( ၂၁ ) ရာစုတွင် ရှင်သန်လှုပ်ရှားမည့်ခရစ်ယာန်လူငယ်လူရွယ် အတွက်ဝေမျှချက်များ
မြအေး ( လေ့လာခရစ်ယာန် )
အသင်းတော်အတွင်းကန့်သတ်
မာတိကာ
(၁) ဆရာကြီးဦးအောင်ခင် ( မန်း ) ၏
အမှာစာ
(၂) စကားချီး။
(၃) ခရစ်ယာန်တို့ရနိုင်သောချမ်းသာသုခ၏ လျှို့ဝှက်ချက်
(၄) မင်္ဂလာရှိသောသူဖြစ်စေမည့်ကျင့်စဉ်။
(၅) ပတ္ထနာတော်မှ ကျွန်ုပ်ရခဲ့သော ဉာဏ်ပညာအလင်း
(၆) ( မဿဲ ၆း၃၃ ) ကျမ်းစကားမှ ကျွန်ုပ်ရခဲ့သော ဉာဏ်ပညာအလင်း
(၇) ကောင်းကင်ဘုံရှင် အကျွန်ုပ်တို့၏ အဗ်ဗ ၏မေတ္တာတော်
(၈) ယူတတ်လျှင်ပို၍ရပါသည်။
ဆရာကြီး ဦးအောင်ခင် (မန်း)၏အမှာစာ
ဦးမြအေး၏ လေ့လာမှတ်သားပြုစုထားသောစာစုများသည် လိုရင်းတိုရှင်းဖြင့် ဖတ်ရှု၍ အလွန်ကောင်းသော စာစုငယ်များဖြစ်ပါသည်။ ဦးမြအေး၏ ရင့်ကျက်သော အတွေ့အကြုံများ၊ စူးရှသည့်အတွေးအမြင်များ၊ ကြီးမားသည့် စေတနာတရားများသည် သူ၏စာပေ၌ပေါ်လွင်နေပါသည်။ လူငယ်မောင်မယ်များအတွက် ရည်စူးသည်ဟု ဆိုထားသော်လည်း စာပေကျမ်းဂန်များကို အလေးအနက်ထားသော လူကြီးပရိတ်သတ် ကိုလည်းများစွာ အကျိုးပြုသော စာပေစုများဖြစ်သည်ဟု ဆိုချင်ပါသည်။
ခရစ်ယာန်လောကမှ အသင်းတော်သူ၊ အသင်းတော်သားများအနေဖြင့် အတွေ့အထိနည်းပါးလှသော ဗုဒ္ဓတရားတော်၊ စာပေများအချို့ကိုလည်း ဦးမြအေး သည် လေးစားစွာ ဖတ်ရှုလေ့လာလျက် သိသင့်သိထိုက်သော လူ့ဘဝကိုအကျိုးပြုသော အရာများကို ထောက်ပြ၊ နှိုင်းယှဉ်ထားသည်မှာလည်း များစွာဆီလျော်သင့်မြတ်ပါသည်။ ခရစ်ယာန်များအနေဖြင့် သမ္မာကျမ်းစာတစ်မျိုးတည်းကိုသာ လေ့လာသည်ထက် အခြားဘာသာစာပေများကိုလည်း လေ့လာ၊ ဖတ်ရှုလျက် ဘဝအကျိုးကိုဖြစ်ထွန်းစေနိုင် ကြောင်း ဦးမြအေးက မိတ်ဆက်ပေးထားပေသည်။ ။
ဘာသာရေးစာပေများသည် လူကို အလင်းကို ပေးတတ်သောကြောင့် သဘောထားကျယ်ပြန့်စွာလေ့လာကြခြင်းဖြင့် အတိုင်းမသိ အကျိုးထူးများရကြမည်ဟု ယုံကြည်ပါသည်။ ကောင်းမြတ်သော စာပေများကြောင့် အေးချမ်းပျော်ရွှင်၊ ညီညွတ် ချစ်ခင်သော နိုင်ငံသူ၊ နိုင်ငံသားများ ဖြစ်လာနိုင်ကြမည်ဟု ယုံကြည်စွာဖြင့် ဦးမြအေး၏ စာစုများကို ထောက်ခံအားပေးလိုပါသည်။
ဦးအောင်ခင် (မန်း)
စကားချီး။
ချစ်သောတူမောင်တူမတို့ ၊
လူမှာစဉ်းစားတွေးခေါ်ဆင်ခြင်တတ်တဲ့ ဦးနှောက်ရှိနေလို့ သောက (စိုးရိမ်ကြောင့်ကြစိတ်ရဲ့ နှိပ်စက်မှု) ဒဏ်ကိုခံရတဲ့ သတ္တဝါဖြစ်တယ်။ စားစရာ မရှိမှာ၊ ဝတ်စရာမရှိမှာ၊ နေစရာမရှိမှာကို စိုးရိမ်တယ်၊ ကြောင့်ကြတယ်။ စားစရာ၊ ဝတ်စရာ၊ နေစရာရှိ လာပြန်တော့လည်း ဒီဟာတွေဟာ တည်မြဲပါ မလားလို့ စိုးရိမ်ပြန်တယ်၊ ကြောင့်ကြပြန်တယ်။ ဒီတော့ပိုရှာလာတယ်။ ကိုယ်စိတ်ကျေနပ်တဲ့ အတိုင်းအတာမရရင် စိုးရိမ်ပြန်တယ်၊ ကြောင့်ကြ ပြန်တယ်။
ကျေနပ်တဲ့ အတိုင်းအတာရလို့ စုဆောင်းမိပြန်ရင် ဒီဥစ္စာပစ္စည်း တွေ ပျက်စီးပျောက်ကွယ်သွားမှာကို စိုးရိမ်လာပြန်တယ်၊ ကြောင့်ကြပြန်တယ်။ ဒီလို စိုးရိမ်ကြောင့်ကြစိတ်ကြောင့် ပိုပိုလိုချင်တာ လောဘဘဲ။ လောဘကြောင့်
သောကပေါ်လာတယ်။ “သောက” က လူတို့ရဲ့ ပျော်ရွှင်ချမ်းမြေ့ခြင်းကို ဖျက်ဆီးပစ်လိုက်တဲ့အတွက် စိတ်ဖိစီးမှုပေါ်လာတယ်။ စိတ်ဖိစီးမှုဒဏ်သိပ်မ ပြင်းထန်ခင် မတွန်းလှန်နိုင်ရင်၊ ဒဏ်ပိလာပြီး စိတ်မှာရော၊ ခန္ဓာကိုယ်မှာရော ထိခိုက်မှုရှိလာပြီး ဘဝချာချာလည်သွားတတ်တယ်။
ဒီကိစ္စတွေဟာ မှီခိုသူတစ်ယောက်အနေနဲ့ သိပ်မသိသာပေမဲ့၊ ကိုယ့်ခြေပေါ်ကိုယ်ရပ်တည်ရတဲ့အချိန်၊ အိမ်ထောင်စုတစ်ခုကို တာဝန်ယူရတဲ့ အချိန်ကျတော့ သိပ်သိသာလာတယ်။ ။
ဒါကြောင့် လူမှာဒီစိတ်သောကဒဏ်ကို တွန်းလှန်နိုင်မဲ့ (ဝါ) ပြေပျောက် စေနိုင်မဲ့ နည်းလမ်းတစ်ခုရှိနေဘို့ လိုအပ်တယ်။ ဒါကြောင့် လူတွေဟာ ကူညီမစ နည်းလမ်းပြနိုင်မဲ့ ပုဂ္ဂိုလ်တစ်ဦးဦးကို ရှာဖွေဆည်းကပ် ကိုးကွယ် ကြရတယ်။ ထိုပုဂ္ဂိုလ်ထံက မိမိစိတ်နဲ့ကိုက်ညီမဲ့ နည်းလမ်းရလာရင် ဒီလမ်းစဉ်ကိုလိုက်ပြီး မိမိဘဝတည်ငြိမ်အေးချမ်းပြီး ရှင်သန်တိုးတက်အောင် လုပ်နိုင်ကြတယ်။ စစ်မှန်တဲ့ သုခရတဲ့ ဘဝအသက်တာကို ရနိုင်ကြတယ်။
စိတ်သောကဒဏ်ကို တွန်းလှန်နိုင်တဲ့ နည်းလမ်းကို ဘုရားတစ်ပါးပါးရဲ့ တရားတော်ကအကောင်းဆုံးပေးနိုင်တယ်။
လက်ရှိကမ္ဘာလောကကြီးမှာ သောကကင်းဝေးနေနိုင်ရေးကို နည်းပေး လမ်းပြနိုင်တဲ့ ဘုရား(၄)ပါးရှိတာမို့ ကိုယ်နဲ့ကိုက်ညီမဲ့လမ်းကိုပြနိုင်မဲ့ ဘုရားတစ်ပါးပါးကို ရွေးချယ်ဆည်းကပ်ကိုးကွယ်ဖို့လိုတယ်။ ရွေးချယ်တဲ့ နေရာမှာ၊
ကောသလတိုင်း ကေသမုတ္တိရွာသား ကာလာမအမျိုးသားတို့ ကို လမ်းညွှန်ဟောကြားချက်ဟာ အလွန်ဘဲကောင်းပါတယ်။ ဟောကြားချက်ကတော့
အိုကာလာမအမျိုးသားတို့ သင်တို့သည် အယူဝါဒတစ်ရပ်ကို – ၊
(၁) တစ်ဆင့်စကားကြားရုံမျှဖြင့်လည်း လက်မခံကြနှင့်ဦး။
(၂)ဘိုးဘေးစဉ်လာအယူဝါဒဖြစ်၍လည်း လက်မခံကြနှင့်ဦး။
(၃) ဒီတရားက ဒီလိုဖြစ်သတဲ့ဟူသော ကောလဟာလစကားကြောင့်လည်း
လက်မခံကြနှင့်ဦး။
(၄) မိမိတို့လေ့လာထားသော ကျမ်းစာနှင့်ညီညွှတ်သည်ဟူ၍လည်း
လက်မခံကြနှင့်ဦး။
(၅) မိမိတို့တွေးခေါ်ကြံဆမှုနှင့် ကိုက်ညီရုံမျှဖြင့်လည်း လက်မခံကြနှင့်ဦး။
(၆) ဒီအရာဟာ ယုတ္တိရှိသည်ဟု နည်းမှီထောက်ဆ၍ ရရုံမျှဖြင့် လက်မခံ
ကြနှင့်ဦး။
(၇) ဒီအရာဟာ မှန်ကန်ပြီဟု မိမိဘာသာဆုံးဖြတ်၍ ရရုံဖြင့်လည်း လက်မခံ
ကြနှင့်ဦး။
(၈) မိမိတို့စဉ်းစားတွေးကြံလက်ခံထားသော အယူဝါဒနှင့် ကိုက်ညီပြီဟူ၍
လည်းလက်မခံကြနှင့်ဦး။
(၉) မိမိတို့ယုံကြည်ထိုက်သော ပုဂ္ဂိုလ်ကပြောသော စကားဖြစ်၍လည်း
လက်မခံကြနှင့်ဦး။
(၁၀) မိမိတို့လေးစားသော ရဟန်း၏စကားဖြစ်၍လည်း လက်မခံကြနှင့်ဦး။
ပရမတ္တတရား (ဤကမ္ဘာလောက သဘာဝကဖေါ်ပြနေသော အမှန် ဖြစ်ပျက်နေသော အရှိတရား) ကိုမျက်မှောက်ပြုပြီး၊ မိမိဘဝအသက်တာကို အကျိုးဖြစ်ထွန်းလာအောင် ထောက်မနိုင်မည့် ဘာသာ အယူဝါဒဟုတ်မဟုတ်၊
မိမိတို့ ကိုယ်ပိုင်ဉာဏ်ဖြင့် ဝေဖန်ချင့်ချိန်ဆင်ခြင်၍ မိမိတို့စိတ်စေတသိတ်က လက်ခံသောအယူဝါဒကို လက်ခံယုံကြည်ပါ။ ဒါမှသာ ဘာသာအယူဝါဒ တစ်ခု၏ အကျိုးကျေးဇူးကို ခံစားရမည်ဟု ဟောခဲ့ကြောင်း လေ့လာတွေ့ရှိ ရပါသည်။
ဆရာကြီးသံလျင်ဖေသွင်က မိမိကိုးကွယ်ဆည်းကပ်မည့် ဘုရားက မိမိစိတ်နှလုံးအတွင်းမှာရှိနေတဲ့ ဆာငတ်မှု၊ မွတ်သိပ်မှုကို ပြေပျောက်သွားစေနိုင် သလား (သို့မဟုတ်) စိတ်နှလုံးထဲ၌ အလွန်လိုအပ်လှသော ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ချစ်ခြင်း၊ စိတ်ရှည်သည်းခံခြင်း၊ ကျေးဇူးပြုခြင်း၊ နူးညံ့ သိမ်မွေ့ခြင်း၊ ဇွဲ၊ သတ္တိ၊ ခံနိုင်ရည်အစရှိသော ပါရမီထူးများကို ပေးနိုင်သလားဟု ဆင်ခြင် စစ်ဆေးသင့်ပါသည်ဟု လမ်းညွှန်ထားပါသည်။
တူမောင်တူမတို့ လေ့လာချင်တဲ့ဆန္ဒရှိလာလို့ လေ့လာဖို့ ဗုဒ္ဓအယူဝါဒနှင့် ပတ်သက်သည့် စာပေအတော်များများရှိနေပေမဲ့၊ ယခုဘဝအသက်ရှင်စဉ်တွင်
ကောင်းမြတ်သောခရစ်ယာန် အသက်တာနှင့်ပတ်သက်သော ခရစ်ယာန်စာပေ၊ အလွန်နည်းနေလို့ လေ့လာချင်တဲ့စိတ်ရှိတဲ့ တူမောင်တူမတို့အတွက် ဘဘ လေ့လာတွေ့ရှိရချက် အနည်းငယ်ကို ဝေမျှလိုက်ပါတယ်။ ။
မိမိလက်ခံယုံကြည်ရမဲ့ အယူဝါဒကို ဆုံးဖြတ်နိုင်တဲ့ တူမောင်တူမလေး တို့ကို အကြံပေးပါရစေ။ ဘုရားရှိခိုး (ဝါ) ဝတ်ပြုတတ်ရုံနဲ့ ကျေနပ်မနေကြပါနဲ့။ ဗုဒ္ဓဘာသာဝင်တစ်ယောက်လုပ်မယ်လို့ ဆုံးဖြတ်ရင်၊ နိဗ္ဗာန်ကိုမျက်မှောက်ပြု နိုင်တဲ့အထိ၊ ခရစ်ယာန်ဘာသာဝင်တစ်ယောက်လုပ်မယ်လို့ ဆုံးဖြတ်ရင်၊ ထာဝရ ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ခွင့် ရသည်အထိ ကြိုးစားကြပါ။ ဒါမှသာ ကိုယ်ဝင်တဲ့ဘာသာရဲ့ အကျိုးကျေးဇူးကို ခံစားရပြီး၊ စစ်မှန်သောသုခရတဲ့ အသက်တာလျှောက်လမ်းနိုင်မယ်ဖြစ်တယ်။
မင်္ဂလာရှိကြပါစေ။
မေတ္တာဖြင့် ဘဘဦးမြအေး (လေ့လာသူခရစ်ယာန်)
ခရစ်ယာန်တို့ရနိုင်သော
ချမ်းသာသုခ၏လျှို့ဝှက်ချက်
( ဒေါက်တာဘီလီဂရေဟမ်(မ)၏ လမ်းညွှန်ချက်များ )
Dr.Billy Graham ၏
“ The Secret of Happiness “
စာအုပ်မှထုတ်နှုတ်ဘာသာပြန်သည်။
စကားဦး
ဒေါက်တာဘီလီဂရေဟင်(မ)၏ “ဝမ်းမြောက်ရွှင်လန်းခြင်းရှိသော ချမ်းသာသုခ၏ လျှို့ဝှက်ချက် (The Secret of Happiness) စာအုပ်ကို” ကို
လေ့လာသောအခါ ကျွန်ုပ်ကို ဉာဏ်ပညာအလင်းနှင့် ဝိညာဉ်ခွန်အား ရစေခဲ့ပါသည်။
၄င်းချမ်းသာသုခရလာလျှင်၊ သခင်ခရစ်တော်၏ မိန့်တော်မူချက်၊ ဖြစ်သော “သူတပါးတို့သည် သင်တို့၏ ကောင်းသောအကျင့်ကိုမြင်၍၊
ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘ၏ ဂုဏ်တော်ကိုချီးမွမ်း စေခြင်းငှာ၊ သူတပါးရှေ့၌ သင်တို့အလင်းကို လင်းစေကြလော့။ (မသဲ ၅၁၆)ကို၊ အကောင်အထည်ဖေါ်ရန် ကြိုးစားရာတွင် အထောက်အကူရနိုင်၊ သဖြင့်၊ ခရစ်ယာန်လူငယ်လူရွယ်များအတွက် ရည်ရွယ်၍ ၄င်းစာအုပ်၏ နိဒါန်းနှင့်နိဂုံးကို ဘာသာပြန်ဝေမျှလိုက်ပါသည်။
“သခင်ခရစ်တော်၏ မင်္ဂလာတရားတော်” ကို ဓမ္မပညာရှင်များ၏ အနက်ဖွင့်ကျမ်းများထွက်ရှိပြီး ဖြစ်သည်။
မြအေး(လေ့လာသူခရစ်ယာန်)
၄င်းစာအုပ်၏နိဒါန်း
သခင်ခရစ်တော်၏ ပဓာနဒေသနာတော်ဖြစ်သော “တောင်ပေါ် တရားတော်”၏ အဓိကကျသော “ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်းကိုရစေသော Gm&Sudan(m): (the eight Beatitudes) SADECE (Meditated on them)သောအခါ၊ သခင်ခရစ်တော်သည် လူတိုင်းတို့အား (လူမျိုး၊ ဒေသ၊ အသက်အရွယ်၊ ဆင်းရဲချမ်းသာမရွေး) ဝမ်းမြောက်ရွှင်လန်းခြင်းရှိသော ချမ်းသာသုခ (Happiness) ရစေနိုင်သော ပုံသေနည်း(ဝါ)သတ်မှတ်ထားသော ထုံးနည်းပေးနေကြောင်း သဘောပေါက်လာပါသည်။ အထူးသဖြင့် ယုံကြည်သူတစ်ဦးချင်းအတွက် ဖြစ်သည်။
၄င်းဒေသနာတရားတော်သည် သခင်ယေရှုဟောကြား သွန်သင်တော်မူ သော“နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားတော်”၏ အနက်ရှိုင်းဆုံးသော အပိုင်းဖြစ်သော်လည်းအလွန်ရှင်းလင်းသော ဒေသနာတရားတော်ဖြစ်သည်။
၄င်းဒေသနာတရားတော်ကို ကြားနာရသော ပရိသတ်များအလွန် အံ့ဩတွေဝေတုန်လှုပ်ခဲ့ကြသော်လည်း အရှိန်ကြီးသော စိတ်တန်ခိုးတစ်ခု၏ တွန်းအားကို ခံစားရ၍ စိတ်ထဲတွင်စွဲထင်ခဲ့ကြသည်။ ထိုခေတ်ကာလ၏ ဘာသာရေးအယူအဆဟောင်းများကို အလုံးစုံပြုပြင်ပြောင်းလဲစေခဲ့သည်။
လူသားတိုင်းထိုဒေသနာတရားတော်ကို သဘောပေါက်ကျင့်သုံးလျှင် ဤကမ္ဘာလောကကြီးသည် နေချင်စဖွယ်ကောင်းသော ကမ္ဘာကြီးအဖြစ် ပြောင်းလဲသွားမည်။ လူ၏အသက်တာသည် မင်္ဂလာရှိသောအသက်တာ ဖြစ်လာမည်။
သခင်ယေရှု၏ နှုတ်တော်ဖွင့်ဟ၍ တပည့်တော်တို့အား ဆုံးမဩဝါဒ ပေးတော်မူသော ထိုဒေသနာတရားတော်ကို ပြည့်စုံအောင်အနက်ဖွင့် နိုင်မည်မဟုတ်ပါ။ ဤစာအုပ်သည် ယေဘုယျအားဖြင့် သိသင့်သော အချက်များလောက်သာ ဖော်ပြနိုင်မည်ဖြစ်သည်။
ထိုဒေသနာတရားတော်တွင် သခင်ယေရှုသည် “မင်္ဂလာရှိကြ၏” (မင်္ဂလာဟူသောစကားလုံး အနက်အဓိပ္ပါယ်မှာ ဝမ်းမြောက်ရွှင်လန်းခြင်းရှိ
သောသုခ)ဟု အကြိမ်ကြိမ်သုံးခဲ့သည်ကို တွေ့ရခြင်းအားဖြင့်၊ အာရုံစိုက်၍ နားထောင်နေသော အလွန်အံ့ဩတွေဝေနေသည့် ပရိသတ် အား ထို တရားတော်၏ အဓိကကျသော အချက်ကို စိတ်ထဲစွဲနေအောင် ဖော်ပြသွန်သင်နေခြင်းဖြစ်သည်။ ၄င်းအချက်မှာ “ဝမ်းမြောက်ငြိမ်သက် ရွှင်လန်းခြင်းရှိသော ချမ်းသာသုခ”ကို သေလွန်ပြီးမှသာမဟုတ်၊ ယခုအသက်ရှင်စဉ် အသက်တာတွင်ရနိုင်သည်” ဖြစ်သည်။
ဥပဓိကြည်လင်အေးချမ်းခြင်း (serenity)၊ ကိုယ့်ကိုယ်ကို ယုံကြည် စိတ်ချခြင်း (confidence)၊ ကျေနပ်နှစ်သက် ရောင့်ရဲခြင်း (contentment)၊ ငြိမ်သက်ခြင်း (peace)၊ ဝမ်းမြောက်ရွှင်လန်းခြင်း (Joy) နှင့် စိတ်အားရကျေနပ်ခြင်း (soul satisfaction) တို့ရှိခြင်းကို “ဝမ်းမြောက်ရွှင်လန်း ခြင်းရှိသော ချမ်းသာသုခ (Happiness) ရှိသည်ဟု သတ်မှတ်နိုင်လျှင် သခင်ယေရှုသည် အမြင့်ဆုံးသော သုခကိုရခဲ့သူဖြစ်သည်။
သခင်ယေရှုသည် ပြင်းထန်သော စုံစမ်းစစ်ဆေးခြင်းခံရသော အခြေအနေ (အသက်စွန့်ရခြင်း အပါအဝင်)များတွင် တည်ငြိမ်အေးချမ်းခြင်း (calmness)၊ သံသယကင်းခြင်း (certainty)နှင့် ရင်ဆိုင်လှုပ်ရှားခဲ့သည်။ ထိုတည်ငြိမ်အေးချမ်းစွာ ရင်ဆိုင်နိုင်ရန် ပြင်ပပံ့ပိုးမှုအကူအညီယူစရာမလိုပါ။ ဤလောက အသက်ရှင်စဉ်တွင် တွေ့ကြုံရမည့် စုံစမ်းစစ်ဆေးခြင်းများ၊ ဆင်းရဲဒုက္ခများနှင့် တမလွန်အတွက် စိုးရိမ်ပူပန်ခြင်းများကို ရင်ဆိုင်
ကျော်လွှားနိုင်မည့် အတွင်းခွန်အား၏ လျှို့ဝှက်ချက်ကိုသိသဖြင့် ထိုသုခကို ရရှိခဲ့ခြင်းဖြစ်သည်။
သည်။ ရှာဖွေလေ့လာကြပါစို့။
၄င်းစာအုပ်၏နိဂုံး
အင်္ဂလန်ပြည့်ရှင် ပဉ္စမမြောက်ဂျော့(ခ်)ဘုရင်က၊ သူ၏ရင်းနှီးသော မိတ်ဆွေတစ်ဦး၏ သမ္မာကျမ်းစာအုပ် ပထမစာမျက်နှာတွင် “ဝမ်းမြောက် ရွှင်လန်းခြင်းရှိသော ချမ်းသာသုခ (Happiness)၏ လျှို့ဝှက်ချက်မှာ သင်၏ စိတ်ဆန္ဒရှိသော(ဝါ)နှစ်သက်သော အလုပ်ကိုလုပ်ရခြင်းမဟုတ်။ သင်လုပ်ရ မည့်အလုပ်ကို နှစ်သက်စွာလုပ်ကိုင်တတ်ခြင်းဖြစ်”ဟု အမှတ်တရရေးပေး ခဲ့သည်။
လူ အများစု က ၄င်းသုခသည် အတတ်ပညာတစ်ရပ် ဖြစ်၍ အပတ်တကုတ်ရှာဖွေကျင့်ကြံလျှင် ရနိုင်သည်ဟု ခံယူကြသည်။ ၄င်းသုခကို ကျင့်ကြံအားထုတ်ခြင်းဖြင့်သာ မရနိုင်ပါ။ လက်တွေ့လုပ်ကိုင်ဆောင်ရွက်မှသာ ရနိုင်သည်။
ကျွန်ုပ်တို့ခလေးဘဝက “သက်တန့်၏အဆုံးတွင် ရွှေအိုးရှိသည်။ ရှာလျှင်ရနိုင်သည်”ဟု ထင်ခဲ့သည်။ အမှန်တကယ်ရွှေသည် မြေကြီးထဲက တူးဖော်၍ လည်းကောင်း၊ တောင်ကျချောင်းများမှ ကျင်ယူ၍ လည်းကောင်း ပင်ပန်းစွာလုပ်ကိုင် ရှာဖွေမှရသည်။
သခင်ယေရှုက သူ၏နောက်တော်သို့လိုက်သော တပည့်တော်တို့အား “ဘုရားသခင်၏ နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်း တရားတော်ကိုရှေ့ဦးစွာ ရှာကြလော့။ နောက်မှထိုအရာများကို ထပ်၍ပေးတော်မူလတံ့။ (မသဲ ၆း၃၃)ဟု သွန်သင်ခဲ့သည်။ ကျမ်းစကား “ထိုအရာများ” သည် “ပူပင်သောက ကင်း၍စိတ်ချမ်းသာစွာ ဘဝရှင်သန်ရေးအတွက် လိုအပ်သောစားဝတ်နေရေး” ကိုဆိုလိုသည်။
သခင်ယေရှုက ထိုကျမ်းစကားအားဖြင့် လူတို့အတွက် ထာဝရ ဘုရား၏ ကျေးဇူးတော်ဖြစ်သော၊ စားဝတ်နေရေးအတွက် အပင်ပန်းခံ၍ ရှာဖွေမနေပါနှင့်။ ထာဝရဘုရားသခင်၏ နိုင်ငံတော်ကို ဦးစွာရှာပါ။
၄င်းကို ရှာနေသူထံသို့ “ထိုအရာများ”သည် ထာဝရဘုရားသခင် ၏
ကောင်းချီးမင်္ဂလာအဖြစ်အလိုလိုရောက်လာလိမ့်မည်ဟု သွန်သင်နေခြင်း ဖြစ်သည်။ ထိုကျမ်းစကားသည် “ဝမ်းမြောက်ရွှင်လန်းခြင်းရှိသော ချမ်းသာသုခ”၏ လျှို့ဝှက်ချက်ဖြစ်သည်ဟု ခံယူမိပါသည်။
၄င်းလျှို့ဝှက်ချက်နှင့်ပတ်သက်၍ သခင်ယေရှု၏ တောင်ပေါ်ဒေသ တရားတော်မှ အဓိကဆုံးမဩဝါဒပေးချက်ဖြစ်သော “ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်းကို ရစေသောကောင်းချီးမင်္ဂလာများ (the Beatitudes)
ဘောင်အတွင်းမှ စဉ်းစားဆင်ခြင်ရာတွင် သိမြင်လာသော ကြွယ်ဝသည့် အသက်တာရနိုင်မည့် လမ်းညွှန်ချက်များကို ဝေမျှလိုက်ပါသည်။
ထာဝရဘုရားသခင်၏ သန့်ရှင်းခြင်းနှင့်ကောင်းမြတ်တော်မူခြင်းကို သိမှတ်၍ သင်၏ဝိညာဉ်ချို့တဲ့အားနည်းမှု (ဝါ) ဝိညာဉ်ရေးခွန်အား နိမ့်ကျသောအဆင့်၌ရှိနေမှုသော သဘောပေါက်ပါ။ လက်ခံပါ။ ။
“ငါသည် ဥစ္စာရတတ်၏။ ဘဏ္ဍာကိုဆည်းပူးပြီ။ တစ်စုံတခုကိုမျှမလို ဟုပြောဆို၍ (ဗျာ ၃၁၇)” မာန်မတက်ပါနှင့်။ သင်၏ကောင်းမြတ်ခြင်းသည်
ထာဝရဘုရားသခင်၏ ရှေ့တော်၌ညစ်ပေနေသော အဝတ်စုတ်အလား သဏ္ဍာန်ဖြစ်နေသည်ကိုလည်းကောင်း၊ ကယ်တင်ခံရခြင်းသည် သင်၏ ကျင့်ကြံအားထုတ်မှုကြောင့်မဟုတ်။ ထာဝရဘုရားသခင်၏ ကျေးဇူးဂရုဏာ ဖြစ်ကြောင်း သဘောပေါက်ပါ။
ထာဝရဘုရားသခင်သည် လူတစ်ယောက်၏တန်ဘိုးကို သူ၏ တတ်နိုင်သောအရည်အချင်း၊ ကြီးကျယ်သောဆောင်ရွက်ချက်များဖြင့် သတ်မှတ်သည်မဟုတ်။ ပမာဏသေးငယ်သော စိတ်နှလုံးနှိမ့်ချခြင်းများဖြင့် တိုင်းတာသတ်မှတ်သည်ကို သဘောပေါက်ပါ။ “စိတ်နှလုံးနှိမ့်ချသော သူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ်၏။” (မဿဲ ၅း၃)ကို နှလုံးသွင်းပါ။
သခင် ခရစ်တော်သည် သင်၏ကယ်တင်ရှင်ဖြစ်သည်ကို အကြွင်းမဲ့ ယုံကြည်လက်ခံပါ။
(ယော ၁း၁၂)တွင် “ထိုသူကို လက်ခံသမျှသော သူတည်းဟူသော ကိုယ်တော်ကို ယုံကြည်သောသူတို့အား ဘုရားသခင်၏သားဖြစ်ရသော အခွင့်ကိုပေးတော်မူ၏။”ဟု ဖေါ်ပြထားသည်။ ၄င်းကျမ်းစကားအရ ကျွန်ုပ်တို့ ကယ်တင်ခံရခြင်းသည် ယုံကြည်ကိုးကွယ်ဆည်းကပ်မှု၊ ရိုသေလေးမြတ်ခြင်းရှိ မှုများကြောင့်ရသည်မဟုတ်။ သခင်ခရစ်တော်ကို ယုံကြည်လက်ခံမှရသည်ဟု နားလည်ရပါသည်။ ။
လူစီးသင်္ဘော “ကွင်းအယ်လိဇဘက်”ဖြင့် အတ္တလန်တိတ်သမုဒ္ဒရာ ကိုဖြတ်ကျော်၍ အင်္ဂလန်သို့သွားချင်သဖြင့် နယူးယောက်ဆိပ်ကမ်းတွင် သင်သွားရောက်စုံစမ်းသောအခါ၊ ၄င်းသင်္ဘောကြီးသည် ယုံကြည်စိတ်ချ ရသည်။ လူထောင်ပေါင်းများစွာ လိုရာခရီးကို အောင်မြင်စွာ ရောက်အောင် ပို့ဆော်ခဲ့သည်ဟု သိရှိလာပြီး ၄င်းသင်္ဘောကြီးအား သင်ယုံကြည်မှုရှိလာ
သော်လည်း သင်သည် ၄င်းသင်္ဘောကြီးပေါ်မတက် သရွေ့ သင်အင်္ဂလန်ကို ရောက်မည်မဟုတ်ပေ။
အလားတူပင်သခင်ခရစ်တော် အား သိရုံနှင့်လည်းကောင်း၊ ရှေးသန့်ရှင်းကယ်တင်ခြင်းရခဲ့သည်ကို သိရုံနှင့်လည်းကောင်း၊ သင်သည် သခင်ခရစ်တော်အား ကိုယ်ရောစိတ်ပါလက်ပါ ယုံကြည်သည်ဟု မဆိုနိုင်ပါ။ သင်၏အသက်တာ (ကိုယ်၊ စိတ်၊ နှလုံးသုံးပါးစလုံး)ကို ကိုယ်တော်အား ယုံကြည်စွာအပ်နှံ၍ အုပ်စိုးခြင်းကိုခံယူမှသာ စိတ်ပါလက်ပါယုံကြည်သည်ဟု ပြောနိုင်မည်ဖြစ်သည်။
သခင်ခရစ်တော်အား ယုံကြည်ကိုးစားကြောင်း သက်သေပြရန် အကောင်းဆုံးမှာ သင်၏အသက်တာကို ကယ်တင်ရှင်သခင်ခရစ်တော်၏ လက်ထဲသို့အကြွင်းမဲ့အပ်နှံခြင်းဖြစ်သည်။
လူသည်အပြစ်သားဖြစ်သည်ကို သိနားလည်၍ မိမိအပြစ်များ အတွက် နောင်တရပြီး ဝန်ချတောင်းပန်တတ်ပါ။
(ဆာလံ ၅၁း၁၇) တွင် “ဘုရားသခင်နှစ်သက်တော်မူသော ယဇ်မူ ကား ကျိုးပဲ့သောစိတ်ပေးတည်း။ အိုဘုရားသခင်ကိုယ်တော်သည် ကျိုးပဲ့ ကြေမွသောနှလုံးကို ငြင်းပယ်တော်မမူတတ်ပါ”ဟု လည်းကောင်း။
(၁ယော ၁း၉)တွင် “ကိုယ်အပြစ်တို့ကို ဖော်ပြတောင်းပန်လျှင် ငါတို့အပြစ်များကိုလွှတ်၍ ဒုစရိုက်ရှိသမျှနှင့်ကင်းစင်စေခြင်းငှာ၊ ဘုရားသခင် သည် သစ္စာတရားနှင့်၄င်း၊ ဖြောင့်မတ်ခြင်းတရားနှင့်၄င်း၊ ပြည့်စုံတော်မူ၏”ဟု လည်းကောင်းဖော်ပြထားသည်။ ထိုကျမ်းစကားများအရ အပြစ်သား ဖြစ်သောသင်အား ဘုရားသခင်နှစ်သက်တော်မူရန် မိမိအပြစ်ကို ဖော်ပြဝန်ခံ ၍ဝမ်းနည်းကြေကွဲသောစိတ်ဖြင့် ထာဝရဘုရားသခင်၏ ခွင့်လွှတ်ခြင်းကို တောင်းခံနေရန်လိုသည်။
ယဉ်ကျေးသိမ်မွေ့သောသူသည် မတော်မဆထိခိုက်မိတိုင်း၊ မိမိ အပြစ်ကိုအသိအမှတ်ပြု၍ “sorry (ခွင့်လွှတ်ပါ)ဟု ချက်ချင်းတောင်းပန် တတ်သည်။
ထာဝရဘုရားသခင်၏ အလိုတော်နှင့်ဆန့်ကျင်သော လှုပ်ရှားမှု (စိတ်နှလုံးအကြံအစည်အပါအဝင်) လုပ်မိတိုင်း၊ ၄င်းအပြစ်ကို ဖော်ပြ၍ ဝန်ချတောင်းပန်လျှင်၊ ထာဝရဘုရားသခင်သည် သင်၏အပြစ်များကိုလွှတ်၍ မိသဟာရဖွဲ့ခွင့်ပေးပါလိမ့်မည်။
သင့်ထက်ချို့တဲ့သူများရှိနေသည်ကို သိမြင်တတ်ပါ။
(မဿဲ ၅း၄၃)တွင် “ကိုယ်နှင့်စပ်ဆိုင်သော သူကိုချစ်လော့” ဟုလည်းကောင်း။ (ရောမ ၁၂၁၅)တွင် “ဝမ်းမြောက်သောသူတို့နှင့်အတူ ဝမ်းမြောက်ခြင်းကိုလည်းကောင်း၊ ငိုကြွေးသော သူတို့နှင့်အတူ ငိုကြွေးခြင်းကို လည်းကောင်းပြုကြလော့။ အချင်းချင်းစိတ်သဘော တညီတညွတ်တည်း ရှိကြလော့” ဟုလည်းကောင်း။
(ရောမ ၁၅း၁-၂)တွင် “သို့ဖြစ်၍ အားရှိသောငါတို့သည်ကိုယ်အလိုကိုမလိုက်
အားနည်းသောသူတို့၏ အားနည်းခြင်းကို သည်းခံကြရမည်။ ထိုသိ ငါတို့ ရှိသမျှသည် ကိုယ်နှင့်စပ်ဆိုင်သောသူ၏ အကျိုးကိုထောက်၍ သူကို တည်ဆောက်စေခြင်းငှာ သူ၏အလိုသို့ လိုက်ကြကုန်အံ့”ဟု
ဖော်ပြထားသည်။ ထိုကျမ်းစကားများအရ၊ ကိုယ်နှင့်စပ်ဆိုင်သောသူများ၏ ခံစားချက်များကို နားလည်သဘောပေါက်ပါ။ ကိုယ်ချင်းစာတတ်ပါ။ မုဒိတာစိတ်ဖြင့်လည်းကောင်း၊ ဂရုဏာစိတ်ဖြင့်လည်းကောင်း ဝေမျှခံစား တတ်ပါဟု ဆုံးမဩဝါဒပေးထားသည်။
ဝေမျှခြင်း (sharing) ကြောင့် ရသောသုခ (Joy)သည် အမြင့်မားဆုံး ဖြစ်သည်။
ကိုယ်နှင့်စပ်ဆိုင်သောသူ၏ ဝမ်းနည်း၊ ပူဆွေး၊ ငိုကြွေးခြင်းများကို ဂရုဏာစိတ်ဖြင့် ဝေမျှခံစားသောသူသည် ထာဝရဘုရားသခင်၏ ဂရုဏာတော်နှင့် ဘုန်းအသရေတော်ကို သိမြင်ခွင့်ရနိုင်သဖြင့် ကောင်းချီး မင်္ဂလာတပါးဖြစ်သည်။ ။ ကို သင်ရွေးချယ်သော အရှင်သခင်အပေါ် သစ္စာရှိပါ။
(မဿဲ ၆း၂၄)တွင် “အဘယ်သူမျှ သခင်နှစ်ဦးအစေကိုမခံနိုင်။ သခင်တစ်ဦးကိုမုန်း၍ တစ်ဦးကိုချစ်မည်။ သခင်တစ်ဦးကိုမှီခို၍ တစ်ဦးကို မခန့်မညားပြုမည်။ သင်တို့သည် ဘုရားသခင်၏ အစေကို ၄င်း၊ လောကီစည်းစိမ်၏ အစေကို၄င်း၊ မခံနိုင်ကြ” ဟု ဖော်ပြထားသည်။
ထိုကျမ်းစကားအရ ထာဝရဘုရားသခင်အား မိမိ၏အရှင်သခင် အဖြစ်လက်ခံခဲ့သူသည် အပြစ်ကိုရွံမုန်းတတ်ရမည်။ အပြစ်၏ကျေးကျွန်ပြန်၊ မဖြစ်သွားစေရန် မိမိ၏ကိုယ်စိတ်နှလုံးသုံးပါးစလုံးကို ထိန်းသိမ်းစောင့်ရှောက် ကြရမည်။ သမ္မာသတိကြီးစွာ အသက်ရှင် ရမည်။ ခရစ်တော်သည် စာတန်မာရ်နတ်၏ ရန်စွယ်ကိုနှိမ်နင်းသကဲ့သို့၊ ကျွန်ုပ်တို့သည်လည်း
စာတန်ကိုချေမှုန်းကြရမည်။ ကျွန်ုပ်တို့သည် ကျေးဇူးတရား၏ လက်အောက် ၌ အသက်ရှင်သောကြောင့် ခရစ်တော်၏သွန်သင်ချက်များအတိုင်း လိုက်နာ ရမည်။
မိမိရွေးချယ်သော အရှင်သခင်အပေါ်တွင် သစ္စာရှိသူအား၊ ပတ်ဝန်းကျင်က အလွန်လေးစားရိုသေတတ်သည်။
သခင်ခရစ်တော်ပြခဲ့သော စံနမူနာအတိုင်း၊ မိမိအသက်တာကို ထာဝရဘုရားသခင်အား ယုံကြည်စွာအပ်နှံပါ။ သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်စုံလျက်ရှိပါ။
သန့်ရှင်းသော ဝိညာဉ်တော်နှင့်ပြည့်သော တမန်တော်ကြီးများ၏ ဟောပြောမှုကြောင့် ယုဒပြည်နှင့်အရှေ့ဥရောပတိုင်းပြည်များမှ လူအပေါင်း တို့၏ အတွေးအမြင်နှင့် ခံယူချက်များကို လုံးဝပြောင်းလဲစေ ခဲ့သည်။
သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝသောပြုပြင်ပြောင်းလဲရေး သုခမိန်များ၏ သွန်သင်မှုများကြောင့် “စာရိတ္တပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့သည်။ အောက်(စ)ဖို့တက္ကသိုလ်မှ ဂျွန်နှင့်ချာလ်(စ) ဝက်စလီ တို့ဟောပြောသွန်သင်မှုများကြောင့် ကြီးမြတ်သောတိုင်းပြည် တပြည်အား စာရိတ္တနှင့်နိုင်ငံရေးခံယူချက် ပြိုလဲပျက်စီးမှုမှ ကယ်တင်နိုင်ခဲ့သည်။ ဖရန်စစ်(စ)အက်(စ်)ဗရီ၊ ဂျော့(ချ်)(စ်)၊ ဂျော်နသန်အက်ဒဝပ်။ ချားလ်(စ)ဖင်လေနှင့်ဒေဗစ်ပရိန်နတ်တို့ ဟောပြောသာသနာပြုမှုကြောင့် ကြမ်းတမ်းသောမြောက်အမေရိကတိုက်၊ အနောက်ပိုင်းဒေသတွင်ခရစ်ယာန် သာသနာထွန်းပြောင်စေခဲ့သည်။ ဒေါက်တာလစ်ဗင်းစတုန်း(န)၊ ငေါက်တာ အဲ(လ)ဘတ်ရှလွိုင်ဇာတို့ သာသနာပြုမှုကြောင့်ကမ္ဘာအမှောင် တိုက်ကြီး ဖြစ်သော အာဖရိကတိုက်တွင် ဝိညာဉ်ခွန်အားနိုးထစေခဲ့သည်။
ထာဝရဘုရားသခင်၏ ဝိညာဉ်တော်နှင့်ပြည့်စုံသူများကြောင့် ယဉ်ကျေးမှုမြင့်မားလာခဲ့သည်။ တိုင်းပြည်များ တိုးတက်ကြီးပွားလာခဲ့သည်။ သမိုင်းကြောင်းများ ကောင်းမွန်လာခဲ့သည်။
လောကီစည်းစိမ်တွင် ယစ်မူးနေသော လောကီသားတို့အား “လွန်ကျူးစေတတ်သော စပျစ်ရည်နှင့်ယစ်မူးခြင်းကို ရှောင်၍ ဝိညာဉ်တော် နှင့်ပြည့်စုံလျက်ရှိကြလော့” (ဧဖက် ၅၁၈)ဟု ရှင်ပေါလုသွန်သင်ထားသည်။ ၌ “ဝိညာဉ်ပကတိ၏အကျိုး”ကိုရအောင်ကြိုးစားပါ။
(ဂလာတိ ၅း၂၂-၂၃)တွင် “ဝိညာဉ်ပကတိ၏အကျိုးမူကားချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ် ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်းပေတည်း” ဟုဖော်ပြထားသည်။ ။
ထိုအကျိုးကျေးဇူးကို သင်၏ခွန်အားဖြင့်ရအောင် ကြိုးစားနိုင်မည် မဟုတ်ဟုသင်ပြောလျှင် ကျွန်ုပ်လက်ခံပါသည်။ “သို့သော်လည်းဘုရားသခင်၏ ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူလျှင် သင်တို့သည် ဇာတိပကတိဘက်၌ ရှိကြသည်မဟုတ်။ ဝိညာဉ်ပကတိဘက်၌ ရှိကြ၏။” (ရောမ ၈း၉)ကျမ်းစကားအရ၊ သင်၏စိတ်နှလုံးသားကို ထာဝရဘုရား၏ လက်တော်သို့ယုံကြည်စွာအပ်နှံလျှင် ထာဝရဘုရား၏ဝိညာဉ်တော်သည် သင့်အထဲတွင် ကျိန်းဝပ်၍ ဝိညာဉ်ပကတိအကျိုးကို ရစေပါလိမ့်မည်။ သင်၏ တာဝန်မှာ သင်၏အထဲမှ အပြစ်တရားကိုဖယ်ရှားပြီး၊ ထာဝရဘုရားသခင်၏ ဝိညာဉ်တော်ကျိန်းဝပ်ရန်အတွက် သင်၏နှလုံးသားတွင် နေရာပြုပြင်ထားရန် သာဖြစ်သည်။
ထာဝရဘုရားသခင်၏ ဝိညာဉ်တော်အတွက် သင့်တော်သောနေရာ ဖြစ်ပြီဟုသေချာလျှင်၊ ရိုသေလေးစားစွာပင့်ဖိတ်နေရာပေးပါ။ • သင်၏အသက်တာ ရှင်သန်တိုးတက်ရေးအတွက် သမ္မာကျမ်းစာတော် အားယုံကြည်အားထားပါ။
ခရစ်ယာန်များအတွက် ဩဇာအာဏာရှိသော လမ်းပြအိမ်မြှောင် သည်တစ်ခုတည်းသာရှိသည်။ ၄င်းမှာ ထာဝရဘုရားသခင်၏ နှုတ်ကပတ် တော်ဖြစ်သည်။
သူငယ်ချင်းတစ်ဦးထံသို့ အမေရိကန်သမ္မတတစ်ဦးဖြစ်သူ အေဗရာဟင်လင်ကွန်းက “သမ္မာကျမ်းစာအုပ်တွင်ပါသော ကျမ်းစကားများ ကိုယုံကြည်အားထားအခြေခံ၍ လောကီအကြောင်းအရာများကို စဉ်းစား ဆင်ခြင်နိုင်သော သူသည်ကောင်းမြတ်သောအသက်တာရသည်ကို သိသဖြင့် ကျွန်ုပ်သမ္မာကျမ်းစာကို အကျိုးရှိအောင်ဖတ်နေသည်” ဟု စာရေးခဲ့သည်။
အများအကျိုးဆောင်သူများအသင်းချုပ် (International Rotary Club)၏ ဥက္ကဌတစ်ဦးဖြစ်သူ ဟားဗတ်၊ တေလာက သူ၏တစ်နေ့တာကို “တောင်ပေါ်ဒေသနာတရားတော်”ကို အသံထွက်ဖတ်၍စသည်ဟု ပြောပြသည်။
အောင်မြင်ကျော်ကြားသော ပုဂ္ဂိုလ်ကြီးများသည်၎င်းကျမ်းစာအုပ်ကို “ယုံကြည်စိတ်ချရသောလမ်းပြ” အဖြစ်အသုံးပြုခဲ့ကြသည်။
ထို့ကြောင့် သင်၏တစ်နေ့တာကို ၄င်းကျမ်းစာအုပ်နှင့်စပါ။ အိပ်ယာဝင်ချိန်တွင် တစ်နေ့တာအဖြစ်အပျက်များကို ၄င်းကျမ်းစကားများ ဖြင့်စဉ်းစားဆင်ခြင်၍ ပညာယူပြီးမှအိပ်ပါ။ ၄င်းကျမ်းစာအုပ်သည် သင်၏ ယုံကြည်ခြင်းအမြစ်တည်ရာဖြစ်ပါစေ။ ဝိညာဉ်အစာ၊ ဝိညာဉ်ဓါးအဖြစ် အသုံးပြုပါ။ ခရစ်ယာန်၏အလင်း”ကို ပြနိုင်အောင်ကြိုးစားပါ။
(မဿဲ ၅၁၄၊ ၁၆)တွင် “သင်တို့သည် ဤလောက၏အလင်းဖြစ်ကြ ၏။” “သူတစ်ပါးတို့သည် သင်တို့၏ကောင်းသောအကျင့်ကိုမြင်၍
ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘ၏ဂုဏ်တော်ကိုချီးမွမ်းစေခြင်းငှာ၊ သူတစ်ပါးရှေ့၌ သင်တို့အလင်းကို လင်းစေကြလော့”ဟု ဖော်ပြထားသည်။
လူအများသည် စကားလုံးထက်ပြုမူကျင့်ဆောင်မှုကိုပို၍ အလေး ထားသည်ကိုသဘောပေါက်ပါ။
၄င်းကြိုးစားခြင်းသည် ခရစ်ယာန်တို့၏သီလကို ဆောက်တည်ခြင်း ဖြစ်သည်။
သခင် ခရစ်တော်သည် သင်နှင့် အတူ အစဉ်အပြတ်ရှိနေသည်ကို သတိရပါ။
(မဿဲ ၂၈း၂၀)တွင် “ငါသည်ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်အပြတ်ရှိသည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏” ဟုဖော်ပြထားသည်။
၄င်းကျမ်းစကားအရ သခင်ခရစ်တော်သည် ယုံကြည်ပါသည်ဟု ဝန်ခံ၍ဗတ္တိဇံခံယူသူတိုင်းနှင့် အတူအစဉ်အပြတ်ရှိနေမည်ဟု ဂတိထားတော် မူကြောင်းသိရသည်။ ယင်းကဲ့သို့အစဉ်အပြတ်အတူရှိခြင်းသည် သင်တို့အား
စောင့်၍အပြစ်စီရင်ရန်မဟုတ်။ စိတ်မသက်သာချိန်တွင် နှစ်သိမ့်ရန်၊ လမ်းပြ သွန်သင်ရန်၊ အားငယ်ချိန်တွင်အားပေးရန်၊ ကြောက်ရွံ့ချိန်တွင် သတ္တိ ပေးရန်။ နောင်တရ၍ဝန်ချတောင်းပန်လျှင် ခွင့်လွှတ်ရန်။ အကူအညီလိုအပ် နေချိန်တွင်ကူညီမစရန်ဖြစ်ပြီး၊ ၄င်းကတိတော်သည် ကပ်ကမ္ဘာကုန်သည် တိုင်အောင်တည်နေမည်ဖြစ်သည်။
ထို့ကြောင့် သင်သည်သခင်ခရစ်တော်၏ ရှေ့တော်၌အစဉ်အမြဲရှိနေ သည်ကိုသတိရှိ၍ ကိုယ်တော်မသိသင့်သောကိစ္စများ၊မကြားသင့်သောစကား များ၊ မကြိုက်သောလုပ်ဆောင်ချက်များကို အတတ်နိုင်ဆုံးရှောင်ရှားရန် လိုသည်။ မရှောင်နိုင်၍ကျူးလွန်မိလျှင် ချက်ခြင်းဝန်ချတောင်းပန်သော အလေ့အကျင့်ရှိပါ။ ပြီး ဆုတောင်းခြင်းဖြင့် ဝိညာဉ်ခွန်အားရယူသော အလေ့အကျင့် ပြုလုပ်ပါ။
(လုကာ ၁၈း၁)တွင် “လူတို့သည်အားမလျော့ဘဲ ကြိုးစား၍ ဆုတောင်းရမည်”ဟုလည်းကောင်း။ (မဿဲ ၆း၆)တွင် “သင်သည် ဆုတောင်း
သောအခါ၊ ဆိတ်ညံရာအခန်းသို့ဝင်၍ တံခါးကိုပိတ်ပြီးမှ မထင်ရှားသော အရပ်၌ရှိတော်မူသော သင်၏အဘကို ဆုတောင်းလော့။ မထင်ရှားသော အရာကိုမြင်တော်မူသော သင်၏အဘသည် အကျိုးကိုထင်ရှားစွာ ပေးတော် မူလတံ့” ဟုလည်းကောင်း ဖော်ပြထားသည်။
ဆုတောင်းခြင်းသည် မိမိ၏အလိုကို ထာဝရဘုရားထံမှ တောင်းခံရန် မဟုတ်။ ထာဝရဘုရား၏အလိုတော်ကိုပါ နားထောင်၍နာခံလိုက်လျှောက် ရန်ဖြစ်သည်။ ။
ကမ္ဘာကျော်ဓမ္မဆရာကြီး ဖရင့်(ခ)လောဘက်(ချ)က “အထိရောက် ဆုံးသော ဆုတောင်းပတ္တနာပြုခြင်းသည် ထာဝရဘုရားသခင်နှင့် ရင်းနှီးစွာ စကားပြောဆိုခြင်းဖြစ်သည်။ ထိုကဲ့သို့ စကားပြောဆိုရာတွင် ကျွန်ုပ်အလေး ထားသောအပိုင်းမှာ ထာဝရဘုရားသခင်ပြန်လည် ပြောဆိုသောအပိုင်း ဖြစ်သည်” ဟုပြောပြခဲ့သည်။ ပြင်
ပြုပြင်ပြောင်းလဲရေး သုခမိန်ဓမ္မဆရာကြီးဂျွန်ဝက်စလီသည် နံနက်တိုင်း(၄ဝဝ)နာရီတွင် အိပ်ယာမှထ၍ ဆုတောင်းပတ္တနာပြုရန်နှင့် ကျမ်းစာတတ်ရန် အချိန်တစ်နာရီယူ၍ သူ၏တစ်နေ့တာကို စတင်သည်ဟု သိရသည်။
ကမ္ဘာကျော်ခရစ်ယာန်ကြီးများသည် နေ့စဉ်ပုံမှန်ဆုတောင်း ပတ္တနာ ပြုချိန်ထားရှိခဲ့ကြသည်။ ထို့ကြောင့် သင်လည်းပုံမှန်ထာဝရဘုရားသခင်နှင့် ဆက်သွယ်စကားပြောချိန် တည်ဆောက်ပါ။ မပျက်ကွက်သင့်သော ချိန်းဆို ချက်တစ်ခုဟု သဘောထားပါ။
“သူတော်ကောင်းဆုတောင်း၍ အရှိန်ကြီးသောပဋ္ဌနာသည် အလွန် တန်ခိုးပါ၏” (ယာကုပ် ၅း၁၆) ကျမ်းစကားများအရ၊ ၄င်းတည်ဆောက်ခြင်း၊ ကိုသင်ဘယ်တော်မှ နောင်တရလိမ့်မည်မဟုတ်ပါ။ – ဝိညာဉ်ခွန်အားတိုးစေမည့် လုပ်ဆောင်ချက် (ဝိညာဉ်အစားအစာ) များကို အရသာခံ (နှစ်သက်) တတ်အောင်လေ့ကျင့်ပျိုးထောင်ပါ။
“ဖြောင့်မတ်ခြင်းပါရမီကို ဆာငတ်ခင်မွတ်သောသူတို့သည် မင်္ဂလာရှိ ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ဝပြောခြင်းသို့ ရောက်ကြလတံ့”သည် စတုတ္ထကောင်းချီးမင်္ဂလာဖြစ်သည်။ ၄င်းကျမ်းစကား၏ ဆိုလိုရင်းမှာ
ကောင်းမြတ်ခြင်းကို လိုချင်သောဆန္ဒပြင်းပြခြင်း၊ အစာရေစာကို ဆာမွတ် သကဲ့သို့တောင့်တစိတ်ရှိခြင်း(ဝါ)ဖြောင့်မတ်ခြင်းတရားကို စိတ်နှလုံးအတွင်းမှ အမှန်တကယ်တမ်းတလျက် မိမိတတ်နိုင်သမျှ ကြိုးစားအားထုတ်ခြင်းသည်
ကောင်းချီးမင်္ဂလာတပါးဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော်၊ ဤကဲ့သို့ ကြိုးစားရင်းကျေနပ်ခြင်း၊ ငြိမ်သက်ခြင်းနှင့်စိတ်ချယုံကြည်ခြင်း ရရှိနိုင်သော ကြောင့်ဖြစ်သည်။
ဝိညာဉ်အစားအစာကို အရသာခံတတ်ရန် လွယ်ကူမည်မဟုတ်ပါ သို့သော်ကိုယ်ကာယအတွက် သင့်တော်မည့်အစားအစာကို ကြိုက်နှစ်သက် အရသာခံတတ်အောင် လေ့ကျင့်စားသောက်နိုင်သကဲ့သို့ ဝိညာဉ်အစားအစာ ကိုလည်းအရသာခံတတ်အောင် လေ့ကျင့်ပျိုးထောင်နိုင်ပါသည်။
ကျွန်ုပ်သည် ပုံမှန်အားဖြင့် ဒိန်ချဉ်ကို မကြိုက်ပါ။ သို့သော်၄င်းသည် ကျွန်ုပ်၏ကျန်းမာရေးအတွက် အလွန်အထောက်အကူပေးမည်ဖြစ်ကြောင်း သိရသောအခါ ကြိုးစား၍ စားသောက်ခဲ့သည်။ ယခုဒိန်ချဉ်ကို စွဲလန်းနှစ် သက်နေပြီဖြစ်သည်။
ဝိညာဉ်ခွန်အားတိုးစေမည့် အစားအစာဖြစ်သော ကျမ်းစာဖတ်ခြင်း၊ လေ့လာဆင်ခြင်ခြင်း၊ ဆုတောင်းပတ္တနာပြုခြင်း၊ ပုံသက်သေပြခြင်းတို့ကို ကြိုးစားလုပ်ဆောင်ရာမှရသော အရသာအကျိုးကျေးဇူးကို သင်ခံစားရသော အခါ ၄င်းအရသာကို စွဲလန်းလာပါလိမ့်မည်။ အလေ့အကျင့်ရလာသောအခါ နေ့စဉ်ပုံမှန်လုပ်ငန်းတစ်ခု ဖြစ်လာပါလိမ့်မည်။ – သူတစ်ပါးအားပြစ်တင်မစောပါနှင့်။ သူတပါး၏ အပြုအမူ (ခံစားချက်) အကြောင်းရင်းကို သိရှိနားလည်ရန် ဦးစွာလေ့လာပါ။ လုပ်ဆောင်ချက် များတွင် တန်ပြန်ချက်ရှိသည်ကို သဘောပေါက်ပါ။
“သနားစုံမက်တတ်သော သူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူ ကားထိုသူတို့သည် သနားစုံမက်ခြင်းကို ခံရကြလတံ့”သည် ပဉ္စမကောင်းချီး မင်္ဂလာဖြစ်သည်။
များသောအားဖြင့် လူတစ်ယောက်၏အပြုအမူ (ခံစားချက်)၏ နောက်ကွယ်တွင်အကြောင်းအရာ တစ်စုံတစ်ခုရှိနေတတ်သည်။ ၄င်း အကြောင်းရင်းကို ဦးစွာလေ့လာပါ။ ထိုအကြောင်းရင်းကို လေ့လာသိရှိလာ ပါက၊ သူ၏အပြုအမူ(ခံစားချက်)ကို နားလည်မှုရှိလာပြီး၊ သူနှင့်ထပ်တူထပ်မျှ ခံစားရခါ၊ ကရုဏာစိတ်ဖြစ်ပေါ်လာသဖြင့် အပြစ်တင်မိတော့မည်မဟုတ်ပါ။ မုဒိတာစိတ်ဖြင့် ကူညီမစလိုသောဆန္ဒပင် ပေါ်လာနိုင်သည်။
လူသည်အပြစ်သားဖြစ်သည်ကို သိနားလည်တော်မူသော ထာဝရ ဘုရားသခင်သည် လူကိုသနားစုံမက်ခြင်းရှိသဖြင့်၊ သားတော်သခင်ယေရှုကို ဤကမ္ဘာလောကသို့ စေလွှတ်ခဲ့သည်ကို အောက်မေ့သတိရပါ။
လုပ်ဆောင်ချက်များတွင် တန်ပြန်ချက်ရှိသည်ကို သဘောပေါက်ပါ။ – မစ္ဆေရစိတ်၏စိုးမိုးခြင်းကို တွန်းလှန်ပါ။
လူတစ်ယောက်၏ အဆိုးဝါးဆုံးသောအပြစ်သည် မနာလိုဝန်တိုခြင်း ဖြစ်သည်။ ၄င်းသည်အချင်းချင်း ပေါင်းသင်းဆက်ဆံခြင်းကို ထိခိုက်စေသည်။ ဝိညာဉ်ခွန်အားကို ယုတ်လျော့စေ၍ ဝိညာဉ်အသက်တာကို ပျက်ပြုန်းစေသည်။ ခရစ်ယာန်၏ပုံသက်သေကို မေးမှိန်စေသည်။
ထို့ကြောင့်သင်သည် မစ္ဆေရစိတ်၏ ကျေးကျွန်မဖြစ်ပါစေနှင့်။ ၄င်းသည်ချမ်းသာသုခကို ပျက်စီးစေ၍ သင်၏အသက်တာမှ ချမ်းမြေ့ခြင်းကို လူယူသွားလိမ့်မည်။ ။ – လူတိုင်းကို မေတ္တာထားပါ။
ရောမ (၁၂း၉) တွင် “မေတ္တာစိတ်သည် လျှို့ဝှက်ခြင်းနှင့် ကင်းစေ လော့။ ဆိုးညစ်သောအမူကို စက်ဆုပ်ရွံရှာကြလော့။ ကောင်းမွန်သော အမှုကို မှီဝဲ စည်းကပ်ကြလော့” ဟု ဖေါ်ပြထားသည်။ ၄င်းကျမ်းစကားအရ အတ္တ (ဇာတိပကတိစိတ်) ၏ ချုပ်နှောင်မှုကင်းသော ပကတိမေတ္တာဖြင့် လူတိုင်းကို ချစ်ပါ။
သခင်ခရစ်တော်၏ သာသနာတော်အတွက် သတ္တိရှိကြပါ။
ပစ္စည်းဥစ္စာကြွယ်ဝချမ်းသာသော သူဌေးသားဖြစ်သူ ယောရေ ။ (စ)ပစ်(တ)ကင်သည် ဒုတိယမွေးခြင်းခံယူပြီးနောက် သာသနာပြုရန်၊ တရုတ်ပြည်သို့ သွားခဲ့သည်။ တရုတ်ပြည်ယဉ်ကျေးမှုတော်လှန်ရေးလှုပ်ရှားမှု ပြုလုပ်ရာတွင် သူ၏သာသနာပြုခြံဝင်းအတွင်း ခိုလှုံနေသော တရုတ်မိသားစု များအား ကာကွယ်စောင့်ရှောက်ရင်း ခေါင်းဖြတ်သတ်ခံရသည်၊ ဦးခေါင်းကို ဘုံကျောင်းရှေ့၌ ချိတ်ဆွဲခံရပြီးကိုယ်ခန္ဓာကိုအခြား အသတ်ခံရသော တရုတ် ခရစ်ယာန်များနှင့်အတူ စုပေါင်းမြေကျင်းတွင်မြှုပ်နှံခံရသည်။ သူ၏ကိုယ် ရေးရာဇဝင်ကို ရေးသူရှားဝပ်(တ)အယ်ဒီက “ပစ်(တ)ကင်၏အသက်စွန့် သာသနာပြုခြင်းသည် တရုတ်ပြည်ခရစ်ယာန်သာသနာကို များစွာတိုးတက် စေခဲ့သည်” ဟု ဖော်ပြခဲ့သည်။
သခင်ခရစ်တော်၏သာသနာတိုးတက်ပြန့်ပွားရေးအတွက် သတ္တိရှိသော လူငယ်များစွာလိုအပ်နေသည်ကို သဘောပေါက်ပါ။ သတ္တိရှိရှိနှင့်အစေခံပါ။ စိတ်တည်ငြိမ်စွာ ရှင်သန်လှုပ်ရှားနိုင်ရန် သခင်ခရစ်တော်ထံမှ ခွန်အား ရယူပါ။
လမ်းလျှောက်တတ်ခါစ ခလေးငယ်တစ်ယောက်ကို သတိထားကြည့် မိသည်။ မိခင်၏မျက်နှာကို စေ့စေ့ကြည့်လျက် လျှောက်လှမ်းလျှင် ဟန်ချက် ညီညီလျှောက်နိုင်ပြီး စမ်းသပ်လျှောက်နေသည်ကို သတိရသွားသောအခါ ဟန်ချက်ပျက်ပြီး ခြေလှမ်းပျက်သွားသည်ကို တွေ့ရသည်။
ရှိမုန်ပေတရုသည် သခင်ခရစ်တော်ကိုမျှော်ကြည့်လျက် ရေပေါ်တွင် လျှောက်သောအခါ ဟန်ချက်ညီညီ လျှောက်နိုင်သော်လည်း ရေပေါ်တွင် လျှောက်နေကြောင်း သတိရမိသောအခါ ခြေလှမ်းပျက်၍ နစ်မွန်းလုနီးပါးဖြစ် သွားသဖြင့် သခင်ခရစ်တော်၏ အကူအညီကို တောင်းခံခဲ့ရသည်။
ကျွန်ုပ်တို့ရှင်သန်နေရသောကာလသည် စိုးရိမ်ကြောင့်ကြစိတ်ဖြင့် ပူပင်သောကပွားစေသော ခက်ခဲဆိုးယုတ်သည့်ကာလဖြစ်သည်။ ထိုကာလ ကို စိတ်တည်ငြိမ်စွာ ရင်ဆိုင်ဖြတ်ကျော်နိုင်ရန် ခွန်အားနှင့်သတ္တိလိုအပ်သည်။ ၄င်းခွန်အားနှင့်သတ္တိကို သခင်ခရစ်တော်အား လုံးဝဥဿုံယုံကြည်အားထား ခြင်းဖြင့်ရနိုင်သည်။ ။
“ငါ့ကိုခွန်အားနှင့်ပြည့်စုံစေသော်မူသော ခရစ်တော်အားဖြင့်ခပ်သိမ်း သောအမှုတို့ကို ငါ့တတ်စွမ်းနိုင်၏။” (ဖိလိပ္ပိ ၄း၁၃) ကျမ်းစကားကို သတိရပါ။
သင်၏ခန္ဓာကိုယ်ပျက်စီး ပျောက်ကွယ်သွားမည်ဖြစ်သော်လည်း သင်၏ ဝိညာဉ်သည် ပျက်စီးပျောက်ကွယ်သွားလိမ့်မည်မဟုတ်ကြောင်း သဘော ပေါက်ပါ။
လူသည်သေလွန်သောအခါ ဝိညာဉ်သည်ထာဝရတည်နေမည် ဖြစ်သော ကောင်းကင်ဘုံ(သို့မဟုတ်)ငရဲဘုံတစ်ခုခုသို့ရောက်ရမည် ဖြစ်သည်။ ဤလောကီဘုံသည် သေလွန်ပြီးနောက် ရောက်သွားမည့်ဘုံအတွက် ပြင်ဆင် ရာအခန်း (dressing room)သာလျှင်ဖြစ်သည်။ တစ်နည်းပြောရလျှင် ထာဝရ ဘုရားသခင်နှစ်သက်တော်မူဖွယ်သော လုပ်ဆောင်ချက်များ လုပ်ခွင့်ရသည် ဘုံဖြစ်သည်။
ကောင်းချီးမင်္ဂလာ(၈)ပါး တရားတော်ဖြင့် သခင်ခရစ်တော်က ဤလောကအသက်ရှင်စဉ်တွင် လူသည်လောကီဒုက္ခအမျိုးမျိုးဖြစ်သော၊ စုံစမ်းနှောင့်ယှက်ခြင်း၊ ဖြားယောင်းသွေးဆောင်ခြင်း၊ ညှင်းဆဲနှိပ်စက်ခံရခြင်း စိတ်သောကရောက်ရခြင်းတို့နှင့် ကြုံတွေ့ရမည်ဖြစ်သည်။ ၄င်းလောကီဒုက္ခ များကိုကြံ့ကြံ့ခံ၊ ရင်ဆိုင်ကျော်လွှားနိုင်၍ “ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ရှိသော ချမ်းသာသုခ (Happiness) ခံစားရလျှင် “ဝမ်းမြောက်ရွှင်မြူးခြင်း၊ ရှိကြလော့။ အကြောင်းမူကား ကောင်းကင်ဘုံ၌ သင်တို့၏အကျိုးသည် ကြီးလှပေ၏။ (မဿဲ ၅း၁၂)”ဟု ဩဝါဒပေးခဲ့သည်။
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားဒေသတွင် ရွှေတွက်သည်ကို သိရသောနယ်သစ်ရှာဖွေသူများသည် ခက်ခဲကြမ်းတမ်း၊ အန္တရာယ်တူပြော
သော အမေရိကန်ပြည် အလယ်ပိုင်းလွင်တီးခေါင်ဒေသကို ဖြတ်ကျော်ရန် သက်စွန့်ကြိုးပမ်းအားထုတ်ခဲ့ကြသည်။ အောင်မြင်စွာဖြတ်ကျော်နိုင်သူများ သည်ထိုက်တန်သော အကျိုးကျေးဇူးကို ခံစားကြရသည်။
သင်လည်းထာဝရဘုရား၏ နိုင်ငံတော်၌ထိုအကျိုးကျေးဇူးကို ရနိုင် သည်။ သို့သော်သင်၏ကျင့်ကြံအားထုတ်မှုဖြင့် ရှာဖွေလျှင် ရနိုင်မည်မဟုတ်ပါ။ ထာဝရဘုရားသခင်၏ ကောင်းချီးမင်္ဂလာဖြစ်၍ သခင်ခရစ်တော်၏ ဩဝါဒ ဖြစ်သော “ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို ရှေးဦးစွာရှာကြလော့။ နောက်မှထိုအရာများကို ထပ်၍ ပေးတော်မူလတံ့ (မဿဲ ၆း၃၃)” ကိုလိုက်နာမှသာရမည် ဖြစ်သည်။
သခင်ခရစ်တော်၏ (မဿဲ ၅း၁၆ ကျမ်းစကားဖြင့်) စေခိုင်းချက်ကို အကောင်အထည်ဖော်နိုင်ကြပါစေ။
မြအေး(လေ့လာသူခရစ်ယာန်)
မဂ်လာရှိသောသူဖြစ်စေမည့်ကျင့်စဉ်
စကားချီး
ငြိမ်းအေးသော ချမ်းသာသုခကို လူတိုင်းလိုချင်ကြသည်။ ၄င်းကို သာမာန်ဘုရားရှိခိုး၊ တရားနာ၊ တရားစာဖတ်ရုံနှင့်မရနိုင်ပါ။ နည်းလမ်း ၊ မှန်ကန်သည့်ကျင့်ကြံအားထုတ်မှုဖြင့် ဝိရိယစိုက်ထုတ်၍ ကြိုးစားရယူမှရနိုင် ပါသည်။ ထို့ကြောင့် ငြိမ်းအေးသော ချမ်းသာသုခကို ရယူချင်သော ဘာသာ ဝင်များသည် မိမိတို့ကိုးကွယ်သည့် ဘာသာတရား၏သွန်သင်မှု၊ လမ်းညွှန် သင်ကြားမှု၊ ကျင့်စဉ်များကို လိုက်နာကျင့်ကြံအားထုတ်ကြပါသည်။ ဗုဒ္ဓ ဘာသာဝင်များသည် ဗုဒ္ဓဘုရားရှင်၏ တရားများနားကြားခြင်း၊ ဘာဝနာပွား များခြင်း၊ သီလ၊ သမာဓိ၊ ပညာ(ဝိပဿနာတရား) အကျင့်သုံးပါးအား ကျင့်ကြံအားထုတ်ခြင်းဖြင့်လည်းကောင်း၊ ဟိန္ဒူဘာသာဝင်များသည် ဝေဒကျမ်းများတွင် ဖော်ပြထားသော ယောဂီကျင့်စဉ်များဖြင့်လည်းကောင်း၊ အစ္စလမ်ဘာသာဝင်များသည် ကုရ်အာန်ကျမ်း၏ လမ်းညွှန်သင်ကြားမှုဖြစ်
သောရိုးဇာဥပုသ်သီလဆောက်တည်ခြင်း၊ ဝိညာဉ်ရေးရာသန့်စင်မှု ရရှိနိုင် ရေးအတွက် ပြုလုပ်ရမည့်နည်းနာနိဿယများ၊ လိုက်နာကျင့်ဆောင်ခြင်းဖြင့် ကြိုးစားရယူကြပါသည်။
ဆရာပါရဂူဘာသာပြန်သည့် “ ဘဂဝတ်ဂီတနှင့်သမ္မာကျမ်းစာ” ဆောင်းပါးတွင်။ ခရစ်ယာန်ဘာသာကိုးကွယ်ဆည်းကပ်သော ဂရဝါလီ အမည်ရှိသော သူတော်စင်တစ်ဦးအကြောင်း ဖော်ပြထားသည်ကို ဖတ်ရပါ သည်။ ယင်းသူတော်စင်ကြီးသည် အချိန်မှန်မှန် တရားထိုင်လေ့ရှိသည်။ ငြိမ်သက်တည်ငြိမ်မှုရှိသည်ဟုတွေ့ရသဖြင့် ခရစ်ယာန်အနေနှင့် ငြိမ်းအေး
သောချမ်းသာသုခရအောင် ကြိုးစားနိုင်သည့် နည်းလမ်းများကို ရှာဖွေခဲ့ ပါသည်။ ခရစ်ယာန်ဘာသာရေးစာအုပ်များ၊ ဘာသာရေးဆောင်းပါးများတွင် ရှာဖွေလေ့လာရာတွင် တရားထိုင်နည်းကို မတွေ့ရသော်လည်း ခရစ်ယာန် ဘာသာဝင်တို့ ကျင့်သင့်သောကျင့်စဉ် (ဇွဲလုံ့လဖြင့် အလေ့အကျင့် ပြုလုပ်
ခြင်း) တစ်ရပ်ကိုမြင်လာပါသည်။ ၄င်းကျင့်စဉ်ကို စိတ်ဝင်စားသူ ရှိချင်ရှိနိုင် သဖြင့် ဝေမျှလိုက်ပါသည်။ ကျင့်စဉ်တစ်ခုအောင်မြင်ရန်အတွက် မှန်ကန်
သောနည်းလမ်းကို မိမိတို့ကိုယ်တိုင်အားထုတ်ဖူးသည့် ဘာသာရေး ကျွမ်းကျင်သူဆရာများက သွန်သင်ပြသရသည်။ အနီးကပ်ကူညီကွပ်ကဲ ရသည်။
ခရစ်ယာန်များသည် ကုသိုလ်ထူးသူများဖြစ်သည်။ စစ်မှန်သောသုခ (ဝါ)ဝမ်းမြောက်ရွှင်လန်းခြင်းရှိသော ချမ်းသာသုခ (Happiness) ရနိုင်သည့် မှန်ကန်သောနည်းလမ်းကို ရှည်ရှည်ဝေးဝေးရှာနေစရာမလိုပါ။ မိမိလက်တ ကမ်းတွင်ရှိသော၊ ထာဝရဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်သည့် သမ္မာကျမ်းစာမှ ရရှိနိုင်ပါသည်။ ၄င်းသုခကိုရစေရန် မည်သည့်အချက်များကို နားလည်သဘောပေါက်ရမည်ကိုလည်းကောင်း၊ ကျင့်ဆောင်ရမည့် ကိုယ်ကျင့် သီလများကိုလည်းကောင်း၊ နာခံလိုက်လျှောက်ရမည့် အချက်များ ကိုလည်းကောင်း၊ ရှင်းလင်းတိကျစွာ ဖေါ်ပြလမ်းညွှန်ထားသဖြင့် လွယ်ကူစွာ ရနိုင်ပါသည်။ ။
သမ္မာကျမ်းစာသည် စာတတ်သူများဖတ်နိုင်သည့် စာနှင့်ရေးထား သည်ဖြစ်သော်လည်း၊ ထာဝရဘုရားသခင်၏ တန်ခိုးတော် (Inspiration) မှုတ်သွင်းထားသည့် ကျမ်းစာဖြစ်သောကြောင့် ကျယ်ဝန်းနက်နဲပြီး နားလည် သဘောပေါက်ရန် မလွယ်ကူပါ။
အနန္တမေတ္တာတော်ရှင် ထာဝရဘုရားသခင်သည် သူ၏နှုတ်ကပတ် တော်ဖြစ်သော သမ္မာကျမ်းစာကို သူချစ်သောလူများ နားလည်သဘော ပေါက်၍ အသုံးချစေချင်သည့်အတွက် သန့်ရှင်းသောဝိညာဉ်ကို တစ်ပါးသော ဥပဇ္ဈာယ်ဆရာအဖြစ် ဤလောကကို စေလွှတ်ခဲ့ပါသည် အကူအညီလိုချင် ၍ အကူအညီတောင်းခံသူများကို ကူညီရန် ခရစ်ယာန်များ အနီးအနားတွင် အစဉ်ရှိနေသော သန့်ရှင်းသောဝိညာဉ်တော်သည် သမ္မာကျမ်းစာပေါ်ထွက်
လာရေးအတွက် အဓိကလုပ်ဆောင်ခဲ့သူဖြစ်သဖြင့် ထာဝရဘုရားသခင်၏ နှုတ်ကပတ်တော်ကို နားအလည်ဆုံးသောသူ၊ သမ္မာကျမ်းစာနှင့်ပတ်သက်၍ ကျွမ်းကျင်လိမ္မာဆုံးသောသူဖြစ်သဖြင့် တန်ခိုးတော်ပါရှိသော သမ္မာကျမ်းစာ ကို နားလည်သဘောပေါက်ရန် တစ်ပါးသောဥပဇ္ဈာယ်ဆရာ သန့်ရှင်းသော သောဝိညာဉ်တော်၏ အကူအညီရယူနိုင်ပါသည်။ ။
သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းပေးပြီး ကူညီမှုကြောင့် သိမြင်သဘောပေါက်လာသော သမ္မာကျမ်းစာတွင် ဖေါ်ပြထားသည့် ထာဝရ ဘုရားသခင်၏အလိုတော်များ၊ ပညတ်တော်များနှင့်သခင်ခရစ်တော်၏ ဩဝါဒများ၊ သွန်သင်လမ်းပြမှုများကို နာခံ၍ လက်တွေ့ကျကျ၊ လိုက်လျှောက် ကျင့်စောင့်လျှင် မင်္ဂလာရှိသူဖြစ်လာမည်ဖြစ်ကြောင်း၊ “ကိုယ်တော်က ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကိုနာ၍ ကျင့်စောင့်သောသူသည် မြတ်စွာသောမင်္ဂလာရှိသည်ဟု မိန့်တော်မူ၏”(လုကာ ၁၁း၂၈)ကျမ်းစကား အရ သိနားလည်ရပါသည်။
ဆရာကြီးသံလျင်ဖေသွင် ပြုစုသောခရစ်တော်၏ မင်္ဂလာတရား တော်အနက်ဖွင့်ကျမ်းစာအုပ်၊ ကျမ်းဦးစကားတွင် “မင်္ဂလာ”ဟူသောစကား၏ အနက်အဓိပ္ပာယ်မှာ “ကျက်သရေရှိသော၊ ဝမ်းသာအားရဖွယ်ကောင်းသော ချမ်းသာသုခခံစားနိုင်စေသော ကိစ္စများကိုဆိုလိုသည်”ဟု လည်းကောင်း၊ “ချမ်းသာသုခခံစားရခြင်းဆိုသည်မှာ စိတ်ကြည်လင်ခြင်း၊ အေးဆေးတည်ငြိမ် ခြင်း၊ ရောင့်ရဲတင်းတိမ်ခြင်း၊ စိတ်ငြိမ်သက်ခြင်း၊ဝမ်းမြောက်ဝမ်းသာဖြစ်ရခြင်း၊
ကျေနပ်အားရမှုရှိခြင်း” ကိုဆိုလိုသည်ဟုလည်းကောင်း၊ ဆရာကြီးပါရဂူ၏ “သုခအစစ်နှင့်သုခအတု” ဆောင်းပါးတွင်၊ “သုခ”ဟူသော စကားလုံး၏ အဓိပ္ပာယ်အစစ်အမှန်မှာ၊ စိတ်ချမ်းသာခြင်း၊ စိတ်ရွှင်လန်းချမ်းမြေ့ခြင်းဖြစ် သည်”ဟုလည်းကောင်း လေ့လာတွေ့ရှိရသဖြင့် မင်္ဂလာရှိသောသူဖြစ်လာလျှင် ဝမ်းမြောက်ရွှင်လန်းခြင်းရှိသော ချမ်းသာသုခခံစားရမည်ဟု နားလည် ၊ သဘောပေါက်ရပါသည်။
ကယ်တင်ခြင်းနှင့်ထာဝရအသက်သည် သားတော်သခင်ယေရှုအား ကယ်တင်ရှင်အဖြစ် လက်ခံယုံကြည်ပါသည်ဟု ဝန်ခံပြီးဗတ္တိဇံခံယူသူတိုင်း (ကိုယ်ကျင့်သောအကျင့်မပါသော်လည်း) ကျေးဇူးတော်မေတ္တာလက်ဆောင် အဖြစ်ရပါသည်။ (ဧဖက် ၂း၈-၉)။
ယခုဘဝအသက်တာနှင့် ဆက်နွယ်နေသော ထာဝရဘုရားသခင်၏ ကောင်းကြီးမင်္ဂလာကိုမူကား၊ ယုံကြည်ပါသည်ဝန်ခံပြီး ဗတ္တိဇံခံယူရုံနှင့် မရပါ တရားဟောရာကျမ်းအခန်းကြီး (၂၈)တွင်ဖေါ်ပြထားသော “ယနေ့ငါဆင့် ဆိုသမျှသော ပညတ်တို့ကိုသင်သည် ကျင့်စောင့်ခြင်းငှာ သင်၏ဘုရားသခင် ထာဝရဘုရား၏စကားတော်ကို စေ့စေ့နားထောင်လျှင်…..၊ သင့်အပေါ် သက်ရောက်လတံ့သော ကောင်းကြီးမင်္ဂလာများဟူမူကား ….” ဟူသော ကျမ်းစကားအရ၊ ယုံကြည်ခြင်းနှင့်အတူ သမ္မာကျမ်းစာတွင်ဖော်ပြထားသော ထာဝရဘုရားသခင်၏ စကားတော်များကို လက်တွေ့ကျကျ နာခံ၊ လိုက်
လျှောက်ခြင်း ပူး၏ပါရှိမှ ရနိုင်သည်ကိုလည်းကောင်း၊ စကားတော်ကို နာခံ လိုက်လျှောက်သည့် ပမာဏအတိုင်း ကောင်းကြီးမင်္ဂလာရမည်ဖြစ်ကြောင်း၊ “မိမိစိုက်သည့်အတိုင်း၊ မိမိရိတ်ရမည်” (ဂလာ ၆း၇-၈)ကျမ်းချက်အရ နားလည်ရပါသည်။ ။
ဒေါက်တာစိုင်းရပ်(စ) အင်(န)နယ်(လ)ဆင်ပြုစုသော “သမ္မာ ကျမ်းစာမှသိမှတ်ဘွယ်ရာများ”စာအုပ် “သမ္မာကျမ်းစာကို နားလည်ခြင်း” အခန်းတွင်
သမ္မာကျမ်းစာကိုသိရန်နှင့် လေ့လာကျက်မှတ်ရန် ခမ်းနားကြီးကျယ်
သောလမ်းမရှိပါ။ ဘုရားသခင်၏ ဝိညာဉ်တော်သည် ကျွန်ုပ်တို့ကို
ခပ်သိမ်းသော သစ္စာတရားသို့ ပို့ဆောင်သွားလိမ့်မည်။ – သင်သည်သမ္မာကျမ်းကို စိတ်အားထက်သန်စွာဖြင့် အာရုံစူးစိုက်ရမည်။
စိတ်အားထက်သန်ခြင်းသည် သိမြင်နားလည်ရေးအတွက် လိုအပ်သော အရာတခုဖြစ်သည်။ စနစ်တကျလေ့လာရန် လိုအပ်သည်။ သမ္မာကျမ်း
ကိုနားလည်ရန် ဖတ်ရှုမည်ဆိုလျှင် အချိန်သတ်မှတ်ထားရမည်။ ဤသို့ မပြုလုပ်နိုင်ပါက ကျွန်ုပ်တို့သည် အဖိုးတန်သော နှုတ်ကပတ်တော်၏ ပညာကိုမည်သည့်အခါမှ ရနိုင်မည်မဟုတ်ပေ။ အကြောင်းမူကား ပလ္လင်ပေါ်မှ ဟောသောတရားကို ကြားနာရုံမျှဖြင့် အမှန်တကယ် လိုအပ်သော အသိပညာကို ရနိုင်မည်မဟုတ်ပါ။ ဘုရားသခင်၏ အလိုတော်ကို သမ္မာကျမ်းစာကသာ ရှင်းလင်းစွာထုတ်ဖေါ် ပြောပြပြီး
လူတို့ကို တရားတော်အတိုင်း လိုက်လျှောက်နိုင်ရန်ပို့ဆောင်နိုင်သည်။ – စစ်မှန်သောဖြစ်ရပ်များနှင့် တရားဓမ္မများဖြင့်သာ ဖွဲ့စည်းသောကျမ်း
ဖြစ်သည်။ လူတို့ထံပေးသော ဘုရားသခင်၏ ဗျာဒိတ်ကျမ်းဖြစ်သည်။ ထို့ကြောင့် သမ္မာတရားကိုသိရန် ကြည်လင်အေးချမ်းသောစိတ်ဖြင့်
အာရုံစိုက်၍ လေ့လာမှတ်သားပါ။ ဘုရားသခင်၏ အလင်းပေးခြင်းကို မျှော်ကိုးလျက်ဖတ်ရှုရမည်။ သန့်ရှင်း
သောဝိညာဉ်တော်က နားလည်စေတော်မူမည်။ – သမ္မာကျမ်းကို အချိန်ယူလေ့လာမှတ်သားမှသာ ကောင်းမွန်စွာနားလည် နိုင်မည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဇွဲ၊ လုံ့လဖြင့်နားလည်
အောင်ဖတ်ပါ။ သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးကြောင့်နားလည် လိမ့်မည်ဟု လမ်းညွှန်ထားကြောင်း လေ့လာတွေ့ရှိရပါသည်။ နေ့စဉ် ကိုးကွယ်ခြင်းဝတ် (daily devotion) ပြုလုပ်သူများအတွက် ခက်ခဲမည် မဟုတ်ပါ။ ဒေါက်တာစိုင်းရပ်(စ)အင်(န)နယ်(လ)ဆင်၏ လမ်းညွှန်ချက် အရပိုမိုအကျိုးရှိစေရန် စနစ်တကျလုပ်ဖို့သာ လို အပ်ပါသည်။ “နေ့စဉ်ဝတ်” မှ “နေ့စဉ်ထာဝရဘုရားသခင်၏ သွန်သင်လမ်းညွှန်မှု ခံယူသည့်ဝတ်” ဟုခံယူချက်ပြောင်းရန်သာ ဖြစ်သည်။
ထာဝရဘုရားသခင်က သခင်ခရစ်တော်အား ဝိညာဉ်ရေးရာများ ဆောင်ရွက်ရန်အတွက် စေလွှတ်သကဲ့သို့သန့်ရှင်းသော ဝိညာဉ်တော်အား
ဉာဏ်အလင်းနှင့်အဇ္ဈတ္တခွန်အားပေးရန်အတွက် စေလွှတ်လိုက်သည်ဟု သမ္မာကျမ်းစာမှ သိရှိရပါသည်။ ထို့ကြောင့် ဝိညာဉ်ရေးရာနှင့် အသက်တာ၊ ရေးရာဆုတောင်းခြင်းများကို သခင်ခရစ်တော်၏ နာမတော်နှင့်တောင်းခံ သကဲ့သို့၊ ဉာဏ်အလင်းနှင့်အဇ္ဈတ္တခွန်အားတောင်းခံသော ဆုတောင်းခြင်းကို သန့်ရှင်းသောဝိညာဉ်တော်၏နာမတော်နှင့် တောင်းခံသင့်သည်ဟု ယူဆပါ သည်။ ။
ဆာလံကျမ်း ၁း၂-၃ တွင်…… “ထာဝရဘုရား၏ တရားတော်၌ မွေ့လျော်၍၊ တရားတော်ကိုနေ့ညမပြတ် ဆင်ခြင်အောက်မေ့သောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ ထိုသူသည် မြစ်နားမှာစိုက်လျက် မိမိအချိန် ၊ တန်မှ အသီးကို သီး၍ အရွက်မညှိုးနွမ်းတတ်သော အပင်နှင့်တူ၏။ ပြုလေသမျှတို့၍ အောင်လိမ့်သတည်း” ဟုဖေါ်ပြချက် ရှိပါသည်။
ဤကျင့်စဉ်အတွက်
နှလုံးသွင်းရန်ကျမ်းချက်များ ဂလာတိ ၅း၁၉-၂၁ ၊
ဇာတိပကတိအကျင့်တို့သည် ထင်ရှားကြ၏။ ထိုအကျင့်တို့မူကား သူ့မယားကိုပြစ်မှားခြင်း၊ မတရားသောမေထုန်၌ မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း ကိလေသာလွန်ကျူးခြင်း၊ သူတပါးကိုပြုစားခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ရန်တွေ့ခြင်း ဂုဏ်ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း၊ အချင်းချင်းကွဲပြားခြင်း၊ သင်းခွဲခြင်း၊ သူ့အကျိုးကိုလှူပူခြင်း၊ အသက်ကိုသတ်ခြင်း၊ ယစ်မျိုးကိုသောက် ကြူးခြင်း၊ ပွဲလုပ်ခြင်းမှစ၍ ထိုသို့သောအကျင့်ပေတည်း။ ဂလာတိ ၅း၂၂-၂၃
ဝိညာဉ်ပကတိ၏ အကျိုးမူကား၊ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်းပေတည်း။
ရောမ ၈း၈-၉
ဇာတိပကတိ၌ ကျင်လည်သောသူတို့သည် ဘုရားသခင်၏ စိတ်တော်နှင့်မတွေ့နိုင်ကြ။ သို့သော်လည်း ဘုရားသခင်၏ဝိညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူလျှင် သင်တို့သည် ဇာတိပကတိဘက်၌ ရှိကြ သည်မဟုတ် ဝိညာဉ်ပကတိဘက်၌ ရှိကြ၏။ ရောမ ၁၂း၁-၂
ညီအစ်ကိုတို့ အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ ဘုရားသခင်နှစ်သက်တော်မူဖွယ်သော လက္ခဏာနှင့်ပြည့်စုံသောယဇ်ကို သင်တို့သည် ပူဇော်၍ မိမိကိုယ်ခန္ဓာကို ဘုရားသခင်အား ဆက်ကပ်ခြင်းတည်း ဟူသော သင်တို့ပြုအပ်သောဝတ်ကို ပြုမည်အကြောင်း ဘုရားသခင်၏ ဂရုဏာတော်ကိုထောက်ထား၍ သင်တို့ကို ငါတိုက်တွန်းနှိုးဆော်ပေ၏။ သင်တို့သည် လောကီပုံသဏ္ဍာန်ကို မဆောင်ကြနှင့်။ကောင်းမြတ်သောအရာ နှစ်သက်ဖွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင်အလို
တော်ရှိသောအရာသည် အဘယ်အရာဖြစ်သည်ကို သင်နိုင်မည့်အကြောင်း ၊ စိတ်နှလုံးကိုအသစ်ပြင်ဆင်၍ ပုံသဏ္ဍာန်ပြောင်းလဲခြင်းသို့ ရောက်ကြလော့။ မဿဲ ၇း၂၁
သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း၊ ကောင်းကင်နိုင်ငံတော် သို့ဝင်ရလိမ့်မည်မဟုတ်၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော ခမည်းတော်၏ အလိုတော်ကိုဆောင်သောသူသည် သာလျှင်ဝင်ရလိမ့်မည်။ ယော ၁၄း၁၆ ၊
ငါသည် ခမည်းတော်ကို တောင်း၍ ခမည်းတော်သည် သမ္မာတရားကို ပြသောဝိညာဉ်တော်တည်းဟူသော တပါးသောဥပဇ္ဈယ်ဆရာကို သင်တို့နှင့် အတူအစဉ်မပြတ်တည်နေစေခြင်းငှာ သင်တို့ အားပေးတော်မူမည်။ ထိုဝိညာဉ်ကို လောကီသားတို့ မသိမမြင်သောကြောင့် မခံယူနိုင်ကြ။
ထိုဝိညာဉ်သည် သင်တို့နှင့်တည်နေ၍ သင်တို့နှင့်ရှိတော်မူသောကြောင့် သင်တို့သိကြရ၏။ ယော ၁၄း၂၆
ခမည်းတော်သည် ငါ့အတွက်ကြောင့် စေလွှတ်တော်မူသော ဥပဇ္ဈယ် ၊ ဆရာတည်းဟူသော သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့အား ခပ်သိမ်း
သောအရာတို့ကို ပြသသွန်သင်တော်မူ၍ ငါပြောခဲ့သမျှသော စကားတို့ကို မှတ်မိသောဉာဏ်ကို သင်တို့အားပေးတော်မူမည်။ ယော ၁၆း၁၃-၁၅
သမ္မာတရားနှင့်ပြည့်စုံသော ထိုဝိညာဉ်တော်သည် ရောက်လာသော အခါ သမ္မာတရားကို သင်တို့အားအကြွင်းမဲ့ သွန်သင်ပြသလိမ့်မည်။ ထိုဝိညာဉ်တော်သည် ကိုယ်အလိုအလျောက်ဟောပြောမည်မဟုတ်။ နောင် လာလတံ့သောအရာတို့ကိုလည်း သင်တို့အားဖေါ်ပြလိမ့်မည်။ ထိုသူသည် ငါ့ဘုန်းကို ထင်ရှားစေလိမ့်မည်။ အကြောင်းမှုကား ငါနှင့်စပ်ဆိုင်သော အရာကိုယူ၍ သင်တို့အားဖေါ်ပြလိမ့်မည်။ ခမည်းတော်နှင့်ဆိုင်သမျှသည် ငါနှင့်စပ်ဆိုင်၏။ ထို့ကြောင့် ငါနှင့်စပ်ဆိုင်သောအရာတို့ကိုယူ၍ သင်တို့ အားဖေါ်ပြလိမ့်မည်ဟု ငါပြော၏။ ယော ၁း၁-၄
အစဦး၌နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင် နှင့်အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ထိုနှုတ်က ပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့်ရှိ၏။ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာ တို့ကိုဖန်ဆင်းတော်မှု၏။ ဖန်ဆင်းတော်မူခြင်းနှင့်ကင်း လွတ်လျက်ဖြစ်သောအရာ တစုံတရာမျှမရှိ။ ထိုအသက်သည်လည်း လူတို့၏ အလင်းဖြစ်၏။
ဆာလံ ၁၉း၁-၃
မိုးကောင်းကင်သည် ဘုရားသခင်၏ ဘုန်းအသရေတော်ကို ကြားပြော၍ မိုးမျက်နာကြက်သည် လက်တော်နှင့်လုပ်သော အရာများကို ပြသ၏။ တနေ့ကိုတနေ့မြွတ်ဆို၍၊ တညကိုတညသွန်သင်၏။ နှုတ်မြွတ်ခြင်း ၊ စကားပြောဆိုခြင်းမရှိ၊ သူတို့နှုတ်ထွက်သံကို မကြားရသော်လည်း သူတို့၏ အသံသည် မြေတပြင်လုံးနှံ့ပြား၍၊ သူတို့၏စကားသည် မြေကြီးစွန်းတိုင်း
အောင်ရောက်လေ၏။ ။ ဆာလံ ၃၃း၄-၅ ၊
ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ဖြောင့်မတ်ပေ၏။ စီရင်တော်မူသော အမှုတို့သည်လည်း သစ္စာတရားနှင့်ညီကြ၏။
ဖြောင့်မတ်စွာကျင့်ခြင်း၊ တရားသဖြင့် စီရင်ခြင်းကို နှစ်သက်တော်မူ၏။ ပထဝီမြေကြီးသည် ထာဝရဘုရား၏ ကျေးဇူးတော်နှင့်ပြည့်ဝလျက်ရှိ၏။ ယော ၁း၁၄။
နှုတ်ကပတ်တော်သည်လည်း လူဇာတိ အဖြစ်ကို ခံယူ၍ ကျေးဇူးတော်နှင့်လည်းကောင်း၊ သစ္စာတော်နှင့်လည်းကောင်း ပြည့်စုံလျက် ငါတို့တွင် တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌ တစ်ပါးတည်းသော သားတော်၏ ဘုန်းကဲ့သို့၊ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။
ကျင့်စဉ် (၁) “ဇာတိပကတိလူမှ ဝိညာဉ်ပကတိလူ့သို့” (အနှောင့်အယှက်ကင်းမည့်
အချိန်တွင်ကျင့်ရန်) ကျင့်စဉ်စရန်ဆုတောင်းခြင်း (ပင့်ဖိတ်ခြင်း)
ထာဝရ ဘုရားသခင်ထံမှ ကျွန်တော်/ကျွန်မအတွက် စေလွှတ် တော်မူသော ဥပဇ္ဈယ်ဆရာသန့်ရှင်းသော ဝိညာဉ်တော်ဘုရား။ ။
ကျွန်တော်/ကျွန်မ၏ ဇာတိပကတိ မှ ဝိညာဉ်ပကတိ လူသို့ပြောင်း လဲရန် ကြိုးစားခြင်းကို ဉာဏ်အလင်းပေး၍ ကူညီထောက်မပါရန် ရိုသေ လေးစားစွာ ပန်ကြားအပ်ပါသည်။ ကျေးဇူးတင်ပါ၏ဘုရား။ ကျမ်းစာဖတ်ခြင်း။ ။
ဆင်ခြင်အောက်မေ့ရန်ဖတ်ခြင်းဖြစ်၍ ထာဝရဘုရားသခင်၏ အလင်းပေးခြင်းကို မျှော်ကိုးလျက်အာရုံ စိုက်၍ ဖတ်ပါ။ တနေ့လျှင် ကျမ်းစာ အခန်းကြီးတစ်ခန်း၊ ကျမ်းချက်များသော အခန်းကြီးဖြစ်ပါက သင့်တော်သလို ပိုင်း၍ ဖတ်ပါ။ ဖတ်ရန်ကျမ်းစာများ ၊
(၁) ခရစ်ဝင် (၄) ကျမ်း (၂) ဩဝါဒစာများ (ဤကျင့်စဉ်အတွက် ရောမ၊ ဂလာတိ၊ ဖိလိပ္ပိ၊
ဩဝါဒစာများကို အထူးဂရုပြု လေ့လာဆင်ခြင်ပါရန်။) ဆင်ခြင်အောက်မေ့ခြင်း။ (သစ္စာတရားကို လေးလေးနက်နက် စဉ်စား ဆင်ခြင်ခြင်း)
မိမိအသက်တာ အတွက်မည်သည် အဓိပ္ပါယ်မျိုးရှိသည်ကို နားလည်သဘောပေါက်နိုင်ရန် လေးလေးနက်နက် စဉ်းစားဆင်ခြင်ဘို့
အရေးကြီးပါသည်။ အောက်ပါမေးခွန်းများကို အခြေခံ၍ ဆင်ခြင်
အောက်မေ့ပါ။ ယနေ့ဖတ်သော ကျမ်းစာ အခန်းကြီးသည် သင့် (မိမိ) အား(၁) မည်သူအကြောင်း (သို့မဟုတ်) မည်သည့် အကြောင်းအရာ
ကိုဖေါ်ပြနေသနည်း။ ။ (၂) မည်သည့် အချက်ကို နားလည် သဘောပေါက်စေချင်
သနည်း။ ။ (၃) မည်ကဲ့သို့ သွန်သင် နေသနည်း။ ။ (၄) နာခံရမည့် အမိန်တော်၊ လိုက်လျှောက်ရမည့်ပညတ်တရား၊
ဆောင်ရွက်ရမည့် လမ်းညွှန်ချက်၊ နှလုံးသွင်းရမည့်
သွန်သင်ချက်၊ တခုခုပါနေသလား။ မေးခွန်းမေးပြီးတိုင်း တစ်မိနစ်ခန့် အာရုံပြု၍ ထာဝရဘုရားသခင်၏ စကားကို နားထောင်ပါ။ ကျင့်စဉ်ရပ်နားရန်ကျေးဇူးတော်ချီးမွမ်းခြင်း။
ကောင်းကင်ဘုံ၌ ရှိတော်မူသော ကျွန်တော်တို့ အဘထာဝရဘုရား သခင်။
ကျွန်တော်တို့အတွက် ဥပဇ္ဈာယ်ဆရာစေလွှတ်ပေးသည့် အတွက် ကျေးဇူးတင်ပါ၏ – အာမင်း။ မှတ်ချက်
ဝိညာဉ်ရေးရာနေ့စဉ်မှတ်တမ်းစာအုပ် (Spiritual daily diary) ထားပါ။ ဖတ်ရှုခဲ့သော ကျမ်းစာအခန်းကြီးမှာ သင့်စိတ်ကို ထိတွေ့သော စကားတော်များ၊ သွန်သင်ပဲ့ပြင်သည်ဟု ထင်ရသောကျမ်းချက်များ၊ နှလုံး သွင်းရမည့် ကျမ်းချက်များကိုရေးမှတ်ပါ။ ထူးခြားချက်တွေ့လျှင် မတွေ့ ကြောင်းမှတ်တမ်းတင်ပါ။
ကျမ်းစာတစ်ပိုဒ်ပြီးတိုင်း မှတ်ထားသော ကျမ်းချက်ကို နှလုံးသွင်းပါ။
ကျင့်စဉ် (၂) ပို၍ ကောင်းမြတ်သောခရစ်ယာန်
အသက်တာရစေရန်။ ကျင့်စဉ်စရန် ဆုတောင်းခြင်း (ပင့်ဖိတ်ခြင်း)။
ထာဝရဘုရားသခင်ထံမှ ကျွန်တော်/ကျွန်မအတွက်စေလွှတ်တော်မူ သောသန့်ရှင်းဝိညာဉ်တော် ဘုရား။ ။
ကျွန်တော်/ကျွန်မအား ဥပဇ္ဈာယ်ဆရာအနေနှင့် ဉာဏ်အလင်းပေးပြီး ကူညီခဲ့သဖြင့် ကျေးဇူးတင်ပါ၏။ ရရှိသောဉာဏ်အလင်းဖြင့်ပို၍ကောင်းမြတ်
သောခရစ်ယာန်အသက်တာ ရရှိနိုင်စေရန်ကျင့်ကြံအားထုတ်ရာတွင် လိုအပ် မည်ဖြစ်သော ဝိညာဉ်ခွန်အားနှင့်သတ္တိကို ပေးသနားရန် ရိုသေလေးစားစွာ
တောင်းခံအပ်ပါသည်။ ကျေးဇူးတင်ပါ၏ဘုရား။ ။ ကျမ်းစာဖတ်ခြင်း၊
ရှာဖွေလေ့လာဆင်ခြင်ရန် ဖတ်ခြင်းဖြစ်၍ ဖြည်းဖြည်းအာရုံစိုက်၍ ဖတ်ပါ။ တစ်နေ့အခန်းကြီး တစ်ခန်းဖတ်ပါ။ ဖတ်ရန်ကျမ်းစာများ။
(၁) ရှင်ယောဟန်ခရစ်ဝင်ကျမ်း (၂) ဆာလံကျမ်း။
(၃) ဓမ္မဟောင်းကျမ်း။ ရှာဖွေ၊ လေ့လာ၊ ဆင်ခြင်ခြင်း။ (က) ယနေ့ဖတ်ခဲ့သော ရှင်ယောဟန်ခရစ်ဝင်ကျမ်း၊ အခန်းကြီးသည်
သခင်ခရစ်တော်၏ (၁) ဇာတိတော်။ (၂) ဘုန်းအသရေတော်။
(၃) အံ့ဩဖွယ်နိမိတ်လက္ခဏာ (ဘုန်းတော်ကိုထင်ရှားစေခြင်း) (၄) ထာဝရဘုရားသခင်၏ သားတော်ဖြစ်ကြောင်း ဝန်ခံခြင်း။
ဖွင့်ဟမိန့်တော်မူချက်။ ။
ခရစ်တော်ကိုကိုယ်တိုင် မိမိကိုယ်ကို ရည်ညွှန်းမိန့်တချက်။ (၇) ပီပြင်သောဂတိတော်။ ။ (၈) ပြခဲ့သောပုံသက်သေတို့ အထဲမှမည်သည့်အချက်ကို ဖေါ်ပြ
သနည်း။ ။ (ခ) ယနေ့ဖတ်ခဲ့သော ဆာလံကျမ်းသည် ထာဝရဘုရားသခင်၏
ဂုဏ်တော်များဖြစ်သော(၁) အနန္တတန်ခိုးရှင်ဘုရား။ အသာခ နိုင်ပါ (၂) အနန္တဉာဏ်တော်ရှင်ဘုရား။ ဒီ (၃) အနန္တမေတ္တာတော်ရှင်ဘုရား။ တပ် ယုံကြည်ကိုးစားထိုက်သောဘုရား။
။ အားကိုးခိုလှုံထိုက်သောဘုရား။
မိဿဟာယဖွဲ့နိုင်သောဘုရား။ (၇) ကောင်းကျိုးချမ်းသာကို ပေးနိုင်သောဘုရား မည်သည့်
ဂုဏ်တော်ကို ချီးမွမ်းထောမနာပြုသနည်း။ (ဂ) ယနေ့ဖတ်ခဲ့သော ဓမ္မဟောင်းကျမ်းစာ၊ အခန်းကြီးတွင်(၁) ဤကမ္ဘာလောကကြီး၏ သစ္စာတော်(ဝါ)သမ္မာတရားဖြစ်သော
ထာဝရဘုရားသခင်၏ ဘုန်းတန်ခိုးအာနုဘော်နှင့် စိုးပိုင်သောအခွင့်တော် အာဂပေမေတ္တာတော်၊ ဂရုဏာ တော်နှင့်ကျေးဇူးတော်။
(၂) ဤကမ္ဘာလောကကြီးအား ထာဝရဘုရားသခင် ဖန်ဆင်း
ခြင်း၏ရည်ရွယ်ချက်၊ အကြံအစည်တော်နှင့် လူတို့အပေါ်
ထားရှိသော ဘုရား သခင်၏ဆန္ဒ (အလိုတော်)။ (၃) ထာဝရဘုရားသခင်၏ စကားတော်(အလိုတော်)ကို
နားထောင်(နာခံလိုက်လျှောက်)သဖြင့်ရရှိသော ကောင်းကြီး မင်္ဂလာ (ကောင်းကျိုးချမ်းသာ)၊ နားမထောင်သဖြင့် ခံရသော
အပြစ်ဒါဏ် (ကျိန်ဆိုခြင်း)။ ၄င်းတို့ကို သက်သေခံသော သာဓကများဖြင့် မည်သည့်အချက်ကို ဖေါ်ပြသနည်း။ ။ ကျင့်စဉ်ရပ်နားရန် ကျေးဇူးတော်ချီးမွမ်းခြင်း။
ကောင်းကင်ဘုံ၌ ရှိတော်မူသော ကျွန်ုပ်တို့အဘ ထာဝရဘုရားသခင်။
ကျွန်ုပ်တို့အတွက် သန့်ရှင်းသောဝိညာဉ်တော် စေလွှတ်ပေးသည့် အတွက် ကျေးဇူးတင်ပါ၏။ အဘ။ အာမင်း။ ။ မှတ်ချက်
လေ့လာတွေ့ရှိချက်များကို ဝိညာဉ်ရေးရာ နေ့စဉ်မှတ်တမ်းစာအုပ် တွင်ကျမ်းစာ၊ အခန်းကြီးနှင့်တွေ့ရှိချက် အကျဉ်းချုပ်ကို မှတ်တမ်းတင်ပါ။
နိဂုံး
ဘုရားသခင်သည် သမ္မာကျမ်းစာကို ကျွန်ုပ်တို့အတွက်ပေးထားသည့် ရည်ရွယ်ချက်မှာ ဘုရားသခင်ကိုသိပြီး၊ ဤလောက၌ အသက်ရှင်စဉ်၊ ကိုယ် တော်၏အလိုကို လိုက်နာဆောင်ရွက်ရန်ဖြစ်သည်။
ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်ပြီးလေ့လာဆင်ခြင်ခြင်း ဘုရားသခင်၏ အသံတော်ကိုနားထောင်ပြီး၊ အလိုတော်အတိုင်း လုပ်ကိုင်
ဆောင်ရွက်မှသာပို၍ ကောင်းမြတ်သော ခရစ်ယာန်အသက်တာကို လျှောက် လှမ်းနိုင်မည်ဖြစ်ပေသည်။ စားကြည့်မှ အရသာသိသည်။ လုပ်ကြည့်မှ သိမြင်သဘောပေါက်သည်။
မေတ္တာတော်ရှင်ထာဝရဘုရားသခင်ထံမှ ကြွယ်ဝသောကောင်းကြီး မင်္ဂလာရရှိခံစားနိုင်ပြီး၊ ပို၍ကောင်းမြတ်သော ခရစ်ယာန်အသက်တာကို လျှောက်လှမ်းနိုင်ကြပါစေ။
မြအေး(လေ့လာသူခရစ်ယာန်)
ပတ္ထနာတော်မှ ကျွန်ုပ်ရခဲ့သော
ဉာဏ်ပညာအလင်း
စကားဦး
Dr. Billy Graham ၏ “The Secret of Happiness.” စာအုပ်ကို လေ့လာစဉ်က၊၎င်းစာအုပ်၏နိဒါန်းတွင်”The more I read them, meditated on them and studied them” ဟုတွေ့ရှိသဖြင့် meditate စာလုံးကိုစိတ်ဝင်စား ခဲ့ပါသည်။ ၄င်းစာလုံး၏အနက်အဓိပ္ပါယ်ကို၊ အင်္ဂလိပ်မြန်မာအဘိဓာန်တွင်၊ “စဉ်းစား ဆင်ခြင်သည်။ ဘာဝနာစီးဖြန်းသည်” ဟူ၍လည်းကောင်း။ အင်္ဂလိပ်သမ္မာကျမ်းစာ၊ ဆာလံအခန်းကြီး ၁၊ ငယ် ၂တွင် meditate ဟုသုံးထားသောကျမ်းစကားကို ဆရာကြီး ၊ ယုဒသန်က ဆင်ခြင်အောက်မေ့သည်ဟု ဘာသာပြန်ထားသည်ကိုလည်းကောင်း၊ တွေ့ရပါသည်။ “Reason” စာလုံး၏အနက်အဓိပ္ပါယ်မှာလည်း၊ “ဆင်ခြင်စဉ်းစား သည်ဟုတွေ့ရပါသည်။ ၄င်း“စဉ်းစားဆင်ခြင်ခြင်းနှစ်မျိုးကို ကွဲပြားရန်လေ့လာရာတွင် ဘာဝနာစကားလုံးသည် အဓိကကျသည်ဟု သဘောပေါက်သဖြင့်၊ ၄င်းစာလုံး၏ အနက်အဓိပ္ပါယ်ကိုရှာဖွေရာတွင် –
ဘာဝနာမယဉာဏ် ဤကမ္ဘာလောကကြီး၏ သစ္စာတရားအား၊ တရားဓမ္မ များကို မိမိကိုယ်တိုင်နက်ရှိုင်းစွာ အာရုံစိုက်၍ ကြိုးစားရှာဖွေရာမှရသော ပညာဉာဏ်။ သင်ယူ၍မရ၊ တွေးကြည့်၍မသိသောပညာ။ ၄င်းဉာဏ်ပညာကိုရအောင်ကြိုးစား ရာတွင် တရားဓမ္မများ၏ အနက် အဓိပ္ပါယ်(သိ၊ နားလည်၊ သဘောပေါက်စေလိုသည့် အချက်အလက်၊ အကြောင်းအရာ) ကိုသိမြင်ခြင်းမရှိလျှင်၊ ဓမ္မာစရိယ (တရားဓမ္မကို နားလည်သိကျွမ်းသည်ဟု အသိအမှတ်ပြုခြင်း ခံရသောပုဂ္ဂိုလ်)၏ အထောက်အကူ ရနိုင်သည် ဟု တွေ့ရသဖြင့် “meditate” သည် “ဘာဝနာမယဉာဏ်” ဖြင့် စဉ်းစား ဆင်ခြင်သည်ဟု သဘောပေါက်ရပါသည်။
ခရစ်ယာန်ဆင်ခြင်အောက်မေ့ခြင်း (meditation) သည်(ယော ၁၆း၁၃၁၅)ကျမ်းစကားအရ၊ ခရစ်ယာန်များဉာဏ်ပညာရရှိရန် အထောက်အကူပေးမည့် ဥပဇ္ဈာယ်ဆရာ၊သန့်ရှင်းသောဝိညာဉ်တော်ရှိသည့်အတွက်၊ထာဝရဘုရား၏နှုတ်ကပတ်
တော်မှ တပါးသောဥပဇ္ဈာယ်ဆရာ၊ သန့်ရှင်းသောဝိညာဉ်တော်၏ အထောက်အကူဖြင့် ရသောဓမ္မဉာဏ်အလင်းဖြင့် တွေးခေါ် စဉ်းစားဆင်ခြင်ခြင်းဖြစ်သည်ဟု သိမြင်ရပါ သည်။ ။
သန့်ရှင်းသောဝိညာဉ်တော်သည် နာမ်ဝိညာဉ်ဖြစ်၍ နှုတ်ဖြင့်သွန်သင်၊ သင်ပြ လိမ့်မည်မဟုတ်ပါ။ စက္ခုအာရုံဖြင့်လည်းကောင်း၊ သောတအာရုံဖြင့် လည်းကောင်း၊
မနောအာရုံသို့ပေးပို့လောက်ကူတတ်သည်ဖြစ်၍ မိမိဖတ်မိသော စာပေများ။ ဓမ္မပညာတွင် နှံ့စပ်ကျွမ်းကျင်သော ဓမ္မပညာရှင်၏သွန်သင်၊ သင်ပြ ရှင်းလင်းချက်များ။ ။ ဝေမျှချင်သောဆန္ဒပြင်းပြသော တပည့်တော်များ၏ ဝေမျှချက်များတို့ တွင် သမ္မာသတိကြီးစွာထား၍ ရယူပြီး (မဿဲ ၁၃း၁၈-၂၃)ကျမ်းစကားအရ နှလုံးသွင်း၍ အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာ၊ ပွားများစေခြင်းဖြစ်သည်ဟု သဘောပေါက်ရပါသည်။
စကားချီး
သခင်ခရစ်တော်၏ ပဓါနတရားတော်ဖြစ်သည့် “တောင်ပေါ်ဒေသနာတရား “၏ နိဒါန်းဖြစ်သော (မဿဲ ၅း၁-၂)တွင် “ထိုသူအပေါင်းတို့ကိုမြင်လျှင်၊ ကိုယ်တော်သည် တောင်ပေါ်သို့တက်၍ ထိုင်တော်မူသည့်အခါ တပည့်တော်တို့သည် ကိုယ်တော်ရင်းသို့ ချဉ်းကပ်ကြ၏။ ထိုအခါနှုတ်တော်ကိုဖွင့်၍ တပည့်တော်တို့အား ဆုံးမဩဝါဒပေးတော်မူသည်မှာ-”ဟု တွေ့ရပါသည်။ ၄င်းကျမ်းစကားတွင် “ထိုင်တော် မူသည့်အခါ” နှင့် “နှုတ်တော်ကိုဖွင့်၍” ဟုထူးခြားစွာ သုံးနှုန်းထားသည်ကို တွေ့ရသဖြင့် ထိုစကားများနှင့်ပတ်သက်၍ ရှာဖွေလေ့လာခဲ့ပါသည်။
ဆရာကြီးသံလျင်ဖေသွင်၏“ခရစ်တော်၏မင်္ဂလာတရားတော် အနက်ဖွင့် ကျမ်းစာအုပ်”တွင်၊ “ဂျူးလူမျိုးရှိဆရာတစ်ဦးသည် သူ၏တပည့်တပန်းများနှင့်အတူ လမ်းလျှောက်ရင်း စကားစမည်ပြောလေ့ရှိသည်။ သို့သော်ဆုံးမတော့မည့် ဩဝါဒ စကားကိုတပည့်များက အသေအချာနားထောင်ကြရန်အတွက် တစ်နေရာတွင် ထိုင်ချလေ့ရှိသည်။ စနစ်တကျသွန်သင်ဆုံးမတော့မည်ဆိုလျှင်၊ ဆရာဖြစ်သူက ဤသို့ ထိုင်လေ့ရှိသည်မှာ ဂျူးလူမျိုးတို့၏ ထုံးစံဓလေ့ဖြစ်သည်။ ထို့ကြောင့်“တောင်ပေါ် ဒေသနာ”ကို နိဒါန်းပျိုးရာတွင် ရှင်မသဲက “ကိုယ်တော်သည် ထိုင်လျက်ဟောပြော သွန်သင်သည်ဟု ရေးလိုက်သောအခါ ကိုယ်တော်အနေနှင့်အလ္လာပသလ္လာပစကားမျိုး ကိုပြောဆိုနေသည်မဟုတ်။ အလွန်တရာမှပင်အရေးကြီးလှသော တရားတော်တစ်ပုဒ် ကိုဟောတော့မည်ဖြစ်ကြောင်း ဖော်ပြခြင်းဖြစ်သည်ဟုလည်းကောင်း၊ ဂျူးလူမျိုးတို့၏ ထုံးစံဓလေ့အရ “နှုတ်ကိုဖွင့်၍ ပြောဆိုသည်”ဟူသော စကားလုံးပါလာလျှင် အရေးကြီး လေးနက်သော စကားကိုပြောဆိုတော့မည်ဖြစ်ကြောင်း။ ထိုစကား၏နောက်ပိုင်းတွင် ပါလာမည့်စကားတို့သည် လျစ်လျူရှု၊ ပေါ့ပေါ့ဆဆမထားသင့်ကြောင်းသတိပေး စကားဖြစ်သည်ဟုလည်းကောင်း၊ တွေ့ရှိရသဖြင့် သခင်ယေရှု၏ ပဓါနတရားတော်တွင် ပါဝင်သောပတ္ထနာတော်ကို လေးလေးနက်နက်ဆင်ခြင်အောက်မေ့ခဲ့ပါသည်။
ပတ္ထနာတော်သည် စံနမူနာဆုတောင်းအဖြစ်သခင်ယေရှုပေးထားသော်လည်း တောင်ပေါ်ဒေသနာတွင် ထည့်သွင်းထားသောကြောင့် ၄င်းတွင်ထူးခြားချက်ရှိရမည်။ ဟုစဉ်းစားဆင်ခြင်မိသဖြင့် လေ့လာရာတွင် သမ္မာကျမ်းစာအဘိဓာန်၌ “ပတ္ထနာတော်၌ ပါသော စကားအသုံးအနှုန်းအချို့တို့သည် ထိုခေတ်ကာလယုဒကျမ်းစာများ၌ရှိပြီး ဖြစ်သည်။ သို့ရာတွင် ကိုယ်တော်မြတ်၏ ဒေသနာဟု ထူးခြားစေသောအရာမှာ ၎င်းပတ္ထနာ၏လွယ်ကူရှင်းလင်းပုံနှင့် ခပ်သိမ်းသောသဘောကို အကျုံးဝင်နိုင်ပုံဖြစ် လေသည်”ဟု တွေ့ရှိရပါသည်။ ။
၎င်းပတ္ထနာတော်ကို စံနမူနာဆုတောင်းအနေနှင့်သခင်ယေရှုပေးထားသော် လည်း၎င်းဆုတောင်းချက်များတွင် လောကီသားများတောင်းတတ်သော ဆုတောင်း ချက်များဖြစ်သည့် စည်းစိမ်ချမ်းသာခြင်း၊ လောကီပညာတိုးပွားခြင်း၊ စီးပွားရေး
အောင်မြင်ခြင်းအစရှိသော လောကီမှုများရစေရန် တောင်းခံချက်တခုမှမပါကြောင်း တွေ့ရသဖြင့်အလွန်ထူးခြားချက်ရှိသော ဆုတောင်းတစ်ခုဖြစ်ကြောင်း သတိထားမိ ပါသည်။ ။
၄င်းဆုတောင်းပုံစံကို ဆင်ခြင်သောအခါ “ဆုတောင်းပတ္ထနာပြုသည်”ဟူသော စကားကိုသတိထားမိသဖြင့် ဆင်ခြင်အောက်မေ့ရာတွင်၊ သမ္မာကျမ်းစာတွင် လေ့လာ တွေ့ရှိရချက်များအရ ဆုတောင်းပတ္ထနာပြုခြင်းသည် “ထာဝရဘုရားသခင်၏ ဘုန်းအသရေတော်ကို အသိအမှတ်ပြု အလေးအမြတ်ထား၍ တောင်းလျှောက်ခြင်း ၊ ဖြစ်သည်”ဟုလည်းကောင်း။ ။
ရှင်ယာကုပ်ဩဝါဒစာအနက်ဖွင့်ကျမ်းတွင် “ဆုတောင်းရာတွင် ထိရောက်မှု ရှိစေရန် ပုံစံကျဖို့တော့လိုသည်” သူတော်ကောင်းဆုတောင်း၍ အရှိန်ကြီးသော ပဌနာ သည်အလွန်တန်ခိုးပါ၏(ယာကုပ် ၅း၁၆) “The effectual fervent prayer of a righteous man availeth much “[James 5;16] ကျမ်းစကားကို “သန့်ရှင်းသူ(ဝါ) ထာဝရဘုရားသခင်နှင့် မိဿဟာယဖွဲ့နိုင်သူတစ်ဦး၏ စိတ်အားထက်သန်စွာ တောင်းခံ သောဆုတောင်းသည် အလွန်ထိရောက်အကျိုးဖြစ်ထွန်းစေသည်” ဟုလည်းကောင်း။
“ဆုတောင်းခြင်းသည် ဘုရားသခင်၏ ဘုန်းတန်ခိုးနှင့်တွေ့ဆုံဆက်ဆံမိခြင်း ထက်လျော့နည်းသောအရာမဟုတ်။ အသက်တာ၏ ဒုက္ခဆင်းရဲခြင်းများနှင့် ပြဿနာ များကိုကိုင်တွယ်ဖြေရှင်းပေးရန် ဘုရားသခင်၏ဘုန်းတန်ခိုးနှင့် မေတ္တာဂရုဏာတော် တို့ကိုတဆင့်လမ်းသွယ်ပေးသော လမ်းကြောင်းဖြစ်သည်။ ထို့ကြောင့် လူသားများ အပေါ် ဘုရားသခင်၏ ဂရုဏာတော်နှင့်ဘုန်းတန်ခိုးစွမ်းအင်ကို ကျရောက်စေခြင်းငှာ၊ ဆုတောင်းခြင်းဖြင့် စွမ်းဆောင်ကြရမည်”ဟုလည်းကောင်း၊ လေ့လာတွေ့ရှိရပါသည်။
ထိုလေ့လာတွေ့ရှိရချက်များကို အခြေခံ၍ ဆင်ခြင်အောက်မေ့သောအခါ “သူတစ်ပါးတို့သည် သင်တို့၏ကောင်းသောအကျင့်ကိုမြင်၍ ကောင်းကင်ဘုံ၌ရှိတော် မူသောသင်တို့အဘ၏ ဂုဏ်တော်ကိုချီးမွမ်းစေခြင်းငှာ၊ သူတပါးရှေ့၌ သင်တို့အလင်းကို လင်းစေကြလော့” (မဿဲ ၅း၁၆) ကျမ်းစကားဖြင့် စေခိုင်းချက်ကို အကောင်အထည် ဖော်ရာတွင် အလွန်လိုအပ်မည်ဖြစ်သော ဉာဏ်ပညာ၊ ဝိညာဉ်ခွန်အားနှင့်သတ္တိကို
တောင်းခံရန် စံနမူနာပေးကြောင်းသဘောပေါက်လာသဖြင့် သခင်ယေရှု၏ အနန္တ ဉာဏ်တော်ကို သိမြင်လာပြီး အလွန်အားရဝမ်းမြောက်မိသောစိတ်ဖြင့် ဝေမျှလိုက် ပါသည်။
ကောင်းကင်ဘုံ၌ရှိတော်မူသော အကျွန်ုပ်တို့၏အဘ။
ပတ္ထနာတော် အား ဒေသနာတော်တရားတစ်ပုဒ် အနေနှင့် ဆင်ခြင် အောက်မေ့ရာတွင်၊ ၄င်း၏ပင့်ဖိတ်ခြင်းနာမတော်ကို ပထမဦးစွာ သတိပြုမိပါသည်။
ဓမ္မဟောင်းကျမ်းတွင် ပင့်ဖိတ်ခြင်းနာမတော်အနေဖြင့်၊ “ကောင်းကင်နှင့် ၊ မြေကြီးရှင်၊ အမြင့်ဆုံးသောဘုရားသခင်” “အရှင်ထာဝရဘုရား”၊ “ကောင်းကင်ဘုံ၌ ရှိတော်မူသောဘုရားသခင်” “ကောင်းကင်ဘုံ ရှင်ထာဝရဘုရားသခင်” ဟု အလေးအမြတ်ထား၍ ပင့်ဖိတ်ဆည်းကပ်ခဲ့သည်ကို တွေ့ရပါသည်။ ။
သခင်ယေရှု သွန်သင်ဟောကြားသည့် “တောင်ပေါ်ဒေသနာတရားတော်” မှစ၍ “သင်၏ဘုရားသခင်ထာဝရဘုရား” မှ “သင်၏အဘ”ဟူ၍လည်းကောင်း၊ “ကောင်းကင်ဘုံ ရှင်ထာဝရဘုရားသခင်” မှ “ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ” ဟုပြောင်းလဲခဲ့ကြောင်း သတိထားမိပါသည်။ ယင်းကဲ့သို့ ပြောင်းလဲ သုံးနှုန်းခြင်းတွင် ထူးခြားချက်ရှိရမည်ဟု ဆင်ခြင်မိသဖြင့် ရှာဖွေလေ့လာခဲ့ပါသည်။
“အဘ”ဟူသော ကျမ်းစကားနှင့်ပတ်သက်၍ ရှာဖွေလေ့လာရာတွင်၊ ဓမ္မဟောင်းကျမ်းစာတွင် ဖော်ပြသော “အဘ”သည် “လူကိုဖန်ဆင်းဖြစ်ပွားစေပြီး၊ လူ၏လိုအပ်ချက်အလုံးစုံတို့ကို တာဝန်ယူသောအရှင်” ဟု ညွှန်ပြသော နာမတော်ဖြစ်
ကြောင်းတွေ့ရပါသည်။ ဓမ္မဟောင်းကျမ်းစာပညာရှင်ကြီး ဂျယ်ရီမိုင်းရပ်(စ်)က၊ ဂျူးလူမျိုးတို့၏ စာပေကျမ်းဂန်တွင်၊ ဘုရားသခင်အား “အဗ္ဗအဘ” ဟုခေါ်ဆိုနိုင် ကြောင်း ရေးသားပြုစုထားသော စာပေလုံးဝမတွေ့ရကြောင်း ဝန်ခံချက်ရှိပါသည်။
ဂေသရှေမန်ဥယျာဉ်၌ သခင်ယေရှု ဆုတောင်းသောအခါ၊ ဘုရားသခင်အား “အဗ္ဗခမည်းတော် (Abba, Father)” ဟုခေါ်ခဲ့ကြောင်း (မာကု ၁၄း၃၆) တွင်လည်းကောင်း၊ ခရစ်ယာန်များအနေနှင့် ထာဝရဘုရားသခင်ထံ ဆုတောင်းလျှင် “အဗ္ဗအဘ”ဟု ခေါ်ဆိုနိုင်ကြောင်း [ရောမ ၈း၁၅၊ ဂလာတိ ၄း၆] တို့တွင် ဖေါ်ပြထား သည်ကိုလည်းကောင်း တွေ့ရပါသည်။
၄င်းကျမ်းစကားအား သမ္မာကျမ်းစာအဘိဓာန် ရှာဖွေလေ့လာရာတွင်၊ “အဗ္ဗ” သောအမည်သည်၊ ဟေဗြဲခလေးတစ်ယောက်က သူ၏ဖခင် အားခေါ်သော စကားလုံးဖြစ်သည်။ ကျွန်များအစေခံများသည် အိမ်ထောင်မှူးကို ဤအမည်ဖြင့် ခေါ်ခွင့်မရချေ။ ၄င်းစကားလုံး၏ အဓိပ္ပါယ်လေးနက်၏။ ၄င်းစကားလုံး၏ အဓိပ္ပါယ်ကို မြန်မာဘာသာဖြင့် စုံလင်အောင်ဖေါ်ပြရန်မစွမ်းချေ။ ၄င်းစကားလုံး၌ ချစ်ခင်ခြင်း၊ ယုံကြည်စိတ်ချခြင်း၊ နှိမ့်ချညွတ်ကျိုးခြင်းနှင့်တကွ ရင်းနှီးစွာဆက်ဆံခြင်းတည်းဟူသော အဓိပ္ပါယ်များရှိသည်” ဟု တွေ့ရပါသည်။ ။
ဤလေ့လာတွေ့ရှိရချက်များကို အခြေခံ၍ ပတ္ထနာတော်၏ ပင့်ဖိတ်ခြင်းအပုဒ် ကို ဆင်ခြင်အောက်မေ့ရာတွင် –
အကျွန်ုပ်တို့ ကိုးကွယ်ဆည်းကပ်သော ထာဝရဘုရားသခင်သည်
အလွန်သန့်ရှင်းမြင့်မြတ်စုံလင်တော်မူသည့်၊ အလုံးစုံကို တတ်နိုင်တော် မူသော အနန္တတန်ခိုးရှင်ဖြစ်သော်လည်း ခရစ်ယာန်များအနေဖြင့်
“အဗ္ဗအဘ” ဟု ခေါ်ဆို ခွင့်ပြုထားသော ဘုရားသခင်ဖြစ်ကြောင်း။
“အဗ္ဗအဘ”ဟု ခေါ်ဆိုခွင့်ပြုထားသော်လည်း၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော ဘုရားသခင်ဖြစ်၍ အကျွန်ုပ်တို့က ရိုသေလေးမြတ်ခြင်း
(ဝါ) ကြောက်ရွံ့ခြင်းရှိရမည်ဖြစ်ကြောင်း။
ပတ္တနာမြွက်ဆိုသူက “အဘ”ဟုခေါ်ဆိုလိုက်သဖြင့် ခေါ်သူအနေဖြင့် မိမိအဘကို ရိုသေရမည့်ဝတ္တရား၊ စကားနားထောင်ရမည့်ဝတ္တရား၊
ကျေးဇူးဆပ်ရမည့်ဝတ္တရားများရှိလာကြောင်း။
ကောင်းချီးမင်္ဂလာကို လိုချင်သောသားသမီးများဖြစ်ပါက၊ အဘ၏
စကားကို နာခံလိုက်လျှောက်ရမည်ဖြစ်ကြောင်း။ သိမြင်နားလည်သဘောပေါက်လာပါသည်။
နာမတော်အား ရိုသေလေးမြတ်ခြင်း ရှိပါစေသော။
ပတ္ထနာတော်၏ ပထမဆုတောင်းချက်ဖြစ်သော “နာမတော်အား ရိုသေလေးမြတ်ခြင်း ရှိပါစေသော” ကို ဆင်ခြင်အောက်မေ့ရာတွင် “နာမတော်” ဟူသော ကျမ်းစကားကို သတိထားမိပါသည်။
၄င်းကျမ်းစကားနှင့်ပတ်သက်၍ ရှာဖွေလေ့လာရာတွင်၊ ဓမ္မဟောင်းကျမ်းစာ၌ ကိုယ်တော်ရှင်၏ဘွဲ့နာမတော်အနေဖြင့်၊ “ဧလိုဟင်” (ဖန်ဆင်းရှင်)ဟူ၍လည်းကောင်း၊ “ယွန်” (အမြင့်ဆုံးသောဘုရား)ဟူ၍လည်းကောင်း၊ “ဧလယော” (မြင်တော်မူသော အရှင်)ဟူ၍လည်းကောင်း၊ “အဲဒိုနိုင်” (ထာဝရအရှင်)ဟူ၍လည်းကောင်း၊ ယေဟောဝါ (ဝါ) ယာဝေ (ငါဖြစ်သည့်အတိုင်းငါဖြစ်သည် (ဝါ)ငါဖြစ်သည်) ဟူ၍လည်းကောင်း၊
တွေ့ရပါသည်။ ဘွဲ့နာမကွဲပြားသော်လည်း ၄င်းဘွဲ့နာမများသည် အလွန်သန့်ရှင်း မြင့်မြတ်စုံလင်တော်မူ၍ အလုံးစုံကိုပေးပိုင်သော အနန္တတန်ခိုးရှင် ထာဝရဘုရားသခင် အား ကိုယ်စားပြုသည့် နာမတော်ဖြစ်ကြောင်းကိုလည်းကောင်း။
ထာဝရဘုရားသခင်၏ ပညတ်တော် (၁၀)ပါးမှ တတိယပညတ်ဖြစ်သော “သင်၏ဘုရားသခင် ထာဝရဘုရား၏ နာမတော်ကို မုသားနှင့်ဆိုင်၍ မမြွက်ဆိုနှင့် ဖြင့် ပညတ်ထားသည်ကို တွေ့ရပါသည်။ ၄င်းကျမ်းစကား၏အနက်အဓိပ္ပါယ်ကို ဆရာကြီးသံလျှင်ဖေသွင်၏ “ပညတ်တော်(၁၀)ပါးအနက်ဖွင့်ကျမ်း” တွင် “ဤပညတ် သည် ဘုရားသခင်၏ နာမတော်ကို မရိုးမသား၊ မဖြောင့်မတ်ဘဲ၊ မလေးမစား ၊ ကပျက်ကချော်၊ ပေါ့ပေါ့ဆဆ၊ အကျိုးမဲ့အချည်းနှီးသက်သက်အသုံးပြုခြင်း၊ မြွက်ဆိုခြင်း ၊ ကိုတားမြစ်သည့် ပညတ်ဟူ၍ ဆို ရမည်။ ပြောင်းပြန်ဆို ရလျှင် ဘုရားသခင်၏ နာမတော်ကို ရိုသေလေးစားကိုင်းရှိုင်းကြရေးအတွက် ဤပညတ်ကိုပေးထားခြင်းဖြစ်၏ ဟုလည်းကောင်း။ ။
(ဆာလံ ၉း၁၀)တွင် ဆာလံဆရာက “နာမတော်အား သိသောသူတို့သည် ကိုယ်တော့ကိုယုံကြည်ပါလိမ့်မည်” ဟု ထောမနာပြုခဲ့သည်ကို တွေ့ရသဖြင့်၊ ယုံကြည်
ခြင်းကို အခြေခံသော၊ ခရစ်ယာန်ဘာသာတွင် ကိုယ်တော်၏နာမတော်သည် ပဓာနကျသောအချက်ဖြစ်ကြောင်း နားလည်ရပါသည်။ ၄င်းအချက်ကို ဆင်ခြင်
အောက်မေ့ရန် လေ့လာရာတွင်၊ ဟေဗြဲ(ဂျူး)လူမျိုး၏ နံမည်ပေးစနစ်သည် နံမည်အား သညာတစ်ခုအနေနှင့်သာမဟုတ်၊ နံမည်ကြားသိရုံဖြင့် နာမည်ရှင်၏ ဇာတိ၊ စရိုက်၊ ဂုဏ်ပုဒ်များကို ပေါ်လွင်အောင် မှည့်တတ်ကြကြောင်း။ ထူးခြားချက်ရှိသော ဂုဏ်ပုဒ် များရှိပါက၊ ၄င်းထူးခြားချက်ကို ပူးတွဲ၍ဖော်ပြလေ့ရှိကြောင်း သိရှိရပါသည်။ သမ္မာကျမ်းစာတွင် ဗတ္တိဇံဆရာယောဟန်၊ တမန်တော်ကြီးယောဟန်၊ အသက်ကြီးသူ
ယောဟန်၊ တမန်တော်ကြီး ပေတရု၊ တမန်တော်ကြီးပေါလု၊ ကယ်တင်ရှင်ယေရှု၊ သခင်ယေရှု စသော နံမည်များကို တွေ့ရသဖြင့် နားလည်သဘောပေါက်ရပါသည်။ ဘုန်းအသရေတော်ကို ဖော်ပြ၍ ဟေဗြဲလူမျိုး၏ နံမည်ပေးစနစ်ဖြင့်ပေးထားသော ကိုယ်တော်ရှင်အား ကိုယ်စားပြုသည့် နာမတော်အား အထွဋ်အမြတ်ထား၍ ရိုသေကိုင်းရှိုင်းခြင်းရှိရမည်ဟုလည်းကောင်း။
သမ္မာကျမ်းစာတွင် ကိုယ်တော်ရှင်၏ ဘုန်းအသရေတော်ကို ဖော်ပြသည့် ဘုန်းတော်ဘွဲ့နာမတော်များသာမက၊ ဂုဏ်တော်ကို ဖော်ပြဂုဏ်ပြုသော ဂုဏ်တော်ဘွဲ့ နာမတော် (၃၀)ကျော်နှင့် ဥပမာနှင့် ရည်ညွှန်းတင်စားဂုဏ်ပြုသော နာမတော်များစွာ ကိုလည်း တွေ့ရှိရပါသည်။ ၄င်းဂုဏ်တော်ဘွဲ့နာမများသည် လောကီဒုက္ခဆင်းရဲကြောင့် စိတ်သောကရောက်နေသူများ၏ ဆုတောင်းပတ္ထနာပြုခြင်းကို ကူညီမစခဲ့သော ကိုယ်တော်ရှင်၏ ဘုန်းအသရေတော်၊ အာဂပေမေတ္တာတော်၊ ဂရုဏာတော်နှင့်၊
ကျေးဇူးတော်တို့ကို ခံစားသိမြင်ရသောသူများ၏ နှလုံးသားတွင် ဖြစ်ပေါ်လာသော ကြည်ညိုသဒ္ဓါစိတ်ကို ရင်တွင်း၌ သိမ်းဆည်းထားရန် မတတ်နိုင်တော့၍ နှုတ်ဖြင့် မြည်တမ်းထောမနာပြုသော နာမတော်များဖြစ်ကြောင်းကိုလည်းကောင်း၊ လေ့လာ တွေ့ရှိရပါသည်။
ဤလေ့လာတွေ့ရှိချက်များကို အခြေခံ၍ ပတ္ထနာတော်၏ ပထမ ဆုတောင်းချက်ကို ဆင်ခြင်အောက်မေ့ရာတွင် –
အလွန်သန့်ရှင်းမြင့်မြတ် စုံလင်တော်မူ၍ အလုံးစုံကိုပေးပိုင်သော
အနန္တတန်ခိုးရှင်ထာဝရဘုရားသခင်ကို ကိုယ်စားပြုသော နာမတော်
ဖြစ်၍ အထွဋ်အမြတ်ထားပြီး ရိုသေကိုင်းရှိုင်းမှု ရှိရမည်ဖြစ်ကြောင်း။
လောကီဒုက္ခဆင်းရဲကြောင့်စိတ်သောကရောက်နေချိန်တွင် အားကိုး ခိုလှုံထိုက်သောဘုရား၊ လောကီ၊ လောကုတ္တရာအသက်တာအတွက် အာမခံချက်ရှိသဖြင့် ဥဿုံ ယုံကြည်ကိုးစားထိုက်သောဘုရား ဖြစ်ကြောင်း ဖော်ပြသောနာမတော်ဖြစ်၍ လေးမြတ်သောစိတ်ဖြင့် ချီးမွမ်းထောမနာပြုရမည်ဖြစ်ကြောင်း။ သိမြင်သဘောပေါက်လာပါသည်။
နိုင်ငံတော်၏ တည်ထောင်ပါစေသော။
ပတ္ထနာတော်၏ ဒုတိယဆုတောင်းချက်ဖြစ်သော “နိုင်ငံတော်၏ တည်ထောင် ပါစေသော” ကိုဆင်ခြင်အောက်မေ့ရန် “နိုင်ငံတော်” ဟူသော ကျမ်းစကားနှင့် ပတ်သက်သောဖော်ပြချက်များကို ရှာဖွေလေ့လာရာတွင် –
(ဗျာဒိတ် ကျမ်း ၂၁း၁-၂၇) ဖြင့် ဖော်ပြသော စစ်မှန်သည့် “ဘုရားသခင်၏ နိုင်ငံတော်” သည် သခင်ခရစ်တော် ဒုတိယအကြိမ်ကြွလာ၍ နှစ်တစ်ထောင်အုပ်ချုပ် ပြီးနောက် လက်ရှိကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီး၍ အသစ်တဖန်ဖန်ဆင်းမည့်
ကောင်းကင်သစ်နှင့် မြေကြီးသစ်တွင် တည်ထောင်မည့်နိုင်ငံတော်ဖြစ်ကြောင်း။ ၎င်းနိုင်ငံတော်တွင် ထာဝရဘုရားသခင် ကျိန်းဝပ်တော်မူမည်ဖြစ်ပြီး၊ သခင်ခရစ်တော် စိုးမိုးအုပ်ချုပ်မည်ဖြစ်ကြောင်း၊ လူတို့သည် ပြည့်ဝစုံလင်သော အသက်တာရကြမည်။ ရေငတ်သောသူအား အသက်စမ်းရေကို အဖိုးအခမယူဘဲပေးမည်။ နောက်တဖန် သေခြင်းမရှိရ။ စိတ်သောကဖြင့် ညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ငိုကြွေးခြင်း၊ ပင်ပန်း ခြင်းစသော လောကီဒုက္ခများကင်းမည့် နိုင်ငံတော်ဖြစ်သည်။ ထာဝရဘုရား သခင်၏ တရားစီရင်ခြင်းကို အောင်မြင်၍ ထိုနိုင်ငံတော်သို့ ဝင်ခွင့်ရသော ယုံကြည်သူများသည် ထိုအရာတို့ကို အမွေခံရလိမ့်မည်။ သူတို့သည်လည်း သားသမီးများ ဖြစ်ခွင့်ရကြမည်။ မကောင်းမှုဒုစရိုက်ပြုသူများနှင့် သစ္စာပျက်သူများသည် ဒုတိယ သေခြင်းတည်းဟူသော ကန့်နှင့် လောင်သောမီးအိုင်၌ မိမိတို့ အဖို့ရကြလိမ့်မည်ဟု ကောင်းကင်မှ ကြီးသောအသံဖြင့် မိန့်တော်မူကြောင်း ရှင်ယောဟန်ဖော်ပြထားသည်ကိုလည်းကောင်း။
ဆရာကြီးသံလျှင်ဖေသွင်၏ “ရှင်ယောဟန်ခရစ်ဝင်အနက်ဖွင့်ကျမ်း” တွင် ဖော်ပြချက်အရ၊ “ကောင်းကင်နိုင်ငံတော်(ဝါ)ဘုရားသခင်၏နိုင်ငံတော်” ဟူသော သဘောထားကို သခင်ခရစ်တော်၏ ပတ္ထနာတော်မှ အကောင်းဆုံးအဖြေကို ရနိုင်ပါသည်။ ဂျူးလူမျိုးတို့၏ စာပေရေးသားဟန်မှာ မိမိတို့ဆိုလိုရင်းကို နှစ်ကြိမ်ထပ်မံ ပြောဆိုသည့်နည်းဟန်ဖြင့် ရေးလေ့ရှိသည်။ ဒုတိယဝါကျက ပထမဝါကျကို ရှင်းပြရုံ သာမက၊ ပထမဝါကျ၏ အဓိကအချက်ကို လေးနက်စေရန် ထပ်မံဖေါ်ပြလေ့ရှိသည်။
ထိုစာပေရေးဟန်ဖြင့် နိုင်ငံတော်နှင့်ပတ်သက်သော ဒွန်တွဲနေသည့် ဆုတောင်းချက် နှစ်ချက်ကိုလေ့လာဆင်ခြင်ကြည့်ကြပါစို့။ ဒုတိယဆုတောင်းချက်သည်ပထမဆုတောင်း ချက်ကို ချဲ့ထွင်အနက်ဖွင့် ရှင်းပြတည်ဆောက်ပေးလေ့ရှိရာ၊ ထိုသဘောကိုယူ၍ အနက်ဖွင့်ရသော် “ဘုရားသခင်၏နိုင်ငံတော်ဆိုသည်မှာ၊ အလိုတော်သည်ကောင်းကင် ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံသောအဖွဲ့အစည်းတရပ်ဖြစ်သည်”ဟု သဘောရလာသည်။ ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်ရောက်ရေးမှာ ဘုရားသခင်၏ အလိုတော်ကို လုံးဝဥဿုံ၊ တသွေမတိမ်းလိုက်နာသည့် အသက်တာမျိုးကို ရှင်သန်ရေး နှင့် အလိုတော်ကို အပြည့်အဝလက်ခံရေးပင်ဖြစ်သည်” ဟု လည်းကောင်း။
သမ္မာကျမ်းစာအဘိဓာန်တွင် “သခင်ယေရှုကိုယ်တော်တိုင် သင်ကြားတော်မူ သော ဩဝါဒတို့၌ ဘုရားသခင်၏နိုင်ငံတော်ကို ပဓါနပြုတော်မူ၍ နိုင်ငံတော်ကို “ငါ့ခမည်းတော်၏နိုင်ငံတော်” [မသဲ ၂၆း၂၉၊ “ငါ၏နိုင်ငံတော်” (ယော ၁၈း၃၆၊ လု ၂၂၃ဝ]ဟု အနည်းနည်း ခေါ်တော်မူခဲ့သည်။ နိုင်ငံတော်သည် ဤလောကနှင့် မသက်ဆိုင်ကြောင်း (ယော ၁၈း၃၆)။ မျက်မြင်ဖြစ်သောဤအရပ်၊ ထိုအရပ်၌မဟုတ် (လု ၁၇း၂၀)။ နိုင်ငံတော်သည် ဝိညာဉ်နှင့်သက်ဆိုင်ကြောင်း။ သခင်ယေရှု၏ အချုပ်စကားမှာ ဘုရားသခင်၏ နိုင်ငံတော်သည် သင်တို့အထဲ၌ရှိသည် (လု ၁၇၂၁) ဟုမိန့်တော်မူသဖြင့်၊ ယခုဘဝ၊ နောင်ဘဝအဖို့ နိုင်ငံတော် ခိုင်မြဲကြောင်း ထင်ရှားစေ
တော်မူပြီး ယုံကြည်သော၊ နာခံသော စိတ်နှလုံးရှိရာ အရပ်တိုင်း၌ နိုင်ငံတော် တည်သည်ဟု လည်းကောင်း။
နိုင်ငံတော်နှင့်ပတ်သက်၍ သခင်ယေရှု သရုပ်ပြသွန်သင်ခဲ့သော ပုံဆောင် ဥပမာများထဲမှ “မျိုးစေ့ကြဲသူ” ဥပမာတွင် –
“မျိုးစေ့ကြဲသောသူ၏ ဥပမာအနက်အဓိပ္ပါယ်ကို နားထောင်ကြလော့။ လမ်း၌ အစေ့ကိုကြဲခြင်းအကြောင်းအရာကား နိုင်ငံတော်၏ တရားစကားကို ကြား၍ နှလုံးမသွင်းသည်ရှိသော်၊ နတ်ဆိုးလာ၍ နှလုံး၌ကြဲသောအစေ့ကို နှုတ်ယူတတ်သည်ဟု ဆိုလိုသတည်း။ ကျောက်ပေါသောအရပ်၌ အစေ့ကိုကြဲခြင်းအကြောင်းအရာကား၊
တရားစကားကိုကြား၍ ဝမ်းမြောက်သောစိတ်နှင့် ချက်ခြင်းခံယူသော်လည်း စိတ်နှလုံး၌ အမြစ်မစွဲ၊ ခဏသာတည်သဖြင့်၊ တရားစကားကြောင့် အမှုအခင်းနှင့်ညှင်းဆဲခြင်းကို ခံရသောအခါ ချက်ခြင်းဖေါက်ပြန်တတ်သည်ဟု ဆိုလိုသတည်း။ ဆူးပင်တို့တွင် အစေ့ ကိုကြဲခြင်းအကြောင်းအရာကား တရားစကားကိုကြား၍ လောကီအမှု၌ စိုးရိမ်ခြင်းနှင့် စည်းစိမ်ဥစ္စာ၏ လှည့်စားခြင်းသည် တရားစကားကို လွှမ်းမိုးညှင်းဆဲတတ်သောကြောင့် အသီးမသီးနိုင်ဟု ဆိုလိုသတည်း။ ကောင်းသောမြေ၌ အစေ့ကိုကြဲခြင်းအကြောင်းအရာ ကား တရားစကားကိုကြား၍ နှလုံးသွင်းသဖြင့် အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတရာပွားများ၍ အသီး သီးတတ်သည်ဟု ဆိုလိုသတည်းဟု မိန့်တော်မူ၏” [မဿဲ ၁၃း၁၈-၂၃] ဟုလည်းကောင်း။
“ခမည်းတော်သည် ငါ့အတွက်ကြောင့် စေလွှတ်တော်မူသော ဥပဇ္ဈာယ်ဆရာ တည်းဟူသော သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့အား ခပ်သိမ်းသောအရာတို့ကို သွန်သင်ပြသတော်မူ၍ ငါပြောသမျှသောစကားတို့ကို မှတ်မိသောဉာဏ်ကို သင်တို့အား ပေးတော်မူမည်” [ယော ၁၄း၂၆] ဟု လည်းကောင်း၊ တွေ့ရှိရပါသည်။
ဤလေ့လာတွေ့ရှိရချက်များကို အခြေခံ၍ ဤဆုတောင်းချက်ကို ဆင်ခြင် အောက်မေ့ရာတွင် –
ကောင်းကင်နိုင်ငံတော် (ဝါ) ဘုရားသခင်၏ နိုင်ငံတော်သည်
သခင်ယေရှု ဟောကြားသွန်သင်သော ဒေသနာတော်များ၏
ပဓါနအချက်ဖြစ်ကြောင်း။
ကောင်းကင်သစ်နှင့်မြေကြီးသစ်တွင် တည်မည့်နိုင်ငံတော်ဖြစ်သော်
လည်း၊ ဤကမ္ဘာလောကရှိ လူသားများ၏ နှလုံးသားတွင်လည်း
တည်နိုင်ကြောင်း။ ။
နှလုံးသားတွင် နိုင်ငံတော်တည်နိုင်ခြင်းသည် ယခုဘဝအသက်တာတွင်
များစွာအထောက်အကူပေးမည်ဖြစ်ကြောင်းသိသောသခင်ယေရှုသည် ဤကမ္ဘာလောကတွင် နိုင်ငံတော်တည်ရန် အလိုတော်ရှိကြောင်း။
ဤကမ္ဘာလောကတွင် နိုင်ငံတော်တည်ဆောက်နိုင်ရန် သခင်ယေရှု ကိုယ်တိုင် လူဇာတိကိုခံယူ၍ နိုင်ငံတော်နှင့်ယှဉ်သော ဒေသနာတရား၊ တော်များကို ပုံဆောင်ဥပမာများနှင့် သရုပ်ပြသွန်သင်ချက်များ ဟောကြားသွန်သင်ခဲ့သည်သာမက၊ ဘုရားသခင်၏ နိုင်ငံတော်၏ သဘောတရားကို ကိုယ်တိုင်စံနမူနာပြခဲ့ကြောင်း။
နိုင်ငံတော်တည်ဆောက်ချင်သော နှောင်းလူတို့အား သွန်သင်ပြသ ကူညီရန် ဥပဇ္ဈာယ်ဆရာအဖြစ် သန့်ရှင်းသောဝိညာဉ်တော်ကို ၊
ပေးထားကြောင်း တို့ကို သိမြင်သဘောပေါက်လာပါသည်။
အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။
ပတ္ထနာတော်၏ တတိယဆုတောင်းချက်ဖြစ်သော “အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော” ကိုဆင်ခြင်ရာတွင် “ကောင်းကင်ဘုံ” နှင့် “အလိုတော်” ကျမ်းစကားများကို သတိပြုမိသဖြင့် ၄င်းကျမ်းစကားများနှင့် ပတ်သက်၍ ရှာဖွေလေ့လာခဲ့ပါသည်။
သမ္မာကျမ်းစာတွင် ဖေါ်ပြထားချက်များအရ ကောင်းကင်ဘုံ (မဿဲ ၅း၁၂၊ ကော ၁း၅၊ ၁ပေ ၃း၄] (ဝါ) ပရဒိသုဘုံ (လု ၂၃း၄၃၊ ဗျာဒိတ် ၂း၇] (ဝါ) ငါ့ခမည်း တော်၏အိမ်တော် (ယော ၁၄း၂-၃] သည် စင်္ကြဝဠာတစ်နေရာတွင် တည်ရှိသော ဘုံတစ်ခုဖြစ်ပြီး ၄င်းဘုံတွင် ထာဝရဘုရားသခင်နှင့်သားတော်သခင်ယေရှု ကျိန်းဝပ် စိုးစံသည်။ [မဿဲ ၆း၉၊ ဆာလံ ၆၉:၁-၂]။ ထိုဘုံတွင် ထာဝရဘုရားသခင်၏ ပလ္လင်တော်တည်ရှိသည်။ ထာဝရဘုရားသခင်သည် ထိုပလ္လင်တော်ပေါ်မှာထိုင်၍ ကိုယ်တော်ရှင်၏ နှုတ်ကပတ်တော်ကို နာခံလိုက်လျှောက်သောသူ၊ ကိုယ်တော်ရှင်ကို ရှာသောသူ တစ်စုံတစ်ယောက်ရှိသည် မရှိသည်ကို သိမြင့်ဖို့ရန်၊ ကောင်းကင်ပေါ်မှ လူသားတို့ကို ငုံ့ကြည့်တော်မူ၍ တွေ့ရှိပါက ကောင်းကြီးပေးတော်မူသည်။ ဆာလံ၂း၄၊ ဟေရှာယ ၆၆း၁၊ ဆာလံ ၁၄း၂၊ တရား ၂၆၁၅]။ ထိုဘုံတွင် ဘုရားသခင်၏အလိုတော် ကို ဖြည့် ဆည်းဆောင်ရွက်ပေးသော ကောင်းကင်တမန်များနေထိုင် သည်။ [ဗျာဒိတ် ၇၁း၁-၁၂]။ ထိုဘုံသို့ စာတန် ဝင်ခွင့်မရတော့သဖြင့် လောကီဒုက္ခကင်းငြိမ်း သည်။ [ဟေရှယ ၁၄၁၂၊ ဗျာဒိတ် ၂၁း၂၇)။ သခင်ခရစ်တော် ရှင်ပြန်ထမြောက် ပြီးနောက်ပြန်လည်တက်ကြွသွားသောဘုံဖြစ်သည်။ (လု ၂၄း၅၁၊ တ၁း၁၁]။
ထာဝရဘုရားသခင်၏ စကားတော်ကို နာခံလိုက်လျှောက်သဖြင့် သန့်ရှင်းသူများဟု သတ်မှတ်ခံရသူများနှင့် သခင်ခရစ်တော်အား ယုံကြည်ပါသည်ဟု ဝန်ခံ၍ ဗတ္တိဇံ ခံယူသူများ သေလွန်သော်၊ ထိုသူများ၏ ဝိညာဉ်များခိုလှုံခွင့်ရသောဘုံ ဖြစ်သည်ဟု သိရှိရပါသည်။ ။ “အလိုတော်” [God’s Will] ကျမ်းစကားကို ရှာဖွေလေ့လာရာတွင် “Wil”
စကားလုံး၏အနက်အဓိပ္ပါယ်ကို အင်္ဂလိပ်-မြန်မာအဘိဓာန်၌ “စိတ်စေတနာဖြင့်ပြုလုပ် သည်။စိတ်စေတနာဖြင့်ပေးကမ်းသည်ဟုလည်းကောင်း။ Dr.Unger ၏ “Guide to the Bible”စာအုပ်၊ သမ္မာကျမ်းစာအဘိဓာန်အပိုင်းတွင် ၄င်းစာလုံး၏အနက် အဓိပ္ပါယ်ကို “ဆင်ခြင်တုံတရားရှိသောဉာဏ်ဖြင့် တွေးခေါ်နိုင်သူတစ်ဦး၏ ကိုယ်ပိုင် ၊ ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်လုပ်ဆောင်ချက်”ဟုလည်းကောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် “အလိုတော်” [God’s Will] ကျမ်းစကားအား “ကိုယ်တော်ရှင်၏ သဏ္ဍာန်တော်နှင့်အညီ ဖန်ဆင်းထားသော လူသားအတွက် အသင့်တော်ဆုံးဖြစ်မည့် အရာများကို သဗ္ဗညုတဉာဏ်တော်ဖြင့် တွေးခေါ်ဆင်ခြင်ဆုံးဖြတ်၍ စီမံဆောင်ရွက် ထားသော ထာဝရဘုရားသခင်၏ လုပ်ဆောင်ချက်”ဟု နားလည်ရပါသည်။ ကမ္ဘာဦးကျမ်းတွင် ဖေါ်ပြထားသော ကျမ်းစကားများအရ ထိုကျမ်းစကားကိုပို၍ သဘောပေါက်လာပါသည်။ ကမ္ဘာဦးကျမ်းအရ၊
မြေကြီးကို ကိုယ်တော်ရှင်ဖန်ဆင်းမည့် သက်ရှိသတ္တဝါများ နေစရာဖို့
ဖန်ဆင်းခြင်းဖြစ်သည်။ [က ၁း၂၄-၂၅]
ကိုယ်တော်ရှင်ဖန်ဆင်းသည့်မြေတစ်ပြင်လုံးနှင့် သက်ရှိသတ္တဝါများကို
အုပ်စိုးရန်လူသားကို ဖန်ဆင်းခြင်းဖြစ်သည်။ [က ၁း၂၈ )
အုပ်စိုးခြင်းကိုကိုယ်တော်ရှင်၏ကိုယ်စားဆောင်ရွက်ရမည်ဖြစ်သဖြင့်
ကိုယ်တော်ရှင်နှင့် မိဿဟာယဖွဲ့နိုင်ရန်၊ ကိုယ်တော်ရှင်၏ သဏ္ဍာန်
တော်နှင့်အညီ မြေမှုန့်ဖြင့်ဖန်ဆင်းပြီး၊ ဇီဝအသက်ကိုမှုတ်သွင်း၍ အသက်ရှင်စေခဲ့သည်။ က ၁း၂၇၊ ၂း၇)
အုပ်စိုးရာတွင် လိုအပ်မည်ဖြစ်သော ဆင်ခြင်တုံတရားရှိသည့်ဉာဏ်နှင့်
လွတ်လပ်စွာဆင်ခြင်စဉ်းစား၍ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ပေးထားသည်။ [က ၂း၁၅-၁၇၊ ၂း၁၉
အုပ်စိုးခြင်းကို ကိုယ်တော်ရှင်၏ ဘုန်းတော်အရိပ်အောက်မှာနေ၍
ဆောင်ရွက်ရန် အလိုတော်ရှိသည်။ [က ၂း၂၈၊ ၂း၁၅]
ဘုန်းတော် အရိပ်အောက်မှ အုပ်စိုးစေရန် ရည် ရွယ် ၍
ကောင်းမကောင်းသိကျွမ်းရာ ဉာဏ်အစိတ်အပိုင်းကို ထုတ်နှုတ်ထားပြီး ပေးသင့်သောအချိန်ကျမှပေးရန် သစ်သီးအဖြစ် စီစဉ်ထားခဲ့သည်။
က ၂၁၆၊ ၃၂၁]
ကိုယ်တော်ရှင်ပေးသောတာဝန်ကို စိတ်အေးချမ်းသာစွာ ဆောင်ရွက်
နိုင်ရန်နှင့် ကိုယ်တော်ရှင်၏ ဘုန်းအသရေတော်ကို သိမြင်နားလည်ပြီး၊ ကိုယ်တော်ရှင်အား ချစ်ခင်လေးစားအားကိုးစိတ် ပေါ်လာစေရန် အလိုတော်ရှိသဖြင့်၊ လူသားလိုအပ်မည့် အရာအလုံးစုံကို ပြည့်ဝစုံလင်
အောင်ဖန်ဆင်းပေးခဲ့သည်။ ဖန်ဆင်းခဲ့သမျှကို ပြန်လည်စီစစ်၍ စိတ်ကျေနပ်မှုရှိမှ၊ “အလွန်ကောင်းသည်”ဟု အတည်ပြုပြီး
ကျေးဇူးတော်အနေနှင့်ပေးခဲ့သည်။ [က ၁း၂၉-၃၁]
လူသား၏ဉာဏ်ရည်ကို စမ်းသပ်သည့်အနေဖြင့် ကိုယ်တော်ရှင်
ဖန်ဆင်းခဲ့သော သက်ရှိသတ္တဝါများကို လူသားအရှေ့ခေါ်လာ၍ နံမည်ပေးစေရာတွင် ကိုယ်တော်ရှင်ကျေနပ်အောင် ပေးနိုင်သဖြင့်
လူသားပေးသော နံမည်များကို တည်စေခဲ့သည်။ [က ၂း၁၉-၂၀]
လူသား၏ကိုယ်တော်ရှင်အပေါ်ထားရှိသောသစ္စာရှိမှုနှင့်အလေးထား
နာခံတတ်မှုကို စမ်းသပ်သည့်အနေဖြင့် “ကောင်းမကောင်း သိကျွမ်းရာ အပင်ငယ်အသီးကိုမစားရ”ဟုပညတ်ခဲ့သည်။က၂း၁၆]။ စာတန်မာရ် နတ်၏ လိမ္မာပါးနပ်သောချဉ်းကပ်မှု၊ လူသား၏ သမ္မာသတိလျော့ နည်းမှုတို့ကြောင့် ထိုပညတ်ကို ချိုးဖေါက်ခဲ့သည်။ (က ၃း၄-၇)
ပို၍ဆိုးသည်မှာ မိမိအပြစ်ကို ဝန်ခံခြင်းမရှိခြင်းဖြစ်သည်။ (က ၃း၁၂)
ထိုကဲ့သို့ အပြစ်များပြုခဲ့ခြင်းကြောင့် အပြစ်ဒါဏ်အနေနှင့် ကျိန်ဆိုခြင်း
ခံရပြီး၊ ဧဒင်ဥယျာဉ်မှ နှင်ထုတ်ခြင်းခံရသဖြင့် ကိုယ်တော်ရှင်နှင့် မိဿဟာယပျက်သွားရသည်။ (က ၃း၂၄] စာတန်၏ အုပ်စိုးခြင်းကို ခံရသည်။
အပြစ်သားဖြစ်သွားသောလူသည် အေးဆေးငြိမ်းချမ်းစွာ နေထိုင် စားသောက်ရမည့်ဘဝမှ ပင်ပန်းကြီးစွာလုပ်ကိုင်မှ စားသောက်ရမည် ။ ဘဝသို့ ကျဆင်းသွားရသည်။ က ၃း၁၇-၁၉။ ပူပင်သောက
ရောက်ရခြင်းနှင့် သေခြင်းကို ကြုံတွေ့ရတော့သည်။
စာတန်မာရ်နတ်၏ ပရိယာယ်ကြွယ်ဝမှု၊ လူသား၏ သမ္မာသတိ
လျော့နည်းမှုတို့ကြောင့် ထာဝရဘုရားသခင်၏ အလိုတော်ပြည့်စုံခြင်း မရှိခဲ့ပါ။
လူသားကို ချစ်သနားတော်မူသော မေတ္တာတော်ရှင် ထာဝရဘုရား
သခင်သည် လူသားကို ကိုယ်တော်ရှင်၏ ဘုန်းတော်အရိပ်အောက်သို့ ပြန်ဝင်လာစေရန် အလိုတော်ရှိသဖြင့် လူသားများ ကိုးကွယ်ဆည်း ကပ်ရန် လမ်းကြောင်းဖွင့်သည့် အနေဖြင့် နာမတော်ကိုပေး၍ လည်းကောင်း [က ၄း၂၆]၊ ကိုယ်တော်ရှင်ကိုယ်တိုင် လူ့လောကသို့ ဆင်းလာပြီး လူတို့နှင့် ပဋိညာဉ်ပြု၍ နာခံသူတို့ကို ကောင်းကျိုး ချမ်းသာပေး၍လည်းကောင်း [က ၁၂း၁-၄၊ က ၅၀း၂၄။ ဘုန်းအသရေတော်ကို ထင်ရှားစေ၍ ပညတ်တော်များပေးပြီး နာခံ လိုက်လျှောက်သောသူတို့ကို ကောင်းချီးကြွယ်ဝစွာပေး၍ လည်းကောင်း ကြိုးစားခဲ့သည်။ မည်သို့ပင်ကြိုးစားသော်လည်း၊ လူသားသည် စာတန်မာရ်နတ်၏ စိုးမိုးမှုမှ ရုန်းထွက်နိုင်သည့်စွမ်းအား
မရှိသဖြင့် ထာဝရဘုရားသခင်၏ အလိုတော်ပြည့်စုံခြင်းမရှိခဲ့ပါ။
နောက်ဆုံးကြိုးစားသည့်အနေဖြင့် တစ်ပါးတည်းသော သားတော်
သခင်ယေရှုကို ကယ်တင်ရှင်အဖြစ်လည်းကောင်း၊ ဉာဏ်ပညာပေးရန် နှုတ်ကပတ်တော်ကိုလည်းကောင်း၊ လိုအပ်သည်များကို အထောက် အကူပေးရန် သန့်ရှင်းသော ဝိညာဉ်တော်ကိုလည်းကောင်း ပေးသနား ခဲ့သည်။ တို့ကို လေ့လာတွေ့ရှိရပါသည်။
ဤလေ့လာတွေ့ ရှိရချက်များကို အခြေခံ၍ ဤဆုတောင်းချက်ကို ဆင်ခြင်အောက်မေ့ရာတွင် အလိုတော်သည် မြေကြီးပေါ်မှာ ပြည့်စုံစေရန် ခရစ်ယာန်တိုင်းသည် –
ထာဝရဘုရားသခင်၏ အလိုတော်ကို သိမြင်သဘောပေါက်ရမည်
ဖြစ်ကြောင်း။
ထာဝရဘုရားသခင်၏ အနန္တဘုန်းတော်၊ အနန္တဉာဏ်တော်၊
အနန္တမေတ္တာတော်တို့ကို ဥဿုံယုံကြည်၍ အလိုတော်သည် လူသား
များအတွက် အကောင်းဆုံးဖြစ်သည်ကို လက်ခံရမည်ဖြစ်ကြောင်း။
လူသားသည် အပြစ်သားဖြစ်သည်ကို ရဲဝံ့စွာလက်ခံ၍ ဝန်ခံတတ်ရန်
နှင့် သခင်ခရစ်တော်အား ကယ်တင်ရှင်အဖြစ် လက်ခံယုံကြည်ပြီး
မိမိအသက်တာကို အပ်နှံရမည်ဖြစ်ကြောင်း။
နှုတ်ကပတ်တော်တည်းဟူသော ဝိညာဉ်ဓါးကို သုံးတတ်ရန်နှင့်
သန့်ရှင်းသော ဝိညာဉ်တော်ထံမှ အကူအညီရယူတတ်ရန်လိုကြောင်း။
“သခင်၊ သခင်ဟု ငါ့ကိုလျှောက်သူတိုင်း၊ ကောင်းကင်နိုင်ငံတော်သို့
ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော် ၏အလို ကို ဆောင်သောသူများသာလျှင် ဝင် ရလိမ့် မည်။” [မသဲ ၇း၂၁။ ကျမ်းစကားနှင့် “သင်တို့သည် လေကီပုံသဏ္ဍာန်ကို မဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊ နှစ်သက်ဘွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင်အလိုတော်ရှိသောအရာ အဘယ်အရာဖြစ်သည်ကို သင်နိုင်မည့် အကြောင်း၊ စိတ်နှလုံးကို အသစ်ပြင်ဆင်၍ ပုံသဏ္ဍာန်ပြောင်းလဲခြင်းသို့ရောက်ကြလော့”။
[ရောမ ၁၂း၂။ ကျမ်းစကားတို့ကို နှလုံးသွင်းထားကြရန်လိုကြောင်း။ သိမြင်သဘောပေါက်လာပါသည်။
အသက်မွေးလောက်သောအစာကို အကျွန်ုပ်တို့အား ယနေ့ (နေ့ရက်အစဉ်အတိုင်း) ပေးသနားတော်မူပါ။
ပတ္ထနာတော်၏ စတုတ္ထဆုတောင်းချက်ဖြစ်သော “အသက်မွေးလောက်သော အစာကို အကျွန်ုပ်တို့အား ယနေ့ (နေ့ရက်အစဉ်အတိုင်း) ပေးသနားတော်မူပါ” ကို ဆင်ခြင်အောက်မေ့ရန် လေ့လာရာတွင် –
“ဘုရားသခင်ကလည်း ကြည့်ရှုလော့။ မြေတပြင်လုံး၌ စပါးသီးကိုဖြစ်စေသော စပါးပင်အမျိုးမျိုးတို့ကိုလည်းကောင်း၊ မျိုးစေ့ကိုဖြစ်စေသောအသီးနှင့်ပြည့်စုံသော သစ်ပင်အမျိုးမျိုးတို့ကိုလည်းကောင်း၊ သင်တို့စားစရာအဘို့ငါပေး၏။” (က ၁း၂၉) ဟု လည်းကောင်း။
“ယောက်ျားကိုလည်း၊ ထိုအပင်၏အသီးကို မစားရဟု ငါပညတ်သော်လည်း၊ သင်သည်မယား၏စကားကို နားထောင်၍ စားမိသောကြောင့် မြေသည်သင်၏အတွက် ကျိန်ခြင်းကိုခံရလျှက်ရှိ၏။ မြေ၏အသီးကို တသက်ပတ်လုံး ပင်ပန်းစွာစားရမည်။ ဆူးပင်အမျိုးမျိုးတို့ကိုလည်း သင့်အဘို့မြေပေါက်စေမည်။ လယ်၌ဖြစ်သော ဟင်းသီးဟင်းရွက်တို့ကို သင်စားရမည်။ သင်ထွက်ရသောမြေသို့ မပြန်မှီတိုင်အောင် သင်၏မျက်နှာမှချွေးထွက်လျှက် အစာကိုစားရမည်။ အကြောင်းမူကား သင်သည် မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ပြန်ရမည်ဟု မိန့်တော်မူ၏”။ [က ၃း၁၇-၁၉)ဟုလည်းကောင်း။
“ညဦးယံ၌ သင်တို့သည် အမဲသားကိုစားရလိမ့်မည်။ နံနက်ယံ၌လည်း မုန့်နှင့်ဝကြရလိမ့်မည်။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်ကြောင်းကို ၊ လည်းကောင်း။ ။ သိကြရလိမ့်မည်ဟု သူတို့ကိုပြောလော့၊ မောရှေအား မိန့်တော်မူ၏” [ထွက် ၁၆း၁၂)ဟု
“ညဦးယံ၌ ငုံးငှက်တို့သည် တပ်ကိုအနှံ့အပြားတက်လာကြ၏။ နံနက်ယံ၌ လည်း တပ်ပတ်လည်အရပ်ရပ်တွင် နှင်းကျလျှက်ရှိ၏။ နှင်းထက်ပြီးသောအခါ၊ နှင်းခဲ၊ ကဲ့သို့သေးသေးလုံးလုံးအရာသည် မြေမျက်နှာပြင်ပေါ်မှာရှိရစ်လေ၏။ ထိုအရာကို ဣသရေလအမျိုးသားတို့မြင်သောအခါ၊ အဘယ်အရာဟု မသိသောကြောင့်
တယောက်ကိုတယောက်မေးကြ၏။ မောရှေကလည်း ဤအရာသည်သင်တို့စားစရာဘို့ ၊
ထာဝရဘုရား ပေးသနားတော်မူသော မုန့်ဖြစ်၏ လူတိုင်းမိမိထဲ၌ရှိသော လူအရေ ၊ အတွက်နှင့်အညီ လူအသီးသီးစားလောက်အောင် တစ်ယောက်တစ်ခြမ်စီ သိမ်းယူကြ လော့ ဟု ထာဝရဘုရားမိန့်တော်မူကြောင်း ပြန်ပြောလေ၏” ထွက် ၁၆း၁၃-၁၆]။
“အချို့တို့သည် မောရှေ၏ စကားကိုနားမထောင်ဘဲ၊ နံနက်တိုင်အောင် ကျန်စေသဖြင့် ပိုးဖြစ်၍နံလေသော် မောရှေသည် အမျက်ထွက်၏။ ထိုသူအသီးသီး တို့သည် နေ့တိုင်းမိမိစားလောက်သမျှကို သိမ်းယူကြ၏။ နေပူသောအခါ အရေဖြစ်လေ ၏။”[ထွက် ၁၆း၂၀-၂၁]။ ဟုလည်းကောင်း။ ။
“ဣသရေလအမျိုးသားတို့သည်၊ လူနေရာပြည်သို့ မရောက်မှီတိုင်အောင်း အနှစ်လေးဆယ်ပတ်လုံး မန္ဒကိုစားကြ၏။ ခါနန်နယ်နမိတ်သို့ မရောက်မှီတိုင်အောင် မကိုစားကြ၏” [ထွက် ၁၆း၃၅]
“ယေရှုကလည်း သွားရသောအကြောင်းမရှိ။ သူတို့စားစရာဘို့ သင်တို့ ပေးကြလော့ ဟုမိန့်တော်မူ၏။ တပည့်တော်တို့ကလည်း မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်မှ တပါး အဘယ်စားစရာမျှ အကျွန်ုပ်တို့၌မရှိပါဟု လျှောက်ပြန်လျှင်၊ ထိုမုန့်နှင့်ငါးကို ယူခဲ့ကြဟုမိန့်တော်မူ၏။ ထိုအခါလူအစုအဝေးတို့ကို မြက်ပင်ပေါ်မှာ ကျောင်းကြစေ။ ဟုအမိန့်တော်ရှိ၏။ မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်ကိုလည်းယူ၍ ကောင်းကင်သို့ မျှော်ကြည့်လျှက် ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်နှင့်ငါးကိုဖဲ့၍ တပည့်တော်တို့အား ပေးတော်မူ၏။ တပည့်တော်တို့သည်လည်း လူအပေါင်းတို့အား ပေးကြ၏။ လူအပေါင်း တို့သည် စား၍ဝကြပြီးမှ ကြွင်းရစ်သောအကျိုးအပဲ့ကို ကောက်သိမ်း၍ တစ်ဆယ်နှစ် တောင်းအပြည့်ရကြ၏။ စားသောသူအရေအတွက်ကား မိန်းမနှင့်သူငယ်မဆိုဘဲ။ ယောက်ျားငါးထောင်မျှလောက်ရှိသတည်း”။ မသဲ ၁၄၁၆-၂၁)ဟုလည်းကောင်း။
၁၉၇၁-ခု နိုဝင်ဘာလထုတ် “လမ်းပြမှတ်တိုင် (Guide post) ” မဂ္ဂဇင်းတွင် ဖတ်ရှုရသော ကျေးဇူးတော်ချီးမွမ်းရာနေ့ (Thank-giving day) နှင့်ပတ်သက်သည့်
ဆောင်းပါးတစ်ပုဒ်သည် ကျွန်ုပ်အား ဉာဏ်ပညာရစေခဲ့ပါသည်။ ကျေးဇူးတော်
ချီးမွမ်းရာနေ့ အထူးဝတ်ပြုစည်းဝေးပွဲ အစီအစဉ်ပြီးဆုံး၍ အနားယူနေသော သင်းအုပ်ဆရာကြီးထံသို့ မကျေမနပ်ဖြစ်နေသော လယ်သမားကြီးတစ်ယောက်လာ၍ “ဆရာကြီးဟောသွားတဲ့တရားဟာ သိပ်ကောင်းပါတယ်။ ဒါပေမဲ့ လူတို့စားစရာအဖို့ဟာ ကျွန်တော်တို့စိုက်ပျိုးရေးသမားများ အပင်ပန်းခံပြီး စိုက်ပျိုးလို့စားနေရတာဘဲ။ ဘုရားပေးတာမဟုတ်ဘူးလို့ ကျွန်တော်မြင်တယ်” လို့ စောဒကတက်တာကို သင်းအုပ် ဆရာကြီးက “သင်ပြောတာမှန်ပါတယ်။ သင်တို့စိုက်ဖို့ စိုက်ပျိုးမြေ ဘယ်သူပေးတာလဲ။ စိုက်ဖို့မျိုးစေ့၊ အပင်ရှင်သန်အောင် လိုအပ်တဲ့နေရောင်ခြည်နဲ့ မိုယ်ရေ၊ စိုက်ပျိုးရာမှာ လိုအပ်တဲ့ပစ္စည်းကိရိယာလုပ်ဖို့ သတ္ထုတို့ကို ဘယ်ကရသလဲ။ ဘုရားသခင်ပေးတာ မဟုတ်လား။ ဒီတော့ လူတို့စားစရာရလာဖို့ ခင်ဗျားတို့လုပ်ဆောင်ချက်ဟာ၊ လုပ်ငန်းရဲ့
ခြောက်ပုံတစ်ပုံဘဲရှိတယ်။ ကျန်တဲ့ခြောက်ပုံငါးပုံဟာ ဘုရားသခင်ရဲ့ ကျေးဇူးတော်လေ။ ဒါကြောင့် ကျွန်ုပ်တို့ကျေးဇူးတော် ချီးမွမ်းရတာပေါ့” လို့ဖြေပြီး အမြင်မှန်ရစေခဲ့တယ်လို့ ဖတ်လိုက်ရသည်။
“မာရ်နတ်၏ ပရိယာယ်တို့ကို တားဆီးနိုင်မည့်အကြောင်း ဘုရားသခင် ပြင်ဆင်တော်မူသော လက်နက်စုံကို ဝတ်ဆောင်ကြလော့။ အကြောင်းမူကား၊ ငါတို့သည် အသွေးအသားရှိသော ရန်သူတို့နှင့် ရင်ဆိုင်တိုက်လှန်ကြရသည်မဟုတ်။ အထွဋ်အမြတ်တို့နှင့်လည်းကောင်း အာဏာစက်တို့နှင့်လည်းကောင်း၊ လောကီ
မှောင်မိုက်၌ အစိုးတရပြုလုပ်သော မင်းတို့နှင့်လည်းကောင်း၊ မိုင်းကောင်းကင်၌ နေသော နတ်ဆိုးတို့နှင့်လည်းကောင်း၊ ဆိုင်ပြိုင်တိုက်လှန်ကြရ၏။ ထို့ကြောင့် ခဲယဉ်းဆိုးယုတ်သောကာလ၌ ဆီးတားနိုင်သဖြင့်၊ ကိစ္စအလုံးစုံတို့ ကို ပြီးစီး၍ ခံရပ်နိုင်မည့်အကြောင်း၊ ဘုရားသခင် ပြင်ဆင်တော်မူသော လက်နက်စုံကိုယူဆောင်၊ ကြလော့။” [ ၆း၁၁-၁၃)ဟုလည်းကောင်း။
“မာရ်နတ်ပစ်ခတ်သော မီးစက်လက်နက်ကို ကာသတ်နိုင်သော ယုံကြည်ခြင်း ၊ တည်းဟူသောလွှာကို ခပ်သိမ်းသောလက်နက်တို့အပေါ်မှာ ထပ်ဆင့်၍ ယူဆောင် ကြလော့။ ကယ်တင်ခြင်းတည်းဟူသော သံခမောက်လုံးကိုလည်းကောင်း၊ ဘုရားသခင်
၏နှုတ်ကပတ်တည်းဟူသော ဝိညာဉ်တော်၏ ဓါးကိုလည်းကောင်း ယူကြလော့။ ကာလ အစဉ်စိတ်ပါလျှက် ဆုတောင်းပဌနာပြုခြင်း အမျိုးမျိုးတို့ဖြင့်လည်း ဆုတောင်းကြလော့။ [ဧ ၆း၁၆] ဟုလည်းကောင်း။ လေ့လာတွေ့ရှိရပါသည်။
ဤလေ့လာတွေ့ရှိရသော ကျမ်းစကားများနှင့် ဝေမျှချက်များကိုအခြေခံ၍ ပတ္ထနာတော်၏ စတုတ္ထဆုတောင်းချက်ကို ဆင်ခြင်အောက်မေ့ရာတွင် –
လူသားရှင်သန်လှုပ်ရှားရန် လိုအပ်သောကာယခွန်အားအတွက်
“စားစရာ”လိုကြောင်း သိမြင်သော သဗ္ဗညုတဉာဏ်တော်ရှင်ထာဝရ ဘုရားသခင်သည် မျိုးစေ့ပါသော အသီးသီးသောအပင်များကို ဖန်ဆင်း၍ “စားစရာ” ဖို့ပေးခဲ့သည်ကို သဘောပေါက်ရမည်
ဖြစ်ကြောင်း။
လူသားကို“ဤကမ္ဘာလောကကြီးအတွက် ကိုယ်တော်ရှင်၏စီမံချက်”
တွင်ပါဝင်လုပ်ဆောင်ရန် ဖန်ဆင်းခြင်းဖြစ်ပြီး၊ လုပ်ဆောင်ရန်ရှိသမျှကို စိတ်အေးချမ်းသာစွာ ဆောင်ရွက်နိုင်ရန်အတွက် “စားစရာ”ကိုကျေးဇူး
တော်အနေဖြင့် ပေးထားသည်ဖြစ်၍ အစာစားတိုင်း ကျေးဇူးတော်ကို စိတ်ဖြင့်အသိအမှတ်ပြုသည်သာမက၊ ကျေးဇူးဆပ် သည့်အနေဖြင့် ထာဝရဘုရားသခင်၏ “ဤကမ္ဘာလောကကြီးအတွက် စီမံချက်”တွင်
ကိုယ်တိုင်လက်တွေ ပါဝင်လုပ်ဆောင်ရမည်ဖြစ်ကြောင်း။
“စားစရာ”သည် ထာဝရဘုရားပေးသနားတော်မူသော ကျေးဇူးတော်
ဖြစ်၍ လောဘမထွက်ကြရန် တကိုယ်ကောင်းမဆန်ကြရန်၊ ရောင့်ရဲ
တင်းတိမ်ခြင်းရှိရမည်ဖြစ်ကြောင်း။
သမ္မာကျမ်းစာတွင် ဖေါ်ပြချက်များအရ လူတို့စားစရာသည် ထာဝရ
ဘုရားသခင်၏ ဘုန်းအသရေတော်ပေါ်လွင်စေရန် ကိုယ်တော်ရှင် ပေးထားသော ကျေးဇူးတော်ဖြစ်ကြောင်း သိရှိနားလည်နိုင် သော်လည်း ဤဆုတောင်းချက်ကို သခင်ယေရှုထည့်သွင်းထားသည်မှာ ထူးခြားချက်ရှိရမည်ဟု စဉ်းစားမိသဖြင့် ဆင်ခြင်အောက်မေ့ ရာတွင် လူတို့ဘဝရှင်သန်တိုးတက်ရန်အတွက် လိုအပ်သည်မှာ ကိုယ်ခန္ဓာအစားအစာတစ်ခုတည်းသာမဟုတ်၊ ဝိညာဉ်အစားအစာ လည်းလိုကြောင်း သဘောပေါက်လာပါသည်။ ကိုယ်ခန္ဓာခွန်အား ကြီးထွားလာသကဲ့သို့ ဝိညာဉ်ခွန်အားကြီးထွားမှသာလျှင် အောင်မြင် တိုးတက်သော အသက်တာရမည်ဖြစ်ကြောင်း သိသောသခင်ယေရှုက ၊ ဤဆုတောင်းချက်ဖြင့် “ဝိညာဉ်ခွန်အားတိုးရန် ဝိညာဉ်အစာကို နေ့ရက်အစဉ်အတိုင်း ပေးသနားပါရန်” ဆုတောင်းခိုင်းခြင်း၊ ဖြစ်ကြောင်း သိမြင်သဘောပေါက်လာပါသည်။
သူတပါးသည် အကျွန်ုပ်တို့ကို ပြစ်မှားသောအပြစ်များကို အကျွန်ုပ်သည် လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏ အပြစ်များကို လွှတ်တော်မူပါ။
ပတ္ထနာတော်၏ ပဉ္စမဆုတောင်းချက်ဖြစ်သော “သူတပါးသည် အကျွန်ုပ်တို့ကို ပြစ်မှားသောအပြစ်တို့ကို အကျွန်ုပ်တို့သည် လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏ အပြစ်ကို လွှတ်တော်မူပါ” ကို ဆင်ခြင်အောက်မေ့ရာတွင်၊ ကျမ်းစကား “အပြစ်”သည် အဓိကကျသည်ဟု ဆင်ခြင်မိသဖြင့် ၄င်းကျမ်းစကားနှင့် ပတ်သက်၍ ရှာဖွေ လေ့လာရာတွင် –
သမ္မာကျမ်းစာအဘိဓာန်တွင် “ဓမ္မဟောင်း၊ ဓမ္မသစ် နှစ်ကျမ်းစလုံးအရ၊ အပြစ်ဆိုသည်မှာ လူသည်ဘုရားသခင်၏ ပညတ်တော်ကို ငြင်းပယ်ကျူးလွန်မှုကြောင့် ဘုရားသခင်နှင့် ပေါင်းသင်းဆက်ဆံရေး ပြတ်စဲခြင်းကို ဆိုလိုသည်။ [က ၃း၁-၂၄] ဥပမာဆိုရသော် ပညတ်တရားကို ချိုးဖေါက်ခြင်းသည် အပြစ်မည်၏။ အကြောင်းမူကား၊ ပညတ်တရားသည် ဘုရားသခင်၏ တရားတော်ဖြစ်၏။ တကိုယ်ကောင်း ကျင့်ကြံခြင်းသည် ကိုယ်ကိုဘုရားသခင်ထက် ထူးကဲလေးမြတ်ခြင်းဆောင်သောကြောင့် အပြစ်မည်၏။ ထို့ကြောင့်လူ၏စိတ်နှလုံးကို ဘုရားသခင်နှင့်ကွေကွင်းစေသမျှသော အမှုသည် အပြစ်ဖြစ်၏။ [က ၅:၂၄] ၌ ဖြောင့်မတ်သောသူ (သူတော်ကောင်း)ကို ဘုရားသခင်နှင့်အတူသွားသောသူဟု ဖေါ်ပြသည်။ ဘုရားသခင်နှင့် မိဿဟာယ ဖွဲ့လျှက်နေသူဟုဆိုလိုသည်။ ထို့ကြောင့် ထိုသို့ မိဿဟာယဖွဲ့ခြင်းကင်းက အပြစ်ဖြစ်သည်” ဟုလည်းကောင်း။ ။
ကနဦးအသင်းတော်မှ အကြီးဆုံးသောဖခင်ကြီးများတွင် တစ်ဦးအပါအဝင် ဖြစ်သောဩဂတ်စတင်းက “လူသားတရပ်လုံးသည် အာဒံမှစတင်၍ မြစ်ဖျားခံ ဆင်းသက်လာသည့်အလျှောက် အာဇံထံမှ အပြစ်ပြုတတ်သော သဘောသဘာဝ (Sin nature) ကိုလည်း အစဉ်အဆက်အမွေခံသည်” ဟု သွန်သင်ခဲ့သည်ကို လည်းကောင်း။
“ဤအကြောင်းအရာမူကား အပြစ်တရားသည် တယောက်သောသူအားဖြင့် ဤလောကကိုဝင်၍ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ရောက်ရကြ၏” [ရောမ ၅း၁၂ )ကျမ်းစကားကိုလည်းကောင်း။
“ဇာတိပကတိအကျင့်သည်ထင်ရှား၏။ ထိုအကျင့်မူကား သူ့မယားကို ပြစ်မှားခြင်း၊ မတရားသောမေထုန်မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာ လွန်ကျူးခြင်း၊ သူတပါးကိုပြုစားခြင်း၊ ရန်ညှိုးဖွဲ့ခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း၊ အချင်းချင်းကွဲပြားခြင်း၊ သင်းခွဲခြင်း၊ သူ့အကျိုးကို ငြူစူခြင်း၊ အသက်ကိုသတ်ခြင်း၊ ယစ်မျိုးကိုသောက်ကြူးခြင်း၊ ပွဲလုပ်ခြင်းမှစ၍ ထိုသို့သော အကျင့်ပေတည်း” [ဂလာတိ ၅း၁၉-၂၁] ကျမ်းစကားကိုလည်းကောင်း။
“သူ့အသက်ကိုသတ်ခြင်း၊ သူ့အိပ်ယာကို ပြစ်မှားခြင်း၊ တို့သည်သာလျှင် အပြစ်မဟုတ်သေး။ ထိုအပြစ်တို့ကို လှုံ့ဆော်စေတတ်သော၊ အမျက်ဒေါသ၊ ရန်ညှိုး ဖွဲ့ခြင်း၊ တဏှာရာဂရှိသမျှတို့သည် မေတ္တာကို ချိုးဖျက်သဖြင့် အပြစ်ဖြစ်၏။ [မဿဲ ၅း၂၁-၂၆] ကျမ်းစကားကိုလည်းကောင်း။ ။
“သင့်အမျိုးသားချင်းသည် သင့်ကိုပြစ်မှားလျှင် ကိုယ်တိုင်အပြစ်ပြန်၍ မတုန့်ပြန်ရ။ အငြိုးမထားရ။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်ရမည်။ ငါသည် ထာဝရဘုရားသခင်ဖြစ်၏” [ဝတ် ၁၉း၁၈] ကျမ်းစကားကိုလည်းကောင်း။
“အချင်းချင်း ချစ်ခြင်းမေတ္တာမှတပါး၊ အဘယ်ကြွေးမျှ မတင်စေနှင့်။ သူတပါးကို ချစ်သောသူသည် အကျင့်တရားနှင့်ပြည့်စုံပြီ။ အကြောင်းမူကား၊ သူ့အသက် ကိုမသတ်နှင့်၊ သူ့ဥစ္စာကိုမခိုးနှင့်၊ မမှန်သောသက်သေမခံနှင့်၊ သူ့ဥစ္စာကို တပ်မက်လိုချင်
သောစိတ်မရှိနှင့်ဟူသော အခြားသောပညတ်ရှိသမျှတို့သည် ကိုယ်နှင့်စပ်ဆိုင်သော သူကို ကိုယ်နှင့်အမျှချစ်လော့ဟူသော ပညတ်တစ်ခု၌ အပါအဝင်ဖြစ်၏။ ချစ်ခြင်း မေတ္တာရှိသောသူသည် ကိုယ်နှင့် စပ်ဆိုင်သောသူ၏ အကျိုးကိုမဖျက်ဆီးတတ်။ ထို့ကြောင့် ချစ်ခြင်းမေတ္တာသည် အကျင့် တရားပြည့် စုံ ရာဖြစ်သတည်း”
ရောမ ၁၃း၈-၁၀] ကျမ်းစကားကိုလည်းကောင်း။
“ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟု ကျမ်းစာပါသော ရွှေပညတ်တော်ကို သင်တို့သည် စောင့်ရှောက်လျှင် ကောင်းသောအကျင့်ကို ကျင့်ရာရောက်၏။” (ယာကုပ် ၂း၈] ကျမ်းစကားကိုလည်းကောင်း။
“သင်တို့သည် သူတပါးတို့၏အပြစ်ကို လွှတ်လျှင် ကောင်းကင်ဘုံ၌ရှိတော် မူသော သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မူမည်။ သင်တို့သည်သူတပါး ၏အပြစ်ကိုမလွှတ်လျှင် သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မမူ” (မဿဲ ၆း၁၄) ကျမ်းစကားကိုလည်းကောင်း။
“တစ်ယောက်ကိုတစ်ယောက် အပြစ်တင်ခွင့်ရှိလျှင် အချင်းချင်းသည်းခံ၍ အပြစ်ကို လွှတ်ကြလော့။ ခရစ်တော်သည် သင်တို့၏အပြစ်ကို လွှတ်တော်မူသကဲ့သို့ ထို့နည်းတူပြုကြလော့”။ [ကော ၃း၁၃] ကျမ်းစကားကိုလည်းကောင်း။
“သင်တို့၏စိတ်နှလုံးထဲ၌ ခရစ်တော်၏ ငြိမ်သက်ခြင်းအုပ်စိုးစေ။ [ကော ၃း၁၅] ကျမ်းစကားကိုလည်းကောင်း။ ။
“သင်တို့သည်လည်း ညီအစ်ကိုအချင်းချင်းတို့ကို စိတ်နှလုံးပါလျှက် အပြစ် မလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ၏အဘသည် ထိုနည်းတူ သင်တို့ကို စီရင်တော်မူလတံ့။” [မသဲ ၁၈း၃၅] ကျမ်းစကားကိုလည်းကောင်း။
“ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် စုံလင်တော်မူသည့် နည်းတူ သင်တို့သည်လည်း စုံလင်ခြင်းရှိကြလော့။” (မဿဲ ၅း၄၈] ကျမ်းစကားကို လည်းကောင်း။
“ထိုဘုရားသည် ကျေးဇူးမသိသောသူ၊ ဆိုးညစ်သောသဘောရှိသောသူ တို့အား ကျေးဇူးပြုတော်မူ၏။ ထို့ကြောင့် သင်တို့အဘသည် သနားခြင်းစိတ်ရှိတော် မူသည့်နည်းတူ၊ သင်တို့သည်လည်း သနားခြင်းစိတ်ရှိကြလော့” (လုကာ ၆း၃၆] ကျမ်းစကားကိုလည်းကောင်း။ ။
“အစဉ်မပြတ် ကြောက်ရွံ့သောသူသည် မင်္ဂလာရှိ၏။ မိမိစိတ်နှလုံးကို
ခိုင်မာစေသောသူမူကား၊ ဘေးဥပါဒ် နှင့် တွေ့လိမ့်မည်။” [သုတ္တံ ၂၈း၁၄] ကျမ်းစကားကိုလည်းကောင်း။
လူတစ်ဦး၏ အပြစ်ကို လွှတ်နိုင်စေကာမူ မမေ့နိုင်ပါက စိတ်တင်းမာမှု (mental stress) ဖြစ်ပေါ်လာနိုင်သည်။ စိတ်တင်းမာမှုသည် ရန်ညှိုးကြောင့်ဖြစ်သည်။ ၄င်းစိတ်တင်းမာမှုသည် လူတစ်ဦးအား စိတ်ရောဂါသာမက ကာယရောဂါပါ။ ရလာနိုင်သည်။ စိတ်တင်းမာမှုသည် “ပြည်ဖု” (abcess) တစ်ခုနှင့်တူ၏။ အနာရှိ ၊ ပြည်မှန်သမျှကို ဖေါက်ထုတ်ပစ်ပြီး ဆေးထည့်လိုက်မှသာလျှင် အနာပျောက်ပါ လိမ့်မည်။ သူတစ်ပါး၏အပြစ်ကို မမေ့နိုင်ဘဲ၊ စိတ်ထဲ၌တရိပ်ရိပ်၊ တမြုံ့မြုံဖြစ်နေပါက၊ “ပြည်ဖု”ကို မဖေါက်ထုတ်ဘဲ၊ အနာပေါ်တွင် ပလပ်စတာ ကပ်ထားသကဲ့သို့သာလျှင် ဖြစ်နေပါလိမ့်မည်။ “ပြည်”မထုတ်ပစ်လျှင် ထို “ပြည်”ရှိအဆိပ်များသည် သွေးကြောထဲ ရောက်သွားပြီး ပျံ့နှံ့သွားသောကြောင့်၊ ဂရုမစိုက်လျှင် အသက်ဘေးအန္တရာယ်ပင် ရှိလာနိုင်သည်ဟု စိတ်တင်းမာမှုနှင့် ပတ်သက်သည့် ရောဂါပါရဂူ ကမ္ဘာကျော်ဆရာဝန် ကြီး ဒေါက်တာမက္ကမီလန်က သူ၏စာအုပ်တွင် ဖေါ်ပြသတိပေးထားသည်ကို လည်းကောင်း။
သူတစ်ပါးသည် မည်သည့်အတွက်ကြောင့် အပြစ်ပြုမိသည်ကို စုံစမ်းပြီး သိရန် ကြိုးစားပါ။ သူများသည် မိမိအပေါ်မှာ မကောင်းကြံစည်သည်ဟု ယူဆသောအမှု မြောက်များစွာကို အကြောင်းရင်းလေ့လာပါက အားလုံးမမှန်ကန်ပါ။ သူပြစ်မှားမိသည် ကိုပင် သတိမထားမိပါ။ အများအားဖြင့် နားလည်မှုလွဲခြင်း (Misunderstanding) များဖြစ်ပြီး မျက်နှာချင်းဆိုင် ဆွေးနွေးတိုင်ပင်ပါက အပြစ်မလွှတ်နိုင်စရာမရှိပါ။ သို့ရာတွင် လူသားများသည် မျက်နှာချင်းဆိုင် ညှိနှိုင်းခြင်းမရှိ၊ ကြာ၍ ရင့်လာသောအခါ အပြစ်မလွှတ်နိုင်သည်အထိ ကြီးထွားလာတတ်သည်။ သို့ရာတွင် အကြောင်းရင်းကို လေ့လာ၍ ရှင်းရှင်းလင်းလင်းသိရှိလာပါက တစ်ဖက်သား၏ အားနည်းချက်များကို သိလာပြီး အပြစ်လွှတ်ရုံသာမက၊ သနားခြင်းစိတ်ပင်လျှင် ပေါ်ပေါက်လာမည်ဖြစ်သည် ၊ ဟု သိက္ခာတော်ရ ဒေါက်တာအက်(စ်)ပေါင်ခန့်အင်း၏ “တောင်ပေါ်တရားတော်” စာအုပ်တွင်လည်းကောင်း၊ လေ့လာတွေ့ရှိရပါသည်။
ဤလေ့လာတွေ့ရှိရချက်များကို အခြေခံ၍ ဤဆုတောင်းချက်ကို ဆင်ခြင်
အောက်မေ့ရာတွင် –
ဤဆုတောင်းချက်သည်ခရစ်ယာန်ဘာသာ၏ အခြေခံအကျဆုံးသော “သီလအကျင့်”တည်ဆောက်နိုင်ရန် လိုအပ်သော ဝိညာဉ်ခွန်အားနှင့်
သတ္တိကို တောင်းခံသောဆုတောင်းချက်ဖြစ်ကြောင်း။
ခရစ်ယာန်ဘာသာသည်“ချစ်ခြင်းမေတ္တာ”ကိုအခြေခံသော အယူဝါဒ
ဖြစ်သဖြင့် “ချစ်ခြင်းမေတ္တာ”၏ သရုပ်ဖြစ်သော တစ်ယောက်နှင့် တစ်ယောက် အပြစ်လွှတ်ခြင်းသည် အလွန် အဓိကကျသည်။ ထို့ကြောင့် တစ်ယောက်ကို တစ်ယောက် အပြစ်များကို အမှတ်မထားဘဲ ခွင့်လွှတ် တတ်မှသာ အဓိပ္ပါယ်ရှိသော ခရစ်ယာန်
အသက်တာရမည် ဖြစ်ကြောင်း။
ဗုဒ္ဓဘာသာဝင်တို့၏ ဘဝခရီးအဆုံးပန်းတိုင်သည် လောကီဒုက္ခများ
ချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ဝင်ရောက်နိုင်ရေး ဖြစ်သကဲ့သို့ ခရစ်ယာန် ဘာသာဝင်တို့၏ ဘဝခရီးအဆုံးပန်းတိုင်သည် ထာဝရအသက်ရရှိပြီး ထာဝရဘုရားသခင်၏ နိုင်ငံတော်တည်သောအခါ ထိုနိုင်ငံသား ဖြစ်ခွင့်ရရေးဟု နားလည်ရပါသည်။ ထိုနိုင်ငံတော်သို့ ဝင်ရောက်ခွင့်ကို ထာဝရဘုရားသခင်ကသာ ပေးနိုင်မည်ဖြစ်၍ ကိုယ်တော်ရှင်၏အပြစ် ပေးခြင်းခံရသဖြင့် အပြစ်သားဖြစ်ရသူ တစ်ယောက်အနေနှင့် ကိုယ်တော်ရှင်၏အပြစ်လွှတ်ခြင်းခံရမှသာ ထိုနိုင်ငံတော်သို့ ဝင်ရောက် နိုင်မည်ဖြစ်သည်။ ထို့ကြောင့် အနန္တမေတ္တာတော်နှင့် ဂရုဏာတော် အရှင်ထာဝရဘုရားသခင်၏ အပြစ်လွှတ်ခြင်းကိုခံရပြီး၊ မိဿဟာယ ပြန်လည်ဖွဲ့နိုင်ရန် ကျွန်ုပ်တို့ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှနှင့်
ကြိုးစားရမည်ဖြစ်ကြောင်း။
သူတစ်ပါးအား အပြစ်တင်မစောရန်၊ သူတစ်ပါး၏ အပြုအမူ
(ခံစားချက်)အကြောင်းရင်းကို သိရှိနားလည်ရန် ဦးစွာလေ့လာရန်၊
များသောအားဖြင့် လူတစ်ယောက်၏အပြုအမူ (ခံစားချက်)
နောက်ကွယ်တွင် အကြောင်းတစ်စုံတစ်ခုရှိနေတတ်သည်။ ထိုအကြောင်းရင်းကို ဦးစွာလေ့လာရန်။ ထိုအကြောင်းရင်းကို သိရှိ လာပါက သူ၏အပြုအမူ(ခံစားချက်)ကို နားလည်မှုရှိလာပြီး၊ သူနှင့် ၊ ထပ်တူထပ်မျှခံစားရခါ၊ ဂရုဏာစိတ်ပင် ဖြစ်ပေါ်လာနိုင်သဖြင့် အပြစ်တင်မိတော့မည်မဟုတ်ဘဲ မုဒိတာစိတ်ဖြင့် ကူညီမစလိုသော
ဆန္ဒပင် ဖြစ်ပေါ်လာနိုင်ကြောင်း။
ခွင့်မလွှတ်နိုင်ခြင်းတည်းဟူသော မစ္ဆရိယစိတ်ဖြင့် တင်းမာနေသော
နှလုံးသားတွင်ဘုရားသခင်၏ နိုင်ငံတော်တည်နိုင်မည်မဟုတ်ကြောင်း။
လူဇာတိပကတိသဘောအရစိတ်ပါလျှက်ခွင့်လွှတ်ခြင်းသည် အလွန် ခဲယဉ်းသောအလုပ်ဖြစ်သော်လည်း ဝိညာဉ်ပကတိသဘောပါလာလျှင်
လွယ်ကူသောအလုပ်ဖြစ်လာမည်ဖြစ်ကြောင်း။
လူမည်သည်ကား ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သော သတ္တဝါ
ဖြစ်၏။ ဟောင်းသောအရာတို့သည် ပြောင်းလဲ၍ခပ်သိမ်းသောအရာ တို့သည် အသစ်ဖြစ်ကြပြီ။ ထိုသို့ဖြစ်သော် ဘုရားသခင်၏ တန်ခိုးတော် အားဖြင့်ဖြစ်၏။ ဘုရားသခင်သည် ခရစ်တော်အားဖြင့် ငါတို့၏ရန်ကို ငြိမ်းစေ၍ ကိုယ်တော်နှင့် မိဿဟာယဖွဲ့စေတော်မူ၏” [၂ကော ၅း၁၇] “ငါ့ကို ခွန်အားနှင့် ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏ [ဖိဋ္ဌိ ၄၁၃]ကျမ်းစကား တို့ကို ဆင်ခြင်အောက်မေ့မိပါသည်။
အပြစ်သွေးဆောင် ရာသို့ မလိုက်ပါစေဘဲ၊ မကောင်းသောအမှုအရာမှလည်း ၊ ကယ်နှုတ်တော်မူပါ။
ပတ္ထနာတော်၏ ဆဌမဆုတောင်းချက်ကို ဆင်ခြင်အောက်မေ့ရာတွင် “အမြစ်သွေးဆောင်ရာ” ကျမ်းစကားသည် အဓိကကျသည်ကို တွေ့ရသဖြင့် ၄င်းကျမ်း ၊ စကားနှင့်ပတ်သက်၍ ရှာဖွေလေ့လာရာတွင် –
“ထို့နောက် ဘုရားသခင်သည် အာဗြဟံကို စုံစမ်းခြင်းငှာ ခေါ်တော်မူ၍ ” [က ၂၂း၁]။
“စစ်တော်မူခြင်းကိုခံရပြီးမှ ရွှေကဲ့သို့ ငါပေါ်လိမ့်မည်” (ယောဘ ၂၃း၁၀]
“ထိုအခါ မာရ်နတ်၏ စုံစမ်းသွေးဆောင်ခြင်းကို ခံနိုင်စေမည့်အကြောင်း” [မဿဲ ၄း၁]
“ငါတို့သည် အစစ်ခံနိုင်သောသူဖြစ်သည်ကို သင်တို့သိကြလိမ့်မည်ဟု ငါထင်မှတ်မျှော်လင့်ခြင်းရှိ၏။” [၂ကော ၁၃း၆]
“ငါ့ညီအစ်ကိုတို့၊ သင်တို့၏ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည် သည်းခံခြင်းကို ပွားစေတတ်သည်ဟု သိမှတ်လျှက်၊ အထူးထူးအပြားပြား စုံစမ်း နှောင့်ယှက်ခြင်းနှင့် တွေ့ကြုံသောအခါ၊ ဝမ်းမြောက်စရာအကြောင်း သက်သက်ဖြစ် သည်ဟုမှတ်ကြလော့။” [ယာကုပ် ၁၂]
“အထူးထူးအပြားပြားသော စုံစမ်းနှောင့်ယှက်ခြင်းကိုခံရသော အကြောင်း ၊ ရှိလျှင် သင်တို့သည် ယခုခဏခံရ၍ ဝမ်းနည်းသော်လည်း အထက်ဆိုခဲ့ပြီးသော ကျေးဇူးတော်ကိုထောက်၍ ရွှင်လန်းသောစိတ်ရှိကြ၏။” [၁ပေ ၁း၇) ဟု လေ့လာ တွေ့ရှိရသော ကျမ်းစကားများအရ အပြစ်သွေးဆောင်ရာ ကျမ်းစကား၏ အနက် အဓိပ္ပါယ်တွင် သွေးဆောင်ခြင်း၊ စမ်းသပ်စစ်ဆေးခြင်း၊ စုံစမ်းစစ်ကြောခြင်းတို့ ပါဝင်ကြောင်းကိုလည်းကောင်း။ ။
“ထာဝရဘုရားကလည်း ငါ့ကျွန်ယောဘကို ဆင်ခြင်ပြီလော၊ မြေကြီးပေါ်မှာ
သူနှင့်တူသောသူတစ်ယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို
ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်သည်ဟု စာတန်အား မိန့်တော်မူ၏။” (ယောဘ ၁း၈] ဟုလည်းကောင်း။
“ယောဘသည် နှုတ်ကိုဖွင့်၍ မိမိတွားသောနေ့ရက်ကို ကျိန်ဆိုလျှက်မြွက်ဆို သည်ကား ငါအလွန်ကြောက်သောအမှုသည် ငါ၌ရောက်လာပြီ။ ငါအလွန်ကြောက်
သောဘေးသည် ငါ့ကိုတွေ့မိပြီ။ ငါသည် ငြိမ်ဝပ်ခြင်းမရှိ၊ သက်သာခြင်းမရှိ၊ ဒုက္ခဆင်းရဲ သက်သက်ရှိသည်ဟု မြွက်ဆိုလေ၏။” (ယောဘ ၃၁း၂၅-၂၆] ဟုလည်းကောင်း။
“ထိုအခါ ထာဝရဘုရားသည် ယောဘစကားကို ပြန်လှန်၍ မိုယ်သက် မုန်တိုင်းထဲက မိန့်တော်မူသည်ကား၊ ပညာမရှိဘဲ စကားပြောခါမျှနှင့် ငါ့အကြံကို မိုက်စေသော ဤသူကားအဘယ်သူနည်း။ လူယောက်ျားကဲ့သို့ သင့်ခါးကိုစည်းလော့။ ငါမေးမြန်းသော ပြဿနာကိုဖြေလော့။ မြေကြီးအမြစ်ကို ငါတည်သောအခါ သင်သည် အဘယ်မှာရှိသနည်း။ နားလည်လျှင်ဖော်ပြလော့။” [ယောဘ ၃၈း၁-၄]
“တဖန်ထာဝရဘုရားသခင်သည် မိုင်းသက်မုန်တိုင်းထဲက ယောဘအား မိန့်တော်မူသည်ကား လူယောက်ျားကဲ့သို့ ခါးကိုစည်းလော့။ ငါမေးမြန်းသော ပြဿနာ တို့ကို ဖြေလော့။ သင်သည် ငါတရားစီရင်ခြင်းကို ပယ်မည်လော။ သင်သည် ကိုယ်တိုင် ဖြောင့်မတ်ဟန်ရှိစေခြင်းငှာ၊ ငါ့ကိုအပြစ်ရှိသည်ဟု စီရင်မည်လော။ သင်သည် ဘုရား သခင်၏လက်ရုံးကဲ့သို့ လက်ရုံးရှိသလော။ ဘုရားသခင်၏ အသံကဲ့သို့သောအသံနှင့် မိုယ်ချိန်းနိုင်သလော။ ထူးဆန်းသော ဘုန်းတန်ခိုးအာနုဘော်ကို ဝတ်ဆောင်လော့။ တင့်တယ်သောဂုဏ်အသရေနှင့် တန်ဆာဆင်လော့။ သင်၏အမျက်ကို လွှတ်လော့။ မာနထောင်လွှားသောသူတို့ကို ကြည့်ရှု၍ ရှုံ့ချလော့။ အဓမ္မလူတို့ကိုနှိမ်နင်း၍ သူတို့ကို မြေမှုန့်၌တစ်စုတည်းဝှက်ထားလော့။ သူတို့မျက်နှာကို မှောင်မိုက်၌ ဖုံးအုပ်လော့။ ဤသို့ပြုလျှင် သင်၏လက်ျာလက်ရုံးသည် သင့်ကိုကယ်နိုင်သည်ဟု ငါဝန်ခံမည်။ [ယောဘ ၄၀း၆-၁၄] ဟုလည်းကောင်း။ ။
“ယောဘသည် ထာဝရဘုရားသခင်အား ပြန်လျှောက်သည်ကား ကိုယ်တော်
သည် အလုံးစုံတို့ကို တတ်နိုင်တော်မူကြောင်းကိုလည်းကောင်း၊ အကြံအစည်တော်ကို အဘယ်သူမျှမတားဆီးနိုင်ကြောင်းကိုလည်းကောင်း၊ အကျွန်ုပ်သိပါ၏။ ပညာမရှိဘဲ အကြံအစည်တော်ကို မိုက်စေသောသူကား အဘယ်သူနည်း။ သို့ရာတွင် အကျွန်ုပ် နားမလည်သော အရာတို့ကိုလည်းကောင်း၊ ကိုယ်တိုင်မသိ အံ့ဩ၍မကုန်နိုင်သော အရာတို့ကိုလည်းကောင်း ပြောမိပါပြီ။ နားထောင်တော်မူပါ။ အကျွန်ုပ်လျှောက်ပါမည်။ အကျွန်ုပ်မေးလျှောက်သောအရာတို့ကို သွန်သင်တော်မူပါ။ သီတင်းတော်ကို အကျွန်ုပ် နားနှင့်ကြားဘူးပါပြီ။ ယခုမူကား ကိုယ်တော်ကို မျက်စေ့နှင့်မြင်ရပါ၏။ ထို့ကြောင့် အကျွန်ုပ်သည် ကိုယ်ကိုရွံရှာပါ၏။ မြေမှုန့်နှင့်မီးဖိုပြာ၌ထိုင်၍ နောင်တရပါပြီဟု လျှောက်လေ၏။” [ယောဘ ၄၂း၁-၆] ဟုလည်းကောင်း။
“ယောဘသည် အဆွေခင်ပွန်းတို့အဖို့ ဆုတောင်းပြီးမှ ခံယူရသော ဒုက္ခ အကြောင်းကို ထာဝရဘုရားသည် ပယ်ရှင်း၍ အရင်ထက်နှစ်ဆသောဥစ္စာကို ပေးတော်မူ၏” [ယောဘ ၄၂း၁၀] ဟုလည်းကောင်း။
ဒေါက်တာဆိုင်းရပ်(စ်)အင်(န)နယ်(လ)ဆင်၏ သမ္မာကျမ်းစာမှ သိမှတ်ဘွယ် ရာများစာအုပ်အရ၊ ဟဗက္ကုတ်အနာဂတ္တိကျမ်း အခန်းကြီး(၁)တွင် ပရောဖက်ဟဗက္ကုတ် က ယုဒပြည်သည် ဗာဗုလုန်နိုင်ငံတော်ကြီး၏ တန်ခိုးအာဏာအောက်သို့ ရောက်သွား ပြီးနောက် ဘုရားသခင်၏ လူမျိုးတော်များ မတရားနှိပ်စက်အနိုင်ကျင့်ခြင်းခံရခြင်း ၊ များကိုတွေ့သောအခါ “မတရားမှုများနှင့်ဆိုးညစ်သော ဒုစရိုက်အမှုများကို ကိုယ်တော် ဘာကြောင့်ခွင့်ပြုထားသလဲ။ ကိုယ်တော်သည် တန်ခိုးရှင်ဖြစ်ပါက ဘာကြောင့် သူတို့ကို ၊ မတားမြစ်ပါသလဲ” ဟု အပြစ်တင်မေးမြန်းခဲ့သည်။ သူ့ ဘုရားသခင်က ကိုယ်တော်၏ရည်မှန်းချက်ကို ဖေါ်ပြခဲ့သည်။ ယုဒပြည်ကို ပြစ်ဒါဏ်စီရင်ရန် လိုအပ် နေသည်။ ယုဒပြည်ကို ကောင်းမွန်သာယာသော အနာဂတ်နိုင်ငံတော်တည်နိုင်ရန် ဗာဗုလုန်နိုင်ငံကို ဘုရားသခင်အသုံးပြုနေခြင်းဖြစ်သည်။ အလွန်ရက်စက်ကြမ်းကြုတ်
သော ခါလဒဲလူများတို့ကိုခေါ်ပြီး ယုဒပြည်ကို ဆုံးမနေသည်။ ကိုယ်တော်အလုပ်လုပ် နေသည်။ ကိုယ်တော်၏ လူမျိုးတော်အပေါ် ကိုယ်တော်ဂရုမစိုက်ဘဲမနေကြောင်း၊
ပစ္စုပ္ပန်အခြေအနေထက်ကျော်လွန်ပြီး မြင်စေလိုကြောင်း၊ သဘောပေါက်စေခဲ့သည်။
အခန်းကြီး (၂)တွင်၊ မတရားသောသူ ပျက်စီးလိမ့်မည်။ ဖြောင့်မတ်သော သူသာ ဘုရားသခင်ရှေ့တော်မှောက်၌ ရပ်တည်အသက်ရှင်လိမ့်မည်။ မိမိယုံကြည်ခြင်း ၊ အားဖြင့် ဖြောင့်မတ်သောသူ အသက်ရှင်လိမ့်မည်ဟု ဖော်ပြထားသည်။ ။
အခန်းကြီး (၃)တွင်၊ ဘုရားသခင်ကို ယုံကြည်အားကိုး ဆုတောင်းပြီးနောက် ဘုရားဘုန်းတော်ထင်ရှားလာကြောင်း။ ကိုယ်တော်၏လူမျိုးတော်များမှ အားကိုး
အော်ဟစ်သံကို ဘုရားသခင်အမြဲတမ်း အဖြေပေးကြောင်း။ ဤစင်္ကြဝဠာကို ဘုရား ၊ သခင်အုပ်စိုး၊ ထိန်းကွပ်ထားပြီး ကိုယ်တော်၏အချိန်၌ ကိုယ်တော်၏ရည်ရွယ်ချက် ပြည့်စုံစေဘို့ ကိုယ်တော်လုပ်ဆောင်နေကြောင်း၊ ဘုရားသခင်ကို အစဉ်အားကိုးနိုင်
ကြောင်း။ တိုင်းဆကြံစည်၍ မမှီနိုင်သော ဘုရားသခင်၏ အကြံအစည်ကို လူ၏ သေးငယ်သောအသိဉာဏ်ဖြင့် နားမလည်နိုင်သောကြောင့် ကျေနပ်သောအဖြေကို မရနိုင်ခြင်းဖြစ်ကြောင်း။ ကိုယ်တော်၏ အကြံအစည်တစ်ခုလုံးကို ကိုယ်တော်ဖွင့်ပြခြင်း ခံယူဘို့ ဆုတောင်းမျှော်လင့်ရမည်ဖြစ်ကြောင်း။ ဘုရားသခင်၏ နည်းလမ်းသာ အကောင်းဆုံးဖြစ်ကြောင်း၊ သာယာနာပျော်ဘွယ်ကောင်းသော ချီးမွမ်းသီချင်းဖြင့် ပရောဖက်ပြုခဲ့ကြောင်းကိုလည်းကောင်း။ ။
“ထို့ကြောင့် ဤမျှလောက်များစွာသော သက်သေအပေါင်းတို့သည် ငါတို့ကို ဝန်းရံလျှက်ရှိသည်ဖြစ်၍ ငါတို့ သည် ခပ်သိမ်းသောဝန်တို့ ကို လည်းကောင်း၊
နှောင့်ယှက်တတ်သော ဒုစရိုက်ကိုလည်းကောင်း ပယ်ရှား၍ ငါတို့ မျက်မှောက်၌ ထားသော ပန်းတုံးတိုင်သို့ရောက်ခြင်းငှာ အားမလျှော့ဘဲ ပြေးကြကုန်အံ့။ ယုံကြည်ခြင်း ၊ ကို အစအဦးစီရင်၍ စုံလင်စေတော်မူသော သခင်ယေရှုကို စေ့စေ့ထောက်ရှုကြကုန်အံ့။ ထိုသခင်သည် မိမိရှေ့၌ထားသော ဝမ်းမြောက်ခြင်းအကြောင်းကြောင့် ရှက်ကြောက်
သောအရာကို မမှတ်ဘဲ၊ လက်ဝါးကပ်တိုင်၌ခံပြီးမှ ဘုရားသခင်၏ ပလ္လင်တော် လက်ျာဘက်၌ ထိုင်နေတော်မူ၏။ အပြစ်ရှိသောသူတို့လက်တွင် ထိုမျှလောက် ကြီးစွာသောဆီးတားနှောင့်ယှက်ခြင်းကို ခံတော်မူသော သခင်ကို ထောက်ရှုဆင်ခြင်
သောအားဖြင့် အားလျှော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်အံ့သောငှာ၊ ကြိုးစားကြလော့။ သင်တို့သည် ဒုစရိုက်အပြစ်ကို ဆိုင်ပြိုင်တိုက်လှန်၍ ကိုယ့်အသွေးထွက်သည့်တိုင်အောင် မခံရကြသေး။ ထိုမှတပါး ငါ့သား၊ ထာဝရဘုရားဆုံးမတော်မူခြင်းကို မမှတ်ဘဲမနေနှင့်။ သင်၏အပြစ်ကိုဆေးကြောတော်မူသောအခါ စိတ်မပျက်နှင့်။ ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။ [ဟေဗြဲ ၁၂း၁-၆] ဟု လည်းကောင်း။
“ငါ့ညီအစ်ကိုတို့၊ သင်တို့၏ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည် သည်းခံခြင်း ကိုပွားများစေတတ်သည်ဟု အထူးထူးအပြားပြားသော စုံစမ်းနှောင့်ယှက် ခြင်းကိုတွေ့ရသောအခါ ဝမ်းမြောက်စရာအကြောင်းသက်သက်ဖြစ်သည်ဟု မှတ်ကြ လော့” (ယာကုပ် ၁း၂-၃] ဟုလည်းကောင်း။
“စုံစမ်းနှောင့်ယှက်ခြင်းကို သည်းခံသောသူသည် မင်္ဂလာရှိ၏။ အကြောင်းမှု ကား စစ်ကြောစုံစမ်းခြင်းကိုခံပြီးမှ၊ ဘုရားသခင်ကို ချစ်သောသူတို့အား ဂတိထားတော် မူသော အသက်သရဖူကို ရလိမ့်မည်။ အပြစ်သွေးဆောင်ခြင်းကိုခံရသောသူ မည်သည်ကား၊ ဘုရားသခင်သည် ငါ့ကိုသွေးဆောင်တော်မူသည်ဟု မပြောစေနှင့်။ မကောင်းသောအရာသည် ဘုရားသခင်ကို မသွေးဆောင်နိုင်ရာ။ ကိုယ်တော်သည် လည်း အဘယ်သူကိုမျှ အပြစ်သို့သွေးဆောင်တော်မမူ။ မိမိတပ်မက်သောစိတ် ဆွဲငင်ဖြားယောင်းခြင်းကိုခံရသောသူ မည်သည်ကား အပြစ်သွေးဆောင်ရာသို့ ရောက်တတ်၏။ တပ်မက်သောစိတ်သည် ပဋိသန္ဓေယူ၍ ဒုစရိုက်ကို ဖွားစေတတ်၏။ ဒုစရိုက်သည်လည်း ပြည့်စုံလျှင် သေခြင်းကိုဖွားတတ်၏။” [ယာကုပ် ၁း၁၂-၁၄) ဟုလည်းကောင်း၊ လေ့လာတွေ့ရှိရပါသည်။ ။
ဤလေ့လာတွေ့ရှိရသော ကျမ်းစကားများနှင့် ဝေမျှချက်များကိုအခြေခံ၍ ဤဆုတောင်းချက်ကို ဆင်ခြင်အောက်မေ့ရာတွင် –
ဤဆုတောင်းချက်သည်စုံစမ်းသွေးဆောင်ခြင်းနှင့် အပြစ်သွေးဆောင်
ခြင်းကို ခွဲခြားသိနိုင်သော ဉာဏ်ပညာ၊ လောကီစည်းစိမ်၏ ချည်နှောင် ခြင်းနှင့် မိမိတပ်မက်သော စိတ်ဆွဲငင်ဖြားယောင်းခြင်းမှ ရုန်းထွက်ရာ တွင် လိုအပ်မည်ဖြစ်သော ဝိညာဉ်ခွန်အား၊ စွမ်းအားနှင့်သတ္တိကို
တောင်းခံသော ဆုတောင်းချက်ဖြစ်ကြောင်း။
ဒုက္ခဆင်းရဲသည် ထာဝရဘုရားသခင်၏ အကြံအစည်တော်တစ်ခု
ဖြစ်နိုင်ကြောင်း။ အလိုတော်ကို သွေဖီလမ်းလွဲမည်ကိုသိသော ကိုယ်တော်ရှင်က သတိပေးသည့်အနေနှင့်လည်းကောင်း လမ်းမှန်ပေါ် ရောက်ရန် တည့်မတ်ပေးသည့်အနေနှင့်လည်းကောင်း လက်ရှိအခြေ အနေထက်ပို၍ ကောင်းမွန် သောအခြေအနေရောက်စေရန်
လည်းကောင်း၊ ကိုယ်တော်ရှင်လုပ်ဆောင်နေခြင်းဖြစ်နိုင်ကြောင်း။
ထာဝရဘုရားသခင်ခွင့်ပြုသော စုံစမ်းသွေးဆောင်ခြင်းသည် ဒုက္ခ
ရောက်စေရန်မဟုတ်။ ခရစ်ယာန်တစ်ယောက်၏ အရည်အသွေးကို စစ်ကြောရန်နှင့်လေ့ကျင့်ပညာပေးရန်ဖြစ်ကြောင်း။ တိုးတက်ရင့်ကျက်
သောခရစ်ယာန်၊ တည်ငြိမ်ခိုင်မြဲသော ခရစ်ယာန်တစ်ယောက် ဖြစ်လာစေရန် ဘုရားသခင်ထုနှက်ခြင်းဖြစ်သည်ဟု နားလည်သဘော
ပေါက်၍ သည်းခံစိတ်ဖြင့် လက်ခံကျော်လွှားရမည်ဖြစ်ကြောင်း။
စုံစမ်းသွေးဆောင်ခြင်းကို ကျော်လွှားနိုင်ခြင်းမရှိမှသာ အပြစ်ရောက်
သည်။ တိုင်းဆကြံစည်၍ မမှီနိုင်သော ထာဝရဘုရားသခင်၏ စီမံချက် ကို လူသား၏သေးငယ်သောဉာဏ်ဖြင့် နားမလည်သဘောမပေါက်၍
ကိုယ်တော်ရှင်အားစိတ်ဖြင့်ပြစ်မှားလျှင် အပြစ်ဖြစ်လာကြောင်း။
အပြစ်သွေးဆောင်ခြင်းသည် အပြစ်မဟုတ်။ ထိုအပြစ်သွေးဆောင်ခြင်း
ကို အရှုံးပေးပြီး ဒုစရိုက်လုပ်မှသာအပြစ်ဖြစ်ကြောင်း။
အပြစ်သွေးဆောင်ခြင်းသည် ဘဝတစ်ခု၊ လူ့ဘောင်တစ်ခု၏ တစိတ်
တပိုင်းဖြစ်သဖြင့် လူတို့အနေနှင့် နေ့စဉ်ရင်ဆိုင်ကြုံတွေ့နေရမည် ဖြစ်သည်။ နည်းအမျိုးမျိုးနှင့် သွေးဆောင်တတ်သည်။ ထို့ကြောင့် မိမိတစ်ဦးတည်း ကြံ့ကြံ့ခံရုန်းကန်နေသည်ထက် အမြဲဆုတောင်း ပတ္ထနာပြုပြီး ခွန်အားတောင်းခံနေရမည်။ ဆုတောင်းနေရုံသာမက
အစဉ် သမ္မာသတိရှိနေရမည်ဖြစ်ကြောင်း။
ထာဝရဘုရားသခင်၏ စီမံချက်သည်သာ အကောင်းဆုံးဖြစ်သည်ကို
လည်းကောင်း၊ ကိုယ်တော်ရှင်ကိုအစဉ်အားကိုးယုံကြည်နိုင်သည်ကို လည်းကောင်း၊ သဘောပေါက်၍ သခင်ယေရှုပြခဲ့သော စံနမူနာကို မျက်မှောက်ပြုပြီး၊ အရာရာကိုကိုယ်တော်ရှင်အား ဆုတောင်းပတ္ထနာ
ပြု၍ အပ်နှံရမည်ဖြစ်ကြောင်း။
သခင်ခရစ်တော်ကို လက်ခံယုံကြည်သူတိုင်းသည် ကယ်တင်ရှင်
သခင်ယေရှု၏အသွေးတော်အားဖြင့် သန့်ရှင်းသူများဖြစ်လာကြသည်။ သန့်ရှင်းသူများတွင်ရှိသင့်သော၊ ဟီရိ(မကောင်းမှုပြုရမှာရှက်ခြင်း)နှင့် ဩတ္တပ္ပ(မကောင်းမှုပြုရမှာကြောက်ခြင်း)စိတ်ဖြင့် ကိုယ့်ကိုယ်ကို
ထိန်းရမည်ဖြစ်ကြောင်း။ ။
“အချင်းစာတန်၊ ငါ့နောက်သို့ဆုတ်လော့။ သင်၏ဘုရားသခင်ထာဝရ
ဘုရားကိုကိုးကွယ်ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည်ဟု ကျမ်းစာလာသည်ဟု မိန့်တော်မူ၏။ (မဿဲ ၄း၁၀) ကျမ်းစကားကို နှလုံးသွင်း၍ အပြစ်သွေးဆောင်ခြင်းကို တိုက်လှန်ရမည်၊ ဟုသိမြင် သဘောပေါက်လာပါသည်။
အစိုးပိုင်သောအခွင့်နှင့် ဘုန်းတန်ခိုးအာနုဘော်တော်သည် ကမ္ဘာအဆက်ဆက် ကိုယ်တော်၌ ရှိပါ၏။
ပတ္တနာတော်၏ အဆုံးသတ်၊ ထောမနာပြုချက်ကို ဆင်ခြင်အောက်မေ့ရန် ရှာဖွေလေ့လာရာတွင် –
“မြေကြီးသားအပေါင်းတို့၊ ထာဝရဘုရားအား ကြွေးကြော်ကြလော့။ ထာဝရ ဘုရား၏အမှုတော်ကို ဝမ်းမြောက်စွာဆောင်ရွက်ကြကုန်လော့။ ရွှင်လန်းစွာသီချင်း ဆိုလျှက် အထံတော်သို့ ဝင်ကြလော့။ ထာဝရဘုရားသည် ဘုရားသခင်ဖြစ်သည်ကို သိမှတ်ကြလော့။ ထာဝရဘုရားသည် ငါတို့ကိုဖန်ဆင်းတော်မူ၍ ငါတို့၏အရှင်ဖြစ်တော် မူ၏။ ငါတို့သည်လည်း ထာဝရဘုရားသခင်၏ လူဖြစ်ကြ၏။ အထံတော်၌ကျက်စား
သောသိုးစုလည်းဖြစ်၏။ ကျေးဇူးတော်သည် ကြီးလှပါသည်ဟု ဝန်ခံလျက်တံခါးတော် တို့ကိုလည်းကောင်း၊ ဝင်ကြလော့။ ကျေးဇူးတော်ကို ချီးမွမ်း၍နာမတော်ကို ကောင်းချီး ပေးကြလော့။ အကြောင်းမူကား ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၏။ ဂရုဏာတော်သည် အစဉ်အမြဲရှိ၍ သစ္စာတော်သည် ကာလအဆက်ဆက်တည်လေ သတည်း။(ဆာလံ ၁၀၀း၁-၅) ဟုလည်းကောင်း။
“မိုင်းကောင်းကင်သည် ဘုရားသခင်၏ ဘုန်းအသရေတော်ကိုကြားပြော၍ မိုင်းမျက်နှာကြက်သည် လက်တော်နှင့်လုပ်သောအရာများကို ပြသ၏။ တနေ့ကိုတနေ့ မြွက်ဆို၍ တညကိုတညသွန်သင်၏။ နှုတ်မြွက်ခြင်း၊ စကားပြောခြင်းမရှိ၊ သူတို့ ၊ နှုတ်ထွက်သံကို မကြားရသော်လည်း၊ သူတို့၏အသံသည် မြေတပြင်လုံး၌ နှံ့ပြား၍ သူတို့၏စကားသည် မြေကြီးစွန်းတိုင်အောင်ရောက်လေ၏။” (ဆာလံ ၁၉း၁-၄)ဟု လည်းကောင်း၊ တွေ့ရှိရပါသည်။ ။
၄င်းလေ့လာတွေ့ရှိရသော ကျမ်းစကားများအရ ထိုထောမနာပြုချက်သည် ဤကမ္ဘာလောကကြီး၏ “မှန်သောသစ္စာစကား” ဖြစ်သည်။ ၄င်းသစ္စာစကားမှန်ကန်ကြောင်း မိုင်းကောင်းကင်နှင့် မိုင်းမျက်နှာကြက်က သက်သေခံနေသည်။
ဟာလေလုယ ။ • အာမင်း။ ။
နိဂုံး
သခင်ယေရှုသွန်သင်ပေးသနားတော်မူသော ပတ္ထနာတော်ကို ဖြေးဖြေးမှန်မှန် မက်ဆိုလျှင်(၂)မိနစ်ခန့်သာ ကြာပါသည်။ ထို့ကြောင့်၄င်း ပတ္ထနာတော်ကို မြွက်ဆိုချိန် (၂)မိနစ်၊ မြွက်ဆိုပြီးချိန်တွင် မိမိအာရုံထဲရောက်လာသော ဆုတောင်းချက်တစ်ချက်ကို ဆင်ခြင်အောက်မေ့ရန်(၂)မိနစ်၊ စုစုပေါင်း(၄)မိနစ်၊ တနေ့(၃)ကြိမ် (အိပ်ယာထ၊ နေ့ခင်း၊ ညအိပ်ယာဝင်)ပြုလုပ်လျှင်၊ ထာဝရဘုရားသခင်က လူအားပေးထားသော တနေ့တာ(၂၄)နာရီမှ (၁၂)မိနစ်သာ ဝတ်ပြုချိန်ပေးရပါမည်။
၎င်း(၁၂)မိနစ်အချိန်ပေးခြင်းဖြင့်ကို “မခြားမလပ်ဆုတောင်းပဌနာပြုကြလော့။ အရာရာ၌ကျေးဇူးတော်ကို
ချီးမွမ်းကြလော့”။ (၁သက် ၅း၁၇) ၊ “ထာဝရဘုရား၏ တရားတော်၌မွေ့လျော်၍ တရားတော်ကို နေ့ည မပြတ်ဆင်ခြင်အောက်မေ့သောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား ထိုသူသည် မြစ်နားမှာစိုက်လျှက် မိမိအချိန်တန်မှ အသီးကိုသီး၍ အရွက် မညှိုးနွမ်းတတ်သော အပင်နှင့်တူ၏။ ပြုလေသမျှတို့၌ အောင်လိမ့် သတည်း။” (ဆာလံ ၁း၂-၃)။ ဒံယေလသည် မိမိအိမ်သို့သွား၍ ယေရှုရှလင်မြို့သို့ မျက်နှာမူရာ အထက်ခန်းပြတင်းပေါက်ဖွင့်လျှက်ပင်၊ အထက်ပြုလေ့ရှိသည့်အတိုင်း၊ တနေ့(၃)ကြိမ်ဒူးထောက်လျှက် ဘုရားသခင်ကို ဆုတောင်း၍ ဂုဏ်တော် ကိုချီးမွမ်းလေ၏”။ (ဒံ ၆း ၁၀) ဟုဆိုသည့် ကျမ်းစကားများနှင့် ကိုက်ညီ မည်ဖြစ်သည်။
တစ်နေ့လျှင်(၁၂)မိနစ် (၄မိနစ် ၃ကြိမ်) ဆက်ကပ် ဆုတောင်း ပတ္ထနာပြု၊ ဆင်ခြင်အောက်မေ့၍ ရလာသော ဉာပညာသည်လူ၏နှလုံးသားတွင် တည်မြဲလာပြီး အဆသုံးဆယ်၊ အဆခြောက်ဆယ် အဆတရာပွား၍ အသီးသီးလျှင်၊
ဤကမ္ဘာလောကကြီးရှိ ဒုက္ခတရား၏ အရင်းအမြစ်ဖြစ်သော –
» မောဟ ဤကမ္ဘာလောကကြီး၏ သစ္စာတရား(သမ္မာတရား)အား
မသိနားမလည်ခြင်း ၊
* လောဘ တင်းတိမ်ရောင့်ရဲမှုမရှိခြင်း။
# ဒေါသမာန်မာန – အတ္တစိတ်ဖုံးလွှမ်းနေ၍ မေတ္တာမထားနိုင်ခြင်း။ တို့ကို ပယ်နိုင်ပြီး၊ သောကနှိပ်စက်ခြင်းမှ လွတ်မြောက်၍ ငြိမ်သက်ခြင်းနှင့် ရွှင်လန်း ဝမ်းမြောက်ခြင်းရလာနိုင်ပါသည်။
မြအေး (လေ့လာသူခရစ်ယာန်)
( မဿဲ ၆း၃၃ ) ကျမ်းစကားမှ ကျွန်ုပ်ရရှိသောဉာဏ်ပညာအလင်း
သခင်ယေရှု၏ သွန်သင်လမ်းညွှန်မှုနှင့် ပီပြင်သောကတိတော်ဖြစ်သည့် “ဘုရားသခင်၏ နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြလော့။ နောက်မှထိုအရာများကို ထပ်၍ပေးတော်မူလတံ့”မဿဲ ၆း၃၃ကျမ်းစကားကို ဆင်ခြင်အောက်မေ့ရန်လေ့လာရာတွင် “ဘုရားသခင်၏ နိုင်ငံတော်” နှင့် “ဖြောင့်မတ် ခြင်းတရားတော်”တို့သည် အဓိကကျသည်ကို တွေ့ရသဖြင့်၄င်း ကျမ်းစကားများနှင့် ပတ်သက်၍ ရှာဖွေလေ့လာခဲ့ပါသည်။
ရှင်မဿ၏ “ကောင်းကင်နိုင်ငံတော်”၊ ရှင်ယောဟန်၏ “ထာဝရအသက်” ရှင်မာကုနှင့် ရှင်လုကာတို့၏ “ဘုရားသခင်၏ နိုင်ငံတော်”သည်(ဗျာဒိတ် ၂၁း၁-၂၇) ကျမ်းစကားအရ၊ စစ်မှန်သောဘုရားသခင်၏ နိုင်ငံတော်သည် သခင်ခရစ်တော် ဒုတိယအကြိမ်ကြွလာ၍ နှစ်တစ်ထောင်အုပ်စိုးပြီးနောက် လက်ရှိကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီး၍အသစ်တဖန်ဖန်ဆင်းမည့် ကောင်းကင်သစ်နှင့်မြေကြီးသစ်တွင် တည်ထောင်မည့်နိုင်ငံတော်ဖြစ်ကြောင်း။ ၄င်းနိုင်ငံတော်တွင် ထာဝရဘုရားသခင် ကျိန်းဝပ်တော်မူမည်ဖြစ်ပြီး၊ သခင်ခရစ်တော်စိုးမိုးအုပ်ချုပ်တော်မူမည်ဖြစ်ကြောင်း။ ၄င်းနိုင်ငံတော်သားတို့သည် ပြည့်ဝစုံလင်သောအသက်တာရကြမည်။ ရေငတ်သော သူအား အသက်စမ်းရေကို အဖိုးအခမယူဘဲပေးမည်။ နောက်တဖန်သေခြင်းမရှိရ။ စိတ်သောကဖြင့် ညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ငိုကြွေးခြင်း၊ ပင်ပန်းခြင်း၊ စသော
လောကီဒုက္ခများကင်းမည့် နိုင်ငံတော်ဖြစ်ကြောင်း။ ထာဝရဘုရားသခင်၏ တရားစီရင် ခြင်းကိုအောင်မြင်၍ ထိုနိုင်ငံတော်သို့ ဝင်ခွင့်ရသော ယုံကြည်သူများသည် ထိုအရာ တို့ကို အမွေခံရမည်။ ထိုသူတို့သည်လည်း ထာဝရဘုရားသခင်၏ သားသမီးများ ဖြစ်ခွင့်ရကြမည်ဖြစ်ကြောင်း၊ မကောင်းမှုဒုစရိုက်ပြုသူများနှင့် သစ္စာပျက်သူများသည် ဒုတိယသေခြင်းတည်းဟူသော ကန့်နှင့်လောင်သော မီးအိုင်၌ မိမိတို့အဖို့ရလိမ့်မည် ဖြစ်သည်ဟု သိရှိရပါသည်။ ။
ဆရာကြီးသံလျင်ဖေသွင်၏ “ရှင်ယောဟန်ခရစ်ဝင် အနက်ဖွင့်ကျမ်း” တွင် “ကောင်းကင်နိုင်ငံတော် (ဝါ) ဘုရားသခင်၏နိုင်ငံတော်”ဟူသော သဘောထားကို သခင်ယေရှု၏ ပတ္ထနာတော်မှ အကောင်းဆုံးအဖြေရနိုင်ပါသည်။ ဂျူးလူမျိုးတို့၏ စာပေရေးသားဟန်မှာ၊ မိမိဆိုလိုရင်းကို နှစ်ကြိမ်ထပ်မံပြောဆိုသည့် နည်းဟန်ဖြင့် ရေးလေ့ရှိသည်။ ဒုတိယဝါကျက ပထမဝါကျကို ရှင်းပြရုံသာမက၊ ပထမဝါကျ၏ ၊ အဓိကအချက်ကို လေးနက်စေရန် ထပ်မံဖော်ပြလေ့ရှိသည်။ ထိုစာပေရေးဟန်ဖြင့် “နိုင်ငံတော်”နှင့်ပတ်သက်သော ဒွန်တွဲနေသည့် ဆုတောင်းချက်နှစ်ချက်ကို လေ့လာဆင်ခြင်ကြည့်ကြပါစို့။ ဒုတိယဆုတောင်းချက်သည်၊ ပထမဆုတောင်းချက်ကို ချဲ့ထွင် အနက်ဖွင့်ရှင်းပြ၊ တည်ဆောက်ပေးလေ့ရှိရာ၊ ထိုသဘောကို ယူ၍အနက် ဖွင့်ရသော် “ဘုရားသခင်၏ နိုင်ငံတော်”ဆိုသည်မှာ အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံ သကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံသော၊ အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်”ဟု သဘောရ။ လာပါသည်။ ဘုရားသခင်၏ နိုင်ငံတော်သို့ဝင်ရောက်ရေးမှာ ဘုရားသခင်၏အလိုတော် ကိုတသွေမတိမ်းလိုက်နာသည့် အသက်တာမျိုးကို ရှင်သန်ရေးနှင့် အလိုတော်ကို အပြည့်အဝ လက်ခံရေးပင်ဖြစ်သည်”ဟု တွေ့ရပါသည်။ ။
သမ္မာကျမ်းစာအဘိဓာန်တွင် “သခင်ယေရှုကိုယ်တော်တိုင် သင်ကြားတော် မူသော ဩဝါဒတို့၌ “ဘုရားသခင်၏ နိုင်ငံတော်”ကို ပဓါနပြုတော်မူ၍ ၄င်းနိုင်ငံတော် ကို “ငါ့ခမည်းတော်၏ နိုင်ငံတော်” (မဿဲ ၂၆း ၂၉)။ “ငါ၏နိုင်ငံတော်”(ယော ၁၈း၃၆။ လုကာ ၂၂း၃ဝ)ဟု အနည်းနည်းခေါ်တော်မူခဲ့သည်။ ၄င်းနိုင်ငံတော်သည် ဤလောကနှင့် မဆိုင်ကြောင်း ယော ၁၈း၃၆)။ မျက်မြင်ဖြစ်သော ဤအရပ်၊ ထိုအရပ်၌မဟုတ် (လုကာ ၁၇း၂၀)။ ဝိညာဉ်နှင့်သက်ဆိုင်ကြောင်း။ သခင်ယေရှု၏ အချုပ်စကားမှာ၊ ဘုရားသခင် ၏နိုင်ငံတော်သည် သင်တို့အထဲ၌ရှိသည် (လုကာ ၁၇း၂၁) ဟု မိန့်တော်မူသဖြင့် ယခုဘဝ၊ နောက်ဘဝအဖို့ ၄င်းနိုင်ငံတော်တည်မြဲကြောင်း ထင်ရှားတော်မူစေပြီး၊ ယုံကြည်သော၊ နာခံသောစိတ်နှလုံးရှိရာအရပ်တိုင်း၌ “နိုင်ငံတော်”တည်သည်ဟု တွေ့ရပါသည်။ )
ဆရာကြီးသံလျင်ဖေသွင်ပြုစုသော “ခရစ်တော်၏ သက်တော်စဉ်နှင့် ဩဝါဒ များစာအုပ်တွင် “ယေဘုယျအားဖြင့် နိုင်ငံတော်သည် ရှင်ဘုရင်တစ်ပါးစိုးစံ အုပ်စိုးသော မြေဧရိယာတစ်ခုဖြစ်သည်။ သို့သော် “ဘုရားသခင်၏နိုင်ငံတော်ဆိုသည်မှာ လက်ညှိုး ညွှန်ပြ၍ ရသော ဤစကြာဝဠာအတွင်းရှိ နေရာတစ်ခုမဟုတ်။ ဘုရားသခင်စိုးစံအုပ်စိုး သောနေရာတိုင်းသည် ဘုရားသခင်၏ နိုင်ငံတော်ဖြစ်သည်။ ဓမ္မသစ်ကျမ်းစာတွင် ဖော်ပြသော “ဘုရားသခင်၏ နိုင်ငံတော်သည်” ထာဝရဘုရားသခင်၏ အုပ်စိုးခြင်းကို ခံယူပြီး၊ ကိုယ်တော်ရှင်၏ အလိုတော်ကို တသွေမတိမ်း၊ တိတိကျကျ၊ ရာနှုန်းပြည့် လက်ခံလျှက်၊ အလိုတော်နှင့်အညီ အသက်ရှင်နေထိုင်ကျင့်ကြံခြင်းသာလျှင်ဖြစ်သည်။ ဘုရားသခင်၏ အလိုတော်ကိုဦးလည်မသုန် လက်ခံခြင်း၊ လိုက်နာခြင်း၊ လက်ခံကျင့်သုံး ခြင်းတို့ကို ဆိုလိုသည်။ ထိုသို့လက်ခံကျင့်သုံးသော သူ၏စိတ်နှလုံးတွင်း၌ နိုင်ငံတော် တည်ပြီဟု ဆိုလိုသည်။ ထို့ကြောင့်နိုင်ငံတော်ဆိုသည်မှာ တစ်ဦးချင်းနှင့် သက်ဆိုင်နေ သည်။ ဘုရားသခင်၏ နိုင်ငံတော်အကြောင်း ပြောဆိုနေကြခြင်းမှာ အလွန်လေးနက်သော သီဩလော်ဂျီအတွေးအခေါ် ပြောဆိုနေခြင်းမဟုတ်ပါ။ သခင်ခရစ်တော်ကို တစ်ဦးချင်းလက်ခံပြီး ကိုယ်တော်ရှင်၏ အလိုတော်အတိုင်း အသက်ရှင်ရန် ကြိုးစား ရခြင်းဖြစ်သည်”ဟု တွေ့ရပါသည်။
“အနန္တမေတ္တာတော်ရှင် ထာဝရဘုရားသခင်၏ နိုင်ငံတော်ဖြစ်သဖြင့် ၄င်း င်ငံတော်သည် မေတ္တာနိုင်ငံဖြစ်သည်”ဟုလည်း တွေ့ရှိရပါသည်။
သခင်ယေရှုနှုတ်တော်ဖွင့်၍ သွန်သင်ဟောကြားတော်မူသော ဒေသနာတရား တော်များ၊ မိန့်ကြားသောဩဝါဒများတို့တွင် ၄င်းနိုင်ငံတော်နှင့်ပတ်သက်၍ တိုက်ရိုက် ရှင်းလင်းသွန်သင်ထားချက်များ မတွေ့ရသော်လည်း၊ ဥပမာပုံဆောင်၍ သွန်သင်မြှောက် ဆိုချက်များတွေ့ရှိရပါသည်။ ၄င်းဥပမာပုံဆောင်ချက်များကို လေ့လာရာတွင် အနက်အဓိပ္ပါယ်နားလည်ရန် အခက်အခဲရှိခဲ့သော်လည်း “ဓမ္မစာလွှာဖြင့် ခရစ်ယာန် သာသနာပြုလုပ်ငန်း”၏ ကနဦးမိခင်ကြီး အယ်လင်၊ ဂျီ၊ ဗိုက်၏ ရှင်းလင်းဝေမျှချက် ဖြစ်သည့် “ခရစ်တော်၏ သရုပ်ပြသွန်သင်ချက်များ”စာအုပ်ကို လေ့လာသောအခါမှ ၄င်းဥပမာပုံဆောင်မိန့်မြွက်ချက်များကို သဘောပေါက်ရပါသည်။
“ခရစ်တော်ဤလောကကို ကြွလာတော်မူခြင်းနှင့် ဥပမာပုံဆောင်၍ သွန်သင် တော်မူခြင်းတို့သည် မူလသဘောတရားအားဖြင့် တူညီကြပါသည်။ ကိုယ်တော်၏ ဘုန်းတော်နှင့် အသက်တာကို လူတို့သိကျွမ်းနားလည်သဘောပေါက်စေရန် ကိုယ်တော် သည်လူ့ဇာတိကို ခံယူပြီး၊ လူသားအဖြစ် ဤလောကတွင်နေထိုင်တော်မူခဲ့သည်။ ဘုရားသခင်၏ အဖြစ်တော်ကိုလည်းကောင်း၊ သာမန်လူတို့၏ မျက်စေ့ဖြင့် မတွေ့မြင် နိုင်သော ဘုန်းအသရေတော်ကိုလည်းကောင်း၊ လူသားအသွင်ဖြင့် ထင်ရှားစေတော် မူခဲ့သည်။ သိမြင်နိုင်သောအရာမှ မသိမြင်နိုင်သောအရာကို လူတို့သင်ကြားနာယူ စေနိုင်ခဲ့သည်။ ကောင်းကင်ဆိုင်ရာတို့ကို မြေကြီးဆိုင်ရာတို့ဖြင့် ထင်ရှားစေတော်မူ ခဲ့သည်။ ထိုနည်းအတူ သခင်ယေရှု၏ ဥပမာပုံဆောင်သွန်သင်ချက်များသည်လည်း၊ မသိနားမလည်သော အရာတို့ကိုလည်းကောင်း၊ ဘုရားသခင်၏ တရားတော်ကို လည်းကောင်း၊ လူတို့အကျွမ်းတဝင်သိမြင်နေသည့် လောကီရေးရာများဖြင့် ဥပမာ ပုံဆောင်၍ သွန်သင်တော်မူခြင်းဖြစ်သည်။
သဘာဝတရားနှင့် တရားနာပရိသတ်၏ဘဝအသက်တာ အတွေ့အကြုံများ ကို ကိုယ်တော်၏နှုတ်တော်ထွက်စကားများမှ သစ္စာတရားများနှင့် ဆက်စပ်ထားပြီး၊ သဘာဝတရားကို အကြောင်းခံလျှက် ဝိညာဉ်ရေးရာများကို ဖော်ထုတ်တော်မူခြင်း ဖြစ်သည်။ ထိုနည်းအားဖြင့် သဘာဝလောကမှ ဝိညာဉ်နိုင်ငံတော်သို့ ပို့ဆောင်တော်
မူရာတွင် သခင်ယေရှု၏ ဥပမာများသည် မြေကြီးနှင့်ကောင်းကင်ကိုလည်းကောင်း၊ ဘုရားသခင်နှင့်လူသားကိုလည်းကောင်း၊ ဆက်သွယ်ထားသည့် ဘုရားသခင်၏ တရားတော် ရွှေကြိုးကွင်းဆက်များဖြစ်သည်။
သခင်ယေရှုသည် သဘာဝတရားကို အကြောင်းခံ၍ သွန်သင်တော်မူရာတွင် ကိုယ်တော်ရှင်ဖန်ဆင်းခဲ့သည့် ဤကမ္ဘာလောကကြီး၏ ကောင်းကင်နှင့်မြေကြီး၏ အရည်အသွေးနှင့် တန်ခိုးအာနိသင်များကို ထုတ်ဖော်တော်မူခြင်းဖြစ်သည်။ ဖန်ဆင်း ထားသောအရာ အလုံးစုံတို့၏ မူလအစပြည့်စုံကုံလုံမှုသည် ဘုရားသခင်၏ အကြံအစည်တော်ကို ဖော်ညွှန်းလျက်ရှိကြပါသည်။ အာဒံနှင့်ဧဝတို့၏ ဧဒင်အိမ်တွင် ဘုရားသခင်ကို သိကျွမ်းစေဖို့သဘာဝနှင့်ပတ်သက်သည့် အကြောင်းအရာအမျိုး စုံလင် ပါသည်။ ကိုယ်တော်ရှင်၏ သင်ကြားချက်များနှင့်လည်း ပြည့်လျှံလျှက်ရှိသည်။ သူတို့ သည်ကိုယ်တော်ရှင်ဖန်ဆင်းတော်မူသော ကောင်းကင်နှင့်မြေကြီးဖြင့် ဆက်ဆံညှိနှိုင်း ရသောကြောင့် ဉာဏ်မျက်စေ့ဖြင့်သိမြင်၍ စိတ်နှလုံးဖြင့် လက်ခံကြ၏။ သန့်ရှင်းသော ဇနီးမောင်နှံသည် အမြင့်မြတ်ဆုံးသော ဘုရားသခင်၏ ပညတ်တော်ကို ချိုးဖောက် ကျူးလွန်၍ အပြစ်ပြုမိသည်နှင့်တပြိုင်နက် ဘုရားသခင်၏မျက်နှာတော်သည် သဘာဝ
လောကကြီး၏ မျက်နှာပြင်မှပျောက်ကွယ်လေတော့သည်။ အပြစ်တရားသည် ကမ္ဘာမြေကြီးကို ညစ်ညူးစေ၏။ ချို့တဲ့စေ၏။ ယင်းသို့ချို့တဲ့ပုပ်ပျက်တတ်သော အခြေအနေသို့ ဆိုက်ရောက်နေသော်လည်း၊ တင့်တယ်လှပခြင်းမြောက်များစွာ ကျန်ရှိနေပါသေးသည်။ သဘာဝတရားတွင် ဘုရားသခင်၏ သရုပ်ပြသင်ခန်းစာများ ပျောက်ကွယ်သွားခြင်းမရှိသေးပါ။ အမှန်အတိုင်းသိမြင်နိုင်မည်ဆိုပါက၊ သဘာဝတရား ၊ သည်ဖန်ဆင်းသူဘုရားသခင်၏ အကြောင်းကိုဖော်ပြလျှက်ပင် ရှိပါသေးသည်။
သခင်ခရစ်တော် ဤလောကတွင်သက်တော်ထင်ရှားရှိစဉ်က ယင်းသင်ခန်းစာ များမှာမျက်ခြေပြတ်သည့် အခြေအနေသို့ပင် ဆိုက်ရောက်နေပါသည်။ လူတို့သည် ၊ ဖန်ဆင်းထားသော သဘာဝတရားတွင် ဘုရားသခင်ကို မတွေ့မမြင်နိုင်တော့ပါ။ ဖန်ဆင်းထားသော သဘာဝအလှအပမျက်နှာပြင်ကို လူသား၏အပြစ်တရားက လွှမ်းခြုံ ဖုံးကွယ်လိုက်သဖြင့် ဘုရားသခင်ဖန်ဆင်းထားသော သူဘာဝတရားသည် ဘုရားသခင် ကိုမဖေါ်ညွှန်းတော့ပဲ၊ ကိုယ်တော်ရှင်၏မျက်နှာတော်ကို မတွေ့မမြင်ရအောင် ဖုံးကွယ် သည့်တံတိုင်းကြီးပမာ ဖြစ်နေတော့သည်။ ထိုတံတိုင်းကြီးကို ဖြိုဖျက်ရန် သခင် ခရစ်တော်သည် လူဇာတိကို ခံယူတော်မူခြင်းဖြစ်သည်။ ကိုယ်တော်၏နှုတ်တော်ထွက် စကားများသည် စင်္ကြာဝဠာအပါအဝင် သဘာဝတရားနှင့် သမ္မာကျမ်းစာ၏
သွန်သင်ချက်များကို အသစ်သောမြင်ကွင်းဖြင့် အသစ်တဖန်မြင်လာစေရန် ကိုယ်တော် လုပ်ဆောင်နေခြင်း ဖြစ်သည်။ နေ့စဉ် မြင်နေရသော မြင်ကွင်းဟူသမျှသည် ဝိညာဉ် ရေးရာဆိုင်ရာ သစ္စာတရားတစ်ခုခုနှင့် ဆက်စပ်လျက်ရှိကြောင်း သိရှိသဘောပေါက် စေရန် ကိုယ်တော်စီမံခြင်း ဖြစ်သည်။
မိုးကောင်းကင်၌ ကျင်လည်သောငှက်များမဿဲ ၆း၂၆၊ တောနှင်းပင် မသဲ ၆း၂၈ တို့ကို ဥပမာပုံဆောင်၍ ဆုံးမဩဝါဒပေးခြင်းကို ပရိသတ်အပေါင်းတို့သည် အလွန်အံ့ဩကြ၏။ မဿဲ ၇း၂၈။ သူတို့၏ ပတ်ဝန်းကျင်တွင် နေ့စဉ်တွေ့မြင်နေရ
သောအရာများကို ပုံဆောင်၍ ဟောတော်မူသောကြောင့် စိတ်ဝင်စားကြ၏။ ကိုယ်တော်၏ ဟောပြောတော်မူချက်များကို တွေ့မြင်သိရှိရချက်များနှင့်လည်းကောင်း၊ သဘာဝတရားများဖြင့်လည်းကောင်း၊ ဘဝအတွေ့အကြုံများနှင့်လည်းကောင်း၊ ပူးပေါင်းဆက်စပ်ထားခြင်းအားဖြင့် တရားနာသူတို့၏ အာရုံကိုဆွဲဆောင်နိုင်သည် သာမက၊ သူတို့၏စိတ်နှလုံးများတွင် စွဲမှတ်စေခဲ့သည်။ ထိုသို့အားဖြင့် တရားနာ သူတို့ သည် ကိုယ်တော်၏ဥပမာများတွင် သရုပ်ဆောင်ထားသည့် အရာများကို တွေ့မြင်လေတိုင်း၊ ကိုယ်တော်၏ နှုတ်တော်ထွက်စကားများကို သတိရကြ၏။ သန့်ရှင်း
သောဝိညာဉ်တော်၏ နှိုးဆော်ခြင်းကိုခံရသော စိတ်နှလုံးများအတွက်မူကား၊ သခင်ယေရှု၏ ထူးခြားခြင်းရှိသည့် သွန်သင်ချက်များသည် ပို၍ပို၍ အနက်အဓိပ္ပါယ် ပေါ်လာပါသည်ဟု ဝေမျှထားကြောင်းတွေ့ရပါသည်။ ။
၄င်းဝေမျှချက်များကို အခြေခံ၍မဿဲ ၆း၂၆-၂၈ကျမ်းစကားများကို ဆင်ခြင်အောက်မေ့ရာတွင် သခင်ယေရှုပထမဦးစွာ မိန့်မြွက်တော်မူသော ဥပမာ ပုံဆောင်ချက်သည် မိုးကောင်းကင်၌ကျင်လည်သောငှက်များဖြစ်ကြောင်း တွေ့ရပါ သည်။ ထာဝရဘုရားသခင်သည် ငှက်များကို ကိုယ်တော်ရှင်၏အကြံအစည်တော်တွင် ပါဝင်၍လူများအတွက် အကျိုးပြုရန် ဖန်ဆင်းခြင်းဖြစ်သည်။ အဓိကတာဝန်များ အနေဖြင့်သီးနှံများ ဖျက်ဆီးသည့် ပိုးမွှားများကို နှိမ်နင်းရှင်းလင်းရန်။ သီးနှံမျိုးစေ့များကို သယ်ဆောင်ဖြန့်ဖြူးရန်၊ မိမိတို့ပတ်ဝန်းကျင်ကို အရောင်အသွေးအားဖြင့်လည်းကောင်း၊ အသံဖြင့်လည်းကောင်း၊ တန်ဆာဆင်ရန်ဖြစ်သည်။ လိုအပ်ပါကလူတို့စားစရာအဖြစ် အကျိုးပြုရန်က ၉၃၊ ထွက် ၁း၁၂-၁၃)ဖြစ်သည်။ ထာဝရဘုရားသခင်ပေးထား
တော်မူသော တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်သဖြင့် ကိုယ်တော်ရှင်၏ ကျေးဇူးတော် ကိုအပြည့်အ၀ခံစားရပြီး ငြိမ်းအေးချမ်းသာစွာစားသောက် ရှင်သန်နေထိုင်နိုင်ကြသည်။
ဒုတိယဥပမာပုံဆောင်ချက်သည် တောနှင်းပင်ဖြစ်ကြောင်းတွေ့ရပါသည်။ ထာဝရဘုရားသခင်သည် သီးနှံပင်နှင့်သစ်ပင်များကို လူနှင့်တိရိစ္ဆာန်တို့စားစရာဘို့ က ၁:၂၉နှင့် လိုအပ်ပါက လူတို့ အတွက် အကျိုးပြုရန် ဖန်ဆင်းခြင်းဖြစ်သည်။ ဘုရားသခင်ပေးသော တာဝန်ကိုကျေပွန်စွာထမ်းဆောင်သဖြင့်၊ ဘုန်းကြီးသော ရှောလမုန်မင်းကြီး၏ အဝတ်ထက်သာသောအဝတ်အသစ်ဖြင့် နှစ်စဉ်နှစ်တိုင်းဖုံးလွှမ်း ခြင်းကျေးဇူးတော်ကိုခံစား၍ ကြီးပွားလာကြသည်။
လူကိုထာဝရဘုရားသခင်ပေးသော “ဧဒင်ဥယျာဉ်ကိုပြုစုစောင့် [to dress it and keep it] ရန်တာဝန်ကို အပြစ်တရားကြောင့် ကိုယ်တော်ရှင်၏ ကျိန်ဆိုခြင်းခံရ ပြီးဧဒင်ဥယျာဉ်မှ နှင်ထုတ်ခံရသောကြောင့် အပြစ်သားဖြစ်သွားသဖြင့် ကျေပွန်စွာ မထမ်းဆောင်နိုင်တော့သောကြောင့် စိုးရိမ်ကြောင့်ကြခြင်း သောကနှိပ်စက်ခြင်းခံရ
တော့သည်။ ထိုသောကစိတ်ကို ဖြေဖျောက်ရန် သဘာဝတရားက ဖော်ပြနေသော ထာဝရဘုရားသခင်၏ ကောင်းမြတ်ခြင်းကို ဆင်ခြင်အောက်မေ့၍ သင်ခန်းစာယူပါ။ ထာဝရဘုရားသခင်နှင့် မိတ်သဟာယပြန်လည်ဖွဲ့နိုင်အောင် ကြိုးစားခြင်းဖြင့် သောကကို ပျောက်အောင်လုပ်ပါဟု သခင်ယေရှုသွန်သင်နေကြောင်း သဘောပေါက် လာပါသည်။ ။
`ထိုနည်းအတူ သခင်ယေရှုသည် “ဘုရားသခင်၏ နိုင်ငံတော်”နှင့် ပတ်သက် သောပညတ်တော်များနှင့် အခြေခံသဘောတရားများ၏ တင့်တယ်သန့်ရှင်း၍ နှစ်သက် မြတ်နိုးဖွယ်ရာဖြစ်ခြင်းနှင့် ကျင့်သုံးခြင်းတို့ကို တိုက်ရိုက်ညွှန်ပြသွန်သင်ခြင်းမပြုဘဲ။ ဥပမာပုံဆောင်၍ သွန်သင်ထားကြောင်းတွေ့ရပါသည်။ ကိုယ်တော်၏ သွန်သင်မှု ၊ အရပ်ရပ်သည် လူ၏စိတ်သဘောထားကို အကန့်အသတ်မရှိ စုံလင်တော်မူသော ထာဝရဘုရားသခင်၏ စိတ်တော်နှင့် ထိတွေ့အောင်ပို့ဆောင်တော်မူခြင်းဖြစ်သည်။ အကျင့်ဖွံ့ဖြိုးရေးတွင် အရေးကြီးသောအချက်များကိုလည်းကောင်း၊ လူသားတို့အနေဖြင့် ဘုရားသခင်ကို သိကျွမ်းသည့် ဉာဏ်ပညာရင့်ကျက်စေရန်လည်းကောင်း၊ ကောင်းမှု ပြုရာတွင် အရည်အချင်းတိုးတက်စေရန်လည်းကောင်း၊ ဆောင်ရွက်တော်မူခြင်း ဖြစ်သည်ဟုသဘောပေါက်ရပါသည်။ ။
မသဲ ၁၃း၃)တွင် “မျိုးစေ့ကြဲသောသူ”ဥပမာပုံဆောင်၍ မိန့်မြွက်တော်မူ သည်ကိုတွေ့ရပါသည်။ ၄င်းဥပမာ၏ အနက် အဓိပ္ပါယ်ကို နားမလည်သဖြင့် တပည့်တော်တို့သည် ကိုယ်တော်ရှင် အား ချဉ်းကပ်၍မေးလျှောက်သောအခါ။ ကိုယ်တော်က “မျိုးစေ့ကြဲသောသူ၏ အနက်အဓိပ္ပါယ်ကို နားထောင်လော့။ လမ်း၌
အစေ့ကြဲခြင်း အကြောင်းအရာကား၊ နိုင်ငံတော်၏ တရားစကားကိုကြား၍ နှလုံးမသွင်း သည်ရှိသော်နတ်ဆိုးလာ၍ နှလုံး၌ကြဲသောအစေ့ကို နှုတ်ယူတတ်သည်ဟု ဆိုလို သတည်း။ ကျောက်ပေါသောအရပ်၌ အစေ့ကို ကြဲခြင်းအကြောင်းအရာကား တရားစကားကိုကြား၍ ဝမ်းမြောက်သောစိတ်နှင့် ချက်ခြင်းခံယူသော်လည်း၊ စိတ်နှလုံး၌ အမြစ်မစွဲ၊ ခဏသာတည်သဖြင့် တရားစကားကြောင့် အမှုအခင်းနှင့် ညှင်းဆဲခြင်းကို ခံရသောအခါ ချက်ခြင်းဖောက်ပြန်တတ်သည်ဟု ဆိုလိုသတည်း။ ဆူးပင်တို့တွင် အစေ့ကိုကြဲခြင်းအကြောင်းအရာကား တရားစကားကိုကြား၍ လောကီအမှု၌ စိုးရိမ် ခြင်းနှင့်စည်းစိမ်ဥစ္စာ၏ လှည့်စားခြင်းသည် တရားစကားကိုလွှမ်းမိုး ညှင်းဆဲတတ် သောကြောင့် အသီးမသီးနိုင်ဟုဆိုလိုသတည်း။ ကောင်းသောမြေ၌ အစေ့ကိုကြဲခြင်း အကြောင်းအရာကား တရားစကားကိုကြား၍ နှလုံးသွင်းသဖြင့် အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာပွားများ၍ အသီးသီးတတ်သည်ဟု ဆိုလိုသတည်းဟု မိန့်တော်မူ၏။မဿဲ ၁၃း၁၈-၂၃)ဟု ကျမ်းစကားကို တွေ့ရပါသည်။ ၄င်းကျမ်းစကား၏ “ကောင်းသောမြေ၌” စကားလုံးကို ရှာဖွေလေ့လာရာတွင် –
ကောင်းသောမြေ၌ ရှိသောသူကား ဖြောင့်မတ်စင်ကြယ်သော စိတ်နှလုံးဖြင့်
ဘုရားသခင်၏ တရားစကားကိုကြားလျှင် စွဲလမ်းသောအားဖြင့် မြဲမြံစွာ
အမြစ်စွဲစေ၍ အသီးသီးသောသူကို ဆိုလိုသည်ဟုလည်းကောင်း။
“ဖြောင့်မတ်စင်ကြယ်သော စိတ်နှလုံး” ဆိုသည်မှာ မကောင်းမှုနှင့်ကင်းစင်
သောစိတ်နှလုံးဟုဆိုလိုသည်မဟုတ်ပါ။ သန့်ရှင်းသောဝိညာဉ်တော်၏ ပြစ်တင်ဆုံးမခြင်းကို ဝန်ခံသောသူ၌ရှိသော စိတ်နှလုံးကိုဆိုလိုသည်။ သူ၏ မကောင်းမှုများကို ဝန်ခံခြင်းဖြင့် သူသည်ဘုရားသခင်၏ မေတ္တာတော်နှင့်
ကျေးဇူးတော်ကို လိုအပ်သည်ဟု တွေ့ သိသောသူဖြစ်၏။ သူ့အနေဖြင့် ဘုရားသခင်၏တရားတော်ကို သိနားလည်၍ လိုက်နာစောင့်ထိန်းလိုသည့် ရိုးဖြောင့်သော စိတ်ရှိ၏။ ကောင်းသောစိတ်နှလုံးသည်၊ ယုံကြည်တတ်သော စိတ်နှလုံး၊ ဘုရားသခင်၏တရားတော်ကို ယုံကြည်ကိုးစားတတ်သော စိတ်နှလုံးဖြစ်သည်ဟု လည်းကောင်း။
ကောင်းသောမြေနှင့်တူသောတရားနာသူများသည် လူ၏စကားကိုမခံမယူဘဲ။ ဘုရားသခင်၏တရားတော်အမှန်ကို လက်ခံသောသူ၊ သမ္မာကျမ်းစာကို ဘုရားသခင်ကိုယ်တော်တိုင် မိမိအားပြောနေသော အသံတော်ဖြစ်သည်ဟု လက်ခံသူ၊ သင်ကြားနာယူသူဖြစ်သည်ဟုလည်းကောင်း။
“ ကောင်းသောမြေနှင့်တူသော တရားနာသူများသည် ဘုရားသခင်၏
တရားတော်ကိုကြားရသောအခါ စိတ်နှလုံးတွင်စာတန်နှုတ်ယူ၍မရနိုင်အောင် မြဲမြံစွာသွင်းထားတတ်သည်ဟုလည်းကောင်း။ ဘုရားသခင်၏ တရားတော်ကို ဖတ်ရုံနာရုံဖြင့် မလုံလောက်ပါ။ သမ္မာကျမ်းစာ အားဖြင့် အကျိုးဖြစ်ထွန်းရန် အလိုရှိသောသူသည် နာယူရရှိထားသော ဘုရားသခင်၏ တရားတော်ကို နှလုံးသွင်း၍ တစ်နေ့လုံးဆင်ခြင်အောက်မေ့ ရမည်။ ၄င်းတရားတော်များ၏ ဆိုလိုရင်းအနက်အဓိပ္ပါယ်ကို စိတ်အားထက် သန်စွာအာရုံပြုလျှက် ဆင်ခြင်စဉ်းစား၍ သင်ကြားနာယူရမည်။ ၄င်းအပြင်၊ ဖော်ပြတော်မူချက်များကို လေးလေးနက်နက်ခံယူတတ်ရမည်ဟု
လည်းကောင်း။ ။ • အသီးသီးသောသူဆိုသည်မှာ ဘုရားသခင်၏ တရားစကားကိုကြားလျှင်
စွဲလမ်းသောစိတ်ဖြင့် နားထောင်နှလုံးသွင်း၍ ဝိညာဉ်အသီးသီးသူများ ဖြစ်သည်ဟုလည်းကောင်း၊ ထပ်ဆင့်ရှင်းလင်းချက်များကို လေ့လာတွေ့ရှိ ရပါသည်။ )
မာကု ၄:၂၆-၂၉)တွင် “လယ်၌ကြဲထားသော မျိုးစေ့မှအပင်ပေါက်ကြီးပြင်း လာခြင်းသည် ဘုရားသခင်၏ နိုင်ငံတော်နှင့်တူ၏” ဟု ဥပမာပုံဆောင်၍ မိန့်မြွက် ထားသည်ကို တွေ့ရပါသည်။ မျိုးစေ့တွင်ထာဝရဘုရားသခင်၏ စီမံချက်ဖြစ်သော အပင်ပေါက်နိုင်သည့် စွမ်းအင်(အသက်)ပါရှိသော်လည်း၊ သူ့ချည်းသက်သက်လွှတ် ထားပါက အပင်ပေါက်လာမည်မဟုတ်ပါ။ မျိုးစေ့ကိုအပင်ပေါက်စေလိုသောအခါ လူသည်လယ်မြေကို ထွန်ယက်တူးဆွပြီး၊ ကောင်းသောမြေသားထည့်၍ မျိုးစေ့ကြဲရ သည်။ ၄င်းအဆင့်အထိသာ လူတို့တတ်နိုင်သည်။ ၄င်းမျိုးစေ့မှ အညှောင့်ထွက်လာ စေရန်မူကား လူတို့မစွမ်းဆောင်နိုင်ပါ။ ဘုရားသခင်ထည့်သွင်းထားသော စွမ်းအင် (အသက်)ကို ကိုယ်တော်ရှင်သာလျှင် ခေါ်ထုတ်နိုင်ပါသည်။ ထို့ကြောင့်၎င်းမျိုးစေ့မှ အညှောင့်တွက်အပင်ပေါက်လာစေရန် ကိုယ်တော်ရှင်ဖန်ဆင်း၍ သဘာဝတရားကို ပေးအပ်ထားသော မြေသားမှ မြေဓါတ်စွမ်းအင်၊ မိုင်းရေမှ ရေဓါတ်စွမ်းအင်၊ နေရောင်ခြည်မှ အပူဓါတ်စွမ်းအင်တို့ ရရှိမှသာအညှောင့်ထွက်အပင်ပေါက်၍ ရှင်သန် ကြီးထွားလာပါသည်။ အသီးများသီးနိုင်ပါသည်။ ထိုနည်းတူပင် ကောင်းသောမြေ အဖြစ်ပြုပြင်ထားသော လူ၏နှလုံးသားတွင် ကြဲထားသော ဘုရားသခင်၏တရားတော် မျိုးစေ့မှအညှောင့်ထွက်၊ အပင်ပေါက်လာစေရန် သန့်ရှင်းသောဝိညာဉ်တော် ဥပဇ္ဈာယ်
ပြုမှုဖြင့်ရလာသောထာဝဘုရားသခင်၏ ဘုန်းတန်ခိုးအာနုဘော်တော်ကို သိမြင်သော
စွမ်းအင်လိုအပ်ကြောင်း ဤဥပမာဖြင့် ပုံဆောင်မိန့်မြွက်တော်မူကြောင်း သဘောပေါက်ရပါသည်။
မဿဲ ၁၃း၃၁-၃၂၊ မာကု ၄း၃၀-၃၂၊ လုကာ ၁၃း၁၉တို့တွင် “ဘုရားသခင် နိုင်ငံတော်သည် မုန်ညင်းစေ့နှင့်တူ၏”ဟု ဥပမာပုံဆောင်၍ မိန့်မြွက်တော်မူကြောင်း တွေ့ရသည်။ ၄င်းပုံဆောင်သော မုန်ညင်းပင်[Mustard]သည် ကန္တာရဆန်သော မြေတွင်ပေါက်သော အပင်တစ်မျိုးဖြစ်သည်။ ၄င်း(၅)ပေကျော်ကျော်သာမြင့်သော အပင်ပုမျိုးဖြစ်သည်။ ၄င်းအပင်၏အစေ့သည် နှမ်းစေ့ကဲ့သို့ဖြစ်ပြီး၊ ၄င်းအစေ့မှ လူတို့ စားသုံးသောဆီအဖြစ်လည်းကောင်း၊ ဆေးဝါးအဖြစ်လိန်းသောဆီအဖြစ်လည်းကောင်း ၊ ထုတ်ယူနိုင်သည်။ အပင်ကြီးရှားပါးသောဒေသတွင် ပေါက်သဖြင့်ငှက်များနားခိုရာ အပင်ဖြစ်သည်ဟု လေ့လာတွေ့ရှိရပါသည်။ ထို့ကြောင့်၄င်းဥပမာသည် သစ်စေ့တို့တွင် အသေးငယ်ဆုံးဟု ယူဆရသော မုန်ညင်းစေ့သည် မြေဓါတ်၊ ရေဓါတ်၊ အပူဓါတ်တို့၏ စွမ်းအင်များအပြည့်အစုံရရှိပြီး အညှောင့်ထွက်၊ အပင်ပေါက်ကြီးထွားလာ၍ အသီးသီး လာလျှင် လူတို့အသုံးဝင်သောဆီ၊ ငှက်တို့အတွက် နားခိုရာဖြစ်ပေါ်လာစေသကဲ့သို့ ထာဝရဘုရားသခင်၏ တရားတော်သည် ကောင်းသောမြေကဲ့သို့ပြုပြင်ထားသော လူ၏နှလုံးသားတွင် ကျရောက်ပြီး ထာဝရဘုရားသခင်၏ အနန္တမေတ္တာတော်၊ ကျေးဇူးတော်နှင့် ဂရုဏာတော်တို့ကို သဘောပေါက်သော ဉာဏ်ပညာစွမ်းအင်ကြောင့် အညှောင့်ထွက်၊ အပင်ပေါက်ကြီးထွားလာ၍ ဝိညာဉ်အသီးများသီးလာလျှင် ၊ မိမိပတ်ဝန်းကျင်အတွက်သာမက ဤကမ္ဘာလောကကြီးအတွက်ပါ အကျိုးပြုနိုင်မည် ၊ ဖြစ်ကြောင်း သခင်ယေရှုသွန်သင်ကြောင်း သဘောပေါက်ရပါသည်။ ။
မသဲ ၁၃း၃၃၊ လုကာ ၁၃း၂၀-၂၁)တို့တွင် “ဘုရားသခင်၏ နိုင်ငံတော်သည် ၊ တဆေးနှင့်တူ၏”ဟု ဥပမာပုံဆောင်၍ မိန့်မြွက်ကြောင်းတွေ့ရပါသည်။ ဂျူးလူမျိုးတို့၏ အဓိကအစားအစာဖြစ်သော မုန့်သည်ဂျုံစပါး၊ မုယောစပါးတို့၏ မုန့်ညက်တွင် တဆေး အနည်းငယ်ထည့်၍ ဖုတ်ယူရသောမုန့်ဖြစ်သည်။ မုန့်ညက်တွင် တဆေးထည့်၍ မုန့်ဖုတ်သောအခါ၊ မုန့်ညက်သည် မူလအသွင်သဏ္ဍာန်ပျောက်သွားပြီး ဖောင်းကြွလာ သဖြင့်စားကောင်းသော အခြေအနေသို့ရောက်လာသည်။ မုန့်ညက်၏မူလအသွင် သဏ္ဍာန်ပျောက်ကွယ်၍ အသစ်သောအသွင်သဏ္ဌာန်ဖြစ်ပေါ်လာစေရန် ပြင်ပအရာ ဖြစ်သောတဆေးထည့်ရသည်။
လူ၏နှလုံးသားတွင် ဘုရားသခင်၏ နိုင်ငံတော်တည်ရန် အပြစ်သား၏ စိတ်နှလုံးအတွင်းသဘောကို သန့်စင်အောင်ပြုပြင်၍ ပုံသဏ္ဍာန်အသစ်ဖြစ်အောင် ပြင်ဆင်ရပါမည် ရောမ ၁၂း၂)စိတ်နှလုံးအတွင်းသဘောပြောင်းလဲရန် လူသည် မတတ်နိုင်ပါ။ အသစ်ပြန်လည်ပြုပြင်နိုင်သောတန်ခိုးသည် ထာဝရဘုရားသခင်ထံတွင် ရှိပါသည်။ အတွင်းစိတ် သဘောအသစ်ဖြစ်လာအောင် ပြောင်းလဲရန်ထာဝရ ဘုရားသခင်၏တရားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်ကသာ ဆောင်ရွက်နိုင် ပါသည်။ ထို့ကြောင့်မုန့်ညက်ကို အသွင်သဏ္ဍာန်ပြောင်းလဲသွားစေရန် တဆေး၏ အကူအညီရယူရသကဲ့သို့ နှလုံးသားအတွင်းသဏ္ဍာန်ပြောင်းလဲအသစ် ဖြစ်ပေါ်လာ စေရန် ထာဝရဘုရားသခင်၏တရားတော်နှင့် သန့်ရှင်းသောဝိညာဉ်တော်၏ အကူအညီရယူရမည်ဖြစ်သည်။
တဆေးနှင့်တူသော ဘုရားသခင်၏တရားတော်ကို စိတ်နှလုံးအတွင်း၌ လက်ခံရရှိသည်နှင့်တပြိုင်နက် စိတ်အလိုများလမ်းမှန်ရောက်လာမည်။ အတွေးအခေါ် များသန့်စင်လာလိမ့်မည်။ ချစ်ဖွယ်သောစိတ်နေသဘောထားရှိလာမည်။ ကိုယ်စိတ် နှစ်ပါးလုံး၏စွမ်းရည်များ ရှင်သန်လာလိမ့်မည်။ မေတ္တာတရားနှင့်ဂရုဏာတရား တိုးပွားလာလိမ့်မည်။ ခရစ်တော်၏မေတ္တာတော်သည် လူ၏စိတ်နှလုံးအတွင်းသို့ ရောက်ရှိနေပြီဖြစ်၍ ယင်းမေတ္တာသည်အခြားသော ရည်မှန်းချက်တို့ကို လွှမ်းမိုး၍ ဤလောကတွင် ဖောက်ပြန်ပျက်စီးတတ်သောအရာများကို အောင်နိုင်လိမ့်မည် ဖြစ်ကြောင်းဆာလံ ၁၃ကျမ်းစကားအရ သိမြင်သဘောပေါက်လာပါသည်။ ။
မသဲ ၁၃း၄၄တွင် “ဘုရားသခင်၏နိုင်ငံတော်သည် လယ်၌ဝှက်ထားသော ဘဏ္ဍာနှင့်တူ၏”ဟု ဥပမာပုံဆောင်၍ သွန်သင်ထားကြောင်းတွေ့ရပါသည်။ လယ်ရှင် ကြီးများသည် မိမိတို့ပိုင်သောရတနာဘဏ္ဍာတို့ ကို မိမိတို့ ပိုင်သောလယ်မြေ တစ်နေရာတွင် မြှုပ်နှံ သိမ်းဆည်းထားတတ်ကြောင်းကို သိရှိသဘောပေါက်သော ဂျူးလူမျိုးတို့ကို ကောင်းကင်ဘဏ္ဍာ၏တန်ဘိုးနှင့် ယင်းဘဏ္ဍာကိုအပိုင်ရအောင် ။ ကြိုးစားအားထုတ်သင့်ကြောင်း ဤဥပမာဖြင့် သခင်ယေရှုသွန်သင်ကြောင်း သဘောပေါက်ရပါသည်။ ။
လူတစ်ယောက်သည် စိုက်ပျိုးရေးလုပ်ရန် လယ်မြေတစ်ကွက်ကိုး၍ မြေပြုပြင်ရန် ထွန်ယက်သောအခါ၊ ၄င်းမြေကွက်တွင်မြှုပ်ကွယ်နေသော ဘဏ္ဍာကို တွေ့လေ၏။ ထိုသူသည် ယင်းဘဏ္ဍာကိုတွေ့သောအခါ ချမ်းသာကြွယ်ဝခြင်းသို့ ရောက်တော့မည်ကိုသိ၍ တွေ့သောဘဏ္ဍာကို နဂိုမူလအတိုင်းပြန်မြှုပ်ထားပြီးလျှင်
ဝှက်ထားသောဘဏ္ဍာရှိသည့် လယ်မြေကွက်ကိုဝယ်ယူရန်အတွက် မိမိအိမ်သို့ပြန်၍
ပိုင်ပစ္စည်းရှိသမျှကိုရောင်းလေ၏။ သူ၏အိမ်သူအိမ်သားများနှင့် အိမ်နီးခြင်းတို့က သသည်စိတ်မနှံ့သောသူကဲ့သို့ပြုသည်ဟု ထင်မှတ်ကြ၏။ ဂရုမစိုက်ဘဲပစ်ထားသော လယ်မြေဖြစ်၍ တန်ဘိုးရှိသည်ဟု မထင်ကြ။ သို့သော်သူက တပ်အပ်သေချာသိ၏။ ယင်းလယ်မြေကိုဝယ်၍ ပိုင်ဆိုင်ခွင့်စာချုပ်စာတမ်းရရှိသောအခါလယ်မြေတစ်ကွက်လုံး အနှံ့ အပြားရှာဖွေ၍ မိမိပိုင်ဆိုင်လာပြီဖြစ်သော ရွှေငွေဥစ္စာဘဏ္ဍာကို စိတ်တိုင်းကျ ယူလေ၏။ ။
ထိုဥပမာတွင်လယ်မြေသည် ခရစ်ယာန်သမ္မာကျမ်းစာတော်ဖြစ်၍ မြှုပ်ကွယ် နေသောကောင်းကင်ဘဏ္ဍာသည် ထာဝရဘုရားသခင်၏ တရားတော်မြတ်ဖြစ်သည်။ ယင်းကောင်းကင်ဘဏ္ဍာသည် အလွန်အဘိုးထိုက်တန်သဖြင့်ရအောင်ယူရန် ကြိုးစား အားထုတ်သင့်ကြောင်း ပုံဆောင်ထားခြင်းဖြစ်သည်။ ယင်းကောင်းကင်ဘဏ္ဍာသည် ရွှေ၊ ငွေ၊ ရတနာများထက် တန်ဘိုးကြီး၏။ ကမ္ဘာမြေပေါ်ရှိ ရတနာသိုက်များအားလုံးနှင့် ယှဉ်၍မရပါ။ “ပညာသည် ပတ္တမြားထက်သာ၍ တန်ဘိုးကြီး၏” ယောဘ ၂၈း၁၈)။
ယင်းဘဏ္ဍာများ၏အကြောင်းကို ခရစ်ယာန်သမ္မာကျမ်းစာတော်မြတ်တွင် ရှာဖွေသိရှိနိုင်ပါသည်။ ၄င်းကျမ်းစာတော်သည် ထာဝရဘုရားသခင်၏ သင်ခန်းစာ စာအုပ်ကြီးဖြစ်၍ ကိုယ်တော်ရှင်သည် နည်းပြဆရာဖြစ်၏။ သိပ္ပံပညာအပေါင်းတို့၏ အခြေခံကိုဤကျမ်းစာအုပ်တွင်တွေ့နိုင်သည်။ စူးစမ်းရှာဖွေလျှင်ပညာ၏ အခန်းကဏ္ဍ မှန်သမျှကို တွေ့နိုင်သဖြင့် သခင်ခရစ်တော်၏ ရတနာသိုက်ကြီးလည်းဖြစ်သည်။
သဘာဝတရားတွင် အံ့ဩဖွယ်ရာ ဘုရားသခင်၏တရားတော်များ ရှိနေပါ သည်။ ကမ္ဘာမြေကြီး၊ ပင်လယ်နှင့်ကောင်းကင်တွင် ၄င်းတရားတော်များနှင့် ပြည့်လျှံ လျှက်ရှိနေပါသည်။ ၄င်းတို့သည် ကျွန်ုပ်တို့၏ နည်းပြဆရာများဖြစ်၍ ထာဝရဘုရား၏ တရားတော်နှင့်ဉာဏ်ပညာဆိုင်ရာ သင်ခန်းစာများကို သဘာဝတရားက သင်ကြားပို့ချ လျှက်ရှိနေပါသည်။ သို့သော်အပြစ်သားဖြစ်သော လူသားသည်နားလည်မည် မဟုတ်ပါ။ အပြစ်သည်လူသား၏ အမြင်အာရုံကို မှုန်ဝေစေသောကြောင့် သဘာဝ တရားကို ဘုရားသခင်ထက်ဦးစားပေး၍ သူတို့ကိုယ်ပိုင်ဉာဏ်ဖြင့် ဆင်ခြင်စဉ်းစားပါက သင်ခန်းစာအမှန်ကို သိမြင်နိုင်မည်မဟုတ်ပါ။ လူတို့သည်သဘာဝတရားသင်ကြားချက် များကိုအလွဲယူဆသောကြောင့် ဘုရားသခင်ကိုကျောခိုင်းကြ၏။ သန့်ရှင်းသော ဝိညာဉ်တော်၏တိုက်တွန်းနှိုးဆောင်ခြင်းကို လက်ခံသောသူမူကား၊ အဘိုးမဖြတ်နိုင် သောဘဏ္ဍာကို တွေ့မြင်သောကြောင့် ယင်းဘဏ္ဍာရှိသော လယ်မြေကိုဝယ်ယူရန်
မိမိပိုင်သမျှကို ရောင်းချလိမ့်မည်ဟု သခင်ယေရှုမိန့်မြွက်သွန်သင်ခြင်းဖြစ်သည်ဟု နားလည်သဘောပေါက်ရပါသည်။
လုကာ ၁၂း၂၉-၃၁တွင် “ထို့ကြောင့်အဘယ်သို့ စားရအံ့နည်း။ အဘယ်သို့ သောက်ရအံ့နည်းဟူ၍ မရှာဖွေကြနှင့်။ သောကမွှေနှောက်ခြင်းလည်းမရှိကြနှင့်။ ထိုအရာများကို လောကီသားအမျိုးမျိုးတို့သည် ရှာဖွေတတ်ကြ၏။ ထိုအရာများကို သင်တို့သည်အသုံးလိုကြောင်းကို သင်တို့အဘသိတော်မူ၏။ သင်တို့မူကား ဘုရားသခင် ၏နိုင်ငံတော်ကို ရှာကြလော့။ နောက်မှထိုအရာများကိုထပ်၍ ပေးတော်မူလတံ့။”
လုကာ ၁၂:၃၂-၃၄တွင် “သိုးစုငယ်၊ သင်တို့သည်မကြောက်ကြနှင့်။ သင်တို့ အဘသည် သင်တို့အားနိုင်ငံကိုပေးခြင်းငှာ အလိုရှိတော်မူ၏။ သင်တို့ဥစ္စာများကို
ရောင်း၍ဆင်းရဲသားတို့အား စွန့်ကြဲကြလော့။ မဆွေးမဟောင်းတတ်သော အိတ်တို့ကို ကိုယ်သုံးဘို့လုပ်ကြလော့။ သူခိုးမရောက်၊ ပိုးများမဖျက်ဆီးရာအရပ်၊ ကောင်းကင်ဘုံ၌ မကုန်မဆုံးနိုင်သော ဘဏ္ဍာကိုဆည်းပူးကြလော့။ အကြောင်းမူကား အကြင်အရပ်၌ သင်တို့၏ဘဏ္ဍာရှိ၏။ ထိုအရပ်သို့သင်တို့စိတ်နှလုံးရောက်တတ်၏။”ဟု တွေ့ရှိရပါ သည်။
ဤလေ့လာတွေ့ရှိရသောအချက်များဖြင့် ဆင်ခြင်အောက်မေ့ရာတွင် ထာဝရဘုရားသခင်၏ နိုင်ငံတော်သည် – – အဂပေမေတ္တာတော်ရှင် ထာဝရဘုရားသခင်ကျိန်းဝပ်တော်မူ၍ သခင်
ခရစ်တော်စိုးမိုးအုပ်ချုပ်သော နိုင်ငံတော်ဖြစ်၍ “မေတ္တာနိုင်ငံ ဖြစ်ကြောင်း။ – ၄င်းနိုင်ငံတော်သည်၊ သခင်ခရစ်တော် ဒုတိယအကြိမ်ကြွလာပြီး နှစ်တစ်
ထောင်အုပ်ချုပ်ပြီးနောက်၊ လက်ရှိကမ္ဘာလောကကို ဖျက်ဆီး၍ အသစ်တဖန် ၊ ဖန်ဆင်းမည့်ကောင်းကင်နှင့် မြေကြီးသစ်တွင် တည်မည့်နိုင်ငံတော်ဖြစ် သော်လည်း၊ လက်ရှိကမ္ဘာလောကတွင် မိမိကိုယ်စိတ်နှလုံးသုံးပါးစလုံးကို သခင်ခရစ်တော်၏လက်၌ အပ် နှံ သဖြင့် ထာဝရဘုရားသခင် နှင့် မိတ်သဟာယ ပြန်လည် ဖွဲ့နိုင် သူ များ၏ နှလုံးသားတွင်လည်း , တည်နိုင်ကြောင်း။ ။ နှလုံးသားတွင်ထာဝရဘုရားသခင်၏ နိုင်ငံတော်တည်နိုင်သူသည် အဆ သုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာပွားများသော ဝိညာဉ်အသီးသီး သော သူဖြစ်လာမည်ဖြစ်ကြောင်း။
“ဝိညာဉ်ပကတိအကျိုးကား၊ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့ သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်းပေတည်း” (ဂလာတိ ၅း၂၂-၂၃ဟု ကျမ်းစကားအရ လူတို့အလွန်လိုချင်သော အရာများဖြစ်ကြောင်း။
ကောင်းကင်ဘဏ္ဍာကို ရှာတွေ့သောသူတစ်ယောက်သည် ဝမ်းမြောက် ငြိမ်သက်ခြင်းရှိသည့် ကြွယ်ဝသောအသက်တာရမည်ဖြစ်ကြောင်း။ “ယခုအသက်ပျိုစဉ်အခါပင် သင့်ကိုဖန်ဆင်းတော်မူသောအရှင်ကိုအောက်မေ့
လော့” ဒေသနာ ၁၂း၁ကျမ်းစကားအရလည်းကောင်း၊ သခင်ခရစ်တော်၏ ဥပမာပုံဆောင်၍ မိန့်မြွက်တော်မူချက်များအရလည်းကောင်း၊ အကျိုးဖြစ် ထွန်းစေသော ခရစ်ယာန်ဆင်ခြင်အောက်မေ့ခြင်း (Effectual christian Meditation) ကိုအချိန်ကုန် လူပင်ပန်းခံ၍ လုပ်စရာမလိုဘဲ၊ သွားလာ လှုပ်ရှားနေစဉ်ပင် လုပ်ဆောင်နိုင်ကြောင်း။ ဘုရားသခင်၏ နိုင်ငံတော်တည်နိုင်ရန် သီးသန့်အချိန်ပေး၍ ကြိုးစား အားထုတ်နေစရာမလိုကြောင်း။ မိမိပတ်ဝန်းကျင်တွင် တွေ့မြင်နိုင်သော သဘာဝတရားများကို ဆင်ခြင်အောက်မေ့၍ ထာဝရဘုရားသခင်၏ ဘုန်းအသရေတော်၊ အနန္တမေတ္တာတော်နှင့် ဂရုဏာတော်ကို သိမြင် သဘောပေါက်လာလျှင် နိုင်ငံတော်တည်နိုင်ပြီဖြစ်ကြောင်း။ ။ ထာဝရဘုရားသခင်နှင့် မိတ်သဟာယပြန်လည်ဖွဲ့နိုင်သဖြင့် ထာဝရဘုရား သခင်၏နိုင်ငံသားဖြစ်လာမည့် သူတစ်ယောက်သည် ယခုဘဝအသက် ရှင်စဉ်တွင် မင်္ဂလာရှိခြင်း (Happiness) (ဝါ) ရွှင်လန်းဝမ်းမြောက်ခြင်းရှိ
သောငြိမ်သက်ခြင်း(စစ်မှန်သောသုခ) ရမည်ဖြစ်ကြောင်း၊ နောက်ဘဝတွင် “ထာဝရအသက်” ရမည်ဖြစ်ကြောင်း။ ။ “သခင် သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း၊ ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်၏ အလိုကိုဆောင်သူသာလျှင် ဝင်ရလိမ့်မည်” (မဿဲ ၇း၂၁)ကျမ်းစကားဖြင့် သခင်ယေရှုက ငါ့ကိုသခင် သခင်ဟုခေါ်ဆို၍ အလွန်ရိုသေစွာ ခြေတော်ရင်း သို့ တိုးဝင်ချဉ်းကပ်ဝတ်ပြုနေရုံဖြင့် ရပ်မနေကြပါနှင့်။ “ကိုယ်နှင့်စပ်ဆိုင်သော သူကို ကိုယ်နှင့်အမျှချစ်ရမည်” (ဝတ် ၁၉း၁၈ )ပညတ်တော်ကို နာခံလိုက် လျှောက်၍ အလိုတော်ကိုဆောင်ကြပါ။ ယင်းကဲ့သို့ပြုလျှင် တမလွန်တွင်
ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ခွင့်ရမည်သာမက၊ ယခုဘဝအသက်ရှင်စဉ် တွင် လူတို့အလွန်လိုချင်သည့် ဝမ်းမြောက်ရွှင်လန်းခြင်းရှိသော ငြိမ်သက်ခြင်း (ဝါ)စစ်မှန်သော သုခရမည်ဟု သွန်သင်ကြောင်း သဘောပေါက်ရပါသည်။
သခင်ယေရှု၏သွန်သင်လမ်းညွှန်ချက် ဒုတိယပိုင်းဖြစ်သော “ဖြောင့်မတ်ခြင်း တရားတော် (His Righteousness) ကို ရှေးဦးစွာရှာကြလော့ ”။ ကိုဆင်ခြင် အောက်မေ့ရန် ရှာဖွေလေ့လာရာတွင် –
အင်္ဂလိပ်မြန်မာအဘိဓာန်တွင် Righteous စကားလုံး၏အနက်အဓိပ္ပါယ်ကို “တရားမျှတသော၊ ဖြောင့်မှန်သော၊ မှန်ကန်သော၊ မဖောက်ပြန်သော၊ ဖြောင့်မတ်
သော”ဟူ၍လည်းကောင်း၊ Righteousness ကိုဖြောင့်မတ်ခြင်းဟူ၍လည်းကောင်း တွေ့ရပါသည်။ ။
Dr Unger’s “Guide to the Bible”သမ္မာကျမ်းစာအဘိဓာန်အပိုင်းတွင် “ထာဝရဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားတော်သည် ကိုယ်တော်ရှင်၏ အကန့်အသတ်မရှိ ဖြူစင်သောစိတ်တော်နှင့် ချွင်းချက်မရှိ ဥသုံပြည့်ဝစုံလင်တော် မူသောကောင်းမြတ်ခြင်းကို ဖော်ပြသောတရားတော်ဖြစ်သည်ဟု အနက်အဓိပ္ပါယ် ဖွင့်ထားသည်ကိုလည်းကောင်း တွေ့ရပါသည်။ ။
ထိုတရားတော်၏ မှန်ကန်မှုကို“ကောင်းမြတ်စုံလင်သော ဆုကျေးဇူးမှန်သမျှတို့သည် အလင်းတို့၏အဘ ထံတော်မှသက်ရောက်သည်ဖြစ်၍ အထက်အရပ်မှလာကြ၏။ ထိုအဘသည် ရွှေ့လျောတိမ်းယိမ်းခြင်းမရှိ၊ ပြောင်းလဲခြင်းအရိပ်နှင့်ကင်းလွတ်တော်မူ၏”။
(ယာကုပ် ၁း၁၇)ကျမ်းစကားအရလည်းကောင်း။ ။ “ထိုနှုတ်ကပတ်တော်ထံ၌ ငါတို့ကြားရ၍သင်တို့အား ပြသသောတရားစကား မူကား၊ ဘုရားသခင်သည် အလင်းဖြစ်တော်မူ၏။ ဘုရားသခင်၌ မှောင်မိုက် ၊ အလျင်းမရှိ”။(
၁ယော ၁း၅) ကျမ်းစကားများအရ သိနားလည်ရပြီး “ဘုရားသခင် သည် သည်းခံတော်မူ၍ လွန်ခဲ့ပြီးသော ဒုစရိုက်အပြစ်များကို ၊ မှတ်တော်မမူရာတွင် ဖြောင့်မတ်ခြင်းတရားတော်ကို ထင်ရှားစေခြင်းငှာ လည်းကောင်း။ ယခုကာလ၌ ဖြောင့်မတ်ခြင်းတရားတော်ကို ထင်ရှားစေ၍
ယေရှုကိုယုံကြည်သောသူတို့အပြစ်ကို လွှတ်တော်မူသော်လည်း၊ တရားသဖြင့် ပြုတော်မူခြင်းငှာလည်းကောင်း၊ သခင်ယေရှု၏ အသွေးတော်ကို ယုံကြည် ခြင်းအားဖြင့် ထိုခရစ်တော်ကို အပြစ်စရာအကြောင်း ဖြစ်စေခြင်းငှာ
ခန့်ထားတော်မူပြီ”(ရောမ ၃း၂၅-၂၆ကျမ်းစကားအရပို၍ သဘောပေါက် လာပါသည်။ )
ယာကုပ် ၁း၁၇ ကျမ်းစကားကို “ဘုရားသခင်ထံမှ လာသောကျေးဇူးတော် ခြင်းသည် ကောင်းသောအရာများသာဖြစ်သည်။ မကောင်းသောအရာ အလျင်းမရှိ။
ကျေးဇူးတော်အနေဖြင့် ဖန်ဆင်းထားသောအရာများ (ဥပမာ-အလင်း)သည် ပြောင်းလဲ သွားသော်လည်း ၄င်းတို့အား ဖန်ဆင်းထားသူသည် ဘယ်တော့မျှပြောင်းလဲခြင်းမရှိ” ဟုအနက်ဖွင့်ထားသည်ကိုလည်းကောင်း။ ။
၁ယော ၁း၅ကျမ်းစကားကို “ဘုရားသခင်၏ ဝိသေသလက္ခဏာအားလုံး သည်အလင်းကိုအခြေခံ၏။ ထွန်းလင်းတောက်ပခြင်း၊ ဘုန်းထင်ရှားခြင်း၊ အနန္တတန်ခိုး နှင့်ပြည့်စုံခြင်းတို့သည် အလင်းတရားများဖြစ်ကြ၏။ ဘုရားသခင်သည် အလင်း ဖြစ်သောကြောင့် သမ္မာတရားအားလုံးကို ထွန်းလင်းစေ၏။ သိမြင်စေ၏။ နက်နဲသော တရားတွင် သန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်း၊ ဖြူစင်ခြင်း၊ ပြည့်စုံခြင်းမှစ၍ ကောင်းမြတ် ခြင်းအားလုံးပါဝင်သည်။ ဘုရားသခင်၌ မှောင်မိုက်ခြင်းလုံးဝမရှိ”ဟု အနက်ဖွင့်ထား သည်ကိုလည်းကောင်း။ ။
ရောမ ၃း၂၅-၂၆ကျမ်းစကားကို “ထာဝရဘုရားသခင်သည် ကိုယ်တော်ရှင် ၏ဖြောင့်မတ်ခြင်းတရားတော်ကို ထင်ရှားစေခြင်းငှာ၊ လူကိုအပြစ်သားအဖြစ်မှ သခင်ခရစ်တော်၏ အသွေးတော်ဖြင့် ရွေးနှုတ်သည်ကို လက်ခံခဲ့သည်။ သခင်ခရစ်
တော်ကသူ၏အသွေးတော်ဖြင့် ရွေးနှုတ်တော်မူသဖြင့် အပြစ်သားဘဝမှ ဖြောင့်မတ်သူ အဖြစ်သို့ရောက်ရသည်ဖြစ်၍ သခင်ခရစ်တော်၏ ကျေးဇူးတော်ကို အသိအမှတ်ပြု သည့် အနေဖြင့် သခင်ခရစ်တော်၏ အသွေးတော်ကိုတန်ဘိုးထားတတ်ရမည်။ သခင်ခရစ်တော်၏ ဩဝါဒများကိုနာခံလိုက်လျှောက်တတ်ရမည်။ သခင်ခရစ်တော်၏ အလိုတော်ဖြစ်သော ဘုရားသခင်နှင့်ပြန်လည်မိတ်သဟာယဖွဲ့နိုင်အောင် ကိုယ်စွမ်း ရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှနှင့်ကြိုးစားရမည်”ဟု အနက်ဖွင့်ထားသည်ကိုလည်းကောင်း၊ လေ့လာတွေ့ရှိရပါသည်။
ကိုယ်တော်ရှင်၏ ဖြောင့်မတ်ခြင်းတရားတော်ကို ညွှန်ပြသော “သင်တို့သည် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏သားဖြစ်လိုသောငှာ၊ သင်တို့၏ရန်သူကို ချစ်ကြလော့။ သင်တို့ကိုကျိန်ဆဲသော သူတို့အားမေတ္တာပို့ကြလော့ သင်တို့ကိုမုန်းသော သူတို့ အားကျေးဇူးပြုကြလော့ သင်တို့ကို နှောင့်ယှက်ညင်းဆဲသောသူတို့ အဘို့ ၊ ဘုရားသခင်ကို ဆုတောင်းကြလော့။ အကြောင်းမူကား၊ ကောင်းကင်ဘုံ၌ရှိတော်
မူသောသင်တို့ အဘသည် ကောင်းသောသူ၊ မကောင်းသောသူတို့ အပေါ်၌ ကိုယ်တော်၏နေကိုထွက်စေတော်မူ၏။ ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူတို့ အပေါ်ပိုင်းကိုရွာစေတော်မူ၏။ သင်တို့သည်ချစ်သောသူတို့အားသာ ချစ်တုံ့ပြန်လျှင် ၊ အဘယ်ကျေးဇူးတင်သနည်း။ အခွန်ခံသူတို့ပင် ဤမျှလောက်ပြုကြသည်မဟုတ်လား။ အဆွေအမျိုးတို့အားသာ လောကဝတ်ပြုလျှင် အဘယ်သို့ထူးမြတ်သနည်း။ သာသနာပ လူတို့ပင် ထို့အတူပြုကြသည်မဟုတ်လော။ ထို့ကြောင့်ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် စုံလင်တော်မူသည့်နည်းတူ သင်တို့သည်လည်း စုံလင်ခြင်းရှိကြ
လော့”။ မဿဲ ၅း၄၄-၄၈ကျမ်းစကားကိုလည်းကောင်း၊ “သင်တို့မူကား ရန်သူကို ချစ်ကြလော့။ ကျေးဇူးပြုကြလော့၊ တစ်စုံတစ်ခုကိုရမည်ဟု မျှော်လင့်ခြင်းမရှိဘဲ
ချေးငှားကြလော့။ ထိုသို့ပြုလျှင် သင်တို့သည်အကျိုးကြီးလိမ့်မည်။ အမြင့်ဆုံးသော ဘုရား၏သားဖြစ်ကြလိမ့်မည်။ ထိုဘုရားသည် ကျေးဇူးမသိသောသူ၊ ဆိုးညစ်သော သဘောရှိသောသူတို့အား ကျေးဇူးပြုတော်မူ၏။ ထို့ကြောင့်သင်တို့အဘသည် သနားခြင်းစိတ်ရှိတော်မူသည့်နည်းတူ သင်တို့သည်လည်း သနားခြင်း၊ စိတ်ရှိကြလော့။ လုကာ ၆း၃၁-၃၆)ကျမ်းစကားတို့ကိုလည်းကောင်း၊ တွေ့ရှိရပါသည်။
ထာဝရဘုရားသခင်၏ ဖြောင့်မတ်ခြင်းတရားတော်၏ အခြေခံသည် “လူအပေါင်းတို့သည် ဖျက်စီးခြင်းသို့ မရောက်၊ ထာဝရအသက်ရစေခြင်းငှာ ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသော သားတော်ကိုစွန့်သည်တိုင်အောင်၊
လောကီသားတို့ကို ချစ်တော်မူ၏”ယော ၃၆ကျမ်းစကားအရ၊ ချစ်ခြင်းမေတ္တာ ဖြစ်ကြောင်းနားလည်ရပါသည်။ ။
ထာဝရဘုရားသခင်၏ မေတ္တာတော်သည် အဂပေမေတ္တာဖြစ်သည်။ အကြွင်းမဲ့ပြည့်စုံသော တဖက်သတ်မေတ္တာဖြစ်သည်။ အတုမရှိအနှိုင်းမဲ့သော မေတ္တာ
တော်ဖြစ်သည်။ “တောင်ကြီးတို့သည်ရွေ့၍ တောင်ငယ်တို့သည် လှုပ်ရှားသော်လည်း၊ ငါ၏မေတ္တာသည်သင်မှမရွေ့ရ”(ဟေရှာယ ၅၄း၁ဝ) ကျမ်းစကားအရလည်းကောင်း၊ “မေတ္တာသည်ဖောက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ်၏”(
၁ကော ၁၃း၈) ကျမ်းစကားအရလည်းကောင်း၊ ထိုမေတ္တာသည်ထာဝရပြောင်းလဲခြင်းမရှိ၊ ယိမ်းယိုင် တိမ်းညွတ်ခြင်းမရှိ၊ တည်မြဲခိုင်မာ သောမေတ္တာဖြစ်သည်။ သခင်ခရစ်တော်ပြသော ပုံသက်သေအရ၊ ကိုယ်ကျိုးမပါဘဲ သူတစ်ပါးအတွက် အနစ်နာခံသောမေတ္တာဖြစ်သည်။
ထာဝရဘုရားသခင်ပေးခဲ့သော ပညတ်တော်(၁၀)ပါးတွင် (၄)ပါးသည် လူနှင့်ဘုရားစပ်ကြားပဋိညာဉ်ဖြစ်ပြီး ကျန်(၆)ပါးသည် လူသားများအချင်းချင်းအကြား
မေတ္တာတရားထားပြီး၊ ဆောင်ရန်နှင့်ရှောင်ရန်အချက်များဖြစ်ကြောင်း တွေ့ရှိရပါသည်။ တင်းနဒစ်စပင်နိုဇာ(Benidict Spinoza) က “လူဆိုတာပေါင်းသင်းဆက်ဆံရေး သတ္တဝါဖြစ်၏။ Man is a social animal” ဟု အဆိုပြုချက်ကို တွေ့ရှိရသဖြင့် မေတ္တာထားတတ်မှ “အဓိပ္ပါယ်ရှိသော လူ့ဘဝ”ကိုရလာမည်ကို သိမြင်တော်မူသဖြင့် လူသားအချင်းချင်းဆက်ဆံရေးကို အဓိကထား၍ ပညတ်ထားကြောင်းသဘောပေါက် ရပါသည်။ ။
ခရစ်ယာန်ဘာသာသည် မေတ္တာကိုအခြေခံထားသော ဘာသာဖြစ်၍၊ အဓိပ္ပါယ်ရှိသော ခရစ်ယာန်ဘာသာဝင်တစ်ယောက်ဖြစ်လာစေရန် မိမိတစ်ဦးတည်း ကျင့်ဆောင်၍မရပါ။ သွားလာလှုပ်ရှား၍ မေတ္တာမျှဝေနေရမည်ဖြစ်သည်။ သူတပါး ၊ အကျိုးကိုလုပ်ဆောင်နေရမည်ဖြစ်သည်။ “ထိုမှတပါးကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟူသော ဒုတိယပညတ်သည် ပထမပညတ်နှင့်သဘောတူ၏။ ( မဿဲ ၂၂း၃၉ )ကျမ်းစကားအရ၊ ဖြောင့်မတ်ခြင်းတရားတော်ကို ဆင်ခြင်အောက်မေ့ သဖြင့်သီးလာသော ဝိညာဉ်အသီးအဆတစ်ရာ ပွားများစေ၍မိမိကိုယ်ကိုလည်းကောင်း မိမိနှင့်စပ်ဆိုင်သောသူများကိုလည်းကောင်း၊ အကျိုးဖြစ်ထွန်းအောင် ဆောင်ရွက်ရမည်။ ဟုနားလည်သဘောပေါက်လာပါသည်။
မေတ္တာနှင့်ပတ်သက်၍ ဦးကိုကိုနိုင်(B.Dh, B.Th) ပြုစုသော “ခရစ်ယာန် တို့လေ့လာသင့်သော ဗုဒ္ဓဘုရား၏တရားတော်များ” စာအုပ်လေ့လာရာမှ တွေ့ရှိလာ သောဖော်ပြချက်များသည် ကျွန်ုပ်အားပညာရစေခဲ့ပါသည်။ ။
ဒီပင်္ကရာဘုရားပွင့်တော်မူစဉ်က အမရာဝတီမင်းနေပြည်၌ သူဌေးမျိုးသန့် ဖြစ်သောသုမေဓါသူဌေးသားသည် တစ်ဆယ့်ခြောက်နှစ်အရွယ်ရောက်သောအခါ မိမိချမ်းသာသမျှကို လှူဒါန်းစွန့်ကြဲပြီး ဟိမဝန္တာသို့ထွက်၍ ရသေ့ဝတ်လေ၏။ ရသေ့ ဝတ်ပြီးနောက် တရားအားထုတ်တော်မူရာ (၇)ရက်အတွင်းမှာပင် ဈာဉ်အဘိညာဉ် တန်ခိုးရသဖြင့် ကောင်းကင်၌သွားလာလှည့်လည်၍ နေလေ၏။
ဒီပင်္ကရာဘုရားရမ္မာဝတီနေပြည်တော်သို့ ကြွလာစဉ်နှင့် ကြုံကြိုက်၍ ဘုရားရှင်ကြွလာတော်မူသောလမ်း၌ ရွှံ့နွံတစ်ကွက်ရှိသည်ကို တွေ့သောအခါ မိမိ ကိုယ်ကိုဝမ်းလျားမှောက်တံတားခင်း၍ လှူဒါန်းပြီးကြာပန်းငါးခိုင်ဖြင့် ပူဇော်ခဲ့သည်။ လှူဒါန်းပူဇော်ရန် စောင့်နေစဉ်အတွင်း “ငါသည် ကိလေသာကုန်ခမ်းသည့် ရဟန္တာ ဖြစ်လိုလျှင် ယနေ့ပင်ဖြစ်နိုင်ရာ၏။ သို့သော်သတ္တဝါအများကို ကယ်တင်နိုင်လောက် သည့်အစွမ်းသည်ရှိပါလျက် တစ်ဦးတည်းကိုယ်လွတ်ရုန်းသွားခြင်းကား မသင့်လျော်ချေ။
ငါလည်းဒီပင်္ကရာဘုရားကဲ့သို့ ဘုရားဖြစ်အောင်ကြိုးစားတော့အံ့”ဟု စိတ်ထဲတွင် စွဲမြဲစွာ သန္နိဋ္ဌာန်ချပြီး သတ္တဝါအပေါင်းတို့အပေါ် သနားကြင်နာမေတ္တာထားသောကြောင့် ဘုရားဆုပန်ခဲ့သည်။
ဒီပင်္ကရာဘုရား၏ “ဘဒ္ဒကမ္ဘာတွင် ဂေါတမဗုဒ္ဓဟူသောအမည်ဖြင့် ဘုရား ဖြစ်လိမ့်မည်”ဟု ဗျာဒိတ်ရခဲ့သည်။ ဘုရားလောင်းသုမေဓါရှင်ရသေ့သည် ဝေဿန္တရာ မင်းဘဝသို့တိုင်အောင် မရေမတွက်နိုင်သောဘဝတို့၌ ပါရမီ(၁၀)ပါးအပြား(၃၀)၊ စွန့်ခြင်း ကြီး(၅)ပါး၊ စရိယာ(၃)ပါးတို့ကို ဖြည့်ရန်ကျင့်ကြံအားထုတ် လုပ်ဆောင် ခဲ့ရသည်။ ယင်းကဲ့သို့ သတ္တဝါတို့အပေါ်၌ သနားဂရုဏာထားပြီး တစ်မဂ်တစ်ဖိုလ်ကို ယူ၍ ကျွတ်တမ်းမဝင်ဘဲ ဘုရားဆုသာပန်ခဲ့သဖြင့် ဘဒ္ဒကမ္ဘာတွင် သဗ္ဗညုတဉာဏ်
တော် ရရှိပြီးနောက်၊ ကျောင်းတော်တွင်သာ သီတင်းသုံး၍ တရားရေအေးအမြိုက်ဆေး တိုက်ကျွေးနေခဲ့သည်မဟုတ်၊ အရပ်ရပ်သို့ ဒေသစာရီကြွချီလှည့်လည်တော်မူ၍ တရား ရေအေးတိုက်ကျွေးခဲ့သည်။ ထိုကဲ့သို့ ဂေါတမမြတ်စွာဘုရားသည် (၄၅)ဝါပတ်လုံး နေရာအနှံ့သို့ လှည့်လည်ကာသတ္တဝါများ ချမ်းသာရရေးအတွက် တရားဓမ္မဟောကြား ခဲ့သဖြင့် မရေမတွက်နိုင်သော သတ္တဝါများလည်း သံသရာမှလွတ်မြောက် သွားခဲ့သည် ဟုလည်းကောင်း။ ဗုဒ္ဓဘုရားလောင်းများဖြည့်ရသော ပါရမီ(၁၀)ပါးတွင် ပါဝင်သော မေတ္တာပါရမီနှင့်ပတ်သက်၍ “သူတဘက်သားကြီးပွားချမ်းသာစေလိုသော စိတ်ထား သည် မေတ္တာမည်၏။ မေတ္တာစိတ်ထားရှိသူတို့သည် မိမိအပေါ် သူတပါးက မတော် မတရားပြုမူပြောဆိုစေကာမူ ထိုသူ၏အပြစ်ကိုမရှု၊ ထိုသူ၏ကောင်းကွက်ကိုသာ ရှာကြည့်ခါ သူ့အကျိုးကိုဆောင်မြဲဆောင်ရွက်ကြလေသည်”ဟုလည်းကောင်း တွေ့ရှိရ ပါသည်။ ။
ဒေါက်တာရဲနိုင်၏ “လူဆိုသည့်လူ”စာအုပ်၊ အချစ်နှင့်မေတ္တာဆောင်းပါးတွင် “မေတ္တာဆိုတာအကျိုးကိုလိုလားခြင်းတဲ့။ အသန့်စင်ဆုံးဥပမာပေးရရင်၊ မြတ်စွာဘုရား ကသတ္တဝါများအပေါ်ထားတဲ့မေတ္တာ။ သံသရာဝဋ်ဆင်းရဲမှလွတ်ကင်းစေချင်တဲ့ အကျိုးကို သာလိုလားပြီး၊ မိမိကိုယ်ကျိုးစီးပွားအတွက် မျှော်လင့်တောင့်တစိတ် ၊ လုံးဝမပါပါဘူး။ တွယ်တာနှောင်ဖွဲ့မှုကင်းလို့ ဖြစ်စေချင်တဲ့အတိုင်း ဖြစ်မလာရင်လည်း
သောက၊ အလွမ်း၊ မနာလိုဝန်တိုတာတွေ၊ ဒေါသတွေ၊ အမုန်းတွေလိုက်မလာတော့ဘူး ဒါကြောင့်မေတ္တာဆိုတာအေးမြတယ်၊ ကြည်လင်သန့်စင်တယ်လို့ပြောရတာပါ”ဟု လည်းကောင်း၊ ဂရုဏာဆောင်းပါးတွင် “ဂရုဏာဆိုတာ ဒုက္ခရောက်နေတဲ့(ဒုက္ခိတ) သတ္တဝါကို ကြင်နာသနားခြင်းဖြစ်ပါတယ်။ ဒုက္ခရောက်နေတဲ့လူကိုတွေ့ရင်(ကြားရရင်)
သနားပါတယ်လို့ လူတိုင်းအပြောလွယ်တတ်ကြပါတယ်။ ဝစီကံ၊ မနောကံနဲ့ သနားပါ တယ်လို့ပြောတတ်ကြတာဘဲ။ ကာယကံမြောက်ကူညီဖြစ်ပါသလား။ ကူညီချင်တဲ့ စေတနာရောဖြစ်ပေါ်မိသလား။ ဒါလောက်တော့ဘယ်တတ်နိုင်ပါ့မလဲလို့ ငြင်းရှောင် ကြမှာချည်းဘဲ။ ဂရုဏာကို ကာယကံမြောက်ထားနိုင်ဘို့ရာ၊ မေတ္တာဓါတ်ခံရှိဘို့လဲ လိသေးတယ်နော်”ဟုလည်းကောင်း။ “ကာယကံမြောက်ဂရုဏာအတွက်ဒုက္ခိတသတ္တဝါ ကိုလိုက်ရှာပြီး ကူညီဖေးမနေစရာမလိုပါဘူး။ နေ့စဉ်ဆက်ဆံနေရတဲ့လူတွေအပေါ် မိမိရဲ့ အချိန်၊ အသိပညာ၊ အတတ်ပညာနဲ့ဝန်ဆောင်မှုပေးရတိုင်း၊ စေတနာပါရင် ဒါနမြောက်ပါတယ်”ဟုလည်းကောင်း၊ တွေ့ရှိရပါသည်။ ။
ဆရာတော်ဦးဇောတိက(မဟာမြိုင်တောရ)တရားစာအုပ်တစ်အုပ် ဖြစ်သော “မေတ္တာတရား”စာအုပ်မှလည်း အသိပညာများစွာရရှိခဲ့ပါသည်။ ။ ဦး မိမိကိုယ်ကိုပိုပြီးတော့ အသိဉာဏ်ကြီးမားလာအောင် တိုးတက်လာအောင်
လုပ်တာနဲ့ သူတစ်ပါးကိုလည်းပိုပြီးတော့ အသိဉာဏ်ကြီးမားလာအောင် တိုးတက်လာအောင် ဆောင်ရွက်ပေးတာ မေတ္တာပါ။ ပါဠိစာပေထဲမှာ မေတ္တာဆိုတာဘာလဲဆိုတာနဲ့ပတ်သက်တဲ့ အဓိပ္ပါယ်ဖွင့်ဆို ချက်ကိုတွေ့ရတယ်။ ဘယ်လိုတွေ့ရသလဲဆိုတော့“အကျိုးကိုလိုလားခြင်း”တဲ့။ အကျိုးကိုလိုလားတယ်ဆိုတာမှာ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ အားလုံးပါတယ်နော်။ ကျန်းမာစေချင်တယ်။ အသက်ရှည်စေချင်တယ်။ ပညာတတ်စေချင်တယ်။ တရားအားထုတ်စေချင်တယ်။ စားဝတ်နေရေး အဆင်ပြေစေချင်တယ်။ ဘေးရန်ကင်းစေချင်တယ်။ အလိမ်အညာခံရတာ ကင်းစေချင်တယ်။ ဒါတွေအားလုံးဟာ အကျိုးကိုလိုလားတာချည်းဘဲ။ သူတပါးကို မေတ္တာထားနိုင်ဘို့ဆိုတာ ကိုယ့်ကိုယ်ကို အဖက်ဖက်ကပိုပြီးတော့ ကြီးပွားလာအောင်၊ တိုးတက်လာအောင်၊ အသိဉာဏ်နှင့်စိတ်ဓါတ်တိုးတက်မှု ရင့်ကျက်မှုဖြစ်လာအောင် အထောက်အကူပေးမှသာ ဖြစ်နိုင်ပါတယ်။ ။ ကိုယ့်ကိုယ်တိုင်စိတ်ဓါတ်နဲ့ အသိဉာဏ်ရင့်ကျက်လာအောင် မြင့်မြတ်လာ
အောင်လုပ်ပြီးတော့၊ သူတပါးကိုလည်းဘဲ စိတ်ဓါတ်နဲ့အသိဉာဏ်ရင့်ကျက် လာအောင် အကူအညီပေးနိုင်တာ အထောက်အကူပေးနိုင်တာဟာ မေတ္တာ
ပါဘဲ။
မေတ္တာအစစ်အမှန်ဟာ ကုန်သွားတယ်လို့မရှိဘူး။ မေတ္တာတွေပေးလိုက်ရလို့ မေတ္တာကုန်သွားတယ်ဆိုတာမရှိဘူး။ ဘယ်လောက်ပေးပေးမကုန်ဘူး။
ပိုပေးလေလေ ပိုပြီးတော့များလာလေလေပါဘဲနော်။ သူတပါးရဲ့ စိတ်ဓါတ်နဲ့ အသိဉာဏ်လေးနက်မှု၊ ရင့်ကျက်မှု၊ မြင့်မြတ်မှုရှိလာအောင်၊ ကိုယ်က အထောက်အကူပေးလေလေ ကိုယ့်မှာလဲဘဲလေးနက်တဲ့ မြင့်မြတ်တဲ့စိတ်ဓါတ် နဲ့အသိဉာဏ်ပိုပြီးတော့ ကြီးမားလာလေလေဘဲဖြစ်ပါတယ်။ ။ တစ်ဦးအပေါ်တစ်ဦးမေတ္တာထားတယ်ဆိုတာမှာ စောစောကပြောသလိုဘဲ သူ့ကိုကျန်းမာစေချင်တယ်။ ကောင်းကောင်းမွန်မွန်ပြည့်ပြည့်စုံစုံနေထိုင် စားသောက်စေချင်တယ်။ ပညာတတ်စေချင်တယ်။ ဉာဏ်ပညာကြီးစေချင် တယ်။ အကျင့်စာရိတ္တကောင်းစေချင်တယ်။ ဒါ့ပြင်(Spiritual Growth) လို့ခေါ်တဲ့အသိဉာဏ်နဲ့ စိတ်ဓါတ်ရင့်ကျက်တိုးတက်မှု၊ လေးနက်မှု၊ မြင့်မြတ်မှု ရှိလာအောင်လည်း အထောက်အကူပေးရဦးမယ်။ ဒါဟာတကယ့်စစ်မှန်တဲ့ မေတ္တာရဲ့ ဦးတည်ချက်လမ်းဆုံးဘဲလို့ ဆိုရမယ် နော်။ မေတ္တာရဲ့ တကယ့် ပန်းတိုင် ဟာမြင့်မြတ်တဲ့ စိတ်ဓါတ်နဲ့ အသိဉာဏ်ဖြစ်ပေါ်လာရေးဘဲဖြစ်တယ်ဟု တွေ့ရှိရပါသည်။
မေတ္တာ၏သဘောသည် – •
စိတ်ရှည်တတ်၏ ဂလာ ၅:၂၂၊ ကော ၁:၁၁၊ ၂တိ ၄း၂။ •
ကျေးဇူးပြုတတ်၏ ရော ၁၂း၁၀၊ ဧ ၄း၃၂။
ဂုဏ်ပြိုင်ခြင်းမရှိ ဂလာ ၅:၂၆၊ ဆာလံ ၃၇း၁၊ သုတ္တံ ၃း၃၁၊ ၁၄း၃၀၊ ၂၃း၁၇။
ဝါကြွားခြင်းမရှိ ရော ၁၂:၃၊ ၁ဝ၊ ဖိ ၂း၃)။ ။
မာန်မာနမရှိ မသဲ ၁၈၄၊ လုကာ ၁း၁၀၊ ၂၂၊ ၂၆၊ ၁ပေ ၅း၅။
မလျှောက်ပတ်စွာ မကျင့်တတ် ဖိ ၁း၁၀၊ ၂သက် ၃း၇။
ကိုယ့်အကျိုးကိုမရှာတတ် (၁ကော ၁၀း၂၄၊ ဖိ ၂း၄။
ဒေါသအမျက်မထွက်တတ် ရော ၁၂း၁၈၊ ကော ၃း၈၊ ယာ ၁း၁၉၊ ဒေ ၇း၉၊
ဆာလံ ၃၇း၈၊ သုတ္တံ ၁၆း၃၂၊ ၁၉း၁၁။ •
အပြစ်ရှိသည်ဟု မထင်တတ် မဿဲ ၅း၃၉၊ ရော ၁၂း၁၇၊ ၁သက် ၅း၁၅၊
၁ပေ ၃း၉။ •
မတရားသောအမှု၌ ဝမ်းမြောက်ခြင်းမရှိတတ် မသဲ ၇း၃၊ ရော ၁၅း၁၊ ဂလာ ၆၊ ၁ပေ ၄း၈။
သမ္မာတရား၌ ဝမ်းမြောက်တတ်၏ (ဧ ၄း၂၅၊ ၆း၁၄)။
ခပ်သိမ်းသောအရာတို့ကို ဖုံးအုပ်တတ်၏ (ဇ ၄း၂-၃၊ ၆၉၊ ကော ၃း၁၃)။
၊ ခပ်သိမ်းသောအရာကို ယုံတတ်၏ လုကာ ၁၇း၄၊ ဧ ၄း၃၂၊ ကော ၃း၁၃။
ခပ်သိမ်းသောအရာတို့ကို သည်းခံတတ်၏ မဿဲ ၁၀း၂၂၊ ၁ကော ၁၅း၅၈၊၊ ဂလာ ၆း၉၊ ယာ ၁း၁၂၊ ၅း၁၁ ဖြစ်ကြောင်းကျမ်းစားများအရ သိရှိရပါသည်။ ဤလေ့လာတွေ့ရှိချက်များဖြင့် ဆင်ခြင်အောက်မေ့ရာတွင်
ကောင်းကင်ပေါ်၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း၊ ထာဝရဘုရား၊ ၏စီမံချက်များ၏ အခြေခံသဘောတရားသည် မေတ္တာဖြစ်သည်။ ထို့ကြောင့် ခရစ်ယာန်အကျင့်ဆိုင်ရာ အခြေခံအုတ်မြစ်သည် မေတ္တာတရားဖြစ်ရမည်။ ယင်းမေတ္တာတရားအခြေခံရှိမှသာလျှင် တည်မြဲသောခရစ်ယာန်တစ်ယောက် ဖြစ်လာမည်။ ဖြားယောင်းသွေးဆောင်ခြင်းကိုလည်းကောင်း၊ စစ်ဆေးစုံစမ်း ခြင်းများကိုလည်းကောင်း၊ ခုခံကျော်လွှားနိုင်မည်ဖြစ်သည်ဟုလည်းကောင်း။
လူများအတွက်စွန့်လွှတ်အနစ်နာခံ၍ မေတ္တာပြခဲသော သခင်ခရစ်တော်အား ကယ်တင်ရှင်အဖြစ်လက်ခံယုံကြည်၍ ခရစ်ယာန်ဖြစ်လာသူများ၏ လှုပ်ရှားမှု များသည် ကိုယ်တော်ရှင်၏ ကျေးဇူးတော်ကိုသိတတ်သောအားဖြင့် မေတ္တာကို အခြေခံသောလှုပ်ရှားမှုများ ဖြစ်သင့်သည်ဟုလည်းကောင်း။ ။
ထာဝရဘုရားသခင်၏ ဤကမ္ဘာလောကကြီးအတွက် စီမံချက်များသည် ကိုယ်တော်ရှင်၏ ဖြောင့်မတ်ခြင်းတရားတော်အားဖြင့် ထင်ရှားလျက်ရှိပါ သည်။ “ထို့ကြောင့်ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် စုံလင်တော်မူသည့်နည်းတူ၊ သင်တို့သည်လည်း စုံလင်တော်မူသည့်နည်းတူ သင်တို့သည်လည်း စုံလင်ခြင်းရှိကြလော့”မဿဲ ၅း၄၈) ကျမ်းစကားသည် စစ်မှန်သော ခရစ်ယာန်အသက်တာ၏ အခြေခံစည်းကမ်းသတ်မှတ်ချက် ဖြစ်သည်ဟုလည်းကောင်း။
ဤကမ္ဘာလောက၏ သစ္စာတရားကို သိမြင့်လာ၍ ဉာဏ်ပညာအလင်းရ။ လာလျှင် ကိုယ်တစ်ယောက်တည်းကျေနပ်နေရုံနှင့်မပြီးဘဲ၊ လူများအတွက် အကျိုးဖြစ်ထွန်းစေရန် မေတ္တာပြသည့်အနေဖြင့် ၄င်းအလင်းကို လူတို့သိမြင် လာအောင်ပြရမည်ဟုလည်းကောင်း ၊
“သခင်ယေရှုရွေးနှုတ်တော်မူသောအားဖြင့် အဖိုးကိုမပေးရဘဲ၊ ဘုရားသခင်၏
ကျေးဇူးတော်ကြောင့် ဖြောင့်မတ်ရာသို့ ရောက်ရ၏”(ရောမ ၃း၂၆ )ကျမ်း၊ စကားအရ၊ မိမိ ကိုယ်၊ စိတ်၊ နှလုံးသုံးပါးစလုံးကို သခင်ခရစ်တော်၏ လက်တော်သို့ အပ်နှံမှဖြောင့်မတ်သူ (Righteous Man) ဖြစ်လာပြီး၊ ထာဝရ
ဘုရားသခင်နှင့် ပြန်လည်မိတ်သဟာရဖွဲ့နိုင်မည်၊ ထာဝရဘုရားသခင်၏ နိုင်ငံတော်သားတစ်ယောက်ဖြစ်ခွင့်ရမည်။ လူတို့အလိုချင်ဆုံးဖြစ်သော စစ်မှန်သောသုခ(ဝါ) ငြိမ်သက်ခြင်းနှင့်ဝမ်းမြောက်ခြင်းရှိသည့် အသက်တာ ရမည်ဖြစ်သည်ဟုလည်းကောင်း။ အကျိုးဖြစ်ထွန်းစေသည့် ခရစ်ယာန်တရား(ထိုင်)ခြင်း (effectual christian meditation) သည်၊သဘာဝတရားကဖော်ပြသက်သေခံနေသော ထာဝရဘုရားသခင်၏ ဘုန်း၊ တန်ခိုး၊ အာနုဘော်တော်ကို လေးလေးနက်နက် ဆင်ခြင်အောက်မေ့၍ ဉာဏ်ပညာရယူခြင်းဖြစ်သည်။ ဥပမာပြရသော်၊ လူ၏ကိုယ်ခန္ဓာမှ ထာဝရဘုရားသခင်၏ ဘုန်း၊ တန်ခိုးတော်ကို ထုတ်နှုတ် လိုက်ပါကမည်သို့ ဖြစ်သွားမည်နည်း။ မြေမှုန့်ဖြစ်သွားမည်ကို ကျောက်ဖြစ် ရုပ်ကြွင်းပညာရှင်များ၊ သမ္မာကျမ်းစာတော်မှ ကျမ်းစကားအရ သိမြင် နားလည်လာမည်ဖြစ်သည်ဟုလည်းကောင်း သဘောပေါက်ရပါသည်။
ထို့ကြောင့်မြေမှုန့်သို့မပြန်ရခင်စပ်ကြား၊ ခရစ်ယာန်ဘာသာဝင်တစ်ယောက် အနေဖြင့်သခင်ခရစ်တော်၏ ဩဝါဒ၊ သွန်သင်မြွက်ဆိုမိန့်ကြားတော်မူချက်များကို နှလုံးသွင်း၍ အဆသုံးဆယ်၊ အဆခြောက်ဆယ်၊ အဆတစ်ရာပွားများစေပြီး အဓိပ္ပါယ် ရှိသောခရစ်ယာန်အသက်တာ လျှောက်လှမ်းနိုင်ကြပါစေဟု မေတ္တာရည်လျှက် ဝေမျှလိုက်ပါသည်။
လေ့လာသူခရစ်ယာန်တစ်ဦး
ကောင်းကင်ဘုံရှင်၊ အကျွန်ုပ်တို့
အဗ်ဗ၏ မေတ္တာတော်
ဘာသာအယူဝါဒကို စိတ်ဝင်စား၍ လေ့လာသူ တော်တော်များများက၊ “ခရစ်ယာန်တို့ ယုံကြည်ကိုးကွယ်သော ထာဝရဘုရားသခင်သည် အနန္တမေတ္တာရှင်၊ အနန္တတန်ခိုးတော်ရှင် ဖြစ်သော်လည်း၊ သူ့ကိုယုံကြည်ကိုးကွယ်ဆည်းကပ်သူများကို ထိုအနန္တတန်ခိုးဖြင့် လောကီဒုက္ခအပေါင်းမှ ကင်းလွတ်အောင် ဘာကြောင့်မပြုလုပ် သလဲ။ ကိုယ့်ကိုယုံကြည်အားထားနေတဲ့ သူတွေကို ကြည့်ရှုမစ သင့်တာပေါ့။ ထိထိ ရောက်ရောက် မလုပ်ပေးတာဟာ တကယ်မလုပ်နိုင်လို့လားလို့ သံသယဖြစ်စရာ ဖြစ်နေတယ်” ဟု ကျွန်ုပ်အားဆွေးနွေးဖူးပါသည်။ ။
ယုံကြည်သူအချို့ကလည်း၊ လောကီဒုက္ခများ ကြုံတွေ့ရသောအခါ ထာဝရဘုရား၏ ဘုန်း၊ တန်ခိုး၊ အာနုဘော်တော်၊ မေတ္တာတော်နှင့် ဂရုဏာတော်ကို သံသယဖြစ်ကြသည်။ “ထာဝရဘုရားသခင်က ဘာကြောင့်သူတို့ကို ၄င်းလောကီဒုက္ခ များခံစားစေတာလဲ။ အပြစ်ဒဏ်ခတ်တဲ့သဘောလား။ ဒီလိုဆိုရင် စုံလင်သော ဘုရား လို့ဘယ်ပြောနိုင်တော့မလဲ” ဟုပြောဆိုမှုများ ကြုံတွေ့ရပါသည်။
ထို့အကြောင်းအရာနှင့် ပတ်သက်၍ သမ္မာကျမ်းစာတော်တွင် ရှင်းလင်းချက် များတွေ့ရှိရပါသည်။ ။
“ထာဝရ အရှင်ဘုရားသခင်ကလည်း၊ လူသည် ငါတို့တွင် တပါးပါးကဲ့သို့ ဖြစ်၍ ကောင်းမကောင်းကို သိတတ်၏။ – (က ၃း၂၂) ကျမ်းစကားအရ၊ လူသားကို ထာဝရဘုရားသခင်သည် အလွန်မျှော်မှန်းချက်ကြီးစွာဖြင့် ဖန်ဆင်းခဲ့ခြင်းဖြစ်ပါသည်။ ထိုကြောင့် အခြားသက်ရှိသတ္တဝါများကို နှုတ်ကပတ်တော်ဖြင့် ဖန်ဆင်းခဲ့သော်လည်း လူသားအား ကိုယ်တော်ရှင်တို့၏ ပုံသဏ္ဍာန်နှင့် တညီတသဏ္ဍာန်တည်းတူအောင် မြေမှုန့်ဖြင့် ဖန်ဆင်းပြီး သူ၏နှာခေါင်းထဲသို့ ဇီဝအသက်ကို မှုတ်သွင်း၍ အသက်ရှင် စေခဲ့သည်။ အခြားသတ္တဝါများအား မပေးခဲ့သော အသက်ရှင်သည့် ဝိညာဉ်ကို လူအား ပေးခဲ့ခြင်း ဖြစ်သည်ဟု နားလည်ရပါ သည်။
ကောင်းမကောင်းကို သိတတ်သော အသိဉာဏ်ကိုပေး၍ လွတ်လပ်စွာ စဉ်းစားဆင်ခြင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်ကို ပေးခဲ့သည်။ ထိုကဲ့သို့ ကိုယ်တော်ရှင် ဖန်ဆင်း
ခဲ့သော သတ္တဝါများထဲတွင် အမြင့်ဆုံးအဆင့်ရောက်အောင် ဖန်ဆင်းခဲ့ခြင်းသည်
ကောင်းကင်ဘုံတွင် သခင်ခရစ်တော်အား အရှင်သခင်အဖြစ် အုပ်စိုးရန်နှင့်ပြုစုစောင့် ရှောက်ရန် တာဝန်ပေးထားသကဲ့သို့၊ လူသားကို မြေကြီးပေါ်ရှိ ဤလောက လူ့ဘုံ၏ အရှင်သခင်အဖြစ် အုပ်စိုးရန်နှင့် ပြုစုစောင့်ရှောက်ရန် တာဝန်ပေးလို၍ဖြစ်သည်။
လူသားသည် မြွေ၏စကားကို နားမယောင်ဘဲ၊ မိမိဇာတိပကတိ စိတ်ကို ထိန်းချုပ်ထားနိုင်လျှင် သခင်ခရစ်တော်သည် ကောင်းကင်ဘုံ၏ အရှင်သခင် ဖြစ်သကဲ့သို့ အာဒံသည် ဤကမ္ဘာလောကလူ့ဘုံ၏ ဘုန်းအာနုဘော်တော်နှင့် လူ့ဘုံ
လောက၏ အရှင်သခင်ဖြစ်လာမည်။ ထာဝရအသက်၊ ရသူ ဘုန်းအာနုဘော်နှင့် လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းခံရသူ ဖြစ်လာမည်ဟု သဘောပေါက်ရပါသည်။
လူသားသည် ကိုယ်တော်ရှင်ပေးမည့် တာဝန်ကို စိတ်အေးချမ်းသာစွာ ဆောင်ရွက်နိုင်ရေးအတွက် လူသားအသက် ရှင်သန်လုပ်ဆောင်ရန် လိုအပ်မည်ဖြစ် သောအရာ (အလင်း၊ စားစရာ၊ နေစရာ)တို့ကို ဦးစွာဖန်ဆင်းခဲ့သည်။ မိမိဖန်ဆင်း ခဲ့သမျှကို ပြန်လည်စီစစ်၍ အလွန်ကောင်းသည်ဟု သိမြင်ကျေနပ်မှ ဖန်ဆင်းခြင်းကို ရပ်နားခဲ့သည်။ (က၁း၃၁)
လူသားအတွက် လိုအပ်ချက်အားလုံး ပြည့်ဝစုံလင်အောင် ဖန်ဆင်းပြီးမှ လူသား ကိုဖန်ဆင်း၍ “အချင်းတို့၊ များပြားစွာ မွေးဖွားကြလော့။ မြေကြီးကို ပြည့်စေ၍ နိုင်ကြလော့။ ပင်လယ်ငါးတို့ကိုလည်းကောင်း၊မိုင်းကောင်းကင်ငှက်တို့ကိုလည်းကောင်း ၊ အသက်ရှင်၍ မြေပေါ်မှာ လှုပ်ရှားတတ်သော တိရိစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း၊ အုပ်စိုးလော့” ဟုမိန့်တော်မူ၍ သူတို့ကို ကောင်းချီးပေးတော်မူ၏” (က ၁း၂၈)
“ဘုရားသခင်ကလည်းကြည့်ရှုလော့။မြေတပြင်လုံး၌ စပါးသီးကို ဖြစ်စေသော စပါးပင်အမျိုးမျိုးကိုလည်းကောင်း၊ မျိုးစေ့ကိုဖြစ်စေသော အသီးနှင့် ပြည့်စုံသော သစ်ပင်အမျိုးမျိုးကိုလည်းကောင်း၊ သင်တို့စားစရာရဖို့ ငါပေး၏” (က ၁း၂၉)။
“ထာဝရအရှင်ဘုရားသခင်သည် အရှေ့မျက်နှာဧဒင်အရပ်၌ ဥယျာဉ်ကို စိုက်ပျိုးပြီးလျှင် ဖန်ဆင်းတော်မူသော လူကို ထိုဥယျာဉ်၌ နေရာချထားတော်မူ၏”
က ၂း၈)။ “ထိုအခါ ထာဝရအရှင်ဘုရားသခင်သည် လူကိုယူ၍ ဧဒင်ဥယျာဉ်ကို ပြုစုစောင့်နေစေခြင်းငှာ ထားတော်မူ၏” (က ၂း၁၅) ၊
၄င်းကျမ်းစကားများအရ၊ ထာဝရဘုရားသခင်သည် လူတို့ငြိမ်းအေးချမ်း သာစွာ ရှင်သန်လှုပ်ရှားနိုင်ရန် လိုအပ်မည့်အရာများကို ပြည့်ဝစုံလင်စွာ ဖန်ဆင်း ပေးထားသည်ဟု နားလည်ရပါသည်။ ။
“မြွေကလည်းသင်တို့သည် ဧကန်အမှန်သေရမည်မဟုတ်၊ အကြောင်းမူကား ထိုအသီးကို စားသောနေ့၌ သင်တို့သည် မျက်စေ့ပွင့်လင်းလျှက် ကောင်းမကောင်းကို သိ၍ ဘုရားသခင်ကဲ့သို့ ဖြစ်ကြလတံ့သည်ကို ဘုရားသခင်သိတော်မူ၏” (က ၃း၅) ဟုပြောစကားကိုလည်းကောင်း၊ အပင်သည်စားဘွယ်ကောင်းခြင်း၊ အဆင်းလည်း လှခြင်း၊ ပညာတိုးပွားစေလိုသောငှာ၊ နှစ်သက်ဘွယ်ဖြစ်ခြင်းတို့ကိုမြင်၍ (က ၃း၆)။ ဧဝ၏ ဇာတိပကတိစိတ် နိုးကြားလာပြီး၊ လူသား၏ သူ့ကိုဖန်ဆင်းသော ဘုရားသခင် အပေါ်၌ သစ္စာစောင့်သိခြင်း၊ ခန့်ညားခြင်းတို့ ရှိမရှိကို စမ်းသပ်ရန်၊ မစားရဟု ပညတ် ထားသော အသီးကို လက်ဖြင့်ခူးယူပြီး စားခဲ့သည်သာမက၊ အာဒံအားလည်းပေးခဲ့ သည်။ အာဒံကလည်း ဘုရားကဲ့သို့ ဖြစ်လိုသောဇာတိပကတိစိတ်ဖြင့် လက်ဖြင့်ယူ၍ စားခဲ့သည်ဟု နားလည်ရပါသည်။
ထာဝရဘုရားသခင်သိသွားသောအခါ အမျက်ထွက်၍ စုံစမ်းမေးမြန်းရာတွင် မိမိတို့၏ အပြစ်ကိုဝန်မခံဘဲ၊ အာဒံကဇဝအပေါ် အပြစ်ပုံချခဲ့သလို ဇဝကလည်း မြွေအပေါ် အပြစ်ပုံချခဲ့သည်။ (က ၃း၁၂ – ၁၃)။
ယင်းကဲ့သို့ လူတို့အား ဇာတိပကတိစိတ်ပေါ်လာအောင် ပြုလုပ်ခဲ့သော မြွေအားလည်းကောင်း၊ မိန်းမအားလည်းကောင်း၊ ခန္ဓာကိုယ်၌ ဝေဒနာဖြစ်စေမည့် ကျိန်ဆိုခြင်းကိုပြုခဲ့သော်လည်း (က ၃း၁၅ – ၁၆)။ အာဒံအား ခန္ဓာကိုယ်၌ ဝေဒန၁ ဖြစ်စေရန် ကျိန်ဆိုခြင်းမပြုဘဲ၊ နေထိုင်လုပ်ကိုင်စားသောက်ရာတွင် အခက်အခဲများစွာ ဖြစ်ပေါ်စေရန် မြေကိုသာ ကျိန်ဆိုခဲ့သည်။ (က ၃း၁၇)ဟု တွေ့ရသဖြင့် အာဒံအပေါ် ထားခဲ့သော ကိုယ်တော်ရှင်၏ မေတ္တာနှင့်ဂရုဏာတော်ကို သိမြင်ရပါသည်။ သို့သော်
“ယခုမှာ သူသည် ထာဝရအသက်ကိုရခြင်းငှာ လက်ကိုဆန့်လျှက် အသက်ပင်၏ ။ အသီးကို ယူ၍ မစားသင့်ဟူ မိန့်တော်မူ၍ သင်သည် မြေမှုန့်ဖြစ်၍ မြေမှုန့်သို့ ပြန်ရမည် ဟု အပြစ်ဒဏ်ပေးခဲ့သည်။ အပြစ်ပေးသည့်အနေဖြင့် ဝိညာဉ်ပြန်လည် ရုပ်သိမ်းနိုင်
သော်လည်း၊ ကျိန်ဆိုခြင်းသာပြုပြီး ဧဒင်ဥယျာဉ်မှ ထွက်သွားစေခဲ့သည်။ (က ၃း၂၃)” လူအတွက်ဟု ရည်စူး၍ ဖန်ဆင်းခဲ့သော စားစရာများကို ဆက်လက်ခံစား၍ အသက်ဆက်စေခဲ့သည်။ ပင်ပန်းကြီးစွာ လုပ်ကိုင်စားသောက် သွားလာ နေထိုင် ရသောအခါ၊ အားလုံးပြည့်ဝစုံလင်သော ဧဒင်ဥယျာဉ်၏ ကောင်းမြတ်ခြင်းကို ပြန်လည် သတိရလာပြီး နောင်တရသဖြင့် ကျိုးပဲ့ကြေမွသောစိတ်ဖြင့် တောင်းပန်၍ ကိုယ်တော် ရှင်၏ အထံတော်သို့ ပြန်လည်တိုးဝင်ခိုလှုံခွင့်ရနိုင်စေရန် လမ်းဖွင့်ပေးခြင်းဖြစ်ကြောင်း ဆင်ခြင်မိပါသည်။ ။
အာဒံသည် ဇာတိပကတိစိတ်ဖြင့် ထာဝရဘုရားသခင်အား မေ့ထားသည်သာ မက၊ ၄င်းဇာတိပကတိစိတ်မျိုးစေ့ကို သားကြီးကာဣနကို အမွေပေးခဲ့သည်။ ထိုဇာတိပကတိစိတ်ကြောင့် ကာဣနသည် ညီအာဗေလအား ရန်ဘက်ပြု၍ သတ်ခဲ့ သည်။ (က ၄း၈)။ ။
လူတို့အား လစ်လျူရှူထားတော်မမူသော ထာဝရဘုရားသခင်သည် အာဗေလကို မတွေ့၍ ကာဣနကို မေးတော်မူသောအခါ ကဣနသည် မိမိပြုလုပ် ၊ ခဲ့သော အမှု့ကိုဝန်ခံခြင်းမရှိသည်သာမက လိမ်လည်စကားကိုခက်ထန်စွာပြောခဲ့သည်။ (က ၄း၉)။ ။
ထာဝရဘုရားသခင်သည် ကာဣနကို ထိုအမှု့ကြောင့် အပြစ်ဒဏ်အနေနှင့် မပေးဘဲ၊ ကျိန်ဆိုခြင်းကိုသာ ပြုခဲ့သည်။ (က ၄း၁၂)။ ၄င်းကျိန်ဆိုချက်ကြောင့် ကာဣန ၊ သည် အရပ်ရပ်သို့လှည့်လည်သွားလာနေရစဉ်တွင်၊ အသတ်မခံရစေရန် ထာဝရဘုရား သခင်သည်သူ၌ အမှတ်ပေးခဲ့သည်။ (က ၄း၁၅)။
ထိုကျမ်းစကားများကို အခြေခံ၍ ဆင်ခြင်အောက်မေ့သောအခါ၊ ထာဝရ ဘုရားသခင်သည် မိမိဖန်ဆင်းအသက်သွင်းခဲ့သော လူကိုချစ်ခြင်းမေတ္တာအနန္တဖြင့်
ချစ်သည်ကိုလည်းကောင်း၊ တနေ့နေ့တွင် ကိုယ်တော်ရှင်၏ ဘုန်းအသရေတော်၊ မေတ္တာ တော်နှင့် ဂရုဏာတော်ကို သိမြင်သဘောပေါက်လာပြီး၊ ကိုယ်တော်ရှင်၏ ဘုန်းတော် အရိပ်အောက်သို့ ပြန်လည်ဝင်ရောက်ခိုလှုံလာခွင့်ရနိုင်စေရန် အလိုတော်ရှိသဖြင့် အသက်ရှည်စွာ ရှင်သန်စေခဲ့ကြောင်း သဘောပေါက်ရပါသည်။
ထာဝရဘုရားသခင်၏ လူအပေါ်ထားရှိသော ချစ်ခြင်းမေတ္တာကို ထင်ရှား စေသောကျမ်းစကားများ များစွာကိုလည်းတွေ့ရပါသည်။ )
တောင်ကြီးတို့သည် ရွေ့၍၊ တောင်ငယ်တို့သည် လှုပ်ရှား သော်လည်း၊ ငါ၏မေတ္တာသည် သင်မှမရွေ့ရ။ ငါ၏ ငြိမ်သက်ခြင်း ပဋိညာဉ်သည် လည်း မလှုပ် ရှားရဟုသင်၌ သနားခြင်းဂရုဏာစိတ်ရှိတော်မူသော
ထာဝရဘုရား မိန့်တော် မူ၏။ (ဟေရှာယ ၅၄း၁၀)။
သင့်ကို ခဏသာ ငါစွန့်သည်ဖြစ်၍၊ များစွာသောဂရုဏာနှင့် တဖန် သိမ်းဆည်းဦးမည်။ ပြင်းစွာသော အမျက်ထွက်၍ ခဏမျှငါမျက်နှာလွှဲ သော်လည်း၊ ထာဝရမေတ္တာနှင့် သင့်ကိုကယ်မသနားဦးမည်ဟု သင့်ကို
ရွေးနှုတ်သော ထာဝရဘုရားမိန့်တော်မူ၏။ (ဟေရှာယ ၅၄း၇ -၈)။
ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီး
ခြင်းသို့မရောက်၊ ထာဝရအသက်ရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌ တပါးတည်းသောသားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီ
သားတို့ကို ချစ်တော်မူ၏ (ယော ၃း၁၆)။
ကောင်းမြတ်စုံလင်သော ဆုကျေးဇူး မှန်သမျှသည်၊ အလင်းတို့၏
အဘထံမှ သက်ရောက်သည်ဖြစ်၍ အထက်အရပ်မှလာ၏။ ထိုအခါ သည် ရွေ့လျောတိမ်းသိမ်းခြင်းမရှိ။ ပြောင်းလဲခြင်းအရိပ်နှင့် ကင်းလွတ် ၏။ (ယာကုပ် ၁း၁၇)။
မေတ္တာသည် ဖေါက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ်၏ (၁ကော ၁၃း၈)။
ထိုနှုတ်ကပတ်တော်ထံ၌ ငါတို့ကြားရ၍ သင်တို့အား ပြသသော တရား စကားမူကား၊ ဘုရားသခင်သည် အလင်းဖြစ်တော်မူ၏၊ ဘုရားသခင်၌
မှောက်မိုက်လုံးဝမရှိ။ (၁ယော ၁း၅)။ ကျမ်းစကားများကို တွေ့ရပါသည်။
ဟေရှာယ အနာဂတ္တိ အနက်ဖွင့်ကျမ်းတွင် ၄င်းကျမ်းစကားများသည် ပရောဖက်ဟေရှာယမှတဆင့်၊ ထာဝရဘုရားသခင်၏ စကားတော်ကို အကြိမ်ကြိမ် နားမထောင်သည်သာမက၊ ပုန်ကန်သော ဣသရေလ လူမျိုးများအပေါ် ကိုယ်တော်ရှင် ထားရှိသော မေတ္တာတော်နှင့် အရုဏာတော်ကို သိမြင်နားလည်စေရန် မိန့်တော်မူချက် များဖြစ်သည်ကို တွေ့ရသော်လည်း ကျွန်ုပ်အတွက် ဉာဏ်အလင်းများစွာ ရရှိခဲ့ပါသည်။
ရှင်ယောဟန် ခရစ်ဝင်၊ အနက်ဖွင့်ကျမ်းတွင်၊ (ယော ၃း၁၆) ကျမ်းစကားကို ဤကျမ်းပုဒ်၌ လူသားတိုင်းအတွက် ဝမ်းမြောက်ဘွယ်ရာသတင်းကောင်း၏ အနှစ်သာရပါရှိနေသည်။ ဤကျမ်းပုဒ်က ကျွန်တော်တို့အား ထူးခြားမွန်မြတ်လှသော အချက်ပေါင်းများစွာ ဖေါ်ပြနေသည်။ (က) ကယ်တင်ခြင်းအတွက် လုပ်ဆောင်မှု မှန်သမျှကို ဘုရားသခင်၌အစပြု
ပြီးကိုယ်တော်ရှင်ကသာ ဦးဆောင်လုပ်ကိုင်နေကြောင်းဖေါ်ပြနေသည်။ တခါတရံ ခရစ်ယာန်ဘာသာအကြောင်းကို တင်ပြရှင်းပြရာတွင် အပြစ်သားဖြစ်သော လူသားသည် ဘုရားသခင်ကို အမျက်ပြေရန် ၊ လုပ်ဆောင်ပြီး၊ အပြစ်လွတ်ရန် ကိုယ်တော်အား တောင်းပန်တိုးလျှိုး နေရန်သာ လိုအပ်သယောင် အချို့တို့က ဖေါ်ပြတတ်ကြသည်။
ခက်ထန်ကြမ်းကြုတ်၊ အပြစ်မလွှတ်နိုင်လောက်အောင် အမျက် ထွက်နေပြီး၊ ပညတ်တရားတို့ကို အာသီသနေသော၊ ဘုရားသခင် နှင့် သိမ်မွေ့နူးညံ့ ချစ်ခင်မြတ်နိုး၊ အပြစ်လွှတ်တတ်သော သခင်ယေရှု တို့ကို သီးခြားဖေါ်ပြနေသယောင် ဖြစ်နေတတ်သည်။
တခါတရံ ခရစ်ယာန်တို့၏ သတင်းတော်ကို ဖေါ်ပြကြရာ၌ သခင် ယေရှု၏ လုပ်ဆောင်မှုကြောင့် ဘုရားသခင်သည် လူတို့အား အပြစ် မစီရင်တော့ဘဲ၊ အပြစ်လွှတ်လာသည်တိုင်အောင် ဘုရားသခင်၏ စိတ်သဘောတော်ပြောင်းသွားသကဲ့သို့ ရှင်းပြတတ်သေးသည်။
သို့သော် လူတို့အား ကယ်တင်ခြင်းအတွက် ဘုရားသခင်ကသာလျှင် အလုံးစုံကို အစပြုကြောင်း၊ လောကီသားတို့ကို ချစ်လှသဖြင့် သားတော်
ကိုစေလွှတ်သောသူပင်ဖြစ်ကြောင်း ဤကျမ်းပိုဒ်ကဖေါ်နေသည်။ (ခ) ဘုရားသခင်၏ အရင်းခံဇာတိတော်သည် မေတ္တာတော်ပင်ဖြစ်ကြောင်း
ဤကျမ်းပိုဒ်က ဆက်လက်ဖေါ်ပြနေသည်။ ဘုရားသခင်သည် လူတို့၏ လစ်လျူရှူ၊ စကားတော်ကို မနာခံမှု့၊ ပုန်ကန်မှုတို့ကြောင့် ၊
“ ငါသည်လူတို့အား ချိုးဖဲ့ဖျက်ဆီးပစ်တော်မူမည်၊ သူတို့အား ခယ ဝတ်တွားစေမည်။ ငါ့ထံပါးသို့ ပြန်လည်လာကြသည်တိုင်အောင် ဒဏ်ခတ်၍ စည်းကမ်းကြပ်မတ်မည်။ ရိုက်နှက်ဆုံးမတော်မူမည်”ဟု စဉ်းစားဆင်ခြင်ကြည့်ရန် လွယ်ကူလှပါသည်။ အမှန်ဆိုရလျှင် မိမိ တန်ခိုးဖေါ်ပြ၍ မိမိစကားတော်ကို ရိုသေကျိုးနွံသော ကမ္ဘာလောကကြီး ဖြစ်လာစေရန် လူတို့၏သစ္စာစောင့်သိမှုကို လိုလားတောင့်တတော် မူလျှင် လွယ်ကူပါသည်။ ။
သို့သော် ဤကျမ်းပိုဒ်၏ အံ့ဘွယ်ရာထူးခြားချက်တစ်ရပ်မှာ၊ ဘုရား သခင်သည် မိမိအတွက်မဟုတ်၊ ကျွန်တော်တို့အတွက် လုပ်ဆောင်နေ ကြောင်း ဖေါ်ပြနေခြင်းပင်ဖြစ်သည်။ ဘုရားသခင်၏ လုပ်ဆောင်ချက်မှာ မိမိ၌ ရှိသမျှသော တန်ခိုး အာနိသင်တို့ကို ဖေါ်ပြရန်မဟုတ်၊ စကြာဝဠာတစ်ခုလုံးကို သူ့ရှေ့၌ ပြားပြားဝပ်သွားစေရန်မဟုတ်။ ကိုယ်တော်ရှင်၏ မေတ္တာတော်ကို ဖေါ်ပြနေကြောင်း မြင်ရပါလိမ့်မည်။
ဘုရားသခင်သည် လူတစ်ဦးစီကို မိမိ၏စကားတော် မြေဝယ်မကျ နားထောင်သူတစ်ဦး ဖြစ်လာစေလိုသည့် သက်ဦးဆံပိုင် ဘုရင်ကဲ့သို့ မဟုတ်။ လမ်းလွဲ၍ မိမိထံမှ ထွက်ခွါသွားနေကြသော သားသမီးတစ်ဦး စီသည် အိမ်သို့ပြန်လာမှသာလျှင် ပျော်ရွှင်မည့် ဖခင်ကဲ့သို့ဖြစ်သည်။
ကျွန်တော်တို့ ကိုးကွယ်ဆည်းကပ်နေသော ဘုရားသခင်သည်။ လူတို့ကအရှုံးခံ ဒူးထောက်လာစေရန် အကြမ်းဖက်နေသူမဟုတ်။ မေတ္တာတော် အနန္တဖြင့် သိမ်မွေ့စွာသွေးဆောင်ခေါ်ယူနေသော ဘုရား
ဖြစ်သည်ကို ဖေါ်ပြနေခြင်းဖြစ်သည်။
(ဂ) ဘုရားသခင်၏ မေတ္တာတော်အကျယ်အဝန်းကိုလည်း ဖေါ်ပြနေသည်။
ကိုယ်တော်ရှင်သည် “လောကီသားအပေါင်း တို့ကို” ချစ်သည်။ လူမျိုး တစ်မျိုးထဲကိုသာ ချစ်သည်မဟုတ် လူကောင်းများ၊ ကိုယ်တော်ရှင်ကို ချစ်သောသူများကိုသာ ချစ်တော်မူသည်မဟုတ်။ လောကီသား ၊ တစ်ရပ်လုံးကို ချစ်တော်မူသည်။ မချစ်ထိုက်သောသူ၊ ချစ်စရာမကောင်း သောသူ၊ မည်သူကမျှမချစ်သဖြင့် အထီးကျန်ဘဝ၌ အသက်ရှင်နေသူ များ၊ ဘုရားသခင်ကိုချစ်သောသူများသာကမ၊ ဘုရားသခင်အကြောင်း လုံးဝစိတ်ကူးထဲတွင်ပင်မထည့်သူများ၊ မေတ္တာတော်ကို အားကိုးမှီခိုသူ ၊ များသာကမ၊ မေတ္တာတော်ကိုလက်မခံငြင်းပယ်သူအပေါင်းတို့သည် ၊ ကိုယ်တော်ရှင်၏ မေတ္တာတော်ပရိဝုဏ်ထဲ၌ အကျုံးဝင်ကြောင်း ဖေါ်ပြ ၊
နေသည်ဟု အနက်ဖွင့်ထားကြောင်း တွေ့ရပါသည်။ ရှင်ယာကုပ်ဩဝါဒစာအနက်ဖွင့်ကျမ်းတွင် (ယာကုပ် ၁း၁၇)ကျမ်းစကားကို “ဘုရားသခင်ထံမှလာသောကျေးဇူးတော်တိုင်းသည် ကောင်းသောအရာများ ဖြစ်ကြောင်း ရှင်ယာကုပ်က အလေးပေးတင်ပြထားခြင်းဖြစ်သည်။ ဘုရားသခင် ပေးကမ်းသမျှသည်ကောင်း၏ဟုပြန်ဆို၍ပင်ရသည်။ တနည်းအားဖြင့်ဘုရားသခင်ထံမှ လာသမျှသောအရာများသည် မကောင်းသောအရာအလျင်းမရှိပါ။ ပြောင်းလဲခြင်း
မရှိသောဘုရားဖြစ်သည်။ ကိုယ်တော်ရှင်ဖန်ဆင်းသောအလင်းသည် ပြောင်းလဲမှုရှိ
သော်လည်း၊ ၄င်းအလင်းကိုဖန်ဆင်းသောသူသည် ဘယ်တော့မှမပြောင်းလဲပါဟု အနက်ဖွင့်ထားသည်ကို တွေ့ရပါသည်။ ။
ကောရိဩဝါဒစာပထမစောင်အနက်ဖွင့်ကျမ်းတွင် (၁ကော ၁၃၈) ၊ ကျမ်းစကားကို “ထာဝရတည်မြဲသော မေတ္တာဖြစ်သည်။ ဖောက်ပြန်သောသဘောနှင့် အစဉ်ကင်းလွတ်၏။ ထိုမေတ္တာသည် ပြည့်စုံသည်။ အာဂပေမေတ္တာဖြစ်သည်”ဟု အနက်ဖွင့်ထားသည်ကို တွေ့ရပါသည်။ ။
ရှင်ယောဟန်ဩဝါဒစာ ပထမစောင်အနက်ဖွင့်ကျမ်းတွင် (၁ယော ၁း၅) ကျမ်းစကားကို“ဘုရားသခင်၏ဝိသေသလက္ခဏာအားလုံးသည်အလင်းကိုအခြေခံသည် ထွန်းလင်းတောက်ပခြင်း၊ ဘုန်းထင်ရှားခြင်း၊ အနန္တတန်ခိုးနှင့်ပြည့်စုံခြင်းတို့သည် အလင်းတရားများဖြစ်သည်။ ဘုရားသခင်သည် အလင်းဖြစ်သောကြောင့် သမ္မာတရား အားလုံးကို ထွန်းလင်းစေသည်။ သိမြင်စေသည်။ နက်နဲသော သမ္မာတရားတွင် သန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်း၊ ဖြူစင်ခြင်း၊ ပြည့်စုံခြင်းမှစသည့် ကောင်းမြတ်ခြင်း အားလုံးပါဝင်သည်။
ဘုရားသခင်၌ မှောင်မိုက်အလျင်းမရှိပါ။ မှောင်မိုက်သည် အပြစ်တရား၊ ဆိုးညစ်မိုက်မဲခြင်း၊ မကောင်းမှုအလုံးစုံကို အခြေခံသည်။ ၄င်းအပြင်အမှောင်တရား သည် ဘုရားကိုမသိခြင်း၊ ဘုရားကိုမယုံကြည်ခြင်း၊ ဘုရားမဲ့နေခြင်းအဓိပ္ပါယ်ရသည်။ အမှောင်သည်အကန်းနှင့်တူ၏။ သမ္မာတရား၌ အသက်မရှင်ဘဲဒုစရိုက်၌သာ အသက် ရှင်သည်။ဘုန်းတော်နှင့်ကင်းကွာနေ၏ဟု အနက်ဖွင့်ထားသည်ကို တွေရပါ သည်။
ထာဝရဘုရားသခင်၏ မေတ္တာတော်သဘောကို သခင်ယေရှုက ပျောက်သော သားဥပမာပုံဆောင်၍ သွန်သင်ထားသည်ကို တွေ့ရှိရပါသည်။ ။
“တဖန်မိန့်တော်မူသည်ကား တစုံတယောက်သောသူ၌ သားနှစ်ယောက်ရှိ၏။ သားအငယ်သည် အဘထံသို့သွား၍ အကျွန်ုပ်ရထိုက်သော အမွေဥစ္စာကိုဝေပေးပါဟု တောင်းခံလျှင် အဘသည် ဥစ္စာများကိုဝေ၍ သားတို့အားပေးလေ၏။ ထို့နောက်
များမကြာ သားအငယ်သည် မိမိဥစ္စာများကို သိမ်းယူ၍ ဝေးစွာသောပြည်သို့သွားပြီးလျှင် ထိုပြည်၌ကာမဂုဏ်လွန်ကျူးသောအားဖြင့် ဥစ္စာပြုန်းတီး၍ ရှိသမျှကုန်သောအခါ ထိုပြည်၌ကြီးစွာသော အစာခေါင်းပါးခြင်းဖြစ်၍ သူသည်အလွန်ဆင်းရဲခြင်းသို့
ရောက်၏။ ထို အခါထို ပြည် သားတစ်ယောက် ထံ သို့ သွား၍ အစေခံလျှင်၊ ဝက်တို့ ကိုကျောင်းစေခြင်းငှာ သူ့သခင်သည်တောသို့ စေလွှတ်သဖြင့် သူသည် ဝက်စားတတ်သော ပဲတောင့်ကိုပင် စားချင်မတတ်ငတ်မွတ်လျှက်နေရ၏။ အဘယ် သူကမှ အစာမကျွေး။ ထို အခါသတိရလျှင် ငါ့အဘ၏အိမ်၌ အခစားသော သူများတို့သည် ဝစွာစားကြရ၏။ ငါမူကား ဤပြည်၌သေအောင်အငတ်ခံရ၏။ ငါထ၍ အဘထံသို့သွားမည်။ အဘ၊ အကျွန်ုပ်သည် ဘုရားသခင်ကိုလည်းကောင်း၊ ကိုယ်တော် ကိုလည်းကောင်း ပြစ်မှားပါပြီ။ ယခုမှစ၍ ကိုယ်တော်၏သားဟူ၍ခေါ်ခြင်းကို မခံထိုက် ပါ။ သူငှားအရာ၌အကျွန်ုပ်ကို ထားတော်မူပါဟု ငါပြောမည်ဟူ၍ အကြံရှိသည်နှင့်ထ၍ အဘထံသို့သွားလေ၏။ ဝေးသေးသောအခါ အဘသည်သူ့ကိုမြင်လျှင် သနားသော စိတ်ရှိသည်နှင့်ပြေးသွား၍ သား၏လည်ပင်းကို ပိုက်လျှက်နမ်းရှုပ်လေ၏။ သားကလည်း အဘအကျွန်ုပ်သည် ဘုရားသခင်ကိုလည်းကောင်း၊ ကိုယ်တော်ကိုလည်းကောင်း ပြစ်မှားပါပြီ။ ယခုမှစ၍ ကိုယ်တော်၏သားဟု ခေါ်ဆိုခြင်းမခံထိုက်ပါဟုဆိုလျှင် အဘ က၊ မြတ်သောဝတ်ရုံကိုယူခဲ့၍ သူ့ကိုခြုံကြ။ သူ၏လက်၌ လက်စွပ်တန်ဆာကိုဆင်ကြ။ ခြေနင်းကိုလည်း စီးစေကြ။ ဆူအောင်ကျွေးသောနွားကလေးကိုယူ၍ သတ်ကြ။ သို့ပြီးမှ ငါတို့သည်စားကြကုန်အံ့။ ပျော်မွေ့ခြင်းကိုပြုကြကုန်အံ့။ ငါ့သားသည် အထက်က သေ၏။ ယခုရှင်ပြန်၏။ အထက်ကပျောက်၏။ ယခုပြန်တွေ၏ဟု အစေအပါးတို့ကို ဆိုပြီးမှထိုသူအပေါင်းတို့သည် ပျော်မွေ့ခြင်းကို ပြုကြ၏။ “(လုကာ ၁၅း၁၁-၂၄)ဟု ကျမ်းစကားကို တွေ့ရသဖြင့် ထာဝရဘုရားသခင်၏ မေတ္တာတော်နှင့် ဂရုဏာတော်ကို ပို၍ သဘောပေါက်ရပါသည်။
ကောင်းကင်ဘုံရှင် အဘထာဝရဘုရားသခင်သည် အနန္တတန်ခိုးတော်နှင့် မေတ္တာတော်ရှင်ဖြစ်သော်လည်း၊ လူတို့အား လောကီဒုက္ခများကို ခံစားစေရာတွင်
အကြောင်းတစ်ခုခုတော့ ရှိရမည်ဟု ဆင်ခြင်မိသဖြင့် ရှာဖွေလေ့လာရာတွင် ဖြစ်နိုင်ခြေ ၊ ရှိသည့်အချက် (၃)ချက်ကို တွေ့ရှိရပါသည်။ ။ (၁) ထာဝရဘုရားသခင်သည် စိတ္တဇနာမ သယမ္ဘူတဖြစ်သည့် သီးခြားဝေးကွာ
သောပုဂ္ဂိုလ်ကြီးမဟုတ်ပါ။ ဖန်ဆင်းတော်မူသော အုပ်စိုးတော်မူသော၊ အဆွေခင်ပွန်း ဖြစ်တော်မူသော၊ ရွေးနှုတ်တော်မူသော၊ ကယ်တင်တော်မူသော၊ စင်ကြယ်စေသော အရှင်ဖြစ်သော်လည်း၊ လူနှင့်ထပ်ချပ်မကွာ၊ ဆက်ဆံ လမ်းပြ လျှက်ရှိတော်မူသော ဘုရားဖြစ်သည်ဟု သမ္မာကျမ်းစာအဘိဓာန်စာအုပ် နိဒါန်းတွင်လည်းကောင်း။ ။
ကောင်းကင်ဘုံရှင်ထာဝရဘုရားသခင်သည် ခပ်သိမ်းသောသတ္တဝါတို့ကို မိမိရင်သွေးအား ချစ်လှသောဖခင်ကဲ့သို့ချစ်ကြောင်း။ လူများမှီခိုအားထားခိုလှုံရာ အဖကဲ့သို့ဖြစ်ကြောင်း။ လူသည်မိမိကိုးကွယ်ဆည်းကပ်သည့် ထာဝရဘုရားသခင်နှင့် ရင်းရင်းနှီးနှီးဆက်သွယ်နိုင်ကြောင်း။ လူသည် နံဝိညာဉ်ကြီးစိုးသော ပုဂ္ဂိုလ်ဖြစ်သော
ကြောင့်၊ ဖခင်လည်းဖြစ် ကိုးကွယ်ရာလည်းဖြစ်တော်မူသော နံဝိညာဉ်ဘုရားသခင်နှင့် အမြဲဆက်သွယ်ခွင့်ရနေကြောင်း။ ထာဝရဘုရားသခင်ကလည်း ဤကဲ့သို့ ဆက်သွယ် ရန်အလိုတော်ရှိကြောင်း သခင်ယေရှု၏ ဒေသနာဩဝါဒများအရလည်းကောင်း သိမြင်ရပါသည်။ ။
ထိုလေ့လာတွေ့ရှိရချက်များကို အခြေခံ၍ ဆင်ခြင်အောက်မေ့ရာတွင်၊ ထာဝရဘုရားသခင်သည် မိမိမေတ္တာ အနန္တနှင့် ချစ်သောသူတို့က ကိုယ်တော်ရှင်၏ ဘုန်းအသရေတော်၊ မေတ္တာတော်၊ ဂရုဏာတော်တို့ကို အသိအမှတ်ပြုစေလိုသည်။ ပတ္ထနာပြုစေလိုသည်။ ရိုသေလေးစားသော်လည်း ရင်းရင်းနှီးနှီးဆက်သွယ်စေလိုသည်။ လူတို့၏ လိုအပ်ချက်များ၊ အကူအညီများကို တောင်းခံစေလိုသည်။ လူတို့ကိုသတိပေး သည့်အနေဖြင့် ၄င်လောကီဒုက္ခများကို ခံစားစေခြင်းဖြစ်နိုင်သည်။
လူသည်ရောဂါဝေဒနာခံစားရမှ ဆေးကုသသည်။ ထိုရောဂါဝေဒနာကို မိမိအစွမ်းဖြင့် မကုသနိုင်တော့ကြောင်း သိမြင်သဘောပေါက်၏ သည်အခါကျမှ ဆရာဝန်ကို သတိရသကဲ့သို့ လောကီဝေဒနာဖြစ်သော ဒုက္ခဆင်းရဲခြင်းများ မိမိအစွမ်း
ဖြင့်လွတ်မြောက်အောင် မလုပ်နိုင်တော့သည့်အခါကျမှ ဘုရားကိုသတိရမည်ဖြစ်၍ ယင်းလောကီဒုက္ခများကို ခံစားစေခြင်းဖြစ်နိုင်ပါသည်။ ။ (၂) ဟဗက္ကုတ်အနာဂတ္တိကျမ်းကို လေ့လာစဉ်က အခန်းကြီး(၁)တွင် ပရောဖက် ဟဗက္ကုတ်က၊ ယုဒပြည်သည် ဗာဗုလုန်နိုင်ငံတော်ကြီး၏ တန်ခိုးအာဏာအောက်သို့ ရောက်သွားပြီးနောက် ဘုရားသခင်၏ လူမျိုးတော်များ မတရားနှိပ်စက်၊ အနိုင်ကျင့် ခံရသည်များကို တွေ့ရသောအခါ “မတရားမှုများနှင့် ဆိုးညစ်သော ဒုက္ခစရိုက် အမှုများ ၊ ကို ကိုယ်တော်ဘာ့ကြောင့် ခွင့်ပြုထားသလဲ။ ကိုယ်တော်ရှင်သည် တန်ခိုးရှင်ဖြစ်ပါက ဘာကြောင့် သူတို့ကို မတားမြစ်သလဲ” ဟု အပြစ်တင်မေးမြန်းခဲ့သည်။ သူ့အား ဘုရားသခင်က ကိုယ်တော်ရှင်၏ ရည်မှန်းချက်ကို ဖေါ်ပြခဲ့သည်။
ယုဒပြည်ကို အပြစ်ဒဏ်စီရင်ရန် လိုအပ်နေသည်၊ ယုဒပြည်ကို ကောင်းမွန် သာယာသော အနာဂါတ်နိုင်ငံတော်တည်နိုင်ရန် ဗာဗုလုန်နိုင်ငံကို ဘုရားသခင်အသုံး ပြုနေခြင်းဖြစ်သည်။ အလွန်ရက်စက်ကြမ်းကြုတ်သော ခါလဒဲလူများတို့ကို ခေါ်ပြီး ယုဒပြည်ကို ဆုံးမနေသည်။ ကိုယ်တော်ရှင်အလုပ်လုပ်နေသည်။ ကိုယ်တော်ရှင်၏ လူမျိုးတော်အပေါ်ကိုယ်တော်ရှင် ဂရုမစိုက်ဘဲမနေကြောင်း။ ပစ္စုပ္ပန်အခြေအနေထက် ကျော်လွန်ပြီး မြင်စေလိုကြောင်း သဘောပေါက်စေခဲ့သည်။
အခန်းကြီး(၂)တွင် မတရားသောသူပျက်စီးလိမ့်မည်။ ဖြောင့်မတ်သောသူသာ ဘုရားသခင်၏ရှေ့တော်မှောက်၌ ရပ်တည်အသက်ရှင်လိမ့်မည်။ မိမိယုံကြည်ခြင်း အားဖြင့် ဖြောင့်မတ်သောသူအသက်ရှင်လိမ့်မည်ဟု ဖော်ပြထားသည်။
အခန်းကြီး(၃)တွင် ဘုရားသခင်ကိုယုံကြည်အားကိုးဆုတောင်းပြီးနောက် ဘုရားသခင်၏ ဘုန်းတော်ထင်ရှားလာကြောင်း ကိုယ်တော်၏လူမျိုးတော်များမှ အားကိုးအော်ဟစ်သံကို ဘုရားသခင်အမြဲတမ်း အဖြေပေးကြောင်း ဤစကြာဝဠာကို ၊ ဘုရားသခင်အုပ်စိုးထိန်းကွပ်ထားပြီး၊ ကိုယ်တော်၏အချိန်၌ ကိုယ်တော်၏ ရည်ရွယ်ချက် ပြည့်စုံစေဘို့ ကိုယ်တော်ရှင် လုပ်ဆောင်နေကြောင်း၊ ဘုရားသခင်ကို အစဉ်အားကိုးနိုင်ကြောင်း။ တိုင်းဆကြံစည်၍ မမှီနိုင်သော ဘုရားသခင်၏အကြံအစည်
တော်ကို လူ၏သေးငယ်သောအသိဉာဏ်ဖြင့် နားမလည်နိုင်သောကြောင့်၊ ကျေနပ် သောအဖြေကို မရနိုင်ခြင်းဖြစ်ကြောင်း၊ ကိုယ်တော်ရှင်၏ အကြံအစည်တစ်ခုလုံးကို ယ်တော်ရှင်ဖွင့်ပြဘို့ ဆုတောင်းရမည်ဖြစ်ကြောင်း၊ ဘုရားသခင်၏ နည်းလမ်းသည် သာအကောင်းဆုံးဖြစ်ကြောင်းတို့ကို သာယာနာပျော်ဖွယ်ကောင်းသော ချီးမွမ်းသီချင်း ဖြင့်ပရောဖက်ပြုခဲ့ကြောင်းရှင်းလင်းချက်ကိုလည်းကောင်း။ ။
ယောဘဝတ္တုတွင် “ထာဝရ ဘုရားကလည်း၊ ငါ့ကျွန်ယောဘကို ဆင်ခြင် ပြီလော။ မြေကြီးပေါ်မှာ သူနှင့်တူသူ တစ်ယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ် သည်ဟု စာတန်အားမိန့်တော်မူ၏။ (ယောဘ ၁း၈)။ ။ ယောဘသည် နှုတ်ကိုဖွင့်၍ မိမိဖွားသောနေ့ရက်ကို ကြိမ်ဆိုလျှက်၊ မြွက်ဆို သည်ကား၊ ငါအလွန်ကြောက်သောအမှုသည် ငါ၌ရောက်လာပြီ။ ငါအလွန်
ကြောက်သောဘေးသည် ငါ့ကိုတွေ့မိပြီ။ ငါသည်ငြိမ်သက်ခြင်းမရှိ၊ သက်သာခြင်း မရှိ၊ ဒုက္ခဆင်းရဲသက်သက်ရှိ၏ဟု မြွက်ဆိုလေ၏။ (ယောဘ ၃၁၊၁၅) ။ ထိုအခါထာဝရဘုရားသည် ယောဘစကားကိုပြန်လှန်၍ မိုင်းသက်မုန်တိုင်းထဲက
မိန့်တော်မူသည်ကား၊ ပညာမရှိဘဲစကားပြောကာမျှနှင့် ငါ့အကြံကိုမိုက်စေသော ဤသူကားအဘယ်သူနည်း။ လူယောက်ျားကဲ့သို့ သင့်ခါးကိုစီးလော့”ငါမေးမြန်း
သောပြသနာတို့ကို ဖြေလော့။ မြေကြီးအမြစ်ကို ငါတည်သောအခါ၊ သင်သည်အဘယ်မှာရှိသနည်း။ နားလည်လျှင်ပြလော့။ မြေကြီးအတိုင်း အရှည်ပမာဏကို ဘယ်သူစီရင်သနည်း။ နားလည်လျှင်ပြောလော့။ မျဉ်းကြိုးကို အဘယ်သူတန်း၍ချသနည်း။ မြေကြီးတိုက်မြစ်ကို အဘယ်အရပ်၌စွဲစေသနည်း။ နံနက်ကြယ်တို့သည် တညီတညွတ်တည်း သီချင်းဆို၍ ဘုရားသခင်သားအပေါင်း တို့သည် ဝမ်းမြောက်သဖြင့် ကြွေးကြော်ကြစဉ်၊ တိုက် အထွဋ်ကျောက်ကို အဘယ်သူတင်ထားသနည်း။ သမုဒ္ဒရာသည် အမိဝမ်းထဲလဘွား၍ ထွက်လာ သောအခါ အဘယ်သူသည် တံခါးပိတ်နှင့်ပိတ်ထားသနည်း။ သမုဒ္ဒရာကို
မိုယ်တိမ်နှင့်ငါခြုံ၍ ထူထပ်သော မှောင်မိုက်နှင့်ထုပ်ရစ်သည့်ကာလ၌၄င်း၊ သင် သည် ဤအရပ်တိုင်အောင်လာရ၏။ တိုး၍မလွန်ရ၊ ဤအရပ်၌ သင်၏
ထောင်လွှားသော လှိုင်းတံပိုးဆုံးရ၏ဟု ပညတ်လျက်၊ သမုဒ္ဒရာအပိုင်းအခြား ငါစီရင်၍ တံခါးပိတ်နှင့်ကန့်လန့်ကျင်တို့ကို ထားသည့်ကာလ၌၄င်း၊ အဘယ်သူ သည်ဝိုင်း၍ကူညီသနည်း။ သင်သည် တသက်လုံးတွင်တခါမျှနံနက်ကိုမှာထားဘူး သလော။ မိုင်းသောက်လင်းကိုနေရာချထားဘူးသလော။ နံနက်အလင်းသည် မြေကြီးစွန်းကိုကိုင်လျှက်၊ လူဆိုးတို့ကိုခါ၍ ပစ်စေခြင်းငှာ စီရင်ဘူးသလော။ မြေကြီးသည် တံဆိပ်ခတ်သကဲ့သို့ ပုံပေါ်၍အဝတ်တန်ဆာဆင်သကဲ့သို့ရှိ၏။ လူဆိုးတို့၏အလင်းသည်ကွယ်၍ ချီကြွသည့်လက်သည်လည်း ကျိုးတတ်၏။ သင်သည်သမုဒ္ဒရာစမ်းရေပေါက်ထဲသို့ဝင်ဘူးသလော။ နက်နဲသောအောက်ဆုံး အရပ်၌လှည့်လှည်ဘူးသလော။ သေခြင်းတံခါးတို့ကို သင်အားဖွင့်ဘူးသလော
သေမင်းအရိပ်ထဲသို့ဝင်သော လမ်းဝတို့ကိုမြင်ဘူးသလော။ မြေကြီးမျက်နှာ တပြင်လုံးကိုကြည့်ရှုဘူးသလော။ အလုံးစုံကို သိမြင်လျှက်ဘော်ပြလော့။ (ယောဘ ၃၈၁-၁၈) တဖန်ထာဝရဘုရားသည် မိုင်းသက်မုန်တိုင်းထဲက ယောဘအားမိန့်တော်မူ သည်ကား၊ လူယောက်ျားကဲ့သို့ သင့်ခါးကိုစည်းလော့။ ငါမေးမြန်းသော ပြဿနာ တို့ကိုဖြေလော့။ သင်သည် ငါ့တရားစီရင်ချက်ကို ပယ်မည်လော။ သင်သည် ကိုယ်တိုင်ဖြောင့်မတ်ဟန်ရှိစေခြင်းငှာ၊ ငါ့ကိုအပြစ်ရှိသည်ဟု စီရင်မည်လော။ သင်သည်ဘုရားသခင်၏ လက်ရုံးကဲ့သို့သော လက်ရုံးရှိသလော။ ဘုရားသခင်၏ အသံကဲ့သို့ အသံ နှင့် မိုယ်ချိန်းနိုင်သလော။ ထူးဆန်းသောဘုန်းတန်ခိုး၊ အာနုဘော်တော်ကို ဝတ်ဆောင်လော့။ သင့်တင့်သော ဂုဏ်အသရေနှင့်တန်ဆာ ဆင်လော့။ သင်၏အမျက်အရှိန်ကိုလွှတ်လော့။ မာနထောင်လွှာသောသူ အပေါင်းတို့ကို ကြည်ရှု၍ နှိမ့်ချလော့။ အဓမ္မလူတို့ကို နှိမ်နင်း၍ သူတို့ကိုမြေမှုန့်၌ တစ်ခုတည်းဝှက်ထားလော့။ သူတို့မျက်နှာများကို မှောင်မိုက်၌ ဖုံးအုပ်လော့။
သို့ပြုလျှင်သင်၏ လက်ျာလက်ရုံး သည်သင့်ကိုကယ်တင်နိုင်သည်ဟု ငါဝန်ခံမည်။ ” (ယောဘ ၄၀း၆-၁၄)။ “ ယောဘသည် ထာဝရဘုရားအား ပြန်လျှောက်သည်ကား၊ ကိုယ်တော်သည် အလုံးစုံတို့ကို တတ်နိုင်တော်မူကြောင်းကိုလည်းကောင်း၊ အကြံအစည်တော်ကို အဘယ်သူမျှမဆီးတားနိုင်ကြောင်းကိုလည်းကောင်း၊ အကျွန်ုပ်သိပါ၏။ ပညာ မရှိဘဲ အကြံအစည်တော်ကို မိုက်စေသောသူကား အဘယ်သူနည်း။ သို့ရာတွင် အကျွန်ုပ်သည် နားမလည်သောအရာတို့ကိုလည်းကောင်း၊ ကိုယ်တိုင်မသိ၊ အံ့သြ ၍မကုန်နိုင်သောအရာတို့ကိုလည်းကောင်း၊ ပြောမိပါပြီ။ နားထောင်တော်မူပါ။ အကျွန်ုပ်လျှောက်ပါမည်။ အကျွန်ုပ်မေးလျှောက်သောအရာတို့ကို သွန်သင်တော် မူပါ။ သတင်းတော်ကို အကျွန်ုပ်သည် နားနှင့်ကြားဘူးပါပြီ။ ယခုမူကား၊ ကိုယ်တော်ကို မျက်စေ့နှင့်မြင်ရပါ၏။ ထို့ကြောင့်အကျွန်ုပ်သည် ကိုယ်ကိုရံရှာပါ၏
မြေမှုန့်နှင့် မီးဖိုးပြာ၌ထိုင်၍ နောင်တရပါပြီဟု လျှောက်ထားလေ၏။ ( ယောဘ၄၂း၁ – ၆ ) ၊ ။ ယောဘသည် အဆွေခင်ပွန်းတို့အဖို့ဆုတောင်းပြီးမှ၊ ခံယူရသော ဒုက္ခအကြောင်း ၊
ကိုထာဝရဘုရားသည် ပက်ရှင်း၍၊ အရင်ထက်နှစ်ဆသောဥစ္စာကို ပေးတော်မူ၏” (ယောဘ ၄၂း၁၀)။
ဤကျမ်းစကားများကို အခြေခံ၍ ဆင်ခြင်အောင်မေ့ရာတွင် လူတို့အား လောကီဒုက္ခခံစားစေခြင်းသည် လမ်းမှားဘက်သို့ ခြေဦးလှည့်နေသောလူကို လမ်း၊ မှန်ဘက်သို့ရောက်လာစေရန် တည့်မတ်ပြုပြင်နေခြင်း၊ လက်ရှိအနေအထားထက် ပို၍ကောင်းမြတ်သော အခြေအနေသို့ ရောက်အောင် ထာဝရဘုရားသခင် လုပ်ဆောင်နေခြင်းဖြစ်နိုင်သည်။ (၃) “ငါညီအစ်ကိုတို့ ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည် သည်းခံခြင်း၊ ကိုပွားစေတတ်သည်ဟု သိမှတ်လျှက်၊ အထူးထူးအပြားပြား၊ စုံစမ်းနှောက်ယှက်ခြင်း များတွေ့ကြုံသောအခါ၊ ဝမ်းမြောက်စရာအကြောင်းသက်သက်ဖြစ်သည်ဟု မှတ်ယူ ကြလော့” (ယာကုပ် ၁း၂)။
၄င်းကျမ်းစကားကို ဒေါက်တာဝီလယံဘာကလေးပြုစုသော၊ ရှင်ယာကုပ် ဩဝါဒစာအနက်ဖွင့်ကျမ်းတွင်၊ ရှင်ယာကုပ်သည် သူ၏ဩဝါဒစာဖတ်သူများအား ခရစ်ယာန်ဘာသာသည် လွယ်ကူသောလမ်းစဉ်တစ်ခုဟု ပြောဆိုရည်ညွှန်းခြင်းအလျင် မရှိပါ။ သူသည်၎င်းတို့အားအမျိုးမျိုးသောစုံစမ်းနှောက်ယှက်ခြင်းကို ရင်ဆိုင်ရမည်ဟု သတိပေးထားသည်။ စုံစမ်းနှောက်ယှက်ခြင်းဟု ပြန်ဆိုထားသော ဂရိစကားလုံးသည် peirasmos ဖြစ်ပြီး ခရစ်ယာန်အသက်တာ၏ အနှစ်သာရကိုတွေ့ရှိပါကဤစကားလုံး ၏ အဓိပ္ပါယ်အပြည့်အဝနားလည်သဘောပေါက်ရန် လိုပေသည်။ ။
Peirasmos သည် temptation ( စုံစမ်းနှောက်ယှက်ခြင်းဟူသောအဓိပ္ပါယ်မဆောင်ပါ။ အမှန်မှာ၄င်း၏ အဓိပ္ပါယ်သည် testing (စုံစမ်းစစ်ဆေးခြင်း)ဖြစ်သည်။ Peirasmos သည် ရလဒ်တစ်ခုကိုဦးတည်၍စစ်ဆေးမေးမြန်းခြင်းဖြစ်ပြီး၊ ထိုရလဒ်သည် အစစ်ဆေးခံရသူက၊ စစ်ဆေးခံရပြီးနောက်ပိုင်းတွင်သာ၍ ခိုင်မာသန်စွမ်းစွာ ပြန်လည် ထွက်ပေါ်လာခြင်းဖြစ်သည်။
၄င်းစာလုံး၏ကြိယာ (Verb)သည် peiazein ဖြစ်သည်။ ဆိုလိုရင်းက အပြစ် သို့ဖြားယောင်းသွေးဆောင်ခြင်းမဟုတ်ဘဲ၊ ခွန်အားဖြည့်ခြင်းနှင့် သန့်စင်ခြင်းအတွက် ဖြစ်သည်။ ဥပမာ ငှက်ကလေးတစ်ကောင်က သူ၏အတောင်များကို စမ်းသပ်ခြင်းမျိုး ၊ ကိုဆိုလိုသည်။ ရှေးကဘုရင်မက ရှောဘမုန်ဘုရင်၏ဉာဏ်ပညာစွမ်းရည်ကို လာရောက် စုံစမ်းစစ်ဆေးခြင်းမျိုးဖြစ်သည်။ ဘုရားသခင်က အာဗြဟံအား စစ်ဆေးခြင်းမျိုး ဖြစ်သည်။
ဤနေရာတွင် ခွန်အားဖြစ်စေသော အတွေးအခေါ်တစ်ခုရှိသည်။ Hort က “ခရစ်ယာန်သည် ခရစ်ယာန်လမ်းစဉ်ကို လိုက်နေစဉ်၊ စမ်းသပ်စစ်ဆေးခြင်း၏ တွန်းတိုး ပုတ်ခတ်ခြင်းကို ခံရရန်မျှော်လင့်ထားရမည်။ အတွေ့အကြုံအမျိုးမျိုးအဖုံဖုံ အကျွန်ုပ်ထံ ရောက်ရှိလာလိမ့်မည်။ ဝမ်းနည်းကြေကွဲမှုနှင့် အလိုဆန္ဒမပြည့်ဝမှု့စမ်းသပ်စစ်ဆေးခြင်း များဖြင့် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို နှုတ်ယူသွားရန် ကြိုးစားလိမ့်မည်။ လမ်းမှန်ပေါ်မှ လမ်းမှားပေါ်သို့ရောက်ရှိသွားအောင် စမ်းသပ်စစ်ဆေးသည့် ဖြားယောင်းသွေးဆောင်
များ ရရှိလိမ့်မည်။ ခရစ်ယာန်အယူဝါဒမှ ရင်ဆိုင်ရမည့်ဘေးအန္တရာယ်၊ ကိုယ်ကျိုးစွန့် ခြင်း၊ လူကြိုက်နည်းခြင်းဟူသော စမ်းသပ်စစ်ဆေးခြင်းများ ရှိလိမ့်မည်။ ဤစမ်းသပ် စစ်ဆေးခြင်းများသည် အကျွန်ုပ်တို့အား ကျဆင်းအနိုင်ခံရခြင်းဖြစ်အောင် မရည်ရွယ် ပါ။ ကျွန်ုပ်တို့အား မြှင်တင့်ရန်ရည်ရွယ်သည်။ ကျွန်ုပ်တို့အား ခွန်အားနည်းအောင် ပြုလုပ်ရန်မရည်ရွယ်ပါ။ ပိုမို၍ ခိုင်မာသန်စွမ်းအောင်လုပ်ရန် ရည်ရွယ်သည်။ ထို့ကြောင့် ၎င်းတို့ကို ငြီးငြူပြစ်တင်ခြင်းမရှိဘဲ၊ ဝမ်းမြောက်ပျော်ရွှင်မှု့ရှိရမည်။ ခရစ်ယာန်သည် အားကစားသမားနှင့်တူ၏။ လေ့ကျင့်ခန်းပိုမိုပြင်းပြင်းထန်ထန် လေ့ကျင့်လေလေ ပျော်ရွှင်လေးလေဖြစ်သည်။ အကြောင်းမှာ ၄င်းသည် အောင်မြင်ခြင်းလမ်းစအတွက် သာ၍ကောင်းစွာသင့်လျှော်အောင် လုပ်ပေးနေကြောင်းသိရှိသောကြောင့်ဖြစ်သည်။
ကဗျာဆရာကြီးရောဘတ်ဗရောင်းနင်း၏ ကဗျာတစ်ပုဒ်တွင် “ ကမ္ဘာမြေကြီး ၏ချော့မွေ့ခြင်းကို ကျွန်ုပ်တို့ကြိုဆိုလက်ခံရမည်။ အကြောင်းမှာ ခက်ခဲသောအရာတိုင်း သည်အထက်သို့ခြေတစ်လှမ်းဖြစ်သည်ဟု စပ်ဆိုထားကြောင်း တွေ့ရသည်။
ရှင်ယာကုပ်က၊ ဤစမ်းသပ်စစ်ဆေးသည့်လုပ်ရပ်ကို ဂရိစားလုံး doktimional ဖြင့် ဖေါ်ပြထားသည်။ ၄င်းစကားလုံးသည် စိတ်ဝင်စားဖွယ်ကောင်းသည်။ ရောနှော မှုကင်းမဲ့သော စစ်မှန်ခြင်းကို ဆိုလိုသည်။ စမ်းသပ်စစ်ဆေးခြင်း၏ ရည်ရွယ်ချက်သည် ကျွန်ုပ်တို့၏ အညစ်အကြေး၊ မသန့်စင်သောအရာများအားလုံး ဖယ်ထုတ်ပစ်ရန်ဖြစ် သည်။ ဤစမ်းသပ်စစ်ဆေးခြင်းကို မှန်ကန်သောနည်းလမ်းဖြင့် ရင်ဆိုင်လျှင် မယိမ်း မယိုင်သော ဖြောင့်မတ်ခြင်းကို ရလိမ့်မည်။
“စိတ်ရှည် သည်းခံခြင်း” ဟုဘာသာပြန်ထားသော ဂရိစကားလုံးသည် hupomone ဖြစ်သည်။ ၄င်းစကားလုံး၏ အနက်အဓိပ္ပါယ်သည် အရာရာကိုသည်းခံ ခြင်းသာမဟုတ်ဘဲ၊ ၄င်းတို့ကို ဂုဏ်အသရေသို့ ပြောင်းလဲပစ်နိုင်စွမ်းရှိသည်ဟုဖြစ်သည်။ ညှင်းပန်းနှိပ်စက်ခြင်းကာလက၊ ရုပ်ထုဆင်းတုကိုးကွယ်သူများအား အံ့အားသင့်စေ
သောအရာသည် မာတုရများက တင်းတင်းမာမာနှင့်အသေခံသွားကြခြင်းကြောင့် မဟုတ်ဘဲ၊ သီချင်းဆို၍ သေဆုံးခံသွားကြခြင်းကြောင့်ဖြစ်သည်။ တစ်ယောက်သော
သူက မီလျှံအကြား၌ ပြုံးပင်ပြုံးလိုက်သေးသည်။ ထိုသူတို့က သူ့အားအဘယ်ကြောင့် ပြီးကြောင်းမေးသောအခါ သူက “ဘုရားသခင်၏ တံခါးတော်ကို ကျွန်ုပ်မြင်၍ ဝမ်းမြောက်ဝမ်းသာသည်” ဟုဖြေဆိုပြီး အသေခံခဲ့သည်။
Hupomone သည် လူတစ်ယောက်အား အရာရာကိုကြံ့ကြံ့ခံနိုင်ရန် သက်သက် စွမ်းအင်ပေးခြင်းသာမဟုတ်ဘဲ ထိုအရာတို့အပေါ် အနိုင်ယူသော အရည် အချင်းတစ်ခုလည်းဖြစ်သည်။ စမ်းသပ်စစ်ဆေးခြင်းကို မှန်ကန်စွာခံယူခြင်း၏ ရလဒ် သည်ဒိထက်မကခံနိုင်စွမ်းရှိပြီး၊ ဒိထက်ခက်ခဲပြင်းထန်သော တိုက်ပွဲများကို အနိုင်ယူ နိုင်စွမ်းရှိသည်။
ဤမယိမ်းမယိုင်သော ဖြောင့်မတ်ခြင်းသည် နောက်ဆုံး၌ အကျိုး (၃)မျိုး ဖြစ်စေသည်။ (၁) ထာဝရဘုရားသခင်က လူသားအားလုံးပေးထားသော တာဝန်ကို
ထမ်းဆောင်ရန်ပြည်ဝသော ဘုရားသခင်၏ သမီးများဖြစ်လာမည်။ (၂) လူ၏ အပြစ်အနာအဆာဟောင်းများ ဖယ်ထုတ်ပစ်ပြီးဖြစ်သဖြင့် သိက္ခာ
သမာဓိအသစ်များရလာမည်။ (၃) ဤမယိမ်းမယိုင်သော ဖြောင့်မတ်ခြင်းကို ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်
လျှင်၊ အောင်မြင်သောအသက်တာရမည်ဟု အနက်ဖွင့်ထားသည်ကို
လည်းကောင်း။ ။ “ – သင်တို့ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည် သာ၍မြတ်သည် နှင့်၊ ယေရှုခရစ်ပေါ်ထွန်းတော်မူသောအခါ၊ အချီးအမွမ်း၊ ဂုဏ်သရေ၊ ဘုန်းအာနုဘော် အလို့ငှာဖြစ်မည့်အကြောင်း၊ အထူးထူးအပြားပြားသော စုံစမ်းနှောက်ယှက်ခြင်းကို ခံရသောအကြောင်းရှိလျှင် သင်တို့သည်ယခုခဏခံရ၍ ဝမ်းနည်းသော်လည်း၊ အထက် ဆိုခဲ့ပြီးသော ကျေးဇူးတော်ကိုထောက်၍ ရွှင်လန်သောစိတ်ရှိကြ၏” (၁ ပေ ၁း၇)။
ခရစ်ယာန်စာပေလုပ်ငန်း (စီအယ်(လ်)စီ)၏ ဓမ္မသစ်အနက်ဖွင့်ကျမ်းစာအုပ် တွင် ၄င်းကျမ်းစကားကို – သခင်ခရစ်တော်၏ အသေခံခြင်းနှင့် ရှင်ပြန်ထမြောက် ခြင်းအားဖြင့်၊ ဘုရားသခင်သည် ယုံကြည်သူများအား အသစ်သောအသက်ကိုပေးပြီး ၊ ထာဝရမင်္ဂလာကိုလည်း ကတိပေးသည်။ ဤအသက်ကိုလည်း သူတို့အတွက် ကာကွယ် ပေးထားသည်။ သခင်ခရစ်တော်ပြန်လည်ကြွလာပြီး၊ အမွေခံမည့်အချိန်ရောက်သော အခါ၌ ကတိပေးထားသော မင်္ဂလာများကို ခံစားကြရပြီး၊ ကယ်တင်ခြင်း၏ ပြည့်စုံခြင်း ကို တွေ့ကြုံကြရမည်ဖြစ်ကြောင်း စိတ်ချနိုင်သည်။
ဤစိတ်ချမှုသည် ခရစ်ယာန်များအား လက်ရှိဘဝ၏ စုံစမ်းခြင်းများအလည်၌ ဝမ်းမြောက်ခြင်းကိုပေးသည်။ စုံစမ်းခြင်းများသည် သည်းခံနိုင်ရည်ရှိစေပြီး၊ ခံနိုင်ရည် သည်ထိုယုံကြည်ခြင်းအစစ်အမှန်ဖြစ်ကြောင်း သက်သေထူသည်။ ယုံကြည်ခြင်းသည် ပို၍ကြီးထွားလာပြီး ဝမ်းမြောက်ခြင်းတိုးတက်သကဲ့သို့ ခရစ်တော်အတွက် သူတို့၏ ချစ်ခြင်းမေတ္တာသည် ကြွယ်ဝလာသည်။ ကိုယ်တော်ရှင်ကြွလာမည့် အချိန်၌ ခရစ်တော် နှင့်အတူရှိမည့် ပို၍ကြီးမြတ်သော မိတ်သဟာယကို ကြိုတင်၍ တွေ့ကြုံခံစားရခြင်းဖြစ် သည်ဟု အနက်ဖွင့်ထားသည်ကိုလည်းကောင်း တွေ့ရပါသည်။ ။
“ ထိုနှုတ်ကပတ်တော်ထံ၌ ငါတို့ကြားရ၍ သင်တို့အားပြသသော တရား စကားမူကား၊ ဘုရားသခင်သည် အလင်းဖြစ်တော်မူ၏။ ဘုရားသခင်သည် အလင်းဖြစ်
တော်မူ၏။ ဘုရားသခင်၌ မှောင်မိုက်လုံးဝမရှိ”။ (၁ ယော ၁း၅) ကျမ်းစကားအရ၊ လူတို့ခံစားရသော လောကီဒုက္ခအပေါင်းတို့သည် လူတို့အား အပြစ်ဒဏ်ပေးသည့် သဘောလုံးဝမဖြစ်နိုင်ပါ။ လူသားတို့၏ ယုံကြည်ခြင်းနှင့် ဖြောင့်မတ်ခြင်းကို စုံစမ်း စစ်ဆေးခြင်းသာဖြစ်သည်။
မယိမ်းမယိုင်သော ဖြောင့်မတ်ခြင်း၏ အကျိုး (၃)မျိုးကို ရစေချင်သော ကောင်းကင်ဘုံရှင်အကျွန်ုပ်တို့အဘ၏ အနန္တမေတ္တာတော်ဖြစ်ကြောင်း နားလည် သဘောပေါက်ရပါသည်။ ။
ဒွိဟကင်းပျောက်၍ ဝိညာဉ်ခွန်အားရနိုင်ကြစေရန် မေတ္တာရည်လျှက် ဝေမျှ လိုက်ပါသည်။
မြအေး (လေ့လာသူခရစ်ယာန်)
ယူတတ်လျှင် ပို၍ရပါသည်
နိဒါန်း
“ဟိမဝန္တာမှ ဆရာသခင်များနှင့် တွေ့ဆုံခြင်း” (Living with Himalayan masters) စာအုပ်တွင် စာရေးသူ ရာမဆမိက အာသံ ပြည်နယ်၊
လံမြို့တွင် တွေ့ဆုံခဲ့ရသော ခရစ်ယာန်ဘာသာကိုးကွယ် ဆည်းကပ်သည့် “ဂရဝါလီ”အမည်ရှိသော သူတော်စင်တစ်ဦးနှင့် ဆုံတွေ့ရကြောင်း ရေးထားသည် ကိုတွေ့ရပါသည်။ ရှီလုံသည် အိန္ဒိယနိုင်ငံရှိ ခရစ်ယာန် ဘာသာဝင်တို့၏ အချက် အချာဌာနတစ်ခုဖြစ်သည်။ ။
ယင်းသူတော်စင်ကြီးသည် လောကီရုပ်ဝတ္တုကမ္ဘာလောက၏ ဩဇာ သက်ရောက်မှုအပြင်ဘက် ဝေးရာသို့ရောက်နေသော ပုဂ္ဂိုလ်ကြီးဖြစ်သည် ထိုပုဂ္ဂိုလ်ကြီးကကျွန်ုပ်အား ပတဉ္ဇလီ၏ ယောဂကျင့်စဉ်နှင့် နှိုင်းယှဉ်ပြီးလျှင် ခရစ်ယာန်၏ “တောင်ပေါ်ဒေသနာ” ကိုရှင်းပြသည်။
ထိုသူတော်စင်ကြီးသည် ဘာသာစကားများစွာကို ပြောဆိုတတ် သည်။ ကျွန်ုပ်အားပရိုတက်စတင့်ဘာသာနှင့် ကက်သလစ်ဘာသာဝင်များ နေထိုင်သည့် နာဂတောင်တန်းသို့ခေါ်သွားသည်။ ယင်းသူတော်စင်ကြီးသည် ခရစ်ယာန် ဘာသာအုပ်စုနှစ်စုအကြားတွင် သင့်တင့်ညီညွှတ်သော ဆက်သွယ်မှုကို ဖန်တီး ပြုလုပ်ပြီးလျှင် ခရစ်ယာန်ဘာသာ၏ သီအိုရီပိုင်းထက်၊ လက်တွေ့အပိုင်းကို ဟောကြားလေ့ရှိသည်။
ဘုရားသခင်၏နိုင်ငံတော်သည် လူတိုင်းလူတိုင်း၏ အတွင်းသဏ္ဍာန် ရှိသည်ဟူ၍လည်းကောင်း၊ ခရစ်တော်သည်စင်္ကြဝဠာဆိုင်ရာ အသိတရား ဖြစ်သည်ဟူ၍လည်းကောင်း၊ ခရစ်တော်၏အသိတရားထံမရောက်ရှိပဲနှင့် မည်သူမျှနောက်ဆုံးပိတ်အမှန်တရားစီသို့ မရောက်နိုင်ဟူ၍ လည်းကောင်း ထိုပုဂ္ဂိုလ်ကြီးက ယုံကြည်ခံယူသည်။
ထိုပုဂ္ဂိုလ်ကြီးသည် ခရစ်တော်၏တရားတော်နှင့် ပတ်သက်၍ ကျွန်ုပ် မရှင်းမလင်းဖြစ်နေသော အချက်အလက်များများစွာကို ဖယ်ရှားပေးသည်။ ကျွန်ုပ်သည် ခရစ်တော်နှင့် ခရစ်တော်၏ တရားတော်တို့ကို လေးစားမြတ်နိုး လာခဲ့သည်မှာ အချိန်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သို့ ရာတွင် ခရစ်တော်၏ အကူအညီဖြင့်သာ ပုဂ္ဂိုလ်တစ်ဦးသည် လွတ်မြောက်ငြိမ်းချမ်းမှုကို ရနိုင်သည်
ဟူသော အယူအဆကိုမူ မည်သည့်အခါကမျှ ကျွန်ုပ်နားလည် သဘောပေါက် ခြင်းမရှိခဲ့ပေ။ ဘခမည်းတော်နှင့် သားတော်၏အစဉ်အလာကို ရှင်းလင်းပြောပြ ပြီး၊ လူသားတိုင်းအောင်မြင်ထမြောက်မှု ရနိုင်သည်ဟူ၍ ရှင်းလင်းပြောပြသော အခါကျမှသာ၊ ကျွန်ုပ်ရင်ဆိုင်နေရသော ပြဿနာရှင်းလင်းပြေပျောက်သွားသည်။
ထိုပုဂ္ဂိုလ်ကြီးက “ကမ္ဘာပေါ်မှာရှိတဲ့ ဘာသာတရားကြီးအားလုံးကို နှိုင်းယှဉ်လေ့လာပြီးတဲ့နောက်မှာ ဘာသာတရားကြီးအားလုံး၏ အခြေခံအမှန် တရားများဟာ အတူတူဖြစ်တယ်။ တစ်ခုတည်းဖြစ်တယ်ဆိုတာကို ငါတွေ့ရတယ်။ အဲဒါဟာအမှန် ဖြစ်တယ် ဆို ရင် ဘာသာတရားတွေဟာ တစ်ခုနှင့် တစ်ခုဘာကြောင့် မလိုမုန်းထားရန်ညှိုးပွားနေတာလဲ။ မနာလိုဝန်တိုဖြစ်နေ ရတာလဲ။” ဟုမကျေမနပ်နှင့် ပြောဆိုခဲ့သည်ဟုလည်းကောင်း။
ရိုမန်ကက်သလစ်ဘာသာဝင်များထဲတွင် ဗုဒ္ဓဒဿနိကဗေဒနှင့် ဆိုင်သော ဒေါက်တာဘွဲ့ကို ပထမဆုံးရရှိခဲ့သူ၊ သီရိလင်္ကာနိုင်ငံသား ဒေါက်တာ အလွိုက်ရှစ်(စ်)ပိုင်ရီယက်၏ “မေတ္တာတရားနှင့် ဉာဏ်ပညာတို့၏ ဆုံမှတ်” (Love meets Wisdom) စာအုပ်ကို လေ့လာသောအခါ)၊ ဓမ္မအတွေးအခေါ်များကို ကျယ်ကျယ်ပြန့်ပြန့်ရေးထားသည့်အတွက် အလွန်နက်နဲကြောင်းတွေ့ရပါသည်။ ၄င်းစာအုပ်၏အဓိကဆိုလိုရင်းမှာ လူသားတိုင်းတွင် မိမိတို့ယုံကြည်မှုအလိုက် ကိုးကွယ်ကြသည့် ဘာသာတရားရှိကြသည်။ မိမိယုံကြည်ကိုးကွယ်သည့် ဘာသာတရား၏ သွန်သင်လမ်းညွှန်မှုအတိုင်း ကိုးကွယ်ဆည်းကပ်ခြင်းတွင် အယူသည်းစွဲလမ်းပြီး တယူသန်သွားသော ဘာသာဝင်များသည် မိမိတို့ဘာသာ သာလျှင်အကောင်းဆုံး အမြင့်မြတ်ဆုံးဖြစ်သည်ဟု ခံယူလာပြီး အခြားဘာသာ များကိုရှုတ်ချပုတ်ခတ်ပြောဆိုတတ်ကြသည်။ ထို တယူသန်များကြောင့် သွေးချောင်းစီးခဲ့ရသော ဘာသာရေးစစ်ပွဲများပင် ဖြစ်ခဲ့သည်။ ယခုခေတ် တိုင်အောင် မပြေလည်သောပြဿနာများ ဖြစ်နေသေးသည်။ ဤကဲ့သို့ တဘတ်သတ်အစွဲများကြောင့် ပြဿနာပေါ်နေမည့်အစား၊ ဘာသာတရား တစ်ခုနှင့်တစ်ခုအကြား အပြန်အလှန်နားလည်သဘောပေါက်ပြီး သာယာ ချမ်းမြေ့သော လူ့ဘောင်သစ်သို့ တက်လှမ်းနိုင်ဖို့ ကြိုးစားသင့်ပြီ။ ဘာသာတရား များအကြားအပြန်အလှန် ဆွေးနွေးနိုင်မည့် နည်းလမ်းများကို ရှာဖွေသင့်ပြီ။
တဘက်သတ်ဆန်သော ဘာသာရေးအတွေးအခေါ်များသည် ကောင်းကျိုး ဗက်ဆိုးကျိုးဖြစ်စေသဖြင့် အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှုပြုပြီး တစ်လုံး တဝတည်းဖြစ်လာစေရန် လုပ်ဆောင်ရမည်ဟု တိုက်တွန်းထားသည်ကို လည်းကောင်း။ ။
ကိုးကွယ်မှုဆိုင်ရာ အယူဝါဒများကို နှစ်(၅၀)ခန့်လေ့လာခဲ့သော အိန္ဒိယပညာရှိရှရီအိုပီဂဟား(လ်)ပြုစုသော “အယူဝါဒကွဲသော်လည်း တူညီမှု များရှိသည် (Unity in Diversity) စာအုပ်၏စာမိတ်ဆက်တွင် ကမ္ဘာလုံးဆိုင်ရာ အယူဝါဒညှိနှိုင်းရေးအဖွဲ့ (World wide interfaith Movement) ၏အိန္ဒိယ အဖွဲ့ခွဲ ဥက္ကဌဒေါက်တာကာရမ်ဆင်း(ဂ်)က “၂၁ရာစုတွင် ကမ္ဘာအယူဝါဒများ တစ်ခုနှင့်တစ်ခု နားလည်မှုယူရန် လိုအပ်လာပြီဖြစ်သည်။ သဟဇာတကျသဖြင့်ချမ်းမြေ့ သာယာဝပြောသော လူ့ဘောင်သစ် Sane and Harmonius Global society) တည်ဆောက်ရန် အယူဝါဒများ၏ အခြေခံခံယူချက်များကို တရားသေ အဖြစ်ခံယူမှုများ၊ အယူသည်းစွဲလမ်းပြီး တယူသန်ခြင်းများ၊ တသီးတခြား ဖြစ်သည်ဟု စွဲမှတ်ခြင်းများကို ဖြေဖျောက်ဖို့ လိုအပ်လာပြီဖြစ်သည်။ တယူသန်၊ ခြင်း၏ဆိုးကျိုးကို သမိုင်းလေ့လာသူများ သိမြင်ကြပါသည်။ ထိုကြောင့် ဆိုးကျိုး များထပ်မံမဖြစ်ပေါ်လာစေရေးနှင့် ချမ်းမြေ့သာယာဝပြောသော လူ့ဘောင်သစ် တည်ဆောက်နိုင်ရေးအတွက် အယူဝါဒဦးစီးခေါင်းဆောင်များသည် ဆွေးနွေး ညှိနှိုင်းကြပြီး တစ်ဦးနှင့်တစ်ဦးနားလည်မှု ရယူသည်သာမက၊ မိမိတို့၏ ဘာသာဝင်များကိုလည်း သဘောပေါက်အောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ ဤစာအုပ်သည် လူ့ဘောင်သစ်တည်ဆောက်ရာတွင် အထောက်အကူပေးမည်ဟု ယုံကြည်ပါသည်ဟု ရေးထားသည်ကိုလည်းကောင်း။ ။
ဟိန္ဒူဝေဒကျမ်းတစ်ဆူဖြစ်သော ရိဂဝေဒကျမ်းစာတွင်၊ ဤကမ္ဘာ လောကကြီးတွင် သစ္စာတော် (Truth) တစ်ခုတည်းသာရှိသည်။ ဘာသာရေး ဦးဆောင်သူများက နာမည်အမျိုးမျိုးပေးထားခြင်း ဖြစ်သည်။ (The Truth is
one, the wise call by many names.) ထိုအမှန်တရားကို သိမြင်သောအယူဝါဒ ဦးဆောင်သူများက ကာလ၊ ဒေသ၊ လူမှုရေးခံယူချက်၊ ယဉ်ကျေးမှုများအပေါ် အခြေခံ၍ နာမည်အမျိုးမျိုးပေးထားခြင်း ဖြစ်သည်ဟုလည်းကောင်း။
ဂေါတမမြတ်စွာဘုရား၏ အယူဝါဒ(၆၂)မျိုး တရားတော်တွင် – • ပရမတ္ထသစ္စာ (Truth) တစ်ပါးတည်းသာရှိသည်။ နှစ်ပါးမရှိ။ • ယနေ့လူသားများသည် ဓမ္မတွေးခေါ်မှုများနှင့် အလုပ်များလျှက် ရှိသည်။
ကမ္ဘာဒေါင့် အသီးသီးမှ တွေးခေါ်မှုအဖုံဖုံပေါ်ထွက်လျှက်ရှိသည်။
ထိုတွေးခေါ်မှုအားလုံးသည် ပရမတ္ထသစ္စာတစ်ပါးစီသို့ ဦးတည်ထား သည်။ • ချစ်ခြင်းမေတ္တာနှင့် ငြိမ်သက်ခြင်းမပါသော တွေးခေါ်မှုတွင် ပရမတ္တသစွာ
မတည်နိုင်။ • တဏှာ၊ မာန၊ ဒိဋ္ဌိတည်းဟူသော အနာဆိုးကြီးများကို အမြစ်နှင့်တကွ
ပယ်နှုတ်ပြီးသော ရဟန္တာပုဂ္ဂိုလ်သည် အတ္တဝါဒုပါဒါန်ကင်းရာ (ကိလေသာ အညစ်အကြေးကင်းရာ) နိဗ္ဗာန်ခရီးသို့သွားလေပြီဟု လည်းကောင်း။
ခရစ်ယာန်ဘာသာသည် ဖန်ဆင်းရှင်ရှိသည်ကို လက်ခံယုံကြည်သည့် အယူဝါဒဖြစ်သည်။ ဗုဒ္ဓဘာသာသည် ဖန်ဆင်းရှင်ရှိသည်ကို လက်မခံသော အယူဝါဒဖြစ်သဖြင့် လုံးဝဆန့်ကျင်သည်ဟု ယူဆနိုင်သော်လည်းဗုဒ္ဓစာပေများ နှင့် သမ္မာကျမ်းစာများအရ မေတ္တာနှင့်ပတ်သက်၍ တူညီမှု ရှိကြောင်းကို လည်းကောင်း၊ ဒေသနာတရားတော်များနှင့် သွန်သင်ချက်များတွင်လည်း တူညီမှုများရှိ နေကြောင်းတွေ့ရှိရပါသည်။ ။
အိန္ဒိယပြည်တွင်အစပြုခဲ့သော ဗုဒ္ဓဘာသာသည် ဂေါတမမြတ်စွာ ဘုရားပွင့်တော်မူခဲ့သော ၅၆ခုဘီစီမှ ယနေ့တိုင်နှစ်ပေါင်း (၂၀၀၀)ကျော် အခြေခိုင်ခဲ့သည်သာမက ရှင်သန်ကြီးထွားလာပြီး အရှေ့၊ အရှေ့တောင်၊ တောင်အာရှနိုင်ငံများ၏ အဓိကဘာသာကြီးဖြစ်လာခဲ့သည်။
မြေထဲပင်လယ်အရှေ့ဘက်ကမ်းခြေရှိ ယုဒပြည်တွင် အစပြုခဲ့သော ခရစ်ယာန်ဘာသာသည် နှစ်ပေါင်း(၂၀၀၀)ကျော် အခြေခိုင်ခဲ့သည်သာမက မြေထဲပင်လယ်ကမ်းခြေရှိနိုင်ငံများ၊ အနောက်တိုင်းနိုင်ငံများ၏ အဓိက ဘာသာကြီးဖြစ်ခဲ့သည်သာမက တစ်ကမ္ဘာလုံးသို့ ပြန့်နှံ့ခဲ့သည်။
အာရှအရှေ့အလယ်ပိုင်းမှ အစပြုခဲ့သော အစ္စလာမ်ဘာသာသည် နှစ်ပေါင်း(၁၅၀၀)ကျော် ယနေ့တိုင်အောင် အခြေခိုင်ခဲ့သည်သာမက အာရပ်နိုင်ငံများ၊ မြောက်ပိုင်းအိန္ဒိယနိုင်ငံများ၏ အဓိကဘာသာ ဖြစ်လာခဲ့သည်။ တစ်ကမ္ဘာလုံးသို့ ပြန့်နှံ့ခဲ့သည်။
ဟိန္ဒူဘာသာသည် သက်တမ်းအရှည်ဆုံးဖြစ်သည်။ အတည်ငြိမ်ဆုံး ဖြစ်သည်။
ဤတွေ့ရှိရချက်များဖြင့် ဆင်ခြင်အောက်မေ့သောအခါ ဘာသာကြီး တိုင်းတွင်ဘာသာဝင်တို့ကို အကျိုးဖြစ်ထွန်းစေသော အမှန်တရားများရှိနေသည်။ ၄င်းအမှန်တရားများကို လူတို့ယုံကြည်အားထားခြင်းရှိ၍သာ ဖြစ်ရမည်ဟု သဘောပေါက်လာပါသည်။
၄င်းဘာသာကြီး(၄)ရပ်၏ ဘာသာဝင်များသည် တစ်ဦးနှင့်တစ်ဦး အပြစ်တင် (မစ္ဆယစိတ်ထား) နေမည့်အစား ၄င်းဘာသာကြီး(၄)ရပ်၏ ကောင်းမြတ်ခြင်းရှိသည့် တရားတော်များကို လေ့လာပြီး မိမိဘဝအကျိုးဖြစ်ထွန်း အောင်ကြံဆောင်ကြိုးပမ်းနိုင်စေရန် ကျွန်ုပ်လေ့လာတွေ့ရှိချက် အနည်းငယ်ကို မေတ္တာရည်လျက်ဝေမျှလိုက်ပါသည်။
ဗုဒ္ဓဝင်နှင့်ခရစ်ဝင်ကျမ်းများကို လေ့လာရာတွင် ဗုဒ္ဓဝင်ကျမ်း၌ ဒီပင်္ကရာ၊ မြတ်စွာဘုရားပွင့်တော်မူသော ကာလက ဂေါတမဘုရားအလောင်းတော်သည် အမရဝတီမင်းနေပြည်တော်၌ သုမေဓါအမည်ရှိသော သူဌေးသားဖြစ်ခဲ့သည်။ ဆွေခုနှစ်ဆက်၊ မျိုးခုနှစ်ဆက် ချမ်းသာသောသူဌေးမျိုးဖြစ်သည်။ ကိုယ်ကျင့်သီလ စင်ကြယ်၍ အခြားအမျိုးနှင့် မရောစပ်အမျိုးသန့်သည်။ သုမေဓါသတို့သား ငယ်စဉ်ကပင် မိဘနှစ်ပါးကွယ်လွန်ခဲ့သည်။
သုမေဓါသူဌေး တစ်ဆယ့်ခြောက်နှစ်အရွယ်ရောက်လျှင် တတ်အပ်သော ပညာတတ်မြောက်ပြီးဖြစ်၍ ဥစ္စာပစ္စည်းအားလုံးကို ထိန်းသိမ်းထားသော ပစ္စည်း ထိန်းမင်းကြီးက ရွှေထိုက်၊ ငွေတိုက်စသော ဘဏ္ဍာတိုက်များကို စာရင်းနှင့်တကွ အပ်နှင်းလေ၏။
သုမေဓါသူဌေးသည် ဥစ္စာပစ္စည်းများကိုကြည့်၍ “ငါ့မိဘဘိုးဘွား ဆွေမျိုးများသည် ဥစ္စာပစ္စည်းကို ရှာရုံရှာတတ်၏ ကိုယ့်နောက်ပါအောင် ယူမသွားနိုင်ကြပေ။ ငါကားကိုယ့်နောက်ပါအောင် ယူဆောင်သွားမည်” ဟု ကြံစည်၍ ရှိသမျှဘဏ္ဍတိုက်များကိုဖွင့်၍ ဥစ္စာပစ္စည်းအားလုံးကို စွန့်ကြဲခါ ဟိမဝန္တာသို့ထွက်၍ ရသေ့ပြုလေ၏ ရသေ့ဝတ်ပြီးနောက် တရားအားထုတ်
တော်မူရာ၊ (၇) ရက်အတွင်းမှာပင် ဈာန်အဘိညာဉ်တန်ခိုးရ၍ ကောင်းကင်၌ သွားလာလှည့်လည်နေ၏။
ဒီပင်္ကရာမြတ်စွာဘုရား၊ ရမ္မာဝတီနေပြည်တော်သို့ ကြွတော်မူမည်ရှိစဉ် မြို့သူမြို့သားတို့သည် မြတ်စွာဘုရားကြွလာမည့်လမ်းကို ပြင်ဆင်နေကြသည်ကို သုမေဓါရှင်ရသေ့ကောင်းကင်ခရီးဖြင့် လှည့်လည်လာစဉ် တွေ့မြင်ရသဖြင့်
ကောင်းကင်ခရီးမှ ဆင်းသက်၍ အကြောင်းအရာကို မေးလေသည်။ မြတ်စွာဘုရားကြွလာမည် ဖြစ်၍ လမ်းပြင်နေကြောင်းပြောကြသည်။ မြတ်စွာဘုရားကို ဖူးတွေ့ရမည်ဖြစ်ကြောင်းသိ၍ လွန်မင်းစွာဝမ်းမြောက်လျှက် လမ်းပြင်ရန်တစ်နေရာတောင်း၍ လမ်းပြင်လေ၏။
တန်ခိုးဖြင့်ပြင်လျှင် အမြန်ပြီးမည်ဖြစ်သော်လည်း၊ ကိုယ်နှင့်ရင်းနှီးမှ ပို၍အကျိုးရှိမည်ဖြစ်သောကြောင့် ကိုယ်တိုင်မြေထမ်း၍ ရွံ့နွံထူထပ်သော လမ်းကိုပြင်လေ၏။ လမ်းပြင်၍မပြီးခင် ဘုရားရှင်ကြွလာသဖြင့် ရှင်ရသေ့သည်
ဘုရားရှင် ရွံ့နွံပေါ်မကြွရစေရန် ကိုယ်ကို ခင်း၍ ဝမ်းလျားမှောက်လျှက် တံတားခင်းကာလှူခဲ့သည်။
ဘုရားရှင်အားကြိုဆိုနေကြသော ပရိသတ်ထဲတွင် သုမိတ္တာအမည်ရှိသော အမျိုးသမီးတစ်ယောက်လည်းပါသည်။ ထိုအမျိုးသမီးသည် ရှင်ရသေ့ကို မြင်လျှင်မြင်ခြင်း ဝမ်းမြောက်ကြည်နူးသဒ္ဓါပွားသွားသဖြင့် မိမိတွင်ပါလာသော
ကြာပန်းခိုင်(၈)ခိုင်မှ (၃)ခိုင်ကို ချန်၍ (၅)ခိုင်ကို ရှင်ရသေ့လက်သို့ ဆက်ကပ် ခဲ့သည်။ ရှင်ရသေ့လည်း ကိုယ်ကိုဝပ်စင်းတံတားခင်းလျှက်က ထိုကြာပန်း(၅)ခိုင် ဖြင့်ဘုရားရှင်အား ပူဇော်လေသည်။ ။
ဘုရားရှင်၏ကျက်သရေတော်ကို ဖူးတွေ့ရသောရှင်ရသေ့က အောက်ပါ အတိုင်းချက်ချင်းပင် စိတ်ပိုင်းဖြတ်လိုက်လေသည်။
“ငါသည် ကိလေသာကုန်ခမ်းသည့် ရဟန္တာဖြစ်လိုလျှင် ယနေ့ပင် ဖြစ်နိုင်ရာ၏။ သို့သော် သတ္တဝါများကို ကယ်တင်နိုင်လောက်သည့် အစွမ်းရှိပါ လျှက်နှင့်တစ်ဦးတည်း ကိုယ်လွတ်ရုန်းသွားခြင်းကား မသင့်ချေ။ ငါလည်း ဒီပင်္ကရာဘုရားကဲ့သို့ ဘုရားဖြစ်အောင် ကြိုးစားတော့အံ့” ဟု စိတ်ထဲ၌စွဲမြဲစွာ သန္ဒိဌာန်ချလိုက်လေသည်။ ။
သုမေဓါရှင်ရသေ့သည် ကျွတ်တန်းဝင်၍ နိဗ္ဗာန်ရောက်ရန် ဆုမတောင်းဘဲ ၊ သတ္တဝါများကို သံသရာဝတ်ကြွေးမှ ကယ်ချွတ်နိုင်ရန် မေတ္တာထားလျှက် ဘုရား ဆုသာပန်ခဲ့သည်။ ဘုရားဖြစ်မည့်ကျင့်စဉ်သည် အလွန်ခက်ခဲ၊ ပင်ပန်း၊ အချိန် ယူမည်ကိုသိသော်လည်း သတ္တဝါများအပေါ် ထားသော မေတ္တာစိတ်ပြင်းထန်သဖြင့် ဘုရားဆုသာပန်ခဲ့သည်။
ဒီပင်္ကရာမြတ်စွာဘုရားသည် သုမေဓါရှင်ရသေ့၏ ဦးခေါင်းရင်း၌ ရပ်တော်မူ၍ “အသက်ကိုစွန့်ကာ ခန္ဓာကိုယ်ဝပ်စင်း၍ တံတားခင်းသော ဤရသေ့သည် နောင်သောအခါ ငါကဲ့သို့ပင် ဘုရားတစ်ဆူဖြစ်လိမ့်မည်ဟု ဗျာဒိတ်ပေးတော်မူသည်။
ထိုအခါ သုမေဓါရှင်ရသေ့က – * သစ္စာတရားကို ငါသိသလို ဝေနေယျသတ္တဝါအပေါင်းတို့သည်လည်း
သိစေမည်။
ဘဝအနှောင်အဖွဲ့မှ ငါလွတ်သလို ဝေနေယျသတ္တဝါ အပေါင်း ကိုလည်းလွတ်စေမည်။ သံသရာဝဲဂယက်မှ ငါကူးမြောက်နိုင်သလို ဝေနေယျသတ္တဝါ တို့ကိုလည်း ကူးမြောက်စေမည်ဟု ကြွေးကြော်ကြုံးဝါးတော်မူလိုက်သည်။
ဘုရားဖြစ်ရန်ကျင့်ဆောင်ရသည့် တရားများမှာ ဖြည့်ဆည်းရမည့် ပါရမီ (၁၀)ပါး၊ အပြား (၃၀)၊ စွန့်ခြင်းကြီး (၅)ပါး၊ စရိယာ (၃)ပါးတို့ ဖြစ်ပါသည်။
ဖြည့်ဆည်းရသည့် ပါရမီ(၁၀)ပါးမှာ –
ဒါနပါရမီ = မိမိပိုင်ပစ္စည်းများအား ပေးကမ်းစွန့်ကြဲလှူဒါန်းခြင်း။
နေက္ခမ္မပါရမီ = လောကီအာရုံ ကာမဂုဏ်ကို စွန့်ခွါ၍ ရသေ့ရဟန်း
ပြုခြင်း။
သီလပါရမီ = အကုသိုလ်မဖြစ်အောင် ကိုယ်နှုတ်ကို စောင့်ထိန်းခြင်း။
ပညာပါရမီ = မိမိတတ်သိအောင်ယူခြင်း၊ ထိုပညာဖြင့်အများ အကျိုး
ရှိအောင်ဆောင်ရွက်ခြင်း။
ဝိရိယပါရမီ = သတ္တဝါအများကောင်းစား ချမ်းသာရေးလုပ်ငန်း
မှန်သမျှကိုအစွမ်းကုန်အားထုတ် ဆောင်ရွက်ခြင်း။
ခန္တီပါရမီ = စိတ်အေးအေးဖြင့် အလျှော့ပေးသည်းခံခြင်း။
သစ္စာပါရမီ = မမှန်သောစကားကို ရှောင်ကြဉ်ခြင်း။ အဓိဌာန်ပါရမီ စိတ်ကိုဆုံးဖြတ်ထားသည့်အတိုင်း ပြီးမြောက်အောင် ဆောင်ရွက်ခြင်း။
မေတ္တာပါရမီ = သူ တဘက်သားကြီးပွားချမ်းသာစေလို သော
စိတ်ထားဖြင့် သူ့အကျိုးကို ဆောင်ရွက်ခြင်း။
ဥပေက္ခာပါရမီ = အကောင်းအဆိုးကို လစ်လျူရှုလျက် စိတ်လှုပ်ရှား
ခြင်းမရှိဘဲ စိတ်ကို ဖြောင့်မတ်စွာထားခြင်း။ ဘုရားအလောင်းတော်သည် ဘဝပေါင်းမြောက်များစွာဖြင့် ၄င်းပါရမီ (၁၀)ပါးကို ဖြည့်ကျင့်ရသည်။ ထိုပါရမီများကို ဖြည့်ကျင့်ရာ၌ ရည်မှန်းချက်ကြီး (၃)ရပ် (ဝါ) စရိယာ(၃)ပါးဖြစ်သော –
လောကလူသားကမ္ဘာသူ ကမ္ဘာသားသတ္တဝါအများ ကောင်းစား ချမ်းသာရေးကျင့်စဉ် မိမိ၏အမျိုးသား မိမိလူမျိုးကောင်းစားချမ်းသာရေးကျင့်စဉ်။ သတ္တဝါအများသံသရာဝတ်ဆင်းရဲမှ ကယ်တင်နိုင်ရေးကျင့်စဉ်။ တို့ကို ဦးထိပ်ထားရသည်။ ထို့ကြောင့် ပါရမီ(၁၀)ပါး အပြား(၃၀)ဟု ခေါ်ဆို သည်။ ထို့အပြင် စွန့်ခြင်းကြီး(၅)ပါးမှာ –
တိုင်းပြည်၊ နိုင်ငံထီးနန်း၊ စည်းစိမ်ကို စွန့်ရခြင်း။
သားသမီးကို စွန့်ရခြင်း။
ဇနီးမယားကိုပင် စွန့်လှူခြင်း။
မိမိကိုယ်ခန္ဓာအစိတ်အပိုင်းများကို စွန့်လှူခြင်း။
မိမိအသက်ကိုပင် နှမျောတွန့်တို့မှုမရှိဘဲ စွန့်လူခြင်းတို့ ဖြစ်သည်။
ထိုပါရမီ (၁၀) ပါး၊ အပြား (၃၀)၊ စွန့်ခြင်းကြီး (၅) ပါးသည်။ အလွန်ခက်ခဲပြင်းထန်ပြီး အချိန်များစွာယူမည်ကို သိသော်လည်း၊ ဘုရားဆုကို သာ ပန်ခဲ့သော ဂေါတမမြတ်စွာဘုရားအလောင်း သုမေဓါရှင်ရသေ့၏ သတ္တဝါများ အပေါ်ထားရှိသော မေတ္တာအလွန်ကြီးမားပြင်ထန်ကြောင်း ဆင်ခြင်မိပါသည်။ ။
ဂေါတမမြတ်စွာဘုရား ဖြစ်တော်မူပြီးနောက် (၄၅ ) နှစ်လုံးလုံး၊ တစ်နေရာထဲ၌ သီတင်းသုံး၍ နိဗ္ဗာန်ရောက်ကြောင်တရား ဒေသနာများ ဟောကြားခဲ့သည်မဟုတ်။ တိုင်းပြည် အနှံ့သို့ ဒေသစာရီကြွချီတော်မူ၍ နေသတ္တဝါများ သံသရာဝဲဂယက်မှ ကူးမြောက်နိုင်ရေးအတွက် တရားရေ အေးအမြိုက်ဆေးတိုက်ကျွေး၍ မေတ္တာပြခဲ့သည်ဟု တွေ့ရှိရပါသည်။
၄င်းတရားတော်များ၏ အမှန်တရား၊ ယုံကြည်အားထားလိုက်ခြင်းကို သိမြင်လာသူများသည် ဗုဒ္ဓဘာသာဝင်ရဟန်းများ အဖြစ်ခံယူခဲ့ကြသည်။ ဂေါတမမြတ်စွာဘုရား ပရိနိဗ္ဗာန်စံပြီနောက်၊ ဗုဒ္ဓ၏နောက်လိုက်ရဟန်းတော်များ က ၄င်းတရားတော်များကို ထပ်ဆင့် သာသနာပြုသဖြင့်၊ ယခုအခါတွင် ကမ္ဘာ့ဘာသာကြီးတရပ်အနေဖြင့် ခိုင်မာစွာရပ်တည်နေခြင်းဖြစ်သည်ဟု သဘောပေါက်ရပါသည်။
ဓမ္မသစ်ကျမ်းတွင် ဘုရားသခင်၏ သားတော်ကို ယုံကြည်သောသူ အပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌ တပါးတည်းသောသားတော်ကို စွန့်တော်မူသည့် ၊ တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏ (ယော ၃း၁၆)
ကိုယ့်အဆွေတို့အဖို့ အလို့ငှာကိုယ့်အသက်ကို စွန့်ခြင်းမေတ္တာ ထက် သာ၍ မြတ်သောမေတ္တာသည် အဘယ်သူ၌မျှမရှိ။ (ယော ၁၅း၁၃)
ခရစ်တော်သည် ငါတို့ကို ချစ်တော်မူသောအားဖြင့် ဘုရားသခင် ရှေ့တော်၌ မွှေးကြိုင်သောအနံ့ရှိစေခြင်းငှာ ကိုယ်ကိုကိုယ်ဆက်ကပ်၍ ယစ်ပူဇော်လျှက် ငါတို့ အတွက် စွန့်တော်မူသည့်နည်းတူ သင်တို့သည် မေတ္တာတရား၌ ကျင်လည်ကြလော့။ (ဧဖက် ၅း၂)
ဘုရားသခင်ပြဌာန်းတော်မူသော အလိုတော်အားဖြင့်လည်းကောင်း အနာဂတံသဉာဏ်တော်အားဖြင့်လည်းကောင်း အပ်နှံခြင်းကိုခံသော ထိုယေရှုကို သင်တို့သည် ဖမ်းဆီး၍မတရားသောသူ သူတို့လက်ဖြင့် လက်ဝါးကပ်တိုင်၌ ရိုက်၍ကွပ်မျက်ကြပြီ။ (တ ၂း၂၃)
ထိုအခါယေရှုက ငါသည်သေလောက်အောင် စိတ်နှလုံးအလွန် ညှိုးငယ်ခြင်းရှိ၏။ (မဿဲ ၂၆း၃၈) ၊
ထိုအခါယေရှုသည် အနှစ်(၃၀)ခန့် ရှိတော်မူ၏။ (လုကာ ၃း၂၃)
ထိုမှအနည်းငယ်လွန်ပြန်လျှင် ပြပ်ဝပ်၍ အကျွန်ုပ်အဘ ဤခွက်သည် အကျွန်ုပ်ကို လွန်သွားနိုင်လျှင် လွန်သွားပါစေသော။ သို့သော်လည်း အကျွန်ုပ် အလိုရှိသည့်အတိုင်း မဖြစ်ပါစေနှင့် ကိုယ်တော်အလိုရှိအတိုင်း ဖြစ်ပါစေသော ဟုဆုတောင်းတော်မူ၏။ (မဿဲ ၂၆း၃၉၊ ၄၂ ၊ ၄၄)
ဆူးပင်နှင့်ရက်သောဦးရစ်ကို ခေါင်းတော်၌တင်ကြ၏။ ကျူတစ်လုံး ကိုလည်း လက်ျာလက်တော်နှင့် ကိုင်စေပြီးလျှင် ရှေ့တော်မှာဒူးထောက်လျှက် ယုဒရှင်ဘုရင် ကိုယ်တော်သည်မင်္ဂလာရှိစေသတည်းဟူ၍ ကိုယ်တော်ကို ပြက်ရယ်ပြုကြ၏။ ကိုယ်တော်ကိုတံတွေးနှင့်ထွေးကြ၏။ ကျူးလုံးကိုယူ၍ ခေါင်းတော်ကိုရိုက်ကြ၏။ (မဿဲ ၂၇း၂၉ – ၃၀)။
လမ်းမှာသွားသောသူများ၊ ယဇ်ပရောဟိတ်အကြီး၊ ကျမ်းပြုဆရာ၊ လအကြီးအကဲတို့က ကဲ့ရဲ့သောစကား၊ ပြက်ရယ်ပြုသောစကားများ ဆိုကြ၏။
(မဿဲ ၂၇း၃၉ – ၄၃) ထိုနည်းတူကိုယ်တော်နှင့်တကွ လက်ဝါးကပ်တိုင်မှာ ရိုက်ထားသော ဓားပြတို့သည်လည်း ကဲ့ရဲ့ အပြစ်တင်ကြ၏။ (မဿဲ ၂၇း၄၄)
သုံးချက်တီးအချိန်၌ ယေရှုက “ဧလိ၊ ဧလိ၊ လာမာရှာဗခသာနိ”ဟု ကြီးစွာသော အသံဖြင့်ကြွေးကြော်တော်မူ၏။ အနက်ကား “အကျွန်ုပ်ဘုရား အကျွန်ုပ်ဘုရား၊ အဘယ့်ကြောင့်အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း” ဟု ဆိုလိုသတည်း။ (မဿဲ ၂၇း၄၆)
ထို့နောက်မှ ကျမ်းစာပြည့်စုံစေခြင်းဌာ အမှုရှိသမျှကုန်စင်ပြီးသည်ကို သိတော်မူလျှင် ရေငတ်သည်ဟု မိန့်တော်မူ၏။ ထိုအရပ်၌ ပုန်းရည်နှင့်ပြည့်သော အိုးတစ်လုံးရှိသည်ဖြစ်၍ ထိုသူတို့သည် ရေမှုတ်တစ်ထွေးကို ပုန်းရည်နှင့်ပြည့်စေ ပြီးလျှင်ဟု သုပ်ပင်အကိုင်းဖျား၌ တပ်၍ခံတွင်းတော်သို့ ကပ်ထားကြ၏။
ယေရှုသည်ပုန်းရည်ကိုခံပြီးမှ၊ အမှုပြီးပြီဟု မိန့်တော်မူလျှက် ခေါင်းတော်ကို ငိုက်ဆိုက်ညွှတ်၍ အသက်တော်ကို စွန့်တော်မူ၏။ (ယော ၁၉း၂၈ – ၃၀)။
၄င်းကျမ်းစကားများကို အခြေခံ၍ ဆင်ခြင်အောက်မေ့ရာတွင် ကိုယ်တော်ရှင်ဖန်ဆင်းထားသော လူသားကိုအဂပေမေတ္တာဖြင့် ချစ်သော ထာဝရဘုရားသခင်သည် လူသားတို့ လောကီမှောင်မိုက်တွင် လမ်းပျောက်၍ ငရဲရောက်မည်ကို မလိုလားသဖြင့် တစ်ပါးတည်းသောသားတော် ယေရှုအား၊
ကောင်းကင်ဘုံသို့ရောက်မည့်လမ်းကို လူသားတို့တွေ့မြင်နိုင်မည့် “အလင်း” ပြရန်လောက၏အလင်းအဖြစ် တာဝန်ပေး၍ဤကမ္ဘာလောကသို့ စေလွှတ်ခဲ့ သည်။ ထိရောက်စွာအလင်းပြနိုင်ရန် လူသားအဖြစ်ခံယူ ရှင်သန်စေခဲ့သည်။
၄င်းတာဝန်ကိုဖခမည်းတော်အား ချစ်သောသားတော်သည် ဖခင်၏ စကားကို နာခံခဲ့သည်။ ပေးသောတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့သည်။
၄င်းတာဝန်ကို သခင်ယေရှုအသက်(၃၀)တွင် စတင်ထမ်းဆောင်သည်။ လူတစ်ယောက်အနေဖြင့် ၄င်းအသက်အရွယ်သည် ဘဝရှင်သန်ရေးအတွက် အတက်ကြွဆုံး၊ လောကီပျော်မွေ့ခြင်းများကို စတင်တွေ့ရှိသည့် အသက်အရွယ်၊
ဖြစ်သည်။ အနာဂတံသဉာဏ်တော်ရရှိသော ကိုယ်တော်ရှင်သည် ဖခမည်းတော် ပေးသောတာဝန်ကို ထမ်းဆောင်လျှင် လောကီပျော်မွေ့ခြင်းများကို စွန့်ရမည်။ အတိုက်အခိုက်များစွာ တွေ့ရမည်။ နောက်ဆုံးတွင် ဝေဒနာကြီးစွာခံရပြီး အသက်စွန့်ရမည်ကို သိမည်ဖြစ်သော်လည်း ၄င်းတာဝန်ကို ကျေပွန်စွာထမ်းဆောင် မည်ဟုယတိပြတ်ဆုံးဖြတ်ပြီး မိသားစုကိုစွန့်၍ ဂါလိလဲပြည် နာဇရက်မြို့မှ ယော်ဒန်မြစ်ကမ်းသို့ ထွက်လာခဲ့သည်။
၄င်းတာဝန်ကို ကိုယ်တော်ရှင် ငြင်းပယ်လျှင်ရမည်ဖြစ်သည်။ အပြစ်ပေး သည့်အနေဖြင့် ဝိညာဉ်ရုတ်သိမ်းခြင်းသာခံရမည်ဖြစ်သည်။ ကြီးစွာသော ဝေဒနာကိုခံရမည်မဟုတ်ပေ။ သို့သော် ကိုယ်တော်ရှင် ထိုတာဝန်ကို ကျေပွန်
အောင်ထမ်းဆောင်မည်ဟု ယတိပြတ်ဆုံးဖြတ်ခဲ့သည်။ ယင်းကဲ့သို့ ဆုံးဖြတ်နိုင် ခြင်းသည် ဖခမည်းတော်၏ စကားကိုနာခံခြင်းသက်သက်သာမဟုတ် အခြား တွန်းအားတစ်ခုတစ်ခုရှိနေမည်ဟု စဉ်းစားဆင်ခြင်မိပါသည်။ ။
ထိုတာဝန်ကို ထမ်းဆောင်လျှင် လူတို့အတွက်များစွာအကျိုးဖြစ်ထွန်း လာမည်ကိုသိသဖြင့် ကိုယ်တော်ရှင်၏လူတို့အပေါ်ထားသော ကြီးမားသည့် မေတ္တာနှင့်စေတနာတွန်းအားကြောင့် ဖြစ်ရမည်ဟု ဆင်ခြင်မိပါသည်။ ။
ထိုတာဝန်ကြောင့် ကိုယ်တော်ရှင်သည် သေလောက်အောင်စိတ်နှလုံး ၊ ညှိုးနွမ်းခဲ့သည်။ ဖြစ်နိုင်လျှင် ၄င်းတာဝန်ကို ရုတ်သိမ်းပေးပါ။ သို့သော် လူသားများ အတွက်အကျိုးဖြစ်ထွန်းစေမည်ဖြစ်လျှင်တော့ ဆက်လုပ်ပါမည်ဟု (၃)ကြိမ် ဆုတောင်းခဲ့သည်။ ဘုရားသခင်က မရုတ်သိမ်းသဖြင့် ၄င်းတာဝန်ကို ကျေပွန် အောင်ဆက်လက်ထမ်းဆောင်ခဲ့သည်။
ကိုယ်တော်ရှင်သည် ထိုတာဝန်ကိုထမ်းဆောင်သဖြင့် လူများ၏စော်ကားခြင်း ပြက်ရယ်ပြုခြင်း၊ ကဲ့ရဲ့ခြင်းများကိုခံရသည်။ အပြစ်ကြီးသောသူများကိုသာ ပေး
သောဝေဒနာပြင်းထန်စွာခံစားရသည့် လက်ဝါးကပ်တိုင်တွင် ရိုက်၍ သေဒါဏ် ပေးခြင်းကိုခံရသည်။ ကိုယ်တော်ရှင်ခံစားရသော ဝေဒနာသည်ပြင်းထန်လွန်း ၊ သဖြင့်တချိန်လုံးတည်ငြိမ်စွာရှိခဲ့သော ကိုယ်တော်ရှင်သည် စိတ်မထိန်းနိုင်တော့ဘဲ ကြီးစွာသောအသံဖြင့် ဘုရားသခင်အား ဟစ်ကြွေးမိသည်။
လူများသည် ကောင်းကင် ဘုံ သို့ သွားရာလမ်းကို သေသေချာချာ လူတို့စိတ်တွင် စွဲထင်ပြီဟုသိရမှ “အမှုတော်ပြီးပြီ” ဟုမိန့်တော်မူလျှက် အသက်
ကိုစွန့်တော်မူခဲ့သည်။ ထိုကြီးမားပြင်းထန်သော မေတ္တာနှင့်စေတနာကြောင့် ရစ်ယာန်ဘာသာသည် ယနေ့တိုင်ခိုင်မာနေသည်သာမက ရှင်သန်ကြီးထွား ၊ နေသောကမ္ဘာ့ဘာသာကြီးတစ်ရပ် ဖြစ်လာသည်ဟု သဘောပေါက်ရပါသည်။
ဂေါတမမြတ်စွာဘုရားဟောကြားသော ဒေသနာတရားတော်များကို လေ့လာသာအခါ ကောလသတိုင်း ဝေဠုဒွါရရွာသား ပုဏ္ဏားများလျှောက်ထား
တောင်းပန်ချက်အရ ဂေါတမမြတ်စွာဘုရားသည် မျက်မှောတ်နှင့်တမလွန် နှစ်ဘဝစလုံးမှာ ကောင်းကျိုးပေးနိုင်မည့် ဝေဠုဒွါရေယျသုတ်ကို ဟောကြား တော်မူသည်ကိုတွေ့ရှိရပါသည်။ ထိုသုတ္တန်တရားတော်မှာ၊
အမျိုးကောင်းသားတို့ ငါဟာအသက်ရှင်လိုတယ်၊ မသေလိုဘူး။ ချမ်းချမ်းသာသာနေလိုတယ်။ ဆင်းရဲကိုစက်ဆုပ်တယ်။ ဒီတော့တစ်စုံတစ်ယောက်
သောသူဟာ၊ အသက်ရှင်လိုတယ်၊ မသေလိုဘူး၊ ချမ်းသာလိုတယ်၊ ဆင်းရဲကို စက်ဆုပ်တဲ့ငါ့ကိုသတ်အံ့၊ ငါဟာထိုသူရဲ့ သတ်ဖြတ်ခြင်းကို မနှစ်သက်ဘူး။ ငါကလည်းအသက်ရှင်လို၊ မသေလို၊ ချမ်းသာလို၊ ဆင်းရဲခြင်းကိုစက်ဆုပ်တဲ့ သူတပါးကိုသတ်ရင် သူတစ်ပါးကလည်းမနှစ်သက်ဘူး။ ငါမချစ်မနှစ်သက်တဲ့ ကိစ္စကိုချစ်တပါးကလည်း မနှစ်သက်ဘူး။ ဒါကြောင့် ငါမချစ်မနှစ်သက်တဲ့ အလုပ်ကိုသူတစ်ပါးအပေါ်မှာ ဘာကြောင့်လုပ်မလဲ။ မလုပ်ဘူးလို့ အရိယာ သာဝကဖြစ်တဲ့ ဗုဒ္ဓရဲ့ တပည့် ဟာဆင်ခြင်ပြီး၊ မိမိကိုယ်တိုင်သူတစ်ပါးကို သတ်ဖြတ်ခြင်းကို ရှောင်ကြဉ်တယ်။ သူတစ်ပါးကိုလည်း အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်ခြင်းအကျင့်ကို တည်ဆောက်စေတယ်။ သူ့အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်ခြင်းရဲ့ ဂုဏ်ကျေးဇူးကို ပြောဆိုတယ်။ သူရဲ့ ကိုယ်ကျင့်ကောင်ခြင်းဟာ အစွန်းသုံးပါးလွတ်တယ်။ ဒါဟာ သူတော်ကောင်းတရားဘဲ။
အမျိုးကောင်းသားတို့ နောက် တစ်မျိုးကတော့ အကြင်သူဟာ အရှင်မပေးဘဲ ငါ့ဥစ္စာကိုလိုချင်စိတ်နဲ့ ခိုးယူတယ်ဆိုပါတော့ ဒီသူခိုးကို ငါမနှစ်သက်ဘူး။ ငါကလည်း သူတစ်ပါးရဲ့မပေးတဲ့ ဥစ္စာကိုလိုချင်စိတ်နဲ့ ခိုးယူရင်၊ သူတပါးကလည်း ဒီခိုးယူမူကို မနှစ်သက်ဘူး။ ဒီတော့ငါမချစ်မနှစ်သက်တဲ့ အလုပ်ကို သူတပါးကလည်း မချစ်မနှစ်သက်ဘူး။ ဒီတော့ငါမချစ်မနှစ်သက်တဲ့ ကိစ္စကို သူတပါးအပေါ်မှာ ဘာကြောင့်လုပ်မှာလဲ။ မလုပ်ဘူးလို့ အရိယာ
တပည့်ဟာဆင်ခြင်ပြီး၊ မိမိကိုယ်တိုင်ကလည်းမပေးတဲ့ ဥစ္စာကိုခိုးယူခြင်းမ ရှောင်ကြဉ်တယ်။ သူတပါးကိုလည်းမပေးတဲ့ ဥစ္စာကို ခိုးယူခြင်းက ရှောင်ကြဉ်ခြင်းကို တည်ဆောက်စေတယ်။ အရှင်မပေးတဲ့ ဥစ္စာကို ခိုးယူခြင်းက ရှောင်ကြဉ်ခြင်းရဲ့ ဂုဏ်ကျေးဇူးကိုလည်း ပြောဆိုတယ်။ ဒီလိုကိုယ်ကျင့်တရား ကောင်းခြင်းဟာ အစွန်းသုံးပါးလွတ်လို့သူတော်ကောင်းတရားဖြစ်တယ်။
အမျိုးကောင်းသားတို့ နောက်တစ်မျိုးကတော့ အကြင်သူဟာ ငါရဲ့ သားမယားအပေါ်မှာ ကျူးလွန်တယ်ဆိုပါတော့၊ ငါဟာဒီလိုလွန်ကျူးမှုကို မနှစ်သက်ဘူး။ ငါကလည်းသူတပါးရဲ့ သားမယားအပေါ်မှာ လွန်ကျူးလို့ရှိရင် သူတပါးကလည်း ဒီလိုလွန်ကျူးတာကိုနှစ်သက်မှာ မဟုတ်ဘူး။ ငါမချစ်မနှစ်တဲ့ အလုပ်ကိုသူတစ်ပါးကလည်း မချစ်မနှစ်သက်ဘူး။ ဒီတော့ ငါမချစ်မနှစ်သက်တဲ့ အလုပ်ကိုသူတစ်ပါးအပေါ်မှာ ဘာကြောင့်လုပ်မှာဘဲ။ မပြုအပ်ဘူးလို့ အရိယာ တပည့်ဟာဆင်ခြင်ပြီး၊ မိမိကိုယ်တိုင်ကလည်း ကာမတို့၌မှားယွင်းသော အကျင့်ကိုရှောင်ကြဉ်တယ်။ သူတစ်ပါးကိုလည်း ကာမတို့၌မှားယွင်းသောအကျင့် ကိုကျင့်ခြင်းမှရှောင်ကြဉ်ခြင်းကို တည်ဆောက်စေတယ်။ ရှောင်ကြဉ်ခြင်းရဲ့ ဂုဏ်ကျေးဇူးကိုလည်း ပြောဆိုတယ်။ ဒီလိုကိုယ်ကျင့်ကောင်းခြင်းဟာ အစွန်း သုံးပါးလွတ်လို့ သူတော်ကောင်းတရားဖြစ်တယ်။
အမျိုးကောင်းသားတို့ နောက်တစ်မျိုးကတော့ အကြင်သူဟာ မမှန် ပြောဆိုခြင်းဖြင့် ငါ့ရဲ့ အကျိုးကို ဖျက်ဆီးအံ့၊ ငါဟာဒီလိုမုသားစကား (မမှန်စကား) ပြောဆိုမှုကို မနှစ်သက်ဘူး။ ငါကလည်းမမှန်စကားပြောဆိုပြီး၊ သူတပါးအကျိုးကို ဖျက်ဆီးအံ့၊ သူတပါးကလည်း ဒီလိုမမှန်စကားပြောဆိုခြင်းကို မနှစ်သက်ဘူး။ ငါမနှစ်သက်တဲ့ ကိစ္စကို သူတပါးကလည်း မနှစ်သက်ဘူး။ ဒါကြောင့် ငါမနှစ်သက်တဲ့ကိစ္စကို ငါဟာသူတပါးအပေါ်မှာ ဘာကြောင့်လုပ်မှာလဲ။ ငါမလုပ်ဘူးလို့ ဆင်ခြင်ပြီးမိမိကိုယ်တိုင်လည်း မမှန်စကားပြောဆိုခြင်းကို
ရှောင်ကြဉ်တယ်။ သူတပါးကိုလည်း မမှန်စကားပြောဆိုခြင်းကို ရှောင်ကြဉ်ခြင်းကို တည်ဆောက်စေတယ်။ ရှောင်ကြဉ်ခြင်းရဲ့ ဂုဏ်ကျေးဇူးကို ပြောဆိုတယ်။ ဒီလို ကိုယ်ကျင့်ကောင်းခြင်းဟာ အစွန်းသုံးပါးလွတ်လို့ သူတော်ကောင်းတရား ဖြစ်တယ်။
အမျိုးကောင်းသားတို့ နောက်တစ်မျိုးကား အကြင်သူဟာ ကြမ်းတမ်း သောစကားဖြင့် ငါ့ကိုပြောဆိုအံ့။ ငါသည် ထိုသူ၏ကြမ်းတမ်းစွာ ပြောဆိုခြင်းကို မနှစ်သက်ဘူး။ ငါကလည်းသူတပါးကို ကြမ်းတမ်းသောစကားဖြင့် ပြောဆိုဖို့၊ သူတပါးကလည်း ကြမ်းတမ်းစွာပြောဆိုခြင်းကို မနှစ်သက်ဘူး။ ငါမနှစ်ဘက်ကို ဒီလိုစကားမျိုးကို သူတပါးကိုဘာကြောင့်ပြောမှာလဲ။ မပြောဘူးလို့ ဆင်ခြင်ပြီး မိမိကိုယ်တိုင်လည်း ကြမ်းတမ်းတဲ့စကားပြောဆိုခြင်းကို ရှောင်ကြဉ်တယ်။ သူတပါးကိုလည်း ကြမ်းတမ်းသောစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်းကို တည်ဆောက်စေတယ်။ ရှောင်ကြဉ်ခြင်းရဲ့ ဂုဏ်ကျေးဇူးကိုလည်း ပြောဆိုတယ်။ ဒီလိုနှုတ်အကျင့်ကောင်းခြင်းဟာ အစွန်းသုံးပါးလွတ်လို့ သူတော်ကောင်းတရား ၊ ဖြစ်တယ်။
အမျိုးကောင်းသားတို့၊ အကြင်သူဟာ ငါ့ကိုသိမ်ဖျင်းသော စကားကို ပြောအံ့။ ငါသည်ထိုသူ၏ သိမ်ဖျင်းသောစကားပြောဆိုခြင်းကို မနှစ်သက်ဘူး။ ငါကလည်း သူတပါးကို သိမ်ဖျင်းသောစကားစကားဖြင့် ပြောဆိုအံ့၊ သူတပါး ကလည်းဒီလိုသိမ်ဖျင်းသောစကားကို မနှစ်သက်ဘူး။ ငါမနှစ်သက်တဲ့ စကားမျိုးဖြင့် သူတပါးကို ဘာကြောင့်ပြောမလဲ။ မပြောဘူးလို့ဆင်ခြင်ပြီး မိမိကိုယ်တိုင်လည်း သိမ်ဖျင်းသောစကား ပြောဆိုခြင်းကို ရှောင်ကြဉ်တယ်။ သူတပါးကိုလည်း သိမ်ဖျင်းသောစကားကို ပြောဆိုခြင်းက ရှောင်ကြဉ်ခြင်းကို တည်ဆောက်စေတယ်။ ရှောင်ကြဉ်ခြင်းရဲ့ ဂုဏ်ကျေးဇူးကိုလည်း ပြောပြတယ်။ ဒီလိုနှုတ်အကျင့်ကောင်းခြင်းဟာ အစွန်းသုံးပါးလွတ်လို့ သူတော်ကောင်းတရား ဖြစ်တယ်။
အမျိုးကောင်းသားတို့ အကြင်သူဟာ ငါ့ကိုသူတပါးနှင့် ရန်ပွားစေရန် ကုန်းချောစကားပြောဆိုအံ့။ ငါသည်ထိုသူ၏ ကုန်းချောစကားပြောဆိုခြင်းကို မနှစ်သက်ဘူး။ ငါကလည်းသူတပါးကို ကုန်းချောစကားပြောအံ့၊ သူတပါးကလည်း ၊ ငါ၏ကုန်းချောစကားပြောဆိုခြင်းကို မနှစ်သက်ဘူး။ ငါမနှစ်သက်တဲ့ စကားမျိုးကို ငါသူတပါးအားငါဘာကြောင့်ပြောမှာလဲ။ မပြောဘူးလို့ဆင်ခြင်ပြီး မိမိကိုယ်တိုင် လည်းကုန်းချောစကားပြောခြင်းကို ရှောင်ကြဉ်တယ်။ သူတပါးကိုလည်း ကုန်းချောစကားပြောဆိုခြင်းကို ရှောင်ကြဉ်ခြင်းကို တည်ဆောက်စေတယ်။
တပည့်ဟာဆင်ခြင်ပြီး၊ မိမိကိုယ်တိုင်ကလည်းမပေးတဲ့ ဥစ္စာကိုခိုးယူခြင်းမ ရှောင်ကြဉ်တယ်။ သူတပါးကိုလည်းမပေးတဲ့ ဥစ္စာကို ခိုးယူခြင်းက ရှောင်ကြဉ်ခြင်းကို တည်ဆောက်စေတယ်။ အရှင်မပေးတဲ့ ဥစ္စာကို ခိုးယူခြင်းက ရှောင်ကြဉ်ခြင်းရဲ့ ဂုဏ်ကျေးဇူးကိုလည်း ပြောဆိုတယ်။ ဒီလိုကိုယ်ကျင့်တရား ကောင်းခြင်းဟာ အစွန်းသုံးပါးလွတ်လို့သူတော်ကောင်းတရားဖြစ်တယ်။
အမျိုးကောင်းသားတို့ နောက်တစ်မျိုးကတော့ အကြင်သူဟာ ငါရဲ့ သားမယားအပေါ်မှာ ကျူးလွန်တယ်ဆိုပါတော့၊ ငါဟာဒီလိုလွန်ကျူးမှုကို မနှစ်သက်ဘူး။ ငါကလည်းသူတပါးရဲ့ သားမယားအပေါ်မှာ လွန်ကျူးလို့ရှိရင် သူတပါးကလည်း ဒီလိုလွန်ကျူးတာကိုနှစ်သက်မှာ မဟုတ်ဘူး။ ငါမချစ်မနှစ်တဲ့ အလုပ်ကိုသူတစ်ပါးကလည်း မချစ်မနှစ်သက်ဘူး။ ဒီတော့ ငါမချစ်မနှစ်သက်တဲ့ အလုပ်ကိုသူတစ်ပါးအပေါ်မှာ ဘာကြောင့်လုပ်မှာဘဲ။ မပြုအပ်ဘူးလို့ အရိယာ တပည့်ဟာဆင်ခြင်ပြီး၊ မိမိကိုယ်တိုင်ကလည်း ကာမတို့၌မှားယွင်းသော အကျင့်ကိုရှောင်ကြဉ်တယ်။ သူတစ်ပါးကိုလည်း ကာမတို့၌မှားယွင်းသောအကျင့် ကိုကျင့်ခြင်းမှရှောင်ကြဉ်ခြင်းကို တည်ဆောက်စေတယ်။ ရှောင်ကြဉ်ခြင်းရဲ့ ဂုဏ်ကျေးဇူးကိုလည်း ပြောဆိုတယ်။ ဒီလိုကိုယ်ကျင့်ကောင်းခြင်းဟာ အစွန်း သုံးပါးလွတ်လို့ သူတော်ကောင်းတရားဖြစ်တယ်။
အမျိုးကောင်းသားတို့ နောက်တစ်မျိုးကတော့ အကြင်သူဟာ မမှန် ပြောဆိုခြင်းဖြင့် ငါ့ရဲ့ အကျိုးကို ဖျက်ဆီးအံ့၊ ငါဟာဒီလိုမုသားစကား (မမှန်စကား) ပြောဆိုမှုကို မနှစ်သက်ဘူး။ ငါကလည်းမမှန်စကားပြောဆိုပြီး၊ သူတပါးအကျိုးကို ဖျက်ဆီးအံ့၊ သူတပါးကလည်း ဒီလိုမမှန်စကားပြောဆိုခြင်းကို မနှစ်သက်ဘူး။ ငါမနှစ်သက်တဲ့ ကိစ္စကို သူတပါးကလည်း မနှစ်သက်ဘူး။ ဒါကြောင့် ငါမနှစ်သက်တဲ့ကိစ္စကို ငါဟာသူတပါးအပေါ်မှာ ဘာကြောင့်လုပ်မှာလဲ။ ငါမလုပ်ဘူးလို့ ဆင်ခြင်ပြီးမိမိကိုယ်တိုင်လည်း မမှန်စကားပြောဆိုခြင်းကို
ရှောင်ကြဉ်တယ်။ သူတပါးကိုလည်း မမှန်စကားပြောဆိုခြင်းကို ရှောင်ကြဉ်ခြင်းကို တည်ဆောက်စေတယ်။ ရှောင်ကြဉ်ခြင်းရဲ့ ဂုဏ်ကျေးဇူးကို ပြောဆိုတယ်။ ဒီလို ကိုယ်ကျင့်ကောင်းခြင်းဟာ အစွန်းသုံးပါးလွတ်လို့ သူတော်ကောင်းတရား ဖြစ်တယ်။
ရှောင်ကြဉ်ခြင်းရဲ့ ဂုဏ်ကျေးဇူးကိုလည်း ပြောဆိုတယ်။ ဒီလိုနှုတ်အကျင့်ကောင်း ခြင်းဟာ အစွန်းသုံးပါးလွတ်လို့ သူတော်ကောင်းတရားဖြစ်တယ်။ ။
ရတနာ(၃)ပါးကို မတုန်မလှုပ်သော ကြည်ညိုသဒ္ဓါခြင်းရှိမယ်။ သီလလည်းမြဲမယ်၊ ဒီသူတော်ကောင်းတရား(၇)ပါးကို ခိုင်မြဲအောင်တည်ဆောက် နိုင်မယ်ဆိုရင် အထက်မဂ်သုံးပါးမှာ လဲလျောင်းရမဲ့ သောတပန်ဖြစ်ပြီလို့ ပြောကြားနိုင်တယ်လို့ ဟောကြားထားသည်ကို တွေ့ရသည်။
သူတော်ကောင်းတရား(၇)ပါးနှင့်လည်း ပြည့်စုံမယ်။ မကျိုးမပေါက်တဲ့ သီလနှင့်လည်းပြည့်စုံလျှင် ယခုဘဝအသက်ရှင်စဉ်တွင် လောကီဒုက္ခဆင်းရဲခြင်း၊ များနှင့်မတွေ့ကြုံရတော့သောကြောင့်၊ လောကီချမ်းသာကို ရနိုင်ကြောင်း။ တမလွန်မှာလဲ အပါယ်တံခါးပိတ်ပြီလို့ သုဂတိဘုံတွေမှာသာ စံစားရမည်ဟု နားလည်ရပါသည်။ ။
၄င်းသုတ္တန်ဒေသနာကို လေ့လာနေစဉ်တွင် “သင်တို့သည် သူတပါး ပြုစေလိုသမျှအတိုင်းသူတပါးကို ပြုကြလော့” (မဿဲ ၇း၁၂၊ လုကာ ၆း၃၁) ကျမ်းစကားတို့ကို သတိရမိပါသည်။ ။
၄င်းကျမ်းစကားကို သိက္ခာတော်ရ ဒေါက်တာအက်(စ)ပေါင်ခန့်အင်း ရေးသားပြုစုသော “တောင်ပေါ်တရားတော်” စာအုပ်တွင် “အမြင့်ဆုံးသော အသက်ရှင်ခြင်း” ခေါင်းစဉ်ဖြင့် ရှင်းပြထားသည်ကို တွေ့ရပါသည်။ ။
ဂေါတမမြတ်စွာဘုရားဟောကြားသော “မေတ္တာသုတ်” ဂါထာအမှတ် (၉)အား “အမိသည် မိမိဝမ်း၌လွယ်၍မွေးရသော တစ်ဦးတည်းသောသားကို အသက်လောက်ချစ်မြတ်နိုး၍ အစဉ်မပြတ်စောင့်ရှောက်သည့်နည်းတူ သတ္တဝါ တို့အားလုံးအပေါ်၌ အတိုင်းမသိကြီးမားသော မေတ္တာစိတ်ကိုပွားများရာ၏” ၊ ဟုအနက်ပြန်ထားသည်ကိုလည်းကောင်း။ ဂါထာအမှတ် (၁၀)တွင် “အထက်။
အောက်၊ ဘေးဘီ အရပ်မျက်နှာအားလုံး အကျဉ်းအမြောင်းမရှိ၊ အတွင်းရန် ၊ အပြင်ရန်မရှိ၊ အတိုင်းမသိမြတ်နိုးတတ်သော မေတ္တာစိတ်ကို ပွားများစေရာ၏” ဟုအနက်ပြန်ထားသည်ကိုလည်းကောင်း တွေ့ရှိရပါသည်။ ၄င်းဂါထာများကို
တွေ့ရစဉ်က “ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်ရမည်” (ဝတ်ပြုရာ ၁၉း၁၈) ကျမ်းစကားကို သတိရမိပါသည်။
ဂေါတမမြတ်စွာဘုရားဟောကြားတော်မူသော ကေသမုတ္တိသုတ်(ဝါ) ကာလာမသုတ်ဒေသနာတရားတော်အား မေတ္တာနှင့်မေတ္တာ၏နှစ်သိမ့်မှု ခွန်အား(၄)ပါးဖြင့် အဆုံးသတ်ထားသည်ကို လေ့လာတွေ့ရှိရပါသည်။
ဂေါတမမြတ်စွာဘုရားသည် ကောသလတိုင်း ကေသမုတ္တိရွာသား၊ ကာလာမအမျိုးသားများက ကိုးကွယ်မှုဆိုင်ရာ လမ်းညွှန်မှုကို ဟောကြားပါရန် လျှောက်ထားတောင်းပန်ချက်အရ၊ ကေသမုတ္တိသုတ်(ဝါ)ကာလာမသုတ်ကို ဟောကြားကြောင်းလေ့လာတွေ့ရှိရပါသည်။ ။
၄င်းသုတ္တန်ဒေသနာတရားတော်ကို ကိုးကွယ်မှုဆိုင်ရာ စံအဖြစ်အချက်ကြီး (၁ဝ)ချက်နှင့်အစပြုထားပြီး မေတ္တာနှင့်မေတ္တာ၏နှစ်သိမ့်မှုခွန်အား(၄)ပါးနှင့် အဆုံးသတ်ထားပါသည်။ ။
ဂေါတမမြတ်စွာဘုရားက လူတို့ အနေဖြင့် စဉ်းစားချင့်ချိန်ရာ၌ တရားတော်များကို ယုံကြည်လက်ခံရန် လက်တွေ့ဘဝအသက်ရှင်မှု၌ လောဘ (တပ်မက်ခြင်း) ဒေါသ(အမျက်ထွက်ခြင်း) မောဟ(တွေဝေခြင်း) အလောဘ (တပ်မက်ခြင်းကင်းခြင်း)၊ အဒေါသ (အမျက်မထွက်ခြင်း) အမောဟ (တွေဝေခြင်းကင်းခြင်း) ဖြစ်ခြင်း၊ မဖြစ်ခြင်း၊ ရှိခြင်း၊ မရှိခြင်းအပေါ်တွင် စံအဖြစ် သတ်မှတ်ပေးခဲ့သည်။ လက်တွေ့ဘဝအသက်ရှင်မှု၌ အကျိုးဖြစ်ထွန်းနိုင်သည်ဟု လူ၏စိတ်သဏ္ဍာန်၌ ဖြစ်ပေါ်လာသော တရားတော်ကိုလက်ခံ ယုံကြည်ပါဟု လမ်းညွှန်ပြီး ယခုဘဝအသက်ရှင်စဉ်တွင် အကျိုးဖြစ်ထွန်းစေမည့် ဗြဟ္မစိုရ်တရား (၄)ပါးကို ဟောကြားခဲ့သည်။
၄င်းဗြဟ္မစိုရ်တရား(၄)ပါးမှာ
(၁) မေတ္တာ။
(၂) ဂရုဏာ ၊
(၃) မုဒိတာ ၊
(၄) ဥပေက္ခာ တို့ဖြစ်သည်။
မေတ္တာဆိုသည်မှာ သူတပါးအားချစ်ခြင်း အကျိုးကိုလိုလားခြင်းပင် ဖြစ်သည်။ ဤမေတ္တာသည် အခြေခံလိုအပ်ချက်ဖြစ်သည်။ သို့ သော် မေတ္တာသည်အကောင်အထည်ပြ၍ မရနိုင်သေးသောအဆင့်၌ရှိသည်။
ဂရုဏာဆိုသည်မှာ၊ မေတ္တာ၏အကောင်အထည်တစ်ခုပင်ဖြစ်သည်။ မေတ္တာအပေါ်၌ အခြေခံလျက် သနားခြင်းဖြင့် လက်တွေ့ကူညီမစသော အသက်တာဖြစ်သည်။
မုဒိတာဆိုသည်မှာ မေတ္တာစိတ်ဖြင့် ဝမ်းမြောက်ခြင်းဖြစ်သည်။ မနာလိုခြင်း မုန်းတီးခြင်းမဟုတ်ဘဲ၊ တကယ်ဂုဏ်ယူဝမ်းမြောက်စရာရှိလျှင် ထပ်တူထပ်မျှ ဝမ်းမြောက်ဂုဏ်ယူခြင်းဖြစ်သည်။
ဥပေက္ခာဆိုသည်မှာ လောကဓံတရား(၈)ပါးကို လျစ်လျူရှုနိုင်ခြင်းဖြစ်သည်။
လောကဓံတရား(၈)ပါးဆိုသည်မှာ
(၁) လာဘ = လာဘ်များခြင်း
(၂) အလာဘ လာဘ်နည်းခြင်း။
(၃) ယသ =အခြံအရံများခြင်း
(၄) အယသ =အခြံအရံနည်းခြင်း။
(၅) နိန္ဒာ = ကဲ့ရဲ့ခြင်း
(၆) ပသံသာ =ချီးမွမ်းခြင်း။
(၇) သုခ ချမ်းသာခြင်း
(၈) ဒုက္ခ ဆင်းရဲခြင်း တို့ဖြစ်ပါသည်။
ထိုလောကဓံတရား(၈)ပါးကို ခံနိုင်ရည်ရှိခြင်းသည် မိမိနှင့်ထိတွေ့ ဆက်ဆံရသော ပတ်ဝန်းကျင်ရှိ သက်ရှိသက်မဲ့အပေါ် မေတ္တာထားရှိခြင်းဖြင့် ခွင့်လွှတ်သည်းခံကျေနပ်ဝမ်းမြောက်နိုင်သော လျစ်လျူရှုခြင်းများကို ဆိုလိုသည်။ ဥပေက္ခာသည် မြင့်မားသောမေတ္တာအမျိုးအစား ဖြစ်သည်။ မျှော်လင့်ခြင်းမထား ရှိသောမေတ္တာ (သို့မဟုတ်) တုန့်ပြန်မှုကိုလိုလားသောမေတ္တာမျိုးမဟုတ်ပေ။ တုန့်ပြန်သည်ဖြစ်စေ မတုန့်ပြန်သည်ဖြစ်စေ မိမိအသိစိတ်ဓါတ်နှင့် မေတ္တာအားဖြင့် ပေးမြဲပေးခြင်းမျိုးဖြစ်သည်။ တုန့်ပြန်မှုရှိခြင်း မရှိခြင်းအပေါ်တွင် မည်သည့်ခံစားမှု မျိုးမှမရှိတော့ခြင်းလည်း ဖြစ်သည်။ လောကဓံ (လောက၏တုန့်ပြန်မှု)ကြောင့် မတုန်လှုပ်တော့သော အကျိုးတရားပင်ဖြစ်သည်။ ။
လူသားအပေါင်းတို့သည် ဗြဟ္မစိုရ်တရား(၄)ပါးရှိခြင်းကြောင့် (သို့မဟုတ်) ဗြဟ္မစိုရ်တရား(၄)ပါးကို ဖြစ်စေသောတရားကို ယုံကြည်ရသောအကျိုးကြောင့် ရန်ကင်းသောစိတ်၊ ကြာကြကင်းသောစိတ်၊ မညစ်ညူးသောစိတ်၊ စင်ကြယ်သောစိတ် ဖြစ်ပေါ်စေသောကြောင့် မသေမီယခုဘဝ၌ပင် အကျိုးတရားကိုရရှိပါသည်။ တနည်းအားဖြင့် ဖေါ်ပြရသော် မသေမီကပင် ချမ်းသာဘုံသို့ဝင်စားနိုင်ကြသူများ ဖြစ်သည်ဟုဟောကြားခဲ့ပါသည်။
ထိုသုတ္တန်ဒေသနာတရားတော်ကို လေ့လာစဉ်အတွင်း “ငါပညတ်သည်ကား သင်တို့သည်ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘ၏သားဖြစ်စေလို သောဌာသင်တို့၏ရန်သူတို့ကို ချစ်ကြလော့။ သင်တို့ကိုကျိန်ဆဲသော သူတို့အား မေတ္တာပို့ကြလော့။ သင်တို့ကို မုန်းသောသူတို့အား ကျေးဇူးပြုကြလော့။ သင်တို့ကို
နှောက်ယှက်ညှင်းဆဲသော သူတို့အဖို့ဘုရားသခင်ကို ဆုတောင်းကြလော့။ အကြောင်းမူကား၊ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည်
ကောင်းသောသူ၊ မကောင်းသောသူတို့အပေါ်၌ ကိုယ်တော်၏နေကို ထွက်စေ တော်မူ၏။ ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူတို့အပေါ်၌ မိုးကိုရွာစေ တော်မူ၏။ သင်တို့ကိုချစ်သောသူအားသာလျှင် ချစ်တုန့်ပြန်လျှင်အဘယ် ကျေးဇူးတင်သနည်း။ အခွန်ခံသူတို့ပင် ဤမျှလောက်ပြုကြသည်မဟုတ်လော။ အဆွေအမျိုးတို့အားသာ လောကဝတ်ပြုလျှင် အဘယ်သို့ထူးမြတ်သနည်း။ သာသနာပလူတို့ ပင် ထို့ အတူပြုကြသည်မဟုတ်လော။ ထို့ကြောင့် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် စုံလင်(သနားခြင်းစိတ်ရှိ) တော်မူသည့်နည်းတူ သင်တို့သည်လည်း စုံလင်ခြင်း(သနားခြင်းစိတ်) ရှိကြလော့ (မဿဲ ၅း၄၄-၄၈။ လုကာ ၆း၃၂-၃၆) ကျမ်းစကားတို့ကို သတိရမိ ပါသည်။
ဆရာကြီးဦးဆန်းလွင်ပြုစုသော “ဘုံစဉ်စံဘဝလမ်းပြဒဿန” စာအုပ်တွင် ယခုဘဝနှင့်နောက်ဘဝဆက်နွယ်မှုကို ရှင်းပြထားသည်ကို တွေ့ရပါသည်။
“ဗုဒ္ဓဝါဒအရ လူဖြစ်ရခြင်းဟာ သုဂတိဘဝရခြင်းဖြစ်လို့ ဘဝသမ္ပတ္တိ (ကောင်းသောဘုံဘဝရခြင်း) နှင့်ပြည့်စုံတယ်လို့ဆိုရတယ်။ ပုထုစဉ်တွေဟာ ဘဝသမ္ပတ္တိနဲ့ပြည့်စုံတဲ့ ဒီလူ့ဘဝမှာ ဘောဂသမ္ပတ္တိ (ဥစ္စာပစ္စည်းရခြင်း) ကိုလည်းခံစားချင်ကြတယ်။ ဗုဒ္ဓဝါဒအရ ဒီလိုမဖြစ်နိုင်ဘူး။ နောက်ဘဝမှာ ဘဝသမ္ပတ္တိနဲ့ပြည့်စုံချင်ရင် ဒီဘဝမှာ ဘောဂသမ္ပတ္တိကိုစွန့်ရတယ်။ ဒီလိုမှ မဟုတ်ဘဲ ဘောဂသမ္ပတ္တိကို လိုချင်ရင်နောက်ဘ၀မှာဘဝသမ္ပတ္တိ အဆုံးရှုံးခံရတယ်။
လူ့ဘဝဖြစ်တည်ခိုက်မှာ ဥစ္စာပစ္စည်းကြီးပွားချမ်းသာရအောင်ဘဲ အချိန်ရှိသမျှကြိုးပမ်းကြ၊ လုပ်ဆောင်ကြပြီးတော့ ပိုပြီးတိုးပွားအောင် ကြံဆောင် ရတဲ့အလုပ်၊ စံစားရတဲ့အလုပ်၊ တသက်လုံးလုပ်ပြီးသေသွားကြရင် အန္ဓပုတုဇဉ်
အဖြစ်အပါယ်ဘေးတန်းလန်းနဲ့ သေရတာဖြစ်တယ်။ ဒါဆိုရင်နောက်ဘဝမှာ ဘဝသမ္ပတ္တိမရတော့ဘူး ဆုံးရှုံးကြရတယ်။
အချုပ်ဆိုရရင် နောက်ဘဝမှာဘဝသမ္ပတ္တိရတို့ ဒီဘဝမှာမကြိုးစားဘဲ ခန္ဓာကိုယ်ကိုလုပ်ကျွေးရင်း၊ စီးပွားဥစ္စာရှာဖွေးရင်းနဲ့ပဲ ဘဝကုန်ဆုံးသွားမယ်ဆိုရင် ယခုဘဝလို သုဂတိဘဝမျိုးနောက်ထပ်မဖြစ်နိုင်တော့ဘူး။ ဖြစ်တောင့်ဖြစ်ခဲ လူဖြစ်ခိုက်၊ နောက်ဘဝအတွက်မတည်ဆောက်နိုင်ရင်၊ သက်သာရာရအောင် မလုပ်တတ်ရင် လူဖြစ်ရှုံးပြီလို့ ဆိုလိုခြင်းဖြစ်တယ်” ဟုတွေ့ရှိရပါသည်။
၄င်းတွေ့ရှိချက်ကို ဆင်ခြင်နေစဉ်တွင် “သံချေး၊ ပိုးရွဖျက်ဆီး၍သူခိုး ထွင်းဖေါက်ယူရာမြေပေါ်မှာ ဘဏ္ဍာကိုမဆည်းပူးကြနှင့်။ သံချေးပိုးမဖျက်ဆီး၍ သူခိုးမထွင်းမဖေါက်မခိုးမယူရာ ကောင်းကင်ဘုံ၌ဘဏ္ဍာကို ဆည်းပူးကြလော့။ အကြောင်းမူကား အကြင်အရပ်၌ သင်တို့၏ဘဏ္ဍာရှိ၏။ ထိုအရပ်သို့ သင်တို့ စိတ်နှလုံးရောက်တတ်၏။” (မဿဲ ၆း၁၉-၂၀)
“အဘယ်သူမျှသခင်နှစ်ဦး၏အစေကိုမခံနိုင်။ သခင်တစ်ဦးကို မုန်း၍ တစ်ဦးကိုချစ်မည်။ တစ်ဦးကိုမှီခို၍ တစ်ဦးကိုမခန့်မညားပြုမည်။ သင်တို့သည် ဘုရားသခင်၏အစေကိုလည်းကောင်း၊ လောကီစည်းစိမ်၏အစေကိုလည်းကောင်း မခံနိုင်ကြ။” (မဿဲ ၆း၂၄)
“သားတော်ကိုယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။” (ယော ၃း၃၆)
“သခင်၊ သခင်ဟု ငါ့ကိုလျှောက်သူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို
ဆောင်သောသူများသာလျှင် ဝင်ရလိမ့်မည်။” (မဿဲ ၇း၂၁)။ ဘုရားသခင်၏ နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကို ရှေးဦးစွာရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ပေးတော်မူလတံ့။” (မဿဲ ၆း၃၃) ကျမ်းစကားများကို သတိရမိပါသည်။ ။
သားတော်ကို ယုံ ကြည် သောသူများသည် ကယ်တင်ခြင်းရပြီး ကောင်းကင်ဘုံသို့ရောက်ကြသဖြင့် နောက်ဘဝမရှိပါ။ ဘုရားသခင်၏နိုင်ငံတော်သို့ ထာဝရဘုရားအလိုကို ဆောင်သောသူများသာ ဝင်ခွင့်ရမည်ဖြစ်၍ ဘုရားသခင်၏ အလိုကိုဆောင်ရန်ဤကမ္ဘာလောကတွင်သာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။
ကောင်းကင်ဘဏ္ဍာကို ယခုဘဝတွင်သာရှာဖွေနိုင်သည်။ ယခုဘဝအသက်တာတွင် လောကီပစ္စည်းဥစ္စာဘဏ္ဍာကို သခင်အဖြစ်လက်ခံ၍ ထိုသခင်နောက်သို့လိုက် နေပြီး ဘုရားသခင်၏အလိုတော်ကိုမေ့နေလျှင်၊ ဘုရားသခင်နိုင်ငံတော်သို့ ဝင်ခွင့်လက်လွတ်ဆုံးရှုံးသွားမည်ဖြစ်သည်။ ထပ်မံကြိုးစားခွင့်ရတော့မည်မဟုတ်ပါ။
ထာဝရဘုရားသခင်ကို အရှင်သခင်အဖြစ်လက်ခံပြီး ကိုယ်တော်ရှင်၏ စကားကိုနာခံလိုက်လျှောက်လျှင် ထိုနိုင်ငံတော်သို့ ဝင်ခွင့်ရမည်သာမက ယခုဘဝ အသက်ရှင်၍ လိုအပ်သောအရာအားလုံးကိုရမည်ဖြစ်ကြောင်း နားလည်သဘော ပေါက်ရပါသည်။ ။
ဆရာကြီးဦးဆန်းလွင်ပြုစုသော “ဘုံစဉ်စံဘဝလမ်းပြဒဿန” စာအုပ်တွင် ဤကမ္ဘာလူ့လောကတွင် ပုတုဇဉ်(၂)မျိုးရှိကြောင်း ဖော်ပြထားသည်။ ၄င်း(၂)မျိုးမှာ
(၁) အန္ဓပုထုဇဉ်
(၂) ကလျာဏပုထုဇဉ် တို့ဖြစ်သည်။
အန္ဓပုတုဇဉ်ဆိုသည်မှာ သုတဗုဒ္ဓိဉာဏ်မျက်စေ့ကင်းသောသူကို ဆိုလို သည်။ ထိုသူသည် ခန္ဓာကိုယ်၏တရားသဘောကိုမသိ၊ ဓါတ်သဘောတရားကိုမသိ အာဃာတနတရားတို့ရဲ့သဘောကိုမသိ၊ သစ္စာတရား၊ ပဋိစ္စသမုပ္ပါဒ်တရား၊ သတိပဌာန်းတရားတို့၏သဘောကို သရုပ်ကွဲအောင်၊ အနက်အဓိပ္ပါယ်ပေါ်
အောင်မသိသဖြင့်၊ ထိုသူ၏အမြင်မှာ၊ ငါ၊ သူတပါး၊ ပုဂ္ဂိုလ်သတ္တဝါလို့ ထင်မြင် နေသောသက္ကာယဒိဋ္ဌိ အဆောက်အအုံကြီးရှိနေသော လူကိုဆိုလိုသည်။
လိုရင်းပြောကြစို့ဆိုရင်၊ အန္ဓပုတုဇဉ်ဟာ ငါ့ဥစ္စာ၊ ငါ့အိုး၊ ငါ့အိမ်၊ ငါ့သား၊ ငါ့မယားဆိုတဲ့အမြင်မှားမှုတွေနှင့် မိမိခန္ဓာကိုယ်ထဲ၌ အမာခံပုဂ္ဂိုလ်ရှိသည်ဟု စိတ်ထင်နေသောသူဖြစ်သည်။ တစ်နည်းဆိုရလျှင် သက္ကာယဒိဋ္ဌိအဆောက်အအုံ ကြီးကိုအမှီပြုပြီး “ငါစွဲ” ရှိနေသောသူသည် အန္ဓပုထုဇဉ်ဖြစ်သည်။
၄င်းသက္ကာယ ဒိဋ္ဌိ ရှိ နေသဖြင့် လူတွင် ကိလေသာတာများ သောင်းကြမ်းနေခြင်းဖြစ်သည်။ သက္ကာယဒိဋ္ဌိကြောင့်လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာနတို့ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
အန္ဓပုထုဇဉ်တို့သည် သေလွန်သွားသောအခါ၊ အောက်မဟာအဝီစီ ငရဲကြီးတိုင်အောင် အတားအဆီးမရှိ၊ ကောင်းကင်ပြင်ကြီးလိုဟာလာဟင်းလင်း
ပွင့်နေသည်။ သူ၏အသက်ဝိညာဉ်ချုပ်ဆုံးသည်နှင့်တပြိုင်နက် ငရဲဘုံတစ်ခု တစ်ခုသို့ ပရမ်းပတာကျသွားနိုင်သည်။ ကောင်းမှုကုသိုလ်တစ်ခုခုကြောင့် ငရဲသို့ ကျမသွားသည့်တိုင်အောင် ဒုဂ္ဂတိဘုံများဖြစ်သော တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကယ်ဘုံတစ်ခုခုသို့ ကျဆင်းသွားမည်ဖြစ်သည်။
အန္ဓပုထုဇဉ်သည် တစ်နေ့နေ့တစ်ချိန်ချိန်တွင် သမ္မာဒိဋ္ဌိဉာဏ် (ပရမတ္တ တရား(ဝါ)လောကသဘာဝကဖော်ပြသော အမှန်တရားတို့ကို အခြေခံ၍ ဆင်ခြင်ခြင်းမှရရှိသည့် ဖြူစင်သန့်ရှင်းသောဉာဏ်)အမြင်ကို ပိုင်နိုင်စွာရ၍ သက္ကာယဒိဋ္ဌိကို အမြစ်အရင်းအပါအဝင် အပြတ်ပယ်ရှင်းပြီး ဖြစ်သွားနိုင်သည်။ ထိုကဲ့သို့ သက္ကာယဒိဋ္ဌိကို ပယ်ရှင်းပြီးသည့်နေမှစ၍ အန္ဓပုထုဇဉ်သည် အရိယာ ပုဂ္ဂိုလ်ဖြစ်လာနိုင်သော ကလျာဏပုထုဇဉ်ဖြစ်သွားသည်။
တစ်ကိုယ်လုံး၌ သက္ကာယဒိဋ္ဌိအဆောက်အအုံ ပျောက်ကွယ်ချုပ်ငြိမ်း သွားပြီး၊ တစ်ကိုယ်လုံးသည် သမ္မာဒိဋ္ဌိနိုင်ငံတော်ကြီးဖြစ်လာလျှင် ဒုစရိုက် (၁၀)ပါးတို့ အကြွင်းမဲ့ချုပ်ငြိမ်းသွားပြီး သုစရိုက်(၁၀)ပါးတို့သည် အစဉ်အမြဲ တည်နေသဖြင့် အပါယ်ငရဲတံခါးပိတ်သွားသည်။ သုကတိဘုံများ၌သာ ကျင်လည်ရသော ကလျာဏပုထုဇဉ်ဖြစ်လာမည်။ ထိုမှတဆင့် သူတော်ကောင်း တရား(၇)ပါး၊ ဗြဟ္မစိုရ်တရား(၄)ပါးကို တည်ဆောက်နိုင်လျှင် အရိယာပုဂ္ဂိုလ် ၊ ဖြစ်လာပြီး နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ပြီ ဖြစ်သည်ဟုတွေ့ရပါသည်။ ။
ထိုဘုံစဉ်စံဘဝလမ်းဒဿနများကို တွေ့ရှိသောအခါ “ငါပညတ်သည်ကား ဝိညာဉ်ပကတိအတိုင်းကျင့်ကြလော့။ ထိုသို့ ကျင့်လျှင်ဇာတိပကတိ၏အလိုသို့ မလိုက်ဘဲနေလိမ့်မည်။ (ဂလာတိ ၅း၁၆) ကျမ်းစကားကိုလည်းကောင်း။
“ဇာတိပကတိအကျင့်တို့သည် ထင်ရှားကြ၏။ ထိုအကျင့်တို့မူကား၊ သူ့မယားကိုပြစ်မှားခြင်း၊ မတရားသောမေထုန်၌မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း ကိလေသာလွန်ကျူးခြင်း၊ ရုပ်ထုကိုကိုးကွယ်ခြင်း၊ သူတစ်ပါးကိုပြုစားခြင်း၊ ရန်ညှိုးဖွဲ့ခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း၊ အချင်းချင်းကွဲပြားခြင်း၊ သင်းခွဲခြင်း၊ သူ့အကျိုးကိုပျူစူခြင်း၊ လူ့အသက်ကိုသတ်ခြင်း ယစ်မျိုးကိုသောက်ခြင်း၊ ပွဲလုပ်ခြင်းမှစ၍ ထိုသို့သော အကျင့်ပေတည်း။ ထိုသို့သော အကျင့်ကိုကျင့်သောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို
အမွေမခံရကြဟုအထက်က ငါပြောသည့်အတိုင်း ယခုပင်လည်း ငါပြောနှင့်၏။ ဝိညာဉ်ပကတိ၏အကျိုးမူကား၊ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ့်မွေ့ခြင်း
ကာမဂုဏ်ချုပ်တည်ခြင်းပေတည်း။ ထိုသို့သော အကျင့်ကိုအဘယ်တရားမှ မမြစ်တာ။ ခရစ်တော်နှင့်စပ်ဆိုင်သောသူတို့သည် ဇာတိပကတိကို၄င်း၊ ဇာတိပကတိစိတ်များနှင့် အလိုဆန္ဒများကိုလည်းကောင်း၊ လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြပြီ။ သို့ဖြစ်၍ ငါတို့သည် ဝိညာဉ်ပကတိကြောင့် အသက်ရှင်လျှင် ဝိညာဉ်ပကတိအတိုင်းကျင့်ကြကုန်အံ့။ အချည်းနှီးသော ကျော်စောကိတ္တိကို တပ်မက်ခြင်း၊ အချင်းချင်းချုပ်ချယ်နှောက်ယှက်ခြင်း၊ အချင်းချင်းညုစုခြင်းတို့ကို ရှောင်ကြဉ်၍နေကြကုန်အံ့။ (ဂလာတိ ၅း၁၉-၂၆)
သူတို့သည် ကိုယ်ကျင့်သောအကျင့်အတိုင်း၊ နောက်ဆုံး၌အကျိုးအပြစ် ကိုခံရကြလတံ့။ (
၂ကော ၁၁း၁၅) သင်္ချိုင်းများမှာရှိသော သူအပေါင်းတို့သည် သားတော်၏စကားတော် ကိုကြား၍ထွက်ရမည့်အချိန်ကာလရောက်လတံ့။ ကောင်းသောအကျင့်ကို ကျင့်သောသူတို့သည် အသက်ရှင်ရာထမြောက်ခြင်းကို လည်းကောင်း၊ ဆိုးယုတ်
သောအကျင့်ကိုကျင့်သော သူတို့သည် အပြစ်စီရင်ရာ ထမြောက်ခြင်းသို့လည်းကောင်း ထွက်ရကြလတံ့။ (ယော ၅း၂၉-၃၀) ကျမ်းစကားများကိုသတိရမိပါသည်။ ။
ဂေါတမမြတ်စွာဘုရားဟောကြားတော်မူသော သစ္စာတရား(၄)ပါးတွင် မဂ္ဂသစ္စာသည်တစ်ပါးအပါအဝင်ဖြစ်ပါသည်။ ။
မဂ္ဂင်တရား(၈)ပါးမှာ
(၁) သမ္မာဒိဋ္ဌိ ဖြူစင်သန့်ရှင်းကောင်းမြတ်မှန်ကန်သော ဉာဏ်
အမြင်အယူအဆရှိခြင်း။
(၂) သမ္မာသင်္ကပ္ပ ။ ဖြူစင်သန့်ရှင်းကောင်းမြတ်သော အကြံအစည်
ရှိခြင်း။
(၃) သမ္မာဝါစာ ။ ဖြူစင်သန့်ရှင်းကောင်းမြတ်သော ပြောဆိုမှုရှိခြင်း။
(၄) သမ္မာကမ္မန္တ ။ ဖြူစင်သန့်ရှင်းကောင်းမြတ်သော အလုပ်ကို
လုပ်ကိုင်ခြင်း။
(၅) သမ္မာအာဇီဝ ဖြူစင်သန့်ရှင်းသောကောင်းမြတ်သော အသက် ၊
မွေးမှုရှိခြင်း။
(၆) သမ္မာဝါယမ ။ ဖြူစင်သန့်ရှင်းသောကောင်းမြတ်သော
အားထုတ်မှုရှိခြင်း။
(၇) သမ္မာသတိ ဖြူစင်သန့်ရှင်းသောကောင်းမြတ်သော မမေ့
လျော့မှုရှိခြင်း။
(၈) သမ္မာသမာဓိ ဖြူစင်သန့်ရှင်းသောကောင်းမြတ်သော
စိတ်တည်ကြည်မှုရှိခြင်း တို့ဖြစ်သည်။ ဖြူစင်သန့်ရှင်းကောင်းမြတ်သော ဉာဏ်အမြင်ရှိရမည်ဆိုခြင်းကား သတ္တဝါတို့၏သဏ္ဌာန်ကို အမှန်အတိုင်းရှုမြင်နိုင်ရေးပင်ဖြစ်သည်။ သတ္တဝါတို့သည် အဝိဇ္ဇာတရားလွှမ်းခြုံထားမှုကြောင့် အမှန်အတိုင်း မမြင်ကြချေ။ အယူမှားမှု ကင်းဝေးရန်လိုအပ်သည်။ သတ္တဝါတို့သည် ဘဝအဆက်ဆက်ဝိညာဉ် တည်မြဲ သည်ဟုယုံကြည်သော သဿတိဒိဋ္ဌိနှင့်သတ္တဝါတို့သည် တစ်ဘဝတည်းနှင့် ဘဝပြတ်သည်။ တမလွန်မရှိဟု ယုံကြည်သောဥစ္ဆေဒဒိဋ္ဌိအယူတို့နှင့် ကင်းလွတ် | ရန်အလွန်အရေးကြီးသည်။
ဖြူစင်သန့်ရှင်းကောင်းမြတ်သော အကြံအစည်ရှိခြင်းဆိုသည်မှာ သံသရာမှထွက်မြောက်လိုသော အကြံအစည်မျိုး၊ သူတစ်ပါးကိုချမ်းသာစေလိုသော အကြံအစည်မျိုးနှင့်သူတပါးကို မေတ္တာရှေ့ထားလိုသော အကြံအစည်မျိုးဖြစ်သည်။
ဖြူစင်သန့်ရှင်းကောင်းမြတ်သော ပြောဆိုမှုဆိုသည်ကား မဟုတ်မမှန် ဘောစကားကိုပြောဆိုခြင်း၊ ကြမ်းကြုတ်ခက်ထန်သော စကားကိုပြောဆိုခြင်း အကျိုးမရှိသောစကားကိုပြောဆိုခြင်း၊ ကုန်းချောစကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်းဖြစ်သည်။
ဖြူစင်သန့်ရှင်းကောင်းမြတ်သော အလုပ်ဟူသည်ကား၊ သူ့အသက်ကို ၊ ခက်သောအလုပ်၊ သူ့ဥစ္စာကိုခိုးယူသောအလုပ်၊ မူးယစ်သောက်စားခြင်းအလုပ် တို့မှရှောင်ကြဉ်ခြင်းဖြစ်သည်။
ဖြူစင်သန့်ရှင်းကောင်းမြတ်သော အသက်မွေးမှုဆိုသည်ကား မကောင်း ၊ သောအလုပ်ဖြင့် အသက်မွေးမှုမပြုဘဲ မှန်ကန်သော အသက်မွေးဝမ်းကြောင်း ၊ အလုပ်ကိုလုပ်ကိုင်ခြင်းဖြစ်သည်။
မိမိ၌ယခင်မဖြစ်ဖူးသော မကောင်းမှုများမဖြစ်ပေါ်အောင် အားထုတ်ခြင်း ဖြစ်ဖူးသောမကောင်းမှုများ ပပျောက်အောင်အားထုတ်ခြင်း၊ မဖြစ်ဖူးသေးသော ကောင်းမှုကုသိုလ်တရားများဖြစ်ပွားလာအောင် အားထုတ်ခြင်း၊ ဖြစ်ဖူးသော ကောင်းမှုကုသိုလ်တရားများ တိုးတက်များပြားလာအောင် အားထုတ်ခြင်းတို့သည် ဖြူစင်သန့်ရှင်းကောင်းမြတ်သော အားထုတ်လုံးလပြုခြင်းပင်ဖြစ်သည်။
မိမိ၏စိတ်သည် မကောင်းသောကာမဂုဏ်၌ အာရုံကျက်စား၍ ပျော်ပါး မွေ့လျော်ခြင်းမရှိရအောင် ဆင်ခြင်ခြင်း၊ မကောင်းမှုမပြုမိစေရန် သတိနှင့် နေထိုင်ခြင်းတို့သည် ဖြူစင်သန့်ရှင်းကောင်းမြတ်သော မမေ့မလျော့မှု ဖြစ်သည်။
ဖြူစင်သန့်ရှင်းကောင်းမြတ်သော စိတ်တည်ကြည်မှုဆိုသည်မှာ မိမိစိတ်ကို ဟိုမှသည်မှရွေ့ရှားခြင်း မရှိစေဘဲတည်ငြိမ်အောင် ထိန်းသိမ်းထား နိုင်မှုဖြစ်သည်။
ဤ(၈)ပါးသောတရားတို့ကို စုပေါင်း၍မဂ္ဂသစ္စာဟုခေါ်ကြသည့်အပြင် သူတော်ကောင်းတို့၏မြင့်မြတ်သော အကျင့်ဖြစ်၍ဗြဟ္မစရိယ အကျင့်ဟုလည်း ခေါ်ဆိုသည်ကိုတွေ့ရပါသည်။
ဤမဂ္ဂသစ္စာတရား(၈)ပါးသည် ကျွန်ုပ်အား “သင်တို့၏ကောင်းသော အကျင့်” (မဿဲ ၅း၁၆၊ ဂလာ ၆း၉၊ ၁ပေ ၂:၁၂) ကျမ်းစကားကိုပို၍ ရှင်းလင်း သဘောပေါက်စေခဲ့ပါသည်။ ။
ဂေါတမမြတ်စွာဘုရား၏ဒေသနာတရားတော်များ အနက်ဖွင့်ဆို ရှင်းလင်းချက်စာအုပ်များတွင် “ကံ၊ ကံကံ၏အကျိုး” တရားတော်အား ရှင်းပြ ထားကိုတွေ့ရပါသည်။ ။
ကံ(ကမ္မ)ဟူသည်အပြုအမူ (အလုပ်)ကိုဆိုလိုခြင်းဖြစ်သည်။ အတိအကျ ဆိုရသော် ကောင်းကျိုးကိုဖြစ်ထွန်းစေနိုင်သော စေ့ဆော်မှု(ကုသလ စေတနာ)၊ မကောင်းကျိုးကိုဖြစ်ထွန်းစေနိုင်သော စေ့ဆော်မှု(အကုသလ စေတနာ)သည် “ကံ” ဖြစ်သည်။ “ကံ” သည်ပြုလုပ်ခြင်း၏တန်ခိုးဖြစ်သည်။
ကိုယ်ပြုလုပ်သောအလုပ် (အပြုအမူ)သည် “ကံ” အရာမြောက်ဖို့ရန် အကောင်းဘက်ကိုရည်ရွယ်ပြီးလုပ်လုပ်၊ အဆိုးဘက်ကိုရည်ရွယ်ပြီးလုပ်လုပ် တက်ကြွထက်သန်တဲ့စိတ် (စေတနာ)ကဦးဆောင်ပြီးလုပ်မှ “ကံ”အရာမြောက်သည်။
ကံအရာမြောက်တဲ့ကောင်းမှုမကောင်းမှုတွေသည် ပျောက်သွားလိမ့်မည် မဟုတ်ပါ။ အကြောင်းညီညွတ်သောအခါ၊ ကောင်းမှုကုသိုလ်ကံကကောင်း
သောအကျိုးကို ပေးသည်။ မကောင်းသောကုသိုလ်ကံကမကောင်းသော အကျိုးကိုပေးသည်။ ဤသည်မှာ သဘာဝနိယာမတရားဖြစ်သည်။
ကံနှင့်ကံ၏အကျိုးတရားတွင် ယေဘုယျအားဖြင့် အချက်(၉)ချက်ရှိသည်။
(၁) ကံသည်သတ္တဝါတို့၏အပြုအမူဆောင်ရွက်ချက် (အလုပ်) ဖြစ်သည်။
(၂) ထိုအပြုအမူဆောင်ရွက်ချက် (အလုပ်)သည် ကောင်းမကောင်းခွဲခြား
နိုင်သည်။
(၃)လောဘ၊ ဒေါသ၊ မောဟတို့ကို အခြေပြုသောအပြုအမူဆောင်ရွက်ချက် (အလုပ်)သည် ဒုစ္စရိတ (မကောင်းသောအကျင့်)ဖြစ်၍ သတ္တဝါများကို
ရိုင်းစိုင်းစေသည်။
(၄) ဒါန၊ မေတ္တာ၊ ပညာကို အခြေခံသောပြုမူဆောင်ရွက်ချက် (အလုပ်)သည်
သုစ္စရိတ(ကောင်းသောအကျင့်)ဖြစ်၍ သတ္တဝါတို့အားယဉ်ကျေး
သိမ်မွေ့စေသည်။
(၅) ထိုကံ(အလုပ်)သည် စေတနာဦးစီးသဖြင့် ထက်သန်သောအကျိုးတရား
ဖြစ်သည်။
(၆)ထိုကံ(အလုပ်)၏အကျိုးသည် ဤဘဝနယ်နိမိတ်ကို ကျော်လွန်၍
သံသရာအဆက်ဆက်ကို လွှမ်းမိုးနိုင်သည်။
(၇) ထိုကံ(အလုပ်)သည် ကမ္မသတိဟုဆိုအပ်သော “သံသရာခရီးသည်”
သဘောတရားကိုဖြစ်ပွားစေသည်။
(၈) ထိုကံ(အလုပ်)သည် ကာလ၊ ဒေသ၊ ပယောဂကိုလွန်မြောက်၍ သက်ရှိ
လောကတစ်ခုလုံးနှင့်သက်ဆိုင်သည်။
(၉) ထိုကံ(အလုပ်)သည် ကမ္ဘာပေါ်ရှိယဉ်ကျေးမှု၊ ယုံကြည်မှုဟူသမျှတို့တွင်
ပညတ်တစ်မျိုးတည်းဖြင့် တည်ရှိနေသည်ဟု တွေ့ရှိရပါသည်။
ထိုတရားတော်ကိုဖတ်ရှုရစဉ်တွင် “လူသည်မျိုးစေ့ကြဲသည့်အတိုင်း အသီးအနှံကိုရိတ်ရလိမ့်မည်။ မိမိဇာတိပကတိ၌ မျိုးစေ့ကြဲသောသူသည် ဇာတိပကတိအားဖြင့် ပုပ်ပျက်ခြင်းအသီးအနှံကိုရိတ်ရလိမ့်မည်။ ဝိညာဉ်ပကတိ၌
မျိုးစေ့ကြဲသောသူသည် ဝိညာဉ်ပကတိအားဖြင့် ထာဝရအသက်ရှင်ခြင်း အသီးအနှံကိုရိတ်ရလိမ့်မည်။ ငါတို့သည် အားမလျော့စိတ်မပျက်ဘဲ ကောင်းသော အကျင့်ကို ကျင့်ကြကုန်အံ့။ ထိုသို့တည်ကြည်၍ ကျင့်လျှင်အချိန် တန်သောကာလ ၌အသီးအနှံကို ရိတ်ရလိမ့်မည်။” (ဂလာ ၆း၇-၉) ကျမ်းစကားကိုသတိရမိ ပါသည်။
၄င်းကျမ်းစကားတွင် မျိုးစေ့ကြဲရမည်ဟုဆိုထားသဖြင့် အလုပ်လုပ်ခိုင်း ခြင်းဖြစ်သည်ဟု သဘောပေါက်ရပါသည်။ ၄င်းအလုပ်နှင့်ဆက်နွယ်နေသော ကျမ်းစကားသည် “သခင်သခင်ဟု လျှောက်သူတိုင်း၊ ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်၏အကျိုး ကိုဆောင်သောသူများသာလျှင် ဝင်ရလိမ့်မည်။” (မဿဲ ၇း၂၁) ဖြစ်သည်ဟု ဆင်ခြင်မိပါသည်။ ကလေး
ထိုကျမ်းစကားအရ ထာဝရဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ရောက်နိုင်ရန် အလွန်ရိုသေစွာဖြင့် သခင်ခရစ်တော်အား သခင်ဟုအထပ်ထပ်ခေါ်၍ ခြေတော်ရင်းသို့ တိုးဝင်ချဉ်းကပ်ဝတ်ပြုနေရုံဖြင့် မရနိုင်ပါ။ ထာဝရဘုရားသခင်၏ စကားကိုနားထောင်၍ လိုက်လျှောက်လုပ်ဆောင်(အလုပ်လုပ်)မှသာလျှင် ဝင်ရောက်ခွင့်ရမည်ဖြစ်သည်။ မည်သည့်အလုပ်ကိုလုပ်ရမည်ဖြစ်ကြောင်း လမ်းညွှန်ချက်ကိုပါ ပေးထားပါသည်။ ထာဝရဘုရားသခင်သည် အနန္တမေတ္တာနှင့် ဂရုဏာတော်အရှင်ဖြစ်ဖြင့် ကိုယ်တော်ရှင်၏အလိုတော်သည် မေတ္တာစေတနာနှင့် လုပ်ဆောင်သောသုစရိုက်အလုပ်သာဖြစ်ရမည်၊ ဒုစရိုက်အလုပ်များ မဖြစ်နိုင်ပါ။
ဂေါတမမြတ်စွာဘုရားဟောကြားသောတရားတော်များတွင်၊ လူ့ဘဝ သည်ရခဲသည်။ ဘုံစဉ်စံသတ္တဝါများအတွက် လူ့ဘုံသည်အရေးအကြီးဆုံးဖြစ် သည်။ လူ့ဘုံ၌သာကောင်းရာသုဂတိဘုံသို့ ရောက်အောင်လုပ်နိုင်သည်။ ဘုရား ဖြစ်အောင်ကျင့်ကြံအားထုတ်နိုင်သည်။ ထို့ကြောင့်လူ့ဘဝရစဉ်တွင် လူဖြစ်ရကျိုး နပ်အောင် လုပ်ကြပါဟုသတိပေး တိုက်တွန်းနှိုးဆော်ထားသည်ကို တွေ့ရပါသည်။
ခရစ်ယာန်တစ်ယောက်အတွက်လည်း နောင်တမလွန်အတွက် ယခု ဘဝအသက်တာသည် အလွန်အရေးကြီးပါသည်။ ယုံကြည်သူဖြစ်လာပြီး ဗတ္တိဇံ ခံယူသူသည်ကယ်တင်ခြင်းရသဖြင့် နောက်ဘဝဆိုတာမရှိတော့သောကြောင့်
ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ခွင့်ရအောင် ကိုယ်တော်ရှင်၏အလိုတော်ကို
ဆောင်ရန်၊ ယခုဘဝအသက်ရှင်စဉ်သာ လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် ထာဝရအသက်ရ၍ ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ခွင့်ရရန်ယခု ဘဝတွင်သမ္မာသတိဖြင့် အသက်ရှင်ရမည်ဖြစ်သည်ဟု သဘောပေါက်ရပါ သည်။
“ကံ၊ ကံကံ၏အကျိုး” တရား၏(၅)အချက်ဖြစ်သော “ထိုကံ(အလုပ်) သည် စေတနာဦးစီးသဖြင့် ထက်သန်သော အကျိုးတရားဖြစ်သည်” ကိုတွေ့ရသောအခါ၊ “ထိုသားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ရမည့်အကြောင်းတည်း” (ယော ၃း၁၅) ကျမ်းစကားကို သတိရမိပါသည်။ ယုံကြည်သည်ဆိုရာ၌ စေတနာ (တက်ကြွ ထက်သန်သောစိတ်) ပါမှကံအရာမြောက်မည်ဖြစ်ပါသည်။ စေတနာဦးစီးခြင်း မရှိလျှင် ၄င်းကျမ်းစကားပြည့်စုံမည်မဟုတ်ဟုလည်းကောင်း (၆)အချက်ဖြစ်သော “ထိုကံ(အလုပ်)၏အကျိုးသည် ဤဘဝနယ်နိမိတ်ကို ကျော်လွန်၍ သံသရာဘဝ အဆက်ဆက်ကိုလည်း လွှမ်းမိုးနိုင်သည်” ကိုတွေ့ရသောအခါ “ယေရှုကဒုတိယ မွေးခြင်းမခံသောသူသည် ဘုရားသခင်၏နိုင်ငံတော်ကို မမြင်ရဟုငါအမှန်အကန် ဆို၏ဟုမိန့်တော်မူ၏။” (ယော ၃း၃) ကျမ်းစကားနှင့် “ယေရှုကလည်းရေနှင့် ဝိညာဉ်တော်မမွေးသောသူသည်ကား ဘုရားသခင်၏နိုင်ငံတော်သို့ မဝင်ရဟု ငါအမှန်အကန်ဆို၏” (ယော ၃း၅) ကျမ်းစကားတို့ကို သတိရမိပါသည်။
ခရစ်ယာန်အဖြစ်ခံယူသူအမျိုးမျိုးရှိပါသည်။ မိဘအုပ်ထိန်းသူဖြစ်သူက တိုက်တွန်းသဖြင့်လည်းကောင်း၊ မိမိအကျိုးဖြစ်ထွန်းမည်ကို သိမြင်သဖြင့်လည်းကောင်း မိမိနှင့်သက်ဆိုင်သူက တိုက်တွန်းသဖြင့်လည်းကောင်း၊ ခန္ဓာကိုယ်ကို ရေနှင့် နှစ်ခြင်းခံယူ၍ ခရစ်ယာန်အဖြစ်ခံယူသူများရှိသည်။ ရေနှင့်နှစ်ခြင်းခံယူသော်လည်း စေတနာ(တက်ကြွထက်သန်သောယုံကြည်စိတ်) မပါသောကြောင့် ထိုသူ၏ ၊ ဝိညာဉ်သည်ဒုတိယမွေးခြင်းမမြောက်ပါ။ ထိုသူများသည် ခရစ်ယာန်ဖြစ်သောလည်း ဘုရားသခင်၏နိုင်ငံတော်ကို ဝင်ရမည်မဟုတ်ကြောင်း သဘောပေါက်ရပါသည်။ ဦးဝင်းသိန်းဦး၏ “ဘဝခရီးဂင်္ဂါမှအောင်မြင်မှု သမုဒ္ဒရာစီသို့” ဗုဒ္ဓနည်းကျလူငယ် ၊ လမ်းညွှန်စာစုများ၊ စာအုပ်ကိုခရစ်ယာန်လူရွယ်များ လေ့လာသင့်ပါသည်။
“ဒီနေရာမှာတော့ ငါ့တူကြီးအတွေးချော်သွားပြီကွ။ မင်းတို့က ဘာသာရေး လိုက်တာနဲ့တမလွန်အရေး၊ အဲခပ်ရိုင်းရိုင်းပြောရရင် ဘဝမှာဘာမှမျှော်လင့် ချက်မရှိတော့တဲ့ သေခါနီးအဘိုးကြီးအဖွားကြီးတွေလုပ်ရမယ့် ကိစ္စလို့တထစ်ချ မှတ်လိုက်တာကိုး။ တကယ်တော့ဘာသာတရားတိုင်းမှာ ယူတတ်မယ်ဆိုရင် လူသားတွေရဲ့ နေ့စဉ်ဘဝတာမှာ လက်တွေ့အသုံးချနိုင်တဲ့ အောင်မြင်ရေးနည်းလမ်း ၊ တွေထုနဲ့တေးဘဲ။ အနီးစပ်ဆုံးဥပမာပြရရင် ဦးတို့ကိုးကွယ်ရာ၊ ဗုဒ္ဓဝါဒလာ မင်္ဂလသုတ်တို့၊ သင်္ဂါလောဝါဒသုတ်တို့ကိုဘဲ ဖတ်ကြည့်လေ။ လောကီကြီးပွား
အောင်မြင်ရေးဆိုင်ရာ လမ်းညွှန်ချက်တွေနည်းမှမနည်းဘဲ” ဟုဖတ်ရသောအခါ ငါနေ၍မပျော်နိုင်ဟု ဆိုရသောကာလသည်မနီး၊ ဆိုးသောကာလမရောက်မီ ယခုအသက်ပျိုစဉ်အခါပင် သင့်ကိုဖန်ဆင်းတော်မူသောအရှင်ကို အောက်မေ့လော့” (ဒေ ၂၁း၁)။
“ထာဝရဘုရားကိုကြောက်ရွံ့သောသဘောသည် ပညာ၏အချုပ်အခြာ ဖြစ်၏။” (သုတ္တံ ၁း၇)။
“ထာဝရဘုရားသည် ကောင်းမြတ်သောသဘော၊ ဖြောင့်မတ်သော သဘောနှင့်ပြည့်စုံတော်မူသည်ဖြစ်၍ အပြစ်ရှိသောသူတို့ကို လမ်းပြတော်မူ၏” (ဆာလံ ၂၅း၈)။ ။
“အကြင်သူသည် ထာဝရဘုရားကိုကြောက်ရွံ့တတ်၏။ ထိုသူအား နှစ်သက်ဖွယ်သောလမ်းကိုပြညွှန်တော်မူမည်။ ထိုသူသည် ကိုယ်တိုင်ကောင်းမွန် စွာကျိန်းဝပ်၍သူ၏အမျိုးအနွယ်သည်လည်း ပြည်တော်ကိုအမွေခံကြရလိမ့်မည်” (ဆာလံ ၂၅း၁၂) ကျမ်းစကားများနှင့် သုတ္တံကျမ်းစကားများကို သတိရမိပါသည်။ ။
“တို့များမိရိုးဖလာဗုဒ္ဓဘာသာဝင်အတော်များများက “သီလလို့ပြော လိုက်ရင်၊ ရှောင်စရာအမူအကျင့်တွေကို ရှောင်ကြဉ်ရုံသက်သက်ပဲလို့ ထင်တတ် ကြတယ်။ ဥပမာ ငါးပါးသီလမှာဆိုရင်ကွာ သူ့အသက်ကိုသတ်ခြင်းကိုရှောင်ကြဉ်တာ သူတပါးပစ္စည်းခိုးယူခြင်းကို ရှောင်ကြဉ်တာ၊ မှားယွင်းသောကာမဂုဏ်အမှုကို ရှောင်ကြဉ်တာ၊ မူးယစ်သေစာသောက်စားမှီဝဲမှုကို ရှောင်ကြဉ်တာ၊ မုသားစကား ပြောဆိုခြင်းကိုရှောင်ကြဉ်တာ စသည်ပေါ့ ရှောင်ကြဉ်စရာကိစ္စတွေကိုရှောင်ကြဉ် ရုံနဲ့ သီလပြည့်စုံပြီလိုယူဆတတ်ကြတယ်။ လူတစ်ဦးအနေနဲ့ မပြုသင့်တဲ့
ကိစ္စတွေကို မပြုဘဲရှောင်ကြဉ်ခြင်းဟာ “ဝါရိတ္တသီလ” အပိုင်းသာ ပြည့်စုံစေတာ မို့ အဲဒီလူကိုပြီးပြည့်စုံတဲ့ သီလရှိသူလို့ မဆိုနိုင်သေးဘူး။ သူတပါးရဲ့ လိုအပ်ချက်ကိုကိုယ်တတ်စွမ်းသမျှ ကူညီဖြည့်စွမ်းပေးခြင်းလို လုပ်ဆောင်စရာရှိတဲ့ ကိစ္စမျိုးတွေကိုပါ လုပ်ဆောင်မှ “စာရိတ္တသီလ” နဲ့ပါပြည့်စုံသွားပြီး၊ ဗုဒ္ဓအလိုကျ သီလရှိသူလို့ဆိုနိုင်တယ်” ဟုဖတ်ရသောအခါ “သင်တို့သည် ကိုယ်၌သူတပါး ပြုစေလိုသည့်အတိုင်း သူတပါး၌ပြုကြလော့။ ဤပညတ်ကားပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းတို့၏ အချုပ်အခြာပင်ဖြစ်သတည်း” (မဿဲ ၇း၁၂) ကျမ်းစကား ကိုသတိရမိပါသည်။ ။
“လောကပါလတရားဆိုတာ လောကကိုစောင့်ရှောက်သောတရားလို့ အဓိပ္ပာယ်ရတယ်။ လောကကြီးမပျက်စီးမယိုယွင်းအောင်၊ လောကကြီးစည်ပင် ဖွံ့ဖြိုးအောင်စောင့်ရှောက်တတ်တဲ့တရားပေါ့ကွာ။ ဗုဒ္ဓဒေသနာတရားတော်အရ
လောကပါလတရားနှစ်ပါးရှိတယ်။ အဲဒါက ဟီရိဆိုတဲ့ အရှက်တရား၊ ဩတ္တပ ဆိုတဲ့အကြောက်တရားတို့ပဲ။
ဗုဒ္ဓညွှန်ပြတဲ့အရှက်တရားနဲ့အကြောက်တရားဆိုတာ လူတောမတိုးဝင် အောင်ရှက်တတ်ကြောက်တတ်တာမျိုးကို ဆိုလိုတာမဟုတ်ဘူး။ ကိုယ့်အသက် အရွယ်၊ ကိုယ့်ဂုဏ်သိက္ခာ၊ ကိုယ့်ပညာအဆင့်အတန်းနဲ့ မကောင်းမှုကျူးလွန် မယ်ဆိုရင် ရှက်စရာကြီးပါလားလို့ သိမြင်ခံစားမှုရှိတာရယ်၊ ဒီလိုရှက်စရာ အပြုအမူကိုပြုမိရင် ငါသာမက ငါ့မိသားစု၊ ငါ့အသိုင်းအဝိုင်းပါ၊ ပညာရှိသူတော် ကောင်းများရဲ့ ကဲ့ရဲ့ရှုံ့ချမှုကိုခံရပြီး တံတွေးခွက်ထဲပက်လက်မျောရချည်ရဲ့ဆိုပြီး ကြောက်ရွံ့ထိတ်လန့်စိတ်ဖြစ်ပေါ်လာတာကိုဆိုလိုတာ။ နောက်တစ်နည်းပြော ရရင်တော့ လောကပါလတရားဆိုတာ ပညာရှိသူတော်ကောင်းများရွံ့ရှာမုန်းတီး ပြီးအပြစ်ကဲ့ရဲ့စရာဖြစ်စေမဲ့အလုပ်မျိုးကို ပြုမူရမှာရှက်တတ်ကြောက်တတ်တာကို
ပြောတာဟုဖတ်ရသောအခါ ကိုယ်တော်ရှင်၏အလိုတော်နှင့်မညီညွတ်သော အမှုများကိုပြုနေသော ဖာရိရှဲနှင့်ဇတ္တုကဲတို့ကိုသခင်ယေရှု ပြစ်တင်ရှုံ့ချသော ကျမ်းစကားများကိုလည်းကောင်း။
“သာသနာပလူတို့သည် သင်တို့ကိုအပြစ်တင်ကြသည့်အမှုမှာ၊ ဘုရား သခင်ကြည့်ရှုစီရင်တော်မူသောနေ့ရက်၌ သင်တို့၏ကောင်းသောအကျင့်ကို
သူတို့သည် ထောက်ရှု၍ဘုရားသခင်ကို ချီးမွမ်းမည့်အကြောင်း၊ သူတို့ရှေ့၌ တင့်တယ်လျောက်ပတ်စွာကျင့်နေကြလော့။” (၁ပေ ၂:၁၂) ကျမ်းစကားကို လည်းကောင်းသတိရမိပါသည်။ ။
ဂေါတမမြတ်စွာဘုရားဟောကြားတော်မူသော အင်္ဂုတ္တရပါဠိတော်၊ ဒဿနနိပါတ် ပထမပသုတ်တွင် “သဗ္ဗေသတ္တာအဟာရဋ္ဌိတိကာ” အဆိုအမိန့်ကို တွေ့ရှိရပါသည်။
၄င်းအဆို အမိန့်ကို “သဗ္ဗေသတ္တာ၊ သတ္တဝါအားလုံးတို့သည် အဟာရဋ္ဌိတိကာ၊ အစာအဟာရရလျှင်တည်ရာရှိ၏။” ဟုသဒ္ဒါအနက်ပြန်ဆို ထားသည်။ ။
၄င်း၏အနက်အဓိပ္ပါယ်မှာ အစာဟာရ၌သတ္တဝါတို့တည်မှီနေကြရကား၊ အစာအဟာရသည်သတ္တဝါတို့အတွက် မရှိမဖြစ်အရေးအကြီးဆုံးလိုအပ်ချက် ဖြစ်သည်။ ဤသတ္တလောက၌အစာအဟာရများ ပျောက်ကွယ်သွားလျှင် သတ္တဝါ ဟူသောသက်ရှိတို့သည်လည်း အသက်ရှင်ခြင်းငှာမတတ်သတော့ဘဲ ဥဿုံ
ပျောက်ကွယ်သွားမည်သာ ဖြစ်သည်ဟုဆိုလိုခြင်းဖြစ်သည်ဟု လေ့လာတွေ့ရှိရ စဉ်က- ထို
“တဖန်ဘုရားသခင်က၊ အသက်ရှင်၍လှုပ်ရှားတတ်သော တိရစ္ဆာန်တို့ကို ရေသည်များစွာမွေးဖွားစေ။ ဌက်တို့လည်းမြေပေါ် မိုးကောင်းကင်မျက်နှာကြက် ပြင်ဝယ်ပျံစေဟု အမိန့်တော်ရှိ၏။ ထိုသို့လျှင် ရေသည်တိရစ္ဆာန်အမျိုးအလိုက် များပြားစွာမွေးဖွား၍ ငါးကြီးအစရှိသော အသက်ရှင်၍လှုပ်ရှားတတ်သော တိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း၊ ပျံတတ်သောဌက်မျိုးအပေါင်းတို့ကို လည်းကောင်း ဘုရားသခင်ဖန်ဆင်း၍ ထိုအမူအရာသည်ကောင်းသည်ကို မြင်တော်မူ၏။ ဘုရားသခင်ကလည်း များပြားစွာမွေးဖွားကြလော့။ ပင်လယ်ရေ များကိုပြည့်စေကြလော့၊ ဌက်တို့လည်းမြေပေါ်၌များပြားစေသတည်းဟု ထိုတိရစ္ဆာန်တို့ကို ကောင်းကြီးပေးတော်မူ၍ ညဦးနှင့်နံနက်သည် ပဉ္စမနေ့ရက် ဖြစ်လေ၏။ တဖန်ဘုရားသခင်က မြေသည်အသက်ရှင်သော သတ္တဝါမျိုးတည်း ဟူသောသားယဉ်တို့ကိုလည်းကောင်း၊ ကျားတတ်သော တိရစ္ဆာန်တို့ကို လည်းကောင်း၊ သားရဲမျိုးတို့ကိုလည်းကောင်း မွေးဖွားစေဟု မိန့်တော်မူသည့်
အတိုင်းဖြစ်လေ၏။ ထို့သိုဘုရားသခင်သည် သားရဲမျိုး၊ သားယဉ်မျိုး၊ မြေပေါ်မှာ သွားတတ်သောတိရစ္ဆာန်မျိုးအပေါင်းတို့ကို ဖန်ဆင်း၍ ထိုအမူအရာ ကောင်း သည်ကိုမြင်တော်မူ၏။” (က ၁း၂၀ – ၂၅) ကျမ်းစကား။
“ဘုရားသခင်ကလည်း ကြည့်ရှုလော့၊ မြေတပြင်လုံး၌စပါးသီးကို ဖြစ်စေသောစပါးပင် အမျိုးမျိုးတို့ကိုလည်းကောင်း မျိုးစေ့ကိုဖြစ်စေသော အသီးနှင့်ပြည့်စုံသော သစ်ပင်အမျိုးမျိုးတို့ကိုလည်းကောင်း သင်တို့စားစရာဘို့ ငါပေး၏။” (က ၁း၂၉) ကျမ်းစကား။ ။
“ထိုတိရစ္ဆာန်တို့ကို သင်တို့လက်၌ ငါအပ်၏။ အသက်ရှင်၍လှုပ်ရှား တတ်သမျှသည် အသီးအရွက်ကဲ့သို့ သင်တို့စားစရာကိုဖြစ်ရမည်၊ ခပ်သိမ်းသော အရာတို့ကို သင်တို့၌ငါအပ်ပေး၏။” (က ၉း၃) ကျမ်းစကားကို သတိရမိပါသည်။
ဗုဒ္ဓစာပေတွင် ထင်ရှားကျော်ကြားသော သမားတော်ကြီးဇီဝက၏ အကြောင်းကိုလေ့လာရာတွင်
အဘယမင်းသားက သူ၏နွားခြံဝတွင်တွေ့ရှိသော ထိုကလေးငယ်ကို ဇီဝက (မောင်သက်ရှည်)ဟု အမည်ပေးခဲ့သည်။ ထိုကလေးငယ်သည် ပြည့်တန်ဆာမ၏သားဖြစ်သည်။ နောင်တွင် အဘယမင်းသား၏မွေးစားသား ဖြစ်လာသည်။
မင်းသား၏မွေးစားသားအဖြစ် ကြီးပြင်းလာသော ဇီဝကသည်ဘဝကို မေ့၍ပေါ့ပေါ့တန်တန်နေတတ်သူ မဟုတ်ပေ။ ဤကဲ့သို့ မင်းညီမင်းသားတို့၏ အသိုင်းအဝိုင်းတွင် မိမိကိုယ်ပိုင်ဂုဏ်ရှိပါမှ တင့်တယ်မည်ဟုတွေး၍ ကိုယ်ပိုင် ဥစ္စာဖြစ်နိုင်သည့် ပညာရှာမှီးရန် တက္ကသိုလ်ပြည်သို့ ထွက်လာခဲ့သည်။ တက္ကသိုလ်တွင် (၇)နှစ်မျှ ဆေးဝါးအတတ်ကို အထူးပြု၍ လေ့လာကာ သမားတော်တစ်ဦးအဖြစ်သို့ ရောက်ခဲ့သည်။
ဇီဝကပညာတတ်မတတ် သိနိုင် ရန် သူ၏ဆရာကြီးက တူရွင်း တစ်ချောင်းပေး၍ ဆေးဘက်ဝင်သော အပင်ကို ရှာဖွေခိုင်းလိုက်သည်။ တောတောင်အနှံ့ရှာဖွေသော်လည်း ဆရာကြီးရှာခိုင်းသော ဆေးပင်မတွေ့သဖြင့် ဆေးဘက်မဝင်သောအပင် မတွေ့ဟုဆိုကာ ဇီဝကပြန်လာခဲ့သည်။
ထိုအချိန်တွင်မှ ဆရာကြီးက ငါ့တပည့်ဆေးပညာ အစုံအလင်တတ်ပြီ ဟုနေရပ်သို့ ပြန်ခွင့်ပေးလိုက်သည်ဟု တွေ့ရှိရပါသည်။
၄င်းစာပုဒ်ကို တွေ့ရှိရသောအခါ “မြေသည်မြက်ပင်ကိုလည်းကောင်း စပါးသီးမျိုးကိုဖြစ်စေသော စပါးပင်ကိုလည်းကောင်း မိမိ၌မျိုးစေ့ပါလျှက် သစ်သီးမျိုးကိုဖြစ်စေသော သစ်ပင်ကိုလည်းကောင်း ပေါက်စေ၏။ (က ၁း၁၂) မျိုးစေ့ကိုဖြစ်စေသော အသီးနှင့်ပြည့်စုံသော သစ်ပင်အမျိုးမျိုးတို့ကိုလည်းကောင်း ၊ သင်တို့စားစရာဘို့ ငါပေး၏” (က ၁:၂၉) ကျမ်းစကားတို့ကို သတိရမိပြီး ထာဝရ ဘုရားသခင်သည်လူတို့စားစရာဘို့ ပေါက်စေခဲ့သောအပင်များ၏ အသီးအရွက် အခေါက်တို့သည် လူအားစားစရာဘို့သာမက ဆေးဝါးအဖြစ်အသုံးပြုနိုင်သည် အထိအာနိသင်ရှိစေခဲ့ကြောင်း သဘောပေါက်ရပါသည်။
ထာဝရဘုရားသခင်၏ ပညတ်တော်(၁၀)ပါးမှ ဒုတိယပညတ်ဖြစ်သော “အထက်မိုးကောင်းကင်၌လည်းကောင်း၊ အောက်အရပ်မြေကြီးပေါ်၌လည်းကောင်း မြေကြီးအောက်ရေထဲ၌ရှိသော အရာနှင့်ပုံသဏ္ဍာန်တူအောင် ရုပ်ထုဆင်းထုကို ကိုယ့်အဖို့မလုပ်နှင့် ဦးမချဝတ်မပြုနှင့်” (ထွက် ၂၀း၄) ပညတ်ချက်ကို တွေ့ရပါ သည်။ ၄င်းပညတ်ချက်ကိုထောက်ပြ၍ ခရစ်ယာန်များက ရုပ်ထုဆင်းထုဦးချ ဝတ်ပြုခြင်းကို အပြစ်ပြောရှုံ့ချတတ်ကြသည်။ ထိုခံယူချက်သည် အမြင်မှားခြင်း သာဖြစ်သည်။
ထိုပညတ်ကို မောရှေအားပေးသောအချိန်က ဂေါတမမြတ်စွာဘုရား မပွင့်သေးပါ။ ခရစ်တော်မပေါ်မှီ နှစ်(၅၀၀)ဘီစီခန့်မှ ပွင့်တော်မူသောဘုရား ဖြစ်ပါသည်။ မောရှေအချိန်က လူတို့ကိုးကွယ်ဆည်းကပ်သည့် အဲဂုတ္တုပြည်မှ ဘုရားများ၊ ဣသရေလလူမျိုး ထုလုပ်ကိုးကွယ်သည့် “နွားသူငယ်ရုပ်ထု” ဘုရားများ၊ ဗာလဘုရား၊ အရှတရက်ဘုရား တရား ၂း၁၃- ၃း၇ အရှရဘုရားမ (ထွက် ၃၄း၁၁-၁၄)တို့ကို ရည်ညွှန်းခြင်းဖြစ်သည်ဟု ဆင်ခြင်မိပါသည်။ ။
ထိုအမြင်မှားခြင်းကို ရှင်းလင်းချက်(၃)မျိုးကို တွေ့ရပါသည်။ ဆရာကြီး သံလျင်ဖေသွင်ပညတ်တော်(၁၀)ပါး အနက်ဖွင့်ကျမ်းတွင် ယခုခေတ်ခရစ်ယာန် များသည် နေအိမ်၌ခရစ်တော်၏ဓါတ်ပုံကို ချိတ်ဆွဲထားကြသည်။ ကားတိုင်ရုပ်ကို စားပွဲပေါ်တင်ထားကြသည်။ လည်ပင်း၌ချိတ်ဆွဲထားလေ့ရှိသည်။ ရည်ရွယ်ချက်မှာ
ခရစ်တော်အား အာရုံပြုလာနိုင်ရေးငှာလည်းကောင်း၊ လက်ဝါးကပ်တိုင်၌ အသေခံတော်မူသော သခင်ခရစ်တော်၏မေတ္တာတော်ကို အောက်မေ့သတိရ စေခြင်းငှာလည်းကောင်း အထောက်အကူပြုရေးသာဖြစ်သည်။ ထိုသက်မဲ့ ပစ္စည်းများကို ကိုးကွယ်ဆည်းကပ်ဝတ်ပြုခြင်းငှာမဟုတ်ပါ။ သမ္မာကျမ်းစာကို ဖတ်ရှုပြီး ဘုရားအာရုံပြုဆုတောင်းပတ္ထနာပြုရန် ပုံနှိပ်ထားခြင်းဖြစ်ပြီး ထိုသမ္မာ
ကျမ်းစာကိုဝတ်ပြုကြရန် မဟုတ်ပါ။ ထိုအရာများ “မှတဆင့်” (တနည်း) ထိုအရာများ “အားဖြင့်” ဘု ရားကို အာရုံ ပြုနိုင်ရေးအတွက် အထောက်အကူ အဖြစ်ထားရှိခြင်းသာဖြစ်ပါသည် ဟုလည်းကောင်း။ ။ – Canon B.H. Streeter ၏” The Buddha and The Christ” စာအုပ်တွင် ထာဝရငြိမ်သက်ခြင်းဖြင့် စံပယ်တော်မူသော ဗုဒ္ဓပုံတော်ရှေ့မှောက်တွင် ဦးညွှတ်လျက်ရှိသော ဗုဒ္ဓဘာသာဝင်တစ်ဦးသည်လည်းကောင်း၊ လက်ဝါးကပ် တိုင်တွင် အသွေးတော်သွန်းလျှက် ဒုက္ခသစ္စာခံစားတော်မူသော ယေရှုပုံတော် ရှေ့မှောက်တွင်ကယ်တင်ခြင်း ကျေးဇူးတော်ကိုချီးမွမ်းလျက်ရှိသော ခရစ်ယာန် ဘာသာဝင်တစ်ဦးသည်လည်းကောင်း အချီးနှီးအလဟသမဖြစ်နိုင်ပါ။ သီလ၊ သမာဓိတည်းဟူသော ကောင်းမြတ်သောအကျင့်စာရိတ္တနှင့် စိတ်တည်ငြိမ်မှု အတွက် အထောက်အကူပြုပေလိမ့်မည်။ ပုံတော်ရှိမှဂုဏ်တော်ကို အောက်မေ့ နိုင်သောသူအတွက် ပုံတော်သည်မရှိမဖြစ်လိုအပ်ပါသည်။ ဂုဏ်တော်တည်းဟု
သောသွန်သင်ချက်ကို ကြားယောင်နိုင်ပါသည်။ အကယ်၍ ပုံတော်မပါဘဲလျက် ဂုဏ်တော်ကိုသတိရအောက်မေ့နိုင်စွမ်းရှိသော သူအတွက်ပုံတော်သည် လိုကောင်းမှလိုပေမည်။ သို့ရာတွင် ထိုကဲ့သို့သောသူသည် လောကတွင်မရှိ သလောက်ရှားပါးသည်။ ပုံတော်မှဂုဏ်တော်သို့ ရောက်သည့်တိုင်အောင် တက်လှမ်းနိုင်သူလည်း အနည်းငယ်သာရှိနိုင်ပါသည်ဟု လည်းကောင်း။ ။ . စစ်ကိုင်းတောင်ရိုး၊ သီတဂူဆရာတော်ဘဒ္ဒန္တဉာဏိသရ (D.Litt) အရှင်မြတ်၊ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင်မေးသော “ဗုဒ္ဓဝါဒသည် Religion လား” မေးခွန်းကိုဖြေကြားပြီး All India Radio မှအသံလွှင့်ဟောကြားခဲ့သော တရားတော်တွင် “ဗုဒ္ဓဘာသာဝင်တွေဟာ ဗုဒ္ဓရဲ့ ပုံတော်ကို ရှိခိုးပူဇော်နေကြတာဟာ ချမ်းသာစည်းစိမ်တစ်ခုခုကို မျှော်လင့်တောင့်တပြီးရှိခိုးနေကြတာ မဟုတ်ပါဘူး။
အသက်ထင်ရှားရှိတဲ့ ဗုဒ္ဓရဲ့ရှေ့မှောက်ရောက်နေတယ်လို့ စိတ်မှတ်ပြုပြီး အလွန်
လေးနက်သောဂါဝရဖြင့် ရှိခိုးနေကြခြင်းဖြစ်တယ်။ ဒီလိုရှိခိုးပူဇော်နေတဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ စိတ်ထဲမှာပေါ်ပေါက်လာတဲ့ ကြည်ညိုသဒ္ဓါတရားဟာ အလွန်အံ့သြစရာကောင်းပါတယ်။ အတုမရှိတဲ့ မဟာပုရိသ ဗုဒ္ဓရဲ့ ပုံတော်ရှေ့မှာ ပန်း၊ ရေချမ်း၊ ဆီမီး၊ ဆွမ်းစသည်တို့ကို ကပ်လှူပြီးရှိခိုးနေတာဟာ ဗုဒ္ဓဘာသာဝင် တို့ရဲ့ စိတ်နှလုံးမှာ ကြည်လင်အေးချမ်းပြီး ဆုတ်နစ်နေသောစိတ်ဓါတ်ဟာ တက်ကြွလာပါတယ်။ ကျဆင်းနေတဲ့စိတ်ဓါတ်ဟာ ပြန်မြင့်လာတယ်။ ညစ်ည္း နေတဲ့စိတ်ဓါတ်ဟာ ကြည်လင်လာတယ်” ဟုလည်းကောင်း တွေ့ရှိရပါသည်။
ခရစ်ယာန်ဘာသာနှင့် ဗုဒ္ဓဘာသာနှစ်ရပ်စလုံးသည် မေတ္တာတရားကို အခြေခံလျှက် လောကီဒုက္ခကင်းပျောက်ရာ သုခဘုံသို့ဝင်ရောက်နိုင်ရေးကို ကြိုးပမ်းစေသော ကောင်းမြတ်သည့်ဘာသာများဖြစ်သဖြင့် တစ်ဘာသာနှင့် တစ်ဘာသာဝိရောဓိဖြစ်မနေကြပဲ အညမညသဘောဆောင်ကြလျှင် ပို၍အကျိုး ဖြစ်ထွန်းစေမည်ဖြစ်ပါသည်။ တ
ခရစ်ယာန်ဘာသာဝင်တို့ ကိုးကွယ်ဝတ်ပြုသော ထာဝရဘုရားသခင်သည် အနန္တောအနန္တဂုဏ်တော်ငါးပါးဖြစ်သော၊ အနန္တအဖြစ်တော် ဖြစ်သောအရှင်၊ အနန္တတန်ခိုးတော်အရှင်၊ အနန္တဉာဏ်တော်အရှင်၊ အနန္တသန့်ရှင်းမြင့်မြတ်သော အရှင်၊ အနန္တသစ္စာတော်ဖြစ်သောအရှင်စသောဂုဏ်တော်တို့နှင့် ပြည့်စုံသော နာမ်ဝိညာဉ်ဘုရားဖြစ်သဖြင့် ယုံကြည်ကိုးကွယ်ရုံသာမက အားထားခိုလှုံထိုက်
သော ဘုရားဖြစ်သည်ကို သိမြင်လျက်အခြားဘာသာကြီးများအား မုဒိတာ ၊ ပွားနိုင်စေရန် မေတ္တာရည်လျှက် ဝေမျှလိုက်ပါသည်။
မြအေး (လေ့လာသူခရစ်ယာန်)
ကိုးကားကျမ်းများနှင့်စာအုပ်များ
(၁) သမ္မာကျမ်းစာတော်။
(၂)ခရစ်ဝင်အနက်ဖွင့်ကျမ်းများ (သံလျင်ဖေသွင်)
(၃)ပတ္ထနာတော်အနက်ဖွင့်ကျမ်း (သံလျင်ဖေသွင်)
(၄)ပညတ်တော်ဆယ်ပါးအနက်ဖွင့်ကျမ်း (သံလျင်ဖေသွင်)
(၅)ခရစ်တော်၏မင်္ဂလာတရားတော်အနက်ဖွင့်ကျမ်း (သံလျင်ဖေသွင်)
(၆)ဩဝါဒစာများအနက်ဖွင့်ကျမ်းများ (ဆရာဒီအောင်ရီ)
(၇) သမ္မာကျမ်းစာအဘိဓာန်။
(၈) သမ္မာကျမ်းစာလေ့လာနည်း (ဘာသာပြန်)
(၉) ကမ္ဘာဦးကျမ်းအနက်ဖွင့်ကျမ်း (ထွန်းမြတ်အေးဘာသာပြန်)
(၁၀) ဓမ္မသစ်အနက်ဖွင့်ကျမ်း (ခရစ်ယာန်စာပေလုပ်ငန်း)
(၁၁) တောင်ပေါ်တရားတော် (သိက္ခာတော်ရဒေါက် တာအက်(စ်)
ပေါင်ခန့်အင်း) ၊
(၁၂) သမ္မာကျမ်းစာမှသိမှတ်ဖွယ်ရာများ(သိက္ခာတော်ရဆရာကြီး
ဒေါက်တာကေတီဗုသါ)
(၁၃) The Secret Of Happiness (Dr Billy Graham)
(၁၄) The Parables of Jesus Christ (E.G. White)
(၁၅) ဗုဒ္ဓဘုရား၏တရားတော်များ (ဦးကိုကိုနိုင်) (၁၆) ဘာသာကြီးလေးရပ် (ညိုသောင်း) ၊
(၁၇) ဘုံစဉ်စံဘဝလမ်းပြဒဿန (ဆန်းလွင်)
(၁၈) မေတ္တာတရား (ဆရာတော်ဦးဇောတိက)
(၁၉) ဘဝခရီးဂင်္ဂါမှသည်အောင်မြင်မှုသမုဒ္ဒရာသို့ (ဝင်းသိန်းဦး)
(၂၀) လူဆိုတဲ့လူ (ဒေါက်တာရဲနိုင်) ၊ (JTM) Unity in Diversity (O.P. Ghai)