သမ္မာကျမ်းစာ လေ့လာရာတွင် လက်တွေ့အထောက်အကူပြုမည့် သင်ခန်းစာများ
မာတိကာ
သမ္မာကျမ်းစာမှ မေးခွန်း ၄၀၀၀နှင့် အဖြေများ – သမ္မာကျမ်းစာလေ့လာရန်အ
ခြေခံအချက်အလက်များ ကျမ်းစာထဲပါဝင်သူများနှင့်ရင်းနှီးမှုရှိရန် …. ။ ကျမ်းစာထဲမှအကြောင်းအရာ၊ အဖြစ်အပျက်များကိုရှာဖွေလေ့လာရန် .. ကျမ်းစာထဲမှ ကြီးမြတ်တော်မူသောသခင်ယေရှုအကြောင်းကိုလေ့လာရန် • •
သမ္မာကျမ်းစာမှဘာသာတရား၏ အခြေခံယုံကြည်ချက်များ သမ္မာကျမ်းစာမှ အခြေခံသင်ကြားပေးချက်များ သမ္မာကျမ်းစာမှ အထွေထွေလမ်းညွှန်၊ သင်ကြားပေးချက်များ
သမ္မာကျမ်းစာအုပ်နှင့်ပတ်သက်သောအကြောင်းချက်များ သမ္မာကျမ်းစာအုပ်၏သက်တမ်း .. သမ္မာကျမ်းစာ၏မူရင်းဘာသာစကားများနှင့်ဖွဲစည်းထားပုံ သမ္မာကျမ်းစာအုပ်တွင် ပါဝင်သောကျမ်းပိုင်းအတွဲများ ..
သမ္မာကျမ်းစာလေ့လာရန်လက်တွေ့သင်ခန်းစာများ…. ၁။ စကားချီး၊ စတင်အသုံးပြုခြင်း ၂။ အမှတ်အသားပြုလုပ်နည်း ၃။ ဓမ္မဟောင်းကျမ်းစာအုပ် အပိုင်း ၁။ ဥပဒေစာအုပ် အပိုင်း ၂။ ခါနန်ပြည်ရှိအစ္စရေးလူမျိုးများအကြောင်း အပိုင်း ၃။ ဓမ္မဟောင်းကျမ်းချက်များ ၊ အပိုင်း ၄။ လူသိများသောပရောဖက်များ – ဟေရှာယ၊ ယေရမိ၊ ဒံယေလ၊ ယေဇကျေလ အပိုင်း ၅။ လူသိနည်းသော အခြားပရောဖက် ၁၂ပါး ၊
၄။ ဓမ္မသစ်ကျမ်းစာအုပ်
၁။ အစအဦး၌ :-:'(ကမ္ဘာ ၁း၁-၂း၇;)
၁။ သမ္မာကျမ်းစာ၏ ပထမဦးဆုံးကျမ်းပိုဒ်အမည်ကိုဖော်ပြပါ။
ကမ္ဘာဦးကျမ်း (အစအဦးဆိုသည့်အဓိပ္ပာယ်ကိုဆောင်သည်။)
၂။ ကမ္ဘာကြီး၏အစအဦးအကြောင်း မည်သိုနားလည်သနည်း။
အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူ၏။ (ကမ္ဘာ ၁း၁)
၃။ ဖန်ဆင်းခြင်းနှင့်လုပ်ဆောင်ခြင်း မည်သိုကွဲပြားခြားနားသနည်း။
ဖန်ဆင်းခြင်းဆိုသည်မှာ မူလအခြေခံပစ္စည်းဘာမှမပါဘဲ ပြုလုပ်ခြင်းဖြစ်သည်။ လုပ်ဆောင်ခြင်း ဆိုသည်မှာ မူလရှိထားပြီးပစ္စည်းတစ်ခုခုကို အခြေခံပြုလုပ်ခြင်းဖြစ်သည်။ ဖန်ဆင်းခြင်းကမ္ဘာဦးနှင့်စပ်ဆိုင်၍ ဖန်ဆင်း ခြင်းဆိုသည့်စကားလုံးကို ၃ကြိမ်တိုင်သုံး၍ ဖန်ဆင်းခဲ့၏။
၄။ ဘုရားသခင်သည် မည်သည့်စွမ်းအားကိုသုံး၍ဖန်ဆင်းသနည်း။
နှုတ်ကပတ်တော်အားဖြင့် ဖန်ဆင်းသည်။ (ဟေဗြဲ ၁း၃၊ ၂ပေ ၃း၅)
၅။ နှုတ်ကပတ်တော်သည် မည်သူ့ကိုဆိုလိုသနည်း။
သခင်ယေရှု (ယော ၁း၁၄)
၆။ ဖန်ဆင်းခြင်းအချိန်က သခင်ယေရှုသည် ဘုရားသခင်နှင့်အတူရှိနေကြောင်း မည်သိုသိနိုင်သနည်း။
အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော် သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့်အတူရှိ၏။ ထိုနှုတ်ကပတ်တော် သည် ခပ်သိမ်းသောအရာတိုကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော်မူခြင်းနှင့် တင်းလွတ် လျက်ဖြစ်သောအရာ တစ်စုံတစ်ခုမျှမရှိ (ယော ၁း၁-၃)
၇။ မည်သည့်အရာကို နောက်ဆုံးဖန်ဆင်းခဲ့သနည်း။
လူသား။ ဘုရားသခင်၏ပုံသဏ္ဌာန်တော်နှင့်အညီ လူကိုဖန်ဆင်းတော်မူ၏။ (ကမ္ဘာ ၁း၂၇)
၂။ ကျဆုံးခြင်း:'(ကမ္ဘာ ၂း၈-၃း၂၄;)
၁။ ဘုရားသခင်သည် လူကိုဖန်ဆင်းပြီး မည်သည့်နေရာတွင်ထားသနည်း။ ဧဒင်ဥယျာဉ် (ကမ္ဘာ ၂း၈-၁၇)
၂။ဧဒင်ဥယျာဉ်သည် မည်သည့်နေရာခွင်ရှိခဲ့သနည်း။
ယခုအခါ အာရှတိုက်ရှိ ယူဖရိတ် (UFEAT5) မြစ်အနီးဟု ယူဆရသည်။
၃။ ဥယျာဉ်အကြောင်း အနည်းငယ်ပြောပြပါ။
ဥယျာဉ်တွင်း၌အသက်ပင်၊ကောင်းမကောင်းကိုသိကျွမ်းရာအပင်၊လှပသောအပင်များနှင့်စားကောင်းသောအပင်များရှိပါသည်။
၄။ ဥယျာဉ်ထဲ၌ ရေအခြေအနေကိုပြောပြပါ။
မြစ်တစ်မြစ်သည်မြစ်လက်တက်၄ခုခွဲဖြာ၍ပင်လယ်အတွင်းသိုစီးဆင်း၏။၎င်းမြစ်လက်တက်တစ်ခုသည်ယူဖရိတ်အမည်ရှိပြီးယခုအခါအာရှတိုက်ရှိယူဖရိတ်မြစ်ဖြစ်ေကာင်းဖြစ်နိုင်သည်။
၅။ လူသည် ဧဒင်ဥယျာဉ်တွင် အားလပ်နေပါသလား။
လူသည် ဥယျာဉ်ကိုလှပကောင်းမွန်အောင် ပြုပြင်ရ၏။
၆။ ဥယျာဉ်အတွင်း တားမြစ်ချက်များရှိပါသလား။
“ကောင်းမကောင်းကိုသိကျွမ်းရာ အပင်မှတစ်ပါး ထိုဥယျာဉ်၌ရှိသမျှသောအပင်တို၏အသီးကို စားခွင့်ရှိ၏။
၇။လူသည် ဘုရားသခင်၏တားမြစ်ချက်ကို လိုက်နာပါသလား။
“မလိုက်နာပါး တားမြစ်ထားသောအသီးကိုစား၏။ (ကမ္ဘာ ၃း၁- ၂၄)
၈။ မည်သူသည် ပထမဦးဆုံးအပြစ်ပြုသနည်း။
ဧ၀
၉။ အပြစ်ပြုမိရန် မည်သိုဖြစ်ပေါ်လာခဲ့သနည်း။
(မာနတ်သည် မြွေကဲ့သိုဟန်ဆောင်၍) မြွေကလည်း သင်တိုသည် ဧကန်အမှန်သေရမည်မဟုတ်။ အကြောင်း မူကား ထိုအသီးကိုစားသောနေ့၌ သင်တိုသည် မျက်စိပွင့်လင်းလျက် ကောင်းမကောင်းကိုသိ၍ ဘုရားသခင် ကဲ့သိုဖြစ်ကြလတ္တံ့ဟုဆို၏။
၁၀။ သူတို၏ရှက်ကြောက်ခြင်းကို မည်ကဲ့သို ဖုံးကွယ်ဖိုကြိုးစားသနည်း။
ဥယျာဉ်တွင်း သစ်ပင်များကြားတွင် ပုန်းကွယ်ရန် ကြိုးစားခဲ့ကြသည်။
၁၁။ ဘုရားသခင်ထံမှ ပုန်းရှောင်ရန်နေရာရှိပါသလား။
မရှိပါ။ ဝိညာဉ်တော်နှင့်လွတ်ခြင်းအလိုငှါ ဘယ်အရပ်သိုသွားနိုင်ပါမည်နည်း။ မျက်နှာတော်နှင့် လွတ်ခြင်း၊ အလိုငှါ အဘယ်အရပ်သိုပြေးနိုင်ပါမည်နည်း။ ကောင်းကင်သိုတက်လျှင် ကိုယ်တော်ရှိတော်မူ၏။ မရဏာနိုင်ငံ၌အိပ်ယာခင်းလျှင် ကိုယ်တော်ရှိတော်မူ၏။ နံနက်အတောင်တိုကိုယူ၍ သမုဒ္ဒရာစွန်း၌နေလျှင် ထိုအရပ်၌ပင် ကိုယ်တော်၏လက်သည် အကျွန်ုပ်ကို ပိုဆောင်လျက် လက်ျာလက်ေတာ်သည် ကိုင်လျက် ရှိပါလိမ့်မည်။ အကယ်၍ မှောင်မိုက်သည် ငါ့ကိုဖုံးလွှမ်းမည်ဟု တဖန်ဆိုလျင်၊ ညဉ့်သည်လည်း အကျွန်ုပ် ပတ်ဝန်းကျင်၌ အလင်းဖြစ်ပါလိမ့်မည်။ အကယ်စင်စစ် မှောင်မိုက်သည် ရှေ့ေတာ်၌ အဘယ် အရာကိုမျှမ ဖုံးနိုင်ပါး ။ညဉ့်သည် နေ့ကဲ့သိုလင်းပါ၏။ မှောင်မိုက်သဘောနှင့် အလင်းသဘောသည် တူပါ၏။ (ဆာလံ ၁၃၉း၇-၁၂)
၁၂။ အဘယ်အရာသည် ကျွန်ုပ်တိုကို ဘုရားသခင်နှင့်တွေ့ဆုံရန်ကြောက်ရွံစေပါသနည်း။
ကျွန်ုပ်တိုပြုခဲ့သောအပြစ်ကို ဘုရားသခင်သိနေသည်ဆိုသည့် အသိစိတ်ဖြစ်ပါသည်။
၁၃။ ကျွန်ုပ်တိုအပြစ်လုပ်ခဲ့မိပြီဆိုတာသိလျင် ဘာဆက်လုပ်သင့်သနည်း။
အမှန်တကယ်နောင်တနှင့် အပြစ်ဝန်ချရမည်။ သခင်ယေရှု၏နာမတော်ကို အမှီပြု၍ ဘုရားသခင်ထံ
ခွင့်လွှတ်ခြင်းတောင်းခံရမည်။
၁၄။ အာဒံနှင့် ဧဝအတွက် မည်ကဲ့သိုသောအဝတ်အစားကိုပေးခဲ့သနည်း။
သားရေအဝတ်ကို ဝတ်ဆင်စေခဲ့သည်။
၁၅။ သူတိုအပြစ်အတွက် မည်သို ပြစ်ဒဏ်ခံရသနည်း။
မြွေကဲ့သိုဟန်ဆောင်ခဲ့သော စာတန်မာနတ်ကို နှိမ်နင်းခဲ့ပြီး လူအာဒံနှင့် ဧ၀ ဥယျာဉ်တွင်းမှ နှင်ထုတ် ခဲ့သည်။ လူယောက်ျားကို သေသည့်တိုင်အလုပ်ကိုလုပ်၍ လူမိန်းမကို သားဖွားခြင်းဝေဒနာနှင့် လူယောက်ျား ၏အုပ်စိုးခြင်းကိုခံစေ၏ ။
၁၆။ မြေကြီးသည်လည်း ကျိန်ခြင်းခံရကြောင်း လူသည်မည်သိုသိခဲ့သနည်း
မလိုအပ်သောဆူးပင်၊ မြက်ပင်များပေါက်ပြီး၊ အမြဲတမ်းသုတ်သင်ရှင်းလင်းပေးရန်လိုအပ်နေခြင်းဖြင့် သိခဲ့ရသည်။
၁၇။ အမျိုးသမီးကို အထူးအခွင့်အရေးပေးခဲ့ပါသလား။
သခင်ခရစ်တော်၏ အမျိုးအနွယ်ဖြစ်ခဲ့ရ၏။
၁၈။ ဧဒင်ဥယျာဉ်အတွင်း လူသားတိုအဘယ်ကြောင့် မနေနိုင်ခဲ့သနည်း။ ။
သူတိုသည် တားမြစ်ထားသောအသီးကိုစားပြီးနောက် ကျဆုံးခြင်းနှင့်အတူ ဧဒင်ဥယျာဉ်မှ ထွက်ခွါခဲ့ရ၏။
၁၉။ အသက်ပင်အကြောင်း ကျမ်းစာတွင် နောက်ထပ်တွေ့နိုင်ပါသလား။
အကြင်သူသည် အောင်မြင်၏။ထိုသူသည် ငါ၏ဘုရားသခင် ပရဒိသုဥယျာဉ်၌ရှိသော အသက်ပင်၏အသီး ၊ ကိုစားစေခြင်းငှာ ငါအခွင့်ပေးမည်။ (ဗျာဒိတ် ၂း၇၊ ၂၂း၁-၂)
၂၀။ဘုရားသခင်သည်ဧဒင်ဥယျာဉ်ကိုမည်သိုအစောင့်ချထားသနည်း။
အသက်ပင်လမ်းကိုစောင့်ရှောက်စေခြင်းငှာမီးစက်လက်နက်နှင့်တကွခေရုဗိမ်တိုကိုဥယျာဉ်အရှေ့ဘက်၌ထားတော်မူ၏။
၂၁။ အာဒံသည် သူ၏ဇနီးကို အဘယ်ကြောင့်ဧဝ ဟုအမည်ပေးခဲ့သနည်း။
အဘယ်ကြောင့်ဆိုသော်ဧဝ သည် အသက်ရှင်သူအပေါင်း၏မိခင်ဖြစ်သည်။ ဧဝ၏ အဓိပ္ပါယ်သည် အသက်ရှင်ခြင်း၊ အသက်ဟု ဆိုလိုသည်။
၃။ကာဣနနှင့်အာဗေလ:'(ကမ္ဘာ၄;)
၁။အာဒံနှင့်ဧဝ၏ပထမဆုံးသား၂ယောက်၏အမည်ကိုဖော်ပြပါ။
ကာဣနနှင့်အာဗေလ။ကာဣနသည်ပိုင်ဆိုင်ခြင်းဟူသည့်အဓိပ္ပါယ်ဆောင်၍အာဗေလသည်အချည်းနှီး၊အသုံးမကျဟူသောအဓိပ္ပါယ်ဆောင်သည်။
၂။ သူတို၏အလုပ်အကိုင်ကိုဖော်ပြပါ။
ကာဣနသည် လယ်လုပ်သောသူ အာဗေလသည် သိုးထိန်းဖြစ်ပါသည်
၃။ညီအစ်ကို ၂ယောက်၏ပူဇော်သကာမည်သိုကွာခြားသနည်း။
ကာဣနသည် အသီးအနှံကိုပူဇော်၍ အာဗေလသည် မိမိသုံးစုမှ အဦးအဖျားသောသိုးနှင့် သိုးဆီဥကို ဆောင်ခဲ့၏။
၄။ ဘုရားသခင်သည် သူတို၏ပူဇော်သကာကို အညီအမျှလက်ခံပါသလား။
လက်မခံခဲ့ပါ။
၅။ သူတိုပူဇော်သော ပစ္စည်းအမျိုးအစားပေါ်တွင် ထာဝရဘုရားသခင်ဆုံးဖြတ်ခဲ့ပါသလား။
ပစ္စည်းအမျိုးအစားပေါ်တွင် ဆုံးဖြတ်သည်ဟုမထင်ပါ။ ပူဇော်ခြင်းနှင့်ပတ်သက်သော စည်းမျဉ်းဥပ ဒေကို ကျွန်ုပ်တိုရှာဖွေမရခဲ့ပါ။ အသီးအနှံပူဇော်ခြင်းကို အစအဦးပိုင်းတွင် မတွေ့ခဲ့ရဘဲ နောက်ပိုင်းတွင်သာ မိမိအားထုတ်လုပ်ကိုင်၍ရသော အဦးသီးကို ဆက်ကပ်လေ့ရှိသည်။ “အာဗေလသည် ကာဣနပူဇော်သော ယဇ်ထက် သာ၍မြတ်သောယဇ်ကို ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်အား ပူဇော်၏။ ထိုသိုသောယဇ်ကို ပူဇော်၍ မိမိဖြောင့်မတ်သည်ဟု သက်သေခံတော်မူခြင်းကိုရလေ၏။ အဘယ်သိုနည်းဟူမူကား သူလှူသော အလှူကို ဘုရားသခင်သည် လက်ခံတော်မူ၏။ သိုဖြစ်၍ အာ ဗေလသည် သေလွန်သော်လည်း ယခုပင်တရား ဟောသေး၏။ (ဟေဗြဲ၄့း၁၁)
၆။ ပူဇော်သကာကို ဘုရားသခင်လက်ခံကြောင်း မည်သိုသိနိုင်သနည်း။
မသိနိုင်ပါ။ သိုသော် ကာဣန၏ပူဇော်ခြင်းတွင် ဘုရားသခင်မနှစ်သက်စရာတစ်ခုခုမှားယွင်းေနမည်မှာ သေချာသည်။ (စိတ်နေသဘောထားလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။)
၇။ကာဣနအား ဘုရားသခင်မည်သိုပြောဆိုသနည်း
ကမ္ဘာဦးကျမ်း ၄၅-၇
၈။ ကာဣနသည် ဒေါသနှင့် မကျေနပ်ချက်ကြောင့် မည်သိုပို၍မှားခဲ့သနည်း။
သူ၏ညီ အာဗေလကိုသတ်ခဲ့၏။
၉။ ကာဣနသည် မည်သိုလိမ်ညာပြောဆိုခဲ့သနည်း။ “
သူ၏ညီအဘယ်မှာရှိသည်ကို သူမသိကြောင်း ထာဝရဘုရားအား လိမ်ညာပြောခဲ့သည်။
၁၀။ မည်သိုသော စကားအားဖြင့်ပြောခဲ့သနည်း။
“ကျွန်ုပ်သည် ညီကိုစောင့်သောသူဖြစ်ပါသလား” ဟုပြောဆိုခဲ့သည်။
၁၁။ ဤမေးခွန်းကို ကျွန်ုပ်တိုမည်သိုဖြေသင့်သနည်း။
ကျွန်ုပ်တိုသည် ညီအစ်ကိုကို စောင့်ရှောက်သောသူဖြစ်ရမည်။ညီအစ်ကိုကို ထိခိုက်ဒဏ်ရာ နာကျင်စရာ များမှ ကွယ်ကာသည်သာမက သူ၏စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကိုပါ ကာကွယ်စောင့်ရှောက်သင့်သည်။
၁၂။ ကာဣနအတွက် ပြစ်ဒဏ်ကား အဘယ်နည်း။
ယခုမှစ၍ မြေ၌အလုပ်လုပ်သောအခါ ပကတိအတိုင်း အသီးအနှံကိုမရရ။ မြေကြီးပေါ်မှာ ပြေးရသောသူ၊ အရပ်ရပ် လည်ရသောသူဖြစ်ရလိမ့်မည်ဟု မိန့်တော်မူ၏။ (ကမ္ဘာ ၄း၁၂)
၁၃။ ကာဣနသည် ဘုရားသခင်၏ကျိန်ခြင်းအပေါ် မည်သိုမြင်သနည်း။
သူလုပ်မိသောအပြစ်ထက် ပြစ်ဒဏ်သည် ပို၍ကြီးလေးသည်၊ မမျှတဟုထင်သည်။
၁၄။ ဘုရားသခင်သည် ကာဣနခံရသောပြစ်ဒဏ်ကို မည်သိုပေါ့စေသနည်း။
မည်သူမျှ ကာဣနအားမသတ်စေရန် အမှတ်ပေးတော်မူ၏။
၁၅။ ကာဣန၏မျိုးဆက်များအကြောင်းပြောပါ။
သူ၏မျိုးနွယ်သည် ကျန်းမာ၊ သန်စွမ်း၊ ကျွမ်းကျင်သောသူများဖြစ်၍ ရွက်ဖျင်တဲများ၊ လက်နက်များ၊ ကိရိယာပစ္စည်း၊ တူရိယာပစ္စည်းများကို ကောင်းစွာလုပ်တတ်ကြ၏။ သူတိုသည် ပထမဦးဆုံး ကျွဲ၊ နွား ၊ တိရစ္ဆာန်များကို အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေးမြူကြသည်း
၄။ရေလွမ်းမိုးခြင်းမဖြစ်မီကမ္ဘာ:'(ကမ္ဘာ ၅;)
၁။ အာဒံနှင့် ဧဝအတွက် ကာဣနနှင့် အာဗေလ၏နောက် ထာဝရဘုရား မည်သူ့ကိုထပ်၍ပေးသနားခဲ့သနည်း။
ရှေသအမည်ရှိ တတိယသားကို ပေးခဲ့ပါသည်။
၂။ ထိုအချိန်အခါက လူသားများ၏ ပျမ်းမျှအသက်မည်မျှထိ ရှိကြသနည်း။
အသက် ၉၀၀ ကျော် အသက်ရှည်ကြသည်။
၃။ အခန်းကြီး ၅တွင် အထူးမှတ်သားထားစရာ အမည် ၃မျိုးကိုဖော်ပြပါ။
မသုရှလ ၊ဧနောက် (ဘုရားနှင့်အတူသွားလာသူ) နောဧ (နောဧလက်ထက်၌ ရေလွှမ်းမိုးခဲ့သည်) ကမ္ဘာ ၅၂၄ ၊၂၇ ၊၂၈၊ ၂၉။
၄။ မည်သူသည် အဘယ်ကြောင့် အသက်အတိုဆုံးဖြစ်ရသနည်း၊
ဧနောက်သည် အသက် ၃၆၅ နှစ်သာ နေခဲ့ရသည်။ ဘုရားသခင်သိမ်းယူတော်မူသောကြောင့်တည်း။ ကမ္ဘာ၅း ၂၄။
၅။ ဓမ္မသစ်ကျမ်းတွင် ရှင်ယုဒက နောက်နှင့်ပတ်သက်၍ မည်သိုဖော်ပြထားသနည်း။
အာခံမှဆင်းသက်၍ ခုနှစ်ဆက်မြောက်သောသူ ဧနှောက်က ထာဝရဘုရားသည် ခပ်သိမ်းသောသူတိုကို ၊ တရားစီရင် တော်မူ၍ အတိုင်းမသိ များစွာသော မိမိသန့်ရှင်းသူတိုနှင့်တကွ ကြွလာတော်မူလိမ့်မည်ဟု ပရောဖက်ပြု၍ ဟောပြောလေ၏။ (ယုဒ ၁း၁၄-၁၅)
၆။ အထက်ပါအကြောင်းအရာသည် မည်သိုဆိုလိုသနည်း။
ထာဝရဘုရားရှင် ဒုတိယကြွလာခြင်းကိုဆိုလိုပါသည်။
၅။ရေလွမ်းမိုးခြင်း:-(ကမ္ဘာ ၆း၉;)
၁ ။ယနေ့ကမ္ဘာပေါ်ရှိ လူသားများအား ၂မျိုး ၂စားခွဲခြားပြပါ။
မှန်ကန်သောထာဝရဘုရားအား ကိုးကွယ်သော သား၊ သမီးများနှင့် ရုပ်တုဆင်းတုကိုးကွယ်သော သား၊ သမီးများဖြစ် ကြပါသည်။ (ကမ္ဘာ ၆း၁-၆)
၂။ ဤလူမျိုး ၂မျိုးခွဲခြား၍ နေနိုင်ကြပါသလား။
ခွဲခြား၍မနေနိုင်ပါ။ ယုံကြည်သူများသည် ရုပ်တု၊ ဆင်းတုကိုးကွယ်သော သမီးချောများကိုသဘောကျ၍ အိမ်ထောင်ပြုခဲ့ကြသည်။
၃။ သူတို၏ဆွေမျိုးစဉ်ဆက်၏ အကျင့်စာရိတ္တကိုဖော်ပြပါ။
သန်မာထွားကြိုင်းကြသည်၊ နာမည်ကျော်ကြသည်။ သိုသော် စာရိတ္တယိုယွင်းကြသည်။
၄။ ဘုရားသခင်သည် မည်သိုဖြေရှင်းခဲ့သနည်း။
လူနှင့် တိရိစ္ဆာန်များကိုပါ ဖျက်ဆီးခဲ့သည်။ (ကမ္ဘာ ၆း၇)
၅။ ဘုရားသခင်သည် ယုံကြည်သူမိသားစုကိုတွေ့ခဲ့ပါသလား။
ယုံကြည်သူေနာဧမိသားစုကို တွေ့ခဲ့ပါသည်။ (ကမ္ဘာ ၆း ၈-၂၂)
၆။ နောဧအား မည်သိုညွှန်ကြားခဲ့သနည်း။
ထာဝရဘုရားသခင်သည် နောဒနှင့် မိသားစုအတွက် သစ်သားနှင့် သင်္ဘောကိုတည်လုပ်စေ၍ ရေလွမ်းမိုး ခြင်းဒဏ်မှ လွတ်မြောက်စေသည်။
၇ ။နောဧအကြောင်းနှင့်ပတ်သက်၍ ၂ပေ ၂း၅တွင် မည်သိုဖော်ပြထားသနည်း၊
ရှေးလောကဓာတ်ကိုလည်း နှမြောတော်မမူ။ ဖြောင့်မတ်ခြင်းတရားကို ဟောသောနှောဧနှင့် လူခုနှစ်ယောက် တိုကို စောင့်မတော်မူ၍ ဘုရားကိုမကိုးကွယ်သော လောကီသားအပေါင်းတိုကို လွှမ်းမိုး စေတော်မူ၏။
၈။မည်သူတွေကို ဖြောင့်မတ်ခြင်းတရားဟောခဲ့သနည်း။
တွေ့သောသူတိုင်းကို ဟောပြော၍ ရေလွှမ်းမိုး၍ဖျက်ဆီးခံရမည့်အကြောင်းပြောခဲ့သည်။ သိုသော် သူတို နားမထောင်ကြပါ။ ။
၉။ မည်သိုသော အကျိုးဆက်ကိုရရှိခဲ့သနည်း
ရေလွှမ်းမိုး၍ လူသားအားလုံး ပျက်စီးခဲ့ရ၏။ (မဿဲ ၂၄း၃၉၊ ကမ္ဘာ ၇း၂၁-၂၃) ။
၁၀ ။ေနာဧနှင့် မိသားစုမည်သိုလွတ်မြောက်ခဲ့သနည်း။
ထာဝရဘုရားသခင်တည်ဆောက်ခိုင်းခဲ့သော သင်္ဘောကြီးအားဖြင့် လွတ်မြောက်ခဲ့ရသည်။
၁၁။ ထိုသင်္ဘောကြီးသည် တစ်နည်းအားဖြင့် မည်သိုအဓိပ္ပာယ်ဆောင်သနည်း။
ခရစ်တော်သည် လူသားများအတွက် ပျက်စီးဆုံးရှုးခြင်းမှ လွတ်မြောက်စေခြင်း၊ ကယ်တင်ခြင်းရ စေခြင်း ဆိုသည့် အဓိပ္ပာယ်နှင့်တူ၏။
၁၂။ ရေလွှမ်းမိုးခြင်းသည် မည်သိုအဓိပ္ပာယ်ဆောင်သနည်း။
နောက်ဆုံးသောနေ့၏ ပျက်စီးခြင်းအဓိပ္ပာယ်ဆောင်ပါသည်။ ဖြစ်ဖူးသောလောကဓာတ်ကို ထိုသိုအားဖြင့် ရေလွှမ်းမိုး ၍ဖျက်ဆီးကြောင်း ထိုသူတိုသည် မှတ်မိချင်သောစိတ်မရှိကြ ယခုရှိသော မိုးကောင်းကင်နှင့်မြေကြီးမူကား တရားဆုံးဖြတ်၍ အဓမ္မလူတိုကို ဖျက်ဆီးသောနေ့ရက်တိုင် ထိုနှုတ်ကပတ် တော် အားဖြင့် သိုထားလျက်ရှိ၍၊ မီးရှိခြင်းအဘိုအလိုငှါ နေရစ်သတည်း။ ၂ပေ ၃း၆-၇
၁၃။ သင်္ဘောအတွင်း၌နေကြသော မည်သူတိုအသက်ရှင်ကြရသနည်း။
နောဧ ဇနီး၊ သားသုံးယောက်၊ ချွေးမသုံးယောက်၊ သန့်ရှင်းသောတိရစ္ဆာန်မျိုးစုံတစ်မျိုးကို ခုနှစ်စုံစီနှင့် အခြားသော တိရိစ္ဆာန်တစ်မျိုးကို တစ်စုံစီဖြစ်ပါသည်။ ကမ္ဘာ ၇း၁၃-၁၆။
၁၄။ အခြားသော ယောက်ျား၊ မိန်းမများအသက်ရှင်ခြင်း အခွင့် ရခဲ့ပါသလား။
သူတိုသည် နောဧဟောပြောသောစကားကို မယုံကြည်ကြသောကြောင့် ရေလွှမ်းမိုးခံရပြီး အသက်ဆုံး ကြ ရသည်။
၁၅။ ရက်ပေါင်းမည်မျှ မိုးရွာခဲ့သနည်း။
ရက်ပေါင်း ၄၀။
၁၆။ ကမ္ဘာပေါ်တွင် ရက်ပေါင်းမည်မျှရေလွှမ်းနေသနည်း။
ရက်ပေါင်း ၁၅၀။
၁၇ ။ရေကျသွားပြီဖြစ်ကြောင်း နောဧမည်သိုသိသနည်း။
ချိုးငှက်ကိုစေလွှတ်ခြင်းဖြင့်သိခဲ့ရ၏။ (ကမ္ဘာ ၈း၈-၁၂)
၁၈။နောဧ သည် သင်္ဘောပေါ်မှဆင်းလာခဲ့ပြီး ပထမဦးဆုံးဘာလုပ်သနည်း။
ယဇ်ပလ္လင်ကိုတည်၍ စင်ကြယ်သောမီးရှို့ရာ ယဇ်ကိုပူဇော်သည်။ (ကမ္ဘာ ၈း၂၀-၉း၁၇)
၁၉။ ဘုရားသခင်သည် မည်သိုသောကတိကို နောဧအားပေးခဲ့သနည်း။ ။
ငါသည် နောက်တဖန်လူတိုအတွက် မြေကြီးကိုမကျိန်ဟု ဂတိပေးခဲ့သည်။
၂၀။ ဘုရားသခင်သည် နောဧအားမည်သိုသော သင်္ကေတအားဖြင့် ဂတိထားခဲ့သနည်း။
သက်တံ့အားဖြင့် ဂတိထားခဲ့သည်။
၂၁။ လူသားများ၏ အစားအစာအတွက် ဘုရားသခင်မည်သိုခွင့်ပြုခဲ့သနည်း။
ဟင်းသီးဟင်းရွက်သာမက တိရိစ္ဆာန်များကိုပါ အစာအတွက် စားနိုင်ကြောင်းခွင့်ပေးခဲ့၏။
၂၂။ အသားစားခြင်းနှင့် ပါတ်သက်၍မည်သိုတားမြစ်ချက်ရှိသနည်း။
သို့သော်လည်း အသက်တည်းဟူသော အသွေးနှင့်တကွ အသားကိုမစားရ။ (ကမ္ဘာ ၉း၄)
၆။ ဗာဗုလုန်ရဲတိုက်:'(ကမ္ဘာ ၁၁း၁-၉)
၁။ လူဦးရေများလာသည်နှင့်အမျှ ထိုသူတို မည်သိုကြံစည်ကြသနည်း။
မြေကြီးတစ်ပြင်လုံး၌ အရပ်ရပ်ကွဲပြားမည်ကိုစိုးရိမ်၍၊ မြိုကိုလည်းကောင်း၊ မိုးကောင်းကင်သိုမီသော ရဲတိုက်ကို၎င်း တည်လုပ်သဖြင့် ကျော်ဇောကိတ္တိရှိစေခြင်းငှာ ပြုကြကုန်အံ့ဟုပြောဆိုကြ၏။
၂။နေရာဒေသကိုဖော်ပြပါ။
ရှိနာပြည်မြေညီရာအရပ် (နောင်အခါ ဗာဗုလုန်ဟုသောအရပ်ဖြစ်နိုင်သည်။)
၃။ မည်သည့်ပစ္စည်းများဖြင့် တည်ဆောက်ကြသနည်း။
အုတ်ကိုဖုတ်၍၊ ကျောက်အရာ၌ အုတ်ကိုလည်းကောင်း၊ သရွတ်အရာ၌ ရေညှိတစ်မျိုးကိုလည်းကောင်း သုံးကြ၏။
၄။ ဘုရားသခင်သည် ဤကိစ္စနှင့်ပါတ်သက်၍ မည်သိုပြုလုပ်ဖြေရှင်းခဲ့သနည်း။
ထာဝရဘုရားသည် မြေကြီးသားအပေါင်း၏စကားကို ရှုပ်ထွေးစေ၍ သူတိုကိုမြေတစ်ပြင်လုံး၌ အရပ်ရပ် ၊ ကွဲပြားစေတော်မူ၏။
၅။ ဘုရားသခင်သည် ဤကဲ့သို မြင့်သောရဲတိုက်ကြီးဆောက်လုပ်ခြင်းကို အဘယ်ကြောင့်မနှစ်သက်သနည်း။
လူတို့၏အစွမ်း၊ ကျော်ဇောကိတ္တိကို ဖော်ပြတည်ဆောက်ခြင်း၊ ဘုရားသခင်မပါဘဲ လုပ်နိုင်သည်ဆိုသည့် စိတ်သဘောကို မနှစ်သက်ခြင်းဖြစ်သည်။
၆။ ထိုမြိုကို မည်သိုအမည်ပေးခဲ့သနည်း။
“ထာဝရဘုရားသည် လူတိုကို ဘာသာစကားများဖြင့် ရှုပ်ထွေးစေပြီးမှ အရပ်ရပ်ကွဲပြားစေတော်မူသော ကြောင့် ထိုမြိုကို ဗာဗုလုန်မြို ဟူ၍ တွင်သတည်း။
၇။အာဗြံ:'(ကမ္ဘာ ၁၁း၂၇-၂၃း၂၅;)
၁။ နောဧမှဆင်းသက်လာသော အမျိုးအနွယ်မှ မည်သည့်မျိုးနွယ်အကြောင်းကို ပို၍ဖော်ပြထားသနည်း။ အဘယ်ကြောင့်နည်း။
ရှေမ၏သားစဉ်မြေးဆက်ကို အဓိကဖော်ပြထား၏။ ၎င်းမျိုးနွယ်မှ ကျမ်းစာအုပ်ရေးသားခဲ့သော ဂျူးလူမျိုးနှင့် ၎င်းမှတစ် ဆင့် ခရစ်တော်တိုင်အောင် ဆက်နွယ်ခဲ့သောကြောင့်ဖြစ်သည်။ (ကမ္ဘာ ၁၁း၁၀.၂၆)
၂။ မယုံကြည်သူများသည် မည်သည့်မျိုးဆက်မှဆင်းသက်ခဲ့သနည်း။
အသားဖြူသော မျိုးဆက်သည် ယာဖက်မှဆင်းသက်ပြီး၊ အသားမဲသောမျိုးဆက်သည် ဟာမမှဆင်း သက် သည်။
၃။ အာဗြဟံ၏မူလနာမည်မှာ မည်သိုနည်း
အာဗြံဖြစ်ပါသည်။
၄။ အာဗြဟံ၏မွေးရပ်မြေကိုဖော်ပြပါ။
ခါလဒ်ပြည်၊ ဥရမြို (ဗာဗုလုံ၏အရှေ့တောင်ဖက်) ကမ္ဘာ ၁၁ ၂၈-၃၁
၅။ အာခြံ၏ဖခင်သည် မည်သည့်နေရာသိုရွှေ့ပြောင်းခဲ့သနည်း။ အဘယ်ကြောင့်နည်း။
သူတိုသည် ခါနန်ပြည်သိုသွားခြင်းငှါ ခါလဒ်ပြည်သားတိုနေသော ဥရမြိုမှထွက်သဖြင့် ခါရန်ပြည်သို ရောက် ၍ နေကြ၏။ (ကမ္ဘာ ၁၁း၃၁)
ခါရန်မြိုသည် မီဆိုပိုတေးမီးယား၏မြောက်ဖက်၊ ဥဖရတ်မြစ်နားတွင်ရှိ သည်။ ထာဝရဘုရားသည် ခြံကို ဥရမြိုမှ ခေါ်ဆောင်ခြင်းအစီအစဉ်ဖြစ်နိုင်သည်။
၆။ သူတိုနေရပ်မှ မထွက်ခွာမီ သေဆုံးခဲ့သော အာဗြံ၏ညီအစ် ကို အမည်ကိုဖော်ပြပါ။
ခါရန်ဖြစ်သည်။ (လောတ၏ဖခင်ဖြစ်သည်။)
၇။ သူ၏ဖခင်ကွယ်လွန်ပြီး အာဗြံသည် ခါရန်မြိုတွင်ဆက်နေပါသလား။
ထာဝရဘုရားသည်လည်း အာဗြံကိုခေါ်တော်မူ၍ သင်၏ပြည်နှင့်တကွ အမျိုးသားချင်း ပေါက်ေဘာ် များထဲ က ထွက်ပြီးလျှင် ငါပြလတံ့သောပြည်သိုသွားလော့ (ခါနန်ပြည်၊ ပါလက်စတိုင်း) (ကမ္ဘာ ၁၂၁)
၈။ အာဗြံနှင့်အတူ မည်သူပါသနည်း။
သူ၏ဇနီးစာရဲ၊ သူ၏တူလောတနှင့် အစေအပါး (အခြွေအရံ) များ ။
၉။ ဘုရားသခင်သည် အာဗြံအား မည်သိုကတိများပေးခဲ့သနည်း။
ငါသည် သင့်ကိုလူမျိုးကြီးဖြစ်စေမည်။ ငါကောင်းကြီးပေး၍ သင်၏နာမကို ကြီးမြတ်စေမည်။ သင်သည် ၊ကောင်းကြီးခံရသောသူဖြစ်လိမ့်မည်။ သင့်ကိုကောင်းကြီးပေးသောသူကို ငါကောင်းကြီးပေးမည်။ သင့်ကို ကျိန်ဆဲသောသူကို ငါကျိန်ဆဲမည်။ သင့်အားဖြင့်လည်း လူမျိုးအပေါင်းတိုသည် ကောင်းကြီးမင်္ဂလာကို ခံရကြ လိမ့်မည်။ (ကမ္ဘာ ၁၂း၂-၃၊ ၇၊ ၁၃း၁၄-၁၇၊ ၁၅:၅၊ ၁၇း၅-၈၊ ၂၂း၁၇-၁၈)
၁၀။ ကတိတော်သည် အချုပ်အားဖြင့် မည်သိုဆိုလိုသနည်း။
ယေရှုခရစ်ကြွလာခြင်းကို ရည်ရွယ်ပြောခဲ့ခြင်းဖြစ်သည်။
၁၁။ အာဗြံသည် မည်သည့်အရပ်တွင်အခြေချသနည်း။ ခါနန်ပြည်သိုရောက်လျှင် ပထမဦးဆုံး ဘာလုပ်သနည်း။
ခါနန်ပြည်ေရှခင်အရပ်တွင် အခြေချ၍ ပထမဦးဆုံး ထာဝရဘုရားဖို့ ပလ္လင်ကိုတည်၍ နာမတော်ကို ပဌနာပြု၏။ (ကမ္ဘာ ၁၂း၆-၈)
၁၂၊ ရှေခင်မြိုအမည်ကို ကျမ်းစာ၌မည်သည့်နေရာတွင် တွေ့နိုင်သေးသနည်း။
ယောရှု ၂၄း၁၊ ၂၅၊ ၂၆၊ ယော ၄:၅-၄၂
၁၃။ အာဗြံသည် မည်သည့်နေရာ၌ တဲကိုဆောက်သနည်း။
ဗေသလမြိုအရှေ့၊ အာဣမြိုအနောက်စပ်ကြား (ယေရုရှလင်မြိုမြောက်ဖက် ၁၂မိုင်ခန့်နေရာ)
၁၄။ အာဗြံသည် ချမ်းသာသလား။ ဆင်းရဲသလား၊
သူသည် အလွန်ချမ်းသာသောသူတစ်ယောက်ဖြစ်လာပါသည်။ (ကမ္ဘာ ၁၃း၂)
၁၅။ လောတ၏ပိုင်ဆိုင်မှုအခြေအနေကိုပြောပါ။
လောတတွင် သိုး၊ နွားများနှင့် တဲအများရှိ၏ (ကမ္ဘာ ၁၃း၅)
၁၆ ။မည်သိုပြဿနာဖြစ်ကြသနည်း။
အာဗြံ၏နွားကျောင်းသားများနှင့် လောတ၏နွားကျောင်းသားများသည် ခိုက်ရန်ဖြစ်ကြ၏။ (ကမ္ဘာ ၁၃း၇)
၁၇ ။အာဗြံသည် ယင်းပြဿနာကို မည်သိုဖြေရှင်းခဲ့သနည်း။
သူတိုနှစ်ဦး သီးခြားနေရန်အကြံပြုလျက် လောတအားဦးစားပေးနေရာရွေးစေ၏။
၁၈။ လောတသည် အာဗြံပေါ်တွင် မျှမျှတတသဘောရှိပါသလား။
မရှိပါ။ သူသည် မိမိနှင့်တွေ့ဆုံရမည့်အရပ်သားတို၏ အကျင့်ဓလေ့ကို မကြည့်၊ စိမ်းလန်းစိုပြေရာအရပ် ကိုသာ ကြည့်၍ ရွေးချယ်ခဲ့သည်။ (ကမ္ဘာ ၁၃း၉-၁၃)
၁၉။ လောတသည် သူ၏ရွေးချယ်မှုအတွက် နောင်တရပါသလား။
သူ၏မှားယွင်းသောရွေးချယ်မှုအတွက် အမြဲတမ်းနောင်တရနေသည်။ အဆုံး၌ သူ၏ဇနီး၊ ဆွေမျိုးနှင့် ဥစ္စာပစ္စည်းများ ဆုံးရှုးခဲ့ရ၏။ (ကမ္ဘာ ၁၉း၁၅-၂၉) ထိုအခါ မတရားသောသူတို၏ ညစ်ညူးသောအကျင့်အားဖြင့် နှောင့်ရှက်ခြင်းကိုခံရသောသူ၊ဖြောင့်မတ်သော လောတကို ကယ်နှုတ်တော်မူ၏။ ထိုဖြောင့်မတ်သောသူသည် မတရားသောသူတိုတွင် နေစဉ်အခါ သူတို၏ မတရားသောအမှုများကို နေ့တိုင်းမပြတ်မျက်စိမြင်လျက် နားကြားလျက်ရှိသဖြင့် မိမိပြောင့်မတ်သော စိတ်နှလုံးကို ပြင်းစွာညှဉ်းဆဲရ၏။ (၂ပေ ၂း၇-၈)
၂၀။ လောတနှင့်ပါတ်သက်၍ မည်သိုသောဝမ်းနည်းစရာသတင်းကို အာဗြံကြားရသနည်း။
ဧလံမင်းကြီးခေဒါရလောမာ (ဗာဗုလုံမင်း) သည် သောဒုံမြိုမှ ဥစ္စာပစ္စည်းများ၊ လောတနှင့် သူ၏ဥစ္စာများ ကိုပါ ဖမ်းယူသိမ်းဆည်းကြောင်း ကြားရ၏။ (ကမ္ဘာ ၁၄း၉-၁၁)
၂၁။ အာဗြံသည် ထိုသတင်းကြားသောအခါ ဘာလုပ်သနည်း။
အာဗြံသည် သတင်းကြားသောအခါ မိမိအိမ်၌ဘွား၍သွန်သင်သော လူသုံးရာတစ်ဆယ်ရှစ်ယောက် တိုကို စီရင်၍ ဒန်မြိုတိုင်အောင် လိုက်လေ၏။ ည့ဉ်အခါ လူစုခွဲ၍တိုက်စေသဖြင့်၊ လုပ်ကြံပြီးလျှင် ဒမသက်မြိုမြောက်ဘက် ဟောဘ မြိုတိုင်အောင် လိုက်ပြန်လေ၏။ ရန်သူတိုသိမ်းသွားသော ဥစ္စာရှိသမျှ ကိုလည်းကောင်း၊ မိမိအစ်ကိုသားလောတနှင့် သူ၏ဥစ္စာကိုလည်းကောင်း မိန်းမများနှင့် လူများကိုလည်း ကောင်း တဖန်ဆောင်ယူခဲ့လေ၏။ (ကမ္ဘာ ၁၄း၁၅-၁၆)
၂၂။ အာဗြံပြန်လာသောအခါ မည်သူလာတွေ့သနည်း။
အမြင့်ဆုံးသောဘုရားသခင်၏ ယဇ်ပုရောဟိတ်ဖြစ်သော၊ ရှာလင်မင်းကြီး မေလခိဇေဒက်သည် လာရောက် တွေ့ဆုံ၏။ (ကမ္ဘာ ၁၄း၁၈)
၂၃။ ဤပရောဖက်နာမည်ကို ကျမ်းစာတွင် ထပ်မံ၍ဖော်ပြချက်ရှိပါသလား။
ရှိပါသည်။ (ဟေဗြဲ ၆း၂၀)
၂၄။ သူ၏ပုံစံမည်သိုရှိသနည်း။
ခရစ်တော်နည်းတူ ဘုရင်လည်းဖြစ်၊ ပရောဖက်ဖြစ်ခြင်းကိုဆိုလိုသည်။
၂၅။ အာဗြံသည် စစ်နိုင်သောအခါ ရသမျှအကုန်ယူဆောင်ခဲ့ပါသလား။
သူ၏တပည့်နောက်လိုက်များအတွက် အစာနှင့်အတူလိုက်လာသော အာနေ့ရ၊ ဧ ရှေကာလ၊ မံရေတို့ အဘိုယူစေခြင်းငှါအခွင့်ပေး၏။ (ကမ္ဘာ ၁၄:၂၂)
၂၆။ ဟာဂရသည် မည်သူနည်း
ဘုရားသခင်၏ဂတိတော်ပြည့်စုံစေရန် ရည်ရွယ်လျက် အာဗြံသိမ်းယူခဲ့သော ဒုတိယမယား၊ ပထမ မယား စာရဲ၏ ကျွန်မဖြစ်ပါသည်။
၂၇။ ဟာဂရ၏သားအမည်ကိုဖော်ပြပါး
ဣရှမေလဖြစ်သည်။ ယခု အာရပ်မျိုးနွယ်ဖြစ်သည်။
၂၈။ ဘုရားသခင်သည် ဤအကြောင်းအရာနှင့်ပါတ်သက်၍ အာဗြံနှင့် မည်သိုပဋိညာဉ်ပြုခဲ့သနည်း။
သင်တိုတွင် သားယောက်ျားတိုင်း အရေဖျားလှီးမင်္ဂလာကိုခံရမည်။ အရေဖျားလှီးမင်္ဂလာသည် ငါနှင့် သင်တိုပြုသော ပဋိညာဉ်၏လက္ခဏာသက်သေဖြစ်ရလိမ့်မည်။ (ကမ္ဘာ ၁၇း၁၀-၁၁)
၂၉။ အာဗြံနှင့် စာရိတို့၏ အမည်ကို ဘုရားသခင်မည်သို အသစ်ပေးခဲ့သနည်း။
အာဗြံအား အာဗြဟံ (များစွာသောလူမျိုးတို၏အဘ) ဟုလည်းကောင်း၊စာရဲအား စာရာ (သူ၏အမျိုးအ နွယ် ၌ အပြည်ပြည်သောရှင်ဘုရင်ဖြစ်ရမည်) ဟုပေးခဲ့ပါသည်။
၃၀။ မံရေအရပ်သည် မည်သည့်နေရာတွင်ရှိသနည်း။ ”
ယုဒပြည်၊ ဟေဗြုန်မြိုအနီးတွင်ဖြစ်ပါသည် (ကမ္ဘာ ၁၃၁၈)
၃၁။ ထိုနေရာတွင် အာဗြဟံအတွက်ထူးခြားသောဖြစ်ရပ်ကိုပြောပြပါ။
ဘုရားရှင်နှင့် ကောင်းကင်တမန် ၂ယောက် (ကောင်းကင်သား ၂ယောက်) တိုသည် လူသား ၃ယောက် အသွင်ဖြင့် အာဗြဟံနှင့်တွေ့ဆုံ၏။
၃၂။ အာဗြဟံ သူတိုကို မည်သိုကြိုဆိုလက်ခံသနည်း။
စစ်မှန်သော၊ နှိမ့်ချသော၊ စေတနာဖြင့်ဆို၍ ကောင်းမွန်သောအစားအစာများကို ပြင်ဆင်နေစဉ် အနားယူ ကြရန် စီစဉ်ပေး၏။
၃၃။ သူတို အာဗြဟံအား မည်သို ကတိပေးခဲ့သနည်း။
အာဗြဟံနှင့် စာရာတွင် သားရမည်ဟုဂတိပေးခဲ့သည်။
၃၄။ စာရာသည် ထိုကတိကို မည်သိုလက်ခံသနည်း။
သူမအတွက် မဖြစ်နိုင်ဟုထင်မှတ်လျက် ရယ်ခဲ့သည်။
၃၅။ ထိုဧည့်သည် ၃ယောက် မည်သည့်ကိစ္စအတွက် လာရောက်စားသောက်သနည်း။
သောဒုံမြိုကိုဖျက်ဆီးရန်နှင့် လောတကိုရွေးနှုတ်ရန်ဖြစ်ပါသည်။
၃၆။ သောဒုံမြိုကို အဘယ်ကြောင့်ဖျက်ဆီးရသနည်း။
သောဒုံမြိုနှင့် ဂေါမောရမြို၌ ကြွေးကြော်သောအသံသည် ကြီး၍ အလွန်အပြစ်လေးသောကြောင့်ဖြစ်ပါ သည်။ (တမ္ဘာ ၁၈း၂၀)
၃၇။ အာဗြဟံသည် ထိုမြိုအတွက် မည်သိုဖျောင်းဖျ တောင်းလျှောက်သနည်း။
၆ ကြိမ်တိတိ လူ ၅၀၊ ၄၅ယောက်၊ ၄၀ ယောက်၊ ၃ဝယောက်၊ ၂၀ယောက်၊ ၁ဝယောက်ထိ သန့်ရှင်းသူ ရှိနိုင်မည်ဟု တောင်းလျှောက်ခဲ့သည်။
၃၈။ ဘုရားသခင်သည် အာဗြဟံအား မည်သိုအဖြေများပေးခဲ့သနည်း။
အာဗြဟံတောင်းသမျှကို ဘုရားသခင်ခွင့်ပြုပေးသနားခဲ့သည်။
၃၉။ အာဗြဟံသည် အကယ်၍ လောတ တစ်ဦးတည်းအတွက် မြိုကိုမဖျက်ရန် တောင်းလျှင်ရနိုင်ပါမည်လား။
ရနိုင်ပါသည်။ မြိုကိုဖျက်ဆီးရန် အချိန်သွားနိုင်ပါသည်။ သိုသော် လောတတစ်ဦးတည်းနှင့် မြိုကိုပြုပြင် တည်ဆောက်ရန် မဖြစ်နိုင်ပါ။
၄၀။ ကောင်းကင်သားများသည် လောတအား မည်သိုကတိပေးခဲ့သနည်း။
သားသမီး၊ သမက်၊ မြိုထဲမှာသင်၌ရှိသမျှကို ဤအရပ်က ထုတ်ဆောင်လော့။ဤ အရပ်ကိုငါတိုသည် ဖျက်ဆီးရမည်။ အကြောင်းမူကား၊ အရပ်သားတိုသည် ထာဝရဘုရားရှေ့တော်မှ အလွန် ကြွေးကြော်ခြင်းရှိ သည်ဖြစ်၍ ဖျက်ဆီးစေခြင်းငှါ ထာဝရဘုရားသည် ငါတိုကို စေလွှတ်တော်မူပြီဟုေ လာတ ပြောဆိုကြ၏။ (ကမ္ဘာ ၁၉း၁၂-၁၃)
၄၁။ သတိပေးချက်ကို လောတမိသားစုဘယ်နှစ်ယောက်နားထောင်၍ လောတနှင့်အတူ လွတ်မြောက်ခဲ့ကြ သနည်း။
လောတနှင့်အတူ ဇနီးနှင့် သမီး ၂ယောက်သာဖြစ်ပြီး ဇနီးမှာ နောက်သိုလှည့်ကြည့်သဖြင့် ဆားတိုင် ဖြစ်သွားပါသည်။
၄၂။ ထိုအဖြစ်အပျက်အတွက် သက်သေတစ်ခုခုများကျန်ရှိပါသလား။
ယခုခေတ် ပင်လယ်သေ (ဆားငံပင်လယ်) သည် ထိုနေရာဖြစ်ကောင်းဖြစ်နိုင်သည်။
၄၃။ စာရာအတွက် ကတိကို မည်သည့်အချိန်၌ ပြည့်စုံစေသနည်း။
ဂတိပေးခဲ့သောအချိန် နှစ်ကုန်ပိုင်းဖြစ်သည်။ (ကမ္ဘာ ၂၁)
၄၄။ ကတိတော်နှင့်ဆိုင်သော ကလေးကို မည်သိုအမည်ပေးခဲ့သနည်း။
ဣဇက်ဟုအမည်ပေးခဲ့သည် (ရယ်ရွှင်ခြင်းအဓိပ္ပာယ်ဆောင်သည်။)
၄၅။ ဣဇက် နို့ကွာသောအရွယ်ရောက်သောအခါ ဘာဖြစ်သနည်း။
အာဗြဟံသည် ကြီးသောစားသောက်ပွဲကို ကျင်းပခဲ့သည်။ ဣရှမေလသည် ဣဇက်ကိုဆဲရေးသည် သရော်သည်။
၄၆။ စာရာသည် အာဗြဟံအား မည်သိုပြောဆိုခဲ့သနည်း။
ဟာဂရနှင့် သူ၏သားကိုနှင်ထုတ်ပါဟုပြောခဲ့သည်။
၄၇။ ထိုအစီအစဉ်သည် ဘုရားသခင်အလိုတော်နှင့်ညီပါသလား။
ဘုရားသခင်ကလည်း ထိုသိုဆိုခဲ့ပါသည်။ (ကမ္ဘာ ၂၁း၁၂)
၄၈။ ဟာဂရနှင့် ဣရှမေလတို၌ မည်သိုဖြစ်သနည်း။
ကြီးစွာသောပင်ပန်းခက်ခဲခြင်းကြုံတွေ့ပြီးနောက်၊ ဘုရားသခင်၏မစခြင်းကြောင့် သူတိုသည် ပါရန်တော:’:'(အဲဂုတု;)၌နေထိုင်ကြီးပွား၍ဣရှမေလသည်ကျန်းမာသန်စွမ်းပြီးသူ၏အမျိုးနွယ်သည်အာရပ်လူမျိုးဖြစ်လာခဲ့သည်။
၄၉ ။အာဗြဟံ၏ယုံကြည်ခြင်းကို မည်သိုစမ်းသပ်ခံခဲ့ရသနည်း။
သင်သည် အလွန်ချစ်သော တစ်ယောက်တည်းသောသား ဣဇက်ကိုယူ၍ မောရိပြည်သိုသွားလော့။ငါပြ လတ္တံ့သော တောင်ပေါ်မှာ သူ့ကိုမီးရှိရာယဇ်ပြ၍ ပူဇော်လော့ဟု မိန့်တော်မူ၏။ (ကမ္ဘာ၂ ၂း၂)
၅၀။ မည်သည့်နေရာ၌ ယဇ်ပူဇော်သနည်း။ ။
မောရိပြည် (ဂျေရုဆလင်မြိုရှိ တောင်ပေါ်နေရာဖြစ်နိုင်သည်။)
၅၁။ အာဗြဟံသည် သူ၏သားအား သူပြုမည့်အစီအစဉ်ကို ပြောပြပါသလား။
မပြောပြပါ။ ဣဇက်က သိုးသူငယ်အဘယ်မှာနည်းဟု မေးသောအခါ ထာဝရဘုရားသခင်ပြင်ဆင်မည် ဟု ခဲ့သည်။
၅၂။ ဣဇက်သည် သူဖခင်၏အစီအစဉ်ကိုသိသောအခါ ငြင်းဆန်ခဲ့သလား၊
မငြင်းဆန်ခဲ့ပါ။
၅၃။ သူသည် ငြင်းဆန်မည်ဆိုလျင် ငြင်းနိုင်ပါသလား။
ငြင်းဆန်နိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဣဇက်သည် အသက် ၂၅ နှစ်ရှိပြီး၊ သူ၏ဖခင်သည် အသက် ကြီးပြီဖြစ်ပါသည်။
၅၄။ ဘုရားသခင်သည် သားအားယဇ်ပူဇော်ခြင်းကို ခွင့်ပြုခဲ့ပါသလား။
ထာဝရဘုရား၏ကောင်းကင်တမန်က … ထိုလုလင်ကို မထိမခိုက်နှင့်။ အလျင်းမပြုနှင့်။ သင်သည် ဘုရားသခင်ကို ကြောက်ရွံသည်ဟု ယခုငါသိ၏။ အကြောင်းမူကား သင်၏သား၊ သင်၌တစ်ယောက်တည်း သောသားကို ငါတောင်း၍ သင်သည် ငါ့ကိုမငြင်းဟုမိန့်တော်မူ၏။ (ကမ္ဘာ ၂၂း၁၁-၁၂)
၅၅။ ဘုရားသခင်သည် ယဇ်ပူဇော်ခြင်းအတွက် မည်သိုစီစဉ်ပေးခဲ့သနည်း။
ထိုအခါ အာဗြဟံသည် မျှော်ကြည့်၍ မိမိနောက်မှာ ချုံပုတ်၌ ချိုငြိလျက် ရှိသောသိုးကို မြင်လေ၏။ ထိုသိုးကိုသွားယူပြီးလျှင် မိမိသားကိုယ်စား မီးရှိရာယဇ်ပြု၍ ပူဇော်လေ၏။
၅၆။ ထိုသိုဖြစ်ခဲ့သည့်နေရာကို အာဗြဟံမည်သိုအမည်ပေးခဲ့သနည်း။
ယေဟောဝါယိရေ (JEHOVAH – JIREH) ထာဝရဘုရားပြင်ဆင်တော်မူသည်ဟု အဓိပ္ပာယ်ရှိ၏။ (ကမ္ဘာ
၂၂း၁၄)
၅၇။ ဓမ္မသစ်ကျမ်းစာတွင် ဤအကြောင်းအရာနှင့်ပတ်သက်၍ မည်သိုဆိုထားပါသနည်း။ ။
အာဗြဟံသည် စုံစမ်းတော်မူခြင်းကိုခံရသောအခါ ယုံကြည်ခြင်းအားဖြင့် ဣဇက်ကိုပူဇော်၏ဣဇက် ၌သာ သင်၏ အမျိုးတည်လိမ့်မည်ဟူသော ဗျာဒိတ် တော်မှစ၍ ဂတိ တော်များကို ခံရသောသူသည် မိမိ၌တစ်ယောက်တည်းသော ထိုသားကို ပူဇော်၏။ ထိုသိုပူဇော်သောအခါ သေခြင်းမှထမြောက်စေခြင်းငှာ ၊ဘုရားသခင်တတ်နိုင်တော်မူသည်ကို သူသည်အောက်မေ့ ၏။ ထိုသားကို ပုံစကားအားဖြင့်ေသခြင်းထဲက ရ၏။ (ဟေဗြဲ ၁၁-၁၇-၁၉)
၅၈။ စာရာအသက်ဘယ်လောက်တွင် သေဆုံးသနည်း။
၁၂၇ နှစ်တွင် သေဆုံး၏။ (ကမ္ဘာ ၂၃း၁)
၅၉။ အာဗြဟံသည် စာရာကိုမည်သည့်အရပ်တွင် မြှုပ်နှံသနည်း။
အာဗြဟံသည် မံရေမြိုေရှ့။ မပွေလလယ်ပြင်မြေတွင်း၌ မယားစာရာကို သင်္ဂြိုဟ်ရလေ၏။ ထိုအ ရပ်ခါနန်ပြည် ဟေဗြန်အရပ်ဖြစ်သတည်း။
၆၀။ အာဗြဟံအကြောင်း သင်နောက်ထပ်သိပါသေးသလား။
အာဗြဟံသည် ကေတုရအမည်ရှိသော မိန်းမနှင့်စုံဘက်၍ သား၆ယောက်ကို ထပ်၍ ရ၏။ (ကမာ..၂၅း၁-၆;)
၆၁။ထိုသားများသည် အမွေဥစ္စာရခဲ့ပါသလား။
အမွေမရပါ။ ဆုလဒ်များကိုသာရရှိကြ၏။
၆၂။ အာဗြဟံအသက်ဘယ်လောက်တွင် ကွယ်လွန်ခဲ့သနည်။
၁၇၅ နှစ်တွင် ကွယ်လွန်၏။ (ကမ္ဘာ ၂၅း၇)
ဣဇက်နှင့်ရေဗဣ:'(ကမ္ဘာ ၂၄;)
၁။ အာဗြဟံသည် ဣဇက်အတွက် ဇနီးကိုမည်သိုရှာဖွေခဲ့သနည်း။
အာဗြဟံသည်သူ့ထံတွင်ဘဏ္ဍာစိုးလုပ်၍အသက်ကြီးသောသူကိုခေါ်၍ ခါနန်အမျိုးသမီးတို ယုံကြည်ခြင်း၊ အကျင့်မတူသူ) တွင်ငါ့သားဘိုမယားကိုမရွေးမယူဘဲ၊ ငါ့ပြည်အမျိုးသားချင်းတိုထံသွား၍ ငါ့သားဣဇက် အဘို မယားကိုယူရမည်။ (ကမ္ဘာ ၂၄း၃-၄)
၂။ ဘဏ္ဍာစိုးသည် ထိုအစီအစဉ်တွင် အောင်မြင်မှုရခဲ့ပါသလား။
ဘုရားသခင်၏လမ်းပြခြင်းဖြင့် အာဗြဟံ၏တူဗေေသွလအိမ်သိုရောက်ခဲ့ပြီးဗေ သွေလ၏သမီး ရေဗက္ကကို တွေ့ခဲ့ရသည်။ (ကမ္ဘာ၂၄း၁၅) ၊
၃။ ရေဗက္ကအား ဘဏ္ဍာစိုးကဘာပစ္စည်းပေးသနည်း။
ငွေဖလား၊ ရွှေဖလား၊ အဝတ်တန်ဆာများ (ကမ္ဘာ ၂၄း၅၃) အချိန်ငါးမှူးရှိသောရွှေနားဆွဲ၊ အကျပ်တ ဆယ်အချိန်ရှိသောရွှေလက်ကောက်တရံကိုဓလေ့ ထုံးတမ်းစဉ်လာအရပေး၏။ (ကမ္ဘာ ၂၄း ၂၂;)
၄။ ဘဏ္ဍာစိုးသည် သူ့သခင်၏ကြွယ်ဝခြင်းကိုမည်သိုဖော်ပြသနည်း။
ထာဝရဘုရားသည် ကျွန်ုပ်၏သခင်ကို အလွန်ကောင်းကြီးပေးတော်မူသဖြင့် သူသည်ကြီးမြတ်ခြင်းသို ရောက်လေပြီ။သိုးစု၊ နွားစု၊ ရွှေ၊ ငွေ၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ ကုလားအုပ်နှင့် မြည်းများကို ပေးတော်မူပြီ။ (ကမ္ဘာ ၂၄း၃၅) ၊
၅။ ဣဇက်၏အိမ်နှင့် နီးသောအခါ ရေဗက္ကအား မည်သူလာရောက်တွေ့ဆုံသနည်း။
ဣဇက်ကိုယ်တိုင် လာရောက်တွေ့ဆုံပါသည်။
၆။ဣဇက်သည် ရေဗက္ကနှင့်ပါတ်သက်၍ မည်သိုခံစား၍ ဘယ်ကိုခေါ်သွားသနည်း။
ဣဇက်သည် သူ၏မိခင်နေသောအိမ်သို ခေါ်သွားသည်။ သူသည် ရေဗက္ကနှင့်ပါတ်သက်၍ ကျေနပ်ပျော် ရွှင် လျက် ဇနီးအဖြစ်လက်ခံခဲ့သည်။
၇။ဣဇက်သည် ထိုအချိန်၌ အသက်အရွယ်မည်မျှနည်း၊
အသက် ၄ဝ (ကမ္ဘာ ၂၅:၂၀)
၈။ဣဇက်၏အလုပ်အကိုင်ကိုဖော်ပြပါ။
သူသည်လည်း ကြွယ်ဝချမ်းသာသည့်အလျောက် သိုး၊ ဆိတ်၊ တိရစ္ဆာန်များကို ပိုင်ဆိုင်မွေးမြူသည်။
၉။ ယာကုပ်နှင့်ဧသော :'(ကမ္ဘာ ၂၅း၂၇;)
၁။ ဣဇက်တွင် သားဘယ်နှစ်ယောက်ရှိပါသလဲ။
အမွှာသား ၂ယောက်၊ ယာကုပ်နှင့် ဧသောဖြစ်ပါသည်။ (ကမ္ဘာ ၂၅:၂၆)
၂။ သား ၂ယောက် ရုပ်ရည်အားဖြင့် မည်သိုကွာခြားကြသနည်း။
ဧသောသည် နီသောအဆင်းရှိ၍ အမွှေးမျှင်ပေါသည်။ယာကုပ်မူကား အသားအရည်ချောမွေ့၏။
၃။ သူတို ၂ယောက်အကြောင်းကိုပြောပါ။
ဧသောသည် တောသားမုဆိုး၊ စိတ်မြန်သော၊ အလေးအနက်မထားသော သဘောရှိပြီး တောသဘာဝကို ပျော်မွေ့၏။ ယာကုပ်သည် အေးဆေးစွာနေတတ်သည်။ အိမ်ကိုခင်တွယ်သည်။ ပါးနပ်သည်။ ဘုရားသခင် အကြိုက်ကို ရှာဖွေတတ်သည်။ (ကမ္ဘာ ၂၅း ၂၇-၃၄)
၄။ မည်သူသည် သားအကြီးဖြစ်သနည်း။
ဧသောသည် သားကြီးဖြစ်ပါသည် ။
၅။ သားဦး၏မွေးရာပါအခွင့်အရေးများကား အဘယ်နည်း။
သားဦးသည် မိသားစုထံမှ အမွေဥစ္စာကို ပိုမို၍ရသည်သာမက ဘုရားသခင်သည် အာဗြဟံနှင့်ပါတ်သက် ၍ ပေးခဲ့သော ဂတိများလည်းရှိခဲ့သည်။
၆။ ဧသောသည် သူ၏သားဦးအခွင့်အရေးကို တန်ဘိုးထားသလား။ ဖော်ပြပါ။
ဧသောသည် တန်ဘိုးမထားဘဲ ပဲဟင်းတစ်ခွက်ဖြင့် ယာကုပ်ထံလဲလှယ်ရောင်းချခဲ့သည်။ တချိုလည်း သားဦးအခွင့်အရေးကို အစားတစ်ခွက်အတွက် ရောင်းစားတတ်သလို တဒင်္ဂပျော်ရွှင်မှုအတွက် လဲလှယ် တတ်ကြ၏။
၇။ ဣဇက်သည် သူ၏သားများနှင့် သားဦးအခွင့်ရေးရောင်းစားခြင်းကို သိပါသလား။
ဣဇက်မသိပါ၊ ဣဇက်သည် သားဦးအခွင့်အရေး၊ ကောင်းချီးမင်္ဂလာကို ဧသောအားပေးရန် ရည်ရွယ်ခဲ့ သည်။ (ကမ္ဘာ ၂၇း၁-၄)
၈။ ဧသော၏ဇနီးကား မည်သူနည်း။
ဟိတ္တိအမျိုး ယုဒိတ်နှင့် ဗာရှမတ်တိုဖြစ်ပါသည်။ (ကမ္ဘာ ၂၆း၃၄) သူတိုသည် ရုပ်တုကိုးကွယ်သူများ ဖြစ်ကြပါသည်။
၉။ ဧသော၏မိဘများ သဘောတူပါသလား
ဣဇက်နှင့် ရေဗက္ကတို့သည် ပျော်ရွှင်ကျေနပ်ခြင်းမရှိပါ။ (ကမ္ဘာ ၂၆း၃၅)
၁၀။ ဧသော၏ သားဦးအခွင့်ရေးအတွက် ယာကုပ်သဘောတူကျေနပ်မှုရှိသလား။
ယာကုပ်သည် သူ၏အမေအကူအညီဖြင့် ဧသောဟန်ဆောင်၍ မျက်စိမမြင်သောဖခင်ထံမှ သားဦး ကောင်းချီးမင်္ဂလာ ကိုရယူခဲ့သည်။ (၂၇-၆-၂၉)
၁၁။ ယာကုပ်သည် ကောင်းချီးမင်္ဂလာကို မှန်သောနည်းလမ်းဖြင့် ရယူခဲ့ပါသလား။
မှန်သောနည်းလမ်းဖြင့် မယူခဲ့ပါ။ အမှန်တကယ်အားဖြင့် ဘုရားသခင်ထံမှ အချိန်အခါနှင့် မှန်သော လမ်းကို ရှာသင့်သည် သူ့အတွက် ထိုက်သင့်သောကောင်းချီးမင်္ဂလာရသင့်သော်လည်း ဤသို လိမ်ညာ မယူသင့်ပါ။
၁၂။ ဧသောသည် သူ၏သားဦးအခွင့်အရေးဆုံးရှုးသောအခါ မည်သိုခံစားရသနည်း။
သူသည် အလွန်ဝမ်းနည်းကြေကွဲခဲ့ရ၏။ (ကမ္ဘာ ၂၇း၃၆-၃၈)
၁၃။ ဧသော မည်သူ့ကိုအပြစ်တင်မည်နည်း။
သူ့ကိုယ်သူသာလျှင် အပြစ်တင်စရာဖြစ်သည်။ သူသည် လွန်ခဲ့သောနှစ် ၄၀ ခန့်ကတည်းက ယာကုပ်ထံ သဘောတူရောင်းစားခဲ့သည်။
၁၄။ ကျွန်ုပ်တိုသည် ဘုရားသခင်၏ကောင်းချီးမင်္ဂလာနှင့်ပါတ်သက်၍ ဧသောကဲ့သိုပြုမိခဲ့ပါက မည်သူ့ကို အပြစ် တင်မည်နည်း။
ကိုယ့်ကိုကိုယ်သာ အပြစ်တင်ရန်ရှိသည်။
၁။ ယာကုပ်[ကမ္ဘာ ၂၈-၃၅)
၁။ ယာကုပ်သည် ကောင်းချီးမင်္ဂလာများ အဖထံမှရသွားပြီဖြစ်ကြောင်း ဧသောသိသောအခါ မည်သိုပြုသနည်း။
ဧသောသည် ယာကုပ်ကိုအမုန်းကြီးမုန်း၍ သတ်ရန်ဆုံးဖြတ်ခဲ့သည်။ (ကမ္ဘာ ၂၇း၄၁)
၂။ ယာကုပ်၏မိဘများသည် ယာကုပ်အတွက် မည်သိုစီစဉ်ခဲ့ယနည်း။
အမိရေဗက္ကမောင် လာဘန်နေရာ။ ပါဒနာရုံပြည်သို ယာကုပ်ကိုစေလွှတ်လိုက်ပြီး ဗေသွေလ အမျိုး ၊ သမီးများနှင့် တွေ့ဆုံအိမ်ထောင်ကျရန် စီစဉ်ခဲ့သည်။
၃။ ယာကုပ်သည် သူ၏မိခင်ကို နောက်ထပ်ပြန်၍တွေ့ဆုံခွင့် ရခဲ့ပါသလား။
ထပ်၍ မတွေ့ဟု ယူဆပါသည်။ ကျမ်းစာတွင် မဖော်ပြပါ။ ဣဇက်နှင့် ပါတ်သက်၍ (ကမ္ဘာ ၃၅း၂၇-၂၉) တွင် ထပ်မံဖော်ပြထားသည်။
၄။ ယာကုပ်သည် ဗေရရှေ့ဘရွာမှ ထွက်၍ ခါရန်ပြည် (ဆီးရီးယား) သိုအသွားလမ်းတွင် မည်သိုထူးခြားမှု ကြုံခဲ့သနည်း။
ဘုရားသခင်ထံမှ အသစ်သောကတိတော်နှင့် ကောင်းချီးမင်္ဂလာများကို အိပ်မက်အားဖြင့်ခံစားရ၏။ (ကမ္ဘာ ၂၈း၁၀-၂၂)
၅။ အိပ်မက်ကား မည်သိုနည်း။
လှေကားတစ်စင်းသည် ကမ္ဘာမြေမှ ကောင်းကင်ထိမြင့်မားပြီး ကောင်းကင်တမန်များ တက်ဆင်းနေကြ သည်ဟု မြင်မက်၏။
၆း လှေကားသည် မည်သည့်အဓိပ္ပာယ်ဆောင်သနည်း။
ခရစ်တော်ဟူသော အဓိပ္ပာယ်ဆောင်၍ ကမ္ဘာမြေနှင့် ကောင်းကင်ဘုံကို ဆက်ပေးသည်ဟု ဆိုနိုင်သည်။ “ဘုရားသခင်၏ကောင်းကင်တမန်တိုသည် လူသား၏အပေါ်၌ဆင်းလျက်၊ တက်လျက်ရှိနေသည်ကိုလည်း ကောင်း၊ သင်တိုသည် မြင်ရကြလတ္တံ့ဟု မိန့်တော်မူ၏” (ယောဟန် ၁:၅၁)
၇။ ယာကုပ်သည် ထိုနေရာ၌ မည်သိုဂတိသစ္စာပြုသနည်း။
ထိုအခါ ယာကုပ်က … ပေးသနားတော်မူသမျှတိုကို ဆယ်ဘိုတစ်ဘိုပူဇော်ပါမည်ဟူ၍ သစ္စာပြုလေ၏။
၈။ သူ၏ဦးလေး လာဗန်သည် သူ့ကို မည်သိုကြိုဆိုသနည်း။
ကြိုဆိုခြင်းငှါ အလျင်အမြန်သွား၍ ပိုက်ဖက်နမ်းရှုတ်လျက်၊ မိမိအိမ်သိုဆောင်သွားလေ၏။ (ကမ္ဘာ ၂၉း၁၃.-၂၈;)
၉။ လာဗန်သည် ယာကုပ်အားမည်သို ကတိပေးခဲ့သနည်း။
လာဗန်ထံတွင် ခုနှစ်နှစ်အစေခံလျှင် သမီးရာခေလနှင့် လက်ထပ်ပေးမည်ဟု ဂတိပေးခဲ့သည်။
၁၀။ လာဗန်သည် ကတိတည်ခဲ့ပါသလား။
ဂတိမတည်ဘဲ သမီးကြီးလေအာကိုသာ ပေးခဲ့၏။
၁၁။ ရာခေလနှင့် လက်ထပ်ခွင့်ရခဲ့ပါသလား။
ရခဲ့ပါသည်။ ထိုအတွက် နောက်ထပ်ခုနှစ်နှစ်ထပ်၍အစေခံရ၏။
၁၂။ ယာကုပ်တွင် ဇနီးသည်ဘယ်နှစ်ယောက် ရှိပါသလဲ။
လေအာ၊ရာခေလ၊ ရာခေလ၏ ကျွန်မ ဗိလဟာနှင့် လေအာ၏ကျွန်မ ဇိလပ ၄ဦးဖြစ်ပြီး၊ ထိုအချိန် ဓလေ့ထုံးစံဖြစ်ကြသည်။ (ကမ္ဘာ ၃၀း၇-၂၆၊ ကမ္ဘာ ၁၆:၂)
၁၃။ ယာကုပ်သည် လာဗန်ထံတွင် မည်မျှကြာကြာအစေခံခဲ့သနည်း။
ဇနီး ၂ယောက်အတွက် ၁၄နှစ်နှင့် သိုး၊ ဆိတ်များအတွက် ၆နှစ်၊ စုစုပေါင်း အနှစ် ၂၀ ဖြစ်ပါသည်။
၁၄။ ယာကုပ်သည် များစွာပိုင်ဆိုင်သောသူဖြစ်ပါသလား။
ယာကုပ်၌ စည်းစိမ်တိုးပွား၍ သိုး၊ ဆိတ်၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမ ကုလားအုပ် မြည်းတများရှိကြ၏။ (ကမ္ဘာ ၃၀း၄၃)
၁၅။ လာဗန်၏သားများသည် ယာကုပ်အပေါ် မည်သိုမြင်သနည်း။
ယာကုပ်၏အောင်မြင်ကြွယ်ဝခြင်းကို သူတိုမကျေနပ်ပါ။(ကမ္ဘာ ၃၁း၁)
၁၆။ သူတို့ ယာကုပ်အပေါ် မကျေနပ်ခြင်းသည် မှန်ကန်ပါသလား။
မမှန်ကန်ပါ။ သူတို၏ တိရိစ္ဆာန်များ တိုးပွားများပြားရခြင်းသည် ယာကုပ်၏ကြိုးစားပေးခြင်းကြောင့်သာ ဖြစ်သည်။ (ကမ္ဘာ ၃၁း၃၆-၄၁)
၁၇။ ယာကုပ်နှင့် သူ၏ဇနီးသည်တို မည်သိုဆုံးဖြတ်ချက်ချခဲ့သနည်း။
ဘုရားသခင်၏လမ်းပြမှုဖြင့် ခါနန်ပြည်သိုပြန်ရန် ဆုံးဖြတ်ခဲ့ကြသည်။ (ကမ္ဘာ ၃၁း၃-၅၅)
၁၈။ ရာခေလ၏ လိုချင်တပ်မက်ခြင်းနှင့်ပြုခဲ့သော ကောက်ကျစ်ခြင်းကိုဖော်ပြပါ
ရာခေလေသည် လာဗန်၏တေရပ်ရုပ်တုတိုကို ခိုးယူလေ၏။ (ကမ္ဘာ ၃၁း၁၉)
၁၉။ ရုပ်တုနှင့်ပါတ်သက်၍ မည်သိုသိနားလည်နိုင်သနည်း။
ရာခေလနှင့် သူ၏ဖခင်သည် ရုပ်တုကိုးကွယ်လေ့ရှိသည်ဟု မှတ်ယူနိုင်သည်။ “ထိုအခါ ယေရှုသည် လူအပေါင်းတိုအား ဟောပြောလေသည်မှာဣသရေလအမျိုး၏ ဘုရားသခင်ထာဝရ ဘုရား မိန့်တော်မူသည်ကား အာဗြဟံနှင့် နာခေါ်တို၏အဘ တေရမှစ၍ သင်တိုဘိုးဘေးတိုသည် ရှေးကာလ၌ မြစ်ကြီးတစ်ဖက်မှာ နေ၍ အခြားတစ်ပါးသောဘုရားတိုကို ဝတ်ပြကြ၏” (ယောရှု ၂၄း၂)
၂၀။ ယာကုပ်တို့ထွက်သွားပြီဖြစ်ကြောင်း သိရသောအခါ လာဗန်ဘာလုပ်သနည်း။
လာဗန်သည် ပြန်လည်ဖမ်းယူသိမ်းပိုက်ရန် ငယ်သားများနှင့်လိုက်သည်။
၂၁။ ဘုရားသခင်သည် ယာကုပ်အား လာဗန်၏အမျက်ဒေါသ မည်သိုကာကွယ်သနည်း
လာဗန်အား ဘုရားသခင်က အိမ်မက်အားဖြင့် သတိပေးခဲ့သည်။
၂၂။ လာဗန်နှင့် ယာကုပ်တိုဆွေးနွေးခြင်း မည်သိုအဆုံးသတ်သနည်း၊
အေးချမ်းစွာ သစ္စာဂတိပြု၍ အဆုံးသတ်ခဲ့သည်။
၂၃။ မဟာနိမ်၏အဓိပ္ပာယ်ကိုဖော်ပြပါ။
ကောင်းကင်တမန်တပ် (ဘုရားသခင်၏တပ်) ဟုဆိုလိုသည်။ (ကမ္ဘာ ၃၂း၂)
၂၄။ ထိုအရပ်ကို အဘယ်ကြောင့် မဟာနိမ်ဟုခေါ်ဆိုသနည်း။
ထိုအရပ်တွင် ကောင်းကင်တမန်တပ်နှင့် တွေ့ဆုံခဲ့သောကြောင့်ဖြစ်သည်။
၂၅။ ထိုကဲ့သို တွေ့ကြုံရသည့်အတွက် ယာကုပ်မည်သိုခံစားရမည်နည်း။
ဒုက္ခနှင့် အန္တရာယ်အပေါင်းမှ လွတ်မြောက်ရမည်ဟု ခံစားရသည် “ထာဝရဘုရားကို ကြောက်ရွံသော သူတို့ ပတ်လည်၌ ကောင်းကင်တမန်တော်တိုသည် တပ်ချ၍ကယ်လွှတ်တတ်ကြ၏။” (ဆာလံ ၃၂း၇)
၂၆။ ယာကုပ်သည် အစ်ကိုဧသောက တွေ့ဆုံရန် လာနေကြောင်းသိသောအခါ မည်သိုခံစားရသနည်း။
ယာကုပ်အလွန်ကြောက်ရွံနေပါသည်။ (ကမ္ဘာ ၃၂း၆-၂၃)
၂၇။ ယာကုပ်မည်သိုစီစဉ်သနည်း။
သူ၏နောက်လိုက်နှင့် တိရစ္ဆာန်များကို ၂သုတ်ခွဲထားသည်။ အကယ်၍ တစ်သုတ်ဆုံးရှုးခဲ့လျှင် တစ်သုတ် ကျန်ရစ်ရန် ရည်ရွယ်သည်။
၂၈။ ချောင်းကိုမကူးမီ ယာကုပ်၌မည်သိုထူးခြားမှုဖြစ်ခဲ့သနည်း။
ကောင်းကင်သားတစ်ယောက်သည် သူနှင့်တစ်ညလုံး မိုးလင်းသည့်တိုင် လုံးထွေးသတ်ပုတ်၏။ (ကမ္ဘာ ၃၂း၂၄)
၂၉ ။ထိုအဖြစ်အပျက်ဖြစ်ခဲ့သည့်နေရာကို မည်သိုအမည်ပေးခဲ့သနည်း။
ထိုအရပ်ကို ပေညလဟု အမည်ပေး၏။ ငါသည် ဘုရားသခင်ကို မျက်နှာချင်းဆိုင်၍ ဖူးမြင်ရသော်လည်း အသက်ချမ်းသာပြီဟု ဆိုသည်။ (ကမ္ဘာ ၃၂း၃ဝ)
၃၀။ ယာကုပ်၏အမည်သစ်ကိုဖော်ပြပါ။
နောင်၌ သင်၏အမည်ကို ယာကုပ်ဟူ၍မခေါ်ရဣသရေလ (အစ္စရေး) ဟူ၍ခေါ် ရမည်။ အကြောင်း မူ ကားသင်သည် ဘုရားသခင်နှင့်လည်းကောင်း၊ လူနှင့်လည်းကောင်း၊ မင်းကဲ့သိုပြိုင်၍နိုင်လေပြီဟု မိန့်တော်မူ ၏။
၃၁။ ယာကုပ်နှင့် လုံးထွေးသတ်ပုတ်သူကား မည်သူဖြစ်သနည်း။
ဆုတောင်းချက်နှင့်ပတ်သက်၍ တင်စားချက်တစ်ခုသာဖြစ်သည်ဟု တစ်ချိုက ယူဆကြသည်
၃၂။ ယာကုပ်နှင့် ဧသောမည်သည့်ပုံစံဖြင့် ပြန်လည်တွေ့ဆုံကြသနည်း။
ယာကုပ်ဆုတောင်းခဲ့သည့်အတိုင်း သူတို ၂ဦး၊ ညီအစ်ကိုချစ်ခြင်းမေတ္တာဖြင့် ငြိမ်းချမ်းစွာတွေ့ ဆုံခဲ့ကြသည်။ (ကမ္ဘာ ၃၃း၁-၁၆)
၃၃။ ယာကုပ်သည် ခါနန်ပြည် မည်သည့်အရပ်တွင်နေသနည်း။
ခါနန်ပြည် ယူခင်မြိုဖြစ်ပါသည်။ တဲဆောက်ရာမြေကို ခင်၏အဘ၊ ဟာမော်၏သားတိုတွင် ငွေတစ် ပိဿာအဘိုးပေး၍ ဝယ်ရသတည်း။ (ကမ္ဘာ ၃၃း၁၇-၂ဝ)
၃၄။ ဘုရားသခင်သည် ယာကုပ်အားမည်သိုစေခိုင်းသနည်း။
ဗေသလအရပ်သို့သွားရောက်နေထိုင်စေလို၏။ (ကမ္ဘာ ၃၅း၁)
၃၅။ သူ၏ခရီးစဉ်အတွက် မည်သိုပြင်ဆင်သနည်း။
တစ်ပါးအမျိုးသားတို၏ ဘုရားရုပ်တုများကို ပစ်ပေါက်စေပြီး အဝတ်အစားများပါလဲ၍ သန့်ရှင်းစေ (ကမ္ဘာ ၃၅း၁-၇)
၃၆။ ယာကုပ်သည် ဗက်လင်မြိုနှင့်နီးသောအခါ မည်သိုဆုံးရှုးမှုဖြစ်သနည်း။
ရာခေလသေဆုံးခဲ့ရ၏။ (ကမ္ဘာ ၃၅း၁၆-၂၀)
၃၇။ ထိုအချိန်၌ ယာကုပ်တွင် သားဘယ်နှစ်ယောက်ရှိသနည်း။
၁၂ ယောက် (ကမ္ဘာ ၃၅း၂၂-၂၆)
၃၈။ ယာကုပ်သည် တောင်အရပ်မည်သည့်နေရာထိ ခရီးပေါက်ခဲ့သနည်း။
အဘဣဇက်ရှိရာ မံရေအရပ်၊ ဟေဗြုန်မြိုထိရောက်ခဲ့၏။ (ကမ္ဘာ ၃၅:၁၇)
၃၉။ ထိုအရပ်တွင် မည်သူနေသနည်း။
ထိုအရပ်တွင် ဣဇက်နေပါသည်။ ယာကုပ်ရောက်ပြီး ၃ နှစ်ခန့်တွင် ဣဇက်သည် အသက် ၁၈ဝ ၌အနိစ္စ ရောက်၏။
၁၁။ယာကုပ်နှင့်သု၏သားများ:'(ကမ္ဘာ ၃၇;)
၁။ ယာကုပ်သည် မည်သည့်သားကို ပို၍ချစ် ပို၍အခွင့်အရေးပေးသနည်း။
ယောသပ် (ကမ္ဘာ ၃၇း၃)
၂။ အဘယ်ကြောင့် ယာကုပ်သည် ယောသပ်ကိုပို၍ချစ်ကြောင်း မည်သိုအားဖြင့် သိနိုင်သနည်း။
အသက်ကြီးမှရသောသား၊ သူ၏အချစ်ရဆုံးဇနီးရာခေလ၏သားဖြစ်ခြင်းကြောင့်ဖြစ်သည်။ အဆင်း အရောင် ထူးခြားသော အင်္ကျီကို ပေး၏။ (ယာကုပ်သည် ယောသပ်အား မိသားစု၏ခေါင်းဆောင်ဖြစ်စေလိုသော နိမိတ်ဆောင်၏။)
၃။ အဘယ်ကြောင့် အစ်ကိုများသည် ယောသပ်ကိုမုန်းကြသနည်း။
အဖေသည် ယောသပ်ကို ပိုချစ်၊ ပို၍မျက်နှာသာပေးသောကြောင့်လည်းကောင်း၊ ယောသပ်၏အမူ အကျင့် တိုသည် သူတိုအား အရှက်ရစေသောကြောင့်ဖြစ်၏။
၄။ သူမည်သို့သော် အိပ်မက်များမက်ခဲ့သနည်း။
အိမ်မက်ထဲ၌ ယောသပ်၏ကောက်လှိင်းစည်းသည် မတ်တပ်ရပ်၍ အစ်ကိုတို၏ကောက်လှိင်းများက ဦးညွှတ်ရကြောင်း၊ နေ၊ လနှင့်တကွ ကြယ်ဆယ်လုံးသည် ယောသပ်ကို ရှိခိုးကြကြောင်း မြင်မက်၏။ (ကမ္ဘာ ၃၇း၇-၈)
၅။ မည်သည့်အချိန်၌ ယောသပ်သည် အစ်ကိုများ၏နှိပ်စက်ခြင်းကို ခံလိုက်ရသနည်း။
အဖယာကုပ်က အစ်ကိုများ၏အခြေအနေသွားကြည့်ရန် စေလွှတ်လိုက်သည့် အချိန်ဖြစ်ပါသည်။
၆။ သူတို ယောသပ်ကို ဘယ်သိုနှိပ်စက်သနည်း။
ရေခမ်းခြောက်နေသော ရေတွင်းထဲသိုပစ်ချကြ၏။
၇။ မည်သူက ထိုသိုပြုရန်အကြံပေးသနည်း။
ရုဗင်သည် သူ့ကို ပြန်၍ ကယ်လိုစိတ်ဖြင့် အကြံပေး၏။
၈။ မည်သူသည် နောက်ထက်အကြံသစ်ကို ပေးခဲ့သနည်း။
ယုဒက ကိုယ်တိုင်မညှင်းဆဲဘဲ ဣရှမေလလူတိုအား ရောင်းရန်အကြံပေးခဲ့သည် (ကမ္ဘာ ၃၇း၂၃-၁၈)
၉။ ထိုအချိန်တွင် ယောသပ်အသက် ဘယ်လောက်ရှိသနည်း။
အသက် ၁၇နှစ်
၁၀။ သူတိုအဖေအား မည်သို လှည့်စားပြောဆိုခဲ့ကြသနည်း။
သူတို့သည် ယောသပ်အင်္ကျီကို သွေးစွန်းပေလျက်နှင့်လမ်းမှာ ရှာတွေ့ကြောင်း၊ တောရိုင်းတိရိစ္ဆာန် ကိုက်၍ ယောသပ်သေကြောင်း ပြောဆို၏ ။
၁၁။ ယာကုပ်သည် သတင်းကြားသော် မည်သိုခံစားရသနည်း။
မည်သိုမျှ မနှစ်သိမ့်နိုင်အောင် ကြေကွဲခြင်းခံစားရသည်။
၁၂။ အဲဂုတ္တုပြည်ရောက် ယောသပ် (ကမ္ဘာ ၃၉ – ၄၁)
၁။ ဣရှမေလလူတိုသည် ယောသပ်ကို မည်သူ့ထံရောင်းသနည်း။
အဲဂုတ္တုအမျိုးသား၊ ဖာရောဘုရင်၏အမတ်ဖြစ်သော ကိုယ်ရံတော်မှူး ပေါတိဖာထံရောင်းသည်း
၂။ ပေါတိဖာသည် ယောသပ်ကို မည်သည့်ရာထူးပေးအပ်ခဲ့သနည်း။
သခင်သည်လည်း မိမိအိမ်တွင် အိမ်အုပ်အရာနှင့်ခန့်ထား၍ ဥစ္စာရှိသမျှကိုအပ်လေ၏ (ကမ္ဘာ ၃၉း၄)
၃။ ဘုရားသခင်သည် ယောသပ်ကို မည်သို ဦးမြင့်သနည်း။
ထာဝရဘုရားသည် သူ့ဘက်၌ရှိတော်မူ၍ သူပြုလေရာရာ၌ အောင်စေတော်မူ၏။ (ကမ္ဘာ ၃၉း၃)
၄။ ယောသပ်သည် မည်သိုမတရားအပြစ်ပေးခံရသနည်း။
ထောင်ကျခံရသည်။ (ကမ္ဘာ ၃၉း၁၉-၂၃) ၅။ ဘုရားသခင်သည် ယောသပ်ကိုစွန့်ပစ် မေ့လျော့ပါသလား။ ထာဝရဘုရားသည် သူ့ဘက်၌ရှိ၍ ကယ်မသနားတော်မူသဖြင့် ထောင်မှူးထံ၌ မျက်နှာရစေတော်မူ၏။
၆။ ထောင်မှူးသည် ယောသပ်ကို မည်သိုအခွင့်အရေးပေးသနည်း။
ထောင်မှုသည် ထောင်၌ချုပ်ထားသောသူအပေါင်းကို ယောသပ်လက်သိုအပ်၍ ထောင်ထဲတွင်သမျှသော အမှုကို ယောသပ်စီရင်ရ၏။
၇။ ထောင်သား ၂ယောက်အကြောင်းပြောပြပါ။
ထောင်သား ၂ယောက်ဖြစ်သော ဘုရင်၏စားတော်ငန်းနှင့် ဖလားတော်ငန်တိုသည် အိပ်မက်မက်၍ မျက်နှာညိုးငယ် ခြင်းရှိကြ၏။ (ကမ္ဘာ ၄း၁-၇)
၈။ ယောသပ်သည် သူတို၏အိပ်မက်နှင့်ပတ်သက်၍ မည်သိုကူညီပေးသနည်း။
ယောသပ်သည် အိပ်မက်၏မှန်သောအဓိပ္ပာယ်ကို ဖွင့်ပြခဲ့သည်။ (ကမ္ဘာ ၄၀)
၉။ ယောသပ်ပြောသော အိပ်မက်အဓိပ္ပာယ်မှန်ပါသလား
မှန်ပါသည်။ ယောသပ်ပြောခဲ့သည်အတိုင်း ဖလားတော်ဝန်ကိုပြန်၍ အလုပ်ခန့်အပ်ခဲ့ပြီး စားတော်ဝန်ကို ကြိုးဆွဲချ ခဲ့၏။
၁၀။ ဖလားတော်ဝန်သည် ယောသပ်ကို မည်သို့ပြုသနည်း။
သူသည် ယောသပ်လွတ်မြောက်ရေးအတွက် ဘုရင့်ထံအခွင့်ပန်ပေးရန် ကတိပေးခဲ့သည်ကို မေ့လျော့၍ နေ၏။
၁၁။ မည်သည့်အကြောင်းအချက်သည် ယောသပ်ကို အချုပ်အနှောင်မှ လွတ်မြောက်စေသနည်း
ဖာရောဘုရင်၏အိပ်မက်အဓိပ္ပာယ်ကို ဖော်ပြ၍ လွတ်မြောက်ရ၏။ (ကမ္ဘာ ၄း၁-၃၇) ၊
၁၂။ ယောသပ်သည် သူ၏ဟောပြောချက်နှင့်ပါတ်သက်၍ သူကိုယ့်သူချီးမြှောက်ကြားပါသလား။
ယောသပ်ကလည်း ကျွန်တော်သည် အလိုအလျောက်မတတ်နိုင်ပါး ဘုရားသခင်သည် မင်္ဂလာအဖြေ စကား ကို ဖာရောဘုရင်အားပေးတော်မူပါစေသောဟု လျှောက်လေ၏။ (ကမ္ဘာ ၄း၁၆)
၁၃။ ဖာရောဘုရင်သည် ယောသပ်အား မည်သည့်ရာထူးခန့်အပ်သနည်း။
နန်းတော်အုပ်ရာထူးကိုပေး၍ ဘုရင်၏နောက် ဒုတိယအဆင့်ရှိသဖြင့် အစာရေစာခေါင်းပါးမှုမဖြစ် ကြိုတင်ကာကွယ် ပြင်ဆင်စေ၏။ (ကမ္ဘာ ၄၁း၃၈-၅၇) ၊
၁၄။ ထိုအချိန်တွင် ယောသပ်အသက်ဘယ်လောက်ရှိသနည်း။
အသက် ၃၀
၁၅။ ဖာရောဘုရင်သည် ယောသပ်ကိုပေးခဲ့သော အမည်နှင့် အဓိပ္ပာယ်ကိုဖော်ပြပါ
ဇာဖဏာသဖာဏတည်းဟူသော ဘွဲနာမကိုပေး၏အဓိပ္ပာယ်မှာဝှက်ချက်များကို ဖော်ထုတ်နိုင်သူဟု ဆိုလို၏။ (ကမ္ဘာ ၄း၄၅)
၁၆။ ယောသပ်၏ဇနီးနှင့် သား၂ယောက်အမည်ကိုဖော်ပြပါ။
ဇနီးအာသနတ်၊ သား မာနာရှေနှင့် ဧဖရိမ်ဖြစ်ပါသည်။
၁၇။ အစာရေစာပေါသော ခုနှစ်နှစ်တွင် ယောသပ်မည်သို စီစဉ်သနည်း၊
ရသမျှသော အစာနှင့် စပါးတိုကို သိုလှောင်၏
၁၈။ အစာခေါင်းပါးသောအခါ အဲဂုတ္တုလူတို ဘုရင်ထံကြွေးကြော်သောအခါ ဘုရင်ကြီး သည် မည်သို ပြောသနည်း။
ဘုရင်ကြီးသည် လူတိုကို ယောသပ်ထံသွားစေ၏
၁၉။ ယောသပ် သူတိုကိုကျွေးမွေးပါသလား၊
ယောသပ်သည် အစာကို ငွေနှင့်ရောင်းပေး၏ ဝယ်ရန်မရှိကြသောအခါ တိရိစ္ဆာန်မြေကွက်များ လဲ၏လဲရန်ဥစ္စာမရှိကြသောအခါ သူတို၏လုပ်အားခမှ ငါးပုံတစ်ပုံကိုခံယူ၏။(ကမ္ဘာ ၄၇း၁၄-၂)
၂၀။ အစာခေါင်းပါးခြင်းသည် အဲဂုတ္တု (အီဂျစ်ပြည်) ၌သာဖြစ်သလား။
မဟုတ်ပါ။ ကမ္ဘာအနှံ အစာခေါင်းပါးခြင်းဖြစ်ခဲ့သည်း
၁၃။ အဲဂုဣပြည်၌ ယာကုပ်နှင့် သူ ၏သားများ (ကမ္ဘာ ၄၂-၅၀]
၁။ ယာကုပ်၏မိသားစုသည် အစာခေါင်းပါးချိန်၌ မည်သိုအစာရှာကြသနည်း။
သား ၁၀ယောက်ကို အဲဂုတ္တုပြည် (အီဂျစ်) သို့စေလွှတ်၍ အစာကိုဝယ်စေသည် (ကမ္ဘာ ၄၂း၁-၅;)
၂။ ယောသပ်သည် သူ၏ညီအစ်ကိုများကိုတွေ့သောအခါ မည်သိုပြုသနည်း။
သူ၏အစ်ကိုများကို မသိသလိုဟန်ဆောင်၍ ကြမ်းတမ်းစွာပြောဆို၏။ ကလဲ့စားခြေသည့် သဘောဖြင့် ပြုမူသည်မဟုတ်ပါး (ကမ္ဘာ ၄၂း၆-၂၈) ၊
၃။ မည်သိုစွပ်စွဲသနည်း။
သတင်းထောက်လှမ်းသော သူလျှိဟုစွပ်စွဲ၏။
၄။ ယောသပ်သည် သူ့ညီအစ်ကိုများကို အစားအစာပေးပါသလား။
ပေးပါသည်။ သူတို့ဝယ်သော ငွေကိုလည်း ပြန်ပေးလိုက်ပါသည်။
၅။ ဒုတိယအကြိမ်တွေ့ရန် ယောသပ် ၎င်းတိုကို မည်သိုမှာလိုက်သနည်း။
ညီအငယ်ဆုံး ဗယာ်မိန်ကို နောက်တကြိမ်၌ခေါ်လာရန် အမိန့်ပေးခဲ့၏။
၆။ သူတိုမသေချာပေါက်ပြန်လာရန် ယောသပ်မည်သိုပြုသနည်း
ရှိမောင်ကို သူတိုရှေ့မှာ ချည်နှောင်ဖမ်းထားခဲ့၏။ (ကမ္ဘာ ၄၂း၂၄)
၇။ ယာကုပ်သည် ပြန်ရောက်လာသောသားများထံမှ သတင်းကြားရသောအခါ မည်သိုခံစားရသနည်း
အဘယာကုပ်ကလည်း သင်တိုသည် ငါ့သားတိုကို လုယူကြပြီ။ ယောသပ်မရှိ၊ ရှိမောင်နှင့် ဗယာ် မိန်ကိုလည်း ယူသွားချင်သည်တကား၊ ဤအမှုအလုံးစုံတိုသည် ငါနှင့် ဆန့်ကျင်ဘက်ဖြစ်သည်တကားဟု သူတိုဆို၏။ (ကမ္ဘာ ၄၂း၃၆) ၊
၈။ ယာကုပ်သည် ဗယာ်မိန်ကို သွားခွင့်ပြုပါသလား
သူတို အစာခေါင်းပါးခြင်းအတွက် အစာရရှိရန် အခြားနည်းလမ်းမရှိ၊ ယုဒကလည်း ဗယာ်မိန်ကို အပါပြန်ခေါ်ခဲ့ရန် တာဝန်ယူကြောင်းပြောဆို၍ သွားခွင့်ပြုခဲ့သည်။ (ကမ္ဘာ ၄၃း၁-၁၅)
၉။ ယောသပ်သည် သူ၏အစ်ကိုများအရှေ့၌ ဗယာ်မိန်ကိုတွေ့သောအခါ မည်သိုခံစားရသနည်း
ညီရင်းကိုမြင်၍ ကြင်နာသောစိတ်ရှိသောကြောင့် အိပ်ခန်းတွင်းသို့ဝင်၍ ငိုလေ၏။ (ကမ္ဘာ ၄၃း၃၀-၃၁)
၁၀။ ယောသပ်သည် အဘယ်ကြောင့် ဗယာ်မိန်ကို အခြားညီအစ်ကိုများထက် ပို၍ခင်တွယ်ရသနည်း။
ယာခေလမှမွေးသော ညီအစ်ကိုအရင်းဖြစ်သောကြောင့် ဖြစ်ပါသည်။ (ကမ္ဘာ ၃း ၂၂ -၂၄။ ၃၅း၁၆-၁၈)
၁၁။ ဗယာ်မိန်သည် အသက်ဘယ်လောက်ရှိပါလဲ။
သူသည် ယောသပ်ထက် ၇နှစ်ခန့်ငယ်မည်။ သိုဖြစ်၍ သူ၏အသက် ၃၂နှစ်ဖြစ်နိုင်သည် သူ့တွင် သားဆယ်ယောက် ရှိ၏။ (ကမ္ဘာ ၄၆း၂၁)
၁၂။ ယောသပ်သည် သူ၏ညီအစ်ကိုများကို မည်သိုပြုစုသနည်း။
သူသည် ကြင်နာသောမေတ္တာဖြင့် ကြိုဆို၍ ကောင်းမွန်သောစားပွဲဖြင့် တည်ခင်းဧည့်ခံကျွေးမွေး၏။ (ကမ္ဘာ ၄၃း၂၅-၃၄)
၁၃။ ယောသပ်သည် အဘယ်ကြောင့် သူ၏ညီအစ်ကိုများကို ဤကဲ့သိုဆက်ဆံပြုမူသနည်း
(၁) သုညီအစ်ကိုများ၏အကျင့်များ ပြုပြင်ခြင်းရှိသလား၊ (၂) သူ့အနေနှင့်သူတိုအတွက် မည်ကဲ့သို ကူညီ ရမည်ကို သိလိုသောကြောင့်ဖြစ်၏။
၁၄။ေယာသပ်သည် ညီအစ်ကိုများအား မည်သိုထပ်စမ်းသပ်သနည်း။
ဗယာ်မိန်၏အိတ်တွင် ယောသပ်၏ခွက်ကို မသိအောင် ထည့်ပေးလိုက်ပြီးနောက် လမ်းတစ်ဝက် ဝန်ကို လွှတ်၍ ရွာ၏တွေ့ရှိပါက ပစ္စည်းခိုးသူများကို ဖမ်းပြီး အပြစ်အတွက် ကျွန်ခံစေရန် စီစဉ်၏
၁၅၊ယုဒသည် အမှုရင်ဆိုင်ရသောအခါ မည်သိုလုပ်ဆောင်သနည်း။
သူ၏ညီအငယ်ဆုံး ဗယာ်မိန်အား အစ်ကိုများနှင့် အိမ်သိုပြန်လွှတ်ရန် စီစဉ်ပြီး သူ့ကိုယ်သူတော့ ညီ၏ ကိုယ်စားကျွန်ခံရန် တောင်းပန်ပြောဆိုခဲ့၏။ (တမ္ဘာ ၄၄း၁၈-၂၄) ၊
၁၆။ထိုအဖြစ်များအတွက် သောသပ်မည်သိုခံစားရသနည်း၊
သူ၏ဝမ်းနည်းခြင်းကို ဖုံးကွယ်မထားနိုင်တော့ဘဲ၊ အသံထွက်၍ လျက် သူသည် အကိုများ၏ညီ ယောသပ် ဖြစ်ကြောင်း ဖွင့်ပြောခဲ့၏ (ကမ္ဘာ ၄၅း၁-၁၅)
၁၇။ ဤတန်ခိုးကြီးသောမင်းသားသည် သူတို၏ညီဖြစ်ကြောင်းသိသောအခါ သူတို မည်သိုခံစားရသနည်း။
စကားတုံပြန်၍ မပြောနိုင်အောင် သူရှေ့မှာ မိန်းမောတွေဝေလျက်နေကြ၏ (ကမ္ဘာ ၄၅း၃)
၁၈။ သူသည် မည်သိုသက်သေပြ၍မစခဲ့သနည်း။
သူ၏အာဏာ သူ၏မေတ္တာများအားဖြင့် တန်ဘိုးကြီးမားသော လက်ဆောင်များသည်သာမက အဲဂုတ္တု ပြည်တွင် မိသားစုအားလုံး ကောင်းမွန်လာရောက်နေထိုင်ရန် စီစဉ်ပေး၏ (ကမ္ဘာ ၄၅း၁၇-၂၃၊ ၄၆း၂၉)
၁၉။ ယာကုပ်မိသားစု ဘယ်နှစ်ယောက် အဲဂုတ္တု (အီဂျစ်) တွင်လာရောက်နေကြသနည်း။
အယောက်ခုနှစ်ဆယ် (ကမ္ဘာ ၄း၂၆၊ ၂၇)
၂၀။ အဲဂုတ္တုပြည် မည်သည့်အရပ်၌ သူတိုနေရာတကျနေထိုင်ကြသနည်း။
အဲဂုတ္တုပြည် ဂေါရှင်အရပ်တွင်နေကြ၏။ (တမ္ဘာ ၄၆း၂)
၂၁။ အီဂျစ်လူမျိုးတို့သည် သိုးထိန်းတိုအပေါ် မည်သို့မြင်တတ်သနည်း။
သူတို့သည် သိုးထိန်းတိုကိုမုန်းကြသည်။ သိုးထိန်းတို၏ဘုရင်သည် အီဂျင်ကို ဒုက္ခပေးခဲ့ေကာင်း ပေးနိုင်သည် သိုမဟုတ် သူတိုသည် မြိုနေလူတန်းစားတစ်ရပ်ဖြစ်သောကြောင့် တောသားသိုးထိန်းများကို မုန်းတီး ခြင်းဖြစ်ဟန်တူ၏။
၂၂။ ယာကုပ်သည် ဖာရောဘုရင်နှင့် တွေ့ဆုံနှုတ်ဆက်ခွင့်ရခဲ့ပါသလား
တွေ့ဆုံခွင့်ရပြီး ဘုရင်ကြီးအား ကောင်းချီးမင်္ဂလာပေးခဲ့၏ (ကမ္ဘာ ၄၇း၇-၁၀)
၂၃။ ယာကုပ်သည် အီဂျစ်ပြည်တွင် နှစ်ပေါင်းမည်မျှနေခဲ့သနည်း။
၁၇နှစ် (ကမ္ဘာ ၄၇း၂၈)
၂၄။ ယောသပ်၏သားများအား ယာကုပ်သည်မည်သိုထူးခြားသော ကောင်းချီးမင်္ဂလာပေးသနည်း။
လက်ျာလက်ကို သားအကြီးပေါ်တွင်တင်ရမည့်အစား၊ သားငယ်ပေါ်တွင် လက်က်ျာလက်ကိုတင်၍ သားဦး အခွင့်အရေးကို သားငယ်အားပေးခဲ့၏။ (ကမ္ဘာ ၄၈)
၂၅။ ယာကုပ်သည် မသေမီ မည်သိုပြုခဲ့သေးသနည်း။
သား ၁၂ ယောက်တိုအား တစ်ဦးစီနှင့်ပါတ်သက်၍ ပြောဆိုကောင်းချီးပေးခဲ့၏။ (ကမ္ဘာ ၄၉)
၂၆။ ယာကုပ်သည် မည်သူ့ကို သားဦးအရာကောင်းချီးပေးခဲ့သနည်း။
ယုဒသည် ညီအစ်ကိုတိုတွင် ထူးခြား၍ သူ၏အမျိုးထဲက မင်းဖြစ်တတ်သော်လည်း သားဦးအရာကိုမရ၊ ယောသပ်သာ ရရှိ၏။ (၁ရာ ၅း၂)
၂၇။ ယုဒ အတွက် ထူးခြားသောကောင်းချီးမင်္ဂလာကား မည်သိုနည်း။
ရာဇလှံတံသည် ယုဒထံမှလည်းကောင်း၊ မင်းအာဏာသည် သူ၏အမျိုးအနွယ်ထံမှလည်းကောင်း မရွေ့ရ (ကမ္ဘာ ၄၉း၁ဝ၊ ဟေဗြဲ ၇း၁၄)၊ မေရှိယသည် သူ၏မျိုးနွယ်မှ ဆင်းသက်ရ၏။
၂၈။ ယာကုပ်ကို မည်သည့်နေရာတွင် သင်္ဂြိုလ်မြှုပ်နှံသနည်း။
ခါနန်ပြည် မံရေးမြို၊ မပွေလလယ်ပြင်တွင် သူ၏အမျိုးများနှင့် ဇနီးလေအာတိုမြုပ်ရာအရပ်၌ သင်္ဂြိုဟ်၏။
၂၉၊ ယာကုပ်သေသောအခါ ယောသပ်၏ညီအစ်ကိုများ မည်သိုကြောက်လန့်ခြင်းဖြစ်ကြသနည်း။
ယောသပ်သည် သူတိုအားနှိပ်စက်မည်ကို စိုးရိမ်ကြ၏။ သို့သော် ယောသပ်သည် သူတို့အားကောင်း စွာပြု၏။ (ကမ္ဘာ ၅၀း၁၅)
၃၀။ ယောသပ်ကို မည်သည့်အချိန်တွင် မြှုပ်နှံသနည်း။
သူ၏ရုပ်ကလာပ်ကို အီဂျစ်ထုံးစံအတိုင်း ပြင်ဆင်ကြမည်မှာ ယုံမှားဖွယ်မရှိပါ။ သိုသော် ကျမ်းစာအရ “ဣသရေလအမျိုးသားတိုသည် အဲဂုတ္တုပြည်မှဆောင်ခဲ့သော ယောသပ်၏အရိုးတိုကို ရေခင်၏အဘ ဟာမော် ၏သား တို့တွင် ငွေတပိဿာနှင့် ယာကုပ်ဝယ်သော နေ့ခင်မြို နယ်မြေတကွက်၌ သဂြိုဟ်ကြ၏။ ထိုမြေအ ကွက်သည် ယောသပ်သား တိုအမွေဖြစ်သတည်း။(ယောရှု ၂၄း၃၂)
၄။ မောရှေမွေးဖွားခြင်းနှင့်ပညာ ရေး ( ထွက်၁း၂)
၁။ ယောသပ်သေဆုံးပြီးနောက်ပိုင်း အီဂျစ်တိုသည် အစ္စရေးလူမျိုးတိုအပေါ် မည်သိုပြုကျင့်သနည်း၊
ယောသပ်၏ အီဂျစ်ပြည်အတွက်ကောင်းလုပ်ဆောင်ချက်များကို သိကြသောသူတို မရှိတော့သည့် အချိန်၌ အီဂျင် တိုသည် ယောသပ်၏မျိုးနွယ် အစ္စရေးလူမျိုးတိုအပေါ် ကျွန်အဖြစ်ညှင်းပန်းနှိပ်စက်၏။ (ထွက် ၁၆-၁၄)
၂။ဣသရေလလူမျိုးတိုသည် အလွန်တိုးပွားများပြားခြင်းရှိသလား။
တိုးပွား၊ များပြားခြင်းပါသည်။
၃။ အီဂျစ်လူမျိုးတိုသည် အဘယ်ကြောင့်ဣသရေလလူမျိုးတိုအတွက် ပူပန်သနည်း။
ဣသရေလလူမျိုးတိုသည် အီဂျစ်နှင့် အီဂျစ်၏ရန်သူတိုကြားအရပ်တွင် နေထိုင်ကြသဖြင့် တစ်နေ့ ရန်သူနှင့်ပေါင်းပြီး အီဂျစ်ပြည်ကို သိမ်းပိုက်မည်ကို စိုးရိမ်ကြ၏။
၄။ ဣသရေလလူမျိုးတိုကို မည်သည့် အလုပ်မျိုးတွင် ခိုင်းစေကြသနည်း။
အုတ်ဖုတ်ခြင်းနှင့် အဆောက်အဦးဆောက်လုပ်ခြင်းလုပ်ငန်းတိုတွင် ခိုင်းစေ၏။
၅။ ဖာရောဘုရင်သည် ဣသရေလလူမျိုးများ လူအင်အားနည်းစေရန် မည်သိုကောက်ကျစ်သနည်း၊
ဟေဗြဲဝမ်းဆွဲမတိုအား ဣသရေလလူမျိုး၌ ယောက်ျားလေးမွေးလျှင် သတ်ရန်အမိန့်ပေးထား၏။
၆။ မောရှေသည် မည်သူနည်း။
အာမရံနှင့် ယောခေဗက်၏ဒုတိယသား လေဝိမျိုးနွယ်ဖြစ်သည်။ (ထွက် ၂း၁၊ ၆း၂၀)
၇။ မောရှေ၏အမေသည် သားအသက်မသေစေရန် မည်သိုကြံစည်သနည်း။
ကလေးကို ရေလုံသောခြင်းတောင်းတွင်ထည့်၍ နိုင်းမြစ်ကမ်းဘေးကိုင်းပင်များကြားတွင် ထားသည်။ (ထွက် ၂း၃)
၈။ သူမ၏အကြံအစည် မည်သို့ထမြောက်အောင်မြင်ရသနည်း။
ကလေးကို ဖာရောဘုရင်၏သမီးတော်သည် တွေ့ရှိ၍ မွေးစားခဲ့၏။
၉။ မိခင်သည် ခြင်းတောင်းအား မည်သူ့ကိုစောင့်ကြည့်စေသနည်း
မောရှေ၏အမ မီရိအံကို စောင့်ကြည့်စေ၏။
၁၀။ ဘုရင့်သမီးတော်သည် ကလေးအတွက် နိုထိန်းကိုရွာသည့်အခါ မိရိအံသည် မည်သူ့ကိုခေါ်ပေးသနည်း။
မောရှေ၏အမေရင်းကို ခေါ်ခဲ့ပေး၏။
၁၁။ မောရှေသည် မည်သိုသော ကောင်းချီးမင်္ဂလာများကို ခံစားရသနည်း၊
မောရှေသည် ဆုတောင်းဝတ်ပြုခြင်းဖြင့် ကွယ်ကာစောင့်ထိန်းခြင်းနှင့်မှန်သောဘုရားသခင်ကို သိနား လည်ခြင်းများကို ခံစားရ၏။
၁၂။ ဘုရင့်သမီးတော်ထံ၌ မွေးစားခံရ၍ မောရှေသည် မည်သိုအခွင့်ထူးများရရှိသနည်း။
ပထမဦးစွာ ကောင်းမွန်စွာနေရသည်။ ဒုတိယအနေနှင့် အဆင့်မြင့်ပညာရေးနှင့် ဗဟုသုတများ သင်ယူရ သည်။ တတိယအနေနှင့် ခေါင်းဆောင်မှုအတတ်ပညာများ သင်ယူရရှိသဖြင့် တစ်ချိန်၌ သူ၏လူမျိုးကို ရွေးနှုတ်ဦးဆောင်ရန် အရည်အချင်းများရရှိခဲ့သည်။
၁၃။ မည်သိုအားဖြင့် မောရှေသည် သူ၏မျိုးနွယ်မှန်ကို ရွေးချယ်ခဲ့သနည်း
(ထွက် ၂း၁၁-၁၄) ခရစ်တော်ကြောင့် ကဲ့ရဲ့ခြင်းဒုက္ခသည် သာ၍မြတ်သောစည်းစိမ်ဖြစ်သည်ကို စိတ်ထင်သဖြင့်လည်းကောင်း၊ ယုံကြည်စိတ်ရှိ၍ ဖာရောဘုရင်သမီး၏သားဟူ၍ ခေါ်ဝေါ်ခြင်းအခွင့်ကိုပယ်၏။ အကြောင်းမူကား နောက်ရလတံသောအကျိုးကို ထောက်စာမျှော်လင့်လျက်နေ၏ (ဟေဗြဲ ၁၁း၂၄-၂၅)
၁၄ ။သူ၏လူမျိုးသည် သူ့ကိုလက်ခံပါသလား။
လက်မခံပါး “အဘယ်သူသည် သင့်ကို ငါတိုအပေါ်မှာ အကဲတမှူး တရားသူကြီးတရာ၌ ခန့်ထား သနည်း။ အဲဂုတ္တု လူကိုသတ်သကဲ့သို ငါ့ကိုသတ်လိုသလောဟုပြန်ဆို၏။ (ထွက် ၂း၁၄၊ တမန် ၇း၂၇-၂၈)
၁၅။ မောရှေ မည်ကဲ့သိုလွတ်အောင် ကြိုးစားခဲ့ရသနည်း။
အီဂျစ်ပြည် (အဲဂုတ္တု) ပျက်မှ အာရေဗျသဲကန္တရတွင်းရှိ မိချန်ပြည်သို ထွက်ပြေးခဲ့ရ၏။ (ထွက်၂း ၁၅-၂၂
၁၆။ ထိုအရပ်တွင် မည်သို တွေ့ကြုံရသနည်း။
မိဒျန်ယဇ်ပုရောဟိတ်မင်း၏ သမီးတစ်ယောက်နှင့် အိမ်ထောင်ကျ၏။
၁၇။ မိချန်ပြည်တွင် အချိန်မည်မျှကြာကြာနေခဲ့သနည်း
အနှစ် ၄၀ (တမန် ၇း၃၀)
၁၈။ သူသည် မည်သည့် အတွေ့အကြုံများရခဲ့သနည်း။
ဒေါသနှင့် စိတ်ကို ထိန်းတတ်ရန်၊ တရားစီရင်ခြင်းမှ လွတ်မြောက်ရန် နှင့် ဣသရေလလူများ ရွေးနှုတ်သည့်အခါ သွားရမည့်လမ်းကို အတွေ့ကြုံရခဲ့၏။
၁၅။ဣသရေလလူမျိုးအားရွေးနုတ်ရန်မောရှေအားရွေးချယ်ခြင်း
၁။ မောရှေသည် သဲကန္တရအတွင်း သူ၏ယောက္ခမ၏သိုးများကိုထိန်းနေစဉ် မည်သည့်အရာသည် သူ၏အာရုံကို ဆွဲဆောင်ခဲ့သနည်း။
အကိုင်းအခက်များကို မလောင်ကျွမ်းဘဲ၊ မီးလောင်နေသော ခြုံဖုတ်က သူ့ကို စိတ်ဝင်စား အာရုံ ပြုစေ၏။ (တွက် ၃း၂-၃)
၂။ မီးလောင်နေသောချုံထဲမှ မည်သည့်အသံကိုကြားရသနည်း။
ဘုရားသခင်၏အသံကို ကြားရ၏။ (ထွက် ၃း၄-၆)
၃။ ဘုရားသခင်သည် မောရှေ့ကို မည်သိုစေခိုင်းသနည်း။
ဣသရေလလူမျိုး (အစ္စရေး) တိုကို အီဂျစ်ပြည် (အဲဂုတ္တု) မှထုတ်ဆောင်ရန်နှင့် ပထမဦးစွာ ဖာရော ဘုရင်ထံလွှတ်ပေးရန် ခွင့်တောင်းဖိုစေခိုင်း၏။ (ထွက် ၃း၇-၂၂)
၄။ မောရှေသည် ထိုတာဝန်ကိုထမ်းဆောင်ရန် သဘောတူပါသလား။
မောရှေကလည်း ထိုသူတိုသည် အကျွန်ုပ်ကိုမယုံ၊ အကျွန်ုပ်စကားကိုနားမထောင်ဘဲနေ၍ ထာဝရဘုရား သည် သင့်အား ထင်ရှားတော်မမူဟု ဆိုကြပါလိမ့်မည်ဟု ပြန်လျှောက်လေ၏။ (ထွက် ၄း၁)
၅။ မောရှေအား ဘုရားသခင်ခန့်ထားကြောင်းပြသရန် ဘုရားသခင်သည် မောရှေအား မည်သည့်အံ့ဖွယ်လက္ခဏာ များ ပေးအပ် ခဲ့သနည်း။
မောရှေ၏ လှံတံကို မြွေဖြစ်စေခြင်း၊ သူ၏လက်ကို နူနာစွဲစေခြင်း၊ နူနာပြန်၍ပျောက်ကင်း စေခြင်းဖြင့်လည်းကောင်း၊ ရေကို သွေးအဖြစ်ပြောင်းလဲစေခြင်းဖြင့်လည်းကောင်း၊ ပြသရန် အစွမ်းပေးအပ်ခဲ့၏။ (ထွက် ၄း၂-၈)
၆။ မောရှေသည် ထိုကဲ့သိုသော အံ့ဖွယ်အရည်အချင်းများရသောအခါ စိတ်ထဲ၌ ရဲရင့်ခြင်းရှိလာပါသလား။
အိုဘုရားရှင် အကျွန်ုပ်သည် နှုတ်သတ္တိမရှိ၊ … နှုတ်လေးသောသူ၊ စကားနှေးနှေးပြောတတ်သောသူ ဖြစ်ပါ၏ဟု လျှောက်၏။
၇။ထိုအခါ ဘုရားသခင်သည် သူ့အား မည်သိုအားဖြည့်ပေးသနည်း။
ဘုရားသခင်က သူသည် မည်သိုပြောရမည်ကို သွန်သင်မည်ဟုလည်းကောင်း၊ သူနှင့်အတူ စကားပြော ပါးနပ်သော သူ၏အစ်ကို အာရုန်ကိုခေါ်သွားရန် အခွင့်ပေးခဲ့၏ (ထွက် ၄း၁၁-၁၆၊ ၂၇)
၈။ ဣသရေလလူမျိုးတို မောရှေ၏စကားများကို လက်ခံကြပါသလား။
သူတိုယုံကြည်၍ ထာဝရဘုရားကို ဝတ်ပြုကြ၏။ သိုသော် မကြာခင်မှာ သည်းတွားခြင်းကို ပြုကြ၏။ (ထွက် ၄း၃၁၊ ၁၆)
၆။ အီဂျစ်နိုင်ငံ တွေ့ကြုံရသောပျက်စီးခြင်းများ ထွက် ၅-၁၁]
၁။ ကလေးငယ်များကို သတ်ရန် အမိန့်ပေးခဲ့သော ဖာရောဘုရင်နှင့် ယခင်က အီဂျစ်နိုင်ငံအုပ်ချုပ်သော ဖာရောဘုရင်တူပါသလား။
တစ်ယောက်တည်းမဟုတ်ပါ။ ဖာရောသည် ဘုရင်၏ဘွဲနာမည်သာဖြစ်ပါသည်။ ကလေးများကိုသတ်ရန် အမိန့်ပေးခဲ့ သောအချိန် နှင့် ယခုမောရှေ၏အချိန်သည် နှစ်ပေါင်း ၈၀ မှ ၈၃ နှစ်ခန့် ကွာခြားပါသည်။
၂။ ဘုရင်ကြီးသည် မောရှေ့နှင့် အာရုန်ကို ကောင်းစွာလက်ခံပါသလား။
မောရှေ့နှင့် အာရုန်သည် အလုပ်လုပ်နေကြသောလူများနှင့်ပါတ်သက်၍ နှောင့်ယှက်သည်ဟု စွပ်စွဲပြော ဆို၏။ (ထွက် ၅:၂-၄)
၃၊ မည်သို အကျိုးဆက်ကိုရသနည်း၊
ဘုရင့်အမိန့်ဖြင့် လူများအား ပို၍ပင်ပန်းကြီးစွာ ခိုင်းစေသဖြင့် ဣသရေလလူတိုသည် မောရှေအပေါ် အပြစ်တင်ကြ၏။ (ထွက် ၅:၅-၂၁)
၄။ ဖာရောဘုရင်သည် ဣသရေလလူများကိုလွှတ်ပေးရန် ငြင်းဆိုသောအခါ မည်သိုသော ဝဏ်ခတ်ခြင်းများကို ရင်ဆိုင်ရသနည်း။
ဒဏ်ခတ်ခြင်း ၁၀ ကြိမ်ကြုံတွေ့ရ၏။
၅။ ပထမပိုင်း ဒဏ်ခတ်ခြင်း ၉မျိုးကိုဖော်ပြပါး
(၁) နိုင်းမြစ်ရေကို သွေးဖြစ်စေ၏။ (ထွက် ၇)
(၂) တစ်နိုင်ငံလုံးတွင် ဖားများနှင့်ပြည့်စေ၏။ (ထွက် ၈း၁-၁၅)
(၃) မြေမုန့်မှ ခြင်ကောင်များဖြစ်၏၊ (ထွက် ၈း၁၆-၁၉)
(၄) ယင်ရဲများအားဖြင့် ဒုက္ခတွေ့စေ၏။ (ထွက် ၈း၂၀-၃၂)
(၅) သိုးနွားတိရိစ္ဆာန်များအပေါ် ပြင်းစွာသောရောဂါဖြစ်စေ၏။ (တွက် ၉း၁-၇)
(၆) လူနှင့် တိရိစ္ဆာန်တို၌ အခဲအကျိတ်နှင့် အနာဆိုးဖြစ်စေ၏။ (ထွက် ၉း၈-၁၂)
(၇) မီးနှင့်ရော၍ အလွန်ပြင်းထန်စွာသောမိုးသီးရွာ၏။ (ထွက် ၉:၂၄)
(၈) ကျိုင်းကောင်များအားဖြင့် ဖျက်ဆီးခံရ၏။ (ထွက် ၁၀း၁-၂၀)
(၉) သုံးရက်ပတ်လုံးကြီးစွာသော မှောင်မိုက်ကို ဖြစ်စေ၏။ (ထွက် ၁၀း၂၁-၂၉)
၆။ ပထမဦးဆုံးသော ဒဏ်ခတ်ခြင်းသည် မည်သိုသောအခက်အခဲကိုဖြစ်စေသနည်း။
အဘယ်ကြောင့်ဆိုသော် အဲဂုတ္တုလူတိုသည် နိုင်းမြစ်ရေကို သောက်ကြသည်၊ နိုင်းမြစ်မှ ငါးများရသည်။ နုံးမြေသည် စိုက်ပျိုးရေးကို အောင်မြင်စေသည်။ နိုင်းမြစ်ရေကို ဘုရားကဲ့သို ကိုးကွယ်ကြသည်။
၇။ အဲဂုတ္တုလူမျိုးမှော်ဆရာတိုသည် မောရှေ့နှင့် အာရုန်တိုကဲ့သို လုပ်ပြနိုင်ပါသလား။
ဝိဇ္ဇာဆရာတို့သည် ရေကိုသွေးဖြစ်စေနိုင်၏။ ဖားတွေအများကြီးကိုလည်း ဖြစ်စေနိုင်၏။ သိုသော် ဖားများကို နှင်မထုတ်နိုင်ကြောင်းတွေ့ရသည်။
၈။ ဝိဇ္ဇာဆရာတိုသည် မောရှေကဲ့သို မပြုလုပ်နိုင်သောအခါ မည်သိုပြောဆိုသနည်း။
မောရှေပြုသော အံ့ဩဖွယ်အမှုတိုအပေါ် ဝိဇ္ဇာဆရာတို့က ဤအမှုသည် ဘုရားသခင်၏တန်ခိုးတော် ကြောင့်ဖြစ်သည်ဟု ဖာရောဘုရင်အား လျှောက်ကြားကြ၏။ (ထွက် ၈း၁၉)
၉။ အဲဂုတ္တုလူနှင့် ဣသရေလူတိုကို ဘုရားသခင်မည်သို ခွဲခြားထားသနည်း။
တတိယနိမိတ်လက္ခဏာပြုပြီးနောက်၌ ဣသရေလလူရိုးများနေထိုင်ရာ ဂေါရှင်အရပ်ကို ထိုဒုက္ခ အပေါင်း မကျရောက်စေရန် ကာကွယ်ထားခဲ့သည်။
၁၀။ ခုနှစ်ကြိမ်မြောက်ဒဏ်ခတ်ခြင်း၌ ယုံကြည်သူများအား မည်သိုကာကွယ်ခဲ့သနည်း။
ဣသရေလလူမျိုးတို၏ တိရစ္ဆာန်နှင့် အဲဂုတ္တုလူတို၏ တိရစ္ဆာန်ကို ခြားနားစေသဖြင့် ဣသရေလအမျိုးသား ပိုင်သော တိရစ္ဆာန် တစ်ကောင်မျှမသေရ (ထွက် ၉း ၄)
၁၁။ ဤဒဏ်ခတ်ခြင်းများအတွက် ဖာရောဘုရင်သည် အဘယ်ကြောင့် မကြောက်ရွံသနည်း။
(ထွက် ၈း၁၅၊ ၃၂၊ ၉း ၃၄-၃၅ ) များတွင်ဖော်ပြသည့်အတိုင်း ဖာရောဘုရင်သည် နှလုံးသားခိုင်မာ သော စိတ်ရှိသဖြင့် သူ၏မကောင်းသောအတွင်းစိတ်အတွက် သူခံစားရခြင်းဖြစ်သည်။ ‘
၁၂။ စိတ်နှလုံးခိုင်မာသောသူတိုအတွက် ကျမ်းစာတွင်မည်ကဲ့သို ဖော်ပြသနည်း။
အကြောင်းမူကား သမ္မာတရားကိုသိပြီးမှ ကိုယ်အလိုသိုလိုက်၍ပြစ်မှားပြန်လျင် နောက်တဖန်အပြစ် သောယဇ်ကို ပူဇော်ရာအခွင်မရှိဘဲ ဒဏ်စီရင်ခြင်းကိုခံရမည်ဟု ကြောက်မက်ဖွယ်သောမျှော်လင့်ရသော အကြောင်း၊ ငြင်းဆန်သောသူတိုကို ဖျက်ဆီးဘိုရာ အမျက်တော်မီးလောင်ခြင်းကို ခံရသောအကြောင်း ၊ ရှိ၏။ (ဟေဗြဲ ၁၀း၂၆-၂၇)
၁၃။ ၉ကြိမ်မြောက်ဒါဏ်ခတ်ခြင်းအပြီးတွင် ဖာရောက မည်သိုဆိုသနည်း။
ဖာရောဘုရင်သည် မောရှေ မျက်နှာကို ထပ်၍မတွေ့လိုကြောင်းအမိန့်ပေး၏။
၁၄။ ၁၀ကြိမ်မြောက် နောက်ဆုံးဒဏ်ခတ်ခြင်းကိုဖေါ်ပြပါ။
သားဦးများကို သေစေခြင်းဖြစ်၏။ (ထွက် ၁၂း ၂၉)
၁၇။ပသခါပွဲ:-(ထွက် ၁၂း၁-၂၈;-):-(ကွယ်လွန်ခြင်း;-)
၁။ အဲဂုတ္တုပြည်ပေါ် နောက်ဆုံးဒဏ်ခတ်ခြင်းမပြုမီ ဘုရားသခင်သည် ဣသရေလလူတိုအား မည်သိုညွှန်ကြားခဲ့ ၊ သနည်း။
ပသခါယဇ်ပြင်ဆင်ခြင်းနှင့် စားသောက်ခြင်းပွဲပြုရန် ညွှန်ကြားခဲ့သည်။ (တွက်၁၂း ၁-၂၈)
၂။ မည်သိုသောအစားအစာဖြစ်သနည်း။
အခါမလည်သောသိုး သိုမဟုတ် ဆိတ်အထီး၏အသားကို မီးနှင့်ကင်ပြီးမှ ထိုညတွင်းချင်း စာဆေးမပါ သောမုန့်၊ ခါးသောဟင်းသီးဟင်ရွက်နှင့်စားရမည်။
၃။ ပသခါသိုးသငယ်သည် မည်သည့်အဓိပ္ပါယ်ဆောင်သနည်း။ ။
ခရစ်တော်ကို ဘုရားသခင်၏သိုးသငယ်တော်ဟု တင်စားထားပြီး လောကီသားတို့အတွက်အသက်ကို စွန့်ခဲ့ခြင်းဖြစ်ပါသည်(ယော၁၂း၉၊ ဗျာဒိတ်၁၃း၈) ၊
၄။ ပသခါသိုးသငယ်နှင့် ခရစ်တော်ကိုယှဉ်ပြပါ။
နူးညံ့သိမ်မွေ့ခြင်း၊ အပြစ်ကင်းစင်ခြင်း၊ အရိုးတစ်ချောင်းမျှမချိုးဘဲသတ်ခြင်းနှင့် အခြားသောအ ကြောင်း များဖြစ်သည်။
၅။ မုန့်ကိုမည်သိုပြင်ဆင်ရမည်နည်း။
မုန့်ကို ပွစေတတ်သော တဆေးမပါဘဲပြုလုပ်ရမည်။
၆။ ရှင်ပေါလုသည် ဤအရာနှင့်ပတ်သက်၍ မည်သိုဖွင့်ပြပြောဆိုသနည်း။
“တဆေးမဲ့မုန့်တည်းဟူသော ကြည်ဖြူခြင်း၊ သစ္စာစောင့်ခြင်း” ဟု ပြောဆိုထားပါသည်။ (၁ကော ၅း ၇
၇။ ခါးသောဟင်းသီးဟင်းရွက်သည် မည်သည့်အဓိပ္ပါယ်ဆောင်သနည်း။
အီဂျစ်တို့၏ မုန်းတီးဖွယ် ကျွန်အဖြစ် နှိပ်စက်ခြင်း၊ အပြစ်အတွက်အမှန်တကယ်နောင်တရ ခြင်းနှင့်ခရစ်တော်၏အသက်ကို ပူဇော်ခြင်းအဓိပ္ပါယ်ဆောင်၏။ (ဆာ ၆၉း ၂၀-၂၁)
၈။ ပသခါပွဲကို မည်သိုစားရသနည်း။
အီဂျစ်ပြည်မှထွက်ခွာရန် အဆင်သင့်အနေအထားဖြင့် မတ်တတ်ရပ်လျက်စားရမည်။ နောင်အခါထိုင်၍ လည်းကောင်း၊လှဲ၍လည်းကောင်း စားကြသည်။
၉။ မည်သိုသောပညတ်ချက်ကိုထပ်၍ပေးထားသနည်း။
သိုးသူငယ်၏အသွေးကို အိမ်တံခါးတွင်သုတ်ရန်ဖြစ်သည်
၁၀။ အဘယ်ကြောင့် ဤသိုအသွေးကိုသုတ်ရသနည်း။
အသွေးနှင့်အမှတ်အသားပြုသောအိမ်သည် ဣသရေလအမျိုးအိမ်ဖြစ်၍ ကောင်းကင်တမန်သည် သားဦး များကို သေစေတတ်သောအခါ ဤအမှတ်ရှိသောအိမ်ကို ပျော်လွန်သွားရန်မှတ်သားခြင်းဖြစ်သည်။
၁၁။ ပသခါ၏စကားလုံးအဓိပ္ပါယ်ကိုဖေါ်ပြပါး
ပသခါ (pass over) ကို မြန်မာပြုထားခြင်းဖြစ်ပြီး ကောင်းကင်တမန်သည်သွေးဖြင့် မှတ်သားထားသော အိမ်ကိုကျော်လွန်ခြင်း အဓိပ္ပါယ်ဆောင်သည်။
၁၈။ ထွက်မြောက်ရာကျမ်း (ထွက် ၁၂း ၂၉-၁၄း၃၁)
၁။ ဖာရောဘုရင်သည် သူ၏သားဦးအပေါ် ဒဏ်ခတ်ခြင်းခံရသောအခါ မည်သို့ဆုံးဖြတ်သနည်း။
ဣသရေလလူမျိုးတိုကို အမြန်ဆုံးထွက်ခွာသွားရန်အမိန့်ပေးခဲ့၏၊ (ထွက် ၁၂း ၃၁-၃၂)
၂။ ဣသရေလူမျိုးတို အီဂျစ်တွင်ကျွန်ခံရခြင်းအတွက် အီဂျစ်မှထွက်ခွာသောအခါ ထာဝရဘုရားသည် မည်သို အခွင့်ထူးရစေသနည်း။ ။
ဣသရေလလူတိုတောင်းသည့်အတိုင်းလည်း ပေးချင်သောစေတနာစိတ်ကို အဲဂုတ္တုလူတိုအား ထာဝရဘုရားပေးတော်မူသဖြင့် အဲဂုတ္တုလူတို၏ ဥစ္စာများကိုလုယူကြ၏။ (ထွက် ၁၂း၃၅-၃၆)
၃။ ထိုကဲ့သိုနည်းဖြင့် အဲဂုတ္တုလူတို၏ဥစ္စာကိုလုယူခြင်းသည် တရားမျှတပါသလား။
ဣသရေလလူတိုသည် လုပ်အားခမရဘဲ နှစ်ပေါင်းများစွာကျွန်ခံရသည်သာမက ယခုကဲ့သိုထွက်ခွာရ သည့် အခါ သူတို မသယ်နိုင်သောပစ္စည်းများစွာကျန်ရစ်ရ၏။ သိုဖြစ်၍ ဤကဲ့သိုတောင်းယူသောနည်းဖြင့် ဥစ္စာရယူခြင်းသည် မှန်သည်ဟုထင်ပါသည်။
၄။ဣသရေလလူတို ဘုရင့်အမိန့်ကို မည်သိုနာခံကြသလဲ။
သူတို့ပြင်ဆင်ထားသောအစားအစာနှင့်တကွ တိရစ္ဆာန်များ၊ ဥစ္စာများကိုယူဆောင်၍ အမြန်ထွက်ခွာကြ သည်။ (ထွက် ၁၂း ၃၇-၃၉)
၅။ ဖာရောဘုရင်သည် ဣသရေလလူမျိုးများအား အေးချမ်းစွာသွားခွင့်ပြုပါသလား။
ဘုရင်ကြီးသည် မနာလိုသောစိတ် ပြန်လည်ဖြစ်ပေါ်ပြီး စစ်တပ်ကိုလွှတ်၍ပြန်လည်ဖမ်းဆီးခေါ်ဆောင် ရန်ကြိုးစား၏။
၆။ ဣသရေလလူမျိုးတိုသည် အရှေ့၌ပင်လယ်၊ အနောက်၌ဘုရင်၏စစ်တပ်များလိုက်လာ ကြောင်းသိရသော အခါ၊ မောရှေအား မည်သိုပြောကြသနည်း။ ။
သူတိုအဲဂုတ္တုပြည်မှာ ကျန်ရစ်ပြီး အသက်မသေဘဲနေရတာပိုကောင်းမည်ဟု ပြစ်တင်ပြောဆို၏။
၇။ မောရှေသည် သူတို့အား မည်သိုသောအဖြေပေးခဲ့သနည်း။
မောရှေကဘုရားသခင်သည် မည်သိုကာကွယ်မည်ဖြစ်ကြောင်းကို စောင့်ကြည့်ရန်ပြောဆို၏။
၈။ ဘုရားသခင်သည် ဣသရေလလူတိုကို မည်သိုလမ်းပြသနည်း။
နေ့အချိန်၌ မိုယ်တိမ်တိုင်၊ ညဉ့်အချိန်၌ မီးတိုင်အားဖြင့် သူတိုရှေ့မှ လမ်းပြတော်မူ၏။ (ထွက်၁၃း ၂၁)
၉။ ဘုရားသခင်သည် ဣသရေလလူတိုကို မည်သိုလမ်းပြသနည်း။
ဣသရေလလူများအတွက် တိမ်တိုက်နှင့် မီးတိုင်အားဖြင့်လမ်းပြ၍ အလင်းရစေသော်လည်း ရန်သူ စစ်တပ် အတွက် အမှောင်ကိုကျရောက်စေသဖြင့် မလိုက်နိုင်အောင်ဖြစ်ရသည်။
၁၀။ ဣသရေလလူများကို မည်သိုကာကွယ်လမ်းပြခဲ့သနည်း။
ပင်လယ်အလယ်တွင် လျှောက်သွားရန်လမ်းကိုဖြစ်စေသဖြင့် လွတ်မြောက်ရ၏။ (ထွက် ၁၄း ၂၁)
၁၁။ လိုက်ပါလာသောစစ်တပ်ကို အခြားမည်သည့်နည်းဖြင့် ခက်ခဲစေသနည်း။
သူတို့ရထားအသွားရခက်စေခြင်းဌာ ရထားဘီးများကို ချိုတဲ့စေတော်မူ၏။
၁၂။ မိမိလူတိုကို အခက်အခဲမှ ကယ်တင်နိုင်သောဘုရားအား သံသယဖြစ်သင့်ပါသလား။
ဘုရားသခင်သည် ငါတိုဘက်၌ရှိတော်မူလျှင် အဘယ်သူသည်ငါတိုတစ်ဘက်၌ နေနိုင်မည်နည်း(ရောမ၊ ၈း ၃၁)
၁၃။ ဣသရေလူတိုပင်လယ်ကိုခြေလျင်ဖြတ်လျှောက်သွားပြီးနောက် မည်သိုသိုဖြစ်သနည်း။
ထိုသို့ပင်လယ်ရေသည် ပြန်လာ၍ ပင်လယ်ထဲသို လိုက်ဝင်သော ဖာရောဘုရင်၏ရထား၊ မြင်းစီးသူရဲ၊ ဗိုလ်ခြေအပေါင်း တိုကိုလွှမ်းမိုးသဖြင့် တစ်စုံတစ်ယောက်မျှ မကျန်ရစ်ရ (ထွက် ၁၄း ၂၈)
၁၉။ခရီးစဉ်စတင်ခြင်း။ (ထွက် ၁၅]
၁။ ပင်လယ်ကိုကျော်ဖြတ်လွတ်မြောက်ပြီး ပထမဦးဆုံးဘာလုပ်ကြသနည်း။
မောရှေ့နှင့် ဣသရေလလူမျိုးတို ဘုရားသခင်၏မေတ္တာတော်အကြောင်းကို ချီးမွမ်းသီဆိုကြသည်။
၂။ သောက်ဖိုရန် ရေမတွေ့ဘဲ ရက်ပေါင်းမည်မျှခရီးသွားခဲ့ကြသနည်း
(၃) ရက်
၃။ မည်သို့သောရကို ရှာတွေ့သနည်း။
မာရအရပ်တွင်ခါးသောရေကိုတွေ့ကြ၏။ (ထွက်၁၅း ၂၃)
၄။ သူတိုအခက်အခဲတွေ့သောအခါမည်သိုပြုကြသနည်း။
မောရှေကိုသာ ပြစ်တင်ပြောဆိုကြ၏။
၅။ ထိုနောက် မည်သည့်အရပ်တွင် ခေတ္တနားကြသနည်း။
ဧလိမ်ရွာတွင်တပ်ခဲ့ကြ၏။ (ထွက်၁၅:၂၇)
၆။ ထိုအရပ်၌ ဘုရားသခင်သည် သူတိုအတွက်မည်သည့်အရာကိုပြင်ဆင်ပေးသနည်း။
ရေတွင်းတစ်ဆယ်နှစ်တွင်း၊ စွန်ပလွံပင်ခုနှစ်ဆယ်ရှိသောသဲကန္တာရအတွင်း အိုအေစစ်ကို ပြင်ဆင်ပေး၏။
၂၀။မန္နမုန့်:'(ထွက်၁၆]
၁။ဣသရေလလူမျိုးတိုကို ဘုရားသခင်သည် တောနက်လမ်းခရီး၌ မည်သိုအစာကျွေးခဲ့သနည်း
မန္နမုန့်အားဖြင့်ကျွေးမွေး၏
၂။ မန္ဒမုန့်သည် အဘယ်သိုနည်း။
နံနံစေကဲ့သိုဖြစ်၍ ဖြူသောအဆင်းရှိ၏။ ပျားရည်နှင့်ရောသောမုန့်ကြွပ်နှင့် အရသာတူ၏ မိုးပေါ် မှကြ၏။ ထာဝရဘုရား၏တန်ခိုးတော်ဖြင့် မိုးပေါ်မှချသောအစာဖြစ်၏
၃။ မန္နမုန့်ကို မည်သိုကောက်ယူသုံးစွဲရသနည်း။
ဥပုသ်နေ့မှအပ နေ့စဉ်တစ်ရက်စာမျှသာ ကောက်ယူရသည်။ ‘
၄။ ဥပုဒ်နေ့အတွက် မည်သိုစီစဉ်သနည်း၊
ဥပုသ်နေ့မရောက်မီတစ်ရက်ကြိုတင်၍ နှစ်ရက်တကောက်ယူသိမ်းထားနိုင်၏။ (ထွက်၁၆း ၅)
၅။ ဤကဲ့သိုဘုရားသခင်ကျွေးမွေးသောအစီအစဉ်ကို သူတိုလေးစားလိုက်နာပါသလား။
အချို့တို့သည် ဥပုသ်နေ့၌အစာကိုသိမ်းယူရန်ရှာကြသော်လည်း မရှိပါ။
၆။ မန္နမုန့်သည် မည်သည့်ဥပမာကိုဆောင်သနည်း။
ရှင်ယောဟန် ၆း၅၁ တွင် “ငါသည်ကောင်းကင်မှဆင်းသက်သောအသက်မုန့်ဖြစ်၏ …. ငါပေးသော မုန့်ကား၊ လောကီသားတို၏ တသက်အဘိုအလိုငှာ စွန့်သောငါ၏အသားပေတည်းဟု မိန့်တော်မူ၏။
၂၁။အရိုက်ခံရသောကျောက်ဆောင် (ထွက် ၁၇း၁-၇;-)
၁။ ဣသရေလလူတို ရေမရှိ၊ စမ်းချောင်းမရှိသောနေရာတွင် မည်သိုရေကို ရရှိသနည်း။
ဘုရားသခင်၏အမိန့်ဖြင့် မောေရှသည် ကျောက်တုံးကို လှံတံနှင့်ရိုက်သဖြင့် ကေျာက်ထဲ ကရေထွက်၏။ (ထွက် ၁၇း၆)
၂။ ဓမ္မသစ်းကျမ်းတွင် ထိုကျောက်ကို မည်သိုယှဉ်၍ဖော်ပြထားသနည်း။
ထိုသူတိုနောက်၌လိုက်သော ဓမ္မကျောက်မှထွက်သောရေကို သောက်ကြ၏။ ထိုကျောက်ကား ခရစ်တော် ဖြစ်သတည်း။ ( ၁ကော ၁၀း၄)
၃။ ခရစ်တော်သည် ထိုအကြောင်းနှင့် ပါတ်သက်၍မည်သိုဆိုသနည်း။
ငါပေးသောရေကို သောက်သောသူမူကား၊ ရေငတ်ခြင်းနှင့် အစဉ်မပြတ်ကင်းလွတ်လိမ့်မည်။ ငါပေး သော ရေသည် ထိုသူ၌ ထာဝရအသက်ရှင်ခြင်းအလိုငှါထွက်သော စမ်းရေဖြစ်လိမ့်မည်။
၂၂။အာမလက်လူများနှင့်စစ်ဖြစ်ခြင်း:'(ထွက် ၁၇း၈-၁၆;)
၁။ အာမလက်မျိုးနွယ်သည် မည်သူနည်း။
ဧသောမှဆင်းသက်သော မျိုးဆက်များဖြစ်ပြီး ပါလက်စတိုင်းတောင်ပိုင်း၊ ဆိုင်းနိုင်းအရပ်တွင်နေကြ၏။
၂။ အဘယ့်ကြောင့် ဣသရေလတိုကိုတိုက်ခိုက်သနည်း။
ဣသရေလတိုသည် သူတို၏အိုအေစစ်တစ်ခုကိုသိမ်းပိုက်၍ ရေအတွက်ကြောင့် စစ်တိုက်ခြင်းဖြစ် နိုင်သည်။ ဣသရေလလူတိုသည် အားနည်းသောသူများဖြစ်သည်ထင်မှတ်၍ အနိုင်ယူရန်စစ်တိုက်ခြင်းဖြစ်သည်။ သို့သော် ဘုရားသခင်သည် ဣသရေလလူတိုဖက်၌ရှိသည်ကို အာမလက်တို့ မေ့လျော့နေကြ၏။
၃။ အာမလက်တို့ စစ်တိုက်ခြင်းအပေါ် ဘုရားသခင် စိတ်ဆိုးပါသလား။
ကောင်းကင်အောက်၌ အာမလက်၏အမှတ်ရှိသမျှကို ငါပယ်ရှင်းမည်ဟု မောရှေအားမိန့်တော်မူ၏။ (ထွက် ၁၇း၁၄)
၄။ မည်သူနိုင်သနည်း။
ဣသရေလတို့နိုင်ပါသည်။
၅။ မည်သိုနိုင်သနည်း။
မောရှေ၏အဆက်မပြတ်ဆုတောင်းခြင်းဖြင့် အနိုင်ရ၏။ (ထွက် ၁၇း၁၂-၁၃)
၆။ ဤအဖြစ်အပျက်မှ ကျွန်ုပ်တို့မည်သို့သင်ခန်းစာယူနိုင်သနည်း။
ပထမအချက်အနေနှင့် ကျွန်ုပ်တိုအခက်အခဲနှင့်တွေ့ကြုံရသောအခါ ကြိုးစား၍ဆုတောင်းရမည်။ ဒုတိယ အချက်အနေနှင့် ကျွန်ုပ်တို၏ခေါင်းဆောင်အား တတ်နိုင်သ၍ ပံ့ပိုးကူညီရမည်။ (ထွက် ၁၇း၁၂)
ယေဟောဝါနိဿိ၏ အဓိပ္ပာယ်ကား မည်သိုနည်း။
ထာဝရဘုရားသည် ငါတိုအောင်လံဖြစ်သည်။
၂၃။သိနာတောင်ပေါ်မှဥပဒေများ:-(ထွက် ၁၉-၂၄;-)
၁။ ဥပဒေဆိုသည်မှာ မည်သိုနည်း။
ဤအခန်းတွင် ဥပဒေဆိုသည်မှာ ပညတ်တော် ၁၀ပါးနှင့် အခြားတားမြစ်ချက်များကို ဆိုလိုပါသည်။
၂။ မည်သိုအခြေအနေမျိုးဖြင့် ဘုရားသခင်သည် ဤဥပဒေများကိုပေးခဲ့သနည်း။
မိုယ်းချုန်းခြင်း၊ လျှပ်ပြက်ခြင်း၊ မုယ်တိမ်တိုက်လွှမ်းမိုးခြင်း၊ ကြီးသောအသံနှင့် တံပိုးမြည်ခြင်း၊ မီးခိုး ထွက် ငလျင် လှုပ်ခြင်းများဖြစ်ခဲ့၏။ (ထွက် ၁၉း၁၆-၁၈)
၃။ သိနာတောင်သည် မည်သည့်နေရာတွင်ရှိသနည်း။
အာရေဗျကျွန်းဆွယ်၏ တောင်ဖက်၌ရှိသည်။ ဆိုင်းနိုင်းတောင်ဟု ခေါ်ကြသည်။
၄။ ဣသရေလတို့သည် ဘုရားသခင်နှင့်တွေ့ဆုံရန် ရဲရင့်ခြင်းရှိပါသလား။
သူတိုမတွေ့ဆုံရဲပါ၊ ကြောက်ရွံကြသည်။ “မောရှေ့ကိုလည်း၊ အကျွန်ုပ်တို့အား ကိုယ်တော်မိန့်တော်မူပါ။ အကျွန်ုပ်တိုသည် နားထောင်ပါမည်။ အကျွန်ုပ်တို့အား ဘုရားသခင်မိန့်တော်မမူပါစေနှင့်။ အကျွန်ုပ်တို့သည် သေမည်ကိုစိုးရိမ်ပါသည်ဟု လျှောက်ဆိုကြ၏။” (ထွက် ၂၀း၁၉)
၅။ ဘုရားသခင်ရှိနေသော အမှောင်ထုထဲသို မည်သူသွားသနည်း။
မောရှေ (ထွက် ၁၉း၂၁၊ ၂၀း၂၁
၆။ မောရှေသည် ဘုရားသခင်မှာကြားချက်များကို ဣသရေလလူတိုအား ပြောသောအခါ ဣသရေလတို မည်သို တုံပြန်သနည်း။
ဘုရားသခင်ညွှန်ကြားသမျှ သူတိုလိုက်နာပါမည်ဟု ဂတိပြုကြ၏။ (တွက် ၂၄း၃)
၇။ ပညတ်တော် ၁၀ပါး ကိုဖော်ပြပါ။
ထွက် ၂၀း၃-၁၇ တွင် ရှိသည်။ လေ့လာပါ၊ ကျက်မှတ်ပါ၊ လိုက်လျှောက်ပါ။
၈။ ပညတ်တော် ၁၀ပါးကို အကြမ်းဖျဉ်း ၂ပိုင်းခွဲခြားပြပါ။
ပညတ်တော် ၁၀ပါးတွင် မှ ၄အထိသည် ဘုရားကို ကိုးကွယ်ခြင်း၊ ဘုရားကိုရိုသေခြင်းနှင့်စပ်ဆိုင်၍ ၅ မှ ၁ဝ သည် လူသားအချင်းချင်းစောင့်စည်းအပ်သောပညတ်များဖြစ်ပါသည်။
၂၄။ပဠိညာဉ်:'(ဂတိတော်:-)ကိုဖောက်ဖျက်ခြင်း (ထွက်၃၂
၁။ မောရှေသည် ဘုရားသခင်နှင့်အတူ တောင်ပေါ်တွင်မည်မျှကြာခဲ့သနည်း။
ရက်ပေါင်း ၄၀ (ထွက် ၂၄း၁၈)
၂။ မောရှေ့တောင်ပေါ်မှာရှိစဉ်၊ သူတိုဂတိတော်ကို ချိုးဖောက်ကြောင်း မည်သိုသိနိုင်သနည်း။
အီဂျစ်ပြည်တွင်းရှိ ရုပ်တုကဲ့သိုသော ရွှေဖြင့် နွားသူငယ်ရုပ်တုကိုလုပ်၍ ကိုးကွယ်ကြ၏
၃။ သူတို့၏ ခေါင်းဆောင်မည်သူနည်း။
အာရုန် ဖြစ်ပါသည်။ အာရုန်သည် ထိုသူတိုအား ဆန့်ကျင်နိုင်စွမ်းမရှိ၊ မတားဆီးဘဲ၊ သူတိုတောင်းဆို သည့် အတိုင်း သဘောတူခဲ့၏။
၄။ သူငယ်ရုပ်ကို မည်သိုကိုးကွယ်ရှိခိုးကြသနည်း။
ရုပ်တုနှင့်ပါတ်သက်၍ စားသောက်ခြင်း၊ ကခုန်ခြင်းပြကြ၏
၅။.မောရှေသည် သူတို၏အဖြစ်ကိုမြင်သော် ဘာလုပ်သနည်း။
ကျောက်ပြား ၂ချပ်ကိုချိုးဖဲ့၍၊ သူတို၏နွားသူငယ်ရုပ်တုကိုပါ ဖျက်ဆီးပစ်၏။ (ထွက် ၃၂း၁၉-၂၀)
၆။ အာရုန်သည် သူ့အပြစ်မဟုတ်ကြောင်း၊ မည်သိုပြောသနည်း။
သူသည် ထိုသူများအပေါ် အပြစ်တင်၍ ပြောဆို၏။ (ထွက် ၃၂း၂၁-၂၄)
၇။ ဣသရေလလူတို မည်သိုပြစ်ဒဏ်ခံရသနည်း။
ထာဝရဘုရားဘက်သိုလိုက်သော လေဝိလူတိုသည် ထိုသူတိုကို ဓားဖြင့်ကွပ်မျက်၏ (ထွက် ၃၂း၂၆-၂၈)
၈။ ထိုသိုသတ်ခြင်းသည် မလိုလားအပ်သောအဖြစ်ဟု ထင်ပါသလား။
မဟုတ်ပါ၊ မောရှေသည် ထာဝရဘုရားဖက်သိုလာရန် အားလုံးကိုခေါ်ပါသည်။ အားလုံးလာသင့်သော် လည်း တချိုတစ်ဝက်သာလာကြသည်။ သူတိုသည် ရွေးချယ်ခံရသောသူ၊ မကြာခင်အချိန်က ဘုရားသခင်၌ ကတိခံထားပါလျက် ဤကဲ့သို ဆိုးသွမ်းကြသောကြောင့်ဖြစ်ပါသည်။
၂၅။ဣသရေလလူမျိုးတိုအတွက်မောရှေတောင်းပန်ခြင်း (ထွက် ၃၂း၃၀-၃၅၊၃၃၊၃၄:-)
၁။ ဤကဲ့သို ဆိုးရွံဖွယ်အချိန်တွင် မည်သူသည် ထာဝရဘုရားအား တောင်းပန်ပြောဆိုသနည်း။
မောရှေသည် တောင်ပေါ်သိုသွားရောက်၍ ထာဝရဘုရားထံ တောင်းပန်ပြောဆို၏။
၂။ မောရှေ့တောင်းပန်ခြင်းကို ဘုရားသခင်လက်ခံကြောင်း မည်သိုသက်သေပြသနည်း။
မောရှေအား ထာဝရဘုရားသခင်၏ဘုန်းတန်ခိုးတော်ကို တွေ့မြင်ခွင့်ပေး၏။ (ထွက် ၃၃း၁၈)
၃။ ဒုတိယအကြိမ် မည်သို့ပညတ်ချက်များထပ်ပေးသနည်း။
မောရှေသည် ကျောက်ပြား ၂ချပ်ကိုယူသွားပြီး ထိုကျောက်ပြားပေါ်၌ ထာဝရဘုရားသည် ပညတ်တော် ၁၀ပါးကို ရေးပေး၏။ (ထွက် ၃း၄၃၊ ၄၊၂၈
၄။ မောရှေ့တောင်ပေါ်မှာ အချိန်မည်မျှ ကြာသနည်း။
အရက် ၄၀ ကြာ၏ (ထွက် ၃၄း၂၈)
၅။ မောရှေသည် ဘုရားသခင်နှင့်မျက်နှာချင်းဆိုင် စကားပြောကြောင်း မည်သိုသိနိုင်သနည်း။
မောရှေ၏မျက်နှာတွင် ထူးခြားစွာတောက်ပကြောင်း မြင်သိရ၏။ (တွက် ၃၄း၂၉-၃၀) •. ထာဝရဘုရား ၏မျက်နှာတော်ကို ကိုယ်တိုင်ဖူးမြင်ရသော ပရောဖက်မောရှေကဲ့သို … (တရား ၃၄၊၁၀)
၆။ မောရှေ့ကို ဤကဲ့သိုမျက်နှာဖြင့်တွေ့ရသောအခါ ဣသရေလလူတို မည်သိုခံစားရသနည်း။
သူတို့ ကြောက်ရွံ၍ အနားသိုမချဉ်းကပ်ဝံ့ပါး (တွက် ၃၄း၃၀)
၂၆ ။သန့်ရှင်းရာတဲတော် [ ထွက်၃၅ -၄၁]
၁။ မောရှေသည် တဲတော်ကိုဆောက်လုပ်ရန် မည်သိုသင်ယူသနည်း၊
တောင်ပေါ်မှာပြခဲ့သောပုံနှင့် လျော်ညီစွာလုပ်ခြင်းငှာ၊ ထာဝရဘုရားထံတော်မှ သင်ယူသည်။ (ထွက် ၂၅း၉-၄၀)
၂။ တဲတော်ဆောက်ရန်အတွက် မည်သူတိုကို ထူးခြားစွာသောပညာပေး၍ ထာဝရဘုရားရွေးချယ်၍ ခန့်ထားသနည်း။
ဗေဇလေလ၊ အဟောလျဘနှင့် ပညာရှိအပေါင်းတိုဖြစ်သည်။ (ထွက် ၃၆း၁)
၃။ ဆောက်လုပ်ရန်ပစ္စည်းများကို မည်သိုရရှိသနည်း။
လူများ၏စေတနာအလျောက် ပေးလှူခြင်းမှရ၏။ (ထွက် ၃၅း၂၁-၂၉၊ ၃၆း၃-၇)
၄။ တဲတော်ကို မည်သည့်နေရက်တွင် ဆောက်လုပ်ပြီးသနည်း။
ဒုတိယနှစ်၏ ပထမလ၊ ပထမနေ့၌ မောရှေသည် တဲတော်ကို ဆောက်၍ပြီး၏။ (ထွက် ၄၀း၁၇)
၅။ကဲတော်ကို မည်သူနှင့်ယှဉ်၍ ဥပမာဆိုသနည်း။
ခရစ်တော်သည်သာ စစ်မှန်သောတဲတော်ဟု (ဟေဗြဲ ၈း၂ ၉၁၁) တွင်ဖော်ပြ၏။
၆။ ကျွန်တော်တို၏ ကိုယ်ခန္ဓာကို တဲတော်နှင့် ဥပမာယှဉ်နိုင်ပါသလား။
နှိင်းယှဉ်နိုင်ပါသည်။ ယာယီတဲဖြစ်သော ငါတိုမြေအိမ်သည်ပျက်လျှင် ကောင်းကင်ဘုံ၌ လူလက်ဖြင့် မလုပ်ဘဲ ဘုရားသခင်ဖန်ဆင်းတော်မူသော နိစ္စထာဝရအိမ်ရှိကြောင်းကို ငါတိုသိကြ၏။ (၂ကော ၅း၁)
၇။ တဲတော်အတွင်းရှိ ပစ္စည်းများကိုဖော်ပြပါ။
(၁) ယဇ်ပူဇော်ရန် ကြေးဝါယဇ်ပလ္လင် (ထွက် ၃၉း၃၉)
(၂) အင်တုံ၌ ရေကိုထည့်၍ထားရမည်။ (ထွက် ၄၀း၇)
(၃) မီးထွန်းရန် မီးခုံ (ထွက် ၄၀း ၂၄)
(၄) ပြင်ဆင်ထားသောမုန့် (ထွက် ၄၀း၂၃)
(၅) နံ့သာပေါင်း မီးရှိ ရာရွှေပလ္လင် (ထွက် ၄ဝး၂၆)
(၆) သက်သေခံချက် သေတ္တာတော် (ထွက် ၄၀း၂၀-၂၁)
၈။ ယဇ်ပူဇော်ခြင်းကို မည်သူပထမဦးဆုံး မီးတောက်စေသနည်း။
ထာဝရဘုရား (ဝတ် ၉:၂၄)
၉။ မီးရှိရာယဇ်ပလ္လင်အနားတွင် မည်သည့်အရာရှိသနည်း။
ရေထည့်ထားသော အင်တုံရှိသည်။ (ထွက် ၄၀း၃၀-၃၂)
၁၀။ အင်တုံကို မည်သို့လုပ်ထားသနည်း။
အမျိုးသမီးသုံး ကြေးမုံမှန်မှရသောကြေးဖြင့် ပြုလုပ်ထား၏။ ‘
၁၁။ မုန့်ညက်ဖြင့်လုပ်သော မုန့်အကြောင်းပြောပါ။
ဘုရားသခင်ကိုပူဇော်သော မုန့်ဖြစ်၏။လူမျိုး ၁၂မျိုးကို ရည်ညွှန်း၍ ၁၂လုံးလုပ်ရ၏။ သန့်ရှင်းရာနေရာ တွင် တစ်ပတ်ထားပြီးနောက် ယဇ်ပရောဟိတ်က စားနိုင်ခွင့်ရှိသည်။
၁၂။ နံ့သာပေါင်းသည် မည်သိုဥပမာဆောင်သနည်း။
လူတို၏ဆုတောင်းချက်များဟု ဥပမာဆောင်၏။ (ဗျာဒိတ် ၈း၃၊ ၄)
၁၃၊ သန့်ရှင်းရာဌာနတော်ကို မည်သူဦးဆောင်သနည်း။
ယဇ်ပုရောဟိတ်တိုသည် ဝတ်ပြု၍၊ ပဌမတဲတော်အတွင်းသို အစဉ်ဝင်ရကြ၏။ (ဟေဗြဲ ၉း၆)
၁၄။ သာ၍သန့်ရှင်းရာ ဒုတိယတဲတော်အတွင်းသို မည်သူဝင်ခွင့်ရှိသနည်း။
ဒုတိယတ်တော်အတွင်းသို ယဇ်ပုရောဟိတ်မင်းတစ်ပါးတည်းသာ မိမိအပြစ်ကြောင့်လည်းကောင်း၊ လူများ အပြစ်ကြောင့်လည်းကောင်း၊ ပူဇော်သောအသွေးကို ဆောင်၍ တစ်နှစ်လျှင်တစ် ခါတည်းသာ ဝင်ရ၏။ (ဟေဗြဲ ၉း၇)
၁၅။ ဒုတိယတဲေတာ်ကို မည်သို အဓိပ္ပာယ်ဖွင့်ဆိုသနည်။
ထာဝရဘု ရား သခင်ကြွရောက်ခြင်းကို အဓိပ္ပာယ်ဆင်၏။
၆။ မည်သူ လိုနေရာသိုဝင်သနည်း
ယခုမူ ကား၊ကောင်းကင်ထဲသို ကြွ၀င် မူသောယဇ်ပုရောဟိတ်မင်းကြီး တည်းဟူသော ဘုရားသခင်၏ သားတော်ယေရှုသည် ငါတို၌ပုရောဟိတ်မင်းဖြစ်တော်မူသောကြောင့် ငါတိုသည် ဝန်ခံခဲ့ပြီးသောအရာ၌ တည်ကြည်ကြကုန်အံ့ ( ဟေဗြဲ၄း၁၄)
၁၇။ ပထမနှင့် ဒုတိယသန့်ရှင်းရာဌာနကို မည်သိုနားထားသနည်း။
အလွန်ကောင်းမွန်သောအသားဖြင့် ချုပ်ထားသော ကုလားကားနှင့်ကာ၍ ခြားသည်။ (ထွက် ၄၀း၂၁)
၁၈။ သခင်ယေရှု ကားတိုင်တွင်သတ်ခံရစဉ်က လှပသောကုလားကာမည်သိုဖြစ်သနည်း။
ကုလားကာသည် အထက်မှအောက်အထိကွဲ ရ၏။ (မာကု ၁၅:၃၈)
၁၉။ ထိုသို ကုလားကာကွဲရခြင်း၏အဓိပ္ပာယ်ကား မည်သိုနည်း။
လူသားနှင့် ကောင်းကင်ဘုံအကြား ယဇ်ပုရောဟိတ်မင်း ကြားခံမရှိတော့ဘဲ တိုက်ရိုက်ဆက်သွယ် နိုင်ခြင်းကို ဆောင်၏။ (ဟေဗြဲ ၁း၁၉-၂၂)
၂၀ ။ဒုတိယသန့်ရှင်းရာဌာနတွင်း၌ မည်သည့်အရာရှိသနည်း။
ပဋိညာဉ် (ကတိတော်) စာများထည့်ထားရာသေတ္တာရှိ၏။
၂၁။ သေတ္တာကို မည်သိုပြုလုပ်ထားသနည်း။
သေတ္တာကို အကာရှသားနှင့်လုပ်၍ သေတ္တာအတွင်းအပြင်ကို ရွှေစင်နှင့်မွမ်းမံပြီး အပေါ်နားပတ်လည်ကို ရွှေနှင့်ကွပ်ထား၏။ (ထွက် ၂၅း၁၀-၁၁)
၂၂။ ထိုသေတ္တာသည် ဘုရားသခင်၏ဘုန်းတော်ကို မည်သိုဖော်ပြသနည်း။
ခေရုဗိမ် (ကောင်းကင်တမန်) နှစ်ပါးတိုသည် မျက်နှာချင်းဆိုင်၍ သေတ္တာဖုံးကိုရှလျက် မိမိအတောင်ကို ဖြန့်၍ သေတ္တာဖုံးကို မိုးထားခြင်းဖြင့်ဖော်ပြ၏။ (ထွက် ၂၅:၁၇-၂၂)
၂၃။ ထိုသေတ္တာတော်ထဲတွင် မည်သည့်အရာရှိသနည်း။
ထိုသေတ္တာ၌ မနူမုန့်ကိုထည့်ထားသောရွှေအိုး၊ အပွင့်ပွင့်သော အာရုန်၏လှံတံ၊ ပဋိညာဉ်တရားကိုရေး ထား သော ကျောက်ပြားတို့ ရှိ၏။ (ဟေဗြဲ ၉း၄)
၂၄။ ပထမဦးဆုံး မီးပူဇော်ခြင်းဝတ်၌ မည်သိုဖြစ်သနည်း။
အာရုန်၏သား နာဒပ်နှင့် အဘိဟုတိုသည် ကိုယ်စီဆိုင်သောလင်ပန်းတိုကိုယူလျက် မီးကိုထည့်၍ လောဗန် ကို တင်ပြီးလျှင် ထာဝရဘုရားမှာထားတော်မူသော မီးမဟုတ်၊ ထူးခြားသောမီးကို ရှေ့တော်၌ပူဇော်၏။ ထိုအခါ ထာဝရဘုရားထံတော်မှ မီးထွက်၍ သူတိုကိုလောင်သဖြင့် ရှေ့တော်၌သေကြ၏။ (ဝတ် ၁၀း၁-၂
၂၅။ အဘယ်ကြောင့် ဤသိုဖြစ်ရသနည်း။
သူတို စပျစ်ရည်မူးနေသောကြောင့် ဖြစ်သည်ဟု ထင်ပါသည်။ (ဝတ် ၁၀း၈-၁၁)
၂၇။ ဆက်ကပ်ပူဇော်ခြင်း [ဝတ် ၁-၁၇)
၁။ ယဇ်ပူဇော်ခြင်း (၄) မျိုးကိုဖော်ပြပါး
(၁) မီးရှိရာယဇ် (ဝတ် ၁)
(၂) အပြစ်ဖြေရာယဇ် (ဝတ် ၄)
(၃) အပြစ်ဖြေရာယဇ် (ဝတ် ၅း၁၊ ၇း၇)
(၄) မိတ်ဿဟာယယဇ် (ဝတ် ၃)
၂။ ဤသိုယဇ်ပူဇော်ခြင်းသည် ကျမ်းစာတွင် နောင်အခါမည်သိုဖော်ပြထားသနည်း။
ယေရှုခရစ်တော်သည် လောကီသားတို၏အမှားနှင့် အပြစ်များအတွက် မိမိကိုယ်ကိုဆက်ကပ်ပူဇော် ခဲ့၏။ “ထိုအပြစ်တိုကိုလွှတ်ပြီးလျှင် နောက်တဖန် အပြစ်ဖြေသောပူဇော်သက္ကာကို ပြုစရာအကြောင်းမရှိ။ (ဟေဗြဲ ၁၀း၁-၁၈)
၃။ အပြစ်ဖြေရာယဇ်အကြောင်းကို ဖော်ပြပါ။
အာရုန်သည် သူနှင့် သူ၏လူမျိုးတိုအပြစ်အတွက် ဖြေရန်ယဇ်ပူဇော်၏။ အသွေးကိုသန့်ရှင်းရာဌာနတော် တွင်းဖြန်း၍ လည်းကောင်း၊ လူတို၏အပြစ်ဖြေရန်ဆိတ်ကို ပူဇော်၍လည်းကောင်း၊ ဆိတ်ကိုတောသိုလွှတ် လိုက်၍လည်းကောင်း၊ မီးရှိရာယဇ်ကို သူနှင့် သူ၏လူမျိုးအတွင်းလည်းကောင်း ပူဇော်၏။ (ဝတ် ၁၆) ၊
၄။ အပြစ်ဖြေခြင်း၏ အဓိပ္ပာယ်ကိုရှင်းပြပါ။
ပြုမိသောအပြစ်၊ အမှားများအတွက် ဘုရားသခင်စိတ်ဆိုး၍ ဒဏ်မခတ်ရန် တောင်းပန်၊ အပြစ်ဝန်ချခြင်းကို ဆိုလိုသည်။
၅။ ကျွန်ုပ်တို့အပြစ်တွက် မည်သူသည် အပြစ်ဖြေပေးသနည်း။
ယေရှုခရစ်တော်သည် ကျွန်ုပ်တိုအပြစ်အတွက် အသေခံ၊ ယဇ်ပူဇော်ခံခဲ့၏။
၂၈။စားေသာက်ပွဲ/ပွဲသဘင်:'(ဝတ် ၂၃)
၁။ ပထမဦးဆုံး ညွှန်ကြားထားသောပွဲကား အဘယ်နည်း။
ဥပုသ်နေ့ကို ဆိုလိုသည်။ (ဝတ် ၂၃း၃)
၂။ ဥပုသ်နေ့သည် ဘယ်နှစ်ရက်တစ်ခါ ကျင်းပရမည်နည်း။
ခုနှစ်ရက်မြောက်နေ့တိုင်း ကျင်းပရမည်။
၃။ ကျမ်းစာတွင် ဥပုသ်နေ့ကိုစောင့်ရန် မည်သည့်အချိန်ကစ၍ ညွှန်ကြားထားခဲ့သနည်း။
- ဧဒင်ဥယျာဉ်နှင့်ဆက်စပ်၍ (ကမ္ဘာ ၂း၃)
- ဥပုသ်နေ့ကိုစောင့်ရန် (ထွက် ၂၀း၁၀) တို၌ ဖော်ပြထား၏။
၄။ အဘယ်ကြောင့် ဥပုသ်နေ့ကို ပွဲနေ့ဟုခေါ်သနည်း။
ထိုနေ့တွင် အလုပ်မလုပ်ဘဲ ဝတ်ပြုရန်သက်သက် သတ်မှတ်၍ ပျော်ရွှင်စွာဝတ်ပြုခြင်း ကြောင့်ဖြစ်သည်။ (ဟေဗြဲ ၄း၈၊ ၁၁)
၅။ ဘုရားသခင်သည် ဘာသာရေးနှင့် ပျော်ရွှင်ခြင်းကို ရောနှောပေးထားပါသလား။
သင်သည် ဥပုသ်နေ့ကိုမရှုတ်ချ၊ ငါသန့်ရှင်းသောနေ့မှာ ကိုယ်အလိုသိုမလိုက်၊ ဥပုသ်နေ့ကို မွေ့လျော်ရာနေ့၊ ထာဝရဘုရားအဘို သန့်ရှင်းသောနေ့၊ ရိုသေဘွယ်သောနေ့ဟူ၍ခေါ်သဖြင့် ကိုယ်အမူ့ကိုမပြု၊ ကိုယ်အလို သိုမလိုက်၊ ကိုယ်စကားကို မပြောဘဲနေ၍ ထိုနေ့ကို ရိုသေလျှင် သင်သည် ထာဝရဘုရား၌ ပျော်မွေ့ရလိမ့် မည်။ မြေကြီးပေါ်မှာ မြင့်သောအရပ်တိုကို ငါစီးစေ၍ သင့်အဘယာကုပ်၏အမွေဥစ္စာနှင့် ငါကျွေးမည်ဟု ထာဝရဘုရား၏နှုတ်တော်ထွက်အမိန့်တော်ရှိ၏။ (ဟေရှာယ ၅၈း၁၁-၁၄)
၆။ ဒုတိယစောင့်ထိန်းရန်၊ သတိရရန်ပွဲနေ့ကား အဘယ်နည်း။
ပဿခါပွဲဖြစ်ပြီး၊ ထိုအကြောင်းအရာကို (ဝတ် ၂၃:၅-၈) တွင် ဖော်ပြထားပါသည်။
၇။ ပဿခါပွဲ ကျင်းပချိန်ကိုဖော်ပြပါ။
ပထမလ၏ ၁၅ရက်နေ့ဟုဆိုရာ၌ မတ်၊ ဧပြီလခန့်ဖြစ်ပါသည်။
၈။ ပဿခါပွဲကို မည်သို့ကျင်းပသနည်း။
သိုးသူငယ်ကိုပူဇော်၍ တစေးမဲ့မုန့်ကို ခါးသောအရွက်ဖြင့်စားရ၏။
၉။ မည်သည့်အချိန်ကစ၍ ကျင်းပခဲ့ကြသနည်း။
ဣသရေလလူမျိုးတို အီဂျစ်ပြည်မှထွက်လာသောအချိန်မှစ၏။ (အခန်းကြီး ၁၇ ကြည့်)
၁၀။ နောက်ထပ်ကျင်းပသောပွဲကိုဖော်ပြပါ။
ပဿခါပွဲကျင်းပပြီ၊ ရက် ၅၀ မြောက်နေ့တွင်ကျင်းပသော အဦးသီးသောအသီးအနှံကို ဆက်ကပ်ခြင်း၊ ပင်တေကုတ္တေပွဲဖြစ်၏။
၁၁။ အဦးသီးသောကောက်လှိုင်းစည်းဖြင့် ကျင်းပသောပွဲကိုဖော်ပြပါ။
ယဇ်ပုရောဟိတ်သည် ထိုအစည်းကို ဘုရားသခင်ရှေ့၌ လွှဲ၍ ချီးမြှောက်ကျင်းပရ၏။ (ဝတ် ၂၃:၂၀)
၁၂။ သတ္တမ၏ ပထမနေ့၌ကျင်းပသော ပွဲကိုဖော်ပြပါ။
တံပိုးမှုတ်ပွဲ၊ ဓမ္မစည်းဝေးခြင်းကိုပြုရသော ဥပုသ်နေ့ကို စောင့်ကြရမည်။ (ဝတ် ၂၃း ၂၄)
၁၃။ လှုပ်ရှားခြင်း၏အဓိပ္ပာယ်ကားမည်သိုနည်း။
ကမ္ဘာမြေတစ်ပြင်လုံး ထာဝရဘုရားအားကိုးကွယ်ခြင်းအဓိပ္ပာယ်ဆောင်၏။
၁၄။ အပြစ်ဖြေရာပွဲကို တံပိုးမှုတ်ပွဲအပြီး ရက်ပေါင်းမည်မျှတွင် ကျင်းပသနည်း။
နဝမနေ့ ညဦးမှစ၍ နက်ဖြန်နေ့တိုင်အောင် ဥပုသ်စောင့်ရမည်။ (ဝတ် ၂၃း၃၂)
၁၅။ အပြစ်ဖြေရာယဇ်နေ့ကား မည်သိုနည်း။
အပိုဒ် ၂၇-၃ တွင်ရှု
၁၆။ အပြစ်ဖြေရာယဇ်ပွဲအပြီး မည်သည့်ရက်တွင် တဲတော်နှင့်ဆိုင်သော သကေနေပွဲကို ကျင်းပသနည်း။
၅ ရက်မြောက်နေ့ (သတ္တမလ၊ ဆယ့်ငါးရက်နေ့) တွင်ကျင်းပ၏။ (ဝတ် ၂၃း၃၄-၄၃)
၁၇။ ထိုတဲတော်နှင့်ဆိုင်သော သကေနေပွဲအဓိပ္ပာယ်ကား မည်သိုနည်း။
ပူဇော်ခြင်းနှင့်အတူ ယာယီတဲတွင် ရှစ်ရက်တိတိနေရသည်။ ဣသရေလလူမျိုးတို အဲဂုတ္တုပြည်မှ နှုတ် ဆောင်လာသောအခါ သစ်တဲ၌နေရခဲ့ကြောင်းကို သတိရစေရန်ဖြစ်သည်။
၂၉။ဣသရေလလူမျိုးအားအဆွေအမျိုးလိုက်စာရင်းယူခြင်းနှင့်သိနကောင်ခြေမှထွက်ခွါခြင်း (တော ၁-၄၊၇-၁၀-]
၁။ဣသရေလလူတိုသည် သိနတောင်ခြေတွင် မည်မျှကြာခဲ့သနည်း။
၁၁ လခန့်ကြာပါသည်။
၂။ ထိုနေရာတွင် မည်ကဲ့သိုထူးခြားချက်များဖြစ်ခဲ့သနည်း။
ပညတ်တော်များကို ပေးခဲ့ပြီး၊ ရွှေနွားသူငယ်ရုပ်ကို ကိုးကွယ်ခြင်း၊ တဲတော်ပြုလုပ်ခြင်း၊ နာဒပ်နှင့် အဘိဟုတို့ဒဏ်ခတ် ခံရခြင်းတိုဖြစ်ပါသည်။
၃။ ပထမလ၏ တဆယ့်ေလးရက်တွင် မည်သိုသောပွဲကိုကျင်းပသနည်း။
ပသခါပွဲကို ကျင်းပ၏။ (တော ၉း၁-၅)
၄။ ဘုရားသခင်သည် ဒုတိယလ၏ ပထမနေ့၌ မောရှေအား မည်သိုစေခိုင်းသနည်း။
အဆွေအမျိုးအသီးသီးအလိုက် စာရင်းယူစေ၏။ (တော ၁း၁-၃)
၅။ ဘုရားသခင်သည် သားဦးများကိုယ်စား မည်သူ့ကိုလက်ခံခဲ့သနည်း၊
လေဝိသားတိုကို ရွေးချယ်၍၊ လူတစ်ကိုယ်လျှင် ငါးကျပ်စီခံယူရမည်။ တစ်ကျပ်ကားဂေရ ၂၀ဖြစ် သတည်း။ ။ ($ 3.2 ခန့်) (တော ၃း၄၅-၄၈)
၆။ ဣသရေလတို့ မည်သိုပုံစံဖြင့် ခရီးထွက်ရန်ညွှန်ကြားထားသနည်း။
သတ်မှတ်ထားသည့်အတိုင်း မိမိဆွေမျိုးနှင့် ဆိုင်သော အလံဖြင့် ချီတက်ရမည်ဖြစ်ပြီး လေဝိတို့သည် တပ်၏အလယ်မှ ချီတက်ရမည်။ (တော ၂
၇။ သူတိုခရီးသွားရန်နှင့် လမ်းကို မည်သိုညွှန်ကြားသနည်း။
တဲတော်အပေါ်မှ မိုးတိမ်တိုက်အားဖြင့် ညွှန်ပြ၏။ (တော ၉း၁၇ – ၂၃)
၈။ ပစ္စည်းများကို မည်သို့သယ်ဆောင်ကြသနည်း။
ပစ္စည်းများကို လှည်းများဖြင့်သယ်ဆောင်ကြသော်လည်း သန့်ရှင်းသောတဲတော်ကို ကောဟတ်သား တို့သည် ထမ်း၍ သယ်ယူရ၏။ (တော ၄း၂-၁၅၊၇း၂-၉)
၉။ လူမျိုးခေါင်းဆောင်တို့သည် တဲတော်အတွက် မည်သည့်လက်ဆောင်များပေးသနည်း။
ရွှေ၊ ငွေနှင့်လုပ်ထားသော အင်တုံ၊ ဖလားနှင့် ပူဇော်ရန်တိရိစ္ဆာန်တို့ကို ပေးလှူ၏။ (တော ၇)
၁၀။ မည်သည့်နေ့တွင် တိမ်တိုက်စ၍ ေရွ့သနည်း။
ဒုတိယနှစ်၊ ဒုတိယလ အရက် ၂၀နေ့ရက်၌ မိုဃ်းတိမ်သည် သက်သေခံချက်တဲတော်မှ ကွာမြောက်သည် ..၊ (တော ၁၀း၁၁)
၁၂။ ထိုသူသည် မောရှေ့နှင့်လိုက်ပါသွားကြောင်း မည်သိုသိနိုင်သနည်း
မောရှေယောက္ခမ၏ သားမြေးဖြစ်သော ကေနီအမျိုးသားတိုသည် ယုဒအမျိုးသားတိုနှင့်အတူ စွန်ပလွန်မြိုမှ အာရဒ်မြို တောင်ဘက်၊ ယုဒတောသိုလိုက်သွား၍ နေရာကျကြ၏။ (သူကြီး ၁း၁၆)
၁၃။ ခရီးထွက်ရန်အဆင်သင့်ဖြစ်သောအခါ မောရှေ့ဆိုသောဆုတောင်းချက်ကို ဖော်ပြပါ။
အိုထာဝရဘုရား၊ ထတော်မူပါ ကိုယ်တော်၏ရန်သူတိုသည် လွင့်ကြပါစေသော၊ ကိုယ်ကိုမုန်းသော သူတိုသည် ရှေ့တော်မှ ပြေးကြပါစေသောဟုဆို၏။ (တော ၁၀း၃၅)
၁၄။ ခရီးတစ်ထောက်နားသည့်အခါ မည်သိုဆုတောင်းသနည်း။
အိုထာဝရဘုရား၊ ဣသရေလအမျိုးသားအထောင်အသောင်းရှိရာသို ပြန်လာတော်မူပါဟုဆို၏။ (တော ၁၀း၃၆)
၃၀။ညည်းတွားခြင်း (တော ၁၁)
၁။ ဣသရေလလူမျိုးတို ယခုအကြိမ်တွင် ဘုရားသခင်၏စကားကို နားထောင်ပါ၏လော။
သူတို့သည် စကားကိုနားမထောင်ဘဲ အကြိမ်ကြိမ်၊ အထပ်ထပ်ဆန့်ကျင်ခဲ့ကြသည်။ (ဟေဗြဲ း၃၈-၁၂ ဆာလံ ၁၀၆း၇၊ ၈၊ ၁၃-၄၆)
၂။ သိနတောင်ခြေတွင် ဣသရေလလူတိုအား ဘုရားသခင်မည်သို အစာကြွေးခဲ့သနည်း။
မန္နမုန့်အားဖြင့် ကျွေးမွေး၏။
၃။ သူတို့ ဤကဲ့သိုစားရသဖြင့် ဘုရားသခင်ကို ပို၍ယုံကြည်လာပါသလား။
ယုံကြည်လာ၏။ သိုသော် မကျေနပ်နိုင်သေးဘဲ အစာသစ်ကို တောင့်တကြ၏။ (တော ၁၁း၁-၆)
၄။ သူတို အစာသစ်ကိုရရှိခဲ့ပါသလား။
ငုံးများကိုများစွာဖြစ်စေ၍ အသားကိုမွေး၏ထိုအစာနှင့်အတူ ဒဏ်ခတ်ခြင်းကိုလည်းခံရ၏။ (တော ၁၁း၁၉၊ ၁၁း၃၁-၃၅၊ ၃၁-၃၃)
၅။ မောရှေသည် ဤလူမျိုး၏ညည်းတွားခြင်း၊ စကားနားမထောင်ခြင်းများအတွက် မည်သိုခံစားရပါသနည်း။
မောရှေသည် ဘုရားသခင်အား သူ၌ပေးခဲ့သော ကြီးမားသည့်တာဝန်အတွက် ငြီးတွားပြောဆို၏။ (တော ၁၁း၁၀-၁၅)
၆။ ဘုရားသခင်သည် မောရှေ၏ညည်းတွားခြင်းအတွက် မည်သိုအားဖြည့်ပေးသနည်း။
အသက်ကြီးသူ ၇၀ယောက်ကိုရွေးချယ်၍ မောေရှကို ကူညီပေးစေ၏ (တော ၁၁း၁၆-၁၇)
၃၁။မိရိအံနှင့်အာရုန်တို့၏အပြစ် (တော ၁၂ )
၁။ မိရိအံနှင့် အာရုန်တို့ မည်သိုအပြစ်ပြုကြသနည်း။ ။
သူတိုသည် ဘုရားသခင်အား အပြစ်တင်လျက်၊ မောရှေ့နှင့်တန်းတူအခွင့်အရေးတောင်းဆိုသည်။
၂။ မောရှေအား မည်သို့ထူးခြားသော ကောင်းချီးမင်္ဂလာကို ထာဝရဘုရားပေးခဲ့သနည်း။
မောရှေအား ရင်းနှီးစွာတိုက်ရိုက်စကားပြောဆို၏။ ထာဝရဘုရား၏ ပုံသဏ္ဌာန်ကိုလည်းမြင်ရသည်။ (တော ၊ ၁၂း၇-၈)
၃။ အာရုန်နှင့် မိရိအံ မည်သူကခေါင်းဆောင်သနည်း။
မိရိအံဖြစ်နိုင်သည်။ မိရိအံသည် ပြင်းစွာသောဒဏ်ခတ်ခြင်းခံရ၍ နူနာစွဲရ၏။ (၁၂-၁၀)
၄။ မိရိအံအတွက် မည်သူတောင်းပန်ပြောဆိုသနည်း။
အာရုန်ရော မောရှေပါ ထာဝရဘုရားအား ခွင့်လွှတ်ခြင်းေတာင်းခံ၏။
၅။ ဘုရားသခင် ခွင့်လွှတ်ခြင်းပေးပါသလား။
ခွင့်လွှတ်ပါသည်။ သို့သော် အနူများကို အဝေးသိုနှင်ထုတ်လေ့ရှိသည်အတိုင်း ခုနှစ်ရက်ပတ်လုံး တပ်ပြင် မှာ နေရ၏။ (တော ၁၂း၁၄၊ ၁၅၊ ၀တ် ၁၃း၄၆)
၆။ မိရိအံခံရသောပြစ်ဒဏ်သည် မည်သိုပြစ်မှုနည်း။
ထာဝရဘုရားရှေ့တွင် ယဉ်ကျေးသိမ်မွေ့ခြင်းမရှိ၊ မရိုမသေပြုမူပြောဆိုသော အပြစ်ဖြစ်သည်။
၃၂။ သူလျှိများဧ။်သတင်းပေးခြင်း (တော၁၃၊ ၁၄)
၁။ ယခုအချိန်တွင် ဣသရေလလူမျိုးတို မည်သည့်နေရာတွင် ရောက်ရှိနေကြသနည်း။
ခါနန်ပြည်၏တောင်ဘက် ပါရန်တောတွင် ရောက်ရှိနေကြ၏။
၂။ ဘုရားသခင်သည် မောရှေအား မည်သိုစေခိုင်းသနည်း။
ခါနန်ပြည်ကိုစူးစမ်းစေခြင်းငှါ လူအချိုကို စေလွှတ်စေ၏။ (တော ၁၃း၂)
၃။ လူဘယ်နှစ်ယောက်ကို စေလွှတ်သနည်း။
တမျိုးနွယ်လိုက်တစ်ယောက်စီရွေး၍ တဆယ့်နှစ်ယောက်စေလွှတ်၏။ (တော ၁၃း၃-၁၆)
၄။ ထိုအထဲမှ မည်သူတို့သည် ကျမ်းစာတွင် ကျွန်ုပ်တိုနှင့် ပို၍ရင်းနှီးမှုရှိလာရသနည်း။
ကာလက်နှင့် ယောရှု
၅။ ခါနန်ပြည်ကို ရက်ပေါင်းမည်မျှ စူးစမ်းလေ့လာကြသနည်း။
ရက်ပေါင်း ၄ဝ (တော ၁၃း၂၅)
၆။ သူတို့၏သတင်းပေးချက်ကို ဖော်ပြပါ။
ထိုဒေသသည် မြေဩဇာကောင်း၍ နို့နှင့် ပျားရည်စီးသည်သာမက ထိုဒေသတွင်နေထိုင်သောသူတိုသည် သန်မာထွားကြိုင်းပြီး ခိုင်ခံသောမြိုရိုးနှင့် နေကြပါသည်ဟု သတင်းပေး၏။ (တော ၁၃း ၂၆-၃၃) ၊
၇။ သူတို့သတင်းပေးချက်၏အ ဖြေကား မည်သိုနည်း။ ။
၁၀ယောက်သောသူတိုက ထိုပြည်သားတိုသည် ဣသရေလလူတိုကိုနိုင်၍ ညှင်းဆဲနှိပ်စက် မည်ဟူ၍လည်းကောင်း၊ ကာလက်နှင့် ယောရှုတိုကတော့ ထာဝရဘုရားသခင်၏မစခြင်းဖြင့် ဣသရေလတိုသည် ထိုသူတိုကို အောင်မည်ဟုဖော်ပြ၏။ (တော ၁၃း၃၀၊ ၁၄း၆-၉)
၈။ ထိုသတင်းပေးချက်တိုကြောင့် ဣသရေလလူတိုစိတ်တွင် မည်သိုခံစားရသနည်း။
သူတိုကြောက်ရွံ စိတ်ပျက်လျက် အဲဂုတ္တုပြည်သို ပြန်သွားချင်သောစိတ်ဖြစ်ကြ၏။ (တော ၁၄း၁-၄)
၉။ မောရှေ့နှင့် အာရုန်တို့ ဘာလုပ်ကြသနည်း။
မောရှေနှင့် အာရုန်တို့ အလွန်နှိမ့်ချသောစိတ်နှင့် ထာဝရဘုရားထံ ဆုတောင်းကြ၏။
၁၀။ ကာလက်နှင့် ယောရှုက ထိုသူများကို ကြိုးစား၍ ရှင်းပြသောအခါ မည်သိုဖြစ်သနည်း။
ကာလက်နှင့် ယောရှုအား ကျောက်ခဲနှင့်ပစ်၍ စီရင်ရန် ဒေါသဖြစ်ကြ၏။ (တော ၁၄း၁၀)
၁၁။ ထိုသူတိုကို ကျောက်ခဲနှင့်ပစ်ရန်ကြံစည်သောအခါ မည်သည့်ထူးခြားမှုဖြစ်ပေါ်သနည်း။
ထိုအခါ ထာဝရဘုရား၏ဘုန်းတော်သည် ဣသရေလအမျိုးသားအပေါင်းတိုရှေ့မှာ ပရိသတ်စည်းဝေး ရာ တဲတော်၌ ထင်ရှားလေ၏ ။
၁၂၊ ဘုရားသခင်သည် မောရှေအား မည်သိုထပ်မံဖော်ပြပါသနည်း။
သူတိုကို ကာလနာဘေးဖြင့် ငါသည်ဒဏ်ခတ်၍ သားဦးအရာကိုနှုတ်မည်။ သူတိုထက် သင့်ကိုသာ၍ စည်ပင်သောအမျိုး သာ၍တန်ခိုးကြီးသောအမျိုးဖြစ်စေမည်ဟု မောရှေအား မိန့်တော်မူ၏။ (တော ၁၄း၁၂)
၁၃ ။မောရှေသည် ထိုဆုကျေးဇူးကိုလက်ခံပါသလား။
မောေရှလက်မခံဘဲ၊ ဣသရေလတို၏အပြစ်ကိုလွှတ်ရန် တောင်းပန်ပြောဆို၏။ (တော ၁၄း၁၃-၂၅)
၁၄။ ဣသရေလလူတိုကို ကြောက်ရွံစေသော လူ ၁ဝယောက်၌ မည်သိုဖြစ်သနည်း။
ထို ၁၀ ယောက်တိုသည် ကာလနာဘေးဖြင့် သေကြရ၏။
၁၅။ ဣသရေလလူတိုအား ထာဝရဘုရားမည်သို ဒဏ်ခတ်သနည်း။
ဂတိပေးထားသောနိုင်ငံတော်သို မဝင်ရသေးဘဲ အနှစ် ၄၀ ပတ်လုံးတောတွင် လှည့်လည်နေစေ၏။ (တော ၁၄း၃၃) အချို့ကိုသေစေ၏။
၁၆။ ထိုပြစ်ဒဏ်သည် အလွန်ပြင်းထန် ရက်စက်လွန်းပါသလား။
ပြင်းထန်သည်ဟု မဆိုနိုင်ပါ။ ထိုသူတိုသည် ယခုတိုင် ဘုရားသခင်ကို အားကိုးမှုမရှိ၊ စုံစမ်းခြင်းကိုမခံနိုင် သူတို၏ ရုပ်တုကိုးကွယ်မှု သာ ပြန်၍စိတ်ရောက်လေ့ရှိ၏။
၁၇။ ကာလက်နှင့် ယောရှုတိုအား ထာဝရဘုရား မည်သို ဆုပေးသနားသနည်း။
ထိုလူမျိုးထဲမှ ကာလက်နှင့် ယောရှုအမျိုးသာလျှင် ဂတိပေးထားသော နိုင်ငံတော်သိုဝင်ရန် ခွင့်ပြု၏။ (တော ၁၄၊ ၂၆-၃၈)
၁၈။ ဣသရေလတို မည်သိုသောမိုက်မဲသည့်အကြံကို နောက်တစ်နေ့၌ပြုသနည်း။
ဣသရေလတိုနောက်တစ်နေ့၌ ထိုပြည်ကိုဝင်ရန်ကြိုးစား၏။ သို့သော် မောရှေက ထာဝရဘုရား၏အမိန့် တော်ကို အဘယ်ကြောင့်လွန်ကျုးသနည်း၊ သင်တို့အကြံ မထမြောက်ဟုဆို၏။ (တော၁၄း၄၀-၄၅)
၁၉။ သူတို့နောက်ဆုံး၌ မည်သို့ဖြစ်သနည်း။
ထိုအခါ တောင်ပေါ်မှာရှိသော အာမလက်အမျိုးသားနှင့် ခါနန်အမျိုးသားတိုသည် ဆင်းလာလျက်၊ ဣသရေလအမျိုးသားတိုကိုတိုက်၍ အောင်သဖြင့် ဟောမာမြိုတိုင်အောင်လိုက်ကြလေ၏။ (တော၁၄း၄၅)
၃၃။ဥပုဒ်နေ့ကိုချိုးဖောက်ခြင်း၊ကောရ၏အပြစ်နှင့်အပွင့်ပွင့်သောလှံတံ။:-(တော ၁၅-၁၇)
၁။ ထိုသူသည် မည်သိုအပြစ်ပြုမိသနည်း။
ဥပုသ်နေ့ကို ဥပုသ်မစောင့်ဘဲ ထင်းခွေသောအပြစ်ဖြစ်၏။ (တော ၁၅း၃၂-၃၆)
၂။ ထိုသူကို မည်သိုအပြစ်ဒဏ်ပေးသနည်း။
ထာဝရဘုရား၏အမိန့်ဖြင့် ကျောက်ခဲနှင့်ပစ်၍ စီရင်ကြ၏။ (တော ၁၅:၃၆)
၃။ ထိုပြစ်ဒဏ်သည် ပြင်းထန်လွန်းပါသလား။
မပြင်းထန်ပါ။ ဣသရေလလူတိုသည် ဘုရားသခင်၏စကားကို တစ်သွေမတိမ်း လိုက်နာတတ်သော အကျင့် ဖြစ်စေရန် ဖြစ်သည်။ ဘုရားသခင်သည် သူတို၏ဘုရင်ဖြစ်သကဲ့သို ဘုရင်အမိန့်ကိုမနာခံဘဲ ပုန်ကန် သည် ဖြစ်၍ စီရင်ခြင်းခံရ၏။
၄။ ဥပုသ်နေ့ကို ချိုးဖောက်ခြင်းအတွက် ပညတ်တော်ရှိခဲ့ပါသလား။
ဥပုသ်နေ့သည် သင်တိုအားသန့်ရှင်းသောကြောင့် ထိုနေ့ကိုစောင့်ရကြမည်။ ဥပုသ်နေ့ကိုဖျက်သောသူ တိုင်း အသေခံရ မည်။ ထိုနေ့၌ အလုပ်လုပ်သောသူမည်သည်ကား မိမိအမှပယ်ရှင်းခြင်းကို ခံရမည်။ (ထွက် ၃၁း၁၄)
၅။ ဣသရေလူတို ပညတ်တော်ကိုစောင့်ရှောက်ရန်မမေ့ဘို ဘုရားသခင်မည်သို စီစဉ်ပေးသနည်း။
အမြဲတမ်းသတိပေးနေသကဲ့သိုဖြစ်ရန် အဝတ်စွန်းတို၌ ဆွဲစရာဘို ပန်းပွားတိုကိုလုပ်၍ ပြာသောကြီးနှင့် ချည်တွဲရကြ မည် (တော ၁၅:၃၈-၄၀)
၆။ကောရ၊ ဒါသန်နှင့် အဘိရံတိုကား မည်သူနည်း။
ဣဇဟာ၏သား ကောရလေဝိအမျိုး၊ ရုဗင်အမျိုးဧေလျာဘ၏သား ဒါသန်နှင့် အဘိရံတိုဖြစ်ပါသည်။ သူတို့သည် ထာဝရဘုရား၏ပရောဖက်များကို ရှုချ၏။ (တော ၁၆း၁-၃)
၇။ မောရှေသည် ထိုသူတို့အား မည်သိုအကြံပေးပြောဆိုသနည်း။
နက်ဖြန်နေ့၌ ထာဝရဘုရားရွေးကောက်သောသူအမှန်ကို သိရှိရန်၊ လင်ပန်းကိုယူ၍ မီးနှင့်ေလာ်ဗန်ကုိ တင်စေ၏။ (တော ၁၆း၆-၇)
၈။ ဘုရားသခင်သည် ထိုပုန်ကန်သူတိုကို မကြိုက်မနှစ်သက်ကြောင်း မည်သို့ ပြသနည်း။
မောေရှ၊ အာရုန်နှင့် ဣသရေလလူတိုကို ထိုပုန်ကန်သူများမှ ဝေးဝေးနေေစပြီး ပုန်ကန်သူတိုကို မြေမျိုစေ၏။ ( ၁၆း၃၁-၃၄)
၉။ ထိုသူတိုနောက်လိုက် မည်မျှရှိသနည်း။ ထိုနောက်လိုက်များ မည်သိုဖြစ်ကြသနည်း။
အယောက် ၂၅ဝ ရှိ၏၊ ဘုရားသခင်ထံမှ မီးထွက်၍လောင်၏။ (တော ၁၆း၃၅)
၁၀။ဣသရေလတို ဤအဖြစ်အတွက် ညည်းတွားခြင်း ရှိပါသလား။
နက်ဖြန်နေ့၌ ဣသရေလအမျိုးသား၊ ပရိသတ်အပေါင်းတိုက သင်တိုသည် ထာဝရဘုရား၏ လူတိုကိုသတ်ကြပြီဟုဆိုလျက်၊ မောရှေ့နှင့် အာရုန်တိုကို အပြစ်တင်၍ မြည်တမ်းကြ၏။ (တော ၁၆း၄၁)
၁၁။ ဘုရားသခင်ခန့်ထားသော ပရောဖက်ဖြစ်ကြောင်း ထင်ရှားစေရန် မည်သိုထပ်မံဖော်ပြသနည်း။
အပြစ်တင်မြည်တမ်းသောသူ တစ်သောင်းလေးထောင်ခုနှစ်ရာအား ဘေးဥပဒ်ဖြင့် ချက်ချင်းသေစေ၏။ ( တော ၁၆း၄၁-၄၉)
၁၂။ မောေရှသည် အာရုန်အား လူတို၏အပြစ်ကိုဖြေရန် မည်သိုဆောင်ရွက်စေသနည်း။
လင်ပန်းကိုကိုင်၍ ယဇ်ပလ္လင်ပေါ်က မီးကိုယူထည့်ပြီးလျှင် လော်ဗန်ကိုလည်းတင်လျက် ပရိသတ် ရှိရာသို အလျင်အမြန်သွား၍ အပြစ်ဖြေခြင်းကိုပြုရန် ညွှန်ကြား၏။ (တော ၁၆း၄၆)
၁၃။ ဆန့်ကျင်သူတို၏ လင်ပန်းတိုကို မည်သည့်နေရာတွင်သုံးသနည်း။
ထိုသူတိုပြုသောအပြစ်ကို အစဉ်သတိရအောက်မေ့ရန် လင်ပန်းများကို ယဇ်ပလ္လင်ဖုံးအုပ်စရာ ကြေးဝါ ပြားပြုလုပ်၏(တော ၁၆း၃၉)
၁၄။ ထာဝရဘုရားရွေးကောက်သောသူဖြစ်ကြောင်း မည်သိုဖော်ပြသနည်း။ လူမျိုးစုအလိုက် လှံတံတစ်ချောင်းစီ၌ အမည်မှတ်သား၍ သန့်ရှင်းသောတ်တော်တွင် လာရောက်ထား၍ နက်ဖြန်နေ့၌ လေဝိအမျိုးနှင့်ဆိုင်သော အာရုန်၏လှိတ်သည် အရွက်ထွက်လျက်၊ ငုံလျက်၊ ပွင့်လင်း ဗာတံသီးကို သုံးလျက်ရှိခြင်းဖြင့် ဖော်ပြ၏။:'(တော ၁၇ ၆-၈;-)
၃၄။မောရှေနှင့်အာရုန်တို့၏အပြစ် (တော၂၀)
၁။ ဇိနတောတွင် ဣသရေလလူတိုသည် မောရှေ့နှင့် အာရုန်ကို မည်သိုစုံစမ်းနှောင့်ယှက်သနည်း။
ထိုအရပ်တွင် ရေမရှိ၍ ရေကိုလိုချင်ကြောင်းတောင်းဆို၏။
၂။ ထိုသူတို့ မည်သိုပြုမူပြောဆိုသနည်း။
မောရှေ့နှင့် အာရုန်တို့အား အပြစ်တင်ပြောဆို၏။
၃။ ဘုရားသခင်သည် မောရှေကို မည်သိုညွှန်ကြား သနည်း။
ထိုသူတိုရှေ့မှာ ကျောက်ကိုစကားပြော၍ ကျောက်မှရေကိုရမည်ဟုဆို၏။ (တော ၂၀း၈)
၄။ ထိုကိစ္စတွင် မောရှေသည် ဘုရားသခင်ကို မည်သိုမရိုမသေပြုမိသနည်း။
မောရှေသည် အာရုန်နှင့်အတူ ထိုသူတိုရှေ့တွင် ဒေါသနှင့်ပြောဆိုလျက် သူ၏အစွမ်းနှင့်လုပ်နိုင်သကဲ့သို ကျောက်ကို လှံတံနှင့်ရိုက်၍ ရေထွက်စေ၏။ (တော ၂၀း၁၀)
၅။ မောရှေ့နှင့် အာရုန် မည်သို့ပြစ်ဒဏ်ခံရသနည်း။
သူတိုအား ကတိတော်ရှိရာခါနန်ပြည်သို ဝင်ခွင့်မပြုဟု ဒဏ်ခတ်၏။
၆။ အာရုန် မည်သည့်အရပ်၌သေဆုံးသနည်း။
ဟောရတောင်ပေါ်တွင် သေဆုံး၏။ (တော ၂၀း ၂၅)
၇။ မည်သည့်အရေးကြီးသောအမှုကိုပြုကြသနည်း။
ဟောရတောင်ပေါ်သိုဆောင်သွားပြီးလျှင် အာရုန်၏အဝတ်ကိုချွတ်၍ သူ၏သားဇလဇာကိုဝတ်စေပြီးမှ အာရုန်သည် ထိုအရပ်၌သေ၏။ (တော ၂၀း၂၅)
၈။ ဣသရေလတို မည်သို့အရိုသေပေးကြသနည်း။
အာရုန်အတွက် အရက်သုံးဆယ်ပတ်လုံး ငိုကြွေးမြည်တမ်းခြင်းကိုပြုကြ၏။
၉။ အာရုန်ကို မည်သူနှင့်ပမာ နှိုင်းနိုင်သနည်း။
သခင်ယေရှုကဲ့သိုသော ပရောဖက်ဟု ခိုင်းနှိုင်းကြည့်နိုင်မည်။
၁၀။ သခင်ယေရှု၏ပရောဖက်ပြုခြင်းသည် အာရုန်၏ပရောဖက်ဘဝနှင့် မည်သိုအဆင့်ကွာခြားသနည်း။
သခင်ယေရှုသည် ဘုရားသခင်၊ ထာဝရပရောဖက်ဖြစ်၏။
၃၅။ကြွေးဝါမြွေ (တော ၂၁း၁-၉)
၁။ ဣသရေလတို အဘယ်ကြောင့်ကြောက်ရွံကြသနည်း။
ဣသရေလတို ကာဒေရှေ့အရပ်သိုရောက်၍ ခုံပြည်သိုဖြတ်မည့်လမ်းတွင် ဧဒုံရှင်ဘုရင်သည် ဖြတ်ခွင့်မပြုဘဲ များစွာသော ဗိုလ်ခြေအလုံးအရင်းနှင့်တကွ ဆီးတားသောကြောင့် ကြောက်ကြ၏။ (တော ၂၀း၁၄-၂၁)
၂။ ဧဒုံပြည်သားတိုသည် မည်သူ့မျိုးနွယ်များဖြစ်ကြသနည်း။
ဧသော၏မျိုးနွယ်များဖြစ်၏။ (ကမ္ဘာ ၂၅း၃၀ ၃၆၁)
၃။ သူတို့မည်သို ပြဿနာလုပ်ကြသနည်း။
သူတို့အတွက် အစာအသစ်နှင့် ငွေကိုတောင်းဆိုကြ၏။
၄။ သူတိုညည်းတွားခြင်းအတွက် ဘုရားသခင်မည်သိုဒဏ်ခတ်သနည်း
မီးမြွေများကိုစေလွှတ်တော်မူ၍ လူအများတိုသည် အကိုက်ခံရသဖြင့်သေကြ၏။
၅။ ဣသရေလတို့ အသက်ချမ်းသာရာရရန် မောရှေ့မည်သို့ပညတ်သနည်း။
မောရှေသည် ကြေးဝါဖြင့် မြွေကိုလုပ်၍ တိုင်ပေါ်မှာမြှောက်ထားပြီးလျှင် မြွေကိုက်သောသူ မည်သည်ကား ကြေးဝါ ကိုကြည့်သောအခါ အသက်ချမ်းသာရကြ၏။
၆။ ထိုအချင်းအရာကို မည်သိုနှိင်းယှဉ်ကြည့်နိုင်သနည်း။
အပြစ်သားသည် ခရစ်တော်ကို ကြည့်ခြင်းဖြင့် အသက်ကိုရ၏။ (ယော ၃း၁၄၊ ၁၅)
၃၆။ ဗာလမ် (တော ၂၁း၁၀-၂၅း၁၇၊၃၁း၁-၈)
၁။ ဣသရေလလူတို ယခုအခါ မည်သည့်ဒေသအထိရောက်ရှိနေသနည်း။
“ယော်ဒန်မြစ်၏အရှေ့ဖက်ကမ်း၊ မောဘပြည်ရှေ့သို တောသိုရောက်ကြ၏။ (တော ၂၁း၁၁)
၂။ ဣသရေလတို့ အောင်မြင်၍ လုပ်ကြံသတ်ဖြတ်ခဲ့သော ဘုရင်၂ပါးကိုဖော်ပြပါ။
အာမောရိရှင်ဘုရင် ရှိဟုန်နှင့် တရုန်ရှင်ဘုရင် ဩယဖြစ်ပါသည်။ (တော ၂၁း၂၁၊ ၂၁း၃၃)
၃။ ဘုရင်သြယနှင့်ပါတ်သက်၍ တရားဟောရာကျမ်းတွင် မည်သိုဖော်ပြထားသနည်း။
ၐအလွန်ကြီးမားသောလူမျိုးမှဆင်းသက်သော စာရွန်ရှင်ဘုရင်သြယတစ်ယောက်တည်းသာ ကျန်ကြွင်း၏။ လူအတောင်အားဖြင့် အလျားကိုးတောင်၊ အနီလေးတောင်ရှိသော သူ၏သံခုကင်သည် အန်ပြည် ပွတ်မြို၌ ရှိသည်မဟုတ်လား (တရား ၃း၁၁)
၄။ မောဘရှင်ဘုရင်ကား မည်သူနည်း။
ဇိဖော်သား ဗာလက်သည် မောဘရှင်ဘုရင်ဖြစ်သည်။ (တော ၂၂း၂-၄)
၅။ ဗာလမ်ကား မည်သူနည်း။
အမှန်တကယ် ပရောဖက်ဖြစ်ကောင်းဖြစ်မည်။ ဟန်ဆောင်ပရောဖက်လည်း ဖြစ်နိုင်သည်။ (အန်ပြည်၌ စီးသော မြစ်၏အနားမှာရှိသော ပေသော်မြိုနေ တေရသား၊ ဗာလမ်ဖြစ်သည်။ တော ၂၂း၅ )။ တစ်ခါတစ်ရံ သူသည် ဘုရားသခင်ထံမှ ဗျာဒိတ်ရလေ့ရှိ၏။
၆။ ဘုရင်ဗာလက်သည် အဘယ်ကြောင့် ဗာလမ်ကိုအလွန်တွေ့ချင်ပါသလဲ။
ဗာလမ်ကိုခေါ်၍ ဣသရေလလူမျိုးတိုအား ကျိန်ဆဲရန်၊ သူ၏တိုင်းပြည်မှ နှင်ထုတ်နိုင်ရန်ဖြစ်ပါသည်။ (တော ၂၂း၆)
၇။ ဗာလမ်သည် ဘုရင်တလက်ခေါ်ရာသို သွားလိုသောဆန္ဒရှိပါသလား။
သွားချင်ပါသည်။ အဘယ်ကြောင့် ဆိုသော် ဘုရင်ပေးမည့်ဆုလာဘ်တိုကို မျှော်လင့်ခြင်းရှိ၏။
၈။ မည်သည့်အရာသည် သူ့ကိုဟန်တားသနည်း။
ဘုရားသခင်၏အမိန့်တော်အားဖြင့် ဟန့်တား၏။ (တော ၂၂း၇-၂၁)
၉။ ဘုရားသခင်သည် သူ၏ဆန္ဒအလျောက်သွားခွင့်ပြုပါသလား။
သွားခွင့်ပြုသည်။
၁၀။ ဗာလမ် ထိုအရပ်သိုသွားခြင်းကို ဘုရားသခင်ကျေနပ်ခြင်းရှိပါသလား။
ဘုရားသခင်သည် သဘောမကျဘဲ၊ လူအများရှေ့တွင် ဗာလမ်အား ဆုံးမ ဒဏ်ခတ်ရန်၊ ဘုရားတန်ခိုး ကိုထင်ရှားပြရန် အခွင့်ရခဲ့၏။ (တော ၂၃း၇-၁၂)
၁၁။ ဗာလမ်၏ခရီးစဉ်ကို ဘုရားသခင်သဘောမတူကြောင်း မည်သို့ပြခဲ့သနည်း။
ကောင်းကင်တမန်ကိုစေလွှတ်၍ လမ်းခရီးတွင်တားခဲ့၏။ (တော ၂၂း ၂၂-၃၄)
၁၂။ ဘုရားသခင်သည် ဗာလမ်ကိုဆက်၍သွားခွင့်ပြုသလား၊ အိမ်ကိုပြန်စေသလား။
ဆက်၍သွားခွင့်ပြု၏။ (တော ၂၂၄၃၅)
၁၃။ ဗာလမ်သည် ဘုရင်နှင့်တွေ့ဆုံသောအခါ သူ့တွင်ပြောနိုင်ခွင့်တန်ခိုးရှိပါသလား
ဘုရားသခင်ခွင့်ပြုသမျှသာ ပြောဆိုနိုင်၏။ (တော ၂၂း၃၈)
၁၄။ ဗာလမ်သည် ဘုရင်၏အလိုကိုပြည့်ရန် ကြိုးစားပါသလား။
သူသည် ဘုရင်ကြီးထံမှ ဆုလာဘ်များကိုမျှော်လင့်၍ ဘုရင့်အလိုကျပြုလိုသောဆန္ဒရှိ၏။ သိုသော် သူပြော သောစကားတိုသည် ဣသရေလလူတိုအပေါ် ကျိန်ဆဲခြင်းမဖြစ်ဘဲ ကောင်းချီးမင်္ဂလာကိုဖြစ်စေ၏။ (တော ၂၃း၃၊ ၈-၁ဝ၊ ၁၅၊ ၂ဝ-၂၄၊ ၂၄း၁-၉)
၁၅။ ဘုရင်သည် သူ၏ရန်သူပေါ်၌ ကျိန်ဆဲခြင်းမဖြစ်စေဘဲ ကောင်းချီးမင်္ဂလာကိုဖြစ်စေသောအခါ မည်သိုခံစား ရသနည်း။
ဘုရင်သည် ဗာလမ်ကို အလွန်စိတ်ဆိုး၏ (တော ၂၄း၁၀)
၁၆။ ဗာလမ်သည် သူ၏ပညာအားဖြင့် ဘာမျှမတတ်နိုင်သောအခါ မည်သိုပြုသနည်း။
သူသည် ဘုရားသခင်၏နာမတော်ကို အမှီပြု၍ ပရောဖက်စကားအားဖြင့်မြွက်ဆို၏။ ထိုအရာကို ငါမြင်၏။ သိုသော်လည်း ယခုမဖြစ်ရသေး။ ထိုအရာကို ငါရှု၏။ သိုသော်လည်း ဖြစ်ရသောအချိန်မနီးသေး။ ကြယ် တစ်လုံးသည် ယာကုပ်အမျိုး၌ ပေါ်ထွန်း၍ ရာဇလှံတံသည် ဣသရေလအမျိုး၌ ထင်ရှားလိမ့်မည်။ …” (တော ၂၄၁၄-၁၇)
၁၇။ ဗာလမ်သည် မကောင်းသောသူဖြစ်ကြောင်း မည်သိုသက်သေရှိသနည်း။
သူ၏အကြံဉာဏ်အားဖြင့် ဣသရေလလူတိုကို သွေးဆောင်လျက်အပြစ်ပြစေ၏။ (ဗျာဒိတ် ၂း၁၄)
၁၈။ ဗာလမ်၏နောက်ဆုံးခရီးကား မည်သိုနည်း။
မိဒျန်အမျိုးသားတို့နှင့်ဖြစ်သည့် စစ်ပွဲတွင် ဣသရေလလူတိုသည် ဗာလမ်ကို ဓားနှင့်သတ်ကြ၏။ (တော ၃၁း၈)
၃၇။ မှီခိုရာမြိုများ/အသက်အတွက်ခိုလှုံရာမြို့များ:'(တော ၃၅၊တရား၁၉၊ယော၂၀;)
၁။ မောရှေ့နှင့်အတူ အဲဂုတ္တုပြည်မှထွက်လာသောသူ မည်မျှကျန်ရှိသနည်း။
ယောဖုန္ဓာ၏သား ကာလက်နှင့် နုန်၏သားယောရှု နှစ်ဦးသာကျန်ရှိ၏။ (တော ၂၆း၆၅)
၂။ အဘယ်ကြောင့် သူတို ၂ဦးသာ ကျန်သနည်း။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်က ထိုသူ ၂ဦးမှလွဲ၍ ကျန်သူတိုသည် တော၌အမှန်သေရမည် ဟုဆိုခဲ့၏။ (တော ၃၂း၁၄-၁၇)
၃။ မောရှေသည် အသက်မဆုံးမီ ထာဝရဘုရားအား မည်သိုတောင်းလျှောက် အသနားခံသနည်း။
သူ၏ကိုယ်စား ခေါင်းဆောင်တစ်ယောက်ကို ရွေးချယ်ခန့်ထားပေးရန် ထာဝရဘုရားအား အသနားမိ၏။
(တော ၂၇;၁၅-၂၃)
၄။ မည်သူ့ကို ရွေးချယ်ခန့်ထားသနည်း။
ဧဖရိမ်အမျိုး၊ နန်၏သား ယောအား ရွေးချယ်ခန့်ထား၏။ (တော ၂၇;၁၈)
၅။ ခါနန်ပြည်ကို ခွဲဝေသောအခါ မည်သည့်မျိုးနွယ်သည် သတ်သတ်မှတ်မှတ်မြေနေရာမရရှိသနည်း။
ဝတ်ပြုရာတွင် တာဝန်ယူဦးဆောင်ရသောလေမျိုးနွယ်အတွက် အတိအကျမြေနေရာ သတ်မှတ်ချက်မရှိပါ။ သိုသော် လူမျိုးစုထဲမှ တဖန်ခွဲဝေပေးရ၏။ (တော ၃၅;၁-၈)
၆။ ထိုသိုအားဖြင့် လေဝိမျိုးနွယ်တို့ မြို့ပေါင်းမည်မျှရရှိသနည်း။
၄၈ မြို့ရရှိ၏၊ (တော ၃၅း ၄၇)
၇။ မြို့ ၆ မြို့ကို သီးခြားသတ်မှတ်ထားရခြင်းအကြောင်းကား မည်သို့နည်း။
လူ့အသက်ကို အမှတ်တမဲ့သတ်မီသောသူ ပြေး၍ မှီခိုရန်အတွက် ရွေးထားခြင်းဖြစ်၏။ (တော ၃၅း၁၁)
၈။ လူ့အသက်ကို သေစေခြင်းငှါကြံစည်၍ သတ်သောသူအား ခိုလှုံခွင့်ပေးပါသလား၊
အမှတ်တမဲ့မဟုတ်ဘဲ ကြံစည်၍သတ်သောသူသည် သေစားသေစေခံရမည်။ (တော ၃၅း၁၆-၃၄၊ တရား ၁၉း၁၁-၁၂)
၉။ အသွေးအတွက် ကလဲ့စားခြေရန် မည်သူတာဝန်ရှိသနည်း။
အသတ်ခံရသူ၏ဆွေမျိုးသည် လူသတ်သမားအပြစ်အတွက်သေဒဏ်ခံခြင်းကို စောင့်ကြည့်ရမည်။
၁၀။ လူသတ်မှုကို သက်သေထူရန် သက်သေဘယ်နှစ်ယောက်လိုသနည်း။
နှစ်ယောက် (တော ၃၅:၃၀)
၁၁။ အမှတ်တမဲ့လူသတ်မိသောသူသည် မှီခိုရာမြို့တွင် ခိုလှုပြီး မည်သည့်အခါ၌ မူရင်းမြို့သို့ပြန်ခွင့် ရှိသနည်း။
ယဇ်ပရောဟိတ်မင်းသေပြီးမှ ပြန်ခွင့်၏။ (တော ၃၅း၃၂)
၁၂။ မှီခိုရာမြို့ကို မည်သိုဥပမာနှိုင်းယှဉ်နိုင်သနည်း။
အပြစ်သားသည် စာတန်နှင့် သူ၏ရန်မှထွက်ပြေး၍ ယေရှုခရစ်၌ ခိုလှုခြင်းဥပမာအဖြစ် နှိုင်းယှဉ်နိုင်၏။
၁၃။ မှီခိုရာမြို့များ မည်သည့်အရပ်၌ရှိသနည်း။
ယော်ဒန်မြစ်အရှေ့ဖက်၌ မှီခိုရာမြိုသုံးမြို၊ ခါနန်ပြည်၌ မှီခိုရာမြို ၃မြို ပေါင်း ၆မြိုဖြစ်၏။ ယော်ဒန်မြစ်၏ မြောက်ဘက် တစ်ဖက်ကမ်း၌ တစ်မြို မော်ဒန်မြစ်လယ်ပိုင်း၌ တစ်ဖက်ကမ်းတစ်မြိုစီနှင့် မော်ဒန် မြစ်တောင် ဖက်ပိုင်း၌ တစ်ဖက်ကမ်း တင်မြို ဖြစ်ကြ၏။ (တော ၃၅း၁၄၊ တရား ၄း၄၁-၄၃၊ ယောရှု ၂၀း၁၇-၈)
၁၄။ ထိုမြို့သို့သွားရာလမ်းအကြောင်း ဖော်ပြပါ။
ထိုမြို့သို့သွားရာလမ်းများသည် ကောင်းမွန်၏။ ကောင်းပြုပြင်ထားရ၏။ လမ်းညွှန်များတပ်ထားရ၏
၃၈။မောရှေဧ။်နောက်ဆုံးနေ့များ (တရားဟောရာကျမ်း]
၁။ တရားဟောရာကျမ်းတွင် ပါဝင်သောအကြောင်းအရာအတိုချုပ်ကို ဖော်ပြပါး
အရှေ့ပိုင်းကျမ်း ၃စောင်မှ သမိုင်းကြောင်းနှင့် ဥပဒေများ၊ မောရှေ၏ နှုတ်ဆက်အမှာစကားများ ဖြစ်ပါသည်။
၂။ တရားဟောရာကျမ်း ၁၈ ၁၅-၁၉ တွင် မောရှေက ပရောဖက်ဟုဆိုရာ၌ မည်သူ့ကိုဆိုလိုသနည်း။
သခင်ယေရှုခရစ်တော်ကို ဆိုလို၏။ (တမန် ၃း၂၀-၂၂)
၃။ ကတိတော်နှင့်ဆိုင်သော အရပ် (ခါနန်ပြည်) သိုရောက်သောအခါ မည်သို့သောကျေးဇူးတော်ချီးမွမ်းခြင်း ပြုရန် မှာကြားခဲ့သနည်း။
အဦးသီးသော အသီးအမျိုးမျိုးကိုယူ၍ ခြင်းတောင်း၌ထည့်ပြီးမှ ယဇ်ပုရောဟိတ်ထံချဉ်းကပ်၍ ကျေးဇူးတော် ချီးမွမ်းရမည်။ (တရား ၂၆း၁-၁၁)
၄။ ကောင်းချီးမင်္ဂလာနှင့် ကျိန်ခြင်းကိုပြုခဲ့သောတောင်ထိပ် ၂ခု၏အမည်ကိုဖော်ပြပါး
ဂေရဇိမ်တောင်နှင့် ဗလတောင်ဖြစ်၏။ (တရား ၂၇း၁-၈၊ ၁၁-၂၆)
၅။ မောရှေသည် ပရောဖက်ပြု၍ မည်သိုသောကြောက်ရွံဖွယ် သတိပေးစကားများ ပြောဆိုခဲ့ပါသနည်း။
ဘုရားသခင်ကို ကြောက်ရွံခြင်းမရှိသူများအတွက် ရောဂါဘေး၊ မိုးခေါင်ရေရှားခြင်းဘေ၊ စစ်ဘေး၊ အစာ
ခေါင်းပါးခြင်းနှင့် အခြားသောဘေးဒဏ်များအကြောင်းကို ဖော်ပြသတိပေးခဲ့၏။ (တရား ၂၈-၃ဝ)
၆။ ဘုရားသခင်သည် မည်သို သင်္ကေတအားဖြင့် ချဉ်းကပ်၍ ယောရှုအားပရိသတ်အပေါင်းရှေ့၌ မှာကြား ပြောဆိုသနည်း။
ထာဝရဘုရားသည် တဲတော်တွင်မိုယ်တိမ်တိုင်၌ ထင်ရှားတော်မူ၍ မိုယ်တိမ်တိုင်သည် တဲတော်တံခါးဝ ပေါ်မှာ တည်နေ၏။ (တရား ၃၁း၁၅)
၇။ မောရှေသည် သူ၏အမှာစကားများကို မည်သို ပေးခဲ့သနည်း။ ။
ပညတ်တရားကို မောရှေသည်ထား၍ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကိုထမ်းသော လေ သားယဇ်ပုရောဟိတ်များ၊ ဣသရေလအမျိုးအသက်ကြီးသူများအပေါင်းတို၌ အပ်ထား၏။ (တရား ၃း၁၉၊၂၄-၂၆)
၈။ ဘုရားသခင်၏ညွှန်ကြားချက်ဖြင့် မောရှေ့မည်သို သီချင်းကို ရေးသားသင်ပေးခဲ့သနည်း။
တရားဟောရာကျမ်း- ၃၂း၁-၄၃၊ ၃၁း၁၉
၉။ မောရှေလုပ်ဆောင်စရာအလုပ်မှာကြားစရာများပြီးသောအခါ ဘုရားသခင်သည် မောရှေကို မည်သည့် အရပ်သိုသွားစေသနည်း။ .
မောဘပြည်အာဗရိမ်တောင်ရိုး၊ နေတေတောင်ထိပ်၊ မောရှေသေရမည့်အရပ်သို သွားစေ၏။ (တရား ၃၂း ၄၈-၂)
၁၀။ မောရှေမသေဆုံးမီ မည်သည့်အရာကိုဘုရားသခင်ပြတော်မူသနည်း၊
ခါနန်ပြည်နေရာအနှံကိုမြင်စေ၏။ (တရား ၃၄း၂-၄)
၁၁။ မောရှေသည်အခြားသောပရောဖက်များနှင့် မည်သိုကွာခြားသနည်း။
ထာဝရဘုရား၏မျက်နှာတော်ကို ကိုယ်တိုင်ကိုယ်ကျ ဖူးမြင်ရသောပရောဖက်မောရှေကဲ့သို နောက်တဖန်ဣသရေလအမျိုး၌ သူနှင့်တူသော ပရောဖက်တစ်စုံတပါးမျှ မပေါ်မထွန်း (တရား ၃၄း ၁၂)
၁၂။ မောရှေအသက်မည်မျှ၌ သေဆုံးသနည်း။
မောရှေသည် အနိစ္စရောက်သောအခါ အသက်တရာ့နှစ်ဆယ်ရှိ၏။သူ၏မျက်စိမမှုန်သေး၊ ခွန်အားလည်း မလျော့သေး (တရား ၃၄း၇)
၃၉။ယော်ဒန်မြစ်ကိုဖြတ်ကျော်ခြင်း (ယောရူ ၁-၄)
၁။ ဣသရေလလူမျိုးအတွက် မောရှေ့နောက်ခန့်အပ်ထားသော ခေါင်းဆောင်ကော်မည်သူနည်း။
နုန်၏သားယောရှုအား ခန့်အပ်ခဲ့၏။ ယောရှုသည် အဲဂုတ္တုမှထွက်လာသောသူတိုအနက် သစ္စာရှိသောသူ နှစ်ယောက်ထဲမှ တစ်ဦးဖြစ်သည်။ (ယောရှု ၁း၂)
၂။ ဘုရားသခင်သည် ယောရှုအား မည်သိုအမိန့်ပေးသနည်း။
သင်နှင့် သင်၌ပါသောလူအပေါင်းတိုသည် ယခုထ၍ မော်ဒန်မြစ်တစ်ဖက်သို ကူးကြလော့ဣသရေလ အမျိုးသားတိုအား ငါပေးသောပြည်ကို ဝင်စားကြလော့ဟု အမိန့်ပေးခဲ့၏။ (ယောရူ ၁း၂)
၃။ဣသရေလတို ယော်ဒန်မြစ်၏ မည်သည့်ဖက်ကမ်းတွင်ရှိနေကြသနည်း။
“ယော်ဒန်မြစ်၏အရှေ့ဖက်တွင် ရှိနေကြ၏။
၄ ။ဘုရားသခင် အထပ်ထပ်မိန့်မှာခဲ့သောအချက်ကိုဖော်ပြပါ။
အားယူ၍ ရဲရင့်ခြင်းရှိလော့၊ မကြောက်နှင့် စိတ်မပျက်နှင့်။ (ယော ၁း၆-၉)
၅။ ကျမ်းစာတွင်ဖော်ပြထားသော အောင်မြင်ခြင်းအတွက် နည်းလမ်းကားမည်သို့နည်း။
ဘုရား သခင်၏နှုတ်ကပတ်တော်ကို လေ့လာလိုက်လျှောက်ခြင်းသည် အောင်မြင်ခြင်း ဖြစ်၏။(ယော၁း၇)
၆။ ယော်ဒန်မြစ်သည် ကြီးသောမြစ်တစ်ခုဖြစ်ပါသလား။
သိပ်မကြီးပါး သိုသော် စပါးရိတ်ရာကာလ၌ ရေလျှံလေ့ ရှိ၏ (ယော ၃း၁၅)
၇။ ယော်ဒန်မြစ်ကိုကူးရန် အဘယ်ကြောင့်ခက်ခဲသနည်း
တံတားမရှိဘဲ တစ်ဖက်ကမ်းသိုခွန်အားစိုက်ထုတ်ကူးရသည့်အခါ မိန်းမနှင့်ကလေးများအတွက် ကူးရန် မဖြစ်နိုင်ပါ။
၈။ အဘယ်ကြောင့် တစ်ဖက်ကမ်းသို အုပ်စုလိုက် အမြန်ကူးရန်လိုအပ်သနည်း။
တစ်ဖက်ကမ်းတွင် ရန်သူများရှိသဖြင့် လူနည်းစုသာကူးသွားလျင် မဖြစ်နိုင်ပါ။ ရှုးနှိမ့်ခြင်းခံရမည်
၉။ – ယောရှု၏ ပထမဦးဆုံးအစီအစဉ်ကိုဖော်ပြပါ။
သူလျှိနှစ်ယောက်ကို ရှိတ္တိမ်မြိုမှ တိတ်ဆိတ်စွာစေလွှတ်လျက်၊ ခါနန်ပြည်ယေရိခေါမြို့သို့ သွားရောက် လေ့လာစေ၏။ (ယော ၂း၁)
၁၀။ ထိုသူနှစ်ယောက် ယေရိခေါမြို့တွင် မည်သိုကြုံတွေ့ရပါသနည်း။
ယေရိခေါမင်းကြီးသည် သတင်းရ၍ သူတိုအားဖမ်းဆီးရန် ရှာဖွေသော်လည်း အမျိုးသမီးရာခပ်၏ ကူညီမစခြင်းဖြင့် လွတ်မြောက်ခဲ့ရ၏။ (ယောရှု ၂)
၁၁။ သူတို့အား ကာကွယ်၊ မစခဲ့သောအမျိုးသမီးရာခပ်အား မည်သိုကတိပေးခဲ့သနည်း။
သူမနှင့် သူမ၏မိသားစုအပါအဝင် အိမ်တွင်ရှိသောသူများကို အသက်ဘေးမှကာကွယ်ရန် ကတိ ပေးခဲ့၏။
၁၂။ ဣသရေလ ရောက်လာသောအခါ သူမ၏အိမ်၌ မည်သို အမှတ်အသားလုပ်ထားရမည်နည်း။
ပြတင်းပေါက်၌ ကြိုးနီကိုချည်ထားရမည်။ (ယော ၂း၁၈)
၁၃။ ထိုကတိအားဖြင့် အောင်မြင်ခြင်းရခဲ့ပါသလား။
ရခဲ့ပါသည်။ (ယော ၆း၂၃) “ပြည်တန်ဆာရာခပ်သည် သူတို့ကိုအဆွေဖွဲ့၍ လက်ခံသောကြောင့် မယုံ ကြည်သောသူတိုနှင့်အတူ မပျက်စီးဘဲ ယုံကြည်ခြင်းအားဖြင့် ချမ်းသာမည်။ (ဟေဗြဲ ၁၁း၃၁)
၁၄။ သူတို့ မည်သည့်သတင်းပေးချက် ယူလာသ နည်း။
အကယ်စင်စစ် ထာဝရဘုရားသည် ထိုပြည်တင်လျှောက်လုံးကို ငါတိုလက်သို့အပ်တော်မူပြီ။ ငါတိုကြောင့်ပြည်သူ ပြည်သားအပေါင်းတိုသည် စိတ်ပျက်လျက်ရှိကြပါ၏ဟု ယောရှုအားလျှောက်ဆို၏။ (ယောရှု ၂း၂၄)
၁၅။ ဣသရေလတို့ ယော်ဒန်မြစ်ကို မည်သိုကူးကြသနည်း။
ပဋိညာဉ်သေတ္တာကိုထမ်းသော ယဇ်ပုရောဟိတ်တိုသည် မြစ်ရေကိုနင်းသောအခါ မြစ်ရေသည်ပြတ်ဤ ပိုကြွလျက်နေသဖြင့် ဣသရေလတိုသည် မြေပေါ်၌လျှောက်သွားကြ၏။ (ယောရှု ၃၁း၄-၇)
၁၆။ မြင်တင်ဖက်သို့ လုံခြုံစွာကူးသွားနိုင်မည့်အကြောင်း သူတို့မည်သို့သိကြသနည်း။
ယဇ်ပုရောဟိတ်တို့ ပဋိညာဉ်သေတ္တာတော်ကိုထမ်း၍ မြစ်လယ်တွင်ရပ်နေခြင်းဖြင့် ယုံကြည်စိတ်ချ မှုရှိနေ၏။
၁၇။ တစ်ဖက်ကမ်းသို့ရောက်သောအခါ ပထမဦးဆုံး ဘာလုပ်ကြသနည်း
ဤအဖြစ်ကိုသတိရစေခြင်းငှါ မြစ်အလယ်မှ ကျောက်တုံးတစ်ဆယ့်နှစ်တုံးကိုယူခဲ့၍ ယော်ဒန်မြစ်အ နောက်ဖက်ကမ်းတွင် အမှတ်သားပြုလုပ်ကြ၏။(ယော ၄း၁-၉)
၁၈။ ယေရိခေါမြို့သို့ရောက်ပြီးမှ အဖြစ်အပျက်အချို့ကိုဖော်ပြပါ
ဣသရေလလူတို့အား အရေဖျားလှီးခြင်းကိုပြု၏။ ပဿခါပွဲကို ကျင်းပကြ၏။ ခါနန်စပါးဖြင့်လုပ်သော မုန့်ကိုစား၍ မန္နမုန့်ကို နောက်ထပ်မရကြ။ ယောရှုသည် ထာဝရဘုရား၏ဗိုလ်ခြေကို အုပ်စိုးသောဗိုလ်မှုးနှင့် တွေ့ဆုံ၏။ (ယောရူ ၅း၁၂-၁၅)
၄၀။ယေရိခေါမြိုအာဣမြိုကိုသိမ်းပိုက်ခြင်း:'(ယောရူ ၆-၈;)
၁။ ယေရီမြို သိုဝင်နိုင်ရန် ဘုရားသခင်မည်သိုညွှန်ကြားချက်ပေးခဲ့သနည်း။
နေ့စဉ်တစ်ပတ်ကျပတ်ရမည်ဖြစ်ပြီး ခုနှစ်ရက်မြောက်နေ့တွင် တစ်နေ့တည်း ခုနှစ်ပတ်ပတ်မည် ညွှန်ကြားချက်ပေးခဲ့၏။ (ယော ၆း၃-၄)
၂။ မည်သို အစီအစဉ်ဖြင့် လှည့်ပတ်ရမည်နည်း။
ပထမ ရက်တွင် လှည့်ပတ်သည့်အခါ တံမှုတ်သောယဇ်ပုရောဟိတ်တိုရှေ့မှာ လက်နက်ကိုင်တိုသည် သွား၍ ယဇ်ပုရောဟိတ်များ တံပိုးမှုတ်လျက်သွားကြေစဉ် နောက်မှတပ်သားတို့သည် အသံတစ်စုံတစ်ခု မျှမပြုဘဲ တိတ်ဆိတ်စွာလိုက်ရ၏။ ခုနှစ်ရက်မြောက်တွင် တံပိုးမှုတ်သံနှင့်အတူ ကြွေးကြော်ရ၏။ (ယောရှု ၆း၉-၁၀)
၃။ ထိုလှည့်ပတ်ခြင်းနောက် မည်သို့ဖြစ်သနည်း။
တံပိုးကိုမှုတ်လျက် လူများတိုကြွေးကြော်ကြသောအခါ မြိုရိုးသည် အကုန်အစင်ပြိုလဲ၍ မြိုသိုဝင်ပြီး သိမ်းကြ၏ (ယောရှု ၆း၂ဝ)
၄။ သိမ်းယူသောသူတို့ကို မည်သို့ကြို၀င်မှာထားသနည်း။
ရွှေငွေကိုလည်းကောင်း၊ ကြေးဝါတန်ဆာ၊ သံတန်ဆာရှိသမျှတိုကိုလည်းကောင်း၊ ထာဝရဘုရားအဘို သန့်ရှင်းစေ၍၊ ဘဏ္ဍာတော်ထဲသိုသွင်းထားပြီး ကျန်ပစ္စည်းများကို မီးရှိ့ဖျက်စီးရန် မှာထားခဲ့၏။
၅။ အဘယ်ကြောင့် ထိုသို့တားမြစ်သနည်း။
စစ်နိုင်၍ ရသောပစ္စည်းများနှင့်ပါတ်သက်၍ မကျေနပ်မှုများ၊ ပြဿနာများမဖြစ်စေရန် ကြိုတင် ကာကွယ် ထားခြင်းဖြစ်၏။
၆။ မည်သူသည် ထိုတားမြစ်ချက်ကို ချိုးဖောက်သနည်း။
ယုဒအမျိုး အာခန်သည် ချိုးဖောက်ခဲ့၏။ (ယောရှု ၇း၁)
၇။ ထိုသူ၏အပြင်ကြောင့် ဣသရေလတို မည်သို့အပြစ်ဒဏ်ခံရသနည်း။
ဣသရေလတို အာဣမြိုသားတိုကို စစ်ရှုံးခဲ့ရ၏။
၈။ ထိုသိုအပြစ်ပြုမိသောသူကို မည်သိုရှာဖွေတွေ့သနည်း။
ဘုရားသခင်၏အစီအစဉ်ဖြင့် အမျိုးအနွယ်အလိုက် ရှေ့သိုထွက်စေခြင်းဖြင့် ရှာဖွေတွေ့ရှိ၏။ (ယောရှု
၇း၁၆-၂၆)
၉။ အာခန်ကြောင့်ရောက်သောအပြစ်အတွက် မည်သိုပြန်လည်သန့်ရှင်းခြင်းပြုရသနည်း။
အာခန်နှင့် သူ၏မိသားစုအား ကျောက်ခဲနှင့်ပစ်၍သေစေပြီး ဥစ္စာပစ္စည်းများကို မီးရှို့ပစ်ရ၏။
၁၀။ အာခန်အပြစ်အတွက် စီရင်ပြီးသောအခါ ဣသရေလတို့အား ဘုရားသခင်စစ်အောင်မြင်ခြင်းအခွင့် ပေးပါသလား.။
အာဣမြို့ကို ဣသရေလတို စစ်နိုင်ခဲ့ရ၏။
၁၁။ အာဣမြို့ကိုသိမ်းပိုက်ပြီး ယောရှူပြုခဲ့သည့် အဓိကအချက်များကိုဖော်ပြပါ။
ယဇ်ပလ္လင်ကိုတည်၍ ယဇ်ပူဇော်၏။ မောရှေ၏ပညတ်တရားကို ရေးကူး၏။ ဂေရဇိမ်တောင်နှင့် ဧဗလ တောင်ပေါ် ဣသရေလလူတို့ရှေ့တွင် မောရှေ၏ပညတ်စကားများကို ဖတ်ရွတ်ခဲ့၏။ (ယောရှု ၈း၃၀-၃၅)
၁၂။ ထိုတောင် ၂လုံးသည် မည်သည့်အရပ်၌ရှိသနည်း။
ရှမာရိနယ် (သို့) ဆီချမ် (SHECHEM) မြို့အနီးတွင်ရှိ၏။
၄၁။ ခါနန်တစ်ပြည်လုံးကို အောင်မြင်ခြင်း ( ၉-၁၁]
၁။ ဣသရေလတို့၏ စစ်အောင်မြင်ခြင်းကိုကြားရသောအခါ ဂိဗောင်မြို့သားတို့ မည်သိုကြံစည်သနည်း။
ပရိယာယ်ပြု၍ သံတမန်လွှတ်လျက်၊ သူတို့သည် ဝေးသောအရပ်တွင်နေကြောင်း၊ သူတိုကို စစ်မှုမှလွတ်စေ၍ အသက်ချမ်းသာပေးမည့်အကြောင်း လှည့်စား၍ မိတ်ဿဟာယဖွဲ့စေ၏။ (ယောရှု ၉)
၂။ ထိုသူတိုကို လွတ်ခြင်းအခွင့်ပေးပါသလား။ ယောရှုသည် မိဿဟာယဖွဲ့၍ ကျိန်ဆို၏။ “ဂိဗောင်မြို့သားမှတစ်ပါး ဣသရေလအမျိုးသားတို့နှင့် မိဿ ဟာယဖွဲ့သော မြိုတစ်မြိုမှမရှိ၊ အခြားသောမြို ရှိသမျှတို့ကို တိုက်၍အနိုင်သိမ်းယူရကြ၏။ (ယောရှု ၁၁း၁၉)
၃။ ယောရှု ထိုနေရာတွင် မည်သိုမှားယွင်းခဲ့သနည်း၊
ယေရှုသည် ထာဝရဘုရားထံလမ်းကြောင်းကို မမေးဘဲ၊ သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ရွေးချယ်ခဲ့၏။
၄။ ဂိဗောင်မြိုသားတို့အား မည်သိုတာဝန်ပေးအပ်သနည်း။
ယဇ်ပလ္လင်တော်အဘိုနှင့် ပရိသတ်တော်အဘို ထိုသူတိုသည် ယနေ့တိုင်အောင် ထင်းခုတ်၍ ရေခပ်ရမည် ၊ အကြောင်း ထိုနေ့၌ စီရင်လေ၏။ (ယော ၉:၂၇)
၅။ ဂိဗောင်မြို့သားတို့ ဣသရေလတို့နှင့် မိဿဟာယဖွဲကြောင်းသိသောအခါ အခြားသောမြို့မှ ဘုရင်တို့ မည်သို့စီစဉ်ကြသနည်း။
ဘုရင် ၅ပါးတို့ပေါင်း၍ ဂိဗောင်မြို့ကိုတိုက်ရန် စီစဉ်၏။ (ယောရှု ၁၀)
၆။ ဂိဗောင်မြို့သားတို့ မည်သူ့ထံအကူအညီတောင်းသနည်း။
ယောရှုထံမှ အကူအညီတောင်းခံ၏။
၇။ ယောရှု ကူညီခဲ့ပါသလား။
ယောရှုသည် သူ၏စစ်တပ်ဖြင့် ကူညီပေးခဲ့၏။
၈။ ဘုရားသခင်သည် ဣသရေလလူတို့နှင့်အတူရှိကြောင်း မည်သိုပြသခဲ့သနည်း။
ကောင်းကင်မှ ကြီးစွာသောမိုယ်သီးကို ရွာစေသည်သာမက နေနှင့်လကိုလည်း မရွေ့ဘဲရပ်နေစေခဲ့၏။ (ယော ၁၀း၁၁-၁၃)
၉။ ထိုအကြောင်းကို ကျမ်းစာတွင် အခြားသောနေရာ၌ တွေ့နိုင်ပါသလား။
နေနှင့်လသည် မိမိတိုနေရာ၌ ရပ်၍နေပါ၏။ သူတိုအလင်း၌ မြားတော်တိုသည်သွား၍ သူတိုရောင်ခြည် ၌လှံတံတော်သည် လျှပ်စစ်ပြက်ပါ၏။ (ဟဗဣတ် ၃း၁၁)
၁၀။ ယောရှုအား တိုက်ရန်ထွက်လာသောစစ်တပ်အကြောင်း၊ မည်သိုဖော်ပြထားသနည်း။
ထိုမင်းတို့သည် အရေအတွက်အားဖြင့် သမုဉ္စရာသဲလုံးနှင့်အမျှ အလွန်များစွာသော ဗိုလ်ပါအပေါင်း၊ မြင်းများ၊ ရထားများအပေါင်းတိုနှင့်တကွ ထွက်လာကြ၏။ (ယောရှု ၁၁း၄)
၁၁။ထိုသူတိုသည် ဣသရေလတိုထက် မည်သိုအင်အားသာသနည်း။
ထိုသူတိုသည် ရထားများနှင့် မြင်းများကိုပိုင်ဆိုင်ကြ၏။
၁၂။ မည်သူစစ်နိုင်သနည်း။
ဣသရေလတို့ စစ်နိုင်ပါသည် (ယော ၁၁း၈)
၁၃။ ဟာဇော်မြိုကို မည်သိုပြုသနည်း။ အဘယ်ကြောင့်နည်း
ထိုမြို့ကို ရှင်းရှင်းဖျက်ဆီး၍ မီးရှိ၏။အဘယ်ကြောင့်ဆိုသော် သိမ်းယူသောမြို့တို့တွင် ထိုမြို့သည် အဓိက ကျသောမြို့ဖြစ်၏။ (ယောရှု ၁၁း၁၀-၁၅)
၁၄။ ခါနန်လူတို့ကိုဖျက်ဆီးခြင်းနှင့်ပါတ်သက်၍ ဘုရားသခင်မည်သို ကြိုတင်မှာထားခဲ့သနည်း။
(ထွက် ၃၄၁၁-၁၃၊ တရား ၇၁-၂)
၁၅။ ထိုလူမျိုးတို့အပေါ်တွင် ဘုရားသခင်အဘယ်ကြောင့် ဤသိုသဘောထားသနည်း။
ထိုသူတို၏အပြစ်သည် အလွန်ကြီးမားသောကြောင့်ဖြစ်၏။
“အာမောရိအမျိုးသားတို၏ ဒုစရိုက်အပြစ်သည် မစုံလင်သေးဟု အာဗြံအား မိန့်တော်မူ၏။” (ကမ္ဘာ ၁၅:၁၆)
“သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသောပြည်သို သင်သည်ဝင်စားသောအခါ ထိုပြည်၌နေသော လူမျိုးတိုပြုတတ်သောစက်ဆုပ်ရွံရှာဘွယ်အမှုတိုကို ပြုခြင်းငှာမသင်ရ၊” (တရား ၁၈း၉)
၄၂။ နယ်မြေခွဲဝေပိုင်းခြားခြင်း ( ယောရူ၁၂-၂၄)
၁ ။စစ်တိုက်ခြင်းပြီးဆုံးသည်နှင့် ယောရူဘာလုပ်သနည်း။
ထာဝရဘုရားသခင်ရှေ့တော်၌ စာရေးတံချ၌ နယ်မြေခွဲဝေ၏။ (ယောရူ ၁၈း၆)
၂။ ကာလက်သည် မည်သည့်အပိုင်းကိုရသနည်း။
သူ၏တောင်းဆိုချက်အတိုင်း ဟေဗြုန်ပြည်ကိုရ၏။ (ယောရူ ၁၄း၁၂-၁၄)
၃။ ဂျော်ဒန်မြစ်အရှေ့ဖက်တွင် အမျိုးအနွယ်မည်မျှနေရာသနည်း။
ရုဗင်အမျိုး၊ ဂဒ်အချို့နှင့် မနာအေရှအမျိုးတစ်ဝက်တို့ နေရာကျ၏၊ (တော ၃၂း၃၃)
၄။ ထိုမြေကိုပေးစဉ်က မည်သိုကတိထားကြသနည်း။
ဂျော်ဒန်မြစ်ကို အတူတကွဖြတ်ကူး၍၊ စစ်ပြီးဆုံးသည့်တိုင် နယ်မြေခွဲဝေသည့်တိုင် အတူတကွစစ် တိုက်ပြီးမှ ဂျော်ဒန်မြစ်အရှေ့ဒေသသို ပြန်ရမည်ဟု ကတိရှိ၏။
၅။ နယ်ခွဲပြီးသောအခါ ဘာလုပ်ကြသနည်း။
နယ်မြေများခဲ့ပြီးနောက် ခိုလှုရာမြို၆ မြိုကို သတ်မှတ်ထား၏။ (အခန်းကြီး ၃၇)
၆။ ယောရှုသည် ဣသရေလလူတိုရှေ့၌ နောက်ဆုံးလုပ်ခဲ့သနည်း။
အသက်ကြီးသူ အကဲအမှူး၊တရားသူကြီး၊ အရာရှိတိုကိုခေါ်၍ ဘုရားသခင်ကျေးဇူးပြုခဲ့သမျှကို ဆင်ခြင် ပြောဆိုပြီးမှ ထာဝရဘုရားကို ကိုးကွယ်ရန် ကတိသစ္စာပြုစေ၏၊ (ယောရူ ၂၃-၂၄)
၇။ ဣသရေလတို့ မည်သိုကတိသစ္စာပြုကြသနည်း။ ။
ရုပ်တုကိုးကွယ်ခြင်းကိုစွန့်လွှတ်၍ ယေဟောဝါဘုရားသခင်ကိုသာ ကိုးကွယ်မည်ဟု ကတိပြု၏။
၈။ ထိုကတိသ စ္စာအတွက် မည်သည့်သက်သေအမှတ်အသားပြုခဲ့သနည်း။
“ထာဝရဘုရား၏ သန့်ရှင်းရာဌာနတော်နားမှာရှိသော သပိတ်ပင်အောက်၌ ကျောက်ကြီးကိုထောင်လျက်( ယာ ၂၄း ၂၆-၂၇)
၉။ ယောရှုအသက်မည်မျှတွင် သေဆုံးသနည်း။
အသက် ၁၁၀။ (ယာ ၂၄း၂၉)
၁၀။ မည်သည့်အရပ်တွင် မြုပ်နှံသနည်း။
ဧဖရိမ်တောင်ပေါ်၊ တိမနဿရမြို့၌မြှုပ်၏။
၄၃။တရားသူကြီးမှတ်စာ
၁။ ဣသရေလတို ခါနန်အားလုံးတိုကို အောင်မြင်ပါသလား။
မဟုတ်ပါ။ လေနုန်တောင်ပေါ်မှာနေသော ဟိဝိလူတို့သည် ကျန်ကြွင်းကြ၏။ (သူကြီး ၃း၁-၃)
၂။ အချို့သော ခါနန်လူတိုကျန်ရှိသဖြင့် နောင်အခါ မည်သို့ဖြစ်သနည်း။
တစ်ခါတစ်ရံ အိုသူတို့နှင့်ပေါင်း၍ မှားသောလမ်းသို့လိုက်ကြ၏။ (သူကြီး ၂း၁၂-၁၆)
၃။ သူတို့မှားယွင်းသောလမ်းကို လိုက်သောအခါ မည်သိုဖြစ်သနည်း။
ဘုရားသခင်သည် သူတိုအားမျက်ကွယ်ပြုသဖြင့် ရန်သူတို့သည် သူတို့ကိုအနိုင်ယူ၊ နှိပ်စက်ကြ၏။
၄။ ထိုအခါမျိုးတွင် ဣသရေလတို့နောင်တရကြပါသလား။
ဘုရားသခင်သည် သူတိုနောင်တရခြင်းကိုလက်ခံ၍ သူတိုအား ကယ်နှုတ်မည့်သူကို ရွေးချယ်ပေးလေ့ ရှိ၏။
၅။ ထိုကဲ့သိုရွေးချယ်ပေးခဲ့သော ခေါင်းဆောင်မည်မျှရှိခဲ့သနည်း။
ဧလိယနှင့် ရှမွေလမှလွဲ၍ တစ်ဆယ့်လေးယောက်ရှိ၏
၆။ ထိုခေါင်းဆောင်တိုသည် ဣသရေလနိုင်ငံတစ်ခုလုံးကိုအုပ်စိုးပါသလား၊
မဟုတ်ပါ။ နိုင်ငံတချိုအပိုင်းကိုသာ အုပ်ချုပ်ခဲ့၏။
၇။ ကျွန်ုပ်တို့မမေ့သင့်သော ခေါင်းဆောင်အချို့ကိုဖော်ပြပါ။
DEBORAH, BARAK, GIDEON, SAMSON JEPHTHAH, ဒေဘောရ၊ဗာရက်၊ဂိဒေါင်၊ ရှံဆုံ၊ယေဖသ။
၈။ ဒုက္ခဆင်းရဲခြင်းမှ ပထမဦးဆုံးကယ်နှုတ်ခဲ့သောခေါင်းဆောင်ကိုဖော်ပြပါ။
ကာလက်ညီ၊ ကေနတ်၏သား ဩသံယေလင်၏ (သူကြီး ၃း၈-၁၁)
၄၃။ 🙁က;-)ဒေဗောရနှင့်ဗာရက် [ သူကြီး၄၊၅)
၉။ ဒေဗောရကား မည်သူနည်း။
ဣသရေလအမျိုးကိုအုပ်စိုးသော လပိဒုတ်မြိုသူ ပရောဖက်မဖြစ်သည်။ ဧဖရိမ်တောင်ပေါ်၊ ရာမမြိုနှင့် ဗေသမြိုစပ်ကြားတွင်နေ၏။ (သူကြီး ၄း၄-၅)
၁၀။ ဗာရက်ကားမည်သူနည်း။
အဘိနောင်၏သား၊ နသလိလူမျိုးနှင့် ဇာဗုလုန်လူမျိုး၏ခေါင်းဆောင်ဖြစ်ပါသည်။ (သူကြီး ၄း၆)
၁၁။ ဣသရေလပြည်မြောက်ပိုင်း၌ မည်သူတို့ကြီးစိုးသနည်း။
ခါနန်အမျိုး ဘုရင်ယာဘိန်နှင့် စစ်ဗိုလ်ချုပ်သိသရတိုဖြစ်သည်။
၁၂။ဗာရက်၏ယုံကြည်စိတ်ချမှုအားနည်းခြင်းအတွက် သက်သေနိမိတ်မည်သိုဆိုသနည်း။
ထာဝရဘုရားသည် သိသရကို မိန်းမ၌ရောင်းတော်မူမည်ဟု ကြိုတင်ပြောဆိုခဲ့၏။ (သူကြီး ၄း၉၊ ၄း၂၁)
၁၃။ ခါနနိစစ်တပ်အကြောင်းပြောပါ။
သံရထားကိုးရာပါရှိသော စစ်တပ်ဖြစ်သည်။ (သူကြီး ၄း၁၃)
၁၄။ ဣသရေလတို့ ထိုကဲ့ သိုကြီးမားသောစစ်တပ်ကို မည်သိုအောင်သနည်း။
ဘုရားသခင်တန်ခိုးတော်ပါရှိခြင်းဖြင့် အောင်မြင်၏။
၁၅။ သိသရသည် မည်သိုထွက်ပြေးသနည်း။
သိသရသည် ကေအမျိုးသား ဟေဗာ၏မယားယေလ၏တဲသို ခြေဖြင့်ပြေး၏(သူကြီး ၄း၁၇)
၁၆။ ယေလကား မည်သူနည်း။
မောရှေယောက္ခမ၏ မျိုးဆက်ဖြစ်ပြီး၊ ကေနီအမျိုးသား ဟေဗာ၏မယားဖြစ်သည်။
၁၇။ အဘယ်ကြောင့် သိသရထိုတဲသို့ပြေးသနည်း။
သိသရ၏ဘုရင် ယာဘိန်သည် မောဟအမျိုးသားချင်း ကေနိလူတိုနှင့် မိဿဟာယဖွဲ ထားကြ၏။ (သူကြီး ၄း၁၇)
၁၈။ ယေလ မည်သိုပြုသနည်း။
သူသည် သိသရကို တဲထဲတွင်ဝင်ပုန်းစေပြီး၊ သိသရအိပ်ပျော်သောအခါ သိသရကိုသတ်၏။
၄၃။ [ခ]ဂိဒေါင်:'(သူကြီး ၆-၉)
၁၉။ ထိုနောက် ဣသရေလတို မည်သိုသောအခက်အခဲနှင့် ထပ်၍ကြံတွေ့ရသနည်း။
သူတို၏အပြုအမူအကျင့်တိုကို ဘုရားသခင်မနှစ်သက်သဖြင့် ထိုသူတိုအား မိန်လူမျိုးတိုလက်သိုအပ် သဖြင့် ညှဉ်းဆဲနှိပ်စက်ခံရ၏။
၂၀။ ထိုအရပ်သည် ခါနနိုတိုရှိရာအရပ်နှင့် အတူတူဖြစ်ပါသလား။
မတူပါ။ ခါနနိုတိုရှိရာအရပ်သည် မြောက်အရပ်ဖြစ်ပြီး ထိုအရပ်သည် တောင်ပိုင်းအရပ်ဖြစ်ပါသည်။
၂၁။ ဣသရေလတို့ မည်သိုစိတ်ထိခိုက်စရာအခက်အခဲမျိုးနှင့် တွေ့ကြုံရသနည်း။
ရန်သူတို့သည် မြေအသီးကတိုကိုဖျက်ဆီး၍ စားစရာကိုချန်မထားအောင် ဖျက်ဆီးကြ၏။(သူကြီး ၆း၄)
၂၂။ ဣသရေလလူတို့ ဘာလုပ်ကြသနည်း။
အလွန်ဆင်းရဲခံရ၍ ထာဝရဘုရားအား ငိုကြွေးဟစ်ကြော်ကြ၏။ (သူကြီး ၆း၆)
၂၃။ ဘုရားသခင်- နားညောင်းပါသလား။
ဘုရားသခင်သည် ပရောဖက်ကိုစေလွှတ်ပြီး၊ မနာေရှအမျိုးသားဂိဒေါင်ကို ဣသရေလတို့အား ကယ်နှုတ်ရန် ခန့်အပ်ခဲ့၏။ (သူကြီး ၆း၇-၂၃)
၂၄။ ဂိဒေါင်ထံ မည်သူလာရောက်တွေ့ဆုံသနည်း။
ထာဝရဘုရား၏ကောင်းကင်တမန် လာရောက်တွေ့ဆုံ၏။ (သူကြီး ၆း၁၁)
၂၅။ ဂိဒေါင် ထိုအချိန်က ဘာလုပ်နေသနည်း။
ဂိဒေါင်သည် မိမိစပါးကို မိဒျန်လူတိုမတွေ့စေခြင်းငှါ၊ စပျစ်သီးနယ်ရာတန်ဆာအနားမှာ စပါးကိုနယ် လျက်နေ၏။
၂၆။ ဂိဒေါင်အား စကားလာပြောသောသူကို ဂိဒေါင်သိပါသလား။
မသိပါ။ သိုသော် ကျောက်ထဲက ထွက်၍၊ အမဲသားနှင့် တဆေးမဲ့မုန့်ပြားကိုလောင်းပြီးမှ ထာဝရဘုရား ၏ ကောင်းကင်တမန်ဖြစ်ကြောင်းသိ၏။ (သူကြီး ၆း၂၁)
၂၇။ ကောင်းကင်တမန်သည် ဂိဒေါင်ကိုမည်သိုမှာကြားသနည်း။
ဣသရေလလူတိုကို မိဒျန်လူမျိုးလက်မှကယ်နှုတ်ရန် မှာကြား၏။ (သူကြီး ၆း၁၄)
၂၈။ ဂိဒေါင်သည် ခိုင်းစေသောအလုပ်ကို ချက်ချင်းလက်ခံပါသလား။
လက်မခံပါ။ အဘယ်ကြောင့်ဆိုသော် သူနှင့်မိသားစုသည် အလွန်ဆင်းရဲသော သာမန်လူတန်းစားဖြစ်၍ ထိုအခြေအနေကို မဖြစ်နိုင်ဟုထင်မှတ်၏
၂၉။ ဂိုဒေါင်သည် ယုံကြည်ခြင်းဖြင့် မည်သည့်အလုပ်ကိုစလုပ်သနည်း
ဗာလဘုရား၏ယဇ်ပလ္လင်ကို ဖြိုဖျက်၏။ (သူကြီး ၆း ၂၅-၃၂)
၃၀။ ထိုအမှုကြောင့်ဂိဒေါင်အသတ်ခံရပါသလား။
ဂိဒေါင်၏အဘ ယောရှက ဗာလဘုရားသည်မှန်လျှင် ဗာလဘုရားကိုယ်တိုင် အပြစ်ပေးပါစေဟု ကာကွယ်ပြော သဖြင့် လွတ်မြောက်ရ၏။ (တော ၆း၂၅-၃၂)
၃၁။ ဂိဒေါင်၏အမည်သစ်ကိုဖော်ပြပါ။
ယေရုဗ္ဗာလအမည်ဖြင့် မှည့်၏။
၃၂။ ဣသရေလတို၏ ရန်သူစစ်တပ်အကြောင်းဖော်ပြပါ။
မိဒျန်ပြည်သား၊ အာမလက်ပြည်သား၊ အရှေ့ပြည်သားအပေါင်းတိုသည် ချိုင့်၌အိပ်လျက်၊ ကျိုင်းကောင်နှင့် အမျှများကြ၏။ကုလားအုပ်တိုသည်လည်း သမုဒ္ဒရာသဲလုံးနှင့်အမျှ အတိုင်းမသိများကြ၏။ (တော ၇း၁၂)
၃၃။ ဂိဒေါင် အမှန်တကယ်ရဲရင့်ခြင်းအပြည့်ရှိပါသလား။
မရှိပါ။ ဘုရားသခင်ထံမှ သေချာအောင်သက်သေတောင်းခံ၏။ (တရား ၆း၃၆-၄၀) ၊
၃၄။ မည်သို့သော သက်သေထူးခြားချက်ကို တောင်းခံပါသလဲ။
စိုသောသိုးမွှေးကို ခြောက်စေ၍၊ ခြောက်သောသိုးမွှေးကို စိုစေရန်တောင်းခံ၏။
၃၅။ မိဒျန်လူတို့ကိုတိုက်ရန် ဂိဒေါင်တံပိုးမှုတ်သောအခါ လူအင်အားမည်မျှရရှိသနည်း။
သုံးသောင်းနှစ်ထောင်ရ၏။ (သူကြီး ၆း၃၄၊ ၇း၃)
၃၆။ ဘုရားသခင်၏အမိန့်ဖြင့် သူ၏တပ်ကို မည်သိုစမ်းသပ်သနည်း။
ကြောက်လန့်သောသူများ ပြန်ကြရန်ပြောကြား၏။ (သူကြီး ၇း၂-၃)
၃၂။ ပြန်သောသူများ ရှိပါသလား။
လူနှစ်သောင်းနှစ်ထောင်ပြန်သွားကြ၏။
၃၈။ ကျန်သောသူအားလုံး တိုက်ပွဲတွင်ပါဝင်ပါသလား။
ပထမပိုင်းတွင် မပါဝင်သော်လည်း နောက်ပိုင်းတွင် အင်တိုက်အားတိုက်ပါဝင်ကြသည်။(သူကြီး ၇း၄၊ ၇း၂၃)
၃၉။ ဘုရားသခင်သည် ပထမပိုင်းစစ်ပွဲအတွက်လူရွေးရန် ဂိဒေါင်အား မည်သိုရွေးချယ်စေသနည်း။
ရေဆိပ်တွင် ရေသောက်သည့်ပုံစံကိုကြည့်၍ အုပ်စု ၂စုခွဲစေ၏။ (သူကြီး ၇း၄-၈)
၄၀။
၄၁။ ထိုသို့ စစ်ဆေးရွေးချယ်သောအခါ ဂိဒေါင်၌ အင်အားမည်မျှကျန်သနည်း။
လူသုံးရာသာကျန်၏။
၄၂။ ဂိဒေါင်နှင့် လူသုံးရာတို စစ်ပွဲသို့မသွားမီ ဂိဒေါင်အား ဘုရားသခင်သည် မည်သိုရဲရင့်ခြင်းဖြစ်ပေါ်စေသနည်း။
ရန်သူကင်းစောင့်သောသူတို အိပ်မက်အကြောင်းပြောနေသည်ကို ဂိဒေါင်ကြား၍ ရဲရင့်ခြင်းသတ္တိကိုရ ရှိ၏။ (သူကြီး ၇း၉-၁၄)
၄၃။ ထိုအပ်မက်သည် ဂိဒေါင်အား မည်သိုဖြစ်စေသနည်း။
ထိုအိပ်မက်ကိုကြားပြီးနောက် ရဲရင့်ခြင်းအပြည့်ဖြင့် သူ၏လူသုံးရာကိုနှိးထ၍ စစ်ထွက်၏။ (သူကြီး ၇း၁၅၊ ၁၆)
၄၄။ ရန်သူများ ကြောက်လန့်စားသင့်စေရန် မည်သိုပြုသနည်။
လူသုံးရာကို သုံးစုခွဲ၍ တံပိုးတစ်လုံးနှင့် မီးခွက်ပါေသာအိုးတ၊စ်လုံးစီကို လူတိုင်းကိုင်ေစ၍ ရောက်သောအခါ တံပိုးမှုတ်၍ ကြွေးကြော်ေစ၏။ (သူကြီး၇း၁၆-၂၀)
၄၅။ ထိုနည်းပညာသည် အဘယ်ကြောင့် အထူးအောင်မြင် ရသနည်း။
အမှောင်ထုတွင် မီဒျန်တိုေကြာက်လန့်မှားယွင်း၍ အချင်းချင်းပြန်၍ တိုက်ခိုက်မိကြ၏။ (သူကြီး ၇း၂၁. ၂၂)
၄၆။ ဂိေဒါင်ကို ဣသရေလတို့ မည်သို ချီးမြှင့်သနည်း။
ဂိေဒါင်ကို သူတို့၏ ဘုရင်လုပ်စေ၏။ (သူကြီး၊ ၈း၂၂- ၂၃)
၄၇။ ဂိဒေါင်ဘုရင်လုပ်ရန် လက်ခံပါသလား။
ဘုရားသခင်သည် ထိုကဲ့သိုအလိုမရှိဟုယူဆ၍ သူငြင်းပယ်ခဲ့သည်။
၄၈။ ဂိဒေါင် (ယေရုဗ္ဗာ၏) သား မည်သူသည် ဘုရင်ဖြစ်ရန် ကြိုးစားသနည်း။
အဘိမလက် (သူကြီး ၉း၁-၆)
၄၉။ အဘိမလက်၏ ပထမဆောင်ရွက်ချက်ကိုဖော်ပြပါ။
ညီအငယ်ဆုံး ယောသံမှလွဲ၍ ကျန်ညီအစ်ကိုခုနှစ်ဆယ်ကို သတ်၏။ (သူကြီး ၉း၅)
၅၀။ ယောသံ ကြွေးကြော်သောအသံကား မည်သိုနည်း။
(သူကြီး ၉း၈-၂၀)
၅၁။ ထိုကြွေးကြော်သံ၏ အဓိပ္ပာယ်ကိုဖော်ပြပါ။
ကောင်းသောအပင်တိုသည် ပညာရှိခြင်း၊ ကောင်းမြတ်ခြင်းရှိသော သူတိုကိုဆိုလို၍ ဆူးပင်သည် အဘိမလက် ၏ စိတ်သဘောနှင့် အကျင့်တိုကို ဆိုလို၏။
၅၂။ ထိုကြွေးကြော်သံပုံဆောင်စကားသည် ပြည့်စုံခဲ့ပါသလား။
ရှေခင်မြိုသားတို မှားယွင်းစွာအဘိလက်အား ဘုရင်မြှောက်ခဲ့ခြင်းကြောင့် အဘိမလက်နှင့် ရှေခင် မြို့သား တို့ အခင်းဖြစ်ပွားပြီး ပျက်စီးကြရ၏။
၄၃။ (ဂ;) :-ယေဖသ:-(သူကြီး ၁၁;)
၅၃။ ဣသရေလတို ထပ်မံ၍ အပြစ်ပြုပါသလား၊
အကြိမ်ပေါင်းများစွာပြု၏။ သူတိုအတွက် ခေါင်းဆောင်များအားဖြင့် ကယ်တင်ခဲ့၏။
၅၄။ မည်သည့်အခြားသောဘုရားကို ကိုးကွယ်သနည်း။
ဗာလဘုရား၊ အာရှတရက်ဘုရား၊ ရှုရိဘုရား၊ ဇိဒုန်ဘုရား၊ မောဘဘုရား၊ အမွုန်ဘုရား၊ ဖိလိတ္တိ ဘုရားတိုကို ဝတ်ပြုကိုးကွယ်၏။ (သူကြီး ၁၀း၆)
၅၅။ ဘုရားသခင် သူတို့အားမည်သို့ဒဏ်ခတ်သနည်း။
ထိုသူတို့အား ဖိလိတ္တိလူနှင့် အာမွုန်အမျိုးသားတိုလက်သို တစ်ဆယ့်ရှစ်နှစ်ကြာအပ်လိုက်၏။ (သူကြီး ၁၀း၇-၈;)
၅၆။ ဘုရားသခင်သည် သူတိုအပြစ်ကိုဖော်ပြသောအခါ သူတိုအမှန်တကယ်နောင်တရပါသလား။
သူတိုအမှန်တကယ်နောင်တရ၍ သူတို၏ရုပ်တုဘုရားများကို စွန့်ပစ်ကြ၏။ (သူကြီး ၁၀း၁၀-၁၈)
၅၇။ ယေဖသကား မည်သူနည်း။
ဂိလဒ်အမျိုးသား ယေဖသသည် ခွန်အားကြီးသော သူရဲဖြစ်၏။ (သူကြီး ၁၁း၁)
၅၈။ အာမွုန်အမျိုးတိုသည် ဣသရေလတိုနေရပ်၏ မည်သည့်ဘက်တွင်ရှိသနည်း။
အရှေ့ဖက်တွင် ရှိပါသည်။
၅၉။ ဂိလဒ်ပြည်သားတိုသည် ယေဖသအား အဘယ်ကြောင့် ခေါင်းဆောင် အဖြစ်ရွေးသနည်း။
ယေဖသသည် ရဲရင့်၍ ခွန်အားကြီးသောသူဖြစ်သဖြင့် အာမွုန်လူမျိုးတိုအား နိုင်အောင်တိုက်နိုင်မည်ဟု ယုံကြည်၍ ခေါင်းဆောင်အဖြစ်ရွေးချယ်၏။
၆၀။ ယေဖသသည် မည်သို့ဂတိတောင်းခံ၍ စစ်တိုက်ရန်လက်ခံသနည်း။
စစ်အောင်၍ပြန်လာသည့်အခါ ဂိလဒ်လူမျိုးတို၏ အထွဋ်ခေါင်းဆောင်ဖြစ်ရန် တောင်းဆိုခဲ့၏။ (သူကြီး ၁၁း၉)
၆၁။ ယေဖသသည် စစ်မထွက်မီ ထာဝရဘုရားအား မည်သို့ကတိသစ္စာပြုသနည်း။
အကယ်၍ ကိုယ်တော်သည် အာမွုန်အမျိုးသားတိုကို အကျွန်ုပ်လက်၌အပ်တော်မူလျှင် ပြန်လာသော အခါ အကျွန်ုပ်ကို ခရီးဦးကြိုပြုအံ့သောငှါ အကျွန်ုပ်အိမ်တံခါးဝမှထွက်လာသောသူ မည်သည်ကို ထာဝရဘုရား အား အမှန်ဆက်သ၍ မီးရှိယဇ်ပူဇော်ပါမည်ဟု သစ္စာဂတိထား၏။ (သူကြီး ၁၁း၃၀-၄၀)
၆၂။ မည်သူသည် ပထမဦးဆုံးထွက်လာ၍ ကြိုဆိုသနည်း။
သူ၏တစ်ဦးတည်းသောသမီးသည် လာ၍ကြိုဆို၏။
၆၃။ ယေဖသမည်သိုခံစား၍ သမီးအားမည်သိုပြောသနည်း။
ယေဖသသည် အလွန်ဝမ်းနည်းခြင်းနှင့် ဘုရားသခင်ထံထားခဲ့သော ကတိသစ္စာအကြောင်းကို သမီးအား ပြောပြ၏။
၆၄။ သမီး၏ချစ်စဖွယ်အဖြေကို ဖော်ပြပါ။
ဘုရားသခင်သည် အောင်မြင်ခြင်းကို ပေးခဲ့ပြီဖြစ်၍ ကတိသစ္စာအတိုင်းပြုရန် သမီးကပြော၏။
၆၅။ ဤအခြေအနေတွင် ဘုရားသခင်၏ပညတ်တော် မည်သိုရှိခဲ့သနည်း။
ထိုကဲ့သို ကတိသစ္စာအတွက် ငွေဖြင့်ပေးချေဝယ်ယူနိုင်၏။ (ဝတ်ပြု ၂၇း၂-၅)
၆၆။ ယေဖသသည် သူ့သမီးအား ပြန်လည်ဝယ်ယူခဲ့သည်ဟု ဆိုနိုင်ပါသလား။
သူ့သမီး၏ သူငယ်ချင်းများသည် တစ်နှစ်တစ်ခါ သူ့ဆီသွား၍ ငိုကြွေးမြည်တမ်းကြသော ကြောင့်ဖြစ်သည်။ (သူကြီး ၁၁း၄၀)
၆၇။ ယေဖသသည် ဣသရေလလူတိုကို မည်မျှကြာကြာအုပ်စိုးသနည်း။
ခြောက်နှစ် (သူကြီး ၁၂း၇)၊
၆၈။ ယေဖသကို ကျမ်းစာတွင် မည်သိုဂုဏ်ပြုဖော်ပြထားသနည်း။
“ဂိဒေါင်၊ ဗာရက်၊ ရှံဆုံ၊ ယေဖသ၊ ဒါဝိဒ်၊ ရှာမွေလမှစ၍ ပရောဖက်တို့” ဟူ၍ သူ၏ရဲရင့်ခြင်းနှင့် သူရဲကောင်းဖြစ်ခြင်းကြောင့် ခေါင်းဆောင်ပရောဖက်ဟူ၍ တင်စားဖော်ပြ၏။ (ဟေဗြဲ ၁၁း၃၂)
၄၃(ဃ) ရှံဆုံ (တရား ၁၃-၁၇)
၆၉။ ရှံဆုံကားမည်သူနည်း။
ဒန်အမျိုးသား၊ ဇောရာမြိုသား မာနော်၏သားဖြစ်သည်။
၇၀။ ရှံဆုံမမွေးမီ မည်သို့အဖြစ်ကို မိခင်ကြုံတွေ့ရသနည်း။
ထာဝရဘုရား၏ ကောင်းကင်တမန်သည် မိခင်အား ထင်ရှား၍ ထိုသားသည် အမိဝမ်းထဲမှစ၍ ဘုရားသခင် ၏ နာဇရိလူဖြစ်လိမ့်မည်။ သူသည်လည်း ဣသရေလအမျိုးကို ဖိလိတ္တိလူတိုလက်မှ ကယ်နှုတ် လိမ့်မည် ဟုဆို၏။ (သူကြီး ၁၃း၂-၅)
၇၁။ ရှံဆုံ၏ဖခင်အမည်ကို ဖေါ်ပြပါ။
မာနော်ဖြစ်ပါသည်။
၇၂၊ ကောင်းကင်တမန် ဒုတိယအကြိမ်ကြွလာပါသလား။
မာနော်နှင့်ဇနီးထံ ဒုတိယအကြိမ် လာရောက်တွေ့ဆုံသည် (သူကြီး ၁၃း၈-၂၁)
၇၃။ မာေနာ်နှင့်ဇနီးသည် ဧည့်သည်အား ကောင်းကင်တမန်ဖြစ်ကြောင်း မည်သိုသိသနည်း။
ပြောသောစကားအားဖြင့်၎င်း၊ ယဇ်ပူဇော်စဉ် ထာဝရဘုရား၏ကောင်းကင်တမန်သည် မီးလျှံ၌တက်လေ
၏။ (သူကြီး ၁၃း၁၉-၂၀)
၇၄။ ရှံဆုံတွင် မည်သိုထူးခြားချက် ရှိသနည်း။
သူသည် အလွန်သန်စွမ်းသောသူဖြစ်သည်။
၇၅။ နာဇရိလူ၏ အဓိပ္ပါယ်ကိုဖော်ပြပါ။
ဘုရားသခင်အတွက် သတ်မှတ်ထားသောသူ၊ သေရေသေရက်သောက်စားခြင်းကင်း၍ ဆံပင် ရှည်ရှိသော သူဖြစ်သည်(တော ၆း၂-၂၁)
၇၆၊ ရှံဆုံသည် သူ၏ခွန်အား ဆုံးရှုးခဲ့ပါသလား။
သူ၏ဆံပင်ရှည်ခြင်းနှင့် ခွန်အား ဆက်စပ်နေပုံကိုပြောပြလိုက်သဖြင့်၊ ဆံပင်ညှပ်ခံရပြီး ခွန်အားလည်း ဆုံးရှုံးရ၏။ (သူကြီး ၁၆း၁၇-၂၁)
၇၇။ ရှံဆုံသည် ဆုံးရှုံးသွားသောသူ၏ ခွန်အားကိုပြန်ရပါသလား။
သူ၏အသက်သေခါနီးတွင်ပြန်ရ၏။ (သူကြီး ၁၆း၃၀)
၇၈။ ရှံဆုံ၏ခွန်အားဖြင့် ပြုခဲ့သောအမှုများကို ဖော်ပြပါ။ မည်သည့်အမှုသည်အကြီးဆုံးဖြစ်သနည်း။
ခြင်္သေ့ကို ဆိတ်သူငယ်ကဲ့သို ဆွဲဖြတ်၏။ (သူကြီး ၁၄း၆-၇)
အာရှကလုန်မြိုသိုသွား၍ မြိုသားသုံးဆယ်ကိုသတ်၏။ (သူကြီး ၁၄း၁၉)
မြည်းမင်းရိုးလတ်လတ်ကို ကိုင်၍လူတစ်ထောင်ကိုသတ်၏ (သူကြီး ၁၅:၁၅)
ဂါဇာမြို၏တံခါးရွက်တို့ကို၊ တံခါးတိုင်၊ ကန့်လန့်ကျင်နှင့်တကွ ပခုံးပေါ်ထမ်းသွား၍၊ ဟေဗြုန်မြိုရှေ့ တောင်ပေါ်၌ပစ်ထား၏။(သူကြီး ၁၆း၃)
သူ့ကိုထုတ်ထားသောကြိုးတိုကိုဖြတ်ပစ်၏။ (သူကြီး ၁၆း၉-၁၁)
သူ၏ဆံပင်နှင့် ဆက်ထားသောရက်ကန်း၊ စို၊ ရက်ကန်းသားတိုကိုပြုတ်ထွက်စေ၏။ (သူကြီး ၁၆း၁၄)
ဇရပ်တိုင်နှစ်တိုင်ကို လက်ဖြင့်တွန်း၍ ဖြိုချခဲ့၏။ (သူကြီး ၁၆း၂၉-၃၀)
ထိုသိုအသက်ရှင်စဉ်အခါသတ်ခဲ့သည်ထက်သေစဉ်အခါသာ၍များသောသူတိုကိုသတ်လေ၏။ (တရား ၁၆း၃၀)
၄၃။(c) ရုသ :'(ရုသဝထ္ထု )
၇၉။ ဧလိမလက်ကားမည်သူနည်း။
တရားသူကြီးအုပ်စိုးသောကာလ၊ ဗက်လင်မြို့သားဖြစ်၏။
၈။ ဧ လိမလက်၏ ဇနီးနှင့်သား ၂ယောက်အမည်ကိုဖော်ပြပါ။
ဇနီးနောမိနှင့် သား၂ယောက် မဟာလုန်နှင့် ခိလျုန်ဖြစ်၏။
၈၁။ သူတို့မိသားစုမည်သည့်အရပ်သိုပြောင်းရွှေ့ကြသနည်း
ယုဒပြည်၌ အစာခေါင်းပါး၍ မောဘပြည်သိုတည်းခိုရန်သွားကြ၏။
၈၂။ သူတို့၏ သားတို့သည် မည်သူနှင့် လက်ထပ်သနည်း။
မောဘပြည်သူ ဩရပနှင့်ရုသတို့နှင့်အိမ်ထောင်ပြုကြ၏။
၈၃။ သူတိုအသက်ရှည်ချမ်းသာကြပါသလား၊
ဧလိမလက်နှင့်သား ၂ယောက်တိုသေဆုံးကြ၏။ (ရုသ ၁း၅)
၈၄။ ခင်ပွန်းနှင့်သားများဆုံးပြီးနောက် နောမိမည်သို့ပြုသနည်း။
ယုဒပြည်တွင် အစာခေါင်းပါးခြင်း မရှိတော့ဟုကြားသဖြင့် ယုဒပြည်ကို ပြန်လာခဲ့၏။
၈၅။ သူ၏ချွေးမ၂ယောက်တို့ နောမိအပေါ်တွင် မည်သိုကွာခြားမှု ရှိသနည်း။
ချွေးမ ၂ယောက်စလုံး ဝမ်းနည်းကြေကွဲ၍၊ ယောက္ခမနှင့်လိုက်မည်ဟုဆိုကြသော်လည်း နောက်ဆုံး၌ ရုသတစ်ယောက်တည်းသာ နောမိနှင့် လိုက်ခဲ့၏။
၈၆။ ဘုရားသခင်သည် ထိုကဲ့သို မိမိလူမျိုးနှင့်ဘုရားများကို ပစ်၍ထာဝရဘုရားထံသို လာသောသူကိုလက်ခံ ပါသလား။
လက်ခံ၍ကောင်းဦးများစွာပေးခဲ့၏။
၈၇။ နောမိအမည်၏အဓိပ္ပါယ်ကိုဖေါ်ပြပါ။
သဘောကောင်းခြင်း၊ ကြွယ်ဝခြင်း အဓိပ္ပါယ်ဆောင်၏။
၈၈။ နောမိသည် သူ၏အမည်ကို မည်သို ပြောင်းလိုသနည်း။ အဘယ့်ကြောင့်နည်း။
မာရဟုပြောင်းလိုသည်။ ခံစားရသော ဆင်းရဲခြင်း ဒုက္ခကြောင့်ဖြစ်သည်။
၈၉။ နောမိ၏ဆွေမျိုးမှ ချမ်းသာသူ၏အမည်ကိုဖော်ပြပါ
ဗောဇ (ရုသ ၂း၂-၃)
၉၀။ ရုသသည် မိသားစုအတွက် အစာကို မည်သိုရှာသနည်း။ ။
စပါးရိတ်သောသူတိုနောက်မှ စပါးကျန်ကို စုသိမ်း၏။ မမျှော်လင့်ဘဲ ဗောဇ၏လယ်သို့ရောက်ရှိ၏၊ (ရုသ ၂း၂-၃)
၉၁။ ဗောဇသည် ရုသကို သတိပြုမိပါသလား။
ဗောဇသည် ရုသကို သတိပြုမိ၏။သူ၏လူများကိုလည်း ရုသအတွက် အစာနှင့်ရေကိုပေးရန်၊ စောင့် ရှောက် ကာကွယ်ရန်နှင့် စပါးကျန်များကိုလည်း ချထားပေးရန် မှာထား၏။ (ရုသ၂း၄-၁၇၊ ၂၁)
၉၂။ ဗောဇအပေါ် သင်မည်သိုမြင်သနည်း။
ဘုရားသခင်မျက်နှာကိုထောက်၍ သူတစ်ပါးအပေါ် ကြင်နာသနားစိတ် ရှိသူဖြစ်၏။
၉၃။ နောမိသည် ဗောဇ၏ ကြင်နာခြင်းအကြောင်း ကြားရသောအခါ မည်သိုခံစားရသနည်း။
နောမိသည် ဗောဇအတွက် ကောင်းချီးပေးဆုတောင်းပေး၏။ရုသကိုလည်း မိမိလူမျိုးထုံးစံနှင့်အညီ နေထိုင် တတ်ရန်နှင့် ဗောဇလယ်တွင် မှီခိုရန် သင်ကြားပေး၏ (ရုသ၂း ၁၉-၂၀, ၃း၁-၄ ၊ တရား ၂၅း-၅-၁၀)
၉၄။ ဗောဇသည် နောမိ၏ ဆွေမျိုးအရင်း အနီးစပ်ဆုံး ဖြစ်ပါသလား။
မဟုတ်ပါ။ (ရုသ ၃း၁၂ ။၄း၁)
၉၅။ ဆွေမျိုးအနီးစပ်ဆုံးသူသည် နောမိအပေါ်တွင် တာဝန်ယူပါသလား။
တာဝန်မယူပါ။(ရုသ ၄း၁-၆) ၉၆။
၉၆။ ထိုအခါ မည်သို ဖြစ်သနည်း။
ဗောဇသည် မြေကွက်ကိုဝယ်ပြီးရု၊သကိုလည်း လက်ထပ်၏(ရုသ ၄း၉-၁၇)
၉၇။ ရုသနှင့် ဆက်နွယ်သော ထင်ရှားသည့် ပုဂ္ဂိုလ်တိုကို ဖေါ်ပြပါ။
ဗောဇနှင့်ရုသတို့သား ဩဗက် ၊ ဩဗက်သားယေရှဲ ၊ ယေရှဲသားဒါဝိတ်မှ နောင်အခါ လူဇာတိအားဖြင့် ယေရှုခရစ်ဆက်နွယ်၏( ရုသ ၄း၁၇-၂၂)
၄၄။ဧလိနှင့်ရှမွေလ:-( ဓမ္မရာဇဝင် ပထမ စောင် ၁-၇)
၁။ ဧလိကား မည်သူနည်း။
ဣသရေလတို့၏ ပရောဖက်ဖြစ်သည်သာမက ၊ ဣသရေလအမျိုးကို အနှစ်၄၀အုပ်စိုး၏။ (၁ရာ ၁း၉ ၊ ၄း၁၈)
၂။ ပထမဦးဆုံး ပရောဖက်ကား မည်သူနည်း။
အာရုံဖြစ်ပါသည်။
၃။ အာရုံသေသောအခါ သူ၏သား မည်သူသည် ပရောဖက်အရာ ဆက်ခံသနည်း။
ဧလဇာသည် ဆက်ခံ၏။ (တော ၂၀း၂၅-၂၆)
၄။ ဧလိသည် မည်သည့်အမျိုးမှ ဆက်နွယ်သနည်း။
အာရုံ၏အငယ်ဆုံးသား (ITHAMAR) မှဆင်းသက်သော မျိုးရိုးဖြစ်၏။
၅။ဧလိ၏သားများသည်။ သူ့အဖေကဲ့သို ကောင်းသောလမ်းကို လိုက်ပါသလား။
မလိုက်ပါ။ သူတိုသည် အလွန်ဆိုးသွမ်းကြ၏။ (၁ရာ ၂း၁၂-၁၇)
၆။ ဧလိသည် ဘုရားသခင် စိတ်ဆိုးအောင် မည်သို ပြုမိသနည်း။
ဧလိသည် သားများ၏ အပြစ်ကိုဖော်ပြသော်လည်း၊ ဖခင်တစ်ဦး၊ ပရောဖက်တစ်ဦးအနေနှင့် ကျပ်ကျပ် မတ်မတ်တားမြစ်ပိတ်ပင်၊ ဆုံးမခြင်းမရှိသဖြင့် ဘုရားသခင် စိတ်ဆိုးရ၏။ (၁ရာ ၂း၂၃-၂၅ ၊ ၃း၁၃-၁၄)
၇။ ဧလကာနကား မည်သူနည်း။
ဧလကာနသည် ဧဖရိမ်တောင်ပေါ်မှ ရာမသိမ်ဇာဖိမ်မြိုသား ဖြစ်၏။ (၁ရာ ၁း၁-၉)
၈။ ဧလကာန၏ ဇနီးအမည်ကို ဖော်ပြပါ။
ဟန္နနှင့်ပေနိန္နဖြစ်ပါသည်။
၉။ မည်သူ့ကိုပို၍ချစ်သနည်း။
ဟန္နကိုပို၍ချစ်သည်။
၁၀။ ဟန္န၏ဝမ်းနည်းခြင်းကား မည်သည့်အကြောင်းနည်း။
သားသမီးမရှိခြင်းဖြစ်သည်။
၁၁။ သူ၏ဝမ်းနည်းခြင်းကို မည်သူအားပြောပြသနည်း။
ဘုရားသခင်ထံဆုတောင်း၍ပြောပြ၏။ (၁ရာ ၁း ၁၀-၁၂)
၁၂။ ဟန္နအသံမထွက် နှုတ်ခမ်းလှုပ်ဆုတောင်းနေသည်ကို ဧလိမည်သိုထင်သနည်း။
ဟန္နအရက်မူးနေသည်ဟုထင်ပါသည်။ (၁ရာ ၁း ၁၃-၁၈)
၁၃။ ဧလိအထင်မှားသွားသည်ကိုသိသော် ဧလိသည် ဟန္နအား မည်သိုပြောသနည်း။
ယခုဆုတောင်းသည့်အတိုင်း ဣသရေလအမျိုး၏ ဘုရားသခင်ပေးသနားတော်မူပါစေသောဟု မြွက်ဆို၏။
၁၄။ ဟန္နသားသမီးရပါသလား၊
ထာဝရဘုရားထံမှ ဆုတောင်း၍ သားကိုရသဖြင့် ရှမွေလဟု မှည့်၏။ (၁ရာ ၁၉-၂၈)
၁၅။ နောင်နှစ်တွင်ဟန္နသည် သူ့၏ခင်ပွန်းနှင့်အတူ ဝတ်ပြုရန် အဘယ်ကြောင့် လိုက်မသွားသနည်း။
သူ၏သားကို အနည်းငယ်ကြီးပြင်းသည်အထိ ပြုစုပြီးမှ ဗိမာန်တော်တွင် အမြဲတမ်းထားရန် ရည်ရွယ်ချက် ရှိသောကြောင့် ဖြစ်ပါသည်။
၁၆။ ရှမွေလကိုသူ၏မိခင်သည် ဗိမာန်တော်၌ အပ်သည့်အခါ အသက်မည်မျှရှိသနည်း။
သူသည်အလွန်ငယ်၏။ (၆)နှစ်ခန့် ရှိနိုင်သည်။ (၁ရာ ၁း၂၄)
၁၇ ။ဧလိ၏သားတိုသည် ယဇ်ပုရောဟိတ်ပျိုကဲ့သိုနေပြီး မည်သည့်အမှားတိုကို ပြုသနည်း၊
ထုံးစံမှလွဲ၍ ယဇ်ပူဇော်သောအခါ သူတိုကြိုက်သမျှအသားကို အရင်ယူ၍ ထာဝရဘုရားဝတ်ကို လူအများ ရွံစရာ၊ စိတ်ပျက်စရာပြု၏။ (၁ရာ ၂း၁၂-၁၇၊ ဝတ် ၇း ၃၁-၃၄)
၁၈။ ဘုရားသခင်သည်ဧလီအား သူ၏သားများနှင့်ပတ်သက်၍ သတိပေးပါသလား။
ဘုရားသခင်၏လူတစ်ယောက်(ပရောဖက်) ကို ဧလိထံစေလွှတ်၏။ (၁ရာ၂း၂၇-၃၆)
၁၉။ ဧလိသည် ထိုသတိပေးခြင်းကို အထူးဂရုစိုက်ပြုပြင်ပါသလား။
သူ၏သားများသည် အလွန့်အလွန်ဆိုးသွမ်းလျက်အချိန်နှောင်းနေပြီဟု ယူဆရသည်။(၁ရာ ၂း၂၅)
၂၀။ ဘုရားသခင်သည် ဟန္န၏ဆက်ကပ်ခြင်းကိုလက်ခံကြောင်း မည်သို့ပြသနည်း။
ဘုရားသခင်သည် ရှမွေလအား ထူးခြားစွာအသံဖြင့်ခေါ်၍ ပရောဖက်ကဲ့သို မှာကြားခဲ့၏။ (၁ရာ ၃း ၄ -၂၁)
၂၁။ ထိုသို ဘုရားသခင်ခေါ်သောအခါ ရှမွေလအသက်မည်မျှရှိသနည်း။
၁၂နှစ်ခန့် ဖြစ်နိုင်သည်။
၂၂။ ဤအချိန်မတိုင်မီ ဧလိသည် ရှမွေလအား ဘုရားသခင်နှင့်ပတ်သက်သောအကြောင်းအရာများ သင်ကြားပေး ပါသလား။
ဧလိသည် ရှမွေလအား ဘုရားသခင်နှင့်ပတ်သက်သော ဥပဒေများ၊ သန့်ရှင်းသောတဲတော်နှင့် ပတ်သက် သောဥပဒေများ သင်ကြားပေးမည်မှာသံသယမရှိပါ။ သိုသော် ရှမွေလအနေနှင့် အလေ့အကျင့် သိပ် မရှိသေးပါး
၂၃။ ဘုရားသခင်ခေါ်သောအခါ ရှမွေလမည်သိုထူးသနည်း။
အိုထာဝရဘုရား အမိန့်တော်ရှိတော်မူပါ။ ကိုယ်တော်ကျွန်ကြားပါသည်ဟု လျှောက်လေ၏။ (၁ရာ ၃း ၁၀)
၂၄။ ဘုရားသခင်သင့်ကိုခေါ်သောအခါ သင်ထူးပါသလား။
မထူးဘူးပါလျှင် ယခုသင့်အား ဘုရားသခင်သည် သူ၏သားသမီးဖြစ်ရန်ခေါ်နေပါသည်။ ထူးပါ။ ဘုရား သခင်၏ လမ်းပြခြင်းကိုခံယူရန် စိတ်နှလုံးကိုဖွင့်၍ ဆက်ကပ်ဆုတောင်းပါ။
၂၅။ဘုရားသခင်သည် ရှမွေလအား ဧလိနှင့်ပတ်သက်သော မည်သည့်အရေးကြီးသတင်းစကားကို ပြောပြသနည်း။
ဧလိမိသားစုမျိုးဆက်များအား အပြစ်ပေးမည့်အကြောင်း ပြောခဲ့၏။ (၁ရာ ၃း ၁ဝ-၁၄)
၂၆။ ထိုအချိန်အခါတွင် ဣသရေလတို၏ ရန်သူမည်သူနည်း။
ဖိလိတ္တိလူတိုသည် ဣသရေလတို၏ ရန်သူဖြစ်ပါသည်။
၂၇။ဣသရေလလူတိုသည် စစ်ရှုးသောအခါ မည်သိုသောအပြစ်ကို ထပ်၍ပြုမိသနည်း။
ရှိလောမြိုမှာရှိသော ပဋိညာဉ်သေတ္တာတော်ကို တိုက်ပွဲသို သယ်ဆောင်ကြ၏။ အခြားသူတိုနတ်ဘုရား ရုပ်ထုများကို တိုက်ပွဲသိုယူလာသကဲ့သို ပြုကြ၏။ (၁ရာ ၄း ၃-၁၁)
၂၈။ ထိုအခါ ဖိလတ္တိလူတို့ မည်သို့ခံစားရသနည်း။
ပထမတွင် အလွန်ကြောက်ရွံခြင်းဖြစ်သော်လည်း စိတ်အားတင်းလျက် အလွန်ရဲရင့်ခြင်းဖြင့် တိုက်ပွဲဝင် ကြ၏။
၂၉။ သေတ္တာတော်နှင့် ထမ်းသောသူများ မည်သိုဖြစ်ကြသနည်း၊
သေတ္တာတော်သည် ရန်သူ့လက်သိုပါသွားပြီး၊ သေတ္တာတော်ကိုထမ်းသော ပရောဖက်ဧလိ၏သားများ လည်း အသတ်ခံရကြ၏။
၃ဝ။ ဤအကြောင်းအရာသည် မည်သည့်အဓိပ္ပာယ်ကိုဖော်ပြသနည်း။
သေတ္တာတော်ပါရှိသော်လည်း ဣသရေလလူတိုဖက်၌ ဘုရားသခင်မပါရှိကြောင်းကို ဖော်ပြ၏။ (တော ၁၄း၄ ၂)
၃၁။ ဧလိ ထိုသတင်းကြားသော် မည်သိုဖြစ်သနည်း။
သတင်းကိုကြားသောအခါ ဧလိသည် တံခါးနားမှာထိုင်သောခုံပေါ်ကနောက်သို လန်ကျသဖြင့် လည်ပင်း ကျိုး၍သေလေ၏။ (၁ရာ ၄း၁၈)
၃၂။ ဖိလတ္တိလူတို သေတ္တာတော်ကို မည်သည့်နေရာ၌ထားသနည်း။
သူတို့၏ ဒါရန်နတ်ဘုရားကျောင်းတွင်ထား၏။ (၁ရာ ၅း၁၂)
၃၃။ သူတို့ နတ်ဘုရားရုပ် မည်သိုဖြစ်သနည်း။
သေတ္တာတော်ရှေ့မြေပေါ်မှာ လဲကျပြပ်ဝပ်လျက် ကျိုးပဲ့ရ၏။ (၁ရာ ၅:၃-၄)
၃၄။ ဖိလိတ္တိလူတိုအပေါ်၌ မည်သိုသောဒုက္ခကျရောက်သနည်း။
သူတို အပေါ်မှာ ထာဝရဘုရားသည် လေးသောလက်တော်နှင့် ဖျက်တော်မူ၏။ မြင်းသရိုက်အနာနှင့် လည်း ဒဏ်ခတ်တော်မူ၏။
၃၅။ သေတ္တာတော်နှင့်ပါတ်သက်၍ ဖိလိတ္တိလူတို မည်သိုပြုသနည်း။
သေတ္တာတော်ကို အပြစ်ေဖြရာပူဇော်သက္ကာနှင့်တကွ ပြန်ပိုရန်ဆုံးဖြတ်ကြ၏။ (၁ရာ ၆း၂-၆)
၃၆။ ဖိလိတ္တိလူတို၌ ဘုရားသခင်ဒဏ်ခတ်သည်ဟုတ်မဟုတ်သိရန် သူတိုမည်သိုစမ်းသပ်သနည်း။
နွားလှည်းပေါ်တွင် သေတ္တာတော်ကိုတင်၍ ဣသရေလလူတိုထံ အလိုလျှောက်သွားမသွားစမ်းသပ်၏။ (၁ရာ ၆း၇-၁၂)
၃၇။ ဣသရေလတို သေတ္တာတော်ကို မည်သိုလက်ခံယူကြသနည်း။
ဝမ်းမြောက်စွာလက်ခံ၍ ယဇ်ပူဇော်ကြ၏။ (၁ရာ ၆း၁၃-၁၅)
၃၈။ ဗက်ေရှမက်မြို့သားတို့၌ မည်သို့ဒဏ်ကျရောက်သနည်း။
ဗက်ရှေ့မက်မြိုသားတိုသည်ထာဝရဘုရား၏သေတ္တာတော်ထဲသို ကြည့်ရှုမိသောကြောင့် လူငါး သောင်းနှင့် ခုနှစ်ဆယ်တို့ဒဏ်ခတ်တော်မူခြင်းခံရ၏။ (၁ရာ ၆း၁၉)
၃၉။ အဘယ်ကြောင့် ထိုကဲ့သိုဒဏ်ခတ်ခံရသနည်း။
ထာဝရဘုရားသခင်က ထိုသေတ္တာတော်ထဲသိုမကြည့်ရန် ကြိုတင်မှာထားပြီးဖြစ်၏။ (တော ၄း၂၀)
၄၀။ သေတ္တာတော်ကို ရှိလောမြို့သို့ပြန်သယ်ပါသလား။
မသယ်ပါ။ ကိရဟတ်ယာရိမ်မြို့၌ ရောက်ရှိ၏။ (၁ရာ ၇း၁)
၄၁။ ထိုဒေသတွင် သေတ္တာတော် မည်မျှအချိန်ကြာခဲ့သနည်း။
နှစ်ပေါင်း ၂၀ (၁ရာ ၇း၂
၄၂။ အချိန်မည်မျှကြာသော် သေတ္တာတော်ကို မည်သူသည် မည်သည့်နေရာသို ရွှေ့ထားသနည်း။ ။
ကိရဟတ်ယာရိမ်မြိုသိုရောက်ရှိပြီး နှစ်ပေါင်း ၇၀ အကြာ၌ ဒါဝိဒ်သည် သေတ္တာတော်ကို ဂျေရုရှလင်မြို ဇီးအုံတောင်သိုရွှေ့ ထား၏။ မရွှေ့မီ နှစ်ပေါင်း ၅၀ အတွင်း မည်သည့်အရပ်၌ရှိသည်ကို မသိပါ။ (၂ရာ ၆း၂-၁၇)
၄၃။ ဣသရေလတိုအတွက် မည်သည့် အန္တရာယ်နှင့် ထပ်၍ကြုံသနည်း။
ဖိလိတ္တိလူတိုက တဖန်စစ်တိုက်ရန်ပြင်ဆင်ကြ၏။ (၁ရာ ၇း၇)
၄၄။ ဣသရေလတို မည်သူ့ထံအကူအညီတောင်းခံသနည်း။
ဘုရားသခင်ထံတောင်းခံပေးရန် ရှမွေလကို တောင်းဆို၏။ (၁ရာ ၇း၈-၁၄)
၄၅။ ရှမွေလဘာပြုလုပ်ပေးသနည်း။
ရှမွေလသည် ယဇ်ပူဇော်ခြင်းနှင့်တကွ ထာဝရဘုရားထံတောင်းခံ၏။
၄၆။ ဘုရားသခင်သည် ဣသရေလတို၏တောင်းလျှောက်ခြင်းကို လက်ခံကြောင်း မည်သိုသက်သေပြသနည်း။
ဖိလိတ္တိလူတိုအပေါ်မှာ ပြင်းစွာမိုးချုန်းစေ၍ သူတို့တပ်ကို ဖျက်တော်မူ၏ (၁ရာ ၇း၁၀)
၄၇ ။ထိုအခက်အခဲမှ ဘုရားသခင်၏ကယ်မခြင်းကို အမှတ်ရရန် ရှမွေလမည်သိုပြုသနည်း။
မိဇပါမြိုနှင့် ရှင်မြိုစပ်ကြားတွင် ဧဗနေဇာကျောက်ကိုတည်၏။ (၁ရာ ၇း၁၂)
၄၈။ ရှမွေလသည် ဣသရေလတိုကို နှစ်ပေါင်းမည်မျှအုပ်စိုးသနည်း။
ရှမွေလသေဆုံးသည်အထိ အုပ်စိုးခဲ့၏။ ဧဗနေဇာကျောက်ကိုတည်ပြီး နှစ်ပေါင်း ၂ဝ ခန့်ဖြစ်နိုင်သည်။
၄၉။ ရှမွေလ၏အရာကို မည်သူဆက်ခံသနည်း။
ရှမွေလ၏သား ယောလ၊ အဘိရ တို့ဆက်ခံသော်လည်း ထိုသူတိုသည် ငွေကိုတပ်မက်ခြင်းနှင့် မမှန်သော လမ်းသို့ လိုက်သဖြင့် ဣသရေလတိုသည် ရှမွေလထံမှာ သူတိုအတွက် ဘုရင်တစ်ပါးချီးမြှောက် ပေးရန် တောင်းခံ၏။ (၁ရာ ၈း၁-၅)
၄၅။ဣသေရလနိုင်ငံေတာ်။ေရှာလုအုပ်စိုးေသာကာလ:'( ၁ရာ ၈း ၃၁;-)
(က) ရှောလု (၁ရာ ၈- ၁၅)
၁။ ရှောလုကားမည်သူနည်း။
ဣသရေလတို၏ ပထမဦးဆုံးရှင်ဘုရင်ဖြစ်၏။ ဗယာ်မိန်အမျိုး ကိရှ၏သားဖြစ်သည်။ (၁ရာ ၉း၁)
၂။ သူ၏ရုပ်ရည်သည် မည်သိုထူးခြားသနည်း။
သူတစ်ပါးထက် အရပ်ပိုမြင့်၍ ရုပ်ရည်ချောမောသူဖြစ်၏။ (၁ရာ ၉း၂)
၃။ သူသည် မည်သိုဘုရင်ဖြစ်လာရသနည်း။
ဘုရားသခင်ရွေးချယ်ပေး၏။ ရှမွေလသည် ဘိသိက်ပေး၏။လူအများရှေ့တွင် သဘောတူညီမှုယူ၍ ရွေးချယ် ၏။ (၁ရာ ၉း၁၅-၁၇၊ ၁၀း၁-၁၇၊ ၂၇)
၄။ေရှာလု၏အကျင့်များ မည်သိုခြားနားမှုဖြစ်လာသနည်း။
သူသည် အမှုကိစ္စများ၌ ရှမွေလကို ဦးထိပ်ထား၏။ဘုရားသခင်ကို ဦးထိပ်ထား၏။ သိုသော် သူ၏ ဘာသာ တရားတွင် အယူသီးမှု၊ မာန်မာန၊ မိမိကိုယ်မိမိအထင်ကြီးမှုများ ဖြစ်ပေါ်လာ၏။
၅။ ဣသရေလတို့ အဘယ်ကြောင့် ဘုရင်ကိုလိုချင်ကြသနည်း။
“ အခြားလူမျိုးများကဲ့သို့ ဘုရင်လိုချင်သည်ဟု ထင်ပါသည်။
၆။ ရှမွေလသည် ဣသရေလတိုအတွက် မည်သိုခံစားရသနည်း။
ဣသရေလတိုသည် ထာဝရဘုရား၏အစီအစဉ်ကိုငြင်းပယ်သဖြင့်လည်းကောင်း ရှမွေလနှင့် သူ၏မိ သားစုကို ငြင်းပယ်သဖြင့်လည်းကောင်း စိတ်ပျက်ရ၏။
၇။ ရှမွေလ သူ၏စိတ်ပျက်ခြင်းအတွက် မည်သိုအားယူသနည်း
ဆုတောင်းခြင်းဖြင့် ထာဝရဘုရားထံမှ လမ်းညွှန်ပြမှုကိုခံယူ၏။ (၁ရာ ၈း၆-၇)
၈။ ဘုရားသခင်သည် မည်သိုစိတ်ဖြင့် သူတိုလိုချင်သောဘုရင်ကို ပေးသနည်း။
ငါအမျက်ထွက်၍ ရှင်ဘုရင်ကိုပေးပြီး။ (ဟောရှေ ၁၃း၁၁)
၉။ ထာဝရဘုရားသည် ရှောလုလက်ထက်၌ နိုင်ငံတော်ကိုမည်သိုကျေးဇူးပြုသနည်း
အမွုန်အမျိုးသားတို့ကို အောင်နိုင်ခဲ့၏(၁ရာ ၁၁း၁၁-၁၅)
၁၀ ။ေရှာလု ဆက်လက်အောင်မြင်ပါသလား။
ဖိလိတ္တိလူတိုကို ထပ်မံ၍တိုက်ခိုက်အောင်မြင်ခဲ့၏။ (၁ရာ ၁၃)
၁၁ ။ယောနသန်ကား မည်သူနည်း။
ရှောလု၏သားအကြီးဆုံးဖြစ်၏။
၁၂။ေရှာလုနှင့်သား ယောနသန် မည်သိုထူးခြားစွာ ကွာခြားခြင်းရှိသနည်း။
ယောနသန်သည် ယဉ်ကျေးသိမ်မွေ့နှိမ့်ချသာသဘောရှိ၏။
၁၃ ။ ၁ရာ ၁၃း၁၃ အရ မည်သူသည် အောင်မြင်သနည်း။
ယောနသန်သည် အောင်မြင်သူဖြစ်နိုင်၏။
၁၄။ မည်သူသည် ဂုဏ်ပြုချီးမြှောက်ခြင်းခံရသနည်း။
ရှောလုသည် ဘုရင်ဖြစ်၍ ချီးမြှောက်ခံရ၏။ (၁ရာ ၁၃း၃-၄)
၁၅။ ဆက်လက်၍ မည်သိုဖြစ်သနည်း။
ဣသရေလနှင့် ဖိလိတ္တိလူတို ကြီးစွာသောစစ်ဖြစ်ရန် ဖြစ်ပေါ်လာ၏။ (၁ရာ ၁၃း၄-၂၃)
၁၆။ ထိုစစ်ပွဲပြဿနာကို မရင်ဆိုင်မီ ဘာလုပ်ရသနည်း။
ဘုရားသခင်ထံ ဆက်ကပ်အပ်နှံခြင်းလိုအပ်၏။
၁၇။ ရှမွေလရောက်လာသောအခါ ရှောလုမည်သိုပြောသနည်း။
သူ၏နောက်လိုက်တို့သည် ထွက်ပြေးကြောင်းနှင့် စစ်ပွဲဝင်ရန် အချိန်မမီသဖြင့် ပရောဖက်မပါဘဲ ယဇ်ပူဇော် ကြောင်း ပြော၏။ (၁ရာ ၁၃း ၈-၁၂)
၁၈။ ဖိလိတ္တိလူတို ဣသရေလတို့အား မည်သိုဖိနှိပ်ကြောင်း ဖော်ပြထားသနည်း။
ဖိလိတ္တိလူတို့က ဟေဗြဲလူတို့သည် ထားလှံတိုကိုမလုပ်စေနှင့်ဟု စီရင်မြဲရှိသောကြောင့် ဣသရေလပြည် တစ်လျှောက်လုံးတွင် ပန်းပဲတစ်ယောက်မျှမရှိ။ (၁ရာ ၁၃း၁၉-၂၀)
၁၉။ ၁ရာ ၁၄း ၄-၃၂ တွင် မည်သိုအောင်မြင်ခြင်းကို ဖော်ပြထားသနည်း။
ယောနသန်သည် ဖိလိတ္တိတို့အား မိတ်မတ်မြို့နှင့် အာဇလုန်မြို့အကြား အောင်နိုင်ခဲ့၏။
၂၀။ ရှောလုသည် သူတို့၏အောင်မြင်ခြင်းကို မည်သိုစိတ်ပျက်စေသနည်း။
“ညဦးအချိန်မရောက်မီ အစားစားသောသူတိုင်း ကျိန်ဆဲအပ်စေ” ဟုဆိုထားသဖြင့် လူတိုသည် ဆင်းရဲ ခံရကြ၏။
၂၁။ ဘုရားသခင်၏စကားတော်ကို တိကျစွာလိုက်လျှောက်ရန် ရှောလု၌ မည်သိုလိုအပ်သနည်း။
ရှောလုနှင့် လူများတိုသည် အာဂတ်မင်းနှင့်တကွ သိုး၊ နွားအမြတ်အလတ်၊ ဆူသောသိုးသငယ်၊ ကောင်းသော ဥစ္စာရှိသမျှကို နှမြော၍ ရှင်းရှင်းမဖျက်ဆီးကြ။ (၁ရာ ၁၅း ၂-၉)
၂၂။ ရှမွေလ မည်သိုပြုသနည်း။
ဘုရားသခင်သည် နိုင်ငံတော်ကို ရှောလုလက်မှ သာ၍ကောင်းသောသူလက်သို အပ်နှံမည်ဖြစ်ကြောင်း ပြော၍ ရှောလုထံမှထွက်သွား၏။ (၁ရာ ၁၅; ၂၄-၃၅)
၂၃။ ထိုအချိန်မှစ၍ ရှောလုစိတ်ဓာတ်မည်သိုပြောင်းလာသနည်း။
သူ၏ရာဇပလ္လင်တည်မြဲရန် ဘုရားသခင်၏အလိုတော်ထက် လူတို၏အလိုသိုသာ၍ လိုက်တတ်၏။
(ခ) ငယ်ရွယ်သောဒါဝိဒ် (၁ရာ ၁၆)
၂၄။ ဘုရားသခင်သည် ရှောလုနေရာတွင် မည်သူ့ကိုရွေးချယ်ခန့်အပ်သနည်း။
ဒါဝိဒ် (၁ရာ ၁၆း ၁-၁၃)
၂၅။ ဒါဝိဒ်ကား မည်သူနည်း။
ဗက်လင်မြို ဧဖရတ်အရပ်သား ယေရှဲ၏သားအငယ်ဆုံးဖြစ်၏။ (၁ရာ ၁၇း၁၂-၁၆)
၂၆။ ဒါဝိဒ်၏ အကျင့်စရိုက်ကို ဖော်ပြပါ။
ကြိုးစားမှုရှိသော၊ ချစ်ခင်ဖွယ်ကောင်းသော စစ်သူရဲကောင်းကဗျာဆရာနှင့် ဘုရားသခင်နှစ်သက် သောသူ၊ ဖြစ်၏။ (တမန် ၁၃း ၂၂)
၂၇။ အဘယ်ကြောင့် ဘုရားသခင်သည် ဒါဝိဒ်ကိုရွေးချယ်သနည်း။
သူ၏ကောင်းမြတ်သောစိတ်သဘောနှင့် နှလုံးသားကို ဘုရားသခင်သိ၍ ရွေးချယ်၏။
၂၈။ မည်သူသည် ဒါဝိဒ်ကို ဘိသိက်ပေးသနည်း။
ရှမွေလ။
၂၉။ ထိုအချိန်က ဒါဝိဒ်မည်သည့်အလုပ်လုပ်သနည်း။
သိုးထိန်းဖြစ်ပါသည်။
၃၀။ ရှောလုအား မည်သိုသောဝိညာဉ်က ကြီးစိုးသနည်း။
ထာဝရဘုရား၏အခွင့်နှင့် ဆိုးသောဝိညာဉ်သည် ရှောလုကို ကြီးစိုး၏။ (၁ရာ ၁၆း၁၄)
၃၁။ ထိုသိုစိတ်အနှောင့်အယှက်ဖြစ်သောအခါ မည်သိုကုစားသနည်း။
တစ်ဦးတစ်ယောက်က သာယာစွာစောင်းတီးခြင်းဖြင့် သက်သာစေ၏။
၃၂။သာယာစွာစောင်းတီးရန် မည်သူ့ကိုရွေးချယ်သနည်း။
ဒါဝိဒ် (၁ရာ ၁၆း ၂၁-၂၃) ၊
(ဂ) ဒါဝိဒ်နှင့်ေဂါလျက်:'( ၁ရာ ၁၇;)
၃၃။ ဒါဝိဒ်သည် ရှောလုနှင့်အမြဲနေပါသလား။
မနေပါ။ တစ်ခါတစ်ရံ သူ့ဖခင်၏သိုးများကို ကြည့်ရှုရန်ပြန်၏။ (၁ရာ ၁၇း၁၅)
၃၄။ ရှောလုမည်သို ဆက်လက်တွေ့ကြုံရသနည်း။
ဖိလိတ္တိလူတိုနှင့် အကြိမ်ပေါင်းများစွာ စစ်ဖြစ်ရ၏။ (၁ရာ ၁၇း၁၅)
၃၅။ ဒါဝိဒ်၏အစ်ကိုများအကြောင်း ဖော်ပြပါ။
အကိုအကြီးဆုံး ၃ယောက်သည် ရှောလုနောက်လိုက်၍ စစ်မှုထမ်း၏။ (၁ရာ ၁၇း၁၃)
၃၆။ ယေရှဲသည် သားဒါဝိဒ်အား မည်သိုခိုင်းစေသနည်း။
သူ၏အစ်ကိုများ မည်သည့်နေရာရောက်နေသည်ကိုသိရှိရန်နှင့် ကျန်းမာရေးအခြေအ နေသိရှိရန်စေလွှတ်၏။ (၁ရာ ၁၇း ၁၇-၁၈)
၃၇။ ဖိလိတ္တိလူတို အဘယ်ကြောင့်စစ်တိုက်ရန် ရဲရင့်ကြသနည်း။
အရပ်ခြောက်တောင်နှင့်တစ်ထွာရှိသော ဂေါလျက်သည် သူတိုဖက်မှတိုက်၏။ (၁ရာ ၁၇း၄)
၃၈။ ဒါဝိဒ်သည် စစ်စခန်းသိုရောက်သော် မည်သိုပြုသနည်း။
ဒါဝိဒ်က ဂေါလျတ်သည် မည်သူနည်း၊ဂေါလျတ်ကိုသတ်လျှင် မည်သည့်ဆုလာဘ်ကိုရမည်နည်းဟု စုံစမ်း၏။
၃၉။ ထိုနောက် ဒါဝိဒ်ဘာလုပ်သနည်း။
ဒါဝိဒ်သည် ဖိလိတ္တိလူ ေဂါလျတ်ကိုတိုက်ရန်ဆုံးဖြတ်ခဲ့၏။
၄၀။ ရှောလုသည် ဒါဝိဒ်စစ်ထွက်ရန် မည်သိုပြုပြင်ပေးသနည်း။
ရှောလု၏ကြေးဝါခမောက်လုံးနှင့် သံချပ်အင်္ကျီကိုဝတ်ေစ၏။ သိုသော် ဒါဝိဒ် ထိုပစ္စည်းများကို မသုံးတတ်၍ လက်မခံပါ။(၁ရာ ၁၇း ၃၈-၃၉)
၄၁။ ဒါဝိဒ်သည် မည်သည့်လက်နက်ယူဆောင်သွားသနည်း။
တောင်ဝှေး၊ ချောသောကျောက်ငါးလုံး၊ လွယ်အိတ်နှင့် လောက်လွှဲသာယူသွား၏။ (၁ရာ ၁၇း ၄၀)
၄၂။ မည်သူ စစ်နိုင်သနည်း။ –
ဒါဝိဒ်၏ပထမဦးဆုံး ကျောက်ခဲအားဖြင့် ဂေါလျတ်သည် မြေပေါ်ငိုက်စိုက်လဲကျ၍ အသတ်ခံရ၏။ (၁ရာ ၁၇း ၄၈-၅ဝ)
၄၃။ ဂေါလျက် တစ်ဦးတည်းသာ အသတ်ခံရပါသလား။
မဟုတ်ပါ။ ဖိလိတ္တိလူတို ထွက်ပြေး၍ နောက်မှလိုက်၍သတ်ကြ၏။
၄၄။ ဒါဝိဒ်သည် ဂေါလျက်ခေါင်းနှင့် လက်နက်ကိုဘာလုပ်သနည်း။
ဒါဝိဒ်သည် ဖိလိတ္တိလူတို့၏ခေါင်းကို ယေရုရှလင်မြို သို့ဆောင်သွား၏။လက်နက်များကို မိမိတဲ၌ထား၏။
၄၅။ ဒါဝိဒ် အဘယ်ကြောင့် ဤကဲ့သို စွမ်းအားများရသနည်း။
ဒါဝိဒ်သည် သူ၏ဘုရားသခင်ကို အကြွင်းမဲ့ယုံကြည်ကိုးစားသောကြောင့်ဖြစ်၏။
(ဃ) ဒါဝိဒ်နှင့် ယောနသန် (၁ရာ ၁၈-၂၀)
၄၆။ ရှောလု၏သားမည်သူသည် ဒါဝိဒ်နှင့် ချစ်ခင်သနည်း။
ရှောလု၏သားအကြီးဆုံး ယောနသန်၏စိတ်နှလုံးသည် ဒါဝိဒ်၏စိတ်နှလုံးနှင့် စွဲကပ်လျက်ရှိ၍ ဒါဝိဒ်ကို ကိုယ်နှင့်အမျှ ချစ်လေ၏။ (၁ရာ ၁၈း ၁၊ ၂၀း၁၇)
၄၇။ ယောနသန်သည် သူ၏ချစ်ခင်ခြင်းသက်သေ မည်သိုပြသနည်း။
ယောနသန်သည် မိမိဝတ်လုံကို ချွတ်၍ မိမိအဝတ်တန်ဆာများနှင့် ဓား၊ လေး၊ ခါးစည်းတို့ကိုပင် ဒါဝိဒ် အား ပေးလေ၏။ လက်နက်သည် ရှားပါးသဖြင့် အလွန်တန်ဖိုးကြီး၏။ (၁ရာ ၁၈း ၄၊ ၁၃း၂၂)
၄၈။ ဒါဝိဒ်တိုက်ပွဲမှအောင်၍ပြန်လာသောအခါ အမျိုးသမီးတို မည်သိုသီဆိုကြသနည်း။
ရှောလုအထောင်ထောင်၊ ဒါဝိဒ်အသောင်းသောင်းဟုဆိုကြ၏။ (၁ရာ ၁၈း၇)
၄၉။ထိုသီဆိုသံသည် ရှောလုအား မည်သိုဖြစ်စေသနည်း။
ရှောလု၌ မနာလိုခြင်းနှင့် စိတ်ဆိုးခြင်းကိုဖြစ်စေ၏။
၅ဝ။ ဝါဝိဒ်မည်သို နေထိုင်သနည်း။
အစဉ်သတိရှိလျက် ပါးနပ်စွာနေထိုင်၏။
၅၁။ ဂေါလျတ်ကိုသတ်နိုင်သူအား သမီးနှင့်ပေးစားမည်ဟုဆိုသည့်ဂတိကို ရှောလုတည်ပါသလား။
မတည်ပါ။ သူ၏သမီးကို အခြားတစ်ယောက်နှင့်လက်ထပ်စေခဲ့၏။ (၁ရာ ၁၈း ၁၇ -၁၉)
၅၂။ ဒါဝိဒ်သည် အသတ်ခံရရန် ရှောလုမည်သိုလှည့်စား၍ စေခိုင်းသနည်း။
သူ၏သမီး မိခါလကိုရရန် ဖိလိတ္တိလူတို၏အရေဖျားတစ်ရာကို ယူခဲ့ရမည်ဟုစေခိုင်း၏။ အမှန်အားဖြင့် ဒါဝိဒ်အား ဖိလိတ္တိလူတိုလက်တွင် အသတ်ခံရရန်ကြံစည်ခြင်းဖြစ်သည်။ (၁ရာ ၁၈း၂၀-၃၀)
၅၃။ ရှောလုအကြံအောင်မြင်ပါသလား။
မအောင်မြင်ပါ၊ ဒါဝိဒ်သည် ထိခိုက်ဒဏ်ရာမှကင်း၍ ဖိလိတ္တိလူ ၂၀၀ ၏အရေဖျားကိုဆောင်ခဲ့၏။
၅၄။ ရှောလု၏သမီး မိခါလသည် ဒါဝိဒ်ကိုချစ်ပါသလား။
ဒါဝိဒ်ကိုချစ်၍ သူ့ဖခင်သည် ဒါဝိဒ်ကိုမဖမ်းမိ၊ မသတ်နိုင်ရန် ပြတင်းပေါက်မှ ဒါဝိဒ်ကိုလျှော့ချ၍ လွတ် မြောက်စေ၏။ (၁ရာ ၁၈း၂ဝ-၂၈၊ ၁၉း ၈-၁၇)
၅၅။ ဒါ8ဒ်မည်သည့်နေရာသို ပထမဆုံးအကြိမ်ထွက်ပြေးလွတ်မြောက်ရသနည်း။
ရှမွေလရှိရာ ရာမမြိုသိုထွက်ပြေးလွတ်မြောက်၏။ (၁ရာ ၁၉း၁၈)
၅၆။ ဒါဝိဒ်ကိုဖမ်းရန် လာသောသူတိုအပေါ် ဘုရားသခင်၏တန်ခိုးမည်သိုသက်ရောက်သနည်း။
ထိုသူတိုလည်း ရှမွေလကဲ့သို ပရောဖက်ပြုရန် ဘုရားသခင်၏တန်ခိုးတော်သက်ရောက်ခြင်း ခံစားရ၏။ (၁ရာ ၁၉း၂ဝ-၂၄)
၅၇။ ရှောလုသည် ဒါဝိဒ်အား အမှန်တကယ်သေစေလိုကြောင်း သားယောနသန်မည်သိုသိရှိသနည်း။
ဒါဝိဒ်အတွက် ယောနသန်သည် ကာကွယ်ပြောဆိုသည့်အခါ ရှောလု၏နှုတ်ထွက်စကားအားဖြင့် သိရ၏။ (၁ရာ ၁၉း ၁-၇၊ ၂၀း ၂၅-၃၄) ၊
၅၈။ ယောနသန် ဒါဝိဒ်ကိုမည်သိုပြောသနည်း။
တစ်ယောက်နှင့်တစ်ယောက် သဘောတူညီသောလျှိဝှက်သက်သေအားဖြင့်ပြောဆို၏။ (၁ရာ ၂၀း ၁၈ ၂၄၊ ၂၀း ၃၅-၄၀)
၅၉။ သူတို ၂ယောက် မည်သိုသဘောတူညီမှုများထားကြသနည်း။
ယောနသန်သည် ဒါဝိဒ်အသတ်မခံရရန် အမြဲတမ်းကြိုတင်သတိပေးရန်နှင့် ဒါဝိဒ်သည်လည်း ယောနသန် ၏မျိုးဆက်ကို ကျေးဇူးပြု၊ စောင့်ရှောက်ရမည်ဟု ဂတိပြုကြ၏။ (၁ရာ ၂၀း ၁၂-၁၇၊ ၂ဝ-၂၃)
၄၅။ (င] ထွက်ပြေးတိမ်းရှောင်နေရသောဒါဝိဒ် [၁ရာ ၂၁-၃၁]
၆၀။ ယောနသန်သတိပေး၍ ဒါဝိဒ်မည်သည့်နေရာသို ထွက်ပြေးလွတ်မြောက်သနည်း။
ယဇ်ပုရောဟိတ် အဟိမလက်ရှိရာ နောဗမြိုသိုပြေး၏။ (၁ရာ ၂၁း ၁-၉)
၆၁။ ထိုနေရာမှ ဒါဝိဒ်မည်သည့်အရာကို ရရှိသနည်း။
စားစရာမုန့်နှင့် ဂေါလျတ်၏ကိုရရှိ၏။
၆၂။ ဒါဝိဒ်သည် ထိုအမှုကို ရိုးသား၊ မှန်ကန်စွာပြုပါသလား။
မဟုတ်ပါ။ သူသည် ဘုရင်၏အမိန့်နှင့်လာသည်ဟု ဟန်ဆောင်၏။ (၁ရာ ၂၁း၂)
၆၃။ ဒါဝိဒ်သည် ထိုအရပ်၌ လုံခြုံမှုရှိသည်ဟုထင်ပါသလား
မဟုတ်ပါ။ သူ့အနေနှင့် ရှောလု၏နိုင်ငံတော်အတွင်းမှထွက်သွားမှသာ လုံခြုံမှုရှိမည်ဟုထင်ပါသည်။
၆၄။ ဒါဝိဒ်မည်သည့်အရပ်သို ဆက်၍သွားသနည်း။
ဂါသမင်းကြီး၊ အာခိတ်ထံသိုပြေး၏။အာခိတ်ကိုကြောက်ရွံ၍ ရူးသွပ်ဟန်ဆောင်၍နေ၏။(၁ရာ ၂း၁၁-၁၃)
၆၅။ အာခိတ်ထံမှထွက်၍ ဒါဝိဒ်မည်သည့်အရပ်သိုပြေးသနည်း။
အဒုလံဥမင်သို့ ပြေး၏ (၁ရာ ၂၂း ၁)
၆၆။ ဒါဝိဒ်ထံသို မည်သူတိုရောက်လာကြသနည်း။
သူ့အစ်ကိုများ၊ အဆွေအမျိုးများ၊ အမူရောက်သောသူ၊ ကြွေးတင်သောသူ ၊စိတ်ညစ်သောသူအပေါင်းတို သည် ဒါဝိဒ်ထံတွင် စုဝေးကြ၏။ (၁ ရာ ၂၂း ၂)
၆၇။ ဒါဝိဒ်သည် သူ၏မိဘတိုအတွက် မည်သို့ဂရုတစိုက်စီစဉ်စောင့်ရှောက်သနည်း။
ရှောလု၏ဘေးဒဏ်မှ လွတ်ကင်းရန် မောဘရှင်ဘုရင်ထံသို စီစဉ်အပ်နှံထား၏။ (၁ရာ ၂၂း ၃-၄)
၆၈။ ဒါဝိဒ်၏စစ်သူရဲများ အကြောင်းကိုဖော်ပြပါ။
စစ်သူရဲသုံးယောက်တွင် ယွာဘသည် အဦးဆုံးသောဗိုလ်ချုပ်အရာကိုရ၏။ အခြားစစ်သူရဲ ၃ဝ ရှိသော် လည်း ယွာဘ ညီ အဘိရှဲနှင့် ယောဒသသား ဗေနာယသည် ရဲစွမ်းသတ္တိရှိသောသူရဲကောင်းအဖြစ် ဖော်ပြထား၏။ (၂ရာ ၂၃၊ ၅ရာ ၁၁)
၆၉။ ဒါဝိဒ်၏လူတိုသည် ဒါဝိဒ်အားချစ်ကြောင်း မည်သိုသက်သေပြသနည်း။
စစ်သူရဲ ၃ ယောက်တို ဖိလိတ္တိတပ်ကိုဖြတ်ကျော်၍ ဗက်လင်မြိုတံခါးနားမှာရှိသော ရေတွင်းရေကို ခပ်ယူခဲ့၏။ (၂ရာ ၂၃း ၁၆-၁၇)
၇၀။၊ ဒါဝိဒ်သည် ထိုသူတိုအား သူ၏မေတ္တာကို မည်သိုပြသနည်း။
ထိုသူတို သက်စွန့်ဆံဖျားယူခဲ့ရသောရေကို မသောက်ရက်ဘဲ၊ ထာဝရဘုရားရှေ့တော်၌ သွန်းလောင်း၏။ (၂ရာ ၂၃း ၁၅-၁၆)
၇၁။ ဒါဝိဒ် နောဗမြို၌ရှိနေသည်ကို မည်သူတွေ့မြင်ပါသနည်း။
ရှောလု၏ကျွန်၊ ဧဒုံအမျိုးသားဂေါသသည် တွေ့မြင်၏။ (၁ရာ ၂၁း ၇၊ ၂၂း ၉-၁၀)
၇၂။ ဒါဝိဒ်အား မစခဲ့သောပရောဖက်တိုအပေါ် ရှောလုမည်သိုမှားယွင်းစွာပြုသနည်း။
ပရောဖက်များကို သတ်စေ၏။ ဂေါသသည် ရှောလုအမိန့်ဖြင့် ပရောဖက် ၈၅ ပါးတိုကိုသတ်၏။ (၁ရာ ၊ ၂၂း ၁၇-၁၉)
၇၃။ ဒါဝိဒ်နှင့် သူ၏စစ်သူရဲများ မည်သို့ဖွဲ့စည်းသနည်း။
ဖိလိတ္တိလူတိုကိုတိုက်ရန် စုစည်းကြ၏။ (၁ရာ ၂၃း၁-၅)
၇၄။ ရှောလုသည် ဒါဝိဒ်အပေါ် မည်သိုရန်ငြိုးထားသနည်း။
ဒါဝိဒ်ကို အကြိမ်ပေါင်းများစွာသတ်ရန် ကြိုးစားခဲ့၏။ သိုသော် မအောင်မြင်ခဲ့ပါ။ (၁ရာ ၂၃း ၁၇-၁၉)
၇၅။ ဒါဝိဒ် မည်သည့်လုံခြုံသောအရပ်တွင် ခိုလှုနေသနည်း။ “
အေဂ်ဒိမြိုနယ် ခိုင်ခံ့သောအရပ်၌နေ၏။ (၁ရာ ၂၃း ၂၉)
၇၆။ ရှောလု ဒါဝိဒ်ကိုဆက်၍ရှာဖွေပါသလား။
ရှာဖွေပါသည် (၁ရာ ၂၄း ၁-၂၂
၇၇ ။ရှောလုကိုလုပ်ကြံရန် ဒါဝိဒ်၌အခွင့်ရသောအခါ ဒါဝိဒ်မည်သိုပြုသနည်း
ဒါဝိဒ်မသတ်ပါ။သူ၏လူများကိုလည်း တားမြစ်၏။
၇၈။ ဒါဝိဒ် ထိုသိုပြုခြင်းအတွက် ရှောလုမည်သိုခံစားရသနည်း။
ရှောလုသည် မျက်ရည်ကျ၍ ဒါဝိဒ်အား ကြင်နာသောစကားကိုဆို၏။ (၁ရာ ၂၄း ၁-၂၂)
၇၉။ နာဗလထံဒါဝိဒ်အစာကိုတောင်းခံသောအခါ ရပါသလား။
နာဗလ၏ သိုးဆိတ်များနှင့် သိုးထိန်းများတိုအား ဒါဝိဒ်သည် အန္တရာယ်မှ ကွယ်ကာခဲ့သော်လည်း နာဗလ သည် ဒါဝိဒ်တောင်းခံသောအစာကို မပေးပါ။ (၁ရာ ၂၅: ၁-၃၁)
၈၀။ နာဗလ၏ဇနီး မည်သိုစီစဉ်သနည်း။
နာဗလ၏ဇနီးသည် ဒါဝိဒ်ထံအစာများကိုယူဆောင်သွားပြီး နာဗလ၏မှားယွင်းခြင်းအတွက် ခွင့်လွှတ်ရန် တောင်းပန်၏။ (၁ရာ ၂၅း ၁၈-၂၀)
၈၁။ ရှောလုသည် ဒါဝိဒ်ကိုသတ်ရန် ဆက်၍ ရှာဖွေပါသလား။
ဇိဖတောတွင် ဒါဝိဒ်ကိုရှာဖွေ၏၊ (၁ရာ ၂၆း၂
၈၂။ ဒါဝိဒ်သည် ရှောလုအား မည်သို တုံပြန်ခဲ့သနည်း။
နောက်တဖန်အခွင့်ရသော်လည်း ရှောလုကို မသတ်ဘဲခွင့်လွတ်ခြင်းကိုပြ၏။
၈၃။ ဒါဝိဒ်သည် မည်သူနှင့်ပေါင်းသင်းနေထိုင်သနည်း။
ဂါသမြို၊ အာခိတ်မင်းနှင့် ပေါင်းသင်း၍ ခိုလှုံနေ၏။ (၁ရာ ၂၇၊ မေးခွန်း ၆၄ ရှု )
၈၄။ ဒါဝိဒ်သည် အာခိတ်မင်းနှင့် ပေါင်းသင်းသဖြင့် မည်သိုအခက်တွေ့သနည်း။
အာခိတ်မင်းက ဣသရေလတိုကို တိုက်ခိုက်ရန် ဒါဝိဒ်ကိုခေါ်သဖြင့် ဒါဝိဒ်အခက်တွေ့ရ၏။ (၁ရာ ၂၈း၁-၂
၈၅။ ရှောလုနှင့် ဖိလိတ္တိတိုနောက်ဆုံးတိုက်ပွဲဖြစ်သောအခါ ဒါဝိဒ်မည်သည့်အရပ်တွင်ရှိသနည်း။
ဖိလိတ္တိဘုရင်တို့၏ ငြင်းဆိုခြင်းကြောင့် ဒါဝိဒ်ပြန်လာရာ ဇိကလတ်မြို့သို့ရောက်၏။ (၁ရာ ၃၀း ၁)
၈၆။ ဝါဝိဒ်နှင့် သူ၏လူတိုမရှိသည့်အခါ ဇိကလတ်မြို၌ မည်သိုကြုံတွေ့ရသနည်း။
အာမလက်လူတိုသည် မြို့ကိုမီးရှိ၍ မိန်းမနှင့် ကလေးများကို ဖမ်းခေါ်သွား၏။ (၁ရာ ၃၀း ၁-၅
၈၇။ သူတို့ ဥစ္စာပစ္စည်းများ ပြန်ရပါသလား။
ဒါဝိဒ်သည် ဘုရားသခင်အား ဦးထိပ်ထား မေးမြန်းလျက် နောက်မှလိုက်၍ အနိုင်ယူတိုက်ခိုက်ခဲ့၏။ (၁ရာ ၃၀း၆-၂၀)
၈၈။ ပြန်၍ ရရှိလာသော ဥစ္စာပစ္စည်းနှင့်ပါတ်သက်၍ မည်သိုစီစဉ်သနည်း။
စစ်တိုက်သွားသောသူနှင့် နေရစ်၍ ဥစ္စာစောင့်သောသူတိုကို အညီအမျှဝေပေး၏။ (၁ရာ ၃၀း ၂၁-၂၈
၈၉။ ဣသရေလတို မည်သိုကြောက်မက်ဖွယ်စစ်ပွဲကို တွေ့ကြုံရသနည်း။ ။
ဣသရေလတို ဂိလဗောတောင်ပေါ်တွင် ဖိလိတ္တိလူတိုအား ရှုးနိမ့်ခြင်းကိုခံရ၏။ (၃ရာ ၃၁)
၉၀။ တိုက်ပွဲ၏အဖြေကား မည်သိုနည်း။
ဣသရေလတို စစ်ရှုးပြီး၊ ရှောလုနှင့် သား ၃ယောက်အသတ်ခံရ၏။ (၁ရာ ၃၁း၁.-၆)
၄၆။ ဣသရေလနိုင်ငံတော်
(က) ဒါဝိဒ်ဘုပ်စိုးခြင်း (၂ရာ၊ ၃ရာ ၁း၁-၁၀၊ ၆ရာ ၁၁-၂၉)
၁။ ရှောလုသေဆုံးခြင်းသည် ဒါဝိဒ်အတွက် မည်သိုခံစားရသနည်း။
ဒါဝိဒ်သည် မိမိအဂတ်ကိုဆွဲစုတ်၍ ညဦးတိုင်အောင် ငိုကြွေးမြည်တမ်း၍ အစာကိုရှောင်ကြ၏။ (၂ရာ ၁း ၁၂)
၂။ ရှောလုနှင့် ယောနသန်တိုအတွက် ဝမ်းနည်းခြင်းအဖြစ် ဒါဝိဒ်မည်သိုမှတ်တမ်းထားရစ်ခဲ့သနည်း။
ငိုကြွေးမြည်တမ်းခြင်းသီချင်းကို ရေးခဲ့၏။ (၂ရာ ၁း၁၇ -၂၇)
၃။ ဒါဝိဒ်သည် ချက်ချင်း သွားရောက်၍ နိုင်ငံကိုအုပ်စိုးခြင်းပြုပါသလား။
ထာဝရဘုရားထံမှ လမ်းညွှန်ချက်ကိုမေး၍ ဟေဗြုန်မြိုသိုသွားပြီး ယုဒရှင်ဘုရင်အဖြစ် ဘိသိက်ပေးခြင်း ခံယူ၏ (၂ရာ ၂း ၁-၄)
၄။ မည်သည့်အမျိုးသည် ဒါဝိဒ်၏အုပ်စိုးခြင်းကို ပထမဦးဆုံးခံယူသနည်း။
ယုဒလူမျိုး၊ ဒါဝိဒ်၏လူမျိုးရင်းဖြစ်သည်။ (၂ရာ ၂း၇)
၅။ အခြားသောမျိုးနွယ်တို ဒါဝိဒ်မင်းလက် အောက်သို ရောက်လာကြပါသလား။
မလာပါ။ ရှောလု၏ကျန်ရစ်သောသား ဣရုဗောရှက်၏နောက်သို လိုက်ကြ၏။ (၂ရာ ၂း-၁၀)
၆။ သိုဖြစ်၍ မည်သိုဆက်လက်ဖြစ်ပေါ်လာသနည်း။
သူတို၏နောက်လိုက်များ တိုက်ခိုက်ကြ၏။ စစ်ဖြစ်ကြ၏။ (၂ရာ ၂း ၁၂-၅:၁)
၇။ အချိန်မည်မျှကြာကြာ စစ်ဖြစ်သနည်း။
၂ နှစ်ခန့်ကြာ၏။
၈။ ဒါဝိဒ်ဘက်သို မည်သိုအသာရလာသနည်း။
အာဗနာကို ဣရုဗောရှက်က ဝေဖန်သဖြင့် အာဗနာစိတ်ဆိုး၍ ဒါဝိဒ်နှင့်လာ၍ပေါင်း၏။ (၂ရာ ၃း၆-၁၂
၉။ ဒါဝိဒ်သည် အာဗနာကို ကြိုဆိုလက်ခံပါသလား။
အာဗနာကို ဂုဏ်သရေရှိစွာ၊ လှိက်လှဲစွာကြိုဆိုလက်ခံ၏။
၁၀။ ယွာဘ မည်သိုဖြစ်စေချင်သနည်း
ယွာဘသည် ဒါဝိဒ်အား အပြစ်တင်ပြောဆို၏စစ်ဖြစ်စဉ်အခါက အာဗနာသည် အာသေဟလကို သတ်ခဲ့ သဖြင့် ယခုကလဲ့စားချေ၍ အာဗနာအားသတ်၏။
၁၁။ ယွာဘ၏လုပ်ရပ်ကို ဒါဝိဒ်သဘောကျပါသလား။
သဘောမကျပါ။ အာဗနာသည် ရန်သူမဟုတ်တော့ဘဲ ဝါဝိဒ်နှင့်မိတ်ဖွဲသော မိတ်ဆွေဖြစ်သည်သာမက ရှင်ဘုရင်၏ဂုဏ်ပြု မိတ်ဖွဲခြင်းနှင့် ဒါဝိဒ်၏ကာကွယ်ခြင်းအောက်တွင်ရှိခိုက် ဤကဲ့သိုဖြစ်ရသဖြင့် ဝမ်းနည်း ခြင်းဖြစ်ရ၏။ (၂ရာ ၃း ၂၈-၃၆)
၁၂။ ယွာဘကို အဘယ်ကြောင့်အပြစ်မပေးသနည်း။
ဒါဝိဒ်သည် နန်းတက်ခါစ သူ၏ အာဏာခိုင်မြဲခြင်းမရှိသေးသဖြင့်လည်းကောင်း၊ ယွာဘသည် ဒါဝိဒ်အပေါ်သစ္စာစောင့်သဖြင့်လည်းကောင်း အပြစ်မပေးဘဲနေ၏။
၁၃။ ဣရှဗောရှက်၏ ကျွန်တို မည်သိုအပြစ်ကျူးလွန်သနည်း။
သူတို့၏သခင်ကို သတ်၏။(၂ရာ ၄း ၅-၇)
၁၄။ ဣရှဗောရှက်သေဆုံးခြင်းသည် ဒါဝိဒ်အတွက် ဣသရေလတစ်မျိုးလုံးကိုအုပ်စိုးရန် အခွင့်အရေးဖြစ်ပေါ်လာ ပါသလား။
အခွင့်အရေးရရှိလာပါသည်။ ထိုအချိန်၌ မည်သူမျှပင် ရှင်ဘုရင် လုပ်နိုင်သူမရှိပါ။
၁၅။ ဒါဝိဒ်သည် ဣရုဗောရှက်အား သတ်သူတို့ကို ဆုပေးပါသလား။
ဆုမပေးဘဲ အသေသတ်ရန် အမိန့်ပေးခဲ့၏။ (၂ရာ ၄း ၁၁-၁၂)
၄၆။:-(မ;-)ဒါဝိဒ်နှင့်ဘုရားသခင်၏သေတ္တာတော် (၂ ရာ ၅၊၆ ၊ ၃ရာ ၁၄၊ ၁၅၊ ၁၆)
၁၆။ ဒါဝိဒ်သည် ဣသရေလလူတို၏ဘုရင်အဖြစ် ပထမဦးဆုံးအောင်မြင်မှုကိုဖော်ပြပါ။
ဒါဝိဒ်သည် ဒါဝိဒ်မြိုတည်းဟူသော ဇိအုန်ရဲတိုက်ကို တိုက်ယူ၏။ (၂ရာ ၅း ၆-၉)
၁၇။ မည်သည့်မင်းကြီးသည် ဒါဝိဒ်နှင့်လာရောက် မိတ်ဖွဲ့သနည်း။
တုရုမင်းကြီး ဟိရံသည် သံတမန်လွှတ်၍ မိတ်ဖွဲ၏။ (၂ရာ ၅း၁၁)
၁၈။ တုရုနိုင်ငံတည်နေရာကို ဖော်ပြပါ။
ခါနန်ပြည်၏မြောက်ဘက် မြေထဲပင်လယ်ကမ်းစပ်တွင်ရှိသည်။
၁၉။ တုရုနိုင်ငံသည် အဘယ်ကြောင့် နာမည်ကျော်ကြားသနည်း။
ကူးသန်းရောင်းဝယ်ခြင်းနှင့် ခရမ်းရောင်ဆိုးဆေး (မင်းမျိုးမင်းနွယ်ဝတ်သော ခရမ်းရောင်အထည်) ရောင်းချ ခြင်းဖြင့် နာမည်ကျော်၏။
၂၀။ဖိလိတ္တိလူတိုသည် ဒါဝိဒ်အား ဟိရံဘုရင်ကဲ့သို ဆက်ဆံပါသလား။
မဆက်ဆံပါ။ သူတိုဒါဝိဒ်အား စစ်တိုက်ရန်ကြိုးစားသော်လည်း စစ်ရှုးရ၏။ (၂ရာ ၅း ၁၈-၂၅)
၂၁။ ဒါဝိဒ် နောက်ထပ်ဘာလုပ်သနည်း။
ဘုရားသခင်၏ သေတ္တာတော်ကို ဘိနဒပ်အိမ်မှထုတ်ဆောင်ရန် စီစဉ်၏ (၂ရာ ၆း ၃-၁၁)
၂၂။ မည်သို သယ်ဆောင်သနည်း။
လှည်းသစ်ပေါ်တင်၍ ဂုဏ်တော်ချီးမွမ်းခြင်းသီချင်း သီဆိုလျက်သယ်ဆောင်၏။
၂၃။ မည်သို သယ်ဆောင်ရန် ညွှန်ကြားထားသနည်း။
လက်နှင့်မကိုင်ဘဲ ဖုံးအုပ်လျက် ထမ်း၍သယ်ဆောင်ရမည်။ (တော ၄း၁၅)
၂၄။ လှည်းမောင်းသူ ဩဇ၌ မည်သိုဖြစ်သနည်း။
ဩဇသည် သေတ္တာတော်ကို လက်နှင့်ကိုင်သောအပြစ်ကြောင့် သေရ၏။ (၂ရာ ၆း၇)
၂၅။ ထိုအခါ ဒါဝိဒ်သည် မည်သိုခံစားရသနည်း။
ဝမ်းနည်းခြင်းနှင့်အတူ ဆက်လက်၍သယ်ဆောင်ရန် ကြောက်ရွံ၏။
၂၆။ ဒါဝိဒ်သည် သေတ္တာတော်နှင့်ပါတ်သက်၍ မည်သိုစီစဉ်သနည်း။
သေတ္တာတော်ကို ဆက်၍ မသယ်ဆောင်ရဲတော့ဘဲ ဂိတ္ထိလူ ဩဗေဒဒုံအိမ်သို လမ်းလွှဲ၍အောင် သွား၏။ (၂ရာ ၆း ၁၀)
၂၇။ မည်မျှကြာမှ ဒါဝိဒ်သည် သေတ္တာတော်ကို ပြန်၍သယ်ဆောင်ရန် ခွန်အားရသနည်း။
၃ လကြာ၏။
၂၈။ ဒါဝိဒ်သည် သယ်ဆောင်ရန်အတွက် ရဲရင့်ခြင်းခွန်အား မည်သိုရသနည်း။
ထိုသေတ္တာတော်ကို စောင့်ရှောက်သောသူတို၌ ကောင်းချီးမင်္ဂလာသက်ရောက်ကြောင်း သိရသဖြင့် ပြန်လည် ခွန်အားရ၏။ (၂ရာ ၆း ၁၂
၂၉ ။ရှောလုသမီး မိခါလသည် အဘယ်ကြောင့် ဒါဝိဒ်အား စိတ်နှလုံး၌ မထီမဲ့မြင်ပြုသနည်း။
ဒါဝိဒ်သည် ထာဝရဘုရားရှေ့၌ကလျက်၊ ခုန်လျက်လာသည်ကို စိတ်နှလုံး၌မထီမဲ့မြင်ပြု၏။(၂ရာ ၆း၁၆)
၃၀။အဘယ်ကြောင့် ဒါဝိဒ် ဤသိုကခုန်ရသနည်း။
သူသည် ဘာသာတရားနှင့်ပါတ်သက်၍ ပျော်ရွှင်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ကျေးဇူးတင်ခြင်းကို ဖော်ပြခြင်း သာဖြစ်သည်။
၃၁။ သေတ္တာတော်ကို မည်သည့်နေရာတွင်ထားသနည်း။
ဒါဝိဒ်မြို့တော် ဇိအုန်တောင်ပေါ်တွင် တဲတော်ဆောက်၍ထားရှိ၏။ (၂ရာ ၇း ၂-၇)
၃၂။ ထိုသိုအားဖြင့် ဒါဝိဒ်ကျေနပ်ခြင်းရှိပါသလား။
အာရဇ်သစ်သားဖြင့် သေတ္တာတော်အတွက် အိမ်ကိုဆောက်ရန်စီစဉ်၏။
၃၃။ ဘုရားသခင် ထိုအကြံအစည်ကို ခွင့်ပြုပါသလား။
ခွင့်မပြုပါ။
၃၄။ ဘုရားသခင်၏အလိုတော်ကို ဒါဝိဒ်အား မည်သိုသိစေသနည်း။
ပရောဖက်နာသန်အားဖြင့် ဖွင့်ပြ၏။ (၂ရာ ၇း ၃-၁၅)
၃၅။ ဒါဝိဒ်မည်သို ခံစားချက်ဖြင့် မည်သိုပြောသနည်း။
အလွန် နှိမ့်ချခြင်းဖြင့် ဘုရားသခင်၏ကျေးဇူးတော်နှင့် ဂတိတော်သည် သူ၏လူမျိုးအပေါ်၌ အစဉ်တည်မည် အကြောင်း ဆုတောင်း၏။ (၂ရာ ၇း ၁၈-၂၉)
၃၆။ မည်သူ့အားဖြင့် ဒါဝိဒ်၏အိမ်တော်ကို ထာဝရတည်စေသနည်း။ ။
ယေရှုခရစ်တော်အားဖြင့် ပရောဖက်ဇာခရိဟော၏။ (လုကာ ၁း၆၈-၇၀)
၄။ (ဂ) ဒါဝိဒ်၏အောင်မြင်ခြင်းနှင့် သူ ၏အပြစ်။ (၂ရာ ၈-၁၂ ၊၅ရာ ၁၈-၂၀]
၃၇။ ဘုရားသခင်သည် ဣသရေလတိုအတွက် နယ်မြေမည်သိုသတ်မှတ်ပေးသနည်း။
အီဂျစ်ပြည်ရှိ မြင်မှ ဥဖရတ်မြင်အထိ ဖြစ်ပါသည်။
၃၈။ ဒါဝိဒ်သည် မည်သူတိုကို အနိုင်ယူ၍ ကျမ်းစာပြည့်စုံခြင်းသိုရောက်သနည်း။
ရှရိပြည်၊ မောဘပြည်၊ အမွုန်ပြည်၊ ဖိလိတ္တိပြည်၊ အာမလက်ပြည်တိုကို အောင်မြင်ခြင်းဖြင့်ပြည့်စုံ၏။ (၂ရာ ၈း၁၁၊ ၁၂-၁၄ ၊၁၀း၁၉)
၃၉။၊ စစ်ပွဲမှရသောပစ္စည်းများကို ဒါဝိဒ်မည်သိုပြုသနည်း။
ရွှေ ငွေ၊ ကြေးတိုကို ထာဝရဘုရားအားပူဇော်၍ တဲတော်အတွက် အသုံးပြု၏။သူ၏သားဆောက်သော ဗိမာန်တော်အတွက်သုံး၏။ (၂ရာ ၈း ၁၀-၁၁)
၄၀။ ဒါဝိဒ်သည် ယောနသန်အားပေးခဲ့သော ကတိကိုမေ့လျော့ပါသလား။
မမေ့လျော့ပါ။ေရှာလု၏ ဆွေမျိုးဆက်ကိုရှာ၍ ယောနသန်၏သား မေဖိဗောရှက်အားခေါ်၍ ရှောလုပိုင် သောမြေကို ပြန်ပေး၍ နန်းတော်တွင်နေရန် ကျေးဇူးပြု၏။ (၂ရာ ၉) ၊
၄၁။ရဗွာမြိုကိုဝိုင်းရန် မည်သူတိုကိုစေလွှတ်ခဲ့သနည်း
ယွာဘနှင့်ကျွန်များ၊ ဣသရေလအမျိုးသားများကို စေလွှတ်ခဲ့၏။ (၂ရာ ၁၁း ၁)
၄၂။ ဒါဝိဒ် မည်သည့်အရပ်တွင်နေခဲ့သနည်း။
ယေရုရှလင်မြိုတွင် နေခဲ့၏။
၄၃။ ဒါဝိဒ်သည် ဥရိယအား စစ်ပွဲတွင် ရှေ့တန်း၌ထားရန် ယွာဘထံသိုစာရေး၍ အဘယ်ကြောင့် စေလွှတ် သနည်း။
စစ်ပွဲတွင် သေစေရန် ရည်ရွယ်၏ (၂ရာ ၁း ၁၅)
၄၄။ အဘယ်ကြောင့် ဥရိယကို သေစေလိုသနည်း။
ဥရိယ၏ဇနီးကို သိမ်းပိုက်ရန်ဖြစ်သည်။
၄၅။ ဘုရားသခင်သည် ဒါဝိဒ်၏အပြစ်ကိုဖော်ပြရန် မည်သူ့အားစေလွှတ်သနည်း။
ပရောဖက်နာသန်အား စေလွှတ်၏။ (၂ရာ ၁၂း၁-၁၂)
၄၆။ ဘုရားသခင်သည် ဒါဝိဒ်အား ခွင့်လွှတ်ပါသလား။
ခွင့်လွှတ်၏။ သိုသော် သူ၏သား သေဆုံးရ၏။ (၂ရာ ၁၂း ၁၃-၂၃)
၄၇။ ဒါဝိဒ်မည်သို့ခံစားရသနည်း။
သူ၏စစ်မှန်သောနောင်တနှင့် ဝမ်းနည်းခြင်းကို ဆာလံ ၅၁ တွင်တွေ့နိုင်ပြီး ခွင့်လွှတ်ခြင်းခံရသဖြင့် ဝမ်းမြောက်ခြင်း ကို ဆာလံ ၃၂ တွင်တွေ့မြင်နိုင်ပါသည်
၄၈။ ဘုရားသခင်သည် ခွင့်လွှတ်ကြောင်း မည်သိုသက်သေရှိသနည်း။
ဒါဝိဒ်အား နောက်ထပ်သားကိုပေး၏။ (၂ရာ ၁၂း ၂၄)
၄၉။ ထိုသားအမည်ကို ဖော်ပြပါ။
ရှောလမုန်၊ ငြိမ်သက်ခြင်းရှိသောဟု အဓိပ္ပာယ်ရ၏။ (၂ရာ ၁၂း ၂၄-၂၅)
၅၀။ ပရောဖက်နာသန်အားဖြင့် မည်သိုအမည်ပေးသနည်း။
ယေ ဒိဒိ (ဘုရားသခင်ချစ်မြတ်နိုးသော) ဟု အမည်ပေး၏။
၄၆။:-(ဃ;)ဒါဝိဒ်နှင့်အဗရှလျှံ (၂ရာ ၁၃- ၂၁)
၅၁။ အဗရှလုံကား မည်သူနည်း။
ဒါဝိဒ်၏သားဖြစ်သည်။ သားအကြီးဆုံး၊ အမွေစားအမွေခံဖြစ်နိုင်သည်။ (၂ရာ ၁၃း ၁)
၅၂၊ အဘယ်ကြောင့် သူသည်ဂေ ရှူရသိုထွက်ပြေးသနည်း။
သူ၏နှမ တာမာကို ရှုချသောသူ၏ညီ (ဖအေတူ မအေကွဲ) အာမနုန်ကိုသတ်မိသောကြောင့်ဖြစ်၏။ (၂ရာ ၁၃း ၂၄-၃၈)
၅၃။ သူအား မည်သူသည် ပြန်၍ခေါ်သနည်း။
သုံးနှစ်ကြာပြီးသောအခါ ယွာဘ၏သွေးဆောင်ခြင်းဖြင့် ဘုရင်သည် ခွင့်ပြုသဖြင့် ပြန်ခေါ်လာခဲ့၏။ (၂ရာ ၁၄း၁- ၂၃)
၅၄။ ဖခင်၏ကြင်နာမှုအတွက် အဗရူလုံမည်သို ပြန်ပေးဆပ်သနည်း။
သူသည် ဒါဝိဒ်မင်း၏မျက်နှာသာပေးခြင်းခံရသောသား မဟုတ်သဖြင့်လည်းကောင်း၊ အမွေခံထိုက်သော သားများအကြား ပြိုင်ဆိုင်မှုရှိ၍လည်းကောင်း၊ ဖခင်ကိုပုန်ကန်၍ နိုင်ငံတည်ထောင်ရန်ကြိုးစား၏။ (၂ရာ ၁၅)
၅၅။ အဗရှလုံသည် ဒါဝိဒ်၏လူများအား သူ့ဘက်သိုပါရန် မည်သိုသွေးဆောင်သနည်း။
ပါးနပ်စွာပြောဆို၊ ကတိပေးခြင်းဖြင့် စည်းရုံး၏။ (၂ရာ ၁၅း ၅-၆)
၅၆။ ဒါဝိဒ်သည် ထိုအကြံအစည်ကိုသိသော် မည်သိုပြုသနည်း။
ဒါဝိဒ်သည် နောက်လိုက်များနှင့်အတူ ယေရုလင်မြိုမှထွက်၏။
၇။ ဒါဝိဒ်နှင့်အတူ မည်သူတိုဝါသနည်း။
ကျွန်တော်အပေါင်းနှင့် မြိုမှလိုက်လာသူ ၆၀၀ ပါရှိ၏ (၂ရာ ၁၅း ၁၈)
၅၈။ အလုံနောက်၌ မည်သည့်အကြံပေးပုဂ္ဂိုလ်ရှိသနည်း။
အ ဟိသောဖေလသည် အကြံပေးပုဂ္ဂိုလ်အဖြစ်ပါရှိ၏။ (၂ရာ ၁၅း ၃၁)
၅၇။ ဒါဝိဒ်မင်းနှင့်အဖွဲ လွတ်မြောက်ရန်မည်သူသည် အဗရှလုံ၌လှည့်စားပြောနိုင်သနည်း။
‘ ဒါဝိဒ်၏မိတ်ဆွေ ဟုရှဲဖြစ်၏။ (၂ရာ ၁၅း ၃၂-၃၇ ၁၇း ၁-၁၄)
၆။ ထိုသိုအစီအစဉ်ပြောင်းသဖြင့် အဟိသောဖေလ၌ မည်သိုဖြစ်သနည်း။
သူ့ကိုယ်သူ စွဲကြိုးချသေ၏။ (၂ရာ ၁၇း၂၃)
၆၁။ ဟုရှဲသည် အဘယ်ကြောင့် ထိုအကြံကိုသနည်း။
ထိုအကြံအားဖြင့် နှောင့်နှေးစေသဖြင့် ဒါဝိဒ်နှင့် သူ၏လူများလွတ်မြောက်ရန်ဖြစ်၏။
၆၂၊ စစ်ပွဲတွင် မည်သူအောင်သနည်း။
ဒါဝိဒ်၏လူများ အနိုင်ရကြ၏။ (၂ရာ ၁၈)
၆၃။ အဗရှလုံကို မည်သူသတ်သနည်း။
ယွာဘသတ်၏။
၆၄။ အဗရှလုံ မည်သိုသေရသနည်း။
မြည်းစီး၍ သပိတ်ပင်အောက်မှဖြတ်စဉ် ခေါင်းသည်သစ်ပင်တွင် ချိတ်၍တွဲလောင်းကျနေသဖြင့် အသတ်ခံရ၏။ (၂ရာ ၁၈း ၉-၁၈) ၆၅၊ ဒါဝိဒ်သည် သူ၏စစ်ဗိုလ်အား အဗရှလုံနှင့်ပါတ်သက်၍ မည်သိုမှာသနည်း။
သူ၏သားအား ဖြည်းညှင်းစွာပြုကြလော့ဟုမှာ၏ (၂ရာ ၈း ၅)
၆၆။ အဗရှလုံသေသောအခါ ဒါဝိဒ်မည်သိုခံစားရသနည်း။ မည်သိုပြောသနည်း။ ။
ဒါဝိဒ်မင်းသည် ကြီးစွာသောဝမ်းနည်းခြင်းဖြစ်၍ ငါ့သား အဗရှလုံ၊ သင့်ကိုယ်စား ငါမသေပါတကားဟု ဆို၍ ငိုကြွေး၏။ (၂ရာ ၁၈း ၃၃၊ ၁၉း ၁-၄)
၆၇။ အဗရှလုံအသတ်ခံရခြင်းသည် တရားမျှတမှုရှိပါသလား။ ‘
ရှိပါသည်။ သူ၏ဖခင်၊ သူ၏ ဘုရင်ကိုပုန်ကန်ခြင်းအတွက် သူသည် အသတ်ခံထိုက်၏။
၆၈။ အဗရှလုံသည် မည်သိုသောသူနည်း။
ဣသရေလအမျိုးတွင် အဗရှလုံကဲ့သို အဆင်းလှ၍ ချီးမွမ်းရသူတစ်ယောက်မျှမရှိ၊ ခြေဖဝါးမှသည် ဦးထိပ်တိုင်အောင် အပြစ်တစ်ခုမျှမရှိ။ ဆံပင်သည်လည်း အလွန်သန်၏။ (၂ရာ ၁၄; ၂၅-၂၇)
၆၉။ ဤအဖြစ်အပျက်နှင့်ပါတ်သက်၍ ဆာလံကျမ်းတွင် တွေ့နိုင်ပါသလား။
ဆာလံ ၃ တွင် တွေ့နိုင်၏။
၇၀။ ဒါဝိဒ်သည် အဗရှလုံကိုသတ်သော ယွာဘအား မည်သိုပြုသနည်း။
အာမသအား ယွာဘ၏နေရာတွင် ဗိုလ်ချုပ်မင်းအဖြစ်ခန့်အပ်၏။ (၂ရာ ၁၉; ၁၃)
၇၁။ ယွာဘသည် ရာထူးမှဖယ်ခံရသောအခါ မည်သိုပြုသနည်း။
အာမသကို ယွာဘသတ်၏။ (၂ရာ ၂၀; ၉-၁၀)
၇၂။ အာမသသည် ဒါဝိဒ်နှင့် မည်သိုတော်စပ်သနည်း။
ဒါဝိဒ်ညီမ အဘိဂဲလ၏သားဖြစ်၍ တူတော်၏။
၇၃။ ဒါဝိဒ်သည် ယွာဘအားအပြစ်မှလွှတ်ငြိမ်းခွင့် ပေးပါသလား။
ယွာဘကို စစ်ဗိုလ်ချုပ်ပြန်ခန့်၏။ ယွာဘသည် ဘုရင်ပေါ်တွင် သစ္စာရှိသည်သာမက လက်ရုံးရည်ရှိသောသူ တစ်ယောက်ဖြစ်သည်။
၇၄။ ၂ရာ အခန်းကြီး ၂၂ သည် မည်သည့်အဓိပ္ပာယ်ဆောင်သနည်း။
အခန်းကြီး ၂၂ သည် ဒါဝိဒ်၏ရန်သူ့လက်မှလွတ်မြောက်ခြင်းအတွက် ဘုရားသခင်အား ကျေးဇူးတော် ချီးမွမ်းခြင်းဖြစ်၏။
၄၆။ (c)ဒါဝိဒ်၏နောက်ဆုံးနေ့ (၂ရာ ၂၄၊ ၃ရာ ၁၊၂၊ ၅ရာ၂၁-၂၉)
၇၅။ ဒါဝိဒ်အား မည်သူသည် ဣသရေလလူမျိုးအား ရည်တွက်ရန်သွေးဆောင်သနည်း။
စာတန် (၅ရာ ၂၁း၁)
၇၆။ မည်သူသည် ဒါဝိဒ်၏အမိန့်တော်နှင့် အညီဆောင်ရွက်သနည်း။
ယွာဘ (၂ရာ ၂၄း ၃)
၇၇။ထိုသိုပြုပြီးသောအခါသူ၏နှလုံး၌အပြစ်တင်ခြင်းဖြစ်ပေါ်ပါသလား။
သူသည် ကြီးမားသော၊ မိုက်မဲသောအမှုကိုပြုမိပြီဟု စိတ်တွင်ခံစားရသည်။ (၂ရာ ၂၄း ၁၀)
၇၈။ ဘုရားသခင်သည် ဒါဝိဒ်အား မည်သူအားဖြင့် အပြစ်ကိုဖော်ပြသနည်း။
ပရောဖက် ဂဒ် (၂ရာ ၂၄း ၁၁-၂၅)
၇၉။ ပရောဖက် ဂ်သည် ဒါဝိဒ်အား မည်သိုရွေးချယ်ခွင့်ပေးသနည်း။
ပြစ်ဒဏ် ၃ မျိုးမှ တစ်မျိုးကို ရွေးစေ၏။(၂ရာ ၂၄း ၁၂)
၈၀ ။ဒါဝိဒ် မည်သည့်အရာကို ရွေးသနည်း၊ အဘယ်ကြောင့်နည်း။
စစ်ဖြစ်ခြင်းဒုက္ခမှလွတ်ရန် ရွေး၏။ အဘယ်ကြောင့်ဆိုသော် လူတို၏လက်မှလွတ်မြောက်၍ ထာဝရဘုရား၏ လက်ကိုသာ မျှော်ကိုးခြင်းဖြစ်သည်။
၈၁.။ ထာဝရဘုရား၏ကောင်းကင်တမန်သည် မည်သည့်အရပ်၌ ရပ်တန့်သနည်း။
ယေဗုသိလူ အရောန၏ ကောက်နယ်တလင်းနားမှာ ရပ်၏ (၂ရာ ၂၄း ၁၆)
၈၂။ဒါ ဝိဒ်၏တောင်းပန်ခြင်းကို ဘုရားသခင်လက်ခံကြောင်း မည်သိုသိရသနည်း။
ဒဏ်ခတ်ခြင်း၊ ဘေးဒုက္ခများရပ်တန့်ခြင်းဖြင့်သိရ၏။
၈၃။ ဘုရားသခင်၏ဗိမာန်တော်တည်ဆောက်ရန် ဒါဝိဒ်မည်သိုပြင်ဆင်သနည်း။
ကျောက်ဆစ်၊ ရွှေ၊ ငွေ၊ ကြေး၊ သံနှင့် အာရဇ်သစ်သားတိုကို ရှာဖွေစုဆောင်း၏။ (၅ရာ ၂၂း ၂-၅၊ ၁၄-၁၆)
၈၄။ အိမ်တော်တည်ဆောက်ခြင်းနှင့်ပါတ်သက်၍ ဒါဝိဒ်သည် ရှောလမုန်အား မည်သိုမှာကြားသနည်း။
ဒါဝိဒ်မင်း၌ရှိခဲ့သည့် အကြံစည်နှင့်အညီ ထာဝရဘုရားအဖို အိမ်တော်ကိုတည်ဆောက်ရန် မှာကြား၏။ (၅ရာ ၂၂း ၆-၁၆)
၈၅။ ဒါဝိဒ်သည် အခြားသောအစီအစဉ်များ လုပ်ခဲ့ပါသလား။
ယဇ်ပုရောဟိတ်၊ လေဝိသားများနှင့် ဣသရေလမင်းတိုကို သေချာစွာစီစဉ်မှာကြားခဲ့၏။ (၅ရာ ၂၃-၂၇) ၊
၈၆။ အခြားသောသူတိုသည် အိမ်တော်အတွက် ပေးလှူကြပါသလား။
အကြီးအကဲများနှင့် လူများတိုသည် အဆွေအမျိုးအလိုက်များစွာ ပေးလှူကြ၏။ (၅ရာ ၂၉း ၅-၉)
၈၇။ ဒါဝိဒ်သည် မကွယ်လွန်မှီ မည်သူ့အားနန်းအပ်သနည်း။
ရှောလမုန်အား ကတိရှိသည်အတိုင်း အပ်နှင်း၏ (၅ရာ ၂၃း ၁)
၈၈။ အဘယ်ကြောင့် ဤသိုပြုသနည်း၊
သားအကြီးဆုံး အဒေါနိယသည် နန်းလုရန်အစီအစဉ်ရှိသောကြောင့်ဖြစ်၏။ (၃ရာ ၁)
၈၉။ ဒါဝိဒ်အသက်မည်မျှတွင် သေဆုံးသနည်း။
အသက် ၇၀။
၉၀။ နှစ်ပေါင်းမည်မျှအုပ်စိုးခဲ့သနည်း။
ဒါဝိဒ်ဘုရင်ဖြစ်စဉ်က အသက် ၃ဝဖြစ်၍ နှစ်ပေါင်း ၄၀အုပ်စိုးခဲ့၏။ ဟေဗြုန်တွင် ယုဒတို့အား ၇နှစ်နှင့် ၆လ အုပ်စိုးခဲ့၏။ (၂ရာ ၅း ၄-၅)
၉၁။ ဒါဝိဒ်အား ဘုရားသခင်နှစ်သက်သော သူဟု အဘယ်ကြောင့် ဆိုရသနည်း။
သူသည် ရိုးသားသောသဘောရှိပြီး သူ၏အမှားများအတွက် အမှန်တကယ်ဝမ်းနည်းခြင်းဖြင့် နောင်တရလေ့ရှိသည်။
၉၂။ ဒါဝိဒ်ကို မည်သူနှင့် ယှဉ်ကြည့်နိုင်သနည်း။
ခရစ်တော်နှင့် နှိင်း၍ ပရောဖက်များပြောကြားခဲ့သည့်အတိုင်း ဒါဝိဒ်၏နိုင်ငံတော်ကို ခရစ်တော်သည် ထာဝရအုပ် စိုးတော်မူ၏။
ဣသရေလနိုင်ငံတော်
၄၇။ရှောလမုန်အုပ်စိုးခြင်း(၃ရာ ၁-၁၁၊ ၅၊ ၂၉၊ ၆ရာ ၁-၉)
၁။ ရှောလမုန်အုပ်စိုးချိန်၌ မည်သိုအခြေအနေရှိသနည်း။
ငြိမ်သက်သာယာခြင်းရှိသည်ဟု ဆိုနိုင်ပါသည်။
၂။ ရှောလမုန်သည် အီဂျစ်နှင့်မည်သို မိတ်ဖွဲသနည်း၊ အဘယ်ကြောင့်နည်း။
ဖာရောဘုရင်၏သမီးနှင့် လက်ထပ်ခဲ့သည်။ အီဂျစ်သည် ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံးနိုင်ငံဖြစ်သဖြင့် နိုင်ငံ ရေးအရ ဤသိုပြခြင်းဖြစ်နိုင်သည်။
၃။ သူ၏ဖခင်ကွယ်လွန်ပြီးနောက် ရှောလမုန်သည် အိမ်မက်တွင် မည်သိုမှတ်သားဖွယ်မြင်တွေ့ရသနည်း။
ငါပေးရမည့်ဆုကိုတောင်းလော့ဟု ဘုရားသခင် မိန့်တော်မူ၏။ (၃ရာ ၃း၅)
၄။ ရှောလမုန်မည်သည့်ဆုကိုတောင်းသနည်း။
ကောင်းမကောင်းကိုပိုင်းခြား၍ သိတတ်သောဉာဏ်ကို တောင်းခံ၏။ (၃ရာ ၃း ၉)
၅။ ဘုရားသခင်သည် ရှောလမုန်မတောင်းသော်လည်း မည်သည့်ဆုများကိုဖြည့်စွက်ပေးသနည်း။
စည်းစိမ်ဥစ္စာနှင့် ဂုဏ်အသရေကို ဖြည့်စွက်ပေး၏။ (၃ရာ ၃း ၁၃)
၆။ မည်သူ၏ အမိန့်ဖြင့်ရှောလမုန်သည် အိမ်တော်ကိုတည်သနည်း။
ဘုရားသခင်၏ အမိန့်တော်ဖြင့် ( ၃ရာ ၅း ၅)
၇။ အိမ်တော်မဆောက်မီ မည်သူကြိုတင်ပြင်ဆင်ပေးသနည်း။
ဒါဝိဒ်(၅ရာ ၂၂၊ ၄၆၊ ၈၃-၈၆)
၈။ ဒါဝိဒ်သည် အဘယ်ကြောင့် အိမ်တော်ဆောက်ခွင့်မရရှိသနည်း။
ဒါဝိဒ်သည် စစ်ပွဲပေါင်းများစွာ တိုက်ခိုက်ရပြီး သွေးစွန်းသောကြောင့်ဖြစ်သည်။ (၅ရာ ၂၈း ၃)
၉။ မည်သူအားဆောက်ရမည့်ပုံစံကို ဖော်ပြသနည်း။
ဒါဝိဒ်အား ဝိညာဉ်တော်အားဖြင့် ဖော်ပြ၏။ (၅ရာ ၂၈း ၁၁-၁၂)
၁၀။ မည်သူသည် တည်ဆောက်မည့်နေရာကို ရွေးချယ်ခဲ့သနည်း။
ဒါဝိဒ် (၅ရာ ၂၁း ၂၈၊ ၂၂း ၂)
၁၁။ မည်သည့်တောင်ပေါ်တွင်တည်သနည်း။
ယေရုရှလင်မြို ၊ မောရိတောင်ပေါ်တွင်ဖြစ်၏။ (၆ရာ ၃း ၁)
၁၂။ ယခုအခါ ထိုတောင်ပေါ်တွင် ဘာရှိသနည်း။
(Mohamedan mosque of Omar) တည်ရှိ၏။
၁၃။ မည်သူသည် အဆောက်အဦအတွက် သစ်နှင့်ကျောက်တုံးများပေးသနည်း။
တုရုမင်းကြီး ဟိရံပေး၏။ (၃ရာ ၅)
၁၄၊ သစ်နှင့်ကျောက်တိုသည် အခမဲ့ရသောလက်ဆောင်ဖြစ်ပါသလား။
ရှောလမုန်မင်းသည် ဟိရံ၏လူများအတွက် အစာကိုပေးသည်သာမက ဂါလိလဲအိုင်အနီး မြိုပေါင်း ၂၀ကို ၊ ပေးခဲ့၏။ (၃ရာ ၉း ၁၁)
၁၅။ အိမ်တော်အတွက် ကျောက်တုံးကို မည်သိုအဆင်သင့်ပြုလုပ်သနည်း။
ကျောက်တုံးကိုမသယ်ယူမီ သေချာစွာပြုပြင်ယူ၏။ “ထိုအရပ်သိုမဆောင်ခဲ့မီ ဆစ်ပြီးသော ကျောက်တို ဖြင့်သာ တည်လုပ်သောကြောင့် သံတူ၊ ပုဆိန်၊ သံတန်ဆာနှင့်လုပ်သော အသံမမြည်ရ” (၃ရာ ၆း ၇)
၆။ ရှောလုမုန်တည်သော ထိုအိမ်ကို မည်သိုဆက်ကပ်ခြင်းပြုသနည်း
ပွဲကိုလုပ်၏။ သေတ္တာတော်ကိုယူဆောင်၍ထား၏။ ဆုတောင်းခြင်းပွဲလုပ်၏။ မိဿဟာရယဇ်ကို ပူဇော်၏။ (၃ရာ ၈)
၁၇။ ရှောလမုန်နန်းတော်၏ ခမ်းနားခြင်းအကြောင်းဖော်ပြပါ။
ဝန်စာရေးတစ်ကျိပ်နှစ်ယောက်တို တစ်ယောက်တစ်လစီ ရှင်ဘုရင်နှင့် နန်းတော်သားတို စားစရာပြင် ဆင် ရ၏။ မြင်းတင်းကုပ်လေးထောင်၊ မြင်းစီးသူရဲ တစ်သောင်း နှစ်ထောင်ရှိ၏။ (၃ရာ ၄ နှင့် ၃ရာ ၄း၂၂)
၁၈။ ရှောလမုန်၏ထူးခြားသောအရည်အချင်းကို ဖော်ပြပါ။
ခက်ခဲသောကိစ္စများ၌ မှန်ကန်စွာဆုံးဖြတ်နိုင်သောဉာဏ်ပညာဖြစ်၏။ (၃ရာ ၄း ၂၉-၃၁၊ ၃း ၁၂- ၁၆-၂၈)
၁၉။ အဝေးမှသတင်းကြား၍ လာလည်သောမိဖုရားကားမည်သူနည်း။
ရှေဘပြည်ကို အစိုးရသော မိဖုရားသည် ရှောလမုန်ထံ စုံစမ်းခြင်းငှာလာ၏။ (၃ရာ ၁၀-၁)
၂၀။ မိဖုရားသည် စုံစမ်းသိရှိပြီးသည့်အခါ မည်သိုဆိုသနည်း။
ကိုယ်တိုင်ရောက်၍ မမြင်မီ ထိုစကားကိုမယုံ။ ယခုမူကား အရင်ကြားသောစကားသည် တစ်ဝက်ကိုမျှ မမီဟု ချီးကျူး ဖော်ပြ၏။ (၃ရာ ၁၀-၁၇)
၂၁။ဤအကြောင်းအရာနှင့်ပတ်သက်၍ ကျမ်းစာတွင်မည်သို နှိင်းယှဉ်ဖော်ပြထားသနည်း။
“ဘုရားသခင်ကိုချစ်သောသူတိုအဘိုအလိုငှာ ဘုရားသခင်ပြင်ဆင်တော်မူသော အရာတိုကို လူမျက်စိဖြင့် မမြင်၊ နားဖြင့်မကြား၊ စိတ်နှလုံးဖြင့် မကြံစည်သေး။ ထိုအရာတိုကို ဘုရားသခင်သည် မိမိဝိညာဉ်တော် အားဖြင့် ငါတိုအား ဖော်ပြတော်မူ၏” (၁ကော ၂း ၉)
၂၂။ သခင်ယေရှုသည် ထိုအကြောင်းအရာနှင့်ပတ်သက်၍ မည်သိုဆိုသနည်း။
“တရားဆုံးဖြတ်တော်မူသောအခါ တောင်ပြည်ကိုအစိုးရသော မိဖုရားသည် ဤလူမျိုးတစ်ဘက်၌ ထ၍ အရှုးခံစေလတ္တံ့။ အကြောင်းမူကား ထိုမိဖုရားသည် ရှောလမုန်မင်းကြီး၏ပညာစကားကို နားထောင်ခြင်းငှာ မြေကြီးစွန်းမှလာ၏။ ဤအရပ်ကား ရှောလမုန်ထက်သာ၍ ကြီးမြတ်သောသူရှိ၏” (မဿဲ ၁၂း ၄၂) ၊
၂၃။ ရှောလမုန်သည် မည်သို့သောအပြစ်ကို ပြုသနည်း။
သူတွင်တစ်ပါးအမျိုးသားဇနီးများစွာရှိသဖြင့် သူတို၏သွေးဆောင်ခြင်းဖြင့် ရုပ်တုကိုးကွယ်ခြင်း ကိုပြု၏။ (၃ရာ ၁၁း ၁-၁၀)
၂၄။’ ထာဝရဘုရားသည် ရှောလုမုန်အား ထိုကိစ္စနှင့်ပတ်သက်၍ မည်သိုဆိုသနည်း၊
မိသားစုအတွက်တစ်ခရိုင်ကိုပေး၍ ကျန်သောနယ်မြေကို သင့်ကျွန်အားပေးမည်ဟုဆို၏။ (၃ရာ၁၁း ၁၁-၁၃)
၂၅ ။ဘုရားသခင်သည် ယခင်က မည်သို ဂတိရှိခဲ့၍အောက်မေ့သနည်း။
“သင်၏ရင်သွေးမှဆင်းသက်သောသားကို ငါချီးေမြှာက်၍ သူ၏နိုင်ငံကိုတည်ထောင်မည်။ ထိုသားသည် ငါ၏နာမအဘို အိမ်ကို ဆောက်လိမ့်မည်။ သူထိုင်သောရာဇပလ္လင်ကို အစဉ်အမြဲငါတည်စေမည်။ ငါသည် သူဧ။်အဘဖြစ်မည်။ သူသည်လည်း ငါ၏သားဖြစ်လိမ့်မည်။” (၂ရာ ၇း ၁၂-၁၄)
၂၆။ ရှောလမုန်သည် ကတိေတာ်များကို ဖောက်ပါသလား။
ရုပ်တုကိုးကွယ်ခြင်းဖြင့် ဖောက်ပါသည်။
၂၇။ ထိုနောက် ရှောလမုန်မည်သို တွေ့ရသနည်း။
နိုင်ငံတော်ကို ပုန်ကန်သူ၊ တိုက်ခိုက်သူများပြားလာ၏။
၂၈။ ရှောလမုန်နှစ်ပေါင်းမည်မျှအုပ်စိုးသနည်း။
နှစ်ပေါင်း – ၄၀
၄၈။ ေရာေဘာင် :'(၃ရာ ၁၂း၁-၂၀)
၁။ ရှောလမုန်မင်းကြီးကွယ်လွန်ပြီး မည်သူနန်းဆက်ခံသနည်း။
ရှောလမုန်၏သား ရောဘောင် နန်းဆက်ခံသည်။
၂။ ရောဘောင်သည် ပညာရှိသော မင်းဖြစ်ပါသလား။
ညံ့ဖျင်းသော ဘုရင်ဖြစ်ပါသည်။
၃။ ညံ့ဖျင်းသော ဘုရင်ဖြစ်ကြောင်း သက်သေရှိပါသလား။
ဖခင်လက်ထက်ကတည်းက အကြံဉာဏ်ကောင်းပေးတတ်သော အသက်ကြီးသူတို၏ စကားကို မလိုက်နာဘဲ မိမိသူငယ်ချင်းများ၏ စကားကိုသာ နားထောင်တတ်သည်။ (၃ရာ ၁၂း၈) ၊
၄။ ရောဘောင်နှင့် သူ၏လူများအကြား မည်သည့် ပြဿနာရှိသနည်း။
ရှောလမုန်မင်းလက်ထက်က လူများသည် အခွန်အတုတ်ကြီးစွာပေးရခြင်းနှင့် အိမ်တော်အတွက် ပင်ပန်းစွာအလုပ်လုပ်ရခြင်းအတွက် ယခုလျှော့ပေါ့ပေးရန် တောင်းဆိုကြ၏။ (၃ရာ ၁၂း၄)
၅။ ရောဘောင်သည် မည်သိုဖြေရှင်းသနည်း။
မလျှော့ဘဲ တိုး၍သာ ခိုင်းစေမည်ဟု ကြမ်းတမ်းစွာဖြင့် ပြန်ပြောသည်။ (၃ရာ ၁၂း၁၄)
၆။ ရောအောင်မည်သို ဆက်၍ ကြုံတွေ့ရသနည်း။
ဣသရေလအမျိုးတိုသည် ပုန်ကန်ကြပြီး ရောဘောင်၌ လူမျိုးနှစ်မျိုးသာ ကျန်ရစ်ကာ ကျန် ၁၀ မျိုးတိုသည် ယေရောေဗာင်အား ရှင်ဘုရင်အပ် ချီးမြှောက်ကြ၏။ (အခန်း ၅၅ တွင် ဆက်လက်ဖတ်ရှုနိုင်၏။)
၄၉။ဣသရေလတို၏ရှင်ဘုရင်ယေရောဗောင်၏နိုင်ငံတော်:-(၃ရာ ၁၁း၂၆-၄၀၊၁၂း၁၅၊၁၄း၂၀၊၁၅း၂၅-၂၈;-)
၁။ ယေရောဗောင်ကားမည်သူနည်း၊
ရှောလမုန်မင်း၏ ကျန်နေဗတ်၏သားဖြစ်ပြီး ဘုရင်ကို ပုန်ကန်ပြီးနောက် အဲဂုတ္တုရှင်ဘုရင်ရှိရှက်ထံသို ပြေး၍ ခိုလှု သည် (၃ရာ ၁၁း၂၆-၄၀)
၂။ ယေရောဗောင်နှင့် ပတ်သက်၍ ထာဝရဘုရားမည်သို မိန့်တော်မူသနည်း။
ပရောဖက်အဟိယအားဖြင့် ယေရောေဗာင်သည် ဣသရေလလူမျိုး ၁၀ မျိုးတိုအား အုပ်ရမည့်အ ကြောင်း ကို ဆို၏။ (၃ရာ ၁၁:၂၉-၃၉)
၃။ အဟိယမည်သို ပြသနည်း၊
အဟိယသည် မိမိဝတ်သော ဝတ်လုံသစ်ကို ကိုင်၍ ၁၂ ပိုင်း ဆုတ်ဖြဲပြီးလျှင် ယေရောေဗာင်အား ပိုင်းပေး၏။(၃ရာ ၁၁း၃၀-၃၁)
၄။ ထိုပရောဖက်ပြောသောအချက် မည်သည့်အခါ၌ ပြည့်စုံသနည်း။
ရောဗောင်လက်ထက်တွင် လူများပုန်ကန်၍ လူမျိုး ၁၀ မျိုးသည် ယေရောဗောင်အား မင်းမြောက် ကြသည်။ (၃ရာ ၁၂း၂၁)
၅။ ယေရောမောင်သည် သူ၏လူများတွက်မသွားစေရန် မည်သို ကြံစည်သနည်း။
နွားသူငယ်အရုပ် ၂ကောင် ပြုလုပ်၍ ဗေသလမြို၌ တစ်ကောင်၊ ဒန်မြို၌ တစ်ကောင်ထား၍ ကိုးကွယ် စေသည်။ (၃ရာ ၁၂း၂၈-၂၉)
၆။သူတိုသည် အခြားသော ဘုရားကို ကိုးကွယ်ရန် ရည်ရွယ်ပါသလား။
မဟုတ်ပါ၊ ယေဟောဝါကိုသာ ကိုးကွယ်ရန် ရည်ရွယ်၏ သိုသော် ဒုတိယပညတ်ကို ဖောက်ဖျက်၍ ရုပ်တု ကိုးကွယ်ခြင်းသည် အပြစ်ဖြစ်၏။
၇။ သူတို၏ ကိုးကွယ်ခြင်း၌ အခြားသော မှားယွင်းချက်ကို ဖေါ်ပြပါ။
လေဝိသားမဟုတ်သော သာမညလူတိုအား ယဇ်ပုရောဟိတ်အရာတွင် ခန့်ပြီး ရုပ်တုများကို ပူဇော်ခြင်း ပြကြ၏။ (၃ရာ ၁၂း၃၀-၃၃၊ ၁၃း၃၃-၃၄)
၈။ ဘုရားသခင်သည် ထိုသူတို၏အပြစ်အတွက် သတိမပေးဘဲ ပစ်ထားပါသလား။
ပရောဖက်ကို စေလွှတ်၍ ယေရောဘောင်အား သတိပေးစေ၏။ (၃ရာ ၁၃း၁-၆)
၉။ ယေရောဗောင်သည် ထိုသတိပေးချက်ကို ကြားသော် မည်သို ပြသနည်း။
သတိလာပေးသောသူအား ဖမ်းဆီးရန် ကြိုးစား၏။
၁၀။ ယေရောေဗာင်၌ မည်သို ဒဏ်ခတ်ခံရသနည်း။
ထိုသူကို ဖမ်းရန် လက်ကို ဆန့်သဖြင့် လက်သည် သွေ့ခြောက်၍ နောက်တဖန် မရုတ်နိုင်(၃ရာ ၁၃း၆)
၁၁။ ယေရောေဗာင်၏ လက်မည်သို ပြန်ကောင်းသွားသနည်း။
ထိုပရောဖက်၏ ဆုတောင်းချက်ကြောင့် ပြန်ကောင်းသွားသည်။ (၃ရာ ၁၃း၆)
၁၂။ ယေရောဗောင် နှစ်ပေါင်းမည်မျှ အုပ်စိုးသနည်း။
၂၂ နှစ်။ (၃ရာ ၁၄း၂၀)
၁၃။ လေရောဗောင် မိသားစုမှ မည်သူတို ထီးနန်းဆက်ခံသနည်း။
သူ၏သား နာဒဒ်သည် ၂ နှစ်ခန့် အုပ်စိုးပြီးနောက် နာဒဒ်ကို ဗာရှာသတ်၏ (၃ရာ ၁၄း၂၀)
၅၀။ ဣသရေလဘုရင်များ [ ဗာရှာ၊ဧလော၊ဇိပရိ]( ၃ရာ ၁၅း၂၇၊၁၆း၂၉)
၁။ ဗာရှာမည်သို ဘုရင်ဖြစ်လာသနည်း။
စစ်ဖြစ်နေစဉ်ကာလ ဗာရှာသည် နာဒဒ်မင်းကို လုပ်ကြံ၍ နန်းတက်လေ၏။ (၃ရာ ၁၅:၂၈)
၂။ ဗာရှာပထမဦးဆုံး မည်သို ဆောင်ရွက်သနည်း။
ယေရောဗောင်အမျိုးရှိသမျှကို လုပ်ကြံ၏။ (၃ရာ ၁၅:၂၉)
၃။ ဗာရှာသည် မည်သိုသော ဘုရင်ဖြစ်ပါသနည်း။
ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ပြု၍ ဣသရေလအမျိုးတိုကို ပြစ်မှားသော လမ်းသိုလိုက်စေ၏။ (၃ရာ ၁၅:၃၄)
၄။ ဗာရှာနောက် မည်သူ နန်းဆက်ခံပါသနည်း။
သူ၏သားဧလာသည် ၂ နှစ်ခန့် အုပ်စိုး၏။ (၃ရာ ၁၆း၈-၁၀)
၅။ ဗာရှာသည် နှစ်ပေါင်းမည်မျှအုပ်စိုးသနည်း။
၂၄ နှစ် (၃ရာ ၁၅း၃၃)
၆၊ ဇိမရိကား မည်သူနည်း။
ဧလာ၏ စစ်ဗိုလ်တစ်ယောက်ဖြစ်၏။ ဧလာယစ်မူးအောင် သောက်နေစဉ် လုပ်ကြံ၍ နန်းထိုင်၏။ (၃ရာ ၁၆း၉-၁၂)
၇။ ဇိမရိသည် အချိန်မည်မျှကြာအောင် အုပ်စိုးသနည်း။
(၇) ရက်ခန့် (၃ရာ ၁၆း၁၅-၂၀)
၈။ ဇိမရိ၏ နိဂုံးချုပ်မည်သို ဖြစ်သနည်း။
ရန်သူများ ဝိုင်းထား၍ လွတ်လမ်းမရှိသောအခါ မိမိနန်းတော်ကို မီးရှိ သဖြင့် ကိုယ်တိုင်သေလေ၏။ (၃ရာ ၁၆း၁၈)
၅၁။ဣသရေလဘုရင်ဩမရိ၏နိုင်ငံ'(၃ရာ ၁၆း၂၁၊၂၂း၄၀၊၄ရာ၁း၁၊၉း၂၆;-)
(က) ဩမရိ (၃ရာ ၁၆း၁၆-၂၈)
၁။ ထိုနောက်မည်သူသည် ဣသရေလနိုင်ငံကို အုပ်စိုးသနည်း။
ဩမရိသည် ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ပြီး ပြည်သားတိုက ဘုရင်အဖြစ် ချီးမြှောက်၏။
၂။ မည်မျှကြာအောင် အုပ်စိုးသနည်း
၁၂ နှစ် ၊
၃။ မည်သည့်အရပ်ကို ဝယ်ယူ၍ ဣသရေလမြိုတော်တည်သနည်း။
ရှမာရိတောင်ကို ဝယ်၍ ရှမာရိမြို့ကို တည်၏။
၄။ ဩမရိသည် ကောင်းသောဘုရင်ဖြစ်ပါသလား။
“ဩမရိသည် ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြုသဖြင့် မိမိရှေ့မှာဖြစ်ဘူးသော သူအပေါင်းထက် သာ၍ ဆိုးညစ်၏”
(ခ) အာဟပ် (၁ရာ ၁၆း၂၉၊ ၂၂း၄၀)
၅။ အာဟပ်ကား မည်သူနည်း။
ဩမရိ၏သားဖြစ်သည်။
၆။ အာဟပ်၏ စာရိတ္တကို ဖေါ်ပြပါ။
နိုင်ငံရေးအရ စွမ်းဆောင်နိုင်သော်လည်း စာရိတ္တအားဖြင့် ဆိုးသွမ်းနိမ့်ကျသော ဘုရင်ဖြစ်၏။ (၃ရာ ၁၆း၃၀-၃၃)
၇။ အာဟပ်၏ဇနီးအမည်ကို ဖေါ်ပြပါ။
ဇိဒုန်မင်းကြီး ဧ သောဗာလသမီး ယေဇဗလဖြစ်၏။ (၃ရာ ၁၆း၃၁)
၈။ ယေဇဗေလသည် မည်သည့် ရုပ်တုကို ကိုးကွယ်သနည်း
ဗာလဘုရားရုပ်တုကို ကိုးကွယ်သည်။
၉။ အာဟပ်လက်ထက်၌ မည်သည့်ပရောဖက်ပေါ်ထွန်းသနည်း။
ဧလိယပေါ်ထွန်းသည်။
(ဂ) ဧလိယ (၃ရာ ၁၇- ၁၉၊ ၄ရာ ၂း၁-၈)
၁၀။ ဧလိယကား မည်သူနည်း။
ဂိလဒ်ပြည် တိရှဘိမြိုသားဖြစ်၏။ ဣသရေနှင့်ယုဒလူတိုအတွက် အကြီးဆုံး ပရောဖက်တစ်ပါး လည်းဖြစ်၏။
၁၁။ သူ၏ အသွင်သဏ္ဌာန်ကို ဖေါ်ပြပါ။
ကြမ်းတမ်းသောရုပ်သွင်၊ သားရေကို ဝတ်လေ့ရှိပြီး ဆိတ်သားရေအကျီရှည်ကို ဝတ်ကာ ခါးပတ်စည်း လေ့ရှိသည်။
၁၂။ ဘုရားသခင်သည် ဧလိယအားဖြင့် အာဟပ်မင်းအား မည်သို ပြောသနည်း။
အင်တန်ကာလပတ်လုံး မိုးမရွာ၊ နှင်းမကျရဟု အာဟပ်မင်းအား မြွက်ဆို၏။ (၃ရာ ၁၇း၁)
၁၃။ ဘုရားသခင်သည် အဘယ်ကြောင့် အစာခေါင်းပါးခြင်းဘေးကို ကျရောက်စေသနည်း။
လူတို၏ အပြစ်ကြောင့်ဖြစ်သည်။ မောရှေကလည်း တရား ၂၈း၁၅-၁၈ တွင် ကြိုတင်ပြောထားခဲ့သည်။
၁၄။ ထာဝရဘုရားသည် ဧလိယအား မည်သည့် နေရာတွင် ခိုလှုံစေသနည်း။
ယောဒန်မြစ်တဘက် ခေရိတ်ချောင်းနားမှာနေစေ၍ တောကျီးကန်းများအားဖြင့် အစာကို ကျွေး၏။ (၃ရာ၁၇း၃-၄)
၁၅။ ချောင်းရေခမ်းခြောက်သောအခါ ထာဝရဘုရားက ဧလိယအား မည်သည့်အရပ်သို ပြောင်းရွေ့စေသနည်း။ ။
ဇိဒုန်ပြည်၊ ဇရဣမြိုသိုသွား၍ မုဆိုးမထံတွင် မှီခိုစားသုံးရန် ညွှန်ကြားသည်။ (၃ရာ ၁၇း၉)
၁၆။ ဧလိယနှင့်တွေ့ဆုံသောအမျိုးသမီးသည် မည်သို ဝမ်းနည်းဖွယ်ရာအလုပ်ကို လုပ်နေရသနည်း။
မ သေမီ နောက်ဆုံးကျန်သေးသည့် အစာကို ချက်စားရန် ထင်းခွေနေ၏။ (၃ရာ ၁၇း၁၂)
၁၇။ ဧလိယရောက်လာခြင်းဖြင့် မုဆိုးမ၌ မည်သို ထူးခြားမှုဖြစ်သနည်း။
ထာဝရဘုရားသည် ဧလိယအားဖြင့် မိန့်တော်မူသောစကားအတိုင်း အိုး၌ရှိသော မုန့်ညှက်မကုန်၊ ဗူး၌ရှိ သော ဆီ မလျှော့ဘဲ အိမ်သားတို အင်တန်ကာလပတ်လုံး စားရကြ၏။ (၃ရာ ၁၇း၁၅-၁၆)
၁၈။ ဧလိယသည် မည်သို အံ့ဩဖွယ်တန်ခိုးကို ဖေါ်ပြသနည်း။
မုဆိုးမ၏သားအတွက် ဘုရားသခင်ထံမှာ ဆုတောင်း၍ အသက်ပြန်ရှင်စေ၏။ (၃ရာ ၁၇း၁၇-၂၄)
၁၉။ ဤအချိန်ကာလတွင် ဣသရေလတို ရုပ်တုကို ကိုးကွယ်သလား၊ ထာဝရဘုရားကို ကိုးကွယ်ပါသလား။
ဗာလဘုရား ရုပ်တုကို ကိုးကွယ်ပါသည်။
၂၀ ။ဗာလဘုရားကို မကိုးကွယ်သော သူတို ရှိပါသလား။
၇ဝဝဝ သော သူတို မကိုးကွယ်ကြပါး (၃ရာ ၁၉း၁၈)
၂၁။ ဩဗဒိကား မည်သူနည်း။ ။
အာဟပ်မင်း၏ နန်းတော်အုပ်ဖြစ်သည်။ (၃ရာ ၁၈း၃)
၂၂။ ဩဗဒိ၏ ထူးခြားသော လုပ်ဆောင်ချက်ကို ဖေါ်ပြပါ။
ဆိုးသွမ်းရက်စက်သော မိဖုရား ယေဇဗေလသည် ထာဝရဘုရား၏ ပရောဖက်တိုကို ပယ်ရှင်းသောအခါ ဩဗဒိသည် ပရောဖက် ၁၀၀ ကို မြေတွင်းထဲမှာ ၅၀ စီ ဝှက်ထားပြီး မုန့်နှင့် ရေကို ပေးခဲ့သည်။ (၃ရာ ၁၈း၄)
၂၃။ ဧလိယသည် အာဟပ်မင်းအား ပြန်ဆုံတွေ့သည်အထိ အစာခေါင်းပါးခြင်းကာလ မည်မျှကြခဲ့သနည်း။
၂ နှစ်ခန့်၊
၂၄။ အာဟပ်သည် ဧလိယကို မည်သို စွပ်စွဲ ပြောဆိုသနည်း။
ဣသရေအမျိုးကို နှောက်ယှက်သောသူဟု စွပ်စွဲသည်။ (၃ရာ ၁၈း၁၇)
၂၅။ အမှန်တကယ် ဣသရေလအမျိုးကို နှောက်ယှက်သူကား မည်သူနည်း။
အာဟပ်မင်းနှင့် ရုပ်တုကိုးကွယ်သောသူများသာဖြစ်၏။
၁၆။ဧလိယသည် မည်သည့် ဘုရားမှန်ကြောင်း မည်သို သက်သေပြသနည်း။
ဗာလဘုရားကို ကိုးကွယ်သူများနှင့် ယှဉ်ပြိုင်၍ ယဇ်ပူဇော်ပြီးကောင်းကင်မှ မီးဖြင့် ယဇ်ကို လောင် စေသည်။ (၃ရာ ၁၈း၁၉-၄၆)
၂၇။ ဧလိယနှင့် ယှဉ်ပြိုင်သောတစ်ဖက်၌ အင်အားမည်မျှရှိသနည်း။
ဗာလဘုရား၏ ပရောဖက် ၄၅၀ က တဖက်၊ ဧလိယက တဖက်ဖြစ်ပါသည်။ (၃ရာ ၁၈း၂၂)
၂၈။ ဧလိယသည် ထိုသူတိုကို မည်သို ပြက်ရယ်ပြုသနည်း။
“ဧလိယက ကျယ်သောအသံနှင့် ဟစ်လော့၊ သင်တို ဘုရားသည် ခရီးသွားနေသလော။ သိုမဟုတ် ကျိန်းစက် ၊ နေသလော”ဟု ပြက်ရယ်ပြု၏။ (၃ရာ ၁၈း ၂၇)
၂၉။ ဧလိယသည် ထိုသူတိုကို ယှဉ်ပြိုင်ရန် လုံလောက်သောအချိန်ရှိပါသလား။
မနက်မှ ညနေအထိအချိန်ပေးပါသည်။
၃၀။ ထိုနောက် ဧလိယမည်သို ပြုသနည်း။
ယဇ်ပလ္လင်ကို ဆောက်၍ ယဇ်ကောင်ကို ပြင်ဆင်ပြီးမှ ယဇ်ကောင်၊ ထင်းနှင့် ယဇ်လလ္လင်ကို ရေနှင့်လောင်းစေပြီး ဖြည်းညင်းစွာ ထာဝရဘုရားထံ ဆုတောင်း၍ မိုးပေါ်မှ မီးကျကာ ယဇ်ကိုလောင်စေ၏။ (၃ရာ ၁၈း၃၄-၄၀)
၃၁။ ထိုသို ခြောက်သွေ့သောအရပ်တွင် ရေကို မည်သိုရသနည်း။
ကရမေလတောင်တွင် မခမ်းခြောက်သော စမ်းရေရှိသည်။
၃၂။ ထိုယှဉ်ပြိုင်ခြင်းတွင် ထာဝရဘုရား၏တန်ခိုးကို မည်သိုတွေ့ရသနည်း
မိုးပေါ်မှ မီးကျ၍ ရေကို ခမ်းခြောက်စေပြီး ယဇ်ကောင်၊ ထင်းနှင့် ကျောက်တိုကို လောင်ကျွမ်းစေသည်။
၃၃။ ထိုသူများ မည်သို ဝန်ခံသနည်း။
လူအပေါင်းတိုသည် မြင်လျင် ပြပ်ဝပ်၍ ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူသည်၏ ဟု ဝန်ခံကြ၏။ (၃ရာ ၁၈း၃၉)
၃၄။ ဗာလပရောဖက်တို့ကို မည်သို ပြုသနည်း။
ဖမ်းဆီး၍ သတ်လေသည်။
၃၅။ ဧလိယသည် အာဟပ်မင်းအား မည်သို ထူးခြားစွာ သတိပေးသနည်း။
ယခင် မိုးခေါင်နေရာမှ မကြာမီအချိန်အတွင်း မိုးသည်းထန်စွာ ရွာတော့မည်ဟု အာဟပ်မင်းအား သတိပေး၏။ (၃ရာ ၁၈း၄၁-၄၆)
၃၆။ ဧလိယ၏ ယုံကြည်ခြင်းသည် မည်သည့်အရာတွင် အခြေခံသနည်း။
ဘုရားသခင်၏ ကတိတော်ကိုသာ ယုံကြည်ခြင်းဖြစ်၏။
၃၇။ မိဖုရား၊ ယေဇဗေလသည် ဗာလပရောဖက်တို အသတ်ခံရကြောင်း ကြားသော် မည်သို ပြောသနည်း။
နက်ဖြန်နေ့ ယခုအချိန်မရောက်မီ ဧလိယကို သတ်ရမည်ဟု ဆို၏။
၃၈။ ဧလိယသည် မည်သည့်အရပ်သို ထွက်ပြေးသနည်း။
ယုဒခရိုင် ဗေရေရှဘမြိုမှ တဆင့် တောထဲသို သွား၏။ (၃ရာ ၁၉း၃)
၃၉။ အဘယ်ကြောင့် ဧလိယအလွန်ကြောက်သနည်း။
စိတ်လှုပ်ရှားခြင်း၊ သူ၏နောက်လိုက်မည့်သူနည်းပါးခြင်းအတွက် ဝမ်းနည်းခြင်း၊ ထွက်ပြေးရသဖြင့် မောပန်းခြင်းတိုကြောင့် အလွန်ကြောက်ရွံခြင်းဖြစ်၏။
၄၀။ ဘုရားသခင်သည် ဧလိယအား မည်သို စောင့်ရှောက်သနည်း။
နှစ်ကြိမ်တိုင်အောင် ကောင်းကင်တမန်များအားဖြင့် မုန့်နှင့် ရေကို ကျွေးမွေး၏။
၄၁။ ထိုအစာသည် ဘယ်နှစ်ရက်စာဖြစ်သနည်း။
ရက်ပေါင်း ၄၀ စာ ဖြစ်သည်။ (၃ရာ ၁၉း၈)
၄၂။ ဧလိယအားပြည့်ပြီးနောက် မည်သည့်အရပ်သို ခရီးပြုသနည်း။
ဟောရပ်တောင်သို ခရီးပြု၏။
၄၃။ ဘုရားသခင်သည် ဧလိယအား မည်သို စကားပြောသနည်း။
ပထမ လေပြင်း၊ ဒုတိယ ငလျင်၊ တတိယ မီးဖြစ်သော်လည်း ထာဝရဘုရားသည် ဖြည်းညှင်းသော အသံဖြင့် ပြောဆို၏။ (၃ရာ ၁၉း၁၁-၁၂)
၄၄။ ယခုခေတ်အခါ ထာဝရဘုရားသည် လူတိုကို မည်သို စကားပြောသနည်း။
လက်တွေ့ ခံစားစေခြင်းဖြင့် ပြောလေ့ရှိသော်လည်း မကြာခဏ ဝိညာဉ်တော်အားဖြင့် နှလုံးသားကို စကား ပြော၏။
၄၅။ ထာဝရဘုရားသည် ဧလိယအား နောက်ထပ် မည်သိုစေခိုင်းသနည်း။
ဘုရင်နှစ်ပါးနှင့် ပရောဖက်တစ်ပါးကို ဘိသိက်ပေး၏။ (၃ရာ ၁၉း၁၅-၁၇)
၄၆။ ဧလီယ၏ ဝတ်လုံအားဖြင့် ဧလိရှဲမည်သို စိတ်ဖြစ်ပေါ်သနည်း။
သူ၏အလုပ်နှင့် မိသားစုကို စွန့်၍ ဘုရားသခင်၏ အမှုတော်မြတ်ကို လုပ်ဆောင်ရန် စိတ်ဖြစ်၏။ (၃ရာ ၁၉း၂၁)
၄၇။ ဧလိယ ဤကမ္ဘာကို မည်သို စွန့်ခွါသနည်း။
ထာဝရဘုရား၏ မီးမြင်းတိုသည် ပေါ်လာ၍ ထိုသူနှစ်ယောက်ကို ခွဲခွါပြီး ဧလိယသ ည် လေေဗွအား ဖြင့် မိုးကောင်းကင်သို တက်လေ၏။ (၄ရာ ၂၁-၁၂)
၄၈။ ဧလိယသည် ဆောင်ယူခြင်းမခံရမီ ဧလိရှဲအား မည်သို ပြောသနည်း။
သင်နှင့် ငါ မကွာမ တစ်စုံတစ်ခုသော ဆုကိုတောင်းလော့ဟု ပြောဆို၏။
၄၉။ ဧလိရှဲ မည်သည့် ဆုကို တောင်းသနည်း ။
ကိုယ်တော်၏ဝိညာဉ်နှစ်ဆသောအဖို့ကို ကျွန်ုပ်အပေါ်မှာ ရှိပါစေသောဟု တောင်း၏။ (၄ရာ ၂း၉)
၅၀။ ထိုဆုကို ရပါသလား။
ရပါသည်။
၅၁။ ဧလိရှဲ ထိုဝတ်ရုံကို မည်သို သုံးသနည်း။
ယောဒန်မြစ်ကို ထိုအဝတ်ဖြင့် နှစ်ပိုင်းခွဲပြီး ဖြတ်ကျော်၏။
၅၂။ ဧလိယ မည်သည့်အရာကို ထားရစ်ခဲ့သနည်း၊
သူ၏ သိုးရေဝတ်ရုံကို ထားရစ်ခဲ့၏။ (၄ရာ ၂း၁၃)
၅၃။ ဧလိရှဲသည် အခြား ပရောဖက်များထက် မည်သို ထူးခြားသနည်း
ဧလိယ၏ ဝိညာဉ်သည် ဧလိရှဲ အပေါ်သို သက်ရောက်၏။
၅၄။ ထိုသူတိုသည် ထိုအဖြစ်ကို မယုံကြောင်း မည်သို သက်သေတွေ့ရသနည်း
ထိုသူတိုသည် ဧလိယကို ရှာရန် လူငါးကျိပ်ကို ၃ ရက်စေလွှတ်၏။ (၄ရာ ၂း၁၇)
၅၅။ နောက်ဆုံး ထိုသူတိုအား ဧလိရှဲ လက်လျှော့ပါသလား။
ရှာလိုသော သူတိုအား ဧလိယလက်လျှော့ပြီး ရှာခွင့် ပြုခဲ့သည်။
(ဃ) အာဟပ်ဘုရင်၏ နောက်ပိုင်းရာဇဝင်
၅၆။ ထိုအချိန်က ဣသရေလတို၏ အဓိက ရန်သူကားမည်သူနည်း။
ရှရိလူမျိုးနှင့် သူတို၏ ဘုရင်ဗဟာ်ဒဒ်ဖြစ်သည်။
၅၇။ ဆီးရီးယားနိုင်ငံ၏ မြိုတော်ကို ဖေါ်ပြပါ
ဒမတ်စကတ်မြို့ဖြစ်၏။
၅၈။ဘုရင်ဗဟာ် ဒဒ်သည် ဣသရေလတိုအပေါ် မည်သို အကြံအစည်ရှိပါသနည်း။
ဘုရင်ဗဟာ်ဒဒ်သည် အမိန့်ဖြင့် တစ်ခုပြီးတစ်ခု တောင်းခံပြီး နောက်ဆုံး ဣသရေလနိုင်ငံကို ရသည်အထိ တောင်း၏။ (၃ရာ ၂၀-၁၀)
၅၃။ ဘုရင်အာဟပ်က အလျှော့ပေးပါသလား။
ပထမပိုင်းတွင် လျှော့ပေးသော်လည်း နောက်ပိုင်း၌ ပြန်၍ တွန်းလှန်ရန် ဆုံးဖြတ်၏။
၆၀။ ဘုရင်အာဟပ် မည်သို ဥပမာစကားကို ပြန်ပြောခဲ့သနည်း။
လက်နက်စုံကို ချွတ်သောသူသည် ဝါကြွားသကဲ့သို ဝတ်ဆင်သောသူသည် မဝါကြွားစေနှင့် ဟု ပြန်ပြော၏။
၆၁။ ထိုနောက် မည်သို ဖြစ်လာသနည်း။
လူအနည်းငယ်ကို စေလွှတ်၍ ယစ်မူးနေသော ဗဗဟာ်ဒဒ်နှင့် မှူးမတ်တိုအား အရင်တိုက်စေပြီးမှ ဣသရေလ ရှင်ဘုရင် နှင့် မြင်းတပ်၊ ရထားတပ်တိုဖြင့် နောက်မှ လိုက်၍ တိုက်ခိုက်ချေမှုန်း၏။ (၃ရာ ၂၀း၁၃-၂၁)
၆၂၊ စစ်ပွဲထိုမျှနှင့် ပြီးပါသလား။
နောက်ပိုင်း ဆက်ဖြစ်၏။ (၃ရာ ၂၀း ၂၂-၄၃)
၆၃။ နာဗုတ်ကား မည်သူနည်း။
အာဟပ်၏ နန်တော်အနီးရှိ စပျစ်ဥယျာဉ်ကို ပိုင်သောသူဖြစ်၏။ (၃ရာ ၂၁)
၆၄။ နာဗုတ်သည် သူ၏ဥယျာဉ်ကို အဘယ်ကြောင့် အာဟပ်အား မပေးသနည်း။
မောရှေ၏ ဥပဒေအတိုင်း သူသည်လည်း မိဘစဉ်ဆက်မှ အမွေခံရထားသော မြေဖြစ်သော ကြောင့်ဖြစ်၏။ “မြေကို သူတပါးအစဉ်ပိုင်စေခြင်းငှါ မရောင်းရ၊ မြေသည် ငါ့ဥစ္စာဖြစ်၏။ သင်တိုသည် ငါ၌တည်သော ဧည့်သည် အာဂန္တုဖြစ်ကြ၏။ သင်တိုသည် မြေကိုပိုင်လေရာရာ၌ ရွေးနှုတ်ရသောအခွင့်ကို ပေးရကြမည်။ (ဝတ် ၂၅:၂၃-၂၄)
၆၅။ မိဖုရားယေဇဗေလသည် မည်သို ကောက်ကျစ်သောအကြံကို ကြံစည်သနည်း။
နာဗုတ်ကို သတ်၍ သူ၏စပျစ်ဥယျာဉ်ကို သိမ်းရန် ကြံစည်၏။
၆၆။ဘုရားသခင်သည် သူတို၏ ရက်စက်ခြင်းကို မေ့လျှော့ပါသလား။ မမေ့လျော့ပါ။ ထာဝရဘုရားသည် ဧလိယအားဖြင့် မိန့်တော်မူသည်ကား သင်သည် လူအသတ်ကို သတ်၍သူ့ဥစွာကိုသိမ်းယူပြီလော။ တဖန် မိန့်တော်မူသည်ကား ခွေးတိုသည် နာဗုတ်၏ အသွေးကိုလျက်သော အရပ်၌ သင့်အသွေးကိုပင် လျက်ကြလိမ့်မည်ဟု မိန့်တော်မူ၏။ (၃ရာ ၂၁း၁၉)
၆၇။ အာဟပ်သည် ထိုစကားတော်ကို မည်သို ခံယူသနည်း။
သူ၏အပြစ်ကိုဝန်ချေတာင်းပန်ခြင်း၊လျော်တေအဝတ်ကိုဝတ်ခြင်း၊အစာရှောင်ခြင်းဖြင့်နောင်တစိတ်ကို ပြ၏။ (၃ရာ ၂၁း ၁၇)
၆၈။ မည်သည့် ရန်သူသည် ဣသေရလတိုနှင့် တိုက်ခိုက်သနည်။
ရှုရိလူတိုဖြစ်သည်။ (၃ရာ ၂၂း၁-၄၀)
၆၉။ မည်သည့်အရပ်ဒေသအတွက် စစ်ဖြစ်ရသနည်း။
ဂိလဒ်ပြည် ရာမုတ်မြိုကို ပြန်ရရန်အတွက် ဖြစ်သည်။ (၃ရာ ၂၂း၃)
၇၀။ အာဟပ်မည်သူနှင့် မိတ်ဖွဲ့သနည်း။
ယုဒရှင်ဘုရင်မောရှဖတ်နှင့် မိတ်ဖွဲ၏။
၇။ ယောရှဖတ်သည် စစ်မထွက်မီ မည်သည့်အရာကို လိုသနည်း။
ဘုရားသခင်၏ အလိုတော်ကို သိချင်သောဆန္ဒရှိ၏။
၇၂၊ အာဟပ်၏ ပရောဖက်များ မည်သို ပြောသနည်း။
စစ်ပွဲသို သွားသင့်ကြောင်း ဘုရားသခင်အတူ ရှိမည်ဟု ဖေါ်ပြ၏။
၇၃။ သူတို၏ ပြောကြားချက်ကို သဘောတူကြပါသလား။
ပရောဖက်အားလုံးသဘောတူသော်လည်း မိက္ခာသဘောမတူပါ။
၇၄။ မိက္ခာသည် မည်သိုသော ရူပါရုံမြင်သနည်း။
ထာဝရဘုရားသည် ပလ္လင်ပေါ်မှာ ထိုင်နေတော်မူသည်ကို၄င်း၊ ကောင်းကင်ဗိုလ်ခြေအပေါင်းတိုသည် လက်ျာဘက် လက်ဝဲဘက်၌ ရပ်နေကြသည်ကို မြင်၏။ (၃ရာ ၂၂း၁၉)
၇၅။ အာဟပ်သည် မိက္ခာ၏ ပြောဆိုချက်များမှ လွှဲဖယ်ရန် မည်သို ကြံစည်သနည်း။
အာဟပ်သည် ခြားနားသော အယောင်ဆောင်၍ စစ်ပွဲသို ဝင်၏ (၃ရာ ၂၂း၃၀)
၇၆။ အာဟပ်အသတ်ခံရပါသလား။
မြှားသည် သံချပ်အကျီအကြားမှ မှန်၍ သေ၏။ (၃ရာ ၂၂း၃၄)
၇၇။ ဧလိယသည် ၃ရာ ၂၁း၁၉ တွင် မည်သို ဆိုခဲ့သနည်း။
ခွေးတို့သည် နာဗုတ်အသွေးကို လျက်သောအရပ်၌ သင့်အသွေးကို လျက်ကြလိမ့်မည်ဟု ဆိုခဲ့၏။ (ဆိုခဲ့သည့်အတိုင်းဖြစ်ရ၏။
(င) အာခဇိမင်း(၃ရာ ၂၂း၅၁-၅၃၊၃ ရာ ၁)
၇၈။ အာဟပ်သား မည်သူနန်းဆက်ခံပါသနည်း။
အာခဇိနန်းဆက်ခံ၏။
၇၉။ အာခဇိမင်း၏ အကျင့်စာရိတ္တကို ဖေါ်ပြပါ။
ကောက်ကျစ်သောသဘောရှိ၏။ ရုပ်တုကို ကိုးကွယ်၏။
၈၀။ သူသည်မည်သို့သော မတော်တဆမှုကို ကြုံရသနည်း။
ရှမာရိမြို အထက်အခန်းပြတင်းပေါက်မှ ကျ၍ နာ၏။ (၄ရာ ၁း၂)
၈၁။ သူ၏ဝေဒနာမှ ပြန်ကောင်းရန် မည်သို ပြသနည်း။
ဧကြုန်မြို့၏ ရုပ်တုဘုရား ဗာလဇေဗုပ်ထံသို သံတမန်ကို စေလွှတ်၏။
၈၂။ ဧလိယသည် ထိုသူတိုအား မည်သို ပြောသနည်း
ဘုရင်၏ ရောဂါသည် ပြန်မကောင်းရ။ အဘယ်ကြောင့်ဆိုသော် ထာဝရဘုရားနှင့် ပရောဖက်တို ကိုမေ့လျှော့သောကြောင့် ဖြစ်၏ ဟု ဆို၏။ (၄ရာ ၁-၆)
၈၃။ အာခဇိမင်း မည်သို စီစဉ်သနည်း။
စစ်သည်များကို စေလွှတ်၍ ဧလိယကို ဖမ်းစေ၏။
၈၄။ အာခဇိစေလွှတ်သောသူတို၌ မည်သိုဖြစ်သနည်း။
ပထမအုပ်စုနှင့် ဒုတိယအုပ်စုတိုအပေါ်သို ကောင်းကင်မှ မီးကျ၍ လောင်ကျွမ်းသေဆုံးကြ၏။ တတိယအုပ်စုခေါင်းဆောင်သည် ဧလိယအား ကောင်းစွာ နှိမ့်ချပြောဆိုသဖြင့် ဧလိယ ရှင်ဘုရင်ထံ လိုက်သွား၏ (၄ရာ ၁း၈-၁၅)
(စ) ယောရံ (၄ရာ ၃း၁-၂၇၊၈ ၂၈-၂၉၊ ၉း၁၆- ၂၆)
၈၅။ အာခဇိမင်းနောက် ဣသရေလလူတိုကို မည်သူအုပ်ချုပ်သနည်း။
သူ့တွင် သားသမီးမရှိသဖြင့် ညီတော် ယောရံ နန်းဆက်ခံ၏။ (၄ရာ ၁း၁၇၊ ၃း၁)
၈၆။ ယောရံမင်း၏ အကျင့်စရိုက်ကို ဖေါ်ပြပါ။
ခမည်းတော်လုပ်သော ဗာလရုပ်တုကို ပယ်သော်လည်း ယေရောေဗာင် ပြုသော ဒုစရိုက်ကို မှီဝဲ၏။ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြု၏။ (၄ရာ ၃း၂၃)
၈၇။ ယောရံသည် ဘုရင်ယောရှဖတ်နှင့် ဆက်လင်မိတ်ဖွဲပါသလား။
ဆက်၍ မိတ်ဖွဲပါသည်။ (၄ရာ ၃း၇)
၈၈။ သူတို မည်သူ့ကို တိုက်ရန် စစ်ပြင်ဆင်သနည်း။
မောဘပြည်ကို စစ်တိုက်ရန် ပြင်ဆင်သည်။
၈၉။ ဧလိရှဲထံသို အဘယ်ကြောင့် လူကို စေလွှတ်သနည်း။
မောဘလူတိုကို နိုင်မနိုင် သိလို၍ ဖြစ်သည်။
၉၀။ ဘုရားသခင်သည် သူတိုဖက်၌ မည်သို ပါဝင်သနည်း။
ရန်သူတိုအား ရေပေါ်မှာ နေရောင်ထင်၍ အသွေးများကို မြင်စေပြီး စိတ်နှလုံးကို လှည့်စားသဖြင့် ရန်သူတပ်များ ရှုးနှိမ့်ရသည်။ (၄ရာ ၃း၂၀-၂၇)
၉၁။ မောဘဘုရင်သည် ကြောက်လန့်၍ သူတိုရုပ်တုများအား မည်သို ယဇ်ပူဇော်သနည်း။
မိမိနောက်မှ နန်းထိုင်ထိုက်သော သားဦးကို ယူ၍ မြိုရိုးပေါ်မှာ မီးရှိရာယဇ်ကို ပူဇော်၏(၄ရာ ၃း၂၇)
၉၂။ မောဘဘုရင်သည် ရှုးနှိမ့်ခြင်းအတွက် မည်သို လက်စားချေရန် ကြိုးစားသနည်း။
ဘုရင်ယောရှုဖတ်ကို စစ်တိုက်ရန် ကြိုးစား၏ (၆ရာ ၂၀း၁)
၉၃။ ယောရံနှစ်ပေါင်းမည်မျှ အုပ်စိုးသနည်း။
၁၂ နှစ် (၄ရာ ၃း၁၊ ၉း၂၉)
၉၄။ ယောရံ၏နောက်ဆုံးနေ့အကြောင်း ဖေါ်ပြပါ။
ယေဟုသည်လည်း လေးကိုတင်၍ ပစ်သဖြင့် ယောရံကို ပုခုံးကြားမှာ မှန်လေဧ။်။မြှားသည်နှလုံးကုိ ထုတ်ချင်းေဖာက်၍ ယောရံသေလေ၏။ (၄ရာ ၉း၂၄)
၅၂။ ပရောဖက်ဧလိရှဲ (၄ရာ ၂း၁၉-၂၅၊၃း၁၁-၁၉၊၄း၁-၁၅၊၉း၁၊၁၃း၁၄-၂၁ )
၁။ ဧလိရှဲသည် ယော်ဒန်မှ မည်သည့် မြိုသို ပြန်လာသနည်း။
ယေရိခေါ (၄ရာ ၂း၁၅-၂၈)
၂။ ယေရိေခါမြိုသားတို၌ မည်သိုသော ကြီးမားသည့်အခက်အခဲရှိပါသနည်း။
ရေသည် သောက်သုံးရန်မကောင်း၊ မြေသည်လည်း ကိုယ်ဝန်ပျက်စေတတ်၏။(၂ရာ ၂း၁၅-၂၁)
၃။ ဧလိရှဲသည် ရေကို မည်သို ကောင်းမွန်အောင် ပြုလုပ်သနည်း။ ။
စမ်းရေတွင်းကို ဆားခတ်လျက် ထာဝရဘုရားသခင်၏ အမိန့်တော်အားဖြင့် ရေကို ချိုစေ၍ မြေကိုကောင်း စေ၏။ (၄ရာ ၂း၂၁)
၄။ ဗေသလမြို့ အပြန်လမ်းတွင် မည်သူက လှောင်ပြောင်သနည်း။
အသက် ၁၅ မှ ၁၈ ကြား လုလင်ပျိုတို့ဟု ခန့်မှန်းရသည်။ (၄ရာ ၂း၂၃-၂၆)
၅။ ထိုလှောင်ပြောင်သူတို မည်သည့် ပြစ်ဒဏ်ခံရသနည်း။
တောထဲမှ ဝံမနှစ်ကောင်ထွက်လာ၍ လုလင်ပျို လေးကျိပ် ၂ယောက်တိုကို ကိုက်သတ်လေ၏။ (၄ရာ ၂း၂၄)
၆။ မည်သူသည် ဧလိယထံမှ အကူအညီတောင်းသနည်း။
ပရောဖက်တစ်ဦး၏ မယားတစ်ယောက် (၄ရာ ၄း၁ )
၇။ ထိုမုဆိုးမ၏ အခက်အခဲကို ဖေါ်ပြပါ။
ခင်ပွန်းသေဆုံးသောအခါ ကြွေးရှင်သည် သားနှစ်ယောက်ကို အကြွေးအတွက် ကျွန်ခံရန် လာခေါ်၏။
၈။ ဧလိရှဲသည် ထိုမုဆိုးမအား မည်သို ပြုလုပ်စေသနည်း။
အိမ်နီးချင်းများထံမှ အိုးအလွတ်များကို ငှါးပြီး အိမ်မှာရှိသော ဆီဗူးမှ ဆီကို အိုးများ၌ ဖြည့်ရန် မှာကြား၏။
၉။ဗူးထဲမှ ဆီသည် အိုးများအားလုံးကို ဖြည့်ရန် လုံလောက်မှုရှိပါသလား၊
အိုးအလွတ်မကျန်သည်အတိ ဗူးထဲမှ ဆီထွက်၏။
၁၀။ ထိုဆီသည် မည်သည့်ဥပမာကို ဆောင်သနည်း။
သန့်ရှင်းသောဝိညာဉ်တော်ကဲ့သို ဖြစ်၍ ကျွန်ုပ်တို ခံယူနိုင်သမျှ ပြည့်သည်အထိ ဖြည့်ဆည်းပေးသည်။ ကျွန်ုပ်တို မည်မျှခံယူမည်နည်းဆိုသည်ကို အဓိပ္ပါယ်ဆောင်၏။
၁၁။ရှုနင်မြိုမှ ထင်ရှားသော မိန်းမတစ်ယောက်သည် ဧလိရှဲအား မည်သို ပြုသနည်း၊
ဧလိရှဲသည် ဘုရားသခင်၏ လူဖြစ်ကြောင်းကို သိသဖြင့် ဤလမ်းကို ဖြတ်သွားသည့်အခါခါ တည်းခိုနေနိုင်ရန် အခန်းကို ပြင်ဆင်ပေးသည်။ (၄ရာ ၄း၈-၁၂)
၁၂။ဧလိရှဲအပေါ် စေတနာထားသဖြင့် သူတိုအား ဘုရားသခင် မည်သည့်ဆုကို ပေးသနည်း၊
သားရတနာဆုကို ပေးသနား၏။ (၄ရာ ၄း၁၆)
၁၃။ ထိုသား၌ မည်သို ဖြစ်သနည်း။
ထိုသားသည် ခေါင်းနာသော ရောဂါဖြင့် သေ၏။ (၄ရာ ၄း၁၉-၂၀)
၁၄။ မိခင်သည် မည်သို စီစဉ်သနည်း။
ဧလိရှဲရှိရာ ကရမေလတောင်သို ချက်ခြင်းလိုက်သွား၏။
၁၅။ ကလေး၏ အသက်အတွက် ဧလိရှဲမည်သို ပြုသနည်း။
တပည့် ဂေဟာဇိအား တောင်ေဝှးကို ပေး၍ သူငယ်၏မျက်နှာပေါ်တွင် တင်ရန်စေလွှတ်၏။ သိုသော် ထူးခြားမှု မရှိပါ။ (၄ရာ ၄း၂၈-၃၁)
၁၆။ ထိုနောက် ဧလိရှဲမည်သို ပြုသနည်း။
သူငယ်ပေါ် အိပ်လျက် ဘုရားသခင်ထံ ဆုတောင်းသော် သူငယ်အသက်ပြန်ရှင်၏။ (၄ရာ ၄း၃၄-၃၅)
၁၇။ နေမန်ကား မည်သူနည်း။
ရှုရိရှင်ဘုရင်၏ ဗိုလ်ချုပ်ကြီးဖြစ်ပြီး နူနာစွဲနေ၏။ (၄ရာ ၅း၁)
၁၈။ ဣသရေလလူမျိုးမိန်းမငယ်သည် သူ၏ သခင်အတွက်မည်သို ပြုသနည်း။
ရှမာရိမြိုရှိ ပရောဖက်ဧလိရှဲသည် နေမန်၏ နုနာကို ပျောက်စေနိုင်ကြောင်းပြော၏။
၁၉။ နေမန်သည် ဣသရေလနိုင်ငံသို သွားပါသလား။
ရှုရိဘုရင်ထံမှ စာဖြင့် ဣသရေလရှင်ဘုရင်ထံသို သွားပြီး ဧလိရှဲနှင့် တွေ့၏။ (၄ရာ ၅:၅-၁၄)
၂၀။ ဧလိရှဲသည် နေမန်ကို လက်ခံပါသလား။
ဧလိရှဲက သင်သည် သွား၍ ယော်ဒန်မြစ်၌ ခုနှစ်ကြိမ်ရေချိုးလော့။ အသားပြောင်း၍ သန့်ရှင်းလိမ့် မည်ဟု လူကို စေလွှတ်၍ ပြော၏။
၂၁။ နေမန်သည် မည်သို စိတ်ထဲ၌ မျှော်လင့်ထားသနည်း။
နေမန်က သူ၏ဂုဏ်၊ ဘုရင်၏ စာအားဖြင့် ဧလိရှဲသည် သူ့အား ကောင်းစွာ လာရောက်တွေ့ဆုံပြီး ဘုရားသခင်ထံ ဆုတောင်းပြီး အနာပျောက်စေမည်ဟု မျှော်လင့်၏။
၂၂။ သူသည် ညွှန်ကြားချက်အတိုင်း လုပ်ပါသလား။
သူ၏ မာနနှင့် ဂုဏ်မောက်ခြင်းသဘောရှိသော်လည်း ကောင်းသောအကြံဉာဏ်ကို လက်ခံ၍ ညွှန်ကြားချက် အတိုင်းလုပ်ဆောင်သဖြင့် ရောဂါပျောက်၏။
၃။ ထိုအချင်းအရာမှ မည်သိုသော သင်ခန်းစာယူနိုင်သနည်း။
” ဘုရားနှင့် ဘုရား၏ အမှုတော်ဆောင်များကို ရိုသေတတ်ရန် လိုသည်
၂၄။ နုနာနှင့်ပတ်သက်၍ ကျမ်းစာတွင် မည်သို ဆိုထားသနည်း။
အပြစ်ကြောင့် ဖြစ်သော ရောဂါဟု ဆိုသည်။
၂၅။ အိမ်ဖေါ်အမျိုးသမီးလေးသည် သူ၏ သခင်အတွက် ဤမျှဆောင် ရွက်ပေးနိုင်လျှင် ကျွန်ုပ်တိုရော သူတစ်ပါးအတွက် ဆောင်ရွက်ပေးနိုင်ခြင်း ရှိပါသလား။
ကျွန်ုပ်တို ကူညီမစနိုင်သည်။ ကျွန်ုပ်တို၏ အချိန်၊ ဥစ္စာ၊ ဘုရားသခင်အကြောင်းတိုကို ဝေမျှနိုင်သည် သာမက ဆု တောင်းပေးနိုင်သည်။
၂၆။ ဧလိယ၏ ကျွန် ဂေဟာဇိသည် မည်သို အပြစ်ပြုမိသနည်း။
လိမ်လည်ခြင်းနှင့် ဘုရားသခင်ကို စုံစမ်းခြင်း အပြစ်ကို ပြုမိ၏၊ (၄ရာ ၅း၂ဝ-၂၇)
၂၇ ။ဂေဟာဇိမည်သို အပြစ်ဒဏ်ကို ခံရသနည်း။
ဂေဟာဇိသည် နူနာစွဲ၍ မိုးပွင့်ကဲ့သို ဖြူလျက် သခင့်ထံမှ ထွက်သွားရ၏။ သူသည် သီးခြားသွားနေရ၏။ (၄ရာ ၅:၂၇၊ ဝတ် ၁၃း၄၅-၄၆)
၂၈။ ဧလိရှဲသည် သူ၏နိုင်ငံအတွက် မည်သို ပြုလုပ်ပေးသနည်း။
ဧလိယသည် ဘုရားသခင်၏ ကူညီမစမှုဖြင့် ဣသရေလလူတိုကို ရှုရိတပ်များလက်မှ လွတ်မြောက်ရန် လမ်းညွှန်မှု ပေးခဲ့သည်။ (၄ရာ ၆း၈-၁၂)
၂၉။ ထိုအခါ ရှုရိရှင်ဘုရင် မည်သိုဖြစ်သနည်း။
ရှရိရှင်ဘုရင်သည် အခက်ကြုံရပြီး သူ့ဘက်၌ သစ္စာဖေါက်တစ်ယောက်ယောက်ရှိသည်ဟု ထင်၏။
၃၀။ ရှုရိရှင်ဘုရင် မည်သို ကြံစည်သနည်း။
ဧလိရှဲကို စုံစမ်း၍ ဖမ်းဆီးရန် စီစဉ်သည်။ (၄ရာ ၆း၁၃-၂၃)
၃၁။ ဧလိရှဲ၏ တပည့်သည် ရှုရိတပ်ကို တွေ့သောအခါ မည်သိုဖြစ်သနည်း။
ထိုသူသည် အလွန်ကြောက်ရွံ ၏။
၃၂။ အဘယ်ကြောင့် ဧလိရှဲ မကြောက်ရသနည်း။
ဧလိရှဲသည် ထာဝရဘုရား၌ ယုံကြည်စိတ်ချမှုရှိသောကြောင့် ဖြစ်သည်။
၃၃ ။ဧလိရှဲသည် သူ၏တပည့်အား မည်သို ပြန်ရဲရင့်စေသနည်း။
ဧလိရှဲဆုတောင်းသည့်အတိုင်း ထာဝရဘုရားသည် ထိုလူလင်၏ မျက်စိကို ဖွင့်တော်မူသဖြင့် ဧလိရှဲ ပတ်လည်၌ တစ်တောင်လုံးသည် မီးမြင်း၊ မီးရထားနှင့်ပြည့်သည်ကို မြင်၍ ရဲရင့်ခြင်းရှိ၏။” (၄ရာ ၆း၁၇) “ထာဝရဘုရားကို ကြောက်ရွံသောသူတို ပတ်လည်၌ ကောင်းကင်တမန်တိုသည် တပ်ချ၍ ကယ်လွှတ်တတ် ကြ၏” (ဆာလံ ၃၄း၇)
၃၄၊ နောက်ဆုံး၌ မည်သို ဖြစ်သနည်း။
ရန်သူတိုသည် မျက်စိကန်းကုန်သဖြင့် ထိုသူတိုကို ရှမာရိဘုရင်ထံ လမ်းလွှဲ၍ ပိုလိုက်၏။
၃၅။ ထိုအဖြစ်အပျက်အားဖြင့် ရန်သူတိုသည် သင်ခန်းစာရပါသလား။
ထိုသို ဖြစ်ပြီးနောက် ကြောက်ရွံ၍ အချိန်ကြာမြင့်စွာ ဣသရေလတိုအား စစ်မတိုက်ဘဲ နေ၏။
၃၆။ သူတို ဣသရေလလူတိုကို စစ်ပြန်တိုက်သော် မည်သို ကြုံတွေ့ရသနည်း။
ရန်သူသည် ရှမာရိမြိုကို အချိန်ကြာမြင့်စွာ ဝိုင်းထားပြီး အစာခေါင်းပါးစေ၏။ (၄ရာ ၆း၄၊ ၇း၂၀)
၃၇။ ဣသရေလရှင်ဘုရင် မည်သို ကြံစည်သနည်း။
ဧလိရှဲကို သတ်ရန် ဆုံးဖြတ်သည်။ (၄ရာ ၆း၃၁)
၃၈။ ဧလိရှဲသည် ဘုရင်အား မည်သို အဖြေပေးသနည်း။
တစ်ရက်အတွင်း အစားအသောက်ပြန်၍ ပေါများမည်ဟု ပြောကြား၏။ (၄ရာ ၇း၁၂)
၃၉။ အမတ်သည် မယုံကြည်သော စကားကို မည်သို ဆိုသနည်း။
ထာဝရဘုရားသည် မိုးကောင်းကင်တံခါးပေါက်ကိုဖွင့်၍ အစာချပေးမှသာ ဖြစ်နိုင်မည်ဟု လှောင်ပြောင်၏။
၄၀။ ထိုသူအား ဧလိရှဲမည်သို ဆိုသနည်း။
သင်သည် ကိုယ်မျက်စိနှင့် မြင်ရသော်လည်း မစားရဟု ပြန်ပြော၏။
၄၁။ မည်သို အံ့ဩဖွယ်ပြောင်းလဲမှု ဖြစ်ပေါ်လာသနည်း။
ထာဝရဘုရားပြုတော်မူသဖြင့် ရှုရိလူတိုသည် ရထားစီးသူရဲမြင်းစီးသူရဲများစွာတို၏ စစ်ချီသံကို ကြားရသဖြင့် ကြောက်လန့်ပြီး မိမိတို ပစ္စည်းများနှင့်အစာရေစာများကို ထားရစ်ကာ ထွက်ပြေးကြ၏။ (၄ရာ ၇း၆-၇) ၊
၄၂။ ဧလိရှဲ၏ ပြောဆိုချက်သည် ထိုအမတ်၌ မည်သိုပြည့်စုံသနည်း။
ထိုအမတ်သည် မြိုတခါးတွင် တာဝန်ကျစဉ် လူများစွာတိုသည် အစာရေစာအတွက် ထွက်ဝင်သောအခါ နင်းမိ၍ အသက်ဆုံး၏။ (၄ရာ ၇း၁၇)
၄၃။ ဧလိရှဲ၏ ဆောင်ရွက်ချက်များ ရှိပါသေးသလား။
ဧလိရှဲသည် ဒမာသက်မြို၌ ရှိစဉ် ဟာေဇလဘုရင်ဖြစ်မည်အကြောင်း၊ ဖေါ်ပြခဲ့၏။ (၄ရာ ၈း၇-၁၅)” ဘုရင်ေယာရံ၏နောက် နန်းဆက်ခံရန် ယောရှုဖတ်သား ယေဟုထံ ပရောဖက်တစ်ဦးကို စေလွှတ်၍ ဘိသိက်ပေး စေသည်။ (၄ရာ ၉း၁-၂) ထိုနောက် ဧလိရှဲသည် သေဆုံးသည်အထိ တိတ်ဆိတ်စွာနေခဲ့၏။
၅၃။ ယေဟုမင်းအုပ်စိုးခြင်း (၄ရာ ၉း၁၊၁၀း၃၆၊၁၃း၁-၂၅၊၁၄း၈-၁၆၊၂၃-၂၉၊၁၅း၈-၁၂)
(က) ယေဟုမင်း (၄ရာ ၉း၁၊ ၁၀း၃၆)
၁။ ယေဟုကား မည်သူနည်း။
ဣသရေလတပ်၏ စစ်ဗိုလ်ဖြစ်ပြီး ဂိလဒ်ပြည် ရာမုတ်မြိုတွင် နေသည်။
၂။ ယေဟုထံသို မည်သူရောက်လာသနည်း။
ဧလိရှဲစေလွှတ်သော အမျိုးသားတစ်ယောက်သည် ရောက်လာ၍ ဘုရင်ဖြစ်ရန် ဘိသိက်ပေးသည်။
၃။ ယောရံမင်းသည် မည်သည့်အရပ်တွင် ရှိသနည်း
ယေဇရေလမြို၌ ရှိနေ၏။
၄။ ယောရံထံသို့ မည်သူအလည်လာသနည်း။
သူ၏တူ ယုဒရှင်ဘုရင်အာခဇိလာ၏။ (၄ရာ ၉း၁၆၊ ၈း၁၆-၁၈)
၅။ ယေဟုမည်သို ကြံစည်ပြုလုပ်သနည်း။
ယေဇရေလမြိုသို ချက်ခြင်းသွား၍ ယောရံနှင့် အာခဇိကို သတ်ပြီးမှ မြိုသိုဝင်၏။ (၄ရာ ၉း၁၃-၃ဝ)
၆။ ယေဇဗေလ မည်သို အသတ်ခံရသနည်း။
ပြတင်းပေါက်မှ တွန်းချခံရ၍ သေဆုံး၏။ (၄ရာ ၉:၃၀၂-၃၃၊ ၃ရာ ၂၁:၂၃)
၇။ ယေဇဗေလကို မည်သိုယှဉ်၍ ဥပမာစကားများ ပြောနိုင်သနည်း။
မှန်ကန်သော ကိုးကွယ်ခြင်းမရှိသည့် ဘုရာကျောင်း၊ မှန်ကန်သော ဘုရားကိုမကိုးကွယ်သူနှင့် မှားသော လမ်းသို သွေးဆောင်သောသူတိုကို ယေဇလနှင့် နှိင်းယှဉ်နိုင်၏။ (ဗျာ ၂:၂၀၊ ၂၂၊ ၁၇၊ ၁၈၊ ၁၉း၁-၃)
၈။ ယေဟု မည်သို ဆက်လုပ်သနည်း။
အာဟပ်မင်း၏ မိသားစုများကို သတ်၏။ ဗာလဘုရားကို ကိုးကွယ်သော ပရောဖက်များကို သတ်၍ ရုပ်တုတိုကို ဖျက်ဆီး၏။ (၄ရာ ၁၀း၁-၂၈)
၉။ ယေဟု၏ အကျင့်စာရိတ္တကိုဖော်ပြပါ။
ဗာလရုပ်တုတိုကို ဖျက်ဆီးသော်လည်း ယေရောဗောင်၏ ဒုစရိုက်ဖြစ်ေသာေဗသလမြိုနှင့်ဒန်မြိုတွင် ရှိ သော ရွှေ့နွားသူငယ်တိုကို မစွန့်ဘဲထား၏။ (၄ရာ ၁၀း၃၁)
၁၀။ ဘုရားသခင်သည် ယေဟု၌ မည်သို ကတိထားသနည်း။
သင်၏ သားမြေး ၄ ဆက်တိုင်အောင် ရာဇပလ္လင်ထိုင်ရမည်ဟု ကတိထား၏။ (၄ရာ ၁၀း၃၀)
၁၁။ ယေဟု နှစ်ပေါင်းမည်မျှ အုပ်စိုးသနည်း။
၂၈ နှစ် (၄ရာ ၁၀း၃၆)
(ခ) ယောခတ် (၄ရာ ၁၃း၁-၉)
၁၂။ ယေဟု နောက်မည်သူနန်းတက်သနည်း။
သူ၏ သားယောခတ် နန်းတက်၏။ (၄ရာ ၁၃း၁)
၁၃။ ယောခတ်၏ အကျင့်စာရိတ္တကို ဖေါ်ပြပါ။
ထာဝရဘုရားရှေ့တွင် ဒုစရိုက်ကို ပြု၏။ ဒုစရိုက်ကို မရှောင်ဘဲ လိုက်၏။
၁၄။ ဣသရေလလူတိုကို ဘုရားသခင် မည်သို ဒဏ်ခတ်သနည်း။
ေယာခတ်မင်းလက်ထက်ကာလပတ်လုံး ရှုရိမင်း အာေဇလနှင့် သူ၏သား ဗယာ်ဒဒ်လက်သို ဣသရေလ အမျိုးကို အပ်တော်မူ၏။
၁၅။ ယောခတ် ဣသရေလလူတိုအတွက် မည်သို ပြုလုပ်သနည်း။
ထာဝရဘုရားထံ အပြစ်ဝန်ချတောင်းပန်သဖြင့် ဣသရေလလူတို လွတ်မြောက်ရ၏။ သိုသော် သူတို့ သည် ၊ ရုပ်တုကိုးကွယ်ခြင်းကို ပြုဆဲရှိ၏။
၁၆။ ယောခတ် နှစ်ပေါင်းမည်မျှ အုပ်စိုးသနည်း။
၁၇ နှစ်
(ဂ) ယဟောရှ (၄ရာ ၁၃း၁၀-၂၅ ၊ ၁၄း၈- ၁၆)
၁၇။ ယောခတ်နောက် မည်သူနန်းတက်သနည်း။
သားတော် ယဟောရှနန်းတက်၏။ (၄ရာ ၁၃း၁၀-၂၅၊ ၁၄း၈-၁၆)
၁၈။ သူသည် အရင်ဘုရင်များထက် သာ၍ ကောင်းသလား။
သူသည်လည်း အရင်သူများကဲ့သို ဖြစ်ပြီး ဖခင်ခြေရာအတိုင်း လိုက်၍ ယေရောဗောင်၏ အပြစ်၊ ရုပ်တုများ ၊ နောက်သို့ လိုက်၏၊
၁၉။ ယဟောရှလက်ထက် မည်သည့်ဝမ်းနည်းဖွယ်ရာတွေ့ကြုံရသနည်း။
ပရောဖက်ဧလိရှဲသေဆုံး၏။
၂၀။ ယဟောရှသည် ပရောဖက်ဧလိရှဲနေမကောင်းကြောင်းကို သိရသောအခါ မည်သို ပြုသနည်း။
သွားရောက် ငိုကြွေးလျက် ချီးမွမ်းခြင်းကို ပြု၏၊ (၄ရာ ၁၃း၁၄)
၂၁။ ဧလိရှဲသည် ယဟောရှအား မည်သိုအားဖြင့် ပရောဖက်ပြုပြောသနည်း။ ။
မြှားတို့ကို ယူ၍ မြေပေါ်သို ရိုက်လော့ဟု ဆိုသဖြင့် ရှင်ဘုရင်သည် မြေကို သုံးကြိမ်ရိုက်၏။ သိုဖြစ်၍ ရှုရိလူတိုကို သုံးကြိမ်တိုက်ရမည်ဟု ဟော၏။
၂၂။ ဧလိရှဲကြိုတင်ဟောပြောချက်သည် ပြည့်စုံပါသလား။
ဧလိရှဲပြောသည့်အတိုင်း ယဟောရှသည် ရှုရိလူတိုကို သုံးကြိမ်တိုင်တိုင် အောင်နိုင်ခဲ့၏။
၂၃။ အဘယ်ကြောင့် ဣသရေလနှင့်ယုဒတို စစ်ဖြစ်ရသနည်း။
ယုဒရှင်ဘုရင်သည် ယဟောရှကို စိန်ခေးခဲ့၍ဖြစ်သည်။ (၄ရာ ၁၄း၈-၁၄)
၂၄။ ယေဟောရှသည် ယုဒရှင်ဘုရင်အား မည်သို စကားပြန်သနည်း။
ယဟောရှက သားရဲသည် ဆူးပင်ကို နင်းသကဲ့သို သင့်ကို ချေမှုန်းမည်ဟု စကားပြန်၏။
၂၅။ မည်သူစစ်နိုင်သနည်း။
ဣသရေလတို နိုင်၏။
၂၆။ ယဟောရှ နှစ်ပေါင်းမည်မျှ အုပ်စိုးသနည်း
( ၁၆ နှစ်။ (၄ရာ ၁၃း၁၀)
(ဃ) ယေရောဗောင် ၂ (၄ရာ ၁၄း၁၆၊ ၂၃ -၂၇)
၂၇။ ယဟောရှနောက် မည်သူနန်းတက်သနည်း။
သူ၏သား ယေရောဗောင် ၂ နန်းတက်သည်။ (၄ရာ ၁၄း၁၆)
၂၈။ ယေရောဗောင် နှစ်ပေါင်းမည်မျှ အုပ်စိုးသနည်း။
၄၁ နှစ်
၂၉။ သူ၏ အကျင့်စာရိတ္တကို ဖေါ်ပြပါ။
ထာဝရဘုရားသခင်ရှေ့တွင် ဒုစရိုက်ကို ပြု၏။
၃၀။ သူသည် မည်သိုသော ဘုရင်ဖြစ်သနည်း။
သူသည် စစ်နိုင်သောမင်းဖြစ်၏။ ဣသရေလတို ဆုံးရှုးခဲ့သော နယ်မြေများကို ပြန် ရယူခဲ့သည်။ ဒမာသက်မြိုနှင့် ဟာမတ်မြိုကို ပြန်ရယူခဲ့သည်။ (၄ရာ ၁၄း ၂၅-၂၈)
၃၁။ ဤအခြေအနေများနှင့် ပတ်သက်၍ မည်သည့် ပရောဖက်တို ကြိုတင်ဖေါ်ပြသနည်း။
ယောန၊ ဟောရှေ၊ ဧမောက် တို့ ဖေါ်ပြခဲ့ကြသည်။
၃၂။ ယေရောဗောင် ၂ နောက် မည်သူ နန်းဆက်ခံသနည်း။
ယေရောဗောင်နောက် သူ၏သား ဇာခရိသည် ၆ လခန့် အုပ်စိုးခဲ့ခြင်းဖြင့် ထာဝရဘုရားဆိုခဲ့သော သားမြေး ၄ ဆက် တိုင်အောင် ရာဇပလ္လင်ပေါ်ထိုင်ရမည်ဆိုသောအချက် ပြည့်စုံ၏။ (၄ရာ ၁၀း၁၃၊ ၁၅:၈-၁၁)၊
၅၄။ဣသေရလလူတို၏ေနာက်ဆုံးဘုရင် (၄ရာ ၁၅း၁၀-၃၁၊ ၁၇
၁။ ယေဟုမင်းဆက်၏ နောက်ဆုံးဇာခရိအား မည်သူသတ်သနည်း။
ယာဖက်၏သား ရှလ္လုံသတ်သည်။
၂။ ရှလ္လုံမည်မျှ ကြာကြာအုပ်စိုးသနည်း။
တစ်လကြာသည်။ (၄ရာ ၁၅:၁၃၁၅)
၃။ ရှလ္လုံကို မည်သူသတ်သနည်း။
ဂါဒိသား နေဟမင်သတ်၏ (၄ရာ ၁၅း၁၄)
၄။ နေဟမင် နှစ်ပေါင်းမည်မျှ အုပ်စိုးသနည်း။
၁၀နှစ်၊ (၄ရာ ၁၅း၁၇-၂၂)
၅။ နေဟမင်သည် မည်သိုသော ဘုရင်ဖြစ်သနည်း။
– ဆိုးသွမ်းသော ဘုရင်ဖြစ်သည်။
–
၆။ နေဟမင်ကို မည်သူစစ်တိုက်သနည်း။
အာရှုရိရှင်ဘုရင် ပုလသည် ဣသရေပြည်ကို တိုက်လာသည်။ (၁၅း၁၉)
၇။ နေဟမင်နောက် မည်သူနန်းဆက်ခံသနည်း။
သူ၏သား ပေကဟိနန်းတက်၏။ (၄ရာ ၁၅း၂၂)
၈။ ပေကဟိ မည်မျှကြာကြာအုပ်စိုးသနည်း။
၂ နှစ်
၉။ ပေကဟိကို မည်သူ သတ်သနည်း။
ရေမလိသား ပေကာသတ်၏။ (၄ရာ ၁၅:၂၅)
၁၀ ။ပေကာနှစ်ပေါင်းမည်မျှ အုပ်စိုးသနည်း။
၂ဝ နှစ်၊ (၄ရာ ၁၅:၂၅-၃၁)
၁၁။ ဣသရေလတို၏ နောက်ဆုံးဘုရင်ကား မည်သူနည်း။
ဧလာသား ဟောရှေ့ဖြစ်၏။ (၄ရာ ၁၅း၃၀)
၁၂။ ဟောရှေးနှစ်ပေါင်းမည်မျှ အုပ်စိုးသနည်း။
၉ နှစ် (၄ရာ ၁၇း၁)
၁၃။ ဟောရှေကို မည်သူနိုင်သနည်း။ ။
အာရှရိရှင်ဘုရင် ရှာလမနေဇာသည် စစ်ချီ၍ နိုင်၏။ (၄ရာ ၁၇း၃)
၁၄။ အဘယ်ကြောင့် ဤသို ဖြစ်ရသနည်း။ ။
ထာဝရဘုရားသည် သင်ချီးမြောက်သော ရှင်ဘုရင်ကို သင်နှင့် ဘိုးဘေးတို မသိမကျွမ်းဘူးသောလူမျိုးရှိရာသို ဆောင်သွားတော်မူသဖြင့် သင်သည် အခြားတပါးသောဘုရား၊ သစ်သားဘုရား၊ ကျောက်တုံးတိုကို ဝတ်ပြုရလိမ့်မည်။ …………. သည် စကားတော်ကို နားမထောင်သောကြောင့် မပျက်စီးမည် တိုင်အောင် ကျိန်ခြင်းမင်္ဂလာရှိ သမျှတိုကို သင့်အပေါ်မှာ သက်ရောက်လျက် သင့်ကိုလိုက်၍ မီလျင်ရှိကြ လိမ့်မည်။ (တရား ၂၈း၃၆-၄၅)
၁၅။ဣသရေလစစ်သုံပန်းတိုကို မည်သည့်အရပ်သို ခေါ်ဆောင်သနည်း။
အာရှုရိပြည်၊ ဂေါဇံမြစ်နား၊ ဟာဗော်မြို၊ ပေဒိနိုင်ငံသို ဆောင်သွား၏။ (၄ရာ ၁၇း၆)
၁၆။ လူဦးရေနည်းသော ရှမာရိမြိုရွာများသို မည်သူတို ရောက်လာသနည်း။
ဗာဗုလုန်မြို သား၊ ကုသမြိုသား၊ အာဝမြိုသား၊ ဟာမတ်မြိုသား၊ သေဖရိမ်မြိုသားတို လာရောက်၍ ဣသရေလ တွင် နေကြ၏။ (၄ရာ ၁၇း၁၄)
၁၇ ။နောက်ဆုံး၌ မည်သိုဖြစ်သနည်း။
ထာဝရဘုရားနှင့် ရုပ်တုတိုကို ရော၍ ကိုးကွယ်ကြ၏။ (၄ရာ ၁၇း၃၃)
၅၅။ ယုဒဘုရင်များ (၃ရာ ၁၂း၁-၂၄၊၁ ၄း၂၁-၃၁၊ ၁၅း၁-၂၄၊ ၆ရာ ၁၀း၁၊ ၁၆း၁၄)
က။ ရောဗောင် ( ၂ရာ ၁၂)
၁။ ရောဗောင်ကား မည်သူနည်း။
ရှောလမုန်၏သားဖြစ်သည်။
၂။ ရောေဗာင်လက်ထက် ပထမဆုံးဖြစ်သည့်အချက်ကို ဖေါ်ပြပါ။ေ
လူမျိုး ၁၀ မျိုးသည် ပုန်ကန်၍ ထွက်သွား၏။
၃။ ရောဗောင်သည် လူများကို ပြန်ရရန် ကြိုးစားပါသလား။
စစ်တိုက်၍ ပြန်ရရန် ကြိုးစားသော်လည်း ဘုရားသခင်သည် သူ့အားတားမြစ်၏။ (၃ရာ ၁၂း၁၈-၂၄၊ ၆ရာ ၁၁း၁-၄)
၄။ ရောဗောင်သည် နှစ်ပေါင်းမည်မျှ ထာဝရဘုရားအား မှန်ကန်စွာ ကိုးကွယ်သနည်း။
၃ နှစ် (၆ရာ ၁၁း၁၇) ၊
၅။ သူသည် ဘုရားသခင်ကို မေ့လျှော့သော် မည်သိုဖြစ်သနည်း။
အဲဂုတ္တုရှင်ဘုရင်ရှိရက်သည် ယေရှုရှလင်မြိုသို စစ်ချီ၍ ဗိမာန်တော်ဘဏ္ဍာနှင့် နန်းတော်ဘဏ္ဍာ ရှိသမျှကို သိမ်းသွား ၏။ (၃ရာ ၁၄း၂၅-၂၈၊ ၆ရာ ၁၂း၁-၁၀)
ခ။အဘိယ[၃ရာ ၁၄း၃၁၊ ၁၅း၈၊ ၆ရာ ၁၃း၁-၂၂)
၆။ ရောဗောင် နောက် မည်သူသည် ယုဒရှင်ဘုရင်ဖြစ်သနည်း။
ရောဗောင်သား အဘိယနန်းတက်သည်။
၇ ။အဘိယသည် မည်သူနှင့်စစ်ဖြစ်သနည်း။
ဣသရေလတိုနှင့် စစ်ဖြစ်သည်
၈။ေယရောေဗာင်အား မည်သို သတိပေးပြောကြားခဲ့သနည်း။ အို
ဣသရေလအမျိုးသားတို၊ ဘိုးဘေးတို၏ ဘုရားသခင် ထာဝရဘုရားတဖက်၌ မတိုက်ကြနှင့်ဟုပြောဆို၏။ (၆ရာ ၁၃း၁၂)
၉။ ယေရောဗောင်သည် သတိပေးချက်ကို မည်သို ခံယူသနည်း။
စစ်တပ်ကို မထင်မရှားလွှတ်၍ ယုဒတပ်ကို ဝိုင်း၏။
၁၀။ ယုဒစစ်တပ်သည် အခက်အခဲကို တွေ့သော် မည်သူ့ကို ခေါ်သနည်း
ဘုရားသခင်အား ခေါ်၏။ ဆုတောင်း၏။ ထိုကြောင့် စစ်နိုင်၏။
(ဂ) အာသမင်း(၃ရာ ၁၅း၈-၂၄၊ ၆ရာ ၁၄း၁၊ ၁၆း၁၄)
၁၁။ အဘိယနောက် ယုဒရှင်ဘုရင် မည်သူတက်သနည်း။
သူသား အာသမင်းဆက်ခံ၏။
၁၂။ ဘုရားသခင်ရှေ့၌ သူ၏အကျင့်စာရိတ္တကို ဖေါ်ပြပါ။
သူသည် ကောင်းသောလမ်းနှင့် အမှန်တရားလမ်းသို့ လိုက်သည်။
၁၃။ သူသည် နန်းတက်စ အချိန်က ဘုရားသခင်နှင့်ပတ်သက်သော ဆောင်ရွက်ချက်များကို ဖေါ်ပြပါ။
နတ်ရုပ်တုနှင့် သူတို ကိုးကွယ်ဝတ်ပြုရာနေရာများကို ဖျက်ဆီး၏။ (၃ရာ ၁၅၊ ၆ရာ ၁၄)
၁၄။ အာသလက်ထက် စောစောပိုင်း တိုင်းပြည်တိုးတက်ခြင်းရှိပါသလား။
နိုင်ငံသည် အေးချမ်းသာယာ၏။
၁၅။ကုရှ(အီသီယိုးပီးယား) ပြည်မှ အလွန်ကြီးမားသော စစ်သည်အလုံးအရင်းဖြင့် စစ်ချီလာသောအခါ အာသမင်း ၊ မည်သို ပြုသနည်း။
ထာဝရဘုရားသခင်ထံ အားကိုးလျက် ဆုတောင်း၍ ရင်ဆိုင်၏။ အားနည်းသော်လည်း အောင်မြင်ရ၏။ (၆ရာ ၁၄း၉-၁၃)
၁၆။ဘုရားသခင်သည် ပရောဖက် အာဇရိအားဖြင့် အာသမင်းအား မည်သို ပြောကြားသနည်း။
သူသည် ဘုရားသခင်၏ စကားကို နားထောင်သမျှကာလပတ်လုံး ဘုရားသခင်သည် သူနှင့်အတူရှိမည်ဟု ပြော၏။ (၆ရာ ၁၅:၁-၇)
၁၇။ သိုဖြစ်၍ ဘုရင်နှင့်သူ၏လူများ မည်သို ထူးခြားမှုရှိသနည်း။
ဘုရင်သည်နတ်ရုပ်တုများကို ဖျက်ဆီးသကဲ့သို လူများသည်လည်း ဘုရားသခင်ထံ ဝန်ခံ၍ ချဉ်းကပ်ကြသဖြင့် ဘုရားသခင်သည်လည်း သူတိုအား ငြိမ်သက်ခြင်းနှင့် ကြွယ်ဝခြင်းကို ပေး၏။ (၆ရာ ၁၅း၈-၁၅)
၁၈။ ဤသို ကြွယ်ဝခြင်း၊ ငြိမ်သက်ခြင်းတိုသည် အာသမင်း၏ နောက်ဆုံးနေ့တိုင်အောင်ဖြစ်သလား။
အာသမင်းလက်ထက် ၃၅ နှစ်တိုင်တိုင် ငြိမ်သက်ခြင်းရှိ၏။
၁၉။ ထိုနောက် မည်သိုဖြစ်သနည်း။ ။
ဣသရေရှင်ဘုရင်အာရှာသည် အာသမင်းကို စစ်တိုက်သောအခါ အာသမင်းသည် ထာဝရဘုရား ဆုတောင်းရမည့်အစား ရှုရိရှင်ဘုရင်နှင့် မိတ်ဖွဲ၍ တိုက်၏။ (၃ရာ ၁၅း၁၆-၂၁၊ ၆ရာ ၁၆း၁-၆
၂၀။ ပရောဖက်ဟာနန်သည် အာသမင်းအားမည်သို ပြောသနည်း။
မင်းကြီးသည် ထာဝရဘုရားကို အားမကိုးဘဲ ရှုရိရှင်ဘုရင်ကို အားကိုးသဖြင့် နောင်တွင် စစ်ပွဲများ ဆက်၍ ရင်ဆိုင် ရမည်ဖြစ်ကြောင်း ပြော၏။ (၆ရာ ၁၆း၇-၁၀)
၂၁။ ထိုပြောဆိုချက်ကို အာသမင်းမည်သို ခံယူသနည်း။ –
အာသမင်း စိတ်ဆိုး၍ ပရောဖက်ကို ထောင်ထဲ၌ လှောင်ထား၏။ (၆ရာ ၁၆း၁၀)
၅၆။ ယုဒဘုရင်များ ( ယောရှဖတ်] :-(၃ရာ ၁၅၊ ၂၄၊ ၂၂း၁-၂၀၊၄ရာ ၃၊၆ရာ ၁၇း၁၊၂၁း၁;-)
၁။ အာသမင်းနောက် ယုဒရှင်ဘုရင်ကား မည်သူနည်း။
သူ၏ သားယောရှဖတ် (၆ရာ ၁၇း၁)
၂။ ယောရှဖတ်၏ အကျင့်စာရိတ္တကို ဖေါ်ပြပါ။
သူကအဖ၏ ဘုရားသခင်ကို ရှာ၏။ ပညတ်တော်ကို လိုက်လျှောက်သည်။
၃။ သူ၏နိုင်ငံသည် တိုးတက်ကြီးပွားပါသလား။
သူ၏ လက်ထက်၌ စစ်မဖြစ်ဘဲ ငြိမ်သက်ခြင်းနှင့် ကြွယ်ဝခြင်းရှိသည်သာမက ချမ်းသာခြင်းနှင့် ချီးမြှောက် ခြင်းကိုလည်း များစွာခံစားရသည်။
၄။ မည်သူနှင့် မိတ်သဟာယဖွဲသနည်း။ အကျိုးဆက်မည်သိုဖြစ်လာသနည်း။ ။
ဣသရေလဘုရင်ဟပ်နှင့် မိတ်ဖွဲ၏။ (၃ရာ ၂၂း၄၈-၄၉ ၆ရာ ၁၈)
၅။ ယောရှုဖတ်သည် အာဟပ်မင်းနှင့် မိတ်သဟာယဖွဲရာ၌ ထာဝရဘုရားသခင် သဘောမကျသဖြင့် မည်သို သက်သေပြ သနည်း။ ။
ယောရှဖတ်၏ လူများနှင့် အာဟပ်၏ သား အာခဇ၏လူတိုအတူ စီးနင်းသော တာရှသင်္ဘောသည် ဧဇယုန်ေဂဗာမြို ၌ ပျက်စီးရ၏။ (၃ရာ ၂၂း၄၈-၄၉၊ ၆ရာ ၂၀း၃၅-၃၇)
၆။ေယာရှုဖတ်သည် ဣသရလဘုရင်မည်သူနှင့် မိတ်ဖွဲသေးသနည်း။
အာဟပ်သား ယောရံနှင့် မိတ်ဖွဲ၏ (၄ရာ ၃)
၇။ သူတို မည်သူနှင့် စစ်ပြိုင်ကြသနည်း၊
မောဘမင်းကြီးနှင့် စစ်ပြိုင်ကြ၏။
၈။ မောဘဘုရင်သည် အာဟပ်မင်းအား စစ်ရှုးသော် မည်သို ကြံသနည်း။
ယောရှုဖတ်ကို စစ်တိုက်ရန် ကြံ၏ (၆ရာ ၂၀း၁-၃ဝ)
၉။ မာဘဘုရင်နှင့် မည်သူပေါင်း တိုက်သနည်း။
အာမွုန်အမျိုးသားတိုသည် မောဘအမျိုးသားတိုနှင့် ပေါင်း၍ တိုက်၏။ (၆ရာ ၂၀း ၂၂-၂၃)
၁၀။ ယောရှဖတ် မည်သို ခံစားရသနည်း။
သူသည် ကြောက်ရွံ၍ လူများတို ရှေ့တွင် ထာဝရဘုရားအား အထူးဆုတောင်း၏။
၁၁။ ထာဝရဘုရားထံမှ မင်္ဂလာစကားကား မည်သိုနည်း။
စစ်မတိုက်ဘဲ ရန်သူတိုကို အောင်မည်ဟု ပြောဆို၏။
၁၂၊ ယောရှဖတ်နှင့် သူ၏ လူတိုသည် ဘုရားသခင်ထံမှ သတင်းစကားကို ယုံကြပါသလား။
ယုံကြည်၍ ဘုရားသခင်အား စုပေါင်း ချီးမွမ်းကြ၏။
၁၃။ သူတို မည်သည့်ပစ္စည်းများ ရကြသနည်း။
များစွာသော ဥစ္စာနှင့် အဖိုးထိုက်သော ပစ္စည်းများကို ရကြ၏
၁၄။ထိုအဖြစ်အပျက်ကြောင့် ပတ်ဝန်းကျင်နိုင်ငံတို၌ မည်သိုဖြစ်သနည်း။
ပတ်ဝန်းကျင်ရှိလူများတိုသည် ထာဝရဘုရားအားကြောက်ရွံကြ၍ ယောရှုဖတ်ကို စစ်မတိုက်ဝံ့ကြပါ။
၁၅။ယောရှုဖတ်သည် နတ်ရုပ်တုရှိသမျှကို ဖျက်ဆီးပါသလား။
မြင့်သောအရပ်တို၌ ရှိသောအရာတိုကို မဖျက်ဆီးပါ။ (၆ရာ ၂၀း၃၃ )
၁၆။ ယောရှုဖတ်၏သား မည်သူသည်ဖခင်နှင့်တွဲ၍နိုင်ငံကိုအုပ်ချုပ်သနည်း။
သားတော် ယဟောရံဖြစ်သည်။ ၄ နှစ်ခန့်အတူ အုပ်စိုး၏။ (၄ရာ ၁:၁၇
၁၇။ေယာရှုဖတ် အသက်မည်မ၌ ကွယ်လွန်သနည်း။
အသက်၆၀၊ နန်းသက် ၂၅ နှစ်တွင် ကွယ်လွန်သည်။ (၆ရာ ၂၀း၃၁)
(က) ယေဟာရံ(၄ရာ ၈;၁၆-၂၄၊ ၆ရာ ၂၁း၁-၂၀)
၁။ ယုဒဘုရင် ယဟောရံ၏ ခမည်းတော်ကား မည်သူနည်း။
ယောရှဖတ်ဖြစ်သည်။ (၆ရာ ၂၁:၂
၂။ ထိုအချိန်က ဣသရေလဘုရင်ကား မည်သူနည်း။
အာခဇိနောက် ေယာရံဖြစ်၏။ (၄ရာ ၁း၁၇-၁၈;)
၃။ ယဟောရံ၏ ဇနီးကား မည်သူနည်း။
အာဟပ်၏ သမီး အာသလိ (၆ရာ ၂၁း၆)
၄။ အာဟပ်သမီးကို ယူ၍ မိတ်ဖွဲသဖြင့် နောင်မည်သိုဖြစ်လာသနည်း။
အာဟပ်မင်းပြုသကဲ့သို ရုပ်တုများ ပြုလုပ်ကိုးကွယ်သည်။
၅။ ပရောဖက် ဧလိယအားဖြင့် ဘုရားသခင် မည်သို မိန့်ကြားသနည်း။
ထာဝရဘုရားသည် သင်၏လူများ၊ သင်၏သားမယားများ၊ သင်၏ ဥစ္စာရှိသမျှကို ကြီးစွာသော ဘေးဖြင့် ဒဏ်ခတ်တော် မူမည်။ (၄ရာ ၂၁း၁၄-၁၅)
၆။ ယဟောရံ နှစ်ပေါင်းမည်မျှ အုပ်စိုးသနည်း။
၈ နှစ်။ ၄ နှစ်သည် ဖခင်နှင့်အတူတွဲ၍ အုပ်ချုပ်သည်။
၇။ ယဟောရံနောက် မည်သူနန်းတက်သနည်း။
သူ၏ သားအငယ်ဆုံး အာခဇိနန်းတက်၏။ (၆ရာ ၂၂း၁)
(ခ) အာခဇိမင်း (၄ရာ ၈း၂၅- ၂၉၊ ၉း၁၆-၂၉၊ ၆ရာ ၂၂း၁-၉)
၈။ ထိုဘုရင်၏ အမည်သုံးမျိုးကို ဖေါ်ပြပါ။
အာခဇိ၊ယောခတ်၊ အာဇရိ တိုဖြစ်သည်။
၉။ သူသည် ယဟောရံမင်း၏ သားအငယ်ဆုံးဖြစ်ပါသလား။
သူသည် သားအငယ်ဆုံးဖြစ်၏။ ယဟောရံ၏ သားများ၊ မယားများနှင့် ဥစ္စာများကို စစ်ဖြစ်စဉ် သိမ်းယူခေါ်ဆောင်သွားသည်။ (၆ရာ ၂၁း၁၆-၁၇)
၅။ အာခဇိအဘယ်ကြောင့် အချိန်စော၍ သေဆုံးရသနည်း။
ယေဟုသည် အာဟပ်အမျိုးကို တရားစီရင်၍ အာခဇိကိုလည်း သတ်၏။ဣသရေလရှင်ဘုရင် ယောရံကို လည်း သတ်၏။ (၆ရာ ၂၂း၇-၈၊ ၄ရာ ၉:၂၇)
၅၇။ (ဂ)အာသလိ(၄ရာ ၁၁၊၆ရာ ၂၂း၁၀-၁၂)
၁၁။ အာခဇိ၏မိခင်ကား မည်သူနည်း။
ဣသရေလလူမျိုး၊ အာဟပ်နှင့် JESEBEL တို၏သမီး အာသလိဖြစ်၏။
၁၂။ သူ၏ သားသေကြောင်းကိုသိသော် မည်သိုပြုသနည်း။
ထ၍ ဆွေတော်မျိုးတော်အပေါင်း (သူ၏မြေးများ) တို့ကို သုတ်သင်ပယ်ရှင်းပြီး အာသလိနန်းတက်၍ အုပ်စိုး၏။ (၆ရာ ၁၁း၁-၃)
၁၃။ သူ၏မြေးတစ်ယောက် မည်သိုအသက်ဘေးမှလွတ်မြောက်ရသနည်း။
အာခဇိ၏နှမ ယဟောရုံမင်းကြီး၏သမီး ယောေရှဘသည် အာခဇိ၏သား ယောရှကိုဖွက်ထားသဖြင့် လွတ်မြောက်ရ၏။
၁၄။ ဆိုးသောအာသလိ နှစ်ပေါင်းမည်မျှအုပ်ချုပ်သနည်း
၆ နှစ်၊
၁၅။ အာသလိ၏နောက်ဆုံးအဖြစ်ကို ဖော်ပြပါ။
ယောရှကို လူများက မင်းမြောက်၍ အာသလိအား လူများက သုတ်သင်၏။ (၆ရာ ၂၃)
(ဃ)ယောရှ:-(၄ရာ ၁၂၊၆ရာ ၂၃-၂၄;- )
၆။ ယောရှနန်းတက်စဉ် အသက်မည်မျှရှိသနည်း။
အသက် ၇ နှစ်သာရှိ၏။
၇။ ယောရှနှစ်ပေါင်းမည်မျှ ကောင်းစွာအုပ်ချုပ်သနည်း။
ယဇ်ပုရောဟိတ် ယောယဒလက်ထက် (၂၈ နှစ်ခန့်) ကာလပတ်လုံး ယောရှသည် ထာဝရဘုရားရှေ့ တော်၌ တရားသော အမှုကိုပြု၏။ (၆ရာ ၂၄း၂
၁၈။ ပရောဟိတ် ေယာယဒရှိစဉ် ယောရှသည်မည်သိုကောင်းမှုပြုသနည်း။
သူသည်ဗိမ္မာန်တော်ကို ပကတိဖြစ်သည့်တိုင် ပြင်ဆင်ခဲ့၏။ (၆ရာ ၂၄း၄-၁၆)
၁၉။ ပုရောဟိတ် ယောယဒ အသက်မည်မှုတွင် သေဆုံးသနည်း။
၁၃၀ တွင်သေဆုံး၏။
၂၀။ ယောယဒအား မည်သိုဂုဏ်ပြုကြသနည်း။
ဘုရင်များနှင့်အတူ သင်္ဂြိုလ်၏။
၂၁။ သူ၏ဦးလေး ယောယဒကွယ်လွန်ပြီးသော် ယောရှမည်သိုပြုသနည်း။
ရုပ်တုများကို ကိုးကွယ်၏။
၂၂။ သူ၏အပြစ်အတွက် သတိပေးရန် ထာဝရဘုရားသည် မည်သူ့ကိုစေလွှတ်သနည်း။
ယောယဒသား ဇာခရိကိုစေလွှတ်၏။
၂၃။ ယောရှ ထိုသူ၌ မည်သိုပြုသနည်း။
ရှင်ဘုရင်အမိန့်တော်ဖြင့် ဗိမာန်တော်အတွင်း၌ ကျောက်ခဲနှင့်ပစ်သတ်ကြ၏။ (၆ရာ ၂၄း၂၁)
၂၄။ အပြစ်ပြုသော ယုဒလူတိုအား ထာဝဘုရားမည်သိုစီရင်သနည်း။
ရှုရိလူတိုလက်သို အပ်လိုက်၏။ (၆ရာ ၂၄း၂၃)
၂၅။ ဘုရင်သည် မည်သိုအပြစ်ပေးခြင်းခံရသနည်း။
ရန်သူတိုထွက်သွားသောအခါ ယောရှသည် ကြီးစွာသောဒုက္ခ (ရောဂါ) ကိုခံရ၏။ (၆ရာ ၂၄း၂၅)
၂၆။ ယောရှမင်း မည်သိုသေရသနည်း။
သူ၏ကျွန်တိုသည် သူ့ကိုလုပ်ကြံ၏။
၂၇။ နှစ်ပေါင်းမည်မျှအုပ်ချုပ်ခဲ့သနည်း။
၄၀ နှစ် (၆ရာ ၂၄း၁)
၂၈။ ယောရှနောက် မည်သူနန်းတက်သနည်း။
သူ၏သား အာမဇိနန်းတက်၏။
(င) အာမဇိ( ၄ရာ ၁၄း၁-၂၀၊၆ရာ ၂၅)
၂၉။ အာမဇိသည် သူ၏ဖခင်ထက် သာ၍ကောင်းပါသလား။
မကောင်းပါ။ သူ၏စိတ်နှလုံးသည် ဘုရားသခင်ရှေ့၌ ဖြောင့်မတ်ခြင်းမရှိ ပါ။ ပထမပိုင်းတွင် ကောင်းသော်လည်း နောက်ပိုင်း၌ ရုပ်တုကိုးကွယ်ခြင်းကိုပြု၏။
၃၀။ မည်သိုသော အသစ်သောရုပ်တုကို ကိုးကွယ်သနည်း။
စိရတောင်သားတို ကိုးကွယ်သောဘုရားတိုကိုဆောင်ခဲ့၍ ကိုးကွယ်၏။ (၆ရာ ၂၅း၁၄၊ ၄ရာ ၁၄း၁၉-၂၀)
၃၁။ သူသည် မည်သို့သေရသနည်း။
သူ၏တိုင်းပြည်သားတို့က သူ့ကိုသတ်၏။
၃၂။ အာမဇိနှစ်ပေါင်းမည်မျှအုပ်ချုပ်သနည်း။
၂၉ နှစ်
၅၈။ (က) ယုဒဘုရင်များ (၆ရာ ၂၆-၃၂၊၄ရာ ၁၄း၂၁၊၂၂၊၁၅း၁-၇)
၁။ ဩဇိကား မည်သူနည်း။
အာမဇိမင်း၏သားဖြစ်သည်။
၂။ ဩဇိမင်းအသက်မည်မျှ၌ နန်းတက်သနည်း။
၁၆ နှစ်
၃။ ဩဇိမင်း၏ အခြားအမည်ကိုဖော်ပြပါ။
AZABIAH ၄ရာ ၁၅း၁
၄။ ထိုအချိန်က ဣသရေလဘုရင်၏အမည်ကိုဖော်ပြပါ။
ယေရောဗောင် (၂) ဖြစ်သည်။ (၄ရာ ၁၅း၁)
၅။ ဩဇိမင်းလက်ထက် ထင်ရှားသောပရောဖက်များကိုဖော်ပြပါ။
Amos (အာမုတ်)၊ Hosea (ဟောရှေ) နှင့် Isaiah ဟေရှာယ၊
၆။ ဩဇိမင်းနှင့်ပါတ်သက်၍ ၆ရာ ၂၆း၅ တွင် မည်သိုဖော်ပြသနည်း။
ထာဝရဘုရားကိုဆည်းကပ်သောကာလပတ်လုံး ဘုရားသခင်သည် အကြံထမြောက်ရသောအခွင့်ကို ပေးတော် မူ၏။
၇။ သူ၏ ပထမပိုင်းအုပ်ချုပ်စဉ်ကာလအကြောင်းကိုဖော်ပြပါ။
သူသည် စစ်ကိုအောင်နိုင်သူ၊ ကျော်ကြားသူအဖြစ်တွေ့ရှိရသည်။ (၆ရာ ၂၆း၆-၁၅) “
၈။ မည်သူ၏ကူညီမစခြင်း၊ အကြံပေးခြင်းဖြင့် သူသည်မှန်သောလမ်းကိုလျှောက်သနည်း။
ပရောဖက်ဇာခရိ၏ အကြံပေးခြင်းကိုခံယူ၏။
၉။ သူ၏ကျော်ဇောခြင်းသည် သူ့အားမည်သိုဖြစ်စေသနည်။
ထောင်လွှားသောစိတ်၊ မာန်မာနနှင့် လုပ်သမျှဖြစ်သည်ဟု စိတ်ထဲ၌ဖြစ်ပေါ်လာ၏၊ (၆ရာ ၂၆း၁၆)
၁၀။ ဩဇိစိတ်ထဲ၌ ဘုရားတရားမကိုင်းရှိင်းသော၊ အမှားပြုရန်မည်သို့ဖြစ်ပေါ်သနည်း
နံ့သာပေါင်းမီးရှိရာယဇ်ကို ကိုယ်တိုင်ပြုချင်စိတ်ဖြစ်ပေါ်၏။ (၆ရာ ၂၆း၁၆)
၁၁။ မည်သိုပြစ်ဒဏ်ခံရသနည်း။
နူနာစွဲခြင်းခံရ၏။ (၆ရာ ၂၆း၁၉)
၁၂။ ထိုပြစ်ဒဏ်ကြောင့် ဩဇိမည်သိုဆုံးရှုးမှုများခံစားရသနည်း။
ဘုရားသခင်၏အိမ်တော်သိုမဝင်ရ၊ဘုရင့်ဂုဏ်သိက္ခာမှလွဲဖယ်ရ၏။ ရောဂါကြောင့် လူများနှင့်ဝေးစွာနေရ၏။
၁၃။ ဩဇိမင်း၏အဓိကလုပ်ဆောင်ချက်များကိုဖော်ပြပါ။
စစ်တိုက်ခြင်း၊ မြိုနှင့် မျှော်စင်များတည်ဆောက်ခြင်း၊ ရေတွင်းများတူးခြင်း၊ တိရစ္ဆာန်များမွေးမြူခြင်း၊ သီးနှံစိုက်ပျိုးခြင်းများ အဓိကဆောင်ရွက်ခဲ့၏။
၁၄။ ဩဇိမင်း နှစ်ပေါင်းမည်မျှအုပ်ချုပ်ခဲ့သနည်း။
၅၂ နှစ်။
၁၅။ ဩဇိမင်း မကျန်းမာစဉ်ကာလ မည်သူသည် ကူညီဆောင်ရွက်ခဲ့သနည်း။ မည်သူ နန်းဆက်ခံသနည်း။
သူ၏သား ယောသံသည် ကူညီဆောင်ရွက်ခဲ့၏။ နန်းဆက်ခံယူ၏။
(ခ;)ယောသံ( ၄ရာ ၁၅း၅၊ ၃၂-၃၈၊ ၆ရာ ၂၆း၂၁-၂၇;-)
၁၆။ ယောသံနန်းတက်စဉ် အသက်မည်မျှရှိသနည်း။
၂၅နှစ် (၆ရာ ၂၇း၁) သူ၏ဖခင်ရှိစဉ် ပါဝင်ကူညီခဲ့သောအချိန်အခါများပါဝင်သည်ဟု ယူဆရ၏။
၁၇။ သူ၏အကျင့်စာရိတ္တကို ဖော်ပြပါ။
ဘုရားသခင်၏အလိုတော်သို့လိုက်၏။
၁၈။ နှစ်ပေါင်းမည်မျှအုပ်စိုးသနည်း။
ဖခင်ရှိစဉ်ကာလ မပါဝင်ဘဲ၊ ၁၆ နှစ်အုပ်စိုး၏။
(ဂ;-)အာခတ် (၄ရာ ၁၆၊ ၆ရာ ၂၈)
၁၉။ ယောသံနောက် မည်သူနန်းဆက်ခံသနည်း။
ယောသံသား အာခတ်နန်းဆက်ခံ၏။ သူသည် ဘုရားသခင်ရှေ့၌ အပြစ်ပြုသောသူဖြစ်၏။
၂၀။ သူ၏မှားယွင်းခြင်းအတွက် သတိပေးခြင်းခံရပါသလား။
ပရောဖက်များအားဖြင့် သတိပေးခြင်းခံရ၏။
၂၁။ သူ၏လက်ထက် သတိပေးသောပရောဖက်များ၏ အမည်ကိုဖော်ပြပါ။
ဟေရှာယ (Isaiah) နှင့် မိက္ခာ (Micah)
၂၂။ အာခတ် မည်သိုသောရုပ်တုအသစ်ကို ကိုးကွယ်ရန်ပြုလုပ်သနည်း။
ဗာလဘုရားတိုအဖို ရုပ်တုဆင်းတုများကိုသွန်းလုပ်၍ ကိုးကွယ်၏။ (၆ရာ ၂၈း ၂-၂၃)
၂၃။ သူသည် မည်သိုသောဆိုးသွမ်းမှားယွင်းသော ကိုးကွယ်မှုကိုပြုသနည်း။
သူ၏သားများကို ယဇ်ပူဇော်၏။ (၆ရာ ၂၈း၃)
၂၄။ သူတို့၏အပြစ်အတွက် မည်သည့်ရန်သူသည် ယုဒပြည်အားလာရောက်စစ်တိုက်သနည်း။
ဣသရေလရှင်ဘုရင်ပေကာနှင့် ရှုရိဘုရင် Rezin (ရေဇိန်) တို့သည် လာရောက်စစ်တိုက်၏။
၂၅။ အာခတ်မည်သူ့ထံ အကူအညီတောင်းသနည်း။
အာရှရိရှင်ဘုရင် တိဂလတ်ပိလေသာထံ အကူအညီတောင်း၏။ (၆ရာ ၂၈း၂၀)
၂၆။အာရှုရိဘုရင်အတွက် လက်ဆောင်အဖြစ်ဗိမာန်တော်ပစ္စည်းများကို ယူပါသလား။
ဗိမာန်တော်ဘဏ္ဍာ၊ နန်းတော်ဘဏ္ဍာမှစ၍ မှူးမတ်တိုအိမ်၌ရှိသော ဥစ္စာများကိုခွဲယူပြီး အာရှုရိဘုရင် အားလက်ဆောင် ပေး၏။ (၆ရာ ၂၈း ၂၁) (၄ရာ ၁၆း၁၇-၁၈)
၂၇။ သူလိုသော စစ်အကူကိုရပါသလား။
အာရှရိရှင်ဘုရင်လာသော်လည်း စစ်ကူမပေးနိုင်ဖြစ်ရဧ။်။
၂၈။သူသည် မှန်သောလမ်းသိုပြန်ပါသလား။
မှန်သောလမ်းသိုမပြန်ဘဲထာဝရဘုရားအားပို၍ဆန့်ကျင်၏။ (၆ရာ ၂၈း ၂၂-၂၃)
၂၉။ နှစ်ပေါင်း ပေါင်းမည်မျှအုပ်ချုပ်ခဲ့သနည်း။
၁၆နှစ်။
၅၅။ယုဒဘုရင်များ
ဟေဇကိမင်း (၄ရာ ၁၈-၂၀ ၊၆ရာ ၂၉-၃၂၊ ဟေရှာ ၃၆- ၃၉)
၁။ အာခတ်နောက် မည်သူနန်းတက်သနည်း။
သူ၏သား ဟေဇကိနန်းတက်၏။
၂။ ဟေဇကိအသက်မည်မျှတွင် နန်းတက်သနည်း။
၂၅ နှစ် ၊
၃။ ဗိမာန်တော်၏ အခြေအနေကိုဖော်ပြပါ။
မပြုပြင်ဘဲထားခဲ့၍ ကြီးစွာသောပျက်စီးခြင်းဖြစ်၏။ (၆ရာ ၂၉း၃-၇)
၄။ ဟေဇကိမင်းသည် ဘုရားသခင်အားဝတ်ပြုရန်အတွက် မည်သိုပြင်ဆင်သနည်း ။
လေဝိသားယဇ်ပုရောဟိတ်များကိုခေါ်၍ ဗိမာန်တော်ကိုပြုပြင်ခြင်း၊ သန့်ရှင်းခြင်းများဆောင်ရွက်၏။ (၆ရာ ၂၉း၁၂-၁၇၊ ၂၈-၃၅)
၅။ဟေဇကိသည် ဗိမာန်တော်တည်ဆောက်ခြင်း၌ ကန့်သတ်ထားပါသလား။
ဣသရေလမျိုးနွယ်တိုကို ဖိတ်ခေါ် ပါသလား။ပဿခါပွဲကိုခံစေခြင်းငှါ ဣသရေလမျိုးနွယ်အပေါင်း တိုအားဖိတ်ခေါ်၏။ (၆ရာ ၃၀း၁)
၆။ ဟေဇကိ၏ဖိတ်ကြားချက်ကို ထိုသူတိုသည် မည်သိုခံယူသနည်း။
လူအများက လှောင်ပြောင်ပျက်ရယ်ကြ၏။ သိုသော် အာရှာခရိုင်သား၊ မနာေရှခရိုင်သား၊ ဇာဗုလုန် ခရိုင်သား တို့သည် လာကြ၏။ (၆ရာ ၃၀း၁၀-၁၁)
၇။ ဟေဇကိသည် မည်သိုသောကောင်းမွန်သည့်ဆုတောင်းချက်ကိုပြသနည်း။
သန့်ရှင်းရာဌာနထုံးစံအတိုင်း သန့်ရှင်းခြင်းမရှိသော်လည်း ဘိုးဘေးတို၏ဘုရားသခင် ထာဝရဘုရားကို ဆည်းကပ်ခြင်းငှါ၊ သဘောကျသောသူအပေါင်းတို၏အပြစ်ကို ကောင်းမြတ်သောထာဝရဘုရားသည် လွှတ်တော်မူပါစေသောဟု ထိုသူတိုအဖို ဆုတောင်း၏။ (၆ရာ ၃၀း၁၉)
၈။ ဤကဲ့သို ပသခါပွဲမကျင်းပခဲ့သည်မှာ မည်မျှကြခဲ့ပြီနည်း။
ရှောလမုန်လက်ထက်မတိုင်မီကတည်းကဖြစ်ပြီး နှစ်ပေါင်း ၃၀၀ ခန့်ဟုခန့်မှန်း၏
၉။ ထာဝရဘုရားသခင်၌ဝမ်းမြောက်စွာကိုးကွယ်ခြင်းဖြင့် လူတို၌မည်သိုဖြစ်သနည်း။
သူတို၏ရုပ်တုဘုရားများကို ဖျက်ဆီးကြ၏။ (၆ရာ ၃၁း၁)
၁၀။သခင်၌ ယုံကြည်ကိုးကွယ်ကြောင်း သူတိုမည်သိုသက်သေပြသနည်း။
အလွန်များပြားစွာသော အလှူပစ္စည်းများကိုပေးလှူကြ၏။ (၆ရာ ၃၁း၅-၇) –
၁၁။ ယေရုရှလင်မြိုကို မည်သူစစ်တိုက်သနည်း။
အာရိရှင်ဘုရင် သနာခရိပ်သည် တိုက်၏။ (၆ရာ ၃၂း၁) (ဟေရှာယ ၃၆း၁)
၁၂။ ဟေဇကိ မည်သို့ဆောင်ရွက်သနည်း။
သူသည် မြိုကိုသာ၍ခိုင်ခန့်စေပြီး၊ ရန်သူများအတွက်ရေကိုဖြတ်တောက်ထား၏။ (၆ရာ ၃၂း၃-၅)
၁၃။ သူသည် စစ်အောင်ရန်မည်သူ့ကိုအားကိုးသနည်း။
ဘုရားသခင်ကိုသာအားကိုး၏။ (၆ရာ ၃၂း၈)
၁၄။ ပြည်သားတို့သည် ဟေဇကိ၏အားပေးစကားကို မည်သိုခံယူသနည်း။
သူတို့သည် ဟေဇကိ၏စကားကို နားထောင်ခံယူ၏။
၁၅။ ယုဒလူတို ထာဝရဘုရား၌ယုံကြည်ခြင်းလျှော့စေရန် ဘုရင်သနာခရိပ် မည်သိုပြုသနည်း။
မိမိကျွန်အချိုကိုစေလွှတ်၍ သူ၏အောင်မြင်ခြင်းနှင့် ခြိမ်းခြောက်သောစာကိုရေး၍ ပေးလိုက်၏။ (၆ရာ ၃၂း၉-၁၇)
၁၆။ ဘုရင်သနာခရိပ်၏ အကြံအစည်အောင်မြင်ပါသလား။
မအောင်မြင်ပါ။ ယုဒလူတိုသည် ငြိမ်သက်စွာနှင့် ထာဝရဘုရားသခင်အား ယုံကြည်ခြင်းခိုင်မြဲ၏။ (၄ရာ ၁၈း၃၆)
၁၇။ဟေဇကိမည်သူထံသို လူကိုစေလွှတ်သနည်း။ သူကိုယ်တိုင်ဘာလုပ်သနည်း။
ဟေရှာထံဆုတောင်းပေးရန်အတွက် လူကိုစေလွှတ်၍ပြော၏။ မိမိကိုယ်တိုင်လည်း ဆုတောင်း၏။ (၄ရာ ၁၉း၁၊၂ ၊ဟေရှာ ၃၇း၂) ၊
၁၈။ဘုရားသခင်သည် မည်သိုအဖြေပေးသနည်း။
ဘုရားသခင်သည် အာရှုရိမင်းသည် သူ့နေရာသိုပြန်သွားရန်နှင့် သေဆုံးရန်ကတိထား၏၊ (၄ရာ ၁၉း၆-၇
၁၉။အာရှရိဘုရင် နောက်ထပ်ကြိုးစားပါသလား။
နောက်ထပ်ခြိမ်းခြောက်သောစာကို ပို့လိုက်၏။
၂၀။ ထိုစာနှင့်ပါတ်သက်၍ ဟေဇကိမင်းမည်သိုပြုသနည်း။
ဟေဇကိမင်းသည် ထိုစာကိုသံတမန်လက်မှခံယူ၍ ကြည့်ပြီးလျှင် ဗိမာန်တော်သို့သွား၍ ထာဝရဘုရား ရှေ့တော်၌ ဖြန့်ထား၏။ (၆ရာ ၁၉း၁၄)
၂၁။ ဟေဇကိ မည်သို့ဆုတောင်းသနည်း။
ဘုရားသခင်၏ဘုန်းတော်ထင်ရှားရန်အတွက် သူတိုအားကယ်မရန်ဖြစ်သည်။ (၄ရာ ၁၉း၁၅-၁၉)
၂၂။ မည်သို အံ့ဩဖွယ်လွတ်မြောက်ခြင်းရရှိသနည်း။
ကောင်းကင်တမန်များအားဖြင့် အာရှုရိလူတိုကို ဒဏ်ခတ်၍သေစေ၏။ (၄ရာ ၁၉း၃၅)
၂၃။ ဘုရင်သနာခရိပ်၏အဆုံးကား မည်သိုနည်း။
သူ၏သားရင်းက သူ့ကိုသတ်၏။ (၄ရာ ၁၉း၃၆-၃၇)
၂၄။ အာရှုရှိနိုင်ငံ၏မြိုတော်အမည်ကိုဖော်ပြပါ။
နိနဝေမြို
၂၅။ ယနေ့ခေတ်တွင် အာရှုရိရှင်ဘုရင်အကြောင်းနှင့် ရှုံးနှိမ့်ခြင်းအကြောင်း သက်သေများတွေ့နိုင်ပါသလား။
နိနဝေမြိုဟောင်းမှ စာပေနှင့် ရုပ်ကြွင်းများ၊ ကျောက်စာနှင့် အုတ်ပေါ်မှစာပေမှတ်တမ်းများကို ကျမ်းစာ ထဲကအတိုင်း တွေ့ရ၏။
၂၆။ ဟေဇကိမင်း၌ မည်သိုဖြစ်သနည်း။
သူ၌ သေနာစွဲ၏။ (၄ရာ ၂၀း၁-၇၊ ဟေရှာ ၃၈း၁)
၂၇။ သူသည် ထိုရောဂါဖြင့်သေပါသလား။
သူ၏ဆုတောင်းခြင်းကို ဘုရားသခင်လက်ခံ၍ ဟေရှာယအားဖြင့် အနာကိုပျောက်စေပြီး အသက်ရှင် စေ၏။ (၄ရာ ၂၀:၅-၆) ၊
၂၈။ ဟေဇကိ မည်သို့အမှားပြုလုပ်မိသနည်း။
ဟေဇကိမင်းသည် ဗာဗုလုန်မင်းအား နိုင်ငံအတွင်းရှိသမျှကိုပြ၏။ မပြသောအရာတစ်စုံတစ်ခုမျှမရှိ။ (၄ရာ ၂၀း၁၂-၁၃)
၂၉။ ဟေရှာယသည် မည်သိုသောကြောက်ရွံဖွယ်နိမိတ်ကို ဟေဇကိအားပြောသနည်း။
နန်းတော်၌ရှိသမျှ ဘိုးဘေးတိုရှိသမျှကို ဗာဗလုန်မြိုသိုသွားရသောအချိန်ရောက်လိမ့်မည်ဟုဆို၏။ (၄ရာ ၂၀း၁၇-၁၈၊ ဟေရှာ ၃၉း၆)
၃ဝ။ဟေဇကိ၏ ယေရုရှလင်မြိုအတွက် ထူးခြားစွာဆောင်ရွက်ချက်ကိုဖော်ပြပါ။
အဆောက်အဦများဆောက်ခြင်း၊ ရေပိုက်များဖြင့်ဝေးသောအရပ်မှ ရေကိုသယ်ဆောင်ရန် စီစဉ်ဆောင် ရွက်ခဲ့၏။
၃၁။ နှစ်ပေါင်းမည်မျှ အုပ်ချုပ်ခဲ့သနည်း။
၂၉ နှစ် (၄ရာ ၁၈:၂)
၆၀။ ယုဒဘုရင်များ (၄ရာ ၂၁း၁-၁၂ ၃၀၊၆ရာ ၃၃ –၃၅;-)
(က) မနာရှေ (၄ရာ ၂၁း၁-၁၈၊ ၆ရာ ၃၃း၁-၂၀)
၁။ မနာေရှ၏ ဖခင်အမည်ကိုဖော်ပြပါ။
ဟေဇကိဖြစ်ပါသည်။ (၄ရာ ၂၀း၂၁)
၂။ သူသည် ဖခင်ကဲ့သိုကောင်းသောဘုရင်ဖြစ်ပါသလား။
မဟုတ်ပါ။ ရုပ်တုဆင်းတုများကိုပြန်၍ သယ်ဆောင်လာ၏။ စုန်း၊ ဗေဒင်၊ နတ်ဝင်တို့ကိုလည်း အားပေး ၏။ ရုပ်တုများကို ဗိမာန်တော်တွင်းသိုသွင်း၏ ပရောဖက်ဟေရှာယကို သတ်သူဟုခေါ်ကြ၏။
၃။ ဘုရားသခင်သည် အပြစ်အတွက်မည်သိုဒဏ်ခတ်သနည်း။
သူ့အား သုံပန်းအဖြစ် ဗာဗုလုန်နိုင်ငံသိုခေါ်ဆောင်သွား၏။
၄။ သုံပန်းဖြစ်ရခြင်းအတွက် မည်သိုအကျိုးရှိသနည်း။
သူ့ပန်းဖြစ်ရခြင်းအတွက် ဘုရားသခင်ကိုပြန်လည်သတိရ ၊နောင်တရဆုတောင်းခြင်းဖြင့် ဘုရားသခင်၏ မေတ္တာကို ခံစားရ၏။ (၆ရာ ၃၃း၁၂-၁၃)
၅။ ဘုရားသခင်သည် သူ၏ဆုတောင်းသံကို လက်ခံနားညောင်းပါသလား။
နားထောင်ပါသည်။ သူသည် တစ်ဖန်ဘုရင်အဖြစ်သိုပြန်ရ၏။
၆။ မနာေရှသည် နန်းပြန်ရသောအခါ မည်သိုပြုမူသနည်း။
ရုပ်တုဆင်းတုများကို ယုဒနယ်မှပယ်ဖျက်၏။
၇။ မနာေရှနှစ်ပေါင်းမည်မျှအုပ်ချုပ်သနည်း။
၅၅ နှစ်။
(ခ) အာမုန်(၄ရာ ၃၃း၁၉- ၂၅၊ ၆ရာ ၃၃း၂၀-၂၅)
၈။ မနာရှေ့နောက် မည်သူနန်းတက်သနည်း။
သူ၏သား အာမုန်နန်းတက်၏။ ခမည်းတော်လုပ်သော ရုပ်တုဆင်းတုရှိသမျှတိုအား ယဇ်ပူဇော်၍ ဝတ်ပြု၏။ ခမည်း တော်သည် ထာဝရဘုရားရှေ့တော်၌ ကိုယ်ကို နှိမ့်ချသကဲ့သို မနှိမ့်ချဘဲ အထူးသဖြင့် ပြစ်မှား၏။ (၄ရာ ၃၃း၂၁-၂၃)
၉။ အာမုန် နှစ်ပေါင်းမည်မျှအုပ်ချုပ်သနည်း။
၂ နှစ်
၁၀။ သူ၏စိတ်ပျက်စရာ နောက်ဆုံးအချိန်ကား မည်သိုနည်း။
သူ၏ကျွန်တို့သည် သူ့ကိုလုပ်ကြံကြ၏။ (၄ရာ ၃၃း၂၄)
(ဂ) ယောရှီ (၄ရာ ၂၂း၁၊ ၂၃း၃၀၊ ၆ရာ ၃၄၊ ၃၅
၁၁။ ယောရှိအသက်မည်မျှတွင် ယုဒဘုရင်ဖြစ်သနည်း။
၈နှစ်
၁၂၊ ယောရှိသည် မည်သူ၏သားဖြစ်သနည်း။
အာမုန်၏သားဖြစ်သည်။
၁၃။ ယောရှိ၏အကျင့်စာရိတ္တကိုဖော်ပြပါ။
ဘုရားသခင်ရှေ့တွင် မှန်သောအမှုကိုပြ၏။
၁၄။ အသက်မည်မျှ၌ ဘုရားသခင်ကိုချစ်ကြောင်း သက်သေဖော်ပြသနည်း။
အသက် ၁၆ နှစ်ခန့်တွင် ဖော်ပြ၏။ (၆ရာ ၃၄း၃)
၁၅။ ပထမဦးဆုံးသူ၏ ဆောင်ရွက်ချက်ကိုဖော်ပြပါ။
နတ်ရုပ်တုကိုးကွယ်ခြင်းနှင့် ပတ်သက်သမျှကိုဖယ်ရှား၏။
၁၆။ ဗိမာန်တော်ကို သန့်ရှင်းရာမှ မည်သည့်အံ့ဩဖွယ်အရာကိုတွေ့ရှိသနည်း။
ပညတ္တိကျမ်းစာစောင်ကိုတွေ့၏။ တရားဟောရာကျမ်းတစ်အုပ်လုံး သိုမဟုတ် တစ်ပိုင်းတစ်စကို တွေ့ရသည် ၊ ဟု ယူဆရ၏။ (၄ရာ ၂၂း၈-၁၀)
၁၇။ ထိုကျမ်းစာကိုကြားသိရသောအခါ ယောရှိမင်း မည်သိုခံစားရသနည်း။
ဘိုးဘေးမျိုးဆက်တို၏ မှားယွင်းသောအပြစ်များအတွက် ကြောက်ရွံခြင်းဖြစ်ရ၏။
၁၈။ထိုအကြောင်းနှင့်ပါတ်သက်၍ ဘုရားသခင်၏သဘောတော်ကိုသိရန် မည်သူ့ထံသို လူကိုစေလွှတ်၍မေး သနည်း။
အချုပ်ဝန်ရှလ္လုံ၏မယား၊ ပရောဖက်မ ဟုလဒထံမေးစေ၏။ (၄ရာ ၂၂း၁၄)
၁၃။ ယောမင်းအား ထာဝရဘုရား မည်သိုနှစ်သိမ့်သနည်း။
ဒဏ်ခတ်ခြင်းကို ယောမင်းလက်ထက်၌ မပြုဟုကတိပေး၏။
၂၀။ ထာဝရဘုရား ဤသိုပြောကြားသဖြင့် ယောရှိ မည်သိုဆောင်ရွက်သနည်း။
ပညတ္တိ ကျမ်းကို လူတိုရှေ့၌ ဖတ်ရွတ်စေ၍၊ လူတိုအား ဘုရားသခင်နှင့်ကောင်းစွာဂတိထား သစ္စာရှိရန် ပြုပြင်ပေး၏။
၂၁။ (၄ရာ ၂၃) တွင် ယုဒပြည်၌ ရုပ်တုကိုးကွယ်ခြင်းနှင့်ပါတ်သက်၍ မည်သိုသိနိုင်သနည်း။
ထိုသူတိုသည် ဗာလဘုရား၊ ဇိဒုန်ဘုရား၊ မောဘဘုရား၊ အမွုန်ဘုရားများကို ကိုးကွယ်ကြကြောင်း သိရ၏။ (၄ရာ ၂၃း၁၃)
၂၂။ ယောရှိမင်းသည် ထိုကိုးကွယ်ခြင်းအတွက် မည်သိုပြုသနည်း။
ရုပ်တုနှင့် ယဇ်ပလ္လင်များကို ဖျက်ဆီးပစ်၏။
၂၃။ အသက်ငယ်သော ယောင်မင်းနှင့်ပါတ်သက်၍ မည်သိုပရောဖက်ပြုပြောကြားချက်ရှိခဲ့သနည်း။
“ထိုအခါ ယေရောဗောင်သည် နံ့သာပေါင်းကိုမီးရှိခြင်းငှါ ယဇ်ပလ္လင်နားမှာရပ်နေစဉ်တွင် ဘုရားသခင် ၏လူတစ် ယောက်သည် ထာဝရဘုရား၏နှုတ်ကပတ်တော်အတိုင်း ယုဒပြည်မှ ဗေသလမြို သိုရောက်လာ၍ ထာဝရဘုရား၏ နှုတ်ကပတ်တော်အတိုင်း ယဇ်ပလ္လင်တစ်ဘက်၌ကြွေးကြော်လျက်၊ အိုယဇ်ပလ္လင် ထာဝရဘုရားမိန့်တော်မူသည်ကား ဒါဝိဒ်မင်းမျိုး၌ ယောရှိ အမည်ရှိသောသူကို ဘွားမြင်လိမ့်မည်။ သင့်အပေါ်မှာ နံ့သာပေါင်းကိုမီးရှိ၍ မြင့်သောအရပ်၌ ယဇ်ပုရောဟိတ်လုပ်သောသူ တိုကို ထိုသူသည် သင့်အပေါ်မှာပူဇော်၍ လူသေအရိုးတိုကို မီးရှိလိမ့်မည်ဟု မိန့်တော် မူကြောင်းကို ဆင့်ဆို၏။ (၃ရာ ၁၃း၁-၂)
၂၄။ ထိုကဲ့သို ကြိုတင်ပြောထားချက် မှန်ကန်ပါသလား။
အတိအကျပြည့်စုံရ၏။ (၆ရာ ၃၄း၅)
၂၅။ ယောရှိမင်း၏ နောက်ဆုံးနေ့ကား မည်သိုနည်း။
မေဂိေဒွါစစ်ပွဲ၌ လေးမှန်၍ သေဆုံးရ၏။ (၆ရာ ၃၅း၂၃)
၂၆။ ထိုအဖြစ်အပျက်အကြောင်းကိုဖော်ပြပါ။
အဲဂုတ္တုဘုရင်သည် အာရှုရိကိုတိုက်ရန် စစ်ချီအသွား ယောရှိသည် အဲဂုတ္တုမင်းအား ဆီးတားတိုက် ခိုင်သဖြင့် စစ်ဖြစ် ရ၏။
၂၇။ ယောရှိမင်းသေသော် သူ၏ပြည်သားများ မည်သိုခံစားရသနည်း။
အများနှင့်စပ်ဆိုင်သော ငိုကြွေးခြင်း၊ ဝမ်းနည်းခြင်းပြုကြ၏။
၂၈။ ယောရှိအတွက် ဝမ်းနည်းခြင်းမြည်တမ်းစကားကို မည်သည့်ပရောဖက် ပြုသနည်း။
ယေရမိ (၆ရာ ၃၅၂၅) ငါတိုထွက်သက်ဝင်သက်တည်းဟူသော အရှင်ကို သူတိုသည် မြေတွင်း၌ဖမ်းမိ ကြပြီး။ ထိုအရှင်၏ဘုန်းတော်ကို ခိုလှု၍ ငါတိုသည် သာသနာပလူတိုတွင် အသက်ချမ်းသာရလိမ့်မည်ဟု အထက်ကဆိုတတ်ကြ၏။ (မြည် ၄း၂၀)
၂၉။ ယောရှိမင်း နှစ်ပေါင်းမည်မျှအုပ်ချုပ်ခဲ့သနည်း။
၃၁ နှစ်
၆၁။နောက်ဆုံးသောယုဒမင်း:'(၄ရာ ၂၃-၂၅၊၆ရာ ၃၆;-)
၁။ ယောရှိမင်း၏သား မည်သူသည် နန်းဆက်ခံသနည်း။
ယောရှိ၏သား ယောခတ်နန်းတက်၏။ (၆ရာ ၃၆း၁)
၂။ ယောခတ်အသက်မည်မျှ၌ နန်းတက်သနည်း။ မည်မျှကြာကြာအုပ်ချုပ်သနည်း။
၂၃ နှစ်တွင် နန်းတက်၏။ ၃ လခန့်သာအုပ်ချုပ်၏။
၃။ အဘယ်ကြောင့် သူသည် ခဏသာအုပ်ချုပ်ရသနည်း။
အဲဂုတ္တုဘုရင်သည် သူ့အားနန်းချ၍ ခေါ်ဆောင်သွားပြီး အဲဂုတ္တု၌ သေဆုံး၏။ (ယေ ၂၂း၁၁-၁၂)
၄။ ယောခပ်နောက် မည်သူဘုရင်ဖြစ်သနည်း။
ယောရှိ၏သားတစ်ယောက်ဖြစ်သော ဧလျာကိမ်နန်းတက်၏။
၅။ အဲဂုတ္တုဘုရင်သည် ဧလျာကိမ်ကို အမည်သစ်မည်သိုပေးသံနည်း။
ယောယကိမ်ဟူသော အမည်သစ်ကိုပေး၏။
၆။ ယောယကိမ်အသက်မည်မျှတွင် နန်းတက်၍၊ နှစ်ပေါင်းမည်မျှအုပ်ချုပ်သနည်း။
အသက် ၂၅ နှစ်တွင်နန်းတက်၍ ၁၁ နှစ်အုပ်ချုပ်၏ ။
၇။ ယောယကိမ်နောက် မည်သူနန်းတက်သနည်း။
သားတော် ယေခေါနိနန်းတက်၏ (၆ ရာ ၃၆း၈)
၈။ ယေခေါန၏အမည် ၃မျိုးကိုဖော်ပြပါ။
ယေခါနီ (JEHOLACHIN) ၄ရာ ၂၄း၈၊ ယေခါနိ (JECONIAH) ၅ရာ ၃း၁၆ ၊ခေါနိ (CONIAH) ယေ၂၂း၂၄၊
၉။ သူ၏အသက်မည်မျှ၌ ခမည်းတော်ကွယ်လွန်သနည်း။
၈နှစ်
၁၀။ နန်းတက်ပြီး မည်မျှကြာသောအခါ ဗာဗုလုန်နိုင်ငံသိုခေါ်ဆောင်ခြင်းခံရသနည်း။
၃ လခန့် (၆ရာ ၃၆း၉-၁၀)
၁၁။ ယေခါနိနောက် မည်သူ့အားနန်းကိုအပ်နှင်းသနည်း။
ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာသည် ယေခေါနိကို ဆောင်ယူသွားပြီး သူ၏ဘထွေးတော် ဇေဒကိကို ယုဒဘုရင် တင်မြှောက်၏။ (၆ရာ ၃၆း၁၀)
၁၂။ ဇေဒကိနှင့် ကောင်းသောဘုရင်ယောရှိ မည်သိုဆက်နွယ်သနည်း။
ယောရှိမင်း၏သားဖြစ်သည်။
၁၃။ နေဗုခဒ်နေဇာသည် ယုဒဘုရင်နှင့်အတူ မည်သည့်အရာများ ဗာဗုလုန်သိုယူဆောင်သွားသနည်း။
ကောင်းမွန်သောဗိမာန်တော်တန်ဆာများ (အလှအပပစ္စည်းများ) ကိုယူဆောင်သွား၏။
၁၄။ ဇေဒကိ၏ အကျင့်စာရိတ္တကို ဖေါ်ပြပါး
ထာဝရဘုရားသခင်ရှေ့တော်မှောက်၌ ဒုစရိုက်ကို ပြု၏။ (၆ရာ ၃၆း၁၂)
၁၅။ ထိုအချိန်က ကျော်ကြားသော ပရောဖက်ကား မည်သူနည်း။
ယေရမိဖြစ်သည်။
၁၆။ ဇေဒကိသည် ယေရမိအား မည်သို မေးသနည်း။ ။
နေဗုခဒ်နေဇာသည် ယေရုရှလင်မြိုကို တိုက်လာသောအခါ မိမိတို စစ်နိုင်မနိုင် အခြေအနေကို မေးပါသည်။
၁၇။ ထာဝရဘုရားသည် ယေရမိအားဖြင့် မည်သို အဖြေပေးသနည်း။
သူတိုတွင် ရောဂါဘေး၊ အစာခေါင်းပါးခြင်းဘေးမှ လွတ်သော သူတိုသည်လည်း ဗာဗုလုန်ဘုရင်၏ ဒါးဖြင့် သေရ မည်ဟု ဆို၏။
၁၈။ ဇေဒကိသည် ခါလဒဲစစ်တပ်ကို ခုခံရန် မည်သူ့ထံ အကူအညီတောင်းသနည်း။
ဖာရောဘုရင် အဲဂုတ္တုထံသို အကူအညီတောင်းသည်။ (ယေ ၃၇း၇)
၁၉။ သူတို့သည် ရန်သူများကို အောင်နိုင်ပါသလား။
ခေတ္တမျှသာ တွန်းလှန်နိုင်သည်။
၂၀။ ယေရုရှလင်မြို၏ ကံကြမ္မာကား မည်သိုနည်း။
ခါလဒဲလူတို သိမ်းပိုက်၍ လူများကို သုံပန်းအဖြစ်ခေါ်ဆောင်သွားသည်။
၂၁။ နေဗုခဒ်နေဇာသည် ဇေဒိကမင်းကို မည်သိုပြုသနည်း။
သူ၏သားနှစ်ယောက်ကို အဘမျက်မှောက်၌ သတ်၏။ မျက်စိကို ဖေါက်၏။ ကြေးဝါကြိုးနှင့် ချည်နှောင်ပြီး သေသည့် တိုင် ထောင်ထဲ၌ ထား၏။ (ယေ ၅၂း၁၀-၁၁)
၂၂။ ပရောဖက်ပြုချက်နှစ်ချက်သည် မည်သို ပြည့်စုံသနည်း။
ယေ ၃၄း၃-၅ တွင် ဗာဗုလုန်သို ဖမ်းဆီးသွားမည့် အချက်နှင့် ယေဇ ၁၂း၁၂ တွင် မြိုကို ပြန်၍ မမြင်ရဟူ သော အချက်တိုဖြစ်သည်။
၂၃။ မည်သည့် ပရောဖက်အားဖြင့် ဤအချက်ကို ကြိုတင်ဖေါ်ပြသနည်း။
ယေရမိအားဖြင့် (ယေ ၂၅း၁၁) “ဤလူမျိုးသည် အနှစ် ၇၀ ပတ်လုံး ဗာဗုလုန်ရှင်ဘုရင်၏ အမှုကို ၊ ဆောင်ရွက်ရကြ လိမ့်မည်” ဟု ဖေါ်ပြခဲ့သည်။
၂၅။ ယုဒလူမျိုးအားလုံးကို ဗာဗုလုန်သို ခေါ်ဆောင်သွားပါသလား။
မဟုတ်ပါ။ ဆင်းရဲသားတိုသည် မြိုကို စောင့်ရန် ကျန်ခဲ့ကြ၏။ (ယေ ၃၉း၁၀)
၂၆။ သူတို ဗာဗုလုန်ဥပဒေ ကို ငြိမ်းချမ်းစွာ လိုက်နာပါသလား။
အချို့ ပုန်ကန်ကြ၏။ အချို ဗာဗုလုန်အုပ်ချုပ်သူများကို သတ်ပြီး ယေရမိမလိုက်ချင်သော်လည်း ယေရမိကို ၊ ခေါ်၍ အဲဂုတ္တုသို ထွက်ပြေးကြ၏။
၆၂။ ဧဇရ
၁။ နှစ်ပေါင်း ၇၀ ကျွန်ခံရသော ဣသရေလတို့ မည်သည့် ဘုရင်လက်ထက်၌ မိမိတို နေရပ်သို့ ပြန်ရောက် ကြသနည်း။
ဗာဗုလုန်နိုင်ငံကို အောင်နိုင်သော ပေရသိဘုရင် ကုရုလက်ထက်ဖြစ်၏။
၂။ ဘုရင်ကုရုအားမည်သည့် ပရောဖက်သည် ဤအကြောင်းကို ပြောသနည်း။
‘ဟေရှာယ” “အကြင်သူ၏ လက်ကို ငါထောက်မ၏။ ထိုသူတည်းဟူသော ကုရုမင်း၊ ထာဝရဘုရား ပေးတော်မူ၍ ဘိသိက်ခံသော မင်းအား….” (ဟေရှာ ၄၅း၁)
၃။ ထိုပြောကြားချက်သည် နှစ်ပေါင်းမည်မျှ စော၍ ပြောကြားချက်ဖြစ်သနည်း။
ဗာဗုလုန်ကို ကုရုမင်းမသိမ်းမီ နှစ်ပေါင်း ၁၇၀ ခန့်ဟု ထင်ရ၏။ ဣသရေလတိုသည် ကုရုမင်းတက်ပြီး တစ်နှစ်ခန့် တွင် မိမိတိုအရပ်သို ပြန်ကြရသည်ဟု ထင်ပါသည်
၄။ ကုရုမင်းသည် ဖမ်းထားသော ယုဒလူတိုနှင့် ပတ်သက်၍ မည်သိုအမိန့်ထုတ်ပြန်သနည်း။
သူတို့သည် ယုဒနိုင်ငံသို ပြန်၍ ဗိမာန်တော်ကို ပြန်၍ တည်ဆောက်ရန် ခွင့်ပြုမိန့်ပေး၏။
၅။ ထိုအချိန်က ယုဒဘုရင်အမည်ကို ဖေါ်ပြပါ။
ေရှရှဗာဇာ (ဧဇရ ၁း၈)
၆။ ထိုအချိန်က လေဝိအမျိုး၏ ခေါင်းဆောင်ကား မည်သူနည်း။
ယောရှုဖြစ်သည်။ သူသည် ပရောဖက်လည်းဖြစ်သည်း (ဧဇရ ၂း၄၀၊ ၃း၂)
၇။ ထိုခွင့်ပြုမိန့်ရသော် လူဦးရေမည်မျှ ယုဒပြည်သို ပြန်ကြသနည်း။
ကျွန်ယောက်ျား၊ ကျွန်မိန်းမပေါင်း ၇၃၃၇ ဦးကို မရေတွက်ဘဲ လူဦးရေ ၄၂၃၆ဝ ယောက်ဖြစ်သည်။
၈။ သူတိုနှင့် အတူမည်သည့် ပစ္စည်းများ ယူဆောင်လာကြသနည်း။
ဗိမာန်တော်ပစ္စည်း ရွှေနှင့် ငွေဖလားများ။
၉။ လမ်းခရီးတွင် ရက်ပေါင်းမည်မျှကြာသနည်း။
ထိုများပြားသောလူစုအတွက် ၄-၅ လခန့် ကြာမည်ဟု ယူဆရပါသည်။
၁၀။ ယေရုရှင်မြိုသို မည်သည့်လတွင် ရောက်ရှိသနည်း။
သတ္တမလ (ခေတ်ပြက္ခဒိန် အောက်တိုဘာ) တွင် ရောက်၏။ (ဧဇရ ၃း၁)
၁၁။ ထိုလ ၅ ရက်တွင် မည်သည့် ပွဲနေ့ကျရောက်သနည်း။
သကေနေပွဲကို ကျင်းပ၏။ (ဧဇရ ၃း၄)
၁၂၊ သူတိုအား တားမြစ်ခြင်းမပြုမီ မည်မျှဆောက်လုပ်ပြီးစီးသနည်း၊
ဗိမာန်တော်တိုက်မြစ်ကို ချပြီး၏။ (ဧဇရ ၃း၄၊ ၄:၄)
၁၃။ မည်သည့် ရန်သူသည် မည်မျှကြာကြာတားမြစ်ခဲ့သနည်း။
ယုဒအမျိုးနှင့် ဗယာ်မိန်အမျိုး၏ ရန်သူ ရှမာရိမြိုသားများတို ဖြစ်သည်။ ၁၅ နှစ် ကြာ၏။
၁၄။ ဘုရားသခင်သည် မည်သူအားဖြင့် သူတိုအား တဖန်နှိးဆော်သနည်း။
ပရောဖက် ဟဂွဲနှင့် ပရောဖက် ဇာခရိအားဖြင့် နှိုးဆော်သည်။
၁၅။ ဟဂွဲအခန်းကြီး ၁ တွင် ယုဒလူမျိုးတိုသည် ဗိမာန်တော်တည်ဆောက်ခြင်းထက် မိမိတိုနေအိမ်ကို တည်ဆောက်ရန် စိတ်အားကြီးကြောင်း မည်သို ရေးသားထားသနည်း။
“အချင်းလူတို၊ သင်တိုသည် အမိုးနှစ်ထပ်နှင့်ပြည့်စုံသော အိမ်၌နေချိန်ရှိလျက်ပင် အိမ်တော်ပျက်လျက် နေရမည်လော” (ဟဂွဲ ၁း၄) ၊
၁၆။ ယုဒမြို့ဝန် ဇေရူဗဗေလနှင့် ယဇ်ပုရောဟိတ်မင်းယောရှု၌ မည်သို ဖြစ်သနည်း။
ထာဝရဘုရားသည် သူတိုနှစ်ဦးအားဖြင့် နှိးဆော်တော်မူ၍ အိမ်တော်ကိုပြန်၍ ဆောက်လုပ်ကြပြန်သည်။ (ဟဂွဲ ၁း၁၄-၁၅)
၁၇။ ဗိမာန်တော်တည်ဆောက်ခြင်းအတွက် ဘုရားသခင်သည် ယုဒလူတိုအား မည်သို ကတိပေးသနည်း။ ။
ဘုရားသခင်သည် သူတိုနှင့်အတူ ရှိပြီး ကောင်းကြီးမင်္ဂလာနှင့်ငြိမ်သက်ခြင်းပေးမည်ဟု ကတိထား၏။:-(ဟဂွဲ ၂း၄-၉
၁၈။ ကတိတော်သည် သူတို၌ မည်သိုဖြစ်သနည်း။
သူတို ဗိမာန်တော်ကို အောင်မြင်စွာဆောက်လုပ် အဆုံးသတ်ကြ၏။ (ဧဇရ ၅း၂ ၊၆း၁၂) ၊
၁၉။ သူတို့သည် အခက်အခဲများကို မည်သို ခံရပ်ကြသနည်း။
ဘုရားသခင်၏ ကြည့်ရှုစောင့်ထိန်းခြင်းဖြင့် ခံရပ်ကြသည်။ (ဧဇရ ၅:၅)
၂၀။ သူတိုသည် ဒါရိမင်းအမိန့်ဖြင့် မည်သိုထောက်ပံ့ခြင်းကို ရသနည်း။
အနောက်ဖက်မြိုဝန်မှ စီစဉ်၍ ဗိမာန်တော်အတွက် လိုအပ်သမျှကို ထောက်ပံ့ပေးရန် ဘုရင်အမိန့်ချ မှတ်၏။ (ဇရ ၆း၆-၁၄)
၂၁။ အဘယ်ကြောင့် ဤကဲ့သို အမိန့်ချမှတ်ရသနည်း။
ကုရုမင်းချမှတ်သော အမိန့်စာကို ရှာဖွေတွေ့ရှိခဲ့၍ ဖြစ်သည်။ (ဧဇရ ၅း၃၊ ၆း ၂-၃)
၂၂။ ဗိမာန်တော်ကို မည်သည့်အချိန်၌ တည်ဆောက်ပြီးစီးသနည်း၊
၆ နှစ်မြောက် (ဘီစီ ၅၁၆) တွင် ဒါရိမင်းနန်းစံခြောက်နှစ်၊ အာဒါလ သုံးရက်နေ့တွင် ပြီး၏။ ဘီစီ ၅၁၆ တွင် ဖြစ် ၏။ (ဧဇရ ၆း၅)
၂၃။ ဗိမာန်တော်ကို မည်သို အနုမောဒနာပြုသနည်း။
ပဿခါပွဲကို ခံ၏။ ခုနှစ်ရက်ပတ်လုံး အဇုမပွဲကိုလည်း ခံ၏။ (ဧဇရ ၆း၁၆-၂၂)
၂၄။ ဧဇရမှတ်စာ၌ ဖေါ်ပြထားသော အာတဇေရဇ်မင်းကား မည်သူနည်း။
Xerxes ၏ သားဟု ယူဆရသည်။
၂၅။ ဧဇရကား မည်သူနည်း။
ပရောဖက်အာရုန်၏မျိုးဆက်ဖြစ်ပြီး ပညတ်ချက်များကို ရေးသားဖေါ်ပြခဲ့သူဖြစ်၏။ (ဧဇရ ၇း၁-၁၅၊ ၁၁)
၂၆။ ဧဇရသည် အဘယ်ကြောင့် ယေရုရှလင်မြိုသို သွားသနည်း။
ဘုရားသခင်ကို သိခြင်းနှင့် ဝတ်ပြုခြင်းကိစ္စများတွင် ဆောင်ရွက်လိုသောသူများ ရရှိရန်ဖြစ်သည်။
၂၇။ ပေရသိရှင်ဘုရင်သည် ဧဇရ၌ မည်သိုသော စာကို ပေးလိုက်သနည်း။
ဣသရေလအမျိုးသား၊ ယုဒအမျိုးသားတို ယေရုရှလင်မြိုသို ပြန်၍ ဗိမာန်တော်အတွက် ဆောင်ရွက်ရန်၊ ဘုရားသခင်၏တရားကို လေ့ကျက်ရန်နှင့် အဖိုးတန်လှူဖွယ်ပစ္စည်းများကို အမိန့်စာဖြင့် ပေးလိုက်ကြ၏။
၂၈။ ဧဇရ၏ ဗာဗုလုန်မှ ယုဒပြည် ခရီးစဉ်ကို မည်သိုဖေါ်ပြထားသနည်း။
သူတို အစာရှောင်ခြင်း၊ ဆုတောင်းခြင်းဖြင့် ထွက်ခွါလာပြီး၊ဘုရားသခင်ေကျးဇူးေတာ်ေကြာင့် လုံခြုံစွာရောက် ၏ဟု ဖေါ်ပြထား၏။ (ဇရ ၇း၉၊ ၈:၂၁-၂၃၊ ၃၂)
၂၉။ ယုဒပြည်သို့ ရောက်သော် သူတို မည်သို ဝတ်ပြုသနည်း။
မီးရှို့ရာယဇ်ကို ပူဇော်ကြသည်။ (ဧဇရ ၈း၃၅)
၃၀။ ဧဇရသည် ယုဒရှင်ဘုရင်အား မည်သိုအမှားများကို ဖေါ်ပြသနည်း။
ယုဒလူမျိုးတိုသည် ထိုပြည်သားတိုနှင့် ရောနှောနေထိုင်အိမ်ထောင်ပြုခြင်းသည် မှားယွင်း ဖေါ်ပြသည်။ (ဧဇရ ၇း၉)
၃၁။ ထိုအပြစ်အတွက် ဧဇရမည်သိုပြုသနည်း။
ထာဝရဘုရားထံ အလွန်ကြောက်ရွံ ရိုသေခြင်းဖြင့် အပြစ်ဝန်ချတောင်းပန်၏။
၃၂။ဇရ၏ ယုံကြည်ခြင်း၊ သစ္စာရှိခြင်းသည် ထိုသူတို၌ မည်သိုဖြစ်သနည်း။ ။
သူတိုသည် အမှန်တကယ်နောင်တရကြပြီး ရုပ်တုကိုးကွယ်သောသူတို၏ ဇနီးတိုကို ကွာရှင်းကြ၏။ (ဧဇရ ၁၀:၁-၁၉)
၃၃။ သူတို့ အကျင့်ပြောင်းလဲခြင်းကို မည်သို ဖေါ်ပြသနည်း။ ။
ဘုရားသခင်၌ ကတိထား၏။ တစ်ဦးနှင့်တစ်ဦး ကတိထား၏။ ပရိသတ်ရှေ့တွင် ဖေါ်ပြ၏။
၆၃။ နေဟမိ
၁။ နေဟမိ၏ အလုပ်အကိုင်နှင့် ရာထူးကို ဖေါ်ပြပါ။
အာတဇေရဇ်မင်းကြီး၏ ဖလားတော်ကိုင်ဖြစ်သည်။ (နေ ၁း၁၁)
၂။ ထိုမင်း၏ နာမည်အပြည့်အစုံကို သိပါသလား။
Artaxcrets longimanus (အာတဇေရဇ်လောင်ဂျီမားနတ်စ်) ဖြစ်နိုင်ပါသည်။
၃။ ထိုရာထူးသည် မြင့်သောရာထူးဖြစ်ပါသလား။
မြင့်သောရာထူးဖြစ်ပြီး အခြားသူများ ဘုရင်ထံ မခစားရသော်လည်း ထိုရာထူးရှိသူအနေဖြင့် ဘုရင်ထံ ဝင်နိုင်ထွက် နိုင်၏။
၄။ အဘယ်ကြောင့် သူသည် ဤကဲ့သို မြင့်သောရာထူးကို ရသော်လည်း ဆက်၍ တာဝန်မထမ်းချင်ရသနည်း။
အဘယ်ကြောင့်ဆိုသော် ယေရုရှလင်မြိုသို ပြန်၍ ဗိမာန်တော်နှင့် မြိုတည်ဆောက်ခြင်းတွင် ပါဝင်လိုသော ကြောင့် ဖြစ်သည်။
၅။ သူ၏လိုအပ်ချက်ကို ရရှိရန် မည်သိုပြင်ဆင်သနည်း။
ထာဝရဘုရားသခင်ထံ ဦးစွာဆုတောင်း၏။ (နေ ၁း၁၁၊ ၂၄)
၆။ ဘုရင်သည် သူ၏ တောင်းလျှောက်ချက်ကို သဘောတူပါသလား။
သဘောတူပါသည်။ (နေ ၂း၆)
၇။နေဟမိ၏ ဘုရင့်ထံမှ အထူးကောင်းလျှောက်ချက်ကို ဖေါ်ပြပါ။
ဘုရင့်အမိန့်တော်ဖြင့် သူ့အား ယုဒပြည်သို ပိုဆောင်ပေးရန်ဖြစ်သည်။ (နေ ၂း၅)
၈။ သူ့အား မည်သို ပိုဆောင်သနည်း။
“ဘုရင်ခံတစ်ယောက်ကဲ့သို အစောင့်အရှောက်နှင့် ပိုဆောင်၏။
၉။ ယုဒလူမျိုးတို၏ ရန်သူတိုသည် နေဟမိ၏အစီအစဉ်ကို သိသော် မည်သို ခံစားရသနည်း။
သူတို့ အလွန်မကျေမနပ်ဖြစ်ကြရသည်။ (နေဟမိ ၂း၁၀၊ ၁၉၊ ၄း၁-၇) ၊
၁၀ ။နေဟမိသည် ယေရုရှလင်မြိုသို ရောက်သော် ပထမဆုံးလုပ်ဆောင်ချက်ကို ဖေါ်ပြပါ။
ညအခါ တိတ်တဆိတ်မြို၏အပျက်အစီးကို လေ့လာသည်။ (နေ ၂း၁၂-၁၅)
၁၁။ မြိုရိုး၏ အခြေအနေကို မည်သို တွေ့ရှိရသနည်း။
နေရာတိုင်း ပျက်စီးနေကြောင်းတွေ့ရသည်။
၁၂။ သူ၏ပထမဆုံးအများနှင့် စပ်ဆိုင်သော လုပ်ဆောင်ချက်ကို ဖေါ်ပြပါ။
မြိုကို ပြန်တည်ရန်အတွက် ယုဒလူတိုအား လှုဆော်တိုက်တွန်းသည်။ (နေ ၂း၁၇-၁၈)
၁၃။ သူ၏ တိုက်တွန်းချက်ကို မည်သို ခံယူကြသနည်း။
“ငါတိုသည် ထ၍တည်ကြကုန်အံ့ဟု ဆိုလျက် ထိုကောင်းမှုကို ပြီးစီးစေခြင်းငှါ တယောက်ကိုတယောက် နှိးဆော်ကြ၏။ (နေ ၂း၁၈)
၁၄။ ပြန်လည်တည်ဆောက်ခြင်းကို မည်သူတို လုပ်ဆောင်ကြသနည်း။
ထိုမြိုသား (ယုဒ) တို မိမိတို အစွမ်းဖြင့်လုပ်ဆောင်ကြသည် ၊
၁၅။ ယုဒလူတို မြိုရိုးကိုတည်ဆောက်ကြောင်း သိသော် ရန်သူတိုသည် မည်သို ကြံစည်သနည်း။
တည်ဆောက်ခြင်းလုပ်ငန်း ရပ်ဆိုင်းရန် ကြိုးစားကြသည်။ (နေ ၄း၁၁)
၁၆။ ရန်သူတိုသည် မည်သို ကဲ့ရဲ့ ရှုချသော စကားကို ပြောသနည်း။
“သူတိုဆောက်သော ကျောက်ရိုးကို တောခွေးထိခိုက်လျှင် လဲပြိုလိမ့်မည်” ဟု ပြောဆိုပါသည်။ (ေနု ၄း၃)
၁၇။ နေဟမိသည် အန္တရာယ်များကို မည်သို ရင်ဆိုင်သနည်း။
ယုံကြည်ခြင်းဖြင့် ဆုတောင်းလျက် လက်နက်ကိုင်အစောင့်များကို နေ့ရောညပါ စောင့်စေခြင်းဖြင့် ရင်ဆိုင်၏။ (နေ ၄း၉-၂၃)
၁၈။ နေဟမိသည် ယုဒလူတို၏ မည်သိုသော မှားယွင်းသည့်အကျင့်ကို ပြင်ရန် ပြောကြားသနည်း
ဒုက္ခဆင်းရဲတွေ့နေရသောသူတိုအပေါ်တွင် မတရားအတိုးစားသောအကျင့်ကို ပယ်ဖျက်ရန် ပြောကြား၏-( နေ ၅;-)
၁၉။ သူ၏ပြောဆိုချက်ကို သဘောတူကြပါသလား။
ချက်ခြင်းသဘောတူ လိုက်လျောကြသည်။
၂၀။ နေဟမိသည် ထိုသူတိုရှေ့တွင် မည်သို ကောင်းစွာနေ ပြသနည်း။
ဘုရင်ခံ (မြိုဝန်)တစ်ယောက်အနေဖြင့် ရသင့်ရထိုက်သော ထောက်ပံ့မှုကို မယူဘဲ မိမိရှိသည့်အထဲမှ လိုအပ်သူတို ကို ဝေမျှကျွေးမွေးသည်။
၂၁။ သမ္ဘာလတ်နှင့် အဖွဲသားတိုသည် နေဟမိကြောက်ရွံစေရန် မည်သိုမကောင်းကြံစည်သနည်း။
သူတိုလက်သိုရောက်ရန်အတွက် စည်းဝေးသိုဖိတ်ခေါ်ပြီး လိမ်ညာသော ပရောဖက်အားဖြင့် မြိုကို တည်ဆောက်ခြင်း လုပ်ငန်းကို ရပ်ဆိုင်းရန် ပြောဆို၏(နေ ၆)
၂၂။ မြိုရိုးကို မည်မျှကြာကြာတည်ဆောက်ရသနည်း။
၂၂ ရက် (နေ ၆း၁၅)
၂၃။ နေဟမိသည် မည်သူ့လက်၌ ယေရုရှလင်မြိုကို အပ်သနည်း။ အဘယ်ကြောင့်နည်း။
သစ္စာရှိ၍ အထူးသဖြင့် ဘုရားသခင်ကို ရိုသေသော ရဲတိုက်မှူးဟာနနိနှင့် ညီဟာနန်တို၌ ယေရုရှလင်မြိုကို အပ်၏။ (ဟာနန်သည် သူ၏ ညီဖြစ်၏။) (နေ ၇း၂)
၂၄။ မြိုရိုးတည်ဆောက်ပြီးသော် ဘုရားသခင်သည် နေဟမိနှလုံး၌ မည်သည့်အမှုကို ဆက်၍ဆောင်ရွက်ရန် နှိးဆော်သနည်း။
ဗာဗုလုန်နိုင်ငံမှ ပြန်လာသော အဆွေအမျိုးအလိုက် မိသားစုစာရင်းကို ပြုစုစေသည်။ (နေ ၇:၅)
၂၅။ ဣသရေလတို၏ မိသားစုမျိုးဆက်စာရင်းသည် အဘယ်ကြောင့် အရေးကြီးသောအချက်ဖြစ်ပါသနည်း။
အာဗြဟံနှင့် ဒါဝိဒ်၌ ထားခဲ့သော ကတိတော်များကို သခင်ယေရှုခရစ်၌ ပြည့်စုံစေရန်ဖြစ်သည်။ “သင်၏အမျိုးအနွယ်အားဖြင့် လူအပေါင်းတိုသည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်။” (က ၂၂း၁၈) ထိုသူသည် (ဒါဝိဒ်) မိမိအမျိုးအနွယ်ထဲက လူဇာတိအားဖြင့် ခရစ်တော်ကို ဘုရားသခင်ထမြောက်စေ၍- “ (တ ၂း၂၉-၃၀၊လု း၃၀-၃၃)
၂၆။ သတ္တမလတွင် မည်သည့်အရာကို ဆောင်ရွက်၍ ပြီးသနည်း။
ဣသရေလပြည်သူပြည်သားအပေါင်းတို့သည် မိမိတိုနေရာ မြိုရွာတို့၌ နေရာကျကြ၏။ (နေ ၇း၇၃)
၂၇။ သတ္တမလတွင် မည်သည့်ပွဲကို ကျင်းပကြသနည်း။ –
ထိုပွဲကို ခုနစ်ရက်ပတ်လုံးခံကြ၏။ ရှစ်ရက်မြောက်သောနေ့၌ တရားတော်အတိုင်း ဓမ္မပွဲကို ခံကြ၏။ (နေ ၈း၁၄-၁၈)
၂၈။ မည်သည့်အထိမ်းအမှတ်ဖြင့် ထိုပွဲကို ကျင်းပသနည်း။
ထိုသို့ ယာယီတဲပြု၍ နေစေခြင်းသည် ဣသရေလအမျိုးကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သောအခါ သစ်ခက်တဲ၌ နေစေကြောင်းကို သတိရရန်ဖြစ်၏။ (ဝတ် ၂၃း၄၃)
၂၉။ ပရိသတ်မည်မျှ စုဝေးကြသနည်း။
မြိုရွာအရပ်ရပ်၌ နေသော ဣသရေလအမျိုးသားအပေါင်းတိုသည် ကွင်းပြင်၌ စုဝေး၍ တရားဟောရာ သစ်သားပလ္လင် ပေါ်မှ ပညတ္တိကျမ်းစာကို ဖတ်ရွတ်၍ အနက်ကို ပြန်ကြားကြ၏။
၃၀။ အဘယ်ကြောင့် ထိုသိုဖတ်ရသနည်း။
စာအုပ်စာပေသည် အလွန်ဈေးကြီး၍ ရှားပါးသော အချိန်အခါဖြစ်ပြီး လူအချိုသော စာအုပ်ကို ပိုင်ဆိုင်ကြသည်။
၃၁။ မည်သူသည် ဖတ်ကြားသနည်း။
ဧဇရကိုယ်တိုင်ဖတ်ပြီး သူ၏အဖွဲသားများတိုသည် ဘေးတွင် ရပ်နေကြ၏။ (နေ ၈း၁-၆)
၃၂။ ပရိသတ်များတိုသည် ထိုဖတ်ကြားချက်ကို ကြားသော် မည်သိုခံစားရကြသနည်း။
ရောနှောသောအသိဖြင့် ငိုကြွေးကြသော်လည်း ရှင်းလင်းစွာ နားလည်သောအခါ ဝမ်းမြောက်ကြ၏။ (နေ ၈း၉-၁၂)
၃၃။ ဧဇရသည် ပရိသတ်တိုအား မည်သို ခွန်အားပေးသနည်း။
ဝမ်းမနည်းကြနှင့်၊ ထာဝရဘုရားပေးတော်မူသောအခွင့်နှင့် အားယူ၍ ဝမ်းမြောက်ကြလော့ဟု ဆို၏။
၃၄။ ဓမ္မပွဲခံပြီးနောက် မည်သည့်အမှုကို ဆောင်ရွက်ကြသနည်း။
အစာရှောင်ပြီး ပညတ္တိကျမ်းစာကိုလည်း ဖတ်လျက် အပြစ်ဝန်ခြင်းကို ကြ၏။ (နေ ၉း၁-၃၇)
၃၅။ ထိုနောက်မည်သို ဆက်လက်ဆောင်ရွက်သနည်း။
ထို အကြောင်းအရာတိုကို ငါတိုသည် ဆင်ခြင်ပြီးမှ သစ္စာပြု၍ စာချုပ်ကိုလည်း ရေးထားလျက် ငါတို့ အကြီးအကဲ ယဇ်ပုရောဟိတ်။ လေဝိသားတိုသည် တံဆိပ်ခတ်ကြ၏။:-( နေ ၉း၃၈၊၁၀း၂၇;-)
၃၆။ မြိုရိုးအား မည်သို အနုမောဒနာပြုကြသနည်း။
ဝမ်းမြောက်ခြင်း၊ ကျေးဇူးတော်ချီးမွမ်းခြင်း၊ သီချင်းသီဆိုခြင်း၊ တီးမှုတ်ခြင်းဖြင့် ကျင်းပကြ၏။ (နေ ၁၂း-၂၇-၃ဝ)
၃၇ ။ထိုသို အသစ်ပြောင်းလဲခြင်းကို မည်သည့်အချိန်အထိ တွေ့နိုင်သနည်း။
ဇေရုဗဗေလနှင့် နေဟမိလက်ထက်တိုင်အောင် တွေ့ရ၏။ (နေ ၁၂း၄၇)
၃၈။ နေဟမိသည် သူ၏သခင် အာတဇေရဇ်မင်းထံ မည်သည့်အချိန်တွင် ပြန်သနည်း။
အာတဇေရဇ်မင်းနန်းစံ ၃၂ နှစ်တွင် ပြန်၏။ (နေ ၅:၁၄)
၃၉။ သူသည် ယေရုရှလင်မြို့သို့ နောက်တဖန် ပြန်ရောက်လာသောအခါ ကောင်းမွန်စွာအုပ်ချုပ်မှု ရှိသည်ကို တွေ့ရပါသလား။
မတွေ့ရပါ။
၄၀။ မည်သည့်မကောင်းသောအချက်များကို တွေ့ရသနည်း။
ဘုရားသခင်၏အိမ်တော်ကို ညစ်ညူးေစကြောင်း၊ ဥပုသ်နေ့ကို မရိုသေကြောင်း၊ တပါးအမျိုးသား တို့နှင့် ထိမ်းမြား လက်ထပ်ကြောင်း တွေ့ရ၏။ (နေ ၁၃)
၄၁။ ဥပုသ်နေ့ကို စောင့်ရန် ဘုရားသခင်ထံ ဣသရေလလူတို ကတိထားခဲ့ဖူးပါသလား။
(ဟေရှာ ၅၈း၁၃-၁၄၊ ယေဇ ၂၀း၁၂-၂၀)
၄၂။ တပါးအမျိုးသားနှင့် ထိမ်းမြားခြင်းအတွက် မည်သိုသော ပညတ်ချက် ရှိသနည်း။ ။
“သူတိုနှင့်စုံဘက်ခြင်းမပြုရ။ သင်၏သမီးကို သူ၏သားနှင့်၄င်း၊ သင်၏သားကို သူ၏သမီးနှင့်၎င်း ထိမ်းမြားပေးစား ခြင်းကို မပြုရ။ အကြောင်းမူကား၊ သူတိုသည် သင်၏သားကို ငါ၌မဆည်းကပ်စေဘဲ အခြားတပါးသော ဘုရားအား ဝတ်ပြုစေခြင်းငှါ သွေးဆောင်ကြလိမ့်မည်။” (တရား ၇း၂-၄)
၄၃။ နေဟမိသည် ထိုမကောင်းမှုတိုအား ရဲရင့်စွာ ဖယ်ရှားပါသလား။
ဖယ်ရှားပါသည်။ (နေ ၁၃း၂၅-၂၈၊ ၃ဝ)
၄၄။ နေဟမိ၏နောက်ဆုံးနေ့ကို မည်သည့်အရပ်၌ အဆုံးသတ်သည် ထင်ပါသလဲ။
ဗာဗုလုန်နိုင်ငံ၌ ဘုရင့်ဖလားတော်ကိုင်အဖြစ် အဆုံးသတ်၏။
၆၄။ ဧသတာ
၁။ အာရွှေရုကား မည်သူနည်း။
ပါရှားဘုရင်ဖြစ်ပြီး ဂရိနိုင်ငံကို ဝင်ရောက်သိမ်းပိုက်ခြင်းနှင့် ပတ်သက်၍ နာမည်ကျော်ကြားသည်။
၂။ ဧသတာကား မည်သူနည်း။
ယုဒအမျိုးသမီးဖြစ်သည်။ ဗာဗုလုန်တွင် ကျန်ရစ်ခဲ့ပြီ ဘုရင့်မိဖုရားဖြစ်လာသူဖြစ်ပါသည်။
၃။ ဧသတာ မည်သို မိဖုရားဖြစ်လာသနည်း။
ဘုရင်အာရွှေရုသည် ပထမမိဖုရားနှင့် ကွာရှင်းပြီးနောက်၊ ချောမောလှပသော မိန်းခလေးများထဲမှ မိဖုရားအဖြစ် ရွေးချယ်တင်မြှောက်ခြင်း၌ ရွေးချယ် ခံရခြင်းဖြစ်သည်။ (ဧသ ၁း၈-၉၊ ၂၁-၁၇) ၊
၄။ မော်ဒကဲကား မည်သူနည်း။
ဧသတာနှင့် မောင်နှမဝမ်းကွဲတော်သူဖြစ်သည်။ ဧသတာ၏ မိဘများက မရှိတော့သဖြင့် ဧသတာကို သမီး ကဲ့သို မွေးစား၏။ သူသည် နန်းတော်တွင် အမှုထမ်းတစ်ဦးဖြစ်သည်။ (ဧသ ၂း၅-၇)
၅။ ထိုအချိန်က ပေရသိနန်းတော် (Persian Court) သည် မည်သည့်အရပ်၌ ရှိသနည်း။
ပေရသိရှုရှန်အရပ်တွင် ရှိ၏။
၆။ ဗာဗုလုန်တွင် ထိုအချိန်က ယုဒအမျိုးတို၏ ရန်သူကား အဘယ်သူနည်း။
အာမလက်ဘုရင်တစ်ပါးဖြစ်သောအာဂတ်၏အမျိုး၊ ဟေမ္မဒါသသား ဖြစ်၏။
၇။ ဟာမန်သည် အဘယ်ကြောင့် ယုဒလူတိုကို မုန်းသနည်း။
အဘယ်ကြောင့်ဆိုသော် ယုဒလူမျိုး မော်ဒကဲတစ်ဦးတည်းသာ ဟာမန်အား ဦးမချသောကြောင့် ဖြစ်သည်။
၈။ဟာမန်သည် မည်သို့ လက်စားချေရန် စီစဉ်သနည်း။
မော်ဒကဲနှင့်တကွ ယုဒလူမျိုးအားလုံးကို နိုင်ငံတော်မှ သုတ်သင်ပယ်ရှင်းရန် ကြံစည်သည်။
၉။ ထိုအကြံအစည်ကို မည်သူသိသနည်း။
မော်ဒကဲသိ၍ ဧသတာမှ တဆင့် ဘုရင့်ထံ ယုဒလူမျိုးများ လွတ်မြောက်ရေးအတွက် ကြိုးစားသည်။
၁၀။ ထိုအစီအစဉ်သည်အဘယ်ကြောင့်အန္တရာယ်များသနည်း။
ရှင်ဘုရင်ခေါ်တော်မမူဘဲတံတိုင်းတော်တွင်းဝင်သောသူသည်သေဒါဏ်ခံရမည်ဖြစ်သောကြောင့်အန္တရာယ်များခြင်းဖြစ်သည်။
၁၁။ ဘုရင်သည် မည်သည့်စာကို ဖတ်စေသနည်း။ အဘယ်ကြောင့်နည်း။
ရှင်ဘုရင်သည် စက်တော်ခေါ်၍ မပျော်သောကြောင့် နန်းတော်မှတ်စာကို ရှေ့တော်၌ ဖတ်စေသည်။ (ဧသ ၆း၁)
၁၂။ ရှင်ဘုရင်သည် မည်သည့်အချက်ကို တွေ့ရှိသနည်း။
ရှင်ဘုရင်အာရွှေရုသည် လုပ်ကြံခံရမည့်သတင်းကို မော်ဒကဲကြားသိ၍ သတင်းပေးခဲ့ကြောင်း ပြန်၍ သတိရ စေသည်။ သို့သော် မော်ဒကဲအား ဘာမျှ မပေးသေးကြောင်း သတိရစေသည်။ (ဧသ ၆း၁-၃)
၁၃။ ဧသတာသည် သူ၏အမျိုးသားများကို မည်သို လွတ်မြောက်စေသနည်း။
ဘုရင့်အား အသနားခံ၍ ဟာမန်၏အကြံအစည်မှ လွတ်မြောက်စေသည်။
၁၄။ ဘုရင်သည် မည်သို ဆုံးဖြတ်ပေးသနည်း။
ဟာမန်ကို သေဒါဏ်ပေးခဲ့ပြီး ယုဒလူမျိုးတို အနေဖြင့် မိမိအသက်အတွက် ပြန်လည်တိုက်ခိုက် နိုင်ကြောင်း ခွင့်ပြုခဲ့သည်။ (ဧသ ၈း၉-၁၁)
၁၅။ ထိုလွတ်မြောက်ပွဲကို သတိရရန် ယုဒလူတို မည်သည့်ပွဲကို ကျင်းပလေ့ရှိသနည်း။
ပုရနေ့ဟု ခေါ်သော ပွဲကို ကျင်းပလေ့ရှိ၏။ (ဧသ ၉:၂၆)
၁၆။ အဘယ်ကြောင့် ပုရနေ့ဟု ခေါ်သနည်း။
ယုဒအမျိုး၏ ရန်သူတိုကို တွန်းလှန်ရန် အမိန့်စာ (ပုရစာ) ကို အမှီပြခြင်းဖြစ်၏။ (သေ ၉:၂၄၊ ၃း၆-၇)
၁၇။ မော်ဒကဲသည် နန်းတော်၌ မည်သို ချီးမြှင့်ခြင်းခံရသနည်း။
ဘုရင်အောက် အမြင့်ဆုံးသော ရာထူးကို ချီးမြှင့် ခံရ၏။
၆၅။ယောဘ
၁ ။ယောဘကား မည်သူနည်း။
ဥဇပြည် (အာရေဗျနိုင်ငံမြောက်ပိုင်း) ၌ နေ၍ မှန်သောဘုရားကို ကိုးကွယ်ပြီး ချမ်းသာကြွယ်ဝသောသူ ဖြစ်သည်။ (ယောဘ ၁း၃)
၂။ မည်သည့်အချိန်က အဖြစ်အပျက်ဟု ထင်ပါသနည်း။
ခရစ်တော်မပေါ်မှ နှစ်ပေါင်း ၂၀၀၀ ခန့်၊ PATRIARCHS ဖခင်ကြီးများခေတ်အခါက ဖြစ်နိုင်၏။
၃။ ယောဘဝတ္တုကို မည်သူရေးသနည်း။
မသိပါ။
၄။ ယောဘဝတ္တု ရေးသားပုံကို ဖေါ်ပြပါ။
အစပိုင်းနှင့်အဆုံးပိုင်းတွင် လင်္ကာပုံစံမျိုးရေးသားပြီး၊ အလယ်ပိုင်းနေရာများတွင် စကားပြေ ပုံစံမျိုးရေးသား ထားကြောင်း တွေ့ရ၏။
၅။ ထိုဝတ္ထု၏ အဖြစ်အပျက်အစကို မည်သည့်အရပ်မှ အစပြုထားသနည်း။
ကောင်းကင်ဘုံ၌ ထာဝရဘုရား၏ သားတိုနှင့်အတူ စာတန်သည် ဘုရားသခင်ရှေ့တော်သို ရောက်လာ၍ ကမ္ဘာမြေပေါ်၌ သူ၏လုပ်ဆောင်ချက်များကို ဖေါ်ပြသည်ဟု အစပြုထားသည်။ (ယော ၁း၆-၇)
၆။ ဘုရားသခင်သည် စာတန်ရှေ့၌ ယောဘအား မည်ကဲ့သို ချီးကျူးသနည်း။
မြေကြီးပေါ်မှာသူနှင့် တူသောသူတစ်ယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို ကြောက်ရွံ သောသူ၊ မကောင်းသောအမှုကို ရှောင်ကြဉ်သောသူဖြစ်သည်ဟု ချီးကျူးပြောဆိုသည် (ယောဘ ၁း၈)
၇။ ထာဝရဘုရားသည် ဖြောင့်မတ်သောသူဟု ယေဇကျေလအား မည်သိုဖေါ်ပြသနည်း။
ဖြောင့်မတ်သောသူ နောဧ၊ ဒံယေလ၊ ယောဘ ဤသုံးယောက်ဟု (ယေဇ ၁၄း၁၂-၂၁) ၌ တွေ့နိုင်သည်။
၈။ ပထမဆုံး ယောဘအား မည်သို စုံစမ်းစေသနည်း။
တစ်နေ့တွင် သူ၏သားသမီး၊ ကျွန်များနှင့် ပိုင်ဆိုင်သောတိရစ္ဆာန်များကို ဆုံးရှုးစေသည်။ (ယောဘ ၁)
၉။ ယောဘ ယုံကြည်ခြင်း ပျက်ပါသလား။
ဘုရားသခင်၏ အလိုတော်ကို ခံယူလျက် ထာဝရဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်း၏။ (ယောဘ ၁း၂၁)
၁၀။ စာတန်အား ယောဘ၏ ခန္ဓာကိုယ်အား ထိပါးသည်အထိ စုံစမ်းခွင့်ပေးပါသလား။
ပေးခဲ့ပါသည်။ (ယောဘ ၂း၄-၈)
၁၁။ ယောဘ၏ ယုံကြည်ခြင်း ခိုင်မြဲမှု ရှိပါသေးသလား။
သူ၏ဇနီးပင်လျှင် ဘုရားသခင်အားရှုတ်ချပြောလာသော်လည်းယောဘသည်ထာဝရဘုရားသခင်အား ပြစ်တင်ခြင်းမပြုပါ။ (ယောဘ ၂း၉) ၊
၁၂။ မည်သူတို ယောဘအား လာရောက်နှစ်သိမ့်ခြင်းပြုသနည်း။
သူ၏မိတ်ဆွေရင်း သုံးယောက်တို လာရောက်အားပေး ၏။ (ယောဘ ၂း၉)
၁၃။ ယောဘ၏ မိတ်ဆွေများသည် အပြစ်အတွက်ကြောင့် ဤသို ခံစားရသည်ဟု ရှုချပြောဆိုပါသလား။
ယောဘဝတ္တုတွင်ေဖာ်ပြထားသည့်အတိုင်းသူတိုသည် ယောဘအပေါ်၌ ပြန်လည်ပြောဆိုကြသော် လည်းေယာဘသည်သူ၌မှန်ကန်ေသာကိုးကွယ်မှုရှိေကြာင်း ပြောဆိုချေပ၏။
၁၄။ ထာဝရဘုရားသည် ယောဘအား စကားပြောသော် သူမည်သို ခံစားရသနည်း။
အလွန်နှိမ့်ချသော သဘောဖြင့် ခံယူသည်။
၁၅။ ယောဘမည်သို ပြောသနည်း။
“ယောဘက အကျွန်ုပ်သည် ဆိုးယုတ်ပါ၏။ ကိုယ်တော်အား အဘယ်သို ပြန်လျှောက်ရပါမည်နည်း။ အကျွန်ုပ် သည် ကိုယ်နှုတ်ကို ကိုယ့်လက်နှင့် ပိတ်ပါမည်” (ယောဘ ၄၀း၃-၄)
၁၆။ ဘုရားသခင်သည် ယောဘပြောဆိုချက်ကို ပယ်ပါသလား။
မပယ်ပါ။ လက်ခံပါသည်။ (ယောဘ ၄း၂၉)
၁၇။ ဘုရားသခင်သည် ယောဘ၏မိတ်ဆွေသုံးယောက် မှားယွင်းစွာ ပြောဆိုရှုချခြင်းအပေါ် အဘယ်ကြောင့် ခွင့်လွှတ်သနည်း။ ။
သူတို၏ တောင်းပန်ဆက်ကပ်ခြင်းနှင့် ယောဘ၏ ဆုတောင်းချက်များကြောင့်ဖြစ်၏(ယောဘ ၄း၂၇-၉)
၁၈။ ယောဘ၏ စုံစမ်းခြင်းခံပြီးနောက်ပိုင်း အဖြစ်အပျက်ကို ဖေါ်ပြပါ။
သူသည် ကျန်းမာခြင်းကို ပြန်၍ရခဲ့သည်။ ယခင်ထက် ၂ ဆ သော ဥစ္စာတိုးပွားခြင်းရ၏။ ဆုံးရှုံးခဲ့သော သားသမီးများအတွက် သား ၇ ယောက်နှင့် သမီး ၃ ယောက်ပြန်ရခဲ့၏။ (ယောဘ ၄၂း၁၀-၁၇)
၆၆။ဆာလံကျမ်း
၁။ ဆာလံကျမ်းချက်များအကြောင်းဖေါ်ပြပါ။
ဟေဗြဲလူတို၏ ဝတ်ပြုရာတွင် အသုံးပြုသော သီဆိုခြင်း၊ ဂုဏ်တော်ချီးမွမ်းခြင်းဆိုင်ရာ အချက်များ ဖြစ်ပါသည်။
၂။ ဆာလံကျမ်းချက်ပေါင်း မည်မျှ ရှိသနည်း။
အခန်းကြီးပေါင်း ၁၅၀ ရှိပါသည်။ ဆာလံကျမ်းကို အပိုင်း ၅ ပိုင်း ခွဲခြားနိုင်ပြီး ၁-၄၁၊ ၄၂-၇၂၊၇၃-၈၉၊၉၀-၁၀၆၊ ၁၀၇-၁၅၀
၃။ ဆာလံကျမ်းကို မည်သူရေးသနည်း။ ဒါဝိဒ်မင်းကြီး၏ ရေးသားချက်အများဆုံးပါဝင်ပြီး ဒါဝိဒ်မင်းမတိုင်မီနှင့် ဒါဝိဒ်မင်းနောက်ပိုင်း၌ ” အခြားသူများ ရေးသားခဲ့သော ဆာလံလည်းပါဝင်သည်။
၄။ အချိုသော ကျမ်းပိုဒ်များဧ။်ေခါင်းစီးများသည်မသည်သည့်အချက်ကိုေဖာ်ပြသနည်း။
စာရေးသူအမည်နှင့် ရေးသားရခြင်းအကြောင်းကို ဖေါ်ပြလေ့ရှိ၏။ အလွန်ရှေးကျသောကြောင့် မူရင်းအတိုင်းဟု မဆိုနိုင်ပါ။
ALAMOTH – SOPRANO
SHEMINITH – BASS
NEHILOTH – FLUTE ACCOMPANIMENT
ခေတ်ပေါ် ဓမ္မတေးကဲ့သို ဆာလံ ၉ – “သူ၏ သားသေဆုံးခြင်း”
ဆာလံ ၄၅- THE ULES တိုကို တွေ့ရ၏။
၅။ ထိုဓမ္မတေးများသည် ကျွန်ုပ်တိုခေတ်တွင်ရော အဖိုးထိုက်တန်ပါသလား။
ဤဓမ္မတေးကျမ်းချက်များသည် လူသားတို၏ အတွင်းစိတ်ခံစားချက်ကို ဖေါ်ပြထားသဖြင့် မည်သည့် ခေတ် တွင်မဆို အဖိုးထိုက်တန်လှပါသည်။
၆။ သာ၍အဖိုးထိုက်တန်သော ကျမ်းချက်များအဖြစ် ရွေးနိုင်ပါသလား။
ဆာလံ ၁၊ ၁၉၊ ၂၃၊ ၂၄၊ ၃၂ ၄၆၊ ၅၁၊ ၈၄၊ ၉၀၊ ၉၁၊ ၁၀၃၊ ၁၁၉၊ ၁၂၁ တို့ကို ရွေးပါမည်။
၇။ မေရှိယပေါ်လာမည့်အကြောင်း ကြိုတင်ဖေါ်ပြသော ကျမ်းချက်များ ရှိပါသလား။
ဆာလံ ၂၊ ၁၆၊ ၂၂၊ ၄ဝ၊ ၁၁ဝ တိုတွင် ဖေါ်ပြထား၏။
၈။ သမိုင်းကြောင်းကို ဖေါ်ပြသော ဆာလံ ရှိပါသလား။
ဆာလံ ၇၈၊ ၁၀၅၊ ၁၀၆ တို့တွင် တွေ့နိုင်ပါသည်
၉။ အရှည်ဆုံးဆာလံကျမ်းချက်နှင့် ဆိုလိုရင်းကား မည်သိုနည်း
ဆာလံ ၁၁၉ ဖြစ်ပြီး ဘုရားသခင်၏ စကားတော်များကို ဖေါ်ကျူးသည်။
၁၀။ဆာလံ ၁၁၉ တွင် အကျော်ကြားဆုံး ကျမ်းပိုဒ်ကို ဖေါ်ပြပါ။
၁၁၉း၁၀၅ ဖြစ်ပြီး နှုတ်ကပတ်တော်သည် အကျွန်ုပ်ခြေရှေ့မှာ မီးခွက် သည် အကျွန်ုပ်ခြေရှေ့မှာ မီးခွက်ဖြစ်၍ အကျွန်လမ်းခရီးကို လင်းစေပါ၏။
၆၇။သုတ္တံကျမ်း
၁။သုတ္တံကျမ်း၏ အချုပ်သဘောကို ဖေါ်ပြပါ။
စာပေလင်္ကာကျမ်း၅ကျမ်းအနက်တစ်ကျမ်းဖြစ်သည်။ဉာဏ်ပညာနှင့်ဆိုင်၍တစ်ခုနှင့်တစ်ခုဆက်စပ်မှုမရှိသောစာေပလင်္ကာ၃၇၅မျိုးကိုစုပေါင်းရေးဖွဲ့ထားခြင်းဖြစ်သည်။
၂။ သုတ္တိကျမ်းကို မည်သူရေးခဲ့သနည်။
အခန်း ၅ ခန်းထဲမှ ၂ ခန်းကို ရှောလမုန်မင်းကြီးရေးခဲ့ခြင်းဖြစ်သည်။ ကျန်ရှိသော ကျမ်းချက်များကို ဟေဇကိမင်းလက်ထက်၌ စုဆောင်းရရှိသော အချက်များဖြစ်ပါသည်။ အချိုကျမ်းချက်ကို မည်သူေရးသား ကြောင်း ရှာဖွေမတွေ့ရှိရပါ။
၃။ ပညာ၏အချုပ်အခြာကား မည်သိုနည်း။
ထာဝရဘုရားကို ကြောက်ရွံသော သဘောသည် ပညာ၏အချုပ်အခြာဖြစသည်။ (သု ၁း၇)
၄။ သားသမီးအတွက် လည်ဆွဲတန်ဆာကား မည်သည့်အရာနည်း။
မိဘစကားကို နားထောင်ခြင်းဖြစ်သည်။ (သု ၁၈-၉၊ ၆:၂၀)
၅။ ပညာကို ကြိုးစားရှာသောသူအတွက် မည်သည့် ကတိတော်ရှိသနည်း။
ပညာကို ရှာတွေ့မည်ဟု ကတိရှိသည်။
၆။ ပညာသည် ထိုသူအား မည်သိုကာကွယ်ပေးနိုင်သနည်း။
ဆိုးသွမ်းသူများ၊ အပြစ်နှင့် မှားယွင်းသောလမ်းမှ ကာကွယ်ပေးနိုင်သည်။ (သု ၂)
၇။ ပညာ၏ တန်ဖိုးကို ဖေါ်ပြပါ။
ပညာသည် လောကတွင် ရှိသမျှ ဥစ္စာပစ္စည်းများထက် တန်ဖိုးကြီးမားသည်။ (သု ၃း၁၃-၁၈၊ ၈း၁၁-၁၉)
၈။ ဘုရားသခင်ကို ယုံကြည်ကိုးကွယ်သူတိုအတွက် ကြောက်ရွံ စရာရှိပါသလား။ အဘယ်ကြောင့်နည်း။
ကြောက်ရွံစရာမရှိပါ။ အဘယ်ကြောင့် ဆိုသော် ထာဝရဘုရား၏ ကတိတော်ကြောင့်ဖြစ်ပါသည်။ (သု ၃း၅-၆၊ ၂၁-၂၆)
၉။ ပျင်းရိခြင်းနှင့်ပတ်သက်၍ သုတ္တံကျမ်းတွင် မည်သိုသွန်သင်ထားသနည်း။
“အချင်းလူပျင်း၊ ပရွက်ဆိတ်ထံသွား၍ …………..” (သု ၆း၆-၁၁)
၁၀။ သေရည်သေရက်သောက်ခြင်းနှင့် ပတ်သက်၍ မည်သို့ သွန်သင်သနည်း။
(သု ၂၀း၁၊ ၂၃း၂၉-၃၅)
၁၁။ သီလနှင့် ပြည့်စုံသောမိန်းမနှင့် ပတ်သက်၍ မည်သိုဖေါ်ပြထားသနည်း။
(သု ၃၁း၁၀-၃၁)
၆၈။ ဒေသနာကျမ်း
၁။ဒေသနာကျမ်းကို မည်သူရေးသားသနည်း။
ဒါဝိဒ်၏သားတော် ရှောလမုန်ဖြစ်သည် ဟုထင်ရသည်။
၂။ ဒေသန၏ အခိပ္ပါယ်ကား မည်သိုနည်း။
ဓမ္မဆရာဟု အဓိပ္ပါယ်ရသည်။
၃။။ ဒေသနာကျမ်း၏ အချုပ်သဘောကို ဖေါ်ပြပါ။
ပညာဥာဏ်နှင့် အတွေ့အကြုံများပြားလှသော လူတစ်ယောက်အနေဖြင့် ထာဝရဘုရားသခင်ထံမှ သင်ခန်းစာများကို သိနားလည်သောအခါ မိမိ၏အပြစ်နှင့် အမှားများအတွက် ဝန်ချတောင်းပန်ခြင်းဖြစ်၏။
၄။ ထိုပညာဉာဏ်နှင့်အတွေ့အကြုံများလှသော သူ၏ နောက်ဆုံးဆုံးဖြတ်ချက်ကား မည်သိုနည်း။
လူသည် နေအောက်မှာ ကြိုးစားအားထုတ်သမျှတို၌ အဘယ်အကျိုးရှိသနည်း။ အနတ္တဖြစ်ကြောင်း ဖေါ် ပြ၏။ (ဒေ ၁း၂-၃)
၅။ သူတိုအတွေ့အကြုံများထဲမှ အခန်းကြီး ၁၂ တွင် ကျွန်ုပ်တို မည်သို သင်ခန်းစာရနိုင်သနည်း။
စစ်မှန်သောဘဝအသက်တာတွင် ဘုရားသခင်ကို ကြောက်ရွံ၍ ပညတ်တော်တိုကို စောင့်ရှောက်ခြင်းသာ လျှင် အဓိကအရေးကြီးဆုံးဖြစ်ကြောင်း မှတ်သားရပါသည်။ (ဒေ ၁၂း၁၃)
၆။ အသက်ငယ်စဉ် ထာဝရဘုရားအား သတိရရန် မည်သို ဖေါ်ပြသနည်း။
အသက်ကြီးခြင်းနှင့် သေခြင်းကို ရှောင်လွှ၍ မရနိုင်သည့်အတွက် အသက်ငယ်စဉ် ထာဝရဘုရားအား သတိရရန်ဖြစ်၏။ (ဒေ ၁၂း၁-၇)
၇။ ရှင်ပေါလုသည် ဒေသနာကျမ်းရေးသူအား ထောက်ခံပါသလား။
“အကြောင်းမူကား မျက်မှောက်၌ထင်ရှားသောအရာတိုသည် အစဉ်အမြဲတည်ကြောင်းကို ငါတိုသည် ထောက် လျက်၊ ထင်ရှားသောအရာတိုကို မကြည့်မမှတ်ဘဲ မထင်ရှားသောအရာတိုကို ကြည့်မှတ်ကြစဉ်အခါ ယခု ခဏခံရ၍ ပေါ့ပါးသောဆင်းရဲခြင်းဒုက္ခသည် အတိုင်းထက်အလွန်ကြီးမြတ်လေးလံသော နိစ္စထာဝရဘုန်း အသရေကို ငါတိုအဘိုဖြစ်စေတတ်၏။” (၂ကော ၄း၁၇-၁၈)
၆၉။ရှောလမုန်သီချင်း
၁။ဤကျမ်းပိုင်းသည် မည်သည့် အဓိပ္ပါယ်ဆောင်သနည်း။
ရှောလမုန်အတွက် မင်္ဂလာဆောင်သီချင်းဖြစ်နိုင်သည်။ ကဗျာကဲ့သိုဖြစ်၏။
၂။ ဤကျမ်းချက်ကို ဘာသာရေးနှင့်ပတ်သက်၍ မည်သိုအဓိပ္ပါယ်ဖေါ်သနည်း။
ခရစ်တော်နှင့်အသင်းတော် အပြန်အလှန်ချစ်ခြင်းမေတ္တာကို ဖေါ်ညွှန်း၏ (သတို့သမီး – အသင်းတော် ) ဆိုလိုပါသည်။ ( ဗျာ၂၁:၂ ၊၂၂း၁၇)
၇၀။ဟေရှာယ အနာဂတ္တိကျမ်း
၁။ ဟေရှာယသည် မည်သူဖြစ်သနည်း။
ဟေဗြဲလူမျိုးတို၏ ကျော်ကြားသော ပရောဖက်တစ်ယောက်ဖြစ်ပြီး ဤကျမ်းကို ရေးသားခဲ့သူ လည်းဖြစ်၏။ အာမုတ်၏သားလည်းဖြစ်၏။
၂။ မည်သည့်ဘုရင်များလက်ထက် ပရောဖက်ပြုခဲ့သနည်း။
ဩဇိမင်း၊ ယောသံ၊ အာခတ်၊ ဟေဇကိစသည့် ယုဒဘုရင်များလက်ထက်၌ ဖြစ်ပါသည်။ အပိုဒ် ၅၈၊ ၅၉
၃။ ဤကျမ်းစာတွင် သမိုင်းကြောင်းနှင့်ပတ်သက်၍ ဖေါ်ပြချက်ရှိပါသလား။
အခန်း ၁ မှ ၃၉ သည် သမိုင်းကြောင်းကို အဓိကဖေါ်ပြထားပြီး သီချင်း၊ ကဗျာ၊ ပရောဖက်ပြုချက်များ အား ဖြင့်လည်း သမိုင်းကြောင်းများကို ဖေါ်ပြထားပါသည်။
၄။ ဟေရှာယသည် မည်သည့်တန်ခိုးရှင်အတွက် ကြိုတင်ပြင်ဆင်ပြောဆိုခဲ့သနည်း။
မေရှိယအကြောင်းနှင့်ပတ်သက်၍ (ဟေရှာယ ၇း၁၄-၁၆၊ ၉း၁-၇၊ ၁း၁၁-၁၀၊ ၅၃) ၊ “ငါတို့အား သားကို သနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်းအာဏာစက်ရှိလိမ့်မည်။ နာမတော်ကား အံ့ဩဘွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ် သမုတ်ခြင်းကို ခံတော်မူလိမ့်မည်။ ဒါဝိဒ်မင်း၏ ရာဇပလ္လင်ပေါ်မှာထိုင်၍ နိုင်ငံတော်ကို နောင်ကာလအ စဉ်မပြတ် တရားတော်အတိုင်း ဖြောင့်မတ်စွာ စီရင်၍ အမြဲတည်စေတော်မူမည်အကြောင်း အာဏာတော် တိုးတက်ခြင်းနှင့် ငြိမ်သက်တော်မူခြင်းသည် နိစ္စအမြဲရှိလိမ့်မည်။” (ဟေရှာ ၉း၆-၇)
၅။ ဟေရှာယပရောဖက်ပြုချက်ကို ရှင်မဿဲ ၁:၂၃ ၌ မည်သိုတွေ့ရသနည်း။
ဟေရှာယကျမ်းစာမှ “ထိုကြောင့် ထာဝရဘုရားသည် ကိုယ်တော်တိုင် နိမိတ်လက္ခဏာကို သင်တိုအား ပေးတော်မူမည်း ကြည့်ရှုလော့။ သတိုသမီးကညာသည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကို ဖွားမြင်လတံ့။ ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့်ရလတံ့။” (ဟေရှာ ၇း၄)
၆။ ဟေရှာယ ၁၁၁ တွင် သခင်ယေရှုအား မည်သည့်မျိုးဆက်အဖြစ် ဖေါ်ပြခဲ့သနည်း။
ယေရှဲအမျိုးအငုတ်၌ အတက်ပေါက်လိမ့်မည်။ သူ၏အမြစ်တိုတွင် အညွှန့်သည် အသီးသီးလိမ့်မည်။ (ဟေရှာ ၁၁း၁)
၇။ ယေရှဲကား မည်သူနည်း။
ဒါဝိဒ်၏ ဖခင်ဖြစ်သည်။
၈။ ဗျာဒိတ် ၂၂၁၆ တွင် ယေရှုခရစ်သည် မည်သို ဖေါ်ပြခဲ့သနည်း။ ။
“ငါ ယေရှုသည် • • • • • • • •၊ ငါသည်ကား ဒါဝိဒ်၏အမြစ်ဖြစ်၏။ အနွယ်လည်းဖြစ်၏” ဟု ဖေါ်ပြထား ၏။
၉။ ယေရှုခရစ်အား ဗျာဒိတ် ၅၄ တွင် မည်သိုဖေါ်ပြထားသနည်း။
“ယုဒအမျိုး ခြင်္သေ့တည်းဟူသော ဒါဝိဒ်၏ အမြစ်….” ဟု ဖေါ်ပြထား၏။
၁၀။ ယေရှုခရစ်၏ အုပ်စိုးခြင်းတန်ခိုးနှင့် ပတ်သက်၍ ဟေရှာယမည်သို ဖေါ်ပြထားသနည်း။
“ကြည့်ရှုလော့၊ တရားသဖြင့်အုပ်စိုးသော ရှင်ဘုရင်တပါး ပေါ်ထွန်းတော်မူလိမ့်မည်။” (ဟေရှာ ၃၂း၁)
၁၁။ ဟေရှာယ ၃၂း၂ တွင် ယေရှုခရစ်၏ပုံစံကို မည်သိုဖေါ်ပြထားသနည်း။
ထိုမင်းသည် လေလုံ၍ မိုးသက်မုန်တိုင်းကွယ်ရာအရပ်ကဲ့သို၎င်း၊ သွေ့ခြောက်သော မြေ၌စီးရေး စမ်းရေကဲ့သို၎င်း၊ နေပူသောအရိပ်၌ ကျောက်လုံးကြီးအရိပ်ကဲ့သို၄င်း ဖြစ်ကြလိမ့်မည်ဟု ဖေါ်ပြထားသည်။
၁၂။ သခင်ယေရှု လောက၌ ရှိစဉ် ဟေရှာယကျမ်း၏ မည်သည့်အပိုင်းကို ဖတ်ရွတ်သနည်း။
(ဟေရှာယ ၆၁း၁-၂) (လုကာ ၄း၁၇-၁၉) “ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်၌ တည်တော်မူ၏။ အကြောင်းမူကား။ ဆင်းရဲသားတိုအား ဝမ်းမြောက်စရာသိတင်းကို ကြားပြောစေခြင်းငှါ ငါ့ကို ဘိသိက်ပေးတော်မူပြီ။ ကြေမွ သောသူတို၏အနာကို ပျောက်စေခြင်းငှါ၎င်း၊ ညှဉ်းဆဲခံရသောသူတိုကို ကယ် မစေခြင်းငှါ၎င်း ထာဝရဘုရား ၏ မင်္ဂလာနှစ်ကာလကို ကြားပြောစေခြင်းငှါ၎င်း ငါ့ကို စေလွှတ်တော်မူပြီဟု လာသနည်း။
၁၃။ သခင်ယေရှု ကျမ်းစာကို ဖတ်ပြီး မည်သို ပြောသနည်း။
ယေရှုကလည်း ယနေ့ပင် ဤကျမ်းကချက်သည် သင်တိုကြားသည့်အတိုင်း ပြည့်စုံလေပြီဟု မိန့်တော်မူ၏။ (လုကာ ၄း၂၁)
၁၄။ ဖိလိပွုသည် အီသီယိုပီးယားအမတ်အား မြင်ရထားပေါ်တွင် တွေ့ဆုံချိန်၌ အမတ်ဖတ်နေသော ဟေရှာယ ကျမ်းစာကို ဖေါ်ပြပါ။
ဟေရှာယ ၅၃း၇-၈
၁၅။ ဟေရှာယ ၅၃ တွင် ယေရှုခရစ်ပေါ်ထွန်းမည့်အကြောင်း ကြိုတင်ဖေါ်ပြချက်များကို ဓမ္မသစ်ကျမ်း၌ – ခြင်းရှိကြောင်း ဖေါ်ပြပါ။
“ထိုမျှလောက်ကြီးစွာသော နိမိတ်လက္ခဏာတိုကို သူတိုမျက်မှောက်၌ ဖေါ်ပြတော်မူသော်လည်း သူတိုသည် ယုံကြည်ခြင်းသို မရောက်ကြ၊” (ယော ၁၂း၃၇)
၅၃း၂ “မိမိအသရေကို စွန့်၍ အစေခံကျွန် ၏သဏ္ဌာန်ကိုယူဆောင်လျက် လူကဲ့သိုသောအဖြစ်၌ ဘွား မြင်ခြင်းကိုခံတော်မူ၏။ (ဖိလိပ္စု ၂း၇)
၅၃း၃ “သူသည် လက်သမားမဟုတ်လော။ မာရိ၏သားမဟုတ်လား” (မာကု ၆း၃)
၅၃း၄ “နှုတ်တော်မြွက်ကာမျှနှင့် ထိုနတ်တိုကို နှင်ထုတ်တော်မူ၏။ နာသောသူရှိသမျှတိုကို သက်သာစေတော်မူ၏။” (မဿဲ ၈း၁၆)
၅၃း၅-၆ “ခရစ်တော်သည် ကျမ်းစာလာသည့်အတိုင်း ငါတိုအပြစ်ကြောင့် အသေခံတော်မူ၏။” (၁ကော ၁၅:၃)
၅၃း၇ “ယဇ်ပုရောဟိတ်အကြီးတိုနှင့် လူအကြီးအကဲတိုသည် အပြစ်တင်ကြသော် တခွန်းကို ပြန်တော် မမူ” (မ ၂၇၁၂)
၅၃း၈ “ကိုယ်တော်ကို ချည်နှောင်ပြီးလျှင် မြိုဝန်မင်း ပုန္တိပိလတ်ထံသို ဆောင်သွား၍ အပ်လိုက်ကြ၏။ • ယေရှုကိုကားရိုက်ပြီးလျှင် လက်ဝါးကားတိုင်မှာ သတ်စေခြင်းငှါ အပ်လိုက်လေ၏။ (မ ၂၇း၂၊ ၁၆)
၅၃း၉ “ထိုအခါ ကိုယ်တော်နှင့်အတူ လူဆိုးနှစ်ယောက်တိုကိုလည်း သတ်အံ့သောငှါ ထုတ်သွားကြ၏။ (လု ၂၃:၃၂)
“ညအချိန်ရောက်မှ အရိမဒဲမြိုယောသပ်အမည်ရှိသော သူဌေးသည် ယေရှု၏ တပည့်တော်ဖြစ်သည် နှင့် ပိလတ်မင်းထံသို ဝင်၍ ယေရှု၏အလောင်းတော်ကို တောင်းလေ၏။ ပိလတ်မင်းသည် အလောင်း တော်ကို ပေးစေခြင်းငှါ အမိန့်တော်ရှိသော်……(မဿဲ ၂၇း၅၇-၅၈)
၁၆။ ဟေရှာယ ၅၃း၁၀-၁၂ ကို ဓမ္မသစ်ကျမ်း၌ မည်သိုတွေ့ရှိနိုင်သနည်း။
၅၃း၁၀-၁၁ “ထိုနောက်မှ ငါကြည့်လျှင် သိုးသငယ်သည် ဇိအုန်တောင်ပေါ်မှာ ရပ်နေ၏။ သူ၏နာမနှင့် ခမည်းတော်၏နာမကို နဖူး၌အက္ခရာတင်သောသူ တသိန်းလေးထောင်လေးရာသည်လည်း သူနှင့်အတူ ရှိကြ၏။ ………….. ထိုသူတိုသည် ကညာဖြစ်၍ မေထုန်နှင့်မညစ်ညူးသောသူဖြစ်ကြ၏။ သိုး သငယ်သွားလေရရာ ရာအရပ်သို နောက်တော်၌ လိုက်သောသူဖြစ်ကြ၏။ လူတိုအထဲက ချွေးနှုတ်၍၊ ဘုရား သခင်နှင့် သိုးသငယ် အဘို အဦးသီးသောအသီးဖြစ်ကြ၏။ အပြစ်နှင့်ကင်းလွတ်ကြသည်ဖြစ်၍ သူတို့ နှုတ်၌ မုသာမရှိ။ (ဗျာ ၁၄း၁-၅) ၁၅း၁၂ထိုသငယ်တို့သည် အသွေးအသားနှင့်ဆက်ဆံကြသောကြောင့် ခရစ်တော်သည် အသေခံတော် မူသော အားဖြင့် သေခြင်းတရားကို အစိုးရသောသူတည်းဟူသော မာရ်နတ်၏တန်ခိုးကို ချိုးဖဲ့ဖျက်ဆီးေစ ခြင်းငှါ၎င်း၊ သေဘေးကိုကြောက်၍ တသက်လုံးကျွန်ခံရသောသူတိုကို ကယ်လွှတ်ခြင်းငှါ၎င်း ထိုသူငယ် တို့၏နည်းတူ အသွေးအသားကို ဆောင်တော်မူ၏။ (ဟေဗြဲ ၂း၁၄-၁၅)
၁၇။ ဟေရှာယကျမ်းတွင် အပြစ်သားများအား ကယ်တင်ခြင်းရရန် ပြန်လာရန် ဖိတ်ခေါ်ချက်များရှိပါသလား။
ထင်ရှားစွာ ဖေါ်ပြချက်နှစ်ချက်မှာ – “ထာဝရဘုရားမိန့်တော်မူသည်ကား၊ လာကြ၊ တရားစီရင်ကြကုန် အံ့။ သင်တိုအပြစ်သည် နီသောအဆင်း ရှိသော်လည်း မိုဃ်းပွင့်ကဲ့သို ဖြူလိမ့်မည်။ ကတ္တီပါနှင့်အမျှ နီသော် လည်း၊ သိုးမွေးကဲ့သို ဖြစ်လိမ့်မည်။” (ဟေရှာ ၁း၁၈)
“အို ရေငတ်သောသူအပေါင်းတို ရေရှိရာသိုလာကြလော့။ ငွေမရှိသောသူတို၊ လာကြ၊ ဝယ်၍စား သောက် ကြလော့။ ငွေမပါဘဲ၊ အဘိုးကိုမပေးဘဲ လာ၍ စပျစ်ရည်နှင့် နိုကို ဝယ်ကြလော့” (ဟေရှာ ၅၅:၁) ၊
၁၈။ တစ်ပါးအမျိုးသားများအတွက် ကတိတော်များဖေါ်ပြထားပါသလား။
ဖေါ်ပြထားပါသည်။ အခန်းကြီး ၉၊ ၁၁၊ ၃၅၊ ၄၂၊ ၄၉၊ ၆၀ ၆၅
၁၉။ တစ်ပါးအမျိုးသားဟူသည်မှာ မည်သူ့ကို ဆိုလိုသနည်း။
ယုဒလူမျိုး(ဂျူး) မဟုတ်သူများကို ဆိုလိုသည်။
၂၀။ ဤကြမ်းချက်များရှိ ပရောဖက်ပြုချက်များသည် မည်သူတိုအား ရည်ညွှန်းသနည်း။
ယုဒလူမျိုးတို့အား ရည်ညွှန်းပါသည်။
၂၁။ ဘုရားသခင်ရွေးကောက်သော သူတိုအဖိုေရးသားထားေသာကတိေတာ်ကိုေဖာ်ပြပါ။
သူတို၌ ငါကိုယ်တိုင်ပေးသော ပဋိညာဉ်တရားဟူမူကား၊ နှင့် သင်၏အေပါ်မှာကျိန်းဝပ်ေသာ ငါ၏ဝိညာဥ်နှင့်သင်၏နှုတ်၌ ငါထားသော စကားသည် ယခုမှစ၍ ကာ လအစဥ်အဆက်၊သင်၏နှုတ် ၊သင့်အမျိုးအနွယ်၏နှုတ်နှင့်သင့်အမျိုးအနွယ်၏နှုတ်ထဲကမထွက်မေပျာ်ရဟုထာဝရဘုရားမိန့်ေတာ်မူ၏ (ဟေရှာ ၅၉း၂၁)
ထိုသိုနှင့်အညီ ထာဝရဘုရားသည် ဇိအုန်မြိုကို ချမ်းသားပေးတော်မူမည်။သူဧ။်ဆိတ်ညံရာအရပ်အလုံး စုံတိုကို ချမ်းသာပေးမည်။ သူ၏တောကိုဧဒင်အရပ်ကဲ့သို၎င်းဖြစ်စေတော်မူသဖြင့်ဇိအုန်မြိုသည်ဝမ်း မြောက်ရွှင် လန်းခြင်း၊ ကျေးဇူးတော်ကို ချီးမွမ်းခြင်း၊ သီချင်းဆိုခြင်းနှင့် ပြည့်စုံလိမ့်မည်” (ဟေရှာ ၅၁း၃)
“အိုဇိအုန်မြို နိုးလော့။ နိုး၍ ခွန်အားကို ယူလော့။ အိုယေရုရှလင်မြို တည်းဟူသော သန့်ရှင်းသောမြို၊ သင်၏တင့်တယ်သော အဝတ်တန်ဆာတိုကို ဝတ်ဆင်လော့။ အကြောင်းမူကား နောက်တဖန်အရေဖျား လှီးခြင်းကို မခံသောသူနှင့် ညစ်ညူးသောသူတိုသည် သင်၏အထဲသို မဝင်ရကြ။ (ဟေရှာ ၅၂း၁ )
၂၂။ ဘုရားသခင်သည် ဣသရေလအမျိုးကို ကွယ်ကာကြောင်း၊ အခန်းကြီး၊ ၅ တွင် ဥပမာဖြင့် မည်သို ဖေါ်ပြထားသနည်း။
စပျစ်ခြံကို စောင့်သောသခင်သည် “မြေကိုတူး၍ ကျောက်ခဲတိုကို ရှင်းလင်းစေပြီးမှ အကောင်းဆုံးသော စပျစ်နွယ်ပင်တိုကို စိုက်ပျိုးတော်မူ၏။ ဥယျာဉ်ထဲမှာ မှီခိုရာ တဲလင့်စင်ကိုလည်း ဆောက်၍ စပျစ်သီးနယ် ရာ ကျင်းကိုလည်း တွေးတော်မူ၏။ ထိုအခါ စပျစ်သီးကို သီးမည်ဟု မျှော်လင့်သည်ရှိသော် ဗောရှုသီးကို သီးပါသည်တကား။” (ဟေရှာ ၅:၁-၂)
၂၃။ ကြိုတင်ပရောဖက်ပြုချက်များတွင် မှားယွင်းမှုများအတွက် သတိပေးချက်များ ပါဝင်ပါသလား။
ပါဝင်ပါသည်။ (ဟေရှာယ ၁း၂၈-၃၁)
၂၄။ ဟေရှာယ၏ ပရောဖက်ပြုချက်များသည် မည်သည့်နိုင်ငံတိုနှင့် သက်ဆိုင်ပါသနည်း။
အာရေဗျ၊ ဆီးရီးယား၊ ဗာဗုလုန်၊ အီဂျစ်၊ အီသီယိုပီးယား၊ အစ္စရေး၊ ယုဒ၊ မောဘနှင့် တုရု
၂၅။ ပရောဖက်ပြုချက်များ မည်သို ပြည့်စုံလာပါသနည်း။
ဤနိုင်ငံများသည် လွန်ခဲ့သည့်အချိန်များက ရန်သူများလက်အောက်တွင်နှစ်ပေါင်းများစွာ နှိက်စက်ခံခဲ့ရ ၏။ သို့သော် ထိုပျက်စီးခြင်းထဲမှ အောင်မြင်သော ဟေဗြဲလူတို တဖြည်းဖြည်း ပေါ်ပေါက်ခဲ့ရသည်။
၂၆။ ဘုရားသခင်၏စေလွှတ်ခြင်းကို ဟေရှာယမည်သို ခံယူသနည်း။
ဩဇိမင်းကြီး အနိစ္စရောက်သောနှစ်တွင် ထာဝရဘုရားသည် မြင့်မြတ်သော ပလ္လင်ပေါ်မှာထိုင်နေတော် မူသည်ကို ငါမြင်၏။ အဝတ်တန်ဆာသည် ဗိမာန်တော်ကို ဖြည့်လေ၏။ ကောင်းကင်တမန်သရပ်တို သည် ပလ္လင်တော်တဘက်တချက်၌ ရပ်နေကြ၏။ ….. ထိုအခါ ကောင်းကင်တမန်သရပ်တပါး သည် ယဇ်ပလ္လင်ပေါ်က မီးညှပ်ဖြင့် မီးခဲတခဲကို လက်တွင်ကိုင်လျက် ငါရှိရာသို ပျံလာ၍ ငါ့နှုတ်ကို တို ပြီးလျှင် ဤမီးခဲသည် သင်၏နှုတ်ခမ်းကို တွေ့ပြီ။သင်၏ ဒုစရိုက်ကို သုတ်သင်ပြီ။ သင်၏အပြစ်သည် လည်း ရှင်းပြီဟု ဆို၏။ တဖန် ထာဝရဘုရားက ငါသည် အဘယ်သူကို စေလွှတ်ရမည်နည်း။ငါ့ အဘို အဘယ်သူသွားမည်နည်း၊ ဟု မေးတော်မူသံကို ကြားလျှင်၊ ငါက အကျွန်ုပ်ရှိပါ၏။ အကျွန်ုပ်ကို စေလွှတ်တော်မူပါဟု လျှောက်လေ ၏။” (ဟေရှာ ၆း၁-၈)
၂၇။ ထိုကဲ့သိုသော ရူပါရုံကို ဗျာဒိတ်ကျမ်းတွင် တွေ့ရှိပါသလား။
တွေ့ရှိပါ၏။ ဗျာ ၄း၂
၂၈။ ဟေရှာယသည် ဘုရားသခင်၏ ဘုန်းတန်ခိုးတော်ကို မြင်တွေ့ရသော် မည်သို ခံစားရသနည်း
သူသည် ညစ်ညူးသော အပြစ်သားတစ်ယောက်ဖြစ်ေကြာင်းခံစားရသည်။
၂၉။ဘုရားသခင်ရှေ့တော်တွင်သန့်ရှင်းခြင်းရရန် အပြစ်သားများအတွက် လွတ်ရာလမ်းကား မည်သိုနည်း။
ဘုရားသခင်သည် အလင်း၌ ရှိတော်မူသကဲ့သို ငါတိုသည် အလင်း၌ ကျင်လည်လျှင် အချင်းချင်း င်း ရှိသည်ဖြစ်၍ ဘုရားသခင်၏ သားတော်ယေရှုခရစ်၏အသွေးတော်သည် ငါတိုအပြင် ကို ဆေးကြောတော်မူ၏။ (၁ယော ၁း၇)
၇၁။ယေရမိအနာဂတ္တိကျမ်း
၁။ ယေရမိကား မည်သူနည်း။
ယုဒလူမျိုးတို ဖမ်းဆီးချုပ်နှောင်ခံနေရသော ဝမ်းနည်းစရာချိန်ခါတွင် ထာဝရဘုရားအမိန့်ဖြင့် ပရောဖက် ပြုဟောပြောခဲ့သော ထင်ရှားသည့် ပရောဖက်တစ်ပါးဖြစ်သည်။
၂။ ယေရမိကို မည်သည့်အချိန်တွင် စ၍တွေ့ရှိသနည်း။
ယောရှိမင်းနန်းစံ ၁၃ နှစ်တွင် တွေ့ရှိရသည်။
၃။ ဘုရားသခင်သည် သူ့အား ပရောဖက်အဖြစ်ခန့်သော် သူမည်သို ဦးစွာခံစားရသနည်း။
ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှုနည်း၍၊ မထိုက်တန်ဟု ခံစားရ၏။ (သူသည် အလွန်ငယ်သော ပရောဖက်တစ်ပါးဖြစ်နိုင်သည်။)
၄။ ယေရမိ၏ မွေးရာပါ အခွင့်ရေးကား မည်သိုနည်း။ မည်သည့်မြိုတွင် မွေးဖွားသနည်း။
ပရောဖက်ဖြစ်သည်။ အာနသုတ်မြို၊ ဗဿာမိန်ခရိုင်၌ မွေးဖွား၏။
၅။ ဘုရားဝတ်ပြုခြင်းနှင့် နတ်ဘုရား ဝတ်ပြုခြင်းကို ယှဉ်၍ ယေရမိ မည်သို ဖေါ်ပြခဲ့သနည်း။
ငါ၏ လူတိုသည် အသက်စမ်းရေတွင်းတည်းဟူသော၊ ငါ့ကို စွန့်ပယ်၍ ရေမလုံ၊ ပဲ့ပျက်သော ရေကျင်း တိုကို တူးသောအားဖြင့် ဒုစရိုက်နှစ်ပါးကို ပြကြပြီး” (ယေရမိ ၂၆း၁၃)
၆။ဘုရားသခင် ရွေးကောက်သောသူများနှင့်ပတ်သက်၍ ယေ ၂:၂၁၊ ဟေရှာယ ၅ နှင့် ဆာလ ၈၀ တွင်ေဖာ် ပြချက်တိုကို နှိင်းယှဉ်ပြပါ။ ၊
အကောင်းဆုံးသော စပျစ်နွယ်ပင်အမျိုးစစ်၊ ကောင်းစွာပြုစုပျိုးထောင်၍ ကောင်းသောအသီးများစွာ သီးတတ်သော အပင်နှင့် တူ၏ဟု ဆိုထား၏။
၇။ အပြစ်သားတိုအတွက် ယေရမိမည်သို ကြိုတင်ဖေါ်ပြခဲ့သနည်း။
အားကြီးသောအမျိုး၊ ရှေး ကာလ၌ ဖြစ်ဘူးသော လူမျိုးသည် လာ၍ သင်တိုအားအုပ်စိုးမည်ဟု ဖေါ်ပြ၏။:'( ယေ၅း၁၅;-)
၈။ထိုသတိပေးချက်တိုသည် သူတိုအား မျှော်လင့်ခြင်း ကင်းမဲ့စေပါသလား။
မဟုတ်ပါ။ ယေရမိသည် သူတိုအား ဘုရားသခင်စကားကို နားထောင်၍ နောင်တရရန်ဖေါ်ပြသည်။ ဥပမာ – ယေရမိ ၁၇း၁၉-၂၇
၉။ ဘုရားသခင်သည် ဣသရေလလူမျိုးတိုအား သတိပေးရန် ယေရမိတစ်ဦးတည်းကိုသာ စေလွှတ်ခဲ့ပါသလား။
မဟုတ်ပါ။ ပရောဖက်ပေါင်းများစွာကို တစ်ယောက်ပြီး တစ်ယောက် ရွေးချယ်စေလွှတ်ခဲ့ပါသည်။ (ယေရမိ ၇း ၂၅-၂၆)
၁၀။ ဘုရားသခင်သည် ယေရမိအား မည်သို အထူးတာဝန်ပေးသနည်း။
ဗိမာန်တော်တံတိုင်းထဲမှာ ရပ်လျက် ကိုးကွယ်ရန် လာကြသော ယုဒမြိုသူမြိုသားအပေါင်းတိုအား ပြော ဆိုရန်ဖြစ်၏။ (ယေရမိ ၂၆)
၁၁။ ယုဒတို ယေရမိစကားအား မည်သို ခံယူကြသနည်း။
ယေရမိစကားကို ဆန့်ကျင်ဖက်ပြု၍ စုရုံးကြ၏။
၁၂ ။ယေရမိသည် အခန်းကြီး ၈း၂၀ တွင် မည်သို ဝမ်းနည်းစရာစကားကို ဆိုသနည်း။
အသီးအနှံကို ရိတ်သိမ်းရာကာလလွန်ပြီ။ နွေကာလကုန်ပြီး ငါတိုသည် ကယ်တင်ခြင်းသို မရောက်ကြ၊ (ယေရမိ ၈း၂၀)
၁၃။ ယေရမိ ၁၇ တွင် မည်သို လှပသောဆုတောင်းချက်ကို တွေ့နိုင်သနည်း။
အိုအဘ ဘုရား၊ အကျွန်ုပ်အနာကို ငြိမ်းစေတော်မူပါ။ သိုပြုလျှင် အကျွန်ုပ်အနာငြိမ်းပါမည်။ အကျွန်ုပ် ကို ကယ်တင်တော်မူပါ။ သိုပြုလျှင် ကယ်တင်ခြင်းသို ရောက်ရပါလိမ့်မည်။” (ယေ ၁၇း၁၄)
၁၄။ အခန်းကြီး ၁၈ တွင် ဘုရားသခင်နှင့် ဣသရေလလူတိုကို မည်သို ဥပမာပြ ဖေါ်ပြထားသနည်း။
အိုးထိန်းသမားသည် အိုးမြေကို သူအလိုရှိသည်အတိုင်း ပုံဖေါ်၏ဟု ဖေါ်ပြထားသည်။
၁၅။ ဘုရားသခင်သည် ယေရမိအားဖြင့် လူတိုရှေ့၌ မည်သို ပြုစေသနည်း။ မည်သို အဓိပ္ပါယ်ေဆာင်သနည်း။
အိုးထိန်းသမားထံမှ ရေအိုးကိုယူ၍ အများရှေ့တွင် ခွဲစေသည်။ ဣသရေလနိုင်ငံပျက်စီးမည့် နိမိတ်လက္ခဏာ ဆောင်၏။ (ယေ ၁၉)
၁၆။ ယေရမိသည် ထာဝရဘုရားစေခိုင်းသည့်အတိုင်း ဟောသောအခါ မည်သို တွေ့ကြုံ
ပရောဖက်ယေရမိကို ရိုက်ပုတ်၍ ဗိမာန်တော်နားရှိ ဗယာမိန်အထက် တံခါးတွင် ထိပ်ခတ်ထား၏။ (ယေ ၂၀း၂)
၁၇။တစ်ခါတစ်ရံယေရမိသည် ဘုရားသခင်စေခိုင်းသော ဟောပြောချက်ကို မပြောရန် စုံစမ်းခြင်းတွေ့ရှိရပါသလား။
သူသည်အလွန်နှိပ်စက်ခြင်းခံရသောအခါ ထိုသို စိတ်ဖြစ်ပေါ်၏။ (ယေ ၂၀း၈-၉)
၁၈။ သူ သည် အလွန်စိတ်ပျက်သောအခါ မည်သို ခွန်အားရရှိပါသနည်း။
ထာဝရဘုရားထံမှ ခွန်အားကို ပြန်လည်ရရှိသည်။ (ယေ ၂၀း၁၁)
၁၉။ အခန်းကြီး ၂၃:၅-၆ တွင် ယေရမိသည် မည်သူ့ကို ဆိုလိုသနည်း။
“သခင်ခရစ်တော်ကို ဆိုလိုပါသည်။
၂၀။ခရစ်တော်ကို “အခက်၊ အညွန့်” အဖြစ်တင်စားသော ပရောဖက် ဘယ်နှစ်ယောက်ရှိသနည်း။
၂ယောက်။
ယေရှဲအမျိုး အငုတ်၌ အတက်ပေါက်လိမ့်မည်။ သူ၏အမြစ်တိုတွင် အညွန့်သည် အသီး သီးလိမ့်မည်။” (ဟေရှာယ ၁၁း၁)
၂၁။ ယေရုရှလင်မြိုကို တိုက်ခိုက်ဖျက်ဆီးမည်ဟု ယေရမိမည်သူကို ဆိုလိုသနည်း။
ဗာဗုလုန်ရှင်ဘုရင် နေဗုခ်ခနေဇာမင်းကို ဆိုလိုပါသည်။ (ယေ ၂၅း၉)
၂၂။ ကျွန်ခံရာကာလ မည်မျှကြာသနည်း။
နှစ်ပေါင်း ၇၁။ (ယေ ၂၅း၁၂)
၂၃။ နောက်ဆုံး၌ မည်သိုဖြစ်မည်ဟု ဖေါ်ပြထားသနည်း။
ဗာဗုလုန်နိုင်ငံသည် ဖျက်ဆီးခြင်းခံရမည်ဟု ဖေါ်ပြထား၏။ (ယေ ၂၅:၁၂-၁၄
၂၄။ ယေရမိ ထိုသို ပြောပြီးသောအခါ ထာဝရဘုရား မည်သို ညွှန်ကြားသနည်း။
လူများ၊ မှူးမတ်များရှေ့၌ ဖတ်ပြနိုင်ရန် ယခုဟောပြောခဲ့ပြီးသမျှတိုကို စာအုပ်စာလိပ်တွင် ပြန်နေစေ သည်။ (ယေ ၃၆း၁-၂)
၂၅။ ယေရမိပြောသမျှကို စာရေးပေးသူကား မည်သူနည်း။
နေရိသား ဗာရုတ် ဖြစ်၏။
၂၆။ စာလိပ်တွင် မည်သို ရေးသားထားသနည်း။
အခန်းကြီး ၁ မှ ၃၅ အထိ ကျွန်ုပ်တို ဖတ်ရသည်အတိုင်းဖြစ်နိုင်၏။ ကျွန်ခံရမည့်အကြောင်းကိုလည်း ကြိုတင်ဖေါ်ပြထား၏။ (မေး ၂၁၊ ၂၂၊ ၂၃)
၂၇။ မှူးမတ်များ စာလိပ်၌ ရေးသားသမျှကို ကြားပြီးသော် မည်သူ့အား ထပ်မံကြားလိုပါသနည်း။
ဘုရင်အား ကြားသိစေလို၏။ (ယေ ၃၆း ၂၀)
၂၈။ အဘယ်ကြောင့် ယေရမိနှင့် ဗာရုတ်ကို လွတ်ရာသို ပြေး၍ ပုန်းရှောင်စေသနည်း။
ဘုရင်၏ ဖမ်းဆီးချုပ်နှောင်ခြင်း ခံရမည်စိုး၍ ဖြစ်၏။
၂၉။ ယောယကိမ်မင်းသည် ဖတ်ကြားချက်ကို မည်သို ခံယူသနည်း။
၃ – ၄ မျက်နှာခန့်ဖတ်ပြီးရုံနှင့် ရှင်ဘုရင်သည် အထင်အမြင်သေးခြင်းနှင့် အလွန်စိတ်ဆိုးခြင်းဖြစ်၏။ (ယေ ၃၆း ၂၃-၂၅)
၃၀။ ဘုရင်သည် စာလိပ်ကို မည်သို ပြုသနည်း။
ဓားနှင့် ခုတ်ပြီး မီးရှို့ သည်။
၃၁။ ယေရမိအား ထာဝရဘုရားမည်သို စေခိုင်းသနည်း။
ပထမစာလိပ်အတိုင်း နောက်ထပ်တလိပ်ကို ရေးစေ၏။ (ယေ ၃၆း၂၈) ၊
၃၂။ ရှင်ဘုရင်သည် ထိုသို ပြုသဖြင့် မည်သိုသော အပြစ်စီရင်ခြင်း ခံရသနည်း။
“သူ၏ အမျိုးအနွယ်သည် ဒါဝိဒ်၏ ရာဇပလ္လင်ပေါ်မှာ မထိုင်ရ၊ သူ၏ အသေကောင်ကို နေ့အချိန်၌ နေပူထဲသို၎င်း၊ ညဉ့်အချိန်၌ နှင်းခဲထဲ၌၄င်း ပစ်လိုက်ကြလိမ့်မည်။” (ယေ ၃၆း၃၀၊ ၂၂း၃၀)
၃၃။ ယေရုရှလင်မြိုသည် လုံးဝဖျက်ဆီးခံရမည်ဖြစ်ကြောင်း ဘုရင်ဟေဇကိအား ယေရမိမည်သို ကြိုတင်ပြော ဆိုသနည်း။
ဓားဘေး၊ အစာခေါင်းပါးခြင်းနှင့် ရောဂါဘေးများ ကြုံတွေ့ရမည်အကြောင်း ဖေါ်ပြသည်။ (ယေ ၂၄)
၃၄။ ယေရမိအနာဂတ္တိကျမ်းသည် အမှန်တကယ် သမိုင်းဝင်ဖြစ်ပါသလား။
ဖြစ်ပါသည်။
၃၅။ ဗာဗုလုန်သည် စစ်နိုင်၍ အုပ်စိုးမည့်အကြောင်း ယေရမိမည်သို ဥပမာပြုသနည်း။
ကြိုးနှင့် ထမ်းပိုးကို လုပ်ပြီး သူ၏လည်ပင်း၌ တပ်၍ ဥပမာပြသည်။
၃၆။ ယေရမိအား ဆန့်ကျင်၍ မည်သူဟောပြောသနည်း။
ဟာနနိ (ယေ ၂၈)
၃၇။ ဟာနနိ သည် ယေရမိလည်ပင်းပေါ်မှ ထမ်းပိုးကို မည်သို ပြသနည်း။
နေဗုခဒ်နေဇာတင်သော ထမ်းပိုးကို ဘုရားသခင်ပယ်သည်ဟု ဆိုပြီး ထမ်းပိုးကို ချိုး၏။ (ယေ ၂၈း၁၀)
၃၈။ ဘုရားသခင်သည် ထိုသို မရိုမသေပြုခြင်းကို ခွင့်ပြုပါသလား။
‘ ထိုနှစ်တွင်ပင် ဟာနနိသေမည်ဟု အပြစ်ဒဏ်ပေးခဲ့၏။
၃၉။။ အခန်းကြီး ၃၅ တွင် ဘုရားသခင်သည် ဣသရေလလူတိုအား ယေရမိအားဖြင့် မည်သို သင်ခန်းစာပေးသနည်း။
ရေခပ်အမျိုးသားတိုအား ဗိမာန်တော်အခန်းတွင် စပျစ်ရည်သောက်စေခြင်းဖြင့် သင်ခန်းစာပေးသည်။ (ယေ ၃၅)
၄၀။ ရေခပ်အမျိုးသားတို့ကား မည်သူနည်း။
ထိုသူတိုသည် ရေခပ်အမျိုး၏ အဘ ဟေမတ်မှ ဆင်းသက်လာသော ကိနိအမျိုးဖြစ်သတည်း။ (၅ရာ ၂း၅၅)
၄၁။ ကေနိလူမျိုးကား မည်သူနည်း။
အာဗြဟံ၏ ဇနီးကေတုမှ ဆင်းသက်သော မိဒျန်မျိုးဆက်ဖြစ်၏။ (ကမ္ဘာ ၂၅:၁-၃)
၄၂။ ရာခပ်အမျိုးသားတို၏ စရိုက်ကို ဖေါ်ပြပါ။
ထိုသူတိုသည် နေရာအတည်တကျ မရှိဘဲ ရွေ့ပြောင်းသွားလာ၍ ရွက်ဖျင်တဲဖြင့်နေကြသည်။
၄၃။ ထိုသူတို့ အဘယ်ကြောင့် ယေရုရှလင်မြိုသို ရောက်လာကြသနည်း။
နေဗုခဒ်နေဇာမင်း၏ စစ်တပ်ကို ကြောက်သဖြင့် မြိုရိုးရှိသော ယေရုရှလင်မြိုတွင် ခိုလှုရန် ရောက်လာ ကြခြင်းဖြစ်သည်။
၄၄။ ရာခပ်အမျိုးအနွယ်တိုအား ယေရမိ စပျစ်ရည်ကို တိုက်သော် သောက်ကြပါသလား။
မသောက်ကြပါ။ (ယေ ၃၅)
၄၅။ အဘယ်ကြောင့် မသောက်ကြပါသနည်း။
အကြောင်းမူကား၊ အကျွန်ုတို မျိုးရိုး၏အဘ ရေခပ်၏သား ယောနဒပ်က၊ သင်တို့မှ သားစဉ်မြေးဆက် တိုသည်စပျစ်ရည်ကို မသောက်ရကြ။ မျိုးစေ့ကိုလည်း မကြဲရ၊ စပျစ်ဥယျာဉ်ကိုလည်း မစိုက်မှ မရှိစေရ ကြ။” (ယေ ၃၅း၁၉)
၄၆။ ရာခပ်အမျိုးသားတို သစ္စာရှိခြင်းအတွက် ဘုရားသခင်မည်သို ဆုပေးသနည်း။
ရေခပ်သားယောနဒပ်အမျိုး၌ ထာဝရဘုရား၏ အမှုတော်ထမ်းတိုသည် အစဉ်ရှိကြရမည်ဟု မိန့်တော်မူ၏။
၄၇။ စပျစ်ရည်သောက်ကျူးခြင်းနှင့် ပတ်သက်၍ ကျမ်းစာတွင် မည်သိုတွေ့နိုင်သနည်း၊
ဆသုတ္တံ၂၃း၁၉-၂၁၊ ၂၃း၂၉-၃၂ ၁ကော ၆း၁၀၊ ရောမ ၁၃း၁၃၊ ဂလာတိ ၅:၂၆၊ ဧဖက် ၅း၁၈
၄၈။ ယုဒလူတို ထိုသင်ခန်းစာအားကြောင့် ဘုရားသခင်အား ရိုသေမှုရှိရန် ပြောင်းလဲပါသလား၊
မပြောင်းလဲပါ။ ဘုရားသခင် တစ်ဆူတည်းကိုသာ ကိုးကွယ်ရန် သဘောတူ ပြောင်းလဲခြင်းမရှိပါ။
၄၉။ ယုဘုရင်သည် ဗာဗုလုန်မင်း (ခါလဒဲလူ) ကို ရင်ဆိုင်နိုင်ရန် မည်သူ့ထံ စစ်ကူတောင်းသနည်း။
အဲဂုတ္တုပြည်မှ ဖာရောဘုရင်ထံ စစ်ကူတောင်း၏။ (ယေ ၃၇း၅-၈)
၅၀။ စစ်ကူလာ၍ ရန်သူဘေးမှ လွတ်မြောက်ပါသလား။
ခေတ္တခဏသာ လွတ်မြောက်၏။
၅၁။ ခါလဒဲလူတို ခေတ္တမျှ အဝေးရောက်နေစဉ် ယေရမိသည် မည်သည့်ကိစ္စကို ဆောင်ရွက်ရန် အစီအစဉ်
ရှိသနည်း။
ယေရမိသည် မိမိအမျိုး၌ မိမိအမွေကို ခံအံ့သောငှါ၊ ဗော်ပိန်ပြည်သို သွားမည်ဟု အကြံရှိ၍ ယေရုရှလင် မြို့မှ ထွက်သွားလေ၏။ (ယေ ၃၇း၁၂)
၅၂။ ကင်းမှူးနှင့် မှူးမတ်တိုသည် ယေရမိ၌ မည်သို ပြသနည်း။
ယေရမိသည် ခါလဒဲလူတိုထံ ထွက်သွားရန်အကြံရှိသည်ဟု ယူဆသဖြင့် ယေရမိကို ရိုက်ပြီးမှ ယောနသန် ၏ အိမ်၌ လှောင်ထား၏။ (ယေ ၃၇း၁၅)
၅၃။ သူသည် ထိုလှောင်အိမ်၌ အချိန်ကြာမြင့်စွာ နေရပါသလား။
ဇေဒကိမင်း၏ အမိန့်ဖြင့် လွတ်မြောက်ရ၏။ သိုသော် များမကြာမီ မြေတွင်းထဲသို ချထားခြင်း ခံရ၏။ (၃၈း၁၁)
၅၄။ ယေရမိလွတ်မြောက်ရန် မည်သူသည် ကူညီပြောဆိုသနည်း။
ဧဗဒမေလက်သည် ကူညီ၍ မင်းကြီးထံ ပြောဆို၏။ (ယေ ၃၈း၉)
၅၅။ ဧဗဒမေလက်သည် ယေရမိ အသက်အား မည်သိုကယ်သနည်း။
ကြိုးဖြင့် မြေတွင်းထဲမှ ဆွဲတင်၏။
၅၆။ ထိုနောက် ယေရမိသည် ဘုရင်ကြီးအား မည်သို ပြောသနည်း။
မင်းကြီးသည် ဤမြိုမှ ထွက်မသွားလျှင် မြိုကို မီးရှိဖျက်ဆီးခြင်းနှင့် အတူ မင်းကြီးလည်း သတ်ခံရမည်။ ဟု ပြော၏။ (ယေ ၃၈း၁၈)
၅၇။ ဘုရင်ကြီးသည် ယေရမိ စကားကို ယုံပါသလား။ ထာဝရဘုရား၏ စကားကို နားထောင်ခြင်း ရှိပါသလား။
နား မထောင်ဘဲ ထိုမြို့တွင် ဆက်နေ၏။(ယေ ၃၉း၂၊ ၄၊ ၈)
၅၈။ မြို့ကို ရန်သူဖျက်ဆီးချိန်၌ ယေရမိမည်သည့်အရပ်တွင် ရှိနေသနည်း။
အချုပ်ထောင်၌ ရှိနေ၏။ (ယေ ၃၈း၂၈)
၅၉။ ခါလဒဲလူတို့သည် ယေရမိအား မည်သို ပြုသနည်း။
ဘုရင်၏အမိန့်ဖြင့် ယေရမိသွားလိုရာ သူ၏နေရင်းမြိုသို ပိုဆောင်၏။ (ယေ ၃၉၊ ၄၀)
၆၀။ဘုရားသခင်သည် သူ၏လူတို သုံပန်းအဖြစ် ခေါ်ဆောင်ခြင်းမခံရမီ မည်သို နှစ်သိမ့်စကားပြောခဲ့သနည်း။
မေရှိယသခင် ကြွလာတော်မူမည်အကြောင်းနှင့် သူတိုသည်လည်း မိမိတိုနိုင်ငံသို ပြန်လာရမည်အ ကြောင်း ကြိုတင်ပြောထား၏။ (ယေ ၃၂း ၃၃)
၆၁။ ယေရမိ၏ ပရောဖက်ပြုပြောကြားချက်တိုသည် ယုဒလူမျိုးမှလွဲ၍ အခြားလူမျိုးတိုနှင့် သက်ဆိုင်မှု ရှိပါသလား။
အနည်းဆုံးလူမျိုး ဆယ်မျိုးခန့်နှင့် သက်ဆိုင်၏။ (ယေ ၅၀၊ ၅၁)
၆၂။ယေရမိသည် အနာဂတ္တိကျမ်းအပြင် အခြားစာများကို ရေးခဲ့ပါသလား။
ယေရုရှလင်မြို နောက်ဆုံးကျဆုံးသောအခါ မြည်တမ်းစကားကို ရေးခဲ့ပါသေးသည်။
၆၃။ ယေရမိ မည်သည့်အရပ်၌ သေသနည်း။
သူ၏လူတိုသည် သူ့အား အတင်းအကြပ်ခေါ်ဆောင်သွား၍ အဲဂုတ္တုပြည်သို ရောက်ပြီး ထိုအရပ်၌ သေ သည်ဟု ထင်ရသည်။ ( ယေ ၄၀၊ ၄၄)
၇၂။ယေဇကျေလအနာဂတ္တိကျမ်း
၁။ ယေဇကျေလကား မည်သူနည်း။
ပရောဖက်တစ်ပါးဖြစ်သည်။
၂။ သူသည် ရူပါရုံကို မည်သည့်အရပ်၌ ရှိစဉ်တွေ့သနည်း။
ခါလဒဲပြည်၊ ခေဗာမြစ်နား၌ ရှိစဉ်အခါဖြစ်သည်။
၃။ ဤအရပ်သို မည်သို ရောက်ရှိလာရသနည်း။
ဗာဗုလုန်နိုင်ငံတို ယုဒလူတိုနှင့်အတူတူ သုံပန်းအဖြစ် နေဗုခဒ်နေဇာမင်း ခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။
၄။ ထိုရူပါရုံကို မြင်ချိန်၌ အသက်မည်မျှ ရှိပြီနည်း။
အခန်းကြီး ၁၁ ကို လေ့လာခြင်းဖြင့် သူ့အသက် ၃၀ နှစ် ခန့်ရှိပြီဟု ထင်ရပါသည်။
၅။ ထိုအချိန်က ကျွန်ဘဝတွင် နှစ်ပေါင်းမည်မျှ ရှိခဲ့ပြီနည်း။
၄ နှစ်ခန့်ဖြစ်မည်။ (ယေဇ ၁း၂)
၆။ သုံပန်းအဖြစ်ခေါ်ဆောင်ခံရသော ယေဟောနိကား မည်သူနည်း။
ယုဒရှင်ဘုရင်ဖြစ်ပါသည်။ (မေးခွန်း ၆၁၊ ၇-၁ဝ ရှု)
၇။ ယေဟောနိသည် နောက်ဆုံးသော ယုဒရှင်ဘုရင်ဖြစ်ပါသလား။
မဟုတ်ပါ။ နောက်ဆုံးတစ်ယောက်ကား ဟေဇကိမင်းဖြစ်၏။
၈။ ဤပရောဖက်ပြု ဟောပြောချက်ကို ယေရုရှလင်မြို ဖျက်ဆီးခြင်းမခံရမီ မည်မျှစော၍ ရေးသားခဲ့သနည်း။
၇ နှစ်စော၍ ရေးခဲ့သည်ဟု ယူဆရသည်။ (ယေဇ ၁း၂)
၉။ ထာဝရဘုရားသည် ယေဇကျေလအား ဣသရေလလူတိုသည် မည်သိုသောသူဖြစ်ကြောင်း ဖေါ်ပြထားသနည်း။ ။
ယနေ့တိုင်အောင် ဘိုးဘေးတိုနှင့်တကွ ငါ့ကို အစဉ်ပုန်ကန်၍၊ ပြစ်မှားသော ဣသရေလလူမျိုးမဟုတ်ဟု ဖေါ်ပြထား၏။ (ယေဇ ၂း၃)
၁၀။ ဘုရားသခင်သည် ထိုအမှုဆောင်ရန် ပရောဖက်အား မည်သိုခွန်အား ပေးသနည်း။ ။
ကြောက်ရွံခြင်းမရှိရန် အထပ်ထပ်အားပေးစကားပြောခဲ့သည်။ (ယေဇ ၃း၁-၁၁)
၁၁။ ယေဇကျေလသည် ယေရုရှလင်မြိုဖျက်ဆီးခံရမည့်အကြောင်း မည်သို ဖေါ်ပြသနည်း။
ယေရုရှလင်မြို ပုံစံကို ရေး၍ မြိုပြင်၌ တပ်ချပိုင်းထားသော ပုံစံအားဖြင့် အစာခေါင်းပါးခြင်းနှင့် ပျက်စီး ခြင်းကို ဖေါ်ပြ၏။ (ယေဇ ၄)
၁၂။ ယေရုရှလင်မြို၌ မှီတင်းနေထိုင်သောသူတိုအား မည်သည့်အရာနှင့် ခိုင်းနှိင်းပြောဆိုထားသနည်း။
အသုံးမဝင်သော စပျစ်နွယ်ခက်အဖြစ်လည်းကောင်း၊ စွန့်ပစ်ခံရသော မိဘမဲ့ကလေးအဖြစ် လည်းကောင်း နှိင်းယှဉ်ဖေါ်ပြထားသည်။ (ယေဇ ၁၅:၂-၃၊ ၁၆း၄၊ ၆)
၁၃။ နေဗုခဒ်နေဇာကို မည်သည့်အရာနှင့် ခိုင်းနှိုင်းထားသနည်း။
ရွှေလင်းတကြီးဟု ဖေါ်ပြထားသည်။
၁၄။ ဘုရားသခင်သည် မည်သိုသော သနားညှာတာမည့် ကတိတော်ကို ယေဇကျေလအားဖြင့် ဖေါ်ပြသနည်း။
သားသည်အဘ၏အပြစ်ကို မခံရ အဘသည် သား၏အပြစ်ကို မခံရ (ယေဇ ၁၈း၁၉ -၂၀)
၁၅။ ယေဇေကျလအား ကင်းစောင့်တစ်ယောက်ကဲ့သို မည်သည့်တာဝန်ပေးသနည်း။
ဆိုး သောသူအား မကောင်းသောလမ်းမှ ပြန်လှည့်၍ နောင်တရဖို့ သတိပေးရန် တာဝန်ပေး၏။ (ယေဇ၃၃း၈)
၁၆။ သတိပေးချက်ကို ကြားရသောသူ၏ တာဝန်ကား မည်သိုနည်း။
ဆိုးသောလမ်းမှ ချက်ခြင်းပြန်လှည့်ရန်ဖြစ်သည်။
၁၇။ ယေဇ ၃၄ တွင် မည်သူတိုနှင့် ပတ်သက်၍ ပရောဖက်ပြုချက် ရေးထားသနည်း။
မှားယွင်းစွာ ဦးဆောင်နေကြသော ထာဝရဘုရား၏ အမှုတော်ထမ်းများ၊ ပရောဖက်များ၊ ဘာသာရေး ခေါင်းဆောင်များနှင့် သက်ဆိုင်၏။
၁၈။ ကောင်းသောသိုးထိန်းကား မည်သူနည်း။
ယေရှုခရစ်တော်ဖြစ်၏။ (ယေဇ ၃၄း၂၃၊ ယော ၁၀း၁၁)
၁၉။ ယေဇကျေလ၏ ပရောဖက်ပြုချက်တွင် နောင်အခါ ခံစားရမည့် ကောင်းကြီးမင်္ဂလာနှင့်ပတ်သက်၍ ဖေါ်ပြ ထားပါသလား။
ဣသရေလလူတို မိမိတို နေရင်းအရပ်သို ပြန်သွားရပြီး၊ သေခြင်းမှ ထမြောက်သကဲ့သို ကောင်းကြီး မင်္ဂလာ များကို ခံစားရမည်ဖြစ်ကြောင်းဖော်ပြထားသည်။ (ယေဇ ၃၆၊ ၃၇၊ ၃၆၊ ၁ဝ၊ ၁၂)
၂၀။ ယေဇကျေလ မည်သို မှတ်သားဖွယ် ရူပါရုံကို တွေ့သနည်း။
အရိုးနှင့်”ပြည့်သော ချိုင့်ဝှမ်းကို တွေ့ရပြီး အသက်ရှင်သော စစ်တပ်တို့အတွက် ပြန်လည်သတိရခြင်း ဖြစ်ေစ သည်။
၂၁။ယုဒတို ကျွန်ခံရာ ၂၅ နှစ်တွင် ယေဇကျေလ မည်သို ရူပါရုံမြင်သနည်း။
ကြီးမားထည်ဝါေသာအိမ်တော် (ဗိမာန်တော်) နှင့် အသက်စမ်းရေ စီးဆင်းခြင်းကို မြင်တွေ့ရသည်။ (ယေဇ ၄၀၊ ၄၈)
၂၂။ ယေဇကျေလ ၄၇ နှင့် ဗျာဒိတ် ၂၂ တွင် မည်သိုသော တူညီမှုများကို တွေ့ရှိရသနည်း။
ဗိမာန်တော်မှအသက်စမ်းရေစီးဆင်းပြီး ရေသည်ကြည်လင်သန့်ရှင်းခြင်းရှိ၏။ ကမ်းနှစ်ဖက်တွင် အသီးကိုေပးေသာအသက်ပင်ရှိကြောင်း တွေ့ရှိရ၏။ အသီးသည် စားစရာဘို့ဖြစ်၍ အရွက်သည် အနာရောဂါ အမျိုးမျိုးကို ငြိမ်းစေ၏။
၇၃။ ဒံယေလ
၁။ ဒံယေလကား မည်သူနည်း။
ဗာဗုလုန်နန်းတော်၌ အမှုထမ်းရန် ယုဒအမျိုးသားထဲမှ ရွေးချယ်ခံရသူဖြစ်၏။ နန်းတော်၊ မင်းမျိုးမင်း နွယ် များနှင့်ဆိုင်သော ပညာရပ်များကို သင်ယူရ၏။ (ဒီ ၁း၃-၅)
၂။ ဒံယေလ ဗာဗုလုန်နိုင်ငံသို မည်သည့်အချိန်က ရောက်သနည်း။
ယုဒရှင်ဘုရင်ယောယကိမ်နှင့်အတူ နေဗုခဒ်နေဇာမင်း ဖမ်းဆီးခေါ်ဆောင်ခဲ့စဉ်က ရောက်ရှိလာ၏။
၃။ ဗာဗုလုန်နိုင်ငံ မည်သည့်အရပ်၌ တည်ရှိသနည်း။
ခါလဒဲပြည်၊ ယူဖရေးတီးမြစ်ဘေးတွင် တည်ရှိသည်
၄။ ဒံယေလအသက်မည်မျှတွင် ဗာဗုလုန်သို ရောက်သနည်း။
၁၄ နှစ်နှင့် ၁၇ နှစ် အကြားဖြစ်နိုင်၏။
၅။ ဒံယေလသည် အဘယ်ကြောင့် ဘုရင့်ပွဲတော်မှ ကြွင်းသောအစာကို စားရန် ငြင်းဆိုသနည်း။ ။
ယုဒလူမျိုးတို မစားသော (တားမြစ်သော) အစာများ ပါဝင်မည်ကို စိုးရိမ်သောကြောင့် ဖြစ်ပါသည်။
၆။ ဒံယေလသည် အစားအသောက်နှင့်ပတ်သက်၍ မည်သိုသက်သေပြခဲ့သနည်း။
ပွဲတော်မှအစာကို စားသောသူများထက် ဟင်းသီးဟင်းရွက်နှင့် ရေကိုသာ သုံးဆောင်သောသူတိုသည် သာ၍ အဆင်းလှကြောင်း သက်သေပြခဲ့သည်။ (ဒံ ၁း၁၅)
၇။ ဘုရားသခင်သည် သူ့အား အံ့ဩဖွယ် အသိပညာ၊ အတတ်ပညာ၊ ဉာဏ်များပေးထားကြောင်း ဒံယေလမည် သို သက်သေပြသနည်း။
ဘုရင်၏ ပညာရှိများ မဖေါ်ပြနိုင်သော အိမ်မက်၏အဓိပ္ပါယ်ကို ဖေါ်ပြနိုင်သည်။ (ဒံ ၂)
၈။ အိပ်မက်အကြောင်းကို ဖေါ်ပြပါ။
ဦးခေါင်းသည် ရွှေစင်အတိနှင့်ပြီးသော သတ္တုရုပ်တုကြီးကို မြင်ရ၏။ ကျောက်တုံးတစ်တုံးလိမ့်လာပြီး ထို အရုပ်ကို ထိခိုက်ကာ အမှုန့်ဖြစ်စေသည်။ ကျောက်တုံးမူကား တိုးပွား၍ တောင်ကြီးဖြစ်လာသည်။ (ဒံ ၂း၃၁-၃၅)
၉။ ဒံယေလသည် ထိုအိမ်မက်ကို မည်သို အဓိပ္ပါယ်ဖွင့်သနည်း။
ရွှေဦးခေါင်းသည် နေဗုခ်ခနေဇာမင်းကို ဆိုလိုသည်။ ငွေ၊ ကြေးနှင့် သံသည် အခြားသော နိုင်ငံ ၃ ခု ကို ဆိုလိုသည်။
၁၀။ထိုနိုင်ငံတိုထက် တန်ခိုးကြီးသော နိုင်ငံကား အဘယ်သိုနည်း။
ထာဝရဘုရားသခင်တည်ထောင်သော နိုင်ငံဖြစ်၍ အစဉ်အမြဲတည်လိမ့်မည်း (ဒံ ၂း ၄၅)
၁၁။ လက်ဖြင့်မခုတ်မဖြတ်ဟူသော စကားအဓိပ္ပါယ်ကို ဖေါ်ပြပါ။
လူသားတိုအားဖြင့် မဟုတ်။ဘုရားသခင်၏တန်ခိုးသက်သက်ဖြင့်ဟု ဆိုလိုသည်။ (ဒံ ၂း၄၄၊ ဟေရှာ ၆၃း၁-၆)
၁၂။ ထိုသို အံ့ဩဖွယ်အဓိပ္ပါယ် ပြန်ဆိုသဖြင့် နေဗုခဒ်နေဇာ မည်သို ခံစားရသနည်း။ ။
ဒံယေလကို ဘုရားသခင်၏လူဟု ယူဆ၍ ပြပ်ဝပ်၍ ရှိခိုးကိုးကွယ်သည်။ (ဒံ ၂း၄၆)
၁၃။ ဒံယေလအား မည်သည့်ရာထူးတိုးမြှင့်ခန့်အပ်သနည်း။
ဒံယေလသည် နန်းတော်ဦး၌နေရ၍ ဗာဗုလုန်နိုင်ငံတွင် ဝန်ကြီးအရာ၌၄င်း၊ ဗာဗုလုန်ပညာရှိတိုကို အုပ် စိုးသော ဝန်အရာ၌၄င်း ခန့်ထားခြင်းခံရသည်။ (ဒံ ၂း၄၈)
၁၄။ ဒံယေလ မည်သူတိုအတွက် ရာထူးတိုးမြှင့်ရန် တောင်းဆိုသနည်း။
သူ၏မိတ်ဆွေများဖြစ်သော ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတိုအတွက် တောင်းလျှောက်သည်။
၁၅။ သူ၏မိတ်ဆွေသုံးယောက်၏ ယုံကြည်ခြင်းကို ဖေါ်ပြပါ။၊
ဘုရင်တည်သော ရွှေရုပ်တုကို ပြပ်ဝပ်ကိုးကွယ်ခြင်းမရှိပါ။ (ဒံ ၃)
၁၆။ ထိုသို မကိုးကွယ်သည့်အတွက် မည်သို အပြစ်ဒဏ် ခံရသနည်း။
မီးလောင်လျက်ရှိသော မီးတောက်ထဲသို ပစ်ချရန် ချမှတ်ခံရသည်။
၁၇။ သူတိုအား ထိခိုက်လောင်ကျွမ်းခြင်းရှိပါသလား။
သူတို့သည် မီးဖိုထဲ၌ ဘုရားသခင်၏ သားတော်နှင့်အတူ ထိခိုက်ခြင်းမရှိဘဲ လမ်းလျှောက်နေကြသည်
၁၈။ သူတိုအား မီးဖိုထဲသို ပစ်ချသောသူတို၌ မည်သိုဖြစ်သနည်း
ထိုသူတိုသည် မီးအပူရှိန်ဟပ်ခြင်းကြောင့် သေကြသည်။ (ဒံ ၃း၂၂)
၁၉။ ဤအံ့ဩဖွယ်အဖြစ်ကြောင့် နေဗုခဒ်နေဇာမင်း မည်သို ခံစားရသနည်း။ ။
ထာဝရဘုရားသခင်အား ယုံကြည်ခြင်းနှင့် ချီးမွမ်းခြင်းပြုလျက် ထိုသူသုံးယောက်တိုအား ရာထူးတိုး မြှင့်ခြင်းကိုပြု၏။
၂၀။ နေဗုခဒ်နေဇာမင်းသည် ဘုရားသခင်၏ တန်ခိုးတော်ကို မြင်တွေ့ရသော်လည်း စိတ်နှလုံး နှိမ့်ချခြင်းရှိပါ သလား။
သူသည် စိတ်နှိမ့်ချခြင်းမရှိဘဲ မာနထောင်လွှားခြင်းရှိ၏။
၂၁။ ဘုရင်အား သတိပေးရန် ဘုရားသခင်သည် မည်သိုအိမ်မက်မြင်မက်စေသနည်း။ ။
လှပကြီးမား၍ အသီးအနှံများနှင့် ပြည့်သော၊ တိရစ္ဆာန်အပေါင်းမှီခိုရာ သစ်ပင်ခုတ်လှဲ၍ သစ်ငုတ် သည်ခုနစ်နှစ်ပတ်လုံး မိုးစွတ်စိုခြင်းကို ခံရပြီး တိရစ္ဆာန်တိုနှင့်အတူ မြက်ပင်ကို စားစေသည်။
၂၂။ ထိုအိမ်မက်အနက်အဓိပ္ပါယ်ကို ဘုရင်ကြီးအား မည်သူဖွင့်ပြပြောဆိုသနည်း။
ဒံယေလ
၂၃။ ထိုအိမ်မက်အဓိပ္ပါယ် မည်သို ပြည့်စုံလာသနည်း။
“ထိုစကားနှင့်အညီ နေဗုခဒ်နေဇာ၌ ချက်ခြင်းဖြစ်၍ လူစုအထဲက နှင်ထုတ်ကြလျှင် ……. မြက် စား၍ တိရစ္ဆာန်တိုနှင့်အတူနေ၏။” (ဒံ၄း၃၃)
၂၄၊ နောက်ဆုံး၌ မည်သိုဖြစ်သနည်း။
ကာလအချိန်စေ့သော် နေဗုခဒ်နေဇာသည် ကောင်းကင်သို မျှော်ကြည့်၍ သတိရပြန်ပြီး ထာဝရဘုရား၏ ဂုဏ်တော်ကို ချီးမွမ်း၏။ (ဒံ ၄:၃၄)
၂၅။ ဗာဗုလုန်နိုင်ငံ မည်သို အဆုံးသတ်ရသနည်း။ –
မေဒိအမျိုး ဒါရိမင်းသည် အသက် ၆၂ တွင် နိုင်ငံတော်ကို သိမ်းယူတော်မူ၏။ (ဒံ ၅:၃၁)
၂၆။ ထိုနောက်ဆုံးအချိန်က ရှင်ဘုရင်ကို ဖေါ်ပြပါ။
ဒံယေလ ၅ တွင် ဗေလရှာဇာဟု ဖေါ်ပြထား၏။
၂၇။ ဗေလရှာဇာသည် မည်သို မှားယွင်းသောအမှုကို ပြုမိသနည်း။
မြို့ကို နောက်ဆုံးသိမ်းပိုက်ခံရသောနေ့၌ ဗေလရှာဇာမင်းသည် မင်းသား၊ မိဖုရား၊ မောင်မမိဿံတိုနှင့် ၊ တကွ ပွဲလုပ်ရာ ဗိမာန်တော်ခွက်ဖလားများဖြင့် စပျစ်ရည်ကို သောက်ကြ၏။ (ဒံ ၅:၁-၄)
၂၈။ သူ၏နိုင်ငံ ပျက်စီးလုနီးပြီဖြစ်ကြောင်းကို အဘယ်ကြောင့် သူမသိသနည်း။
သူသည် အပြစ်၌မွေ့လျော်နေ၍ မလေ့လာသောကြောင့် ဖြစ်နိုင်ပါသည်။ သိုမဟုတ် သူသည် အသက်ငယ် လွန်းသဖြင့် တဖက်စစ်တပ်၏ အန္တရာယ်ကို နားမလည်နိုင်၍ဖြစ်နိုင်၏။
၂၉။ မြိုတော်ကို မည်သို သိမ်းပိုက်သနည်း။
မြစ်ကို လမ်းကြောင်းလွှ စီးစေပြီး ယခင်မြစ်အဟောင်းနေရာမှ မြိုကို ချီတက်သိမ်းပိုက်သည်။
၃၀။ ဗေလရှာဇာအပေါ်သို ရောက်ရန် ရှိသည့် ပြစ်ဒဏ်တိုကို ဘုရားသခင်သည် သူ့အားမည်သို ကြိုတင် ဖေါ်ပြခဲ့သနည်း။
လူ၏လက်ဖျားသည် ပေါ်လာ၍ နန်းတော်အုတ်နံရံတွင် အက္ခရာတင်၍ ရေးသားထား၏။
၃၁။ ထိုရေးသားသော စာ၏အဓိပ္ပါယ်ကား မည်သိုနည်း။
“မေနေ၊ မေနေ၊ တေကလ၊ ဖေရက်”
မေနေ မေနေ – ကိုယ်တော်၏နိုင်ငံကို ဘုရားသခင်ရေတွက်၍ ဆုံးစေတော်၏။
တေကလ – ကိုယ်တော်ကို ချိန်ခွင်နှင့် ချိန်ကို လျော့ကြောင်းကို တွေ့မြင်တော်မူ၏။
ဖေရက် – နိုင်ငံတော်အား ခွဲဝေ၍ မေဒိလူ၊ ပေရသိလူတိုအား ပေးတော်မူ၏ဟု ဆိုလို၏။ ( ဒံ ၅:၂၅-၂၈)
၃၂ ။ထိုစာပေါ်လာပြီး မည်မျှအကြာ၌ ဘုရင်အသတ်ခံရသနည်း။
ထိုညတွင်းချင်းပင် ဖြစ်၏။
၃၃။ ထိုသိုဖြစ်မည့်အကြောင်း ဟေရှာယသည် ကုရုမင်းအား အချိန်မည်မျှ ကြိုတင်ပြောခဲ့သနည်း။
နှစ်ပေါင်း ၁၇ဝ ခန့်စော၍ ပြောခဲ့၏။ (ဟေရှာ ၄၄း၂၇-၂၈၊ ၄၅း၁)
၃၄။ ဗာဗုလုန်နိုင်ငံ၏ ဘာသာတရားအကြောင်းကို ဖေါ်ပြပါ။
ထာဝရဘုရားသခင်နှင့် ဆန့်ကျင်ဖက်ဖြစ်သော ကိုးကွယ်ခြင်းရှိ၏။
၃၅။ ယနေ့ ဗာဗုလုန်နိုင်ငံ၏ အခြေအနေကို ဖေါ်ပြပါ။
မြိုပျက်၊ မြေပုံကဲ့သိုဖြစ်၍ ရာစုပေါင်းများစွာ စွန့်ပစ်ထားကြသည်။ ယခုအခါ မြိုဟောင်းကို တူးဖေါ်၍ ကျမ်းစာအတိုင်း အထောက်အထားများစွာတွေ့ရှိရသည်။
၃၆။ ဗာဗုလုန်နိုင်ငံကို မည်သူသိမ်းပိုက် အုပ်စိုးသနည်း။
ဒံယေလ ၅၃း၁ တွင် မေဒိအမျိုး ဒါရိသိမ်းယူကြောင်းဖေါ်ပြထား၏။ သိုသော် ဘာသာပြန်စာအုပ်အချို့ တွင်လက်ခံယူသည်ဟု ဖေါ်ပြထား သဖြင့် ကုရုမင်းနန်းစံ တစ်နှစ်၊ နှစ်နှစ်ခန့်တွင် လက်ခံယူသည်ဟု ယူဆ၏။
၃၇။ဒါရိမင်းသည် ဒံယေလ၌ မည်သို ပြုသနည်း။
ဒံယေလသည် မြိုဝန် ၁၂၀ အထက် ဝန်ကြီးသုံးပါး အဆင့်တွင် ပါဝင်သည်သာမက ဘုရင်၏ လက် တောက် ကဲ့သိုဖြစ်၏။
၃၈။ ထိုအချိန်က ဒံယေလအသက်မည်မျှ ဖြစ်မည်နည်း။
အသက် ၈၀ ဝန်းကျင်ရှိမည်ဟု ထင်ရသည်။
၃၉။ ဒံယေလနှင့် ပတ်သက်၍ အခြားမြို ဝန်တို၏ စိတ်ထဲ၌ မည်သို ရှိသနည်း။
သူတို့သည် မနာလိုခြင်း၊ အညှိးထားခြင်း စိတ်ရှိကြ၏။
၄၀။ သူတိုသည် ပထမဦးစွာ ဒံယေလ၌ အပြစ်တင်ခွင့်မည်သို ရှာကြသနည်း။
ဒံယေလ၏ အလုပ်တာဝန်ဝတ္တရားနှင့် ပတ်သက်၍ အပြစ်တင်ခွင့်ကို ရှာကြ၏။
၄၁။ ဒံယေလ၏ အကျင့်စာရိတ္တနှင့်ပတ်သက်၍ သူတို မည်သို တွေ့ရှိသနည်း။
အပြစ်တင်ခွင့်ကို ရှာ၍မတွေ့ကြ။
၄၂။ သိုဖြစ်၍ အပြစ်တင်ခွင့်ရရန် မည်သိုကြံစည်ကြသနည်း။
ဘုရင်မင်းမြတ်မှတပါး အခြားသောလူကိုဖြစ်စေ၊ ဘုရားကိုဖြစ်စေ အရက် ၃၀ အတွင်း ဆုတောင်းသော သူကို ခြင်္သေ့လှောင်အိမ်ထဲချပစ်ရန် ဘုရင်မင်းမြတ်အား အမိန့်ထုတ်ပြန်စေ၏။ (ဒံ ၆း၇)
၄၃။ ထိုအကြောင်းကို သိသော် ဒံယေလသည် ဘုရားသခင်အား ဝတ်ပြုကိုးကွယ်ရန် ပျက်ကွက်ပါသလား။
မပျက်ကွက်ပါ။
၄၄။ဒါရိမင်းသည် သူ၏အမိန့်ကြောင့် ဒံယေလအမှုရောက်သောအခါ မည်သို ခံစားရသနည်း။ ။
ရှင်ဘုရင်သည် အလွန်နောင်တရ၏။ ( ဒံ ၆း၁၄)
၄၅။ ဘုရင်သည် အမိန့်ကို အဘယ်ကြောင့် မပြင်နိုင်သနည်း
မေဒိ၊ ပရသိ၊ ဥပဒေအရ ဘုရင့်အမိန့်တော်အား ပြောင်းလဲခြင်းမရှိစေရဟု ဖေါ်ပြထား၏။ :'(ဒံ ၆း၁၅)
၄၆။ ရှင်ဘုရင်သည် အခြားနည်းလမ်းများဖြင့် အမိန့်ကို ပြင်နိုင်ပါသလား။
(အပိုဒ် – ၆၄ ဧသတာ) တွင် ဘုရင်အာရွှေရုသည် ဟာမန်၏၊ ကောက်ကျစ်မှုကို သိသောအခါ ယုဒလူမျိုး တိုအား ရန်သူများကို ခုခံရန် အမိန့်ထုတ်၍ အခွင့်ပေးသကဲ့သို ပြနိုင်၏။
၄၇။ ဒံယေလသည် ခြင်္သေ့တွင်း၌ မည်သို့ဖြစ်သနည်း။
သူ၌ တစ်စုံတစ်ခုမျှ ထိခိုက်ခြင်း၊ အန္တရာယ်မရှိပါ။ (ဒံ ၇း၂၂)
၄၈။ခြင်္သေ့ များ ဗိုက်ပြည့်နေ၍ ဒံယေလကို မကိုက်ရခြင်းလား၊
မဟုတ်ပါ။ ကောင်းကင်တမန်များက ခြင်္သေ့တို့၏ နှုတ်ကို ပိတ်ထားခြင်းကြောင့်ဖြစ်၏။ (ဒံ ၇:၂၂)
၄၉။။ ဘုရားသခင်သည် ခြင်္သေ့နှုတ်ကို ပိတ်ထားကြောင်း သက်သေပြပါ။
ဒံယေလ၌ အပြစ်တင်သောသူတိုကို သားမယားနှင့်တကွ ခြင်္သေ့တွင်းထဲပစ်ချ လျင်၊ မြေသို မရောက်မီ ခြင်္သေ့တိုသည် သူတိုအရိုးရှိသမျှတိုကို ချိုးဖဲ့ကိုက်စားကြ၏။
၅၀။ ဒံယေလကို မုန်းသောသူများအား ဒါရိမင်း မည်သို အပြစ်ပေးသနည်း။
သူတို မကောင်းကြံစည်သည့်အတိုင်း သူတို၌ဖြစ်စေ၏။
၅၁။ ဤကဲ့သို အံ့ဖွယ်ဖြစ်ရပ်ကို တွေ့ရသော် ဝါရိမင်းမည်သို ထူးခြားချက်များ ပြုလုပ်သနည်း။
နိုင်ငံသားအားလုံး ဒံယေလ၏ ဘုရားကို ကြောက်ရွံ ရိုးသကြရန် အမိန့်ထုတ်ပြန်သည်။ ( ဒံ ၆း၂၅)
၅၂။ ဒံယေလအနာဂတ္တိကျမ်း၏ ကျန်သောအပိုင်းတွင် မည်သည့်အကြောင်းများ ရေးသနည်း။
ပရောဖက်ပြုချက်များကို တွေ့ရသော်လည်း အချိုသားထင်ရှားပြီး များသောအားဖြင့် ထင်ထင်ရှားရှား ၊ မရှိပါ။
၅၃။ ဒံယေလ ၇း၉ တွင် အသက်ကြီးသောသူသည် မည်သူ့ကို ဆိုလိုသနည်း။
ထာဝရဘုရားသခင်ကို ဆိုလိုပါသည်
၅၄။ တရားစီရင်ခြင်းသည် မည်သည့်အချိန်၌ စမည်နည်း။
ရန်သူတို၏ အင်အားကို ချိုးနှိမ်ပြီးသည့်ကာလတွင် စတင်မည်။
၅၅။ဒံယေလ ၇း၃ တွင် လူသားနှင့်တူသောသူတစ်ဦးမှာ မည်သူကို ဆိုလိုသနည်း။
ယေရှုခရစ်ကို ဆိုလိုပါသည်။
၅၆။“အမြဲတည်မည့် နိုင်ငံတော်နှင့် ဘုရားသခင်၏လူဆိုသည့်အဓိပ္ပါယ်ကား မည်သိုနည်း။
ထာဝရတည်မည့် ခရစ်တော်၏နိုင်ငံတော်ကို ဆိုလိုပါသည်။
၅၇။ အခန်းကြီး ၉ တွင် ဘုန်းကြီးသောတန်ခိုးရှင်သည် မည်သူ့ကို ဆိုလိုသနည်း ။
မေရှိယ၊ ခရစ်တော်သခင်ကို ဆိုလို၏။
၅၈။ ထိုအမည်၏ အဓိပ္ပါယ်ကို ဖေါ်ပြပါ။
ဆီလိမ်းခြင်း၊ ဘိသိက်ပေးထားခြင်းဟု အဓိပ္ပါယ်ရှိ၏။
၅၉။ ခရစ်တော်အသေခံခြင်းနှင့် ပတ်သက်၍ မည်သို ပရောဖက်ပြု ပြောကြားထားသနည်း။
ခရစ်ေတာ်သည်အခွင့်မရဘဲ အသေသတ်ခြင်းကို ခံရလိမ့်မည်ဟု ပါရှိသည်။ (ဒံ ၉း၂၆)
၆၀။ ဒံ ၁၂း၃ တွင် မည်သိုသော ကတိတော်ပါရှိသနည်း။ ပညာရှိသော သူတိုသည်လည်း ကောင်းကင်မျက်နှာကျက်၏ အရောင်အဝါ ကဲ့သို၎င်း၊လူ အများတိုကိုဖြောင့်မတ်ခြင်းတရားလမ်းထဲသို သွင်းသောသူတိုသည်လည်း ကြယ်များကဲ့သို၎င်း အစဉ်အမြဲ ထွန်းလင်းကြလိမ့်မည်။(ဒံ ၁၂း၃)
၇၄။ဟောရှေအနာဂတ္တိကျမ်း
၁။ ဟောရှေကား မည်သူနည်း
ဗေရိ၏သားဖြစ်သည်။ ပရောဖက်ဖြစ်ပြီး ယေရောေဗာင် (၂) လက်ထက် ပရောဖက်ပြုပြောကြားချက် များရှိခဲ့၏။
၂။ ဟောရှေ ၁း၁၈ တွင် ဘုရားသခင်သည် ဣသရေလတိုအား ကြင်နာသောစကားကို မည်သိုဖေါ်ပြထား နည်း။
“အို ဧဖရိမ် ငါသည် သင့်အား အဘယ်သို စွန့်နိုင်မည်နည်း။ အို ဣသရေလ သင်ကို အဘယ်သိုအပ်နှံ နိုင်မည်နည်း။ သင့်ကို အာဒမာမြိုကဲ့သို အဘယ်သို ဖြစ်နိုင်မည်နည်း။ ဇေဘိုင်မြိုအရာ၌ အဘယ်သို ခန့်ထားနိုင်မည်နည်း။ ငါသည် နှလုံးပြောင်းလဲ၍ အလွန်ကြင်နာသောစိတ်ရှိ၏။” (ဟောရှေ ၁း၁၈)
၃။ အဘယ်ကြောင့် ဣသရေလလူတိုအား ဧဖရိမ်ဟု ခေါ်ဆိုသနည်း။
ဣသရေလနိုင်ငံတွင် ဧဖရိမ်မျိုးနွယ်သည် အင်အားအကြီးဆုံးဖြစ်သောကြောင့် ဖြစ်ပါသည်။
၄။ အာဒမာမြိုနှင့် ေဇဘိုင်မြို့ဟုအဘယ်ကြောင့် ခိုင်းနှိင်းထားသနည်း။
မြေပြန့်ရှိ မြိုဖြစ်ပြီး သောဒုံမြိုဖျက်ဆီးခံရစဉ်က အတူပါရှိ၍ ဖျက်ဆီးခံရသည်း (က ၁၀း၁၉၊ ၁၄း၈ တရား ၂၉း၂၃)
၅။ ဟောရှေ ၁၃ တွင် ဣသရေလလူတိုသည် မည်သိုသော ရုပ်တုကိုးကွယ်သည်ဟု ဖေါ်ပြထားပါသနည်း။
ဗာလဘုရားနှင့် ရွှေနွေးသူငယ်ရုပ်တုဟု တွေ့ရသည်။
၆။ ဟောရှေ ၁၄း၁-၂ တွင် နောင်တရ၍ ပြန်လာရန် မည်သိုဖိတ်ခေါ်ထားသနည်း။
“အို ဣသရေလ၊ သင်သည် ကိုယ်ပြုသော ဒုစရိုက်အပြစ်အားဖြင့် အကျိုးနည်းရှိသောကြောင့် သင်ဧ။်ဘုရားသခင်ထာဝရဘုရာထံတော်သို ပြန်လော့။ ပဌနာစကားကို ပြင်ဆင်၍ ထာဝရဘုရားထံ ေတာ်သိုပြန်လျက်၊အကျွန်ုပ်တို၌ရှိသမျှ သောအပြစ်တိုကို ပယ်ရှင်းတော်မူပါ။ကျေးဇူးပြ၍ လက်ခံတော်မူပါ။
၇။ ဘုရားသခင် ထိုသို ဖိတ်ခေါ်ခြင်းသည် ဣသရေလလူတိုအတွက်သာလော၊ ကျွန်ုပ်တိုနှင့်သက်ဆိုင်ပါသလား။
ကျွန်ုပ်တိုနှင့်လည်း သက်ဆိုင်သည်။ လူတိုင်းအတွက် ဖိတ်ခေါ်ခြင်းဖြစ်သည်။
–၇၅။ေယာလအနာဂတ္တိကျမ်း
၁။ယောလ၏ပရောဖက်ပြုချက်များကို အသိအမှတ်ပြုခြင်း ရှိပါသလား။
မရှိပါ။ သူသည် ယုဒနိုင်ငံတွင် ပြောဆိုခဲ့သော်လည်း အချိန်ပိုင်းအားဖြင့် တိကျမှုမရှိသေးကြောင့် ဖြစ်သည်။
၂။သူရေးသားချက်အပေါ်မှီ၍ ရေးခဲ့သောအချိန် အခါ အခြေအနေကို သိနိုင်ပါသလား။
အစာရေစာခေါင်းပါးသော ကာလတွင် ရေးသားထားသည်ဟု ထင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကျိုင်းကောင် နှိပ်စက်ခြင်းနှင့် စိမ်းလန်းသောအရပ်၊ ပြောင်း၊ စပျစ်ရည်နှင့် သေဘာ်သဖန်းသီးကို လိုချင်ကြောင်း ရေးထားသောကြောင့်ဖြစ်ပါသည်။ (ယောလ ၁း၄-၂၀)
၃။ သူသည်တိုင်းသူပြည်သားတိုအား မည်သို ကြိုးစားရန် တိုက်တွန်းသနည်း။
အစာရှောင်ရန်နှင့် နောင်တရရန် တိုက်တွန်းသည်။
၄။ ရှင်ပေတရုသည် တမန်တော်ဝတ္ထု၌ ယောလပရောဖက်ပြုချက်ကို မည်သို ဖေါ်ပြထားသနည်း။
တမန်တော်ဝတ္ထု ၂း၁၆-၂၁ နှင့် ယောလ ၂း၂၈-၃၂ ကို ယှဉ်ကြည့်ပါ။ “
၅။ မည်သို ဂုဏ်တော်ချီးမွမ်းခြင်းနှင့် နှစ်သိမ့်ခြင်းဖြင့် အနာဂတ္တိကျမ်းကို အဆုံးသတ်ထားသနည်း။
စစ်ဘေးဒုက္ခအပေါင်းသည် ငြိမ်းအေး၍ ယုဒနိုင်ငံနှင့် ယေရုရှလင်မြိုသည် ပြန်လည်တည်ဆောက်ခြင်းရှိ မည်ဟု ဖေါ်ပြထား၏။
၇၆။ အာမုတ်အနာဂတ္တိကျမ်း
၁။ အာမုတ်နေခဲ့သော အချိန်ကာလကို ဖေါ်ပြပါ။
ယုဒဘုရင် ဩဇိမင်းနှင့် ဣသရေလရှင်ဘုရင်ေယေရာေဗာင်:-( ၂;)တိုလက်ထက်ဖြစ်၏။ (၅၃ ဃနှင့်၅၈ က ရှု)
၂။သူသည်မည်သည့်အရပ်တွင်နေသနည်း။
ယုဒပြည်၊တေကောရွာတွင်နေ၏။
၃။သူ၏အလုပ်အကိုင်ကိုဖေါ်ပြပါ။
သိုးထိန်းဖြစ်သည်။သဖန်းပင်စိုက်ခြင်းဖြင့်အသက်ေမွးဧ။်။
၄။အာမုတ်သည်အခန်းကြီး၂း၁၂တွင်ဣသရေလတိုအပြစ်နှစ်ခုကြိမည်သို၊ေဖာ်ပြထားသနည်း။
စပျစ်ရည်ေသာက်ကျူးခြင်းနှင့်ပေရာဖက်ေဟာေပြာချက်ကိုငြင်းပယ်ခြင်းဟူ၍ေဖါ်ပြထားသည်
၅။ အာမုတ် ၃း၂ တွင် ဣသရေလလူတို၌ အခွင့်အရေးပေးထားခြင်းနှင့် ပြစ်ဒဏ်ပေးခြင်းကို မည်သိုယှဉ်တွဲ၍ ဖေါ်ပြထားသနည်း။ ။
“မြေကြီးပေါ်မှာနေသောအမျိုးသားအပေါင်းတိုတွင် သင်တိုတမျိုးတည်းကိုသာငါလက်ခံသောကြောင့် တို အပြစ်ရှိသမျှတို့ကို ငါစစ်ကြောမည်” ဟု ဖေါ်ပြထား၏။
၆။ သတေဖန်သည် အာမုတ်၏ ပြောဆိုချက်ကို မည်သို ထပ်မံဖေါ်ပြထားသနည်း။
တမန်တော် ၇း၄၂-၄၃ ကို အာမုတ် ၅:၂၅-၂၇ နှင့် ယှဉ်ကြည့်ပါ။
၇။ အာမုတ် ၈ တွင် ဣသရေလတို၏ မကောင်းမှုကို မည်သို တွေ့ရသနည်း။
ရိုးသားမှုမရှိခြင်း၊ ဆင်းရဲသားများအား ညှဉ်းပန်းနှိပ်စက်ခြင်း၊ ဘုရားသခင်အား မေ့လျော့ခြင်းဟု တွေ့ရ၏။ (အာမုတ် ၈:၅-၁၂)
၈။ အခန်း ၈ နှင့် ၉ တွင် ပြစ်တင်ပြောဆိုချက်များကို ဖေါ်ပြထားပြီးနောက် မည်သိုအနာဂတ္တိကျမ်းကို အဆုံး သတ်ဖေါ်ပြထားသနည်း။ ။
ဣသရေလတို့ မိမိတို့ နေရင်းမြိုတွင် ပြန်လည်စုစည်းတည်ဆောက်၍ ငြိမ်သက်ခြင်းနှင့် ကြွယ်ဝခြင်းရှိ မည်အကြောင်း ဖေါ်ပြထား၏။
၇၇။ ယောနဝတ္တု
၁။ ယောနအမည်ကို အခြားကျမ်းချက်များတွင် တွေ့နိုင်ပါသလား။
ယောနသည် ယေရောေဗာင် (၂) ပြန်လည် အုပ်စိုးမည့်အကြောင်း ၄ရာ ၁၄း ၂၅တွင် ပရောဖက် ပြုေဖာ်ပြ ထား၏
၂ ။ယောနဝတ္တုအတိုချုပ်ကို ဖေါ်ပြပါ။
ယောနအား နိနဝေမြို့တွင် ဟောပြောရန် စေလွတ်သော်လည်း သူသည် ထိုအရပ်သို့ မသွားဘဲ ထွက်ပြေး ရန် ကြိုးစားသည့် အကြောင်းဖြစ်သည်။
၃။ နိနဝေမြိုသည် မည်သည့်အရပ်၌ တည်ရှိသနည်း။
ရှေးဟောင်း အာဆီးရီးယားနိုင်ငံ တိုက်ဂရစ်မြိုေပါ် တွင် တည်ရှိ၍ ယခုအခါ ဘက္ကဒက်မြိုနှင့် မဝေးပါ။
၄။ နိနဝေမြိုအကြောင်း မည်သို ဖေါ်ပြထားသနည်း။
နိနဝေမြိုသည် အလွန် ကြီးသောမြို သုံးရက်ခရီးခန့် ကျယ်ဝန်းသောမြိုဖြစ်သည်။ (ယောန ၂း၃)
၅။ ယခုအခါ ရှေးဟောင်းတွေ့ရှိချက်များသည် ဤကျမ်းစာနှင့် တိုက်ဆိုင်မှုရှိပါသလား။ဆန့်ကျင်မှုရှိပါသလား။
ခိုင်မာစွာတိုက်ဆိုင်နေပါသည်။
၆။အဘယ်ကြောင့် ယောနထို ခရီးကိုမသွားဘဲ လွဲ၍ သွားသနည်း။
အသတ်ခံရမည်ကို စိုးရိမ်၍ လည်းကောင်း၊ဘုရားသခင်သည် ကြင်နာသောစိတ်ရှိ၍ မဖျက်ဘဲနေမည် ကိုစိုးရိမ်ေသာကြောင့်လည်းကောင်း၊ ရုပ်တုကိုးကွယ်သောသူတိုအား ဟောပြောခြင်း မပြုလိုသောကြောင့် လည်းေကာင်းဖြစ်သည်။
၇။သူသည် မည်သည့်အရပ်သို ထွက်ပြေးရန် ကြိုးစားသနည်း။
တာရှုမြို(တာတက်စုမြို၊ စပိန်နိုင်ငံတောင်ပိုင်း) သို သွားရန် သင်္ဘောစီးသည်။
၈။ယောန၏လမ်းခရီးကို ဘုရားသခင် မည်သို တားမြစ်သနည်း။
မုန်တိုင်းအားဖြင့် ဆီးတားသည်။
၉။ မှန်တိုင်းမှ လွတ်ရန် သင်္ဘောသားတို မည်သို ကြိုးစားကြသနည်း။
“သူတို၏ အသက်အတွက် သူတို ဘုရားကို ဆုတောင်းကြသည်။ သင်္ဘောပေါ့သွားစေရန် ပစ္စည်းများကို ရေထဲသို လွှင့်ပစ်၍ ကမ်းသို ကပ်ရန် ကြိုးစားသည်။
၁၀။ ယောန မည်သို ဝန်ခံပြောဆိုသနည်း။
သူသည် ထာဝရဘုရားထံမှ ထွက်ပြေးရန် ကြိုးစားသဖြင့် ဤသို မုန်တိုင်းနှင့် ရင်ဆိုင်ရကြောင်း ဝန်ခံ ပြောဆိုသည်။
၁၁။ ယောနအား ရေထဲသို ပစ်ချလိုက်သောအခါ ထာဝရဘုရားမည်သို စီစဉ်ထားသနည်း။
ငါးကြီးအားဖြင့် ကယ်တင်ရန် စီစဉ်ထားသည်။
၁၂။ ဘုရားသခင်သည် သူ့အား နိနဝေမြိုသို သွားရန် ထပ်မံစေခိုင်းသောအခါ သူလိုက်နာပါသလား။
လိုက်နာပါသည်။ (ယောန ၃)
၁၃။ သူဟောပြောခြင်းဖြင့် မည်သို ပြောင်းလဲခြင်းဖြစ်သနည်း။
ဘုရင်နှင့် တိုင်းသူပြည်သားတို ယုံကြည်၍ နောင်တရလျက် မှားသောလမ်းကို စွန့်ကြသည်။
၁၄။ ယောနစိတ်၌ မည်သို ဖြစ်ပေါ်သနည်း။
ယောနစိတ်၌ ဒေါသဖြစ်၏။ မေကျနပ်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ထိုသူတိုအားဒဏ်မခတ်သဖြင့် သူတိုက ယောနုအား ပရောဖက်အတုဟု ထင်မည်ကို စိုးရိမ်၏။ တစ်နည်းအား ဖြင့်နိနဝေမြိုအားဒဏ်ခတ်ခြင်းကို ဣသရေလတို မတွေ့ရသဖြင့် ကြောက်ရွံခြင်းမရှိဘဲ ဆက်လက်၍ အပြစ်ကို ပြုမည်ကိုစိုးရိမ်ဧ။်။
၁၅။ ဘုရားသခင်သည် ယောနအား မည်သည့်သက်သေဖြင့် နှစ်သိမ့်သနည်း။
ယောနအား ပူပြင်းသောအပူရှိန်မှ ကာကွယ်ရန် ကြက်ဆူပင်ကို ပေါက်စေပြီးနောက် ပိုးကောင်သည် ကြက်ဆူပင်ကို ကိုက်၍ အပင်ညှိးနွမ်းစေခြင်းဖြင့် ဥပမာပြနှစ်သိမ့်သည်။
၇၈။မိက္ခာအနာဂတ္တိကျမ်း
၁။ မိက္ခာပရောဖက်ပြုပြောကြားခဲ့သော အချိန်အခါကို ဖေါ်ပြပါ။
ယုဒရှင်ဘုရင် ယောသံမင်း၊ အာခတ်မင်း၊ ဟေဇကိမင်းတိုလက်ထက် ဖြစ်သည်။ (၅၈ ခ-ဂ နှင့် ၅၉ ရှု )
၂။ ယေရမိအနာဂတ္တိကျမ်းတွင် မိက္ခာ၏ပြောကြားချက်ကို မည်သို တွေ့နိုင်သနည်း။ ။
မောရရွာသား မိက္ခာသည် ပရောဖက်ပြုလျက် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူသည် ကား၊ ဇိအုန်တောင်သည် လယ်ကဲ့သို ထွန်ယက်ခြင်းကို ခံရလိမ့်မည်။ ယေရုရှလင်မြိုသည်လည်း မြေပုံ များဖြစ်ကြလိမ့်မည်။ ဗိမာန်တော်တောင်သည်လည်း တောတောင်ကဲ့သို ဖြစ်လိမ့်မည်ဟု ယုဒပြည်သား ၊ အပေါင်းတိုအား ဟောပြော၏။ (ယေ ၂၆း၁၈)
၃။ အထက်ပါအချက်ကို မိက္ခာကျမ်းတွင် မည်သို တွေ့ရသနည်း။ မည်သို ပြည့်စုံခြင်းဖြစ်လာသနည်း။
မိက္ခာ ၃း၁၂ တွင် တွေ့နိုင်ပါသည်။ ရောမအင်ပါယာကြီး စိုးစံစဉ်က ဗိမာန်တော်နေရာသည် ဖြိုဖျက်ခံခဲ့ရပြီး ယေရုရှလင်မြိုသည်လည်း အကြိမ် ကြိမ်အခါခါ မြေပုံအဖြစ်သို ရောက်ခဲ့ရသည်။
၄။ ရှမာရိမြိုနှင့်တ်သက်၍ မည်သို ကြိုတင်ပြောခဲ့သနည်း။
““ရှမာရိမြို့သည် လယ်ပြင်၌ မြေပုံကဲ့သို၎င်း” ဟု မိက္ခာ ၁း၆ တွင် တွေ့နိုင်ပါသည်။
၅။ဣသရေလတို့ ပြုမိသောအပြစ်များကို မိက္ခာ ၂း၃၊ ၈၊ ၉ တွင် မည်သို့တွေ့ရသနည်း။
သူတပါး ဥစ္စာကို တပ်မက်ခြင်း၊ သိမ်းယူခြင်း၊ ဆင်းရဲသားများအား ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ရုပ်တုကိုး ကွယ် ခြင်းတိုဖြစ်ပါသည်။
၆။ နောက်ဆုံးသောကာလ၌ ခံစားရမည့် ကတိတော်နှင့်ပတ်သက်၍ မီက္ခာ ၄း၁-၄တွင်မည်သိုတွေ့ ရသနည်း။
ဇိအုန် တောင်၌ ပြန်လည်တည်ဆောက်ခြင်းရှိမည်။ ငြိမ်သက်ခြင်းရှိလိမ့်မည်။ တပါးအမျိုးသားတိုသည် မှန် သောဘုရားကို နားလည်ခြင်းရှိလိမ့်မည်ဟု ဖေါ်ပြထားသည်။
၇။ မိက္ခာ ၅း၂ တွင် ဣသရေလတိုကို အုပ်စိုးသောသခင်ဟု မည်သူ့ကို ရည်ညွန်းသနည်း။
သခင်ယေရှုခရစ်တော်ကို ရည်ညွှန်း၏။
၈။။ ယေရှုခရစ်သည် မည်သည့် မြို၌ မွေးဖွားသနည်း။
ယုဒပြည် ဗက်လင်မြို၌ မွေးဖွား၏။
၇၉။ နာဟုံအနာဂတ္တိကျမ်း
၉။ နာဟုံကား မည်သူနည်း။
ဧလကာရှရွာသား နာဟုံဟုသာဖေါ်ပြထား၏။ အနာဂတ္တိကျမ်းကို ရေးခဲ့၏။
၂။ နာဟုံအနာဂတ္တိကျမ်း၏ အဓိကအချက်ကို ဖေါ်ပြပါ။
နိနဝေမြို ပျက်စီးမည့်အကြောင်းနှင့်ပတ်သက်၍ အဓိကဖေါ်ပြသည်။
၃။ ဖေါ်ပြချက်နှင့် ပတ်သက်၍ အချိန်အခါကို မှန်းဆနိုင်ပါသလား။
နာ ၃း၈ တွင် နောမုန်မြို ပျက်စီးခြင်းနှင့်ပတ်သက်၍ ဖေါ်ပြထားပြီး ထိုအချိန်က ဘီစီ ၆၆၄ ဖြစ်သည်။ နိနဝေမြိုသည် ထိုအချိန်က ကျော်ကြားလျက်ရှိသေးသဖြင့် နိနဝေပျက်စီးသောအချိန်သည် ဘီစီ ၆၆၄ နှင့် ၆၀၆ ကြားတွင် ဖြစ်သည်ဟု ထင်ရပါသည်။
၈၀။ဟဗက္ကုတ်အနာဂတ္တိကျမ်း
၁။ သိမ်းပိုက်ခံရခြင်း၊ ကျွန်ခံခြင်းမဖြစ်မီ ပရောဖက်ဟဗက္ကုတ် မည်သို ကြိုတင်ပြောဆိုခဲ့သနည်း။
ဟဗ ၁း၆ တွင်ဖေါ်ပြထား၏။
၂။ ခါလဒဲလူတိုကား မည်သူနည်း။
ဗာဗုလုန်နိုင်ငံနှင့်ပတ်ဝန်းကျင်၌ နေသောသူတိုဖြစ်ပါသည်။
၃။ ခါလဒဲလူတိုနှင့် ပတ်သက်၍ ဟဗက္ကုတ် မည်သို ကြိုတင်ဖေါ်ပြထားသနည်း။
အချိန်တန်သည့်အခါ ဘုရားသခင်သည် ထိုသူတိုကို ဖျက်ဆီးတော်မူမည့်အကြောင်း ဖေါ်ပြထား၏။ (ဟဗ ၂)
၄။ အခန်းကြီး ၂ တွင် ကျွန်ုပ်တိုနှင့် သက်ဆိုင်သော ကတိတော်ကို ဖေါ်ပြပါ။
ပင်လယ်ရေသည် မိမိနေရာကို လွှမ်းမိုးသကဲ့သို မြေကြီးသည် ထာဝရဘုရား၏ ဘုန်းတော်ကို သိကျွမ်းခြင်း ပညာနှင့် ပြည့်စုံလိမ့်မည်။ (ဟ ၂း၁၄)
၅။ ဓမ္မသစ်ကျမ်းတွင် သုံးကြိမ်တိုင်တိုင်ဖေါ်ပြထားသည့် ဟဗက္ကုတ်ကျမ်းမှ ထင်ရှားသောကျမ်း ချက်ကိုဖေါ်ပြပါ။
ဟဗ၂း၄ “ဖြောင့်မတ်သောသူမူကား၊ မိမိယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။”ထို ကျမ်းချက်ကို ရောမ ၁း၁၇၊ ဂလာတိ ၃း၁၁နှင့် ဟေဗြဲ ၁၀း၃၈ တွင် တွေ့နိုင်သည်။
၆။ ထိုကျမ်းချက်အားဖြင့် ပြောင်းလဲသော ကမ္ဘာကျော်ပုဂ္ဂိုလ်ကား မည်သူနည်း။
“မာတင်လူသာ”
၇။ ဟဗက္ကုတ် ၃ တွင် မည်သို ရေးသားထားသနည်း။
ဣသရေလလူမျိုးတိုအတွက် ဟဗက္ကုတ်၏ ထာဝရဘုရားထံ ပဌနာပြုချက်ဖြစ်ပါသည်။
၈။ ဘုရားသခင်၌ သူ၏ယုံကြည်စိတ်ချမှုကို မည်သို ဖေါ်ပြထားသနည်း။
သင်္ဘောသဖန်းပင် မပွင့်ရ၊ စပျစ်ပင်မသီးရသံလွင်ပင်၏ကျေးဇူးကို မြော်လင့်၍ မခံရ။ လယ်တိုသည် ၊ အသီးအနှံကို မပေးရ ။သိုးခြံ၌ သိုးကုန်၍ တင်းကုပ်၌နွားမရှိရ။ သိုသော်လည်း ထာဝရဘုရား၌ ငါဝမ်း မြောက်၍ ငါ့ကိုကယ်တင်တော်မူသော ဘုရားသခင်ကို အမှီပြုလျက် ရွှင်လန်းမည်။ (ဟဗ ၃း၁၇-၁၈)
၈၀။ဇေဖနိအနာဂတ္တိကျမ်း
၁။ ဇေဖနိ၏ပရောဖက်ချက်များသည် မည်သည့်အချိန်အခါကဖြစ်သနည်း။
ယုဒရှင်ဘုရင် ယောရှိမင်းလက်ထက်ဖြစ်ပါသည်။ (၆၀ (ဂ) ရှု)
၂။ ယောရှု၏ ပြုပြင်ပြောင်းလဲမှုမရှိမီအချိန်က မှားယွင်းမှုများကို အခန်းကြီး ၁ ၌ မည်သိုဖေါ်ပြထားသနည်း။
ရုပ်တုဆင်းတုကိုးကွယ်ခြင်းနှင့် ထာဝရဘုရားအား မေ့လျော့ခြင်းများဖြစ်သည်၊
၃။ နာဟုံ၏ နိနဝေမြိုနှင့်ပတ်သက်သော ပရောဖက်ပြုချက်များသည် မပြည့်စုံသေးကြောင်း ဇေဖနိကျမ်း၌ မည်သို့ တွေ့ရသနည်း။
နိနဝေမြိုကို လူဆိတ်ညံရာအရပ်၊ လွင်ပြင်ကဲ့သို သွေ့ခြောက်သောအရပ်ဖြစ်တော်မူမည်။(ဇေ ၂း၁၃)
၄။ ဇေဖနိအနာဂတ္တိကျမ်း၏အဆုံးပိုင်းတွင် ဣသရေလလူတိုအတွက် ပြန်လည်တည်ဆောက်ခြင်းနှင့် ပတ်သက် ၊သော ကတိတော်များကို မည်သိုတွေ့နိုင်သနည်း။
“အိုဇိကုန်သမီး၊ သီချင်းဆိုလော့၊ အို ဣသရေလအမျိုး ကြွေးကြော်ေလာ့။အို ယေရုရှလင်သတိုသမီး၊ စိတ် နှလုံးအကြွင်းမဲ့ဝမ်းမြောက်ရွှင်လန်းလော့။ ထာဝရဘုရားသည် သင်၏ အပြစ်ဒဏ်တိုကို ပပျောက်စေ၍ သင်၏ရန်သူတိုကို ပယ်ရှားတော်မူပြီ။ ဣသရေလအမျိုးနှင့် ရှင်ဘုရင် ထာဝရဘုရားသည် သင့်အလယ် ၌ ရှိတော်မူ၏။ သင်သည် နောက်တဖန် ဘေးဥပဒ်နှင့် မတွေ့ကြုံရ” ဟု ဖေါ်ပြထားသည်။
၈၂။ဟဂ္ဂဲအနာဂတ္တိကျမ်း
၁။ ဟဂ္ဂဲကား မည်သူနည်း။
ယေရုရှလင်မြို့သို့ ပြန်လာ၍ မြိုကို ပြန်လည်တည်ဆောက်ခြင်းနှင့်ပတ်သက်သော ပရောဖက်ပြု ပြောကြား ၊ ခဲ့သူဖြစ်သည်။ (ဘီစီ ၅၂၀ ခန့်၊ မေး – ၆၂၊ ၁၂-၁၈ရှု)
၂။၊ ဟဂ္ဂဲအကြောင်း နောက်ထပ်သိပါသလား။
” ဟဂ္ဂဲ ၂း၃ ကို လေ့လာခြင်းဖြင့် ထိုအချိန်က သူသည် အသက်အရွယ်ကြီးသူဟု ခန့်မှန်းရသည်။
၃။ ဟဂ္ဂဲ၏ ပရောဖက်ပြုချက်မှ အဓိကဆိုလိုရင်းကို ဖေါ်ပြပါ။
မိမိတို့ အိမ်ဆောက်လုပ်ခြင်းကို ရပ်၍ ဗိမာန်တော်ကို တည်ဆောက်ရန်ဖြစ်သည်။
၄။ ဟဂ္ဂဲအခန်းကြီး ၂း၆-၇ တွင် မည်သူ့ကိုရည်ရွယ်၍ ပြောဆိုထားသနည်း။
“လူမျိုးအပေါင်းတို နှစ်သက်ဖွယ်သောအရာသည် ရောက်၍ ဟု ယေရှုခရစ်တော်ကို ရည်ညွှန်း၍ ပြောဆိုသည်။
၈၃။ဇာခရိအနာဂတ္တိကျမ်း
၁။ ဇာခရိအကြောင်းကို ဖေါ်ပြပါ။
ဇာခရိပရောဖက်ပြုချက်များသည် ဟဂ္ဂဲ၏ ပရောဖက်ပြုချက်များနှင့် တချိန်တည်းဖြစ်နိုင်သည်။ သို့သော် ဇာခရိသည် အသက်များစွာငယ်ပြီး ဘီစီ ၄၇၉ ခန့်ထိ နေခဲ့သည်။ (မေး ၆၂ရှု
၂။သူသည် မည်သည့်အကြောင်းအရာနှင့် ပတ်သက်၍ ပြောကြားခဲ့သနည်း။
ဟဂ္ဂဲကဲ့သိုပင် ဗိမာန်တော် တည်ဆောက်ရန် နှိးဆော်ခြင်းဖြစ်၏။
၃။ ဇာခရိ ၉း၉ တွင် ယေရှုခရစ်နှင့် ပတ်သက် သော ပရောဖက်ပြု ပြောကြားချက် မည်သိုရေးသားထားသနည်း။
“အိုဇိအုန်သတိုသမီး၊ အလွန်ဝမ်းမြောက်လော့၊ အို ယေရှုရှလင်မြို သတိုသမီး ကြွေးကြော်လော့။ တရား သဖြင့် စီရင်၍ ကယ်တင်ခြင်းသို ရောက်သောသခင်၊ သင်၏ အရှင်မင်းကြီးသည် မြည်းမနှင့် မြည်းကလေးကို စီး၍ နူးညံ့သိမ်မွေ့သောစိတ်နှင့် သင်ရှိရာသို ကြွလာတော်မူသည်ကို ကြည့်ရှုလော့” (ဇာ ၉း၉)
၄။ ထိုအချက်သည် မည်သည့်အချိန်၌ ပြည့်စုံခြင်း ရှိသနည်း။
ယေရှုခရစ် ယေရုရှလင်မြိုသို မြည်းကလေးစီး၍ ဝင်လာကြောင်း ဓမ္မသစ်ကျမ်းတွင် တွေ့ရသည်။ (ယော ၁၂း၁၂-၁၆)
၅။ အညစ်အကြေးကို ဆေးကြောစရာ စမ်းရေတွင်းဟု ဇာ ၁း၃၁ တွင် ဖေါ်ပြထားချက်သည် မည်သိုဆိုလိုသနည်း။
အပြစ်ကို ဆေးကြောရန် သခင်ယေရှုခရစ်၏ အသွေးသွန်းခြင်းကို ဖေါ်ပြထားခြင်းဖြစ်သည်။
၆။ဇာခရိအနာဂတ္တိကျမ်းမှ မကြာခဏ အသုံးပြုလေ့ရှိသည့် ကျမ်းချက်များကို ဖေါ်ပြပါ။
- ဤအမှုသည် ဗိုလ်ခြေအားဖြင့်မဟုတ်၊ အာဏာတန်ခိုးအားဖြင့်မဟုတ်၊ ငါ့ဝိညာဉ်အားဖြင့် ဖြစ်လိမ့် မည်(ဇာ ၂း၆)
ဤသူသည် မီးထဲက နှုတ်သော ထင်းစ မဟုတ်လော စာတန်အား ဆို၏။ (ဇာ ၃း၂)
အမှုငယ်ပြုသောနေ့ရက်ကို အဘယ်သူ မထီမဲ့မြင် ပြုသနည်း။ (ဇာ ၄း၁၀)၊ ။ ငါ၏ကျွန်တည်းဟူသော အညွှန့်ကို ငါပေါ်ထွန်းစေမည်။
၇။ ယေရှုခရစ်နှင့် ပတ်သက်သော ပရောဖက်ပြုချက်ကို ဖေါ်ပြပါ။
“အို ဓား၊ ငါ၏သိုးထိန်းတဘက်၊ ငါ၏အပေါင်းအဖေါ်ဖြစ်သောသူ တဘက်၌ နိုးလော့” (ဇာ ၁၃း၇)
၈။ အထက်ပါ ပရောဖက်ပြုချက်သည် မည်သည့်အချိန်၌ ပြည့်စုံလာသနည်း။
သခင်ခရစ်တော် ကားတိုင်တင်ခံရသောအခါ တပည့်တော်တို ကွဲလွင့်ကြသောအချိန်၌ ပြည့်စုံသည်။
၉။ ခရစ်တော်ဒုတိယအကြိမ်ကြွလာခြင်းနှင့်ပတ်သက်၍ ဇာခရိ ၁၄း၄ တွင် ပရောဖက်ပြုချက် မည်သိုရှိသနည်း၊
“ထိုနေ့ရက်၌ ခြေတော်သည် ယေရုရှလင်မြိုအရှေ့ သံလွင်တောင်ပေါ်မှရပ်၍” ဟု ပါရှိသည်။
၁၀။ ဇာခရိ ၁၄း၈ ၌ “ထိုနေ့ရက်၌ အသက်ရေသည် သန့်ရှင်းရာဌာနထဲက ထွက်၍ဟုပါရှိ၏။ ထိုကဲ့သို အခြား ကျမ်းချက်တိုတွင် တွေ့နိုင်ပါသေးသလား။
ယေဇ ၄၇း၁-၁၂ တွင် “ထိုရေသည် သန့်ရှင်းရာဌာနထဲက ထွက်သတည်း”
ယောလ ၃း၁၈ တွင် “ထာဝရဘုရားအိမ်တော်ထဲက စမ်းရေထွက်၏”
ဗျာဒိတ် ၂၂း၁ တွင် “ဘုရားသခင်နှင့် သိုးသငယ်၏ပလ္လင်တော်ထဲက ထွက်သော အသက်ရေစီးရာမြစ် ကို” ဟု တွေ့ရှိရပါသည်။
၁၁။ ဇာခရိအနာဂတ္တိကျမ်းတွင် ဣသရေလတိုအတွက် ကောင်းကြီးမင်္ဂလာနှင့် ကတိတော်များကို မည်သို ဖေါ်ပြ ထားသနည်း။
ဘုရားသခင်သည် သူတိုနေရင်းအရပ်သို ပိုဆောင်မည်ဟု (ဇာ ၁၀း၆-၁၂)
သူတိုနှင့် အတူရှိမည်ဟူ၍ (ဇာ ၂း၁၀-၁၂)
သူတိုအပေါ် ဝိညာဉ်တော်ဆင်းသက်မည်၊ ကောင်းကြီးပေးမည်ဟု (ဇာ ၁၂း၆-၁၄)
သူတို့သည် ထာဝရဘုရားအတွက် သန့်ရှင်းခြင်းပြုလိမ့်မည်ဟု (ဇာ ၁၄း၁၆-၂၁) ၊
ကောင်းကြီးမင်္ဂလာခံစားရမည်။ (ဇာ ၈း၃-၂၃)
၁၂။ ဤအချက်တိုသည် ဒုက္ခဆင်းရဲရင်ဆိုင်နေရသော ခက်ခဲခြင်းကြံနေရသော ယုဒလူတိုအတွက် ခွန်အားပေး ရန်ရေးထားခြင်းဖြစ်သလား။
အမှန်ပင်ဖြစ်ပါသည်။ ။
၁၃။ ထိုသိုစားပေးခြင်းရှိသော် ယုဒလူတို၌ မည်သိုခံစားရသနည်း။ သူတို ဘုရားသခင်၏ အိမ်တော်ကို စ၍တည်ဆောက်၏။ သာ၍ကောင်းရန် ပြုလုပ်၏။ အဆုံး သတ်ပြီး စီး၏။ ( ဇ ၅း၂၊ ဇ ၆း၁၄)
၈၄။မာလခိအနာဂတ္တိကျမ်း
၁။မာလခိနေခဲ့သော နေရာနှင့်အချိန်ကို ဖေါ်ပြပါ။
ဤကျမ်းတွင် မတွေ့ရပါ။ သို့သော် ယေရုရှလင်မြိုသို နေဟမိ ဒုတိယအကြိမ်ရောက်ချိန် ဘီစီ ၄၃၂ ခန့်ဟု ထင်ရပါသည်။ ။
၂။ သူတို၏ မကောင်းမှုများကို မည်သို ဖေါ်ပြထားသနည်း။
ဘုရားသခင်အား ဆက်ကပ်ပူဇော်ခြင်း၌ တွန့်တိုသော သဘောကိုဖေါ်ပြထား၏။ (မာလခိ ၁)
၃။ အခန်းကြီး ၂ တွင် မည်သည့်အချက်ကို အဓိကဖေါ်ပြထားသနည်း။
ပရောဖက်များ တာဝန်မကျေပွန်ခြင်းနှင့် လူသားများအနေဖြင့် ထာဝရဘုရားအား မေ့လျှော့၍ ရုပ်တု ကိုးကွယ်ခြင်းအကြောင်းကို တွေ့ရသည်။
၄။ မာလခိသည် နှစ်ခြင်းဆရာယောဟန်နှင့်ပတ်သက်၍ ဖေါ်ပြထားချက်ရှိသလား။
မာလခိ ၃း၁၊ ၄း၅-၆
၅။ မည်သို ရေးထားသနည်း။
ငါသွားရာလမ်းကို မြင်ရသော ငါ၏တမန်ကို ငါစေလွှတ်မည်။ (မာလခိ ၃း၁)
၆။ မာလသည် ဘုရားသခင်၏ စိတ်တော်နှင့်တွေ့ရန် မည်သို လမ်းညွှန်သနည်း။
“ဆယ်ဘို့တဘို့ရှိသမျှကို ဘဏ္ဍာတိုက်ထဲသို သွင်း၍၊ အိမ်တော်၌ စားစရာရှိစေခြင်းငှါ ပြုကြလော့။ ငါသည် မိုယ်ကောင်းကင် ပြတင်းပေါက်တိုကို ဖွင့်၍ ကောင်းကြီးမင်္ဂလာ အကုန်အစင်သွန်းလောင်းမည် မသွန်း လောင်းမည်ကို ထိုသိုသိမှတ်စုံစမ်းကြလော့ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။” (မာလခိ ၃း၁၀)
၇။ မှားယွင်းသောသူအများကြားတွင် ထာဝရဘုရားအား သစ္စာရှိ ယုံကြည်သူများ ကျန်ပါသလား။
“ထိုအခါ ထာဝရဘုရားကို ကြောက်ရွံ သောသူတိုသည် တယောက်ကိုတယောက်နှုတ်ဆက်၍ ပြောဆိုကြ၏။ ထာဝရဘုရားသည်လည်း နားထောင်၍ ကြားတော်မူ၏။ ထာဝရဘုရားကို ကြောက်ရွံ၍ နာမတော်ကို အောက်မေ့သောသူတိုအဘို ရှေ့တော်တွင် စာရင်း၌ မှတ်ထားလေ့ရှိ၏။ ထိုသူတိုသည် ငါစီရင်သောနေ့ ရက်၌ ငါပိုင်ထိုက်သော ဘဏ္ဍာတော်ဖြစ်ကြလိမ့်မည်။” (မာလ ၃း၁၆-၁၇)
၈။ မာလသည် အခန်းကြီး ၄ တွင် ထိတ်လန့်ဖွယ်နေ့ရက်ဟု မည်သိုဖေါ်ပြထားသနည်း။
တရားစီရင်ရာ ထိတ်လန့်ဖွယ်နေ့၊ ယေရှုခရစ်ဒုတိယအကြိမ်ကြွလာခြင်းကို ဆိုလို၏။
၉။ ထိုနေ့နှင့် ပတ်သက်၍ အခြားကျမ်းချက်များကို တွေ့နိုင်ပါသလား။
“ထာဝရဘုရား၏ ကြောက်မက်ဖွယ်နေ့ကြီး ……………….” (ယောလ ၂း၃၁)
၁၀။ တရားတော်နေမင်းဟု မာလခိ ၄း၂ တွင် မည်သို ဆိုလိုသနည်း။
ကျွန်ုပ်တို၏ ကယ်တင်ရှင်ယေရှုခရစ်တော်ကို ဆိုလိုသည်
(၈၅) ခရစ်ဝင်ကျမ်း (၄) စောင်
၁။ ခရစ်ဝင်ကျမ်း(၄)စောင်၏အမည်ကိုဖေါ်ပြပါ။
ရှင်မသဲ၊ ရှင်မာကု၊ ရှင်လုကာခရစ်ဝင်နှင့် ရှင်ယောဟန်ခရစ်ဝင်ကျမ်းဟူ၍ (၄)စောင်ဖြစ်ပါသည်။
၂။ ထိုကျမ်း(၄)စောင်၏ အဓိကရေးသားထားချက်ကိုဖေါ်ပြပါး
ခရစ်တော်၏သက်တော်စဉ်နှင့် သာသနာပြုခြင်းအကြောင်းဖြစ်ပါသည်
၃။ ရှင်မသဲကားမည်သူနည်း။
အခွန်ခံဖြစ်သည်။ တမန်တော် (၁၂)ပါးအနက်မှ တစ်ပါးဖြစ်သည်။ (မဿ ၉း ၉)
၄။ ရှင်မဿဲခရစ်ဝင်ကျမ်း၌ မည်ကဲ့သိုရေးသားထားသနည်း
သမိုင်းကြောင်းကိုအစဉ်လိုက် တိတိကျကျရေးသားထားခြင်းမဟုတ်ဘဲ၊ လူမျိုးတိုအား ယေရှုခရစ်သည် မေရှိယဖြစ်ကြောင်းသက်သေပြရန်ရေးသားထားခြင်းဖြစ်သဖြင့် တရားဟောချက်များ၊ အဖြစ်အပျက်များကို မှတ်တမ်းတင်ထားခြင်းဖြစ်ပါသည်။
၅။ ရှင်မာကုအကြောင်းကိုဖေါ်ပြပါ။
သခင်ခရစ်တော်ကို ယုံကြည်သောနောက်လိုက်တစ်ဦးဖြစ်ပြီး နောင်အခါ အသင်းတော်၏ခေါင်းဆောင် တစ်ယောက် ဖြစ်လာပါသည်။
၆။ ရှင်မာကုခရစ်ဝင်ကျမ်းအကြောင်းဖေါ်ပြပါ။
ရှေးခရစ်ယာန်တို၏ စာပေရေးသားဟန်ဖြစ်ပြီး၊ အဖြစ်အပျက်များကိုကောင်းစွာမှတ်တမ်းတင်ထား သော် လည်း ခရစ်တော်၏သက်တော်စဉ်ကို သေချာစွာဖေါ်ပြထားခြင်းမရှိပါ။
၇။ ရှင်လုကာကားမည်သူနည်း။
ဂရိလူမျိုး ဆေးဆရာတစ်ယောက်ဖြစ်ပြီး အန္တိအုတ်မြို၊ ဆီးရီးယားနိုင်ငံတွင်မွေးဖွားခဲ့သည်။ ရှင်ပေါ လုနှင့် ရင်းနှီးသောမိတ်ဆွေဖြစ်ခဲ့ပြီး သူ၏အတွေ့အကြုံအချိုကို တမန်တော်ဝတ္ထုတွင်လည်း ရေးသား ခဲ့သည်။
၈။ ရှင်လုကာခရစ်ဝင်ကျမ်းအကြောင်းကိုဖေါ်ပြပါ။
ခရစ်ဝင်ကျမ်းထဲတွင် သခင်ခရစ်တော်၏ငယ်စဉ်ဘဝအကြောင်းကို အဓိကဖေါ်ပြထားသော ကျမ်းဖြစ်သည်။ ရောဂါကုသခြင်းနှင့်ပတ်သက်သောအကြောင်းအချက်များကို တိတိကျကျမှတ်တမ်း တင်ထားသည်။
၉။ ရှင်ယောဟန်ကားမည်သူနည်း။
တမန်တော် (၁၂)ပါးအဝင်ဖြစ်ပြီး “ခရစ်တော်ချစ်သောတပည့်တော်” ဟုခေါ်ဆိုလေ့ရှိ၏။
၁၀။ ရှင်ယောဟန်ခရစ်ဝင်ကျမ်း၏ရေးသားထားချက်ကိုဖော်ပြပါ။
ခရစ်တော်၏သာသနာ ပထမနှစ်အကြောင်းကိုတိကျစွာရေးထား၏။
ခရစ်တော်၏အသက်တာနှစ်ပေါင်းသုံးဆယ်:'(မ ၁း၂၊လု ၁း၂၊ယော ၁း၁-၁၈ )
၁။ ရှင်ယောဟန်အခန်းကြီး ၁း ၁- ၁၈ ကို ကျွန်တော်တို မည်သိုခေါ်နိုင်သနည်း။
ရှင်ဟောဟန်၏ ကြိုတင်ဖော်ပြထားချက်များဟု ခေါ်ဆိုနိုင်ပါသည်။
၂။ ကျွန်ုပ်တို့၏ အရှင်သခင်ကိုအဘယ်ကြောင့် နှုတ်ကပတ်တော်ဟု ခေါ်ဆိုထားသနည်း။ ။
အဘယ်ကြောင့်ဆိုသော် သူသည် ဘုရားရှင်၏ဖော်ပြလိုသောအချက်ကိုဟောပြော ချက်ဖြင့်လည်းကောင်း အမူအရာအားဖြင့်လည်းကောင်း ဖော်ပြသောကြောင့်ဖြစ်၏။
၃။ဘုရားသခင်နှင့်စပ်ဆိုင်ကြောင်း ယောဟန် ၁း ၁-၃တွင် မည်သိုဖော်ပြထားသနည်း။
နှုတ်ကပတ်တော်သည် ဘုရားသခင်ဖြစ်သည်၊ အစဦး၌ရှိသည်၊ ခပ်သိမ်းသောအရာကို ဖန်ဆင်းတော်မူ ၏ဟု ဖော်ပြထားပါသည်။
၄။ ရှင်ယောဟန်၏ကြိုတင်ဟောပြောချက်တွင် ယေရှုခရစ်အား မည်သိုတင်စားခေါ်ထားသနည်း။
လူတို့၏ အလင်းဟုဖော်ပြထား၏။ (ယော၁း ၄၊ ၃း ၁၉၊ ၈း ၁၂)
၅။ သမ္မာကျမ်းစာသည် လူတိုင်းအတွက်ဖြစ်ကြောင်း မည်သိုသိနိုင်သနည်း၊
“အလင်းမှုကား ဤလောကသိုကြွလာလျက် ခပ်သိမ်းသော လူအပေါင်းတိုအားအ လင်းကို ပေးသောသူဖြစ်သတည်း” (ယော ၁း ၇-၉)
၆။ မိမိလူမျိုးဟုဖော်ပြထားခြင်းသည် မည်သူတိုအားဆိုလိုသနည်း။ (ယော ၁း၁၁)
ဂျူးလူမျိုး (ယုဒလူမျိုး)ကိုဆိုလိုသည်
၇။ ကျွန်ုပ်တို၌စစ်မှန်သော ယုံကြည်ခြင်း ကျွန်ုပ်တို့၌မည်သို့ပြောင်းလဲခြင်း ဖြစ်နိုင်ပါသနည်း။
ခရစ်တော်၌လူသစ်ဖြစ်ပြီး ဘုရားသခင်၏သား/သမီး အဖြစ်ခံစားရမည်။
၈။ ယော၁း၄တွင် မည်သည့်အကြောင်းကိုဖော်ပြထားသနည်း။
နှုတ်ကပတ်တော် (ဘုရားသခင်) သည်လူ ဇာတိအဖြစ်ခံယူ၍ဟု ဖော်ပြထားပါသည်။
၉။ ယောဟန်၁း၁၅ တွင် ယောဟန်ဟုဖော်ပြထားခြင်းသည် မည်သူကိုဆိုသနည်း။
နှစ်ခြင်းဆရာယောဟန်ကိုဆိုလို၏ (မေး ၈၇ ရှု)
၁၀။ လုကာ ၁း၁၅တွင်ဖော်ပြထားသော ဟေရုဒ်ကား မည်သူနည်း။
ယုဒဘုရင်ဟေရုဒ်မင်းဖြစ်သည်။
၁၁။ လုကာ၁း၉တွင်မည်သည့်မာန်တော်ကို ဆိုလိုသနည်း။
ဟေရုဒ်မင်းတည်သောေယရုရှလင်ဗိမာန်တော်။ သုံပန်းအဖြစ်မှပြန်ရာက်လာသူတိုသည်ဇေရုဗေလ နှင့်ေယာရှု ၏ဦးဆောင်မှုဖြင့် ဗိမာန်တော်ကိုပြန်တည်ဆောက်သည် (ဧဇရ ၅း ၂)။ အလွန်ကောင်းမွန်သော သန့်ရှင်းေသာအိမ်တော် (ဗိမာန်တော်)သည် သခင်ယေရှုခရစ်ဖွားမြင်ခြင်းမခံမီနှစ်အနည်းငယ်ခန့်တွင်ပြီးစီး၏။
၁၂။ ယဇ်ပုရောဟိတ်အမှုဟူသည် မည်သိုဆိုလိုသနည်း။ (လုကာ ၁း၈)
ဒါဝိဒ်မင်းလက်ထက်၌ဗိ မာန်ေတာ်တွင် အမူထိမ်းေဆာင်ရန် ပရောဖက်များကို စာရေးတံချ ရွေးလေ့ရှိ၏။ စာရေးတံကျသော ပရောဖက်သည်လည်း အချိန်သတ်မှတ်ချက်နှင့်အညီ ဗိမာန်တော်အမှုကို ဆောင်ရွက်ရ၏။:'( လု ၁း၉;-)
၁၃။ ဇာခရိသည် မာန်တော်၌ ရှိစဉ်ထာဝရဘုရားဧ။် ကောင်းကင်တမန်သည် မည်သိုပြောကြားသနည်း။
သူသည်သားေယာကျာ်းကိုရမည်ဟု၎င်း၊ ထိုသားကို ယောဟန်ဟုခေါ်ရမည်ဟု ပြောကြား၏ ၊(လုကာ ၁း၁၃ )
၁၄ ။ထိုသားေယာကျာ်းကားမည်သူနည်း။
နောင်အခါ နှစ်ခြင်းဆရာယောဟန်ဟု ခေါ်ဆိုရသောသူဖြစ်၏။
၁၅။ နှစ်ခြင်းဆရာယောဟန်၏တာဝန်အား မည်သိုနည်း။
သခင်ယေရှုခရစ်အတွက် လမ်းပြင်ဆင်ရန် ဖြစ်သည်။ (လုကာ ၁း၇;-)
၁၆။ ဇာခရိသည် ကောင်းကင်တမန်ေပြာကြားချက်ကို ချက်ခြင်းယုံကြည်ပါသလား။
မယုံကြည်ပါ။ သိုဖြစ်၍ကောင်းကင်တမန်က ထိုအေကြာင်းအရာပြည့်စုံသည့် တိုင်အောင် သူသည် စကား မပြောနိုင်ဘဲ အနေစေရန်ဒဏ်ခတ်၏။ (လုကာ ၁း၁၈-၂၀
၁၇။ ယောဟန်မွေးဖွားပြီးသော် ၊ ဇာခရိ မည်သည့်သီချင်းကိုစပ်ဆိုသနည်း။
ဘုရားသခင်အားချီးမွမ်း၍ ပရောဖက်ဉာဏ်နှင့်ဟော၏ (လုကာ ၁း၆၈ -၇၉ )
၁၈။ ဇာခရိထံလာသော ကောင်းကင်တမန်ကို မည်သူ့ထံသိုထပ်မံစေလွှတ်သနည်း။
နာဇရက်မြို သူ မာရှိထံသိုစေလွှတ်၏(လုကာ ၁း၂၆ ၊ လုကာ ၁း၁၉ )
၁၉။ မာရိထံမည်ကဲ့သို သတင်းကို ယူဆောင်လာသနည်း။
သင်သည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကို မြင်လိမ့်မည်။ ထိုသား ယေရှုအမည်ဖြင့် မှည့်ရမည်။ အမြင့်ဆုံးသော ဘုရား၏ သားတော်ဟုခေါ်ဝေါ်သမုတ်ခြင်းကိုခံရလိမ့်မည်။ အဘဒါဝိဒ်၏ ရာဇပလ္လင်ကို ထာဝရအရှင်ဘုရားသခင်သည် သူ့အားပေးတော်မူမည်။
၂၀။ မာရိသည် မည်သိုသောအံ့သြဖွယ် သီချင်းကိုသီဆိုသနည်း။ –
ဝမ်း မြောက်လျက်၊ ဘုရားသခင်ဂုဏ်တော်ကို ချီးမွမ်းသီဆို၏။ (လုကာ ၁း၄၆ -၅၅ )
၂၁။ ဆီဇာဩဂတ်စတတ်( ကဲသာဘုရင်ဩဂုတ္တု ) အကြောင်းဖော်ပြပါ။
ရောမနိုင်ငံ၏ ပထမဆုံးဘုရင်ဖြစ်ပါသည်
၂၂။ တစ်နိုင်ငံလုံးဟူသည် မည်သိုဆိုလိုသနည်း။
ရောမနိုင်ငံတော်နှင့် ၎င်း၏လက်အောင်ခံမြိုများကိုဆိုလို၏။
၂၃။လုကာ ၂း၁ တွင်စာရင်းယူခြင်း၏ အဓိပ္ပါယ်ကိုဖေါ်ပြပါ။
သန်းခေါင်စာရင်းကောင်ယူခြင်းနှင့် အခွန်အခ ကောက်ယူရန် စာရင်းယူခြင်းဖြစ်နိုင်သည်။
၂၄။ ယေရှုခရစ်ကို မည်သည့်အရပ်၌ မွေးဖွားသနည်း။
ယောသပ်နှင့်မာရိသည် ဒါဒ်၏ မျိုးဆက်ဖြစ်သည့်အတိုင်း စာရင်းဝင်ရန်သွားကြစဉ်၊ ယုဒပြည်ဗက် လင်မြို ၌ မွေးဖွား၏။ (လုကာ ၂း ၃-၄ )
၂၅။ဗက်လင်မြို မည်သည့်အရပ်၌ မွေးဖွားသနည်း၊
ဧည့်သည်တည်းရာ ဇရပ်၌ သူတို နေစရာမရှိသောကြောင့်၊ သူငယ်ကိုနွားစားခွက်၌သိပ်ထားလေ၏။ (လုကာ ၂း၇ )
၂၆။ သခင်ယေရှုအတွက်ပုခက်ကား မည်သိုနည်း။
နွားစားခွက် ဖြစ်သည်။
၂၇။ ကလေးအနှီးကား မည်သိုနည်း။
အဝတ်အရှည်ဖြစ်ပြီး၊ ခလေးကိုဖြောင့်ဖြောင့်နေစေရန် ပတ်ထားလေ့ရှိ၏။
၂၈။ ယေရှုခရစ်တော်ကြွလာခြင်း (မွေးဖွားခြင်း ) သတင်းကို မည်သူတို ပထမဆုံးသိရသနည်း။
ဗက်လင်မြို တောအရပ် သိုးထိန်းများထံ ကောင်းကင်တမန်တို ထင်ရှား၍ ပြောကြား ၏။(လုကာ ၂း၈-၂၀ ) ၊
၂၉။ ကောင်းကင်တမန်တို၏ သတင်းစကားကို ဖော်ပြပါ။
* ကြောက်ရွံခြင်းမရှိကြနှင့်။ လူအပေါင်းတိုသည် အလွန်ဝမ်းမြောက်ဝမ်းသာစရာသတင်းကိုငါ သည် သင်တို့အားကြားပြောရ၏။ ယနေ့တွင်ဒါဝိဒ်၏မြို၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သောအရှင်သည် သင်တို့အဖို့အလို့ငှာ ဘွားမြင်ခြင်းကို ခံတော်မူပြီ။” (လုကာ ၂း ၁၀ -၁၁ )
၃၀။ ထိုအချိန်က ကောင်းကင်တမန်တို၏သီချင်းကို ဖော်ပြပါ။
“ကောင်ကင်ဘဝဂ်ဝယ်၊ ဘုရားသခင်သည် ဘုန်းကြီးစေတော်မူစေသတည်း၊ မြေကြီးပေါ်၌လည်း ငြိမ်သက် ခြင်းရှိစေသတည်း။ လူတိုအားမေတ္တာ ဂရုဏာရှိစေသတည်း။” (လုကာ ၂း ၁၄ ) ၊
၃၁။ သိုးထိန်းတို့ဘာလုပ်ကြသနည်း။
ဗက်လင်မြို့သို့သွားကြပြီး ကောင်းကင်တမန်ပြောသည့်အတိုင်း တွေ့ရှိကြ၏။ (လုကာ ၂း၁၆ )
၃၂။ ခရစ်တော်အသက် အရက် ၄၀- တွင် မိဘတိုမည်သိုဆောင်ရွက်ပေးသနည်း၊
ဗိမာန်တော်တွင်ဆက်ကပ်ခြင်းနှင့် ယုဒထုံးစံအတိုင်းပြုကြ၏ (လုကာ ၂း၂၂-၂၄ ၊ ဝတ်ပြု ၁၂း၆-၈]
၃၃။ ယောသပ်နှင့်မာရိတိုသည် ဆင်းရဲသူများဖြစ်ကြောင်း ဤနေရာတွင် မည်သိုတွေ့ရသနည်း။
ဆင်းရဲသူများဖြစ်ကြသဖြင့် ခို၂ကောင်ကိုသာ ယဇ်ပူဇော်ခြင်းပြနိုင်ခဲ့၏။( လုကာ၂း ၂၄ )
၃၄။ ဗိမာန်တော်တွင် မည်သူနှင့်တွေ့ကြသနည်း။
ရူမောင်နှင့် အန္နအမည်ရှိသော ပေရာဖက်မတိုနှင့် တွေ့ဆုံ၏။ ထိုသူတိုသည်နှစ်ပေါင်းများစွာ သခင်ယေရှခရစ် တော်ကြွလာခြင်းကို မျှော်လင့်နေသောသူများဖြစ်၏။ (လုကာ ၂း၂၅ -၃၈ )
၃၅။ ရှုမောင်သည် မည်သိုသောသီချင်းကို ဆိုသနည်း။
ONE DIMITTIS” လုကာ၂း ၂၉-၃၂ တွင်တွေ့နိုင်၏။
၃၆။ မဿဲ ၂ တွင်ဖော်ပြထားသော ပညာရှိများကမည်သူတိုနည်း။
အေရှ့ပြည်မှဖြစ်ကြပြီး၊ သူတိုသည်နက္ခတ်ကြယ် များတိုနှင့် လူသားတို၏ အတိတ်နမိတ်ဆက်စပ်မှုကို လေ့လာကြသောသူများဖြစ်ကြ၏။
၃၇။ သူတို့အဘယ်ကြောင့် ဤခရီးသိုလာကြသနည်း။
မွေးဖွားသောယုဒဘုရင်ကို ရှာဖွေရန် ယေရုရှလင်မြို သို့လာကြခြင်းဖြစ်၏။
၃၈။ ယေရုရှလင်မြို့သားတို၌ မည်သို့ဖြစ်ကြသနည်း။
ထိုဘုရင်အသစ်သည် လက်ရှိရှင်ဘုရင်ကို တွန်းလှန်မည်စိုးရိမ်၏။ ဘုရင်အသစ်ကိုလက်ခံခြင်းဖြင့် သာ၍ ဒုက္ခ တွေ့မည်ကိုစိုးရိမ်၏။
၃၉။ မည်သူသည် အဓိကကြောက်ရွံ ထိတ်လန့်ခြင်း ရှိသနည်း၊
ဟေရုဒ်မင်းသည် သူ့အားတွန်းလှန်သိမ်းပိုက်မည်ကို အထူးစိုးရိမ်၏။
၄၀။ ထိုအရေးပေါ်ကိစ္စအတွက် ဟေရုဒ်မင်း မည်သိုစီစဉ်သနည်း။
ပရောဖက်များမှ မေရှိယမွေးဖွားကြောင်း သိရသောအခါ ပညာရှိတိုအား၊ သူငယ်တော်ကိုသွားရောက် ရှာဖွေဖူးမျှော်ပြီး သူ့အားသတင်းပြန်ပြောရန် မှာကြား၏။ (မ ဿဲ ၂း၃-၈)
၄၁။ ပညာရှိတို့သည် ယေရှုခရစ်အား မည်သည့်လက်ဆောင်ပေးပါသနည်း။
ရွှေ၊လောဗန်နှင့် မုရန်ကို ဆက်ကပ်ကြ၏။ (မဿဲ ၂း ၁၁)
၄၂ ။ယောသပ်မည်သိုရူပါရုံကိုရသနည်း။
ဟေရုဒ်သည် သူငယ်တော်ကိုသတ်ရန်ရှာဖွေလျက်ရှိကြောင်းနှင့် မိခင်နှင့်ကလေးကိုခေါ်၍ အဲဂုတ္တုပြည် သို သွားရန် ရူပါရုံရ၏။ (မဿဲ ၂း ၁၃)
၄၃။ ဟေရုဒ်မင်းမည်သိုလုပ်ဆောင်သနည်း။
အသက် ၂နှစ်အောက်ယောက်ျားလေးများအား သတ်ရန်အမိန့်ထုတ်၏။ (မဿဲ ၂း ၁၆-၁၈)
၄၄။ယေရှုခရစ်တော်သည် အဲဂုတ္တုပြည်မှပြန်လာပြီး မည်သည့်အရပ်၌နေသနည်း။
ဂါလိလဲပြည်၊ နာဇရက်မြို၌နေ၏။
၄၅။ ခရစ်တော်၏ကလေးဘဝအကြောင်း မည်မျှသိပါသနည်း။
အသက် ၁၂နှစ်မတိုင်မီအချိန်က “သူငယ်သည်လည်း ကြီးပွား၍၊ ပညာဉာဏ်သတ္တိနှင့်ပြည့်စုံ၏။ ဘုရားသခင်၏ကျေး”ဇူးတော်သည်လည်း သူ၏အပေါ်၌တည်၏။ (လုကာ ၂း ၄၀)
၄၆။ ခရစ်တော် အသက် ၁၂နှစ်၌မည်သည့်အမှုကို ဆောင်ရွက်သနည်း။
ပသခါပွဲကိုခံရန် ယေရုရှလင်မြို့ သို့ ပထမဆုံးအကြိမ်သွား၏။
၄၇။ ထိုအရပ်၌ မည်သိုဖြစ်သနည်း။
ယောသပ်နှင့်မာရိတို အိမ်သိုပြန်လာစဉ် လမ်းတွင် ယေရှကိုရှာမေတွ့ဖြစ်ရ၏။ ၃ရက်ခန့်ရှာပြီးေသာ အခါ ဗိမာန်ေတာ်တွင်ဆရာများအလယ်၌ ထိုင်၍ ထိုသူတို နှင့် ဆွေးနွေးမေးမြန်းလျက်ရှိသည်ကို တွေ့ရ၏။
၄၈။ မိဘ ယေရှုကိုတွေ့သော် ယေရှုသည် မည်သိုပြောသနည်း။
“ေယရှက မိဘသည် အဘယ်ကြောင့် အကျွန်ပ်ကိုရှာသနည်း။ အကျွန်ုပ်သည်အဘ၏အိမ်၌ နေရသည်ကို မသိပါသလော” ဟု ဆို၏။ (လုကာ ၂း၄၉)
၄၉။ ထိုနောက်မည်သည့်အချိန်၌ယေရှုခရစ်အကြောင်းကို ထပ်မံကြားရသနည်း။
နောက်ထပ် ၁၈နှစ်အကြာ ခရစ်တော် ၏သာသနာလုပ်ငန်းစသည့်အချိန်၌ဖြစ်သည်။
၈၇။ နှစ်ခြင်းဆရာယောဟန်၏သာသနာလုပ်ငန်း:'(မာ ၃း၁-၂၊မာ၁း၁-၈၊လု၃း၁-၁၈;-)
၁။ TIBERIUS (တိဗေရီ) ကားမည်သူနည်း။
ရောမနိုင်ငံ၏ဒုတိယမြောက်ဘုရင်ဖြစ်သည်။
၂။ နှစ်ခြင်းဆရာယောဟန်ကားမည်သူနည်း။
သခင်ခရစ်တော်ကြွလာခြင်းကို ကြိုတင်ပြင်ဆင်ရန်အတွက် စေလွှတ်ခံရသူဖြစ်၏။(မေး -၈၆ -၁၃-၁၇) ၊
၃။ ယောဟန်နှင့်ပတ်သက်၍ မည်သိုကြိုတင်ပရောဖက်ပြုချက်ရှိခဲ့သနည်း။
ကြည့်ရှုလော့။ ထာဝရဘုရား၏ကြောက်မက်ဘွယ်သောနေ့ရက်ကြီးမရောက်မီ ပရောဖက်ဧလယကို သင်တို ရှိရာသို ငါစေလွှတ်မည်။ ငါသည်လာ၍ သင်တို၏ပြည်ကိုကျိန်ခြင်းဘေးနှင့် ဒါဏ်ခတ်မည့်အကြောင်းထို ပရောဖက် သည် သားတိုနှင့် အဘတိုကိုလည်းကောင်း၊ အဘနှင့်သားတိုကိုလည်းကောင်း အသင့်အတင့် ဖြစ်စေမည်ဟု မိန့်တော် မူ၏။ (မာလခိ ၄း ၅-၆)
၄။ရှင်ယောဟန်၏ အဓိကဟောကြားချက်ကားမည်သိုနည်း။
ေနာင်တရကြရန်။ ကြွလာမည့်မေရှိယအားဖြင့် ခွင့်လွှတ်ခြင်းကိုခံယူရန်နှင့် နောင်တရခြင်းအထိမ်း အမှတ် အဖြစ် နှစ်ခြင်းခံယူရန်ဖြစ်၏။
၅။ နောင်တရခြင်း၏အဓိပ္ပါယ်ကိုဖော်ပြပါ။
မှားခဲ့သောအမှားအတွက် စိတ်နှလုံးထဲ၌ ဝမ်းနည်းခြင်းဖြင့် မှန်သောလမ်းသိုပြန်၍လိုက် လျောက်ခြင်း ကိုဆိုလို သည်။
၆။ ရှင်ယောဟန်၏ဟောကြားခြင်းအောင်မြင်ပါသလား။ –
“အောင်မြင်ပါသည်။ ယုဒနယ်အနှံအပြားမှလူများ အပြစ်ဝန်ချနောင်တရလျက် နှစ်ခြင်းခံယူကြ၏။ (မဿဲ ၃း ၅-၆၊ မာကု ၁း ၅)
၇။ ရှင်ယောဟန်သည် သူ့ထံသိုရောက်လာသူတိုအား မည်သိုသောအကျင့်သီလရှိရန် လမ်းညွှန်ပြသနည်း။
ပေးကမ်းစွန့်ကြခြင်း၊ ရိုးသားခြင်း၊ ကြင်နာခြင်းနှင့် ကျေနပ်ရောင့်ရဲမှုရှိရန်လမ်းညွှန်ပြသ၏။
၈။ စစ်မှန်သောနောင်တ၏ အသီးအပွင့်ကားမည်သိုနည်း။
မကောင်းသောအကျင့်တို့ကို ဖြတ်တောက်နိုင်ခြင်းဖြစ်၏၊ (ဟေရှာ ၁း ၁၆)
၉။ အခွန်ခံအကြောင်းရှင်းပြပါ။
ရောမအစိုးရအားအခွန်ပေးရန် ယုဒလူမျိုးထဲမှ အခွန်ကောက်ခံရသူဖြစ်၏။
၁၀။ ယုဒလူတို့သည် အခွန်ခံကို အဘယ်ကြောင့်မုန်းကြသနည်း။
အဘယ်ကြောင့်ဆိုသော် ယုဒလူတိုအပေါ်ရောမတိုနှိပ်စက်၊ အနိုင်ကျင့် ရန်သူတိုကတိုင်ကြား တတ်၏။အချို့ အခွန်ခံတိုသည် မှန်ကန်စွာကောက်ခံခြင်းမရှိဘဲ သူတို၏ကိုယ်ကျိုးအတွက် အခွင့်အရေးယူ ကြသည်။
၁၁။ “ခရစ်တော်” ၏အဓိပ္ပါယ်ကိုဖော်ပြပါ။
ထာဝရဘုရား၏ဝိညာဉ်တော်သည် အပေါ်၌တည်တော်မူ၏။ (တစ်နည်း-ဘိသိက် * ရ၏) ဟုအဓိပ္ပါယ်ရှိ ၏။ (လုကာ ၄း ၁၈)
၁၂။ ရှင်ယောဟန်၏နှစ်ခြင်းနှင့် ကျွန်ုပ်တိုအရှင်သခင်၏နှစ်ခြင်း မည်သိုကွာခြားသနည်း။
ရှင်ယောဟန်၏နှစ်ခြင်းသည် နောင်တရသောသူတစ်ယောက်အတွက် လူသစ်စိတ်သစ်ဖြင့် အသက် ရှင်ရန် ရေးအားဖြင့် ဆေးကြောခြင်းသက်သေဖြစ်၏။ ခရစ်တော်၏နှင်ခြင်း များ နောင်တရသောသူအတွက် ဝိညာဉ်တော်အား ဖြင့် ပြောင်းလဲမှုခံယူခြင်းဖြစ်သည်။
၁၃။ မီးအားဖြင့် နှစ်ခြင်းဟူသောအဓိပ္ပါယ်ကိုရှင်းပြပါ။
လူတိုင်းလုပ်သောအလုပ်သည် အဘယ်သိုသောအလုပ်ဖြစ်သည်ကို မီးသည်စစ်ကြောစုံစမ်းလိမ့်မည်။
၁၄။ “စကာ” ကို မည်သိုဥပမာအဖြစ်အသုံးပြုထားသနည်း။
စကာသည် စပါးကို အမှုန်ဟာ အတွေးနှင့် ကောင်းသောစပါးကိုခြားပေးသကဲ့သို မကောင်းသူနှင့် ကောင်းသူအား ခွဲခြားခြင်း အဓိပ္ပါယ်ကိုဆောင်ပါသည်။
၈၈။သခင်ယေရှသည်သူ၏သာသနာလုပ်ငန်းအတွက်ကြိုတင်ပြင်ဆင်ခြင်း (မဿဲ ၃း၁၁၊ ၄း၁၁၊မာကု၁၉-၁၃၊ လုကာ၃း၂၁-၄း၁၃)
၁။ အဘယ်ကြောင့် ယေရှုခရစ်သည် ရှင်ယောဟန်ထံမှ နှစ်ခြင်းခံယူရန်လာသနည်း။
ဘုရားသခင်၏သာသနာလုပ်ငန်းအတွက် ဆက်ကပ်ခြင်းအဓိပ္ပါယ်ဖြစ်ပါသည်။
၂။ ယေရှုခရစ် နှစ်ခြင်းခံစဉ်၌ မည်သိုအံ့ဩဖွယ်ဖြစ်ပျက်ပါသနည်း။
ယေရှုသည်လည်း ဗတ္တိဇံကိုခံတော်မူ ဆုတောင်းစဉ်တွင် ကောင်းကင်ဖွင့်လှစ်သဖြင့် သန့်ရှင်းသော ဝိညာဉ် တော်သည် ချိုးငှက်ကဲ့သို ကိုယ်ထင်ရှားလျက် ကိုယ်တော်အပေါ်၌ ဆင်းသက်တော်မူ၍ သင်ကား ငါနှစ် သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်းဟု ကောင်းကင်က အသံတော်ဖြစ်လေ၏။ (လုကာ ၃း ၂၁-၂၂)
၃။ ယေရှုခရစ် စုံစမ်းခြင်းခံရာကာလသည် အဘယ်အကြောင်းအချက်ကြောင့်နည်း။
ကျွန်တော်တိုတွေ့ကြုံခံစားတတ်သော စုံစမ်းခြင်းများကို ကိုယ်တော်တိုင်ခံယူကြည့်သည့် သဘောနှင့် ထိုစုံစမ်း ခြင်းကို အပြစ်ကင်းစွာဖြင့် အောင်မြင်ကြောင်း အတွေ့အကြုံခံယူသည့်သဘောဖြစ်ပါသည်။(ဟေဗြဲ ၄း ၁၅)
၄။ ထိုစုံစမ်းခြင်းကို မည်သည့်အရပ်၌ခံယူသနည်း။
ယုဒပြည်၏ဝေးလံသောတောအရပ်တွင် ဖြစ်ပါသည်။
၅။ ရှင်မာကုတွင် မာရ်နတ်(Devil) ကို မည်သိုခေါ်ထားသနည်း။
စာတန်ဟုခေါ်ဆိုထားပါသည်။
၆။ စာတန်၊ မာရ်နတ် စကားလုံးတို့၏အဓိပ္ပါယ်ကိုဖွင့်ပြပါ။
စာတန်-ရန်သူ၊ ရန်ဘက် မာရ်နတ်-စွပ်စွဲသူ
၇။ စုံစမ်းခြင်း ၃ မျိုးကားမည်သို့နည်း။
(၁) သူ၏အစာရှောင်ခြင်းပျက်ရန် ကျောက်ခဲကိုမုန့်လုပ်ခိုင်း၏
(၂) ဘုရားသခင်သည် သူအတွက်မစခြင်းရှိမရှိ စုံစမ်းရန် ဗိမာန်တော်၏အထွဋ်မှ ခုန်ချသည်။
(၃) မာရ်နတ်ထံမှတန်ခိုးရရန် မှာ မာရ်နတ် ကိုညွှတ်မြစ် ကိုးကွယ်စေသည်။
၈။ ဒုတိယနှင့်တတိယစုံစမ်းခြင်း၏ရည်ရွယ်ချက်ကိုဖော်ပြပါ။
သခင်ယေရှုလောကကိုလာခြင်းရည်ရွယ်ချက်ကို သခင်ယေရှု၌အတွေ့အကြုံခံစားခြင်းမရှိဘဲ ” ” ရယူချင်သောစိတ်ဖြစ်ရန် စုံစမ်းခြင်းဖြစ်ပါသည်။
၉။ ယေရှုခရစ်မည်သိုအောင်နိုင်ခဲ့ပါသနည်း ။
ကျမ်းစာလာသည့်အတိုင်း ဘုရားသခင်၏နှုတ်ကပါတ်တော်ကို တိုက်ရိုက်အသုံးချ၍ မ ခြင်းဖြင့် အောင်မြင်ခဲ့ရပါသည်။
၁၀။ ကျွန်ုပ်တိုလည်း ထိုနည်းလမ်းအားဖြင့် အောင်မြင်နိုင်ပါသလား၊ ၊
အောင်မြင်နိုင်ပါသည်။ ထိုအပြင် ယေရှုခရစ်၏မစခြင်းသည်လည်း ကျွန်ုပ်တိုအတွက် အမြဲအစဉ်သင့်ရှိ ပါသည်။
၁၁။ မဿဲ ၄း ၄တွင် “လူ သည် ဘုရားသခင် မိန့်တော်မူသမျှအားဖြင့် အသက်ကို မွေးရမည်” ဟူသောစကား ၏အဓိပ္ပါယ် ကိုဖွင့်ပြပါ။
ဘုရားသခင်၏ကတိတော်ကို ယုံကြည်၍ ပညတ်တော်များကိုစောင့်ရှောက်ခြင်းကို ဆိုလိုပါသည်
၁၂။ လုကာ ၄း ၁၂ တွင် စုံစမ်းခြင်းဟူသောအဓိပ္ပါယ်ကား မည်သိုနည်း။
ငါလုပ်လိုက်ရင်ဖြစ်မယ်။ ဖြစ်တန်ရာသည်ဟူသောစိတ်ကို နှိးဆွခံရခြင်းကို ဆိုလိုပါသည်။
၁၃။ လုကာ ၄း ၆ တွင် မာရ်နတ်၏ကြွားဝါခြင်းသည် အမှန်အတိုင်းဖြစ်ပါသလား။
မဖြစ်ပါ။ “တန်ခိုးတော်ရှိသမျှကိုအပ်သည်ဆိုသောစကားမမှန်ပါ။ ၂ကော ၄း၄ ကိုဖတ်ကြည့်ပါ။ အာကာသ ကောင်းကင်၏တန်ခိုးကို အစိုးရသောမင်းဟု ဖော်ပြထားချက်ကို (ဧဖက် ၂း၂ )တွင်ယှဉ်၍ ဖတ်ကြည့်ပါ။
၈၉။ ခရစ်တော်၏သာသနာလုပ်ငန်းစတင်ခြင်း(ယောဟန် ၁၊ ၁၉- ၂။ ၁၂)
၁။ ယဇ်ပုရောဟိတ်(Priests)နှင့် လေဝိလု(Levites)မည်ကဲ့သိုကွာခြားသနည်း။ ။
ယဇ်ပုရောဟိတ်သည် အာရုံနွယ်များဖြစ်ကြ၍၊ ဗိမာန်တော်တွင်ဦးဆောင်တာဝန်ယူရသောသူဖြစ်သည်။ လေလွယ်သည် သီးခြားမျိုးနွယ်ဖြစ်ပြီး ဗိမာန်တော်တွင် ယဇ်ပုရောဟိတ်၏လက်ထောက်အဖြစ် နှင့် ဗိမာန်တော်ကိစ္စကို ဆောင်ရွက်ရသောသူများဖြစ်၏။
၂။ ဧလိယကား မည်သူနည်း။
ပရောဖက်ဖြစ်ပါသည်။
၃။ အဘယ်ကြောင့် ဧလိယပြန်ပေါ်လာသည်ဟု ထင်ကြသနည်း။
အဘယ်ကြောင့်ဆိုသော် ရှေးပရောဖက်ပြုချက်ရှိသောကြောင့်ဖြစ်၏။ (မာ ၄း ၅ -၆၇ )
၄။ ယော ၁း၂၅ တွင်ဤမည်သော ပရောဖက်သည် မည်သူ့ကိုဆိုလိုသည်။
“သင်၏အမျိုးချင်းတိုအထဲ၌ ငါနှင့်တူသောပရောဖက်တပါးကို သင့်အဖိုပေါ်ထွန်းစေတော်မူမည်” (တရား ၁၈း ၁၅ )
၅။ ယောဟန်သည် ခရစ်တော်ကိုအဘယ်ကြောင့် ဘုရားသခင်၏သိုးသူငယ် ”ဟုခေါ်သနည်း။
အဘယ်ကြောင့်ဆိုသော် သူသည်ဘုရားသခင်ပေးသော အပြစ်ကင်းစင်သည့်ယဇ်ကောင်သဖွယ်ဖြစ် ကြောင့်ဖြစ်ပါ၏။
၆။ ယော ၁း၂၉ တွင် အပြစ်မှလွတ်မြောက်ခြင်းအကြောင်း မည်သိုဖော်ပြထားသနည်း။
” ဤလော၏အပြစ်ကိုဆောင်သွားသောဘုရားသခင်၏ သိုးသူငယ်” ဟုဖော်ပြထားချက်ရှိသည်။
၇။ ခရစ်တော်၏ပထမဦးဆုံးတပည့်တော် ၃ယောက်ကိုဖော်ပြပါ။
အန္ဒြေ၊ ယောဟန်နှင့် ရှိမုန်ပေတရုတိုဖြစ်ပါသည်။
၈။ ထိုနောက်မည်သူတို ထပ်၍ရောက်ရှိလာပါသနည်း။
ယောဟန်၏ညီယာကုပ်(James)၊ ထိုနောက်ဖိလိပ္ပိနှင့် နာသနေလတို့ဖြစ်ပါသည်။
၉။ နာသနေလသည် ယေရှုခရစ်နှင့်ပတ်သက်၍ ပြောခဲ့သောပထမဦးဆုံးစကားကိုဖော်ပြပါ။
“နာဇရက်မြိုထဲကကောင်းသောအရာတစ်စုံတစ်ခုမျှ ထွက်နိုင်သလော”ဟု ပြော၏။ (ယော ၁း၄၆)
၁၀။ နာသနေလသည် ယေရှုခရစ်နှင့်တွေ့ပြီး မည်သိုဝန်ခံသနည်း
“အရှင်ဘုရား ၊ ကိုယ်တော်သည်ဘုရားသခင်၏သားတော်ဖြစ်တော်မူ၏။ဣသရေလလူတို၏ ရှင်ဘုရင်လည်း ၊ ဖြစ်တော်မူ၏။” (ယော ၁း ၄၉ )
၁၁။ ခရစ်တော်ဖော်ပြသော ပထမဦးဆုံး ဘုန်းတော်ထင်ရှားစေသော အချက်ကိုဖော်ပြပါ။ |
ဂါလိလဲပြည် ကာနမြို၌ မင်္ဂလာဆောင်ပွဲတွင် ရေကိုစပျစ်ရည်ဖြစ်စေခြင်းဖြစ်၏။ ( ယော ၂း ၁ – ၁၁)
၉၀။ ရှေးယုဒလူမျိုးတိုအတွင်း၌သာသနာပြုခြင်း( ယော၂း၁၃ -၄း ၄၂]
၁။ ယေရှုခရစ် ဗိမာန်တော်သိုရောက်သော် မည်သည့်အရာများကိုတွေ့ရှိရသနည်း။
ဗိမာန်တော်တွင် သိုး၊ နွား၊ ချိုးငှက်ရောင်းသောသူတိုကို၎င်း၊ ပွဲစားများထိုင်လျက်ရှိသည်ကို၄င်းတွေ့ရ၏ (ယော ၂း ၁၄ ) ၊
၂။ တိရစ္ဆာန်များကို အဘယ်ကြောင့် ဗိမာန်တော်တွင်လာရောင်းကြသနည်း
လိုအပ်သူတိုအတွက် ရောင်းချပေးခြင်းဖြစ်သည်။ ယဇ်ပရောဟိတ်နှင့်စားသုံးလိုသူတိုအတွက် လာရောက်ရောင်းချပေးခြင်းလည်းဖြစ်နိုင်ပါသည်။
၃။ ယေရှုခရစ်ဘာလုပ်သနည်း။
ရိုက်စရာဖို ကြိုးများကိုပြင်ဆင်ပြီးမှ ထိုသူအပေါင်းတိုကို၎င်း၊ သိုးနှင့် နွားများကို၄င်း၊ ဗိမာန်တော်နှင့် ဧတ်တော်မူ၍ ပွဲစားတို၏ငွေတင်ခုံများကို တွန်းပစ်မှောက်ထားတော်မူ၏။ (ယော ၂း ၁၅ )
၄။ယော ၂း၁၉ တွင် သခင်ယေရှုသည် မည်သည့်ဗိမာန်ကိုဆိုလိုသနည်း၊
သူ၏ကိုယ်ခန္တာကို ဆိုလိုခြင်းဖြစ်ပါ၏။
၅။ ယေရှုခရစ်အား မည်သည့်အရေးကြီးပုဂ္ဂိုလ်လာရောက်တွေ့ဆုံသနည်း။
ယုဒလူတိုတွင် အရာရှိလည်းဖြစ် ဖာရှိရှိလည်းဖြစ်သော နိကောဒင်သည် လာရောက်တွေ့ဆုံ၏။ (ယော၃း၁)
၆။ ဖာရိရှဲကားမည်သူတို့နည်း။
ကိုယ့်ကုသိုလ်ကိုအမှီပြု၍ သူတပါးကိုမထီမဲ့မြင်ပြုတတ်သောသူ မိမိကိုယ်ကိုကောင်းမြတ်သောသူဟု မာန်ရှိသောသူ (လုကာ ၁၈း ၉ -၁၀ )
၇။ အဘယ်ကြောင့်သူသည် ညအချိန်၌လာသနည်း။
သူလာရောက်ခြင်းကိုယုဒလူတိုမသိစေခြင်းငှါ တိတ်တဆိတ်လာရောက်ခြင်းဖြစ်ပါသည်။
၈။ နိကောဒင်ပြောသည့် နိမိတ်လက္ခဏာကား မည်သည့်အချက်ကိုဆိုလိုသနည်း။
ယော ၂ တွင်ဖော်ပြထားသော နိမိတ်လက္ခဏာတိုဖြစ်မည်ဟု ယူဆပါသည်။
၉။ အသစ်မွေးခြင်းခံယူလိုသူအတွက် တားမြစ်ချက် ချွင်းချက်ရှိပါသလား။
မရှိပါ။
၁၀။ မည်သူ့အားဖြင့်ကျွန်ုပ်တို အသစ်သောမွေးခြင်းခံနိုင်သနည်း။
မရှိပါ။
၁၁။ ယော ၃း၁၅ -၁၆ တွင် ကယ်တင်ခြင်းနှင့်ပတ်သက်၍ မည်သိုသောကတိတော်ပြထားသနည်း။
ဘုရားသခင်၏ သားတော်ကိုယုံကြည်သောသူအပေါင်းတိုသည် ထာဝရအသက်ကိုရမည်ဟု ဖော်ပြထား၏။
၁၂၊ ယေရှုခရစ် မည်သည့်အရပ်သိုသွားသနည်း။
ဂါလိလဲပြည်သိုသွား၏။ ( ယော ၄း ၁၃ )
၁၃။ အဘယ်ကြောင့် ရှမာရိနယ်ကိုဖြတ်၍ ခရီးသွားရသနည်း။
ထိုလမ်းသည် သဘာဝအရ အနီးဆုံးလမ်းဖြစ်သောကြောင့် ဖြစ်ပါသည်။
၁၄။ ယာကုပ်သည် ထိုမြေကွက်ကို မည်သည့်အချိန်က ဝယ်ထားသနည်း။
ဗာလမ်ထံမှ ပြန်လာသောအချိန်က ယာကုပ်ဝယ်ခြင်းဖြစ်၏။ (ယောရှု ၂၄း ၃၂ )
၁၅။ ယုဒလူတို အဘယ်ကြောင့် ရှမာရိလူမျိုးတိုနှင့် မဆက်သွယ်၊ မဆက်ဆံကြသနည်း။
ယခင်ကတည်းက ဆက်သွယ်ခြင်း၊ ဆက်ဆံခြင်း မရှိကြသောကြောင့်၄င်း၊ ရှမာရိလူတိုသည် ယေရုရှ လင်မြို ဝတ်ပြုကိုးကွယ်ရန် သွားလေ့မရှိသောကြောင့်၄င်းဖြစ်နိုင်သည်။
၁၆။ ရှမာရိလူတိုအကြောင်းဖော်ပြပါ။
မာရိလူမျိုးတိုသည် အာရှုရိမြို (ASSYRIA) မှပြောင်းရွှေ့လာကြသူများဖြစ်ပြီး၊ ဂျူးလူမျိုးစပ်များအဖြစ် ယခုတွေ့ရှိနိုင်၏။ သူတိုသည် ထာဝရဘုရားကို ကိုးကွယ်သော်လည်း ယုဒလူတိုနှင့် ကိုးကွယ်သော ပုံစံမတူ ပါး ရုပ်တုများကိုလည်း ရော၍ကိုးကွယ်လေ့ရှိ၏။
၁၇။ ဝိညဉ်ရေးရာယုံကြည်ခြင်း၌ ကျေနပ်ခြင်းကား မည်သိုနည်း
သန့်ရှင်းသောဝိညာဉ်တော်၏ နှစ်သိမ့်ခြင်းနှင့်ကောင်းချီးမင်္ဂလာကို ခံယူရန်ဖြစ်သည်း(ယော ၄း၁၃-၁၄)
၁၈။ ထာဝရဘုရားလက်ခံသော မှန်ကန်သည့်ကိုးကွယ်ခြင်းကား မည်သိုနည်း။
” ထာဝရဘုရားသည် နာမ်ဝိညာဉ်ဖြစ်တော်မူ၏။ ဘုရားသခင်ကိုကိုးကွယ်သောသူတိုသည် နာမ် ၎င်း၊ သစ္စာနှင့်၄င်း ကိုးကွယ်ရမည်ဟု မိန့်တော်မူ၏။” (စိတ်နှလုံးတွင်းမှ ကိုးကွယ်ခြင်းကို ဆိုလို) (ယော ၄း၂၃-၂၄)
၉၁။ ဂါလိလဲလူ တို့အတွင်းပထမပိုင်းသာသနာ၊ ( မဿဲ၄း၁၂-၂၃၊၈း၁-၄၊မဿဲ၁၂း၁-၁၄၊၁၄း၃-၅၊မာကု ၆း၁၇-၁၈၊ ၁၁း၄-၃း၆၊လုကာ ၃း၁၉-၂၀၊ ၄း၁၄-၆း၁၁၊ယော ၄း၄၃-၅း၄၇)
၁။ ရှင်ယောဟန်အဘယ်ကြောင့် ထောင်ကျခံရသနည်း။
ဟေရုဒ်သည် ညီ၏ဇနီးဟေရောဒီကို သိမ်းပိုက်ခြင်းနှင့် ပါတ်သက်၍ ယောဟန်က မသိမ်းအပ်ဟု ပြောဆိုခဲ့ခြင်းကြောင့်ဖြစ်၏။ (မာ ၆း၁၇-၁၈ )
၂။ ဟေရုဒ်သည်ရှင်ယောဟန်အပေါ် ပြစ်ဒါဏ်ပေးခဲ့သော်ခဲ့သော်လည်း ရှင်ယောဟန်အားရှိသေလေးစား မှုရှိပါသလား။
ရှိပါသည်။ သူ၏အတွင်းစိတ်၌ ယောဟန်ပြောဆိုချက်သည်မှန်ကြောင်းသိပါသည်။
၃။ ယခုတစ်ကြိမ် ဂါလီထဲသို ရောက်စဉ် ယေရှုခရစ်သည် မည်သိုအံ့ဩဖွယ်မိတ်လက္ခဏာ ပြခဲ့သနည်း။
သေခါနီးဖြစ်နေသောအမတ်၏သားအား သသခင်ယေရှု၏နှုတ်ထွတ်စကားဖြင့် ကျန်းမာပကတိဖြစ်စေ၏။
(ယော ၄း၄၆-၅၄ )
၄။ ဖခင်၏ယုံကြည်ခြင်းကိုမည်သိုတွေ့ရသနည်။
ထိုအမတ်သည် ယေရှုမိန့်တော်မူသောစကားကိုယုံ၍ သွားလေ၏။” (ယာ ၄း၅၀ ) သခင်ေယရှ၏ စကားတော်ကို ယုံကြည်စိတ်ချ၍၊ သားသည်နေကောင်းပြီဟု ခံယူလျက် အိမ်သိုပြန်ခြင်းဖြစ်၏
၅။ ထိုနောက်ယေရှုမည်သည့်အရပ်သိုသွားသနည်း။
သူ၏ကြီးပြင်းရာ နာဇရက်မြိုသိုသွား၏၊(လုကာ ၄း၁၆ )
၆။ ထိုအရပ်၌ ဗိမာန်တော်တွင်မည်သည့်ကျမ်းချက်ကို ဖတ်သနည်း။
(လုကာ၄း၁၇ – ၁၉၊ ဟေရှာယ ၆၁း၁-၃ )
၇။ ဤကျမ်းစာသားများသည် နိမိတ်ပုံဆောင်မှုသာဖြစ်ပါသလား။ သိုမဟုတ် ကျမ်းစာသားအတိုင်း အတိအကျ မှတ်ယူ၍ ရနိုင်ပါသလား။
နှစ်မျိုးစလုံးအဖြစ် မှတ်ယူနိုင်ပါသည်။
၈။ နိမိတ်ပုံဆောင်မှုအရ အဓိပ္ပာယ်ဖွင့်ဆိုပြပါ။
စာတန်၏ဖမ်းဆီးချုပ်နှောင်မှုကြောင့် သမ္မာတရားကို မမြင်မတွေ့နိုင်သောသူများသည် နောင်တတရား ၊ အားဖြင့် ထိုဖမ်းဆီးချုပ်နှောင်မှုမှ လွတ်မြောက်၍ သမ္မာတရားကို မြင်တွေ့နိုင်မည်အကြောင်းဖြစ်သည်။
၉။ ထာဝရဘုရား၏ နှစ်ကာလဆိုသည်မှာ ဘာကိုဆိုလိုပါသလဲ။
ယုဘိလနှစ်ကဲ့သိုပင် ထာဝရဘုရား၏ ကျေးဇူးတော်အားဖြင့် အပြစ်လွှတ်ခြင်းဆိုင်ရာ နှစ်ကာလ ဖြစ်သည်။
၁၀။ အဘယ်ကြောင့်သူတို့ ယေရှုခရစ်ပြုသမျှ အံ့ဩခြင်းဖြစ်ရသနည်း။
အဘယ်ကြောင့်ဆိုသော် သူတိုသည်ယေရှုခရစ်အား လက်သမားဆရာဟုသာသိထားသော ကြောင့်ဖြစ်၏။ (လုကာ ၄း၂၂ )
၁၁။ သခင်ယေရှု၏ လုကာ ၄း ၂၄- ၂၇၌ေပြာကြားချက်တိုသည်ယုဒလူတိုအတွက် အဘယ်ေကြာင့် အလွန်စိတ်ဆိုးစရာဖြစ်ရသနည်း။
ယုဒလူမျိုးတိုသည် သူတို၏ဓလေ့၊ အကျင့်များ၌ မာနထားကြပြီး အခြားသောလူမျိုးတိုအပေါ် အထင်သေး နှိမ့်ချေသာသဘောရှိသောကြောင့်ဖြစ်၏။
၁၂။ ယေရှု သည် နာဇရက်မြိုမှ မည်သည့်မြိုသိုခရီးဆက်သနည်း။
“ဂါလိလဲပင်လယ်ကမ်းခြေရှိ ကပေရနောင်မြို့သို့သွား၏( လု ၄း ၃၁)
၁၃။ ယေရှုသည်အဘယ်ကြောင့် ရေပေါ် ရှိလှေထဲသိုဝင်သနည်း။
ကမ်းပေါ်၌လူတိုသည် အတင်းတိုးဝှေ့ကြသောကြောင့် ဤကဲ့သိုလှေပေါ်မှလူအများကို ဟောေပြာရ ခြင်းသည်ပို၍အဆင်ေပြ၏။
၁၂။ ထိုလှေသည်မည်သူ့လှေဖြစ်သနည်း။
အေနြနှင့် ပေတရုတို့ပိုင်သောလှေဖြစ်၏ (လု ၅း ၃၊ မဿဲ ၄း ၁၈ )
၁၃။ ထိုအရပ်၌မည်သိုသော နိမိတ်လက္ခဏာပြသနည်း။
အလွန်များစွာသော ငါးတို့ကိုဖမ်းမိစေရန် နိမိတ်လက္ခဏာပြခဲ့၏။ (လုကာ ၅း ၄ – ၇ )
၁၄။ ပေတရု၏ လျှောက်ထားချက်တို့သည် သခင်ယေရှု၏တန်ခိုးတော်ကို အံ့ဩခြင်း၊ ကြောက်ရွံခြင်းဖြင့် လျှောက်ထားခြင်းဖြစ်ပါသည်။
မှန်ပါသည်။ ပေတရုသည် သခင်ယေရှု၏သန့်ရှင်းခြင်း၊ ကြီးမြတ်ခြင်း၊ တန်ခိုးတော်ကိုမြင်တွေ့ရ၍ သူ၏ အပြစ်များအတွက် အလွန်နောင်တရခြင်းဖြင့် လျှောက်ထားခြင်းဖြစ်ပါသည်။
၁၅။ သခင်ယေရှုသည် သူ၏သာသနာအတွက် မည်သူတိုကို နောက်လိုက်အဖြစ်ခေါ်သနည်း။
ပေတရု အန္ဒြေ၊ ယာကုပ်နှင့် ယောဟန် (မာကု ၁း ၁၆-၂၀)
၁၆။ ယော ၁း၂၉-၄၇ တွင်ဖော်ပြခဲ့သူတိုနှင့်တူပါသလား။
တူညီပါသည်။ သိုသော် ယခုအခါသူတိုသည် သူတို၏လုပ်ငန်းများကို စွန့်ပစ်၍ ခရစ်တော်အတွက် သူတို ၏အချိန်များကို ကိုယ်ကျိုးစွန့်၍ပါဝင်ခြင်းဖြစ်၏။ (မေး ၈၉- ၇-၈ မျှ)
၁၇။ သူတိုသည် လူကိုဖမ်းဆီးသည်ဟူသောစကား၏ အသုံးအနှုန်းကားမည်သိုနည်း။
လောကအမြင်၊ အပြုအမူများမှ လူတိုအား သမ္မာကျမ်းစာတည်းဟူသော ပိုက်ကွန်ဖြင့် ဖမ်းဆီး၍ ခရစ်တော်ထံပိုဆောင်ခြင်းဖြစ်၏။
၁၈။ ယေရှုသည် ကပေရနောင်မြိုတွင်ရှိစဉ် ဥပုသ်နေ့၌မည်သိုနိမိတ်လက္ခဏာ ၂ခုကို ပြခဲ့သနည်း။
ညစ်ညူးသောနတ်စွဲနေသူအားကယ်တင်ခဲ့၏။ (မာကု ၁း ၂၁-၃၁)
၁၉။ ရှိမုန်ယောက္ခမကျန်းမာခြင်းကို မည်သိုပြန်ရသနည်း။
လက်ကိုကိုင်လျက်ကြွတော်မူသည့်ခဏခြင်းတွင် သူသည် အဖျားပျောက်၍ မည့်သည်ဝတ်ကို ပြုလေ၏။ (မာကု ၁း ၃၁)
၂၀။ ယေရှုခရစ်ထံသို မည်သူတို့ရောက်လာကြသနည်း။
ကျန်းမာခြင်းလိုအပ်နေသော လူများစွာတိုရောက်လာကြ၏။ (မာကု ၁း၃၂-၃၄
၂၁။ အဘယ်ကြောင့် နေဝင်၍ ညအချိန်ရောက်သည်အထိ သူတိုစောင့်နေကြသနည်း။
ထိုနေ့သည် ဥပုသ်နေ့ဖြစ်၍ နေဝင်ပြီးနောက်တနေ့ကူးသည်ထိ စောင့်နေခြင်းဖြစ်ကြောင်းဖြစ်မည်။ ရာသီဥတုပူလွန်း၍ မကျန်းမာသူတိုအတွက် အပူရှိန်မှသက်သာရန် ညနေအထိ စောင့်နေခြင်းလည်းဖြစ်နိုင်၏။
၂၂။ အဘယ်ကြောင့် သခင်ယေရှုသည် နတ်ဆိုးစွဲခံရသူအား “အဘယ်သူအားစကားတစ်ခွန်းမျှ မပြောနှင့်” ဟုမှာ သနည်း။ (မာကု ၁း ၄၄)
ထိုသို့ များစွာသောနတ် ဆိုးနှင့် ဆက်ဆံသူတို ရောက်လာမည်စိုးသောကြောင့်ဖြစ်၏။ သခင်ယေရှု အားနတ်ဆိုးများနှင့် တစ်ဖွဲ တည်းဟု အထင်လွဲမှားမည်ကို စိုးရိမ်သောကြောင့်ဖြစ်၏။
၂၃။ စိတ်အားထက်သန်စွာဆုတောင်းခြင်းအတွက် မည်သူတိုအတုယူသင့်သနည်း။
သခင်ယေရှု၏ အချိန်လု၍ နှိမ့်ချသောအတွင်းစိတ်ဖြင့် နေ့ရောညပါ ဆုတောင်းခြင်းမျိုးဖြစ်၏။ အထူး သဖြင့်မိမိတာဝန်ယူရသော အရေးကြီးကိစ္စများမဆောင်ရွက်မီ ဆုတောင်းခြင်းဖြစ်၏ (လုကာ ၄း၄၂-၄၃)
၂၄။ မာကု ၁း ၄၀ ၄၅ တွင်မည်သိုသောအံ့ဩဖွယ်ကုသမှုကို မှတ်တမ်းတင်ထားသနည်း။
နူနာစွဲသော သူအားပျောက်စေခြင်းဖြစ်၏။ ထိုအချိန်က နူနာရောဂါသည် ကုသ၍မပျောက်နိုင်သော ရောဂါ ဖြစ်သောကြောင့်ဖြစ်၏။ (ဝတ် ၁၃း၂) ၊
၂၅။ နူနာစွဲသူသည် မသန့်ရှင်းသိပါလျက် သခင်ယေရှုသည် အဘယ်ကြောင့်တိုထိရန် နှောင့်နှေးခြင်း မရှိပါသ နည်း။
သူ၍ ရှိသည့်ဘုရားသခင်နှင့်စပ်ဆိုင်သော သန့်ရှင်းသည့်မေတ္တာကြောင့်ဖြစ်၏။
၂၅။ လက်သေသောရောဂါကားမည်သိုနည်း။
လေဖြတ်သည့်ရောဂါ (သိုမဟုတ် ) မျိုးရိုးအရ မွေးရာပါလက်သေသောရောဂါဖြစ်သည်။(မာကု ၂း၁-၁၂)
၂၆၊ ထိုလက်ခြေသေသူသည် သခင်ယေရှုထံ မည်သိုရောက်ရှိလာသနည်း။
သူ၏မိတ်ဆွေတိုသည် ကိုယ်တော်ရှိရာတပေါ်မှ အမိုးကိုဖောက်ထွင်းပြီးမှ လူနာနှင့်တကွ အိပ်ရာ ခုတင် ကိုလျှော့ချကြ၏။ (မာကု ၂း၄ ) ၊
၂၇။ ထိုသိုအမိုးကိုဖောက်ခြင်းသည် ရိုင်းစိုင်းသောအမှုဖြစ်ပါသလား။
မဟုတ်ပါ။ ထိုဒေသရှိသူတို့သည် တခါတရံ အိမ်တွင်းသိုသယ်ဆောင်ရန်မဆန့်သောပစ္စည်းကို အမိုးပေါ်မှ ဖောက်ချလေ့ရှိ၏။ သူတို၏အိမ်အမိုးသည် လွယ်ကူစွာပြင်၍ ရ၏။
၂၈။ မာကု ၂း၉တွင်မည်သိုဖြေရှင်းချက်ကိုရေးသားထားသနည်း။
လက်ခြေသေသူအား၊သင်၏အပြစ်ကိုလွတ်စေပြီဟုပြောလွယ်သလော၊သင်ထလော့၊အိပ်ရာကိုဆောင်၍လှမ်းသွားလော့ဟုပြောလွယ်သလော။
၉။ အပြစ် ရှိသူအားယုဒ တို အကျင့်အရကျိန်ဆဲခြင်းမပြုဘဲ၊ယေရှုခရစ်သည်အဘယ်ကြောင့်ခွင့်လွတ်သနည်း။
အဘယ်ကြောင့်ဆိုေသာ်သူကိုယ်ကိုလည်း ဘုရားဖြစ်သောကြောင့် ဖြစ် ၏။:'(ဟေရှာ၄၃း၂၅;)
၃၀။ ဤကျမ်းပိုဒ်၌ ယေရှုခရစ်၌ရှိသော ဘုရား နှင့် ဆိုင်သည့် အရည်ချင်းကို မည်သိုတွေ့နိုင်သနည်း။
လူများ၏စိတ်ထဲ၌ရှိနေ သည့်အယူ အဆ၊ အကြံအစည်တို့ကို ယေရှုခရစ်သိနေခြင်းပင်ဖြစ်သည်။
၃၁။ နောက်ထပ် ယေရှုခရစ်ေခါ်ယူသည့် တပည့်တော်အမည်ကိုဖော်ပြပါ။
အခွန်ခံသူ လေဝိအမည်ရှိ မဿဲဖြစ်ပါသည်။ (၈ ၉ -၉၊ ၁၀ရှု ) သူသည်တမန်တော်၁၂ပါးအဝင် ဖြစ်လာပြီး၊ ရှင်မဿဲ ကျမ်းစာကိုပြုစုခဲ့၏။(မဿဲ ၉း၉၊ လုကာ၅း၂၇-၂၈)
၃၂။ အဘယ်ကြောင့် လေဝိ(မဿဲ )သည်ယေရှုအတွက် စားသောက်က်ပွဲပြင်ဆင်နည်း။
သူ၏မိတ်ဆွေနှင့်အခွန်ခံသူတိုသည် သူ၏ဆရာ (ယေရှု ) အကြောင်းကို ကြား၊ သိမြင် တွေ့ရန်ဖြစ် ပါသည်။
၃၃။ ယေရှုသည် ယေရှုရှလင်မြို၌ ပဿခါပွဲခံရာသတင်းပတ်အတွင်း မည်သိုသော နိမိတ်လက္ခဏာ များပြခဲ့သနည်။
ဗေသဒရေကန်ဘေးတွင် သုံးဆယ်ရှစ်နှစ်ပတ်လုံးရောဂါခွဲ၍ တုံးလုံးနေသောသူများ၊ ကျန်းမာေစခဲ့ခြင်၊ ဖြစ်၏။
၃၄။ ဗေေသသဒရေကန်အကြောင်းဖော်ပြပါ။
ယေရှုရှလင်မြိုရှိ တစ်ခါတစ်ရံမှ စီးတတ်သော၊ ပြတ်တောင်းပြတ်တောင်း၊ စီးတတ်သော စမ်းေရအိုင် ဖြစ်သည်။
၃၅။ ထိုရေအိုင်သည် အဘယ်ကြောင့်နာမည်ကျော်ကြားသနည်း။ ။
ထိုရေအိုင်၌ ရေလှုပ်သည့်အခါ ပထမဆုံးရေထဲသို ၀င်ရသူသည် ရောဂါပျောက်၏ဟု ယုံကြည်ကြသော ကြောင့်ဖြစ်၏။
၃၆။ ရှင်ယောဟန်ခရစ်ဝင် ၅း၄ အကြောင်းကို ဆွေးနွေးပါ။
ဤအချက်နှင့်ပတ်သက်၍ ကျမ်းစာထဲတွင် ဖော်ပြထားခြင်း၌ မတွေ့ရပါ။ ကျမ်းစာကူးယူသူတို၏ မျက် ချက်ဖြစ်ကောင်းဖြစ်နိုင်သည်။ ဤကျမ်းပိုဒ်ကို ရှင်ယောဟန်ကိုယ်တိုင်ရေးပုံခြင်းဖြစ်ပါလျှင်၊ ရ၏ လှုပ်ရှားခြင်း ကို အလွယ်ဆုံးနည်းဖြင့် အဓိပ္ပါယ်ဖွင့်ဆိုထားခြင်းဖြစ်နိုင်၏၊ ဤကျမ်းပိုဒ်တွင် “ကောင်းကင်တမန်” ဟုတင်ပြ ပြောဆို ထားသော်လည်း ကောင်းကင်ဘုံနှင့်သက်ဆိုင်ခြင်းမရှိဟုယူဆပါသည်။ (ဓမ္မဟောင်းကျမ်းတွင်လည်း ဤအကြောင်းတခါမျှဖော်ပြထားခြင်းမရှိခဲ့ပါ
၃၇။ ဤကဲ့သိုကျန်းမာစေခြင်းနှင့်ပတ်သက်၍ ဖာရိရှဲတိုသည် ယေရှုခရစ်အား အဘယ်ကြောင့် အပြစ်တင်ပြော ပါသနည်။
ထိုနေ့သည် ဥပုသ်နေ့ဖြစ်ပါသဖြင့် ယုဒထုံးစံကိုဆန့်ကျင်သောသဘောရှိ၏။
၃၈။ ယေရှုခရစ်ပြန်၍ပြောသောစကားပေါ်တွင် သူတိုအဘယ်ကြောင့်ပို၍မကျေမနပ်ဖြစ်ရသနည်း။
“ငါ့ခမည်းတော်သည် ယခုတိုင်အောင်အလုပ်လုပ်တော်မူသည်ဖြစ်၍ ငါသည်လည်းလုပ်၏ဟု ပြန်ပြောတော် မူ၏။” ထိုကဲ့သို မိမိကို ဘုရားသခင်နှင့်ပြိုင်နှိင်းတော်မူသောကြောင့် ယုဒလူတိုသာ၍ စိတ်ဆိုးကြ၏။ (ယော ၅း ၁၇-၁၈ )
၃၉။ ထိုရောဂါစွဲသူကို အမှီပြု၍၊ အပြစ်နှင့်မကျန်းမာခြင်းဆက်စပ်မူရှိပါသလား။
ယော ၅း၁၄ တွင် ယေရှုက “သာ၍ ဆိုးသောဘေးနှင့်ကင်းလွတ်မည်အကြောင်း နောက်တဖန် ဒုစရိုက်ကိုမပြု နှင့်ဟု” မိန့်တော်မူခဲ့သဖြင့် ဆက်စပ်မူရှိပါသည်။
၄၀။ အရာခပ်သိမ်းအတွက် တရားစီရင်ပိုင်ခွင့်သည် မည်သူ၍ ရှိသနည်း။
ယေရှုခရစ်၍ ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် သားတော်သည် ခမည်းတော်ဘုရားကဲ့သိုဖြစ် သောကြောင့် ဖြစ်၏။ (ယော ၅း၁၄ -၃၀ )
၄၁။ ယေရှု၏တပည့်တော်တို ဥပုသ်နေ့၌ ခရီးသွားစဉ် ဂျုံ၊ စပါးနှံခူးယူခြင်းသည် အပြစ်မှလွတ်ကင်းပါသလား။ (မာကု ၂း၂၃ -၂၈ )
လွတ်ကင်းပါ၏။ အပြစ်လုပ်ခြင်းမဟုတ်ပါ။ တရား ၂၃း ၂၅ တွင် သင်သည် “အိမ်နီးချင်း၏စပါးလယ် ထဲသို့ဝင်သောအခါ စပါးနှံကို လက်နှင့် ဆွတ်ရသော် လည်း တံစဉ်နှင့်မရိတ်ရ” ဟု ဖော်ပြထား၏။
၄၂။ သို့ဖြစ်၍ အဘယ်ကြောင့် ဖာရိရှဲတိုက အပြစ်တင်ပြောဆိုသနည်း။
အဘယ်ကြောင့်ဆိုသော် ထိုနေ့သည် ဥပုသ်နေ့ဖြစ်ပြီး စပါးရိတ်ခြင်းကဲ့သိုယူဆသောကြောင့်ဖြစ်၏။
၄၃။ ဖာရိရှိတို ဥပုသ်နေ့ကို အပြစ်ကင်းရန် မည်သိုပြုလေ့ရှိသနည်း။
သူတို့သည်ယဇ်ပူဇော်ရာယဇ်ကို ထိုနေ့တွင်သတ်၍ အချိန်များကိုကုန်လွန်စေ၏။
၄၄။ ယေရှုခရစ်သည် ဥပုသ်နေ့၌ မကျန်းမာသူတိုကို ကျန်းမာစေခဲ့ခြင်းနှင့်ပါတ်သက်၍ မည်သိုပြောကြား ခဲ့သနည်း။
“ယေရှုက မိမိ၌သိုးတစ်ကောင်တည်းရှိ၍ ထိုသိုးသည်ဥပုသ်နေ့၌ တွင်းထဲသိုကျလျှင်၊ မဆွဲမတင်ဘဲနေ မည့်သူ တစ်စုံတစ်ယောက်မျှ သင်တိုတွင်ရှိသလော။လူသည်သိုးထက်အလွန်မြတ်ပေ၏။” ဟုပြောကြားခဲ့၏။ (မဿဲ ၁၂း၁၁-၂၃ )
၄၅။ ယေရှုသည် ထိုနေရာ၌ ဥပုသ်နေ့နှင့်ပါတ်သက်၍မည်သိုရှင်းပြခဲ့သနည်း
ဥပုသ်နေ့သည်လူအဘိုဖြစ်၏။ လူသည်ဥပုသ်နေ့အတိုဖြစ်သည်မဟုတ်” ဥပုသ်နေ့တွင်လောကီ အမှုကိ စ္စများမှအနားယူရန်နှင့် ဝိညာဉ်ရေးရာနှင့်ပတ်သက် ရန်ဖြစ်ပါသည်။
၉၂။တောင်ပေါ်ဒေသနာ[မဿဲ ၄း၁၃-၈ ၊၁၀း၂၂-၄ ၊ မာကု၃း၇-၂၁၊လုကာ၆း၁၂-၄၉)
၁။ ယေရှုခရစ် တော်ပေါ်ဒေသနာဟောကြားမီ မည်သိုသောဆောင်ရွက်ချက်ရှိခဲ့သနည်း။
တပည့်တော်များထဲမှ အမြဲတမ်းသူနှင့်အလုပ်လုပ်ရန် ၁၂ ယောက်ကို ရွေးချယ်ခဲ့သည်။
၂။ အဘယ်ကြောင့်ဤသိုရွေးချယ်ရသနည်း။
ယေရှုခရစ်အနေနှင့် ကောင်းကင်ဘုံသိုပြန်၍ကြွသွားသည့်အခါ၌ အသင်းတော်သာသနာတွင် ခေါင်း မည့်သူများလိုအပ်သဖြင့် ရွေးချယ်၍စီစဉ်ခဲ့ခြင်းဖြစ်၏။
၃။ တောင်ပေါ်ဒေသနာသည် မည်သူတိုအတွက်ဖြစ်ပါသနည်း
ဒေသနာကိုလာရောက်နားထောင်သူတပည့်တော်တိုင်းအတွက်ဖြစ်သော်လည်း၊ အထူးသဖြင့် ရွေးချယ် သောတပည့်တော် ၁၂ ယောက်အတွက်ဖြစ်၏။
၄။ မဿဲ ၅း ၃ -၁၂ ကျမ်းပိုဒ်ကို မည်သိုအမည်ပေးထားသနည်း။
မင်္ဂလာတရားတော်တော်ပေါ်ဒေသနာဟု အမည်ပေးကြ၏။
၅။ စိတ်နှလုံးနှိမ့်ချသောသူကား မည်သိုသူဖြစ်သနည်း။ (poor in Spirit)
တကိုယ်ကောင်းမဆန် မာနထောင်လွှားခြင်းမရှိ မိမိကိုယ်ကိုလိုသည်ထက်ပိုအထင်ခြင်းမရှိ
၆။ စိတ်နူးညံ့သိမ်မွေ့ခြင်းကားမည်သိုနည်း။ (Mccess )
ခရစ်တော်ထံမှ စံနမူနာယူ၍ အမျက်ထွက်သူများနှင့်တွေ့ကြုံသည့်အခါ မိမိကိုယ်ကိုနှိမ့်ခြင်းကို ဆိုလို၏။
“ကဲ့ရဲ့ခြင်းကိုခံရသောအခါ ပြန်၍မကဲ့” ဟု ၁ပေ ၂း၂၃ တွင်ဖော်ပြထား၏။
၇။ ဖြောင့်မတ်ခြင်းပါ မီကို ဓာတ်ခင်မွတ်သောသူတိုအတွက်ကားမည်သိုနည်း။
ထိုသူတိုအတွက် ပြည့်စုံဝပြောခြင်းရှိ၏။
၈။ သနားကြင်နာတတ်သောသူကားမည်သူတိုနည်း။ ။
ဆင်းရဲသူ အစာငတ်သူများ၊ ဒုက္ခရောက်နေသူများအား ကူညီမစ ဝေခြင်းပြုသူတိုကိုဆိုလို၏ (ဟေရှာယ ၅၈း ၁၀-၁၁ရှု )
၉။ စိတ်နှလုံးဖြူစင်ခြင်းကို အဘယ်ကြောင့်လိုအပ်သည်။
ထိုသိုသန့်ရှင်းခြင်းရှိသော ဘုရားသခင်ကို တွေ့မြင်နိုင်မည်။ (ဟေဗြဲ၁၂း၁၄ )
၁၀။အဘယ်ကြောင့် သူတစ်ပါးခြင်းခိုက်ရန်ပြုခြင်းကို ငြိမ်းစေသူဟု သီးခြားခွဲ၍ပြေးနေသနည်း။ –
ရန်ကို ငြိမ်းစေခြင်းငြိမ် သက်ခြင်းကိုတည်မြဲစေခြင်းသည် ခက်ခဲသော အလုပ်ဖြစ်နေသဖြင့်၄င်။ ခရစ်တော်သည်ငြိမ်သက်ခြင်း၏ အရှင်သခင်ဖြစ်သဖြင့်၎င်း “သင်တိုသည် တတ်နိုင်သမျှအတိုင်း လူအပေါင်း နှင့် အသင့်အတင့်နေကြလော့” (ရောမ ၁၂း၁၈ )
၁၁။ ယေရှုခရစ်တော်သည် တပည့်တော်များအား အနာဂတ်အတွက်မည်သိုခွန်အားပေးခဲ့သနည်း။(မဿဲ၅း၁၁)
ငါ့ကြောင့် သင်တိုကို ကဲ့ရဲ့ညှင်းဆဲ၍ မမှန်ဘဲလျက် အပြစ်တာတင်ကြသောအခါ သင်တိုသည်မင်္ဂလာရှိ ကြ၏ဟုပြောကြားခဲ့၏။
၁၂။ သခင်ယေရှုသည် မည် ၄၁၆ တွင်မည်သိုသောကျင့်ဝတ်ကိုသင်ကြားပေးခဲ့သနည်း။
သူတပါးတိုသည် သင်တို၏ကောင်းသောအကျင့်ကိုမြင်၍ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တိုအဘ၏ ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှာ သူတပါးေရှ့၌ သင်တိုအလင်းကိုလင်းစေကြလော့
၁၃။ တစ်ဦးကိုတစ်ဦး အပြန်အလှန် ခွင့်လွှတ်ရန် မသဲ ၁၄း၂၃ -၂၆ တွင် မည်သိုဖော်ပြထားသနည်း။
(ညီအစ်ကိုနှင့်သင့်တင့်အောင်ပြုပြီးမှသာ ဘုရားသခင်ထံသို ဝတ်ပြုရန်နှင့် အမှုတော်ထမ်းရန်လာသင့် သည် ဟုဖော်ပြ၏။) ထာဝရဘုရားထံသို ဝတ်ပြုရန်နှင့်အမှုတော်ထမ်းရန်မလာမီ ညီအစ်ကိုခြင်းသင့်တင့် အောင်ပြုရန် လိုအပ်ကြောင်းဖော်ပြ၏။ (မဿဲ ၅း ၂၃-၂၆)
၁၄ ။မသဲ ၅း ၂၉-၃၀ တွင် မှားယွင်းမှုအတွက် မည်သိုသင်ကြားထားခဲ့သနည်း
အပြစ်မှလွတ်ကင်းရန် မကောင်းမှုကို ချက်ချင်းနောင်တရ၍ စွန့်လွှတ်ရန်လိုအပ်၏။
၁၅။ မသဲ ၅:၄၅ နှင့် လုကာ ၆း၃၅ တွင် ဘုရားသခင်၏ ကြီးမြတ်သောမေတ္တာကို မည်သိုတွေ့နိုင်ပါသနည်း။
ထာဝရဘုရား၏ မေတ္တာတော်သည် ကောင်းသောသူ မကောင်းသောသူအားလုံးတိုအပေါ်သို သွန်းလောင်းလျှက်ရှိကြောင်းဖော်ပြ၏။ ။
၁၆။ မဿဲ ၆း၂ နှင့် မသဲ ၆း၄ ကိုနိုင်းယှဉ်ပြပါ။
သူတော်ကောင်းဟန်ဆောင်သူသည် လူများ၏ချီးမွမ်းခြင်းကို ယခုအချိန်၌သာ ခံရသော်လည်း၊ မှန်ကန်သော ခရစ်ယာန်မူကား ထာဝရဘုရား၏ ချီးမွမ်းခြင်းနှင့် ကောင်းကင်ဘုံ၌ ထာဝရဆုကျေးဇူးကိုရ မည်ဖြစ်သည်။
၁၇။ မဿဲ ၆း၈ တွင်ကျွန်ုပ်တို၏မပြည့်စုံခြင်း၊ လိုအပ်ချက်များနှင့်ပတ်သက်၍ မည်သိုခွန်အားပေးထားသနည်း။
“သင်တိုအလိုရှိသမျှတိုကို သင်တိုမတောင်းသင်တိုအဘ သိတော်မူ၏။”
၁၈။ သခင်ယေရှုသင်သော ဆုတောင်းချက်၏ပထမစကားလုံးသည်မည်သိုအဓိပ္ပါယ်ဆောင်သနည်း။
` ကျွန်ုပ်တိုလူသားအားလုံးအတွက် အဘတစ်ဦးသာရှိ ကြောင်းမိသားစုကဲ့သိုဖြစ်ကြောင်းဖော်ပြ၏။
၉။ နာမတော်အားရိုေသေလး မြတ်ခြင်း (Hallow) ဟူေသာစကားသည်မည်သိုဆိုလိုသနည်း။
ဘုရားသခင်၏မြင့်မြတ်ခြင်း၊ သန့်ရှင်းခြင်းကို ချီးမွမ်းခြင်းဖြစ်၏။
၂၀။ ဘုရားသခင်၏အလိုတော်ကားမည်သိုနည်း။
ကောင်းကင်ဘုံတွင် ကောင်းကင်တမန်တိုသည် ဘုရားသခင်၏အလိုတော်ကိုဆောင်သကဲ့သို့ လူသားတိုသည် လည်း ဘုရားသခင်၏အလိုတော်ကို ဆောင်သောသူများဖြစ်စေလို၏။
၂၁။နေ့စဉ်အသက်မွေးလောက်သောအစာဟူသောစကားသည် မည်သိုဆိုလိုသနည်း
ကျွန်ုပ်တိုသည် အနာဂတ်အတွက် အလွန်အမင်းစိတ်မပူသင့်ကြောင်း သင်ကြားပေးခြင်းဖြစ်ဧ။်။
၂၂။ကျွန်ုပ်တိုအတွက် အပြစ်လွှတ်ခြင်းကို တောင်းခံသည့်အခါ မည်သိုချွင်းချက်ကို ဖော်ပြထားသနည်း။သူ
တစ်ပါးသည်ကျွန်ုပ်တိုကို ပြစ်မှားသောအပြစ်အတွက်လည်း ကျွန်ုပ်တိုက အပြစ်လွှတ်ပြီးသား၊ ဖြစ်ရမည်။
၂၄။ အပြစ်အကြွေး(Debt) ကားမည်သိုနည်း
သူတစ်ပါးကိုခွင့်မလွှတ်နိုင်ဘဲ အကြွေးရှိနေခြင်းကိုဆိုလိုသည်
၂၄။ ကျွန်ုပ်တို့သည် ဘုရားသခင်ကိုမည်မျှချစ်ကြောင်း မည်သိုသိနိုင်ပါသနည်း။
အကြင်အရပ်၌ သင်တို၏ဘဏ္ဍာရှိ၏။ ထိုအရပ်သို သင်တို၏စိတ်နှလုံးရောက်တတ်၏။ (မဿ ၆း၂၁ )
၂၅။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို မည်မျှချစ်ကြောင်းမည်သိုသိနိုင်ပါသနည်း။
ကောင်းကင်ဘုံ၌ရှိတော်မူသောအဘသည် စောင့်ရှောက်လျက်ရှိပါသည်။
၂၆။ စိုးရိမ်ခြင်းမရှိနှင့်ဟူသောစကား၏ အဓိပ္ပါယ်ကိုရှင်းပါ။
မနက်ဖန်၊ အနာဂတ်အတွက်စိုးရိမ်ပူပန်ခြင်းမရှိစေရန်ဖြစ်ပါသည်။ သိုသော် အနာဂတ်အတွက် အစီအစဉ် များ မရှိရဟုမဆိုလိုပါ။
၂၇။ မဿဲ ၇း၁-၅တွင် မည်သိုသင်ခန်းစာရပါသနည်း။
သူတစ်ပါး၏အတွင်းစိတ်သဘောအမှန်ကိုမသိဘဲ သူတစ်ပါးအပေါ်ဆုံးဖြတ်ခြင်းသည် “မှားယွင်းသော အပြစ် ဖြစ်ကြောင်းဖော်ပြထားပါသည်။
၂၈။မဿဲ ၇း၇-၁၁တွင် မည်သိုသော ကတိတော်ကိုတွေ့ရှိရသနည်း။
လောကီအဘသည် ကိုယ်သားသမီးတိုအား ကောင်းသောအရာကိုပေးတတ်လျင် ထိုမျှမက ကောင်းကင် ရှိတော်မူသောသင်တိုအဘသည် ဆုတောင်းသောသူတိုအား ကောင်းသောအရာကိုသာ ပေးတော်မူမည်” ဟု ဖော်ပြထားပါသည်။
၂၉။ မဿဲ ၇း၁၂ ကိုမည်သိုအမည်ပေးလေ့ရှိသနည်း။
ပညတ်တရား၏အချုပ်အခြာဟုပြောလေ့ရှိပါသည်။ ထိုဥပဒေကိုလူတိုင်းလိုက်လျှောက်လျှင် ကမ္ဘာမြေကြီးသည်လည်း ကောင်းကင်နိုင်ငံကဲ့သိုဖြစ်မည်အမှန်ပါ။
၃၀။ ကျယ်သောတံခါးဝဟူသည် မည်သိုဆိုလိုသနည်း။
အဓိပ္ပါယ်မှာ ပျက်စီးခြင်းသိုသွားရာတံခါးသည် ကျယ်ဝန်း၍ အလွယ်တကူဝင်နိုင်ပြီး အလွယ်တကူ ပျက်စီး ခြင်းသို ရောက်နိုင်ကြောင်း ဆိုလိုသည်း (မဿဲ ၇း၁၃-၁၄)
၃၁။ မဿဲ ၇း ၁၆ တွင် ကျွန်ုပ်တိုအကျင့်နှင့်ပတ်သက်၍ မည်သိုသတိပေးထားသနည်း။
သစ်တစ်ပင်အား အသီးနှင့်အရွက်ကိုကြည့်၍ ဆုံးဖြတ်သကဲ့သို ကျွန်ုပ်တို၏အကျင့်ကိုလည်း ကျွန်ုပ်တို၏အသီးအပွင့်အဖြစ် သိရှိနိုင်ကြောင်းဖော်ပြထားသည်။
၃၂။ သခင်ယေရှုမည်သိုသောဥပမာကိုထပ်ပေးခဲ့သနည်း။
သဲပေါ်တွင်ဆောက်သောအိမ်နှင့် ကျောက်ပေါ်တွင်ဆောက်သောအိမ်တို့၏ ခိုင်ခန့်ကွာခြားခြင်းကို ဖော်ပြခဲ့ပါသည်။ (မဿဲ ၇း၂၄-၂၇)
၃၃။ ကျွန်တော်တို့ရွေးချယ်သင့်သော မြဲသောကျောက်အုတ်မြစ်ကားမည်သိုနည်း။
သခင်ယေရှုခရစ်၏နာမတော်၌ အသက်ရှင်ခြင်းဖြစ်ပါသည်။ “ယေရှုခရစ်တည်းဟူသော ချလျက်ရှိသောတိုက်မြစ်မှတပါး အခြားသောတိုက်မြစ်ကို အဘယ်သူမျှမချနိုင်” (၁ကော ၃း ၁၁)
၉၃။ဂါလိလဲလူတို့အတွင်း ဒုတိယပိုင်းသာသနာ [မဿဲ၈၊ မဿဲ၉၊ မဿဲ၁၁၊ မဿဲ၁၂၊ မဿဲ၁၅၊ မာကု ၃း ၁၉၊ ၇း၂၃၊ လုကာ၇၊ လုကာ၉၊ ယော၆]
၁။ ရောမတပ်မှူး၏အဆင့်ကိုဖေါ်ပြပါ။
ရောမစစ်တပ်တွင် လူ၁၀၀ ကို အုပ်ချုပ်ရသောသူဖြစ်၏။
၂။ တပ်မှူးသည် ယေရှု၌မည်သိုတောင်းခံသနည်း။
သခင်ယေရှု၏အမိန့်တော်တစ်ခွန်းအားဖြင့် သူ၏ငယ်သားသည် ကျန်းမာခြင်းပြန်လည်ရမည့်အကြောင်း တောင်းခံ၏။ (လုကာ ၇း၇)
၃။ ထိုတပ်မှူး၏စိတ်နေသဘောထားကိုဖေါ်ပြပါ။
ထိုတပ်မှူးသည် ယုဒလူမျိုး ခေါင်းဆောင်တို၏ ခင်မင်မှုကိုခံ ယူရသူဖြစ်သည်။ ထိုတပ်မှူးသည် နှိမ့်ချသောသဘောရှိ၍ ယုံကြည်ခြင်း ခိုင်သောသူတစ်ယောက်ဖြစ်သည်။
၄။ နာဣနမြို၌ယေရှုပြုခဲ့သောအံ့ဩဖွယ်နိမိတ်လက္ခဏာကိုဖော်ပြပါ။
မုဆိုးမ၏တစ်ဦးတည်းသောသား သေနေသည်ကို အသက်ပြန်ရှင်စေ၏၊ (လု ၇း၁၁-၁၇)
၅။ နှစ်ခြင်းဆရာယောဟန်၏တပည့်များအား ယေရှုခရစ်မည်သိုပြန်၍ ဖြေခဲ့သနည်း။
“ထိုသူတိုသည် ယေရှုခရစ်လက်တွေ့ပြခဲ့သော နိမိတ်လက္ခဏာနှင့် ကြိုတင်ပရောဖက်ပြုခ ခြင်းအပေါ် တွင် ယေရှုခရစ်သည် မေရှိယဖြစ်ကြောင်းသိရ၏။ (လု ၇း၂၁-၂၃)
၆။ သခင်ယေရှုသည် နှစ်ခြင်းဆရာယောဟန်၏ ကောင်းမြတ်ခြင်းကို စံထား၍ မည်သိုပြောခဲ့သည်။
“ဘုရားသခင်၏နိုင်ငံတော်တွင် အငယ်ဆုံးသောသူသည် ထိုသူထက်သာ၍ကြီးမြတ်၏ဟု ပြောခဲ့၏။ (လုကာ ၇း၂၈)
၇။ ခွင့်လွှတ်ခြင်းနှင့်ပတ်သက်သောရေးသားထားချက်ကိုဖေါ်ပြပါ။
“အပြစ်ရှိသောအမျိုးသမီးအားခွင့်လွှတ်ခြင်းအကြောင်းကို လုကာ ၇း၃၆-၅ဝ တွင် တွေ့ရသည်။
၈။ ထိုအမျိုးသမီးသည် ခွင့်လွှတ်ခြင်းကိုခံထိုက်ကြောင်း မည်သိုသိနိုင်သနည်း။
သူမသည် မျက်ရည်ဖြင့် ယေရှု၏ခြေထောက်ကိုဆေးလျက် အဖိုးတန်ဆီဖြင့် ခြေထောက်ကိုလိမ်း ခြင်းများ ယေရှုခရစ်အနေဖြင့် သူမ၏နှလုံးသားအတွင်းနောင်တစိတ်ကိုသိမြင်သဖြင့် ခွင့်လွှတ်ခြင်းဖြစ်၏။
၉။ ယေရှုနှင့်တပည့်တော်များ စားပွဲနားတွင် မည်သိုထိုင်လေ့ရှိသနည်း၊
စားပွဲပတ်လည်၌ ကွပ်ပျစ်ကဲ့သိုကုတင်ပေါ်တွင် စောင်းလှဲ၍ နေလေ့ရှိ၏။
၁၀။ ယေရှုခရစ်သည် ထိုအမျိုးသမီးနှင့် ရှိမုန်တို၏ကွာခြားချက်ကို မည်သိုနှိင်းယှဉ်ပြသနည်း။
ရှိမုန်သည် ယေရှုအားခေါ်ဖိတ်သည့်အခါ တစ်ခုခုသိလိုခြင်းဖြင့်သာ ဖိတ်ခေါ်၏။ သိုသော် စိတ်အတွင်းမှ အထူး ရိုသေလေးစားခြင်းကိုမပြ၊ ထုံးတမ်းစဉ်လာအချက်လက်များကိုလည်း မလိုက်လျှောက် ဟုဆိုသည်။
၁၁။ ယုဒလူမျိုးတိုသည် ယေရှုခရစ်အားမည်သိုပြင်းထန်စွာ စွပ်စွဲခဲ့သနည်း။
“သူသည် ဗေလေဇဗုလစွဲသောသူဖြစ်၏။ နတ်ဆိုးမင်းကို အမှီပြု၍ နတ်ဆိုးတိုကို နှင်ထုတ်သည်ဟု ဆိုကြ၏။:'(မာကု ၃း၂၂)
၁၂။ ယေရှုခရစ်မည်သိုပြန်၍ေဖြခဲ့သနည်း။ ။
တိုင်းနိုင်ငံ(သိုမဟုတ်) အိမ်သည်ကွဲပြားလျှင် မတည်မြဲနိုင်သကဲ့သိုစာတန်သည်လည်း ကွဲပြားလျှင် သူ၏နိုင် မတည်နိုင်။ (သို့ဖြစ်၍ စာတန်ကို စာတန်ဝင်စားသောသူသည် မနှင်ထုတ်နိုင်ဟုရှင်းပြ၏) (လုကာ ၃း၂၂-၂၆)
၁၄။ လူသားတို့၏ နှုတ်ထွက်စကားကို မည်သူတရားစီရင် မည်နည်း။
အဓိပ္ပါယ်မဲ့ပြောသောစကားများကိုပင် ယေရှုခရစ်စီရင်တော်မူမည်။ (မဿဲ ၁၂း၃၆)
၁၄။ ဘုရားအမှုတော်ဆောင်ခြင်းသည် ယေရှုခရစ်နှင့် မိမိ မိသားစုထက်ပင်ပို၍ ရင်းနှီးမှုရှိကြောင်း မည်သိုသိ နိုင်မည်နည်း။
ယေရှုခရစ်က”ဘုရားသခင်၏အလိုတော်ကိုဆောင်သောသူသည် ငါ့ညီ၊ ငါ့နှမ၊ ငါ့အမိဖြစ်သတည်း” ဟု ဆိုခဲ့သောကြောင့်ဖြစ်၏။ (မာ ၃း၃၁-၃၅)
၁၅။ယေရှုခရစ်သည် မည်သိုသောနည်းဖြင့် တရားဟောသနည်း၊ အဘယ်ကြောင့်နည်း။
ယေရှုခရစ်သည် ဥမမာများပေး၍ဟောပြောလေ့ရှိ၏။ ထိုသိုဟောပြောခြင်းဖြင့် ယေရှုခရစ်ကို မနှစ်သက်သောသူများသည် စိတ်ဆိုးခြင်းမရှိဘဲ အမှန်တရားကိုနားလည်ကြရန်ဖြစ်၏။
၁၆။ ဥပမာများကားမည်သိုနည်း။
ရိုးစဉ်းသောအဖြစ်အပျက်၊ ပုံပြင်များ ဖြစ်သော်လည်း ဝိညာဉ်ရေးရာကို ရှင်းလင်းစွာနားလည်စေသော အချက်များဖြစ်ပါသည်။
၁၇။ ထိုဥပမာအချို့ကိုခြုံ၍ မည်သိုအမည်ပေးထားသနည်း
“ပင်လယ်ကမ်းဘေးမှဥပမာ”ဟု အမည်ပေးလေ့ရှိ၏။ အဘယ်ကြောင့်ဆိုသော် များစွာသောလူထု အား လှေပေါ်မှနေ၍ ဟောပြောလေ့ရှိသောကြောင့် ဖြစ်ပါသည်။ (မဿဲ ၁၃း၁)
၁၈။ ထိုဥပမာများထဲမှ ပထမဦးဆုံး ဥပမာကိုဖော်ပြပါး
၄ မျိုးသော မတူသည့်မြေအနေအထားပေါ်တွင် မျိုးစေ့ကြဲခြင်းအကြောင်းဖြစ်ပါသည်။ (မသဲ ၁၃း ၃- ၉၊ ၁၃း ၁၈-၂၃)
၁၉။ မျိုးစေ့၏အဓိပ္ပါယ်ကားမည်သိုနည်း။
ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဆိုလို၏။
၂၈။ လမ်းဘေး၌မျိုးစေ့ကြဲခြင်းအဓိပ္ပါယ်ကားမည်သိုနည်း။
တရားစကားကိုကြား၍ နှလုံးမသွင်းသဖြင့်ကြဲသောမျိုးစေ့ကို နတ်ဆိုးလာ၍ နှုတ်ယူတတ်၏။
၂၁။ ကျောက်ပေါသောအရပ်၌မျိုးေစ့ကြဲခြင်းအဓိပ္ပါယ်ကားမည်သိုနည်း။
တရားစကားကိုကြား၍ ဝမ်းမြောက်သောစိတ်နှင့်ချက်ခြင်းခံယူသော်လည်း စိတ်နှလုံး တည်ခြင်းကို ဆိုလို၏။
၂၂။ ဆူးပင်တိုတွင် အစေ့ကြဲခြင်းအကြောင်းအရာကားမည်သိုနည်း
တရားစကားကိုကြား၍ ယုံကြည်သော်လည်း လောကီအမှု၌ စိုးရိမ်ခြင်းနှင့် စည်းစိမ်ဥစ္စာ၊ သည် တရားစကားကို လွှမ်းမိုးညှဉ်းဆဲတတ်သောကြောင့် အသီးမသီးနိုင်ဟု ဆိုလို၏
၂၃၊ ကောင်းသောမြေပေါ်၌ မျိုးစေ့ကြဲခြင်းအဓိပ္ပါယ်ကားမည်သိုနည်း။
တရားစကားကိုကြား၍ နှလုံးသွင်းသဖြင့် အဆသုံးဆယ်၊ အဆခြောက်ဆယ်အဆတစ်ရာပွား သီးတတ် ခြင်းကို ဆိုလိုပါ၏။
၂၄။ ဒုတိယဥပမာကိုဖေါ်ပြပါ။
စပါးနှင့်တောရိုင်းပင် ဥပမာဖြစ်ပါသည်။ (မဿဲ ၁၃း၂၄-၃ဝ၊ ၁၃း၃၆-၄၃)
၂၅။ တောရိုင်းပင်ကား မည်သိုသောအပင်ဖြစ်ပါသနည်း။
ဂျုံစပါးအပင်နှင့် သဏ္ဌာန်တူသောမြက်ရိုင်းအပင်မျိုးကိုဆိုလိုပါသည်။
၂၆။ ထိုတောရိုင်းပင်သည် မည်သို့အသုံးဝင်သနည်း။
မည်သိုမျှအသုံးမဝင်သဖြင့် မီးရှို့ပစ်ရန်သာဖြစ်ပါသည်။
၂၇။ “စပါးရိတ်သည့်ကာလ” ဟူသောစကား၏အဓိပ္ပါယ်ကိုဖော်ပြပါ။
“စပါးရိုတ်သောကာလ”ကား ဤကမ္ဘာကုန်သောကာလကိုဆိုလို၏ (မဿဲ ၁၃း၃၉)
၂၈။ စပါးကိုသိမ်းဆည်းရာ”စပါးကျီ”ကားမည်သိုနည်း။
ကောင်းကင်နိုင်ငံတော်ကိုဆိုလို၏။
၂၉။ စပါးရိတ်သိမ်းသူကားမည်သူနည်း။
ကောင်းကင်တမန်များကိုဆိုလိုသည်။
၃၈။ တောရိုင်းပင်ဟူသောစကားသည် မည်သူ့ကိုရည်ရွယ်သနည်း။
မာရ်နတ်၏လမ်း လွဲမှားသော လမ်းကိုလိုက်တတ်သောမာရ်နတ်၏ သားသမီးများကိုဆိုလိုဧ။်။
၃၁။ ဤကျမ်းပိုင်းအတွင်းဖော်ပြထားသော ဥပမာပေး၍ဟောပြောချက်များကိုေဖာ်ပြပါ။
(၁) မုန်ညင်းစေ့ဥပမာ –
(၂) မုန့်ညက်ရှိသမျှကို ပွစေသောတဆေးများ
(၃) လယ်၌ဝှက်ထားသောဘဏ္ဍာ
(၄) ရတနာအားလုံးထက်တန်ဖိုးကြီးသောပုလဲ
(၅) ပင်လယ်၌ချ၍ အမျိုးမျိုးသောငါးတို့ကို အုပ်မိသောပိုက်ကွန် ဥပမာတို့ ဖြစ်ပါသည်။
၃၂။ ထိုဟောပြောချက်များပြီးသည့်နောက်ယေရှုခရစ်သည် မည်သိုကိုဩဖွယ်အမှုကိုပြုခဲ့ပါသနည်း။
ယေရှုခရစ်၏နှုတ်ထွက်စကားအားဖြင့် လေနှင့်ပင်လယ်ကိုငြိမ်သက်ေစ၏။:'( မာကု ၄း၃၅-၄၁
၃၃။ သခင်ယေရှုက သူ၏တပည်တော်များအား ပြောသောစကားအပေါ်တွင် ကျွန်ုပ်တို မည်သိုသင်ခန်းစာယူနိုင် သနည်း။
ဘုရားသခင်၏ကောင်းမြတ်ခြင်းနှင့် တန်ခိုးတော်၌အစဉ်ထာဝရပြည့်ဝသောယုံကြည်ခြင်းဖြစ်၏။
၃၄။ ယေရှုခရစ်သည် လေနှင့်ပင်လယ်ကို မည်သိုမိန့်တော်မူသနည်း။
“တိတ်ဆိတ်ငြိမ်ဝပ်စွာနေဟု မိန့်တော်မူ၏။ (မာ ၄း၃၉)
၃၅။ အိုင်တစ်ဖက်ကမ်းသိုရောက်သော် ယေရှုကို မည်သူက ခရီးဦးကြိုပြုသနည်း။
ကြောက်ရွံဖွယ်ကောင်းသောညစ်ညူးသောနတ်စွဲသူသည် ခရီးဦးကြိုပြု၏။ (မာကု ၅း၁- ၂၀)
၃၆။ ထိုသူသည်ယေရှုကိုတွေ့သော် မည်သိုပြုသနည်း။
အထံတော်သိုပြေးလာ၍ ပြပ်ဝပ်လျက် တောင်းပန်၏။
၃၇။ ယေရှုခရစ်သည် နတ်ဆိုးအားမည်သို မိန့်တော်မူသနည်း။
ထိုသူ၏အတွင်းမှ ထွက်သွားရန် အမိန့်ပေး၏။
၃၈။ နတ်ဆိုးတို့အား မည်သည့်အရပ်သိုသွားခွင့်ပေးသနည်း။
နတ်ဆိုးတို့၏ မေတ္တာရပ်ခံချက်ကြောင့် ယေရှုသည် အနီးရှိ ဝက်များထဲသို ၀င်ခွင့်ပေးခဲ့သည်။ (မာကု ၄း၁၁-၁၃)
၃၉။ မည်သို့ဆက်၍ဖြစ်သနည်း။
ညစ်ညူးသောနတ်တိုသည်ထွက်၍ ဝက်ထဲသိုဝင်သဖြင့် ဝက်အစုသည်အိုင်ကမ်းစောက်သို့ တဟုန်ထိုး ပြေးဆင်း၍အိုင်၌အသက်ဆုံးကြ၏။
၄၀။ ထိုအဖြစ်ကိုမြင်သောသူတို၌ မည်သိုဖြစ်သနည်း။
ဝက်ပိုင်ရှင်များတိုသည် ကြောက်ရွံ၍ ယေရှုအား ထိုနယ်မှထွက်သွားရန် တောင်းပန်ကြ၏။ သူက ယေရှုနောက်သိုလိုက်ရန်တောင်းပန်၏။
၄၁။ ယေရှုခရစ်က နတ်ဆိုးစွဲခံရသူ နောက်ဆုံးပြောခဲ့သောစကားအပေါ်တွင် ကျွန်ုပ်တိုမည် ယူနိုင်သနည်း။
ကျွန်ုပ်တိုသည်လည်း ကျွန်ုပ်တို၏မိတ်ဆွေများအား ယေရှုခရစ် ကျွန်ုပ်တိုအတွက် မည်ကဲ့သိုပြုခဲ့ ကြောင်း ပြောပြသင့်၏။
၄၂။ ယေရှုခရစ် ကပေရနောင်မြိုသိုနောက်ထပ်ရောက်သောအခါ မည်သူသည် အကူအညီတောင်းခံသနည်း။
ယုဒလူမျိုးတို့၏ခေါင်းဆောင် တရားဇရပ်မှူး ယဣရုဖြစ်ပါသည်။ (မာကု ၅:၂၂-၂၄၊ ၅:၃၅-၄၃)
၄၃။ ယာက္ကရု၌ မည်သိုအခက်အခဲရင်ဆိုင်နေရသနည်း။
သူ၏သမီးငယ်သည် သေလုနီးပါး မကျန်းမမာဖြစ်နေ၏။ သိုသော် ယေရှုခရစ်သည် သမီးငယ်အား အ တကယ်ပျောက်ကင်းစေနိုင်ကြောင်းယုံကြည်ကြ၏။
၄၄။ ယာဣရု၏အိမ်သိုသွားရာလမ်းတွင် မည်သိုအဖြစ်အပျက်ကိုတွေ့ကြုံရသနည်း။
တစ်ဆယ့်နှစ်နှစ်ပတ်လုံး မကျန်းမာသောအမျိုးသမီးသည် ယေရှု၏အဝတ်တော်ကို တိုသဖြင့် ကျန်းမာခြင်း ကိုရ၏။
၄၅။ ယေရှုခရစ်သည် လမ်းမှာကြန့်ကြာနေစဉ် ယာဣရုထံသို မည်သိုသတင်းရောက်ရှိလာပါသနည်း။
ယာဣရု၏သမီးသည် သေသွားပြီဖြစ်ကြောင်းလာ၍ပြောကြ၏။
၄၆။ ယေရှုခရစ် ယခင်အချိန်က သေသူကို အသက်ပြန်ရှင်စေရန် ပြုခဲ့ဘူးပါသလား။
နဣနမြို၌ မုဆိုးမ၏သားကို အသက်ပြန်ရှင်စေခဲ့သည်။ ထိုသတင်းသည် ကျော်ကြားခြင်းမရှိပါ။ (လုကာ ၇း ၁၁-၁၇)
၄၇။ ဤနေရာ၌ သေခြင်းကို ယေရှုမည်သို စကားလုံးသုံးနှုးသနည်း။
အိပ်ပျော်နေခြင်းဟု ပြောဆို၍ ယေရှုက ပြန်၍နိုးထစေ၏။ (ယော ၁၁း၁၁)
၄၈။ ထိုနိုးထခြင်းသည် သဘာဝအခြေအနေသို ပြန်ရောက်ပါသလား။
ယခင် သဘာဝအတိုင်း ပြန်ဖြစ်၍ ယေရှုက “ထိုမိန်းမငယ်အား အစာကိုပေးရန်ပြော၏။ မိန်းမငယ် ချက်ချင်းလှမ်းသွား၏” (မာကု ၅:၄၁-၄၃)
၄၉။ ထိုနောက်မည် မည်သူတိုအား ကျန်းမာခြင်းပေးခဲ့သနည်း။
မျက်စိကန်းသောသူ ၂ေယာက်နှင့် နတ်ဆိုးစွဲ၍ စကားအသောသူအားကျန်းမာခြင်း ကိုပြန်၍ ရစေသည်။ (မသဲ ၉း၂၇-၃၄)
၅၀။ မျက်မမြင် ၂ယောက်၏ယုံကြည်ခြင်းကို မည်သိုသိနိုင်ပါသနည်း။
ဒါဝိတ်၏သားတော်ဖြစ်ကြောင်း၊ ကယ်မနိုင်ကြောင်းကို ယုံကြည်လျက် မစရန်တောင်းခံခဲ့၏။ (မဿဲ ၉:၂၇)
၅၁။ နာဇမြို့ရက်သားတို့နှင့်ပတ်သက်၍ ခရစ်တော်အဘယ်ကြောင့် ဝမ်းနည်းခြင်းဖြစ်ရသနည်း။
နာဇရက် မြိုသည် ခရစ်တော်ငယ်စဉ်က နေခဲ့သောမြိုဖြစ်ခဲ့သဖြင့် သူတိုသည် ခရစ်တော်ကို အထင်သေး သကဲ့သို ယုံကြည်ခြင်းအားနည်းခြင်းရှိကြ၏။ (မာကု ၆း၆) “
၅၂။ ဖြစ်လေ့ဖြစ်ထရှိသော အမှန်တရားကို ယေရှုမည်သိုပြောကြားခဲ့သနည်း။
ပရောဖက်သည် မိမိမြို့၊ မိမိအဆွေနေရာ၊ မိမိအိမ်မှတပါး အခြားသောအရပ်၌ အသရေရှိသည်ဟု မိန့်တော် မူ၏။ (မာကု ၆း၄)
၅၃။ အဘယ်ကြောင့် ယေရှုသည်ထိုအရပ်၌ ထူးခြားသောနမိတ်လက္ခဏာ မပြသနည်း။
ထိုသူတို၌ မယုံကြည်သော စိတ်ခိုင်မာသောကြောင့်ဖြစ်သည်။
၅၄။ ထိန်းသူမရှိသောသိုးတို့၌ မည်သိုဖြစ်သနည်း။
ကွဲပြားခြင်းနှင့် ဒုက္ခတွေ့ခြင်းကိုခံရမည်။ (မဿဲ ၉း၃၆၊ ဟေရှာ ၅၃း၆)
၅၅။ ယေရှုခရစ်သည် တပည်တော် ၁၂ပါးအား မည်သိုတာဝန်နှင့် ညွှန်ကြားချက်ပေးသနည်း။
သခင်ယေရှုခရစ်ပြုခဲ့သကဲ့သို တရားဟောခြင်း၊ မကျန်းမာသူများတို့အား ကျန်းမာစေခြင်းပြုရန် နတ်ဆိုး တို့ကိုနိုင်စေခြင်း တန်ခိုးတို့ကိုပေး၍ ၂ယောက်တစ်တွဲစီ စေလွှတ်၏။ (မာကု ၆း၇-၁၃၊ မဿဲ ၁၀း၁၊ ၁၁း၁)
၅၆။ တမန်တော် ၁၂ပါးအား မှာကြားခဲ့သည့်အ ပေါ်တွင်ကျွန်ုပ်တို့မည်သိုသင်ခန်းစာယူသင့်သနည်း။
“ကျွန်ုပ်တိုသည် ဆုကျေးဇူးကို အခမဲ့ရရှိခဲ့ သည့်အတိုင်း သူတစ်ပါးအားလည်း အခမဲ့ဝေမျှသင့်၏။
၁၇။ ဤနေရာတွင် သာဒုံမြိုနှင့် ဂေါမောရမြို ဥပမာဖြင့် အဘယ်ကြောင့် နှိင်းယှဉ်ထားသနည်း။
အဘယ်ကြောင့်ဆိုသော်ထိုသူတိုအတွက်ကြီးမားသောအခွင့်အရေးကိုပေးခဲ့ပြီး နားမထောင်သူများသည် ဖျက်ဆီးခြင်းခံရမည်ကြောင်းဥပမာပေးထားခြင်းဖြစ်၏။
၅၈။ မဿဲ ၁၀း ၂၂တွင် မည်သိုပြောဆိုထားသနည်း။
အကြင်သူသည်အဆုံးတိုင်အောင်တည်ကြည်၏။ ထိုသူသည်ကယ်တင်ခြင်းသိုရောက်လိမ့်မည်။ (မဿဲ ၁၀း၂၂) ကမ္ဘာဦးမှစ၍ ယခုတိုင်အောင် မဖြစ်စဖူး နောက်၌လည်းမဖြစ်လတံ့ေသာကြီးမားေသာ ဒုက္ခသည် ထိုကာလ၌ဖြစ်လိမ့်မည်။ (မဿဲ ၂၄း၂၁)
၅၉။ လက်ဝါးကားတိုင်ကိုထမ်း၍နောက်သိုလိုက်ရန်ဆိုသောစကား၏အဓိပ္ပါယ်ကိုဖေါ်ပြပါ။
ဘုရားသခင်ပေးထားသောတာဝန်ကိုကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ အခက်အခဲအမျိုးမျိုးကြား မှမငြီး မညူထမ်းဆောင်ရန်ဟူသော အဓိပ္ပာယ်ဖြစ်ပါသည်။
၆၀။ အသက်ကိုတွေ့သည်ဟူသောစကားကို ရှင်းပြပါ။
“ခရစ်တော်အကြောင်းကိုပြောပြခြင်းဖြင့် ပျက်ဆီးလမ်းလွဲသူ၏ ဝိညာဉ်အသက်ကိုကယ်တင်ခြင်း” ခရစ်တော်အတွက်လောကတွင်ဒုက္ခခံရသူသည် ကောင်းကင်နိုင်ငံတော်၌ ဆုကျေးဇူထာဝရအသက် ရမည်ဟု ဆိုလို၏။
၆၁။ ဘုရားသခင်၏အမှုတော်ဆောင်များအား ကူညီမစရန် ခရစ်တော်မည်သိုပြောဆိုခဲ့သနည်း။
ဘုရားသခင်၏တပည်တော်အား လက်ခံသောသူ ရေတစ်ခွက်ကိုမျှပေးသောသူအတွက် ဆုကျေးဇူးကောင်းချီးမင်္ဂလာရရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (မဿဲ ၁၀း၄ဝ-၄၂)
၆၂။ ယေရှုခရစ်ပြခဲ့သော နိမိတ်လက္ခဏာတိုအကြောင်းကိုကြားသော် ဟေရုဒ်မင်း၏စိတ်၌ မည်သိုထင် မြင်သနည်း၊
ဗတ္တိဇံဆရာယောဟန်သည် သေခြင်းမှထမြောက်ပြီး ယခုကဲ့သို ပြုသည်ဟု သူထင်မှတ်၏။ (မဿဲ ၁၄း၁-၁၄ တွင် ဗတ္တိဇံဆရာယောဟန်အကြောင်းတွေ့နိုင်၏)
၆၃။ အဘယ်ကြောင့် ယောဟန်အားထောင်ချထားသနည်း။ ထောင်သည် မည်သည့်အရပ်၌ရှိသနည်း။
(Machaerus,near the dead sea) မေးခွန်း၉၁-၁-၂ရှု
၆၄။ အဘယ်ကြောင့် ဟေရုဒ်မင်းသည် ယောဟန်အား ခေါင်းဖြတ်ရန် အခွင့်ပေးခဲ့သနည်း။
မိဘုရားဟေေရာဒိ၏အကြံပေးချက်ဖြင့် ဟေရောဒိ၏သမီးက ယောဟန်၏ခေါင်းကို လင်ပန်း၌ ဆောင်ခဲ့ ရန် တောင်းသောကြောင့်ဖြစ်၏။ (မဿဲ ၁၄း၈)
၆၅။ ဟေရောဒိကားမည်သူနည်း။
ဟေရောဒီသည် ဖိလိပ္စု၏ဇနီးဖြစ်သော်လည်း ဟေရုဒ်မင်းက မိဘုရားအဖြစ်သိမ်းပိုက်ခဲ့၏။
၆၆။ အဘယ်ကြောင့် ယေရှုသည် ဆိတ်ကွယ်ရာအရပ်သို ထွက်ခွာသွားသနည်း။
(၁) တပည်တော်တိုသည် ပြန်ရောက်လာကြပြီး ယေရှုနှင့်တိတ်တဆိတ်စကားပြောဆိုရန်ရှိသော ဖြစ်နိုင်သည်။ ၂) ဟေရုဒ်၏ရန်ကိုစိုးရိမ်၍ ခေတ္တရှောင်နေခြင်းဖြစ်နိုင်၏။ (၃) အကယ်၍ အသတ်ခံရခြင်းနှင့် ပတ်သက်၍ မကျေနပ်သူတိုထကြွခဲ့လျှင် ယေရှုနှင့်တပည့်တော်တိုအပေါ်တွင် အထင် အမြင်လွဲမှားနိုင် သောကြောင့် ထွက်ခွာခဲ့ခြင်းဖြစ်နိုင်သည်။
၆၇။ ထိုနေရာတွင်ယေရှုမည်ကဲ့သို အံ့သြဖွယ်နိမိတ်လက္ခဏာပြခဲ့သနည်း။
မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်အားဖြင့် မိန်းမနှင့်သူငယ်ကို မရေတွက်ဘဲ ယောက်ျားငါးထောင်အားကျွေး ခဲ့၏:'( မဿဲ၁၄း၂၁)
၆၈။. ထိုမုန့်သည် မည်သူ၏မုန့်ဖြစ်သနည်း။
လူငယ်ေလးတစ်ယောက်၏ မုန့်ဖြစ်ပြီး သူတစ်ယောက်စာလောက်ရုံမျှသာဖြစ်၏။ (ယောဟန် ၆း၉)
၆၉။ လူတိုင်း ဝစွာစားရပါသလား။
လူအပေါင်းတိုသည် စား၍ ဝကြပြီးမှ ကြွင်းသောအကျိုးအပဲ့ကိုကောက်သိမ်း၍ တစ်ဆယ့် နှစ်တောင်းအပြည့်ရကြ၏။ (မဿဲ ၁၄း၂၀)
၇၀။ ထိုနိမိတ်လက္ခဏာကို တွေ့ရပြီးနောက် တပည့်တော်တို မည်သည်အရပ်သိုသွားကြသနည်း။
ယေရှုသည်တပည့်တော်တိုကို လှေစီးစေ၍ ကမ်းတစ်ဖက်ကမ်းသို အရင်ကူးစေတော်မူ၏။ (မသဲ ၁၄း၂၂)
၇၁။ တပည့်တော်တို လှေနှင့်တစ်ဖက်ကမ်းကူးစဉ် မည်သိုတွေ့ကြုံရသနည်း။
လှေမူကား အိုင်အလယ်၌ရှိ၍ လေမသင့်သောကြောင့် လှိင်းတံပိုးလှုပ်ရှားခြင်းကို ပြင်းစွာခံရ၏” (မ ၁၄း၂၄)
၇၂။ ည၃ချက်တီးအချိန်၌ ယေရှုမည်သို ပြုသနည်း
ရေပေါ်တွင်လမ်းလျှောက်၍ တပည့်တော်တိုရှိရာလှေသို လာ၏။
၇၃။တပည့်တော်တို့ မည်သိုခံစားရသနည်း။
တပည့်တော်တိုသည် ဖုတ်တစ္ဆေထင်၍ ကြောက်လန့်ကြ၏။ ယေရှုသည်ချက်ခြင်းနှုတ်ဆက်၍ တည်ကြည် သောစိတ်ရှိကြလော့ ငါပင်ဖြစ်သည် မကြောက်လန့်ကြနှင့်ဟုမိန့်တော်မူ၏။ (မဿဲ ၁၄း၂၄-၂၇)
၇၄၊ ပေတရုမည်သိုလုပ်ဆောင်ရန် ကြိုးစားသနည်း။
ယေရှုထံသို ရေပေါ်မှလမ်းလျှောက်သွားရန်ကြိုးစား၏။ (မဿဲ ၁၄း၂၈-၃၁)
၇၅။ ပေတရုလုပ်ဆောင်နိုင်ခဲ့ပါသလား။
ယေရှုခရစ်ကိုမျှော်ကြည့်၍ ယုံကြည်ခြင်းရှိစဉ်အခါ လျှောက်လှမ်းနိုင်ခဲ့သော်လည်း ကြောက်ရွံ စိတ်ဝင်လာ သည်နှင့်တပြိုင်နက် ရေတွင်နစ်မွန်းရ၏။ (မဿဲ ၁၄း၂၉)
၇၆။ ယေရှုခရစ် ပေတရုအားကယ်တင်ရန်အသင့်ရှိပါသလား။
ချက်ချင်းပင် ကယ်တင်ခဲ့သည်။
၈၇။ ယုဒလူတို၏ရှေးထုံးတမ်းစဉ်လာဘုရားသခင်၏ပညတ်ချက်နှင့်ကိုက်ညီမှုရှိပါသလား။
ကိုက်ညီမှုမရှိပါ။ (မာကု ၇း ၇-၁၃) ထိုသူတိုသည်အပြင်ပန်းအကျင့်ကိုသာ ဦးစားပေးလျက် ဝိညာဉ်ရေးရာ၌ပညတ်ေတာ်နှင်လွဲကြ၏။
၈၈။ ဘုရားသခင်၌ သစ္စာရှိရန် ရိုးသားမှုရှိရန်လိုအပ်ကြောင်…မည်သိုသိနိုင်သနည်း။
ဘုရားသခင်သည် ကျွန်ုပ်တို၏အတွင်း စိတ်နေသဘောထားကို သိမြင်၏။ ပကာသနအပြုအမူ များကားအချင်းနှီးဖြစ်ေကြာင်းသိရှိရ၏။(မာကု ၇း ၁-၂၃)
၉၄။ ဂါလိလဲလူ တို့အတွင်းတတိယပိုင်းသာသနာ (မဿဲ ၁၅း၂၁၊ ၁၈း၃၅၊ မာကု ၇း၂၄၊ ၉း၅၀၊ လုကာ ၉၊ ယော၇၊ ၈း၅၉)
၁။တုရုမြိုနှင့် ဇိဒုန်မြိုသည် ယုဒမြိုများဖြစ်ပါသလား။
(Phoenicia) ပိုင်ဖြစ်ပြီး အနောက်မြောက်သို သွားရာပင်လယ်ကမ်းတွင်ရှိသည်။
၂။မည်သူသည် သခင်ယေရှုထံမှ အကူအညီတောင်းသနည်း။
ဂရိလူမျိုးနွယ် ဆီးရီးယားနယ်သူ(ခါနန်အမျိုးဖြစ်သူ) အမျိုးသမီးသည် သူ၏သမီးအားနတ်ဆိုး နှိပ်စက်ခြင်း ခံရသောဝေဒနာမှပျောက်ကင်းရန် မစပါဟု အသနားခံ၏
၃။ မာကု ၇း ၂၇တွင် သားများဟု မည်သူတိုကိုဆိုလိုသနည်း။
ယုဒလူမျိုးများကိုဆိုလိုသည်။ (မဿဲ ၁၅:၂၄-၂၆)
၄။ ယုံကြည်ခြင်း၏တန်ခိုး၌ အကန့်အသတ်ရှိပါသလား။
မရှိပါ။ ဘုရားသခင်၌တန်ခိုးတော်ကိုခံစားရခြင်းဖြစ်ပါသည် (မာကု ၇း၂၉)
၅။ ယေရှုသည် ထိုနေရာမှတစ်ဆင့် မည်သည့်အရပ်သိုသွားသနည်း။
ဒေကာပေါလိပြည်နယ်ကိုဖြတ်၍ ဂါလိလဲအိုင်သို့ရောက်၏။ (ပါလတိနပြည်သို့ပြန်၏(မာကု ၇း၃၁)
၆။ ထိုအရပ်၌ မည်သိုနိမိတ်လက္ခဏာပြခဲ့သနည်း။
နားပင်း၍စကားအသောသူကို အကောင်းပကတိဖြစ်စေခဲ့သည်။ (မာကု ၇း ၃၁-၃၇)
၇။ထိုအရပ်၌ယေရှုခရစ်၏ဟောပြောချက်ကို နားထောင်ရန် လူများစွာလာကြပါသလား။
စု ဝေးသောသူတိုသည် အလွန်များကြ၏။(မာကု ၈း ၁)
၈။ယေရှုထိုသူတိုအတွက် ဘာလုပ်ပေးခဲ့သေးသနည်း။
“ထိုများစွာသောလူစုလူဝေးကို အစာကျွေးခဲ့သည်။(မာကု ၈း၁-၉) (မေး ၉၃ မှ ၆၇-၆၉ရှု)
၉။ ယေရှုသည် ဖိလိပွုကဲသရိမြို သိုခရီးသွားစဉ် တပည်တော်တိုအား မည်သိုသောေမးခွန်းေမးပါသနည်း။
လူများတိုသည် ယေရှုကိုမည်သိုထင်ကြကြောင်းနှင့် တပည့်တော်တိုသည်လည်း မည်သိုထင်ကြ ေကြာင်းနှင့်တပည့်ေတာ်တိုသည်လည်းမည်သိုထင်ေကြာင်းမေး၏။ (မာတု ၈း၂၇-၂၉) ၊
၁၀။ ပေတရုမည်သို့အဖြေပေးခဲ့သနည်း။
ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသော ဘုရားသခင်၏သား တော်ဖြစ်တော် မူသည်ဟု ဖြေ၏။ (မဿဲ ၁၆း၁၆)
၁၁။ မသဲ ၁၆း၁၈-၁၉ ကိုရှင်းပြပါ။
သခင်ယေရှုခရစ်တည်းဟူသောအုတ်မြစ်ကျောက်ပေါ်တွင် တပည့်တော်များအား တာဝန်ပေးခြင်းဖြင့် သာသနာတော်ကို တည်ဆောက်မည်ဟု ဆိုလို၏။ (၁ကော ၃း ၉-၁၅၊ တမန် ၄း၁၁-၁၂၊ ဧ ဖက်၂း ၂၀ ဗျာဒိတ် ၂၁း၁၄)
၁၂။ ထိုပြောကြားချက်တို့သည် ပေတရုတစ်ယောက်တည်းကို ဆိုလိုပါသလား။
တပည့်တော်အားလုံးနှင့် စပ်ဆိုင်ပါသည်း(မသဲ ၁၈း ၁၈ ယောဟန် ၂ဝ-၂၃၊ မဿဲ ၁၉-၂၃)
၁၃။ ပေတရု၏မသိနားမလည်ဘဲ ရိုးသားစွာပြောသောစကားအပေါ်ယေရှုက မည်သိုဆုံးမသနည်း။
“အချင်းရန်သူငါ့နောက်သိုဆုတ်လော့။ သင်သည်ငါတိုက်မိ၍လဲစရာအကြောင်းဖြစ်၏”ဟု ပြောခဲ့၏။ အဘယ်ကြောင့်ဆိုသော် ပေတရု၏ပြောကြားချက်သည် အလိုတော်ဝန်မခံရန် စာတန်၏သွေးဆောင်ချက်ကဲ့သို ဖြစ်နေသောကြောင့် ဖြစ်ပါသည်။ (မဿဲ ၁၆း၂၁-၂၃)
၁၄။ မသဲ ၁၆ ၂၄-၂၈တွင် အကျင့်နှင့်ပတ်သက်၍ မည်သိုဖော်ပြထားပါသနည်း။
လူသည် ဤစကြာဝဠာကို အကြွင်းမဲ့ အစိုးရ၍ မိမိအသက်ဝိညာဉ်ရှုံးလျင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့်ရွေးနိုင်သနည်း။” (မဿဲ ၁၆-၂၆)
၁၅။ မာကု ၉း ၁ သည် မည်သိုဆိုလိုသနည်း၊
နိုင်ငံတော်၏အစဖြစ်သည့် ပင်တေကုတ္တေပွဲနေ့တွင် သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်ခြင်းကို ဆိုလို ကောင်းဖြစ်နိုင်သည်။ သိုမဟုတ် အခြားအတွေးအခေါ်အားဖြင့် ယေရုရှလင်မြိုဖျက်ဆီးရာကာလကို ဖော်ပြခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။
၁၆။ တပည့်တော် ၃ယောက်တိုသည် မည်သိုအံ့ဩဖွယ်မြင်ကွင်းကို တွေ့မြင်ခွင့်ရသနည်း။ ,
ယေရှုအားထူးခြားသောအဆင်းအရောင်နှင့်တကွ ယေရှုသည် မောရှေ့နှင့် ဧလိယတိုနှင့် အတူစကား ပြော ကိုတွေ့ရ၏။ (မောရှေ-ပညတ်တော်ကို ကိုယ်စားပြု၍ဧလိယ- ပရောဖက်များကိုကိုယ်စားပြုသည်ဟု ထင်သည်။ (မာကု ၉း၂-၈) (လုကာ ၉:၂၈-၃၆)
၁၇။ ေယရှုခရစ်သည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်း အခြားသက်သေရှိခဲ့ပါသလား။
ရှိခဲ့ပါသည်။ ဗတ္တိဇံခံယူစဉ်က “ဤကား ငါနှစ်သက်မြတ်နိုးရာ ငါ၏ချစ်သားပေတည်းဟု ကောင်းကင်က အသံတော်ဖြစ်လေ၏” (မဿဲ ၃း၁၇)
၁၈။ဧလိယသည် အမှန်တကယ်လာသည်ဟု ယေရှုမည်သူကို ရည်ညွှန်း၍ ပြောဆိုသနည်း။
ဗတ္တိဇံဆရာယောဟန်ကို ဆိုလို၏။
၁၉။ တပည့်တော်တို တောင်ခြေသိုရောက်သောအခါ မည်သိုလုပ်ဆောင်ရန် ကိစ္စဖြစ်လာသနည်း။
လူတစ်ယောက်သည် သူ၏သားနတ်ဆိုးစွဲ၍ ညှဉ်းဆဲခံနေရခြင်းကို ကုသပေးရန် တပည့်တော်တိုထံသို သူ၏သားကိုခေါ်ဆောင်ခဲ့၏။ (မာကု ၉း၁၄-၂၉
၂၀ ။တပည့်တော်တိုသည် ထိုလူငယ်အား အဘယ်ကြောင့် အောင်မြင်စွာကုသမှုမပေးနိုင်ကြသနည်း။
ဆုတောင်းခြင်း၊ ယုံကြည်ခြင်းအားနည်းသောကြောင့်ဖြစ်သည်။ (မာကု ၉း ၁၄-၂၉)
၂၁။ ထိုလူငယ်၏ဖခင်သည် ယုံကြည်ခြင်းအားလျော့နည်းခဲ့ပါသလား။
ထိုသူသည် ယေရှုခရစ်၌လည်း သံသယဖြစ်ခဲ့မိ၏။ (မာကု ၉း၂၉)
၂၂။ ယေရှုခရစ်သည် တပည်တော်တိုအား မည်သိုအားပေးစကားပြောခဲ့သနည်း။
ယုံကြည်ခြင်းရှိသူအတွက် မဖြစ်နိုင်သောအရာမရှိဟုပြောခဲ့သည်။
၂၃။ မသဲ ၁၇း ၂၄ ရှိ ဗိမာန်တော်အခွန်(ဒိဒြမ္မာ)ကား မည်ကဲ့သိုဆိုလိုသနည်း။
လူတစ်ယောက်အတွက် သတာတဲပြားဝက်ကို ဘုရားသခင်အားဆပ်ကပ်ရန်(သို) ဗိမာန်တော်ကိစ္စဆောင် ရွက်ရန်အတွက် ပေးဆောင်ရခြင်းကို ဆိုလိုပါသည်။ (ထွက် ၃၀း၁၃) (၆ရာ ၂၄း၉) (နေ ၁၀း၃၂)
၂၄။ မဿဲ ၁၇း ၂၅ တွင် တင်ကူး၍ ဆိုသည့်အသုံးအနှုန်းအဓိပ္ပါယ်ကိုဖော်ပြပါ။
သူ၏မေးခွန်းကိုအရင်ဦးစွာဖြေဆိုစေလိုသည့် သဘောဖြစ်ပါသည်။
၂၅။ ယေရှုခရစ်သည် မည်သိုသော အတွေးအခေါ်(သို) စဉ်းစားဆင်ခြင်ရန်သင်ပေးခဲ့သနည်း။
သေးငယ်သောအမှုကိစ္စ၌ပင်လျှင် မလိုအပ်သောအကြောင်းပြချက်မပေးရန်။ (မှန်မှန် ကန်ကန်ပြောဆိုတတ် ရန်ဖြစ်သည်။) မဿဲ ၁၇း ၂၄)
၂၆။ တပည့်တော်တိုသည် လမ်းခရီး၌ မည်သိုအကြောင်းနှင့်ပတ်သက်၍ ငြင်းခုံကြသနည်း။
ကောင်းကင်နိုင်ငံတော်တွင် မည်သူသည် အကြီးမြတ်ဆုံးဖြစ်သနည်းဟု ငြင်းခုံကြသည်။ (မာကု ၉း ၃၃-၃၇)
၂၇။ သခင်ယေရှုသည် တပည့်တော်တိုအား မည်သိုသင်ကြားသနည်း။
နှိမ့်ချသောသဘော ရှိရန်သင်ကြားခဲ့သည်။
၂၈။ဤစာသင်ခန်းစာကို လိုက်လျှောက်သူတိုအတွက် မည်သည့်ဆုကျေးဇူးရှိသနည်း။
ယေရှုခရစ်ကိုလက်ခံခြင်း(သို) ယေရှုခရစ်၏မျက်နှာကို ထောက်ထား၍ လိုအပ်သူအားကူညီ မစသူအတွက် ကောင်းချီးမင်္ဂလာများစွာရှိ၏။
၂၉။ မာကု ၉း ၃၈-၄၁ သည် တပည့်တော်တိုအတွက် သည်းမခံနိုင်သောစိတ်ပျက်ခြင်းဖြစ်ပါသလား။ ”
ကျွန်ုပ်တိုနှင့်သဘောမတိုက်ဆိုင်သူကို အလွယ်တကူဖြင့် တပည့်တော်အဖြစ်မှမပယ်သင့်ပါ။
၃၀။ ယေရှုခရစ်အား ယုံကြည်လက်ခံသူသည် ယေရှုခရစ်အတွက် လုပ်ဆောင်သူဖြစ်ပါသလား။
မဟုတ်ပါ။ ဥပမာအားဖြင့် ယေရှုခရစ်၏မျက်နှာကိုထောက်ထား၍ သူတစ်ပါးအား ရေတစ်ခွက်ကိုမျှ မစသူသည် ကောင်းချီးမင်္ဂလာဆုကျေးဇူးကိုရနိုင်၏။ (မဿဲ ၉း၄၁)
၃၁။ သူတစ်ပါးကိုမှားယွင်းစေခြင်း၊ ပျက်စီးစေခြင်းနှင့်ပတ်သက်၍ မည်သိုသင်ခန်းစာရသနည်း။
သူတစ်ပါးကို အငြိုးထား၍ ထိခိုက်စေခြင်းနှင့် ယုံကြည်အားနည်းသူအား မှားယွင်းပျက် ဆီးစေရန်ပြု သူသည် အသက်ရှင်သည်ထက် သေသော်သာ၍ကောင်း၏။ (မာကု ၉း၄၂)
၃၂။ ကျွန်ုပ်တိုပြုမိသော အပြစ်အတွက် မည်သိုလုပ်ဆောင်သင့်သနည်း။
မည်သည့်အဖိုးအခကိုပေးရသည်ဖြစ်စေ ပြုမိသောအပြစ်ကိုစွန့်ပစ်ကျောခိုင်းခြင်းသာ အကောင်းဆုံး ဖြစ် ၏။ (မာကု ၉း ၄၃-၄၉)
၃၃။ မဿဲ ၁၈ တွင် ယေရှုခရစ်သည် တပည်တော်တိုအား မည်သိုသင်ကြားပေးခဲ့သနည်း။
ခွင့်လွှတ်ခြင်းအကြောင်းကို သင်ကြားပေးခဲ့၏။
၃၄။ ခရစ်တော်သည် တစ်ဦးနှင့်တစ်ဦး သည်းခံခြင်းနှင့် ခွင့်လွှတ်ခြင်း ရှိရန် မည်သိုမှာကြားသနည်း။
သင်တို့အားနှောင့်ယှက်သူ၊ မနှစ်သက်သူထံသို တစ်ဦးတည်းရှိစဉ်ခါ သွား၍ မေတ္တာဖြင့် ပြောဆိုရန် ပြောကြား၏။ (မဿဲ ၁၈း ၁၅)
၃၅။ ယုံကြည်သူ ၂ဦးသဘောချင်းတူ၍ ဆုတောင်းခြင်း၌ ကန့်သတ်ချက်ရှိပါသလား။ (မဿဲ ၁၈း၁၉- ၂၀
ကျွန်ုပ်တို၏ဆုတောင်းချက်များသည် ဘုရားသခင်၏အလိုတော်နှင့်အညီဖြစ်သင့်၏ (၁ေယာ ၅း၁၄
၃၆။ ပေတရုသည် အများဆုံးအကြိမ်မည်မျှ ခွင့်လွှတ်ရမည်ဟု ထင်ခဲ့သနည်း။
ခုနှစ်ကြိမ်။
၃၇။ သခင်ယေရှုပြောဆိုချက်နှင့်ကိုက်ညီပါသလား၊
မကိုက်ညီပါ။သခင်ယေရှုက အကြိမ်ခုနှစ်ဆယ်ခုနှစ်လီဟုဆိုထား၏။အဓိပ္ပါယ်မှာအကြိမ်အကန့်အသတ် မရှိဟု ဆိုလိုခြင်းဖြစ်သည်။
၃၈။သခင်ယေရှုပြောသောဥပမာတွင် မိမိကျွန်သည် ၊ သခင်အားကြွေးမည်မျှပေးရန်ရှိသနည်း။
ငွေအခွက်တစ်သိန်း(ဒေါ်လာ ၁၂သန်းခန့်) (မသဲ ၁၈း၂၄)
၃၉။ ထိုအရာသည်ကျွန်ုပ်တိုအနေနှင့်ဘုရားသခင်အားပေးဆပ်ရန်ရှိသည့်အကြွေးကဲ့သိုအဓိပ်ပါယ်ဆောင် သလား။
ထိုကဲ့သိုသောအဓိပ္ပါယ်အမှန်ပင်ဖြစ်ပါသည်။
၄၀။ ကျွန်ုပ်တို့သည်လည်းဘုရားသခင်ထံမှမေတ္တာဖြင့်ခွင့်လွတ်ခြင်းကိုရနိုင်ပါသလား။
ဘုရားသခင်သည်အကြင်နာသောမေတ္တာသက်သက်ဖြင့်ခွင့်လွတ်ပြီးဖြစ်၏။
၄၁။ ကျွန်ချင်းသည်အကြွေးမည်မျှပေးရန်ကျန်ရှိသနည်း။
ဒေနာရီတစ်ရာ:'(ဒေါ်လာ၁၆၀ခန့်;)ဖြစ်သည်။
၄၂။ ဤဥပမာတွင် လူအချင်းချင်းအကြွေးတင်ခြင်းအကြောင်းဖြစ်သော်လည်း လူကဘုရားသခင်အားပေးဆပ်ရန် အကြွေးတင်နေခြင်းနှင့် စပ်ဆိုင်ပါသလား။
မှန်ကန်ပါသည်။ ဤဥပမာ၏ဆိုလိုရင်းသည်လည်း လူသားတိုအနေဖြင့် ဘုရားသခင်အားပေးဆပ်ရန် အကြွေးကိုအစားထိုး၍ စဉ်းစားဆင်ခြင်ရန်ဖြစ်ပါသည်။ ။
၄၃။ ကျွန်ုပ်တို့ကို ဘုရားသခင်ကဲ့သို အတုယူ၍အနှစ်နာခံ၊ သည်းခံတတ်ရန်သင်ကြားပေးခြင်းဖြစ်ပါသလား။ ။
မှန်ပါသည်။ ကျွန်ုပ်တိုသည်လည်း ထာဝရဘုရား၏ခွင်လွှတ်ခြင်းကိုခံစားနေရသည်ဟု သတိယဆင်ခြင်း ၊ သူတစ်ပါးအား စာနာခွင့်လွှတ်တတ်ရန်ဖြစ်ပါသည်။
၄၄။ သနားကြင်နာတတ်သောဘုရားသခင်သည် တရားစီရင်တတ်သောဘုရားလည်းဖြစ်ကြောင်း မည်သိုသိနိုင် မည်နည်း
ဤဥပမာတွင် “ငါသည် သင်ကိုသနားသကဲ့သို သင်သည်ကျွန်ခြင်းကိုမ သနားသကဲ့သိုသင်သည် ကျွန်ချင်းကိုမသနားအပ်သောဟုဆိုလျက်အမျက်ထွက်၍ကြွေးရှိသမျှကို မဆပ်မီတိုင်အောင်အာဏာသား တို့လက်ကိုအပ်ေလ၏ဟူေသာအချက်ကိုကြည့်ခြင်းအားဖြင့် သိနိုင်၏။ (မဿဲ ၁၈း ၃၃-၃၅)
၄၅။ ယောဟန်အခန်းကြီး ၇ ၌ဖော်ပြချက်တို့၏ အချိန်အခါနှင့်နေရာကို ဖော်ပြပါ။
ယေရုရှလင်မြို သကေနေပွဲတွင်ဖြစ်သည်း
၄၆။ သကေနေပွဲ၏အဓိပ္ပါယ်ကားမည်သိုနည်း။
ဣသရေလလူတိုအား အဲဂုတ္တုပြည်မှ နှုတ်ဆောင်ခဲ့သောအနှစ် ၄၀ ကာလအတွင် သစ်ခက်တဲ၌နေခဲ့ ကိုအောက်မေ့သတိရစေရန် ပြုသောပွဲဖြစ်၏။ (ဝတ် ၂၃း ၃၉- ၄၃) ၊
၄၇။ ယော ၇း၁၃တွင် သူတိုသည် ယုဒလူတိုကိုကြောက်သည်ဟု အဘယ်ကြောင့် ဖော်ပြထားသနည်း။
သူတိုသည် ခရစ်တော်ကိုထောက်ခံသူ၊ နောက်လိုက်များဖြစ်ကြောင်းသိလျှင် ဗိမာန်တော်မှ မောင်းထုတ် ခံရမည်စိုးသောကြောင့် ဖြစ်၏။ (တမန် ၅:၁၃)
၄၈။ နာခံတတ်သောသဘောနှင့် ဘုရားသခင်၏သြဝါဒတိုကို နားလည်ခြင်းသည် မည်သိုဆက်စပ်မှုရှိသနည်း။
ဘုရားသခင်၏အလိုတော်နှင့်အညီ အသက်ရှင်နေထိုင်လိုသောသူသည် ထာဝရဘုရားသခင်၏ ဩဝါဒစကား နှင့် ပညတ်ချက်တိုကိုလည်း ကောင်းစွာသဘောပေါက်နားလည်ရန်လိုပါ၏။ (ယော ၇း၁၇)
၄၉။ ယော ၇း၂၆ တွင် “ခရစ်တော်ဖြစ်သည်”ဟုမည်သူတိုကိုဆိုလိုသနည်း။
စစ်မှန်သောမေရှိယကို ဆိုလို၏။
၅၀။ ယော ၇း၃၅တွင် “ကွဲလွင့်နေကြသောသူများဟု မည်သူတိုကိုဆိုလိုသနည်း
အခြားသောလူမျိုးတိုနှင့် ရောနှော၍ကွဲလွင့်နေသော ဣသရေလမျိုးနွယ်ကိုဆိုလိုသည်။
၅၁။ ယုဒလူတို့အနေဖြင့် သခင်ယေရှု၏ဟောပြောချက်တိုသည် တစ်ပါးအမျိုးသားများနှင့်လည်းဆိုင်သည်ဟု ယူဆပါသလား။
ထိုသိုမဟုတ်ပါ။ ယုဒလူတိုက သူတိုသာလျှင် ထာဝရဘုရားနှင့် သက်ဆိုင်သည်ဟု ယူဆကြသည်။
၅၂။ သခင်ယေရှုထံသို မည်သည့်ရေကိုသောက်ရန် လာသင့်သနည်း။ (ယော ၇း၃၄-၃၉)
ဝိညာဉ်၏ဆာငတ်ခြင်းပြေရန် သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် လက်ခံလျက် အသက်စမ်းရေကို သောက် ရန်ဖြစ်သည်။
၅၃။ ယော `၇း၄၀ တွင် “လာလတ္တံ့သောပရောဖက်”ဟု မည်သူ့ကို ဆိုလိုသနည်း။
တရားဟောရာကျမ်း ၁၈း၁၅-၁၈တွင် မောရှေဖော်ပြခဲ့သော သူကိုဆိုလို၏။
၅၄။ ယော ၇း၄၉ တွင် “တရား” ဟူသောစကာလုံး၏အဓိပ္ပါယ်ကိုရှင်းပြပါ။
မောရှေ့နှင့်ပရောဖက်တိုရေးသားခဲ့သောဥပဒေများကိုဆိုလို၏။
၅၅။ ထိုနေရာတွင် ယေရှုဖက်မှ မည်သူသည် ပြောဆိုသနည်း။
ထိုမင်းများအဝင်ဖြစ်သော နိကောဒင်ဖြစ်သည်။ (ယော ၇း၅၀-၅၁) (ယော ၃) (မေး ၉၁-၅-၁၁)
၅၆။ ယော ၈ း၁၂တွင် ယေရှုသည် သူ၏အကြောင်းကို မည်သိုပြောဆိုသနည်း။
ယေရှုက“ငါသည်ဤလောက၏အလင်းဖြစ်၏”ဟု ဆို၏။
၅၇။ အခြားကျမ်းပိုင်းတွင် ဤစကားကိုတွေ့နိုင်ပါသလား။
တွေ့နိုင်ပါသည်။ ယော ၁၄၊ ၅၊ ၉။ ၃၁၉၊ ၉:၅၊ ၁၂:၃၅၊ ၃၆၊ ၄၆။
၅၈။ ထိုစကား၏အဓိပ္ပါယ်ကိုရှင်းပြပါ။
ယေရှု၏နောက်သိုလိုက်လျှောက်သောသူတိုသည် သံသယ ယုံကြည်ခြင်းကင်းမဲ့သော မှောင်မိုက်ထဲတွင် မလျှောက် မှောင်မိုက်တွင်းသိုမကျရောက်ဘဲ အသက်၏လင်းကိုရရန် ဖြစ်၏။
၅၉။ ဇာတိပကတိအတိုင်း စီရင်ခြင်းကားမည်သိုနည်း။
လောကအမြင်ဖြင့် အပြင်ပန်းကိုကြည့်၍ဆုံးဖြတ်ခြင်းကိုဆိုလို၏။ (ယော ၈း၁၅)
၆၀။ ယော ၈း ၂၈တွင် လူသားကိုမြှောက်ထားခြင်း”ဟူသောစကားကား မည်သိုနည်း။
ကားတိုင်ပေါ်တွင် ရိုက်ထားခြင်းကိုဆိုလို၏။ (ယော ၃း၁၄၊ ၁၂:၃၂)
၆၁။ ယော ၈း၃၉ တွင် သခင်ယေရှုက “အာဗြဟံ၏အကျင့်”ဟု ဆိုရာ၌ မည်သိုဆိုလိုသနည်း။
ဘုရားသခင်၌ ယုံကြည်ခြင်း ခိုင်မြဲခြင်း၊ သစ္စာရှိခြင်းကိုဆိုလိုသည်။ ယုဒလူတို့ ယေရှုခရစ်၏စကားကို ယုံကြည်၍ လိုက်နာရန်ဆိုလိုသည်။
၆၂။ ယော ၈:၅၁ ပါအချက်သည် ကိုယ်ခန္ဓာသေခြင်းကို ဆိုလိုပါသလား။
မဟုတ်ပါ။ ဝိညာဉ်၏ပျက်ဆီးခြင်း၊ သေခြင်းကိုဆိုလို၏။တစ်နည်းအားဖြင့် ဒုတိယသေခြင်းဖြစ်သော ဝိညာဉ် ၏ထာဝရသေခြင်းကိုဆိုလိုသည်။
၆၃။ အာဗြဟံသည် ယေရှုခရစ်ကြွလာသောနေ့များကို မည်သိုမြင်သနည်း။
ယုံကြည်ခြင်း ပျက်ဆီးခြင်းအားဖြင့်လည်းကောင်း ဘုရားသခင်၏ကတိတော်များကို သိနားလည်၍ လည်း ကောင်းကြိုမြင်၏။ (ယော ၈:၅၂-၅၉)
၆၄။ အာဗြဟံမဖြစ်မီ “ငါ” ဖြစ်၏ဟူသောစကား၌ မည်သိုအဓိပ္ပါယ်ပေါ်သနည်း။
ဘုရားသခင်ကလည်း ဖြစ်သည်အတိုင်းငါဖြစ်၏ဟူ၍လည်းကောင်း ငါဖြစ်သည်ဟုအမည်ရှိသော သူသည် ငါ့ကိုသင်တိုရှိရာသိုစေလွှတ်တော်မူပြီဟု ဣသရေလအမျိုးသားတိုအား ပြန်ပြောလော့ဟူ၍ လည်းကောင်း မောရှေ့ အားမိန့်တော်မူ၏။ (ထွက် ၃း၁၄)
၉၅။ ပါရီးရန်းသာသနာ'(ဆက်ကပ်ပူဇော်ရာပွဲနေ့-) (မဿဲ ၁၁း၂၀-၃၀၊ လု ၉း၅၁၊၁၀း၄၂၊ယော ၉း၁၊ ၁၀း၁၇)
၁။ သကေနေပွဲနေ့နှင့် ပသခါပွဲနေ့ (အဇုမပွဲ)အကြား ယေရှုခရစ်မည်သိုလုပ်ခဲ့သနည်း။
ဂါလိလဲနယ်သို့ခေတ္တခဏပြန်ခဲ့သော်လည်း လုပ်ဆောင်ချက်များ မှတ်တမ်းစားခြင်းမတွေ့ရပါ။ ထိုနောက် ဂါလိလဲနယ်တွက်ခွာသွားကြောင်းသိရှိရ၏။
၂။ လုကာ ၉း၅၁-၅၆တွင် မည်သည့်အဖြစ်အပျက်ကို မှတ်တမ်းတင်ထားသနည်း။
ရှမာရိရွာသားတို သခင်ယေရှုနှင့် တပည့်တော်တိုအပေါ် ဧည့်တာဝန်မကျေပွန်ခြင်းကို မှတ်တမ်း တင်ထား၏။
၃။ ယုံကြည်ခြင်းခိုင်မြဲမှုရှိရန် အဘယ်ကြောင့်ထပ်၍ မှာကြားသနည်း။
ယေရှုခရစ်သည် သူခံစားရမည့် ဒုက္ခဝေဒနာကို ခံတော်မူသည့်အတိုင်း တွေ့မြင်ရသော တပည့်တော်တို့ ၌ စိတ်ပျက်ခြင်း မရှိစေရန်မှာကြားခြင်းဖြစ်၏။
၄။ ရှမာရိလူတို့ အဘယ်ကြောင့် ယေရှုခရစ်အားလက်မခံလိုသနည်း။
ယေရှုခရစ်သည် ယေရှုရှလင်မြို့သို့သွားမည်ကိုသိသောကြောင့် သူ့ကိုမုန်းကြ၏။ ( လု ၉း၅၃)
၅။ အဘယ်ကြောင့်ထိုသူတိုဧည့်ဝတ်မကျေဟုပြောဆိုရသနည်း။
သမရိုးကျဇည့်သည်ဝတ်ပြုခြင်းကို ရှောင်လွှဲသောကြောင့်လည်းကောင်း၊ တစ်နည်းအားဖြင့် ဘာသာရေး ပတ်သက်သောသင်ကြားပေးသည့် ဆရာဖြစ်သည်ကိုသိပါလျက် ဧည့်သည်ဝတ်မပြုသောကြောင့်ဖြစ်သည်။
၆။ ယေရှုခရစ်သည် နူးညံ့သိမ်မွေ့သောသဘောကိုမည်သိုပြခဲ့သနည်း။
တပည့်တော်တိုက တောင်းဆိုသော်လည်း ယေရှုခရစ်သည် ရှမာရိလူတိုအပေါ်တွင် ဒဏ်ခတ်ခြင်းကို မပြုခဲ့ပါ။
၇။ ယေရှုခရစ်၏ဆင်းရဲခြင်းကို မည်သိုတွေ့ နိုင်သနည်း။
ယေရှုကလည်း … လူသားမူကား ခေါင်းချစရာမရှိဟု”မိန့်တော်မူ၏။ (လုကာ ၉း၅၈)
၈။ ယေရှုခရစ်သည် သစ္စာရှိခြင်း၊ ယုံကြည်ခြင်းခိုင်မြဲခြင်းနှင့် ပတ်သက်၍မည်သိုဥပမာပေးခဲ့သနည်း။
“ထွန်ကိုင်းကို ကိုင်လျက် နောက်သိုလှည့်၍ကြည့်သောသူမည်သည်ကား ဘုရားသခင်၏နိုင်ငံတော်နှင့် မထိုက် တန်ဟုမိန့်တော်မူ၏။ (လုကာ ၉း ၆၂)
၉။ အဘယ်ကြောင့် တပည့်တော်အယောက် ၇ဝ ရွေးချယ်ရသနည်း။
ယေရှုခရစ်ကြွလာမည့်မြိုရွာသို ရှေ့တော်၌နှစ်ယောက်တစ်တွဲစီ စေလွှက်တော်မူ၏။(လုကာ၁၀း ၁-၂၄)
.
၁၀။လမ်း၌သွားစဉ်အဘယ်သူကိုမျှနှုတ်မဆက်ကြနှင့်”ဟု တပည်တော်တိုအား အဘယ်ကြောင့် မှာသနည်း။
သူတို့ထုံးစံအရ နှုတ်ဆက်ခြင်းသည် အချိန်ကြာမြင့်တတ်သောကြောင့်ဖြစ်၏။ (လုကာ ၁၀း၄ )
၁၁။ခြေထောက်၌ကပ်ပါလာသောထိုမြို၏မြေမှုန့်ကိုခါလိုက်”ဟူသောစကား၏အဓိပ္ပါယ်ကို ရှင်းပါ။
အရှေ့တိုင်းထုံးစံဖြစ်ပြီးထိုမြိုနှင့် ပတ်သက်၍ လုံးဝသက်ဆိုင်ခြင်းမရှိဟူသော အဓိပ္ပါယ်ဆောင်၏။
၁၂။ တပည့်တော်ခုနှစ်ဆယ်တိုအပေါ်၌ ယေရှု၏တန်ခိုးတော်သက်ရောက်ခြင်း ခံစားရပါသလား။
သူတို့၏ကိုယ်ခန္ဓာ၌သက်သာခြင်း၊ ပင်ပန်းမှုမရှိခြင်းနှင့် သူတို၏သာသနာလုပ်ငန်းတွင် အံ့သြဖွယ်အောင် မြင်ခြင်းကို ခံစားရကြ၏။
၁၃။ ကပေရနောင်မြိုသည် မိုးကောင်းကင်တိုင်အောင် မြောက်စားခြင်းကိုခံရ၏ဟု အဘယ်ကြောင့် ရေးသား ထားသနည်း။
ထင်ပေါ်ကျော်ကြားသောမြိုဖြစ်ပြီး ခရစ်တော်ကိုယ်တိုင်ကြွလာခြင်းနှင့် ဟောပြောခြင်းကိုကြားသိ ရသော အထူးအခွင့်အရေးရသည့်မြိုဖြစ်သောကြောင့် ဖြစ်ပါသည်။
၁၄။ ခရစ်တော်နှင့် သူ၏တပည့်တော်တိုသည် တစ်လုံးတစ်ဝတည်းဖြစ်ကြောင်း မည်သိုတွေ့ရသနည်း။
“သင်တို(တပည့်တော်တို) ၏စကားကိုနားထောင်သောသူသည်။ ငါ့စကားကိုနားထောင်၏။ သင်တိုကိုပယ်သောသူသည် ငါ့ကိုပယ်၏။ ငါ့ကိုပယ်သောသူသည် ငါ့ကိုစေလွှတ်တော်မူသောသူကို ပယ်သည်ဟု မိန့်တော်မူ၏။ (လုကာ ၁၀း၁၆)
၁၅။ မှန်ကန်သောဝမ်းမြောက်ခြင်းကား မည်သိုနည်း။
ခရစ်တော်ကို ရလျက် ကောင်းကင်စာရင်းဝင်ဖြစ်ရခြင်းသည်သာ မှန်ကန်သောဝမ်းမြောက်ခြင်းဖြစ်၏။
၁၆။ ဤစကားသည် ကျွန်ုပ်တို၏နေရာဒေသ၊ အချိန်အခါနှင့်စပ်ဆိုင်ပါသလား။
စပ်ဆိုင်ပါ၏။ အခွင့်အရေးရှိပါလျက် ထာဝရဘုရားသခင်၏အမှုတော်ကို ယုံကြည်စွာထမ်း ဆောင်ခြင်းမရှိသူအားလုံးနှင့်ဆိုင်၏။
၁၇။ ခရစ်တော်အကြောင်းကို မည်သူတိုသည် ပို၍နားလည်သဘောပေါက်ခြင်း အခွင့်ရှိသနည်း။
နှိမ့်ချသောစိတ်သဘောရှိသူ၊ သူငယ်ကဲ့သို ရိုးသားစွာခံယူတတ်သောသဘောရှိသူတိုသည် ပို၍သိနားလည် ခွင့်ရှိ၏ (လုကာ ၁၀း- ၂၁)
၁၈။ ဘုရားသခင်၏ထမ်းဘိုးကိုထမ်းသောသူတိုအတွက် ဆုကျေးဇူးကားမည်သိုနည်း။
ဝိညာဉ်၏ငြိမ်သက်ခြင်းဖြစ်၏။ “ဝန်လေး၍ ပင်ပန်းသောသူအပေါင်းတို ငါ့ထံသိုလာကြလော့၊ ငါသည်ချမ်းသာပေးမည်။ ငါ့ထမ်းဘိုးကိုတင်၍ထမ်းကြလော့၊ ငါထံ၌နည်းခံကြလော့၊ ငါသည်နူးညံ့သိမ်မွေ့ သောသဘောရှိ၏”သင်တိုစိတ်နှလုံး သက်သာခြင်းကို ရလိမ့်မည်။ အကြောင်းမူကား ငါ့ထမ်းဘိုးသည် ထမ်းလွယ်၏၊ ငါ့ဝန်လည်းပေါ့။ မိန့်တော်မူ၏။ (မဿဲ၁၁း၂၈-၃ဝ)
၁၉။ ကောင်းသောရှမာရိဥပမာဖြင့် သင်ကြားခြင်းအကြောင်းကို ရှင်းပြပါ။ (လုကာ ၁၀း၂၅-၃၇)
လူမျိုးရေး နှင့်အယူဝါဒကို ဂရုမစိုက်ဘဲ လိုအပ်နေသူအားကူညီမစခြင်းကို ဆိုလိုသည်။
၂၀။ ဒေနာရိ ၂ပြား၏တန်ဖိုးကိုဖော်ပြပါ။
၃၃ဆင့်ခန့်ဟု ထင်ပါသည်။ ထိုအချိန်က သာမန်အလုပ်သမားတစ်ယောက်၏ ၂ရက်စာလုပ်ခနှင့် ညီမျှ ပါသည်။
၂၁။ ယောဟန်အခန်းကြီး ၉တွင် မည်သိုသော နိမိတ်လက္ခဏာကို တွေ့ရှိနိုင်သနည်း။
မွေးကတည်းက မျက်စိကန်းသူအား ပြန်၍မြင်စေခြင်းအကြောင်းဖြစ်၏။
၂၂။ တပည့်တော်တို့၏မေးခွန်းထဲတွင် တွေ့ရှိရသော ယုဒလူတို၏ယုံကြည်ခြင်းအကြောင်းဖော်ပြပါ။
ယုဒလူတို့က ရောဂါဝေဒနာခံစားရသမျှသည် အပြစ်ကြောင့်ဖြစ်သည်ဟု ခံယူကြသည်။
၂၃။ သခင်ယေရှုခရစ်၌ ယုဒလူတိုကဲ့သိုသော ခံယူချက်ရှိပါသလား။
မရှိပါ။ ယေရှုကလည်း“ကိုယ်အပြစ်ကြောင့်မဟုတ်၊ မိဘအပြစ်ကြောင့်လည်းမဟုတ်၊ ဘုရားသခင် ၏အမှု တော်ကို သူ၌ထင်ရှားစေမည့်အကြောင်းတည်းဟု ပြောခဲ့၏။ (ယော ၉း ၃)
၂၄။ ယော ၉း၈၄တွင် နေ့နှင့်ညဟူသောစကား၏အဓိပ္ပါယ်ကိုဖွင့်ပြပါ။ ”
နေ့ • အသက်ရှင်စဉ် ဘုရားသခင်အတွက်အလုပ်လုပ်ဆောင်ခြင်း
ည • သေခြင်း၊ အလုပ်မှအနားယူရသောအချိန် ဟု ဆိုလို၏။
၂၅။ တရားစရပ်မှနှင်ထုတ်သည်ဆိုသောအဓိပ္ပါယ်ကားမည်သိုနည်း။
“ဗိမာန်တော် ဘာသာရေးဆိုင်ရာပွဲများသို တက်ခွင့်မရှိသဖြင့် လူအများ၏ ရှုချခြင်း ပယ်ထားခြင်းကို ခံရသောသူဖြစ်၏။
၂၆။ ထိုမျက်မမြင်၏ဝန်ခံချက်ကားမည်သိုနည်း။
“ထိုသူသည် လူဆိုးဖြစ်သည်။ မဖြစ်သည်ကို အစ်မသိ၊ အကျွန်ပ်သည် အထက်က မျက်စိကန် ယခုမျက်စိမြင်သည့်အကြောင်းတစ်ခုကို အကျွန်ုပ်သိသည်”ဟု ဆို၏။ (ယော ၉း၂၅)
၂၇။ ယော ၁၀တွင် မည်သိုသောလှပသည့် ဥပမာပေးချက်ကိုတွေ့ရပါသနည်း။
ကောင်းသောသိုးထိန်းအကြောင်းဥပမာဖြစ်ပါသည်။
၂၈။ ထိုအရပ် (ပါလက်စတိုင်းဒေသ) တွင် မည်သိုသောသိုးကျောင်းသားများကိုသုံးလေ့ရှိသနည်း။
သိုးများကို ညအခါ ဘေးအန္တရာယ်မှကာကွယ်ရန် လူစောင့်ရှိသည့်သဘောဖြင့် သိုးများအနီးအနားတွင် ရှိနေရန် ငှားထားသောလူများဖြစ်ကြ၏။
၂၉။ သိုးဝင်သောတံခါးဝကား မည်သူနည်း
ယေရှုခရစ်က “ငါသည်သိုးဝင်သောတံခါးဖြစ်၏”ဟုဆို၏။ (ယော ၁၀း၈)
၃၀။ ထိုတံခါးဝဖြင့်ဝင်သောသူအတွက် မည်သိုကတိတော်ရှိသနည်း။
ဘေးအန္တရာယ်နှင့်ကင်းလွတ်၍ လိုအပ်ချက်များလည်းပြည့်စုံရမည်ဟု ကတိရှိ၏။ (ယော ၁၀း၉)
၃၁။ သခင်ယေရှုအဘယ်ကြောင့် လောကသိုကြွလာသနည်း။
ယေရှုက”ငါမူကား သိုးတိုသည် အသက်လွတ်ရုံမျှမက၊ အထူးသဖြင့် အသက်နှင့်ပြည့်စုံစေခြင်းငှာ လာသ တည်း”ဟု ဖေါ်ပြ၏။ (ယော ၁၀း၁၀)
၃၂။ ထိုဥပမာတွင် ကိုယ်ကျိုးစွန့်ခြင်းနှင့်ပတ်သက်၍ မည်သိုဖေါ်ပြထားသနည်း။
ယေရှုက “ငါသည်ကောင်းသောသိုးထိန်းလည်းဖြစ်၏။ ကောင်းသောသိုးထိန်းသည် သိုးတို့အဘိုအလိုငှာ မိမိအသက်ကိုစွန့်တတ်၏” ဟု ဆို၏။ (ယော ၁၀း ၁၁၊ ၁၀း ၁၅-၁၈)
၃၃။ သိုးများအပေါ် ချစ်ခြင်းနှင့် ဂရုစိုက်ခြင်းကို မည်သိုသိနိုင်သနည်း။
“ငါသည်ကောင်းသောသိုးထိန်းဖြစ်၏။ ခမည်းတော်သည် ငါကိုသိတော်မူ၍ ငါသည်လည်းခ မည်းတော်ကိုသိသကဲ့သို ငါ၏သိုးတိုကိုငါသိ၏။ ငါ့သိုးတိုသည်လည်း ငါ့ကိုသိကြ၏။ (ယော ၁၀း ၁၄)
၃၄။ အင်္ကနိပွဲ၏အဓိပ္ပါယ်ကား မည်သိုနည်း။
ဘုရားသခင်သည် ဗိမာန်တော်ကို ဘီစီ ၁၆၅ ၌ ဘုရင်အင်တီရိုးခတ်(King Antiochus)လက်မှ ပြန်၍ ရွေးနှုတ်ပေးခဲ့ခြင်းအထိမ်းအမှတ်ဖြင့် ကျင်းပသောပွဲဖြစ်၏။
၃၅။ ဘုရားသခင်၏စစ်မှန်သောတပည့်တော်များ၌ မည်သိုသောအာမခံချက်ရှိသနည်း။
ပျက်ဆီးခြင်းနှင့် အစဉ်မပြတ်ကင်းလွတ်ကြလိမ့်မည်။ (ယော ၁၀း ၂၇-၂၈)
၃၆။ သမ္မာကျမ်းစာသည် အဘယ်ကြောင့် မပျက်စီးနိုင်သနည်း။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏နှုတ်ကပတ်တော်ဖြစ်သောကြောင့် ဖြစ်၏။
ယေရှရုလင်မြိုသို့ နောက်ဆုံးခရီးမစတင်မီ:'(လုကာ ၁၁း၁၊၁၇း၁၀၊ယော၁၁း၁-၅၄)
၁။ လုကာ ၁၁း၂-၄ ကို မည်သိုအမည်ပေးထားကြသနည်း။
သခင်ယေရှု၏ ဆုတောင်းချက်ဟု အမည်ပေးကြ၏။
၂။ အခြားကျမ်းချက်တွင် ဤဆုတောင်းချက်ကိုတွေ့နိုင်ပါသလား။ တူညီမှုရှိပါသလား။
မဿဲ ၆း၉-၁၃တွင် တွေ့နိုင်ပါသည်။ အနည်းငယ်မျှသာ မဆိုသလောက်သာကွာခြားပါသည်။
၃။ ထိုဆုတောင်းချက်သည် ကျွန်ုပ်တိုကို မည်သိုသင်ကြားမှုပေးပါသနည်း။
ရိုးသားဖြူစင်နှိမ့်ချစွာဆုတောင်းဝတ်ပြုခြင်းသည်သာလျှင် တန်ဖိုးကြီးမားကြောင်းသိရှိရပါသည်။
၄။ ပဌနာတော်သည် အဘယ်ကြောင့်အဖိုးတန်သောဆုတောင်းချက်ဖြစ်သနည်း။
အခြားယုံကြည်သူများနှင့် စိတ်သဘောတူညီစွာရွတ်ဆိုဆုတောင်းနိုင်သောကြောင့်၄င်း၊ သခင်ယေရှုကိုယ်ကြောင့် ဖြစ်ပါသည်။
၅။ မည်သိုဆုတောင်းသင့်သနည်း။ ။
ခံစားချက်ရှိရှိနှိမ့်ချသောစိတ်ဖြင့်ယုံကြည်ခြင်း ဇွဲလုံလဖြင့် ဆုတောင်းရမည်။ ဘုရားသခင်၏အလိုတော် နှင့်ညီသော ဆုတောင်းချက်အတွက် ထာဝရဘုရားငြင်းပယ်ခြင်းမရှိပါ။
၆။ ဘုရားသခင်ကိုပို၍သိကျွမ်းရန် ယေရှုခရစ်သည် ကျွန်ုပ်တိုအား မည်သိုဥပမာဖြင့် ဖော်ပြခဲ့သနည်း။
လောက၏ဖခင်နှင့် နှိင်းယှဉ်၍ဖော်ပြပြောဆိုခဲ့၏။
၇။ ဖာရိရှဲတို့၏တဆေးကားမည်သိုနည်း။
သူတို၏မှားယွင်းသောအကျင့်လေ့များနှင့် မိမိကိုယ်ကိုအထင်ကြီးခြင်း၊ သူတော်ကောင်းယောင်ဆောင် များတိုဖြစ်ပါသည်။
၈။ လုကာ ၁၂း ၆တွင် ဘုရားသခင်၏မေတ္တာနှင့် စောင့်ထိန်းခြင်းကို မည်သိုတွေ့ရသနည်း။
စာငှက်တစ်ကောင်ကိုမျှပင် ဘုရားသခင်မေ့လျှော့တော်မမူဟု ဖော်ပြထား၏။
၉။ ခရစ်တော်ကိုဝန်ခံသူတိုအတွက် မည်သိုဆုကျေးဇူးရှိပါသနည်း။
ခရစ်တော်က”အကြင်သူသည် လူတိုရှေ့မှာငါ့ကိုဝန်ခံအံ့၊ ဘုရားသခင်၏ကောင်းကင်တ လူသားသည် ထိုသူကိုဝန်ခံမည် (လုကာ ၁၂း၈- ၉)
၁၀။ လုကာ ၁၂း၁၃-၂၁ တွင် မည်သည့်အချက်တိုကို သတိပြုရန်မှာကြားခဲ့သနည်း။
လောကီချမ်းသာခြင်းနှင့် လောကီပျော်မွေ့ခြင်းကို အလွန်အမင်းတပ်မက်ခြင်းမရှိရန်ဖြစ်သည်။
၁၁။ ဝိညာဉ်အတွက်မည်သည့်အချက်သည် အရေးကြီးဆုံးဖြစ်သနည်း။
ဝိညာဉ်ကိုရုပ်သိမ်းခံရသည့်နေ့တွင် ဝိညာဉ်နှင့်အတူပါသွားနိုင်သည့်အရာသည်သာ အရေးကြီး ဆုံးဖြစ်၏။
၁၂။ ထာဝရဘုရားသခင်၌ ချမ်းသာခြင်းကို မည်သိုရနိုင်သနည်း။
ထာဝရဘုရားသခင်အားချစ်ခြင်းနှင့် ဘုရားသခင်၏နိုင်ငံတော်အလုပ်များ၌ ပျော်မွေ့ခြင်းဖြစ်ပါသည်။
၁၃။ လုကာ ၁၂း၂၂-၃၁တွင် ကျွန်ုပ်တိုအား မည်သည့်အရာကိုသတိပေးထားပါသနည်း။
အနာဂတ်အတွက် လွန်ကဲစွာစိတ်ပူပန်ခြင်းမရှိရန်၊ အနာဂတ်အတွက်ပုံမှန်အစီအစဉ်များ ရှိသင့်သော် လည်း ယနေ့ဘုရားသခင်၏ အလိုတော်နှင့်အညီ အသက်ရှင်ရန်သံသယရှိခြင်းနှင့် အနာဂတ်အတွက်ပူဆွေး ခြင်းမရှိရန် သတိပေးထား၏။
၁၄။ ကောင်းကင်နိုင်ငံတော်နှင့်သက်ဆိုင်သော ဥစ္စာဘဏ္ဍာကားမည်သိုနည်း။
ကောင်းကင်နိုင်ငံတော်တွင် ခရစ်တော်ကိုကယ်တင်ရှင်အဖြစ်ရရှိရန်နှင့် ခရစ်တော်အားဖြင့် ဆုကျေးဇူး များကို ခံယူရရှိရန်ဖြစ်သည်။
၁၅။ ခရစ်တော်၏မှာကြားချက်များတွင် မည်သိုသောအခြေအနေကို သတိပြု စောင့်ကြည့်ရန်ပါရှိသနည်း။
ကျွန်ုပ်တို့မထင်မမှတ်သောအချိန်၌ သခင်ဘုရားကြွလာမည်ကို သတိပြုစောင့်ရန်ဖြစ်သည်။ (လုကာ ၁၂း၃၅-၅၉)
၁၆။ ဘုရားသခင်၏အလိုတော်ကို သိသောသူ၏တာဝန်ကား မည်သိုနည်း။
အလိုတော်အတိုင်းလိုက်လျှောက်ရမည့်တာဝန်ဖြစ်သည်။
၁၇။ လောကကြီးထဲတွင် အခက်အခဲ၊ ဒုက္ခတွေ့ကြုံရခြင်းမှန်သမျှသည် အပြစ်ကြောင့်ခံစားရခြင်းဖြစ်ပါသလား။
မဟုတ်ပါ။ လုကာ ၁၃း၁၅တွင် ယေရှုက ဒုက္ခခံစားရသူတိုသည်”သာ၍အပြစ်ရှိသည်မဟုတ်၊ သင်တိုရှိ သမျှသည်လည်း နောင်တမရလျှင် ပျက်ဆီးခြင်းသို့ ရောက်ကြလိမ့်မည်။”ဟု ဆို၏။
၁၈။ ကောင်းကင်နိုင်ငံတော်သိုဝင်စားရန် လွယ်ကူပါသလား။
လောက၏သွေးဆောင်ခြင်းအမျိုးမျိုးကိုကျောခိုင်း၍ ဘုရားသခင်၏အလိုတော်နှင့်အညီ လိုက်လျှောက် သူ သာလျှင် ကောင်းကင်နိုင်ငံသို ဝင်နိုင်၏။ (လုကာ ၁၃း ၂၄- ၃၀)
၁၉။ လောကီသွေးဆောင်ခြင်းကိုကျောခိုင်းနိုင်ရန်ခွန်အား ကျွန်ုပ်တိုတွင်ရှိပါသလား။
မရှိပါ။ သိုသော် ကယ်တင်ရှင်ယေရှုခရစ်သည် ကျွန်ုပ်တိုအား ထိုအရာများကိုကျော်လွှားနိုင် ရန်ခွန်အားပေးရန်အသင့်ရှိ၏။
၂၀။ မည်သူတိုသည် ငြင်းပယ်ခြင်းခံရမည်နည်း။
ဘုရားသခင်သည် မည်သူတစ်ဦးမျှ ပျက်စီးရန် ဆန္ဒမရှိပါ။ သိုသော် ဘုရားသခင်အားမယုံကြည်သူနှင့် ကယ်တင်ခြင်းအားငြင်းပယ်လိုသူအတွက်ကား ပျက်ဆီးခြင်းသာရှိ၏။ (ယော ၃း၁၆)
၂၁။ လုကာ ၁၄း၃ဝ ၏အဓိပ္ပါယ်ကိုရှင်းပြပါ။
မူလသဘောတရားအားဖြင့် ယုဒလူတိုသည် နှုတ်ကပတ်တော်ကိုဦးစွာကြားသိရပြီး တစ်ပါးအမျိုး သားတို သည် နောက်ကျမှသာသိရသောသဘောရှိသည်။ အချိုသောသူတိုက မိမိတိုသည် ကောင်းကင်နိုင်ငံ တော်တွင် ဦးစားပေး၊ အခွင့်ထူးခံများဖြစ်မည်ဟု ထင်ကြသော်လည်း လောကတွင်အနိမ့်ဆုံးသောသူပင်လျှင် ကောင်းကင် နိုင်ငံတော်၌ ဦးစားပေးခြင်းခံရနိုင်၏။(ဘုရားသခင်သည် အကျင့်နှင့်နှလုံးသားကိုသာကြည့်၏)
၂၂။ လုကာ ၁၄တွင် မည်သိုသောသင်ခန်းစာများကို သင်ကြားပေးထားသနည်း။
(၁) ဥပုသ်နေ့ကိုစောင့်ရှောက်ရန်၊ ဥပုသ်နေ့တွင် မည်သိုလုပ်ဆောင်သင့်ကြောင်း
(၂) ကိုယ်ကိုကိုယ်ချီးမြှောက်သောသူမည်သည်ကား နှိမ့်ချခြင်းသို ရောက်လတ္တံ့၊ ကိုယ်ကိုကိုယ် နှိမ့်ချသောသူ မည်သည်ကား ချီးမြှောက်ခြင်းသိုရောက်လတ္တံ့ဟု ဖော်ပြထား၏။ (လုကာ ၁၄း၁၁)
(၃) ဘုရားသခင်၏နိုင်ငံတော်၌ ပွဲဝင်ရန်လာလိုသူတိုင်းအား ဖိတ်ခေါ်လျက်ရှိကြောင်း ဖော်ပြ၏။ (လုကာ ၁၄း ၁၅- ၂၄)
၂၃။ ဥပုသ်နေ့တွင် တရားတော်နှင့်အညီ မည်သိုလုပ်ဆောင်သင့်ပါသနည်း။
လိုအပ်သောသူတိုကိုသနားခြင်း၊ မစခြင်းပြုသင့်၏။ ကိုယ်ခန္ဓာနှင့်ပတ်သက်၍လည်းကောင်း၊ ဝိညာဉ်ရေး ရာနှင့်ပတ်သက်၍လည်းကောင်း မိမိနှင့်စပ်ဆိုင်သူအား ကူညီမစသင့်၏။
၂၄။ ယုဒလူတို့၏ဥပုသ်နေ့နှင့်စပ်ဆိုင်သောဥပဒေကား မည်သိုနည်း။
အသေးစိပ်၍ တိကျသောကြပ်မတ်ချုပ်ချယ်သောသဘောရှိသဖြင့် အပြည့်အဝလိုက်လျှောက်ရန် မဖြစ်နိုင်ပါ။
၂၅။ လုကာ ၁၄တွင် မည်သိုသင်ခန်းစာကို သင်ကြားပေးထားသနည်း။
စားသောက်ပွဲ အခမ်းအနားပွဲသိုဝင်သောအခါ ကောင်းသော၊ မြင့်သောနေရာတွင် ထိုင်ရန်ရွေးခြင်းထက် သင့်တော်သောနေရာကို ရွေးချယ်တတ်ရန် သင်ကြားပေး၏။
၂၆။ ဧည့်ခံပွဲနှင့်ပတ်သက်၍ ယေရှုခရစ်မည်သို ညွှန်ကြားခဲ့သနည်း။
မည့်သည်သည် နှိမ့်ချသောသဘောဖြင့် နှိမ့်သောနေရာကို ရွေးချယ်သင့်သည်။ ကျွေးမွေးဧည့်ခံခြင်းတွင် လည်း ပြည့်စုံသူများထက် အမှန်လိုအပ်နေသောသူတိုကို ဦးစားပေးကျွေးမွေးသင့်၏ဟု ဖော်ပြထားပါသည်။ (လုကာ ၁၄း၁၂-၁၄)
၂၇။ ပထမဦးစွာ ဖိတ်ခေါ်ခံရသောဧည့်သည်အဖြစ် မည်သူတိုအားဆိုလိုသနည်း။
ယုဒလူမျိုးတိုသည် ပထမဦးစားပေးရွေးချယ်ခံရသော လူမျိုးဟုဆိုလို၏။
၂၈။ လိုသူတို၏အကြောင်းပြချက် ဆင်ခြေသည် အဘယ်ကြောင့်အချည်းနှီးဖြစ်ရသနည်း။
အဘယ်ကြောင့်ဆိုသော် ထိုသူတိုကိုဖိတ်ခေါ်စဉ်အခါက ထိုသူတိုလက်ခံ၍ကတိထားခဲ့ပြီးမှ တစ်ဦးနှင့် တစ်ဦး တိုင်ပင်၍ အကြောင်းပြချက်ဖြင့် ငြင်းပယ်သောကြောင့် ဖြစ်ပါသည်။ (လုကာ ၁၄)
၂၉။ ဤဥပမာသည် ယုဒလူတိုနှင့် မည်သို သက်ဆိုင်သနည်း။
သမ္မာကျမ်းစာနှင့် ပရောဖက်ပြုချက်များသည် မေရှိယကြွလာမည့်အကြောင်း ကြိုတင်၍ဖော်ပြခဲ့၏။ သိုဖြစ် ၍ ယုဒလူတိုသည် ကြိုတင်ပြင်ဆင်လျက်မေရှိယကို လက်ခံသင့်၏။
၃၀။ သိုဖြစ်၍ မည်သူတိုအား ဆုကျေးဇူးများခံစားရန် ဖိတ်ခေါ်ခဲ့သနည်း။
တစ်ပါးအမျိုးသားတိုအားဖိတ်ခေါ်ခဲ့သည်။
၃၁။ လုကာ ၁၅ တွင် ရေးသားထားသောဥပမာကို မည်သိုအမည်ပေးထားသနည်း။
ပျောက်ဆုံးခြင်းနှင့် တွေ့ရှိခြင်းဟု အမည်ပေးကြ၏။
၃၂။ ဘုရားသခင်၏ရှေ့တော်၌ ကျွန်ုပ်တို၏ ကြီးမားသောတန်ဖိုးကို မည်သိုသိနိုင်ပါသနည်း။
“ဘုရားသခင်၏ကောင်းကင်တမန်တိုသည် နောင်တရသောလူဆိုးတစ်ယောက်၌ ဝမ်းမြောက်ခြင်း ရှိသည်ဟု မိန့်တော်မူ၏” (လုကာ ၁၅း၁၀) ကိုကြည့်ခြင်းဖြင့်သိနိုင်၏။
၃၃။ ပျောက်သောသားသည် အပြစ်တွင်ပျော်မွေ့ခြင်းအတွက် မည်သိုဆုံးရှုံးခြင်းခံစားရသနည်း။
သူ၌ပါသမျှဥစ္စာကိုသုံး၍ကုန်သောအခါ အစာငတ်လျက်သူတစ်ပါးတို၏စွန့်ပစ်ခြင်းကိုခံရ၏။ မည်သူမျှသူ့အား ကူညီမစခြင်းမရှိခဲ့ပါ။ ၊
၃၄။ ပျောက်သောသားစိတ်၌ မည်သိုသောပြောင်းလဲခြင်းခံစားရသနည်း။
ယခင်ကသူ၌ မှန်ကန်သောအမြင်ကိုမရရှိခဲ့သော်လည်း ယခုတွင် မှန်ကန်သောနောင်တဖြင့် အဖထံပြန် ရန်ဆုံးဖြတ်၏။
၃၅။ ပျောက်သည် သူ၏ဖခင်အားမည်သိုပြောရန်စိတ်၌ရှိသနည်း။
ကြီးစွာသောနောင်တဖြင့် ဖခင်အားတောင်းပန်လျက် ဖခင်ထံတွင် ကျွန်တစ်ယောက်အဖြစ် နေခွင့်ပေးရန် တောင်းခံမည်ဟု စိတ်ဆန္ဒ ရှိ၏ ။
၃၆။ ဖခင်၏မေတ္တာသည် ပျောက်သောသားပြောလိုသောစကားများကို ပြောခွင့်ပေးပါသလား။
ခွင့်မပေးပါ။ ထိုနည်းတူ ကောင်းကင်အဖဘုရားသခင်သည်လည်း နောင်တရ၍ပြန်လာသော တိုကို ဝမ်းမြောက်စွာ ကြိုဆိုလျက်ရှိ၏။
၃၇။ ဘုရားသခင်ထံ နောင်တရသောသားပြန်လာခြင်းကို မည်ကဲ့သို ရေးသားထားသနည်း။
ပျောက်ဆုံးခြင်း(သေခြင်း) ပြန်၍တွေ့ရှိခြင်း (အသက်ရှင်ခြင်း) ဟု ရေးသားထား၏။
၃၈။ လုကာ ၁၆း၁၉-၃၁တွင် မတရားသောဘဏ္ဍာစိုး၏ ပါးနပ်စွာပြုသော အပြုအမူကားမည်သိုနည်း။
အကောင်းအားဖြင့်လည်းကောင်း အဆိုးအားဖြင့်လည်းကောင်း လောကတွင်ပါးနပ်စွာ အပေါင်းအသင်း မိတ်ဆွေထား ရှိခြင်းကို ဖော်ပြ၏။
၃၉။ လောကီစည်းစိမ်၏အစေခံခြင်းအဓိပ္ပါယ်ကား မည်သိုနည်း။
– မိမိ၏အသက်တာတွင် ချမ်းသာခြင်းနှင့် လူအများ၏ချီးမွမ်းခြင်းကို ဦးစားပေးရှာဖွေတတ်ခြင်း ကိုဆိုလို၏။
၄၀။ ဘုရားသခင်၏လူသားတိုအပေါ် ဆုံးဖြတ်ချက်သည် ကျွန်ုပ်တိုတစ်ယောက်စီ၏ ပြင်ပအမူအရာနှင့် သက်ဆိုင်ပါသလား။
မသက်ဆိုင်ပါ။ ဘုရားသခင်သည် ကျွန်ုပ်တိုမမြင်နိုင်သည့်အတွင်းနှလုံးသားသဘောကိုသာကြည့်၍ ဆုံးဖြတ်၏
၄၁။ လုကာ ၁း၁၉-၃၁ ရှိ သူဌေးနှင့်လာဇရုဥပမာကား မည်သိုနည်း။
ကျွန်ုပ်တိုပိုင်ဆိုင်သောဥစ္စာကို မှန်ကန်စွာအသုံးချခြင်းနှင့် ကောင်းကင်နိုင်ငံတော်တွင် ဘဏ္ဍာဆည်း ပူးတတ် ရန်ဖြစ်ပါသည်။
၄၂။ ဘုရားသခင်အား ရိုသေကြောက်ရွံခြင်းသည် ကျွန်ုပ်တိုအတွက် ဝါကြွားစရာဖြစ်ပါသလား။
မဟုတ်ပါ။ ကျွန်ုပ်တိုတာဝန်ကို ကျွန်ုပ်တိုကြိုးစား၍လုပ်ဆောင်ခြင်းသာဖြစ်ပါသည်။ ဝါကြွားစရာမရှိပါ။ (လုကာ ၁၇း၁၀)
၄၃။ ယောဟန် ၁၁ တွင်ပါရှိသော လာဇရုကားမည်သူနည်း။
ဗေသနိရွာမှ မာရိနှင့်မာသတို့၏မောင်ဖြစ်ပါသည်။ ယေရှု၏ရင်းနှီးသောမိတ်ဆွေလည်းဖြစ်ပါသည်။ (လု ၁၀း၃၈-၄၂၊ ယော ၁၂း၁-၈)
၄၄။ မေးခွန်း ၄၁ တွင်ပါရှိသော လာဇရုနှင့် တစ်ဦးတည်းဖြစ်ပါသလား။
မတူပါ။ လာဇရုအမည်သည် ယုဒလူမျိုးတို့ အသုံးများသောနာမည်ဖြစ်ပါသည်။
၄၅။ ဤအခန်းတွင် အခွင့်အရေးကို မှန်ကန်စွာအသုံးချရန် မည်သိုသင်ပြခဲ့သနည်း။
အခွင့်အရေးနှင့် အချိန်သည် ကုန်ဆုံးတတ်သဖြင့် အချိန်ရှိစဉ် အခွင့်အရေးကို မှန်ကန်စွာသုံးတတ်ရန် လိုအပ်၏။
၄၆။ သေခြင်းကို ယေရှုမည်သိုပြောဆိုသနည်း။
အိပ်ပျော်နေသည်ဟုဆိုခဲ့၏။ တစ်နည်းအားဖြင့် အိပ်ပျော်သာသူနိုးထသကဲ့သို ဘုရားသခင်သည် အသက်တာသစ်ကို ရရှိစေခြင်းအား ဆိုလို၏။
၄၇။ အခန်းငယ် ၁၆ တွင် သောမ မည်သိုဆိုလိုသနည်း။
ယေရှုကို ယုဒလူတိုသတ်ကြလိမ့်မည်ဟု သူထင်နေ၏။
၄၈။ အဘယ်ကြောင့် ယေရှုခရစ်သည် ထမြောက်ခြင်းအကြောင်းနှင့် အသက်ရှင်ခြင်းအကြောင်းဖြစ်သနည်း၊
ယုံကြည်သူများတိုသည် ယေရှုခရစ်အားဖြင့် ထာဝရအသက်သို ရှင်ပြန်ထမြောက်ရန်ဖြစ်၏။
၄၉။ အခန်းငယ် ၂၅ တွင် သေသောသူတိုကားမည်သူတိုနည်း။
“ယေရှုခရစ်၌ သေခြင်း” ကိုဆိုလို၏။ (၁သက် ၄း၁၆)
၅၀။ ဘယ်အခါမျှ မသေသောသူတိုကားမည်သူတိုနည်း။
ခရစ်တော်ကြွလာသည့်အချိန်၌ အသက်ရှင်လျက်ရှိသူတိုကို ဆိုလို၏။ (၁သက် ၄း၁၇)။ (သိုမဟုတ်) ခရစ်တော်၌ ယုံကြည်သူတိုသည် ပျက်စီးခြင်းသိုမရောက်ဘဲ ထာဝရအသက်ရရှိခြင်းကိုဆိုလိုသည်။
၅၁။ အခန်းငယ် ၂၅ တွင် ခရစ်တော်၏မေတ္တာကို မည်သိုတွေ့နိုင်သနည်း။
သူ့မိတ်ဆွေ၏ သင်္ချိုင်းဂူအနီးတွင် မျက်ရည်ကျခြင်းဖြင့် သိနိုင်၏။
၅၂။ အဘယ်ကြောင့် ယေရှုခရစ်သည် ဝေးသောအရပ်သိုထွက်ခွာခဲ့ရသနည်း။
ယုဒလူတိုသည် ယေရှုအား မတရားသတ်ရန်ကြံစည်နေကြ၍ ဖြစ်၏။
၉၇။ ယေရှရုလင်မြို့သို့နောက်ဆုံးခရီး ‘(မဿဲ ၁၉း၃-၂၀-၃၄၊၂၆-၆-၁၃;-) (မာကု ၁၀း၂-၅၂၊ ၁၄း၃-၉ ) (လုကာ ၁၇း၁-၁၉း၂၈-) (ယော ၁၁း၅၅-၁၂း၁၁ )
၁။ လုကာ ၁၇း၁၂တွင် နူနာစွဲသောသူတို့သည် အဘယ်ကြောင့် အဝေးတွင်ရပ်နေကြသနည်း။
ဥပဒေအရ သူတိုသည် လူကောင်းများနှင့် ဝေးသောအရပ်၌နေရန် တားမြစ်ထားသောကြောင့် ဖြစ်ပါသည်။
၂။ အဘယ်ကြောင့် နူနာရောဂါစွဲသူသည် ယဇ်ပုရောဟိတ်ထံ ကိုယ်ကို ပြရသနည်း။
ယဇ်ပုရောဟိတ်အနေဖြင့်ကြည့်ရှုစစ်ဆေးပြီးသာမန်ကုသ၍ရသောရောဂါ၊ သိုမဟုတ် ကုသ၍မရသော အန္ ရောဂါဖြစ်သလောဟု ဆုံးဖြတ်ရန်ဖြစ်ပါသည်။ (ဝတ် ၁၃း၂)
၃။ ထိုသူတို မည်သိုရောဂါပျောက်ကင်း၍ သန့်ရှင်းခြင်းရပါသနည်း။
ယုံကြည်ခြင်းပြင်းပြစွာဖြင့် ယေရှုခရစ်ထံတော်မှ ကယ်တင်ခြင်းကိုတောင်းခံပြီးနောက် ထိုနူနာစွဲသော သူ တို့သည် သန့်ရှင်းခြင်းကိုရပြန်၏။ (လုကာ ၁၇း၁၁-၁၉)
၄။ ထိုနူနာပျောက်ကင်းသူတို၏ ကျေးဇူးမသိတတ်ခြင်းကို မည်သိုတွေ့ရသနည်း။
၁၀ယောက်အနက်မှ တစ်ယောက်တည်းသာ ယေရှုထံပြန်လာ၍ ကျေးဇူးတင်ကြောင်းပြော ၏။ထိုသူသည် ရှမာရိလူဖြစ်၏။ (လုကာ ၁၇း ၁၅-၁၆)
၅။ ဇွဲမလျှော့သော မုဆိုးမဥပမာတွင် ကျွန်ုပ်တို မည်သိုသင်ခန်းစာရယူနိုင်သနည်း။
စိုးရိမ်ခြင်းကင်းလျှက် အဆက်မပြတ်ကြိုးစားဆုတောင်းရန်ဖြစ်၏။ (လုကာ ၁၈း ၁- ၈)
၆။ ဖာရိရှဲနှင့် အခွန်ခံဥပမာမှ ကျွန်ုပ်တိုမည်သိုသင်ခန်းစာ ရနိုင်သနည်း။
ကိုယ်ကိုကိုယ်ချီးမြှောက်တတ်သောသဘောကိုပယ်၍ စစ်မှန်သောနောင်တဖြင့် နှိမ့်ချသောသဘောဖြင့် ဆုတောင်းရန်ဖြစ်၏။ (လုကာ ၁း၉-၁၄)
၇။ ဘုရားသခင်နှစ်သက်သောစိတ်နေသဘောထားကား မည်သိုနည်း။
ဘုရားသခင်နှစ်သက်တော်မူသောယဇ်မူကား ကျိုးပဲ့သောစိတ်ပေတည်း။ အို ဘုရားသခင် ကိုယ်တော် သည် ကျိုးပဲ့ကြေမွသောနှလုံးကို ငြင်းပယ်တော်မမူတတ်ပါး (ဆာလံ ၅၁း၁၇)
၈။ လင်မယားကွာရှင်းခြင်းကိစ္စနှင့်ပတ်သက်၍ ယေရှုမည်သို သင်ကြားခဲ့သနည်း။
လင်မယား ကွာရှင်းခြင်းကို လုံးဝတားမြစ်သည်။ “ဘုရားသခင်ဘက်စပ်၍ ထမ်းဘိုးတင်တော်မူသော အရာကို လူမခွဲမခွာစေနှင့်ဟု မိန့်တော်မူ၏။ (မဿဲ ၁၉း၃-၁၂)
၉။ မသဲ ၁၉း၁၃-၁၅ တွင် မည်သိုသောအဖြစ်အပျက်ကို မှတ်တမ်းတင်ထားသနည်း။ ယေရှုထံဆောင်ခဲ့သောသူငယ်တိုကို ကောင်းချီးပေးခြင်းအကြောင်းဖြစ်၏။ “ယေရှုကလည်း ထိုသူငယ် တို ကို ရှိစေလော့၊ ငါထံသိုလာသည်ကို မဆီးတားကြနှင့်၊ ကောင်းကင်နိုင်ငံတော်သည် ထိုသိုသောသူ တို၏ နိုင်ငံဖြစ်သည်ဟု မိန့်တော်မူ၏။ (မဿဲ ၁၉း၁၄)
၁၀။ ယေရှုထံသို လာသောလုလင်၌ ကြုံတွေ့နေရသည့် အတားအဆီးများကား မည်သိုနည်း။
ထာဝရအသက်ထက် လောကီချမ်းသာကို စွဲမက်ခြင်းဖြစ်၏။
၁၁။ ချမ်းသာခြင်းမှန်သမျှသည် ကောင်းချီးမင်္ဂလာဖြစ်ပါသလား။
မဟုတ်ပါ။ ထိုအရာသည် သွေးဆောင်ခြင်းနှင့် ထောင်ချောက်သာဖြစ်ပါသည်။ သွေးဆောင်ရာနောက်သို မပါဘဲ ချမ်းသာခြင်းကို မှန်ကန်စွာအသုံးချနိုင်မှသာ ကောင်းချီးမင်္ဂလာဖြစ်ပါမည်။
၁၂။ ဤနေရာတွင် ယေရှုခရစ်သည် ကျွန်ုပ်တိုတစ်ယောက်စီတိုင်းရှိသမျှဥစ္စာကို စွန့်လွှတ်ရန်ဆိုလိုပါသလား။
မဟုတ်ပါ။ ထိုလုလင်၌ လိုအပ်သောအချက်ကို ဖော်ပြခြင်းသာဖြစ်ပါသည်။ မကျန်းမာသောသူတိုင်းအ တွက် တူညီသောဆေးတစ်မျိုးတည်း သုံးလေ့မရှိပါ။
၁၃။ ဥစ္စာကို အလွန်တပ်မက်သောစိတ်သဘောအတွက် မည်သိုသင်ခန်းစာရသနည်း။
ထိုစိတ်သဘောရှိသူသည် ဘုရားသခင့် နိုင်ငံတော်သိုဝင်သည်ဟု ယေရှုခရစ်ဖော်ပြခဲ့၏။ (မဿဲ ၁၉း၂၃-၂၄)
၁၄။ နောင်ဘဝဟူသောစကားကို မည်သိုနားလည်သနည်း (မာကု ၁၀း၃၀၊ လု ၁၈း၃၀)
လောက၌သေဆုံးပြီးနောက် အခြေအနေကို ဆိုလိုခြင်းဖြစ်သည်။
၁၅။ ဤဥပမာပုံပြင်တွင် မည်သိုသောဘုရားသခင်ဂတိတော်ကို တွေ့ရှိရသနည်း။
“ယေရှုက… အကြင်သူသည် ငါ့ကြောင့်လည်းကောင်း၊ ဧဝံဂေလိကြောင့်လည်းကောင်း… စွန့်၏။ ထို သူသည် အဆတစ်ရာသောအကျိုး … ကိုလည်းကောင်း၊ နောင်ဘဝ၌ထာဝရအသက်ကိုလည်းကောင်း ခံရလတ္တံ” ဟု မိန့်တော်မူ၏။ (မာကု ၁၀း၂၉-၃၀)
၁၆။ မဿဲ ၂၀း၁-၁၆ ရှိ အလုပ်သမားများကို အညီအမျှ အခကို ပေးသောအိမ်ရှင်၏။ ဥပမာပုံပြင်ကား မည်သို အဓိပ္ပါယ်ဆောင်သနည်း။ ။
ယေရှုခရစ်၏တရားတော်ကိုယခုမှကြား၍ ပြောင်းလဲလာသူသည်လည်း ဆုကျေးဇူးကို အပြည့်အဝ ရနိုင်၏။ အဘယ်ကြောင့်ဆိုသော် ထိုသူသည် ယခင်က တရားတော်ကို မကြားခဲ့ဘူးသောကြောင့် ဖြစ်၏ဟု ဆိုလို ပါသည်။
၁၇။ ဘုရားသခင်သည် ကြီးမားသော တန်ခိုးရှင်ဖြစ်ကြောင်း မည်သိုသိရှိနားလည်ရသနည်း။
ဘုရားသခင်သည် အရာခပ်သိမ်း၏ အချုပ်အခြာတန်ခိုးရှင်ဖြစ်၏။ လိုအပ်သောသူအား ထိုက်သင့် စွာပေး နိုင်၏။ ဘုရားသခင်၏ပေးကမ်းခြင်းသည်လည်း စစ်မှန်သောမေတ္တာနှင့် တရားမျှတခြင်းရှိ၏။
၁၈။ ဇေဗေဒဲ၏သားများကားမည်သူတို့နည်း။
သခင်ယေရှု၏တပည့်တော် ၁၂ ပါးအဝင် ယာကုပ်နှင့် ယောဟန် ဖြစ်ပါသည်။(မာကု ၁၀း ၃၅-၄၀)
၁၉။ သူတို့၏မိခင် အမည်ကိုဖေါ်ပြပါ။
ရှာလုံ ဖြစ်ပါသည်။ (မာကု ၁၅း ၄ဝ)
၂၀။ ဇေဗေဒ်၏သား ၂ယောက် မည်သိုသောဆုကိုတောင်းခံသနည်း။
ယေရှုအား “ကိုယ်တော်သည်ဘုန်းပွင့်တော်မူသောအခါ အကျွန်ုပ်တိုသည် လက်ျာတော်ဘက်၌ တစ်ယောက် လက်ဝဲတော်ဘက်၌ တစ်ယောက် ထိုင်ရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်၏။ (မာကု ၁၀း၃၇)
၂၁။ သူတို၏အယူအဆ အမြင်သည် လုံးဝမှားယွင်းပါသလား။
သူတို၏သခင်နှင့် အနီးစပ်ဆုံးနေ၍ အမြင့်ဆုံးသောတာဝန်ကိုထမ်းလိုသော ဆန္ဒဟုလည်း ယူဆနိုင်၏။
၂၂။ ခရစ်တော် မည်သိုအဖြေပေးသနည်း။
ယေရှုခရစ်တော်က “ငါသောက်သောခွက်ကိုသောက်ခြင်းငှာလည်းကောင်း၊ ငါခံသောဗတ္တိဇံကိုခံခြင်းငှာ လည်းကောင်း သင်တိုသည်တတ်စွမ်းနိုင်သလောဟု မေး၏။ (မာကု ၁၀း၃၈)
၂၃။ ထိုစကားသည် မည်သိုဆိုလိုသနည်း
ယေရှုခရစ်၏ လူသားများအတွက် ပေးဆပ်ရမည့် စုံစမ်းခြင်း၊ စစ်ဆေးခံရခြင်းနှင့် ဒုက္ခဆင်းရဲခံရခြင်းကို ဆိုလို၏။
၂၄။ ထိုသူနှစ်ယောက် မည်သိုပြန်၍ဖြေသနည်း။
ကျွန်ုပ်တိုတတ်စွမ်းနိုင်ပါသည် ဟုလျှောက်၏။ (မာကု ၁၀း၃၉)
၂၅။ ထိုအဖြေသည် အချည်းနှီး ကြွားဝါပြောဆိုခြင်း ဖြစ်ပါသလား။
မဟုတ်ပါ။ သူတိုနှစ်ယောက်လုံး သူတို၏ သခင်အတွက် ဒုက္ခခံစားခဲ့ပြီး ယာကုပ်သည် အသတ်ခံရသ အထိ သစ္စာရှိစွာ အမှုတော်ထမ်းခဲ့၏။
၂၆ ။ယေရှုခရစ်၏ဒုတိယ အ ကြားမည်သိုနည်း။
ယေရှုခရစ်တော်က “ငါ၏လက်ျာဘက်၊ လက်ဝဲဘက်တော်မှာထိုင်ရသော အခွင့်ကိုကား အကြင်သူတို အလိုငှာ ပြင်ဆင်၏ထိုသူတိုကိုသာ ငါပေးနိုင်သည်ဟု မိန့်တော်မူ၏။
၂၇။ သူတို၏တောင်းခံခြင်းကို လုံးဝငြင်းပယ်ခဲ့သည်ဟု ဆိုနိုင်ပါသလား။
ကျမ်းစာတွင် ထိုအကြောင်းအရာနှင့်ပတ်သက်၍ ထပ်မံမတွေ့ရသော်လည်း ထိုသူတိုအတွက် ထိုက်တန် သောနေရာရမည်အမှန်ဖြစ်ပါသည်။ သိုသော် ဤသို အလွယ်တကူတောင်းခံခြင်းဖြင့် မရနိုင်ဟု နားလည်ရ၏။
၂၈။ မှန်ကန်သောနှိမ့်ချခြင်းကားမည်သိုနည်း။
တစ်ပါးသူအား ဦးစားပေးခြင်းနှင့် အစေခံခြင်း၊ စိတ်သဘောရှိရန်ဖြစ်သည်။
၂၉။ ယေရိဘေမြိုမှ အထွက်လမ်းတွင် ယေရှုမည်သူတိုနှင့် တွေ့သနည်း။
မျက်မမြင် ၂ယောက် (မဿဲ ၂၀း၃၀) သို့သော် ဗာတိမ်၏အမည်ကိုသာ မာကု ၁၀း၄၆-၅၂၊ လုကာ ၁၈း၃၅-၄၂တွင် တွေ့ရသည်။
၃၀။ ဇကွဲကားမည်သူနည်း။ ။
ယေရိခေါမြို့ရှိ ချမ်းသာသောအခွန်ခံတစ်ယောက်ဖြစ်၏။ (လု ၁၉း၂)
၃၁။ ယေရှုခရစ်သည် ဇကွဲ၏ယုံကြည်ခြင်းအတွက် မည်သိုတုန့်ပြန်မှု ပြုခဲ့သနည်း။
ဇကွဲကို အသိအမှတ်ပြုလျက် သူ၏အိမ်၌ ဧည့်သည်အဖြစ်တည်း၏။ (လုကာ ၁၉း၁-၁၀)
၃၂၊ ယေရှုခရစ်အပေါ် မည်သိုအပြစ်တင် ပြောကြားကြသနည်း။
“ဆိုးသောသူ၏အိမ်သိုဝင်၍ လုပ်ကျွေးခြင်းကိုခံတော်မူပါသည်တကားဟု ကဲ့ရဲ့ အပြစ်တင်ကြ၏” (လုကာ ၁၉း၇)
၃၃။ ယေရှုခရစ် မည်သိုအဖြေပေးခဲ့သနည်း။
“လူသားသည် ပျောက်သောသူတိုကိုရှာ၍ ကယ်တင်အံ့သောငှာကြွလာသတည်းဟု ဇကွဲကို မိန့်တော်မူ၏” (လုကာ ၁၉း၁၀)
၃၄။ လုကာ ၁၉း၁၁-၂၇ တွင်ပါရှိသော ဥပမာအကြောင်းကို ဖော်ပြပါ။
လူသားတို့အတွက် တူညီသောအခွင့်အရေးပေးထားသော်လည်း သူတို၏လုပ်ဆောင်မှုနှင့် အထိုက် အလျှောက် မတူညီသော ဆုကျေးဇူးကို ခံရမည်ဟု ဆိုလို၏။
၃၅။ ထိုအချိန်၌ ယေရှုသည် ကြီးမားသောယုံကြည်ခြင်းနှင့် ချစ်ခြင်းရှိသူကို မည်သိုတွေ့ကြုံရသနည်း။
ယေရှု၏အခြေအနေကို အဖိုးများစွာ ထိုက်သောနာဆီမွှေးစစ်ဖြင့်လိမ်း၍ မိမိဆံပင်နှင့် သုတ်ပေးသော မာရိကိုတွေ့ရ၏။ (ယောဟန် ၁၂း၁-၈)
၃၆။ နောက်ထပ်မည်သူ၌ ကြီးမားသောယုံကြည်ခြင်း၊ ချစ်ခြင်းကို တွေ့ရသနည်း။
ဗေသနိရွာမှ လာဇရု၏အမ မာရိအားဖြင့် တွေ့ကြုံရ၏။ (ယောဟန် ၁၂း၁-၃)
၃၇။ ထိုမာရိသည် မာဂါလမာရိဖြစ်ပါသလား။
မာဂါလမာရိသည် အခြားတစ်ယောက်ဖြစ်၏။ လုကာ ၇း၃၆-၅ဝတွင် ထိုမိန်းမသည် ဆိုးသောအပြစ်။ ရှိသူဟု ဖော်ပြထား၏။
၃၈။ မာရိအသုံးပြုသော ဆီမွှေး၏တန်ဖိုးကိုဖော်ပြပါ။
ဒေနာရီအပြား ၃၀၀ တန်၏။ လူတစ်ယောက်၏တစ်နှစ်လုပ်အားခနှင့် ညီမျှ၏။
၃၉။ မည်သူသည် အပြစ်တင်ပြောဆိုသနည်း။
ရှိမုန်၏သား ယုဒရှကာရုတ်က အပြစ်တင်ပြောဆို၏။ (ယော ၁၂း၄)
၄၀။ ယေရှုမည်သို ဖြေကြားခဲ့သနည်း။
“ဤမိန်းမသည် တတ်နိုင်သမျှပြုပြီ။ ငါအလောင်းကို သင်္ဂြိုဟ်မည်ဟု ပြင်ဆင်ခြင်းငှာ ငါကိုယ်ကို ဆီမွှေး နှင့်လူသတည်း။ ငါအမှန်ဆိုသည်ကား ဧဝံဂေလိတရားကို မြေတစ်ပြင်လုံးတွင် ဟောသော အရပ်ရပ်တို၌ ဤ မိန်းမကို အောက်မေ့စရာဘို သူပြုသော ဤအမှုကို ကြားပြောရကြလတံ့ဟု မိန့်တော်မူ၏” (မာကု ၁၄း ၈-၉) (မဿဲ ၂၆း ၁၃)
၉။ေနာက်ဆုံးေသာရက်သတ္တပတ်
(က) တနင်္ဂနွေနေ့ (မဿဲ ၂၁း၁-၁၁။ မာကု ၁၁း၁-၁၁၊ လုကာ ၁၉း၂၉- ၄၄၊ ယောတန် ၁၂း၁၂-၁၉
၁။ထိုအချိန်အခါ၌ ထူးခြားသောအဖြစ်အပျက်ကိုဖော်ပြပါ။
ယေရှုခရစ်သည် မေရှိယဖြစ်ကြောင်း ကြွေးကြော်လျက် ယေရုရှလင်မြိုသိုဝင်ရောက်ခြင်းဖြစ်၏။ (မဿဲ ၂၁း ၁)
၂။ ထိုအကြောင်းအရာနှင့်ပတ်သက်၍ ပရောဖက်ပြုချက်ရှိခဲ့ဖူးပါသလား။
ဇာခရိ ၉း ၉တွင် တွေ့နိုင်သည်။
၃။ ယေရှုခရစ်သည် ငြိမ်သက်ခြင်း၏အရှင်သခင်ဖြစ်ကြောင်း မည်သိုသိနိုင်သနည်း။
“မြင်းအစား မြည်းကိုသာရွေးချယ်၍ ရဲမက်ဗိုလ်ပါအစား သာမန်ရိုးသားသော တိုင်းသူပြည်သား တို့သာခြံရံေစ၏။
၄။မြည်းကလေးပိုင်ရှင်သည် ယေရှုခရစ်၏တပည့်တော်တစ်ယောက်ဖြစ်ကြောင်း သိနိုင်ပါသလား။
ေယရှက မြည်းပိုင်ရှင်အား သခင်အလိုရှိ၏ဟု ပြန်ပြောကြဟု မှာကြားခဲ့၏။ သိုဖြစ်၍ မြည်းရှင်သည် ယေရှု၏တပည့်တော်တစ်ယောက်ဖြစ်နိုင်သည်။ (မဿဲ ၂၁း ၃)
၅။ ဖာရိရှဲတို၏ အရေးတကြီးပြောကြားခဲ့သော စကားကို ဖော်ပြပါး
ဖာရိရှဲအချင်းချင်းတိုလည်း၊ သင်တို့သည်အလျင်းမတတ်နိုင်၊ ဤလောကသည် ထိုသူနောက်သို လိုက်သွား ပါပြီတကား ဟုပြောဆိုကြ၏။ (ယော ၁၂း၁၉)
၆။ ကျွန်ုပ်တိုအရှင် သခင်ယေရှု၏ ယေရုရှလင်နှင့် ပတ်သက်၍ ပြောကြားချက် မည်သိုပြည့်စုံရသနည်း။
နောင်အနှစ် (၄၀)ခန့်ကြာသောအခါ ယေရုရှလင်မြိုသည် ရောမတို့၏ ဖျက်ဆီးခြင်းခံရ၏။ (လုကာ ၁၉း၄၁-၄၄ )
(ခ) တနင်္လာ (မာဿဲ ၂၁း၁၂-၁၉၊ မာကု ၁၁း၁၂-၁၉၊ လုကာ ၁၉း၄၅-၄၈)
၇။ ဤသီတင်းပါတ်အတွင်း ယေရှုသည် ညကိုမည်သည့်အရပ်၌ ခိုနားသနည်း။
ဗေသနိရွာတွင်နေ၏။(မာကု ၁၁း၁၁)
၈။ အသီးဆွတ်သောအချိန် မရောက်သေးသဖြင့် ယေရှုခရစ်သည် သင်္ဘောသဖန်းပင်အနီးသို မည်သည့်မျှော်လင့် ချက်ဖြင့် သွားသနည်း။
အသီးကိုတွေ့လိမ့်မည်ဟု မျှော်လင့်ချက်ဖြင့်သွား၏။ (မာကု ၁၁း၁၂-၁၄) (သင်္ဘောသဖန်းပင်သည် အသီး သီးပြီးမှ အရွက်နှင့် ပြည့်စုံလေ့ရှိ၏)
၉။ သင်္ဘောသဖန်းပင် ဥပမာသည် မည်သိုအဓိပ္ပါယ်ဆောင်သနည်း။
ကြီးစွာသောဟန်ဆောင်ခြင်းနှင့် သေးငယ်သောအရည်အချင်းကို ဖော်ပြ၏။
၁၀။ ယေရှုခရစ်သည် တာဝန်ရှိသူတယောက်ကဲ့သို မည်သိုလုပ်ဆောင်ခဲ့သနည်း။
ဗိမာန်တော်၌ ရောင်းဝယ်သောသူတိုကို နှင်ထုတ်၍ ပွဲစားခုံတိုကို တွန်းလှဲတော်မူ၏။ ဗိမာန်တော်ထဲ၌ အရောင်းအဝယ် အဘယ်သူမျှ မဆောင်ရွက်ရမည်အကြောင်း တားမြစ်တော်မူ၏။(မာကု ၁၁း၁၅-၁၆)
၁၁။ ယေရှု ထိုကဲ့သိုအပြုအမူမျိုး ယခင်ကပြုခဲ့ပါသလား။
ယေရှုခရစ်၏ သာသနာလုပ်ငန်းအစပိုင်း၌ ပြုခဲ့ဖူးပါသည်။
(ဂ) အဂ်ါ (မဿဲ ၂၁း၂၀-၂၆း၅။ ၁၄၊ ၁၆။ မာကု ၁၁း၂၀- ၁၄။၁၁။ လုကာ ၂၀း၁-၂၂၆၊ေယာဟန် ၁၂း၂၀-၅၀ )
၁၂။ထိုနေ့ကိုမည်သို အမည်ပေး ခေါ်ဝေါ်ကြသနည်း။
ယေရှုခရစ်သည် များစွာသော လူထုအား ဟောပြောခြင်း၏ နောက်ဆုံးနေ့ ဟုခေါ်ကြ၏။
၁၃။ ထိုနေ့တွင် ယေရှု မည်သိုဆောင်ရွက်ချက်ရှိခဲ့သနည်း။
ဗိမာန်တော်တွင်း၌သာ အချိန်ကိုကုန်လွန်စေ၍၊ ဖာရိရှဲတိုအား ဘုရားသခင်၏ သားတော်ဖြစ်ကြောင်း သိနားလည်ရန်ပြောဆို၏။
၁၄။ ယေရှုခရစ်သည် ယုံကြည်ခြင်းနှင့် တောင်းသောဆုအတွက် မည်သိုဂတိတော် ပေးခဲ့သနည်း။
ယုံကြည်ခြင်းပါလျက်၊ ပဌနာပြ၍ ဆုတောင်းသမျှတိုကို သင်တိုသည်ရကြလိမ့်မည်ဟု မိန့်တော်မူ၏။ (မာသဲ ၂၁း၂၂ )
၁၅။ ထိုကတိတော်ကို ကျွန်ုပ်တို တိကျစွာ လိုက်နာနိုင်ပါသလား။
ဘုရားသခင်၏ မေတ္တာတော်၌ မည်သူမျှ မိမိအတွက်နှင့် သူတပါးအတွက် ဆိုးကျိုးကို တောင်းခံမည် မဟုတ်ပါ
၁၆။ အခြားသော အဓိကလိုအပ်ချက် ရှိပါသေးသလား။
သူတပါးအပြစ်ကို လွှတ်ကြလော့၊ လွှတ်လျှင် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တိုအဘသည် သင်တို၏အပြစ်ကို လွှတ်တော်မူမည်။ (မာကု ၁၁း၂၅)
၁၇။ ဖာရိရှဲတို့က ကိုယ်တော်သည် ဤအမှုကို အဘယ်အခွင့်နှင့် ပြုသနည်းဟု မေးသော် ယေရှုမည်သို ပြန် ခဲ့သနည်း။
ယောဟန်၏ဗတ္တိဇံတရားသည် အဘယ်ကဖြစ်သနည်း၊ လူကဖြစ်သလော (သို့) ဘုရားကဖြစ်သလော မေးခွန်းပုံစံဖြင့် ပြန်၍ဖြေခဲ့၏။(မဿဲ ၂၁း၂၃-၂၇)
၁၈။ ထိုမေးခွန်းပုံစံဖြင့် အဖြေကား မည်သိုအဓိပ္ပါယ်ရှိသနည်း။
ဖာရိရှဲတိုသည် ယောဟန်၏တရားကို လက်ခံခဲ့လျှင် ယေရှုနှင့် ပတ်သက်၍ မှန်ကန်သောအမြင်ရှိမည်။ ယောဟန်၏တရားကို သူတိုလက်မခံလျှင်၊ ထိုသူတိုအား ရှင်းပြစရာပင်မလိုတော့ပါ။
၁၉။ အဘယ်ကြောင့် ဖါရိရှဲတို ပြန်၍ မဖြေသနည်း။
ယောဟန်သည် ဘုရားသခင်ထံတော်မှ ဖြစ်သည်ကို သိပါလျက် မဖြေချင်သောကြောင့်ဖြစ်
၂၀။ မသဲ ၂၀း ၂၈-၃၂ တွင် မည်သိုသောသင်္ခန်းစာကို တွေ့နိုင်သနည်း။
အကျင့်မပါ) ကတိသာပေးတတ်သော သူတိုသည် ယုံကြည်စိတ်ချရသူ မဟုတ်ကြောင်း တွေ့ရှိရ၏။
၂၁။ စပျစ်ဥယျာဉ်ကို စိုက်ပျိုးသော အိမ်ရှင်ကား မည်သူနည်း။ ။
အရာခပ်သိမ်းကို အုပ်စိုးတော်မူသော ဘုရားသခင်ဖြစ်၏။ (မဿဲ ၂၁း၃၃-၄၆ )
၂၂။ ဥယျာဉ်တွင် အလုပ်လုပ်သော လူငှားတိုကား မည်သူ့ကို ဆိုလိုသနည်း။
ယဇ်ပရောဟိတ်နှင့် ဖာရိရှဲ များကို ဆိုလို၏။
၂၃။ ငယ်သားတိုကား မည်သူနည်း။ သားကားမည်သူ့ကို ဆိုလိုသနည်း၊
ငယ်သားတိုကား အကြိမ်ကြိမ် အခါခါ အမှားနှင့်အမှန်ကို ဖော်ပြတတ်သော ဘုရားသခင်၏ ပရောဖက် များကို ဆိုလို၏။ သားကား ယေရှုခရစ်တော်ကို ဆိုလို၏။
၂၄။ ထိမ်းမြားမင်္ဂလာဆောင်ပွဲ ဥပမာကား မည်သိုဆိုလိုသနည်း။
ယေရှုခရစ်၏ ဒေသနာကို ငြင်းပယ်ခြင်းနှင့် စပ်ဆိုင်၏(မဿဲ ၂၂း၁-၁၄)
၂၅။ ထိုဥပမာမျိုး အခြားကျမ်းချက်တွင် တွေ့နိုင်ပါသလား၊
လုကာ ၁၄း၁၅- ၂၄ တွင် တွေ့နိုင်၏။
၂၆။ ငယ်သားတိုအဖြစ် မည်သူတိုကို ဆိုလိုသနည်း။
ယုဒလူတို၏ ပရောဖက်နှင့် ဓမ္မဆရာများကို ဆိုလို၏။ ထိုသူတိုသည်လည်း ညှင်းဆဲခံ၊ အသတ် ခံရကြ၏။
၂၇။ ယုဒလူတိုနှင့် မထိုက်တန်ဟု ထင်သော်လည်း ဖိတ်ခေါ်ခြင်း ခံရသူတိုကား မည်သူတိုနည်း။
ယုဒထုံးစံအရ ပယ်ထားခြင်းခံရသော တစ်ပါးတမျိုးသားတို့ကို ဆိုလို၏။
၂၈။ မင်္ဂလာဆောင် အဝတ် စားကား မည်သိုနည်း။
ဧည့်ခံပွဲသို တင့်တင့်တယ်တယ်သွားရန် အပေါ်မှ ထပ်၍ဝတ်ရသော အဝတ်မျိုးဖြစ်ပါ၏။ ကျွန်ုပ်တို့ အတွက် ပွဲဝင်ရန် အဝတ်အစားကား သခင်ယေရှုခရစ်၏ မေတ္တာနှင့် ဖြောင့်မတ်ခြင်းသာဖြစ်၏။
၂၉။ မင်္ဂလာဆောင်အဝတ်အစား မရှိသူကား အပြစ်ပေးရန် သင့်လျော်ပါသလား။
ပွဲသိုဝင်ရန် မင်္ဂလာဆောင်အဝတ်အစားကို ဝတ်ရပါမည်။ တနည်းအားဖြင့် ထိုအဝတ်အစားသည် (သခင် ယေရှု၏ဖြောင့်မတ်ခြင်း) အခမဲ့ပေးထားပြီး ဖြစ်၍ မဝတ်ဆင်သူသည် အမှန်ပင် ပြစ်တင်ခံရမည်ဖြစ်သည်။
၃၀။ မသဲ ၂၂း၁၅-၂၂ တွင် ယေရှုအား မည်သိုကျော့ကွင်းဆင်ကြသနည်း။
ထိုမေးခွန်းအားဖြင့် ယေရှုအား ယုဒဥပဒေနှင့် ရောမဥပဒေကို ဆန့်ကျင်၍ ဖြေရန် ကျော့ကွင်းဆင်၍မေး ခြင်းဖြစ်သည်။
၃၁။ ယေရှုခရစ် မည်သိုအဖြေပေးခဲ့သနည်း။
ကဲသာဘုရင်၏ ဥစ္စာကို ကဲသာဘုရင်အား ပေးကြလော့၊ ဘုရားသခင်၏ ဥစ္စာကိုကား ဘုရားသခင် ဆက်ပေးကြလော့ ဟုမိန့်တော်မူ၏။(မဿဲ ၂း၂၁)
၃၂။ ထိုစကားသည် မည်သိုဆိုလိုသနည်း။
နိုင်ငံတော်အစိုးရထံမှ အကျိုးကျေးဇူးကို ကျွန်ုပ်တို ခံစားရသည့်အတိုင်း ကျွန်ုပ်တိုပြန်၍ပေးရန်လည်း တာဝန်ရှိ၏။ ထိုနည်းတူစွာ ကျွန်ုပ်တိုသည် ဘုရားသခင်၏ ပညတ်တော်ကိုလည်း လိုက်လျှောက်ရန် တာဝန်ရှိ၏
၃၃။ ကျမ်းတတ်တို၏ ယေရှုအား စုံစမ်းသော မေးခွန်းကား မည်သိုနည်း။
ပညတ္တိကျမ်း၌ အဘယ်မည်သောပညတ်သည် သာ၍ကြီးသနည်းဟု မေးလျှောက်ကြ၏။(မဿဲ ၂၂း၃၆)
၃၄။ ယေရှုခရစ် မည်သိုအဖြေပေးခဲ့သနည်း။
သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ဉာဏ်ရှိသမျှနှင့် ချစ်လော့ ဟူသော ပညတ် သည် ပဌမပညတ်ဖြစ်၏ဟုဖြေခဲ့၏။ (မဿဲ ၂၂း၃၇) (မာကု ၁၂း၂၉-၃ဝ)
၃၅။ ဒုတိယအရေးကြီးဆုံးအချက်ကား မည်သိုနည်း။
ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ ဟူသောကျမ်းချက််(မဿဲ ၂၂း၃၉)
၃၆ ထိုပညတ်နှစ်ပါးသည် အဘယ်ကြောင့် အချုပ်အချာဖြစ်သနည်း။
ပထမအချက်သည် ပညတ်တော်ဆယ်ပါးမှ ပထမ (၄)ချက်၏ အချုပ်သဘောဖြစ်သည်။ ဒု ပညတ်တော် ဆယ်ပါးမှ ကျန်ရှိသော(၆)ချက်၏ အချုပ်ဖြစ်၏။ သိုဖြစ်၍ ထိုအချက်(၂)ချက်ကို ထိန်းလျှင် ပညတ်တော် ဆယ်ပါးကို စောင့်ထိန်းရာရောက်၏။
၃၇။ ယေရှုခရစ်သည် သူ့အပေါ် အပြစ်ရှာသူတို၏ နှုတ်ကိုမည်သိုတိတ်ဆိတ်စေသနည်း။
မေရှိယသည် ဒါဝိဒ်၏သားဖြစ်သလော သိုမဟုတ် ဒါဝိဒ်၏ အရှင်သခင်ဖြစ်သလောဟူသော ဖြင့် ငြိမ်သက်စေ၏။ ဖာရိရှဲတို၏ မေရှိယနှင့် ပတ်သက်သော ခံယူချက်သည် ထိုမေးခွန်းကို ဖြေဆိုရန် အဖြေမရှိသော သလောဟူသောမေးခွန်းအားဖြစ်၏။
၃၈။ ဖာရိရှဲတို့ ထိုကဲ့သို တိတ်ဆိတ်သွားပြီးနောက် မည်သိုဖြစ်လာသနည်း။
ယေရှုသည် ဖာရိရှဲတို၏ မှားယွင်းသောအကျင့်၊ အရေခြုံဟန်ဆောင်ခြင်း များတိုကို အပြစ်တင်ဝေဖန် ပြောဆို၏။(မဿဲ ၂၃)
၃၉။ ယေရှုခရစ်၏ ထိုသူတိုအပေါ်ဝေဖန်ခြင်းသည် ပြင်းထန်ခြင်းရှိပါသလား။
ၐအလွန်ပြင်းထန်သော ဝေဖန်ချက်ဖြစ်သော်လည်း မေတ္တာဖြင့် ပြောဆိုခြင်းဖြစ်သည်။ ယေရှုခရစ်အနေဖြင့် ထိုသူတိုသည် မိမိတို၏ အတွင်းနှလုံးသားသဘောကို တွေ့မြင်လျက်၊ နောင်တရကြရန် ပြောဆိုခြင်းဖြစ်သည်။ (မဿဲ ၂၃)
၄၀။ ထိုဘာသာရေးခေါင်းဆောင်များ၏ ကြီးမားသော အပြစ်ကား မည်သိုနည်း။
ထိုသူတိုသည် အပြင်ပန်း ထုံးတမ်းဓလေ့များကို ဂရုစိုက်ပြီး၊ အတွင်းစိတ်သဘောကား တစ်ကိုယ် ကောင်းဆန် ခြင်းနှင့် အပြစ်နှင့်ပြည့်ဝခြင်းရှိ၏။ ထိုသူတိုသည် ခေါင်းဆောင်များဖြစ်ပါလျက်၊ ဘာသာ ရေးအသိတရား လိုအပ်နေသူတိုအား မှားသောလမ်း ၊ သို လမ်းညွှန်ပြနေသောကြောင့်ဖြစ်၏။
၄၁။ မဿဲ ၂၃း၅ တွင် ပါရှိသော လက်ဖွဲ့ ကား မည်သိုနည်း။
သားရေဖြင့်ပြုလုပ်ထား၍၊ ၎င်းသားရေပေါ်တွင် ကျမ်းချက်များကို ရေးထားပြီး ဖာရိရှဲတိုအပေါ်တွင် ခြံကြ၏။ တစ်ပါးသူတို တွေ့မြင်စေရန်နှင့် မကောင်းမှုများမှ လွဲဖယ်ရန် လက်ဖွဲကဲ့သိုသဘော အသုံးပြုကြ၏။ (ထွက် ၁၃း၁၅-၁၆း တော ၁၅:၃၈-၃၉)
၄၂။ ထိုသိုဝတ်ဆင်ခြင်းသည် အပြစ်ဖြစ်ပါသလား။
မဟုတ်ပါ။ ထိုသူတိုက ထိုသိုဝတ်ဆင်ခြင်းသည်၊ ဘုရားသခင်၏ ပညတ်တော်ကို ကျင့်သည်ဟု မှားယွင်းစွာ ယူဆ၏။ ထိုသိုဝတ်ဆင်၍ ဘာသာရေးဟန်ဆောင်ခြင်းဖြစ်ပြီး၊ ကောင်းသောအကျင့်များကို ကျင့်ခြင်း မရှိခြင်းသည် အပြစ်ဖြစ်၏။
၄၃။ ဖာရိရှဲတို၏ ရှည်လျားသော ဆုတောင်းချက်နှင့် သာမန်တပည့်တော်တစ်ယောက်၏ ရိုးသားသော ဆုတောင်းချက် မည်သိုကွာခြားသနည်း။
ဖာရိရှဲတိုကား လူအများ၏ ချီးမွမ်းခြင်းခံလို၍၊ ပရိသတ်ရှေ့တွင် မိမိတို၏ ကောင်းမြတ်ခြင်းကို ဖော်ပြ၍ ရှည်လျားစွာ ဆုတောင်းသော်လည်း ဘုရားသခင် နားညောင်းတော်မမူပါ။ သာမန်တပည့်တော်၏ ရိုးသား , စွာ၊ နှိမ့်ချလျက်၊ အပြစ်ဝန်ချလျက် တောင်းသောဆုကိုကား ဘုရားသခင်နှစ်သက်၍ ပြည့်စုံစေတော်မူ၏။ (မဿဲ၆း၅-၆)
၄၄။ အဘယ်ကြောင့် မုဆိုးမ လှူသော ကြေးနီနှစ်ပြားနှင့် ပတ်သက်၍ ယေရှုပြောဆိုခဲ့သနည်း။
အခြားသောသူများသည် တာဝန်ကျေရုံ သိုမဟုတ် ကြွားဝါလို၍ လှူခြင်းဖြစ်သော်လည်း မုဆိုးမသည် စေ တနာရက်ရောစွာဖြင့် ရှိသမျှကို လှူကြောင်းကို သိမြင်စေလို၍ ‘ပြောဆိုခြင်းဖြစ်သည်။(မာကု ၁၂း၄၁ ၄၄)
၄၅။ ဤဥပမာအားဖြင့် ဘုရားသခင်သည် အတွင်းနှလုံးသားကိုက ကြည့်ကြောင်း မည်သိုသိနိုင်ပါသနည်း။
ဘုရားသခင်သည် ပေးလှူသော ပစ္စည်းကို ကြည့်တော်မမူဘဲ၊ ပေးလှူသူ၏ စိတ်သ ဘာကိုသာ ကြည့်၏။
၄၆။ သေးငယ်သောအလှူဖြစ်သော်လည်း ဘုရားသခင်အသိအမှတ်ပြုရန် မည်သိုဆောင်ရွက်သင့်သနည်း။
ပေးလှူသောသူတို၏ တတ်နိုင်သောအဆင့်အတန်း အမျိုးမျိုးရှိကြသော်လည်း ဘုရားသခင်ကို ချစ်လျက် ဘုရားသခင်၏ မျက်နှာကို ထောက်ထား၍ စေတနာဖြင့် ပေးလှူရမည်။
၄၇။ ယော ၁၂း၂ဝ-၃၆ တွင် ဟေလသလူတိုကား မည်သူတိုနည်း။
ထိုသူတိုသည် ဂရိနိုင်ငံမှဖြစ်ပြီး၊ ယုဒအယူဝါဒသို ပြောင်းလဲခံယူကြသူများဖြစ်၏။
၄၈။ ထိုသူတို ယေရှုအား တွေ့လိုသော သဘော၌ မည်သည့်လျှိဝှက်ချက် ရှိသနည်း။
ယေရှုခရစ်၏ ပြောဆိုချက်အရ ထိုသူတိုသည် ယေရှုခရစ်အပေါ် အပြစ်ရှာ၏။ တရားတွေ့ရန် ကားတိုင် တင်ရန် ကြံစည်ကြမည့်သူများ ဖြစ်ကြောင်းသိရ၏။
၄၉။ မျိုးစေ့သည် အပင်မပေါက်မှီ အဘယ်ကြောင့် ပျက်စီးရသနည်း။ –
မျိုးစေ့၏ သဘာဝသည် ပျက်စီးပြီးမှသာ အပင်ပေါက်မည်။ အပင်မှ အသီးအပွင့်ကို ဖြစ်စေ၏။
၅၀။ အဘယ်ကြောင့် သခင်ယေရှုသည် မိမိကိုယ်မိမိ ဆက်ကပ်ခြင်းပြုခဲ့ပါသနည်း။
ဘုရားသခင်၏ ဘုန်းတော်ထင်ရှားရန်နှင့် လူသားတိုအတွက် ကယ်တင်ခြင်းရရန် ဆက်ကပ်ခြင်းဖြစ်၏ ၅၁။ အခန်းငယ် ၃၂ တွင် “လူအပေါင်းတို ́ဟူသော စကားသည် မည်သိုဆိုလိုသနည်း။ အဆင့်အတန်း၊ အချိန်အခါ၊ လူမျိုးမခွဲဘဲ အားလုံးကို ဆိုလိုသည်။ “ ထိုနောက်မှ ကြည့်လျင်၊ အသီးအသီး ဘာသာစကားကို ပြောသော လူမျိုးအနွယ်ခပ်သိမ်းတို အထဲမှ ထွက်၍၊ အဘယ်သူမျှ မရေတွက်နိုင်သော လူများအပေါင်းတိုသည် ဖြူသောဝတ်လုံကို ဝတ်ဆင်လျက်၊ စွန်ပလွန်ခက်ကို ကိုင်လျက်၊ ပလ္လင်တော်ရှေး သိုးသူငယ် ရှေ့မှာရပ် နေကြ၏။” (ဗျာ ၇း၉)
၅၂။ ယော၁၂း ၃၉ တွင် ဘုရားသခင်သည် ယုဒလူတိုအား ယုံကြည်သူအဖြစ် လက်မခံလိုခြင်းဖြစ်ပါသလား။
ထိုသို့မဟုတ်ပါ။ သိုသော် ယုဒလူတို့၏ နှလုံးသားသည် ယေရှုခရစ်၏ တရားကို အမြဲဆန့်ကျင်ရန် ဆန္ဒရှိနေသဖြင့်၊ သူတိုသည် ယုံကြည်သူများ မဖြစ်လာနိုင်ခြင်းဖြစ်ပါသည်
၅၃။ ဗိမာန်တော်ကို မည်သည့်အချိန်၌ ပြန်၍ တည်ဆောက်ခဲ့သနည်း။
ဟေရုဒ်မင်း တည်ဆောက်ခဲ့၏။ (မေး ၈၆-၁၁)
၅၄။ ထိုဗိမာန်တော်ကို မည်သည့်အချိန်၌ မည်သူတို ဖျက်ဆီးခဲ့သနည်း၊
ခရစ်တော်ကို ကားတိုင်တင်ပြီး အနှစ်(၄၀)တွင် တိတုမင်းလက်အောက်ခံ ရောမတို့က ဖျက်ဆီးခဲ့၏။
၅၅။ ယေရှုသည် တပည့်တော်များအား မည်သို ကြိုတင်သတိပေးခဲ့သနည်း။
သွေးဆောင်ဖြားယောင်း၍ ငါသည် ခရစ်တော်ဖြစ်၏ မေရှိယဖြစ်၏ ဟုလိမ်ညာပြောဆိုကြသော သူတို ကို တွေ့လိမ့်မည်။ သိုသော် ထိုသူတိုနောက်သိုမလိုက်ဘဲ မိမိ၏ ယုံကြည်ခြင်း၌ အဆုံးထိ တည်ကြည်ရန် သတိပေးခဲ့၏။
၅၆။ မသဲ ၂၄း၁၄ တွင် ဧဝံဂေလိတရား၏ အောင်မြင်ခြင်း၊ နောက်ဆုံးသောနေ့၌ လူတိုင်းလက်ခံယုံကြည်ရမည် ဟု ဆိုလိုပါသလား။
သခင်ခရစ်တော်၏ ဧဝံဂေလိတရားသည် လူသားတိုင်းအတွက်ဖြစ်ပြီး၊ လက်ခံလိုသူ ပြောင်းလဲလိုသူ တိုင်း အတွက် ဖိတ်ခေါ်လျှက် တံခါးဖွင့်ထား၏။ လူတိုင်းအတင်းအကြပ် ပြောင်းလဲ လက်ခံရမည်ဟုမဆိုလိုပါ။
၅၇။ မသဲ ၂၄း၁၅ တွင် ဖျက်ဆီးတတ်သော၊ ရွံရှာဖွယ်အရာသည် မည်သိုဆိုလိုသနည်း။
ထိုအချက်သည် ဒံယေလ ၁၂၁၁ ကို ကိုးကားပြောဆိုခြင်းဖြစ်နိုင်၏။ ရောပတို့၏ အလံတွင်ရုပ် ၂၅၁ ၌ ရုပ်တုကိုးကွယ်ခြင်း အထိမ်းအမှတ် ပါရှိသဖြင့် ထိုအလံကို ဆိုလိုခြင်းဖြစ်ကောင်းဖြစ်နိုင်၏။
၅၈။ ထိုပရောဖက်ပြုချက်ကို ကြားသောလူအချိုသည် ထိုအချက်ပြည့်စုံခြင်း ရှိသည်အထိ အသက်ရှင်နေပါမည် လား။
သံသယမရှိပါ (မဿဲ ၂၄း၃၄)
၅၉။ မသဲ ၂၅ ရှိ သတိုသမီး (၁၀) ယောက် ဥပမာ၌ မည်သိုသင်ခန်းစာရနိုင်သနည်း။
ကျွန်ုပ်တို့သည် ကျွန်ုပ်တို၏ သခင်ကြွလာမည့်အချိန်အတွက် အဆင်သင့်ပြင်ဆင်လျှက် စောင့်နေကြရန် ဖြစ်သည်။
၆၀။ အိပ်ပျော်နေကြခြင်းအတွက် သတိုသမီးအားလုံး အပြစ်တင်ခံရပါသလား။
မဟုတ်ပါ။ သတိဝိရိယဖြင့် ကြိုတင်ပြင်ဆင်သော သူတိုသည် ပွဲသိုဝင်ရပြီး၊ ကြိုတင်ပြင်ဆင်ခြင်း မရှိသော သတိုသမီး (၅) ယောက်မူကား အပြစ်တင်ခြင်းခံရ၍ ပွဲသိုမဝင်ရကြ။
၆၁။ မီးခွက်နှင့်တကွ ဘူး၌ပါသောဆီကို ယူဆောင်သွားသော သတိုသမီး(၅)ယောက်ကား တစ်ကိုယ်ကောင်းဆန် သည်ဟု ပြောနိုင်ပါသလား။
မပြောနိုင်ပါ။ သူတို၏ဆီကို ဝေမျှလျင် မလောက်မဖြစ်ပြီး မင်္ဂလာဆောင်လုလင် လာသောအချိန်၌ ကြိုဆိုနိုင်မည် မဟုတ်ပါ။
၆၂။ ကျွန်ုပ်တိုတွင်ရှိသော ဆီကို သူတပါးအား ဝေမျှရန် ဖြစ်နိုင်ပါသလား။
ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော်ကို လက်ခံလိုသူသည် ရရှိနိုင်၏။ ရရှိပြီးသူထံမှ ပြန်၍ ထွက်မသွား နိုင်ပါ။
၆၃။ မဿဲ ၂၅း၁၄-၃ဝ တွင် အစွမ်းသတ္တိဟူသော စကားနှင့် လုကာ ၁၉ တွင် ပိသာဟူသော စကားတို၏ အဓိပ္ပါယ်ကို ရှင်းပြပါ။
ပိဿာသည် အလေးချိန်ကို ဖော်ပြခြင်းဖြစ်ပြီး၊ လူတိုင်းရရှိနိုင်သည့် တူညီသော အခွင့်အရေးကို ဆိုလိုသည်။ အစွမ်းသတ္တိဟူမူကား ကျွန်ုပ်တိုတစ်ယောက်စီ၌ရှိသည့် မတူညီသော အရည်အချင်းကိုဆိုလို၏။
၆၄။ အခွက်တစ်ဆယ် ခံရသောသူသည် လုံလောက်သောအရင်းအနှီးရပါသလား။
ရပါသည်။ ဒေါ်လာ ၁၀၀၀-ခန့်ရှိပြီး ထိုအချိန်အခါက လူတစ်ယောက်အနှစ် ၂၀ လုပ်အားခနှင့် ညီမျှ ပါသည်။
၆၅။ဤဥပမာတွင်ထူးခြားသောသင်ခန်းစာများရနိုင်ပါသလား။
ရရှိပါသည်။ ကျွန်ုပ်တိုတစ်ဦးစီ၌ ရှိသည့် မတူညီသော အရည်အချင်းနှင့် ခွန်အားတိုသည် အဓိကမဟုတ် ဘဲ ရှိသည့်နေရာ၌ အတတ်နိုင်ဆုံး၊ အကောင်းဆုံးလုပ်ဆောင်ခြင်းသာလျှင် အရေးကြီးဆုံးဖြစ်ပါသည်။
၆၆။ နောက်ဆုံးသောတရားစီရင်ခြင်းမှ အခွင့်ထူးခံ လွတ်မြောက်မည့်သူများ ရှိပါသလား။
မရှိပါ။ လူမျိုးအပေါင်းတိုသည် ရှေ့တော်တွင် တရားစီရင်ခြင်းခံရန် စုဝေးရမည်။ ပြီးမှ သုံးနှင့်ဆိတ် ခွဲခြားသကဲ့သို ခွဲခြားမည်ဖြစ်၏။ (မသဲ ၂၅း၃၁-၄၆)
၆၇။ ခရစ်တော်နှင့် တပည်တော်တိုသည် တစ်လုံးတစ်ဝတည်းဖြစ်ကြောင်း ဤဥပမာတွင် မည်သိုတွေ့နိုင်သနည်း။
ငါအမှန်ဆိုသည်ကား သင်တိုသည် ဤသူတည်းဟူသော ငါတိုညီတိုတွင် အငယ်ဆုံးသောသူ တစ်ယောက်အား ပြုကြသမျှတိုကို ငါ့အားပြုကြပြီဟု ပြန်၍မိန့်တော်မူ၏။ (မဿဲ ၂၅း ၄ဝ-၄၅)
၆၈။ ကျွန်ုပ်တိုကိုယ်တိုင် ခရစ်တော်အား အစေခံကြောင်း မည်သိုသိနိုင်သနည်း။
ခရစ်တော်၏ တပည့်တော်တိုအပေါ် ကျွန်ုပ်တိုမည်သိုသဘောထားသည်။ ဆက်ဆံသည်ကို ကြည့်ခြင်းအားဖြင့် သိနိုင်၏။
၆၉။ ထိုဆုနှင့် ပြစ်ဒါဏ်သည် ခရစ်တော်အား အစခံလိုသောစိတ်သဘောထားပေါ်တွင် မူတည်ပါသလား။
မဟုတ်ပါ။ အမှန်တကယ်လက်တွေ့ကျကျ အငယ်ဆုံးသောသူအား မစသူသာလျှင် ဆုနှင့်ထိုက်တန်၏။
၇၀။ ယုဒရှကာရုတ် မည်သည့်အကြံအစည်ကိုပြုလုပ်သနည်း။
ငွေအကျပ် ၃၀ယူ၍ ယဇ်ပုရောဟိတ်နှင့် ကျမ်းပြုဆရာတိုလက်သို ယေရှုအား အပ်ရန်ကြံစည်သည်။ (ဒေါ်လာ ၂၄ဒေါ်လာ၊၆လစာခန့်) (မဿဲ ၂၆း၁၊၅၊ ၁၄-၁၆)
(ဃ) ကြာသာပတေး။ (မဿဲ ၂၆း၁၇-၃၅။ မာကု ၁၄း၁၂-၃၁။ လုကာ ၂း၂၇ – ၃၈။ ယောဟန် ၁၃-၁၇ )
၇၁။ ဗုဒ္ဓဟူးနေ့၌ မည်သည့်အရာများပြုလုပ်ခဲ့သနည်း၊
မှတ်တမ်းများကို မတွေ့ခဲ့ရပါ။ သိုဖြစ်၍ တိတ်ဆိတ်စွာ အနားယူကြသည်ဟု ထင်ပါသည်။
၇၂။ လုကာ’ ၂၂း၁၀ တွင်အဘယ်ကြောင့် တပည့်တော်တိုအား လမ်းညွှန်ချက်ကို တိတိကျကျမပြောသနည်း။
ဖြစ်နိုင်သည့်အချက်မှာ ယုဒရှကာရုတ် အနေနှင့် အစီအစဉ်ကို မသိနိုင်ရန်၊ ထိုနေရာတွင် ဖမ်းဆီးခြင်း မဖြစ်စေရန် ကာကွယ်ခြင်းဖြစ်သည်။
၇၃။ ပဿခါပွဲအတွက် တပည့်တော်တို မည်သည့်အစာများ ပြင်ဆင်သနည်း။
သိုးသငယ်၊ တဆေးမဲ့မုန့်၊ ခါးသောအရွက်၊ စပျစ်ရည်၊ စွန်ပလွန်ယို၊ စပျစ်သီးခြောက်နှင့် အခြားစားစရာများဖြစ်၏။ (မေး ၁၇ ကြည့်)
၇၄။ အပေါ်ထပ် အထက်ခန်းသို သွားရာလမ်းတွင် တပည့်တော်တို မည်သည့် အကြောင်းအရာအတွက် ငြင်းခုံ ကြသနည်း။
မည်သူသည် အကြီးမြတ်ဆုံးဟူသော မေးခွန်းအတွက် ငြင်းခုံကြ၏။ (လုကာ ၂၂း၂၄-၃၀ )
၇၅။ သူတိုအခန်းထဲသို ရောက်သောအခါ လုပ်သင့်ပါလျက် မလုပ်သော အလုပ်တစ်ခုကို ဖော်ပြပါ။
လမ်းပေါ်မှ ဖုန်များမပါရှိရန်၊ တစ်ယောက်ခြေထောက်ကို တစ်ယောက် ဆေးပေးခြင်းဖြစ်၏။
၇၆။ ထိုကိစ္စသည် ထုံးတမ်းစဉ်လာ တစ်ရပ်ဖြစ်ပါသလား။
မဟုတ်ပါ။ သိုသော် လိုအပ်၏။ အဘယ်ကြောင့်ဆိုသော် ညှပ်ဖိနပ် စီးကြသဖြင့် ခြေထောက်များ ညစ်ပတ် ကြ၏။ သိုသော်တစ်ဦးကိုတစ်ဦး နှိမ့်ချသော စိတ်သဘော ဖော်ပြခြင်းလည်းဖြစ်ပါသည်။
၇၇။ လုကာ ၂၂း ၂၆-၂၈ နှင့် ယောဟန် ၁၃ တွင် မှန်ကန်သောနှိမ့်ချခြင်းကို ကျွန်ုပ်တို မည်သိုတွေ့ရှိနိုင်သနည်း။
ဘုရားသခင်ညွှန်ပြသည့်အတိုင်း တစ်ဦးကိုတစ်ဦး အစေခံခြင်းနှင့် ခရစ်ယာန်ညီအစ်ကိုချင်း အတတ်နိုင် ဆုံး ကူညီမစခြင်းတိုဖြစ်၏။
၇၈။ ယောဟန် ၁၃း၈ တွင် ယေရှုခရစ် မည်ကဲ့သို အရေးကြီးသည့်စကားကို ပြောခဲ့ပါသနည်း။
“ယေရှုကလည်း သင့်ခြေကို ငါမဆေးရလျင် သင်သည် ငါနှင့်မဆက်ဆံရဟု မိန့်တော်မူ၏။”
၇၉။ သခင်ယေရှုနှင့် စပ်ဆိုင်သောသူများဖြစ်ရန် ကျွန်ုပ်တို မည်ကဲ့သို ဆေးကြောခြင်းကို ခံရမည်နည်း။
သခင်ယေရှု၏ အသွေးအားဖြင့် ကျွန်ုပ်တို၏ အပြစ်ကို ဆေးကြောရန် လိုအပ်၏။
၈၀။ ယောဟန် ၁၃း၁၄-၁၅ တွင် ယေရှုပြောခဲ့သည့် စကားအတိုင်း မသွေမတိမ်းလုပ်ရန် လိုအပ်ပါသလား။
မလိုအပ်ပါ။ အဓိကဆိုလိုရင်း အဓိပ္ပါယ်မှာ တပည့်တော်များသည် အလွန်နိမ့်ကျသော ကိစ္စ၌ပင်လျှင် သူတစ်ပါးအား ကူညီရန်အသင့်ရှိစေလိုသော သဘောဖြစ်ပါသည်။
၈၁။ ထိုနောက် ယေရှုသည်တပည့်တော်တိုအား မည်သိုပြောသနည်း။
ယေရှုက “ သင်တိုတွင် တစ်စုံတစ်ယောက်သောသူသည် ငါ့ကိုအပ်နှံလိမ့်မည် ” ဟုဆိုလို၏။ (ယော ၁၃း၂၁-၃ဝ)
၈၂၊ “ရင်ခွင်တော်နားတွင် လျောင်းသဖြင့်” ဟူသောစကားအဓိပ္ပါယ်ကို ရှင်းပြပါ။
စားသောက်သော စားပွဲတွင် အစဉ်လိုက်လျောင်းကြသဖြင့် ယေရှုခရစ်နှင့် အနီးဆုံးသူကို ဆိုလို၏။ (ယော ၁၃:၂၃)
၈၃။ ယေရှုသည် သစ္စာဖောက်မည့်သူကို မည်သိုဖော်ပြသနည်း။
“မုန့်တစ်လုပ်စာကို နှစ်ပြီးမှ ရှိမုန်၏သား ယုဒရှကာရုတ်အားပေး၏။” (ယော ၁၃း ၂၆)၊ ဂုဏ်ပြုခြင်းဟုလည်းခံယူ၏။
၈၄။ ထိုအချက်ကို တပည့်တော်တို ကောင်းစွာနားလည်ကြပါသလား၊
သေချာစွာနားမလည်ပါ။ ယေရှုခရစ် လွတ်မြောက်ရန် တခုခုစီစဉ်သည်ဟု ထင်ကောင်းထင်မည်။ အပ်နှံ မည့်သူ မည်သည့်အချိန်တွင် လာမည်ကို သူတို မမှန်းဆတတ်ပါ။
၈၅။ ယေရှုခရစ်သည် မည်သည့်အံ့ဖွယ်အစီအစဉ်တစ်ခုကို ပြုလုပ်ခဲ့သနည်း။
နောက်ဆုံးသောညစာစားပွဲကို ကျင်းပခဲ့သည်။ (မဿဲ ၂၆း ၂၆-၉)
၈၆။ ယုဒရှကာရုဒ်သည် ထိုညစာစားပွဲ၌ရှိပါသလား။
မရှိပါ။ “သူသည် မုန့်တစ်ဖဲ့စာကို ခံပြီးနောက် ထိုနေရာမှ ထွက်သွားခဲ့သည်။ (ယောဟန် ၁၃း၃၁)
၈၇။ ပွဲတော်မင်္ဂလာ၏အဓိပ္ပါယ်ကား မည်သို့နည်း။
ခရစ်တော်တဖန်ကြွလာသည့်တိုင်အောင် ခရစ်တော်၏အသက်တော်စွန့်ခြင်းကို သတိရအောက်မေ့ ခရစ်တော်နှင့်လည်းကောင်း ခရစ်ယာန်အချင်းချင်းသော်လည်းကောင်း မိတ်ဖွဲခြင်းဖြင့် ဝိညာဥ်ခွန်အား ရယူရန် ဖြစ်သည်။ ( ၁ကော ၁၁း၂၃-၂၆)
ခရစ်တော်၏နူတ်ဆက်ခြင်းပြောဆိုချက်(ယော ၁၃း၃၁-၁၆း၃၃;-)
၈၈။ စစ်မှန်သော တပည့်တော်ဖြစ်ခြင်း၏ သက်သေကားမည်သိုနည်း။
အချင်းချင်းချစ်ကြရန်ဖြစ်၏။ (ယော ၁၃း၃၇) ၊
၈၉။။ ပေတရု၏ နှုတ်ထွက်ကားနှင့် သူ၏လက်တွေ့လုပ်ဆောင်ချက်တိုသည် များစွာကွာခြားမှုရှိပါသလား။
များစွာကွာခြားမှုရှိပါသည်။ သခင်ယေရှုကို ဖမ်းဆီးစဉ်အချိန်က ပေတရုငြင်းဆိုခဲ့သည်သိုသော် သခင် ယေရှု ၏ခွင့်လွှတ်သောအကြည့်၌ သူသည် လုံးဝနောင်တရလျက် ပြောင်းလဲခဲ့သည်။ ခက်ခဲခြင်း၊ ပင်ပန်းဆင်းရဲ ခြင်းများကြားမှ သစ္စာရှိစွာ အဆုံးတိုင်အမှုတော်ထမ်းခဲ့သည်။
ရှင်ယောဟန် (၁၄)
၉၀။ အဘအိမ် ဟူသောစကား၏အဓိပ္ပါယ်ကို ရှင်းပြပါ။
ကောင်းကင်ဘုံရှိ ကျွန်ုပ်တိုနေစရာအိမ်ကို ဆိုလို၏။
၉၁။ အဖခမည်းတော်ထံသို မည်သည့်လမ်းဖြင့် ရောက်ရှိနိုင်သနည်း။
ခရစ်တော်အားဖြင့်သာ တစ်ခုတည်းသောလမ်းဖြစ်သည်။
၉၂။ ခရစ်တော်သည် အဖခမည်းတော်၏ ထင်းရှားပြသခြင်းဖြစ်ကြောင်း မည်သိုသိနိုင်သနည်း။
ယေရှုက ဖိလိပ္စုအား” ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏” ဟုပြောဆိုခဲ့၏ (ယော ၁၄း၉ )
၉၃။ ကောင်းကင်ဘုံ၌ရှိသော အခမည်းတော်သည် ကျွန်ုပ်တိုသနားခံခြင်းကို အဖြေပေးပါမည်လား။
ကျွန်ုပ်တို ယေရှုနာမ၌တောင်းလျှောက်လျှင် အဖြေပေးပါမည်။ (ယော ၁၄း၁၃-၁၄ )
၉၄။ ဂတိတော်နှင့်ဆိုင်သော ဥပဇ္ဈာယ်ဆရာကား မည်သူနည်း။”
သန့်ရှင်းသောဝိညာဉ်တော် ဖြစ်ပါသည်။ (ယော ၁၄း၁၆)
၉၅၊ သန့်ရှင်းသောဝိညာဉ်တော်သည် ယာယီပေးထားသော လက်ဆောင်ဖြစ်ပါသလား။
မဟုတ်ပါ။ ကျွန်ုပ်တိုနှင့် ထာဝရအတူရှိနေမည်ဖြစ်သည်။
၉၆။ လောကီသားတို့ အဘယ်ကြောင့် သန့်ရှင်းသောဝိညာဉ်တော်ကို လက်မခံနိုင်ကြသနည်း၊
ထိုဝိညာဉ်တော်ကို လောကီသားတိုသည် မသိမမြင်သောကြောင့် မခံယူနိုင်ကြေး (ယော ၁၄း၁၇)
၉၇။ ကျွန်ုပ်တို ခရစ်တော်ကို မည်မျှချစ်ကြောင်း မည်သိုသိနိုင်သနည်း။
ကျွန်ုပ်တို့သည် ခရစ်တော်၏ ပညတ်တိုကို မည်မျှသစ္စာရှိစွာ လိုက်လျှောက်ကြောင်း ကျွန်ုပ်တို၏ အတွင်း ဝိညာဉ်၏ သက်သေအားဖြင့် သိနိုင်၏။
၉၈။ ခရစ်တော်သည် တပည့်တော်တိုအား ငြိမ်သက်ခြင်းကိုပေးသဖြင့် တပည့်တော်တိုသည် လောက၌ ငြိမ်သက်ချမ်းသာခြင်းရှိမည်ဟု ဆိုလိုပါသလား။
မဟုတ်ပါ။ သူတိုသည် လောကတွင် ကြီးစွာသောဆင်းရဲဒုက္ခနှင့် ကြုံရမည်ဖြစ်သော်လည်း သူတို၏ တွင်မူ ငြိမ်းသတ်ခြင်းရှိနေမည်ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။ (ယော ၁း၃၃)
၉၉။ လောကကိုအောင်မြင်ပြီဟု မည်သူသည်ပြောဆိုနိုင်သနည်း။
ယေရှုခရစ်
၁၀၀။ လောကီနှင့်ဆိုင်သော ဘုရင်ဟုမည်သူ့ကိုဆိုလိုသနည်း။
စာတန်ဖြစ်သည်။ စာတန်သည် မကောင်းမှုမှန်သမျှကို အုပ်စိုးသောဘုရင်ဖြစ်၏။ ရှင်ေယာဟန် (၁၅)
၁၀၁။ ကျွန်ုပ်တို့သည် အသီးသီးနိုင်ရန် မည်သည့်အခြေအနေ လိုအပ်သနည်း။
ယုံကြည်ခြင်းခိုင်မြ၍ ခရစ်တော်၌တည်နေမှသာ အသီးသီးနိုင်မည်ဖြစ်သည်။
၁၀၂။ အသီးမသီးနိုင်သောသူ၌ မည်သည့်အကျိုးဆက်ဖြစ်နိုင်သနည်း။
အသီးမသီးသော အခက်များကို ခုတ်၍မီးရှိ သကဲ့သို အသီးမသီးသောတပည့်တော်သည်လည်း သစ်ခက်တို၊ သို့ ပယ်ထားခြင်းခံရမည်။
၁၀၃။ ခရစ်တော်၏မိတ်ဆွေဖြစ်ရန် မည်သည့်အချက်များလိုအပ်သနည်း။
ခရစ်တော်၏ပညတ်ချက်အတိုင်း အသက်ရှင်ရန်လိုအပ်၏။
၁၀၄။ လောကကိုချစ်ခြင်းနှင့် ဘုရားသခင်ကိုချစ်ခြင်း ယှဉ်တွဲ၍ ရနိုင်ပါသလား။
လောကကိုအလွန်ချစ်သောနှလုံးသား၌ ဘုရားသခင်အား စစ်မှန်သောချစ်ခြင်းမရှိနိုင်ပါ။
၁၀၅။ ယော ၁၅း ၂၂-၂၄ တွင် မည်သိုသောအပြစ်ကို ဖေါ်ပြထားသနည်း။
ခရစ်တော်၏ဟောပြောခြင်းနှင့် ခရစ်တော်၏ တန်ခိုးနိမိတ်လက္ခဏာတိုကို တွေ့မြင်ကြားသိပါလျက် ထာဝရဘုရားနှင့် ခရစ်တော်ကို ယုံကြည်လက်ခံခြင်း မရှိသောအပင်ဖြစ်ပါသည်။ ရှင်ယောဟန် (၁၆)
၁၀၆။ ယော ၂ နှင့် တ ၂၆း၉-၁၁ ကိုနှိင်းယှဉ်ပြပါ။
ရှင်ပေါလုက ခရစ်တော်၏နောက်လိုက်များအား ညှင်းပန်းနှိပ်စက်ခြင်းသည် တရားတော်နှင့်ညီသောအ ဖြစ်သည်ဟု ခံယူခဲ့သည်။
၁၀၇။ သံသယဖြစ်နေကြသော တပည့်တော်တိုအတွက် ကျေနပ်ဖွယ်အဖြေကို ယေရှုခရစ်မည်သိုပေးခဲ့သနည်း။
ထိုသူတို၏ သံသယစိတ်ကိုသိသဖြင့် ယေရှုက”ငါသည်ခမည်းတော်ထံသို ပြန်သွားရမည်” ဟုအတိအ လင်း ပြောဆိုခဲ့၏။ (ယော ၁၆း၁၆)
၁၀၈။ ဒုက္ခတွေ့ကြုံစဉ် ကျွန်ုပ်တိုအတွက် နှိမ့်သိမ့်စရာစကားကို ဖော်ပြပါ။
“သင်တိုသည် ငါ့ကိုအမှီပြု၍ ငြိမ်သက်ခြင်းရှိစေခြင်းငှာ ဤစကားကို ငါဟောပြောပြီးသင်တိုသည် လောက ၌ ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်။ သိုသော်လည်း မစိုးရိမ်ကြနှင့် ငါသည်လောကကိုအောင်ပြီ” ဟုမိန့် တော် မူ၏ (ယော ၁၆း၃၃)
တပည့်တော်များအတွက် ခရစ်တော်၏ ဆုတောင်းချက်
ရှင်ယောဟန် (၁၇)
၁၀၉။ ယော ၁၇း၁ တွင် “ကျွန်ုပ်အချိန်ရောက်ပါပြီ” ဟူသောစကား၏အဓိပ္ပါယ်ကို ဖော်ပြပါ။
လောကီသားတိုအပြစ်အတွက် ယေရှုခရစ်၏ ပေးဆပ်ခြင်းအချိန်ကို ဆိုလို၏။
၁၁၀။ ထာဝရအသက်အကြောင်းကို ဖော်ပြပါ။
“ထာဝရအသက်ဟူမူကား၊ မှန်သောဘုရားသခင် တစ်ဆူတည်း ဖြစ်တော်မူသော ကိုယ်တော်ကို၎င်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကို၎င်း သိကျွမ်းခြင်းတည်း” (ယော ၁၇း၃)
၁၁၁။ ပျက်စီးခြင်း၏သားကား မည်သူနည်း
စိတ်ဓါတ်ရော အကျင့်တရားပါ ပျက်စီးခဲ့သည့် ယုဒရှကာရုတ်ဖြစ်၏။(ယော ၁၇း၁၂)
၁၁၂။ သခင်ယေရှုခရစ်၏ အသနားခံလျှောက်ထားခြင်းတွင် ယနေ့ရှိနေသည့် ယုံကြည်သူများနှင့် သက်ဆိုင်ပါ သလား။
“ထိုသူတိုအဘိုကိုသာ အကျွန်ုပ် ဆုတောင်းသည်မဟုတ်ပါ။ သူတိုဟောပြောခြင်းအားဖြင့် အကျွန်ုပ်ကို ယုံကြည်သောသူတိုအဘို့ကိုလည်း ဆုတောင်းပါ၏။” ဟု ယော ၁၇း၂ဝ တွင်တွေ့ရ၏။
၁၁၃။ တောင်းလျှောက်ခဲ့သော မည်သည့်အချက်သည် ယနေ့ပြည့်စုံပြီးဖြစ်သနည်း။
“ထိုသူအပေါင်းတို တစ်လုံးတစ်ဝတည်းဖြစ်မည်အကြောင်း” ဟူသောအချက်ဖြစ်သည်။ အခန်းငယ် ၂၁။ ဂိုဏ်းဂဏမတူသော်လည်း ခရစ်ယာန်ဟူသောအမည်ဖြင့် တည်နေခြင်းအားဖြင့်၎င်း၊ အချိုမှာဂိုဏ်းဂဏ မထားဘဲ ခရစ်ယာန်ဟူသောအမည်ဖြင့်၎င်းပေါင်းစည်းကြ၏။
၉၉။သခင်ယေရှု ၏ေနာက်ဆုံးနေ့ (သောကြာ)
မဿဲ ၂၆း ၃၆-၄၆။ မာကု ၁၄း၃၂-၄၂။ , လု ၂၂း၂၉-၄၆။ ယော၁၈း၁ )
(က) ဂေသရွှေမန်အရပ်၌ ပြင်းစွာသောဝေဒနာခံစားခြင်း၊
၁။ ဂေသရှေမန်အရပ်သည် မည်သည့်ဒေသ၌ ရှိသနည်း။
ဂေသရွှေမန်ဥယျာဉ်သည် ယေရုရှလင်မြိုအနီး သံလွင်တောင်စောင်းတွင် တည်ရှိပြီး၊ ယေရှုနှင့်တ ပည့်တော်တို့ မကြာခဏ သွားရောက်အနားယူသော နေရာလည်းဖြစ်ပါသည်။
၂။ဂေသရှေမန်ဥယျာဉ်အတွင်း ယေရှုခရစ်၏ ဆုတောင်းချက်ကို ဖော်ပြပါ။
“အကျွန်ုပ်အဘ၊ ဤခွက်သည်(လူသားတစ်ယောက်အတွက် အလွန်လေးသောဝန်) အကျွန်ုပ်ကိုလွန် သွားနိုင် ၊ လျင် လွန်သွားပါစေသော။ သို သော်လည်း အကျွန်ုပ်အလို ရှိသည်အတိုင်း မဖြစ်ပါစေနှင့်၊ ကိုယ်တော်အလိုရှိသည် အတိုင်းဖြစ်ပါစေသော”ဟုဆုတောင်းတော်မူ၏။ (မဿဲ ၂၆း၃၉)
၃။ ယေရှုထမ်းရသော ဝန်ကားမည်သိုနည်း။
လူသားတို၏အပြစ်နှင့် မှားယွင်းခြင်းများအတွက် ပူဆွေးခြင်း၊ ဝမ်းနည်းခြင်းဖြစ်ရသော စိတ်ပင်ပန်း ခြင်း ၊ ဖြစ်၏။
၄။ ယေရှုသည် တပည့်တော်များ၏ သနားကြင်နာခြင်းကို ခံစားရပါသလား။
သူ၏တပည့်များအိပ်ပျော်နေကြ၏။ သိုသော် လုကာ ၂၂း၄၅ တွင် ဝမ်းနည်းခြင်းဖြင့် အိပ်ပျော်နေကြ သည် ဟု ဖော်ပြထား၏။
၅။ ယေရှုသည် တပည့်တော်များအား မည်သိုမှာကြားခဲ့သနည်း။ မည်သို ခွင့်လွတ်ခြင်းစကားကို ဆိုခဲ့သနည်း။
“စုံစမ်းနှောင့်ယှက်ခြင်းနှင့် ကင်းလွှတ်မည့်အကြောင်း ဆုတောင်းလျက် စောင့်နေကြလော့”ဟုမှာကြား ခဲ့၏။ ထိုနောက် စိတ်ဝိညာဉ်ကား စေတနာရှိငြားလည်း၊ ကိုယ်မူကား အားနည်းသည်ဟု ခွင့်လွှတ်ခြင်းစကားကို ဆိုခဲ့၏။ (မဿဲ ၂၆း၄၁)
(ခ) သစ္စာဖောက်ခြင်းနှင့်ဖမ်းဆီးခြင်း။
(မဿဲ ၂၆း၄၇-၅၆။ မာကု ၁၄း၄၃-၅၂၊ လုကာ ၂၂း၄၇-၅၃။ ယော ၁း၁-၁၁)
၆။ ဂေသရှေမန်ဥယျာဉ်သို ယုဒရှကာရုတ်နှင့်အတူ မည်သူတိုပါလာသနည်း။
စစ်သားတစ်စုနှင့်အတူ ယဇ်ပုရောဟိတ်အကြီးအကဲ၊ လူတိုတွင် အကြီးအကဲဖြစ်သောသူများလည်း ပါရှိကြ၏။
၇။ ယုဒရှကာရုဂ်သည် ယေရှုအား မည်သိုအပ်နှံသနည်း။
ထိုသူတိုကို ရှကာရှာ ကြိုတင်အမှတ်ပေးထားခဲ့သည့်အတိုင်း၊ ကိုယ်တော်ခြေရင်းသို ချက်ခြင်း ချဉ်းကပ်၍၊ အရှင်ဘုရား မင်္ဂလာရှိပါစေသော ဟုဆိုလျက်နမ်းလေ၏။ (မဿဲ ၂၆း၄၈-၄၉)
၈။ ပေတရုမည်သို ပညာမဲ့သည့်အမှုကိုပြုခဲ့သနည်း။
သူ၏သခင်ကိုကာကွယ်ရန် ဓားကိုဆွဲထုတ်၏။သူတယောက်တည်းဖြင့်မခံနိုင်သကဲ့သို တပည့်တော် အားလုံးတို ပင် အသတ်ခံရနိုင်၏။ သူတို၏သာသနာလုပ်ငန်းကို ဆက်၍ဆောင်ရွက်နိုင်ရန် ထိုသိုမပြုသင့်ပါ။ (ယော ၁၈း၁၀-၁၁။ မသဲ ၂၁း၅၁-၅၄)
၉။ ထိုအချိန်၌ ယေရှု၏ ရဲရင့်သော၊ တည်ကြည်သောသဘောဖြင့် အပ်နှံခြင်းအကြောင်းကို မည်သိုသိနိုင်သနည်း။
“ငါသည် ထိုသူဖြစ်၏ဟု မိန့်တော်မူလျှင်၊ ထိုသူတိုသည် နောက်သိုလှန်၍ မြေပေါ်သို၌ လဲကြ၏”(မဿဲ ၁၈း၆)
(ဂ) ယုဒထုံးစံအရ တရားစီရင်ခြင်း
(ယောဟန် ၁၈း၁၂-၂၇။ မ ၂၆း၅၇၊ ၂၇း၁၀။ မာကု ၁၄း၅၃-၇၂။ လုကာ ၂၂း၄၄- ၇၁ )
၁၀။ ယေရှုခရစ်အား မည်သည့်နေရာတွင် ပထမဆုံး တရားစီရင်သနည်း။
ယဇ်ပုရောဟိတ်မင်းကာယဖ၏ အိမ်ဦးတွင် အရေးပေါ် အစီအစဉ်ဖြင့် ယုဒလူမျိုးခေါင်းဆောင်တိုအား ခေါ်ယူ၍ စစ်ဆေးစေ၏။
၁၁။ ထိုအချိန်၌ ပေတရု၏ အပြုအမူကိုဖော်ပြပါ။
ပေတရုသည် ယေရှုခရစ်အား သခင်အဖြစ်မှ သုံးကြိမ်ငြင်းပယ်ခဲ့၏။ “ထိုအခါ သခင်ဘုရားသည် လှည့်၍ ပေတရုကို ကြည့်တော်မူ၏။ ပေတရုသည် သတိရသဖြင့် အပြင်သိုထွက်၍ ပြင်းစွာငိုကြွေးလေ၏” (လုကာ ၂၂:၅၅-၆၂)
၁၂။ ပေတရုနောင်တရ၍ ပြုပြင်ခြင်းရှိပါသလား။
ရှိပါသည်။ သခင်ယေရှုထက်ပြီးနောက် (ယော ၂၁)။
၁၃။ ထိုသူတို ယေရှုအပေါ် မည်သိုအပြစ်တင်၍ ဆုံးဖြတ်ချက်ချသနည်း။
ဘာသာရေးကို ပြစ်မှားသူဟု စွပ်စွဲ၍ သေဒဏ်စီရင်၏။
၁၄။ ယုဒရှကာရုတ်၌ မည်သိုဖြစ်သနည်း။
သူလက်ခံခဲ့သောငွေကို ယဇ်ပုရောဟိတ်တိုအား ပြန်ပေးခဲ့ပြီးနောက် ထွက်သွား၍ မိမိကိုယ်မိမိ ကြိုးဆွဲချ သေခဲ့၏။(မဿဲ ၂၇း၅)
(ဃ) ရောမထုံးစံအရ တရားစီရင်ခြင်း
(မဿဲ ၂၇း၁၁-၃၁။ မာကု ၁၁- ၂၀။ လုကာ ၂၃း၁- ၂၅။ ယော ၁၂း၈-၁း၂၆)
၁၅။ ယေရှုအား အပြစ်တင်ရှုတ်ချရန် မည်သူ့ထံသိုခေါ်ဆောင်သွားသနည်း။
ဖိလိတ္တိလူတို၏ မြိုဝန်မင်း ပုန္တိပိလတ်ထံသို ခေါ်ဆောင်သွား၏။ (မဿဲ ၂၇း၁)
၁၆။ ယောဟန် ၁၈’ ၂၈ တွင် ထိုသူတို၏ မဆီလျော်သော အချက်ကို မည်သိုတွေ့နိုင်သနည်း။
သူတိုသည်မေရှိယသခင်အား သတ်ရန်ကြံစည်နေကြသော်လည်း ပဿခါပွဲခံချိန်တွင် တပါးအမျိုး သား၏ အိမ်သိုဝင်ခြင်းသည် ညစ်ညူးသည်ဟု ယူဆလျက် ပိလတ်မင်းအိမ်သို မဝင်ဘဲနေကြ၏ (ယော ၁၈း၂)
၁၇။ ယုဒလူတို ယေရှုအပေါ် မည်သိုအပြစ်တင်ကြသနည်း။
ရောမကိုသစ္စာဖောက်မည်ဟု အပြစ်တင်ကြ၏ (၁) ဆီဇာဘုရင်အား အခွန်မပေးဟု၎င်း (၂) ယေရှုက သူ့ကိုယ်သူ ဘုရင်ဖြစ်သည်ဟု ပြောဆိုသည်ဟု၎င်းအချက်နှစ်ချက်ဖြင့် အပြစ်တင်ကြ၏။
၁၈။ ထိုစွပ်စွဲချက်တို မှန်ကန်ပါသလား။
မမှန်ပါ။ ပထမအချက်သည် မတရားစွတ်စွဲခြင်းဖြစ်ပြီး ဒုတိယအချက်မှာ ပြောဆိုသောစကား အပေါ်တွင် မမှန်သော အဓိပ္ပါယ် အယူအဆဖြင့် စွတ်စွဲခြင်းဖြစ်သည်
၁၉။ အဘယ်ကြောင့် ထိုသူတိုသည် ပထမစစ်ဆေးစဉ်ကအတိုင်း မစွတ်စွဲ၊ မပြောဆိုသနည်း။
ထိုကဲ့သိုသောအမြင်ဖြင့် စွပ်စွဲခြင်းကို ရောမတိုဥပဒေအရ အပြစ်ပေးမည်မဟုတ်သောကြောင့်ဖြစ်၏။
၂၀။ ပိလတ်မင်းက သင်တိုဓမ္မသတ်အတိုင်း စီရင်ကြဟု ပြောသောစကားကို အဘယ်ကြောင့်သူတို လက်မခံကြ သနည်း။
သေဒဏ်ပေးနိုင်သော စီရင်ခြင်းသည် ယုဒလူတို၌ မရှိဘဲ၊ ရောမဘုရင်၌သာ အာဏာရှိ၏။(ယော ၁၈း၃၁) ၊
၂၁။ ပိလတ်မင်းသည် ယေရှုအပေါ် အပြစ်တင်လိုသောစိတ်ရှိပါသလား။
မရှိပါ။ ယေရှုသည် အပြစ်မရှိကြောင်းနှင့် သေဒဏ်မချမှတ်သင့်ကြောင်း ယုဒလူတိုကို အကြိမ်များစွာ သွေးဆောင်ပြောဆိုခဲ့သည်။
၂၂။ ပိလတ်မင်းသည် ယေရှုအပေါ် အပြစ်တင်ခြင်းမပြုဘဲ နေနိုင်ခဲ့ပါသလား၊
သူ့တွင်အာဏာရှိသော်လည်း၊ ယုဒလူတို၏ စွပ်စွဲပြောဆိုခြင်း၊ အုံကြွခြင်းကို သူကြောက်ရွံ၏။
၂၃။ ယုဒလူတိုသည် ယေရှုအစား မည်သူ့ကိုရွေးချယ်ခဲ့သနည်း။
ဗာရဗ္ဗကို ရွေးချယ်ခဲ့သည်။ ထိုသူသည် ရောမအာဏာကို ဆန့်ကျင်သော ခေါင်းဆောင်ဖြစ်သည်။ လူသတ်မှု လည်းကျူးလွန်ခဲ့သူဖြစ်ပါသည်။
၂၄။ ပိလတ်မင်းဆုံးဖြတ်ချက်ချလိုက်သည့်နောက် မည်သိုသောအဖြစ်ကို တွေ့ရှိရသနည်း။
စစ်သားများသည် ယေရှုအား အနီရောင်ဝတ်စုံကိုခြုံစေ၍၊ ဆူးဦးရစ်သရဖူကို ကောင်းစေပြီး လှောင်ပြောင် သရော်ကြ၏။
၂၅။ ပိလတ်မင်းသည် ယုဒလူတိုအား ယေရှုအတွက် နောက်ဆုံး မည်သို အသနားခံသနည်း။ ။
ယုဒလူတိုရှေ့၌ ဆူးဦးရစ်ကို ဝတ်ဆင်၍ ဝေဒနာခံစားနေရသော ယေရှုကိုမြင်တွေ့စေ၏။ သိုသော် ထိုအချက် သည်အရာမရောက်ပါ။
(င) ကားတင်ခံရခြင်း
(မ ၂၇း၃၂-၆၆။ မာကု ၁၅း၂၁- ၄ဂူ လုကာ ၂၃း၄၆- ၅၆။ ယောဟန် ၁၉း၁၆-၄၂)
၂၆။ ယေရှုအားမည်သိုပြုကြသနည်း။ (မ ၂၇း၃၂-၆၆။ မာကု ၁၅:၂၁-၄၇။ လုကာ ၂၃း၄၆-၅၆။ ၁၉း၁၆-၄၃)
ညှင်းပန်းနှိပ်စက်၍ ကားထိုင်တင်၍ သတ်ကြ၏။
၂၇။ ပိလတ်မင်း၏ ယုဒလူတိုအပေါ် သေးငယ်သော တလဲ့စားချေခြင်းကား မည်သိုနည်း။
အသတ်ခံရသောသူတို၏အပြစ်ကို ဖော်ပြသော ကမ္ဗည်းလိပ်စာချက်အဖြစ်“ယုဒရှင်ဘုရင်”ဟူသော စာကို ဘာသာသုံးမျိုးဖြင့်ရေး၍ ခေါင်းပေါ်တွင်ချိတ်စေ၏။(လုကာ ၂၃း၃၈)
၂၈။ ကားတိုင်ပေါ်မှပြောခဲ့သော စကား(၇)ခွန်းကို ဖော်ပြပါ။
(၁) လုကာ ၂၃း၃၄ (၂) လုကာ ၂၃း၄၃ (၃) လုကာ ၁၉း ၂၆၊ ၂၇ (၄) မဿဲ ၂၇း၄၆ (၅) ယော ၁၉း၂၈
(၆) ယော ၁၉း၃၀ (၇) လုကာ၂၃း၄၆
၂၉။ ကားတိုင်ပေါ်တွင် အသတ်ခံရသည့်နောက် ပတ်ဝန်းကျင်တွင် မည်သိုအခြေအနေများ တွေ့ရသနည်း။
ထိုအချိန်သည် မွန်းတည့်အချိန်လောက်ဖြစ်၍ သုံးချက်တီးအချိန်တိုင်အောင် မြေတပြင်လုံး၌ မှောင်မိုက်အ တိဖြစ်လေ၏။ ဗိမာန်တော်၏ ကုလားကာသည် နှစ်ခြမ်းကွဲလေ၏။ (လုကာ ၂၃း၄၄-၄၅)
၃၀။ ယေရှုကို မည်သူသည် မည်သည့်နေရာ၌ သင်္ဂြိုဟ်သနည်း။
ယုဒပြည်၊ အရိမဿမြိုသား ယောသပ်၊ ဘုရားသခင်၏နိုင်ငံတော်ကို မျှော်လင့်သောသူသည်၊ ပိလတ် မင်း ထံမှ ခွင့်ပြုချက်တောင်း၍၊ မိမိပိုင်သောကျောက်ဂူအသစ်၌ သဂြိုဟ်၏။ (လုကာ ၂၃;၅၀-၅၃)
၃၁။ နောက်တစ်နေ့ဖြစ်သော စနေနေ့၏အခြေအနေကိုဖော်ပြပါ။
တပည့်တော်တိုသည် ဥပုသ်ရက်ဖြစ်သဖြင့် နားနေကြ၏။ ယုဒလူအကြီးအကဲတိုအနေဖြင့် ယေရှု အလောင်းကို တပည့်တော်တိုခိုးယူမည် စိုးရိမ်သဖြင့် သင်္ချိုင်းဂူကို စစ်သားများဖြင့် စောင့်ကြပ်စေ၏။
[၁၀၀] ရှင်ပြန်ထမြောက်သောနေ့ (မဿဲ ၂၈။ မာကု ၁၆။ လုကာ ၂၄။ ယော ၂၀၊ ၂၁)
၁။ မည်သည့်နေ့တွင်ရှင်ပြန်ထမြောက်သနည်း။
ပဿခါပွဲခံရာ ရက်သတ္တပတ်၏ တနင်္ဂနွေနေ့တွင် ရှင်ပြန်ထမြောက်၏။ ထိုနေ့ကို ရှင်ပြန်ထမြောက် ရာနေ့ဟု ခေါ်ကြ၏။
၂။ သင်္ချိုင်းဂူသို မည်သူလာသနည်း။အဘယ်အတွက်ကြောင့်လာသနည်း။
ယေရှု၏ အနီးစပ်ဆုံးသော တပည့်တော်အမျိုးသမီးတိုသည် အလောင်းတော်ကို နံသာမျိုးဖြင့် လိမ်းခြင်း၊ ငါလာကြ၏။ (မာကု ၁၆း၁) ၊
၃။ ထိုအချင်းအရာသည် တပည့်တော်တို မည်သို မျှော်လင့်ကြောင်း ဖော်ပြနေသနည်း
ထိုအချင်းအရာအားဖြင့် သူတိုသည် ယေရှုခရစ် သေခြင်းမှထမြောက်မည်ဟု နားမလည်၊ မမျှော်လင့်ခဲ့ ၊ ကြောင်းပေါ်လွင်နေ၏။
၄။ ထိုအမျိုးသမီးတို မည်သည့်အရာကို တွေ့မြင်ကြသနည်း။
တွင်းဝတွင် ပိတ်လျက်ရှိသောကျောက်သည် လှိမ့်လှန်လျက်ရှိသည်ကို၎င်း၊ အလောင်းသည် တွင်းဝ၌မရှိ ဘဲ၊ ယေရှုခရစ် ရှင်ပြန်ထမြောက်ပြီဖြစ်ကြောင်း ပြောဆိုသောကောင်းကင်တမန်ကိုသာ တွေ့ရကြ၏။
၅။ ယေရှုထမြောက်ပြီးနောက် အကြိမ်ပေါင်းမည်မျှ တပည့်တော်တိုထံ လာရောက်တွေ့ဆုံသနည်း။
အရက်(၄၀)အတွင်း (၁၁)ကြိမ် ဖြစ်သည်။
၆။ ထို ၁၁ နိုင် ကိုအစဉ်လိုက်ဖော်ပြပါ။
(၁) မာဂဒလမာရိအား ရှင်ပြန်ထမြောက်တော်မူသောနေ့
(တနင်္ဂနွေ၊ ပြီ ၉၊ အေဒီ ၃၀) ယောဟန် ၂၀း၁၁-၁၈
(၂) ထိုနေ့တွင် သင်္ချိုင်းမှပြန်လာကြသော အမျိုးသမီးတစ်စုနှင့်တွေ့ဆုံ၏။ (မဿဲ ၂၈း၉-၁၀)
(၃) ပေတရုနှင့်တွေ့ဆုံ၏။ (ထိုနေ့တွင် ) (လုကာ ၂၄း၃၄)
(၄) ဧမောက်ရွာသိုသွားရာလမ်းတွင် တပည့်တော် ၂ယောက်အား (ထိုနေ့ညနေ) ။ လုကာ ၂၄း၁၃-၃၁
(၅) တပည့်တော်ဆယ်ယောက်(သောမ မရှိခိုက်)အား (ထိုနေ့ညနေ ၊ ဧပြီ ၉ ရက်) ။ ယော၂၀း၁၉-၂၅။
(၆) သောမ အပါအဝင် တပည့်တော် ၁၁ ယောက် (တနင်္ဂနွေ ညနေ ဧပြီ ၁၆ ရက်)။ ယော ၂၀း ၂၆- ၂၉။
(၇) တပည့်တော် ၇ ယောက်အား ဂါလိလဲတိုင်တွင် ငါးဖမ်းနေစဉ် (မေလကုန် (သို)မေလဆန်း) ၊
(၈)တပည့်တော် ၁ဝ ယောက်အား ဂါလိလဲဘိုင်အနီး တောင်ပေါ်တွင်(မေလဆန်း)၊ မဿဲ ၂၈း၁၆-၂ဝ။
(၉) ညီအစ်ကိုငါးရာကျော်တို တပြိုင်နက်မြင်ရကြ၏။ (မေလဆန်းပိုင်း) ၁ ကော ၁၅း၆။
(၁၀)ယာကုတ်တစ်ယောက်တည်းရှိစဉ် (မေလ)၊ ၁ကော ၁၅)။
(၁၁)တပည့်တော် ၁၁ ယောက်အား ဗေသနိရွာ၊ သံလွင်တောင်ပေါ်တွင် (ကြာသာပတေးနေ့၊ မေ ၁၈ ရက်၊အေဒီ ၃၀ )(လုကာ ၂၄း၅၀-၅၁၊ တမန်တော် ၁း၁-၁၁)
၇။ ယေရှုသည် နောက်ထပ်လူသားတိုနှင့် တွေ့ဆုံပါသေးသလား။
တွေ့ဆုံပါသည်။ ရှောလုပြောင်းလဲသောအချိန်(တမန်တော် ၉၁-၇။ ၁ ကော ၁၅း၈) နှင့် တပည့်တော် ယောဟန်အား (ဗျာဒိတ် ၁း ၁၃း၂၀)
၈။ ထိုသိုယေရှုတွေ့ဆုံခြင်းသည် မည်သိုသက်သေဖြစ်သနည်း။
ကျွန်ုပ်တိုသည် သေခြင်းကိုအောင်သော၊ ထာဝရအသက်ရှင်သောအနန္တ တန်ခိုးရှင်ကို ကိုးကွယ်လျက်ရှိ ကြောင်း ပေါ်လွင်စေ၏။
၁၀၁။ တမန်တော်ဝတ္တုကျမ်း (ယေရုရှလင်မြို့ရှိသော အသင်းတော်) တမန်တော် ၁-ရ
၁။ တမန်တော်ဝတ္ထုကျမ်းကို မည်သူရေးခဲ့သနည်း။
ရှင်လုကာရေးခဲ့၏။ (မေး ၈၅း၇) ၊
၂။ တ ၁း၃ တွင် အသေခံတော်မူ၏ ဟူသောစကားလုံး၏ အဓိပ္ပါယ်ကို ရှင်းပြပါ။
ဒုက္ခဝေဒနာခံခြင်း၊ ကားတိုင်ပေါ်၌ အသေသတ်ခံရခြင်းကို ဆိုလို၏။
၃။ တ ၁း၅ တွင် သန့်ရှင်းသောဝိညာဉ်တော်၌ ဗတ္တိဇံခံခြင်း အဓိပ္ပါယ်ကား မည်သိုနည်း။
ပင်တေကုတ္တေပွဲနေ့၌ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်ခြင်းကို ဆိုလို၏။ (တ ၂း၁-၄)
၄။ ဘုရားသခင်၏နိုင်ငံတော်နှင့်ပတ်သက်၍ တပည့်တော်တိုသည် မည်သိုနားလည်သဘောပေါက်ကြသနည်း၊
ဣသရေလဘုရင်ဝါဝိဒ်၏နိုင်ငံတော် ပြန်လည်တည်ထောင်ပြီး ယေရှုခရစ်သည် ဘုရင်အဖြစ်အုပ်စိုး မည်ဟု ထင်မှတ်ကြ၏။
၅။ ယေရှုခရစ်သည် ထိုသိုမိန့်မြွက်တော်မူပြီးနောက် မည်သည့်အဖြစ်ကို တွေ့မြင်ရသနည်း။
သခင်ဘုရားသည် အထက်သိုဆောင်ယူခြင်းကို ခံတော်မူသည်ကို တွေ့မြင်ရကြ၏။ (တ ၁း၉)
၆။ တပည့်တော်တိုသည် မည်သိုသောကတိတော်ကို ကြားကြသနည်း။ ။
“သင်တိုနှင့် ခွဲ၍ ကောင်းကင်သို ဆောင်ယူခြင်းကို ခံတော်မူသော ထိုယေရှုသည် သင်တိုမျက်မှောက်၌ ကောင်းကင်သိုကြွတော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတ္တံ့ ဟုပြောဆို၏”(တ ၁း၁၁)
၇။ အထက်ပါအချက်သည် မည်သည့်အဓိပ္ပါယ်ဆောင်သနည်း။
ခရစ်တော်၏ ဒုတိယကြွလာခြင်းကို ဆိုလို၏။
၈။ တပည့်တော်တိုသည် သန့်ရှင်းသောဝိညာဉ်တော်ကြွလာရန် စောင့်နေစဉ် ဘာလုပ်ကြသနည်း။
(၁) ဆုတောင်းဝတ်ပြုခြင်းကို အဆက်မပြတ်ပြုလုပ်ကြ၏။
(၂) ယုဒရှကာရုတ်နေရာ၌ တမန်တော်အသစ်တစ်ယောက်ခန့်ရန် စာရေးတံချ မဲရွေး၍ ဆုံးဖြတ်ကြ၏။ ( ၁:၂၆)
၉။ ပင်တေကုတ္တေပွဲနေ့ကျရောက်သောနေ့ရက်ကို မည်သိုရေတွက်ရမည်နည်း။
ပဿခါပွဲနေ့ နောက်သတ္တမဥပုသ်နေ့(သို)အရက် ၅၀ မြောက်နေ့ဖြစ်ပါသည်။ (ဝတ် ၂၃း၁၆-၂၂။ တ ၁း၃)
၁၀။ ပင်တေကုတ္တေပွဲနေ့သည် သခင်ယေရှု အထက်သိုဆောင်ယူခြင်းကိုခံတော်မူပြီးနောက် ရက်ပေါင်း မည်မျှတွင်ကျရောက်သနည်း။ ၁၀-ရက် (တ ၁း၃)
၁၁။ သန့်ရှင်းသောဝိညာဉ်တော်ကြွလာခြင်း၏ နိမိတ်လက္ခဏာကို ဖော်ပြပါ။
(၁) လေပြင်းမုန်တိုင်းကဲ့သိုသော အသံကြားရ၏။ (၂) ကွဲပြားသော လျှာတိုသည် မီးလျှံကဲ့သိုထင်ရှား၍၊ ထိုသူအသီးသီးတိုအပေါ်၌ တည်နေကြ၏။ (၃) သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်၍ အမျိုးမျိုးသော ဘာသာစ ကားကို ပြောနိုင်ကြ၏(တ ၂း၂-၄)
၁၂။ကောင်းကင်အောက်တွင်ရှိသော လူမျိုးတကာထဲမှ ယုဒလူတိုဟူသောစကားကို ရှင်းပြပါ။
ယုဒလူတိုသည် သူတို၏အပြစ်အတွက် ဘုရားသခင်သည် ထိုသူတိုအား အနှံအပြားကွဲလွင့်စေခဲ့၏။ (တရား ၂၈း၆၄)
၁၃။ ထိုအံ့ဖွယ်အဖြစ်ကို လူအချိုတိုက မည်သိုပြောဆိုကြသနည်း။
တပည့်တော်တိုသည် ချိုသောစပျစ်ရည်နှင့် ပြည့်ဝသည်ဟု ကဲ့ရဲပြောဆိုကြ၏။ (တ ၂း၁၃)
၁၄။ ထိုအချိန်နာရီကို မြန်မာဘာသာကျမ်းစာတွင် မည်သိုဖော်ပြထားသနည်း။
နံနက်တစ်ချက်တီးအချိန်ဟု ဖော်ပြထား၏။ (တမန်တော် ၁း၅)
၁၅။ သခင်ယေရှုသည် သေခြင်းကို အရှုံးပေးရန်(သေခြင်း၌တည်မြဲနေရန်)အဘယ်ကြောင့်ဖြစ်နိုင်ပါသနည်း။
အဘယ်ကြောင့်ဆိုသော် သခင်ယေရှု၌ ဘုရားတန်ခိုးတော်ရှိနေ၏။ ထိုကဲ့သိုတန်ခိုးရှိနေကြောင်းနှင့် သူ၏ လုပ်ငန်းစဉ်ပြီးဆုံးကြောင်း သက်သေပြရန်အတွက် ရှင်ပြန်ထမြောက်ရခြင်းဖြစ်သည်။
၁၆။ (တ ၂း၃၇) ထိုသူတိုသည် စိတ်နှလုံးပူပန်ခြင်းရှိ၏ ဆိုရာ၌ မည်သည့်အကြောင်းကြောင့်နည်း။
ထိုသူတိုသည် အမှန်တရားကို သိမြင်၍၊ နောင်တရခြင်းနှင့်အတူ ကယ်တင်ခြင်းရရန် မည်သိုလိုက် လျှောက် ရမည်နည်းဟု သိလိုသောကြောင့်ဖြစ်၏။
၁၇။ ရှင်ပေတရုသည် ထိုသူတိုအား မည်သိုညွှန်ပြပြောဆိုသနည်း’
“ပေတရုကလည်း၊ သင်တို၏အပြစ်ကို လွတ်စေခြင်းငှါ နောင်တရ၍ တစ်ယောက်မျှမကြွင်း၊ ယေရှုခရစ်၏ နာမ၌ ဗတ္တိဇံကို ခံကြလော့” ဟုပြောဆို၏။ (တ ၂း၃၈)
၁၈။ ထိုနေ့၌ လူပေါင်းမည်မျှပြောင်းလဲ၍၊ ဝန်ခံခြင်းပြုကြသနည်း၊
“သူတိုသည် ဗတ္တိဇံကိုခံ၍၊ ထိုနေ့၌ အရေအတွက်အားဖြင့် သုံးထောင်မျှလောက်သောသူတိုသည် ဝင်ကြ၏” (တ ၂း၄၁)
၁၉။ “မိမိတို၌ ရှိသမျှကိုဆက်ဆံ၍ သုံးဆောင်ကြ၏” ဟူသောအဓိပ္ပါယ်ကို ရှင်းပြပါ။
မိမိတိုပိုင်ဆိုင်သောဥစ္စာကို ဗိမာန်တော်သို ယူဆောင်ခဲ့ပြီး စုပေါင်းဝေမျှသုံးစွဲကြခြင်းဖြစ်၏။
၂၀။ ထိုကျမ်းချက်တွင် ပါရှိသော ယုံကြည်ရွှင်လန်းဝမ်းမြောက်သောစိတ်ကား မည်သိုနည်း။ (တ ၂း၄၆)
ရိုးသားဖြူစင်ဖြောင့်မတ်ခြင်းဖြစ်ပါသည်
၂၁။ ပေတရုနှင့်ယောဟန် ဗိမာန်တော်သို မည်သည့်အချိန်၌ သွားကြသနည်း။
နေ့လည် ၃ နာရီအချိန်ဖြစ်၏။ (တ ၃း၁)
၂၂။ တပည့်တော်တို့သည် ယုဒလူတို၏ ဝတ်ပြုကိုးကွယ်ခြင်းထုံးတမ်းစဉ်လာအပေါ်တွင် မည်သိုသဘောထားရှိ သနည်း။ ။
တပည့်တော်တိုသည် ယုဒလူတို၏ ထုံးတမ်းစဉ်လာကို လိုက်လျှောက်လျက် ကိုးကွယ်ဝတ်ပြုခြင်းတို၌ မပျက်မ ကွက်ပါဝင်လေ့ရှိသည်။ သူတိုအား ဗိမာန်တော်မှ နှင်ထုတ်ခြင်းခံရသည့်တိုင်အောင် သူတိုသည် ယုဒဥပဒေများကို ချိုးဖောက်ခြင်းမရှိခဲ့ပါ။
၂၃။ တမန်တော်အခန်းကြီး(၃)တွင် ပါရှိသော အံ့ဖွယ်နိမိတ်လက္ခဏာသည် အဘယ်ကြောင့်ယုဒလူတိုအတွက် ထင်ရှားသောသက်သေဖြစ်ရသနည်း။
အံ့ဖွယ်နိမိတ်လက္ခဏာကို ခံစားရသောထိုသူသည် အသက် ၄၀ ကျော်အရွယ်ဖြစ်ပြီး၊ ထိုသူသည်အမိ ဝမ်း တွင်းကပင် ခြေမစွမ်းသောသူဖြစ်ကြောင်း လူအများသိကြ၏။
၂၄။ ပေတရုသည်ထိုနိမိတ်လက္ခဏာကို မည်သူ့နာမ၌ ပြုလုပ်ခဲ့သနည်း။
သခင်ယေရှုခရစ်၏နာမတော်၌ ယုံကြည်ခြင်းဖြင့်ပြုလုပ်ခဲ့၏။ (တ ၃း၆)
၂၅။ မောရှေကြိုတင်၍ပြောခဲ့သော ပရောဖက်ကား မည်သူ့ကိုဆိုလိုသနည်း။
ယေရှုခရစ်ကိုဆိုလို၏။ ယေရှုက လု ၁၁း၆ တွင် “ငါ့ကိုပယ်သောသူသည် ငါ့ကိုစေလွှတ်တော်မူသော သူကို ပယ်သည်ဟု မိန့်တော်မူ၏”
၂၆။ယုဒ ခေါင်းဆောင်တို၏စိတ်၌ ထိုဘုံဖွယ်နမိတ်လက္ခဏာများကြောင့် မည်သို ခံစားချက်ရှိသနည်း။
ယုဒခေါင်းဆောင်တိုသည် တမန်တော်တို၏ သွန်သင်ဟောပြောချက်များကြောင့် အလွန်စိတ်ပူ ပန်ခြင်းရှိကြ သဖြင့်၊ တမန်တော်တိုအား ဖမ်းဆီးချုပ်နှောင်ထားကြ၏။ (တ ၄း၁-၃)
၂၇။ အဘယ်ကြောင့်ဇဒ္ဒုကဲတို့သည် သာ၍ စိတ်ပူပန်ခြင်းရှိကြသနည်း။
ဇဒ္ဒုကဲတိုသည် ရှင်ပြန်ထမြောက်ခြင်းမရှိဟု ယုံကြည်လက်ခံထားကြသောကြောင့်ဖြစ်၏။ (မဿဲ ၂၂း၂၃ တ ၂၃း၈)
၂၈။ ယုဒခေါင်းဆောင်တိုသည် အဘယ်ကြောင့်ပေတရုနှင့် ယောဟန်တိုအပေါ်တွင် အထူးအံ့သြ ခြင်းဖြစ်ရသနည်း။
ပေတရုနှင့်ယောဟန်တိုသည် သာမန်လူ သာမညသာဖြစ်သော်လည်း ယုဒခေါင်းဆောင်တိုအား ရဲရင့်ခြင်း သတ္တိနှင့် ဟောပြောနိုင်သည်ကို တွေ့မြင်ရသောကြောင့်ဖြစ်၏။ (တ ၄း၁၃)
၂၉။ ထိုအဖြစ်အပျက်သည် ကျမ်းစာပေါ်တွင်ဖော်ပြထားချက်ကို ပြည့်စုံစေကြောင်း လုကာ ၁၂း၁၁-၁၂ တွင်မည်သို တွေ့ရှိရသနည်း။
သခင်ယေရှုက သင်တိုကိုတရားဇရပ်သို၎င်း၊ အကဲအမှူးမင်းများရှေ့သို၎င်း ပိုဆောင်ကြသောအခါ အဘယ်သို ပြန်ပြောရမည်ကို မစိုးရိမ်ကြနှင့်အကြောင်းမူကား၊ ထိုခဏခြင်းတွင် အဘယ်သိုပြောရမည်ကို သန့်ရှင်းသော ဝိညာဉ် တော်သည် အကြံပေးမည်ဟု မိန့်တော်မူ၏။
၃၀။ တမန်တော် ၄း၁၉-၂၁ တွင် မည်သိုသောအခြေခံကျသည့် နိယာမတရားကို တွေ့ရှိရသနည်း။
ကျွန်ုပ်တိုသည် လူတို၏စကားဘက် ဘုရားသခင်စကားကို သာ၍နားထောင်သင့်ကြောင်း တွေ့ရှိရ၏။ ( တ ၅:၂၉)
၃၁။ တမန်တော်တို့သည် ထိုသူတိုလက်မှ လွတ်မြောက်ပြီးနောက် မည်သိုသောထူးခြားချက်များကို တွေ့ရှိ ရသနည်း။
ဝိညာဉ်တော်ဆင်းသက်ခြင်းတန်ခိုးကို ခံစားကြပြီး အသင်းတော်များ၏ နိုးထခြင်းကို တွေ့ရ (တ ၄း၂၃-၃၅)
၃၂၊ မိမိဥစ္စာကိုဝေမျှခြင်းအကြောင်းနှင့် ပါတ်သက်၍ဖော်ပြပါ။
ထိုသူတိုတွင် ဆင်းရဲသောသူတယောက်မျှမရှိအကြောင်းမူကား အိမ်မြေကွက်ကိုပိုင်သောသူသမျှတို့ သည် ရောင်းပြီးလျှင် ရသောအဖိုးကိုယူဆောင်ခဲ့၍၊ တမန်တော်တို၏ ခြေရင်း၌ထားကြသဖြင့် ဆင်းရဲ သည့်အတိုင်း အသီးအသီးတိုအား ဝေမျှပေးကမ်းကြ၏။ (တ ၄း၃၄-၃၅)
၃၃။ ထိုအရပ်ဒေသတွင် အဘယ်ကြောင့် ဥစ္စာဝေမျှခြင်းလိုအပ်သနည်း။
(၁) ပြောင်းလဲသောသူအများတိုတွင် ဆင်းရဲသားများသောကြောင့်ဖြစ်၏။ (၂) အခြားအရပ်မှ ပြောင်းလဲလာသောသူတိုသည်လည်း သာ၍နားလည်သိရှိလို၍ ဂုံရပ်ဒေသသို လာ ရောက်နေထိုင်ကြ၏။ ထိုအရပ်တွင် ကြာရှည်နေနိုင်ရန် သူတိုသည်မစခြင်းလိုအပ်၏။
၃၄။ အာနနိမည်သိုအပြစ်ပြုမိသနည်း၊
သူသည်မိမိဥစ္စာတစ်စုံတစ်ခုကိုရောင်းပြီး၊ အဖိုးတစ်ဝက်ကိုထိမ်ဝှက်ပြီးမှ၊ တမန်တော် တိုရှေ့မျက်နှာရလို၍ မိမိသည် ရောင်းရသမျှငွေအားလုံးကို ယူဆောင်ခဲ့သည်ဟု လှည့်စား၍ဖော်ပြသည်။ (တ ၅း၁-၆)
၃၅။ အာနနိအမှန်တကယ်ပြုမိသောအပြစ်ကိုဖော်ပြပါ။
သူသည်လူကိုလှည့်စားသည်မဟုတ်ဘဲ၊ ဘုရားသခင်ကိုလှည့်စားခြင်းဖြစ်နေသည်။
၃၆။ ရှဖိရေအနေနှင့် အပြစ်ဒါဏ်ခတ်ခြင်းမှ လွတ်နိုင်ပါသလား။
အကယ်၍သူသည် ပေတရု၏မေးခွန်းအား ရိုးသားစွာဖြေကြားခဲ့ပါလျှင် အပြစ်ဒါဏ်မှလွတ်နိုင်ပါ၏။ (တ ၅း၇-၁၀)
၃၇။ အသင်းတော်၌ မည်သိုတွေ့ကြုံရသနည်း။ ။
သင်းဝင်သူတိုသည် ယုံကြည်ခြင်း၊ ကြောက်ရွံခြင်းရှိကြ၏တမန်တော်တိုသည် အံ့ဖွယ်သောနိ မိတ်လက္ခဏာ တို့ကိုပြ၏။ ထိုအကြောင်းကြောင့် မင်းအရာရှိတိုသည် တမန်တော်တိုအား ဖမ်းဆီး၍ ထောင်ထဲမှာ လှောင်ထားကြ၏။ (တ ၅း၁၁-၁၈)
၃၈။ တမန်တော်တို့အား ထောင်ထဲမှမည်သူရွေးနှုတ်သနည်း။
ညဉ့်အခါ ထာဝရဘုရား၏ကောင်းကင်တမန်သည် သူတိုအားရွေးနှုတ်၍၊ လူတိုအားဆက်လက်၍ဟော ပြော ရန် အမိန့်ပေး၏။ (တ ၅း၁၉- ၂၁)
၃၉။ ဂါမေလျလသည် မည်သူနည်း။ သူ၏အကြံပေးချက်ကိုဖော်ပြပါ။
ဂါမ လျေလသည် လူအများတို့၏ ရိုသေခြင်းခံရသော ယုဒလူမျိုး၊ နိဿရည်းဆရာဖြစ်၏။ ဤအကြံ၊ ဤအမှု သည် လူ၏အကျင့်၊ လူ၏အမှုဖြစ်လျှင် ပျက်စီးခြင်းသိုရောက်လိမ့်မည်။ ဘုရားသခင်၏အကြံအမှု ဖြစ်လျှင် သင်တို မဖျက်စီးနိုင်ဟု အကြံပေးပြောဆို၏။ (တ ၅:၃၃-၃၉)
၄၀။ မည်သိုသောအငြင်းပွားစရာအချက်များ ပေါ်ပေါက်လာသနည်း။
အစာနှင့်ထောက်ပံ့သော ပစ္စည်းများကို မျှဝေစွာခွဲဝေခြင်းမရှိဟု အချိုသော ဆင်းရဲသားယုံကြည်သူများက ပြောဆိုကြ၏။ (တ ၆း၁)
၄၁။ ထိုပြသနာများကို မည်သိုဖြေရှင်းကြသနည်း။
ယုံကြည်သူများ(ဟေဗြဲနှင့် ဟေလသလူမျိုး)ထဲမှ ဝိညာဉ်တော်နှင့်၎င်း၊ ပညာနှင့်၎င်း ပြည့်စုံသော အသရေရှိ လူခုနစ်ယောက်ကိုရွေးချယ်ခန့်ထားပြီး ထိုအမှုတိုကိုဖြေရှင်းစေ၏။ တမန်တော်တိုကား ဆုတောင်းခြင်း ပဌနာပြုခြင်း၊ ဟောပြောခြင်းကို သာပြုကြ၏။
၄၂။ ထိုသူများထဲမှ မည်သူသည် ထင်ပေါ်ကျော်ကြားခဲ့သနည်း။
သတေဖန် (တ ၆၊ရ)နှင့် ဖိလိပ္ပ(တ ၈)
၄၃။ သတေဖန်အကြောင်းမည်မျှသိပါသနည်း။
သူသည်အံ့ဩဖွယ်နိမိတ်လက္ခဏာပြုခြင်း၊ ရဲရင့်စွာဟောပြောခြင်း၊ ခရစ်တော်၏တရားတော်အတွက် ထူးခြား စွာသောရဲရင့်ခြင်းခွန်အားဖြင့် ငြင်းခုံခြင်းကိုပြုခဲ့၏။
၄၄။ သတေဖန်၌ နောက်ဆုံးမည်သိုဖြစ်သနည်း။
ယုဒလူမျိုးခေါင်းဆောင်တိုသည် အလွန်ဒေါသဖြစ်သဖြင့် သတေဖန်အား ကျောက်ခဲဖြင့်ပစ်၍ သတ်ခဲ့သဖြင့် သူသည်ခရစ်ယာန်တို့၏ ပထမဦးဆုံးသောအာဇာနည်ဖြစ်ခဲ့ရ၏။
၄၅။ သဖန်သေဆုံးပြီးနောက် မည်သိုဖြစ်သနည်း။
ထိုအခါ ယေရှုရှလင်မြို၌ရှိသော အသင်းတော်သည် ပြင်းစွာသောညှင်းဆဲခြင်းကိုခံရသဖြင့် တမန်တော် တို့မှ တပါး၊ သင်းဝင်သူအပေါင်းတိုသည် ယုဒပြည်၊ ရှမာပြည် အရပ်ရပ်တို၌ အနှံအပြားကွဲပြားစေ၏။ အသင်းတော်သစ်များ ပေါ်ပေါက်စရာအကြောင်းဖြစ်လာခဲ့၏(တ ၈း၁)
၄၆။ ထိုအဖြစ်အပျက်၏ အချိန်အခါကို ဖော်ပြပါ။
သခင်ယေရှုအသတ်ခံရပြီး ၆ နှစ်ခန့်အချိန်၌ဖြစ်၏။
၁၀၂။ တမန်တော်ဝတ္ထု [ပါလတိနပြည်တစ်လျောက် အိမ်များသို့သာသနာပြုသည့်အချိန်ကာလ]
၁။ ထိုသိုခက်ခဲသော၊ ညှဉ်းဆဲခံရသောအချိန်တွင် တမန်တော်တိုသည် ယေရုရှလင်မြိုမှ ထွက်ခွါသွားပါသလား။
ထွက်ခွါမသွားပါ။
၂။ ယုံကြည်သူတိုအား ညှဉ်းပန်းနှိပ်စက်သောရည်ရွယ်ချက် အောင်မြင်ပါသလား။
မအောင်မြင်ပါး ကွဲပြားသွားသောသူတိုသည် ရောက်ရာအရပ်၌ သာ၍ဟောပြောကြ၏။ (တ ၈း၄)
၃။ ထိုညှဉ်းပန်းနှိပ်စက်သော သူတိုအထဲတွင် မည်သူသည် ထင်ရှားသောသူတစ်ယောက်ဖြစ်ပါသနည်း။
ရှောလုအမည်ရှိသောလုလင်ဖြစ်၏။ (တ ၇း၅၈၊ ၈း၁-၃)
၄။ ဖိလိပ္စု၏ ပထမဦးဆုံးဆောင်ရွက်ချက်ကိုဖော်ပြပါး
ရှမာပြည်သိုသွား၍ ဟောပြောသဖြင့် အလွန်အောင်မြင်ခြင်းရရှိ၏။ (တ ၆း၅၊ ၈:၅-၁၃)
၅။ ပြောင်းလဲလာသူများအထဲမှ မည်သူ၏အမည်ကို ကျမ်းချက်တွင် ထင်ရှားစွာတွေ့ရှိရသနည်း။
နတ်ဝိဇ္ဇာအတတ်ဖြင့် အသက်မွေးသောရှိမုန်ဖြစ်၏။ (တ ၈း၉-၁၃)
၆။ ရှမာရိနယ်သိုမည်သူသည် သွားရောက်၍ သာသနာလုပ်ငန်းတွင် အကူအညီပေးခဲ့သနည်း။
ပေတရုနှင့်ယောဟန် (တ ၈း၁၄-၂၅)
၇။ ထိုသူတိုရောက်ရှိပြီးနောက် မည်သိုတွေ့ကြုံရသနည်း။
အသစ်သောပြောင်းလဲလာသူတို သန့်ရှင်းသောဝိညာဉ်တော်ကို ခံရကြ၏။
၈။ ရှိမုန်သည် ပေတရုထံ ငွေကိုယူဆောင်ခဲ့ပြီး မည်သည့်အရာကို တောင်းခံသနည်း။
သူ၏လက်တင်ခြင်းကိုခံသော သူသည်လည်း သန့်ရှင်းသောဝိညာဉ်တော်ကို ခံရပါမည့်အကြောင်း တောင်းခံ ၏။ (တ ၈း၁၉)
၉။ ဖိလိပ္စု၏ နောက်ထပ်ဆောင်ရွက်ချက်ကို ဖော်ပြပါး
အဲသယောပြည်သား အမတ်အားဟောပြောခဲ့၏။ (တ ၈း၂၆-၄၀)
၁၀။ ထိုအမတ်အကြောင်း သင်နောက်ထပ်သိပါသလား။
သူသည်မိဖုရားကန္ဒက်ထံ၌ ဘုန်းကြီးသောအမတ်ဖြစ်၍ ဘဏ္ဍာတော်ရှိသမျှကို အုပ်စိုးရ၏။သူသည် ယုဒ လူမျိုးပြောင်းလဲသူ၊ အမှန်တရားကိုရှာဖွေသူ၊ ခရစ်တော်ကိုယုံကြည်၍ ဗတ္တိဇံကိုခံယူသူဖြစ်၏။
၁၁။ ရှောလုအား မည်သည့်တာဝန်ပေးအပ်ခြင်းခံရသနည်း။
ဒမာသက်မြို သိုသွား၍ ခရစ်တော်၏နောက်လိုက်များအား ဖမ်းဆီးရန် တာဝန်ပေးအပ်ခံရသည်။ (တ ၉း ၁-၂)
၁၂။ ရှောလုသည် မည်သိုသောဗျာဒိတ်ရူပါရုံကိုတွေ့မြင်သနည်း
ကောင်းကင်ထဲက အလင်းထွန်းတောက်၍ ခရစ်တော်ယေရှုသည် အသံတော်ဖြင့် “ရှောလု၊ ရှောလု ၊ အဘယ်ကြောင့် ငါ့ကိုညှဉ်းဆဲသနည်း”ဟု မိန့်တော်မူ၏။ (တ ၉း ၃-၃၀)
၁၃။ ရှောလု၏ တစ်မဟုတ်ချင်းပြောင်းလဲခြင်းနှင့်ပတ်သက်၍ သက်သေရှိပါသလား။
သခင်ယေရှုသည် သူ၏အရှင်သခင်ဖြစ်ကြောင်း သက်သေခံခြင်းနှင့် သခင်ယေရှုအတွက် အလုပ်လုပ်ဆောင်ခြင်းဖြင့်သိရှိနိုင်ပါသည်။
၁၄။ ရှောလူအသက်တာတွင် ပြောင်းလဲပြီးနောက်မှတ်သားဖွယ် ထူးခြားချက်ကိုဖော်ပြပါ။
ခရစ်တော်၏နောက်လိုက်အဖြစ်နှင့် ဆုတောင်းခြင်း၌ အားကြီးခြင်းဖြစ်၏။
၁၅။ အခန်းကြီး ၂၂ တွင်ရဲရင့်စွာဟောပြောသောသတ္တိနှင့် ခွန်အားကို ရှောလုမည်သိုရရှိခဲ့သနည်း။
ဂလာတိ ၁း ၁၁-၁၂တွင် ဖော်ပြထားသည့်အတိုင်း ယေရှုခရစ်၏ဗျာဒိတ်တော်နှင့် မစခြင်းအပြင်၊ သူ၏ ပင်ကိုတိကျစွာဆောင်ရွက်တတ်သော အရည်အချင်းများကြောင့်ဖြစ်ပါသည်။ ။
၁၆။ သူသည် ဒမာသက်မြိုရှိ ယုဒလူတိုလက်မှ မည်သိုလွတ်မြောက်ခဲ့သနည်း။
တပည့်တော်တိုသည် ညဉ့်အခါ သူ့ကိုယူ၍ တောင်းထဲ၌ ထည့်ပြီးလျှင် မြိုရိုးပေါ်က လျှောချကြ၏။ (တ ၉:၂၅)
၁၇။ ရှောလုအဘယ်ကြောင့်တာရှုမြိုသိုသွားသနည်း။
ယုဒလူတိုသည် သူ့ကိုသတ်ရန် ကြံစည်ကြသောကြောင့်၎င်း၊ တာရှူမြို့သည် သူငယ်စဉ်ကနေခဲ့သော အရပ် ဖြစ်သောကြောင့် ဖြစ်ပါသည်။
၁၈။ အသင်းတော်များတိုသည် အဘယ်ကြောင့်နိုးကြားမှုမရှိသနည်း။
ထိုအချိန်က ယုဒလူတိုသည် ရောမလူတိုအား အထူးကြောက်ရွံရသောအချိန်ခါဖြစ်သည်။
၁၉။ ပေတရုပြုခဲ့သော အံ့ဖွယ်တန်ခိုးနိမိတ်လက္ခဏာအကြောင်း မည်သိုတွေ့ရှိရသနည်း။
လုဒ္ဒမြို၌ လက်ခြေသေနေသော အဲနေအမည်ရှိသူတစ်ယောက်အား ယေရှုနာမဖြင့် ကျန်းမာခြင်းရ၏။ ( ၉း၃၂- ၃၅)
၂၀။ ဒေါ်ကာ ကားမည်သူနည်း။
ယုပွေမြိုတွင်နေသော စေတနာ၊ သဒ္ဓါကောင်းမွန်သော အမျိုးသမီးဖြစ်ပြီး၊ ပေတရုသည် ဒေါ်ကာအား သေခြင်းမှ အသက်ရှင်ပြန်စေခဲ့၏။ (တ ၉း၃၆-၄၂)
၂၁။ ပေတရုသည် ယုပွေမြိုတွင် မည်သူနှင့်အတူနေသနည်း။
ပေတရုသည် ယုပွေ မြိုတွင် ရှိမုန်အမည်ရှိသော သားရေလုပ်သမားနှင့်အတူ ကြာမြင့်စွာနေ၏။ (တ ၉း၄၃)
၂၂၊ သူသည်တပည့်တော်စစ်ဖြစ်ကြောင်း မည်သိုသိရှိနိုင်ပါသနည်း။
ယုဒလူတိုသည် သားရေလုပ်ငန်းလုပ်သူတိုကို နိမ့်ကျသောသူ၊ နိမ့်ကျသောအလုပ်ဟု မြင်တတ်၏။ သိုသော် ပေတရုသည် ယုဒလူဖြစ်ပါလျက် နှိမ့်ချစွာဖြင့် ထိုသူတိုနှင့်အတူ ပေါင်းဖော်ခြင်းကိုကြည့်၍ သိနိုင်၏။
၂၃။ ရောမစစ်တပ်မှူးအကြောင်းရှင်းပြပါ။
ရောမစစ်တပ်မှုသည် လူ-၁ဝဝ ကိုအုပ်ချုပ်သဖြင့်ကျွန်ုပ်တိုခေတ်(Caplain) ဗိုလ်ကြီးနှင့်တူညီ၏။
၂၄။ ကောနေလိ မည်သိုသောရူပါရုံကို တွေ့မြင်ရသနည်း။
ကောင်းကင်တမန်ကိုမြင်တွေ့ရပြီး၊ ကောင်းကင်တမန်က ပေတရုကို ခေါ်ပင့်ရန် ပြောကြား၏။ (တ ၁၀း၁-၆)
၂၅။ ပေတရုကို ခေါ်ပင့်ရန် လူများရောက်လာသောအခါ၊ ပေတရု မည်သည့်အရပ်၌ရှိသနည်း
အိမ်မိုးပေါ်တွင် ဆုတောင်းနေ၏။ (တ ၁၀း၉-၂၁)
၂၆။ အိမ်မိုးပေါ်နေရာသည် အဘယ်ကြောင့်ဆုတောင်းရန် သင့်လျော်သောနေရာဖြစ်သနည်း။
ထိုအရပ်၌အိမ်အမိုးများသည် အပြားလိုက်ဖြစ်ပြီး ပတ်လည်၌ နိမ့်နိမ့်ကာရံထားသဖြင့် ဆုတောင်း သင့်လျော်သောနေရာဖြစ်၏။
၂၇။ ပေတရု မည်သိုသော ရူပါရုံကိုတွေ့မြင်ရသနည်း။ ။
ကောင်းကင်ဖွင့်လှစ်သည်ကို၎င်း၊ ခြုံထည်ကဲ့သို လေးထောင့်ချပ်၍ မြေသိုချလွှတ်သောတန်ဆာသည် မိမိ ဆီသိုဆင်းသက်လာသည်ကို၎င်းမြင်လေ၏။ ထိုတန်ဆာဖွေလေ့ထဲ၌ သားရဲမှစ၍ မြေ၌ကျင်လည်သော သားမျိုး၊ တွားတတ်သောတိရစ္ဆာန်မျိုး၊ မိုင်းကောင်းကင်၌ ကျင်လည်သော ငှက်မျိုးတိုသည် ရှိကြ၏။ စကားအ သည်လည်း ပေတရု ထ၍သတ်စားလော့ဟုလာ၏။ (တ ၁၀း၁၁-၁၃)
၂၈။ အဘယ်ကြောင့် ပေတရုက မသန့်ရှင်းဟုဆိုသနည်း။
ယုဒထုံးစံအရ တားမြစ်ထားသော အစာဖြစ်သောကြောင့် ဖြစ်ပါသည်။
၂၉။ အဘယ်ကြောင့်ဗျာဒိတ်တော်ကို ၃-ကြိမ် တွေ့မြင်ရသနည်း။
ထိုသင်္ခန်းစာကို သာ၍ ထင်ထင်ရှားရှား နားလည်စေရန်ဖြစ်၏။
၃၀။ ပေတရု၏ ကောနေလိထံ သွားရောက်ခြင်းအကြောင်းတွင် မည်သိုအံ့ဩဖွယ်အချက်ကို တွေ့ရှိရသနည်း။
ယုဒထုံးစံအရ၊ ယုဒလူတိုသည် တစ်ပါးအမျိုးသားတိုအိမ်သို အလည်အပတ်သွားရန် တားမြစ်ထား၏။ ထိုအကြောင်းကြောင့် ပေတရုဆင်ခြင်ရန် ရူပါရုံတွေ့မြင်ရခြင်းဖြစ်၏။ ( ၁၀:၂၂-၄၈)
၃၁။ ဘုရားသခင်သည် တစ်ပါးအမျိုးသားတိုအတွက်လည်းဖြစ်ကြောင်း ယုဒလူတိုသည် အလွယ်တကူ နားမလည်နိုင်ဘဲ ဖြစ်ပါသလား။
ဘုရားသခင်သည် တပါးအမျိုးသားတိုအား နောင်တရခြင်းတရားကိုပေးကြောင်း၊ ယုံကြည်သူတို့ ပင်လျှင် အံ့အားသင့်ကြ၏။ (တ ၁၀း၄၅၊ ၁၁း၁၈)
၃၂။ ဧဝံဂေလိတရားကို မည်သည့်အရပ်၌ ထပ်မံ၍ဟောကြားသနည်း။
အန္တိအုတ်မြို၌ ဟောကြားကြ၏။ (တ ၁၁း ၂၀)
၃၃။ ယေရုရှလင်မြိုအသင်းတော်သည် မည်သူ့ကို အန္တိအုတ်မြိုသို စေလွှတ်သနည်း။
ဗာနဗ (တ ၁၁း၂၂)
၃၄။ ဗာနဗသည် မည်သူနှင့်အတူ ဧဝံဂေလိလုပ်ဆောင်ကြသနည်း။
ရှောလု (တ ၁၁း၂၅-၂၆)
၃၅။ အန္တိအုတ်မြိုတွင် ယုံကြည်သူတိုအား မည်သည့်အမည်ဖြင့် ခေါ်ကြသနည်း။
ခရစ်ယာန်ဟုခေါ်ကြ၏။ (တ ၁၁း၂၆)
၃၆။ မည်သည့်ဘုရင်လက်ထက်တွင် အစာခေါင်းပါးခြင်း ထပ်မံ၍ဖြစ်သနည်း။
ကဲသာဘုရင်ကလောဒိလက်ထက်၌ဖြစ်၏။ (တ ၁၁း၂၈)
၃၇။ ထိုဘုရင်အကြောင်းကို ဖော်ပြပါ။
ထိုဘုရင်သည် ယေရှုခရစ်မွေးဖွားစဥ◌် ယုဒရှင်ဘုရင်ဟေရုဒ်မင်းကြိး၏ မြေးဖြစ်ပါသည်။
၃၈။ ထိုဘုရင်၏ လုပ်ဆောင်ချက်အချို့ကို ဖော်ပြပါ။
ယောဟန်၏အစ်ကိုယာကုပ်အား ဓါးနှင့်ကွပ်မျက်ခဲ့၏။ ပေတရုကိုလည်းသတ်ရန် ရည်ရွယ်၍ ထောင်ထဲ တွင် လှောင်ထားခဲ့၏။ (တ ၁၂း၁-၄)
၃၉။ အသင်းတော်မှ ဆုတောင်းခြင်းသည် မတရားထောင်ကျ၊ အချုပ်ခံခြင်းမှ လွတ်မြောက်စေနိုင်ပါသလား။
လွတ်မြောက်စေနိုင်၏။ (တ ၁၂း၅-၁၉)
၄၀။ ခရစ်ယာန်တို့သည် ပေတရုလွတ်မြောက်ရန် မျှော်လင့်ပါသလား။
ထိုသိုမထင်ပါ။ ခရစ်ယာန်တိုသည် ပေတရုလွတ်မြောက်ရန်ထက်၊ ယုံကြည်ခြင်းခိုင်မြဲစေရန် ဆုတောင်းနေ မည်ဖြစ်သည်။
၄၁။ တ ၁၂း၁၉ တွင် စစ်ကြောခြင်းဟူသော စကား၏အဓိပ္ပါယ်ကို ဖွင့်ပြပါ။
ရိုက်နှက်၍ အမှန်ကိုဝန်ခံစေခြင်းဖြစ်သည်
၄၂။ မာနကြီးခြင်းနှင့် ပါတ်သက်၍ မည်သည့် သင်ခန်းစာကို တွေ့ရှိရသနည်း။
ဟေရုဒ်မင်းသည် လူတို၏ မြှောက်ပင့်ပြောဆိုခြင်းကြောင့် ဝမ်းသာပျော်ရွှင်နေစဉ်အချိန်မှာပင် ဘုရားသခင် ထံမှ သေဒဏ်ခတ်ခြင်းကို ခံစားရ၏။ (တ ၁၂း၂၁-၂၃)
၄၃။ ဗာနဗနှင့်ရှောလုတို မည်သည့်အရပ်သို သွားကြသနည်း။
ယေရုရှလင်မြိုမှ အန္တိအုတ်မြိုသို၎င်း၊ တစ်ဖန် အန္တိအုတ်မြိုအသင်းတော်မှ ကူညီမစခြင်းကို ယေရုရှလင် မြိုမှ ဆင်းရဲသောခရစ်ယာန်များအတွက် ယူဆောင်သွားကြ၏။ (တ ၁၁း၂၇-၃ဝ၊ ၁၂း၂၅)
၁၀၃။ တမန်တော်ဝတ္ထု အခြားအရများသို သာသနာပြုသည် အချိန်ကာလ ပထမဆုံး သာသနာပြုခရီးစဉ် ( ၁၃း၁-၁၅၊ ၂၅)
၁။ မည်သူသည် ပထမဦးဆုံး အခြားအရပ်သို သာသနာပြုခရီး စခဲ့သူဖြစ်သနည်း။
ဗာနဗနှင့်ရှောလူတိုဖြစ်သည်။ (တ ၁၃း၁-၃)
၂။ သူတို့ကို မည်သူက စေလွှတ်သနည်း။
အန္တိအုတ်မြိုအသင်းတော်မှ စေလွှတ်ခြင်းဖြစ်၏။
၃။ “ထိုသူတိုခေါင်းပေါ်၌လက်ကိုတင်”သည် ဆိုသောအချက်၏ အဓိပ္ပါယ်ကို ဖော်ပြပါ။
ထိုသူတိုကို သာသနာပြုလုပ်ငန်းအတွက် ဆက်ကပ်ခြင်းဖြစ်၏။ (တ ၁၃း၃)
၄။ သူတိုအားကူညီနိုင်ရန် မည်သူ့ကို ခေါ်သွားသနည်း။
မာကုအမည်သစ်ကိုရသော ယောဟန်သည် ကူညီရ၏။ (တ ၁၃း၅၊ ၁၂း၂၅)
၅။ သူတို မည်သည့်အရပ်သို ရှေးဦးစွာ သွားကြသနည်း။ ။
စိုင်းပရပ်ကျွန်းမှတဆင့် ဗာနဗနခဲ့သောအရပ်သို သွားကြ၏။ အာရှမိုင်းနားတောင်ဖက်ရှိကျွန်း ဖြစ်ပါသည်
၆။ မည်သိုသော စိတ်ဝင်စားစရာ အဖြစ်အပျက်ကို ထိုအရပ်၌ တွေ့ကြုံရသနည်း။ ။
ဧလုမ အမည်ရှိ နတ်ဝိဇ္ဇာအတတ်သမားသည် နှောင့်ယှက်သဖြင့် ပေါလုသည် ထိုသူအား မျက်စိကွယ်ရန် ဒဏ်ခတ်ခဲ့၏။ (တ ၁၃း၈-၁၂)
၇။ ရှောလု၏အမည်ကို အဘယ်ကြောင့် ပေါလုဟု ပြောင်းခဲ့သနည်း။
ရှောလူအမည်သည် ဟေဗြဲအမည် ဖြစ်ပြီး၊ ပေါလုအမည်သည် လက်တင်ဘာသာအမည်ဖြစ်၏။ ထိုကဲ့သို ဘာသာ ၂ မျိုးဖြင့် မှည့်သော အလေ့အထရှိကြပြီး၊ လက်တင်ဘာသာအမည်ကို ဘာသာခြားများနှင့် ဆက်သွယ် သည့်အခါ သုံးလေ့ရှိ၏။
၈။ သူတိုမည်သည့်အရပ်သို သာသနာပြုခရီးဆက်ခဲ့သနည်း။
အာရှမိုင်းနားတောင်ဖက် ပေရဂေမြို့သို့ ခရီးဆက်ကြ၏။ (တ ၁၃း၁၃)
၉။ ပေရဂေမြို့သို့ရောက်သော် မည်သိုဆက်၍ စီစဉ်ကြသနည်း။
မာကုအမည်ရှိယောဟန်သည် သူတိုထံမှထွက်၍ ယေရုရှလင်မြိုသိုပြန်၏။
၁၀။ သူတိုမည်သည့်အရပ်၌ ခရီးရပ်နားကြသနည်း။
ပိသိဒိပြည် အန္တိအုတ်မြို့တွင် ရပ်နားကြ၏။
၁၁။ သူတိုသည် ယုဒ ဥပဒေထုံးစံကို လိုက်နာကြောင်း မည်သိုတွေ့ရှိရသနည်း။
သူတို့သည် ဥပုသ်နေ့၌ တရားဇရပ်သိုသွားသည်ကို ကြည့်ခြင်းဖြင့်သိနိုင်၏။
၁၂။ ထိုအရပ်၌တရားဇရပ်တွင် မည်သိုသောဓလေ့ထုံးစံရှိသနည်း။
တရားဇရပ်သိုရောက်သောသူတိုသည် ကျမ်းစာဖတ်ခြင်း၊ ဟောပြောခြင်းဓလေ့ရှိ၏။ (လုကာ ၄း၁၆)၊
၁၃။ ပေါလုသည် မည်သိုသော အကြောင်းအရာနှင့်ပတ်သက်၍ ဟောပြောသနည်း။
ကယ်တင်ခြင်းတရား၊ ဝမ်းမြောက်ခြင်းတရား၊ အပြစ်ကိုခွင့်လွှတ်ခြင်းတရားကို ပြော၏။
၁၄။ ခရစ်တော်၏ ကယ်တင်ခြင်းတရားကို ယုဒလူတိုအားသာ ဟောကြားပါသလား။
ယခင်က ယုဒလူတိုအားသာ ဟောပြောလေ့ရှိသော်လည်း ထိုအချိန်မှစ၍ တစ်ပါးအမျိုးသားတိုအား ဟော၊ ပြောခဲ့၏။
၁၅။ တစ်ပါးအမျိုးသားတိုအား ဟောပြောသောအခါ မည်သိုတွေ့ကြုံသနည်း။
တယူသန်ဖြစ်သော ယုဒလူတိုသည် ဆူပူထကြွပြီး၊ ပေါလုနှင့်ဗာနဗတိုကို ထိုပြည်နယ်မှ နှင်ထုတ်ကြ၏။ (တ ၁၃း၅၀)
၁၆။ ပေါလုနှင့် ဗာနဗ မည်သည့်အရပ်သိုထွက်သွားသနည်း။
ပထမဦးစွာ ဣကောနိမြိုသို သွားပြီးမှ(တ ၁၄း၁-၅) လုတ္တရမြိုသို ခရီးဆက်၏ ( ၁၄း၆-၇)
၁၇။ ထိုအရပ်၌ မည်သိုသော အံ့ဖွယ်နိမိတ်ကိုပြုကြသနည်း။
လက်ခြေသေသောသူကို ကျန်းမာပကတိဖြစ်စေ၏။ (တ ၁၄-၁၈)
၁၈။ ထိုမြိုသားများ မည်သိုပြုလုပ်ကြသနည်း။
ပေါလုနှင့်ဗာနဗတိုအား နတ်ဘုရားဟုထင်မှတ်လျက် ယဇ်ပူဇော်၍ ကိုးကွယ်ရန် စီစဉ်ကြ၏။ (တ ၁၄း၁၂-၁၃)
၁၉။ သာသနာပြုသူတို အဘယ်ကြောင့်လုတ္တမြိုမှ ထွက်ခွါသွားသနည်း။ မည်သည့်အရပ်သို ခရီးဆက်သနည်း။
ယုဒလူတိုသည် ပေါလုအား ကျောက်ခဲနှင့်ပစ်၍ သတ်ရန် လူတိုအားနိုးဆော်၏ရေမြိုမှစ၍ ကျေးလက် များသိုထွက်ပြေး၍၊ ထိုအရပ်တို၌ ဧဝံဂေလိတရားကို ဟောပြောကြ၏။ (တ ၁၄း၆-၇)
၂၀။ အသင်းတော်တွင် မည်သိုမေးခွန်းများ ပေါ်ပေါက်သနည်း။
တစ်ပါးအမျိုးသားတိုသည် ရှေးဦးစွာ ယုထုံးစံကို မလိုက်ဘဲ၊ ခရစ်ယာန်ဖြစ်နိုင်ပါသလော ဟူသောမေးခွန်းပေါ်ပေါက်၏။ (တ ၁၅:၁-၃၀)
၂၁။ ပေါလုနှင့်ဗာနဗတိုသည် မည်သိုခံယူကြသနည်း။
သူတိုသည် ယုဒဘာသာသို ရှေးဦးစွာဝင်ရမည် ဟူသောအချက်ကို သဘောမတူ တွန်းလှန်ကြ၏။
၂၂၊ တပည့်တော်တိုအတွက် ဘုရားသခင်၏ သက်သေကား မည်သိုနည်း။
သန့်ရှင်းသောဝိညာဉ်တော်ပေးခြင်းဖြစ်၏။
၂၃။ ယုဒလူတို၏ ဓလေ့ထုံးစံကို မည်သိုပြောဆိုဝေဖန်ကြသနည်း။
ထမ်းပိုးကဲ့သိုဖြစ်ပြီး၊ ထမ်းရန်အလွန်ခက်ခဲသည်ဟု ဆိုကြ၏။
၂၄။ တမန်တော်တိုသည် တစ်ပါးအမျိုးသားများအတွက် အရေဖျားလှီးခြင်းကို တင်းကြပ်စွာ ဥပဒေမထားရန် အဘယ်ကြောင့်အတိုက်အခံ ပြောဆိုသနည်း။
ခရစ်ယာန်ဖြစ်သောသူတိုသည် ယုဒထုံးစံကို လိုက်နာရန် ခက်ခဲ၏။ ထိုသိုပညတ်လျှင် ခရစ်ယာန်အ ဖြစ်သို ပြောင်းလဲလာမည့်သူ အလွန်နည်းပါး၏။
၂၅။ တ ၁၅း၁၄ တွင် ရှိမုန်ဟု မည်သူ့ကို ဆိုလိုသနည်း။
ရှိမုန်ပေတရုကို ဆိုလို၏။
၂၆။ တမန်တော်တိုသည် နောက်ဆုံး၌ မည်သိုသဘောတူဆုံးဖြတ်ကြသနည်း။
တင်းကြပ်သော ယုဒထုံးစံကို တပည့်တော်တိုအပေါ်၌ မတင်ရန်နှင့် ရုပ်တုကိုးကွယ်ခြင်းနှင့် မတရားသော မေထုန်ကို ရှောင်ကြဉ်ရန် ဆုံးဖြတ်ကြ၏။
၁၀၄။ တမန်တော်ဝတ္ထု
အခြားအရပ်ဒေသသို့ သာသနာပြုသည့်အချိန်ကာလ
ဒုတိယမြောက်သာသနာပြုခရီးစဥ◌် (တ ၁၉း၃၆-၁၈း၂၃]
၁။ အဘယ်ကြောင့် တနဗနှင့်ပေါလု သီးခြားစီ ခွဲခွဲကြသနည်း။
ပေါလုက မာက္အမည်ရှိ ယောဟန်ကို မခေါ်သင့်ဟု ဆုံးဖြတ်သဖြင့် စိတ်သဘောမတိုက်ဆိုင်ဘဲ ခွဲခွါခဲ့ရ ကြ၏။ (တ ၁၅း၃၆-၃၉)
၂။ ပေါလုနှင့်အတူ မည်သူလိုက်သနည်း။ ။
သိလသည် ပေါလုနှင့်အတူလိုက်၏။(တ ၁၅:၄၀)
၃။ ပေါလုမည်သည့်အရပ်သို ပထမဦးဆုံး ခရီးပြုသနည်း။
ရှုရိပြည်၊ ကိလိကိပြည် ကနဦးအသင်းတော်များသိုသွား၏။ (တ ၁၅း၄၁)
၄။ ပေါလုသည် လုတ္တရမြို့၌ မည်သူနှင့်တွေ့ဆုံသနည်း။
ပေါလုအားအကူအညီပေးနိုင်ရန် တိမောသေနှင့်တွေ့ဆုံ၏။ (တ ၁၆း၁-၃)
၅။ ပေါလုသည် အရေဖျားလှီးခြင်းနှင့် ပါတ်သက်၍ များစွာအတိုက်အခံပြောဆိုခဲ့ပါလျက် အဘယ် ကြောင့်တိမောသေအား အရေဖျားလှီးခြင်းပေးခဲ့သနည်း။
တိမောသေသည် ယုဒမျိုးနွယ်ဖြစ်ပြီး၊ သူ့အနေနှင့် အဖျားလှီးခြင်းခံမှသာ ယုဒလူတစ်ယောက် ပြောင်းလဲ ခဲ့သည်ဟုဆိုနိုင်သည်။ ပြောင်းလဲသူတစ်ယောက်အတွက် အမှန်တကယ်မလိုအပ်သော်လည်း၊ သာသနာ လုပ်ငန်းအဆင်ပြေစေရန်အလိုငှါ သာသနာပြုဆရာများအနေနှင့် ဆောင်ရွက်ပေးရသော အခြားအချက် လက်များလည်းရှိ ပါသေး၏။
၆။ ထိုကဲ့သိုသော အခြေအနေများကို ပေါလုသောစာ၌ မည်သိုဖော်ပြထားသနည်း။
“အားနည်းသောသူတိုကို ခြင်းအလိုငှာ အားနည်းသောသူတို၌ အားနည်းသောသူကဲ့သိုဖြစ်၏။ အချိုသော သူတိုကို တစ်စုံတစ်ခုသောအမူအရာအားဖြင့် ကယ်တင်ခြင်းအလိုငှာ၊ ခပ်သိမ်းသောသူတို၌ ခပ်သိမ်းသော အရာဖြစ်၏။ ( ၁ကော ၉း၂၂ )
၇။ ပေါလုသည် လာရောမြို၌ရှိစဉ် မည်သည့်ရူပါရုံကို မြင်တွေ့ရသနည်း။
“မာကေဒေါနိလူတစ်ယောက်က၊ မာကေနီပြည်သိုကူးပါး ငါတိုကိုမစပါဟု ရပ်လျက်တောင်းပန်၏။” ဟု ဗျာဒိတ်ရူပါရုံကို မြင်တွေ့ ရ၏။ (တ ၁၆း၉)
၈။ ထိုရူပါရုံကို မြင်တွေ့ရသဖြင့် ပေါလု မည်သို့သော အစီအစဉ်သစ်ကို ဆောင်ရွက်ခဲ့သနည်း။
သို့ဖြစ်၍ ကယ်တင်ခြင်းတရားကို ဥရောပတစ်ခွင်၌ ကနဦးခရစ်ယာန် အသင်းတော်များလာ ချိန်ခါကပင် ဟောကြား၏။
၉။ ဖိလိပ္ပိမြို၌ မည်သူသည် ခရစ်ယာန်အဖြစ်သို ပြောင်းလဲခဲ့သနည်း။
လုဒိအမည်ရှိ ချမ်းသာသော ကုန်သည်အမျိုးသမီးသည် ပြောင်းလဲခဲ့၏။ (တ ၁၆း၁၃-၁၅)
၁၀။ ပေါလုသည် ထိုအရပ်၌ မည်သိုသောမိန်းကလေးကို လမ်းတွင် မကြာခဏ တွေ့ဆုံရသနည်း။
နတ်ဝင်၍ အနာဂါတ်ကိုဟောသဖြင့်၊ မိမိသခင်တိုအား စီးပွားများကို ပြုတတ်သော မိန်းမငယ်ကို တွေ့ရ၏။ (၁၆း၁၆-၁၈)
၁၁။ အနာဂါတ်ကိုဟောသည်ဟူသော စကားကိုရှင်းပြပါ။
နတ်ဝင်၍ ရှေ့ဖြစ်မည့်အရာကို အတတ်ဟောခြင်း၊ ဗေဒင်ဟောခြင်း အတတ်ပညာကို ဆိုလို၏။
၁၂။ထိုကဲ့သို မကောင်းသောဝိညာဉ်ဆိုးကို နှင်ထုတ်ခဲ့ခြင်းသည် အမှန်တကယ်ဖြစ်ကြောင်း မည်သိုသိနိုင်သနည်း။
“သူ၏သခင်တိုသည် ထိုနတ်ဆိုးအားဖြင့် သူတိုသည်နောက်တဖန် စီးပွားဖြစ်လိမ့်မည်မဟုတ် ဟုသိကြ၏။ (တ ၁၆း၁၉)
၁၃။ ပေါလုနှင့်သိလတိုအား မည်သိုပြုကြသနည်း။
ပေါလုနှင့်သိလတိုကိုဖမ်းဆီး၍ ရုံးတော်သိုကြ၏။ အဝတ်ကိုချွတ်၍ ကြိမ်လုံးနှင့်ရိုက်ပြီးမှ အတွင်း ထောင် ထဲမှာ လှောင်၍ခြေထိတ်ခတ်ထား၏။ (တ ၁၆း၁၉-၂၀)
၁၄။ ညအခါ မည်သိုဖြစ်သနည်း။ ။
မြေကြီးသည် ပြင်းစွာလှုပ်၍ ထောင်တံခါးများ ပွင့်ကြ၏။ (က ၁၆း၂၅-၃၄)
၁၅။ အဘယ်ကြောင့်ထောင်မှုသည် မိမိကိုယ်ကိုသတ်ရန်ကြံရွယ်သနည်း။
သူထင်သကဲ့သို ထောင်သားများလွတ်သွားပါက၊ ထောင်မှုသည် သစ္စာမဲ့သူအဖြစ် သေဒါဏ်စီရင်ခြင်းခံရ မည်ကို စိုးသောကြောင့်ဖြစ်၏။ (တ ၁၂း၁၉၊ ၁၆-၂၇)
၁၆။ တ ၁၆း၃ဝ တွင် မည်သိုဖော်ပြထားသနည်း။
ထောင်မှူးသည် ထိုအံ့ဩဖွယ်အမှုကို တွေ့ရှိ “အကျွန်ုပ်သည် ကယ်တင်ခြင်းသို ရောက်အံ့သောငှာ၊ အဘ သို ပြုရပါမည်နည်းဟု မေးလျှောက်လေ၏။”
၁၇။ ပေါလုသည်သူတိုအား တိတ်တဆိတ်လွှတ်ခြင်းကို အဘယ်ကြောင့်လက်မခံခဲ့သနည်း။
ပေါလုတိုသည် ရောမလူဖြစ်ပါလျက်၊ မတရားနှိပ်စက်ခံရသောကြောင့်ဖြစ်၏။ (တ ၁၆း၃၅-၄ဝ)
၁၈။ ရောမလူဖြစ်ခြင်း၏ ထူးခြားသောအခွင့်ရေးကို ဖော်ပြပါ။
ရောမလူအား ဥပဒေအတိုင်း တရားစီရင်ခြင်းမပြုဘဲ၊ အပြစ်ပေးခြင်း၊ နှိပ်စက်ခြင်းမပြုရဟူသော အခွင့် အရေးရှိ၏။
၁၉။ ပေါလုသည် ဖိလိပ္ပံမြိုမှ မည်သည့်အရပ်သို ခရီးဆက်သနည်း။
“ဖိပေါမြို၊ ဒါပေါလောမြိုမှတစ်ဆင့် သက်သာလောနိတ်မြိုသို ရောက်၏။ (တ ၁၇း၁)
၂၀။ ပေါလုတိုသည် အဘယ်ကြောင့် ထိုအရပ်မှ ထွက်ခွာသွားကြသနည်း။
အဘယ်ကြောင့်ဆိုသော် ယုဒလူတိုသည် ပေါလုနှင့်တကွ ခရစ်ယာန်တိုအား ရန်ပြု၍ နှောင့်ယှက်သော ကြောင့်ဖြစ်၏။ (တ ၁၇း၅-၁၀)
၂၁။ အဘယ်ကြောင့်ဗေရိမြိုသားတိုသည် သက်သာလောနိတ်မြိုသားတိုထက် ထူးမြတ်သည်ဟုဆိုသနည်း။
ပေါလုဟောပြောချက်တို မှန်သည်၊ မမှန်သည်ကို သိရှိရန် ကျမ်းစာကိုနေ့တိုင်း အစဉ်လေ့လာကြ၏။ (တ ၁၇း၁၁)
၂၂။ ယုဒလူတိုသည် ပေါလုအား နှောက်ယှက်အပြစ်ရှာကြပါသလား။
သက်သာလောနိတ်မြိုမှ ယုဒလူတိုသည် ရောက်လာ၍နှောက်ယှက်ကြ၏။ (တ ၁၇း၁၃)
၂၃။ ထိုနောက် ပေါလုမည်သည့်အရပ်သိုဆက်သနည်း။
ဂရိနိုင်ငံ အာသင်မြိုသို သွားကြ၏။ (တ ၁၇း၁၅-၃၄)
၂၄။ အာသင်မြိုတွင် မည်သည့်အရေးကြီးပုဂ္ဂိုလ်ရှေ့၌ ပေါလုဟောပြောသနည်း။
ဘာသာရေးနှင့်ပါတ်သက်၍ ဟောပြောခြင်း၊ တားမြစ်ခြင်းအခွင့်ကို ပေးနိုင်သော အာရေတောင် မင်းရှေ့တွင် ဟောပြော၏ ။
၂၅။ ထိုကျမ်းပိုဒ်တွင် အယူသီးခြင်း၊ နတ်ဘုရားတိုကို အလွန်ရိုသေခြင်းကား မည်သိုဆိုလိုသနည်း။
ဘာသာတရား၌ အလွန်ရိုသေစွဲလန်းခြင်းကို ဆိုလို၏။ (တ ၁၇း ၂၂)
၂၆။ ထိုသူတို၏ဘာသာရေး၌အလွန်ရိုသေခြင်းအကြောင်းကို ဖွင့်ပြပါ။
အာသင်မြို၏ နေရာအနှံအပြားတွင် နတ်ဘုရားများအတွက် ယဇ်ပလ္လင်များကို တွေ့ရှိနိုင်၏။ ထိုအပြင် သူတိုမသိသော ဘုရားသခင်အဘိုဟူ၍ ယဇ်ပလ္လင်တစ်ခုကိုလည်း တည်ထားလေ့ရှိသည်ကို ကြည့်ခြင်းဖြင့် ဘာသာ တရားကိုရှာဖွေ၍ ရိုသေခြင်းရှိသည်ကို တွေ့ရ၏။
၂၇။ အပိုဒ်ငယ် ၂၆ တွင် ပေါလုမည်သိုဟောပြောခဲ့သနည်း။
ဘုရားသခင်၏ ဖန်ဆင်းခြင်းနှင့် လူသားအားလုံးသည် ညီအစ်ကိုများသာဖြစ်ကြောင်း ဟောပြော၏။
၂၈။ လူသားတိုအား နောက်ဆုံးနေ့၌ အပြစ်စီရင်မည့်သူကား မည်သူနည်း။
ဘုရားသခင်သည် ယေရှုခရစ်တော်အားဖြင့် စီရင်မည်။
၂၉၊ နောက်ဆုံးတရားစီရင်ရာနေ့ကို မည်သူရွေးချယ်သတ်မှတ်သနည်း၊
ဘုရားသခင်ကိုယ်တော်တိုင်သတ်မှတ်၏။
၃၀။ စာသင်မြိုသားတိုသည် သေသောသူတို ရှင်ပြန်ထမြောက်ခြင်းကို ယုံကြည်ကြပါသလား။
အလွန်နည်းသောသူအချိုသာ ယုံကြည်ကြ၏။
၃၁။ ပေါလုသည် မည်သည့်မြိုသို ဆက်လက်၍ ခရီးဆက်သနည်း။
ဂရိနိုင်ငံရှိ ကောရိန္တမြိုသို ခရီးဆက်၏။
၃၂။ ပေါလုအားမည်သူတိုသည် အကူအညီပေးသနည်း။
ရောမမြိုမှရောက်လာသော အာကုလနှင့်ဇနီး ပြစ်ကိလတိုသည် အကူအညီပေးကြ၏။ (တ ၁၈း၂)
၃၃။ ယုဒလူတိုသည် ရောမလူတိုနှင့်အဆင်ပြေကြပါသလား။
ယုဒလူတိုကို ရောမမြိုမှ ထွက်ခွါသွားရန် အမိန့်ရှိ၏။ (တ ၁၈း ၂)
၃၄။ ထိုအရပ်တွင် ပေါလုမည်သို လုပ်ကိုင်စားသောက်သနည်း။
တဲရှင်ကို ချုပ်သောအပ်သမားအဖြစ်ဖြင့် အသက်မွေး၏။ (တ ၁၈း၃)
၃၅။ ပေါလုကို အရပ်သားတို မည်သို ပြုမူဆက်ဆံကြသနည်း။
ယုဒလူတိုသည် ပေါလုအား ဆန့်ကျင်၍ ငြင်းခုံဆဲရေးခြင်းကို ပြု၏။ (တ ၁၈း၆)
၃၆။ ထိုအခါ ပေါလု မည်သိုဆက်လက်ဆောင်ရွက်သနည်း။
တစ်ပါးအမျိုးသားတိုဆီသို ထွက်ခွါသွား၏။ (တ ၁၈း၆)
၃၇။ ပေါလုသည် ကောရိ န္တိ၌ အချိန်မည်မျှ ကြာကြာနေခဲ့သနည်း။
အနည်းဆုံးတနှစ်ခွဲခန့် နေခဲ့၏။ (တ ၁၈း၁၁)
၃၈။ ဟေလသ(ဂရိ)လူတို့သည် ပေါလုကိုမရိုက်ဘဲ၊ အဘယ်ကြောင့်တရားဇရပ်မှူး သုဿင်ကို ရိုက်ကြသနည်း။
ပေါလုသည် ဂရိလူမျိုးဖြစ်သောကြောင့် ဖြစ်နိုင်၏။ တနည်းအားဖြင့် ပေါလု(ဂရိလူမျိုး) သည် တပါးအမျိုးသား တိုအား ဟောပြောသည်ကို ယုဒလူတိုသည် ဆန့်ကျင်ပြောဆိုသောကြောင့် ဖြစ်နိုင်၏။ (တ ၁၈း၁၇)
၃၉။ ဂါလျန်မင်းသည် အဘယ်ကြောင့် အမှုမထားဘဲ နေသနည်း။
ယုဒဘာသာနှင့်ပါတ်သက်သော ဝေဖန်ပြောဆိုခြင်းဖြစ်ပြီး၊ သူ့အတွက်အလွန်သေးငယ်သော အမှုကိစ္စတခု သာဖြစ်သောကြောင့် ဖြစ်ပါသည်။ ။
၄၀။ ထိုအချိန်၌ ပေါလုမည်သူ့ထံသို ပေးစာရေးခဲ့သနည်း။
သက်သာလောနိတ်အသင်းသားများထံသို ရေးခဲ့၏။ (မေး ၁၀၇၊ ၃-၉)
၄၁။ ပေါလုသည် ယုဒထုံးစံကို လိုက်နာကြောင်း မည်သိုသိနိုင်သနည်း။
ပေါလုဂတိသစ္စာပြု၍၊ ခေါင်းတုံးရိတ်ခြင်းသည် ယုဒထုံးစံအရဖြစ်၏။ (တ ၁၈း၁၈)
၁၀၅။ တမန်တော်ဝတ္ထုအခြားအရပ်ေဒသသိုသာသနာပြုသည့်အချိမ်ကာလတတိယေမြာက်သာသနာ ပြုခရီး ( တ၁၈း၂၃-တ ၂၁း၁ )
၁။ ပေါလုသည်ခရီးမထွက်မီ အန္တိအုတ်မြို၌ရှိစဉ် မည်သည့်စာကို ရေးခဲ့သနည်း။
ဂလာတိအသင်းတော်သားများထံသို ရေးခဲ့သည်။ (မေး ၁၀၇။ ၁၀-၁၅)
၂။ တ ၁၈း၂၄ တွင် ပါရှိသော နှုတ်သတ္တိနှင့်ပြည့်စုံခြင်း၊ ကျမ်းစာ၌ ကြီးခြင်းဟူသော စကားအဓိပ္ပါယ်ကို ရှင်းပြပါ။
သမ္မာကျမ်းစာနှင့်ရင်းနှီးကျွမ်းဝင်ခြင်း၊ ကောင်းစွာနားလည်ခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော် မစခြင်းဖြင့် ရဲရင့်စွာ ဟောပြောနိုင်ခြင်းကို ဆိုလို၏။ (တ ၁၈း၂၄-၂၅)
၃။ ယောဟန်၏ ဗတ္တိဇံကိုသာသိသည် ဟူသောစကားအဓိပ္ပါယ်ကိုရှင်းပြပါ။
ထိုသူသည် ပင်တေကုတ္တေပွဲ၌ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဗတ္တိဇံခံခြင်းအကြောင်းကို မကြားဖူးသေး ဟုဆိုလို၏။
၄။ ပေါလုခရီးစဉ်တွင် မည်သည့်အရပ်၌ ပထမရပ်နားသနည်း။
ဧဖက်မြို၌ ပထမဦးစွာရပ်နား၏။ (တ ၁၉း၁)
၅။ ပေါလုသည် ထိုအရပ်တွင် အချိန်မည်မျှကြာအောင် နေခဲ့ပါသနည်း။
သုံးနှစ်ခန့် (တ ၁၉း၅၁-၂၀)
၆။ ထိုအရပ်၌ မည်သိုသော အောင်မြင်မှုရခဲ့သနည်း။
ယုဒအချို့သာပြောင်းလဲသော်လည်း၊ တစ်ပါးအမျိုးသားများစွာတို့ပြောင်းလဲကြ၏။
၇။ ပြောင်းလဲကြကြောင်း လက်တွေ့ သာဓကရှိလျင် ဖော်ပြပါ။
ယုံကြည်သောသူအများတိုသည်လည်း လာ၍ မိမိတိုအကျင့်ကို ဖော်ပြလျက် တောင်းပန်ကြ၏။ နတ်ဝိဇ္ဇာ အတတ်ကိုသုံးသောသူအများတိုသည်လည်း၊ မိမိတိုစာစောင်ကို ယူခဲ့၍ လူအပေါင်းတိုရှေ့မှာ မီးရှိကြ၏။ စာစောင်အ ဘိုးကို ချင့်တွက်သော် အသပြာငါးသောင်းထိုက်၏။ (တ ၁၉း၁၉-၂၀)
၈။ အာတေမိနတ်သမီးကို ကိုးကွယ်ခြင်းသည် ငွေကုန်ကျမှု များပြားပါသလား။
ငွေဗိမာန်ကို တည်ဆောက်ခြင်း၊ အမွှေးအကြိုင်နှင့် လက်ဆောင်များတင်လှူရခြင်း အတွက် အလွန်အကုန် အကျများ၏။ (တ ၁၉-၂၄)
၉။ ဧဖက်မြို့တွင် မည်သည့်အကြောင်းကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်ကြသနည်း။
ပေါလုသည် ဆက်လက်၍ ဟောပြောလျှင်၊ ငွေပန်းတိမ်သမားတိုအတွက် စီးပွားပျက်မည်ဖြစ်သဖြင့်၊ ထိုငွေ ပန်းတိမ်သမားတို ဦးဆောင်၍ တစ်မြိုလုံး ရုန်းရင်းခတ်မျှ ဖြစ်ကြ၏။ (တ ၁၉း ၂၃-၄၁)
၁၀။ ဧဖက်မြိုတွင် ယုဒလူတိုသည် ချီးမွမ်းခြင်းခံရပါသလား။
ချီးမွမ်းခြင်းမခံရပါ။ အဘယ်ကြောင့်ဆိုသော် ယုဒလူတိုသည် ထိုသူတို၏ ရုပ်တုတိုကို အထင်သေးရှုတ်ချ တတ်သောကြောင့်ဖြစ်၏။
၁၁။ ကိုယ်စားလှယ် ခန့်အပ်ခြင်းအကြောင်းကို ဖော်ပြပါ။
တရားသူကြီးတိုသည် ရောမအာဏာရှင်တိုကခန့်ထားသူများဖြစ်၏။
၁၂။ ပေါလုသည် ဧဖက်မြို၌ရှိစဉ် မည်သိုသောအမှာစာကို ရေးခဲ့သနည်း။
ကောရိန္ဒူအသင်းတော်သို့ ပထမဦးဆုံး အမှာစာကိုရေးခဲ့၏။ (မေး ၁၀၇၊ ၁၆- ၂၄)
၁၃။ ပေါလုသည် ဧဖက်မြိုမှတဆင့် မည်သည့်အရပ်သို ခရီးဆက်သနည်း။
မာကေဒေါနိပြည်နှင့် အခါယပြည်အသင်းတော်များသို ခရီးဆက်၏။ (တ ၁၉း ၂၁)
၁၄။ ထိုအရပ်၌ရှိစဉ် ပေါလုမည်သည့်အမှာစာကိုရေးခဲ့သနည်း။
ကောရိအသင်းတော်သို ဒုတိယအမှာစာကို ရေးခဲ့၏။ ( ၁၀၇၊ ၂၄-၂၈)
၁၅။ ကောရိန္တမြို့ သို့ နောက်ထပ်ရောက်ရှိပါသလား။
ရောက်ရှိပါသည်။ သုံးလခန့်နေခဲ့ပါသည်။ (တ ၂၀း ၂-၃)
၁၆။ ကောရိန္ဒမြို၌ရှိစဉ် ပေါလုမည်သည့်အမှာစာကိုရေးခဲ့သနည်း။
ရောမအသင်းတော်သို အမှာစာကိုရေးခဲ့၏။ (မေး ၁၀၇။ ၂၉-၃ဝ)
၁၇။ အဘယ်ကြောင့်ခရစ်ယာန်များစွာတိုသည် ပေါလုနှင့်အတူ ယေရုရှလင်မြိုသို လိုက်ပါကြသနည်း။
အသင်းတော်ကိုယ်စားလှယ်များအဖြစ်နှင့် မာကေဒေါနိပြည်နှင့် အခါယပြည်အသင်းတော်များမှ မစပေး ကမ်းသော လက်ဆောင်များကို ယေရုရှလင်အသင်းတော်သို ပိုဆောင်ရန် ဖြစ်၏။ (ရော ၁၅:၂၆၊ ၁ ကော ၁း၁-၅၊ တ ၂၄း၁၇)
၁၈။ တရောမြို့၌ ရောက်ရှိနေစဉ် မည်သိုတွေ့ကြုံရသနည်း။
ဥတုခုအမည်ရှိသော လုလင်တစ်ယောက်သည် ပြတင်းပေါက်နားမှာထိုင်၍ အိပ်ပျော်ကျူးလျက်နေ၏။ ပေါလုသည် ကြာမြင့်စွာဟောပြောသည်တွင် ထိုသူသည် အိပ်ပျော်လျက် အိမ်သုံးဆင့်အထက်မှ အောက် သိုလျှော ကျ၍သေ၏။ ပေါလုသည် ထိုသူကို ပြန်၍အသက်ရှင်စေခဲ့၏။ (တ ၂၀း၇-၁၂)
၁၉။ ပေါလုသည် မိလက်မြို၌ မည်သူနှင့်တွေ့ဆုံသနည်း။
ပေါလုပြောခဲ့သော ဧဖက်မြိုမှ သင်းအုပ်တိုကို ခေါ်ယူ၍တွေ့ဆုံ၏။ (တ ၂၀း၁၇-၁၈)
၂၁။ “လူအပေါင်းတို့၏အသွေးနှင့် ငါကင်းလွတ်သည်” ဟု ပေါလုဆိုသောစကားအဓိပ္ပါယ်ကိုရှင်းပြပါ။
ပေါလုသည် ဘုရားသခင်၏ အလိုတော်ကို အကုန်အစင်ဟောပြောပြီးဖြစ်၍ ကြားရပါလျက် မယုံကြည်သူ သည် မိမိအပြစ်သာဖြစ်ကြောင်းဆိုလို၏။ (တ ၂၀း ၂၆-၂၇) သင်သည်အမှန်သေလိမ့်မည်ဟု၊ လူဆိုးအားငါပြောလျက်နှင့် သင်သည်သတိမပေး၊ လူဆိုး၏အသက်က် ချမ်းသာစေခြင်းငှါး လူဆိုးအား သတိပေးသောစကားကို မပြောဘဲနေလျှင် ထိုလူဆိုးသည် မိမိအပြစ်၌သေလိမ့် မည်။ သူ၏အသက်ကိုကား၊ သင်၌ငါတောင်းမည်။(ယေဇကျေလ ၃း၁၈)
၂၂။ ပေါလုသည် ကဲသရိမြို၌ မည်သူနှင့်အတူနေသနည်း။
သာသနာပြုဆရာ ဖိလိပ္ပိနှင့်နေ၏။ (တ ၂၁း၈) (မေး ၁၀၂ ၄-၁၀)
၂၃။ ထိုဆရာဖိလိပ္ပိ၏ သမီးများ၌ မည်သိုထူးခြားချက်တွေ့ရှိရသနည်း။
ဖိလိပ္ပိ၏သမီးပျို ၄-ယောက်တိုသည် အိမ်ထောင်မပြုကြဘဲ သာသနာလုပ်ငန်းတွင်ကြိုးစား၍ ပါဝင်ဆောင်ရွက်ကြ၏။ (တ ၂၁း၉)
၂၄။ ထိုအရပ်၌ရှိစဉ် ပရောဖက်ပြုပြောကြားချက်၏ အဓိပ္ပါယ်ကို ဖော်ပြပါ။
ပေါလုကို ယုဒလူတို့သည် ယေရုရှလင်မြို၌ ချည်နှောင်၍၊ တစ်ပါးအမျိုးသားတိုလက်သို အပ်နှံကြလိမ့် မည်ဟု ဆိုလို၏။ (တ ၂၁း၁၁)
၂၅။ တ ၂၁း၁၅ တွင် အသုံးအဆောင်ဟူသောစကားသည် မည်သိုဆိုလိုသနည်း။
ခရီးဆောင်လိုအပ်သော ပစ္စည်းများ၊ အိတ် များကို ဆိုလို၏။
၁၀၆။ တမန်တော်ဝတ္ထု၊ အကျဉ်းသားပေါလု , [တ ၂၁း၁၇-၂၈း၃၁ ]
၁။ ပေါလုအား မည်သိုသောအစီအစဉ်ကို တင်ပြကြသနည်း။ အဘယ်ကြောင့်နည်း။
ယုဒလူမျိုး ခရစ်ယာန်တိုရှေ့၌ ပေါလုသည် ရှေးထုံးစံကို မပယ်ကြောင်း သက်သေပြရန် ပေါလုအနေဖြင့် ယုဒထုံးစံဓလေ့ကို သဘောတူ၍ ပြုလုပ်ပြရန် တင်ပြကြ၏။ (တ ၂၁း၂၀-၂၆)
၂။ ဗိမာန်တော်တွင် ပေါလုအား မည်သိုအပြစ်တင်ပြောဆိုသနည်း။ –
ဗိမာန်တော်၏ သန့်ရှင်းရာအရပ်သို တစ်ပါးအမျိုးသားတိုအား ခေါ်ဆောင်ခဲ့သည်ဟု အပြစ်တင်ပြောဆို၏။ (တ ၂၁း၂၈)
၃။ ထိုအချက်မှန်ကန်ပါသလား။
မမှန်ကန်ပါ။ ပေါလုသည် တစ်ပါးအမျိုးသားများနှင့်အတူ မြိုတွင်း၌ သွားလာခဲ့သည်ကို အစွဲပြု၍ မတရား ၊ စွပ်စွဲပြောဆိုခြင်းဖြစ်သည်။ (တ ၂၁:၂၉) ၊
၄။ ထိုအခက်ခဲပြသနာမှ ပေါလုအားမည်သူကယ်နှုတ်ခဲ့သနည်း။
လူတစ်ထောင်ကို အုပ်ချုပ်သော စစ်သူကြီးသည် စစ်သူရဲများနှင့်တကွ ဗိမာန်တော်အဆောင်မှ ကယ်နှုတ်ခဲ့၏။ (တ ၂၁း၃၁-၃၆)
၅။ ပေါလု၏ဟောပြောချက်တွင် ယုဒလူတိုအတွက် မကျေနပ်စရာမည်သိုပါရှိသနည်း။
“သခင်ဘုရားက၊ သွားလော့။ ငါသည် တပါးအမျိုးသားတိုရှိရာသို သင့်ကိုဝေးလှစွာ စေလွှတ်မည်ဟု အကျွန်ုပ် အား မိန့်တော်မူသည်” ဟု ပေါလုမြွက်ဆိုသောအချက်ကြောင့် ဖြစ်ပါသည်။ (တ ၂၂း၂၁-၂၂)
၆။ အဘယ်ကြောင့် ပေါလုအားကြိမ်ဒါဏ်ပေးသနည်း။
ယုဒလူတို့အားစိတ်ဆိုးအောင်၊ ပေါလူပြောဆိုခဲ့သောအချက်အား ဝန်ခံရန် ရိုက်၍စစ်ဆေးခြင်း ဖြစ်သည်။ (တ ၂၂း၂၄)
၇။ ထိုပြသနာမှ ပေါလုမည်သိုလွတ်မြောက်ခဲ့ရသနည်း။
ပေါလုသည် ရောမနိုင်ငံသားဖြစ်သဖြင့်၊ ထိုပြသနာမှ လွတ်မြောက်ခြင်းအခွင့်ရခဲ့၏။ (တ ၂၂း၂၅-၂၉)
၈။ ပေါလုသည် နောက်ထပ် မည်သိုသောအန္တရာယ်ကို တွေ့ကြုံရသနည်း။
ယုဒလူ ၄၀-တိုသည် ပေါလုကို လုပ်ကြံသတ်ရန် လျှိဝှက်ကျိန်ဆို၍ မိဌာန်ပြုကြ၏။ (တ ၂၃း၁၂-၁၅)
၉။ စစ်သူကြီးသည် ထိုအကြောင်းကိုသိသောအခါ မည်သိုစီရင်သနည်း။
ပေါလုအား တိတ်တဆိတ်ထုတ်ဆောင်၍ ကဲသရိမြို ဖေလဇ်မင်းထံ ပိုဆောင်၏။ (တ ၂၃:၂၃-၂၄)
၁၀။ ယုဒလူမျိုး တယူသန်သမားတို၏ အန္တရာယ်သည် ကြီးမားပါသလား။
အန္တရာယ်သည် ကြီးမားသောကြောင့် ပေါလူအား စစ်သား ငါးရာတိုကို အစောင့်ချထားရ၏။ (တ ၂၃း ၂၃)
၁၁။ ကဲသရိမြို့သည် ယေရုရှလင်မြို့မှ မည်မျှကွာဝေးသနည်း။
၆၀-မိုင်ခန့် ကွာဝေးပါသည်။
၁၂။ ဖေလဇ်မင်းရှေ့ တရားရုံးတွင် ပေါလုအား မည်သူစွပ်စွဲပြောဆိုသနည်း။
ယဇ်ပုရောဟိတ်မင်း၊ အရာရှိများ၊ ကိုယ်စားရှေ့နေတေရတူလုသည် အပြစ်တင်သော စကားကိုလျှောက်၏။ (တ ၂၄း၁)
၁၃။ ဖေလဇ်မင်းအား ပေါလု၏ တင်ပြချက်များတွင် မည်သည့်အချက်သည် အမှန်ကန်ဆုံးဖြစ်သနည်း။
ပေါလု၏ ရိုးသားစွာတင်ပြသော ဖေလဇ်မင်း၏ အစိုးရသည် ရက်စက်ကောက်ကျစ်၍ အရှက်ကင်းသည်ဟုသောအချက်ဖြစ်၏။
၁၄။ ဖေလဇ်မင်းသည် ပေါလုစားမည်မျှ ကြာကြာထောင်ချထားသနည်း၊
ဖေလဇ်မင်းသည် ဆက်လက်၍ ဘုရင်ခံလုပ်သမျှကာလ ၂ နှစ်ခန့် ပေါလူအား ထောင်ချထား၏။
၁၅။ ဖေလဇ်မင်းသည် ပေါလု၏ဟောပြောချက်ကို ကြားနာရပါသလား။
ပေါလုသည် ဖေလဇ်မင်းနှင့် မကြာမကြာ တရားဟောခြင်း၊ စကားပြောခြင်းကို ပြုခဲ့၏။ (တ ၂၄း၂၄-၂၆)
၁၆။ ဖေလဇ်မင်း၏ ခိုင်မာသောစိတ်သဘောကို ပေါလု ခွင့်လွှတ်ထားခဲ့ပါသလား။
ဖေလဇ်မင်းသည် ကြောက်လန့်ခြင်းသို ရောက်သည့်တိုင် ဆက်၍ဟောပြောခဲ့၏။ (တ ၂၄း၂၅)
၁၇။ ပေါလု၏ ဟောပြောချက်များသည် ဖေလဇ်မင်းအား မည်သိုသောအသိအမြင်ကို ရစေသနည်း။
“ဘုရားသခင်၏ နှုတ်ကပါတ်တရားတော်သည် အသက်ရှင်ခြင်း၊ တန်ခိုးနှင့်ပြုပြင်ခြင်း၊ သန်လျက်တကာတို ထက် ထက်ခြင်းနှင့် ပြည့်စုံသည်ဖြစ်၍၊ အသက်နှင့်စိတ်ဝိညာဉ်ကို၎င်း၊ အရိုးဆစ်နှင့်ခြင်ဆီကို၎င်း ပိုင်းခြား၍ ထုတ်ချင်းခွင်းတတ်၏။ စိတ်နှလုံးအကြံအစည်များကိုလည်း သိမြင်တတ်၏” ဟုနားလည်စေ၏။ (ဟေဗြဲ ၄း၁၂)
၁၈။ ဖေလဇ်မင်းတွင် အခစား စစ်သားတစ်ယောက်ကဲ့သို စိတ်ရှိနေပါသလား။
ပေါလုသည် မိမိလွတ်မြောက်ရအောင် ငွေပေးမည်ဟု ထိုမင်းသည်မျှော်လင့်ခဲ့၏။ (တ ၂၄း ၂၆)
၁၉။ ဖေလဇ်မင်းအရာကို မည်သူဆက်ခံသနည်း။
ပေါတိဖတ္ထုသည် ဖေလဇ်မင်း၏ ရာထူးကို ဆက်ခံ၏။ (တ ၂၄း၂၇)
၂၀။ ယုဒလူတိုသည် ထိုအမှုနှင့်ပါတ်သက်၍ မည်သိုတောင်းဆိုသနည်း။
ပေါလုအား ယေရုရှလင်မြို သိုပို၍ တရားစီရင်ခြင်းခံရန် တောင်းဆိုကြ၏။ (တ ၂၅:၂-၃)
၂၁။ အဘယ်ကြောင့် ယုဒလူတိုသည် ထိုကဲ့သို တောင်းဆိုကြသနည်း။
သူတိုသည် အချိန်ကြာအောင် စောင့်ဆိုင်းပြီး၊ ပေါလုသတ်ရန်ကြံစည်ခြင်းဖြစ်သည်။
၂၂။ မည်သည့်အရပ်၌ တရားစစ်ဆေးသနည်း။
ကဲသရိမြို၌ တရားစစ်ဆေး၏။ (တ ၂၅း၆)
၂၃။ ဖေတ္တုမင်းသည် မည်သိုအကြံပြုပြောကြားသနည်း။
ဖေတ္တုမင်းက သင်သည် ယေရုရှလင်မြိုသိုသွား၍၊ ငါ့ရှေ့မှာဤအမှုစီရင်ခြင်းကို ခံမည်လောဟု ပေါလုအား မေး၏(တ ၂၅း၉)
၂၄။ ပေါလု၏ အဖြေစကားကို ဖော်ပြပါ။
သူသည်ယုဒလူတို၏ ဥပဒေကို လုံးဝချိုးဖောက်ခဲ့ခြင်း မရှိပါ။ ယုဒဥပဒေအရလည်း တရားစီရင်ရန် လျှောက်ထား၏။ (တ ၂၅း၁၀)
၂၅။ ရောမနိုင်ငံသားတစ်ယောက်အနေဖြင့် ပေါလုမည်သည့်အခွင့်ရေးကို တောင်းခံသနည်း၊
ရောမမြိုတွင် ကဲသာဘုရင် (Caesar) ၏ စီရင်ခြင်းကိုသော်၎င်း၊ ကဲသာဘုရင်၏ အမိန့်ဖြင့် အထူးခန့်အပ် ထားသူ၏ စီရင်ခြင်းကို၎င်း ခံယူပါမည်ဟု လျှောက်ထား၏။ (တ ၂၅:၁၁)
၂၆။ ကဲသာဘုရင်ဟု မည်သူ့ကိုဆိုလိုသနည်း
ရောမနိုင်ငံ ဧကရာဇ်မင်း(သို)နီရိုးဘုရင်ကို ဆိုလို၏။
၂၇။ အဂြီပ္ပမင်းကြီးကား မည်သူနည်း။
ဒုတိယမြောက်ဟေရုဒ် အဂြိပ္ပမင်းဖြစ်သည်။ သူသည် ယုဒဘုရင်လည်းဖြစ် ဂါလိလဲနယ်အရှေ့ပိုင်းနှင့် မြောက်ပိုင်း၏ ဘုရင်ခံချုပ်လည်းဖြစ်၏။
၂၈။ ပေါလုသည် အဘယ်ကြောင့် အပ္ပမင်းကြီးရှေ့တွင် ပြောဆိုရသနည်း။
ဖေတ္တုမင်းသည် ထိုအမှုကို အပ္ပမင်းအား ကြားသိစေလိုပြီး၊ အပ္ပမင်းမှတစ်ဆင့် ကဲသာဘုရင်ထံ တင်ပြ နိုင်ရန် စီစဉ်ခြင်းဖြစ်သည်။ (တ ၂၅း၁၃-၂၆း၃၂)
၂၉။ ဖေတ္တုမင်းသည် ပေါလုအား သူရူးဖြစ်သည်ဟု အဘယ်ကြောင့် စွပ်စွဲ ပြောဆိုသနည်း။
ပေါလုက သေသောသူတို၏ ထမြောက်ခြင်းအကြောင်းကို ပြောသောကြောင့်ဖြစ်၏။
၃၀။ ပေါလု၏ ရောမမြို့သိုခရီးစဉ်တွင် မည်သူလိုက်ပါသနည်း။
လုကာနှင့် အာရိတ္တခု အမည်ရှိသော မာကေဒေါနိပြည် သက်သာလောနိတ်မြို့သားတို့ လိုက်ပါကြ၏။ (တ ၂၇း၁)
၃၁။ တပ်မှုးယုလိသည် ပေါလုအားမည်သို ဆက်ဆံပြုမူသနည်း။
ပေါလုသည် မိမိအဆွေခင်ပွန်းတိုထံသို သွား၍ သူတို၏ လုပ်ကျွေးပြုစုခြင်းကို ခံရမည်အကြောင်း တပ်မှူး ယုလိသည် ကျေးဇူးပြု၍ အခွင့်ပေးလေ၏။ (တ ၂၇း၃)
၃၂။ ထိုခရီးစဉ်သည် မည်သည့်ရာသီချိန်ခါ၌ ဖြစ်သနည်း။
သူတို့သည် ကရေကျွန်းသို စက်တင်ဘာနှောင်းတွင် ရောက်ကြ၏ (တ ၂၇း-၇)
၃၃။အဘယ်ကြောင့် ထိုအချိန်ခါသည် ရွက်လွှင့်ရန် အန္တရာယ်များသနည်း။
ထိုအချိန်က သင်္ဘောများတိုသည် သေးငယ်ပြီး၊ ရှေ့မှတိုတ်သော လေပြင်းကိုသော်၎င်း၊ မုန်တိုင်းကိုသော်၎င်း ကြံ့ကြံ့ခံနိုင်ခြင်းမရှိသောကြောင့်ဖြစ်၏။
၃၄။ ပေါလု မည်သိုအကြံပေးခဲ့သနည်း။
ဆောင်းကာလကို ယခုရောက်ရှိနေသည့် ဆိပ်ကမ်းတွင် ကုန်လွန်ရန်နှင့် ယခုချိန်ခါသည် ပင်လယ်ကူး သင့် ကြောင်း အကြံပေး၏။ (တ ၂၇း၉-၁၃)
၃၅။ အဘယ်ကြောင့် ပေါလုသည် ထိုအခြေအနေကို သိရှိနားလည်သနည်း။
ပေါလုသည် မကြာခဏ သင်္ဘောဖြင့် ခရီးသွားလေ့ရှိသဖြင့်၎င်း၊ ၃ ကြိမ် သင်္ဘောပျက်ခြင်းကို ကြုံဖူးသဖြင့် ၎င်းဖြစ်၏။ (၂ကော ၁၁း၂၅ တွင် ယခု ခရီးစဉ်မတိုင်မှီ အတွေ့အကြုံကို ရေးသားထား၏)
၃၆။ မည်သူ၏အကြံကို လက်ခံခဲ့ကြသနည်း။
သင်္ဘောသူကြီးလည်းဖြစ်၊ သင်္ဘောပိုင်ရှင်လည်းဖြစ်သူ၏ စကားကို နားထောင်ခဲ့ကြ၏။ (တ ၂၇း၁၁)
၃၇။ သူတိုလမ်းခရီး၌ မည်သိုတွေ့ကြုံရသနည်း။
လေပြင်းမုန်တိုင်းအတွင်း ၁၄ ရက် အပြင်းအထန်ခံရပြီးနောက် မေလတေကျွန်းပေါ်သို အရောက်တွင် သင်္ဘောလည်းပျက်စီးခဲ့၏ (တ ၂၇း၁၄- ၂၈၁)
၃၈။ အစောင့်စစ်သားတိုသည် အဘယ်ကြောင့် အကျဉ်းသားတို့အား သတ်ရန် စိတ်ဖြစ်ပေါ်သနည်း။
အဘယ်ကြောင့်ဆိုသော် အကျဉ်းသားတစ်ယောက်လွတ်မြောက်ခဲ့လျှင် အစောင့်စစ်သားသည် သေဒဏ်ကျ ခံရမည်ဖြစ်သည်။
၃၉။ တ ၂၈း၂ တွင် လူရိုင်းတို့ဟု မည်သူတိုကိုဆိုလိုသနည်း။
ထိုကျွန်းပေါ်တွင်နေသော ကျွန်းသားများကိုဆိုလို၏။
၄၀။ မေလိတေကျွန်းသားတိုက တရားသည် အခွင့်မပေးဟု ဆိုသောစကားသည် မည်သိုအဓိပ္ပါယ်ဖြစ်ပါသနည်း။
ကလဲ့စားချေတတ်သော နတ်ဘုရား နိကိ ကိုဆိုလို၏။
၄၁။ မေလိတေကျွန်းတွင် ပေါလု၏ ပထမဆုံးဆောင်ရွက်ချက်ကို ဖော်ပြပါ။
ဗုဗလီအမည်ရှိသော ကျွန်သူကြီး၏ ဖခင်အနာကို ငြိမ်းစေ၍ ကျန်းမာပကတိဖြစ်စေ၏။ (တ ၂၈း၈-၉)
၄၂။ သိုဖြစ်၍ မည်သည့် ပြောင်းလဲချက် ဖြစ်ပေါ်လာသနည်း။
ဆောင်းကာလအတွင်း ပေါလုနှင့် အကျဉ်းသားများအား ကျွေးမွေးပြုစုသည်သာမက ဆက်၍ ရွက်လွှင့်ရန် ခရီးစဉ်အတွက် လိုအပ်ချက်များကို ပေးလိုက်၏။ (တ ၂၈း၁၀)
၄၃။ ရောမမြိုသိုရောက်သောအခါ ပေါလုအား မည်သည့်အခွင့်အရေးပေးထားသနည်း။
ပေါလုသည် မိမိကိုစောင့်သော စစ်သူရဲတစ်ယောက်နှင့်အတူ မိမိအလိုအလျှောက် နေရသော အခွင့်ကိုရ၏။ (တ ၂၈း၁၆)
၄၄။ ပေါလု ခေတ္တအနားယူပြီးနောက် မည်သည့်အချက်ကို ပထမဆုံးဆောင်ရွက်သနည်း။
ယုဒအကြီးအကဲတိုကိုခေါ်၍ ခရစ်တော်အကြောင်းကို ဟောပြော၏။ (တ ၂၈း၁၇-၂၉)
၄၅။ ပေါလုသည် ယခုအကြိမ်၌ ရောမမြို တွင် အချိန်မည်မျှ ကြာကြာနေခဲ့သနည်း။
၂ နှစ် (တ ၂၈း၃၀)
၄၆။ ထိုအချိန်အတွင်း ပေါလု မည်သည့်အမှာစာများကို ရေးခဲ့သနည်း။
ကောလောသဲသြဝါဒ၊ ဖိလေမုန်ဩဝါဒစား ဧဖက်သြဝါဒစာနှင့် ဖိလိပ္ပိသြဝါဒစာတိုကို ရေးခဲ့၏။
၄၇။ ပေါလု၏ နောက်ပိုင်းအထုပ္ပတ္တိအကြောင်းကို ဖော်ပြပါ။
တိတိကျကျ မဖော်ပြနိုင်သော်လည်း၊ ထောင်မှလွတ်မြောက်ပြီးနောက် သုံးလေးနှစ်ခန့် နေရာအနှံတွင် တရားဟောခဲ့၏။ တိမောသေထံ ပထမစာစောင်နှင့် ဒုတိယစာကို ရေးခဲ့ပြီးနောက် { ဘုရင်လက်ထက်တွင် သာသနာ့အာဇာနည်အဖြစ် အသေခံ၏။
၁၀၇။ရှင်ပေါလုရေးခဲ့သော ဩဝါဒများ
၁။ ပေါလုနေခဲ့ ဩဝါဒစာများကို ကျမ်းစာထဲမှ အသိုင်းအစဉ်လိုက်ဖော်ပြပါ။
ရောမဩဝါဒစာ၊ ကောရိန္တုဩဝါဒစာ ပထမစောင်၊ ကောရိန္တုဩဝါဒစာ ဒုတိယစောင်၊ ဂလာတိ ဩဝါဒ၊ ဧဖက်ဩဝါဒစာ၊ ဖိလိပ္ပိဩဝါဒစာ၊ ကောလောသဲဩဝါဒစာ၊ သက်သာလောနိတ်ဩဝါဒစာ ပထမစောင်၊ သက်သာ လောနိတ်ဩဝါဒစာ ဒုတိယစောင်၊ တိတုသြဝါဒစာ၊ လေမုန်ဩဝါဒစာ တိုဖြစ်ပါသည်။
၂။ ဩဝါဒစာများကို ပေါလုနေခဲ့သော အချိန်အခါနှင့်လိုက်၍ အစဉ်အတိုင်းဖော်ပြပါ။
သက်သာလောနိတ်ဩဝါဒစာ ပထမစောင်၊ သက်သာလောနိတ်ဩဝါဒစာဒုတိယစောင်၊ ဂလာတီဩဝါဒစာ၊ ကောရိန္တုဩဝါဒစာ ပထမစောင်၊ ကောရိန္တဩဝါဒစာ ဒုတိယစောင်၊ ရောမဩဝါဒစာ၊ ကောလောသဲ ဩဝါဒစာ၊ ဖိလေမုန်ဩဝါဒစာ၊ ဧဖက်သြဝါဒစာ၊ တိမောသေသြဝါဒစာ ပထမစောင်၊ တိတုဩဝါဒစာ၊ တိမောသေသြဝါဒစာ ဒုတိယစောင် တို့ဖြစ်ပါသည်။ ။
၃။ သက်သာလောနိတ်ဩဝါဒစာကို မည်သည့်အချိန်ကရေးခဲ့သနည်း။
သက်သာလောနိတ်မြိုမှ ထွက်ခွါသွားပြီး မကြာမီ ကောရိန္တမြို၌ ရှိနေစဉ်အချိန်တွင် ရေးသားခဲ့၏။ (မေး ၁၀၄ မှ ၃၁-၄၀)
၄။ အဘယ်အတွက်ကြောင့် ထိုစာများကို ရေးသားခဲ့ရသနည်း
ထိုသူတို၏ ဒုက္ခဆင်းရဲခြင်း ခံနေရချိန်၌ နှစ်သိမ့်ရန်၊ အားပေးရန်နှင့် ခရစ်တော်ဒုတိယအကြိမ် မကြွလာ သေဆုံးခဲ့ရသူတိုနှင့် ပတ်သက်၍ ရေးသားခဲ့ခြင်းဖြစ်၏။ (၁ သက် ၄း၁၂-၁၈)
၅။ ထိုသူတိုထံ ခရစ်တော်ဒုတိယအကြိမ် ကြွလာခြင်းနှင့် ပါတ်သက်၍ မည်သိုရေးပေးခဲ့သနည်း။
သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန် အသိပေးခြင်း၊ ဘုရားသခင်၏ တန်ခိုးတော်ကို မှုတ် ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံမှ ကိုယ်တိုင်ဆင်းသက်တော်မှုန့်၊ ခရစ်တော်၌ သေလွန်သောသူတိုသည် အဦးထ မြောက်ကြလိမ့်မည်။ ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသောငါတိုသည် အာကာသ ကောင်းကင် ဘုရားသခင်ထံ တော်သို ရောက်စေခြင်းငှါ ထို သူတိုနှင့် တကွ မိုးတိမ်ပေါ်သို ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့် အတူ အစဉ်မပြတ် နေကြလိမ့်မည်။ (၁ သက် ၄း၁၆-၁၇)
၆။ အသက်ရှင်၍ ကျန်ကြွင်းသော ငါတိုသည်ဟူသော စကားသည် မည်သို ဆိုလိုသနည်း။
ပေါလုအနေဖြင့် အသက်ရှင်စဉ်ကာလ(သို)သူနှင့်တွေ့ဆုံ ဟောပြောခဲ့ဖူးသူတို အသက်ရှင်စဉ် ကာလ သခင်ယေရှုခရစ်သည် ဒုတိယအကြိမ် ကြွလာမည်ဟု ထင်မှတ်ခဲ့၏။
၇။ သူ့၌ မည်သိုသော ရှုတ်ထွေးသော အမြင်ကို တွေ့ရှိရသနည်း။
ပေါလုနှင့် အချိုသူတို တွေ့မြင်ရမည့် အသင်းတော်များ ပေါ်ပေါက်လာသည့်ခေတ် အချိန်နှင့် သခင် ခရစ်တော် ဒုတိယအကြိမ်ကြွလာခြင်း အချိန် ခါတို့ ရောထွေးနေခြင်းဖြစ်သည်။
၈။ထိုအချိန်ခါကို သက်သာလောနိတ်ဩဝါဒစာ ဒုတိယစောင်၌ ပေါလုမည်သိုရေးသားခဲ့သနည်း။
သူ၏စာကို ဖတ်ရသူတိုအား၊ သခင်ဘုရား၏ နေ့ရက်သည် လက်တစ်ကမ်းမျှ အလွန် နီးကပ်နေပြီဖြစ်ကြောင်း သတိပေးခဲ့၏။ ၂ သက် ၂
၉။ ထိုနေ့ရက် မရောက်မီ မည်သိုသော နိမိတ်၊ ထူခြားချက်ကို တွေ့ရမည်နည်း။
ထိုနေ့ရက်မရောက်မီ ဖောက်ပြန်သင်းကွဲခြင်းသည် အရင်ဖြစ်၍၊ ဒုစရိုက်လူတည်းဟူသော ပျက်စီးခြင်း၏ သားသည် ပေါ်လာလိမ့်မည်။ (၂ သက် ၂း၃-၁၂)
၁၀။ ဂလာတိဩဝါဒစာကို မည်သည့်အချိန်ကရေးခဲ့သနည်း။
ပေါလုသည် တတိယအကြိမ် သာသနာခရီးမစတင်မီ အအုတ်မြို၌ ရှိစဉ် ထိုစာကိုရေးသားခဲ့၏။ (မေး ၁၀၅-၁)
၁၁။ ဂလာတိလူတိုကား မည်သူတိုနည်း။
ပေါလု၏ပထမဦးဆုံးသာသနာပြုခရီးစဉ်တွင် ရောက်ရှိခဲ့သော (Asia minor) တူရကီ(သို) ဥရောပတိုက် ဒေသတွင် နေထိုင်သူတိုဖြစ်ပါသည်။
၁၂။ ဩဝါဒစာစောင်များ၏ အဓိကရည်ရွယ်ချက်ကို ဖော်ပြပါ
လွတ်လပ်ခြင်းအတွက် သာသနာအောင်လံတခွန်ဟု တင်စားပြောဆိုကြ၏။ ဩဝါဒစာစောင်များ၌ ကယ်တင်ခြင်းသည် ခရစ်တော်အားဖြင့်သာ ဖြစ်နိုင်ကြောင်း အတည့်အလင်းဖော်ပြထား၏။
၁၃။ ဂလာတိ ၅း ၁၉-၂၁ တွင် ရှင်ပေါလု မည်သိုဖော်ပြထားသနည်း။
ဇာတိပကတိအကျင့်ကိုကျင့်သောသူတိုသည် ဘုရားသခင်၏နိုင်ငံတော်ကို တမွေမခံရကြဟု ဖော်ပြထား၏။
၁၄။ မည်သိုသော ဝိညာဉ်အသီးအပွင့်ကို ကျွန်ုပ်တို၌ရှိသင့်သနည်း။
ဝိညာဉ်ပကတိ၏အကျိုးကား ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်းပေတည်း။ (ဂလ ၅း၂၂ )
၁၅။ ဂလာတိ ၆ ၇တွင် ရှင်ပေါလုရေးသားခဲ့သည့် ကိုယ်ကျင့်တရား(Universal Law) ကိုဖော်ပြပါ။
အလွဲမယူကြနှင့် ဘုရားသခင်သည် မထီမဲ့မြင်ပြုခြင်းကို ခံတော်မမူ။ လူသည်မျိုးစေ့ကြဲသည့်အတိုင်း အသီး အနှံကိုရိတ်ရလိမ့်မည်။
၁၆။ ကောဩဝါဒစာပထမစောင်ကို မည်သည့်အချိန်ကရေးခဲ့သနည်း။
ရှင်ပေါလု ဧဖက်မြို၌ကြာမြင့်စွာနေထိုင်ချိန်အတွင်း ရေးသားထား၏။ (မေး ၁၀၅ ၄-၁၂)
၁၇။ ထိုစာစောင်ကို မည်သည့်အတွက်ကြောင့် ရေးသားခဲ့ရသနည်း။
အသင်းတော်တွင် အမှားအယွင်းများရှိလာသဖြင့် ပြင်ဆင်မှုရှိရန် ရေးသားခဲ့ခြင်းဖြစ်၏။
၁၈။ ထိုဩဝါဒစာတွင် ကျွန်ုပ်တို့နှင့် အရင်းနှီးဆုံးကျမ်းချက်အချိုကို ဖော်ပြပါ။
၁ကော ၁၁း၂၃-၂၆ နောက်ဆုံးညစာအကြောင်းပေါလုရှင်းပြချက်
၁ကော ၁၃း၁-၁၃ မေတ္တာတရားအ ကြောင်းဖွင့်ပြချက်
၁ကော ၁၅း၁-၅၈ အံ့ဩဖွယ်ကောင်းလှသော ရှင်ပြန်ထမြောက်ခြင်းအကြောင်းနှင့် အခြားသောကျမ်း ပိုဒ်အတိုလေးများဖြစ်ပါသည်။
၁၉။ ဩဝါဒစာတွင် အဘယ်ကြောင့် မိမိကိုယ်ကိုအပြစ်နှင့်ကင်းစင်စွာ နေထိုင်ရန် အရေးကြီးကြောင်းဖော် ထားသနည်း ။
သင်တိုသည် ဘုရားသခင်၏ဗိမာန်တော်ဖြစ်ကြသည်ကိုလည်းကောင်း၊ ဘုရားသခင်၏ဝိညာဉ်တော် သည် သင်တိုအထဲ၌ကျိန်းဝပ်နေတော်မူသည်ကိုလည်းကောင်း မသိကြသလား အကြင်သူသည် ဘုရားသခင်၏ ဗိမာန်တော်ကိုဖျက်ဆီး၏။ ထိုသူကို ဘုရားသခင်ဖျက်ဆီးတော်မူလိမ့်မည်။ ဘုရားသခင်၏ဗိမာန်တော်သည် သန့်ရှင်းရ၏။ သင်တိုသည်လည်း ထိုဗိမာန်တော်ဖြစ်ကြ၏ဟု ဖော်ပြထားသောကြောင့်ဖြစ်၏။ (၁ကော
၃း၁၆-၁၇၊ ၁ ကော ၆း၁၉-၂၀)
၂၀။ ဤကျမ်းချက်တွင်ဖော်ပြထားသော အာပေါလုကားမည်သူနည်း။
တမန်တော်ဝတ္ထု၊ ဧဖက်နှင့် ကောရိန္တဩဝါဒစာတွင် ဖော်ပြထားသော အာပေါလုသည် နှုတ်သတ္တိနှင့် ပြည့် စုံသော ကနဦးအသင်းတော်၏ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ပါသည်။ (တ ၁၈း ၁၄၊ ၁ကော ၁း၁၂၊ ၁ကော ၃း ၄)
၂၁။ ၁ကော ၈တွင် ပေါလုသည် စွန့်လွှတ်ခြင်းနှင့်ပတ်သက်၍ မည်သိုရေးသားခဲ့သနည်း။
ငါ၏အစားအသောက်သည် ငါ့ညီအစ်ကိုကို မှားယွင်းစေလျှင် ငါ့ညီအစ်ကို၌မှားယွင်းစရာအကြောင်း မရှိ စေခြင်းငှာ အမဲသားကို အစဉ်မပြတ်ရှောင်မည်။ (၁ကော ၈း ၁၃)
၂၂။ ထိုအချက်သည် ကျွန်ုပ်တိုအတွက် စံနမူနာဖြစ်ပါသလား။
အမှန်တကယ်အတုယူစရာဖြစ်ပါသည်။
၂၃။ ၁ကော ၁၅ တွင် ရှင်းပြထားသော ငြင်းခုံစရာအချက်ကိုဖော်ပြပါ။
သေသောသူတိုသည် ထမြောက်ခြင်းမရှိလျှင် ခရစ်တော်သည် ထမြောက်တော်မမူ။ ( ၁ကော ၁၅း ၁၃)
၂၄။ ရှင်ပေါလုသည် ခရစ်တော်ဒုတိယအကြိမ်ကြွလာခြင်းနှင့်ပတ်သက်၍ မည်သိုဖော်ပြခဲ့သနည်း။
နောက်ဆုံးသောတံပိုးမှုတ်သောအခါ တခဏခြင်းတွင် မျက်စိတမှိတ်၌ ငါတိုရှိသမျှသည် ပြောင်းလဲခြင်း သို့ ရောက်ရကြလိမ့်မည်။ ထိုတံပိုးမှုတ်ချိန်ရောက်သောအခါ သေလွန်သောသူတိုသည် မပုပ်နိုင်သော အဖြစ်၌တည်လျက် ထမြောက်၍ ငါတိုရှိသမျှသည် ပြောင်းလဲခြင်းသိုရောက်ရကြမည်(၁ကော ၁၅း ၅၂)
၂၅။ ကောရိန္တဩဝါဒစာဒုတိယစောင်ကို မည်သည့်အချိန်၌ ရေးသားခဲ့သနည်း။
မာကေဒေါနိပြည်၌ ရှိစဉ် ကောမြိုသို ဒုတိယအကြိမ်မသွားမီအချိန်တွင် ရေးသားခဲ့ခြင်းဖြစ်၏။ (မေး ၁၀၅၊ ၁၃-၁၅)
၂၆။ ကောဩဝါဒစာဒုတိယစောင်ကို မည်သည့်အချိန်၌ ရေးသားခဲ့သနည်း။
ယေရုရှလင်နှင့် ယုဒနယ်မှ ယုံကြည်သူ ဆင်းရဲသားများအတွက် ဥရောပနှင့် အာရှမိုင်းနားမှ စေတနာဖြင့် စုဆောင်းငွေများ ဝေမျှပေးကမ်းချိန်၌ ဖြစ်သည်။
၂၇။ ကျွန်ုပ်တို၏ အလှူနှင့် ပတ်သက်၍ မှန်ကန်ခြင်းရှိရန် ပေါလု မည်သိုရေးသားခဲ့သနည်း။
“စေတနာစိတ်နှင့် လှူသောအလှူကိုသာ ဘုရားသခင်နှစ်သက်တော်မူ၏။” ( ၂ကော ၉း၇)
၂၈။ ၂ကော ၁၁ တွင် မည်သိုတွေ့ရသနည်း။
ပေါလုသည် ကျန်းမာသန်စွမ်းခြင်းမရှိသော်လည်း သာသနာအတွက် ဒုက္ခဆင်းရဲခြင်း၊ လမ်းခရီးတွင် တွေ့ကြုံ ရသော အန္တရာယ်များကို ကြံ့ကြံ့ခံ၍ ခရစ်တော်အတွက် လော့နည်းခြင်းမရှိ၊ သာ၍ ကြိုးစားဆောင်ရွက်သော ပေါလု၏ ရုပ်သွင်လက္ခဏာကို တွေ့ရ၏။
၂၉။ ရောမဩဝါဒစာကို မည်သည့်အချိန်၌ ရေးသားခဲ့သနည်း။
ကောရိန္တမြိုသို ဒုတိယအကြိမ် ရောက်ရှိစဉ် ရေးသားခဲ့၏။ (မေး ၁၀၅၊ ၁၅-၁၆)
၃၀။ ရောမဩဝါဒစာမှ အံ့သြဖွယ် ကောင်းမွန်လှသော ကျမ်းချက်အချိုကို ဖော်ပြပါ။
၁။ ထိုကြောင့်ငါတိုသည် ယုံကြည်ခြင်းရှိ၍ ဖြောင့်မတ်ရာသိုရောက်လျှင်၊ ငါတိုသခင်ယေရှုခရစ်အားဖြင့် ဘုရားသခင် ရှေ့တော်၌ ငြိမ်သက်ခြင်းကို ခံစားကြ၏။ (ရောမ ၅:၁)
၂။ငါတိုသည် အပြစ်ရှိစဉ်ပင်းခရစ်တော်သည် ငါတိုအတွက်ကြောင့်၊ အသေခံတော်မူသည်ဖြစ်၍၊ ဘုရားသခင်သည် ငါတိုကို အဘယ်မျှလောက် ချစ်တော်မူသည်ကို ငါတိုအား ထင်ရှားစွာ ပြတော်မူ၏။ (ရောမ ၅:၈)
၃။ အပြစ်တရား၏ အခကား သေခြင်းပေတည်း။ ဘုရားသခင်ပေးတော်မူသော ဆုကျေးဇူးတော်ကား၊ ငါတိုသခင် ယေရှုခရစ်အားဖြင့် ထာဝရအသက်ပေတည်း။ (ရောမ ၆း၂၃)
၄။ ထိုအခန်းကြီး ၈ ခန်းထဲမှ အံ့ဩဖွယ်၊ အမြင့်မြတ်ဆုံးသော ကျမ်းချက်မှာ
“သေခြင်းဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ အထွဋ်အမြတ်ဖြစ်စေ၊ အာဏာတန်ခိုး ဖြစ်စေ မျက်မှောက် အရာဖြစ်စေ၊ နောင်လာလတ္တံ့သောအရာဖြစ်စေ အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊ ဤအရာမှစ၍ အဘယ်နိမိတ်တအရာမျှသည် ငါတိုသခင်ယေရှုခရစ်အားဖြင့် ခံရသော ဘုရားသခင်၏ မေတ္တာတော်နှင့် ငါတိုကို မကွာစေနိုင်ဟု ငါသည် သဘောကျလျက် ရှိ၏။” (ရောမ ၈း၃၈-၃၉)
၅။ လက်တွေ့ကျကျ သတိပေးထားသော အချက် ၂ ချက်မှာ “ညီအစ်ကိုတို အသက်ရှင်ခြင်းလက္ခဏာ သန့်ရှင်းခြင်းလက္ခဏာ၊ ဘုရားသခင် နှစ်သက်တော်မူဘွယ်သော လက္ခဏာနှင့် ပြည့်စုံသောယဇ်ကို သင်တိုသည် ပူဇော်၍၊ မိမိကိုယ်ခန္ဓာကို ဘုရားသခင်အား ဆက်ကပ်ခြင်းတည်းဟူသော သင်တိုပြုအပ်သော ဝတ်ကို ပြုမည် အကြောင်း၊ ဘုရားသခင်၏ ဂရုဏာတော်ကို ထောက်ထား၍၊ သင်တိုကို တိုက်တွန်းနှိးဆော်ပေ၏။ (ရောမ ၁၂း၁)
ထိုကြောင့် သင်၏ရန်သူသည် မွတ်သိပ်လျှင်၊ လုပ်ကျွေးလော့၊ ရေငတ်လျှင် သောက်စရာဘိုပေးလော့ သိုပြုလျှင် သူ၏ခေါင်းပေါ်၌ မီးခဲကိုပုံထားလိမ့်မည်။ (ရောမ ၁၂း၂၀)
၃၁။ ဒုတိယသတိပေးထားသော အချက်ကို မည်သည့်ကျမ်းချက်တွင် တွေ့နိုင်ပါသေးသနည်း။
သုတ္တံကျမ်း ၂၅း၂၁-၂၂
၃၂။ ကောလောသဲသြဝါဒစာ၊ ဖိလေမုန်ဩဝါဒစာ၊ ဧဖက်သြဝါဒစာ၊ ဖိလိပ္ပိသြဝါဒစာ တို့ကို မည်သည့်အချိန်၌ ရေးသားခဲ့သနည်း။
တမန်တော်ဝတ္ထုတွင် ရေးသားထားချက်အရ ရှင်ပေါလု ရောမမြိုတွင် ပထမဆုံးအကြိမ် အကျဉ်းကျ ခံရစဉ်က ရေးသားခဲ့ခြင်းဖြစ်သည်။ (မေး ၁၀၆၊ ၄၃-၄၆)
၃၃။ ဖိလေမုန်ထံသို ထိုစာကို မည်သည့်ရည်ရွယ်ချက်ဖြင့် ရေးသားခဲ့သနည်း။
ကျွန်ခံရာမှ ထွက်ပြေး၍ ထောင်ကျခံခဲ့ရပြီး၊ ထောင်တွင်း၌ ရှင်ပေါလုဟောပြောခြင်းဖြင့် ခရစ်တော်ထံ ပြောင်းလဲခဲ့သော ဩနေသိမ်ကို လက်ခံပါမည့်အကြောင်း ဖိလေမုန်ထံ ရေးခဲ့သောစာဖြစ်ပါသည်။
၃၄။ ဖိလိပ္ပိသြဝါဒစာ၏ အထူးစိတ်ဝင်စားစရာ အချက်ကိုဖော်ပြပါ။
ရှင်ပေါလုတည်ထောင်ပေးခဲ့သော ဥရောပတိုက်၏ ပထမဦးဆုံးသော အသင်းတော်ထံသို ရေးခဲ့သောစာ ဖြစ်ပါသည်။
၃၅။ ဖိလိပ္ပိသြဝါဒစာတွင် ပေါလုအနေဖြင့် မည်သို အထူးမေတ္တာရပ်ခံချက်ကို ရေးသားခဲ့သနည်း။
ခရစ်တော်သည် လူသားတိုအတွက် နှိမ့်ချစွာ အစေခံခဲ့သော စိတ်သဘောကို စံနမူနာယူရန် ရေးသားခဲ့၏။
၃၆။ ဧဖက်သြဝါဒစာမှ အများသိကြသော ကျမ်းချက်ကို ဖော်ပြပါ။
အခန်းကြီး ၆ တွင် ပါရှိသော”ဘုရားသခင် ပြင်ဆင်တော်မူသော လက်နက်စုံကို ဝတ်ဆင်ရန်” တချက် ဖြစ်ပါသည်။
၃၇။ တိမောသေသြဝါဒစာ ၂ စောင်နှင့် တိတ္ဩဝါဒစာကို မည်သိုအမည်ပေး ခေါ်ဆိုကြသနည်း။
သင်းအုပ်နှင့် စပ်ဆိုင်သော ဩဝါဒစာ ဟုခေါ်ဆိုကြ၏။ အဘယ်ကြောင့်ဆိုသော် ရှင်ပေါလုအနေဖြင့် အ သက်ငယ်သောသင်းအုပ်တိုအား အကြံညဏ်ပေး၊ သတိပေးလိုသော အချက်များကို ရေးသားခဲ့သောကြောင့် ဖြစ်၏။
၃၈။ မည်သည့်ဩဝါဒစာတွင် ရှင်ပေါလု၏ နောက်ဆုံးစကားများကို မှတ်တမ်းတင်ထားသနည်း။ ။
“ အကြောင်းမူကား၊ ငါ့ကို ယဇ်ပေါ်မှာ လောင်းရသောအချိန်ရှိပြီး စုတေ့ရသောအချိန် ရောက်လေပြီ။ ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြပြီး ယခုမှစ၍ ဓမ္မသရဖူ သည် ငါ့အဘို သိထားလျှက်ရှိ၏။ ထိုနေ့ရက်၌ တရားသဖြင့်စီရင်သော သူတည်းဟူသော သခင်ဘုရားသည် ထိုသရဖူကို ငါ၌အပ်ပေးတော် မူမည်။ ထိုမျှမက ပေါ်ထွန်းတော်မူခြင်းကို တောင့်တသောသူအပေါင်းတို၌လည်း အပ်ပေးတော်မူမည် ထိုမျှမက၊ သခင်ဘုရား သည် မကောင်းသောအမူရှိသမျှတိုမှ၊ ငါ့ကိုကယ်နှုတ်၍၊ မိမိကောင်းကင် နိုင်ငံတော်သိုတိုင်အောင် မစပိုဆောင် တော်မူလိမ့်မည်။ ထိုသခင်သည် ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်။ ( ၂တိ ၄:၆-၈၊ ၁၈)
၁၀၈။ ဟေဗြဲသြဝါဒစာ
၁။ ဟေဗြဲသြဝါဒစာကို မည်သူရေးသနည်း။
ရှင်ပေါလုရေးသားခဲ့သည်ဟု ထင်ရသော်လည်း နောက်ပိုင်း အထောက်အထားများအရ ရှင်ပေါလုရေးသားခဲ့သည်ဟု အသေအချာ မပြောဆိုနိုင်ပါ။
၂။ မည်သည့်အချိန်က ရေးသားခဲ့သနည်း။
ယေရုရှလင်မြို ဖျက်ဆီးခြင်းမခံရမီ အေဒီ ၅ဝ ခန့်က ရေးသားခဲ့၏။
၃။ အဘယ်အတွက်ကြောင့် ဟေဗြဲသြဝါဒစာကို ရေးခဲ့သနည်း။
ခရစ်ယာန်ဘာသာသည် ရှေးဟောင်းဟေဗြဲဘာသာ/ယုဒဘာသာ၏ အသီးအပွင့် အထွတ်အထိပ် ဖြစ်ကြောင်း၊ ခရစ်တော်သည် ရှေးဟောင်းကျမ်းစာချက် ပြည့်စုံစေသောသူဖြစ်ကြောင်း၊ ခရစ်တော်သည် ထာဝရ တည်တော်မူသော ယဇ်ပုရောဟိတ်မင်းဖြစ်ကြောင်း၊ ယုံကြည်သူတပည့် တော်တော်များနှင့် နီးကပ်စွာရှိ လျှက် သနားခြင်းဂရုဏာနှင့် ပြည့်စုံတော်မူကြောင်း ဖော်ပြထား၏။ “ယူးမူကား၊ ကောင်းကင်ဘုံထဲသို ကြွဝင် တော်မူသော ယဇ်ပုရောဟိတ်မင်း အကြီးတည်းဟူသော ဘုရားသခင် ၏ သားတော် ယေရှုသည် ငါတို၌ ယဇ်ပုရောဟိတ်မင်း ဖြစ်တော်မူသောကြောင့်၊ ငါတိုသည် ဝန်ခံခဲ့ပြီး သောအရာ၌ တည်ကြည်ကြကုန်အံ့။ ငါတိုယဇ်ပုရောဟိတ်မင်းသည်၊ ငါတိုခံရသော ဆင်းရဲဒုက္ခများကြောင့် မကြင်နာနိုင်သောသူ မဟုတ်၊ ငါတိုခံရသည်နည်းတူ၊ အမျိုးမျိုးသော စုံစမ်းနှောင့်ယှက်ခြင်းတိုကို ခံဖူးသောသူ ဖြစ်တော်မူ၏။ သိုရာတွင် ဒုစရိုက်အပြစ်နှင့် ကင်းလွတ်တော်မူ၏။ ထို ကြောင့်၊ ငါတိုသည် သနားခြင်းဂရုဏာကို၎င်း၊ တော်လျော်သော မစခြင်းကျေးဇူးတော်ကို၎င်း၊ ခံရမည်အကြောင်း ရဲရင့်သောစိတ်နှင့် ကျေးဇူးပလ္လင်တော်သို တိုးဝင်ချဉ်းကပ်ကြ ကုန်အံ့ (ဟေဗြဲ ၄း၁၄-၁၆)
၄။ အခန်းကြီး ၁ တွင် မည်သိုသော သက်သေကို ဖော်ပြထားသနည်း။
ခရစ်တော်သည် ကောင်းကင်တမန်တိုအထက် မြတ်တော်မူသောသူ၊ ဘုရားသခင်၏ သားတော်ဖြစ် ကြောင်းနှင့်၊ ခရစ်တော်သည် ဘုရားသခင်ဖြစ်ကြောင်း ဖော်ပြထား၏။
၅။ ဟေဗြဲ အခန်းကြီး ၁၁ ကို မည်သိုအမည်ပေး ခေါ်ဆိုကြသနည်း။
ဘုရားသခင်၌ သစ္စာရှိသူများ၏ စာရင်း(သို)ဣသရေလ လူမျိုး၏ ဂုဏ်ပြုအပ်သူများ ဟုခေါ်ဆိုကြ၏။
၆။ ဟေဗြဲအခန်းကြီး ၁၁ ကို အကြောင်းပြု၍ စာရေးသူသည် မည်သို နိဂုံးချုပ်စကားကို ဖော်ပြခဲ့သနည်း။
“ထိုကြောင့် ဤမျှလောက်များစွာသောသက်သေအပေါင်းတို သည်ငါတိုကိုဝိုင်းရံလျက် ရှိကြသည် ဖြစ်၍ ငါတိုသည် ခပ်သိမ်းသောဝန်တိုကိုလည်းကောင်း၊ နှောင့်ယှက်တတ်သောဒုစရိုက်ကိုလည်းကောင်း ပယ်ရှား၍ ငါတို မျက်မှောက်၌ထားသော ပန်တုံးတိုင်သို ရောက်ခြင်းငှာ အားမလျှော့ဘဲ ပြေးကြကုန်အံ့။ ယုံကြည်ခြင်းကို အစဦးစီရင်၍ စုံလင်စေတော်မူသော သခင်ယေရှုခရစ်ကို စေ့စေ့ထောက်ရှုကြကုန်အံ့။ (ဟေဗြ၁၂း၁-၂)
၇။ ယေရှုခရစ်အကြောင်းကို အခန်းကြီး ၁၃ တွင် မည်သိုဖော်ပြထားသနည်း။
ယေရှုခရစ်သည် မနေ့၊ ယနေ့၊ နောင်ကာလ အစဉ်အမြဲ မပြောင်းလဲနေတော်မူ၏။ (ဟေဗြဲ ၁၃း၈)
၁၀၉။ ရှင်ယာကုပ်သြဝါဒစာ
၁။ ရှင်ယာကုပ်ဩဝါဒစာကို မည်သူရေးသနည်း။
အရှင်ဘုရား၏ ညီအစ်ကိုဟုခေါ်ဆိုသော၊ ယေရှုရှလင်မြိုအသင်းတော်၏ ခေါင်းဆောင်အဖြစ် နှစ်ပေါင်း များစွာ ရပ်တည်ခဲ့သော ယာကုပ်အမည်ရှိသူသည် ရေးသားခဲ့၏။ ရှင်ယာကုပ်သည် တမန်တော် ၁၂ ပါး ၊ အဝင် တစ်ယောက်မဟုတ်ပါ။
၂။ မည်သည့်အချိန်က ရေးသားခဲ့သနည်း။
အေဒီ ၆၃ ခန့်တွင်၊ သာသနာ့အာဇာနည်တစ်ဦးအဖြစ် အသတ်မခံရမီ ရေးသားခဲ့ခြင်းဖြစ်နိုင်၏။
၃။ ရှင်ယာကုပ်ဩဝါဒစာ၏ အဓိကအချက်ကို ဖော်ပြပါ။
အကျင့်မပါသော ယုံကြည်ခြင်းသည် တုသေဖြစ်ကြောင်းနှင့် သခင်ယေရှုခရစ်ကို ယုံကြည်ခြင်း အမှုမှာ၊ လူမျက်နှာကို ထောက်ထားခြင်းမရှိကြနှင့် ဟူသောအချက်ဖြစ်၏။ (ယာ ၁း၂၆-၂၇ ယာ ၂း၁)
၁၁၀။ ရှင်ပေတရုသြဝါဒစာ
၁။” မည်သည့်အရပ်ဒေသတွင်ရှိစဉ် ဤစာကို ရေးခဲ့သနည်း။
အာရှတိုက်ရှိ ကျော်ကြားသော ဗာဗုလုန်နိုင်ငံ (သို) အခြားသောဘာသာကို ကိုးကွယ်သော ရောမမြို့ လည်း ၊ ဖြစ်နိုင်ကြောင်းသိရှိရ၏။ (၁ပေ ၅:၁၃)
၂။ မည်သူရေးသားခဲ့သနည်း။
တမန်တော်ရှင်ပေတရု ရေးသားခဲ့၏။
၃။ ထိုစာရေးခဲ့သော အချိန်အခါကို ဖော်ပြပါ။
အေဒီ ၆၃ နှင့် ၆၇ ကြားဖြစ်နိုင်၏။ အဘယ်ကြောင့် ဆိုသော် ရှင်ပေတရုသြဝါဒစာ ပထမစောင်ကို ဧဖက်သင်းတော်သို အေဒီ ၆၁နှင့် ၆၃ ကြားတွင် ရေးသားခဲ့ပြီး၊ အေဒီ ၆၇ တွင်သာသနာ့ အာဇာနည် ဖြစ် အသတ်ခံခဲ့ရ၏။
၄။ မည်သိုသော ရည်ရွယ်ချက်ဖြင့် ဤစာကိုရေးခဲ့သနည်း။
ဒုက္ခဆင်းရဲခြင်းခံရစဉ်ကာလ ခရစ်ယာန်များတိုအား နှစ်သိမ့်ခြင်းနှင့် ရဲရင့်ခြင်းရှိစေရန် ရည်ရွယ်၍ရေးခဲ့ ခြင်းဖြစ်သည်။ ခရစ်တော်၏ တရားသည် ယခင်တရားဥပဒေများထက် သာလွန်ကောင်းမွန်သဖြင့် ဝိညာဉ် ရေးရာတွင် သစ္စာဖြင့် တိုးတက်ကြီးပွားရန် ရေးသားခဲ့ခြင်းဖြစ်၏။
၁၁၁။ ရှင်ေယာဟန်သြဝါဒစာ
၁။ မည်သူရေးသားခဲ့သနည်း။
တမန်တော်ရှင်ယောဟန် ရေးသားခဲ့၏။
၂။ ရှင်ယောဟန်ဩဝါဒစာ ဘယ်နှစ်စောင်ရှိပါသနည်း။
၃ စောင်ရှိပါသည်။
၃။ မည်သည့်အချိန်က ရေးသားခဲ့သနည်း။
အေဒီ ပထမရာစု ကုန်ခါနီးတွင် ရေးသားခဲ့၏။
၄။ မည်သူထံသို ဤစာကို ရေးသားခဲ့သနည်း။
ပထမစာစောင်ကို မည်သူ့ထံသို ရေးခဲ့ည်ကို မသိရပါး၊ ဒုတိယစာစောင်ကို မြတ်သောသခင်မဟု အမည် တပ်၍ အမျိုးသမီးတစ်ဦးထံ ရေးခဲ့၏။ တတိယစာစောင်ကို ဧဖက်မြိုရှိ ယုံကြည်သူတစ်ဦးဖြစ်သူ ဂါယုထံသို ရေးသားခဲ့ခြင်းဖြစ်၏။
၅။ မည်သည့်ရည်ရွယ်ချက်ဖြင့် ရေးသားခဲ့သနည်း။
ပထမစာစောင်၌ အသက်ရှင်ခြင်းတရားကို ပြောဆို၍၊ သူနှင့်သူရည်ရွယ်၍ ရေးသားခဲ့သူတိုသည် ခရစ်တော် ၌တစ်လုံးတစ်ဝတည်းရှိစေရန်။
ဒုတိယစာစောင်၌ မြတ်သောသခင်မ (ထိုအမျိုးသမီး) ထံသို၊ မှားယွင်းသော အယူအဆ၊ ယုံကြည်ချက် များ ကို သတိရှိစွာဖြင့် ရှောင်ရှားနိုင်စေရန်။
တတိယစာစောင်၌ ခရစ်ယာန်အာဂန္တ အချို့အား ကူညီမစပေးရန် မိတ်ဆက်စာအဖြစ် ရေးခဲ့ခြင်းဖြစ် သည်။
၆။ ရှင်ယောဟန်ဩဝါဒစာ ပထမစောင်၏ ထူးခြားချက်ကို ဖော်ပြပါ။
ခရစ်တော်သည် ကျွန်ုပ်တိုအပေါ် ထားရှိသောမေတ္တာ၊ ကျွန်ုပ်တိုအနေဖြင့် ခရစ်တော်အပေါ် ထားရှိသင့် သော ချစ်ခြင်းမေတ္တာနှင့် ပါတ်သက်၍ မေတ္တာတရားအကြောင်း ထပ်ခါထပ်ခါ ရေးသားခဲ့၏။ “ဘုရားသခင်သည် ငါတိုကို ရှေးဦးစွာ ချစ်တော်မူသောကြောင့် ငါတိုသည် ဘုရာသခင်ကို ချစ်ကြ၏။” ( ၁ယော ၄း၁၉)
၁၁၂။ ရှင်ယုဒသြဝါဒစာ
၁။ ဤစာစောင်ကို မည်သူရေးခဲ့သနည်း။
ယေရှုခရစ်၏ ညီအစ်ကိုတစ်ဦးဖြစ်သူ ယုဒ ရေးခဲ့ခြင်းဖြစ်နိုင်၏။ (မဿဲ ၁၃း၅၅)
၂။ မည်သည့်အချိန်က မည်သူ့ထံသို ရေးခဲ့ခြင်းဖြစ်သနည်း။
အေဒီ ၆၃ နှင့် အေဒီ ၈၀ အကြား၊ ပထမဆုံး အသင်းတော်ဖြစ်သည့် အန္တိအုတ်မြို အသင်းတော်သို ရေးခဲ့ ခြင်းဖြစ်၏။
၃။ အဘယ်အတွက်ကြောင့် ရေးခဲ့သနည်း။
မှားယွင်းသော ယုံကြည်ချက်၊ အယူအဆများ၊ အသင်းတော်တွင်းသို တဖြည်းဖြည်းဝင်ရောက် လာသဖြင့် သတိပေးရေးသားခဲ့ခြင်းဖြစ်၏။
၄။ အခန်းငယ် ၁၄ တွင် မည်သူ့အားရည်ရွယ် ရေးသားခဲ့သနည်း။
အာဒံမှ ဆင်းသက်၍ ခုနှစ်ဆက်မြောက်သောသူ ဧနောက်ဟု ဖော်ပြထားသည်။
၅။ မည်သည့်အကြောင်းအရာကို ဆိုလိုသနည်း။
ခရစ်တော် ဒုတိယအကြိမ် ကြွလာခြင်းကို ဆိုလို၏။
၆။ ခရစ်တော် ဒုတိယအကြိမ် ကြွလာခြင်းနှင့် ပါတ်သက်၍ အခြားကျမ်းချက်တွင် တွေ့နိုင်ပါသလား။
၁သက် ၄း၁၆-၁၇ နှင့် အခြားသောနေရာများတွင် အကြိမ် ၅၀ ထက်မနည်း တွေ့နိုင်၏။
၇။ ခရစ်တော်သည် အဘယ်ကြောင့် ဒုတိယအကြိမ် ကြွလာရသနည်း။
လောကကို အပြစ်စီရင်ရန် (ယုဒ ၁း၁၅)
၈။ ခရစ်တော်မည်သည့်အချိန်၌ ကြွလာမည်ကို ကျွန်ုပ်တို့ သိပါသလား။
မသိပါ။ ခရစ်တော်က “သူခိုးသည် ညအခါ တိတ်တဆိတ်လာသကဲ့သို မထင်မမှတ်သော အချိန်၌ ကြွလာ မည်”ဟုဆို၏။
၉။ ထိုသို မတိကျသောအချိန်သည် ကျွန်ုပ်တိုအား မည်သိုဖြစ်စေသနည်း။
ကျွန်ုပ်တိုသည် ခရစ်တော်၏ တရားတော်ကို ကြိုးစားအားထုတ်၍ အပြစ်ကင်းစင်သော သူများအဖြစ် နေ့စဉ်အသက်ရှင်နေထိုင်ရန် လိုအပ်၏။
၁၁၃။ ဗျာဒိတ်ကျမ်း
၁။ ဗျာဒိတ်ကျမ်းကို မည်သူရေးခဲ့သနည်း။
မည်သူရေးခဲ့သည်ဟု တိကျစွာ မဆိုနိုင်သော်လည်း၊ တမန်တော်ရှင်ယောဟန် ရေးသားခဲ့ခြင်း ဖြစ်နိုင်ပါသည်
၂။ ကျမ်းစာခေါင်းစဉ်/အမည်၏ အဓိပ္ပါယ်ကို ဖော်ပြပါ။
မဖြစ်နိုင်သော ကမ္ဘာ၏ အံ့ဩဖွယ်ရာများကို ဖော်ပြခြင်းဟု ဆိုလိုသည်။
၃။ မည်သည့်အချိန် မည်သည့်အရပ်တွင် ဤကျမ်းစာကို ရေးခဲ့သနည်း။
နီရိုးဘုရင်လက်ထက် (အေဒီ ၆၄-၆၈) သိုမဟုတ် ဒိုမီတီယမ်ဘုရင် လက်ထက် (အေဒီ ၉၀-၉၆) ၌ ပတ်မုကျွန်းတွင် ရေးသားခဲ့ခြင်းဖြစ်သည်။
၄။ အဘယ်ကြောင့် ဤကျမ်းစာကို ရေးခဲ့သနည်း။
ဒုက္ခညှဉ်းဆဲခြင်း ရောက်စဉ်ကာလ၊ အမျှရောက်စဉ်ကာလ၊ မျှော်လင့်ခြင်းနှင့် လမ်းပြခြင်းကို ရရှိစေရန် ရေးသားခဲ့ခြင်းဖြစ်၏။
၅။ ရှင်ယောဟန်သည် မည်သည့်ကျမ်းစာချက်များမှ တွေးခေါ်မြော်မြင်ခြင်းကို ရရှိသနည်း။
ယေဇကျေလအနာဂတ္တိကျမ်း၊ ဒံယေလအနာဂတ္တတကျမ်း၊ မဿဲ ၂၅ နှင့် ယုဒဘာသာဖြင့် ရေးသားခဲ့သော ကျမ်းစာများမှ ရရှိခဲ့ခြင်းဖြစ်၏။
၆။ ဤကျမ်းစာပါ အချက်များကို သေချာစွာ ရှင်းပြနိုင်ပါသလား။
အချို့သော ကျမ်းချက်များမှာ လွယ်ကူရှင်းလင်းသော်လည်း များသောအားဖြင့် နိမိတ်လက္ခဏာများသာ ဖြစ်၏။ အတိုချုပ်အားဖြင့် အကောင်းနှင့် အဆိုးတို၏ စစ်ပွဲအကြောင်း၊ ကောင်းမြတ်ခြင်း၏ နောက်ဆုံး အောင်မြင်ခြင်း၊ ခရစ်တော်ဒုတိယအကြိမ်ကြွလာခြင်းနှင့် ကောင်းကင်နိုင်ငံတော်သစ်ကို တည်ဆောက် ခြင်းအကြောင်း ရေးသားထား၏။
သိုသော် တိကျသော သမိုင်းကြောင်း၊ ဖွင့်ဆိုချက်များသည်လည်း အဓိပ္ပါယ်၊ အယူအဆအမျိုးမျိုးပေါ် ပေါက်စေနိုင်၏။
၇။ အခန်းကြီး ၂ နှင့် ၃ တွင် မည်သိုသော ဂတိတော်ကို တွေ့ရှိရသနည်း။
လောက၏ စုံစမ်းသွေးဆောင်ခြင်းများကို ကျော်လွှား၍ အောင်မြင်သောသူတိုအတွက် ဂတိတော် ၇ ချက်ကို တွေ့ရှိရ၏။ ဂတိတော်များကို ဗျာဒိတ် ၂၇၊ ၂း၁၇၊ ၂း၂၆-၂၈၊ ၃း၅၊ ၃း၁၂၊ ၃း၂၁ တိုတွင် တွေ့ရှိနိုင်၏။
၈။ အခန်းကြီး ၅ တွင် မည်သည့်အကြောင်း ရေးသားလားသနည်။ အသက်စာစောင်အကြောင်းဖြစ်ပြီး၊ လိုစာစောင်တွင် ခရစ်တော်အားဖြင့် စစ်မှန်သော တပည့်တော်တို့ ၏ အမည်ကို ရေးသားလား၏။ ထိုစာစောင်ကို ခရစ်တော်အသေသတ်ခြင်းကို ခံခဲ့ပေ ) သိုးသငယ်)သာလျှင် ဖွင့်နိုင် ကြောင်း ရေးသားထား၏။
၉။ ထိုအသစ်သောသီချင်း၏ အဓိကအချက်ကို ဖော်ပြပါ။
လူသားတိုအား အပြစ်ငရဲမှ ကယ်နှုတ်ရန် အသေသတ်ခြင်းကို ခံသော သိုးသူငယ်သည် ချီးမြောက်ခြင်းနှင့် အလုံးစုံသော တန်ခိုးအာဏာကို ခံယူသင့်ကြောင်း သီဆိုထား၏။ (ဗျာဒိတ် ၁း၉-၁၀)
၁၀။ ထိုရွေးနှုတ်ကယ်တင်ခြင်းသည် လူသားအားလုံးနှင့် သက်ဆိုင်ကြောင်း မည်သိုသိနိုင်ပါသနည်း။
ဗျာဒိတ် ၇း၉ တွင် “အသီးသီး ဘာသာစကားပြော လူမျိုးနွယ်ခပ်သိမ်း …………..”ဟု၎င်း၊ “ဤသူတို သည် ကြီးစွာသော ဆင်းရဲဒုက္ခအထဲက ထွက်မြောက်၍၊ မိမိဝတ်လုံကို သိုးသငယ်၏ အသွေး၌ လျှော်၍စေ သောသူ ဖြစ်ကြသတည်း”ဟု၎င်း ဖော်ပြထားချက်အားဖြင့် သိနိုင်၏။
၁၁။ ခရစ်တော်၏ နောက်လိုက်တပည့်တော်တိုအား မည်သိုကတ်ထားရှိသနည်း။
ထိုသူတိုသည် ဆာလောင်မွတ်သိပ်ခြင်း၊ ရေငတ်ခြင်းမရှိရ၊ အပူပိုင်းဒေသတွင် ဖြစ်တတ်သော အပူကြောင့် ရောဂါဝေဒနာခံစားရခြင်းမရှိစေရ။ ဝမ်းနည်းငိုကြွေးခြင်းမရှိစေရဟု ကတိရှိ၏။ (ဗျာဒိတ် ၂၁း၃-၄)
၁၂။ အခန်းကြီး ၂၁ နှင့် ၂၂ တွင် မည်သည့်မြိုတော်ကို ဆိုလိုသနည်း။
ဘုရားသခင်၏မြိုတော်၊ ဘုရားသခင်နိုင်ငံတော်၏ မြိုတော်ဟု ဖော်ပြထားပြီး၊ ထိုမြိုတော်တွင် ထာဝရဘုရား သည် ရွေးချယ်ခဲ့သော သူများနှင့်အတူ ထာဝရ စိုးစံမည် ဟုပါရှိ၏။
၁၃။ ရေးသားထားချက်တိုသည် တိတိကျကျ ရေးသားထားခြင်း(သို)နိမိတ်လက္ခဏာ အဖြစ်ရေးသား ထားခြင်းဖြစ်ပါသလား။
တိတိကျကျမဟုတ်ဘဲ၊ နိမိတ်လက္ခဏာအဖြစ် ရေးသားထားခြင်းဖြစ်၏။ ကျွန်ုပ်တို၌ ထိုဖော်ပြထား သော မြိုတော်အကြောင်းကို သိနားလည်နိုင်သော ဝိညာဉ်ရေးရာ အသိအမြင် လုံလောက်ခြင်းမရှိပါး လောက အမြင်၊ အတွေ့အကြုံများနှင့်လည်း နှိင်းယှဉ်ကြည့်၍ မရပါး သိုဖြစ်၍ စာရေးသူသည် ကမ္ဘာလောကရှိ အကောင်းဆုံး၊ အမြင့်ဆုံး၊ အလှပဆုံးသော စကားလုံးဖြင့် ထိုမြိုတော်၏ ကြီးကျယ်ခမ်းနားခြင်းကို ရေးသား ဖော်ပြထား၏။
၁၄။ ထိုရေးသားထားချက်များမှ ကျွန်ုပ်တို တိတိကျကျ နားလည် လက်ခံသင့်သော ၈ ချက်များ ပါရှိပါသလား။
များစွာပါရှိပါသည်။ လောကသည် နောက်ဆုံးသောနေ့၌ မကောင်းမှုများကို အောင်မြင်ရမည်။ ထိုအရပ် သည် ကောင်းချီးမင်္ဂလာနှင့် ပျော်ရွှင်ခြင်းရှိသော အရပ်ဖြစ်မည်။ ဘုရားသခင်ကိုယ်တိုင်သည်လည်း ထိုအရပ်၌ရှိ မည်။ မကောင်းမှုများသည် ထိုအရပ်၌ မရှိဘဲ၊ ထိုအရပ်သို လာလိုသောသူတိုင်း လာနိုင်ကြောင်း၊ ရေးသားထား ချက်များ ဖြစ်ပါသည်။
“အသက်ပင်နှင့်ဆိုင်၍၊ မြိုတံခါးအတွင်းသို ဝင်အံ့သောငှါ ပညတ်တော်တိုကို ကျင့်သောသူတိုသည် မင်္ဂလာ ရှိကြ၏။…………….ဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတိုသမီးက လာခဲ့ပါဟု ဆိုကြ၏။ ကြားသောသူက လည်း လာခဲ့ပါဟု ဆိုပါစေး ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဘိုးကို မပေးဘဲ အသက်ရေကို ယူပါစေ။” ……….. ။ “ငါသည် အလျင်အမြန်လာမည် မှန်ပေ၏ဟု၊ ဤအရာများကို သက်သေခံ သောသူ မိန့်တော်မူ၏။ အာမင်၊ သခင်ယေရှုကြွလာတော်မူပါ။ (ဗျာဒိတ် ၂၂း၁၄၊ ၁၇၊ ၂၀)
ကျမ်းစာလေ့လာရန် အခြေခံအချက်များ
ကျမ်းစာထဲတွင် ပါရှိသော ပုဂ္ဂိုလ်များနှင့် ရင်းနှီးကျွမ်းဝင်ရန်
ကျမ်းစာထဲတွင် ပါရှိသော ပုဂ္ဂိုလ်များနှင့် ရင်းနှီးကျွမ်းဝင်ခြင်းသည် အလွန်အရေးပါသော အချက် တစ်ချက်ဖြစ်ပါသည်။ သင်၏ ဆရာဖြစ်သူထံမှ ထိုပုဂ္ဂိုလ်များ၏ အမည်များကို မေးမြန်းမှတ်သားပြီး၊ ကျမ်းစာအုပ်တွင်းမှာ ကိုယ်တိုင်ရှာပါ။ မကြာမီ သင်သည် အဟံ၊ ဣဇက်၊ ယာကုပ်၊ ဧသော မောရှေး အာရုန်း မိရိအံ ယောရှမွေလ လီးဒါဝိတ် နှောလု ယောနသန် ရှောလမုန်း ယောနု ခံယေလနှင့် မီးပုံထဲတွင် လမ်းလျှောက်ခဲ့ကြသောဣသရေလအမျိုးသား ၃ ယောက်အကြောင်းတိုကို သိရှိလာမည်ဖြစ်၏ ထိုပုဂ္ဂိုလ်များတို သည် ဓမ္မဟောင်းကျမ်းထဲတွင် ပါရှိသော ပုဂ္ဂိုလ်များ ဖြစ်ကြ၏။
ဓမ္မသစ်ကျမ်းထဲတွင် ယောသပ်၊ မာရိ၊ နှစ်ခြင်းဆရာယောဟန်၊ ဟေရုဒ်မင်း၊ နိကောဒင် ပေတရု နှင့် လူသားအပေါင်းကိုလေ့လာတွေ့ရှိရမည်။
ကျမ်းစာထဲမှ ပုဂ္ဂိုလ်များ၏ အကြောင်းကို လေ့လာရင်းတစ်ဦး၏ ထူးခြားသော အချက်များကိုလည်း သေချာစွာ မှတ်သားထားသင့်၏
ကျမ်းစာထဲမှ ဖြစ်ရပ်များ၊ အကြောင်းအရာများကို ရှာဖွေလေ့လာခြင်း
ကျမ်းစာထဲတွင် ပါရှိသော ဖြစ်ရပ်များ၊ အကြောင်းအရာများတိုသည် အမှန်တကယ် အလွန်အံ့ဩဖွယ် ဖြစ်ရပါသည်။ အဘယ်ကြောင့်ဆိုသော် အကြောင်းအရာ တစ်ခုစီသည် အကျင့်စာရိတ္တကောင်းမွန်စေရန် သွန်သင်လမ်းပြသောအချက်များဖြစ်သောကြောင့် ဖြစ်သည်းအကြောင်းအရာ တစ်ခုစီသည်လည်း ကျမ်းစာ ကို ပိုမို၍ ကျယ်ပြန့်စွာ နားလည်သဘောပေါက်စေပါသည်။ ဥပမာ- ဒါ8ဒ်နှင့် ယောနသန် အကြောင်းကို လာလျှင် စစ်မှန်သော သူငယ်ချင်း မိတ်ဆွေအကြောင်းကို တွေ့မြင်နိုင်ပြီး ဗေလရှာဇ်မင်းကြီး ကျင်းပ သော စားသောက်ပွဲအကြောင်းကို လေ့လာလျှင် ကြီးစွာသော မှားယွင်းခြင်းအပြင်နှင့် ဒဏ်ခတ်ခြင်း အကြောင်းကို တွေ့ရှိရမည် ဖြစ်သည် ။
ဓမ္မသစ်ကျမ်းစာတွင် သခင်ယေရှုငယ်စဉ်ကလောကနှင့်ဆိုင်သော မိဘတိုသည် ဟေရုဒ်မင်း၏ သတ်ဖြတ် ခြင်းမှ လွတ်မြောက်စေရန် ကလေးငယ်ကို ယူဆောင်၌ အဲဂုတ္တုပြည်သို ထွက်ပြေးခြင်းအကြောင်းနှင့် ဣသရေလပြည်သို ပြန်လည်ရောက်ရှိခြင်း အကြောင်းတိုကို တွေ့နိုင်၏ သခင်ယေရှု ပြခဲ့သော ပထမဦးဆုံး နိမိတ်လကက္ခဏာ ကို ကျမ်းစာတွင် တွေ့နိုင်ပြီး သခင်ယေရှုသည် သင်ကိုယ်တိုင်အတွက် မည်သိုလုပ်ဆောင်ခဲ့ကြောင်း သိရှိနိုင်၏။
တောင်ပေါ်ဒေသနာမှ ရှာဖွေ၍ အရေးကြီး အချက်များကို သေချာစွာမှတ်ထားသင့်၏ ထိုနောက် တပည့် တော်တိုအား ဖော်ပြခဲ့သည့် ယေရှု၏ ယေရုရှလင်မြို နောက်ဆုံးသူ၏ တပည့်တစ်ဦးဖြစ်သူ ယုရ ကာတ်သည် သခင်အား မည်သို ရောင်းစားခဲ့ကြောင်း လေ့လာတွေ့ရှိနိုင် ထိုနောက် သခင်ယေရှုအသတ်ခံခြင်း၊ သူ၏မိခင်၏ ငိုကြွေးခြင်း၊ သူ၏ဂူကို မည်သိုစောင့်ကြပ်ထားကြောင်း နှင့် မည်သိုရှင်ပြန်ထမြောက်ကြောင်း ရှင်ပြန်ထမြောက် ပြီးနောက် သူ၏တပည့်များနှင့် မည်သိုပြန်လည်တွေ့ဆုံ ကြောင်း တိုကို လေ့လာတွေ့ရှိနိုင်ပါသည်။
ထိုနောက် ရှင်ပေါလု၏ အသက်တာကို လေ့လာလျှင်၊ သူသည်ခရစ်ယာန် ဘာသာဝင်တို့အား မည်သိုညှင်း ပန်းနှိပ်စက်ခဲ့ကြောင်း၊ ဘုရားသခင်သည် သူ့အားမည်သို ခေါ်ယူ၊ ပြောင်းလဲ အသုံးပြုခဲ့ကြောင်း၊ ပေါလုအားဖြင့် ဓမ္မဒေသနာကို မည်သိုနေရာအနှံ ဟောပြောခဲ့ကြောင်း၊ ပေါလု၏ နောင်တရခြင်း၊ ပြောင်းလဲခြင်းနှင့် ဘုရား သခင်သည် သူ့အား မည်သိုချီးမြှောက်တော်မူကြောင်းကို တွေ့ရှိနိုင်၏။ အထက်ပါ အကြောင်းအရာတိုသည် ဘုရားသခင်၏ သမ္မာကျမ်းစာအထဲမှ အချိုသော အချက်များသာ ဖြစ်သဖြင့် လေ့လာရန် များစွာရှိပါသေးသည်။
အကြောင်းအရာများကို တိတိကျကျ လေ့လာမှတ်သားပါး အကြောင်းအရာ တစ်ခုပြီးတစ်ခု လေ့လာသင့်၏ အကြောင်းအရာတိုင်းသည် သင်္ခန်းစာရစရာ ဖြစ်သဖြင့် ဆိုလိုရင်းကို သေချာစွာလေ့လာပါ။ တစ်ဦးစီ၏အမည်များကိုလည်း သေချာစွာ မှတ်ထားပါ။ ကောင်းစွာနားမလည်သော အချက်များကို မှတ်သား၍ ဆရာအား မေးခွန်းများမေးခြင်းဖြင့် လေ့လာမှတ် သားထားသင့်၏။
ကျမ်းစာလေ့လာခြင်း၌ သခင်ယေရှုအကြောင်းသည် အဓိကရည်ရွယ်ချက်ဖြစ်၏။
သခင်ယေရှုပြုခဲ့သော တန်ခိုးနိမိတ်လက္ခဏာတိုကို စာရင်းပြု၍ သေချာစွာ လေ့လာမှတ်ထားသင့်၏။ ထိုအကြောင်းအရာတစ်ခုစီသည် ဝိညာဉ်ရေးဆိုင်ရာ သွန်သင်ဆုံးမမှုများကို တွေ့ရှိရမည်ဖြစ်သည်။ ထိုပြင် သခင်ယေရှု ဥပမာပေး၍ ပြောကြားခဲ့သော အကြောင်းအရာ ပုံပြင်တိုကိုလည်း လေ့လာမှတ်သားရန် လိုအပ်၏။ ထိုဥပမာနှင့် ပုံပြင်များတိုသည်၊ သခင်ယေရှုအနေနှင့် သူ၏ တရားဒေသနာကို နားထောင်သူများ နှင့် ယနေ့ကျွန်ုပ်တိုအတွက်ပါ ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ အရေးကြီးဆုံးမှာ ကျမ်းစာကိုလေ့လာနေစဉ် သခင်ယေရှုအကြောင်းကို သေချာစွာ လေ့လာမှတ်သားရန် မမေ့သင့်ပါ။ သခင်ယေရှု အကြောင်းကို လေ့လာခြင်းမရှိဘဲ ကျမ်းချက်များကိုသာ လေ့လာမှတ်သားနေလျှင် ရသင့်သလောက် အကျိုးအမြတ် ရမည် မဟုတ်ပါ။ ယေရှုခရစ်သော ၊ ပြောဆိုခဲ့သော အံ့ဖွယ်အချက်များ ကို သေချာစွာ နားလည်သဘောပေါက်ရန် လိုအပ်၏။ ယေရှုခရစ်က သူ့ကိုယုံကြည်သူတိုင်း သည် ထာဝရ သက်ကို ရမည်ဟု ကတိပြုခဲ့၏။
ဘာသာရေးဆိုင်ရာ ယုံကြည်ချက်အတွက် အခြေခံဖြစ်သော ကျမ်းစာ
ကျမ်းစာ၏ အခြေခံ သင်ကြားပေးသော အချက်များ –
ခရစ်တော်နှင့်ဆိုင်သောဘာသာ၊ ဂိုဏ်းဂနတိုသည် သမ္မာကျမ်းစာ၌ အခြေခံ၍ တည်ဆောက်ထားခြင်း ဖြစ်သည်။ အကြောင်းအချက် ၂ ချက်ကိုအခြေခံ၍ တည်ဆောက်ထားခြင်းလည်းဖြစ်သည်။ ပထမအချက်က နေနှင့် ဤကျမ်းစာအုပ် မရှိလျှင် အရှင်သခင်ခရစ်တော်အကြောင်းကို ပြောဆိုရန် မဖြစ်နိုင် ပါး ဒုတိယအချက် အနေဖြင့် အပြစ်ကို ဖော်ပြရန်နှင့် ဖြောင့်မတ်သောအသက်တာ၌ တည်ရှိရန် ပြသော စာအုပ်အဖြစ် ဤသမ္မာ ကျမ်း စာသာရှိသောကြောင့်ဖြစ်၏။ ကျမ်းစာထဲတွင် အပြစ်အတွက် ဒဏ်ခတ်ခြင်းနှင့် ကောင်းမြတ်ခြင်းအတွက် ဆုကျေးဇူးများကို တွေ့ရှိရမည်ဖြစ်သည်။ ထိုအချက်သည် စစ်မှန်သော ဘာသာရေးအတွက် အဓိကကျသောအချက် ဖြစ်ပြီး၊ သမ္မာကျမ်းစာသာလျှင် အခြားစာအုပ်များထက် ထိုအကြောင်းအရာကို ကောင်းစွာရေးသားဖော်ပြထား၏။ ‘
ဓမ္မဟောင်းကျမ်းတွင် ထာဝရဘုရားသည် ယုဒလူတိုကို သူ့အတွက် ရွေးချယ်ခဲ့ပြီး၊ တစ်ပါးသူတိုအား ထာဝရ ဘုရားသခင်အကြောင်းကို သက်သေခံပြောကြားရန်အတွက် ဖြစ်သည်။ သိုသော် ထိုလူမျိုးသည် သူတို၏ မာနနှင့် ကောက်ကျစ်ခြင်းတိုကြောင့် ထာဝရဘုရားစေလိုသည့် အတိုင်း မဖြစ်ခဲ့ပါ။ သိုဖြစ်၍ ဘုရားသခင်သည် ထိုသူတိုအား သူတို၏ ရန်သူတိုလက်သိုအပ်ပြီး ဖျက်ဆီးစေခဲ့၏။ ဓမ္မသစ်ကျမ်းတွင် ကျွန်ုပ်တိုအတွက် ကတိတော်အသစ်များ တွေ့ရှိနိုင်ပြီး၊ ယုဒလူမျိုးနှင့်အတူ၊ လူမျိုးတိုင်းအ တွက်၊ ယုံကြည်သူတိုင်းအတွက် ထာဝရအသက်ရရှိရန် ဖော်ပြခဲ့၏။
ဓမ္မဟောင်းကျမ်းတွင် လူတို၏ အပြစ်အတွက် တိရိစ္ဆာန်အသွေးဖြင့် ဆေးကြောပူဇော်ရန် ဖော်ပြထားပြီး၊ ဓမ္မသစ်တွင် သားတော်ယေရှုခရစ်ဖြင့် လူသားတို၏ အပြစ်တွက်၊ တစ်ကြိမ်တည်းဆေး ကြောခြင်း။ ယဇ်ပူဇော်ခြင်းဖြစ် စေသည်ဟု ဖော်ပြခဲ့၏၊ သိုဖြစ်၍ ထာဝရဘုရားသည် သားတော်ယေရှုခရစ်အား ၊ ကားတိုင်ပေါ်တွင် အသေခံ၍ အပြစ်အားဖြင့် လူတို၏ အပြစ်ကို ဆေးကြော(ဓမ္မဟောင်းတွင် တိရိစ္ဆာန်အသွေး ဖြင့် ယဇ်ပူဇော်ဆေးကြောသကဲ့သို) စေခဲ့၏။ ခရစ်တော်၏ သင်ကြားချက်များကိုလည်း လိုက်လျှောက်ရန်လိုအပ်၏။ ထိုအချက်တိုသည် ကောင်းမြတ်ခြင်း အတွက် ဆုကျေးဇူးများဖြစ်ပါသည်။ အထက်ပါ အချက်တိုသည် ကျမ်းစာထဲ၌ ပါရှိသမျှ၏ အတိုချုပ်ဖြစ်ပြီး ခရစ်ယာန်တို၏ ယုံကြည်ချက်ဖြစ် ၊ သည်သာမက၊ သမ္မာကျမ်းစာသည် ထာဝရဘုရား၏ မိန့်မှာချက်များဖြစ်သဖြင့် လိုက်လျှောက်သူတိုကိုလည်း မည်သူမျှ လမ်းမလွဲစေနိုင်ပါ။
သမ္မာကျမ်းစာ၏ အထွေထွေသင်ကြားပေးချက်များ
အထက်ပါအချက်များသာမက သမ္မာကျမ်းစာတွင် သည်းခံခြင်း၊ ရှောင်ကြဉ်ခြင်း၊ ရိုးသားခြင်း၊ သီလနှင့် ပြည့်စုံခြင်း၊ ဖြောင့်မတ်ခြင်း၊ ချစ်ခြင်း၊ ပေးကမ်းစွန့်ကြဲခြင်းနှင့် အခြားသော ကိုယ်ကျင့်တရားဆိုင်ရာတိုကို လေ့လာသင်ယူနိုင်ပါသည်။ –
သမ္မာကျမ်းစာ၏ အစပိုင်းတွင် ကမ္ဘာကြီးကို ဖန်ဆင်းခြင်း၊ လူသားကို ဖန်ဆင်းခြင်းအကြောင်းတိုကို တွေ့ရှိရမည်ဖြစ်သည်။ ဘုရားသခင်သည် ကြီးမားသောရည်ရွယ်ချက်ဖြင့်၊ ဘုရားသခင်၏ ပုံသဏ္ဌာန်တော်နှင့် အညီ လူသားကိုဖန်ဆင်း၍ လူသား၏ လိုအင်ဆန္ဒပြည့်ဝစွာဖြင့် ပျော်ရွှင်စွာနေစေရန် အလိုရှိသကဲ့သို အကျင့် စာရိတ္တလည်း ကောင်းမွန်စွာ နေစေရန် အလိုဆန္ဒရှိခဲ့၏။
သိုဖြစ်၍ ဘုရားသခင်သည် တားမြစ်ချက်တစ်ခုကို ထားရှိပြီး၊ လိုက်လျှောက်ပါက အစစအရာရာ အဆင်ပြေစေရန် စီရင်ထားရှိ၏။ သိုသော် လူသားသည် မလိုက်လျှောက်ဘဲ ချိုးဖောက်ခဲ့သဖြင့် ပင်ပန်းစွာ အလုပ်လုပ်ရန်၊ အပြစ်တွက် နောင်တရရန်၊ နောင်တရလျှက် ဖြောင့်မတ်စွာနေထိုင်ရန် အပြစ်ပေးခဲ့၏။ သိုသော် လူသားသည် ဆက်၍ အပြစ်ပြုလုပ်သဖြင့် လွှမ်းမိုးခြင်းဖြင့် ဒဏ်ခတ်ခဲ့၏။သိုသော်နော နှင့် မိသားစုကို ရေလွှမ်းမိုးခြင်းမှ လွတ်မြောက်စေခြင်းအားဖြင့် လူသားမျိုးဆက်အား ဆက်၍တည်ရှိစေလို၏ ထိုနောက် နောက်မျိုးနွယ်မှ အာဗြဟံအားရွေးချယ်၍ သူ၏မျိုးဆက်အား ကောင်းချီးပေးခြင်းဖြင့်ယုဒမျိုးနွယ်ကို ရွေးချယ် ခဲ့၏။ ယုဒလူမျိုးအတွက် လိုအပ်ချက်များကို ဘုရားသခင်သည် မစခဲ့သည်သာမက။ ပြည်၌ ကျွန်ခံနေရသော ဘဝမှ ဂတိတော်ရှိသည်အတိုင်း ခါနန်ပြည်သို လမ်းပြပိုဆောင်ပေးခဲ့၏။ သူတို့အတွက် ပညတ်တော် ၁၀ ပါးအားဖြင့် လမ်းညွှန်ပေးခဲ့သော်လည်း လူသားသည် ဘုရားသခင်၏ စကားကို မလိုက်နာဘဲ ထပ်ခါထပ်ခါ အပြစ်ပြုခဲ့၏။
ယုဒအမျိုးအနွယ်တိုသည် နှစ်ပေါင်းရာနှင့်ချီ၍ ဘုရားသခင်၏ စကားကို နားမထောင်ဘဲ လမ်းလွဲကြ
ကြောင်းကို သမ္မာကျမ်းစာတွင် တွေ့ရှိနိုင်၏။ ဘုရားသခင်သည် အချိန်ကြာမြင့်စွာ သည်းခံပြီးမှ မျက်နှာလွှ၍ သူတို၏ ရန်သူတိုလက်သို အပ်လိုက်သဖြင့် ဖမ်းဆီးချုပ်နှောင်ခြင်း၊ ညှဉ်ဆဲခြင်းအမျိုးမျိုးကို ခံရကြ၏။ ထိုနောက် ဘုရားသခင်သည် သနားခြင်းဂရုဏာတော်ရှိသဖြင့် ယုဒလူတိုထံသို ဟေရှာယ၊ ယေရမိ၊ ဟောတူ မှစ၍ ပရောဖက်များကို စေလွှတ်၍ နောင်တရခြင်းတရားကို ဟောပြောစေ၏။ သိုသော် ယုဒလူတိုသည် ပြောင်းလဲခြင်းမရှိသဖြင့် ဒဏ်ခတ်ခြင်းကို ခံရ၍ ယုဒလူတိုသည် အကွဲကွဲအပြားပြားဖြစ်ကြပြီး ရန်သူတို လက်အောက်တွင် နှိပ်စက်ခံ၍နေရ ကြ၏။
နှစ်ရာပေါင်းများစွာကြာပြီးနောက် ဘုရားသခင်သည် လူသားများအတွက် နောက်ထပ်အခွင့် အရေးကို ပေးခဲ့၏။ ဤအကြိမ်၌ ဘုရားသခင်သည် သာ၍ကြီးမားသော မေတ္တာဖြင့်ဘုရားသခင်၏သားတော် သခင်ယေရှု အား လူသားများအတွက်စေလွှတ်ခဲ့ပြီး လူသားများအတွက် အသေခံစေခဲ့၏။ သခင်ယေရှုအကြောင်းနှင့် သက်တော်စဉ်ကို ဓမ္မသစ်ကျမ်းတွင် ဖတ်ရှုနိုင်ပါသည်။ အပြစ်ရှိသောအမှုကို မပြုတတ်ခြင်း၊ အမြဲတမ်းကောင်းမွန်ခြင်း၊ ကောင်းကင်ဘုံမှ အဖကို အမြဲသတိယနေခြင်း၊ လူသား ညီအစ်ကိုများအတွက် ကူညီမစရန် စိတ်ရှိနေခြင်းနှင့် ထာဝရဘုရားသခင် ဖန်ဆင်းခဲ့သော ယခင်နှင့် ယခုရှိနေသော လူသားတိုင်း ကယ်တင်ခြင်းရရန်အတွက် မိမိကိုယ်ကို ကားတိုင်တွင် ယဇ်ပူဇော် ဆက်ကပ်ခဲ့ကြောင်း တွေ့ရှိရ၏။
သခင်ယေရှုခရစ်တော်အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းနောက်၌ ကျွန်ုပ်တိုလူသားတိုင်း ခရစ်တော်၏ တရားတော်ကို သိရှိနိုင်ရန် တပည့်တော်တိုကို သခင်ယေရှုကိုယ်တိုင်ရွေးချယ်၍ ကမ္ဘာအရပ်ရပ်သို စေလွှတ်ခဲ့ကြောင်း သိရှိရပါသည်။ ။
အလွန်တန်ဖိုးကြီး၊ အရေးပါလှသော အချက် ၂ ချက် ၃ ချက်ခန့် မှာကြားခဲ့သည်ကိုလည်းတွေ့ရှိရပါ သည်။ ယင်းအချက်များမှာ “ထာဝရဘုရားကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရမည်”၊ “ကိုယ်၌ သူတပါးပြုစေလိုသည့်အတိုင်း၊ သူတပါး၌ပြု ” “ဘုရားသခင်ကို ချစ်လျက် ပညတ်တော်များကို တွက်ပါ” ဟု မှာကြားခဲ့ ၏။ ဘုရားသခင်သည် နောင်တရသော အပြစ်သားတစ်ယောက်ကို သကဲ့သို၊ မိမိတိုသည်လည်း နောင်တရ သောသူကို မစွန့်ပယ်သင့်ကြောင်း ဖော်ပြထား၏။ အာခံနှင့် ၀၅ အစဉ်အတိုင်း လူသားတိုပြုခဲ့မိသော အပြစ်များအတွက် နောင်တရရန်နှင့်၊ နောင်တရ၍ ရားသခင်၏ တရားတော်ကို လိုက်လျှောက်သူအတွက် ကယ်တင်ခြင်း အခွင့်ရေးရှိကြောင်းကို သမ္မာကျမ်းစာတွင် အခြေခံအချက်အဖြစ် တွေ့ရှိနိုင်ပါသည်။
သမ္မာကျမ်းစာအုပ်သမိုင်းအကျဉ်း
ကျမ်းစာအုပ်၏သက်တမ်း
သမ္မာကျမ်းစာအုပ်သည် အလွန်အဖိုးထိုက်တန်သော စာအုပ်တကာတွင် အကောင်းဆုံးသော စာအုပ်ဖြစ် သည်သာမက ရှေးအကျဆုံးစာအုပ်ဟုလည်း ဆိုနိုင်ပါသည်။ ဘာသာရေးဆိုင်ရာ အဖွဲများအနေဖြင့် စာအုပ်၏ သမိုင်းကြောင်းနှင့် စာရေးသူတို၏ သမိုင်းကြောင်းကို လေ့လာရှာဖွေသော်လည်း တိတိကျကျ အမရနိုင်ခဲ့သေးပါ။ လေ့လာရှာဖွေသူများအနေနှင့် သမိုင်းကြောင်းအစကို မသိနိုင်သေးသော်လည်း တဖြည်းဖြည်းပိုမိုသိလာခဲ့ရပြီး၊ ကျမ်းစာတွင် ရေးသားထားချက်များသည် သာ၍ မှန်ကန်ကြောင်း တွေ့မြင် ကြရ၏ ။
ရှာဖွေတွေ့ရှိခဲ့သော အချက်များထဲမှ၊ စာရေးသူပေါင်း ၄၀ ကျော် ပါဝင်ရေးသားခဲ့ပြီး၊ သမ္မာကျမ်းစာအဖြစ် ပေါ်ထွက်လာသည့်တိုင်အောင် နှစ်ပေါင်း ၁၆၀၀ ခန့် ရေးသားခဲ့ကြောင်း တွေ့ရှိရ၏။ ကျွန်ုပ်တို တိကျစွာသိထားရသည်မှာ မောရှေ့စတင်ရေးသားခဲ့သော အချိန်မှာ ၁၅၀၀ ဘီစီ ဖြစ်ပြီး၊ ရှင်ယောဟန် အနေဖြင့် ဗျာဒိတ်ကျမ်းကို အဆုံးသတ်ရေးသားခဲ့ချိန်မှာ အေဒီ ၉၀ ဖြစ်သောကြောင့် စုစုပေါင်း အချိန်မှာ နှစ်ပေါင်း ၁၆၀၀ ဟုရေတွက် နိုင်၏။ သမ္မာကျမ်းစာကို ဓမ္မဟောင်းကျမ်းနှင့် မေ့သစ်ကျမ်းဟု နှစ်ပိုင်းတွေ့ရပြီး၊ ကျမ်းပိုင်း ၃၉ ပိုင်းပါရှိ၏။ ဓမ္မဟောင်းကျမ်းတွင် ဖန်ဆင်းခြင်း။ ယုဒလူမျိုးတို၏ အထုပ္ပတ္တိ၊ ဘုရားသခင်သည် ယုဒလူတိုနှင့် မည်သိုဆက်သွယ် ပုံယုဒလူမျိုး ပရောဖက်များအနေနှင့် ဓမ္မသစ်ကျမ်းတွင် ဖြစ်ပေါ်မည့် အခြေအနေများကို ကြိုတင်ဟောပြောခဲ့ပုံ နှင့် ဆာလံကျမ်းတွင် ဘာသာရေးနှင့်စပ်ဆိုင်သော လှပသောရေးသားချက်များကို တွေ့မြင်ရပါသည်။
ဓမ္မဟောင်းကျမ်းကို ရေးသားသူများအနေနှင့် ခရစ်တော်မပေါ်မီ အနှစ် ၄၀၀ ခန့်တွင် ဆက်၍မရေးဘဲ ရပ်နေခဲ့ကြောင်းတွေ့ရှိရ၏။ ဓမ္မသစ်ကျမ်းသည် ခရစ်တော်မွေးဖွားခြင်းမှ စတင်ခဲ့ပြီး၊ ခရစ်တော် ရှင်ပြန်ထမြောက်ပြီး နောက်တပည့်တော်တို၏ သာသနာ့ခရီးစဉ်များကို နှစ်ပေါင်း ၇၅နှစ်ခန့် အထိ ရေးသားဖော်ပြထား၏။ ဓမ္မသစ် ကျမ်းတွင် ကျမ်းပိုင်း ၂၇ ပိုင်းတွေ့ရှိရပြီး၊ ခရစ်ဝင်ကျမ်း ၄ ကျမ်းသည် ခရစ်တော်၏ သက်တော်စဉ်အကြောင်းအရာများကို ဖော်ပြထား၏။ သမ္မာကျမ်းကို အချိုသောသူများက ခရစ်တော်အကြောင်း၊ ဘုရားသခင်အကြောင်း၊ ပုံပြင်စာအုပ်ကောင်းတစ်ခုဟု ထင်မှတ်ကြသော်လည်း၊ အမှန်တကယ်အားဖြင့် ကယ်တင်ခြင်းတရားကို လူတိုင်းသိရှိ ရရှိစေရန် ရေးသားထားသော ကယ်တင်ခြင်း သတင်းကောင်းစာအုပ်သာဖြစ်ပါသည်။ ။
. သမ္မာကျမ်းစာဖွဲစည်းထားပုံနှင့် ဘာသာစကားများ
ကျမ်းစာလေ့လာသူတစ်ယောက်အနေဖြင့် ယခုလက်ရှိ ကျမ်းစာအုပ်သည် မူရင်းစာအုပ်မှ ဘာသာ ပြန်ထားသော စာအုပ်ဖြစ်သည်ကိုသိပြီး ဖြစ်ပါလိမ့်မည်း မူရင်းစာအုပ်သည် ယနေ့စာပေကဲ့သို စာရွက်ပေါ်တွင် လွယ်ကူစွာရေးသားခြင်းမဟုတ်ဘဲ ရှေးခေတ်အရေးအသားများဖြင့် ခက်ခဲစွာ ရေးသားရခြင်းဖြစ်ပါသည်။
ထိုအချိန်က စာရွက်စာပေများ မရှိသဖြင့် ယခုကဲ့သို ကျစ်လစ်စွာ ပုံနှိပ်ထားသော စာအုပ်တစ်အုပ် မဖြစ်ဘဲ၊ များပြားသောစာမျက်နှာ အချပ်များဖြင့် တည်ရှိသောကြောင့် ထိုစာအုပ်မျိုးပိုင်ဆိုင်နိုင်ရန် အလွန်ခက်ခဲ လှပါသည်။ ။
ရှေးအခါက ကျမ်းစာကို ဟေဗြဲ (HEBREW) သာသာနှင့် တချိုတဝက် ရေးသားခဲ့ပြီး၊ အချိုကျမ်းစာ များကို ဟေဗြဲဘာသာနှင့် ခပ်ဆင်ဆင်တူသော စာရေမစ် (ARAMIC) ဘာသာဖြင့် ရေးသားခဲ့ကြသည်။ ဓမ္မသစ်ကျမ်းကိုမူ ဂရိ (GREEK) ဘာသာဖြင့် ရေးသားခဲ့ကြပြီး၊ ၎င်းဘာသာများမှ တစ်ဆင့် အများ သုံးဘာသာ စကားသို ပြန်ဆိုခဲ့ကြခြင်းဖြစ်ပါသည်။
ဤကဲ့သို ဓမ္မဟောင်းနှင့် ဓမ္မသစ် ၂ ပိုင်းရှိသော်လည်း ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် အချိန်အ တော် ကြာပြီးသည်နောက် အတူပေါင်းစည်း၍ သမ္မာကျမ်းစာအုပ်အဖြစ် တစ်အုပ်တည်းဖြစ် ပေါ်လာခဲ့၏။ ကြီးမား လှသောဖွဲစည်းမှု ဖြစ်ပေါ်လာခဲ့ရပါသည်။ ။
ဓမ္မဟောင်းကျမ်းစာကို၊ ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၄၀၀ ခန့်ကတည်းက ယုဒလူတိုကိုယ်တိုင်စုစည်း ခဲ့ခြင်း ဖြစ်ပါသည်။ ဘုရားသခင်၏ နှိးဆော်လမ်းပြခြင်းဖြင့် ယုဒလူမျိုး၊ အမျှော်အမြင်ရှိသူများက သူတို၏ အထွဋ်အမြတ်ထားသော ကျမ်းများကို စုစည်း၍ ဓမ္မဟောင်းကျမ်းအဖြစ် အသုံးပြုခဲ့ခြင်းဖြစ်သည်။ ထိုနည်းတူစွာ ဓမ္မသစ် ကျမ်းစာသည်လည်း ခရစ်တော်ရှင်ပြန်ထမြောက်ပြီးနောက်မှ ဘုရားသခင်၏ နှိးဆော်၊ လမ်းပြခြင်းများကြောင့် ယုံကြည်သူများက ကျမ်းပိုင်းများကို စုစည်း၍ ပေါ်ပေါက်လာခြင်းဖြစ်ပါသည်။ ဓမ္မသစ်ကျမ်းအဖြစ်ပေါ်ပေါက်လာရန်လည်း နှစ်ရာပေါင်းများစွာ ကြာခဲ့ရ၏။ သမ္မာကျမ်းစာကို ဘာသာများစွာဖြင့် ဘာသာပြန်ခဲ့ကြပြီး၊ ပထမဦးဆုံး ဂရိနှင့် လက်တင်ဘာသာဖြင့် ပြန်ဆိုခဲ့ခြင်းဖြစ်ပါသည်။ ဘီစီ ၂၇၀ – ဘီစီ ၁၅ဝ အတွင်း စက်တူအေးဂျင့် ( SEPTUAGAINT) ဆိုသူသည် အီဂျစ်ပြည်၊ အလက်ဇန္ဒားလက်ထက်၌ ဓမ္မဟောင်းကျမ်းကို ယနေ့အသုံးပြုနေသော ဘာသာစကားသို ပြန်ဆိုခဲ့ခြင်း ဖြစ်ပါသည်။ ။
အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုထားသော ကျမ်းစာကို ၂ မျိုးတွေ့ရှိရပါသည်။ ပထမစာအုပ်မှာ အင်္ဂလိပ်မင်း King James ၏ စေခိုင်းခြင်းဖြင့် 1611 ခုနှစ်တွင် ဘာသာပြန်ပြီးခဲ့သောကြောင့် King James Version ဟုခေါ်ဆို ခဲ့ပြီး၊ နောက်တအုပ်မှာ ထို Kingjames Version မှ ဘာသာပြန်အားနဲချက်များကို မူရင်းနှင့်ပို၍ နီးစပ်မှုရှိရန်ပြန်၍ ပြင်ဆင်ထားသော Revised Standard Version အဖြစ် ၁၉၅၂ ခုနှစ်တွင် ပေါ်ထွက်လာခြင်းဖြစ်ပါသည်။ သမ္မာကျမ်းစာ မူရင်းတွင် အခန်းကြီး၊ အခန်းငယ် နံပါတ်များ ခေါင်းစဉ်ငယ်များ မရှိပါ။ သိုသော်၁၃ရာစု နှစ်တွင် ကာဒီနယ်ဟူဂို (Cardinal Hugo ) နှင့် သာသနာပိုင်ချုပ်လင်တန် (Archbishop Langton ) တိုက၊ ကျမ်းစာကို အညွှန်းနှင့် ရှာဖွေ၍ လွယ်ကူမှုရှိစေရန်၊ အခန်းကြီး၊ အခန်းငယ် နံပါတ်များနှင့် ခေါင်းစဉ် ငယ်များကို ရေးသားပြု စုပေးခဲ့ခြင်းဖြစ်ပါသည်။
သမ္မာကျမ်းစာတွင် ပါရှိသော အဓိကအချက်အလက်များ
သမ္မာကျမ်းစာတွင်၊ ဓမ္မဟောင်းနှင့် ဓမ္မသစ် ဟူ၍ ၂ ပိုင်းရှိ၏။ ကျမ်းစာတစ်ခုစီသည် ပြည့်စုံသောအ ဓိပ္ပါယ်ရှိပြီး၊ ဘုရားသခင်သည် လူသားတိုအတွက် ကယ်တင်ခြင်းဂတိတော်နှင့် လူသားတိုလိုက်လျှောက် သင့်သော ပညတ်တော်များကို သိရှိနားလည်ရန် ဖော်ပြရေးသားထားခြင်းသာဖြစ်ပါသည်။
သမ္မာကျမ်းစာလေ့လာရန်
လက်တွေ့သင်ခန်းစာသစ်များ
၁။ စကားဦး
သမ္မာကျမ်းစာသည် ကမ္ဘာပေါ်တွင် အကောင်းဆုံးသော စာအုပ်တစ်အုပ်ဖြစ်ပါသည်။ စိတ်ဝင်စား ကောင်း၍ မှန်ကန်သောအသက်ရှင်ခြင်းကို ညွှန်ပြသောစာအုပ်ဖြစ်သောကြောင့် လူတိုင်းအတွက် လက် ထားသင့်သော စာအုပ်ဖြစ်ပါသည်။ ဘာသာတရားသည် ကောင်းသောအကျင့်စာရိတ္တကို သွန်သင်ညွှန် သဖြင့်ဘာသာရေးအခြေခံမရှိသောသူ (သို) နိုင်ငံသည်ခိုင်မြဲစွာမရပ်တည်နိုင်ပါ။ သိုဖြစ်၍ လူမျိုး၊ နိုင်ငံနှင့် လူတစ်ဦးချင်းပင်လျှင် ဘာသာရေးနှင့်အညီ အခြေခံကျသောလူနေမှုကို သိရှိထားသင့်သည်။ ကျမ်းစာကို ယခုဖတ်သူအချို စိတ်မဝင်စားသော အကြောင်းအချက်မှာ နာမည်စာရင်းများရှည်လျားခြင်း၊ နှင့် အချိုသောအကြောင်းအရာများမှာ စိတ်ဝင်စားမှုနည်းသောကြောင့်ဖြစ်ရ၏။ သိုသော် ထိုအချက်များ သည်လည်း ကျမ်းစာတွင်ရေးပါလှ၏။ သိုဖြစ်၍ ယခုသင်ခန်းစာတွင် ထိုအချက်များကို ချန်လှပ်၍ ပို၍စိတ်ဝင် စားစေရန် ပြင်ဆင်ထား၏။
သမ္မာကျမ်းစာကို ကမ္ဘာဦးကျမ်းမှ ဗျာဒိတ်ကျမ်းအထိ အစအဆုံးတိုင်ဖတ်သင့်ပါသည်။ သိုမှသာ ဓမ္မဟောင်း ၊ တွင် ဓမ္မသစ်ကျမ်းဖြစ်လာရန်ဖော်ပြထားချက်များ၊ ကျမ်းစာနှင့်ပတ်သက်သော ဗဟုသုတများ၊ ဘာသာ ရေးဆိုင်ရာသမိုင်းကြောင်းနှင့် အမှန်တရားတိုကို သိရှိနိုင်မည်ဖြစ်သည်။ ယခုပြင်ဆင်ထားသော သင်ခန်းစာကို လေ့လာဖတ်ရှုလျှင် သမ္မာကျမ်းစာ၏ အခြေခံအချက်များ၊ သွယ်ဝှိက်၍ အဓိပ္ပါယ်ဖော် ထားချက်များ၊ အထွဋ်အမြတ်ဖြစ်သော သမိုင်းကြောင်း၊ စာပေ၊ အနုပညာ၊ ပညတ်တော်နှင့် လူမှုရေးတိုကို ပို၍နားလည် လာမည်ဖြစ်ပါသည်။
သမ္မာကျမ်းစာတွင်ဖော်ပြထားသည့်အတိုင်း မှားသောလမ်းကိုလိုက်သောသူများသည် အဆုံး၌ပျက်စီးကြ ရပြီး ဘုရားသခင်၏စကားကိုနားထောင်၍ မှန်သာလမ်းသိုလိုက်သောသူများသည် သာ၍အောင်မြင်ရ၏။ အမှန်တရားကိုရှာဖွေသူများအတွက်လည်း သမ္မာကျမ်းစာထဲမှ ရှာဖွေဖတ်ရှုရန် ညွှန်ပြသင့်ပါသည်။
၂။ သင်ခန်းစာကိုလေ့လာရန်အမှတ်အသားများ
သင်ခန်းစာကို အပိုင်း၃၆ပိုင်းခွဲထားပြီး သတင်းပတ်၄၀အတွင်းပြီးစီးရန် ရည်ရွယ်ထားပါသည်။ သင်ခန်းစာ အစနှင့်အတူ၊ ကျမ်းပိုဒ်အစနှင့်အဆုံး များတွင် အောက်ဖော်ပြပါအတိုင်း အမှတ်အသားများ ပြုလုပ်ထားပါသည်။
အခန်းကြီး (ကြီး)၊ အခန်းငယ် (ငယ်) စသည်ဖြင့် ဖော်ပြထားပြီး စဖတ်ရန်နေရာကို (စ) နှင့် ရပ်ရန်နေရာ (ရပ်) ဟု ဖော်ပြထားပါသည်။ သင်ခန်းစာတစ်ခုကို ဖတ်ပြီးတိုင်း အမှတ်အသားပြုလုပ်ထားပါက နောက်တစ်နေ့ ဆက်၍လေ့လာ လွယ်ကူပါမည်။
သင်ခန်းစာနှင့်ဆိုင်သော ကျမ်းပိုဒ်ကို ဖတ်ပြီးနောက် မှတ်သားရန် အဓိကအချက်ကို အောက်တွင် ထား၏။ ထိုအချက်ကို ဖတ်၊ မှတ်ပြီး အလွတ်ကျက်ထားသင့်၏။
၃။ ဓမ္မဟောင်းကျမ်း
အပိုင်း ၁။ ပညတ်တော်များရေးသားထားသောကျမ်း
၁။ ကမ္ဘာဦးကျမ်း
ကမ္ဘာဦးကျမ်းတွင် အောက်ပါခေါင်းစဉ်များ တွေ့ရှိရ၏။ ဖန်ဆင်းခြင်း၊ ဧဒင်ဥယျာဉ်၊ ရေလွှမ်းမိုးခြင်းမ ဖြစ်မီ လူသားများအကြောင်း၊ ရေလွှမ်းမိုးခြင်း၊ ဗာဗုလုံမျှော်စင်၊ လူမျိုးစုများကွဲပြားခြင်း၊ အာဗြဟံ၊ ဣဇက်၊ ယာကုပ်နှင့် ယောသပ်တိုအကြောင်းများကို တွေ့ရမည် ဖြစ်ပါသည်။ အီဂျစ်ပြည်တွင် ယောသပ် သေဆုံးခြင်း နှင့် ကျမ်းစာအဆုံးသတ်ထားခြင်းဖြစ်သည်။ ထိုအကြောင်းအရာသည်လည်း ကျမ်းစာသမိုင်းကြောင်း၏ အခြေခံမျိုးစေ့ဖြစ်ပါသည်။ ဘုရားသခင်သည် အာဗြဟံ၊ ဣဇက်၊ ယာကုပ်၊ ယောသပ်တိုကို ကွယ်ကာ စောင့်ရှောက်သကဲ့သို ကျွန်ုပ်တိုကိုလည်း စောင့်ရှောက်ကွယ်ကာလျှက်ရှိကြောင်း နားလည်သင့်၏၊ “မသဲ ၁၀၃၀ တွင် သင်တိုဆံပင်သည်လည်း အကုန်အစင်ရေတွက်လျှက်ရှိ၏။” ဟု ဖော်ပြထား၏။ အရေးပါသော အချက်များကို အလွန်အကျွံ မစဉ်းစားသင့်ဘဲ၊ တွေ့ရှိချက်များကို မှတ်သားထားသင့်သည်။ ကမ္ဘာဦးကျမ်းကို မလေ့လာမှီတွင် မက်ဆိုပိုတေးမီးယား MESOROTAMIA, ခါနန်ပြည်နှင့် အီဂျစ်ပြည်တိုပါရှိသော မြေပုံကိုလေ့လာ သားသင့်၏။
မှတ်သားရန်ကျမ်း
၁း၁၊ ၁:၂၅၊ ၄၉၊ ၂၈း၁၂-၁၅၊ ၃၁း၄၉။
၁။ ၁၁ စ ၊ ၂။ ၁၉း၁ စ ၃၁း၁ စ ၃။ ၃၉း၁ စ
၉း၂၉ ရပ် ၁၉း၂၉ရပ် ၃၁း၁၃ ရပ် ၄၆းရ ရပ်
၁၁း၁ စ ၂၁း၁ စ ၃၂း၁ စ ၄၆း၂၆ စ
၁၁း၉ ရပ် ၂၄း၆၇ ရပ် ၃၃း၂ဝ ရပ် ၅၀း၂၆ ရပ်
၁၁း၂၃ စ ၂၀း၁၉ စ ၊ ၃း၅၁ စ
၁၃း၁၃ ရပ် ၂၅း၃၄ ရပ် ၊ ၃၅း၂၉ ရပ်
၁၄း၁၂ စ ၂၇း၁ စ၊ ၂၉း၃၅ ၃၇း၁ စ၊ ၃၇း၃၆ ရပ်
၂။ ထွက်မြောက်ရာကျမ်း
ထွက်မြောက်ရာကျမ်းတွင် ဣသရေလလူတို အီဂျစ်ပြ ပဲမှ ထွက်ခွာခဲ့သည့်အကြောင်းကို ဖတ်ရမည်ဖြစ်သည်။ ထိုကျမ်းစာတွင် မောရှေ မွေးဖွားခြင်း၊ အီဂျစ်ပြည်တွင် ပျက်စီးခြင်း ဒုက္ခအမျိုးမျိုး ဖြစ်စေပြီး ဣသရေလ လူမျိုးအား ဘုရားသခင်ကယ်နှုတ်ခဲ့ခြင်းအကြောင်း၊ သိနတောင်သို သွားရာခရီးအကြောင်း၊ ပညတ်တော် ဆယ်ပါးပေးခြင်းအကြောင်း၊ ဝတ်ပြုရာတဲတော်နှင့် ပါတ်သက်သည့် အကြောင်းများကို တွေ့ရှိရမည်ဖြစ်သည်။ အီဂျစ်ပြည်မှ ခါနန်ပြည်သို သွားရာ ခရီးလမ်းအကြောင်းကို လေ့လာသည့်အခါ မိမိဘဝအသက်တာနှင့်ယှဉ် ၍ ကောင်းမွန်ခြင်း၊ ခက်ခဲခြင်းများကို စဉ်းစားလျက် လေ့လာသင့်ပါသည်။
အီဂျစ်ပြည်မှ ထွက်ခွါရခြင်းကို ကျွန်ုပ်တိုဘဝကယ်တင်ခြင်းဟု ယူဆ၍၊ လမ်းခရီး၌တွေ့ရသည့် အခက်ခဲများ ကု၊ ကျွန်ုပ်တိုဘဝ အတွေ့အကြုံများဟု ခံယူ၍ လေ့လာကြည့်ပါ။ John Bunyon ရေးသည် “Pilgrim’s “”ogress” စာအုပ်ကို ဖတ်လျှင် ထိုခရီးလမ်းအကြောင်းကို ပို၍ သိရှိနိုင်မည် ဖြစ်ပါသည်။
မြေပုံကိုလေ့လာပါ။
၄။ ၁း ၁ စ ၆း၂၈ စ
၆း၁၃ ရပ် ၂၂း ၉ ရပ်
၅။ ၂၃း၁ စ ၂၄း၁ စ
၂၃း၂၂ ရပ် ၃၄း ၃၅ ရပ်
မှတ်သားရန်
၁၂း ၁၃ ၊ ၂၀း၁ – ၁၇ ၊
၃။ ဝတ်ပြုရာကျမ်း၊
ဝတ်ပြုရာကျမ်းကို အင်္ဂလိပ်လို Leviticus ဟုခေါ်ဆိုထားပြီး၊ ယာကုပ်၏သား ၁၂ ယောက်အနက် တစ်ဦးဖြစ်သော လေဝိမှ ဆင်းသက်သည့် ဘုရားအမှုတော်ထမ်းအမျိုးအနွယ်ကို ဆိုလို၏။ ဝတ်ပြုခြင်းနှင့် ပါတ်သက်သော ထုံးတမ်းစဉ်လာ ဥပဒေများ၊ ဝတ္တရားများအကြောင်း၊ ဝတ်ပြုရာအိမ်တော်အကြောင်းများကို ရေးသားထား၏။
ဝတ်ပြုရာကျမ်း
၁း၁ စ ၁၀း၁ ၁၆း၁ စ
၂း၁၆ရပ် ၁၀း၁၁ ရပ် ၁၆:၃၄ ရပ်
၄။ တောလည်ရာကျမ်း
ဤကျမ်းစာတွင် ဆွေစဉ်မျိုးဆက် စာရင်းကောက်ခြင်းကို တွေ့ရှိရမည်။ အခန်းကြီး ၁၀ မှစ၍ အီဂျစ်ပြည် မှ ထွက်ခွာခြင်းအကြောင်းကို ထွက်မြောက်ရာကျမ်း ၁၉တွင် ပါရှိသည့် ခရီးစဉ်နှင့် ဆက်စပ်၍ တွေ့ရမည်ဖြစ်သည်။ အချိုသောအချက်များတိုသည် အခြားကျမ်းတွင်လည်း တွေ့ရှိနိုင်သဖြင့် ချန်လှပ်ထားခဲ့နိုင်သည်။ သိုသော် မြေပုံ ကို မပြတ်လေ့လာသင့်၏။
တောလည်ရာကျမ်း
၁း၁ စ ၁း ၄၄ စ ၊ ၁၁း ၁ စ ၂၇း ၁၂ စ
၁း ၄ရပ် ၁း ၄၇ ရပ် ၁၄း ၄၅ရပ် ၂၇း ၂၅ ရပ်
၁း ၁၇စ ၆း ၁ စ ၁၅း ၃၂ စ ၃၁း ၁ စ
၁း ၂၃ စ ၆း ၂၇ ရပ် ၁၇း ၂၃ရပ် ၃၁း ၁၂ ရပ်
၁၀◌း၁ စ ၂၀◌း၁ စ ၃၂း ၁ စ
၂၆း ၂ ရပ် ၃၂း ၃၃ရပ်
၃၃း ၅ဝ စ ၊
၃၃း ၅၆ ရပ်
၃၅ ၁ စ “
၃၅း ၃၄ရပ်
၅။ တရားဟောရာကျမ်း
ဤကျမ်းကို ဒုတိယအကြိမ် ပညတ်တော်ပေးခြင်းဟု ခေါ်ကြသည်။ ပဉ္စမမြောက်ကျမ်း (သို) မောရှေအကြောင်းဟု တင်စားခေါ်ကြသည်။ ဖန်ဆင်းခြင်းမှ မောရှေကွယ်လွန်သည့်အထိ ဖတ်ရှုရမည်ဖြစ် သည်။ တမ်း များတွင်ပါရှိသောအချက်များ ထပ်ခါထပ်ခါပါရှိသဖြင့် အချိုသောအချက်များကို ချန်လှပ်၍ လေ့လာနိုင်ပါသည်။
တရားဟောရာကျမ်း
၁း၁ စ ၅း၁ စ ၃၂း၁ စ ၃၂း၄၈ စ ၃၄း၁ စ
၂း၈ စ ၅း၃၃ ရပ် ၃၁း ၃၀ ရပ် ၃၂း၅၂ ရပ် ၃၄း ၁၂ရပ်
အပိုင်း (၂)
ခါနန်ပြည်ရှိ ဣသရေလလူတိုအကြောင်း
၆။ ယောရှုမှတ်စာ
ယောရှုသည် မောရှေမရှိသည့်နောက် ဣသရေလလူတို၏ခေါင်းဆောင် ဖြစ်လာသူဖြစ်၏။ ဤကျမ်းစာတွင် ဣသရေလလူတို ခါနန်ပြည်ကို အရှေ့ဖက်မှ မည်သို ဝင်ပုံ၊ ယောဒန်မြစ်ကို မည်သို အံ့ဩဖွယ် ကျော်ဖြတ်ခဲ့ပုံတိုကို တွေ့ရှိရမည်ဖြစ်သည်။ ခါနန်ပြည်၏ ကောင်းမြတ်ခြင်းနှင့် ဣသရေလလူမျိုးတိုအကြား မည်သိုခွဲဝေနေရပုံကို တွေ့ရမည်ဖြစ်သည်။ ယောရှု၏ ဣသရေလလူတိုအား မည်သိုနေထိုင်ရန်၊ ဘုရားကို မည်သိုရိုသေရန်၊ ကိုးကွယ်ရန် သင်ကြားပေးချက်များကို ဖတ်ရမည်ဖြစ်သည်။
မောရှေမှတ်စာ
၇။ ၁း၁ စ ၁၄း၁၈ ၁၈း၁၈ ၂၀: ၁၈ ၂၁း၄၁စ
၁၁:၂၇ ရပ် ၁၄း၁၅ ရပ် ၁၈း ၁၀ ရပ် ၂၁း၄ ရပ် ၂၄း၃၃ ရပ်
၇။ တရားသူကြီးမှတ်စာ
ကျမ်းစာတွင် ဣသရေလလူမျိုးတို၏ ရာဇဝင်ကို ယာကွယ်လွန်ပြီးချိန်မှ ရှမွေလလက်ထက်တိုင် အခြေအနေကို ဖတ် ရမည်ဖြစ် ပါသည်။ ထို အချိန်ကာလအတွင်း ဣသရေလလူတို ဘုရားကို မေ့လျော့ ကြသဖြင့် ဘုရားသခင်သည် ထိုသူတိုကို ရန်သူလက်သို အပ်နှံခဲ့၏။ တဖန်နောင်တရသောအခါ ဣသရေလ ခေါင်းဆောင် များကို ပေါ်ပေါက်စေပြီး၊ ရန်သူတိုကို အောင်မြင်စေ၏၊ ဂိဒေါင်၊ ယေဖသ၊ ဆုန်ကဲ့သိုသော ထူးခြားသည့်ခေါင်းဆောင်များကို ပေါ်ပေါက်စေ၏။
တရားသူကြီးမှတ်စာ
၈။ ၄း၁ စ ၁၀း၁၇ စ
၉:၂၂ ရပ် ၁၆း၃၁ ရပ်
၈။ ရုသဝတ္ထု
ရုသဝတ္ထု၏အချိန်ကာလမှာ တရားသူကြီးများ အုပ်စိုးရာအချိန် ဖြစ်ပါသည်။ ထိုအချိန်က လူနေမှု အဆင့် အတန်း၊ ဓလေ့ထုံးစံများကို တွေ့ရှိနိုင်၏။ ရုသသည် ဒါဝိဒ်၏ အဖွားဖြစ်သဖြင့် သခင်ယေရှု၏ မျိုးဆက် လည်းဖြစ်ရ၏။ အခန်းကြီး ၁း၁၆၊ ၁၇ တွင် အဓိကအချက်ကို ဖတ်ရမည်ဖြစ်သည်။ စိတ်ဝင်စားစရာ ကောင်းသ ဖြင့် တစ်အုပ်လုံးကို ဖတ်မှတ်သင့်ပါသည်။
၉။ ၁၀။ ဓမ္မရာဇဝင်ပဌမစောင်နှင့် ဒုတိယစောင်
ဟေဗြဲကျမ်းစာတွင်၊ ဤကျမ်းစာ ၂စောင် ကို ပေါင်း၍ တွေ့ရှိရ၏။ဤကျမ်းစာတွင် ဘုရားသခင်သည် ဣသရေလလူတိုကို တိုက်ရိုက်အုပ်ချုပ်ခြင်းကို ပယ်၍ သူတိုအတွက် ပဋ္ဌမဦးဆုံးဘုရင်ကို ရွေးချယ်၍ အုပ်ချုပ်စေ ကြောင်းတွေ့ရှိ ရ၏။ ပထမဦးဆုံးဘုရင်သည် ရှောလုဖြစ်ပြီး၊ ရှောလု သည် ကိုယ်ခန္ဓာ ထွားကြိုင်းသန်မာ၊ ချောမော သောအဆင်းနှင့် အရည်အချင်းရှိသော်လည်း ဘုရားသခင်၏ သဘောတော်နှင့် တွေ့သူမဟုတ်ပါ။
ရှောလုကွယ်လွန်ပြီး အချိန်ကြာမြင့်မှ ဘုရားသခင်ကိုယ်တော်တိုင် ဒါဝိဒ်ကို ရွေးချယ်၍ မင်းမြောက်ခဲ့၏။ ဒါဝိဒ်၏အကြောင်းနှင့် ရှောလုအကြောင်းတိုကို ဖတ်ရမည်ဖြစ်ပါသည်။
ဓမ္မရာဇဝင်ပထမစောင်
၉။ ၁း၁ ၁၀။ ၂၄း၁ တအုပ်လုံးကို ဖတ်သင့်ပါသည်
ဓမ္မရာဇဝင် ဒုတိယစောင်
၁း၁ စ ၁၁။ ၁၆:၁ စ ၂၄း၁ စ
၁၂း၃၀ ရပ် ၂၃း ၂၃ ရပ် ၂၄း ၂၅ ရပ်
၁၅း၁ စ
၁၁။ ၁၂။ ဓမ္မရာဇဝင်တတိယစောင်၊ စတုတ္ထစောင်
ဤကျမ်းစာ ၂ အုပ်ကိုဟေဗြဲကျမ်းစာတွင် တစ်ခုတည်းပေါင်း၍တွေ့ရှိရ၏။ ဒါဝိဒ်၏သား တော်ရှောလမုန်မင်း မှ စ၍ ဣသရေလလူမျိုးတိုအကြောင်းကို သူတပါးအသိမ်းပိုက်ခံ ကျွန်ဖြစ်ရသည်အထိ သမိုင်း ကြောင်းကို ရေးသားထား၏။ ဒါ8ဒ်ကွယ်လွန်ခြင်း၊ ရှောလမုန်မင်း၏ လုပ်ဆောင်ချက်များ၊ ယေရော ဘောင်နှင့် လူမျိုး ၁၂ မျိုးစု အကြောင်း၊ ရှောလမုန်၏ သားအကြောင်းနှင့် နိုင်ငံ ၂ နိုင်ငံကို အတူပေါင်းသင်း ဆက်ဆံကြပြီးနောက် ထိုနိုင်ငံတို ပျက်စီးခဲ့ရခြင်းအကြောင်းတိုကို တွေ့ရမည်ဖြစ်၏။ ပရောဖက်ဧလိယနှင့် ဧလိရှဲတို၏ အကြောင်းကိုလည်း လေ့လာရမည်ဖြစ်ပါသည်။
ဓမ္မရာဇဝင်တတိယစောင်
၁း၁ စ ၄း၁ စ ၁၇း၁ စ ၁၃။ ၁၈း၁ စ
၂း၂၅ ရပ် ၉:၃၇ ရပ် ၂၅း၃ဝ ရပ်
၁၃။ ၁၄။ ဓမ္မရာဇဝင်ချုပ် ပဋ္ဌမစောင်၊ ဒုတိယစောင်
ဤကျမ်းစာ ၂ စောင်တွင် ပါရှိသော အချက်အလက်များကို အခြားကျမ်းစာများတွင်လည်း ထပ်၍တွေ့နိုင်ပြီး၊ အထူးသဖြင့် ဓမ္မရာဇဝင်ပဌမစောင်နှင့် ဓမ္မရာဇဝင်စတုတ္ထစောင်တိုတွင် ပို၍တွေ့ရှိနိုင်၏။ ပထမပိုင်း အခန်ကြီး ၉ခန်းတွင် အာဒံမှစ၍ အမျိုးအနွယ်ဆင်းသက်လာပုံ ရေးသားထား၏။ ကျမ်းရေးသူ သည်လည်း ယုဒနိုင်ငံတော်နှင့် ဓမ္မဇရပ်(ဘုရားကျောင်း)၌ ဝတ်ပြုခြင်းအကြောင်းတိုကို ရေးသားထား၏။ ဤကျမ်း၌ ပါရှိသော အချက်တိုကို အခြားသောကျမ်းစာတွင် တွေ့ရှိနိုင်သဖြင့် ဖတ်ရန်အညွှန်း အထူးမဖော် ပြလိုပါ.
၁၅။ ဧဇရမှတ်စာ
ဤကျမ်းစာတွင် ဗာဗုလုံနိုင်ငံသို ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရသော ယုဒလူအချို၊ မိမိနိုင်ငံ၊ ဒေသသိုပြန် လာကြပြီး၊ ပျက်စီးခဲ့သော ဗိမာန်တော်ကို ပြန်လည်တည်ဆောက်ခြင်း အကြောင်းကို တွေ့ရှိရမည်ဖြစ်၏။ ဤဗိမာန်တော်ဟည်ဆောက်ခြင်းလုပ်ငန်းသည်လည်း အလွန်ခက်ခဲသော လုပ်ငန်းတခု ဖြစ်ခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ပတ်ဝန်းကျင်အနှောင့်အယှက်များနှင့် မိမိတို ယုဒလူမျိုးအတွင်း စိတ်ဓာတ်ကျဆင်းမှု တိုကြောင့်ဖြစ်ပါသည်။
ဧဇရမှတ်
၁း၁ စ ၂း၆၄ စ ၈း၁၅ စ
၂း၁ ရပ် ၇း၂၈ ရပ် ၁၀း၁၄ ရပ်
၁၆။ နေဟမိမှတ်စာ
ဤကျမ်းစာတွင် ယေရှုရှလင်မြိုရိုးတည်ဆောက်ခြင်း၊ လူမျိုးရေး၊ ဘာသာရေးနှင့် ပါတ်သက်သော ပြောင်းလဲမှုများအကြောင်း ရေးသားထား၏။ နေဟမိသည် ဘီစီ ၄၅၅-၄၂၄ အတွင်း ပါးရှားဘုရင် (ARTAXERXES) အာသာစီးရပ် လက်အောက်တွင် ဘုရင်ခံအဖြစ် ယေရှုရှလင်မြိုကို အုပ်ချုပ်ခဲ့၏။
နေဟမိမှတ်စာ ၊
၁း၁ စ ၊ ၇း၆၆ စ ၁၂း၂၇ စ ၊
၃း၃ ရပ် ၉း၃၈ ရပ် ၁၂း၃၀ ရပ်
၄း၁ စ ၁၀း၂၈ စ ၁၃း၁ စ
၇◌း၆ ရပ် ၁၁း၂ ရပ် ၁၃း၃၁ ရပ်
အပိုင်း(၃) ဓမ္မဟောင်းကျမ်းမှ စိတ်ဝင်စားဖွယ်လှပသော အရေးအသားများ
ဤအပိုင်း ၃ တွင် ကျမ်းစာများကို အပိုင်းခွဲ၍ တွေ့ရှိနိုင်၏။ ဧသတာဝတ္ထုတွင် စကားပြေနှင့်ရှင်းလင်းစွာ ရေးသားထားပြီး၊ ယောဘဝတ္ထုတွင် စကားပြေအနည်းငယ်နှင့် ဖွဲနွဲရေးသားခြင်းကို တွေ့ရမည်ဖြစ်သည်။ သိုသော် ဆာလံကျမ်း၊ သုတ္တံကျမ်း၊ ဒေသနာကျမ်း၊ ရှောလမုန်သီချင်းနှင့် ယေရမိမြည်းတမ်းစကားတိုတွင် ကဗျာ လင်္ကာကဲ့သို ရေးသားထားသည်ကို တွေ့ရမည်ဖြစ်သည်။
ဟေဗြဲကဗျာလင်္ကာများ၏ ထူးခြားချက်များ
ကျမ်းစာတွင် ကဗျာ၊ လင်္ကာများကို သီချင်းကဲ့သိုသော ရေးဖွဲမှုနှင့် ဆုံးမစကားကဲ့သို ရေးသားမှုမျိုးတွေ့ရ ၏။ ဆာလံကျမ်းတွင် သီချင်းကဲ့သိုသော ရေးဖွဲခြင်းနှင့် သုတ္တံကျမ်းတွင် ဆုံးမစကားကဲ့သို ရေးဖွဲခြင်းကို တွေ့ရှိနိုင်၏။ ဟေဗြဲ ကဗျာစပ်ဆိုခြင်း၊ ကာရန်ယူခြင်းတိုသည် အနောက်တိုင်းစပ်ဆိုပုံနှင့် လုံးဝကွာခြား သည်ကို တွေ့ရှိရမည်။ ဟေဗြဲလူမျိုးတိုရေးစပ်ခြင်းတွင် စာကြောင်းအရှည် အကန့်သတ်မရှိပါးပြည့်စုံသော စာကြောင်း ၂ ကြောင်း ဖြင့် သီချင်းမဆုံးမီ၊ ဒုတိယစာကြောင်း ၂ကြောင်းသည် ပထမစာကြောင်းကို အဓိပ္ပါယ်နှင့် ထပ်တူထပ်မျှ ဖြစ်၍သော်လည်းကောင်း၊ ဆန့်ကျင်၍သော်၎င်း ရေးဖွဲလေ့ရှိ၏။ အနောက်တိုင်းစပ်ခြင်းတွင် အသံထွက် ကို ဦးစားပေးရေးသားလေ့ရှိသော်လည်း၊ ဟေဗြဲလူမျိုးတိုနှင့် ကွာခြားနေ၏။
ဟေဗြဲဘာသာတွင် ထပ်တူညီသော စကားများဖြင့် စပ်ဆိုလေ့ရှိကြောင်း ဥပမာ ၃ ခုကို ဖော်ပြပါမည်။
(၁) ဆာလံ ၁ ကို လေ့လာလျှင် “အပြစ်တင်“သောစကားနှင့် သဘောချင်းဆင်တူသော”ဆုံးမခြင်း”ဆိုသောစကား
ကို ထပ်၍သုံးထား၏။
(၂) အဓိပ္ပါယ်မတူသော စကားလုံးကို တွဲ၍သုံးထားသည်ကို ဆာလံ ၁း၆ တွင် ကြည့်ပါက”ဖြောင့်မတ်သောသူနှင့် “မတရားသောသူ” ဟူ၍သုံးထား၏။
(၃) ပထမစာကြောင်း၏ အဓိပ္ပါယ်ကို ဒုတိယစာကြောင်းတွင် အနက်ဖွင့် ချဲ့ထွင်ရေးသားခြင်းကို တွေ့ရမည်။ ဆာလံ ၁၁၉း၂၊ ၉ ကို လေ့လာကြည့်ပါ။ ဆာလံ ၁၁၉း၁ ကို အဓိပ္ပါယ်ဖွင့် ရေးသားထားကြောင်း တွေ့ရှိရပါမည်။
၁၇။ ဧသတာဝတ္ထု
ဧသတာဝတ္ထုကို ကျောက်မျက်ရတနာဟုပင် တင်စားကြ၏။လူကြီး လူငယ်မရွေး စိတ်ဝင်စားဖွယ် ကောင်း သော ကျမ်းစာဖြစ်ပါသည်။ ဤကျမ်းစာတွင် ယုံကြည်သူ သားသမီးတိုအား ရန်သူတိုလက်မှ လွတ်မြောက်ရန် ဘုရားသခင်၏ အကြံအစည်တော်ကို တွေ့ရမည်ဖြစ်ပါသည်။ အစအဆုံး ဖတ်သင့်ပါသည်။
၁၈။ ယောဘဝတ္ထု
ယောဘဝတ္ထုသည် ရှေးအကျဆုံး စာအုပ်တစ်အုပ်ဖြစ်ပြီး၊ ပါရှိသော အကြောင်းအရာနှင့် မေးခွန်းများတို သည် အလွန်စိတ်ဝင်စားဖွယ် ကောင်း၏။ ဥပမာ”ဖြောင့်မတ်သောသူသည် အဘယ်ကြောင့် ဒုက္ခတွေ့ရသနည်း။ ” ဟူသောမေးခွန်းနှင့် ယောဘရင် ဆိုင် ရသော ခက်ခဲခြင်း၊ စုံစမ်းခြင်းကို အရှေ့ပိုင်းတွင် ဖတ်ရမည်ဖြစ်ပါသည်။ ယောဘ၏ မိတ်ဆွေများသည်လည်း၊ လာရောက်၍ နှစ်သိမ့်စကားကို ဆိုသော်လည်း၊ သဘာဝတရားသည် ဖြစ်မြဲရှိသဖြင့် ယောဘ၏ အပြစ်ကြောင့်သာ ဤသိုခံရ၏ ဟု ဝေဖန်ပြောဆိုကြ၏။ ယောဘအနေဖြင့် မိမိသည် အပြစ်အနည်းငယ်ရှိမည်ဖြစ်သော်လည်း ကြီးမားသော အပြစ်မရှိဟု ငြင်းဆို၏။ ကျမ်းစာတွင် ယောဘသည် ဖြောင့်မတ်သောသူဟု ဖော်ပြထား၏။ အရေးအသားကို လေ့လာရင်း အကောင်းဆုံးအချက်များကို တွေ့ရှိမည်ဖြစ် သည်။
ယောဘဝတ္ထု
၁း၁ စ ၃၈း၁ စ
၆:၁၂ ရပ် ၄၂း၁၇ ရပ်
မှတ်ရန်ကျမ်းချက်များ
၁၂း၁။
၁၃း၂၊ ၁၅။
၁၄း၇၊ ၁ဝ၊ ၁၂ ၁၄။
၁၉း၂၀၊ ၂၃-၂၆
၂၈း ၁၂- ၂၈။
၃၁း ၃၅။
၃၃း၁၄၊ ၁၅၊ ၂၃၊ ၂၄။
၃၈း ၁-၁၁။
၉။ ဆာလံကျမ်း
ဆာလံကျမ်းသည် ဝတ်ပြုခြင်းနှင့်ပါတ်သက်၍ အဓိကကျသော ကျမ်းစာဖြစ်၍ဝတ်ပြုကိုး ကွယ်ခြင်း၊ အထူးအ စီစဉ်များ ကျင်းပခြင်း၌ ဖတ်လေ့ရှိ၏။ ဆာလံကျမ်းတွင် အထူးသဖြင့် လူသားတို့၏ ၊ စိတ်နှိမ့်ချခြင်း၊ အပြစ်ဝန်ခံခြင်း နှင့် ပါတ်သက်၍ တွေ့ရ၏။ အများအားဖြင့် လက်ရာမြောက်သော တန်ဖိုး ကြီးမားလှသော စာအရေးအသားများ ဖြစ်ကြပါသည်။ ဥပမာ- ဆာလံ ၁၊ ၁၉၊ ၂၃၊ ၄၆၊ ၉၀၊ ၁၀၀ ၁၀၃။
ဆာလံကျမ်း
၁၅။ ၁း၁ စ ၁၆။ ၄၀◌း၁ စ ၁၇။ ၁၀၀◌း၁ စ ၁၈။ ၁၂၁း၁ စ
၆း၁၀ ရပ် ၄၂း၁၁ ရပ် ၁၀၀◌း၅ ရပ် ၁၂၈း၆ ရပ်
၈း၁စ ၄၅း၁ စ ၁၀၃း၁ စ ၁၃၂း၁ စ
၉း၂၀ရပ် ၅၁း၁၉ ရပ် ၁၀၇◌း၁၃ ရပ် ၁၃၉း၂၄ ရပ်
၁၃း၁ စ ၅၃း ၁ စ ၁၁၀◌း၁ စ ၁၄၄း၁ စ
၁၆း၁၁ ရပ် ၅၃း၆ ရပ် ၁၅၀◌း၆ ရပ်
၁၇◌း၁၅စ ၆၁း၁ စ
၁၈း ၃၆ ရပ် ၆၁း ၈ရပ်
၁၉း ၁ စ ၆၅း၁ စ
၂၀◌း၉ ရပ် ၆၇◌း၇ ရပ်
၂၂း၁ စ ၇၉း၁ စ
၂၉း၁၁ ရပ် ၇၉း၁၃ ရပ်
၃၂း၄၁ စ ၈၄း၁ စ ၊
၃၄း၂၂ ရပ် ၈၇း၇ ရပ်
၃၇း၁ စ ၉၀း၁ စ ၊
၃၇း၄၀ ရပ် ၊ ၉၂း၁၅ ရပ်
၉၅း၁ စ
မှတ်ရန်ကျမ်းချက်
၁၊ ၈၊ ၁၉၊ ၂၂၊ ၂၃၊ ၄၆၊ ၅၁၊ ၆၇၊ ၈၄၊ ၉၀၊ ၉၁၊ ၁၀၀၊ ၁၀၃၊ ၁၂၁၊ ၁၂၂၊ ၁၃၃၊ ၁၃၇၊ ၁၃၉၊ ၁၄၊ ၁၄၈၊ ၁၅၀
၂၀။ သုတ္တံကျမ်း
သုတ္တံကျမ်းသည် ဉာဏ်ပညာနှင့် အတွေ့အကြုံများစွာထဲမှ အတိုချုပ် ရွေးနှုတ်ထားသော စကားများဖြင့် သည်။ ပညာရှိများအနေနှင့် ရှေးဟောင်းအတွေ့အကြုံများကို မှတ်ထား၍၊ သတိပေး ဆုံးမ စကားများ အတိုချုပ် ရေးသားခဲ့ခြင်းဖြစ်သည်။ ထိုစကားများကို လူတိုင်းလေ့လာ၊ လိုက်လျှောက်လျှင် ပတ်ဝန်းကျင်တွင် ဒုက္ခဆင်းရဲခြင်း၊ ပြဿနာ၊ ရှက်ကြောက်စရာ၊ အပြစ်ဒါဏ်ပေးခြင်းတို လျှော့နည်းသွားမည်ဖြစ်သည်။ ဤဆုံးမစကားတိုသည် လွန်ခဲ့သောနှစ်ပေါင်း ၃၀၀၀ ခန့်က ရေးသားခဲ့သော်လည်း ယနေ့တိုင် တန်ဖိုးကြီးမား
လှသော စကားများဖြစ်ပါသည်။
သုတ္တံကျမ်း
၁း၁ စ ၁၉။ ၇း၁ စ ၃၁း ၃၁ ရပ်
မှတ်ထားရန် ၆၆-၁၁၊ ၁၂၂၄၊ ၁၃၇၊ ၁၂၊ ၁၅၊ ၂၄။ ၁၄၃၄၊ ၁၅ ၁၃ – ၃၃၊ ၂၀၁၊ ၂၂၁-၊ ၁၅၊ ၂၉၊ ၂၃:၅၊ ၂၉-၃၅၊ ၂၅:၁၁ ၂၁၊ ၂၂။ ၂၆၁၇ ၂၀။ ၂၇၁၊ ၆း ၃၁။၁၀-၃၁။
၂၁။ ဒေသနာကျမ်း
ဤကျမ်းစာသည် မိမိကိုယ်မိမိတစ်ဦးတည်း စကားပြောနေဟန် ရေးသားထား၏။ အချဥ◌်းနှိးဖြစ်ခြင်း တဒဂ်သာလျှင် တည်မြဲခြင်းဟူသောစကားကို ထပ်ခါထပ်ခါသုံး၍ အရာခပ်သိမ်းသည် မတည်မြဲဘဲ ပျက်စီးခြင်း၊ ပြောင်းခဲခြင်းရှိမည်ဟူသော သံဝေဂတရားကို ရစေကာ စာရေးသူမှာ ရှောလမုန်မင်းကြီးဟု သိရ၏။
ဒေသနာကျမ်း
၁း၁ စ ၁၂း၁၄ ရပ်
မှတ်ရန်
၁၂း ၁-၁၄
၂၂။ ရှောလမုန်သီချင်း
ဘုရားသခင်သည် ဣသရေလလူမျိုးတိုအပေါ် မည်မျှချစ်သည်ကို ရေးစပ်သီကုံးထားသော ဓမ္မတေး ဖြစ် ပါသည်။ ။
၁း၁ စ ၄း၁ စ
၂း၁၇ ရပ် ၈း၁၄ ရပ်
ဟေဗြဲလူမျိုး ပရောဖက်များ(အရေးပါသော/သာမည)
ရှေးဖြစ်မည့် အခြေအနေကို ကြိုတင်ဟောပြောခြင်းကို ပရောဖက်ပြု ပြောဆိုသည် ဟု ခေါ်ကြ၏ ပရောဖက်ပြုပြောကြားသူများကို တွေ့ရသော်လည်း သာမန်ပရောဖက်များသာဖြစ်သည်။ သိုသော် ဘုရားသခင် ၏ ခေါ်ခြင်းကို ခံရ၍၊ ဘုရားကို မေ့လျော့နေသူတိုအား သတိပေးရန် စေလွှတ်ခြင်းခံရသူများမှာ ထူးခြားသော အစစ်အမှန်ပရော ဖက်များ ဖြစ်ကြသည်။
အပိုင်း(၄) ထူးခြားသော ပရောဖက်များ(ဟေရှာယ၊ ယေရမိ၊ ယေဇကျေလ၊ ဒံယေလ)
၂၃။ ဟေရှာယအနာဂတ္တိကျမ်း
ဟေရှာယ၏ ပရောဖက်ပြု ပြောကြားချက်များသည်။ ကမ္ဘာကျော်၊ ထင်ရှားသော အချက်လက်များ ဖြစ်ခဲ့ပါ သည်။ ထိုပြောကြားချက်များကို အမှုအရာအားဖြင့်၎င်း တွေ့ရှိရ၏။ အကျင့်စာရိတ္တနှင့် ဘာသာရေး ဆိုင်ရာ သွန်သင်ချက်တိုသည် လည်း ရှင်းလင်းပြတ်သားပြီး၊ ခရစ်တော်ကြွလာခြင်းနှင့် ပါတ်သက်၍ ကြိုတင်ပြောကြားချက် တိုကိုလည်း အခန်းကြီး ၁၁ နှင့် အခန်းကြီး ၅၃ တိုတွင် တွေ့ရှိနိုင်ပါသည်။
ဟေရှာယအနာဂတ္တိကျမ်း
၂၀။ ၁း၁ စ ၁၁း၁ စ ၅၁း၁ စ ၊
၆း၁၅ ရပ် ၁၁း၁၀ ရပ် ၅၅း၁၅ ရပ်
၉း၁ စ ၄၀◌း၁ စ ၆၀◌း၁ စ
၉း၇ ရပ် ၄၃း၁၂ ရပ် ၆၄း၁၂ ရပ်
မှတ်ရန်
၁၈ – ၂၀၊ ၉၁-၈၊ ၁၁း၁-၁၀၊ ၄၀း၁-၈၊ ၄၂း၁-၉၊ ၅၃း၁-၁၂၊ ၅၅း၁-၁၁၃။
၂၄။ ယေရမိအနာဂတ္တိကျမ်း
ယေရမိသည် အာမုံ၏သား ယောရှိလက်ထက်မှ စ၍ ယေရုရှလင်မြိုကို သူတစ်ပါး အသိမ်းပိုက်ခံ ကျွန် အဖမ်းခံရသည့်တိုင်အောင် အကြိမ်ကြိမ် ပရောဖက် ကြိုတင်ပြောကြားခဲ့သည်။ သူသည် ယေရုရှလင် သားတို အပြစ်မှနောင်တရ၍ ဘုရားသခင်ထံသို ပြောင်းလဲရန် အကြိမ်ကြိမ် သတိပေး ပြောကြားခဲ့သည်။ – ကျန်ကြွင်း သော ယုလူတိုကို အီဂျစ်ပြည်သို ခေါ်ဆောင်သွားသည့်အခါ ယေရမိလည်း ပါသွားပြီး၊ ထိုအရပ်၌ပင် သေမည်ဟု ယူဆရ၏။
ယေရမိအနာဂတ္တိကျမ်း
၁း၁ စ ရာ ၁၆း၁၁ စ ၂၃း၁စ ၂၁။ ၃၅း၁ စ
၃း၂၅ ရပ် ၁၆:၂၁ ရပ် ၂၃း၈ ရပ် ၄၀◌း၆ ရပ်
၇း၁ စ ၁၈း၁ စ ၊ ၂၄း၁ စ ၄၂း၁ စ
၇း၁၅ ရပ် ၁၈း၈ ရပ် ၂၄း၁၀ ရပ် ၄၂း ၁၇ရပ်
၁၃း၁ စ ၊ ၂၀◌း၁ စ၊ ၂၇◌း၁ စ ၅၀◌း၁ စ
၁၃း၁၄ ရပ် – ၂၀း၆ ရပ် ၂၈း၁၇ ရပ် ၅ဝး၂ဝ ရပ်
၂၅။ ယေရမိမြည်တမ်းစကား |
ယေရမိမြည်တမ်းစကားသည် ကဗျာလင်္ကာကဲ့သို ဟေဗြဲဘာသာဖြင့် ရေးသားထားပြီး၊ ပထမ အခန်း ၄ခန်း သည် ပဟေဠိဆန်ဆန် ရေးသားထားသည်။ စာပိုဒ်များကို ဟေဗြဲအက္ခရာစဉ်ဖြင့် စထားပြီး တတိယ အခန်းတွင် ၃ ပိုဒ်ခွဲ၍ ဟေဗြဲအက္ခရာစဉ်ဖြင့် စ၍ရေးသားထား၏။
ယေရမိမြည်းတမ်းစကား
၁း၁ စ ၃း၁ စ ၅:၁ စ
၁း၂၂ ရပ် ၃း၂၂ ရပ် ၅:၂၂ ရပ်
ယေဇကျေလအနာဂတ္တိကျမ်း
ဘီစီ ၅၉၇ တွင် နေဗုခဒ်နေဇမင်းသည် ယုဒပြည်ကို အောင်နိုင်ပြီး၊ဖမ်းဆီးခေါ်ဆောင်သွားသူများနှင့်အတူ ယေဇကျေလသည်လည်း ပါဝင်ခဲ့ပြီးနောက် ဗာမြစ်အနီးနားသိုရောက်ရှိစဉ် ပရောဖက်ပြုပြောကြားခဲ့ခြင်း ၊ ဖြစ်သည်။
ဤကျမ်းစာကို ၃-ပိုင်းခွဲ၍ လေ့လာနိုင်ပြီး
(၁) ဘုရားသခင်သည် ယုဒနိုင်ငံတော်ကို မနှစ်သက်ခြင်း၊ အခန်းကြီး ၁-၂၄
(၂) ပတ်ဝန်းကျင် နိုင်ငံများအလယ်တွင် ဝမ်းနည်းပူဆွေးရခြင်း၊ အခန်းကြီး ၂၅-၃၂
(၃) အဖမ်းဆီးခံရခြင်းမှ ပြန်လည်လွတ်မြောက်၍၊ အောင်မြင်သော အနာဂါတ်ကာလအတွက် ကြိုတင်ပြေကြားချက်
ဤကျမ်းစာနှင့် ပါတ်သက်၍ ဆက်နွယ်သောအချက်တိုကို မွေးရာဇဝင် စတုတ္ထစောင် ၂၃-၂၅ တွင် တွေ့ရှိနိုင်၏။
ယေဇကျေလအနာဂတ္တိကျမ်း
၁း၁ စ ၁၈း၁ စ ၃၀◌း၁ စ ၃၄း၂၀ စ ၄၇◌း၁ စ
၄း၁၇ ရပ် ၁၈း ၂၀ရပ် ၃၀◌း၁၃ ရပ် ၃၄း၃၁ ရပ် ၄၇◌း၂၃ ရပ်
၇◌း၁ စ ၂၆း ၁ စ ၃၃း၁ စ ၃၇◌း ၁ စ
၈း ၁၈ ရပ် ၂၆း၂၁ ရပ် ၃၃း၆ ရပ် ၃၇◌း၂၈ ရပ်
မှတ်ရန်
၃၇◌း ၁-၁၄။
၂၇။ ဒံယေလအနာဂတ္တိကျမ်း
ဤကျမ်းစာသည် အလွန်စိတ်ဝင်စားဖွယ်၊ ဖတ်ချင်ဖွယ်ကောင်းသော ကျမ်းစာဖြစ်ပါသည်။ မှတ်တမ်းတင် ထားသော ရုပါရုံတိုသည်လည်း အလွန်အရေးပါသော အချက်များဖြစ်ပါသည်။ ဟေဗြဲကျမ်းစာအုပ် အပိုင်း ၃တွင် ဒီယေလကျမ်းကို ဝတ်ပြုရာတွင် သုံးသော ကဗျာကဲ့သို တွေ့ရှိရ၏။ ဒံယေလ ၇၃ တွင် သဏ္ဍန်ချင်းမတူသော သူရဲ ၄-ကောင်အဖြစ် အင်အားကြီး ၄-နိုင်ငံဖြစ်သော ဗာဗုလုံနိုင်ငံ၊ ပါးရှားနိုင်ငံ၊ မက်ဆီဒိုးနီးယားနိုင်ငံနှင့် ရောမနိုင်ငံတိုကို ဆိုလို၏။ ဒံယေလ ၈း၁ တွင် တွေ့ရသောဒုတိယရူပါရုံတွင် အလက်ဇန္ဒားဘုရင်လက်ထက် ဂရိ နိုင်ငံကို ဆိုလိုခြင်းဖြစ်သည်။ ဂရိကို ဆိတ်အဖြစ်တင်စား၍ ပါးရှားကို သိုးအဖြစ်တင်စားပြီး၊ ဆိတ်သည်သီးကို အနိုင်ရသည်ဟု ဖော်ပြထား၏အလက်ဇန္ဒားဘုရင်ကိုတော့ မျက်စိ ၂လုံးကြားမှ ထူးဆန်းသော ́ ဟု ဖော်ပြထား၏။ အခန်းကြီး ၉ တွင် ဖော်ပြသောနိုင်ငံတော်ကို မေရှိယနိုင်ငံတော်(သို)ခရစ်တော်၏ နိုင်ငံတော်ဟု မှတ်ယူနိုင်ပါသည်။ အခန်းကြီး ၁၀ မှ ၁၂ တွင် ကြိုတင်ပြောဆိုချက်များကို တွေ့ရမည်ဖြစ်ပါသည်။
ဒံယေလအနာဂတ္တိကျမ်း
ကျမ်းစာတစ်စောင်လုံးကို ဖတ်သင့်ပါသည်။ (သင်္ခန်းစာ ၂၂)
မှတ်ရန်
၅း၁-၆၊ ၂၅၊ ၃၁
အပိုင်း(၅) မထင်ရှားသော ပရောဖက် ၁၂-ယောက်
၂၈။ ဟောရှေအနာဂတ္တိကျမ်း
ပထမအခန်းကြီး ၃ ခန်းတွင် ပရောဖက်မိသားစု တွေ့ကြုံရသော အခက်ခဲကို ဖော်ပြထား၏။ ဆိုလိုရင်းမှာ ဣသရေလလူတို၏ အပြစ်နှင့် ထာဝရဘုရားမေတ္တာတော်ကို ဖော်ပြခြင်းဖြစ်ပါသည်။ ထိုလူမျိုးတို၏ ရုပ်ထုကိုးကွယ်ခြင်းနှင့် မှားယွင်းခြင်းများအကြောင်းကိုလည်း ဖတ်ရမည်ဖြစ်ပါသည်။ ထိုအကြောင်းအရာ ပါတ်သက်၍ ဓမ္မရာဇဝင် စတုတ္ထစောင် ၁၄ မှ ၂၁ တွင် လေ့လာနိုင်ပါသည်။
ဟောရှေအနာဂတ္တိကျမ်း
၁း၁ စ ၁၄၁း စ
၆း၁၁ ရပ် ၁၄း၉ ရပ်
၂၉။ ယောလအနာဂတ္တိကျမ်း
ယောလအနာဂတ္တိကျမ်းကို ၂-ပိုင်းခွဲ၍ လေ့လာနိုင်ပါသည်။ ပထမပိုင်းတွင် ကျိုင်းကောင်များအားဖြင့် ဖျက်ဆီးခြင်းခံရမည့်အကြောင်း မြင်းသတိပေးထားကြော. ကွေ့ရမည်။ ဒုတိယပိုင်းတွင် ထိုသူတို၏ ဆုတောင်း ခြင်းအတွက် ထာဝရဘုရားသခင်၏ အကို တွေ့ရပါမည်။ ။ တိုကျမ်းတွင် ယုဒလူတိုသည် မကြာမီ နိုင်ငံတည် မည့်အကြောင်း မကြာခဏဖော်ပြထားသည်ကို တွေ့နိုင်၏။
ကျမ်းတစောင်လုံးကို ဖတ်သင့်ပါသည်။
မှတ်ရန် – ၂း၂၈-၃ ၂။
၃၀။ အာမုတ်အနာဂတ္တိကျမ်း
အာမုတ်သည် ပရောဖက်ပြု ဟောပြောချက်များကို စာဖြင့်ရေးသားခဲ့သော ရှေးအကျဆုံး ပရော ဖတ်တပါးဖြစ် ပါသည်။ ဘုရားသခင်၏ မေတ္တာတော်အကြောင်းနှင့် ယဇ်ပူဇော်ခြင်းကို မလိုအပ်ကြောင်း သွန်သင် ချက်ကဲ့ သို ဖော်ပြရေးသားခဲ့၏။ သူသည် ယေရှုရှလင်မြို တောင်ဖက် ၁၂ မိုင်ခန့်၊ မွေးဖွားခဲ့သော်လည်း၊ ဟောပြောသည့်အချိန်ခါတွင် မြောက်ဖက်အရပ်၌ နေထိုင်ခဲ့၏။ ဣသရေလလ အနာဂတ်သည် တန်ခိုး အာဏာနှင့် ချမ်းသာခြင်းပေါ်တွင် မတည်မြဲနိုင်ဘဲ၊ တရားမျှတခြင်း ရှိမှသာတည်မြဲမည်ဟု ဖော်ပြခဲ့၏။ ၄ ရာ ၁၄ကို ကြည့်ပါ။
မှတ်ရန်
၂၃။ ၁း၁ စ ၃း၁ စ ၅:၁၈ ၉း ၁ စ
၁း၅ ရပ် ၄း၁၃ ရပ် ၇း၁၇ ရပ် ၉း၁၅ ရပ်
၃၁။ ဩဗဒိအနာဂတ္တိကျမ်း ၊
ယုဒလူတိုကို ဖမ်းဆီး၍ ဗာဗုလုံနိုင်ငံသို ခေါ်ဆောင်သွားပြီးနောက် ဩဗဒိသည် ယေရုရှလင်တွင်နေ၏။ သူသည် ဘုရားသခင် ရွေးကောက်စေလွှတ်ခြင်း ခံရသူဖြစ်ပြီး၊ ဧဒုံပြည်၏ ပျက်စီးခြင်းနှင့်ပါတ်သက်၍၎င်း၊ ဧသော၏ မျိုးဆက်နှင့် ပါတ်သက်၍၎င်း ဖော်ပြခဲ့ပြီး၊ ယုဒပြည် ကျဆုံးစဉ်ကာလတွင် ကြိုးစားလုပ်ဆောင်ခဲ့၏။ ယုဒလူတိုသည် ဒါဝိတ်အုပ်ချုပ်စဉ်ကာလကဲ့သို မိမိတိုနိုင်ငံကို ပြန်၍တည်ဆောက်မည်ဖြစ်ကြောင်း ကြိုတင်၍ ပြောဆိုခဲ့၏။ အစအဆုံးဖတ်သင့်ပါသည်။
၃၂။ ယောနဝတ္ထု
မထင်ရှားသော သာမန်ပရောဖက်ကို လေ့လာသောအခါ ယောနဝတ္ထုသည် အလွန်ဖတ်ချင်စဖွယ် ကောင်းသော မှတ်တမ်းတခုဖြစ်ပါသည်။ အချိုက သမိုင်းနှင့် ပါတ်သက်သော ပုံပြင်အဖြစ်၎င်း၊ အချို့က ပုံသက်သေ သင်ခန်းစာယူ စရာ ပုံပြင်အဖြစ်၎င်း ခံယူကြပါသည်။ သိုသော် ယောနသည် ဘုရားသခင်၏ သွေဖယ်ခဲ့ခြင်းဖြစ်သည်။ ဣသရေလလူတိုအနေနှင့် တပါးအမျိုးသားတိုအား သတင်းကောင်းကြားပြောရန် တာဝန်ပေါလျော့ခဲ့သည်ဟု ခံယူနိုင်၏။ ယေရှုခရစ်ကိုယ်တော်တိုင်လည်း ေယာနအကြောင်းကို ” ဆုံးမပြောဆို ခဲ့၏။ (မဿဲ ၁၂း၃၈-၄၁) ကျမ်းတစ်စောင်လုံးကို ဖတ်သင့်ပါသည်။
၃၃။ မိက္ခာအနာဂတ္တိကျမ်း
မိက္ခာသည်လည်း၊ ဟေရှာယနှင့်တစ်ချိန်တည်းလောက်တွင် ဟောပြောခဲ့၏။ ချမ်းသာသူ ကို နှိပ်စက်ခြင်း၊ အမြတ်ထုတ်ခြင်းတိုနှင့် ပတ်သက်၍ သတိပေးပြောဆိုခဲ့၏။ ဣသရေလနိုင်ငံတို အချိန်မတန်ခင် ပျက်ဆီးမည့်အကြောင်း ကြိုတင်ဟောပြောခဲ့၏။ ဓမ္မရာဇဝင် မှ ၂၀ တွင် ဆက်စပ်၍ လေ့လာနိုင်ပါသည်။
မိက္ခာအနာဂတ္တိကျမ်း
၁း၁ စ ၄း၁ စ
၁း၁၅ ရပ် ၅:၁၅ ရပ်
၃၄။ နာဟုံအနာဂတ္တိကျမ်း
ပရောဖက်နာဟုံအကြောင်း အနည်းငယ်သာ သိရှိရ၏။ သူနေခဲ့သော အချိန်ကာလမှာ ဘီစီ ၅၀၅ ခုနှစ်၊ နိနဝေမြိုကို မေဒိလူမျိုးတို ဖျက်စီးခဲ့သဖြင့် အာရှုရှိနိုင်ငံတော် ကွယ်ပျောက်ခဲ့ရသည့်အချိန်ဖြစ်ပါသည်။
နာဟုံအနာဂတ္တိကျမ်း
၁း၁ စ ၁း၁၅ ရပ်
၃၅။ ဟဗက္ကုတ်အနာဂတ္တိကျမ်း
ပရောဖက်ဟဗက္ကုတ်၏နေရာနှင့် အချိန်ကိုရှာမတွေ့ပါ။ နေပုခဒ်နေဇာမင်း ယေရုရှလင်ကို သိ သည့် အချိန်အခါဖြစ်နိုင်သည်။ နောက်ဆုံးတွင် ဟဗက္ကုတ်၏ဆုတောင်းချက်ကို လေ့လာနိုင်၏။
ဟဗက္ကုတ်အနာဂတ္တိကျမ်း
၁း ၁ စ ၃း ၁ စ
၁: ၁၇ စ ၃း ၁၉ ရပ်
၃၆။ ဇေဖနိအနာဂတ္တိကျမ်း
ဇေဖနိသည် ယေရမိ၊ ဟဗက္ကုတ်၊ နာဟုံတိုနှင့် တစ်ချိန်တည်းလောက် ပရောဖက်ပြုပြောဆိုခဲ့သည်။ သူ သည်လည်း ဣသရေလလူတို၏ အပြစ်ကိုဖော်ပြ၍ နောင်တရရန်နှင့် အထူးသဖြင့် နောက်ဆုံးသောနေ့၌ ကမ္ဘာမြေပေါ်တွင် တရားစီရင်ခြင်းအကြောင်းကို အဖေါ်ပြခဲ့၏။ ထာဝရဘုရားသခင်သည် အုပ်စိုးလက် ယုံကြည်သူ သားသမီးတို၏ အောင်မြင်ခြင်းအကြောင်းကို ဖော်ပြခဲ့၏။ ဓမ္မရာဇဝင် စတုတ္ထစောင် ၂၂း ၂၃ တွင်ယှဉ်၍ လေ့လာနိုင်ပါသည်။
ဇေဖနိအနာဂတ္တိကျမ်း
၁း ၁ စ ၃း ၁ စ
၁ ၁၈ ရပ် ၃း ၂၀ရပ်
၃၇။ ဟဂ္ဂဲအနာဂတ္တိကျမ်း
ဟဂ္ဂဲအနာဂတ္တိကျမ်းတွင် ပရောဖက်ပြုဟောပြောချက် ၄ချက်ကိုတွေ့ရှိရပြီး ဇေရုဗပေလ၏ ခေါင်းဆောင်မှု ဖြင့် ဗိမာန်တော်ကိုပြန်၍တည်ဆောက်ရန်ဖြစ်ပါသည်။ ဘုရားသခင်သည် ဇာခရိနှင့် ဟဂူကို ရွေးကောက်၍ ဣသရေလတိုအား နိုးဆော်၍ ဗိမာန်တော်ကို ပြန်တည်ဆောက်ရန်ဖြစ်ပါသည်။ ဧဇရမှတ်ရာအရှေ့ပိုင်းတွင် ပါရှိသောအချက်နှင့် ယှဉ်၍လေ့လာနိုင်ပါသည်။
ဟဂ္ဂဲအနာဂတ္တိကျမ်း ၊ အစအဆုံးဖတ်သင့်ပါသည်။
၃၈။ ဇာခရိအနာဂတ္တိကျမ်း
ဤကျမ်းကို ၂ပိုင်းခွဲ၍လေ့လာနိုင်ပါသည်။ ပထမပိုင်း အခန်းကြီး ၁မှ ၈အထိကို ဟဂ္ဂဖော်ပြခဲ့သည့် အတိုင်း ဗိမာန်တည်ဆောက်ခြင်းအကြောင်းဖြစ်ပြီး ဒုတိယပိုင်းအခန်းကြီး ၉မှ ၁၄ကို မေရှိယ(ခရစ်တော်)၏နိုင်ငံ တော်အဖြစ်လေ့လာတွေ့ရှိရပါသည်။
ဇာခရိအနာဂတ္တိကျမ်း
၁း ၁ စ ၁၄း ၁ စ ၊
၃း ၁၀ ရပ် ၁၄း ၂၁ ရပ်
၃၉။ မာလခိအနာဂတ္တိကျမ်း
မာလခိကျမ်းသည် ဓမ္မဟောင်းကျမ်း၏နောက်ဆုံးကျမ်းဖြစ်ပါသည်။ ထိုကျမ်းတွင် မေရှိယသခင် ကြွလာမည့် ` အကြောင်း ကတိတော်(သို) ဘုရားသခင်နှင့် ပဋိညာဉ်ဖွဲရန် သံတမန်စေလွှတ်ခြင်းအကြောင်းကို ဖော်ပြထား၏၊ မာလခိ သည် ဗိမာန်တော်တည်ဆောက်ပြီး ဝတ်ပြုခြင်းပြုလုပ်ခြင်းများကို ဆောင်ရွက်ခဲ့ သည်သာမက ထိုသူတို၏ အကျင့်စာရိတ္တနှင့် အယူအဆအမှားများကို ပြင်ဆင်ကြရန် ညွှန်ပြပြောဆိုခဲ့၏။ မာလခိအနာဂတ္တိကျမ်း အစအဆုံးဖတ်သင့်ပါသည်။
မှတ်ရန် – မာလခိအနာဂတ္တိကျမ်းနှင့် ဓမ္မသစ်ကျမ်းအကြားနှစ်ပေါင်းများစွာ ကွာခြားခဲ့ရ၏။
၄။ ဓမ္မသစ်ကျမ်း
နိဒါန်း
မာလခိသည် ဓမ္မဟောင်းကျမ်း၏နောက်ဆုံးကျမ်းကို ရေးခဲ့ပြီးနောက် ဓမ္မသစ်ကျမ်းရေးသားမီ နှစ်ပေါင်း ၄ဝဝခန့်ခြားခဲ့၏။ ထိုကြားကာလတွင် ဓမ္မဟောင်းကျမ်းများကို စုစည်း၍ ဝတ်ပြုရာဌာနနှင့် ဘုရား ကြောင်းများ တွင် အသုံးပြုနေပြီဖြစ်ကြောင်း ဓမ္မသစ်တွင် မှတ်တမ်းတွေ့ရှိရ၏။ မ္မသစ်ကျမ်းတွင် ကျမ်းပိုဒ်များသည် ရှင်းလင်းစွာရေးသားထားသဖြင့် နိဒါန်းအဖြစ် ရှင်းပြရန်လိုမည် မထင်ပါ။ လေ့လာသူသည်လည်း ဓမ္မသစ်ကျမ်းတွင်ပါရှိသောကျမ်းအသီးသီးနှင့် သူတိုနှင့်ပတ်သက်သော သမိုင်းကြောင်းများကိုလည်း လေ့လာသင့်ပါသည်။ မ္မသစ်ကျမ်းတွင် (၁) ခရစ်ဝင်လေးကျမ်းကိုရှေးဦးစွာ တွေ့ရမည်ဖြစ်ပြီး၊ ပထမရာစု၏ အစပိုင်း သုံးပုံတစ် ပုံခန့်ဖြစ်ပါသည်။ (၂) တမန်တော်ဝတ္ထုသည် ကနဦးအသင်းတော် သမိုင်းကြောင်းကို အေဒီ ၃၀မှ အေဒီ ၆၀ခန့် အထိ ဖြစ်ပါသည်။ (၃) ဩဝါဒစာစောင်များသည် အသင်းတော် များ(သို) တခုတည်းသော အသင်းဖော်သို ရေးသားထားသောစာဖြစ်ပြီး အေဒီ ၄၀မှ အေဒီ ၈၀ခန့်အထိဖြစ်ပါ သည်။ (၄) ဒိတ်ကျမ်း ကို ပထမရာစုကုန်ခါနီး တွင် ရေးသားခဲ့ပါသည်။
ခရစ်ဝင်ကျမ်း ၄ကျမ်းသည် ခရစ်တော်၏သက်တော်ရှိစဉ်ကိုဖော်ပြထားပြီး ဩဝါဒစာ ၂၁စောင်တွင် ခရစ်ယာန်တို၏အယူဝါဒ၊ လမ်းညွှန်ချက်နှင့် ခရစ်ယာန်အသက်တာအတွက် စည်းကမ်းများကို တွေ့ရှိနိုင်ပါသည်။ ထိုအကြောင်းအရာများကို (၃)ပိုင်းခွဲ၍လေ့လာနိုင်ရန် စီစဉ်ထားပါသည်။ ဓမ္မသစ်ကျမ်းကို မလေ့လာ ခရစ်တော်ရှိစဉ် ပါလတိနတိုင်းပြည်၏မြေပုံကိုလေ့လာပြီး တောင်ပိုင်းတွင် ယုဒပြည်၊ အလယ်ပိုင်းတွင် ရှမာရိပြည်၊ မြောက်ပိုင်းတွင် ဂါလိလဲပြည်၊ အရှေ့ပိုင်းယော်ဒန်မြစ်တိုကို လေလာထားသင့်၏ မြေပုံပေါ်တွင် နင်သရက် (သို) ဂါလိလဲပင်လယ်ကို၄င်း၊ ယော်ဒန်မြစ်နှင့် ယော်ဒန်ချိုင့်ဝှမ်း၊ ပင်လယ်သေ၊ မြေထဲပင်လယ်ကမ်းခြေတစ်လျှောက်ကို သိထားသင့် ပါသည်။ မြိုများဖြစ်သော ယေရုရှလင်၊ နာဇရက်မြို၊ ဗက်လင်မြို၊ ကပေရနောင်မြို၊ ရှမာရိနယ် ရှုခါမြို၊ ယေရိဘေး တုိမြိုနှင့် ဇိဒုန်မြို တို၏တည်နေရာကိုလည်း သိထားသင့်၏။ ထိုပြင် ယေရုရှလင်ရှိ မောင်တောင်တန်း၊ ယေရုရှလင် အရှေ့ဖက်ရှိ သံလွင်တောင်၊ ဂါလိလဲနယ်ရှိ ဟေရမုန်တောင်နှင့် ဇိအုန်တောင်ရိုးတိုကိုလည်း သိထားသင့်၏။
တမန်တော်ဝတ္ထုကို မလေ့လာမီ ရှင်ပေါလု၏ခရီးစဉ်တွင်ပါဝင်သော ယေရုရှလင်၊ ယုပွေမြို၊ ကဲသရိမြို၊ အကုတ်မြို ကာနိခ်ကျွန်း၊ အာရှမိုင်းနားကျွန်းဆွယ်မက်ဆီဒိုးနီးယား၊ ဂရိနှင့် ရောမမြိုတိုကို မြေပုံပေါ်တွင် ရှာဖွေလေ့လာသင့်၏ ဓမ္မသစ်ကျမ်းကို မလေ့လာမီယူ ဤစာအုပ်တွင် ဖော်ပြထားသော ခရစ်တော်၏ သက်တော်စဉ်အကြောင်း ကို ပထမဖတ်သင့်ပါသည်။
ခရစ်တော်ဘုရား အသေခံပြီး နှစ်ပေါင်း ၃ဝမှ ၆ဝနှစ်အတွင်း တမန်တော် ၄ပါး ရေးသားခဲ့သည့် ခရစ်တော်၏ အကြောင်းသည် အလွန်လွယ်ကူစွာ သဘောပေါက်နားလည်နိုင်ပြီး၊ စိတ်ဝင်စားဖွယ်၊ လိုက် ဖွယ်ကောင်းလှပါသည်။ သိုသော် မည်သည့်နေရာ မည်သည့်အချိန်တွင် ဖြစ်ခဲ့သည်ကို ကြိုတင်သိထားမှသာ ပို၍ လွယ်ကူမည်ဖြစ်သောကြောင့် အောက်တွင် အတိုချုပ်၍ ဖော်ပြလိုက်ပါသည်။
ခရစ်တော်သည် ဘီစီ ၅ ခုနှစ်၊ ဒီဇင်ဘာလတွင် မွေးဖွားခဲ့သဖြင့် ကျွန်ုပ်တို ပြက္ခဒိန် သက္ကရာဇ်မစမီ ၄ နှစ်ခန့် ဖြစ်ပါသည်။ ဗက်လင်မြိုတွင် မွေးဖွားခဲ့သော်လည်း၊ ဟေရုဒ် မင်းသည် ဗက်လင်မြိုရှိ ၂ နှစ်အောက်ကလေးများသတ်ရန် စီရင်သဖြင့် ယောသပ်နှင့် မာရိသည် ကလေးကို ယူ၍ အီဂျစ်ပြည်သို တိမ်းရှောင်လွတ်မြောက်ခဲ့ရ၏။ အီဂျစ်ပြည်တွင် ခေတ္တနေထိုင်ပြီး ယောသပ်နှင့် မာရိသည် ခလေးကို ယူဆောင်၍ သူတို၏ဇာတိဖြစ်သော ဂါလိလဲအိုင်၏ အနောက်ဖက်ရှိ နာဇရက်မြိုသို ပြန်လာ၍ နေထိုင်ခဲ့ကြ၏။ ယောသပ်သည် လက်သမားဆရာဖြစ်ပြီး ယေရှုသည်လည်း အသက် ၃၀ တိုင်အောင်
ယောသပ်နှင့်အတူ နေထိုင်ခဲ့သည်။ ထိုအသက် ၃၀ အတွင်း မည်သည့် မှတ်တမ်းမျှ မတွေ့သော်လည်း အသက် ၁၂ နှစ်အရွယ်တွင် ယေရှလင်မြိုသိုသွားကြောင်း ကျမ်းစာတွင် မှတ်တမ်းတွေ့ရှိရ၏။
အသက် ၃၀ ခန့်တွင် ရှင်ယောဟန်၏လက်ဖြင့် ယောဒန်မြစ်တွင် နှစ်ခြင်းခံယူခဲ့၏။ ထိုနောက် လူသူဝေးရာ အရပ်သိုသွား၍ မာနတ်၏ စုံစမ်းခြင်းကို ခံယူ၏။မာနတ်စုံစမ်းခြင်းကို အောင်မြင်ပြီးနောက် ဂါလိလဲနယ်သို ပြန်လာပြီး၊ ယာကုပ် ယောဟန်၊ အ၊ ပေတရု ဖိလိပ္စု၊ နာသနေလ စသည့်တပည့်တော် ၆ ယောက်တိုကို ရွေးကောက်ခဲ့၏။ ဂါလိလဲနယ်တွင် ဟောပြောခြင်း၊ မမာသူတိုကို ကျန်းမာစေခြင်းတိုကို ပြပြီးနောက် ပထမဆုံး ပဿခါပွဲကို ခံယူရန် ယေရုရှလင်မြိုသို သွားခဲ့၏။ ထိုနောက် ယုနယ်တွင် ဟောပြောသွန်သင်ပြီး” ဂါလိလ်နယ်သို ပြန်လာခဲ့၏။ ထိုအချိန်မှစ၍ ၊ ကားတိုင်တွင် အသတ်မခံရမီ ၆ လခန့်တိုင်အောင် ပြသ များများပြီး၊ ရက်စွဲနှင့် ဖော်ပြရန် ခက်ခဲလှပါသည်။ သိုဖြစ်၍ ကျမ်းစာပါ အချက်အလက်များ မှတ်၍ တစ်ခုနောက်တစ်ခု ဖြစ်စဉ်ကို သာ မှတ်ထားရန်ဖြစ်ပါသည် ။
အေဒီ ၃ဝ ခုနှစ်ခန့်၏ ဆောင်းတွင်းပြီးဆုံးခါနီးကာလတွင် ယေရှုခရစ်သည် ပဿပွဲသို တက ဂါလိလဲပြည်မြောက်ပိုင်းမှ ယေရုရှလင်မြိုသို သွားရောက်ခဲ့၏။ ပဿခါပွဲ မခံမီ ဥပုသ်နေ့တွင် ယေရူခရစ်သည် မြည်းကို စီး၍၊ ပရိသတ်သည် ဟာရအဖြစ်စေသတည်းဟု တွေ့ ယေရုရှလင်မြိုသို ဝင်ရောက်ခဲ့၏။ ထိုနောက် အကြောင်းအရာအဖြစ်အပျက်များကို ဆက်တိုက် ကြာသာပတေးနေ့ညနေတွင် သူ၏တပည့် တော်များနှင့်အတူ ပဿခါပွဲကို စားသော ဂေသရှေမန်ဥယျာဉ်အတွင်း ဖမ်းဆီးခြင်းခံရပြီးနောက် လူမျိုးဘာသာရေးခေါင်းဆောင် ခြင်းခံရပြီး နောက်တစ်နေ့တွင် ပိလတ်မင်းထံတွင် စစ်ဆေးခြင်း ခံရသည်။ နာရီခန့်တွင် ကားတိုင်ပေါ်တွင် အသတ်ခံပြီး၊ တနင်္ဂနွေနေ့ နံနက်တွင် သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့၏။ ထို့နောက် အချို့သော တပည့်တော်တို ကိုယ်ကို ပြခဲ့ပြီး စကားပြောဆိုခဲ့၏။ ရက်ပေါင်း ၄ဝ ပြည့်သောနေ့တွင် ယေရုရှလင်မြို၌ရှိသော တပည့်တော်များရှေ့တွင် – စေသတည်းဟု ကြွေးကြော်လျက် အပျက်များကို ဆက်တိုက်တွေ့ရှိရ၏။ သခါပွဲကို စားသောက်ပြီးနောက် ကောင်းကင်သို့တက်ကြွတော်မူ၏။ သူဟောပြောခဲ့သ ကို လိုက်လျှောက်ရန်နှင့် ယုံကြည်သူတို့အား စောင့်ရှောက်လမ်းပြရန် သန့်ရှင်းသောဝိညာဉ်တော်ကို လွှတ်မည်ဟု ကတိပြုပြောကြားခဲ့၏
ဓမ္မသစ်ကို လေ့လာရန် သင်ခန်းစာများ။
သင်ခန်းစာကို ၂ ပိုင်းခွဲ၏ ပထမသင်ခန်းစာသည် နံပါတ်စဉ် ၂၄ မှ ၂၆ ဖြစ်ပြီး၊
ဒုတိယသင်ခန်းစာသည် ၂၇ မှ ၃၆ ထိ ဖြစ်ပါသည်။ သင်ခန်းစာကို အစဉ်လိုက် လေ့လာသင့်ပါသည်။ ပထမသင်ခန်းစာ
ရှင်မဿဲခရစ်ဝင်ကျမ်းကို ကျော်၍ ရှင်လုကာခရစ်ဝင်မှ စ၍လေ့လာရန် ဖြစ်ပါသည်။ ၂၄။ လုကာ ၁း၁ ၂၅) လုကာ ၂၂း၄၁ မှ လုကာ ၂၄း၃၂ နောက်ပိုင်းကို ကျော်၍ တမန်တော်ဝတ္ထုကို ဆက်၍ လေ့လာရန် ၂၆ တမန် ၂၁ မှ
တမန် ၂း၃၁ မှ ကျော်၍ ဧဖက်သ◌ြဝါဒစာ၁း ၁ မှ ၆း ၂၄ ထိ ဆက်၍လေ့လာရန် ထိုနောက် ဗျာဒိတ်ကျမ်း ၄၁ မှ ၂၀၁း နှင့် ၂၂း၂၁ကို လေ့လာရန်။
ဒုတိယသင်ခန်းစာ
ရှင်မဿဲ ၁၁ သို ပြန်သွားပြီး
၂၇၊ မသဲ ၁၁၊
၂၈။ မသဲ ၂:၁ မှ မာကု န်ာခရစ်ဝင်ကို ကျော်ပါမည်)
၂၉။ ယောဟန် ၁း၁
၃၀။ တမန်တော် ၁း၁
၃၁။ တမန်တော် ၂၂း၁
၃၂။ ၁ကော ၁း၁
၃၃။ ဂလာ ၁း၁
ဂလာတိ ၆၈ (ဧဖက်သ◌ြဝါဒစာကို ကျော်ပါမည်)
၃၄။ ၁ တိ ၁း၁
၃၅။ ယာကုပ် ၁း၁
၃၆။ ဗျာဒိတ်ကျမ်း ၁း၁
မှတ်ရန်
ရှင်မဿဲ
တောင်ပေါ်ဒေသနာ – ၅း၃-၁၂
ပဋ္ဌနာတော် ၆း၉-၁၃
ဖိတ်ခေါ်ခြင်း ။ ၁၁း ၂၈-၃ဝ
အရေးကြီးဆုံးသော ပညတ်ချက် – ၂၂း ၃၆-၄၀ –
ကြိုးစားခြင်းအတွက် ဥပမာ – ၂၅း ၁၃- ၃၀
သာသနာတော် ၂၈း၁၈ – ၂၀
ခရစ်ဝင် ကျမ်းတွင် အချိုသောအချက်များသည် ထပ်ခါထပ်ခါ ပါရှိလေ့ရှိ၏။
မာကု – ခရစ်တော်သာသနာ ၁း၁-၂၈
လုကာ ခရစ်တော်ဖွားမြင်ခြင်း ၂း၇-၁၈
တမန်တော် ၁၂ ပါး – ၆း၁၃း၁၆ ၊
အပြစ်ပြုသောအမျိုးသမီး ၇း၃၇-၅ဝ ၊
တပည့် ၇ဝ ယောက်ကို စေလွှတ်ခြင်း – ၁၀း၁-၁၂
ယောဟန် ၁း၁-၁၈၊ ၆း၄၈-၅၈၊ ၁၅း၁-၁၄၊ ၁၉း၁-၁၉
တမန်တော် ရှင်ပေတရု၏ ဟောပြောခြင်း -၂း၁၃-၄၁
ရှင်ပေါလုဟောပြောခြင်း – ၁၇း၂၂း၃၄
အဂြိပ္ပမင်းရှေ့တွင် ပေါလုဟောပြောခြင်း – ၂၆း၁-၃၂
ရောမ ခရစ်တော်ကို မသိသောသူ – ၁၂း၈-၃၂။ ၈:၂၈ ၈း၃၆-၃၉
ခရစ်ယာန်အသက်တာ ၁၂း၁-၂၁
ကောရိန္တဩဝါဒစာပထမစောင် – ၂း၁-၄
ချစ်ခြင်းမေတ္တာ ၁၃း၁-၁၃
ရှင်ပြန်ထမြောက်ခြင်း ၁၅း၄၀-၅၈
ကောရိန္တဩဝါဒစာဒုတိယစောင် – ၃း၂-၄၊ ၄း၈-၁၀၊ ၅:၁
ပေါလု၏ ဝါကြွားခြင်း ၁၁း၂၁-၁၂း၁၁
ဂလာတိဩဝါဒစာ – ၁း၁၁-၂၄၊ ၆:၁-၁ဝ
ဧဖက်သြဝါဒစာ – ၆:၁၈-၁၉
ဖိလိပ္ပဩဝါဒစာ – ၁း ၂၁-၂၄၊ ၂း၁-၁၁၊ ၃း၄-၆
သက်သာလောနိတ်ဩဝါဒစာပထမစောင်- ၄း၁၃-၅:၃
၅း၁၅-၂၈
သက်သာလောနိတ်ဩဝါဒစာဒုတိယစောင်- ၃း၈-၁၈
၁ တိမောသေ ၆း၆-၁၂ ၊
၂ တိမောသေ ၁း၁-၇၊ ၃း၁၆-၁၇ ၄း၆ – ၈
ဟေဗြဲသြဝါဒစာ ၁း၂၂- ၂၅၊ ၂၁း၄၄- ၂၆
လျှာ ၃း၂-၁၄
၁ ပေတရု – ၁း ၁-၉၊ ၂း၁-၉၊ ၃း၁၄-၁၈
၂ ပေတရု ၁း ၃၃-၄၀၊ ၃း ၈-၁၈။
၁ ယော ၂း၁၂-၁၇၊ ၄း ၁၆-၂၁
ဗျာဒိတ်ကျမ်း ၁း ၉-၁၆၊ ၂၂း ၁-၂၁။