ဆရာအောင်ထွယ်
ဆရာခင်မောင်မြင့်တည်းဖြတ်သည်။ မီးပြတိုက်စာပေ – ၂၀၁၅၊ နိုဝင်ဘာ
အသင်းတော်အတွင်းကန့်
သတ်
ပုံနှိပ်မှတ်တမ်း
ပထမအကြိမ် -၂၀၁၅ခုနစ်၊ ဒီဇင်ဘာလ။
အုပ်ရေ -၁၀၀၀
တန်ဖိုး –
မျက်နှာဖုံး -ဆာရာနော်ဂျာ၊ ဆရာအောင်ထွယ်
စာမျက်နှာအပြင်အဆင် -ဆရာနော်ဂျာ
ထုတ်ဝေသူ -ဦးမနားလိန်း ( ဟောရှဏစာပေ )
မှတ်ပုံတင်အမှတ် ( ၀၁၃၆၀ )
အမှတ် ( ၂၄၈ )၊နီလာလမ်း
၂/၁ တိုးချဲ့ရပ်ကွက်၊ ထောက်ကြန့်။
ပုံနိပ်သူ -ဦးခင်မောင်မြင့် (မြင့်ပုံနိပ်တိုက်)
မှတ်ပုံတင်အမှတ် ( ၀၀၃၅၅ )
အမှတ် ( ၄၁၆ ) အောက်ကြည့်မြင့်တိုင်လမ်း၊
အလုံ၊ရန်ကုန်မြို့။
တည်းဖြတ်သူ့၏အမှာစာ
ဆရာအောင်ထွယ်ပြုစုရေးသားသော ယနေ့ခေတ်လူငယ်များနှင့်
အဓိက စိန်ခေါ်ချက်ကြီးများစာမူကို တည်းဖြတ်ခွင့်ရ၍အထူးပင်ဝမ်း
မြောက်မိပါသည်။ လူငယ်များအပေါ်ဝန်တာထား၍လူငယ်တို့ဘဝ သာ
ယာလှပစေလိုသောဆရာ၏ဆန္ဒများသည်ကျွန်တော်၏ဆန္ဒနှင့် တစ်ထပ်
တည်းကျနေ၍ ဤစာမူကို တည်းဖြတ်ရခြင်းအပေါ် ဂုဏ်ယူဝမ်းမြောက်
ရခြင်းပင်။ ယနေ့လူငယ် များစွာတို့သည်လှပ ပျိုမြစ်တက်ကြွ သည့်
အချိန်လေးမှာပင်လောက၏ ဆွဲဆောင် မှု၊ ဇာတိစိတ်ကို မချုပ်တည်းနိုင်
မှုတို့ကြောင့်စာတန်၏ထောင်ခြောက်များထဲသို့ကျဆင်းကာမြင်းကောင်း
ခွါလိပ်၊ ပန်းကောင်းအညွန့်ချိုးဆိုသည့် ဆိုရိုးစကားလေး အတိုင်းလူ
တကာ၏တံတွေးခွက်ထဲပက်လက်မြောနေကြရရှာသည်။ ဘုရားသခင်
နာမရှုံ့ချစရာ၊ မိဘများဝမ်းနည်းကြေကွဲ စရာအဖြစ်မျိုးနှင့်ကြုံတွေ့နေ
ကြရသည်။
ထို့ကြောင့်အနာဂတ်ကိုအလှဆင်မည့် လူငယ်များဘဝလှပစေဖို့
“မြင်းကိုနိုင်လိုဇက်ကိုဆွဲ၊လှေကိုနိုင်လိုတက်ကိုဆွဲ” ဆိုသည့် ဆိုရိုးစကား
အတိုင်း ဤစာအုပ်ပါနှုတ်ကပတ်တော်အခြေပြု ဖေါ်ပြချက်များက
ဘုရားသခင် အလိုတော် လမ်းအတိုင်းလျှောက်လှမ်းနိုင်ခြင်းဆိုသည့်
သင်၏ဇာတိဇက်ကိုဆွဲနိုင်ပြီးတည့် မတ် မှန်ကန်စွာသွားနိုင်သည့် တက်
ကိုလည်းဖေါ်ပြပေးနေပါသည်။ ဘုရားသခင်ကိုကိုးစားပြီး ရိုးသားကြိုး
စားသောလူငယ်များ နှုတ်ကပတ် တော်ကိုတန်ဖိုးထားပြီးသန့်ရှင်းစွာ
အသက်ရှင်သောလူငယ်များ၊ မိမိကိုယ်ကိုစောင့်ရှောက်တန်ဖိုး ထားလျက်
လောက၏ဆွဲဆောင်မှုများအပေါ် အောင်မြင်ကျော်လွှားနိုင်သောလူငယ်
များ၊ဘုရားသခင်အတွက် အစေခံ လိုသောလူငယ် များ၊ အမှောင်လော
ကကြီး ထဲတွင်အလင်းဆောင် သောလူငယ် များဖြစ်လာစေရန် စာအုပ်
ကအထူး အထောက်အကူဖြစ်မည် ဟုကျွန်တော် ယုံကြည်မိပါသည်။
လူငယ်များအနေနှင့်ဒီစာအုပ်ကို အစအဆုံးဖတ်ရှုပြီးမိမိအနာဂတ်ကိုမြင်
နိုင်ပါစေ။ မိမိအသက်တာကိုပြင်ဆင်နိုင်ပါစေ။ မိမိရှိနေသောနေရာ
တိုင်းမှာဆားကဲ့သို့ပျော်ဝင်နိုင်ပါစေ၊ ပန်းလိုလှပြီးပန်းလိုမွှေးသော
လူငယ်များဖြစ်နိုင်ပါစေ။လောကကို အလှဆင်ပြီး ဘုရားဘုန်းထင်ရှား
သောလူငယ်များဖြစ်နိုင်ပါစေလို့ ဆုမွန်ခြွေလျက်…
မေတ္တာဖြင့် – ခင်မောင်မြင့် (၂၆၊၁၀၊ ၂၀၁၅)
ယနေ့ခေတ်လူငယ်များနှင့် အဓိကစိန်ခေါ်ချက်ကြီးများ
{ စာရေးသူ၏အမှာစာ }
ကျွန်တော်ရဲ့ တတိယမြောက်စာအုပ်ဖြစ်တဲ့ ယနေ့ခေတ်လူငယ်များ
နှင့် အဓိကစိန်ခေါ်ချက်ကြီးများ ကိုရေးသားထုတ်ဝေခွင့်ပြုတဲ့ဘုရား
ရှင်ရဲ့ကျေးဇူးတော်ကိုရှေ့ဦးစွာချီးမွမ်းပါတယ်။ ယခင်ကျွန်တော်ရဲ့ ပထမစာ
အုပ်ဖြစ်တဲ့လူငယ် ရွှေရောင်အနာဂတ်၊တတိယမြောက်စာအုပ်ဖြစ်တဲ့ လူငယ်
အနာဂတ်ခေါင်း ဆောင်ကောင်းစတဲ့စာအုပ်တွေကို ဝယ်ယူဖတ်ရှု အားပေးမှု
အတွက်လည်းမိတ်ဆွေတို့ကိုအထူးကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။
ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့်ယခင်စာအုပ်တွေကိုလည်း အကြိမ်ကြိမ်
ပုံနှိပ်ထုတ်ဝေကာ မြန်မာပြည်အနှံ့ဖြန့်ချီနိုင်ခဲ့ပါ တယ်။ စာဖတ်ပရိသတ်တွေက
လူငယ်နဲ့ပတ်သက်ပြီးနောက်ထပ်စာအုပ်အသစ် ဘယ်အချိန်ထွက်မလဲလို့
ကျွန်တော့်ကိုအကြိမ်ကြိမ်မေးမြန်းခံရတဲ့အချိန်တိုင်းနောက်ထပ်စာအုပ် အသစ်
တစ်အုပ်ကိုထပ်မံ ရေးသားလိုစိတ်တွေက တဖွားဖွားနဲ့ပေါ်ပေါက် လာပါတယ်။
ဒါပေမယ့်စာရေးဆရာကြီးတစ်ပါးကပြောဖူးတယ်။ ခံစားချက်အသစ်
တွေမရှိဘဲနဲ့သီချင်းသစ်တွေမရေးပါနဲ့၊စိတ်ကူးစိတ်သန်းအသစ် တွေမရှိ
ပဲနဲ့စာ အုပ်အသစ်မရေးပါနဲ့တဲ့ ဒီအဆိုလေးကိုကျွန်တော်အလွန်ဘဲ သဘော
ကျနှစ်သက်မိပါတယ်။ စာဖတ်သူတွေအတွက်အနှစ်သာရမရှိတဲ့စာတွေ
ရေးသားနေမယ့်အစားတော့ဘာမှမရေးဘဲနေတာကပိုတောင် ကောင်းပါတယ်။
ဒီလိုနဲ့ကျွန်တော်ဟာတစ်နှစ်နီးပါး ဘာမှမရေးသားပဲစိတ်ကူးစိတ်သန်း
အသစ်တွေရရှိဖို့ ဘုရားသခင်ထံဆုတောင်းရင်း၊ စာပေတွေဖတ်ရှုလေ့လာရင်း
နဲ့စောင့်ဆိုင်းနေခဲ့ပါတယ်။ ကျွန်တော်ဟာ ကျမ်းစာကျောင်းသုံးကျောင်းမှာ
ကျမ်းစာသင်ကြားပို့ချပေးနေတဲ့ဆရာတပါးဖြစ်တာနဲ့အညီ ကျွန်တော့်မှာ
တခြားအကြောင်းအရာတွေနဲ့ပတ်သက်ပြီး ရေးသားတင်ပြစရာတွေအများကြီး
ရှိနေတာမှန်ပေမယ့် လူတိုင်းလိုလို၊ ခရစ်ယာန်စာအုပ်ဆိုင်တိုင်းလိုလိုက
ကျွန်တော့ကို လူငယ်နဲ့ပတ်သက်ပြီး ဆက်လက်ရေးသားဖို့အကြံပြုတိုက်တွန်း
အားပေးခဲ့ကြပါတယ်။ ဒါကြောင့်ကျွန်တော်ဟာနဂိုလမ်းကြောင်းအတိုင်း လိုင်း
မပြောင်းပဲလူငယ်တွေနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကိုပဲထပ်မံလေ့လာ
လိုက်စားဖို့ရေးသားဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။
ဒီလိုနဲ့လွန်ခဲ့တဲ့(၂၀၁၅)မေလတုန်းက ဖိလိပိုင်နိုင်ငံဘားဂယိုးမြို့မှာ
အာရှပစိဖိတ်နိုင်ငံပေါင်း တစ်ဆယ့်ငါးနိုင်ငံကလူငယ်ခေါင်းဆောင် သင်တန်း
တစ်ခု AIYS (Asia Institute of Youth Study) ကိုနှစ်ပတ်တာမျှ မြန်မာပြည်
(အေဂျီ) အသင်းတော်ကိုယ်စားအခြားမိတ်ဆွေဆရာတစ်ယောက်နဲ့အတူ
တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။ အဲဒီသင်တန်းဟာ အဓိကအားဖြင့်လူငယ်သာ
သနာလုပ်ငန်းအကြောင်း လေ့လာသင်ကြားပို့ချခြင်းဖြစ်ပြီး လူငယ်ပိုင်း
နဲ့ပတ်သက် တဲ့အရေးကြီးသတင်းအချက်အလက်တွေ၊ အတွေ့အကြုံတွေများ
စွာကိုလည်းသင်ယူလေ့လာနိုင်ခွင့် ရရှိစေခဲ့ပါတယ်။ သင်တန်းကာလ မှာသက်
ဆိုင်ရာခေါင်းဆောင်ပိုင်းတွေက သင်တန်းသားတိုင်းကိုစာအုပ် လက်ဆောင်
တွေလည်းပေးအပ်ခဲ့ပါတယ်။ အဲဒီမှာကျွန်တော့အတွက်တန်ဖိုးမဖြတ်နိုင်
တဲ့လူငယ်နဲ့ပတ်သက်ပြီးစာကောင်း၊ ပေကောင်း(၅)အုပ်လောက်ရရှိခဲ့ပါတယ်။
ဒါဟာယခုထွက်ရှိလာတဲ့ဒီစာအုပ်အသစ်အတွက် အလွန်အရေး ကြီးတဲ့
အခြေခံအရင်းအမြစ်တွေဖြစ်ပါတယ်။
မြန်မာပြည်မှာရှိတဲ့လူငယ်မောင်မယ်တွေ အများစုဟာပြည်ပနိုင်ငံ
ရပ်ခြားကမ္ဘာနဲ့အဆက်အသွယ်ပြတ်နေတာကြာလှပါပြီ။ ဒါပေမယ့်သိပ်မကြာ
သေးမှီအချိန်ကပဲမြန်မာပြည်ဟာ စစ်အုပ်ချုပ်ရေးစနစ်ကနေပါလီမန် ဒီမိုကရေစီ
စနစ်ကိုစတင်ပြောင်းလဲကျင့်သုံးခဲ့တာကြောင့် ယခင်ဆယ်စုနှစ်များစွာ အတွင်း
မရရှိနိုင်တဲ့အခွင့်အရေးတွေ စတင်ရရှိလာခဲ့ပါတော့တယ်။ ဥပမာ၊ ယခင်သူဌေး
သူကြွယ်တွေသာ ကိုယ်ပိုင်ဖုန်းတွေ၊ မိုဘိုင်းဖုန်းတွေ၊ စမတ်ဖုန်းတွေကိုင်နိုင်တဲ့
အနေအထားကနေ အခုဆိုရင်
ဆိုက်ကားသမား၊ကုန်စိမ်းသည်။စည်ပင်သာယာအမှိုက်ကောက်ဝန်ထမ်းပါမကျန်မိုဘိုင်းလ် ဖုန်း၊ အင်တာနက်သုံးလာနိုင်ကြပါတယ်။
အရှေ့တောင်အာရှနိုင်ငံအချို့ဖြစ်တဲ့ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊
လာအို၊လောစတဲ့နိုင်ငံတွေဆီ ယခင်အချိန်တွေကလိုဗီဇာမလိုတော့ဘဲပတ်စပို့
(နိုင်ငံသားလက်မှတ်)ရှိရင်အချိန်အကန့်သတ်နဲ့သွားရောက် လည်ပတ် ခွင့်ရှိလာ
တယ်။ ယခင်ပတ်စပို့ရဲ့သက်တမ်းဟာလည်းသုံးနှစ်သာရှိရာကနေ အခုချိန်မှာ
တော့ငါးနှစ်အထိ တိုးလာတာကိုတွေ့ရတယ်။ ထို့အပြင်နိုင်ငံခြားသားတွေ
အနေနဲ့လည်းဟိုတယ်တွေမှာသာမက နီးစပ်ရာမိတ်ဆွေအိမ်တွေမှာ တည်းခို
နေနိုင်ခွင့် ယခင်ထက်အချိန်အကန့်အသတ်ပိုမို ကြာရှည်စွာတည်းခိုနေပိုင်ခွင့်
တွေရရှိစေဖို့အတွက်လည်းသက်ဆိုင်ရာ ဝန်ကြီးဌာနတွေက စတင်ညှိနှိုင်းဆွေး
နွေးလာကြပါတယ်။ ပြည်ပကနည်းပညာတွေ၊ ကျောင်းတွေ၊ စက်ရုံ တွေ၊ ကုမ္ပဏီ
တွေ၊ အတွေးအခေါ် အမြင်သစ်တွေ၊ ယဉ်ကျေးမှုတွေ၊ လူတွေ (အကောင်း
ရောအဆိုးရော)ဟာ အလုံးအရင်းနဲ့မြန်မာပြည်ထဲကိုစတင်ဝင် ရောက်လာကြပါ
တော့တယ်။ မြန်မာပြည်ရဲ့ ဒီလိုလက်ရှိအခြေအနေကို အသစ် ဖန်ဆင်းခြင်း
အသင်းတော်ရဲ့ သင်းအုပ်ဆရာ ဖြစ်တဲ့ဒေါက်တာ ဟောရှေက ခုလိုရှင်းပြထား
ပါတယ်။
လက်ရှိမြန်မာပြည်ရဲ့အခြေအနေဟာ အချိန်အကြာကြီးမတုန် မလှုပ်
ရပ်ထားရာကနေရုတ်တရက်စက်နိုးပြီး အရှိန်ပြင်းပြင်းထွက်သွားတဲ့ဘတ်စ်
ကားတစ်စီးနဲ့တူတယ်လို့ဆိုပါတယ်။ ကားပေါ်ကလူတွေဟာဘတ်စ်ကား ရပ်
ထားတာကြာပြီဖြစ်တဲ့အတွက်ကားပေါ်မှာ လူတိုင်းဟာကိုယ့်အတွေးနဲ့ ကိုယ်စီ
ရှိနေကြတယ်။ အချို့ကတော့စကားစမြည်ပြောကြရင်း၊ အချို့ကျပြန်တော့ နေ
ကြာစေ့စားရင်းအမှုမဲ့အမှတ်မဲ့အိမ်မှာနေသလိုနေကြတယ်။ ဒါပေမယ့် ဘတ်စ်
ကားဟာ ဘာမှအချက်ပေးပြင်ဆင်စေတာမျိုးမရှိပဲ ရုတ်တရက်ချက် ချင်းအရှိန်
နဲ့မောင်းထွက်သွားချိန်မှာတော့အချို့ဟာ ကိုယ်ဟန်အနေအထားကိုပြင်ဆင်ချိန်
တွေမရလိုက်တာကြောင့်ရှေ့ဘက်ကိုဝမ်းလျားမှောက်ကျသွားတာ၊ အချို့ကျ
ပြန်နောက်ဖက်ကို လန်လဲကျသွားတာ၊အချို့ ကတော့ ဘတ်စ်ကား
ရဲ့သံသည်နဲ့ခေါင်းနဲ့ပါလာစသည်ဖြင့်အမျိုးမျိုးဖြစ်ပျက်ကြပါတယ်။
အခြားနိုင်ငံလေ့လာ ယခင်ကလည်းကတဖြည်းဖြည်းနဲ့တစ်ဆင့်ပြီးမှတစ်ဆင့်ပုံ
မှန်လေးလလလလကြတာဖြစ်ပြီး ခေတ်ရဲ့တိုးတက်မှုရေစီးကြောင်းနဲ့ တသားတည်း
ကျနေပေမယ့်မြန်မာပြည်ကတော့ အဲဒီလိုမဟုတ်ဘူး။
အထူးသဖြင့်ဒီခေတ်နဲ့အပြောင်းလဲ ကမ္ဘာကြီးရဲ့အပြောင်းအလဲ၊ မြန်မာ
ပြည်ရဲ့ အပြောင်းအလဲလှိုင်းလုံးကြီးတွေ တစ်လုံးပြီးတလုံးဝင်ရောက်လာတဲ့အခါ၊
အဲဒီလှိုင်းလုံးကြီးတွေ ပိုင်ပိုင်နိုင်နိုင်နင်းပြီးဘဝကို မြှင့်တင်နိုင်စွမ်း ရှိတဲ့သူတွေ ဟာလူနည်းစုလာဖြစ်ကြတယ်။ လူငယ်အများစုကတော့လှိုင်းလုံးကြီးတွေ ကို
ပိုင်နိုင်ကျွမ်းကျင်စွာစီးနင်း ပြင်ဆင်မထားတာကြောင့် လှိုင်းလုံးကြီးတွေ အပေါ်
ရင်သပ်ရှုမောဖွယ်စီးနင်းလိုက်ပါမယ့်အစားလှိုင်းလုံးတွေရဲ့အောက်ထဲကိုရောက်
သွားပြီးဘဝမှာများစွာသောမလိုလားအပ်တဲ့ဆုံးရှုံးနစ်နာမှုတွေနဲ့ကြုံ တွေ့ကြရ
ပါတယ်။ ဒီစာအုပ်ဟာအဲဒီလှိုင်းလုံးကြီးတွေရဲ့ သဘောသဘာဝအကြောင်း
တွေ၊ အန္တရာယ်တွေ၊ အကျိုးကျေးဇူးတွေကိုဖေါ်ပြ ပေးပြီး လှိုင်းလုံးကြီးတွေကို
အပေါ်ကနေစီးနင်းလိုက်ပါနိုင်ဖို့အတွက် နည်းလမ်းကောင်းတွေကိုကျမ်းစာ
အခြေပြုပြီး အခြားစာအုပ်စာပေကောင်းများစွာ ကနေကောက်နုတ်တင်ဆက်
ဖေါ်ပြပေးထားတာပါ။ တိုးတက်မှု၊ ပြောင်းလဲမှု၊ ပွင့်လင်းမြင်သာမှုတိုင်းမှာ
အကောင်းနဲ့အဆိုးဆိုတာ အမြဲတစေ ဒွန်တွဲပါ ဝင်နေတာမို့ ဒီကနေ့မြန်မာပြည်
မှာရှိတဲ့ ခရစ်ယာန်လူငယ်မောင်မယ်တွေ အနေနဲ့ဆောင်ရန်၊ ရှောင်ရန်
အကြောင်း တွေကိုဒီစာအုပ်ကလက်လှမ်းမှီ သလောက်ကွက်ကွက် ကွင်းကွင်း
ဖေါ်ပြပေးမှာဖြစ်ပါတယ်။
ယခင်စာအုပ်နှစ်အုပ်ထက်ဒီစာအုပ်ဟာ မြန်မာပြည်မှာရှိတဲ့လက်ရှိ
ခရစ်ယာန်လူငယ်တွေအတွက်တိုက်ရိုက်ပိုပြီး ပတ်သက်ဆက်နွယ်နေရုံ
သာမက ပိုပြီးလက်တွေ့ဆန်တဲ့စာအုပ်ဖြစ်ကြောင်းပြောပြလိုပါတယ်။
ဒီစာအုပ်မှာ အလွန်အဖိုးထိုက်တန်တဲ့ပညာစကားတွေ၊ အကြံပြုချက်တွေများ
စွာပါဝင်ပြီးဒီအရာတွေဟာ ကျွန်တော်ရဲ့ ကိုယ်ပိုင်အတွေးအခေါ်တွေ၊ လေ့လာ
တွေ့ရှိချက်တွေသက်သက်ကြောင့်သာမဟုတ်ဘဲ ဘုရားသခင်က မျက်မှောက်
ခေတ်မြန်မာပြည်ရဲ့ ခရစ်ယာန်လူငယ်တွေအတွက် အထူးဖေါ်ပြပေးထားတဲ့
အရာတွေဖြစ်ကြောင်းကိုလည်းသိစေလိုပါတယ်။
ဒီစာအုပ်ရေးသားနေစဉ်အတွင်းကျွန်တော်ကိုယ်တိုင်လည်း မြန်မာပြည်
ရဲ့ မျက်မှောက်ခေတ် လူငယ်တစ်ယောက်ဖြစ်နေတာနဲ့အညီ အထူးစိန်ခေါ်
ချက်တွေ၊ စိတ်လှုပ်ရှား မှုတွေ၊အနာဂတ်ကိုမျှော်ကြည့်ပြီး ဝမ်းသာပီတိများ
စွာဖြစ်ခဲ့ရပါတယ်။ အလားတူစာရှုသူမိတ်ဆွေလူငယ်မောင်မယ်အား လုံးလည်း
ကျွန်တော် နဲ့အလားတူ ထပ် တူညီတဲ့စိတ်လှုပ်ရှားမှုတွေ၊ စိန်ခေါ်ချက်တွေ၊
ကောင်းကြီးတွေကိုခံစားရမယ်လို့အထူးယုံကြည်မိပါတယ်။ အကယ်၍ စာရှုသူ
မိတ်ဆွေဟာအသက်ကြီးပိုင်း၊ မိဘတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင်တော့ယခုခေတ်
လူငယ်တွေရဲ့ လက်တွေ့ကြုံတွေ့နေရတဲ့အရာတွေ ဟာဘယ် လောက်ထိ
အန္တရာယ်ရှိတယ်၊ ဘယ်လို အခက်အခဲတွေရှိ တယ်ဆိုတာကို ပိုပြီးသိမြင်လာ
မယ်။ ကိုယ်ရဲ့သားသမီးတွေကိုဘယ်လိုအကာအကွယ်မျိုး၊ လမ်းပြမှုထိန်း
ကျောင်းမှု မျိုး ပေးရမယ်ဆိုတာကိုပိုပြီး သိမြင်နားလည်ရုံသာမက အခုခေတ်
လူငယ်တွေကို အပြစ်မြင်မယ့်အစားပိုပြီးအပြုသဘောဆန်စွာ၊ မျှတစွာရှုမြင်သုံး
သပ် နိုင်မှာဖြစ်ပါတယ်။
ဆရာအောင်ထွယ် (၀၉၄၂၀၀၁၆ဝ၃၄)
Email, nawaungthoi@gmail.com
- sayaaungthoi@gmail.com
လူငယ်နှင့်ခေတ်ပေါ်ခေတ်လွန်အတွေးအခေါ်
နိဒါန်း
မြန်မာပြည်ဟာတံခါးပိတ်ဝါဒကို နှစ်ပေါင်းများစွာကျင့်သုံးပြီး၊ သီးခြား
ကမ္ဘာထဲနေလာခဲ့တာကြောင့် မြန်မာပြည်ခရစ်ယာန်လူငယ်တွေရဲ့ အတွေး
အခေါ် အယူအဆသဘောတရားတွေဟာခေတ်ပေါ်၊ ခေတ်လွန်အတွေး
အခေါ်တွေရဲ့လွမ်းမိုးခြင်းခံရမှုအလွန်နည်းပါးတယ်လို့ဆိုနိုင်ပါတယ်။ ဒါပေ
မယ့်အခုဆိုရင်မြန်မာပြည်ဟာအရှိန်အဟုန်နဲ့နိုင်ငံရေးဆိုင်ရာပြုပြင် ပြောင်းလဲ
မှု၊ ပညာရေးဆိုင်ရာပြုပြင်ပြောင်းလဲမှု၊ စီးပွါးရေးဆိုင်ရာပြုပြင်ပြောင်း လဲမှုတွေ
များစွာရှိလာပြီး နိုင်ငံတကာအသိုင်းအဝန်းဆီစတင်ချဉ်း ကပ်လာပြီ ဖြစ်တယ်။
အဲလို ပြုပြင်ပြောင်းလဲမှု၊ နဲ့ချဉ်းကပ်မှုတွေနဲ့အတူကမ္ဘာကို လွမ်းမိုးနေတဲ့ခေတ်
ပေါ်၊ ခေတ်လွန်အတွေးအခေါ်တွေဟာ မြန်မာပြည်မှာရှိတဲ့ ခရစ်ယာန်လူငယ်
ထုတွေဆီကိုလည်းအရှိန်အဟုန်နဲ့၊ နည်းလမ်းပေါင်းစုံနဲ့ချဉ်း ကပ်ဝင်ရောက်လာ
နေပြီဖြစ်တယ်။ ဒီအတွက်လူငယ်တွေအနေနဲ့ရှောင်ရန်၊ဆောင်ရန်၊ နဲ့ပြင်ဆင်
ရန်စတဲ့အရာတွေကအထူးအရေးပါလာတယ်။
၁။ လူမှုရေးကျင့်ဝတ်ဆိုင်ရာ အတွေးအခေါ်
ထိုသို့ပြုကြသောကြောင့်ဘုရားသခင်သည် သူတို့ကိုရှက်ကြောက်
ဖွယ်သောကိလေသာလက်သို့အပ်လိုက်တော်မူ၏။ အဘယ်သို့နည်းဟူမူ
ကား၊မိန်းမတို့သည်ပကတိထုံးစံကိုစွန့်၍၊ ပကတိနှင့်ဆန့်ကျင်ဘက်ထုံးစံ
ကိုလိုက်ကြ၏။ (ရော၁၂၆)
ခေတ်သစ်ခေတ်လွန်၍ အတွေးအခေါ် အများဆုံးလွမ်းမိုးခြင်း ခံရသူ
တွေဟာလူငယ်တွေပဲဖြစ်တယ်။ ဒီအတွေးအခေါ်တွေထဲမှာမှန်တဲ့အရာနဲ့ မှား
တဲ့အရာတွေဟာရောထွေးပြီးပါလာတတ်တယ်။ အမှန်ကိုပယ်ပြီးအမှားကို
လက်ခံမိတဲ့လူငယ် တွေမဟုတ်ဘဲ၊ အမှားကိုပယ်ပြီးအမှန်ကိုရွေးချယ် တတ်တဲ့
လူငယ်တွေဖြစ်ဖို့လိုတယ်။ အများယောင်လို့ကိုယ်လည်းတချိန်လုံး လိုက်ယောင်
နေသူမဖြစ်ဖို့လိုအပ်တယ်။ ငါးတစ်ကောင်ကိုချက်စားတဲ့အခါ အရိုးကိုဖယ်ပြီး
အသားကိုတွင်စားသလိုခေတ်ပေါ်၊ခေတ်လွန်အတွေးအခေါ်တွေကိုလည်း
အမြော်အမြင်ကြီးစွာစီစစ်ရွေးချယ်ပြီး မှခံယူတတ်ဖို့လိုပါတယ်။ ဒီအတွေးအခေါ်
တွေဟာခေတ်ပေါ်မီဒီယာတွေ(အင်တာနက်၊ဖေ့စ်ဘုတ် ရုပ်မြင်သံကြား၊ ရုပ်ရှင်
ဗွီဒီယို၊စာပေ)၊ စာသင်ကျောင်းတွေ(သင်ရိုးညွှန်းတမ်း အသစ်၊ဆရာ၊ဆရာမ)၊
လူမှုအသိုင်းအဝန်း(သူငယ်ချင်း)တွေကနေတဆင့် လူငယ်တွေဆီကိုရောက်ရှိ
လာမှာဖြစ်တယ်။
(၁)လိင်တူချင်းချစ်ကြိုက်၊အိမ်ထောင်ပြုခြင်းပြဿနာ
မကြာသေးမီက အိုင်ယာလန်နိုင်ငံမှာ လိင်တူခြင်းအိမ်ထောင်ပြုခွင့်
ကိုမဲခွဲဆုံးဖြတ်ကြရာမှာ(၆၀%)ကျော်နဲ့အနိုင်ရရှိသွားခဲ့ပါတယ်။ ဒါကိုကာသိုလိတ်အသင်းတော်ရဲ့ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်တွေကကန့်ကွက်ခဲ့ကြပေမယ့်လူထုအပေါ် ဩဇာလွမ်းမိုးနိုင်ခြင်းမရှိခဲ့ပါဘူး။ ဘာကြောင့်လဲဆို
တော့အိုင်ယာလန်နိုင်ငံရဲကာသိုလိပ်ဘုရားကျောင်းအချို့မှာ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်အချို့က ကလေးတွေကိုလိင်ပိုင်းဆိုင်ရာ၊ မဖွယ်မရာ
စော်ကားမှု တွေပြုကျင့်ခဲ့တာကြောင့်ဖြစ်ပါတယ်။ အိုင်ယာလန်မှာ လိင်တူချင်း
အိမ်ထောင်ပြုတာကို အစိုးရကတရားဝင်သတ်မှတ်ပေးလိုက်တာနဲ့ဩစတြေး
ပြည်သူတွေကလည်းသူတို့နိုင်ငံမှာ လိင်တူချင်းအိမ်ထောင်ပြုခွင့်ကိုအလားတူ
တရားဝင်ခွင့်ပြုချက်ချပေးဖို့ဆန္ဒပြခဲ့ကြပါတယ်။
ယခင်အမေရိကန်ပြည်ထောင်စုရဲ့ပြည်နယ်(၅၀) အနက်က(၁၃)
ပြည်နယ်ဟာလိင်တူခြင်းထိမ်းမြားလက်ထပ်ခွင့်ကို ပိတ်ပင်တားမြစ်ထားခဲ့ပေမယ့်
၂၀၁၅၊ဇွန်လ(၂၆)ရက်နေ့မှာတော့အမေရိကန်ပြည်ထောင်စုရဲ့ အမြင့်မားဆုံး
တရားရုံးချုပ်ကလိင်တူချင်းအိမ်ထောင်ပြုဖို့ ဥပဒေကို အတည်ပြုပေးလိုက်ပါ
တယ်။ အဲဒီအတည်ပြုချက်ဥပဒေကို ဖိလိပိုင်နိုင်ငံသားများစွာကကြိုဆိုထောက်
ခံကြောင်းဖိလိပိုင်နိုင်ငံမြို့တော်မနီလာမှာဆန္ဒပြခဲ့ကြပါတယ်။
အဲဒီအတည်ပြုချက်ဥပဒေနဲ့ထုတ်ပြန်မှုနောက်ဆက်တွဲမှာ တောင်ကိုးရီးယား
မှာလည်း လိင်တူခြင်းအိမ်ထောင်ပြုန်လှုပ်ရှားမှု ဆန္ဒပြခဲ့ကြသလိုအခြားတဖက်
မှာလည်းများစွာသောတောင်ကိုးရီးယားနိုင်ငံသားတွေကလိင်တူခြင်းအိမ်
ထောင်ပြုတာကိုဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေကိုလည်း လုပ်ဆောင်ခဲ့ကြပါတယ်။
မကြာသေးမှီကဂျာနယ်တစ်စောင်မှာလူကြီးတစ်ယောက်ဟာသူ့ရဲ့ဆိတ် မတစ်
ကောင်နဲ့အိမ်ထောင်ပြုခဲ့ပါတယ်။
လက်ထပ်ထိမ်းမြားခြင်းအစီအစဉ်အခန်းအနားမှာ လူများစွာကတက်
ရောက်ချီးမြှင့်ရင်းအချို့သောလူတွေက သူ့ရဲ့မြင့်မြတ်လှတဲ့စိတ်သဘောထားကို
ဂုဏ်ပြုစကားပြောဆိုခဲ့ကြပါတယ်။ ကမ္ဘာကြီးဟာအဆိုးကို အကောင်း၊
အကောင်းကိုအဆိုးလို့မြင်နေကြ၊ ခံယူနေကြတဲ့အချိန်ဖြစ်ပါတယ်။ ဒီလိုအခြေ
အနေမျိုးမှာလူငယ်တွေဟာ အများယောင်သလိုပဲလိုက်ယောင်မှာလား။ သမ္မာ
တရားအပေါ်မှာခိုင်ခံ့စွာရပ်တည်မှာလား ဆိုတာကိုရွေးချယ်ရပါမယ်။ ကျမ်းစာ
က“သမ္မာတရားကို ဝယ် လော့။ မရောင်းနှင့် ”လို့ ဆိုထားတယ်။
လောကလူ့အ တွေးအခေါ်တွေနဲ့ကျမ်းစာသွန်သင်ချက်ကိုအပေးအယူမလုပ်ဖို့
ဆိုလိုခြင်းဖြစ်ပါတယ်။ (သု ၂၃၂၃)
(၂) Individualism တစ်သီးပုဂ္ဂလနေထိုင်ခြင်းဝါဒ
နောက်ထပ်အလွန်ရေပန်းစားလာတဲ့ခေတ်ပေါ် ခေတ်လွန်အယူအဆတွေကတော့
Individualism, Materialism,Humanism စသည်ဖြင့် ဖြစ်ကြတယ်။ Individualism သမားတွေကတော့ကိုယ့်ထမင်းကိုယ်စား၊ ကိုယ်အလုပ်
ကိုယ်လုပ်ကိုယ့်လမ်းကိုယ်သွားစတဲ့အယူအဆသဘောမျိုးဖြစ်တယ်။ ကိုယ့်ရဲ့
ကိုယ်ပိုင်စိတ်ကူးအယူအဆကို ကိုယ်ပိုင်ထုတ်ဖေါ်ပိုင်ခွင့်၊ လုပ်ဆောင်ပိုင်ခွင့်ရှိ
တယ်လို့ ခံယူထားခြင်းမျိုးဖြစ်တယ်။ ဒါကိုအစိုးရကလည်းထိန်းချုပ်ပိုင်ခွင့်မရှိဘူး
လို့ဆိုတာမျိုးပါ။ မိသားစုနဲ့အသိုင်းအဝန်းနဲ့နွေးနွေးထွေးထွေး၊ ရှုတ်ရှုတ် ရှက်ရှက်
နေတတ်တဲ့အာရှတိုက်သားတွေရဲ့ ယဉ်ကျေးမှုနဲ့တော့ဆန့်ကျင်ဖက်ကျပါတယ်။
ဒီအယူအဆဟာအားလုံးအဆိုးရယ်လို့တော့မဟုတ်ပေမယ့် တဖက်စွန်းရောက်
လာရင်တော့မကောင်းပါဘူး။ ကျမ်းစာကလူဟာ တစ်ဦးတစ်ပုက္ကလနေမဲ့အစား
အသင်းအဖွဲ့နေဖို့အားပေးထားပါတယ်။ “လူသည်တစ်ယောက်တည်းထက်
နှစ်ယောက်သာ၍ကောင်း၏။ ကြိုးစားအားထုတ်လျှင်၊ ကောင်းသော
အကျိုးကိုရတတ်၏။ တစ်ယောက်လဲလျှင် တစ်ယောက်ထူလိမ့်မည်။ တစ်
ယောက်တည်း သောသူလဲလျှင်မူကားအကျိုးနည်းပြီ။ ထူသောသူ မရှိ။
လူသည်နှစ်ယောက်အတူအိပ်လျှင် နွေးတတ်၏။ တစ်ယောက်တည်းသော
သူမူကား၊အဘယ်သို့နွေးနိုင်သနည်း။ လူတစ်ယောက်သည်တစ်ယောက်
ကိုနိုင်လျှင်ထိုလူကိုနှစ်ယောက်ဆီးတားနိုင်၏။ သုံးလွန်းတင်သော ကြိုး
သည်လည်းအလွယ်တကူမပြတ်တတ်။” (ဒေ ၄း၉-၁၂)
(၃) Materialism ရုပ်ဝတ္ထုပစ္စည်းပဓာနဝါဒ
Materialism သမားတွေကတော့လောကမှာအောင်မြင်ခြင်း၊ ကြယ်ဝ
ခြင်း၊ ထင်ပေါ်ခြင်းတွေကိုသာအဓိကတန်ဖိုးထားပြီးအသက်ရှင်တဲ့အတွေး
အခေါ် အယူအဆမျိုးပါ။ သူတို့တွေဟာလူထက်ရုပ်ဝတ္ထုပစ္စည်းတွေကိုတွယ်
တာတယ်။ တန်ဖိုးထားတယ်။ ချမ်းသာမယ်၊အောင်မြင်မယ်၊ ထင်ပေါ်မယ်ဆိုရင်
ဘုရားသခင်ရဲ့ အလိုတော် နဲ့ညီညွတ်တာဖြစ်စေ၊ မညီညွတ်တာဖြစ်စေလုပ်မယ်
ဆိုတဲ့တွေပါ။ သူတို့ဘာဝကိုထိန်းချုပ်ထားတဲ့ အရာက တော့လောကီစည်းစိမ်
ကြွယ်ဝချမ်းသာခြင်း၊ အောင်မြင်ထင်ပေါ်ကျော်ခြင်း၊ရာထူးအာဏာစတဲ့အရာ
တွေပါပဲ။ သူတို့တတွေဟာအလုပ်ကိုကြိုးစားလုပ်ကိုင်ပြီးဘုရားအတွက် အချိန်
မရှိဘူး။လူတွေ အတွက်အချိန် မရှိဘူး၊ နောက်ဆုံးသူ့ အတွက်ကိုယ်ပိုင်အချိန်ဆို
တာတောင်မရှိဘူး။ သူ့ဘဝရဲ့အရှင်သခင်(သို့)ဘုရားဟာကြီးပွါးချမ်းသာမှု၊ ထင်
ပေါ်မှု၊ရာထူးအာဏာတွေရရှိဖို့အတွက် အလုပ်လုပ်ခြင်းပါပဲ။ ဒီလိုအတွေး
အယူအဆရှိတဲ့လူစားမျိုးကိုသခင်ယေရှုက လူမိုက်လို့ရည်ညွှန်းပြောဆို
ထားပါတယ်။
အလုပ်ကြိုးစားလုပ်ဆောင်တာကို ကျမ်းစာကမတားမြစ်ပါဘူး။ ဒါပေမယ့်ကြီး
ပွါးချမ်းသာရေးအတွက်
အလုပ်ကိုဦးစား ပေးလွန်းတာကြောင့်ဘုရားသခင်၊ ကိုယ့်
မိသားစုနဲ့ အသိုက်အ၀န်းကိုအချိန်မပေးနိုင်တော့ဘူးဆိုတာမျိုးဟာဘုရားသခင်အလို တော်မဟုတ်ပါဘူး။
Materialisini သမားတွေကိုသခင်ယေရှုမိန့်တော်မူတဲ့စကားက တော့
လူသည်ဤစကြာဝဠာကို အကြွင်းမဲ့အစိုးရ၍မိမိအသက် ဝိညာဉ် ရှုံးလျှင်
အသယ်ကျေးဇူးရှိသနည်း။ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့်ရွေး
နိုင်သနည်း။ (မဿဲ ၁၆း၂၆)မုန့်ကိုစား၍ ဝသောကြောင့်သာရှာကြ၏။
ပျက်စီးတတ်သောအစာကိုရခြင်းငှာမကြိုးစားကြနှင့်။ လူသားသည်သင်
တို့အားပေး၍ထာဝရအသက်နှင့်အမျှတည်တတ်သောအစာ ကိုရခြင်းငှာ
ကြိုးစားကြလော့။ ထိုသားသည်ခမည်းတော်ဘုရား၏ တံဆိပ်ခတ်ခြင်းကို
ခံသောသူဖြစ်သည်ဟုမိန့်တော်မူ၏။ (ယော၆း၂၇) ဆရာကြီးရိတ်ဝါရင်
ကလည်းလူတစ်ယောက်ဟာအိပ်ယာပေါ်မှာ နောက်ဆုံးထွက်သက်အချိန်မျိုး
မှာမိမိအသက်ရှင်စဉ်တုန်းကကြိုးစားလေ့လာဆည်းပူးခဲ့တဲ့ဘွဲ့လက်မှတ်တွေ၊
ရွှေတွေ၊ ငွေတွေကိုမတောင့်တဘူး၊ ကိုယ်ချစ်ခင်နှစ်သက်မြတ်နိုးတဲ့မိသားစုဝင်
တွေ၊အပေါင်းအသင်းမိတ်ဆွေတွေ ကိုဘဲတမ်းတလျှက်ရှိတယ်လို့ဆိုပါတယ်။
သခင်ယေရှုက Materialism သမား တွေနဲ့ပတ်သက်တဲ့ဥပမာတစ်ခုကိုလည်း
အခုလိုပြောပြခဲ့တယ်။
တဖန်ဥပမာစကားကိုမိန့်တော်မူသည်ကား၊ သူဌေးတစ်ဦး၌မြေကောင်း
၍အသီးအနှံများလှ၏။ ထိုသူဌေးသည် အဘယ်သို့ပြုရမည်နည်း။
အသီးအနှံများကို သိထားစရာအရပ်မရှိ။ ပြုမည်အကြံမူကား၊ ငါ့တိုက်
များကို ဖျက်၍ ကျယ်သောတိုက်တို့ ကို တည်ပြီးမှ၊ ငါ၏အသီးအနှံဥစ္စာ
ရှိသမျှတို့ ကို သိုထား မည်။ ငါ့ဝိညာဉ်အားလည်း အချင်းဝိညာဉ်၊ သင်
သည်နှစ်ပေါင်းများစွာသုံးဆောင်ရန်ဥစ္စာများကိုသိုထားလျက်ရှိပြီ။ ငြိမ်
ဝပ်စွာနေလော့။စားသောက်ခြင်း ပျော်မွေ့ခြင်းကို ပြုလော့။
ငါပြောမည်ဟုသူဌေးအကြံရှိ၏။ ထိုသို့ကြံစဉ်တွင် ဘုရားသခင်က၊
အချင်းလူမိုက်၊ ယနေ့ညဉ့်ပင်သင်၏ဝိညာဉ်ကို ရုပ်သိမ်းရာအချိန်
ရောက် လိမ့်မည်။ သို့ဖြစ်၍ သင်သည် ပြင်ဆင်သိုထား သော ဥစ္စာကို
အဘယ်သူပိုင်မည်နည်းဟုသူဌေးအားမိန့်တော်မူ၏။ ထိုအတူကိုယ့်
အဖို့ဘဏ္ဍာများကိုဆည်းပူး၍ ဘုရားသခင်ရှေ့တော်၌ဆင်းရဲသောသူ
မည် သည်ကား၊ ထို သူဌေးနှင့်တူသည်ဟုမိန့်တော်မူ၏။
(လု ၁၂း၁၆-၂၁)
(9) Humanism လူသာပဓာနဝါဒ
Hlumanism သမားတွေကတော့ လူသာလျှင်ပဓာန ဆိုတဲ့ခံယူချက်
အတွေးအခေါ်ရှိတဲ့သူတွေပါ။ သူတို့ကလူတွေရဲ့ အခွင့်အရေးတွေ၊ တောင်း
ဆိုချက်တွေ၊ရပိုင်ခွင့်တွေကိုတန်ဖိုးထားတယ်။ ဒါပေမယ့်ငါတို့သိထားဖို့လို
အပ်တဲ့အချက်ဟာလူတွေရဲ့ အကြိုက်၊ တောင်းဆိုချက်အားလုံးကိုသာ လိုက်
လုပ်မယ်ဆိုရင် ဒီကမ္ဘာကြီးတောင်ပျက်စီးသွားနိုင်ပါတယ်။ ဘာကြောင့်လဲဆို
တော့လူတွေထဲကထွက်လာတဲ့အရာမှန်သမျှဟာ အကောင်းတွေချည်းပဲ
မဟုတ်ပါဘူး။ အဆိုးတွေများတယ်ဒါကြောင့်ယေရှုမိန့်တော်မူတာကတော့ ခံ
တွင်းမှထွက်သောအရာမူကား၊ နှလုံးထဲကထွက်လာ၍ လူကိုညစ်ညမ်း
စေသောအရာဖြစ်၏။မကောင်းသောကြံစည်ခြင်း၊ လူအသက်ကိုသတ်
ခြင်း၊ သူ့မယားကိုပြစ်မှားခြင်း၊ မိန်းမလွတ်နှင့်မှားယွင်းခြင်း၊ သူ့ဥစ္စာကို
ခိုး ခြင်း၊ သူ့အသရေကိုဖျက်ခြင်း အရာတို့သည်နှလုံးထဲကထွက်လာ ၍၊
လူကိုညစ်ညူးစေသော အရာဖြစ်ကြ၏။ (မသဲ၁၅း၁၈-၁၉)
စိတ်နှလုံးသည်ခပ်သိမ်းသောအရာထက် စဉ်းလဲတတ်၏။ အလွန်
ယိုယွင်းသောသဘောရှိ၏။ စိတ်နှလုံးသဘောကို အဘယ်သူသိနိုင်
သနည်း။ (ယေ၁၇း၉) ငါတို့ဟာလူ့အကြိုက်ကိုပဲတချိန်လုံးလိုက်နေဖို့ မဟုတ်
ပါဘူး။ တစ်ခါတလေလူတွေရဲ့ အမုန်းခံပြီးဘုရားသခင်ရဲ့ နှုတ်ကပတ်တော်
အပေါ်ပြတ်ပြတ်သားသားရပ်တည်တတ်ဖို့လည်းအရေးကြီးပါတယ်။
တမန်တော်ပေါလုက သူ့ရဲ့ ရပ်တည်ချက် နဲ့ပတ်သက်ပြီးအခုလိုဖေါ်ပြထား
ပါတယ်။ အကြောင်းမူကား၊ယခုတွင်ငါသည်လူ၏အလိုသို့လိုက် သလော။
ဘုရားသခင်၏အလိုတော်သို့ လိုက်သလော၊ သူတို့ စိတ်ကိုနူးညွတ်စေ
ခြင်းငှါရှာကြံသလော။ လူတို့ စိတ်ကိုနူးညွတ်စေခြင်းငှါ ရှာကြံသေးလျှင်၊
ခရစ်တော်၏အစေခံကျွန်မဟုတ်ပြီ။ (ဂလာ၁း၁၀) ဒါကြောင့်ကျွန်တော်
တို့ဟာလူကိုတန်ဖိုးထားဖို့လိုအပ်ပေမယ့်ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်သမ္မာ
တရားကိုသာအဓိကပဓနထားတတ်ဖို့လိုအပ်ပါတယ်။ ဘုရားသခင်ရဲ့ နှုတ်
ကပတ်တော်သမ္မာတရားကိုသာအဓိကပဓာနထားပြီးအသက်ရှင် တတ်ပြီ
ဆိုရင်သင့်ရဲ့ လိုအင်ဆန္ဒတွေလည်းပြည့်စုံလာမှာဖြစ်တယ်။ “ထာဝရဘုရား ကို
ခိုလှုံ၍ကောင်းသောအကျင့်ကို ကျင့်လော့။ ပြည်တော်၌နေ၍သစ္စာ
တရားကိုကျက်စားလော့။ ထာဝရဘုရား၌မွေ့လျော်ခြင်းရှိလော့။ သို့ပြု
လျှင်စိတ်နှလုံးအလိုပြည့်စုံရသောအခွင့်ကိုပေးတော်မူမည်။ ”ဆာ ၃၇၃)
လူငယ်တွေအချို့ထင်သလိုနှုတ်ကပတ်တော်သမ္မာတရားဆိုတာ
ဘုရားသခင် ကလူတွေကိုအတင်းအဓ္မမထိန်းချုပ်ဖို့မဟုတ်ပါဘူး။ လူတွေကို
စစ်မှန်တဲ့လွတ်မြောက်ခြင်းပေးဖို့ပါ။ ဒီသဘောတရားကို သခင်ယေရှုကမိန့်
တော်မူထားတာ ကတော့ထိုအခါယေရှုက၊ သင်တို့သည်ငါ၏ဒေသနာ၌
တည်လျှင်ငါ့တပည့်အမှန်ဖြစ်ကြ၏။သမ္မာတရားကိုလည်း သိကြသဖြင့်၊
ထိုတရားသည် သင်တို့ကိုလွှတ်လိမ့်မည်ဟု၊ ယုံကြည်သော ယုဒလူတို့
အားမိန့်တော်မူ၏။ (ယော၈း၃၁-၃၂)
လောကရဲ့ခေတ်ပေါ်၊ခေတ်လွန် အတွေးအခေါ် သွန်သင်ချက်တွေက
လူငယ်တွေကိုပြောပါလိမ့်မယ်။ လွတ်လပ်မှု၊ပျော်ရွင်မှု၊ကျေနပ်မှု ကိုလိုချင်
ရင် စိတ်ကြိုက်အသက်ရှင်လိုက်၊ ဒါပေ မယ့်ကျမ်းစာကလူငယ် တွေကိုခုလို
သတိပေးထားပါတယ်။ “အချင်းလူပျို၊ အသက်ပျိုသောအခါ ပျော်မွေ့လော့၊
အသက်ပျိုစဉ်ကာလတွင်စိတ်ရွှင်လန်းခြင်းရှိလော့။ ကိုယ်အလိုရှိရာလမ်း
နှင့်၊ကိုယ်ဉာဏ်ပြသောလမ်းကိုလိုက်လော့။ သို့ရာတွင် ထို အမှု အလုံးစုံ
တို့ကိုဘုရားသခင်စစ်ကြာ၍၊ သင့်ကိုအပြစ်ပေးတော်မူမည်ဟု အောက်
မှုလော့။ (ဒေ ၁၁း၉) ၊
ကျမ်းစာမှာသခင်ယေရှုကဖေါ်ပြထားတဲ့ပျောက်သောသားဟာ
ဖခင်အိမ်ကထွက်ခွါသွားရင်စိတ်ကြိုက် အသက်ရှင်ပြီး၊ လွတ်လပ်မှုရဲ့ အနှစ်သာ
ရကိုအပြည့်အ၀ခံစားရလိမ့်မယ်လိုထင်ခဲ့တယ်။ နောက်ဆုံးရလဒ်ကတော့သူ
တပါးရဲ့အနှိမ့်ကျဆုံးအစေခံဘဝ၊ ဝက်စာစားရမယ့်ဘဝကိုရောက်ရှိခဲ့ပါတယ်။
စစ်မှန်တဲ့လွတ်လပ်ပျော်ရွှင်မှုဆိုတာဖခင်ရဲ့ အရိပ်အာဝါသ အောက်မှာခိုလှုံခြင်း၊
ဖခင်ရဲ့ ပြောစကားကိုနားထောင်ခြင်းပဲဆိုတာ နားလည်ခဲ့ချိန်မှာတော့သူဟာ
ဖခင်အိမ်ကိုပြန်လာခဲ့ပါတော့တယ်။ သူ့ဖခင်ကလည်းသားမိုက်လေးအမြင်မှန်
ရပြီးပြန်လာတာကိုမြင်ရချိန်မှာဝမ်းပန်းတသာနဲ့ပွဲလုပ်ပြီးကြိုဆိုခဲ့ပါတယ်။
၂။ လူ့ငယ်တို့နှင့်ခေတ် ပေါ်ဘာသာရေးဆိုင်ရာ အတွေးအခေါ်
အခုခေတ်မှာလူငယ်တွေ အများစုဟာ Absolute Truth လို့ခေါ်တဲ့
အကြွင်းမဲ့မှန်ကန်တဲ့သမ္မာတရား (သို့)အမှန်တရားတည်ရှိခြင်းကို ငြင်းဆန်လာ
ကြပါတယ်။ ဥပမာဆိုရရင်ဘယ်ဘာသာမဆိုသူ့ဟာနဲ့သူမှန်ကန်နေတာပဲ။
ကောင်းနေတာပဲ။ ဒါကြောင့်အားလုံးဟာအတူတူပဲ၊ခွဲခြားနေစရာမလိုဘူးဆိုတဲ့
သဘောပါ။ တဖက်ကနေပြောရရင်လူတွေဟာ သဘောထားကြီးပြီး၊ အမြင်
ကျယ်လာတယ်လို့ထင်ရပေမယ့်ခံယူချက် အတွေးအခေါ်ဟာ သမ္မာကျမ်းစာ
ကသွန်သင်ချက်တွေကို အရာမရောက်၊ အဓိပ္ပါယ်မဲ့ဖြစ်စေပါတယ်။ အဲလိုခံယူ
လိုက်တဲ့လူငယ် တစ်ယောက် အတွက် အောက်မှာဖေါ်ပြထား တဲ့ကျမ်းစာကိုခံ
ယူဖို့ခက်ခဲသွားစေပါတယ်။
ထို သခင်မှတပါးအဘယ်သူမျှ ကယ်တင်ခြင်းအမှုကို မတတ်နိုင်။ ထို
သခင်၏နာမတော်မှတပါးငါတို့ကို ကယ်တင်နိုင် သောနာမတစုံတခုမျှ
ကောင်းကင် အောက်လူတို့တွင်မပေါ်မရှိပေတရုသည်ထိုသူတို့အားမြွက်ဆို ၏။(တ၄း၁၂)
ငါမှတပါးအခြားသောဘု ရားကို မကိုးကွယ်နှင့်။ (ထွ၂၀း၃) ထာဝရ
ဘု ရားမိန့်တော်မူသည်ကား၊သင်တို့သည် ငါ့ကို သိမှတ်ယုံ ကြည် ၍၊ငါသည်မှန်ပြီဟု နားလည်မည်
အကြောင်း၊ ငါ၏သက်သေ၊ငါရွေး
ကောက်သောကျွန် ဖြစ်ကြ၏။ ငါ့ရှေ့မှာဖန်ဆင်းရာထဲကအဘယ်
ဘုရားသခင် မျှမဖြစ်၊ငါ့နောက်မှာလည်း၊ အဘယ်ဘုရားသခင်မျှမရှိရာ။
ငါတပါးသည် ထာဝရဘုရားဖြစ်၍၊ငါမှတပါးကယ်တင်သောသခင်မရှိ။
(ဟေ၄၃း၁၀-၁၁)
၃။ သည်းခံခြင်းတရား
Toleration(သည်းခံခြင်း)ဆိုတဲ့ဝေါဟာရဟာ မျက်မှောက်ခေတ် အချိန်၊
ကမ္ဘာ တလွှားမှာရှိတဲ့ပညာတတ်လူငယ်အသိုင်းအဝန်းများကြားမှာ အလွန်
ရေပန်းစား၊ နှစ်သက်တန်ဖိုးထားကြတဲ့ခေါ်အဝေါ်
တစ်မျိုးဖြစ်နေပါတယ်။
မတူညီကွဲပြားတဲ့ယဉ်ကျေးမှုတွေကိုကျင့်သုံးခြင်း၊ အသိမှတ်ပြုပေးခြင်းဟာ
ကောင်းမွန်တဲ့အပြုအမူပါ။ ဒါပေမယ့်နောက်ပိုင်းမှာ Toleration (သီးခံခြင်း)
ကိုအနက်ဖွင့်ရာမှာ အဘိဓာန်ကအစပြောင်းလဲသွားခဲ့ပါတယ်။ ဝက်ဘ်စတာ
အဘိဓာန်မှာ သည်းခံခြင်းကိုလူတို့ရဲ့ ထင်မြင်ယူဆချက်တွေ၊ လုပ်ဆောင်ချက်
တွေ၊ စံနှုန်းထားမှုတွေ၊ ဘာသာရေးတွေ၊ လူမျိုးတွေ၊ အပေါ်မျှတတဲ့ရည်ရွယ်
ချက်သဘောထားဆိုပြီးအနက်ဖွင့်ဆိုထားပါတယ်။ သည်းခံခြင်းဆိုတာအထူး
သဖြင့်အမှန်တကယ်သဘောမတူတဲ့အရာကို သည်းခံတဲ့လုပ်ရပ်ဖြစ်ပါတယ်။
New Toleration(အသစ်သောသီးခံခြင်း) ဆိုင်ရာအနက်အဓိပ္ပါယ်ဟာ ယုံကြည်
ချက်အားလုံး၊ ထင်မြင်ယူဆချက်အားလုံး၊ တန်ဖိုးထားမှုအားလုံး၊ အသက်ရှင်
မှုပုံစံအားလုံးကို သဘောတူညီပေး ဖို့ဆိုပြီး ထပ်မံချဲ့ထွင်ထားကြတယ်။ စစ်မှန်တဲ့
သီးခံသူဖြစ်ဖို့သင်ဟာ အခြားသူတွေရဲ့အခြေအနေကိုသင့်ရဲ့ တရားဝင်ပိုင်ဆိုင်မှု
ကဲ့သို့သဘောတူညီပေးရမှာဖြစ်တယ်။ သူတို့ရဲ့ယုံကြည်ချက်တွေနဲ့အမူအကျင့်
တွေကိုသင်ကထောက်ခံ၊ အတည် ပြုချက်ပေးရမှာဖြစ်တယ်။
Toleratione နွယ်ပြီးအခုခေတ်မှာ နောက်ထပ်ရေးပန်းစားလာတဲ့
အသုံးအနှုံးနောက်တစ်မျိုးကတော့ (ဘာသာတရားပေါင်းစုံ ကိုလက်ခံသည့်
ဝါဒ) Pluralism ဖြစ်ပါတယ်။ အီလီနွိုက်စ်ပြည်နယ်၊ ဝေတန်ကောလိပ်က
ကျောင်းအုပ်ဖီးလစ်ရေကင်က ဒေါ်နယ်လ်အေကာလ်ဆွန်ရဲ့ ဘာသာတရား
ပေါင်းစုံကိုလက်ခံတဲ့အယူဝါဒသုံးမျိုးအပေါ်
အမြင်ရှုထောင့်ကိုအချုပ်အနေနဲ့
ဖေါ်ပြထားတာကတော့-
(၁) ပထမအမျိုးစားကတော့လက်တွေ့မျက်မြင်ကိုအခြေခံတဲ့ဘာသာတရား
ပေါင်းစုံကိုလက်ခံတဲ့ဝါဒဖြစ်ပြီးသူဆိုလိုတာကငါတို့ဟာမတူကွဲပြားတဲ့ လူ့အ
သိုက် အဝန်းမှာ နေထိုင်ကြရတယ်ဆိုတဲ့အချက်ပါ။ အမေရိကန် ဟာဘာသာ
စကားများစွာ၊လူမျိုးနွယ်စုများစွာ၊ဘာသာတရားများစွာ၊ လောကအမြင်များ
စွာတို့ရဲ့နိုင်ငံဖြစ်တယ်။
(၂) ဒုတိယအမျိုးအစားကတော့ မြတ်နိုးတန်ဖိုးထားခြင်းဆိုင်ရာ၊ ဘာသာ
တရားပေါင်းစုံကိုလက်ခံတဲ့ဝါဒဖြစ်ပါတယ်။ ဒီအမျိုးအစားက၄င်းကိုနှစ်သက်
မြတ်နိုးခြင်း၊လက်ခံကြိုဆိုခြင်း၊ ဂုဏ်ပြုချီးမြင့်ခြင်း၊ နဲ့၄င်းကိုသဘောတူ
ထောက်ခံခြင်းဖြစ်တယ်။
(၃) တတိယအမျိုးစားကတော့အတွေးအခေါ်ပိုင်းဆိုင်ရာ ဘာသာတရား
ပေါင်းစုံကိုလက်ခံသည့်ဝါဒဖြစ်တယ်။ အခြားဘာသာတွေရဲ့ သွန်သင်ချက်
တွေကိုယုံကြည်လက်ခံကျင့်သုံးတာမျိုးဖြစ်တယ်။
ခရစ်ယာန်လူငယ်တွေဟာ မိမိတို့နဲ့မတူညီတဲ့ဘာသာတရားတွေလူမျိုး
တွေအပေါ် သည်းခံပြီးအဆင်ပြေအောင်၊ ငြိမ်းချမ်းစွာလက်တွဲနေထိုင်ဖို့
အင်မတန်မှအရေးကြီးပါတယ်။ ကျမ်းစာက ဘုရားသခင်ကိုယ်တော်တိုင်ဒီသည်း
ခံခြင်းသဘောကိုခုလိုဖေါ်ပြထားပါတယ်။ အကြောင်းမူကား၊ ကောင်း
ကင်ဘုံ၌ရှိတော်မူသောသင်တို့အဘသည်၊ ကောင်းသောသူမကောင်း
သောတို့အပေါ်၌ ကိုယ်တော်၏နေကိုထွက်စေတော်မူ၏။
ဖြောင့်မတ်သောသူ၊မဖြောင့်မတ်သော သူတို့အပေါ်၌မိုးကိုရွာစေတော်
မူ၏။ သင်တို့ကိုချစ်သောသူတို့အားသာချစ်တို့ပြုလျှင် အဘယ်ကျေး
ဇူးတင်သနည်း။ အခွန်ခံသူတို့ပင် ဤမျှလောက်ပြုကြသည်မဟုတ်လော။
အဆွေအမျိုးတို့အားသာလောကဝတ်ပြုလျှင် အဘယ်သို့ထူးမြတ်သနည်း။
သာသနာပလူတို့ပင်ထိုအတူပြုကြသည်မဟုတ်လော့။ ထို့ကြောင့်ကောင်း
ကင်ဘုံ၌ရှိတော်မူသောသင်တို့အဘသည်စုံလင်တော်မူသည်နည်းတူသင်
တို့သည် လည်းစုံလင်ခြင်းရှိကြလော့။ (မဿဲ ၅း၄၅-၄၈)
ယေရှူကထပ်ပြီးမိန့်တော်မူထားတာကတော့ သင်၏ပါးတစ်ဖက်
ကိုသူတပါးပုတ်လျှင်ပါးတဖက်ကိုလှည့်၍ပေးဦးလော့။ သင်တို့ကိုကျိန်ဆဲ
သောသူတို့အားမေတ္တာပို့ကြလော့။ သင်တို့ကိုမုန်းသောသူတို့အားကျေး
ဇူးပြုကြလော့။ သင်တို့ကို နှောက်ယှက်ညှဉ်းဆဲသောသူတို့အဖို့ဘုရား
သခင်ကိုဆုတောင်းကြလော့။ (မဿဲ ၅း၃၉၊ ၄၄-၄၅)ခရစ်ယာန်ချစ်ခြင်းမေတ္တာ
ဟာမိမိတို့ကိုရန်ပြုတဲ့သူတွေကိုတောင်ချစ်ရမှာဖြစ်တယ်ဆိုရင်၊ ရိုးရိုးသား
သားဘဝနဲ့သက်ဆိုင်ပြီးကွဲပြားခြားနားတဲ့အတွေးအခေါ်တွေကိုင်စွဲသူတွေ
အပေါ်ပိုပြီးမတြာထားသင့်ကြပါတယ်။ သည်းခံခြင်းဟာအလွန်ကောင်းမွန်တဲ့
အကျင့်သီလဖြစ်ပြီးအထူးသဖြင့်ခရစ်ယာန်တွေရဲ့ထူးခြားတဲ့ ဂုဏ်အင်္ဂါရပ်ဖြစ်ပါ
တယ်။ ဒါကြောင့်ယုံကြည်သူ ခရစ်ယာန်လူငယ်တွေအနေနဲ့လက်တွေ့မျက်မြင်
ကိုအခြေခံတဲ့ဘာသာတရားပေါင်းစုံကိုလက်ခံတဲ့ဝါဒအပေါ် အငြင်းပွါးစရာ
အကြောင်းမရှိပါဘူး။
ခရစ်ယာန်များဟာ ဘာသာတရားတိုင်းကိုမြတ်နိုးတန်ဖိုး ထားတဲ့ဝါဒကို
လည်းသဘောတူညီမှုရှိပါတယ်။ ဒါပေမယ့်ခရစ်ယာန်တွေဟာ ဘာသာတရား
ပေါင်းစုံကိုလက်ခံလို့ သုံးခြင်းဆိုင်ရာမူဝါဒမှာတော့ထပ်တူကျခြင်းမရှိနိုင်ပါဘူး။
အဲဒါကို Syncretism(မတူညီတဲ့ဘာသာတရားတွေကိုရောစပ်ကိုးကွယ်ခြင်း)လို့
ခေါ်ပြီးအရာဟာဓမ္မဟောင်းခေတ်ကလူမျိုးတွေရဲ့ ဝိညဉ်ရေးဆိုင်ရာအဓိက
ကျဆင်းခြင်းအကြောင်း ဘုရားသခင်ရဲ့ အမျက်တော်ကိုယ်ဖို့အကြောင်းဖြစ်ပါတယ်။
သည်းခံခြင်းနဲ့ပတ်သက်ပြီး ဂျွန်စတော့ကဝေဖန်သုံးသပ်မှုပြုရာမှာ တော့၊ သင်
ဟာလူပုဂ္ဂိုလ်တစ်ယောက်ကိုချစ်တယ်ဆိုရင်သင်ဟာ အဲဒီလူရဲ့အသက်တာမှာ
အန္တရာယ်ရှိခြင်းအတွက်(သို့) ပျက်စီးစေနိုင်တဲ့ယုံကြည်ချက်တွေ၊ သူ့ကို
ထိခိုက်စေနိုင်တဲ့ အပြုအမူတွေကိုလွဲရှောင်တာ၊လစ်လျူရှုတာမျိုးလုပ်မှာ
မဟုတ်ဘူး။ သည်းခံခြင်းကလစ်လျူရှူစေပြီး၊ ချစ်ခြင်းမေတ္တာကလက် တွေ့လုပ်
ဆောင်စေတယ်။ သည်းခံခြင်းကဘာအဖိုးခမျှမပေးဆပ်ပါဘူး၊ ဒါပေမယ့်ချစ်ခြင်း
မေတ္တာကတော့အရာခပ်သိမ်းကိုပေးဆပ်ပါတယ်။
ယေရှုဟာတစ်ခါတရံ သည်းခံ ခြင်းနဲ့ဆန့်ကျင်ဖီလာဖြစ်တဲ့စစ်မှန်တဲ့
ခရစ်ယာန်ချစ်ခြင်းမေတ္တာအတွက် အကောင်းဆုံးပုံသက်သေဖြစ်ပါတယ်။
သူ့ရဲ့ချစ်ခြင်းမေတ္တာကသူ့ကိုရက်စက်လှတဲ့သေခြင်းတရားဆီ ပို့ဆောင်ခဲ့တယ်။
လစ်လျူရှု ခြင်းမရှိဘဲ အခြား သူတွေရဲ့ အသက်ရှင်မှုပုံစံကိုလမ်းညွှန်ပေးတာ၊
အဲဒီလမ်းညွှန်ပေးမှုအတွက် သူ့ရဲ့ အသက်ကိုတောင် ပေးဆပ်မှုပြုခဲ့ပါတယ်။
ငရဲကိုဦးတည်နေတဲ့လူသားတွေကို ငရဲကလွတ်လမ်းယေရှုခရစ်အားဖြင့်တစ်
လမ်းတည်းသာရှိကြောင်းတင်ဆက်မှုပြုရာမှာ သည်းခံခြင်းသာမက၊ ချစ်ချင်း
မေတ္တာနဲ့လုပ်ဆောင် ဖို့လိုအပ်ပါတယ်။ အမေရိကန်ရဲ့(၃၅) ယောက်မြောက်
သမ္မတဂျွန်အက်ဖ်ကနေဒီကသဘောထားကြီးသည်းခံမှုဆိုတာ မိမိရဲ့
ယုံကြည်ချက်မခိုင်မာမှု၊မစွဲမြဲမှုကိုဆိုလိုတာမဟုတ်။ တခြားယုံကြည်မှု
တွေ အပေါ်နှိပ်ကွပ်တာ၊ဖိနှိပ်တာကို ရှုတ်ချခြင်းသာဖြစ်တယ် လို့ဆိုပါတယ်။
နိုဂုံး
အချုပ်အနေနဲ့ဆိုရရင်ယနေ့မြန်မာပြည်မှာရှိတဲ့ခရစ်ယာန်လူငယ်တွေ ဟာမြန်မာ
ပြည်ရဲ့ နိုင်ငံရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ၊ နိုင်ငံတကာအသိုင်း
အဝန်းမှာစတင်ဝင်ရောက်ခြေဆန့်မှု အစပြုလာပြီဖြစ်တဲ့အတွက် ယခင်မကြုံဖူးတဲ့
ပညာရေးဆိုင်ရာ ပွင့်လင်းမြင်သာမှုတွေ၊ အတွေးအခေါ် ပိုင်း ဆိုင်ရာပွင့်လင်း
မြင်သာမှုတွေ၊ ဘာသာရေးယုံကြည်ခြင်းခံယူချက်ဆိုင်ရာပွင့်လင်း မြင်သာမှုတွေ၊
ခေတ်ပေါ်၊ ခေတ်လွန်အတွေးအခေါ်ခံယူချက်လှိုင်းလုံး တွေကို စတင်ကြုံတွေ့
နေရပြီဖြစ်တယ်။ ဒီလိုအချိန်မှာ ခရစ်ယာန်လူငယ်တွေ အနေနဲ့အဲဒီလှိုင်းလုံးက
ယက်ရိုက်ခတ်မှုတွေကိုကြံကြံခံနိုင်ပြီးသမ္မာတရားအပေါ်ခိုင်ခိုင်မာမာစွဲလန်းရပ်
တည်မှုရှိရမယ်။ သမ္မာသတိရှိရမယ်။ဒီလှိုင်းလုံး တွေအောက်ကိုမြုပ် သွားတဲ့
လူငယ် တွေမဟုတ်ပဲ၊ဒီလှိုင်းလုံးတွေကိုပိုင်ပိုင် နိုင်နိုင် စီးနင်းပြီးကိုယ့်ဘဝကိုမြင့်
တင်နိုင်စွမ်းရှိတဲ့လူငယ်တွေဖြစ်ကြဖို့ အထူးလိုအပ်နေချိန်ဖြစ်ပါတယ်။
လူငယ်နှင့်ဂလိုဘယ်လိုက်ဇေးရှင်း
နိဒါန်း
ဂလိုဘယ်လိုက်ဇေးရှင်းဆိုတဲ့စကားလုံးကိုလူငယ်တွေအတော် များများ
ကြားဖူးနားဝရှိကြပါတယ်။ ဒါပေမယ့်ဂလိုဘယ်လိုက်ဇေးရှင်းဆိုတာဘာ
လဲဆိုတာကိုအတိအကျပြောပြနိုင်တဲ့ လူငယ်တွေကတော့အလွန်ပင်ရှား
ပါးလှပါတယ်။ ဒီကနေ့လူငယ်တွေအနေနဲ့ငါတို့ဟာ ဂလိုဘယ်လိုက်ဇေးရှင်း
ကိုစိတ်ဝင်စားသည်ဖြစ်စေ၊ စိတ်မဝင်စားသည်ဖြစ်စေ ငါတို့ဟာဂလိုဘယ်လိုက်
ဇေးရှင်းထဲမှာ ရောက်ရှိနေကြတာဖြစ်တယ်။ ငါးတစ်ကောင်ဟာ ရေစီးကြောင်း
တွေအကြောင်းစိတ်ဝင်စားသည်ဖြစ်စေ၊ စိတ်မဝင်စားသည်ဖြစ်စေရေစီး
ကြောင်းရဲ့ သဘောသဘာဝကိုတော့မလွဲဧကန်ကြုံတွေ့ရမှာဖြစ်တယ်။ အလား
တူဂလိုဘယ်လိုက်ဇေးရှင်းဆိုတာ မျက်မှောက်ခေတ်မြန်မာပြည်ရဲ့ ခရစ်ယာန်
လူငယ်တိုင်းမလွှဲ ဧကန်ကြုံ တွေ့နေရတဲ့အရာဖြစ်ပေမယ့်၊ ဂလိုဘယ်လိုက်ဇေး
ရှင်းအမြင်ရှိတဲ့လူငယ်တွေနဲ့၊ ဂလိုဘလိုက်ဇေးရှင်းအမြင်မရှိတဲ့ လူငယ် တွေဟာ
ဘဝမှာလူချင်းတူပေမယ့်စဉ်းစားတွေးခေါ်မှု၊ လုပ်ကိုင်ဆောင်ရွက်ပုံတွေ၊ အ
သက်ရှင်မှုပုံစံတွေဟာလုံးဝကွဲပြားခြားနားသွားမှာဖြစ်တယ်။
သိသူဖော်စား၊ မသိသူကျော်သွားဆိုသလို ဂလိုဘယ်လိုက်ဇေရှင်ရဲ့ သဘော
သဘာဝကိုအကျဉ်းချုပ်ဖေါ်ပြလိုက်ပါတယ်။
ခ။ဂလိုဘယ်လိုက်ဇေးရှင်း၏ အနက်ဖွင့်ဆိုချက်
ကမ္ဘာပေါ်မှာဂလိုဘယ်လိုက်ဇေးရှင်းအကြောင်းကိုတွင်တွင်ကြီးပြော
ဆိုခဲ့တာဟာ အခုဆိုရင်ဆယ်စုတစ်ခုထက်မကရှိနေပါပြီ။ နယူးယောက်တိုင်းမ်
ဂျာနယ်လစ်သောမတ်ဖရီးမင်းက ဂလိုဘယ်လိုက်ဇေးရှင်းကိုခေတ်သုံးခေတ်ခွဲ
ခြားဖေါ်ပြထားပါတယ်။ အဲဒါကတော့ခရစ်တိုဖာကိုလံဘတ်ရဲ့ အမေရိကခရီး
စဉ် (၁၄၉၂-၁၈၀၀) အထိပထမခေတ်၊ (၁၈၀၀-၂၀၀၀)အထိဒုတိယခေတ်၊
(၂၀၀၀-ယခုချိန်အထိ)တတိယခေတ်ဆိုပြီးဖြစ်ပါတယ်။ ပထမခေတ်ဟာရေ
ကြောင်းသွားလာရေးပညာကစတင်ပြီး၊ ပထမစက်မှုတော်လှန်ရေးမှာ အထွဋ်
အထိတ်ရောက်ရှိခဲ့တယ်။ အဲဒီကာလအတွင်းကမ္ဘာကြီးဟာအကြီးစား ကနေ
အလတ်စားအဖြစ်ကျုံ့ဝင်သွားခဲ့ပါတယ်။ ဒုတိယခေတ်ကတော့စက်မှု တော်
လှန်ရေးအထွဋ်ကစတင်ပြီးကွန်ပြူတာ၊ တက်ကနိုလော်ဂျီမှာအထွဋ်ထိတ်
ရောက် သွားပြီးအဲဒီကာလမှာကမ္ဘာကြီးဟာ အလတ်စားကနေအသေးစား
ကိုကျုံ့ဝင်သွားပြန်တယ်။ ဂလိုဘယ်လ်ပေါင်းစည်းမှုကို တွန်းပို့ပေးတဲ့စွမ်း
အားတွေဟာတယ်လီဂရပ်၊တယ်လီဖုန်း၊တကိုယ်ရည်သုံးကွန်ပြုတာတို့ ဖြစ်ကြပါ
တယ်။ တတိယခေတ် ကတော့ (၂၀၀၀) ခုနှစ်ကအင်တာနက် တက္ကနို လော်ဂျီ
နဲ့စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီးဘယ်အတိုင်းတာ အထိဆက်လက်တွန်းပို့သွားမှာ
ကိုတော့ ခန့်မှန်း လို့မရသေးပါဘူး။ ဒီကာလအတောအတွင်း မှာတော့ကမ္ဘာကြီး
ဟာအသေးစားအဆင့်ကနေပိစိကွေးအကျုံးဝင်သွားပြန်ပါတယ်။ ဒီခေတ်မှာ
လူတစ် ယောက်ချင်းစီတိုင်းဟာပညာကို ဘယ်လောက်ကိုင် နိုင်ကိုင်နိုင် ဆိုတဲ့
အချက်နဲ့ လူပုဂ္ဂိုလ်တဦးချင်းစီတိုင်းရဲ့ စွမ်းဆောင်ရည်ကိုတိုင်းတာရမယ့်အချိန်ဖြစ်ပါတယ်။
၂။ သခင်ယေရှုသွန်သင်သည့် ဂလိုဘယ်လိုက် ဇေးရှင်း
ကျမ်းစာမှာအံ့သြစရာကောင်းတဲ့အချက်ကလွန်ခဲ့တဲ့နှစ်၂၀၀၀ ကျော်
လောက်ကတည်းကသခင်ယေရှုဟာ ဂလိုဘယ်လိုက်ဇေးရှင်းအကြောင်းနက်
ဝေါ့ခ်အကြောင်းတွေပြောခဲ့ခြင်းပဲဖြစ်တယ်။ ဂလိုဘယ်လ်ဆိုတာကမ္ဘာ တဝှမ်း
လုံးကိုလွမ်းခြုံကြည့်မြင်တဲ့အမြင်သဘောထားကိုပြောတာပါ။ ဥပမာ၊ ဂလိုဘယ်
လိုက် ဇေရှင်း။နက်ဝေါ့ခ်အကြောင်းနဲ့ပတ်သက်ပြီးသခင်ယေရှုပြောခဲ့တဲ့ ကျမ်း
ချက်အချို့ကိုဖေါ်ပြရမယ်ဆိုရင်၊-
သင်တို့ သည်လောကီနိုင်ငံအရပ်ရပ်ရှိသမျှသို့ သွား၍၊ ဝေနေယျ
သတ္တဝါ အပေါင်းတို့အားဧဝံဂေလိတရားကိုဟာကြလော့။(မာ၁၆း၁၅)
သင်တို့သွား၍လူမျိုးတကာတို့ကိုငါ့တပည့်ဖြစ်စေလျက်၊ခမည်းတော်သား
တော်၊သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ဗတ္တိဇံကိုပေးကြလော့။
(မဿ၂၈း၁၉)
သင်တို့သည်တန်ခိုးကိုရ၍ယေရုရှလင်မြို့မှစ၍ယုဒပြည်၊ ရှမာရိပြည်၊
မြေကြီးစွန်းတိုင်အောင်ငါ၏သက်သေဖြစ်ကြလိမ့်မည်ဟုမိန့်တော်မူ၏။(တ၁း၈)
တနည်းကား၊ကောင်းကင်နိုင်ငံတော်သည်ပင်လယ်၌ချ၍ အမျိုးမျိုး
သောငါးတို့ကို အုပ်မိသောပိုက်ကွန်နှင့်တူ၏။ ငါးနှင့် အပြည့်ရှိ သော
အခါ တံငါ တို့သည်ကုန်းပေါ်သို့ဆွဲတင်၍ထိုင်လျက်၊ ကောင်းသော
ငါးတို့ ကိုခြင်း ထဲ သို့ ရွေးနုတ်ထည့် ထား၍၊ မကောင်းသောငါးတို့
ကိုပြင်သို့ ပစ်လိုက်ကြ၏။ (မဿဲ၁၃း၄၇-၄၈) (ပိုက်ကွန်ဆိုတာ
အင်္ဂလိပ်လို Net ဖြစ်ပြီး Internet ဆိုတာ ပိုက်ကွန်လိုပဲတကမ္ဘာ
လုံးကိုလွမ်းခြုံစေတဲ့အရာဖြစ်ပါတယ်။ ပင်လယ်ဆိုတာကမ္ဘာ
ကတစ်ဝှမ်းလုံးကိုဆိုလိုပြီး၊ငါးအမျိုးမျိုးဆိုတာကတော့နိုင်ငံတကာ လူ
မျိုးတကာကိုဆိုလိုတာပါ)
၃။ ဂလိုဘယ်လိုက်ဇေးရှင်းကို အဘယ်သို့ရင်ဆိုင်နိုင်မည်နည်း
အထက်ဖေါ်ပြချက်တွေအားလုံးဟာ ပထဝီအနေအားအရ တော်ရေး
မှု တိုင်း နိုင်ငံအားလုံးနဲ့သက်ဆိုင်တဲ့ဂလိုဘက်လိုက် ဇေးရှင်း မဟာ စေခိုင်းမှုဖြစ်ပါ
တယ်။ ခရစ်တော်ကလွန်ခဲ့တဲ့နှစ်နှစ်ထောင်ကျော်ကတည်းက ဂလိုဘယ်လိုက်
ဇေရှင်းနဲ့ပတ်သက်ပြီးမိန့်မှာထားတယ်ဆိုရင်ဒီကနေ့နှစ်ဆယ်တစ်ရာစု မြန်မာ
ပြည်ခရစ်ယာန်လူငယ်များဟာ ဂလိုဘယ်လိုက်ဇေးရှင်းကို ပိုပြီးစိတ်ဝင်စား
မှုရှိသင့်ပါတယ်။ ကိုယ့်လူမျိုး၊ ကိုယ့်မြို့၊ ကိုယ့်ရွာ၊ ကိုယ့်နိုင်ငံလောက်ကိုပဲစိတ်
ဝင်စားနေတဲ့နွား ခြေရာခွက်ထဲကဖါးလိုမျိုးအတွေးအမြင်တွေကို ကျောခိုင်းပြီး
ကမ္ဘာနဲ့အဝှမ်းချီပြီးမြင်ဖို့လုပ်ဆောင်ဖို့သာသနာတော်အတွက် ခြေလှမ်းဖို့ သင့်ပြီ
မဟုတ်ဘူးလား။
မြန်မာပြည်ဟာ(၁၉၆၂)ခုနှစ်မှာပါလီမန်ဒိုကရေစီအုပ်ချုပ်ရေးစနစ်ကို
အဆုံးသတ်ပြီး(မဆလ) အစိုးရမြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ ကတစ်ပါတီ
စနစ်နဲ့ အာဏာသိမ်းယူခဲ့ပါတယ်။ ၁၉၈၈ခုနှစ်မှာတော့ စစ်စိုးရက အာဏာသိမ်း
ယူခဲ့ပြီး(၂၀၁၂) တိုင်အောင်စစ်အုပ်ချုပ်ရေး စနစ်ကိုကျင့်သုံးခဲ့ခြင်းဖြစ်ပါတယ်။
ဒါကြောင့်မြန်မာပြည်ဟာ နေဝင်းအစိုးရခေတ်ကတည်းကကမ္ဘာပေါ်မှာနှစ်
ပေါင်း (၄၀) ကျော်အထီးကျန်အဆန်ဆုံး၊ တံခါးပိတ်ဝါဒကိုကျင့်သုံးခဲ့ပါတယ်။
ဒါပေမယ့် အခုအချိန်မှာ တော့ ဒီမိုကရေစီကို မြေစမ်းခရမ်းပြီးချိန်ဖြစ်ပြီး ယခင်
ထက်စာရင်မြန်မာပြည်ဟာ ကျေးဇူးတော်ကြောင့်နိုင်ငံတကာအသိုင်းအဝန်း
တွေဆီတံခါးပွင့်လာပြီ။ တံခါးပွင့်လာတဲ့အတွက် ယခင်မပွင့်ခဲ့တဲ့ပုံစံမျိုးနဲ့ မြန်မာ
ပြည်ခရစ်ယာန်လူငယ်တွေဟာပုံစံမပြောင်းဆက်ပြီးသွားနေဦးမှာလား။ လီကွမ်း
ယူဟာ ဒုတိယကမ္ဘာစစ်ပြီးဆုံးတဲ့နောက် အပျက်အစီးအပုံတွေကြားထဲကနေ
ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့စင်ကာပူနိုင်ငံကိုတည်ထောင်ခဲ့ပြီးအခြားကမ္ဘာ့နိုင်ငံ
အကြီးအကဲတွေရဲ့လေးစားခံရသူပါ။ စင်ကာပူဟာသဘာဝသယံဇာတပေါများ
ကြွယ်၀ခြင်းမရှိပေမယ့်သူ့ရဲ့ လမ်းညွှန်မှုကြောင့်စင်ကာပူဟာ ငွေရေးကြေးရေး
နဲ့စက်မှုလုပ်ငန်းဆိုင်ရာကိုပမာဏများစွာထုတ်ပေးစေနိုင်ခဲ့ပါတယ်။
၁၉၆၅ခုနှစ်မှာ မလေးရှားကနေခွဲထွက်ခဲ့ပြီးဒုက္ခအမျိုးမျိုးကြားက
သူဟာနိုင်ငံတည်ဆောက်လာခဲ့သူဖြစ်ပါတယ်။ နိုင်ငံတကာ ကလေ့လာစောင့်
ကြည့်သူတွေကစင်ကာပူကိုယခုလိုတိုးတက်ဖို့နေနေသာသာ၊ နိုင်ငံတောင်မှ
တည် မြဲနိုင်ပါ့မလားလို့ သံသယစိတ်နဲ့စောင့်ကြည့်ရတဲ့ အနေအထားဖြစ်
ခဲ့ပါတယ်။ လီကွမ်းယုဟာလာမယ့်နှစ်မှာ ဘာတွေဖြစ်ပေါ်လာမယ်ဆိုတာ
ကိုကြိုတင်ဟောကိန်းထုတ်နိုင်သူဖြစ်ပြီး၊ သူ့ဟောကိန်းထုတ်မှုရဲ့ ၉၀% လောက်
ဟာ မှန်ကန်နေတတ်ပါတယ်။ သူဟာစင်ကာပူကိုလွတ်လပ်ရေးရ စေခဲ့ပြီးပထမ
ဆုံး ဝန်ကြီးချုပ်အနေနဲ့ တာဝန်ယူခဲ့ပါတယ်။ ၁၉၅၉ခုနှစ်ကနေ ၁၉၉ဝခုနှစ်ရာထူး
ကဆင်းပေးချိန်အထိသူဟာဝန်ကြီးချုပ်အဖြစ်နဲ့အကြိမ်ကြိမ်ရွေးကောက် ခြင်း
ကိုခံခဲ့ရပါတယ်။ သူ့ရဲ့အဆိုအရကမ္ဘာကြီးဟာတရားမျှတမှုမရှိပါဘူး။ အချို့နိုင်ငံ
တွေကကြွယ်ဝချမ်းသာနေချိန်မှာအချို့ နိုင်ငံတွေကဆင်းရဲမွဲတေနေ ကြပါတယ်။
ဂလိုဘယ်လိုက်ဇေးရှင်းကြောင့်တရားမျှတမှု မရှိခြင်းဟာပိုမိုကြီးထွားလာပြီးဆင်း
ရဲချမ်းသာမှုကိုပိုပြီးကွာဟစေမှာဖြစ်တယ်။
ဒါပေမယ့်ဂလိုဘယ်လိုက်ဇေးရှင်း အခွင့်အရေးကို များစွာခံစားစေတဲ့အနေအထားရှိတဲ့နိုင်ငံတွေဟာ၊ အဲဒီလို အနေအထားမရှိတဲ့ နိုင်ငံ
တွေထက်အခွင့်အရေးတွေပိုခံစားကြပါလိမ့်မယ်လို့ဆိုခဲ့တယ်။ ဒီကနေ့
မြန်မာပြည်မှာရှိတဲ့ ခရစ်ယာန်လူငယ်မောင်မယ်တွေဟာနောင်မှာ စီးပွါးရေး
သမားလုပ်သည်ဖြစ်စေ၊ နိုင်ငံရေးသမားလုပ်သည်ဖြစ်စေ၊ အစိုးရဝန်ထမ်းလုပ်
သည်ဖြစ်စေ၊ အသင်းတော်နဲ့သာသနာလုပ်ငန်းလုပ်သည်ဖြစ်စေ ဂလိုဘယ်လိုက်
ဇေးရှင်းအမြင်ရှုထောင့်နဲ့သွားဖို့ လုပ်ဆောင်ဖို့အထူးလိုအပ်နေပါပြီ။ ဒေါ်နယ်လ်
ထရမ့်ပ်ဟာကမ္ဘာအကျော်ဆုံးစီးပွါးရေးလုပ်ငန်းရှင်ကြီးတစ်ယောက်ဖြစ်ပါ
တယ်။ သူက Trump University ကိုလည်းတည်ထောင် ခဲ့ပြီးအောင်မြင်ရေး
အခြေခံသဘောတရားတွေ၊ ငွေကြေးကိုင်တွယ်မှုဆိုင်ရာပညာရပ်တွေကို သင်
ကြားပို့ချပေးလျှက်ရှိပါတယ်။
သူ့အနေနဲ့ လူငယ်တွေကိုအထူးအကြံပြုထားတာက တော့ကမ္ဘာ
တဝှမ်းလုံးကိုအာရုံစိုက်ထားဖို့၊ ကမ္ဘာတလွှားနေ့စဉ်ဖြစ်ပျက်နေတာ
တွေကိုမျက်ခြည်မပြတ်ဖို့ အမျိုးသားရေးနဲ့ မိမိဒေသအရေးတွေကိုလည်း
နေ့စဉ်စောင့်ကြည့်ဖို့ဖြစ်ပါတယ်။ ADM (Archer Daniels Midland
Company) ရဲ့ချယ်ယာမင်အောင်းနဲ့ အမှုဆောင်အရာရှိချုပ်၊ ဂျီအယ်လင်
အင်ရီးစ်ကလူငယ်တွေကိုအကြံပြုထားတာကတော့ မျက်မှောက်ကမ္ဘာ ကြီးရဲ့
စီးပွါးရေး နည်းပညာတွေဟာကြီးမားစွာပြောင်းလဲနေတာကြောင့်
လူငယ်တွေဟာတတ်စွမ်းသမျှပညာကိုများများသင်ယူကြဖို့၊ တကမ္ဘာ
လုံးအတွေ့အကြုံ ရအောင်သင်ယူဖို့၊ ဘာသာစကားတတ်ကျွမ်းမှုဟာ
အထူးအရေးကြီးပြီး၊ နေရာဒေသပေါင်းစုံမှာအံ့ဝင်ဂွင်ကျဖြစ်စေတာကြောင့်၄င်းကိုလည်းအထူးလိုက်စားဖို့ ဖြစ်ပါတယ်။
မိုဟာမက်အလီဟာ ကမ္ဘာ့ဟဲဗီးဝိတ်လက်ဝှေ့ချန်ပီယံဟောင်းဖြစ်ပါ
တယ်။ သူဟာ(၁၉၀)ပြည့်နှစ် ရောမအိုလံပစ်ကနေ ရွှေတံဆိပ်ဆုရှင်လည်း
ဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ United States? Presidential Medal of Freedom
ရှိဆွတ်ခူးခဲ့လည်းဖြစ်ပါတယ်။ သူဟာသူ၊အကြောင်းနဲ့ ပတ်သက်
တခွန်းအစဖေါ်ပြထားတာကတော့ ကျွန်တော်ဟာ မိမိပတ်ဝန်းကျင်မှာ
ဖြစ်ပျက်နေတဲ့အရာတွေကိုအမြဲစိတ်ဝင်စားတတ်ပါတယ်။ နားထောင်
ကြည့်တယ်၊အကဲခတ်ကြည့်တယ်၊ ဖတ်ရှုလေ့လာတယ်။ကျွန်တော့်အတွက်
အဓိပ္ပါယ်ရှိတဲ့ အတွေးအခေါ်ခံယူချက်များနဲ့
သတင်းအချက်အလက်
တွေကိုယူပြီးမိမိဘ၀အသက်တာ တလျောက်အသုံးပြုနိုင်ဖို့လိုက်လျော
ညီထွေမှုရှိအောင် အမြဲတစေပြင်ဆင်ညှိနိုင်းယူပါတယ်။ ဒီပုဂ္ဂိုလ်တော်
တွေရဲ့ အကြံပြုချက်တွေကို ခြုံငုံကြည့် မယ်ဆိုရင်မျက်မှောက် ခေတ်မြန်မာပြည်
ခရစ် ယာန်လူငယ်တွေအတွက်အလွန်အရေးကြီးတဲ့အချက်ဟာမျက်စိဖွင့်၊
နားစွင့်နေဖို့ပတ်ဝန်းကျင်နဲ့ ကမ္ဘာကြီးနဲ့ အစဉ်မပြတ်ထိတွေနေဖို့ပါပဲ။
တရားဟောဆရာတွေမကြာမကြာပြောသလိုအခုခေတ်လူငယ်တွေဟာ လက်
တစ်ဖက်မှာသတင်းစာ၊တခြားလက်တစ်ဖက်မှာသမ္မာကျမ်းစာကိုနေ့စဉ်ကိုင်
ဆောင်ထားဖို့ပါ။သတင်းစာဖတ်တာကတော့လူတွေဘာ လုပ်နေတာလဲဆိုတာ
သိဖို့နဲ့၊ ကျမ်းစာဖတ်တာကတော့လူတွေဘာလုပ်သင့်သလဲဆိုတာသိဖို့ပါ။
ကိုးရီးယားကား တွေနဲ့၊ အနှစ်သာရမရှိတဲ့ ဗွီဒီယိုဇာတ်လမ်းတွေထိုင်ကြည့်ပြီး၊
သိုင်းဝတ္ထုတွေ၊ အချစ်ဝတ္ထုတွေနဲ့အချိန်ကုန်လွန်စေတာမျိုးမလုပ်သင့်ပါဘူး။
၎။ လူငယ်နှင့်ခေတ်မီဒီယာ
ဂလိုဘယ်လိုက်ဇေးရှင်းရဲ့လှိုင်းလုံးတွေကြားမှာအင်မတန်အရေးပါပြီးလူငယ်ထုကိုစွမ်းအားပြင်းထန်စွာလွမ်းမိုး သိမ်းပိုက်ထားနိုင်တဲ့အရာတစ်ခု ကတော့မီဒီယာပဲဖြစ်ပါတယ်။လူငယ်တွေဟာခေတ်နဲ့အညီယှဉ်ဘောင်တန်းပြီး တွေးခေါ်
မြော်မြင်၊ လှုပ်ရှားတတ်ဖို့အထူးလိုအပ်
သလိုအခြားတဖက်မှာခေတ်ရဲ့ ဓားစာခံ၊ခေတ်ရဲ့ သားကောင်အဖြစ်စား
သောက်ဝါးမြိုခြင်းမခံရဖို့အတွက်ကိုလည်း အထူးသတိပြုတတ်ဖို့လိုအပ်ပါတယ်။
အခုခေတ်မီဒီယာ (Midea)ခေတ်၊အိုင်တီ (Information& Technology)
ခေတ်ဖြစ် ပါတယ်။ ၄/၁၄ ပြတင်းပေါက်အကြောင်း တင်ဆက်ထားတဲ့
သတင်းအချက်အလက်တွေအရကမ္ဘာတဝှမ်းမှာ အင်တာနက်သုံးသူအရေ
အတွက်ဟာသိန်း(၆၄၀)ရှိပါတယ်။ အင်တာနက်ပေါ်တင် ထားတဲ့ဓာတ်ပုံ
အရေ အတွက် ဟာသန်း(၅၀)ရှိပါတယ်။ ၂၀၁၀ခုနှစ်ကလက်ကိုင်ဖုန်းအရေ
အတွက် (၁. ၃) သန်းရောင်းချခဲ့ရပြီး၊ အဲဒီအထဲကသိန်း(၃၀၀)ဟာ စမတ်ဖုံး
များဖြစ် ကြပါ တယ်။ ဒီကနေ့စမတ်ဖုန်းတွေဟာ (၁၉၆၉)ခုနှစ်မှာလ ကမ္ဘာပေါ်
ပျံသန်း ခဲ့တဲ့အပိုလိုအာကာလယဉ်ကဲ့သို့တွက်ချက်နိုင်စွမ်းရှိပါတယ်။ ကမ္ဘာပေါ်
ဖေ့စ်ဘုတ်အများဆုံးသုံးတဲ့နိုင်ငံအနေနဲ့ကတော့အင်ဒိုနီးရှားဖြစ်ပြီး၊ ရေပန်း
စားဆုံးဂိမ်းကတော့ WorldWarcraft အစရှိသည် တို့ဖြစ်ကြပါတယ်။ ယေရှု
ကိုဂိုဂယ်လ်မှာရှာရင်ရလဒ်(၄၁၆) သန်းသာတွေ့ ရှိရမှာဖြစ်ပြီး၊ ညစ်ညမ်း
ပုံတွေကိုရှာခဲ့မယ်ဆိုရင်တော့ ရလဒ်ပေါင်း (၉၅၁) သန်းရရှိမှာဖြစ်ပါတယ်။
အမေရိကန်ကလေးတွေရဲ့တစ်နေ့ တာပျမ်းမျှ တီဗွီ ဒီဂျစ်တယ်မီဒီယာ အသုံးပြု
ချိန်ကတော့အနည်းဆုံး၂နာရီ၃၈မိနစ်ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်း လုံးကလူငယ်
တွေဟ YouTube ကနေတဆင့်ဗွီဒီယိုပေါင်း (သန်း၂၀၀) ကိုနေ့စဉ်ကြည့်ရှုကြပါ
တယ်။ Zapia အသုံးပြုသူ (သန်း၄၈၀) (တရုတ်ပြည်) HABBO အသုံးပြုသူ
(သန်း၂၀၀)(၁၃နိုင်ငံ) ၊Netlo အသုံးပြု သူ(သန်း၇၀)(အာရပ်၊ တူရကီ) hi5
အသုံးပြုသူ (သန်း၈၀)(အာရှ၊ လက်တင် အမေရိက)၊ Orku အသုံးပြု
သူ(သန်း၁၀၀)(အိန္ဒိယ၊ဘရာဇီးလ်) စသဖြင့်အသုံးတွင်ကျယ်နေတာတွေ့ရပါတယ်။
မီဒီယာတိုးတက်လာခြင်းဟာ နည်းပညာတိုးတက်လာခြင်းရဲ့ ရလဒ်
ဖြစ်ပါတယ်။ တစ်ချိန်ကလူတွေဟာကမ္ဘာ့ဖလားကို ရုပ်မကြည့်ရပဲရေဒီယို
ကသာစိတ်ကူးမှန်းဆပြီးနားထောင်ရတဲ့ခေတ်ကနေအခုဆိုရင် LiveShow
အစီစဉ်နဲ့တိုက်ရိုက် ရုပ်မြင်သံကြားနိုင်တဲ့ခေတ်ဖြစ်ပါတယ်။ ကမ္ဘာဟာရွာတရွာ
နဲ့ပိုမိုတူလာပြီးမိနစ်ပိုင်း၊ စက္ကန့်ပိုင်းမှာသတင်းအဆိုးအကောင်းမှန်သမျှကိုမြင်
တွေ့ကြားနာနိုင်တဲ့အခြေအနေမျိုးဖြစ်ပါတယ်။ ဘိုးအင်းဂျက်လေယဉ်ပျံနဲ့ ၂၄
နာရီ အတွင်းကမ္ဘာကိုတစ်ပတ်ပတ်နိုင်ပြီး လူတွေဟာ ယခုချိန်မှာခရီးသွားလာ
ခြင်းကိုလည်းအလွန်စိတ်ဝင်စားလာကြသလို၊ စိတ်ပါကိုယ်ရောက်လည်း
သွားလာနိုင်တဲ့အချိန်ဖြစ်ပါတယ်။ မီဒီယာတွေနည်းပညာတွေ အံ့မခန်းတိုးတက်
ဖွံ့ဖြိုးလာခြင်းဟာလူသား တွေအချင်းချင်းဆက်သွယ်မှုပြုရာမှာများစွာ အကျိုး
ကျေးဇူးဖြစ်ထွန်းစေတာမှန်ပေမယ့်အဲဒါကိုအလွဲသုံးစားလုပ်ခြင်းအားဖြင့်များ
စွာသောအန္တရာယ်တွေကိုလည်းဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့်ဒီနည်းပညာ
တွေ၊ မီဒီယာတွေကိုအလွဲသုံးစားပြုခြင်းရဲ့ သားကောင်ဖြစ်သွားတဲ့အများ စုဟာ
ခေတ်လူငယ်တွေပဲဖြစ်ပါတယ်။
မီဒီယာ၏ သားများ မီဒီယာရဲ့
သားကောင်တွေထဲမှာ ခရစ်ယာန်လူငယ်အမြောက်အများလည်းပါဝင်ကြပါတယ်။ တစ်ခါကျွန်တော်ဟာကျမ်းစာကျောင်းသား အဆောင်
တစ်ခုကိုသွားလည်ခဲ့ပါတယ်။ ကျမ်းစာကျောင်းသားဆောင်မှာ ရေပန်းစားနေ
တဲ့ အရာကတော့ ညစ်ညမ်းရုပ်ရှင်ဇာတ်လမ်းတွေပဲဖြစ်တယ်။ကျောင်းသား
အချို့ ကအင်တာနက်ကနေညစ်ညမ်းရုပ်ရှင်တွေကို ဒေါင်းလုပ်ဆွဲပြီးအချင်းချင်းမျှ
ဝေကြရာကနေညစ်ညမ်းရုပ်ရှင်တွေဟာကျမ်းစာကျောင်းသားတိုင်းလိုလိုရဲ့
ကွန်ပျူတာ၊မင်မိုရီစတိတ်တွေ ထဲရောက် ကုန်ကြပါတယ်။အချို့ကျောင်းသား
သူငယ်ချင်းတွေကကျွန်တော့ ကိုလည်းအိမ်ယူသွားဖို့ပြောပေမယ့် ကျွန်တော်က
အားနာပါးနာနဲ့ငြင်းဆိုခဲ့ရပါတယ်။ ခေတ်လူငယ်တွေကိုကိုယ်စားပြုတဲ့လူငယ်
အချို့ ရဲ့ ကိုယ်တွေ့သက်သေခံချက်တချို့
ကိုဖေါ်ပြ လိုက်ပါတယ်။
ဂျင်မ်ဆိုတဲ့လူငယ်တစ်ယောက်ဟာ ထိမ်းမြားခြင်းမရှိဘဲလိင်ဆက်ဆံ
ခြင်းကြောင့်ကြုံတွေ့ရတဲ့သူ့ရဲ့ဝိညဉ်ရေးဆိုင်ရာ ခမ်းခြောက်ခြင်းပြဿနာကိုအခု
လိုပြောပြထားပါတယ်။ ကျွန်တော်ဟာအသက်ကိုးနှစ်အရွယ်ကတည်း ကခရစ်
ယာန်တစ်ယောက်ဖြစ်လာခဲ့ပြီးအသက် (၁၂)အရွယ် ကနေစပြီးလိင်ပိုင်းဆိုင်ရာ
သက်ဝင်လှုပ်ရှားလာခဲ့ပါတယ်။ အခုချိန်မှာကျွန်တော် ဟာအသက်(၂၀)ပြည့်
နီးပါးဖြစ်နေပြီးအင်တာနက်ကစာမျက်နှာတွေပေါ်ကနေလိင်ဆက်ဆံမှုဆိုင်
ရာအဆုံးဝါးဆုံးအရာတွေကို ဆက်တိုက် လိုလိုကြည့်နေမိပါတယ်။ ဒီအရာကို
အရာကိုမထိန်းချုပ်နိုင်ခဲ့ဘူးဆိုရင်တစ်နေ့မှာကျွန် တော်ဟာတပ်မက်အားကြီး
မှုကြောင့်ပျက်စီးရတော့မယ်။ ကျွန်တော်ဟာ ခရစ်ယာန်တစ်ယောက်မှန် ပေမယ့်
ကျွန်တော်ရဲ့ လိင်ပိုင်းဆိုင်ရာပြဿနာ ရှေ့တိုးနောက်ငင်ဖြစ်နေပါတယ်။ ကျွန်
တော်ဟာကျွန်တော့လုပ်ဆောင်ချက်အတွက် နောင်တရတယ်၊ဒါပေမယ့်အဲဒီ
အရာကိုပဲထပ်ခါထပ်ခါပြုနေပြန်ပါတယ်။ ကျွန်တော်ဟာဘုရားသခင်ကို ဘယ်
လောက်ပင်တမ်းတပါစေ၊သူ့ဆီဘယ်တော့မှပစ်မှတ်ထားဦးတည်နိုင်ခြင်း မရှိခဲ့ပါဘူး။
အသက်(၁၈)နှစ်အရွယ်ရှိတဲ့ အထက်တန်းကျောင်းသားလေးကယ်ရီ က
သူကြုံ တွေ့နေရတဲ့မီဒီယာအားဖြင့်စုံစမ်းခြင်းပြဿနာကိုအခုလိုပြောပြခဲ့ပါတယ်။
ကျွန်တော်ဟာအမြဲတစေဧည့်ခန်းမှာ သင်ခန်းစာတွေလုပ်လေ့ရှိပြီးတတ်နိုင်သမျှ
ညဉ့်နက်တဲ့အထိနေတတ်ပါတယ်။ ကျွန်တော့အိပ်ခန်းကိုမဝင်ခင်ကျွန်တော်
ဟာဘာဖြစ်လာတော့မယ်ဆိုတာကိုအလိုလို ကြိုသိနေပါတယ်။ သိပ်မကြာ
မှီမှာပဲကျွန်တော်ကကွန်ပျူတာကိုဖွင့်လိုက်ပါတယ်။ ကျွန်တော်ဟာ အီးမေးလ်
တွေကိုစစ်ဆေးဖို့ခဏတာဖွင့်ကြည့်ခြင်းပါလို့ ကိုယ့်ကိုယ်ကိုပြောနေပေမယ့်
ကိုယ့်ကိုလိမ်ညာနေမှန်းကိုသိနေပါတယ်။ ကျွန်တော်တကယ်လိုချင်တာ
ဘာလဲဆိုတာသိနေ တယ်။ လိင်နဲ့ပတ်သက်တဲ့ပုံတစ်ပုံနှစ်ပုံကြည့်ဖို့ မောက်စ်ကို
အလိုလိုနှိပ်နေပြီးဖြစ်နေတယ်။ တစ်မိနစ် နှစ်မိနစ်ပဲကြည့်ပြီးပိတ်လိုက်မှာ
ပါလို့ကိုယ့်ကိုကိုယ်ပြောရင်း ကွန်ပျူတာစက်စတင်လည်ပတ်လာချိန်မှာ
တော့ကြည့်လိုတဲ့ဇောရမ္မက်တွေကများလာပြီး နောက်ဆုံးမှာတော့အမှန်
တကယ်လိင်ဆက်ဆံတဲ့အရာတွေကိုကြည့်မိပါတော့တယ်။
ကျွန်တော်ဟာကိုယ်စိတ်ရမ္မက်အလွန်ပြင်းထန်လာတာကြောင့်မိမိရဲ့
ကာမစိတ်ဆန္ဒပြင်းပြမှုကိုမိမိလက်နဲ့ဖြေဖျောက်စေပါတယ်။ သိပ်မကြာခင်မှာပဲ
လိင်တက်ကြွပြင်းထန်စိတ်ရမ္မက်တွေဟာချုပ်ငြိမ်းသွားတာကြောင့်ကျွန်တော်ဟာ
အခန်းမီးတွေပိတ်လိုက်ပါတယ်။ ဒါပေမယ့်မကြာမှီမှာပဲ တပ်မက် စိတ်တွေဟာ
ပြန်ဝင်လာပြီးအခန်းမျက်နှာကြက်တွေအပေါ်မျက်လုံးအဝိုင်းသား နဲ့ကြည့်
နေမိပါတယ်။ ဘာမှမမြင်ရပေမယ့်ရမ္မက်စိတ်ဆန္ဒတွေဟာ အလွန်ပြင်းထန်လာ
ပြန်ပြီးကျွန်တော်ဟာအိပ်လို့မရတော့ဘူး။ ဒါကြောင့်ကာမရမ္မက်စိတ်ဆန္ဒ
ပြင်းပြမှုကို မိမိလက်နဲ့ထပ်မံဖြေဖျောက်စေပြီးအိပ်ဖို့စဉ်းစားလိုက်တယ်။ ဒီလို
လုပ်ခြင်းအတွက်အပြစ်ရှိတယ်လို့ပိုပြီးခံစားလာတာကြောင့် အိပ်လို့မပျော်
တော့ပါဘူး။ မနက်မှာတော့ပင်ပန်းနွမ်းနယ်ခြင်းနဲ့ပဲ အိပ်ယာထခဲ့ပါတော့တယ်။
ဒီသက်သေခံချက်တွေဟာ သန်းပေါင်းများစွာသောခရစ်ယာန်လူငယ်တွေကို
ကိုယ်စားပြုပါတယ်။ ဒီထောင်ချောက်ရဲ့သားကောင်အဖြစ်ကနေ ဘယ်လိုလွတ်
မြောက်နိုင်မလဲဆိုတဲ့အချက်ကိုနောင်လာမယ့်အခန်းတွေမှာဖေါ်ပြထားပါတယ်။
၆။ မီဒီယာကို မည်ကဲ့သို့မှန်ကန်စွာ အသုံးပြုမည်နည်း
အခုခေတ်ဟာ အိုင်တီခေတ်ဖြစ်တာနဲ့ အညီမြန်မာပြည်မှာရှိတဲ့ခရစ်
ယာန်လူငယ်တွေအနေနဲ့လည်းမီဒီယာနဲ့ကင်းကွာလို့မရနိုင်ပါဘူး။ အရေးကြီး
တာကအလွဲသုံးစားမလုပ်ဖို့အကျိုးမဲ့မဟုတ်ဘဲအကျိုးရှိရှိအသုံးပြုဖို့ပါပဲ။ ဥပမာ၊
ဖေ့စ်ဘုတ်မှာစာတွေ၊ပုံတွေတင်မယ်ဆိုရင်တောင် အများအတွက်အကျိုးရှိမယ့်
အရာမျိုးကိုသေသေချာချာစီစစ်ပြီးမှတင်သင့်ပါတယ်။ ဖေ့စ်ဘုတ် ပေါ်မှာအချို့
သောလူတွေတင်ထားတဲ့စာတွေ၊ ပုံတွေဟာကျွန်တော့အတွက် တကယ်ကို
အကျိုးရရှိစေပါတယ်။ တခါတလေမှာတရားဟောချက်အတွက်တောင်များစွာ
အထောက်အကူဖြစ်စေပါတယ်။ ကျမ်းစာကငါတို့ကို ဘာပဲလုပ်လုပ်အချည်း
နှီး လုပ်ဆောင်ခြင်းမဟုတ်ဘဲ၊ အများအကျိုးအတွက်ရည်ရွယ်ချက်ရှိရှိအကျိုးရှိရှိ
လုပ်ဖို့သွန်သင်ထားပါတယ်။ “ရန်တွေ့လိုသောစိတ်၊အချည်း နှီးကျော်စော
ကိတ္တိကိုတပ်မက်သောစိတ်ရှိ၍အဘယ်အမှုကိုမျှမ ကြောက် နှင့်။”
(ဖိ၂း၃) “ညစ်ညူးသောစကားတစ်ခွန်းကို သင်တို့နှုတ်မှ မထွက်စေနှင့်။
ကြားနာသောသူတို့၏အကျိုးကိုပြုစုစေခြင်းငှါ၊ တည်ဆောက်စရာ
ဖို့ကောင်းသောစကားကိုသာသုံးဆောင်ကြလော့။ (ဧဖက်၄း၂၉) စာဖြစ်ဖြစ်
ပုံဖြစ်ဖြစ်ဖေ့စ်ဘုတ်ပေါ် တင်လိုက်ပြီဆိုတာနဲ့သူတပါးကိုတစ်စုံတခုပြောလိုက်
တာနဲ့အတူတူဖြစ်တာကြောင့်ကိုယ်တင်လိုက်တဲ့အရာဟာသူတပါးကိုတည်
ဆောက်ပေးတဲ့အရာဖြစ်ရပါမယ်။
နောက်တစ်ခုကတော့အားအားယားရှိဖေ့စ်ဘုတ်၊ အင်တာနက်ကိုကြီး ဘဲကလိ
နေတာမျိုးမဟုတ်ပဲအချိန်လေးတွေသတ်မှတ်ပြီးမှ အသုံးပြုမယ်ဆိုရင် အကျိုး
ရှိပါတယ်။ ရှေးခေတ်နေနာရီတွေမှာဆိုရင် အချိန်ကို သိမ်းဆည်းထားလို့
မရနိုင်ဘူး။ ဒါပေမယ့်အကျိုးရှိစွာနဲ့ကုန်လွန်စေနိုင်ပါတယ်လို့သတိပေးတဲ့
စာကြောင်းကိုရေးထိုးထားလေ့ရှိပါတယ်။
ကျမ်းစာက“လူမျိုးရှိသမျှသည်မြက်ပင်ကဲ့သို့ဖြစ်၏။ လူမျိုး၏
ဘုန်းရှိသမျှသည်လည်းမြက်ပွင့်ကဲ့သို့ဖြစ်၏။ မြက်ပင်သည်နွမ်း
ခြောက်သွေ့ တတ်၏။ အပွင့်လည်းကြွေတတ်၏” လို့ဆိုထားတယ်။
(၁ပေ၁၂၄) သမ္မာကျမ်းစာက “ထို့ကြောင့်ပညာမဲ့ကဲ့သို့မဟုတ်၊ ပညာရှိ
ကဲ့သို့စေ့စေ့မြေ့မြေ့ကျင့်ဆောင်မည် အကြောင်းသတိပြု ကြလော့။ ယခု
နေ့ရက်ကာလတို့သည်ဆိုးယုတ်သောကြောင့်ကာလအချိန်ကိုရွေး နုတ်ကြ
လော့။ ထို့ကြောင့်သမ္မာသတိမရှိသောသူမဖြစ်၊ သခင်ဘုရား၏အလိုတော်
ရှိရာကိုပိုင်းခြားသောသူဖြစ်ကြလော့”လို့ဆို ထားပါတယ်။ (ဧဖက် ၅း၁၅-၁၆)
သင်ဟာမီဒီယာတွေကိုအချိန်နဲ့အသုံးပြုခြင်းအားဖြင့် သင့်ရဲ့မျက်စိ
အတွက်အကျိုးရှိလာမယ်။လူမှုဆက်ဆံရေးမှာ လူတွေနဲ့ ပေါင်းသင်းဆက်ဆံ
ရာမှာပိုပြီးထိရောက်တဲ့မိဿဟာယကို တည်ဆောက်လာနိုင်မယ်။ မလိုလား
အပ်တဲ့အန္တရာယ်တွေကနေကင်းလွတ်မယ်။ ဥပမာ၊ ဖေ့ဘုတ်အကြည့်ကောင်း
လွန်းလို့လမ်းလျှောက်ရင်းကျောက်ပြားပိတ်မထားတဲ့လမ်းဘေးရေနုတ်မြောင်း
ထဲပြုတ်ကျချော်လဲပြီးဆေးခန်းရောက်သွားတာမျိုးပေါ့။ တစ်ချို့ဆိုရင်ဘတ်စ်
ကားမှတ်တိုင်တွေကျော်စီးမိတာမျိုး၊ အိမ်သာတက်ရင်းအချိန်အကြာကြီး ထွက်
မလာတာမျိုးမဖြစ်တော့ပါဘူး။
ကျမ်းစာက သင်တို့ကိုခေါ်တော်မူသောသူသည်သန့်ရှင်းတော်မူ
သည်နည်းတူကျင့်ကြံပြုမူသမျှတို့၌သန့်ရှင်းခြင်းရှိကြလော့ လို့ ဖေါ်ပြထား
ပါတယ်။ (၁ပေ၁း၁၅) ဒါကြောင့်ကိုယ့်ရဲ့ ဟန်းဆက်၊ကွန်ပျူတာတွေမီဒီယာ
တွေအသုံးပြုရာမှာသန့်ရှင်းဖို့လိုတယ်။ ညစ်ညမ်းတဲ့ဂိမ်းတွေ၊ ပုံတွေ၊ ဗွီဒီယိုဖိုင်
တွေကိုမျှဝေ တာသိမ်းဆည်းထားတာ၊ ဒေါင်းလုတ်ဆွဲတာမျိုးမလုပ်သင့်ပါဘူး။
ထိုအစားကျမ်းစာတွေ၊ဓမ္မတေးသီချင်းတွေ၊ တရားဟောချက်လေးတွေ၊ လူ
တွေကိုအကျိုးပြုမယ့် ပျော်ရွှင်စေမယ့်၊ ပညာရရှိစေမယ့်အရာမျိုးတွေကိုထည့်သွင်းအသုံးပြုသင့်ပါတယ်။
နိဂုံး
ဒီကနေ့လူငယ်မောင်မယ်များအနေနဲ့ဂလိုဘယ်လိုက်ဇေးရှင်းဆိုတဲ့
ခေတ်ကြီးထဲမှာအသက်ရှင်နေထိုင်မှုအတွက် ဘုရားသခင်ကိုကျေးဇူးတင်ဖို့လို
သလိုတဖက်ကပြောမယ်ဆိုရင်အထူးသတိပြုပြီး သမ္မာသတိရှိရှိ အသက်ရှင်
နေထိုင်ရမယ့်ခေတ်ကာလအခြေအနေလည်းဖြစ်ပါတယ်။ ငါတို့ ဟာရှေးဘိုး
ဘေးတွေအိပ်မက်တောင်မမက်ဖူးတဲ့ကြီးကျယ်ခမ်းနားပြီးအန္တရာယ် များပြားလှ
တဲ့ခေတ်ကြီးထဲရောက်နေပြီ။ ဒီခေတ်ရဲ့တိုးတက်ပြောင်းလဲမှုနည်းပညာပိုင်းဆိုင်
ရာတိုးတက်ပြောင်းလဲမှုလှိုင်းလုံးကြီးတွေရဲ့ ဓားစာခံတွေမဟုတ်ဘဲ၊ ဒီလှိုင်းလုံးကြီး
တွေကိုမိမိအကျိုးအတွက်၊အများအကျိုးအတွက်၊ဘုရားသခင် ရဲ့ နိုင်ငံတော်
ကျယ်ပြန့်စေဖို့အတွက်မှန်မှန်ကန်ကန် သတိရှိရှိ၊ အမြင်ကျယ်ကျယ်နဲ့အသုံးပြု
သွားဖို့သာလိုအပ်ပါတယ်။ အချုပ်အနေနဲ့ပြောရမယ်ဆိုရင် ဂလိုဘလိုက်ဇေးရှင်း
ရေစီးကြောင်းထဲကိုမျက်စိဖွင့်နားစွင့်နဲ့နှုတ်ကပတ်သမ္မာ တရားရဲ့ထိန်းကြောင်းမှုနဲ့
အတူဝင်ရောက်စီးမျှောခံစားသက်ဝင်သွားဖို့ ဖြစ်ပါ တယ်။
လူငယ်နှင့်နှလုံးသားအရေး
“ရည်းစားတစ်ထောင်၊လင်ကောင်းတစ်ယောက်” ဆိုတဲ့ စကားပုံက
လူငယ်တွေကိုရည်းစားများများထားဖို့အားပေးတိုက်တွန်းနေသလိုဖြစ်နေ
မလား။ လူငယ်တွေ့ရည်းစားများများထားတာ စာရေးသူအနေနဲ့ ကတော့လုံးဝ
သဘောမတူပါဘူး။ ရည်းစားနဲ့ကိုယ့်အိမ်ထောင် ဖက်တစ် ယောက် တည်းထပ်
တူဖြစ်တာအကောင်းဆုံးပါပဲ။ တော်ကြာအိမ်ထောင်ကျပြီးမှအခြားသူ တစ်
ယောက်က ဟေနင့်မိန်းမကလည်းငါ့ရည်းစားဟောင်းဖြစ်နေပါလား လို့
ဘယ်သူမှအပြောခံချင်မှာတော့မဟုတ်ဘူး။ လူငယ်တွေကြားမှာ အမြဲတစေ
ဖြစ်ပျက်နေကျပြသနာကတစ်ခုကတော့ ချစ်သူသမီးရည်းစားထားခြင်းကိစ္စ
ဖြစ်ပါတယ်။ လူငယ်တွေဟာ Love(အချစ်)နဲ့ Lust (တပ်မက်မှု) ကိုခွဲခြား
သိမှတ်ဖို့လိုအပ်ပါတယ်။ မိန်းကလေးတွေဟာမိမိကိုချစ်ရေးလာဆိုတဲ့ လူတိုင်း
ကိုယ့်ကိုအမှန်တကယ်ချစ်တာမဟုတ်ဘဲ တပ်မက်မှုကြောင့်ဖြစ်တယ်ဆိုတာ
ကိုနားလည်ထားရမယ်။ အလားတူယောက်ျားလေးတွေလည်းမိမိကိုချစ်တဲ့
မိန်းကလေးတိုင်းကိုယ့်ကိုတကယ်ချစ်တယ်မထင်စေချင်ဘူး။ သင်ဟာချမ်းသာ
ကြွယ်ဝတဲ့မိသားစုကဖြစ်နေလို့၊ သင့်ရဲ့ ဆွဲဆောင်မှုရှိတဲ့ရုပ်ခန္ဓာကြောင့်မိန်းကလေးတွေဟာ သင့်ကိုတပ်မက်တာလည်းဖြစ်နိုင်ပါတယ်။ ဒေလီလဟာ
ရှန်ဆုံကိုတကယ်ချစ်တာမဟုတ်ဘူး။ ရှန်ဆုံဟာ အချစ်ကိုယုံလို့ ဒေလိလဆိုတဲ့
မိန်းမချောဆီသူ့ဘဝကိုပုံအပ်လိုက်တဲ့အခါမျက်
စိဖောက်ခံရပြီး၊အသေဆိုးနဲ့သေခဲ့ရပါတယ်။
ချစ်တာနဲ့တပ်မက်တာကိုမခွဲခြားတတ်ခဲ့လို့ဒုက္ခရောက်
ပြီးဘဝပျက်ခဲ့ကြတဲ့လူငယ်တွေအများကြီးရှိတဲ့အနက်၊ အဖြစ်ပျက်လေးနှစ်ခုကို
သာအဓိကအနေနဲ့ဖော်ပြပေးလိုပါတယ်။
၁။ အချပ်၏ ဓါးစာခံများ
ပထမအဖြစ်အပျက်ကတော့ မကြာသေးမှီ
ကဂျာနယ်တစ်စောင်မှာမိမိရဲ့ မွေးကင်းစက
လေးငယ်ကို ရက်ရက်စက် စက်ဘလိတ်ဓါး
လှီးပြီးသတ်ပစ်ခဲ့တဲ့ရှမ်းပြည်နယ်မြို့တစ်မြို့
ကအထက်တန်း ကျောင်းသူ မလေးတစ်
ယောက်ရဲ့ အကြောင်းပါ။ အဲဒီကျောင်းသူမ
ကိုရဲတွေကဖမ်းဆီးခဲ့ပြီးသက်ဆိုင်ရာကစစ်ဆေးမေးမြန်းခဲ့တဲ့အခါသူမဟာ သူမရဲ့
ရည်းစားနဲ့အတူအိပ်ခဲ့ပြီးမကြာခင်မှာကိုယ်ဝန်ရလာခဲ့တဲ့အကြောင်း၊ သူ့မှာ
ကိုယ်ဝန်ရှိလာတာကိုသိသွားတဲ့အခါ သူ့ရည်းစားဟာသူမကိုတာဝန်မယူ လိုတာ
ကြောင့်တရုတ်ပြည်ကိုရှောင်ထွက်ခွါသွားခဲ့ကြောင်း၊သူမဟာ ဒီကလေးသာ
ဆက်ရှိနေမယ်ဆိုရင်သူမရဲ့ ဘဝတက် လမ်းအတွက်အတားအဆီးဖြစ်နိုင်ပြီး၊
အခွင့်အလမ်းတွေအားလုံးဆုံးရှုံးသွားနိုင်တယ်ဆိုတဲ့အတွေးဝင်ရောက်လာခဲ့
တာကြောင့်ကလေးငယ်ကိုလူမဆန်စွာရှင်းလင်းသုတ်သင်ခဲ့ရ တာဖြစ်ကြောင်း
ပြောဆိုခဲ့ပါတယ်။
ဒုတိယအဖြစ်အပျက်ကတော့ လွန်ခဲ့တဲ့သုံးလေးနှစ်လောက်တုန်းကရန်ကုန်မြို့မှာရှိတဲ့တက္ကသိုလ်ကျောင်းတစ်ခုက အလွန်တုန်လှုပ် ခြောက်ခြား
ဖွယ်ကောင်းတဲ့ အဖြစ်ဆိုးတစ်ခုပါ။ ဖြစ်ပျက်ပုံကတော့ကျောင်းသား
တစ်ယောက် ဟာသူ့ချစ်သူရည်းစားနဲ့လိင် ဆက်ဆံလိုတာကြောင့်သူ့ရည်းစား
သောက်မယ့်အချိုရည်ဗူးထဲကိုလိင်စိတ်ကြွဆေးထည့်ပေးလိုက်ပါတယ်။ ဆေး
သောက်မိတဲ့ချစ်သူမိန်းကလေးဟာ လိင်ဆက်ဆံလိုစိတ်အလွန်ပြင်းထန်
လာတာကြောင့်သူတို့ဟာအကြိမ်ကြိမ်လိင်ဆက်ဆံခဲ့ကြပါတယ်။ ဒါပေမယ့်
စိတ်ကြွဆေးထည့်တာဟာလိုတာထက်အလွန်အကျွံထည့်မိတာကြောင့် မိန်းက
လေးဟာစိတ်မပြေနိုင်ဘဲဖြစ်နေခဲ့တယ်။ နောက်ဆုံးမှယောက်ျားလေးဟာ သူ့ချစ်
သူရည်းစားရဲ့ လိင်စိတ်မာန်ထကြွမှုကိုပြေပျောက်အောင် မစွမ်းဆောင်နိုင်တော့
တာကြောင့်သူ့သူငယ်ချင်းတစ်ယောက်ကိုခေါ်ပြီးသူ့ရည်းစားနဲ့လိင်ဆက်ဆံမှုပြု
စေပါတယ်။
သူ့သူငယ်ချင်းကလည်းအကြိမ်ကြိမ်လိင်ဆက်ဆံမှုပြုပေမယ့်ထိုမိန်း
ကလေးဟာစိတ်မာန်တက်ကြွမှုမပြေနိုင်ခဲ့ပါဘူး။ နောက်ဆုံးသူ့သူငယ်ချင်း
ကလည်းမစွမ်းဆောင်နိုင်တာ ကြောင့်သူတို့နှစ်ယောက်ဟာအဲဒီမိန်းကလေးကို
ခြုံပုတ်ထဲမှာစွန့်ပစ်ထားခဲ့ပြီးထွက်ပြေးသွားခဲ့ကြပါတယ်။ မကြာမှီပတ်ဝန်းကျင်
ကရိပ်မိသွားတာကြောင့်စိတ်မာန်ထကြွပြီးထိန်းသိမ်းမရဖြစ်နေတဲ့ မိန်းကလေး
ကိုဆေးရုံဆီအရေးပေါ်ပို့ပေးခဲ့ရပါတယ်။ အချစ်စိတ်နဲ့တပ်မက်စိတ်ဆိုတာ
လူငယ်တိုင်းမှာရှိပါတယ်။ ဒါဟာလူတွေကိုမျိုးပွါးစေဖို့အတွက်ဘုရားသခင်
ထည့်ထားပေးတဲ့စိတ်သဘောသဘာဝဖြစ်ပါတယ်။ ဒါပေမယ့်ပြဿနာကလူ
ငယ်တွေဟာဒါကိုမထိန်းသိမ်းတတ်တာ၊အလွဲသုံးစားမှုပြုတာ အချိန်မတန်
ဘဲလိင်ဆက်ဆံတာစသည်တို့ဖြစ်ပါတယ်။ တမန်တော် ပေါလုက လူငယ်သင်း
အုပ်ဆရာဖြစ်တဲ့တိမောသေကိုခုလိုအားပေးတိုက်တွန်းခဲ့ပါတယ်။ လူပျိုတို့၏
တပ်မက်ခြင်းကိလေသာစိတ်ကိုကြဉ်ရှောင်လော့။ ဖြောင့်မတ်ခြင်း၊ သစ္စာရှိ
ခြင်း၊ချစ်ခြင်း၊စင်ကြယ်သောစိတ်ရှိ၍၊သခင်ဘုရားကိုပဌနာပြုသော သူ
တို့ နှင့် အသင့် အတင့်နေခြင်းတို့ကိုမှီအောင်လိုက်လော့။ (၂တိ ၂း၂၂)
၂။ လတ်မထပ်မီ လိင်မှုဆက်ဆံခြင်း
PREMARITAL SEX
ကျန်းမာရေးရှုထောင့်ကကြည့်မယ်ဆိုရင် လူငယ်တွေဟာတဖက်သား
ဆန့်ကျင်ဘက်လိင်တွေအပေါ် စိတ်ဝင်စားခြင်း၊ လိင်ဆက်ဆံလိုစိတ်ရှိခြင်းဟာ
အပြစ်မဟုတ်ပါဘူး။ ဒါဟာကမ္ဘာပေါ်မှာလူဦးရေတိုးပွါးဖို့ဘုရားသခင်ရဲ့အကြံ
အစည်တော်နဲ့လက်ရာတော်ကြောင့်ဖြစ်ပါတယ်။ ကာမလွန်ကျူးခြင်းအဖြစ်
ဆိုတာမိမိရဲ့တဏှာကိုထိန်းချုပ်နိုင်စွမ်းမရှိတာကြောင့်အချိန်မတန်ဘဲလိင်ဆက်
ဆံခြင်းမှားယွင်းတဲ့လူပုဂ္ဂိုလ်တစ်စုံတစ်ယောက်နဲ့လိင်ဆက်ဆံခြင်းမျိုး ကိုဆိုလို
တာပါ။ ပုံမှန်အားဖြင့်ယောက်ျားလေးတွေဟာအသက်(၁၂)နှစ်ကနေ(၁၆) နှစ်
အရွယ်မှာကိုယ်ခန္ဓာပိုင်းဆိုင်ရာပြောင်းလဲမှုတွေဖြစ်ပေါ်လာ ပါတယ်။
ကြွက်သားတွေသန်မာလာပြီးအသံတွေသြလာတယ်ချိုင်းကြားတွေ
အင်္ဂါ ဇာတ်နေရာတွေမှာအမွှေးအမျှင်တွေပေါက်လာတယ်။ လိင်အင်္ဂါအရွယ်
အစားဖွံ့ဖြိုးလာပြီးသုတ်ရည်တွေထုတ်လုပ်နိုင်စွမ်းရှိလာတယ်။ တခါတရံည
အိပ်မက်မက်ပြီးသုတ်ရည်တွေထုတ်လွတ်လာတတ်ပါတယ်။ မိန်းကလေးတွေ
ကတော့တွေကတော့ရွယ်တူယောက်ျားလေးတွေထက်စောပြီးကိုယ်ခန္ဓာပိုင်း
ဆိုင်ရာဖွံ့ဖြိုးတိုးတက်လေ့ရှိပါတယ်။
မိန်းကလေးတွေဟာသက်(၁၁)နှစ်ကနေ(၁၅)နှစ်အကြားအဖေါ် ဝင်လေ့
ရှိပါတယ်။ ရင်သား၊ တင်သားတွေကြီးထွားလာပြီး ချိုင်းကြား၊ အင်္ဂါဇာတ်
နေရာတွေမှာအမွှေးအမျှင်တွေပေါက်လာပါတယ်။ (၂၈)ရက်(သို့)တစ်လ တစ်ကြိမ်
ဓမ္မတာလာလေ့ရှိပြီးဒီအရာဟာ အမျိုးသမီးတွေအတွက်ကိုယ်ဝန်ဆောင်ဖို့
ဘုရားသခင်ရဲ့စီမံချက်ဖြစ်တာကြောင့်ရှက်ကြောက်စရာမလိုအပ်ပါဘူး။ ကြီး
ကောင်ဝင်လာတဲ့ယောက်ျား၊ မိန်းကလေးတွေဟာချွေးပိုထွက်တာ၊ မျက်နှာ
အဆီပြန်တာတွေကြောင့်ဝက်ခြံ၊ တင်းတိတ်တွေထွက်လာတတ်တာကြောင့်
ဆပ်ပြာနဲ့တစ်နေ့မှာသုံးလေးကြိမ်မျက်နှာသစ်ပေးသင့်ပါတယ်။
ယနေ့ လူငယ်များအကြားလက်မထပ်မှီလိင်မှုဆက်ဆံခြင်းနှုန်းထားဟာ
အဆပေါင်းများစွာတိုးပွါးလာနေတာကိုတွေ့ရှိရပါတယ်။ သုတေသီတွေရဲ့ အဆို
အရအမေရိကန်နိုင်ငံရဲ့ အထက်တန်းကျောင်းသူ၊သား၄၀%ဟာလိင် ဆက်ဆံမှု
အတွေ့အကြုံ ရှိပြီးသားဖြစ်ကြတယ်လို့ဆိုပါတယ်။ မြန်မာပြည်ရဲမှုခင်းလေ့လာ
စောင့်ကြည့်ရေးအဖွဲ့ရဲ့ တင်ပြအစီရင်ခံစာအရဆိုရင်လည်းအဓမ္မကျင့်မှု(သို့)
မုဒိမ်းမှုဟာမှုခင်းဖြစ်ပျက်မှုဒုတိယအများဆုံးအဆင့်မှာရောက်ရှိနေပြီး၊ အထူး
သဖြင့်အရွယ်မရောက်သေးတဲ့ဆယ်ကျော်သက်တွေမှာအဖြစ်များကြောင်းသိရှိ
ရပါတယ်။
၃။ ကိုယ်ဝန်ဖြတ်တောက်ခြင်း
လက်မထပ်မှီလိင်ဆက်ဆံခြင်းရဲ့နောက်ဆက်တွဲပြဿနာတစ်ခုကတော့ကိုယ်ဝန်ဖျက်ချခြင်းပဲဖြစ်ပါ
တယ်။ ကိုယ်ဝန်ဖျက်ချခြင်းနဲ့ကိုယ်ဝန်ပျက်ကျခြင်းမတူပါဘူး။ကိုယ်ဝန်ဖျက်ချခြင်းဟာ မွေးဖွားလာမယ့်ကလေးကို တာဝန်မယူလိုတာ
ကြောင့်လောကကြီးထဲရောက်မလာခင်ဗိုက်ထဲမှာပင်စာရင်း ရှင်းပစ်လိုက်ခြင်း၊သတ်ပစ်လိုက်ခြင်းဖြစ်ပါတယ်။ သုတေသီများရဲ့အဆိုအရ အမေရိကန်ပြည်
ထောင်စုတစ်ခုတည်းမှာတောင်မျှမ်းမျှအားဖြင့် နေ့စဉ်ကလေးပေါင်း(၄၀၀၀)
ကျော်ဟာနေ့စဉ်သူတို့မိခင်ရဲ့ဝမ်းဗိုက်ထဲမှာပဲဖျက် ဆီးခံနေရကြောင်းသိရှိရပါ
တယ်။ စစ်တမ်းကောက်ယူချက်အရအမေရိကန် နိုင်ငံတဝှမ်းနှစ်စဉ် လူသေဆုံး
မှုနှုန်းထားကတော့မတော်တဆထိခိုက်မှုကြောင့်သေဆုံးသူ(၁၂၁၀၀၀)ကင်
ဆာရောဂါနဲ့ သေဆုံးသူ (၅၈ဝဝဝဝ)၊ နှလုံးရောဂါနဲ့ သေဆုံးသူ (၆၀၀၀၀၀)
ကိုယ်ဝန်ဖျက်ချမှုကြောင့်သေဆုံးသူ(၁၆၀၀၀၀၀) ဖြစ်ပါတယ်။ ဒါကြောင့်လူသေ
ဆုံးမှုအမြင့်မားဆုံးရဲ့စံဟာ ကိုယ်ဝန်ဖျက်ချမှုပဲဖြစ်တယ်။ ကိုယ်ဝန်ဖျက်ချမှု့ဟာ
မိခင်နဲ့ကလေးနှစ်ဦးစလုံးကိုအသက် အန္တရာယ်ပေးပါတယ်။
(ခ) ကိုယ်ဝန်ဖျက်ချခြင်းသည် လူ့အသက်သတ်ခြင်း
သန္ဓေသားဖျက်ချရာမှာလည်း တမင်ရည်ရွယ်ပြီးလုပ်ဆောင်တာရှိ
သလို၊ကျမ်းမာရေးအရ၊ ဆင်းရဲနွမ်းပါးမှုကြောင့်၊ မလွဲရှောင်သာတဲ့အကြောင်း
ကိစ္စတွေကြောင့်ဖျက်ချခြင်းဆိုပြီးနှစ်မျိုးနှစ်စားရှိပါတယ်။ သန္ဓေသားဆိုတာ
ယောက်ျားရဲ့ မျိုးဥနဲ့မိန်းမရဲ့ မျိုးဥတို့ ပေါင်းစပ်ခြင်းကြောင့်ဖြစ်ပေါ်လာတာပါ။
ယောက်ျားတစ်ယောက်က သုတ်တစ်ကြိမ်ထုတ်လွတ်တဲ့အခါမျိုးဥသန်းပေါင်း
၂၅၀-၃၀၀အထိပါဝင်ပြီး၊လိင်ဆက်ဆံပြီး (၄၈)နာရီအတွင်းကျားမျိုးဥနဲ့ မမျိုးဥ
တို့ ပေါင်းစပ်ပြီးမျိုးအောင်သွားပါတယ်။ ထိုမျိုးအောင်ပြီးတဲ့နောက်၇-၁၀ရက်
အတွင်းသားဥအိမ်ထဲဝင်ရောက်သွားပါတယ်။
ရက်သတ္တနှစ်ပတ်ကြာတဲ့အခါသန္ဓေသားလောင်းဟာသားအိမ်နံမှာတွယ်ကပ်သွားပါတယ်။ နှစ်ပတ်ကနေရှစ်ပတ်အတွင်းကိုယ်အင်္ဂါ အသီး
သီးစတင်ဖွံ့ဖြိုးလာပါတယ်။ ၆-၈ပတ်အတွင်းဦးနှောက်အရွယ်အစားတစ်လက်မ
အထိရှိလာတယ်။ ၁၂-၁၆ပတ်အတွင်းသန္ဓေသားအရွယ်အစားမှာ၅၁/၂
လက်မ အရှည်ရှိလာတယ်။ ၂ဝ-၂၈ပတ် အတွင်းအဆုတ်တွေကြီးထွားလာပြီး
အရွယ်အစားအားဖြင့်နှစ်ပေါင်လောက်ရှိလာပြီးမိမိဘာသာရှင်သန်နိုင်စွမ်း ရှိသွား
ပါတယ်။ ပညာရှင်ဘိတ်ဝစ်ရဲ့ လေ့လာတွေ့ရှိချက်အရသန္ဓေသားဟာ ဒုတိယ
လအတွင်းပါးစပ်၊နှာခေါင်း၊ မျက်လုံး၊ နား၊ ခြေချောင်း၊ လက်ချောင်းများပေါ်
ပေါက်လာပါတယ်။ ကြွက်သားတွေ၊ ဦးနှောက်တွေဖြစ်ပေါ်လာ ပြီးနှလုံးလည်း
စတင်ခုန်တတ်လာပါတယ်။ အဲဒီလမှာပဲသန္ဓေသား ဟာပြည့် စုံတဲ့လူပုံသဏ္ဍာန်
ရှိနေပြီဖြစ်တယ်။
တတိယလရောက်လာတဲ့အခါသန္ဓေသားဟာမြိုချတတ်လာပြီးမျက်
လုံးတွေကိုယ်ခန္ဓာတွေလည်းစတင်လှုပ်ရှားလာတယ်။ စတုတ္ထလနှင့်ပဉ္စမလမှာ
သန္ဓေသားဟာအရွယ်အစားကြီးမားလာပြီးမိခင်ရဲ့
အသံကိုတောင်ကြားနိုင်လာ
ပါပြီ။ သမ္မာကျမ်းစာရဲမူရင်းဘာသာစကားတွေဖြစ်တဲ့ဟေဗြဲနဲ့ဂရိဝေါဟာရ
တွေမှာသန္ဓေသားနဲ့ကလေးဆိုတဲ့စကားလုံးအသုံးအနှုံးဟာတစ်ခုတည်းသာ
ဖြစ်နေတာကြောင့်သန္ဓေသားတစ်ခုကို ဖျက်ချခြင်းဟာကျမ်းစာအရကလေးတစ်
ယောက်ကိုသတ်တာနဲ့အတူတူပဲဖြစ်ပါတယ်။ Fetus သန္ဓေသားကိုဂရိလို
Brephos ဟေဗြဲလို Yeled လို့ခေါ်ပြီး ဒီစကားလုံးနှစ်ခုလုံးဟာကလေး Child
လို့လည်းအဓိပ္ပါယ်ရှိပါတယ်။ (ထွ၂၁း၂၂၊ လု၁း၄၁)
(၂) ကိုယ်ဝန်ဖျက်ချခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများ
သန္ဓေသားဖျက်ချခြင်းဟာ ကျမ်းစာသွန်သင်ချက်အရ လူသတ်မှုကျူး
လွန်ခြင်းဖြစ်ရုံတင်မကအဲဒီ အရာဟာမိခင်ရဲ့ အသက်အန္တရယ်ကိုလည်းခြိမ်း
ခြောက်တဲ့အရာဖြစ်ပါတယ်။ သုတေသီတို့ရဲ့ အဆိုအရ နှစ်စဉ်တရားမဝင်
သန္ဓေသားဖျက်ချမှုကြောင့်မိခင်ပေါင်း (၅၀၀၀၀)ကနေ (၁၀၀၀၀၀)အကြား
အသက်ဆုံးရှုံးကြရကြောင်းသိရှိရပါတယ်။ ကိုယ်ဝန်ဖျက်ချလိုက်တဲ့အမျိုး
သမီးတစ်ယောက်အနေနဲ့ သူ့ရဲ့ အရှက်၊ ဂုဏ်သိက္ခာကိုလူသိရှင်ကြားမဖြစ်
အောင်ဖုံးကွယ်နိုင်ပေမယ့်နောက်ဆက်တွဲအနေနဲ့သူ့ ရဲရုပ်ပိုင်း၊ စိတ်ပိုင်း၊ ဝိညာဉ်
ရေးပိုင်းဆိုင်ရ တို့မှာကြီးမားတဲ့ဆိုးကျိုးတွေသက်ရောက်စေနိုင်ပါတယ်။ မိမိဟာ
လူတစ်ယောက်ကိုသတ်မိပြီဆိုတဲ့အတွေးကသူ့ကိုအစဉ်ခြိမ်းခြောက်ပြီး၊ အိမ်မက်
ဆိုးတွေကိုအမြဲမက်စေပါလိမ့်မယ်။
က။ကျန်းမာရေးဆိုင်ရာ ပြဿနာ
သန္ဓေသားကိုဖျက်ချရာမှာချွန်ထက်တဲ့ပစ္စည်းတွေကိုအသုံးပြုပြီး
သန္ဓေသားကိုဖြတ်ညှပ်ဆွဲထုတ်ရတာကြောင့်သားအိမ်နံရံတွေပေါက်ပြခြင်း၊
သွေးထွက်လွန်ခြင်း၊ သားအိမ်ခေါင်းစုတ်ပြဲခြင်း၊ တင်ပါးဆုံပိုင်းမှာရောဂါပိုး
ဝင်ရောက်ခြင်း၊ ဆီးအိမ်၊ အူများ၊ လိင်ပိုင်းဆိုင်ရာများကိုထိခိုက်ခြင်း၊ သန္ဓေသား
အကြွင်းအကျန်တွေကျန်ခဲ့ခြင်းကြောင့်ဝမ်းဗိုက်အောက်ပိုင်းယောင်ယမ်းခြင်း
စတဲ့ဆိုးကျိုးများစွာဖြစ်စေနိုင်ပါတယ်။ အချို့သောမိန်းကလေးတွေဟာသား
သမီးယူဖို့အဆင်သင့်မဖြစ်သေးချိန် သန္ဓေသားဖျက်ချမှုကြောင့်နောင်မှာသား
သမီးရရှိဖို့အခွင့်အရေးတွေဆုံးရှုံးသွားခြင်း၊ ကိုယ်ဝန်ဆောင် တဲ့အခါသားအိမ်
ပျက်စီးတာကြောင့်သားအိမ်ကိုထုတ်ပစ်လိုက်ရတဲ့အခြေအနေအထိရောက်
ရှိသွားနိုင်ပါတယ်။
ကိုယ်ဝန်ဖျက်ချတဲ့အမျိုးသမီးတွေဟာနောင်မှာ ပုံမှန်မဟုတ်တဲ့ကလေး၊
မသန်စွမ်းတဲ့ကလေး၊လမစေ့တဲ့ကလေးတွေမွေးဖွားတာမျိုးဖြစ်နိုင်ပြီး၊ ကလေး
ကိုအချင်းပစ်တာ၊ ဝမ်းဗိုက်ထဲမှာကလေးသေဆုံးတာတို့ဖြစ်ပေါ်စေနိုင်ပါတယ်။
ထိုမျှမကပုံမှန်မဟုတ်တဲ့ဟိုမုန်းအပြောင်းအလဲကြောင့်သားအိမ်ကင်ဆာ၊ သား
အိမ်ခေါင်းကင်ဆာ၊ ရင်သားကင်ဆာတွေဖြစ်ပေါ်လာနိုင်ပါတယ်။ သုတေသီ
တို့ရဲ့ အဆိုအကိုယ်ဝန်ဖျက်ချတဲ့အမျိုးသမီး၉၀%ဟာအသက်(၄၅) နှစ်ရောက်
တဲ့အခါရင်သားကင်ဆာဖြစ်ပေါ်လာပြီးအထူးသဖြင့်အသက်(၁၈)နှစ်အောက်
မတိုင်မှီကိုယ်ဝန် ဖျက်ချသူ များမှာ ပိုပြီးအဖြစ်များကြောင်းတွေ့ ရှိရပါတယ်။
ထိုမျှမကလိင်ဆက်ဆံဖို့ဆန္ဒလျော့နည်းခြင်း၊ လိင်ဆက်ဆံရာမှာနာကျင်ခြင်း။
ပျော်ရွှင်မှုမခံစားရခြင်းစတာတွေဖြစ်လာနိုင်ပါတယ်။
ဝိညာဉ်ရေးဆိုင်ရာ ပြဿနာ
လက်မထပ်မှီလိင်မှုဆက်ဆံခြင်းရဲ့ နောက်ဆက်တွဲပြဿနာနောက်
တစ်ခုကတော့ဝိညာဉ်ရေးဆိုင်ရာခမ်းခြောက်ခြင်းပြသနာဖြစ်ပါတယ်။ The
Fourth Dimension ဆိုတဲ့ ဒေါက်တာယုံဂီချိုရဲ့
ပြစ်မှားခဲ့တဲ့အမျိုးသမီးတစ်ယောက်ရဲ့ဝိညာဉ်ရေးအသက်တာခန်းခြောက်
ခြင်းအခြေအနေကိုဖေါ်ပြထားပါတယ်။ အဲဒီအမျိုးသမီးဟာအပျိုဘဝတုန်းက
သူ့အစ်မအိမ်မှာနေပြီးသူ့ခဲအို၊အစ်မယောက်ျားနဲ့တိတ်တိတ်ပုန်းချစ်နေခဲ့
တာဖြစ်ပါတယ်။ တစ်နေ့မှာသူ့အစ်မဟာသားဖွားဖို့အတွက်ဆေးရုံတက်
ခဲ့ရပါတယ်။ သူ့အစ်မဟာ သားဖွားဖို့ဆေးရုံတက်နေတဲ့နေ့ရက်အချိန်တွေ
မှာသူဟာသူ့ခဲအိုနဲ့အိမ်မှာနှစ်ယောက်တည်းရှိခဲ့ပြီးလိင်ဆက်ဆံမှုကိုအကြိမ်
ကြိမ်ပြုခဲ့ပါတယ်။ သူအစ်မကလေးမွေးပြီးနောက်မှာလည်းသူမဟာသူ့ခဲအိုနဲ့
အကြိမ်ကြိမ်အတူနေခဲ့ပြီးကလေးဖျက်ချခြင်းကိုလည်းအကြိမ်ကြိမ်ပြုခဲ့ပါ တယ်။
နောင်မှာသူဟာအဲဒီဘဝကို ရွံရှာမုန်းတီးခဲ့ပြီး၊သူ့ခဲအို ရဲအကြပ်ကိုင်
တောင်းဆိုမှုတွေကနေလွှတ်မြောက်လိုတာကြောင့်တခြားယောက်ျားတစ်
ယောက်နဲ့အိမ်ထောင်ပြုခဲ့ပါတယ်။
ဘုရားကျေးဇူးတော်ကြောင့် သူယူလိုက်တဲ့ယောက်ျားဟာဝင်ငွေ
ကောင်းသူ၊စိတ်ထားမွန်မြတ်ပြီးသူ့အပေါ် အလွန်ကြင်နာသူဖြစ်ပါတယ်။
သိပ်မကြာခင်မှာအလွန်ချစ်စရာကောင်းတဲ့ကလေးကိုလည်းမွေးဖွားခဲ့ပါတယ်။
သူဟာအလွန်ကောင်းမွန်တဲ့ယောက်ျား၊ ချစ်စရာကောင်းတဲ့ကလေးအလွန်
ထည်ဝါခမ်းနားတဲ့နေအိမ်လုံလောက်ရုံမျှမက ပိုလျှံတဲ့ဝင်ငွေတွေရရှိသည့်တိုင်
အောင်အတိတ်ကအမှားဖြစ်ရပ်ဆိုးကြီးကသူ့ကိုနေ့ဆိုရင်စိတ်ကူးထဲမှာ၊ ညဆို
ရင်အိမ်မက်ထဲအထိဆက်တိုက်လိုလိုလိုက်လံခြိမ်းခြောက်နေခြင်းကိုခံခဲ့ရပါ
တော့တယ်။ သူဟာနေ့ရောညပါအလွန် စိတ်ဆင်းရဲခဲ့ရပြီးနောက်ဆုံးမှာဘာ
ရောဂါမှမရှိပါဘဲလျှက်နဲ့အရိုးပေါ်အရေတင်အဆင့်အထိပိန်ကျသွားပါတော့
တယ်။သူဟာသူ့ယောက်ျားကိုမြင်တိုင်းသူနဲ့လုံးလုံးထိုက်တန်မှုမရှိဘူးလို့ခံ စားရ
ပြီး၊သူ့သားသမီးတွေရဲ့ဖြူစင်ရိုးသားမှုကိုမြင်တိုင်းလည်းအမေလို့ခေါ်ခြင်းမခံ
ထိုက်ဘူးလို့သူ့ကိုယ်သူခံစားနေခဲ့ရပါတယ်။
အတိတ်ကဖြစ်ပျက်ခဲ့တဲ့အဲဒီအတွေးအိမ်မက်ဆိုးတွေကနေလွတ်
မြောက်ဖို့ဘယ်လိုမှမတတ်နိုင်တာကို သိလိုက်ရတဲ့အခါမှာတော့သူမဟာ ကိုယ့်
ကိုကိုယ်အဆုံးစီရင်လိုက်ဖို့ဆုံးဖြတ်ခဲ့
ပါတော့တယ်။ သူဟာသူ့ကိုယ်သူအဆုံး
စီရင်ခြင်းမပြုမှီသင်းအုပ်ဆရာရဲအကြံပေးချက်ကို ခံယူလိုတာကြောင့်အဖြစ်
အပျက်ဆိုးတွေကိုဆရာ့ထံဖွင့်ပြောခဲ့ခြင်းဖြစ်တယ်။ ဆရာကသူမရဲ့ အပြစ်
တွေဘယ်လောက်ကြီးနေပါစေဘုရားသခင်ခွင့်လွတ်နိုင်ကြောင်းပြောပေမယ့်
သူမကလက်မခံနိုင်ခဲ့ပါဘူး။ ဆရာကဘုရားသခင်ရဲ့မစမှုကြောင့်အကြံဉာဏ်
တစ်ခုကိုရလိုက်ပြီးသူမကိုပြောလိုက်ပါတယ်။ ကဲညီမနှင့်မျက်စိကိုခဏပိတ်
ထားပြီးဆရာပြောသလိုစိတ်ကူးထဲမြင်ကြည့်လိုက်ပါ။ ငါတို့ဟာဟန်မြစ်ကမ်းနံ
ဘေးမှာရပ်နေတယ်။ ပြီးတော့နင့်လက်ထဲမှာကျောက်ခဲအကြီးကြီးတစ်လုံး၊ ဆရာ့
လက်ထဲမှာကျောက်ခဲသေးသေးလေးတစ်လုံးကိုင်ထားတယ်။ ကဲ မြင်ပြီလားမြင်
ပါပြီဆရာ။ ကဲ၊အခုဆရာရဲ့ကျောက်တုံးလေးကိုဟန်မြစ်ထဲပစ်ချလိုက်ပြီ။ ဘယ်
လိုနေသေးလဲ။ ဟန်မြစ်ထဲရောက်သွားပါပြီ။ ကဲအခုနင့်အလှည့်။
နှင့်ကျောက် ခဲကြီးကိုဟန်မြစ်ထဲပစ်လိုက်တော့။ ပစ်လိုက်ပြီလား။
ပစ်လိုက်ပါပြီဆရာ။ ကဲ၊အခုဘယ်လိုနေသေးလဲ။ ကျောက်တုံးကြီးကဟန်မြစ်ထဲ
ရောက်သွားပါပြီ။ တွေ့ရသေးလား၊မတွေ့ရတော့ပါဘူးဆရာ။ နှင့်ကျောက်တုံးနဲ့
ဆရာ့ကျောက်တုံးပစ်ချတဲ့အချိန်ဘယ်လိုကွာဟမှုရှိလဲ။ ဆရာကျောက် တုံးပစ်ချ
ချိန်မှာအသံမကျယ်ဘူး။ လှိုင်းဂယက်နည်းနည်းပဲထတယ်။ ကျွန်မကျောက်ခဲ
ပစ်ချလိုက်တော့အသံအရမ်းကျယ်တယ်၊လှိုင်းလည်း အတော်ထသွားတယ်။
ထိုအခါဆရာကငါတို့ အပြစ်တွေဟာအရွယ်အစား၊ ပမာဏအားဖြင့်ကွာဟတာ
မှန်ပေမယ့် ကျောက်တုံးနှစ်ခုစလုံးဟာအခုချိန်မြစ်ရဲ့ ရေအောက်ကြမ်းပြင်
ထဲရောက်သွားသလိုမျိုး၊ ခရစ်တော်ရဲ့သွေးတော်အားဖြင့်အခုချိန်မှာငါတို့ နှစ်
ယောက်စလုံးရဲအပြစ်တွေအားလုံးဟာလည်းဖုံးအုပ်ပြီးသားဖြစ်ပါတယ်။
ကွာခြားတာကအပြစ်အရွယ်အစားရဲဂယက်ရိုက်ခတ်မှုသာ ဖြစ်ပါတယ်။
ခရစ်တော်အားဖြင့်ဘုရားသခင်ရဲခွင့်လွတ်ခြင်း၊ ဖုံးအုပ်ခြင်းပမာ
ဏကတော့အတူတူပါပဲ။ ထိုချိန်ကစပြီးသူမဟာဘုရားသခင်ရဲခွင့်လွတ်ခြင်း
သဘောကိုနားလည်လာခဲ့ပြီးလူရော၊ စိတ်ရော၊ဝိညာဉ်ပါ ကျန်းမာပျော်ရွှင်လာ
ခဲ့ပါတယ်။ အသင်းတော်မှာလည်းအလွန်အားကိုးအားထားရတဲ့အသင်းသား
တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ သူတို့မိသားစုဟာယခင်ထက်အဆပေါင်းများ
စွာပိုပြီးပျော်ရွှင်စရာကောင်းလှတဲ့မိသားစုအိမ်လေးဖြစ်လာပါတော့တယ်။
ဒါကြောင့်လက်မထပ်မှီလိင်ဆက်ဆံခြင်းအပြစ်ကနေထွက်ပေါက်ကတော့
မိမိအမှားကိုသိပြီးဝန်ခံခြင်း၊ဆက်လက်ပြီးလွန်ကျူးပြစ်မှားမှုကိုရှောင်ကြဉ်ခြင်း၊
လူရှေ့ဘုရားရှေ့မှာတင့်တယ်လျောက်ပတ်စွာနဲ့ထိမ်းမြားဆောင်နှင်းခြင်းပဲ
ဖြစ်ပါတယ်။
ကျမ်းစာကကိုယ်အပြစ်တို့ကိုဖော်ပြတောင်းပန်လျှင်၊ ငါတို့အပြစ်
များကိုလွတ်၍ဒုစရိုက်ရှိ သမျှနှင့်ကင်းစင်စေခြင်းငှါ ဘုရားသခင်သည်
သစ္စာတရားနှင့်လည်းကောင်း၊ ဖြောင့်မတ်ခြင်းတရားနှင့်လည်းကောင်း
ပြည့်စုံတော်မူ၏လို့ဖေါ်ပြထားပါတယ်။ (၁ယော၁း၉) အထက်ကဖော်ပြခဲ့
တဲ့အဖြစ်အပျက်အတိုင်းထိမ်းမြားလက်ထပ်ခြင်းရဲ့ပြင်ပမှာလိင်ဆံမှု ပြုလုပ်ခြင်း
ဟာကိုယ်ကိုအဆုံးစီရင်ပြီး၊သေစေနိုင်လောက်တဲ့ဝိညာဉ်ရေးဆိုင်ရာခမ်း ခြောက်
ခြင်းကိုဖြစ်စေတာကိုသိရပါတယ်။ အဲဒီပြစ်မှားခဲ့တဲ့အမျိုးသမီးဟာ အချိန်မှီ
ဘုရားသခင်ရဲ့ခွင့်လွတ်ခြင်းတရားကိုနားလည်ခဲ့လို့အသက် ဘေးကလွှတ်
မြောက်ရုံသာမကမိသားစုကိုဆုံးရှုံးရမယ့်အဖြစ်ဆိုးကနေလွတ်မြောက်ခဲ့
ရခြင်းဖြစ်ပါတယ်။
ကောလိပ်ကျောင်းသားတစ်ယောက်ဖြစ်တဲ့တွမ် ကသူ့ရဲ့ လက်ထပ်
ထိမ်းမြားမရှိပဲလိင်ဆက်ဆံခြင်းကြောင့်ဖြစ်လာတဲ့ဝိညာဉ်ရေးဆိုင်ရာခမ်း
ခြောက်ခြင်းပြဿနာကိုခုလိုပြောပြထားပါတယ်။ ကျွန်တော် ဟာလိင်ပိုင်းဆိုင်ရာ
ပြဿနာနဲ့ ရုန်းကန်နေခဲ့ရတာဟာတစ်နှစ်ကျော်ပါပြီ။ ကျွန်တော့်မှာအထက်
တန်းကျောင်းတက်တုန်းကရည်းစားတစ်ယောက်ရှိခဲ့ပြီးသူမနဲ့(၂)နှစ်ကြာ
မျှလိင်ဆက်ဆံမှုကိုပြုခဲ့ပါတယ်။ သူမနဲပြတ်ကတည်းက ကျွန်တော်ဟာအခြား
ချစ်သူရည်းစားတစ်ယောက်ကိုတမ်းတမိခဲ့ပေမယ့် တစ်စုံတစ်ယောက်ကိုမှထပ်မံ
မတွေ့ရှိခဲ့တာကြောင့်စိတ်ပျက်ခဲ့ရပါတယ်။ မိန်းကလေးတွေအပေါ် တပ်မက်
တဲ့စိတ်ကကျွန် တော့အတွက်အခြေခံကျတဲ့ပြဿနာဖြစ်လာခဲ့ပါတယ်။ ကျွန်
တော်ဟာကျွန်တော်ရဲ့စဉ်းစားတဲ့အရာ၊
လုပ်ဆောင်တဲ့အရာတွေကြောင့်မကြာ
ခဏဆိုသလိုဘုရားသခင်နဲ့ရင်ဆိုင်ရမှာကိုရှက် ကြောက်နေခဲ့မိပါတယ်။ ဒီပြဿ
နာတွေအထဲကနေဘယ်လိုရုန်းထွက်ရမယ်ဆိုတာကို ကျွန်တော်မသိတော့
ပါဘူး။
၁။ လူမှုရေးဆိုင်ရာပြဿနာ
မကြာသေးမှီကကျွန်တော်သိတဲ့လူငယ်လေးတစ်ယောက်ဟာ သူ့ချစ်
သူရည်းစားနဲ့လက်မထပ်ဘဲလိင်ဆက်ဆံမှုပြုရာက နေပြဿနာအကြီးအကျယ်
တက်ခဲ့ရပါတယ်။ နောက်ဆက်တွဲအနေနဲ့သူတို့နှစ်ယောက်ဟာ လက် မထပ်ပဲ
ခိုးပြေးပြီးအတူနေခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ကြောင့်နှစ်ဖက်မိဘဆွေ
မျိုးသားချင်းတွေအကြားရန်တွေစကားများစရာအကြောင်း၊ မျက်နှာပျက်စရာ
အကြောင်းဖြစ်လာခဲ့ရပါတယ်။ လက်ထပ်ပြီးရင်တစ်သက်လုံးအတူနေရမှာ
ပို့ခဏလေးသာသီးခံပြီးအိမ်ထောင်ပြုရာမှာမင်္ဂလာရှိစေဖို့လိုတယ်။ အိမ်ထောင်
ပြုရာမှာနှစ်ဖက်မိဘတွေ၊ဆရာသမားတွေရဲ့ ကောင်းကြီးမင်္ဂလာစကားတွေ၊
ဆုတောင်းပေးမှုတွေကိုခံယူသင့်ပါတယ်။ ကိုယ့်ရဲ့အိမ်ထောင်ပြုခြင်းကအများ
ကိုထိခိုက်နာကျင် နစ်နာစေတာမျိုးကိုအတတ်နိုင်ဆုံးရှောင်ကြဉ်သင့်ပါတယ်။
ကျမ်းစာမှာဆိုရင်ဒိနဆိုတဲ့ကညာပျိုလေးကိုအဘိမလက်မင်းကြီးရဲ့ သားတော်ကလက်မထပ်ဘဲ
ဆက်ဆံတာကြောင့်တမြို့လုံးလူသတ်ပွဲဖြစ်ခဲ့တာကိုတွေ့ရပါတယ်။ ဒါကြောင့်လူငယ်တွေအနေနဲ့စားကွင်းတာမြင်၊ ကျော့ကွင်းမမြင်တာမျိုး
မဖြစ်သင့်ပါဘူး။
၄။ လက်မထပ်မှီလိင်ဆက်ဆံခြင်းတို့ မည်သို့တားဆီးမည်နည်း
ယုံကြည်သူခရစ်ယာန်တွေမဆိုနဲ့၊ မယုံကြည်များကတောင်လက်ထပ်ပြီးမှလိင်ဆက်ဆံခြင်းကိုသာမင်္ဂလာလို့သတ်မှတ်တာပါ။ အချို့မယုံကြည်
သူအိမ်မှာဆိုရင်လက်မထပ်ရသေးတဲ့စုံတွဲတွေလာအိပ်ရင်နောက်တစ်နေ့
မှာပဲအိမ်ရှင်ကကမွန်း၊သရော်စတာတွေနဲ့သူတို့အိပ်ခဲ့တဲ့နေရာအခန်း၊ကုတင်
တွေကိုဆေးကြောသန့်စင်ပါတယ်။ အကြောင်းကတော့လက်မထပ်ရသေးဘဲ
လာအိပ်တဲ့စုံတွဲကြောင့်ကိုယ့်အိမ်ဟာ လဘ်ပိတ်မှာကိုမလိုလားလို့ပဲဖြစ်တယ်။
ဒါကြောင့်ယုံကြည်သူဘုရားသားသမီးဖြစ်တဲ့လူငယ်တွေဟာဒီလိုမင်္ဂလာမရှိ
တဲ့အရာ၊ဘုရားသခင်ရှေ့တော်မှာစက်ဆုတ်ဘွယ်သောအရာ၊မယုံကြည်သူ
ရှေ့မှာတောင်လက်ခံနိုင်စရာမရှိ။ ပုံသက်သေမဖြစ်တဲ့လုပ်ရပ်မျိုးကိုဘာ ကြောင့်
ခုံမင်နေရတော့မှာလဲ။ လက်မထပ်မှီလိင်ဆက်ဆံခြင်းအဖြစ်မျိုးကိုကြို တင်ထား
ဆီးကာကွယ်နိုင်ဖို့အရေးကြီးတဲ့အချက်အချို့ကတော့ညစ်ညမ်း၊ ရုပ်ပုံတွေရုပ်
ရှင်တွေကြည့်ခြင်းကိုရှောင်ကြဉ်ခြင်း ၊ချစ်သူနှင့်အနေနီးစပ်လွန်းမှုကိုရှောင်
ကြဉ်ခြင်း၊မကြာခဏချိန်းတွေ့ခြင်းလူဆိတ်ကွယ်ရာမှာချိန်းတွေ့ခြင်းကိုရှောင်ကြဉ်ခြင်း၊ သမ္မာတရားအပေါ် ရပ်တည်ခြင်းစသဖြင့်ဖြစ်ပါတယ်။
(ခ) ညစ်ညမ်းရုပ်ရှင်ကြည့်ခြင်းကို ရှောင်ကြဉ်ခြင်း
ယနေ့ခေတ်နိုင်ငံခြားဇာတ်လမ်း၊ ရုပ်ရှင်အများစုဟာလက်မထပ်ဘဲ
လင်မယားကဲ့သို့အတူနေထိုင်ခြင်းကိုခေတ်ရဲ့ ထုံးတမ်းစဉ်လာ၊ ဖြစ်ရိုးဖြစ်စဉ်
တစ်ခုသဖွယ်မြင်လာအောင်လူငယ်တွေကိုလှုံ့ဆော်ပေးပါတယ်။ လိင်ဆက်
ဆံခြင်းနှင့်ဆိုင်တဲ့စာအုပ်ဝတ္ထုမဂ္ဂဇင်းတွေဖတ်ရှုတာပုံတွေကြည့်ရှုတာအင်
တာနက်ကနေလိင်ဆက်ဆံခြင်း ရုပ်ရှင်တွေကိုကြည့်ရှုခြင်းအားဖြင့်လူငယ်
တွေဟာလိင်ဆက်ဆံခြင်းအကြောင်းကိုပဲစိတ်ကူးထဲမှာစွဲလမ်းသွားစေနိုင်
ပါတယ်။ လူ့ရဲ့စိတ်ကူးထဲမှာအမြစ်စွဲလာတာကြာပြီဆိုရင်နောက်ထပ်တဆင့်
တက်လှမ်းပြီး လက်တွေ့လုပ်ဆောင်မယ့်အဆင့်ကိုရောက်လာမှာဖြစ်တယ်။
အာဒံနဲ့ဧဝ အမြစ်ထဲကျဆင်းခြင်းဟာကြည့်ခြင်းကနေအစပြုခဲ့ခြင်းဖြစ် တယ်။
လို အပ် သည်စားဘွယ်ကောင်းခြင်း၊ အဆင်းလည်းလှခြင်း၊ပညာတိုးပွါးစေလိုသောငှါးနှစ်သက်ဘွယ်သောအပင်ဖြစ်ခြင်းကိုမိန်းမသည်မြင်
လျှင်၊အသီးကိုယူ၍စား၏။မိမိခင်ပွန်းအားလည်းပေး၍သူသည်လည်းစား၏။ (က၃း၆)
သခင်ယေရှုကလည်းမျက်စိဟာတကိုယ်လုံးမှောင်မိုက်ခြင်းနဲ့၊ အလင်း
ရရှိခြင်းရဲအချုပ်ဖြစ်တဲ့အတွက်သတိပြုဖို့သွန်သင်ထားပါတယ်။ ကိုယ်၏
ဆီမီးကားမျက်စိတည်း။ ထိုကြောင့်မျက်စိကြည်လင်သောအခါ တကိုယ်
လုံးလင်းလိမ့်မည်။ မျက်စိပြေးရှက်သောအခါတကိုယ်လုံးမိုက်လိမ့်မည်။
ကိုယ်၌ရှိသော အလင်းကို မှောင်မိုက်မဖြစ်စေခြင်းငှါသတိပြုလော့။
(လု၁၁း၃၄၊၃၅)ဒါဝိဒ်ဟာဘုရားသခင်ကိုအလွန်ချစ်သူဖြစ်ပေမယ့်သူ့မယားပြစ်
မှားခြင်းလူ့အသက်သတ်ခြင်းဆိုတဲ့အဆိုးဝါးဆုံးအပြစ်တွေကို ကျူးလွန်ခဲ့တယ်။
သူ့ရဲ့ကျဆင်းခြင်းလည်းကြည့်ရှုခြင်းကနေအစပြုခဲ့တာပါ။ သူကဥရိယရဲ့မယား
ရေချိုးနေတာကိုအရသာခံပြီးကြည့်ရှုခဲ့ရာကမဖြစ်သင့် တာတွေဖြစ်ခဲ့ရတာပါ။
တခါတုန်းကလူတစ်ယောက်ဟာသူ့ရဲမျောက်ကိုငှက်ပျောသီး မစားဖို့မှာ
ထားပြီးအပြင်ကိုထွက်သွားပါတယ်။ မျောက်ကငါ့သခင်ဟာငါ့ကိုငှက်ပျော
သီးမစားဖို့ပဲပြောတာ၊မကြည့်နဲ့လို့မပြောဘူးဆိုပြီးငှက်ပျောသီးကိုပဲတစ်ချိန်
လုံးထိုင်ကြည့်နေတယ်။ သူဟာကြည့်ရင်းကနေငှက်ပျောသီးကိုကိုင်ချင်လာ
တယ်။ ဒါကြောင့်နောက်တဆင့်တက်ပြီးမစားနဲ့လို့ပဲပြော တာမကိုင်နဲ့ လို့မပြော
ဘူးဆိုပြီးတစ်ချိန်လုံးကိုင်နေတယ်။ ကိုင်တာကြာလာတော့ကိုင်တာတင်အား
မရတော့ပဲငှက်ပျောသီးအခွံကိုပါခွါချင်လာတယ်။ ငါ့သခင်ကငါ့ကိုမစား
လို့ပြောတာမခွါနဲ့လို့မပြောဘူးဆိုပြီးခွဲလိုက်တယ်။ ဒီအဆင့်ရောက်တော့ ဗိုက်
စာတာကတစ်ကြောင်း၊ မွေးကြိုင်တာကတစ်ကြောင်းဆိုတော့မထူးပါဘူး
ဆိုပြီးစားလိုက်ပါတော့တယ်။
(၂) အနေနီးစပ်လွန်းခြင်းကို ရှောင်ကြဉ်ခြင်း
ဖိုနဲ့မဆိုတဲ့သဘောသဘာဝကဆွဲဆောင်မှုရှိတယ်။ အိုးချင်းထားတော့အိုးချင်းထိကြိုးချင်းထားတော့ ကြိုးချင်းညှိ ဆိုသလိုလူပျိုယောက်ျား
နဲ့၊အပျိုမိန်းကလေးဆိုတာ ချစ်သူရည်းစား၊ လက်ထပ်ဖို့ရည်ရွယ်ထားသူဖြစ်
လင့်ကစားလိုအပ်တာထက်အနေမနီးစေဖို့သတိပြုရပါမယ်။ လက်ထပ်ပြီးတဲ့
နောက်ပိုင်းမှာစိတ်ကြိုက်ကဲလို့ရတာကြောင့်လက်မထပ်ခင်စပ်ကြားမှာဘရိတ်
မိဖို့အထူးလိုအပ်ပါတယ်။ မလိုလားအပ်တဲ့အရာတွေမဖြစ်လာဖို့ကြိုတင်
ကာကွယ်တာကအကောင်းဆုံးပါ။ ချစ်သူချင်းနမ်းတာ၊ဖက်တာ၊နှိုက်တာ၊
ပွတ်တာများလာရင်ဘက်ခ်ဂီယာမရှိတာကြောင့်အချိန်မတန်ပဲမဖြစ်သင့်တာ
ဖြစ်သွားမှာသေချာပါတယ်။
စာရေးဆရာနော်မန်ရိုက်စ်ရဲ့ အဆိုအရအနေနီးစပ်ခြင်းမှာအောက်
ဖော်ပြပါအတိုင်းအဆင့်ပေါင်းများစွာရှိကြောင်းဖေါ်ပြထားပါတယ်။ အဲဒါတွေ
ကတော့မျက်စိချင်းဆက်သွယ်တာ၊မျက်စိကနေကိုယ်ခန္ဓာ၊ အသံချင်းအသံ။
လက်ချင်းလက်ကိုင်တာ၊လက်နဲ့ပခုံးကိုကိုင်တာ၊ခေါင်းကိုကိုင်တာ၊ခါးကိုဖက်
တာ၊ ရင်သားကိုကိုင်တာ၊ လိင်အင်္ဂါဇာတ်ကိုကိုင်တာ၊ မျက်နှာပါးပြင်ကိုနမ်း
ရှုပ်တာ၊ပါးစပ်နှုတ်ခမ်းကိုနမ်းရှုပ်တာ၊ ပါးစပ်နဲ့ရင်သားကိုနှမ်းတာ၊ အင်္ဂါဇာတ်
ကိုနမ်းတာ၊ နောက်ဆုံးအဆင့်လိင်အင်္ဂါဇာတ်ချင်းဆက်ဆံတာတို့ဖြစ်တယ်။
အမီးရည်းစားချစ်သူစုံတွဲတွေအနေနဲ့လက်ချင်းကိုင်တာ၊ ပုခုံးကိုကိုင်တာ၊ မျက်နှာ
ပါးပြင်ကိုနမ်းတဲ့အဆင့်ဆိုရင်လုံလောက်ပါပြီ။လက်မထပ်သေးခင်ယောက်ျား
လေးတွေကသိပ်လောဘမကြီးဖို့လိုသလို၊ မိန်းကလေးတွေကလည်းအရမ်း
မရက်ရောမိဖို့လိုပါတယ်။
တခါတုံးကကုလားအုပ်တစ်ကောင်ကသခင်ကိုပြောတယ်။ အပြင်မှာ
အရမ်းအေးလို့တဲထဲကိုခေါင်းလေးတော့လျှိုထားခွင့်ပြုပါ။ သခင်ကသနားလို့
ခွင့်ပြုခဲ့တယ်။ မနက်မိုးလင်းပြီးကြည့်လိုက်တော့ကုလားအုပ်ရဲ့ ခေါင်းတစ်ခုထဲမ
ဟုတ်ဘူး။ တစ်ကိုယ်လုံးတဲထဲရောက်နေတာတွေရ
ပါတော့တယ်။
မိန်းကလေးတွေ အနေနဲ့ရည်းစားနဲ့ပတ်သတ်ပြီး ဆက်ဆံမှုပြုရာမှာ ဒီပုံပြင်ကိုမှတ်ထားပြီးသတိပြုသင့်ပါ။
(၃)မကြာခဏချိန်းတွေ့ခြင်းကိုရှောင်ကျဉ်ခြင်း
ကြိုတင်ကာကွယ်ဖို့ဆိုရင် မကြာခဏ
ချိန်းတွေ့တာမျိုးကိုလည်းရှောင်
ကြဉ်ရပါမယ်။ မကြာခဏချိန်းတွေ့တာများလာရင် ယောက်ျားနဲ့မိန်းကလေးနှစ်
ယောက်စလုံးဟာတစ်ယောက်နဲ့တစ်ယောက်ကိုင်တွယ်ရာမှာ ပိုမိုရဲတင်းလာပြီး
အဆင့်တွေကျော်ဖို့စုံစမ်းခံရမယ်။ အစောကဖေါ်ပြထားတဲ့လောဘစိတ်ကို
မထိန်းချုပ်နိုင်ပဲငှက်ပျောသီးစားတဲ့မျောက်လိုဖြစ်သွားနိုင်ပါ တယ်။
(၄)လူစိတ်ကွယ်ရာတွင်ချိန်းတွေ့ခြင်းကိုရှောင်ကျဉ်ခြင်း
လူသူကင်းမဲ့တဲ့ပတ်ဝန်းကျင်မျိုး (အိပ်ခန်းထဲနှစ်ယောက်တည်း နေတာ
တောထဲနှစ်ယောက်တည်းနေတာ၊ ညအမှောင်ထဲနှစ်ယောက်တည်း သွားလာ
တာမျိုး)ကိုရှောင်ကြဉ်ရပါမယ်။ ယောသပ်စုံစမ်းခြင်းကိုခံရတဲ့အချိန် နဲ့နေရာ
ကိုလည်းကျမ်းစာကခုလိုဖေါ်ပြထားပါတယ်။ တနေ့သ၌ယောသပ် သည်အမှု
ဆောင်ခြင်းငှါအိမ်ထဲသို့ဝင်၍ အိမ်သားယောက်ျားတစ်ယောက်မျှမရှိ
သော အခါ၊ သခင်မကငါနှင့်အတူ အိပ်ပါဟုဆိုလျက်၊ ယောသပ် အဝတ်
ကိုကိုင်ဆွဲလျှင်၊ ယောသပ်သည်မိမိအဝတ်ကိုစွန့်၍ ပြင်သို့ထွက်ပြေးလေ၏။ (က၃၉း၁၁-၁၂)
ဒါဝိဒ်ဟာအခြားယောက်ျားတွေစစ်မြေပြင်ကိုရောက်နေချိန် သူကိုယ် တိုင်သူရဲ့
စစ်တပ်ကို ဦးဆောင်ဖို့ပျက်ကွက်ပြီးနန်းတော်မှာနားနေခဲ့ရာကနေ ဗာသရှေဘ
ဆိုတဲ့စရိယမယားနဲ့ ဖေါက်ပြန်ခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့်ချစ်သူရည်း စားနဲ့
ချိန်းတွေ့မယ်ဆိုရင်တောင်နေ့အချိန်
လူသူကင်းဝေးတဲ့နေရာ မဟုတ်ဘဲ သူငယ်
ချင်းတစ်ယောက်ယောက်နဲ့အတူ အဖော်ခေါ်သွားပြီးတွေ့ဆုံတာအကောင်းဆုံးပါ။
(၅)သမ္မာတရားတွင် ရပ်တည်ခြင်း
လေ့လာတွေ့ ရှိသူတွေရဲ့ အဆိုအရ လက်မထပ်မှီလိင်ဆက်ဆံမှုကိုပြု
ကြ တဲ့စုံတွဲတွေအများစုဟာအိမ်ထောင်ပြုပြီးနောက်ပိုင်းမှာ ကွာရှင်းပြတ်စဲတဲ့
ရာခိုင်နှုန်းပမာဏအလွန်များပြားတယ်လို့ဆိုပါတယ်။ ဘုရားရှေ့သူရှေ့ ၏လက်
ထပ်ထိမ်းမြားခြင်းမပြုဘဲလိင်ဆက်ဆံတာဟာ လမ်းပေါ်ကခွေးတွေ၊ နွားတွေ၊ကျွဲ
တွေပဲဖြစ်တယ်။ လူနဲ့တိရိစ္ဆာန်နဲ့ မတူညီကွဲပြားတဲ့အချက်ကလူဟာ လက်ထပ်
ထိမ်းမြားပြီးမှလိင်ဆက်ဆံမှုကိုပြုခြင်းဖြစ်တယ်။ အချို့သော လူတွေကလိင်ဆက်
ဆံမှုပြုခြင်းအားဖြင့်ချစ်သူသမီး ရည်းစားတွေရဲ့အချစ်ဟာ ပိုပြီးခိုင်မြဲလာမယ်လို့
ထင်တတ်ကြတယ်။ တချို့လူငယ်တွေကချစ်သူမိန်းကလေးနဲ့ လိင်ဆက်ဆံခြင်း
ပြုနိုင်သူဟာစွမ်းဆောင် နိုင်သူ၊သတ္တိရှိသူလို့ယူဆကြပြန်တယ်။ အချို့လူငယ်တွေ
ကချစ်သူသမီးရည်းစားဖြစ်ပြီဆိုရင် လိင်ဆက်ဆံမှုပြုသင့်တယ်လို့ယူဆကြတယ်။
တခါတုန်းကရိုးသားတဲ့ လူငယ်ယောက်ျားလေးတစ်ယောက်နဲ့မရိုး
သားတဲ့မိန်းကလေးတစ်ယောက်ဟာသမီးရည်းစားဖြစ်ကြတယ်။ ယောက်ျား
လေးက သူ့ရည်းစားကိုလိင်ဆက်ဆံမှုမပြုခဲ့ပါဘူး။ တနေ့မှာ တော့သူ့ချစ်သူက
ယောက်ျားလေးဆီခုလိုမျိုးစာရေးပြီးချစ်သူရည်းစား ဘဝကနေပြတ်စဲခဲ့ပါ တယ်။
သစ်ပင်ခွကြားငှက်မနား၊ နင်လို ရည်းစားငါမထား။ ဒီလိုမျိုး မိန်းက
လေးဟာကိုယ်ကိုကိုယ်တန်ဘိုးမထားသူ၊ လိင်ဆက်ဆံရာမှာအခြားသူတွေနဲ့
လည်းဇရှိပြီးသူဖြစ်တာကြောင့်ယောက်ျားလေးတွေ အနေနဲ့လည်းအထူး
ရှောင်ကြဉ်ဖို့လိုပါတယ်။
ယခုခေတ်လူငယ်အတော်အများဟာ လိင်ဆက်ဆံခြင်းနဲ့ပတ်သက်ပြီး
ချစ်သူနှစ်ဦးအကြားသဘောတူညီမှုရပြီဆိုလျှင် ဘာမှပြသနာမရှိတော့ဘူးလို့
ထင်မြင်တတ်ကြပါတယ်။ အထူးသဖြင့်ချစ်သူများနေ့လိုအချိန်တွေမှာတည်း
တည်းခိုခန်းတွေဟာအခန်းငှါးဖို့ရောက်နေတဲ့ချစ်သူလူငယ်စုံတွဲများစွာနဲ့စည်ကားသိုက်
မြိုက်နေလေ့ရှိပါတယ်။ အထူးသဖြင့်သက္ကသိုလ်ကျောင်းနဲ့မလှမ်း မကမ်းမှာရှိတဲ့
တည်းခိုခန်းတွေဟာပိုပြီးလက်မလည်တာကြောင့်ချစ်သူစုံတွဲအားလုံး အဆင်ပြေ
စေဖို့ရက်နဲ့မဟုတ်တော့ဘဲ၊ နာရီနဲ့ တွက်ချက်ပြီး အခန်း ငှါးပေးရ ကြောင်းသိရှ်
ရပါတယ်။ လက်မထပ်မှီလိင်ဆက် ဆံခြင်းဟာ မိမိတို့ကိုစိတ်ထဲမှာ အကာအကွယ်သဘောနဲ့ပြောနေကြတဲ့စကားကို စတီဗင်အပ်တာ
ဘန်’ ကဖေါ်ပြထားတာကတော့-
– ပြဿနာမရှိပါဘူး။ငါကသူ့ကိုတကယ်ချစ်နေပြီ
ပဲဖြစ်ဖြစ်
ငါကသူ့ ကိုလက်ထပ်မှာဆိုတော့
လက်ထပ်ချိန်အထိဘာကြောင့် စောင့်နေနော်၊ ငါတို့နှစ်ဦးအား
ထဲကလက်ထပ်ပြီးသားပဲလေ
လိင်ဆက်ဆံတိုင်းအမှားကျူးလွန်တာမဟုတ်ပါဘူး။ ဘုရားသခင် က
သူ့မယားပြစ်မှားခြင်းကို အဓိကထား ဗွေယူတာပါ
ဒါတွေဟာအပြစ်ကျူးလွန်ဖို့မိမိကိုယ်ကို ဆင်ခြေပေးတဲ့အရာတွေပါ။
ခရစ်ယာန်လူငယ်မောင်မယ်များဟာ မိမိတို့ရဲ့ ဆင်ခြေဆင်လက်တာထက်
ကျမ်းစာကဘာပြောသလဲဆိုတာကိုလိုက်နာပါ။ ကျမ်းစာက မတရားသော
မေထုန်၌မှီဝဲခြင်း၊အမျိုးမျိုးသောကိလေသာညစ်ညူးခြင်း၊ လောဘလွန်
ကျေး ခြင်းအမှုတို့ကိုသန့်ရှင်းသူတို့သည်ရှောင်သင့်သည်အတိုင်း၊ စကား
မျှဖြင့်မဆက်ဆံကြနှင့်။ မတော်မလျော်သော ညစ်ညူးပြက်ပြယ်ပြက်
ယယ်သောစကားများကိုလည်းပယ်၍ ကျေးဇူးတော်ချီးမွမ်းခြင်းစကားကို
သုံးကြလော့ လို့သွန်သင်ထားပါတယ်။ (ဧဖက်၅း၃-၄)
ကျမ်းစာအရမတရားသောမေထုံဆိုတာ သူ့မယား ပြစ်မှားခြင်းတစ်ခု
တည်းကိုပြောတာမဟုတ်ဘူး။ Sex outside Marriage (လက်ထပ်ခြင်း၊ ပြင်ပမှာ
လိင်ဆက် ဆံခြင်း) အားလုံးဟာမတရားသောမေထုန်ပါပဲ။ အဲဒါကိုအင်္ဂလိပ်
Fonication လို့ခေါ်ပါတယ်။ထို့ပြင်မတရားသောမေထုန်ဆိုတာ လိင်တူ
ခြင်းဆက်ဆံခြင်း၊သွေးသားတော်စပ်သူနှင့်ဆက်ဆံခြင်း၊တိရိစ္ဆာန်နဲ့ဆက်ဆံခြင်း
စတာတွေလည်းအကျုံးဝင်ပါတယ်။
မကောင်းသောကြံစည်ခြင်း၊ လူအသက်ကိုသတ်ခြင်း၊ သူ့မယားကိုပြစ်မှား
ခြင်း၊မိန်းမလွတ်နှင့် မှားယွင်းခြင်း၊ သူ့ဥစ္စာကို ခိုးခြင်း၊သူ့အသရေကိုဖျတ်
ခြင်းအရာတို့သည်နှလုံးထဲကထွက်လာ၍၊ လူကိုညစ်ညူးစေသောအရာ ဖစ်
ကြ၏။(မသဲ ၁၅း၁၉-၂၀)
မိန်းမနှင့် ပေါင်းဖော်သကဲ့ သို့ ယောက်ျားခြင်းပေါင်းဖော်လျှင်၊ထိုသူနှစ်
ယောက်တို့သည်၊ရွံရှာဖွယ်သောအမှုကို ပြုသောကြောင့်၊အသေသတ်ခြင်း
ကို အမှန်ခံရမည်။ သေထိုက်သောအပြစ်ရှိ၏။ (ဝတ် ၂၀း၁၃)
ယောက်ျားသည်တိရစ္ဆာန်နှင့်ပေါင်းဖော်လျှင် အသေသတ်ခြင်းကို အမှန်
ခံရမည်။ ထိုတိရစ္ဆာန်ကိုလည်းသတ်ရမည်။ (ဝတ် ၂၀း၁၅)
အဘ၏နှမ၊ အမိ၏ညီမနှင့်မသင့်မနေရ။ ထိုသို့သောပေါက် ဖော်အရင်း
နှင့် သင့် နေသောသူတို့သည်မိမိအပြစ်ကို ခံရကြမည်။ (ဝတ် ၂၀း၁၉)
နိဂုံး
အချုပ်အနေနဲ့ဆိုရရင် ခေတ်လူငယ်တွေဟာသမီးရည်းစားထားခြင်း
ကိစ္စကိုပေါ့ပေါ့ဆဆသဘောမထားသင့်ပါဘူး။ အတတ်နိုင်ဆုံးရည်းစား များများ
ထားခြင်းကိုရှောင်ကြဉ်ရမယ်။ လက်မထပ်မှီလိင်၊ ကာမဆက်ဆံခြင်း အမှုဟာ
လူမှုရေးနယ်ပယ်မှာဖြစ်စေ၊ ဝိညဉ်ရေးဆိုင်ရာမှာဖြစ်စေ၊ စိတ်ဓါတ်ပိုင်း ဆိုင်ရာ
အတွက်ဖြစ်စေများစွာ ထိခိုက်နစ်နာစေတဲ့အရာတွေချည်း ဖြစ်ပါတယ်။
လက်မထပ်မှီလိင်ဆက်ဆံမှုပြုခြင်းဟာ ဘုရားသခင်ရှေ့တော်မှာ အပြစ်ကျူး
လွန်ခြင်းဖြစ်ပြီးနောက်ဆက်တွဲပြဿနာက သန္ဓေသားဖျက်ချခြင်း၊ ဝိညဉ်
အသက်တာခန်းခြောက်ခြင်း၊ စိတ်ဓါတ်ပိုင်းဆိုင်ရာ ယိုယွင်းပျက်စီးခြင်း၊ လူမှု
ရေးဆိုင်ရာအမုန်းပွါးမှုပြဿနာစသဖြင့်ဖြစ်စေပါတယ်။
ပဲတစ်ခွက်စာ နှင့် မိမိ အစ်ကိုဆိုတဲ့ရာထူး၊ ကောင်းကြီးမင်္ဂလာတွေကိုအလဲအလှယ်လုပ်ခဲ့တဲ့ ဧသော လို၊ ဒီကနေ့ လူငယ်တွေဟာဘုရားသခင်ထံက
ကြီးမားတဲ့ကောင်းကြီးမင်္ဂလာ တွေကို မိမိတို့ရဲတဒင်္ဂကာမ၊ ရမ္မက်ပြေပျောက်စေ
ဖို့အတွက်အလဲအလှယ်မလုပ်မိဖို့အထူးလိုအပ်ပါတယ်။ ဒီကိစ္စဟာနောက်
ဆက်တွဲရှင်းမကုန်တဲ့ ပြဿနာတွေကိုဖန်းတီးပေးနိုင်တာကြောင့် အထူးသတိပြု
ရှောင်ကြဉ်သင့်ပါတယ်။
လူငယ်နှင့်သာသနာတော်
နိဒါန်း
ယေရှုလောကကိုကြွဆင်းလာတဲ့ ရည်ရွယ်ချက်ဟာလူတွေကို
ကယ်တင်ဖို့အတွက်ဖြစ်ပါတယ်။ ယေရှုခရစ်တော်ကိုလက်ခံယုံကြည်တဲ့မြန်မာ
ပြည်ကခရစ်ယာန် လူငယ်မောင်မယ်တိုင်းဟာ ဘုရားသခင်ရဲ့ကယ်တင်ခြင်း ၊
ဆုကျေးဇူးတော်ကိုခံစားရတာကြောင့် ကျေနပ်နေရုံနဲ့မပြီးဘူး။ အခြား သူတွေ
ကိုလည်းသတင်းကောင်းကိုလက်ဆင့်ကမ်းသွားဖို့တာဝန်ဝတ္တရားရှိ ပါ တယ်။
ဒါဟာယုံကြည်သူခရစ်ယာန်လူငယ်မောင်မယ်တိုင်း၊ အသင်းတော်တိုင်းရဲ့ရွေး
ချယ်ပိုင်ခွင့်တစ်ခုမဟုတ်ပါဘူး။ မဖြစ်မနေလုပ်ကို လုပ်ဆောင်ရမယ့် ဘုရားသခင်
ရဲ့ အမိန့်တော်၊မဟာစေခိုင်းချက်သာဖြစ်ပါတယ်။လူငယ်တွေဟာ ခရစ်တော်
ရဲ့ မဟာစေခိုင်းချက်အတိုင်းလက်တွေ့လုပ်ဆောင်ကြမယ်ဆိုရင်ကမ္ဘာကြီးမှာ
ကြီးမားတဲ့နိုးထမှုတွေ၊ ရိတ်သိမ်းမှုတွေပေါ်ပေါက်လာမယ်။ ဘာကြောင့်လဲဆို
တော့ဒီကနေ့ကမ္ဘာ့လူဦးရေဟာသန်းပေါင်း (၇၀၀၀)ရှိတဲ့အနက်(၆၀%)
သောသူများဟာ အသက်(၂၅)နှစ်အောက် အရွယ်တွေဖြစ်နေခြင်း ကြောင့်ဖြစ်
တယ်။ အသက်(၁၀)နှစ်ကနေ (၂၄) နှစ် အကြားလူငယ်တွေကတော့သန်းပေါင်း
၁၈၀၀)ခန့်ရှိတာ ကိုတွေ့ရပါတယ်။ လူငယ်ထုရဲ့ အင်အားဟာကမ္ဘာ့လူဦး
ရေရဲ့ (၆၉%) အထိရှိတာကြောင့်ဒီအရင်းအမြစ်တွေကိုအမှုတော်ထဲပါဝင်လုပ်
ဆောင်လာစေဖို့ကအလွန်အရေးကြီးလှပါတယ်။ ၈ဝ%သောခရစ်ယာန်တို့ဟာ
အသက်(၁၈)နှစ် မပြည့်မှီခရစ်တော်ကိုလက်ခံရရှိသူများဖြစ်ကြပါတယ်။
၁။ခရစ်တော်၏ မဟာစေခိုင်းချက်
ဆရာတပါးကတရားဟောရင်း ရယ်စရာ ဟာသလေးထည့်ပြော သွား
ခဲ့တာကိုအခုထိအမှတ်ရမိပါတယ်။ သူ့ပြောပြချက်အရတစ်ခါတုန်းက ကျမ်းစာ
ကျောင်းတစ်ကျောင်းမှာ နည်းပြဆရာတစ်ယောက်က သခင်ယေရှုကောင်းကင်
ဘုံတက်ကြွမသွားမှီနောက်ဆုံးအနေနဲ့ တပည့်တော်တွေကိုမှာကြားသွားတဲ့အ
ရာကဘာလဲလို့ကျောင်းသားတွေကိုမေးမြန်းခဲ့ပါတယ်။ ကျောင်းသားတွေက
လည်း ပထမနှစ်ပဲရှိသေးတာမို့ဘာမှပြန်မဖြေတတ်ပဲဖြစ်နေတယ်။ နောက်ဆုံး
မှာတော့ကျောင်းသားတစ်ယောက်ကမှန်းဆပြီးဖြေလိုက်တာကတော့၊
သခင်ယေရှုဟာလက်ကလေးကိုဝှေ့ယမ်းရမ်းပြီး တားတာ (ဘိုင်ဘိုင်) လို့နှုတ်
ဆက်ခဲ့တယ်လို့ဆိုပါတယ်။ သခင်ယေရှုတကယ်မိန့်မှာခဲ့တာကတော့ တားတာ
မဟုတ်ပါဘူး။ ဧဝံဂေလိနဲ့ပတ်သက်နေပြီးအောက်ဖေါ်ပြပါအတိုင်းဖြစ်ပါတယ် –
ကောင်းကင်ဘုံ၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း စီရင်ပိုင်
သောအခွင့်တန်ခိုးရှိသမျှတို့ကိုငါခံရပြီ။ သင်တို့သွား၍လူမျိုးတကာ
တို့ကို ငါ့တပည့်ဖြစ်စေလျက်၊ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော
ဝိညာဉ်တော်၏နာမ၌ဗတ္တိဇံကိုပေးကြလော့။ ငါသည်သင်တို့ အားပေး
သမျှသောပညတ်တော်တို့ကိုစောင့် ရှောက်စေခြင်းငှာဆုံးမ ဩဝါဒပေးကြလော့။ငါသည်လည်းကပ်ကမ္ဘာ ကုန်သည်တိုင်အောင်သင်တို့
နှင့်အတူ အစဉ် မပြတ်ရှိသည်ဟုတပည့်တော်တို့ အားမိန့်တော်မူ၏။
(မဿဲ ၂၈း၁၈-၂၈)
သင်တို့ သည်လောကီနိုင်ငံ အရပ် ရပ် ရှိသမျှသို့ သွား၍၊ ဝေနေယျ
သတ္တဝါအပေါင်းတို့ အား ဧဝံဂေလိတရားကိုဟောကြလော့။ ယုံကြည်
၍ ဗတ္တိဇံကိုခံသော သူသည် ကယ်တင်တော် မူခြင်းသို့ရောက် လတ္တံ့။
မယုံ ကြည်သောသူမူကား၊ အပြစ်စီရင်ခြင်းကိုခံရလတံ့၊ (မာ၁၆း၁၅-၁၆)
ထိုသို့မရှိသော်လည်း၊သင်တို့အပေါ်သို့သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်
သောအခါ၊သင်တို့ သည်တန်ခိုးကိုရ၍ ယေရုရှလင်မြို့ မှစ၍ယုဒပြည်၊
ရှမာရိ ပြည်၊ မြေကြီးစွန်းတိုင်အောင်ငါ၏ သက်သေဖြစ်ကြလိမ့်မည်
ဟုမိန့်တော်မူ၏။ (တ ၁း၈)
လူမျိုးအပေါင်းတို့ အားသက်သေဖြစ်မည်အကြောင်းနိုင်ငံတော် နှင့်
ယှဉ်သောဧဝံဂေလိတရားကိုလောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟော
ရလိမ့် မည်။ သို့ပြီးမှအဆုံးသည်ဖြစ်လတံ့။ (မသဲ၂၄း၁၄)
သတင်းကောင်း၊ဧဝံဂေလိတရားကိုဟောပြောဝေငှသက်သေခံခြင်း
မရှိတဲ့ယုံကြည်သူလူငယ်မောင်မယ်တွေ၊အသင်းတော်တွေဟာခရစ်တော်ရဲ့
မဟာအမိန့်တော်ကိုနာခံခြင်းမရှိသူများဖြစ်ကြတယ်။ သူတို့အနေနဲ့မိမိတို့ရဲ့
နာခံခြင်းမရှိမှုအတွက်နောင်တရပြီးသတင်းကောင်း၊ဧဝံဂေလိတရားကိုဟော
ပြောသက်သေခံရာမှာစတင်ပါဝင်လုပ်ဆောင်ရမှာဖြစ်တယ်။ ဒါပေမယ့်
အခြားတဖက်မှာသတင်းကောင်းဧဝံဂေလိတရားကိုဟောပြောသက်သေခံ
ဝေငှနေကြတဲ့ယုံကြည်သူ လူငယ်မောင်မယ်တွေ၊အသင်းတော်တွေအနေနဲ့
လည်းဘယ်လိုပုံစံမျိုးနဲ့ သတင်းကောင်းကိုသယ်ဆောင်နေကြသလဲဆိုတာ
စဉ်းစားဆင်ခြင်သုံးသပ်မှုပြုရန်လိုအပ်ပါတယ်။
၂။ အပြောနဲ့ အလုပ်
ဧဝံဂေလိကိုသက်သေခံခြင်းအကြောင်းစဉ်းစားတဲ့အခါ၊ လူငယ်တိုင်း
မှာကျဉ်းမြောင်းခြင်းတိုင်းနဲ့ကျယ်ပြန့်ခြင်းဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်နှစ်ခုရှိပါ
တယ်။ ကျဉ်းမြောင်းတဲ့အနက်ဖွင့်ဆိုချက်အရသက်သေခံခြင်းဆိုတာသတင်း
ကောင်းအစိတ်အပိုင်းအချို့ကိုမယုံကြည်သူတွေကို ကြားသိစေခြင်းလို့သတ်
မှတ်နိုင်တယ်။ ကျယ်ပြန့်တဲ့အနက်ဖွင့်ဆိုချက်အရ သက်သေခံခြင်းဆိုတာလူ
တွေရဲ့ ရှေ့မှောက်မှာခရစ်ယာန်တွေရဲ့ လုပ်ဆောင်မှုမှန်သမျှအားလုံးကိုဆိုလို
တယ်။ ဒီအနက်ဖွင့်ဆိုချက်နှစ်ခုစလုံးဟာ အားရကျေနပ်ဖွယ်မကောင်းပါဘူး။
ပထမကျဉ်းမြောင်းတဲ့အနက်ဖွင့်ဆိုချက်က နှုတ်ခမ်းအလုပ်သက်
သက်ဖြစ်ပြီး၊ ဒုတိယကျယ်ဝန်းတဲ့အနက်ဖွင့်ဆိုချက်ကျပြန်တော့ အပြောမပါဘဲ
ကောင်းမွန်စွာအသက်ရှင်ပြပါလို့ အဓိပ္ပါယ်သက်ရောက်ပါတယ်။ သတင်း
ကောင်း၊ ဧဝံဂေလိတရားကိုဟောပြော၊ ဝေငှသက်သေခံရာမှာ ငါတို့ရဲ့စကားနဲ့
အလုပ်ဟာကင်းကွာလို့မရဘူး။ အတူတကွပူးတွဲတည်ရှိနေရမှာဖြစ်ပါတယ်။
ငါတို့အနေနဲ့လွယ်ကူစွာသက်သာနည်းနဲ့ပြောနိုင်တာကတော့ ငါသူ့ကို သတင်း
ကောင်းပြောခဲ့တယ် (သို့)အခြားသူများရှေ့မှောက်မှာကောင်းမွန်စွာအသက်
ရှင်ပြခဲ့တယ်။ သတင်းကောင်း၊ဧဝံဂေလိနဲ့ပတ်သက်ပြီး ဒီကနေ့ယုံကြည်သူများ၊
အသင်းတော်များဟာဒီအစွန်းရောက်နှစ်ခုကနေ လွတ်မြောက်ပြီး၊မျှတတဲ့
သဘောထားအမြင်ရှိလာဖို့အလွန်အရေးကြီးပါတယ်။
ယုံကြည်သူခရစ်ယာန်တစ်ယောက်ရဲ့ သက်သေခံခြင်းဆိုတာ
လေယာဉ်မှာ အတောင်နှစ်ဖက်စီပါရှိသလိုပါပဲ။ တစ်ဖက်မှာငါတို့ရဲ့အသက်တာ
အသက်ရှင်နေထိုင်ပုံ(လုပ်ဆောင်ချက်)နဲ့အခြားတစ်ဖက်မှာငါတို့ရဲ့ နှုတ်ခမ်း
(ပြောဆိုခြင်း)ပဲဖြစ်တယ်။ တိတ်တိတ်လေးနေပြီးတော့ ငါတို့ရဲ့လုပ်ဆောင်ချက်
တွေကိုအခြားသူများကိုအနက်ဖွင့်စေခြင်းဟာမှားပါတယ်။ ဘုရားသခင်ကိုယ်
တော်တိုင်တောင်မှအဲဒီလိုမလုပ်ဆောင်ခဲ့ပါဘူး။ သမိုင်းတလျှောက်လုံးမှာ
အချက်အချာကျတဲ့ဘုရားသခင်ရဲ့ ရွေးနုတ်ခြင်းဆိုင်ရာ လုပ်ဆောင်ချက်တွေဟာ
စကားလုံးဆိုင်ရာဖွင့်ပြချက်တွေနဲ့အတူပြီးပြည့်စုံလာခဲ့ပါတယ်။ အောက်ဖေါ်ပြ
ပါကျမ်းချက်တွေကငါတို့ကိုသက်သေခံ၊ ဟောပြောမှုပြုရာမှာအပြောနဲ့
အလုပ်နဲ့ကိုက်ညီခြင်းရှိဖို့စကားပြောနေပါတယ်။
ဝိညာဉ်နှင့် ကင်းသောသူသည်အသေဖြစ်သကဲ့သို့၊အကျင့်နှင့် ကင်း သော
ယုံကြည်ခြင်းသည် အသေဖြစ်၏။ (ယာ၊ ၂း၂၆)ထိုနည်းတူ၊ သူတပါးတို့သည်
သင်တို့၏ကောင်းသောအကျင့်ကိုမြင်၍၊ ကောင်းကင်ဘုံ၌ ရှိတော်မူသောသင်
တို့ အဘ၏ဂုဏ်တော်ကိုချီးမွမ်းစေခြင်းငှာ၊သူတပါးရှေ့၌ သင်တို့ အလင်းကို
လင်းစေကြလော့။(မဿဲ၅း၁၆)သူတပါးကိုဆုံးမပြီးမှ ကိုယ်တိုင်ရှုံးသောသူမဖြစ်
ရ မည် အကြောင်းကိုယ်ကိုထိုး၍ နှိပ်စက်လေ့ရှိ၏။ (၁ကော၉း၂၇)ကိုယ်တို
လည်းကောင်း၊ကိုယ်ဆုံးမဩဝါဒကိုလည်းကောင်းသတိပြု၍အမြဲတည်နေလော့။
ထိုသို့ ပြုလျှင်၊ ကိုယ်ကိုလည်းကောင်း၊ နားထောင်သောသူကိုလည်းကောင်း
ကယ်တင်လိမ့်မည်။ (၁တိ၄း၁၆)
၃။ သတင်းကောင်းကို ပုဂ္ဂိုလ်ရေးဆန်စွာပြောကြားခြင်း
ဘုရားသခင်ကသူ့လုပ်ဆောင်ချက်တွေရဲ့ အနက်အဓိပ္ပါယ်တွေကို
ငါတို့ကိုနားလည်စေလိုတယ်။ အလားတူငါတို့အသက်တာဟာခြောက်ပြစ်
ကင်းသဲလဲစင်မဟုတ်တာကို ကိုယ်တိုင်သိထားပေမယ့်ငါတို့ဟာခရစ်တော်
ကိုယ်စားပြောဆိုရမှာဖြစ်တယ်။ ကျမ်းစာကိုများစွာနားမလည်သည့်တိုင်
အောင်ငါတို့ဟာသတင်းကောင်းကိုပြောဆိုရမှာဖြစ်တယ်။ အဆင်မပြေသည့်
တိုင်သက်တောင့်သက်သာမရှိသည့်တိုင်ငါတို့ဟာ သက်သေခံပြောဆိုရမှာဖြစ်
တယ်။ ဘုရားသခင်ဟာသူ့ရဲ့နှုတ်ထွက်စကားကိုငါတို့ရဲ့နတ်ပါးစပ်လွှာ အားဖြင့်
ချီးမြှောက်တော်မူမှာဖြစ်တယ်။ ဒါပေမယ့်လည်းငါတို့ရဲ့စကားထက် ငါတို့ရဲ့လုပ်
ဆောင်ချက်တွေကပိုပြီးကျယ်လောင်စွာ ပြောဆိုနိုင်တဲ့အချိန် တွေ လည်းရှိပါ
တယ်။ ရှင်ယောဟန်ကသက်သေခံဖို့ ငါတို့ကိုစေလွတ်ခြင်းနဲ့ ပတ်သက်ပြီး
ဖော်ပြထားတာတော့၊ခမည်းတော် သည်ငါ့ကို စေလွှတ်တော် မူသည်
နည်းတူသင်တို့ကိုငါစေလွှတ်သည်။ (ယော၂၀း၂၁) ဘုရားသခင်ကဝေစာ
ထုပ်ကြီးကိုပို့ဆောင်ခဲ့တာမဟုတ်ဘူး၊ ထိုအစားခန္ဓာကိုယ်တခုကိုပြင်ဆင်ပေးခဲ့
တာ ဖြစ်တယ်။ အလားတူဘုရားသခင်ကခရစ်တော်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ
အသက်တာအားဖြင့်သူ့ကိုယ်ကိုပေါ်လွင်ထင်ရှားစေဖို့ပြင်ဆင်ခဲ့တယ်။
ငါတို့အခြားလူတွေကိုမပြနိုင်ဖို့တစ်ကိုယ်ကောင်းအတ္တစိတ်ကိုဖယ်နိုင်ရမယ်။
ငါတို့ဟာအခြားသူတို့ရဲ့လိုအပ်ချက်တွေကိုသိမြင်နိုင်သူတို့နဲ့ ဘယ်
လိုမိတ်ဖွဲ့ရမယ်ဆိုတာကိုလည်းသင်ယူရမယ်။
ယေရှုခရစ်တော်ရဲသက်သေခံခြင်း၊ အများပိုင်းဟာနိမိတ်လက္ခဏာ (သို့)
ကရုဏာနဲ့လုပ်ဆောင်ချက်တွေရဲ့နောက်ဆက်တွဲမေးခွန်း တွေကိုတုန့်ပြန်၊ ဖြေဆို
ခြင်းဖြစ်တယ်။ ဒါပေမယ့်ငါတို့ရဲဂုဏ်ကိုဖေါ်ဆောင်လိုတာ ကြောင့်လုပ်ဆောင်တာမျိုးမဖြစ်ရလေအောင်သတိပြုရမယ်။ ငါတို့ဟာအခြားသူတွေရဲ့ အကူအညီတွေကိုလက်ခံပေးရမယ်သူတို့ကငါတို့ကိုအစေခံမှုပြုပါစေ။သခင် ယေရှုက
ရှမာရိအမျိုးသမီးထံမှာကိုရေအနည်းငယ်တိုက်ဘို့ရန်တောင်းဆိုခဲ့တယ်။ ငါတို့
ကိုယ်တိုင်လူသားတစ်ယောက်ကဲ့သို့ပြုမူရန် သင်ယူပြီးအခြားသူတွေကိုလည်း
ဘုရားသခင်ရဲ့ပုံသဏ္ဌာန်တော်ကိုဆောင်သောသူများအဖြစ် ဆက်ဆံတတ်ရန်
သင်ယူရမယ်။အကယ်၍ငါတို့ကသတင်းကောင်းကိုဆွေး နွေးဖို့အချိန်မျှသာ ခင်မင်
ရင်းနှီးဖော်ရွေတဲ့သူဖြစ်မယ်ဆိုခဲ့ရင်၊ငါတို့ဟာမိတ်ဆွေဖွဲ့ခြင်းအကြောင်းကို များ
များ စားစားမသိသေးတာဖြစ်တယ်။ ငါတို့ကတဖက်သတ်ပြောနေဖို့မ ဟုတ်ဘူး၊
ကောင်းစွာနားထောင်တတ်တဲ့လူဖြစ်ဖို့လည်း လိုအပ်ပါတယ်။ သက်သေခံခြင်း
သမ္မာကျမ်းစာကဘယ်လိုအနက်ဖွင့်ဆိုထားပါသလဲ။ ခရစ်ဝင်ကျမ်းတွေရဲ့ စာ
သူတွေကခရစ်တော်ရဲ့ အသက်တာမှာတွေ့ကြုံဖြစ် ပျက်မှုတွေ ကိုသတင်း
ကောင်းအဖြစ်တင်ဆက်ဖို့ရွေးချယ်ခဲ့ကြပါတယ်။ သက်သေခံခြင်းဆိုတဲ့စကား
လုံးရဲ့ နောက်ခံအကြောင်းတရားကတော့တရားရုံးပဲဖြစ်တယ်။ သက်သေခံဖို့
အချက်ကခရစ်တော်ဟာ မိမိမိန့်တော်မူတဲ့အတိုင်း ခရစ်တော်မှန်ကန်ကြောင်းပင်ဖြစ်တယ်။
သမိုင်းမှ သာသနာတော်အတွတ် လူငယ်များ
လူငယ်တွေဟာတက်လူတွေဖြစ်ကြပါတယ်။ လူငယ်မရှိမရှိတဲ့အသင်း
တော် ဟာအနာဂတ်မရှိပါဘူး။ လူငယ်မပါတဲ့သာသနာတော်ဟာ မကြာခင်မှ
အမှောင်ကျတော့မယ့် နေဝင်ဆည်းဆာချိန်နဲ့တူပါတယ်။ နောင်မျိုးဆက်သစ်ကို
ဆက်လက်တာဝန်ယူဦးဆောင်သွားရမယ့်ခေါင်းဆောင်တွေဟာလူငယ်တွေပါပဲ။
မြန်မာပြည်ဟာလူငယ်တွေကိုလစ်လျူရှုတာ၊ ချောင်ထိုးထားတာကြောင့်
ယခုအချိန်ဒီမိုကရေစီစနစ်နဲ့ နိုင်ငံတကာကို ချိတ်ဆက်အလုပ်လုပ်ဖို့ဖြစ်လာတဲ့
အခါကဏ္ဍအသီးသီးမှာအရည်ချင်းရှိတဲ့လုပ်သားရှားပါးမှုပြသနာကြုံတွေ လာရ
ပါတယ်။ နိုင်ငံတကာဘာသာစကားဖြစ်တဲ့အင်္ဂလိပ်စကားပြောတတ်သူ၊
ကွန်ပျူတာနည်းပညာကျွမ်းကျင်သူ၊ နိုင်ငံတကာနဲ့ ယဉ်ဘောင်တန်းပြီးနိုင်ငံရေး၊
စီးပွါးရေး၊လူမှုရေးလုပ်ဆောင်နိုင်စွမ်းရှိသူတွေရှားပါးခြင်းပြဿနာကြုံတွေ့ကြရပါ
တယ်။ အလားတူအသင်းတော်တွေမှာလည်းလူငယ်တွေရဲ့အခန်းကဏ္ဍအရေး
ပါမှုကိုလူကြီး၊လူငယ်မကျန်အားလုံးသိရှိ နားလည်ထားဖို့အင်မတန် အရေးကြီး
လှပါတယ်။ ဘုရားသခင်ဟာငယ်ရွယ်နုပျိုတဲ့ လူငယ်မြောက်များစွာကိုအင်
မတန်မှအရေးကြီးလှတဲ့ကဏ္ဍတွေမှာများစွာအသုံးပြုခဲ့တာကိုသမိုင်းကရှင်း
လင်းစွာဖော်ပြကဗျည်းထိုးထားတာကိုတွေ့ရှိရပါတယ်။
ယောသပ်ဟာအသက်ငယ်ရွယ်စဉ် ဘုရားပေးတဲ့ရူပါရုံအိမ်မက်
ကိုရရှိခဲ့ပြီးအသက်(၃၀)အရွယ်မှာ အီဂျစ်ပြည်တစ်ခုလုံးကိုအုပ်စိုးတဲ့ဒုတိယ
ရှင်ဘုရင်အဖြစ်ဘုရားသခင်အသုံးပြုခဲ့တယ်။ ငတ်မွတ်ခေါင်းပါးရာကာလခုနှစ်
တာမှာ ယောသပ်စီမံကွပ်ကဲမှု နည်းပညာနဲ့အနာဂတ်ကိုကြိုတင်မြင်နိုင်စွမ်း
ကြောင့်တိုင်းပြည်ပျက်ရမယ့်အနေအထားကနေ အီဂျစ်ပြည်ဟာသီသီကလေး
လွတ်မြောက်ခဲ့ရပါတယ်။ ရှမွေလဟာငယ်ရွယ်စဉ်ကတည်းကနေဘုရားသခင်
ရဲ့ အိမ်တော်မှာ အငှါးခံရပြီးလူငယ်ဘဝကတည်းက ဘုရားသခင်ရဲ့ အသံတော်
ကိုကြားခဲ့ရတာကြောင့် ဣသရေလတမျိုးသားလုံးကိုနှစ်ပေါင်း (၄၀) တိုင်တိုင်
ကောင်းမွန်စွာဦးဆောင်ခဲ့ရပါတယ်။ နိုင်ငံတော်အတွက်အသင့်တော်ဆုံး
ရှင်ဘုရင်ကိုလည်းဘိသိက်ပေးခဲ့ပါတယ်။ ဒါဝိဒ်ဟာအသက်(၁၇)နှစ်အရွယ်
မှာရန်သူဂေါလျက်လူသန်ကြီး ကိုသတ်ဖြစ်ပြီး သူ့လူမျိုးကိုကယ်တင်ခဲ့ တယ်။
ဧသတာဟာငယ်ရွယ်နုပျိုလှပနေစဉ်ပါးရှားဘုရင်ရဲ့ မိဘုရားအရာ ကိုချီး
မြောက်ခံရုံသာမက မိမိလူမျိုးအတွက်စွန့်စားတိုက်ပွဲစဉ်ပြီး မိမိလူမျိုးကိုအမျိုး
သုဉ်း သုတ်သင်ရှင်းလင်းခံရမည့်ဆဲဆဲအဖြစ်ဆိုးကနေကယ်တင်ခဲ့တယ်။
ဒံယေလ၊ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ စတဲ့ဒီလူငယ်တွေဟာ တိုင်းတပါး
ဗာဗုလုန်ပြည်ကိုကျွန်အဖြစ် သိမ်းပိုက်ခြင်းခံခဲ့ရတယ်။ ဒါပေမယ့်သူတို့ဟာ
ဘုရားဘက်မှာမားမားမတ်မတ်ရပ်တည်ခဲ့ပြီး မီးဖိုထဲကနေ၊ ခြင်္သေ့လှောင်
အိမ်ထဲကနေ၊နန်းတော် ထဲကနေဘုရားဘုန်းတော် ကိုသယ် ဆောင်နိုင်ခဲ့ကြပါ
တယ်။ ကြီးမားတဲ့ရာထူးရာခံအခွင့်ထူးတွေကို ခံစားပြီးကြီးမားတဲ့၊ နိုင်ငံတကာ
အမှုအရေးတွေကိုကိုင်တွယ်ခဲ့ကြရပါတယ်။ ယေရမိဟာမိမိကိုယ်ကို အသက်
ငယ်ရွယ်သူဖြစ်တယ်ဆိုပြီး သိမ်ငယ်ခဲ့ရပေမယ့် ဘုရားသခင်က သူ့ကိုကြီးကျယ်
ခမ်းနားတဲ့ပရောဖက်ကြီးတပါးအဖြစ် အသုံးပြုခဲ့တယ်။
နှစ်ခြင်းဆရာယောဟန်ဟာ အသက်(၃၁) နှစ်အရွယ်မှာ ဒိတ်ဒိတ်ကြဲ
အောင်မြင်ကျော်ကြားတဲ့တရားဟောဆရာအဖြစ်ဘုရားသခင်က အသုံးပြု
နေပါပြီ။ သခင်ယေရှုကိုယ်တော်တိုင်ဟာလည်း အသက်(၃၀)အရွယ်ကစပြီး
လူထုသာသနာလုပ်ငန်းမှာထင်ထင်ရှားရှားစတင်လုပ်ဆောင်နေပြီ။ မာရိဟာ
ငယ်ရွယ်တဲ့အပျိုစင်ဘဝမှာ ဘုရားသားတော်ကိုမွေးဖွားသန့်စင်ဖို့ကြီးမားတဲ့
တာဝန်အခန်းကဏ္ဍကိုလွှဲအပ်ပေးခြင်းခံခဲ့ရပါတယ်။ တိမောသေဟာ ငယ်ရွယ်
နုပျိုတဲ့ လူငယ်တစ်ယောက်ဖြစ်ပေမယ့် ဧဖက်မြို့အသင်းတော်ရဲ့သင်းအုပ်ဆရာ
အဖြစ်တာဝန်ထမ်းဆောင်ခဲ့ရတယ်။ လက်ထပ်ပြီးခါစ လူငယ်ဇနီးမောင်
နှံယုဒသန်နဲ့ဇနီးတို့ဟာ ရပ်ဝေးအမေရိကန်ကနေမြန်မာပြည်ကိုသာသနာ ပြုဖို့
ရောက်လာခဲ့တယ်။ အလားတူအင်္ဂလန်မှာဂျွန်ဝက်စလီ၊ ဂိုက်ဖီးလ်၊ ဝီလီယံ
ဘွတ်စတဲ့လူငယ်တွေဟာ ကြီးမားတဲ့နိုးထမှုကိုအစပျိုးခဲ့သူများဖြစ်တယ်။
ခရစ်ယာန်တွေဟာမိမိ တို့တိုင်းနိုင်ငံ၊ မြို့ရွာ၊ ဂိုဏ်းဂန၊ လူမျိုးအကြား
မှာပဲကျေနပ်နေရာကနေတိုင်းတပါးလူမျိုးခြားတွေကြားမှာ သာသနာပြုဖို့ အစပြုဖို့
နှိုးဆော်ပြီး ကိုယ်တိုင်လည်း (၁၉) ရာစုရဲသာသနာပြုလုပ်ငန်းကိုအစပြုခဲ့
သူဟာလည်းဖိနပ်ချုပ်တဲ့လူငယ်လေးဝီလျှံကယ်ရီဖြစ်ပါတယ်။ မြန်မာပြည်
ကိုပြောင်းလဲပစ်ဖို့၊ အရှေ့တောင်အာရှကိုပြောင်းလဲပစ်ဖို့ အာရှပိစိဖိတ်ဒေသ
ကိုပြောင်းလဲပစ်ဖို့ ကမ္ဘာကြီးကိုပြောင်းလဲပစ်ဖို့ မြန်မာပြည်ကခရစ်ယာန်လူငယ်
တွေကြားမျက်စိဖွင့်ဖို့၊ စုပေါင်းလုပ်ဆောင်ဖို့အချိန်တန်ပြီ။ နောက်ဆုံးသော
ကာလနဲ့ပတ်သက်ပြီးလူငယ်တွေအတွက်ကြိုတင်ပရောဖက်ပြုချက် ကတော့၊
ထိုနောက်မှလူမျိုးတကာတို့ အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို
ငါသွန်း လောင်းမည်။ သင်တို့၏သားသမီးတို့သည် ပရောဖက်ဉာဏ်နှင့်
ဟောပြောရ ကြလိမ့်မည်။ အသက်ကြီးသောသူတို့သည်နိမိတ်အိပ်မက်တို့
ကိုမြင်မက်ရကြ လိမ့်မည်။ အသက်ငယ်သောသူတို့သည်လည်း ဗျာဒိတ်
ရူပါရုံတို့ ကိုလည်းမြင်ရကြလိမ့်မည်။ ငါ၏အမှုကို ဆောင်ရွက်သော
ယောက်ျားမိန်းမတို့ အပေါ်သို့ ငါ၏ ဝိညာဉ်တော် အပေါ်ကိုငါသွန်းလောင်း၍၊ သူတို့ သည်ပရောဖက်ဉာဏ်နှင့် ဟောပြောရကြလိမ့်မည်။
(ယောလ ၂း၂၈-၂၉ )
ခရစ်ယာန်လူငယ်များသိမ်းပိုက်ရမည့်တောင် (၇)လုံး
သမ္မာကျမ်းစာရဲ့သွန်သင်ချက်အရတောင်၊ တောင်ထိတ်ဆိုတာ အခွင့်
အဏာတည်ရှိတဲ့နေရာ၊ အုပ်စိုးသူများရဲအမှတ်လက္ခဏာအဖြစ်ပုံဆောင်ထား
ပါတယ်။ (ဟေ၂း၂၊ယေဇ၆း၃) ယနေ့ကမ္ဘာ့လူ့အဖွဲ့အစည်းတိုင်းရဲ့ ခံယူချက်
အတွေးအခေါ်ယဉ်ကျေးမှုဆိုင်ရာကိုလွမ်းမိုး၊ ပုံသွင်း၊ ပုံဖေါ်ပေးတဲ့တောင်
ခုနှစ်လုံးကတော့ -(၁)ဘာသာ ရေးတောင်၊ (၂) မိသားစု တောင်၊
(၃)စီးပွါးရေးတောင်၊ (၄)ပညာရေးတောင် (၅)အနုပညာတောင်၊ (၆)လူထု
ဆက်သွယ် ရေးတောင်၊ နဲ့ (၇)နိုင်ငံရေး၊အစိုးရတောင်စတာတွေဖြစ်ကြောင်း
ပထမဦးဆုံးဖွင့်ပြခြင်း ခံရ သူကတော့ ဝိုင်အမ်လူငယ်သာသနာ အဖွဲ့အစည်းကို
စတင်တည်ထောင်သူလောရင့်ခါးနင်းဟမ်းပဲဖြစ်ပါတယ်။ ဒီတောင်တစ်ခု
စီတိုင်းဟာလူသားတွေရဲ့ တွေးခေါ်ပုံတန်ဖိုးထားမှုတွေကို သတ်မှတ်ပြဌာန်း
ပေးတဲ့အရာတွေဖြစ်ပါ တယ်။
သုတေသီတွေရဲ့အဆိုအဲဒီတောင်ခုနှစ်လုံးရဲထိပ်ဆုံးနေရာက (၃%)
သောသူတွေကတောင်ရဲ့
အောက်ခြေပိုင်း(၉၃%) ကိုထိန်းချုပ်နိုင်စွမ်းရှိတယ်
လို့ဆိုပါတယ်။ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟာ ဒီကမ္ဘာပေါ်မှာကျယ် ပြန့်လာဖို့
ဒီတောင် (၇)တောင်ရဲ့ ထိပ်ပိုင်းမှာ ယုံကြည်သူလူငယ်မောင်မယ်တွေကသိမ်း
ပိုက်နိုင်ဖို့အလွန်အရေးကြီးတဲ့အကြောင်းပထမဦးဆုံးဖွင့်ပြခြင်းခံခဲ့ရတဲ့
ဆရာကြီးဟာဝိုင်ဝမ်၊ လူငယ် သာသနာအဖွဲ့ ကိုစတင်ဖွဲ့စည်းတည်ထောင်ခဲ့
သူဆရာကြီးလောရင့်ခါးနင်းဟမ်းဖြစ်ပြီးအခုဒီမျိုးဆက်မှာ အသစ်ဖွင့်ပြမှု
ထပ်မံခံစားကြရတဲ့သူတွေကတော့ နယူးယောက်မြို့မှာနေတဲ့လင်းနောင်းနဲ့၊
စင်ကာပူစီးတီးဟားဗက်စ်အသင်းတော်ရဲ့ သင်းအုပ်ဆရာကွမ်းဟီးတို့ဖြစ်ကြ
ပါတယ်။
ဘုရားသခင်ဟာသူ့ရဲ့ နိုင်ငံတော်ကိုဒီကမ္ဘာလောကကြီးထဲမှာတည်
ထောင်လိုတာပါ။ ဒါကြောင့်သခင်ယေရှုက တပည့်တော်တွေကိုဆုတောင်းနည်း
သင်ပေးတဲ့အခါဒီသဘောတရားကို ထည့်သွင်းဖေါ်ပြခဲ့တာဖြစ်ပါ
တယ်။ ထို့ကြောင့်သင်တို့ဆုတောင်းရမည်မှာကောင်းကင်ဘုံ၌ရှိတော်မူ
သောအကျွန်ုပ်တို့အဘ၊ ကိုယ်တော်၏နာမတော်အားရိုသေလေးမြတ်
ခြင်းရှိပါစေသော။ နိုင်ငံတော်တည်ထောင်ပါစေသော။ အလိုတော် သည်
ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံပါစေသော။
(မသဲ၆း၉-၁၀) ပရောဖက်ဟေရှာယအားဖြင့်ဘုရားသခင်ကကြိုတင်မိန့်မှာ
ထားတာကတော့ ကောင်းကင်တန်ခိုးတို့သည် မြေကြီးပေါ်သို့ ဆင်းသက်
မည် အကြောင်းနောက်ဆုံးသောကာလ၌ထာဝရဘု ရား၏ အိမ်တော်
တည်သောတောင်သည် တောင်ကြီးတောင်ငယ်တို့၏ထိပ်ပေါ်မှာ
ချီးမြောက် ၍တည်လိမ့်မည်။ ခပ်သိမ်းသောလူမျိုးတို့သည်ထိုတောင်သို့
စည်းဝေးကြလိမ့်မည်။ (ဟေရှာယ ၂း၂)
ဘုရားသခင်ဟာ ဒီတောင်တစ်ခုစီတိုင်းရှဲထိတ်ဆုံးပိုင်းမှာ ခရစ်ယာန်
လူငယ်မောင်မယ်တွေ ကိုထားခြင်းအားဖြင့် သူ့ရဲ့ ဘုန်းတော်ကို ထင်ရှားစေပြီး၊
သူ့ရဲ့ နိုင်ငံတော်ကိုလည်း ဒီလောကမှာ ကျယ်ပြန့်လာစေမှာဖြစ်ပါတယ်။
ယုံကြည်သူခရစ်ယာန်လူငယ်မောင်မယ်တိုင်းအတွက် ဘုရားသခင်ရဲ့ ဂတိ
တော်ကတော့ ထာဝရဘုရားသည်သင့်ကို အမြီးမဖြစ်စေဘဲခေါင်းဖြစ်စေ
တော်မူသဖြင့် သင်သည်အောက်၌ မနေရဘဲအပေါ်၌ သာနေရသော
အခွင့်ရှိ လိမ့်မည်။ (တရား ၂၈း၁၃)ဘုရားသခင်ဟာ ယုံကြည်သူလူငယ် မောင်
မယ် အယောက်စီတိုင်းကို သူ့ရဲ့ ဘုန်းတော်အတွက်ချီးမြှောက်လိုပါတယ်။
အကယ်စင်စစ် တန်ခိုးကို သင်၌ငါပြုခြင်းငှါ၎င်း၊ ငါ့နာမကို မြေကြီးတစ်
ပြင်လုံးလျှင် ကျော်စောစေခြင်းငှါ၎င်း၊ သင့်ကိုချီးမြောက်ခဲ့ပြီ။
(လွက် ၉း၁၆ )
ဒီလောကမှာ ဘုရားသခင်ရဲဘုန်းတော်အတွက် ရပ်တည်တဲ့လူငယ်
မောင်မယ်တိုင်း စိန်ခေါ်မှုတွေ အတားအဆီးတွေ၊ ရန်သူတွေနဲ့ကြုံတွေ့ရမှာ
မှန်ပေမယ့် ဘုရားသခင်ရဲဂတိတော်ရှိတာကြောင့် ကြောက်ရွံ့စိုးရိမ်စရာ
မလိုပါဘူး။ သင့်တစ်ဖက်ထသောသင်၏ ရန်သူတို့ ကိုသင့်မျက်မှောက်၌
ထာဝရဘုရားသည်ဒဏ်ခံစေတော်မူမည်။ သူတို့သည်တစ်လမ်းတည်း
ဖြင့်သင် ရှိရာသို့လာသော်လည်း လမ်းခုနှစ်သွယ်ဖြင့်သင့်ရှေ့မှာ ပြေးကြ
လိမ့်မည်။ (တရားဟော၂၈း၇) အရေးကြီးတဲ့အချက်ကလူငယ်မောင်မယ်အ
ယောက်စီတိုင်းမှာ ဘုရားသခင်ရဲ့ မျက်မှောက်တော်နဲ့အတူသွားလာတတ်ဖို့
အရေးကြီးပါတယ်။ တဖန်မောရှေ့တကိုယ်တော်တိုင် မသွားလျှင်ကျွန်ုပ်တို့
ကိုဤအရပ်မှ ပို့တော်မမူပါနှင့်။ ရှေ့တော်၌မျက်နှာရသော အကြောင်း
သည်အကျွန်ုပ်တို့ နှင့်ကြွတော်မူသောအားဖြင့်သာ ထင်ရှားပါမည်မဟုတ်
လော။ (ထွက် ၃၃း၁၅-၁၆)
ကွမ်းဟီးနဲ့လင်းဝေါနောင်းတို့နှစ်ဦးစလုံးရဲ့ အဆိုအရ ဒီကနေ့ခရစ် ယာန်
လောကဟာဘာသာရေးတောင်နဲ့ မိသားစုတောင်လောက်မှာပဲဩဇာလွှမ်းမိုး
နိုင်ခြင်း၊ အာရုံစူးစိုက်ခြင်း စိတ်ပါဝင်စားခြင်းရှိပြီးကျန်ငါးတောင်မှာတော့လွမ်း
မိုးနိုင်ခြင်းရှိလျစ်လျူရှုထားကြတယ်လို့ဆိုပါတယ်။ ဥပမာအားဖြင့်အသင်းတော်
မှာကျောင်းသားတွေဟာ ဆယ်တန်းအောင်ပြီဆိုတာနဲ့အသင်းတော်လူကြီးတွေ၊
မိဘတွေကသားသမီးတွေကိုကျမ်းစာကျောင်းပို့ပြီးတရားဟောဆရာ၊ ဆရာမ
တွေလုပ်ခိုင်းဖို့လောက်ပဲစဉ်းစားနေတတ်ကြပါတယ်။ ဘုရားသခင်နိုင်ငံရဲ့ နိုင်ငံ
တော်ကျယ်ပြန်ဖို့ မိဘမဲ့ကျောင်းထောင်ခြင်း၊ ကျမ်းစာကျောင်းထောင်ခြင်း၊ အ
သင်းတော်ထောင်ခြင်း၊ လေဟာပြင်တရားဟောပွဲတွေ ပြုလုပ်ကျင်းပကြပါတယ်။
ဒါပေမယ့်ကျန်တဲ့တောင်ငါးတောင်ကို ခရစ်ယာန်လူငယ်မောင်မယ်
တွေက လွမ်းမိုးနိုင်ခြင်းမရှိသရွေ့ ဘုရားသခင်ရဲ့ နိုင်ငံတော်ကျယ်ပြန့်ခြင်း၊
ဟာဆက် လက်နှောင့်နှေးနေဦးမှာဖြစ်ပါတယ်။ ကျန်တဲ့တောင်ငါးတောင်
စလုံးကိုလွမ်းမိုးနိုင်ဖို့ဆိုတာဟာ ဒီကနေ့မြန်မာပြည်မှာ ဘုရားသခင်ရဲ့
ဘုန်းတော်အတွက် စိတ်အားကြီးပြီးအောင်မြင်ထွန်းပေါက်တဲ့ခရစ်ယာန် လူ
ငယ်နိုင်ငံရေးသမားတွေ၊ အနုပညာရှင်တွေ၊ စီးပွါးရေးလုပ်ငန်းရှင်တွေ၊ မီဒီယာ
သမားတွေ၊ ပညာရှင်တွေများစွာပေါ်ထွက်လာဖို့လိုအပ်နေပါတယ်။ ပြီးတော့
အမှုတော်ဆောင်ခြင်းဆိုတာ ကျမ်းစာကျောင်းတက်ပြီးတရားဟောတာ၊
အသင်းတော်တည်ထောင်တာ၊ သင်းအုပ်ဆရာလုပ်တာ တစ်ခုတည်းသာ
မဟုတ်ပါဘူး။
ဒီကနေ့အမှုတော်ဆောင်ခြင်းနဲ့ပတ်သက်ပြီးခရစ်ယာန်လူငယ်မောင်
မယ်တွေအနေနဲ့သိထားရမှာက ယုံကြည်သူတိုင်းဟာယဇ်ပရောဟိတ်အမျိုး
ဖြစ်ပြီးဘုရားသခင်ရဲ့ အမှုတော်ဆောင်တွေ ဖြစ်တယ်ဆိုတဲ့အချက်ပါ။ ကျမ်းစာ
မှာဖေါ်ပြထားတာကတော့သင်တို့မူကား၊ မှောင်မိုက်ထဲမှအံ့ဖွယ်သော
အလင်းတော်သို့ခေါ်သွင်းတော်မူသောသူ၏ဂုဏ်ကျေးဇူးများကိုဖော်ပြ
စေခြင်းငှာရွေးချယ်တော်မူသောအမျိုးဖြစ်ကြ၏။ မင်းစည်းစိမ် ရှိသော
ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး၊ပိုင်ထိုက်တော်မူသောအပေါင်း
အသင်းဖြစ်ကြ၏။ အထက်ကအပေါင်းအသင်းမဟုတ်၊ ယခုတွင်ဘုရား
သခင်၏အပေါင်းအသင်းဖြစ်ကြ၏။ ကရုဏာကျေးဇူးတော် ကိုအထက်က
မခံရသော်လည်းယခုတွင်ခံရကြ၏။ (၁ပေ၂၉-၁၀)
ဒီကျမ်းချက်ကသင်းအုပ်ဆရာ၊ တရားဟောဆရာတွေအတွက် သီး
သန့်ဖေါ်ပြခြင်းမဟုတ်ပဲယုံကြည်သူတိုင်းကိုရည်ညွှန်းပြောဆိုထားခြင်း ဖြစ်ပါ။
တယ်။ ဘုရားသခင်ဟာသူ့ရဲ့ နိုင်ငံတော်ကျယ်ပြန့်ဖို့ လူတိုင်းကိုသင်းအုပ်ဆရာ
လုပ်ဖို့မခေါ်ပါဘူး။ ဘုရားသခင်ဟာလူအချို့ကိုနိုင်ငံရေးသမား လုပ်ဖို့၊ အချို့ကို
စီးပွါးရေးလုပ်ငန်းရှင်လုပ်ဖို့ အချို့ကိုကျောင်းဆရာလုပ်ဖို့အချို့ကို သိပ္ပံပညာရှင်
လုပ်ဖို့အချို့ကိုဆရာဝန်လုပ်ဖို့ သူ့ဆိုင်ရာဆိုင်ရာနဲ့ခေါ်တာဖြစ်တယ်။ အရေးကြီး
တာကကိုယ်ဟာဘယ်နေရာမှာနေဖို့ခေါ်ထားသည်ဖြစ်စေ ဘုရားဘုန်း
တော်နဲ့သူ့နိုင်ငံတော်ကျယ်ပြန့်ဖို့သာဖြစ်တယ်ဆိုတာကို သိရှိနားလည်ပြီး
အဲဒါကိုအာရုံစိုက်နေဖို့ပါ။ စီပီတာဝက်ဂ်နာရဲ့ အဆိုအရ ဝိညဉ်ရေးဆိုင်ရာ
နိုးထကြားခြင်းကယုံကြည်သူတွေကိုလွမ်းမိုးနိုင်ပြီး၊ ဘဝမှာကြီးမားတဲ့
အောင်မြင်မှုရှိခြင်းကမယုံကြည်သူတွေကိုလွမ်းမိုးနိုင်တယ် လို့ဆိုပါ တယ်။
၁။ သာရေးတောင်
ဘာသာရေးတောင်မှာအထွဋ်အထိပ်ကိုရောက်ရှိခဲ့ကြတဲ့ ပုဂ္ဂိုလ်အချို့
ကိုဖေါ်ပြရမယ်ဆိုရင် ဧဝံဂေလိတရားဟောဆရာကြီးဘီလီဂရေဟမ်သင်းအုပ်
ဆရာနဲ့စာရေးဆရာကြီးရိတ်ဝါရင်၊ သာသနာပြုဆရာကြီးဒေဗစ်လင်းဗင်းစတုံး
တို့ဖြစ်ကြပါတယ်။ ယုံကြည်ကိုးကွယ်မှုမတူညီကြပေမယ့်လည်းဘီလီဂရေဟမ်
ကိုလူတိုင်းက လေးစားကြည်ညိုကြပြီး လူတွေအပေါ် သြဇာလွမ်းမိုး နိုင်ခြင်းရှိပါ
တယ်။ ဘာကြောင့်လဲဆိုတော့သူဟာအဆင့်၊ မြင့်မားတဲ့အကျင့်စာရိတ္တနဲ့ နှစ်
ပေါင်း(၅၀)ကျော်ကြာမြင့်အောင်စံပြနေထိုင်ခဲ့ခြင်းကြောင့်ဖြစ်ပါတယ်။ သူ
ရောက်သွားတဲ့နိုင်ငံတိုင်းမှာ နိုင်ငံတော်သမ္မတတွေ ကိုယ်တိုင်ရဲ့ အရေးတယူ
လက်ခံ ကြိုဆိုခံရပြီးတရုတ်ပြည်လိုကွန်မြူနစ်နိုင်ငံမှာတောင်နိုင်ငံပိုင် မီဒီယာ
တွေမှာမိန့်ခွန်းပြောခွင့်ရသူဖြစ်ပါတယ်။ နှစ်ပေါင်းငါးဆယ်နီးပါးလောက် သူ
ပေးတဲ့အကြံညဏ်တွေကို ကမ္ဘာ့ခေါင်းဆောင်ကြီးများကလိုက်နာဆောင်ရွက်
ကြပါတယ်။ အမေရိကန်သမ္မတဟယ်ရီထရူးမင်းကစပြီး အမေရိကန် သမ္မတ
ထိုင်းလိုလိုသူ့ရဲ့ ခေါင်းဆောင်မှုနဲ့အကြံညဏ်တွေကိုရယူခဲ့ကြပါတယ်။
ဆရာကြီးရိတ်ဝါရင်ကလည်း အမေရိကန်သမ္မတဘားရက်ခ်အိုဘား
လိုပုဂ္ဂိုလ်ကအိမ်ဖြူတော်ကိုဆင့်ခေါ်ပြီးအထူးတလည်အရေးပေး ဆက်ဆံ
ခံရသူ၊ဒေးဗစ်လစ်ဗင်းစတုံးဆိုရင်အင်္ဂလန်နိုင်ငံရဲ့ဝိတိုးရီးယားရှင်ဘုရင်မ ရဲ့
အထူးအထင်ကြီးလေးစားခံရသူတွေဖြစ်ခဲ့ကြပါတယ်။
ဒီလိုလူပုဂ္ဂိုလ်တွေဟာဘုရားသခင်ရဲ့ နိုင်ငံတော်ကိုကမ္ဘာ့လူ့အသိုင်းအဝန်းကြား
မှာလွမ်းမိုးကျယ်ပြန့်လာစေဖို့ အလွန် အရေးပါပြီးအလွန်လိုအပ်လျှက်ရှိပါတယ်။
ဒါကြောင့်ဒီကနေ့ တရားဟောဆရာဖြစ်ဖို့ ဘုရားသခင်ရဲ့ခေါ်ခြင်းကိုခံရတဲ့
လူငယ်တွေဟာဒီဘာသာရေးဆိုတဲ့တောင်ထိပ်ကိုအရောက်တက်လှမ်းဖို့ ရူပါရုံ
ထားရှိဖို့လိုအပ်ပါတယ်။
(၂) မိသားစုတောင်
ဝါနာဂရင်း ဖေါ့ရဲ့အဆိုအရကလေးဘဝဆိုတာမွေးကင်းစအရွယ် ကနေ
စလို့အသက်(၁၁)နှစ်အရွယ်အထိကိုဆိုလိုပါတယ်။ ဒေါက်တာမီယာ ရဲ့ အဆို
အရမွေးကင်းကစပြီးအသက်ခြောက်နှစ်အရွယ်မှာကလေးတစ်ယောက် ရဲ့ပုဂ္ဂိုလ်
ဆိုင်ရာ၈၅%ပုံသွင်းပြီးသားဖြစ်ပြီး၊ အသက်ခြောက်နှစ်ကျော်ပြီး နောက်မှာတော့
၁၅%သာဆက်လက်ပြီးပုံသွင်းဖို့သာကျန်ပါတော့တယ်လို့ဆိုပါတယ်။ သား
သမီး ကိုပြုစုပျိုးထောင်ရာမှာ သားသမီးတွေကို အချိန်ပေးခြင်း၊ ပုံသက်သေ
ကောင်းပြခြင်း၊ ကျမ်းစာသင်ပေးခြင်း၊ ဆုံးမပဲ့ပြင်ခြင်း၊ နွေးထွေး ယုယခြင်းစတဲ့
အချက် တွေဟာအလွန်အရေးကြီးလှပါ တယ်။ မကြာသေးမှီက အမေရိကန်
နိုင်ငံမိုက်ခရိုဆော့ဖ်ကုမ္ပဏီကထိတ်တန်းအရာရှိကြီးတစ်ယောက်ဟာဆယ်နှစ်
အရွယ်ရှိတဲ့သူ့သားကိုအချိန်ယူပြုစုပျိုးထောင်ပေးလိုတဲ့အတွက် ပမာဏအားဖြင့်
ဒေါ်လာသန်းချီရှိတဲ့သူ့ရဲ့လစာကိုထည့် မတွက်ဘဲတစ်နှစ်စာခွင့် ယူခဲ့ပါတယ်။
သူရဲ့ လုပ်ရပ်ဟာသူ့ရဲ့ကုမ္ပဏီမှာရှိတဲ့ဝန်ထမ်းအားလုံးကိုတုန်လှုပ်အံ့သြ
စေခဲ့တယ်လို့ဆိုပါတယ်။ အခုခေတ်မှာလူတွေဟာ ငွေရေးကြေးရေး ကြွယ်ဝ
ပြည့်စုံဖို့ကိုဦးစားပေးလွန်းတာကြောင့် သားသမီးတွေနဲ့ အတူနေဖို့အချိန် သိပ်မ
ပေးနိုင်ကြတော့ပါဘူး။
တိုင်းမ်မဂ္ဂဇင်းရဲ့ မကြာသေးမှီအချိန်ကဖေါ်ပြချက်အရအမေရိကန်
နိုင်ငံရှိမိဘများဟာမိမိတို့သားသမီးတွေနဲ့အတူရှိနေချိန်ဟာ ယေဘူယျအား
ဖြင့်တပတ်မှာ(၂၂)နာရီအောက်သာရှိတယ်လို့ဆိုပါတယ်။ ဒီကနေ့အမေရိကန်
ရှိစာသင်ကျောင်းတွေမှာကလေးအချင်းချင်းသေနတ်နဲ့ပစ်ခတ်သတ်ဖြတ်မှု၊
အကြမ်းဖက်မှုတွေတိုးပွါးလာတာဟာ မိဘတွေကသားသမီးတွေကိုအချိန်
မပေးနိုင်ခြင်း၊ အတူတူမနေပေးနိုင်ခြင်း၊ ဆုံးမသွန်လမ်းပြမှု၊နွေးထွေးမှုတွေ
မပေးနိုင်ခြင်းကြောင့်ဖြစ်တယ်လို့ ဆရာကြီးရိတ်ပါရင်ကဆိုထားပါတယ်။ တခါ
က Dallas Theological Seminary မှာ ပရိုဖက်ဆာဖြစ်တဲ့ဆရာကြီး ဟားဝါ့
ဒီဟန်းဒရိတ်ဂ်ဟာ အမှုတော်ဆောင်များရာချီစုဝေးနေတဲ့သင်တန်းတစ်ခုမှာ လာ
ရောက်ပို့ချပေးဖို့ခေါ်ဖိတ်ခြင်းခံရတာကိုငြင်းပယ်ခဲ့ပါတယ်။
ဘာကြောင့် လဲဆိုတော့သင် တန်းပို့ချပေးပို့ခေါ် ဖိတ်ခံရတဲ့နေ့ဟာသူ့
သားသမီးတွေနဲ့အတူဥယျာဉ်မှာ အပန်းဖြေအလည်အပတ်ခရီးထွက် ဖို့ချိန်းချက်
ထားတဲ့နေ့နဲ့သွားတိုက်ဆိုင်နေလို့ပါ။ လူအချို့ကဆရာကြီးကိုအပြစ်ဆိုကြ
ပါတယ်။ ဒါပေမယ့် သူကငါနင်တို့သင်တန်းမှာလာပြီးမပို့ချ ပေးရင်လည်း
အစားထိုးပို့ချပေး နိုင်တဲ့ဆရာတွေအများကြီးရှိပါ တယ်။ နင်တို့ရဲ့
သင်တန်းမှာငါ့ကိုအလိုရှိကြသလိုငါ့သား သမီးတွေ လည်း ငါ့ကိုလိုအပ်
နေပါတယ်လို့ပြန်ဖြေခဲ့တယ်။ တကယ်တော့သူ့သားသမီးတွေနဲ့ ဥယျာဉ်ကို
ထွက်ဖို့လိုအဖေနေရာမှာ ဘယ်လိုလူတစ်ယောက်မှအစားထိုးပေးလို့မရနိုင်
ပါဘူး။ သင်တန်းဆရာနေရာမှာတော့အခြားဆရာတွေအစားထိုးပေးလို့ရပါ
တယ်။ ယဇ်ပရောဟိတ်ဇလီတို့မိသားစုဟာဘုရားသခင်ရဲ့ ချီးမြှောက်ခြင်းကို ခံခဲ့
ရပေမယ့်ဇာတ်သိမ်းမလှခဲ့ရှာဘူး။ ဘာကြောင့်လဲဆိုတော့ဧလိဟာဘုရားသခင်
ကိုချစ်တဲ့အမှုတော်ဆောင်မှန်ပေမယ့် မိသားစုကိုဦးဆောင်ရာမှာပျက်ကွက်ခဲ့
တာကြောင့်ဖြစ်တယ်။
ယဇ်ပရောဟိတ်ဧလိရဲ့ သားတွေဟာဆိုးလွန်းတာကြောင့်လူ ကိုမပြော
* ဘုရားသခင်ကိုတောင် ဂရုမစိုက်ဘဲတဲတော်ရှေ့၊ ဘုရားသခင်ကို ကိုးကွယ်
ရာအရပ်မှာတောင်အမျိုးသမီးတွေနဲ့ပြစ်မှားကြပါတယ်။ ယဇ်ပူဇော်သက္ကာတွေ
ကိုလည်း ခွင့်ပြုချက်မရဘဲအတင်းလုယူခဲ့ကြတယ်။ ဧလိဟာသူ့ရဲ့ မိသားစု
အပေါ်တာဝန်မကျေမှုကိုကျမ်းစာကခုလိုမှတ်တမ်းတင်ထားပါတယ်။ ထိုသူ
၏သားတို့သည်ကိုယ်ယုတ်မာသည်တိုင်အောင်၊ ကိုယ်ပြုသော ဒုစရိုက်
အပြစ်ကိုသူသိသော်လည်းကျပ်တည်းစွာမဆုံးမတ်နေသောကြောင့်၊ သူ၏
အိမ်သားတို့၌ငါသည်အစဉ်အမြဲဒဏ်ပေးမည်ဟုပြောပြီ။
(၁ရာ၃း၁၃)
မိဘတွေဟာသားသမီးတွေကို ဘုရားသခင်ရဲ့
အလိုတော်နဲ့အညီ
ဦးဆောင်တတ်ရပါမယ်။ ကျမ်းစာကထိုစကားကိုသင်တို့သည် အိမ်၌တိုင်
လျက်နေသည်ဖြစ်စေ၊ ခရီးသွားသည်ဖြစ်စေ၊ အိပ်လျက်ထလျက်ရှိ
သည်ဖြစ်စေဟောပြော၍၊ သားသမီးတို့အားသွန်သင်ရကြမည် ဆိုပြီးချိန်
သင်ထားပါတယ်။ (တရား၁း၁၉)လူငယ်တွေဟာ အိမ်ထောင်မပြုမှီကတည်း
က၊အိမ်ထောင်ပြုပြီးနောက်ပိုင်းမှာ မိမိသားသမီးတွေကို ဆုံးမသွန်သင်ပုံပြင်ဖို့
အတွက်ကြီးမားတဲ့၊အထူးအရေးကြီးတဲ့တာဝန်ကိုသိထားရပါမယ်။ ဘုရားသခင်ရှိနိုင်ငံတော်ကျယ်ပြန့်ဖို့ဆိုတာအိမ်ကနေ၊ သားသမီးတွေကနေအစပြု
ရမှာဖြစ်ပါတယ်။
(၃) စီးပွားရေးတောင်
တရုတ်ပြည်မှာစီးပွါးရေးအားဖြင့်အရှုံးခံပြီးအလုပ်လုပ်တဲ့ခရစ်ယာန်
စီးပွားရေးကုမ္ပဏီတစ်ခုရှိပါတယ်။ လူအချို့ကကုမ္ပဏီပိုင်ရှင်ကိုဘာကြောင့်
အရှုံးခံပြီးတရုတ်ပြည်မှာကုမ္ပဏီလုပ်ငန်းကိုဆက်လုပ်နေရတာလဲလို့မေးတော့
ပိုင်ရှင်ကဒီလိုဆိုခဲ့ပါတယ်။ ကျွန်တော့ကုမ္ပဏီဟာတရုတ်ပြည်မှာတရှုံးပေါ်
ပေမယ့်တခြားနိုင်ငံတွေမှာရှိတဲ့ကျွန်တော့ကုမ္ပဏီတွေရဲ့အမြတ်အစွန်းတွေ
စားနှင့်ကောင်းကောင်းမွန်စွာလည်ပတ်နိုင်ပါတယ်။ ဒီနိုင်ငံမှာဒီကုမ္ပဏီကြောင့်
ငွေကြေးအားဖြင့် အမြတ်အစွန်းမရပေမယ့် ကုမ္ပဏီထောင်ခြင်းအားဖြင့်ပျောက်
ဆုံးဝိညာဉ်များစွာကိုသတင်းကောင်းပြောပြခွင့်ရရှိပါတယ်။ သာသနာပြုဖို့
အသင်းတော်တရားဝင်တည်ထောင်ခြင်းမရှိတာကြောင့် ဒီကုမ္ပဏီလုပ်ငန်းဟာ
အကောင်းဆုံးသာသနာပြုဖို့နည်းလမ်းပါ။ ဒီလိုမျိုး ဘုရားသခင်ဘုန်းတော်ထင်
ရှားနိုင်ငံတော်ဘုရားသခင်ဘက်မှာ စိတ်အားကြီးတဲ့စီးပွားရေးလုပ်
ဝန်းရှင်တွေကုမ္ပဏီပိုင်ရှင်များစွာမြန်မာပြည်မှာလိုအပ်ပါတယ်။
ယနေ့ဘုရားသခင်ကစီးပွါးရေးလုပ်ငန်းဆောင်ရွက်ဖို့ ခေါ်ခြင်းခံ ရတဲ့
မြန်မာပြည်ကခရစ်ယာန်လူငယ်တွေ စီးပွားရေးဆို တဲ့တောင်အထွဋ် အထိပ်
ကိုရောက်ဖို့ရူပါရုံထားရှိဖို့လိုအပ်ပါတယ်။ ကျမ်းစာမှာဖေါ်ပြထားတဲ့ ယောဘ၊
အာဗြာဟံ၊ အရိမဒဲမြို့ သားယောသပ်စတဲ့ပုဂ္ဂိုလ်တွေဟာ ကျမ်းစာကျောင်း
ဆင်းတွေ၊ သင်းအုပ်ဆရာတွေ၊ဧဝံဂေလိတရား ဟောဆရာတွေမဟုတ်ပါဘူး။
ဘုရားဘုန်းတော်နဲ့နိုင်ငံတော်ကျယ်ပြန့်ဖို့အတွက်အလွန်စိတ်အားကြီးတဲ့ ဘုရား
သခင်ကိုအလွန်ချစ်တဲ့ စီးပွါးရေးလုပ်ငန်းရှင်တွေဖြစ်ပါတယ်။ ဒီကနေ့
ကမ္ဘာပေါ်မှာအလွန်ကြီးကျယ်ခန်းနားတဲ့ တရားဟောပြောပွဲတွေ၊ ကျမ်းစာ
သင်တန်းတွေ၊ကျမ်းစာကျောင်းတွေ၊ဧဝံဂေလိလုပ်ငန်းတွေလုပ်ဆောင်ဖို့ ဆို
တာဘုရားကိုချစ်တဲ့စီးပွါးရေးလုပ်ငန်းရှင်တွေရဲ့ နောက်တန်း ကနေပံ့ပိုးခြင်း
မရှိမဖြစ်လိုအပ်နေပါတယ်။
(၄) ပညာရေးတောင်
အခုခေတ်အချိန်အခါမှာ(၁၀)နှစ် အရွယ်ကလေးတစ်ယောက်ရဲ့
ကျောင်းတက်ချိန်ကိုပေါင်းကြည့် လိုက်ရင်ယေဘူယျအားဖြင့်(၁၄၄၀၀)နာရီ
ဖြစ်ပါတယ်။ ဒေါက်တာမီယာရဲ့အဆိုအရမွေးကင်းကစပြီးအသက်ခြောက်နှစ်
အရွယ်မှာ ကလေးတစ်ယောက်ရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာ(၈၅%)ပုံသွင်းပြီးသားဖြစ်
တဲ့အတွက်ဒီအသက် အရွယ်အပိုင်းအခြားဟာကလေးဘဝတစ်ခုလုံးကိုအုတ်
မြစ်ချတဲ့အချိန်တွေဖြစ်ပြီးမိဘရဲ့ အခန်းကဏ္ဍသာမက၊ ကျောင်းမှာရှိတဲ့ဆရာ၊
ဆရာမတွေရဲ့အသက်တာဟာလည်းအလွန်ပင်အရေးကြီးလှပါတယ်။ အကယ်
၍ကျောင်းမှာစာသင်တဲ့ဆရာ၊ဆရာမတွေဟာမယုံကြည်သူတွေ၊အကျင့်စရိုက်
အားဖြင့်ပုံသက်သေမကောင်းတဲ့သူတွေသာဖြစ်ခဲ့မယ်ဆိုရင်ကလေးတွေနဲ့
အနာဂတ်ဟာအလွန်ပင်ရင်လေးစရာကောင်းလှပါတယ်။ ဒါကြောင့်ဘုရား
သခင်ဘုန်းတော်ထင်ရှားဖို့နဲ့နိုင်ငံတော်ကျယ်ပြန့်ဖို့ဘုရားသခင်ဘက်မှာ စိတ်
အားကြီးတဲ့မူကြိုတန်းပြမူလတန်းပြအလယ်တန်းပြ၊အထက်တန်းပြ၊တက္ကသိုလ်
နည်းပြများစွာလိုအပ်တယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။ အစိုးရစာသင်ကျောင်းတွေ
မှာခရစ်ယာန်လူငယ်များဟာကျောင်းဆရာ ၊ဆရာမအဖြစ်တာဝန်ထမ်းဆောင်
ရင်းကလေးတွေရဲ့ အသက်တာထဲမှာဘုရားသခင်ရဲ့နှုတ်ကပတ်တော်မျိုးစေ့
ကိုအုတ်မြစ်ချပေးနိုင်ပါတယ်။ တစ်ချိန် မှာဒီကလေးငယ်တွေဟာ ဘုရားကိုသိ
တဲ့ယုံကြည်တဲ့၊ ချစ်တဲ့သမ္မတတွေ၊ ဝန်ကြီးချုပ်တွေ၊ အရာရှိကြီးတွေ၊ကုမ္ပဏီပိုင်
ရှင်တွေ၊ ကမ္ဘာ ကျော်တရား ဟောဆရာကြီးတွေဖြစ်လာမယ်။
တစ်ခါကကျွန်တော်ဟာကချင်ပြည်နယ်၊
မိုးကောင်းမြို့မှာ သင်းအုပ်
ဆရာအဖြစ်အမှုတော်ဆောင်ခဲ့ဖူးပါတယ်။ မြို့သူမြို့သားတွေအသက်
တာပြောင်းလဲဖို့အမြဲတမ်းဆုတောင်းပေမယ့်လက်တွေ့မှာတော့ဘာမှထိထိ
ရောက်ရောက်ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နိုင်ခြင်းမရှိခဲ့ပါဘူး။ အဲဒီမြို့မှာ
ဘုရားသခင်အတွက်စိတ်အားကြီးတဲ့ အထက်တန်းနည်းပြဆရာမတစ်ယောက်
ရှိပါတယ်။ တစ်နေ့မှာတော့သူကကျွန်တော့ကိုမိုးကောင်း(အ.ထ. က. ၁)ရဲ့
ကျောင်းခရစ်စမတ်ပွဲမှာတရားဒေသနာတော် ဟောကြားပေးဖို့ဖိတ်ခေါ်ခဲ့ပါ
တယ်။ ဒါကြောင့်ကျွန်တော်ဟာမယုံကြည်သူအများစုဖြစ်တဲ့ကျောင်းသူ၊
ကျောင်းသား၊ဆရာ၊ဆရာမမြို့နယ်ပညာရေးမှူးနဲ့တကွသက်ဆိုင်ရာ အရာရှိကြီး
များအပါအဝင်လူတစ်ထောင်ကျော်ရှေ့မှာကယ်တင်ခြင်း သတင်းကောင်းကို
အားပါးတရဝေငှခွင့်ရရှိခဲ့ပါတယ်။ တကယ်လို့ဘုရားဘက်မှာစိတ်အားကြီးတဲ့
အဲဒီလိုမျိုးဆရာမသာမရှိခဲ့ရင်တော့ဒီလိုအခွင့်ထူးရဖို့ဆိုတာမလွယ်တဲ့ အလုပ်
ပါ။ ဒီလိုမျိုးဆရာမတွေမြန်မာပြည်မှာများများရှိမယ်ဆိုရင်ခရစ်တော်ကိုမသိ
တဲ့ကျောင်းသား၊ဆရာ၊ဆရာမဆိုတာလည်းမြန်မာပြည်မှာ ရှိတော့မှာမဟုတ်ပါဘူး။
(၅)လူထုဆက်သွယ်ရေးတောင်
ဘုရားသခင်ဘုန်းတော်ထင်ရှားဖို့နဲ့နိုင်ငံတော်ကျယ်ပြန့်ဖို့ဗီဒီယို၊ တီဗွီ
ကွန်ပျူတာ၊အင်တာနက်၊ မိုဘိုင်းဖုန်း၊ဂိုဂယ်လ်၊ယာဟိုး၊ဖေ့စ်ဘုတ်စတဲ့မီဒီယာ
ရဲ့ အခန်းကဏ္ဍတွေဟာ အင်မတန်မှအရေးကြီးလှပါတယ်။ ဒီအရာတွေဟာ
လူတွေရဲ့ အတွေးအခေါ်၊ခေတ်သစ်ယဉ်ကျေးမှုတွေကိုဖန်တီးပုံသွင်းပေးတဲ့
အရာတွေဖြစ်ပါတယ်။ ဥပမာ မြန်မာပြည်မှာဆိုရင်မြန်မာဘာသာအစီအစဉ်
နဲ့လွှင့်ထုတ်ပေးတဲ့ခရစ်ယာန်ရုပ်မြင်သံကြားအစီအစဉ်တွေ၊ ခရစ်ယာန်ရုပ်ရှင်
ဒီယိုထုတ်လုပ်ရေးတွေဘယ်လောက်အတိုင်းအတာမှာရှိနေပြီလဲ။ ဓမ္မတေးသီ
ချင်းအခွေတွေလောက်သာထုတ်လုပ်နိုင်သေးတာတွေ့မြင်ရမှာဖြစ်တယ်။ မြန်မာ
ဘာသာစကားနဲ့ခရစ်ယာန်အင်တာနက်ဝက်ဘ်ဆိုက်တွေ ဘယ်လောက်
အထိဖွင့်ထားနိုင်ပြီလဲ။ ဘုရားသခင်ရဲနိုင်ငံတော်ကျယ်ပြန့်ဖို့တစ်ကမ္ဘာလုံးမှာ
ရှိတဲ့လူတွေနဲ့အတူကွန်ယက်ချိတ်ဆက်အလုပ်လုပ်ဖို့လူငယ်မီဒီယာနည်းပညာ
ရှင်တွေအများကြီးပေါ်ပေါက်လာဖို့လိုအပ်နေပါတယ်။
(၆) အနုပညာတောင်
အနုပညာလို့ဆိုရာမှာအဆို၊ အရေး၊ အက၊ အတီး၊ သမကဘဲအား
ကစား၊ပန်းတိမ်ပန်းပုအင်ဂျင်နီယာ၊ ဒီဇိုင်နာ၊ရုပ်ရှင်မင်းသား၊မင်းသမီးတို့က
အပါဝင်ပါတယ်။ ဘုရားသခင်ဘုန်းတော်ထင်ရှားဖို့နဲ့နိုင်ငံတော်ကျယ်ပြန့်ဖို့
တရားသခင်ဘက်မှာစိတ်အားကြီးတဲ့အဆိုတော်၊ရုပ်ရှင်သရုပ်ဆောင်၊မော်
လ်အားကစားသမား၊ မြန်မာပြည်မှာများစွာလိုအပ်ပါတယ်။ နိုင်ငံကျော်
အနုပညာရှင်တွေ၊အားကစားသမားတွေဟာလူတွေအပေါ် အလွန်ပဲလွမ်းမိုး
နိုင်စွမ်းရှိကြပါတယ်။ ဥပမာအကယ်ဒမီနွဲ့နွဲ့ မူရဲ့ သားဒေါက်တာပိုင်စိုးဟာ
မီဒွေး ညီအကိုဝမ်းကွဲ တော်တယ်ပြောလိုက်ရုံနဲ့မြန်မာပြည် ခရစ်ယာန်
ကမှာအတော်လေးကိုလွမ်းမိုးနိုင်ပြီးမြန်မာပြည်အရပ်ရပ်မှာတရား
အေနာတော်ကိုဟောပြောဝေငှခွင့်ရရှိစေခဲ့တယ်။
အကယ်၍ချစ်စမ်းမောင်နဲ့ အိုင်းယွန်းခရော့ခ်တီးဝိုင်းအဖွဲ့နဲ့ အတူတရား
ဟောပြောပွဲတစ်ခုမြစ်ကြီးနားမြို့မှာရှိခဲ့မယ် ဆိုရင်ထောင်နဲ့ချီတဲ့လူငယ်တွေဟာ
ခေါ်ဖိတ်စရာမလိုပ်တရားဟောပြောပွဲကိုရောက်ရှိလာကြမှာဖြစ်ပါတယ်။
တစ်ဘီယာဆိုတဲ့ပုဂ္ဂိုလ်ဟာ အင်ဒိုနီးရှားနိုင်ငံကအင်မထန်ထူးချွန်ထက်
မြက်တုံးအားကစားသမားတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့သောအခါမှာ သူ
ဟာယုံကြည်သူတိုင်းအတွက်ဘုရားသခင်ဆီမှာမှာကြီးမားတဲ့အကြံအစည်
တော်ရှိကြောင်း ဆရာတပါးရဲ့
သွန်သင်ချက်ကိုကြားသိခဲ့ရပါတယ်။ ယခင်က
သူဟာဘုရားသခင် အသုံးပြုခြင်းခံရသူတွေဟာသင်းအုပ်ဆရာတွေ၊ ဧဝံဂေလိ
ဆရာတွေ၊တရားဟောဆရာတွေသာဖြစ်တယ်လို့ထင်ခဲ့ပါတယ်။ သူဟာသူ့
ဘ၀အတွက်ဘုရားသခင်ရဲအကြံစည်တော်ကိုနားလည်ခဲ့တာကြောင့် အခု
လိုဆုတောင်းခဲ့တယ်။ ကို-ဘုရားသခင်၊ ကျွန်တော်ဟာ အားကစား သမား
တစ်ယောက်ဖြစ်တဲ့ အတိုင်းကျွန်တော်ရှိ နေတဲ့အားကစား လောကမှာ
ကိုယ်တော်ဘုန်းထင်ရှားဖို့နဲ့ နိုင်ငံတော်ကျယ်ပြန့်စေဖို့မစတော်မူပါ။
ကျွန်တော့်ကိုလည်းအသုံးပြုတော်မူပါ။
သိပ်မကြာမှီမှာပဲ အင်ဒိုနီးရှားအစိုးရကသူ့ကိုအင်ဒိုနီးရှားနိုင်ငံရဲ့
လက်ရွေးစင် အားကစားအဖွဲ့ကိုဦးဆောင်ဖို့တာဝန်ပေးခဲ့တယ်။ သူ့လက်
အောက်မှာရှိတဲ့အားကစားသမားတွေ၊နည်းပြတွေအားလုံးနီးပါးဟာ မွတ်
စလင်တွေဖြစ်ကြပါတယ်။ သူ့မတိုင်ခင်အင်ဒိုနီးရှားအားကစားသမားတွေနေ
တဲ့ခြံဝင်းအဆောင်မှာပြည့်တန်ဆာမတွေဟာလွတ်လပ်စွာဟိုဝင်ထွက်သွား
လာပြီးအားကစားသမားတွေနဲ့အိပ်လေ့ရှိကြပါတယ်။ ဒါဟာနှစ်ပေါင်းများစွာ
လုပ်နေကျထုံးတမ်းစဉ်လာလိုဖြစ်နေခဲ့ပါပြီ။
သူဟာယုံကြည်သူခရစ်ယာန် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ အတွက်
လုပ်ရပ်ကိုလုံးဝပိတ်ပင်လိုက်ပါတယ်။ အင်ဒိုးနီးရှားအားကစားလောကရဲ့ နောက်
တပ်ပြသနာတစ်ခုကလာဘ်ပေးလာဘ်ယူကိစ္စပါ။ သူဟာဒီကိစ္စကိုလည်း
ကျမ်းစာနဲ့မကိုက်ညီတဲ့အတွက်မိမိကိုယ်ကိုမရှာဘဲ လုံးဝအမြစ်ပြတ်ချေမှုန်းခဲ့
ပါတယ်။ ဒါကြောင့်ဆင်းရဲချမ်းသာ မရွေးအားကစားသမားတွေဟာအရည်
အချင်းရှိရင် ရှိသလိုစားရင်ကြိုးစားသလို အခွင့်အရေးတွေ အပြည့် အဝရ
တယ်။ သူ့လက်ထက်မှာအင်မတန်ထက်မြက်တဲ့အားကစားသမား ကောင်းများ
စွာကိုလည်း မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ သူရဲ့ကောင်းတဲ့ပုံသက် သေကြောင့်သူ
ရဲ့မယုံကြည်သူလုပ်ဖေါ်ဆောင်ဖက်တွေ၊ အားကစားသမားတွေ သူ့ကိုအလွန်
လေးစားကြည်ညိုခဲ့ကြပါတယ်။
သူ့ကြောင့်သူနဲ့ပတ်သက်တဲ့လူအများဟာ ခရစ်ယာန်ဘာသာအပေါ် အပြု
သဘောဆန်စွာမြင်တွေလာကြပြီးခရစ်တော်ကိုလက်ခံယုံကြည်လိုတဲ့ ပမာဏ
လည်းသိသိသာသာတိုးပွားလာခဲ့
ပါတော့တယ်။ အနုပညာရှင်တွေကိုချဉ်း
ကပ်ပြီးဧဝံဂေလိတရားကိုဟောပြောသက်သေခံဝေငှဖို့ဖြစ်နိုင်ချေအရှိဆုံး
သောသူများဟာယုံကြည်သူအနုပညာရှင်များသာဖြစ်ကြပါတယ်။
(၇) နိုင်ငံရေးတောင်
အာဖရိကအနောက်တောင်ပိုင်းမှာရှိတဲ့ နမီးဘီးယားနိုင်ငံရဲ့ လူဦးရေ
(၈၀%) ကျော်ဟာခရစ်ယာန်တွေ ဖြစ်ကြတယ်။ ဒါပေမယ့်သူတို့နိုင်ငံရဲ့ ပထမ
ဦးဆုံးသောရွေးကောက်ပွဲမှာကွန်မြူနစ်ပါတီကအနိုင်ရရှိခဲ့ကြတယ်။ ဘာကြောင့်
လဲဆိုတော့အဲဒီနိုင်ငံက ခရစ်ယာန်အများစုကနိုင်ငံရေးဟာသူတို့နဲ့မဆိုင်ဘူးလို့
ခံယူထားကြလို့ဖြစ်တယ်။ အာဏာရကွန်မြူနစ်ပါတီက ခရစ်ယာန် သင်းအုပ်
ဆရာတွေကိုတိုင်းပြည်အုပ်ချုပ်မှုနဲ့ပတ်သက်လို့သမ္မာကျမ်းစာသွန်သင်ချက်
တွေကိုသင်ကြားပို့ချပေးဖို့တောင်းဆိုခဲ့ပေမယ့်ဘယ်သင်းအုပ်ဆရာ ကမှသွား
ရောက်သင်ကြားပို့ချခဲ့တာမျိုးမရှိခဲ့ပါဘူး။ များမကြာမှီကာလကအမေရိကန်
နိုင်ငံဟာလိင်တူအချင်းချင်းလက်ထပ်မှုကိုတရားဝင်ခွင့်ပြုခဲ့ပါတယ်။ ကမ္ဘာပေါ်
မှာခရစ်ယာန်တွေကိုကိုယ်စားပြုတယ်လို့ ဆိုနိုင်တဲ့အမေရိကန်နိုင်ငံဟာဘာ
ကြောင့်လိင်တူချင်းအိမ်ထောင်ပြုတာကို တရားဝင်ခွင့်ပြုရတာလဲ။ ဒါကိုကန့်
ကွက်တဲ့အမေရိကန်ခရစ်ယာန်တွေမရှိတော့ဘူးလားလို့မေးချင်စရာပါ။
တကယ်တော့ဒါကိုဆန့်ကျင်တဲ့အမေရိကန်ခရစ်ယာန်တွေအများကြီးရှိပါ တယ်။
ဒါပေမယ့်လေ့လာသူတွေရဲ့ အဆိုအရအမေရိကန်ပြည်သူတွေရဲ့
(၅၀%)အောက်သာမ်ပေးကြတယ်လို့ဆိုပါတယ်။ ပိုဆိုးတာကတော့ အမေ
ရိကန်ပြည်ထောင်စုမှာရှိတဲ့ခရစ်ယာန်တွေရဲ့ (၂၅%) အောက် သာမေးပေးကြ
တယ်ဆိုတဲ့အချက်ပါ။ ဒါကြောင့်ခရစ်ယာန်နိုင်ငံဖြစ်သည့်တိုင်အောင် ခရစ်
ယာန်သွန်သင်ချက်နဲ့ မကိုက်ညီတဲ့လုပ်ဆောင်ချက်တွေ၊ ဆုံးဖြတ်ချက် တွေ
ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။
ဘုရားလူတွေကနိုင်ငံရေးကိုစိတ် မဝင် စားတော့၊ ဘုရားကိုမသိတဲ့လူတွေက
အာဏာရလာပြီးဘုရားမကြိုက်တာတွေကိုများများလုပ်ဖို့အခွင့်အရေးရ သွားတဲ့
သဘောပါ။
တစ်ဆယ့်ကိုးရာစုနှစ်တွေတုန်းကအမေရိကန်ပြည်ထောင်စုမှာ ကျွန်
စနစ်ဖျက်သိမ်းခြင်းကိစ္စနဲ့ ပတ်သက်ပြီးအငြင်းပွားရာ ကနေနောက် ဆုံးပြည်တွင်း
စစ်ကြီးဖြစ်ပေါ်လာခဲ့ပါ တယ်။ အဲဒီပြည်တွင်းစစ်မှာ စစ်သားပေါင်းသုံးသန်း
ကျော်ပါဝင်တိုက်ပွဲဆင်နွှဲခဲ့တာကြောင့် လူငယ်ပေါင်း (၆၂၀၀၀၀) ယောက်
အသက်ဆုံးရှုံးခဲ့ရပါတယ်။ တစ်ချိန်တည်းမှာအင်္ဂလန်မှာလည်းကျွန် စနစ်
ဖျက်သိမ်းဖို့လှုပ်ရှားမှုတရပ်ပေါ်ပေါက်ခဲ့တယ်။ ဝီလျှံဝေးဘားဖို့စ်ဟာ ဘုရား
ဘက်မှာအလွန်စိတ်အားကြီးတဲ့ အင်္ဂလီကန်အသင်းသားလွတ်တော် အမတ်
တစ်ယောက်ဖြစ်ပါတယ်။ သူကသူ့ရဲ့လူနည်းစုပါလီမာန်အတွင်းစည်းရုံးပြီး
ထိပ်သီးခေါင်းဆောင်တွေဆီ ချဉ်းကပ် စည်းရုံးသိမ်းသွင်းခဲ့တာ ကြောင့်ကျည်
ဆံတစ်တောင့်ထွက်စရာမလိုဘဲကျွန်စနစ်ကို အင်္ဂလန်မှာဖျက်သိမ်းနိုင်ခဲ့ပါ
တယ်။
ဒါကိုကြည့်ခြင်းအားဖြင့်နိုင်ငံရေးဆိုတဲ့တောင်ထိပ် ပေါ်ကိုဘုရားသခင်
ဘက်မှာစိတ်အားကြီးတဲ့လူငယ်တွေ ရောက်ရှိသွားဖို့ဘယ်လောက်ထိ အရေး
ကြီးတယ်ဆိုတာတွေ့ရပါတယ်။ ခရစ်ယာန်သမိုင်းကိုလေ့လာ ကြည့်တဲ့အခါ
(၅၉၀) အေဒီမှာသာသနာပြုခြင်းကို စိတ်အားထက်သန်တဲ့ဂရေဂရီဟာ
ရောမမြို့ရဲ့ ပုတ်ရဟန်းမင်း ကြီးဖြစ်လာပြီး အောက်ဂတ်စတင် ရဲ့ဦးဆောင်မှုနဲ့
ဘုန်းတော်ကြီးတစ်စုကို သာသနာပြုဖို့ အင်္ဂလန်နိုင်ငံကိုစေလွတ်ခဲ့ပါတယ်။
အောက်ဂတ်စတင်နဲ့အဖွဲ့ဟာအင်္ဂလန်ကိုရောက်တဲ့အခါ အင်္ဂလန် ရှင်ဘုရင်ရဲ့
မိဘုရားဟာခရစ်ယာန်တစ်ယောက်ဖြစ်နေတာကြောင့်သူတို့ကို နွေးထွေး
ပျူငှါစွာနဲ့ကြိုဆိုခဲ့ကြပါတယ်။ ပြီးတော့နောက်တစ်နှစ် အတောအတွင်းမှာပဲ
ရှင်ဘုရင်မင်းမြတ်ဟာ သူ့ရဲ့ငယ်သားအယောက်(၁၀၀၀)နဲ့အတူရေနှစ်ခြင်း
ဗတ္တိဇံမင်္ဂလာကိုခံယူခဲ့ကြပါတယ်။ နောင်မှာအင်္ဂလန်ဟာဂျာမနီပြည်ကို ထပ်
ဆင့်ပြီး သာသနာပြုခဲ့ပါတယ်။ ဒါဟာနိုင်ငံရေးတောင် ထိပ်ပေါ် ကိုရောက်နေ
တဲ့ယုံကြည်သူအမျိုးသမီးတစ်ယောက် နဲ့နွယ်ပြီးဖြစ်ပေါ်လာတဲ့ ဘုရားသခင်ရဲ့
နိုင်ငံတော်ကျယ်ပြန့်လာခြင်းအကြောင်းတစ်ခုဖြစ်တယ်။
မကြာသေးမှီကမြစ်ကြီးနားမြို့ ကျမ်းစာကျောင်းတစ်ခုက ကျောင်း
သူမလေးတစ်ယောက်ကဖုန်းနဲ့လှမ်းဆက်ပြီးကျွန်တော့် ကိုမေးခွန်းတစ်ခုမေးခဲ့
ပါတယ်။ သူ့မေးခွန်းကတော့နိုင်ငံတော်သမ္မတကိုဘယ်လိုနည်း နဲ့ဧဝံဂေလိ
တရားဝေငှနိုင်မလဲ။ သူ့ကိုပေးခဲ့တဲ့ကျွန်တော့အဖြေကတော့သမ္မတကို
ဧဝံဂေလိလုပ်ဖို့အတွက်အကောင်းဆုံးသောနည်းလမ်းက လွတ်တော်ထဲ
ကိုရောက်နေတဲ့ခရစ်ယာန်လွတ်တော်အမတ်တွေ ဘုရားသခင်ကိုချစ်ပြီး၊
ဧဝံဂေလိစိတ်ဓာတ်ရှိလာအောင်လုပ်ဆောင်ဖို့ပါ။ ဒီအတွက်တာဝန်ရှိ သူတွေ
ကတော့သူတို့ရဲ့ သင်းအုပ်ဆရာတွေပါပဲ။ လွတ်တော်အမတ်တွေဟာ သင်း
အုပ်ဆရာတွေထက်သမ္မတနဲ့တွေ့ဆုံဖို့ပြောဆိုဖို့အခွင့်အရေးပိုမိုရရှိသူ တွေဖြစ်
ကြပါတယ်။
ဒါကြောင့်မြန်မာပြည်မှာဘုရားသခင်ဘုန်းတော်ထင်ရှားဖို့နဲ့ နိုင်ငံ
တော်ကျယ်ပြန့်ဖို့ဘုရားသခင်ဘက်မှာစိတ်အားကြီးတဲ့စစ်ဗိုလ်ချုပ်တွေ၊ ဝန်ကြီး
ချုပ်တွေ၊ လွတ်တော်ကိုယ်စားလှယ်တွေ၊အရာရှိတွေ၊ အုပ်ချုပ်ရေးမှူးတွေများ
စွာလိုအပ်ပါတယ်။ နိုင်ငံရေးမှာစိတ်အားထက်သန်တဲ့ခရစ်ယာန် လူငယ်တွေ
အနေနဲ့ဘုရားသခင်ရဲ့ နိုင်ငံတော်ကျယ်ပြန့်စေဖို့နိုင်ငံရေးတောင် ထိပ် ကိုတက်
လှမ်းဖို့ရူပါရုံထားကြရမှာဖြစ်တယ်။ စင်ကာပူဟာအရှေ့တောင်အာရှနိုင်ငံ
တွေမှာခေတ်အမှီဆုံး၊အသန့်ရှင်းဆုံး၊ စည်းကမ်းအရှိဆုံးနိုင်ငံလို့ဆို နိုင်ပါတယ်။
ဒီလိုဖြစ်ရခြင်းရဲ့ သော့ချက်တစ်ခုကိုပြောရမယ်ဆိုရင် စင်ကာပူဟာဒီရစ်ယာန်
နိုင်ငံတစ်ခုတော့မဟုတ်ပေမယ့်၊ စင်ကာပူရဲ့ နိုင်ငံရေးလောက၊ ထိပ်တန်းအရာရှိ
(၃၀%)သောသူတို့ဟာခရစ်ယာန်များဖြစ်ကြပါတယ်။
နိဂုံး
အချုပ်အနေနဲ့ ဆိုရရင် သတင်းကောင်းကိုဟောပြောဝေငှသက်
သေခံခြင်းဆိုတာ ယုံကြည်သူလူငယ်တိုင်းအတွက် အသင်းတော်တိုင်းအတွက်
ခရစ်တော်ရဲ့ မဟာစေခိုင်းချက်အမိန့်တော်ဖြစ်တယ်။ သတင်းကောင်းဝေငှ
မှုပြုရာမှာအပြောတစ်ခုတည်းနဲ့ အလုပ်မဖြစ်သလို၊ အလုပ်တစ်ခုတည်းနဲ့
လည်းအလုပ်မဖြစ်ပါဘူး။ အပြောနဲ့အလုပ်နဲ့ထပ်တူကျမှသာ စစ်မှန်ပြီးထိ
ရောက်တဲ့ဧဝံဂေလိ လုပ်ဆောင်ခြင်း ဖြစ်ပါလိမ့်မယ်။ ဘုရားသခင်ကိုယ်တော်
တိုင်လည်း နုတ်ကပတ်တော်စကား သက်သက်နဲ့သာမဟုတ်ပဲ၊ လောက မှာ
ကိုယ်တိုင်ဆင်းကြွလာပြီးလက်တွေ့ကျကျ လုပ်ဆောင်ပြသခဲ့တာဖြစ်တယ်
ဒါကြောင့်ဒီကနေ့ယုံကြည်သူများသတင်းကောင်းကိုဝေငှဟောပြောသက် သေခံ
ခြင်းမရှိသေးဘူးဆိုရင်နောင်တရပြီးစတင်သက်သေခံကြပါစို့။
အကယ်၍သင်ဟာ ခရစ်တော်အတွက် သတင်းကောင်းကို ဟောပြော
သက်သေခံဝေငှနေသူဖြစ်တယ်ဆိုရင်အပြောနဲ့အလုပ်နဲ့ကိုက်ညီခြင်းရှိ၊ အထူး
သဖြင့်မိမိအသက်တာကိုဆင်ခြင်သွားကြပါစို့။ လူငယ်တွေဟာအသင်းတော်ရဲ့
သာသနာတော်ရဲ့ အနာဂတ်ဖြစ်တဲ့အတွက်လူငယ်တွေရဲ့ အခန်းကဏ္ဍကို
အလေးထားလုပ်ဆောင်သွားကြပါစို့။ နိုင်ငံတော်ကျယ်ပြန့်ဖို့အတွက် လူငယ်
မောင်မယ်တိုင်းမိမိတို့နဲ့အသီးသီးသက်ဆိုင်တဲ့တောင်ထိပ်ပေါ်ကိုအရောက်
တက်လှမ်းပြီးဘုရားသခင်ရှုနာမတော်ကို ချီးမြှောက်ကြပါစို့။
လူငယ်နှင့်မူးယစ်ဆေးဝါး
နိဒါန်း
2001 Operation World စာအုပ်မှာနိုင်ငံတကာ နဲ့သက်ဆိုင်ပြီး သတင်း အချက်အလက်တချို့ကိုဖေါ်ပြထားရာမှာ မြန်မာပြည်နဲ့ ပတ်သက်ပြီး
ဖေါ်ပြထားတာကိုလည်းတွေ့ရှိရပါတယ်။ အဲဒီရဲ့မှတ်တမ်း အရဆိုရင်ကမ္ဘာ
ပေါ်မှာဘိန်းထုတ်လုပ်မှု(၅၀%)ဟာမြန်မာပြည်ကဖြစ်ပါတယ်။ အဲဒီဘိန်း
ထုတ်လုပ်တဲ့ရွှေကြိဂံဒေသဟာ မြန်မာ၊လာအို၊ ထိုင်းသုံးနိုင်ငံနယ်စပ် ကြားမှာ
တည် ရှိပါတယ်။ အထူးသဖြင့်မြန်မာပြည်မှာဘိန်း၊ နံပတ်ဖိုး၊ ရာမ၊ စတဲ့မူးယစ်
ဆေးဝါးတွေကို အများဆုံးသုံးစွဲကြတဲ့နေရာတွေကတော့ ကချင်ပြည်နယ်
နဲ့ရှမ်းပြည်နယ်မှာဖြစ်ပါတယ်။ ကချင်ပြည်နယ်ကလူငယ်များစွာဟာဘိန်း
ကြောင့်(သို့)စစ်ကြောင့် အသက်ဆုံးရှုံးခြင်းဘေးအန္တရယ်ကြုံတွေ့နေကြရ
တာဆယ်စုနှစ်မက ကြာရှည်လှပါပြီ။
လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်လောက်တုန်းကဘိန်း၊ ဖိုး၊ စတဲ့မူးယစ်ဆေးဝါး
တွေကိုဆိုးဆိုးဝါးဝါးသုံးစွဲခဲ့တဲ့နာမည်ကြီးနေရာဒေသကတော့ဖါးကန့်၊ ကျောက်
စိမ်းရတနာမြေ၊မိုင်းရှူးပတ္တမြားမြေသာဖြစ်ပေမယ့်အခုချိန်မှာတော့ကချင်
ပြည်နယ်နေရာအနှံ့မြို့ပေါ်၊ ကျေးလက်မကျန်မှာမူးယစ်ဆေးဝါးဟာလူငယ် များ
အကြားအဓိကစိန်ခေါ်ချက်ပြသနာဖြစ်လာပါတယ်။ ကချင်ပြည်နယ်အချို့
နယ်မြေဒေသမှာဆိုရင်တစ်အိမ်ကိုတစ်ယောက် နှုန်းနဲ့မူးယစ်ဆေးဝါးစွဲနေတာ
ကိုသိရှိရပါတယ်။ အစိုးရဘက်ကဖမ်းဆီးအရေးယူမှုတွေထိထိရောက်ရောက်
လုပ်ဆောင်ခြင်းမရှိတဲ့အတွက်ကေအိုင်အေကလူထုအခြေပြု မူးယစ် နှိမ်နှင်းရေး၊
ကချင်ဘာသာစကားအခေါ် ပတ်ဂျဆန် (ပိတ်ပင်၊ ရှင်းလင်းရေး) အဖွဲ့တွေဖွဲ့
စည်းပြီး နှိမ်နင်းရတဲ့အဆင့်ထိရောက်ရှိလာခဲ့ပါတယ်။
မြစ်ကြီးနားမြို့ဒီဂရီကောလိပ်ကျောင်းကို လူတွေကဆေးကျောင်း
(မူးယစ်ဆေးဝါးကျောင်း) လို့ခေါ်ပြီး ကောလိပ်ကျောင်းသားတွေကိုတော့ဆေး
ကျောင်းသား(မူးယစ်ဆေးဝါးသုံးစွဲသည့်ကျောင်းသား) လိုခေါ်ဆိုရတဲ့အထိ
ဖြစ်လာတယ်။ လူငယ်တွေမူးယစ်ဆေးဝါးစွဲရခြင်းရဲ့အဓိကပင်မပြဿနာ ကမူး
ယစ်ဆေးဝါးတွေကိုအလွယ်တကူလုံလုံလောက်လောက်ရရှိနိုင်တဲ့ ဝန်းကျင်ဖြစ်
နေတာမူးယစ်ဆေးသုံးစွဲတဲ့သူငယ်ချင်းအပေါင်းအသင်းတွေရှိနေတာ၊ သက်ဆိုင်
ရာအစိုးရကထိထိရောက်ရောက်အရေးယူဆောင်ရွက် မှုမရှိတာ၊ လူငယ်တွေ
ဟာစူးစမ်းချင်စိတ်ကိုမှားယွင်းစွာအသုံးပြုတာ၊အဆင်မပြေမှု တွေကြုံရတဲ့အခါ
စိတ်ရဲ့ ထွက်ပေါက်ရှာလာတာ၊ အသင်းတော်ခေါင်းဆောင်တွေကလစ်လျူရှု
ထားတာ၊လူငယ်တွေဟာဘုရားသခင်ရဲ့ကျေးဇူးတော်၊ နှုတ်ကပတ်တော်ကို
သိနားလည်ခြင်းမရှိတာ၊ ရည်မှန်းချက်တွေကင်းမဲ့နေတာစတာတွေ ကြောင့်ဖြစ်ပါတယ်။
၁။ မူးယစ်ဆေးဝါးအန္တရာယ်ကို မည်သို့ကာကွယ်မှုပြမည်နည်း
မူးယစ်ဆေးဝါးအန္တရာယ်ကိုအဓိက ကာကွယ်နှိမ်နှင်းဖြေရှင်းပေးဖို့
အဓိကတာဝန်ရှိသူတွေကနိုင်ငံတော်အစိုးရပဲဖြစ်ပါတယ်။ လက်ရှိမြန်မာပြည်
မှာမူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီးတော့ အစိုးရအနေနဲ့ဘယ်လိုဘဲ အရေးယူလုပ်
ဆောင်နေတာဖြစ်စေ တိုင်းရင်းသားတွေအများစုနေထိုင်ရာကချင်ပြည်နယ်၊
ရှမ်းပြည်နယ်မှာတော့ပြည်သူ့ရဲများက အစမူးယစ်ဆေးဝါးရောင်းဝယ်သုံး စွဲမှု
တွေမှာပါဝင်ပတ်သက်နေပြီးထိရောက်စွာအရေးယူ လုပ်ဆောင်တာမျိုးကို
မတွေ့ရှိရပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အများပြည်သူတွေအနေနဲ့လည်း နား
မလည်နိုင်ပဲဖြစ်ရပါတယ်။ ဒါပေမယ့်လူငယ်တွေအနေနဲ့ မူးယစ်ဆေးဝါး
အန္တရာယ်တားဆီးနှိမ်နှင်းရေးနဲ့ ပတ်သက်ပြီး နိုင်ငံတော်အစိုးရရဲ့ အခန်းကဏ္ဍကို
ခဏတာဘေးချိတ်ထားပြီး မိမိတို့အနေနဲ့လုပ်ဆောင်နိုင်တဲ့၊ လက်တွေ့ဖြစ်နိုင်
ချေရှိတဲ့အပိုင်းကိုပဲထည့်သွင်းစဉ်းစားကြရအောင်။
(၁)အတတ်နိုင်ဆုံးမူးယစ်ဆေးဝါးအရောင်းအဝယ်ကင်းမဲ့ဇုန်တွင်နေထိုင်ရန်
လူငယ်တွေဟာ မူးယစ်ဆေးဝါးအန္တရာယ်ကနေ ကင်းလွတ်ဖို့ အတွက်
လုံခြုံတဲ့ဝန်းကျင် အသိုင်းအဝန်းတစ်ခုလိုအပ်ပါတယ်။ ဥပမာအားဖြင့်၊ မူးယစ်
ဆေးဝါးကိုအလွယ်တကူရနိုင်ပြီး၊ မူးယစ်ဆေးဝါးသုံးစွဲတဲ့လူငယ်တွေရှိတဲ့ ရပ်
ကွက်၊ မြို့ရွာမှာနေထိုင်သူ လူငယ်အများစုဟာမူးယစ်ဆေးဝါးသုံးစွဲဖို့ အခွင့်
အလမ်းတွေအများ ကြီးရရှိနိုင်ပါတယ်။ ဥပမာ၊မြစ်ကြီးနားမြို့မှာ ကျောင်းတက်
နေတဲ့အထက်တန်းကျောင်းသားတွေဟာရန်ကုန် မြို့မှာ ကျောင်းတက်နေတဲ့
အထက်တန်းကျောင်းသားတွေထက်မူးယစ်ဆေးသုံးစွဲသူများဖြစ်လာဖို့ ရာခိုင်နှုန်း
ပိုများပါတယ်။ ဘာကြောင့်လဲဆိုတော့ ရန်ကုန်မြို့မှာမူးယစ်ဆေးဝါးရောင်း
ဝယ်ခြင်း၊ သုံးစွဲခြင်းနဲ့ပတ်သက်ပြီး အစိုးရကမြစ်ကြီးနားမြို့ထက် ထိထိရောက်
ရောက်လုပ်ဆောင်လို့ပဲဖြစ်တယ်။ ရန်ကုန်မြို့မှာကြီးပြင်းလာတဲ့လူငယ်တစ်
ယောက်အနေနဲ့ဘိန်းဖိုးတို့ကိုအစမ်းကြည့်ဖို့မပြောနဲ့မြင်ရဖို့တောင်မလွယ်
ပါဘူး။
လောတနဲ့မိသားစုပျက်စီးရခြင်းရဲ့ အဓိကအကြောင်းရင်းကိုကြည့်ရင်
နေရာရွေးမှားခြင်းနဲ့ဆိုင်တယ်။ အာဗြာဟံကသူ့တူလောတကိုနေရာ ရွေးခိုင်း
တဲ့အခါ၊လောတဟာဒုစရိုက်ပေါများလွန်းတဲ့သောဒုံဂေါမောရကိုရွေးချယ်ခဲ့
တယ်။ ဘုရားသခင်ကသောဂုံဂေါမောရကိုကန့်မီးနဲ့စီရင်တဲ့အခါ လောတရဲ့
ပိုင်ဆိုင်မှုတွေအားလုံးဆုံးရှုံးခဲ့ရတယ်။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်ဟာသောဒုံ
ဂေါမောရလို့ဆိုလိုတာမဟုတ်ပါဘူး။
အရာရာကိုစူးစမ်းချင်စိတ်ပြည့်ဝ နေတဲ့လူငယ်တွေကိုဘိန်းဖိုး၊ မူးယစ် ဆေးဝါး
ပေါများတဲ့ဝန် ကျင်မှာထားရှိခြင်းဟာ လုံးဝအန္တရာယ်မကင်းဘူးလို့ဆိုလိုခြင်း
သာဖြစ်တယ်။ လူငယ်တိုင်း အန္တရာယ်စက်ကွင်းထဲကျရောက်နေတယ်လို့ဆို
လိုခြင်းလည်းမဟုတ်ပါဘူး။ သို့သော် ယေဘူယျသဘောအားဖြင့် ခြုံကြည့်လိုက်
တဲ့အခါလူငယ်တွေ ရဲ့ အနာဂတ် စိတ်ချရဖို့အတွက် လုံခြုံတဲ့ပတ်ဝန်းကင်တစ်ခု
တော့လိုအပ်နေတယ်ဆိုတာကို တွေ့ရှိရပါတယ်။
ဥပမာအနေနဲ့ပြောရမယ်ဆိုရင်၊ လွန်ခဲ့တဲ့ငါးနှစ်ဝန်းကျင်က ကျွန်တော်
မန္တလေးမြို့ကအကျဉ်းထောင်တစ်ခုမှာ ထောင်သားတွေကိုတရားဟော
ဖို့အတွက်သွားရောက်ခဲ့ပါတယ်။ တရားဟောအပြီးသူတို့ကိုမေးမြန်းကြည့်
တဲ့အခါတရားနာတဲ့ထောင်သားအများစုဟာကချင်ပြည်နယ်ကနေ၊ မူးယစ်
ဆေးဝါးအမှုကြောင့်ထောင်ကျနေတာဖြစ်ကြောင်းပြောပြခဲ့တယ်။ ထောင်သား
တစ်ယောက်ကကျွန်တော့်ကို အလှူငွေအချို့ပေးရင်းပြောခဲ့တဲ့စကားကတော့
ဆရာရယ်၊တကယ်တော့ငါတို့တတွေဒီနေရာရောက်လာတာဟာ ကျေးဇူး
တော် သက်သက်ပါပဲ။ ငါတို့ကဒီကိုသာမရောက်လာခဲ့ဘူးဆိုရင်အပြင်
လောကမှာနံပတ်ဖိုးစွဲပြီးသေတာကြာလှပြီ။ အခုတော့ဒီထောင်ထဲ မှာဖိုး
လည်းပြတ်သွားပြီ။ ထောင်ထဲကို မကြာမကြာတရားလာဟောပေး တဲ့
ဧဝံဂေလိ တရားဟော ဆရာတွေကြောင့် အခုဆိုရင်ဘုရားသခင်ရဲ့ နှုတ်
ကပတ်တော်ကိုလည်းနားလည်သဘောပေါက်လာပြီ။ ခန္ဓာပိုင်းဆိုင်ရာ
မူးယစ်ဆေးဝါးရဲ့ ကျေးကျွန်အဖြစ်ကနေလွတ်မြောက်ရုံတင်မက၊ ဝိညဉ်
ရေးဆိုင်ရာငရဲကနေလည်းလွတ်မြောက်ပြီ။
ထောင်ဆိုတာကောင်းတဲ့ နေရာတော့မဟုတ်ပေမယ့် သူတို့အတွက်
လုံခြုံတဲ့နေရာဝန်းကျင်တစ်ခုဖြစ်နေ ခဲ့ပါတယ်။ လူကြီးမိဘတွေအနေနဲ့လည်း
သားသမီးတွေကိုမူးယစ်ဆေးဝါးပေါများတဲ့အရပ်ဒေသတွေမှာသားသမီး တွေကို
လုပ်ငန်းသဘောအရ
အခြားသောကိစ္စရပ်တွေအတွက် သွားရောက်နေထိုင်လုပ်ကိုင်စေတာမျိုးကိုလုံးဝခွင့် မပြု သင့်ပါဘူး။
ငွေကြေးချမ်းသာကြွယ်ဝခြင်းထက်သားသမီးတွေရဲ့ အသက်တာမှန်ကန်ဖို့၊
လုံခြုံဖို့ကပိုပြီးအရေးကြီးလှပါတယ်။ ဒါကြောင့်အမြော်အမြင်ရှိတဲ့လူကြီးမိဘ
တွေကသားသမီးတွေကိုကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မှာ ထားမယ့်အစားမ
ဖြစ်ဖြစ်တဲ့နည်းနဲ့ရန်ကုန်၊ မန္တလေးစတဲ့လုံခြုံတဲ့မြို့တွေကို ပို့ထားကြပါတယ်။ မူးယစ်
ဆေးဝါးစွဲသူဟာမူးယစ်ဆေးဝါးပြတ်သွားပြီးတဲ့နောက်မှာတောင်နှစ်ရှည်
လများမူးယစ်ဆေးဝါးပေါများတဲ့ဒေသတွေဆီ မသွားသင့်၊ မနေသင့်ပါဘူး။
လူငယ်တွေဟာမူးယစ်ဆေးပြတ်ပြီးတာနဲ့ချက်ချင်းမူးယစ်ဆေးဝါးပေါများတဲ့
ဒေသတွေဆီကိုမသွားသင့်ပါဘူး။
(၂) မစမ်းသပ်ပါနှင့်
အရာရာကိုစမ်းသပ်လိုခြင်းဟာလူငယ်တွေရဲ့ သဘောသဘာဝပင်
ဖြစ်ပါတယ်။ အရာရာကိုအသက်စွန့်ပြီးစမ်းသပ်လုပ်ဆောင်ချက်တွေကြောင့်
လေယဉ်တွေ၊ ကားတွေ၊သင်္ဘောတွေ၊ အဖိုးတန်ဆေးဝါးတွေကို တီထွင် ဖန်တီး
နိုင်ခဲ့ကြတာပါ။ တောင်အမေရိကတိုက်နဲ့မြောက်အမေရိကတိုက်ကိုဆက်
ထားတဲ့အစပ်မှာပနားမားတူးမြောင်းကိုတူးဖေါ်စဉ်တုန်းက လူအမြောက်
အများဟာအမည်မသိရောဂါတစ်မျိုးကြောင့် အိပ်ရင်းနဲ့ပဲသေသွားကြပါတယ်။
ဆေးဆရာဝန်တွေက ဒီရောဂါဟာ ခြင်ကြောင့်ဖြစ်မယ်လို့သံသယဝင်ခဲ့ကြပေ
မယ့်အထောက်အထား အခိုင်အလုံမရခဲ့ကြပါဘူး။ နောက်ဆုံးမှာဆရာဝန်
လူငယ်လေးတစ်ဦးဟာသူကိုယ်တိုင်ခြင် အကိုက်ခံပြီးရောဂါရဲအရင်းအမြစ်ဟာ
ခြင်ကြောင့်ဖြစ်တဲ့ရောဂါဟုတ်မဟုတ်စမ်းသပ်ခဲ့ပါတယ်။ ဒီဆရာဝန်လူငယ်
လေးဟာခြင်ကိုက်ခံပြီးသိပ်မကြာခင်မှာပဲ အိပ်ပြီးရင်းအိပ်ချင်ရာကနေ နောက်
ဆုံးတော့အသက်သေဆုံးခဲ့ရပါတယ်။
အဲဒီအချိန်ကစပြီးဆရာဝန်တွေကရောဂါရဲ့ ဇစ်မြစ်ဟာခြင်ကြောင့်
ဖြစ်တာကိုတရားဝင်အထောက်ထားနဲ့ သိခဲ့ရပြီးခြင်မပေါက်ဖွားနိုင်အောင်ခြုံ
တွေရှင်းလင်းခြင်း၊ခြင်ပေါက်ဖွားနိုင်တဲ့ ရေဝပ်တဲ့နေရာမှန်သမျှကိုမြောင်း
တွေဖေါက်လုပ်ပေးခြင်းတွေလုပ်ဆောင်ခဲ့ကြပါတယ်။
မကြာခင်မှာပဲခြင်တွေ ပေါက်ပွါးမှုနှုန်းထားတွေဟာ သိသိသာသာလျော့နည်း
သွားပြီးရောဂါ ဖြစ်ပွါးသေဆုံးမှုတွေလည်းသိသာ ထင်ရှားစွာကျဆင်းသွားခဲ့ပါ
တယ်။ ဒီဆရာဝန်လေးရဲစမ်းသပ်ချက်ကြောင့် သူ့အသက်တစ်ချောင်းဆုံး ရှုံးခံခဲ့
ရပေမယ့်အခြားလူများ စွာရဲ့အသက်ကိုကယ်တင်နိုင်ခဲ့ပါတယ်။ ဒါဟာအလွန်ပဲ
မွန်မြတ်လှတဲ့စမ်းသပ်မှုပါ။
ဒါပေမယ့်အခြားတစ်ဖက်မှာလူငယ်တွေဟာမူးယစ်ဆေးဝါး၊ ဘိန်း၊ ဖိုး၊
ရာမစိတ်ကြွဆေးစတဲ့မူးယစ်ဆေးဝါးတွေကို စမ်းသပ်လုပ်ဆောင်ခြင်းဟာ
ဘယ်သူ့အတွက်မှအကျိုးမရှိပါဘူး။ ဒီအရာနဲ့ပတ်သက်ပြီးကိုယ့်ရှေ့မှာတင်
ဘဝပျက်ခံပြီး လက်တွေ့စမ်းသပ်ပြသွားတဲ့လူတွေ၊ သေဆုံးသွားတဲ့လူတွေ
ကိုကြည့်ရင်းသင်ခန်းစာယူတတ်ရင်လုံလောက်ပါပြီ။ ဒီမူးယစ်ဆေးဝါးဟာ
တစ်ခါစမ်းသပ်ပြီးရင် နောက်ထပ်မစမ်းသပ်ပဲမနေနိုင်လောက်အောင်ဆွဲ အား
ကောင်းလှတာမို့အစကတည်းကနေမထိတာအကောင်းဆုံးပါပဲ။ မူးယစ်ဆေး
ဝါးစွဲပြီးမှဖြတ်တာထက် အစကတည်းကမထိတာ၊ မစမ်းတာဟာ အကောင်း
ဆုံးပါ။ ကြိုတင်ကာကွယ်ခြင်းသည်ကုသခြင်းထက်သာ၍ကောင်း၏ ဆိုသလို
ပေါ့။ လူတစ်ယောက်ဟာမီးမလောင်ဘဲမီးဖိုထဲမခုန်ချနိုင်သလို၊ ဘဝမပျက်ပဲ
မူးယစ် ဆေးသုံးစွဲဖို့ဆိုတာလုံးဝမဖြစ်နိုင်ပါဘူး။ ဘယ်မူးယစ်ဆေးစွဲသူ တစ်စုံ
တယောက်ကမှ မူးယစ်ဆေးစွဲဘဝကို ရောက်ဖို့ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ခဲ့
တာမဟုတ်ပါဘူး။ တစ်ကြိမ်စမ်းရင်း နှစ်ကြိမ်စမ်းရင်းနဲ့နောက်ဆုံးတော့စမ်း
သပ်တာရပ်တန့်လို့မရတော့ခြင်းသာဖြစ်ပါတယ်။
မူးယစ်ဆေးဝါးကိုအပျော်တမ်း၊အစမ်းသဘောနဲ့သုံးစွဲတဲ့လူငယ်
တွေရဲ့အခြေအနေက ရေနွေးထဲထည့်ပြုတ်ခံရတဲ့ပါးတစ်ကောင်နဲ့ ဆင်တူနေပါ
တယ်။ တကယ်လို့ဖားတစ်ကောင် ကိုရေးနွေးဇလုံထဲထည့် ပစ်ထည့် လိုက်ရင်
ချက်ချင်းခုန်ထွက်လာမှာဖြစ်တယ်။ ဒါပေမယ့်ရေအေးဇလုံထဲထည့်လိုက်ရင်
တော့သူကခုန်ထွက်မှာမဟုတ်ဘူး။ ဇလုံအောက်ကနေမသိမသာ ဖရောင်းတိုင်
မီးနဲ့ရှို့ရင်းရေကတဖြည်းဖြည့်နွေးလာသည့်တိုင်အောင်ဖား ကတော့ခုန်မထွက်
လာပါဘူး။ ဒါပေမယ့်ရေဟာနွေးရုံ မကတော့ပဲပူတဲ့ အဆင့် ရောက်လာချိန်မှာ
တော့ဖါးဟာဇလုံကခုန်ထွက်ဖို့ကြိုးစားပေမယ့် မခုန်ထွက်နိုင်တော့ဘူး။
ဘာကြောင့်လဲဆိုတော့ရေနွေးဓါတ်ကသူ့ရဲ့ အကြောတွေကိုမသိ မသာနဲ့တောင့်
တင်းသွားစေခဲ့တာကြောင့်ဖြစ်တယ်။ အဲဒီလိုပဲဘယ်မူးယစ်ဆေးဝါးမဆိုမသိ
မသာလေးနဲ့သုံးစွဲသူလူငယ်တွေကိုရုန်းမထွက်နိုင်အောင် အပီအပြင်ထိန်း
ချုပ်တတ်ပါတယ်။ အသစ်ဖန်ဆင်းခြင်းအသင်းတော်ရဲ့ သင်းအုပ်ဆရာ
ဒေါက်တာဟောရှေပြောသလိုသရက်ပင်ဟာ အစေ့ကနေအမြစ်စတွယ်ချိန်မှာ
တောနုတ်ယူတာလွယ်ပေမယ့်နှစ်နဲ့ချီလာပြီးအမြစ်နက်နက်ရှိုင်းတွယ်သွားပြီဆို
ရင်တော့သရက်ပင်ကိုနုတ်ယူဖို့ဆိုတာအရမ်းခက်သွားပါပြီ။ ဒါကြောင့် မူးယစ်
ဆေးနဲ့ပတ်သက်ပြီးစာရင်းရှင်းချင်ရင် စောစောစီးစီးမစွဲလမ်းသေးခင်ဖြတ်၊
အကောင်းဆုံးကတော့အစကတည်းကလုံးဝမစမ်းမိစေခြင်းသာ ဖြစ် ပါတယ်။
(၃) ခူးယစ်ဆေးဝါးသုံးစွဲသူ့လူတော်များနှင့် အနီးကပ်ပေါင်းပေါ်နှင့်
လူငယ်များဟာအပေါင်းအသင်းမက်ကြတဲ့အတိုင်း သူတို့ပျက်စီးရခြင်း
ရဲ့ အဓိကအကြောင်းအရင်းမှာအပေါင်းအသင်းမက်ခြင်းနဲ့၊ အပေါင်းအသင်း
မှားယွင်းခြင်းဟာလည်း အဓိကကဏ္ဍကနေပါဝင်နေပါတယ်။ မြန်မာပြည်ကို
သာသနာပြုခဲ့တဲ့အမေရိကန်သာသနာပြုဆရာ ယုဒသန်ဟာအသက် (၁၆)
နှစ်အရွယ်မှာ ဒီကျွန်းလို့ခေါ်တဲ့ခရစ်ယာန်ကောလိပ်ကျောင်းတစ်ခုမှာ ပညာ
သင်ယူခဲ့ပါတယ်။ သူကျောင်းသားဘဝတုန်းက သူ့ကိုအလွန်လွမ်းမိုးနိုင်တဲ့
သူငယ်ချင်းတစ်ယောက်ရှိခဲ့တယ်။ သူ့နာမည်ကတော့ ယာကုပ်အီမီဖြစ်တယ်။
ယာကုပ်အီမီဟာဘုရားမဲ့ဖြစ်ပြီးခရစ်ယာန်ယုံကြည်ချက်တွေ၊ သွန်သင်ချက်တွေ
ကိုမထေမဲ့မြင်ပြုခဲ့တယ်။ ယုဒသန်ဟာ သင်းအုပ်ဆရာရဲ့ သားဖြစ် ပေမယ့်သူ့
သူငယ်ချင်းရဲ့ လွမ်းမိုးခံရမှုကြောင့်နောက်ဆုံးမှာဘုရားမဲ့ဝါဒီစွဲကိုင်သူဖြစ်ခဲ့ ရပါတယ်။
ဒီကိစ္စကြောင့်မိဘနှစ်ပါးဟာ အလွန်စိတ်ဆင်းရဲခဲ့ရပြီးယုဒသန်
အသက်တာပြောင်းလဲဖို့မျက်ရည်များစွာ သွန်းလောင်းပြီးသားအတွက်
ဆုတောင်းပေးခဲ့ကြတယ်။ တနေ့မှာယုဒသန်ဟာခရီးထွက် ခဲ့ပြီးတည်းခိုခန်း
တစ်ခုမှာတည်းခိုခဲ့တယ်။ ဒါပေမယ့်အခန်းတစ်ဖက်အခန်းက လူနာတစ်
ယောက်ရဲ့ငြီးတွားသံကြောင့်တစ်ညလုံးအိပ်လို့မရဖြစ်ခဲ့တယ်။ မနက်မိုးလင်း
တော့တည်း ခိုခန်းပိုင်ရှင်ကိုမနေ့ညက လူနာရဲ့အခြေအနေဘယ်လို လဲလို့
မေးတော့သေသွားပြီလို့ဖြေတယ်။ သူ့နာမည်ကိုသိလားလို့မေးတော့ယာကုပ်
အီမီဖြစ်တယ်လို့တည်းခိုခန်းပိုင်ရှင်ကဖြေလိုက်တယ်။ ဒီအခါယုဒသန်ဟာ မိုးကြိုး
ပစ်ခံရသလိုဖြစ်သွားပြီးသူအလွန် အထင်ကြီးလေးစားတဲ့သူငယ်ချင်းရဲ့ အဖြစ်
ဆိုးကိုနားလည်သွားခဲ့တယ်။ သူကိုယ်တိုင်လည်းအခုချိန်သာငါသေသွားခဲ့ရင်
ဘယ်ကိုသွားမလဲစသဖြင့်စဉ်းစားရင်းက ယေရှုသာလျှင်တမလွန်အတွက်
အာမခံချက်ပေးနိုင်ကြောင်းသဘောပေါက်သွားပြီးယုံကြည်သူတစ်ယောက်
ဖြစ်လာခဲ့ရပါတယ်။
ဒီအကြောင်းလေးဟာလူငယ်တွေအပေါ် အပေါင်းအသင်းတွေရဲ့ လွမ်း
မိုးနိုင် ခြင်းသာဓကတစ်ခုပါ။ အသောက်အစားနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်၊
ဥပမာ၊ ဆေးလိပ်မသောက်တဲ့လူငယ်တစ်ယောက်ဟာ ဆေးလိပ်သောက်တဲ့
လူငယ်နဲ့ပေါင်းတဲ့အခါကိုယ်တိုင်ဆေးလိပ်မသောက်ပေမယ့် သူငယ်ချင်းကမှုတ်
ထုတ်လိုက်တဲ့ဆေးလိပ်ငွေ့ကိုနေ့စဉ်ရှိုက်နေရတာကြောင့် ဆေးလိပ်သောက်
တာနဲ့အတူတူပါပဲ။ ကိုယ်တိုင်မူးယစ်ဆေးဝါးမသုံးစွဲပေမယ့်မူးယစ်ဆေးဝါးသုံးစွဲ
နေတဲ့သူငယ်ချင်းကိုပေါင်းသင်းတယ်ဆိုရင်၊ ကိုယ်ဟာမူးယစ်ဆေးဝါးနဲ့မသိ
မသာရင်းနှီးမှုရလာနေတာဖြစ်ပါတယ်။ အကယ်၍မူးယစ်ဆေးသုံးစွဲ သူတွေကိုရဲ
တွေလာဖမ်းရင်ကိုယ်တိုင်လည်း မသင်္ကာမှုနဲ့ဖမ်းခံရပါမယ်။ ငရုပ်သီးနဲ့ပေါင်း
လို့ကြက်သွန်လည်းရောပြီး အထောင်းခံရတယ်ဆိုသလိုမျိုးဖြစ်သွားမှာပါ။
ဒါကြောင့်လူငယ်တွေအနေတဲ့ အဲဒီလိုအပေါင်းအသင်းရွေးမှားတာမျိုး မဖြစ်စေဖို့
အတွက်ကျမ်းစာကများစွာ သတိပေးထားပါတယ်။
အလွဲ မယူကြနှင့်၊ မကောင်းသောသူတို့နှင့် ပေါင်းဖော်ခြင်းအားဖြင့်
ကောင်းသော အကျင့် ဓလေ့ယိုယွင်းတတ်၏။ (ကော၁၅း၃၃)
မတည်ကြည်သောသူတို့နှင့်မရောနှောမပေါင်းဖော်နှင့်။ သူတို့အား
သည် ချက်ချင်းရောက်တက်၏။ထိုနှစ်ပါး တို့၏အဆုံး ကိုအဘယ်သူ
သိသနည်း။ ( ၂၄း၂၁)
မိုက်သောသူနှင့်တွေ့၍သူ၏နှုတ်ပညာအတတ်မရှိသည်ကိုတွေ့မြင်လျှင်၊
ထိုသူကိုရှောင်သွားလော့။ (သု ၁၄း၇)
စိတ်တိုသောသူကို မိတ်ဆွေမဖွဲ့နှင့်။ အမျက်ပြင်းထန်သောသူနှင့်
အတူမလိုက်နှင့်။ (သု ၂၂း၂၄)
စပျစ်ရည် သောက်ကြူသောသူ၊အမဲသားစားကြူးသောသူ တို့ကို
အပေါင်းအဖော်မလုပ်နှင့် ။( သု ၂၃း၂၀)
အပေါင်းအတော်များသောဆူသည်အကျိုးနည်းရှိတတ်၏။ မိတ်ဆွေ
မူကား၊ညီအစ်ကိုစွဲကပ်သည်ထက်သာ၍ စွဲကပ်တတ်၏။ (သု ၁၈း၂၄)
ပညာရှိတို့နှင့်ပေါင်းအော်သောသူသည်ပညာရှိတတ်၏။ လူမိုက်တို့
နှင့် ပေါင်းဖော်ဆောမူကား၊ပျက်စီးတတ်၏။ (၃ ၁၃း၂၀)
ဂုဏ်စည်းစိမ်ကိုင်ကွက်ခြင်းမရှိကြနှင့်။ နှိမ့်ချသောသူတို့ကို အပေါင်း
အအော်လုပ်ကြလော့။ (ရော ၁၂း၁၆)
ထာ၀ရဘုရားကိုကိုးစားသူ၊ ထာဝရဘုရားကို မိမိကိုးစားစရာအကြောင်းဖြစ်စေအောသူ သည်ကောင်းကြီးမင်္ဂလာကို ခံအပ်သော သူဖြစ်
၏။ (ယေ ၁၇း၇)
(၄) မှားယွင်းသောအတွေးခေါ်ကိုဖယ်ရှားခြင်း
အမေရိကန်အတွေးအခေါ်ပညာရှင် ဂီလျှိုမ်းစ်ရဲ့ အဆိုအရ (၂၁)ရာစုရဲ့ မနုသာဗေဒ ဆိုင် ရာအကြီးမားဆုံးရှာဖွေ တွေ့ရှိချက်ကတော့
လူသားတိုင်းဟာမိမိတို့ရဲ့ အတွေးအခေါ်စဉ်းစားပုံကိုပြောင်းလဲလိုက်
ခြင်းအားဖြင့် သူတို့ရဲ့ ဘဝတစ်ခုလုံးကိုတောင်ပြောင်းလဲနိုင်စွမ်းရှိ တယ်
ဆိုတဲ့ အချက်ဖြစ်ပါတယ်။ လူငယ်အများစုရဲ့ မူးယစ်ဆေးစွဲခြင်းရဲ့
အကြောင်းရင်ဟာ မူးယစ်ဆေးနဲ့ပတ်သက်ပြီးမှားယွင်းတဲ့ အတွေးအခေါ်
ယူဆချက်ကြောင့်ဖြစ်ပါတယ်။ အထူးသဖြင့်အနုပညာလိုက်စားကြတဲ့လူငယ်တွေ
အကြားမှာ မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့်အနုပညာကိုပိုပြီးပြောင်မြောက်
အောင်ဖန်တီးနိုင်မယ်လို့ ထင်မှတ်ကြခြင်းပဲဖြစ်တယ်။ အဲဒါတကယ်မှန်ခဲ့မယ်
ဆိုရင်အဆိုတော်မျိုးဟာ နိုင်ငံကျော်အဆိုတော်အဖြစ် ဆက်လက်ရပ်တည်
နိုင်စရာအကြောင်းမရှိပါဘူး။ ချစ်စမ်းမောင်လည်းမြန်မာနိုင်ငံရဲ့ ဂီတာဘုရင်
အဖြစ်ရပ်တည်နိုင်မှာ မဟုတ်ပါဘူး။
မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့်လူတစ်ယောက်ဟာ အနုပညာမှာပိုပြီးစီး
မျှောသွားအောင်အထောက်အကူပြုတယ်ဆိုတာငြင်းစရာအကြောင်းမရှိပေ
မယ့်မူးယစ်ဆေးဝါးမသုံးစွဲပဲနိုင်ငံကျော်၊ ကမ္ဘာကျော်အနုပညာရှင်အဖြစ်တက်
လှမ်းနေသူတွေအများကြီးရှိတယ်ဆိုတာကို လူငယ်တွေသိထားသင့်ပါတယ်။
တကယ်တော့အနုပညာလောကမှာ အောင်မြင်ထင်ပေါ်သူဖြစ်ဖို့ မူးယစ်ဆေး
ဝါးကိုသုံးစွဲခြင်းဟာအောင်မြင်ရေးအတွက်ဖြတ်လမ်းကိုအသုံးပြုခြင်းဖြစ်ပါ
တယ်။ ဖြတ်လမ်းသုံးခြင်းအားဖြင့်ဘဝဟာတစ်ခဏတာအတွင်းအောင်မြင်
တတ်ပေမယ့်ဖြတ်လမ်းဟာသိပ်မကြာခင်မှာပဲဖျက်လမ်း (သို့)ပျက်လမ်းဖြစ်လာ
တတ် ပါတယ်။
အချို့လူငယ်တွေကျပြန်တော့မူးယစ်ဆေးဝါး၊ အရက်၊ ဘီယာစတာ
တွေစားသောက်သုံးစွဲတတ်ခြင်းဟာ လူမှုရေးနယ်ပယ်မှာဝင်ဆန့်စေပြီး၊ အထူး
သဖြင့်စီးပွါးရေးလုပ်ငန်းမှာ အကျိုးဖြစ်ထွန်းစေမယ်လို့ထင်မှတ်ကြပါတယ်။
အရက်သေစာ၊ဘီယာ၊မူးယစ်ဆေးဝါးသုံးစွဲခြင်းမရှိဘဲ သန်းကြွယ်သူဌေးလုပ်နေ
တဲ့လူတွေ၊သူဌေးတွေတပုံတဟောင်းကြီးပါ။ သင်ဟာအရက်သေစာ၊ မူးယစ်
ဆေးဝါးတွေမှီဝဲသောက်စားတတ်မှမိတ်ဆွေကောင်းတွေအများကြီးရမယ်။
စီးပွါးရေးလုပ်ငန်းတွေ ပိုပြီးကျယ်ပြန့်စေနိုင်တယ် ဆိုတဲ့အယူအဆဟာ စာတန်
ရဲ့လှည့်စားမှုသာဖြစ်ပါတယ်။ ဒီအသောက်အစားတွေကြောင့် မိတ်ကောင်းဖြစ်
ပြီးကောင်းစားသွားတာထက်ဒီအသောက်အစားတွေကြောင့်ပဲ မိတ်ပျက်သွား
တာတွေ၊ စီးပွါးပျက်သွားတာတွေ၊ ဘဝပျက်သွားသူတွေကပိုပြီးများပြားလှပါ
တယ်။ ဒံယေလနဲ့သူငယ်ချင်းသုံးယောက်ဟာ တခြားလူတွေလိုအရက်သေစာ
တွေမသောက်စားခဲ့ပေမယ့် နိုင်ငံပေါင်းများစွာကိုအုပ်ချုပ်တဲ့နေဗုဒ်ခနေဇာ
လိုဘုရင်ကြီးရဲ့အထူးအားကိုးအားထားရတဲ့ ဝန်ကြီးချုပ်တွေ အဖြစ်တက်လှမ်း
နိုင်ခဲ့တယ်မဟုတ်လား။ ဒီကနေ့ခရစ်ယာန်လူငယ်မောင်မယ်တွေဟာ ဘယ်သူ
ဘာပဲပြောပြော၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကျမ်းစာက ဘာပြောသလဲ
ဆိုတာကိုသတိပြု၊ ကိုင်စွဲထားဖို့လိုတယ်။
သင်တို့ ကိုယ်ခန္ဓာသည် ဘုရားသခင်ပေးသနားတော်မူသော ဝိညာဉ်
တော် တည်းဟူသော၊သင်တို့ အထဲ၌ကျိန်းဝပ်၍ သန့်ရှင်းသောဝိညာဉ်
တော်၏ဗိမာန်ဖြစ်ကြောင်းကိုလည်းကောင်း၊ မိမိတို့ ကို မိမိတို့ မပိုင်
ကြောင်းကိုလည်းကောင်း၊မသိကြသလော။ သင်တို့ သည်အဖိုးနှင့်ဝယ်
တော်မူသောသူဖြစ်သောကြောင့်၊ဘုရားသခင်ပိုင်တော်မူသောသင်တို့
၏ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏ဂုဏ်တော်ကို
ထင်ရှားကြစေလော့။ (၁ကော၆း၁၉-၂၁)
အစာမဟုတ်သောအရာဖို့ သင်တို့ငွေကိုလည်းကောင်း၊ အမွလ်မပြေ
နိုင်သောအရာအဖို့ သင်တို့ဥစ္စာကို လည်း ကောင်းအဘယ်ကြောင့် ကုန်
စေကြသနည်း။ ငါ့စကားကိုစေ့စေ့နားထောင်လျက်၊ကောင်းသောအစာ
ကိုစားကြလော့။ သင်တို့၏ဝိညာဉ်သည်ချိုသောအရာတို့၌ မိမိကိုမိမိ
မွေ့လျော်စေလိမ့်မည်။ (ဟေ၅၅း၂)
ခပ်သိမ်းသောအရာကိုစုံစမ်း၍၊ကောင်းသောအရာကို ကိုင်စွဲကြ လော့။
မကောင်းသောအမှုအမျိုးမျိုးရှိသမျှကိုရှောင်ကြလော့။ ငြိမ်သက်ခြင်း
၏အရှင်ဘုရားသခင်ကိုယ်တော်တိုင်လည်း၊သင်တို့ကို အကုန်အစင်သန့်
ရှင်းစေတော်မူပါစေသော။ ငါတို့ သခင်ယေရှုခရစ်ကြွလာတော်မူ
သောအခါ၊ ဆင်တို့၏ကိုယ်ခန္ဓာ၊စိတ်၊ဝိညာဉ်အပေါင်းကို အပြစ်တင်
ခွင့် နှင့် ကင်းလွတ်စေခြင်းငှာစောင့် မတော်မူပါစေသား။
(၁သက် ၅း၂၁- ၂၃)
(၅) သင့်တော်သည့်ရက်တို သမ္မာကျမ်းစာသင်တန်းများတက်ရောက်ပါ
ကျေးဇူးတော်ကြောင့်အခုချိန်မှာဆိုရင်မြန်မာပြည်အနှံ့မှာ ယခင်ထက်စာရင်
ကျမ်းစာသင်တန်းမျိုးစုံပေါ်ပေါက်လာတာကိုတွေ့မြင်ရပါတယ်။ ကျမ်းစာ
သင်တန်းလည်းအမျိုးမျိုးရှိတာကြောင့် ကောင်းကောင်းမွန်မွန်စုံစမ်းပြီးကိုယ်နဲ့
သင့်တော်မည့်ကျမ်းစာသင်တန်းမျိုးမှာ သွားရောက်ပါဝင်သင့်ပါတယ်။ အခြား
သောလူငယ်တွေနဲ့အတူကျစာရက်တိုသင်တန်းတွေပါဝင်သက်ရောက်ခြင်း
ဟာမိမိရဲ့ညဉ်၊လူမှုဆက်ဆံရေး၊ နဲ့ဘုရားသခင်ရဲ့ သာသနာတော်ကျယ်
ပြန့်ဖို့အတွက်တန်ဖိုးမဖြတ်နိုင်ပြင်ဆင်မှုကိုဖြစ်စေပါတယ်။ ဥပမာ မြန်မာနိုင်ငံ
မှာဆိုရင်သက်ြန်ရက်တိုင်းသင်တန်းအပြင်အခြားသောကျမ်းစာသင်တန်းတွေရှိ
တတ်ပါတယ်။ ဒီလိုသင်တန်းမှာအခွင့်ရရင်ရသလို သက်ရောက်ခြင်းအားဖြင့်
လူငယ်တွေဟာမူးယစ်ဆေးဝါးရဲ့ သားကောင်ဖြစ်ဖို့အခွင့်အလမ်းသိသာစွာ
လျော့ကျသွားနိုင်ပါတယ်။
အင်တန်းတက်ရောက်ခြင်းရဲ့ အကျိုးကျေးဇူးနဲ့ ထိရောက်မှုကို
သယမန်ဝတ်ပြုချိန်နဲ့ အခုလိုနှိုင်းယှဉ်လေ့လာနိုင်ပါတယ်။ လူငယ်သာမန်အပတ်စဥ်ဝတ်ပြုချိန်ဟာတစ်နာရီခွဲကြာမယ်ဆိုရင် တစ်နှစ်မှာလူငယ်
တွေကဝတ်ပြုချိန်စုစုပေါင်းပျမ်းမျှ (၇၈)နာရီရရှိနိုင်ပါတယ်။
ဒါ ပေမဲ့ရက်တို သင်တန်းလေးရက်တာကို (၁၈)နာရီနှုန်းနဲ့ တက်ခက်မဲ့ဆိုရင်
စုစုပေါင်းဝတ်ပြုချိန် (၇၂) နာရီရရှိနိုင်ပြီး တစ်နှစ်တာသာမန် ဝတ်ပြုချိန်စုစု ပေါင်းနှင့်ညီမျှသည်။ဒါကြောင့်ရက်တိုသင်တန်းတက်ရောက်ဖူးတဲ့လူ
ငယ်နှင့်မရောက်ဖူးတဲ့လူငယ်တွေအကြားမှာ ကြီးမားတဲ့ဝိညဉ်ရေး
ဆိုင်ရာကွာဟမှု၊ အသိတရားဆိုင်ရာကွာဟမှုတွေရှိနေပါတယ်။
(၆) နှုတ်ကပတ်တော်ကိုအစဉ်ခံယူခြင်းအသက်တာ
လူငယ်တိုင်းဟာမူးယစ်ဆေးဝါး
၊အပျော်အပါးစတဲ့အရာ တွေအားဖြင့်
ပျက်စီးလမ်းလွဲစေဖို့စာတန်က စုံစမ်းဖျားယောင်းသွေးဆောင်မှာဖြစ်ပါတယ်။
ဒါကိုလူငယ်တွေအနေနဲ့ဘယ်လိုအောင်မြင်ကျော်လွှားနိုင်မှာလဲ။ ကိုယ့်ရဲ့ စိတ်
စွမ်းအားထိန်းချုပ်နိုင်မှုတစ်ခုတည်းနဲ့တော့ ဘယ်လူငယ်ကမှကြာရှည်တောင့်ခံ
ထားနိုင်ကြမှာမဟုတ်ပါဘူး။ ဆာလံဆရာက “လူပျိုသည်မိမိသွားသော
လမ်းကိုအဘယ်သို့သန့်ရှင်းစေနိုင်ပါမည်နည်းဟူမူကား နှုတ်ကပတ်တော်
အတိုင်းသတိပြုရမည်” လို့ဆိုထားပါတယ်။ (ဆာ၁၁၉း၉)ဆက်ပြီး သူက
ကိုယ်တော်ကိုမပြစ်မှားဘဲနေနိုင်မည် အကြောင်း၊ ဗျာဒိတ်တော်ကို
နှလုံးထဲမှာသိုထားပါပြီ လို့ဆိုထားပါတယ်။ (ဆာ၁၁၉း၁၁)
သခင်ယေရှုကိုယ်တော်တိုင်လည်း(မသဲ၄)မှာစာတန်ရဲ့ စုံစမ်းသွေး
ဆောင်ခြင်းကိုခံရတဲ့အခါတိုင်းဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ကျမ်းစာလာ
ကိုပဲအသုံးပြုပြီးအောင်မြင်ခဲ့တာဖြစ်ပါတယ်။ သူကိုးကားရည် ညွန်းရင်းစာတန်
ကို တန်ပြန်တိုက်ထုတ်ခဲ့တဲ့ကျမ်းချက်တွေကတော့ (တရားဟော ၈း၃၊ ၆း၁၆၊
၆း၁၃)စသည်တို့ဖြစ်ကြပါတယ်။ မိုးပျံပူဖေါင်းဟာ သူအထဲမှာရှိတဲ့နိုက် ထရိုဂျင်
ဓါတ်ငွေ့ကြောင့်ကမ္ဘာ့ဆွဲငြင်အားကိုဆန့်ကျင်ပြီးအထက်ရပ်ကိုပျံတက် သွားနိုင်
သလို၊နှုတ်ကပတ်တော်နဲ့ပြည့်နေတဲ့ လူငယ်တယောက်သာလျှင်မူးယစ်
ဆေးဝါးအပျော်အပါးစတာတွေရဲ့ ဆွဲငြင်အားကို ဆန့်ကျင်ပြီးဘုရားဘုန်းတော်
အတွက်သန့်ရှင်းစွာအသက်ရှင်နိုင်မှာဖြစ်ပါတယ်။ ဆရာကြီးဟတ်ဆင်
တေလာက စုံစမ်းခြင်းနဲ့ကြုံလာရင်သင့်အထဲမှာ ရှိတဲ့အရာဘဲထွက် လာ
လိမ့်မယ်လို့ဆိုခဲ့တဲ့အတိုင်းငါတို့အထဲမှာ နှုတ်ကပတ်တော်ပြည့်ဝခြင်း ဟာ
မူးယစ်ဆေးဝါးသုံးစွဲခြင်းအန္တရာယ်ကနေ ကာကွယ်ဖို့ စိတ်အချဆုံးနည်း လမ်း
ဖြစ်ပါတယ်။
လူတစ်ယောက်ဟာကျမ်းစာကိုကမ္ဘာဦးကနေစပြီးနေ့စဉ်ပုံမှန်(၁၅)
မိနစ်ဖတ်ရုံမျှနဲ့တစ်နှစ်မှာ ကျမ်းစာကိုအစအဆုံးတစ်ကြိမ်ဖတ်ပြီးနိုင်ပါတယ်။
ဆရာကြီးတစ်ပါးကသင်ဟာကျမ်းစာကိုဖတ်တိုင်းကျမ်းစာကသင့်ကိုပြန်
ဖတ်လိမ့်မယ်လိုဆိုတဲ့အတိုင်းကျမ်းစာပုံမှန်ဖတ်ခြင်းအားဖြင့်ငါတို့ဟာဘယ်လို
အခြေအနေမှာနေနေသလဲ၊ ဒီလိုအခြေအနေကနေလွတ်လမ်းဘယ်မှာလဲ။
ဘယ်လိုလွတ်မြောက်နိုင်မှာလဲဆိုတာကိုသိရုံတင်မကလွတ်မြောက်နိုင်တဲ့ စွမ်း
အားကိုလည်းရရှိစေမှာဖြစ်ပါတယ်။ ဘာကြောင့်လဲ့ဆိုတော့ကျမ်းစာဆိုတာ
တခြားစာအုပ်တွေလိုမဟုတ်ဘူး၊ အသက်ရှင်တယ်၊ တန်ခိုးရှိတယ်၊ လူတွေရဲ့
အသက်တာကိုပြောင်းလဲစေနိုင်တယ်၊ ကောင်းစားစေနိုင်တယ်၊ အောင်မြင်စေ
နိုင်ပါ တယ်။
ဘုရားသခင်၏နှုတ်ကပတ်တရားတော်သည် အသက်ရှင်ခြင်း၊ တန်ခိုး
နှင့်ပြုပြင်ခြင်း၊သန်လျက်တကာတို့ထက်ထက်ခြင်းနှင့်ပြည့်စုံသည်ဖြစ်
၍၊အသက်နှင့်စိတ်ဝိညာဉ်ကိုလည်းကောင်း၊ အရိုးဆစ်နှင့်ခြင်ဆီကို
လည်းကောင်းပိုင်ခြား၍ ထုတ်ချင်းခွင်းတတ်၏။ စိတ်နှလုံးအကြံ
အစည်များကိုလည်းသိမြင်တတ်၏။ (ဟေဗြဲ ၄း၁၂)
ထိုကျမ်းစာရှိသမျှသည်ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍၊
ဘုရားသခင်၏လူ သည်စုံလင်သောသူ၊ ကောင်းသောအမှုအမျိုးမျိုး
တို့ကိုပြုစုခြင်းအလိုငှာ ပြင်ဆင်သောသူဖြစ်မည် အကြောင်း၊ဩဝါဒ
ပေးခြင်း၊အပြစ်ကိုဖော်ပြခြင်း၊ ဖြောင့်မတ်စွာပြုပြင်ခြင်း၊ တရားကိုသွန်
သင်ခြင်းကျေးဇူးများကိုပြုတတ်၏။ (၂တိ၃း၁၆-၁၇)
(၆) အလုပ်လက်မဲ့ နေထိုင်ခြင်းကိုရှောင်ကြဉ်ပါ
အလုပ်အကိုင်မရှိတဲ့လူငယ်တွေဟာပြဿနာကောင်တွေ ဖြစ်တယ်လို့
ဆရာကြီးဦးမျိုးချစ်ကတရားဟောရာမှာ ထည့်ပြောဖူးပါတယ်။ အလားတူနိုင်ငံ
တကာမှာရာဇဝတ်ကျူးလွန်မှုအများဆုံးဇုံတွေဟာ အလုပ်အကိုင်ရှားပါးတဲ့
နေရာ၊ အချိန်တွေမှာဖြစ်ပါတယ်။ ပြီးတော့စုံစမ်းနှောက်ယှက်မှုတိုင်းဟာ
မဟုတ်မမှန်တဲ့စိတ်ကူးအတွေးတွေကနေအစပြုတာ ဖြစ်ပြီးအလုပ်လက်မဲ့
နေထိုင်ခြင်းက မဟုတ်မမှန်တာတွေကို စိတ်ကူးယဉ်ဖို့အချိန်များစွာရရှိစေပါ
တယ်။ ဒါကြောင့်လူငယ်တွေဟာမိမိတို့ရဲ့ ပညာ ပါရမီအထုံဝါသနာအတိုင်း၊
ဆိုင်ရာအလုပ်တွေကိုရှာဖွေလုပ်ကိုင်နေဖို့အရေးကြီးတယ်။ အားလပ်ချိန်များ
လွန်းခြင်းဟာ လူငယ်တွေအတွက်အန္တရာယ်ရှိပြီးစိတ်ကိုလေလွင့်စေပါတယ်။
အလုပ်လုပ်ခြင်းကခန္ဓာရောစိတ်ရောကျန်းမာလန်းဆန်းစေပြီးမဟုတ်တာ
တွေစဉ်းစားဖို့အချိန်တွေကို အလွန်လျှော့နည်းစေပါတယ်။
ဒါဝိဒ်ဟာ ဗာသရှေဘခဲ့ပြစ်မှားကျဆင်းခဲ့တာကိုကြည့်ရင်လည်းသူဟာ
အခြားသူတွေတိုင်းပြည်အတွက် အသက်စွန့်တိုက်ပွဲဝင်နေချိန်မှာနန်းတော်မှာ
ဘာမှမလုပ်ပဲ နေခဲ့တဲ့အချိန်ဖြစ်တာကိုတွေ့ရပါတယ်။ ယခင်တိုက်ပွဲ တွေတိုင်း
မှာဒါဝိဒ်ဟာသူကိုယ်တိုင်ရှေ့ဆုံး ကမားမားမတ်မတ်ရပ်တည်ပြီးတိုင်းပြည်လူမျိုး
အတွက်တိုက်ပွဲဝင်ခဲ့ပေမဲ့ဒီတကြိမ်မှာတော့ တာဝန်ကိုဘေးချိတ်ပြီးနန်းတော်မှာ
နားနေခဲ့တယ်။ လူငယ်တွေဟာကိုယ်ဝါသနာပါရာအားကစား အနုပညာတွေ
ကိုလိုက်လံဆည်းပူးလေ့လာခြင်းတွေကို စဉ်ဆက်မပြတ်ပြု ခြင်းနဲ့ကိုယ်ဘဝအ
သက်တာကိုတိုးတက်စေနိုင်သလို၊စုံစမ်းခြင်းထဲကျဆင်းဖို့အချိန်တွေလည်း
လျော့နည်းသွားမှာဖြစ်တယ်။
ကျမ်းစာကျောင်းမှာသီဩလော်ဂျီဘာသာရပ်ကိုသင်ကြားပို့ချ ပေးတဲ့
ဆရာက၊ဘုရားသခင်ကလူတွေကိုထိန်းချုပ်ကိုင်တွယ်ရာမှာ အလုပ်အကိုင်ပေး
အပ်ခြင်းလည်းတစ်ခုအပါအဝင်ဖြစ်တယ်လို့ဆိုပါတယ်။ လူငယ်တိုင်းဟာ
ကျောင်းတစ်ခုခု၊ သင်တန်းတစ်ခုခုမှာတက်ရောက်လေ့လာ (သို့) မိမိဝါသနာ
ပါတဲ့အလုပ်တစ်ခုခုကိုအမြဲတစေ လုပ်ဆောင်နေဖို့လိုအပ်ပါတယ်။ ဒီလို
လုပ်ဆောင်ခြင်းကမူးယစ်ဆေးဝါးသုံးစွဲဖို့အခွင့်အလမ်းတွေကိုလျှော့ကျသွား
စေမှာဖြစ်တယ်။
(၇) မခြားမလပ်ဆုတောင်းခြင်းအသက်တာ
စာတန်မာရ်နတ်ဟာ ယုံကြည်သူလူငယ်မောင်မယ်တိုင်းကို ဖျက်ဆီး
ဖို့အတွက်အမြဲတစေမုဆိုးလိုပဲ အကွက်ဆင်ချောင်းမြောင်းနေတာဖြစ်တယ်။
စာတန်ကငါးစာအနေနဲ့လူငယ်တွေကိုဖျက်ဆီးရာမှာသုံးစွဲတဲ့ အထိရောက်ဆုံး
အရာတစ်ခုကတော့မူးယစ်ဆေးဝါးပဲဖြစ်တယ်။ လူငယ်တွေဟာအပျော်အပါး
ကိုအလွန်ကြိုက်နှစ်သက်တာကြောင့် ဒီထောင်ခြောက်မှာအလွယ်တကူညှိတွယ်
သွားတတ်ကြပါတယ်။ ဒါကြောင့်ယုံကြည်သူလူငယ်မောင်မယ်တိုင်းဟာကြုံ
တွေ့လာရမယ့်စုံစမ်းနှောက်ယှက်ခြင်းတွေကနေ ကင်းလွတ်ဖို့အထူးဆုတောင်း
ရပါမယ်။ မိဘတွေအနေနဲ့လည်းမိမိရဲ့သားသမီးတွေ စုံစမ်းခြင်းထဲကျ ဆင်းပြီး
ပျက်စီးသွားတာမျိုးမဖြစ်ရလေအောင် သားသမီးတွေအတွက်အမြဲတစေ
ဆုတောင်းပေးဖို့လိုအပ်ပါတယ်။
ကျွန်တော့်ရဲ့ဘဝအသက်တာလည်းတချိန်တခါက မူးယစ်ဆေးစွဲ
တဲ့ဘဝရောက်မယ့်ဆဲဆဲဖခင်ရဲ့ ဇွဲမလျှော့ဘဲ အစာရှောင်ဆုတောင်းပေးမှု
ကြောင့်မှန် ကန်တဲ့အသက်တာ လမ်းကြောင်းထဲပြန်လည်ရောက် ရှိခဲ့တာဖြစ်
ပါတယ်။ ပေတရုဟာသခင်ယေရှုရဲ့ဆုတောင်းပေးခြင်းကြောင့် ဝိညဉ်ရေးရာ
မှာလဲကျခဲ့ ပေမယ့်ပြန်လည်ကောင်းမွန်လာခဲ့ပါတယ်။ တဖန်သခင်ဘုရားက၊
ရှိမုန်၊ ရှိမုန်၊ ဂျုံဆန်ကိုဆန်ခါနှင့်ချသကဲ့သို့စာတန်သည် သင်တို့ကိုချ
ရမည် အကြောင်းအခွင့်တောင်းသည်ဖြစ်၍၊ သင်၏ယုံကြည်သောစိတ်
မပျက် စေခြင်းငှါငါသည် သင့် အဘို့ဆုတောင်းလေပြီ။ (လု၂၂း၃၂)
ငါတို့ကိုယ်တိုင်လည်းအမြဲတမ်းဆုတောင်းဖို့လိုအပ်ပါတယ်။ သခင်
ယေရှုက စုံစမ်းနှောက်ယှက်ခြင်းနှင့်ကင်းလွတ်မည်အကြောင်း ဆုတောင်း
လျှက်စောင့်နေကြလော့၊ စိတ်ဝိညဉ်ကားစေတနာရှိငြားသော်လည်း
ကိုယ်မူကားအားနည်း၏ လို့သွန်သင်ထားတယ်။ (မဿ၂၆း၄၁) ဘုရားသခင်
ရှေ့မှာဒူးထောက်ဆုတောင်းတဲ့အခါအပြစ်မလုပ်ဘဲနေနိုင်တဲ့စွမ်းအား ၊ဘုရား
သခင်ရဲငြိမ်သက်ခြင်း၊ ပျော်ရွှင်ခြင်းတွေခံစားရပါတယ်။ ဘုရားသခင်ရဲ့ငြိမ်သက်
ခြင်း၊ ဝမ်းမြောက်ခြင်းခံစားရပြီဆိုရင်မူးယစ်ဆေးဝါးဆိုတာလဲမလိုတော့ပါဘူး။
နိဂုံး
အချုပ်အနေနဲ့ပြောရမယ်ဆိုရင် မူးယစ်ဆေးဝါးပြဿနာဟာမြန်မာ
ပြည်ကခရစ်ယာန်လူငယ်တွေအကြားကြီးမားတဲ့စိန်ခေါ်ချက်အနေနဲ့ဆက်လက်
ရှင်သန်နေဆဲပါ။ ဒီစိန်ခေါ်ချက်ကိုလူငယ်တွေအနေနဲ့အောင်မြင် ကျော်လွှားနိုင်
ဖို့အတွက် အတတ်နိုင်ဆုံးမူးယစ်ဆေးဝါးကင်းမဲ့ဇုံမှာနေထိုင်ရမှာဖြစ်တယ်။
စမ်းသပ်တာဟာကောင်းပေမယ့်စမ်းသပ်တဲ့အထဲမှာ မူးယစ်ဆေးဝါးတော့မပါ
သင့် ပါဘူး။ မူးယစ်ဆေးစွဲဘဝမရောက်ဖို့မူးယစ်ဆေးကိုသာမကမူးယစ်ဆေးသုံး
စွဲသူတွေကိုအနီးကပ်ပေါင်းသင်းခြင်းကနေရှောင်ကြဉ်ရမယ်။ မူးယစ်ဆေးဝါး
သုံးစွဲ ခြင်းနဲ့ပတ်သက်တဲ့မှားယွင်းတဲ့ အတွေးအခေါ် တွေကိုဖျက်ဆီးပစ်ရမယ်။
တတ်နိုင်သမျှ လက်လှမ်းမှီသမျှ သမ္မာကျမ်းစာ သင်တန်းတွေကိုလက်မလွတ်စ
တမ်းတက်ရောက်ရမယ်။ ကိုယ်တိုင်လည်းအမြဲတစေကျမ်းစာဖတ်ခြင်းအသက်
တာ၊ ဆုတောင်းခြင်းအသက်တာရှိ ရမယ်။
အလုပ်လက်မဲ့နေထိုင်ခြင်းဟာလူငယ်တွေရဲ့ စိတ်ကိုလေစေတာ
ကြောင့်အလုပ်လက်မဲ့နေထိုင်ခြင်းမဟုတ်ဘဲကိုယ်ဝါသနာပါရာအလုပ်အကိုင်
တစ်ခုခု လုပ်နေတာ၊ သင်တန်းတစ်ခုခုကို တက်ရောက်ခြင်းမျိုးပြုသင့်ပါတယ်။
ဖေါ်ပြချက်တွေဟာအတွေးအခေါ်သက်သက်မဟုတ်ဘူး။ ကျွန်တော့ဘဝမှာ
လက်တွေ့စမ်းသပ်ခဲ့တဲ့အရာ တွေအလုပ်ဖြစ်တဲ့ အရာတွေပါ။ လူငယ်ဘဝဆိုတဲ့
တန်ဖိုးရှိပြီးအလှပဆုံးအချိန်၊အစွမ်းအစ အခွင့်အရေးတွေကို မူးယစ်ဆေးဝါး
အတွက်ဆက်ကပ်အပ်နှံအသက်ရှင်ခြင်းမျိုးမဟုတ်ပဲ၊ မိမိအသက်ကိုတောင်
ငါတို့အတွက်မနှမြောဘဲစွန့်ပေးခဲ့တဲ့ခရစ်တော်အတွက် ဆက်ကပ်အပ်နှံ
အသက်ရှင်သင့်ပါ တယ်။
လူငယ်နှင့်ကျန်းမာရေး
မြန်မာပြည်မှာ လွန်ခဲ့တဲ့နှစ် နှစ်ဆယ် ဝန်းကျင်လောက်တုန်းကဆိုရင်
အလွန်ဝတဲ့လူငယ်တွေကိုတွေ့မြင်ရခဲပါတယ်။ ဒါပေမယ့်အခုအချိန်မှာ
ဆိုရင်လူငယ်များအကြား(၈၀)ကီလိုဂရမ်အထိဝလာနေသူတွေအရေအတွက်
အားဖြင့်သိသိသာသာ တိုးပွါးလာ နေတာကိုတွေ့ရှိရပါတယ်။ ဒီလိုဖြစ် ပျက်လာ
ရခြင်းရဲ့ အကြောင်းအရင်း ဇစ်မြစ်ကိုကြည့်မယ်ဆိုရင်လွန်တဲ့ဆယ်စု နှစ်လောက်
တုန်းကလူငယ်တွေဟာဘယ်သွားသွားစက်ဘီးနဲ့၊ ခြေကျင်နဲ့သွားရာကနေအခု
ဆိုရင်ဆိုင်ကယ်၊ကားတွေကိုသာအဓိကထားအသုံးပြုလာကြတယ်။ အားကစား
နေရာမှာဆိုရင်လည်းဘောလုံး၊ ခြင်းလုံး၊ထုတ်စီးထိုးအစားတစ်နေကုန်ထိုင်ပြီး
ဂိမ်းကစားနေတာ၊ ဖေ့စ်ဘုတ်ကြည့် နေတာ၊အင်တာနက်ဖွင့်ကြည့်တာ၊ ချတ်
တင်ထိုင်နေတာတွေများပြီးကိုယ်လက်လှုပ်ရှားမှုတွေဟာသိသိသာသာ
လျော့နည်းလာကြတယ်။ တီဗွီကြော်ငြာတွေ၊ ဆိုင်းဘုတ်ကြော်ငြာတွေ၊ လက်
ကမ်းစာစောင်တွေကလူငယ်တွေကို အစားအသောက်မက်မောလာအောင်
နေ့တိုင်းသွေးဆောင်နေတယ်။ ကိုယ်လက်လှုပ်ရှားမှုနည်းပါးလာရုံတင်မက
အစားအသောက်ကောင်းတွေ၊အချို့အစိမ့်၊အဆီမျိုးစုံစားသောက်လာကြတဲ့
အတွက်အသက်ငယ်ရွယ်ပေမယ့်ဒိတ်တွေအဆမတန်တိုးပွါးလာပါတယ်။
၁။ အ၀လွန်ခြင်း နောက်ဆက်တွဲပြဿနာများ
ဝိတ်ကများလာတော့ဒူးဆစ်တွေ၊ ခြေဆစ်တွေက မနိုင်ဝန်ထမ်းထား
ကြရပြီးကြာလာတော့ဒူးဆစ်ခြေဆစ်တွေဟာနာကျင်ကိုက်ခဲတာတွေဖြစ်
လာပါတော့တယ်။ ကိုယ်ခန္ဓာမှာလိုအပ်တာထက်များစွာ ပိုနေတဲ့ အဆီဓါတ်
တွေ၊ အချိုဓါတ်တွေကတိုးလာတာကြောင့်အသက်ကြီးလာတဲ့အခါဆီးချို၊ သွေး
ချို၊သွေးတိုး၊ နှလုံးအဆီဖုံးစတဲ့ရောဂါ တစ်ခုခုရဖို့ကတော့ သေချာ သလောက်
ရှိသွားပြီ။ လူငယ်တွေဟာလိုတာ ထက်ပိုလာ တဲ့အခါခန္ဓာပိုင်း ဆိုင်ရာရောဂါ
တွေကိုဖိတ်ခေါ်ပြီးသားဖြစ်နေရုံတင်မကစိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးဆိုင်ရာ
တွေမှာလည်းထိခိုက်နစ်နာမှု တွေရှိလာတယ်။
အလွန်ဝတဲ့လူကြီးတွေကို လူအတော်များများက လူကြီးဖြစ်လို့
ဝတယ်ဆိုပြီးနားလည်ပေးကြပေမယ့်အသက်အရွယ်နုပျိုပြီး အလွန်အကျွံဝ
နေသူတွေကိုတော့ လူတွေကအကောင်းမြင်တာနည်းတတ်တယ်။ အစား
ကြီးသူ၊ ကိုယ်ကိုကိုယ်မထိန်းသိမ်းနိုင်သူလို့မြင်ကြတယ်။ တိုင်ကီပုံး၊ ဝတုတ်ပြဲ။
ဖါးပြုပ်၊ ဝါးတီးဆရာ ဆိုပြီး အမျိုးမျိုးခေါ်ဝေါ်သမုတ်လှောင်ပြောင်ကြတယ်။
အခြားသူများရဲ့ လှောင်ပြောင်သရော်တာတွေခံရဖန်များလာတဲ့ အတွက်
ကိုယ်ကိုစိတ်ပျက်လာကြတယ်။ အဝတ်အစားဝတ်ဆင်ရာမှာ၊ အားကစား
လုပ်ရာမှာ၊ကားစီးရာမှာနေရာတကာမှာ အဆင်မပြေတာတွေများလာတာ
ကြောင့်ကိုယ်ကိုကိုယ်စိတ်ချမှုတွေလျှော့နည်းလာကြတယ်။ မိမိကိုယ်ကိုအခြား
သူများထက်နှိမ့်ကျနေသလိုမျိုးတွေခံစားလာကြပါတယ်။
၂။ အ၀လွန်ခြင်းကိုအဘယ်သို့ကာကွယ်မည့်နည်း
အချို့သောလူတွေဟာ မျိုးရိုးဗီဇကြောင့်
၀တာမှန်ပေမယ့်အများ ပိုင်းကတော့ အစား
နဲ့ကိုယ်လက်လှုပ်ရှားမှုမျှတမှုကြောင့် ဝကြရ
တာဖြစ်တယ်။
အချို့သောလူငယ်တွေဟာပိန်ဆေးတွေစားကြပါတယ်။ ဒီပရိဇီဝဆေးတွေစား
တာဟာအခန့်မသင့်ရင် လူကိုပြန်ပြီးဒုက္ခပေးတတ်ပါတယ်။ အန္တရာယ်ကင်း
တယ်လို့ (၁၀၀%)အပြည့်အာမခံချက်မရှိပါဘူး။ ဆေးကုမ္ပဏီတွေကတော့
သူတို့အကျိုးစီးပွါးအတွက်သူတို့ဆေးကောင်းကြောင်းပဲကြော်ငြာမှာပဲ။ မကောင်း
ဘူးလို့တော့ဘယ်ကုမ္ပဏီကမှကြော်ငြာမှာမဟုတ်ဘူး။
(ခ) အစားအသောက်ကိုချင့်ချိန်ခြင်း
အဝလွန်ခြင်းပြဿနာကိုဖြေရှင်းဖို့ အကောင်းဆုံး နည်းကတော့အစာ
ကိုလိုသလောက်ပဲပုံမှန်စားပြီးကိုယ်လက်လှုပ်ရှားမှုကို လုံလုံလောက်လောက်
လုပ်ဆောင်ဖို့သာဖြစ်တယ်။ အနီးစပ်ဆုံးအကြံဉာဏ်တစ်ချို့ကိုပြောရမယ်ဆိုရင်
စားသောက်ဆိုင်တွေကိုမလိုအပ်ပဲခဏ၊ ခဏမသွားပါနဲ့မလိုအပ်ပဲရေခဲသတ္တာ
ကိုလည်းခဏခဏသွားမဖွင့်ကြည့်ပါနဲ့။ သွားမိရင် ကြည့်မိရင်တော့စားမိမှာပဲ။
အိမ်မှာချက်တဲ့ထမင်းနဲ့ဟင်းနဲ့ရောင့်ရဲပါ။ စားသောက်ဆိုင်ကအစားအစာတွေ
ဟာအိမ်ကထက်အရသာရှိပေမယ့်အိမ်ကအစာကစိတ်အချရဆုံးပါပဲ။ အဆီ
တွေ၊အချိုတွေ၊အသားတွေလျော့စားပြီးအသီးအရွက်တွေကိုပိုမိုသုံးဆောင်ပါ။
ဘုရားသခင်ကလူကို စတင်ဖန်ဆင်းတုန်းကအသီး တွေပဲစားခိုင်းထားတာပါ။
(၂) အားကစားလိုက်စားခြင်း
လမ်းလျှောက်ပြီးသွားလို့ရတဲ့နေရာ၊အချိန်မျိုးမှာ ဆိုက်ကား၊ဆိုင်
ကယ်၊ကားမစီးပဲခြေကျင်သွားတာ၊ စက်ဘီးစီးတာအကျင့်လုပ်ပါ။ စစ်တပ်က
ဆောင်ပုဒ်လိုချွေးထွက်များမှသွေးထွက်နည်းမယ် ဆိုသလိုနဲနဲလေးအပင်ပန်း
ခံလိုက်ရင်ပိုကျန်းမာမယ်၊ပိုအသက်ရှည်မယ်၊ပိုပြီးအချိုးအစားပြေပြစ်လှပလာ
မယ်။အချိန်ပေးနိုင်မယ်၊ငွေကြေးတတ်နိုင်မယ်ဆိုရင်တော့ Body Fit Centre
မှာသွားရောက်ပါဝင်သင့်ပါတယ်။ အကယ်၍သင်ဟာအသင်းတော်မှာလူငယ်
ခေါင်းဆောင်ပိုင်းဖြစ်တယ်ဆိုရင် အသင်းတော်မှာ လူငယ်တွေအတွက်အား
ကစားကရိယာတွေကိုရရှိအောင်စီမံပေးသင့်ပါတယ်။
အားကစားလုပ်ခြင်းဟာ ကျန်းမာရေးကောင်းစေရုံသာမကအခြားအကျိုး
ကျေးဇူးတွေကိုလည်းရရှိစေပါတယ်။ မောင်တင်ရွှေက လူငယ်ရေးရာသိကောင်း
စရာအမှတ်(၄)မှာအားကစားရဲ့အကျိုးငါးရပ်ကို ခုလိုဖေါ်ပြထားပါတယ်။
(၁) အပြန်အလှန်လေးစားမှုနှင့်စုပေါင်းဆောင်ရွက်လိုစိတ်ကိုတည်ဆောက်
ပေးခြင်း
(၂) စိတ်ဓာတ်ကြံ့ခိုင်မှုစွဲနှင့်ဆောင်ရွက်တတ်စေခြင်း ၊
(၃) အရှုံးကိုရင်ဆိုင်ရဲသောသတ္တိ၊အောင်မြင်မှု၏ ဒဏ်ကိုခံနိုင်သည့်သတ္တိရှိ
စေခြင်း
(၄) တရားမျှတစွာဆောင်ရွက်လိုစိတ်နှင့်မိမိကိုယ်ကိုတန်ဖိုးထားလက်ခံနိုင်စိတ်
ရရှိစေခြင်း
(၅) ခရစ်ယာန်အသက်ရှင်ခြင်းဖြင့်သာသနာပြုနိုင်ကြောင်းလက်တွေ့ခံစား
စေခြင်း
(၃) ရေသန့်ကိုအလုံအလောက် သောက်သုံးခြင်း
အနီးစပ်ဆုံးနောက်ထပ်အကြံတစ်ခုပေးမယ်ဆိုရင်တော့ ရေများ
များသောက်ဖို့ပါပဲ။ လူရဲ့ကိုယ်ခန္ဓာသုံးပုံနှစ်ပုံဟာရေဖြစ်တယ်။ ကမ္ဘာကြီးရဲ့ သုံး
ပုံနှစ်ပုံဟာလည်းရေဖြစ်တယ်။ ဒါကြောင့်ကျန်းမာချင်တယ်ဆိုရင်တော့ရေသန့်
များများသောက်ရပါမယ်။ လူ့ကိုယ်ခန္ဓာကနေရေတွေဟာ အစဉ်မပြတ်စီးထွက်
နေတယ်။ ဥပမာ၊အပေါ့သွားခြင်း၊ တံတွေးထွေးခြင်း၊ ချွေးထွက်ခြင်းစသဖြင့်
ရေတွေထွက်နေတာဖြစ်တယ်။ အထူးသဖြင့်ချွေးများများထွက်တဲ့အခါရေ
များများသောက်သင့်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ကျန်းမာရေးနဲ့ပတ်သက်
လို့မကောင်းတဲ့အလေ့အထတစ်ခုကတော့ရေဆာမှရေသောက်ခြင်းဖြစ်တယ်။
ကျွန်တော်ကျမ်းစာကျောင်းတက်တုန်းက အင်္ဂလိပ်စာသင်ပေးတဲ့နိုင်ငံခြားက
ဆရာမတစ်ယောက်ကမကြာခဏ ကျွန်တော်တို့ကျောင်းသူ၊ကျောင်းသားတွေ
ကိုပြောလေ့ရှိပြီး ( If you want to live in this planet earth
for a long time and to serve the Lord, drink a lot of water) ဖြစ်ပါတယ်။
ဆိုလိုတာကတော့အသက်ရှည်ချင် ရင်ရေများများသောက်လို့အဓိပ္ပါယ်ရှိတယ်။
(၃) အိပ်ချိန်မှန်ခြင်း
နောက်ထပ်ပေးချင်တဲ့အကြံဉာဏ်ကတော့အတတ်နိုင်ဆုံးအိပ်ရေး
ဝအောင်အိပ်ဖို့ဖြစ်တယ်။ ဒီကျမ်းချက်ကိုဖတ်ရင်အိပ်စက်အနားယူခြင်းဟာ
ကျန်းမာရေးအတွက်ဘယ်လောက်အရေးကြီးသလဲဆိုတာကိုတွေ့ရှိနိုင်ပါတယ်။
“ထိုအခါလှေထဲသို့ဝင်တော်မူ၍တပည့်တော်တို့သည်လိုက်ကြ၏။ အိုင်၌
လှိုင်းတံပိုးပြင်းစွာထ၍လှေကိုလွှမ်းလေ၏။ ကိုယ်တော်သည်ကျိန်း စက်
၍နေတော်မူ၏။” (မဿ၈ ၂၃-၂၄) ဘုရားသားတော်ယေရှုကိုယ်တော်တိုင်
တောင်မှကျန်းမာရေးအတွက်အချိန်ရရင်ရသလိုအိပ်စက်အနားယူခဲ့တယ်။
ယနေ့လူငယ်မောင်မယ်တွေအတော်များများဟာတီဗွီကြည့်တာ၊ ဂိမ်း
ကစားတာ၊ ဖေ့စ် ဘုတ်ကြည့်တာ၊အင်တာနက်ချတ်တင်ထိုင်နေတာ၊ စတာတွေ
ကြောင့် အိပ်ရာဝင်အလွန်နောက်ကျတာကိုတွေ့ရတယ်။ လိုတာထက်ပို
အိပ်တာဟာလူကိုဝစေသလိုလိုတာထက်ပိုလျှော့ပြီး အိပ်တာလည်းလူကိုဒုက္ခ
ပေးတတ်ပါတယ်။ ဆယ်တန်းကျောင်းသားတစ်ယောက်ဟာမိုးလင်းပေါက်စာ
ကျက်ခဲ့တာကြောင့်သူငယ်ချင်းတွေ စာမေးပွဲဖြေနေချိန်အိမ်မှာသူဟာ အိမ်မှာ
တစ်ယောက်ထဲအိပ်ပျော်နေခဲ့ပါတယ်။ သူနိုးလာတော့လူတွေဟာစာမေးပွဲ
ပြီးလိုပြန်လာတာကိုမြင်တွေ့ခဲ့ရပြီး အလွန်စိတ်ဏိခိုက်လွန်းအားကြီးတာ
ကြောင့်စိတ်မနှံ့တဲ့ကကိုရောက်ခဲ့ဖူးပါတယ်။
(၄) ကိုယ်ခန္ဓာသည်ဗိမာန်တော်ဖြစ်ကြောင်းသိမှတ်ခြင်း
ကျမ်းစာကလည်းငါတို့ရဲ့ကိုယ်ခန္ဓာအားဖြင့် ဘုရားသခင်ရဲ့ဘုန်းတော်
ကိုထင်ရှားစေဖို့ခုလိုသွန်သင်ထားပါတယ်။ သင်တို့ကိုယ်ခန္ဓာသည်ဘုရား။
သခင်ပေးသနားတော်မူသောဝိညာဉ်တော်တည်းဟူသော၊ သင်တို့ အထဲ
၌ကျိန်းဝပ်၍သန့်ရှင်းသောဝိညာဉ်တော်၏ ဗိမာန်ဖြစ်ကြောင်းကိုလည်း
ကောင်း၊ မိမိတို့ကိုမိမိတို့မပိုင်ကြောင်းကိုလည်းကောင်း၊ မသိကြသလော။
သင်တို့ သည်အဖိုးနှင့်ဝယ်တော်မူသောသူဖြစ်သောကြောင့်၊ ဘုရားသခင်
ပိုင်တော်မူသောသင်တို့ ၏ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ်အားဖြင့်ဘုရား
သခင်၏ဂုဏ်တော်ကိုထင်ရှားကြစေလော့။ (၁ကော၆း၁၉-၂၀)ဒီကျမ်းချက်
အရဆိုရင်ငါတို့ကိုယ်ခန္ဓာဟာဘုရားသခင်ရဲ့ ဗိမာန်တော်ဖြစ်တဲ့အတွက် ငါတို့
ဟာဒီကိုယ်ခန္ဓာကိုလည်းအထူးဂရုစိုက်ရပါမယ်။ အလွန်အကျွံဝလွန်းခြင်းဟာ
ဗိမာန်တော်ရုပ်ဆိုးစေတယ်လို့ဆိုနိုင်တယ်။ ခန္ဓာကိုယ်မှာရောဂါပေါင်းစုံနဲ့ပြည့်ဝ
စေခြင်းဟာဗိမာန်တော်ကိုဖျက်ဆီးစေရာရောက်ပါတယ်။ ကျမ်းစာကအစား
အစာကိုလိုတာထက်ပို ပြီးအလွန်အကျွံစားသုံးတဲ့သူကိုလူယုတ်ဆိုပြီးအခုလို
ဖေါ်ပြထားပါတယ်။ သူတို့ အပါအဝင် အမျိုးသားချင်း ပရောဖက်ဆရာ
တစ်ယောက်က၊ ကရက်သားမြဲ၊ မုသာစွဲလမ်း၊သားရဲ ကြမ်းကြုတ်စား
တုတ်တုတ်၊ လူယုတ်ပေဟုစပ်ဆိုသတည်း။ (တိတု၁း၁၂)
ယုံကြည်သူ ခရစ်ယာန်လူငယ်မောင်မယ်များဟာအစားအသောက်ကို
သူများ စားတိုင်းသူများကြော်ငြာတိုင်း စည်းကမ်းမဲ့လိုတာထက်အလွန်ကျွံစားဖို့
မဟုတ်ဘူး။ ဘုရားဘုန်းတော်ကိုထောက်ပြီးကျန်းမာရေးနဲ့ညီညွတ်မျှတ
အောင်စားသုံးတတ်ဖို့အထူးလိုအပ်ပါတယ်။ ကျမ်းစာကအခုလိုဖော်ပြထား
တယ်။ သင်တို့သည်စားသော်လည်းကောင်း၊သောက်သော်လည်း ကောင်း၊
မည်သည့်အမှုကိုပြုသော်လည်းကောင်း၊ ဘုရားသခင်၏ဘုန်းတော်ကို
ထောက်၍ခပ်သိမ်းသောအမှုကိစ္စကိုပြုကြလော့။ (၁ကော၁၀း၃၁)
နိဂုံး
အချုပ်အနေနဲ့ဆိုရရင်မျက်မှောက်ခေတ်လူငယ်အတော်များများရဲ့
ပြဿနာဟာအဝလွန်ခြင်းပြဿနာဖြစ်ပါတယ်။ ဒီအဝလွန်ခြင်းပြဿနာဟာ လူ
ငယ်တွေရဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ သာမကကျန်းမာရေးဆိုင်ရာ ပြဿနာ
တွေရဲ့ အရင်းအမြစ်ဖြစ်လာတယ်။
ဒါကြောင့်ကာမဂုဏ်ချပ်တည်းခြင်းဆိုတဲ့အရာဟာ ယခင်ရာစုနှစ်တွေထက်မျက်
မှောက်ခေတ်လူငယ်တွေအတွက်ပိုပြီးအလေးထားစောင့်ထိန်းရမယ့် အရာဖြစ်
လာတယ်။ စက်မှုနည်းပညာတွေရဲ့ အံ့မခန်းဖွံ့ဖြိုးတိုးတက်မှုတွေကြောင့် ဘယ်
သွား သွား၊ဘာလုပ် လုပ်ကိုယ့်ရဲ့ကိုယ်ခန္ဓာ ကိုယ်လက် လှုပ်ရှားမှုမရှိဘဲ လွယ်ကူ
သက်သာနည်းကို ချည်း ပဲတချိန်လုံးရွေးနေတာမျိုးရှောင်ကြဉ်သင့်ပါတယ်။
အထူးသဖြင့်ဘုရားသခင်ဟာ သူ့ရဲ့အမှုတော်မြတ်ကိုပြီးပြည့်စုံစေဖို့
အတွက်သင့်ရဲ့ကိုယ်ခန္ဓာကိုလည်းအသုံးပြုလိုတာကြောင့် စိတ်ဝိညာဉ်သာမက
ခန္ဓာကိုယ်ကျန်းမာရေးကိုလည်းအထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။ ခေတ်ရဲတိုး
တက်မှုဟာကောင်းမွန်ပေမယ့်ခေတ်ကြောင့် ပျက်စီးသွားတဲ့လူငယ်တွေလည်း
အများကြီးပါ။ ခေတ်ရဲ့တိုးတက်ဖွံ့ဖြိုးမှုကြောင့်သင့်ကျန်းမာရေး မထိခိုက်စေဖို့
သတိပြုပါ။ တခါတလေဓာတ်လှေကားမစီးပဲရိုးရိုးလှေကားကိုအသုံးပြုတာမျိုး၊
ဆိုင်ကယ်စီးမယ့်အစားစက်ဘီးစီးတာမျိုး၊ အချိုရည်ဘူးတွေလျော့ပြီး သံပရာရည်
တွေကိုယ်တိုင်ဖျော်သောက်တာမျိုး၊ တချိန်လုံးနားကြပ်တကားကားမလုပ်ပဲ
သူငယ်ချင်းနဲ့တွေ့ဆုံချိန်ဖုန်းကလိတာလျော့ပြီး လူကိုစကားပြောတာမျိုးစသဖြင့်
သတိပြုသင့်ပါတယ်။
လူငယ်နှင့်အောင်မြင်သောကျောင်းသား
နိဒါန်း
မကြာသေးမှီအချိန်ကကျွန်တော်ဟာ ကျမ်းစာကျောင်းတစ်ကျောင်း
ရဲ့ မောင်မယ်သစ်လွင်ကြိုဆိုပွဲကိုတက်ရောက်ခဲ့ပါတယ်။ အဲဒီနေ့မှာဒေသနာ
တော်တာဝန်ကျတဲ့ဆရာဟာနှုတ်ကပတ်တော်တရားဒေသနာတော်ကိုဟော
ပြောမယ့်အစား ထိရောက်အောင်မြင်တဲ့ ကျောင်းသားတစ်ယောက်ဖြစ်ဖို့
မရှိမဖြစ်လိုအပ်တဲ့အချက်(၁၄) ချက်ကိုသာဝေငှသွားခဲ့ပါတယ်။ သူ့ရဲ့ဝေငှချက်
တွေကိုနားထောင်ရင်းမှတ်စုယူရင်းနဲ့ ဒီအချက်တစ်ခုစီတိုင်းဟာ ကျမ်းစာ
ကျောင်းမှာဖြစ်စေ၊လောကပညာကျောင်းမှာ ဖြစ်စေပညာကိုဆည်းပူးလေ့လာ
နေတဲ့လူငယ်တွေအတွက်အလွန်အရေးကြီးတဲ့အချက်ဖြစ်နေတာကို တွေ့ရှိရ
ပါတယ်။ တကယ်တော့ ဒီအချက်တစ်ခုစီတိုင်းဟာ ကျောင်းတက်စဉ်အတွက်
သာမကဘဲဘဝမှာလုပ်ဆောင်မှုမှန်သမျှအတွင် အလွန်အရေးကြီးပြီးအသုံး
တည့်တဲ့စည်းကမ်းချက်လေးတွေဖြစ်တာကြောင့် ကျွန်တော်ကဒီစာအုပ်မှာ
ထပ်မံအကျယ်ချဲ့တင်ပြလိုက်ခြင်းဖြစ်ပါတယ်။
၁။ ပညာရေးဆိုင်ရာရည်မှန်းချက်ပန်းတိုင်ချမှတ်ခြင်း
တစ်ခါတုန်းကစိတ္တဇဆေးရုံတစ်ခုမှာစိတ်တ္တဇဝေဒနာရှင်တွေ အတွက်
အပြေးပြိုင်ပွဲတစ်ခုကျင်းပပေးခဲ့ပါတယ်။ စိတ္တဇဝေဒနာရှင်တွေဟာ ခရာမှုတ်
လိုက်တာနဲ့ကိုယ်ပြေးချင်ရာကိုသာဇွတ်ပြီးပြေးခဲ့တာကြောင့်ဘယ်သူတစ်
ယောက်မှပန်းတိုင်ကိုမရောက်ခဲ့ကြပါဘူး။ သူတို့ဟာချွေးတလုံးလုံးနဲ့ကြိုးစား
ပြေးခဲ့ကြပေမယ့်ဘာမှအရာမရောက်ဖြစ်ခဲ့ကြပါတယ်။ ဂျွန်စီမက်ဝဲလ်က စည်
မှန်းချက်တစုံတခုကိုအာရုံစူးစိုက်မှုမရှိသောသူရဲ့ အခြေအနေကိုရိုလာ စကိတ်
ဘီးတွေအများကြီးတပ်ဆင်ပေးထားတဲ့ရေဘဝဲတစ်ကောင်နဲ့တူကြောင်း ဥပမာ
ပေးထားပါတယ်။
ဥပမာအနေနဲ့ဆိုရရင်အမှုတော်ဆောင်ဖို့ ကျမ်းစားကျောင်းတက်နေ
သူတစ်ယောက်အတွက်ပညာရေးဆိုင်ရာ ပန်းတိုင်ချမှတ်မယ်ဆိုရင်ကိုယ့်ရဲ့ အမှု
တော်ဆောင်ခြင်းအတိုင်းအတာကိုအရင်သိထားရမှာဖြစ်တယ်။ ကိုယ်အမှု
တော်ဆောင်မယ့်သာသနာ့ကွင်းဟာတောရွာမှာလား၊ နယ်မြို့မှာလား၊ ရန်ကုန်
လိုမြို့တော်မှာလား၊ နိုင်ငံတကာနဲ့ယှဉ်ပြီး လုပ်မှာလားဆိုတဲ့အပေါ် မူတည်ပြီး
ပညာရေးပန်းတိုင်ကိုချမှတ်ရမှာပါ။ တောရွာမှာအမှုတော်ဆောင်ဖို့ ဆုံးဖြတ်
ထားသူအတွက်ဘတ်ချလာ၊ B.Th အဆင့်လောက်ဆို အဆင်ပြေပေမယ့်
ရန်ကုန်လိုမြို့ကြီးမှာအမှုဆောင်မည့်သူအတွက်ဆို အနိမ့်ဆုံး M.Div ဘွဲ့လွန်
အဆင့်လောက်မှအဆင်ပြေမှာဖြစ်ပါတယ်။ ပြီးတော့အမှုတော်ဆောင် တယ်
ဆိုတာဘယ်လိုကဏ္ဍကနေ အမှုတော်ဆောင်မှာလဲဆိုတာကိုလည်းထည့်တွက်
မှပညာရေးဆိုင်ရာပန်းတိုင်ကိုချမှတ်နိုင်မှာပါ။
ဥပမာအနေနဲ့ပြောရရင် ကျမ်းစာကျောင်းဆင်းပြီးနောက်ကျမ်းစာ
ကျောင်းမှာနည်းပြဆရာလုပ်မှာလား၊ အသင်းတော်မှာ သင်းအုပ်ဆရာလုပ်မှာ
လား၊နယ်လှည့်ဧဝံဂေလိတရားဟော ဆရာလုပ်မှာလား၊ ကျမ်းစာဘာသာပြန်
လုပ်မှာလား၊ လူမှုရေးဝန်ထမ်းခြင်း (မိဘမဲ့ကျောင်းထောင်ခြင်း၊ ပညာရေး
ဘော်ဒါဆောင်ဖွင့်မှာလား) စတဲ့ဘယ်ကဏ္ဍမှာအမှုတော်ဆောင်မှာလဲ။
ဒါတွေ ကိုသိထားမှမှန်ကန်တဲ့ပညာရေးလမ်းကြောင်းကိုလည်း ရွေးချယ်နိုင်မှာ
ဖြစ်တယ်။ တမန်တော်ပေါလုနဲ့အသက်တာမှာ ဒိတ်ဒိတ်ကြဲအောင်မြင်တဲ့
တမန်တော်၊ ဧဝံဂေလိဆရာ၊ ကျမ်းရေးဆရာ၊ဖြစ်ရခြင်းဟာ တိကျရှင်းလင်းတဲ့
ရည်မှန်းချက်ပန်းတိုင်ရှိခြင်းကြောင့်ဖြစ်ပါတယ်။ ကျမ်းစာမှာသုကရေးသား
ဖေါ်ပြထားတာကတော့ ညီအစ်ကိုတို့ငါကိုင်မိပြီဟု ကိုယ်ကိုယ်မထင်သော်
လည်းငါပြုသောအမှုတခုဟူမူကား၊နောက်ကျ သောအရာတို့ ကိုမမှတ်ပဲ။
ရှေ့၌ရှိသောအရာတို့ကိုကမ်းလှမ်း၍၊ယေရှုခရစ်အားဖြင့် ဘုရားသခင်
သည်အထက်အရပ်မှခေါ်တော်မူခြင်းနှင့် ဆိုင်သောဆုကိုရခြင်းဌါပန်း
တုံးတိုင်သို့ငါလိုက်ပြေး၏။ (၃၁၃၊၁၄)
၂။ မှန်ကန်သည့်ဦးစားပေး လုပ်ဆောင်မှု
ဝိညာဉ်ရေးနဲ့ပတ်သက်ပြီး ဦးစားပေးမမှားစေဖို့သခင်ယေရှုမိန့်တော်
မူထားတာကတော့ဘုရားသခင်၏ နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်
ကိုရှေ့ဦးစွာရှာကြလော့။ နောက်မှထိုအရာများကိုထပ်၍ပေးတော်မူလတံ့။
(မဿဲ၊ ၆၃၃)ဝိညာဉ်ရေးရာမှာ ယုံကြည်သူတစ်ယောက်ဟာ ဦးစားပေးမမှားဖို့
အရေးကြီးသလိုကျောင်းသားတစ်ယောက်အနေနဲ့လည်းသူ့ရဲ့ပညာရေးနဲ့ ပတ်
သက်ပြီးဦးစားပေးမမှားဖို့လိုအပ်ပါတယ်။ ဂိမ်းကစားတာ၊ဘော်လုံးပွဲကစားတာ၊
အနုပညာလိုက်စားတာ၊ သမီးရည်းစားထားတာ၊ လူမှုရေးကိစ္စတွေမှာပါဝင်
လုပ်ဆောင်တာ၊ အသင်းတော်လုပ်ငန်းတွေမှာပါဝင်ဆက်ကပ်တာတွေဟာ
ကျောင်းသားတစ်ယောက်အတွက်ကျောင်းတက် နေစဉ်ကာလအတော
အတွင်းမှာဒုတိယဦးစားပေးသာဖြစ်ရပါမယ်။ ကျောင်းသားတစ်ယောက် ရဲ့
အဓိကအရေးကြီးဆုံးဦးစားပေးအလုပ်ဟာ စာလုပ် ဖို့ပဲဖြစ်တယ်။ ဦးစားပေး
တာမှားသွားရင်အကျိုးရလဒ်အနေနဲ့ဟိုမရောက် ဒီမရောက်ဖြစ်ခြင်းသာ အဖတ်တင်မှာဖြစ်တယ်။
၃။ ကျောင်းမှချမှတ်သည့် တာဝန်များကို ပါဝင်ဆောင်ရွက်ခြင်း
အောင်မြင်တဲ့ကျောင်းသားတစ်ယောက် ဖြစ်ဖို့ဆိုတာ ကျောင်းကနေချ
မှတ်ပေးတဲ့လုပ်ငန်းတာဝန်ကို ကျေပွန်အောင်ထမ်းဆောင်တတ်ဖို့လိုအပ်ပါ
တယ်။ အိမ်စာ Assignment papers တွေကိုမှန်မှန်နဲ့ထိထိမိမိလုပ်ဆောင်
ဖို့လိုတယ်။ အရည်အသွေးပြည့်မှီတဲ့ စာတမ်းတစ်ခုဆိုတာခုချက်ချင်းကောက်
ရေးလို့မရပါဘူး။ သတင်းအချက်အလက်တွေရှာဖွေစုဆောင်းချိန်၊ အကြောင်း
အရာတွေ ကိုဆင်ခြင်စဉ်းစား၊ သုံးသပ်ချိန် စနစ်တကျမာတိကာရေးဆွဲချိန်စာ
ရေးချိန်၊ရေးပြီး နောက်ပြန်ပြီးအထပ်ထပ်စစ်ဆေးချိန်၊တည်းဖြတ်ချိန်စသဖြင့်
လိုအပ်ပါတယ်။
အတန်းမှာအဖွဲ့လိုက်ဆွေးနွေးဖို့ Group discussion ဆရာတွေပြော
တဲ့အခါကောင်းစွာပါဝင်ဖို့လိုပါတယ်။ အဲဒီဆွေးနွေးခြင်းကသင့်ရဲ့ပညာရေး
ကိုသာမက၊ သင့်ရဲ့လူမှုပေါင်းသင်းဆက်ဆံရေးကိုလည်းကောင်းမွန်လာစေပါ
တယ်။ ကျောင်းကခွဲထားပေးတဲ့အသင်းအဖွဲ့တွေရဲ့
လှုပ်ရှားမှုတိုင်းမှာအင်တိုက်
အားတိုက်ပါဝင်တတ်ဖို့လိုတယ်။ ဒါဟာအနာဂတ်သင့်ဘဝရဲ့လက်တွေ့လုပ်
ငန်းခွင်အတွက်ကြိုတင်ပြင်ဆင်ခြင်းတစ်ခုဖြစ်ပါတယ်။ ကျောင်းတက်တုန်း
ကျောင်းသားအဖွဲ့တွေမှာခေါင်းဆောင်လုပ်ခြင်းအတွေ့အကြုံတွေဟာ အနာ
ဂတ်မှာတိုင်းပြည်ကိုဦးဆောင်မှု
၊အဖွဲ့အစည်းတွေကိုဦးဆောင်မှု၊ အသင်းတော်
တွေကိုဦးဆောင်မှုပြုရာမှာ များစွာအထောက်အကူပြုစေမှာဖြစ်တယ်။
သခင် ယေရှု အတွက်လောကမှာ သက်တော်ထင်ရှားစဉ်အရေးကြီး
ဆုံးကိစ္စကတော့ ခမည်းတော်ကသူ့ကိုစေခိုင်းတဲ့ အလုပ်ကိုပြီးစေခြင်းပဲဖြစ်တယ်။
ယေရှုမိန့်တော်မူခဲ့တာကတော့ ငါ့ကိုစေလွှတ်တော်မူသောသူ၏ အလိုတော်
ကိုဆောင် ခြင်း၊ သူ၏အမှုတော်ကိုပြီးစီးခြင်းအမှုသည်ငါ့စားစရာဖြစ်၏။
(ယော၊ ၄း၃၄) အကယ်၍သင်ဟာ ကျောင်းသားတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင်
အခုလောလောဆယ်ဘုရားသခင်သင့်ကို ပေးထားတဲ့တာဝန်ကတော့စာကို
ကောင်းကောင်းမွန်မွန်အလေးထားလုပ်ဆောင်ဖို့ပါပဲ။
၄။လတ်တလောလုပ်ဆောင်ရမည့်အရာတို့အာရုံစိုက်ခြင်း
ဆရာခင်မောင်မြင့်ကခရစ်ယာန်တွေမှာ အဝေးမှုန်နဲ့အနီးမှုန်ဆိုပြီး
နှစ်မျိုးနှစ်စားရှိကြောင်းပြောပြဖူးပါတယ်။ အဝေးမှုန်သမားတွေက အနီးကိုပဲ
ရှင်းရှင်းလင်းလင်းမြင်နိုင်ပြီး၊ အနီးမှုန်သမားတွေကအဝေးကိုသာ ရှင်းရှင်း
လင်းလင်းမြင်နိုင်ပါတယ်။ တခါကကျောင်းသားတစ်ယောက်က ကျမ်းစာ
ကျောင်းပြီးရင်ဘယ်မှာအမှုတော်ဆောင်မှာလဲဆိုတာစဉ်းစားရင်းအိပ်မပျော်ရ
ကြောင်း၊ စိတ်ပင်ပန်းဝန်လေးနေရကြောင်းပြောပါတယ်။
ဒါပေမယ့်ကျောင်းပြီးရင်ဘယ်မှာအမှုဆောင်မှာလဲဆိုတာ သိဖို့ကြိုးစား
နေတာထက်ယခုလောလောဆယ်ငါဘယ်အဆိုင်းမင်း၊ ပေပါတွေလုပ်ဖို့ကျန်နေ
သေး သလဲဆိုတာကိုအာရုံစိုက်တတ်ဖို့လိုအပ်ပါတယ်။ ငါတို့အမှန်တကယ်
ပိုင်ဆိုင်တဲ့အချိန်ဆိုတာယခုလက်ရှိပစ္စုပ္ပန်ကာလဖြစ်ပြီး၊ယခုလက်ရှိပစ္စုပန်
ကိုအကျိုးရှိရှိအသုံးပြုမှကောင်းမွန်တဲ့ အနာဂတ်ကိုမျှော်လင့်နိုင်မှာဖြစ်ပါတယ်။
လူငယ်မောင်မယ်တိုင်းအထူးသိထားဖို့လိုအပ်တဲ့အချက်ကကြီးမားလှတဲ့ အောင်
မြင်မှုတိုင်းဟာ သေးငယ်တဲ့အောင်မြင်မှုများစွာကိုစုစည်းထားခြင်းသာဖြစ်တယ်
ဆိုတဲ့အချက်ပါ။
၅။ အခြားသူများနှင့် ဘယ်တော့မှမနှိုင်းယှဉ်ပါနှင့်
အောင်မြင်တဲ့ကျောင်းသားတစ်ယောက်ဖြစ်ဖို့အတွက် ကိုယ်ဟာ
အခြားသူတွေနဲ့မကြာခဏ နိုင်းယှဉ်တဲ့အလေ့အကျင့်မျိုးကိုရှောင်ကြဉ်ရပါမယ်။
ကျမ်းစာက ကိုယ်ကကိုယ်ချီးမွမ်းသော သူတို့နှင့်ရေတွက်ဝင်ခြင်း ကို၎င်း၊
ပြိုင်နှိုင်းခြင်းကို၄င်း၊ငါတို့မပြုဝံ့။ ထိုသူတို့သည်အချင်းချင်းတစ်ယောက်
နှင့်တစ်ယောက်ခိုင်းနှိုင်းခြင်းပြိုင်နှိုင်းခြင်းကိုပြု၍ ပညာမဲ့ဖြစ်ကြ၏ ဟုဆို
ထားပါတယ်။ (၁ကော၁၀း၁ ၂)အကယ်၍ ကိုယ်ဟာကိုယ့်ရဲ့အောင်မြင် မှုကို
သူများရဲ့ အောင်မြင်မှုနဲ့နှိုင်းယှဉ်ပြီး တိုင်းတာဆုံးဖြတ်တတ်တဲ့အလေ့အထရှိခဲ့
မယ်ဆိုရင်အန္တရာယ်နှစ်ခုနဲ့ရင်ဆိုင်ရမှာသေချာတယ်။
ပထမအန္တရာယ်ကတော့ ကိုယ့်ထက်သာတဲ့သူတွေနဲ့တွေ့ရတဲ့အခါ စိတ်ပျက်
အားငယ်မယ်။ နောက်ထပ်အန္တရာယ်တစ်ခုကတော့ကိုယ့်ထက်နိမ့်ကျတဲ့သူတွေ
နဲ့တွေ့ရတဲ့အခါဘဝင်မြင့်မယ်(သို့)မာနထောင်လွှားမယ်။ စိတ်ပျက်အား
ငယ်ခြင်းနဲ့မာန်မာနထောင် လွှားခြင်းနှစ်ခုစလုံးဟာ ဘဝကိုအဓိကရှုံးနိမ့်စေတဲ့
ရန်သူတွေပါ။
အချို့သောကျောင်းသားများဟာ အခြားသူများနဲ့နှိုင်းယှဉ်တတ်တဲ့
အလေ့အကျင့်ကြောင့်ကိုယ့်ထက်သာတဲ့လူတွေများလာတဲ့အခါ စိတ်ဓါတ်ကျ
တာ၊အားငယ်တာတွေ၊ စိတ်ဖိစီးမှုတွေအလွန်အကျွံ ခံစားလာပြီးနောက်ဆုံး
ကျောင်းတောင်မှထွက်ရတဲ့အဆင့်အထိရောက်ရှိလာတတ်ကြပါတယ်။ ဘုရား
သခင်ကငါတို့ရဲ့လက်ညှိုးတွေကိုတောင်တူအောင်မဖန်ဆင်းထားပါဘူး။ ဥပမာ၊
လက်မကတိုတယ်၊ တုတ်တယ်။ လက်ညှိုးကစင်းတယ်။ လက်ခလယ်က အခြား
လက်ညှိုးတွေထက်ရှည်တယ်။ လက်သူကြွယ်ကစင်းပြီးအနည်းငယ်တုတ်
တယ်။ လက်သန်းကသေး ပြီးတိုတယ်။ လက်သန်းကလက်ခလယ်
လောက်မရှည်လို့အဆင့်နှိမ့်သွားတယ်ဆိုတာမရှိသလို၊လက်ခလယ်ဟာ အခြား
လက်ညှိုးတွေတက် ပိုရှည်လိုပိုပြီးအဆင့်မြင့်သွားတာမဟုတ်ပါဘူး။
အားလုံးဟာသူ့နေရာနဲ့ သူအသုံးဝင်ပြီးဆိုင်ရာဆိုင်ရာတန်ဖိုးကိုယ်စီ
ရှိကြပြီးဖြစ်ပါတယ်။ ငါးတစ်ကောင်ဟာငှက်တစ်ကောင်လိုမပျံသန်းတတ်လို့ ဝမ်း
နည်းနေတာအဓိပ္ပါယ်မရှိသလို၊ စာကလေးတစ်ကောင်ဟာငါးကလေးတစ်
ကောင်လိုရေမကူးတတ်လို့အားငယ်စရာအကြောင်းမရှိပါဘူး။ အားလုံးသူ့နေ
ရာနဲ့သူတစ်နေရာရာမှာတော့တော်ကြတာချည်းပဲ၊အသုံးဝင်တာချည်းပါပဲ။
၆။ မေးခွန်းမေးသည့်အလေ့အထကိုပြုစုပျိုးထောင်ပါ
ဗမာစကားပုံရှိတဲ့အတိုင်း မသိလျှင်မေး၊ မစင်လျှင်ဆေး ဖို့ပါပဲ။
အောင်မြင်တဲ့ကျောင်းသားတစ်ယောက်ဟာကောင်းမွန်တဲ့မေးခွန်းတွေကို
မေးတတ်အောင်လေ့ကျင့်ယူရပါမယ်။ ကောင်းမွန်တဲ့မေးခွန်းတွေ များများထုတ်
တတ်တဲ့ကျောင်းသားတစ်ယောက်ဟာမိမိအတွက်သာမကဆရာသမားများ
တွေအတွက်လည်းများစွာစူးစမ်းလေ့လာဖို့တိုးတက်ဖို့အကြောင်းဖြစ်စေပါ
တယ်။ ကျောင်းသားတွေဟာဆရာတွေသင်ပြတာကို နားထောင်တာထက်သူ
တို့ရဲ့အမေးကိုဆရာတွေရဲ့ ဖြေကြားခြင်းကိုပိုပြီးကြာရှည်စွာ မှတ်မိနေတတ်ကြ
ပါတယ်။ ပြီးတော့ကိုယ်ကမေးခွန်းမေးခြင်းအားဖြင့်အခြားသူတွေကိုလည်းမေး
ခွန်းထုတ်စေဖို့အကူညီပေးရာရောက်စေပါတယ်။
ကျမ်းစာကလည်းငါတို့ကို မေးခွန်းထုတ်ဖို့သွန်ဆင်ထားပါတယ်။
မြေကြီးနှင့်ပင်လယ်ငါးတို့ကိုမေး မြန်းလော့။ သူတို့သည်ပြသ၍ဥပဒေသ
ပေးကြလိမ့်မည်။ (ယောဘ၁၂း၇-၈)ထာဝရဘုရားမိန့်တော်မူသည်ကား၊
လမ်းနားမှာရပ်၍ကြည့်ရှုကြလော့။ ရှေးလမ်းဟောင်းတို့ကိုရှာဖွေလျက်၊
ကောင်းသောလမ်းသည်အဘယ်မှာရှိသနည်းဟု မေးမြန်း၍၊ ထိုလမ်းသို့
လိုက်ကြလော့။ သို့ပြုလျှင်၊စိတ်နှလုံးသက်သာကြလိမ့်မည်။ သို့ရာတွင်
ငါတို့သည်မလိုက်ဟုပြန် ပြောကြ၏။ (ယေ၆း၁၆)
မေးခွန်းထုတ်ခြင်းဟာပညာရေးအတွက် အလွန်အကျိုးကျေးဇူးကြီး
မားလှကြောင့်ဥပမာသာဓကတစ်ခုအနေနဲ့ပြောရမယ်ဆိုရင်အိုင်ဇက်နယူတန်
အကြောင်းပဲဖြစ်ပါတယ်။ သူဟာပန်းသီးပင်အောက်မှာအိပ်နေတဲ့အချိန်ပန်း
သီးတစ်လုံးဟာသူ့နဖူးတည့်တည့်ကိုကျခဲ့ပါတယ်။ သူဟာဘာကြောင့်ပန်း
ဟာသူ့နဖူးတည့်တည့်ကိုကျလာရတာလဲ၊ ဘာကြောင့်ပန်းသီးကအခြား
ဘက်ကိုမကျဘဲသူ့တည့်တည့်မှကျလာရတာလဲလို့မေးခွန်းထုတ်ရင်းကနေကမ္ဘာ
အားတည်ရှိခြင်းကိုတွေ့ရှိခဲ့ရတာပါ။ ဥပမာသင်ဟာကျမ်းစာလေ့လာသူတစ်ယောက်ဖြစ်တယ်ဆိုရင်
Why, ( ဘာလဲ ), Why, ( ဘာကြောင့် ), When, ( ဘယ်အချိန် ), Who,( ဘယ်သူ ), Whom (ဘယ်သူ့ဆီ )Which. (ဘယ်အရာ)
“Whose (ဘယ်သူရဲ့ ) စတဲ့ 7W ကိုလက် စွဲကိုင်ဆုပ်ထားဖို့လိုအပ်ပါတယ်။
၇။ ကောင်းမွန်သည့်လေ့လာသင်ယူခြင်းအလေ့အထကိုပြုစုပျိုးထောင်ပါ
အောင်မြင်တဲ့ကျောင်းသားတစ်ယောက်အနေနဲ့ကောင်းမွန်တဲ့ လေ့လာ
သင်ယူခြင်းအမူအကျင့်တွေကိုပြုစုပျိုးထောင်ယူဖို့လိုအပ်ပါတယ်။ အချို့သော
ကျောင်းသားများဟာစာမေးပွဲနီးခါမှမိုးလင်းပေါက်စာကျက်တာ၊ အပြင်းအ
ထန်ကြိုးစားတာတွေလုပ်ဆောင်တတ်ပါတယ်။ စာပေဖတ်ရှုလေ့လာ သင်ယူ
ခြင်းဟာအစားအစာစားသလိုပဲပုံမှန်စားဖို့အချိန်မှန်စားဖို့၊ မျှမျှတတစား ဖို့လို
အပ်ပါတယ်။ အကယ်၍သင်ဟာသုံးရက်စာထမင်းကို တစ်နပ်ထဲနဲ့စားလိုက်
မယ်ဆိုရင်အစာမကြေဖြစ်ပြီးဒုက္ခလှလှတွေ့ရမှာဖြစ်တယ်။ အစာစားဖို့လိုအပ်
သလိုစာကျေဖို့ဆိုတာကျောင်းဖွင့်ချိန်ကစလို့ နေ့စဉ်ပုံမှန်နည်းနည်းစီနဲ့ခံယူ
လေ့လာသွားဖို့လိုအပ်ပါတယ်။
အချို့သောကျောင်းသားများဟာစာသင်ချိန်မှာပုံဆွဲနေတာ၊ အိမ်စာ
လုပ်နေတာ၊ ဟန်းဆက်ကလိ နေတာ၊သူငယ်ချင်းတွေကိုနောက်ပြောင်နေတာ
တို့လုပ်တတ်ပါတယ်။ ဒါတွေဟာအောင်မြင်တဲ့ကျောင်းသားတစ်ယောက် အနေ
နဲ့လုံးဝရှောင်ကြဉ်သင့်တဲ့အလေ့အကျင့်ဆိုးတွေဖြစ်တယ်ဆိုတာကိုအသိအမှတ်
ပြုပြီးရှောင်ကြဉ်ရပါ မယ်။ အောင်မြင်တဲ့ ကျောင်းသားတစ်ယောက် ဟာအစား
အသောက်မှန်ဖို့၊အိပ်ချိန်မှန်ဖို့၊ ကိုယ်လက်လှုပ်ရှားရှိဖို့၊ ကိုယ့်ကိုကိုယ်စည်းကမ်း
သတ်မှတ်ပြီးလိုက်လျှောက်ရမှာဖြစ်ပါတယ်။ ကျမ်းစာကဥပဒေသကိုကိုင်ဆွဲ
လော့။မလွှတ်နှင့်။စောင့်ထားလော့။ အသက်ရှင်ခြင်း၏အကြောင်းဖြစ်၏။
(သု၄၁၃) အောင်မြင်တဲ့ကျောင်းသားတိုင်းမှာကျောင်းကသတ်မှတ်ပေးတဲ့ စည်း
ကမ်းအပြင်မိမိကိုယ်ကိုသတ်မှတ်ပြဌာန်းထားတဲ့ကိုယ်ပိုင်စည်းမျဉ်းစည်း ကမ်း
လေးတွေလည်းရှိနေတတ်ကြပါတယ်။
၈။ အသင်းအဖွဲ့နှင့်အတူလုပ်ဆောင်တတ်ရန်သင်ယူပါ
လူဆိုတာဘယ်လောက်ပင်တော်နေပါစေ၊စွမ်းအားတန်ခိုးရှိပါစေ
အကန့်အသတ်ရှိပါတယ်၊ နှမ်းတစ်စေ့နဲ့ဆီမဖြစ် ဆိုတဲ့စကားပုံအတိုင်းစာ
ပေ၊အနုပညာလိုက်စားရာမှာလည်း တစ်ဦးတစ်ယောက်တည်းအနေနဲ့ဆိုရင်
ထိရောက်မှုမှာ အဖွဲ့လိုက်လေ့လာသင်ယူတတ်တဲ့သူနဲ့သွားပြီးယှဉ်လို့မရပါဘူး။
ဥပမာအနေနဲ့ဆိုရရင်စာအုပ်အထူတစ်အုပ်ကို သင်တစ်ယောက်တည်းကတစ်
ရက်တည်းနဲ့အပြီးသတ်လေ့လာဖို့ဆိုတာအလွန်ပင်ခက်ခဲလှပါတယ်။
ဒါပေမယ့်အဖွဲ့နဲ့လေ့လာမယ်ဆိုရင် အခန်းကြီးအလိုက်ခွဲတမ်းချ
ဖတ်ရှုပြီးဆွေးနွေးခြင်းနဲ့ တစ်နေ့တည်းမှာအပြီးသတ်လေ့လာနိုင်မှာဖြစ်ပါတယ်။
ကျွန်တော်ကျမ်းစာကျောင်းတက်တုန်းကကျောင်းရဲ့ မှတ်သားထိုက်တဲ့ ဆောင်ပုဒ်
တစ်ခုကတော့ Learning together, growing together, working together ဖြစ်ပါ
တယ်။ အဓိပ္ပါယ်ကတော့အတူတကွသင်ယူခြင်း၊ အတူတကွကြီးထွားခြင်း၊ အတူ
တကွလုပ်ဆောင်ခြင်းဖြစ်ပါတယ်။ ကျောင်းတက်စဉ်သူငယ်ချင်းတွေနဲ့အဆင်
ပြေအောင်ပေါင်းတတ်မှကျောင်းပြီး တဲ့နောက်အပြင်လောက၊ လုပ်ငန်းခွင်မှာလူ
ပေါင်းစုံနဲ့အဆင်ပြေအောင်ပေါင်းသင်းတတ်မှာဖြစ်တယ်။ လူတွေနဲ့အဆင်
ပြေအောင်ပေါင်းတတ်မှဘဝမှာအောင်မြင်သူတစ်ယောက်ဖြစ်နိုင်မယ်။
၉။ နောက်ဆုံးတန်းတွင်သာ မထိုင်ပါနှင့်။
မြန်မာပြည်မှာရှိတဲ့ကျောင်းသားအများစုဟာ အခန်းရဲ့ ရှေ့ဆုံးတန်း
မှာထိုင်တာထက်နောက်ဘက်ခုံတန်းတွေမှာထိုင်ရတာကိုပိုမိုနှစ်သက်ကြ
ဟန်ရှိပါတယ်။ ဒါပေမယ့်အောင်မြင်လိုသူကျောင်းသားအနေနဲ့ နောက်ဆုံး
တန်းမှာထိုင်ခြင်းထက်ရှေ့ဆုံးတန်းမှာထိုင်တတ်ဖို့လိုအပ်ပါတယ်။ အကယ်
၍ရှေ့ဆုံးတန်းမှာထိုင်ချင်တဲ့လူတွေများမယ်ဆိုရင်တော့ အလှည့်ကျထိုင်ရမှာ
ဖြစ်ပါတယ်။ အရှေ့ဆုံးတန်းမှာထိုင်တဲ့သူတွေဟာ နောက်ဆုံးတန်းမှာထိုင်တဲ့
ကျောင်းသားတွေထက်ဆရာ၊ဆရာမတွေရဲ့ အာရုံစိုက်မှုကိုပိုပြီးခံစားရတယ်။
အသံကိုပိုမိုရှင်းလင်းစွာကြားရတယ်၊ ဆရာသမားရဲအရေးအသားရှင်းလင်း
ချက်တွေကိုရှင်းလင်းစွာမြင်ရတယ်၊ ဆရာ/ဆရာမတို့နဲ့ပိုမိုခင်မင်ရင်းနှီးဖို့အခွင့်
အလမ်းတွေကိုရရှိကြပါတယ်။ ဆရာ၊ဆရာမဆတွေနဲ့ပိုမိုနီးကပ်သွားတဲ့
အတွက် ကျောင်းသားတွေအနေနဲ့လည်း ပေါ့ဆမှုသိသိသာသာလျော့နည်းသွား
ပါတယ်။
ရထားလက်မှတ် ဝယ်ယူဖို့တန်းစီ သလိုပဲရှေ့ဆုံးတန်းမှာထိုင်သူဟာနောက်
ဆုံးမှာတန်းမှာ ထိုင်တဲ့သူထက်အခွင့်အရေးတွေကို ပိုမိုရရှိခံစားရမှာဖြစ်ပါတယ်။
၁၀။ မှတ်စုမှန်မှန်ယူပါ
လူတွေဟာ သူတို့ကြားသိသမျှကို(၇၂)နာရီအတွင်း(၉၅မေ့လျော့
တတ်ကြတယ်လို့ သုတေသီတွေရဲ့အဆိုအရသိရပါတယ်။ ဒါဟာမှတ်စုယူဖို့
အရေးကြီးတဲ့အကြောင်းပြချက်တစ်ရပ်ဖြစ်ပါတယ်။ အချို့သောအရေးကြီး
သတင်းအချက်အလက်တွေဟာမှတ်စုယူမထားဘူးဆိုရင် ဘယ်တော့မှပြန်
မရနိုင်တော့တဲ့အခြေအနေမျိုးဖြစ်ပါတယ်။ သတိရနေသလိုဟုတ်ပေမယ့်
ဘယ်လိုမှပြန်စဉ်းစားပြီးပေါ်မလာတာမျိုးတွေဖြစ်တတ်ပါတယ်။ မှတ်စုယူတဲ့
အလေ့အကျင့်ရှိတဲ့လူတွေဟာလိုအပ်တဲ့အခါ ပြန်ပြီးရှာဖွေထုတ်ဖေါ်နိုင်ပါ
တယ်။ နောင်တချိန်ချိန်မှာကိုယ်ကသူများကိုသင်ကြားပို့ချပေးဖို့ ဟောပြော ဖို့လို
အပ်လာတဲ့အခါ ပြန်လည်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီကနေ့ ကမ္ဘာကျော်
အဖိုးတန်စာပေအတော်များများဟာရှေးနှစ်ပေါင်းများစွာကလူတွေရဲ့ မှတ်စု
စာအုပ် ကိုယ်ရေးနေ့စဉ်မှတ်တမ်းတွေကနေထွက်ပေါ်လာတာဖြစ် တယ်။
၁၁။ မိမိသင်ယူလေ့လာခဲ့သည့်အရာများကို ပြန်ပြောပါ
ငါတို့ဟာမိမိသင်ယူခဲ့ပြီးတဲ့အရာတွေကို ရေငုံနုတ်ပိတ်နေဖို့ မဟုတ်ပါ။
အခြားသူတွေနဲ့ပြောဆိုဆွေးနွေးမှုပြုခြင်းဖြင့်ပိုပြီးနားလည်၊ မှတ်မိစေပါတယ်။
မိမိကသင်ကြားခံယူနေစဉ်လက်လွတ်လိုက်ရတဲ့ အခြားသတင်းအချက်
အလက်တွေကိုလည်းမိတ်ဆွေများထံမှပြန်လည်ရရှိစေပါတယ်။ ကိုယ်ကကိုယ်
သင်ယူခဲ့တဲ့အရာကိုအခြားသူတွေကိုပြောပြခြင်းကြောင့် သူတပါးကိုဆက်
သွယ်ပြောဆိုမှုပြုရာမှာပိုပြီးကျွမ်းကျင်လိမ္မာလာမှာဖြစ်ပါတယ်။
၁၂။ စား မေးပွဲတွင်မခိုးချပါနှင့်
စာမေးပွဲမှာခိုးချတဲ့သူဟာ အသင်းတော်ရောက်ရင်အလှူငွေခိုးတတ်
တယ်လို့ဆရာတပါးကဟာသနှောပြီးပြောဆိုခဲ့ပါတယ်။ စာမေးပွဲမှာ စာခိုးချသူ
တွေဟာစာမလုပ်ချင်တော့ပါဘူး။ စာခိုးပြီးရလာတဲ့ဘွဲ့မှန်သမျှဟာ (ငတက်ပြား
ဘွဲ့)ပါပဲ။ ဘာပဲခိုးခိုး၊ခိုးချသူဟာအလိုအလျောက်အကျင့်မကောင်းသူစာရင်း
ထဲမှာပါသွားပြီ။ ခိုးချသူဟာစာမေးပွဲအောင်သွားပေမယ့်လည်း ဘုရားသခင်ရဲ့
ရှေ့တော်မှာစာမေးပွဲကျသူဖြစ်ပါတယ်။ စာခိုးချသူဟာသူခိုးအမျိုးအစားတစ်ခု
ဖြစ်ပြီးအခန့်မသင့်ရင်ကျောင်းထုတ်ခံရမှာဖြစ်ပါတယ်။
၁၃။ အချိန်ကိုကောင်းစွာစီမံခန့်ခွဲပါ
အချိန်နဲ့ပတ်သက်ပြီးမကောင်းတဲ့အကျင့်ဆိုးတွေကအချိန်ဆွဲခြင်း၊
အချိန်ဖြုန်းခြင်း၊အချိန်မတိကျခြင်းတို့ဖြစ်ပါတယ်။ တိုးတက်တဲ့နိုင်ငံတိုင်းမှာ
အချိန်ဟာ အလွန်တန်ဖိုးရှိပြီး၊ မတိုးတက်တဲ့နိုင်ငံတွေမှာတော့အချိန်တွေကို
အလဟသဖြုန်းတီးကြတာများပါတယ်။ အချိန်နဲ့ပတ်သက်ပြီးကောင်းကောင်း
မွန်မွန်စီမံခန့်ခွဲခြင်းမရှိတဲ့လူငယ်တွေရဲ့ အကျင့်ဆိုးဟာကြုံရင်ကြုံသလိုလုပ်ခြင်း
(သို့)သံတမတ်တည်းမလုပ်ခြင်းဘဲဖြစ်ပါတယ်။ ကျောင်းသားတိုင်းမှာအား
ကစားချိန်၊ သူငယ်ချင်းများနှင့်စကားပြောချိန်၊ ဆုတောင်းချိန်၊ ကျမ်းစာ ဖတ်ချိန်၊
ရေချိုးချိန်၊ စာကြည့်ချိန်၊ အင်တာနက်ကြည့်ချိန်ဆိုပြီးအသီးသီးရှိသင့် ပါတယ်။
ရှိတာတွေကို မျှမျှတတ၊ စည်းစနစ်ကျကျစီမံကွပ်ကဲနိုင်ခြင်းမရှိ ဘူး
ဆိုရင်အောင်မြင်တဲ့ကျောင်းသားတစ်ယောက်မဖြစ်နိုင်တော့ဘူး။
အကောင်းဆုံးကတော့ကိုယ်ပိုင်အချိန်ဇယားကိုဆွဲထားပြီး၊ ထိုအချိန်
ဇယားအတိုင်းမိမိ ကိုယ်ကို လိုက်နာဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်။ အခြေအနေ
အရတစ်ခါတရံမှာအချိန်ဇယားအပြောင်းအလဲတွေလုပ်ဖို့ လိုအပ်လာတတ်ပေ
မယ့်ကြုံသလိုအသက်ရှင်လုပ်ဆောင်မှုကတော့ လုံးဝမဖြစ်သင့်တဲ့ကိစ္စဖြစ်ပါ
တယ်။ တခါတလေဘ၀မှာထင်သလိုဖြစ်မလာတတ်ပေမယ့် ဖြစ်သလို မလုပ်ဖို့
တော့လိုအပ်ပါတယ်။
၁၄။ ဆုတောင်းရင်း ကြိုးစားအားထုတ်ပါ
တစ်ခါကကျွန်တော်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဟာသဆန်တဲ့
ခရစ်ယာန်ကာတွန်းလေးတစ်ခုတက်လာပါတယ်။ အဲဒီကာတွန်းမှာကျောင်းသူ
မလေးတစ်ယောက်ကဘုရားသခင်ထံတော်မှာ စာမကျက်ဘဲဆယ်တန်းအောင်
ဖို့ဆုတောင်းနေပါတယ်။ သိပ်မကြာခင်မှာပဲကောင်းကင်တမန်တပါးရောက်ရှိ
လာပြီးစာအိတ်တစ်အိတ်လာပေးသွားပါတယ်။ ကျောင်းသူမလေးဟာအလွန်
ဝမ်းသာသွားပြီးဘုရားသခင်ပေးတဲ့အဖြေစာအိတ်ကို ဖွင့်ကြည့်လိုက်ရာစာ
ထဲမှာရေးသားဖေါ်ပြထားတာကတော့ လဲသေလိုက်ဖြစ်နေပါတယ်။
တစ်ခါတုန်းကလည်းအဆောင်မှူးတစ်ယောက်ဟာဝိညဉ်ရေးရာ
အရမ်းနိုးထလွန်းတာကြောင့်ကျောင်းသူ၊ကျောင်းသားတွေကိုစာမကျက်ခိုင်းပဲ
သူကိုယ်တိုင်သူတို့နဲ့အတူကျမ်းစာဖတ်၊ ဆုတောင်းတာချည်းပဲလုပ်ဆောင်
ခဲ့ပါတယ်။ စာမေးပွဲဖြေပြီးအောင်စာရင်းထွက်လာတဲ့အချိန်မှာတော့သူ့
ကျောင်းသားတွေဟာစာမေးပွဲကျခဲ့ကြပါတယ်။ ကျမ်းစာကအကျင့်မပါသော
ယုံကြည်ခြင်းသည်အသေဖြစ်သည်လို့ ဖေါ်ပြထားတာကြောင့်ဆုတောင်းတာ
တစ်ခုတည်းနဲ့သွားလို့မရပါဘူး။ လူ့အပိုင်းကလုပ်ဆောင်ရမယ့်အပိုင်းကို လူက
လုပ်ဆောင်ရမှာဖြစ်ပြီးဘုရားအပိုင်းကလုပ်ဆောင်ရမယ့်အပိုင်းကိုဘုရားသခင်
လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ငါသည် စိုက်ပျိုးသောသူဖြစ်၏အာပေါ
လှသည်ရေလောင်းသောသူဖြစ်၏။ အပင်ကိုကြီးပွါးစေသောသူကား။
ဘုရားသခင်ပေတည်း။ စိုက်ပျိုးသောသူမတတ်နိုင်။ ရေလောင်းသောသူ
လည်းမတတ်နိုင်။ ကြီးပွါးစေတော်မူသောဘုရားသခင်သာလျှင်တတ်နိုင်
တော်မူ၏။ (၁ကော၃း၆-၇)ဒီကျမ်းချက်ကိုကြည့်ခြင်း အားဖြင့်ကျွန်တော်တို့
ရဲ့အသက်တာမှာဘုရားသခင်လုပ်ဆောင်ရမယ့်အပိုင်းနဲ့ကိုယ်ကလုပ်ဆောင်
ရမယ့်အပိုင်းနှစ်ပိုင်းရှိတယ်ဆိုတာနားလည်ရပါတယ်။ ငါတို့လုပ်ဆောင်ရမယ့်
အပိုင်းတာဝန်ကျေပွန်အောင်လုပ်ဆောင်မယ်ဆိုရင် ဘုရားသခင်ဘက်ကတာ
ဝန်ပျက်ကွက်တယ်ဆိုတာမရှိပါဘူး။
နိဂုံး
အချုပ်အနေနဲ့ ဆိုရရင်အောင်မြင်တဲ့ကျောင်းသားတစ်ယောက်ဖြစ်
ဖို့ဆိုတာကတော်တာတစ်ခုတည်းနဲ့အလုပ်မဖြစ်ပါဘူး။ နည်းလမ်းကျဖို့၊ စည်း
ကမ်းရှိဖို့၊ ဝိညာဉ်ရေးဆိုင်ရာ၊ လူမှုရေးဆိုင်ရာတိုးတက်ကောင်းမွန်ဖို့လည်းလို
ပါတယ်။ ရည်မှန်းချက်ရှိဖို့ယုံကြည်ခြင်းရှိဖို့လိုတယ်။ ကြိုးစားအားထုတ်ဖို့လို
သလိုဘုရားသခင်ကိုအမှန်တကယ်ကိုးစားတတ်တဲ့အသက်တာဖြစ်ဖို့လို
ပါတယ်။ အောင်မြင်တဲ့ကျောင်းသားဆိုတာစာတော် တာတစ်ခုထဲကိုပြောတာ
မဟုတ်ဘဲသူ့ရဲ့လူမှုဆက်ဆံရေး၊ စည်းကမ်းသေသပ်မှု၊ ဝိညာဉ်ရေးအသက်တာ
မှန်ကန်မှုစသည်တို့ကိုဆိုလိုခြင်းဖြစ်ပါတယ်။ အချို့ကျောင်းသူ/သားများ ဟာ
စာသင်ခန်းမှာတော်သလောက်အပြင်လောကမှာ ဘာမှသုံးစားလို့မရတဲ့သူ
တွေများစွာရှိပါတယ်။ အောင်မြင်တဲ့ကျောင်းသားကတော့ ကျောင်းခန်းထဲမှာ
သာမကအပြင်လောကမှာလည်းတကယ်အားကိုး၊လေးစားထိုက်တဲ့ကျောင်း
သူ/သားမျိုးဖြစ်ပါတယ်။ အထက်ပါဖေါ်ပြချက်(၁၄)ချက်ဟာကျောင်းတက်
စဉ်သာမက၊အပြင်လောကရောက်သွားတဲ့နောက်ပိုင်း ဘာလုပ်ငန်းပဲလုပ်
လုပ်စောင့်စည်းလိုက်နာရမယ့် အရာတွေဖြစ်ပါတယ်။
လူငယ်နှင့်အလုပ်
နိဒါန်း
Spiritual Disciplines for the Christian Life စာအုပ်ကိုရေးသား
ခဲ့တဲ့ဒေါ်နယ်လ်ဝိုက်တနယ်က အလုပ်ဆိုတာပျော်စရာမဟုတ်ပေမယ့်
ဘဝအတွက်ပျော်စရာအများစုကိုအလုပ်နဲ့စည်းကမ်းထဲကရရှိနိုင်ပါတယ်
လို့ဖော်ပြထားပါတယ်။ ငါတို့ ကိုးကွယ်နေတဲ့ ယေရှုခရစ်တော်ဘုရားကိုယ်
တိုင်လောကမှာနေထိုင်စဉ်တုန်းက လက်သမားအလုပ်နဲ့မိသားစုကိုရှာဖွေ
ကျွေးမွေးပြုစုခဲ့ပါတယ်။ သခင်ယေရှုတပည့်တော်တွေကိုခေါ်တဲ့အကြောင်း
ကိုကြည့်ရင်လည်းပေတရုယာကုပ်၊ ယောဟန်တို့ဟာကြိုးစားငါးဖမ်းနေသူ တွေ
ဖြစ်တယ်။ မဿဲဆိုရင်လည်းစားပွဲမှာထိုင်ပြီးအခွန်ကောက်နေတယ်၊ စာရင်း
ဇယားတွေရေးဆွဲနေတယ်။ ဧလိယကဧလိရှဲကိုခေါ်တုန်းကလည်း ဧလိရှဲဟာ
အလုပ်ရှင်မှန်ပေမယ့်ကိုယ်တိုင်ထွန်တုံးကိုင်ပြီးလယ်ထွန်နေတယ်။ တကယ်
တော့အလုပ်ဆိုတာငါတို့ ရဲ့ရန်သူမဟုတ်ဘူး။ အကောင်းဆုံးမိတ်ဆွေပါ။
အလုပ်လုပ်တဲ့လူဟာကျန်းမာတယ်။ ဝင်ငွေရမယ်။ စိတ်ငြိမ်သက်တယ်။
စိတ်မလေဘူး။ လူတွေကအထင်မသေးဘူး။ ဘာအလုပ်ပဲဖြစ်ဖြစ်သမ္မာ အာဇီဝ
ကျဖို့သာလိုပါတယ်။ ဒီအခန်းမှာတော့လူငယ်ရဲ့အလုပ်အကြောင်းဖော်ပြလိုပါ
တယ်။
၆။ ကြိုးကြိုးစားစားလုပ်ဆောင်ပါ
အလုပ်ကြိုးစားအားထုတ်ခြင်းနဲ့ပတ်သက်ပြီး လူငယ်တွေအနေနဲ့
တကယ်စံနမူနာယူထိုက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ကိုပြောမယ်ဆိုရင် ဒေးဗစ်
လစ်ဗင်းစတုန်းပါ။ သူဟာအသက်(၁၀)နှစ်အရွယ်ကတည်းကပင်ဝါဂွမ်းစက်
ရုံတခုမှာမနက်(၆)နာရီကနေညနေ(၈)နာရီအထိ၊ တစ်နေ့(၁၄)နာရီတိုင်အောင်
အလုပ်လုပ်ခဲ့ရပါတယ်။ အားလပ်ချိန်ကိုလည်းစာပေဖတ်ရှုလေ့လာခြင်းဖြင့်
ကုန်လွန်စေခဲ့တယ်။ ညနေ(၈)နာရီကနေည(၁၀)နာရီတိုင်အောင်ညကျောင်း
တက်ခဲ့ပြီးအိမ်ပြန်ရောက်ချိန်ကျပြန်တော့လည်းမိခင်ကသူရဲ့လက်ထဲ ကနေစာ
အုပ်ကိုလုယူပြီးအိပ်ရာဝင်တော့လို့မပြောမချင်းညနက်တဲ့အထိ စာပေတွေကို
ဖတ်ရှုလေ့လာခဲ့ပါတယ်။ ဒါကြောင့်သူဟာအသက်၁၆နှစ်အရွယ် ရောက်တဲ့
အခါလက်တင်စာပေ၊ ဟောရစ်စာပေနဲ့ဝီလ်စတဲ့ခက်ခဲနက်နဲတဲ့ ရှေးဂန္တဝင်
စာပေတွေကိုတောင်ဖတ်ရှုနိုင်ပြီဖြစ်တယ်။ အသက်(၂၇)နှစ် အရွယ်ရောက်လာ
တဲ့အခါသူဟာ ဆေးပညာရပ်နဲ့ဆိုင်တဲ့စာပေကျမ်းဂန်တွေ၊ သီအိုလော်ဂျီနှင့်ဆိုင်
နဲ့ဆိုင်တဲ့ကျမ်းဂန်တွေအားလုံးကိုဖတ်ရှုလေ့လာပြီးဖြစ်ခဲ့ပါတယ်။
ကျမ်းစာကငါတို့ကိုပျင်းရိခြင်းမရှိဘဲ အရာရာမှာကြိုးစားလုပ်ဆောင်
ဖို့အတွက်အထူးသွန်သင်ထားပါတယ်၊ အချင်းလူပျင်းပရွတ်ဆိတ်ထံသို့
သွား၍သူ၏အပြုအမူတို့ကိုဆင်ခြင်သဖြင့်ပညာရှိစေလော့။ ပရွက်ဆိတ်
သည်ဆရာမရှိ၊ပဲ့ပြင်သောသူမရှိ၊မင်းမရှိဘဲလျက်၊ နွေကာလနှင့်စပါး
ရိတ်ရာကာလ၌မိမိစားစရာအစာကိုရှာဖွေသိုထားတတ်၏။ ဟိုလူပျင်း၊
သင်သည်အဘယ်မျှကာလပတ်လုံးအိပ်လျက်နေလိမ့်မည်နည်း။ အဘယ်
သောအခါနိုးလိမ့်မည်နည်း။ ခဏအိပ်လျက်၊ ခဏပျော်လျက်၊အိပ်ပျော်တဲ့
ဆောဌာခဏလက်ချင်းပိုက်လျက်နေစဉ်တွင် ဆင်းရဲခြင်းသည်ခရီးသွား
သောသူကဲ့သို့လည်းကောင်းဥစ္စာပြုန်းတီးခြင်းသည် သူရဲကဲ့သို့လည်း
ကောင်းရောက်လာလိမ့်မည်။ (သု၆း၆-၁၁)ခြောက်ရက်ပတ်လုံးအလုပ်
မျိုးကိုကြိုးစား၍လုပ်ဆောင်လော့။ (ထွ၂၀း၉)
ကမန်းကတန်းထပြီးဖန်ဆင်းရတာဘာမှမရှိပါဘူး။ ဘုရားသခင်ရဲ့ သားသမီး
တွေဟာဘုရားသခင်လိုပဲအရာရာမှာ ကြိုကြိုတင်တင်၊ပြင်ဆင်လုပ်ဆောင်
တတ်ဖို့အလွန်အရေးကြီးပါတယ်။ မီကယ်ဒယ်ကာဗင်းတက်စ်ကကြိုတင်ပြင်
ဆင်ထားသူဟာတိုက်ပွဲကိုတစ်ဝက်တိုက်ပြီးဖြစ်တယ် လို့ဆိုပါတယ်။
ကျွန်တော်တို့မကြာမကြာပြောကြသလိုဘဝဆိုတာတိုက်ပွဲပါပဲ။ တိုက်
ပွဲဆိုတာကြိုတင်ပြင်ဆင်မှုမရှိပဲဝင်တိုက်လို့မရပါဘူး။ ပြင်ဆင်မှုမရှိပ်တိုက်ပွဲဝင်
မယ်ဆိုရင်အားလုံးသေကုန်ကြမှာသေချာပါတယ်။ ကျွန်တော်တို့တတွေ
ဟာပြင်ဆင်မှု အားနည်းမှုကြောင့်မကြာမကြာဆိုသလို မလိုလားအပ်တဲ့ဆုံးရှုံး
နှစ်နာမှုတွေနဲ့ရင်ဆိုင်ရတတ်ကြပါတယ်။ ဘယ်လောက်ပဲတော်တဲ့ အားကစား
သမားဖြစ်ဖြစ်ပြိုင်ပွဲတကယ်ဝင် တော့မယ်ဆိုရင်ပြိုင်ပွဲမှာ အနိုင်ရဖို့ကြိုတင်ပြင်
ဆင်လေ့ကျင့်မှု တွေပြုရပါတယ်။
ရော်ဂျာစတိုးဘတ်က ကြီးကျယ်ခမ်းနား တဲ့စွမ်း ဆောင်မှုဆိုတာ
အသေးအမွှားကအစကြိုတင်ပြင်ဆင်မှုကနေပေါက်ဖွားလာတာပါ လို့ဆိုပါ
တယ်။ ဆော့ဖ်ဟေမာဟာနွားရိုင်းသတ်ချန်ပီယံဆုရတဲ့နောက်တနေ့မှာပဲလေ့
ကျင့်ရေးစခန်းမှာဆက်လက်လေ့လာ လေ့ကျင့်မှုပြုနေခဲ့တယ်။ သူ့ကိုဘာကြောင့်
အဲလိုလုပ်ရသလဲလို့မေးတော့သူက ငါနောက်ထပ်တိုက်ခိုက်မယ့်
ရိုင်းဟာအရင်အပတ်ကငါဘယ်လောက်တောင် ထိထိရောက်ရောက်
တိုက်ခိုက်ခဲ့တာကိုဂရုစိုက်မှာမဟုတ်ဘူးလို့ဖြေလိုက်တယ်။
၃။လူတွေနဲ့တိုင်တိုင်ပင်ပင်ပူးပေါင်းလုပ်ဆောင်ပါ
လူဆိုတာပေါင်းသင်းဆက်ဆံရေးသတ္တဝါဖြစ်ပါတယ်။ လူဆိုတာ
တစ်ဦးတယောက်တည်းနေထိုင်လို့မရပါဘူး။ ဒါကြောင့်လည်းလူငယ် အများ
စုဟာအပေါင်းအသင်းကိုခုံမင်ကြခြင်းပါ။ လူငယ်တွေဟာ အောင်မြင် တဲ့ဘဝ
အသက်တာတစ်ခုကိုတည်ဆောက်ရာမှာ မှန်ကန်တဲ့ပေါင်းသင်း ဆက်ဆံရေး
ဟာ အလွန်အရေးကြီးတဲ့ကိစ္စဖြစ်ပါတယ်။
သီယိုဒိုရူးစဗဲ့က အောင်မြင်မှုရဖို့ပုံသေနည်းထဲမှာ ပါတဲ့ အရေးအကြီးဆုံး
အ ချက်တစ်ခုကတော့လူတွေနဲ့ဘယ်လိုအဆင်ပြေအောင်ဆက်ဆံရမယ်
ဆိုတာကိုသိရှိခြင်းပဲဖြစ်တယ် လို့ဆိုခဲ့တယ်။ ကျမ်းစာကပေါင်းသင်းဆက်ဆံ
ရေးနဲ့ပတ်သက်ပြီးခုလိုဖေါ်ပြထားပါတယ်။ အချင်းချင်း စိတ်သဘော တညီ
တညွတ်တည်းရှိကြလော့။ ဂုဏ်စည်းစိမ်ကိုငဲ့ကွက်ခြင်းမရှိကြနှင့်၊ နှိမ့်ချ
သောသူတို့ ကိုအပေါင်းအဖော်လုပ်ကြလော့။ ငါသည် ပညာရှိ၏ဟုကိုယ်
ကိုမထင်ကြ နှင့်။ အဘယ်သူကိုမျှရန်တုံ့မမူကြနှင့်။ လူအပေါင်းတို့ ရှေ့
မှာတင့်တယ်လျောက်ပတ်သောအကျင့်ကိုကြံစည်ကြလော့။ သင်တို့သည်
တတ်နိုင်သမျှအတိုင်းလူအပေါင်းတို့ နှင့်အသင့်အတင့်နေကြလော့။
(ရော ၁၃း၁၆-၁၈)ငါတို့ဟာလူတိုင်းနဲ့ အဆင်ပြေအောင်ပေါင်း သင်းဆက်ဆံ
ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။
သင်ကဘယ်လောက်ပဲကောင်းအောင် ဆက်ဆံနေပါစေအဆိုး
သဘောနဲ့တုန့်ပြန်သူကတော့ဆက်ပြီးရှိနေဦးမှာဖြစ်တယ်။ ဒါပေမယ့်ကိုယ့်ဖက်
ကနေအကောင်းဆုံးဆက်ဆံဖို. သာအရေးကြီးပါတယ်။ ယုံကြည်သူလူငယ်
မောင်မယ်များအတွက်ဆက်ဆံရေးဟာ ချီးမွမ်းကိုးကွယ်ခြင်းလိုပဲအရေးကြီး
လှပါတယ်။ သခင်ယေရှုက ထို့ကြောင့်သင်သည်ပူဇော်သက္ကာယဇ်ပလ္လင်
သို့ဆောင်ယူခဲ့လျက်သင်၏ညီအစ်ကိုသည်သင်၌အပြစ်တင်ခွင့်တစုံတခုရှိ
သည်ဟုအောက်မေ့သတိရလျှင်၊ ယဇ်ပလ္လင်ရှေ့မှာပူဇော်သက္ကာကိုထား
၍သွားလော့။ ညီအစ်ကိုနှင့် သင့်တင့်ပြီးမှပြန်၍ ပူဇော်သက္ကာကိုတင်
လော့ ဆိုပြီးမိန့်တော်မူပါတယ်။ (မဿဲ၅း၂၄)
ကောင်းမွန်တဲ့ဆက်ဆံရေးအတွက်လူတွေကို အချိန်ပေးရမယ်။ လူ
တွေကိုစိတ်ဝင်စားရမယ်။ လူတွေကိုတန်ဖိုးထားတတ်ရမယ်။ လူတွေကို ကြင်
နာ၊ချစ်ခင်တတ်ရမယ်။ အကူအညီလိုအပ်သူကိုကူညီပေးရမယ်။ အနစ်နာခံ
သင့်တဲ့အခါပေးဆပ်ဖို့အသင့်ရှိရမယ်။ ကောင်းမွန်တဲ့ပေါင်းသင်းဆက်ဆံရေး
ဆိုတာဈေးမပေါဘူး။ ကြိုးစားတည်ဆောက်ယူရတဲ့အရာဖြစ်ပါတယ်။
အမေရိကန်ရဲတစ်ဆယ့်ခြောက်ယောက်မြောက်သမ္မတလင်ကွန်းဟာ သူရဲ့
အချိန် ၇၅% ကိုပြည်သူတွေနဲ့ တွေ့ဆုံရန်အသုံးပြုခဲ့တယ်။ သူ့ရဲ့ သမ္မတသက်
တမ်းတလျှောက်လုံးမှာသူဟာဆေးရုံတွေ၊အသုဘအခန်းအနားတွေ၊ လူနေ
အိမ်တွေဆီကိုစဉ်ဆက်မပြတ်သွားရောက်လည်ပတ်ပြီး ဒဏ်ရာရစစ်သားတွေကို
အားပေးတာ၊နှစ်သိမ့်တာ၊ဂုဏ်ပြုတာတွေကိုပြုခဲ့တယ်။ အဲဒီအချက်တွေ
ကြောင့်ပဲလူတွေကသူ့ကိုယနေ့ထိတိုင်အောင် မေ့မရနိုင်ရခြင်းဖြစ်ပါတယ်။
သူဟာ အမေရိကန်နိုင်ငံရဲ့ တွေ့ရအလွယ်ကူဆုံး သမ္မတအဖြစ်သမိုင်းတွင်ခဲ့
ပါတယ်။ တိုင်ပင်ခြင်းမရှိလျှင်အကြံပျက်တတ်၏။ တိုင်ပင်သောသူများ
လျှင်မူကား၊အကြံတည်တတ်၏။ (သု၁၅း၂၂)
တစ်ခါကအိမ်ရှင်မတစ်ယောက်ဟာ အပြင်မထွက်ခင် ဟင်းအိုးထဲမှာ
ဆားမထည့်ရသေးဘူးနော် လို့သမီးကြီးကိုအော်ပြောခဲ့ပြီးအပြင်ထွက်သွား
လိုက်တယ်။ အဲဒါကိုသမီးကြီးကကြားလိုက်တယ်။ ခင်ပွန်းဖြစ်သူကလည်းခြံ
ထဲအလုပ်လုပ်ရင်းကနေကြားလိုက်တယ်။ သားကြီးကလည်း ကွန်ပျူတာဂိမ်း
ကစားရင်းနဲ့ကြားလိုက်တယ်။ သိပ်မကြာခင်မှာပဲသမီးကြီးကမီးဖိုချောင်ထဲဝင်ပြီး
ဟင်းအိုးထဲကိုဆားအချို့ထည့်လိုက်တယ်။ ဒါကိုအဖေဖြစ်သူကမသိတာကြောင့်
အဖေကလည်းဆား အနည်းငယ်ထည့်လိုက်တယ်။ အဖေထွက်သွားပြီး
တဲ့နောက်မှာ တော့သားကြီးကလည်းကွန်ပျူတာ ကိုပိတ်ပြီး မီးဖိုချောင်ထဲဝင်ပြီး
ဆားအနည်းငယ်ထပ်ထည့်လိုက်ပြန်တယ်။
ညနေစာစားချိန်ရောက်တော့ဟင်းဟာစားလို့မရတော့လောက် အောင်
ငန်တူးနေနေပါတော့တယ်။ အမေဖြစ်သူကသမီးကြီးကိုဘာကြောင့်ဆားဘဲ
ဒီလောက်တောင်ထည့်ရတာလဲလို့မေးတော့ သမီးကြီးကပုံမှန်ပဲထည့်တာပါလို့
ပြောလိုက်တယ်။ ဒီအချိန်ခင်ပွန်းဖြစ်သူနဲ့သားကြီးကငါတို့ကိုဆားထည့်ခိုင်းတာ
ထင်လို့ထည့်မိပါတယ်လို့ဝန်ခံလိုက်တယ်။ အားလုံးဟာတာဝန်သိတတ်မှု၊
စေတနာအရင်းခံနဲ့ကောင်းရာကောင်းကြောင်းလုပ်ဆောင်ခဲ့ကြတာမှန်ပေမယ့်
ညှိ နှိုင်းတိုင်ပင်ခြင်းမရှိတာကြောင့်မလိုလားအပ်တဲ့ဆုံးရှုံးနစ်နာမှုဖြစ်ခဲ့ရတာပါ။
အကောင်းဆုံးကတော့ဘာပဲလုပ်လုပ်ဘုရားသခင်နဲ့တိုင်ပင်ပြီးမှ လုပ်
ဆောင်ခြင်းဖြစ်ပါတယ်။ ကျမ်းစာကဘုရားသခင်ရဲ့နာမတော်ကိုခုလိုဖေါ်ပြ
ထားတယ်။ နာမတော်မူကား အံ့သြဖွယ်၊တိုင်ပင်ဘက်၊တန်ခိုးကြီးသော
ဘုရားသခင်၊ထာဝရအဘငြိမ်သက်ခြင်းအရှင်ဟုခေါ်ဝေါ်သမုတ်ခြင်းကို
ခံတော်မူလိမ့်မည်။ (ဟေ၉း၆) ပါ8ဒ်ရှိအသက်တာမှာအံ့သြဘွယ်ကောင်း
တဲ့အချက်တစ်ချက်ကတော့စစ်တိုက်ပြီးရှုံးနိမ့်တာတစ်ကြိမ်တလေမျှမရှိခြင်း
ပဲဖြစ်တယ်။ ဒီလိုဖြစ်ရခြင်းရဲသော့ချက်ကိုကြည့်မယ်ဆိုရင်ဒါဝိဒ်ဟာဘာပဲ
လုပ်လုပ်ဘုရားသခင်နဲ့တိုင်ပင်ပြီးမှလုပ်ဆောင်ခြင်းကြောင့်ဖြစ်တယ်။
ဒီကျမ်းချက်အချို့ကပါဝိဂ်ဟာဘုရားသခင်နဲ့ ဘယ်လိုတိုင်ပင်ဖက်
တယ်ဆိုတာကိုဖော်ပြပေးနေပါတယ်။ တဖန်ဒါဝိဒ်သည် ထပ်၍ထာဝရ
ဘုရားအားမေးလျှောက်လျှင်၊(၂၃း၄)ကျွန်ုပ်သည် ထိုဖိလိတ္တိလူတို့ကို
သွား၍လုပ်ကြံရပါမည်လောဟုထာဝရဘုရားအားမေးလျှောက်လျှင်၊
(၁ရာ ၂၃း၂) တဖန်ပါ8ဒ်က၊ကိလမြို့သားတို့သည် အကျွန်ုပ်နှင့်အကျွန်ုပ်
၏လူတို့ကိုရှောလုလက် သို့အပ်ကြပါလိမ့်မည်လောဟုမေးလျှောက်သော်
(၂၃း၁၂)ဘုရားသခင်က ယုံကြည်သူတိုင်းကိုငါ့ကိုခေါ်လော့။ငါထူးမည်။ ။
ကြီးသောအရာ၊ ဆင်မသိနိုင် အောင်နက်နဲသောအရာ တို့ကိုငါပြမည်
ဆိုပြီးခေါ်ဖိတ်နေပါတယ်။ (ယေ၃၃း၃)ငါတို့အပိုင်းကသာဘုရားသခင်နဲ့ အချိန်
ယူနိုင်မယူနိုင်၊ သူ့အပေါ် ဘယ်အတိုင်းတာအထိကိုးစားခြင်းရှိမရှိဆိုတဲ့အပေါ်မှာ
မူတည်နေပါတယ်။
၄။ မကြောက်ဘဲရင်ဆိုင်ပါ
လောကမှာ မကြောက်တတ်တဲ့လူဆိုတာမရှိပါဘူး။ စာရေးဆရာကြီး
နန်.မမကလည်။ သတ္တိဆိုတာအကျပ်အတည်းတွေကို တည်
အည်ငြိမ်ငြိမ်နဲ့ရင်ဆိုခြင်းဖြစ်တယ် လို့ဆိုပါတယ်။ အမေရိကန် နိုင်ငံရဲ့
မ၀သူရဲကောင်းလစ်ကင်ဟက်ကားဟာ ပထမကမ္ဘာစစ်အတွင်းလေယာဉ်နဲ့
ပင် နာရီပေါင်း(၃၀၀) ခန့်ရှိခဲ့ပြီး ရန်သူတွေနဲ့ (၁၃၄) ကြိမ်ရင်ဆိုင်တိုက်
ခိုက်ခဲ့ပြီးရန်သူ့လေယာဉ်(၂၆)စီးကိုပစ်ချနိုင်ခဲ့သူဖြစ်ပါတယ်။ သူကသတ္တိဆိုတာ
သင်လုပ်ဖို့ကြောက်နေတဲ့ကိစ္စကို ဆောင်ရွက်ခြင်းပါပဲ၊ သင့်မှာအကြီး
အကျယ်ထိတ်လန့်ကြောက်ရွံ့နေမှုမရှိခဲ့ရင်သတ္တိဆိုတာမရှိနိုင်ဘူး လို့ဆိုခဲ့
ပါတယ်။ ကြောက်ရွံ့ခြင်းဟာငါတို့ရဲ့ဘဝတက်လမ်းအတွက် ကြီးမားတဲ့အဆီး
တားဖြစ်တာကြောင့်ဒါကြောက်ရွံ့ခြင်းကိုအနိုင်ယူဖို့လိုတယ်။ သင်ဟာသင်ဟာ
အရာရာကိုစိုးရိမ်ကြောက်ရွံ့တတ်သူဖြစ်တယ်ဆိုရင်ဒီကျမ်းချက်လေးတွေကို
ဆင်ခြင်ကြည့်လိုက်ပါ။
အဘယ်အမှုကိုမျှစိုးရိမ်ခြင်းမရှိဘဲအရာရာ၌ကျေးဇူးတော်ကိုချီးမွမ်းခြင်း
နှင့်တကွဆုတောင်းပဌနာပြုသောအားဖြင့်၊ သင်တို့ တောင်းပန်လို
သောလူငယ်နှင့် အလုပအရာများတို့ကိုဘုရားသခင်အားကြားလျှောက်
ကြလော့။ ထိုသို့ပြုလျှင်အဘယ်သူမျှ၍ မမီနိုင်သောဘုရားသခင်
၏ငြိမ်သက်ခြင်းသည်ယေရှုခရစ် အားဖြင့်သင်တို့၏စိတ်နှလုံးတို့ကို
စောင့်မလိမ့်မည်။ (ဖိလိ၄း၆-၇)
တနည်းကားကိုယ်ခန္ဓာကို သာသတ်၍ စိတ်ဝိညာဉ်ကို မသတ်နိုင်
သောသူတို့ကိုမကြောက်ကြနှင့်။ ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ်ကိုငရဲ၌
ဖျက်ဆီးနိုင်သောသူကိုသာ၍ကြောက်ကြလော့။ စာငှက်နှစ်ကောင်ကို
အဿရိတစ်ပြားအဖိုးနှင့် ဝယ်ရသည်မဟုတ်လော။ သင်တို့ အဘ
အခွင့်မရှိလျှင်၊ ထိုစာငှက်တစ်ကောင်မျှ မြေသို့မကျရ။သင်တို့ဆံပင်သည် လည်းအကုန်အစင်ရေတွက်လျက်ရှိ၏ ထို့ကြောင့်မကြောက်ကြ
နှင့်။ သင်တို့ သည်စာငှက်အများတို့ထက်သာ၍မြတ်ကြ၏။
(မဿဲ၁၀း၂၈-၃၁)
ဆရာမကြီးရွိုက်စ်မေရာဟာဖခင်အရင်းရဲ့ အဓမ္မပြုကျင့်ခြင်းကိုအကြိမ်
ပေါင်း(၂၀၀)မကခံခဲ့ရပြီးသူ့ဘဝဟာမတွေးရဲစရာကောင်းလှအောင် မျှော်လင့်
ချက်ကင်းမဲ့ခဲ့ရသူပါ။ ဒါပေမယ့်သူဟာနောင်မှာ ဘုရားသခင်ရဲ့ နှုတ်ကပတ်
တော်ဖွင့်ပြမှုအလင်းကိုခံစားခဲ့ရပြီး အဆိုးဆုံးအခြေအနေကနေကမ္ဘာကျော်
တရားဟောဆရာမ၊စာရေးဆရာမကြီးကြီးကျယ်ခမ်းနားတဲ့ပရဟိတလုပ်ငန်း
တွေကို ဦးဆောင်သူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ သူကသတ္တိဆိုတာ
မကြောက်တတ်တာကိုကို ပြောတာမဟုတ်ဘူး။သင်ကကြောက်နေပေမယ့်
ထွက်မပြေးဘဲသင်လုပ်သင့်လုပ်ထိုက်တဲ့အရာကိုမဖြစ်ဖြစ်အောင်လုပ်
ဆောင်ခြင်းပဲဖြစ်တယ် လို့ဆိုပါတယ်။ ကြောက်ရွံ့စိတ်ကမကြာမကြာလူတွေ
ကိုဒုက္ခများစွာပေးတတ်ပါတယ်။ ကြောက်ရွံ့ခြင်းဟာဘ၀အောင်မြင်တိုးတက်
ရေးအတွက်အဓိကရန်သူကြီးတပါးလို့ ဆိုသော်လည်းမမှားနိုင်ပါဘူး။ ရှုံးမှာ
ကိုကြောက်ရွံ့လေလေအောင်နိုင်ရန် ခက်ခဲလေလေဖြစ်တယ်။ ဘဝမှာသတ္တိရှိရှိ
စွန့်စားလုပ်ဆောင်မှုမရှိဘူးဆိုရင် အဖိုးတန်တာဘာတစ်ခုမှရစရာ အကြောင်း
မရှိပါဘူး။
ဂျူလီယက်ဆီဆာပြဇာတ်မှာရှိတ်စပီးယားရေးခဲ့တာကတော့
သူရဲဘောကြောင်သူတွေဟာတကယ် မသေခင်မှာအကြိမ်ကြိမ်သေ၏။
သတ္တိရှိသူများဟာတစ်ကြိမ်သာသေသည်လို့ဆိုခဲ့ပါတယ်။ ရပ်ကွက်မီး
လောင်တဲ့အခါကိုယ့်အိမ်မပါပေမယ့် သတိလစ်မေ့လဲကာသေဆုံးခြင်းမျိုးဖြစ်
တတ်တယ်။ လေယာဉ်ပျက်ကျတဲ့အခါအချို့ခရီးသည်များဟာဘာဒဏ်ရာ
တစ်ခုမှမရဘဲအကြောက်လွန်မှုကြောင့်သေဆုံးနေတတ်တယ်။ အမှန်တော့
ကြောက်စရာကလူကိုချက်ချင်းအန္တရာယ်မပြုပါဘူး။ ကြောက်စိတ်ကသာလူ
တွေကိုဒုက္ခပေးလေ့ရှိတတ်ပါတယ်။ အဲလိုတွေးကြောက်မှုတွေကြောင့်အခွင့်
ကောင်းများစွာစွာလက်လွတ်ဆုံးရှုံးခြင်း၊ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာထိ ခိုက်
ခြင်း၊အသက်တိုခြင်းစသဖြင့် ဖြစ်တတ်ပါတယ်။ အချို့ကအကြောက်လွန်ပြီး
အသွားတဲ့သူတွေတောင်ရှိပါတယ်။
ဒါကြောင့်သမ္မာကျမ်းစာကမစိုးရိမ်ကြဖို့၊ မကြောက်ကြဖို့အကြိမ်ပေါင်း
(၃၆၅)ကြိမ်ဖေါ်ပြထားခြင်းဖြစ်ပါတယ်။ အဓိပ္ပါယ်ကတစ်နှစ်မှာ(၃၆၅)ရက်ရှိပြီး
နေ့ရက်တိုင်းကို မကြောက်ပဲသတ္တိရှိရှိ ဘုရားသခင်နဲ့အတူရင်ဆိုင်လုပ်ဆောင်
သွားဖို့ပါ။ ဒါဝိဒ်ကဂေါလျတ်ဆိုတဲ့လူသန်ကြီးကိုတိုက်ခိုက်အောင်ခြင်း နိုင်ရခြင်းရဲ့
သော့ချက်ဟာယုံကြည်ခြင်းကြောင့်ဖြစ်တယ်။ ရှောလုမင်းကြီးကဒါဝိဒ်ဟာ
ဂေါလျတ်ကိုတိုက်ခိုက်နိုင်မှာမဟုတ်ဘူးလို့ထင်မှတ်တဲ့အခါဒါဝိဒ်ပြောခဲ့တဲ့
စကားကိုကြည့်ခြင်းအားဖြင့်ဒါဝိဒ်ရဲ့ယုံကြည်ခြင်းခိုင်မာမှုကိုတွေ့မြင်နိုင်တယ်။
ဒါဝိဒ်ကကိုယ်တော်ကျွန်သည်အဘ၏သိုးတို့ကို ထိန်းကျောင်းစဉ်အခါ၊
ခြင်္သေ့နှင့်ဝံသည်လာ၍ သိုးသငယ်ကိုသိုးစုထဲကကိုက်ချီပါ၏။ ကျွန်
တော်လိုက်၍သတ်သဖြင့် သိုးသငယ်ကို သူ့ပါးစပ်ထဲကနတ်ပါ၏။ ဝီ
သည် ကျွန် တော်ကို ပြန်၍ကိုက်သောအခါ၊ဝံ၏မုတ်ဆိတ် ကို ကိုင်၍
ရိုက် သတ်ပါ၏။ ကိုယ်တော်ကျွန်သည်ခြင်္သေ့နှင့် ဝံနှစ်ကောင်လုံးကို
သတ်ပါ၏အရေဖျားလှီးခြင်းကို မခံသောထို ဖိလိတ္တိလူသည် အသက်
ရှင်တော်မူသောဘုရားသခင်၏ဗိုလ်ခြေတို့ကို ကြိမ်းပသောကြောင့်၊ထို
အကောင်တစ်ကောင်ကဲ့သို့ဖြစ်ပါလိမ့်မည်၊ ခြင်္သေ့လက်ဝံလက် မှ
ကျွန်တော်ကို ကယ်နှုတ်တော်မူသောထာဝရဘုရားသည်၊ထိုဖိလိတ္ထိလူ
လတ်မှကယ် နုတ်တော်မူလိမ့် မည် ဟုရှောလု အား လျှောက်လေ
သော်၊ရှောလုကသွားလော့၊ထာဝရဘုရားသည်သင်နှင့်အတူရှိတော်မူ
ပါစေသောဒါဝိဒ်အားဆိုလေ၏။ (၁ရာ ၁၇း၃၄-၃၇) ကျမ်းစာက
ဘုရားသခင်သည်ကြောက်တတ်သောစိတ်သဘောကိုငါတို့ အား
ပေးတော်မူသည်မဟုတ်၊တန်ခိုးပါသောစိတ်၊ ချစ်တတ်သော
စိတ်ရှင်းလင်းသောစိတ်သဘောကိုပေးတော်မူ၏ လို့ဖေါ်ပြ
စားပါတယ်။ (၁တိ၁း၇)
၅။ ဆုတောင်းပြီးလုပ်ဆောင်ပါ
အောင်မြင်တိုးတက်တဲ့ဘဝကိုပိုင်ဆိုင်လိုတဲ့ လူငယ်တိုင်းအတွက်
ရင်ဆိုင်ဖြတ်သန်းသွားရမယ့်စိန်ခေါ်မှုတွေအများကြီးရှိနေပါတယ်။ တစ်ခါ
တဘဝကိုလက်မြှောက် အရှုံးပေးပြီးရည်မှန်းချက်တွေ၊ ပန်းတိုင်တွေကို
တောင်စွန့်လွတ်ချင်တဲ့အထိဖြစ်လာတတ်ပါတယ်။ လူငယ်မြောက်များစွာ
အောင်မြင်တော့မယ့်ဆဲဆဲကစားပွဲကနေစိတ်ဓာတ်ကျပြီးထွက်လိုက်ကြတယ်။
တို့အကိုရေတိမ်မှာပဲစုန်မျှောလိုက်ကြတယ်။ ယုံကြည်သူဘုရားသားသမီး
တွေအောင်မြင်တာစာတန်မလိုလားဘူး။
ဒါကြောင့် စိတ်ဓာတ်မကျကျအောင် အဆက်မပြတ်တိုက်ခိုက်နေမှာပဲ။
ဒီတိုက်ခိုက်မှု တွေကိုခံနိုင်ဖို့ဆိုတာဘုရားပေးတဲ့ တန်ခိုးစွမ်းအားလိုအပ်ပါတယ်။
ဒီတန်ခိုးစွမ်းအားတွေနေ့စဉ်ခံစားရဖို့နေ့စဉ်ဆုတောင်းရမှာဖြစ်တယ်။ သခင်
ယေရှုက စုံစမ်းနှောင့်ရှက်ခြင်းနှင့်ကင်းလွတ်မည်အကြောင်း ဆုတောင်း
လျက်စောင့်နေကြလော့။ စိတ် ဝိညာဉ်ကားစေတနာရှိငြားသော်လည်း၊
ကိုယ်မူကားအားနည်းသည် လို့မိန့်တော်မူထားပါတယ်။ (မဿဲ၂၆း၄၁)
သင့်ကိုစာတန်ရုံအပြင်းထန်ဆုံး တိုက်ခိုက်စုံစမ်းတဲ့နေရာဟာ သင့်ရဲ့
အတွေးအခေါ် စိတ်နှလုံးသားထဲမှာဖြစ်တာကြောင့် သင့်ရဲ့အတွေးအခေါ်
တွေဟာနှုတ်ကပတ်တော်သမ္မာတရားနဲ့ပြည့်ဝဖို့၊ သင့်ရဲ့ စိတ်နှလုံးသား ထဲမှာ
ဆုတောင်းခြင်းအားဖြင့် ဘုရားသခင်ရဲမျက်မှောက်တော်နဲ့ပြည့်ဝနေဖို့လို အပ်
ပါတယ်။ ဘုရားသခင်ခဲ့မျက်မှောက်တော်တန်ခိုး တော်ခံစားလေလေ အလုပ်
အကိုင်မှာပိုပြီးစိတ်ချမှုရှိလေလေ၊ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ပိုပြီး
ပေါ့ပါးမြန်ဆန်လေလေဖြစ်ပါတယ်။ ဒံယေလနဲ့ သူငယ်ချင်းသုံးယောက်ဟာ
ကြီးမားတဲ့စိန်ခေါ်မှုပြဿနာရင်ဆိုင်ရတဲ့အခါ ဘာတွေ၊ဘယ်လိုတွေတိုင်
ပင်ကြသလဲလို့ကြည့်လိုက်ပါ။ မိမိအိမ်သို့ပြန်သွား ၍၊ထိုအကြောင်းကိုမိမိ
အပေါင်းအဖော် ဟာနနိ၊မိလ၊ အာဇရိတို့ အား ကြားပြော၍၊
ငါတို့သည် အခြားသော ဗာဗုလုန်ပညာရှိ တို့ နှင့် အတူ မသေ
မပျောက်စေခြင်းငှါဤနက်နဲသောအရာ၌ကရုဏာကျေးဇူးတော်ကိုခံရမည်
အကြောင်း၊ကောင်းကင်ဘုံရှင်ဘုရားသခင်ကိုဆုတောင်းကြကုန်အံ့ဟု
ပြောဆို၏။ (ဒံ၂း၁၇-၀၈) “ ဟာ စိတ်ညစ်လိုက်တာ၊အရက်သောက်ရအောင်
ကွာ” လို့မပြောခဲ့ကြပါဘူး။
ကျွန်နော်တို့ဟာအချို့ သောကိစ္စရပ်တွေကိုသာလုပ် ဆောင်နိုင်ပေမယ့်
ဘုရားသခင်ကတော့အရာခပ်သိမ်းကိုတတ်စွမ်းနိုင်ပါတယ်။ ဆုတောင်းခြင်းဟာ
ဘုရားသခင်ရဲ့လက်တော်ကိုလှုပ်ရှားစေနိုင်တယ်။ ဘုရားသခင်ရဲ့လက် တော်
လှုပ်ရှားလာပြီဆိုရင်တော့အားလုံးအဆင်ပြေပြီလို့သာမှတ်လိုက်ပါ။
ငါတို့ကြုံတွေ့ရတဲ့ပြဿနာအချို့လာခေါင်းနဲ့ဖြေရှင်းလို့ရပေမယ့်အချို့ပြဿနာ
ဓလေ့ကတော့ဖူးနဲ့ဖြေရှင်းမှအဆင်ပြေနိုင်တယ်။ ခေါင်းနဲ့ဖြေရှင်းခြင်းဆိုတာ
ကိုယ့်ရဲ့ပညာ၊အတွေ့အကြုံဖြစ်ပြီး၊ဖူးဆိုတာကတော့ဒူးထောက်ဆုတောင်း
ခြင်းကိုပြောတာပါ။ လိုရင်းပြောရရင်တာပဲလုပ်လုပ်များများထောက်ပြီးလုပ်ပါ။
ဆရာဒေးဗစ်လားတရားဟာတုန်းကပြောသလို ဘုရားရှေ့များများထောက်
ရင်လူရှေ့လောက်စရာမလိုတော့ဘူးဆိုသလိုပေါ့။
၆။သစ္စာရှိရှိလုပ်ဆောင်
ရှေးဂရိစာဆိုတော်ကြီး ဒေမိုစတင်းနစ်က “သေးငယ်တဲ့အခွင့်
အရေးတွေလာကြီးမားအမှုကိစ္စတွေမှာပါဝင်နိုင်ဖို့ အစပြုခြင်းဖြစ်တယ်”
လို့ဆိုပါတယ်။ ဒါကြောင့်အဲဒီကနေ့လူငယ်မောင်မယ်တွေအနေနဲ့အနာဂတ်
မှာကြီးကျယ်ခမ်းနားတဲ့အမှုတွေမှာပါဝင်ဆောင်ရွက်လိုတယ်ဆိုရင်ယနေ့သင့်
လက်ထဲဘုရားသခင်အပ်နှံထားတဲ့အမှုငယ်များအပေါ် သစ္စာရှိစွာ၊ တာဝန်
ကျေစွာလုပ်ဆောင်ဖို့လိုအပ်ပါတယ်။ ကျမ်းစာကသေးငယ်သောအမှုတွေမှာ
သစ္စာမရှိသောသူဟာ ကြီးမားတဲ့အမှုတွေမှာလည်း သစ္စာမရှိဘူးလို့ဆိုပါတယ်။
ကျမ်းစာမှာ သင်သည်အမှုငယ်၌သစ္စာစောင့်လေပြီ။ များစွာသောအမှု
အခွင့်ကိုသင်၌ငါအပ်ပေးမည် လို့ဖေါ်ပြထားပါတယ်။ (မဿဲ ၂၅း၂၃)
သစ္စာရှိခြင်းနဲ့ပတ်သက်ပြီးကျွန်တော်အလွန်သဘောကျတဲ့ ပုံပြင်လေး
တစ်ပုဒ်ရှိပါတယ်။ တခါတုန်းကအရမ်းသစ္စာရှိတဲ့လက်သမားတစ်ယောက်ရှိပြီး
သူဟာတစ်သက်လုံးသစ္စာရှိရှိနဲ့ပစ္စည်းတွေကိုမခိုမကပ်ပဲ လူနေအိမ်အကြောင်း
တွေတစ်လုံးပြီးတစ်လုံးဆောက်လုပ်လာခဲ့ပါတယ်။ သူ့ရဲ့သစ္စာရှိခြင်းကိုမြင်တဲ့
အခါသူ့သူဌေးကလည်းအလွန်ဝမ်းသာပြီး လုပ်ငန်းတွေကိုပုံအပ်ခဲ့ပါတယ်။
ဒီလိုနဲ့နှစ်ပေါင်းများစွာကြာလာပေမယ့်သူဟာ အိမ်ကောင်းတစ်လုံးတောင်ပိုင်
ဆိုင်ခွင့်မရရှိခဲ့ပါဘူး။ သူ့ရဲ့ရိုးသားမှုသစ္စာရှိမူဟာ သူ့ကိုကြွယ်ဝချမ်းသာစေဖို့
အတားအဆီးတစ်ခုလိုသူစတင်ခံစားလာပါတော့တယ်။ တစ်နေ့မှာသူ့သူဌေး
ကသူ့ကိုအလွန်ကြီးကျယ်ခမ်းနားလည်ပါတဲ့အိမ်ကြီးတစ်ဆောင်ဆောက်ဖို့ကမ်း
လှမ်းလာပါတယ်။ ဒီအချိန်မှာသူကဒါဟာငါ့အတွက်နောက်ဆုံးအခွင့်အရေး
ကြီးပဲ။ ငါဟာအသက်ကြီးလာပြီ။ နောက်ထပ်ဒါမျိုးစီမံကိန်းတွေနဲ့ကြုံတွေ့
ကမလွယ်တော့ဘူးဆိုပြီးကိုယ်ကျိုးစီးပွါးအတွက် ပစ္စည်းတွေများစွာကို ခိုကပ်ခဲ့
ပါတယ်။ ခိုးယူခဲ့ပါတယ်။ ဘိလပ်မြေသုံးအိတ်ထည့်ရမယ့်နေရာမှာတစ်
အိတ်သာသာပဲထည့်တာတို့၊ သံတိုင်ဆယ်ချောင်းထည့်မယ့်နေရာမှာငါးချောင်း
ပဲထည့်တာလို့လုပ်ဆောင်ခဲ့တယ်။
နောက်ဆုံးမှာအင်မတန်လှပထည်ဝါခမ်းနားတဲ့ အိမ်ကြီးတစ်ဆောင်
တဲ့အိမ်ကြီးတစ်ဆောက်လုပ်ပြီးစီးသွားတာမှန်ပေမယ့်ဒီအိမ်ကြီးဟာခိုင်
ခန့်မှုလုံခြုံမှုမရှိတဲ့အိမ်ဆိုတာဆောက်လုပ်သူကိုယ်တိုင် ကောင်းကောင်းသိပါ
တယ်။ အိမ်ဆောက်လုပ်၊အချောသပ်ပြီးတဲ့နေ့တစ်နေ့မှာတော့ အဲဒီလက်သမား
ကြီးဟာသူ့သူဌေးထံကနေလုံးဝမျှော်လင့်မထားတဲ့စကားကြောင့်အလွန် ပဲတုန်
လှုပ်ချောက်ခြားသွားခဲ့ရပါတယ်။ သူ့သူဌေးပြောခဲ့တဲ့စကားကတော့ဒီမှာ
ကိုယ့်လူ၊မင်းဟာတစ်သက်လုံးငါနဲ့အတူသစ္စာရှိရှိလက်တွဲလုပ်ဆောင်
လာခဲ့တဲ့ အကောင်းဆုံးရဲဘော်ရဲဘက်ပါ။ နင့် အတွက်ငါ့အနေနဲ့အ
ကောင်းဆုံးတစ်ခုတော့လုပ်ပေးချင်ခဲ့မိပါတယ်။ ဒါကြောင့်အခုဆောက်
လုပ်ပြီးစီးသွားတဲ့ အိမ်ကြီးဟာ တခြားသူရဲ့ပိုင်ဆိုင်မှုမဟုတ်ပါဘူး။ မင်း
အတွက်ငါရည်ရွယ်ပြီးဆောက်လုပ်စေခဲ့တာပါ။
လက်သမားကြီးဟာမူးမေ့မတတ်ခံစားလိုက်ရပါတယ်။ နောင်တလည်း
ရလို့ မဆုံးပါဘူး။ သူ့သူဌေးကြီးကိုလည်း အလွန်ပဲရှက်ကြောက်မိပါတော့တယ်။
သခင်ယေရှုကသေးငယ်တဲ့အမှုတွေမှာသစ္စာရှိဖို့သာမကပဲ အဆုံးတိုင်အောင်
တည်ကြည်ဖို့လည်းသွန်သင်ထားပါတယ်။ အကြင်သူသည်အဆုံးတိုင်
အောင်တည်ကြည်၏။ ထိုသူသည်ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။
(မဿဲ၁၀း၂၂)ဒီကနေ့လူငယ်တွေဟာ ဘာအလုပ်ပဲလုပ်လုပ်သစ္စာရှိဖို့အရေး
ကြီးတယ်။ ငါတို့ရဲ့စိတ်သဘောထားတွေ၊ လုပ်ဆောင်ချက်တွေအားလုံးကိုသိမြင်
နေရုံသာမကအကျိုးရလဒ်ကိုပေးမယ့်သူကတော့ ဘုရားသခင်ကိုယ်တော်တိုင်
လည်းဖြစ်ပါတယ်။ ကျမ်းစာကအလွဲမယူကြနှင့်။ ဘုရားသခင်သည်မထီမဲ့
မြင်ပြုခြင်းကို ခံတော်မမူ။လူသည်မျိုးစုကြံသည်အတိုင်းအသီးအနှံကို
ရိတ်ရလိမ့်မည်။ (ဂလာ၆၇)သမင်ယေရှုကပြောခဲ့တဲ့ ဥပမာတော်အတိုင်း
အနည်းငယ်သောအမှုတွေမှာ သစ္စာရှိသောသူများသာလျှင်ကြီးမားတဲ့အမှုတွေ
ကိုလုပ်ဆောင်ဖို့အတွက် တာဝန်အပ်နှင်းခြင်းခံရမှာဖြစ်ပါတယ်။ အခွက်
နှစ်ဆယ်ကိုခံလာသူသည်လည်းချဉ်းကပ်၍ သခင်ကိုယ်တော်သည်
အကျွန်ုပ်၌အရွက်နှစ်ဆယ်ကို အပ်ပ၊ တော်မူ၏။ အခြားသောအခွတ်
နှစ်ဆယ်ကိုအကျွန်ုပ်အမြတ်ရပါပြီဟုလျှောက်လေသော်၊ အရှင်က၊သာဓု
သစ္စာရှိသာငယ်သားကောင်း၊ သင်သည် အမှုငယ်၌ သစ္စာစောင့်လေပြီ။
များစွာသောအမှုအခွင့်ကိုသင်၌ ငါအပ်ပေးမည်။ သင်၏သခင်နှင့် အတူ
စည်းစိမ်ကို ဝင်စားလော့ဟု မိန့်တော်မူ၏။(မဿဲ ၂၅း၂၂-၂၃)
၇။ နားနားနေနေလုပ်ဆောင်ပါ
အလုပ်ဆိုတာမသေမချင်းလုပ်ဆောင်ရမယ့် အရာဖြစ်တာကြောင့်
နားနားနေနေလုပ်ဆောင်တတ်ဖို့လည်းအထူးလိုအပ်ပါတယ်။ ငါတို့ရဲ့နှလုံး
အိမ်ဟာနေ့တိုင်းရထားတွဲတစ်စီးစာလောက်ရှိတဲ့သွေးတွေကိုညစ်ထုတ်လို့
ငါတို့ဟာ အသက်ရှင်လှုပ်ရှားသွားလာနေတာဖြစ်တယ်။ ဒီလိုနဲ့နှစ်ပေါင်း(၃၀၊
၅၀၊၆၀)နှလုံးဟာ အဆက်မပြတ်အလုပ်လုပ်နေနိုင်တာဟာ အံ့အားသင့်စရာပါ။
ပတ်ဆေးကျောင်းကဖေါက်တာပေါ်လ်တာဘီကန်နွမ်ရဲ့ ရှင်းပြချက်အရ
လူအတော်များများကနှလုံ၊ဟာအချိန်ပြည့်အလုပ်လုပ်နေတယ်လို့ထင်ကြ
တယ်။ လာကယ်တော့နှလုံးကြွက်သားကျုံ့ကိုင်းများနေတဲ့အချိန်အတိအကျရှိပါ
တယ်။ တစ်မိနစ်ကိုအကြိမ်(၇၀)နှုန်းနဲ့ခုန်နေတဲ့အခါမျိုးမှာ တောင်နှလုံးသားဟာ
(၂၄)နာရီမှာ(၉)နာရီလောက်အနားယူချိန်ရှိပါတယ်။ ပေါင်းလိုက်ရင်နှလုံးရဲ့ ရပ်
နားချိန်ဟာ တစ်နေ့ကို(၁၅)နာရီလောက်ရှိပါတယ်။
သခင်ယေရှုကိုယ်တော်တိုင်လည်းတပည့်တော်တွေနဲ့အတူ မကြာခဏ
ဆိုသလိုငြိမ်သက်တိတ်ဆိတ်တဲ့နေရာမှာ အေးအေးဆေးဆေးသွားရောက်
အနားယူလေ့ရှိပါတယ်။ ဒါကြောင့်ယေရှုဟာအလုပ်ပင်ပန်းလွန်းလို့ဖျားသွား
တယ်ဆိုတာကျမ်းစာမှမတွေ့ရှိရပါဘူး။
ဘုရားသခင်ဟာဣသရေလလူမျိုးတွေကိုသတ္တမနေ့ရောက်တိုင်း
အနားယူစေတယ်။ တိရစ္ဆာန်ကအစအနားပေးရတယ်။ သတ္တမနှစ်ဆိုရင်တစ်နှစ်
ပတ်လုံးအနားယူရတယ်။ လယ်တွေကအစအနားပေး ရတယ်။ ဒါပေမယ့်ဒီလို
လုပ်ဆောင်ခြင်းအားဖြင့်အသီးပင်တွေဟာ သုံးလေးဆသီးလာတာကိုဓမ္မ
ဟောင်းကျမ်းမှာတွေ့ရပါတယ်။ ခုနှစ်ခုနှစ်ဆယ်လီဖြစ်တဲ့လေးဆယ်ကိုးနှစ်
အကုန်မှာတော့ဂျူဗလီနှစ်ဆိုပြီးပေါင်နှံထားသမျှအိမ်ခြံတွေ၊ပိုင်ဆိုင်မှုတွေအား
လုံးပိုင်ရှင်ဟောင်းဆီပြန်ပေးရတယ်။ ဣသရေလတနိုင်ငံလုံးတစ်နှစ်ပတ်လုံး
အနားယူပြီး ကျွန်ဘဝရောက်သူတွေအားလုံးလွတ်မြောက်ခွင့်ပေးရတယ်။
ယုံကြည်သူဘုရားသားသမီးတွေဟာ ကြိုးစားအလုပ်လုပ်ရမှာတော့မှန်ပေမယ့်
ကျွဲလိုနွားလို ကျွန်လိုမလုပ်ပဲနားနားနေနေ၊သူ့အချိန်နဲ့သူ လုပ်တတ်ဖို့လိုတယ်။
အလုပ်ပန်းလို့ဆုမတောင်းဖြစ်တာ၊ ကျမ်းစာမဖတ်ဖြစ်တာ၊ ဘုရား
ကျောင်းမသွားဖြစ်တာ၊ ဝိညာဉ်ရေးအားနည်းတာမဖြစ်သင့်ပါဘူး။ ဒံယေလလို
နိုင်ငံပေါင်းများစွာရဲ့ ဝန်ကြီးချုပ်နေရာရောက်နေတာတောင် ဘုရားသခင်နဲ့
တစ်နေ့သုံးကြိမ်အချိန်ယူစကားပြောနိုင်သေးတာပဲ။ ငါတို့ကဘုရားသခင်နဲ့အချိန်
မပေးနိုင်ရလောက်အောင်ဒံယေလလိုဝန်ကြီးချုပ်ထက်အလုပ် များနေလို့လားလို့
ဆင်ခြင်သုံးသပ်စရာပါ။ ဘဝဆိုတာမာရသွန်ပြေးပွဲလိုပါ၊ မီတာ(၁၀၀)ပြေးပွဲ
နဲ့မတူဘူး။ ဒါကြောင့်တာထွက်ချိန်ကစပြီးအားအင်တွေကိုအလွန်အကျွံသုံး
စွဲမိရင်တော့ပန်းတိုင်မရောက်ခင်လမ်းတစ်ဝက်မှာ ပဲကစားပွဲကနေထွက်ခွာရလိမ့်
မယ်။မှန်မှန်နဲ့ဇွဲရှိရှိပြေးဖို့လိုတယ်။ နားနားနေနေနဲ့အရှုံးမပေးလုပ်ဆောင်ဖို့ လိုတယ်
နိဂုံး
အချုပ်အနေနဲ့ပြောရရင်အလုပ်ဆိုတာငါတို့လူငယ်တွေအတွက်
ရန်သူမဟုတ်ဘူး။ အကောင်းဆုံးမိတ်ဆွေပါ။ ဒါကြောင့်အလုပ်ကိုတန်ဖိုး
ထားတတ်ရမယ်။ကြိုးကြိုးစားလုပ်ဆောင်ရမယ်။ ကြိုကြိုတင်ပြင်ပြင်ဆင်ဆင်
နဲ့လုပ်ဆောင်ရမယ်။ ကိုယ့်ရဲ့အထက်အောက်လူတွေနဲ့ အထူးသဖြင့်ဘုရားနဲ့
တိုင်တိုင်ပင်ပင်လုပ်ရမယ်။ ယုံကြည်ခြင်းနဲ့ သတ္တိရှိရှိလုပ်ဆောင်ရမယ်။
မခြားမလပ်ဆုတောင်းဆက်ကပ်ပြီးလုပ်ရမယ်။ သေးငယ်တဲ့အရာတွေမှာ
သစ္စာရှိရုံတင်မကအဆုံးတိုင်အောင်သစ္စာရှိရှိလုပ်ရမယ်။ ကျွဲလိုနွားလိုကျွန်
လိုမဟုတ်ဘဲလူလိုနားနားနေနေလုပ်ဆောင်ရပါမယ်။ အခြားနောက်ထပ်ဖြည့်
စွက်စရာများပေမယ့်ဒီလောက်ဆိုလုံလောက်ပါပြီ။ ကြွယ်ဝခြင်းအောင်မြင်ခြင်း
ကောင်းစားခြင်းဆိုတာအလုပ်နဲ့အတူလာတာဖြစ်တယ်။ အလုပ်ကို ပယ်ပြီး
ကြွယ်ဝခြင်း၊ အောင်မြင်ခြင်း၊ ကောင်းစားခြင်းဆိုတာထုံးစံမရှိပါဘူး။ အလုပ်
မရှိတာဟာသက်သာတယ်ဆိုပြီးဝမ်းသာစရာမဟုတ်ဘူး။ အလုပ်ရှိလို့ ပင်ပန်း
တယ်ဆိုပြီးဝမ်းနည်းစရာမဟုတ်ဘူး။အလုပ်ဆိုတာရှိမှလုပ်လို့မဟုတ်ဘူး။ မရှိရင်
ကိုမတွေ့တွေ့အောင်ရှာပြီး လုပ်ဆောင်ပါ။ အလုပ်တစ်ခုတွေ့ပြီဆိုရင်နောက်
ထပ် အလုပ်နှစ်ခုတွေ့ဖို့ဆိုတာမခက်တော့ဘူး။
လူငယ်နှင့်လူကြီးတို့အကြားပြဿနာများ
နိဒါန်း
လူငယ်များနဲ့လူကြီးတွေအကြားသဘောထားမတိုက်ဆိုင်မှု၊ အထင်
လွှဲမှားမှုတွေ၊ အဆင်မပြေမှုတွေဟာ အသင်းတော်တိုင်း၊ မိသားစုတိုင်း၊နေရာ
ဒေသတိုင်းလိုလိုမှာတည်ရှိနေတတ်ပါတယ်။ လူငယ်တွေကလူကြီးတွေကိုခေတ်
အမြင်မရှိဘူး၊ ကြိုးကိုင်လွန်းတယ်။ ငါတို့ကိုအထင်သေးတယ်၊ ငါတို့ကို ဦးစား
မပေးဘူး၊ ချောင်ထိုးထားတာလို့ပြောလေ့ရှိတယ်။ လူကြီးတွေကျပြန်တော့
လူငယ်တွေကိုခြေကြောလက်ကြောမတင်းဘူး၊မကြိုးစားဘူး၊စိတ်ချလို့ မရဘူး။
အဖိုးမကျိုးဘူးစသည်ဖြင့်ပြောတတ်ကြပြန်တယ်။
လူကြီးတွေဟာသူတို့ခေတ်ရဲ့မျက်မှန်ဟောင်းနဲ့ ခေတ်သစ်လူငယ်တွေ
ကိုတန်ဖိုးသတ်မှတ်ပြီးခေတ်သစ်လူငယ်တွေက ယခုခေတ်သစ်မျက်မှန်နဲ့လူကြီး
တွေကိုတန်ဖိုးသတ်မှတ်တဲ့အမှားမျိုးတွေအပြန်အလှန်ကျူးလွန်လေ့ရှိကြပါ
တယ်။ လူကြီးတွေဟာမျက်မှောက်ခေတ်လူငယ်တွေရဲ့ တန်ဖိုးအမြင် ကိုသိချင်
ရင်ရှေးခေတ်မျက်မှန်ဟောင်းနဲ့ချည်းမဟုတ်ပဲလက်ရှိ ခေတ်ကာလရဲ့မျက်မှန်
အစ်ကိုတပ်ပြီးကြည့်တတ်ဖို့လိုသလိုခေတ်လူငယ်တွေကလည်းလူကြီးတွေကို
ကြည့်တဲ့အခါရှေးခေတ်မျက်မှန်ဟောင်းကို ခဏတဖြုတ်ငှါးတပ်ပြီးကြည့်တတ်ဖို့
အင်ယူရမယ်။ သုသေတီတွေရဲ့ လေ့လာတွေ့ရှိချက်အရလူငယ်အမှုတော်
ဆောင်တွေကြုံတွေ့နေရတဲ့စိတ်ခေါ်မှုတွေကသင်းအုပ်ဆရာ များနဲ့ပတ်သက်ပြီး
ပဋိပက္ခ(၄၁. ၉%)၊ သင်းထောက် လူကြီးတွေနဲ့ပတ်သက်ပြီး ပဋိပက္ခ (၂၇- ၄%)၊
အရည်ချင်းမပြည့်မီမှုနဲ့ပတ်သက်ပြီးပဋိပက္ခ (၁၉- ၇%) ၊သာသနာဆိုင်ရာအ
တွေးအခေါ်နဲ့ပတ်သက်ပြီးပဋိပက္ခ(၁၈. ၈%)၊ မိဘတွေနဲ့ပတ်သက်ပြီးပဋိပက္ခ
(၁၇, ၉%)ရှိကြောင်းတွေ့ရှိရပါတယ်။
၁။မျက်မှောက်ခေတ်လူငယ်တွေနဲ့ ယခင်ဆယ်စုနှစ်တွေရဲ့လူငယ်များ
မျက်မှောက်ခေတ်လူငယ်တွေနဲ့ ယခင်ဆယ်စုနှစ်တွေရဲ့လူငယ်တွေ
အကြားမှာတောင်ကြီးမားတဲ့ကွာဟချက်တွေတည်ရှိနေတာကို လူကြီးတွေရော
လူငယ်တွေပါသိထားဖို့အထူးလိုအပ်ပါတယ်။ စာရေးဆရာဂရေးချပ် မင်းက
ဒီကွာဟချက်ကိုဖြစ်စေတဲ့အဓိက အချက်ငါးချက်ကိုဖေါ်ပြထားပါတယ်။
အဲဒါတွေကတော့
(၁)နည်းပညာတိုးတက်ပြောင်းလဲမှု
(၂)ပြစ်မှုကျူးလွန်ခြင်းနဲ့ပတ်သက်ပြီးအသိပညာ
(၃)အိမ်ထောင်မိသားစုပြိုကွဲမှု
(၄)လိင်မှုဆိုင်ရာအသိပညာ
(၅) ဘာသာရေး၊ ကိုယ်ကျင့်တရားဆိုင်ရာ ကြားနေဝါဒီစသည်
တို့ဖြစ်ပါတယ်။
(ခ) နည်းပညာတိုးတက်ပြောင်းလဲမှု
ယခင်ဆယ်စုနှစ်တွေကလူငယ်တွေဟာတယ်လီဖုန်း၊ ရေဒီယို၊ မြေပြင်
ရုပ်မြင်သံကြားနဲ့အတူကြီးပြင်းလာပေမယ့်၊မျက်မှောက်ခေတ်လူငယ်တွေက
တော့ကြိုးမဲ့တယ်လီဖုန်း၊ဂြိုလ်တုရုပ်မြင်သံကြား၊ တစ်ကမ္ဘာလုံးနဲ့ချိတ်ဆက်ထား
တဲ့အင်တာနက်ကွန်ယက်တွေနဲ့အတူကြီးပြင်းလာသူတွေဖြစ်ကြတယ်။ ယခင်
ဆယ်စုနှစ်ကလူငယ်တွေဟာ ရုံတင်ထားတဲ့ရုပ်ရှင်ဗွီဒီယိုတွေလောက်ကို သာ
ကြည့်ရှုနိုင်ကြပေမယ့် မျက်မှောက်ခေတ်လူငယ်တွေကတော့ ဘယ်ခေတ်က
ရုပ်ရှင်ကိုဖြစ်စေအင်တာနက်ဝက်ဘ်ဆိုက်ကနေ ဒေါင်းလုတ်ဆွဲပြီးအချိန်မရွေး၊
ကြိုက်တဲ့နေရာကြိုက်တဲ့အချိန်မှာဖွင့်ကြည့်နိုင်ကြပါတယ်။
ယခင်ဆယ်စုနှစ်တွေကလူငယ်တွေဟာနိုင်ငံပိုင်ရုပ်မြင်သံကြားလိုင်းအချို့ကို
သာဖမ်းယူကြည့်ရှုနိုင်ကြပေမယ့်မျက်မှောက်ခေတ်လူငယ်တွေက ဂြိုလ်တု
ရုပ်မြင်သံကြားအစီအစဉ်ကြောင့်လိုင်းပေါင်း(၈၀၀) ကျော်ကိုစိတ်ကြိုက်ဖမ်း
ယူကြည့်ရှုနိုင်ကြပါတယ်။
ယခင်ဆယ်စုနှစ်ကလူငယ်တွေဟာရုပ်ရှင် ကြည့်ရင်ရုပ်ရှင်ရုံ၊ ဗွီဒီယိုရုံ၊
အိမ်မှာကြည့်ရတာဖြစ်ပေမယ့်မျက်မှောက်လူငယ်တွေကတော့အိုင်ပေါ့တ်၊
တက်ပလက်၊ လက်ပ်တော့ပ်ကွန်ပျူတာတွေနဲ့ကြည့်ရှု နိုင်ကြပါတယ်။ ဒါကြောင့်
မျက်မှောက်ခေတ်လူငယ်တွေအကြားမှာကောင်းတဲ့အရာဖြစ်စေ၊ ဆိုးတဲ့အရာ
ဖြစ်စေသတင်းအချက်အလက်ပေါင်းစုံပြန့်နှံ့ဝင်ရောက်မှုက အလွန်ပဲလျင်မြန်
လွန်းအားကြီးပါတယ်။ အဲဒါတွေကြောင့်သူတို့ဘဝအသက်တာတွေ အပေါ်မှာ
ခေတ်ရဲ့ တိုးတက်မှု၊ ပြောင်းလဲမှုလှိုင်းလုံးတွေရဲ့ ဂယက်ရိုက်ခတ်မှုဟာလည်း
ကြောက်ခမန်းလိလိများပြားလွန်းလှပါတယ်။
(၂) ပြစ်မှုကျူးလွန်ခြင်းနဲ့ပတ်သတ်ပြီးအသိပညာ
နည်းပညာနဲ့ မီဒီယာတွေရဲ့ အခန်းကဏ္ဍဟာ ကြောက်ခမန်းလိလိ
တိုးတက်ပြောင်းလဲလာမှုကြောင့် ယခင်ဆယ်စုနှစ်ကလူငယ်တွေနဲ့မတူဘဲ မျက်
မှောက်ခေတ်လူငယ်တွေရဲ့ ပြစ်မှုကျူးလွန်ခြင်းဆိုင်ရာအကြားအမြင်အတွေ့
အကြုံတွေလည်းအဆမတန်များပြားလွန်းလှပါတယ်။ မျက်မှောက်ခေတ်ရဲရုပ်
ရှင်တွေ၊ သီချင်းတွေ၊ ဝတ္ထုတွေဟာလူငယ်တွေကိုပြစ်မှုကျူးလွန်ဖို့တွန်းအားပေး
တဲ့သဘောသဘာဝတွေနဲ့လွမ်းခြုံထားပါတယ်။ လူငယ်တွေရဲအကြောင်းကို
အထူးစစ်တမ်းကောက်လေ့လာ သူတွေရဲ့တွေ့ရှိချက်အရ(၃၆%)သောလူ
ငယ်တွေဟာလွန်ခဲ့တဲ့လကဘဲအကြမ်းဖက်မှု၊ ပြစ်မှုကျူးလွန်မှုစတာတွေပါဝင်
တဲ့ရုပ်ရှင်တွေ၊ ရုပ်မြင်သံကြားအစီအစဉ်တွေကိုကြည့်ရှုခဲ့ကြပြီးဖြစ်ပါတယ်။
အဲလိုကြည့်ရှုခဲ့ကြတဲ့လူငယ်တွေရဲ့၇၈%)သောသူတွေက သူတို့အနေနဲ့အဲဒီ
အကြမ်းဖက်မှု၊ ပြစ်မှုကျူးလွန်မှုတွေကို ကြည့်ရှုရာမှာဘာပြဿနာတစ်စုံတစ်ခု
မှမရှိဘူးလို့ဆိုပါတယ်။ ဒါပေမယ့်အခြား(၅၃%) သောလူငယ်တွေကအဲဒီ
အကြမ်းဖက်ဖြစ်မှုကျူးလွန်တဲ့ ရုပ်ရှင်တွေ၊ ရုပ်မြင်သံကြားတွေကိုကြည့်ခြင်း
အားဖြင့်လူငယ်တွေဟာမှားယွင်းတဲ့သတင်းတွေသွတ်သွင်းခံရတယ်လိုဆိုပါ
တယ်။ လူငယ်အကြောင်းကိုအဓိကလေ့လာဆန်းစစ်သူတွေ(၆၅%)ရဲအဆို
အရဒီရုပ်မြင်သံကြား၊ ရုပ်ရှင်တွေဟာမျက်မှောက်ခေတ်လူငယ်တွေအပေါ်မှာ
အလွန်ပင် ဩဇာလွမ်းမိုးသက်ရောက်စေနိုင်ကြောင်းလက်ခံယုံကြည်ထားကြပါ
ဟယ်။ အမေရိကန်နဲ့ပြစ်မှု ဆိုင်ရာစစ်တမ်းကောက်ယူချက်အရ(၁၉၈၀)ခုနှစ်
ကမန(၁၉၉၀)အကြားလူသတ်မှုကျူးလွန်ခြင်းဟာ (၁၆၈%)အထိတိုးပွါးလာ
ပါတယ်။အက်ဘီအေရ်အစီရင်ခံစာအရ အမေရိကန်မှာနှစ်စဉ်လူပေါင်း (၂၃၀၀)
မက်လုပ်သက်နှက်ခံနေပြီး(၂၅%)သော လူသတ်မှုကျူးလွန်သူ တွေ
ဟာအသက်(၂၁)အရွယ်နဲ့(၂၁)နှစ်အောက်အရွယ်တွေဖြစ်ကြောင်းသိရှိရ ပါ
ဟယ်။
(၃) အိမ်ထောင်မိသားစုပြိုကွဲမှု
မျက်မှောက်ခေတ်ကာလဟာ အိမ်ထောင်ပြိုကွဲမှုပမာဏများပြား
လွန်းအားကြီးတာကြောင့်လူငယ်တွေအတော်များများဟာ အိမ်ထောင်ပြိုကွဲခြင်း
ကိုအပြစ်လို့တောင်မမြင်တော့ဘဲဖြစ်ရိုးဖြစ်စဉ်ထုံးတမ်းစဉ်လာတစ်ခုအနေနဲ့
မဟောင်မြင်နေကြပါတယ်။ ၀မ်းဂိုး၊တူးကမ်း (တစ်ယောက်သွားလိုက်ရင် နှစ်
မာက်ရောက်လာမယ်)လို့တောင်ပြောနေကြတယ်။ မြန်မာပြည်ကလူငယ်
တွေကို အလွန်လွမ်းမိုးထားတဲ့အရာကလည်းကိုရီးယားဇာတ်လမ်းတွဲတွေပါပဲ။
ကိုရီးယားဇာက်လမ်းတွဲတွေအားလုံးလိုလိုမှာပါဝင်တင်ဆက်ထားတဲ့အရာ
(၇အိမ်ထောင်ရေးဆိုင်ရာဖက်ပြန်ခြင်း၊အိမ်ထောင်ကွဲပြီးနောက်ထပ်
၀စ်သောက်နှစ်ယောက်နဲ့အိမ်ထောင်ပြုခြင်းတွေပါပဲ။
လွန်ခဲ့တဲ့နှစ်နည်းငယ်တုန်းက ဂေါလ်အပ်ပ်အဖွဲ့ရဲ့လူငယ်ပိုင်းဆိုင်ရာ
မလေ့လာရှာဖွေတွေ့ရှိချက်အရ အမေရိကန်ဆယ်ကျော်သက်(၃၉%) ဟာ
မိဘတစ်ဦးတည်းနဲ့သာ နေထိုင်ခွင့်ရှိကြပါတယ်ဆယ်ယောက်မှာ ရှစ်ယောက်
နှုန်းကဖခင်နဲ့အတူနေထိုင်ခွင့်မရကြဘူး။ (၂၀%)ဆယ်ကျော်သက်တွေ
ဟာဖထွေး(သို့)သူတို့မိခင်နဲ့အတူနေတဲ့ ယောက်ျားတစ်ယောက်ယောက်နဲ့နေ
ထိုင်ကြရပါတယ်။ ဒီလိုအိမ်ထောင်ပြိုကွဲခြင်းရဲ့နောက်ဆက်တွဲ ရဲ့ ဆိုးကျိုးနောက်
တပ်တစ်ခုကတော့မိသားစုရဲ့ဆွေမျိုးသားချင်း(အဖိုး၊အဘွား၊ ဦးလေး၊အဒေါ်၊
ညီအစ်ကိုဝမ်းကွဲ)တွေနဲ့ကင်းကွာခြင်းပြသနာဖြစ်ပါတယ်။
ဒီလိုအခြေအနေမျိုးမှာ ကြီးပြင်းလာရတဲ့လူငယ်တွေရဲစိတ်ပိုင်းဆိုင်ရာ၊
အပြု အမူပိုင်းဆိုင်ရာတွေဟာယခင်ဆယ်စုနှစ်တွေတုန်းကလို မိသားစုတွေ၊
ဆွေမျိုးအသိုင်းအဝိုင်းတွေနဲ့အတူနွေးနွေးထွေးထွေး၊ ပျော်ပျော်ရွှင်ရွှင်ကြီးပြင်း
လာခဲ့ကြတဲ့လူငယ်တွန့်အလွန်တရာကွာခြားနေပါတယ်။ မျက်မှောက်ခေတ်
လူငယ်တွေနဲ့အဆင်ပြေတဲ့ ဆက်ဆံရေးကိုတည်ဆောက်ဖို့ဒါတွေကိုလူကြီးတွေ၊
ခေါင်းဆောင်တွေကကောင်းကောင်းသိထားရမယ်။
(၄) လိင်မှုဆိုင်ရာအသိပညာ
မျက်မှောက်ခေတ်လူငယ်တွေဟာ လိင်ပိုင်းဆိုင်ရာစည်းမျဉ်းစည်းကမ်း
အထိန်းအကွပ်မဲ့တဲ့လောကမှာ ကြီးပြင်းလာခြင်းဖြစ်တယ်။ ရုပ်ရှင်တွေ၊ မီဒီယာ
တွေ၊တေးဂီတတွေကအစလိင်ပိုင်းဆိုင်ရာဆွဲဆောင်မှု၊ နိုးဆွမှုတွေနဲ့ပြည့်နှက်
နေပြီး၊အချစ်ဆိုတဲ့အရာကိုလိင်ဆက်ဆံခြင်းအဖြစ်သရုပ်ဖော်တဲ့ ကာလဖြစ်
နေပါတယ်။ ဒါကြောင့် ဆယ်ကျော်သက်အများစုဟာ လိင်ဆက်ဆံခြင်းနဲ့ပတ်
သက်အတွေ့အပြီးသူများဖြစ်ကြတယ်။ မျက်မှောက်ခေတ်လူငယ် အမျိုး
စုရဲ့အမြင်မှာလိင် ဆက်ဆံခြင်း ဆိုတာလက်ထပ်ထိမ်းမြားပြီးမှပြုလို့ရတဲ့အမှု
လို့မမြင် တော့ဘဲ၊ လက်မထပ်ခင်လင်မယားကဲ့သို့အတူတူနေထိုင်ဖို့မျှော်လင့်
တတ်တယ်။ လိင်တူချင်း လိင်ဆက်ဆံမှုတွေတိုးပွါးလာနေ ပြီးလိင်အင်္ဂါအစိတ်
အပိုင်းပြုပြင်မှုအစား ထိုးမှုတွေလည်း တိုးပွါးလာနေပါ တယ်။
(၅) ဘာသာရေး၊ကိုယ်ကျင့်တရားဆိုင်ရာကြားနေဝါဒ
မကြာသေးမှီကသုတေသီတွေရဲ့လေ့လာတွေ့ရှိချက်အရဆယ်ကျော်
သက်လူငယ်တွေရဲ့(၅၁%)သောသူတို့က ဘာသာရေးယုံကြည်ချက်ဟာ
သူတို့ရဲ့ နေ့စဉ်အသက်တာမှာ အကျိုးသက်ရောက်စေမှုရှိနိုင်ကြောင်းယုံကြည်
သက်ဝင်နေတာကိုတွေ့မြင်ခဲ့ရပါတယ်။ (၈၂%)သောလူငယ်တို့ဟာ ဘာ
သာရေးအဖွဲ့အစည်းတွေမှာပါဝင်ကြောင်း မိမိတို့ကိုယ်ကိုဝန်ခံခဲ့ကြတယ်၊ (၃၆%)
သောလူငယ်တွေကဘုရားသခင်နဲ့ အလွန်နီးကပ်စွာ အသက်ရှင်ကြောင်းပြောခဲ့
တယ်။ (၄၀%)သောလူငယ်တွေကသူတို့ဟာတစ်ပတ်မှာ တစ်ရက်ပုံမှန်ဝတ်ပြု
ကိုးကွယ်မှုအစီအစဉ်ကိုတက်ရောက်ကြပါတယ်။ မျက်မှောက်ခေတ်လူငယ်
တွေဟာဘာသာရေးဆိုင်ရာ သွန်သင်ချက်တွေထက်အတွေ့အကြုံပိုင်းဆိုင်ရာ
ကိုပိုမိုစိတ်ဝင်စားကြပါတယ်။ အကယ်၍ သူတို့ဟာသူတို့ကိုကောင်းကောင်း
မွန်မွန်လက်ခံပေးမယ့်၊ ထောက်ပံ့ပြီးဝိညဉ်ရေးရာမှာ ဆွဲဆောင်နိုင်မယ့်အဖွဲ့
အစည်းရှိမယ်ဆိုရင်ထိုအဖွဲ့အစည်းရဲ့ယုံကြည်ချက်တွေဟာသူတို့နဲ့ကိုက်ညီမှုမရှိ
သည့်တိုင်အဲဒီအဖွဲ့ထဲကို ပဲဝင်ရောက်ကြမှာဖြစ်ပါတယ်။
၂။ သင်ပင်ကိုယ်အရည်အချင်းကိုလက်တွေ့ပြသပါ
လူကြီးတွေဟာလူငယ်တွေကို အထင်သေးရတာဟာ လူငယ်တွေရဲ့
အားနည်းချက်၊ မစွန့်စားလိုမှု၊ ပျင်းရိမှု၊ မရင့်ကျက်မှုစတာတွေကြောင့်လည်း
ဖြစ်ပါတယ်။ ယေဘူယျသဘောအနေနဲ့ငါတို့သိထားတာကတော့ အမေရိကန်
မှာရှိတဲ့လူငယ်တွေဟာ အရည်အချင်းရှိကြတယ်။ အသက်(၁၈)နှစ်ပြည့်ရင်ကိုယ့်
ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ပြီး မြန်မာပြည်ကလူငယ်တွေထက်အပြတ်
သာတယ်လို့ထင်မှတ်ယူဆခြင်းမျိုးပဲဖြစ်ပါတယ်။ ဒါပေမယ့်သုတေသီရဲ့ အဆို
အရအမေရိကန်မှာရှိတဲ့ကလေးအတော်များများဟာ စာကြောင်းတစ်ကြောင်း
နှစ်ကြောင်းကိုတောင်သဒ္ဒါနည်းကျကျမှန်ကန်အောင်ရေးသားနိုင်သူရှားပါးနေ
ဆဲဖြစ်တယ်။
အသက်(၂၀)ကျော်အစောပိုင်းတွေမှာ လူငယ်တွေဟာ အိမ်က
ထွက်ခွာသွားကြပေမယ့် အများအပြားဟာ အဝတ်လျှော်စက်မသုံးတတ်
ကြက်ဥမကြော်တတ်၊ မီးပူမတိုက်တတ်၊ ဝင်ငွေနဲ့ထွက်ငွေမျှအောက်မသုံး
တတ်ကြပါဘူး။ အသက်(၂၅)နှစ် က၂၈) နှစ်ကြား အမျိုးသား(၃၀%)
ဟာမိဘအိမ်မှာပဲဆက်လက်ပြီး တွယ်ကပ်နေကြတာကိုတွေ့ရှိပါတယ်။ သူတို့
တွေဟာမိဘတွေကိုအိမ်လခလည်းမပေး၊ အိမ်အလုပ်လည်းဘာမှမလုပ်
ဆောင်ကြပါဘူး။ ကျမ်းစာကလူငယ်တွေကိုအသက်ငယ်လို့သူတပါး အထင်
သေးခံရတာမျိုးမဖြစ်စေဖို့အခုလိုသတိပေးထားပါတယ်။ သင်၏အသက်
အရွယ်နုပျိုသည်ကို အဘယ်သူမျှမထီမဲ့မြင်မပြု စေနှင့်။ စကားပြောခြင်း၊
ကျင့်ကြံပြုမူခြင်း၊သူတပါးကိုချစ်ခြင်း၊ဝိညာဉ်သဘောရှိခြင်း၊သစ္စာစောင့်
ခြင်း၊ စင်ကြယ်ခြင်းအရာမှာ၊ယုံကြည်သောသူတို့အား ပုံသက်သေကိုပြ
လော့၊(၁တိ ၄း၁၂)
မကြာခဏဆိုသလိုလူကြီးတွေက လူငယ်တွေကိုအားမရတာ၊ အထင်
သေးတတ်တဲ့သဘောလျှော့တွက်တတ်တဲ့ သဘောရှိတတ်ပေမယ့်လူငယ်တွေ
အနေနဲ့အဆိုးတုန့်ပြန်မယ့်အစားမိမိတို့ရဲ့ အားနည်းချက်တွေကိုပြုပြင်ပြီးလူကြီး
တွေ ရှေ့မှာမိမိတို့ရဲ့ပင်ကိုယ်အရည်အချင်းတွေကို ချပြနိုင်ဖို့လိုအပ်ပါ တယ်။
တစ်ခါတုန်းကဂျပန်ကုမ္ပဏီတခုရဲ့ တကမ္ဘာလုံးကွန်ယက်ချိတ်ဆက်အလုပ်လုပ်
တဲ့ ကွန်ပျူတာကြီးဟာ မထင်မှတ်ပဲစက်ပိုင်းဆိုင်ရာချွတ်ယွင်းမှု ဖြစ်ခဲ့ပါတယ်။
ဒါကြောင့်ကုမ္ပဏီရဲ့ အရေးကြီးအရာရှိ စီအီးကိုကကွန်ပျူတာကိုပြုပြင်ဖို့
အမေရိကန်မှာအခြေစိုက်တဲ့ကွန်ပျူတာကုမ္ပဏီဆီကို အတော်ဆုံးအရေးပေါ်
စက် ပြုပြင်သူကိုအမြန်ဆုံး ဂျပန်နိုင်ငံဆီပို့ပေးဖို့အတွက် ဖုန်းဆက်လိုက်ပါတယ်။
နောက်တနေ့မှာလီဗိုက်ဂျင်းဘောင်းဘီနဲ့မုတ်ဆိတ်မွှေးနဲ့ မသပ်မရပ်လူငယ်လေး
တစ်ယောက်ဟာဂျပန်ပြည်ကိုရောက် ရှိလာပါတယ်။
အရာရှိကြီးကအဲဒီမသပ်မရပ်နဲ့လူငယ်ကိုမြင်တဲ့အခါအလွန်ဒေါသ
ထွက်သွားပြီးငါတို့ ဒီမှာ နေ့တိုင်းသန်းနဲ့ချီဆုံးရှုံးခံနေရတာကိုသိရဲ့သားနဲ့
ဘာကြောင့်အဲလိုပေါ့ပျက်ပျက်လူကိုမှ စေလွတ်ပေးတာလဲလို့မကျေမနပ်
ညည်းတွားခဲ့ပါတယ်။ နောက်တော့မှအဲဒီလူကိုး ဒါနဲ့စကားမစပ်
သင်ကဘယ်သူပါလဲလို့မေးလိုက်တော့၊ အဲဒီလူငယ်လေးကကျွန်တော်ဟာ
အဲဒီကွန်ပျူတာကိုတီထွင်ဖန်တီးပြုလုပ်ဘို့ပါ။ ကျေးဇူးပြုပြီး အဲဒီကွန်ပျူတာ
ကိုကြည့်ပါရစေလို့ ဆိုပြီးတစ်နာရီအတောအတွင်း ကွန်ပျူတာကြီးကိုပြုပြင်
နိုင်ခဲ့ပါတယ်။ အဲဒီအချိန်ကျမှအရာရှိကြီးဟာဒီလူငယ်ကိုတင်ပြီးတ
တစား၊အရေးတယူဆက်ဆံမှုကို ပြုခဲ့
ပါတော့တယ်။
ဒါကြောင့်လူငယ်တွေ အနေနဲ့လူကြီးတွေရဲ့ အရေးတယူ ဆက်ဆံခံ
မရှိတဲ့အခါမျိုးမှာစိတ်အနှောင့်အယှက်ဖြစ်နေမယ့်အစား မိမိကိုယ်ကို အပေါ်
အချင်းတွေနဲ့ပြည့်ဝတာထက်ပြည့်ဝသူတစ်ယောက်ဖြစ်လာဖို့သာအာရုံ
စိုက်မှုကိုပြုသင့်ပါတယ်။ လူတွေဟာလမ်းဘေးမှကျနေတဲ့ကျောက်တုံးတစ်တုံး
ကိုအရည်အသွေးရှိတဲ့ကျောက်စိမ်းတုံးဖြစ်မှန်း သိသွားခဲ့ရင်လမ်းဘေးမှာ
ကြာကြာပစ်ထားမှာမဟုတ် ပါဘူး။ အလားတူ သင်ဟာ အရည်အချင်းပြည့်တဲ့
လူငယ်တစ်ယောက်ဖြစ်တာကိုလူကြီးတွေသိသွားရင်ဘယ်သူကမှတ် အရေး
မစိုက်ဘဲပစ်ထားကြမှာမဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ်လူငယ်တွေဟာ လူကြီး
တွေထက်စာရင်တက်သူဖြစ်ကြောင်းသတိပြုမိသင့်ပါတယ်။ လူငယ်တွေဟာ
လူကြီးတွေနဲ့ယှဉ်ပြီးအားငယ်စရာအကြောင်း မရှိပါဘူး။
၃။ လူကြီးများထံမှ အကြံဉာဏ်ကောင်းများရယူပါ
ခေတ်ရဲ့ နည်းပညာ၊ရေစီးကြောင်းတွေနဲ့ပတ်သက်လာရင်လူကြီး
တွေဟာ လူငယ်တွေကိုယှဉ်နိုင်စရာအကြောင်းမရှိပါဘူး။ ဒီကဏ္ဍတွေနဲ့ပတ်
သက်လာရင်လူငယ်တွေဟာ လူတွေထက်အသားစီးပြီးသားဖြစ်ပါတယ်။
ဒါပေမယ့်လူ့ဘ၀ကြောင်း၊ လူတွေရဲ့သဘောသဘာဝအကြောင်း၊ နဲ့ပတ်သက်
လာရင်လူကြီးတွေဟာလူငယ်တွေထက် ဘဝအတွေ့အကြုံများစွာကိုဖြတ်သန်း
ခဲ့တဲ့အတွက်ဒီကဏ္ဍမှာတော့လူငယ်တွေဟာလူကြီးတွေထံကအကြံဉာဏ်
တောင်းခံခြင်းထက်သာလွန်ကောင်းမွန်တဲ့နည်းလမ်းမရှိပါဘူး။ ကျမ်းစာမှာ
ရှောလမုန်မင်းကြီးရဲ့ သားယောဘောင်ဟာအသက်ကြီးတဲ့တိုင်ပင်မှူး မတ်တွေ
ဆီကအကြံဉာဏ်ယူရမယ့်အစားရွယ်တူ သူချင်းတွေဆီကအကြံဉာဏ်ယူ
ခဲ့မိလို့တိုင်းပြည်တစ်ဝက် ဆုံးရှုံးခဲ့ရတဲ့အကြောင်းကျမ်းစာမှာဖေါ်ပြထားပါတယ်။
၄။ သင့်တော်သည့်ဝတ်စားဆင်ယင်
လူမှာအဝတ်၊တောင်းမှာအကွတ် ဆိုပြီးစကားပုံရှိသလိုယနေ့ ခေတ်
လူငယ်တွေရဲ့ဝတ်စားဆင်ယင်မှုဟာ အလွန်ပဲအရေးကြီးတဲ့အခန်းကဏ္ဍ ကနေ
ပါဝင်လေ့ရှိပါတယ်။ ဝတ်စားဆင်ယင်မှုကြောင့်သူတပါးရဲ့ဂုဏ်ယူလေးစားခြင်း
ခံရတဲ့လူငယ်တွေရှိသလို၊ ဝတ်စားဆင်ယင်မှုကြောင့် သူတပါးရဲ့ကဲ့ရဲ့ဝေဖန်မှုကို
ခံစားနေကြတဲ့လူငယ်တွေလည်း အများကြီးရှိပါတယ်။ ကျမ်းစာကလူငယ်တွေ
ကိုကလူငယ်တွေကိုသူတပါးရဲ့ အထင်သေးခြင်းမခံရလေအောင်သတိထား
အသက်ရှင်ဖို့ပြောထားပါတယ်။ သင်၏အသက်အရွယ်နုပျိုသည်ကို အဘယ်
သူမျှမထီမဲ့မြင်မပြုစေနှင့်၊ စကားပြောခြင်း ကျင့်ကြံပြုမူခြင်း၊ သူတပါး
ကိုချစ်ခြင်း၊ဝိညာဉ်သဘောရှိခြင်း၊ သစ္စာစောင့်ခြင်း၊စင်ကြယ် ခြင်းအရာ
မှာ၊ ယုံကြည်သောသူတို့
အားပုံသက်သကိုပြလော့။ (၁တိ ၄း၁၂)
အခုခေတ်မှာဆိုရင်ဖက်ရှင်ဒီဇိုင်းအသစ်အဆန်းတွေ၊ မော်ဒယ်လ်
တွေအများကြီးပေါ်ပေါက်လာတာကြောင့် လူငယ်တွေဟာအဲဒီမော်ဒယ်လ်
ဒီဇိုင်းတွေနောက်ကိုလိုက်နေကြတာဖြစ်တယ်။ သူ့ထက်ငါဆန်းအောင်အပြိုင်
အဆိုင်၊လူတွေရဲ့စိတ်ဝင်စားမှုရှိလာအောင် ဆွဲဆောင်နိုင်အောင်ကြိုးစားနေကြ
တဲ့အချိန်လည်းဖြစ်တယ်။ ဝတ်စားဆင်ယင်မှုနဲ့ပတ်သက်ပြီးလူငယ်တွေရဲ့
စိတ်ကူး၊အကြံအစည်ရည်ရွယ်ချက်အမျိုးမျိုးရှိပါတယ်။
အဲဒါတွေကတော့
(၁)ရာသီဥတုဒဏ်ကိုကာကွယ်ဖို့
(၂)လုပ်ငန်းသဘောအရ(၃)ကြွားဖို့
(၄)ဂုဏ်ပကာဓနပြိုင်ဆိုင်ဖို့
(၅)လှည့်စားဖို့(၆)လိင်ပိုင်းဆိုင်ရာဆွဲဆောင်ဖို့
(၇)အထပ်ပြိုင်ဆိုင်ခြင်း၊
ကြီးလေးစားခံရဖို့၊စသည်ဖြင့်အမျိုးမျိုးရှိကြပါတယ်။ ကြွားဖို့ဂုဏ်ပကာဓန
ရွယ်ချက်နဲ့ဝတ်တဲ့အုပ်စုကိုကျမ်းစာမှာ ဆုံးမထားတာက တော့
အချည်းနှီးကျော်စောကိတ္တိကိုတပ်မက်သောစိတ်ရှိ၍ အဘယ်အမှုကိုမျှ
မပြုကြနှင့်။ (ဖိ၂း၃)လောက၌ရှိသောအရာ တည်းဟူသော၊ ကိုယ်ကာလ
တပ်မက်ခြင်း၊မျက်စိတပ်မက်ခြင်း၊ လောကီစည်းစိမ်၌ဝါကြားခြင်းတို့
သည် ခမည်းတော် နှင့် မစပ်ဆိုင်၊လောကနှင့် သာစပ်ဆိုင်ကြ၏။
(၁ယော၂း၁၆)
အခုခေတ်မှာဆံပင်တွေကိုအရောင်ဆိုးတာပုလဲသွင်းတာ၊ ဖြောင့်
တာကိုကောက်၊ကောက်တာကိုဖြောင့်စသဖြင့်ငွေကြေးများစွာကုန်ကြပြီးလုပ်
ဆောင်နေကြပါတယ်။ အဲဒီလိုလုပ်နေကြတာမှားပါသလား။မှားတယ်လို့တော့
မဆိုလိုဘူး။ ဒါပေမယ့်ကိုယ်ခန္ဓာလှပဖို့လောက်ပဲကြိုးစား ပြီးအတွင်းလူစိတ်
ဝိညာဉ်လှပဖို့ကိစ္စကိုလစ်လျူရှုထားမယ်ဆိုရင် တော့တကယ့် မဟာအမှားကြီး
ပါပဲ။ ကျမ်းစာကသင်တို့၌တန်ဆာဆင်ခြင်းမူကား၊ဆံပင်ကျစ်ခြင်း၊ ရွှေဆင်
ခြင်း၊အဝတ်ဝတ်ခြင်းတည်းဟူသောအပြင်တန်ဆာဆင် ခြင်းမဖြစ် စေဘဲ။
ဘုရားသခင်ရှေ့မှာ အဖိုးများစွာထိုက်သောနူးညံ့ငြိမ်သက်ခြင်းသဘော
တည်းဟူသောမဖောက်ပြန်မပျက်စီးတတ်သော တန်ဆာဆင်ခြင်းရှိ
သောစိတ်နှလုံးတန်ဆာ၏အတွင်းလူဖြစ်စေကြလော့ ဆိုပြီးသွန်သင်
ထားပါတယ်။ (၁ပေ၃း၃)
လိင်ပိုင်းဆိုင်ရာဆွဲဆောင်ဖို့(ဆက်စ်စီ) အတွက်ဝတ်ဆင်သူတွေကို
ကျမ်းစာကဆုံးမထားတာကတော့ မှားယွင်းစရာ အကြောင်းများရှိသော
ကြောင့်လောကီသားတို့သည်အမင်္ဂလာရှိကြ၏။ မှားယွင်းစရာအကြောင်း
ရှိရမည်။ သို့သော်လည်းမှားယွင်းစရာအကြောင်းကိုဖြစ်စေသောသူသည်
အမင်္ဂလာရှိ၏။ (မဿဲ ၁၈း၇)ဒါဝိဒ်ကဗာသရှေဗဆိုတဲ့အမျိုးသမီး ပြစ်မှားခဲ့
မိပါတယ်။ အဲဒီမှားယွင်းခြင်းဟာဒါဝိဒ်ရဲ့ အားနည်းနက်သက်သက်ကြောင့်
လို့ပြောမရပါဘူး။
မဆင်မခြင်းနဲ့ဘေးပတ်ဝန်းကျင်ကိုသတိမပြုပဲ မဆင်မခြင်ရေချိုးခဲ့တဲ့ ဗာသရှေဘ
ရဲ့ အမှားလည်းပါ ပါတယ်။ ကိုယ်ကအခြားသောသူကိုမှားယွင်းစေတဲ့သူ၊
မှားယွင်းအောင်မီးစာထည့်ပေးသူမဖြစ်အောင်သတိပြုရမယ်။ ငါ့အဝတ်
ငါဝတ်တာဘာဖြစ်လဲ၊ ငါဝတ်ချင်တာ ငါဝတ်မှာပဲဆိုတဲ့စိတ်ထားမျိုးယုံကြည်သူ
ဘုရားသားသမီးတွေကမမွေးမြူသင့်ပါဘူး။ လူကြီးတွေရဲ့အထင်သေးမခံချင်
ဘူးဆိုရင်လူငယ်တွေဟာ အဝတ်အစားဝတ်တဲ့နေရာမှာသူ့နေရာနဲ့သူ၊တင့်
တယ်လျောက်ပတ်စွာဝတ်ဆင်တတ်ဖို့လည်း အလွန်အရေးကြီးလှပါတယ်။
နိုဂုံး
အချုပ်အနေနဲ့ပြောရမယ်ဆိုရင်နေရာဒေသတိုင်းမှာလူငယ်တွေနဲ့
လူကြီးတွေအကြားသဘောထား အမြင်မတိုက်ဆိုင်မှုတွေဆိုတာရှိနေတတ်
စမြဲပါ။ ဒီပြဿနာကိုကိုင်တွယ်ဖြေရှင်းဖို့အတွက်လူကြီးတွေအနေနဲ့ ခေတ်သစ်
လူငယ်မျက်မှန်တွေငှါးတတ်ဖို့လိုသလို၊ ခေတ်လူငယ်တွေအနေနဲ့လည်းခေတ်
ဟောင်းမျက်မှန်ကိုတခဏတာ ငါးတပ်ကြည့်ဖို့လိုပါတယ်။ လူငယ်တွေဟာ
လူကြီးတွေကိုမကျေနပ်ဖြစ်မယ့်အစားကိုယ့်ရဲ့ အရည်အချင်းတွေကိုလက်တွေ့
ပြနိုင်ဖို့လိုတယ်။ လူငယ်တွေဟာဘယ်လောက်ပဲခေတ်မှီနေပါစေဘဝခရီးကို
လျှောက်လှမ်းရာမှာလူကြီးတွေဆီကနေအကြံဉာဏ်တွေရယူတတ်ဖို့ အထူး
လိုအပ်တယ်။
ကိုယ်ကိုတိုင်လည်းတချိန်ကျရင်လူကြီးဖြစ်လာမှာမလွဲဧကန် ဖြစ်တဲ့
အတွက်လူကြီးတွေကိုရိုသေလေးစားဖို့လိုတယ်။ ကိုယ့်ရဲ့ အပြောအဆို၊ အပြု
အမူဝတ်စားဆင်ယင်ပုံတွေက လူကြီးရှေ့မှာအထင်သေးစရာကောင်းအောင်
မလုပ်မိဖို့ဆင်ခြင်ရပါမယ်။ ဒီလိုဆိုရင်လူငယ်နဲ့ လူကြီးတွေအကြောင်းကွာဟမှု
ပြဿနာအတော်လေးလျော့သွားပြီလို့ဆိုနိုင်ပါတယ်။ အောင်မြင်တဲ့မိသားစု၊
အသင်းတော်အဖွဲ့အစည်းတွေအတွက် အရေးကြီးတဲ့အချက်ဟာလူငယ်တွေ
နဲ့လူကြီးတွေအကြားနားလည်မှုရှိရှိအတူတကွပူးပေါင်းလုပ်ဆောင်သွားကြဖို့ဖြစ်ပါတယ်။
လူငယ်နှင့်ဘဝအောင်မြင်ရေးဆိုင်ရာသော့ချက်များ
နိဒါန်း
သင့်အသက်တည်သည်ကာလပတ်လုံးသင့်ရှေ့မှာ အဘယ်သူ
မခံမရပ်နိုင်ရာ။ မောရှေ့နှင့် အတူရှိသကဲ့သို့ သင်နှင့်အတူငါရှိလိမ့်
မည်။ ငါသည်သင့်ကိုမစွန့်၊ သင့်ကိုပစ်၍မထား၊ အားယူ၍ရဲရင့်ခြင်းရှိ
လော့။ ဘိုးဘေးတို့အားပေးမည်ဟု ငါကျိန်ဆိုသောပြည်ကိုသင်သည်၏
လူတို့ အားဝေ၍အမွေပေးရမည်။ သို့ဖြစ်၍ငါ၏ကျွန်မောရှေ့မှာထား
သောတရားအတိုင်းကျင့်မည်ဟုစောင့်ရှောက်ခြင်းငှာ အားယူ၍အလွန်ရဲ
ရင့်ခြင်းရှိလော့၊ကြံစည်လေသမျှတို့၌ အောင်မည်အကြောင်းထိုတရား
လမ်းသို့လိုက်လော့၊ လက်ျာဘက်၊ဘက်ဝဲဘက်သို့မလွှဲနှင့်၊ ထိုပညတ္တိ
ကျမ်းစာ၌ရေးထားသမျှအတိုင်းကျင့်မည်ဟု စောင့်ရှောက်ခြင်းအလိုငှါ
ကျမ်းစာကိုမဖတ်မရွတ်ဘဲမနေ၊ နေ့ညဉ့်မပြတ်ကြည့်ရှု ဖတ်ရွတ်ရမည်။
သို့ပြုလျှင်သင်သည်အကြံထမြောက်၍အောင်မြင်လိမ့်မည်။
(ယောရှု၁း၅-၈)
အထက်ဖေါ်ပြပါကျမ်းချက်ကယောရှုကိုပဲရည်ရွယ်ပြီးရေးသား ထား
တာမဟုတ်ပါဘူး။ ယုံကြည်သူဘုရားသားသမီးအယောက်စီတိုင်းအောင်မြင်
ခြင်းရရှိစေဖို့အတွက်လမ်းညွှန်ချက်ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
ဘုရားသခင်ဟာငါတို့အယောက်စီတိုင်းအပေါ် ငါတို့အောင်မြင်လိုတာထက်
ပိုပြီးအောင်မြင်စေလိုတဲ့ဘုရားဖြစ်တယ်။ ဘဝမှာတကယ်အောင်မြင်တိုးတက်
လိုတဲ့လူငယ်တွေအတွက်အရေးကြီးတဲ့ အချက်ခုနှစ်ချက်ကို ဒီအခန်းမှာဖော်ပြ
လိုက်ပါတယ်။
၁။ သင့်အားဘုရားပေးသည့်ဆုကျေးဇူးကိုရှာဖွေပါ
တခါတုန်းကအမျိုးသမီးတစ်ယောက်ဟာကုမ္ပဏီကနေအလုပ်ထုတ်ခံ
ရတာကြောင့်အလုပ်လက်မဲ့ဖြစ်သွားပါတယ်။ သူမဟာအလွန်ပဲစိတ်ဓာတ်
ကျဆင်းခဲ့ရပါတယ်။ နောက်တော့သူမကတစ်ခုခုတော့လုပ်ဖို့ ဆုံးဖြတ်
လိုက်တယ်။သူမဟာမုန့်လုပ်တာ အလွန်ဝါသနာပါသူဖြစ်တာကြောင့်မုန့်တွေ
လုပ်ပြီးအိမ်နီးချင်းတေကိုပို့ပေးဖို့ဆုံးဖြတ်လိုက်တယ်။ သူမပြုလုပ်တဲ့ဘီစကစ်
မုန့်တွေဟာတဖြည်းဖြည်းနဲ့လူကြိုက်အလွန်များလာပြီးအထူးအော်ဒါမှာယူမှု
တွေများများလာတယ်။ နောက်မှာတော့ဆိုင်ခန်းလေးတွေဖွင့်ရင်းကနေနိုင်ငံ
တစ်ဝှမ်းနဲ့ယှဉ်ပြီးဘီစကစ်မုန့်တွေဖြန့်ဝေဖို့ဖြစ်လာတယ်။ အခုချိန်မှာတော့
သူမရဲမုန့်ကုမ္ပဏီဟာကမ္ဘာကသိတဲ့အဆင့်အထိကိုတက်လှမ်းနိုင်ခဲ့ပြီးသူမ
လည်းသန်းကြွယ်သူဌေးအဖြစ်ကိုရောက်ရှိနေပါပြီ။
ဆရာကြီးရိတ်ဝါရင်ဟာလူငယ်ဘဝတုန်းက အဆိုတော်ဖြစ်ချင်စိတ်
ပြင်းပြခဲ့ပါတယ်။ ဒါပေမယ့်သူသီချင်းဆိုပြီးတိုင်းဘယ်သူကမှ နင်ဆိုတာ ကောင်း
တယ်လို့လာမပြောခဲ့ကြပါ ဘူး။ တနေ့မှာတော့သူဟာ ကျမ်းစာသင်တန်းတစ်ခါ
မှာကျမ်းစာသင်ပေးဖို့ခေါ် ဖိတ်ခံရတယ်။ သူဟာကျမ်းစာသင်ဖို့စိတ်ကူးလည်း
မရှိသင်ကြားပို့ချခြင်းအတွေ့အကြုံလည်းမရှိ ပေမယ့်မလွဲသာလို့သွားသင်ခဲ့
ရပါတယ်။ ကျမ်းစာသင် ပြီးတဲ့အခါမှာ တော့လူ တွေအများကြီးသူဆီကိုရောက်
လာကြပြီးဆရာကျမ်းစာသင်ပေးတာအရမ်းကောင်းတယ်၊ အရမ်းခွန်အားရ
တယ်၊အရမ်းရှင်းလင်းပြီးနားလည်လွယ်တယ်စသဖြင့်ဂုဏ်ပြုစကား ချီးမွမ်း
စကား၊ကျေးဇူးတင်စကား တွေလာပြောကြပါတယ်။ အခုသူဟာကမ္ဘာ ကသိပြီး
အလွန်အောင်မြင်ကျော်ကြားတဲ့ကျမ်းစာသင်ကြားပို့ချပေးတဲ့ဆရာ၊ခရစ်ယာန်
စာရေးဆရာကြီးတစ်ပါး၊သင်းအုပ်ဆရာတပါးဖြစ်နေပါပြီ။ ဘုရားသခင်က
တို့ကိုဖန်ဆင်းတဲ့အခါထူးခြားတဲ့ အရည်အချင်းတွေကိုယ်စီထည့်ပေးထားပြီးဖြစ်
ကြောင်းလူငယ်မောင်မယ်တိုင်းသိထားရမယ်။ တစ်ယောက်နဲ့တစ်ယောက် တော့တူမှာမဟုတ်ဘူး။အဲ့တာကို NatureTalents, Ability,Skill လို့ခေါ်တယ်။
ပြီးတော့ယေရှုခရစ်တော်ကို လက်ခံယုံကြည်ပြီးတဲ့ နောက်ပိုင်းမှာတော့ Spiritual
Gifts ဝိညာဉ်ဆုကျေးတွေကိုပေးပါတယ်။ Supernatual Ability
သဘာဝလွန်စွမ်းအားဖြစ်ပါတယ်။ ဥပမာ၊ဒါဝိဒ်ရဲ့တိုက်ရည်ခိုက်ရည်ရှိခြင်းဟာ
မွေးရာပါအရည်အချင်းဖြစ်ပေမယ့်၊ဂေါလိယက်ကိုသုတ်သင်နိုင်ခဲ့ခြင်းဟာ
သဘာဝလွန်၊ ဘုရားသခင်ပေးတဲ့စွမ်းအားကြောင့်သာဖြစ်ပါတယ်။
လူငယ်မောင်မယ်တွေအနေနဲ့အကြီးဆုံးလုပ်ဆောင်ရမယ့် အရာက
တော့မိမိအထဲမှာဘုရားသခင်ထည့် ထားပေးတဲ့သဘာဝအထုံပါရမီနဲ့ သဘာဝ
လွန်ဝိညဉ်ဆုကျေးဇူးတွေကဘာတွေလဲလို့ရှာဖွေတွေ့ရှိနိုင်ဖို့ပါ။ ကျမ်းစာက
ရှာကြလော့၊ရှာလျှင်တွေ့မည် လို့ဆိုထားပါတယ်။ (မဿ၇း၇)ကျွန်တော်
ရဲ့ဆွေမျိုးအသိုင်းအဝိုင်းမှာစာရေးဆရာဆိုတာမရှိပါဘူး။ ကျွန်တော့်ကိုကျွန်
တော်လည်းစာရေးဆရာဖြစ်လာဖို့ဆိုတာ အိမ်မက်တောင်မမက်ဖူးဘူး။ ကိုယ့်
အထဲမှာစာအုပ်ရေးသားထုတ်ဝေဖြန့်ချီနိုင်တဲ့ အရည်အချင်းဆုကျေးဇူးရှိမယ်
လို့လည်းဘယ်တော့မှမထင်ထားခဲ့ဘူး။ ဒါပေမယ့်ကျမ်းစာကျောင်းမှာ ဓမ္မပညာ
ကိုဆည်းပူးလေ့လာနေစဉ်စာရေးဆရာတပါးဖြစ်တဲ့ ဆရာလခေါင်နဲ့ တွေ့ဆုံရင်း
နှီးခွင့်ရရှိခဲ့ပါတယ်။ သူကကျွန်တော့်ကိုစာရေးဖို့အားပေးခဲ့တယ်။ ဒါနဲ့ကျွန်တော်
လည်းစမ်းရေးရင်းကနေအခုဒီတတိယမြောက်စာအုပ်ကိုထုတ် ဝေဖြန့်ချိနိုင်တဲ့
အနေထားအထိဘုရားသခင်ပို့ဆောင်ပေးပါတယ်။
ပထမစာအုပ်ထုတ်စဉ်က တည်းကလူအမြောက်အများ ဟာကျွန်တော့
ရဲ့အရေးအသား တွေအတွက်ကောင်းမွန်ကြောင်း၊ ခွန်အားရကြောင်း၊အလွန်ဆွဲ
ဆောင်မှုရှိကြောင်း၊ကျေဇူးတင်ကြောင်းသဖြင့်လာပြောကြပါတယ်။ အခုချိန်
မှာတော့ကျွန်တော်ဟာ ကျွန်တော့်အထဲမှာ ဘုရားသခင်ထည့်ထားပေးတဲ့
အရာတစ်ခု (စာပေရေးသားခြင်း၊ ဆုကျေးဇူ၊ ပါရမီ၊အရည် အချင်း)
ကိုရှာဖွေတွေ့ရှိခဲ့ရပါပြီ။ ဒီသဘောတရားတွေကို နားလည်တဲ့စာရေး ဆရာကြီး
တွေက ကမ္ဘာပေါ်မှာအကောင်းဆုံးသီချင်းတွေ၊၀တ္ထုတွေ၊ အနုပညာ တွေ
များစွာဟာသိင်္ချိုင်းကုန်းမှာရှိတယ်။ ဘာကြောင့်လဲဆိုတော့လူများစွာဟာ
သူတို့အထဲမှာရှိတဲ့ အရာတွေကို ရှာဖွေတွေ့ရှိခြင်းမရှိဘဲသေဆုံးသွား
သောကြောင့်ဖြစ်တယ် လို့ဆိုပါတယ်။
လူငယ်တွေအနေနဲ့မိမိအထဲမှာ ဘုရားသခင်ထည့်ထားတဲ့အရာတွေကို
ရှာဖွေတွေ့ရှိနိုင်ဖို့ပထမအနေနဲ့လုပ်ဆောင်ရမှာ ကလက်တွေ့စမ်းသပ်ခြင်းပါ။
ဆိုကြည့်၊ရေးကြည့်၊ကကြည့်၊ရောင်းကြည့်၊စိုက်ကြည့်၊ဟောကြည့်၊ရိုက်ကြည့်
စသဖြင့်ပေါ့။ သင့်မှာဆုဘာဆုကျေးဇူးရှိတယ်၊မရှိဘူးဆိုတာဆုံးဖြတ်ပေးမယ့်
သူတွေကတော့ပရိသတ်တွေပါပဲ။ သင်ကိုယ်တိုင်တော့မဟုတ်ဘူး။ သင့်ကိုယ်
သင့်ဘယ်လောက်ထိအဆိုပညာရှင်ဖြစ်တယ်လို့ထင်နေပါစေလူတွေကအဲဒါကို
လက်ခံခြင်းမရှိဘူးဆိုရင်ဆက်ပြီးခေါင်းမမာနေဖို့အရေးကြီးပါတယ်။
သင့်အထဲရှိ တဲ့အရာတွေကိုရှာဖွေတွေ့ရှိဖို့ ဒုတိယအချက်အနေနဲ့
လုပ်ဆောင်နိုင်တဲ့အရာ ကတော့ ဘုရားသခင်ကိုမေးမြန်းဖို့ပါ။ မသိရင်မေး၊
မစစ်ရင်ဆေးဆိုသလိုပေါ့။ ကျမ်းစာမှာဘုရားသခင်ဂတိပေးထားတဲ့အရာ တစ်ခု
ကတော့ ငါ့ကိုခေါ်လော့၊ငါထူးမည်။ ကြီးသောအရာ၊သင်မသိနိုင် အောင်
နက်နဲသောအရာတို့ကိုငါပြမည်။ (ယေ၃၃း၂) ကျွန်တော်တို့ရဲ့ အကြောင်း
ကိုကျွန်တော်တို့ထက်ပိုသိတဲ့သူကတော့ဘုရားသခင်ပဲ။ ဘာကြောင့်လဲဆို
တော့သူကငါတို့ကိုဖန်ဆင်းထားတာကိုး။ ဒါကြောင့်ကိုယ့်အကြောင်းပိုသိချင်ရင်
ကိုယ်သိဖို့အထူးလိုအပ်ပါတယ်။
သူ့ကိုမေးဖို့ဆုတောင်းဖို့လိုတယ်။ လူမှန်နေရာမှန်ရောက်ဖို့အတွက်ကိုယ့်ကို
၂။ သင့်ဆုကျေးဇူးကိုဓါးသွေးသလိုနေ့စဉ်သွေးပေးပါ
ဓါးတစ်လက်ဆိုတာအမြဲတမ်းမသွေးဘဲနေရင်အသွားတုံးမယ်။ သံချေး
တက်မယ်ပြီးတော့ပျက်စီးသွားမယ်။ ဒါပေမယ့်အမြဲတမ်းသွေးပေးနေတဲ့ဓါး
တစ်လက်ကတော့ထက်မြက်တယ်၊တောက်ပတယ်ကြာရှည်ခံမယ်။ အလားတူ
ငါတို့ဟာငါတို့အထဲမှာရှိတဲ့အရည်အချင်းတွေ၊ ဆုကျေးဇူးတွေကိုရှာဖွေတွေ့
ရှိစုံမှုန့်အပြီးသေးဘူး။ အရည်အချင်းရှိတာထက်ရှိလာအောင်အစဉ်ပြုစုပျိုး
ဆောင်ပေးဖို့လိုအပ်ပါတယ်။ တမန်တော်ပေါလုကလူငယ်သင်းအုပ်ဆရာဖြစ်
တဲ့တိမောသေကိုခုလိုအားပေးတိုက်တွန်းထားတာကိုတွေ့ရှိရပါတယ်။ ဗျာဒိတ်
တော်ကိုခံ၍၊ သင်းအုပ်များတို့သည် လက်တင်ခြင်းနှင့်တကွ၊ သင်၌အပ်
ပေးသောဆုကျေးဇူးကိုမပြုစုဘဲမနေနှင့်။ (၁တိ၄း၁၄) ဒေသနာဆရာ
ကလည်း ပုဆိန်တုံးသောအခါ မသွေးဘဲနေလျှင်သာ၍ အားထုတ်ရမည်။
ပညာသည်အမှုအောင်ရသော အခွင့်ကို ပေး၍ကျေးဇူးကြီး၏လို့ဆိုထား
ပါတယ်။ (ဒေ ၁ဝး၁၀)
အလွန်တော်တဲ့စောင်းသမားဟာ စောင်းနဲ့ခုနှစ်ရက်ဝေးသွားတာ
နဲ့နဂိုလက်ခံမတွက်တော့သလို အလွန်တော်တဲ့လေးသမားဟာ လည်းလေးနဲ့
ခုနှစ်ရက်သာဝေးခဲ့မယ်ဆိုရင်နဂိုပစ်မှတ်ကို မထိနိုင်တော့ဘူးလို့ဆိုပါတယ်။
ဒါကြောင့်ဘဝမှာအောင်မြင်ဖို့က အစဉ်အမြဲသစ်လွင်နေလန်းဆန်းနေဖို့ လေ့
ကျင့်နေဖို့လိုအပ်ပါတယ်။ ဒီနေ့အတွက်အသစ်ဟာမနက်ဖြန်မှာအဟောင်း
ဖြစ်သွားတာကြောင့်နေစဉ်အသစ်ဖြစ်နေအောင် ကိုယ်နဲ့သက်ဆိုင်တဲ့ကဏ္ဍ
မှာအမြဲကျပြုနေဖို့လိုအပ်တယ်။ ဥပမာ၊အဆိုတော် တစ်ယောက် အနေနဲ့
သီချင်းဟောင်းတစ်ပုဒ်ကိုပဲ တမူထူးခြားတဲ့စတိုင်သစ်နဲ့သီဆိုခြင်း အားဖြင့်လူ
အများရဲ့ထောက်ခံအားပေးမှုနဲ့အတူအောင်မြင်မှုတွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။
၃။ အများယောင်တိုင်း လိုက်မယောင်ပါနှင့်
ဆင်၏မျက်စိသည် ရှေ့ရှုကြည့်၍၊ မျက်ခမ်းတို့သည်တည့်တည့်
အာရုံပြုစေလော့။ ဆင်သွားရာလမ်းကို စူးစမ်း၍ သွားလေရာရာ၌တည်
ကြည်ခြင်းရှိစေလော့။ လက်ျာဘက်၊ လက်ဝဲဘက်သို့မတိမ်းမလွှဲနှင့်။
ဒုစရိုက်ပြုရာလမ်းကိုရှောင်လော့။ (သု၄း၂၅-၂၇)
ဘဝမှာအောင်မြင်တဲ့သူတွေဟာ ဘယ်သူဘယ်ကိုသွားသွား၊ ဘယ်သူတွေဘာ
ပဲလုပ်လုပ်စိတ်ယိမ်းယိုင်မသွားဘဲ ကိုယ်သွားရမယ့်နေရာကိုသိပြီး၊ ကိုယ်လုပ်
ရမယ့်အရာကိုသာအာရုံစူးစိုက်နိုင်စွမ်းရှိသူတွေဖြစ်ကြတယ်။ ပတ်ဝန်းကျင်မိတ်
ဆွေအသိုင်းအဝန်းရဲ့ လွမ်းမိုးမှုကိုခံရပြီး လူတကာလုပ်တာလျှောက်ပြီး
ပတ်လုပ်နေတဲ့သူဟာငါးပွက်ရာ ငါးစာလိုက်ချတဲ့လူနဲ့အလွန်တူပြီး နောက်ဆုံးမှာ
တော့ဟိုမရောက်ဒီမရောက်ဖြစ်သွားတတ်ကြပါတယ်။ သုတ္တံဆရာက ပညာ
သတိရှိ သောသူ၏ပညာကား၊ ကိုယ်သွားရသောလမ်းကိုသိခြင်းတည်းလို့
ဆိုဆုံးမထား ပါတယ်။(သု၁၄း၈)
ရောမစကားပုံတစ်ခုမှာအဘယ်ဆိပ်ကမ်းသို့ဆိုက်ရမည်ကို မသိ
သော သင်္ဘောမာလိန်မှူးအတွက်မှန်ကန်သောရေစီးကြောင်းကိုရှာဖွေ
တွေ့ရှိရန်မဖြစ်နိုင်ပါလို့ဖေါ်ပြထားတယ်။ အော်လီဗာဝင်း ဒဲလ်ဟောလ်
မက်ကလောကတွင်ကြီးမြတ်သောအရာဟူသည်ငါတို့ ဘယ်နေရာ
ရောက်နေတာလဲဆိုတာ ထက်ဘယ်ကိုဦးတည်နေသလဲဆိုသည့်အချက်
ပေါ်မှာမူတည်တယ်လို့ဆိုပါတယ်။ တိရိစ္ဆာန်လေ့ကျင့်ပေးတဲ့သူများကခြင်္သေ့
လှောင်အိမ်ထဲဝင်ရောက်သွားတိုင်းခွေးခြေထိုင်ခုံတစ်လုံးကိုသာယူသွားလေ့ရှိ
တယ်။ အဲဒီခွေးခြေထိုင်ခုံရဲ့ခြေထောက်တွေကို ခြင်္သေ့၏မျက်နှာဘက်ဆီ သို့
ဆန့်တန်းပြီးကိုင်ထားလိုက်တဲ့အခါခြင်္သေ့ဟာ ခွေးခြေထိုင်ခုံရဲ့ခြေထောက်လေး
ချောင်းစလုံးအပေါ်တစ်ပြိုင်နက်တည်းအာရုံစူးစိုက်ဖို့ကြိုးစားပါ တော့တယ်။
ဒါကခြင်္သေ့ကိုမလှုပ်ရှားနိုင်အောင်ဖြစ်စေတယ်။ ၄င်းနည်းတူပင် အာရုံစူးစိုက်မှု
ကိုဖြန့်ကျက်ထားရှိမှုကအမြဲတစေပင် သင့်ကို ဒုက္ခပေးမှာဖြစ်တယ်
လို့ဝီလီယံဟာရီဆန်ကဆိုပါတယ်။ အဓိကပြောချင်တဲ့အချက်ကဘဝမှာ အောင်
မြင်ဖို့တက်လှမ်းနေတဲ့လူငယ်တွေဟာအာရုံမများဖို့လိုတယ်ဆိုတဲ့အချက်ပါ။
အချို့သောလူငယ်တွေဟာပညာရေးမှာ အလွန်ထူးချွန်ထက်မြက်
ကြပေမယ့်အဆုံးမှာဘယ်နေရာမှာမှ ပေါက်ပေါက်ရောက်ရောက်မရှိပဲ၊ရောင်
လည်လည်နဲ့ဖြစ်သွားတာကို ကျွန်နော်မကြာခဏဆိုသလို မြင်တွေ့ခဲ့ရပါတယ်။
သူတို့ရဲ့ဘဝတွေဟာအလွန်နှမြောစရာကောင်းလှပါတယ်။ အဲလိုဖြစ်ရခြင်း
ဟာသူတို့မိဘတွေကသားသမီးတွေရဲ့ အနာဂတ်ကိုကောင်းမွန်စွာမှန်ကန်စွာ
လမ်းကြောင်းနိုင်ခြင်းမရှိတာကြောင့်ဖြစ်ရသလိုအဲဒီလူငယ်တွေကိုယ်၌က
လည်းဘယ်လမ်းခရီးကိုရွေးချယ်မယ်ဆိုတာ အတိအကျဆုံးဖြတ်ချက် ချတတ်
ခြင်း၊ အာရုံများသွားခြင်းကြောင့်ဖြစ်တယ်။ အာရုံဒီလိုမျိုးအဖြစ်ဆိုးတွေကနေ
ရှောင်ကြဉ်နိုင်ဖို့ဆိုတာဘုရားသခင်ထံအချိန်ယူဆုတောင်းခြင်းနဲ့အဖြေရှာဖို့
လိုတယ်။ ကိုယ့်ထက်ဝါရင့်ပြီး၊ပညာ အရာမှာရော၊ဝိညာဉ်ရေး အသက်တာမှာ
ရောလေးစားထိုက်တဲ့ပုဂ္ဂိုလ်တွေဆီမှာသွားရောက်ဆွေးနွေးပြီးအကြံဉာဏ်တွေ
တောင်းခံသင့်ပါတယ်။
၎။မရှိသည့်အရာအတွက်ညည်းတွားနေမည့်အစားရှိသည့်အရာဖြင့် အကောင်းဆုံးလုပ်ဆောင်ပါ
လွန်ခဲ့တဲ့ငါးနှစ်လောက်တုန်းကကျွန်တော်ဟာ လက်ပ်တော့ပ်ကွန်
ပျူတာတစ်လုံးကိုအလွန်လိုချင်ခဲ့တာကြောင့် ဘုရားသခင်ထံအကြိမ်ကြိမ်ဆု
တောင်းခဲ့ရပါတယ်။ တစ်နေ့မှာတော့မြစ်ကြီးနားကယုံကြည်သူတစ်ယောက်က
ကျွန်တော့အတွက်အလှူငွေတစ်သိန်းပို့ပေးပါတယ်။ဒါနဲ့ပဲကျွန်တော်ဟာရန်ကုန်
မြို့ထဲကိုသွားပြီးကွန်ပျူတာ အဟောင်းတစ်ခုကိုကိုးသောင်းကိုးထောင်နဲ့ ဝယ်
ယူခဲ့ပါတယ်။ ငွေကြေးမလုံလောက်မှုကြောင့်ကွန်ပျူတာအကောင်းမဝယ်
နိုင်ခဲ့ပါဘူး။ ကွန်ပျူတာဝယ်ပြီးမကြာမှီမှာပဲကျမ်းစာကျောင်းတက်ဖို့ အကြောင်း
ဖြစ်လာတယ်။ ကျမ်းစာကျောင်းရောက်တော့ ကျွန်တော့ကွန်ပျူတာဟာတခြား
ကျောင်းသားတွေရဲ့ကွန်ပျူတာတွေထက်အထူဆုံး၊အလေးဆုံးဗိုင်းရပ်စ် အများ
ဆုံး၊ မော်ဒယ်အနိမ့်ဆုံး၊ အဟောင်းဆုံးဈေးအနိမ့်ဆုံးဖြစ်နေပါတယ်။ ဒါကြောင့်
မြို့တော်ရုံအရေးကြီးကိစ္စမရှိရင်ကျွန်တော့ကွန်ပျူတာကို အိမ်မှာဘဲ ထားခဲ့
တာများပါတယ်။ ဘက်ထရီသက်တမ်းလည်းကုန်သွားတာကြောင့်မို့မီးပြတ်
တာနဲ့ကွန်ပျူတာဟာ ပိတ်စရာမလိုပဲသူ့အလိုလိုအလိုက်သိသိပါဝါကပိတ်ပြီး
သားဖြစ်သွားပါတယ်။
ရန်ကုန်လျှပ်စစ်မီးကလည်းသိတဲ့အတိုင်းပဲ၊ စလိုက်မီးလိုလင်းတစ်ချက်
မလင်း တချက်ဆိုတော့ကျွန်တော့ကွန်ပျူတာကလည်း ခဏခဏပါဝါကလာ
လိုက်ပိတ်လိုက်ဖြစ်နေတယ်။ ပိုဆိုးတာကကျွန်တော်ဟာစာရိုက်နေရင်း တန်း
လန်းစာမျက်နှာသုံး၊လေးမျက်နှာလောက်မှာမီးသေပြီဆိုရင်တစ်နေကုန် ရိုက်
ထားသမျှစာတွေကဘယ်ရောက်သွားမှန်းတောင်မသိတော့ဘူး။ ဒီလိုနဲ့
အကြောင်း အရာတစ်ခုတည်းကိုပဲနှစ်ခါသုံးခါရိုက်ခဲ့ရပါတယ်။ အစပိုင်းမှာဆိုရင်
ကွန်ပျူတာအဟောင်းကိုရိုက်ခွဲချင်ရလောက်အောင်ဒေါသမကြာမကြာထွက်
ဖြစ်တယ်။ ပြီးတော့စာကိုမကြာမကြာဆေ့ဖ်လုပ်ဖို့မေ့သွားတဲ့ကိုယ်ကိုကိုယ်
လည်းခွင့်မလွတ်နိုင်အောင်ဖြစ်ရပါတယ်။ အထူးသဖြင့် မြန်မာ့လျှပ်စစ် ဌာနကို
အမှုန့်ချေပစ်ချင်စိတ်တွေလည်းတဖွားဖွားပေါ်ပေါက်လာပါတယ်။ ဘာပဲဖြစ်ဖြစ်
အဲဒီကွန်ပျူတာအဟောင်းလေးကိုပဲလေးနှစ်တာမျှအသုံးပြုရင်း နဲ့ဓမ္မပညာ
မဟာဘွဲ့ကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒီကွန်ပျူတာနဲ့ဘဲ လူငယ်ရွှေရောင် အနာဂတ်
ဆိုတဲ့ စာအုပ်ကိုလည်းထုတ်ဝေပြီး မြန်မာပြည် အနှံဖြန့်ချိနိုင် ခဲ့ပါတယ်။
အခုချိန်မှာတော့ဘုရားသခင်ကအဲဒီကွန်ပျူတာကိုအဟောင်း နဲ့ရေး
တဲ့စာအုပ်ရောင်းရငွေနဲ့ဘဲကွန်ပျူတာအသစ်တစ်လုံးကိုဝယ်ယူအသုံးပြုခွင့်
ပေးခဲ့ပါပြီ။ ကွန်ပျူတာအဟောင်းကိုလည်းတခြားလိုချင်သူကိုလက်ဆောင်
ပေးလိုက်ပါပြီ။ ဘုရားသခင်ကျွန်တော့်ကိုသွန်သင်ခဲ့တဲ့တန်ဖိုးကြီးလှတဲ့
သင်ခန်းစာကတော့ကိုယ့်မှာမရှိတဲ့အရာအတွက်ညည်းတွားပြစ်တင် နေမယ့်
အစားရှိတဲ့အရာနဲ့ပဲအကောင်းဆုံးလုပ်ဆောင်သွားဖို့ပါ။ အချိန်တန်တဲ့အခါ
ဘုရားသခင်ဟာ ကျွန်တော်တို့ တကယ်လိုအပ်တဲ့အရာတွေကိုတစ်ခုပြီးတစ်ခု
ပြင်ဆင်ပေးသွားမှာဖြစ်ပါတယ်။
ဘုရားသခင်က မောရှေကိုဣသရေလ လူမျိုးကိုအီဂျစ်ပြည်ကနေကယ်
တင်ဖို့စေလွတ်ခဲ့တယ်။ အဲလိုစေလွတ်တဲ့အခါ စစ်တပ်တွေ၊စစ်လက်နက်တွေ
စစ်ရထားတွေမထုတ်ပေးပါဘူး။ အဲဒီအစား မောရှေကိုမင်းရဲလက်ထဲမှာ
ဘာရှိသလဲလို့မေးခဲ့တယ်။ မောရှေကတောင်ဝှေး တစ်ချောင်းရှိပါတယ် လို့ပြော
တဲ့အခါ၊ တောင်ဝှေးကိုမြေပေါ်ပစ်ချလိုက်လို့ပြောခဲ့တယ်။ ဘုရားပြောတဲ့
အတိုင်းပစ်ချလိုက်တဲ့အခါတောင်ဝှေးဟာမြွေဖြစ်သွားတယ်။ နောင်မှာအဲဒီ
တောင်ဝှေးအားဖြင့်ပဲဘုရားသခင်ကနိမိတ်လက္ခဏာဆယ်မျိုးကိုပြသပြီး
ဣသရေလလူမျိုးကိုအီဂျစ်ပြည်ကနေကယ်ထုတ်ခဲ့ပါတယ်။ လူငယ်တွေ အနေနဲ့
ကိုယ့်မှာမရှိတဲ့အရာအတွက်ဘုရား သခင်ကို၊ မိဘကို အစိုးရကိုအပြစ်တင်နေ
မယ့်အစားလက်ရှိကိုယ့်လက်ထဲမှာရှိတဲ့အရာနဲ့ ဘဝတိုးတက်အောင်မြင်
ရေးအတွက်တစ်ခုခုကိုအစပြုလုပ်ဆောင် ကြပါစို့။
၅။ တစ်စိုက်မတ်မတ် လုပ်ဆောင်ပါ
လိမ့်လွန်းတဲ့ကျောက်ဟာဘယ်တော့မှရေညှိမတင်ပါဘူး။ ငါးပွက်တဲ့
နေရာတိုင်းငါးစာလိုက်ချတဲ့သူဟာ ငါးဘယ်တော့မှရမှာမဟုတ်ဘူး။ တရွာ
မပြောင်း သူကောင်းမဖြစ်ဆိုပြီးတချိန်လုံးရွာပြောင်းနေမယ်ဆိုပြန်တော့လည်း
သေချင်တဲ့ကျားတောပြောင်းဆိုသလိုဖြစ်သွားနိုင်တယ်။ ဒါကြောင့်အောင်မြင်
ချင်တဲ့လူငယ်တွေအနေနဲ့လက်ရှိကိုယ်လုပ်ကိုင်နေတဲ့အလုပ်ဟာ အကျိုး
အမြတ်အားဖြင့်များများစားစား ကျေနပ်ရလောက်အောင်မရသည့်တိုင် အနာ
ဂတ်ကိုယ့်ဘဝအသက်တာအတွက် အကျိုးဖြစ်ထွန်းစေမယ်ဆိုရင်သည်းခံပြီး
နေရာမပြောင်းဆက်လက်လုပ်ဆောင်သင့်ပါတယ်။ ချစ်စမ်းမောင်ဟာ ဂီတာ
စခင်တုန်းကဝင်ငွေများများရှိမယ်မထင်ဘူး။ နောင်နှစ်ပေါင်းများစွာစိတ်ရှည်
သည်းခံပြီးတီးခတ်လာချိန်မှာတော့ အဲဒီတီးခတ်ခြင်းကြောင့်ပဲဝင်ငွေများစွာရရှိ
စရာအကြောင်းဖြစ်လာတယ်။
တချို့လူတွေဟာရှမ်းခေါက်ဆွဲပဲနှစ်ပေါင်းများစွာ ရောင်းလာရင်းကနေ
အလွန်ကြွယ်ဝချမ်းသာလာကြပါတယ်။ အချို့ကတော့ပန်းချီဆွဲတယ်။
အချို့ကတော့သီချင်းဆိုတယ်၊စာရေးတယ်။ ကတယ်။ အရောင်းအဝယ်လုပ်
တယ်။ဝန်ထမ်းလုပ်တယ်။ သင်ကရောတစိုက်မတ်မတ်နဲ့လုပ်ဆောင်သွားမယ့်
အရာကဘာလဲ။ ကိုယ့်ကိုကိုမေးဖို့ပါ။ အဖြေမရှိရင်တော့စတင်စဉ်းစားပါ။
တွေးခေါ်ပါ။ ဆုတောင်းပါ။ သုတ္တံဆရာက ပညာသတိရှိသူ၏ပညာ
ကား၊ ကိုယ်သွားရသောလမ်းကို သိခြင်းတည်း လို့ဆိုပါတယ်။ (သု ၁၄း၈)
၆။ သန့်ရှင်းခြင်းကိုထိန်းသိမ်းပါ
ခရစ်ယာန်လူငယ်တွေအနေနဲ့ဘ၀မှာအောင်မြင်ဖို့အတွက် အလွန်
အရေးကြီးတဲ့အချက်နောက်တစ်ချက်ကတော့ သန့်ရှင်းစင်ကြယ်စွာအသက်ရှင်
ခြင်းဖြစ်တယ်။ ဒံယေလနဲ့သူငယ်ချင်းသုံးယောက်ဟာတိုင်းတပါး၃လုန်ပြည်
မှာအမြင့်ဆုံးရာထူးတွေနဲ့ အတူချီးမြှောက်ခံခြင်းဟာသန့်ရှင်းစွာအသက်
ရှင်ခြင်းကြောင့်ဖြစ်တယ်။ ဒံယေလမူကား၊
ပွဲတော်မှကြွင်းသောအစာနှင့်
သောက်တော်မူသော စပျစ်ရည်ကိုမသောက်မစားဘဲ၊ ညစ်ညူးခြင်း
ကိုရှောင်မည်ဟုအကြံရှိ၍၊ မိမိကိုမညစ်ညူးစေမည်အကြောင်း၊ မိန်းမစိုး
အုပ်ကိုခွင့်တောင်း၏။(ဒံ၁း၈)ဒီကျမ်းချက်ကိုကြည့်ခြင်းဖြင့်ဒံယေလနဲ့ သူငယ်
ချင်းသုံးယောက်ဟာသူတို့ရဲ့ကိုယ်ခန္ဓာစိတ်ဝိညာဉ်ညစ်ညူးခြင်း ကိုရှောင်ကြဉ်
တာကိုတွေ့ရပါတယ်။ ယောသပ်ရဲ့
အသက်တာကိုကြည့်မယ်ဆိုရင်လည်းသူ
ဟာပေါတိဇံ ရဲ့ မယားနဲ့ပြစ်မှားခြင်းကို ရှောင်ကြဉ်ခြင်း နဲ့သူ့ရဲ့ သန့်ရှင်းခြင်းကို
ထိန်းသိမ်းစောင့်ရှောက်ခဲ့တယ်။
ကျမ်းစာကယောသပ်နဲ့ပတ်သက်ပြီးခုလိုဖော်ပြထားတယ်။ ထိုနောက်
မှသခင်၏မယားသည်ယောသပ်ကိုတပ်သောစိတ်ရှိ၍ ငါနှင့်အတူအိပ်ပါ
ဟုဆို၏။ ယောသပ်ကလည်း၊ ကျွန်တော်သခင်သည်အိမ်တော်၌ရှိသမျှ
သော ဥစ္စာတို့ကိုကျွန်တော်လက်သို့အပ်ပါပြီ။ ကျွန်တော်၌အဘယ်ဥစ္စာ
ရှိမှန်းကိုမသိမမှတ်ပါ။ ဤအိမ်တွင်လည်း ကျွန်တော်ထက်သာ၍ကြီး
သောသူမရှိပါ။ ကိုယ်မယားဖြစ်သောသခင်မမှတပါးအဘယ်အရာကိုမျှ
ကျွန်တော်အားမမြစ်တာပါ။ သို့ဖြစ်လျှင်အပြစ်ကြီးသောဤအမှုကိုကျွန်
တော်ပြု၍ဘုရားသခင်ကိုအဘယ်သို့ပြစ်မှားနိုင်သနည်းဟု သခင်၏
မယားကိုငြင်း၍ပြန်ဆို၏။ ထိုသို့သခင်မသည်နေ့တိုင်းသွေးဆောင်သော်
လည်း၊ယောသပ်သည်သူ၏စကားကိုနားမထောင်၊ သူနှင့်အတူအိပ်ခြင်း၊
နေခြင်းအမှုကိုရှောင်လေ၏။ (က၃၉း၇-၁၀)
အကယ်၍ဒံယေလနဲ့သူငယ်ချင်းတွေဟာ အခြားအမျိုးသားတွေလို
ပဲရှင်ဘုရင်ရဲ့ စားကြွင်းတွေနဲ့စားသောက်မူးယစ်ပျော်ပါးနေမယ်ဆိုရင်၊ ယောသပ်
တပေါတိဖာရဲ့ မယားနဲ့ကာမဂုဏ်လွန်ကျူးလို့ပျော်ပါးညစ်ညူးခဲ့မယ်ဆိုရင်
သူတို့အသက်တာမှာ ဘုရားသခင်ရဲ့ အံ့ဘွယ်မျက်နှာသာပေးမြှောက်ခြင်း
ကိုခံစားရပါ့မလား။ ရှန်ဆုံရဲ့ အသက်တာမှာဘုရားသခင်ရဲအထူး ကောင်းကြီး
တန်ခိုးစွမ်းအားပေးထားပေမယ့်သန့်ရှင်းခြင်းကိုမစောင့်ထိန်းပဲပြည့်တန်ဆာ
မတွေတစ်ယောက်ပြီးတယောက်နဲ့ပြစ်မှားတဲ့အခါ နောက်ဆုံးဘဝကိုဘယ်လိုပုံ
စံနဲ့အဆုံးသတ်သွားသလဲ။ ဒီကနေ့ခရစ်ယာန်လူငယ်များစွာဘဝကိုအေအိုင်ဒီ
အက်စ်နဲ့ မူးယစ်ဆေးစွဲဘဝနဲ့အချို့ဟာ အကျဉ်းထောင်မှာထောင်သားဘဝနဲ့
ဘဝကိုအဆုံးသတ်သွားတာဟာဘာကြောင့်လဲ။ သန့်ရှင်းခြင်းကို မစောင့်ထိန်း
လို့ပါ။
ယခုခေတ်ကာလဟာကျေးဇူးတော်ခေတ်ဆိုပေမယ့် ဘုရားသခင်ကယုံ
ကြည်သူတိုင်းကိုသန့်ရှင်းစွာအသက်ရှင်ဖို့တောင်းဆိုနေဆဲပါ။ သင်တို့ကိုခေါ်
တော်မူသောသူသည်သန့်ရှင်းတော်မူသည်နည်းတူကျင့်ကြံပြုမူသမျှတို့
၌သန့်ရှင်းခြင်းရှိကြလော့။ အကြောင်းမူကား၊ ငါသည်သန့်ရှင်းတော်မူ
သော ကြောင့်၊သင်တို့သည်လည်းသန့်ရှင်းခြင်းရှိကြလော့ဟု ကျမ်းစာလာ
သတည်း။ မိစဉ်အဆက်ကျင်လည်သောအချည်းနှီးကျင့်ကြံ ပြုမူခြင်း၊
ငွေ အစရှိသောဖောက်ပြန်ပျက်စီးတတ်သောဥစ္စာနှင့်သင် တို့ကို
တော်မူသည်မဟုတ်။အဘယ်အပြစ်မှမရှိ၊အညစ်အကြေးနှင့်ကင်းစင်
သောသိုးသငယ်ကဲ့သို့သောခရစ်တော်၏အသွေးတော်မြတ်နှင့် ရွေးတော်
မူသည်ကို သိမှတ်ကြလော့။ (၁ပေ၁း၁၅-၁၉)
အကယ်၍ သင့်မှာငါးသောင်းတန်၊နှစ်သောင်းတန်၊ ငါးထောင်တန်
အကျီသုံးထည်ရှိတယ်ဆိုပါစို့။ အရေးကြီးတဲ့အစည်းအဝေးကိုသင်ဟာ အရေး
ပေါ်တက်ရတော့မယ်။ ငါးသောင်းတန်နဲ့နှစ်သောင်းတန်အင်္ကျီတွေ ကမလျှော်
ရသေးဘူး၊အနံ့နဲနဲထွက်နေတယ်။ ငါးထောင်တန်အင်္ကျီကတော့ လျှော်ထားပြီး
မီးပူတိုက်ထားတယ်။ အဆင်သင့်ရှိနေတယ်။ သင်ဘယ်အကျီ ကိုရွေးမှာလဲ။
သန့်ရှင်းတဲ့အင်္ကျီကိုပဲဝတ်မှာဖြစ်ပါတယ်။ သင့်အသက်တာကိုဘုရားသခင်ပွဲ
ထုတ်ဖို့အသုံးပြုဖို့ချီးမြောက်ဖို့ဘုရားသခင်ကသင့်ဆီကတောင်းဆိုတဲ့ အရာဟာ
သန့်ရှင်းစွာအသက်ရှင်ဖို့ပဲ။ ဘုရားသခင်ကကြီးမားတဲ့အမှုတွေမပြုခင်ယေရှု
အားဖြင့်တဆင့်ဣသရေလလူတို့ဆီက တောင်းဆိုခဲ့တာကသန့်ရှင်းခြင်းဖြစ်
တယ်။ ယေရှုကလည်း၊သင်တို့သည်ကိုယ်ကိုကိုယ်သန့်ရှင်းစေကြလော့။
အကြောင်းမှုကား၊နက်ဖြန်နေ့၌ထာဝရဘုရားသည်အံ့ဖွယ်သောအမှုတို့
ကို သင်တို့တွင်ပြုတော်မှုမည်ဟုလူများတို့အားမှာထားလေ၏။
(ယောရှု ၃း၅)
ရ ဘုရားသခင်တို့ ကြိုးစားခြင်း
အမေရိကန်ဒေါ်လာအရွက်တိုင်းမှာ တွေ့ရတဲ့စားကားစုကတော့ In
God We Trust ဆိုတဲ့အရာဖြစ်တယ်။ ဘုရားသခင်ကိုကိုးစားတဲ့တိုင်းပြည် ဖြစ်
တာကြောင့်သူ့ထက်အရင်စီနီယာကျတဲ့ကမ္ဘာ့တိုင်းနိုင်ငံကြီးတွေအား လုံးကို
ကျော်တက်ပြီးကမ္ဘာပေါ်မှာယနေ့ထိတိုင် စူပါ၊ ပါဝါနိုင်ငံအနေနဲ့ရပ်တည်နိုင်
ခြင်းဖြစ်ပါတယ်။ ယခုလက်ရှိအမေရိကန်သမ္မတ ကနေစလို့အမေရိကန် ပြည်
သူပြည်သားအားလုံးဘုရားသခင်ကိုကိုးစားတယ်လို့တော့ မဆိုနိုင်ပေမယ့်
အမေရိကန်ပြည်ကိုတည်ထောင်ခဲ့တဲ့ဘိုးဘေးတွေဟာ ဘုရားသခင်ကိုအလွန်
ယုံကြည်ကိုးစားခဲ့ကြသူတွေဖြစ်တယ်။ ဘုရားသခင်ကိုကိုးစားခြင်းရှိတဲ့အသက်
တာနဲ့ကိုးစားခြင်းမရှိတဲ့လူကွဲပြားခြားနားမှုကို ကျမ်းစာကခုလိုဖေါ်ပြ ထားပါ
တယ်။ ထာဝရဘုရားမိန့်တော်မူသည်ကား၊ လူကိုကိုးစား၍လူသတ္တဝါ
ကိုအမှီပြုသဖြင့်၊စိတ်နှလုံးထဲ၌ ထာဝရဘုရားထံတော်မှ ထွက်သွားသော
သူသည်ကျိန်အပ်သောသူဖြစ်၏။ ထိုသူသည် လွင်ပြင်၌ရှိသောသစ်ပင်
ခြောက်ကဲ့သို့ဖြစ်၍၊ ကောင်းကျိုးရောက်ကြောင်းကိုမသိရ။ အဘယ်သူမျှ
မနေ သောဆားမြေ၊သွေ့ခြောက်သောလွင်ပြင်၌နေရလိမ့်မည်။ ထာဝရ
ဘုရားကိုကိုးစားသောသူ၊ ထာဝရဘုရား ကိုမိမိကိုးစားရာ အကြောင်းဖြစ်
စေသောသူသည်ကောင်းကြီးမင်္ဂလာကိုခံအပ်သောသူဖြစ်၏။ ထိုသူသည်
ကား၊ရေရှိသောအရပ်၌စိုက်၍မြစ်နားမှာ အမြစ်ဖြာသဖြင့်၊ပူသော အရှိန်
ရောက်ကြောင်းကိုမသိ၊ အရွက်မညှိုးနွမ်း၊ မိုဏ်းခေါင်သောကာလ၌
စိုးရိမ်စရာမရှိဘဲ၊ အစဉ်အမြဲအသီး ကိုသီးတတ်သော အပင်နှင့်တူ၏။
(ယေ၁၇း၅-၈)
နိဂုံး
အချုပ်အနေနဲ့ဆိုရရင်ဘုရားသခင်ဟာ ယုံကြည်သူသားမီးတိုင်းကို
အရာရာမှာအောင်မြင်စေချင်တယ်။ ကောင်းစားစေချင်တယ်။ ဒါပေမယ့်အောင်
မြင်ခြင်းဆိုတာသူ့အလိုအလျောက်ဖြစ်လာမှာတော့မဟုတ်ဘူး။ စပါးများများ
ပေးပါလို့ဘုရားသခင်ထံမှာဆုတောင်းသောသူဟာလယ်များများစိုက်ဖို့လို
တယ်။ ကိုယ့်ရဲ့ယုံကြည်ခြင်းနဲ့စိုက်ထားတဲ့စပါးပင်တွေကိုဘုရားသခင်ကောင်း
ကြီးပေးခြင်းအားဖြင့်စပါးအဆပေါင်းများစွာသီးလာမှာဖြစ်တယ်။ စပါးစိုက်တယ်
ဆိုတာလည်းသူ့ရာသီနဲ့ သူ့ရဲ့နည်းစနစ်အတိုင်းစိုက်မှအပင်ရှင်သန်မှာဖြစ်တယ်။
တမန်တော်ပေါလုဖေါ်ပြထားသလို အောင်မြင်ခြင်းဆိုတာငါတို့ဟာဘုရားသခင်
နဲ့အတူတကွ ပူးပေါင်းဆောင်ရွက်လုပ်ဆောင်ခြင်းရဲ့ အကျိုးရလဒ်ဖြစ်ပါတယ်။
ငါသည်စိုက်ပျိုးသောသူဖြစ်၏။ အာပေါလုသည်ရေလောင်းသော
သူဖြစ်၏။ အပင်ကိုကြီးပွါးစေသောသူကား၊ဘုရားသခင်ပေတည်း။ စိုက်
ပျိုးသောသူမတတ်နိုင်။ ရေလောင်းသောသူလည်းမတတ်နိုင်။ ကြီးပွါး
စေတော်မူသောဘုရားသခင်သာလျှင်တတ်နိုင်တော်မူ၏။(၁ကော၃း၆-၇)
စိုက်ပျိုးခြင်းနဲ့ရေလောင်းခြင်း၊ပြုစုပျိုးထောင်ခြင်းဟာငါတို့၊ဘုရားသခင်သား
သမီးတွေရဲ့ အလုပ်၊ ကြီးပွါးစေတာကတော့ဘုရားသခင်ရဲ့
အလုပ် ဖြစ်ပါတယ်။
ငါတို့ဘက်ကတာဝန်ကျေပွန်တယ်ဆိုရင်ဘုရားသခင်ဘက်ကပျက် ကွက်
မှာအတွက်တော့လုံးဝစိတ်ပူနေစရာအကြောင်းမရှိပါဘူး။
{ – Reference Books – }
John stone Patrick and Jason Mandryk, Operation World: When We
Pray God Works, 21″ Century Edition. OM Operation Mobilization,
Carlisle, Cambria, London,6 Edition, 2001,
4/14 Window, Presentation by VOB.
Metzger Will, Tell the Truth: The Whole Gospel Wholly by Grace
Communicated Truthfully & Lovingly.4* Edition, IVB Books,
London.
Henry O. Dorman, Letters From Leaders
Stephen Arterburn and Fred Stoeker, Every Young Man’s Battle:
Strategies for Victory in the Real World of Sexual Temptation. Water
Books Press, Colorado Springs, 2014.
Friedman, Thomas. The World Is Flat, Reporter July 2005.
Friel John C. & Linda D. Friel, The 7 Worst Things Good Parents Do
Hee, Kong Sermon on Seven Mountains or Seven Pillars. City Harvest
Church, Singpore.
Khuma, F. Hrang, Introduction to Church History. Theological Book
Trust, Banglore, 2006.
Wright H. Norman. Relationships that Work (and those that don?)
California, USA Regal Books From Gospel Light, 1998.
Chapman Gray. The 5 Love Languages of Teenagers: The Secret of
Loving Teens Effectively. Northfield Publishing, Chicago, 2010.
Hulse Erroll Adoniram Judson and the Missionary Call, Reformation
Today Trust, England, 1996,
Copo Landa. An Introduction to the Old Testament Template;
Rediscovering Gods principles for discipline all nations,
The Journal of Human Rights & Democracy. Volume 2, No. 10,
October 2014. Yangon.
ရောင်ပြန်အတွေး၊ အမှတ်(၁)ဇွန်လ ၂၀၁၃။ ကိုယ်ဝန်ဖျက်ချခြင်းနှင့်သမ္မာတရား။
ချန်ထားရ်အဝိဝမ်။
ဦးသိန်းညွန့်။ မြန်မာ့ရေခံမြေခံသာသနာပြုမည်ဆိုလျှင်၊ ရေခံမြေခံ၊ ဧဝံဂေလိ
ဟောခြင်း၊ ပြောင်းလဲခြင်း၊ အသင်းတော်တည်ထောင်ခြင်း။ ၂၀၁၀၊ သီရိမေ
ပုံနှိပ်တိုက်၊ ရန်ကုန်မြို့ ။
ဦးအောင်ထွယ်။ လူငယ်ရွှေရောင်အနာဂတ်။ မေတ္တာဥယဉ်စာပေ၊ ၂၀၁၄၊
ရန်ကုန်မြို့။
ဦးအောင်ထွယ်။ လူငယ်အနာဂတ်ခေါင်းဆောင်ကောင်း။ မီးပြတိုက်စာပေ။
၂၀၁၅၊ ရန်ကုန်မြို့။
ခင်မောင်မြင့်၊ ဘုရားသခင်အလိုတော်နှင့်ညီသော အိမ်ထောင်ဖက်ရွေးနည်း၊
မင်္ဂလာရက်မြတ်မတိုင်မှီအပါအဝင် ခရစ်ယာန်အိမ်ထောင်ဆောင်းပါးနှင့်ဝေငှ
ချက်များ
လူငယ် ရေးရာသိကောင်းစရာ(၄)ဩဂုတ်လ၊ ၂၀၁၅၊ အားကစားနှင့်လူငယ်လှုပ်
ရှားမှုတင်မောင်ရွှေ။
မန်ပီး၊ ဖေါက်ထွက်ခြင်း။ယနေ့လူငယ်တာရမ်ဘယ်ဘယ်လိုလဲ။ Exodus
Ministry, 2011, Yangon
(GYMN Saff. လူငယ်သင်းအုပ်များအတွက်ဝိညဉ်ရေးရာလမ်းပြမှု၊ ရက်ပေါင်း
portugu Youth Hope, Transforming the lives of Global youth