအားဖြင့်၄င်း၊ ကောင်းစွာဟောကြားတော်မူရာ ဖြစ်သောကြောင့် “သွက္ခာတ’ ဂုဏ်နှင့် ပြည့်စုံတော်မူပါပေ၏။

၂။ သန္နိဋ္ဌိကော ဘဂဝတာ ဓမ္မာ

မြတ်စွာဘုရားသည် ဟောကြားတော်မူအပ်သောတရားတော်သည် ကိုယ်ပိုင်ဉာဏ် ဖြင့် ကိုယ်တွေ့ခံစားအပ်သောကြောင့် “သန္ဒိဋ္ဌိက” ဂုဏ်တော်နှင့် ပြည့်စုံတော်မူပါပေ၏။

၃။ အကာလိကော ဘဂဝတာ ဓမ္မာ

မြတ်စွာဘုရားသည် ဟောကြားတော်မူအပ်သော တရားတော်သည် ချိန်ခါမလင့် လက်ငင်းအကျိုးပေးတော်မူတက်သောကြောင့် “အကာလိကော ́ ဂုဏ်နှင့်ပြည့်စုံတော်မူပါပေ၏။

၄။ ဧဟိပဿိကော ဘဂဝတာ ဓမ္မာ

မြတ်စွာဘုရားသည် ဟောကြားတော်မူအပ်သော တရားတော်သည် လာလှည့်ရှုလှည့် ဟု ခေါ်ဖိတ်ခံနိုင်တော်မူသောကြောင့် “ဧဟိပဿိက” ဂုဏ်နှင့်ပြည့်စုံတော်မူပါ၏။

၅။ သြပနေယျိကော ဘဂဝတာ ဓမ္မာ

မြတ်စွာဘုရားသည် ဟောကြားတော်မူအပ်သော တရားတော်သည် ကျင့်ကြံလိုက်နာ သူတိုကို နိဗ္ဗာန်သိုပိုဆောင်ပေးနိုင်သောအစွမ်းတန်ခိုးကြောင့် “သြပနေယိုက’ ဂုဏ်တော်နှင့် ပြည့်တော်မူပါပေ၏။

၆။ ပစ္စတ္တံ ဝေဒိတဗောဝိညူဟိ ဘဂဝတာ ဓမ္မာ

မြတ်စွာဘုရားသည် ဟောကြားတော်မူအပ်သော တရားတော်သည် မိမိ၏အစွမ်း သတ္တိရှိသမျှ၊ ဉာဏ်ရှိသမျှသိရှိခံစားအပ်သောကြောင့် “ပစ္စတ္တံ ဝေဒိတဗောဝိညူဟိ” ဂုဏ်တော် နှင့်ပြည့်စုံ တော်မူပါပေ၏။

 

သံဃာဂုဏ်တော် (၉) ပါး

၁။ သုပ္ပဋိပ္ပန္နော ဘဂဝတော် သာဝကသံဃော

မြတ်စွာဘုရား၏ တပည့်သားသံဃာသည်ကောင်းစွာကျင့်တော်မူတက်သောကြောင့် “သုပ္ပဋိပ္ပန္န ဂုဏ်နှင့်ပြည့်စုံတော်မူ၏။

၂။ ဥဇုပ္ပဋိပ္ပန္န ဘဂဝတော် သာဝကသံဃော

မြတ်စွာဘုရား၏တပည့်သားသံဃာသည် ဖြောင့်မတ်စွာ ကျင့်တော်မူသောကြောင့် ဥဇုပ္ပဋိပ္ပန္န ဂုဏ်နှင့်ပြည့်စုံတော်မူ၏။

၃။ ဉာယပ္ပဋိပ္ပန္တေ ဘဂဝတော် သာဝကသံဃော၊

မြတ်စွာဘုရား၏တပည့်သားသံဃာသည် နိဗ္ဗာန်အလိုငှာကျင့်တော်မူသောကြောင့် ဉာယပ္ပဋိပ္ပန္န ဂုဏ်ဖြင့်ပြည့်စုံတော်မူ၏။

၄။ သာမိစိပ္ပဋိပ္ပန္နော ဘဂ၀တော သာဝကသံဃော

မြတ်စွာဘုရား၏တပည့်သားသံဃာသည် ရိုသေမှုနှင့်လျှော်အောင် (ဝါ) ရိုသေထိုက် အောင်ကျင့်တော်မူသောကြောင့် “သာမိစိပ္ပဋိပ္ပန္န ဂုဏ်နှင့် ပြည့်စုံတော်မူ၏။

၅။ အာဟုနေ‌ေယျာ

အရိယာသံဃာသည်အဝေးမှယူဆောင်၍ ပူဇော်အပ်သောပစ္စည်းကို အလှူခံတော် မူထိုက်ပါ၏။

၆။ ပါဟုနေ‌ေယျာ

အရိယာသံဃာသည် ဧည့်သည်တိုအဖို စီမံအပ်သောပစ္စည်းကို အလှူခံတော်မူ ထိုက်ပါ၏။

၇။ ဓက္ခိနေယျော

အရိယာသံဃာသည် တမလွန်အကျိုးအတွက် လှူအပ်သောအလှူကို ခံတော်မူထိုက်ပါ၏။

၈။ အဉ္ဇလီကရဏီယော

အရိယာသံဃာသည် လူနတ်ဗြဟ္မသတ္တဝါတို့၏ လက်အုပ်ချီမိုးရှိခိုးခြင်းကို ခံတော်မူ ထိုက်ပါ၏။

၉။ အနုတ္တရံပုညခေတ္တံ လောကဿ

အရိယာသံဃာသည် အတုမရှိကောင်းမှုမျိုးစေ့ကြဲချစိုက်ပျိုးဖို့ရာ လယ်ယာမြေ ကောင်းသဖွယ် ဖြစ်တော်မူ၏။

 

မိမိသည်သာကိုးကွယ်ရာ

ဘုရား၊ တရား၊ သံဃာတည်းဟူ သော ရတနာသုံးပါးသည် ဗုဒ္ဓဘာသာဝင် တို၏ကိုးကွယ်ရာ၊ အားထားရာအဖြစ် လက် ခံကြပါသည်။ ရတနာသုံးပါးအပေါ် ယုံကြည် အားထားမှုသည် လိုက်နာကျင့် ကြံမှုနှင့် အမြဲ တစေဒွန်တွဲနေပါသည်။ သိမှုနှင့်ကျင့်မှုသည် အညမညဖြစ်သည်။

 

(၁) ဗုဒ္ဓံသရဏံဂစ္ဆာမိ

ဗုဒ္ဓကိုကိုးကွယ်ယုံကြည်ပါသည်ဟု နှုတ်ဖြင့်ရွတ်ဆိုပါက ကိုးကွယ်ခြင်းမည် ပါသည်။

(၂) ဓမ္မံ သရဏံဂစ္ဆာမိ

တရားတော်ကိုးကွယ်ယုံကြည်ပါသည်ဟု နှုတ်ဖြင့်ရွတ်ဆိုယုံဖြင့်မပြီးပါ၊ လိုက်နာကျင့် ဆောင်ရမည့်တရားပေါင်းများစွာရှိပါသည်။

(၃) သံယံသရဏံဂစ္ဆာမိ

သံဃာများကို ကိုးကွယ်ယုံကြည်ပါသည်ဟု နှုတ်ဖြင့်ဝန်ခံခြင်းဖြင့်အားကိုးကြပါသည်။

ထိုကဲ့သို ရတနာသုံးပါးကို ကိုးကွယ်ယုံကြည်ကြသော်လည်း၊ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ရန်မှာမူ ယုံကြည်ကိုးကွယ်ခြင်းဖြင့် မပြည့်စုံနိုင်ပါ။ နိဗ္ဗာန်ရောက်ရန်မှာ တရား ကို ကိုယ်တိုင်ကျင့်ကြံအားထုတ်ရမည်ဖြစ်သည်။ ကိုယ်တိုင်ကျင့်ကြံအားထုတ်ခြင်းမရှိပါက မည်သူမျှ ကိုယ်ကို လာရောက် မကယ်တင်ပါ။ မိမိကို ကယ်တင်ရန်မှာ ကိုယ်တိုင်က အား ထုတ်မှသာ သံသရာမှလွတ်မြောက်မည်ဖြစ်သည်။

ဗုဒ္ဓဘုရားဖြစ်ရန် ပါရမီ (၁၀)ပါး ဖြည့်ခဲ့ရပါသည်။

 

(၁) ဒါနပါရမီ၊

မိမိပိုင်သက်ရှိသက်မဲ့ပစ္စည်းများကို သူတစ်ပါးအား ပေးကမ်းစွန့်ကြဲလှူဒါန်းခြင်း ပါရမီ ဖြစ်သည်။

(၂) သီလပါရမီ

အကုသိုလ်မဖြစ်အောင် ကိုယ်နှုတ်တိုကို စောင့်ထိန်းခြင်း၊ ငါးပါးသီလ၊ ရှစ်ပါးသီလ စသည်တိုကို စောင့်ထိန်းခြင်း ဖြစ်သည်။

(၃) နေက္ခမ္မပါရမီ

လောကီအာရုံကာမဂုဏ်များကို မတပ်မက်၊ စွန့်ခွာ၍ တစ်ကိုယ်တည်း တောထွက်၍ ရသေ့ရဟန်းပြုလိုခြင်းဖြစ်သည်။

(၄)ပညာပါရမီ

ပထမတွင် မိမိသိနားလည်ခြင်း၊ တိုးတက်အောင်ကြံစည်ခြင်း၊ တတ်သိနားလည် သော ပညာကို သူတပါးတိုအား တက်အောင်သင်ပြပေးခြင်း၊ ပညာဖြင့် အများအကျိုးရှိ အောင် ဆောင်ရွက်ပေးခြင်း ဖြစ်သည်။

(၅) ဝီရိယပါရမီ

သတ္တဝါအများ ကောင်းစားချမ်းသာရေးလုပ်ငန်းမှန်သမျှ သက်စွန့်ကြိုးပမ်း အစွမ်း ကုန်အားထုတ်ပြုလုပ်ဆောင်ရွက်ခြင်းဖြစ်သည်။

(၆) ခန္တီပါရမီ

လူမိုက်တိုပြုလာသော စော်ကားမှုကိုပြန်၍ တုံပြန်လျှင် ထိုသူသည် လူမိုက်ကဲ့သိုပင် ဖြစ်မည်။ ဒေါသမထွက်၊ စိတ်ပျက်အားငယ်မှုမရှိ၊ စိတ်အေးအေးနှင့် မိမိက အလျော့ပေး အနစ်နာခံလိုက်ခြင်း ဖြစ်သည်။

(၇) သစ္စာပါရမီ

သူတစ်ပါးကို လိမ်၍ ပြောခြင်းမရှိ၊ ပြောသည့်အတိုင်း ကတိခံသည့်အတိုင်း လုပ် ခြင်း၊ ပြုလုပ်နိုင်သလောက်ကိုသာပြောခြင်း၊ မှန်ရာသာ ပြောဆိုခြင်းဖြစ်သည်။

(၈) အဓိဌာန်ပါရမီ

ဒါနစသော ပါရမီကောင်းမှုများကို သတ်မှတ်သည့်အတိုင်း မပျက်မကွက် စွဲစွဲမြဲမြဲ အောင်မြင်ပြီးမြောက်အောင်ပြုလုပ်မည်ဟု စိတ်ဆုံးဖြတ်ထားသည့်အတိုင်း ပြုလုပ်ခြင်းဖြစ်သည်။

(၉) မေတ္တာပါရမီ

သူတစ်ဘက်သား ကြီးပွားချမ်းသာစေလိုသော စိတ်ထား၊ သူ၏အပြစ်ကိုမရှု၊ ကောင်းကွက်ကိုသာ ရှာကြည့်ကာ သူ့အကျိုးကိုဆောင်ရွက်ပေးခြင်း ဖြစ်သည်။

(၁၀) ဥပေက္ခပါရမီ

သူတစ်ပါးအား မုန်းလည်းမမုန်း ချစ်လည်းမချစ် ဘက်မလိုက်မျှမျှတတ အလယ် အလတ်တည့်မတ်သောစိတ်ထား၊ အကောင်းအဆိုးကို လျစ်လျူရှုကာ၊ လုပ်ထိုက်သည်ကို လုပ်ပေးလိုက်ခြင်း ဖြစ်သည်။

သစ္စာလေးပါးတရားတော် (The Four Noble Truths)

ဗုဒ္ဓဟောကြားခဲ့သော သစ္စာလေးပါးတရားမှာ

(၁) ဒုက္ခသစ္စာ

(၂) သမုဒ္ဒယသစ္စာ

(၃) နိရောဓသစ္စာ

(၄) မဂ္ဂင်သစ္စာတို့ ဖြစ်ပါသည်။

 

(၁) ဒုက္ခသစ္စာ (The Truth of Suffering)

လူသားတိုင်း ပဋိသန္ဓေတည်ချိန်မှစ၍ သေဆုံးသည့်တိုင်အောင် ရှောင်လွဲ၍ မရ သောအရာမှာ ဒုက္ခ ဆင်းရဲခြင်း၊ (တနည်း) နာကျင်ခြင်းဝေဒနာပင်ဖြစ်ပါသည်။ ထိုဖြစ်ရပ်သည် အမှန်တရားပင် ဖြစ်သည်။ ဒုက္ခဟူသော စကားရပ်ကို သာမန်အဓိပ္ပါယ်ဖွင့်ဆိုရလျှင် ဆင်းရဲ ခြင်း၊ ဝေဒနာ နာကျင်ခြင်း၊ မချမ်းသာခြင်းတိုဖြစ်သည်။ ဒုက္ခ၏ ဆန့်ကျင်ဘက်မှာ သုခဖြစ် သည်။ သုခသည် ချမ်းမြေ့ခြင်း၊ ကောင်းခြင်း၊ ချောမွေ့ခြင်းသဘောဆောင်ပါသည်။ သိုသော် လည်း ဒုက္ခနှင့်သုခစကားလုံးတွင် အခြေခံကျသောစကားလုံးမှာ (ခ) ဖြစ်သည်။ “ခ” ၏ ၊ ပါဠိအဓိပ္ပါယ်မှာ ပျက်စီးခြင်း၊ ပျက်သုန်းခြင်းဟု အဓိပ္ပါယ်ရပါသည်။ တရားသဘောအရ “ဒုသည် ကြမ်းတမ်းခြင်း၊ ဆင်းရဲခြင်း၊ မသာမယာမ ချမ်းမြေ့ခြင်းဖြစ်ပြီး၊ “သုသည် ချောမွေ့ ခြင်း၊ သာယာခြင်း၊ ဆင်းရဲကင်းခြင်းစသော သဘောတရားကို ဖေါ်ပြပါသည်။ သုခသည် လောက၏အမှန်တရားဖြစ်စေကာမူ၊ နောက်ဆုံး၌အစစ်မှန်ဆုံးတရားဖြစ် သည့်၊ “ခ” မတည်မြ ခြင်း၊ ပျက်စီးခြင်း၊ ဆုံးရှုးခြင်းနှင့် အဆုံးသတ်ရပါမည်။ ထိုကြောင့် ဗုဒ္ဓက ဒုက္ခကို သစ္စာဟု ခေါ်ဆိုခြင်းဖြစ်သည်။ သစ္စာဆိုသည်မှာ စစ်မှန်ခြင်း၊ မဖောက်ပြန်ခြင်း၊ လူသားတိုင်းရှောင် ၍မရသော တရားအမှန်ဖြစ်ခြင်းဖြစ်သည်။ လောကတွင် ဆင်းရဲသားဖြစ်စေ၊ ချမ်းသာသူ ဖြစ်စေ၊ ပညာတတ်၊ ပညာမဲ့ဖြစ်စေ၊ လူသားတိုင်းသည် အိုခြင်း၊ နာခြင်း၊ သေခြင်းကင်းသော သူ မည်သူမျှ မရှိပါ။ လူသားတိုင်း နေ့စဉ်နှင့်အမျှ ခန္ဓာကိုယ်ရှိနေသ၍ ဝေဒနာကို ရှောင်လွဲ၍ မရပါ။ ကျွန်ုပ်တို၌ ခံစားမှုအားလုံးသည် ဝေဒနာပင်ဖြစ်သည်။ ကောင်းသောဝေဒနာနှင့် မကောင်းသောဝေဒနာ လူတိုင်းတွင်ရှိပါသည်။ ဆိုလိုသည်မှာ ကောင်းသောခံစားမှုနှင့် မကောင်း သောခံစားမှုဖြစ်ပါ သည်။ကျွန်ုပ်တို၏ စိတ်အာရုံထဲမှာသော်လည်းကောင်း၊ ခန္ဓာကိုယ်၌သော် လည်းကောင်း၊ ပျော်ရွှင်မှု၊ သာယာမှု၊ ချမ်းမြေ့မှု ခံစားရပါက ကောင်းသောဝေဒနာဖြစ်ပေါ် နေမည်။ ထိုအရာနှင့်ဆန့်ကျင်စွာ၊ မပျော်ရွှင်မှု၊ မချမ်းမြေ့မှု၊ နာကျင်မှုခံစားရပါက မကောင်းသောဝေဒနာဖြစ်ပေါ်နေမည်။ ကျွန်ုပ်တိုသည် ကောင်းသော ခံစားမှုဝေဒနာကို အချိန်တိုင်း ခံစားချင်၍ မရသကဲ့သို၊ မကောင်းသောခံစားမှုဝေဒနာကို အမြဲတမ်း မရှိစေချင်၍မရပါ။ ထိုအရာနှစ်ခုစလုံးသည် တည်မြဲခြင်းမရှိဘဲ၊ ပြောင်းလဲနေပါသည်။ ကောင်းခြင်းနှင့် မကောင်း ခြင်းသဘောတိုသည်၊ တစ်လှည့်စီပြောင်းလဲနေခြင်းသည် သင်္ခါရသဘောပင် ဖြစ်ပါသည်။ ထိုသင်္ခါရသဘောကြောင့် လူတို၌ရှိသော ဝေဒနာမှန်သမျှသည် ဒုက္ခအစစ်အမှန်တရားပင် ဖြစ်သည်ဟု ဗုဒ္ဓက ဆိုခဲ့ပါသည်။ သင်္ခါရသဘောဆောင်နေသော ကျွန်ုပ်တို ကိုယ်ခန္ဓာ၏ အရွယ်သည် တစ်နေရာတည်း၌ ရှိမနေပါ။ ငယ်ရွယ်နုနယ်သော အရွယ်မှ ရင့်ကျက်လာသော အရွယ်၊ ထိုမှ အိုမင်းရင့်ရော်လာသောအရွယ်သိုရောက်ရှိ ပြောင်းလဲရခြင်းသည်၊ သင်္ခါရကြောင့် ဖြစ်သည်။ စိတ်၏ခံစားချက်တိုသည်လည်း အမြဲတမ်း နူးညံ့မနေပါ။ အမြဲတမ်း မာကျောမနေ ပါ။ အစဉ်ပြောင်းလဲနေသည့် စိတ်၊ ခန္ဓာသဘောသည်လည်း သင်္ခါရကြောင့်ဖြစ်သည်။ သင်္ခါရ သည် မမြဲသောအနိစ္စသဘောပင်ဖြစ်သည်။ သင်္ခါရ၊ အနိစ္စမမြဲသော၊ စိတ်ခန္ဓာကိုယ်မျိုး နောက်တစ်ကြိမ်မ ရရှိတော့ပါက ဒုက္ခအပေါင်း ကင်းဝေးသွားပါမည်။ ဗုဒ္ဓသည် သံသရာ တည်းဟူသော၊ ခန္ဓာအဖန်ဖန်၊ ဘဝအဖန်ဖန်ဖြစ်ခြင်းမှ အဆင်ကင်းလွတ်ဖိုရန် နိဗ္ဗာန်လမ်း ကိုပြခဲ့ပါသည်။ သင်္ခါရ၊ ဒုက္ခ၊ အနိစ္စတိုမရှိခြင်းသည် နိဗ္ဗာန်ပင် ဖြစ်သည်။

 

(၂) သမုဒ္ဒယသစ္စာ (The Arising of Suffering)

ဗုဒ္ဓ၏ ဒုတိယသစ္စာတရား ဖြစ်ပါသည်။ ဒုက္ခသစ္စာဖြစ်ရခြင်း၏ အကြောင်းအရင်း မှာ သမုဒ္ဒယသစ္စာကြောင့် ဖြစ်ပါသည်။ ဒုတိယသစ္စာတရားကို နေရာတိုင်းတွင် တွေ့နိုင်သော တရား ဖြစ်ပါသည်။ သမုဒ္ဒယသစ္စာသည်။ တဏှာကြောင့်ဖြစ်ပါသည်။ တဏှာသည် စွဲလမ်း ခြင်း၊ အစွဲ၊ တပ်မက်ခြင်းဖြစ်ပါသည်။ လောဘ၊ မောဘ၊ ဒေါသတိုကြောင့် တဏှာများ ဖြစ်လာပါသည်။ မိမိကိုယ်သာချစ်ပြီး သူတစ်ပါးကို မချစ်တက်ခြင်း၊ မနာလိုခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်းတိုသည် သမုဒ္ဒယများဖြစ်ပါသည်။ လိုချင်သောအရာများ မရသော အခါ၌လည်းကောင်း၊ ဖြစ်ချင်သောအရာ များဖြစ်မလာသောအခါ၌လည်းကောင်း၊ ဒုက္ခ ဖြစ်လာရပါသည်။ ထိုဒုက္ခကိုအဓိကလုပ်ဆောင်သူမှာ မရသောအရာ၊ မဖြစ်သောအရာကို စွဲလမ်းနေခြင်း၊ တပ်မက်နေသောစိတ်ဆန္ဒတောင့်တနေခြင်းပင် ဖြစ်ပါသည်။ လောကတွင် လူတိုသည် အားပြိုင်မှု၊ ကိုယ်သာအနိုင်ရလိုမှု၊ မိမိတစ်ဦးတည်း အာဏာရှိလိုမှု၊ ချမ်းသာလို မှုတိုသည် တဏှာပင်ဖြစ်သည်။ တဏှာသည် ဝေမျှခြင်း၊ ပေးဝေခြင်း၊ ရောင့်ရဲခြင်းတိုနှင့် ဆန့်ကျင်နေပါသည်။ထိုပြင် မိမိသာမှန်သည်၊ ကိုယ်၏အတွေးအခေါ်၊ အယူအဆခံယူချက် သည်သာမှန်ပြီး၊ တစ်ခြားသူအားလုံး မှားနေသည်ဟု စွဲလန်းခြင်းသည် တဏှာပင်ဖြစ်သည်။ တဏှာသည် ဝတ္ထုပစ္စည်း၊ ငွေကြေးဥစ္စာ၊ ရာထူးနေရာရလိုမှုသာမကဘဲ၊ အယူဝါဒ၊ အတွေး အခေါ်၊ အမှန်တရားနှင့်ဆိုင်သော ခံယူချက်တိုကြောင့်လည်း သမုဒ္ဒယဖြစ် စေရပါသည်။ သမုဒ္ဒယတဏှာကြောင့်၊ လောကမှမလွတ်မြောက်ဘဲ၊ ဘဝအဖန်ဖန်၊ ခန္ဓာအသစ်အ ဖန်ဖန် ဖြစ်လာသောကြောင့် ခန္ဓာရှိနေသ၍ ဒုက္ခမကင်းနိုင်ပါ။ ထိုကြောင့် သမုဒ္ဒယတဏှာ လွတ် ကင်းနိုင်ဖိုရန် တရားကိုသေချာသိရှိရန် လိုအပ်ပါသည်။ လူသားတိုင်း သမုဒ္ဒယတဏှာနှင့် မကင်းပါ။ ထိုအရာသည် အမှန်တရားပင်ဖြစ်ပါသည်။

 

(၃) နိရောဓသစ္စာ (The Cessation of Suffering)

ဗုဒ္ဓ၏ တတိယသစ္စာတရားမှာ နိရောဓပင်ဖြစ်သည်။ အဓိပ္ပါယ်အားဖြင့် ဒုက္ခဆင်းရဲ ခြင်းမှ လွတ်မြောက်ရာ၊ အောင်မြင်ရာ အစစ်အမှန်တရားပင်ဖြစ်သည်။ သမုဒ္ဒယကြောင့် ဒုက္ခဆင်းရဲခြင်း ဖြစ်ရကား ထိုဒုက္ခဆင်းရဲမှလွတ်ကင်းနိုင်ဖိုရာ ထွက်မြောက်ရာလမ်းသည် နိရောဓပင် ဖြစ်သည်။ ပါဠိစာပေအရနိရောဓသည် နိနှင့်ရောဓ တိုပေါင်းစပ်ထားပါသည်။ နိသည် မဟုတ်သဘော မရှိမဖြစ်ခြင်းသဘောကိုဆောင်ပါသည်။ နိရောဓသည် ဆောက်လုပ် သူ၊ ဖြစ်ပွားစေသူဟု အဓိပ္ပါယ် ရပါသည်။နိရောဓဟူသည် တဏှာကို ဆောက်လုပ်သူ၊ ဖြစ်ပွား စေသူမရှိတော့ခြင်းဟု အဓိပ္ပါယ်ရ ပါသည်။ တစ်နည်း လောဘ၊ ဒေါသ၊ မောဟ၊ အစွဲများ၊ တစ်ကိုယ်ကောင်းဆန်ခြင်း အရာများ မရှိတော့ခြင်းဖြစ်သည်။ ရောဓသည် လက်ညှိးထိုးပြ စရာနေရာ မဟုတ်ပါ။ သတ်မှတ်ချက် လည်းမဟုတ်ပါ။ တစ်နည်းတဏှာများ ကုန်ခမ်းသွား ခြင်းနှင့် ဘဝ ခန္ဓာအသစ် မဖြစ်တော့ခြင်း၊ ခန္ဓာမရှိတော့သောကြောင့် ဒုက္ခမရှိတော့ခြင်းကို ဆိုလိုပါသည်။ တစ်နည်း နိရောဓိသည် ဒုက္ခအပေါင်းချုပ်ငြိမ်းခြင်းဖြစ်သည်။ နိရောဓသည် လောက၌ရှိသော အိုခြင်း၊ နာခြင်း၊ သေခြင်းကင်းမဲ့သွားပြီး၊ ဘာမျှရှိတော့ခြင်းဖြစ်သည်။ လူသားတိုသည် မိမိပြုသော ကုသိုလ်ကံများကြောင့် ဘဝအဖန်ဖန်လည်နေရပါသည်။ နိရောဓ သည် ဘဝ အဖန်ဖန်ဖြစ် ခြင်းမရှိတော့ခြင်း၊ တစ်နည်းကံတရားပင်မရှိတော့ခြင်း ဖြစ်သည်။ နိရောဓသည် ချမ်းသာခြင်း၊ ခံစားနေရခြင်း၊ အမြင့်ဆုံးကောင်းကင်ဘုံသဘောမျိုးကို မဆောင်သကဲ့သို စကြဝဠာသဘောလည်း မဆောင်ပါ။ နိရောဓသည် သုခနှင့် ဒုက္ခမရှိတော့ ခြင်း ဖြစ်ပါသည်။ ထိုကြောင့် ဒုက္ခအပေါင်းချုပ်ငြိမ်းရာသည် နိဗ္ဗာန်ပင်ဖြစ်သည်။

 

(၄) စတုတ္တသစ္စာတရား မဂ္ဂင်သစ္စာ (The Path)

စတုတ္တသစ္စာမှာ ဒုက္ခမှလွတ်မြောက်ရာလမ်း၊ တစ်နည်း နိဗ္ဗာန်သွားရာလမ်းပင်ဖြစ် ပါသည်။ စတုတ္တသစ္စာကို အလယ်အလတ်လမ်းဟုလည်း ခေါ်ဆိုကြသည်။ အစွန်း (၂)ပါးကို စွန့်၍ အသင့်အတင့် ကျင့်ခြင်းသဘောဖြစ်သည်။ ပထမအစွန်းဖြစ်သော ပျော်ရွှင်မှု၊ ချမ်းသာ မှု၊ သာယာမှု ဘဝ၏အစစ်အ မှန်တရားဖြစ်ပြီး၊ ထိုအရာများကိုသာ အစွမ်းကုန်ကြိုးစားရယူ ခြင်းဖြစ်ပြီး၊ ဒုတိယအစွန်းမှာ ပျော်ရွှင်မှုချမ်းသာမှုကိုစွန့်၍ လူ့ဘောင်နှင့်ဝေးရာထွက်ခွာ၍ အစွမ်းကုန်တရားရှာခြင်းဖြစ်သည်။ ဗုဒ္ဓသည် ထိုအစွန်း(၂)ပါးကို ကိုယ်တိုင်နားလည်သဘော ပေါက်ကာ အလယ်အလတ်တရား မဇ္ဈိမပဋိပဒါလမ်းစဉ်ကို တွေ့ရှိခဲ့သည်။ ဗုဒ္ဓ၏ ပထမဆုံးဟောကြားသော တရားဒေသနာမှာ အလယ်အလတ်လမ်းစဉ်တရားပင် ဖြစ်ပါသည်။ မဂ္ဂင် (၈)ပါးကို မှန်ကန်စွာသိရှိနားလည်ရန်နှင့် နိဗ္ဗာန်သိုမျက်မှောက်ပြုရာတွင် လွယ်ကူစွာ နား လည်စေရန် မဂ္ဂင်(၈)ပါးကို သီလအုပ်စု၊ သမာဓိအုပ်စု၊ ပညာအုပ်စုဟူ၍ (၃)ခုခွဲ၍ ပြထားပါ သည်။

 

 

 

သီလ

နိဗ္ဗာန်ကိုရရှိရန် ပထမဆုံးလုပ်ဆောင်ကျင့်ကြံရမည်က သီလတရားပင် ဖြစ်သည်။ သီလသည် အခြေခံအုပ်စုဖြစ်ပြီး ခိုင်ခံ့စွာတည်ဆောက်သောအိမ်တစ်လုံး၌ အောက်ခြေမခိုင် ပါက ပြိုပျက် နိုင်ပါသည်။ ထိုနည်းတူ သီလသည် နိဗ္ဗာန်သိုတက်လမ်းနိုင်ရန် အခြေခံကျသော တရားပင် ဖြစ်ပါသည်။

 

သမာဓိ

ဒုတိယအဆင့်အနေဖြင့် မှန်ကန်စွာ လုံးလစိုက်ခြင်း၊ အားထုတ်ကြိုးစားခြင်း ဖြစ် ပါသည်။ သမာဓိသည် ချောင်းတစ်ခုကို ဖြတ်ကူးသောသူနှင့်တူသည်။ ချောင်းအလယ်သို့ ရောက်ရှိနေလျှင်ပို၍ သမာဓိ၊ ဝိရိယ စိုက်ထုတ်ရမည်။ မြဲမြံခြင်း၊ ရောက်ရဲခြင်းတိုနှင့် တည်ငြိမ်စွာ မြစ်ကိုဖြတ်ကူးမှသာ ချောင်းတစ်ဖက်သို ရောက်မည့်သဘောဖြစ်သည်။

 

ပညာ

တတိယအဆင့်အနေဖြင့် မှန်ကန်သော အသိပညာနှင့်တကွ၊ တွေးခေါ်ကျင့်ကြံခြင်း ဖြစ်သည်။ ဉာဏ်ပညာသည် မှန်ကန်သောအရာကိုရှာဖွေတက်ပါသည်။ စိတ်ကူးယဉ်ခြင်း မဟုတ်ဘဲ၊ တိကျမှန်ကန်စွာ သိရှိနားလည်မှုဖြစ်သည်။

 

၁။ သီလအုပ်စု             (၁) မှန်ကန်စွာပြောဆိုခြင်း – သမ္မာဝါစာ                                                                                                (၂) မှန်ကန်စွာပြုလုပ်ခြင်း – သမ္မာကမ္မန္တ                                                                                                (၃)မှန်ကန်စွာအသက်မွေးခြင်း – သမ္မာအာဇီဝ

 ၂။ သမာဓိအုပ်စု          (၄) မှန်ကန်စွာအားထုတ်ခြင်း – သမ္မာဝါယာမ                                                                                        (၅) မှန်ကန်စွာအမှတ်ရခြင်း – သမ္မာသတိ                                                                                              (၆) မှန်ကန်စွာတည်ကြည်ခြင်း – သမ္မာသမာဓိ

၃။ ပညာအုပ်စု             (၇) မှန်ကန်စွာသိမြင်နားလည်ခြင်း – သမ္မာဒိဋ္ဌိ ၊                                                                                     (၈) မှန်ကန်စွာကြံစည်ခြင်း – သမ္မာသင်္ကပ္ပ                                                         မဂ္ဂင်(၈)ပါးကို သီလ၊ သမာဓိ၊ ပညာ ဖြင့် အုပ်စု(၃)ခုခွဲကာ ဖော်ပြထားပါသည်။

 

သီလအုပ်စု

သမ္မာဝါစာ –                 (က) လိမ်လည်ပြောဆိုခြင်းကိုရှောင်ကြဉ်၊                                                          (ဝစီကံ (၄)ပါး)             (ခ) ဂုံးတိုက်ရန်ပွားသောစကားကိုရှောင်ကြဉ်၊                                                                                        (ဂ) ကြမ်းတမ်းသောစကားကိုရှောင်ကြဉ်၊                                                                                             (ဃ) အကျိုးမဲ့သောစကားကိုရှောင်ကြဉ်၊

သမ္မာကမ္မန္တ –               (က) သတ္တဝါတို၏အသက်သတ်ခြင်းမှရှောင်ကြဉ်၊                                 (ကာယကံ (၃)ပါး)             (ခ) သူတစ်ပါးဥစ္စာခိုးခြင်းမှရှောင်ကြဉ်၊                                                                                                 (ဂ) သူတစ်ပါး၏သားမယားပြစ်မှားခြင်းကိုရှောင်ကြဉ်၊

သမ္မာအာဇီဝ – အထက်ပါ (ဝစီကံ (၄)ပါး) နှင့် (ကာယကံ (၃)ပါး)ကို ရှောင်ကြဉ်ခြင်းဖြစ်သည်။

 

သမာဓိအုပ်စု

သမ္မာဝါယာမ                (က) ဖြစ်ပြီးသောဆိုးသွမ်းစိတ်များဖယ်ရှားရန်                                                                                      (ခ) မဖြစ်သေးသောဆိုးသွမ်းစိတ်များမဖြစ်ရန်                                                                                      (ဂ) မဖြစ်သေးသောသန့်ရှင်းမွန်မြတ်စိတ်များဖြစ်ပေါ်ရန်                                                                       (ဃ) ဖြစ်ပေါ်ပြီးသောသန့်ရှင်းမွန်မြတ်စိတ်များတိုးပွားရန်

သမ္မာသတိ                   (က) ကိုယ်တွင်းဖြစ်ပျက်မှုများကို စွဲမြဲစွာစောင့်ကြပ်ကြည့်ရှုရန်                                                             (ခ) တွေ့ထိခံစားမှုများကို စွဲမြဲစွာစောင့်ကြပ်ကြည့်ရှုရန်                                                                          (ဂ) စိတ်တွင်းဖြစ်ပျက်လှုပ်ရှားမှုများကို စွဲမြဲစွာစောင့်ကြပ်ကြည့်ရှုရန်                                                    (ဃ) စိတ်ကူးကြံစည်မှု၊ တွေးတောမှုများကို စွဲမြဲစွာစောင့်ကြပ်ကြည့်ရှုရန်

သမ္မာသမာဓိ                 (၁) ပရိသုဒ္ဓ                   = ရုပ်နာမ်စင်ကြယ်ခြင်း ၊                                                                                  (၂) ပရိယောဒါတ          = ဝန်းကျင်စင်ကြယ်ခြင်း                                                                                  (၃) အနင်္ဂဏ                 =လောဘ၊ ဒေါသ၊ မောဟမှလွတ်ကင်းခြင်း                                                      (၄) ဝိဂတူပက္ကိလေသ         = ကိလေသမှလွတ်ကင်းခြင်း ၊                                                                         (၅) မုဒုဘူတ                         – နူးညံ့သိမ်မွေ့ခြင်း                                                                                          (၆) ကမ္မနိယ                 = အစိုးရခြင်း                                                                                                   (၇) ဌိတ                       – အာရုံတစ်ခုတည်းရှိခြင်း                                                                                   (၈) အာနဉ္စဘူတ           = မတုန်လှုပ်ခြင်း

 

သမ္မာသင်္ကပ္ပ

(က) နိက္ခမသင်္ကပ္ပ

ရန်းရင်းကြမ်းတမ်းသောကိလေသာကာမဂုဏ်မှလွတ်ကင်းသောအကြံအစီ၊

(ခ) အဗျာပါဒသင်္ကပ္ပ ၊

သူတစ်ပါးအားပျက်စီးရာပျက်စီးကြောင်းမကောင်းမှုကြံစီမှုမှ လွတ်ကင်းသော စဉ်း စားဆင်ခြင်ခြင်း၊

(ဂ) အဝိဟိသ သင်္ကပ္ပ

သူတစ်ပါးအား နှိပ်စက်ညှင်းဆဲခြင်းမရှိ၊ မေတ္တာ၊ ကြင်နာသနားခြင်းကရုဏ၊ ဝမ်း မြောက်နှစ်သက်ခြင်း မုဒိတာ၊ ရန်သူမိတ်ဆွေတန်းတူဆက်ဆံနိုင်သောဥပေက္ခာတရားကို ပွားများဆင်ခြင်နိုင်ခြင်း။

ခန္ဓာ (၅)ပါး

(၁) ရုပ်အင်္ဂါ (ကာယ-ခန္ဓာ)၊

(၂) သင်ကြားနိုင်သောအင်္ဂါ (သည-ခန္ဓာ)၊

(၃) ခံစားမှုခန္ဓာအပိုင်း (ဝေဒန-ခန္ဓာ)၊

(၄) မေ့လျော့သွား၊ ပြောင်းလဲသွားခြင်း (သင်္ခါရ-ခန္ဓာ)၊

(၅) ဝိညာဉ်ခန္ဓာကိုယ် (ဝိညာဏ-ခန္ဓာ)

 

မာရ်ငါးပါး

၁။ ဒေဝပုတ္တမရ် – မာရ်စစ်သည်အောင်မြင်ခြင်း

၂။ ကိလေသမာရ် – တဏှာကင်းစင်တော်မူခြင်း

၃။ ခန္ဓမာရ် ၊ – ခန္ဓာ ပဋိသန္ဓေနေခြင်းမှ ကင်းစင်တော်မူခြင်း

၄။ မစ္စုမာန် ၊ – သေခြင်းကို အောင်တော်မူခြင်း

၅။ အဘိသင်္ခါရမာရ် – ရုပ်နာမ်နှစ်ပါးတိုကိုပြုခြင်းမှကင်းလွတ်ခြင်း

 

ကံတရား

ကံဆိုသောစကားလုံးသည် ပါဠိဝေါဟာရ ကမ္မ ပုဒ်မှဆင်းသက်လာပါသည်။ မူရင်း စကားလုံးမှာ ကရဏေ ဟုဖွင့်ဆိုထားပြီး ပြုခြင်းဟုဆိုပါသည်။ (kamma = action, deed, work) ကံ (၂)ပါးရှိပါသည်။ ကောင်းသောပြုမူခြင်း ကုသိုလ်ကံ (wholesome kamma)နှင့် မကောင်းသောပြုမူခြင်း အကုသိုလ်ကံ (unwholesome kamma) ဟူ၍ ဖြစ်သည်။ ကုသိုလ်ကံ ပြုသူသည်ကောင်းသောအကျင့်စရိုက် သုစ္စရိတ (သုစရိုက်) (good character) ကို ဖြစ်ပွားစေ ပါသည်။ အကုသိုလ်ကံကိုပြုသောသူသည် ဆိုးသောအကျင့်စရိုက် ဒုစ္စရိတ (ဒုစရိုက်) (bad character) ကို ဖြစ်စေပါသည်။

 

အကုသိုလ်ကံဆယ်ပါး

၁။ ပါဏာတိပါတ – သူ့အသက်ကိုသတ်ခြင်း။

၂။ အဒိန္နဒါန – သူ့ဥစ္စာကိုခိုးခြင်း။

၃။ ကာမေသုမိစ္ဆာစာရ – သူ့မယားကိုပြစ်မှားခြင်း။

၄။ မုသာဝါဒ္ဓ – မမှန်သည်ကိုအမှန်ပြောခြင်း။

၅။ ပိသုဏဝါသာ – ချောပင်သောစကား။ ကုံးတိုက်သောစကား။

၆။ ဖရုသဝါစာ – ကြမ်းကြုတ်ယုတ်မာသောစကားကိုဆိုခြင်း။

၇။ သပ္ပပ္ပလာပဝါစာ – ကျေးဇူးမဲ့သောစကားကိုဆိုခြင်း။

၈။ အဘိရွာ – သူ့စည်းစိမ်တို ရှေ့ရှုသောအားဖြင့် ကြံတတ်သောလောဘ။

၉။ ဗျာပါဒ – စီးပွားချမ်းသာကို ဖျက်ဆီးတတ်သောဒေါသ။

၁၀။ မိတ္တဒိဋ္ဌိ – ဖေါက်ပြန်သောအားဖြင့်အယူမှားသောမောဟ။

 

ကုသိုလ်ကံဆယ်ပါး

၁။ ဒါန – အလှူပေးခြင်း။

၂။ သီလ – ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါးသီလတို ကို စောင့်ရှောက်ခြင်း။

၃။ ဘာဝနာ – ကမ္မဋ္ဌာန်းဘာဝနာ စီးဖြန်းခြင်း။

၄။ ပစာယန – အရွယ်ကြီးသောသူ၊ ဂုဏ်ကြီးသောသူတိုကို ရိုသေခြင်း။

၅။ ဝေယျာဝစ္စ – သက်ကြီး၊ ဂုဏ်ကြီးသူတို၏အမှုကိုဆောင်ရွက်ခြင်း။

၆။ ပတ္တိဒါန – မိမိကောင်းမှုကို သူတပါးတိုအား ပေးဝေခြင်း။

၇။ ပတ္တနုမောဒနာ – သူတပါးအလှူဝတ္ထုကိုဝမ်းမြောက်ခြင်း။

၈။ ဓမ္မသဝန – တရားကိုနာခြင်း။

၉။ ဓမ္မဒေသနာ – တရားကိုဟောခြင်း။

၁၀။ ဒိဋ္ဌိဇုကမ္မ – အယူကိုဖြောင့်မတ်စွာယူခြင်း။

 

ငါးပါးသီလ

(၁) သူတစ်ပါးကိုသတ်ခြင်းမှ ရှောင်ကြဉ်ရမည်။

(၂) မပိုင်ဆိုင်သောသူတစ်ပါးပစ္စည်းအားမယူရ။

(၃) သူတစ်ပါးသားမယားအားမပြစ်မှားရ။

(၄) သူတစ်ပါးနှင့်မိမိကိုယ်ကို လိမ်ညာခြင်းမပြုရ။

(၅) မူးယစ်စေသောအရာကို ရှောင်ကြဉ်ရမည်။

 

ကမ္ဘာ့ဗုဒ္ဓဘာသာဝင်တိုင်းလက်ခံနိုင်သည့်တရားများ

(၁) ဝိမုတ္တိတရား           – တစ်ဦးချင်းလွတ်မြောက်ရေးသည် ချက်ချင်းပြုရမည့်တရားဖြစ်သည်။

(၂) သင်္ခါရတရား           – ဖြစ်ခြင်း၊ ကြီးထွားခြင်း၊ ရင့်ခြင်း ၊သေကြေပျက်စီးခြင်းဖြစ်စဉ်တရား။

(၃) အသင်္ခတ               – တစ်ဦးစီတွင်မြဲသော၊ မပြောင်းလဲသောသဘောမရှိ အမည်မရှိသောအဆုံးစွန် မရ မတ္တသစ္စာတရားဖြစ်သည်။

(၄) သံသရာ                 – အဆုံးမရှိ၊အကျိုးဟူသမျှတွင် အကြောင်းတရားရှိသည်။

(၅) ဗြဟ္မဝိဟာရ           – အမြဲပြောင်းနေသော ပုံသဏ္ဌာန်များမရေမတွက်နိုင်၊ ဘဝသည် ခွဲခြမ်းစိတ်ဖြာမ ရသော ဧကောဓမ္မေဖြစ်သည်။

(၆) သစ္စာလေးပါး         – လူသည် လွတ်မြောက်မှုကိုကြိုးစားသည်။

(၇) မဂ္ဂင်ရှစ်ပါး             – သမ္မာတရားသည် အသက်ရှင်ရေးတရားဖြစ်သည်။

(၈) ပရမတ္တသစ္စာ          – စစ်မှန်ပြီး မဖော်ပြနိုင်သောအရာဖြစ်သည်။

(၉) မဇ္ဈိမပဋိပဒါ           – အစွန်းတရားနှစ်ပါးအလယ်၌ရှိသည်။

(၁၀) သမထ၊ဝိပသနာ   – အတွင်းစိတ်တည်ငြိမ်မှုသည် ဝိညာဉ်ရေးစွမ်းရည်ကို ပေးစွမ်းနိုင်သည်။

(၁၁) အတ္တာဟိအတ္တနော နာထော         – မိမိစွမ်းပကားသည် မိမိအားထားရာ၏၊ သမ္မာတရားကို တန်းခိုးရှင်ကမပေးနိုင်၊ စိုက်သည့်အတိုင်း ရိတ်ရ၏။

(၁၂) ဗုဒ္ဓဒဿန             – ဗုဒ္ဓအတွေးအခေါ် သည် အကောင်းမြင်လည်းမဟုတ်၊ အဆိုးမြင်လည်း မဟုတ်၊ ဖြစ်တည်ရှိခြင်းကိုလည်း မငြင်း။

 

ထင်ရှားသောတရားသုံးပါး

(၁) ဒုက္ခတရား၊

(၂) အနိစ္စတရား၊

(၃) အနတ္တတရားတို့ဖြစ်ပါသည်။ ဒုက္ခတရားသည် သစ္စာလေးပါးတရားတော်တွင် ဖေါ်ပြပြီးဖြစ်သည်။

 

 

အနိစ္စတရား (impermanence)

” အနိစ္စဟူသောဝေါဟာရသည် “အ” နှင့် “နိစ္စ” တို ပေါင်းစပ်ထားပါသည်။ နိစ္စသည် တည်မြဲခြင်း၊ မပျက်စီးခြင်း၊ မကုန်ဆုံးမရှုးဆုံးခြင်းတို ဖြစ်သည်။ “အ”သည် မဟုတ်ဟုဆိုပါသည်။ ထိုကြောင့် အနိစ္စဆိုသည်မှာ မမြဲခြင်း၊ ကုန်ဆုံးခြင်းပျက်စီးသွားခြင်းအပြင် ရုပ်နာမ်တရားတို့သည် သင်္ခါရတရားအတိုင်း မတည်မြဲခြင်း စသည်တိုဖြစ်သည်။ အနိစ္စတရား (၁၀)ပါး ရှိပါသည်။

(၁) အမြဲမရှိခြင်း၊

(၂) အလွန်ပျက်ခြင်း၊

(၃) တုန်လှုပ်ခြင်း၊

(၄) ပျက်လွယ်ခြင်း၊

(၅) မခိုင်ခံ့ခြင်း၊

(၆) ဖောက်ပြန်ခြင်း၊

(၇) အနှစ်မရှိခြင်း၊

(၈) ကြီးပွားစည်ပင်မှုကင်းခြင်း၊

(၉) ဆန့်ကျင်ဘက်များပေါင်းစု၍ပျက်အပ်ခြင်း၊

(၁၀) သေခြင်းသဘောရှိခြင်းတို့ဖြစ်သည်။

 

အနတ္တ (non-self)

အနတ္တ ဟူသောဝေါဟာရတွင် ‘န” နှင့် “အတ္တ” တို ပေါင်းစပ်ထားပါသည်။ အတ္တ၏ မူရင်းအဓိပ္ပါယ်မှာ ဖြစ်ခြင်း၊ အယူ၊ ယူအပ်သည်၊ အလိုဖြစ်ခြင်း စသည်တိုဖြစ်သည်။ အတ္တ သည် ငါဟူသောအရာကို စွဲလမ်းခြင်းဖြစ်သည်။ `န ́သည်မရှိ၊ မဟုတ်ဟု ဆိုပါသည်။ အနတ္တ သည် ငါမဟုတ်ခြင်း၊ ငါဆိုသည်မှာ မရှိ၊ အချည်းနှီးဖြစ်ခြင်း၊ ဆိတ်သုဉ်းခြင်း၊ အနှစ်သာရ မရှိခြင်း၊ မိမိအလိုအတိုင်း မဖြစ်ခြင်း၊ စသည်တိုဖြစ်သည်။ အနတ္တနှင့်ဆိုင်သော အချင်းအရာ (၅)ပါးရှိပါသည်။ (၁) ပြင်ပသူစိမ်းနှင့်တူခြင်း၊

(၂) ခိုင်မြဲခြင်း (ဓုဝ) နှင့် တင့်တယ်ခြင်း (သုဘ) မဖြစ်ခြင်း၊

(၃) အချည်းနှီးဖြစ်ခြင်း၊

(၄) ကြံဆအပ်သောအဖွဲမှဆိတ်သုဉ်းခြင်း၊

(၅) ကြံဆတက်သောအတ္တမဟုတ်ခြင်း စသည်တို့ဖြစ်သည်။

 

ထေရဝါဒ ဗုဒ္ဓဘာသာတို၏ ပိဋကသုံးပုံကျမ်း

၁။ ဝိနယ ပိဋိက (၅) ကျမ်း

၂။ သုတ္တ ပိဋိက (၃) ကျမ်း

၃။ အဘိဓမ္မာ ပိဋိက (၇) ကျမ်း တစ်နည်းအားဖြင့် နိကာယ ဟုလည်းခေါ်ဆိုပါသည်။

 

နိကာယ ( ဗုဒ္ဓဒေသနာ အားလုံးပါဝင်သည်)

(၁) ဒီကနိကာယ်           = ရှည်လျားသောတရားများ စုပေါင်းထားသည်။

(၂) မဇ္ဈိမနိကာယ်          = အလယ်အလတ်တရားများစုပေါင်းထားသည်။

(၃) သံယုတ္တနိကာယ်     = တရားများကိုခေါင်းစဉ်အလိုက်ခွဲခြားထားသည်။

(၄) အင်္ဂုတ္တရနိကာယ်    = အကြောင်းအရာတစ်ခုစီတိုး၍သွားသောတရားအစုများ။

(၅) ခုဒ္ဒကနိကာယ်         = အဘိဓမ္မာ (၇)ကျမ်းနှင့်ဝိနည်း (၅)ကျမ်းတို့ဖြစ်သည်။

သုံးဆယ့်ရှစ်ဖြာမင်္ဂလာတရားတော်များ

(၃၈)ဖြာမင်္ဂလာတရားတော်ကို လူသားနတ်သားအားလုံး ကြီးပွားချမ်းသာစေရန် ဟောကြား ခြင်းဖြစ်သည်။ ဗုဒ္ဓဘုရားသည် ဂါထာဆယ်ပုဒ်ဖြင့် ဟောကြားခဲ့ပါသည်။

 

အသေဝနာစဗာလာနံ

(၁) သူမိုက်တိုကိုမမှီဝဲဆည်းကပ်ခြင်းသည်မင်္ဂလာ

(၂) ပညာရှိသောသူတိုကိုမှီဝဲဆည်းကပ်ခြင်းသည်မင်္ဂလာ

(၃) ပူဇော်ထိုက်သောသူတိုကိုပူဇော်ခြင်းသည်မင်္ဂလာ

 

ပထိရူပဒေသဝါသောစ

(၄) သင့်တင့်လျောက်ပတ်သောအရပ်နေခြင်းသည်မင်္ဂလာ

(၅) ရှေးဘဝကပြုခဲ့ဖူးသောကောင်းမူရှိသောသူ၏အဖြစ်သည်မင်္ဂလာ

(၆) မိမိကိုယ်ကိုကောင်းစွာဆောက်တည်ခြင်းသည်မင်္ဂလာ

 

ဗာဟုသစ္စဉ္စသိပ္ပဉ္စ

(၇) အကြားအမြင်များသောသူသည်မင်္ဂလာ

(၈) အပြစ်မရှိသောအတက်ကိုတက်ခြင်းသည်မင်္ဂလာ

(၉) ကောင်းစွာသင်အပ်သောအကျင့်ဝိနည်းသည်မင်္ဂလာ

(၁၀) ကောင်းသောစကားကို ကောင်းမွန်စွာပြောဆိုခြင်းသည်မင်္ဂလာ

မာတာပိတုဥပဌာန

(၁၁) အမိအဖကိုလုပ်ကျွေးမွေးမြူခြင်းသည်မင်္ဂလာ

(၁၂) သားမယားအားထောက်ပံ့ခြင်းသည်မင်္ဂလာ

(၁၃) အနှောင့်အယှက်မရှိသောအမှုကိုလုပ်ခြင်းသည်မင်္ဂလာ

 

ဒါနဉ္စဓမ္မစရိယာစ

(၁၄) အလှူပေးခြင်းသည်မင်္ဂလာ

(၁၅) တရားတော်နှင့်အညီမြတ်သောအကျင့်ကိုကျင့်ခြင်းသည်မင်္ဂလာ

(၁၆) အဆွေအမျိုးတို့အားချီးမြောက်ထောက်ပံ့ခြင်းသည်မင်္ဂလာ

(၁၇) အပြစ်မရှိသောအမူတိုကိုပြုလုပ်ခြင်းသည်မင်္ဂလာ

 

အာရတီဝိရတီပါပါ

(၁၈) မကောင်းမူတိုမှဝေးစွာရှောင်ကြဉ်ခြင်းသည်မင်္ဂလာ

(၁၉) မကောင်းမှုတိုကိုယ်နှုတ်တိုဖြင့်အထူးရှောင်ကြဉ်ခြင်းသည်မင်္ဂလာ ၊

(၂၀) သေရည်သေရက်သောက်စားခြင်းမှကောင်းစွာစောင့်စည်းခြင်းသည်မင်္ဂလာ

(၂၁) ကောင်းမှုကုသိုလ်တရားတိုကိုမမေ့မလျော့ခြင်းသည်မင်္ဂလာ

 

 

 

ဂါရဝေါစ နိဝါတောစ

(၂၂) ရိုသေထိုက်သူကို ရိုသေခြင်းသည်မင်္ဂလာ

(၂၃) မိမိကိုယ်ကိုနှိမ့်ချခြင်းသည်မင်္ဂလာ ၊

(၂၄) ရောင့်ရဲတင်းတိမ်လွယ်ခြင်းသည်မင်္ဂလာ

(၂၅) သူ့ကျေးဇူးကိုသိခြင်းသည်မင်္ဂလာ ၊

(၂၆) သင့်တင့်လျောက်ပတ်သောအခါတွင် တရားနာခြင်းသည်မင်္ဂလာ

 

ခန္တီသောဝစဿတာ

(၂၇) သည်းခံခြင်းသည်မင်္ဂလာ

(၂၈) သူတော်ကောင်းတရားလိုက်နာခြင်းသည်မင်္ဂလာ

(၂၉) ရဟန်းမြတ်တိုအားပူဇော်ခြင်းသည်မင်္ဂလာ

(၃၀) သင့်တင့်သောအခါတရားဆွေးနွေးခြင်းသည်မင်္ဂလာ

 

တပေါစဗြဟ္မစရိယဉ္စ

(၃၁) ခြိုးခြံစွာကျင့်ခြင်းသည်မင်္ဂလာ

(၃၂) မြတ်သောအကျင့်ကိုကျင့်ခြင်းသည်မင်္ဂလာ

(၃၃) အရိယသစ္စာတရားတိုကိုသိမြင်ခြင်သည်မင်္ဂလာ

(၃၄) အရဟတ္တဖိုလ်ကိုမျက်မှောက်ပြုခြင်းသည်မင်္ဂလာ

ဖုဋ္ဌဿလောကဓမ္မေဟိ

(၃၅) လောခံတရားရှစ်ပါးနှင့်တွေ့ကြုံရသော်လည်း စိတ်သည်တုန်လှုပ်ခြင်းမရှိခြင်းသည်မင်္ဂလာ

(၃၆) စိုးရိမ်ခြင်းမရှိခြင်းသည်မင်္ဂလာ

(၃၇) ရမ္မက်ဟူသောမြူအညစ်အကြေးကင်းခြင်းသည်မင်္ဂလာ

(၃၈) ဘေးမရှိခြင်းသည်မင်္ဂလာ

 

သင်္ဂါယနာတင်ခြင်း

“သံသည် စုပေါင်းသည်၊ ဂါယနာသည် ရွက်ဆိုခြင်း၊ သံဂါယနာ (သို) သင်္ဂါယနာ ဆိုသည်မှာ စုပေါင်းရွတ်ဆိုခြင်းဖြစ်ပါသည်။ တစ်နည်းအားဖြင့် ဗုဒ္ဓမြတ်ဘုရားဟောကြားခဲ့သော ဓမ္မဒေသနာ များကို စုပေါင်းရွတ်ဆိုခြင်းအားဖြင့် ကျမ်းဘောင်သွင်းခြင်းဖြစ်သည်။

သင်္ဂါယနာတင်ခြင်း သမိုင်းအကျည်း

ပထမသင်္ဂါယနာ –       ခုနှစ်၊                – သာသနာနှစ် (၁)ရာစု ၊ ဘီစီ ၄၈၃။

ဌာန                  – ရာဇဂြိုလ်ပြည် – အိန္ဒိယ

ဦးစီး                 – အရှင်မဟာကသပ

မင်း                  – အဇာတသတ်မင်း သံဃာဦးရေ – ၅၀၀

တင်ပုံတင်နည်း – နှုတ်ဖြင့်စုပေါင်းရွတ်ဆိုခြင်း

ကာလကြာချိန် – (၇)လကြာမြင့်သည်

ဒုတိယသင်္ဂါယနာ –      ခုနှစ်                 – သာသနာနှစ် (၁)ရာစု ၊ ဘီစီ ၃၈၃။

ဌာန                  – ဝေသာလီပြည် – အိန္ဒိယ

ဦးစီး                 – အရှင်မဟာယဿ

မင်း                  – ကာလာသောကမင်း

သံဃာဦးရေ     – ၇ဝဝ ၊

တင်ပုံတင်နည်း – နှုတ်ဖြင့်စုပေါင်းရွတ်ဆိုခြင်း

ကာလကြာချိန်  – (၈)လကြာမြင့်သည် ၊

တတိယသင်္ဂါယနာ –    ခုနှစ်                 – သာသနာနှစ် (၃)ရာစု ၊ ဘီစီ ၂၄၈။

ဌာန                  – ပါဋလိပုတ်ပြည် – အိန္ဒိယ

ဦးစီး                 – အရှင်မောဂ္ဂလိပုတ္တတိဿ

မင်း                  – သီရိဓမ္မသောကမင်း

သံဃာဦးရေ     – ၁ဝဝဝ

တင်ပုံတင်နည်း – နှုတ်ဖြင့်စုပေါင်းရွတ်ဆိုခြင်း

ကာလကြာချိန် – (၉)လကြာမြင့်သည်

စတုတ္တသင်္ဂါယနာ –      ခုနှစ်                 – သာသနာနှစ် (၅)ရာစု ၊ ဘီစီ ၃၃။

ဌာန                  – သီရိလင်္ကာပြည်၊ သီဟိုဠ်ကျွန်း

ဦးစီး                 – အရှင်မဟာရက္ခိတ

မင်း ၊                – ဝဋဂါမဏိမင်း

သံဃာဦးရေ     – ၅ဝဝ

တင်ပုံတင်နည်း – ပေထက်အက္ခရာတင်နှုတ်ဖြင့် စုပေါင်းရွတ်ဆိုခြင်း ၊

ကာလကြာချိန် – အကြိမ် ၁ဝဝရွက်ဆို ကြာမြင့်သည်

ပဉ္စမသင်္ဂါယနာ –         ခုနှစ်                 – သာသနာနှစ် (၂၅)ရာစု ၊ အေဒီ ၁၈၃၈။

ဌာန                  – မန္တလေး – မြန်မာပြည်

ဦးစီး                 – အရှင်ဇာဂရဘိဝံသ

မင်း                  – မင်းတုန်းမင်း

သံဃာဦးရေ     – ၂၄ဝဝ

တင်ပုံတင်နည်း – ကျောက်ထက်အက္ခရာတင် စုပေါင်းရွတ်ဆိုခြင်း

ကာလကြာချိန် – ၃နှစ် ၅လကြာမြင့်သည်

ဆဌသင်္ဂါယနာ             ခုနှစ်                 – သာသနာနှစ် (၂၅)ရာစု ၊ အေဒီ ၁၉၅၄။

ဌာန                  – ကမ္ဘာအေးကုန်းမြေ၊ မဟာပါသဏလှိဏ်ဂူ၊ ရန်ကုန်မြို၊ မြန်မာပြည်။ ။

ဦးစီး                 – ညောင်းရမ်းဆရာတော်၊ မဟာစည်ဆရာတော်၊ မင်းကွန်းဆရာတော်

မင်း                  – သမ္မတ ဦးဘဦး၊ ဝန်ကြီးချုပ်ဦးနု၊ ဆာဦးသွင်။

သံဃာဦးရေ     – ၂၅ဝဝ ၊

တင်ပုံတင်နည်း – ရောမအက္ခရာ၊ မြန်မာအက္ခရာတိုဖြင့်ပုံနှိပ်၊ မြန်မာဘာသာပြန်။

ကာလကြာချိန် – (၂) နှစ်ကြာမြင့်သည်

 

ရှင်ပြုရဟန်းခံပွဲ

ရှင်ပြုခြင်း (ပဗ္ဗဇ္ဇမင်္ဂလာ)နှင့် ရဟန်းခံခြင်း (ဥပသမ္ဗမင်္ဂလာ) တိုသည် ဗုဒ္ဓဘာသာ ဝင် မိဘပြည်သူတို အလေးအမြတ်ထားကြသည့် ဘာသာရေးဆိုင်ရာ ယဉ်ကျေးမှုတစ်ရပ် ဖြစ်ပေသည်။ သားယောက်ျားလေးကို ရှင်ပြုခြင်း (ပဗ္ဗဇ္ဇမင်္ဂလာ)ပြီးမှ ဘာသာရေးအရ လူလားမြောက်သည်ဟု ခံယူကြသည်။ ထိုနောက် ခုနှစ်ရက်၊ တစ်လ၊ တစ်ဝါအတွင်း စသဖြင့်ရှင်သာမဏေအဖြစ်ကိုခံယူပြီး ဗုဒ္ဓစာပေကိုသင်ကြားတက်မြောက်ခြင်းဖြင့် သာသနာ့ဝန်ကို ၊ တတ်နိုင်သမျှထမ်းဆောင်ရသည်ဟု ခံယူကြသည်။ |

 

ဝါဆိုပွဲ

ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်များ အလေးထားသောနေ့ထူးတစ်ရက်ဖြစ် သည်။ ဤနေ့သည် ရှင်ဂေါတမဘုရားလောင်းပဋိသန္ဓေတည်သောနေ့ဖြစ်သည့်အပြင်၊ ဘုရားလောင်း တောထွက်တော်မူသောနေ့နှင့် ဘုရားအဖြစ်သိုရောက်၍ ဓမ္မစကြာတရားဦးကို ဟောသောနေ့ ဖြစ်သည်။

 

ဝါကျွတ် ပဝါရဏာပွဲ

ဗုဒ္ဓဘာသာဝင်များက သီတင်းကျွတ်မီးထွန်းပွဲကို တခမ်းတနား ကျင်းပကြသကဲ့သို သာသနာဝန်ထမ်းရဟန်းရှင်တိုကလည်း သီတင်းကျွတ်လပြည့်နေ့တွင် ပဝါရဏာပွဲကို ကျင်းပ ပြုကြသည်။ ဝါဆိုလပြည့်ကျော်တစ်ရက်နေ့မှ စတင်ဝါဆိုနေထိုင်ခဲ့ကြသော ရဟန်းတော်များ သည် သီတင်းကျွတ်လပြည့်နေ့တွင် ဝါတွင်းသုံးလပြည့်မြောက်ခဲ့ကြသည့်အတွက် ယင်းလပြည့် ကျော်တစ်ရက်နေ့တွင် လိုရာခရီးကို လွတ်လပ်စွာ သွားလာနိုင်ကြပါသည်။ ထိုသိုမသွားကြမီ ဝါတွင်းသုံးလနေထိုင်ခဲ့ကြစဉ် မိမိတိုအပေါ် အချင်းသီတင်းသုံးဖေါ် ရဟန်းများက မျက်မြင် (ဒိဋ္ဌ) အကြား(သုတ) ယုံမှားဖွယ်(ပရိသက်)တစ်ခုခုဖြင့် အပြစ်ရှိသည်ဟုထင်မြင်ပါက ထုတ် ဖေါ်ပြောကြားရန် ဖိတ်ကြားကြပါသည်။ အပြစ်ရှိသည်ဟု မြင်သိပါက ကုစားပါမည် (ဝိနည်း

ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ပါ မည်)ဟုလည်း ဤပွဲတွင် တင်လျှောက် သည့်ပွဲ ဖြစ်သည်။ အာပတ်ဖြေသည့်ပွဲပင် ဖြစ်သည်။

 

သီတင်းကျွတ်မီးထွန်းပွဲတော်

ဂေါတမဘုရားရှင်သည် ခုနစ်ဝါ မြောက်ရောက်သည့်နှစ်မှာ တာဝတိံသာ နတ်ပြည်တွင်ဝါဆိုပြီး မယ်တော်မာယာ ဖြစ်ခဲ့ဖူးသော သုန္တသီတနတ်သားအမှူးရှိသည့် နတ်ဗြဟ္မာများကို ဝါတွင်း သုံးလပတ်လုံး အဘိ ဓမ္မာတရားကို ဟောကြားတော်မူ၏။ လူများသည် ဘုရားရှင်အား မတွေ့ရသည့်အတွက် အရှင်မောဂ္ဂလာန်နှင့် အရှင်အနုရုဒ္ဓါမထေရ်တိုကို မေးလျှောက်သောအခါ၊ ဘုရားရှင်သည် သီတင်းကျွတ်လပြည့် မဟာပဝါရဏာနေ့တွင် သင်္ကသာမြို (သင်္ကဿနာဂိုရ်) သို သက်ဆင်း ၊ မည်အကြောင်းကို ကြားသိကြရ၏။ လူများသည် သင်္ကဿနာဂိုရ်မြိုသို ကြိုတင်သွား ရောက် ပြီး ဆီမီးများပူဇော်ထွန်းညှိကာ ကြိုဆိုသည်ပွဲဖြစ်သည်။

 

ကဆုန်လနှင့် ညောင်ရေသွန်းပွဲတော်

ကဆုန်တွင် “က”သည်ရေဖြစ်ပြီး၊ ‘ဆုံ သည် သွန်းလောင်းသောလဟု ပညာရှင်တို့က ဆိုကြသည်။ ကဆုန်လ၊ လပြည့်နေ့တွင် ဗုဒ္ဓဘာသာဝင်တို၏ ထွက်ခေါင်ထိပ်တင်ဘုရား လောင်း သုမေဓာရှင်ရသေ့သည် ဒီပင်္ကရာဘုရားရှေ့အရောက် ဝမ်းလျားမှောက်တံတားခင်း ကာ ဘုရားဆုပန်ခဲ့ပါသည်။ ဤကဆုန်လပြည့်နေ့တွင် အလောင်းတော်သိဒ္ဓတ္တကို ဖွားမြင် တော်မူခဲ့သည်။ ဤကဆုန်လပြည့်နေ့၌ပင် ဘုရားအဖြစ်သို ရောက်တော်မူခဲ့သည်။ ဤကဆုန် လပြည့်နေ့၌ပင် မလ္လာဘုရင်တို၏အင်ကြင်းဥယျာဉ်ထဲတွင် ပရိနိဗ္ဗာန်စံတော်မူခဲ့သည်။ ဤ ကဆုန်လပြည့်နေ့မှာပင် မဟာဗောဓိပင်ပေါ်ပေါက်ခဲ့သည်ဟု ယုံကြည်ကြသဖြင့် ကဆုန် ညောင်ရေသွန်းပွဲတော်ကို နှစ်စဉ်ကျင်းပခဲ့ကြသည်။

 

 

ကထိန်ပွဲ

သီတင်းကျွတ်မီးထွန်းပွဲ၊ ဝါကျွတ်ပဝါဏာပွဲနှင့် ဆက်နေသော ဗုဒ္ဓဘာသာယဉ်ကျေး မှုတစ်ခုမှာ ကထိန်ပွဲပင်ဖြစ်သည်။ ဝါဆိုခါနီးမှာ လှူဒါန်းသောသင်္ကန်းကို ကထိန်သင်္ကန်း သိုမဟုတ် ကထိန်လျာ သင်္ကန်းဟု ခေါ်ပါသည်။ သိုရာတွင် ကထိန်ပွဲမှာ ကထိန်ခင်းမည့် သင်္ကန်းတစ်မျိုးတည်းကိုသာ ပေးလှူခြင်းမဟုတ်ဘဲ ထီး၊ ဖိနပ် အစရှိသော ရဟန်းအသုံးအဆောင်များ ဆန်ဆီအစရှိသော ဆွမ်းရိက္ခာများကိုပါ ထည့်သွင်းလှူဒါန်းကြပါသည်။ ကထိန်သင်္ကန်းကပ်လှူပွဲကိုတစ်ဦးတစ် ယောက်တည်းက ပေးလှူသကဲ့သို စေတနာရှင်များ စုပေါင်း သည့် ဘုံကထိန်အနေမျိုးနှင့်လည်း လှူဒါန်းလေ့ရှိပါသည်။ သာမန်အားဖြင့် သင်္ကန်းကို အချိန်မရွေးပေးလှူနိုင်သော်လည်း ကထိန် သင်္ကန်းကိုမူ တစ်နှစ်အတွင်း တစ်လတာသော ရက်အတွင်းမှာသာ လှူဒါန်းခွင့်ရှိသည်။ ဤရက်တာ အတွင်းမှာလည်း တစ်ကျောင်းမှာတစ် ကြိမ်သာ ကထိန်ခင်းခွင့်ရှိပါသည်။

 

ဘုရားကိုးဆူပွဲတော်

ဘုရားကိုးဆူပူဇော်ပွဲဟုကြားလိုက်သည့်အခါ ရုတ်တရက်ကိုးပါးသောဘုရားတို့အား ပူဇော်သမှုပြုခြင်းဟု ထင်မှတ်ကြသော်လည်း ထိုသိုမဟုတ်ပါ။ တစ်ပါးတည်းသောဘုရားနှင့် ရဟန္တာရှစ်ပါးအား ပူဇော်သည့်ပွဲဖြစ်သည်။

 

ဗုဒ္ဓဘာသာဝင် မြန်မာတို့၏ ဝတ်ပြုဆုတောင်းမှာ-

ဩကာသ ကန်တော့ချိုး

သြကာသ သြကာသ သြကာသ ကာယကံ ဝစီကံ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တိုကို ပျောက်ပါစေခြင်း အကျိုးငှါ ပထမ ဒုတိယ တတိယ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက် အောင် ဘုရားရတနာ တရားရတနာ သံဃာရတနာ ရတနာမြတ်သုံးပါးတိုကို အရိုအသေ အလေး အမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။

ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ဝိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါးတိုမှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည် ဖြစ်၍ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား။

ဩကာသ         ။ အခွင့်၊ ခွင့်ပြုတော်မူပါ။ (ရှိခိုးခွင့်ပြုတော်မူပါ။ ကန်တော့ခွင့်ပြုတော်မူပါဟု ခွင့်တောင်းခြင်းဖြစ်သည်။ ရိုသေမှုကို အလေးအနက်ပြုလိုသောကြောင့် ဩကာသကို သုံးကြိမ်ရွတ်ဆိုကြရသည်။)

ကာယကံ         ။ ကိုယ်ဖြင့် ပြုလုပ်သောအမှု

ဝစီကံ               ။ နှုတ်ဖြင့် ပြောဆိုသောအမှု

မနောကံ           ။ စိတ်ဖြင့် ကြံစည်သောအမှု

သဗ္ဗဒေါသ        ။ သဗ္ဗ + ဒေါသ ခပ်သိမ်းသော + အပြစ် – ခပ်သိမ်းသော အပြစ်တို့ကို

ပျောက်ပါစေခြင်းအကျိုးငှါ ။ ရတနာသုံးပါးနှင့် မိဘဆရာသမားများအပေါ်၌ ကိုယ်အမူ အရာဖြင့် ပြစ်မှားခြင်း၊ အပြောအဆို(နှုတ်) ဖြင့် ပြစ်မှားခြင်း၊ စိတ်ကူးအကြံအစည်ဖြင့် ပြစ်မှားခြင်းတိုတွင် တစ်စုံတစ်ခု သော ပြစ်မှားခြင်းရှိခဲ့သော် ထိုအပြစ်တိုကို ပပျောက်လျော့ ပါးသွားစေရန် တောင်းပန်ဝန်ချကန်တော့ခြင်း ဖြစ်သည်။

ပထမ ဒုတိယ တတိယ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ၊

ရတနာ             ။ အလေးအမြတ်ပြုလိုက်ခြင်း၊ တန်ဖိုးကြီးမားခြင်း၊ ရှားပါး၍ ရခဲခြင်း၊ ရရှိသူတွေ သူအား နှစ်သက်မှုကို ဖြစ်စေနိုင်သောကြောင့် ရတနာဟု ခေါ်ဆိုရသည်။

ဘုရား              ။ အလုံးစုံကို အကုန်အစင် သိမြင်တော်မူသောကြောင့် ဘုရားဟုခေါ်ပါသည်။

တရား              ။ သတ္တဝါများကို ဆင်းရဲတွင်းသိုမကျရအောင် ဆောင်ယူတတ်သောကြောင့် တရား ဟုခေါ်ပါသည်။ ။

သံဃာ              ။ အယူသီလ တူမျှသော အရိယာပုဂ္ဂိုလ်အပေါင်းနှင့် သမ္မုတိသံဃာကို သံဃာဟု

ခေါ်ပါသည်။

ရတနာမြတ်သုံးပါးတို့ကို။          မြင့်မြတ်သော ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာတိုကိုအရို အသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော်ဖူးမြော်မာန် လျှော့ ကန်တော့ပါ၏။

ဝပ်တွားကျိုးနွံခြင်း၊ မလေးမခန့်မပြုဘဲ ရိုသေသမှုကိုဖော်ပြ၍ လေးစားခြင်း၊ မြတ် နိုးခြင်းတိုဖြင့် လက်ဝါးနှစ်ဖက်ကို စုံညီပြု၍ နဖူးအထိ ချီမြှောက်ကာ မာန်မာနကို လျှော့ချရှိ ခိုးကန်တော့ခြင်း ဖြစ်သည်။

ကန်တော့ရသောအကျိုးအားကြောင့် ။ ကန်တော့ရသော ကုသိုလ်ကံစေတနာကြောင့်ဟု ဆိုလိုသည်။ အပါယ်လေးပါး            ။ အပါယ (အပ+အယ။ အချမ်းသာ+အပ=ကင်းခြင်း) ချမ်းသာကင်းသော                                            အရပ်၊ ကုသိုလ်ကောင်းမှုပြုခွင့်မရသော ဖော်ပြပါ အရပ်ဌာနလေးခုကို                                                  အပါယ်ဟုခေါ်သည်။

ငရဲ                   = ငရဲထိန်း၊ ငရဲမီး စသည်တိုဖြင့် အမြဲနှိပ်စက်ခံရသော ဘုံဌာန၊

တိရစ္ဆာန်          = မဂ်ဖိုလ် နိဗ္ဗာန်တရားတော်နှင့် ဖီလာကန့်လန့်ဖြစ်နေသော သတ္တဝါတို့၏ ဘုံဌာန၊

ပြိတ္တာ               = စားရမဲ့၊ ဝတ်ရမဲ့၊ ခိုကိုးရာမဲ့ ဖြစ်နေသူတို၏ ဘုံဌာန၊

အသူရကာယ်   =ပြိတ္တာများထက် အခြေအနေဆိုး၍ အမြဲပူလောင် ဆင်းရဲခံနေရသူများ၏ ဘုံဌာန၊

ကပ်သုံးပါး       ။ ကပ္ပ ကပ် = တစ်ခုသော အချိန်ကာလခေတ်၊ ဆိုးရွားသော ဘေးအန္တရာယ်                                          များကျရောက်ချိန်ကာလကို ကပ်ဟုခေါ်သည်။ ကပ်သုံးပါးမှာ

(ဒုဗိက္ခန္တရကပ် = ငတ်မွတ်ခြင်းဘေးဆိုက်ရောက်နေသည့် ခေတ်ကာလ။ လူသားအများ                                                လောဘထူပြောလျှင် ယင်းကပ်ဆိုက်တတ်သည်။

သတ္တန္တရကပ် .  = လက်နက်ဘေး သိုမဟုတ် စစ်ဘေးအန္တရာယ် ဆိုက်ရောက်သည့်ခေတ် ကာလ။                                  လူသားအများဒေါသထူပြောလျှင် ယင်းကပ်ဆိုက်တတ်သည်။

ရောဂန္တရကပ်               = ကူးစက်ရောဂါ ဘေးအန္တရာယ်ဆိုက်ရောက်သည့်ခေတ်ကာလ။ လူသား                                             အများ မောဟထူပြောလျှင် ယင်းကပ်ဆိုက်တတ်သည်။)

ရပ်ပြစ်ရှစ်ပါး               ။ ယင်းအရပ်ဌာနများ၌ဖြစ်လာသူများသည် မြတ်စွာဘုရား ရှင်၏ဒေသနာတော်ကို နာကြားခွင့်မရခြင်း၊ နာကြားရသော်လည်း အနက်အဓိပ္ပါယ် ကို သိနိုင်စွမ်းမရှိခြင်းကြောင့် ရပ်ပြစ်ရှစ်ပါးဟုခေါ်သည်။ ၄င်းတိုမှာငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ လွန်စွာ အသက်တမ်းရှည်သော အရူပဗြဟ္မာ နှင့် အသညာသတ်ဗြဟ္မာ (အရူပဗြဟ္မာ = ရုပ်မရှိ၊ နာမ်တရားသက် သက်သာ ရှိသည်။ အသညာသတ်ဗြဟ္မာ နာမ်တရားမရှိ၊ ရုပ်သက် သက်သာရှိသည်)၊ ပစ္စန္တရစ်အရပ်သား (တိုင်းစွန်ပြည်ဖျားလမ်းပန်း အဆက်အသွယ်ခက်ခဲ၍ ဝေါဟာရ မပြည့်စုံမကြွယ်ဝသည့် လူရိုင်း ၊ အမျိုးအနွယ်)၊ မိစ္ဆာဒိဋ္ဌိ(မှားယွင်းသော အယူဝါဒရှိသော အမျိုးအနွယ်)၊ ဒုပ္ပည(အသိဉာဏ်လူစဉ်မမီသူ)၊ သာသနာပကာလတို ဖြစ်သည်။

ရန်သူမျိုးငါးပါး             ။ ဗုဒ္ဓဘာသာဝင်တိုသည် ဘုရားရှိခိုးဆုတောင်းတိုင်း ရန်သူမျိုးငါးပါးမှ ကင်းဝေးအောင် ဆုတောင်းလေ့ရှိကြသည်။ ယင်းရန်သူမျိုးငါးပါးမှာ ရေ၊မီး၊မင်းဆိုး၊ခိုးသူ၊အမွေခံသားဆိုး သမီးဆိုးတို ဖြစ်သည်။

ဝိပတ္တိတရားလေးပါး    ။ ဝိပတ္တိ = မပြည့်စုံခြင်း၊ ချိုတဲ့ခြင်း၊ ပျက်စီးခြင်း။

ဗုဒ္ဓဘာသာဝင်တို ဘုရားရှိခိုး ဆုတောင်းသည့်အခါ ဝိပတ္တိတရားလေးပါးမှ ကင်း လွတ်ငြိမ်းအောင် ထည့်၍ ဆုတောင်းလေ့ရှိကြသည်။

မင်းဆိုးမင်းယုတ်အုပ်စိုးသောကာလ၌ဖြစ်ခြင်း၊

အပါယ်လေးပါး၌ဖြစ်ရခြင်း၊ ၊

 ရုပ်ဆင်းအင်္ဂါချိုတဲ့ခြင်း၊

အသိအလိမ္မာ ဉာဏ်ပညာနှင့် သတိဝီရိယမရှိခြင်း။

ဗျသနတရားငါးပါး        ။ ဗျသန ပျက်စီးခြင်း၊ ဆုံးရှုံးခြင်း၊ ဗျသနတရား ငါးပါးရှိသည်။ ၎င်းတိုမှာ – ဉာတိဗျသန = ဆွေမျိုးများ ပျက်စီးခြင်း၊

            ဘောဂဗျသန = စည်းစိမ်ဥစ္စာ ပျက်စီးခြင်း၊

ရောဂဗျသန = အနာရောဂါဖြစ်၍ ပျက်စီးခြင်း၊

ဒိဋ္ဌိဗျသန = အယူမှား၍ ပျက်စီးခြင်း၊

သီလဗျသန = သီလ ပျက်စီးခြင်း။

 

မဂ်တရား         ။ လောဘစသော ကိလေသာတိုကိုပယ်သတ်၍ နိဗ္ဗာန်သို သွားရောက်ကြောင်း ဖြစ်သော တရားလမ်းကို မဂ်ဟုခေါ်သည်။ မဂ်တရားလေးပါးရှိသည်။ ၎င်းတိုမှာ- သောတပတ္တိမဂ်၊ သကဒါဂါမိမဂ်၊ အနာဂါမိမဂ်၊ အရဟတ္တမဂ်။

ဖိုလ်တရား       ။ မဂ်၏ တိုက်ရိုက် အကျိုးတရားကို ဖိုလ် ဟုခေါ်ပါသည်။ ဖိုလ်တရားလေးပါးမှာ – သောတပတ္တိဖိုလ်၊သကဒါဂါမိဖိုလ်၊အနာဂါမိဖိုလ်၊အရဟတ္တဖိုလ်။

နိဗ္ဗာန်တရားတော်မြတ် ။ ဒုက္ခခပ်သိမ်းတို၏ကုန်ဆုံးရာ အေးငြိမ်းချမ်းသာသော ဓါတ်သဘောကို နိဗ္ဗာန်ဟုခေါ်ပါသည်။ ရာဂ၏ ကုန်ရာ၊ ဒေါသ ၏ ကုန်ရာ၊ မောဟ၏ ကုန်ရာသည် နိဗ္ဗာန်မည်၏။

 

ဂိုဏ်းကွဲများ

ဗုဒ္ဓဘုရားရှင်ပရိနိဗ္ဗာန်ပြုသွားပြီးနောက် ဂိုဏ်းနှစ်ဂိုဏ်းကွဲခဲ့သည်။ ဂိုဏ်းကွဲမှု၏ မူလအစတွင် ဝိနည်းတော်များအပေါ်မူတည်ပြီး ကွဲခဲ့ကြသည်။ ဗုဒ္ဓပြဌာန်းထားသော ဝိနည်း တော်များကိုပြုပြင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ထုတ်ခြင်းများပြုလုပ်ရာမှ စတင်၍ ဂိုဏ်းကွဲခဲ့ရ သည်။ ပထမတွင် မဟာယာနနှင့်ဟီနယာနဟူ၍ ဂိုဏ်ကြီးနှစ်ဂိုဏ်းပေါ်ထွက်ခဲ့သည်။ မဟာ ယာနဂိုဏ်းသည် သက္ကတ ဘာသာစကားဖြင့် ဗုဒ္ဓဝါဒကို မှတ်တမ်းတင်ခဲ့ကြသည်။ ဟီနယာန ဂိုဏ်းသည် ပါဠိစာပေဖြင့် ဗုဒ္ဓဝါဒကိုမှတ်တမ်းတင်ခဲ့ကြသည်။ မဟာယာနကို အိန္ဒိယ ဗုဒ္ဓ ဘာသာဟုခေါ်ဆိုကြသည်။ မဟာယာန ဗုဒ္ဓဘာသာသည် အိန္ဒိယပြည်မှတစ်ဆင့် နီပေါ၊ တရုတ်၊ ကိုရီးယား၊ ဂျပန်၊ ကမ္ဘောဒီးယား၊ ယိုးဒယား၊ အင်ဒိုနီးရှားနိုင်ငံများအထိ ပျံ့နှံသွားခဲ့ သည်။ တောင်ပိုင်း ဗုဒ္ဓဘာသာဖြစ်သော ဟီနယာနဂိုဏ်းကို ထေရဝါဒဗုဒ္ဓဘာသာဟုလည်း ခေါ်ဆိုကြသည်။ ထေရဝါဒသည် အိန္ဒိယပြည်မှတစ်ဆင့် သီဟိုဠ်ကျွန်း၊ မြန်မာနိုင်ငံ၊ ထိုင်း နိုင်ငံတိုတွင် ပျံ့နှံထွန်းကားခဲ့သည်။ မဟာယာနမှလည်းထပ်ကွဲသကဲ့သို ဟီနယာနဂိုဏ်းမှ ထပ်မံကွဲခဲ့ပါသည်။ ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီး တစ်နှစ်မပြည့်ခင်မှာ ထေရဝါဒနှင့် မဟာသံဃိက တိုပေါ်ပေါက်ခဲ့သည်။ ထိုနောက် ထေရဝါဒဘက်မှ ဝဇ္ဇီပုတ္တက (၅)ဂိုဏ်းနှင့် မဟိသာသက သဗ္ဗတ္တိဝါဒဂိုဏ်း (၆)ဂိုဏ်းတို ကွဲခဲ့ကြသည်။ မဟာသံဃိကဘက်တွင်လည်း မဟာသံဃိက (၆)ဂိုဏ်းနှင့် အန္ဓက (၉)ဂိုဏ်းပေါ်ထွက်လာခဲ့ပါသည်။ ယနေ့တွင် ထင်ရှားသောဗုဒ္ဓဘာသာ ဂိုဏ်းကွဲများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

 

တိဘက်ဗုဒ္ဓဘာသာ (Tibatan Buddhism)

ဗုဒ္ဓဘာသာ၏ အဓိကဂိုဏ်းကွဲဖြစ်သည်။ ထိုဂိုဏ်း၏ခေါင်းဆောင်ကြီးမှာ ဒလိုင်း လားမားဖြစ်သည်။ ယနေ့တိုင် ဒလိုင်းလားမား(၁)ဦးရှိခဲ့ပြီး၊ ၁ဝဝဝ ပြည့်နှစ်က ပေါ်ပေါက် ခဲ့သော ပထမဒလိုင်းလားမားသည် ဗောဒီသတ္တဘုရားတော်ဟု မှတ်ယူကြသည်။ ဒလိုင်းလားမား အဆက်ဆက်သည် ကွယ်လွန်သူ ဒလိုင်းလားမားမှ လူဝင်စားဖြစ်သည်ဟု မှတ်ယူကြ သည်။ ယခုလက်ရှိ ဒလိုင်းလားမားကို ၁၉၃၅ ခုနှစ် တရုတ်ပြည်တွင် မွေးဖွားခဲ့သည်။ ငယ်စဉ်ကတည်းက ယခင်ကွယ်လွန်သူ ဒလိုင်းလားမားနှင့်ပတ်သက်သောစကားများ ပြန်ပြောနိုင်ခဲ့သည်။ ၁၉၄ဝ ပြည့်နှစ်တွင် တိဘက်ပြည်၌ ဒလိုင်းလားမားအရာကို အပ်နှင်းခြင်း ခံခဲ့ရသည်။ ဘာသာရေးနှင့် နိုင်ငံရေးခေါင်းဆောင်အဖြစ် ၁၉၅ဝ ပြည့်နှစ်တိုင် အုပ်ချုပ်နေ ခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် ဒလိုင်းလားမားနှင့် ထောင်ပေါင်းများစွာသော နောက်လိုက်တို သည်၊ အိန္ဒိယပြည်သို ထွက်ပြေးခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် နိုဘယ်ငြိမ်းချမ်းရေးဆု ရရှိခဲ့သည်။ တိဘက်ပြည်ငြိမ်းချမ်းရေးနှင့် တရုတ်တို့လက်မှ လွက်မြောက်ရေးသည် ယနေ့အသက် ထင်ရှား ရှိသော ဒလိုင်းလားမား၏ရည်မှန်းချက်ပင်ဖြစ်သည်။

အရှေ့အာရှဒေသ ဗုဒ္ဓဘာသာ (East Asia Buddhism or Pure Land Buddhism)

အရှေ့အာရှဒေသ ဗုဒ္ဓဘာသာသည် မဟာယာနဂိုဏ်းမှ ဂိုဏ်းခွဲတစ်ခုဖြစ်သည်။ အာရှတိုက်၏အရှေ့ဘက်သို ပျံ့နှံခဲ့သည်။ အထူးသဖြင့် တရုတ်ပြည်၊ ဂျပန်ပြည်စသည်တိုတွင် ထွန်းကားခဲ့သည်။ ဒေသခံပြည်သူတိုသည် သူတိုဒေသသည် မြင့်မြတ်သောဒေသဖြစ်သည် ၊ ဟုဆိုကြသည်။ သိဒ္ဓတ္ထမင်းသားသည် ဒေသအခေါ် မြင့်မြတ်သောဒေသ၏ အနောက်ဘက် ပတ်ဝန်းကျင်တွင်ဖွားမြင်ပြီး ဘုရားအဖြစ် ရောက်ရှိဦးမည်ဟု ယုံကြည်ကြသည်။ ထိုကဲ့သို ယုံကြည်သောဂိုဏ်းအား မြင့်မြတ်သောဒေသ ဗုဒ္ဓဘာသာဂိုဏ်းဟု အနောက်တိုင်းသားတိုက ခေါ်ကြပါသည်။

 

ဝိနာယာနဂိုဏ်း (Vajrayana Buddhism)

ခရစ်နှစ် ၇ဝဝ ခန့်တွင် မဟာယာနဂိုဏ်းသည် တောတောင်ထူထပ်သော တိဘက် ၊ ပြည်သိုရောက်ရှိခဲ့သည်။ ထိုဒေသသိုရောက်ရှိလာသည့်ဂိုဏ်းကို ဒေသခံတိုက ဂိနယနဂိုဏ်း ၊ ဟုခေါ်ကြသည်။ တိဘက်ဒေသတွင် လူအများကိုးကွယ်သောဘာသာဖြစ်သည်။ယောက်ျား များသည် ဘုန်းတော်ကြီးများဖြစ်ကြသည်။ အချိုမှာ ရှစ်နှစ်သားအရွယ်ထဲက ရဟန်းဝတ်ကြ သည်။ ဘာသာရေးခေါင်းဆောင်များအား လာမားဟု ခေါ်ဆိုကြသည်။ လူဝင်စားခြင်း၊ ဘဝသစ်ဖြစ်ခြင်းကို ယုံကြည်ကြသည်။ လာမားတစ်ဦး ကွယ်လွန်ပြီးသော် ပြန်လည်မွေးဖွား လာမည်ဟု ယုံကြည်သ ဖြင့်လူထုကြားတွင် သတင်းနားထောင်လိုက်လံရှာဖွေကြသည်။

 

ဇင်ဗုဒ္ဓဘာသာ (Zen Buddhism)

ဇင်ဗုဒ္ဓဘာသာသည် မဟာယာနဗုဒ္ဓဘာသာ၏ ဂိုဏ်းခွဲတစ်ခုဖြစ်သည်။ ဇင်ဗုဒ္ဓဘာ သာကို တရုတ်ပြည်မှ စတင်ခဲ့ပါသည်။ တရုတ်ဘာသာဖြင့် ချင်းအင် Ch’an ဟုခေါ်ဆိုပါ သည်။ ဆိုလိုရင်းမှာ သမာဓိထိုင်ခြင်းဟု အဓိပ္ပါယ်ရပါသည်။ ယနေ့တွင် ဂျပန်နိုင်ငံတွင် အထူး ထွန်းကားလျက် ရှိပါသည်။ အဓိကယုံကြည်ချက်မှာ တရားထူးရရှိရန်မှာ ကျမ်းဂန် များကို လေ့လာရုံဖြင့်မပြီး၊ ဘုရားဝတ်ပြုရုံဖြင့် မလုံလောက်၊ ကောင်းမှုကုသိုလ်ကံနှင့် တရား ကျင့်မှရမည်ဟု ယုံကြည်ကြသည်။ ဇင်ဗုဒ္ဓဘာ သာဝင်များသည် နေ့စဉ်နာရီများစွာ တရား ထိုင်ကြသည်။ မနောအကြည်ဓါတ်မှ အသိတရားဘဝ လမ်းညွန်များရသည်ဟု လက်ခံကြ သည်။ ရဟန်းတော်များက ပဟေဠိပုစ္ဆာများကို ဘာသာဝင်တိုအား အာရုံစူးစိုက်၍ ဖြေဆို စေပြီး၊ အတွေးအခေါ်များကို ရှင်သန်စေသည်။ ရဟန်းတော်များက ပဟေဠိ ပုစ္ဆာများကို ကိုအန် ဟုခေါ်ဆိုပါသည်။

 

 

ဆစ်ခ်ဘာသာ

(Sikism)

 

ဆစ်ခ်၏အဓိပ္ပါယ်မှာ တပည့်သာဝကဟုဆိုပါသည်။ အိန္ဒိပြည် (လာတိုရီပြည်နယ် တယ်ကော်ဒီအရပ်) ယခုပန်ဂျပ်ပြည်နယ်တွင် ဆစ်ခ်ဘာသာကိုစတင်ခဲ့သူ ဂူရုနာနတ်ကို မြတ်သောဇာတ်အမျိုး ဟိန္ဒူမိသားစုမှ အေဒီ ၁၄၆၉ ခုနှစ်တွင် မွေးဖွားခဲ့ပါသည်။ မိဘများ သည် ဆင်းရဲကြသော်လည်း သူတို၏သားကို ကြိုးစား၍ ပညာသင်ပေးခဲ့သည်။ နာနတ် (၉)နှစ် အရွယ် ရောက်သောအခါတွင် အာရပ်ဘာသာစကား၊ ပါရှန်ဘာသာစကားနှင့် အခြား သောဘာသာစကား များကို သင်ကြားတက်မြောက်ခဲ့သည်။ အချိန်တန် အရွယ်ရောက်လာ သောအခါ မိဘများက အိမ်ထောင်ချပေးခဲ့သည်။ သူသည် မည့်သည့် အလုပ်ကိုမျှ လုပ် ကိုင်ခြင်းမရှိ၊ ဘာသာရေး စာပေများနှင့်သာ အချိန်ကုန်လွန်ခဲ့သည်။

အသက် (၃၀)နှစ်ပြည့်သော အေဒီ ၁၄၉၉ ခုနှစ်တွင် နာနတ်သည် သူကိုယ်သူ “ဂုရု တစ်ဦးအဖြစ် ကြွေးကြော်လိုက်သည်။ ရှေးဦးစွာ သူ၏မိဘများနှင့်ဇနီးသည်တိုအား သူ၏တရား သစ်ကိုဟောကြား ပြီး၊ ကမ္ဘာလောကလူသားများကို ဟောပြောရမည်ဟုဆိုလျက် သူ၏ကျွန်ယုံ ကြီးမိုဒနာကို နောက်တော်ပါးသာဝကအဖြစ်ခေါ်လျက် အိန္ဒိပြည်တောင်ဘက်စွန်း(စီလှံ)အထိ လည်းကောင်း၊ အိန္ဒိပြည်မြောက်ဘက်စွန်း (ကက်စမီးယား) အထိလည်းကောင်း၊ အိန္ဒိပြည် အနောက်ဘက်စွန်းဝေး လံလှသော (အာရေဗီးယား) အထိလည်းကောင်း၊ လှည့်လည်ဟောပြော ခဲ့သည်။ သူ၏ တရားတော်ကို လက်ခံသူများက သူကို ဂုရုနာနတ်ဒေဝဂျီဟူ၍ ခေါ်ဝေါ်ကြပါ။ သည်။ ထိုပြင် သူအား ထာဝရဘုရားသခင် အကာလပုရိသ၏ တမန်တော်ဟုလည်း ယုံကြည် လက်ခံကြပါသည်။ ဂုရုဆိုသည်မှာ ဆရာတော်ကြီးဖြစ်ပြီး၊ ဒေဝဂျီဆိုသည်မှာ စေလွှတ်ခြင်း ၊ ခံရသောစေတမန်နတ်မင်း ကြီးဖြစ်၍ လောကတွင်မျက်စိနှင့်မြင်နိုင်သော (မျက်မြင်မရသောထာဝရဖန်ဆင်းရှင်ဘုရား သခင်၏ကိုယ်ပွား) ဘုရားပင်ဖြစ်သည်ဟု နှောင်းခေတ်ဆစ်ဘာသာ ဝင်များက ယုံကြည် လက်ခံကြသည်။ ဂုရုနာနတ်သည် ၁၅၃၉ တွင် ကွယ်လွန်ခဲ့သည်။ ဆစ်ခ် ဘာသာတွင် ဂုရုတစ်ကျိပ်ရှိပြီး အဦးဆုံးသောသူမှာ ဂုရုနာနတ်ဒေဝဂျီဖြစ်ပြီး နောက်ဆုံးသော ဂုရုမှာ ဂုရုဂိုဘင်ဆင်ဖြစ်သည်။ ဂုရုအားလုံးတိုသည် အကာလပုရိသတည်းဟူသော ဖန်ဆင်း ရှင်နှင့်အတ္တကို အဓိကထား၍ဟော ပြောခဲ့ကြသည်။ သိုရာတွင် ယင်းနှစ်ပါးမှာ တစ်ဆူတည်းသော အနန္တတန်ခိုးရှင်ဖြစ်သည်ဟု ဆိုသည်။ ကမ္ဘာပေါ်ရှိ သက်ရှိသက်မဲ့အရာခပ်သိမ်းတိုကို ထာဝရ ဘုရားက ဖန်ဆင်းထားသဖြင့် ၄င်းဘုရားသခင် ကပင် ပိုင်ဆိုင်သည်။ အခြား မည်သူမျှမပိုင် ဆိုင်ချေ။ မိမိကိုယ်ကိုပင် မိမိမပိုင်ဟုဆိုထားသည်။ အမှန်တရားကို လိုက်နာခြင်းသည် အမြင့် မြတ်ဆုံးသောအလုပ်ဖြစ်၍ ယင်းအမှန်တရားသည်ပင်လျှင် ထာဝရဘုရားဖြစ်ပင်ဖြစ်သည်။ ဂုရုနာနတ်အချိန်က လွမ်းမိုးနေသောဝါဒမှာ (ရှံကရကျောလယ) ဝေဒန္တဂိုဏ်းဖြစ်ပြီး အထင်ရှား ဆုံး ပုဂ္ဂိုလ်၏ဝါဒမှာ အဒွတ္တ(ဝေဒန္တ)ဝါဒပင် ဖြစ်သည်။ ရှံကရကျောလယ၏ လွတ်မြောက်ရေး လမ်းစဉ်မှာ ဗြဟ္မနှင့်အဖွဲကို သိရှိရေးအသိဉာဏ်လမ်းစဉ် (ဉာဏယောဂ) ပင်ဖြစ်သည်။ ဂုရုနာနတ်သည် အဒိတ္တဝါဒကဲ့သိုပင် ထာဝရဘုရားနှင့် အတ္တကို အခြေခံ၍ဟောပြောခဲ့သည်။ သိုသော် ထာဝရနှင့်အဖွဲမှာ တစ်ဆူတည်းသာဖြစ်သည်။ လွတ်မြောက်ရေးအတွက် ဖော်ကျူး ရာ၌ ဂုရုနာနတ်ကဝေဒန္တလမ်းစဉ်မှခွဲထွက်ကာ၊ ကိုင်းရှိင်းမှု လမ်းစဉ် (ဘတ္တိယောဂ)ကို ပြဌါန်း ခဲ့သည်။ ဂုရုနာနတ်၏ဟောကြားချက်အရ ဘုရားဟူသည်မှာ တစ်ဆူတည်းသာရှိသည်။ ဘုရား သည်လောကကြီးကို ဖန်ဆင်းတော်မူသည်။ လူတိုင်းသည် ဘုရားသခင်အား ဘုရားပွဲများ မပါဘဲ ဘာသာရေးဆရာများမပါဘဲ တိုက်ရိုက်တစ်ဦးချင်းဆီက ကျင့်ကြံခြင်းဖြင့် တွေ့ဆုံနိုင် သည်။ လူတစ်ဦးကိုတစ်ဦးကူညီခြင်း ရိုးသားစွာ မှန်ကန်စွာ နေထိုင်ခြင်း၊ အလုပ်ကြိုးစားခြင်း စသည်တိုသည် ဂုရုနာနတ်၏ အဓိကဝါဒပင် ဖြစ်သည်။ လူသားအားလုံးသည် အတူတူပင် ဖြစ်သည်။ မှန်ကန်သောအသိနှင့် ကျင့်စဉ်အရ လူတိုင်းသည် မုတ္တခေါ် လွတ်မြောက်ခြင်း အဖြစ် ရောက်ရှိမည်ဟု ဟောကြားခဲ့သည်။

 

ကျမ်းစာ

ဂုရုဂိုဘင်ဆင်း ကွယ်လွန်သော အခါ ဂုရုဂရင့်ဆာဟပ် Guru Granth Sahib အမည်ရှိ ကျမ်းစာအုပ်သည် ဂုရု အဖြစ် လမ်းညွှန်ကျမ်းအဖြစ် ယနေ့တိုင် တည်ရှိခဲ့သည်။ ဆစ်ခ်ဘာသာသည် ပန်ဂျပ်ပြည်နယ်တွင် ထွန်းကားခဲ့သောဘာသာတရားဖြစ်သောကြောင့် ထိုအချိန်တွင် ရှိပြီး

သော ဟိန္ဒူဘာသာ၏တရားတော်နှင့် မွတ်စလင်ဘာသာ၏ တရားတော်များ ပါဝင်နေပါ သည်။ ထိုကျမ်းသည် ဆစ်ခ်ဘာသာရေးဝတ်ကျောင်းတော်အားလုံးတွင် ရှိသည်။ ပန်ဂျာပီ ခေါ် ဆစ်ခ်ဘာသာဝင်တို၏ လက်စွဲကျမ်းကြီးဖြစ်သည်။

 

ဘုရားဝတ်ပြုခြင်း

ဆစ်ခ်ဘာသာတရားဝတ်ပြုရာတွင် မည်သည့်နေရာ၊ မည်သည့်အရပ်တွင်မဆို၊ ကျမ်းစာအုပ်ကို ထားကာ၊ ကျမ်းစာတွင်ပါဝင်သော ကဗျာ၊ ဂီတများကို ရွတ်ဆိုပြီး ဝတ်ပြုကြ သည်။ နံနက်တစ်ကြိမ်၊ နေဝင်ချိန်နှင့်အိပ်ချိန်ဟူ၍ တစ်နေ့သုံးကြိမ်ဝတ်ပြုရပါသည်။

 

ဆစ်ခ်ဘာသာ၏အဆင့်ဆင့်လက်ဆင့်ကမ်းခြင်း

ဂုရုနာနတ်ဒေဝဂျီအသက်(၇၀) တွင် ကွယ်လွန်ခဲ့ပါသည်။ ထိုနောက် သူ၏တပည့် သာဝကကြီး (အဂ္ဂ) ဆိုသူက အရိုက်အရာကိုဆက်ခံလာခဲ့သည်။ တဖန် (အဂ္ဂ) ကွယ်လွန်ပြီး နောက်တွင်လည်း အဆင့်ဆင့်လက်ဆင့်ကမ်းသယ်ဆောင်လာခဲ့ကြကာ၊ ပဉ္စမမြောက် ဂုရု အဆင့်သိုရောက်ရှိလာရာ အာဂျန်သခင်ကြီးဖြစ်ခဲ့သည်။ ပဉ္စမမြောက်ဂုရုအာဂျန်လက်ထက် တွင် ဂုရုနာနတ်ဒေဝဂျီ၏တရားများ၊ နောက်ဆက်ခံသည့် ဂုရုများ၏ ဩဝါဒများ၊ ရာမဏနှင့် ကာသာတို၏ ဓမ္မစာပေကဗျာလင်္ကာများ၊ ရှံကရ၊ ကျောလယ၏ အွတ္တဝါဒကိုပြုပြင်ထားချက် များတိုကို စုပေါင်း၍ ပေထက်အက္ခရာတင်ခဲ့သည်။ ၄င်းစာပေများသည် ဂုရုနာနတ်၏ တပည့်သာဝကတိုအတွက် အထွတ်အမြတ်ထားရာ သာသာရေးကျမ်းစာများ ဖြစ်လာခဲ့ သည်။ ၄င်းကျမ်းစာများကို (ဂုရုရန်ပ်) Guru Grandth ဟုခေါ်သည်။ ထိုအချိန်မှစ၍ ဂုရုနာနတ်၏ သာသာတရားသစ်သည် ဆစ်ခ်ဘာသာအဖြစ် ထင်ရှားကျော်ကြား လာခဲ့သည်။ ထိုဘာသာပြန့်ပွားရန် ဂုရုဘာဂျန်လက်ထက်တွင် အထူးကြိုးစားအားထုတ်လာခဲ့သော် လည်း အိန္ဒိယရှိ အခြားဘာသာရေးခေါင်းဆောင်များက၊ ဆစ်ခ်ဘာသာ၏အယူအဆများကို မနှစ် သက်သောကြောင့် ဝိုင်းဝန်းဆန့်ကျင်ခဲ့ကြသည်။ ထိုကြောင့် ဂုရုအာဂျန်သည် သူ၏ နောက်ပါ တပည့်သာဝကများကို စုစည်း၍ စစ်တပ်အသွင်ဖွဲစည်းကာ သာသနာပြုခဲ့ကြသည်။ ဂုရု အာဂျန်ကွယ်လွန်ပြီးနောက် ဂုရု (ဟာဂိုနတ်) လက်ထက်၌ သူသည် ဆစ်ခ်ဘာသာ၏ခေါင်း ဆောင်တစ်ဦးသာမဟုတ်တော့ဘဲ၊ ဆစ်ခ်တပ်မတော်၏စစ်ခေါင်းတော်တစ်ဦးလည်း ဖြစ်လာ သည်။ ထိုကြောင့် အိန္ဒိယပြည်၊ မိုကာပြည်နယ်ရှိ၊ မဟာမေဒင် (အစ်စလမ်) ဘာသာဝင်များ ကို စစ်ကြေညာ၍ အပြီးအပိုင်မောင်းထုတ်ခဲ့သည်။ ၄င်းပြည်နယ်ကိုလည်း ဆစ်ခ်တို့၏ လွတ်လပ်သောနယ်မြေအဖြစ် ထူထောင်ခဲ့သည်။ နဝမမြောက်ဂုရုဖြစ်သူ တိပ်ဘဟာဒူးလက် ထက်တွင် မွတ်ဆလင်နှင့် ဆစ်ခ်များ အပြင်းအထန်ဘာသာရေးတိုက်ပွဲများဖြစ်လာရာ မဂို ဘုရင် အော်ရန်ဖက်က နဝမမြောက် ဂုရုကိုဖမ်းမိ၍ ခေါင်းဖြတ်သတ်ခဲ့လေကြသည်။ ဒဿမ မြောက် ဂုရုဂိုဘင်ဆင် (တိဂ်ဘဟာဒူး၏သား) လက်ထက်တွင် မွတ်ဆလင်တို၏နှိပ်ကွပ်ညှင်း ပန်းမှုကို ကာကွယ်တွန်းလှန်ရန်အတွက်၊ ဆစ်ခ်ဘာသာဝင်တိုအား စစ်တပ်အသွင်ဖွဲစည်းခဲ့ ပြန်သည်။ ယနေ့ထိပင် အိန္ဒိယပြည်မိုကာနယ်တွင် ဆစ်ခ်ဘာသာဝင်အရေအတွက်သည် သန်းနှင့်ချီရှိပြီး၊ သူရဲကောင်းများ၊ စစ်သည်တော်များအဖြစ် တိုက်ပွဲဝင်ခဲ့သော ၄င်းတို၏ သမိုင်းကြောင်းကို ဂုဏ်ယူဝင့်ကြွားလျက် စိတ်ဓါတ်များ တက်ကြွနေ ကြဆဲပင် ဖြစ်သည်။

 

စောင့်ထိန်းရမည့်ကျင့်ဝတ်

၄င်းတို့မှာ ဘာသာဝင်တိုင်းသည် ကူကပ်ခေါ်စောင့်ထိန်းရမည့်သီလကျင့်စဉ်မှာK ငါးလုံး ဖြစ်သည်။

(၁) ရှည်လျှားသောဆံပင်နှင့်မုတ်ဆိတ်အရှည်ထားခြင်း (ကရှ – Kesh) ၊

(၂) ဆံပင်ကိုသေသပ်စွာထုံး၍ သစ်သားဘီးငယ်ဆင်မြန်းထားခြင်း (ကန်ဂါ – Kanga )

(၃) အဆုံးအရှုးမရှိသောသဘောဖြစ်သည့် သံမဏီလက်ကောက်တန်ဆာဝတ်ဆင်ထားရခြင်း (ကာရာ – Kara)

(၄) မိမိကိုယ်နှင့် အမှန်တရားကိုကာကွယ်ရန် အသွားနှစ်ဖက်ပါသော ဓါးတစ်ချောင်းကို အမြဲဆောင်ထားရခြင်း (ကာပန် – Kirpan )

(၅) သန့်ရှင်းခြင်း၊ ဖျတ်လတ်ခြင်းနှင့် အလိုဆန္ဒများကိုချုပ်ထိန်းခြင်းကိုဆောင်သည့် အတွင်း ခံဘောင်းဘီကို ဝတ်ဆင်ခြင်းတိုကို ကိုယ်နှင့်မကွာ အမြဲဆင်မြန်းထားရမည်။ (ကက်ချာ – Kachha )

 

ကယ်ဆာဖြစ်လာခြင်း (Khalsa)

ဆယ်ဦးမြောက်ဂုရုဖြစ်သော ဂုရုဂိုဘင်ဆင်လက်ထက်တွင် ဆစ်ခ်သာသနာအား မွန်ဂို အင်ပါယာချဲ့တွင်ခဲ့ရာ ဆစ်ခ်တို တိုက်ခိုက်ခံခဲ့ကြရသည်။ ဂုရုဂိုဘင်ဆင်သည် ဘက်ပေါင်းစုံမှ အရည်အချင်းပြည့်ဝသောသူဖြစ်သည်။ ကဗျာဆရာလည်း ဖြစ်သည်။ စစ်ရေးကျွမ်းကျင်သူလည်း ဖြစ်သည်။ မြားပစ်အရာတွင်လည်း ကျွမ်းကျင်သည်။ ၁၉၆၆ ခုနှစ် ကောက်ရိတ်သိမ်းပွဲတော်တွင် ဆစ်ခ်ဘာသာဝင်တို့ကို စုရုံးစေခဲ့သည်။ ထိုနောက် ဘယ်သူသည် ဆစ်ခ်ဘာသာအတွက် အသက် သေခံဝံ့သူလဲဟုပြောဆိုပြီး သူရဲကောင်းများကို ရွေးချယ်ပြီး စစ်မှန်သော ဆစ်ခ်အသိုင်းအဝိုင်းဟု အဓိပ္ပါယ်ရှိသော ကယ်ဆာကို စတင်တည်ထောင်ခဲ့သည်။ ထိုနောက် ဒေသခံပန်ချာပီ လူမျိုးတိုကို ဆင်း singt ဟုခေါ်ဆိုကြသည်။ ဆင်းဆိုသည်မှာ ခြင်္သေ့ဟု အဓိပ္ပါယ်ရှိသည်။ အမျိုးသမီးတိုကိုမူ ခါ kaur မင်းသမီးဟု မှည့်စေခဲ့သည်။ ကာဆာတိုသည် ဆံပင် မုတ် ဆိတ်များ မရိတ်ရ။ အိမ်ထောင်ဖက်မှ လွဲ၍ ကိုယ်ချင်း မနှီးနှောရ၊ ဆေးလိပ်မသောက်ရ၊ အရက်မသောက်ရ၊ မူးယစ်ဆေးမသုံးရ၊ တစ်ချက် တည်း ရုတ်တရက် သတ်ထားသော အသားကိုသာ စားကြသည်။

 

အယ်မရစ်ပွဲတော် (Amrit Ceremony)

အရွယ်ရောက်သောဆစ်ခ်တိုသည် ကယ်ဆာ လူ့အသိုင်းအဝိုင်းဝင်ရန် အသင့်ဖြစ် သောအခါ ကယ်ဆယ်အဖွဲဝင်နိုင်ပါသည်။ ကယ်ဆာသစ္စာခံပွဲတွင် ကယ်ဆာအဖွဲဝင် ငါးဦး ရှေ့မှောက်တွင် အဖွဲဝင်ရသည်။ သကြားရေကို နှစ်ဖက်သွား ဓါးဖြင့်မွှေ၍ ဖျော်ရသည်။ သကြားဖျော်ရည်ကို ငါးကြိမ်သောက်ပြီးလျှင် ဆစ်ခ်အမျိုးအနွယ်စုအမည်ကိုယူရသည်။

ဘိုင်စဟီပွဲတော် (Balsakhi Festival)

ကယ်ဆာအဖွဲအစည်းတည်ထောင်သည့် အမှတ်လက္ခဏာပွဲတော်ဖြစ်သည်။ နှစ်စဉ် ဧပြီလအတွင်း ကျရောက်လေ့ရှိသည်။ တစ်နေ့တာပတ်လုံး ဂတ်ဝါရာခေါ် ဘုရားဝတ်ကျောင်း များတွင် ဘာသာရေးစာပေများ ရွတ်ဖက်သရဇ္ဈာယ်ကြသည်။ နောင်ဘဝလမ်းညွန်သည် မကြာမီကျင်းပတော့ မည့် အမာရစ်ပွဲတော်အတွက်လည်း ပြင်ဆင်ကြသည်။ ကယ်ဆာအဖွဲ ဝင်သစ်များနှင့် အဟောင်းများ မိတ်ဆက်ပွဲဖြစ်သည်။ ဓမ္မတေးများသီဆိုခြင်း၊ စားကောင်း သောက်ဖွယ်တိုနှင့် တည်ခင်းဧည့်ခံခြင်းတို ပြုလုပ်ကြသည်။

 

ဂတ်ဝါရာပွဲ (The Gurdwara)

ဆစ်ခ်ဘာသာတွင် ဘုရားဝတ်ပြုရာကျောင်းတော်ကို ဂတ်ဝါရာဟုခေါ်ပါသည်။ ဂတ်ဝါ ရာသည်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ ဆစ်ခ်ဘာသာဝင်တို၏ လက်စွဲကျမ်းကြီးဖြစ်သော ဂုရုဂရင့်ဆာဟပ်ကျမ်းများရှိရမည် ဖြစ်သည်။ ကျမ်းစာကိုမြင့်မြတ်သောနေရာတွင် ထားရပါသည်။ ထိုအတူ အများသုံးမီးဖိုဆောင်ကြီးနှင့် စားသောက်ခန်းကြီးပါဝင်တတ်သည်။ ဂတ်ဝါရာတွင် လူတို စုဝေးခြင်းတရားဒေသနာတော်များ လေ့လာခြင်းတို ပြုလုပ်ဆောင်ရွက်ကြသည်။ ဂတ်ဝါတိုသည် အချိန်မရွေး၊ လူမျိုးမရွေးအားလုံးအတွက် ဖွင့်လှစ်ထားသည်။ ဂတ်ဝါရာအတွင်းသိုဝင်လျှင် ဖိနပ် ချွတ်ကြရသည်။ လုံခြုံစွာ ဝတ်ဆင်ကြရသည်။ ဂုရုဂရင် ဆာဟပ်ကျမ်းကြီးကို အရိုအသေပြုခြင်း၊ ဒါနပြုခြင်းတို ပြုလုပ်ကြသည်။ ယောက်ျားနှင့် အမျိုးသမီးများ၊ ထိုင်ရန်သီးသန့်ခွဲထားသည်။ ဝတ်ပြုချိန်တွင်ကျမ်းစာကိုဖတ်ခြင်း၊ တေးသီချင်း၊ ကဗျာများကို ရွတ်ဖက်သရဇ္ဈာယ်ကြသည်။ ဝတ်ပြုခြင်းပွဲ၏ ခေါင်းဆောင်ကို ဂရင်းသီ granthi ဟုခေါ်ပါသည်။ ဝတ်ပြုပြီးနောက် ထမင်းစား ခန်းတွင် စုဝေးကြပြီး၊ ကြမ်းပြင်ပေါ်တွင်ထိုင်၍ သက်သတ်လွတ်ထမင်းစားကြသည်။ ဝတ်ပြုသူ သာမက အခြားသူများကိုလည်း ကျွေးမွေးကြသည်။

 

 

အထူးပွဲတော်များ

ကလေးမွေးဖွားပြီးသည်နှင့် တစ်ပြိုင်တည်း ဘုရားကျောင်းသိုသွားကြသည်။ ပျော် ရွှင်ခြင်း၊ ဘုရား၏ဂုဏ်တော်များကို ချီးမွမ်းခြင်းတိုကို လုပ်ဆောင်ကြသည်။ ကျမ်းမြတ်ကို လှန်၍ စာမျက်နှာ၏ ပထမစာလုံးကိုယူကာ ကလေး၏အမည်ကိုပေးလေ့ရှိသည်။ ကလေးတို ၏ ပညာရေးကိုဆစ်ခ်တိုက အလေးထားကြသည်။

 

မင်္ဂလာဆောင်ခြင်း

မင်္ဂလာဆောင်ရာတွင် မိဘများ၏သဘောတူညီချက်သည် အရေးကြီးသည်။ ဘုရား ဝတ်ကျောင်းဖြစ်သော ဂတ်ဝါရာတွင်မင်္ဂလာပွဲပြုလုပ်ပြီး၊ ဘာသာရေးကျောင်းကြီးကို သတို သားနှင့် သတိုးသမီးတို လေးပတ်ပတ်ရသည်။ လူမှုရေးတာဝန်ဘာသာရေးတာဝန်များကို နာကြားရသည်။

 

အသုဘအခမ်းအနား

ဆစ်ခ်တို့က အသုဘဟူသည် ဝမ်းနည်းစရာအချိန်မဟုတ်။ သေဆုံးခြင်းသည် ဘဝ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်ဟု ယုံကြည်ကြသည်။ သေဆုံးသူကို ရေချိုးပေးခြင်း အဝတ်များ ဝတ်ပေးခြင်းတိုပြုလုပ်ပြီး မီးသင်္ဂြိုဟ်ကြသည်။ ဘာသာရေးဆရာများက ရွတ်ဖက်သရဇ္ဈာယ် ကြသည်။ အရိုးပြာများကိုမြစ်အတွင်းချကြသည်။မြုပ်နှံထားသည်ကို ဖော်ပြသောဂူများ အထိမ်းအမှတ်များမရှိ။ အောက်မေ့ခြင်းကို ဆယ်ရက်တိုင်တိုင်ကျမ်းစာများဖတ်လေ့ရှိသည်။

 

 

တာအိုဘာသာ

(Taoism)

 

တာအိုဘာသာကို တည်ထောင်ခဲ့သူမှာ ဆရာကြီး လာအိုဇူ Lao Tzu ဖြစ်သည်။ ဘီစီ ၆၀၄ တွင် ဖွားမြင်ခဲ့ပါသည်။ ချူ Chou မြိုတော်၊ နန်းတွင်းမော်ကွန်းထိန်းတစ်ဦး ဖြစ်ခဲ့သည်။ ဘီစီ ၁၄၆-၈၅ တွင် ဇူကီချန်း၏မှတ်တမ်းအရ လာအိုဇူ၏အကြောင်းကို ပို သိလာရပါသည်။ သူ၏ရေးသားချက်တွင် တစ်ခါက ကွန်ဖြူးရှပ်သည် ပွဲလမ်းသဘင်ကိစ္စ တစ်ခု တိုင်ပင်ရန် လာအိုဇူထံ အလယ်သွားခဲ့သည်။ လာအိုဇူ၏အဖြေသည် ကွန်ဖြူးရှပ်အား တွေးစရာများ ဖြစ်စေခဲ့ပါသည်။ သူပြောခဲ့သည်မှာ “ကောင်းမြတ်သောကုန်သည်တစ်ဦးသည် ကုန်လှောင်ရုံတွင် မည်သည့်ကုန်မျှမရှိသော်လည်း မိမိဘဏ္ဍာများကို လျှိဝှက်ဖုံးကွယ်ထား သည်။ ပညာရှိများက ၄င်းကိုမိုက်မဲသူတစ်ယောက်ဟု ပြောဆိုခဲ့ကြသည်။ သူ၏ ဆိုလိုရင်းမှာ ကောင်းသောဘဏ္ဍာများသည် ကောင်းမြတ်သောစိတ်ထား၊ ထက်မြက်သောဉာဏ်နှင့် ထက် သန်သောစိတ်ဓါတ်ပင် ဖြစ်သည်။ ကွန်ဖြူးရှပ်က လာအိုဇူသည် မည်ကဲ့သိုသောသူဖြစ် ကြောင်းကို တပည့်များအား အောက်ပါအတိုင်းပြောခဲ့သည်။ ငှက်တိုသည် ပျံနိုင်ဖိုရန် အ တောင်တွေရှိသည်။ ငါးတိုသည်လည်း ရေကူးခတ်သွားလာဖိုရန် ဆူးတောင်များရှိသည်။ တိရိစ္ဆာန်များသည်လည်း ပြေးလွှားနိုင်ရန် ခြေထောက်များပါရှိပါသည်။ ခြေထောက်ရှိသော သတ္တဝါများကို ဖမ်းဆီးနိုင်ရန် ထောင်ချောက်များရှိသည်။ ဆူးတောင်ရှိတဲ့ငါးတွေကို ဖမ်းဆီး နိုင်ရန် ပိုက်ကွန်များ ရှိပါသည်။ အတောင်ရှိတဲ့ငှက်တွေကို ဖမ်းနိုင်ရန် လေးနဲ့များရှိသည်။ သိုသော် နဂါးများသည် လေထုနှင့်တိမ်တိုက်တွေကိုဖြတ်ပြီး ကောင်းကင်ဘုံသို တက်သွား သည်ကို မည်သူမျှမသိနိုင်ပါ။ လာအိုဇူကိုမြင်ခဲ့ခြင်းသည် နဂါးတစ်ကောင်ကိုမြင်ခဲ့သည်ဟု တပည့်များကို ပြောကြားခဲ့သည်။ လာအိုဇူသည်စာလုံးရေ (၅၀၀၀)မျှရှိသော ကဗျာလင်္ကာအဖြစ်ဖွဲပြီး (၂)ပိုင်းခွဲကာ ရေးသားခဲ့ပါသည်။ ထိုကျမ်း၏အမည်မှာ တာအိုတေချင်း (Tao te Ching) ဖြစ်ပြီး ဖန်ဆင်းသော အခြေခံ မူတာအို (Creative Principle Tao) နှင့် လူသား အကျင့်သီလ “တေ’ (Human virture Te) အကြောင်းတို့ကို ရှင်းလင်းဖော်ပြထားသည်။ ယနေ့တိုင် တာအိုဘာသာ၏အခြေခံကျမ်းအဖြစ် တည်ရှိနေဆဲဖြစ်သည်။

 

 

တာအိုဘာသာ၏သွန်သင်ချက်များ

(The Teaching of Taoism)

ဖန်ဆင်းသောအခြေခံမူဖြစ်သော “တာအို”

(The Creative Principle, Tao)

ဤလောကကြီးမတည်ရှိမီကပင် ဖန်ဆင်းသောအခြေခံမူဖြစ်သော တာအို”သည် တည်ရှိခဲ့သည်။ တာအိုကိုမမြင်နိုင်၊ မထိတွေ့နိုင်၊ မကြားနိုင်ပါ။ သိုသော်လည်း မရှိသည့် အရာလည်းမဟုတ်၊ သက်ရှိတို၏ အခြေခံမဏ္ဍိုင်ဖြစ်သည်သာမက သဘာဝနှင့် စကြဝဠာ ရပ်တည်နေရခြင်းသည်ပင်လျှင် တာအိုကြောင့် ဖြစ်သည်။ အရာခပ်သိမ်းတို၏ အဆုံးနှင့် အခြေခံလည်း ဖြစ်သည်။ အရာခပ်သိမ်းတိုကိုဖြစ်ပွားစေပြီး၊ ကြီးပွားနိုင်သည်။ ထိုကြောင် ပင် တာအိုကို မိခင် (Mother) ဟူ၍လည်း ခေါ်ဆိုကြသည်။ တာအိုသည်တစ်ခုကို ဖွားမြင် ပေးသည်။ ထိုတစ်ခုမှ (၂) ခုဖြစ်သော ယင် (Yin) နှင့် ယန် (Yang) ကို ဖွားမြင်စေခဲ့သည်။ ထိုနှစ်ခုဖြစ်သော ယင်နှင့်ယန်သည် အသက်ကို၄င်း၊ ထို (၃)ခုမှ စကြဝဠာကို ဖန်ဆင်းခဲ့ သည်။ တာအိုသည် ကောင်းကင်နှင့်မြေကြီးတို၏ အစမူလဖန်ဆင်းသောအခြေခံမူ၊ ကောင်း ကင်နှင့်မြေကြီးတည်ရှိနေရသည့်လမ်း (Way) ပင်ဖြစ်သည်။ တာအိုသည် ဖန်ဆင်းခြင်း၏ အခြေခံမူဖြစ်သော်လည်း ဖန်ဆင်းရှင်မဟုတ်ပါ။ လာအိုဇူသည် ခရစ်ယာန်နှင့် အစ်ဆလမ် တိုကဲ့သို ဘုရားသခင်သည် အသက်ရှင်သော ပုဂ္ဂိုလ်တော်အနေဖြင့် ထင်မြင်ယူဆခဲ့သည် မဟုတ်။ တာအို၏ အမြင့်မြတ်ဆုံးကောင်းမြတ်သောအကျင့်သီလမှာ အရာခပ်သိမ်းကို တက် စွမ်းနိုင်၏။ သိုသော် ဘာမျှ လိုချင်တက်မက်ခြင်းမရှိ၊ အခြားသောအင်အား စုများနှင့်လည်း ပြိုင်ဆိုင်ခြင်းမပြု။ ရောင့်ရဲတင်းတိမ်မှုပြည့်ဝသော ဘာမျှမရှိခြင်း It is emptiness ဖြစ်သည်။ ဤရောင့်ရဲတင်းတိမ်သောပါရမီရှိသောလူသည် ကောင်းမြတ်သော အသက်ရှင်မှုကိုပြုသောသူ ဖြစ်သည်။ ဤသွန်သင်မှုသည် အကျင့်တရားနှင့်ဆိုင်၍လာအိုဇူ၏ အခြေခံဩဝါဒဖြစ် သည်။ ယင်းအခြေခံဩဝါဒကို ဗဟိုပြုပြီး လူ့ဘဝအသက်ရှင်မှုနှင့်ဆိုင်၍ ဩဝါဒ (၃) မျိုး ရှိပါသည်။

 

၁။ သဘာဝတရား၌လှုပ်ရှားမှုကင်းမဲ့ရမည် (Non-action in Nature)

သဘာဝတရားသည် အလိုအလျောက်ဖြစ်ပျက်နေသောအရာဖြစ်သည်။ သဘာဝ တွင် လူ၏ကဏ္ဍသည် လှုပ်ရှားခြင်းမပြု ငြိမ်သက်စွာနေခြင်းဖြင့် စကြဝဠာ၏ အခြေခံဖြစ် သော တာအိုသည် အတားအဆီးမရှိဘဲ ထိုသူအားဖြင့် ဝင်ရောက်ပြုမူဆောင်ရွက်သွားလိမ့် မည်ဟု ယုံကြည်ကြသည်။ လူသည် တာအို၏အလိုအတိုင်း ခံယူလိုက်လျှောက်အသက်ရှင်သူ ဖြစ်ရမည်။ မိမိဆန္ဒကို ငြင်းပယ်ရမည်။ လာအိုဇူသည် လူ၏ကြိုးစားတီတွင် အားထုတ်မှုကြောင့်သာ ယနေ့ဖြစ်လာရသည်ဟူသော ယူဆချက်ကြောင့် ယဉ်ကျေးမှုနှင့် လူအဖွဲအစည်း ကြီးထွားလာခြင်း တိုကို ပြစ်တင်ရှုတ်ချခဲ့သည်။ လူသည် မိမိ၏ပညာနှင့် လိုအင်ဆန္ဒကို ငြင်းပယ်ရမည်။ လိုက်နာစောင့် ထိန်းရမည့် အကျင့်များကြောင့်မဟုတ်၊ ကောင်းမြတ်၍ နေ့စဉ်ပြုကျင့်သောအပြုအမူအားဖြင့် ငြိမ်းချမ်းစွာ အသက်ရှင်ရပါမည်။

 

၂။ ပြိုင်ဆိုင်စိတ်မရှိခြင်းနှင့်ဗလာနတ္တိ (Non-competition of Emptiness)

လူသည် ဗလာနတို ဘာမျှမရှိသည့်အတွက် ပြိုင်ဆိုင်ရန်မလိုဟူသော စိတ်သဘော ရှိခြင်းသည် သဘာဝတရား၌ လှုပ်ရှားမှုကင်းမဲ့သောအခြေခံမှုတစ်ခုဖြစ်သည်။ လုပ်ရှားမှု မရှိခြင်းဟူသည် လူတစ်ယောက်၏ပြင်ပအပြုအမူသဘောကို ရည်ညွှန်းသည်။ ဘာမျှမရှိ ဗလာနတ္တိဟူသည် လူ၏အတွင်းသဘောအခြေအနေကို ရည်ညွန်းဖော်ဆောင်သည်။ လူ၏ အတွင်းသဘောဆိုသည့် အချက်မှာ လူသည် လိုချင်တပ်မက်စိတ်လုံးဝမရှိခြင်းကို ဆိုလိုပါ သည်။ လူသည် ဘာမျှမရှိ ဗလာနတ္တိကိုသိမြင်လာခြင်းသည် အေးချမ်းငြိမ်သက်မှုနှင့် ပြည့်ဝ သောအသက်တာကို ခံစားလာရခြင်း ဖြစ်သည်။ လာအိုဇူသည် အမြင့်မြတ်ဆုံးသော နှိမ့်ချ တတ်သည့်အသက်တာနှင့် လူလူချင်းဂုဏ် ပြိုင်ဝါကြွားမှုကို ရှောင်ရှားအသက်ရှင်ရန် အောက် ပါအတိုင်းမိန့်ဆိုခဲ့သည်။ “နောက်ဆုံးတွင် နေရာယူသောပညာရှိသည် လူအပေါင်းတို၏ ရှေ့ ဆုံးနေရာကို ရလတ္တံ့။ မိမိကိုယ်ကိုငြင်းပယ်သူသည် ကယ်တင်ခြင်းခံရလိမ့်မည်။ အမြင့်ဆုံး သော ကောင်းမြတ်ခြင်းသည် ရေနှင့်တူ၏။ ရေသည် အရာခပ်သိမ်းကိုအကျိုးဖြစ်ထွန်းစေ သည်၊ ပြိုင်ဆိုင်မှု မရှိ။ ရေသည် လူတိုရွံရှာစက်ဆုပ်သော အနိမ့်ဆုံးသောနေရာ၌ နေ၍ အကျိုးဖြစ်ပွားစေသကဲ့သို၊ လူတိုင်းသည် ရေကဲ့သိုဖြစ်လျှင် တာအို၏သဘာဝတရားသဘော နှင့် နီးစပ်စွာ ကျင်လည်အသက်ရှင်သောသူများဖြစ်လတ္တံ့။

 

၃။ အရှိအတိုင်းရောင့်ရဲတင်းတိမ်မှု (Contentment)

အရှိအတိုင်းရောင့်ရဲတင်းတိမ်တတ်ခြင်းသဘောသည် သဘာဝတရား၌ လှုပ်ရှားမှု ကင်းမဲ့သည့်သဘောနှင့် ဘာမျှမရှိ ဗလာနတ္တိဘဝတွင်ပြိုင်ဆိုင်လိုစိတ်မရှိသော အခြေခံ အကျင့်တရားတစ်ခု ဖြစ်သည်။ လူတစ်ယောက်သည် တပ်မက်လိုချင်စိတ်ကင်းပြီး၊ ငါသည် ဘာမျှမဟုတ် ဗလာနတ္တိဟူ၍ စိတ်ဓါတ်ရင့်ကျက်လာသည်သာမက သဘာဝတရားလမ်းအ တိုင်း လိုက်လျှောက်အသက်ရှင်လျှင် ရောင့်ရဲတင်းတိမ်ကျေနပ်သော အသက်တာကို ရရှိလိမ့် မည်။ တာအိုဘာသာတွင် မင်္ဂလာရှိသောအသက်တာ (Blessedness) ဆိုသည်မှာ တပ်မက်စွဲ လမ်းခြင်းကင်းမဲ့သော အသက်တာဖြစ်သည်။

 

ယုံကြည်လက်ခံမှု (Belief)

ဘာသာဝင်တိုင်းသည် ရတနာသုံးပါးကို လိုက်နာရပါသည်။ လူသားခြင်း ကိုယ်ချင်း စာစိတ်ရှိခြင်း၊ သနားညှာတာအနစ်နာခံခြင်းနှင့် အသင့်အတင့်ညီမျှစွာ နေထိုင်ခြင်းတိုဖြစ် သည်။ ကြီးမားသောအပြစ်ဟူသည် ပစ္စည်းလိုချင်တပ်မက်စိတ်ဖြစ်သည်။ စက်ဆုပ်ရွံရှာဘွယ်သော အသက်တာသည် ရောင့်ရဲမှုမရှိ၊ တပ်မက်ခြင်းပင်ဖြစ်သည်။ ရောင့်ရဲမှုကင်းခြင်းဘဝ သည် စိတ်ချမ်းသာပျော်ရွှင်မှုကင်းမဲ့သောဘဝပင် ဖြစ်သည်။ ယခုဘဝ၏ အသက်ရှင်မှုပေါ် မူတည်ပြီး နောက်ဘဝတွင် ကောင်းသောနေရာနှင့်မကောင်းသောငရဲသို ရောက်မည်ဖြစ်သည်။

 

ကျင့်စဉ်များ

တာအိုဘာသာ၏ကျင့်စဉ်တွင် သမထထိုင်ခြင်းကို အထူးအလေးထားသည်။ တရား စာများစုပေါင်းရွတ်ဆိုခြင်းကိုလည်း အလေးထားသည်။ အထူးသဖြင့် ခန္ဓာကိုယ်၏ ဇီဝကမ္မ မျှတမှုဖြစ်စေရန် ဟန်ချက်ညီညီ တည် တည်ငြိမ်ငြိမ်နှင့် ကျန်းမာရေးအတွက် အထူးကောင်းမွန်သော တိုက်ခိုခေါ် လေ့ကျင့်ခန်းကို လေ့ကျင့်ကြသည်။ ဤနည်းသည် ခန္ဓာကိုယ်၏ အတွင်း စွမ်းအင်ကို တိုးပွားစေနိုင်သည်ဟု ယုံကြည်ကြသည်။ ကောင်းကင်ဘုံနှင့် မြေကြီး အဖိုနှင့်အမအားလုံး သဟ ဇာတညီမျှစွာရှိကြောင်း နားလည်ပြီး သဟဇာတဖြစ်မြောက်ရေး လမ်းစဉ်ဖြစ်သည်။ လူတိုသေဆုံးပြီး လျှင် ကောင်းစွာမြုပ်နှံပါမ သေသူ၏ဝိညာဉ်သည် ငြိမ်းချမ်းလိမ့်မည်ဟု ယုံကြည်ကြသဖြင့် ခမ်းနားသောအုတ်ဂူသင်္ချိုင်း များကို လုပ်လေ့ရှိပါသည်။

 

တာအိုဂိုဏ်းများ

၁၉ ရာစု အကုန်မှအစပြု၍ ကွန်မြူနစ်တော်လှန်ရေးကာလအချိန်အထိ ထင်ရှား သော တာအိုဘာသာဂိုဏ်း(၂)ဂိုဏ်း ပေါ်ပေါက်လာခဲ့သည်။ ယင်းတိုမှာ –

(၁) ပြန့်နှံစိမ့်ဝင် ညီညွတ်မှုအသွင်ရှိ တာအိုဂိုဏ်း (Pervading unity of Tao) နှင့်

(၂) တာအိုကျောင်းကန် ပရဝိုဏ်ဂိုဏ်း (The Hall of Tao) တို့ဖြစ်သည်။

ယုံကြည်ချက်များနှင့် ဓလေ့များကို မိမိတို ဂိုဏ်းအလိုက် လျှိဝှက်ဖွဲစည်းထားသော အဖွဲများက ဦးစီးပြီး အကောင်အထည်ဖော်၍ ဆောင်ရွက်ကြသည်။ လူသည် စကြဝဠာအင် အားစုဖြစ်သော တာအို၏အစိတ်အပိုင်းဖြစ်ကြောင်း သွန်သင်မှုရှိကြသည်။ ယင်းအင်အားစု၌ အပ်နှံထားခြင်းဖြင့် လူသည် ခန္ဓာကျန်းမာမှု၊ ဥစ္စာစီးပွားသားသမီးများနှင့် အေးချမ်းငြိမ်သက်သောဘဝကို ခံစားရနိုင်သည်။ ဤသို ခေတ်မှီ တာအိုဂိုဏ်းများသည် ပြုစားခြင်း၊ မှော်ပညာ များနှင့် ဂါထာမန္တရားရွတ်ဖက်ခြင်း၊ နည်းများကို သုံး၍ တာအိုနှင့်ပေါင်းသင်းဆက်ဆံနိုင်ရန် ကြိုးစာအားထုတ်ကြသည်။ အထက်ပါ ဂိုဏ်းများ၏ထူးခြားသောအရာမှာ ခရစ်ယာန်ဘာသာ အပါအဝင်ဘာသာပေါင်းစုံမှ ရုပ်ထုများနှင့် ဘာသာရေးဆိုင်ရာဝတ်များကို ကိုးကွယ်ဝတ်ပြု ရန်အသုံးပြုကြသည်။

၁၉၄၉ ခုနှစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံဖွဲစည်းပြီးချိန်အတွင်း တာအိုဘာသာ အသင်းအဖွဲ့ များကို ဖျက်သိမ်းခဲ့သော်လည်း ပျောက်ကွယ်သွားခြင်းမရှိသည့်အပြင် ၁၉၅၇ ခုနှစ် ရောက်သောအခါ တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီဝင်ဇနီးကိုယ်တိုင်ဥက္ကဌအဖြစ် ဆောင်ရွက်ပြီး တရုတ်ပြည် တာအိုဘာသာရေးအသင်း (China Taoist Association) ကို ဖွဲစည်းတည်ထောင်အားပေးခဲ့သည်။

 

တာအိုတို၏ကျမ်းစာ

တာအိုဘာသာတရား၏ အဓိက ကျမ်းစာအုပ်နှစ်အုပ်မှာ –

(၁) တာအိုတီချင်း (Tao te Ching) နှင့်

(၂) ချောင်းဇု ( Chuang Tzu) တို့ ရှိပါသည်။

တာအိုတီချင်းကျမ်းကို ကဗျာလင်္ကာရှည်ကြီးသဖွယ် ရေးသားခဲ့သည်။ တာအိုတီချင်းတွင် မင်းကျင့်တရားများကို ဒေသအလိုက် ကျင့်သုံးနည်းကို ဖော်ပြထားပါသည်။ ချောင်းဇုဆိုသည်မှာ တရုတ်တွေးခေါ် ပညာရှင်ကြီးဖြစ်သည်။ သူရေးသားသော ကျမ်းစာအုပ်ကို သူ့အမည် ခေါ်ဆိုထား ခြင်း ဖြစ်သည်။ ချောင်းဇုကို ခရစ်တော် မပေါ်မီ နှစ်ပေါင်း ၄၀၀ ခန့်တွင် မွေး ဖွားခဲ့သည်။ ချောင်းစုကျမ်း တွင် သမထ ထိုင်နည်း၊ မှန်ကန်သော အစားအစာများ အကြောင်းနှင့် မှန်ကန်သောနေထိုင်ခြင်းတိုကို ရှင်းပြထားသည်။ အချိုအခန်းကဏ္ဍတိုတွင် ထာဝရအသက် ရရှိပြီးသူအကြောင်းနှင့် သေခြင်းတရားမှ လွတ်ကင်းသောသူများအကြောင်း ကို ရေးသားထားသည်။ ထိုကဲ့သိုဖြစ်မြောက်အောင် ကျင့်ကြံအားထုတ်ကြရမည်ဟု ဆုံးမသွန် သင်ထားပါသည်။

 

 

 

ကွန်ဖြူးရှပ်ဘာသာ

(Confucianism)

 

ကွန်ဖြူးရှပ်ကို မြင့်မြတ်သောဆရာကြီးကွန်ဖြူးရှပ်ဟု ထင်ရှားခဲ့ပါသည်။ ကွန်ဖြူးရှပ် ဘာသာကို စတင်တည်ထောင်ခဲ့သူမှာ ကွန်ဖြူးရှပ်ပင် ဖြစ်သည်။ ဘီစီ (၅၅၁) ခုနှစ်တွင် လူ (Lu) ပြည်နယ်၊ တရုတ်ပြည်တွင် ဆင်းရဲသောမိသားစုမှ ဖွားမြင်ခဲ့ပါသည်။ အသက် ၂ (၃)နှစ်အရွယ်တွင် ဖခင်ကွယ်လွန်ခဲ့ချိန်မှစကာ ဘဝကို အခက်အခဲများ၊ ဆင်းရဲပင်ပန်းခြင်းများကို ရုန်းကန်ဖြတ်သန်းခဲ့ရာ၊ လူတို၏အကြောင်းကို သိရှိနားလည်ခွင့် ရရှိခဲ့ပါသည်။ သူသည် ပညာဆည်းပူးခြင်းကို ကလေးဘဝမှစ၍ လွန်စွာမြတ်နိုးတွယ်တာခဲ့သည်။ အသက် (၂၀) တွင် စာသင်ကျောင်းတစ်ခုဖွင့်၍ ဆရာအလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြုခဲ့သည်။ သင်ကြားသောနည်းစနစ်မှာ အယူဝါဒအသစ်ကို တီတွင်ခြင်းမဟုတ်၊ ရှေးဟောင်းပညာများ ကို ဖော်ထုတ်၍ သင်ကြားခြင်းဖြစ်သည်။ အတိတ်ကာလ၏ ပညာရပ်သည် ပစ္စုပ္ပန်လူသား | များအတွက် သစ္စာတရားပင်ဖြစ်၍ တုန့်ပြန်အသက်ရှင်သန်ခြင်းတိုကို ဦးတည်ရည်ရွယ်၍၊ သင်ကြားခဲ့သည်။ ဤသိုဖြင့် ကွန်ဖြူးရှပ်၏သဘောထားပြည့်ဝမှုနှင့် ပညာဉာဏ် သည် နောက်လိုက်များစွာကို ဆွဲဆောင်မှုအပြည့်အဝပေးခဲ့ပြီး၊ တစ်စနှင့်တစ်စ ပြန့်နှံကျော်ကြားလာခဲ့ သည်။ လူ (Lu) ပြည်နယ်တွင်အစိုးရအရာရှိအဖြစ် နှစ်အနည်းငယ်ထမ်းဆောင်ပြီး၊ ပြည်နယ်တစ်ခုမှ တစ်ခုသို့ (၁၄) နှစ်တိုင်ခရီးသွားလာ၍ မိမိဩဝါဒကို လက်ခံသဘောတူညီမည့် အုပ်ချုပ်ရေး မှူးများကို ရှာဖွေဖော်ထုတ်ခဲ့သည်။ အသက်အရွယ်ကြီးရင့်လာသောအခါ အစိုးရအရာရှိ လုပ်ရန် မသင့်လျော်  သောကြောင့် သင်ကြားခြင်းနှင့် စာပေများကိုပြုစုရင်း၊ သက်တော် (၇၂) အရွယ် ဘီစီ (၄၇၉) တွင် ကွယ်လွန်အနိစ္စရောက်ခဲ့သည်။ သူကွယ်လွန်သွားပြီးနောက် ပိုင်းတွင် အလွန်ထင်ရှားကျော်ကြား လာသည်သာမက၊ ကွန်ဖြူးရှပ်သည် ဘာသာတရားအသစ်တစ်ခုကို ကြံစည်တည်ထောင်ခဲ့ သူမဟုတ်သော်လည်း လူ(Lu) ပြည်နယ်သားများက ဂုဏ်ပြုသည့်အနေဖြင့် ဘုရားကျောင်းဗိမာန်တစ် ဆောင် ဆောက်လုပ်ကာ ယဇ်ပူဇော်ခြင်း အမှုများကို ကွန်ဖြူးရှပ်အား ရည်စူး၍ပြုလုပ်ကျင်းပခဲ့ပါ သည်။ မျက်မှောက်ခေတ်တိုင်အောင် ကွန်ဖြူးရှပ်ဘုရားကျောင်းဗိမာန်များဆောက်လုပ်၍ ဂုဏ်ပြုနေကြဆဲဖြစ်သည်။ ၁၉၁၂ ခုနှစ် အချိန်ထိအောင် ဘုရင်ဧကရာဇ်မင်းကိုယ်တိုင် ကွန်ဖြူးရှပ်အား ရိုသေဂါဝရပြုလျက် နှစ်ဦးနှင့် ဆောင်းဦးရောက်တိုင်း တစ်နှစ် (၂)ကြိမ် ယဇ်ပူဇော်ပသခဲ့ကြပါသည်။

 

ကွန်ဖြူးရှပ်၏သွန်သင်ချက်များ (Teaching of Confucius)

စိတ်ကောင်းရှိခြင်းအနက်အဓိပ္ပာယ် (The meaning of Benevolence)

ကွန်ဖြူးရှပ်၏ ကျင့်ဝတ်နှင့်ဆိုင်၍ ပညာဗဟုသုတကြွယ်ဝခြင်း (The Great Learning) စာအုပ်တွင် အဓိကအတိုချုပ်အနေနှင့် ဖော်ပြထားသည်မှာ “ဘဝ၏ ရည်မှန်းချက်ပန်း တိုင်မှာ မိမိကိုယ်ကို ယဉ်ကျေးသိမ်မွေ့သောကျင့်စဉ်ကိုလည်းကောင်း၊ အိမ်ထောင်မှုရေးရာ စီမံခန့်ခွဲမှုကို လည်းကောင်း၊ တိုင်းပြည်ကိုအုပ်ချုပ်တတ်မှုကိုလည်းကောင်း၊ ကမ္ဘာလောက ငြိမ်းချမ်းသာယာမှုကို တည်ဆောက်နိုင်မှုကိုလည်းကောင်း၊ ရှာဖွေကြိုးစား အသက်ရှင်ခြင်း ဖြစ်သည်။ ဤသိုအိမ်ထောင် တိုင်းပြည်နှင့်ကမ္ဘာကြီးတစ်ခုလုံး၏ ပျော်ရွှင်မှုကို လူတစ်ယောက် စီ၏ ပုဂ္ဂိုလ်ရေးရာအသွင်အပြင် လက္ခဏာအကျင့်စာရိတ္တကို ထိန်းသိမ်စောင့်ရှောက်လိုက်နာ ခြင်းဖြင့်သာ ရနိုင်ပါသည်။

 

ကွန်ဖြူးရှပ်သွန်သင်သော သီလငါးပါး ၊

(၁) စိတ်ကောင်းရှိခြင်း (Benevolence)

(၂) ဖြောင့်မက်ခြင်း (Righteousness)

(၃) တင့်တယ်လျောက်ပတ်ခြင်း (Propriety)

(၄) ပညာဉာဏ်ရှိခြင်း (Wisdom) ၊

(၅) ယုံကြည်ကိုးစားတိုက်ခြင်း (Trustworthiness) တို့ဖြစ်သည်။

အထက်ပါထဲတွင် ဂျဲန်(Jen) ဟုခေါ်သော စိတ်ကောင်းရှိခြင်းသည် အမြတ်ဆုံး ဖြစ်သည်။ ဤငါးပါးသီလနှင့်ဆိုင်၍ စာပေသဘောအနက်ဖွင့်ဖော်ပြခြင်းထက် လက်တွေ့ သဘောကိုဆောင်၍ ရှုဒေါင့်အမျိုးမျိုးမှ ကွန်ဖြူးရှပ်က အနက်ဖွင့်ဖော်ပြ သတ်မှတ်ထားသည်။ စိတ်ကောင်းရှိခြင်းဆိုသည်မှာ –

(၁) မြင့်မြတ်သောယဇ်ပူဇော်မှုကို ဂရုမူလျက် ရိုသေဝပ်တွားသကဲ့သို လူတိုကို ရိုသေစွာ ပြုစုရမည်။ ကိုယ်၌ သူတစ်ပါးမပြုစေလိုသည့်အတိုင်း သူတစ်ပါး အားမပြုကြနှင့်။ နိုင်ငံ အစိုးရအတွင်းနှင့် မိမိအိမ်အတွင်းမသမာသောစိတ်ကို မမွေးမြူနှင့်။

စိတ်ကောင်းရှိခြင်းဆိုသည်မှာ –

(၂) လူကိုချစ်ခြင်းပင် ဖြစ်သည်။

ကွန်ဖြူးရှပ်ကပြောခဲ့သည်မှာ တိုင်းရေးပြည်ရေးနှင့်ဆိုင်၍ စိတ်ကောင်းရှိသူ စာရင်း ဝင်နိုင်သောသူသည် –

(၁) ယဉ်ကျေးသိမ်မွေ့ခြင်း (Politness)

(၂) သ ဘောထားကြီးခြင်း (Liberality)

(၃) ကောင်းသောယုံကြည်ခြင်း (Good faith)

(၄) လုံးလဝီရိယရှိခြင်း (Diligence)

(၅) စေတနာထက်သန်ခြင်း (generosity) စသည့် (၅)ပါးသော ကောင်းမြတ်မှုရှိရပါမည်။

ယဉ်ကျေးသိမ်မွေ့ခြင်းကြောင့် သင်သည် မထီလေးစားပြုခြင်းမှ လွတ်ကင်းလိမ့် မည်။ သဘောထားကြီးမှုသည် လူတိုကိုအောင်မြင်နိုင်လိမ့်မည်။ကောင်းသောယုံကြည်ခြင်းကြောင့် လူအပေါင်းတို၏ ယုံကြည်စိတ်ချခြင်းကို ခံရလိမ့်မည်။ လုံလဝိရိယကြောင့် သင် သည်အောင်မြင် သောလူဖြစ်လိမ့်မည်။ စေတနာသဒ္ဒါတရားထက်သန်ခြင်းကြောင့် သင်သည် အခြားသူများကို စေခိုင်းနိုင်အံ့သောငှါ ထိုက်တန်သောသူဖြစ်လိမ့်မည်။

လူလူချင်းပေါင်းသင်းဆက်ဆံမှုအခြေခံကျင့်ဝတ် (၅)သွယ်မှာ –

(၁) အုပ်ချုပ်သူနှင့်အုပ်ချုပ်ခံလူသား

(၂) ဘခင်နှင့်သား

(၃) လင်နှင့်မယား

(၄) အသက်ကြီးသူနှင့်ငယ်ရွယ်သူ

(၅) မိတ်ဆွေအချင်းချင်းတိုဖြစ်ပါသည်။

အထက်ပါ ကျင့်ဝတ်(၅)သွယ်တွင် အခြေခံပေါင်းသင်းဆက်ဆံမှုသည် မိမိ မိသားစု နှင့် ဆိုင်ပါသည်။ ဖခင်နှင့်သားဆက်ဆံမှုသည် ရိုသေကိုင်းရှိင်းသော အကျင့်တရား အပြုအမူ နှင့်ဆိုင်သော အခြေခံမဏ္ဍိုင်ဖြစ်သည်။ တရုတ်ပြည်တွင် အုပ်ချုပ်သူကိုလည်း ထိုနည်းတူ ရိုသေလေးစားရမည်ဟု နားလည်ထားကြသည်။ သားဖြစ်သူ၏ဝတ္တရားမှာ မိဘများကို စောင့်ရှောက်ခြင်းနှင့် မိမိခန္ဓာရုပ်သည် ဘိုးဘေးတို၏အမွေဖြစ်သောကြောင့် ထိန်းသိမ်းစောင့် ရှောက်ရမည်။ သားသမီးများကိုလည်း မွေးမြူထိန်းသိမ်းရမည်။ မိဘစကားကို နားထောင် ၊ ခြင်း၊ ကွယ်လွန်သူမိဘများကို နှစ်လည်ပူဇော်ပွဲများကျင်းပ၍ အောက်မေ့သတိရခြင်းကို ပြုရမည်။ မိသားစု၏ ဂုဏ်ကျက်သရေနှင့် ပြည့်စုံရေးအတွက် အောင်မြင်မှုနှင့် လေးစား ဂုဏ်ပြုခြင်းခံထိုက်အောင် အသက်ရှင်ရပါမည်။

 

အ ကောင်းမြင်ခြင်း (Optimism)

ကွန်ဖြူးရှပ်ဘာသာ၏အခြေခံကျင့်ဝတ်မှာ လူ၏သဘောသဘာဝသည် ကောင်း ၊ မြတ်သူဖြစ်သည်။ မကောင်းမှုဟူသည် ပတ်ဝန်းကျင် (သို) အသိပညာကြောင့် ဖြစ်ပေါ်လာ ရခြင်းဖြစ်သည်။ ကွန်ဖြူးရှပ်ဘာသာသစ်ကို တည်ထောင်ခဲ့သူ ချူ-စီ (Chu-His, 11301200) သည် ကွန်ဖြူးရှပ်၏ အကောင်းမြင်ခြင်း သဘောတရားကို ခိုင်မာအောင် ပြန်လည် အသက်သွင်းခဲ့သည်။ ချူစီအနေဖြင့် စကြဝဠာတစ်ခုလုံးသည် လီ (Li) ခေါ် အခြေခံမူ (principle) အပေါ် မူတည်သည်ဟုဆို ပါသည်။ သူ၏အဆိုအရ လူတစ်ယောက်၏သဘော သဘာဝ (သို) လက္ခဏာသည်ထိုသူ၏ လီ ခေါ် အခြေခံမူဖြစ်သည်သာမက စကြဝဠာ၏ အစိတ်အပိုင်းလည်း ဖြစ်ပါသည်။ လူတိုင်းသည် ထိုကဲ့သိုပင်ဖြစ်သည်။ သိုသော် လူတစ်ဦးစီ၏ ချီ (Chi) ခေါ် ရုပ်ခန္ဓာသည် ခြားနားခြင်းသဘောရှိပြီး လူတစ်ဦးနှင့်တစ်ဦး မတူညီကြပါ။ လူ၏အခြေခံသဘောသည် ကောင်းမြတ်ခြင်းဖြစ်သည်။ ငါးပါးသီလသည် လီ (Li) ၏သဘော သဘာဝပင်ဖြစ်သည်။ ထိုကြောင့်လူတိုင်းသည် လီသဘော အရအတူတူပင်ဖြစ်သည်။

ချူစီအဆိုတွင် အသိဉာဏ် အလင်းမှေးမှိန်ကွယ်ပျောက်နေသူများသည် လောကီ တပ်မက်စွဲလန်းမှုများကြောင့် ၄င်းတို၏အခြေခံသဘောသဘာဝကိုဖော်ပြရန် အတားအဆီး ဖြစ်နေပါသည်။ ထိုသူတိုတွင်လည်း ရုပ်နာမ်သန့်ရှင်းစင်ကြယ်မှုမရှိသည့်အတွက်ကြောင့် ဖြစ်သည်။ ထိုကြောင့် မှားယွင်းသောပုံသဏ္ဍာန်များကို မိမိတိုကိုယ်မှဖယ်ရှားပြီး မိမိတို၏ အခြေခံသဘောသဘာဝ (သို) လီထံသိုပြန်လည်ရောက်ရှိအောင် ကြိုးစာရန် လိုအပ်သည်။ ဤသိုပြုမူအသက်ရှင်နိုင်ရန် ပညာဗဟုသုတ ကြွယ်ဝခြင်းသည် အရေးကြီးပြီး လူတိုကို လမ်းညွန်ပေးနိုင်ပါသည်။

ကွယ်လွန်သူ၏ ဝိညာဉ်ကိုပြုစုအစေခံရန်ကိစ္စနှင့် ပတ်သက်၍ ကွန်ဖြူးရှပ်က လူကို အစေခံခြင်းငှါ မတက်စွမ်းနိုင်လျှင် သင်သည် ကွယ်လွန်သူ၏ ဝိညာဉ်ကို မည်ကဲ့သို အစေခံ နိုင်မည်နည်းဟူ၍ ဖြေကြားခဲ့သည်။ သေခြင်းတရားမသိလျှင် သင်သည် သေခြင်းအကြောင်း ကို မသိနိုင်ဟူ၍ဖြေကြားခဲ့သည်။ ကွန်ဖြူးရှပ်က အထက်ကောင်းကင်အရေးကိစ္စထက် မြေ ကြီးအရပ် ကိစ္စကို၄င်း၊ အခြားကမ္ဘာအရေးထက် ဤကမ္ဘာလောကအရေးကို အလေးအနက်ထား၍ သွန်သင်ခဲ့သည်။

ကွန်ဖြူးရှပ်သည် ကောင်းကင်ဘုံ (Heaven) ခေါ် မြင့်မြတ်သောအုပ်စိုးရှင် (The Supreme Ruler) ဟု အဓိပ္ပါယ်တွင်သော ရှန်တီ (Shang Ti) အရှင်ရှိကြောင်းကိုမှု ငြင်းပယ် ခြင်းမရှိခဲ့ပါ။ ကွန်ဖြူးရှပ်က ကောင်းကင်ဘုံရှင်သည်တန်းခိုးတော်နှင့်၄င်း၊ အသက်ရှင်ခြင်း၊ သေခြင်း၊ ချမ်းသာကြွယ်ဝခြင်း၊ ကျော်ဇောကိတ္တိအစရှိသည်တိုနှင့် ပြည့်စုံသည့်အပြင် အရာ ခပ်သိမ်းတိုသည် ထိုတန်းခိုးတော်၌သာ မှီခိုနေသည့်အရာများ ဖြစ်သည်ဟုဖော်ပြသည်။

 

 

ကောင်းကင်ဘုံကိုးကွယ်မှု (The Worship of Heaven)

ကွန်ဖြူးရှပ်ဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ဘီစီ ၂၀၀ မှ အေဒီ ၁၉၁၂ ခုနှစ်ထိတိုင်အောင် သတ်မှတ်၍ ကိုးကွယ်ခဲ့ကြသည်။ နိုင်ငံတော်ဘာသာအနေနှင့် ကောင်း ကင်ဘုံ (ခေါ်) ရှန်တီကို အဓိကမဏ္ဍိုင်ထား၍ကိုးကွယ်ခဲ့သည်။ တရုတ်လူမျိုးတိုအနေနှင့် ရှန်တီသည် ပုဂ္ဂိုလ်ရေးရာဘု ရားအဖြစ် ဤလောကကို ဖြောင့်မတ်စွာ အုပ်စိုးလျက်ရှိသော အရှင်ဖြစ်သည်ဟု ယုံကြည်ခဲ့ကြသည်။ ပြည့်ရှင်ဘုရင်ကိုယ်တိုင် နှစ်စဉ်ရှန်တီအရှင်ကို အလှူ ဒါနများ ပေးလှူခြင်းပွဲများကို ကျင်းပခဲ့ကြပါသည်။ ရှန်တီကို ကိုးကွယ်ယုံကြည်မှုသည် မိသားစုအိမ်ထောင်ကိုအခြေပြု၍သာလျှင် နိုင်ငံတော်ဟူ၍ တည်ထောင်ထားကြောင်းကို ဖော်ပြသည်။ ပြည့်ရှင်ဘုရင်သည် ကောင်းကင်ဘုံ၏သားအဖြစ် ယူဆခြင်းခံရသည်။ လောက ကို အုပ်ချုပ်မင်းလုပ်ရန် ကောင်းကင်ဘုံကခန့်အပ်ထားပြီး၊ သားတော်တစ်ပါးအဖြစ် ကောင်း ကင်ဘုံကအဘကို အစေခံနေသူတစ်ဦးဖြစ်သည်။ ထိုကြောင့် ပြည့်ရှင်ဘုရင်သည် နှစ်စဉ် အလှူဒါနပွဲကို ကျင်းပရခြင်းဖြစ်သည်။

 

ကွန်ဖြူးရှပ်ဘာသာဖြစ်လာခြင်း (Became Religion)

ကွန်ဖြူးရှပ်သည် မိမိကိုယ်တိုင်ဘာသာသစ်တစ်ခု တည်ထောင်သူဟူ၍မယူဆခဲ့ပါ။ တရုတ်လူမျိုးတိုကလည်း သူ့ကို ဘုရားတစ်ဆူအဖြစ် မသတ်မှတ်ခဲ့ပါ၊ မြင့်မြတ်သောဆရာ တစ်ပါး (သို) ပညာရှိအဖြစ်သာ ရိုသေလေးစားခဲ့ကြသည်။ အချိန်ကြာမြင့်လာသည်နှင့်အမျှ လူတို၏ ရိုသေဝပ်တွားကြည်ညိုသဒ္ဓါပွားမှုတိုသည် တဖြည်းဖြည်းနှင့် ဘာသာတရားတစ်ခု အသွင်သို ရောက်ရှိလာခဲ့သည်။ အေဒီ (၅၀၀) ခန့်တွင် ကွန်ဖြူးရှပ်၏ သင်္ချိုင်းအုပ်ဂူနေရာ၌ ဘုရားကျောင်း ဗိမာန်တစ်ခုကို စတင်ဆောက်လုပ်ခဲ့သည်။ အေဒီ ၆၃ဝ တန်မင်းဆက် (Tang dynasty) အချိန်၌ ပြည့်ရှင်ဘုရင်က တစ်ပြည်လုံးတွင် ကွန်ဖြူးရှပ်ဘုရားကျောင်းဗိမာန်များ တည်ဆောက်ဖို အမိန့်ထုတ်ပြန်ခဲ့သည်။ ဤသိုဖြင့် ကွန်ဖြူးရှပ်ဘာသာဟူ၍ ပြန့်နှံခဲ့သည်။ တစ်ချိန်ထဲမှာပင် မြိုတော်၌ ဘုရင့်ကောလိပ်များ တည်ထောင်ပြီး ကွန်ဖြူးရှပ်ကျမ်းများကို သင်ကြားခဲ့သည်။ ထိုအချိန်မှစ၍ ကွန်ဖြူးရှပ်ကို မြင့်မြတ်သောသန့်ရှင်းသူ (Supreme Saint) ဘွဲ့ကို သတ်မှတ်ပြီး နှစ်ပတ်လည်ပွဲလမ်း များ ကျင်းပကိုးကွယ်ခဲ့ကြသည်။

ဘိုးဘေးများကိုးကွယ်မှု (Ancestor Worship)

တရုတ်လူမျိုးများကိုးကွယ်သော ဘာသာတရားတွင် ဘိုးဘေးများကို ကိုးကွယ်ရခြင်း သည် ဘာသာတရား၏ ဗဟိုချက်ဖြစ်သည်။ ထိုသိုဖြစ်ရခြင်း အကြောင်း(၂) ချက်ရှိပါသည်။ (၁) သားဖြစ်သူသည်ဘခင်ကိုရိုသေလေးစားရမည့်ကျင့်ဝတ်ရှိခြင်း၊ (၂) ကွယ်လွန်ပြီးသော ဘိုးဘေးများနှင့် ကျန်ရစ်သူတိုဆက်လက်၍ အတူတကွ အသက်ရှင်ရန်ဟူသော ယုံကြည်ချက် ကြောင့်ဖြစ်သည်။ တရုတ်လူမျိုးအများစုသည် သက်ရှိကမ္ဘာနှင့် ကွယ်လွန်ပြီးသော သူတို၏ ကမ္ဘာသည် (၂)ခုမဟုတ် (၁)ခုသာဖြစ်သည်ဟု ခံယူကြသည်။ ဘိုးဘေးများကိုးကွယ်မှုတွင် ကဗျည်းစာတမ်းသည် အလွန်အရေးပါသောကဏ္ဍဖြစ်သည်။ ကဗျည်းစာတမ်းတွင် ဘိုးဘေး တို၏ အမည်များကို ရေးသားထားပြီး၊ အိမ်၏ခန်းမဆောင်တွင် လူမျိုးဆက် (၄) ဆက်တိုင် အောင် ထိန်းသိမ်းစောင့် ရှောက်ထားသည်။ ယင်းရှေ့တွင် ဆွမ်းခဲဘွယ်ရာများ၊ အမွှေးနံသာ၊ ပန်းများနှင့် ဖယောင်းတိုင်များ ထွန်းညှိထားသည်။ အိမ်ထောင်ဦးစီးလုပ်သူသည် အမွှေးတိုင် (၃)တိုင်ကို မီးရှိ၍ နေရာတကျထားကာ (၃) ကြိမ်တိုင် ဦးချပြီးနောက် ကောင်းကြီးမင်္ဂလာ များ တောင်းခံလျောက်တင်မှုပြုရသည်။ မွေးနေ့နှင့် ကွယ်လွန်ခဲ့သည့် နှစ်ပတ်လည်ပြည့်တိုင်း ထုံးစံရှိသော လှူဖွယ်ရာများကို ပူဇော်ရသည်။ လှူဖွယ် ဝတ္ထုနှင့်ဆိုင်သောအရေးပါသည့်ဓလေ့ မှာ မိသားစုအားလုံးပြန်လည်ဆုံစည်းသော နှစ်အစနှင့် နောက်ဆုံးနေ့ရက်များတွင် တင်လှူ ပူဇော်ရသောပွဲဖြစ်သည်။ ထိုအချိန်သည် ရှင်သူနှင့် သေသူတို ပြန်လည်ဆုံဆည်းသောအချိန် အခါ ဖြစ်သည်။

 

ဘာသာရေးပွဲများ

ကွန်ဖြူးရှပ် ဘာသာရေး တွင် ဘုန်းကြီးရဟန်းကဲ့သို ဘာသာ ရေးဆရာမရှိပါ။ သိုရာတွင် ဘာသာ ရေး အခမ်းအနားများ ရှိပါသည်။ ကွန်ဖြူးရှပ်က ဘာသာရေးပွဲများသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကို ဆက် သွယ်စေသည်ဟု ဆိုပါသည်။ ကွယ် လွန်သူတိုနှင့် အဆက်အသွယ်ရစေသည်ဟု ဆိုပါသည်။ ကုသိုလ်တရားကြောင့် လူလူချင်းသော်လည်းကောင်း၊ လူနှင့်ပတ်ဝန်း ကျင်ကိုလည်း ကောင်း သဟဇာတဖြစ်စေသည်ဟု သင်ကြားခဲ့ပါသည်။

ကွန်ဖြူးရှပ်ဘာသာ၏ကျမ်းစာများ

 ကွန်ဖြူးရှပ်နှင့်တကွ ၄င်း၏တပည့်များသည် ရှေးခေတ်တရုတ် အတွေးအခေါ်ပညာ ရှင်များနှင့် ဆရာကြီးများ၏ ဆုံးမဩဝါဒများကို စုဆောင်းတည်းဖြတ်ခြင်းနှင့် ဘာသာပြန်ဆို ခြင်းများကို လုပ်ကိုင်ခဲ့ကြပါသည်။ ကွန်ဖြူးရှပ် သွန်သင်သော ဩဝါဒများကိုလည်း တပည့် များအနေဖြင့် စုဆောင်းခဲ့ကြသည်။ ကွန်ဖြူးရှပ်ကျမ်းစာကို (၂)ပိုင်းခွဲ၍ ဖော်ပြထားပါသည်။ ရှေးစာပေကျမ်းဂန် (၅)အုပ်နှင့် ကျမ်းစာ (၄)အုပ်တို့ ဖြစ်သည်။

 

ရှေးစာပေကျမ်းဂန် (၅)အုပ် (The Five Classies)

(၁) ယီချင်း (Yi Ching)

ပြောင်းလဲမှုများကျမ်းဂန်စာအုပ် (The book of Changes) သည် အနာဂတ်ဖြစ် ပျက်မည့်အကြောင်းများကို ကြိုတင်တွက်ချက်၊ ဟောကိန်းထုတ်နိုင်သော လက်စွဲစာအုပ် ဖြစ်သည်။ ရှေးခေတ်အင်းကွက်ဇယားပုံစံများနှင့် ကောက်နှုတ်ရှင်းလင်းချက်များပါဝင်သည်။

(၂) ရှူးချင်း (Shu Ching)

ရာဇဝင်သမိုင်းကျမ်းတွင် ယို (Chou) ဘုရင်ဧကရာဇ်မင်းဆက်မှ ချူမင်းဆက်အထိ သမိုင်းအထောက်အထားများကို စုဆောင်းထားသည်။ ကောင်းကင်အရှင်သည် အကျင့်ပါရမီ ကောင်းသောမင်းများကို ငြိမ်သက်ခြင်းနှင့်ချမ်းသာကြွယ်ဝပြည့်စုံသော ကောင်းကြီးမင်္ဂလာ များချပေးမည်ဖြစ်ကြောင်း အကျင့်တရားနှင့် ဘာသာရေးဆိုင်ရာသွန်သင်ချက်များကို ရေး သားထားသည်။

(၃) ရှိချင်း (Shih Ching)

သီချင်းစာအုပ် (The Book of Songs) တွင် ကွန်ဖြူးရှပ်အသက်ရှင်ချိန်က ချူမင်း ဆက် အုပ်ချုပ်ချိန်ဖြစ်သည်။ ထိုအချိန်က စပ်ဆိုထားသော ကဗျာလင်္ကာအပုဒ်ရေပေါင်း (၃ဝဝ) ပါဝင်သည်။

(၄) လီကီး (Li Ki)

ဘာသာရေးဆိုင်ရာ ဝတ် များတွင် (The Book of Rites) တွင် ကိုးကွယ်ခြင်း လူမှုရေးနှင့် မိ သားစုပေါင်းသင်းမှုဆိုင်ရာ လိုက်နာ ရမည့် စည်းကမ်းကျင့်ဝတ်များ ပါဝင် သည်။ ယနေ့တိုင် တရုတ်လူမျိုးတို၏ ကျင့်ဝတ်အဖြစ် တရားဝင် အသုံးပြု လျက်ရှိသည်။

(၅) နွေဦးနှင့်ဆောင်းဦးသမိုင်းစာအုပ် (The Annals of Spring and autuman) တွင် လွန်ခဲ့သော နှစ်ပေါင်း (၃၀၀) ကျော်က လူပြည်နယ်၏ အဖြစ်အပျက်အကြောင်းအရာများကို မှတ်တမ်းတင်ထားသည်။

 

ကျမ်းစာ (၄) အုပ် ( The Four Books)

ဆွန် မင်းဆက်အချိန်၊ အေဒီ (၁၁) ရာစုနှစ်တွင် စုဆောင်းခဲ့သော ကျမ်းစာအုပ်များ ဖြစ်သည်။ အုပ်ချုပ်မင်းလုပ်သူတို၏ ပညာရေးအခြေခံ သဘောတရားနှင့် အစိုးရအရာရှိများ စုဆောင်း ရွေးချယ်ခြင်းနှင့်ဆိုင်၍ စစ်ဆေးချက်မူရင်းလက်ဆွဲစာအုပ်များဖြစ်သည်။

၁။ ကွန်ဖြူးရှပ်ဩဝါဒများမှ ကောက်နှုတ်ချက်များနှင့် သူ၏တပည့်များက စုဆောင်းထုတ်ဝေခဲ့သောစာအုပ်ဖြစ်သည်။

၂။ ကွန်ဖြူးရှပ်အား ဆက်ခံသူမှာ ထင်ရှားသောမန်စီးယပ် (Mencius) ဖြစ်သည်။ ဘီစီ ၃၇၁ မှ ၂၉၈ ထိသွန်သင်ချက်များကိုကျမ်းပြုထားခြင်းဖြစ်သည်။ ကွန်ဖြူးရှပ်၏ဩဝါဒများကို ဒဿနိကအမြင်ဖြင့် တင်ပြရှင်းလင်းထားသောစာအုပ်ဖြစ်သည်။

၃။ အလယ်အလတ် ဆိုလိုရင်းတရားများ (the Doctrine of the Mean)

၄။ ပညာဗဟုသုတကြွယ်ဝခြင်း (The Book of Learning) စာအုပ်တိုသည် ဘာသာရေး ဝတ်များဆိုင် ရာကျမ်းစာအုပ် (The Book of Rites) အစိတ်အပိုင်းများဖြစ်သည်။

 

 

ယနေ့ခေတ်ကွန်ဖြူးရှပ်ဘာသာ

တာအိုဘာသာနှင့်ကွန်ဖြူးရှပ်ဘာသာတိုသည် ယင် (Yin)နှင့် ယန်း (Yang) အခြေခံနိယာမသဘော တရားကို လက်ခံကြသည်။ ယင် (Yin) သည်အမသဘော၊ အနှုတ်သဘော ဆောင်ပြီး၊ ယန် (Yang) သည် အဖိုသဘော၊ အပေါင်းသဘောဆောင်ပါသည်။ ယင်နှင့်ယန် သည် ဆန့်ကျင်မှုသဘောအ ကြောင်းအရာ တိုသည် တစ်ခုနှင့်တစ်ခု သက်ဆိုင်လျက်ရှိနေသည် သာမကပြည့်စုံခြင်း (သို) စုံလင်ခြင်းအသွင်ကို ဆောင်လျက် ရှိသည်။ တာအိုဘာသာနှင့် မတူသည့်အချက်မှာ တရုတ်ကွန်မြူနစ်များသည် ကွန်ဖြူးရှပ်ဘာသာကို အပြင်းအထန် ဝေ ဖန်ခဲ့ကြသည်။ ကွန်မြူနစ်ပါတီခေါင်းဆောင် မော်စီတုန်းက ကွန်ဖြူးရှပ်ဘာသာသည် ပဒေ သရာဇ်စနစ်၏ အစိတ်အပိုင်းဖြစ်သည့်အတွက် အားလုံးကို စွန့်ပယ်ရ မည်ဟု ဖော်ပြခဲ့သည်။ တရုတ်ပြည်သမိုင်းတစ်လျောက်တွင် ကွန်ဖြူးရှပ်ဘာသာသည် တရုတ်လူမျိုး များကိုနှစ်ပေါင်း ၂ဝဝဝ လွမ်းမိုးခဲ့သည်။ ထိုကြောင့် ကွန်ဖြူးရှပ်ဘာသာကို တရုတ်လူမျိုးယဉ်ကျေးမှု အမွေ အနှစ်များနှင့် အသက်ရှင်မှုလမ်းမှ ဖယ်ရှားရန်မှာ မဖြစ်နိုင်သောအရာတစ်ခုပင်ဖြစ်သည်။

 

ရှင်တိုဘာသာ

(Shintoism)

 

ရှင်တိုဘာသာသည် ဂျပန်လူမျိုးတို၏ အသက်ရှင်မှုကိုလည်းကောင်း မိရိုးဖလာ အစဉ်အလာကို လည်းကောင်း၊ ထိကပ်နီးစပ်ဆက်နွယ်လျက်ရှိသော ဘာသာဖြစ်သည်။ ရှင်တိုဟူသောဝေါဟာရ၏ အနက်အဓိပ္ပါယ်မှာ ရှင် (Shin) ဆိုသည်မှာ ဘုရား (သို) ဘုရား များ ဟုဆိုပါသည်။ တို (To) သည်လမ်း (way) ဟုဆိုပါသည်။ ရှင်တိုဆိုသည်မှာ ဘုရား၏ လမ်း (way of God) ဟုဆိုပါသည်။ ဂျပန်လူမျိုးအများ စု ကိုးကွယ်ကြသောဘာသာဖြစ်သည်။

 

ရှင်တိုဘာသာသမိုင်း

အစပထမတွင်ရှင်တိုဘာသာသည် ဂျပန်လူမျိုးတို၏ တိုင်းရင်းဘာသာ၏ တစ်စိတ် တစ်ဒေသဖြစ်ခဲ့သည်။ ယင်း၏ အခြေခံမှာ ဥစ္စာပစ္စည်းချမ်းသာကြွယ်ဝစေရန် ကာမီ (kami) ခေါ် “ဝိညာဉ်တော်များကို ကိုးကွယ်ခြင်းဖြစ်သည်။ ရှေးက စိုက်ပျိုးရေးသမားများက တိုး တက်ပွားများ စေရန် ကိုးကွယ်ခြင်းဖြစ်သည်။ အေဒီ ၄ဝဝ တွင် ရန်မာဒိုရိုးရာလူစု (Yamado Clan) သည် အုပ်ချုပ် မိသားစုနွယ်အဖြစ် ဂျပန်ပြည်တွင် အာဏာသိမ်းခဲ့သည်။ ရှင်တိုဘာ သာသည် ဂျပန်လူမျိုးဘာသာ ဖြစ်လာခဲ့ပြီး နေနတ်သမီး “အာမကာရာစုအိုမီကာမီ”ကို အဓိက ထားကိုးကွယ်ခဲ့ကြသည်။ ထိုနတ်သမီးသည် ကောက်ပဲသီးနှံစောင့်ထိန်းရှင်နှင့် လက်ရှိအုပ် ချုပ်သူ မိသားစုနွယ်ဝင်များ၏ ဘိုးဘွားဖြစ်သည်ဟု ယုံကြည်ကြသည်။ နတ်သမီး၏မြေး၊ပြည့် ရှင်ဧကရာဇ်ဘုရင် “ဂျင်မှု” သည် နတ်သမီးထံမှ အထွတ်အမြတ်ဖြစ်သောကြေးမုံ၊ ဓါးနှင့် ကျောက်မျက်ရတနာ အစရှိသောပစ္စည်း (၃) မျိုးကို လက်ခံခဲ့သည်ဟု ထင်မြင်ယူဆခဲ့ကြ သည်။ ထိုမင်းမြောက်တန်ဆာကိုပိုင်ဆိုင်ခဲ့ခြင်းသည် ပြည့်ရှင်ဧကရာဇ်ဘုရင်၏ သြဇာအာဏာ အမှတ်လက္ခဏာဖြစ်သည်။ ဤခေတ်တွင် ရှင်တိုနှင့် ဧကရာဇ်ဘုရင်များအကြား ဆက် စပ်မှု စတင်ခဲ့ခြင်းဖြစ်သည်။

ဗုဒ္ဓဘာသာသည် အေဒီ ၅၅၂ ခုနှစ်လောက်တွင် ကိုးရီးယာကျွန်းဆွယ်မှတစ်ဆင့် ဝင်ရောက်လာ ခဲ့ပြီး (၈)ရာစုလောက်တွင် ဩဇာလွမ်းမိုးနေခဲ့သည်။ ထိုအချိန်တွင် ဂျပန် ဘာသာရေးကိုးကွယ်မှု၊ ဘာသာရေးအတွေးအခေါ်များနှင့် ဗုဒ္ဓဘာသာသည် ထိတွေ့စေခဲ့ သည်။ အေဒီ (၉) ရာစုတွင်ရှင်တိုနှင့် ဗုဒ္ဓဘာသာပူးပေါင်းစေရန်ရည်ရွယ်၍ လှုပ်ရှားသော အဖွဲ တစ်ဖွဲ စတင်လှုပ်ရှားခဲ့သည်။ ထိုအဖွဲသည် “ယိုဘူရှင်တို (Ryobu Shinto) (သို) (Twosided Shinto) နှစ်ဘက်ရှုရှင်တို’ဟူ၍ ထင်ရှားကျော်ကြား ခဲ့သည်။ ထိုလှုပ်ရှားမှုအဖွဲဝင်များ အနေနှင့် ကာမိ (Kami) နတ်ဘုရားများသည်၊ ဗုဒ္ဓနှင့်ဗောဓိသာရတို ဝင်စားသောသူများဖြစ် သည်ဟု ယုံကြည်ခဲ့သည်။ နေနတ်သမီး ‘လာမတာရာစု” သည် မဟာယာနဗု ဒ္ဓဘာသာတွင် ဗဟိုအချက်အချာ ဗုဒ္ဓအသွင်ဖြစ်သော ကြီးမြတ်သောနေမင်း “ဗီရိုကနေ” (Vairocana) နှင့် တထေရာတည်းဖြစ်ကြောင်း ထပ်တူထပ်မျှပြုခဲ့ကြသည်။ ဗုဒ္ဓဘာသာသည် ရှင်တိုဘာသာ ၏ နတ်ကွန်းများနှင့် တန်ဆောင်းများ၊ ဘုရားကျောင်းများထဲတွင် တစ်စိတ်တစ်ဒေသအနေ နှင့် ပါဝင်၍ အရေးပါအရာရောက်လာခဲ့သည်။ ဗုဒ္ဓဘာသာတို၏ ဩဇာလွမ်းမိုးမှုအောက်တွင် ရှင်တိုဘာသာသည် ပို၍အရေးပါ အရာရောက်လာခဲ့သည်။ ဗုဒ္ဓဘာသာ၏ထီးရိပ်အောက် တွင် ရှင်တိုဘာသာသည် ပို၍လက်တွေ့သဘောနှင့်ပုဂ္ဂိုလ်ရေးသဘောဆန်လာပြီး တစ်ချိန် က မရရှိခဲ့သော ဒဿနိကအတွေးအ ခေါ်များကိုလည်း ပို၍ ရယူပိုင်ဆိုင်နိုင်ခဲ့သည်။

ကွန်ဖြူးရှပ်ဘာသာပင်လျှင် ရှင်တိုဘာသာအပေါ်၌ ဩဇာသက်ရောက်ခဲ့ပြီး ကိုးရီးယား မှတစ်ဆင့် ဂျပန်ပြည်သိုဝင်ရောက်လာခဲ့သည်။ (၅) ရာစုတွင် အကျင့်တရားနှင့်ဆိုင်သော နိယာမသဘောများကို ရှင်တိုဘာသာအပေါ်၌ လွမ်းမိုးခဲ့သည်။ ထိုပြင် မိရိုးဖလာအရ ဘိုးဘေး များအား ကိုးကွယ်မှုကိုလည်း တွန်းအားပေးခဲ့ပြန်သည်။ ထိုမှ နှစ်ပေါင်း ၁ဝဝဝ အတွင်း၊ အေဒီ ၈ဝဝ မှ ၁၈ဝဝ အတွင်း ဗုဒ္ဓဘာသာသည် ဂျပန်ပြည်၌ ဩဇာသက်ရောက်ပြီး၊ တဖြည်း ဖြည်းရှင်တိုဘာသာနှင့် ရောယှက်လာခဲ့သည်။ အေဒီ ၁၈ဝဝ ခုနှစ်နောက်ပိုင်းတွင် ဂျပန်ရှင်တို ဘာသာပြန်လည်နိုးကြားမှု ပေါ်ပေါက်လာခဲ့သည်နှင့်အမျှ ၁၈၆၈ ခုနှစ်တွင် ရှင်တိုဘာသာ သည် ဂျပန်ပြည်၏တရားဝင် နိုင်ငံတော်ဘာသာအဖြစ် ကြေငြာခဲ့သည်။ ထိုကြေငြာချက်နှင့် တစ်ချိန်တည်း၌ပင် နေနတ်သမီး အာမတာရာစုမှ ပေါက်ဖွားဆင်းသက်လာသည် ဟုဆိုသော ပြည့်ရှင်ဧကရာဇ်မင်းကိုနတ်ဘုရားအဖြစ် ယုံကြည်မှုဖြစ်ပေါ်လာစေခဲ့သည်။ တစ်ချိန်တည်း မှာပင် ဗုဒ္ဓဘာသာနှင့်ဆက်နွယ်မှုအရာအားလုံး ဖြတ်တောက်ခဲ့သည်။ သိုသော် သာမန်ဂျပန် လူများစုအနေနှင့် ယခင်ရှင်တိုဘာသာသည် လောကီရေး ရာ မျက်မှောက်လူတို၏ လိုအပ်ချက်ကို ဖြည့်စွမ်းပေးနိုင်ပြီး၊ ဗုဒ္ဓဘာသာသည် သေဆုံးပြီးနောက် လောကုတ္တရာရေးရာကိစ္စကို ဖြည့်စွမ်းပေးနိုင်သည်ဟု ယုံကြည်ကြသည်။

၂၀ ရာစုသိုရောက်သော် ဂျပန်နိုင်ငံအစိုးရသည် မျိုးချစ်ဝံသာနုစိတ်ဓာတ်ကို ဖော် ပြသည့်လက္ခဏာတစ်ရပ်အဖြစ် တိုင်းသူပြည်သားများအားလုံး ရှင်တိုဘာသာပွဲလမ်းသဘင် များ၌ မပါမနေရဟု အမိန့်ထုတ်ပြန်ခဲ့သည်။

 

ရှင်တိုဘာသာယုံကြည်မှုများ (Shinto Beliefs) ၊

ရှင်တိုဘာသာသည် ကာမီ (သို) နတ်ဝိညာဉ်များကို ဗဟိုပြု၍ကိုးကွယ်ကြသည်။ ကာမီအကြောင်းနှင့်ဆိုင်သော အယူအဆကို ရှင်းပြရန်အလွန်ခက်ပြီး၊ ယုံကြည်သက်ဝင်သူ များပင်လျှင် ကာမီအကြောင်းအတိုချုပ် ရှင်းပြခြင်းမရှိကြပါ။ ဂျပန်နာမည်ကြီးပညာရှင် မိုတိုအိုရီနို ရီနာဂါ (Motoori Norinaga) သည် ၁၇၃ဝ-၁၈ဝ၁ ခုနှစ်များက ရေးသားခဲ့သည့် မှတ်တမ်းအရ “အကျွန်ုပ်သည် ကာမီဝေါဟာရ၏အနက်ကို နားမလည်ရိုးအမှန်ပါ။ ယေဘုယျ စကားဖြင့်ပြောရသော် ကာမီဝေါဟာရစကားသည် ဦးစွာ ပထမမိုးကောင်းကင်နှင့်မြေကြီးတို ၏ နတ်ဘုရားများဟူ၍ ရှေးမှတ်တမ်းများ၌ ဖော်ပြသည်။ ၄င်းအပြင် ဝတ်ပြုကိုးကွယ်ရာ နတ်ကွန်းဗိမာန်များ၏ နတ်ဝိညာဉ်များလည်းဖြစ်သည်။ နတ်ဝိညာဉ်များတွင် လူသားများ ပါဝင်သည်ဆိုသည့်အချက်ကို ပြောဆိုရန်ခက်သည်။သိုသော် ငှက်များ သားရဲတိရစ္ဆာန်များ၊ သစ်ပင်များကောက်ပဲသီးနှံများ ပင်လယ်များ၊ ဗီတာမင်များပါဝင်သည်။ ရှေးအသုံးအနှုန်း စကားအရ သာမန်မည်သည့်ပြင်ပ အရာဖြစ်စေ (သို) မြင့်မြတ်သောတန်းခိုးခံစားရသည် ဖြစ်စေ (သို) အံ့ဩတွေဝေမှုခံစားရသည်ဖြစ်စေ ကာမီပင်ဖြစ်သည်ဟုအဆိုရှိသည်။

ရှင်တိုဘာသာဝင်တစ်ဦးသည် အံ့ဩမှု (သို့) စိတ်အားငယ်မှုခံစားရလျှင်ပင် ကာမီပင် ဖြစ်သည်ဟု ပြောဆိုကြသည်။ လူသားများကိုလည်းကောင်း လောကအခြားအရာများကိုလည်း ကောင်း၊ ကြောက်ရွံစေရန် (သို) ရိုသေကိုင်းရှိင်းရန် ထိုက်တန်သောအရာရှိသမျှကို ကာမီဟု ခေါ်ကြသည်။ သိုသော် ကာမိသည် အခြားဘာသာတွင် ယူဆသောဘုရားများကဲ့သို သဘာဝ ဓမ္မထက်သာလွန်သည်ဟု တွေးခေါ်ယူဆခြင်းမရှိပါ။ ရှင်တိုဘာသာ၏ တွေးခေါ်မှုအရ တည် ရှိလျက်နေသော အရာခပ်သိမ်းသည် နာမ်ဝိညာဉ်သဘောသဘာဝဆောင်နေသည့်အတွက်ကြောင့် အရာခပ်သိမ်းသည် ကာမီဖြစ်နိုင်သည်။ ထိုကြောင့် ရှင်တိုဘာသာသည် ဘုရားအ များကိုးကွယ်သော ဘာသာ (Poly-theism) ဖြစ်သည်။ ရှင်တိုဘာသာ၏ သွန်သင်မှုအရ လူ့အသက်သည် ဘုရားထံမှလာ သောကြောင့် လူတစ်ယောက်သည် ကာမီ၏ သားသမီးတစ် ယောက်ဖြစ်သည်။ လူသည် မြင့်မြတ် ဆုံးသောသူ၊ ကောင်းချီးမင်္ဂလာကြောင့် လောက၌ကံ တရားကြောင့် လူဖြစ်ရခြင်းဖြစ်သည်။ အရာရာကိုတတ်စွမ်းနိုင်သော ကာမီကြောင့်လည်း ဖြစ်သည်။ ရှင်တိုဘာသာသည် ဖြစ်သမျှ အကောင်းမြင်သော (Optimism) ဘာသာဖြစ်ပြီး၊ ယုံကြည်သက်ဝင်သူများကိုလည်း ထိုသိုလိုက်လျှောက်အသက်ရှင်ရမည်ဟု သွန်သင်ထားသည်။

အသက်ရှင်ခြင်းနှင့်သေခြင်းတရားအကြားတွင် ထူးခြားသောသဘောကို မတွေ့ရ ပါ။ လူသည် သေဆုံးပြီးနောက်တွင် ကာမီထံမှကောင်းချီးမင်္ဂလာများ ဆက်လက်ခံစားရပြီး အသက်ရှင်နေသည်ဟု ယုံကြည်ကြသည်။ ထူးခြားသည်မှာ ရှင်သူနှင့်သေသူနေရမည့်နေရာ များ ကွာခြားခြင်းသာဖြစ်သည်။ အသက်ရှင်သူများသည် အလင်းနှင့်ပြည့်ဝသော ကမ္ဘာ၌ရှိပြီး သေဆုံးသူများမှာမူကား၊ အမှောင်အမိုက်ကမ္ဘာ၌ နေကြရသည်။ သေဆုံးသွားသော သူတို သည် ရှင်တိုဘာသာရေးပွဲများ အတွင်း၌ အလင်းကမ္ဘာသို လာရောက်လည်ပတ်ရသော အခွင့် ရှိသည်။ သေခြင်းတရားကို ရှုမြင်ရာ၌ အကောင်းမြင်သဘောနှင့် စိုးရိမ်မှုကင်းမဲ့သော သဘောရှုမြင်ကြပါသည်။

 

သင့်တင့်လျောက်ပတ်စွာအသက်ရှင်ခြင်း

ရှင်တိုဘာသာသည် အပြန်အလှန်ကြည်ညိုမှုအပေါ် ဗဟိုပြုသောကွန်ဖြူးရှပ်ဘာ သာ၏အကျင့်တရားနှင့်ဆိုင်သည့် နိယာမသဘောတရားများ စိမ့်ဝင်လျက်ရှိသော်လည်း ရှင်တိုဘာသာတွင် အကျင့်တရားနည်းစနစ်များနှင့် ဥပဒေပညတ်ဟူ၍ သတ်မှတ်ချက် မရှိပါ။ အဓိကကျင့်ဆောင်ရမည်အရာမှာ လူသည် တင့်သင့်လျောက်ပတ်စွာ ကောင်းကောင်းမွန်မွန် အသက်ရှင်ရန်ဖြစ်သည်။ သဘာဝ၏ဘဝပေးအခြေအနေနှင့် လိုက်လျောညီထွေစွာ အသက် ရှင်ခြင်းသည် ကောင်းမြတ်ခြင်း၊ ကောင်းချီးနှင့်ပြည့်စုံခြင်း၊ လှပတင့်တယ်ခြင်းတိုပင်ဖြစ်သည်။ လှပတင့်တယ်ခြင်းမရှိသော အသက်တာသည် ဆိုးယုတ်သောအသက်ရှင်မှုဖြစ်သည်။ မကောင်းမှု အပြစ်ဒုစရိုက်ဟူသည် အကျင့်တရားဖောက်ပြန်ခြင်းနည်းလမ်းဖြင့် မဆုံးဖြတ်ပါ။ အသက်တာကို ညစ်ညမ်းစေခြင်း (သို) ညစ်ညူးစွာ အသက်ရှင်ခြင်းသာလျှင် အပြစ်တရား ဖြစ်သည်ဟု လက်ခံကြပါ သည်။ မကောင်းမှုအပြစ်တရားဖြစ်ရသည့်အကြောင်းမှာ လူကြောင့် မဟုတ် နတ်ဆိုးများကြောင့်ဖြစ် သည်ဟု ယုံကြည်ကြသည်။ မကောင်းသောဝိညာဉ်ပူးကပ်ရာမှ မကောင်းသောသူ အကုသိုလ် ဖြစ်လာရသည်။ ထိုအတွက်ကြောင့် ကိုယ်တိုင်နောင်တရခြင်း ဖြင့် အပြစ်လွတ်ပိုင်ခွင့်သဘောမရှိပါ။ ဘုရားဝတ်ပြုခြင်း၊ အလှူဒါနပြုခြင်းတိုသည် မကောင်း သောဝိညာဉ်အား ခန္ဓာသန့်ရှင်းစင်ကြယ်စေ သော ဘာသာရေးပွဲလမ်းသဘင်များတွင် ပါဝင် ခြင်းဖြင့် အပြစ်များကိုဆေးကြောခံရသည်ဟု ယုံကြည်ကြပါသည်။ ရှင်တိုဘာသာတွင် နောက် ဆုံး တရားစီရင်သောနေ့ဟူ၍ မရှိ။ ရှင်တိုဘာသာဝင် တို၏ ဖြစ်သမျှအကောင်းဘက်မှရှုမြင်တက်သောသဘော (Optimistic) မှာ လူသားတိုင်း ကောင်းမြတ်ခြင်းနှင့် အရာရာတိုင်း သည် အကောင်းပကတိဖြစ်လာရမည်ဟူသော ယုံကြည်မှုပင်ဖြစ်သည်။

 

ဝတ်ပြုကိုးကွယ်ခြင်း

ရှင်တိုတိုသည် ကာမိ(ခေါ်)ဝိညာဉ်တော်များကို ကိုးကွယ်ကြသည်။ ဘုရားကျောင်း ဆောင်များ၌သော်လည်းကောင်း၊ နေအိမ်များ၌သော်လည်းကောင်း ဆုတောင်းဝတ်ပြုနိုင် သည်။ ဘုရားကျောင်းများတွင် ဝင် ပေါက်မုခ်ဝများရှိသည်။ မှခ်ဝများကို ကိုရီး (Tori) ဟု ခေါ်သည်။ မုခ်ဝများ သည် ဝိညာဉ်လောကနှင့် မျက်မှောက်လောက ခြားနားရာနေရာဖြစ်သည်။ ဘုရားကျောင်းခုခ်ဝကို ဖြတ်သွားသူ သည် လက်ခုတ်တီး၍ ဝတ်ပြုကြသည်။ လက်ခုပ်တီးခြင်းမှာ ဝတ်ပြုကြောင်း အသိပေးခြင်းဖြစ်သည်။ ထိုကဲ့သိုပင် ဝတ်ကျောင်းတော်ထဲမှ ရှင်တိုဘုန်းကြီးများ စည်တော်ကြီး ကိုတီးခြင်းမှာလည်း ထိုသဘောပင် ဖြစ်သည်။ ဝတ်ကျောင်းများတွင် ကြည့်မှန်များရှိတတ်သည်။ အမေတာရာစု ခေါ် နေနတ် သမီးသည် သူမကို ကိုယ်စားပြုသည့်အနေဖြင့် ကြည့်မှန်များ ထားရစ်ခဲ့သည်။ ဂျပန်ဧကရာဇ် မှာ နေနတ်သမီး၏သားဖြစ်သည်။ ထိုနည်းတူပင် ဂျပန်လူမျိုး အားလုံးသည် နေနတ်သမီးမှ ဆင်းသက်လာသော အနွယ်ဝင်များ ဖြစ်ကြသည်။ ဂျပန်နိုင်ငံ၏အလံတွင်ရှိသော အနီရောင် အဝိုင်းကြီးသည်နေကို ကိုယ်စားပြုသည်။ ရှင်တိုဘာသာဝင်တိုင်းလိုက်နာရမည့်ဝတ်များမှာ(၁) သဘာဝတရားကို တန်ဖိုးထားရမည်။ (၂) တစ်ကိုယ်ရေသန့်ရှင်းရမည်။ (၃) မိဘမျိုးရိုးကို လေးစားရမည်။ (၄) ရှင်တိုဘာသာ ၏ပွဲတော်များကိုပါဝင်ခြင်းဖြင့် အထက်ပါအကျင့်လက္ခဏာများကို သတိရ အားသစ်လောင်းရမည်။ ရှင်တိုဘာသာသည် နတ်ကွန်းဗိမာန်များကို ကျကျနန တည်ဆောက်ပြီး ဘာသာ ရေးဝတ်များနှင့် ပွဲလမ်းသဘင်များကို ခမ်းနားစွာ အလေးထား ဂရုစိုက်ကျင်းပရန် သွန်သင် ထားသည်။ ဤသိုဖြင့် ကာမီကိန်းဝပ်ရာနတ်ကွန်းဗိမာန်နေရာ အများအပြားရှိသည်။ ဘာသာဝင်များသည် ဥစ္စာပစ္စည်းကြွယ် ဝချမ်းသာစေရန်နှင့် နေ့စဉ်အသက်တာတွင် ကာမီ၏ အလိုတော်အတိုင်း နားထောင်လိုက် လျှောက်အ သက်ရှင်ရသည်။

 

(က) သန့်ရှင်းခြင်းဝတ်များ (Purification Rites)

မီဆိုဂီ (ခေါ်) ဆေးကြောခြင်းမင်္ဂလာဝတ်သည် ရေနှင့်ဆား (သို) ရေသက်သက်ဖြင့်၊ ကိုယ်တိုင်ဝတ်ဖြည့်ရသည်။ ရည်ရွယ်ချက်မှာ သေးငယ်သည့် မစင်ကြယ်မသန့်ရှင်းမှုများကို ဖယ်ရှားရန်ဖြစ်သည်။ အလွန်ရှေးကျသောပွဲလမ်းများဖြစ်သည်။

(ခ) တင်လှူပူဇော်ပွဲများ (Offerings)

ယုံကြည်သူများသည် ကိုယ်စိတ်ဖြူစင်သန့်ရှင်းခြင်းဝတ်ကိုခံယူပြီးသည်နှင့်အမျှ လှူဖွယ်ဝတ္ထုများကို တင်လှူပူဇော်ရသည်။ မင်းဖြူ ဆန်အရက်နှင့် အခြားလှူဖွယ်ဝတ္ထုများကို တင်လှူပူဇော်ရသည်။ ထိုနောက်ပွဲတော်နှင့်ဆိုင်သော ပူဇော်သက္ကာများပေးလှူခြင်းနှင့် အတူ တူရိယာတီးမှုတ်၍ ကခုန်မြူးတူးပြီး အဆုံးသတ်ကြသည်။

 

 

 

(ဂ) ဆုတောင်းပတ္ထနာဝတ်ပြုပွဲများ (Prayer)

ဆုတောင်းဝတ်ပြုမင်္ဂလာများ၏ဦးတည်ချက်မှာ နတ်ကွန်းဗိမာန်ရှင်နတ်ဘုရားများ ကိုရည်စူး၍ ပတ္ထနာပြုခြင်းဝတ်ပြုပွဲများကျင်းပကြသည်။ ဟိနမတ်ဆုရီပွဲတော် (Hinamatsuri) နှစ်စဉ် မတ်လစောစောပိုင်း တွင် ကျင်းပသည်။ ထိုပွဲမှာ အမျိုးသမီး များ အိမ်ရှင်များ အမျိုးသမီးငယ်များ၏ အနုပညာပြသသည့်ပွဲဖြစ်သည်။ ရိုးရာ ဓလေ့ဝတ်ဆင်ထားသော အရုပ်များကို ပြသပြိုင်ပွဲလုပ်ကြသည့်ပွဲတော်ဖြစ်သည်။

 

ကလေးများနေ့ပွဲတော်

မေလ(၅) ရက်နေ့သည် ရှင်တိုဘာသာဝင်တို၏ ကလေးများနေ့ဖြစ်သည်။ ငါးကြင်း ၊ ပုံလေတံ ခွန်များပြုလုပ်ပြီး ချိတ်ဆွဲကြသည်။ မိဘနှင့်သားသမီးများ အုပ်စုလိုက် စုစုစည်းစည်းနေကြသည်ကို သရုပ်ဖော်ကြသည်။

 

ချယ်ရီပန်းပွင့်ပွဲတော်

ချယ်ရီပန်းပွင့်ပွဲတော်ကို နွေဦးရာသီတွင် ကျင်းပလေ့ရှိသည်။ မိသားစုများ ချယ်ရီ ပင်အောက်တွင် စားသောက်ပွဲများကျင်းပကြသည်။ မြန်မာပြည်တွင် ပိတောက်ပန်းပွင့်လျှင် မြန်မာတို ပျော်ရွှင်ကြသကဲ့သို ချယ်ရီပန်းများပွင့်လျှင် ဂျပန်တိုပျော်ကြပါသည်။

 

နှစ်သစ်ကူးပွဲတော်

နှစ်သစ်ကူးပွဲတော်ကို ဂျပန်ဘာသာဖြစ်ရှောဂဆု (Shoogatsu) ဟု ခေါ်ပါသည်။ အကြီးကျယ်ဆုံးပွဲတော်တစ်ခုဖြစ်သည်။ သန်းပေါင်းများစွာသော ဂျပန်တို ဘုရားကျောင်းသို သွားပြီး နတ်ဘုရားများထံ ဆုတောင်းကြသည်။

 

အိုဘွန် (0 Bon) ပွဲတော်

ဘိုးဘွားမိဘများ၏ ဝိညာဉ်များပြန်လာသည့်နေ့ဖြစ်သည်။ အိုဘွန်ပွဲတော်နေ့တွင် သေဆုံးသွားပြီဖြစ်သော မိဘဘိုးဘွားဆွေမျိုးတို၏ဝိညာဉ်များအိမ်သိုပြန်လာသည်ဟု ယုံ ကြည်ကြသည်။ အသက်ရှင်နေသေးသူတိုက ဝိညာဉ်များကို ကြိုဆိုကြသည်။ အစားအသောက် များ ပြင်ဆင်ဆက်ကပ်ကြသည်။ မီးပုံများဖြင့် အလှဆင်ဂုဏ်ပြုကြသည်။ ဂျပန်နိုင်ငံတွင် ဒေသအလိုက် ကျင်းပရက် မတူကြပါ။ ပွဲတော်ကာလမှာ သုံးရက်ခန့်ကြာသည်။ ပွဲတော်ကို လွန်ခဲ့သောနှစ်ပေါင်း ၅ဝဝ ခန့်မှစတင်၍ ကျင်းပလာခဲ့ကြသည်။

 

ကျမ်းစာများ (Scriptures)

ရှေးနှစ်ပေါင်းများစွာက ကာမီအကြောင်းကို ဖော်ပြရေးသားထားသော ရှေးကျသည့် ရာဇဝင်စာအုပ်(၂)အုပ်သည် အရေးကြီးဆုံးစာအုပ်များ ဖြစ်သည်။ ယင်းတိုမှာ (၁) ကိုဂျီကီး (Kojiki or Record of Ancient Matters) ခေါ် အေဒီ ၇၁၂ က‌ ရေးခဲ့သော ရှေးဟောင်း မှတ်တမ်းနှင့် (၂) နီဟွန်ရှီကီ (Nihon Shoki, or Written Chonicles of Japan) ခေါ် အေဒီ ၇၂ဝ က ရေးသားခဲ့သော ဂျပန်ဂန္ဓဝင်စာအုပ်တိုဖြစ်သည်။ ကိုဂျီကီးကို ဂျပန်စာပေနှင့် ရေး သားထားပြီး၊ နီဟွန်ရှီကီကိုမှု မူရင်းတရုတ်စာပေနှင့် ရေးသားထားပါသည်။

 

Leave a Reply

Your email address will not be published. Required fields are marked *