မာတိကာ
မက်ကာသာ သမ္မာကျမ်းစာလက်စွဲ အသုံးပြုပုံ
သမ္မာကျမ်းစာနိဒါန်း
သမ္မာကျမ်းစာကို မည်ကဲ့သို ရရှိခဲ့သနည်း။
သမ္မာကျမ်းစာကို မည်သို လေ့လာမည်နည်း။
ပညတ္တိကျမ်း နိဒါန်း
ကျမ်းစာ စာအုပ်များကို လမ်းညွှန်ခြင်းများ
ကမ္ဘာဦးကျမ်း
ထွက်မြောက်ရာကျမ်း
ဝတ်ပြုရာကျမ်း
တောလည်ရာကျမ်း
တ ရားဟောရာကျမ်း
ယောရှုမှတ်စာ
တရားသူကြီးမှတ်စာ
ရုသဝတ္ထု
ဓမ္မရာဇဝင် ပထမနှင့် ဒုတိယစောင် ဓမ္မရာဇဝင် တတိယနှင့် စတုတ္ထစောင် ရာဇဝင်ချုပ် ပထမနှင့် ဒုတိယစောင်
ဧဇရမှ တ် စာ
နေဟမိမှတ်စာ
ဧသ တာတ္ထု
ယောဘဝတ္ထု
ဆာလံ ကျမ်း
သုတ္တံကျမ်း
ဒေသနာကျမ်း
ရှောလမုန်သီချင်း
ဟေရှာယ အနာဂတ္တိကျမ်း
ယေရမိ အနာဂတ္တိကျမ်း
ယေရမိ မြည်တမ်းစကား ယေဇကျေလအနာဂတ္တိကျမ်း
ဒံယေလ အနာဂတ္တိကျမ်း
ဟောရှေ အနာဂတ္တိကျမ်း
ယောလ အနာဂတ္တိကျမ်း
အာမုတ် အနာဂတ္တိကျမ်း
ဩဗဒိ အနာဂတ္တိကျမ်း
ယောနဝတ္ထု
မိက္ခာ အနာဂတ္တိကျမ်း
နာဟုံ အနာဂတ္တိကျမ်း
ဟဗက္ကုတ် အနာဂတ္တိကျမ်း
ဇေဖနိ အနာဂတ္တိကျမ်း
ဟကွဲ အနာဂတ္တိကျမ်း
ဇာခရိ အနာဂတ္တိကျမ်း
မာလခိ အနာဂတ္တိကျမ်း
ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်း
ကြားကာလ
ခရစ်ဝင်ကျမ်းများ နိဒါန်း
ရှင်မဿဲ ခရစ်ဝင်ကျမ်း
ရှင်မာကု ခရစ်ဝင်ကျမ်း
ရှင်လုကာ ခရစ်ဝင်ကျမ်း
ရှင်ယောဟန် ခရစ်ဝင်ကျမ်း
တမန်တော်ဝတ္ထု
ရောမဩဝါဒစာ
ကောရိန္ဩဝါဒစာ ပထမစောင်
ကောရိန္ဩဝါဒစာ ဒုတိယစောင်
ဂလာတိ ဩဝါစာ
ဧဖက် ဩဝါစာ
ဖိလိပ္ပိ ဩဝါစာ
ကောလောသဲ ဩဝါစာ
သက်သာလောနိတ် ဩဝါစာ ပထမစောင်
သက်သာလောနိတ် ဩဝါစာ ဒုတိယစောင် တိမောသေ ဩဝါစာ ပထမစောင်
တိမောသေ ဩဝါစာ ဒုတိယစောင်
တိတု ဩဝါစာ
ဖိလေမုန် ဩဝါစာ
ဟေဗြဲ ဩဝါစာ
ရှင်ယာကုပ် ဩဝါစာ
ရှင်ပေတရု ဩဝါစာ ပထမစောင်
ရှင်ပေတရု ဩဝါစာ ဒုတိယစောင်
ရှင်ယောဟန် ဩဝါစာ ပထမစောင်
ရှင်ယောဟန် ဩဝါစာ ဒုတိယစောင်
ရှင်ယောဟန် ဩဝါစာ တတိယစောင်
ရှင်ယု ဒ ဩဝါဒစာ
ဗျာဒိတ်ကျမ်း
နောက်ဆက်တွဲ –
ဓမ္မအတွေးအခေါ်များကို ခြုံငုံ သုံးသပ်ခြင်း
စစ်မှန်သော ကယ်တင်ခြင်း၏ လက္ခဏာ
ငွေကြေးများ၊ အလေးချိန်များနှင့် အတိုင်းအတာများ
မက်ကာသာ သမ္မာကျမ်းစာလက်စွဲကို အသုံးပြုပုံ
လူ၏အမြင်တွင် သမ္မာကျမ်းစာသည် သာမန်ထက်လွန်ကဲစွာ ရှုပ်ထွေးပြီး နားလည်ရန် မက်ခဲ့သော စာအုပ်ဖြစ်သည်။ ကျမ်းစာလေ့ လာရာတွင် ပျော်ရွှင်စရာ ဖြစ်မည့်အစား စိတ်ပျက် စရာကောင်းသော တာဝန်ဖြစ်သည်ဟု ထင်မှတ် တတ်သည်။ မက်ကာသာ သမ္မာကျမ်းစာ လက်စွဲ သည် ကျမ်းစာလေ့လာရာတွင် လွယ်ကူချော မွေ့စေရန်နှင့် ကျမ်းစာနားလည်သိ ရှိခြင်းကို တိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် ပြုစုထားသည်။ သင်၏ ကျမ်းစာကို အစားထိုးရန် မဟုတ်ပေ။ ကျမ်းစာလေ့လာရာတွင် စိတ်ဓာတ်ကျ လောက်အောင် သင်တွေ့ကြုံရတတ်သည့် မေးခွန်းများ အတွက် အရရန် အရင်းအမြစ်ကိုသာ ဝေမျှခြင်းဖြစ်သည်။ လက်စွဲစာအုပ်ကို စစ်ဆေးကြည့် ရှုရာတွင် သင်၏ ကျမ်းစာအုပ်ကို အလျှင်အမြန် ဖတ်ချင်လာမည်ဖြစ်သည်။
မက်ကာသာ သမ္မာကျမ်းစာလေ့လာခြင်း စာအုပ်ကို သင်ပိုင်ဆိုင်ထားပြီဆိုပါက၊ မက်ကာ သာ သမ္မာကျမ်းစာလက်စွဲစာအုပ်နှင့် ကျမ်းစာမှတ်စုများ ဆင်တူများစွာရှိသည်ကို သင်သတိပြု မိပေမည်။ သိုသော်လည်း အချိုအရာများကို သမ္မာကျမ်းစာ လေ့လာခြင်းစာအုပ်တွင် တွေ့ရ မည်မဟုတ်ပေ။ မည်သိုပင်ဖြစ်စေ၊ ကျမ်းစာလေ့လာရာတွင် ဤတန်ဆာပလာကို အသုံးပြုခြင်း သည် သင့်အား ဘုရားသခင်၏ နှုတ်ကပတ်တော်၌ ပိုပြီး တစိုက်မက်မက် အာရုံပြုစေမည်။
အမြန်လမ်းညွန်
၁။ မာတိကာကို ကြည့်ပါ။ အစကိုဖတ်နေရင်း မည်သည့်အရာများသည် သင်နှင့်ရင်းနှီးမှုမရှိ ဖြစ်နေသည်ကို သတိပြုပါ။ ထိုအချက်များကို ကြည့်ပြီး သင်တွေ့သည့်အရာများကို သေ သေချာချာ မှတ်သားရမည်။ ကျမ်းစာ၏ အစိတ်အပိုင်းများကို သင်လေ့လာသည့်အခါတွင် သဟဇာတဖြစ်ခြင်းနှင့် အစဉ်လိုက်အ ဖြစ်အပျက်များကို တင်ပြခြင်းတိုသည် သင့်အတွက် တန် ဖိုးကြီးသော ရတနာများ ဖြစ်ပါလိမ့်သည်။
၂။ သမ္မာကျမ်းစာထဲရှိ စာအုပ်များမှ တစ်အုပ်၏ အစကို ဖတ်ကြည့်ပါ။ ထိုနိဒါန်းတစ်ခုချင်းစီ တိုင်းတွင် သင်တွေ့ရမည့် အချက်အလက်များကို မှတ်သားရမည်။
– ခေါင်းစဉ်နှင့် ၄င်း၏ အဓိပ္ပာယ်
– စာရေးသူနှင့် ရက်စွဲ ၊
– နောက်ခံသမိုင်းအခြေအနေ – စာအုပ်၏ သမိုင်းဆိုင်ရာ မှတ်စုများ
– စာအုပ်မှ အဓိကဇာတ်ကောင်များ
– သမိုင်းကြောင်းနှင့် ဓမ္မအတွေး အခေါ်ဆိုင်ရာ အကြောင်းအရာများ – တစ်အုပ်လုံး တွင် ဖော်ပြသည့် ကျယ်ပြန့်သော အဓိကအကြောင်းအရာ
– စာအုပ်၏ အဓိက ဩဝါဒများ – စာအုပ်မှ အဓိက သွန်သင်ချက် ။
– စာအုပ်မှ ဘုရားသခင်၏ ဂုဏ်အင်္ဂါလက္ခဏာများ – ဘုရားသခင်၏ ဂုဏ်အင်္ဂါရပ် များကို သာဓကပြသော အဓိက အချက်များ
– စာအုပ်မှ ခရစ်တော်အကြောင်း – စာအုပ်တွင် ခရစ်တော်အကြောင်းကို မည်သို တွေ့နိုင်မည်နည်း။
– အကျဉ်းချုပ် ကောက်နှုတ်ချက် – စာအုပ်၏ စနစ်ကျသော ဖွဲစည်းပုံ
– စာအုပ်အချိန်ကာလ၌ ကမ္ဘာကြီးရှိ အခြားသောနေရာများ – စာအုပ်၏ တစ်ကမ္ဘာလုံးနှင့်ဆိုင်သော သမိုင်းဆိုင်ရာ ရှေ့နောက်ဆက်စပ်မှု
– စာအုပ်နှင့်ပတ်သက်၍ ခက်ခဲသော မေးခွန်းများအတွက် အဖြေများ
– ထပ်မံလေ့လာခြင်း သင်ဖတ်ရှုသည့်အခါ ထင်ဟပ်မှုအတွက် အခြေခံမေးခွန်းများ
မက်ကာသ သမ္မာကျမ်းစာလက်စွဲကို အသုံးပြုခြင်းသည် ပထမတွင် ရှုပ်ထွေးလိမ့် မည်။ သိုသော် လေ့ကျင့်ခြင်းဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လေ့လာရာတွင် သတင်း အချက်အလက်များအတွက် ကြွယ်ဝသော အရင်းအမြစ်ဖြစ်သည်ကို သင်တွေ့လိမ့်မည်။
သမ္မာကျမ်းစာ နိဒါန်း
သမ္မာကျမ်းစာသည် ထာဝရဘုရား၏ ဝိညာဉ်တော် မှုတ်သွင်းထားသည့် စာအုပ်စုစု ပေါင်း (၆၆) အုပ်ဖြင့် ဖွဲစည်းထားသည်။ ၄င်းတိုမှာ ဓမ္မဟောင်း (၃၉) အုပ်နှင့် ဓမ္မသစ် (၂၇) အုပ်တို ဖြစ်ကြသည်။ ဣသရေလခေါင်း ဆောင်များ၊ ရှင်ဘုရင်များ၊ ယဇ်ပုရောဟိတ်များနှင့် ပရောဖက်များတိုမှ ဤဓမ္မဟောင်းကျမ်းစာများကို ဟေဗြဲ ဘာသာဖြင့် ရေးသားခဲ့ကြသည်။ (နှစ်အုပ်မှာ အာရေမိတ်ဘာသာစကားဖြင့် ရေးသားခဲ့သည်)။ တမန်တော်များ နှင့် ၄င်းတို၏ အပေါင်းအသင်းတိုသည် ဓမ္မသစ်ကျမ်းအား ဂရိဘာသာဖြင့် ရေးသားခဲ့သည်။
ဓမ္မဟောင်းကျမ်းသည် ဤကမ္ဘာစကြဝဠာကြီးအား ဖန်ဆင်းအစပြုခဲ့ချိန်မှစပြီး ယေရှု ခရစ်တော်မ ပေါ်မီ နှစ်ပေါင်း (၄၀၀) ခန့် ကာလများကို မှတ်တမ်းတင်ခဲ့သည်။ ဤကာလသမိုင်း ကြောင်းအရ ဓမ္မဟောင်း ကျမ်းသည် အောက်ပါအတိုင်း မှတ်သား၍ ရသည်။
– စကြဝဠာကြီးအား ဖန်ဆင်းခြင်း
– လူသားတို ကျရှုးခြင်း ၊
– ကမ္ဘာကြီးအား ရေဖြင့် ဘေးဒဏ်စီရင်ခြင်း
– အာဗြဟံ၊ ဣဇက်၊ ယာကုပ်(ဣသရေလ)
– ရွေးကောက်ထားသည့် လူမျိုး၏ ဖခင်များ
– ဣသရေလတို၏ သမိုင်း
– အီဂျစ်ပြည်၌ နှစ်ပေါင်း (၄၃၀) ပြည်နှင်ဒဏ်ခံရခြင်း ၊
– ထွက်မြောက်ခြင်းနှင့် ကန္တာရ၌ နှစ်ပေါင်း (၄၀) လှည့်လည်ခြင်း
– ခါနန်ပြည်သိမ်းပိုက်ခြင်း (၇) နှစ် ၊
– တရားသူကြီးများ ခေတ်ကာလ (၃၅၀) နှစ် ၊
– နိုင်ငံတော်စည်းလုံးခြင်း၊ ရှောလု၊ ဒါဝိဒ်၊ ရှောလမုန် (၁၁၀) နှစ်
– နိုင်ငံတော် ပြိုကွဲခြင်း- ယုဒနှင့် ဣသရေလ (၃၅၀) နှစ် ၊
– ဗာဗုလုန်၌ ပြည်နှင်ဒဏ်ခံရခြင်း (၇၀) နှစ် ၊
– ပြည်တော်ပြန်ခြင်းနှင့် တိုင်းပြည် ပြန်လည်ထူထောင်ခြင်း (၁၄၀) နှစ်
ဤအကြောင်းအရာ အသေးစိတ်ကို ထိုကျမ်း(၃၉) အုပ်၌ ဖော်ပြထားသော အမျိုးအစား (၅) ခုဖြင့် ခွဲခြားထားသည်။
– ပညတ်တော် (၅) ကျမ်း (ကမ္ဘာဦးမှ တရားဟောရာကျမ်း)
– သမိုင်းကျမ်း (၁၂) အုပ် (ယောရှုမှ ဧသတာ)
– ဉာဏ်ပညာကျမ်းများ (၅) အုပ် (ယောဘမှ ရှောလမုန်သီချင်း)
– ပရောဖက်အကြီး (၅) အုပ် (ဟေရှာယမှ ဒံယေလ)
– ပရောဖက်အငယ် (၁၂) အုပ် (ဟောရှေ့မှ မာလခိ)
ဓမ္မဟောင်းကျမ်းရေးပြီးသည့် နောက်ပိုင်းနှစ်ပေါင်း (၄၀၀) ခန့် ငြိမ်သက်လျှက်ရှိခဲ့ပြီး၊ ထိုအချိန်အတွင်း ထာဝရဘုရားသည် မည်သည့်နှုတ်ထွက်စကားကိုမျှ မဖွင့်ဟခဲ့ပေ။ ဤငြိမ်သက် ခြင်းသည် နှစ်ခြင်းဆရာယော ဟန် မွေးဖွားလာခြင်းနှင့် ကတိတော်အားဖြင့် ခရစ်တော်ပေါ်ထွက် လာမည့်အကြောင်း ဟောကြားခြင်းဖြင့် နိုးထလာခဲ့သည်။ ထိုကြောင့် ဓမ္မသစ်ကျမ်းသည် ကျန် ရှိသည့် ခရစ်တော်မွေးဖွားခြင်းမှအစပြု၍ သမိုင်းကြောင်း အထွတ်အထိပ်သို နောက်ဆုံးထာ၀ရ နိုင်ငံတော် အထိ မှတ်တမ်းတင်ထားသည်။ ထိုကြောင့် ဤကျမ်းစာအ မျိုးအစား (၂) မျိုးတို့ကို ဖန်ဆင်းခြင်းမှ ယနေ့ပြီးပြည့်စုံသည့်ကာလအထိ ထာဝရအတိတ်နှင့် ထာဝရအနာဂတ် ကာလ အထိ ရှည်လျားသည်။
ဓမ္မဟောင်း (၃၉) အုပ်သည် ဣသရေလတို၏ သမိုင်းကြောင်းနှင့် ပေါ်ထွက်လာမည့် ကယ်တင်ရှင်အ ကြောင်းကို အဓိကမှတ်သားထားပြီး ဓမ္မသစ်ကျမ်း (၂၇) အုပ်တို့သည် ခရစ်တော်နှင့် အသင်းတော် တည် ဆောက်မှုအပေါ်တွင် အမိကမှတ်သားထားသည်။ ခရစ်ဝင်ကျမ်း (၄) ကျမ်းတိုသည် ခရစ်တော်၏ မွေးဖွားခြင်း၊ သက်တော်စဉ်၊ အသေခံခြင်း၊ ရှင်ပြန်ထမြောက် ခြင်းနှင့် ကောင်းကင်ဘုံသို တက်ကြွခြင်းတို့ကို ရေးသားထား သည်။ စာရေးသူ (၄) ဦးတိုသည် အရေးကြီးသော သမိုင်းအဖြစ်အပျက်ဖြစ်သည့် ဘုရား-လူသားအဖြစ် ကြွလာခဲ့သော သခင် ယေရှုအကြောင်းကို ဖော်ပြခဲ့ကြသည်။ ရှင်မသဲအနေဖြင့် သခင်ယေရှု၏ နိုင်ငံတော် အကြောင်း ကိုရေးပြီး၊ ရှင်မာကုကမူ သခင်ယေရှု၏ ကျွန်ဖြစ်ခြင်းကို ရေးသားခဲ့သည်။ ရှင်လုကာသည် သခင်ယေရှု၏ လူသားဖြစ်ခြင်းကိုရေးပြီး၊ ရှင်ယောဟန်သည် သူ၏ဘုရားဖြစ်ခြင်းကို ရေးသား ခဲ့သည်။ တမန်တော်ဝတ္ထုသည် သခင်ယေရှုခရစ်တော်၏ သက်တော်စဉ်၊ အသေခံခြင်း၊ ရှင်ပြန် ထမြောက်ခြင်း၊ ကောင်းကင်သို တက်ကြွခြင်းမှစပြီး၊ သန့်ရှင်းသော ဝိညာဉ်တော် ဆင်းသက်ခြင်း နှင့် အစောပိုင်းနှစ်များတွင် တမန်တော်များနှင့် သူတို၏ အပေါင်းအဖော်များ၏ ဟောပြောခြင်း ကြောင့် အသင်းတော်များ ပေါ်ထွက်လာခြင်း စသည်တိုကို ပြောပြထားသည်။ တမန်တော်ဝတ္ထု သည် ယုဒပြည်၊ ရှမာရိပြည်မှစ၍ ရောမအင်ပါယာ၌ အသင်းတော်အစပြုခြင်းများကို မှတ်တမ်း တင်ထားသည်။
ကျန်ရှိသော ဩဝါဒစာစောင် (၂၁) စောင်တိုသည် နေရာဒေသအနှံရှိ အသင်းတော် များသိုသော် လည်းကောင်း၊ တစ်ဦးချင်းထံသိုလည်းကောင်း ရေးသားခဲ့သည်။ ခရစ်တော်၏ ပုဂ္ဂိုလ်ဖြစ်ခြင်းနှင့် လုပ်ဆောင် ချက်တို၏ အရေးပါပုံနှင့် ခရစ်တော်ပြန်ကြွလာသည့်တိုင်အောင် အသက်တာ၌ သက်သေဖြစ်ခြင်းအတွက် ရေးသားခဲ့သည်။
ဓမ္မသစ်ကျမ်းသည် ဗျာဒိတ်ကျမ်းဖြင့် အဆုံးသတ်ထားပြီး ထိုကျမ်းသည် အသင်းတော် များအကြောင်း နှင့် အစပြုကာ ဤလောကတွင် နိုင်ငံတော်တည်ထောင်ရန်၊ သမ္မာတရားအတိုင်း အသက်မရှင်သောသူတိုအား အပြစ်ဒဏ်စီရင်ရန်၊ ယုံကြည်သော သူတိုအတွက် ဘုန်းအသရေ နှင့် ကောင်းကြီးပေးရန် ခရစ်တော်ပြန်ကြွ လာမည့်အကြောင်းကို ဖော်ပြထားသည်။ ခရစ်တော်၏ အနှစ်တစ်ထောင် အုပ်စိုးခြင်းကာလပြီးနောက် နောက်ဆုံးပြစ်ဒဏ်စီရင်ခြင်းဖြင့် ထာဝရကာလ ဆီသို ရောက်ရှိမည်ဖြစ်သည်။ သမိုင်းတစ်လျှောက် ယုံကြည်သူများသည် သူတိုအတွက် ပြင်ဆင် ထားသည့် ထာဝရဘုန်းတော်သို ဝင်စားကြရမည်ဖြစ်ပြီး၊ မယုံကြည်သူများသည် သူတိုအတွက် ပြင်ဆင်ထားသည့် ထာဝရအပြစ်ဒဏ်စီရင်ရာ ငရဲထဲသို ပစ်ချကာ အပြစ်စီရင်ခြင်း ခံရမည်။
သမ္မာကျမ်းစာကို နားလည်သဘောပေါက်နိုင်ရန် ဖန်ဆင်းခြင်းမှစ၍ ပြီးပြည့်စုံသည့် ဘာလအထိ သမိုင်းကြောင်းတစ်လျှောက်လုံးကို နားလည်ရန် လိုအပ်သည်။ ထိုအပြင် သမ္မာကျမ်းစာ၏ လျော်ညီသော အဓိက အကြောင်းအရာကိုလည်း စိုက်စိုက်မတ်မတ် လေ့လာရန် အလွန်အရေးကြီးသည်။ သမ္မာကျမ်းစာ တစ်အုပ်လုံးမှ အစဉ်တစိုက် ဖော်ပြလိုသည့် အကြောင်း အရာမှာ ဘုရားသခင်သည် မိမိဘုန်းတန်ခိုးအတွက် သူ၏နိုင်ငံတော်နှင့်ဆိုင်သော ဖန်ဆင်းထား သည့် လူတစ်စုအား ရွေးကောက်ပြီး ထိုလူစုမှ ထာဝရဘုရားအား အစဉ်ထာဝရ ချီးမွမ်းထောမနာ ပြုခြင်း၊ ရိုသေလေးမြတ်ရန်၊ အစေခံရန် ရွေးချယ်ခဲ့သည်။ ထိုသူတိုအားဖြင့် ထာဝရဘုရားသည် သူ၏ ဉာဏ်ပညာတော်၊ တန်ခိုးတော်၊ ကရုဏာတော်၊ ကျေးဇူးတော်နှင့် ဘုန်းတန်ခိုး အာနုဘော်တော်တိုအား ထင်ရှားစေမည် ဖြစ်သည်။ သူရွေးကောက်သော လူတိုကို စုရုံးရန်အတွက် သူတို အား အပြစ်မှကယ်နုတ်ရမည် ဖြစ်သည်။ သမ္မာကျမ်းစာသည် ထာဝရဘုရားသခင်၏ ရွေးနှုတ် ကယ်တင်ခြင်း အစီအစဉ်ကြီးအား ပဋိသန္ဓေတည်စေသည့် ထာဝရအတိတ်ကာလမှ အမှုပြီး မြောက်ပြီး ထာဝရအနာဂတ် ကာလအထိ ဖော်ပြထားသည်။ ပဋိညာဉ်များ၊ ကတိတော်များနှင့် ခေတ်ကာလတိုသည် ရွေးနှုတ်ကယ် တင်ခြင်းနှင့်ယှဉ်လျှင် ဒုတိယ ဦးစားပေးများသာ ဖြစ်သည်။
ဘုရားတစ်ဆူတည်း ရှိသည်။ သမ္မာကျမ်းစာတွင် ဖန်ဆင်းရှင်တစ်ပါးတည်း ရှိသည်။ ကျမ်းစာ တစ်အုပ်တည်းဖြစ်သည်။ အစပျိုးခြင်းမှစ၍ ကွပ်မျက်ခြင်းနှင့် ပြီးပြည့်စုံသည့်ကာလ အထိ ကျေးဇူးတော် အစီအစဉ်တစ်ခုတည်းရှိသည်။ ရှေးမဆွက ခွဲခန့်မှတ်သားခြင်း၊ ဘုန်းတော် ဝင်စားခြင်းအထိ သမ္မာကျမ်းစာသည် ဘုရားသခင်က သူရွေးချယ်ထားသော လူတိုအား သူ၏ ဘုန်းတော်ကို ချီးမွမ်းရန် ရွေးနှုတ်ခြင်းအ ကြောင်းဖြစ်သည်။
ဘုရားသခင်၏ ရွေးနှုတ်ကယ်တင်ခြင်းဆိုင်ရာ ရည်ရွယ်ချက်များနှင့် အစီအစဉ်ကို သမ္မာကျမ်းစာ၌ ဖော်ပြသည်နှင့်အညီ ထပ်ခါထပ်ခါ တွေ့ရသည့် အကြောင်းအရာ (၅) ခုရှိသည်။
– ဘုရားသခင်၏ ဝိသေသလက္ခဏာများ
– အပြစ်နှင့် နာမခံမှုအတွက် ပြစ်ဒဏ်စီရင်ခြင်း
– ယုံကြည်ခြင်းနှင့် နာခံခြင်းအတွက် ကောင်းကြီးမင်္ဂလာ
– ကယ်တင်တော်မူသောသခင်နှင့် အပြစ်အတွက် ပေးဆပ်မှု
– ပေါ်ထွန်းမည့် နိုင်ငံတော်နှင့်ဘုန်းတန်ခိုးတော်တို ဖြစ်ကြသည်။
ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းတိုသည် အထက်ပါအကြောင်းအရာ (၅)ခုနှင့် ဆက် နွယ်နေသည်။ သမ္မာကျမ်းစာသည် အစဉ်အမြဲပင် သင်ကြားပေးခြင်း (သို) ပုံသာဓကများကို ပြသသည်။ ၁) ထာဝရဘုရား၏ ဂုဏ်အင်္ဂါနှင့် လက္ခဏာရပ်များ၊ ၂) ဘုရားသခင်၏ သန့်ရှင်းသော စံချိန်အတိုင်း နာခံမှုမရှိခြင်းနှင့် အပြစ်တရား၏ ဆိုးကျိုး၊ ၃) ဘုရားသခင်၏ စံချိန်အတိုင်း နာခံခြင်းနှင့် ယုံကြည်ခြင်း၏ ကောင်းကြီးမင်္ဂလာ၊ ၄) အပြစ်သားတို၏ အပြစ်များကို ကိုယ်စား ခံယူခြင်းအားဖြင့် အပြစ်မှကယ်တင်ရန် လိုအပ်ခြင်း၊ ၅) ကယ်တင်ရှင်၏ ကမ္ဘာမြေပေါ် နိုင်ငံတော်တည်ထောင်ခြင်းတွင် ရွေးနှုတ်ကယ်တင်ခြင်းသမိုင်း၏ ဘုန်းကြီးသော အဆုံးသတ်ခြင်းနှင့် ဘုရား သခင်နှင့် ခရစ်တော်၏ ထာဝရစိုးစံခြင်း ဘုန်းတန်ခိုးတော်အကြောင်း ဖော်ပြထားသည်။ သမ္မာကျမ်းစာကို လေ့လာသူတစ်ဦးသည် ဤအဖန်တလဲလဲ ဖော်ပြထားသည့် အကြောင်းအရာ များကို ချိတ်ပမာ နားလည်ပြီး မည်သည့်စာပိုဒ်ကို မည်သည့်နေရာတွင် ချိတ်ရမည်ကို သိရန် အရေးကြီးသည်။ သမ္မာကျမ်းစာကို အစအဆုံး ဖတ်ရှုခြင်းအားဖြင့် မိမိဖတ်ရှုသည့် အပိုင်းကို ဤအရေးကြီးသော အကြောင်းအရာများနှင့် ဆက်နွယ်ပြီး ဓမ္မဟောင်း၌ မိတ်ဆက်ထားသော အရာများသည် ဓမ္မသစ်တွင် ပို၍ ရှင်းလင်းစွာ ဖော်ပြထားသည်ကို သိမှတ်ရ မည်။ ဤအချက် (၅) ချက်တို့အား ကြည့်လေ့လာခြင်းသည် သမ္မာကျမ်းစာအား ခြုံငုံကြည့်ရှုခြင်းပင် ဖြစ်သည်။
၁။ ထာဝရဘုရား၏ ဝိသေသလက္ခဏာများကို ဖော်ပြခြင်း
အားလုံးထက် အရေးကြီးဆုံးအချက်မှာ သမ္မာကျမ်းစာသည် ဘုရားသခင်၏ မိမိကိုယ် ကို ထင်ရှားဖော်ပြခြင်း ဖြစ်သည်။ ဘုရားသခင်သည် လူသားတိုကို ဖန်ဆင်းရန်နှင့် လူများက လည်း သူ့ကို သိစေရန် ရွေးချယ်ပြီး စကြာဝဠာတစ်ခုလုံးအား အုပ်စိုးသော ဘုရားအဖြစ် မိမိ ကိုယ်ကို ဖော်ပြထားသည်။ ဤကဲ့သို မိမိကိုယ်တိုင် ဖော်ပြရာတွင်လည်း မိမိ၏ သန့်ရှင်းခြင်း ပါရမီကို တသွေမတိမ်း ဖော်ပြခဲ့သည်။ အာဒံနှင့်ဧဝမှ အစပြုပြီး ကာဣန၊ အာဗေလအထိ မောရှေ၏ ပညတ်တော် မပေါ်ထွန်းမှီနှင့် ပေါ်ထွန်းပြီးနောက် သက်ရှိလူသား အားလုံးတိုအား ဖြောင့်မတ်ခြင်းစံချိန်ကို တည်ဆောက်ပေးကာ ဓမ္မသစ်ကျမ်း၏ နောက်ဆုံး စာမျက်နှာအထိ တည်တံ့ခိုင်မြဲစေသည်။ ဤစံချိန်ကို ကျူးလွန်ချိုးဖောက်သူတိုင်း အပြစ်ဒဏ်စီရင်ခြင်းကို ယာယီ ခဏသော် လည်းကောင်း၊ အစဉ်ထာဝရသော်လည်းကောင်း ခံစားကြရမည် ဖြစ်သည်။ ဓမ္မ ဟောင်းကျမ်း၌ ထာဝရဘုရား သည် မိမိကိုယ်ကို အောက်ပါအတိုင်း ဖော်ပြသည်။
– ဖန်ဆင်းခြင်း – လူသားကို ပုံသဏ္ဌာန်တော်နှင့်အညီ အဓိက ဖန်ဆင်း
– ကောင်းကင်တမန်များ
– နိမိတ်များ၊ အံ့ဩဖွယ်ရာများ၊ ပုပ္ပနိမိတ်လက္ခဏာများ
– ရူပါရုံများ – ပရောဖက်နှင့် အခြားသူတို၏ နှုတ်ထွက်စကားများ
– ရေးသားထားသည့် ကျမ်းစာ (ဓမ္မဟောင်းကျမ်း)
ဓမ္မသစ်ကျမ်း၌ ထာဝရဘုရားသည် မိမိကိုယ်ကို အထက်ပါ နည်းလမ်းဖြင့် ဆက်လက် ဖော်ပြသည်။ သိုသော် ပိုမိုရှင်းလင်းပြီး ပြည့်စုံသည်။
– ဖန်ဆင်းခြင်း-ဘုရား-လူသား၊ ယေရှုခရစ်တော်၊ ခမည်းတော်ဘုရား၏ သဏ္ဌာန်တော်
– ကောင်းကင်တမန်များ
– နိမိတ်များ၊ အံ့ဩဖွယ်ရာများ၊ ပုဗ္ဗနိမိတ်လက္ခဏာများ
– ရူပါရုံများ
– ပရောဖက်နှင့် တမန်တော်တို၏ နှုတ်ထွက်စကားများ
– ရေးသားထားသည့် ကျမ်းစာ (ဓမ္မသစ်ကျမ်း)
၂။ အပြစ်နှင့် မနာခံခြင်းအတွက် ထာဝရဘုရား ပြစ်ဒဏ်စီရင်ခြင်း ၊
သမ္မာကျမ်းစာသည် ထာဝရဘုရား၏ ပြစ်ဒဏ်စီရင်ခြင်းသို ဆွဲခေါ်စေသည့် လူသား တို၏ အပြစ်နှင့်ပတ်သက်ပြီး ထပ်ဖန်တလဲလဲ ရှင်းပြထားသည်။ ထာဝရဘုရား၏ စံနှုန်းအား ချိုးဖောက်ခြင်း၏ ကြီးမားသော ဆိုးကျိုးသက်ရောက်မှုသည် သမိုင်းကြောင်းနှင့် အစဉ်ထာဝရ သက်ရောက်မှုတိုကို အကြောင်း အရာတစ်ခုပြီးတစ်ခုအားဖြင့် ဖော်ပြပေးခဲ့သည်။ သမ္မာကျမ်းစာ တစ်အုပ်လုံး၌ အခန်းကြီးပေါင်း (၁၁၈၉) ခုပါရှိသည်။ ၄င်းတိုအနက် အခန်းကြီး (၄)ခုသာလျှင် ဤရှုးခဲ့သော ကမ္ဘာမြေကြီးနှင့် ပတ်သက်မှုမရှိပေ။ အပြစ်မကျရောက်မီ ကောင်းကင်၊ မြေကြီး နှင့် ကောင်းကင်သစ်၊ မြေကြီးသစ်အဖြစ် ဖန်ဆင်းခြင်းအ ကြောင်းတွင်ဖြစ်သည်။ ကျမ်းစာရှိ အစဆုံး အခန်းကြီး (၂) ခုနှင့် နောက်ဆုံး အခန်းကြီး (၂) ခုဖြစ်သည်။ ကျန်အပိုင်းအားလုံးတို သည့် အပြစ်၏ ဆိုးကျိုးတရားများ မှတ်တမ်းဖြစ်သည်။
ဓမ္မဟောင်းကျမ်း၌ ထာဝရဘုရားသည် အပြစ်တရား၏ ဘေးအန္တရာယ်ကို ဖော်ပြ ရာတွင် အာဒံနှင့်ဧ၀မှ အစပြုပြီး ကာဣနနှင့် အာဗေလ၊ ဘိုးဘေးတိုနှင့် မောရှေ၊ ဣသရေလ၊ ရှင်ဘုရင်များ၊ ယဇ်ပုရောဟိတ်များ၊ အချိုသော ပရောဖက်များနှင့် တပါးအမျိုးသားတိုအကြောင်း ဖော်ပြပေးထားသည်။ ဓမ္မဟောင်းကျမ်း တစ်လျှောက် ထာဝရဘုရား၏ ပညတ်တော်အား ချိုး ဖောက်ခြင်းနှင့် အပြစ်များကြောင့် အစဉ်အဆက် ဖြစ်လာသော ဆိုးကျိုးများကို ဝမ်းနည်းဖွယ်ရာ ဖော်ပြထားသည်။
ဓမ္မသစ်ကျမ်း၌မူကား အပြစ်တရား၏ ဆိုးကျိုးသည် ပိုမိုထင်ရှားလာသည်။ ခရစ်တော် နှင့် တမန်တော်တို့၏ ဟောပြောခြင်းနှင့် သွန်သင်ခြင်းတိုသည် နောင်တတရားသို ဖိတ်ခေါ်ခြင်း ဖြင့် အစပြုပြီး ထိုဖိတ်ခေါ်ခြင်းဖြင့် အဆုံးသတ်ထားသည်။ ဟေရုဒ်မင်း၊ ယုဒခေါင်းဆောင်များ၊ ဣသရေလလူမျိုးနှင့်တကွ ပိလတ်မင်း၊ ရောမမြို့နှင့် အခြားကမ္ဘာ အားလုံးတိုသည် ခရစ်တော် ကယ်တင်ရှင်ကို ငြင်းပယ်၍ ထာဝရဘုရား ၏ သမ္မာတရားကို မထီမဲ့မြင်ပြု၍ မိမိကိုယ်ကို အ ပြစ်ဒဏ်စီရင်ခြင်းသို ရောက်စေသည်။ အပြစ်တရားသည် လျော့သွားခြင်းမရှိဘဲ နောက်ဆုံး အချိန်ကာလနှင့် ခရစ်တော်တရားစီရင်ရန် ပြန်လည်ကြွလာသည်အထိ ဆက်လက်တည်ရှိနေ သည်။ ဓမ္မသစ်ကျမ်း၌ မနာခံခြင်းသည် ဓမ္မဟောင်းခေတ်က မနာခံခြင်း ထက်ပင် ပို၍ ပြင်းထန် လာသည်။ အဘယ့်ကြောင့်ဆိုသော် ပို၍ ရှင်းလင်းလာသည့် ဓမ္မသစ်ကျမ်း၏ ရှင်းပြချက်ဖြစ်သော ကယ်တင်ရှင်ခရစ်တော် ယေရှုအား ငြင်းပယ်မှုနှင့် ပတ်သက်နေသောကြောင့် ဖြစ်သည်။
၃။ ယုံကြည်ခြင်းနှင့် နာခံခြင်းအတွက် ထာဝရဘုရား၏ ကောင်းကြီးမင်္ဂလာ ဖော်ပြခြင်း ၊
သမ္မာကျမ်းစာ၌ အဖန်တလဲလဲ ကတိပေးထားသည်မှာ ထာဝရဘုရားအား ရှာဖွေသော သူတိုနှင့် နာခံသောသူတိုအတွက် ကြီးမားလှစွာသော အကျိုးကျေးဇူးသည် အချိန်တိုင်းနှင့် ထာဝရအထိ ရှိကြောင်း ပင်ဖြစ်သည်။ ဓမ္မဟောင်းကျမ်း၌ ထာဝရဘုရားသည် မိမိကိုယုံကြည် သူတိုအား ယုံကြည်အားကိုး သောကြောင့်လည်းကောင်း၊ မိမိ၏နှုတ်ကပတ်တော်အား လိုက်နာ စောင့် ရောက်၍သော်လည်းကောင်း၊ အာဗေလ၊ ဘိုးဘွားတိုမှအစ ကြွင်းကျန်သော ဣသရေလ တိုနှင့် ယုံကြည်လာသော တပါးအမျိုးသား တို့ကိုပင်လျှင် အပြစ်မှ နောင်တတရား၏ ကောင်းကြီး ၊ များကို ဖော်ပြပေးသည် (နိနဝေမြိုသားများကဲ့သို)။
လူသားများအတွက် ထာဝရဘုရား၏ စံနှုန်း၊ အလိုတော်၊ ကိုယ်ကျင့်တရားတိုကို အစဉ်တစိုက်ဖော် ပြပေးခဲ့သည်။ ထာဝရဘုရား၏ စံနှုန်းများကို ထိန်းသိမ်းလိုက်နာရန် မတတ် နိုင်သောသူများအနေဖြင့် မိမိတို၏ အပြစ်ကို နားလည်သဘောပေါက်ခြင်း၊ ထာဝရဘုရားကို ကျေနပ်စေရန် မိမိအစွမ်းအစ၊ ကိုယ်ကျင့်တရားဖြင့် မတတ်နိုင်ခြင်းကို ဝန်ခံခြင်း၊ ခွင့်လွှတ်ခြင်းနှင့် ကျေးဇူးတော်ကို တောင်းခံခြင်းများပြုလုပ်လျှင် ယခုဘဝတွင်သာ မက ထာဝရထိတိုင် ကောင်း ကြီးမင်္ဂလာ ခံစားရမည်ဖြစ်သည်။
ဓမ္မသစ်ကျမ်းတွင် ဘုရားသခင်သည် မိမိအပြစ်ကို နောင်တရသော သူတိုအတွက် အပြစ်မှ ရွေးနှုတ်ကယ်တင်ခြင်းနှင့် ပြည့်ဝစုံလင်သော ကောင်းကြီးမင်္ဂလာများအကြောင်း ထပ်မံ ၍ ဖော်ပြထားသည်။ အချိုတိုသည် ဗတ္တိဇံယောဟန် ဟောပြောသော နောင်တရခြင်းအကြောင်း ကို တုံပြန်ခဲ့ကြသည်။ အချိုတိုက သခင်ယေရှု၏ ဟောပြောခြင်းအားဖြင့် နောင်တရခဲ့ကြသည်။ ဣသရေလလူအချိုတိုသည် တမန်တော်တို၏ ဟောပြောခြင်းကို နာခံတုံပြန်ခဲ့ကြသည်။ နောက် ဆုံး၌မူကား ရောမအင်ပါယာတစ်လျှောက်လုံးရှိ တပါးအမျိုးသားတိုသည်ပင်လျှင် ဧဝံဂေလိ တရားကို ယုံကြည်ခဲ့ကြသည်။ ထိုသူအားလုံးနှင့် သမိုင်းကြောင်း တစ်လျှောက် ယုံကြည်လက်ခံ မည့် လူသားတိုင်းအတွက် ယခုကမ္ဘာနှင့် ရှေ့လာမည့်ကမ္ဘာတွင် ကောင်းကြီး မင်္ဂလာများကို ခံစားကြရမည်ဖြစ်ကြောင်း ကတိတော်ရှိခဲ့သည်။
၄။ ကယ်တင်ရှင်သခင်နှင့် အပြစ်အတွက် ပူဇော်ခံခြင်းကို ဖော်ပြခြင်း ၊
ဤအကြောင်းအရာသည် သခင်ယေရှုက သူ့အကြောင်းကို တင်စားခြင်းနှင့် ပရောဖက် ပြုခြင်းဖြင့် ဖော်ပြထားသည်ဟု ဆိုခဲ့သော ဓမ္မဟောင်းကျမ်းနှင့် သူ၏ ကြွလာတော်မူခြင်း အကြောင်းကို ရေးသားဖော် ပြသော ဓမ္မသစ်ကျမ်းတို၏ အနှစ်သာရဖြစ်သည်။ ကောင်းကြီးမင်္ဂလာ နှင့်ဆိုင်သော ကတိတော်သည် အပြစ်သားအား ပေးသနားသော ကျေးဇူးတော်နှင့် ကရုဏာတော်အပေါ် မူတည်သည်။ ကျေးဇူးတော်ဆိုသည်မှာ အပြစ်သားများ၏ အပြစ်ကို မမှတ်ယူ ခြင်းဖြစ်သည်။ ထိုကဲ့သိုသော အပြစ်လွှတ်ခြင်းသည် ဘုရားသခင်၏ သန့်ရှင်းသော တရားမျှတမှု ကို ပြေအေးစေရန် အပြစ်ဒဏ် အတွက်ပေးဆပ်မှုအပေါ် မူတည်သည်။ ၄င်းတွင် အပြစ်သား၏ နေရာ၌ အသေခံမည့် ကိုယ်စားပြုတစ်ဦး လိုအပ်လာသည်။ ဘုရားသခင်ရွေးချယ်သည့် အရည် အချင်းပြည့်မီသော၊ တစ်ဦးတည်းသော ကိုယ်စားပြုသူမှာ သခင်ယေရှုသာလျှင်ဖြစ်သည်။ ကယ် တင်ခြင်းသည် ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်း နှစ်ခုလုံးတွင် ကျေးဇူးတော်အားဖြင့်သာ ရရှိခြင်းဖြစ်သည်။ မည်သည့်အပြစ် သားမဆို နောင်တနှင့် ဘုရားသခင်ထံ ချဉ်းကပ်ပြီး မိမိခံ ထိုက်သည့် ဘုရား၏စီရင်ခြင်း မိမိကိုယ်ကို ကယ်တင် ရန် မတတ်စွမ်းနိုင်သည်ကို နားလည်ရ မည်။ ထိုနောက် ကရုဏာတော်ကို အသနားခံသည့်အခါ ဘုရားသခင်၏ အပြစ်လွှတ်ခြင်း ကတိတော်ကို ခံစားရမည်။ ထိုနောက် သူ၏ အသက်တာတွင် ခရစ်တော်၏ စွန့်လွှတ်အသေခံ ခြင်းနှင့် နာခံခြင်းတိုကို ထည့်သွင်းထားလိုက်ပြီဖြစ်သောကြောင့် ဘုရားသခင်သည် သူ့အား ဖြောင့်မတ်သည်ဟု ကြေညာလိုက်သည်။ ဓမ္မဟောင်းကျမ်းတွင် ဘုရားသခင်သည် ထိုအတူပင် ခရစ်တော်၏ အပြစ်ဖြေခြင်းအမှု ကိုထောက်ပြီး အပြစ်သားများကို ဖြောင့်မတ်ခြင်းသို ရောက် စေခဲ့သည်။ ထိုကြောင့် ရွေးနှုတ်ကယ်တင်ခြင်း သမိုင်းတစ်လျှောက်တွင် ကျေးဇူးတော်နှင့် ကယ်တင်ခြင်းတို၏ ဆက်လက်ဖြစ်တည်မှုကို တွေ့ရသည်။ အမျိုးမျိုးသော ပဋိညာဉ်များ၊ ကတိတော်များနှင့် ခေတ်များသည် ထိုအခြေခံဆက်လက်တည်ရှိမှုကို မပြောင်းလဲ စေသည်သာမက၊ ဓမ္မဟောင်း သက်သေခံလူမျိုးဖြစ်သော ဣသရေလ၊ ဓမ္မသစ်သက် သေခံလူများဖြစ်သော အသင်းတော်ကိုလည်း မပြောင်းလဲခဲ့စေပေ။ ထိုဆက်လက်တည်ရှိခြင်းသည် ဘုရားသခင်၏ အကြံအစည် တော်ကို နှောင့်ယှက်ဖျက်ဆီးခြင်းမပြုဘဲ၊ ကားတိုင်တွင် အရာခပ်သိမ်း၏ ရည်ညွှန်း ရာ ဗဟိုဖြစ်လာသည်။
ဓမ္မဟောင်းကျမ်းတစ်လျှောက်လုံးတွင် ကယ်တင်ရှင်နှင့် စွန့်လွှတ်ပေးဆပ်ခြင်းတိုကိုကတိပေးခဲ့သည်။ ကမ္ဘာဦးကျမ်းတွင် သူသည် စာတန်ကို နှိမ်နှင်းမည့် မိန်းမ၏ အမျိုးအနွယ် ဖြစ်သည်။ ဇာခရိတွင် ဣသရေလ လူမျိုးများ ပြန်လှည့်ကြည့်သော ထိုးနှက်ခြင်းခံရသူဖြစ်ပြီး သူ့အားဖြင့်လည်း ဘုရားသခင်သည် အပြစ်ကြောင့် ငိုကြွေးမြည်တမ်းကြသော သူများအားလုံးအ တွက် အပြစ်လွတ်ခြင်း စမ်းရေတွင်း ဖွင့်ပေးခဲ့သည်။ သူသည် မောရှေ၏ ပညတ္တိကျမ်းတွင် ယဇ်ပူဇော်ခြင်း စနစ်၌ သာဓကပြုထားသူဖြစ်သည်။ ပရောဖက်တို့ ဟောပြောသော ဆင်းရဲခြင်း ခံသည် ကိုယ်စားပြုသူ ဖြစ်သည်။ ဓမ္မဟောင်းကျမ်း တစ်လျှောက်တွင် သူသည် သူ့လူများ၏ အပြစ် များအတွက် အသခံမည့် မေရှိယဖြစ်ပြီး၊ ဓမ္မဟောင်းကျမ်း၏ အစမှအဆုံးအထိတိုင် ကျွန်ုပ်တို၏ ကယ်တင်ရှင် သခင်သည် အပြစ်အတွက် စွန့်လွှတ်ပေးဆပ်သူအဖြစ် ဖော်ပြထား သည်။ ဘုရားသခင်က နောင်တရ၍ ယုံကြည် သောသူများကို ကျေးဇူးပြုကာ အပြစ်လွှတ်သည့် အကြောင်းမှာ ခရစ်တော်၏ အပြစ်အတွက် ပြည့်စုံသော ပေးဆပ်ခြင်းကြောင့် ဖြစ်သည်။
ဓမ္မသစ်ကျမ်းတွင် ကယ်တင်ရှင်သခင်သည် ကြွလာ၍ ကားတိုင်ပေါ်တွင် အပြစ်အ တွက် ပေးဆပ် ပူဇော်ခြင်း ကတိတော်မြတ်ကို အမှန်တကယ်ဆောင်ရွက် ထောက်ပံ့ပေးခဲ့သည်။ သူ၏ စုံလင်သော အသက် တာဖြင့် ဖြောင့်မတ်ခြင်းတရားအားလုံးကို ပြည့်စုံစေခဲ့သည့် အလျှောက်၊ သူ၏သေခြင်းဖြင့် တရားသောအမှုကို ပြည့်စုံစေခဲ့သည်။ ထိုသိုအားဖြင့် ဘုရားသခင် ကိုယ်တိုင် လူ့ဉာဏ်နှင့် နားမလည်နိုင်သော အလွန်ကြီးမားသည့် အဖိုးအခကိုပေးကာ အပြစ် အတွက် အပြစ်ဖြေခြင်း ပြုလုပ်ခဲ့သည်။ ဘုရားသခင်ရွေးချယ်ခံရသည့် လူများဖြစ် ရန်အတွက် သူတိုလိုအပ်သော ကောင်းကျိုးများအားလုံးကို သူတိုကိုယ်စား ဘုရားသခင်ကသာ သဘောထား ကြီးစွာ ဖြည့်ဆည်းပေးသည်။ ကျမ်းစာတွင် ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းသို ရောက်ရ၏ ဟု ဆိုရာတွင် ဤအရာကို ဆိုလိုခြင်းဖြစ်သည်။
၅။ ကယ်တင်ရှင်သခင်၏ နိုင်ငံတော်နှင့် ဘုန်းတော်ကို ဖော်ပြခြင်း
ကျမ်းစာ၏ အရေးကြီးသော ဤအစိတ်အပိုင်းသည် ဇာတ်လမ်းတစ်ခုလုံးတွင် ဘုရား သခင် ချမှတ်ထား သော အဓိကပန်းတိုင်ဖြစ်သည်။ ဘုရားသခင်သည် ရွေးနှုတ်ကယ်တင်ခြင်း သမိုင်းကို သူ၏ ထာဝရဘုန်းတော်၌ အမြင့်ဆုံးအဆင့်အထိ ရောက်အောင် ထိန်းချုပ်သည်။ ရွေးနှုတ်ကယ်တင်ခြင်းသမိုင်းသည် အစပြုသည့်အတိုင်း တိတိကျကျ အဆုံးသတ်သွားမည်ဖြစ် သည်။ အနာဂတ္တိအကြောင်းအရာများသည်လည်း မရေရာခြင်း၊ မပြတ် သားခြင်း မရှိပေ။ အရေး မကြီးသော အရာများလည်း မဟုတ်ပေ။ စာအုပ်တိုင်းတွင် ဇာတ်လမ်း မည်သိုဆုံး သနည်းဟူသော အချက်သည် အရေးကြီးဆုံးနှင့် စိတ်ဝင်စားဖွယ်အကောင်းဆုံး ဖြစ်သည်နှင့်အညီ ကျမ်းစာ သည်လည်း ထိုနည်းတူဖြစ်သည်။ ကျမ်းစာသည် နောက်ဆုံးကာလအတွက် ဘုရားသခင်၏ အစီအစဉ်ကို တိကျစွာဖြင့် ဖော်ပြသည်။
ဓမ္မဟောင်းကျမ်းတွင် အုပ်စိုးရန် ကြွလာမည့်သူ ကယ်တင်ရှင်သခင်ဖြစ်သော မေရှိယ သည် လောက၌ တည်ထောင်အုပ်ချုပ်မည့် သူ၏နိုင်ငံတော်အကြောင်းကို ထပ်တလဲလဲ ဖော်ပြ သည်။ ထိုနိုင်ငံတော်နှင့်ပတ်သက် သော အရာများမှာ ဣသရေလတို၏ ကယ်တင်ခြင်း၊ တပါး အမျိုးသားတို၏ ကယ်တင်ခြင်း၊ ကျိန်ခြင်းကိုခံ ရသော လောကကြီးအား အသစ်ပြုပြင်ခြင်းနှင့် သေသော လူတို၏ခန္ဓာများကို ဘုရားသခင် ရှင်ပြန်ထမြောက်စေ ခြင်းတိုဖြစ်သည်။ နောက်ဆုံး တွင် ဓမ္မဟောင်းကျမ်း၏ ဟောပြောချက်မှာ စကြဝဠာသည် “မဖန်ဆင်းတော့ခြင်း” (သို) သုတ်သင်ဖျက်ဆီးခြင်းရှိပြီး၊ ကောင်းကင်သစ်နှင့် ကြီးသစ်ကို ဖန်ဆင်းမည်ဖြစ်ရာ ၎င်းသည် ဖြောင့်မတ် သောသူတို၏ထာဝရတည်နေရာ ဖြစ်ပြီး ဘုရားကို မရိုသေသောသူတို၏ နောက်ဆုံး ထာဝရငရဲကြခြင်း ဖြစ်သည်။
ဓမ္မသစ်ကမ်းတွင် သွင်ပြင် အချက်အလက်များကို ရှင်းလင်း၍ ချဲ့ကားထားသည်။ ရှင်ဘုရင်သည် ငြင်းပယ်ခြင်းနှင့် အသေသတ်ခြင်းကို ခံခဲ့ရသည်။ သိုသော်လည်း ဘုန်းတန်ခိုး နှင့် ကြွလာရန်၊ တရားစီရင်ရန်၊ ရှင်ပြန်ထမြောက်စေရန်နှင့် ယုံကြည်သူတိုင်းအတွက် နိုင်ငံတော် ကို တည်ထောင်ရန် ကတိပေးခဲ့သည်။ ရွေးနှုတ်ကယ်တင်ခြင်းခံရသော သူများအထဲတွင် တပါးအမျိုးသား အမြောက်အများ ပါဝင်ကြမည်ဖြစ်သည်။ ဣသရေလသည်လည်း ခဏတာ ဖျက်ပယ်ခြင်းကို ခံရသည့် ကောင်းကြီးမင်္ဂလာများ၏ အရင်းအမြစ်များကို ပြန်လည်ပြုပြင်ပြီး၊ ကယ်တင်ခြင်းကို ခံရမည်ဖြစ်သည်။
ဣသရေလကို ပေးခဲ့သည့် ကတိတော်တွင် ပလ္လင်ပေါ်၌ အုပ်စိုးသော ကယ်တင်ရှင် သခင်နှင့် အလွန်ပျော်ရွှင်ခြင်းရှိမည်ဖြစ်ရာ ကယ်တင်ရှင်သည် အသစ်ပြုပြင်သော ကမ္ဘာသစ် တွင် တစ်လောကလုံးအပေါ် အာဏာရှိခြင်း၊ သူ၏ထိုက်တန်သော အာဏာကို ပြန်လည်အပ်နှံ ကာ၊ ရိုသေကိုးကွယ်ခြင်း ခံရမည်ဖြစ်သည်။ ထိုနိုင်ငံတော်နှောက်တွင် အပြစ်စွန်းနေသော ဖန်ဆင်းခြင်းနှင့် နောက်ဆုံးသော ဖန်ဆင်းခြင်းဖြစ်သည့် ကောင်းကင်သစ်နှင့် မြေကြီးသင်သည် ထာဝရ တည်မည်ဖြစ်ပြီး ဘုရားမဲ့သော လူဆိုးတိုသည် ငရဲကျ၍ ထာဝရခွဲ ခွါရမည်ဖြစ်သည်။
ကျမ်းစာအုပ်သည် ထိုခေါင်းစဉ်ငါးခုတို့ဖြင့် ပြည့်စုံသည်။ ၄င်းတို့ကို နားလည်ရန် အမြဲဆက်တိုက် ထွက်ပေါ်လာသော မေးခွန်းဖြစ်သည့် – အဘယ့်ကြောင့် ကျမ်းစာသည် ဤအကြောင်းအရာများကို ပြောရသနည်းဆိုသည့် အဖြေကို သိရမည်။ အကြောင်းအရာတိုင်းသည် ကောင်းမွန်သော ဤပုံစံတွင် ကိုက်ညီသည်။ ကျမ်းစာကို ဖတ်သည့်အခါတွင် သမ္မာတရားကို ဤချိတ်ငါးခုအပေါ်တွင် ချိတ်ဆွဲပါ။ ကျမ်းစာသည် သီးခြားကွဲပြားသော စာအုပ် (၆၆) အုပ် (သို) ဓမ္မစာအုပ်နှစ်စောင်အဖြစ် မဟုတ်ဘဲ စာအုပ် တစ်အုပ်၊ တစ်ဦးတည်းသော စာရေးဆရာဖြစ်သော ဘုရားသခင်သည် အားလုံးကို တစ်ခုတည်းသော အကြောင်းအရာတစ်ခုတွင် ရေးသား ခဲ့သည်။
ကျွန်ုပ်၏ ဆုတောင်းချက်မှာ ခမ်းနားထည်ဝါလှသော အဓိကအကြောင်းအရာဖြစ်သည့် ထာဝရဘုရား၏ ဘုန်းတော်အတွက် အပြစ်သားများ၏ ရွေးနှုတ်ကယ်တင်ခြင်းသည် စာဖတ်သူ ၏ အာရုံကို အစမှအဆုံး တိုင်အောင် ဆွဲဆောင်ရန်ဖြစ်သည်။ ဤဇာတ်လမ်းသည် ခရစ်ယာန်များ ၏ဇာတ်လမ်း ဖြစ်သည်။ ထာဝရဘုရား ထံမှ သင့်အတွက် ပေးခဲ့သော သင်၏ ဇာတ်လမ်းဖြစ် သည်။ ထိုအရာသည် သင့်အတွက် သူ၏အကြံအစည် တော်အကြောင်း၊ အဘယ့်ကြောင့် သင့်ကို ဖန်ဆင်းခဲ့ကြောင်း၊ သင်မည်သူဖြစ်ကြောင်း၊ ခရစ်တော်၌ မည်သူ ဖြစ်ကြောင်း၊ ထာဝရဘုန်း ထင်ရှားခြင်းတွင် သင့်အတွက် မည်သည့်အရာများကို ပြင်ဆင်ထားကြောင်း စသည်တို့ကို ဖော်ပြသည်။
သမ္မာကျမ်းစာကို မည်ကဲ့သို ရရှိခဲ့သနည်း ၊
ဧ၀သည် ထာဝရဘုရား၏ စကားကို သံသယဖြစ်၍ ငြင်းဆန်ရန် စာတန်၏ နှောင့်ယှက် သွေးဆောင် ခြင်းကို ရင်ဆိုင်ခဲ့သည့် အချိန်မှစပြီး (က ၂း၁၆၊ ၁၇) လူသားတိုသည် လာ၀ရဘုရား ၏ စကားတော်ကို မေးခွန်း ထုတ်တတ်ကြသည်။ ဝမ်းနည်းစရာကောင်းစွာ၊ ဧဝသည် ထာဝရ ဘုရား၏ ထင်ရှားဖော်ပြခြင်းကို အပြည့်အဝ ယုံကြည်ရန် သူမ၏ ဉာဏ်ပညာဖြင့် မတတ်နိုင်ခဲ့ ပေ (က ၂း၁၆၊ ၁၇)။
ယခုတွင် ကျမ်းစာသည် မေးခွန်းထုတ်စရာ၊ စဉ်းစားစရာ အချက်အလက်များစွာ ရှိနိုင် သည်။ ၄င်းတွင် စာအုပ်ပေါင်း ၆၆ အုပ်၊ အခန်းကြီးပေါင်း ၁၁၈၉၊ အခန်းငယ်ပေါင်း ၃၁၁၇၃ နှင့် စကားလုံးပေါင်း ၇၇၄၇၄၆ ရှိသည်။ သင်၏ မြန်မာကျမ်းစာကို ဖတ်ရန်နှင့် လေ့လာရန် ဖွင့်လိုက်သောအခါ အတိတ် (သို) လက်ရှိတွင် ဤမေးခွန်းမျိုး မေးနိုင်သည်။ “ဤစာအုပ်သည် စင်ကြယ်၍ စစ်မှန်သော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဖြစ် ကြောင်း မည်သို အသေအချာ သိနိုင်မည်နည်း။”
ဤမေးခွန်းများသည် မကောင်းသော မေးခွန်းမဟုတ်ပေ။ အထူးသဖြင့် သင်ယူတတ် သော နှလုံးသားနှင့်သင်ယူသည့်အခါ (တ ၁၇း၁၁)၊ ရိုးသားသော ကျောင်းသားသည် ဤသို့ သော စောဒကမျိုးဖြင့် မေးရန် ကျမ်းစာက ဖိတ်ခေါ်လျက်ရှိသည်။ ခေါင်းထဲတွင် ဤကဲ့သို မေးခွန်းများ ပြည့်နှက်နေတတ်သည်။
– ကျမ်းစာသည် ဘယ်ကလာသနည်း။
– မည်သူ၏ စဉ်းစားတွေးတောခြင်းကို ရောင်ပြန်ဟပ်သနည်း။
– အတိတ်ကာလတွင် ကျမ်းစာအုပ်ထဲမှ တစ်အုပ်အုပ် ပျောက်ခဲ့ပါသလား။
– ကျမ်းစာသည် သူ့အကြောင်းကို မည်သိုမိန့်ဆိုသနည်း။
– သူ၏ မိန့်ဆိုခြင်းနှင့် ညီညွတ်မှုရှိပါသလား။
– ကျမ်းစာကို မည်သူ ရေးသနည်း။ ဘုရားလား၊ လူလား။
– ကျမ်းစာသည် ရာစုနှစ်ပေါင်းများစွာတွင် လူတို၏ တိုက်ခိုက်တွန်းလှန်ခြင်းမှ ကွယ် ကာစောင့်ရှောက်ခြင်း ရှိခဲ့ပါသလား။
– ယနေ့ဘာသာပြန် ကျမ်းစာများသည် မူရင်းနှင့်မည်မျှ နီးစပ်မှုရှိသနည်း။
– ကျမ်းစာသည် မည်သို ကျွန်ုပ်တို့၏ အချိန်ကာလနှင့် ဘာသာစကားသို့ ရောက်ရှိ လာရသနည်း။
– လက်ရှိ ၆၆ အုပ်အပြင် နောက်ထပ်လာမည့် ကျမ်းစာရှိသေးသလား။
– ကျမ်းစာသည် ၆၆ အုပ်အဖြစ် ရှိရမည်ကို မည်သူက၊ မည်သည့်အရာကို အခြေပြု၍ ဆုံးဖြတ်သနည်း။
– ကျမ်းစာသည် နှစ်ပေါင်း (၁၅၀၀) ကျော် ရေးသားခဲ့လျှင် (ခန့်မှန်းဘီစီ ၁၄၀၅ မှ အေဒီ ၉၅)၊ ထိုအချိန်မှ နှစ်ပေါင်း ၂၀၀၀ နီးပါးရှိခဲ့ပြီဖြစ်ပြီး၊ ထောင်နှင့်ချီ၍ ဘာသာ ပြန်ဆိုခဲ့ရာ၊ လူတို၏ ဆိုးညစ်သောစိတ်ထားနှင့် ဂရုမပြုလိုသော စိတ်ဓာတ်ကြောင့် ပြောင်းလဲခြင်းမရှိစေရန် မည်သည့်အရာက ကာကွယ်ခဲ့သနည်း။ ။
– ယနေ့ ကျမ်းစာသည် “ထာဝရဘုရား၏ နှုတ်ကပတ်တော်”ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံထိုက် ပါသလား။
ဤမေးခွန်းများသည် များစွာသော လူတို၏ စိတ်ကို ဒွိဟဖြစ်စေခြင်းမှာ အမှန်ပင်ဖြစ် သည်။ နှုတ်ကပတ် တော်ကို လေ့လာခြင်းသည် ဤမေးခွန်းများ၏ အရှုပ်အနှောင်များကို ပ ပျောက်စေသည်။ ကျမ်းစာသည် ဤ အကြောင်းအရာကို အာမခံလျက်ရှိသည်။
ကျမ်းစာ၏ ကိုယ်တိုင်အတည်ပြုချက် အဆိုများ
ကျမ်းစာကို ယူ၍ ကျမ်းစာအကြောင်းကို ကျမ်းစာကပဲ ပြောပါစေ။ ထာဝရဘုရား၏ နှုတ်ကပတ်တော် အဖြစ်ရော ပြောဆိုပါသလား။ ပြောဆိုပါသည်။ ဓမ္မဟောင်းကျမ်းတွင် အကြိမ် ပေါင်း ၂၀၀၀ ကျော်၊ ကျမ်းစာ၌ ရေးသားထားသမျှသည် ထာဝရဘုရား မြွတ်ဆိုသော စကား တော်ဖြစ်ကြောင်း ဖော်ပြထားသည်။ အစမှ (က ၁း၃) အဆုံးအထိ (မာလ ၄း၃) ကျမ်းစာတစ် အုပ်လုံးတွင် ဆက်လက်၍ ဤအကြောင်းကို ကျမ်းစာကိုယ်တိုင် မိန့်မြွတ်ထားသည်။
“ထာဝရဘုရား၏ နှုတ်ကပတ်တော်”ဟူသော စကားစုသည် ဓမ္မသစ်ကျမ်းတွင် အကြိမ် ပေါင်း (၄၀) ကျော် တွေ့ရသည်။ ဓမ္မဟောင်းကျမ်းတွင် ထိုအတူဖြစ်သည် (မာ ၇း၁၃)။ သခင် ယေရှု ဟောပြောခဲ့သည် (လု ၅း၁)။ တမန်တော်များ သင်ကြားခဲ့သော တရားစကားဖြစ်သည် (တ ၄း၃၁၊ ၆၂)။ တမန်တော်များ ဟောခဲ့သည့် အတိုင်း (တ ၈း၂၅) ရှမာရိလူများ လက်ခံခဲ့သော နှုတ်ကပတ်တော်ဖြစ်သည် (တ ၈း၁၄)။ ရှင်ပေတရု ဟောပြောခဲ့ သည့်အတိုင်း တပါးအမျိုးသား များ လက်ခံခဲ့သည့် တရားစကားဖြစ်သည် (တ ၁၁း၁)။ ရှင်ပေါလုက သူ၏ ပထမသာသနာခရီး တွင် ဟောပြောခဲ့သည့် တရားတော်ဖြစ်သည် (တ ၁၃း၅၊ ၇၊ ၄၄၊ ၄၈၊ ၄၉၊ ၁၅း၃၅၊ ၃၆)။ ပေါလု၏ ဒုတိယသာသနာ ခရီးစဉ်တွင် ဟောပြောခဲ့သည့် တရားစကားဖြစ်သည် (တ ၁၆း၃၂၊ ၁၇း၁၃၊ ၁၈း၁၁)။ ပေါလု၏ တတိယသာသနာခရီးစဉ်တွင် ဟောပြောခဲ့သည့် တရားစကားဖြစ် သည် (တ ၁၉း၁၀)။ တမန်တော် ဝတ္ထုတွင် ရှင်လုကာ အထူးပြုရေးသားခဲ့သည်။ လျှင်မြန်စွာ တိုးပွားခဲ့သည့် တရားတော်ဖြစ်သည် (တ ၆း၇၊ ၁၂း၂၄၊ ၁၉း၂၀)။ ရှင်ပေါလုက သူဟောပြော သည့် တရားစကားသည် လုပ်ကြံပြောဆိုခြင်းမဟုတ်၊ ဘုရားသခင် ၏ စကားအမှန်အကန်ဖြစ် ကြောင်းကို ကောရိန္ဒူအသင်းတော်အား ဂရုတစိုက် ပြောပြခဲ့သည် (၂ ကော ၂း၁၇၊ ၄း၂)။ ရှင်ပေါလုက ထိုအရာသည် သူ့တရားဟောချက်၏ အရင်းအမြစ်အဖြစ် သတ်မှတ်သည် (ကော ၁း၂၅၊ ၁ သက် ၂း၁၃)။
ဆာလံ ၁၉ နှင့် ၁၁၉၊ သု ၃၀း၅-၆ တို့သည် လူ့သမိုင်းတွင် အခြားထင်ရှားသော ဘာသာရေး ညွှန်ကြား ချက်များနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်သည် လုံးဝမတူညီကြောင်း ကို အခိုင်အမာမိန့်ဆိုသည်။ ဤကျမ်း ချက်များသည် ကျမ်းစာကို “ဓမ္မကျမ်းစာ” (၂ တိ ၃း၁၅)နှင့် “သန့်ရှင်းသော သမ္မာကျမ်းစာ” (ရော ၁း၂) ဟူ၍ ခေါ်ခြင်းအတွက် အတည်ပြုချက်ပေးသည်။
ကျမ်းစာသည် တန်ခိုးကြီးသော ထာဝရဘုရား၏မှုတ်သွင်းတော်မူသော နှုတ်က တော် ဖြစ်သောကြောင့် (၂ တိ ၃း၁၆၊ ၁၇)၊ ဩဝါဒပေးခြင်း၊ အပြစ်ကိုဖော်ပြခြင်း၊ အပြစ်ပြုပြင်ခြင်းနှင့် ဖြောင့်မတ်ခြင်းတရား၌ သွန်သင်ခြင်းတိုအတွက် အမြင့်ဆုံးသော ဝိညာဉ်ရေးရာ သြဇာ အာဏာဖြစ်ကြောင်းကို အတည်ပြုမိန့်ဆိုသည်။ ကျမ်းစာသည် ၄င်း၏ ဝိညာဉ်ရေးရာ ပြည့်စုံမှုကို ဖော်ပြပြီး၊ ၎င်း၏ သွန်သင်ခြင်းသည် သီးခြားဖြစ်ကြောင်း ကိုလည်း အထူးပြု မိန့်ဆိုထားသည် (ဟေရှာ ၅၅း၁၁၊ ၂ ပေ ၁း၃၊ ၄)။
ဘုရားသခင်၏ နှုတ်ကပတ်တော်သည် မှားယွင်းချက်ကင်းရှင်း (ဆာ ၁၂း၆၊ ၁၁၉း၁၄၀၊ သု ၃၀း၅၊ ၁၀း၃၅)၍၊ မမှားယွင်းနိုင်ခြင်း (၂ တိ ၃း၁၆၊ ၁၇)ဟု ကြေညာသည်။ တစ်နည်းအရ နှုတ်ကပတ်တော်သည် မှန်ကန်၍ ယုံကြည်လိုက်သည်။ ဤအရည်အချင်းအား လုံးတို့သည် ကျမ်းစာရှိသမျှကို ဘုရားသခင်ပေး ခဲ့ခြင်းဖြစ်သည့် အချက်ပေါ်တွင် မူတည်သည် (၂ တိ ၃း၁၆၊ ၂ ပေ ၁း၂၀၊ ၂၁)။ ၄င်းသည် ကျမ်းစာ၏ မူရင်းရေး သားချက်နှင့် ကျမ်းစာ၏ အရင်းအမြစ်ကို အာမခံချက်ပေးသည်။ ။
ကျမ်းစာထဲတွင် ဘုရားသခင်၏ ပုဂ္ဂိုလ်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်တိုသည် နေရာတိုင်းတွင် ဆက်နွယ်မှုရှိသည်။ ထိုကြောင့် ဘုရားသခင်၏ ဂုဏ်အင်္ဂါများ မှန်ကန်သည့်အ တိုင်း ဘုရားသခင်၏ နှုတ်ကပတ် တော်လည်း မှန်ကန်မှုရှိသည်။ ဘုရားသခင်သည် မှန်ကန်၍ အပြစ်ကင်းစင်ပြီး ယုံကြည်အားကိုးလိုက်သည် နည်းတူ သူ၏ နှုတ်ကပတ်တော်လည်း ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆင်ခြင်သောသူသည် လက်တွေ့ဘဝတွင် ဘုရားသခင် အကြောင်းကို ဆင်ခြင်နေသူဖြစ်သည်။
ထိုကြောင့် ကျမ်းစာသည် စာဖတ်သူတိုင်းကို ဤကဲ့သို မိန့်မြွတ်ရသည်။ ထိုသိုသင့်ကို နှိမ့်ချ၍ အငတ် အမွတ်ခံစေသောအခါ သင်သည် ကိုယ်တိုင်မသိ သင်၏ ဘိုးဘေး မသိဘူးသော မန္ဒနှင့်ကျွေးမွေးတော်မူသဖြင့် လူသည် မုန့်အားဖြင့်သာ အသက်မွေးရသည်မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှအားဖြင့် အသက်မွေးရ သည်ကို သိစေတော်မူ၏။
တရားဟော ၈း၃
ထားတော်မူသော ပညတ်တော်တိုကို မပယ်။
နှုတ်တော်ထွက်စကားတိုကို ငါ့ရင်ခွင်၌ သိုပါ၏။ ယောဘ ၂၃း၁၂
ထုတ်ဝေဖြန့်ချိခြင်း ဖြစ်စဉ်
ကျမ်းစာဖတ်သူများကို ဘုရားသခင်သည် သူ၏နှုတ်ကပတ်တော်မှ ရရှိသည့် ဤအရည် အချင်းများကို မရေမရာ မဖြစ်စေချင်ပေ။ သိုသော် မေးခွန်း၏ အဖြေကို အမြဲပေးလျက်ရှိသည်။ ခေတ်အဆက်ဆက်တွင် ယုံကြည်ခြင်းမဲ့ဝါဒသည် ကျမ်းစာ၏ အဆိုပြုချက်များကို မေးခွန်းထုတ် ကြသည်။ သိုသော် ကျမ်းစာ၏ ရှင်းပြချက်များနှင့် အဖြေများသည် ထိုစိန်ခေါ်မှုများထက်ပို၍ ခိုင်မာနေသည်။ ကျမ်းစာသည် ဘုရားသခင်၏ လုပ်ဆောင်မှုဖြင့် လူသားတိုထံ ထုတ်ဝေ ဖြန့်ချိခဲ့ပါသည်။ ထိုဖြစ်စဉ် အသွင်အပြင်များကို အောက်တွင် ဖော်ပြ ထားသည်။
ဗျာဒိတ်တော်
ဘုရားသခင်သည် လူသားများထံ မိမိကိုယ်ကို ထင်ရှားဖော်ပြရန် လုပ်ဆောင်ခဲ့သည် (ဟေဗြဲ ၁း၁)။ နည်းလမ်းအမျိုးမျိုးဖြင့် ဖော်ပြသည်။ တစ်ခါတစ်ရံ ဖန်ဆင်းခြင်းအရာများအားဖြင့် တစ်ခါတစ်ရံ ရူပါရုံများ /အိပ်မက်များ (သို့) ပရောဖက်များ၏ ဟောပြောခြင်းအားဖြင့် ဗျာဒိတ် ပေးခဲ့သည်။ မည်သိုပင်ဖြစ်စေ၊ အပြည့်စုံဆုံးနှင့် နားလည်ရအလွယ်ဆုံးဖြစ်သော ဘုရားသခင်၏ မိမိကိုယ်ကို ဖော်ပြခြင်းသည် ကျမ်းစာ၏ အဆိုပြုသော စကားအားဖြင့် ဖြစ်သည် (၁ ကာ ၂း၆ -၁၆)။ ဖော်ပြ ရေးသားထားသော ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ပြည့်စုံသည့် ဘုရားသခင်၏ တစ်ခုတည်းသော ဗျာဒိတ်တော်အဖြစ် ထူးခြားသည်ဖြစ်၍ လူသား၏ အပြစ် တရားကို ရှင်းလင်းစွာ ဖော်ထုတ်ပြီး လူသားများအတွက် ဘုရားသခင်မှ ကယ်တင်ရှင်ကို ပေး သနားခြင်းအကြောင်း ဖော်ပြသည်။
မှုတ်သွင်းတော်မူခြင်း
“မှုတ်သွင်းခြင်းအားဖြင့် ဘုရားသခင်၏ ဗျာဒိတ်တော်သည် သမ္မာကျမ်းစာအဖြစ် ရေးသား ဖော်ပြထားသည်။ ဤအချက်သည် ဘုရားသခင်၏ မိမိကိုယ်ကို ဖော်ပြခြင်းအဖြစ်အ ပျက်များထက် မိမိကိုယ်ကို ဖော်ပြခြင်းဖြစ်စဉ်နှင့် ပိုပြီး စပ်လျဉ်းမှုရှိသည်။ “ကျမ်းစာရှိသမျှသည် ဘုရားသခင်၏ မှုတ်သွင်းတော်မူခြင်းဖြင့် ဖြစ်၏” (၂ တိ ၃း၁၆) ဟူသော စကားသည် အဆိုပြု သည်။ ပေတရုက ဖြစ်စဉ်ကို ရှင်းပြပေးသည်မှာ “ကျမ်းစာ ၌ပါသော အနာဂတ္တိစကားမည်သည် ကား၊ ကိုယ်အလိုအလျောက် အနက်မပေါ်ဟု ရှေးဦးစွာ သိမှတ်ကြလော့။ အကြောင်းမူကား၊ အနာဂတ္တိစကားသည် လူအလိုအားဖြင့် ဖြစ်ဖူးသည်မဟုတ်။ ဘုရားသခင်၏ သန့်ရှင်းသူတို့ သည် သန့်ရှင်းသော ဝိညာဉ်တော်၏တိုက်တွန်းတော်မူခြင်းကို ခံရ၍ ဟောတော်မူ၏” (၂ ပေ ၁း၂၀-၂၁)။ ဤသိုဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်သည် လူသားတို၏ မှားယွင်းခြင်းမှ ကာကွယ် စောင့်ရှောက်သည်။ မူရင်းတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ခြင်းအားဖြင့် ကွယ် ကာပေးသည် (တရားဟော ၁၈း၁၈၊ မ ၁း၂၂)။ ဇာ ၇း၁၂ တွင် ပိုပြီး ရှင်းလင်းစွာ ဖော်ပြသည် “တရားစကားကို လည်းကောင်း၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား၏ ဝိညာဉ်တော်သည် ရှေးပရောဖက်တို့ဖြင့် … ” ဤသို့ ဝိညာဉ်တော်၏ လုပ်ဆောင်မှုသည် ကျမ်းစာ၏ အစိတ်အ ပိုင်းများ (စကားလုံးများ)နှင့် မူရင်းစာသားများအားလုံးတွင် သက်ရောက်မှုရှိသည်။
မူရင်းကျမ်း: စီစဉ်သတ်မှတ်ခြင်း
ကျမ်းစာသည် စာရေးသူ ၄၀ ဦးနီးပါးတို့မှ နှစ်ပေါင်း ၁၅၀၀ အတွင်း ရေးသားခဲ့ခြင်း ဖြစ်သော်လည်း တစ်ဦးတည်းသော စာရေးသူမှာ ဘုရားသခင်ဖြစ်ပြီး ကျမ်းတစ်အုပ်အဖြစ် ရေးသားထားသည်ကို ကျွန်ုပ်တို နားလည်ရမည်။ ကျမ်းစာသည် ဘီစီ ၁၄၀၅၊ ကမ္ဘာဦးကျမ်း ၁၊ ၂ တွင် မောရှေရေးသားခဲ့သည့် ဖန်ဆင်းခြင်းအ ကြောင်းအရာနှင့် အစပြုပြီး၊ အေဒီ ၉၅ ခုနှစ်က ဗျာဒိတ်ကျမ်း ၂၁၊ ၂၂ တွင် တမန်တော်ကြီး ရှင်ယောဟန်ရေး သားခဲ့သည့် ထာဝရအနာဂတ် အကြောင်းအရာအထိ ဖော်ပြရေးသားထားသည်။ ထိုအချိန်အတောအတွင်းတွင် မှုတ်သွင်းတော်မူသော ကျမ်းစာ၌ ဘုရားသခင်သည် သူ့အကြောင်းနှင့် သူ၏ရည်ရွယ်ချက်ကို အစဉ်အဆက် ဖော်ပြခဲ့သည်။ သိုသော် ၄င်းသည် အရေးကြီးသော မေးခွန်းနှစ်ခုကို စဉ်းစားမိစေသည်။ “ကျမ်းစာ၏ ကျမ်းရင်း တွင် မည်သည့်စာအုပ်များကို ထည့်သွင်း၍ မည်သည့်စာအုပ်များ ကို ပယ်ရမည်ကို မည်သို သိနိုင်ပါမည်နည်း။”
ရာစုနှစ်ပေါင်းများစွာတွင် ထိုကျမ်းချက်တိုကို ဘုရားသခင်ဖွင့်ပြပြီး မှုတ်သွင်းခဲ့ခြင်း ဖြစ်ကြောင်း သိနိုင်ရန် အသိအမှတ်ပြုထားသည့် နည်းလမ်း သုံးခုရှိသည်။ ပထမမှာ၊ ကျမ်းစာ အုပ်ရေးသားသူမှာ အသိအ မှတ်ပြုခြင်းခံရသော ပရောဖက်(သို) တမန်တော်တစ်ဦးတစ်ယောက် ဖြစ်ရမည် (သို့မဟုတ် မာကု၊ လုကာ၊ ဟေဗြဲ၊ ယာကုပ်နှင့် ယုဒတို့တွင် တွေ့ရသကဲ့သို သူတို့နှင့် တွဲဖက်လုပ်ကိုင်သူတစ်ဦးဦး ဖြစ်ရမည်)။ ဒုတိယမှာ၊ ကျမ်းရေးသားချက်သည် အရင်ကျမ်းနှင့် မတူညီမှု (သို) ကွဲလွဲမှုမရှိရ။ တတိယမှာ၊ ယေဘုယျအားဖြင့် မှုတ်သွင်းခံရသော ကျမ်းစာဖြစ်ကြောင်း အသင်းတော်မှ အများသဘောတူဖြစ်ရမည်။ မူရင်းကျမ်းဖော်ထုတ်ရန် ကောင်စီများ ဘုရားအကြောင်း ဆွေးနွေးပွဲကျင်းပသည့်အခါ မူရင်းကျမ်း၌ ပါဝင်ရမည့် ကျမ်းအုပ်များကို မဲ ပေးစနစ်ဖြင့်မဟုတ်ဘဲ၊ ဘုရားသခင်၏ အမှန်တကယ်ရေးသားခြင်း ဟုတ်မဟုတ်ကို ဆင်ခြင်ပြီးမှ အတည်ပြု ရသည်။
ဓမ္မဟောင်းကျမ်းနှင့် ပတ်သက်၍ ပြောရလျှင်၊ ခရစ်တော်အချိန်တွင် ဓမ္မဟောင်းကျမ်း တစ်ခုလုံး ရေးသားထားပြီး ယုဒလူမျိုးများက လက်ခံထားပြီးသားဖြစ်သည်။ နောက်ဆုံးကျမ်းဖြစ်သော မာလခိ အနာဂတ္တိကျမ်းသည် ဘီစီ ၄၃၀ ခန့်တွင် ပြီးမြောက်ခဲ့သည်။ ခရစ်တော်အချိန်က ဓမ္မဟောင်းကျမ်းရင်းသည် ရာစုနှစ်ပေါင်းများစွာ အသုံးပြုခဲ့သည့် ဓမ္မဟောင်းကျမ်းနှင့် လိုက်လျောညီထွေမှုရှိသည်သာမက ၄င်းတွင် မမှုတ်သွင်းသော စာအုပ်၊ အရင်းအမြစ်မမှန်သော ကျမ်းပယ်များ မပါဝင်ပေ။ ထိုသို လှည့်ဖြားကောက်ကျစ်သော အဖွဲ့များ ရေးသားသည့် တစ်ဆယ့် လေးစုတိုသည် မာလခိအနာဂတ္တိကျမ်းနောက်တွင် ဓမ္မဟောင်းကျမ်း၌ ဘီစီ ၂၀၀-၁၅၀ ခန့်က ပေါင်းထည့်ထားခဲ့သည်။ ထိုသိုသော ကျမ်းစာသည် စက်တူးဂျန့် (Septuagint – LXX) ဟုခေါ် သည့် ဓမ္မဟောင်းကျမ်း ဟေဗြဲစကားကို ဂရိဘာသာသို ပြန်ဆိုထားသော ကျမ်းစာတွင်ပါ ဝင်ပြီး ယနေ့ထိတိုင် တချိုကျမ်းစာများတွင် မြင်တွေ့ နေရသေးသည်။ မည်သိုပင်ဖြစ်စေ၊ ကျမ်း ပယ်ထဲမှ စာပိုဒ်တစ်ပိုဒ်ကိုမျှ ဓမ္မသစ်ကျမ်း ရေးသူများက ကိုးကားခြင်းမရှိသည်သာမဟုတ်ဘဲ သခင်ယေရှုသည် ဓမ္မဟောင်းကျမ်းရင်းကို အသိအမှတ်ပြုခဲ့ပြီး ထိုမမှုတ်သွင်းသည့် ကျမ်းများကိုမူ တစ်ခုကိုမျှ အတည်မပြုခဲ့ပေ (လု ၂၄း၂၇၊ ၄၄)။
ခရစ်တော်၏ အချိန်ရောက်လာသည့်အခါ ဓမ္မဟောင်းကျမ်းရင်းသည် နှစ်ပိုင်းခွဲခြားထား ပြီး (၂၂) (သို) (၂၄) အုပ်ဖြစ်၍ ထိုစာအုပ်များသည် ယနေ့ကျွန်ုပ်တို အသုံးပြုသော (၃၉) အုပ်တွင်ရှိသည့် တူညီသော အချက် အလက်များအားလုံး ပါဝင်သည်။ (၂၂) အုပ်ကျမ်းတွင် ယေရမိအနာဂတ္တိကျမ်းနှင့် ယေရမိမြည်တမ်းစကား တို့သည် တစ်အုပ်အဖြစ် ပေါင်းချုပ်သတ်မှတ် ထားသည့်နည်းတူ၊ တရားသူကြီးနှင့် ရုသတို့ကိုလည်း တစ်အုပ် တည်းအဖြစ် သတ်မှတ်ထားသည်။ (၂၄) အုပ်ကျမ်း၏ ပိုင်းခြားမှုမှာ အောက်ပါအတိုင်းဖြစ်သည်။
ဓမ္မဟောင်းကျမ်း၏ ကျမ်းရင်းကို အတည်ပြုရန် သုံးပြုသော အဓိကသော့ချက်သုံးခုကို ဓမ္မသစ်ကျမ်း တွင်လည်း အသုံးပြုသည်။ ရှင်မာကုနှင့် ရှင်လုကာ တမန်တော်ဝတ္ထုတိုအရ မာကု၊ လုကာတိုသည် ပေတရုနှင့် ပေါလှတို လက်တွဲဘက် စာရေးဆရာများ ဖြစ်မည်ဟု သိမြင်ရသည်။ ရှင်ယာကုပ်ဩဝါဒနှင့် ရှင်ယုဒဩဝါဒစာ တို့သည် ခရစ်တော်၏ အမေတူအမေကွဲညီအစ်ကို များ ရေးသားထားသည်။ ဟေဗြဲသြဝါဒစာ တစ်ခုတည်းသာ စာရေးသူ အတိအကျမသိရသည့် စာအုပ်ဖြစ်နေပြီး၊ ၄င်း၏ ရေးသားဖော်ပြချက်တိုသည် ဓမ္မဟောင်းနှင့် ဓမ္မသစ်တို့ဖြင့် အလွန် ထပ်တူညီမျှဖြစ်နေသည်။ ထိုကြောင့် ကနဦးအသင်းတော်သည် ၎င်းကို တမန်တော်တစ် ပါးပါး ၏ အပေါင်းအပါက ရေးသားသည်ဟု ကောက်ချက်ချသည်။ အေဒီ ၃၅ဝ-၄ဝဝ တွင် ဓမ္မသစ် ကျမ်း (၂၇) အုပ်တို့သည် တစ်ကမ္ဘာလုံးက ဘုရားသခင်၏ မှုတ်သွင်းထားခြင်းအဖြစ် လက်ခံထား သည်။
ထိန်းသိမ်းစောင့်ရှောက်ခြင်း
ဘုရားသခင် ဖွင့်ပြပြီး မှုတ်သွင်းထားသော သူ၏ နှုတ်ကပတ်တော်၊ ကနဦးအသင်းတော်က ကျမ်းစာမူရင်းအဖြစ် သတ်မှတ်ထားသော ကျမ်းစာသည် မည့်သည့်အပိုင်းမျှ ပျောက်လွင့်ခြင်းမရှိဘဲ ယနေ့ကျွန်ုပ်တို့ရရှိကြသည်ဟု မည်သို ကျိန်းသေနိုင်မည်နည်း။ ထိုမျှမက မာနတ် ၏ အဓိကဖြစ်စေ လိုသောအရာမှာ ကျမ်းစာကို ရှုတ်ချရန်ဖြစ်ခြင်းကြောင့်၊ ဤကဲ့သို ကျမ်းစာ ဖျက်ဆီးရန် တိုက်ခိုက်မှုကြားထဲမှ ကျမ်းစာသည် ဆက်လက်ရပ်တည်နိုင်ခဲ့ပါသလား။ အစအဦး၌ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ငြင်းပယ်ခဲ့သည် (က ၃း၄)။ ထိုနောက် စာတန်သည့် ခရစ်တော်အား တောကန္တရထဲ၌ သွေးဆောင်ဖြားယောင်း ရာတွင် ကျမ်းစာကို မိမိကြိုက်သလို လှည့်ပြောင်းခဲ့သည် (မ ၄း၆၊ ၇)။ ယောယကိမ်မင်းအားဖြင့် စာတန်သည် နှုတ်ကပတ်တော်ကို ဖျက်ဆီးရန် ကြိုးစားခဲ့သည် (ယေ ၃၆း၂၃)။ ကျမ်းစာအား တိုက်ခိုက်မှုသည် ပြင်းထန်လှ သည်။ သိုသော် ကျမ်းစာသည် ရန်သူများကို ချေပခဲ့ပြီး အမြဲစဉ်ဆက် အနိုင်ယူမည် ဖြစ်သည်။
ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်ကို လူသားများနှင့် စာတန်၏ ယုတ်မာသော တိုက်ခိုက်မှု အန္တရာယ်မှ ကွယ်ကာစောင့်ရှောက်ရန် ကတိတော်များ ပေးခဲ့သည်။ ကျမ်းစာဆက် လက်တည်ရှိနေမည့် အာမခံချက်သည် ဟေရှာယ ၄၀၈ တွင် ဖော်ပြထားသည်။ “ထာဝရဘုရား ၏ နှုတ်ကပတ်တရားမူကား၊ ကာလအစဉ်အမြဲတည်၏။ ထိုနှုတ်ကပတ်တော်သည် သင်တိုအား ဟောပြောသော ဧဝံဂေလိတရား ဖြစ်သတည်း။” (၁ ပေ ၁း၂၅)။ ၄င်းသည် မှုတ်သွင်းထားသော ကျမ်းစာမှာ အတိတ်တွင် ပျောက်ပျက်ခြင်းမရှိဘဲ စူးစမ်းလေ့လာခြင်းကို စောင့်မျှော်နေဆဲဖြစ် သည်။
ကျမ်းစာ၏ ပြောစကားများသည် ကောင်းကင် (ဆာ ၁၁၉း၈၉)နှင့် မြေကြီး (ဟေရှာ ၅၉း၂၁) ပေါ်တွင် အစဉ်အဆက် တည်နေလိမ့်မည်။ ထိုကြောင့် ဘုရားသခင်၏ ရည်ရွယ်ချက် များသည် ထုတ်ဝေဖြန့်ချိရေးတွင် အသေးဆုံးမှစ၍ အဘယ်အရာမျှ ပျက်စီးခြင်းရှိမည် မဟုတ်ပေ (မ ၅း၁၈၊ ၂၄း၂၅၊ မာ ၁၃း၃၊ လု ၁၆း၁၇)။
ထိုအတူ ငါ၏နှုတ်ကပတ်စကားသည် ဖြစ်လိမ့်မည်။ အကျိုးမရှိဘဲ ငါ့ထံသို မပြန်ရ။ ငါ့အလိုကို ပြည့်စုံစေမည်ငါစေခိုင်းသောအမှု၌ အောင်လိမ့်မည်။ ဟေရှာ ၅၅း၁၁
လက်ဆင့်ကမ်းထုတ်ဝေခြင်း
ကျမ်းစာသည် မတူညီသော ဘာသာစကားများစွာဖြင့် မကြာခဏ ဘာသာပြန်ဆိုခဲ့ပြီး တစ်ကမ္ဘာလုံးတွင် ဖြန့်ဝေနေခြင်းကြောင့် ရည်ရွယ်ထားခြင်း မဟုတ်သော်လည်း မှားယွင်းမှုများ မပါလာနိုင်ဟု မည်သို ကျိန်းသေစွာ သိနိုင်မည်နည်း။ ခရစ်ယာန်ဘာသာ တိုးပွားပျံ့နှံလာသကဲ့သို လူတိုသည် သူတို၏ ဘာသာစကားဖြင့် ကျမ်းစာကို ဖတ်လိုကြသည်မှာ အမှန်ပင်ဖြစ်သည်။ ထိုကြောင့် မူရင်းဘာသာစကားဖြစ်သည့် ဓမ္မဟောင်းကျမ်းတွင် ဟေဗြဲနှင့်အာရေမိတ် ဘာသာ စကားသော် လည်းကောင်း၊ ဓမ္မသစ်ကျမ်းတွင် ဂရိစကားမှ ဘာသာပြန်ဆိုရန် လိုအပ်လာသည်။ ဘာသာပြန် သူများသည် မှားယွင်းနိုင်သည်သာမက အေဒီ ၁၄၅၀ အထိ ပုံနှိပ်စက်များ မရှိခင်က ဖြန့်ချိရေးတွင် လက်ဖြင့် ကူးယူရသည်ဖြစ်၍ အမှားအယွင်းများ ရှိနိုင်ပြီး ဆက်လက်၍ အမှားများ ပါနိုင်သည်။
ရာစုနှစ်ပေါင်းများစွာတွင် ကျမ်းချက်ကို ဝေဖန်စစ်ဆေးမှုပြုလုပ်သော ပညာရှင်များ သည် စနစ်တကျ လေ့လာခြင်းပြုခဲ့ကြသည်။ ကောင်းသော အရည်အချင်းကို ထိန်းသိမ်းကာ၊ သေချာစီစစ်ကာ၊ သုံးသပ်ကာ၊ ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းနှစ်ခုတိုမှ အံ့သြဖွယ်ကောင်းသော သမ္မာကျမ်းစာကို ဖြန့်ဝေခဲ့ကြသည်။ စင်စစ် လက်ရေးကျမ်းများ အရေအတွက်သည် ရှေးကရှိခဲ့သည့် စာပေများထက် ပို၍ကောင်းသည်။ ကျမ်းချက်ကို ကျမ်းချက်နှင့် နှိင်းယှဉ်ခြင်းဖြင့် ကျမ်း ချက်ကို ဝေဖန်စစ်ဆေးသူများသည် မူရင်း ပရောဖက်ကျမ်းများ/ တမန်တော်များ ရေးသားထား သည့် ကျမ်းများကို မှုတ်သွင်းတော်မူသော ကျမ်းစာတွင် ပါဝင်သည်ဖြစ်ကြောင်း စိတ်ချစွာ ဆုံးဖြတ်ပေးနိုင်ခဲ့သည်။
ယခုရှိသော ရှေးဟောင်းဟေဗြဲကျမ်းစာ (Misoretic) သည် အေဒီနှစ်ပေါင်း ဆယ် ရာစုသာ ရှိခဲ့သော် လည်း အခြားကျမ်းချက် အထောက်အထားအတွက် အရေးကြီးသော လိုင်းနှစ် လိုင်းရှိသည်။ ၄င်းတိုသည် ကျမ်းချက်ဝေဖန်စစ်ဆေးသူများ မူရင်းကျမ်းများကို ပိုမို၍ ထုတ်ဖော် ကြေညာရန် စိတ်ချမှုများ ရှိနေပါသည်။ ပထမမှာ၊ အေဒီ ရာစုနှစ်တွင် ဟေဗြဲ ဓမ္မဟောင်းကျမ်းကို ဂရိလိုဘာသာပြန်ဆိုထားသည့် Septuagint – LXX နှင့် နှိင်းယှဉ်နိုင်သည် ခန့်မှန်းဘီစီ ၂၀၀-၁၅၀ တွင် ရေးသားခဲ့သည်။ လက်ရှိလက်ရေးကျမ်းများအနက် ရှေးအကျဆုံး မူရင်းကျမ်းကို ခန့်မှန်း အေဒီ ၃၂၅ တွင် ရေးသားခဲ့သည်။ ၄င်းတိုနှစ်ခုကြားတွင် အံ့သြဖွယ်ကောင်းစွာ ညီညွှတ်မှု ရှိသည်။ ၄င်းသည် ရာစုနှစ်ပေါင်း များစွာတွင် ဟေဗြဲကျမ်းချက်ကို ကူးယူခြင်း၌ မှန်ကန်မှုရှိကြောင်း သက်သေပြ လျက် ရှိသည်။ ဒုတိယမှာ၊ ၁၉၄၇-၁၉၅၆ ၌ ပင်လယ်သေကျမ်းစာလိပ်များ (ခန့်မှန်း ဘီစီ ၂၀၀-၁၀၀ တွင် ရေးသားခဲ့သော ရက်စွဲပါရှိ)ကို ရှာဖွေတွေ့ရှိခြင်းသည် အလွန်အ ရေးကြီးကြောင်း သက်သေထူသည်။ အစော ပိုင်းက ဟေဗြဲကျမ်းများကို နောက်ပိုင်းတွင်တွေ့ရှိသော ဟေဗြဲကျမ်းများနှင့် နှိင်းယှဉ်ပြီးနောက် ကွဲပြားမှုအနည်း ငယ်မျှသာ တွေ့ရှိရသည်။ ၄င်း တိုသည် အဓိပ္ပာယ်ကို မပြောင်းလဲစေပေ။ ရာစုနှစ်ပေါင်းများစွာ ဓမ္မဟောင်း ကျမ်းကို ဘာသာ ပြန်ဆိုပြီး ကူးယူခဲ့ကြသော်လည်း နောက်ဆုံး ထုတ်ဝေသည့် ကျမ်းများသည် အစောပိုင်းမှ ထုတ်ဝေသည့် ကျမ်းများနှင့် အတူတူပင်ဖြစ်သည်။
ဓမ္မသစ်ကျမ်း ရှာဖွေခြင်းတွင် ဆုံးဖြတ်ချက်ချရန် အထောက်အထားပို၍ များပြားသည်။ ဂရိဓမ္မသစ် ကျမ်း လက်ရေးမူ ၅၀၀၀ ကျော်ရှိသည်။ ၄င်းတိုတွင် ဓမ္မသစ်ကျမ်း တစ်ခုလုံးမှ အ ပိုဒ်ငယ်တစ်ပိုဒ်စာ မျှသာပါ ရှိသော ကျူပင်အပိုင်းအစများ ပါဝင်သည်။ ယခုရှိနေသော အနည်း ငယ်သော မူရင်းရေးသားသည့်အချိန်မှ နှစ်ပေါင်း ၂၅-၅၀ အကြား ရေးသားခဲ့ခြင်းဖြစ်နိုင်သည်။ ဓမ္မသစ်ကျမ်းတတ်ပညာရှင်တိုသည် ယေဘုယျအားဖြင့် ဤကဲ့သို နိဂုံးချုပ်သည်။ ၁) မူရင်းရေး သားချက်မှ ၉၉.၉၉ ရာခိုင်နှုန်းသည် ပြန်၍ အတည်ပြု မိန့်ဆိုချက်ရှိသည်။ ၂) ကျန်သော ရာခိုင်နှုန်းသည် ခရစ်ယာန်ဩဝါဒနှင့်ကွဲ လွဲမှုမရှိပေ။
မူရင်းဘာသာစကားနှင့် ပုံနှိပ်မာတိကာများ တိကျမှန်ကန်မှု ရှိစေရန် ကျမ်းချက်ဝေဖန် စစ်ဆေးသူများ၏ စည်းကမ်းဖြင့် စနစ်တကျ လုပ်ဆောင်မှုဖြင့် ရရှိသော ကျမ်းရေးချက်များ၏ ကြွယ်ဝမှုရှိသည်။ ရာစုနှစ်ပေါင်း များစွာတွင် ထောင်နှင့်ချီသော ဘာသာပြန်ခြင်းအားဖြင့် တွေ့ရှိ ရသော အမှားများသည်လည်း ဘာသာပြန်ဆို ချက် (သို) မူရင်းကို ပြန်လည်စုဆောင်းခြင်း၊ ကူးယူခြင်းအားဖြင့် နှိင်းယှဉ်ကာ အမှားများကို ပြုပြင်နိုင်သည်။ ဤကဲ့သိုသောနည်းလမ်းဖြင့် ၊ ဘုရားသခင်သည် သမ္မာကျမ်းစာကို ထိန်းသိမ်း စောင့်ရှောက်ရန် ကတိတော်ကို ကောင်းမွန်စွာ ထိန်းသိမ်းခဲ့သည်။ ယနေ့တွင် ဘုရားသခင်၏ နှုတ်ပတ်တော်ဟူ၍ ခေါ်ဝေါ်ခြင်းကို ခံထိုက်သော သမ္မာကျမ်းစာ ဘာသာပြန်ခြင်းများရှိသည်ဖြစ်ကြောင်း ယုံကြည်စိတ်ချစွာ သိရှိနိုင်သည်။
အင်္ဂလိပ်ကျမ်းစာ ဘာသာပြန်ခြင်း သမိုင်းသည် ကျမ်းစာတစ်အုပ်လုံး အင်္ဂလိပ်လို ပထမဆုံး ပြန်ဆိုခဲ့သူ John Wyclitle (ခန့်မှန်းအေဒီ ၁၃၃၀-၁၃၄၈)မှ စတင်ခဲ့သည်။ ထိုနောက် Milliant Tyndale သည် ပထမပြည့်စုံ သော၊ ဓမ္မသစ် အင်္ဂလိပ်ကျမ်းစာ ( ခန့်မှန်း အေဒီ ၁၅၂၆)ကို ထုတ်ဝေခြင်းတွင် ပါဝင်ခဲ့သည်။ Myles Ceverdale သည် အေဒီ ၁၅၃၅ တွင် ဆက်လက်၍ ပထမဆုံး အင်္ဂလိပ်ကျမ်းစာကို အပြည့်အစုံ ဖြန့်ဝေခဲ့သည် (အေဒီ ၁၅၃၅)။ အေဒီ ၁၆၁၁ တွင် The King James Version (KUV) ပြီးမြောက်ခဲ့သည်။ ထိုအချိန်မှစ၍ ဘာသာပြန်ခြင်း ရာနှင့်ချီ ရှိလာခဲ့ပြီး အချိုသည် ပိုကောင်းပြီး အချိုသည် ပိုညံ့သည်။ ယနေ့တွင် ဟေဗြဲနှင့်ဂရိမှ အင်္ဂလိပ်ဘာသာ ဖြင့် ဘာသာပြန်ဆိုသော ပိုကောင်းသည့် ကျမ်းစာများမှာ – New King James Version (NKJV), ) English Standard Version (ESV),-) New Interational Version (NIV), c) New American Standard Bible (NASB) စသည်တို ဖြစ်သည်။ မြန်မာဘာသာဖြင့် ပြန်ဆိုထားသော ကျမ်းစာများမှာ ယုဒသန်၏ မြန်မာ ကျမ်းနှင့် မြန်မာ့စံမီသမ္မာကျမ်းစာများ ဖြစ်သည်။
အကျဉ်းချုပ်ခြင်း ၊
ဘုရားသခင်သည် သူ၏ နှုတ်ကပတ်တော်ကို အစဉ်ထာဝရတည်ရန် ရည်ရွယ်သည် (ထိန်းသိမ်းစောင့် ရှောက်ခြင်း)။ ထိုကြောင့် သူ၏ ရေးသားချက်၊ ရည်ရွယ်ချက်၊ မိမိကိုယ်ကို ဖော်ပြချက် (ဗျာဒိတ်)တိုသည် မူရင်းအရေးအသားတွင် အမှားအယွင်းများမှ ကွယ်ကာစောင့် ရှောက် မှုတ်သွင်းခြင်း)ပြီး၊ ၆၆ အုပ်ဖြစ်သော ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းတိုကို စုပေါင်း ထားသည်။
ရာစုနှစ်ပေါင်းများစွာတွင် ထောင်နှင့်ချီသော ဘာသာပြန်ခြင်းနှင့် ကူးယူခြင်းများ ပြုလုပ် ခဲ့ကြသည် (လက်ဆင့်ကမ်းပေးခြင်း)၊ ၄င်းသည် အချိုမှားယွင်းမှု ရှိလာစေသည်။ အကြောင်းမှာ ယနေ့တွင်ရှိသော ရှေးခေတ် ဓမ္မဟောင်းကျမ်းနှင့် မ္မသစ်ကျမ်းများစွာ ရှိသည်။ သိုသော်လည်း ကျမ်းချက်ဝေဖန်စစ်ဆေးမှု သိပ္ပံအတတ် ပညာသည် မူရင်းရေးသားချက်များ (ဗျာဒိတ်တော်နှင့် မှုတ်သွင်းခြင်း)ကို အလွန်မြင့်သော ၉၉.၉၉ ရာခိုင်နှုန်းနှင့် ကျန်သော ရာခိုင်နှုန်းတွင်ရှိသည့် အကြောင်းအရာများ၏ အဓိပ္ပာယ် ပြောင်းလဲခြင်း မရှိကြောင်း (ထိန်းသိမ်း စောင့်ရှောက်ခြင်း)ကို အတည်ပြုနိုင်ခဲ့သည်။
ကျွန်ုပ်တို့ ဖတ်ရှု လေ့လာ၊ နာခံပြီး ဟောပြောသော သမ္မာကျမ်းစာသည် ဘုရားသခင် ကိုယ်တိုင် ရေးသားထားပြီး လုံးလုံးလျားလျား မှန်ကန်၍ ဘုရားသခင်ထံမှဖြစ်ကြောင်း လုံးဝ စိတ်ချရသောကြောင့် သမ္မာကျမ်းစာအုပ် (သို့) ပြိုင်ဘက်ကင်းသော စာအုပ်”ဟူ၍ ခေါ်ထိုက် ပေသည်။
နောက်ထပ်လာဦးမည်လား။
ကျွန်ုပ်တို၏ လက်ရှိသမ္မာကျမ်းစာကို ဘုရားသခင်သည် ၆၇ အုပ်ပါသော ကျမ်းစာအဖြစ် ပြုပြင် ပြောင်းလဲမည် မဟုတ်ကြောင်းကို ကျွန်ုပ်တို မည်သို သိနိုင်မည်နည်း။ သိုမဟုတ် နောက် တစ်နည်းဆိုရလျှင် “ကျမ်းရင်းသတ်မှတ်မှုသည် အစဉ်ထာဝရ ပိတ်ပင်ပြီလား။”
ကျမ်းချက်များမှ နှုတ်ယူခြင်းမရှိ၊ မပေါင်းထည့်ခြင်းမရှိရ၍ ကျမ်း ဖက် သည် (တရားဟာ ၄း၂၊ ၁၂း၃၂၊ သု ၃၀း၆)။ အခြားပေါင်းထည့်ထားသော ကျမ်းရင်း များသည် ဤသိုသော သတိပေးချက်နောက်မှ ရရှိလာခြင်း ဖြစ်သည်ကို နားလည်ခြင်းအားဖြင့် ကျွန်ုပ်တိုသည် မည်သည့်အရာကိုမျှ ဖျက်ဆီးခြင်းအတွက် လုံးဝခွင့်မပြုပေ။ စစ်စစ် ဘုရားသခင် က အခွင့်အာဏာပေးပြီး မှုတ်သွင်းထားသော ရေးသားချက်များကိုသာ ထည့်ရန် ခွင့်ပြုချက် သည်။ ၄င်းသည် ထိုကျမ်းပိုဒ်များအားဖြင့် ကျမ်းရင်းသက်မှတ်ချက်ကို ပြည့်စုံစေရန်နှင့် ထိန်းသိမ်း စောင့်ရှောက် စေရန် ဖြစ်သည်။
ပိတ်ပင်ထားပြီဖြစ်သော ကျမ်းရင်းသတ်မှတ်ချက်တွင် စိတ်ဝင်စားဖွယ်အကောင်းဆုံး ကျမ်းချက်မှာ နှစ်ပေါင်း ၁၉၀၀ အတွင်း ဘာတစ်ခုမျှ ပေါင်းထည့်ခြင်းမရှိသောသမ္မာကျမ်းစာဖြစ် သည်။
ဤစာစောင်၏ အနာဂစကားကို သူအပေါင်းတိုအား သက်သေခံသည်ကား၊ အကြင်သူသည် ဤအရာတို၌ ထပ်၍အသစ်သွင်း၏။ ဤစာစောင်၌ ရေးထားသောဘေးဒဏ်တိုကို ထိုသူအပေါ်သို ဘုရားသခင်သက်ရောက်စေတော်မူမည်။ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကားအချိုကို နှုတ်ပယ်၏။ ဤစာစောင်၌ ရေးသော အသက်ပင်နှင့်လည်းကောင်း၊ သန့်ရှင်းသောမြိုတော်နှင့်လည်းကောင်း၊ ထိုသူစပ်ဆိုင်သော အခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်။
ဗျာ ၂၂း၁၈၊ ၁၉
အရေးကြီးသော ရှာဖွေလေ့လာခြင်းများကို ဆောင်ရွက်သည့်အခါ အသင်းတော်က ကျမ်းစာ၏ ကျမ်းရင်းသတ်မှတ်ချက်သည် အမှန်တကယ် ပိတ်ပင်ပြီးမြောက်ပြီး ဘယ်တော့မှ ပြန်လည်ဖွင့်လှစ်မည် မဟုတ်ကြောင်းကို ရာစုနှစ်ပေါင်းများစွာ ယုံကြည်လာခဲ့ကြသည်။
၁။ ဗျာဒိတ်ကျမ်း၏ ထူးခြားချက်မှာ ထာဝရအနာဂတ်မရောက်ခင် နောက်ဆုံးသော အချိန် နှင့်ဆိုင်သော အရာများကို အသေးစိတ် ဖော်ပြခြင်းဖြစ် သည်။ သမ္မာကျမ်းစာသည် ကမ္ဘာဦး ကျမ်းဖြင့် အစပြုကာ ထာဝရအတိတ်ကာလနှင့် ကျွန်ုပ်တိုအချိန်အထိ ဖန်ဆင်းခြင်းကြားကာ လတွင်ရှိသော ကွာဟမှုများကို (က ၁၊ ၂) ကို ဆက်နွယ်ပြီး တံတားခင်းပေးသည်။ ထိုကြောင့် ရှင်ယောဟန်က ဗျာဒိတ်ကျမ်းကို ရေးသားခဲ့ပြီး နောက်ပိုင်းတွင်လည်း ကမ္ဘာဦးကျမ်းမတိုင် ခင်ကဖော်ပြမထားသည့် တိတ်ဆိတ်သော ထာဝရကာလနှင့်အပြိုင် တွေ့ရသည်။ ဤအချက် သည် ဓမ္မသစ်ကျမ်း၏ ကျမ်းရင်းသတ်မှတ်ချက် ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း အတည်ပြုချက်ပေးသည်။
၂။ မာလခိအနာဂတ္တိကျမ်းနောက်ပိုင်းတွင် ဓမ္မဟောင်းကျမ်း၏ ကျမ်းရင်းသတ်မှတ်ချက် ပြီးပြည့် စုံသည့်နည်းတူ ပရောဖက်များ၏ တိတ်ဆိတ်မှုရှိခဲ့သည့်အတိုင်း ယောဟန်က ဗျာဒိတ်ကျမ်း ကို ရေးသားတင်ပြခဲ့ပြီးနောက် တူညီသော တိတ်ဆိတ်မှုရှိခဲ့သည်။ ဤအချက်သည် ဓမ္မသစ်ကျမ်း၏ ကျမ်းရင်းသတ်မှတ်ချက် ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း အတည်ပြုသည်။
၃။ ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းတွင် အခွင့်အာဏာနှင့် အသိအမှတ်ပြုခြင်း ခံရသည့် ပရောဖတ်များ (သို) တမန်တော်များအတိုင်း ယနေ့တွင် မရှိသည့်အတွက် အနာဂတ် တွင် မှုတ်သွင်းသော ကျမ်းစာရေးသူများ ပေါ်ထွန်းနိုင်မည် မဟုတ်တော့ပေ။ ဘုရားသခင် ၏ နှုတ်ကပတ်တော်သည် “တစ်ကြိမ်တည်းဖြင့် အမြဲတမ်းအတွက် သန့်ရှင်းသူများထံ ဖြန့်ဝေပေးအပ်ခဲ့သည်။” မည်သည့်အခါမျှ ပေါင်းထည့်ရန်မဟုတ်။ ရိုးသားဖြောင့်မတ်စွာ နှုတ်ကပတ်တော်အတွက် ကြိုးစားထိတ်လန့်ကြရမည်ဖြစ်သည် (ယုဒ ၃)။
၄။ ကျမ်းစာကို စမ်းသပ်စိန်ခေါ်ခြင်းမပြုရန် တိုက်တွန်းချက် လေးခုရှိသည့်အနက် ဗျာ ၂၂း၁၈၊ ၁၉ တစ်ခုတည်းသာ နာမခံသော သူများအတွက် ဘုရားသခင်၏ ပြင်းထန်သော တရားစီရင် ခြင်းအကြောင်း သတိပေးချက်ရှိသည်။ ထိုအပြင် ဗျာဒိတ်ကျမ်းသည် ဓမ္မသစ်ကျမ်းကို ဤ ကဲ့သိုသော သတိပေးချက်မျိုးဖြင့် အဆုံးသတ်မည့် တစ်ခုတည်းသော စာအုပ်ဖြစ်ပြီး၊ အခြား ဓမ္မသစ်ကျမ်းစာအုပ်များပြီးသည့်နောက်တွင် နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာသော အချိန်မှ ရေးသားခဲ့သည်။ ထိုကြောင့် ဤအချက်များက ဗျာဒိတ်ကျမ်းသည် ကျမ်းစာအုပ်၏ ကျမ်းရင်း တွင် နောက်ဆုံးသော စာအုပ်ဖြစ်ပြီး၊ ကျမ်းစာသည် ပြည့်စုံသည်ဖြစ်၍ ပေါင်းထည့်ခြင်း (သို) နှုတ်ယူခြင်း ပြုမိပါက ပြင်းထန်သော ဘုရားသခင်၏ အမျက်တော်ကို ခံရမည်။
၅။ နောက်ဆုံးတွင် တမန်တော်များအချိန်နှင့် အနီးစပ်ဆုံးသော ကနဦးအသင်းတော်က ဗျာ ဒိတ်ကျမ်းသည် ဘုရားသခင် မှုတ်သွင်းတော်မူသော သမ္မာကျမ်းစာ၏ နောက်ဆုံးကျမ်းဖြစ် ကြောင်းကို ယုံကြည်ကြ သည်။
ထိုကြောင့် ကျွန်ုပ်တိုသည် ခိုင်မာသော ကျမ်းစာနည်းကျ အကြောင်းပြချက်များကို အမှီပြု၍ ကျမ်းရင်း သတ်မှတ်ချက်သည် ပိတ်ပင်ပြီး ဆက်လက်၍ ပိတ်ပင်နေမည်ဖြစ်ကြောင်း ကောက်ချက်ချနိုင်သည်။ ၆၇ အုပ်မြောက်ကျမ်းစာဟူသည် မည်သည့်အခါမျှ ရှိလာမည်မဟုတ်ပေ။
ကျွန်ုပ်တိုသည် မည်သည့်နေရာတွင် ရပ်တည်နေပါသနည်း။
၁၅၂၁ ခုနှစ်၊ ဧပြီလတွင် မာတင်လူသာသည် Diet of Woms ၌ သူ့အား စွပ်စွဲချက် တင်ကြသော အသင်းတော်ရှေ့သို ရောက်လာခဲ့ရသည်။ လူသာအား သူ့ကျမ်းစာအပေါ် အမြော် အမြင်ကြီးမှုနှင့် ကျမ်းစာ၏ ပြည့်စုံခြင်းအကြောင်း မယိမ်းမယိုင်ဘဲ ယုံကြည်ခြင်းကို ပစ်ပယ်ရန် နောက်ဆုံးအနေဖြင့် ရာဇသံပေးခဲ့ကြသည်။ လူသာက ဤသိုတုံပြန်သည်ဟု သိရသည်။ “ကျွန်ုပ် သည် သမ္မာကျမ်းစာနှင့် ရှင်းလင်းပြတ်သားသော အကြောင်း ပြချက်အားဖြင့် ယုံကြည် စိတ်ရှိခြင်းကလွဲပြီး ပုပ်ရဟန်းမင်းကြီးနှင့် ကောင်စီများ၏ ဩဇာအာဏာကို ကျွန်ုပ် လက်မခံနိုင် ပါ။ အကြောင်းမှာ သူတိုသည် အချင်းချင်း မညီညွတ်ကြပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော် သည် ကျွန်ုပ်၏ အသိစိတ်ကို ဖမ်းဆုပ်ထားသည်။ … ဘုရားသခင် ကျွန်ုပ်အား မစပါ။ အကျွန်ုပ် ဒီမှာ ရပ်လျက်နေ ပါ၏။”
မာတင်လူသာကဲ့သို ကျွန်ုပ်တို၏ အသက်တာ၌လည်း ဘုရားသခင်၏ နှုတ်ကပတ်တော် ကြောင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခြင်းခံရသည့်အခါ အတွင်း၌ရှိသော သံသယစိတ်များကို ပယ်ဖျောက်၍ အပြင် ဘက်မှ တိုက်ခိုက်ခြိမ်းခြောက်မှုများကို တွန်းလှန်နိုင်ကြပါစေ။ ဘုရားသခင် သည် ကျွန်ုပ်တို့၏ ယုံကြည်ခြင်း အတွက် သစ္စာရှိစွာ တိုက်လှန်နိုင်ရန် မစတော်မူသည်။ ဘုရားသခင်နှင့် သမ္မာကျမ်းစာ၌သာ ရပ်တည်ကြပါစို။
သမ္မာကျမ်းစာ
ဤစာအုပ်သည် ထာဝရဘုရား၏ စိတ်တော်၊ လူသား၏ အခြေအနေ၊ ကယ်တင်ခြင်း လမ်း၊ အပြစ်သား၏ ကြမ္မာဆိုးနှင့် ယုံကြည်သူများ၏ ပျော်ရွှင်မှုအကြောင်းများ ရှိသည်။
၄င်း၏ ဩဝါဒသည် သန့်ရှင်းစင်ကြယ်သည်။ ၄င်း၏ပညတ်ချက်များသည် မြဲမြံသည်။ ၄င်း၏ သမိုင်းများသည် မှန်ကန်ပြီး ၄င်း၏ စီရင်ဆုံးဖြတ်ချက်များသည် မပြောင်းလဲနိုင်ပေ။ ပညာရှိစေရန် ဖတ်ပါ။ ကယ်တင်ခြင်းရစေရန် ယုံကြည်၍ သန့်ရှင်းစေရန် လိုက်လျှောက်ပါ။
၄င်း၌ သင့်အား လမ်းညွှန်ပြမည့် အလင်းရှိသည်။ သင့်အားခွန်အားရှိစေမည့် အစာရှိ၍ သင့် အားသက်သာစေရန် နှစ်သိမ့်မှုရှိသည်။ ၄င်းသည် ခရီးသည်၏ မြေပုံဖြစ်သည်။ လှည့် ၊ လည် သူ၏ တောင်ဝှေး ဖြစ်သည်။ လေယာဉ်မှူး၏ လမ်းညွှန်ဖြစ်ပါသည်။ စစ်သား၏ ဓားဖြစ် သည်။ ခရစ်ယာန်များ၏ အာဏာဖြစ်သည်။ ဤနေရာတွင် ကောင်းကင်တံခါး ဖွင့်လှစ်၍ ငရဲ တံခါးလည်း ဖွင့်ထားသည်။
ခရစ်တော်သည် သမ္မာကျမ်းစာ၏ ခမ်းနားသော အဓိကဖော်ပြချက်ဖြစ်သည်။ ကျွန်ုပ်တို ၏ ကောင်းကျိုး သည် ကျမ်းစာ၏ ဒီဇိုင်းဖြစ်သည်။ ဘုရားသခင်၏ ဘုန်းတော်သည် ကျမ်းစာ၏ နောက်ဆုံးပန်းတိုင် ဖြစ်သည်။ ကျမ်းစာဖြင့် ကျွန်ုပ်တို၏ မှတ်ဉာဏ်များကို ဖြည့်ရမည်။ ကျမ်းစာ ဖြင့် ကျွန်ုပ်တို၏ နှလုံးသားကို အုပ်စိုးရမည်။ ကျမ်းစာဖြင့် ကျွန်ုပ်တို၏ ခြေကို လမ်းညွှန်ရမည်။
ဖြည်းဖြည်းနှင့် မကြာခဏ၊ များစွာ ဆုတောင်းခြင်းဖြင့် ဖတ်ရမည်။ ကျမ်းစာသည် ချမ်သာခြင်း၏ ရွှေတွင်းဖြစ်သည်။ ဝိညာဉ်အတွက် ကျန်းမာခြင်းဖြစ်သည်။ ပျော်ရွှင်ခြင်း၏ မြစ်တစ်စင်းဖြစ်သည်။ ဘုရား သခင်သည် ကျမ်းစာကို သင့်အား ဤဘဝအတွက် ပေးအပ်ခဲ့သည်။ တရားစီရင်သောနေ့တွင် ဖွင့်ပြလိမ့်မည်။ ထာဝရတည် ရလိမ့်မည်။
ကျမ်းစာသည် အမြင့်မားဆုံးသော တာဝန်ကိုလည်း ဖော်ပြသည်။ အကြီးမားဆုံးသော ကြိုးစားအား ထုတ်မှုကို ချီးမြှင့်မည်။ ကျမ်းစာ၏ ပြောစကားများကို မထီမဲ့မြင်ပြုသူများအားလုံး ကိုလည်း တရားစီရင်မည်။
ငါတိုဟောပြောသော ဘုရားသခင်၏ နှုတ်ကပတ်တရားကို သင်တိုသည် ခံယူကြအခါ၊ လူ၏ နှုတ်ထွက်စကားကို မခံမယူဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော် အမှန် ဖြစ်သည်နှင့်အညီ၊ ယုံကြည်ခြင်းသိုရောက်သော သင်တို အထဲ၌ ပြုပြင်သော ဘုရားသခင် ၏ နှုတ်ကပတ်တရားတော်ကို ခံယူကြသည် အကြောင်းအရာကို ငါတိုသည် လောက်၍ ဘုရားသခင်၏ ကျေးဇူးတော်ကို အစဉ်မပြတ် ချီးမွမ်းကြ၏။
၁ သက် ၂း၁၃
သမ္မာကျမ်းစာကို မည်သိုလေ့လာရမည်နည်း။
ဤ“ဘုရားသခင်၏ လက်စွဲစာအုပ်”ကို လေ့လာခြင်းမှ ကောင်းကြီးများစွာ ရရှိနိုင်မည့် နည်းလမ်းများကို ဖော်ပြမည်။ ဤအချက်များသည် အရေးကြီးဆုံးသော မေးခွန်းတစ်ခုဖြစ်သည့် “လူသည် မိမိသွားရာလမ်းကို အဘယ်သို သန့်ရှင်းစေနိုင်ပါမည်နည်း”ဟူသော မေးခွန်း၏ အဖြေကိုပေးပြီး ဆာလံဆရာ၏ တုန့်ပြန်ချက်မှာ “နှုတ်ကပတ်တော်အတိုင်း သတိပြုရမည်”ဟူ၍ ဖြစ်သည် (ဆာ ၁၁၉း၉)။
ကျမ်းစာလေ့လာခြင်းသည် အဘယ့်ကြောင့် အရေးကြီးရသနည်း။
ဘုရားသခင်၏ နှုတ်ကပတ်တော်သည် အဘယ့်ကြောင့် အလွန်အရေးကြီးသနည်း။ ၄င်းသည် သင်၏ ဘဝအတွက် ဘုရားသခင်၏ စိတ်တော်နှင့် အလိုတော်ကို ဖော်ပြသောကြောင့် ဖြစ်သည် (၂ တိ ၃း၁၆၊ ၁၇)။ ယေရှုခရစ်တော်၏ အစေခံဖြစ်သည့်အလျောက် ၄င်းသည် သင့်အတွက် တစ်ခုတည်းသော ဘုရားသခင်၏ ဩဇာအာဏာ အရင်းအမြစ်ဖြစ်သည်။
ကျမ်းစာအလုံးစုံသည် အမှားမရှိနိုင် – “ထာဝရဘုရား၏ တရားတော်သည် စုံလင်သည် ဖြစ်၍ စိတ်ဝိညာဉ်ကို ပြုပြင်တတ်၏။ ထာဝရဘုရား၏ သက်သေခံတော်မူချက်သည် ဟုတ် မှန်သည်ဖြစ်၍ မလိမ္မာ သောသူတိုကို လိမ္မာစေတတ်၏” (ဆာ ၁၉း၇)။
ကျမ်းစာ၏ အပိုင်းများသည် မမှားယွင်းနိုင် – “ဘုရားသခင်၏ စကားတော် ရှိသမျှသည် စင်ကြယ်၏။ ခိုလှုသောသူအပေါင်းတို၌ ဘုရားသခင်သည် အကွယ်အကာဖြစ်တော်မူ၏။ စကားတော်တို၌ ထပ်၍ မသွင်းနှင့် သိုပြုလျှင် အပြစ်တင်တော်မူ၍ သင်သည် မုသာသုံးသောသူဖြစ် လိမ့်မည်” (သု ၃၀း၅၊ ၆)။
ကျမ်းစာသည် ပြည့်စုံသည် – “ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူ အပေါင်းတိုအား ငါသက်သေခံသည်ကား၊ အကြင်သူသည် ဤအရာတို၌ ထပ်၍ အသစ်သွင်း၏။ ဤစာစောင်၌ ရေးထားသော ဘေးဒဏ်တိုကို ထိုသူအပေါ် သို ဘုရားသခင် သက်ရောက်စေတော်မူမည်။ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကားအချိုကို နှုတ်ပယ်၏။ ဤ စာစောင်၌ ရေးထားသော အသက်ပင်နှင့်လည်းကောင်း၊ သန့်ရှင်းသော မြိုတော်နှင့် လည်း ကောင်း၊ ထိုသူစပ်ဆိုင်သောအခွင့်ကို ဘုရားသခင် နှုတ်ပယ်တော်မူမည်” (ဗျာ ၂၂း၁၈၊ ၁၉)။
ကျမ်းစာသည် ဩဇာအာဏာနှင့် စီရင်ပိုင်ခွင့်ရှိသည် “အိုထာဝရဘုရား၊ နှုတ်ကပတ် တော်သည် ကောင်းကင်ဘုံ၌ အစဉ်အမြဲ တည်ပါ၏” (ဆာလံ ၁၁၉း၈၉)။ ။
ကျမ်းစာသည် သင်၏လိုအပ်မှုများအတွက် လုံးဝပြည့်စုံသည် – “ထိုကျမ်းစာ၌ ရှိသမျှ သည် ဘုရားသခင်မှုတ်သွင်းတော်မူသော အားဖြင့်ဖြစ်၍ ဘုရားသခင်၏လူသည် စုံလင်သောသူ၊ ကောင်းသော အမှုအမျိုးမျိုးတိုကို ပြုစုခြင်းအလိုငှါ ပြင်ဆင်သောသူဖြစ်မည့်အကြောင်း ဩဝါဒ ပေးခြင်း၊ အပြစ်ကိုဖော်ပြ ခြင်း၊ ဖြောင့်မတ်စွာပြုပြင်ခြင်း၊ တရားကို သွန်သင်ခြင်း ကျေးဇူးများကို ပြုတတ်၏။” (၂ တိ ၃း၁၆၊ ၁၇)
ကျမ်းစာသည် ရှိသော ကတိတော်များကို ပြည့်စုံစေသည် – “ထိုအတူ ငါ၏ နှုတ်ကပတ်စကားသည် ဖြစ်လိမ့်မည်။ အကျိုးမရှိဘဲ ငါ့ထံသို မပြန်ရ။ ငါ့အလိုကို ပြည့်စုံစေမည်။ စေခိုင်းသော အမှု၌ အောင်လိမ့်မည်” (ဟေရှာ ၅း၁၁)။
ကျမ်းစာသည် သင့်အား ကယ်တင်ခြင်း စိတ်ချမှုကို ပေးသည် – “ဘုရားသခင်နှင့် စပ်ဆိုင်သောသူသည် ဘုရားသခင်၏ စကားတော်ကို နားထောင်တတ်၏။” (ယော ၈း၄၇၊ ၂၀း၃၁)။
ကျမ်းစာလေ့လာခြင်းမှ မည်သို အကျိုးရရှိနိုင်မည်နည်း။
အပတ်စဉ်အတိုင်း စာမျက်နှာသန်းနှင့်ချီပြီး ထုတ်ဝေသည်။ လစဉ်တိုင်း ထောင်နှင့်ချီ ပြီး စာအုပ်များကို ဖြန့်ဝေကြသည်။ ရှောလမုန်အတွက် အံ့သြဖွယ်မဟုတ်ပေ။ သူက “ဆုံးမခြင်း ကို ခံလော။ စာများကို စီရင်၍ မကုန်နိုင်” (ဒေ ၁၂း၁၂)ဟု ပြောထားသည်။
ယနေ့ရှိ များစွာသော စာအုပ်များနှင့် ကွန်ပျူတာ အစီအစဉ်များ ရှိနေသည့် အတွင်းမှာ ပင် ကျမ်းစာ သည် ခရစ်ယာန်များကို “ဘုရားသခင်နှင့် နေ့စဉ်လျှောက်လှမ်းခြင်းတွင်” ဘုရား သခင်၏ ဗျာဒိတ်တော်နှင့် တန်ခိုးတော်တို၏ အရင်းအမြစ်ဖြစ်သည်။ ကျမ်းစာတွင် အရေးကြီး သော ကတိတော်များကို မှတ်သားပါ။
ကျမ်းသည် သမ္မာတရား၏ အရင်းအမြစ်ဖြစ်သည် – “ကိုယ်တော်၏ သမ္မာတရား အားဖြင့် သူတို့ကို သန့်ရှင်းတော်မူပါ။ ကိုယ်တော်၏ နှုတ်ကပတ်သည် သမ္မာတရားဖြစ်၏” (ယော ၁၇း၁၇)။
ကျမ်းစာသည် ခံသောသူများအတွက် ဘုရားသခင် ကောင်းကြီးမင်္ဂလာများ၏ အရင်း အမြစ်ဖြစ်သည် “ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နာ၍ ကျင့်စောင့်သောသူသည် မြတ်စွာ သော မင်္ဂလာရှိ၏” (လု ၁၁း ၂၈)။
ကျမ်းစာသည် အောင်မြင်ခြင်း၏ အရင်းအမြစ်ဖြစ်သည် – “ဘုရားသခင်၏ နှုတ်က ပတ်တည်းဟူသော ဝိညာဉ်တော်၏ ဓား … (ဧ ၆း၁၇)။
ကျမ်းစာသည် ကြီးထွားခြင်း၏ အရင်းအမြစ်ဖြစ်သည် – “နှုတ်ကပတ်တရား၏ နို့စစ် အားဖြင့် ကြီးပွားမည့်အကြောင်း ဘွားစသော သူငယ်ကဲ့သို ထိုတရားနို့ကို အလွန်လိုချင်သော စိတ်ရှိကြလော့ ” (၁ ပေ ၂း၂-၃)။
ကျမ်းစာသည် တန်ခိုးစွမ်းအား၏ အရင်းအမြစ်ဖြစ်သည် … “ငါသည် ဧဝံဂေလိတရား ကြောင့် ရှက်ကြောက်ခြင်းမရှိ။ အကြောင်းမူကား ထိုတရားသည် ရှေးဦးစွာ၌ ယုဒလူ၊ နောက်၌ ဟေလသလူ၊ ယုံကြည် သောသူအပေါင်းတိုကို ကယ်တင်စေသော ဘုရားသခင်၏ တန်ခိုးတော် ဖြစ်၏” (ရော ၁း၁၆)။
နှုတ်ကပတ်တော်သည် လမ်းညွှန်မှု၏ အရင်းအမြစ်ဖြစ်သည် – “နှုတ်ကပတ်တော်သည် အကျွန်ုပ်ခြေရှေ့ ၌ မီးခွက်ဖြစ်၍ အကျွန်ုပ်၏ လမ်းခရီးကို လင်းစေပါ၏” (ဆာ ၁၁၉း၁၀၅)။
သမ္မာကျမ်းစာကို အကျွန်ုပ်မည်သို တုံပြန်မည်နည်း။
ကျမ်းစာသည် အလွန်အရေးကြီးသည်ဖြစ်၍ နှိင်း၍ မရသော ထာဝရကောင်းကျိုးများကို ပေးသည်ဖြစ်၍ သင်သည် ဤကဲ့သို တုန့်ပြန်ရမည်။
ကျမ်းစာကို ယုံကြည်ပါ (ယော ၆း၆၈၊ ၆၉)
ကျမ်းစာကို ရိုသေပါ (ယောဘ ၂၃း၁၂)
ကျမ်းစာကို ချစ်မြတ်နိုးပါ (ဆာ ၁၁၉း၉၇)
ကျမ်းစာကို နာခံပါ (၁ ယော ၂း၅)
ကျမ်းစာကို ကာကွယ်ပါ (၁ တိ ၆း၂၀)
ကျမ်းစာအတွက် တိုက်လှန်ပါ (ယုဒ ၃)
ကျမ်းစာကို ဟောပြောပါ (၂ တိ ၄း၂)
ကျမ်းစာကို လေ့လာပါ (ဧဇ ၇း၁၀)
သမ္မာကျမ်းစာကို မည်သူ လေ့လာနိုင်မည်နည်း။
လူတိုင်း သမ္မာကျမ်းစာကို မလေ့လာနိုင်ပေ။ ကောင်းကြီးအဖြစ် ကျမ်းစာဖတ်နိုင်ရန် ဤအရည် အချင်းများကို မိမိ၌ ရှိမရှိ စစ်ဆေးပါ။
– ယေရှုခရစ်၌ ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းရပြီလား (၁ ကော ၂း၁၄-၁၆)။
– ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဆာငတ်ပါသလား (၁ ပေ ၂း၂)။
– နှုတ်ကပတ်တော်ကို ကြိုးစားပြီး စေ့စေ့ရှာဖွေပါသလား (တ ၁၇း၁၁)။
– သန့်ရှင်းခြင်းအသက်တာကို ရှာဖွေနေပါသလား (၁ ပေ ၁း၁၄-၁၆)။
– ဝိညာဉ်တော်နှင့် ပြည့်ဝပါသလား (ကော ၃း၁၆)။
ပထမမေးခွန်းသည် အရေးအကြီးဆုံးဖြစ်သည်။ ယေရှုခရစ်ကို သင်၏ ကယ်တင်ရှင်နှင့် သင့်ဘဝ၏ သခင်အဖြစ် မဖိတ်ခေါ်သေးပါက ဘုရားသခင်၏ သမ္မာတရားကို သိမြင်ခြင်းမှ စာတန်သည် သင်၏ မျက်စိကို ကွယ်စေသည် (၂ ကော ၄း၄)။
ခရစ်တော်သည် သင်၏လိုအပ်ချက်ဖြစ်ပါက၊ ယခုပင် ရပ်နားပြီး ဆုတောင်းလိုက်ပါ။ အပြစ်မှ လှည့်သွားပြီး ဘုရားသခင်ထံ လှည့်လာပါ။ “ယုံကြည်သောအားဖြင့် ကျေးဇူးတော် ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသ ခင် သနားတော်မူရာဖြစ်သတည်း။ ကိုယ် ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို ရောက်သည် မဟုတ်။ သိုဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာအခွင့်မရှိ” ( ဧ ၂း၈-၉)။
သမ္မာကျမ်းစာ လေ့လာခြင်း၏ အခြေခံသဘောများမှာ အဘယ်နည်း။
ကိုယ်တိုင် ကျမ်းစာလေ့လာခြင်း၏ စည်းမျဉ်းသည် ရိုးရှင်းပါသည်။ ကျမ်းစာလေ့လာရာ တွင် လိုက်လျှောက်ရမည့် အဆင့် (၅) ဆင့်ကို ဖော်ပြပါမည်။
အဆင့် – ၁ ဖတ်ခြင်း – ကျမ်းချက်၏ အဓိကဆိုလိုချက်ဖြစ်သော အဓိကအချက်ကို နားလည်သည့် တိုင်အောင် ကျမ်းချက်ကို အကြိမ်ကြိမ်ဖတ်ပါ။ ဟေရှာယသည် “သူတိုက အဘယ် သူကို ပညာသွန် သင်ချင်သနည်း။ အဘယ်သူကို တရားနားလည်စေချင်သနည်း။ ငါတိုသည် နိုနှင့်စ ရှိသောသူ၊ အမိသားမြတ်နှင့် အနိုင်ကွာရသောသူဖြစ်ကြသလော။ ပညတ်တစ်ခုပေါ်မှာတစ်ခု၊ တစ်နည်းပေါ်မှာတစ်နည်း၊ သည်ဘက်မှာ အနည်းငယ်၊ ဟိုဘက်မှာ အနည်းငယ် ရှိပါသည်တကားဟု ဆိုတတ်ကြ၏” (ဟေရှာ ၂၈း၉၊ ၁၀) ဟု ပြောခဲ့သည်။
ကျမ်းစာတစ်အုပ်လုံးကို ဖတ်နိုင်မည့် နည်းလမ်းကို ကြံစည်ရမည်။ စာအုပ်အတော်များများကဲ့သို အစမှအဆုံးတစ်ထိုင်တည်း ဖတ်ရမည်မဟုတ်ပေ။ ကောင်းသော ကျမ်းစာဖတ်ခြင်း အစီအစဉ်များစွာရှိသည်။ သိုသော်လည်း ကျွန်ုပ်တိုအတွက် အထောက်အကူပြုဆုံး နည်းလမ်းကို ချပေးပါမည်။
ဓမ္မဟောင်းကျမ်းတစ်ခုလုံးကို အနည်းဆုံးတစ်နှစ်တွင် တစ်ကြိမ်ဖတ်ပါ။ ဖတ်နေစဉ် သင်မှတ်မိချင်သော သမ္မာတရားများကို မှတ်သား၍ တစ်ကြိမ်တည်းတွင် နားမလည်နိုင်သည့် အရာများကို ချရေးရမည်။ အကြိမ် ကြိမ်ဖတ်ခြင်းအားဖြင့် ဖတ်သည့်အခါတွင် မေးခွန်းများသည် ကျမ်းချက်တွင် အပေါ်နေသည် ဖြစ်ကြောင်း တွေ့ရမည်။ သင်အဖြေမတွေ့နိုင်သည့် မေးခွန်း များသည် ကျမ်းစာရှင်းလင်းချက် စာအုပ်များနှင့် အခြားကိုး ကားချက်များကို အသုံးပြုပြီး လေး လေးနက်နက် လေ့လာရန် အစပြုခြင်းဖြစ်သည်။
ဓမ္မသစ်ကျမ်းကို ဖတ်ရာတွင် အခြားသော နည်းလမ်းကို အသုံးပြုရမည်။ တစ်ကြိမ် တွင် တစ်အုပ် ကိုရွေးပြီး တစ်လ (သို့) တစ်လထက်ပိုပြီး အကြိမ်ကြိမ်ဖက်ရမည်။ ၄င်းသည် သင့်အား အမြဲတမ်း ကျမ်းပြိုင် စာအုပ်ကို အားမကိုးဘဲ ဓမ္မသစ်ကျမ်းတွင်ရှိသောအရာများကို သိမြင်စေရန် အထောက်အကူပြုမည်။
လုပ်ဆောင်လိုပါက ၁ ယော ကဲ့သို တိုသော စာအုပ်ဖြင့်အစပြုပါ။ ရက်ပေါင်း (၄၀) အတွင်း နေ့စဉ် တစ်ကြိမ် တစ်ထိုင်တည်းတွင် ဖတ်ပါ။ ထိုအချိန်ပြီးဆုံးသည့်အခါ ကျမ်းစာအုပ် တွင်ရှိသော အရာများကို သင်သိမြင်လာလိမ့်မည်။ ကဒ်တစ်ခုပေါ်တွင် အခန်းကြီးများ၏ အဓိက အချက်များကို ရေးချပါ။ နေ့စဉ်ဖတ်ရှု သည့်အခါ ထိုကဒ်ကို ကိုးကားခြင်းအားဖြင့် အခန်းကြီး တစ်ခုစီတိုင်း၏ အကြောင်းအရာများကို သင်မှတ်မိလာ မည်။ အမှန်မှာ သင်သည် ကျမ်းစာအုပ် ကို သင်၏ အမြင်အာရုံ၌ စွဲမြဲနေလိမ့်မည်။
ရှည်လျားသည့် စာအုပ်များကို အပိုင်းခွဲပြီး၊ ထိုအပိုင်းကို နေ့စဉ်နေ့ရက်ပေါင်း (၃၀) လောက် ဖတ်ပါ။ ဥပမာ- ရှင်ယောဟန်ခရစ်ဝင်ကျမ်းသည် အခန်းကြီးပေါင်း (၂၁) ခန်းရှိသည်။ ခုနစ်ခန်းစီခွဲပြီး အပိုင်းသုံးပိုင်း ခွဲနိုင်သည်။ ရက်ပေါင်း (၉၀) တွင် ရှင်ယောဟန်ကို ဖတ်ပြီး သွားမည်ဖြစ်သည်။ ပျင်းရိစရာ မဖြစ်စေရန် ရှည်သော စာအုပ်နှင့်တိုသော စာအုပ်များကို ရေးပြီး ဖတ်ပါ။ ထိုသိုလုပ်ဆောင်လျှင် သုံးနှစ်မတိုင်မီ ဓမ္မသစ်ကျမ်းအားလုံးကို ဖတ်ပြီးသွား မည်ဖြစ်၍ ကျမ်းကို ကောင်းမွန်စွာ အမှန်တကယ်သိလာလိမ့်မည်။
အဆင့် – ၂ အနက်ပြန်ခြင်း – တ ၈း၃၀ တွင် ဖိလိပ္ပုသည် အီသီယိုးပီးယား အမတ်အား မေးခဲ့သည်မှာ “သင်ဖတ် နေသော အရာကို နားလည်ပါသလား။” တစ်နည်းအားဖြင့်ဆိုသော် “ကျမ်း ပြောဆိုသည့်အရာသည် မည်သည့် အဓိပ္ပာယ်ရှိသနည်း” ကျမ်းချက်ကို ဖတ်ပြီး ချက်ချင်း တိုက်ရိုက်သင်ခန်းစာ ယူလိုက်ခြင်းသည် မလုံလောက်ပေ။ အဓိပ္ပာယ်ကို ရှေ့ဦးစွာ ရှာဖွေရမည်။ သိုမဟုတ်လျှင် သင်ခန်းစာကို မှားယွင်းစွာ ယူမိပေလိမ့်မည်။
ကျမ်းစာကို ဖတ်နေစဉ် မည်သည့် အဓိပ္ပာယ် ရှိသနည်း ဟူသော ရိုးရှင်းသည့် မေးခွန်းတစ်ခုကို အမြဲတမ်း စိတ်ထဲတွင် ရှိနေရပါမည်။ ထိုမေးခွန်းကို ဖြေဆိုရန် “ကျမ်းစာကို ကျမ်းစာနှင့် အနက်ပြန်”ရန် ဆို သည့် ယုံကြည်ခြင်း ဆန်းစစ်မှုဟုခေါ်သော အနက်ပြန် ခြင်းဆိုင်ရာ အခြေခံကျသော စည်းမျဉ်းများ လိုအပ် သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် သင်၏ ဆရာဖြစ်ရမည် (၁ ယော ၂း၂၇)။ သူရေးသားခဲ့သော သမ္မာကျမ်း စာကို ရှာဖွေလေ့လာ ရမည်။ ကျမ်းပြိုင်များကို အသုံးပြု ရမည်။ ကျမ်းပိုဒ်များကို နှိင်းယှဉ်ရမည်။ အက္ခရာစဉ် များ၊ နောက်ဆက်တွဲများနှင့် အခြားအကူအညီစာအုပ်များကို အသုံးပြုရမည်။ မသဲကွဲသေးသော ကျမ်းပိုဒ်များ အတွက် ၄င်းကို လေ့လာပြုစုခဲ့ပြီးသော သင်၏ သင်းအုပ်ဆရာ (သို) ဘုရားသခင် ၏ နှုတ်ကပတ်တော်ကို ချစ်ခင်၍ နားလည်သူတစ်ဦးတစ်ယောက်ထံ မေးမြန်းရမည်။
အဆင့် – ၃ သုံးသပ်ခြင်း – “သမ္မာကျမ်းစာသည် မည်သည့်အရာကို ပြောနေပါသနည်း။” ဟူသော မေးခွန်းကို သင်ဖတ်ပြီး၊ မေးမြန်းခဲ့ပြီး ဖြစ်သည်။ ထိုနောက် “သမ္မာကျမ်းစာသည် မည်သည့် အဓိပ္ပာယ်ရှိ သနည်း။” ဟူသော မေးခွန်းကို မေးပြီး အနက်ပြန်ခဲ့သည်။ ယခုတွင် သင်၏ အနက်ပြန်ခြင်း မှန်ကန်ကြောင်း သေချာစေရန် သူတပါးနှင့် ဆွေးနွေးဆန်းစစ်ရမည့် အချိန်ဖြစ်သည်။ ကျမ်းစာသည် တစ်ခုနှစ်တစ်ခု ကွဲလွဲဆန့်ကျင်မှု ရှိမည်မဟုတ်ကြောင်း အမြဲ သတိရရမည်။
သမ္မာကျမ်းစာ၏ နိဒါန်းများ၊ ရှင်းလင်းခြင်းစာအုပ်များ၊ နောက်ခံအကြောင်း စာအုပ်များ အား ဖတ်ရ မည်။ ဘုရားသခင်သည် အခြားလူများအား ပေးခဲ့သည့် နားလည်မှုနှင့် သူတို၏ စာအုပ်များကို ဖတ်ခြင်းမှ သင်ရရှိသော နားလည်မှုတိုသည် သင်၏ နှလုံးသွင်းခြင်းကို ကြွယ်ဝ စေသည်။ သင်၏ သုံးသပ်ချက်တွင် စစ်မှန်သော လေ့လာသူ ဖြစ်ရမည်။ ဘုရားသခင်၏ နှုတ် ကပတ်တော် သမ္မာတရားသည် သင်ယုံကြည်ခဲ့သည့် အရာများ (သို့) သင်၏ အသက်ရှင်နေ ထိုင်ပုံအား ပြောင်းလဲစေမည်ဆိုပါက လက်ခံတတ်သောသူ ဖြစ်ရမည်။
အဆင့် – ၄ သင်ခန်းစာယူခြင်း – နောက်မေးခွန်းမှာ “ဘုရားသခင်၏ သမ္မာတရားသည် ကျွန်ုပ်၏ အသက်တာကို မည်သိုထိုးထွင်းပြီး၊ ပြောင်းလဲစေသနည်း။” သင့်ပိညာဉ်၏ နက်နဲသော အပိုင်းကို ထိုးထွင်းဖိုရန် ခွင့်မပြုဘဲ ကျမ်းစာကို လေ့လာခြင်းသည် ထမင်းပွဲကြီးကို ခင်းပြီးမှ မစားဘဲနေခြင်းနှင့် တူသည်။ အခြေခံကျ သော မေးသင့်သည့် မေးခွန်းမှာ “မည်သည့် ကျမ်းပိုဒ် တွင်မဆို ဖော်ပြသည့် ဘုရားသခင်၏ သမ္မာတရားနှင့် နည်းနာများသည် ကျွန်ုပ်တို၏ စိတ်သ ဘောနှင့် အပြုအမူတွင် မည်သို သင်ခန်းစာယူမည်နည်း။”
ဤအဆင့်အထိ ကိုယ်ပိုင်ကျမ်းစာလေ့လာခြင်းကို ဆောင်ရွက်သွားမည်သူများအား ယေရှုသည် ဤကတိတော်ကို ပေးခဲ့သည်။ “ဤအရာများကို သင်တိုသိ၍ သိသည်အတိုင်း ကျင့်လျှင် မင်္ဂလာရှိကြ၏။” (ယော ၁၃း၁၇)။
ကျမ်းစာကို ဖတ်၍ အနက်ပြန်လိုက်ခြင်းဖြင့် သင်သည် ကျမ်းစာ၏ ပြောစကားကို အခြေခံနားလည် မှုရှိပြီး၊ ထိုသို ပြောဆိုခြင်း၏ အဓိပ္ပာယ်ကို နားလည်နိုင်မည်။ သိုသော်လည်း ကျမ်းစာလေ့လာခြင်းသည် ဤနေရာ၌ မရပ်ပေ။ နောက်ဆုံးသော ပန်းတိုင်သည် ကျမ်းစာက သင့်အား စကားပြောစေရမည်ဖြစ်ပြီး၊ ဝိညာဉ်ရေးရာ ကြီးထွားစေရသည်။ ၄င်းသည် ကိုယ်တိုင် ၊ သင်ခန်းစာယူ၍ ကျင့်သုံးစေသည်။
ဤကျမ်းပိုဒ်သည် ကျွန်ုပ်တိုအသက်တာအတွက် ကိုဆိုလိုသနည်းနှင့် ကျွန်ုပ်သည် မည်သို လက်တွေ့ ကျကျ သင်ခန်းစာ ယူနိုင်မည်နည်း။”ဟူသော မေးခွန်းကို မမွေးမချင်း ကျမ်းစာလေ့လာခြင်းသည် မပြည့်စုံနိုင်ပေ။ ကျွန်ုပ်တိုသည် ဖက်လိုက်ခြင်းနှင့် အနက်ပြန်ခြင်း၊ ရရှိသော အသိတရားရရှိပြီး၊ နာခံရန် အမိန့်တစ်ခုခုရှိလျှင် နာခံရမည်။ ခံယူရန် ကတိ တစ်ခုခုရှိပါက ကြရမည်။ လိုက်နာရန် သတိပေးချက်ရှိပါက အာရုံစူးစိုက်ရမည်။ ဤအချက် သည် နောက်ဆုံးသော ခြေလှမ်းဖြစ်သည်။ ကျမ်းပေါ်တွင် ဆက်ကပ်မှုရှိပြီး ၄င်းသည် မိမိ အသက်တာကို ပြောင်းလဲစေရမည်။ ဤခြေလှမ်းကို မလွမ်းဘဲကျော်ခဲ့လျှင် သင်၏ ကျမ်းစာ လေ့လာ ခြင်းကို သင်မပျော်မွေ့နိုင်သည်သာမက ကျမ်းစာသည် သင့်အသက်တာကို ဘယ် မှ ပြောင်းလဲစေမည် မဟုတ်ပေ။
အဆင့် – ၅ အပြန်အလှန် ဆက်စပ်ခြင်း – ဤနောက်ဆုံးအဆင့်သည် ကျမ်းပိုဒ် (သို) စာ အုပ်မှ သင်ယူမိသော ဩဝါဒကို ကျမ်းစာတွင် ဖော်ပြထားသည့် ဘုရားသခင်၏ သမ္မာတရားများ နှင့် စည်းမျဉ်းများ ကိုလည်း ပုံကြီးချဲ့ မြင်နိုင်ရန် သွန်သင်ပေးထားသည်။ အမြဲ သိမှတ်ရမည့် အချက်မှာ ကျမ်းစာသည် (၆၆) ပိုင်းရှိသော ကျမ်းစာအုပ်တစ်အုပ်ဖြစ်သည်။ ၄င်းသည် သမ္မာတရားများကို စည်းမျဉ်းများကို ဖော်ပြသည်။ နည်းအမျိုးမျိုး၊ အခြေအနေ အမျိုးမျိုးဖြင့် အကြိမ်ကြိမ် သွန်သင်သည်။ အပြန်အလှန် ဆက်စပ်ခြင်းနှင့် ကျမ်းပြိုင်ကြည့်ခြင်းအားဖြင့် သင်သည် လိုက်လျှောက်အသက်ရှင်ရန် မှန်ကန်သော အခြေခံဩဝါဒကို စတင် တည်ဆောက် နိုင်မည်။
ရှောင်ရမည့် အမှားများ
သင်သည် ကျမ်းစာကို အနက်ပြန်နေစဉ် အများမှားလေ့ရှိသော အမှားများကို ရှောင် သင့်သည်။
၁။ ကောင်းမွန်သော အနက်ပြန်ခြင်းကို တန်ဖိုးရှိရှိပြုလုပ်ရာတွင် မိမိအထင်နှင့် နိဂုံးမချုပ်ရပေ။ ဆိုလိုသည်မှာ မိမိပြေးချင်သည့် အရာကို ကျမ်းစာကပြေးသည်ဟု မဆိုလိုရပေ။ ထိုသို ပြုမည့်အစား ဘုရားသခင်က ၄င်းကို ရေးသားပြုစုသည့်အချိန်တွင် ဆိုလိုသည့်အရာကိုသာ ပြောဆိုစေရမည်။
၂။ အပေါ်ယံ အနက်ပြန်ခြင်းကို ရှောင်ရမည်။ လူများ ပြောတတ်ကြသည်ကို သင်ကြားဖူးမည်။ “ကျွန်ုပ်အတွက် ဒီကျမ်းပိုဒ်က ဒီလိုအဓိပ္ပာယ်ရှိပါတယ်” (သို) … ဒီလို ပြောနေ တယ်လို ကျွန်တော် ခံစားတယ်။” ကျမ်းစာအနက်ပြန်ရာတွင် ပထမခြေလှမ်းမှာ ကျွန်ုပ်တို ဆက်နွယ်ရ မည့် ကွာဟချက် လေးခုကို သိမှတ်ရမည်။ ဘာသာစကား၊ ယဉ်ကျေးမှု၊ ပထဝီနှင့် သမိုင်း (အောက်တွင်ကြည့်ပါ)။
၃။ ကျမ်းပိုဒ်ကို ဝိညဉ်ဆန်စွာ အတင်းမပြန်ရပေ။ ကျမ်းပိုဒ်ကို ၎င်း၏ ပုံမှန်အနေအထား၊ စာပေ၊ သမိုင်း၊ သဒ္ဒါနှင့်အညီ နားလည်၍ အနက်ပြန်ရမည်။ ယနေ့သင်ဖတ်သည့် အခြား စာပေတစ်ခုခုကို နားလည်မည့် ပုံစံအတိုင်း ဖတ်ရမည်။
ဆက်စပ်မှုပြုရမည့် ကွာဟချက်များ
သမ္မာကျမ်းစာရှိကျမ်းအုပ်များသည် လွန်ခဲ့သော ရာစုနှစ်ပေါင်းများစွာက ရေးသားထား သည်။ ယနေ့တွင် ကျွန်ုပ်တိုသည် ထိုအချိန်က ဘုရားသခင်ပြောသောအရာများကို နားလည်ရန် ၊ ဆက်နွယ်ရမည့် ကွာဟချက်များရှိသည်။ ဘာသာစကားဆိုင်ရာ ကွာဟမှု၊ ယဉ်ကျေးမှုဆိုင်ရာ ကွာဟမှု၊ ပထဝီဆိုင်ရာ ကွာဟမှုနှင့် သမိုင်းဆိုင်ရာ ကွာဟမှုတိုဖြစ်သည်။ ထိုကြောင့် ကောင်း သော အနက်ပြန်ခြင်းသည် အချိန်နှင့်စည်းကမ်းနှင့် အားစိုက်မှုလိုအပ်သည်။
၁။ ဘာသာစကား သမ္မာကျမ်းစာသည် မူလတွင် ဂရိဘာသာစကား၊ ဟေဗြဲဘာသာစကားနှင့် အာရေမိတ်ဘာသာစကားတို့ဖြင့် ရေးသားထားသည်။ ကျမ်းပိုဒ်ရှိ စကားလုံး (သို့) စကားစု၊ ကို မူရင်းဘာသာစကား၏ အဓိပ္ပာယ်နားလည်မှသာ ကျမ်းပိုဒ်အား မှန်ကန်စွာ အနက်ပြန် နိုင်သည့်အချိန် မကြာခဏရှိသည်။
၂။ ယဉ်ကျေးမှု – ယဉ်ကျေးမှု ကွာဟချက်သည် ခက်ခဲနိုင်သည်။ လူအချိုသည် ယဉ်ကျေးမှု မတူညီမှုများ၊ ပို၍ ခက်ခဲသော ကျမ်းစာ၏ ပြောဆိုချက်များကို ရှင်းပြရာတွင် အသုံးပြုသည်။ ကျမ်းစာကို မူရင်းရေး သားသည့် အချိန်၌ရှိသော ယဉ်ကျေးမှုနှင့် ဆက်စပ်၍ ကြည့်မြင်ရ သည်ကို နားလည်ရမည်။ ပထမရာ စုနှစ်က ယုဒယဉ်ကျေးမှုထုံးစံကို နားမလည်လျှင်၊ ဧဝံ ဂေလိသတင်းကောင်းကို နားလည်ရန် ခက်ခဲသည်။ တမန်တော်ဝတ္ထုနှင့် ဩဝါဒစာစောင်များကို ဂရိနှင့်ရောမတို၏ ယဉ်ကျေးမှုအောက်တွင် ဖတ်ရမည်။
၃။ ပထဝီ – တတိယဖြည့်ဆည်းရမည့် ကွာဟမှုမှာ ပထဝီအနေအထား ကွာဟမှုဖြစ်သည်။ ကျမ်းစာ ပထဝီက ကျမ်းစာကို အသက်ဝင်စေသည်။ ကောင်းသောကျမ်းစာမြေပုံစာအုပ် သည် တန်ဖိုးမဖြတ် နိုင်သော အညွှန်းစာအုပ်ဖြစ်သည်။ ထိုစာအုပ်သည် သင့်အား သန့်ရှင်း ရာမြေ၏အကြောင်း ကောင်းကောင်းနားလည်ရန် ကူညီနိုင်သည်။
၄။ သမိုင်း – သမိုင်းကွာဟမှုကိုလည်း ဆက်နွယ်ရမည်။ ကမ္ဘာပေါ်ရှိ အခြားဘာသာရေးများ၏ ကျမ်းစာများနှင့်မတူဘဲ၊ သမ္မာကျမ်းစာသည် သမိုင်းဖြစ်ရပ်မှန်၊ သမိုင်းလူသားအမှန်တိုကို ဖော်ပြထားသည်။ ကျမ်းသမိုင်းကို နားလည်ခြင်းသည် နေရာများ၊ လူများနှင့် အဖြစ်အပျက် များကို ၄င်း၏ သမိုင်းရှုထောင့်၌ မှန်ကန်စွာ တွေ့မြင်စေနိုင်သည်။ ဤသိုလေ့လာခြင်းအ တွက် ကောင်းသောကျမ်းစာအနက်ဖွင့်ကျမ်းနှင့် ကျမ်းစာစွယ်စုံကျမ်းများတိုသည် အ ထောက်အကူပြုသော အခြေခံသမိုင်း လေ့လာခြင်းဖြစ်သည်။
နားလည်ရမည့် စည်းမျဉ်းများ ၊
သမ္မာကျမ်းစာကို အနက်ပြန်ရာတွင် စည်းမျဉ်းလေးခုကို လိုက်နာရမည်။ မူရင်းစာပေနှင့်အညီ အနက်ပြန်ခြင်း၊ သမိုင်းနှင့်အညီ အနက်ပြန်ခြင်း၊ သဒ္ဒါနှင့်အညီ အနက်ပြန်ခြင်း၊ စုပေါင်း ညှိနှိုင်း အနက်ပြန်ခြင်း တိုဖြစ်သည်။
၁။ မူရင်းစာပေနှင့်အညီ အနက်ပြန်ခြင်း စည်းမျဉ်း – သမ္မာကျမ်းစာကို သူ၏ မူရင်းစာပေအတိုင်း၊ ပုံမှန်အတိုင်း၊ သဘာဝအတိုင်း နားလည်ရမည်။ ကျမ်းစာသည် တင်စားချက် စကား များနှင့် သင်္ကေတ များကို အသုံးပြုသော်လည်း ၄င်းတိုသည် သမ္မာတရားကို သွန်သင်ပေး ရန် ရည်ရွယ်ထားသည်။ သို့သော် ယေဘုယျအားဖြင့် ကျမ်းစာသည် မူရင်းအတိုင်းသာ ပြောဆိုပြီး ၄င်းအတွက် ပြောဆိုရန် ခွင့်ပြုရမည်။
၂။ သမိုင်းနှင့်အညီ အနက်ပြန်ခြင်း၊ စည်းမည်း ဤအရာ၏ ဆိုလိုချက်မှာ ကျွန်ုပ်တိုသည် ကျမ်းစာကို သမိုင်းနှင့်ဆိုင်သော ဆက်စပ်မှုအတိုင်း အနက်ပြန်ရမည်ဟု ဆိုလိုသည်။ မူရင်း စာဖတ်သူများအတွက် ကျမ်းချက်၏ ဆိုလိုချက်ကို မေးရမည်။ ဤသိုအားဖြင့် ကျမ်းစာ၏ မူလရည်ရွယ်ချက်ကို ရှေ့နောက် ဆက်စပ်မှုနှင့်အညီ ကောင်းစွာ နားလည်ခြင်းကို မြင်တွေ့နိုင်သည်။
၃။ သဒ္ဒါနှင့်အညီ အနက်ပြန်ခြင်း၊ စည်းမျဉ်း – မူရင်းဘာသာစကားတွင် စာကြောင်းများ၏ အခြေခံသဒ္ဓါ တည်ဆောက်မှုကို နားလည်ရမည်။ နာမ်စားများသည် မည်သူ့ကို ရည်ညွှန်း သနည်း။ ကြိယာ၏ ကာလမှာ အဘယ်နည်း။ ဤကဲ့သို ရိုးရှင်းသော မေးခွန်းများကို မေးသည့် အခါ ကျမ်းချက်၏ အဓိပ္ပာယ်သည် ပိုမိုရှင်းလင်းလာသည်။
၄။ စုပေါင်းညှိနှိင်းမှုနှင့်အညီ အနက်ပြန်ခြင်း စည်းမျဉ်း – ဤကျမ်းစာကို ဝိညာဉ်ရေးရာပြုပြင်ပြောင်းလဲမှု လုပ်ဆောင်သူများသည် ကျမ်းစာ၏ အလားတူချက်ဟု ခေါ်ကြသည်။ ဆိုလို သည်မှာ ကျမ်းစာသည် တစ်ခုနှင့်တစ်ခု ကွဲလွဲမရှိပါဟု အဓိပ္ပာယ် သက်ရောက်သည်။ ကျမ်းပိုဒ်ကို ကျွန်ုပ်တို အနက်ပြန်လိုက် ခြင်းသည် အခြားကျမ်းချက်များနှင့် မကိုက်ညီပါက ထိုအနက်ပြန်ချက်သည် မှန်ကန်နိုင်မည် မဟုတ်ပေ။ ပြည့်စုံသော အဓိပ္ပာယ်ကို တွေ့ရှိနား လည်ရန်၊ ကျမ်းစာကို ကျမ်းစာနှင့် နှိင်းယှဉ်၍ အနက်ပြန်ရမည်။
ယခု ဘာဆက်လုပ်ရမည်နည်း။
ဆာလံဆရာက “မတရားသောသူတို၏ တိုက်တွန်းခြင်းသိုမလိုက်။ လူဆိုးတို၏ လမ်း တွင် မရပ်မနေ။ မထီမဲ့မြင်ပြုသော သူတို၏ အစည်းအဝေး၌ မထိုင်။ ထာဝရဘုရား၏ တရားတော်၌ မွေ့လျော်၍ တရားတော်ကို နေ့ညဉ့်မပြတ် ဆင်ခြင်အောက်မေ့သောသူသည် မင်္ဂလာ ရှိ၏။” (ဆာ ၁း၁၊ ၂) ဟု ပြောထားသည်။
ကျမ်းစာကို လေ့လာရုံမျှသာ ပြုခြင်းသည် မလုံလောက်သေးပေ။ နှုတ်ကပတ်တော်ကို ဆင်ခြင်နှလုံး သွင်းရမည်။ လက်တွေ့တွင် ကျွန်ုပ်တို၏ ဦးနှောက်ကို ဆေးကြောခြင်းဖြစ်သည်။ ဘုရားသခင် နှုတ်ကပတ်တော် ၏ သန့်ရှင်းစေသော ဖြေရှင်းချက်တွင် မိမိကိုယ်ကို ဆေးကြော လိုက်ခြင်းဖြစ်သည်။
ထိုပညတ္တိကျမ်းစာ၌ ရေးသမျှအတိုင်း ကျင့်မည်ဟု စောင့်ရှောက်ခြင်းအလိုငှာ ၊ ကျမ်းစာကို မဖတ်မရွတ်ဘဲမနေ။ နေ့ညဉ့်မပြတ် ကြည့်ရှုဖတ်ရွတ်ရမည်။ သိုပြုလျှင် သင်သည် အကြံထမြောက်အောင်မြင်လိမ့်မည်။
ယောရှု ၁:၈
Here is the spring where waters flow,
To quench our heart of sin:
Here is the tree where truth doth grow,
To lead our lives therein:
Here is the judge that stints the strife,
When men’s devices fail:
Here is the bread that feeds teh life
That death cannot assail.
The tidings of salvation dear,
Comes to our ears from hence:
The fortress of our faith is here,
And shield of our defense.
Then be not like the swine that hath
A pearl at his desire,
And takes more pleasure from the trough
And wallowing in the mire.
Read not this book in any case,
But with a single eye:
Read not but first desire God’s grace,
To understand thereby.
Pray still in faith with this respect,
To bear good fruit therein,
That knowledge may bring this effect,
To mortify thy sin.
Then happy you shall be in all your life,
What so to you befalls:
Yes, double happy you shall be,
When God by death you calls.*
From the first Bible printed in Scotland – 1576
*John F. MacArthur, Jr., The MacArthur Study Bible (Dallas: Word Publishing), 1997
ပညတ္တိကျမ်း နိဒါန်း
ပထမဦးဆုံးကျမ်းငါးအုပ်ဖြစ်သည့် ကမ္ဘာဦးကျမ်း၊ ထွက်မြောက်ရာကျမ်း၊ ဝတ်ပြုရာ ကျမ်း၊ တောလည်ရာကျမ်းနှင့် တရားဟောရာကျမ်းတိုသည် Pentateuch ဟု အမည်ရှိသည့် စာပေအုပ်စုမှဖြစ်ပြီး၊ “စာငါးလိပ်”ဟု အဓိပ္ပာယ်ပေါက်သည်။ Pentateuch ဖြစ်သော မှီခိုမဲ့ သည့် ကျမ်းငါးကျမ်းတိုကို ခွဲ၍မရသော စည်းလုံးသည့် အကြောင်းအရာနှင့် သမိုင်းဖြစ်စဉ်ဖြင့် စဉ်ဆက်မပြတ် ရေးသားထားကြသည့် စာအုပ်များ ဖြစ်သည်။
ကမ္ဘာဦးကျမ်း၏ ပထမဝေါဟာရ စကားလုံးများသည် “အစအဦး၌ ဘုရားသခင်သည် ၊ ကောင်းကင် နှင့်မြေကြီးကို ဖန်ဆင်းတော်မူ၏” (က ၁၁)ဆိုရာတွင် အချိန်မရှိမီ (သို) ဘုရားသ ခင်၏ ထာဝရတည်ရှိမှု၊ အချိန်နှင့် နေရာတို၏ ပြောင်းလဲခြင်းကို ပြသရာရောက်သည်။ ဖန်ဆင်း သည့်အချိန်ကို နှစ်ထောင်ဂဏန်းသာ ဖြစ်သည်ဟု တိကျစွာ ခန့်မှန်းနိုင်သောကြောင့် နှစ်ပေါင်း သန်းနှင့်ချီ၍ မဖြစ်နိုင်ပေ။ ကမ္ဘာဦးကျမ်း အခန်းကြီး (၁၁) တွင် အာဗြဟံမှ အစပြုပြီး (ဘီစီ ၂၁၆၅-၁၉၉၀)မှ အီဂျစ်ပြည်၌ ယောသပ်သေဆုံးသည် အထိ (ဘီစီ ၁၅၂၅၊ ထွက်မြောက်ရာ ကျမ်း (၂)အထိ) ကြားကာလနှစ်ပေါင်း (၃၀၀)ကျော် ကြာမြင့်ခဲ့သည်။ ထိုနောက် အီဂျစ်ပြည် တွင် မောရှေ့မွေးဖွားသည့်အချိန်အထိ နှစ်ပေါင်း (၃၀၀) နီးပါး ကွာခြားမှုရှိသေးသည် (ဘီစီ ၁၅၂၅၊ ထွက် ၂)။
ထွက်မြောက်ရာကျမ်းသည် “ဣသရေလသားတို၏ အမည်ကား” (ထွက် ၁း၁)ဟုအစပြု ၍ ကမ္ဘာဦးကျမ်းအဆုံး၌ ယောသပ်နှင့်နေထိုင်ရန် အီဂျစ်ပြည်သို ရောက်ရှိလာကြသည့် ယာကုပ် ၏ မိသားစုစာရင်းကို ဖော်ပြထားသည် (က ၄၆)။ Pentateuch မှ ဤဒုတိယစာအုပ်သည် ဣသရေလလူမျိုးတို၏ အီဂျစ်ပြည်မှ လွှတ်မြောက်ခြင်းကို မှတ်တမ်းတင်ထားသည်ဖြစ်ရာ တော ကန္တာရတွင် လူတိုကို ပိုဆောင်လမ်းပြခဲ့သော ထာဝရဘုရား၏ မိုးတိမ်သည် အသစ်တည်ဆောက် ထားသော တဲတော်အပေါ်သို ဆင်းသက်သောအချိန်ဖြင့် နိဂုံးချုပ်ထားသည်။
ဝတ်ပြုရာကျမ်း၏ ပထမဆုံး ဟေဗြဲစကားလုံးကို “ထာဝရဘုရားသည် မောရှေအား ခေါ်တော်မူ၍ ”ဟု ဘာသာပြန်ဆိုသည် (ဝတ် ၁း၁)။ ဝတ်ပြုတဲတော်အတွင်း ထာဝရဘုရားသခင် တည်ရှိမှု (ဝတ် ၁၁)မှ အစပြု၍ ထာဝရဘုရားသည် မောရှေအား ဆင့်ခေါ်တော်မူကာ ဣသ ရေလတိုမှ သန့်ရှင်းသော ဘုရားအား ချဉ်းကပ်ရာ တွင် လိုအပ်သည့် ပညတ်ချက်များကို ပြုစု ရန် ညွှန်ကြားခဲ့သည်။ ဝတ်ပြုရာကျမ်းသည် “ဤရွေ့ကား ထာဝရဘုရားသည် သိနာတောင် ပေါ်မှာ ဣသရေလအမျိုးသားတိုအဖို မောရှေ့၌ ထားတော်မူသော ပညတ်တော်များဖြစ်သ တည်း”ဖြင့် အဆုံးသတ်ထားသည် (ဝတ် ၂၇;၃၄)။
တောလည်ရာကျမ်းသည်လည်း ဝတ်ပြုရာကျမ်းကဲ့သိုပင် ထာဝရဘုရားမှ မောရှေအား ဝတ်ပြုရာတဲ တော်၌ အမှုထမ်းရွက်စေခြင်းဖြင့် အစပြုကာ ရန်သူတိုအား တိုက်ခိုက်ရန်အတွက် ပြင်ဆင်ခြင်း လူဦးရေစာ ရင်းကို ကောက်ယူစေသည်။ ဤစာအုပ်၏ ဟေဗြဲကျမ်းစာခေါင်း စဉ်သည် အကြောင်းအရာနှင့်အလွန် ကိုက်ညီစွာ “လှည့်လည်ခြင်း”ဟု ခေါ်ဆိုထားသည်။ ထာဝ ရဘုရားအား မယုံကြည်နိုင်ခြင်းကြောင့် ဣသရေလအမျိုးသားတိုသည် ကတိထားရာပြည်သို့ ဝင်စားရန် ရန်သူတိုနှင့် စစ်တိုက်ဖို မဝံ့မရဲ ဖြစ်ခဲ့ကြရသည်။ သူတိုသည် ဘုရားသခင်၏ ။ နားမထောင်မှုကြောင့် သဲကန္တာရတွင် မလိုအပ်ဘဲ နှစ်ပေါင်း (၄၀) ကြာခဲ့ပြီးနောက် ဣသရေ လူမျိုးတိုသည် မောဘလွင်ပြင်သို့ ရောက်လာခဲ့ကြသည်။
အမှန်ဆိုရလျှင် စီရတောင်လမ်း ဟောရပ်အရပ်မှ ကာဝေတနာအရပ်သည်တစ် တစ်ရက်ခရီးသာ ကွာဝေးသည် (တရားဟော ၁း၂)။ဣသရေလအမျိုးသားတိုသည် ဘုရားသခင် ကို ဆန့်ကျင်ပုန်ကန်မှုကြောင့် နှစ်ပေါင်း (၄၀) လှည့်လည်ခဲ့ကြရသည်။ ဣသရေလူမျိုးတိုကို ပဋိညာဉ်ဖွဲ၍ ကတိထားရာ ပြည်သိုဝင်ရန်အတွက် ပြင်ဆင်ရန်အလိုငှာ ဤမောတတွင်ပင် မောရေသည် မောဘလွင်ပြင်၌ တရားဟောရာကျမ်းကို တရားဒေသနာ အဖြစ် ဟောကြားခဲ့ သည် (က ၁၂း၁-၃) “တရားဟောရာကျမ်း”ဟူသော ခေါင်းစဉ်သည် ဂရိစကား deuteros nomos” မှ ဆင်းသက်လာသည်။ အဓိပ္ပာယ်မှာ ဒုတိယပညတ်ဟု ဖြစ်သည်။ ဤစာအုပ်သည် ဣသရေလအမျိုး သားတို၏ ဘဝ အခြေအသစ်အတွက် ထာဝရဘုရား၏ ပညတ်တော်ကို ပြန်လည်သွန်သင်၍ အတည်ပြုခြင်း၊ ပြန်လည်အသုံးခြင်းတိုကို အထူးပြုသားထားသည်။
မောရှေသည် ဓမ္မဟောင်းကျမ်း (၅) ခုလုံးကို ရေးသားခဲ့သော စာရေးသူလူသားတစ်ဦး ဖြစ်သည် (ထွက် ၁၇း၁၄၊ ၂၄း၄၊ တော ၃၃း၁- ၂၊ တရားဟော ၃၁း၉၊ ယောရှု ၁း၈၊ ၄ ရာ ၂၁း၈)။ ထိုကြောင့် ဤစာအုပ်များအတွက် အခြားသောခေါင်းစဉ်မှာ “မောရှေ၏ စာအုပ်များ ဟူ၍ ဖြစ်သည်။ မောရှေအားဖြင့် ထာဝရဘုရားသည် သူကိုယ်တိုင် သူ၏ အတိတ်ကာလက ပြုသောအမှုများ၊ ဣသရေလတို၏ သမိုင်းနှင့် လူသားတို၏ ကယ်တင် ခြင်း စီမံကိန်း၌ ဣသရေ လတို၏ အခန်းကဏ္ဍကို ဖော်ပြခဲ့သည်။ ထိုကြောင့် ဤဓမ္မဟောင်းကျမ်း (၅) အုပ်တို့ သည် ကျန် ကျမ်းစာအားလုံး၏ အခြေခံအုတ်မြစ်ဖြစ်သည်။
ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းနှစ်ခုလုံးတွင် အကြိမ်ထောင်ပေါင်းများစွာ ကိုးကား ထားခြင်း၊ သွယ်ဝိုက်ရည်ညွှန်းခြင်းအားဖြင့် ဤဓမ္မဟောင်းကျမ်း (၅) အုပ်သည် ဣသရေ လတို၏ ပထမဆုံးနှင့် မှုတ်သွင်းထားသော သမ္မာကျမ်းစာဖြစ်သည်။ ထိုပြင် ဤ (၅)အုပ်သာလျှင် ဣသရေလတို၏ သမ္မာကျမ်းစာ အဖြစ် နှစ်ပေါင်းများစွာ အသုံးပြုခဲ့ကြသည်။ ဤကျမ်းစာအုပ် (၅) အုပ်တို၏ အခြားသော အခေါ်အဝေါ်များမှာ သင်ကြားဆုံးမရာ၌ အသုံးပြုသည့် အသုံး အနှုန်းအရ “တိုရ”(Torah) (သို) “ပညတ်” (Law)ဟုလည်း ခေါ်သည်။ ဣသရေလအမျိုးသား တို့ အနေဖြင့် နှလုံးသွင်းဆင်ခြင်အောက်မေ့ရန် (ယောရှု ၁း၈)၊ ကလေးသူငယ်များအား သင် ကြားပေးရန် (တရားဟော ၆း၄-၈)နှင့် လူထုပရိသတ်အလယ်တွင် ဖတ်ကြားရန်အတွက် ဖြစ်သည် (နေ ၈း၁)၊ မောရှေ့မကွယ်လွန်ခင်နှင့် ကတိထားသောပြည်သို ဣသရေလအမျိုးသား တို မဝင်ရောက်ခင် လူတို၏ နှလုံးသားပြောင်းလဲ၍ ထာဝရဘုရားနှင့် ဆက်ဆံရေး ပြောင်းလဲပြီး အသက်ပြောင်းလဲလာရန် မောရှေသည် ပရိသတ်ရှေ့ ကျမ်းစာဖတ်ခြင်းလမ်းစဉ်ကို ချမှတ်ခဲ့သည် (တရား ၃၁း၁၂)။
ဤပညတ်ချက်များကြား ဆက်စပ်မှုတိုသည် အလွန်အရေးကြီးလှပေသည်။ လူတိုသည် ၁) ထာဝရဘုရားအကြောင်းကို သင်ယူရန်၊ နှုတ်ကပတ်တော်အား ကြားနာခြင်းအတွက် စုရုံး ရမည်။ ၂ဝရဘုရားသခင်သည် မည်ကဲ့သိုသော ဘုရားဖြစ်ကြောင်းကို မှန်ကန်တိကျစွာ နားလည်သဘောပေါက်၍ ထာဝရဘုရားကို ကြောက်ရွံရမည်။ ၃) ကောင်းသောအမှုဆောင်ရွက် ခြင်းအလိုမှန်ကန်သော နာခံမှုအားဖြင့် ထာဝရဘုရားအား ရိုသေကြောက်ရွံလာရန် ဖြစ်သည်။ စစ်မှန်သော ထာဝရဘုရားအား သိကျွမ်းခြင်းအပေါ် အခြေခံသည့် အခြားအကြောင်းအရာများ အပေါ် အခြေခံ၍ ပြုလုပ်သော ကောင်းမွန်သည့်အမှုမှန်သမျှသည် မှန်ကန်သော လုပ်ဆောင် ချက်ဖြစ်မည် မဟုတ်ပေ။ ယဇ်ပုရောဟိတ်မှ မိဘတိုအား သွန်သင်၍ (မာလ ၂း၄-၇)၊ မိဘတိုမှ သားသမီးတိုအား နေအိမ်၌ ထပ်ဆင့်သင်ကြားပေးကြသည် (တရားဟော ၆း၄)။ နှုတ်ကပတ် တရားတော်၏ မိန့်မှာချက်များသည် ဓမ္မဟောင်းကျမ်းခေတ် ယုံကြည်သူတိုအတွက် ဘုရားသခင် နှင့် ဆက်ဆံမှုမှာ မှန်ကန်သော အုတ်မြစ်ဖြစ်သည်။
ဣသရေလအမျိုးသားတို၏ လောကီအသိပညာသည် ၄င်းတိုနှစ်ပေါင်းများစွာ နေခဲ့ရ သည့် အီဂျစ်ပြည်နှင့် သူတို၏ မက်ဆိုပိုတေးမီးယား ဘိုးဘေးများမှ ဆင်းသက်လာ ခဲ့သော ကြောင့် ဤကဲ့သိုသော အခြေအနေအဆင့်အတန်း နေထိုင်ရာဒေသသို ရောက်ရှိရန်အတွက် ကမ္ဘာမြေကြီး ဖန်ဆင်းခြင်းနှင့် ပတ်သက်ပြီး လွန်စွာပင် ရုပ်ထွေးမှု ကြုံခဲ့ကြရသည်။ ကမ္ဘာဦးကျမ်း အခန်းကြီး ၁ မှ ၁၁ သည် ဣသရေလ အမျိုးသားတိုအား ကမ္ဘာမြေကြီး၏ မူလအစပထမ လူသားတို၏ အလုပ်အကိုင် အပြစ်တရား၊ ထိမ်းမြားခြင်း၊ လူသတ်မှု၊ သေခြင်း၊ မယားနှစ် ယောက်ထားခြင်း၊ တရားစီရင်ခြင်း၊ ဘာသာစကားများခြင်း၊ ယဉ်ကျေးမှုများကို နားလည်ရန် ကူညီပေးခဲ့သည်။ ဤကျမ်းချက်တိုသည် ဣသရေလတို၏ အစပထမ ဓမ္မဟောင်းကျမ်း (၅) ကျမ်းတိုကို ရှင်းပြပေးသည့် ကမ္ဘာကြီး၏ ဖြစ်ပျက်ပုံသဘောတရားကို တည်ဆောက်ပေးသည်။
ကမ္ဘာဦးကျမ်း နောက်ပိုင်းအခန်းများတွင် ဣသရေလတိုသည် ကမ္ဘာ့အလယ်၌ လူမျိုး နွယ်စုအဖြစ် ရပ်တည်သည့် ထာဝရဘုရား၏ အကြံအစည်အပါအဝင် သူတိုသည် မည်သူမည် ဝါဖြစ်ကြောင်း ရှင်းပြထားသည်။ က၁၂၁-၃ ၌ ထာဝရဘုရားသည် အာဗြဟံအား ထင်ရှားဖော် အားကောင်းကြီး (၃) စံဖြစ်သည့် နေရာဒေသ၊ မျိုးစဉ်မျိုးဆက်များနှင့် ကောင်းကြီးမင်္ဂလာတိုကို ကတိပေးခဲ့သည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် အာဗြဟံအား ၄င်းကောင်းကြီး (၃)စုံကို ပဋိညာဉ်အဖြစ် ပြန်လည်ပေးအပ်ခဲ့သည် (က ၁၅း၇)။ ကမ္ဘာဦးကျမ်း၏ ကျန်ရှိသောနောက်ဆုံး အပိုင်းတွင် ကတိတော်သုံးခုတို၏ ပြည့်စုံခြင်းကို ဖော်ပြထားသည်။ အထူးသဖြင့် မျိုးစေ့ (သို) မျိုးဆက်ကို အထူးပြုဖော်ပြသည်။ ထိုခေတ်လူကြီးတို၏ သားသမီးမထွန်းကား နိုင်သော ဇနီးသည် များ၏ အခြေအနေသည် ထာဝရဘုရားထံတော်ပါးမှ သားသမီးရရှိရန် ယုံကြည်စိတ်ချစွာ စောင့်ဆိုင်းဖို လိုအပ်ကြောင်းကို သွန်သင်ခဲ့သည်။
ကျန်သော ဓမ္မဟောင်းကျမ်း (၄)အုပ်တိုသည် က ၁၂:၁-၃ ၌ ပါရှိသည့် အာဗြဟံနှင့် ၊ ပြုသည့် ပဋိညာဉ် အစပိုင်း၌ မည်ကဲ့သို ပြည့်စုံခဲ့သည်ကို ဖော်ပြထားသည်။ ထွက်မြောက်ရာကျမ်း၊ နှင့် ဝတ်ပြုရာကျမ်းတိုသည် ထာဝရဘုရားနှင့် မိတ်သဟာယဖွဲခြင်း (သို) ထာဝရဘုရား၏ ကောင်းကြီးမင်္ဂလာများအပေါ်၌ အထူးပြု ထားသည်။ ထွက်မြောက်ရာကျမ်း၌ ဣသရေလတို သည် သူတိုဘိုးဘွားတို၏ ဘုရားအား သိနားလည်လာပုံနှင့် အီဂျစ်ပြည်မှ ကတိထားရာပြည် သို ခေါ်ဆောင်လာခဲ့ပုံကို ဖော်ပြထားသည်။ ဝတ်ပြုရာကျမ်းသည် လူသားတို၏ ယဇ်ပုရောဟိတ် တိုအနေဖြင့် ဝတ်ပြုရာနှင့်၄င်းတို၏ လူနေမှုဘဝမျိုးစုံ၌ ထာဝရဘုရားအား ချဉ်းကပ်ပုံတိုကို အထူးအလေးပေး ဖော်ပြထားသည်။ သန့်ရှင်းခြင်းနှင့် စင်ကြယ်ခြင်းတိုသည် ရိုးရှင်း၍ လက်တွေ့ ကျသည့် နည်းလမ်းများဖြစ်ကြောင်း ဖော်ပြထားရာကျမ်းနှင့် တရားဟောရာကျမ်းတိုသည် ကတိ ထားရာပြည်သို ဝင်ရောက်ရန်အတွက် လမ်းခရီး၌ ပြင်ဆင်မှုကို အထူးအလေးပေးဖော်ပြထား သည်။ ထိုကြောင့် အစပထမ ဓမ္မဟောင်းကျမ်း (၅) အုပ်တိုသည် ဣရေလတို၏ ထာဝရဘုရား နှင့် ပတ်သက်ပုံအကြောင်းတရားမျိုးစုံကို ဖော်ပြထားသည်။ သိုသော်လည်း ဤကျမ်း (၅)အုပ် တို၏ အကြောင်းအရာကို ပြည်လည်ကြည့်ရှုလျှင် ထာဝရဘုရားမှ အာဗြဟံအား ပေးခဲ့သည့် ၊ ကတိတော်များ၏ ပြည့်စုံမှု အစပိုင်းဖြစ်သည်။
ကမ္ဘာဦးကျမ်း (Genesis)
မူလအစအဦး အကြောင်းအရာများ
ခေါင်းစဉ်
ဘုရားသခင်သည် အရာရာအားလုံးကို အစပြုခဲ့သည်။ သမ္မာကျမ်းစာသည် ဘုရား သခင် တည်ရှိခြင်း အကြောင်း ငြင်းခုန်ခြင်းဖြင့် အစပြုထားခြင်းမရှိဘဲ ကျွန်ုပ်တို ဖြစ်တည်ခြင်း သည် ဘုရားသခင်အပေါ်တွင်သာ မူတည်ခြင်းအကြောင်း လက်ခံခြင်းဖြင့်သာ အစပြုထား သည်။ ဓမ္မဟောင်းကျမ်းကို ကနဦး ဂရိဘာသာပြန်ဆို သူများက (Septuagint (သို) LXX ဟုခေါ်သည်) ပထမဆုံး စာအုပ်ကို Genesis (ကမ္ဘာဦးကျမ်း) ဟု အမည်ပေးထား ပြီး အဓိပ္ပာယ် မှာ “မူလ ́ဖြစ်သည်။ အင်္ဂလိပ်ဘာသာပြန်သူများမှာလည်း ထိုခေါင်းစဉ်ကို တိုက်ရိုက် ကူးယူခြင်း ဖြစ်သည်။ ဟေဗြဲကျမ်းစာတွင် ပထမဆုံးပေါ်သည့် စာသားကို ရိုးရှင်းစွာ ခေါင်းစဉ်အဖြစ်ယူပြီး “အစအဦး၌”ဟု ဖြစ်သည်။
စာရေးသူနှင့် ရက်စွဲ
ကမ္ဘာဦးကျမ်း စာရေးသူအား အမည်ဖော်ပြထားခြင်း မရှိသည်သာမက ကျမ်းစာတွင် ဖော်ပြထားသော အဖြစ်အပျက်များမှာ မောရှေမမွေးမီ သုံးရာစုဝန်းကျင်တွင် ပြီးဆုံးခဲ့သော်လည်း ဓမ္မဟောင်းရော (ထွက် ၁၇း၁၄၊ တော ၃၃း၂၊ ယောရှု ၈း၃၁၊ ၃ ရာ ၂၃း၊ ၄ ရာ ၁၄း၆၊ ဧဇရ ၊ ၆း၁၈၊ နေဟမိ ၁၃း၁၊ ဒံ ၉း၁၁၊ မာလ ၄း၄) ဓမ္မသစ်ပါ (မ ၈း၄၊ မာ ၁၂း၂၆၊ လု ၁၆း၂၉၊ ၂၄း၂၇၊ ၄၄၊ ယော ၅း၄၆၊ ၇း၂၂၊ တ ၁၅း၁၊ ရော ၁၀း၁၉၊ ၁ ကော ၉း၉၊ ၂ ကော ၃း၁၅) မောရှေစာရေးသူဖြစ်ကြောင်း ဖော်ပြထားသည်။ ထိုပြင် မောရှေ၏ နောက်ခံပညာအရည်အချင်း အရလည်း စာရေးသူဖြစ်ကြောင်း ဖော်ပြနေသည် ( ၇ )
မောရှေသည် စာရေးသူဖြစ်ကြောင်း ငြင်းခုန်စရာ အကြောင်းအရင်းမရှိပေ။ ကမ္ဘာဦးကျမ်းသည် ခပ်မှန်းခြေအရ ဘီစီ ၁၄၄၅မှ ၁၄၀၅အတွင်း မောရှေ့ရေးသားခဲ့သည်ဟု ခန့် မှန်းရသည်။ မောရှေ၏ ကိုယ်ရေးရာဇဝင်အကြောင်းကို ထွက် ၁-၆ တွင် အကျဥ်းချုပ်ဖတ်နိုင်သည်
နောက်ခံသမိုင်းကြောင်းနှင့် အနေအထား
ကမ္ဘာဦးကျမ်းအတွက် ကနဦးဖော်ပြချက်သည် ထာဝရအတိတ်ကာလ အချိန်မရှိနိုင် ဖြစ်သည်။ ဘုရားသခင်သည် သူ့နှုတ်တော်ဖြင့် လုပ်ဆောင်သည့်အရာများ၊ ဖန်ဆင်းထားသည့် အရာများ ဖြစ်တည်ရန် နှုတ်ဖြင့် မိတ်ကြားခြင်း၊ ဆက်လက်ပြုစုပေးခြင်း၊ နောက်ဆုံး သစ် နေသော မြေမှုန့်မှ သူ့ပုံသဏ္ဌာန်နှင့်အညီ အားဖြစ်လာမည်ကို ဖန်ဆင်းပြီး ဇီဝအသက်ကို မှုတ်သွင်းပေးခဲ့သည်။ ဘုရားသခင်သည် လူသားကို ဖန်ဆင်းရာတွင် သူ့ ဖန်ဆင်းမှုများအား အုပ်စိုးရန်၊ သူနှင့်မိတ်သဟာယဖွဲပြီး သူ့ဘုန်းကို ထင်ရှားရန်ဖြစ်သည်။
ကမ္ဘာဦးကျမ်းရှိ အစောပိုင်းအဖြစ်အပျက်များ၏ သမိုင်းကြောင်းနောက်ခံသည် မက်ဆို ပိုတေးမီးယားတွင်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း တွေ့ရသည်။ ဤစာအုပ်အား ရေးသားခဲ့ ရာတွင် သမိုင်းအဖြစ်အပျက်ကို အတိအကျဖော်ပြရန် ခက်ခဲသော်လည်း ဣသရေလလူမျိုး သည် ကမ္ဘာဦးကျမ်းကို ပထမဦးဆုံး ကြားရသောအချိန်မှာ သော်ဒန်မြစ်ကို ဖြတ်ကူးမည့်အချိန် နှင့် ကတိတော်နယ်မြေကို ဝင်စားသည့်ချိန်မတိုင်ခင် ဖြစ်သည် (ခန့်မှန်း ဘီစီ ၁၄၀၅)။
ကမ္ဘာဦးကျမ်းတွင် အပိုင်းသုံးပိုင်းရှိပြီး၊ ပထဝီအနေအထားအရ ဖော်ပြမှုမှာ ၁) မက်ဆီ ပိုတေးမီးယား (၁-၁၁)၊ ၂) ကတိတော်နယ်မြေ (၁၂-၃၆) ၃) အီဂျစ်ပြည် (၃၇-၅၀)တို ဖြစ် သည်။ ထိုအပိုင်းသုံးပိုင်း၏ အချိန်ကာလဖော်ပြချက်မှာ ၁) ဖန်ဆင်းခြင်းမှ ခန့်မှန်း ဘီစီ ၂၀၉၀၊ ၂) ၂၂၁၉-၁၈၉၇ ဘီစီ ၃) ၁၈၉၇-၁၈၄ ဖြစ်သည်။ ကမ္ဘာဦးကျမ်းသည် အခြားသောကျမ်း များထက်ပို၍ ကြာရှည်သောသမိုင်းအား ဖော်ပြသည်ကို မှတ်သားအပ်ပေသည်။
ကမ္ဘာဦးကျမ်းရှိ အဓိက ဇာတ်ကောင်များ ၊
အာဒံနှင့် ဧဝ – လူသားမျိုးနွယ်ကို အစပြုသူများ (၁း၂၆-၅၅)
နောဧ – သင်္ဘောကြီးကို သစ္စာရှိစွာ တည်ဆောက်သူ ( ၆း၅- ၉း၂၉)
အာဗြဟံနှင့် စာရာ – ဘုရားသခင်ရွေးကောက်တော်မူသောလူမျိုးတစ်ခု၏ မိဘများ (၁၂း၁ ၂၅း၈) ၊
ဣဇက်နှင့် ရေဗက္ကာ – လူမျိုးအသစ်တစ်ခု၏ မူလမိသားစုဝင်များ (၂၁း၁-၃၅း၂၉)
ယာကုပ် – ဣသရေလအမျိုး (၁၂) မျိုး၏ ဖခင် (၂၅း၂၁-၅၀း၁၄)
ယောသပ် – သူ့လူမျိုးတော်နှင့် အီဂျင်ပြည်ကို ဆက်လက်ရှင်သန်စေခဲ့သူ (၃၀း၂၂-၅၀း၂၆)
သမိုင်းကြောင်းနှင့် ဓမ္မအတွေးအခေါ်ဆိုင်ရာ အကြောင်းအရာများ ဤအစဆုံးစာအုပ်တွင် ဘုရားသခင်သည် မိမိကိုယ်မိမိ ဖော်ပြပြီး၊ ဣသရေလလူမျိုးနှင့် သူတိုအိမ် နီးချင်းလူမျိုးများ၏ ကွဲပြားသောအမြင်ကို ဖော်ပြသည်။ စာရေးသူသည် ဘုရားသခင်၏ တည်ရှိခြင်း (သို) သူ၏ ပုဂ္ဂိုလ်ဖြစ်ခြင်းနှင့် လုပ်ဆောင်မှုများမှာ အစီအစဉ်တကျ ရှိခြင်းကို ကာကွယ်ပြောဆိုခြင်းမျိုး မတွေ့ရပေ။ ထိုအစားဣသရေလလူမျိုး၏ ဘုရားသခင်သည် အိမ်နီး ချင်းများ၏ ဘုရားများနှင့် ကွဲပြားမှုရှိကြောင်း ဖော်ပြထားသည်။ တရားဓမ္မအတွေးအခေါ်နှင့် ပတ်သက်သည့် အခြေခံအုတ်မြစ်များမှာ ခမည်းတော်ဘုရား၊ သားတော်ဘုရား၊ သန့်ရှင်းသော ဝိညာဉ်ဘုရား၊ လူသား အပြင် ရွေးနှုတ်ခြင်း၊ ပဋိညာဉ်၊ ကတိတော်၊ စာတန်နှင့် ကောင်း ကင်တမန်များ၊ နိုင်ငံတော် ရူပါရုံများ၊ ဣသရေလလူမျိုး၊ တရားစီရင်ခြင်း၊ ကောင်းကြီးမင်္ဂလာ များ စသည်တို့ဖြစ်သည်။
ကမ္ဘာဦးကျမ်း ၁-၁၁ သည် စကြဝဠာ၏ မူလအစအကြောင်းကို ဖော်ပြပြီး၊ အချိန် လေထုနှင့် လူသားတို၏ ပထမဆုံး တွေ့ရသည့် အကြောင်းအရာများဖြစ်သော အိမ်ထောင်ပြု ခြင်း၊ မိသားစု ကျရှုးခြင်း၊ အပြစ် ရွေးနှုတ်ခြင်း၊ တရားစီရင်ခြင်း၊ နိုင်ငံများအကြောင်းကို ဖော်ပြသည်။ ကမ္ဘာဦးကျမ်း ၁၂-၅ဝ သည် ဟေဗာအမျိုး (ဟေဗြဲလူမျိုး က ၁၀း၂၄၊ ၂၅)၏ ဘိုးဘေးများမှတဆင့် ဆင်းသက်လာပြီး မိသားစုတစ်စုအဖြစ် ဖြစ်တည်နေကြောင်း ဣသရေလလူမျိုးအား ရှင်းပြရန်နှင့် ထိုသူများသည် နောဧ၏သား “ရှေ့မအမျိုး” က ၁၀၂၁) ရေမမှ ဆင်းသက်လာသူများဖြစ်ကြောင်း ဖော်ပြရန်ဖြစ်သည်။ ဘုရားသခင်၏ လူများသည် သူတို၏ ဘိုးဘေး များနှင့် မိသားစု သမိုင်းကို သိမြင်သည်သာမက သူတို၏ မူလဖြစ်တည်ချက်များ၊ ဓလေ့များ ဘာသာစကားများ၊ မတူသော ယဉ်ကျေးမှုများ၊ အထူးသဖြင့် အပြစ်နှင့် သေခြင်းကဲ့သို လူများရင်ဆိုင်ရမည့် အတွေ့အကြုံများလည်း သိခဲ့ကြသည်။
- သူတိုမပိုင်သေးသည့် ခါနန်ပြည်ကို ဝင်စားရန် ပြင်ဆင်ရမည်ဖြစ်သောကြောင့် သူတို ရန်သူများ၏ နောက်ခံသမိုင်းအကြောင်းများကို ဖော်ပြခဲ့သည်။ ထိုပြင် သူတိုသည် မောရှေ့ရေး သားခဲ့သည့် အခြားစာ အုပ်လေးအုပ်တွင် (ထွက်မြောက်ရာ၊ ဝတ်ပြုရာ၊ တောလည်ရာ၊ တရား ဟောရာ) ပါဝင်သော လူ့အသက် သတ်ခြင်းနှင့် ပတ်သက်သည့် စစ်ပွဲအခြေခံအကြောင်းအရာ ကိုလည်း နားလည်ရန်လိုအပ်သည်။ နောက်ဆုံးတွင် ဂျူးလူမျိုးသည် ကမ္ဘာ့သမိုင်းမတိုင်မီက ရွေးကောက်ခံရသူများဖြစ်ကြောင်းနှင့် သူတို၏ နောက်ခံသမိုင်းဖြစ် သည့် ဘိုးဘေးခြံအား ကတိပေးထားပြီး ယောရွင် ဦးဆောင်မှုအောက်၌ သွားရောက်နေထိုင်ရမည့် ကတိတော်ထားရာ မြေမှ ဘဝသစ်အကြောင်းကို နားလည်ရန်ဖြစ်သည်။
ကမ္ဘာဦးကျမ်း ၁၂၁-၃ တွင် ဘုရားသခင်သည် အာဗြဟံနှင့် ပထမဦးဆုံး ကတိတော် ကို အစပြုခဲ့သည်။ ကမ္ဘာဦးကျမ်း ၁-၁၁ တွင် လောကကြီးထဲရှိ လူမျိုးများစွာထဲမှ လူနည်းစု ဖြစ်သည့်ဣသရေလလူမျိုးအားဖြင့် ဘုရားသခင်သည် သူ၏ ရွေးနှုတ်ခြင်းအစီအစဉ်ကို ဆက် လက်ပြည့်စုံရန် လုပ်ဆောင်သွားသည်။ ထိုအတွက် ဣသရေလလူမျိုးလုပ်ဆောင်ရမည့်အရာမှာ “လူအမျိုးမျိုး လင်းစရာ” (ဟေရှာ ၄၂း၇) ဖြစ်သည်။ ဘုရားသခင် သည် ကတိတော်နယ်မြေ ၊ လူမျိုးကြီး ဖြစ်စေခြင်း (မျိုးဆက်)နှင့် ကောင်းကြီးပေးရန် ကတိထားခဲ့သည်။ ထိုကတိသုံးချက်တို သည် အာဗြဟံနှင့် ချုပ်ဆိုခဲ့သော ပဋိညာဉ်ဖြစ်သည် (က ၁၅း၁-၂၀)။ ကျန်ရှိသော ကျမ်းစာ တစ်အုပ်လုံးသည် ထိုကတိတော်များ၏ ပြည့်စုံခြင်းကို ဖော်ပြသည်။
အကြီးမားဆုံးသောအရာအဖြစ် ကမ္ဘာဦးကျမ်း ၁-၁၁ တွင် ဘုရားသခင်၏ ဝိသေသ လက္ခဏာနှင့် လုပ်ဆောင်မှုများအကြောင်းကို သီးသန့်သတင်းစကားအဖြစ် ဖော်ပြထားသည်။ ထိုကျမ်းစာအခန်း ကြီးများအားလုံးရှိ လုပ် ဆောင်မှုများ၏ အကျိုးဆက်၌ ဘုရားသခင်သည်
နာခံမှု မရှိသော လူသားများကို တုန့်ပြန်ရာ တွင် သူ၏ ကြွယ်ဝသော ကျေးဇူးတော်ကို အံ့ဩဖွယ်သော အရာတစ်ခုအဖြစ် ဖော်ပြ သည်။ ချိုယွင်းချက်မရှိဘဲ ဘုရားသခင် သည် သူ၏ ကျေးဇူးပြုခြင်းအမှုကို လုပ် ဆောင်မှုတစ်ခုစီတိုင်းတွင် ပိုမိုထင်ရှားစွာ တွေ့မြင်ရသည်။ သိုသော် ချိုယွင်းချက် မရှိဘဲ လူသားသည် ကြီးမားသည့် အပြစ် တရား ပုန်ကန်မှုဖြင့် ပြန်လည်တုံပြန်ခဲ့ သည်။ ကျမ်းစာအရ အပြစ်များများ လုပ်မိ လေလေ ဘုရားသခင်၏ ကျေးဇူး ကြွယ်ဝလေလေ ဖြစ်သည်(ရော ၅း၂၀)။
နောက်ဆုံးအနေဖြင့် အဓိကဆိုလို ရင်းဖြစ်သော ဓမ္မအတွေးအခေါ်ဆိုင်ရာ အရေးပါမှုသည် ကမ္ဘာဦးကျမ်းကို အခြား ကျမ်းများနှင့် ကွဲပြားစေသည်။ ဤနေရာ တွင် ကမ္ဘာဦးကျမ်းနှင့် ဗျာဒိတ်ကျမ်း တူညီ နေသည်။ ဗျာဒိတ်ကျမ်းတွင် ကမ္ဘာဦးကျမ်း မှ ဆုံးရှုံးသွားရသည့် ပရဒိသုဘုံသည် ပြန်ရ လိမ့်မည်ဖြစ်သည်။ တမန်တော် ရှင် ယောဟန်သည် သူ၏စာအုပ်တွင် ကမ္ဘာဦးကျမ်း၃ ရှိ ကျိန်ခြင်းရလဒ်ဖြင့် အစပြုထားသော ပြဿနာကို အနာဂတ်တွင် ရှင်းပေးမည့်အရာ အဖြစ် ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။ သူ၏ အလေးအနက် ဖော်ပြမှုတွင် ကျဆုံးခြင်းအကျိုး ဆက်ကြောင့် ပျက်စီးသွားသော ဖန်ဆင်းခြင်းအရာများအပေါ်နှင့် ဘုရားသခင်သည် သူ၏ ဖန်ဆင်းခြင်းတွင် ကျိန်ခြင်းအကျိုးဆက်ကို ဖယ်ထုတ်မည်ဖြစ်ကြောင်း ဖြစ်သည်။ ရှင်ယောဟန် ဖော်ပြထားသည်မှာ၊ နောက်တစ်ဖန် ကျန်ခြင်းအား တစ်စုံတစ်ခုမျှမရှိရ” ( ဗျာ ၂၂း၃)ဟု ဖြစ်သည်။ ဘုရားသခင် နှုတ်ကပတ်တော်၏ နောက်ဆုံး ကျမ်းပိုဒ် အတွက် အံ့အားသင့်စရာမရှိ ပေ။ ယုံကြည်သူများသည် သူတိုကိုယ်တိုင် ဧဒင်ဥယျာဉ်၊ ဘုရားသခင်၏ ထာဝရသုခဘုံ၊ အသက် ပင်မှ အသီး (ဗျာ ၂၂း၁-၁၄)ကို ပြန်လည်ရှာဖွေ တွေ့ရှိမည် ဖြစ်သည်။ ထိုအချိန်တွင် သူတိုသည် သိုးသငယ်၏ အသွေးအားဖြင့် လျှော်ထားသော ဝတ်ရုံကို ဝတ်ဆင်ကြမည်(ဗျာ ၂၂း၁၄)။
ကမ္ဘာဦးကျမ်းရှိ အဓိကဩဝါဒများ ခရစ်ယာန်တို့၏ အဓိကသွန်သင်မှု အများစုမှာ ကမ္ဘာဦးကျမ်းမှုဖြစ် သည်။
ခမည်းတော်ဘုရား – ဖန်ဆင်းခြင်းတွင် ဘုရားသခင်၏ ဩဇာအာဏာ (၁း၁-၃၁၊ ဆာ ၁ဝ၃း၁၉ ၁၄၅း၈၊ ၉၊ ၁ ကော ၈း၆၊ ဧဖက် ၃း၉၊ ၄း၆)
သားတော်ဘုရား – ဖန်ဆင်းခြင်းတွင် ဘုရားသခင်၏ ကိုယ်စားလှယ် (၁း၁၊ ၃း၁၅၊ ၁၈း၁၊ ယော ၁း၁-၃ ၁၀း၃၀ ၁၄း၉၊ ဖိ ၂း၅-၈၊ ကော – ၁း၁၅-၁၇၊ ဟေဗြဲ ၁း၂)
သန့်ရှင်းသော ဝိညာဉ်တော်ဘုရား – ဖန်ဆင်းခြင်းတွင် ဘုရားသခင်၏ မျက်မှောက်တော် (၁း၂၊၆း၃၊ မ ၁း၁၈၊ ယော ၃း ၅-၇)
သုံးပါးတစ်ဆူ ဘုရားသခင် – သုံးပါးတစ်ဆူ (၁း၁၊ ၂၆၊ ၃း၂၂ ၁၁း၇၊ တရားဟေ ၆း၄၊ ဟေရှာ ၄၅း၅-၇၊ မ ၂၈း၁၉၊ ၁ ကော ၈း၄၊ ၂ ကော ၁၃း၁၄)
လူသား – ခရစ်တော်၏ ပုံသဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းထားသော်လည်း အပြစ်ပြု၍ကျရုံးပြီး ကယ်တင်ရှင်လိုအပ်သူ (၁း၂၆၊ ၂း၄-၂၅၊ ၉း၆၊ ဟေရှာ ၄၃း၇၊ ရော ၈း၂၉၊ ကော ၁း၁၆၊ ၁ဝ၊ ယာ ၃း၉၊ ဗျာ ၄း၁၁)
အပြစ် (ကျရှုးခြင်း) – ဘုရားသခင်ကို ပုန်ကန်ခြင်းအားဖြင့် ဖန်ဆင်းခံအရာအားလုံးသည် အပြစ်၏ အဆိပ်သင့်မှုကို ခံစားရခြင်း (၂း၆၊ ၁၇၊ ၃း၁-၁၉၊ ယော ၃း၃၆၊ ရော ၃း၂၃၊ ၆း၂၃၊ ၁ကော ၂း ၁၄ ၁-၃၊ ၁ တိ ၂း၁၃၊ ၁၄၊ ၁ ယော ၁း၈)
ရွေးနှုတ်ခြင်း – ခရစ်တော်သည် ကားတိုင်တွင်အသေခံခြင်းဖြင့် အပြစ်မှ ကယ်တင်ခြင်းနှင့် မူလအခြေအနေသို ပြန်လည်ပြုပြင်ခြင်းအမှုကို ပြီးမြောက်ခဲ့ခြင်း (၃း၁၅၊ ၄၈း၁၆၊ ယော ၈း၄၄၊ ၁၀း၁၅၊ ရော ၃း၂၄၊ ၂၅ ၁၆း၂၀၊ ၁ ပေ ၂း၂၄)
ပဋိညာဉ် – ဘုရားသခင်သည် ကတိတော်ကိုပြုလုပ်ပြီး ဆက်နွယ်မှုကို ပြုလုပ်ခြင်း (၁၅း၁- ၂၀၊ ၁၇း၁၀၊ ၁၁ တောလည်ရာ ၂၀း၁၀- ၁၃၊ တရားဟော ၄း၂၅-၃၁၊ ၃၀း၁-၉၊ ၂ ရာ ၂၃း၅၊ ၅ ရာ ၁း၁၅-၁၈၊ ယေရမိ ၃၀း၁၁ ၃၂း၄၀၊ ၄၆း၂၇၊ ၂၈၊ အာ ၉း၈၊ လု ၁း၆၇-၇၅ ဟေဗြဲ ၆း၁၃-၁၈)
ကတိတော် – ဘုရားသခင်သည် အနာဂတ်တွင် သူကိုယ်တိုင်လုပ်မည့်အရာကို ပြောခြင်း (၁၂း၁-၃၊ ၂၆း၃၊ ၄ ၂၈း၁၄၊ တ ၂း၃၉၊ ဂလ ၃း၁၆၊ ဟေဗြဲ ၈း၆)
စာတန် – ဘုရားသခင်၏ ဖန်ဆင်းခြင်းများအနက် အရင်ဆုံးမူလပုန်ကန်သူ (၃း၁-၁၅၊ ဟေရှာ ၁၄း၁၃၊ ၁၄၊ မ ၄း၃-၁ဝ၊ ၂ကော ၁၁း၃၊ ၁၄၊ ၂ ပေ ၂း၄၊ ဗျာ ၁၂း၉၊ ၂၀း၂)
ကောင်းကင်တမန် – ဘုရားသခင်ကို အစေခံရန် အထူးဖန်ဆင်းခြင်းခံရသူ (၃း၂၄၊ ၁၈း၁-၈၊ ၂၈း၁၂၊ လု ၂း၉-၁၄၊ ဟေဗြဲ ၁း၆၊ ၇၊ ၁၄၊ ၂း၆၊ ၇၊ ဗျာ ၅း၁၁-၁၄)
ဗျာဒိတ်ရူပါရုံ – ဘုရားသခင်သည် သူဖန်ဆင်းထားသောအရာများဖြင့် သွယ်ဝိုက်ပြီး စကားပြော ဆိုနေခြင်းသည် သာမန်ဗျာဒိတ်ရူပါရုံ အဖြစ် ဖြစ်ပေါ်ခြင်း (၁း၁- ၂း၂၅၊ ရော ၁း၁၉-၂၀) သမ္မာတရား ကောင်းမွန်စွာ သိရှိခြင်း အားဖြင့် ဘုရားသခင်သည် သူကိုယ်တိုင် တိုက်ရိုက်စကားပြောနေခြင်းသည် အထူးဗျာဒိတ်ရူပါရုံ ဖြစ်ခြင်း (၂း၁၅-၁၇၊ ၃း၈ – ၁၉၊ ၁၂း၁-၃၊ ၁၈း၁-၈၊ ၃၂း၂၄-၃၂ တရားဟော ၁၈း၁၈၊ ၂ တိ ၃း၁၆၊ ဟေဗြဲ ၁း၁-၄၊ ၁ ပေ ၁း၁၀-၁၂)
ဣသရေလ – ယာကုပ်အား ဘုရားသခင်ပေးထားသော နာမည်ဖြစ်ပြီး နိုင်ငံ၏ ဖခင်အဖြစ် အမည်တွင်လာခဲ့ခြင်း၊ အာဗြဟံနှင့် ဘုရားသခင်လုပ်ဆောင်ခဲ့သည့် ပဋိညာဉ်ကို ဆက်လက်အမွေခံသူများ (၃၂း၂၈၊ ၃၅း၁ဝ တရားဟော ၂၈း၁၅-၆၈၊ ဟေရှာ ၆း၁၇-၂၅၊ ယေရမိ ၃၁း၃၁-၃၄၊ ယေဇကျေလ ၃၇း၂၁-၂၈၊ ဇာခရိ ၈း၁-၁၇၊ မ ၂၁း၄၃၊ ရော ၁၁း၁- ၂၉)
ကမ္ဘာဦးကျမ်းရှိ အဓိက ဝေါဟာရများ
ဘုရားသခင် – ဟေဗြဲဝေါဟာရ အများကိန်း – elonim – ၁း၁၊ ၁၂၊ ၁၉း၂၉၊ ၂၄:၄၂၊ ၂၈း၃၊ ၃၅း၁၁၊ ၄၅း၉၊ ၅၀း၂၄ – ဘုရားသခင်အတွက် ဟေဗြဲစကားလုံးတွင် အသုံးအများဆုံးဖြစ်သည်။ အခြေခံအဓိပ္ပာယ် မှာ “အနန္တတန်ခိုးရှင်”ဖြစ်သည်။ ကမ္ဘာဦးကျမ်းရှိ ထိုစကားလုံးအတွက် ဟေဗြဲဘာသာအသုံးအနှုန်းသည် “ဘုရင်မင်းမြတ်များ”ဟု ဖြစ်သည်။ ပုံမှန်အများကိန်းနှင့်မတူဘဲ ဟေဗြဲစာပေတွင် ထိုအများကိန်းကို “ဘုရား ဂုဏ်အင်္ဂါနှင့်ပြည့်စုံခြင်း” (သို) “လုံးဝ ဘုရားဖြစ်ခြင်း”ဟု ဖြစ်သည်။ ထိုဝေါဟာရအတွက် အများကိန်း ပုံ စံမှာ ဘုရားသခင်၏ သဘောသဘာဝသည် အများကိန်းဖြစ်ခြင်းကို ဖော်ပြသကဲ့သို မှတ်သားရန် ဖြစ်သည်။ ဘုရားသခင်သည် တစ်ဆူတည်းဘုရားဖြစ်သော်လည်း ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော် ဟူ၍ ပုဂ္ဂိုလ်သုံးပါးရှိသည်။
ကောင်းကင် – ဟေဗြဲဝေါဟာရ – sliamoym – ၁း၁၊ ၈၊ ၉၊ ၂း၁၊ ၈း၂၊ ၁၁း၄၊ ၁၄:၂၂၊ ၂၄း၃၊ ၂၈း၁၂။ ကောင်းကင်အတွက် ဟေဗြဲဝေါဟာရသည် ကမ္ဘာကြီးမှ မြင်တွေ့ရသော ကောင်းကင်ယံ များ၊ မိုးကောင်းကင်နှင့် ကမ္ဘာမြေ၏ လေထုနယ်ကို ရည်ညွှန်းခြင်းဖြစ်နိုင်သည် (၂:၁၊ ၄၊ ၁၉)။ သိုမဟုတ် ဘုရားသခင်ကျိန်းဝပ်ရာ ဝိညာဉ်ရေးဆိုင်ရာ ကောင်းကင်လည်းဖြစ်နိုင်သည်(ဆာ ၁၄း၂)။ ထိုဖော်ပြချက်သည် “အထက်အရပ်၊ အထက်နေရာ”ဟူသော ဝေါဟာရနှင့် ဆက်နွယ်မှုရှိသည်။ ဖန်ဆင်းခြင်းခံ မြင်တွေ့ရသည့် ကောင်းကင်သည် ဘုရားသခင်၏ ဘုန်းတော်အကြောင်းနှင့် ကြီး မြတ်သည့် ဖန်ဆင်းမှုများကို သက်သေပြသည် (ဆာ ၁၉း၁၊ ၆)။
မြေ – ဟေဗြဲဝေါဟာရ – erets – ၁း၁၊ ၁၀၊ ၄း၁၆၊ ၁၂း၁၊ ၁၃း၁၀၊ ၄၁း၃၆၊ ၃၁း၃၊ ၃၅း၁၂။ မြေ အတွက် ဓမ္မဟောင်းကျမ်းတွင် အသုံးပြုများသော ဝေါဟာရသည် အဓိပ္ပာယ်ပုံရိပ်အမျိုးမျိုးရှိသည်။ အဓိကကျသောအချက်မှာ မြေများအားလုံးကို ဖန်ဆင်းရှင် ဘုရားသခင်ပိုင်ဆိုင်သည် (ဆာ ၂၄း၁)။ ခါနန်ကို ဣသရေလ လူမျိုးအတွက် ဘုရားသခင်ကတိပေးခဲ့သောအခါ သူပေးပိုင်ခွင့် ရှိသည်။ ခါနန် ပြည်သည် ဣသရေလူမျိုးနှင့် ဘုရားသခင်၏ ပဋိညာဉ်ကို ကိုယ်စားပြုပြီး သူတို၏ ကိုယ်ပိုင် အမှတ်လက္ခဏာတစ်ခုအဖြစ် “ဤပြည်ကို သင်အမွေခံစရာဖို”ဟူ၍ ဖြစ်လာသည် (၁၃း၁၅၊ ၁၅း၇)။
မျိုးစေ့ – ဟေဗြဲဝေါဟာရ – zera – ၁း၁၁၊ ၂၉၊ ၁၃း၁၅၊ ၁၆၊ ၁၅း၁၈၊ ၁၇း၁၉၊ ၂၈း၁၄၊ ၄၈း၁၉၊ ၃၂း၁၂။ မျိုးစေ့အတွက် ဟေဗြဲဝေါဟာရ၏ မူရင်းမှာ အပင်၏ မျိုးစေ့တစ်ခု (၁း၁၁၊ ၁၂) (သို) တစ်ဦးတစ်ယောက်၏ မျိုးနွယ်အဖြစ်လည်း ကိုယ်စားပြုနိုင်သည် (၁၃း၁၅)။ ကမ္ဘာဦးကျမ်း တွင် မေရှိယကြွလာမည်ကို အထူးသဖြင့် ရည်ညွှန်းထားပြီး မိန်းမ၏မျိုးနွယ်မှ စာတန်၏ ဦးခေါင်း အားကြိတ်မည့်သူအဖြစ် ဘုရားသခင်ကတိတော်ထားသူဖြစ်သည် (၃း၁၅၊ တော ၂၄း၇၊ ဟေရှာ ၆း၁၃၊ ဂလ ၃း၁၆)။ ထိုအသုံးအနှုန်းသည် သမ္မာကျမ်းစာတွင် အလွန်အရေးကြီးလှသည်။ ၄င်းမှာ အာဗြဟံ၏ မျိုးနွယ်အားဖြင့် လူမျိုးစုအဖြစ် ဣသရေလလူမျိုးနှင့် တစ်ဦးချင်းစီအဖြစ် ခရစ်တော်၌ ရှိသောသူများကို ဘုရားသခင် ကယ်တင်တော် မူမည်ဖြစ်သည် (၁၅း၃)။
တရားစီရင်ခြင်း – အပြစ်တရားအပေါ် ဖြောင့်မတ်သောဘုရားသခင်၏ တုံပြန်ခြင်း (၃၊ ၆၊ ၇၊ ၁၁း၁-၉၊ ၁၅:၁၄၊ ၁၈း၁၆-၁၉: ၂၉၊ တရားဟော ၃၂:၃၉၊ ဟေရှာ၁:၉၊ မ ၁၂:၃၆၊ ၃၇၊ ရော ၁း၁၈-၂:၁၆၊ ၂ ပေ ၂:၅၊ ၆)
ကောင်းကြီးမင်္ဂလာ – အထူးအကျိုးခံစားမှု (သို) ဘဝအသက်တာ မျှော်လင့်ချက်ပြည့်ဝသောသူ (၁း၂၈၊ ၉း၁၊ ၁၂း၁-၃၊ ၁၄း၁၈-၂၀၊ ၂၇း၁-၄၀၊ ၄၈း၁-၂ဝ၊ တောလည်ရာ ၆း၂၄-၂၇၊ တရားဟော ၁၁း၂၆၊ ၂၇၊ ဆာ ၃း၈၊ မာလခိ ၃း၁ဝ၊ မ ၅း၃-၁၁၊ ၁ ပေ ၃း၉)
ကမ္ဘာဦးကျမ်းရှိ ဘုရားသခင်၏ ဂုဏ်အင်္ဂါလက္ခဏာများ
ဘုရားသခင်၏ ဂုဏ်အင်္ဂါလက္ခဏာများစွာကို ကမ္ဘာဦးကျမ်းတွင် ပထမဆုံး ဖော်ပြထားသည်။ ဘုရားသခင်သည် ဖန်ဆင်းရှင် – ၁း၁-၃၁ ၊
ဘုရားသခင်သည် သစ္စာရှိသူ (ကတိတော်ကို စောင့်ထိန်းသူ) – ၁၂း၃၊ ၇၊ ၂၆၃၊ ၄၊ ၂၈း၁၄၊ ၃၂း၉၊ ၁၂
ဘုရားသခင်သည် တရားမျှတသူ – ၁၈း၂၅
ဘုရားသခင်သည် စိတ်ရှည်သည်းခံသူ – ၆း၃
ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ -၂၄း၁၂
ဘုရားသခင်သည် ကရုဏာကြွယ်ဝသူ – ၁၉း၁၆၊ ၁၉
ဘုရားသခင်သည် နေရာတိုင်းတွင် ရှိသူ – ၁၇း၁
ဘုရားသခင်သည် တန်ခိုးရှင် – ၁၈း၁၄
ဘုရားသခင်သည် မစသောသူ – ၈း၂၂၊ ၂၄း၁၂-၁၄၊ ၄၈၊ ၅၆၊ ၂၈း၂၀၊ ၂၁၊ ၄၅း၅-၇၊ ၄၈း၁၅၊ ၅ဝး၂ဝ ၊
ဘုရားသခင်သည် ကိုးစားထိုက်သူ – ၃း၄၊ ၅၊ ၂၄း၂၇၊ ၃၂း၁၀
ဘုရားသခင်သည် အမျက်ဒေါသကြီးသူ – ၇း၂၁-၂၃၊ ၁၁း၈၊ ၁၉း၂၄၊ ၂၅
အနက်အဓိပ္ပာယ်ဆိုင်ရာ အခက်အခဲများ ၊
ကမ္ဘာဦးကျမ်းရှိ ဖော်ပြချက်တိုင်းနှင့် ယေဘုယျသတင်းစကားသည် ယုံကြည်ခြင်းနှင့် လုပ်ဆောင် ခြင်းအတွက် အလွန်အရေးကြီးသော သင်ခန်းစာများကို ပေးသည်။ ထိုကြောင့် ကမ္ဘာဦးကျမ်း၏ သာ၍ကြီး မြတ်သော အစီအစဉ်နှင့် ရည်ရွယ်ချက်များကို နားလည်ရန်၊ သွန် သင်ချက်တစ်ခုချင်းစီကို နားလည်ရန်မှာ ကြီးမားသော စိန်ခေါ်မှုဖြစ်သည်။ ကမ္ဘာဦးကျမ်းသည် exnihilo “ဘာမျှမရှိခြင်း”မှ ဘုရားသခင်၏ အမိန့်တော် အားဖြင့် ဖန်ဆင်းမှုပြုထားခြင်း အ ကြောင်း ဖြစ်သည်။ ကျရှုးခြင်း၊ ကမ္ဘာကြီးတစ်ခုလုံးကို ရေလွှမ်းမိုးခြင်း၊ လူမျိုးများ ကွဲလွင့်ပျံ့နှံသွား၊ခြင်း စသည့် ဝမ်းနည်းစိတ်နာဖွယ်ကောင်းသည် အကြောင်းအရာသုံးခုရှိသည်။ ၄င်းတိုသည် ကမ္ဘာ့သမိုင်းကို အစီအစဉ်တကျ နားလည်ရန် သမိုင်းကျောထောက်နောက်ခံအဖြစ် ဖော်ပြထား ၊ သည်။ အာဗြဟံမှ အစပြုသော အကြောင်းအရာသည် ဘုရားသခင်၏ ရွေးနှုတ်ခြင်းနှင့် ကောင်း ကြီးပေးခြင်းကို အလေးအနက်ပြုသည်။
ကမ္ဘာဦးကျမ်းရှိ ယဉ်ကျေးမှုများသည် ယနေ့ခေတ်နှင့် အတော်ကွာခြားမှုရှိသည်။ ထိုအရာများကို ရှင်းပြရာတွင် သူတို၏ ရှေးကမ္ဘာအရှေ့ဘက်နိုင်ငံများ၏ နောက်ခံဖြင့် ဆန့်ကျင်မှု ရှိခြင်းကို လောက်၍ ရှင်းပြရ မည်။ ယဉ်ကျေးမှုတိုင်းကို လေ့လာရာတွင် ကျမ်းစာတစ်နေရာမှ ဖော်ပြထားချက် (သို) ကျမ်းစာအပြင် ယဉ်ကျေး မှုများကို မှတ်တမ်းပြုစုထားသည့် အခြားအရ အမြစ်များကို အခြေခံပြီး ရှင်းပြရန် မကြိုးစားမီ ရှေ့-နောက်ဆက် စပ်မှုကို အရင်လေ့လာရမည်။
အကျဉ်းချုပ် ကောက်နှုတ်ချက်
ကမ္ဘာဦးကျမ်းသည် ၄င်း၌ပါဝင်သောအကြောင်းအရာများကို အပိုင်းနှစ်ပိုင်းဖြင့် ဖွဲစည်း ဖော်ပြထား သည်။ ၁) ကနဦး သမိုင်း (က ၁-၁၁) နှင့် ၂) ဘိုးဘေးများသမိုင်း (က ၁၂၅၀)ဖြစ်သည်။ ကနဦး သမိုင်းတွင် အဓိကအဖြစ်အပျက် (၄) ချက်ဖြင့် တွေ့ရပြီး ၁) ဖန်ဆင်းခြင်း (က ၁-၂) ၂) ကျရှုံးခြင်း (က ၃-၅)၊ ၃) ရေလွှမ်း မိုးခြင်း (က ၆-၉)၊ ၄) လူများ ပျံ့နှံသွားခြင်း (၁၀-၁၁) တိုဖြစ်သည်။ ဘိုးဘေးများသမိုင်းတွင် အရေးကြီးသော ပုဂ္ဂိုလ် (၄) ဦးဖြင့် ဖော်ပြထား ပြီး ၁) အာဗြဟံ (က ၁၂း၁-၂၅း၈)၊ ၂) ဣဇက် (က ၂၁း၁-၃၅း၂၉)၊ ၃) ယာကုပ် (က ၂၅း၂၁-၅၀း၁၄) နှင့် ၄) ယောသပ် (က ၃၀း၂၂-၅၀း၂၆) တိုဖြစ်ကြသည်။
စာပေသဘောအရ ကမ္ဘာဦးကျမ်း၏ တည်ဆောက်ပုံမှာ “သားစဉ်မြေးဆက်များမှာ “ဟု မကြာခဏ ပေါ်လာသောစကားစုဖြင့် တည်ဆောက်ထားပြီး အောက်ဖော်ပြပါ အကျဉ်းချုပ် အတွက် အခြေခံဖြစ်သည်။
၁။ ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းခြင်း (၁း၁-၂၃)
၂။ ကောင်းကင်နှင့် မြေကြီး၏ အတ္ထုပ္ပတ္တိ (၂း၄-၄း၂၆)
က။ ဧဒင်ဥယျာဉ်မှ အာဒံနှင့် ဧဝ (၂း၄-၂၅)
ခ။ ကျရှုံးခြင်းနှင့် အကျိုးရလဒ်များ (၃)
ဂ။ ညီကိုသတ်ခြင်းအမှု (၄း၁-၂၄)
ဃ။ ရွှေသမျိုးဆက်မှ မျှော်လင့်ချက် (၄း၂၄-၂၆)
၃။ အာခံ၏ မျိုးဆက်များ (၅း၁-၆း၈)
က။ ရွှေသမှ နောဧအထိ မျိုးဆက်စာရင်း (၅)
ခ။ ရေမလွှမ်းမိုးမီ အပြစ်များ တိုးပွားခြင်း (၆း၁-၈)
၄။ နော၏ မျိုးဆက်များ (၆း၉-၉း၂၉)
က။ ရေလွှမ်းမိုးခြင်းအတွက် ပြင်ဆင်ခြင်း (၆း၉-၇း၉)
ခ။ ရေလွှမ်းမိုးခြင်းနှင့် ကယ်တင်ခြင်း (၇း၁၀-၈း၁၉)
ဂ။ နောဧနှင့်ပြုလုပ်သော ဘုရားသခင်၏ ပဋိညာဉ် (၈း၂၀-၉း၁၇)
ဃ။ နောဧမျိုးဆက်များ၏ သမိုင်းကြောင်း (၉း၁၈-၂၇)
၅။ ရှေမ၊ ဟာမ၊ ယာဖတ်တို့၏ မျိုးဆက်များ (၁၀း၁-၁၁း၉)
က။ လူမျိုးများ (၁၀)
ခ။ လူမျိုးများ ကွဲလွင့်ပျံ့နှံစေခြင်း (၁၁း၁-၉)
၆။ ရှေမ၏ မျိုးဆက်များ – ရှေမမှ တေရအထိ မျိုးဆက်စာရင်း (၁၁း၁၀-၂၆)
၇။ တေရ၏ မျိုးဆက်များ (၁၁း၂၇-၂၅း၁၁)
က။ မျိုးဆက်စာရင်း (၁၁း၂၇-၃၂)
ခ။ အာဗြဟံနှင့်ဖွဲ့သော ပဋိညာဉ် – သူ၏ပြည်နှင့် လူမျိုး (၁၂း၁- ၂၂း၁၉)
၁။ ကတီတော်ထားရာပြည် ခရီးထွက်ခြင်း (၁၂း၁-၉)
၂။ အဲဂုတ္တုမှ ပြန်လည်ရွေးနှုတ်ခြင်း (၁၂း၁ဝ-၂ဝ)၊
၃။ နယ်မြေခွဲခြင်း (၁၃)
၄။ ဘုရင်များကို စစ်အောင်ခြင်း (၁၄)
၅။ ပဋိညာဉ်ကို အတည်ပြုလုပ်ဆောင်ခြင်း (၁၅)
၆။ ဟာဂရနှင့် ဣရှမေလကို ငြင်းပယ်ခြင်း (၁၆)
၇။ ပဋိညာဉ်ကို အတည်ပြုခြင်း (၁၇)
၈။ ဣဇက်မွေးဖွားမည်ကို ကြိုပြောခြင်း (၁၈း၁-၁၅)
၉။ သောဒုံနှင့် ဂေါမောရ (၁၈း၁၆-၁၉း၃၈)
၁၀။ ဂေရာမင်းကြီး (ဖိလိတ္တိလူများနှင့် ရင်ဆိုင်တွေ့ဆုံခြင်း (၂ဝ)
၁၁။ ဣဇက်မွေးဖွားခြင်း (၂၁)
၁၂။ ဣဇက်အပေါ် အာဗြဟံ၏ ယုံကြည်ခြင်း အပြုအမူ (၂၂း၁-၁၉)
ဂ။ အာဗြဟံ၏ ကတိတော်မျိုးနွယ် (၂၂း၂၀-၂၀း၁၁)
၁။ ရေဗက္ကာ၏ နောက်ကြောင်းရာဇဝင် (၂း၂ဝ-၂၄)
၂။ စာရာသေခြင်း (၂၃)
၃။ ဣဇက်နှင့် ရေဗက္ကာ အိမ်ထောင်ပြုခြင်း (၂၄)
၄။ဣဇက်သာလျှင် အမွေခံသူ (၂၅း၁-၆)
၅။ အာဗြဟံသေခြင်း (၂၅း၇-၁၁)
၈။ ဣရှမေလ မျိုးဆက်များ (၂၅း၁၂-၁၈)
၉။ ဣဇက် မျိုးဆက်များ (၂၅း၁၉-၃၅း၂၉)
က။ ဧသောနှင့် ယာကုပ်ကြား ယှဉ်ပြိုင်မှု (၂၅း၁၉-၃၄)
ခ။ ဣဇက်အား ပဋိညာဉ်ပြုသော ကောင်းကြီးများ (၂၆)
ဂ။ ယာကုပ်သည် ကောင်းကြီးမင်္ဂလာကို လိမ်လည်ရယူခြင်း (၁-၄ဝ)၊
ဃ။ တိုင်းတပါးတွင် ယာကုပ်အား ကောင်းကြီးပေးခြင်း (၂၇း၄၁-၃၂း၃၂)
၁။ လာဗန်ထံသို့ ယာကုပ်အား စေလွှတ်ခြင်း (၂၇း၄၁-၂၈း၉)
၂။ ဗေသလအရပ်မှ ကောင်းကင်တမန် (၂၈း၁၀-၂၂)
၃။ လာဗန်နှင့် သဘောထားကွဲလွဲခြင်း (၂၉း၁-၃ဝ)
၄။ ကတိတော် ပြထားသော မျိုးနွယ် (၂၉း၃၁-၃၀း၂၄)
၅။ ခါရန်အရပ်မှ ထွက်ခွာခြင်း (၃၀း၂၅-၃၁း၅၅)
၆။ မဟာနိမ်နှင့် ပေနွေလအရပ်မှ ကောင်းကင်တမန်များ (၃၂)
င။ ဧသောသည် ယာကုပ်နှင့်ပြန်လည်ပေါင်းစည်းသင့်မြတ်ခြင်း (၃၃း၁-၁၇)
စ။ ရှေခင်မှ မံရေအရပ်အထိ အဖြစ်အပျက်များနှင့် သေခြင်းအကြောင်း (၃၃း၁၈-၃၅း၂၉)
၁၀။ ဧသော၏ မျိုးဆက်များ (၃၆း၁-၃၇း၁) ၊
၁၁။ ယာကုပ်၏ မျိုးဆက်များ (၃၇း၂-၅၀း၂၆)
က။ ယောသပ်၏ အိပ်မက်များ (၃၇း၂-၁၁) ၊
၁။ မိသားစု အဖြစ်ဆိုးကြံခြင်း (၃၇း၁၂-၃၈း၃၀)
ဂ။ အီဂျစ်ပြည်တွင် ဒုတိယဘုရင်ဖြစ်ခြင်း (၃၉-၄၀)
ဃ။ မိသားစုများ ပြန်လည်ပေါင်းစည်းခြင်း (၄၂-၄၅)
င။ ထွက်မြောက်ရာသို ကူးပြောင်းခြင်း (၄၆-၅၀)
၁။ အီဂျစ်ပြည်သို ခရီးပြုခြင်း (၄၆း၁-၂၇)
၂။ ဂေါရှန်ပြည်တွင် အလုပ်နေရာပေးခြင်း (၄၆း၂၈-၄၇း၃၁)
၃။ မျိုးဆက် ၁၂ မျိုးအား ကောင်းကြီးပေးခြင်း (၄၈း၁-၄၉း၂၈)
၄။ ယာကုပ်သေခြင်းနှင့် ခါနန်တွင် သင်္ဂြိုဟ်ခြင်း (၄၉း ၂၉-၅၀း၁၄)
၅။ ယောသပ် အီဂျစ်ပြည်တွင် သေခြင်း (၅၀း၁၅-၂၆)
ခက်ခဲသော မေးခွန်းများအတွက် အဖြေများ
၁။ သမ္မာကျမ်းစာသည် လက်ရှိသိပ္ပံပညာရပ်ဆိုင်ရာ သီအိုရီများနှင့် ကွဲပြားမှု (သို) သဘောတူ ညီမှု မည်သို ရှိသနည်း။
သူတိုအဓိပ္ပာယ်ဖွင့်ဆိုထားမှုအရ သိပ္ပံပညာရပ်ဆိုင်ရာ သီအိုရီများသည် ဘာသာရပ်ကို ပြောင်းလဲ ခြင်းနှင့် ညှိနှိင်းခြင်းကို လုပ်ဆောင်နိုင်ခြင်းဖြစ်သည်။ ကျမ်းစာသည် ဘုရားသခင်၏ ဖွင့်ပြမှုအဖြစ်ရှိနေပြီး မပြောင်းလဲသော သမ္မာတရားဖြစ်သည်။ သမ္မာကျမ်းစာသည် သိပ္ပံပညာရပ် ဆိုင်ရာ သီးသန့် သီအိုရီတစ်ခုခုကို စိန်ခေါ်ရေးသားခဲ့ခြင်းမဟုတ်ပေ။ သိပ္ပံပညာရပ်ဆိုင်ရာ သီအိုရီများသည် ကျမ်းစာဆိုင်ရာ ဖော်ပြချက်များ၏ စိန်ခေါ်ခြင်းခံရမှုများ (သို) ဖြိုလှဲခြင်း ခံရမှုများ ရရှိသည်။ သူတိုသည် ကျမ်းစာနှင့် ကိုက်ညီမှုရှိလျှင် ကျမ်းစာနှင့် မကိုက်ညီပါက ၊ အမှားသာဖြစ်သည်။
ကမ္ဘာဦးကျမ်း ၁း၁ တွင် ရေးသားချက်အရ “ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီး ကို ဖန်ဆင်း တော်မူ၏”ဟု ပြောထားချက်သည် အခြေခံကျသော အချုပ်သုံးခုကို ဖော်ပြသည်။ ၁) ဖန်ဆင်းခြင်းသည် နှစ်ထောင်ဂဏန်းမျှသာရှိပြီး နှစ်သန်းပေါင်းများစွာက မဟုတ်ခြင်း၊ ၂) ဖန်ဆင်းခြင်းသည် er nihilo ဖြစ်ပြီး အဓိပ္ပာယ်မှာ ဘုရားသခင်သည် ဘာမျှမရှိခြင်းထဲမှ ဖန်ဆင်းခြင်းအမှုကို ပြုခြင်း၊ ၃) ဖန်ဆင်းခြင်းသည် အထူးပြုလုပ်ချက်ဖြစ်ပြီး ဘုရားသခင်၏ ပထမဆုံး ဖန်ဆင်းခြင်း အလုပ်တွင် အလင်းနှင့် အချိန်ဖြစ်၍ နေနှင့်လကို မဖန်ဆင်းမီ(၁း၁၆) နေ့ကို ရေတွက်ကြောင်း (၁း၅) တွေ့ရသည်။
ကမ္ဘာဦးကျမ်း အခန်းကြီး ၁၀ အား “တိုင်းနိုင်ငံများဇယား”ဟု ခေါ်ပြီး နောဧ၏သားသုံးယောက် မျိုးဆက်များ၏ တိုင်းနိုင်ငံများဖြစ်သည်။ ယာဖက် (ငယ် ၂-၅) ဟာမ (ငယ် ၆-၂၀) နှင့် ရှေ့မ (ငယ် ၂၁-၃၁) တိုဖြစ်သည်။ အခန်းကြီး ၁၀ တွင် ဖော်ပြထားသော အမည်များသည် ရှေးယခင်က တည်ရှိခဲ့သော တိုင်းနိုင်ငံများဖြစ်ပြီး အချိုမှ ယနေ့အထိ ဆက်လက်ရှိနေကြသည်။
ကမ္ဘာဦးကျမ်း အချိန်ကာလ၌ ကမ္ဘာကြီးရှိ အခြားသောနေရာများ
ရေလွှမ်းမိုးခြင်း နောက်ပိုင်းအထိ (အခန်းကြီး ၆-၉) ကမ္ဘာကြီးသည် အရှေ့အလယ်ပိုင်းဒေသကို ဗဟိုပြုပြီး အဖြစ်အပျက်များ ဖြစ်ပျက်သည်။ ဗာဗုလုန်ရဲတိုက်ပြီးနောက် လူဦးရေသည် ပိုမို ကျယ်ပြန့် လာခဲ့သည် (အခန်းကြီး ၁၁)၊ ဘိုးဘေးများ လက်ထက်တွင် (ခန့်မှန်း ဘီစီ ၂၁၅၀) အီဂျစ်နိုင်ငံသည် ကမ္ဘာတစ်ဝှမ်း ကို လွှမ်းမိုးထားသည်။ အီဂျစ်လူမျိုးများ သည် စာပေရေးသားရန်အတွက် ပင်များနှင့် မြင်များကို အသုံးပြုနေ ကြပြီဖြစ်သည်။
၂။ ခရစ်ယာန်များသည် ကျရှုံးခြင်းအကြောင်း ပြောသည့် အခါ သူတို့ အတွက် ဘာကို ဆိုလိုသနည်း။
ကျရှုံးခြင်းဆိုသည်မှာ ပထမဆုံး လူသားများသည် ဘုရားသခင်၏ စကားတော်ကို နာမခံသည့် အချိန် အား ရည်ညွှန်းခြင်းဖြစ်သည်။ အခန်းကြီး ၃ သည် နာကျင်ဝမ်းနည်းဖွယ် ကောင်းသော အဖြစ်အပျက်ကို ပြော သည်။ ဧဝတွင်စားချင်စိတ်ရှိနေပြီး အာဒံကလည်း သဘော တူသည့်အခါ အတူတကွ သူမနှင့်အပြစ်လုပ်ခြင်းဖြင့် ဖြစ်သွားခဲ့သည့်အရာဖြစ်သည်။ သူတို အတူတူ အပြစ်လုပ်ကြသည်။ အာဒံနှင့် ဧဝတို၏ စိတ်အလိုဆန္ဒအရ ဆုံးဖြတ်ခဲ့ခြင်းသည် ဖန်ဆင်းရှင်နှင့် ဖန်ဆင်းခံအရာများအကြား ပုန်ကန်မှုကို ဖန်တီးခဲ့သည်။ ကျရှုးခြင်းတွင် ကျွန်ုပ်တို ၏ ပထမဆုံး ဘိုးဘွားများသည် စာတန်ဘက်မှနေပြီး ကျွန်ုပ်တိုကို ပြောခဲ့သည်။
သမ္မာကျမ်းစာက ကျရှုးခြင်းသည် လူတိုင်း၏ အသက်တာတွင် အပြစ်ဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြ ထားသည် (ရော ၅း၁၂)။ အပြစ်စွမ်းအားသည် ကျွန်ုပ်တို မွေးကတည်းက ပါလာပြီးသားဖြစ်သည်။ အပြစ်ပြုရန် အခွင့်အရေးမရှိခင်က ကျွန်ုပ်တိုသည် အပြစ်သားများ ဖြစ်သည်။ ကျွန်ုပ်တိုအပြစ်ပြုသောကြောင့် အပြစ်သား များ ဖြစ်သည်သာမက၊ အပြစ်သားများ ဖြစ်သောကြောင့် အပြစ်ကို အရင်လုပ်ရခြင်းဖြစ်သည်။ အဘယ့်ကြောင့် နည်း။ ကျွန်ုပ်တို့အားလုံး သည် အာဒံ၏ ကျရှုံးမှုကို အမွေဆက်ခံသောကြောင့် ဖြစ်သည်။
၃။ ကျမ်းစာသမိုင်းအားလုံးတွင် ရေလွှမ်းမိုးခြင်းသည် မည်မျှအရေးပါသနည်း။
သမ္မာကျမ်းစာက ရေလွှမ်းမိုးခြင်းသည် အပြစ်သားများကို ဘုရားသခင် တရားစီရင်ခြင်း အားဖြင့် ကမ္ဘာကြီးတစ်ခုလုံးကို လွှမ်းမိုးခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ရေလွှမ်းမိုးခြင်းသည် သတိပေးသော မိုးတိမ်ကဲ့သို သမိုင်းကြောင်း အကျိုးဆက်များအဖြစ် တည်ရှိနေသည်။ သိုသော် ထိုမိုးတိမ်သည် ဘုရားသခင်၏ ကတိဖြစ်သော ကျေးဇူးတော် သက်တံ့ကိုလည်း ဆွဲကိုင် ထားသည်။
ရေလွှမ်းမိုးခြင်းသည် ဘုရားသခင်၏ ဝိသေသလက္ခဏာများကို ဖော်ပြသလို ဘုရား သခင်သည် သူဖန်ဆင်းသည့်အရာများနှင့် ဆက်နွယ်မှုအကြောင်းကိုလည်း တွေ့ရသည်။ ၁) ဘုရားသခင်သည် ကမ္ဘာကြီး အဖြစ်အပျက်အားလုံးကို လုံးဝထိန်းချုပ်ထားခြင်း၊ ၂) ဘုရားသခင် သည် အပြစ်ကို တရားစီရင်နိုင်သလို၊ တရားလည်းစီရင်မည်ဖြစ်ခြင်း၊ ၃) ဘုရားသခင်သည် တရားစီရင်ခြင်းကြားတွင် ကျေးဇူးတရားကို ပြုနိုင်သလို၊ ပြုလုပ်ခြင်း၊ ၄) စကြဝဠာတစ်ခုလုံး နှင့် နောက်ဆုံးတရားစီရင်မှုသည် ဘုရားသခင်၏ အချိန်ပေါ်တွင်သာ အခြေခံပြီး ဖြစ်ပျက်မည် ဖြစ်ကြောင်း စသည်ဖြင့်ဖြစ်သည်။
၄။ကမ္ဘာဦးကျမ်းတွင် ဘုရားသခင်သည် အဘယ့်ကြောင့် ဘာသာစကားများ များပြားစေပြီး လူများအား ကွဲပြားစေရသနည်း။
ရေလွှမ်းမိုးခြင်းပြီးနောက် လူတို၏ ယဉ်ကျေးမှုသည် မြေကြီးပေါ်တွင် ပျံ့နှံလာသည်။ နောက်ပိုင်းတွင် လူများသည် မြေပေါ်တွင်ပျံ့နှံခြင်းမှ ကာကွယ်ရန်အတွက် (၁၁း၄) သူတိုကိုယ် တိုင် ရဲတိုက်ကြီးကို တည်ဆောက် ရန် ဆုံးဖြတ်ခဲ့ကြသည်။ ထိုအရာက ဘုရားသခင်အား မြန်မာ နနှင့် ဆန့်ကျင်ပုန်ကန်မှု အပြစ်နှစ်ဆဖြစ်သည်။ ပထမမှာ ရဲတိုက်အဖြစ် တည်ဆောက်မည့် သူတိုသည် သူတိုအားကိုးအားထားရသည့် မှတ်တိုင်အဖြစ် လုပ် ဆောင်ခြင်း ဖြစ်သည်။ ဒုတိယမှာ သူတိုနေထိုင်ရာနေရာကို အမြဲအတည်တကျအဖြစ် နေထိုင်ရန် လုပ်ဆောင် ခြင်းသည် ဘုရားသခင်၏ အမိန့်တော်ဖြစ်သော ကမ္ဘာကိုပြည့်စေရမည့် ပျံ့နှံခြင်းအမိန့်တော်အား ဆန့်ကျင် ခြင်းဖြစ်သည်။
ဘုရားသခင်သည် ကမ္ဘာလောကကြီးကို ပြည့်စေပြီး ထိန်းသိမ်းစောင့်ရှောက်ရန် ရည် ရွယ်ချက် ရှိခဲ့ခြင်းကြောင့် သူသည် မာန်မာနဖြင့် ပုန်ကန်သူများကို တုံပြန်ခဲ့သည်။ သူတိုတွင် အခြေချနေထိုင်ရန် ရွေးချယ်ခဲ့ပြီး ဘုရားသခင်သည် သူတိုကို မရရအောင် ကွဲပြားစေခဲ့သည်။ သူတို၏ ပူးပေါင်းလုပ်ဆောင်မှုနှင့် ကိုယ့်ကိုယ်ကို အားကိုးခြင်းသည် တူညီသော ဘာသာစကားကြောင့်ဖြစ်သည်။ ရရှိသမျှအားလုံးကို ဘုရားသခင်၏ အမိန့်တော်အား နာခံရန် အသုံးပြုမည် အစား မနာခံခြင်းအတွက် မှားယွင်းစွာ အသုံးပြုခဲ့ ကြသည်။ ဘုရားသခင်သည် ဘာသာစကား၊ များစွာကို ကွဲပြားစေခဲ့သည်။ သူတို၏ ပြောဆိုဆက်ဆံမှုကို ရှုပ်ထွေးစေ၍ သူတိုရှုပ်ထွေးသွားစေ သည့် နေရာကို ဗာဗဲ (ဟေဗြဲဝေါဟာရ “ရှုပ်ထွေးခြင်းနှင့်တူ)ဟူ၍ ဖြစ်လာသည်။ နောက်ပိုင်းတွင် ဗာဗုလုန်ဟု ဖြစ်လာပြီး ဘုရားသခင်၏ လူမျိုးတော်ကို အမြဲပုန်ကန်သော ရန်သူ၊ ကျမ်းစာတစ် အုပ်လုံးတွင် ဘုရားသခင်ကို ဆန့်ကျင်သောလူမျိုး၏ မြိုတော်ဖြစ်လာခဲ့သည် (ဗျာ ၁၆း၁၉၊ ၁၇း၅)။
၅။ ရှေးလူများ၏ ယဉ်ကျေးမှုများသည် ယနေ့ကျွန်ုပ်တို၏ ယဉ်ကျေးမှုများနှင့် ကွာခြားသောအခါ သမ္မာကျမ်းစာ (ကမ္ဘာဦးကျမ်းရှိ သမိုင်းအကြောင်းအရာများ)ကို ကျွန်ုပ်တို့ မည်သို့ အနက်ပြန် ရမည် နည်း။ ။
ယခင်က ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာများနှင့် အတော်ကြာကြာက ဖြစ်ပျက်ခဲ့သည့် အရာများကို ပြန်လည်အနက်ပြန်ရန်အတွက် ကူညီပေးနိုင်သည့်လက်နက် သုံးခုရှိသည်။ ၁) ကျမ်းပိုဒ်တစ်ခုကို နားလည် ခြင်းတွင် အကောင်းဆုံးအနက်ပြန်ခြင်းလက်နက်မှာ ထိုကျမ်းပိုဒ်၏ အနီးအနားတွင်ရှိသော ရှေ့-နောက်ဆက်စပ် မှုဖြစ်သည်။ အနားဝန်းကျင်ရှိ ကျမ်းပိုဒ်များသည် နားလည်ရန်ခက်ခဲသော အကြောင်းအရာတစ်ခုကို နားလည် သဘောပေါက်ရန် မကြာခဏ သဲလွန်စပေးလိမ့်မည်။ ၂) ကျမ်းစာအစိတ်အပိုင်းတစ်ခုသည် အခြားအစိတ်အပိုင်း တစ်ခုကို ရှင်းပြခြင်း၊ အကျယ်ချဲ့ပေးခြင်း၊ မှတ်ချက်ပေးခြင်းများ ပြုလုပ်သည်။ ကျမ်းစာအားလုံးဖြင့် ရင်းနှီး ကျွမ်းဝင်ခြင်းသည် ကျောင်းသားတစ်ဦးကို သမိုင်းတွင် နေထိုင်သူများ၏ ယဉ်ကျေးမှုများ အား ထဲထဲဝင်ဝင် သိမြင်အောင် လုပ်ဆောင်ပေးလိမ့်မည်။ ၃) အချိုသောအကြောင်းအရာများ သည် ကျမ်းစာပြင်ပ ရှိ ရှေးအရင်း အမြစ်များထဲမှ ရရှိနိုင်သော်လည်း ကျမ်းစာကိုယ်တိုင်ကိုသာ အရင်းအမြစ်အဖြစ် ဦးစားပေးထားရမည်ဖြစ်ပြီး၊ ၄င်းတိုကို အထောက်အကူအဖြစ် သဘော ထားရမည်။
ကျွန်ုပ်တိုသည် ကျွန်ုပ်တိုနှင့် မရင်းနှီးသော ကျမ်းစာရှိ ပုဂ္ဂိုလ်များနှင့်တွေ့ဆုံရာတွင် တခြားတိုင်းနိုင်ငံကို ရောက်သွားသလို ခံစားရသော်လည်း သူတိုသည် ကျွန်ုပ်တိုနှင့် အလွန်တူသောသူများဖြစ်သည်။ သူတိုသည် ဂြိုဟ်သားများမဟုတ်ဘဲ ရှေးခေတ်က ကျွန်ုပ်တို၏ ဘိုးဘေး၊ များ ဖြစ်ကြသည်။ သူတို၏ ရုန်းကန်မှုသည် ကျွန်ုပ်တို၏ ရုန်းကန်မှုနှင့်ထပ်တူဖြစ်သည်။ သူတို၏ ရှုံးနိမ့်မှုများသည်လည်း ကျွန်ုပ်တိုနှင့် ရင်းနှီးကျွမ်းဝင်သည်။ သူတိုကို စကားပြောခဲ့သော ဘုရား သခင်သည်လည်း ကျွန်ုပ်တိုကို ဆက်လက်၍ စကားပြောလျက် ရှိနေသည်။
–
ကမ္ဘာဦးကျမ်းကို ဆက်လက်လေ့လာရန်
၁။ ကမ္ဘာဦးကျမ်းရှိ မူလစကြာဝဠာကို ဖန်ဆင်းခြင်းအကြောင်း ဖော်ပြခြင်းတွင် ဘုရားသခင်၏ ဖန်ဆင်းခြင်းကဏ္ဍကို သိနားလည်ခြင်းသည် မည်မျှအရေးကြီးသနည်း။
၂။ လူသားမျိုးနွယ် သမိုင်းတွင် အာဒံနှင့်ဧဝတိုသည် မည်သည့် အခန်းကဏ္ဍတွင် ရှိကြသနည်း။
၃။ ကမ္ဘာဦးကျမ်းတစ်အုပ်တည်းသာ ကျွန်ုပ်တိုတွင်ရှိပါက ဘုရားသခင်အကြောင်း ကျွန်ုပ်တို့မည်မျှ သိရှိမည်နည်း။ ။
၄။ ဧဒင်ဥယျာဉ်မှ နှင်ထုတ်ခြင်း၊ ရေလွှမ်းမိုးခြင်း၊ ဗာဗုလုန်ရဲတိုက်ကဲ့သို အကြောင်းအရာများ ပေးထားခြင်းသည် ကျမ်းစာ၏ မည်သည့်အကြောင်းကို ထင်ပေါ်စေသနည်း။
၅။ အာဗြဟံအားပေးသော ဘုရားသခင်၏ ကတိတော်သည် (၁၂း၁-၃) လောက တစ်ခုလုံးကို မည်သို့ အကျိုးသက်ရောက်မှုရှိသနည်း။ ။
၆။ ဤကျမ်းစာတွင် သူရဲကောင်းများမှာ မည်သူများဖြစ်သနည်း။ အဘယ့်ကြောင့်နည်း။
ထွတ်မြောက်ရာကျမ်း (Exodus)
ကြီးမား လွတ်မြောက်ခြင်း
ခေါင်းစဉ်
မောရှေ၏ ဒုတိယမြောက်သောကျမ်းကို ထွက်မြောက်ရာဟု ဂရိဘာသာသို ပြန်ဆို သော ကနဦးဘာသာ ပြန်သူများက အမည်ပေးထားခြင်းဖြစ်သည်။ ထိုခေါင်းစဉ်၏ ရိုးရှင်းသော ဂရိအဓိပ္ပာယ်မှာ ထွက်ခွာခြင်း ဖြစ်ပြီး သူ၏လူမျိုးတော်ကိုယ်စား ဘုရားသခင်၏ ကြီးသောအမှု ဖြစ်သည့် အားရဖွယ်အမှုတစ်ခုကို ဖော်ပြသည်။ အီဂျစ်ပြည်မှ ဣသရေလလူမျိုးများ ထွက်ခွခြင်း အကြောင်း ဖော်ပြခြင်းသည် ထွက်မြောက်ရာကျမ်း၌ အဓိကကျသော သမိုင်းဖြစ်ရပ်ဖြစ်သည်။
ဟေဗြဲကျမ်းစာတွင် အစစာလုံးမှာ “ဣသရေလသားတို၏ အမည်ဟူမူကားဖြစ်ပြီး ဤစာအုပ်၏ ခေါင်းစဉ်ဖြစ်သည်။ ဤစာအုပ်သည် ပထမစာအုပ် ကမ္ဘာဦးကျမ်း၏ နောက်ဆက် တွဲစာအုပ်အဖြစ် ရှိသည်။ ဟေဗြဲ ၁း၂၂ တွင် သေခါနီးရှိနေသော ယောသပ်၏ ယုံကြည်ခြင်းကို ဖော်ပြသည် (ခန့်မှန်း ဘီစီ ၁၈ဝ၄) ယောသပ်သည် ထွက်မြောက်ရာကျမ်းသို နှစ်ပေါင်း ၄၅၀ (ခန့်မှန်း ဘီစီ ၁၄၄၅ ကို မျှော်ကြည့်ပြီး ထွက်ခွာခြင်း (သို) “ထွက်သွားခြင်းအကြောင်းကို မသေခင် နောက်ဆုံးစကားအဖြစ် ကြောင်း တွေ့ရသည်။
စာရေးသူနှင့် ရက်စွဲ
ထွက်မြောက်ရာကျမ်းအား ခန့်မှန်းခြေ ဘီစီ ၁၄၄၅ မှ ၁၄၀၅ အတွင်း ရေးသားခဲ့ခြင်း ဖြစ်ပြီး မောရှေသည် ကျမ်းရေးသူဖြစ်ကြောင်းမှာ အနည်းငယ်သံသယရှိကြသည်။ မောရှေသည် ဘုရားသခင်၏ ညွှန်ကြားချက်နောက်ကိုလိုက်ပြီး “ထာဝရဘုရား၏ စကားတော်အလုံးစုံတိုကို ရေးထားပြီးမှ (၂၄း၄) အာမလက်လူမျိုးများနှင့် စစ်တိုက်ခြင်းအကြောင်းကို ရေးမှတ်ထားခြင်း (၁၇း၁၄) ပညတ်တော် (၁၀) ပါး (၃၄း၄၊ ၂၇-၂၉)၊ ပဋိညာဉ်များကို ရေးမှတ်ခြင်း (၂၀း၂၂-၂၃း၃၃) စသည်ဖြင့် တွေ့ရသည်။ ထိုအတူ Pentateuch (ဓ မ္မ ဟောင်းကျမ်း၏ ပထမ ငါးကျမ်း) ကို မောရှေ၏ ရေးသားချက်အဖြစ် တွေ့ရပြီး၊ မောရှေသည် “ခရီးသွားခြင်း အကြောင်းအရာ များကို ရေးမှတ်ခြင်း ( တော ၃၃း၂)နှင့် “ပညတ်တရားကို ရေးသားသူ ဖြစ်သည် (တရားဟော ၃၁း၉)
ဓမ္မဟောင်းကျမ်းသည် အထက်ဖော်ပြပါအကြောင်းအရာများကို မောရှေရေးသား ကြောင်းအ တည်ပြုပေးထားသည် (ယောရှု ၁း၇၊ ၈၊ ၈း၃၁၊ ၃၂၊ ၃ ရာ ၂း၃၊ ၄ ရာ ၁၄း၆၊ နေဟမိ ၁၃း၁၊ ဒံ ၉း၁၁-၁၃၊ မာလခိ ၄း၄)။ ဓမ္မသစ်ကျမ်းမှလည်း ထွက် ၃း၆ “မောရှေ၏ကျမ်း” (မာ ၁၃း၂) နှင့် ထွက် ၁၃း၂ “မောရှေ၏ပညတ် တရားကို ကိုးကားပြီး ထိုကျမ်းသည် “ဘုရား သခင်၏ ပညတ်တရား” (လု ၂း၂၂၊ ၂၃)ဟူ၍လည်းကောင်း၊ ထွက် ၂၀း၁၂ နှင့် ၂၁း၁၇ ကိုလည်း မောရှေ ပညတ်တရားဖြစ်သည်ဟု ဖော်ပြသည် (မာ ၇း၁၀)။ ပညတ်တရားကို မောရှေ နှင့်ဆက်စပ်၍ ဖော်ပြထားသည် (ယော ၇း၁၉၊ ရော ၁ဝး၅)။ ယေရှုကိုယ်တိုင်ကလည်း မောရှေ သည် သူ့အကြောင်းကို အထူးသဖြင့် ဖော်ပြရေးသားကြောင်းပြောခဲ့သည်(ယော ၅:၄၆၊၄၇)။
မောရှေသည် အသက်( ၁၂၀)နှစ်အထိ အသက်ရှင်ခြင်း၊ အသက် (၈၀) တွင် က္ကသရေလလူမျိုး၏ ခေါင်းဆောင်အဖြစ် နှစ် (၄၀) ကြာ ဦးဆောင်ခဲ့သော အချိန်ကာလတွင် မောရှေသည် သူ၏ ကျမ်းငါးအုပ်မှ ဤဒုတိယကျမ်းကို ရေးသားခဲ့သည်။ အတိအကျအားဖြင့် ထွက်မြောက် နောက်ပိုင်းနှင့် မောဘလွင်ပြင် နေဗော တောင်တွင် သူမသေမီ အချိန်က ရေးသားခဲ့ခြင်း သည်။ ထွက်မြောက်ရာကျမ်း အချိန် (၁၄၄၅ ခန့်မှန်း ဘီစီ) သည် ဘီစီ (၁၅) ရာစုအချိန်ဖြစ် ကြောင်း ဖော်ပြသည်။
ကျမ်းစာသည် ရှောလမုန်၏ နန်းစံလေးနှစ်မြောက်တွင် သူသည် ဗိမာန်တော်ကို တည် ဆောက်သည်ဟု ဖော်ပြပြီး (ခန့်မှန်း ဘီစီ ၁၆၆/၆၅)၊ ထွက်မြောက်ခြင်းနောက်ပိုင်း နှစ်ပေါင်း (၄၈၀) နှစ် (၃ရာ ၆း- ၁)ဖြစ်သည်။ ထိုနှစ်များသည် အစောပိုင်း ဘီစီ ၁၄၄၅ နှင့် အစပြုထားခြင်း ဖြစ်သည်။ ယေဖသကလည်း သူ့အချိန်တွင် ဣသရေလလူမျိုးသည် ဟေရှဘုန်ကို နှစ်ပေါင်း (၃၀၀)တိုင် ပိုင်ဆိုင်ကြောင်း ဖော်ပြထားသည် (သူကြီး ၁၁း၂၆)။ ယေဖသအချိန်မှ ရှေ့နောက် တွက်ချက်သည့်အခါ တိုင်းတပါးသားတို၏ ဖိနှိပ်ခံရခြင်းအချိန်ကာလ၊ တရားသူကြီးများ၊ ရှင်ဘုရင်များ၊ တောထဲတွင် လှည့်လည်ခြင်း၊ ယောရှုဦး ဆောင်မှုအောက်တွင် ခါနန်ပြည်ကို ကနဦးဝင်ရောက်ခြင်းနှင့် သိမ်းပိုက်ခြင်းတိုသည် နှစ်ပေါင်း (၄၈၀) အရေအတွက်ဖြစ်ကြောင်း အတည်ပြုသည်။
ထပ်မံပြီး ကျမ်းစာတွင် အီဂျစ်ပြည်သို ယာကုပ်နှင့် သူ့မိသားစု ဝင်ရောက်ချိန် (ခန့်မှန်း ဘီစီ ၁၈၇၅) ထွက်မြောက်ခြင်း မတိုင်မီ နှစ်ပေါင်း (၄၃၀) (ထွက် ၁၂:၄၀) ဟု ပြောထားပြီး၊ ထိုအချိန်သည် အီဂျစ်သမိုင်းတွင် Middle Kingdom အချိန်၌ (၁၂) ယောက်မြောက် မင်းဆက်နေရာတွင် သပ်အား အစားထိုးချိန်၊ နိုင်ငံတော်အသစ် တွင် (၁၈) ယောက်မြောက် မင်းဆက်အုပ်စိုးပြီး မောရှေ့နှင့် ဣသရေလလူမျိုး နောက်ဆုံးနေထိုင်ချိန်နှင့် ကယ်တင်ခြင်း ခံရချိန်ဖြစ်သည်။ အီဂျစ်ပြည်အားလုံးကို ယောသပ်အုပ်စိုးခွင့်ရခြင်းသည် (က ၄၅း၈) Hyksos (ခန့်မှန်း ဘီစီ ၁၇၃ဝ-၁၅၇၀)တို၏ လက်အောက်တွင် အစေခံခြင်းမှ ကာကွယ်ပေးသည်။ ထို သူတိုသည် အီဂျစ်တွင် ရှုပ်ထွေးသောကာလ၌ တိုင်းတပါးမှ ဝင်ရောက်ကျူးကျော်သူများဖြစ်ပြီး နိုင်ငံအားလုံးကို မအုပ်ချုပ်ခဲ့ပေ။ ထိုသူများသည် Semitic သွေးနှောများဖြစ်ပြီး လေး များအပြင် မြင်းများနှင့် မြင်းရထားများကို စတင်အသုံးပြုသူများဖြစ်သည်။ ထိုစစ်လက်နက် တန်ဆာများ သည် သူတိုအား အီဂျစ်ပြည်မှ နှင်ထုတ်ခြင်းကို ဖြစ်စေခဲ့သည်။
နောက်ခံသမိုင်းကြောင်းနှင့် အနေအထား
ဣသရေလူမျိုးအတွက် ထွက်ခွာရန် ဇာတ်လမ်းပြင်ပေးသော အီဂျစ်ပြည်၏ (၁၈) ဦးမြောက် မင်းဆက်အချိန်သည် အီဂျစ်သမိုင်းတွင် နိုင်ငံရေးအရ စစ်ရေးအရ အရေးကြီးဆုံး အချိန်ဖြစ်သည်။ ဥပမာ Thutmose Ill သည် ဖိနှိပ်ချုပ်ချယ်သော ဘုရင်ဖြစ်သောကြောင့် အီဂျစ်များ၏ နပိုလီယံဟု ခေါ်ခံရပြီး၊ အီဂျစ်ပြည်နယ်နိမိတ် အပြင်ဘက်အခြမ်းအထိပါ။ ဩဇာလွှမ်းမိုးမှု ရှိသည်။ ထိုမင်းဆက်မတိုင်မီ ရာစုနှစ် တစ်ခုတွင် Amose I ဦးဆောင်မှု၊ အောက်တွင်ရှိပြီး သူသည် Hyksos ဘုရင်များကို တိုင်းပြည်မှ နှင်ထုတ်၍ နိုင်ငံ၏ စီးပွားရေး၊ စစ်ရေး သံတမန်ရေးရာများကို ပြန်လည်စီမံခဲ့သည်။ ထွက်မြောက်ခြင်း အချိန်ကာလတွင် အီဂျစ်ပြည်သည် အင်အားကြီးခဲ့သည်။
မောရှေသည် ဘီစီ ၁၅၂၅ တွင် မွေးဖွားခဲ့ပြီး(ဘီစီ ၁၄၄၅ တွင် အသက်-၈၀) “အဲဂုတ္တု အတတ် ပညာအလုံးစုံတိုကို သင်၍ (တ ၇၂၂) သူ၏အသက် ပထမအနှစ် (၄၀)ကို ဖာရော ဘုရင် Thutmose I နှင့် II, ဘုရင်မ Hatshepsut တို၏ လက်ထက်တွင် နန်းတော်၌ ကြီးပြင်ခဲ့သည်။ နောက်အနှစ် (၄၀)တွင် Thutmose III အုပ်စိုးချိန်၌ သူသည် မိချန်ပြည်သို ဝရမ်းပြေးတစ်ဦးအဖြစ် ရောက်လာခဲ့သည် (တ ၇း၃၀)။ ထွက်မြောက်ရာ အချိန်၌ ဖာရောဘုရင် Amenhotep Il၏ အုပ်ချုပ်ချိန်အစောပိုင်းတွင် ဣသရေလလူမျိုးကို ဦးဆောင်ရန် ဘုရား သခင်၏ စေခိုင်းချက်ကြောင့် ရောက်လာခဲ့သည်။ မောရှေ၏ အီဂျစ်ပြည်မှ သင်ယူခဲ့သော ပညာရပ်များနှင့် မိချန်ပြည်၌ ထွက်ပြေးခြင်းတိုကို သူ့နောက်ဆုံးသက်တမ်း နှစ် (၄၀) တွင် အင်အားကြီးသော ဖာရောဘုရင် ၏ရှေ့တော်၌ သူ၏လူများကိုယ်စား ရပ်တည်ရန်နှင့် သိနကျွန်း ဆွယ်ရှိ တောကန္တာရထဲသို မိမိလူများကို ဦးဆောင်ရန် ကြိုတင်ပြင်ဆင်ခြင်းအဖြစ် ဘုရားသခင် အသုံးပြုခဲ့သည် (တ ၇း၃၆)။ မောရှေသည် အသက် (၁၂၀)တွင် နေဗောတောင်၌ ကွယ်လွန်ခဲ့ပြီး (တရားဟော ၃၄း၁-၆)၊ သူ၏ ဒေါသထွက်ခြင်း၊ ရိုသေလေးစား မှုမရှိခြင်းကြောင့် ဘုရားသခင်၏ တရားစီရင်ခြင်းကို ခံရခြင်းဖြစ်သည် (တော ၂၀း၁-၃)။ သူသည် ကတိတော် နယ်မြေကို အဝေးမှ သာ မြင်တွေ့ရပြီး မဝင်စားခဲ့ရပေ။ ရာစုနှစ်ပေါင်းများစွာ ကြာပြီးနောက် သူသည် အဆင်း သဏ္ဌာန်ပြောင်းလဲခြင်းတောင်တွင် တပည့်တော်များရှေ့၌ ထင်ရှားလာခဲ့သည် (မ ၁၇း၃)။
ထွက်မြောက်ရာကျမ်းရှိ အဓိက ဇာတ်ကောင်များ
မောရှေ – Pentateuch ကို ရေးသားခဲ့သူနှင့် အီဂျစ်ပြည်တွင် ကျွန်ခံနေသော ဣသရေလလူမျိုးကို ကယ်ထုတ်သူ (၂-၄၀) ၊
မိရိအံ – အမျိုးသမီး ပရောဖတ်နှင့် မောရှေ၏ အစ်မကြီး (၂း၇၊ ၁၅:၂၀၊ ၂၁)
ဖာရောဘုရင်၏ သမီး – သူငယ်လေး မောရှေ့ကို ရေထဲမှ ကယ်ယူပြီး မွေးစားခဲ့သည့်မင်းသမီး(၂:၅-၁၀)
ယေသရော – မောရှေ၏ ယောက္ခမဖြစ် လာသော မိချန်လူမျိုး သိုးထိန်းသူ (၃း၁၊ ၄း၁၈၊ ၁၈း၁-၁၂)
အာရုန် – မောရှေ၏ အစ်ကိုဖြစ်ပြီး၊ ဣသရေလလူမျိုး၏ ယဇ်ပုရောဟိတ် ကြီး (၄း၁၄-၄း၃၁)
ဖာရောဘုရင် – ထွက်မြောက်ရာအချိန်တွင် အမည်မဖော်ပြသော အီဂျစ်ပြည် ၏ ခေါင်း ဆောင် (၅း၁-၁၄း၃၁)
ယောရှု – မောရှေ၏ လက်ထောက်ဖြစ်ပြီး၊ ကတိနယ်မြေသို ဣသရေလလူမျိုး ဝင်စားရန် စစ်တပ်ကို ဦးဆောင်သူ (၁၇း၉-၁၄၊ ၂၄း၁၃၊ ၃၂း၁၇၊ ၃၃း၁၁)
ထွက်မြောက်ရာကျမ်း၌ ခရစ်တော်
ဘုရားသခင်သည် ကျွန်ခံရာ အီဂျစ်ပြည်မှ ဣသရေ လလူမျိုးကို ရွေးနှုတ်သကဲ့သို ပညတ်တော်ကို ဖော်ပြ ခြင်းအားဖြင့် အုတ်မြစ်အသစ်တစ်ခုကို ချပြခဲ့သည်။ ထွက်မြောက် ရာကျမ်း၏ အလေးအနက်ထား၍ ဖော်ပြသော အချက် (၂) ခုရှိသည်။ ၁) ဘုရားသခင်၏ လူမျိုးတော်ကို ရွေးနှုတ်ခြင်းအကြောင်း ဖော်ပြခြင်း၊ ၂) ကနဦး ရွေးချယ်ထားသော လူမျိုးမှ ခရစ် တော်သည် လောကသို ဆင်းကြွလာမည်ဖြစ်ပြီး | ပညတ်တော်သည် ဣသရေလလူမျိုးများ ကတိထားသောသူတို၏ မေရှိယနှင့် ရှင်ဘုရင်ဖြစ်သော ခရစ်တော်ကို လက်ခံရန် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။
သမိုင်းကြောင်းနှင့် ဓမ္မအတွေးအခေါ်ဆိုင်ရာ အကြောင်းအရာများ
ဘုရားသခင်၏ အချိန်ဇယားတွင် ထွက်မြောက်ရာကျမ်းသည် အာဗြဟံမျိုးနွယ်၏ ဖိနှိပ် ခံရခြင်း အချိန်ကာလအဆုံး (က ၁၉း၁၃)နှင့် ကတိထားရာ ပြည်တော်ကို ဝင်စားခြင်းသာမက များပြားပြီး လူမျိုးကြီးတစ်ခုဖြစ်ရန် အာဗြဟံနှင့်ဖွဲသေ ပဋိညာဉ်ကတိတော်၏ ပြည့်စုံခြင်းအစကို ဖော်ပြသည် (က ၁၂း၁-၃၊ ၇)။ ထွက်မြောက်ရာကျမ်း၏ ရည်ရွယ်ချက်မှာ အီဂျစ်ပြည်မှ တိုး ပွားများပြားလာသော ယာကုပ်၏ မျိုးနွယ် သည် ကတိတော်ထားရာပြည်တွင် ဘုရားသခင် ဦး ဆောင်သော နိုင်ငံတော်ကို တည်ထောင်ရန်အကြောင်း ဖြစ်သည်။
သင့်တော်သောအချိန်၌ သိနတောင်နှင့် မောဘလွင်ပြင်တွင် ဘုရားသခင်သည် ဣသ ရေလလူမျိုးကို ဘုရားသခင်၏ လူမျိုးတော်ဖြစ်သော ဣသရေလလူမျိုးအဖြစ် နေထိုင်နိုင်ရန် စည်းကမ်းဥပဒေများ၊ ပညတ်တော် များကို ပေးခဲ့သည်။ ထိုသိုအားဖြင့် သူတိုသည် တပါးအမျိုး သားများနှင့် ကွဲပြားရမည်ဖြစ်သည် (တရားဟော ၄း၇၊ ၈၊ ရောမ ၉း၄၊ ၅)။
ဘုရားသခင်ကိုယ်တိုင် ဖွင့်ပြခြင်းအားဖြင့် ဣသရေလလူမျိုးသည် ကောင်းကင်နှင့် မြေကြီးကို ပိုင်သ အုပ်စိုးတော်မူသော တစ်ဆူတည်းသော ဘုရားသခင်၏ ပိုင်သအုပ်စိုးမှုနှင့် ဘုန်းအသရေကြီးမြတ်ခြင်း၊ ကောင်းမြတ်ခြင်းနှင့်သန့်ရှင်းခြင်း၊ ကျေးဇူးတော်နှင့် ကရုဏာတော် တိုကို တွေ့မြင်ခံစားရမည်ဖြစ်သည် (အထူးသဖြင့် ထွက် ၃၊ ၆၊ ၃၃၊ ၃၄)။ အီဂျစ်ပြည်မှ ထွက်မြောက်ခြင်း အကြောင်းအရာနှင့် ၄င်းနောက်ပိုင်း အဖြစ်အပျက်များသည် ကျမ်းစာ၏ အခြား ၊ နေရာများတွင်လည်း အဓိကဖွင့်သော အကြောင်းအရာများ ဖြစ်သည် (ဆာ ၁၀၅:၂၅-၄၅၊ ၁၀၆း၆-၇၊ တ ၇း၁၇-၄၄၊ ၁ ကော ၁၀း၁-၁၃၊ ဟေဗြဲ ၉း၁-၆၊ ၁၁း၂၃-၂၉)။
ထွက်မြောက်ရာကျမ်းရှိ အဓိကဩဝါဒများ
ပဋိညာဉ်ဖွဲ့ ဆိုသော ကတိတော်များ – ဘုရားသခင်သည် အာဗြဟံ၏ မျိုးနွယ်အား အမြဲတမ်း ထိန်းသိမ်းစောင့်ရှောက်ရန် ကတိထားခြင်း (၁၂း၁-၃၊ ၇၊ ၃၁-၄၂ က ၁၇း၁၉၊ ဝတ် ၂၆း၄၅၊ သူကြီး ၂း၂၀၊ ဆာ ၁၀၅း၃၈၊တ ၃း၂၅)
ဘုရားသခင်၏ သဘောသဘာဝ – ဘုရားသခင်ကို လူသားသည် အပြည့်အ၀ နားလည်ခြင်း၊ မရှိနိုင်သော်လည်း သူ၏ ပုဂ္ဂိုလ်ဖြစ်ခြင်းအကြောင်းအရာ အချို့ကို နားလည်နိုင်ခြင်း (၃း၇၊ ၈း၁၉၊ ၃၄း၆၊ ၇၊ ၂ ရာ ၂၂း၃၁၊ ယောဘ ၃၆း၂၆၊ မ ၅း၄၈၊ လု ၁း၄၉၊ ၅ဝ)
ပညတ်တော် (၁၀) ပါး – ဘုရားသခင်၏ အခြေခံသမ္မာတရားများ (၂၀း၁-၁၇၊ ၂၃း၁၂ ဝတ် ၁၉း၄၊ ၁၂၊ တရားဟော ၆း၁၄၊ ၇း၈၊ ၉၊ နေဟမိ ၁၃း၁၆-၁၉ ဟေရှာ ၄၄း၁၅၊ မ ၅း၂၇၊ ၁၉း၁၈၊ မာ ၁၀း၁၉၊ လု ၁၃း၁၄၊ ရော ၁၃း၉၊ ဧ ၅း၃၊ ၅ )
ထွက်မြောက်ရာကျမ်းရှိ အဓိက ဝေါဟာရများ
ကယ်နှုတ်ခြင်း – ဟေဗြဲဟာရ – natsal – ၃း၈၊ ၅း၁၈၊ ၂၁း၁၃၊ ၂၂း၇၊ ၁၀၊ ၂၆၊ ၂၃း၃၁ – ဤကြိယာသည် “ချွတ်ခွာခြင်း၊ အဓမ္မလုယူခြင်း” (သို) “ဆတ်ခနဲ လုယူခြင်း ကယ်နှုတ်ခြင်း စသည့် အဓိပ္ပာယ် များရှိသည်။ ထိုဝေါဟာရသည် ကျွန်နေသော ဣသရေလလူမျိုးအတွက် ဘုရားသခင်လုပ်ဆောင်သော ကယ်နှုတ်ခြင်း (၃၈) (သို) ကယ်တင်ခြင်း (၆၆)တိုတွင် မကြာခဏအသုံးပြု ဖော်ပြထား သည်။ တစ်ခါတရံ ဘုရားသခင်၏ လူမျိုးကို အပြစ်နှင့် ဒုစရိုက်မှ ကယ်တင်ခြင်းကိုလည်း ဖော်ပြသည် ( ၅း၁၄)။ သိုသော် လည်း အခန်းကြီး ၁၈း၈-၁ဝ တွင် ထိုဝေါဟာရသည် အီဂျစ်ဘုရားများအပေါ် ဘုရားသခင်၏ အချုပ်အချာ အာဏာရှိမှုကို ဖော်ပြသော အဆိုပြုချက်ဖြစ်သည်။
အထွတ်အမြတ်ထားခြင်း – ဟေဗြဲဝေါဟာရ – qadash – ၂၈း၃၊ ၄၁၊ ၂၉း၉၊ ၃၃၊ ၃၅၊ ၃၀း၃၀၊ ၃၂း၃၉ – ဤကြိယာ၏ အဓိပ္ပာယ်မှာ “သန့်ရှင်းအောင် ပြုလုပ်ခြင်း” “ကွဲပြားခြားနားမှုကို အဆိုပြခြင်း (သို) “သီးသန့်ခွဲခြားထားခြင်းဖြစ်သည်။ ထိုဝေါဟာရသည် ဘုရားသခင်ကို ဆက်ကပ်ထားသည့်အရာ သို လူ ပုဂ္ဂိုလ်ကို ရည်ညွှန်းသည်။ အီဂျစ်ပြည်မှ ကျွန်ခံနေသော ဣသရေလလူမျိုးကို ရွေးနှုတ်ခြင်းဖြင့် ဘုရား သခင်သည် ဣသရေလလူမျိုးကို အခြားလူမျိုးများနှင့် ကွဲပြားခြားနားစေခဲ့သည်။ သူ၏ကြီးမြတ်သော ရွေးနှုတ် ခြင်းအမှုအားဖြင့် ဣသရေလူမျိုးသည် သူ၏လူမျိုးဖြစ်ပြီး၊ သူသည်လည်း သူတို၏ ဘုရားဖြစ်ကြောင်း ဖော် ပြခဲ့သည် (၆၇)။ သိနတောင်တွင် မိမိကိုယ်ကို ဆေးကြောစေခြင်းဖြင့် ဘုရားသခင်က သူတိုနှင့် အထူးဆက် နွယ်မှု ပြုမည်ဖြစ်ကြောင်း ရှင်းလင်းစွာ ပြောခဲ့သည် (၁၉း၁၀)။
ဆေးကြောခြင်း – ဟေဗြဲဝေါဟာရ – rachats – ၂း၅၊ ၁၉း၁ဝ၊ ၂၉း၄၊ ၁၇၊ ၃၀း၁၈၊ ၂၁၊ ၄၀း၁ ၂၊ ၃ဝ – ဆေးကြောခြင်း (သို) ရေချိုးခြင်းဖြစ်သည်။ ထိုဝေါဟာရကို ဘာသာရေးအရရော၊ ယဉ်ကျေးမှုအရပါ အသုံးပြု ကြသည်။ ဧည့်သည်၏ ခြေကိုဆေးပေးခြင်း၏ ရှေးယဉ်ကျေးမှုသည် ဓမ္မသစ်ကျမ်းအချိန်၌ ဆက်လက် လုပ်ဆောင်နေသော ဧည့်ဝတ်ပြုခြင်းအပိုင်းတစ်ခုဖြစ်သည် (က ၁၈၄၊ ယော ၁၃း၅)။ ဆေးကြောပေးခြင်း၊ ဓလေ့သည် တဲတော်တွင် အစေခံသော ယဇ်ပုရောဟိတ်အတွက် သန့်ရှင်းခြင်းသည် အရေးကြီးသည့် အဆင့် ဖြစ်သည် (၄၀း၁၂)။ ရေနှင့်ဆေးခြင်းသည် ဝိညာဉ်ရေးရာ သန့်ရှင်းမှုပြုခြင်းကို ပုံဆောင်ပြီး၊ ဘုရားသခင်၏ ရှေ့တော်သို ဝင်စားရန် လိုအပ်သည့်ပြင်ဆင်မှု လည်းဖြစ်သည် ( ဆာ ၂၆း၆၊ ၇၃း၁၃)။ ဓမ္မဟောင်း ပရောဖက် များသည် ထိုအရာကို နောင်တရခြင်း၏ လက္ခဏာအဖြစ် အသုံးပြုခဲ့သည် (ဟေရှာ ၁း၁၆၊ ယေဇကျေလ ၁၆း၄)၊ ဓမ္မသစ်ကျမ်းတွင် ရှင်ပေါလုက “ဒုတိယမွေးခြင်းနှင့်ဆိုင်သော ဆေးကြောခြင်း (တိ ၃း၅) ကဲ့သို ခရစ်တော်၌ ကယ်တင်ခြင်းအကြောင်း ဖော်ပြထားသည်။
ထွက်မြောက်ရာကျမ်းကို ဘုရားသခင်၏ ဂုဏ်အင်္ဂါလက္ခဏာများ
ဘုရားသခင်သည် ချဉ်းကပ်၍ ရသော ဘုရား – ၂၄း ၂၊ ၃၄း၄-၇
ဘုရားသခင်သည် ဘုန်းကြီးသော ဘုရား – ၁၅း၁၊ ၁၊ ၁၁၊ ၃၃း၁၈-၂၃၊ ၃၄း၅-၇
ဘုရားသခင်သည် ကောင်းမြတ်သော ဘုရား – ၃၄း၆
ဘုရားသခင်သည် ကျေးဇူးပြုသော ဘုရား ၃၄း၆
ဘုရားသခင်သည် သန့်ရှင်းသော ဘုရား ၁၅း၁၁
ဘုရားသခင်သည် စိတ်ရှည်သော ဘုရား – ၃၄း၆
ဘုရားသခင်သည် ကရုဏာတော်ကြွယ်ဝသော ဘုရား – ၃၄း၆၊ ၇
ဘုရားသခင်သည် ကူညီမစသော ဘုရား ၁၅း၉ – ၁၉
ဘုရားသခင်သည် တန်ခိုးအားလုံး ပိုင်ဆိုင်သော ဘုရား – ၆း၃၊ ၈း၁၉၊ ၉း၃၊၁၆၊ ၁၅း၆၊၁၁၊၁၂၊
ဘုရားသခင်သည် စစ်မှန်သော ဘုရား – ၃၄း၆
ဘုရားသခင်သည် အနှိုင်းမဲ့သော ဘုရား – ၉း၁၄
ဘုရားသခင်သည် ဉာဏ်ပညာရှိသော ဘုရား – ၃း၇
ဘုရားသခင်သည် အမျက်ဒေါသကြီးသောဘုရား – ၇း၂၀၊ ၈း၆၊ ၁၆၊ ၂၄၊ ၉း၃၊ ၉၊ ၂၃၊ ၁၀း၁၃၊ ၂၂၊ ၁၂း၂၉၊ ၁၄း ၂၄၊ ၂၇၊ ၃၂း၁၁၊ ၃၅
အနက်အဓိပ္ပာယ်ဆိုင်ရာ အခက်အခဲများ
ကပ်ဘေး (၁၀)ခုအားဖြင့် အီဂျစ်ပြည် ပျက်စီးရခြင်းအကြောင်းနှင့် ပင်လယ်နီတွင် ဖာရောစစ်တပ်အား အနိုင်ယူခဲ့ခြင်း မှတ်တမ်းမှ အီဂျစ်လူမျိုး တစ်ဦးတစ်ယောက်ကို မဖော်ပြ ခြင်းသည် သမိုင်းကြောင်း အစစ်အမှန်မဟုတ်ဟု မေးခွန်းထုတ်စရာအကြောင်း မဖြစ်သင့်ပေ။ အီဂျစ်သမိုင်း ရေးသားပြုစုခြင်းတွင် ဖာရော မင်း၏ ရှုးနိမ့်ခြင်းအရာ၊ သိက္ခာကျစရာကို ပုံနှိပ်ခြင်း ပြုရန် ခွင့်မပြုခဲ့ခြင်းကြောင့် ဖြစ်သည်။ ယောရှုဦးဆောင်မှု ဖြင့် တိုက်ခိုက်သိမ်းပိုက်ခဲ့သော မြို သုံးမြိုအား မီးရှိဖျက်ဆီးခဲ့ကြောင်း ကျမ်းစာက သေချာစွာ မှတ်တမ်း တင်ထားသည် (ယောရှု ၆း၂၄၊ ၈း ၂၈၊ ၁၁း၁၁-၁၃)။ နောက်ဆုံး၌ သိမ်းပိုက်မှုသည် အာဏာလုယူခြင်းတစ်ခုနှင့် စစ် ပွဲတွင် မဖျက်စီးရန် စီစဉ်ထားသော ဥစ္စာများ၊ ပိုင်ဆိုင်မှုများကို သိမ်းယူခြင်းဖြစ်သည်။ ခါနန်ပြည် သို ဣသရေလူမျိုး ချီတက်တိုက်ခိုက်သည့်အချိန်ကို အတည်ပြုဖော်ပြခြင်း မရှိပေ။ ထိုကြောင့် မြိုများကို မီးရှိဖျက်ဆီးခဲ့ပြီးနောက် အချိန်ပိုင်းတွင်ဖြစ်မည်ဟု ယူဆရမည်။
အခြားကျမ်းစာဆိုင်ရာအကြောင်းအရာများ မရှိသော်လည်း ကမ္ဘာ့အရှေ့ပိုင်းရှိ ရှေးလူ များ၏ မှတ်တမ်းများကိုကြည့်ပြီး ဟေဗြဲလူမျိုး၏ ကျွန်ခံခြင်း၊ ကပ်ဘေးများ၊ ထွက်မြောက်ခြင်း၊ တိုက်ခိုက်သိမ်း ပိုက်ခြင်းများကို သုတေသနအထောက်အထားများဖြင့် အစောပိုင်း ရက်စွဲကို အတည်ပြုကြသည်။ ဥပမာ ၁၅ ရာစု ဖာရောဘုရင်များသည် အောက်ပိုင်း အီဂျစ်ပြည်တွင် လုပ်ငန်းများကို တည်ဆောက်ရန် စိတ်ဝင်စားကြောင်း သက်သေများကျန်ခဲ့သည်။ ထိုလုပ်ငန်းများ ၊ သည် ဂေါရန်ပြည်အနီးရှိ ကျွန်းပေါ်တွင် ရှေ့ရှိချိန်တွင် လုပ်ဆောင်ခဲ့ ကြောင်း ထင်ရှားသည်။
တဲတော်၏ အရေးကြီးသော ပုံဆောင်ချက် တန်ပြန်ခြင်းများစွာကို ဖြစ်ပေါ်စေခဲ့သည်။ ပရိဘောဂအား လုံးနှင့် အဆောက်အဦတွင် အသုံးပြုသော အပိုင်းအစအားလုံးကို ခရစ်တော်နှင့် ချိတ်ဆက်ဖိုရန် ကြိုးစားခြင်း သည် အချိုမှာ ဖြစ်နိုင်သော်လည်း ဓမ္မသစ်ဖော်ပြချက်များနှင့် ရည်ညွှန်းကိုးကားချက်များတွင် မရှိပါက ထိုဆင်ခြင်မဲ့ထင်မြင်ပြီး ဆက်စပ်မှုများသည် လုံးဝမလုပ် သင့်ပေ။ တဲတော်၏ ဖွဲစည်းပုံနှင့် ပြောင်မြောက် လှပသော ဒီဇိုင်းရှိသည်။ သိုသော် လျှိဝှက်သော ၊ အဓိပ္ပာယ်နှင့် ပုံဆောင်ချက်များကို ရှာဖွေရမည့် အထောက် အထား မရှိပေ။ တဲတော်၏ ယဇ်ပူ ဇော်ခြင်းစနစ်၊ ဝတ်ပြုခြင်းပုံစံများနှင့် ၎င်း၏ အဓိကအစိတ်အပိုင်းများသည် ကြွလာမည့် မေရှိယ ၏ ရွေးနှုတ်ခြင်းအလုပ်ကို မည်သိုအပြည့်အဝပုံဖော်သည်ကို ဓမ္မသစ်ကျမ်းတွင် ရှင်းရှင်း
လင်း လင်း ရည်ညွှန်းဖော်ပြသည့် ကျမ်းပိုဒ်များအတိုင်းသာ နားလည်ရမည်။
ဤပုံသည် ဣသရေလလူမျိုးတို့၏ ဝတ်ပြုကိုးကွယ်ခြင်း၌ တဲတော်အသုံးအဆောင်များ၏ ဖြစ်နိုင်ချေ အနေအထား များကို ဖော်ပြခြင်းဖြစ်သည်။ ရှင်းလင်းပြတ်သားမူအတွက် တဲတော်ကို ပုံကြီးချဲ့ဖော်ပြထားသည်။
အကျဉ်းချုပ် ကောက်နှုတ်ချက်
၁။ အီဂျစ်ပြည်၌ ဣသရေလလူမျိုး (၁း၁-၁၂း၃၆)
က။ လူဦးရေ တိုးပွားများပြားလာခြင်း (၁း၁-၇)
ခ။ ဖာရောဘုရင်လက်အောက်တွင် ဖိနှိပ်ခံရခြင်း (၁း၈-၂၂)
ဂ။ ဦးဆောင်ကယ်တင်မည့်သူကို ရင့်ကျက်စေခြင်း (၂း၁-၄း၃၁)
ဃ။ ဖာရောဘုရင်နှင့် ရင်ဆိုင်တွေ့ဆုံခြင်း (၅း၁-၁၁း၁၀)
င။ ထွက်ခွာရန်အတွက် ပြင်ဆင်ခြင်း (၁၂း၁-၃၆)
၂။ သိနသို သွားရာလမ်း၌ ဣသရေလူမျိုး (၁၂း၃၇-၁၈း ၂၇)
က။ အီဂျစ်မှ ထွက်ခွါခြင်းနှင့် ကြောက်လန့်ခြင်း (၁၂း၃၇-၁၄း၁၄)
ခ။ ပင်လယ်နီကို ဖြတ်ခြင်းနှင့် ဝမ်းမြောက်ပျော်ရွှင်ခြင်း (၁၄း၁၅-၁၅း၂၁)
ဂ။ သိနသို ထွက်ခွါခြင်းနှင့် ငြီးတွားမြည်တမ်းခြင်း (၁၅း၂၂-၁၇း၁၆)
ဃ။ ယေသရောနှင့်တွေ့ဆုံခြင်းနှင့် လေ့လာသင်ယူခြင်း (၁၈း၁-၂၇)
၃။ သိနတွင် စခန်းချသော ဣသရေလလူမျိုး (၁၉း၁-၄၀း၃၈)
က။ ဘုရားသခင်၏ ပညတ်တော်ကို ချပေးခြင်း (၁၉း၁-၂၄း၁၈)
ခ။ ဘုရားသခင်၏ တဲတော်ကို ဖော်ပြခြင်း (၂၅း၁-၃၁း၁၈)
ဂ။ ဘုရားသခင်အား ဝတ်ပြုကိုးကွယ်ခြင်းကို ညစ်ညူးစေခြင်း (၃၂း၁-၃၅)
ဃ။ ဘုရားသခင်၏ မျက်မှောက်ကို အတည်ပြုခြင်း (၃၃း၁-၃၄း၃၅) ၊
င။ ဘုရားသခင်၏ တဲတော်ကို တည်ဆောက်ခြင်း (၃၅း၁-၄၀း၃၈)
ထွက်မြောက်ရာကျမ်း အချိန်ကာလ ကမ္ဘာကြီးရှိ အခြားသောနေရာများ၊
ဆီးရီးယားနှင့် ပါလက်စတိုင်းတွင် Iron Age အစပြုသည်။ ထိုပြင် Mediterranean နှင့် Scandinavian နိုင်ငံရှိ လူများသည် သင်္ဘော တည်ဆောက်ခြင်းအမှု ပြီးမြောက်ခဲ့သည်။
ခက်ခံသော မေးခွန်းများအတွက် အဖြေများ
၁။ အီဂျစ်သမိုင်းတွင် ထွက်မြောက်ရာအချိန်ရှိ ကပ်ဘေးများကြောင့် ဒုက္ခရောက်ခြင်း၊ စစ်သားများ အရေးနိမ့် ခြင်းနှင့် ဣသရေလလူမျိုး ထွက်ခွါခြင်းအကြောင်းအား အဘယ့် ကြောင့် မှတ်တမ်းမတင် ထားသနည်း။
အီဂျစ်လူမျိုး၏ သမိုင်းတွင် ဣသရေလူမျိုးများနှင့် ပတ်သက်၍ ကိုးကားစရာအကြောင်း မှတ်တမ်းမရှိခြင်းသည် အံ့ဩစရာမဖြစ်သင့်ပေ။ များသော မှတ်တမ်းများသည် ရှေးခေါင်း ဆောင်များ၏ အမှတ်တရမှတ်တိုင်များနှင့် ဂူများတွင် လက်ရေးမူပုံစံဖြင့် မှတ်တမ်းများ ရှိသည်။ အများသိမြင်သော အမှတ်ရစရာများဖြစ်သည့် ရှုးနိမ့်ခြင်းနှင့် ဘေးဒုက္ခများကို မှတ်တမ်းတင်ထား ခြင်းမှာ မရှိသလောက်ဖြစ်သည်။ စိတ်ဝင်စားဖွယ်ကောင်းသည်မှာ ကျမ်းစာရှိ သမ္မာတရားမှ သက်သေပြထားသည့်အရာတစ်ခုမှာ ဘုရားသခင်၏ လူမျိုးတော် အောင်မြင်မှုများနှင့် ကျရှုးခြင်း ဇာတ်ကြောင်း နှစ်မျိုးစလုံးကို မှတ်တမ်းတင်ထားသည်။ သမ္မာကျမ်းစာသည် ယုံကြည်ခြင်းဥပမာ များကို ဖော်ပြသကဲ့သို ကျရှုးခြင်းဥပမာများကိုလည်း ဖော်ပြထားသည်။
၂။ ထွက်မြောက်ရာကျမ်းတွင် ချုံဖုတ်မီးလောင်ခြင်း၊ ကပ်ဘေးများ၊ မီးတိုင်နှင့် မိုးတိမ် တိုင်အားဖြင့် ဘုရား သခင် အတူပါရှိခြင်း၊ ပင်လယ်နီကို ပိုင်းခြားခြင်း၊ မန္ဒမုန့်စသည့် အံ့ဩဖွယ်ရာ နိမိတ်လက္ခဏာ အကြောင်း အရာများကို (၂၁) ရာစုရှိ ကျွန်ုပ်တိုက ဖြစ်ရပ်မှန် အဖြစ် မည်သို တွေ့မြင်ရမည် နည်း။
(၂၁) ရာစု လူများ၏ သိပ္ပံပညာဆိုင်ရာ အရာဝတ္တုများသည် နိမိတ်လက္ခဏာဟုခေါ် သော အကြောင်းအရာများကို သူတိုအတွက် ဆင်ခြင်ရန် ခက်ခဲမှု ဖြစ်စေသည်။ သဘာဝနိယာ မတရားနှင့် သိပ္ပံပညာကို အကြီးမြတ်ဆုံးအရာဟု ဆင်ခြင်ပါက၊ သဘာဝ နိယာမတရား အထက်နှင့် မဖြစ်နိုင်သောအရာကို ဖြစ်အောင်လုပ်ဆောင်နိုင်သော အကြီးမြတ်ဆုံး ပုဂ္ဂိုလ်ဖြစ် သူကို တွေ့မြင်လာမည်။ နိမိတ်လက္ခဏာ ဥပမာပြမှုများသည် နိမိတ်လက္ခာသည် မဖြစ်နိုင်ဟု ယုံကြည်သောသူတစ်ဦးကို ယုံကြည်မှု ရှိလာစေရန် ဖြစ်နိုင်ချေနည်းသည်။
နိမိတ်လက္ခဏာများသည် ဘုရားသခင်တည်ရှိခြင်းကို ဖော်ပြနိုင်သည်။ သက်သေတော့ မပြနိုင်ပေ။ လူများသည် သမိုင်းတွင် ဘုရားသခင်၏ လုပ်ဆောင်မှုအတွက် အမျိုးမျိုးသော ရှင်းပြမှုများပေးနိုင်သည့် အံ့ဩဖွယ်ရာ အရည်အချင်းကို ဖော်ပြသည်။ အခြေအနေမှာ (၂၁) ရာစုလူများသည် နိမိတ်လက္ခာကို မယုံနိုင်ခြင်းမဟုတ်ဘဲ၊ (၂၁) ရာစုလူများသည် နိမိတ်လက္ခဏာ များကို ယုံကြည်ရန် ဆန္ဒမရှိတော့ခြင်းဖြစ်သည်။
အီဂျစ်ပြည်မှ သူတိုထွက်လာပြီးနောက် သိနတောင်သို ဣသရေလလူမျိုးများ သွားကြသော လမ်း သည် သေချာမှုမရှိပေ။ မြေပုံတွင် ဖော်ပြထားသကဲ့သို ပညာရှင်များက မြောက်ပိုင်းနှင့် တောင်ပိုင်း လမ်းမကြီးကို ထင်ကြေးပေးကြပြီး တောင်ပိုင်းလမ်းသည် အနီးစပ်ဆုံး ဖြစ်သည်။ ဣသရေလူမျိုးများ ဘုရားသခင်၏ ဖွင့်ပြချက်ကို ခံယူနေသော အချိန်ကာ (၁၀) လကြာ စခန်းချသောနေရာ သိနသို ရောက်ရန် ခန့်မှန်းခြေ (၂) လကြာသည်။
ခရစ်ယာန်များအတွက် ထိုအကြောင်းအရာသည် ယုံကြည်ခြင်းဖြင့်ဖြေရှင်းနိုင်သည်။ ခရစ်ယာန်ဖြစ် လာရန် အဓိကကျသော နိမိတ်လက္ခဏာကို ယုံကြည်ရမည်။ ဘုရားသခင်သည် လူ့ဇာတိကိုခံယူခြင်း၊ ယေရှုခရစ်တော်သည် အသက်ရှင်ခြင်း၊ အသေခံခြင်းနှင့် ကယ်တင်ရှင် သခင်အဖြစ် ထာဝရအုပ်စိုးရန် ရှင်ပြန်ထမြောက်ခြင်းတိုဖြစ်သည်။ နိမိတ်လက္ခဏာကို ထောက် ၍ ထွက်မြောက်ရာကျမ်းရှိ နိမိတ်လက္ခဏာ များသည် တွေးတောရမည့် အရာမဟုတ်ဘဲ အံ့သြ ဖွယ်ရာနှင့် ကိုးကွယ်ခြင်းအမှုကို ပိုပြီးပြုလုပ်ရန်ဖြစ်သည်။ ထိုအရာများက ဘုရားသခင်သည် လူများကို စကားပြောဆိုခြင်းအမှုပြုခဲ့ခြင်း အတိုင်းအတာကိုပြသည့် ဥပမာများ ဖြစ်သည်။ (၂၁) ရာစု ခရစ်ယာန်များသည်ပင် နှိမ့်ချပြီး ဘုရားသခင်၏ အံ့ဩဖွယ်တန်ခိုးတော်ကို ကြောက် ရွံရိုသေရမည်။
၃။ ပညတ်တော် (၁၀) ပါးသည် ခေတ်နောက်ကျနေသော မျှော်လင့်ချက်များလား (သို) ဘု ရားသခင်၏ တောင်းဆိုမှုများ ဖြစ်ပါသလား။
လူများက ကြီးမားသော အမှားတစ်ခုကို ပြုမိခြင်းဖြစ်သည်။ “ပညတ်တော် (၁၀) ပါးကို မချိုးဖောက်ဘူး”ဟု ပြောဆိုကြသည့်အခါ သမိုင်းတွင် ပညတ်တော် (၁၀) ပါးကို လူများသည် ထပ်တလဲလဲ ချိုးဖောက်ကြကြောင်း ဖော်ပြထားသည်။ မည်သိုပင် အနက်ဖွင့် ကျင့်သုံးပြီး ဆွေးနွေးငြင်းခုန်မှုများ ပြုလုပ်သော်လည်း ပညတ်တော်များသည် ဘုရားသခင်၏ မုချဧကန်ဖြစ်၍ မပြောင်းလဲသော စံနှုန်းကို ဖော်ပြနေသည်။
“ပညတ်တော် (၁၀) ပါး”ဟူသော ခေါင်းစဉ်သည် မောရှေ့မှ အမည်ပေးခြင်းဖြစ်သည် (၃၄း၂၈)။ ဘုရားသခင်ကိုယ်တိုင် အသေအချာပြောပြီး ရေးသားထားသည်ကို အထူးပြုခြင်း မှာ ဣသရေလလူမျိုးသည် ပတ်ဝန်းကျင်နိုင်ငံများမှ စည်းမျဉ်းများနှင့် အတွေးအခေါ်များအား ယူသုံးခြင်းကို လက်ခံနိုင်ဖွယ်မရှိကြောင်း ထင်ရှားစေသည်။
ပညတ်တော် (၁၀) ပါးကို ခေါင်းစဉ်ကြီးနှစ်ခုအားဖြင့် အဖွဲခွဲနိုင်သည်။ ဒေါင်လိုက် အားဖြင့် ဘုရားသခင် နှင့် လူသားတို၏ ဆက်ဆံရေး (၂၀း၂-၁၁)၊ အလျားလိုက်အားဖြင့် လူများ ကိုယ့်ပတ်ဝန်းကျင်အပေါ် ဆက်ဆံရေး (၂၀း၁၂-၁၇)တိုဖြစ်သည်။ ဤပညတ်တော် (၁၀) ပါး အားဖြင့် စစ်မှန်သော ဓမ္မအတွေးအခေါ်နှင့် စစ်မှန်သော ကိုးကွယ်မှု၊ ဘုရားသခင်၏ နာမတော် နှင့် ဥပုသ်နေ့၊ မိသားစု အလေးအမြတ်ထားမှု၊ အသက်တာ၊ အိမ်ထောင် ပြုခြင်း၊ ပိုင်ဆိုင်မှု၊ သမ္မာတရားနှင့် ကောင်းမှုများ စသည်တိုကို ကောင်းမွန်စွာ စောင့်ထိန်းရသည်။
၄။ တဲတော်အကြောင်းကို အဘယ့်ကြောင့် အသေးစိတ်ဖော်ပြရသနည်း။ ထိုအရာများက ယနေ့ ကျွန်ုပ်တိုအတွက် မည်သည့်အဓိပ္ပာယ်နည်း။
မောရှေထံသို တဲတော်ပုံစံအကြောင်း ဘုရားသခင်ပြောသည့်အချိန်မှစ၍ လူများသည် အသေးစိတ် အတိအကျဖော်ပြခြင်းကြောင့် အံ့ဩခဲ့ကြသည်။ များစွာသော ဝေါဟာရများကိုသုံး ၍ ကျမ်းစာထဲမှ အချိန်များ ကို ညွှန်ပြသည်။ ဖြစ်ပျက်ခဲ့သည့်အချိန်၊ လူ (သို)အရာဝတ္တုများသည် ကြီးသော အတွေးအမြင်၊ တင်စားခြင်းနှင့် အရိပ်ပြခြင်းတိုကို သရုပ်ဖော်သည်။ ဥပမာ ဓမ္မ ဟောင်းကျမ်းရှိ သိုးသငယ်ကို ယဇ်ပူဇော်ခြင်းသည် ခွင့်လွှတ် ခြင်း၏ အဖိုးအခအဖြစ် ထင်ရှားကြောင်း ဓမ္မဟောင်းကာလတွင်သာ ကန့်သတ်ခြင်းမဟုတ်ပေ။ ကားတိုင်တွင် ဘုရားသခင်၏ သိုးသငယ်တော် သခင်ယေရှု၏ ယဇ်ပူဇော်ခံခြင်းကို အရိပ်ပြုခြင်းလည်းဖြစ်သည်။
သေတ္တာတော်သည် ဘုရားသခင်နှင့် သူ၏လူမျိုးတော်ကြားဖွဲသော ပဋိညာဉ်အဖြစ် ကိုယ်စားပြုသော တဲတော်၏ အချိုသော အစိတ်အပိုင်းများသည် ထူးခြားသော အဓိပ္ပာယ်ကို ဆောင်သောကြောင့် ကျမ်းစာလေ့ လာသူများသည် အခြားလေးနက်သည့် အဓိပ္ပာယ်ကို လေ့လာ ရမည်ဖြစ်သည်။ ပရိဘောဂအားလုံးနှင့် အဆောက်အဦမှ အရာဝတ္ထုများအားလုံးအား ခရစ် တော်နှင့် ဆက်နွယ်ခြင်းပြုရန် သွေးဆောင်ခံရနိုင်သည်။ သိုသော် ဓမ္မသစ်ကျမ်း ဖော်ပြချက်များ တွင် ထိုကဲ့သို ဆက်နွယ်မှု၊ ပုံပမာအဖြစ် ဖော်ပြထားခြင်းမရှိခဲ့လျှင်လည်း ကျမ်းစာလေ့လာသူများ က သတိကြီးစွာဖြင့် လေ့လာရမည်ဖြစ်သည်။ တဲတော်၏ လှပမှုနှင့် အဆင်တန် ဆာများသည် ဘုရားသခင်၏ ဖန်တီးတတ်ခြင်း ဂုဏ်ရည်လက္ခဏာကို ဖော်ပြသည်။ သိုသော် တဲတော်ခြေတိုင် တိုတွင် လျှိဝှက်သော အဓိပ္ပာယ်နှင့် အမိုးအကာများကို အသေးစိတ်လေ့လာပါက အဓိက အကြောင်းအရာကို နားမလည်ဘဲ လွဲချော်သွားမည့် အန္တရာယ်ရှိနိုင်သည်။ တဲတော်တွင် ဖြစ် သကဲ့သို ဘုရားသခင်သည် မိမိလူများ နှင့်အတူ ကျိန်းဝပ်၍ အတူပါရှိမည့်အကြောင်းကို ဓမ္မသစ် ကျမ်းတွင် အကြိမ်ကြိမ် ဖော်ပြထားသည်။ အခြားဓမ္မသစ်ကျမ်း သင်ခန်းစာများသည် (အထူး သဖြင့် ဟေဗြဲသြဝါဒစာ) ပုံဥပမာများ၏ ရည်ရွယ်ချက်နှင့် လေးနက်သည့်အဓိပ္ပာယ်များကို ပုံ ဖော်ရန် အကူအညီပေးသည်။
ထွက်မြောက်ရာကျမ်းကို ဆက်လက်လေ့လာရန်
၁။ မောရှေ၏ အစောပိုင်းအသက်တာကို ခြုံငုံလေ့လာသည့် အကြောင်းအရာများမှာ အဘယ် နည်း။ ။
၂။ ထွက်မြောက်ရာကျမ်းတစ်အုပ်လုံးတွင် ဘုရားသခင်သည် မည်သည့်နည်းလမ်းများဖြင့် မိမိ ကိုယ်ကို ထင်ရှားစေခဲ့သနည်း။ ။
၃။ အီဂျစ်လူမျိုးများကို ခံစားစေသော ကပ် (၁၀) ပါးတို့မှာ အဘယ်နည်း။
၄။ ကပ်ဘေးများသည် အီဂျစ်လူမျိုးများ ကိုးကွယ်သည့် နတ်ဘုရားများနှင့် မည်သို ဆက်နွယ်ကြ သနည်း။ ။
၅။ ပညတ်တော် (၁၀) ပါးသည် ကျွန်ုပ်တို ဘုရားသခင်၏ အကူအညီလိုအပ်ကြောင်း အကျဉ်း ချုပ် မည်သိုဖော်ပြထားနည်း။
၆။ ပညတ်တော် (၁၀) ပါးတွင် မည်သည့် ပညတ်တော်က ကျွန်ုပ်တို ဘုရားသခင်နှင့် တိုက်ရိုက် ဆက်ဆံရေးနှင့် မည်သည့် ပညတ်တော်က ကျွန်ုပ်တို အခြားလူများနှင့် ဆက်ဆံရေးကို ညွှန်ပြသနည်း။
ဝတ်ပြုရာကျမ်း (Leviticus)
ရွေးနှုတ်ကယ်တင်ခြင်းအတွက် စီမံချက်ပုံစံ
ခေါင်းစဉ်
ပညတ္တိကျမ်းရှိ ဤတတိယမြောက်ကျမ်းကို ဟေဗြဲမူရင်းကျမ်းစာတွင် ပထမစာလုံးမှ ယူထားပြီး အဓိပ္ပာယ်မှာ “ထာဝရဘုရားသည် ခေါ်တော်မူ၍ “ဟု ဖြစ်သည်။ ဓမ္မဟောင်းကျမ်း အများစုသည် ထိုနည်းတူ သူတို၏ ဟေဗြဲနာမည်အတိုင်း ခေါင်းစဉ်တပ်ကြသည် (ဥပမာကမ္ဘာဦးကျမ်း “အစအဦး၌” ထွက်မြောက်ရာကျမ်း – “ဣသရေလသားတို၏ အမည်ဟူမူကား)၊ Leviticus ခေါင်းစဉ်သည် ဓမ္မဟောင်းကျမ်းကို ဂရိဘာသာသို ပြန်ဆိုသော (LXX) Latin Vulgate Version ကို ပြုစုခဲ့သော ရှေးပညာရှင်များမှ ရရှိခြင်းဖြစ်သည်။ မူရင်းခေါင်းစဉ် Levitiko၏ မူရင်းအဓိပ္ပာယ်မှာ “လေဝိလူများ၏ အငန်းအတာများ”ဟု ဖြစ်သည် (၂၅း၃၂၊ ၃၃)။ လေဝိလူတို၏ တာဝန်များအကြောင်းအရာကို ဤစာအုပ်တွင် များစွာဖော်ပြထားပြီး ယဇ်ပုရောဟိတ် အားလုံးကို ဝတ်ပြုကိုး ကွယ်ခြင်းတွင် မည်သိုကိုးကွယ်ရမည်ကို ညွှန်ကြားခြင်းဖြစ် သည်။ လူများကိုလည်း သန့်ရှင်း သောအသက် တာဖြင့် မည်သိုအသက်ရှင်ရမည်ကို ညွှန်ကြား သည်။ ဓမ္မသစ်ကျမ်းရေးသူများသည် ဝတ်ပြုရာကျမ်းကို (၁၅) ကြိမ်အထက် ကိုးကားကြသည်။
စာရေးသူနှင့် ရက်စွဲ
စာရေးသူနှင့်ရက်စွဲအကြောင်းသည် ဤကျမ်းစာ၏ နိဂုံးချုပ်ကျမ်းပိုဒ် “ဤရွေ့ကား ထာဝရဘုရားသည် သိနာတောင်ပေါ်မှာ ဣသရေလအမျိုးသားတိုအဖို မောရှေ့၌ ထားတော်မူ သော ပညတ်တော်များ ဖြစ်သတည်း”အားဖြင့် ဖြေရှင်းနိုင်သည် (၂၇း၃၄၊ ၇း၃၈၊ ၂၀း၁၊ ၂၆း၄၆)။ ဘုရားသခင်သည် မောရှေအား ဤပညတ်တော်များကို ပေးအပ်ခြင်းကို (၁၁) ဝတ်ပြုရာကျမ်း အခန်းကြီး (၂၇) ခန်းတွင် (၅၆) ကြိမ်တွေ့ရသည်။ အသေးစိတ်ရေးသားချက်ကို ထပ်မံမှတ် တမ်းတင်ထားရာတွင် ဤစာအုပ်၏ သမိုင်းကြောင်းရာဇဝင်များသည် ပညတ်တော်များနှင့် ဆက်စပ်မှုများရှိသည် (၈-၁ဝ၊ ၂၄း၁၀-၂၃)။ ထွက်မြောက်ရာကျမ်းသည် ဘီစီ ၁၄၄၅ တွင် (ထွက်မြောက်ရာကျမ်း – စာရေးသူနှင့် ရက်စွဲတွင်ကြည့်ပါ) ဖြစ်ပေါ်ပြီး တဲတော်သည် နောက် တစ်နှစ်တွင် ပြီးဆုံးခဲ့သည် (ထွက် ၄၀း၁၇)။ ဝတ်ပြုရာကျမ်းသည် ထိုအချက်မှစ၍ မှတ်တမ်း တင်ပြီး ဖြစ်နိုင်ချေမှာ ထွက်မြောက်ရာကျမ်းပြီးနောက် ဒုတိယနှစ်၊ ပထမလ (Abib/ Nisan) တွင် ဖွင့်ပြခဲ့သည်။ ထိုနောက် ဒုတိယလ (Ziv, တော ၁း၁)တွင် တောလည်ရာကျမ်းကို အစပြုသည်။
နောက်ခံသမိုင်းကြောင်းနှင့် အနေအထား
ဣလသရေလူမျိုး သိနတောင်တွင် စခန်းချခြင်းနှစ်မတိုင်မီ – ၁) ဘုရားသခင့် ဘုန်းတော် ၏ အဟုပါရှိခြင်း မျက်မှောက်တော်သည် ဣသရေလလူမျိုးအလယ်တွင် ပုံမှန်မရှိခဲ့ဖူးပေ။ တဲတော်ကဲ့သိုသော ဝတ်ပြုကိုးကွယ်ရာ ဗဟိုနေရာသည် မရှိသေးပေ။ ၃) ယဇ်ပူဇော်ခြင်းနှင့် ပွဲတော်လုပ်ဆောင်ရမည့် ပုံစံများ ပေးမ ထားသေးပေ။ ၄) ယဇ်ပုရောဟိတ်အမျိုး ယဇ်ပုရောဟိတ်ကြီးနှင့် တဲတော်အလုပ် သမားများ ခန့်အပ်ထားခြင်း မရှိသေးပေ။ ထွက် မြောက်ရာကျမ်း အဆုံးသတ်တွင် နံပါတ် ၁ နှင့် ၂ မှာ ပြည့်စုံခဲ့ပြီး ဝတ်ပြုရာ ကျမ်းတွင် လုပ်ဆောင်နေသော လိုအပ် သည့် လုပ်ဆောင်မှု သုံးနှင့် လေးကို အစပြု ခဲ့ပြီဖြစ်သည်။ ထွက် ၁၉၆ တွင် ဣသရေ လသည် “သင်တိုသည် မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး” ဖြစ်ရန် ခေါ်ထားခဲ့သည်။ ဝတ်ပြုရာကျမ်း ရောက်သောအခါ သူ၏ ရွေးနှုတ်ထား သော လူသစ်အတွက် ဘုရားသခင်သည် မည်သို ဝတ်ပြုရမည်အကြောင်းနှင့် သူ့အား နာခံမည့်အကြောင်း သွန်သင်ပေးသည်။
ထိုအချိန်ထိ ဣသရေလလူမျိုးသည် ဘိုးဘေးများ၏ မှတ်တမ်းများအရသော မည်သို ဝတ်ပြုကိုး ကွယ်ရမည်နှင့် ဘုရားသခင်ရှေ့တော်တွင် မည်သို အသက်ရှင်ရမည်ဟူသော အသိ ဉာဏ်များ ရှိခဲ့ကြသည်။ အရည်အတွက် အကန့်အသတ်မဲ့များပြားသော ဘုရားများရှိရာ အီဂျစ် ပြည်တွင် ရာစုနှစ်ပေါင်းများစွာ ကျွန်ခံခဲ့ရခြင်းကြောင့် ဘုရားသခင်၏ အလိုတော်အတိုင်း အသက်ရှင်ခြင်းနှင့် ဝတ်ပြုကိုးကွယ် ခြင်းအယူ အဆမှာ အတော်ကို ယိုယွင်းနေခဲ့သည်။ သူတို သည် ဘုရားအများကို ကိုးကွယ်ခြင်းနှင့် ရုပ်တုကိုးကွယ် ခြင်းဓလေ့တို စွဲလန်းနေသည်ကို တောထဲ တွင် လှည့်လည်ချိန်၌ ထင်ရှားခဲ့သည်။ ဥပမာ – သူတိုသည် ရွှေနွားသူငယ်ရုပ်ကို ကိုးကွယ်သော အချိန်တွင်ဖြစ်သည် (ထွက် ၃၂)။ ဘုရားသခင်သည် အီဂျစ်နိုင်ငံ၏ ဝတ်ပြုကိုးကွယ်ခြင်း နည်း လမ်းများကို သူတိုအတွက် ခွင့်ပြုပေး မထားသလို၊ ကိုယ်ကျင့်တရား၊ အပြစ်နှင့်ပတ်သက်ပြီး အီဂျစ်လူတို၏ အမြင်ကိုလည်း ရွံရှာသည်။ ဝတ်ပြုရာကျမ်းတွင် ညွှန်ကြားချက်များဖြင့် ယဇ်ပု ရောဟိတ်များသည် ဣသရေလလူမျိုးအား ဘုရားသခင်ထံ သင့်တော်သော နည်းလမ်းဖြင့် ဝတ်ပြုကိုးကွယ်ရန် ဦးဆောင်ပေးသည်။
ဤစာအုပ်သည် ပညတ်တော်များနှင့် အလွန်ပင်ဆက်နွယ်မှုရှိသော်လည်း သမိုင်းဆန် ဆန် ဖော်ပြထား သည်။ တဲတော်တည်ဆောက်မှုကို မောရှေကွပ်ကဲစီမံမှုပြီးနောက် ချက်ချင်းတွင် ဘုရားသခင်သည် ဘုန်းတော် ဖြင့် ထိုနေရာတွင် ကျိန်းဝပ်ရန် ဆင်းသက်လာခဲ့သည်။ ထိုအရာက ထွက်မြောက်ရာကျမ်း၏ နိဂုံးဖြစ်သည် (၄၀း၃၄-၃၈)။ ဝတ်ပြုရာကျမ်းသည် ဘုရားသခင်က တဲတော်မှ မောရှေအား ခေါ်ခြင်းဖြင့် အစပြုထားပြီး၊ တရားဥပဒေအသွင် ပညတ်ချက်များကို မောရေကားပေးအပ်မိန့်မှာခြင်းဖြင့် အဆုံးသတ်ထားသည်။ သူ၏ ပညတ်တော်များကို ညွှန်ကြား ခြင်း၊ မိမိကိုယ်ကို မိမိလူများဖြင့် ပဋိညာဉ်ပြုသူအဖြစ် ကြေညာခြင်းအားဖြင့် ဣသရေလ၏ ရှင်ဘုရင် (ဘုရားသခင်သည် သူ၏နေရာ (တဲတော်)ကို ယူထားခဲ့သည်။
နေရာမဒေသရွေ့ပြောင်းသည့် အကြောင်းအရာများ ဤစာအုပ်တွင် ဖော်ပြပေ။ ဣသရေလလူမျိုးသည် နာတောင်ခြေတွင် ရှိနေသေးပြီး၊ ထိုတောင်သည် ဘုရားသခင် ပညတ်တော်ပေးသည့်နေရာဖြစ်သည် (၂၅း၁၊ ၂၆း၄၆၊ ၂၇း၃၄)။ သူတိုတွင် ထိုနေရာတွင် တောလည်ရာကျမ်း အစပြုသည့်အချိန်အထိ တစ်လကြာ ရှိနေကြ သည် (တော ၁း၁)။
ဝတ်ပြုရာကျမ်း၌ ခရစ်တော်
ဝတ်ပြုရာကျမ်းရှိ ယဇ်ပူဇော်ခြင်းအကြောင်း ဘုရား သခင်၏ ရှင်းလင်းသော ညွှန်ကြားချက်သည် ခရစ် တော်၏ နောက်ဆုံးအစားထိုး ယဇ်ပူဇော်ခြင်းကို ညွှန်ပြသည်။ လူများ၏ ယဇ်ပူဇော်ခြင်းသည် ဣသ ရေလလူမျိုး၏ ခဏတာ အပြစ်လွှတ်ခြင်းကို ကိုယ် စားပြုခြင်းကြောင့် သူတိုသည် ထပ်ခါထပ်ခါ လုပ်ဆောင်ရန် လိုအပ်သည်။ သခင်ယေရှုသည် လောကတွင် ပြီးပြည့်စုံသော အသက်တာဖြင့် အ သက်ရှင်ခဲ့ပြီး လူသားအားလုံးအတွက် နောက်ဆုံး ယဇ်ကောင်အဖြစ် မိမိကိုယ်ကို သရုပ်ဖော်ပြသည်။ ဓမ္မဟောင်းကျမ်း ပသခါပွဲကို နှစ်စဉ်လုပ်ဆောင်ရ ခြင်း၏တစ်ဖက်တွင် ယုံကြည်သူများသည် ယေရှု ခရစ်တော်၏ ပသခါ “ပွဲအသစ်” ပသခါ သိုးသူငယ် တော်ကို အဆက်မပြတ် ကိုးကွယ်ကျင်းပ ရမည်ဖြစ် သည် (၁ ကော ၅း၇)။
ဝတ်ပြုရာကျမ်းရှိ အဓိက ဇာတ်ကောင်များ
မောရှေ – ဣသရေလလူမျိုးလဲ ဘုရားသခင်၏ ပညတ်တော်ရှင်းပြရန် သူ၏ နှုတ်လျှာသဖွယ် လုပ်ဆောင်ခဲ့သူ ပရောဖက်နှင့်ခေါင်းဆောင် (၁း၁၊ ၄း၁၊ ၅း၁၄၊ ၆း၁-၂၇း၃၄) ၊
အာရုန် – မောရှေ၏ အစ်ကိုနှင့် ဣသရေလ၏ ပထမဆုံး ယဇ်ပုရောဟိတ် (၁း၇၊ ၂း၃၊ ၁ဝ၊ ၃း၅၊ ၈၊ ၁၃၊ ၆း၉-၂၄း၉)
နာဒပ် – အာရုန်၏သား၊ ယဇ်ပုရောဟိတ်တစ်ဦးဖြစ်လာရန် ပြုစုပျိုးထောင်နေစဉ် ဘုရားသခင်၏ အမိန့်ကို နာမခံခြင်းကြောင့် သေခဲ့သူ (၈း၃၆၊ ၁၀း၁၊ ၂)
အဘိဟု – အာရုန်၏သား၊ ယဇ်ပုရောဟိတ်တစ်ဦးဖြစ်လာရန် ပြုစုပျိုးထောင်နေစဉ် ဘုရားသခင် ၏ အမိန့်ကို နာမခံခြင်းကြောင့် သေခဲ့သူ (၈း၃၆၊ ၁၀း၁၊ ၂)
ဧလာဇာ – ဣသရေလ၏ ယဇ်ပုရောဟိတ်တစ်ဦးအဖြစ် အာရုန်၏နောက်ဆက်ခံယဇ်ပုရောဟိတ်ဖြစ်ခဲ့သော အာရုန်၏သား (၁၀း၆-၂၀)
ဣသမာ – ယဇ်ပုရောဟိတ်တစ်ဦးဖြစ်လာသော အာရုန်၏သား (၁၀း၆-၂၀)
သမိုင်းကြောင်းနှင့် ဓမ္မအတွေးအမြင်ဆိုင်ရာ အကြောင်းအရာများ
ဝတ်ပြုရာကျမ်းတွင် ဖြစ်ပေါ်သော အဓိကအကြောင်းအရာများမှာ ဘုရားသခင်၏ သန့်ရှင်းသော ဂုဏ်အင်္ဂါနှင့် ဣသရေလလူမျိုး၏ သန့်ရှင်းခြင်းအတွက် ဘုရားသခင်၏ အလို တော်၊ ဘုရားသခင်၏ သန့်ရှင်းခြင်း၊ လူသား၏ အပြစ်၊ ယဇ်ပူဇော်ခြင်း၊ သန့်ရှင်းရာ ဌာနတော်၌ ဘုရားသခင်၏ မျက်မှောက်တော် (ကျိန်းဝပ်ခြင်း)သည် ဤစာအုပ်၏ အဓိကအကြောင်းအရာ များ ဖြစ်သည်။ ရှင်းလင်းသော အာဏာသံဖြင့် ဤစာအုပ်သည် ဘုရားသခင်၏ တိုက်တွန်းခြင်း၌ သန့်ရှင်းခြင်း အသက်တာရှိရန် ညွှန်ကြားထားသည် (၁၁း၄၄၊ ၄၅၊ ၁၉း၂၊ ၂၀း၇၊ ၂၆၊ ၁ ပေ ၁း၁၄-၁၆)။ ဣသရေလလူမျိုး၏ ယုံကြည်ခြင်းအသက်တာနှင့်ဆိုင်သော သန့်ရှင်း ခြင်းအကြောင်း အရာများကို ဓလေ့ထုံးစံအဖြစ် အလေးထားကြသည်။ သိုသော်လည်း တစ်ဦးချင်းအသက်တာ သန့်ရှင်းခြင်းအတွက် မထိရောက်ပေ။ စင်စစ်၊ ဘုရားသခင်၏ သန့်ရှင်းခြင်းကို သန့်ရှင်းသော အသက်တာဖြင့် ပြန်လည်တုံပြန်ရန် အဆက်မပြတ် အလေးအနက်ထား ဖော်ပြသည် (၁၇-၂၇)။ ၁၂၅ ကျော် အဖြစ်အပျက်တွင် ဝတ်ပြုရာကျမ်းသည် လူသား၏ မသန့်ရှင်းခြင်းကို ဆုံး မအဖြစ်တင်ပြီး မည်သိုသန့်ရှင်းရမည်ကို ညွှန်ကြား ချက်များဖြင့် ဖော်ပြထားသည်။ သန့်ရှင်းခြင်း အတွက် စိတ်လှုဆော်မှုကို ထပ်ခါထပ်ခါဖော်ပြသည့် “ငါသည် သင်တို၏ ဘုရားသခင် ထာဝရဘုရားဖြစ်၏နှင့် “ငါသည် သန့်ရှင်း၏”ဟူသော စကားနှစ်စုတိုဖြင့် ဖော်ပြထား သည်။ ဤစကားစ များကို အကြိမ် (၅၀) ကျော် အသုံးပြုထားသည်။
မောရှေ၏ အခြေအနေပေါ် မူတည်သော ပဋိညာဉ်၏ အဓိကအချက်သည် စာအုပ် တစ်အုပ်လုံးတွင် ဖော်ပြပြီး အထူးသဖြင့် အခန်းကြီး ၂၆ တွင် ဖော်ပြထားသည်။ နိုင်ငံသစ် တစ်ခုအတွက် ထိုစာချုပ်သည် ပဋိညာဉ်ပါအကြောင်းအရာများကို နာခံခြင်း (သို) နာခံမှု မရှိ ခြင်းအတွက် အကျိုးဆက် အသေးစိတ်ပါ သည်သာမက ဣသရေလသမိုင်းအတွက် ပြုမူရမည့် အရာကိုလည်း ရေးသားဖော်ပြထားသည်။ နာခံမှုမရှိခြင်းအတွက် အပြစ်ပေးခြင်းတွင် ပရောဖက် ပြန် ပြည့်စုံခြင်းကို မှတ်သားရမည်။ သူတိုအတွက် ထိုအဖြစ်အပျက်သည် ဗာဗုလုန်များ ဝင် ရောက်တိုက်ခိုက်ခြင်း၊ ဖမ်းဆီးခေါ်ဆောင်သွားခြင်းနှင့် ဝတ်ပြုရာကျမ်းကို မောရှေ့ရေးပြီး နောက်နှစ်ပေါင်း (၉ဝဝ)တွင် မိမိနယ်မြေသို ပြန်လာခဲ့ကြသည် (ခန့်မှန်း ဘီစီ ၅၃၈)။ ဣသရေ လူမျိုး နာခံမှုမရှိခြင်းအတွက် အနာဂတ်လုပ်ဆောင်မှုသည် သူ၏နိုင်ငံတော်ကို မိတ်ဆက်ပေးရန် မေရှိယကြွလာသည့်အချိန်တွင် အဆုံးသတ်မည်မဟုတ်ဘဲ၊ ဝတ်ပြုရာ ၂၆ နှင့် တရားဟောရာ ၂၈ ရှိ ကျိန်ခြင်းဖြင့် အဆုံးသတ်မည်ဖြစ်သည် (ဇာခရိ ၁၄း၁၁)။
ယဇ်ပူဇော်ခြင်း (၅) မျိုးတိုသည် ပုံဆောင်ချက်ဖြစ်သည်။ ထိုအရာများ၏ ပုံစံသည် စစ်မှန်သော နောင်တရခြင်းနှင့် ယုံကြည်ခြင်းဖြင့် ကျေးဇူးတော် ချီးမွမ်းဝတ်ပြုကိုးကွယ်သူ၊ ထုံးတမ်းဝတ်ပြုခြင်းများကို ပြုစုစောင့်ရှောက်ခြင်းဖြင့် ဘုရားသခင်အား ချစ်ခြင်းနှင့် ယုံကြည်ခြင်း ကို ထင်ရှားစေရန် ဖြစ်သည်။ နှလုံးသားသည် နောင်တရခြင်း၊ ချီးမွမ်းကိုးကွယ်ခြင်း မရှိလျှင် ထိုပွဲများသည် ဘုရားသခင်အား ကျေနပ်မှုမပေးပေ (အာ ၅း၂၁-၂၇)။ ပူဇော်သက္ကာများမှာ မီးရှိ ရခြင်းသည် ဝတ်ပြုကိုးကွယ်သူ၏ အပြစ်ကို ဆေးကြောရန်ဆန္ဒရှိခြင်းနှင့် အမွှေးအကြိုင် အခိုးအငွေ့တက်ခြင်းသည် ဘုရားသခင်ကို ကိုးကွယ်ခြင်း အစစ်အမှန်ဖြစ်ကြောင်း ပုံဆောင်ခြင်း ဖြစ်သည်။ မရေတွက်နိုင်အောင် များပြားသော အသေးစိတ် အချက်အလက်များမှာ ယဇ်ပူဇော် ခြင်းပွဲတွင် သွန်သင်ထားသည့် အရာအတိုင်း အတိအကျ လုပ်ဆောင်ရန် လိုအပ်သည်။ အတိအ ကျဆိုသည်မှာ ဘုရားသခင်ဖော်ပြသော စာရိတ္တပိုင်းနှင့် ဝိညာဉ်ပိုင်းဆိုင်ရာ ပညတ်များကို ကျယ်ကျယ်ပြန့်ပြန့် နာခံသောသူနှင့် နှုတ်ကပတ်တော်တွင် ဖော်ပြထားသည့် အရာများကို ပြန်လည် တုံပြန်ခြင်းဖြစ်သည်။
လေဝိနှင့်ဆိုင်သော ယဇ်ပူဇော်ခြင်းများ
အမည်
(၁) မီးရှိရာယဇ် (ဟေဗြဲ -olah)၊ က) မွှေးကြိုင်သော ရနံ့၊
ခ) ကိုယ့်ဆန္ဒနှင့် လုပ်ဆောင်ခြင်း
ကျမ်းအကိုးအကား
ဝတ် ၁း၃-၁၇၊ ၆း၈-၁၃
ရည်ရွယ်ချက်
(၁) ယေဘုယျအားဖြင့် အပြစ်ဖြေရန် (၁း၄)
(၂) ဘုရားသခင်၌ လုံးလုံးလျားလျား ဆက်ကပ်ခြင်းနှင့် ဘုရားသခင်အတွက် မိမိကိုယ်ကို
သန့်ရှင်းစေခြင်းတိုကို ပြသရန်ဖြစ်ပြီး၊ ၄င်းကို “အလုံးစုံသော မီးရှိရာယဇ် ပူဇော်ခြင်း”ဟုခေါ်သည်။
ပါဝင်သည့် အရာ
ဥစ္စာကြွယ်ဝမှုအလျောက်
(၁) အပြစ်မပါသော နွား (၁း၃-၉)
(၂) အပြစ်မပါသော သိုးထီး (သို) ဆိတ် (၁း၁၀-၁၃)
(၃) ချိုးငှက်များ (သို) ခိုများ (၁း၁၄-၁၇)
ဘုရားသခင်၏ အပိုင်း
အရေခွံမှလွဲပြီး (၇း၈) မီးရှိရာယဇ်ပလ္လင်ပေါ်ရှိ အရာအားလုံးလောင်ကျွမ်းခြင်း (၁း၉)
ယဇ်ပုရောဟိတ်၏ အပိုင်း
အရေခွံ တစ်မျိုးတည်း (၇း၈)
ပူဇော်သူ၏ အပိုင်း
မရှိ
ပရောဖက်ပြုချက်
ဘုရားသခင်ထံ လုံးဝဆက်ကပ်ခြင်းအသက်တာကို ရည်ညွှန်းသည်။
(၁) ခရစ်တော်၏ လုပ်ဆောင်မှုအပိုင်းတွင် (မ ၂၆း၃၉-၄၄၊ မာ ၁၄း၃၆၊ လု ၂၂း၄၂၊ ဖိ ၂:၅-၁၁) ၊
(၂) ယုံကြည်သူ၏ လုပ်ဆောင်မှုအပိုင်းတွင် (ရော ၁၂း၁၊ ၂၊ ဟေဗြဲ ၁၃း၁၅)
လေဝိနှင့်ဆိုင်သော ယဇ်ပူဇော်ခြင်းများ
အမည်
(၂) ဘောဇဉ်ပူဇော်သက္ကာ (ဟေဗြဲ-minhah)၊ က) မွှေးကြိုင်သော ရနံ့
ခ) ကိုယ့်ဆန္ဒနှင့် လုပ်ဆောင်ခြင်း
ကျမ်းအကိုးအကား
ဝတ် ၂း၁-၁၆၊ ၆း၁၄-၁၈၊ ၇း၁၂၊ ၁၃
ရည်ရွယ်ချက်
ဘောဇဉ်ပူဇော်သက္ကာသည် မီးရှိရာယဇ်အားလုံးနှင့် တွဲ၍ အတူတူလုပ်ဆောင်ရပြီး၊ တစ်ဦး တစ်ယောက်က ဘုရားသခင်အား ရိုသေလေးစားခြင်းနှင့် ကျေးဇူးတင်ခြင်းကို ဖော်ပြသည်။
ပါဝင်သည့် အရာ
အမျိုးအစား သုံးမျိုး –
(၁) ဆီနှင့် လာဗန်တိုဖြင့် ရောနှောထားသော မုန့်ညက် (၂း၁-၃)
(၂) မီးဖိုတွင် ဆီနှင့်မုန့်ညက်ဖြင့်လုပ်သော ဖုတ်ထားသည့်မုန့် (၂း၄)၊ သံပြားပူနှင့်လုပ်သော မုန့် (၂း၅)၊ (သို) အိုးကင်းနှင့်ကြော်သော မုန့် (၂း၇)
(၃) ဆီနှင့်လာဗန်တိုဖြင့် ပွတ်နယ်ရောပြီးသော အဦးသီး အသီးအနှံ (၂း၁၄၊ ၁၅)
ဘုရားသခင်၏ အပိုင်း
ယဇ်ပလ္လင်ပေါ်ရှိ မီးရှိရာယဇ်တွင် မီးရှိသည့် အောက်မေ့ဖွယ်ပူဇော်သက္ကာ (၂း၂၊ ၉၊ ၁၆)
ယဇ်ပုရောဟိတ်၏ အပိုင်း
ကျန်ကြွင်းသောအပိုင်းကို တဲတော်ခုံပေါ်တွင် စားရန် (၂း၂၊ ၁၀၊ ၆း၁၆၊ ၇း၁၄၊ ၁၅)
ပူဇော်သူ၏ အပိုင်း
မရှိ
ပရောဖက်ပြုချက် ၊
ခရစ်တော်၏ ပြည့်စုံသည့် လူသားဖြစ်မှုကို ဖော်ပြသည်။
(၁) တဆေးမပါခြင်းသည် ခရစ်တော်၏ အပြစ်မဲ့ခြင်းကို ပုံဆောင်သည် (ဟေဗြဲ ၄း၁၅၊ ၁ ယော ၃း၅)။
(၂) ဆီပါဝင်ခြင်းသည် သန့်ရှင်းသောဝိညာဉ်တော်ဘုရားကို ကိုယ်စားပြုခြင်း ဖြစ်သည်။ (လု ၄း၁၈၊ ၁ ယော ၂း၂ဝ-၂၇)။
လေနှင့်ဆိုင်သော ယဇ်ပူဇော်ခြင်းများ
အမည်
(၃) မိတ်သဟာယယဇ် (ဟေဗြဲ shelenn)၊ က) မွှေးကြိုင်သော ရနံ့
ခ) ကိုယ့်ဆန္ဒနှင့် လုပ်ဆောင်ခြင်း
ကျမ်းအကိုးအကား
ဝတ် ၃း၁-၁၇၊ ၇း၁၁-၂၁ ၂၈း၃၄
ရည်ရွယ်ချက်
မိတ်သဟာယဇ်လည် ပူဇော်သူနှင့် ဘုရားသခင်က ငြိမ်းချမ်းခြင်းနှင့် မိတ်သဟာယ ဖြစ်ခြင်းကို ထုတ်ပြသည်။ အဆုံးတွင် မိတ်သဟာယအစားအစာကို အတူစားရသည် အထိ တိုးတက်မှုရှိသည်။ ဤနေရာတွင် ပုံစံ သုံးမျိုးရှိသည်။
(၁) ကျေးဇူးတော်ချီးမွမ်းခြင်းယဇ် – မမျှော်လင့်သော ကောင်းကြီးမင်္ဂလာ (သို့) ကယ်နှုတ်မှု အတွက် ကျေးဇူးတင်ကြောင်း ဖော်ပြရန်။
(၂) ရည်စူးလုပ်ဆောင်သော ပူဇော်သက္ကာယ – အသနားခံခြင်းနှင့်တွဲပြီး ပဋိညာဉ်ပြုသည့် အခါ ကောင်းကြီးမင်္ဂလာ (သို) ကယ်နှုတ်မှုအတွက် ကျေးဇူးတင်ကြောင်း ဖော်ပြရန်။
(၃) စိတ်ဆန္ဒအလျောက်လုပ်ဆောင်လေး ပူဇော်သက္က ကောင်းကြီးမင်္ဂလာ (သို့) ကယ် နှုတ်ခြင်းနှင့်မဆိုင်သော တိကျသည့် အကြောင်းတစ်ခုကြောင့် မဟုတ်ဘဲ ဘုရားသခင်အား ကျေးဇူးတင်ကြောင်း ဖော်ပြရန်။
ပါဝင်သည့် အရာ
ဥစ္စာကြွယ်ဝမှုအလျောက်
(၁) နွားအုပ်ထဲမှ အပြစ်မပါသော အထီး (သို) အမတစ်ကောင် (၃း၁-၅)
(၂) သိုးအုပ်ထဲမှ အပြစ်မပါသော အထီး (သို) အမတစ်ကောင် (၃း၆-၁၁)
(၃) ဆိတ်ထဲမှ (၃း၁၂-၁၇)
မှတ်ချက် – နွားသိုးတစ်ကောင် (သို) သိုးကလေးတစ်ကောင်ကို စိတ်ဆန္ဒအရ ပူဇော်သက္ကမိတ်သဟာယ ယဇ်ကို ပြုလုပ်သောအခါ အနည်းငယ်သော ချို့ယွင်းချက်များကို လက်ခံသည် (၂၂း၂၃)။
ဘုရားသခင်၏ အပိုင်း
မီးရှိရာယဇ်ပလ္လင်ပေါ်တွင် အဆီများသည့်အပိုင်းကို မီးရှို့ထားသည့်အပိုင်း (၃း၃-၅)
ယဇ်ပုရောဟိတ်၏ အပိုင်း
ရင်ပတ် (ချီလွှဲ ပူဇော်သက္ကာ)နှင့် လကျာ်ပေါင် (ချီမြှောက် ပူဇော်သက္ကာ – ၇း၃၀-၃၄)
ပူဇော်သူ၏ အပိုင်း
ခုံပေါ်တွင် ကျန်သည့်အရာကို ပူဇော်သူနှင့် မိသားစုများက စားရမည်။
(၁) ကျေးဇူးတော် ချီးမွမ်းခြင်းယဇ် – တစ်နေခြင်းတွင် ကုန်အောင်ရမည် (၇း၁၅)
(၂) ရည်စူးလုပ်ဆောင်သောယဇ်နှင့် စိတ်ဆန္ဒအရလုပ်ဆောင်သောယဇ် ပထမနှင့် ဒုတိယနေ့တွင် ကုန်အောင်စားရမည် (၇း၁၆-၁၈)။
မှတ်ချက် ဤအရာသည် ယဇ်ပူဇော်သူမှ မျှဝေစားရသော တစ်ခုတည်းသေး ပူဇော်သက္ကာဖြစ်သည်။
ပရောဖက်ပြုချက်
ယေရှုခရစ်တော်အားဖြင့် ယုံကြည်သူများသည် ဘုရားသခင်နှင့် ငြိမ်းချမ်းမှုရခြင်း၏ ပုံရိပ် ဖြစ်သည် (ရော ၅း၁၊ ကော ၁း၂၀)။
လေဝိနှင့်ဆိုင်သော ယဇ်ပူဇော်ခြင်းများ
အမည်
(၄) အပြစ်ဖြေရာယဇ် (ဟေဗြဲ-hattat)၊ က) မွှေးကြိုင်သော ရနံ့၊
ခ) ကိုယ့်ဆန္ဒနှင့် လုပ်ဆောင်ခြင်း
ကျမ်းအကိုးအကား
ဝတ် ၄း၁-၅၁၃၊ ၆း၂၄-၃ဝ
ရည်ရွယ်ချက်
မသိဘဲ ပြုခဲ့သည့် အပြစ်များကို လွှတ်ရန်၊ အထူးသဖြင့် အဖိုးအခဖြင့် အပြစ်လွှတ် ခြင်းမရနိုင်သော အပြစ်ဖြစ်သည်။
မှတ်ချက် – တော ၁၉း၃၀၊ ၃၁ – အပြစ်ဖြေရာယဇ်သည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်သည့် အပြစ်မျိုးမဟုတ်သည့် အပြစ်ကို ဖြေလွှတ်ရန် ပူဇော်ခြင်းဖြစ်သည်။
ပါဝင်သည့် အရာ
(၁) ယဇ်ပုရောဟိတ်ကြီးအတွက် အပြစ်မပါသော နွားထီးတစ်ကောင် (၄း၃-၁၂)
(၂) အဖွဲဝင်များအတွက် အပြစ်မပါသော နွားထီးတစ်ကောင် (၃း၁၃-၂၁)
(၃) အုပ်ချုပ်သူအတွက်၊ အပြစ်မပါသော ဆိတ်ထီးတစ်ကောင် (၄း၂၂-၂၆) ၊
(၄) သာမန်လူအတွက် အပြစ်မပါသော ဆိတ်မ (သို့) သိုးမလေးတစ်ကောင် (၄း၂၇-၁၅)
(၅) ဆင်းရဲသားအတွက်၊ ချိုးငှက်နှစ်ကောင် (သို့) ခိုငှက်နှစ်ကောင် တစ်ကောင်သည် အပြစ်ဖြေရာယဇ်အတွက် တစ်ကောင်သည် မီးရှိရာယဇ်အတွက်) ဖြင့် အစားထိုး လုပ်ဆောင်နိုင်သည် (၅း၇-၁၀)။
(၆) အလွန့်အလွန်ဆင်းရဲခြင်းအတွက်၊ သန့်စင်သော မုန့်ညက်ဖြင့် အစားထိုးနိုင်သည် (၅း၁၁-၁၃၊ ဟေဗြဲ ၉း၂၂)
ဘုရားသခင်၏ အပိုင်း
(၁) မီးရှိရာပလ္လင်တွင် အဆီများသောအပိုင်းကို မီးရှိခြင်း (၄း၈-၁၀၊ ၁၉၊ ၂၆၊ ၃၁၊ ၃၅)
(၂) ယဇ်ပုရောဟိတ်ကြီး (သို) အဖွဲဝင်များအတွက် အပြစ်ဖြေရာယဇ်ပြုသောအခါ ကျန်ရှိ သော နွား၏ အပိုင်းအစများကို တပ်ပြင်တွင် မီးရှိ ရမည် (၄း၁၁၊ ၁၂၊ ၂၀၊ ၂၁)။
ယဇ်ပုရောဟိတ်၏ အပိုင်း
အပြစ်ဖြေရာယဇ်သည် အုပ်ချုပ်သူ (သို) သာမာန်လူအတွက် လုပ်သောအခါ ကျန်ရှိသော ဆိတ် (သို) သိုးကို တဲတော်သန့်ရှင်းရာဌာနတွင် စားရမည် (၆း၂၆)။
ပူဇော်သူ၏ အပိုင်း
မရှိ ၊
ပရောဖက်ပြုချက်
သူ၏သေခြင်းတွင် ပုံဆောင်ခြင်းအချက်များ ၊
(၁) ခရစ်တော်သည် ကျွန်ုပ်တိုအတွက် အပြစ်အဖြစ် ခံယူခြင်း (၂ကော ၅း၂၁)
(၂) ခရစ်တော်သည် ယေရုရှလင်မြိုပြင်ဘက်တွင် ဒုက္ခဆင်းရဲခံခြင်း (ဟေဗြဲ ၁၃း၁၁-၁၃)
လေဝိနှင့်ဆိုင်သော ယဇ်ပူဇော်ခြင်းများ
အမည် ၊
(၅) ဒုစရိုက်ဖြေရာယဇ် (ဟေဗြဲ- asham) က) မွှေးကြိုင်သော ရနံ့၊
ခ) ကိုယ့်ဆန္ဒနှင့် လုပ်ဆောင်ခြင်း
ကျမ်းအကိုးအကား
ဝတ် ၅း၁၄-၇၊ ၇း၁-၇
ရည်ရွယ်ချက်
မသိဘဲ ပြုခဲ့သည့် အပြစ်များကို လွှတ်ရန်၊ အထူးသဖြင့် အဖိုးအခဖြင့် အပြစ်လွှတ် ခြင်းမရနိုင်သော အပြစ်ဖြစ်သည်။
ပါဝင်သည့် အရာ
(၁) ဘုရားသခင်ကို ပြစ်မှားသည့်အမှု ဖြစ်ပါက (ဆယ်ဖို့တစ်ဖို့၊ အလှူပေးခြင်း စသည့်) အပြစ်မပါသောသိုးထီးယူပြီး ယဇ်ပုရောဟိတ်သဘောအတိုင်း အကျပ်အလိုက် ချင့်တွက်ချိန်အရာနှင့် ငါးစုတစ်စုထပ်ပြီး ပေးရမည် (၅း၁၅၊ ၁၆)။
(၂) လူကို ပြစ်မှားသော အမှုဖြစ်ပါက အပြစ်မပါသော သိုးထီးကိုယူလာပြီး အကျပ်တော် အလိုက်ချင့်တွက်ခြင်းအပြင် ငါးစုတစ်စုထပ်ပြီး ပေးရမည် (၆း၄-၆)။
ဘုရားသခင်၏ အပိုင်း
ယဇ်ပလ္လင်ပေါ်ရှိ မီးရှိရာယဇ်တွင် အဆီများသောအပိုင်းကို မီးရှိသည့် ဆက်ကပ်ပူဇော်သက္ကာ (၇း၃-၅)
ယဇ်ပုရောဟိတ်၏ အပိုင်း
သန့်ရှင်းရာအရပ်တွင် ကျန်အပိုင်းများကို စားရမည် (၇း၆၊ ၇)။
ပူဇော်သူ၏ အပိုင်း
မရှိ
ပရောဖက်ပြုချက်
ဝတ်ပြုရာကျမ်းရှိ အဓိကဩဝါဒများ ၊
ယဇ်ပူဇော်ခြင်း – အပြစ်လွှတ်ရန် လူများထံမှ ယဇ်ပူဇော်ခြင်းအား ဘုရားသခင်တောင်းဆိုခြင်း (၁း၃၊ ၉-၁၃၊ ၁၆း၃၊ ၁၇း၈၊ ၁၉း၅၊ ထွက် ၂၉း၃၄၊ တရားဟော ၁၆း၅ ၊၆ ၊ သူကြီး ၁၁း၃၁၊ ဆာ ၆၆း၁၃-၁၅၊ မ ၅:၂၃၊ ၂၄၊ ရော ၈း၃၊ ၁၂း၁၊ ဟေဗြဲ ၂း၁၇၊ ၁ ယော ၂း၂)
သန့်ရှင်းခြင်း – ဘုရားသခင်၏ ပြီးပြည့်စုံသော ဂုဏ်အင်္ဂါအချုပ်၊ ဘုရားသခင်သန့်ရှင်းသကဲ့သို ဣသရေလလူမျိုးကိုလည်း သန့်ရှင်းရန် မိန့်တော်မူခြင်း (၁၁း၄၄၊ ၄၅၊ ၁၉း၂၊ ၂၀၊ ၂၆၊ ၂၁း၆-၈၊ ထွက် ၆း၇၊ ၁၉း၆၊ ဆာ ၂၂း၃၊ ၉၉း၅၊ ဟေရှာ ၄၁း၁၄-၁၆၊ ၁ သက် ၄း၇၊ ၁ ပေ ၁း၁၄-၁၆)
ပူဇော်သက္ကာ – ဘုရားသခင်ကို ဝတ်ပြုခြင်းပုံစံ၊ နောင်တရခြင်းနှင့် ကျေးဇူးတော်ချီးမွမ်းခြင်း နှလုံးသားကို ဖော်ပြရန် (၁း၁-၁၇၊ ၂း၁-၁၆၊ ၃း၁-၁၇၊ ၄း၁-၅း၁၃၊ ၅း၁၄- ၆း၇၊ က ၄း၄၊ ၅၊ တရားဟော ၁၆း၁၀၊ ၃ ရာ ၁၈း၃၃-၄ဝ၊ ယာဘ ၄၂း၈၊ ၂ကော ၅း ၂၁၊ ၂ တိ ၄း၆)
ဣသရေလသည် ဘုရားသခင်၏ သန့်ရှင်းသောလူမျိုးကဲ့သိုဖြစ်ခြင်း – ထိုလူမျိုးအားဖြင့် ခရစ်တော်လောကသို့ ကြွလာခြင်း (၂၆း၄၂-၄၆၊ က ၁၅း၁၂-၂၁၊ ထွက် ၁၉း၅၊ ၆၊ ၂ ရာ ၇း၁၃၊ ၂၃း၅၊ ဟေဗြဲ ၈း၆-၁၃)
ဝတ်ပြုရာကျမ်းရှိ ဘုရားသခင်၏ ဂုဏ်အင်္ဂါလက္ခဏာများ
ဘုရားသခင်သည် ချဉ်းကပ်၍ ရသော ဘုရား – ၁၆း၁၂-၁၅
ဘုရားသခင်သည် ဘုန်းကြီးသော ဘု ရား – ၉း၆၊ ၂၃
ဘုရားသခင်သည် သန့်ရှင်းသော ဘု ရား -၁၁း၄၄-၄၅
ဘု ရားသခင်သည် အမျက်ဒေါသကြီးသော ဘု ရား – ၁၀း၂
အနက်အဓိပ္ပာယ်ဆိုင်ရာ အခက်အခဲများ
ဝတ်ပြုရာကျမ်းသည် ဣသရေလူမျိုးက ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ခြင်းအတွက် လက်စွဲစာ အုပ်ဖြစ်သလို ဓမ္မပညာဆိုင်ရာ ပဋိညာဉ်ဟောင်းမှ ထုံးတမ်းဓလေ့များလည်းဖြစ်သည်။ ဤစာအုပ်တွင် အသေးစိတ်ဖော်ပြထားသည့် သတိရအောက်မေ့ခြင်းပွဲများ၊ ပညတ်များနှင့် ဘာသာရေးပွဲအစီအစဉ်များကို ပြည့်စုံစွာ နားလည်ခြင်းမှာ မောရှေအချိန်က သမိုင်း ရှေ့ နောက်အကြောင်းကို နားလည်ခြင်းဖြစ်သောကြောင့် ယနေ့အတွက် ခက်ခဲမှုရှိသည်။ ဓမ္မဟောင်း ကျမ်းရှိ ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာ အသေးစိတ်လိုအပ်ချက်များကို တစ်ဦးတစ်ယောက်က နားလည်သည်နှင့် ဓမ္မသစ်ကျမ်းသည် ဓမ္မဟောင်းကျမ်းရှိ ဘာသာရေးပွဲ ပညတ်ချက် များကို ရှင်းလင်းစွာ အစားထိုးခဲ့ခြင်း (တ ၁၀း၁-၁၆၊ ကော ၂း၁၆၊ ၁၇)၊ လေဆိုင်ရာ ယဇ်ပုရောဟိတ် ဖြစ်ခြင်း (၁ ပေ ၂း၉၊ ဗျာ ၁း၆၊ ၅း၁၀၊ ၂၀း၆)၊ သန့်ရှင်းရာဌာန (မ ၂၇း၅၁)၊ ပဋိညာဉ်အသစ် နှင့် အစားထိုးလုပ်ဆောင်ခြင်း (မ ၂၆း၂၈၊ ၂ ကော ၃း၆-၁၈၊ ဟေဗြဲ ၇း၁၀)မေးခွန်းများအတွက် အသင်းတော်တို အသင်းသားများ မည်သိုတုန့်ပြန် ရမည်ကို ရရှိလိမ့်မည်။ အဟောင်းဖြစ်သော ဘာသာရေးပွဲအတွက် လေးနက်သည့် အဓိပ္ပာယ်ကို ရှာဖွေပြီး လုပ်ဆောင်ခြင်းထက် ထိုအရာ တို၏ နောက်ကွယ်တွင်ရှိသော ဘုရားသခင်၏ သန့်ရှင်းခြင်းလက္ခဏာကိုသာ အလေးအနက် ထားရမည်။ ထိုအရာသည် ပွဲတော်များကို လုပ်ဆောင်ခြင်းထက် ဘုရားသခင်၏ ကြီးမြတ်သည့် သန့်ရှင်းခြင်းအတွက် မောရှေရှင်းပြ ရေးသားခြင်းအကြောင်းအရင်း ဖြစ်နိုင်သည်။ ဘာသာရေး ၊ ပွဲများ၏ နောက်ကွယ်ရှိ ဝိညာဉ်ရေးရာ နိယာမများသည် ဘုရားသခင်၏ သဘောသဘာဝကိုများစွာဖော်ပြခြင်းကြောင့် ပျောက်ကွယ် သွားခြင်းမရှိပေ။ ဓမ္မသစ်ကျမ်းတွင် ပင်တေကုတ္တေပွဲနေ့မှ စ၍ အသင်းတော်သည် ပညတ်ဟောင်းအောက်တွင် မဟုတ်ဘဲ၊ ပညတ်သစ်အောက်တွင် ရှိနေကြောင်း ရှင်းလင်းစွာ ဖော်ပြထားသည် (တ ၂)။ အသင်းတော်သည် ပညတ်ဟောင်းအောက်တွင် မဟုတ်ဘဲ၊ ပညတ်သစ်အောက်တွင် ရှိနေကြောင်း တွေ့ရသည် (ဟေဗြဲ ၇-၁၀)။
ဝတ်ပြုရာကျမ်းရှိ အဓိက ဝေါဟာရများ
ယဇ်ပူဇော်ခြင်း – ဟေဗြဲဝေါဟာရ – qorban – ၂း၃၊ ၄း၃ ၅၊ ၆း၁၈၊ ၇း၁၄၊ ၃၃၊ ၉း၄၊ ၁၀း၁၄ – ဤဗြဲဝေါဟာ ရသည် “အနီးသို ယူလာခြင်း”ဆိုသည့် ကြာမှလာပြီး မူရင်းအဓိပ္ပာယ်မှာ “တစ်စုံ တစ်ဦးသည် ဘုရားသခင် အနီးသို ယူလာခြင်း”ဖြစ်သည်။ ဣသရေလလူမျိုးသည် ဘုရားသခင်ထံ သူတို၏လက်ဆောင်များပေးရန် ချဉ်းကပ်နိုင်ခြင်းတွင် ဘု ရားသခင်၏ က ရုဏာတော်ထင်ရှားသည်။ လူများသည် အပြစ်သားများနှင့် ပုန်ကန်သူများဖြစ်သော်လည်း ဘု ရားသခင်က သူတိုနှင့် ပြန်လည် သင့်မြတ်အောင် သူကိုယ်တိုင် ယဇ်ပူဇော် ခြင်းစနစ်ကို ဖန်တီးပေးခဲ့သည်။ ယဇ်ပူဇော်ခြင်းသည် ခရစ်တော်၏ ကားတိုင်တွင် အသေခံခြင်း၊ လုံးဝပူဇော် ခြင်း၊ အခြားအရာများ နောက်ထပ်လုပ်ဆောင် ရန် မလိုအပ်တော့သည်အထိ အဆုံးသတ်ပေး ခြင်းတိုကို ပုံဆောင်ခဲ့သည်။ ခရစ်တော်၏ တစ်ကြိမ် တည်းအသေခံပူဇော်ခြင်းအားဖြင့် ကျွန်ုပ်တိုသည် ဘုရားသခင်နှင့် အမြဲတမ်း ပြန်လည် သင့်မြတ်ခဲ့ သည်(ဟေဗြဲ ၁၀း၁၀-၁၈)။ ကျွန်ုပ်တိုအတွက် ခ ရစ် တော် ၏ သေခြင်းကို သင့် တော် သည် တုန့်ပြန်မှုမှာ ကျွန်ုပ်တိုသက်တာကို အသက်ရှင်သောယဇ်အဖြစ် ဘုရားသခင်ထံ ပူဇော်ခြင်း ဖြစ်သည်(ရော ၁၂း၁)။
ပူဇော်သက္ကာ အတွက်အတာ – ဟေဗြဲဝေါဟာရ – azkarali – ၂း၂၊ ၉၊ ၁၆၊ ၅:၁၂၊ ၆း၁၅၊ ၂၃း၂၄၊ ၂၄း၇ – အောက်မေ့ဖွယ်ရာ အစိတ်အပိုင်း၏ ဘောဇဉ်ပူဇော်သက္ကာအတွက် ပူဇော်ရမည့်အပိုင်း သည် မီးရှိရာယဇ်ပေါ်ရှိ အစိတ်အပိုင်း အားလုံးကို ကိုယ်စားပြုသည်။ ကျန်အရာများသည် ယဇ်ပု ရောဟိတ်ကိုပေးရမည့် လက်ဆောင် ဖြစ်ပြီး၊ သူ၏သာသနာအတွက် ထောက်ပံ့ရန်ဖြစ်သည်။ ပူဇော် သ အတွက်အဆိုသည့် ဝေါဟာရသည် ဟေဗြဲ ကြိယာ zaka” နှင့် ဆက်စပ်ပြီး၊ အဓိပ္ပာယ်မှာ “အောက်ရန် ဖြစ်သည်။ ထိုအရာက ဝတ်ပြုသူသည် ဘုရားသခင်၏ ကျေးဇူးတော်နှင့် ရက်ရောမှု ကို အမှတ်ရခြင်းအဖြစ် ဖော်ဆောင်ပြီး အထူးသဖြင့် ဘုရားသခင်သည် ဝတ်ပြု ပူဇော်သူကို သတိယ နှင့် ကောင်းကြီးမင်္ဂလာကို ဖော်ဆောင်ခြင်းဖြစ်သည်။
အသွေး – ဟေဗြဲဝေါဟာရ – dam- ၁း၅၊ ၃း၁၇၊ ၄း၇၊ ၈း၁၅၊ ၉း၉၊ ၁၆း၁၈၊ ၁၇း၁၀၊ ၂၀း၁၁ – ဟေဗြဲဝေါဟာရ nion) နှင့် ဆက်စပ်မှုရှိပြီး အဓိပ္ပာယ်မှာ “အနီရောင်”ဖြစ်(က ၂၅း၃၀)၍ အသွေးကို ရည်ညွှန်းသည်။ ထိုအရာသည် တိရစ္ဆာန်၏အသွေး (ထွက် ၂၃း၁၈) (သို) လူ၏အသွေး (က ၄း၁၀) ဖြစ်နိုင်သည်။ အသွေး ဟူသော ဝေါဟာရ သည် လူတစ်ဦး၏ ဒုစရိုက်အပြစ်ကို ကိုယ်စားပြုပြီး “အသေသတ်ခြင်းကို အမှန်ခံရမည်”ဟု ဆိုသကဲ့သို သူ့အပြစ်အတွက် သူပြန်ပေးဆပ်ရခြင်းဖြစ်သည် (၉) ဓမ္မဟောင်းကျမ်းတွင် အသက်သည် အသွေးနှင့် ဆက်စပ်မှုရှိပြီး (က ၉း၄၊ တ ရား ဟော ၁၂း၂၃) လူ့အသက်တာ သန့်ရှင်းခြင်းရှိရန် ရှင်းလင်းစွာ ဖော်ပြထား ခြင်းဖြစ်သည် (က ၉း၆)။ ဓမ္မသစ်ကျမ်းအရ အပြစ်အတွက် “အသွေးမသွန်းလောင်းဘဲ အပြစ်လွှတ် ခြင်းမရှိ”ဟု(ဟေဗြဲ ၉း၂၂) ပြောထားသည်။ မြွေဟောင်းယဇ်ပူဇော်ခြင်းတွင် အသွေးကို အလေးအနက် ထားခြင်းသည် ကျွန်ုပ်တို ကိုယ်စား ပေးဆပ်မည့် ခရစ်တော် အသွေးသွန်းခြင်းကို ဖော်ညွှန်းခြင်းဖြစ်သည် (ရော ၅း၉၊ ၁ ကော ၁၁း၂၅၊ ၂၆)။
ယုဘိလ – ဟေဗြဲဝေါဟာရ – yobel – ၂၅း၉၊ ၁၂၊ ၃၀၊ ၄၀၊ ၄၅၊ ၂၇း၁၈၊ ၂၄ – မူရင်းအဓိပ္ပာယ် မှာ သိုးထီး (သို) “သိုးထီး၏ ဦးချို” ဖြစ်သည် (ထွက် ၁၉း၁၃၊ ယောရှု ၆း၅)။ ထိုဝေါဟာရသည် ဝတ်ပြုရာ ၂၅း၁ဝ ရှိ ယုဘိလနှစ်နှင့် တောလည်ရာ ၃၆း၄ တိုဖြင့် ဆက်စပ်မှုရှိသည်။ ဟေဗြဲလူမျိုး အတွက် အနှစ် (၅၀) မြောက်သည် “ယုဘိလ နှစ်ဖြစ်ပြီး၊ တံပိုးများမှုတ်ကြသည် (၂၅း၉)။ ထိုနှစ်အ တွင်းကသရေလလူမျိုးသည် လွတ်မြောက်ခြင်းနှင့် အလုပ်နားခြင်း၊ အကြွေးများကို ကြေအေးပေးခြင်း၊ ကျွန်များများကို လွှတ်ပေးခြင်း၊ မြေကြီးကို အနားပေးခြင်း၊ မိသားစုပိုင်ဆိုင်မှုများ ပြန်လည်ရွေးယူ ခြင်းများလုပ်ဆောင်ကြသည် (၂၅း၁ဝ-၁၇) ထိုအချက်အရ ဟေရှာ ၄၈း၈၊ ၉ ကို သခင်ယေရှုကိုးကားခြင်းသည် သူ၏မြေပေါ်တွင် သာသနာပြုချိန်သည် ယူဘိလနှစ်၏ နိယာမများနှင့် တူညီကြောင်း၊ ဖော်ပြချက် တွေ့ရသည် (လု ၄း၁၈-၁၉)။
အကျဉ်းချုပ် ကောက်နှုတ်ချက်
၁။ ယဇ်ပူဇော်ခြင်းနှင့် သက်ဆိုင်သည့် ပညတ်ချက်များ (၁း၁-၇း၃၈)
က။ လူအားလုံးအတွက် ဥပဒေသများ (၁း၁-၆း၇)
၁။ မီးရှိရာယဇ် (အခန်းကြီး ၁)
၂။ ဘောဇဉ်ပူဇော်သက္ကာ (အခန်းကြီး ၂)
၃။ မိတ်သဟာယယဇ် (အခန်းကြီး ၃)
၄။ အပြစ်ဖြေရာယဇ် (၄း၁-၅း၁၃)
၅။ ဒုစရိုက်ဖြေရာယဇ် (၅း၁၄-၆း၇)
ခ။ ယဇ်ပုရောဟိတ်များအတွက် ဥပဒေသများ (၆း၈-၇း၃၈)
၁။ မီးရှိရာယဇ် (၆း၈-၁၃)
၂။ ဘောဇဉ်ပူဇော်သက္ကာ (၆း၁၄-၂၃)
၃။ အပြစ်ဖြေရာယဇ် (၆း၂၄-၃ဝ)
၄။ ဒုစရိုက်ဖြေရာယဇ် (၇း၁-၁၀)
၅။ မိတ်သဟာယယဇ် (၇း၁၁-၃၆)
၆။ အနှစ်ချုပ် မှတ်ချက်များ (၇း၃၇-၃၈)
၂။ ယဇ်ပုရောဟိတ် အခန်းကဏ္ဍကို အစပြုခြင်း (၈း၁-၁၀း၂၀)
က။ အာရုန်နှင့် သူ၏သားများကို ကောင်းကြီးပေးခန့်အပ်ခြင်း (အခန်းကြီး ၈)
ခ။ ပထမဦးဆုံး ယဇ်ပူဇော်ခြင်း (အခန်းကြီး ၉) ၊
ဂ။ နာဒပ်နှင့်အဘိဟုကို ကွပ်မျက်ခြင်း (အခန်းကြီး ၁၀)
၃။ မသန့်ရှင်းသောအရာများကို ဖော်ပြခြင်း (၁၁း၁-၁၆း၃၄) ၊
က။ မသန့်ရှင်းသော တိရစ္ဆာန်များ (အခန်းကြီး ၁၁) ၊
ခ။ ကလေးမွေးခြင်းအတွက် မသန့်ရှင်းမှု (အခန်းကြီး ၁၂)
ဂ။ မသန့်ရှင်းသော ရောဂါများ (အခန်းကြီး ၁၃)
ဃ။ ရောဂါများကို သန့်ရှင်းခြင်း (အခန်းကြီး ၁၄) ၊
င။ မသန့်ရှင်းသောအရာကို သန့်ရှင်းခြင်း (အခန်းကြီး ၁၅)
စ။ တဲတော်မှ မသန့်ရှင်းသောအရာများကို သန့်ရှင်းခြင်း (အခန်းကြီး ၁၆)
၄။ လက်တွေ့ သန့်ရှင်းခြင်းအမှုအတွက် လမ်းညွှန်ခြင်း (၁၇း၁-၂၇း၃၄)
က။ ယဇ်ပူဇော်ခြင်းနှင့် အစားအစာ (အခန်းကြီး ၁၇) –
ခ။ ကောင်းမွန်သော မေထုန်ပြုခြင်းအပြုအမူ (အခန်းကြီး ၁၈)
ဂ။ အိမ်နီးချင်းများ (အခန်းကြီး ၁၉) ၊
ဝတ်ပြုရာကျမ်း အချိန်ကာလ၌ ကမ္ဘာကြီးရှိ အခြားသောနေရာများ
မက္ကဆီကိုတွင် Olmec ယဉ်ကျေးမှု စတင်ခဲ့ပြီး မက္ကဆီကို Sun PyraImail ကို စတင် တည်ဆောက်သည်။
ဃ။ သေဒဏ်အတွက် ကြီးလေးသော အပြစ်များ (အခန်းကြီး ၂၀)
c။ ယဇ်ပုရောဟိတ်များအတွက် ညွှန်ကြားချက်များ (အခန်းကြီး ၂၁-၂၂)
စ။ ဘာသာရေးပွဲတော်များ (အခန်းကြီး ၂၃)
ဆ။ တဲတော် (၂၄း၁-၉)
ဇ။ ကျိန်ဆဲခြင်းများ (၂၄း၁ဝ-၂၃)
စျ။ ဥပုသ်နေ့နှင့် ယုဘိလနှစ်များ (အခန်းကြီး ၂၅)
ည။ ပညတ်တော်များကို နာခံရန် တိုက်တွန်းခြင်း – ကောင်းကြီးမင်္ဂလာများနှင့် ကျိန်ခြင်းများ (အခန်းကြီး ၂၆)
ဋ။ ရွေးယူရန် တန်ဖိုးများကို သတ်မှတ်ခြင်း (အခန်းကြီး ၂၇)
ခက်ခဲသော မေးခွန်းများအတွက် အဖြေများ
၁။ ဣသရေလူမျိုးအတွက် ဘုရားသခင်သည် အဘယ့်ကြောင့် များစွာသော ပညတ်ချက် များ ထားရှိ ရသနည်း။
ဘုရားသခင်၏ ရည်ရွယ်ချက်သည် သန့်ရှင်းပြီး၊ ကွဲပြားသည့်လူမျိုးတစ်မျိုးကို ဖန်ဆင်း ရန်ဖြစ်သည် (၁၁း၄၄-၄၅)။ သူတိုအသက်တာသည် ဘုရားသခင်၏ သွင်ပြင် လက္ခာကို ရောင်ပြန်စေပြီး၊ အိမ်နီးချင်းနိုင်ငံများ ၏ အပြုအမူနှင့် ကွဲပြားစေရန်ဖြစ်သည်။ သူတို သည် အကြောင်းအရင်းကို နားမလည်သည့်တိုင် ဘုရားသခင်၏ ပညတ်ချက်များကို နာခံရန် ဖြစ်သည်။
သမိုင်းကြောင်းကို ပြန်ကြည့်ပါက သူ၏ပညတ်ချက်များနောက်ကွယ်တွင် အကြောင်း အမျိုးမျိုး ဘုရားသခင်ထားရှိကြောင်း ကျွန်ုပ်တိုတွေ့ရသည်။ ဝတ်ပြုရာကျမ်းရှိ သန့်ရှင်းခြင်း အကြောင်းနှင့်ပတ်သက်ပြီး စိတ်ဝင်စားဖွယ် တွေ့ရှိမှုတစ်ခုမှာ ၄င်းတိုသည် ယနေ့ရှိ တစ်ကိုယ် ရေသန့်ရှင်းမှု စံနှုန်းနှင့် ကိုက်ညီမှုရှိသည်ကို တွေ့ရသည်။ ယနေ့ ရောဂါများမဝင်အောင်၊ မပျံ့နှံ အောင် ဆေးဝါးဖြင့် ကြိုတင်ကာကွယ်ခြင်းအမှု ပြုသကဲ့သို သူတိုလည်း ကြိုတင်သတိထားရန် လိုအပ်ခဲ့သည်။ ဘုရားသခင်သည် သူ၏လူမျိုးတော်အား သူတိုအတွက် အန္တရာယ်ရှိသော အ ပြုအမူများဖြင့် နေထိုင်ရန် မတောင်းဆိုခဲ့ပေ။
၂။ ဓမ္မဟောင်းကျမ်းရှိ တစ်ဦးဦး (သို) အဖြစ်အပျက်တစ်ခုခု ဖော်ပြလေ့ရှိသည့်အခါ ခရစ်တော်၏ ပုံရိပ် ဆိုသည့် စကားစု၏ အဓိပ္ပာယ်မှာ အဘယ်နည်း။
ဓမ္မဟောင်းကျမ်းရှိ လူပုဂ္ဂိုလ်များနှင့် လုပ်ဆောင်မှုများသည် ယေရှုခရစ်တော်၏ အသက်တာ၊ သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းအကြောင်း သဲလွန်စ၊ ပုံပမာပေးမှုများအဖြစ် တွေ့ရသည်။ အကြောင်း အရာများတွင် တူညီမှုများ (သို) နှိင်းယှဉ်မှုများကို ဓမ္မသစ် ကျမ်းတွင် လင်လင်ရှားရှား တွေ့ရသည်။ အောက်ဖော် ပြပါ အဖြစ်အပျက်များနှင့် လုပ်ဆောင်မှု များသည် ဝတ်ပြုရာကျမ်းတွင် ခရစ်တော်ကို ကြိုတင်ပုံဆောင်ဖော် ပြထားမှုဖြစ်သည်။
သဘ်ော – က ၇း၁၆၊ ၁ ပေ ၃း၂၀၊ ၂၁
အပြစ်ရာ ယဇ်ကောင်များ ၁း၁၅ ၁၆၊ ဟေဗြဲ ၉း၁၂၊ ၂၄
ကြေးဝါမြွေ – တော ၂၁း၉၊ ယော ၃း၁၄၊ ၁၅ ၊
သေတ္တာအဖုံး (ကရုဏာတော်ခုံ) – ထွက် ၂၅း၁၇-၂၂၊ ရော ၃း၂၅ ဟေဗြဲ ၄း၁၆
ပသခါသိုးသူငယ် – ထွက် ၁၂း၃-၆၊ ၄၆၊ ယော ၁၉း၃၆၊ ၁ ကော ၅း၇
အဆင်းနီသော နွားမပျို – ဧ ၂း၁၄၊ ၁၆
ဟောရပ်အရပ်မှ ကျောက် – ထွက် ၁၇း၆၊ ၁ ကော ၁၀း၄
အသက်ရှင်သောဆိတ် – ၁း၂၀-၂၂
တဲတော် – ထွက် ၄း၂ ၃၄၊ ဟေဗြဲ ၉း၁၁၊ ကော ၂း၉
တဲတော်အဖုံး – ထွက် ၄၀း၂၁၊ ဟေဗြဲ ၁၀း၂၀
၃။ ဣသရေလလူမျိုးကို ဘုရားသခင်ပေးသော ဥပဒေသများကို ယနေ့ ကျွန်ုပ်တို ယုံ ကြည် သူ များသည် မည်မျှအတိုင်းအတာ အထိ လိုက်နာ ရမည်နည်း။
ဓမ္မဟောင်းကျမ်းကို ယုံကြည်သူတစ်ဦး နားလည်မှုသည် ယေရှုနှင့် ဓမ္မသစ်အားဖြင့် ပုံဖော်ရမည် ဖြစ်သည်။ ယေရှုက ဤအကြောင်းအရာကို “ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းများကို ဖျက်ပယ်ခြင်းငှါ ငါလာသည်ဟု မထင်ကြနှင့်။ ဖျက်ပယ်ခြင်းငှါ ငါလာသည်မဟုတ်။ ပြည့်စုံစေ ခြင်းငှါ ငါလာသတည်း။”ဟု (မ ၅း၁၇) ပြောခဲ့သည်။
ဓမ္မဟောင်းကျမ်းရှိ အခမ်းအနားလုပ်ထုံးလုပ်နည်း၊ လေဝိဆိုင်ရာ ယဇ်ပုရောဟိတ်ဖြစ် ခြင်း၊ သန့်ရှင်းရာ အရပ် စသည်တိုနှင့် ပတ်သက်ပြီး ဓမ္မသစ်ကျမ်းက ယေရှုလုပ်ဆောင်ခဲ့သည့် အရာများကို နားလည်ခြင်း၊ ကျင့်သုံးခြင်းဖြင့် မည်သိုပြည့်စုံစေခဲ့ကြောင်း များစွာ ဖော်ပြထားသည် (မ ၂၇း၅၁၊ တ ၁၀း၁-၁၆၊ ကော ၂း၁၆၊ ၁၇၊ ၁ ပေ ၂း၉၊ ဗျာ ၁း၆၊ ၁၀၊ ၂၀း၆)။ ယေရှ၌လည်းကောင်း၊ ယေရူအားဖြင့်လည်းကောင်းဖြစ်သည့် အသစ်သောပဋိညာဉ်သည် ဓမ္မဟောင်းကျမ်းကို အသစ်သောအလင်းတွင် ထင်ရှားစေသည် (မ ၂၆း၂၈၊ ၂ကော – ၃း၆-၁၈၊ ဟေဗြဲ ၇-၁၀)။
ဝတ်ပြုရာကျမ်းတွင် အကျိုးရှိလေ့လာမှုမှာ ဓမ္မဟောင်းကျမ်းတစ်နေရာရာ၌ မရှင်း ၊ မဖော်ပြထားသည့် အရာများအား မှတ်သားခြင်းဖြင့် အပြစ် ဒုစရိုက်၊ သေခြင်းကိုအစားထိုး ခြင်း၊ အပြစ်ခြင်းစသည်တိုကို နားလည်ခြင်းတွင် သမ္မာတရားကို ပိုအလေးအနက်ထားခြင်း ဖြစ်သည်။ နောက်ပိုင်းကျမ်းစာရေးသားသူများ၊ အထူးသဖြင့် ဓမ္မသစ်ကျမ်း ရေးသူများသည် ဝတ်ပြုရာကျမ်းတွင် ဖော်ပြထားသည့် အရာများကို အခြေခံနား လည်ခြင်းဖြင့် အစပြုကြသည်။ ဝတ်ပြုရာကျမ်း၏ ယဇ်ပူဇော်ခြင်းလက္ခဏာများသည် ယေရှုခရစ်တော်၏ အစားထိုးအသေခံ ခြင်း တစ်ကြိမ်တည်း လုံးဝပြီးပြည့်စုံသွားမည်ကို ညွှန်ပြကြသည် (ဟေဗြဲ ၉း၁၁- ၂၂)။
ဝတ်ပြုရာကျမ်းကို ဆက်လက်လေ့လာရန်
၁။ ဝတ်ပြုရာကျမ်းတွင် ယဇ်ပူဇော်ခြင်း၊ ပူဇော်သက္ကာပြုခြင်း အမျိုးအစားမည်မျှရှိသည်ကို သင် မှတ်သားနိုင်ပါသနည်း။
၂။ သန့်ရှင်းခြင်းဆိုသည့် ဝေါဟာရသည် အဘယ်နည်း ဝတ်ပြုရာကျမ်းတွင် မည်သည့်နည်း ဖြင့် အသုံးပြုထားသနည်း။
၃။ဝတ်ပြုရာကျမ်းတွင် ကျန်းမာသောအသက်တာဖြင့် နေထိုင်ရန် မည်သည့်နည်း ဥပဒေသကို ပေးထားသနည်း
၄။ မည်သည့် ယဇ်ပူဇော်ခြင်းနှင့် ပူဇော်သက္ကာသည် ဘုရားသခင်နှင့် သင့်အကြား ဆက်နွယ်မှု အစိတ်အပိုင်း ဖြစ်သနည်း။