ဧဖက် ဩဝါဒစာ (Ephesians)
ခရစ်တော်၏ ကိုယ်ခန္ဓာသည် မင်္ဂလာရှိခြင်း
ခေါင်းစဉ်
ဤစာစောင်သည် အာရှ(အာရှမိုင်းနား၊ ယနေ့ တူရကီနိုင်ငံ)ရှိ ရောမနယ်မြေ၏ မြို တော် ဧဖက်မြိုရှိ အသင်းတော်သို လိပ်မူသော စာစောင်ဖြစ်သည်။ အစောပိုင်းလက်ရေးမူများ တွင် ဧဖက်မြိုအမည်ကို ဖော်ပြထားခြင်းမရှိသောကြောင့်၊ ကျမ်းပညာရှင်အချိုက ဤစာစောင် သည် ပထမတွင် ဧဖက်မြိုရှိ ယုံကြည်သူများထံ ပေးပိုခြင်း၊ အာရှမိုင်းနားရှိ အသင်းတော်များ အားလုံး ဖတ်ရှုခြင်းနှင့် လှည့်လည်ပေးပိုသည့် စာစောင်တစ်ခုအဖြစ် ယုံကြည်ကြသည်။
စာရေးသူနှင့် ရက်စွဲ ၊
ရှင်ပေါလု စာရေးသူဖြစ်ခြင်းအကြောင်း မေးခွန်းမေးစရာ မရှိပေ။ သူသည် အဖွင့်နှုတ် ဆက်စကားတွင် စာရေးသူဖြစ်ကြောင်း ဖော်ပြထားသည် (၁း၁၊ ၃း၁)။ ဤစာစောင်သည် အေဒီ ၆၀-၆၂ အကြား ရောမအကျဉ်းထောင်(တ ၂၈း၁၆-၃၁)တွင် ရေးသားခဲ့ခြင်းကြောင့် အကျဉ်းထောင်တွင် ရေးသားသော စာစောင်ဟု ရည်ညွှန်းသည် (ဖိလိပ္ပိသြဝါဒစာ၊ ကောလော သဲသြဝါဒစာနှင့် ဖိလေမုန်ဩဝါဒစာတိုအပါအဝင်)။ ကောလောသဲသြဝါဒစာနှင့် ဖိလေမုန် စာစောင်တိုနှင့် တူညီသောအချိန်တွင် ရေးသားခဲ့ခြင်းဖြစ်ပြီး စာစောင်ကို တုဓိတ်အားဖြင့် ပေးပိုခဲ့သည် (ဇ ၆:၂၁၊ ၂၂၊ ကော ၄း၇၊ ၈)။ ရှင်ပေါလု ရေးသားခဲ့သည့် မြိုတော်အကြောင်း ဆွေးနွေးမှုအတွက် ဖိလိပ္ပိသြဝါဒစာ- စာရေးသူနှင့်ရက်စွဲတွင် ကြည့်ပါ။
နောက်ခံသမိုင်းကြောင်းနှင့် အနေအထား
ဧဖက်မြိုသို ဧဝံဂေလိတရားသည် ရှင်ပေါလု၏ ဒုတိယသာသနာပြု ခရီးစဉ်တွင် (တ ၁၈း၁၈၊ ၁၉) ထိုနေရာ၌ချန်ထားခြင်းခံရသည့် ထူးခြားသော စုံတွဲဖြစ်သော ပြစ်ကိလနှင့် အာ ကုလ (တ ၁၈း၂၆) တိုက ပထမဆုံး ယူဆောင်လာခဲ့ခြင်းဖြစ်သည်။ Aegean ပင်လယ်အရှေ့ ဘက်ရှိ Cayster မြစ်ဝတွင် တည်ရှိသည့် ဧဖက်မြိုသည် ကမ္ဘာ့အထင်ရှားဆုံး ခုနှစ်ခုတွင် တစ်ခုဖြစ်သည့် ထင်ရှားသော အာတီမစ်ဘုရားကျောင်း (သို) ဒိုင်ယာနာသည် လူသိအများဆုံး ဖြစ်သည်။ ထိုနေရာသည် အီဂျစ်ရှိ အာလဇန္ဒား၊ ပိသိဒိပြည် အန္တိအုတ်မြို၊ အာရှမိုင်းနား တောင်ပိုင်းတိုဖြင့် နိုင်ငံရေး၊ ပညာရေး၊ စီးပွားရေး၊ လူနေအဆင့်အတန်းတိုအတွက် အရေးပါ သော နေရာတစ်ခုဖြစ်သည်။
ပြစ်ကိလနှင့် အာကုလအားဖြင့် အစပြုခဲ့သည့် အသင်းတော်ငယ်သည် ရှင်ပေါလု၏ တတိယသာသနာ ပြုခရီးစဉ်တွင် ( ၁၉) ခိုင်မာခဲ့ပြီး၊ သူသည် သုံးနှစ်တာ သူတို၏ သင်းအုပ် အဖြစ် အစေခံခဲ့သည်။ ရှင်ပေါလု ထွက်သွားပြီးနောက် တိမောသေသည် တစ်နှစ်ခွဲနီးပါး သင်းအုပ်လုပ်ခဲ့ပြီး၊ ထိုနေရာရှိ အသင်းတော်၌ သင်းအုပ်များဖြစ်ဖွယ်ရှိသော လွှမ်းမိုးနိုင်စွမ်းရှိ သည့် လူများ(ဟုမေနဲနှင့် အာလေဇမြှုတိုကဲ့သို)၏ မှားယွင်းသည့် သွန်သင်မှုများကို အဓိက ရင်ဆိုင်ရန် တိမောသေ နေရစ်ခဲ့သည် (၁ တိ ၁း၃၊ ၂၀)။ ထိုလူများကြောင့် ဧဖက်မြိုရှိ အ သင်းတော်သည် “ဒဏ္ဍာရီစကားများနှင့် ဆွေစဉ်မျိုးဆက်စာရင်း”(၁၄) များကြောင့် ဘေး ဒုက္ခရောက်ခဲ့ရပြီး၊ အိမ်ထောင်ပြုရန် တားမြစ်ထားခြင်းနှင့် အချိုသောအစာများကို စားရန် တားမြစ်ခြင်း စသော ဇာတိသဘောနှင့် ကျမ်းစာတွင်မပါသော အတွေးအမြင်များ လုပ်ဆောင် ကြသည်(၄း၃)။ ထိုမှား ယွင်းသော ဆရာများသည် ကျမ်းစာကို မှန်ကန်စွာ နားမလည်သော် လည်း သူတို၏ မမှန်ကန်သော အနက်ဖွင့်မှုသည် ယုံကြည်မှုအပြည့်ဖြင့် ပြောဆိုခြင်း၊ “ယုံကြည် ခြင်း၌တည်သော ဘုရားသခင်၏ သာသနာကို ပြုစုသည်ထက်” (၁း၄) အသင်းတော်ကို ခက်ခဲဆိုးယုတ်အောင် လုပ်ဆောင်သည်။ အနှစ် (၃၀) (သို) ထိုနောက်ပိုင်းတွင် ခရစ်တော်သည် တမန်တော် ရှင်ယောဟန်အားဖြင့် ထိုအသင်းတော်သို စာတစ်စောင်ပေးပိုပြီး၊ ထို သူများသည် ကနဦးချစ်ခြင်း လျော့ကျကြောင်းကို ဖော်ပြထားသည် (ဗျာ ၂း၁-၇)။
ဧဖက်သြဝါဒစာရှိ အဓိက ဇာတ်ကောင်များ
ရှင်ပေါလု – ခရစ်တော်၏ ကိုယ်ခန္ဓာနှင့် ဘုရားသခင်နှင့် ပြုမူဆက်နွယ်မှု၌ သူတို၏ ရပ်တည် ချက်အကြောင်း ဧဖက်မြိုရှိ အသင်းတော်သို သွန်သင်ခြင်း (၁း၁-၆း၂၄) ၊
တုခိတ် – ဧဖက်မြိုရှိ ယုံကြည်သူများထံ တွန်းအားပေးရန် ရှင်ပေါလု၏ စေလွတ်ခြင်းခံရသူ (၆း၂၁၊ ၂၂)
သမိုင်းကြောင်းနှင့် ဓမ္မအတွေးအခေါ်ဆိုင်ရာ အကြောင်းအရာများ
ပထမအခန်းကြီး သုံးခန်းသည် ဓမ္မသစ်ကျမ်း ဩဝါဒကို အလေးအနက်ထားသော တရားဓမ္မဆိုင်ရာ အကြောင်းအရာများဖြစ်ပြီး၊ နောက်ဆုံး အခန်းကြီးသုံးခန်းသည် ခရစ်ယာန် တို၏ အမူအကျင့်တိုကို လေးလေးနက်နက်နှင့် လက်တွေ့ကျင့်ဆောင်ခြင်း ဖြစ်သည်။ အထက် ပါအရာများအပြင် ဤစာစောင်သည် တိုက်တွန်းခြင်းနှင့် ဆုံးမခြင်း စာစောင်ဖြစ်ပြီး၊ ယေရှုခရစ် တော်၌ တိုင်းတာ၍ မရနိုင်သော ကောင်းကြီးမင်္ဂလာများကို ယုံကြည်သူများ သတိရရန် ရေးသားခဲ့ခြင်း၊ ထိုကောင်းကြီးများအတွက် ကျေးဇူးတင်ခြင်းသာမက၊ ထိုကျေးဇူးများနှင့် ထိုက် တန်စွာ ပြုမူနေထိုင်ရန်လည်း ဖြစ်သည်။ ယေရှုခရစ်တော်၌ ခရစ်ယာန်တစ်ဦး၏ ကြီးမားသော ကောင်းကြီးမင်္ဂလာကြောင့် သူသည် မိမိကိုယ်ကို တင်းတိမ်ရောင့်ရဲမှုရှိတတ်သောကြောင့် စာတန် အားဖြင့် စုံစမ်းသွေးဆောင်ခြင်း အမှန်ခံရမည်။ နောက်ဆုံးအခန်းကြီးတွင် ရှင်ပေါလုက ယုံကြည် သူများအား ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်အား (၆း၁၀-၁၇)ဖြင့် ဘုရားသခင်ပြင်ဆင်ပေးတော်မူသော လက်နက်စုံသည် လုံလောက်ပြည့်စုံစွာ ရှိပြီဖြစ် ကြောင်း သတိပေးခြင်း၊ အန္တရာယ်ကို သတိထားရန်လိုအပ်ခြင်းနှင့် အဆက်မပြတ် ဆုတောင်း ခြင်းများ (၆း၁၈) ကို ဖော်ပြထားသည်။
စာစောင်၏ အဓိကသော့ချက်သည် အသင်းတော်၏ နက်နဲသောအရာ (ဖွင့်ပြမထား သော သမ္မာတရားဟု အဓိပ္ပာယ်ရှိ) ဖြစ်ပြီး၊ “တပါးအမျိုးသားတိုသည် ဧဝံဂေလိတရားအားဖြင့် ယုဒအမျိုးသားတိုနှင့်အတူ အမွေခံ၍ တစ်လုံးတဝ တစ်ကိုယ်တည်းဖြစ်လျက်၊ ခရစ်တော်နှင့် ဆိုင်သော ကတိတော်ကို ဆက်ဆံရကြသတည်း။”(၃း၆)ဟူသော ဓမ္မဟောင်းသူတော်စင်များမှ လုံးဝ ဖုံးကွယ်ထားသည့် သမ္မာတရားဖြစ်သည် (၃း၅၊ ၉)။ မေရှိယရှင် သခင်ယေရှုခရစ်တော်၌ ယုံကြည်သော သူအားလုံးသည် ဘုရားသခင်၏ သားသမီးများ၊ နိုင်ငံတော်သားများ သူအရှေ့ တွင် အတူတူဖြစ်ပြီး၊ အံ့ဩဖွယ် သမ္မာတရားကို ဤလက်ရှိ ယုံကြည်သူများသာ ပိုင်ဆိုင်ခွင့် ရရှိသည်။ ရှင်ပေါလုက အသင်းတော်၏ နက်နဲရာကို ခရစ်တော်၏ သတိုသမီးကဲ့သိုလည်း ပြောထားသည် (၅း၃၂၊ ဗျာ ၂း၁၉)။ ။
အလေးအနက်ဖော်ပြသည့် အဓိကသမ္မာတရားတစ်ခုမှာ လောကီခန္ဓာတွင် ခရစ်တော် ၏ ဝိညာဉ်ဆိုင်ရာ တည်ရှိမှုကဲ့သို အသင်းတော်ကို ဖော်ပြခြင်းဖြစ်ပြီး၊ ဘုရားသခင်၏ လူများ နှင့်ပတ်သက်၍ ကွဲပြားပြီး ယခင်က ဖွင့်မပြခဲ့သည့် သမ္မာတရားဖြစ်သည်။ အသင်းတော်အား ပုံစံဖော်မှုသည် အဖွဲအစည်းကဲ့သို မဟုတ်သော်လည်း အတွင်းအစိတ်အပိုင်းများ လွတ်လပ်စွာ၊ တန်းတူ ဆက်နွယ်မှုဖြင့် အသက်ရှင်သော အင်္ဂါများ ပေါင်းစပ်ဖွဲစည်းထားခြင်းဖြစ်သည်။ ခရစ် တော်သည် အသင်းတော်၏ ဦးခေါင်းဖြစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်သည် အသက်သွေး ကြောကဲ့သို ရှိနေသည်။ ခရစ်တော်၏ ကိုယ်ခန္ဓာသည် အမျိုးမျိုးသော ဆုကျေးဇူးများဖြင့် အင်္ဂါအစိတ်အပိုင်းများ၏ သစ္စာရှိစွာ လုပ်ဆောင်ခြင်းဖြစ်ပြီး၊ ယုံကြည်သူတိုင်းကို သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပိုင်သအုပ်စိုးခြင်း၊ ထူးခြားသော တန်ခိုးပေးခြင်းဖြင့် ဖြစ်သည်။
အခြားအဓိကအကြောင်းအရာများသည် ယုံကြည်သူများထံ ကြွယ်ဝပြီး ပြည့်စုံသော ကောင်းကြီးမင်္ဂလာ ခံစားရခြင်းအကြောင်း ပါဝင်သည်။ ရှင်ပေါလုက “များလှစွာသော ကျေးဇူး တော်” (၁း၇)၊ “စစ်၍မကုန်နိုင်သော ခရစ်တော်၏ ကြွယ်ဝပြည့်စုံခြင်း” (၃း၈)၊ “ဘုန်းတော် ကြွယ်ဝပြည့်စုံခြင်း” (၃း၁၆) စသည့်အကြောင်းများကို ရေးသားသည်။ ရှင်ပေါလုက ယုံကြည် သူများအား “ဘုရားသခင်၏ ပြည့်စုံတော်မူခြင်း ရှိသမျှနှင့် ပြည့်စုံကြ”ရန် (၃း၁၉)၊ “ငါတို ရှိသမျှသည် ယုံကြည်ခြင်းသို၎င်း၊ ဘုရားသခင်၏ သားတော်ကို သိကျွမ်းခြင်းသို၎င်း၊ တညီတ ညွှတ်တည်းရောက်၍ ခရစ်တော်၏ ပြည့်စုံခြင်း ပမာဏအရပ်တည်းဟူသော ကြီးရင့်သောလူ
ဧဖက် ဩဝါဒစာ၌ ခရစ်တော်
ဧဖက်သြဝါဒစာတွင် ရှင်ပေါလုက ခရစ်တော်၏ ကိုယ်ခန္ဓာကဲ့သို ယေရှုနှင့် အသင်းတော်အကြား ထူး ကဲသော ဆက်နွယ်မှုကို ရှင်းပြထားသည်။ ခရစ် တော်သည် ယုံကြည်သူများ အတူတကွ စုစည်း သော အသင်းတော်၏ ဦးခေါင်း၊ အဆစ်အပိုင်းများ အားဖြည့်စေသော ဦးခေါင်းဖြစ်သည် (၄း၁၅၊ ၁၆)။ ရှင်ပေါလုက ယုံကြည်သူများ၏ ဖြစ်တည်မှုကို “ခရစ်တော်၌” ဖြစ်ခြင်းကဲ့သို အလေးအနက်ဖော်ပြ သည် (၁း၁၊ ၃-၇၊ ၁၁-၁၃၊ ၂း၅-၆၊ ၁ဝ၊ ၁၃၊ ၂၁၊ ၃း၆၊ ၁၂)။
၏အဖြစ်သို ရောက်ကြ”ရန် (၄း၁၃)၊ ‘ဝိညာဉ်တော်နှင့် ပြည့်စုံလျက် ရှိကြ”ရန် (၅း၁၈) ဆုံးမထားသည်။ ခရစ်တော်၌ ကြွယ်ဝခြင်းသည် သူ၏ ကျေးဇူးတော် (၁း၂၊၆၊၇၊ ၂း၇)၊ သူ၏ ငြိမ်သက်ခြင်း (၁း၂)၊ သူ၏အလိုတော် (၁း၅)၊ သူ၏စိတ်ကျေနပ် မှုနှင့် ရည်ရွယ်ချက် (၁း၉)၊ သူ၏ ဘုန်းတော် (၁း၁၂၊ ၁၄)၊ သူ၏ ခေါ်တော်မူခြင်းနှင့် အမွေခံခြင်း (၁း၁၈)၊ သူ၏ တန်ခိုးတော်နှင့် ခွန်အား (၁း၁၉၊ ၆း၁၀)၊ သူ၏ ချစ်ခြင်း မေတ္တာ (၂း၄)၊ သူ၏ ပြင်ဆင်ခြင်းခံရခြင်း (၂း၁၀)၊ သူ၏ သန့်ရှင်းသော ဝိညာဉ်တော် (၃း၁၆)၊ သူ၏ ဆက်ကပ်ပူဇော်ခြင်း (၅း၂)၊ သူ၏ လက်နက်စုံ (၆း၁၁၊ ၁၃)အပေါ်တွင် အခြေခံသည်။ “ကြွယ်ဝခြင်း”ဟူသော ဝေါဟာရသည် ဤစာစောင်တွင် ငါးကြိမ်တိုင် အသုံးပြုထားခြင်း၊ “ကျေးဇူးတော်” သည် (၁၂) ကြိမ် အသုံးပြုထားခြင်း၊ “ဘုန်းတော်”သည် ရှစ်ကြိမ် အသုံးပြုထားခြင်း၊ “ပြည့်စုံခြင်း” (သို) “ပြည့်ဝ ခြင်း” သည် ခြောက်ကြိမ်၊ အဓိကစကားစု “ခရစ်တော်၌”ကို (၁၂) ကြိမ် အသုံးပြုထားသည်။
ဧဖက် ဩဝါဒစာရှိ အဓိကဩဝါဒများ ၊
အသင်းတော်၏ နက်နဲခြင်း၊ ခရစ်တော်၏ ကိုယ်ခန္ဓာ – ခရစ်တော်၌ ရှိသော ယုံကြည်သူအား လုံးသည် ဘုရားသခင်၏ သားသမီးကဲ့သို၊ သူ၏ နိုင်ငံတော်သားကဲ့သို ဘုရားသခင် ရှေ့တွင် အတူတူဖြစ်ခြင်း (၁း၂၂၊ ၂၃၊ ၃း၆၊ ၅း၃၂၊ ကော ၁း၂၄၊ ဗျာ ၂၁း၉)
ယေရှုခရစ်တော်၏ ကောင်းကြီးမင်္ဂလာများ – ယုံကြည်သူအားလုံးသည် ခရစ်တော်၏ ကျေးဇူး တော်နှင့် အမွေခံခြင်း၌ ကြွယ်ဝပြည့်စုံခြင်းကို ခံစားရခြင်း (၁း၂၊ ၅-၉၊ ၂း၇၊ ၃း၈၊ ၁၆၊ ၁၉၊ ၄း၁၃၊ ၅း၁၈၊ ၆း၁ဝ-၁၃၊ က ၂၄း၃၁၊ ၂၆း ၂၉၊ ဆာ ၃၆း၈၊ ၆၃း၅၊ ၉၁း၅-၁ဝ၊ ဟေရှာ ၁၂း၂၊ ၄၀း၁၁၊ မ ၂၅း၃၄၊ ယော ၁၇း၂၁၊ ဧ ၃း၁၂၊ ၂ ပေ ၁း၄၊ ဗျာ
၁၃း၈)
ဧဖက် ဩဝါဒစာရှိ ဘုရားသခင်၏ ဂုဏ်အင်္ဂါလက္ခဏာများ
ဘုရားသခင်သည် ချဉ်းကပ်၍ ရသော ဘုရား – ၂း၁၃၊ ၁၈၊ ၃း၁၂
ဘုရားသခင်သည် ဘုန်းကြီးသော ဘုရား – ၁း၁၂၊ ၃း၁၆
ဘုရားသခင်သည် ကြင်နာသော ဘုရား – ၂း၇
ဘုရားသခင်သည် ချစ်ခြင်းမေတ္တာရှင် ဘုရား – ၂း၄-၅
ဘုရားသခင်သည် ကရုဏာရှင် ဘုရား – ၂း၄
ဘုရားသခင်သည် တန်ခိုးကြီးသော ဘုရား – ၁း၁၉၊ ၃း၇၊ ၂ဝ၊ ၆း၁ဝ
ဧဖက် သြဝါဒစာရှိအဓိက ဝေါဟာရများ
ရည်ရွယ်ချက်၊ အကြံအစည်၊ အလိုတော် – ဂရိဝေါဟာရ – prothesis – ၁း၉၊ ၁၁၊ ၃း၁၁၊ ဂရိဝေါ ဟာရ – boule – ၁း၁၁၊ ဂရိဝေါဟာရ – thelema – ၁း၁၊ ၅၊ ၉၊ ၁၁၊ ၅း၁၇၊ ၆း၆ – အဓိကဝေါဟာရ သုံးခုသည် အဓိပ္ပာယ် ဆက်စပ်မှုရှိပြီး၊ ၁း၁၁ တွင် တွေ့ရသည်။ ထိုအထဲမှ တစ်လုံး (thelenna)ကို ရှင်ပေါလု နှစ်ကြိမ် အသုံးပြုခဲ့သည် (၁း၁၊ ၉)။ ထိုဝေါဟာရသည် လွတ်လပ်စွာ ဆုံးဖြတ်ခြင်းအစား စိတ်ခံစားချက်ကို အဓိကဖော်ပြခြင်းအတွက် နှလုံးသားဆန္ဒ အပါအဝင်၊ စိတ်ဆန္ဒအမြင်ကို ဆိုလို သည်။ ထိုကြောင့် ဘုရားသခင်၏ အလိုတော်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များစွာ ပါဝင်ခြင်း မဟုတ်ဘဲ၊ ဘုရားသခင်၏ နှလုံးသားမှ ဆန္ဒဖြစ်သည်။ prothesis ဟူသော ဝေါဟာရသည် ရည် ရွယ်ချက်တစ်ခု (သို) အစီအစဉ်တစ်ခုကို ရည်ညွှန်းပြီး၊ စာပေသဘောမှာ ပုံဖော်ထားသကဲ့သိုရှိ သော “ကြိုကြိုတင်တင် ပြင်ဆင်ထားသော အရာတစ်ခု”ဟု အဓိပ္ပာယ်ရသည်။ ထိုအစီအစဉ်သည် ဘုရားသခင်၏ အကြံအစည်အတိုင်း ဖန်တီးခဲ့ပြီး၊ ဂရိဝေါဟာရ boule ကို ဘာသာပြန်ရာတွင် အေးအေးဆေးဆေး ချင့်ချိန်စဉ်းစားမှုမှ ရလာသည့် အဖြေဟု အဓိပ္ပာယ်ရသည်။ အစီအစဉ်နှင့် အကြံအစည်နောက်ကွယ်သည် သခင့်စိတ်တော်အတိုင်းသာမဟုတ်ဘဲ ချစ်ခြင်းမေတ္တာဖြင့်လည်း ဖြစ် သည်။
လူသစ် – ဂရိဝေါဟာရ – kainos antlnepoS – ၂း၁၅၊ ၄း၂၄ – အသစ်ဟူသော ဝေါဟာရသည် မကြာသေးမီအချိန်မှ ပြောင်းလဲလာခြင်းကို ဆိုလိုခြင်းမဟုတ်ဘဲ၊ ကွဲပြားသော အရည်အသွေး(သို) သဘာဝရှိခြင်းကို ဆိုလိုသည်။ လူသစ်ဆိုသည်မှာ ခရစ်တော်၌ လူသစ်ဖန်ဆင်းထားသောသူ၊ ယုံကြည် သူများအားလုံး အပါအဝင် တစ်ဦးချင်းနှင့် အားလုံးကို ဆိုလိုခြင်းဖြစ်သည်။ ရှင်ပေါလုသည် ခရစ် တော်၌ အသစ်ပြုပြင်သောသူကို အသစ်၊ ပေါင်းစည်းခြင်း၊ တစ်စုတည်းဖြစ်ခြင်း (၂း၁၄၊ ၁၅)စသည့် ဝေါဟာရများဖြင့် အသုံးပြုခဲ့ပြီဖြစ်သောကြောင့် ဤကျမ်းပိုဒ်ရှိ အသစ်သောသူသည်လည်း ပေါင်း စည်းပြီး တွေးမြင်ရမည်ဖြစ်သည် (ကော ၃း၉-၁၁)။ အနီးအနား ဆက်စပ်မှုတွင် ရှင်ပေါလုသည် လူ့သဘောသဘာဝ အသစ်ကို ယူတင်ဝတ်ဆောင်ရန် ယုံကြည်သူတိုင်းကို တိုက်တွန်းထားသည်။
ဘုရားသခင်သည် ကတိတော်ကို စောင့်ထိန်းသော ဘုရား – ၁း၁၃၊ ၂း၁၂၊ ၃း၆
ဘုရားသခင်သည် ပြန်လည်သင့်မြတ်ခြင်းပြုသော ဘုရား – ၂း၁၄၊ ၁၇
ဘုရားသခင်သည် တစ်ဆူတည်းသော ဘုရား – ၄း၆
ဘုရားသခင်သည် ဉာဏ်ပညာရှင် ဘုရား – ၁း၈၊ ၃း၁၀
ဘုရားသခင်သည် အမျက်ဒေါသထွက်သော ဘုရား – ၅း၆
အနက်အဓိပ္ပာယ်ဆိုင်ရာ အခက်အခဲများ
ဧဖက်သြဝါဒရှိ ယေဘုယျ ဓမ္မအတွေးအမြင်သည် တိုက်ရိုက်နှင့် ရှင်းလင်းပြတ်သားပြီး၊ အထူးအလေးအနက်ထားသည့် အဓိပ္ပာယ်အတွက် အနက်ဖွင့်မှု (သို) အမြင်များကို ဖော်ပြ ထားပေ။ သိုသော်လည်း မှန်ကန်စွာ အနက်ဖွင့်ရန်၊ ဂရုတစိုက် စဉ်းစားဆင်ခြင်ရန် လိုအပ် သည့် ကျမ်းပိုဒ်အချိုရှိသည်။ (၁) ၂း၈၊ ကယ်တင်ခြင်း (သို) ယုံကြည်ခြင်းသည် ဆုကျေးဇူးဖြစ် ကြောင်း ဆုံးဖြတ်ရခြင်း၊ (၂) ၄း၅၊ နှစ်ခြင်းခံခြင်း ပုံစံသည် သတိပြုရမည်ဖြစ်ခြင်း၊ (၃) ၄း၈၊ ဆာ ၆၈း၁၈ နှင့် ဆက်နွယ်မှုရှိခြင်းတို ဖြစ်သည်။
အကျဉ်းချုပ် ကောက်နှုတ်ချက်
၁။ နှုတ်ခွန်းဆက်စကား (၁း၁၊ ၂)
၂။ အသင်းတော်အတွက် ဘုရားသခင်၏ ရည်ရွယ်ချက် (၁း၃-၃း၁၃)
က။ ခရစ်တော်၌ ကြိုတင်ခွဲခန့် မှတ်သားခြင်း (၁း၃-၆)
ခ။ ခရစ်တော်၌ ရွေးနှုတ်ခြင်း (၁း၆-၁၀)
ဂ။ ခရစ်တော်၌ အမွေခံခြင်း (၁း၁၁-၁၄) ၊
ဃ။ ခရစ်တော်၌ အရင်းအမြစ်များ (၁း၁၅-၂၃)
င။ ခရစ်တော်၌ အသစ်သော အသက်တာ (၂း၁-၁၀)
စ။ ခရစ်တော်၌ ညီညွတ်ခြင်း (၂း၁၁-၃း၁၃)
၃။ အသင်းတော်အတွက် ဘုရားသခင်၏ ပြည့်စုံခြင်း (၃း၁၄-၂၁)
၄။ အသင်းတော်၌ သစ္စာရှိစွာ အသက်ရှင်ခြင်းအတွက် ဘုရားသခင်၏ အစီအစဉ် (၄း၁-၆)
၅။ ဘုရားသခင် သားတော်၏ ဆုပေးခြင်းနှင့် အသင်းတော်တည်ဆောက်ခြင်း (၄း၇-၁၆)
၆။ အသင်းတော်ရှိ အသင်းသားများအတွက် ဘုရားသခင်ချမှတ်သော ပုံစံနှင့် စည်းကမ်း (၄း၁၇-၃၂) ၊
၇။ အသင်းတော်၌ သစ္စာရှိခြင်းအတွက် ဘုရားသခင်၏ စံနှုန်း (၅း၁-၂၁)
က။ ချစ်ခြင်းမေတ္တာ၌ လျှောက်လှမ်းခြင်း (၅း၁-၇) ၊
ခ။ အလင်း၌ လျှောက်လှမ်းခြင်း (၅း၈-၁၄) ၊
ဂ။ ပညာရှိကဲ့သိုနှင့် ယစ်မူးခြင်းကိုရှောင်ပြီး လျှောက်လှမ်းခြင်း (၅း၁၅-၁၈)
ဃ။ ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ပြည့်ဝခြင်း (၅း၁၈-၂၁) ၊
၈။ အသင်းတော်၌ အခွင့်အာဏာနှင့် ဝန်ခံခြင်းအတွက် ဘုရားသခင်၏ စံနှုန်း (၅း၂၂-၆၉)
က။ ယောက်ျားများနှင့် မိန်းမများ (၅း၂၂-၂၃)
ခ။ မိဘများနှင့် ကလေးများ (၆း၁-၄) ၊
ဂ။ အလုပ်ရှင်နှင့် အလုပ်သမားများ (၆း၅-၉)
၉။ ဘုရားသခင်၏ သားသမီးများ ဝိညာဉ်ရေးရာတိုက်ပွဲများအတွက် ထောက်ပံ့ပေးခြင်း (၆း၁၀-၁၇)
က။ ယုံကြည်သူတို၏ စစ်ပွဲ (၆း၁၀-၁၃)
ခ။ ယုံကြည်သူတို၏ လက်နက်စုံ (၆း၁၄-၁၇)
၁၀။ အသင်းတော်၌ ဆုတောင်းခြင်းအတွက် ဘုရားသခင် ဖော်ပြမှု (၆း၁၈-၂၀)
၁၁။ ကောင်းကြီးပေးခြင်း (၆း၂၁-၂၄)
ဧဖက် ဩဝါဒစာ အချိန်ကာလ၌ ကမ္ဘာကြီးရှိ အခြားသောနေရာများ
ဂျူးသမိုင်းပညာရှင် Josephus သည် ကျမ်းစာအကြောင်း အများအပြား ပါဝင်သော တန်ဖိုးရှိသည့် သမိုင်းနောက်ခံအကြောင်းအရာတစ်ခု ဖြစ် လာရန် လေ့ကျင့်သင်ကြားမှုများ လုပ်ဆောင်နေသည်။
ခက်ခဲသော မေးခွန်းများအတွက် အဖြေများ
၁။ ဧဖက်မြို သို ပေးပိုသော သူ၏စာစောင်တွင် နက်နဲသောအရာ ဟူသော ဝေါဟာရကို အ ဘယ့်ကြောင့် ရှင်ပေါလုက မကြာခဏအသုံးပြုခဲ့သနည်း။
ရှင်ပေါလုသည် နက်နဲသောအရာ ဟူသော ဝေါဟာရကို ဤစာစောင်တွင် ခြောက်ကြိမ် တိုင် အသုံးပြုထားသည် (၁း၉၊ ၃၃၊ ၄၊ ၉၊ ၅း၃၂၊ ၆း၁၉)။ နှိင်းယှဉ်မှုအရ၊ ဤဝေါဟာရသည် ရောမဩဝါဒစာတွင် နှစ်ကြိမ်၊ ၁ ကော တွင် တစ်ကြိမ်၊ ကောလောသဲသြဝါဒစာတွင် လေးကြိမ်၊ ၁ တိ တွင် တစ်ကြိမ်နှင့် အခြားနေရာများတွင်တော့ မတွေ့ရပေ။ ရှာဖွေရန် အရေးကြီးသော သဲလွန်စကဲ့သို ကျွန်ုပ်တိုအသုံးပြုသော နက်နဲသောအရာကဲ့သို မဟုတ်ဘဲ ထိုဝေါဟာရအတွက် ရှင်ပေါလု၏ အသုံးပြုမှုသည် ရှင်းလင်းစွာဖြင့် ဖုံးကွယ်မထားသော သမ္မာတရားအဖြစ် နက်နဲ သောအရာကို ဖော်ပြထားသည်။ နက်နဲသောအရာ ဟူသောဝေါဟာရက ဖွင့်ပြသော သမ္မာ တရားကို လက်ခံသောသူသည် အံ့ဩပြီး နှိမ့်ချခြင်းရှိလျက် အနာဂတ်တွင် ထူးကဲသော အကျိုး သက်ရောက်မှုရှိခြင်း အဓိပ္ပာယ်ကို ဖော်ဆောင်သည်။ ။
ဧဖက်သြဝါဒစာသည် “နက်နဲသောအရာ”ကို အမြင်အမျိုးမျိုးဖြင့် ဖော်ပြထားသည်။ ရှင်ပေါလုက ၃း၄-၆ တွင် “တပါးအမျိုးသားတိုသည် ဧဝံဂေလိတရားအားဖြင့် ယုဒအမျိုးသားတို နှင့်အတူ အမွေခံ၍၊ တလုံးတဝတစ်ကိုယ်တည်းဖြစ်လျက်၊ ခရစ်တော်နှင့်ဆိုင်သော ကတိတော် ကို ဆက်ဆံရကြသတည်း”ဟု ပြောခြင်းဖြင့် ထိုဝေါဟရအပေါ် သူအသုံးပြုမှုကို ရှင်းပြခဲ့သည်။ ခရစ်တော်၏ ကြွယ်ဝပြည့်စုံခြင်းကို တပါးအမျိုးသားများ အလယ်တွင် ဟောပြောခဲ့ပြီး၊ ရလဒ် တစ်ခုမှာ “နက်နဲသောအရာနှင့် စပ်ဆိုင်သော သာသနာ” (၃း၉)ကို နားလည်သွားသည်။ လူသား အိမ်ထောင်ပြုခြင်းအတွက် ဘုရားသခင်၏ အစီအစဉ်သည် ခရစ်တော်နှင့် သတိုသမီး အ သင်းတော်အကြား ထူးကဲသော ဆက်နွယ်မှုကို ရှင်းပြရန် အသုံးပြုသောအခါ ရှင်ပေါလုသည် အမှန်တကယ်ဖြစ်သည့် နက်နဲသောအရာဖြစ်ကြောင်း သူ့စာဖတ်သူများအား သတိပေးခဲ့ သည် (၅း၃၂)။ နောက်ဆုံးတွင် ရှင်ပေါလုသည် “နက်နဲသောအရာကို ဖော်ပြခြင်းငှါ ငါသည် နှုတ်ကို ရဲရင့်စွာ ဖွင့်လှစ်ခြင်းအခွင့် ရှိမည်အကြောင်း” (၆း၁၉) သူ့အတွက် ဆုတောင်းပေးရန် ဧဖက်အသင်းတော်ကို ပြောခဲ့သည်။ ဧဝံဂေလိသတင်းစကားသည် နားလည်ရခက်ခဲသော ကြောင့် နက်နဲသောအရာ မဟုတ်ပေ။ ထိုအရာက နက်နဲသောအရာဖြစ်ခြင်းသည် မျှော်လင့် မထားသောအရာ၊ မထိုက်တန်သောအရာ၊ အခမဲ့ဖြစ်ခြင်းကြောင့် ဖြစ်သည်။ ကျမ်းပိုဒ်တွင် ရှင်ပေါလုက ထိုဝေါဟာရအား အသုံးပြုမထားသော်လည်း ဧဖက်သြဝါဒစာအတွက် နက်နဲသော အရာအား ရှင်ပေါလု အကျဉ်းချုပ်မှုကို ၂း၈၊ ၉ ၌ “ယုံကြည်ခြင်းအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသိုရောက်ရ၏။ ကိုယ်အလိုအလျောက် ရောက်သည်မဟုတ်။ ဘုရားသခင် ပေးသ နားတော်မူရာ ဖြစ်သတည်း။ ကိုယ့်ကုသိုလ်ကြောင့် ကယ်တင်ခြင်းသို ရောက်သည်မဟုတ်။ သိုဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာမရှိ။”ဟုဖော်ပြမှုတွင် တွေ့ရှိနိုင်သည်။
၂။ ၂း၈-၁ဝ တွင် ရှင်ပေါလု ဖော်ပြထားသည့် ကယ်တင်ခြင်းဖြစ်စဉ်တွင် ကျေးဇူးတော်၊ ယုံကြည် ခြင်းနှင့် အကျင့်တိုသည် မည်သို လုပ်ဆောင်ကြသနည်း။
ရှင်ပေါလုသည် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ ကျေးဇူးတော် ပြီးပြည့်စုံခြင်းကဲ့သို ကယ်တင်ခြင်းဖြစ်စဉ် အကျိုးသက်ရောက်မှုကို ဖော်ပြသည်။ အခန်းငယ် ၈ တွင် “ကိုယ့်အလို အလျောက်ရောက်သည်မဟုတ်”ဟူသည်မှာ ယခင်ကဖော်ပြသည့် ကယ်တင်ခြင်းဖြစ်စဉ်တစ်ခု လုံးကို ရည်ညွှန်းပြီး ကျေးဇူးတော်သာမက ယုံကြည်ခြင်းလည်း ပါဝင်သည်။ လူတိုင်းသည် ကယ်တင်ခြင်းအတွက် ယုံကြည်ခြင်းရှိရန် လိုအပ်သော်လည်း ထိုယုံကြည်ခြင်းသည်ပင် တစ် ဦးတစ်ယောက်၏ အစွမ်းဖြင့် လုပ်ဆောင်၍ မရသောအရာ၊ ကယ်တင်ခြင်းရရန် ဘုရားသခင် ပေးသည့် ဆုကျေးဇူးတစ်ခုဖြစ်သည်။
ကယ်တင်ခြင်းကို မပေးနိုင်သော အကျင့်များ သည်ပင် ဘုရားသခင်ပေးသည့် ဆုကျေး ဇူးများဖြစ်သည်။ ကယ်တင်ခြင်းကဲ့သို ယုံကြည်သူတို၏ သန့်ရှင်းခြင်းနှင့် ကောင်းမွန်သော အကျင့်တိုသည် အချိန်မရောက်ခင် ကတည်းက ဘုရားသခင်ပေးထားသောအရာဖြစ်သည်။ ကောင်းသောအကျင့်ကို ကျင့်ရန် အခွင့်အရေးများ၊ ခွန်အားများနှင့် စိတ်ဆန္ဒတိုသည်လည်း ဘုရားသခင် စီစဉ်ဆုံးဖြတ်ထားသည့် အရာများနှင့် ရလဒ်များဖြစ်သည်။ သူတိုကို ယုံကြည်ခြင်း၊ အားဖြင့် ကယ်တင်ခြင်းဖြစ်စေသော ကျေးဇူးတရား အသီးများနှင့် သက်သေများအား ဘုရား သခင်သွန်းလောင်းပေးခြင်းဖြစ်သည် (ယော ၁၅း၈၊ ဖိ ၂း၁၂၊ ၁၃၊ ၂ တိ ၃း၁၇၊ တိ ၂း၁၄၊ ယာ ၂း၁၆-၂၆)။
၃။ ၄း၁၁-၁၂ တွင် ရှင်ပေါလုက ခေါင်းဆောင်တို၏ ကဏ္ဍများကို ဖော်ပြထားသည်။ ယနေ့အသင်းတော်တွင် ထိုကဏ္ဍများကို ကျွန်ုပ်တို မည်သို နားလည်ရမည်နည်း။
ခရစ်တော်သည် သူ့ အသင်းတော်၌ သူခေါ်ထားသည့် လူများအား ဝိညာဉ်ဆုကျေးဇူး ပေးရန် (၄း၇၊ ၈) အခွင့်အာဏာနှင့် အုပ်စိုးခြင်းအမှုကို ပိုင်ဆိုင်သည်။ သူသည် ဆုကျေးဇူးကို ပေးသည်သာမက လူများကို ပင်ကိုယ်စွမ်းရည်ပေးသည်။ ထိုကျမ်းပိုဒ်တွင် ကဏ္ဍများကို ဝေါဟာ ရ ငါးခုဖြင့် ဖော်ပြပြီး၊ တမန်တော်များ၊ ပရောဖက်များ၊ သာသနာပြုများ၊ သင်းအုပ်ဆရာများ၊ ဆရာများ စသည်တို ဖြစ်သည်။
တမန်တော်များ ဆိုသည်မှာ ဓမ္မသစ်ဝေါဟာရတွင် ယုဒနေရာတွင် အစားထိုးသော မော်အပါအဝင် (၁း၂၂) ခရစ်တော်၏ ထမြောက်ခြင်းကို မြင်တွေ့ခဲ့သည့် တပည့်တော် (၁၂) ပါးကို အသုံးပြုခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ရှင်ပေါလုသည် တပါးအမျိုးသားများအတွက် တမန်တော်ကဲ့သို ထူးကဲစွာ ခွဲခန့်ခြင်းခံခဲ့ရသည် (ဂလ ၁း၁၅-၁၇)။ ထိုတမန်တော်များသည် “ခရစ်တော်၏ တမန်တော်များ”ဟုခေါ်သော ခရစ်တော်အားဖြင့် တိုက်ရိုက်ရွေးချယ်ထားသူ များဖြစ်သည် (ဂလ ၁း၁၊ ၁ ပေ ၁း၁)။ သူတိုသည် အခြေခံတာဝန်သုံးခုကို ပေးအပ်ခံရသူများ ဖြစ်သည်။
> အသင်းတော် အုတ်မြစ်ကို ချရန် (၂း၂၀)
> ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လက်ခံရန်၊ ကြေညာရန်နှင့် ရေးသားရန် (၃း၅၊ တ ၁၁း၂၈၊ ၂၁း၁ဝ၊ ၁၁)
> အံဩဖွယ်ရာ နိမိတ်လက္ခဏာများဖြင့် နှုတ်ကပတ်တော်ကို အတည်ပြုရန် (၂ ကော ၁၂း၁၂၊ တ ၈း၆၊ ၇၊ ဟေဗြဲ ၂း၃၊ ၄) ၊
တမန်တော် ဟူသော ဝေါဟာရသည် ဗာနဗ (တ ၁၄း၄)၊ သိလနှင့် တိမောသေ (၁ သက် ၂း၆)၊ အခြားသူများအပါအဝင် (ရော ၁၆း၇၊ ဖိ ၂း၂၅) အသင်းတော်၌ အခြားသော အရာများကို သာမန်အားဖြင့် အသုံးပြုခဲ့သည်။
ပရောဖက်များ ဆိုသည်မှာ သာမာန်ခရစ်ယာန်များ မဟုတ်သော ပရောဖက်ပြုခြင်း ဆုကျေးဇူး ရရှိသူများဖြစ်သော်လည်း အသင်းတော်အားဖြင့် အထူးစေခိုင်းခြင်းခံရသူ များဖြစ် သည်။ ပရောဖက်ကဏ္ဍသည် အသင်းသားများအကြား လုပ်ဆောင်ရန်အတွက်သာ ဖြစ်သည်။ သူတိုသည် တစ်ခါတစ်ရံ လက်တွေ့လုပ်ဆောင်မှုအကြောင်း၊ ဘုရားသခင်နှင့် ပတ်သက်ပြီး အသင်းတော်အတွက် တိုက်ရိုက်ဖွင့်ပြချက် ( ၁၁း၂၁-၂၈)၊ (သို) ပေးထားသော ဖွင့်ပြမှုများကို ပြန်လည်ပြောခြင်း (တ ၁၃း၁) တိုကို လုပ်ဆောင်သည်။ ဓမ္မသစ်ပြီးပြည့်စုံခြင်းနှင့်အတူ တမန် တော်နှင့် ပရောဖက်ကဏ္ဍတိုသည် ကွယ်ပျောက်သွားခြင်းကြောင့်၊ အသင်းတော်အတွက် လိုအပ် သော ခေါင်းဆောင်မှုပြုခြင်းကို အခြားသော ကဏ္ဍများဖြင့် လုပ်ဆောင်သည်။
သာသန၁ပြုများ ဆိုသည်မှာ မယုံကြည်သူများသို ခရစ်တော်၏ ကယ်တင်ခြင်းသတင်း ကောင်းကို ကြေညာခြင်းအမှု ပြုသူများဖြစ်သည် (တ ၂၁း၈၊ ၂ တိ ၄း၅)။ “ဧဝံဂေလိကို ဟော ပြောရန်”ဟု အနက်ပြန်သည့် ကြိယာဖြင့် ဆက်နွယ်၍ (၄၄) ကြိမ် အသုံးပြုခဲ့ပြီး၊ “ဧဝံဂေလိ သတင်းကောင်း”ဟု အနက်ပြန်သည့် နာမ်ဖြင့် ဆက်နွယ်၍ (၇၆)ကြိမ်တိုင် ဓမ္မသစ်ကျမ်းတွင် အသုံးပြုခဲ့သည်။
သင်းအုပ်ဆရာ နှင့် ဆရာ ဆိုသည်မှာ အသင်းတော်၌ ခေါင်းဆောင်ကဏ္ဍတစ်ခုတည်း ကဲ့သို ရှေ့-နောက်ဆက်စပ်မှုအရ နားလည်ခြင်းသည် အကောင်းဆုံးဖြစ်သည်။ ဂရိဝေါဟာရ “နှင့်”သည် “အထူးသဖြင့်”ဟု အဓိပ္ပာယ်ပြန်ဆိုနိုင်သည် (၁ တိ ၅း၁၇)။ သင်းအုပ်ဆရာသည် “သိုးထိန်း”နှင့် အတူတူဖြစ်ပြီး၊ သင်းအုပ်ဆရာ နှင့် ဆရာ ဟူသော ဝေါဟာရသည်လည်း အလုပ်နှစ်ခုအတူတူလုပ်သည့် သွန်သင်မှုပြုသော သိုးထိန်းအဖြစ် အနက်ဖွင့်နိုင်သည်။ ထိုပုဂ္ဂိုလ် သည် “သိုးထိန်းကြီး” ယေရှုလက်အောက်တွင် ရှိသောသူကို ရည်ရွယ်သည် (ဟေဗြဲ ၁၃း၂ဝ၊ ၂၁၊ ၁ ပေ ၂း၂၅)။ ဤကဏ္ဍကို လုပ်ဆောင်သူကို “သင်းအုပ်” (elder)နှင့် “သိုးထိန်း” (bishop) ဟုလည်း ခေါ်သည် (တ ၂၀း၂၈၊ ၁ တိ ၃း၁-၇၊ တိ ၁း၅-၉၊ ၁ ပေ ၅း၁၊ ၂)။
၄။ ၅း၂၁-၃၃ တွင် ဖော်ပြသော ဘုရားသခင်စီစဉ်သော ခရစ်ယာန်အိမ်ထောင်ပြုခြင်း တွင် ဝန်ခံခြင်းနှင့် ချစ်ခြင်းဖြင့် တည်ဆောက်ခြင်း နိယာမများသည် မည်သို အလုပ်လုပ် သနည်း။
ပညာရှိစွာ နေထိုင်ခြင်းဖြင့် အစပြုထားသည့် ဤကဏ္ဍသည် (၅း၁၅) ဝန်ခံခြင်းနှင့်ပတ် သက်သည့် ရှင်ပေါလု၏ ယေဘုယျဖော်ပြချက်ကို ဦးတည်သည် (၅း၂၁)။ ထိုနောက်ဆုံးကျမ်း ပိုဒ်သည် နောက်ကဏ္ဍတစ်ခုကို နိဒါန်းပျိုးထားပြီး (၅း၂၂-၆၉)၊ အမျိုးမျိုးသော ဆက်နွယ်မှုများ အတွက် ဘုရားအလိုရှိသော အရာများကို ဖော်ပြထားသည်။ ဤနေရာတွင် ရှင်ပေါလုက ဝိညာဉ်တော်နှင့် ပြည့်ဝသော ခရစ်ယာန်များသည် နှိမ့်ချသော၊ ဝန်ခံသောခရစ်ယာန်များဖြစ်ရ မည်အကြောင်း ရှင်လင်းစွာ ဖော်ပြထားသည်။ ထိုအရာက ဤကဏ္ဍ၌ ဆက်နွယ်မှုအားလုံး၏ အခြေခံဖြစ်သည်။ မည်သည့်ခရစ်ယာန်ကမှ အခြားခရစ်ယာန်များထက် ပင်ကိုယ်အားဖြင့် သာ လွန်သူများ မရှိပေ။ ဘုရားသခင်ရှေ့ သူတိုရပ်တည်မှု၌ ယုံကြည်သူအားလုံးသည် အတူတူဖြစ် သည် (၃း၂၈)။
နှိမ့်ချခြင်း အခြေခံနိယာမ တည်ဆောက်ခြင်းတွင်(၅း၂၁) ရှင်ပေါလုသည် မိန်းမကို ပထမဆုံး ဖော်ပြသည်။ မိန့်မှာမှုသည် ခရစ်ယာန်မိန်းမတိုင်း၏ စွမ်းရည်၊ ပညာအရည်အချင်း၊ သမ္မာကျမ်းစာကို သိခြင်း၊ ဝိညာဉ်ရေးရာ ရင့်ကျက်ခြင်း၊ သူ့ယောက်ျားနှင့် ဆက်နွယ်မှုတွင် အခြားအရည်အသွေးတစ်ခုခု စသည်တိုနှင့် သက်ဆိုင်မှုမရှိပေ။ ဝန်ခံခြင်းသည် ယောက်ျား၏ အမိန့်ကြောင့်မဟုတ်ဘဲ မိန်းမသည် လိုလိုလားလားနှင့် ချစ်ခြင်းမေတ္တာဖြင့် လုပ်ဆောင်ခြင်း ဖြစ်ရမည်။ ကိုယ့်ခင်ပွန်း ဟူသော စကားစုသည် အကန့်အသတ်ဖြစ်ပြီး မိန်းမ၏ ဝန်ခံမှုသည် ဘုရားသခင် သူမအပေါ်ခွဲခန့်ထားပေးသည့် သူအတွက်သာဖြစ်သည်။
ဝိညာဉ်တော်နှင့် ပြည့်ဝသော မိန်းမက သူမ အမျိုးသား၏ ခေါင်းဆောင်မှုပြုခြင်းသည် ဘုရားသခင်ခွဲခန့်ထားသည်သာမက၊ အသင်းတော်၏ ဦးခေါင်းဖြစ်သော ခရစ်တော်၏ ချစ်ခြင်း နှင့် အခွင့်အာဏာကို ရောင်ပြန်စေခြင်းဖြစ်ကြောင်း မှတ်ယူသည်။ သခင်ဘုရားသည် သူ့အသင်း တော်ကို အန္တရာယ်ရှိသော အပြစ်၊ သေခြင်းနှင့် ငရဲမှ ကယ်တင်သကဲ့သို၊ ယောက်ျားသည်လည်း သူ့မိန်းမကို မစခြင်း၊ ကာကွယ်ခြင်း၊ စောင့်ရှောက်ခြင်း၊ ချစ်ခြင်းမေတ္တာရှိရမည်ဖြစ်ပြီး သူမ ဝန်ခံသကဲ့သို သူမအတွက် ကောင်းကြီးမင်္ဂလာ ဖြစ်စေရမည် (တိ ၁း၄၊ ၂း၁၃၊ ၃း၆)။
ရှင်ပေါလုသည် အိမ်ထောင်ပြုခြင်းအကြား အခွင့်အာဏာကဏ္ဍ၌ ယောက်ျားများကို ပြောရန် အကြောင်းအရာများစွာရှိခဲ့သည်။ ထိုအခွင့်အာဏာသည် ယောက်ျားများ သူတိုမိန်းမ များနှင့် ပတ်သက်သည့် အကြောင်းအရာအတွက် အထူးတာဝန်အဖြစ် ဖြစ်လာသည်။ ယောက်ျား များသည် ခရစ်တော်သည် သူ၏အသင်းတော်အတွက် ပေးဆပ်ခြင်း ချစ်ခြင်းမေတ္တာကဲ့သို မိန်းမများကို ချစ်ရမည်ဖြစ်သည်။ ခရစ်တော်သည် သူ၏အသင်းတော်အတွက် သူ့အသက်အပါ အဝင် သူ့တွင် ရှိသည့်အရာအားလုံးကို ပေးခဲ့ပြီး၊ ယောက်ျားများ၏မေတ္တာကို သူတိုမိန်းမအပေါ် ပေးဆပ်ခြင်းအတွက် စံနှုန်းဖြစ်သည်။
အိမ်ထောင်ပြုခြင်း၌ ဖြစ်ပေါ်သော ပြဿနာများအတွက် ရှင်းလင်းသော ဘုရားသခင် ၏ သွန်သင်မှုများသည် နှစ်ဦးနှစ်ဖက် လိုက်နာရမည်ဖြစ်ပြီး၊ မိမိတို၏ တာဝန်နှင့် ကဏ္ဍများကို လည်း ရှင်းလင်းစွာ နားလည်ရမည်ဖြစ်သည်။ ချစ်ခြင်းမေတ္တာမရှိခြင်းသည် အိမ်ထောင်ရေး ပြဿနာ အခြေခံအဖြစ် မကြာခဏ ဖြစ်တတ်ပြီး၊ တစ်ဦးနှင့်တစ်ဦး ဆက်ကပ်ဝန်ခံခြင်းကြောင့် ဖြစ်သည်။
၅။ ခရစ်ယာန်များ ဝိညာဉ်ရေးရာတိုက်ပွဲတွက် ပြင်ဆင်ရမည့် အကြောင်း ၆း၁၀-၁၇ တွင် အဘယ် ကြောင့် ရှင်ပေါလု ဖော်ပြထားသနည်း။
အခန်းကြီး ၁-၃ တွင် ဖော်ပြသည့် စစ်မှန်သော ယုံကြည်သူ၊ ၄း၁-၆း၉ တွင် ဖော်ပြ သည့် ဝိညာဉ်တော်၏ ထိန်းချုပ်မှုအောက်တွင် အသက်ရှင်သူသည် ဝိညာဉ်ရေးရာတိုက်ပွဲကို အသေအချာ ရင်ဆိုင်နိုင်မည်ဖြစ်သည်။ ထိုကြောင့် ရှင်ပေါလုက သူ့စာစောင်အား တိုက်ပွဲဖြစ် မည့်အကြောင်း သတိပေးခြင်းနှင့် အောင်မြင်သော အသက်တာအကြောင်း သွန်သင်ခြင်းများ ဖြင့် အဆုံးသတ်ထားသည်။ ဘုရားသခင်သည် သူ၏ သန့်ရှင်းသူများကို တိုက်ပွဲအတွက် လုံ လောက်သော လက်နက်စုံနှင့် ဒုက္ခဆင်းရဲကို အောင်နိုင်ရန် ကူညီပေးသည်။ ဧဖက် ၆း၁၀-၁၃ သည် ရန်သူ၊ တိုက်ပွဲနှင့် အောင်မြင်ခြင်းနှင့် ပတ်သက်သည့် သမ္မာတရားကို ဖော်ပြသကဲ့သို ယုံကြည်သူတို၏ လိုအပ်သော ဝိညာဉ်ရေးရာ ပြင်ဆင်မှုများနှင့် ပတ်သက်သည့် အခြေခံ သမ္မာတရားများကို ဖော်ပြသည်။ အခန်းငယ် ၁၄-၁၇ တွင် စာတန်၏ တိုက်ခိုက်မှုကို အနိုင်ယူ ရန်နှင့် ခုခံရန် ဘုရားသခင် သူ့သားသမီးများကို တပ်ဆင်ပေးသည့် လိုအပ်သော ဝိညာဉ်ရေးရာ လက်နက်စုံ အသေးစိတ် ခြောက်ခုအကြောင်း ဖြစ်သည်။ ဝိညာဉ်ရေးရာ တန်ဆာများသည် ရှင်ပေါလုအချိန်က စစ်သားများ အောင်နိုင်မှုရ ရန် တပ်ဆင်သည့် စစ်ဝတ် တန်ဆာများဖြစ်သည်။
> သစ္စာတရားတည်းဟူသော ခါးပန်း – စစ်သားသည် အပေါ်အင်္ကျီတစ်မျိုးကို ဝတ်ဆင်ခဲ့ကြ သည်။ ရှေးတိုက်ပွဲများသည် လက်-လက်ချင်း တိုက်ခိုက်ရခြင်းကြောင့် အပေါ်အင်္ကျီသည် အန္တရာယ်ကာကွယ်ပေးနိုင်သော အရာတစ်ခု ဖြစ်ခဲ့သည်။ ခါးပန်းသည် လွတ်ကျသွားနိုင် သည့် အရာများကို ထိန်းထားနိုင်သည်။ ခါးပန်းသည် ဝိညာဉ်ရေးရာ လွတ်ကျသွားနိုင်သည့် “သမ္မာတရား” (သို) “သစ္စာတရား”ကို အတူတကွ ဆွဲယူသည်။
> ဖြောင့်မတ်ခြင်း ရင်အုပ်တန်ဆာ – စစ်သား၏ ရင်ဘတ်တစ်ခုလုံးကို ဖုံးအုပ်နိုင်သည့် လေးလံသောအရာ (သို) တိရိစ္ဆာန်အရေခွံအစိတ်အပိုင်းတစ်ခုဖြစ်ပြီး၊ သူ့နှလုံးနှင့် အခြား အရေးကြီးသည့် အင်္ဂါများကို ကာကွယ်ရန်ဖြစ်သည်။ ဖြောင့်မတ်ခြင်း (သို) သန့်ရှင်းခြင်းသည် ဘုရားသခင်ကိုယ်တိုင် ဂုဏ်အင်္ဂါတွင် ခွဲခြားထားခြင်းကြောင့် ခရစ်ယာန်များ စာတန်နှင့် သူ့အစီအစဉ်များကို အဘယ့်ကြောင့် ကာကွယ်ရခြင်းအား လွယ်ကူစွာ နားလည်စေသည်။
> ဧဝံဂေလိတရားတည်းဟူသော ခြေစွပ် – ရောမစစ်သားများသည် မြေပေါ်တိုက်ပွဲတွင် ကောင်းမွန်စွာ တိုက်ခိုက်နိုင်ရန် သူတိုတွင် သံခြေစွပ်များကို ဝတ်ဆင်ခဲ့ကြသည်။ ငြိမ်သက် ခြင်း သတင်းကောင်းက ခရစ်တော်အားဖြင့် ယုံကြည်သူများသည် ဘုရားသခင်နှင့် ငြိမ်သက် ခြင်းရှိခြင်း၊ ဘုရားသခင်သည် ထိုသူတိုတွင်ရှိခြင်း သတင်းကောင်းများ ပါဝင်သည်(ရော ၅း၆-၁၀)။
> ယုံကြည်ခြင်းတည်းဟူသော ဒိုင်းလွှား – ဤဂရိဝေါဟာရသည် စစ်သား၏ ခန္ဓာတစ်ခုလုံးကိုကာကွယ်ပေးသည့် ကြီးမားသည့် ဒိုင်းလွှားကို ရည်ညွှန်းသည်။ ဘုရားသခင်၏ နှုတ်ကပတ် တော်နှင့် ကတိတော်၌ ယုံကြည်သူတို ဆက်လက်ကိုးစားခြင်းသည် “အရာရာအားလုံးထက်” သူ/သူမ၏ အပြစ်အမျိုးမျိုး သွေးဆောင်ခြင်းမှ ကာကွယ်ရန် လုံးဝလိုအပ်သည်။
> ကယ်တင်ခြင်းတည်းဟူသော သံခမောက် – သံခမောက်သည် စစ်ပွဲ၏ အဓိကပစ်မှတ်ဖြစ် သော ဦးခေါင်းကို ကာကွယ်ပေးသည်။ ဤကျမ်းပိုဒ်သည် ကယ်တင်ခြင်း ရရှိခဲ့ပြီးသူတို အတွက် ပြောခြင်းဖြစ်ပြီး၊ ကယ်တင်ခြင်း ရရှိရန် ကြိုးပမ်းနေသူများ မပါဝင်ပေ။ စာတန်သည် ယုံကြည် သူတို၏ ကယ်တင်ခြင်း စိတ်ချမှုကို သူ၏ လက်နက်ဖြစ်သည့် သံသယနှင့် တွန့် ဆုတ်မှုတိုဖြင့် ဖျက်ဆီးရန် ရှာဖွေနေသောကြောင့် ယုံကြည်သူများသည် ဦးခေါင်းတွင် သံခမောက်ဆောင်းပြီး ခရစ်တော်၌ ယုံကြည်စိတ်ချမှုကို သိရှိနေရမည်ဖြစ်သည်။
> ဝိညာဉ်တော် ဓား – ဓားတစ်လက်သည် စစ်သား၏ လက်နက်ဖြစ်သည်။ ထိုနည်းအတိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ယုံကြည်သူတစ်ဦးလိုအပ်သည့် လက်နက်သာဖြစ်ပြီး၊ စာတန်၏ အကြံများထက် ပိုမိုတန်ခိုးကြီးသောအရာဖြစ်သည်။
ဧဖက် ဩဝါဒစာကို ဆက်လက်လေ့လာရန်
၁။ ဧဖက်သြဝါဒစာတွင် နက်နဲသောအရာကဲ့သို အသင်းတော်ကို ရေးသားချက်အား ရှင်ပေါ လုက မည်သို ရှင်းပြခဲ့သနည်း။
၂။ အခန်းကြီး ၄ တွင် ခရစ်တော်၏ ခန္ဓာကိုယ်ကဲ့သို အသင်းတော်ကို ရှင်ပေါလု ဖော်ပြသောအခါ မည်သည့်ဖြစ်စဉ်နှင့် ဆက်နွယ်မှုကို သူ မီးမောင်းထိုးပြသနည်း။
၃။ အခန်းကြီး ၅ ၌ ခရစ်တော်နှင့် အသင်းတော်အကြား ဆက်နွယ်မှုကို နားလည်ခြင်းအတွက် ပုံစံတစ်ခုကဲ့သို အိမ်ထောင်ပြုခြင်းတွင် ရှင်ပေါလုက မည်သို အသုံးပြုခဲ့သနည်း။ ။
၄။ အခန်းကြီး ၆ တွင် ရှင်ပေါလု ဖော်ပြခဲ့သည့် ဘုရားသခင်၏ ပြင်ဆင်သော လက်နက်စုံ အစိတ်အပိုင်းများမှာ အဘယ်နည်း။ သင့်ဝိညာဉ်အသက်တာတွင် ထိုတန်ဆာများကို မည်သည့် နည်းလမ်းဖြင့် အသုံးပြုမည်နည်း။
၅။ သင့်အသက်တာကို အကျိုးရှိရန် မိသားစု ရှင်သန်ခြင်းနှင့် ပြုမူဆက်ဆံခြင်းအတွက် ရှင်ပေါ် လု၏ လမ်းညွှန်မှုများက မည်သည့်နည်းလမ်းဖြင့် လုပ်ဆောင်သနည်း။
၆။ ဧဖက် ၂:၅-၈ သည် ခရစ်တော်နှင့် သင်ဆက်နွယ်မှုကို မည်သည့်အဆင့်အဖြစ် ဖော်ပြသ နည်း။
ဖိလိပ္ပိသြဝါဒစာ (Philippians)
ခရစ်တော်သည် ဝမ်းမြောက်ခြင်းနှင့် ခွန်အား၏ အရင်းအမြစ်
ခေါင်းစဉ်
ဖိလိပ္ပိသြဝါဒစာသည် အသင်းတော်တည်ရှိရာသို လိပ်မူပေးပိုသည့် ဂရိမြိုရှိ အမည် တစ်ခုမှ ဖြစ်လာ ခြင်းဖြစ်သည်။ ဖိလိပ္ပံမြိုသည် ရှင်ပေါလှအသင်းတော် စတင်ခဲ့သော မက်ဆီဒိုးနီး သားရှိ ပထမဆုံးမြိုတော်ဖြစ် သည်။
စာရေးသူနှင့် ရက်စွဲ
ကနဦးအသင်းတော်များ အတူတကွ လက်ခံထားသည်မှာ ဖိလိပ္ပိသြဝါဒစာ ရှင် လှရေးသားခဲ့ခြင်း ဖြစ်သည်။ စာစောင်ထဲတွင် အတုအယောင် လှုဆော်ရေးသားဖော်ပြချက် များ တစ်ခုမှ မပါဝင်ပေ။
ဖိလိပ္ပိသြဝါဒစာ ရေးသားခဲ့ခြင်းကို မည်သည့်နေရာမှ ရေးသားခဲ့ကြောင်း ခွဲခြား၍မရ နိုင်ပေ။ ဖိလိပ္ပိသြဝါဒစာကို အခြားထောင်တွင်း ရေးသားသည့် စာများကဲ့သို (ဖက်ဩဝါဒစာ၊ ကောလောသဲ ဩဝါဒစာ၊ ဖိလေမုန်ဩဝါဒစာ) သာမာန်အားဖြင့် ကြည့်လျှင် ရှင်ပေါလု၏ ရောမတွင် ပထမအကြိမ်အကျဉ်းကျစဉ် ရေးသားခဲ့ခြင်းဖြစ်သည် (ခန့်မှန်း အေဒီ ၆၀-၆၂)။ အများဆုံး နားလည်ထားရမည့် ရည်ညွှန်းချက်များမှာ “အချုပ်အနှောင်ခံရခြင်း” (၁း၁၃) နှင့် “သန့်ရှင်းသူအားလုံး … ဆီဇာဧကရာဇ် နန်းတော်၌ ရှိသောသူ တိုက” (၄း၂၂) တိုဖြစ်ပြီး ရှင်ပေါလုသည် ရောမဘုရင်နေထိုင်သည့် ရောမမြိုမှ ရေးသားခဲ့သည်။ တမန်တော်ဝတ္ထုရှိ ၊ ရှင်ပေါလု၏ ထောင်တွင် ဖြစ်ပျက်သည့် အကြောင်းများကို ဖော်ပြထားခြင်းနှင့် ရောမဆောင် တွင်း ရှိနေစဉ် ရေးသားသည့် စာစောင်များသည် တူညီမှုရှိကြောင်း တွေ့ရသည် (ဥပမာ ရှင် ပေါလုသည် စစ်သားများ၏ အစောင့်အရှောက်ခံခြင်း (တ ၂း၁၆၊ ဖိ ၁း၁၃-၁၄)၊ အလည်လာသူ များကို လက်ခံတွေ့ဆုံခြင်း (တ ၂၈၃၀၊ ဖိ ၄၁၈)၊ ဧဝံဂေလိဟောပြောရန် အခွင့်အရေး ရရှိခဲ့ခြင်း (တ ၂၈း၃၁၊ ၁း၁၂-၁၄၊ ဧ ၆း၁၈-၂၀၊ ကော ၄း၂-၄) စသည်ဖြင့်)။
အချိုက ရှင်ပေါလုသည် ထောင်တွင်းရေးသားသည့် စာစောင်များကို ကဲသရိမြိုမှ အကျဉ်းချခြင်းခံရချိန် (၂) နှစ်အတွင်းတွင် (တ ၂၄း၂၇) ရေးသားခဲ့သည်ဟု ထင်မြင်ကြသည်။ သိုသော် ရှင်ပေါလု၏ အလည်လာ သူများကို လက်ခံတွေ့ဆုံခြင်းနှင့် ဧဝံဂေလိတရား ဟောကြား ခြင်းသည် ကဲသရိမြို၌ အကျဉ်းကျစဉ်တွင် အချိန်အကန့်အသတ်ဖြင့် ရရှိခြင်းဖြစ်သည် (တ ၂၃း၃၅)။ ထောင်တွင်းရေးသားသည့် စာစောင်များသည် သူ့အား စီရင်ရာတွင် မျက်နှာသာပေး ခြင်းခံရရန် ရှင်ပေါလု၏ မျှော်လင့်ချက်ကို ဖော်ပြနေခြင်းဖြစ်သည် (ဖိ ၁း၂၅၊ ၂း၂၄၊ ဖိလေ ၂း၂)။ သိုသော် ကဲသရိမြိုတွင် ရှင်ပေါလု၏ လွှတ်မြောက်ခြင်းအတွက် တစ်ခုတည်းသော မျှော်လင့်ခြင်းမှာ ဖေလမင်းအား လာဘ်လာဘပေးခြင်း (သို) ယေရုရှလင်ရှိ ဖေတ္တုမင်းရှေ့တွင် ဆုံးဖြတ်ခံရန် (တ ၂၅း၉) ဖြစ်သည်။ ထောင်တွင်းရေးသားသည့် စာစောင်များတွင် သူ့ သနာအတွက် နောက်ဆုံး စီရင်ချက်ချရန် မျှော်လင့် ခဲ့သည် (ဖိ ၁း၂ဝ-၂၃၊ ၁၇၊ ၂၃)။ သူ၏ ပြဿနာကို ရောမဘုရင်ထံသို တင်ပြခဲ့ခြင်းကြောင့် ကဲသရိမြိုတွင် အမှုပြီးခဲ့ပုံ မပေါ်ခဲ့ပေ။
အခြားအမြင်မှာ ရှင်ပေါလုသည် ထောင်တွင်းရေးသားသည့် စာစောင်များကို တွင် ရေးသားသည်ဟု ဖြစ်သည်။ သိုသော် ဧဖက်မြိုတွင်လည်း ကဲသရိမြိုမှာကဲ့သို သူကိုယ်တိုင် ဘုရင်ထံ အယူခံဝင်ခွင့်ရှိသောကြောင့် အမှုမပြီးခဲ့ပေ။ ထိုပြင်၊ ရှင်လုကာသည် ။ ဩဝါဒစာကို ရှင်ပေါလုရေးသားချိန်တွင် အတူရှိခဲ့သည် (ကော ၄း၁၄)။ သိုသော် ရှင်လုကာသည် ဧဖက်မြိုတွင် ရှင်ပေါလုနှင့်အတူမရှိခဲ့ပေ။ ရှင်ပေါလု ဧဖက်မြိုတွင် နေထိုင်ကြောင်း တမန် ၁၉ တွင် ဖော်ပြထားမှုသည် တမန်တော်ဝတ္ထု၏ “ကျွန်ုပ်တို”ဟူသော အသုံးအနှုန်းများ မဟုတ်ပေ (တမန်တော်ဝတ္ထု- စာရေးသူနှင့်ရက်စွဲ)။ ထောင်တွင်းရေးသားသည့် စာစောင်များ သည် ဧဖက်မြိုမှ မဖြစ်နိုင်ခြင်း ၏ အဓိကအချက်မှာ ဧဖက်မြိုတွင် ရှင်ပေါလု အကျဉ်းကျခဲ့။ သည်ဟူသော သက်သေအထောက်အထားများ မရှိခဲ့ပေ။
ကဲသရိမြိုနှင့် ဧဖက်မြိုမှ ရှင်ပေါလုရေးသားခဲ့ခြင်းသည် အခက်အခဲများရှိသောကြောင် ရောမအကျဉ်း ထောင်တွင် ရေးသည့် ဖိလိပ္ပိသြဝါဒစာအပါ အဝင် ထောင်တွင်းရေးသားသည့် စာစောင်များဖြစ်ကြောင်း ငြင်းဆန်၍ မရနိုင်ပေ။
ရှင်ပေါလုသည် ဖိလိပ္ပိသြဝါဒစာအား ရောမဆောင်တွင် (၂) နှစ်ပြည့်ခါနီးအချိန်၌ (ခန့်မှန်း အေဒီ ၆၁) ရေးသားခဲ့ပြီး သူ၏ ပြဿနာအား မကြာခင် ဆုံးဖြတ်ကြလိမ့်မည် (ဖိ ၂း၂၃-၂၄)ဟု ယုံကြည်သည်။
နောက်ခံသမိုင်းကြောင်းနှင့် အနေအထား
ဖိလိပ္ပိ (Philip မြို) သည် Macedon မှ Philip II (Alexander the Great ၏ ဖခင်) က အမည်ပေးခဲ့ပြီး၊ စမ်းရေချောင်းများ ရှိနေခြင်းကြောင့် Krenides (သေးငယ်သော ရေပန်းကလေးများ)ဟု သိကြသည်။ အနီး နားတွင် ရွှေတွင်းများ ရှိခြင်းကြောင့် ဆွဲ ဆောင်မှုရှိပြီး၊ ဘီစီလေးရာစု တွင် Philip က သိမ်းပိုက် အုပ်ချုပ်ခဲ့သည်။
ထိုမြိုသည် ရောမသမိုင်းတွင် အ ကြီးကျယ်ဆုံး အဖြစ်အပျက်တစ်ခုအဖြစ် ကျယ်ပြန့်လာသည်အထိ ဖြစ်ခဲ့ပြီး နောက် နှစ်ရာစုတွင် မှေးမှိန်သွားခဲ့သည်။ ဘီစီ ၄၂ တွင် ဖိလိပ္ပိ တိုက်ပွဲ၌ Antony နှင့် Octavian စစ်တပ် များသည် Brutus နှင့် Cassius တိုကို အနိုင်ယူခဲ့ခြင်းကြောင့်၊ ရောမအင်ပါယာတွင် လက်အောက် ကျ ရောက်သွား ခဲ့သည်။ ထိုစစ်ပွဲပြီးနောက်၊ ဖိလိပ္ပံမြိုသည် ရောမကိုလိုနီ နယ်မြေတစ်ခုဖြစ်လာပြီး (တ ၁၆း၁၂)၊ ရောမစစ် စပ်မှ စစ်မှုထမ်းဟောင်းများသည် ထိုနေရာတွင် နေထိုင်ကြသည်။ ကိုလိုနီနယ်မြေတစ်ခု ဖြစ် ခြင်းကြောင့် ဖိလိပ္ပံမြိုကို ဒေသစိတ် အုပ်ချုပ်သူမှကွပ်ကဲပြီး၊ အီတလီရှိ စည်းမျဉ်းများအတိုင်း၊ ရာမဥပဒေ၊ အခွန်များ ကင်းလွတ်ခွင့်ရ ရှိခြင်း၊ ထိုနေရာတွင် နေထိုင်ခြင်းဖြင့် ရောမနိုင်ငံသား ဖြစ်ခွင့်ရခြင်း စသည်ဖြင့် လုပ်ဆောင်ခဲ့သည် (တ ၁၆း၁၂)။ ကိုလိုနီနယ်မြေ ဖြစ်ခြင်းသည် ဖိလိပိုမြိုသားများအတွက် နိုင်ငံသားဖြစ်ခြင်းနှင့်ဆိုင်သော ဂုဏ်များလည်းရှိခဲ့ပြီး၊ လက်တင် ဘာသာကို တရားဝင်ဘာသာအဖြစ် အသုံးပြုခွင့်ရခြင်း၊ ရောမထုံးစံအရ မွေးစားခံရခြင်း၊ သူ တိမြို အုပ်ချုပ်သူသည် အခြားအီတလီမြိုများတွင် စံပြဖြစ်ခြင်း စသည်ဖြင့် အခွင့်အရေးများ ရရှိခဲ့သည်။ တမန်တော် ဝတ္ထုနှင့် ဖိလိပ္ပိသြဝါဒစာ နှစ်ခုလုံးသည် ဖိလိပ္ပံမြို၏ ရောမကိုလိုနီ လက်အောက်ခံအခြေအနေကို ထပ်ဟပ်စေသည်။
ဖိလိပ္ပိ ဩဝါဒစာ၌ ခရစ်တော်
ဖိလိပ္ပိသြဝါဒစာသည် ခရစ်တော်၌ ရှင်သန်သော အသက်တာ၏ စိတ်လှုပ်ရှားစရာ ဖြစ်စေသော သက်သေခံချက်တစ်ခုကို ဖော်ပြထားသည်။ ရှင်ပေါ လုသည် ဘုရားသခင်နှင့် သူ၏ ဆက်နွယ်မှုအား “အသက်ရှင်ခြင်းသည် ခရစ်တော်ဖြစ်၏။ သေလျှင် မူကား သာ၍ အကျိုးရှိ၏” (၁း၂၁)ဟု အတွင်းကျကျ ဖော်ပြထားသည်။ ရှင်ပေါလု၏ တစ်ကိုယ်ကောင်း မဆန်မှုသည် ဆုံးရှုးမှုကို ခံစားချက်မရှိတော့ခြင်း မဟုတ်ဘဲ၊ ခရစ်တော်၌ ဝမ်းမြောက်ခြင်းနှင့် ငြိမ် သက်ခြင်းသာ ဖြစ်သည် (၄း၄-၇)။ ထိုကြောင့် ယုံ ကြည်သူများအား ခရစ်တော်၏စိတ်သာရှိရန်၊ တိုက်တွန်းခဲ့သည် (၂း၅)။
ရှင်ပေါလု၏ ခရစ်ယာန်များကို ကောင်းကင်နိုင်ငံသားကဲ့သို ဖော်ပြခြင်းသည် (ဖိ ၃း၂၀) လျောက်ပတ် ပေပြီး၊ ဖိလိပ္ပံမြိုသားတိုသည် ရောမနိုင်ငံသားဖြစ်ခြင်းတွင် ဂုဏ်ယူနေခြင်းကြောင့် ဖြစ်သည် (တ ၁၆း၂၁)။ ဖိလိမြိုသားများသည် နန်းတော်စောင့်အချို (ဖိ ၁၆း၁၃)နှင့် ဆီဇာ ဧကရာဇ်၏ အိမ်သူအိမ်သားများကို (၄း၂၂) ကောင်းမွန်စွာ သိထားသူများဖြစ်သည်။
ဖိလိပ္ပိမြိုရှိ အသင်းတော်သည် ဥရောပတွင် ရှင်ပေါလုစတင်ခဲ့သည့် ပထမဆုံးသော အသင်းတော် ဖြစ်ပြီး၊ ရှင်ပေါလု၏ ဒုတိယသာသနာပြုခရီးစဉ်တွင် ဖြစ်သည် (တ ၁၆း၁၂-၄၀)။ ဖိလိပ္ပံမြို၏ သင်ထင်ရှားရှား ဖြစ်မှုမှာ လူနည်းစုသာရှိသော ဂျူးလူမျိုးများဖြစ်သည်။ တရားစရပ်တွင် ဝတ်ပြုသည့် ပုံစံအတွက် ယောက်ျား များ မပြည့်ခြင်းကြောင့် (ဝတ်ပြုခြင်းတွင် ယောက်ျားများ (၁၀) ဦးရှိရန် လိုအပ်သည်)၊ အချို အမျိုးသမီး များသည် Gengites River ဘေးတွင် တွေ့ဆုံကြပြီး ဆုတောင်းခြင်းများ (တ ၁၆း၁၃) လုပ်ဆောင်ကြသည်။ ရှင်ပေါလှသည် ဧဝံဂေလိတရားအား သူတိုနှင့် လုဒိထံတွင် ဟောပြောခဲ့သည်။ လုဒိသည် ချမ်းသာကြွယ်ဝသော ခရမ်းရောင် အထည်ကုန်သည်တစ်ဦးဖြစ်ပြီး (တ ၁၆း၁၄)၊ ယုံကြည်သူတစ်ဦး ဖြစ်လာသူ ဖြစ် သည် (တ ၁း၁၄-၁၅)။ ဖိလိပ္ပံအသင်းတော်သည် သူမ၏ အိမ်ကြီးတွင် အစပြုခဲ့ပုံပေါ်သည်။
စာတန်နှင့်ဆိုင်သော အတိုက်အခံပြုခြင်းများသည် အသင်းတော်အသစ်ထံသို နတ်ဆိုးစွဲ သော ဗေဒင်ဟောသည့် အစေခံမိန်းကလေးအားဖြင့် ဝင်ရောက်လာခဲ့သည် (တ ၁၆း၁၆-၁၇)။ နတ်ဆိုးထံမှ အရာများကို သက်သေမခံရန် သတိပေးသည်သာမက၊ ရှင်ပေါလုသည် သူမထံမှ နတ်ဆိုးကိုလည်း နှင်ထုတ်ခဲ့ သည် (တ ၁၆း၁၈)။ ရှင်ပေါလု၏ လုပ်ဆောင်မှုသည် ဗေဒင်ဟောခြင်းဖြင့် စီးပွားရှာနေသော ထိုမိန်းကလေး၏ သခင်အား အမျက်ဒေါသထွက်စေခဲ့ ၁၁၉)ထိသမားက ရင်ပေါလုနှင့်သိလတိုကို ရာဇ၀တ်တရားသူကြီးများထံ ဖမ်း တင်သွားပြီး တ ၁၆ ၂၀)၊ ရောမဓလေ့ထုံးစံကို ဖောက်ဖျက်သည့် တရားများကို သူနှစ်ယောက်အဖြစ် ကြေညာခြင်းဖြင့် တ ၁၆း၂၀-၂၁) မီလီနွိမြိုသားတို၏ နိုင်ငံသား မာနကို တောက်လောင်စေခဲ့သည်။ ရရှိလာသည့် အဖြေမှာရှင်ပေါလုနှင့်သိလတို့ အား ရိုက်နှက်ပြီး ထောင်တွင်းအကျဉ်းချခြင်း ဖြစ်သည် (တ ၁၆း၂၂-၂၄)။
ထိုတရားဟောဆရာနှစ်ယောက်သည် ထောင်ထဲတွင် ငလျင်လှုပ်ခြင်းကြောင့် အံ့သြ ဖွယ်လွတ်မြောက် လာကြပြီး၊ ချောက်ချားနေသော ထောင်မှူး၏ နှလုံးသားနှင့် သူ၏ အိမ်သူ အိမ်သားများကို ဧဝံဂေလိတရား ဖွင့်ပြခဲ့သည် (တ ၁၆း၂၅-၃၄)။ နောက်တစ်နေ့တွင် ရာဇ၀တ် တရားသူကြီးများသည် ရောမနိုင်ငံသားနှစ်ဦးကို ဥပဒေအတိုင်းမဟုတ်ဘဲ ရိုက်နှက်ခြင်း၊ အကျဉ်း ချခြင်းတိုကို လုပ်ဆောင်မိသောကြောင့် ကြောက်စိတ်များ ဖြစ်ပေါ်ပြီး၊ ရှင်ပေါလုနှင့်သိလတို အား ထွက်သွားရန် တောင်းပန်ကြသည်။
ရှင်ပေါလုသည် သူ၏ တတိယ သာသနာပြုခရီးစဉ်တွင် ဖိလိပ္ပံမြိုသို နှစ်ကြိမ်တိုင်တိုင် သွားခဲ့ပြီး၊ ခရီးစဉ်အစပြုချိန် (၂ ကော ၈း၁-၅)နှင့် ပြန်ခါနီးအချိန် (တ ၂၀း၆) တိုတွင်ဖြစ်သည်။ ငါးနှစ်၊ ခြောက်နှစ် ခန့်ကြာပြီးနောက် ရောမတွင် အကျဉ်းကျစဉ်တွင် ဖိလိပ္ပံအသင်းတော်မှ အလှူငွေ ရှင်ပေါလု ရရှိခဲ့သည်။ ဖိလိပ္ပံအသင်းသားများသည် ကုန်လွန်ခဲ့သော အချိန်များက ရှင်ပေါလုအား ရက်ရက်ရောရော ပေးကမ်းခဲ့သည် (ဖိ ၄း၁၅-၁၆)။ ယေရုရှလင်မှ လိုအပ်သူများ အတွက်လည်း ပေးကမ်းလှူဒါန်းခဲ့သည် (၂ ကော ၈း၁-၄)။ ယခုတွင်ရှင်ပေါလုသည် အကျဉ်း ကျနေသည်ဟု ကြားသိသောအခါ နောက်ထပ်ပေးကမ်းမှုများ ပြုလုပ်ခဲ့ပြီး (ဖိ ၄း၁ဝ) ရှင်ပေါလု လိုအပ်သည်များကို ကူညီပေးနိုင်ရန်အတွက် ဧပဖျာဒိတ်ကိုလည်း အနီးတွင် ထားပေးခဲ့သည်။ အဖြစ်ဆိုးသည်မှာ ဧပဖြောဒိတ်သည် ရောမသို့ သွားနေသောလမ်းတွင် (သို) ရောမသို ရောက်ပြီး သော အချိန်တွင် သေခါနီးအထိ အဖျားဝေဒနာကို ခံစားခဲ့ရသည် ( ၂း၂၆-၂၇)။ သိုဖြစ်၍ ရှင်ပေါလုသည် ဧပဖြာဒိတ်အား ဖိလိပ္ပိသို ပြန်ပိုရန် ဆုံးဖြတ်ခဲ့ပြီး (၂း၁၅-၁၆)၊ ဖိလိပ္ပိသို့ စာ တစ်စောင် ရေးပြီးသူနှင့်အတူ ပေးလိုက်သည်။
ဤဩဝါဒစာစောင် ရေးသားခြင်းတွင် ရှင်ပေါလုသည် များစွာသော ရည်ရွယ်ချက်ရှိ သည်။ ပထမမှာ၊ ဖိလိပ္ပိအသင်းတော်မှ ပေးသောလက်ဆောင်အတွက် ကျေးဇူးတင်ကြောင်း ဖော်ပြခြင်းဖြစ်သည် (၄း၁၀-၁၈)။ ဒုတိယမှာ၊ ရှင်ပေါလုသည် ဧပဖြောဒိတ်အား သူတိုထံ ပြန်လွှတ်လိုက်ရခြင်းကို ဖိလိပ္ပိအသင်းတော်အား သိစေချင်သောကြောင့် ဖြစ်သည်။ ထိုကြောင့် စပဖျာဒိတ်၏ အစေခံမှုသည် ရှင်ပေါလုအတွက် စိတ်ကျေနပ်မှု မပေးနိုင်ခြင်းဟု ဖိလိပ္ပိအသင်း သားများ မထင်တော့ပေ (၂း၂၅-၂၆)။ တတိယမှာ၊ ရှင်ပေါလုသည် ရောမတွင် ဖြစ်ပေါ်နေသော သူ၏ အခြေအနေအားလုံးကို သူတိုအား အသိပေးချင်သောကြောင့် ဖြစ်သည် (၁း၁၂-၂၆)။ စတုတ္ထမှာ၊ သူတိုအား စည်းလုံးမှုရှိရန် တိုက်တွန်းထားသည် (၂း၁-၂-၄း၂)။ နောက်ဆုံးတွင်း မှားယွင်းသော ဆရာများကို သတိပေးဖိုရန်အတွက် ရေးသားခဲ့ခြင်းဖြစ်သည် (၃း၁-၄း၁)။
ဖိလိပ္ပိ ဩဝါဒစာရှိ အဓိက ဇာတ်ကောင်များ
ရှင်ပေါလု – ခရစ်တော်၌ တွေ့ရသော ဝမ်းမြောက်ခြင်းနှင့် ခွန်အားအကြောင်း ဖိလိပ္ပိသို ရေးသားပိုသူ (၁း၁-၄း၂၃)
တိမောသေ – နှင့် တပါးအမျိုးသား မျိုးဆက်တို၏ သာသနာပြုဆရာ၊ ဖိလိပ္ပိတွင် သာသနာ ပြုရန် ရှင်ပေါလုမှ နေရာချထားခြင်းခံရသူ (၁း၂-၂း၂၃) ၊
ဧပဖြောဒိတ် – ဖိလိပ္ပိမှ သစ္စာရှိသော အစေခံ ထောက်ပံ့ငွေနှင့် ရှင်ပေါလုထံ စေလွှတ်ခံရသူ (၂း၂၅- ၃၀၊ ၄း၁၈)
ဧဝေါဒိ – သုန္တုတ်နှင့် ဆက်ဆံရေး ပြန်လည်သင့်မြတ်ရန်အတွက် ရှင်ပေါလု၏ ဆုံးမခြင်းခံရသော သစ္စာရှိသည့် အစေခံ၊ အသင်းတော်ရှိ အခြားသော ညီအစ်မတစ်ဦး (၄း၂၊ ၃)
သုန္တုတ် – ဧဝေါဒိ နှင့် ဆက်ဆံရေး ပြန်လည်သင့်မြတ်ရန်အတွက် ရှင်ပေါလု၏ ဆုံးမခြင်းခံရသူ (၄း၂၊ ၃)
ဖိလိပ္ပိသြဝါဒစာရှိ အဓိကဝေါဟာရများ
ကူညီမစခြင်း – ဂရိဝေါဟာရများ – epichoregia – ၁း၁၉ – ဂရိပြဇာတ်၌ တင်ဆက်သူ တေးသံစုံ အဖွဲဝင်များကို ကူညီပေးသည့် သံစုံအဖွဲ့အား အုပ်ချုပ်သူတစ်ဦးကို ဖော်ပြရာတွင် အသုံးပြုလေ့ရှိ သည်။ အတိုချုပ်အရ သူသည် သူတို၏ နေထိုင်မှုကုန်ကစရိတ်အားလုံးကို ဂရုစိုက်ခဲ့ရသည်။ ထိုဝေါဟာရသည် ဘယ်အရာကိုမဆို အပြည့်အဝ တည်ခြင်းဆိုသည့် အဓိပ္ပာယ်မှ ဖြစ်လာသည်။ ဖိလိပ္ပိ လူတို၏ ဆုတောင်းခြင်းသည် သင်၏ အမြင်ကို ဖန်တီးပေး သည်။ ရှင်ပေါလု သည် ဖိလိပ္ပိ လူတို့၏ ဆုတောင်းမှု ရလဒ်ကဲ့သို ယေရှုခရစ်တော်၏ ဝိညာဉ်တော် အပြည့်အ၀ ကူညီ မစမှုကို ရရှိရန် မျှော်ကိုးခြင်းဖြစ်သည်။
ဘုရားသခင်၏ သဏ္ဌာန်တော် – ဂရိဝေါဟာရ – morphe theou – ၂း၆ – ပုံသဏ္ဌာန်ဟူသော ဝေါဟာရ mophj သည် သူ့သဘောအတိုင်း တည်ရှိခြင်းနှင့် အသွင်သဏ္ဌာန် တစ်ခုကို အများ အားဖြင့် ဖော်ပြလေ့ရှိသည့် အရာဖြစ်သည်။ ထိုကြောင့် ဘုရားသခင်၏ သဏ္ဍာန်တော် ဟု ဖော်ပြ ခြင်းသည် ဘုရားသခင်၏ အရေးကြီးသော သဘောသဘာဝနှင့် ဂုဏ်အင်္ဂါကဲ့သို တိတိကျကျ နား လည်ရန်ဖြစ်သည်။ ဘုရားသခင်၏ သဏ္ဏာန်တော်တွင် ခရစ်တော် တည်ရှိခြင်းဟု ပြောခြင်းသည် သူ၏ ဇာတိခံခြင်းမှ ခရစ်တော်သည် ဘုရားဖြစ်ခြင်းကြောင်း၊ ဘုရား၏ ဂုဏ်အင်္ဂါ အရည်အသွေး အားလုံး ပိုင်ဆိုင်ကြောင်း ဖြစ်သည်။
ကောင်းသော အမူအကျင့် – ဂရိဝေါဟာရ – arete- ၄း၈ ဓမ္မသစ်ကျမ်းတွင် အသုံးနည်းသော ဝေါဟာရဖြစ် သော်လည်း ကိုယ်ကျင့်တရားကောင်းမှုကို ဖော်ပြရန် ဂရိအရေးအသားတွင် များစွာတွေ့ရသည်။ ရှင်ပေတရု၏ ပထမစာစောင်တွင် ဘုရားသခင်၏ ကောင်းမြတ်သောသဘော (သို) ကောင်းမြတ်ခြင်းကို ဖော်ပြရန် ဤဝေါဟာရကို အသုံးပြုခဲ့သည် (၁ ပေ ၂း၉- ထိုဝေါဟာရကို ဂုဏ်ကျေးဇူးများဟု ဘာသာပြန်ဆိုသည်) ကောင်းမြတ်ခြင်းသည် လူများ ပိုင်ဆိုင်ကြသည့်အရာဟု ပြောနိုင်သော်လည်း ဘုရားသခင်ထံမှလာသည့် အရည်အသွေးတစ်ခု ဖြစ်သည်။ ဘုရားသခင်၏ တန်ခိုးတော် ခံစားရသောသူများသာ ဤလောကတွင် ကိုယ်ကျင့်တရား ကောင်းမွန်နိုင်သည် (၂ ပေ ၁း၃)။
သမိုင်းကြောင်းနှင့် ဓမ္မအတွေးအခေါ်ဆိုင်ရာ အကြောင်းအရာများ
ဤစာစောင်သည် လက်တွေ့လိုက်လျှောက်ရန် ပေးပိုသော စာစောင်ဖြစ်သော်လည်း၊ လူ၏ ဝိညာဉ်ရေး ဆိုင်ရာ ကိုယ်တွေ့ အကြောင်း အလေးအနက်ပြောခြင်းမှတပါး (၃း၄ -၇)၊ နောက်ခံသမိုင်းအကြောင်းအရာ ပါဝင်ခြင်းမရှိပေ (ဓမ္မဟောင်းမှ ကိုးကားချက်မပါ)။ ထို အရာသည် တရားဓမ္မဆိုင်ရာ ညွှန်ကြားမှုနှင့် အနည်းငယ် သက်ဆိုင်သလို၊ ချွင်းချက်တစ်ခုအ ဖြစ်လည်း ဖြစ်နိုင်သည်။ ခရစ်တော်၏ နှိမ့်ချခြင်းနှင့် ချီးမြှောက်ခြင်း (၂း၅-၁၁)ကို တခမ်းတ နားဖော်ပြထားသည့် ကျမ်းပိုဒ်သည် သမ္မာကျမ်းစာတစ်ခုလုံးတွင် သခင်ယေရှုခရစ်တော်၏ အရေးပါသော သွန်သင်မှုနှင့် အလေးနက်ဆုံးသော အရာတစ်ခုအဖြစ် ပါဝင်သည်။ ခရစ်တော် ၏ ပုံသဏ္ဌာန် တော်ကို မှီအောင်လိုက်ခြင်း အဓိကအချက်သည် ရှင်ပေါလု၏ အသက်တာတွင် စိတ်အားထက်သန်စွာ လုပ်ဆောင်နေသောအရာ၊ ဝိညာဉ်ရေးရာ ကြီးထွားခြင်းအရာကို ဖော် ဆောင်ခြင်းဖြစ်သည်ဟု ၃း၁၂-၁၄ တွင် ဖော်ပြထားသည်။ ရှင်ပေါလုသည် အကျဉ်းကျခံရ သော်လည်း စာစောင်ကို လွှမ်းမိုးသောအရာမှာ ဝမ်းမြောက်ခြင်းဖြစ်သည် (၁း၄၊ ၁၈၊ ၂၅-၂၆၊ ၂း၂၊ ၁၆-၁၈၊ ၂၈၊ ၃း၁၊ ၃၊ ၄း၁၊ ၄၊ ၁၀)။
ဖိလိပ္ပိ ဩဝါဒစာရှိ အဓိကဩဝါဒများ
ခရစ်တော်၏ နှိမ့်ချခြင်း – ခရစ်တော်သည် လူသားအတွက် သူ့ကိုယ်သူ ပူဇော်ပြီး လောကတွင် အစေခံရန် ဆင်းကြွခဲ့ခြင်း (၂း၅-၈၊ ဆာ ၂၂း၆၊ ၆၉း၉၊ ဟေရှာ ၅၀း၆၊ ၅၃း၃၊ ၇၊ ဇာ ၉း၉၊ မ ၁၁း၂၉၊ ၁၃း၅၅၊ လု ၂း၄-၇၊ ၅၁၊ ၉း၅၈၊ ယော ၅း၄၁၊ ၁၃း၁၄၊ ရော ၁၅း၃၊ ၂ ကော ၈း၉၊ ဟေဗြဲ ၂း၁၆၊ ၄း၁၅၊ ၅း၇) ၊
ခရစ်တော်ကို ဝန်ခံခြင်း – ယုံကြည်သူများသည် ခရစ်တော်၏ စိတ်သဘောကို မှီအောင်လိုက်ရခြင်း (၁း၂၁၊ ၃း၇-၁၄၊ က ၄၃း၁၄၊ သူကြီး ၁၀း၁၅၊ ၁ ရာ ၃း၁၈၊ ၂ ရာ ၁၅း၂၆၊ ယောဘ ၁၀၊ ဆာ ၃၇း၇၊ ၄၆း၁၀၊ မ ၆း၁၀၊ တ ၇း၅၉၊ ဟေဗြဲ ၁၂း၆၊ ၂ ပေ ၁း၁၄)
ယုံကြည်သူများအတွက် ခရစ်တော်၏ မစကူညီမှု – ဘုရားသခင်သည် သူ့သားသမီးများ၏ လိုအပ်မှုများကို မစခြင်း (၄း၁၃၊ ၁၉၊ နေ ၉း၁၉၊ ဆာ ၁၄၆း၇-၉၊ မ ၉း၃၆၊ ယော ၇း၃၇၊ ၂ ကာ ၉း၁၂၊ ၁၂း၉၊ ၁ဝ၊ ဟေဗြဲ ၄း၁၆)
ဖိလိပ္ပိ ဩဝါဒစာရှိ ဘုရားသခင်၏ ဂုဏ်အင်္ဂါလက္ခဏာများ
ဘုရားသခင်သည် ဘုန်းကြီးသော ဘုရား – ၂း၁၁
ဘုရားသခင်သည် ကရုဏာရှင် ဘုရား – ၂း၂၇
ဘုရားသခင်သည် ကူညီမစသော ဘုရား – ၁း၁၂
အနက်အဓိပ္ပာယ်ဆိုင်ရာ အခက်အခဲများ
ဖိလိပ္ပိသြဝါဒစာ၏ အဓိကအခက်အခဲမှာ မည်သည့်နေရာတွင် ရေးသားခဲ့ခြင်းကို ဆုံး ဖြတ်ရန်ဖြစ်သည် (စာရေးသူနှင့် ရက်စွဲတွင်ကြည့်ပါ)။ ကျမ်းပိုဒ်တွင် အနက်ဖွင့်ရာ၌ ခက်ခဲသည့် အကြောင်းအရာတစ်ခုကို ထင်ထင်ရှားရှား တွေ့ရပြီး “လက်ဝါးကပ်တိုင်တွင် ရန်ဘက်ပြုလျက်” ဟူသော အကြောင်းအရာဖြစ်သည် (၃း၁၈-၁၉)။ သူအစပြုခဲ့သည့် အသင်းတော်များနှင့် ရှင် ပေါလှ ဆက်သွယ်မှုများ ပြုလုပ်ခဲ့သကဲ့သို (တ ၂၀း၂၈-၃၁)၊ သူသည် မှားယွင်းသောဆရာများအကြောင်း ဖိလိပ္ပံအသင်းတော်ကိုလည်း သတိပေးထားသည်။ ရှင်ပေါလု ပြောသောစကားသည် ထိုမှားယွင်းသော ဆရာများမှာ ယုံကြည်ခြင်းအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းရခြင်း၊ ရစ်တော်၏ ကားတိုင်တွင် လုပ်ဆောင်မှုများနှင့် ခရစ်တော်အား ဆန့်ကျင်ရန် ပွင့်လင်းစွာ
သော်လည်း ဘုရားနှစ်သက်သော အသက်တာအားဖြင့် ခရစ်တော်၏ စိတ်သဘောကို အောင် မလုပ်ဆောင်ကြပေ။ သူတို၏ ယုံကြည်ခြင်းသည် အတုအယောင်ဖြစ်သည်။ သူတို သည် ရစ်တော်၏ မိတ်ဆွေများကဲ့သို ပုံပေါ်သော်ပြီး၊ အသင်းတော်တွင် ခေါင်းဆောင်နေရာ သူများလည်း ဖြစ်နိုင်သည်။ သူတိုသည် သူတို၏ အသက်တာအားဖြင့် အဖြစ်မှန်ကို ပေါ်လွင် စေသည်။
အကျဉ်းချုပ် ကောက်နှုတ်ချက်
၁။ ရှင်ပေါလု၏ နှုတ်ခွန်းဆက်စကား (၁း၁-၁၁)
၂။ ရှင်ပေါလု၏ အခြေအနေများ (၁း၁၂-၂၆)
၃။ ရှင်ပေါလု၏ တိုက်တွန်းအားပေးခြင်း (၁း၂၇-၂၁၈)
က။ နှိပ်စက်ညှဉ်းဆဲခြင်းအလယ်၌ မြဲမြံစွာ ရပ်တည်ရန် (၁း၂၇-၃ဝ)
ခ။ နှိမ့်ချခြင်းအားဖြင့် စည်းလုံးမှုရှိရန် (၂း၁-၄)
ဂ။ ခရစ်တော်၏ ပုံသက်သေများကို သတိရရန် (၂း၅-၁၁)
ဃ။ အမှောင်လောကတွင် အလင်းဖြစ်ရန် (၂း၁၂-၁၈)
၄။ ရှင်ပေါလု၏ လုပ်ဖော်ဆောင်ဘက်များ (၁း၉-၃၀)
က။ တိမောသေ (၂း၁၉-၂၄)
ခ။ ဧပဖြောဒိတ် (၂း၅-၃ဝ)
၅။ ရှင်ပေါလု၏ သတိပေးခြင်းများ (၃း၁-၄၁) ၊
က၊ အကျင့်ကျင့်ခြင်း သွန်သင်မှုကို ရှောင်ရှားရန် (၃း၁-၁၆)
ခ။ ပညတ်တော်များကို မလိုက်နာခြင်းအား ရှောင်ရှားရန် (၃း၁၇-၄၁)
၆။ ရှင်ပေါလု၏ ဆုံးမခြင်း (၄း၂-၉)
၇။ ရှင်ပေါလု၏ ကျေးဇူးတင်ခြင်း (၄း၁၀-၁၂)
၈။ ရှင်ပေါလု၏ နှုတ်ဆက်ခွဲခွာစကား (၄း၂၁-၂၃)
ဖိလိပ္ပိ ဩဝါဒစာ အချိန်ကာလ၌ ကမ္ဘာကြီးရှိ အခြားသောနေရာများ
ဗုဒ္ဓဘာသာ ဘုန်းကြီးများသည် သူတို၏ ပဋ္ဌာန်းရွတ်စဉ်များဖြင့် အိန္ဒိယ မှ တရုတ်ပြည်သို ဝင်ရောက်ကြသည်။ နောက်ပိုင်းတွင် ထိုပဋ္ဌာန်းရွတ် စဉ်များသည် တရုတ်လူမျိုးတို၏ တေးဂီတတွင် တွဲဖက်ပါဝင်ခဲ့သည်။
ခက်ခဲသော မေးခွန်းများအတွက် အဖြေများ
၁။ ၂း ၆-၁၁ တွင် ယေရှုအကြောင်း ချီးကျူးသြဘာစကားမှ သင်မည်သည့် အကြောင်း လေ့လာနိုင်သနည်း။
ထိုအရာသည် ဓမ္မသစ်ကျမ်းတွင် စံထားထိုက်သော ကျမ်းပိုဒ်ဖြစ်ပြီး၊ ယေရှုခရစ်တော်၏ လူ့ဇာတိခံယူခြင်း၊ ဂုဏ်အင်္ဂါနှင့် သန့်ရှင်းခြင်း၏ အချုပ်ဖြစ်သည်။ ထိုအရာသည် စံတစ်ခုအဖြစ် ရှင်းလင်းစွာ ဖြစ်တည်နေပြီး၊ ထိုအရာကို အသင်းတော်များ၌ တေးသီချင်းတစ်ပုဒ်အဖြစ် သီဆိုခဲ့ ကြသည်။
ထိုသို လုပ်ဆောင်မှုသည် ခရစ်တော်၏ ထာဝရဖြစ်တည်မှုကို အလေးထားခြင်းဖြင့် အစပြုသည် (၆) ဖြစ်ခြင်း အတွက် အများသုံးသော ဂရိဝေါဟာရသည် ဤနေရာတွင် အသုံးပြုမထားပေ။ ထိုအစား ရှင်ပေါလုက အခြားစကားလုံးကို အသုံးပြုပြီး လူတစ်ဦး၏ ဆက်လက်ဖြစ်ပေါ်နေသည့် အခြေအနေမှ အနှစ်သာရကို ဖော်ပြသည်။ ပုံသဏ္ဌာန် အတွက် ဂရိဝေါဟာရနှစ်ခုတွင် တစ်ခုကို ရှင်ပေါလုက တစ်စုံတစ်ခုသည် အထဲ၌ မပြောင်းလဲခြင်း အရေးပါခြင်း ဂုဏ်အင်္ဂါရှိမှုကို အတိအကျ ဖော်ပြရန် ရွေးချယ်ခဲ့သည်။ ခရစ်တော်၏ ဘုရား ဖြစ်ခြင်း အခြေခံဩဝါဒသည် ထိုအရေးပါသော ဂုဏ်အင်္ဂါများ အမြဲတမ်း ပါဝင်သည် (ယော ၁း၁၊ ၃-၄၊ ၁၄၊ ၈း၅၈၊ ကော ၁း၁၅-၁၇၊ ဟေဗြဲ ၁း၃)။ ခရစ်တော်သည် ထာဝရနှင့် အမြဲတမ်း ထိုက်တန်မှုဖြစ်ခြင်းအတွက် ဘုရားဖြစ်ခြင်း၏ လေးနက်မှု၊ အခွင့်အရေးများ တွင် ရှိသော် လည်းသူ့ပြုမူမှုသည် သူ့ဖြစ်တည်မှုကို ဖက်တွယ်မထားဘဲ အချိန်တစ်ခုအတွက် လိုလိုလားလား ပေးရန် ဆန္ဒရှိသည်။
နောက်တစ်ခုမှာ၊ ထိုကျမ်းပိုဒ်သည် ခရစ်တော်၏ လူ့ဇာတိခံယူမှု ဖြစ်စဉ်ကို ဖော်ပြထား သည်။ ပထမမှာ သူသည် “မိမိအသရေကို စွန့်ခြင်း” (သို) ပိုကောင်းသည်မှာ မိမိကိုယ်ကို စွန့်လွှတ်ခြင်း” ဖြစ်သည် (၂း၇)။ ဤနေရာတွင် ဂရိပင်မစကားလုံး Aeois သည် ခရစ်တော်၏ လူ့ဇာတိခံယူခြင်း၌ မိမိကိုယ်ကို စွန့်ခြင်းဩဝါဒ အတွက် တရားဓမ္မအမြင် ဝေါဟာရကဲ့သို အသုံး ပြုခဲ့သည်။ ဤအဆင့်သည် ယေရှုသည် ဘုရားဖြစ်ခြင်းအား စွန့်လွှတ်ခြင်းကို ပြောခြင်း မဟုတ် ပေ။ သိုသော် ယေရှုသည် အမျိုးမျိုးသော နယ်ပယ်များ၌ သူ၏ အခွင့်အရေးများကို ဘေးဖယ် ၊ ထားခဲ့သည်။
> ကောင်းကင်ဆိုင်ရာ ဘုန်းတန်ခိုး (ယော ၁၇း၅) ၊
> လွတ်လပ်သော အခွင့်အာဏာ ခရစ်တော်၏ လူ့ဇာတိခံယူချိန်အတွင်း သူ့ခမည်းတော် ၏ အလိုကို သူကိုယ်တိုင် အပြည့်အဝဝန်ခံခဲ့ခြင်း (မ ၂၆း၃၉၊ ယော ၅း၃၀၊ ဟေဗြဲ ၅း၈)
> ဘုရားနှင့်ဆိုင်သော အထူးအခွင့်အရေး – ခရစ်တော်သည် သူ၏ ဘုရားဂုဏ်အင်များအား ဘေးဖယ်ထားပြီး ဝိညာဉ်တော်၏ လမ်းညွှန်မှုကို ဝန်ခံခြင်း(မ ၂၄း၃၆၊ ယော ၁း၄၅-၄၉)
– ထာဝရ စည်းစိမ် (၂ ကော ၈း၉) ၊
– ဘုရားသခင်နှင့် ဆက်နွယ်သော နှစ်သက်သဘောကျမှု ခရစ်တော်သည် ကားတိုင်တွင် လူသား၏ အပြစ်အတွက် ခမည်းတော်၏ အမျက်တော်ကို ခံခဲ့ခြင်း (မ ၂၇း၄၆)
နောက်တစ်ခုမှာ၊ ခရစ်တော်သည် “အစေခံကျွန်သဏ္ဌာန်ခံယူခြင်း”နှင့် “လူကဲ့သို ခံယူ ခြင်းဖြစ်သည် (၂း၇)။ သန်တော် ဟူသည့် တူညီသော ဂရိဝေါဟာရသည် အခန်းငယ် ၆ တွင်လည်း တွေ့ရသည်။ ခရစ်တော်သည် လူသားကိုယ်ခန္ဓာနှင့် ဘုရားဖြစ်လာခဲ့ပြီး၊ လူသားတို၏ အားနည်းချက်နှင့် လိုအပ်ချက်များ အခြေခံများအပေါ် ပုံဖော်ပြခဲ့၍(ဟေဗြဲ ၂:၁၄၊ ၁၇၊ ၄း၅) လူ၏ ဂုဏ်အင်္ဂါအားလုံးကို ယူဆောင်ခဲ့သည် (လု ၂း၅၂၊ ဂလ ၄း၄၊ ကော ၁း၂၂)။
နောက်တစ်ခုမှာ၊ ခရစ်တော်သည် သူ၏ ဘုရားဖြစ်ခြင်း လုပ်ဆောင်မှု၏ အပြည့်အဝ ရည်ရွယ်ချက်နှင့် ဖော်ပြချက်များကို ယူဆောင်သွားခဲ့သည်။ သူသည် လူတစ်ဦးကဲ့သို အသက်တာ အမြင်တိုင်းကို တွေ့ကြုံစေ ခဲ့သည်။ ထိုအရာသည် သူ့ အတွက် ဘုရားသခင်၏ အစီအစဉ်နောက် လုပ်ဆောင်သည့် ပြစ်မှုကျူးလွန်သူကဲ့သို သေခြင်းအား အဆုံးတိုင် နာခံခြင်းအထိ ပါဝင်ခဲ့သည် (မ ၂၆း၃၉၊ တ ၂း၂၃)။
ခရစ်တော်၏ လုံးဝ နှိမ့်ချခြင်းသည် (၂း၅-၈) ဘုရားသခင်မှ သူ့အား ချီးမြှောက်ခြင်း နှင့် ခွဲခြား၍ မရနိုင်ပေ (၂း၉-၁၁)။ ယေရှုသည် အနည်းဆုံး ကွဲပြားသည့် နည်းလမ်းခြောက်ခုဖြင့် ရိုသေမှုပြုခံခဲ့ပြီး၊ (၁) သူ၏ ရှင်ပြန်ထမြောက်ခြင်း၊ (၂) သူ၏ ပလ္လင်တွင် ဆက်ခံခြင်း (သူ၏ ရာထူးသည် ဘုရားသခင်၏ လက်ျာဘက်တွင်ရှိခြင်း)၊ (၃) ကျွန်ုပ်တိုကိုယ်စား ရှင်ပြန်ထမြောက်သော သူ၏ ကဏ္ဍ (တ ၂:၃၂၊ ၃၃၊ ၅း၃၀၊ ၃၁၊ ဧ ၁း၂၀၊ ၂၁၊ ဟေဗြဲ ၄း၁၅၊ ၇း၂၅၊ ၂၆)၊ (၄) သူ၏ ကောင်းကင်သို တက်သွားခြင်း (ဟေဗြဲ ၄း၁၄)၊ (၅) အပြစ်အတွက် နောက်ဆုံးနှင့် ပြည့်စုံသော အစားထိုးခြင်းဖြစ်သည့် သူ၏ ဝန်ခံမှု ကဏ္ဍ၊ (၆) ဘုရားဖြစ်ခြင်းနှင့် ပိုင်သအုပ်စိုးသော သခင်ကဲ့သို သူ၏ ပြည့်စုံသောအမှတ်လက္ခဏာ သခင်ကဲ့သို အမည်နာမ ပေးခံရခြင်း (ဟေရှာ ၄၅း၂၁-၂၃၊ မာ ၁၅း၂၊ လု ၂း၁၁၊ ယော ၁၃း၁၃၊ ၁၈း၃၇၊ ၂၀း၂၈၊ တ ၂း၃၆၊ ရော ၁၄း၉-၁၁၊ ၁ ကော ၈း၆၊ ဗျာ ၁၇း၁၄၊ ၁၉း၁၆)။ ကျမ်းစာက ဘုရား-လူ ကဲ့သို ယေရှု၏ အ မည်နာမအမှန်ကို အတည်ပြုထားသည်။
၂။ ယုံကြည်သူများထံ ရှင်ပေါလု၏ အဓိက သတင်းစကားဖြစ်သည့် joy(ဝမ်းမြောက်ခြင်း) နှင့် rejoice ဝမ်းမြောက်ခြင်းသည် မည်သို ပုံဖော်သနည်း။
ရှင်ပေါလှသည် joy(ဝမ်းမြောက်ခြင်း ဟူသည့် ဝေါဟာရကို ဤစာစောင်တွင် လေး ကြိမ်တိုင် အသုံးပြုထားသည် (၁း၄၊ ၂၅၊ ၂း၂၊ ၄း၁)။ rejoice (ဝမ်းမြောက်ခြင်းသည် ကိုးကြိမ် တိုင် တွေ့ရသည် (၁း၁၈ နှစ်ကြိမ်၊ ၂၆၊ ၂း၁၇၊ ၁၈၊ ၃း၁၊ ၄း၄ နှစ်ကြိမ်၊ ၁၀)။ ပထမပိုင်းအခန်း ကြီးများတွင် ထိုစကားလုံးများကို ခရစ်တော်၌ ရှင်ပေါလု၏ အတွေ့အကြုံကို ဖော်ပြရန် အဓိက အသုံးပြုခဲ့သည်။ သိုသော်လည်း အခန်းကြီး ၃ အစမှ အချက်အလက် ပြောင်းသွားပြီး၊ ဝိညာဉ်ရေးရာ လမ်းညွှန်မှုသို ရောက်သွားသည်။ “သခင်ဘုရား၌ ဝမ်းမြောက်ပါ (၃း၁)ဟု ရှင်ပေါလ ၏ ဖော်ပြချက်သည် “သခင်ဘုရား၌”ဟူသော စကားစုအတွက် ဤစာ စောင်တွင် ပထမဆုံး ဖြစ်ပြီး၊ ယုံကြည်သူတို၏ ဝမ်းမြောက်ခြင်းဖြစ်တည်မှု၌ အကြောင်းအရင်းကို ရည်ရွယ်သည်။ အသက်တာ၏ အခြေအနေများနှင့် မသက်ဆိုင်ဘဲ၊ ယုံကြည်သူတို့၏ ဝမ်းမြောက်ခြင်းသည် သေချာမှုတစ်ခုမှ စီးဆင်းပြီး၊ ပိုင်သအုပ်စိုးသော သခင်နှင့် ဆက်နွယ်မှု မပြောင်းလဲခြင်းဖြစ်သည်။
ဝမ်းမြောက်ခြင်း၏ အဓိကအချက်သည် ၄း၄ တွင် “သခင်ဘုရား၌ ဝမ်းမြောက်ကြ လော့။ တဖန်ငါဆို သည်ကား ဝမ်းမြောက်ကြလော့။”ဟု နှစ်ကြိမ်အမိန့်ပေးထားခြင်းမှ ဖြစ်သည်။ ကျမ်းပိုဒ်များသည် အစစ်အမှန် ပျော်ရွှင်သော လူတစ်ဦး၏ အတွင်းသွင်ပြင်လက္ခဏာနှင့် အပြင် ပိုင်း အပြုအမူတိုမှ ဖြစ်ပေါ်သည်။ ရှင်ပေါလုသည် သခင်ဘုရား၌ ဝမ်းမြောက်သော သူတိုထံ ဘုရားသခင်၏ ငြိမ်သက်ခြင်းနှင့် တည်ရှိခြင်း ကတိတော် ကျရောက်ခြင်းအကြောင်း ဖော်ပြခဲ့ သည်။
ဖိလိပ္ပိသြဝါဒစာကို ဆက်လက်လေ့လာရန်
၁။ ဖိလိပ္ပိ ၂း၅-၁၁ ကို ဖတ်ပြီး၊ သင့်အသက်တာတွင် ခရစ်တော်၏ ပြုမူမှု မည်မျှ သက်ရောက် မှုရှိကြောင်းကို သင့်စကားဖြင့် ရေးချပါ။
၂။ ဖိလိပ္ပိ ၃ တွင်၊ ခရစ်တော်ကို သိကျွမ်းခြင်းဆိုသည်ကို တိုင်းတာသည့်အခါ ရှင်ပေါလုသည် သူ၏ အောင်မြင်မှုအားလုံးဖြင့် မည်သည့်အရာကို နှိင်းယှဉ်ခဲ့သနည်း။
၃။ ဤစာစောင်၌ ဝမ်းမြောက်ခြင်းကို ရှင်ပေါလု၏ အလေးအနက်ဖော်ပြမှုအား မည်သည့် ကွဲပြားသည့် နည်းလမ်းများဖြင့် သင်ဖော်ပြနိုင်မည်နည်း။
၄။ သင်၏ ဆုတောင်းခြင်းအသက်တာ၊ စဉ်းစားဆင်ခြင်သောအသက်တာနှင့် ဆက်နွယ်ပြီး – အခန်းကြီး ၄ တွင် ရှင်ပေါလုက ဘာကို လမ်းညွှန်ထားသနည်း။ ထိုအထဲမှ မည်မျှကို သင်လုပ်ဆောင်သနည်း။ ။
၅။ ဖိလိပိ ၄း၁၃ အားဖြင့် ရှင်ပေါလု ဘာကိုဆိုလိုသနည်း။ သူ၏ တွေ့ရှိသော သမ္မာတရားအပေါ် သင့်အတွေ့အကြုံ မည်မျှရှိခဲ့သနည်း။
ကောလောသဲ ဩဝါဒစာ(Colossians)
ဘုရားသခင်၏ သားတော်အားဖြင့် လူသည် ပြည့်စုံခြင်း
ခေါင်းစဉ်
ကောလောသဲသြဝါဒစာ အမည်သည် အသင်းတော်တည်ရှိရာ ကောလောသဲမြိုမှ ဖြစ်လာခဲ့သည်။ အိမ်နီးချင်း လောကိဒိမြိုရှိ အသင်းတော်လည်း ဖတ်ဖိုရန်ဖြစ်သည် (၄း၁၆)။
စာရေးသူနှင့် ရက်စွဲ
ရှင်ပေါလုသည် သူ၏ ဩဝါဒစာများ ရေးသားသည့်အတိုင်း စာရေးသူကဲ့သို အစ၌ တွေ့ရသည် (၁း၁။ ၂၃၊ ၄း၁၈). Irenaeus, Clement of Alexandria, Tertullian, Origen နှင့် Eusebius တိုကဲ့သို ကနဦးအသင်းတော်ဖခင်ကြီးများ၏ သက်သေခံမှုများကလည်း အမှန် ဖြစ်ကြောင်း အတည်ပြုကြသည်။ ရှင်ပေါလု စာရေးသူဖြစ်ခြင်းအတွက် နောက်ထပ်သက်သေမှာ ရှင်ပေါလုရေးသားခဲ့ပြီး အားလုံးလက်ခံရရှိခဲ့သည့် ဖိလေမှန် စာအုပ်၏ အဆုံးကို ယှဉ်တွဲကြည့် ခြင်းဖြစ်သည်။ နှစ်ခုလုံးသည် ရှင်ပေါလု ရောမမြိုတွင် အကျဉ်းကျခံစဉ် (၄း၃၊ ၁ဝ၊ ၁၈၊ ဖိလေ ၉၊ ၁ဝ၊ ၁၃၊ ၂၃) (ခန်းမှန်း အေဒီ ၆၀-၆၂)၊ တူညီသော လူနာမည်များကို ဖော်ပြခြင်း (ဥပမာ- တိမောသေ၊ အာရိတ္တာခု၊ အာခိပ္ပု၊ ဧပဖြောဒိတ်၊ လုကာ၊ ဩနေသိမ်၊ ဒေမ) စသည် တိုသည် တစ်ချိန်တည်းတွင် စာရေးသူတစ်ဦးတည်းက ရေးသားကြောင်း ဖော်ပြသည်။ ရှင်ပေါလု၏ ကိုယ်ရေးအချက်အလက်အကြောင်းကို ရောမဩဝါဒစာ- စာရေးသူနှင့် ရက်စွဲတွင်ကြည့် ပါ။
နောက်ခံသမိုင်းကြောင်းနှင့် အနေအထား
ကောလောသဲသည် ရောမနယ်မြေ အာရှ (ယနေ့ တူရကီ)ရှိ ဖြူပြည်၏ မြိုတော်တစ်မြို ဖြစ်ပြီး၊ ဗျာဒိတ်ကျမ်း ၁-၃ ရှိ အသင်းတော် ခုနှစ်ပါးတည်ရှိရာ နယ်မြေများ၌ ဧဖက်မြို၏ အရှေ့ဘက် မိုင် (၁၀၀) ခန့်တွင် တည်ရှိသည်။ ထိုမြိုသည် Maender မြစ်သို စီးဝင်သောမြစ်နှင့် သိပ်မဝေးသော Lycus မြစ်တစ်လျှောက်တွင် တည်ရှိသည်။ Lycus ချိုင့်ဝှမ်းသည် ကောလော သ၌ နှစ်မိုင်ခန့်အကျယ်ရှိသည့် ကျဉ်းမြောင်းသော ချိုင့်ဝှမ်း ဖြစ်ပြီး၊ Cadmus တောင်သည် မြိုအထက် ပေ (၈၀၀၀) မြင့်သည်။
ကောလောသဲသည် ပေရသိရှင်ဘုရင် Xerxes (အာရွှေရု၊ ဧသ ၁း၁) နယ်မြေတစ် ထက် မီတက်တိုက် ခိုက်ချိန် ဘီစီ ငါးရာစု၌ ဖွံဖြိုးလာသော မြိုတစ်မြိုဖြစ်သည်။ အနက် တင်ပါးနှင့် ဆိုးဆေးများ (ထုံးကျောက် အနည်ကျသောအရာမှ ပြုလုပ်)သည် အဓိက ထွက် ကုန်များဖြစ်သည်။ ထိုပြင်၊ ထိုမြို တော်သည် အရှေ့-အနောက်၊ တောင်-မြောက် ကုန်သွယ် လမ်းမကြီး၌ တည်ရှိနေသည်။ သိုသော်လည်း ရှင်ပေါလုအချိန်တွင် အဓိကလမ်းမကြီးသည် လက်အနားတွင် ဖြတ်သွားပြီး၊ ကောလောသဲကို ရှောင်ကွင်းခြင်း၊ ထိုမြို့ အသွားအလာ နည်းခြင်းကြောင့် အိမ်နီးချင်းမြို လောဒိကိနှင့် ပြောရပါလိမြိုတို ပေါ်ထွက်လာသည်။
ကောလောသဲမြိုသည် တပါးအမျိုးသားများ အဓိကနေထိုင်သော်လည်း Antiochus the Great (ဘီစီ ၂၂၃-၁၈၇) အချိန်မှ ဂျူးများစွာ ထိုနေရာတွင် နေထိုင်ခဲ့ကြသည်။ ဂျူးနှင့် တပါးအမျိုးသားတို ရောထွေးနေသော ကောလောသဲရှိ လူများသည် အသင်းတော်ပေါင်းစည်းမှု နှင့် အတုအယောင်အန္တရာယ်များ ထင်ရှားစွာ တွေ့ရပြီး၊ ဂျူးတို၏ ကိုယ်ကျင့်တရားနှင့် ၊ တပါးအမျိုး သားတို၏ ဒဏ္ဍာရီအကြောင်းများ ပါဝင်သည်။
ကောလောသဲ ရှိ အသင်းတော် သည် ဧဖက်မြိုသို သာသနာပြုသော ရှင် ပေါလု သုံးနှစ်ကြာခရီးစဉ်တွင် ဖြစ်သည် (တ ၁၉)။ အသင်းတော် အစပြုသူမှာ ထို နေရာသို မရောက်ဘူးသော ရှင်ပေါလု မ ဟုတ်သော်လည်း ဧဖက်မြိုသို ခရီးပြုချိန် ကယ်တင်ခြင်းရရှိခဲ့သော ဧပဖြစ်၍ (၁း ၅-၇)၊ သူပြန်ရောက်ချိန် ကောလောသဲတွင် အသင်းတော် အစပြုခဲ့ခြင်းဖြစ်သည်။ ကောလောသဲအသင်းတော် အစပြုပြီးနောက် နှစ်ပေါင်းအတော်ကြာတွင်၊ သမိုင်း၌ ဖော်ပြ မထားသည့် အန္တရာယ်ရှိသော မှားယွင်းသည့်သွန်သင်မှု တစ်ခုမှ တိုက်ခိုက်မှုပြုခဲ့သည်။ ထိုလွန် သင်မှုသည် နာ့စတစ်ဝါဒီ (ယေရှုသည် လူသားဖြစ်ခြင်းကို ငြင်းဆို)ဟုသိသောသွန်သင်မှု ဖြစ်လာပြီး ပါဝင်သောအကြောင်းအရာများမှာ ဘုရားသခင်သည် ကောင်းသော်လည်း အရာ ဝတ္ထုများသည် မကောင်းခြင်း၊ ယေရှုခရစ်တော်သည် ဘုရားသခင်ထံမှ ဖြစ်ပေါ်လာသည့် သူ သာဖြစ်ပြီး ဘုရား သခင်ထက် အနည်းငယ်နိမ့်ကျခြင်း (ထိုယုံကြည်မှုမှာ ယေရှုစစ်မှန်သော လူသားဖြစ်ခြင်းကို ငြင်းဆိုခြင်းဖြစ်သည်)၊ လျှိဝှက်ပြီး မြင့်မားသည့် အထက်အရပ်မှလာသော အလင်းပေးခြင်းနှင့် ကယ်တင်ခြင်းအတွက် လိုအပ်သည်ဟု ဖြစ်သည်။ ကောလောသဲရှိမှားယွင်း သောသွန်သင်သူသည် ဂျူးတို၏ အယူသီးမှုများကိုလည်း ဆုပ်ကိုင်ပြီး၊ ဥပမာ- ကယ်တင်ခြင်းအ တွက် အရေဖျားလှီးရန် လိုအပ်ခြင်း၊ ဓမ္မဟောင်းပညတ်များ၏ ထုံးတမ်းစဉ်လာပွဲများကို လုပ်ဆောင်ရန် လိုအပ်ခြင်း (ယဇ်ပူဇော်ခြင်းများ၊ ပွဲတော်များ၊ ဥပုသ်နေ့)နှင့် ကိုယ်ခန္ဓာနှင့် ဆက်စပ် ဆိုင်သော ပညတ်များကို လိုက်လျှောက်ရန် လိုအပ်ခြင်း စသည်တိုဖြစ်သည်။ ထိုအရာတွင် ကောင်းကင်တမန်များကို ကိုးကွယ်ခြင်းနှင့် ဒဏ္ဍာရီများကို ယုံကြည်ခြင်းလည်း ပါဝင်သည်။ ဧပသည် ထိုမှားယွင်းသောဆရာများနှင့် ပတ်သက်ပြီး အလွန်ပူပန်မှုဖြစ်သောကြောင့်၊ ကော လောသဲမှ ရှင်ပေါလုအကျဉ်းကျရာ ရောမသို ခရီးရှည်သွားခဲ့သည် (၄း၁၂၊ ၁၃)။
ဤစာစောင်သည် အေဒီ ၆၀-၆၂ ၌ ရောမအကျဉ်းထောင်တွင် ရေးခဲ့ခြင်းကြောင့် (တ ၂၈း၁၆-၃၁)၊ အကျဉ်းထောင်တွင်း ရေးသားသည့် စာအဖြစ် ရည်ညွှန်းသည် (ဧဖက်သြဝါ ဒစာ၊ ဖိလိပ္ပိသြဝါဒစာနှင့် ဖိလေမုန်ဩဝါဒစာကဲ့သို)။ ဤစာစောင်ကို ဧဖက်သြဝါဒစာ ရေးသား
ကောလောသဲ ဩဝါဒစာ၌ ခရစ်တော်
ကောလောသဲသြဝါဒစာ၏ သတင်းစကားသည် ခ ရစ်တော်၌ ယုံကြည်သူတို၏ ပြီးပြည့်စုံခြင်း အကြောင်း အတည်ပြုသည် (၁း၂၈)။ ရှင်ပေါလုသည် “နည်းဥပဒေသနှင့် တရားနု”တိုဖြင့် ခရစ်တော်၏ ပုဂ္ဂိုလ်ဖြစ်ခြင်းကို တိုက်ခိုက်မှုများအား ယေရှု၏ ဘုရားဖြစ်ခြင်းမှ အလေးအနက်ပြောသည် (၂း၈၊ ၉)။ ခရစ်တော်၏ ပြည့်စုံခြင်းကို လက်ခံခြင်းသည် သူ၌ ပြည့်စုံသောအသက်တာဖြစ်လာရန် ယုံကြည် သူများအား ဘုရားသခင်ခွင့်ပြုထားသည့်အရာဖြစ် သည် (၂း၁၀)။
ခရစ်တော်၏ ဘုန်းတန်ခိုးကြီးခြင်း ၊
“ သိုရာတွင် ငါတိုသည် ကိုယ့်တန်ခိုးကို အမှီပြု၍ ကိုယ်အလိုအလျောက် တစ်စုံတစ်ခုကို ကြံစည်ခြင်းငှါ တတ်နိုင်သည်မဟုတ်။ ဘုရားသခင်ကိုသာ အမှီပြု၍ တတ်နိုင်သည် …” (၂ ကော ၃း၅) ၊
ကျမ်းစာ၏ သက်ဝင်ယုံကြည်မှုတစ်ခုမှာ ယေရှုခရစ်တော်သည် အသက်တာလုပ်ဆောင်မှုအားလုံး နှင့် ဘုရားနှစ်သက်ဖွယ် လုပ်ဆောင်မှုများအတွက် ပြည့်စုံလုံလောက်လျက်ရှိသည် (၂ ပေ ၁း၃၊ ၄)။ သူသည် ဖန်ဆင်းခြင်း (ကော ၁း၁၆၊ ၁၇)၊ ကယ်တင်ခြင်း (ဟေဗြဲ ၁၀း၁၀-၁၂)၊ သန့်ရှင်းခြင်း ( ၅:၂၆၊ ၂၇) နှင့် ဘုန်းထင်ရှားခြင်း (ရော ၈း၃၀)တိုအတွက် လုံလောက်စွာ လုပ်ဆောင်ပေးနိုင်သည်။ ထိုကြောင့် စင်ကြယ်ခြင်း အရာတွင်လည်း သူသည် အပြစ်တင်ခွင့်နှင့်ကင်းခြင်း၊ အစွန်းအထင်း၊ အပြစ်တစ်စုံတစ်ရာ၊ ညစ်ညမ်းခြင်း၊ ဆိုးယုတ်ခြင်း၊ မှားယွင်းခြင်း (သို) မပြည့်စုံမှုများ မရှိပေ (၁ ပေ ၁း၁၈-၂၀)။
ယေရှုသည် ပြီးပြည့်စုံခြင်းကြောင့် သူနှင့်တူသောသူ မရှိခြင်း (ဟေရှာ ၄၅း၅)၊ သူသည် တပါးတည်း ၊ သောသားတော်ဖြစ်ခြင်း (ယော ၁း၁၄၊ ၁၈)၊ ဉာဏ်ပညာ၊ အသိပညာတို၏ ရတနာများအားလုံးသည် သူ၌ရှိ ခြင်း (ကော ၂း၃)၊ ဘုရားသခင်၏ ဇာတိအဖြစ်တော် ပြည့်စုံခြင်းသည် ခရစ်တော်၌ ထင်ရှားကျိန်းဝပ်ခြင်း (ကော ၂း၃)၊ သူသည် အလုံးစုံတို၏ အမွေခံဖြစ်ခြင်း (ဟေဗြဲ ၁း၂)၊ အရာအားလုံးကို သူဖန်ဆင်းပြီး၊ ဖန်ဆင်း ထားသောအရာအားလုံးသည် သူ့အားဖြင့်နှင့် သူ့အတွက်ဖြစ်ခြင်း (ကော ၁း၁၆)၊ သူ့တန်ခိုးတော် နှုတ်ကပတ် တော်အားဖြင့် အားလုံးကို တည်စေခြင်း (ကော ၁း၁၇၊ ဟေဗြဲ ၁၃)၊ သူသည် ဖန်ဆင်းသောအရာအားလုံးတွင် သားဦးဖြစ်ခြင်း (ကော ၁း၁၅)၊ သူသည် ဘုရားသခင်ကို အတိအကျ ထင်ရှားစေခြင်း (ဟေဗြဲ ၁း၃) စသည် ဖြင့် တွေ့ရသည်။
သူသည် ဘုရားနှင့်လူကြား ဖျန်ဖြေပေးသူ၊ သူသည် အလင်းပေးသူ၊ ခန္ဓာကိုယ်ကို အနာငြိမ်းပေးသူ၊ ကာကွယ်ခြင်းအတွက် မီးတံတိုင်း၊ နှစ်သိမ့်ပေးသော မိတ်ဆွေ၊ တန်ဖိုးကြီးသော ပုလဲ၊ ပိုဆောင်ပေးသော သင်္ဘော၊ လေးလံသော ဖိအားများကို ခံနိုင်သော ကျောက်၊ မြင့်သောအရပ်မှ တန်ခိုးအာနုဘော်တော်၏ လက်ျာဘက်တွင် ထိုင်သောသူ (ဟေဗြဲ၁း၃၊ ၈း၁)၊ ကောင်းကင်တမန်များထက် သာလွန်သူ (ဟေဗြဲ ၁၄း၁၄)၊ မောရှေ၊ အာရုန်၊ ယောရှု၊ မေလခိဇေဒက်၊ ပရောဖက်များအားလုံးထက် သာလွန်သူ၊ စာတန်ထက် ကြီးမြတ်သူ (လု ၄း၁-၁၂)နှင့် သေခြင်းထက် အားကြီးသူဖြစ်သည် (၁ ကော ၁၅း၅၅)။
သူသည် အစနှင့်အဆုံးမရှိသူ (ဗျာ ၁း၁၇၊ ၁၈)၊ အပြစ်အနာအဆာမရှိသော ဘုရားသခင်၏ သိုး သူငယ်၊ ကျွန်ုပ်တိုအတွက် ငြိမ်းချမ်းခြင်းပေးသူ ( ၂း၁၄)၊ ကျွန်ုပ်တို၏ မျှော်လင့်ခြင်း (၁ တိ ၁း၁)၊ ကျွန်ုပ်တို၏ အသက် (ကော ၃း၄)၊ အသက်ရှင်ပြီး မှန်ကန်သော လမ်း (ယော ၁၄း၆)၊ ဣသရေလလူမျိုး၏ ခွန်အား (၁ ရာ ၁၅း၂၉)၊ ဒါဝိဒ်၏ အနွယ်နှင့်သားတော်၊ တောက်ပသော နံနက်မိုးသောက်ကြယ် (ဗျာ ၂၂း၁၆)၊ သစ္စာရှိ ပြီး မှန်ကန်သူ (ဗျာ ၁၉း၁၁)၊ ကျွန်ုပ်တို ယုံကြည်ခြင်းကို အစအဦးစီရင်၍ စုံလင်စေသောသူ (ဟေဗြဲ ၁၂း၁၊ ၂)၊ ကျွန်ုပ်တို ကယ်တင်ခြင်းအတွက် အရှင် (ဟေဗြဲ ၂း၁၀)၊ သူသည် ချန်ပီယံ၊ ရွေးချယ်ထားသောသူ (ဟေရှာ ၄၂း၁)၊ ကျွန်ုပ်တို ဝန်ခံသော တမန်တော်နှင့် ယဇ်ပုရောဟိတ်မင်း (ဟေဗြဲ ၃း၁)၊ ဖြောင့်မတ်သော အစေခံ (ဟေရှာ ၅၃း၁၁) ဖြစ်သည်။
သူသည် ကောင်းကင်ဗိုလ်ခြေအရှင်၊ ဣသရေလ၏ သန့်ရှင်းသော ရွေးနှုတ်ကယ်တင်သူ၊ လောက တစ်ခုလုံး၏ ဘုရား (၅၄း၅)၊ နာကြဉ်းခြင်းဝေဒနာနှင့် ကျွမ်းဝင်သောသူ (ဟေရှာ ၅၃း၃)၊ သူသည် အလင်း၊ လူသား (မ ၂၀း၂၈)၊ စပျစ်နွယ်၊ အသက်မုန့်၊ တံခါး၊ သခင် (ဖိ ၂း၁၀-၁၃)၊ ပရောဖက်၊ ယဇ်ပုရောဟိတ်နှင့် ရှင်ဘုရင် (ဟေဗြဲ ၁း၁-၃)၊ ကျွန်ုပ်တို၏ ငြိမ်သက်ခြင်းချမ်းသာ (ဟေဗြဲ ၄း၉)၊ ကျွန်ုပ်တို၏ ဖြောင့်မတ်ခြင်း (ယေ ၂၃း၆)၊ အံ့ဩဖွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသောဘုရား၊ ထာဝရအဘ၊ ငြိမ်သက်ခြင်း အရှင် (ဟေရှာ ၉း၆)၊ သိုးထိန်းကြီး (၁ ပေ ၅း၄)၊ ကောင်းကင်ဗိုလ်ခြေအရှင်၊ တိုင်းနိုင်ငံတို၏ သခင်၊ ယုဒအမျိုး၏ ခြင်္သေ့၊ အသက်ရှင်သော နှုတ်ကပတ်တော်၊ ကယ်တင်ခြင်းကျောက်၊ ထာဝရဝိညာဉ်၊ ဖန်ဆင်းရှင်နှင့် နှစ်သိမ့်သ၊ မေရှိယ၊ ကြီးမြတ်သည့် ငါဖြစ်သောသူ (ယော ၈း၅၈) ဖြစ်သည်။
လာအချိန်၌ ရေးသားခဲ့ခြင်းဖြစ်ပြီး၊ တုတ်ဖြင့် ဖိလေမုန်ဩဝါဒစာနှင့်အတူ ပေးပိုခဲ့သည် ( ၆း၂၁၊ ၂၂၊ ကော ၄း၇၊ ၈)။ ရှင်ပေါလု ရေးသားခဲ့သည့် မြိုနှင့်ပတ်သက်ပြီး ပိုမိုသိရှိရန် ဖိလ်လှဝါးစာ – စာရေးသူနှင့် ရက်စွဲတွင်ကြည့်ပါ။ သူသည် ဤစာစောင် အတုအယောင် များ ရင်ဆိုင်တွေ့ကြုံနေ ရသေး လာလဲမြိုကို သတိပေးရန် ရေးသားခဲ့ပြီး၊ ကောလောသဲ အလင်းလ လေမုန်လံမှ ထွက်ပြေးသွားသော သူ့ကျွန် ဩနေလိမ်အား ပြန်ပိုပေးသူ တုဓိတ် နှင့် စာစောင်ကို ပေးပိုခဲ့သည် (၄း၇-၉၊ ဖိလေမုန်ဩဝါဒစာ- နောက်ခံသမိုင်းကြောင်းနှင့် အ နေအထားတွင်ကြည့်ပါ)။ ဧပဖြသည် ရောမတွင် ကျန်သေးပြီး (ဖိလေ ၂း၃)၊ ရှင်ပေါလုထံမှ နောက်ထပ် ညွှန်ကြားမှုများ လက်ခံရန် ဖြစ်နိုင်သည်။
ကောလာသဲ ဩဝါဒစာရှိ အဓိက ဇာတ်ကောင်များ
ရှင်ပေါလု – ခရစ်တော်၏ ဘုရားဖြစ်ခြင်းကို ငြင်းဆန်သော မှားယွင်းသည့် ဩဝါဒများမှ ရှောင်ရန် ကောလောသဲရှိ အသင်းတော်ကို တိုက်တွန်းသူ (၁း၁-၄း၁၈)
တိမောသေ – ရှင်ပေါလုနှင့် ခရီးပြုသော နောက်လိုက်သာသနာပြု (၁း၁)
တုခိတ် – ရှင်ပေါလုထံမှ စာများနှင့် သတင်းစကားများကို ယူဆောင်ပြီး ကောလောသဲရှိ အသင်းတော်သို ပေးပိုသူ (၄း၇-၉)
ဩနေသိမ် – သူ့သခင်နှင့် ပြန်လည်သင့်မြတ်ရန် ကောလောသဲသို မပြန်ခင် ရှင်ပေါလုကို သစ္စာရှိစွာ အစေခံသူ (ဖိလေမုန်ဩဝါဒစာတွင် ကြည့်ပါ) (၄း၉)
အာရိတ္တာခု – ရှင်ပေါလု၏ တတိယသာသနာပြုခရီးစဉ်တွင် လိုက်ပါသွားသော သက်သာလော နိတ်မြိုသား (၄း၁၀)
မာကု – ရှင်ပေါလုနှင့် ဗာနဗတို၏ ပထမသာသနာပြုခရီးစဉ်တွင် အတူလိုက်ပါသော ဗာနဗ၏ ညီအစ်ကို ဝမ်းကွဲ (၄း၁၀)
ဧပဖြ – ကောလောသဲအသင်းတော်ကို အစပြုသူ (၁း၇၊ ၈၊ ၄း၁၂၊ ၁၃) ၊
သမိုင်းကြောင်းနှင့် ဓမ္မအတွေးအခေါ်ဆိုင်ရာ အကြောင်းအရာများ
ကောလောသဲသြဝါဒစာသည် ခရစ်တော်၏ ဘုရားဖြစ်ခြင်း (၁း၁၅-၂၀၊ ၂း၂-၁၀)၊ ပြန်လည်သင့်မြတ်ခြင်း (၁း၂ဝ-၂၃)၊ ရွေးနှုတ်ကယ်တင်ခြင်း (၁း၁၃၊ ၁၄၊ ၂:၁၃၊ ၁၄၊ ၃း၉-၁၁)၊ ရွေးကောက်ခြင်း (၃း၁၂)၊ ခွင့်လွှတ်ခြင်း (၃း၁၃)နှင့် အသင်းတော်၏ သဘောသဘာဝ (၁း၁၈၊ ၂၄၊ ၂၅၊ ၂း၁၉၊ ၃း၁၁၊ ၁၅)စသည်တို အပါအဝင် အဓိက တရားဓမ္မဆိုင်ရာ နယ်ပယ် များအကြောင်း သွန်သင်မှုများ ပါဝင်သည်။ အထက်တွင် ဖော်ပြသည့်အတိုင်း ကောလောသဲ အသင်းတော်ကို တိုက်ခိုက်သော မှားယွင်သောသွန်သင်မှုများကိုလည်း မမှန်ကန်ကြောင်း ဖော် ပြထားသည်။
ကောလောသဲ ဩဝါဒစာရှိ အဓိကဩဝါဒများ
ခရစ်တော်၏ ဘုရားဖြစ်ခြင်း – ခရစ်တော်သည် ဘုရားသခင်ထံမှ ဆင်းကြွလာခြင်းသာမကဘဲ၊
ခရစ်တော်၏ ကြီးမြတ်ခြင်း
ခရစ်တော်
စကြဝဠာတစ်ခုလုံးကို အုပ်စိုးခြင်း
မျက်မြင်မရသော ဘုရား၏ ပုံသဏ္ဌာန် (၁း၁၅)
ခပ်သိမ်းသောအရာတိုကို ဖန်ဆင်းသူ (၁း၁၆)
ခပ်သိမ်းသောအရာများကို စောင့်ထိန်းခြင်း (၁း၁၇)
အသင်းတော်၏ ဦးခေါင်း (၁း၁၈)
ပြန်လည် သင့်မြတ်ခြင်းတွင်
ခမည်းတော်ကို ကျေနပ်စေသူ (၁း၁၉၊ ၂၀)
သူ့ သေခြင်းအားဖြင့် ကျွန်ုပ်တို ပြန်လည်သင့်မြတ်ခြင်း (၁း၂၁၊ ၂၂)
ဘုန်းအသရေကို မျှော်လင့်ခြင်းကြောင့် ကျွန်ုပ်တိုအထဲတွင် ရှင်သန်ခြင်း (၁း၂၇)
အသိဉာဏ်ပညာတွင်
ဉာဏ်ပညာ စည်းစိမ်အားလုံး၏ အရင်းအမြစ် (၂း၂၊ ၃)
လောကီတရားနုတိုသည် သူ့ကို မဖျက်ဆီးနိုင် (၂း၈) ၊
ပုဂ္ဂိုလ်ရေးရာ နာခံခြင်းတွင်
ကျွန်ုပ်တိုသည် သူ၌ အသက်ရှင်ခြင်း (၂း၁၁-၁၃)
ပညတ်ထုံးတမ်းအစဉ်အလာများ မလိုအပ်တော့ခြင်း (၂း၁၆-၂၃)
ခရစ်ယာန် အသက်ရှင်ခြင်း၌
သူသည် ကျွန်ုပ်တို၏ အသက် (၃း၃)
ကျွန်ုပ်တိုသည် မကောင်းမှုကို ရှောင်နိုင်ပြီး အခြားသူများကို ကောင်းကြီးပေးနိုင်ခြင်း (၃း၅-၁၄)
စစ်မှန်သော ဘုရား၊ မေရှိယဖြစ်ခြင်း (၁း၁၅-၂၀၊ ၂း၂-၁၀၊ ဆာ ၂၄း၇၊ ၁၀၊ ၄၅း၆၊ ၇၊ ဟေရှာ ၇း၁၄၊ ၈း၁၃၊ ၁၄၊ ၉း၆၊ ၄၀း၃၊ ၁၁၊ ယေ ၂၃း၅၊ ၆၊ ဇာ ၁၃း၇၊ မ ၁း၂၃၊ ၃း၃၊ ၁၂း၈၊ ၂၆း၆၃-၆၇၊ မာ ၂း၇၊ ၁ဝ၊ ယော ၁း၁၊ ၁၄၊ ၁၈၊ ၃း၁၆၊ တ ၁၀း၃၆၊ ရော ၉း၅၊ တိ ၂း၁၃၊ ဟေဗြဲ ၁၃း၂၀၊ ၁ ပေ ၂း၈)
ပြန်လည်သင့်မြတ်ခြင်း – ယေရှုခရစ်တော်၏ အပူဇော်ခံခြင်းသည် ဘုရားနှင့်လူကြား ပြုမှု ၊ ဆက်ဆံခြင်းကို အသစ်ဖြစ်စေခြင်း (၁း၂၀-၂၂၊ ၂း၁၄၊ ဝတ် ၈း၁၅၊ ၁၆း၂၀၊ ဒံ ၉း၂၄။ ဟေရှာ ၅၃း၅၊ မ ၅း၂၄-၂၆၊ ရော ၅း၁၊ ၁၀၊ ၁၁၊ ၂ ကော ၅း၁၈-၂ဝ၊ ဧ ၂း၁၄-၁၆၊ ဟေဗြဲ ၂း၁၇)
ရွေးနှုတ်ကယ်တင်ခြင်း – ယေရှုခရစ်တော်သည် ကားတိုင်တွင် သူအသေခံခြင်း အဖိုးအခအဖြစ် ကျွန်ုပ်တိုကို ကယ်တင် ဝယ်ယူခဲ့ခြင်း (၁း၁၃၊ ၁၄၊ ၂း၁၃၊ ၁၄၊ ၃း၉-၁၁၊ ဟေရှာ ၄၃း၁၊ ၄၄း၂၁-၂၃၊ မ ၂၀း ၂၈၊ လု ၁း၆၈၊ တ ၂၀း၂၈၊ ၁ ကော ၁း၃၀၊ ၆း၂၀၊ ၇း၂၃၊ ဂလ ၃း၁၃၊ ၄း၄၊ ၅၊ ဟေဗြဲ ၉း၁၂၊ ၁ ပေ ၁း၁၉၊ ဗျာ ၅း၉)
ရွေးကောက်ခြင်း – ယုံကြည်သူတို၏ အသက်တာနှင့် အနာဂတ်ကို ကမ္ဘာမတည်ရှိမီကတည်း ဘုရားသခင် စီစဉ်ထားခြင်း (၃း၁၂၊ မ ၂၀း၁၆၊ ယော ၆း၄၄၊ ၁၃း၁၈၊ ၁၅း၁၆၊ တ ၂၂း၁၄၊ ရော ၈း၂၉၊ ၉း၁၁၊ ၁၅၊ ၁၆၊ ၁ ကော ၁:၂၇၊ ဧ ၁း၄၊ ၅၊ ၁၁၊ ၁ သက် ၁း၄၊ ၂ သက် ၂း၁၃၊ တိ ၁း၁၊ ၁ ပေ ၁း၂)
ခွင့်လွှတ်ခြင်း – ကျွန်ုပ်တိုကို ဘုရားသခင်ခွင့်လွှတ်ခြင်းပုံစံအတိုင်း အခြားသူများကို ကျွန်ုပ်တို ပြန်လည်ခွင့်လွှတ်ခြင်း (၃း၁၃၊ ဆာ ၇း၄၊ သု ၁၉း၁၁၊ မ ၁၈း၂၂၊ မာ ၁၁း၂၅၊ လု ၆း၃၆၊ ၁၇း၁၄၊ ၂၃း၃၄၊ ရော ၁၂း၁၉၊ ဧ ၄း၃၂၊ ၁ ပေ ၄း၈)
ခရစ်တော်၏ ကိုယ်ခန္ဓာကဲ့သိုသော အသင်းတော်၏ သဘောသဘာဝ – ယေရှုခရစ်တော်၌ ရှိသော ခရစ်ယာန်အားလုံးသည် ဘုရားသခင်၏ သားသမီးများနှင့် ထာဝရနိုင်ငံတော် သားများအဖြစ် ဘုရားသခင်ရှေ့ တော်တွင် အတူတူဖြစ်ခြင်း (၁း၁၈၊ ၂၄၊ ၂၅၊ ၂း၁၉၊ ၃း၁၁၊ ၁၅၊ ဧ ၁:၂၂၊ ၂၃၊ ၃၆၊ ၅း၃၂၊ ဗျာ ၂း၁၉)
ကောလောသဲသြဝါဒစာရှိ ဘုရားသခင်၏ ဂုဏ်အင်္ဂါလက္ခဏာများ
ဘုရားသခင်သည် ချဉ်းကပ်၍ ရသော ဘုရား – ၁:၂၁၊ ၂၂
ဘုရားသခင်သည် မျက်စိဖြင့် မမြင်ရသော ဘုရား – ၁း၁၅
ဘုရားသခင်သည် တရားမျှတသော ဘုရား – ၃း၂၅
ဘုရားသခင်သည် တန်ခိုးကြီးသော ဘုရား – ၁း၁၁၊ ၂း၁၂
ဘုရားသခင်သည် ပြန်လည်သင့်မြတ်ခြင်းပြုသော ဘုရား – ၁း၂ဝ
ဘုရားသခင်သည် အမျက်ဒေါသထွက်သော ဘုရား – ၃း၆
အနက်အဓိပ္ပာယ်ဆိုင်ရာ အခက်အခဲများ ၊
ခရစ်တော်၏ ဘုရားဖြစ်ခြင်းကို ငြင်းဆန်သော အယူဝါဒများက သူသည် ဖန်ဆင်း ထားသောအရာ အဖြစ် သက်သကဲ့သို “ဝေနေယျသတ္တဝါအပေါင်းတိုတွင် သားဦး” (၁း၁၅) ဟု ဖော်ပြချက်အား ချုပ်ကိုင်ပြီး ဖော်ပြသည်။ ထိုအရာကို ရှင်ပေါလု ဖော်ပြချက်မှာ ယုံကြည်သူ များ ကယ်တင်ခြင်းဆုံးရှုးနိုင်ကြောင်း သွန်သင်မှုအချိုကြောင့် သူတိုသည် “ကိုယ်ခန္ဓာ၌ ရှိနေ သော”ကြောင့် “သန့်ရှင်းခြင်း၊ အပြစ်တင်ခွင့်နှင့် ကင်းလွတ်လျက် ရှေ့တော်၌ ဆက်သနိုင်ရန်” ဖြစ်သည်ဟု ဖော်ပြထားသည် (၁:၂၂၊ ၂၃)။ (ဤအကြောင်း အရာနှင့်ပတ်သက်ပြီး ခက်ခဲသည့် မေးခွန်းများအတွက် အဖြေများကဏ္ဍတွင်ကြည့်ပါ။) ၊
အချိုက ငရဲတည်ရှိခြင်းအတွက် ရှင်ပေါလုဖော်ပြသည့် “ငါ… ခရစ်တော်၏ ဆင်းရဲ ဒုက္ခအကြွင်း အကျန်ကို … ငါ့ကိုယ်ခန္ဓာ၌ ပြည့်စုံစေ၏” (၁း.၂၄)ကို အခြေခံပြီး ဆွေးနွေးငြင်း ခုန်ကြသည်။ ရှင်ပေါလုသည် ခရစ်တော်အတွက် ရည်ရွယ်သော ဒုက္ခဆင်းရဲများကို တွေ့ကြုံခဲ့ သည်။ ကားတိုင်တွင် သူ့သေခြင်း၌ ခရစ်တော်၏ ရန်သူများသည် သူ့အပေါ် ဒုက္ခဆင်းရဲနာကျင် မှုများပေးခြင်းအတွက် ကျေနပ်မှုမရှိခဲ့ကြပေ။ ထိုကြောင့် သူတို၏ မုန်းတီးမှုကို ဧဝံဂေလိဟော ပြောသူများအပေါ် ကျရောက်စေခဲ့သည် (ယော ၁း၁၈၊ ၂၄၊ ၁၆း၁-၃)။ ထိုအရာက ခရစ်တော် ၏ ဆင်းရဲဒုက္ခအကြွင်းအကျန်ကို ရှင်ပေါလု ဖြည့်ဆည်းခြင်းဟု ဆိုလိုခြင်းဖြစ်သည်။
ခရစ်တော်၏ အမည်နာမများ
အမည်/ဂုဏ်ပုဒ် ထင်ရှားမှု ကျမ်းစာအကိုးအကား
အာဒံ၊ နောက်ဆုံးအာဒံ အသက်ကိုရရှိစေသော ပထမလူ ၁ ကော ၁၄း၄၅
အာလဖနှင့် ဩမေဃ အရာအားလုံး၏ အစနှင့်အဆုံး ဗျာ ၂း၁၆
အသက်မုန့် အရေးပါသော အစားအစာ ယော ၆း၃၅
တိုက်ထောင့်အမြစ်ကျောက် အသက်တာအတွက် သေချာသော အုတ်မြစ် ဧ ၂း၂၀
သိုးထိန်းကြီး ကွယ်ကာ၊ စောင့်ရှောက်၊ လမ်းပြသူ ၁ ပေ ၅း၄
သေခြင်းမှ အဦးဆုံးထမြောက်သူ ထမြောက်ခြင်းနှင့်
ထာဝရအသက်သို ကျွန်ုပ်တိုအား ခေါ်ဆောင်သူ ကော ၁း၁၈
ကောင်းသောသိုးထိန်း မစသူနှင့် ဂရုပြုသူ ယော ၁၀း၁၁
သိုးထိန်းကြီး သစ္စာရှိစွာ လမ်းပြသူ၊ ကွယ်ကာသူ ဟေဗြဲ ၁၃း၂၀
ယဇ်ပုရောဟိတ်မင်းကြီး ကျွန်ုပ်တိုအပြစ်များအတွက် ပြည့်စုံသောယဇ် ဟေဗြဲ ၃း၁
သန့်ရှင်းသော ဘုရား သူ့ပင်ကိုယ်တွင် အပြစ်မရှိခြင်း မာ ၁း၂၄
ဧမာနွေလ(ငါတိုနှင့်အတူရှိသောဘုရား) ဘဝအခြေအနေတိုင်း၌ ကျွန်ုပ်တိုနှင့်အတူရှိသူ မ ၁း၂၃
ဘုရင်တကာတို၏ဘုရင်၊ အရှင် လူသားအားလုံး သူ့ရှေ့တွင် ဒူးထောက် ဗျာ ၁၉း၁၆
တကာတို၏ အရှင် ကိုးကွယ်ရမည့် အနန္တတန်ခိုးရှင် ။
ဘုရားသခင်၏ သိုးသူငယ် ကျွန်ုပ်တိုကိုယ်စား သူ့အသက်ကို ပူဇော်ခံသူ ယော ၁း၂၉
လောက၏ အလင်း အမှောင်ထုတွင် မျှော်လင့်ခြင်းကို ယူလာသူ ယော ၉း၅
ဘုန်းကြီးသော သခင် အသက်ရှင်သောဘုရား၏ တန်ခိုးနှင့်တည်ရှိသူ ၁ ကော ၂း၈
ဘုရားနှင့်လူကြား ဖျန်ဖြေသူ ကျွန်ုပ်တိုအား ရွေးနှုတ်ပြီး ခွင့်လွှတ်လျက် ၁ တိ ၂:၅
ဘုရားရှေ့သို ပြန်ပိုသူ
ခမည်းတော်၏ တစ်ပါးတည်း ထူးခြားသော ဘုရားသခင်၏ သား ယော ၁း၁၄ သောသား
ပရောဖက် သစ္စာရှိသော ဘုရား၏သမ္မာတရားကိုပြောကြားသူ တ ၃း၂၂
ကယ်တင်ရှင် အပြစ်နှင့်သေခြင်းမှ ကယ်တင်သူ လု ၁း၄၇
အာဗြဟံ၏ မျိုးဆက် ဘုရားသခင်၏ ပဋိညာဉ်ကို လုပ်ဆောင်သူ ဂလ ၃း၁၆
လူသား ကျွန်ုပ်တို လူသားပုံစံဖြင့် ထင်ရှားသူ ၊ မ ၁၈း၁၁ နှုတ်ကပတ်တော် ဖန်ဆင်းခြင်း၌ ဘုရားသခင်နှင့်အတူရှိသူ ယော ၁း၁
ထိုပြင် ကောလောသဲသြဝါဒစာ၌ နှစ်ခြင်းခံပြီး လူသစ်ဖြစ်ခြင်းအကြောင်း မြင်သောသူ များလည်းရှိသည် (၂း၁၂)။ အရေဖျားလှီးခြင်းသည် နှလုံးသားအား သန့်ရှင်းရန်အတွက် လူတို ၏ လိုအပ်မှုကို ပုံဖော်ထားပြီး (တရားဟော ၁၀း၁၆၊ ၃၀း၆၊ ယေ ၄း၄၊ ၉:၂၆၊ တ ၇:၅၁၊ ရော ၂း၂၉)၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှ ဖြစ်လာသော အပြစ်ဆေးကြောခြင်းသည် အပြင်ပိုင်း လက္ခဏာဖြစ်သည် (ရော ၄း၁၁၊ ဖိ ၃း၃)။ ကယ်တင်ခြင်း၌ ယုံကြည်သူများသည် “ဇာတိပကတိ အပြစ်၏ ကိုယ်ကို ဖယ်ရှင်း၍” ဝိညာဉ်ရေးဆိုင်ရာ “အရေဖျားလှီးခြင်း”ကို ခံရသည် (ရော ၆း၆၊ ၂ ကော ၅း၁၇၊ ဖိ ၃း၃။ တိ ၃း၅)။ ထိုအရာက အသစ်မွေးဖွားခြင်း ဖြစ်ပြီး၊ ပြောင်းလဲခြင်း ၌ အသစ်ပြုပြင်ခြင်းဖြစ်သည်။ အတွင်းပိုင်း ပြုပြင်ပြောင်းလဲမှုများ ပြည့်စုံပြီးနောက် အပြင်ပိုင်း ဖြစ်ပေါ်မှုမှာ ယုံကြည်သူများ ရေအားဖြင့် နှစ်ခြင်းခံခြင်းဖြစ်သည် (တ ၂း၃၈)။
နောက်ဆုံးတွင် “ထို(လောဒိကိ)မြိုမှ ရေးသောစာ” (၄း၁၆)ဟု ပြောသောအရာသည် ဆွေးနွေးစရာ အကြောင်းများ ဖြစ်ပေါ်သည်။ ကောလောသဲသို ပေးပိုသော စာစောင်သည် ကောလောသဲနှင့် လောကိရှိ အသင်းတော်များ၌ လူများရှေ့တွင် ဖတ်ရန်ဖြစ်သည်။ လောကို မြိုမှ ရေးသောစာသည် ရှင်ပေါလုရေးသော အခြားစာစောင်တစ်ခုဖြစ်ပြီး၊ ဧဖက်မြိုသို ပေးပို သောစာစောင်အဖြစ် ရည်ရွယ်သည်။ ဧဖက်သြဝါဒစာ၏ အစောဆုံးလက်ရေးမှုများသည် “ဧဖက်မြို၌”ဟူသော စကားလုံးမပါဘဲ၊ ထိုသီးသန့်စာစောင်သည် နယ်မြေရှိ အသင်းတော်များ အားလုံးအတွက် ရည်ရွယ်ပြီး ရေးသားခြင်းကို ဖော်ပြသည်။ တုဓိတ်သည် ဧဖက်သြဝါဒစာ လောဒိကိရှိ အသင်းတော်သို အရင်ပေးခဲ့ကြောင်း ဖြစ်နိုင်သည်။
အကျဉ်းချုပ် ကောက်နှုတ်ချက်
၁။ ကိုယ်ရေးကိုယ်တာ အကြောင်းအရာများ (၁း၁-၁၄)
က။ ရှင်ပေါလု၏ နှုတ်ဆက်စကား (၁း၁၊ ၂)
ခ။ ရှင်ပေါလု၏ ကျေးဇူးတင်ခြင်း (၁း၃-၈)
ဂ။ ရှင်ပေါလု၏ ဆုတောင်းခြင်း (၁း၉-၁၄)
၂။ ဩဝါဒဆိုင်ရာ ညွှန်ကြားချက် (၁း၁၅-၂း၂၃) ၊
က။ ခရစ်တော်၏ ဘုရားဖြစ်ခြင်းအကြောင်း (၁း၁၅-၂၃)
ခ။ ရှင်ပေါလု၏ သာသနာအကြောင်း (၁း၂၄-၂၇)
ဂ။ မှားယွင်းသော အယူအဆများအကြောင်း (၂း၈-၂၃)
၃။ လက်တွေ့ ကျင့်သုံးရန် တိုက်တွန်းနှိးဆော်မှုများ (၃း၁-၄း၁၈)
က။ ခရစ်ယာန်တို အကျင့် (၃း၁-၁၇) ၊
ခ။ ခရစ်ယာန် မိသားစုများ (၃း၁၈-၄း၁)
ဂ။ ခရစ်ယာန်တို ပြောရမည့်စကား (၄း၂-၆)
ဃ။ ခရစ်ယာန် မိတ်ဆွေများ (၄း၇-၁၈)
ကောလောသဲ ဩဝါဒစာ အချိန်ကာလ၌ ကမ္ဘာကြီးရှိ အခြားသောနေရာများ
ယနေ့အခေါ် ဂျပန်ကျွန်းစွယ်တွင် ရှေးကတည်ရှိခဲ့သော နိုင်ငံတစ်ခုဖြစ် သည့် နူရှင်ဘုရင်နိုင်ငံမှ သံတမန်တစ်ဦးသည် တရုတ်ပြည်ရှိ ဟန်အင်ပါ ယာ Guang Wudi ထံ ဂါရဝပြုရန် ရောက်လာသည်။
ခက်ခဲသော မေးခွန်းများအတွက် အဖြေများ ၊
၁။ ခရစ်တော်အား “ဝေနေယျသတ္တဝါအပေါင်းတိုတွင် သားဦး”ကဲ့သို ၁း၁၅-၂ဝ တွင် ဖော်ပြထား မှုသည် ခရစ်တော်၏ ဘုရားဖြစ်ခြင်း ကျမ်းစာဩဝါဒနှင့် မည်သို ကိုက်ညီမှုရှိသနည်း။
ထိုကျမ်းပိုဒ် ၁း၁၅-၂ဝ သည် ခရစ်တော်၏ ဘုရားဖြစ်ခြင်းကို အထူးကာကွယ်မှုတစ်ခု ပါဝင်သည်။ ကောလောသဲအသင်းတော်ကို တိုက်ခိုက်သော မှားယွင်းသောဆရာများ၏ အဓိက
ကောလောသဲသြဝါဒစာရှိ အဓိက ဝေါဟာရများ
ယေရှုခရစ်တော် – ဂရိဝေါဟာရ – less Christos – ၁း၁-၄၊ ၂၈၊ ၂း၆၊ ၃း၁၇ – လူအတော်များ များက ယေရှုခရစ်တော် ဟူသည် ယေရှု၏ အစနှင့်အဆုံးအမည်များကို ရည်ညွှန်းခြင်းဖြစ်ကြောင်း ယုံကြည်ကြသည်။ သိုသော် ယေရှု ဟူသည် လူအမည်ဖြစ်ပြီး “ဘုရားသခင် ကယ်တင်သည်”ဟူသော အဓိပ္ပာယ်ဖြစ်သည် (မ ၁း၂၁)။ ခရစ်တော် ဟူသော အမည်နာမသည် ထူးခြားသောရပ်တည်ချက် တစ်ခုကို ဖော်ပြပြီး၊ ယေရှုသည် “ဘိသိတ်ခံရသောသူ”ဟု ဖြစ်သည်။ သူသည် လူသားတို၏ ပြည့်စုံသော ရှင်ဘုရင်၊ ပရောဖတ်၊ ယဇ်ပုရောဟိတ်မင်းကြီးအဖြစ် အစေခံသည်။ ယေရှုခရစ်တော် ဟူသော အမည်သည် ကတိတော်ထားသော မေရှိယကဲ့သို ယေရှု မိမိကိုယ်ကို ဖော်ပြပြီးနောက် ဖြစ်ပေါ်လာသော အမည်ဖြစ်သည်။ ရှင်ပေါလုသည် ကောလောသဲအသင်းတော်သို ပေးပိုသော သူ့စာစောင်တွင် နာမည်နှစ်ခုကို တွဲဖော်ပြခြင်းဖြင့် ယေရှုခရစ်တော်၏ ထူးခြားသာလွန်မှုကို ဖော်ပြ သည်။
သားဦး – ဂရိဝေါဟာရ – prototokos – ၁း၁၅၊ ၁၈ – စာပေသဘောအရ “ပထမဆုံးအကြိမ်” (သို) “ပထမဆုံးနေရာ” ဖြစ်သည်။ ရှေ့-နောက်ဆက်စပ်မှုတွင် prototokos သည် ကြီးမြတ်ခြင်း (သို) “ပထမ နေရာတွင်ထားခြင်း”ကဲ့သို ဘာသာပြန်ဆိုရသည်။ ထိုကြောင့် ယေရှုခရစ်တော်သည် ဖန် ဆင်းထားသောအရာအားလုံးကို အုပ်စိုးသော “အဦးဘွားမြင်သူ”ဖြစ်သည် (ထွက် ၄း၂၂၊ တရားဟော ၂၁း၁၆၊ ၁၇၊ ဆာ ၈၉း၂၃)။ ဤနာမသည် ဖန်ဆင်းထားသောအရာအားလုံးတွင် အရင်ဆုံးဖန်ဆင်း ထားသော လူသားဖြစ်ခြင်းကို ဖော်ပြသည်။ သိုသော် ဤနာမသည် ခရစ်တော်ကိုယ်တိုင် ဘုရားသ ခင် ဖန်ဆင်းထားသည်ဟု မည်သည့်နည်းလမ်းဖြင့် ဖော်ပြထားခြင်းမဟုတ်ပေ။ ထိုကြောင့် ခရစ် တော်သည် ဖန်ဆင်းခံအရာ မဖြစ်နိုင်ပေ။ သူသည် ဘုရားသခင်၏ ထာဝရတည်ရှိသော သားတော်၊ သုံးပါးတစ်ဆူတွင် ဒုတိယပုဂ္ဂိုလ်ဖြစ်သည်။
ပြီးပြည့်စုံခြင်း – ဂရိဝေါဟာရ – teleios – ၁း၂၈၊ ၄း၁၂ – စာပေသဘောအရ “အဆုံး” “ကန့်သတ်” (သို) “ပြည့်စုံခြင်း”ဖြစ်သည်။ ရှင်ပေါလုက teleios ကို ခရစ်တော်၌ ယုံကြည်သူများ ပြည့်စုံခြင်း (သို) ပြည့်ဝခြင်းကို ဖော်ပြရန် အသုံးပြုသည် (ကော ၁း၂၈၊ ၄း၁၂)။ ခရစ်ယာန်များသည် “ပြည့် စုံခြင်း”သို ရောက်ရပြီး၊ အခက်အခဲများအားဖြင့် ယုံကြည်ခြင်းရင့်ကျက်လာသောအခါ ဘုရားနှစ် သက်သောအသက်တာဖြင့် ပြည့်စုံလာသည် (ယာ ၁:၄)။ ခရစ်ယာန်များသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို အခြားသူများအား ဖော်ပြခြင်းဖြင့် ပိုမိုပြည့်စုံခြင်းအဖြစ်သို ရောက်ရှိသည် (၃း၁၄၊ ၁ ယော ၄း၁၂)။ ရှင်ပေါလုသည် သူ၏ ခရစ်ယာန်အသက်တာ၌ ပြည့်စုံခြင်းပန်းတိုင်သို လျှောက်လှမ်းခြင်းအကြောင်း ဖော်ပြသကဲ့သို (ဖိ ၃း၁၂-၁၄)၊ ကျွန်ုပ်တိုသည်လည်း ခရစ်တော်၌ ကျွန်ုပ်တိုပန်းတိုင်ကို ပြည့်စုံအောင် လုပ်ဆောင်ရမည်။ လူသားအတွက် ပြည့်စုံခြင်းပန်းတိုင်သည် “စုံလင်ခြင်းသိုရောက်သောအခါ” ပြည့်စုံမည်ဖြစ်သည် (၁ ကော ၁၃း၁၀)။
——————————–
ဆန့်ကျင်သောအရာသည် ခရစ်တော်၏ ဘုရားဖြစ်ခြင်းကို ငြင်းဆန်ခြင်းဖြစ်သည်။ ဆယ်စုနှစ် များတစ်လျှောက် ခံယူချက်အချိုသည် “ဝေနေယျသတ္တဝါအပေါင်းတိုတွင် သားဦး” (၁း၁၅)ကို အသုံးပြုပြီး ခရစ်တော်၏ ဘုရားဖြစ်ခြင်းကို တိုက်ခိုက်သည်။ ခံယူချက်မှာ ယေရှုသည် ဖန်ဆင်း ခံအရာကဲ့သို မွေးလာလျှင် သူသည် ဘုရားဖြစ်ခြင်းထက် ကျွန်ုပ်တိုနှင့် ပိုတူမည်ဟု ဖြစ်သည်။
သိုသော် သားဦးအတွက် ဂရိဝေါဟာရသည် သမိုင်းကြောင်းအရ အဦးဆုံးမွေးဖွားသ ကို ရည်ညွှန်းနိုင်သော်လည်း အဆင့်အတန်း (သို) ရာထူးဖြစ်တည်မှုကို ပိုပြီး ရည်ညွှန်းပြောဆို သည် (ဟေဗြဲ ၁း၆၊ ရော ၈း၉)။ ဤဆက်စပ်မှုအရ သားဦး ဟူသည်မှာ ရာထူးတွင် အမြင့်ဆုံးဖြစ် ပြီး၊ ပထမဆုံး ဖန်ဆင်းခံမ ဟုတ်ကြောင်း (ဆာ ၈၉း၂၇၊ ဗျာ ၁:၅)ကို များစွာသောအကြောင်းအရာ များက ဖော်ပြသည်။
> ခရစ်တော်သည် “ပထမဆုံး သားဦး”နှင့် “တစ်ပါးတည်းသော သား”နှစ်ခုလုံး မဖြစ်နိုင်ပေ (ယော ၁း၁၄၊ ၁၈၊ ၃း၁၆၊ ၁၈၊ ၁ ယော ၄း၉)။ သားဦးသည် လူတန်းစား အလွှာတစ်ခု ဖြစ် သောအခါ၊ ထိုလူတန်းစားအလွှာ သည် အများကိန်းဖြင့် ဖြစ်ပေါ်ပြီး၊ ဤနေရာရှိ “ဖန်ဆင်းခြင်း” အခန်းကဏ္ဍသည် အနည်းကိန်းပုံစံဖြင့် ဖြစ်ပေါ်သည်။
> ရှင်ပေါလုက ခရစ်တော်သည် ဖန်ဆင်းခံဟု သွန်သင်ပါက၊ သူငြင်းဆန်မှုပြုထားသည့် မှားယွင်းသည့် သူများနှင့် သဘောထား တူမည်ဖြစ်သည်။
> ခရစ်တော်အတွက် ဖန်ဆင်းခံနှင့် ဖန်ဆင်းသူဖြစ်ခြင်းသည် မဖြစ်နိုင်ပေ (၁း၁၆)။ ယေရှု သည် သားဦးဖြစ်သည်ဟူသော အဓိပ္ပာယ်မှာ သူသည် ယခင်ကတည်းကတည်ရှိသူ (၁း၁၈)၊ “ဖန်ဆင်းထားသော အရာအားလုံးအပေါ်” အမွေဆက်ခံပိုင်ခွင့်ရှိသူ ဖြစ်သည် (ဟေဗြဲ ၁း၂၊ ဗျာ ၅း၁-၇၊ ၁၃)။
၂။ “မြဲမြံစွာ ယုံကြည်ကြလျှင်” (၁း၂၂၊ ၂၃)ဟူသော ဖော်ပြချက် အခြေအနေသည် ယုံကြည်သူ များ ယုံကြည်ခြင်း ဆုံးရှုးနိုင်ခြင်း (သို) ဆက်လက်လုပ်ဆောင်ရခြင်းကို ဖော်ပြခြင်း ဖြစ်ပါသလား။
ဤမေးခွန်းဖြင့် တွေ့ရသော ခရစ်ယာန် ဩဝါဒကို “သန့်ရှင်းသူတိုကို မှီအောင်လိုက် ခြင်း”ဟု ခေါ်သည်။ ဤနေရာကို ကျမ်းစာသည် တစ်ခါတရံ ကျွန်ုပ်တိုယုံကြည်ခြင်းကို စွဲမြဲစွာ ကိုင်စွဲခြင်း (ဟေဗြဲ ၁၀း၂၃၊ ဗျာ ၃း၁၁) (သို) လဲကျမည်ကို သတိပေးခြင်း (ဟေဗြဲ ၁၀း ၂၆-၂၉)များကို ပေးထားသည်။ ဆုံးမသွန်သင်မှုများတွင် စစ်မှန် သော ယုံကြည်သူများသည် အဆုံးထိ ရပ်တည်မည်ဖြစ်ကြောင်း ကတိတော်များရှိသည် (ယော ၁၀း၂၈၊ ၂၉၊ ရော ၈း၃၈၊ ၃၉၊ ၁ ကော ၁း၈၊ ၉၊ ဖိ ၁း၆)။ သတိပေးခြင်းနှင့် သနားခံခြင်းသည် ယုံကြည်ခြင်း၌ ကျွန်ုပ်တို ကြိုးစားမှု စိတ်ချရန် ဘုရားသခင်အသုံးပြုသည့် အရာများဖြစ်သည်။ ၁း၂၂ နှင့် ၂၃ ရှိ လူကို အခြေအနေ အရ ဖော်ပြချက် များက ခရစ်တော်ကို ဆုံးရှုးသူများသည် အစကတည်းက စစ်မှန်သော ယုံကြည် သူမဟုတ်ကြောင်းကို သက်သေအဖြစ်ဖော်ပြခြင်း အချက်ကို ရှင်းရှင်းလင်းလင်း ပြသသည် (၁ ယော ၂း၁၉)။ ကျွန်ုပ်တို ကယ်တင်ခြင်းလုံခြုံမှုကို ဘုရားသခင် အာမခံသည်ဟု ပြောရာတွင် ကျွန်ုပ်တိုသည် တာဝန်မရှိကြောင်းကို ဆိုလိုသည် မဟုတ်ပေ။ ဘုရားသခင်သည် ကျွန်ုပ်တို၏ “ယုံကြည်ခြင်းအားဖြင့်” ကျွန်ုပ်တိုကို စောင့်ရှောက် တော်မူသည် (၁ ပေ ၁း၅)။
၃။ အကျဉ်းထောင်တွင်း ရေးသားသော စာစောင်များမှာ အဘယ်နည်း။ မည် သည့် အချိန်၌ မည် သည့် အကျဉ်းထောင်တွင် ရှင်ပေါလု ရေးသားခဲ့သနည်း။ ။
ရှင်ပေါလု၏ စာစောင်လေးခုသည် အကျဉ်းထောင်တွင်း စာစောင်များဟု ခေါ်ဝေါ်ပြီး၊ ဧဖက်သြဝါဒစာ၊ ဖိလိပ္ပိသြဝါဒစာ၊ ကောလောသဲ ဩဝါဒစာနှင့် ဖိလေမုန်ဩဝါဒစာတိုဖြစ်သည်။ တစ်ခုစီတိုင်း၏ အထဲတွင် စာရေးသူ၏ ထောင်တွင်းအကျဉ်းကျနေမှုအကြောင်း ရှင်းလင်းစွာ ပါဝင်သည် (ဧ ၃း၁၊ ၄း၁၊ ၆း၂၀၊ ဖိ ၁း၇၊ ၁၃၊ ၁၄၊ ၁၇၊ ကော ၄း၃၊ ၁ဝ၊ ၁၈၊ ဖိလေ ၁၊ ၉၊ ၁ဝ၊ ၁၃၊ ၂၃)။ တမန်တော်ဝတ္ထုနှင့် ထောင်တွင်းရေးသားသည့် စာစောင်များ၌ ဖော်ပြသည့် ရှင်ပေါလု၏ အကျဉ်းကျခံခြင်း အသေးစိတ်အချက်အလက်များအကြား တူညီမှုများ သည် ရောမ မြိုမှ ထိုစာစောင်များကို ရေးသားခဲ့ကြောင်း ဖော်ပြသည်။ ထိုအထဲမှ အသေးစိတ်အချက် အ လက်များမှာ –
> ရှင်ပေါလုသည် စစ်သားများ၏ စောင့်ထိန်းခြင်းကို ခံရခြင်း (တ ၂၈း၁၆၊ ဖိ ၁း၁၃၊ ၁၄)
> ရှင်ပေါလုသည် အလည်လာသူများကို တွေ့ဆုံခွင့်ရရှိခြင်း (တ ၂၈း၃၀၊ ဖိ ၄း၁၈)
> ရှင်ပေါလုသည် ဧဝံဂေလိတရားကို ဟောပြောရန် အခွင့်အရေးရရှိခြင်း (တ ၂၈း၃၁၊ ဧ ၆း၁၈-၂၀၊ ဖိ ၁း၁၂-၁၄၊ ကော ၄း၂-၄)
ကဲသရိမြိုနှင့် ဧဖက်မြိုတိုသည် ရှင်ပေါလုရေးသားသည့် အချိုသော ဤစာများသည် မည်သည့်နေရာ မှဖြစ်ကြောင်း ဖော်ပြသည်။ ရှင်ပေါလုသည် ကဲသရိမြိုတွင် နှစ်နှစ်ကြာ အကျဉ်း ကျခဲ့သော်လည်း (တ ၂၄း၂၇) ထိုအကျဉ်းကျခံနေချိန်အတွင်း သူ့ထံလာသူများကို တွေ့ဆုံရခြင်း၊ ဧဝံဂေလိတရားဟောရခြင်းအခွင့်ကို မရရှိခဲ့ပေ (တ ၂၃း၃၅)။ ထောင်တွင်းရေးသော စာစောင် များသည် အကြီးအကဲများရှေ့တွင် မျက်နှာသာရရန် ရှင်ပေါလု၏ မျှော်လင့်ချက်ကို ဖော်ပြသည် (ဖိ ၁း၂၅၊ ၂း၂၄၊ ဖိလေ ၂း၃)။ သိုသော်လည်း ကဲသရိမြိုတွင် လွှတ်မြောက်ခြင်းအတွက် ရှင် ပေါလု၏ မျှော်လင့်ချက်မှာ ဖေလဇ်မင်းကို လာဘ်လာဘပေးခြင်း (တ ၂၄း၂၆) (သို) ယေရုရှ လင်၌ မေတ္တုမင်းလက်အောက်တွင် တရားစီရင်ခံရန် (တ ၂၅း၉) ဖြစ်သည်။ ထိုအရာသည် ကဲသရိမြို၌ အမှန်ဖြစ်မလာဘဲ၊ ရှင်ပေါလု၏ ပြဿနာကို ရောမဘုရင်ထံသို ပိုခဲ့ခြင်းကြောင့်ဖြစ် သည်။
ဧဖက်မြိုတွင် အခြားဖော်ပြသည့် နေရာလည်း ဖြစ်ခဲ့သည်။ တူညီသော အခက်အခဲ အများစုသည် ကဲသရိမြိုမှ ရေးသည်ဟူသော အမြင်ကဲ့သို သက်သေများမရှိပေ။ ထောင်တွင်း ရေးသားသည့် စာစောင်များကို ဧဖက်မြိုမှ ရေးသားခြင်းအတွက် ခက်ခဲမှုသည် ဧဖက်မြို၌ ရှင်ပေါလု အကျဉ်းကျခံဖူးကြောင်း သက်သေအထောက်အထားများ မရှိပေ။
ကဲသရိမြိုနှင့် ဧဖက်မြို အမြင်များအားဖြင့် ကြီးမားသော အခက်အခဲများ တွေ့ကြုံရ မှုသည် ရောမမြို သားကဲ့သို တရားမျှတခြင်းအတွက် ရောမဘုရင်ရှေ့တွင် အမှုကိုကြားနာရန် စောင့်ဆိုင်းနေစဉ် ရှင်ပေါလုသည် ရောမမြိုမှ ထောင်တွင်း ရေးသားသည့်စာစောင်များကို ရေးသားခဲ့သည့် အမြင်အား ငြင်းဆန်ခြင်းမှာ အကြောင်းပြချက်များ မရှိပေ။
ကောလောသဲ သြဝါဒစာကို ဆက်လက်လေ့လာရန်
၁။ သူ၏ ပြန်လည်ခုခံမှုကို အခြေခံပြီး၊ ကောလောသဲ၌ မည်သည့်မှားယွင်းသည့် အရာများကို ရှင်ပေါလု ငြင်းဆန်သနည်း။ ။
၂။ ကောလောသဲသြဝါဒစာတွင် ယေရှုခရစ်တော်၏ မည်သည့် အဓိကအကြောင်းကို ရှင်ပေါလုက အလေးအနက်ဖော်ပြထားသနည်း။ ။
၃။ ကောလောသဲသြဝါဒစာတွင် စစ်မှန်သော ခရစ်တော်၏ တပည့်တော်တစ်ဦး လိုအပ်ချက်များ ကို ရှင်ပေါလုက မည်သို ဖော်ပြထားသနည်း။ ။
၄။ ကောလောသဲသြဝါဒစာ၏ နောက်ဆုံးအခန်းကြီးတွင်၊ ရှင်ပေါလုက ကောလောသဲ ခရစ်ယာန်များအား မည်သည့်အကူအညီမျိုး ပြောခဲ့သနည်း။
၅။ သင်ခရစ်တော်နောက်လိုက်ရန် ကြိုးစားအားထုတ်မှုအား တွန်အားဖြစ်စေရန် အခြားခရစ် ယာန်တစ်ဦးအပေါ် မည်သည့်နည်းလမ်းဖြင့် မှီခို အတုယူသနည်း။
သက်သာလောနိတ်ဩဝါဒစာပထမစောင် (First Thessalonians)
ခရစ်တော် ပြန်လည်ကြွလာမည်
ခေါင်းစဉ်
ဂရိဓမ္မသစ်ကျမ်းတွင် သက်သာလောနိတ် ဩဝါဒစာ ပထမစောင်သည် “သက်သာ လောနိတ် အသင်းတော်သို”ဟု ဖော်ပြထားသည်။ ထိုအရာက သက်သာလောနိတ်မြို(၁း၁)ရှိ အသင်းတော်သို တမန်တော် ရှင်ပေါလု၏ ပထမအကြိမ် ကျမ်းစာရေးသားပေးပိုခြင်းကို ဖော်ပြ သည်။
စာရေးသူနှင့် ရက်စွဲ
ရှင်ပေါလုသည် မိမိကိုယ်ကို ဤစာစောင်ကို ရေးသားသူဖြစ်ကြောင်း နှစ်ကြိမ်တိုင် ဖော်ပြသည် (၁း၁၊ ၂း၁၈)။ အသင်းတော်အစပြုခဲ့သော ရှင်ပေါလု၏ ဒုတိယသာသနာပြုခရီးစဉ် (တ ၁၇း၁-၉)တွင် အတူလိုက် ပါသည့် သိလွှာနု (သိလ)နှင့် တိမောသေ (၃း၂၊ ၆)တိုသည် ရှင် ပေါလု၏ နှုတ်ခွန်းဆက်စကားတွင် ဖော်ပြထား သည် (၁း၁)။ ရှင်ပေါလုသည် စာရေးသူတစ်ဦး တည်းသာဖြစ်သော်လည်း၊ အများကိန်းနာမ်စား(ကျွန်ုပ်တို၊ ငါတိုကို အသုံးပြုခြင်းသည် ထိုသုံး ယောက်ကို ရည်ညွှန်းသည်။ သိုသော်လည်း သက်သာလောနိတ်သို တိမောသေသည် ပြန်သွား သောအချိန်အတွင်း၊ “သူတိုသည်” ရှင်ပေါလုနှင့် သိလွှာနုတိုကိုသာ ရည်ညွှန်းသည် (၃း၁၊ ၂၊ ၆)။ ရှင်ပေါလုသည် များသောအားဖြင့် ရေးသားသူအများပုံစံဖြင့် အသုံးပြုပြီး၊ ထိုစာစောင်သည် သူ့ အပေါင်းအပါများ၏ အပြည့်အဝကူညီမှုဖြင့် ဖြစ်လာခြင်းကြောင့်ဖြစ်သည်။ ။
မကြာသေးမီ အစွန်းရောက်ဝေဖန်သူများ မပေါ်သေးခင်အထိ ရှင်ပေါလု၏ စာရေးသူ ဖြစ်ခြင်းသည် မေးခွန်းမေးခြင်း မရှိပေ။ ရှင်ပေါလု စာစောင်ရေးသားမှုများကို ထိခိုက်စေရန် သူတို၏ ကြိုးစားမှုများသည် (၁) ရှင်ပေါလု စာရေးသူဖြစ်ခြင်း၏ တိုက်ရိုက်ပြောဆိုချက် (၁း၁။ ၂း၁၈)၊ (၂) စာစောင်၏ ပြည့်စုံမှုသည် တ ၁၆-၁၈ ရှိ ရှင်ပေါလု၏ ခရီးစဉ်နှင့် ဆက်စပ်မှု၊ (၃) များစွာသော အရေးကြီးသည့် အချက်အလက်များသည် ရှင်ပေါလုအကြောင်းဖြစ်ခြင်း၊ (၄) အေဒီ ၁၄ဝ ၌ အစောပိုင်း သမိုင်းအချက်အလက်ဆိုင်ရာ ဖော်ပြသည့် Marcion ကျမ်းဖြင့် အတည်ပြုခြင်း စသည်တိုကြောင့် မအောင်မြင်ခဲ့ပေ။
ကောရိန္ဒမြိုမှ သက်သာလောနိတ်မြိုသို အသင်းတော်သို ရှင်ပေါလုရေးသားသော ပထမ စာစောင်နှစ် ခုမှာ ခန့်မှန်း အေဒီ ၅၁ တွင်ဖြစ်သည်။ ထိုရက်စွဲသည် အခါယမြိုတွင် ဂါလျန် အမှုထမ်းသော အေဒီ ၅၁-၅၂ အချိန် (တ ၁၈း၁၂-၁၇)၊ ဒဲလ်ဖိ (ကောရိန မြိုနား)ရှိ အာပိုလို ဘုရားကျောင်း၌ ရေးထွင်းထားသော စာလုံးများကို သုတေသနလုပ်ခြင်းဖြင့် မှန်ကန်ကြောင်း တွေ့ခဲ့ရသည်။ ဂလာတိအသင်းတော်သို ရေးပိုသော ရှင်ပေါလု၏ စာစောင်သည် ခန့်မှန်း အေဒီ ၄၉-၅ဝ တွင်ဖြစ်ခြင်းကြောင့်၊ ဤစာစောင်သည် သူ ဆက်လက်ရေးသားသည့် ဒုတိယ စာအုပ်ဖြစ်သည်။
နောက်ခံသမိုင်းကြောင်းနှင့် အနေအထား
သက်သာလောနိတ်မြို (ယနေ့ စလိုနီကာ)သည် အာဂျီယန်ပင်လယ် မြောက်ဘက်ထိ တိုင်ရောက်သော သာမစ်ပင်လယ်ကွေ့ ရှိ ကနဦး တည်နေရာ သာမာ အနားတွင် တည်ရှိသည်။ ထိုမြိုသည် မက်ဆီဒိုးနီးယား ၏မြိုတော် ဖြစ်လာပြီး (ခန့်မှန်း ဘီစီ ၁၆၈)၊ ရောမအင်ပါယာ လက်အောက်ရှိ ကိုယ်ပိုင် မြိုသားများမှ အုပ်ချုပ်သော (တ ၁၇း၆) “လွတ်လပ်သောမြိုတော်” အဖြစ် တည်ရှိခဲ့သည်။ အရှေ့-အနောက် အဝေးပြေး လမ်းမကြီး Via Egnatia ပေါ်တွင် တည်ရှိနေခြင်းကြောင့် သက်သာလောနိတ်မြိုသည် မက်ဆီဒိုးနီးယား၌ စီးပွားရေးနှင့် နိုင်ငံရေးအတွက် အကျိုးပြုပြီး၊ “မက်ဆီဒိုးနီးယား၏ မိခင်”အဖြစ် ဖြစ်လာခဲ့သည်။ ရှင်ပေါလု အချိန်က လူဦးရေ (၂၀၀၀ဝ၀) နေထိုင်ပြီဖြစ်သည်။
ရှင်ပေါလုသည် သူ၏ ဒုတိယ သာသနာပြုခရီးစီတွင် အမ်ဖီပိုလစ်နှင့် အပိုလိုနီးယားမှ တဆင့် ဖိလိပ္ပံမြိုမှ သက်သာလောနိတ်သို မိုင် (၁၀၀) ခရီး သွားခဲ့သည် (အေဒီ ၅ဝ၊ တ ၁၆း၁-၁၈း၂၂)။ သူနေရာဒေသ တစ်ခုသို ရောက်သောအခါ ထုံးစံအတိုင်း သတင်းကောင်းအား နယ်ခံ ဂျူးလူမျိုးအား ဟောပြောရန် တရားစရပ်ကို ရှာခဲ့သည် (တ ၁၇း၁၊ ၂)။ ထိုအချိန်တွင် သူသည် ထိုသူတိုနှင့်အတူ နာဇရက်မြိုသား ယေရှုသည် ကတိတော်အမှန်ဖြစ်သည့် မေရှိယဖြစ်ကြောင်း သက်သေပြရန် (တ ၁၇း၂၊ ၃) ဓမ္မဟောင်းကျမ်းရှိ ခရစ်တော်၏ သေခြင်း နှင့် ထမြောက်ခြင်းအကြောင်း ဖော်ပြသည့်အရာဖြင့် ဆွေးနွေးခဲ့သည်။ အချိုဂျူးများက ယုံ ကြည်ပြီး၊ အချိုက နောက်ပိုင်းတွင် ယုံကြည်ကြသည်။ ဟေလသလူများ၊ ချမ်းသာကြွယ်ဝသော အမျိုးသမီးအချိုလည်း ပြောင်းလဲခဲ့သည် (တ ၁၇း၄)။ ထိုယုံကြည်သူများထဲမှ ဖော်ပြခံရသူများ မှာ ယာသုန်(တ ၁၇း၅)၊ ဂါယု (တ ၁၉း၂၉)၊ အာရိတ္တာခု (တ ၂၀း၄)နှင့် သေကုန္ဒူ ( ၂၀း၄) တို ဖြစ်သည်။
သူတို၏ အကျိုးဖြစ်သော သာသနာပြုခြင်းကြောင့် ဂျူးများသည် ရှင်ပေါလု၏ အဖွဲသား များကို မြိုတော်မှ နှင်ထုတ်ပြီး (တ ၁၇း၅-၉)၊ သူတိုသည် ဧဝံဂေလိအမှုပြုရန် ဗေရီမြိုသို ထွက်သွားခဲ့ကြသည် (တ ၁၇း၁၀)။ ထို နေရာတွင်လည်း ရှင်ပေါလုသည် သက် သာလောနိတ်မြိုကဲ့သို ဧည့်ဝတ်ပြုသူများ ကို ပြောင်းလဲစေခဲ့ခြင်းကြောင့် ယုံကြည် သူများက ရှင်ပေါလုကို အဝေးသို စေ လွှတ်ခဲ့သည်။ သူသည် အေသင်မြိုသို သွားခဲ့ပြီး၊ သိလွှာနုနှင့် တိမောသေတိုက ဗေရီမြိုတွင် နေခဲ့သည် (တ ၁၇း၁၁-၁၄)။ သူတိုသည် ရှင်ပေါလုနှင့် အေသင်မြိုတွင် ပြန်လည်တွေ့ဆုံပြီး (တ ၁၇း၁၅၊ ၁၆၊ ၃း၁)၊ ထိုမှ တိမောသေသည် သက်သာ လောနိတ်မြိုသို ပြန်သွားခဲ့သည် (၃း၂)။
သက်သာလောနိတ် ဩဝါဒစာပထမစောင်၌ ခရစ်တော်
သက်သာလောနိတ်ဩဝါဒစာ ပထမစောင်သည် ခရစ်တော်၌ ယုံကြည်သူတို၏ မျှော်လင့်ခြင်း၊ အထူး အဖြစ် သူ၏ ဒုတိယအကြိမ်ကြွလာခြင်းအကြောင်း ကို ဖော်ပြထားသည် (၁း၁၀၊ ၂း၁၉၊ ၃း၁၃၊ ၄း၁၆၊ ၅း၂၃)။ ရှင်ပေါလုသည် ယုံကြည်သူများအား သခင် ဘုရား၏ နေ့ရက်အတွက် ပြင်ဆင်ရန်၊ ထိုနေ့သည် “သူခိုးသည် ညအခါလာသကဲ့သို”(၅း၂)လာမည်ဖြစ် ကြောင်း သွန်သင်ထားသည်။ သိုသော်လည်း ထို နေ့သည် ယုံကြည်သူများ ကြောက်စရာမဟုတ်ဘဲ၊ ကျွန်ုပ်တို ကယ်တင်ခြင်းသည် ခရစ်တော်၌ရှိပြီး ဘုရားသခင်၏ အမျက်တော်မှ ကာကွယ်ပေးသည်။
ရှင်ပေါလုသည် ကောရိမြိုသို တစ်ဦးတည်း ခရီးပြုချိန်တွင် (တ ၁၈း၁)၊ သိလသည် အေသင်မှ ဖိလိပ္ပိသို ခရီးပြုခဲ့သည်။ ထိုနောက် တိမောသေနှင့် သိလွှာနုတိုသည် ကောရိန္ဒမြိုတွင် ရှင်စော နှင့်တွေ့ဆုံပြီး(တ ၁၈း၅)၊ အသင်းတော်၏ ကောင်းသတင်းကို တိမောသေပြောခြင်းအား ပြန် လည်တုံပြန်ရန် သက်သာလောနိတ် ဩဝါဒစာ ပထမစောင်ကို ရှင်ပေါလုက ရေးသားခဲ့သည်။
ဤစာစောင်ကို ရေးသားခြင်းအကြောင်းအရာများသည် မကြာသေးမီက ခွဲခွာခဲ့သော သိုးစုများအတွက် ရှင်ပေါလု၏ စိတ်ပူပန်မှုကြောင့် ဖြစ်သည်။ ရှင်ပေါလု၏ အချိုသော ရည် ရွယ်ချက်များသည် ရှင်းလင်းစွာ တွေ့ရပြီး (၁) အသင်းတော်ကို တိုက်တွန်းခြင်း (၁း၂-၁၀)၊ (၂) မှားယွင်းသည့် မဟုတ်မမှန်ပြောဆိုမှုများကို အဖြေပေးခြင်း (၂း၁-၁၂)၊ (၃) ညှဉ်းဆဲနှိပ်စက်ခံ သိုးများကို နှစ်သိမ့်ခြင်း (၂း၁၃-၁၆)၊ (၄) သူတို၏ ယုံကြည်ခြင်း၌ သူ၏ဝမ်းမြောက်ခြင်းကို ဖော်ပြခြင်း (၂း၁၇-၃း၁၃)၊ (၅) အကျင့်စာရိတ္တ ကောင်းမွန်ခြင်းသည် အရေးကြီး ကြောင်း သူတိုကို သတိပေးခြင်း (၄း၁-၈)၊ (၆) ပျင်းရိသောပုံစံကို အပြစ်တင်ခြင်း (၉း၄-၁၂)၊ (၇) ပရောဖက်ပြု ခြင်း အဖြစ်အပျက်များကို မှားယွင်းစွာ နားလည်မှုအား အမှန်ပြင်ပေးခြင်း (၄း၁၃-၅း၁၁)၊ (၉) သိုးများအချင်း ချင်း အငြင်းပွားမှုကို ရှုတ်ချခြင်း (၅း၁၂-၁၅)၊ (၉) ခရစ်ယာန် အသက်တာ၏ အခြေခံ၌ သိုးစုကို တိုက်တွန်းခြင်း (၅း၁၆-၂၂) တိုဖြစ်သည်။
သမိုင်းကြောင်းနှင့် ဓမ္မအတွေးအခေါ်ဆိုင်ရာ အကြောင်းအရာများ
သက်သာလောနိတ်သို ရေးသားသော စာစောင်နှစ်ခုလုံးသည် “နောက်ဆုံးသောကာလ အကြောင်း စာစောင်များ”ကဲ့သို ခေါ်ဝေါ်ကြပြီး၊ နောက်ဆုံးအချိန်အကြောင်းအရာများကို ဖော်ပြထားသောကြောင့် ဖြစ်သည်။ သိုသော်လည်း အသင်းတော်အပေါ် အလေးအနက်ထား ဖော်ပြမှုသည် “အသင်းတော်သိုပေးသော စာစောင်များ”ကဲ့သို ခေါင်းစဉ်ပေးလျှင် ပိုကောင်း သည်။ သက်သာလောနိတ်ဩဝါဒစာ ပထမစောင်တွင် အဓိကအချက် ငါးချက် အတူတကွ တွေ့ရပြီး (၁) တမန်တော်ဝတ္ထုနှင့် သက်သာလောနိတ်ဩဝါဒစာ ပထမစောင်အကြား သမိုင်း ဆက်စပ်မှုဖြင့် သမ္မာတရားကို ကာကွယ်ခြင်း အဓိကအချက်၊ (၂) ကျန်းမာသော၊ ကြီးထွားသော အသင်းတော်ကို ပုံဆောင်သည့် အသင်းတော်နှင့်ဆိုင်သော အဓိကအချက်၊ (၃) သိုးထိန်းခြင်း အမှုတွင် လုပ်ဆောင်မှုများနှင့် စွမ်းဆောင်ရည်များကို ဆန်းစစ်ခြင်းဖြင့် သင်းအုပ်ဆိုင်ရာ အဓိကအချက်၊ (၄) အသင်းတော်၏ မျှော်လင့်ခြင်းကဲ့သို အနာဂတ်အဖြစ်အပျက်ကို အလေး အနက်ထားမှုဖြင့် အနာဂတ်ဆိုင်ရာ အဓိကအချက်နှင့် (၅) ဧဝံဂေလိဟောပြောခြင်းနှင့် အသင်း တော်တည်ထောင် ခြင်းကို အလေးထားမှုဖြင့် သာသနာပြုသူ အဓိကအချက်တို ဖြစ်သည်။
သက်သာလောနိတ်ဩဝါဒစာ ပထမစောင်ရှိ အဓိကဩဝါဒများ
သန့်ရှင်းခြင်း – ခရစ်တော်၏ အပြစ်ဖြေလွှတ်ပေးခြင်းဖြင့်၊ ယုံကြည်သူများသည် ဘုန်းထင်ရှား ပြီး၊ ဘုရားသခင်ကို အစေခံခြင်းအတွက် သီးသန့်ထားသူများဖြစ်ခြင်း (၃း၁၂၊ ၁၃၊ ၄း၃၊ ၄၊ ၁၆-၁၈၊ ၅း၂၃၊ ဆာ ၄း၃၊ ယေဇ ၇း၂၈၊ တ ၂၀း၃၂၊ ၂၆း၁၈၊ ရော ၆း၁-၈း၃၉၊ ၁၅း၁၆၊ ၂ ကော ၆း၁၇၊ ဧ ၅း၂၆၊ ၂၇၊ ၂ သက် ၂း၁၃၊ ၂ တိ ၂:၂၁၊ ဟေဗြဲ ၂း၁၁၊ ၁၃း၁၂၊ ၁ ပေ ၁း၂၊ ယု ၁း၁)
ခရစ်တော်၏ ဒုတိယအကြိမ် ကြွလာခြင်း – ခရစ်တော်ပြန်ကြွလာခြင်းသည် လူသားအားလုံးကို တရားစီရင် လိမ့်မည်ဖြစ်ခြင်း (၁း၁၀၊ ၂း၁၉၊ ၃း၁၃၊ ၄း၁၆၊ ၅း၂၃၊ ဆာ ၅၀း၃၊ ၄၊ ဒံ ၇း၁၃၊ မ ၂၄း၃၆၊ ၂၅း၃၁၊ မာ ၁၃း၃၂၊ ယော ၁၄း၃၊ ၁ ကော ၁း၈၊ တိ ၂း၁၃၊ ၂ ပေ ၃း၁၂၊ ယု ၁း၁၄၊ ဗျာ ၁း၇)
သက်သာလောနိတ် ဩဝါဒစာ ပထမစောင်ရှိ ဘုရားသခင်၏ ဂုဏ်အင်္ဂါလက္ခဏာများ
ဘုရားသခင်သည် သစ္စာရှိသော ဘုရား – ၅း၂၄
ဘုရားသခင်သည် အမျက်ဒေါသထွက်သော ဘု ရား – ၁း၁၀၊ ၂း၁၆
သက်သာလောနိတ် သြဝါဒစာ ပထမစောင်ရှိ အဓိက ဝေါဟာရများ
သန့်ရှင်းခြင်း – ဂရိဝေါဟာရ – hagiasmos – ၄း၃-၄ -စာပေသဘောမှာ ဘုရားသခင် သန့်ရှင်းရန် သီးသန့်ခွဲထားသည့် ဖြစ်စဉ်ကို ရည်ညွှန်းသည့် “ခွဲခြားထားခြင်း”ဟု ဖြစ်သည်။ သိုသော်လည်း သန့်ရှင်းခြင်းသည် နိယာမတွင်သာ ပြည့်စုံပြီး၊ လူသားအားဖြင့် မလုပ်ဆောင်နိုင်သေးပေ။ ကျွန်ုပ်တို သည် ကျရှုးနေသော လောကကြီးတွင် ရှိနေသေးသော်လည်း ပြည့်စုံအောင် လုပ်ဆောင်ထားသော လူကဲ့သို ဘုရားသခင်ကို ဆက်နွယ်ခြင်း၌ ရပ်တည်နေသည် (ဟေဗြဲ ၁၀း၁၀)။ ခရစ်တော်၏ တစ်ခုတည်းသော ယဇ်ပူဇော်ခြင်းသည်သာ ကျွန်ုပ်တိုကို သန့်ရှင်းစေပြီး၊ ထိုသန့်ရှင်းခြင်းသည် ကျွန်ုပ်တိုအထဲတွင် ဆက်လက်ရှိနေ၍ ကျွန်ုပ်တိုကို သန့်ရှင်းအောင် ပြုလုပ်ပေးသည် (ဟေဗြဲ ၁၀း၁၄)။
သန့်ရှင်းသော ဝိညာဉ်တော်၊ စိတ်နှလုံး၊ ကိုယ်ခန္ဓာ – ဂရိဝေါဟာရ – pneuma – ၄း၈၊ ၅း၁၉၊ ၂၃ – စာပေသ ဘောအရ “ဝိညာဉ်” ဂရိဝေါဟာရ – psache – စာပေသဘောအရ “အသက်” ဂရိ ဝေါဟာရ – Song – စာပေသဘောအရ “ကိုယ်ခန္ဓာ”ဖြစ်သည်။ ၁ သက် ၅း၂၃ သည် လူတစ်ဦး ကို အပိုင်းသုံးပိုင်းဖြင့် ဖော်ပြသည့် ဓမ္မသစ်ကျမ်းတွင် တစ်ခုတည်းသော နေရာဖြစ်သည်။ ထိုကျမ်း ပိုဒ်တွင် သုံးခုလုံးက လူတစ်ကိုယ်လုံးကို ရည်ညွှန်းသည်။ ဝိညာဉ်သည် ပုဂ္ဂိုလ်တစ်ဦးတွင် ဘုရားသခင် နှင့်ဆိုင်သော ဝိညာဉ်တော်အားဖြင့် ဆက်သွယ်ရန်၊ ပြုပြင်ရန် လုပ်ဆောင်နိုင်သည် (ယော ၃း၆၊ ရော ၈း၁၆)။ စိတ်နှလုံး ဟု အနက်ပြန်သော psaicine သည် ပုဂ္ဂိုလ်တစ်ဦး၏ ပုဂ္ဂိုလ်ရေးရာ (သို) အနှစ်သာရကို ပြောဆိုသည်။ နောက်ဆုံးတွင် ဓမ္မသစ်ကျမ်းရေးသူသည် ကိုယ်ခန္ဓာ အား လူတစ် ဦး၏ ဝိညာဉ်နှင့် စိတ်နှလုံးနှင့် ကွဲပြားသော ရုပ်ခန္ဓာတစ်ခုအဖြစ် ရည်ရွယ်သည်။ ထိုကျမ်းပိုဒ် ဖော်ပြသကဲ့သို၊ ဘုရားသခင်သည် အတွင်းပိုင်းမှ အလုပ်လုပ်ပြီး၊ ထာဝရအသက်အတွက် ကျွန်ုပ်တို ဖြစ်ခြင်းအလုံးစုံကို သန့်ရှင်းစေသည်။
ကြွလာခြင်း – ဂရိဝေါဟာရ – parosio – ၂း၁၉၊ ၃း၁၃၊ ၄း၁၅၊ ၅း၂၃ – စာပေသဘောအရ “နေရာတစ်ခုတွင် ရှိနေခြင်း”ဟု ဖြစ်ပြီး၊ ဓမ္မသစ်ကျမ်းအတွင်း အများဆုံးအသုံးပြုသည်မှာ တော်ဝင် မင်းမျိုးမင်းနွယ်တစ်ဦးကဲ့သို အရေးကြီးသောသူတစ်ဦး ခရီးသွားခြင်းကို ဖော်ပြရာတွင် အသုံးပြု သည်။ ထိုကြောင့် ထိုဝေါဟာရသည် ထူးခြားသော၊ ခြားနားသော “ကြွလာခြင်း”ကို ညွှန်ပြသည်။ ဤစကားလုံးသည် ဓမ္မသစ်ကျမ်းတွင် ခရစ်တော်ဒုတိယအကြိမ်ကြွလာခြင်းကို ဖော်ဆောင်ရန် အသုံး ပြုသည်။ ထိုဘုန်းတော်နှင့်ကြွလာမှုသည် အရာရာအားလုံးအထက်တွင် ရှင်ဘုရင်ကဲ့သို ခရစ်တော် ကို ဖွင့်ပြလိမ့်မည်ဖြစ်သည်။
အနက်အဓိပ္ပာယ်ဆိုင်ရာ အခက်အခဲများ
ဤစာစောင်ကို နားလည်ခြင်းအတွက် အဓိကအခက်အခဲမှာ နောက်ဆုံးသောအချိန် နှင့် ဆက်နွယ်နေသော နောက်ဆုံးသောအချိန်ကာလဆိုင်ရာ အခန်းကဏ္ဍများ ပါဝင်ပြီး၊ (၁) အမျက်ဒေါသ လာခြင်း (၁း၁၀၊ ၅း၉)၊ (၂) ခရစ်တော် ပြန်ကြွလာခြင်း (၂း၁၉၊ ၃း၁၃၊ ၄း၁၅၊ ၅း၂၃)၊ (၃) အသင်းတော်ကို ချီဆောင်ခြင်း (၄း၁၃-၁၈)နှင့် (၄) သခင်ဘုရား၏ နေ့ရက်၏ အဓိပ္ပာယ်နှင့်အချိန် (၅း၁-၁၁) တိုဖြစ်သည်။ ခက်ခဲသည့် မေးခွန်းနှင့် အဖြေများတွင်ကြည့်ပါ။
အကျဉ်းချုပ် ကောက်နှုတ်ချက်
၁။ ရှင်ပေါလု၏ နှုတ်ဆက်စကား (၁း၁)
၂။ ရှင်ပေါလု၏ ကိုယ်ရေးကိုယ်တာ တွေးမြင်မှု (၁း၂-၃း၁၃)
က။ အသင်းတော်အတွက် ကျေးဇူးတော်ချီးမွမ်းခြင်း (၁း၂-၁၀)
ခ။ အသင်းတော်အတွက် သတိပေးခြင်း (၂း၁-၁၆)
ဂ။ အသင်းတော်အတွက် ပူပန်ခြင်း (၂း၁၇-၃း၁၃)
၃။ ရှင်ပေါလု၏ လက်တွေ့လုပ်ဆောင်ရန် ညွှန်ကြားချက်များ (၄း၁-၅း၂၂)
က။ အကျင့်စာရိတ္တတွင် သန့်ရှင်းခြင်း (၄း၁-၈)
ခ။ စည်းကမ်းရှိစွာ အသက်ရှင်ခြင်း (၄း၉-၁၂)
ဂ။ သေခြင်းနှင့် ချီဆောင်ခြင်း (၄း၁၃-၁၈)
ဃ။ သန့်ရှင်းသောအသက်တာနှင့် သခင်ဘုရား၏ နေ့ရက် (၅း၁-၁၁)
င။ အသင်းတော်တွင် ပြုမူဆက်ဆံမှု (၅း၁၂-၁၅)
စ။ ခရစ်ယာန်အသက်တာ၏ အခြေခံများ (၅း၁၆-၂၂) ၊
၄။ ရှင်ပေါလု၏ ကောင်းကြီးပေးမှု (၅း၂၃၊ ၂၄) ၊
၅။ ရှင်ပေါလု၏ နောက်ဆုံး မှတ်ချက်များ (၅း၂၅-၂၈)
ခက်ခဲသော မေးခွန်းများအတွက် အဖြေများ
၁။ သေသွားသော ခရစ်ယာန်များ၏ တမလွန်အကြောင်း သက်သာလောနိတ်လူတို၏ ပူပန်မှု ကို ရှင်ပေါလုက မည်သို အဖြေပေးခဲ့သနည်း။
၄း၁၃-၁၈ ၌ ဖော်ပြချက်သည် ခရစ်တော်၌ အလွန်ချစ်ခင်ရသူတစ်ဦး သေဆုံးသွား သောအခါ ဝမ်းနည်းခြင်းကြုံတွေ့ရသော ခရစ်ယာန်များ၏ မေးခွန်းအတွက် ခွန်အားရှိသော
သက်သာလောနိတ်ဩဝါဒစာ ပထမစောင် အချိန်ကာလ၌ ကမ္ဘာကြီးရှိ အခြားသောနေရာများ
Welsh ၏ မျိုးနွယ်စုအကြီးအကဲတစ်ဦးဖြစ်သည့် Caractacus သည် Yorkshire Brigantes ၏ ဘုရင်မ Cartimandua အား ဖြင့် သစ္စာ ဖောက်ခံရပြီးနောက် ရောမကျူးကျော်ဝင်ရောက်သူများမှ ဖမ်းဆီးခေါ် ဆောင်သွားခဲ့သည်။
အဖြေများကို ဖော်ပြပေးသည်။ သက်သာလောနိတ်တွင်လည်း ထိုသိုသောအကြောင်းအရာ ရှိခဲ့သည်။ သက်သာလောနိတ်တွင် ရှင်ပေါလှ ခဏတာ သာသနာပြုခဲ့သော်လည်း၊ ယုံကြည်သူ အများအပြား ဖြစ်လာကြပြီး၊ ကယ်တင်ရှင်၏ တဖန်ကြွလာမှုကို အမှန်ယုံကြည်ပြီး မျှော်လင့် ကြကြောင်း ရှင်းလင်းစွာ တွေ့ရသည် (၁း၃၊ ၉၊ ၁၀၊ ၂း၁၉၊ ၅း၁-၂၊ ၂ သက် ၂း၁၊ ၅)။ သူတို သည် ခရစ်တော်ကို ဇွဲကြီးစွာ စောင့်နေကြပြီး၊ ကြွလာမည်ကို မျှော်လင့်ခြင်း၌ ရှင်သန်နေကြ သည်။ သူ၏ ပြန်ကြွလာခြင်းသည် ရွေးနှုတ်ခြင်းသမိုင်းတွင် အထွတ်အထိပ်ဖြစ်ပြီး၊ ထိုအမှုအရာ တွင် သူတိုပါဝင်မည်ဖြစ်ကြောင်း သိခဲ့သည်။ အငယ် ၁၃ သည် (၂ သက် ၂း၁-၃ တွင်လည်း ကြည့်ပါ) ယုံကြည်သူများသည် ခရစ်တော်ကြွလာခြင်းကို လွဲချော်သူများအတွက် စိတ်လှုပ်ရှား မှု များဖြစ်ကြောင်း ဖော်ပြသည်။ ရှင်ပေါလု၏ အဖြေများတွင် အခြေခံပြီး၊ သူတို၏ အဓိကမေး ခွန်းမှာ “ခရစ်တော်ကြွမလာခင် သေသွားသော ခရစ်ယာန်များသည် ဘာဖြစ်မည်နည်း။ ခရစ် တော်ကြွလာခြင်းကို ထိုသူတို လွဲချော်မည်လား”ဟု ဖြစ်သည်။
ရှင်းလင်းစွာဖြင့် သက်သာလောနိတ်သည် ခရစ်တော်၏ ကြွလာခြင်းအကြောင်း ဖြစ်အံ ဆဲဆဲအမြင် ရှိခဲ့သည်။ သူတိုက ခရစ်တော်သည် မကြာခင်ကြွလာမည်ဟူသော ရှင်ပေါလု၏ သွန်သင်ချက်အား သူတိုအချိန်တွင် ကြွလာမည်ဟု အနက်ဖွင့်ခဲ့ကြသည်။ မကြာခင် သူတို ညှဉ်းဆဲနှိပ်စက်ခံရခြင်းကြောင့် ရှုပ်ထွေးမှု ဖြစ်လာခဲ့ပြီး၊ သခင်ပြန်လာခြင်းအားဖြင့် သူတိုကို ကယ်တင်လိမ့်မည်ဟူသော ခံယူချက် ဖြစ်ပေါ်ခဲ့သည်။
ရှင်ပေါလု၏ အဖြေသည် ပူဆွေးမှုအကြောင်း မှတ်ချက်ဖြင့် အစပြုထားသည်။ ခရစ် ယာန်များသည် အခြားသောခရစ်ယာန်များ သေခြင်းကြောင့် “ဝမ်းနည်းခြင်း”မရှိရဟု မပြောခဲ့ ပေ။ ရှင်ပေါလု၏ ဖော်ပြချက် သည် ခရစ်ယာန်များအတွက် ဝမ်းနည်းခြင်းသည် မျှော်လင့်ခြင်း ဖြင့်ဖြစ်ပြီး၊ မျှော်လင့်ချက်မဲ့ခြင်းမျိုး မဟုတ်ပေ။ ဤစာစောင်သည် “ခရစ်တော်၌ အိပ်ပျော်သွားသော” သေသွားသည့် ယုံကြည်သူသည် ကတိတော်များ၏ အကျိုးဆက်ကိုလည်း ခံစားရမည် ဖြစ်သည်။ ယေရှုသည် သေပြီး ထမြောက်သကဲ့သို၊ ခရစ်တော်၌ သေသောသူများလည်း ထိုကဲ့ သိုဖြစ်မည် (၄း၁၄၊ ယော ၁၄း၁-၃၊ ၁ ကော ၁၅း၅၁-၅၈)။ ထိုကျမ်းပိုဒ်များက ယေရှုသည် သူရွေးနှုတ်ခဲ့သူခေါ်ပြီး ကောင်းကင်သိုခေါ်ဆောင်သွားလိမ့်မည်ဖြစ်သည့် အသင်းတော် (သေ သွားသော ခရစ်ယာန်များလည်းပါ)ချီဆောင်ခြင်းအချိန်ကို ဖော်ပြသည်။
အသက်ရှင်သောသူနှင့် သေသောသူများသည် သခင်ကြွလာသည့်အချိန် တစ်ချိန်တည်း မှာပင် တွေ့ကြုံရမည်ဖြစ်သည် (၄း၁၅)။ သက်သာလောနိတ်အသင်းတော်သည် သခင်ဘုရား နေ့ရှိ တရားစီ ရင်ခြင်းအကြောင်း အပြည့်အဝ သတင်းရရှိခဲ့သော်လည်း (၅း၁၊ ၂) ထိုနေ့ရက်၏ ကြိုတင်မြင်ရမည့် အကြောင်းအရာဖြစ်သော အသင်းတော် ချီဆောင်ခြင်းအကြောင်းကို မသိခဲ့ ပေ။ ဘုရားသခင်ထံမှ သူ့အား ဖွင့်ပြသည့်အရာများကို ရှင်ပေါလုက ပြောပြသည့်တိုင် ယော ၁၄း၁-၃ တွင် ယေရှု၏ သွန်သင်ခြင်း အဓိကဖော်ပြချက်ဖြင့်သာ နက်နဲသောအရာအဖြစ် ရှိခဲ့သည်။ ဘုရားသခင်၏ အချိန်ကို ရှင်ပေါလုသည် မသိသောကြောင့် ထိုအဖြစ်အပျက်သည် သူ့အသက်ရှင်ချိန်တွင် ဖြစ်မည့်အရာကဲ့သို ပြောဆိုခဲ့သည်။ ကနဦးခရစ်ယာန်များကဲ့သို၊ ထို အဖြစ်အပျက်သည် နီးကပ်ပြီဖြစ်ကြောင်း သူယုံကြည်ခဲ့သည် (ရော ၁၃း၁၁၊ ၁ ကော ၆း၁၄။ ၁၀း၁၁၊ ၁၆း၂၂၊ ဖိ ၃း၂၀၊ ၂၁၊ ၁ တိ ၆း၁၄၊ တိ ၂း၁၃)။
“ဘုရားသခင်ကိုယ်တိုင် ကောင်းကင်မှ ဆင်းသက်တော်သည် (၄း၁၆)။ ထိုအရာသည် ယော ၁၄း၁-၃ ၌ ယေရှု၏ ကတိပေးမှုဖြင့် ပြည့်စုံသည်။ ထိုအရာမတိုင်မီ သူသည် ကောင်းကင် ဘုံ၌ ရှိခဲ့သည် (၁း၁ဝ၊ ဟေဗြဲ ၁း၁-၃)။ သေသွားသော ယုံကြည်သူများသည် ပထမမြောက် မည်ဖြစ်ပြီး၊ ခရစ်တော်ပြန်ကြွလာချိန်၌ သူတိုလည်း ပါဝင်မည်ဖြစ်သည် (၄း၁၆၊ ၁ ကေ ၁၅း၅၂)။ ချီဆောင်ခြင်း၌ အသက်ရှင်သူများသည် သေပြီး ထမြောက်သူများနှင့် ပေါင်းဆုံပြီး (၄း၁၇)၊ “အာကာသကောင်းကင်၌ ဘုရားသခင်နှင့် တွေ့ဆုံမည်။
ရှင်ပေါလုက သက်သာလောနိတ်အသင်းတော်နှင့် ယုံကြည်သူများအား ယေရူ ပြန်ကြွ လာချိန်တွင် သူချန်လှပ်သည့်အရာ ဘယ်အရာမျှ ရှိမည်မဟုတ်ကြောင်းကို သေချာမှုရှိစေခဲ့ သည်။ ဤအခန်းကြီး၏ နောက်ဆုံးကျမ်းပိုဒ်သည် ချစ်ခင်ရသူ ဆုံးရှုးသွားသော ရစ်ယာန်များ အတွက် တိုက်တွန်းထားသည့် ကျမ်းပိုဒ်အဖြစ် အဓိက ရည်ရွယ်သည်။ ဤနှစ်သိမ့်မှုသည် အောက်ပါတိုကို အခြေခံသည်။
> သေသောသူတိုသည် ထမြောက်မည်ဖြစ်ပြီး၊ ဘုရားသခင်ကိုယ်တိုင် ကြွလာခြင်းတွင် အတူပါဝင် ရလိမ့်မည်ဖြစ်သည်။
> ခရစ်တော်ကြွလာသောအခါ အသက်ရှင်သောသူများသည် သူတိုချစ်သောသူများနှင့် ထာဝ ရ အတူပေါင်းစည်းမည်ဖြစ်သည်။
> သေသောသူနှင့် အသက်ရှင်သော ယုံကြည်သူအားလုံးသည် ဘုရားသခင်နှင့် ထာဝရအတူ ရှိလိမ့်မည်ဖြစ်သည် (၄း၁၇၊ ၁၈)။
၂။ “ကပ်ကာလအချိန်များ” (၅း၁)ဟု ပြောခြင်းသည် ရှင်ပေါလု မည်သည့်အဓိပ္ပာယ်ကို ဆိုလိုသနည်း။ ထိုအရာများအကြောင်း အသင်းတော်သို ရေးသားရန် မလိုကြောင်း သူဘာကို တွေ့ ရှိခဲ့သနည်း။
အခန်းကြီး ၅ သည် မယုံကြည်သူများကို တရားစီရင်ရန် (၅း၁-၁၁)၊ ယုံကြည်သူများအား ချီဆောင်ခြင်း ကောင်းကြီးမင်္ဂလာ (၄း၁၃-၁၈)အကြောင်း ဖော်ပြချက်မှ ရှင်ပေါလု၏ အသေး စိတ်အကြောင်းအရာသို ပြောင်းလဲမှုဖြင့် အစပြုထားသည်။ ကာလ နှင့် အချိန် ဟူသော ဝေါဟာ ရနှစ်ခုသည် အချိန်ကို တိုင်းတာခြင်းနှင့် ကာလတစ်ခု၏ လက္ခဏာကို ရည်ညွှန်းခြင်းဖြစ်သည် (ဒီ ၂:၂၁၊ တ ၁း၇)။ ဤအကြောင်းအရာအကြောင်း သူတိုထံ ရေးသားခြင်းအား ရှင်ပေါလုက သူတိုသင်ယူခဲ့သည့်အရာကို သတိပေးရန်သာ လိုအပ်သည်။
သက်သာလောနိတ်အသင်းသားများသည် ဘုရားသခင် တရားစီရင်ရန် ကြွလာမည်ဖြစ် ကြောင်း သိရန်ဖြစ်ပြီး၊ ရှင်ပေါလုက ချီဆောင်ခြင်းနှင့်ပတ်သက်ပြီး သူတိုသိရန် လိုအပ်သေး ကြောင်း၊ ထိုအရာကို ပြောရန် သူ့မှာ တာဝန်ရှိသေးကြောင်း ပြောခဲ့သည် (၄း၁၃-၁၈)။ ရှင်ပေါလု က လောကတွင် တရားစီရင်ခြင်း လာသည့်အခါ ဘုရားသခင်နှစ်သက်သည့် အသက် အတိုင်း အသက်ရှင်ရန် တိုက်တွန်းခဲ့ပြီး၊ ပရောဖက်ပြုခြင်း အချိန်အကြောင်း၌ စူးစမ်းလေ့လာ ခြင်းဖြင့် အာရုံပျက်ပြားမှု မရှိစေချင်ခဲ့ပေ။ သူတိုသည် ဘုရားသခင်၏ နောက်ဆုံး တရားစီရင်ချိန် ကို မသိနိုင်သော်လည်း မမျှော်လင့်သောအချိန်တွင် ထိုအရာဖြစ်လာမည်ကို သူတို ကောင်း ကောင်းသိကြသည် (၅း၂)။
၃။ “သခင်ဘု ရား၏ နေ့ရက်” (၅း၂)ကို ဖော်ပြအ သုံးပြုခြင်းဖြင့် ရှင် ပေါ်လု၏ အသံသည် ကျမ်းစာတစ်အုပ် လုံးသို မည်သို ဆက်ပြောနေသနည်း။
သခင်ဘုရား၏ နေ့ရက်သည် ဓမ္မသစ်ဟောင်းကျမ်းတွင် (၁၉) ကြိမ်နှင့် ဓမ္မသစ်ကျမ်း တွင် လေးကြိမ်ဖြင့် တွေ့ရသည် (တ ၂း၂၀၊ ၁ သက် ၅း၂၊ ၂ သက် ၂၂၊ ၂ ပေ ၃း၁၀)။ ဓမ္မဟောင်း ပရောဖက်များက သခင်ဘုရား၏ နေ့ရက် ကို ဖော်ပြရာတွင် –
> အနီးကပ် သမိုင်းဆိုင်ရာ တရားစီရင်မှုများ (ဟေရှာ ၁၃း၆-၁၂၊ ယေ ၃၀း၂-၁၉၊ ယောလ ၁း၁၅၊ ၃း၁၄၊ အာ ၅း၁၈-၂ဝ၊ ဇေ ၁း၁၄-၁၈)
> အဝေးရှိ နောက်ဆုံးသောကာလနှင့်ဆိုင်သော ဘုရားသခင်၏ တရားစီရင်မှု (ယောလ ၂း၃၀-၃၂၊ မာလ ၄း၁၊ ၅)။ ခြောက်ကြိမ်မှာ “ပျက်စီးမည့်နေ့”နှင့် လေးကြိမ်မှာ “အမျက် ဒေါသ ကျရောက်ရာနေ့”ကဲ့သို ရည်ညွှန်းခဲ့သည်။
ဓမ္မသစ်ကျမ်းက “အမျက်ဒေါသ” နေ့၊ “တွေ့ဆုံရန် သွားရောက်သော”နေ့၊ “အနန္တ တန်ခိုးရှင်၏ ကြီးမြတ်သောနေ့” အဖြစ် ခေါ်ထားသည် (ဗျာ ၁၆း၄)။
ထိုအရာက လောကရှိ အပြစ်တရားအားလုံးအတွက် ဘုရားသခင်ထံမှလာသော အလွန် ကြောက်မက် ဖွယ်ကောင်းသော တရားစီရင်ခြင်းဖြစ်သည် (ယောလ ၂း၃၀၊ ၃၁၊ ၂ သက် ၁း၇)။ ဘုရားသခင်၏ အမျက်တော် ပြင်းထန်စွာ ကျရောက်မည့် အနာဂတ် သခင်ဘုရား၏ နေ့ရက်သည် အပိုင်းနှစ်ပိုင်းဖြင့် ဖြစ်ပြီး၊ ဘေးဒဏ်ကြီး ခုနစ်နှစ် (ဗျာ ၁၉း၁၁-၁၂) နှင့် နှစ်ပေါင်း တစ်ထောင်အုပ်စိုးခြင်းကာလ အဆုံးတိုဖြင့် ဖြစ်သည်။ ထိုအဖြစ်အပျက် နှစ်ခုကြားတွင် အနှစ် (၁ဝဝဝ) ခရစ်တော် အုပ်စိုးခြင်းရှိသည်။ ရှင်ပေတရုက သခင်ဘုရား၏ နောက်ဆုံးသောနေ့ ဖြင့် ဆက်စပ်ခြင်း၌ နှစ်ပေါင်းတစ်ထောင်ကာလအဆုံးကို ရည်ညွှန်းသည် (၂ ပေ ၃း၁ဝ၊ ဗျာ ၂၀း၇- ၁၅)။
သခင်ဘုရား၏ နေ့ရက်ကို ဤနေရာတွင် ဖော်ပြရာတွင် ဘေးဒဏ်ကြီး ခုနစ်နှစ်ကို ရည်ညွှန်းသည်။ “ညဉ့်အခါ လာသောသူခိုး”ကဲ့သိုဟူသော စကားစုသည် ကျမ်းစာ၌ အသင်း တော်အား ချီဆောင်ခြင်းကို ရည်ညွှန်းရာတွင် အသုံးပြုမထားပေ။ ခရစ်တော်ကြွလာပြီး သခင် ဘုရားနေ့တွင် တရားစီရင်ခြင်းသည် ဘေးဒဏ်ကြီးခုနစ်နှစ် အဆုံးတွင်ဖြစ်ပြီး၊ ခုနှစ်နှစ်ကာ လအရင်ဖြစ်မည့် အသင်းတော်ချီဆောင်ခြင်းနှင့် ကွဲပြားသည် (၄း၁၅)။ နှစ်တစ်ထောင် အုပ်စိုး ခြင်းဖြင့် အဆုံးသတ်ထားသော တရားစီရင်ခြင်းအဖြစ်လည်း ဖော်ပြသည် (၂ ပေ ၃း၁၀)။ မမျှော်လင့်ဘဲ သူခိုးလာသကဲ့သိုနှင့် သတိပေးမှု မရှိခြင်းမှာ ဘုရားသခင်၏ နေ့ရက်သည် နောက်ဆုံးအဆင့်ဖြစ်လိမ့်မည်။
သက်သာလောနိတ်ဩဝါဒစာ ပထမစောင်ကို ဆက်လက်လေ့လာရန်
၁။ သက်သာလောနိတ်ဩဝါဒစာ ပထမစောင်တွင် ရှင်ပေါလုက ခရစ်တော်၏ ဒုတိယအကြိမ် ကြွလာခြင်းအကြောင်း မည်သည့်အရာ သွန်သင်သနည်း။
၂။ သက်သာလောနိတ်ယုံကြည်သူများကို တိုက်တွန်းအားပေးခြင်းတွင် ရှင်ပေါလုက သူ့အတွေ့ အကြုံကို မည်သို ဖော်ပြခဲ့သနည်း။
၃။ သက်သာလောနိတ် ယုံကြည်သူများ၏ ဒုက္ခဆင်းရဲနှင့်ပတ်သက်ပြီး မည်သည့် သုံးသပ်ချက် နှင့် ဆွေးနွေးမှုများကို ရှင်ပေါလု မှတ်တမ်းတင်ထားသနည်း။
၄။ သက်သာလောနိတ်အသင်းတော်၏ ယုံကြည်ခြင်းနှင့်ပတ်သက်ပြီး ရှင်ပေါလုက မည်သည့် တိုက်တွန်းနှိး ဆော်မှု ဖော်ပြချက်များကို လုပ်ဆောင်ခဲ့သနည်း။
၅။ ခရစ်တော်၏ ဒုတိယအကြိမ်ကြွလာခြင်းအတွက် သင့်အသက်တာပြင်ဆင်ရန် သင့်အသက်တာမှ မည်သည့်သက်သေက ဖော်ပြနေသနည်း။
သက်သာလောနိတ်ဩဝါဒစာဒုတိယစောင် (Second Thessalonians)
နှစ်သိမ့်ခြင်း၊ အမှားပြင်ပေးခြင်းနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်း
ခေါင်းစဉ်
ဂရိဓမ္မသစ်ကျမ်းတွင် သက်သာလောနိတ်ဩဝါဒစာ ဒုတိယစောင်သည် “သက်သာ လောနိတ် အသင်းတော်သို”ဟု ဖော်ပြထားသည်။ ထိုအရာက သက်သာလောနိတ်မြို (၁း၁)ရှိ အသင်းတော်သို တမန် တော်ရှင်ပေါလု၏ ဒုတိယအကြိမ် ကျမ်းစာရေးသားပေးပိုခြင်းကို ဖော်ပြ သည်။
စာရေးသူနှင့် ရက်စွဲ
သက်သာလောနိတ်ဩဝါဒစာ ပထမစောင်ကဲ့သို ရှင်ပေါလုသည် ဤစာစောင်ကို ရေးသားသူဖြစ် ကြောင်း နှစ်ကြိမ်တိုင် ဖော်ပြသည် (၁း၁၊ ၃း၁၇)။ အသင်းတော်ကို အစပြုခဲ့ သည့် ရှင်ပေါလု၏ လုပ်ဖော် ဆောင်ဘက်များဖြစ်သော သိလွာနု (သိလ)နှင့် တိမောသေတို သည် သူစာရေးသောအခါ အတူရှိခဲ့ကြသည်။ ဤစာစောင်အတွင်းနှင့် ဝေါဟာရများ၊ ရေးသား ၊ ဟန်များ၊ ဩဝါဒဆိုင်ရာ အကြောင်းအရာများက ရှင်ပေါလု၏ စာရေးသူဖြစ်ခြင်းအကြောင်း ခိုင်မာသည့် ပံ့ပိုးပေးသော သက်သေအဖြစ် ရှိခဲ့သည်။ စာစောင်ရေးသားချိန်သည် ပထမ စောင် ရေးသားပြီး နောက်လအနည်းငယ်တွင်ဖြစ်ပြီး၊ အေဒီ ၅၁ နောက်ပိုင်း (သို) အေဒီ ၅၂ အစောပိုင်း၌ သိလနှင့် တိမောသေတိုနှင့်အတူ ကောရိန၌ ရှင်ပေါလုနေသောအချိန်တွင် ဖြစ်သည် (၁း၁၊ တ ၁၈း၅) (သက်သာလောနိတ်ဩဝါဒစာ ပထမစောင် – စာရေးသူနှင့်ရက်စွဲ တွင်ကြည့်ပါ)။
နောက်ခံသမိုင်းကြောင်းနှင့် အနေအထား
သက်သာလောနိတ်၏ သမိုင်းကြောင်းအတွက် သက်သာလောနိတ်ဩဝါး ပထမ စောင်- နောက်ခံသ မိုင်းနှင့် အနေအထား တွင်ကြည့်ပါ။ အချိုက ရှင်ပေါလုသည် ဤ စာစောင်အား ဇဖက်မြိုမှ ရေးသားခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြသော်လည်း ( ၁၈း ၁၈-၂၀)၊ ကောရိန္၌ သူ၏ (၁၈)လကြာ နေခဲ့သောအချိန်သည် သက်သာ လောနိတ် ဩဝါဒစာများကို ရေးသားခဲ့သောအချိန် ဖြစ်သည်ဟု ဖော်ပြသည် ( ၁၈း၁၀)။
ရှင်ပေါလုသည် သက်လာ နိတ်မြို၌ ဖြစ်ပျက်ခဲ့သည့် အရာများကို စာရေးသားခြင်းဖြင့် သိခဲ့သည်။ ပထမစာ
သက်သာလောနိတ် ဩဝါဒစာဒုတိယစောင်၌ ခရစ်တော်
ရှင်ပေါလု၏ သက်သာလောနိတ်သို ရေးသားသော ဒုတိယစာစောင်သည် ခရစ်တော်၏ ဒုတိယအကြိမ် ကြွလာခြင်း အကျိုးဆက်ကို ဖော်ပြသည်။ သက်သာ လောနိတ်ဩဝါဒစာ ပထမစောင်က ခရစ်တော်၏ ပြန်ကြွလာခြင်း၏ မျှော်လင့်ခြင်းကို ဖော်ပြသော အခါ၊ သက်သာလောနိတ်ဩဝါဒစာ ဒုတိယစောင် သည် ထိုနေ့ရက်တွင် ယုံကြည်သူများ ဘုန်းထင်ရှား ခြင်းနှင့် မယုံကြည်သူများ ဘုရားသခင်၏ တရား ၂ စီရင်ခြင်း ခံရမည်ဖြစ်ကြောင်း ဖော်ပြသည် (၁း၁ဝ၊ ၁၂၊ ၂း၈-၁၂)။
စောင်ပေးပိုမှုသည် အသင်းတော်၏ နောက်ဆုံးအခြေအနေအား ရှင်ပေါလုထံ ပြန်ယူလာခဲ့ခြင်း ဖြစ်ပြီး၊ ရင့်ကျက်ခြင်းနှင့် တိုးပွားခြင်း ရှိကြသော်လည်း (၁း၃) ဒုက္ခဆင်းရဲနှင့် ညှဉ်းဆဲနှိပ်စက် မှုများလည်း ရှိနေသည်။ သခင်ဘုရားနှင့်ပတ်သက်ပြီး မှားယွင်းသည့် ဩဝါဒမျိုးစေ့များသည် အစေ့ကျနေပြီး၊ လူများသည်လည်း စာရိတ္တများ ပျက်ပြားနေခဲ့သည်။ ထိုကြောင့် ရှင်ပေါလုက သူချစ်သော သိုးစုဖြစ်သည့် (၁) ညှဉ်းဆဲနှိပ်စက်မှုဖြင့် စိတ်ဓာတ်ကျခြင်းနှင့် ဇွဲလုံလရှိရန် အား ပေးမှု လိုအပ်သူများ၊ (၂) သခင်ဘုရား ပြန်လာခြင်းနှင့်ပတ်သက်ပြီး မှားယွင်းသောဆရာများ အားဖြင့် ရှုပ်ထွေးမှုဖြစ်နေသူများ၊ (၃) ကောင်းသောအကျင့်ကျင့်ရန် ငြင်းဆန်ခြင်းဖြင့် ဘုရား အမိန့်တော်ကို နာခံမှုမရှိသူများထံ စာစောင် ရေးသားပေးပိုခဲ့ခြင်းဖြစ်သည်။ ရှင်ပေါလုက ဤအကြောင်းအရာ သုံးခုဖြင့် ရေးသားခဲ့ပြီး (၁) ညှဉ်းဆဲနှိပ်စက်ခံရသော ယုံကြည်သူများကို နှစ်သိမ့်ပေးခြင်း (၁း၃-၁၂)၊ (၂) မှားယွင်းသော သွန်သင်မှုများနှင့် စိုးရိမ်ပူပန်သော ယုံကြည်သူ များအား အမှားပြင်ဆင်ပေးခြင်း (၂း၁-၁၅) နှင့် (၃) နာခံမှုမရှိခြင်းနှင့် စည်းကမ်းမရှိသော ခရစ်ယာန်များကို ဆုံးမခြင်း (၃း၆-၁၅) စသည်တို ဖြစ်သည်။
သက်သာလောနိတ် ဩဝါဒစာ ဒုတိယစောင်ရှိ အဓိကဇာတ်ကောင်များ
ရှင်ပေါလု – အကျိုးရှိသော သက်သေခံချက်ဖြင့် ကျန်းမာသော အသင်းတော်တစ်ခု မည်သို ရပ်တည်ရမည်ကို လမ်းညွှန်ပေးရန် ရေးသားခဲ့သူ (၁း၁-၃း၁၈)
တိမောသေ – သာသနာပြုတစ်ဦးကဲ့သို ရှင်ပေါလုနှင့် ခရီးပြုသူ (၁း၁) ၊
သိလ – သာသနာပြုသူတစ်ဦးကဲ့သို ရှင်ပေါလုနှင့်အတူ ခရီးပြုသူ (၁း၁)
သမိုင်းကြောင်းနှင့် ဓမ္မအတွေးအခေါ်ဆိုင်ရာ အကြောင်းအရာများ
အခန်းကြီး ၁ နှင့် ၂ သည် သခင်ဘုရား၏ နေ့ရက်နှင့် ပတ်သက်ပြီး မှားယွင်းသော ဆရာများအားဖြင့် နားလည်မှုလွဲမှားသွားသည့် အဓိကအကြောင်း ဖြစ်သောကြောင့် ပရောဖက် ပြုခြင်းဆိုင်ရာ အကြောင်းများ ပါဝင်သော်လည်း “သင်းအုပ်နှင့်ဆိုင်သော စာစောင်”ဟု ခေါ် လည်း ပိုကောင်းသည်။ နောက်ဆုံးသောကာလနှင့် သမ္မာတရားအား နာခံခြင်းကို သေချာသော တုန့်ပြန်မှု၌ အကျိုးရှိသော သက်သေခံချက်ဖြင့် ကျန်းမာသော အသင်းတော် မည်သိုရပ်တည် သည်ကို အလေးအနက်ဖော်ပြသည်။
အနာဂတ်နှင့် နောက်ဆုံးသောကာလအကြောင်း ဆွေးနွေးခြင်းသည် ဓမ္မအတွေး အခေါ်ဆိုင်ရာ အကြောင်းအရာများကို လွှမ်းမိုးသည်။ မယုံကြည်သူအတွက် ပုဂ္ဂိုလ်ရေးရာ နောက်ဆုံးသောအချိန်၌ အရှင်းလင်းဆုံးဖော်ပြချက်တစ်ခုသည် ၁၉ တွင် တွေ့ရသည်။ အသင်းတော်ဆုံးမပဲ့ပြင်ခြင်း ၃း၆-၁၅ က အဓိက အလေးအနက် ဖော်ပြပြီး၊ ထိုအဓိကအချက်ရှိ ကျမ်းစာသွန်သင်မှု အပြည့်အဝ နားလည်ခြင်းအတွက် မ ၁၈း၁၅-၂ဝ၊ ၁ ကော ၅း၁-၁၃၊ ဂလ ၆း၁-၅၊ ၁ တိ ၅း၁၉၊ ၂၀ တိုကို ဆင်ခြင်ရန် လိုအပ်သည်။
သက်သာလောနိတ် ဩဝါဒစာ ပထမစောင်နှင့် ဒုတိယစောင်ရှိ အလေးအနက်ထားမှုများကို နှိုင်းယှဉ်ခြင်း
၁ သက် ၂ သက်
– သက်သာလောနိတ်အသင်းသည် ဘုရား . – သက်သာလောနိတ်အသင်းတော်သည် သခင်၏ နှုတ်ကပတ်တော်ကို လက်ခံရရှိသကဲ့ ဖေးမကူညီမှု၊ သူတို၏ ယုံကြည်ခြင်း၊ ချစ် သို မည်သို ဧဝံဂေလိပြုခြင်းကို ပြောခြင်း ခြင်း၊ သည်းခံခြင်းများကို တိုးတက်မှု
အကြောင်း ပြောခြင်း
– သခင်ကြွလာမှုကို အလေးအနက်ထားသည့် . – သခင်ကြွလာခြင်းနှင့်ပတ်သက်သည့်
ဖြစ်အံ့ဆဲဆဲအခြေအနေနှင့် အရေးကြီးမှု နားလည်မှုအလွဲများကို အမှန်ပြင်ခြင်း
– သန့်ရှင်းသူများသည် နှစ်သိမ့်မှုနှင့် တွန်းအား – ဘုရားသခင်၏ တရားစီရင်မှုတွင် ရန်သူ ပေးခံရခြင်း ၊ များကို စီရင်ကြောင်း သန့်ရှင်သူများ အတွက် သေချာစေခြင်း
သက်သာလောနိတ်ဩဝါဒစာ ဒုတိယစောင်ရှိ အဓိကဩဝါဒများ
အသင်းတော်ဆုံးမပဲ့ပြင်ခြင်း – ကျန်းမာသောအသင်းတော်အတွက် ဘုရားသခင်နှစ်သက် သော နည်းလမ်းများ လိုအပ်ကြောင်း ရှင်းလင်းစွာ သွန်သင်မှုများ (၃း၆-၁၅၊ မ ၁၈း၁၅-၂ဝ၊ ၁ ကော ၅း၁-၁၃၊ ဂလ ၆း၁-၅၊ ၁ တိ ၅း၉၊ ၂၀)
ထာဝရဆုလဒ်နှင့် အပြစ်ဒဏ်ခတ်ခြင်း – သေပြီးနောက် လူတိုင်းသည် ဘုရားသခင်၏ ရှေ့တော်တွင် တည်ရှိခြင်း၊ ဘုရားသခင်နှင့်အတူရှိခြင်း (ထာဝရဆုလဒ်) (သို) ဘုရား သခင်နှင့်ခွဲခွာခြင်း (ထာဝရတရား စီရင်ခြင်း) (၁း၅-၁၂၊ မ ၈း၁၂၊ ၂၂း၁၃၊ ၂၅း၃၀၊ လု ၁၆း၂၄-၂၆၊ ရော ၂း၇၊ ၂ ကော ၅း၁ဝ၊ ကော ၃း၂၄၊ ဟေဗြဲ ၁း၁၆၊ ဗျာ ၂၀း၁၄၊၁၅၊ ၂၂:၅)
သက်သာလောနိတ်ဩဝါဒစာ ဒုတိယစောင်ရှိ ဘုရားသခင်၏ ဂုဏ်အင်္ဂါလက္ခဏာများ
ဘုရားသခင်သည် ကောင်းမြတ်သော ဘုရား – ၁း၁၁
ဘုရားသခင်သည် ချစ်ခြင်းမေတ္တာရှင် ဘုရား – ၂း၁၆
ဘုရားသခင်သည် ဖြောင့်မတ်သော ဘုရား – ၁း၆
ဘုရားသခင်သည် အမျက်ဒေါသထွက်သော ဘုရား – ၁း၈
အနက်အဓိပ္ပာယ်ဆိုင်ရာ အခက်အခဲများ
ထာဝရဆုလဒ်နှင့် အပြစ်ဒဏ်ပေးခြင်းကို ၁း၅-၁၂ တွင် ဖော်ပြထားပြီး၊ တိကျသော အချိန်နှင့် ပတ်သက်ပြီး အသေးစိတ်အချိုကို ရည်ရွယ်ဆုံးဖြတ်ရန် ခက်ခဲမှုရှိသည်။ သခင်ဘုရား ၏ နေ့ရက် (၂း၂)၊ တားဆီးထားသောသူ (၂း၆၊ ၇)နှင့် တရားမဲ့ခြင်းနှင့်ဆိုင်သောသူ (၂း၃၊ ၄၊ ၈-၁၀) စသည့်အကြောင်းများသည် အနက်ဖွင့်ရန် ခက်ခဲသည့် ပရောဖက်ပြုခြင်းဆိုင်ရာ အ ကြောင်းများအဖြစ် ရှိနေသည်။
အကျဉ်းချုပ် ကောက်နှုတ်ချက်
၁။ ရှင်ပေါလု၏ နှုတ်ခွန်းဆက်စကား (၁း၁၊ ၂)
၂။ ဒုက္ခဆင်းရဲများအတွက် ရှင်ပေါလု၏ နှစ်သိမ့်မှု ၁း၃-၁၂)
က။ တိုက်တွန်းခြင်းအားဖြင့် (၁း၃၊ ၄)
ခ။ နှိးဆော်ခြင်းအားဖြင့် (၁း၅-၁၂) ၊
ဂ။ အသင်းတော်အတွက် ပူပန်ခြင်း (၂း၁၇-၃း၁၃)
၃။ မှားယွင်းသော ပရောဖက်ပြုချက်များအတွက် ရှင်ပေါလု၏ အမှားပြင်ဆင်မှု (၂း၁-၁၇)
က။ ပရောဖက်ပြုခြင်းဆိုင်ရာ ပဋိပက္ခ (၂း၁၊ ၂)
ခ။ တမန်တော်ဖြစ်ခြင်းဆိုင်ရာ အမှားပြင်ဆင်မှု (၂း၃-၁၂)
ဂ။ သင်းအုပ်ဆိုင်ရာ နှစ်သိမ့်မှု (၂း၁၃-၁၇)
၄။ အသင်းတော်အတွက် ရှင်ပေါလု၏ ပူပန်မှု (၃း၁-၁၅)
က။ ဆုတောင်းခြင်းနှင့် ပတ်သက်ခြင်း (၃း၁-၅)
ခ။ စည်းကမ်းမဲ့သော နေထိုင်မှုနှင့် ပတ်သက်ခြင်း (၃း၆-၁၅)
၅။ ရှင်ပေါလု၏ ကောင်းကြီးပေးမှု (၃း၁၆-၁၈)
သက်သာလောနိတ်ဩဝါဒစာ ဒုတိယစောင် အချိန်ကာလ၌ ကမ္ဘာကြီးရှိ အခြားသောနေရာများ
အီတလီပြည် အလယ်၌ တည်ရှိသော ဖူစီနိုရေကန်သည် Claudius ၏ လက်ထက်၌ စိုက်ပျိုးရေးလုပ်ဆောင်မှုများကြောင့် ရေခမ်းခြောက်သွား ခဲ့သည်။
ခက်ခဲသော မေးခွန်းများအတွက် အဖြေများ
၁။ ၂း၁-၅ တွင် သခင်ဘုရား၏ နေ့ရက်အကြောင်း ရှင်ပေါလု၏ သွန်သင်မှုအချိုသည် မည်မျှ ကျယ်ပြန့်ခဲ့သနည်း။
သက်သာလောနိတ်ရှိ ခရစ်ယာန်များသည် ရောက်လာတော့မည့် သခင်ဘုရား၏ နေ့ ရက်အတွက် မျှော်လင့်မှုနှင့် နေ့စဉ်အသက်တာ ကြိုးစားအသက်ရှင်မှု၊ ပညတ်တော်ကို ဝန်ခံခြင်း အဖြစ်မှန်တိုအကြား ခက်ခဲမှုပြဿနာတစ်ခုကို ရင်ဆိုင်ခဲ့ရသည်။ မှားယွင်းသောဆရာများသည် ရှုပ်ထွေးမှုများလုပ်ဆောင်ပြီး ပျက်ယယ်ပြုကြသည်။ သခင်ဘုရား၏ နေ့ရက်ရောက်ရှိပြီဟု သွန် သင်မှုသည် ချီဆောင်ခြင်းနှင့်ပတ်သက်ပြီး ယခင်က ရှင်ပေါလုပြောခဲ့သည့်အရာနှင့် ဆန့်ကျင် ဘက်ဖြစ်သည်။ ရှင်ပေါလုထံမှ သတင်းစကားရလာ ခဲ့ပြီးနောက် သူတိုသည် သခင်ဘုရား၏ နေ့ရက်အထဲ ၌ ရှိနေကြပြီဟု လူများက သက်သာလောနိတ်အသင်း တော်ကို ပြောနေခဲ့သည်။ ထိုလိမ်ညာမှုသည် တမန်တော်ဖြစ်ခြင်း အခွင့်အာဏာမှ ပေးခြင်းဟုလည်း ထင်မြင်စေခဲ့သည်။ ရလဒ်များမှာ တုန်လှုပ်ခြင်း၊ ကြောက်ရွံခြင်းနှင့် ရှုပ်ထွေးမှုများ ဖြစ်ခဲ့သည်။ သက်သာလောနိတ် အသင်းတော်၏ စိတ်ပျက်မှုဖြစ်စေသော ထိုအမှားကို ရှင်ပေါလုက ၂း၁-၁၂ တွင် ပြင်ပေးထား သည်။ သူက သခင်ဘုရား၏ နေ့ရက်သည် မရောက်သေးခြင်း၊ အထူးသဖြင့် “ဒုစရိုက်လူ” (ငယ် ၃) မပေါ်သေးမီတိုင်အောင် ထိုနေ့ရက် ဖြစ်မလာသေးကြောင်း ဖော်ပြခဲ့သည်။
အငယ် ၃ သည် “ဖောက်ပြန်သင်းခွဲခြင်း”ကို ရည်ညွှန်းသည်။ ရှင်ပေါလုက ယုံကြည် မှုများစိတ်ထဲတွင် မရှိခဲ့ခြင်းကို ဆိုလိုသည် (ယုံကြည်မှုများ စွန့်ပစ်ခဲ့ခြင်း)။ ထိုအရာက ထူးခြား ပြီး အသေးစိတ်ရည်ရွယ်ချက် ရှိသော အဖြစ်အပျက်၊ ပုန်ကန်မှုတို၏ အဆုံး၊ နောက်ဆုံးဖြစ်ပေါ် မည့် အဖြစ်အပျက်တစ်ခုအဖြစ် ရှင်းရှင်းလင်းလင်း တွေ့ရသည်။ ထိုအဖြစ်အပျက်၏ ရည်ရွယ် ချက်သော့ချက်သည် အဓိကပုဂ္ဂိုလ် ပါဝင်မှု၏ အမှတ်လက္ခဏာတွင် မူတည်သည်။ ရှင်ပေါလု က သူ့အား “ဒုစရိုက်လူ”ဟု ခေါ်ထားသည်။ ထိုပုံသဏ္ဌာန်ကို “ထိုနောက်မှ လာသောသခင်၏ လူ” (၉း၂၆)၊ “ချိုငယ်” (ဒံ ၇း၈)ဟု ခေါ်သည်။ ရှင်ယောဟန်က သူ့အား “သားရဲ”ဟု ခေါ် သော်လည်း (ဗျာ ၁၃း၂-၁၀၊ ၁၈)၊ အများက သူ့အား အန္တိခရစ်ဟု သိကြသည်။ “ဖောက်ပြန် သင်းခွဲခြင်း”ဟူသည် အန္တိခရစ်၏ နောက်ဆုံးဖွင့်ပြသည့် အလွန်ဆိုးဝါးသော ယုံကြည်ချက် စွန့်ပယ်ရန်အကြောင်း လုပ်ဆောင်မှုကို ရည်ညွှန်းပြီး၊ ထိုအဖြစ်အပျက်များအတွက် သွားရာလမ်း ကြောင်းသည် သခင်ဘုရား၏ နေ့ရက်ကို ဖော်ပြနေသည်။ သူသည် ဘာသာရေးကို ထောက်ပံ့ ပေးသူအဖြစ် မြင်ရသောကြောင့် ယုံကြည်မှုစွန့် လွှတ်ခြင်းများ မဖြစ်ခင်အထိ ဘုရားသခင်နှင့် ခရစ်တော်တိုမှ သူ့အား ရန်သူအဖြစ် ဖြစ်ပေါ်စေလိမ့်မည်မဟုတ် ပေ။ သူသည် မိမိကိုယ်ကို ချီးမြှောက်ပြီး၊ ဘုရားသခင်အား ဝတ်ပြုကိုးကွယ်ရန်နေရာ ဗိမာန်တော်ကို ဖျက်ဆီး၍ ဘုရားသ ခင်ကို ပုန်ကန်ခြင်း၊ မိမိကိုယ်ကို ဘုရားအဖြစ်ကြေညာပြီး လောကကြီးက သူ့အားကိုးကွယ်ရန် လိုလားသောသူဖြစ်သည် (ငယ် ၄)။ စာတန်၏ မိမိကိုယ်ကို ဖော်ပြခြင်း ဤအပြုအမူတွင် သူ သည် ဘုရားသခင်အား ဖီဆန်ခြင်း၌ ကြီးမှားသည့် ယုံကြည်ခြင်း စွန့်လွှတ်မှုအမှားကို ကျူးလွန် သည်။ ဘေးဒဏ်ကြီး ခုနစ်နှစ်သည် သခင်ဘုရား၏ နေ့ရက်အထွတ်အထိပ်ရောက်သော အန္တိခရစ် အုပ်စိုးမှုအောက်တွင် ဖြစ်လာမည်ဖြစ်သည် (ဒံ ၇း၂၅၊ ၁၁း၃၆-၃၉၊ မ ၂၄း၁၅-၂၁၊ ဗျာ ၁၃း၁-၈)။
ရှင်ပေါလုစာစောင်၏ ဤအပိုင်းက သက်သာလောနိတ်အသင်းတော်သည် ချီဆောင် ခြင်း၌ မပါဘဲ ဘုရားသခင်၏ နေ့ရက်၌ ရှိနေပြီဟု ထင်မြင်ခြင်းတွင် စိတ်ပူစရာမလိုကြောင်း လေးနက်စွာ ဖော်ပြသည်။ သူတိုသည် တရားစီရင်ခြင်းမခံရဘဲ ဘုန်းထင်ရှားခြင်းတွင် ပါဝင်ပြီး၊ ထိုနေ့၌ လှည့်စားခံရမှုနှင့် စီရင်ခံရသူ များတွင်လည်း မပါကြပေ။
၂။ ၃း၆-၁၅ ၌ အသင်းတော်စည်းကမ်းအား ရှင်ပေါလု၏ သွန်သင်ချက်သည် အခြားကျမ်းပိုဒ် ရှိ သွန်သင်ချက် များနှင့် မည်သို ကိုက်ညီမှုရှိသနည်း။
ရှင်ပေါလုသည် ၃း၆-၁၅ ၌ သက်သာလောနိတ်အသင်းတော်အားဖြင့် အသင်းတော် ဆုံးမပဲ့ပြင်ခြင်း အကြောင်းကို သီးသန့်အရာတစ်ခုအဖြစ် ဖော်ပြသည်။ အထောက်အကူပေးသော ကျမ်းစာများအဖြစ် ထိုအကြောင်းအရာပါဝင်သော ကျမ်းပိုဒ်များဖြစ်သည့် မ ၁၈း၁၅-၂၀၊ ၁ ကော ၅း၁-၁၃၊ ဂလ ၆း၁-၅၊ ၁ တိ ၅း၁၉၊ ၂၀ တိုတွင် လေ့လာအဖြေရှာရမည်ဖြစ်သည်။
ထိုကျမ်းပိုဒ် (၃း၆-၁၅) သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နာခံရန် ငြင်းဆန် သူ တစ်စုံတစ် ယောက်အား အသင်းတော်၏ လုပ်ဆောင်ရမည့် သဘောသဘာဝကို အသေးစိတ် ညွှန်ကြားထားခြင်း၊ အဓိပ္ပာယ်မရှိသော လမ်းစဉ်၌ လျှောက်လှမ်းစဉ် ဘုရားသခင်ကို ယုံကြည်သူ တစ်ဦးအဖြစ် ပြန်လည်မစခြင်းအတွက် မျှော်လင့်ခြင်းများ ဖော်ပြသည်။ ရှင်ပေါလုက “အလုပ်မ လုပ်ချင်သောသူမည် သည်ကား အစာကို မစားစေနှင့်” (၃း၁၀)ဟု ပြောထားသည်။ ထိုအရာများ မှာ နောက်လိုက်ခရစ်ယာန်များသည် ပျင်းရိသောနည်းလမ်းဖြင့် ပြုမူကြပြီး၊ အခြားခရစ်ယာန်များ ကိုလည်း တဖြည်းဖြည်း အားလျော့လာစေသည်။ ရှင်ပေါလုက ထိုသိုသောအကြောင်းအရာကို သူ့ပထမစာစောင်၌ ဖော်ပြခဲ့ပြီးဖြစ်သည် (၁ သက် ၄း၁၁)။
ထိုကျမ်းပိုဒ်သည် အမိန့်အဖြစ် လေးနက်စေခြင်း၊ လူတစ်ဦးကို ရင်ဆိုင်တွေ့ဆုံခြင်းနှင့် စာနာမှုဖြင့် သတိပေးခြင်းများ တွေ့ရသည်။ ပထမမှာ၊ အငယ် ၆ နှင့် ၁၄ တွင် ထိုသိုသော လူတိုကို အသင်းတော်တွင် “ရှောင်ခြင်း”နှင့် “အပေါင်းအဖော်မလုပ်ခြင်း”အကြောင်း သွန်သင် ထားသည်။ အခြားနည်းအရ ရှင်ပေါလုက အသင်းတော်အား အရှက်ရဖွယ်ရာအကြောင်း ဖြစ်စေသော နာခံမှုမရှိသည့် ခရစ်ယာန်များနှင့် အပေါင်းအ သင်းမလုပ်ရန် (ငယ် ၁၄)နှင့် သူ တိုနောင်တရဖို မျှော်လင့်ရန်ဖြစ်သည်။ ဒုတိယမှာ၊ ရှင်ပေါလုသည် တိုက်ရိုက်အမိန့်ကဲ့သို “ငြိမ် ဝပ်စွာလုပ်ဆောင်၍၊ ကိုယ်အစာကိုစားမည်”ဟူသော (ငယ် ၁၂) အမိန့်ပေး ခြင်းဖြစ်ပြီး၊ စည်း ကမ်းမရှိသူများ၏ အကြောင်းပြချက်များကို ဖယ်ရှားရန်ဖြစ်သည်။ တတိယမှာ၊ ရှင်ပေါလုသည် အရေးကြီးသည့် သတိပေးစကားနှစ်ခုကို ပေးခဲ့သည်။ သူသည် ယုံကြည်သူများအား အစစ်အမှန် အကူအညီလိုသော လူများကို အကူအညီပေးရန် ထိုက်တန်ကြောင်း သတိပေးခဲ့သည်။ ရှင်ပေါ လုက ထိုသူတိုအား “သိုသော်လည်း ရန်သူကဲ့သိုမမှတ်၊ ညီအစ်ကိုကဲ့သို မှတ်၍ သတိပေးကြ
သက်သာလောနိတ်သြဝါဒစာ ဒုတိယစောင်ရှိ အဓိက ဝေါဟာရများ
ပျက်စီးခြင်း – ဂရိဝေါဟာရ – oletinos – ၁း၉ – ဖြစ်တည်မှုကို ရပ်စဲသူတစ်ဦး ပြုမူသည့် လုံးဝ ချေမှုန်းခြင်း (သို) မျိုးတုန်းစေခြင်း ဆိုသည့် အဓိပ္ပာယ်မျိုးမဟုတ်သော်လည်း ထိုက်တန်သောအရာ၊ ကောင်းသောအရာတိုင်း ဆုံးရှုးသွားခြင်းကို ဆိုလိုသည်။ ၁ ကော တွင် ရှင်ပေါလုက အပြစ်၏ အကျိုးဆက်အဖြစ် ချက်ခြင်းဖြစ်မည့် အကြောင်းအရာအတွက် ထိုဝေါဟာရကို အသုံးပြုခဲ့သည် (၁ ကော ၅း၅)။ ၁ သက် ၁း၉ တွင် တူညီသော ဝေါဟာရဖြင့် အပြစ်၏ ထာဝရအကျိုးဆက်ကို ဖော်ပြရာတွင် အသုံးပြုထားသည် (၁ တိ ၆း၉ တွင်လည်း တွေ့ရ)။ အပြစ်အတွက် အပြစ်ဒဏ်ခံရ ခြင်းသည် လုံးဝချေမှုန်းလိုက်သည့် သဘောမဟုတ်ဘဲ၊ ခရစ်တော်၏ ချစ်ခြင်းမေတ္တာမှ ထာဝရ ခွဲခွာခံရခြင်းဖြစ်သည်။ ထာဝရအသက်သည် ယုံကြည်သူများ ပိုင်ဆိုင်သည့်အရာသာ ဖြစ်ပြီး၊ ခရစ် တော်ကို ဆန့်ကျင်ပုန်ကန်သူများကို မဆုံးနိုင်သော ဒုက္ခဆင်းရဲများက စောင့်ကြိုနေသည်။
တရားမဲ့သောသူ – ဂရိဝေါဟာရ – anomos – ၂း၈ – စာပေသဘောအရ “တရားမရှိသော”ဟု ဖြစ်ပြီး ပုန်ကန်ခြင်း နေသူတစ်ဦးကို ဖော်ပြသည်။ ဤမကောင်းသောအရာ ပုံဆောင်မှုကို “အန္တိခရစ်” (၁ ယော ၄း၂၊ ၃)နှင့် “သားရဲ”ဟုလည်း ခေါ်သည် (ဗျာ ၁၃း.၁)။ သူသည် ယေရှုခရစ်တော်၏ ဖြောင့်မတ်ခြင်း ပြယုဂ်ကို အားနည်းအောင် လုပ်ဆောင်နေသူဖြစ်သည်။ အဆုံးတွင် ထိုသူသည် လောကတစ်ခုလုံးကို အုပ်စိုးသော အရှင်အားဖြင့် တိုက်ခိုက်အနိုင်ယူခံရမည်ဖြစ်သည်။
လော့” ဟု (ငယ် ၁၅) တိုက်တွန်းထားသည်။ အပြစ်မှ နောင်တမရသူများကို အသေအချာ ရှင်းပြီး ဆက်လက်နေ ထိုင်သူတစ်ဦးအား ဆုံးမသည့်အခါ သခင်ဘုရား၌ ညီအစ်ကို မောင် နှမကဲ့သို သတိရရမည်ဖြစ်သည်။ ထိုလူ၏ အပြစ်အကြောင်း နောက်ထပ်သတိပေးမှုများမှာ နောက်လိုက်ယုံကြည်သူများ ပြန်လည်ကယ်တင်ခြင်းခံခြင်း အတွက် ချစ်ခြင်း၊ ပူပန်မှု၊ ဆုတောင်း ခြင်းဖြင့် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဖော်ပြသည်။
သက်သာလောနိတ် ဩဝါဒစာ ဒုတိယစောင်ကို ဆက်လက်လေ့လာရန်
၁။ ၁ လက် ရှိ ရှင်ပေါလု၏ သတင်းစကားနှင့် ၂ သက် ရှိ သတင်းစကားကို မည်သည့်နည်းလမ်း ဖြင့် နှိင်းယှဉ်ပြီး ခွဲခြားမည်နည်း။
၂။ ရှင်ပေါလု၏ နောက်ဆုံးအဖြစ်အပျက် ဖော်ပြမှုကို အကျဉ်းချုပ်ရေးပါ။
၃။ ခရစ်တော်ကြွလာခြင်း၌ ခရစ်ယာန်များရှိရမည့် မျှော်လင့်ခြင်းကို ရှင်ပေါလုက မည်သည့် အပြုအမူ၊ အမူအယာဖြင့် ဖော်ပြထားသနည်း။
၄။ ခရစ်ယာန်တစ်ဦးဖြစ်ခြင်းအတွက် ဖြစ်ပေါ်လာသော ဒုက္ခဆင်းရဲများအပေါ် သင့်အပြုအမှုက မည်သို ဖော်ပြသနည်း။
တိမောသေသြဝါဒစာပထမစောင် (First Timothy)
လူငယ် ဓမ္မဆရာ
ခေါင်းစဉ်
ဤစာစောင်သည် ယုံကြည်ခြင်း၌ သူ၏ ချစ်သားထံ ရှင်ပေါလုရေးသားသည့် စာစောင် နှစ်ခုမှ ပထမတစ်ခုဖြစ်သည်။ “ဘုရားသခင်ကို ရိုသေသောသူ”ဟူသော အဓိပ္ပာယ်ရှိသည့် တိမောသအမည်မှ ဖြစ်လာပြီး၊ တိမောသေသည် သခင်ယေရှုခရစ်တော်၌ ယုံကြည်သူများ ဖြစ်ကြသည့် ဘာသာတရား ကိုင်းရှိင်းသော ဂျူးလူမျိုး မိခင် (ဥနိတ်)နှင့် အဘွား (လောဣ)တိုမှ ဆင်းသက်လာသည် (၂ တိ ၁း၅)။ သူတိုသည် တိမောသေအား ငယ်စဉ်ကတည်းက ဓမ္မဟောင်း ကျမ်းကို သွန်သင်ပေးသည် (၂ တိ ၃း၁၅)။ သူ့ဖခင်သည် ဂရိလူမျိုးတစ်ဦးဖြစ်ပြီး (တ ၁၆း၁)၊ တိမောသေနှင့် ရှင်ပေါလု မတွေ့ဆုံခင်ကတည်းက သေဆုံးသွားခဲ့သည်။
တိမောသေသည် ရောမနယ်မြေရှိ ဂလာတိ(ယနေ့ တူရကီ)တွင်ရှိသော လုတ္တရမြိုမှ ဖြစ်သည် (တ ၁၆း၁-၃)။ ရှင်ပေါလုသည် ခရစ်တော်ထံ တိမောသေကို ပိုဆောင်ခဲ့ပြီး (၁း၂။ ၁၈၊ ၁ကော- ၄း၁၇၊ ၂ တိ ၁း၂) သူ၏ ပထမသာသနာပြုခရီးစဉ်၌ လုတ္တရမြိုတွင် ရှိနေချိန် အတွင်းဖြစ်ခြင်းဟု သံသယဖြစ်စရာအကြောင်းမရှိပေ (တ ၁၄း၆-၂၃)။ သူသည် သုတ္တရသို ဒုတိယသာသနာပြုခရီးစဉ်တွင် အလည်သွားသောအခါ၊ ရှင်ပေါလုသည် တိမောသော သူ့ လုပ်ဆောင်ဆောင်ဘက်အဖြစ် ရွေးချယ်ခဲ့သည် (တ ၁၆း၁-၃)။ တိမောသေသည် အလွန်ငယ် ရွယ်သေးသော်လည်း (၁၅ နှစ်ကြာပြီးမှ ရှင်ပေါလုသည် သူ့အား အသက်ပျိုသူဟု ခေါ်သော ကြောင့် (၄း၁၂)၊ ၂၀ နှစ် ဝန်းကျင်ခန့်ရှိမည်ဟု ခန့်မှန်း)၊ သူသည် အသရေရှိသူဟု ကျော်ကြား သူဖြစ်သည် (တ ၁း၂)။ တိမောသေသည် ရှင်ပေါလု၏ အသက်တာကုန်ဆုံးသည်အထိ ရှင် ပေါလု၏ တပည့်တော်၊ မိတ်ဆွေ၊ လုပ်ဖော်ဆောင်ဖက်ကဲ့သို ဖြစ်ခဲ့ပြီး၊ ဗေရီမြိုတွင် သူနှင့်အတူ အမှုတော်ဆောင်ခြင်း (တ ၁၇း၁၄)၊ အေသင်မြို (တ ၁၇း၁၅)၊ ကောရိန္ဒမြို (တ ၁၈း၅၊ ၂ ကာ ၁း၁၉)နှင့် ယေရုရှလင်သို သွားသော ခရီးစဉ်များတွင် ပူးပေါင်းပါဝင်ခဲ့သည် (တ ၂၀း၄)။ သူသည် ရင်ပေါလှ ရောမအကျဉ်းထောင် ပထမအကြိမ်ကျခံစဉ်တွင် သူနှင့်အတူရှိခဲ့ပြီး၊ ရှင်ပေါလု လွှတ်မြောက်ပြီး နောက် ဖိလိပ္ပိသိုသွားခဲ့သည် (၂း၁၉-၂၃)။ ထိုပြင် ရှင်ပေါလုသည် သူ့စာ စောင်များ၌ တိမောသေအား မကြာခဏဖော်ပြသည် (ရော ၁၆း၂၁၊ ၂ ကော- ၁း၁၊ဖိ ၁း၁၊ ကော ၁း၁၊ ၁ သက် ၁း၁၊ ၂ သက် ၁း၁၊ ဖိလေ ၁)။ ရှင်ပေါလုသည် တိမောသေသ ကိုယ်စားအဖြစ် အသင်းတော်များသို စေလွှတ်ပြီး (၁ ကော- ၄း၁၇၊ ၁၆း၁၀၊ ဖိ ၂း၁၉၊ ၁ သက် ၃း၂) ၁ တိ တွင် သူ့အားဧဖက်မြိုရှိ အသင်းတော်၌ သင်းအုပ်အဖြစ် အစေခံရန် တွေ့ ရသည်။ ဟေဗြဲ ၁၃း၂၃ အရ၊ တိမောသေသည် တစ်နေရာရာတွင် အကျဉ်းကျပြီး လွတ်မြောက်ခဲ့ကြောင်း တွေ့ရသည်။
စာရေးသူနှင့် ရက်စွဲ
ခေတ်သစ်ဝေဖန်သူများက ကျမ်းစာရှိ ရှင်းလင်းစွာ ဖော်ပြထားသည့်အရာများကို ဝေဖန် ရန်နှစ်သက်ပြီး၊ ကောင်းသောအကြောင်းပြချက်ကြောင်းမဟုတ်ဘဲ သင်းအုပ်နှင့်ဆိုင်သော သြ ဝါဒစာများကို ရှင်ပေါလုရေး သားခြင်းအား ငြင်းဆိုသည် (၁၊ ၂ တိ နှင့် တိတု)။ စာစောင်များမှ သက်သေခံချက်များ (၁း၁၊ ၂ တိ ၁း၁၊ တိ ၁း၁) နှင့် ကနဦးအသင်းတော် (ရောမဩဝါစာနှင့် ၁ ကော မှလွဲပြီး ရှင်ပေါလု၏ ဩဝါဒစာများရှိ သင်းအုပ်ဆိုင်ရာ ဩဝါဒစာများကို အားကြီးစွာ ယုံကြည်သူများ)တိုကို လျစ်လျူရှုပြီး၊ ထိုဝေဖန်မှုများသည် ရှင်ပေါလု၏ ဒုတိယ သာသနာပြု ခရီးစဉ်က သင်းအုပ်နှင့်ဆိုင်သော ဩဝါဒစာများ ရေးသားပြီး ယုံကြည်အားကိုးရသော နောက် လိုက်များအချိန်ကတည်းက ရှိနေသည်။ ဝေဖန်သူတိုသည် သက်သေအဖြစ် အကြောင်းအရာ ငါးခုကို ဖော်ပြသည်။ (၁) သင်းအုပ်ဆိုင်ရာ ဩဝါဒစာစောင်များ၌ နောက်ခံသမိုင်းဆိုင်ရာ အကိုးအကားများသည် တမန်တော်ဝတ္ထုရှိ ရှင်ပေါလုအသက်တာ သမိုင်းကြောင်း ဖော်ပြထား မှုနှင့် ကိုက်ညီမှုမရှိခြင်း၊ (၂) သင်းအုပ်ဆိုင်ရာ ဩဝါဒစာစောင်များ၌ မှားယွင်းသော သွန်သင်မှု များကို ဖော်ပြချက်သည် ဒုတိယရာစုတွင် ဖွံဖြိုးလာသော ရော့စတစ်ဝါဒဖြစ်ခြင်း၊ (၃) သင်းအုပ် ဆိုင်ရာ ဩဝါဒစာစောင်များ၌ အသင်းတော်အဖွဲ အစည်း တည်ဆောက်ပုံသည် ဒုတိယရာစု အချိန်တွင် ဖြစ်ပြီး ရှင်ပေါလုအချိန်အတွက် အလွန်တိုးတက်မှုဖြစ်နေခြင်း၊ (၄) သင်းအုပ်ဆိုင်ရာ ဩဝါဒစာစောင်များသည် ရှင်ပေါလု၏ တရားဓမ္မအမြင် အဓိကအချက် ကြီးကြီးမားမား မပါဝင် ခြင်းနှင့် (၅) သင်းအုပ်ဆိုင်ရာ ဩဝါဒစာစောင်၏ ဂရိဝေါဟာရသည် ရှင်ပေါလု၏ အခြားစာ စောင်များနှင့် ဓမ္မသစ်ကျမ်းတစ်အုပ်လုံးတွင် မတွေ့ရသော စကားလုံးများ ပါဝင်ခြင်းတိုဖြစ် သည်။
မယုံကြည်သူတို၏ အခြေအမြစ်မရှိသော တိုက်ခိုက်မှုများအတွက် အဖြေပေးရန် မလို အပ်ဘဲ၊ အဖြေများသည် အသိဉာဏ်ကြွယ်ဝဖိုသာ ဖြစ်သည်။ ထိုကြောင့် ဝေဖန်သူများ၏ ဆွေးနွေးချက်ကို (၁) သမိုင်းကြောင်းဆိုင်ရာ သဟဇာတမဖြစ်မှုကို တမန်တော်ဝတ္ထု၌ ဖော် ပြထားသည့် ရောမအကျဉ်းထောင်မှ သူပြန်လွတ်မြောက်ခြင်းမရှိပါက လက်ခံနိုင်ဖွယ်ရှိသည်။ သိုသော် သူလွတ်မြောက်ခဲ့ပြီး၊ တမန်တော်ဝတ္ထုသည် ရှင်ပေါလု၏ တရားစီရင်ခံရမှုကို ဖော်ပြ ထားခြင်းနှင့် ရှင်ပေါလုကိုယ်တိုင်လည်း လွတ်မြောက်ရန် မျှော်လင့်ခဲ့သည် (ဖိ ၁း၁၉၊ ၂၅၊ ၂၆၊ ၂း၂၄၊ ဖိလေ ၂၂)။ သင်းအုပ်ဆိုင်ရာ ဩဝါဒစာစောင်၌ နောက်ခံသမိုင်းဆိုင်ရာ အဖြစ် အပျက်များသည် တမန်တော်ဝတ္ထုရှိ သမိုင်းမှတ်တမ်းနှင့် ကိုက်ညီမှုမရှိခြင်းမှာ ထိုအရာများသည် တမန်တော်ဝတ္ထု သမိုင်းဖြစ်ရပ်မှန်အဆုံးကို ရောမ၌ ရှင်ပေါလု၏ ပထမအကြိမ်အကျဉ်းခံချိန် ဖြင့် အဆုံးသတ်ထားခြင်းကြောင့်ဖြစ်သည်။ (၂) သင်းအုပ်ဆိုင်ရာ ဩဝါဒစာစောင်နှင့် ဒုတိယ ရာစု စတစ်ဝါဒီ၏ အတုအယောင်အကြား တူညီမှုများသော်လည်း (ကောလောသဲ- နောက် ခံသမိုင်းနှင့် အနေအထားတွင် ရော့စတစ်ဝါဒီအကြောင်း ဆွေးနွေးချက်များတွင်ကြည့်ပါ)၊ ထိုနေရာတွင် အရေးကြီးသော ကွဲပြားမှုများ ရှိခဲ့သည်။ ဒုတိယရာစု နော့စတစ်ဝါဒီနှင့်မတူဘဲ၊ သင်းအုပ်ဆိုင်ရာ ဩဝါဒစာစောင်များရှိ မှားယွင်းသောဆရာများသည် အသင်းတော်အထဲတွင် ရှိနေပြီး (၁း၃-၇)၊ သူတို၏ သွန်သင်မှုသည် ဂျူးလူမျိုးတို၏ အယူသီးဝါဒတွင် အခြေခံသည် (၁း၇၊ တိ ၁း၁ဝ၊ ၁၄၊ ၃း၉)။ (၃) သင်းအုပ်ဆိုင်ရာ ဩဝါဒစာစောင်များ၌ ဖော်ပြသော အသင်းတော်အဖွဲအစည်း တည်ဆောက်ပုံသည် ရှင်ပေါလု တည်ထောင်ခဲ့သည့် အခြားအသင်း တော်များနှင့် ကိုက်ညီသည် (တ ၁၄း၂၃၊ ဖိ ၁း၁)။ (၄) သင်းအုပ်ဆိုင်ရာ ဩဝါဒစာစောင်များ သည် ရှင်ပေါလု၏ တရားဓမ္မဆိုင်ရာ အဓိက အကြောင်းအရာများကို ဖော်ပြထားပြီး၊ သမ္မာကျမ်း စာ၏ ဘုရားသခင် မှုတ်သွင်းခြင်း (၂ တိ ၃း၁၅-၁၇)၊ ရွေးကောက်ခြင်း (၂ တိ ၁း၉၊ တိ ၁း၁၃)၊ ကယ်တင်ခြင်း (တိ ၃း၅-၇)၊ ခရစ်တော်၏ ဘုရားဖြစ်ခြင်း (တိ ၂း၁၃)၊ ကြားဝင်စေ့စပ်သူ (၂း၅)၊ အပြစ်ကို ကိုယ်စားခံသူ (ကျွန်ုပ်တိုအပြစ်အတွက် ပူဇော်ခံသူ) (၂း၆) စသည့်အကြောင်း များပါဝင်သည်။ (၅) သင်းအုပ်ဆိုင်ရာ ဩဝါဒစာစောင်များ၌ အခြားအကြောင်းအရာများသည် ရှင်ပေါလု၏ အခြားစာစောင်များမှ ဝေါဟာရများနှင့် ကွဲပြားမှုရှိရန် လိုအပ်သည်။ ယနေ့ သင်း အုပ်တစ်ဦးသည် နောက်လိုက် သင်းအုပ်တစ်ဦးထံသို ပုဂ္ဂိုလ်ရေးရာစာ၌ မတူညီသည့် ဝေါဟာရ ကို အသုံးပြုရမည်ဖြစ်ပြီး၊ စနစ်ကျသော ဓမ္မပညာစာအုပ်၌သုံးသည့် စကားလုံးနှင့် တူညီစရာ မလိုပေ။
“ယုံကြည်ခြင်း အတုအယောင် ရှိ သူများသည်” သင်းအုပ်ဆိုင်ရာ ဩဝါဒစာ စောင်များကို ရေးခဲ့ပါက အခက်အခဲများ ရှိသည်။ (၁) ကနဦးအသင်းတော်သည် ထို ကဲ့သို အဖြစ်အပျက်ကို လက်မခံခဲ့ပေ (၂ သက် ၂း၁၊ ၂၊ ၃း၁၇)။ (၂) အတုအယောင် စာ စောင်သုံးခုတွင် အဘယ့်ကြောင့် တူညီ သော အကြောင်းများ ပါဝင်ပြီး၊ ကွဲပြား သော ဩဝါဒများ မပါရသနည်း။ (၃) အတု အယောင်တစ်ခုဖြစ်ပါက၊ တမန်တော်ဝတ္ထု ဖြင့် ကိုက်ညီမှုရှိအောင် ရှင်ပေါလုအတွက် သာသနာပြုခရီးစဉ်များ အဘယ့်ကြောင့် ဖန်တီးမှုမပြုသနည်း။ (၄) နောက်ပိုင်းတွင် ရှင်ပေါလု၏ နောက်လိုက်များသည် သူ့ သခင်၏ စကားအဖြစ် ၁း၁၃၊ ၁၅ များကို ထည့်သွင်း ဖော်ပြခြင်း မဟုတ်ပေဘူးလား။ (၅) သူကိုယ်တိုင် တစ်ဦးတစ်ယောက်ဖြစ်ပါက၊ လှည့်စားသူများကို သတိပေးမှုအကြောင်း အဘယ့်ကြောင့် ထည့်သွင်းရသနည်း (၂ တိ ၃း၁၃၊ တိ ၁း၁၀)။ သက်သေကို ရှင်ပေါလု သူ၏ ပထမအကြိမ် ရောမအကျဉ်းထောင်မှ လွတ်လာပြီး နောက် ၁ တိ နှင့် တိတု တိုကို ရေးသားခဲ့ချိန်တွင် ရှင်းလင်းစွာ တွေ့ရပြီး၊ ၂ တိ ကို သူမသေမီ ရောမအကျဉ်းထောင် ဒုတိယအကြိမ် ကျခံရစဉ် (ခန့်မှန်း အေဒီ ၆၆-၆၇)တွင် ထောင်တွင်းမှ ရေးသားခဲ့သည်။
တိမောသေ ဩဝါဒစာ ပထမစောင်၌ ခရစ်တော်
တိမောသေထံသို ရေးသားသော ရှင်ပေါလု၏ စာ စောင်သည် “ဘုရားသခင်သည် ကိုယ်ခန္ဓာ၌ ပေါ် ထွန်းတော်မူပြီ။ ဟုတ်မှန်တော်မူခြင်းအကြောင်း သည် ဝိညာဉ်တော်အားဖြင့် ထင်ရှားတော်မူပြီ။ ကောင်းကင်တမန်တိုသည် ကိုယ်တော်ကို ရှုမြင်ရကြ ပြီ။ တပါးအမျိုးသားတိုသည် သိတင်းတော်ကို ကြား ရကြပြီ။ လောကီသားတိုသည် ယုံကြည်ရကြပြီ။ ဘုန်းအသရေနှင့်တကွ အထက်သို ဆောင်ယူခြင်း ကို ခံတော်မူပြီ”ဟု ခရစ်တော်၏ ပုဂ္ဂိုလ်ဖြစ်ခြင်းကို ဖော်ပြသည် (၃း၁၆)။ ရှင်ပေါလုက ခရစ်တော်၏ ရွေးနှုတ်ခြင်း၊ လူသား၏ ကယ်တင်ရှင်အဖြစ် ပြော ထားသည် (၂း၆၊ ၄း၁၀)။ ရှင်ပေါလုက တိမောသေ အား ခရစ်တော်၌ ယုံကြည်ခြင်း ဆက်ရှိရန် (၁း၁၄)၊ “ယုံကြည်ခြင်းနှင့် ဆိုင်၍ ကောင်းသော တိုက်လှန် ခြင်းကိုပြု”ရန် (၆း၁၂) သတိပေးခဲ့သည်။
နောက်ခံသမိုင်းကြောင်းနှင့် အနေအထား
ရောမအကျဉ်းထောင် ပထမအကြိမ် ကျခံခြင်းမှ သူလွတ်မြောက်လာပြီးနောက် (တ ၂၈း၃၀)၊ ရှင်ပေါလုသည် ဧဖက်မြိုအပါအဝင် သူသာသနာပြုခဲ့သည့် မြိုများကို ခရီးပြုခဲ့သည်။ ဧဖက်မြို၌ ဖြစ်ပေါ်နေသော မှားယွင်းသော သွန်သင်မှုများ (၁း၃-၇၊ ၄း၁-၃၊ ၆း၃-၅)၊ ဝတ်ပြု ကိုးကွယ်ခြင်း၌ အစီအစဉ်မကျမှုများ (၂း၁-၁၅)၊ ခေါင်းဆောင်များ၏ အရည်အသွေးအတွက် လိုအပ်မှုများ (၃း၁-၁၄)၊ ပစ္စည်းဥစ္စာဆိုင်ရာများ (၆း၆-၁၉) စသည့် ပြဿနာများကို ဖြေရှင်းရန် တိမောသေအား ထိုနေရာတွင် ချန်ထားခဲ့ပြီး၊ ရှင်ပေါလုက မက်ဆီဒိုးနီးယားသို ထွက်သွား၍ ထိုနေရာမှ အသင်းတော်၌ လုပ်ဆောင်ရမည့်အရာများကို ကူညီပေးရန် ဤစာစောင်အား တိ မောသေထံ ရေးသားခဲ့သည် (၃း၁၄၊ ၁၅)။
တိမောသေသြဝါဒစာ ပထမစောင်ရှိ အဓိကဇာတ်ကောင်များ
ရှင်ပေါလု – ဧဖက်မြို၌ တိမောသေ သာသနာပြုခြင်းကို တွန်းအားပေးသူ (၁း၁-၆း၂၁)
တိမောသေ – “ဘုရားသခင်ကို ရိုသေသောသူ”ဟူသော အဓိပ္ပာယ်ရှိသည့် အမည်၊ ဧဖက် အသင်းတော်၌ သင်းအုပ်တစ်ဦးကဲ့သို အစေခံသူ (၁း၂-၆း၂၁)
သမိုင်းကြောင်းနှင့် ဓမ္မအတွေးအခေါ်ဆိုင်ရာ အကြောင်းအရာများ
တိမောသေသြဝါဒစာ ပထမစောင်သည် ရှင်ပေါလုမှ တိမောသေသို သွန်သင်သော သင်းအုပ်ဆိုင်ရာ အကြောင်းများ ပါဝင်သည့် လက်တွေ့ဆိုင်ရာ စာစောင်တစ်ခုဖြစ်သည် (၃း၁၄၊ ၁၅)။ တိမောသေသည် ရှင်ပေါလု၏ တရားဓမ္မအမြင်၌ ကောင်းစွာနားလည်ထားသူဖြစ်သော ကြောင့် တမန်တော်သည် သူ့အား ကျယ်ပြန့်သော ဩဝါဒဆိုင်ရာ သွန်သင်မှုများ ထပ်ပေးရန် မလိုအပ်ပေ။ သိုသော် ဤဩဝါဒစာသည် ပညတ်တော်ကို မှန်မှန်ကန်ကန် လုပ်ဆောင်ခြင်း (၁:၅-၁၁)၊ ကယ်တင်ခြင်း (၁း၁၄-၁၆၊ ၂း၄-၆)၊ ဘုရားသခင်၏ ဂုဏ်အင်္ဂါများ (၁၁၇)၊ ကျရှုး ခြင်း (၂း၁၃၊ ၁၄)၊ ခရစ်တော်၏ ပုဂ္ဂိုလ်ဖြစ်ခြင်း (၃း၁၆၊ ၁၅၊ ၁၆)၊ ရွေးကောက်ခြင်း (၆း၁၂)၊ ခရစ်တော် ဒုတိယအကြိမ်ကြွလာခြင်း (၆း၁၄၊ ၁၅) ကဲ့သိုသော အရေးကြီးသည့် တရားဓမ္မ ဆိုင်ရာ ဩဝါဒများ ဖော်ပြသည်။
တိမောသေသြဝါဒစာ ပထမစောင်ရှိ အဓိကဩဝါဒများ
ကယ်တင်ခြင်း – ယေရှုခရစ်တော်အားဖြင့်သာ ဖြစ်လာခြင်း (၁း၁၄-၁၆၊ ၂း၄-၆၊ က ၃း၁၅၊ ဆာ ၃း၈၊ ၃၇း၃၉၊ ဟေရှာ ၄၅း၂၁၊ ၂၂၊ ၄၉း၆၊ ၅၉း၁၆၊ ၆၃း၉၊ လု ၁း၆၉၊ ယော ၁း၁-၁၈၊ ၆း၃၅၊ ၄၈၊ ၈း၁၂၊ ၁၀း၇၊ ၉၊ ၁၀း၁၁-၁၄၊ ၁၁း၂၅၊ ၁၄း၆၊ ၁၇း၃၊ တ ၄း၁၂၊ ၁၆း၃၁၊ ရော ၅း၈၊ ၁၀း၉၊ ဧ ၂း၈၊ ၅း၂၃၊ ၂ တိ ၁း၁ဝ၊ ဟေဗြဲ ၂း၁၀၊ ၅း၉၊ ၁ ပေ ၁း၅၊ ၁ ယော ၁း၁-၄)
ကျရှုံးခြင်း – ပထမလူသားနှစ်ဦး၏ နာမခံခြင်းအားဖြင့် လူသားအားလုံးထံ အပြစ်တရား ဝင် ရောက်ခြင်း (၂း၁၃၊ ၁၄၊ က ၃း၆၊ ၁၁၊ ၁၂၊ ၆း၅၊ ယောဘ ၁၅း၁၄၊ ၂၅း၄၊ ဆာ ၅၁း ၅၊ ဟေရှာ ၄၈း၈၊ ယေ ၁၆း၁၂၊ မ ၁၅း၁၉၊ ရော ၅း၁၂၊ ၁၅၊ ၁၉၊ ၂ ကော ၁၁း၃)
ခရစ်တော်၏ ပုဂ္ဂိုလ်တော်ဖြစ်ခြင်း – ခရစ်တော်သည် ဘုရားဇာတိနှင့် လူ့ဇာတိအပြည့်အဝ ရှိသူဖြစ်ခြင်း (၃း၁၆၊ ၆း၁၅၊ ၁၆၊ ဟေရှာ ၇း၁၄၊ မ ၄း၁၁၊ ယော ၁း၁၄၊ ရော ၁း၃၊ ၄၊ တ ၁း၉၊ ၁ ယော ၄း၂၊ ၃၊ ၅း၆)
ရွေးကောက်ခြင်း – ကမ္ဘာမတည်မီ၊ ဘုရားသခင်သည် သူ့သားသမီးများ၏ အသက်နှင့်အနာဂတ် ကို လုံးဝသိခြင်း (၆း၁၂၊ တရားဟော ၇း၆၊ မ ၂၀း၁၆၊ ယော ၆း၄၄၊ ၁၃း၁၈၊ ၁၅း၁၆၊ တ ၂၂း၁၄၊ ဧ ၁း၄၊ ၁ သက် ၁း၄၊ တိ ၁း၁)
ခရစ်တော်၏ ဒုတိယအကြိမ်ကြွလာခြင်း – ခရစ်တော်၏ ပြန်လည်ကြွလာခြင်းသည် လူသားအားလုံးကို တရားစီရင်ရန် ဖြစ်ခြင်း (၆း၁၄၊ ၁၅၊ ဆာ ၅၀း၃၊ ၄၊ ဒံ ၇း၁၃၊ မ ၂၄း၃၆၊ ၂၅း၃၁၊ မာ ၁၃း၃၂၊ ယော ၁၄း၃၊ ၁ ကော ၁း၈၊ ၁ သက် ၁း၁ဝ၊ ၂း၁၉၊ ၃း၁၃၊ ၄း၁၆၊ ၅း၂၃၊ တိ ၂း၁၃၊ ၂ ပေ ၃း၁၂၊ ယု ၁း၁၄၊ ဗျာ ၁း၇)
တိမောသေသြဝါဒစာ ပထမစောင်ရှိ ဘုရားသခင်၏ ဂုဏ်အင်္ဂါလက္ခဏာများ
ဘုရားသခင်သည် ထာဝရ ဘုရား – ၁း၁၇
ဘုရားသခင်သည် မပျက်စီးနိုင်သော ဘုရား – ၁း၁၇၊ ၆း၁၆
ဘုရားသခင်သည် မမြင်ရသော ဘုရား – ၁း၁၇ ၊
ဘုရားသခင်သည် စိတ်ရှည်သော ဘုရား – ၁း၁၆
ဘုရားသခင်သည် ကရုဏာရှိသော ဘုရား – ၁း၂၊ ၁၃
ဘုရားသခင်သည် ကတိတော်ကို စောင့်ထိန်းသော ဘုရား – ၄း၈
ဘုရားသခင်သည် တစ်ဆူတည်းသော ဘု ရား – ၂း၅
ဘုရားသခင်သည် ပညာရှိသော ဘုရား – ၁း၁၇
အနက်အဓိပ္ပာယ်ဆိုင်ရာ အခက်အခဲများ ၊
မှားယွင်းသောဆရာများ (၁း၃) ဖော်ပြမှုအပေါ် သဘောတူမှုမရှိခြင်း၊ သူတို၏ သွန်သင် မှုတွင် မျိုးဆက်စာရင်းများ ပါဝင်ခြင်း (၁း၄) ဖြစ်သည် (ခက်ခဲသည့် မေးခွန်းများအတွက် အ ဖြေများကဏ္ဍတွင် ကြည့်ပါ)။ ထိုပြင် “စာတန်၏ လက်သိုငါအပ်လိုက်ပြီ”ဟူသော (၁း၂၀) တိကျ သော အဓိပ္ပာယ်သည် ငြင်းခုန်ဖွယ်ရာအကြောင်းတစ်ခု ဖြစ်ခဲ့သည်။ ထိုဆက်စပ်မှုတွင် ရှင်ပေါလု က လူနှစ်ဦးကို အသင်းတော်မှ ထုတ်ပယ်ပြီး၊ ဘုရားသခင်လူများကို သူတိုလွှမ်းမိုးမှုအား အဆုံး သတ်ခြင်းနှင့် အကာအကွယ်ပေးရန် ဖယ်ရှားခြင်းဖြစ်သည်။ သူတိုသည် ဘုရားသခင်၏ ကောင်း ကြီးမင်္ဂလာကို မခံစားရဘဲ စာတန်၏ ထိန်းချုပ်မှုကို ခံခဲ့ရသည်။ အချိုအကြောင်းအရာများတွင် ဘုရားသခင်သည် ယုံကြည်သူများအား ကောင်းသော ရည်ရွယ်ချက်ဖြင့် စာတန်ထံအပ်နှံပြီး၊ ကယ်တင်ခြင်း စစ်မှန်မှုကို ဖော်ပြရန်၊ နှိမ့်ချမှုရှိရန်နှင့် ဘုရားကို အားကိုးရန်၊ အခြားသူများကို တိုက်ခိုက်မှုမပြုရန်၊ (သို) ဘုရားသခင်၏ ချီးမွမ်းခြင်းကို ခံရရန်ဖြစ်သည် (ယောဘ ၁း၁-၂၂၊ မ ၄း၁-၁၁၊ လု ၂၂း၃၁-၃၃၊ ၂ ကော ၁၂း၁-၁၀၊ ဗျာ ၇း၉-၁၅)။ ဘုရားသခင်သည် တရားစီ ရင်ခြင်းအတွက် အချိုကို စာတန်လက်သိုအပ်ပြီး၊ ရှင်ဘုရင် ရှောလု (၁ ရာ ၁၆း၁၂-၁၆၊ ၂၈း၄-၂ဝ၊ ယုဒ (ယော ၁၃း၂၇) နှင့် ကောရိအသင်းတော်၌ အပြစ်ပြုနေသော အသင်းသား များကဲ့သိုဖြစ်သည်။
ဤစာစောင်သည် အပြစ်ဖြေလွှတ်ခြင်းအကြောင်းအရာတွင် ဆွေးနွေးခြင်း၌ အဓိက ကျမ်းပိုဒ်များ အဖြစ် ရှိနေပြီး (၂း၄-၆၊ ၄း၁၀)၊ လူသားအားလုံးသည် ကယ်တင်ခြင်းရမည်ဟူသော အချက်ဖြစ်သည်။ ထိုဆွေးနွေးမှုအတွက် ခက်ခဲသည့် မေးခွန်းများနှင့် အဖြေများ ကဏ္ဍ၌ကြည့်ပါ။
အခန်းကြီး ၂-၃ တွင် အမျိုးသမီးကဏ္ဍအတွက် ရှင်ပေါလု၏ သွန်သင်မှုသည် ဆွေးနွေး စရာများစွာ ဖြစ်ပေါ်ခဲ့ပြီး၊ အသင်းတော်၌ သူတို၏ ခေါင်းဆောင်မှုပြုခြင်းကဏ္ဍကို ဖော်ပြချက် ဖြစ်သည် (၂း၁၁၊ ၁၂)။ ထိုအရာသည် အရေးကြီးသောအရာကဲ့သို ဆင်ခြင်ရန် ရှင်ပေါလုက ဖော်ပြထားသည်။ အသင်းတော်ရှိ အမျိုးသမီးများသည် မသန့်ရှင်းခြင်းနှင့် မိမိကိုယ်ကို ဗဟိုပြု သော အသက်တာဖြင့် ရှိခဲ့ကြပြီး (၅း၆၊ ၁၁-၁၅၊ ၂ တိ ၃း၆)၊ ထိုအပြုအမူသည် ဝတ်ပြုခြင်း အစီအစဉ်အထိ ပါလာခဲ့၍ သူတိုသည် အာရုံစူးစိုက်မှုကို လွှင့်ပျယ်အောင် လုပ်ဆောင်ခဲ့သည်။ သားဖွားခြင်းဖြင့် အမျိုးသမီးများ မည်သို ကယ်တင်မှုရခြင်းသည် (၂း၁၅) ရှုပ်ထွေးမှုများစွာ ရှိ ခဲ့သည်။ “ကယ်တင်ခြင်းရခြင်း”ဟူသော ဝေါဟာရသည် ရှေ့-နောက် ဆက်စပ်မှုအရ “လုံခြုံမှု ရခြင်း”ဟု ဘာသာပြန်လျှင် ပိုကောင်းလိမ့်မည်။ ရှင်ပေါလုက အမျိုးသမီးများသည် ကလေး မွေးဖွားခြင်းအားဖြင့် ထာဝရကယ်တင်ခြင်းရခြင်း (သို) သူတို ကလေးမွေးဖွားခြင်းဖြင့် ကယ်တင် ခြင်း ဆက်လက်ရှိနေခြင်းကို ထောက်ခံပြောဆိုခြင်း မဟုတ်ဘဲ၊ အမြင်နှစ်ခုလုံးသည် ယုံကြည် ခြင်းအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသိုရောက်သည်ဟူသော ဓမ္မသစ်ကျမ်း၏ သွန်သင်မှုကို လုံးဝဆန့်ကျင်ကြောင်း တွေ့ရလိမ့်မည် (ရော ၃း၁၉၊ ၂၀)။ ရှင်ပေါလုက အပြစ် တရား၏ မျိုးဆက်ဖြစ်သော အမျိုးသမီးသည် ကနဦးကတည်းက သားဖွားခြင်းတွင် နာကျင်မှု ကို ခံစားရမည်ဖြစ်သော်လည်း၊ ထိုအမျိုးသမီးသည် သားဖွားခြင်းမှ ဘုရားနှစ်သက်သော သား သမီးမျိုးဆက်တစ်ခု ပျိုးထောင်ခြင်းဖြင့် နာကျင်မှုမှ လွှတ်မြောက်ခြင်းနှင့် လုံခြုံခြင်းရသူဖြစ်သည် ဟု သွန်သင်ခြင်းဖြစ်သည် (၅း၁၀)။ မိခင်များသည် သူတိုကလေးများနှင့် ထူးကဲသော ဆက်ဆံ မှု၊ ရင်းနှီးကျွမ်းဝင်မှု ရှိခြင်းကြောင့် ဖခင်များထက် ပိုမိုအချိန်ပေးနိုင်ပြီး၊ သူတိုတွင် ကလေးများ အသက်တာတွင် လွှမ်းမိုးနိုင်ခြင်းနှင့် ဘုရားနှစ်သက်သော ကလေးများဖြစ်ရန်အတွက် အခွင့် အရေးများနှင့် ထူးကဲသော တာဝန်များရှိခဲ့ကြသည်။
နောက်ဆုံးတွင် အိမ်ထောင်ကွဲသူ (သို) အိမ်ထောင် မပြုရသေးသူအား အငြင်းပွားမှုအ တွက် ချွင်းချက်ထားပြီး သင်းအုပ်သည် “မယားတစ်ယောက်တည်းရှိသူ”အဖြစ် ပြောထားသကဲ့ သို၊ ရှင်ပေါလုသည် သင်းထောက်တို၏ ဇနီးများ (သို) သင်းထောက်မများကိုလည်း ထိုသို ရည်ညွှန်းသည် (၃း၁၁)။ ထိုအရာက အိမ်ထောင်ပြုခြင်း (သို) အိမ်ထောင်ကွဲခြင်းကို ပြောခြင်း မဟုတ်ပေ။ ထိုအကြောင်းအရာသည် သင်းအုပ်၏ အိမ်ထောင်ရေးအခြေအနေကို မဟုတ်ဘဲ သူ၏ ကိုယ်ကျင့်တရားကောင်းမွန်မှုနှင့် လိင်ပိုင်းဆိုင်ရာ သန့်ရှင်းမှုကို ဆိုလိုသည်။ ထိုအရည် အချင်း ရေးမှတ်ထားမှုကို ရှေးရှုပြီး၊ ခေါင်းဆောင်များသည် ထိုနယ်ပယ်များတွင် မကောင်းသော အရာတစ်ခုခုဖြင့် ကျရှုးတတ်ခြင်းကြောင့် ဖြစ်သည်။ ၃း၁၁ တွင် ရှင်ပေါလုက သင်းထောက်တို ၏ အမျိုးသမီးများကို ရည်ညွှန်းခြင်း ဖြစ်ပုံမပေါ်ဘဲ၊ သင်းထောက်ကဲ့သို အစေခံသော အမျိုးသမီး များကို ဆိုလိုခြင်းဖြစ်သည်။
သူတိုမြင်သောအမြင်ကို ထောက်ပံ့ပေးသကဲ့သို ၄း၁-၂ ကို ကိုးကားပြီး ယုံကြည်သူ ခရစ်ယာန်များသည် ကယ်တင်ခြင်းဆုံးနိုင်ခြင်းအကြောင်းဖြစ်သည်။ “စွန့်ခွါခြင်း”အတွက် ဂရိ ဝေါဟာရသည် အင်္ဂလိပ်ဝေါဟာရ “apostatize” မှ အရင်းခံပြီး၊ တစ်ဦးတစ်ယောက်က မူလ နေရာမှ အခြားတစ်နေရာသို ရွေ့သွားခြင်းကို ရည်ညွှန်းသည်။ ထိုသူတိုသည် ဧဝံဂေလိတရားကို စစ်မှန်စွာ ယုံကြည်သူများဖြင့် ဆက်နွယ်သော အမည်ခံ ခရစ်ယာန်များဖြစ်သော်လည်း ယုံကြည် မှု လိမ်ညာလှည့်စားပြီးနောက် ဘက်ပြောင်းသွားပြီး သူတို၏ အမှန်သဘာဝသည် ဖုံးကွယ်မရဘဲ ပေါ်ထွက်လာသည်။
၅း၃-၁၆ ရှိ မုဆိုးမများ အမှတ်လက္ခဏာအကြောင်း မေးခွန်းတစ်ခုရှိသည်။ သူတိုသည် အသင်းတော်မှ ကူညီမစရန် လိုအပ်သော အမျိုးသမီးများ ဖြစ်ပါသလား၊ (သို) အသက်ကြီး သောအမျိုးသမီးများကို အသင်းတော်က ကူညီရမည်လား။ ဤအပိုင်းသည် လိုအပ်သော အမျိုး သမီးများနှင့် သူတိုအမျိုးသားများ၏ ဂရုစိုက်မှု မရရှိတော့သည့် ကျမ်းစာအား နာခံသော အ မျိုးသမီးများကို ရည်ညွှန်းသည် (ထွက် ၂၂း၂၂-၂၄၊ တရားဟော ၂၇း၁၉၊ ဟေရှာ ၁း၁၇)။ မုဆိုးမများအတွက် ဘုရားသခင်၏ သနားကြင်နာစိတ် ဖြစ်ပေါ်မှုသည် ထိုအမိန့်တော်ကို အား ဖြည့်ခြင်းသာဖြစ်သည် (ဆာ ၆၈း၅၊ ၁၄၆း၉၊ မာ ၁၂း၄၁-၄၄၊ လု ၇း၁၁-၁၇)။
နောက်ဆုံးတွင် ကောင်းမွန်စွာ အုပ်သော သင်းအုပ်တိုသည် “အလှူနှစ်ဆ” ခံထိုက်သည် (၅း၁၇၊ ၁၈)ဟု ရည်ညွှန်းထားသည်မှာ ငွေကြေးလား (သို) သူတိုအသင်းသားများထက် ပိုကြီး မြတ်သော ဂုဏ်ပြုခြင်းအား ဆိုလိုခြင်းလား။ ဤဖော်ပြချက်သည် ထိုသိုသောသူသည် အခြား အရာများကဲ့သို ငွေကြေးကိုလည်း နှစ်ဆအတိအကျခံရမည်ဟု ဆိုလိုခြင်းမဟုတ်သော်လည်း သူတိုသည် လေးစားမှု ပိုခံရခြင်းကြောင့် ရက်ရောစွာ ပေးကမ်းခြင်းခံရမည်ဟု ဖြစ်သည်။
အကျဉ်းချုပ် ကောက်နှုတ်ချက်
၁။ နှုတ်ဆက်စကား (၁း၁၊ ၂)
၂။ မှားယွင်းသော ဩဝါဒများနှင့် ပတ်သက်ပြီး သွန်သင်မှုများ (၁း၃-၂၀)
က။ ဧဖက်မြို၌ မှားယွင်းသော ဩဝါဒ (၁း၃-၁၁)
ခ။ ရှင်ပေါလု၏ စစ်မှန်သော ဩဝါဒ (၁း၁၂-၁၇)
ဂ။ တိမောသေအား တိုက်တွန်းခြင်း (၁း၁၈-၂၀)
၃။ အသင်းတော်နှင့် ပတ်သက်ပြီး သွန်သင်မှုများ (၂း၁-၃း၁၆)
က။ ဆုတောင်းခြင်း၏ အရေးကြီးမှု (၂း၁-၈) ၊
ခ။ အမျိုးသမီးများ၏ ကဏ္ဍ (၂း၉-၁၅)
ဂ။ ခေါင်းဆောင်များအတွက် အရည်အချင်းများ (၃း၁-၁၃)
ဃ။ ရှင်ပေါလုစာစောင်အတွက် အကြောင်းအရင်း (၃း၁၄-၁၆)
၄။ မှားယွင်းသော ဆရာများနှင့် ပတ်သက်ပြီး သွန်သင်မှုများ (၄း၁-၁၆)
က။ မှားယွင်းသောဆရာများ၏ သရုပ်မှန် (၄း၁-၅)
ခ။ စစ်မှန်သော ဆရာများ၏ သရုပ်မှန် (၄း၆-၁၆) ၊
၅။ သင်းအုပ်ဆိုင်ရာ တာဝန်များနှင့် ပတ်သက်ပြီး သွန်သင်မှုများ (၅း၁-၆း၂)
က။ အပြစ်ပြုသော အသင်းသားများ၏ တာဝန် (၅း၁၊ ၂)
ခ။ မုဆိုးမများ၏ တာဝန် (၅း၃-၁၆) ဂ။ သင်းအုပ်များ၏ တာဝန် (၅း၁၇-၂၅)
တိမောသေသြဝါဒစာ ပထမစောင်ရှိ အဓိကဝေါဟာရများ
အဖိုးအခ (ရွေးယူခြင်းအတွက် အဖိုးအခ) – ဂရိဝေါဟာရ – antilutron – ၂း၆ – စာပေသဘော အရ “အဖိုးအခ”ဖြစ်၍၊ အမှန်တကယ်မှာ စာလုံးနှစ်လုံးပေါင်းထားပြီး၊ anti – အဓိပ္ပာယ် “အစား ထိုးခြင်း”နှင့် Intro – အဓိပ္ပာယ် “ကျွန် (သို) အကျဉ်းသားတစ်ဦးကို ရွေးယူခြင်း”ဖြစ်သည်။ antilutron သည် ကျွန်တစ်ဦးအတွက် အစားထိုးခြင်း၌ ပေးချေရသည့် ငွေဖြစ်သည်။ ကျွန်၏ပိုင် ရှင်သည် သူ့ကျွန်ကို လွတ်ဖိုရန်အတွက် ပေးငွေကို လက်ခံသည်။ ဂလ ၃း၁၃ သည် ပညတ်တရား ကျိန်ခြင်းအောက်ရှိ အပြစ်သားများအတွက် ခရစ်တော်သည် မည်ကဲ့သို အဖိုးအခပေးခဲ့ရကြောင်း ဖော်ပြထားသည်။ ကားတိုင်တွင် ခရစ်တော်၏ ယဇ်ပူဇော်ခံခြင်းသည် အပြစ်တရား၏ ချည်နှောင်မှု အောက်မှ ကျွန်ုပ်တိုကို ရွေးနှုတ်ခဲ့သည်။
သင်းအုပ် (Bishop) – ဂရိဝေါဟာရ – episkopos – ၃း၁-၂ – စာပေသဘောအရ “ကြီးကြပ်သူ”ဟု ဖြစ်သည်။ ဓမ္မသစ်ကျမ်းတွင် သင်းအုပ်များသည် သူ့တိုအသင်းသားများကို ကြီးကြပ်သူအဖြစ် လုပ်ဆောင်သည် (တ ၂၀း၁၇၊ ၂၈)။ သင်းအုပ်များသည် အသင်းတော်အတွင်းတွင် မျှတမှုရှိရန် ကြီးကြပ်ရသည်။ ထိုအလုပ် ပြီးမြောက်ရန် များစွာသော သင်းအုပ်များကို အသင်းသားများအား ကူညီရန် များစွာသော ကဏ္ဍများတွင် ခန့်ထားသည် (တ ၁၄း၂၃၊ တိ ၁း၅-၇)။ ဓမ္မသစ်အချိန်ပြီး နောက်၊ သင်းအုပ်စကားလုံးနေရာတွင် bishop ဖြင့် အစားထိုးလာကြပြီး၊ ထိုသူတစ်ဦးသည် အသင်း တော်တစ်ခုကို ကွပ်ကဲရသည့် ယဉ်ကျေးမှုအဖြစ် ဖြစ်လာခဲ့သည်။
တရားမဲ့သော အချည်းအနှီးစကား – ဂရိဝေါဟာရ – kenophonic – ၆း၂၀ – စာပေသဘောမှာ “အကျိုးမဲ့စကား”ဖြစ်သည်။ ရှင်ပေါလုက ဤဝေါဟာရအား ဝိညာဉ်ရေးရာ အဓိပ္ပာယ်ကို လုံးဝအကျိုး မရှိစေကြောင်း ဖော်ပြရာတွင် အသုံးပြုသည်။ အခြားနည်းလမ်းအရ၊ ဘုရားသခင်၏ အလိုတော်မှ ဖြစ်လာခြင်းမဟုတ်ပါက လူ၏ အောင်မြင်မှုသည် အချည်းနှီးဖြစ်ကြောင်း ဖြစ်သည်။ ရှင်ပေါလု၏ အချိန်၌ ဂျူးဘာသာဝင်များသည် ပါးနပ်သော အတွေးအခေါ်များကို အသုံးပြုခြင်းဖြင့် ယုံကြည်သူ များကို မြူဆွယ်ရန် ကြိုးစားခဲ့ကြသည်။ ရှင်ပေါလုက သူတို၏ တရားမဲ့သော အချည်းအနှီးပြော ဆိုမှုများကို ဖော်ပြထားသည် (၆:၂၀၊ ဧ ၅း၆၊ ကော ၂း၈၊ ၂ တိ ၂း၁၆)။ အခြားတစ်ဖက်တွင် ရှင် ပေါလုနှင့် တမန်တော်တို၏ သွန်သင်ချက်များသည် အကျိုးမဲ့မဟုတ်ဘဲ၊ ထိုအရာများသည် ဘုရား သခင်၏ မပြောင်းလဲသော အလိုတော်၌ ဖြစ်ခြင်းကြောင့် ထာဝရ ဖြစ်သည် (မ ၅း၁၈၊ ၁ ကော ၁၅း၁၂-၁၅)။
ဃ။ ကျွန်များ၏ တာဝန် (၆း၁၊ ၂)
၆။ ဘုရားသခင်၏ လူနှင့် ပတ်သက်ပြီး သွန်သင်မှုများ (၆း၃-၂၁)
က။ မှားယွင်းသော သွန်သင်မှု၏ ကြီးမားသော အန္တရာယ် (၆း၃-၅)
ခ။ ငွေကို နှစ်သက်ခြင်း၏ ကြီးမားသော အန္တရာယ် (၆း၆-၁၀) ၊
၇။ ဘုရားသခင်၏ လူတစ်ဦး၏ သေချာသော ဝိသေသနှင့် လှုံဆော်မှု (၆း၁၁-၁၆)
ဃ။ ငွေကြေးကို သေချာစွာ ကိုင်တွယ်ခြင်း (၆း၁၇-၁၉)
၄။ သမ္မာတရားကို သေချာစွာ အသုံးပြုခြင်း (၆း၂၀၊ ၂၁)
တိမောသေသြဝါဒစာ ပထမစောင် အချိန်ကာလ၌ ကမ္ဘာကြီးရှိ အခြားသောနေရာများ
ရွံများတွင် ပတ်ချာလည်ပေါင်းစည်းတည်ဆောက်ထားသော တဲအိမ်ကြီး များကို ယနေ့အခေါ် အမေရိကန်ပြည်ထောင်စု၏ တောင်ပိုင်းပြည်နယ်၌ Mogollo) လူမျိုးက တည်ဆောက်ခဲ့သည်။
ခက်ခဲသော မေးခွန်းများအတွက် အဖြေများ
၁။ “ဤစကားသည် သစ္စာစကားဖြစ်သည်”ဟု ရှင်ပေါလုရေးသောအခါ သူသည် အခြားကျမ်းစာ မှ ကိုးကားထားခြင်းလား။
ရှင်ပေါလုသည် ဤစကားစုအား သင်းအုပ်ဆိုင်ရာ ဩဝါဒစာစောင်များတွင် အကြိမ် ပေါင်းများစွာ အသုံးပြုခဲ့သည် (၁း၁၅၊ ၃း၁၊ ၄း၉၊ ၂ တိ ၂း၁၁၊ တိ ၃း၈)။ တစ်ခုတိုင်းစီ၏ နောက်ဆက်တွဲဖော်ပြချက်များသည် သော့ချက်ဩဝါဒတစ်ခုအဖြစ် မြုံငုံမိသည်။ “အကြွင်းမဲ့ ခံယူအပ်သောစကား”ဟူသော စကားစု ထပ်ဖြည့် ခြင်းသည် အလေးအနက်ထားမှုကို ထပ်ပေး သည့် ဖော်ပြချက်ဖြစ်စေသည်။ ထိုပြောဆိုမှုများသည် ဧဝံဂေလိ သတင်းကောင်းကို လိုတိုရှင်း ကဲ့သို အသင်းတော်၌ ကောင်းမွန်စွာ သိခဲ့ကြသည်။ သူတို ခရီးအတူသွားကြသော အခါ၌ တိ မောသေနှင့်တိတုတိုသည် ထိုဖော်ပြချက်များကို ရှင်ပေါလု အကြိမ်ပေါင်းများစွာ ပြောကြောင်း သူတိုကြားခဲ့လိမ့်မည်ဖြစ်သည်။ ။
ထိုပြောဆိုချက်များသည် အခြားကျမ်းစာတွင် တိုက်ရိုက်မှီငြင်းမှုမရှိသော်လည်း ကျမ်း စာသွန်သင် ချက်ကို ခြုံငုံမိသည်။ ဥပမာ ၁း၁၅ တွင် “ယေရှုခရစ်သည် အပြစ်ရှိသော သူတိုကို ကယ်တင်ခြင်းငှါ ဤလော ကသို ကြွလာတော်မူသည်”ဟု ပြောခြင်းသည် မ ၉း၁၃ နှင့် လု ၁၉း၁ဝ တိုတွင် ဖော်ပြထားသည့် အချက်များ ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်၏ မှုတ်သွင်း မှုအောက်မှ ရှင်ပေါလုက ဖော်ပြထားမှုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ပြောခြင်း ဖြစ်ကြောင်း အတည်ပြုသည်။
၂။ ၂း၄-၆ မှာ ဘုရားသခင်သည် “လူအပေါင်းတိုကို ကယ်တင်ခြင်းသို ရောက်ရန် ဘုရားသခင် အလိုရှိခြင်း”ဟု ဖော်ပြချက်ဖြစ်ပါက၊ အဘယ့်ကြောင့် လူတိုင်း ကယ်တင် ခြင်းမရရှိသနည်း။ ကယ်တင်ခြင်းအတိုင်းအတာသည် မည်မျှကျယ်ပြန့်သနည်း။
အလိုရှိခြင်း အတွက် ဂရိဝေါဟာရသည် ဘုရားသခင်၏ အလိုတော်ရှိမှု (ထာဝရရည် ရွယ်ချက်အတွက် သူ၏ ပိုင်သအုပ်စိုးမှု)ကို ဖော်ပြရန် အမြဲတမ်းအသုံးပြုသည့် ဝေါဟာရ မ ဟုတ်ပေ။ ထိုအရာက ဘုရားသခင်၏ အလိုတော်ရှိခြင်း စိတ်ဆန္ဒကို ဖော်ပြသည်။ ဘုရားသခင် ၏ အလိုတော်ရှိခြင်း နှင့် သူ၏ ထာဝရကယ်တင်ခြင်း ရည်ရွယ်ချက်တိုအကြား ကွဲပြားမှုရှိသည်။ ဘုရားသခင်သည် လူများကို အပြစ် မပြုစေရန် မလိုလားပေ။ သူ၏ ဖြစ်တည်ခြင်းအားလုံးဖြင့် အပြစ်တရားကို မုန်းသည် (ဆာ ၅း၄၊ ၄၅း၇)။ ထိုကြောင့် သူသည် အပြစ်၏ အကျိုးဆက်ဖြစ်သည့် ထာဝရငရဲ၌ ကျခံခြင်းကို မုန်းသည်။ ဘုရားသခင်သည် လူများအား သူ့ကိုမုန်းပြီး ထာဝရနောင် တရခြင်း၌ မကောင်းမှုအမြဲရှိခြင်းကို မလိုလားပေ။ ထိုကြောင့် ဘုရားသခင်သည် သူ၏ ဘုန်း တော်အတွက်၊ အမျက်ဒေါသ၌ ဘုန်းတော်ကိုဖော်ပြရန် သူ၏အလိုတော် ပြီးပြည့်စုံခြင်းအတွက် “မိမိအမျက်တော်ကို ပြ၍ … ပျက်ဆီးခြင်အဖို ပြင်ဆင်”မှုကို ရွေးချယ်ခဲ့သည် (ရော ၉:၂၂)။ သူ၏ ထာဝရရည်ရွယ်ချက်တွင်၊ သူသည် ဤလောကမှ လူတချိုကို ရွေးကောက်ပြီး (ယော ၁၇း၆)၊ အခြား လူတချိုကို သူတို၏ အပြစ်အကျိုးအဆက်၊ မယုံကြည်မှု၊ ခရစ်တော်ကို ငြင်းဆန်မှု များအား ခွင့်ပြုခဲ့သည် (ရော ၁း၁၈-၃၂)။ ဘုရားသခင်၏ ရွေးချယ်မှုနှင့် ပြုမူမှုသည် သူ၏ ပိုင်သအုပ်စိုးမှု၊ ထာဝရရည်ရွယ် ချက်ဖြင့်သာ ဆုံးဖြတ်ပြီး၊ သူ၏ စိတ်ဆန္ဒကြောင့် မဟုတ်ပေ။
ရှင်ပေါလုက “လူအပေါင်းတိုအတွက် ရွေးနှုတ်စရာအဖိုးအခ”ကဲ့သို စကားစုဖြင့် ကယ် တင်ခြင်းအမှု၌ ခရစ်တော်၏ ကဏ္ဍကို ဖော်ပြထားသည် (၂း၆)။ ယေရှုကိုယ်တိုင်လည်း “လူ များကို ရွေးခြင်းငှါ”ဟု သူ့ရည်ရွယ်ချက်ကို ဖော်ပြသောအခါ တူညီသော ဝေါဟာရကို အသုံး ပြုခဲ့သည် (မ ၂၀း၂၈)။ လူများဆိုသည်မှာ အများကြီးကို ဖော်ပြသည်။ အားလုံးကို ရွေးမည်မဟုတ် ဘဲ (သူ့သေခြင်းသည် လုံလောက်မှု ရှိသော်လည်း)၊ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင် ခြင်းနှင့် အပြစ်ဖြေလွှတ်ခြင်း အမှန်တကယ် လုပ်ဆောင်ခဲ့မှုကို ယုံကြည်သောသူများသာ ဖြစ် သည်။ “အားလုံးအတွက်”ဟူသည် အဓိပ္ပာယ်နှစ်မျိုးဖြစ်ပြီး –
> အပြစ်လွတ်ခြင်း၏ လောကတွင် အကျိုးဖြစ်မှုသည် စကြဝဠာရှိ တိကျသော လူများကို ဆိုလိုခြင်း (ဥပမာ- ဘုရားသခင်၏ သနားကြင်နာခြင်းနှင့် ကျေးဇူးတော်ကို နေ့စဉ်တွေ့ကြုံမှုများ)
> ခရစ်တော်၏ သေခြင်းသည် လူသားအားလုံး၏ အပြစ်များ ဖုံးအုပ်ရန် လုံလောက်မှုရှိခြင်း
သူ့သေခြင်း၏ အစားထိုးလုပ်ဆောင်မှုအမြင်သည် ရွေးကောက်ထားသူများတွင်သာ သက်ရောက်မှုရှိ သည်။ ခရစ်တော်၏ သေခြင်းသည် အကန့်အသတ်မရှိသော အရာအတွက် လုံလောက်မှုရှိသော်လည်း လက်တွေ့လုပ်ဆောင်မှုတွင် ကန့်သတ်ထားသည်။ လူသားအားလုံး ကယ်တင်ခြင်းမရခြင်းသည် ခရစ်တော်၏ ရွေးနှုတ်ခြင်း အားနည်းမှုကြောင့်မဟုတ်ဘဲ၊ လူတို ၏ အပြစ်ဒုစရိုက်နှင့် ဘုရားသခင်၏ ပိုင်သအုပ်စိုးသော အစီအစဉ်ကြောင့်ဖြစ်သည်။
၃။ ပျိုရွယ်သောသူ ကျင့်ဆောင်ရန် ရှင်ပေါလုက တိမောသေအား မည်သည့် တိကျသော သွန်သင်မှုများ ပေးခဲ့သနည်း။
ယေရှုခရစ်တော်၏ တပည့်တော်တစ်ဦးကဲ့သို အသက်ရှင်ရန် ပျိုရွယ်သူတစ်ဦး ကျင့် ဆောင်မှုကို ၄း၁၂-၁၆ တွင် အရေးပါသော လမ်းညွှန်မှုများအဖြစ် တွေ့နိုင်ပြီး၊ ရှင်ပေါလုက တိမောသေအား အသင်းတော်တွင် စံနမူနာဖြစ်စေရန် နယ်ပယ်ငါးခုကို ဖော်ပြထားသည် (ငယ် ၁၂)။ ။
> စကားပြောခြင်း (သို) အပြောအဆို – မ ၁၂း၃၄-၃၇၊ ဧ၄း၂၅၊ ၂၉၊ ၃၁
> ကျင့်ကြံပြုမူခြင်း(သို) ဖြောင့်မတ်ခြင်းအသက်တာ- တိ ၂း၁ဝ၊ ၁ ပေ ၁း၁၅၊ ၂း၁၂၊ ၃း၁၆
> ချစ်ခြင်း (သို) သူတပါးအတွက် ကိုယ်ကျိုးစွန့် အစေခံခြင်း – ယော ၁း၁၃
> ယုံကြည်ခြင်း (သို) သစ္စာရှိခြင်း (သို) ဝန်ခံခြင်း – ၁ ကော ၄း၂
> စင်ကြယ်ခြင်း (သို) လိင်ကိစ္စ သန့်ရှင်းခြင်း – ၄း၂ ၊
ထိုကျမ်းပိုဒ်များသည် အသက်တာစည်းကမ်းရှိမှုတွင် အခြားများစွာသော တည်ဆောက်မှုကဏ္ဍ များကိုလည်း ဖြစ်ပေါ်သည်။
> တိမောသေသည် ကျမ်းစာကို လူများရှေ့တွင် ဖတ်ခြင်း၊ လေ့လာခြင်း၊ လက်တွေ့ကျင့်သုံး ခြင်းများ ပါဝင်သည် (၄း၁၃)။
> တိမောသေသည် သူ၏ ဝိညာဉ်ဆုကျေးဇူးကို ပြုစုအသုံးပြုရန်ဖြစ်ပြီး အခြားသူများက လူ့သဘောအတိုင်း အတည်ပြုခြင်းနှင့် အခိုင်အမာပြောဆိုမှုရှိခြင်း ဖြစ်သည် (၄း၁၄)။
> တိမောသေသည် ခရစ်တော်အားဖြင့် သူ၏ အသက်ရှင်မှု၌ ရင့်ကျက်လာသော ဖြစ်စဉ်ကို ဝန်ခံနိုင်ရန် ဖြစ်သည် (၄း၁၅)။
> တိမောသေသည် “ကိုယ့်ကိုလည်းကောင်း၊ ကိုယ်ဆုံးမဩဝါဒကိုလည်းကောင်း” ဂရုစိုက်ရန် “သတိပြု”မည်ဖြစ်သည် (၄း၁၆)။
ဘုရားသခင်နှစ်သက်သော ခေါင်းဆောင်များ၏ ဦးစားပေးအရာများသည် တိမောသေ ၏ ပုဂ္ဂိုလ်ရေးရာ သန့်ရှင်းသောအသက်တာနှင့် လူများရှေ့ သွန်သင်မှု၌ အချုပ်ဖြစ်ရမည်ဖြစ် သည်။ အငယ် ၆-၁၆ ရှိ ရှင်ပေါလု၏ နှိးဆော်မှုအားလုံးသည် ထိုခေါင်းစဉ်နှစ်ခုမှတစ်ခု (သို) အခြားတစ်ခုနှင့် ကိုက်ညီသည်။ သူ၏ ဘုရားနှစ် သက်သောအသက်နှင့် နှုတ်ကပတ်တော်ကို သစ္စာရှိစွာ ဟောပြောမှုအပေါ် ဂရုစိုက်အလေးထားခြင်းဖြင့် တိမောသေသည် ဧဝံဂေလိတရား ဟောပြောသော ဘုရားသခင်၏ အသုံးတော်ခံနှင့် သူ့ဟောပြောမှုကို ကြားသောသူအချို ကယ် တင်ခြင်းရရန် အစေခံအဖြစ် ဆက်လက်ရှိနေခဲ့သည်။ ကယ်တင်ခြင်းသည် ဘုရားသခင်၏ လုပ်ဆောင်မှုဖြစ်သော်လည်း အသုံးတော်ခံလူအားဖြင့် လုပ်ဆောင်ခြင်းသည် ဘုရားသခင်၏ နှစ်သက်မှုဖြစ်သည်။
၄။ မှားယွင်းသော ဆရာတစ်ဦး၏ သွင်ပြင်လက္ခဏာများမှာ အဘယ်နည်း။
ရှင်ပေါလုသည် တိမောသေအတွက် ၆း၃ တွင် အဓိက လက္ခဏာသုံးခုကို ဖော်ပြခြင်း ဖြင့် မှားယွင်းသော ဆရာတစ်ဦး၏ အချက်အလက်ကို ဖော်ပြထားသည်။ မှားယွင်းသောဆရာများ၊ သည် ဤနည်းလမ်းများအားဖြင့် မိမိကိုယ်ကို ဖော်ပြကြသည်။ (၁) သူတိုသည် “အခြားအရာကို သွန်သင်ခြင်း” – အခြားသော ဩဝါဒတစ်ခု (သို) ကျမ်းစာ၌ ဘုရားသခင်ဖွင့်ပြသည့် အရာတစ်ခု ခုနှင့် ဆန့်ကျင်သည့် သွန်သင်မှု (ဂလ ၁း၆-၉)၊ (၂) “ကျမ်းစာ၏ အနက်ကို မှောက်လှန်”ခြင်း – သူတိုသည် စင်ကြယ်ခြင်း၊ ကျန်းမာသော သွန်သင်ခြင်း၊ ကျမ်းစာတွင် ပါဝင်သော အသေးစိတ် အချက်များကို သဘောမတူခြင်း (၂ ပေ ၃း၁၆)၊ (၃) “သမ္မာတရားလမ်း အသရေကို ဖျက်ဆီး ခြင်း” – သူတိုသည် ကျမ်းစာကို အခြေမခံဘဲ မသန့်ရှင်းသောအသက်တာကိုရသည့် အမြဲတမ်း ရလဒ်ဖြင့် သွန်သင်သည်။ အသရေရှိခြင်းအစား၊ မှားယွင်းသောဆရာတို၏ အသက်တာသည် အပြစ်တရားဖြင့် အသက်ရှင်ခြင်းဖြစ်သည် (၂ ပေ ၂း၁ဝ-၂၂၊ ယု ၄၊ ၈-၁၆)။
၅။ ချမ်းသာသောသူများအကြောင်း ဖြေရှင်းခြင်းနှင့်ပတ်သက်ပြီး ရှင်ပေါလုက တိမောသေအား မည်သည့် လမ်းညွှန်မှုများ ပေးခဲ့သနည်း။
ရှင်ပေါလုသည် တိမောသေအား ပစ္စည်းဥစ္စာကြွယ်ဝသူများကို သွန်သင်မှုများနှင့်ပတ် သက်၍ ဖော်ပြ ထားပြီး (၆း၁၇-၁၉)၊ ထိုသူများသည် လိုအပ်သောအစားအစာ၊ အဝတ်အစား၊ အသုံးအဆောင်များ လိုသည်ထက် ပိုရှိနေသူများဖြစ်သည်။ ရှင်ပေါလုသည် ထိုပြဿနာကို ဖြေရှင်းခဲ့ပြီဖြစ်ပြီး (၆း၆-၈)၊ ခရစ်ယာန်များသည် ကျေနပ်မှုနှင့် လုံလောက်မှုရှိရခြင်း၊ ဘုရား သခင်ပေးထားခဲ့ပြီးသောအရာများထက် ပိုမိုရှာဖွေမှုမပြုရခြင်း၊ ဘုရားသခင်သည် စစ်မှန်သော ရောင့်ရဲခြင်း၏ အရင်းအမြစ်ဖြစ်ခြင်းကြောင့် ဖြစ်သည်။ ချမ်းသာသော သူများကို အပြစ်တင် ခြင်း (သို) သူတို၏ ချမ်းသာမှုအပေါ် ဇိမ်ခံခြင်းအတွက် သုံးသပ်ပြောဆိုခြင်းအစား၊ ရှင်ပေါလု သည် ဘုရားသခင် သူတိုကိုပေးထားသည့် အရင်းအမြစ်များပေါ် ဘဏ္ဍာထိန်းကောင်းဖြစ်ရန် သူတိုကို ပြောထားသည် (တရားဟော ၈း၁၈၊ ၁ ရာ ၂း၇၊ ၅ ရာ ၂၉း၁၂၊ ၂ ကော ၃း၅၊ ၉း၈၊ ဖိ ၄း၁၁-၁၃၊ ၁၉)။
ချမ်းသာသောသူများသည် အခြားသောသူများကို မကောင်းသောအမြင်ဖြင့်ကြည့်ခြင်း နှင့် မာနကြီးစွာ အထက်စီးမှ ဆက်ဆံကြသည် (၆း၁၇)။ ရှင်ပေါလုက တိမောသေအား ချမ်း သာခြင်းနှင့် မာန်မာနသည် မကြာခဏ အတူတွဲကြောင်း သတိပေးခဲ့ပြီး၊ ချမ်းသာသောသူ သည် မာနကြီးရန် သွေးဆောင်ခြင်းပိုခံရသည် (သု ၁၈း၂၃၊ ၂၈း၁၁၊ ယာ ၂း၁-၄)။ ထိုသူများ သည် သူတိုချမ်းသာမှုကို ပိုမိုကိုးစားလာကြသည် (သု ၂၃း၄၊ ၅)။ သိုသော် ဘုရားသခင်သည် လောကီချမ်းသာခြင်းထက် ပိုမိုလုံခြုံစိတ်ချမှုကို ကူညီမစပေးသည် (ဒေ ၅း၁၈-၂၀၊ မ ၆း၁၉ ၂၁)။
တိမောသေသြဝါဒစာ ပထမစောင်ကို ဆက်လက်လေ့လာရန်
၁။ ဤစာစောင်တွင် တိမောသေ၏ ပျိုရွယ်မှုနှင့် ပြုမူဆက်ဆံခြင်းအကြောင်း ရှင်ပေါလုတွေ့ရှိခဲ့မှု ဖြင့် မည်သည့် သဲလွန်စ တွေ့ရသနည်း။
၂။ ရှင်ပေါလုက တိမောသေအား မည်သည့်တာဝန်ကို ပေးခဲ့သနည်း။
၃။ အသင်းတော်၌ ခန့်အပ်ရန် မည်သိုသော ခေါင်းဆောင်များကို တိမောသေရှာဖွေရန် ရှင်ပေါလုဖော်ပြခဲ့သ နည်း။
၄။ အခန်းကြီး ၄ တွင်၊ ပုဂ္ဂိုလ်ရေးရာ စည်းကမ်းအတွက် ရှင်ပေါလုသည် တိမောအား များစွာ လမ်းညွှန်မှုများ ပေးခဲ့သည်။ ထိုအရာများမှာ အဘယ်နည်း။
၅။ အသင်းသားများအကြား အသင်းတော်လုပ်ဆောင်ရမည့် အရာကို ဖော်ပြခြင်းတွင် မည်သိုသော ပြုမူဆက်ဆံမှုများကို ရှင်ပေါလုက မီးမောင်းထိုးပြသနည်း။ ၆။ တိမောသေဖြင့် မည်သည့်နည်းလမ်းဖြင့် သင်သည် မိမိကိုယ်ကို မည်သူဖြစ်ကြောင်း သိရ မည်နည်း။
တိမောသေ ဩဝါဒစာဒုတိယစောင် (Second Timothy)
နောက်ဆုံး ပြောဆိုမှုများ
ခေါင်းစဉ်
ဤစာစောင်သည် ယုံကြည်ခြင်း၌ သူ၏ချစ်သားတိမောသေထံသို ရှင်ပေါလုရေးသား သည့် စာစောင်နှစ်ခုမှ ဒုတိယစာစောင်ဖြစ်သည်။ တိမောသေ၏ ကိုယ်ရေးအချက်အလက် အကြောင်းကို ၁ တိ ခေါင်းစဉ်တွင် ကြည့်ပါ။ အမည်ဖြင့်လိပ်မူထားသည့် (၁း၁) တစ်ဦးချင်း စီအတွက် ရှင်ပေါလု၏ အခြားပုဂ္ဂိုလ် ရေးရာ စာစောင်တစ်ခုလည်းဖြစ်သည် (၁ တိ၊ တိတုနှင့် ဖိလေမုန်)။
စာရေးသူနှင့် ရက်စွဲ
ရှင်ပေါလုသည် သင်းအုပ်နှင့်ဆိုင်သော ဩဝါဒစာများ၏ စာရေးသူဖြစ်ခြင်းအကြောင်း ကို ၁ တိ- စာရေးသူနှင့် ရက်စွဲ နိဒါန်း၌ အပြည့်အစုံဆွေးနွေးခဲ့ပြီဖြစ်သည်။ ရှင်ပေါလုသည် နောက်ဆုံး သူ၏တိုက်တွန်းအားပေးသည့် တိမောသေသြဝါဒစာ ဒုတိယစောင်ကို သူ့ယုံကြည် ခြင်းကြောင့် အသတ်မခံရမီ အချိန်တွင် ရေးသားခဲ့သည် (ခန့်မှန်း အေဒီ ၆၇)။
နောက်ခံသမိုင်းကြောင်းနှင့် အနေအထား
| ရှင်ပေါလုသည် ပထမအကြိမ် ရောမ၌အကျဉ်းကျခံချိန်တွင် တိမောသေသြဝါဒစာ ပထမစောင်နှင့် တိတုသြဝါဒစာတိုကို ရေးသားခဲ့သည်။ ထိုနောက်တွင် အကျဉ်းထောင်မှ လွတ် လာပြီး အချိန်ကာလ အနည်းငယ်အကြာ သာသနာပြုခဲ့သည်။ သိုသော် တိမောသေသြဝါဒစာ ဒုတိယစောင်သည် ခရစ်ယာန်များအား နီရိုး၏ နှိပ်စက်ဖမ်းဆီးခြင်းအချိန်၊ ရှင်ပေါလု ဒုတိယ အကြိမ် ရောမအကျဉ်းထောင်၌ ကျခံချိန်တွင် ရေးသားခဲ့ခြင်းဖြစ်သည် (၁း၁၆၊ ၂:၉)။ သူ၏ ပထမအကြိမ် အကျဉ်းကျခံချိန် လွတ်မြောက်ရန် မျှော်လင့်မှုမျိုး ရှင်ပေါလု၏ ယုံကြည်မှု မရှိတော့ ဘဲ (ဖိ ၁း၁၉၊ ၂၅၊ ၂၆၊ ၂း၂၄၊ ဖိလေ ၂၂)၊ ဤအကြိမ်သည် သူသည် မျှော်လင့်ချက်မရှိတော့ပေ (၄း၆-၈)။ ရောမ၌ ပထမအကြိမ် သူအကျဉ်းကျစဉ်တွင် (ခန့်မှန်း အေဒီ ၆၀-၆၂)၊ နီရိုးသည် ခရစ်ယာန်များကို ညှဉ်းပန်းနှိပ်စက်ခြင်းမပြုမီ (အေဒီ ၆၄) သူသည် အကျယ်ချုပ်ဖြင့် အိမ်တွင် အဖမ်းခံရ၍ ဝင်ထွက်သွားလာသူများကို သာသနာပြုခွင့် ရခဲ့သည် (တ ၂၈း၁၆-၃၁)။ ငါးနှစ် (သို) ခြောက်နှစ်ကြာ ပြီးနောက် (ခန့်မှန်း အေဒီ ၆၆-၆၇) သူသည် အေးချမ်းသောနေရာ(၄း၁၃)၊ သံကြိုးချည်နှောင်ခံရချိန် (၂း၉)၊ လွတ်မြောက်ရန် မျှော်လင့်ချက်မရှိချိန်တွင် ဖြစ်သည် (၄း၆)။ ကြောက်စရာကောင်းသော နှိပ်စက်ညှဉ်းဆဲမှုနှင့် ဆိုးဝါးသော သတ်ဖြတ်မှုများကြောင့် သူနှင့် နီးကပ်စွာနေခဲ့ကြသူများသည် စွန့်ခွာသွားခဲ့ကြပြီး (၁း၁၅၊ ၄း၉-၁၂၊ ၁၆)၊ ရှင်ပေါလုက တိမော သေအား သူရှိရာ ရောမသို အမြန်လာရန် စာရေး သားခဲ့သည် (၄း၉၊ ၂၁)။ ရှင်ပေါလု သတ်ဖြတ် ခြင်းမခံရမီ တိမောသေ ရောမသို ရောက်ခဲ့ခြင်း၊ မရောက်ခဲ့ခြင်းကို မသိရပေ။ အသင်းတော် သမိုင်းအရ ရှင်ပေါလုသည် ဒုတိယအကြိမ် ရောမအ ကျဉ်းထောင်ကျခံခြင်းမှ မလွတ်မြောက် သော်လည်း သူကြိုမြင်ခဲ့သည့်အရာအတွက် မာတုရအ ဖြစ် ပေးဆပ်သွားခဲ့သည် (၄း၆)။
ဤစာစောင်တွင် သူ့နောက်ဆုံးအချိန်နီးလာသည်နှင့် ရှင်ပေါလုသည် တမန်တော်ဖြစ် ခြင်းနှင့်မဆိုင်သော လုပ်ငန်းတာဝန်ကို တိမောသေအား လက်ဆင့်ကမ်းပေးခဲ့ပြီး (၂း၂)၊ သူ့ တာဝန်များ၌ သစ္စာဆက်ရှိရန် တိမောသေအား တိုက်တွန်းခြင်း (၁း၆)၊ စင်ကြယ်သော ဩဝါဒကို စွဲကိုင်ရန် (၁း၁၃၊ ၁၄)၊ မှားယွင်းသော သွန်သင်မှုကို ရှောင်ရန် (၂း၁၅-၁၈)၊ ဧဝံဂေလိတရား အတွက် ညှဉ်းဆဲခြင်းကို လက်ခံရန် (၂း၃၊ ၄၊ ၃း၁ဝ-၁၂)၊ ကျမ်းစာ၌ ယုံကြည်စွဲမြဲရန်၊ ကျမ်းစာကို ကာလအစဉ် ဟောပြောရန် (၃း၁၅-၄၅) တိုက်တွန်းနှိးဆော်သည်။
တိမောသေသြဝါဒစာ ဒုတိယစောင်ရှိ အဓိက ဇာတ်ကောင်များ
ရှင်ပေါလု – ဧဖက်မြို၌ သင်းအုပ်အမှုဆောင်ခြင်းတွင် တိမောသေအား တိုက်တွန်းစာနှင့် ညွှန်ကြားစာ ရေးသူ (၁း၁-၄း၂၂)
တိမောသေ – “ဘုရားသခင်ကို ရိုသေသောသူ”ဟူသော အဓိပ္ပာယ်ရှိသည့် အမည်၊ ဧဖက် အသင်းတော်၌ သင်းအုပ်တစ်ဦးကဲ့သို အစေခံသူ (၁း၂-၄း၂၂)
လုကာ – ရှင်ပေါလု သာသနာပြုခရီးစဉ်တွင် အတူလိုက်ပါသူ၊ အကျဉ်းထောင်တွင် ရှင်ပေါလု နှင့်အတူ နေထိုင်ခဲ့သူ (၄း၁၁)
မာကု – ပထမ သာသနာပြုခရီးတွင် ရှင်ပေါလု၊ ဗာနဗတိုနှင့် ခရီးပြုသူ (၄း၁၁)
ရှင်ပေါလု၏ ရောမအကျဉ်းထောင် နှစ်ကြိမ်ကျခံမှုကို နှိုင်းယှဉ်ခြင်း
ပထမအကြိမ် အကျဉ်းခံရခြင်း ၊ ဒုတိယအကြိမ် အကျဉ်းခံရခြင်း
တ ၂၈- ထောင်တွင်းဩဝါဒစာများကို ရေးခဲ့ ၂ တိကို ရေးခဲ့
မှားယွင်းသော သွန်သင်မှုနှင့် ပုန်ကန်မှုအဖြစ် ရောမမှ နှိပ်စက်ညှဉ်းဆဲပြီး၊ ရောမအင်ပါ ဂျူးတိုက တရားစွဲဆိုခြင်း ယာကိုပုန်ကန်သောအပြစ်သားအဖြစ်
ဖမ်းဆီးခြင်း နယ်ခံများမှ မကြာခဏညှဉ်းဆဲခြင်း(အေဒီ ၆၀-၆၃) နီရို၏ ညှဉ်းဆဲနှိပ်စက်ခြင်း(အေဒီ ၆၄-၆၈)
အငှားအိမ်၌ ပွင့်လင်းစွာနေထိုင်သော အခြေအနေ ဆင်းရဲသောအခြေအနေ၊ ချမ်းအေးခြင်း၊ (တ ၂၈း၃၀၊ ၃၁) မြေအောက်ခန်းတွင် အကျဉ်းခံရခြင်း
မိတ်ဆွေအများ အလည်လာခြင်း အထီးကျန်ခြင်း (လုကာတစ်ဦးသာ သူနှင့်နေ)
လွတ်လပ်စွာ သာသနာပြုခွင့်ရ ကန့်သတ်ပြီး သာသနာပြုရ
လွတ်မြောက်ခြင်းအတွက် အခွင့်အရေးရှိ အသတ်ခံရရန် စောင့်ဆိုင်းနေရ (၂ တိ ၄:၆) (ဖိ ၁း၂၄-၂၆)
—————————————————————
သမိုင်းကြောင်းနှင့် ဓမ္မအတွေးအခေါ်ဆိုင်ရာ အကြောင်းအရာများ
ရှင်ပေါလုသည် တိမောသေ၌ ဝိညာဉ်ရေးရာ အားနည်းခြင်း အန္တရာယ်တွင် ရှိနေပြီး ကြောက်ရွံရန် အကြောင်းများ ရှိခဲ့နိုင်ကြောင်း ဤစာစောင်မှ မြင်ရသည်။ တိမောသေသည် ရှင်ပေါလု၏ အလုပ်ကို ဆက်လက်လုပ်ဆောင်ရန် လိုအပ်ခြင်းကြောင့် (၂း၂) ရှင်ပေါလုအတွက် ထိုအရာက အထူးပူပန်မှု ဖြစ်စေခဲ့လိမ့်မည်။ ရှင်ပေါလု အဘယ့်ကြောင့် ပူပန်စိတ်ကြီးကြောင်း ဓမ္မသစ်ကျမ်း တစ်နေရာရာတွင် နောက်ခံသမိုင်းဆိုင်ရာ ဖော်ပြချက်မရှိသော်လည်း၊ သူရေးသား ခဲ့သည့် ဩဝါဒစာကိုယ်တိုင်က ထိုသက်သေကို ဖော်ပြသည်။ ထိုပူပန်မှုသည် ထင်ရှားပြီး၊ ဥပ မာ- သူ့ ဆုကျေးဇူးကို “နှိးဆော်”ရန် ရှင်ပေါလု၏ တိုက်တွန်းမှု (၁း၆)၊ ကြောက်ရွံခြင်းကို ချစ်ခြင်း၊ တန်ခိုး၊ ရှင်းလင်းသောစိတ်ဖြင့် အစားထိုးရန် (၁း၇)၊ ရှင်ပေါလုနှင့် သခင်ဘုရားအတွက် ရှက် ကြောက်ခြင်းမရှိရန်နှင့် ဧဝံဂေလိတရားအတွက် လိုလိုလားလား ဒုက္ခဆင်းရဲခံရန် (၁း၈)၊ သမ္မာတရားကို စွဲကိုင်ရန် (၁း၁၃၊ ၁၄)တို ဖြစ်သည်။ အသင်းတော်၏ ဖိအားများနှင့် လောက ၏ နှိပ်စက်ညှဉ်းဆဲမှုများအောက်တွင် အားနည်းနေသော တိမောသေ၏ အရေးကြီးသော ပြဿနာအချုပ်မှာ ရှင်ပေါလုက သူ့အား (၁) “ခွန်အားရှိပါ” (၂း၁၁)၊ စာစောင် ပထမအပိုင်း၏ သော့ချက် တိုက် တွန်းခွန်အားပေးမှုဖြစ် ခြင်း၊ (၂) အဆက်မပြတ် “နှုတ်ကပတ်တော် ကို ဟောပြောပါ” (၄း၂)၊ နောက်ဆုံးအပိုင်း အတွက် အဓိက ဆုံးမမှုဖြစ်သည်။ တိမော သေထံ ဤနောက်ဆုံး ပြောဆိုမှုများသည် အနည်းငယ်သော ချီးမွမ်းမှုများ ပါဝင်သော် လည်း မိန့်မှာချက် (၂၅) ခုခန့်အပါအဝင် ဆုံးမမှုများ ပါဝင်သည်။
တိမောသေသည် ရှင်ပေါလု၏ တရားဓမ္မအမြင်များကို ကောင်းစွာနားလည် သူ ဖြစ်ခြင်းကြောင့်၊ တမန်တော်သည် နောက်ထပ် ဩဝါဒများ သူ့ကို မညွှန်ကြား တော့ပေ။ သိုသော် သူသည် ဘုရားသခင် ၏ ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်း (၁း၉၊ ၁ဝ၊ ၂း၁၀)၊ ခရစ်တော်၏ ပုဂ္ဂိုလ်တော်ဖြစ်ခြင်း (၂း၈၊ ၄း၁၊ ၈)၊ ကြိုးစားအားထုတ်ခြင်း (၂း၁၁-၁၃)၊ သမ္မာကျမ်းစာအား ထာဝရဘုရား မှုတ်သွင်းခြင်းအကြောင်း ဓမ္မသစ်ကျမ်းတွင် အရေးကြီးသည့် အရာကိုလည်း ရှင်ပေါလုက ရေးသားခဲ့သည် (၃း၁၆၊ ၁၇)။
တိမောသေသြဝါဒစာဒုတိယစောင်၌ ခရစ်တော် –
ရှင်ပေါလု၏ ဒုတိယစာစောင်သည် တိမောသော = အား “စင်ကြယ်သော တရားစကားအချုပ်အချာကို ၁ ယေရှုခရစ်၌ ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့်တကွ စွဲလမ်း”ပြီး အနီးကပ် ထိမ်းသိမ်း စောင့်ရှောက်ရန် ရန် တိုက်တွန်းထားသည် (၁း၁၃)။ ရှင်ပေါလု၏ သာသနာကို လက်ဆင့်ကမ်းရန် တိမောသေ သည် ခရစ်တော်၏ ပုဂ္ဂိုလ်ဖြစ်ခြင်းကို သတိပေးခံခြင်း (၂း၈၊ ၄း၁၊ ၈) “နှုတ်ကပတ်တော်ကို ဟောပြောရန်” ခေါ်ခြင်းခံရသည် (၄း၂)။ တိမောသေသည် ခရစ်တော်၏ နောက်လိုက်အဖြစ် နှိပ်စက်ညှဉ်းဆဲခံရန် ကတိထားခဲ့ပြီး (၃း၁၂)၊ “ယေရှုခရစ်ကို ယုံကြည် ခြင်းအားဖြင့်” ခွန်အားရှိရန် တွန်းအားပေးခံရ သည် (၃း၁၅)။
တိမောသေသြဝါဒစာ ဒုတိယစောင်ရှိ အဓိကဩဝါဒများ
ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်း – ယေရှုခရစ်တော်အားဖြင့်သာလျှင် ဖြစ်လာခြင်း (၁း၉၊ ၁၀၊ ၂း၁ဝ၊ က ၃း၁၅၊ ဆာ ၃း၈၊ ၃၇း၃၉၊ ဟေရှာ ၄၅း၂၁၊ ၂၂။ ၄၉း၆၊ ၅၉း၁၆၊ ၆၃း၉၊ လု ၁း၆၉၊ ယော ၁း၁-၁၈၊ ၆း၃၅၊ ၄၈၊ ၈း၁၂၊ ၁၀း၇၊ ၉၊ ၁၀း၁၁-၁၄၊ ၁၁း၂၅၊ ၁၄း၆၊ ၁၇း၃၊ တ ၄း၁၂၊ ၁၆း၃၁၊ ရော ၅း၈၊ ၁၀း၉၊ ဧ ၂း၈၊ ၅း၂၃၊ ၂ တိ ၁း၁ဝ၊ ဟေဗြဲ ၂း၁၀၊ ၅း၉၊ ၁ ပေ ၁း၅၊ ၁ ယော ၁း၁-၄)
သခင်ခရစ်တော်၏ ပုဂ္ဂိုလ်တော်ဖြစ်ခြင်း – လောကကြီးကို တရားစီရင်သူနှင့် ဒါဝိဒ်မျိုးဆက်မှ ဆင်းသက်လာသော မေရှိယ (၂း၈၊ ၄း၁၊ ၈၊ ဟေရှာ ၇း၁၄၊ မ ၄း၁၁၊ ယော ၁:၁၄၊ ရော ၁း၃၊ ၄၊ တ ၁း၉၊ ၁ တိ ၃း၁၆၊ ၆း၁၅၊ ၁၆၊ ၁ ယော ၄း၂၊ ၃၊ ၅း၆)
ကြိုးစားအားထုတ်ခြင်း – ကြိုးစားအားထုတ်သော ယုံကြည်သူသည် စစ်မှန်သော ယုံကြည်ခြင်း သက်သေကို ပြခြင်း (၂း၁၁၊ ၁၃၊ ယောဘ ၁၇း၉၊ ဆာ ၃၇း၂၄၊ သု ၄း၁၈၊ ယော ၈း၃၁၊ ၁ ကော ၁၅း၅၈၊ ဂလ ၆း၉၊ ဖိ ၁း၆၊ ကော ၁း၂၁-၂၃၊ ဟေဗြဲ ၃း၆၊ ၁၄)
သမ္မာကျမ်းစာ မှုတ်သွင်းခြင်း – ဘုရားသခင်သည် သူ၏ မမှားယွင်းနိုင်သော၊ အမှားမရှိသော နှုတ်ကပတ်တော် ကို ရေးသားရန် ကျမ်းစာရေးသားသူတို၏ စိတ်နှလုံးများ၊ ဝေါဟာရ များနှင့် အတွေ့အကြုံများကို အသုံးပြုခြင်း (၃း၁၆၊ ၁၇၊ တ ၁း၁၆၊ ရော ၃း၂၊ ၉း၁၇၊ ဂလ ၃း၈၊ ဟေဗြဲ ၃း၇၊ ၁ ပေ ၄း၁၁၊ ၂ ပေ ၁း၂၁)
တိမောသေသြဝါဒစာ ဒုတိယစောင်ရှိ ဘုရားသခင်၏ ဂုဏ်အင်္ဂါလက္ခဏာများ
ဘုရားသခင်သည် တန်ခိုးကြီးသော ဘုရား – ၁း၈
ဘုရားသခင်သည် ကတိတော်ကို စောင့်ထိန်းသော ဘုရား – ၁း၁
ဘုရားသခင်သည် ပညာရှိသော ဘုရား – ၂း၁၉
တိမောသေ၏ အမှုတော်ဆောင်ခြင်း
တိမောသေ လုပ်ရမည့်အရာ အဘယ့်ကြောင့်ဆိုသော်
ဧဝံဂေလိတရားအတွက် ဒုက္ခဆင်းရဲခံရန် ထိုဒုက္ခဆင်းရဲခံခြင်းအားဖြင့် တပါးသူများ (၁း၈၊ ၂း၃) ကယ်တင်ခြင်းရရန် (၂း၁၀)
စင်ကြယ်သော ဩဝါဒတွင် တည်နေရန် မှားယွင်းသော ဩဝါဒများ ပျံ့နှံခြင်းနှင့် (၁း၁၃၊ ၂း၁၅) အသရေပျက်နေခြင်းကြောင့် (၂း၁၆၊ ၁၇)
လူပျို၏ တပ်မက်ခြင်းကိလေသာကို ရှောင်ရန် သူသည် စင်ကြယ်ရပြီး၊ သခင်၏အသုံးခံ
(၂း၂၂) အဖြစ် ခွဲခြားထားခြင်းကြောင့် (၂း၂၁) ၊
အငြင်းပွားခြင်းကို ရှောင်ရန် (၂း၂၃-၂၅) အခြားသူများကို သမ္မာတရားထံ ပိုဆောင်
ရန် သူသည် ညင်သာရခြင်း (၂း၂၄-၂၆)
ဧဝံဂေလိတရားကို ကြိုးစားဟောပြောရန် (၄း၂) ယုံကြည်ခြင်းကို ငြင်းပယ်သောအရာများ
ရောက်လာခြင်း (၄း၃၊ ၄)
အနက်အဓိပ္ပာယ်ဆိုင်ရာ အခက်အခဲများ
တရားဓမ္မအမြင်ဆိုင်ရာ အကြောင်းအရာ အပါအဝင် ဤစာစောင်တွင် အဓိကအခက် အခဲများမရှိပေ။ ဤစာစောင်၌ သီးသန့်အမည်များနှင့် ပတ်သက်ပြီး အချက်အလက် အကန့် အသတ်သာ သိရပြီး၊ ဥပမာ- ဖုလုနှင့် ဟေရမောဂင် (၁း၁၅)၊ ဩနေသိဖော် (၁း၁၇၊ ၄း၁၉)၊ ဟုမေနဲနှင့် ဖိလတ် (၂း၁၆)၊ ယနွေနှင့် ယံ (၃း၈)၊ အာလေဇန္ဒူ (၄း၁၄) စ သည်တိုဖြစ်သည်။
အကျဉ်းချုပ် ကောက်နှုတ်ချက်
၁။ နှုတ်ဆက်စကားနှင့် ကျေးဇူးတော်ချီးမွမ်းခြင်း (၁း၁-၅)
၂။ ဘုရားသခင်၏ လူတစ်ဦး၏ ကြိုးစားအားထုတ်မှု (၁း၆-၁၈)
က။ တိုက်တွန်းနှိးဆော်ခြင်း (၁း၆-၁၁)
ခ။ ပုံဥပမာများ (၁း၁၂-၁၈)
၁။ ရှင်ပေါလု (၁း၁၂-၁၄)
၂။ ဩနေသိဖော် (၁း၁၅-၁၈)
၃။ ဘုရားသခင်၏ လူတစ်ဦး၏ ပုံစံများ (၂း၁-၂၆)
က။ ရှင်ပေါလု (၂း၁၊ ၂)
ခ။ စစ်သားတစ်ဦး (၂း၃၊ ၃)
ဂ။ အားကစားသမားတစ်ဦး (၂း၅)
ဃ။ လယ်သမားတစ်ဦး (၂း၆၊ ၇)
င။ ယေရှု (၂း၈-၁၃)
စ။ အလုပ်သမားတစ်ဦး (၂း၁၄-၁၉)
ဆ။ အိုးတစ်လုံး (၂း၂၀-၂၃) ၊
၅။ အစေခံတစ်ဦး (၂း၂၄-၂၆) ၊
၄။ ဘုရားသခင်၏ လူတစ်ဦး၏ ဘေးအန္တရာယ်များ (၃း၁-၁၇)
က။ ယုံကြည်ခြင်းကို စွန့်ပယ်ခြင်းနှင့် ရင်ဆိုင်ရခြင်း (၃း၁-၉)
ခ။ ယုံကြည်ခြင်းကို စွန့်ပယ်ခြင်းအား အနိုင်ယူခြင်း (၃း၁၀-၁၇)
၅။ ဘုရားသခင်၏ လူတစ်ဦး၏ ဟောပြောခြင်း (၄း၁-၅)
က။ အခွင့်အာဏာဖြင့် ဟောခြင်း (၄း၁၊ ၂) ၊
ခ။ ဟောပြောခြင်းအတွက် လိုအပ်ခြင်း (၄း၃-၅)
၆။ နိဂုံးမှတ်ချက် (၄း၆-၁၈)
က။ ရှင်ပေါလု၏ အောင်ပွဲခံမှု (၄း၆-၈)
ခ။ ရှင်ပေါလု၏ လိုအပ်ချက် (၄း၉-၁၈)
၇။ ရှင်ပေါလု၏ နောက်ဆုံးနှုတ်ဆက်စကား (၄း၉-၂၂)
တိမောသေသြဝါဒစာ ဒုတိယစောင် အချိန်ကာလ၌ ကမ္ဘာကြီးရှိ အခြားသောနေရာများ
အစ္စရေးနိုင်ငံတွင် အေဒီ ၇ဝ ၌ ဖြစ်ပျက်မည့်အရာဖြစ်သော ယေရုရှလင် မြို ဖျက်ဆီးခြင်းအတွက် ပြဿနာများ စတင်လာသည်။
ခက်ခဲသော မေးခွန်းများအတွက် အဖြေများ
၁။ ၁း၇ တွင် စိတ်ဝိညာဉ် ဟူသော ဝေါဟာရသည် ဘာကိုရည်ညွှန်းသနည်း။
ဤဖော်ပြချက်သည် သန့်ရှင်းသော ဝိညာဉ်တော်ကို ဖော်ပြခြင်းထက် ကွဲပြားသော စိတ်သဘော နှစ်မျိုးကို ဖော်ပြပြီး (၁း၁၄) ၁း၇ ၌ ဖော်ပြသည့် ဒုတိယ “စိတ်ဝိညာဉ်”သည် သန့်ရှင်းသော ဝိညာဉ်တော်မှ လာသော စိတ်သဘောထားကို ရည်ညွှန်းသည်။ ကြောက်သော စိတ်သည် “ရှက်ကြောက်တတ်ခြင်း”ဟု ဘာသာပြန်ဆိုနိုင်ပြီး၊ သူရဲဘောကြောင်ခြင်းမျိုး၊ အား နည်းခြင်းကြောင့် ရှက်ကြောက်ခြင်း၊ တစ်ကိုယ် ကောင်းဆန်သော လက္ခဏာဖြစ်သည်။ ထိုအရာ သည် ဘုရားသခင်ထံမှ ပေးသောအရာ မဟုတ်ဘဲ၊ တစ်နေရာရာမှ ရောက်ရှိလာခြင်း ဖြစ်သည်။ နီရိုးဘုရင် လက်အောက်တွင် ရောမတို၏ ညှဉ်းဆဲနှိပ်စက်မှုသည် တိမောသေ ခေါင်းဆောင်မှုပြု နေသော ဧဖက်အသင်းတော်သို ရန်ဘက်ပြုမှု၊ ခေတ်မှီဆန်းပြားသော မှားယွင်းသောဆရာတို၏ စနစ်များ ဝင်ရောက်မှုသည် တိမောသေအား ပူပန်မှုများ ဖြစ်စေခဲ့သည်။ သိုသော် သူသည် ကြောက်ရွံပါက၊ ကြောက်ရွံမှုသည် ဘုရားထံမှ လာခြင်းမဟုတ်ပေ။
ကြောက်ရွံမှုကို ဖြေဖျောက်ခြင်းကဲ့သို ရှင်ပေါလုသည် တိမောသေကို ဘုရားသခင် ပြုလုပ်ပေးသည့် အရင်းအမြစ်များအား သတိပေးခဲ့သည်။ ဘုရားသခင်သည် ယုံကြည်သူတိုင်း ကို ဒုက္ခဆင်းရဲနှင့် တိုက်ခိုက်မှု တိုင်းအတွက် လိုအပ်သော ဝိညာဉ်ရေးဆိုင်ရာ အရင်းအမြစ်များ ကို ပေးခဲ့ပြီဖြစ်သည် (မ ၁၀း၁၉၊ ၂၀)။ ပထမမှာ၊ ဘုရားသခင်နှင့်ဆိုင်သော “တန်ခိုး” – ယုံ ကြည်သူများ ပိုင်ဆိုင်သော ဝိညာဉ်ရေးရာ စွမ်းအင်များ ထုတ်ပေးသည့် အကျိုးပြုမှုအရာ ဖြစ်သည် (ဇာ ၄း၆၊ ဧ ၁း၁၈-၂ဝ၊ ၃း၂၀)။ ဒုတိယမှာ၊ ဘုရားသခင် ပေးသည့် “ချစ်ခြင်း”ဖြစ် သည်။ ထိုချစ်ခြင်းသည် ဘုရားသခင် စိတ်ကျေနပ်မှုတွင် အဓိကဖြစ်ပြီး၊ တစ်စုံတစ်ဦးအတွက် လိုအပ်သော အကူအညီကို ပေးခြင်းဖြစ်သည် (ရော ၁၄း၈၊ ဂလ ၅း၂၂၊ ၂၅၊ ဧ ၃း၁၉၊ ၁ ပေ ၁း၂၂၊ ၁ ယော ၄း၁၈)။ တတိယမှာ၊ ဘုရားသခင်ပေးသည့် “ရှင်းလင်းသော စိတ်သဘော” ဖြစ်သည်။ ထိုအရာသည် စည်းကမ်းတစ်ခု၊ မိမိကိုယ်ကိုထိန်းချုပ်ခြင်း၊ စိတ်ကို အသေအချာ ပြင်ဆင်ခြင်းအား ရည်ညွှန်းသည်။ ထိုအရာသည် အစီအစဉ်မကျမှုနှင့် ရှုပ်ထွေးမှုများမှ ဖြစ်လာ သော ကြောက်ရွံမှု၊ သူရဲဘောကြောင်မှုနှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ ထာဝရဘုရား၏ ပိုင်သ အုပ်စိုးသော သဘာဝနှင့် ပြည့်စုံသော ရည်ရွယ်ချက်များကို အလေးအနက်ထားခြင်းသည် ယုံကြည်သူများအား ဘုရားနှင့်ဆိုင်သော ဉာဏ်ပညာနှင့် သူတိုအသက်တာကို ထိန်းချုပ်ပေးပြီး၊ အခြေအနေတိုင်းတွင် ယုံကြည်စိတ်ချမှုကို ဖြစ်စေသည် (ရော ၁၂း၃၊ ၁ တိ ၃း၂၊ တိ ၁း၈၊ ၂း၂)။
၂။ ၂း၂ တွင် တပည့်တော်ဖြစ်ခြင်း၏ မျိုးဆက်များ မည်မျှ ပါဝင်သနည်း။
ရှင်ပေါလုသည် တိမောသေထံ ဧဝံဂေလိသတင်းကောင်း လက်ဆင့်ကမ်းခြင်းဖြစ်စဉ် ၌ လမ်းညွှန်ခဲ့သ ကဲ့သို သူသည် ခရစ်တော်၏ ကျေးဇူးတော်အားဖြင့် အသက်တာများ ပြောင်းလဲ သော မျိုးဆက်လေးဆက်ကို ဖော်ပြထားသည်။ ပထမ ဖော်ပြမှုမှာ ရှင်ပေါလု၏ မျိုးဆက်ဖြစ် သည်။ သူသည် တမန်တော်အများ၌ “သက်သေခံအများရှိသည်နှင့်” အချိန်တိုင်းတွင် ကြားခဲ့ရသည့် ဟောပြောမှုနှင့် သွန်သင်မှုများကို အခြားသောသူအတွက် သူ့သတင်းစကား၏ အရင်း အမြစ်အဖြစ် တိမောသေအား သတိပေးခဲ့သည်။ နောက်ထပ်မျိုးဆက်မှာ တိမောသေဖြစ်သည်။ သူကြားခဲ့ရသည့်အရာကို အခြားသူများထံ မိန့်ကြားခဲ့သည်။ ထိုအခြားသူများသည် နောက်မျိုး ဆက်ဖြစ်သည်။ ထိုသူတိုသည် တွေ့ကရာလူ လက်ခံရရှိခြင်းပုံစံမဟုတ်ဘဲ၊ သွန်သင်ခြင်းစွမ်းရည် ရှိသော “သစ္စာရှိသည့်”ယုံကြည်သူများ ဖြစ်သည်။ ထိုသူများမှ “ယေရှုခရစ်၌ရှိသော ကျေးဇူး တော်”အကြောင်း နောက်မျိုးဆက်ကို ပြန်လည်သွန်သင်ခြင်းဖြစ်သည်။ ကနဦးအသင်းတော်၌ အစပြုခဲ့သော ဝိညာဉ်ရေးရာ ပြန်လည်ပြန့်ပွားရေး ဖြစ်စဉ်သည် အခင်းများပြန်ကြည့် တိုင် ဆက်လက်ရှိ နေမည်ဖြစ်သည်။
တိမောသေ ဩဝါဒစာ ဒုတိယစောင်ရှိ အဓိက ဝေါဟာရများ ၊
ပေါ်ထွန်းခြင်း – ဂရိဝေါဟာရ – epiphoneia – ၁း၁၀၊ ၄း၁၊ ၈ – စာပေသဘောမှာ “တောက်ပမှု တစ်ခု ဖြစ်ခြင်း”ဖြစ်ပြီး၊ ဂရိစာပေတွင် ဘုရားနှင့်ဆိုင်သော ဖြစ်ပေါ်မှုကို ဖော်ပြရန် အသုံးပြုခဲ့ကြ သည်။ အင်္ဂလိပ်ဝေါဟာရ epiphany ဖြင့် နီးစပ်သော အဓိပ္ပာယ်ရှိသည်။ ဓမ္မသစ်ကျမ်းရေးသူများ သည် ထိုဝေါဟာရအား ယေရှု၏ ပထမအကြိမ်ကြွလာခြင်းကို ရည်ညွှန်းပြီး၊ သူသည် လူသားတစ်ဦး ကဲ့သို ကြွလာသည် (၁း၁၀)။ သူတိုသည် ထိုဝေါဟာရကို ယေရှု၏ ဒုတိယအကြိမ် ကြွလာခြင်းကို ပြောရာတွင်လည်း အသုံးပြုပြီး၊ လောကတစ်ခုလုံးတွင် သူပေါ်ထွန်းမည့် ဖြစ်သည် (မ ၂၄း၂၇)။
စာစောင်၊ သားရေပေါ်တွင် ရေးထားသောစာ – ဂရိဝေါဟာရ – biblion – ၄း၁၃၊ ဂရိဝေါဟာရ – membrana – ၄း၁၃ – biblion ဟူသော ဝေါဟာရသည် ဓမ္မသစ်ကျမ်းတွင် အသုံးများသော် လည်း ဤနေရာတွင် တစ်ကြိမ်သာတွေ့ရသည့် membrand သည် အသုံးမများပေ။ ထိုဝေါဟာရ သည် လက်တင်ဘာသာမှဖြစ်၍ စာရေးသားရန်အတွက် တိရစ္ဆာန်တစ်ကောင်၏ သားရေကို အသုံး ပြုခြင်းဆိုသည့် အဓိပ္ပာယ်ဖြစ်သည်။ ဤကျမ်းပိုဒ်ရှိ ထိုဝေါဟာရနှစ်ခုသည် ကွဲပြားသော နည်းလမ်း သုံးခုဖြင့် အနက်ဖွင့်ခဲ့ပြီး (၁) စာလိပ်များဟူသည် ဓမ္မဟောင်းကျမ်းများကို ပြန်ကူးခြင်းနှင့် သားရေ ပေါ်တွင် ရေးထားသောစာများဟူသည် အမျိုးမျိုးသော ဓမ္မသစ်ကျမ်းများကို ပြန်ကူးခြင်း၊ (၂) စာအုပ်များဟူသည် ဓမ္မဟောင်းနှင့်ဓမ္မသစ်နှစ်ခုလုံးကို ပြန်ကူးခြင်းနှင့် သားရေပေါ်တွင်ရေးထား သောစာများဟူသည် အကြမ်းရေးသော မှတ်စုစာအုပ်များ၊ (၃) ဝေါဟာရနှစ်ခုလုံးသည် တူညီသော အရာတွင် ဖြစ်ပေါ်ပြီး၊ စာအုပ်များသည် သားရေမှတ်စုစာအုပ်များဖြစ်သည်။ တတိယအနက်ဖွင့် မှုသည် မှန်ကန်ပါက၊ ရှင်ပေါလုအဖမ်းခံရချိန် သူကျန်ခဲ့သည့် အကြမ်းရေးထားသောအရာအချို ပြန်ရရန် ပူပန်မှုရှိခဲ့ကြောင်း ဖော်ပြသည်။
ဘုရားသခင်၏ မှုတ်သွင်းခြင်း – ဂရိဝေါဟာရ – theo-pneustos – ၃း၁၆ – အဓိပ္ပာယ်မှာ “ဘု ရားသခင်မှုတ် သွင်းခြင်း”ဖြစ်ပြီး theos (ဘုရား)နှင့် pneo (အသက်ရှုခြင်း)မှ ဖြစ်သည်။ အင်္ဂလိပ် စာ၌ ဤဂရိဝေါဟာရ၏ ဖော်ပြချက်အမြင်ကို ပြန်ပြုပြင်ရန် ခက်ခဲသော်လည်း၊ ရှင်ပေါလုဆိုလို သည်မှာ ကျမ်းစာအားလုံးသည် ဘုရားသခင်မှုတ်သွင်းခြင်းဖြစ်ကြောင်း ကျွန်ုပ်တို သေချာသိသည်။ ထိုအဓိပ္ပာယ်သည် သမ္မာကျမ်းစာ၏ မူလဖြစ်ခြင်းကို အတည်ပြုပြီး၊ ဘုရားသခင်သည် ကျမ်းစာ နှုတ်ကပတ်တော်များကို ရေးသားရန် စာရေးသူများကို မှုတ်သွင်းသည်သာမက ကျမ်းစာဖတ်သော သူများကိုလည်း ယုံကြည်သောနှလုံးသားကို သွင်းပေးသည်။
၃။ အကြောင်းကိစ္စပြီးဆုံးခြင်း ဆိုသည်မှာ အဘယ်နည်း။ ရှင်ပေါလုသည် အိမောက် သော သူ၏ ဒုတိယစာစောင်တွင် ထို အရာတစ်ခု အဘယ့်ကြောင့် ဖော်ပြအနည်း။
အကြောင်းကိစ္စပြီးဆုံးခြင်းဆိုသည်မှာ မသေခင်တွင် စကားပြောခြင်း (သို) လုပ်ဆောင်မှု ပြီးဆုံးသွားခြင်းကို ဆိုလိုသည်။ ထိုအရာသည် နှုတ်ဆက်ခွဲခွါခြင်း သတင်းစကားဖြစ်သည်။ ဤစာစောင်တစ်လျှောက် ရှင်ပေါလု၏ ခံစားချက်ကို ဖော်ပြပြီး၊ ၄း၆-၈ သည် ရှင်ပေါလု၏ မိမိကိုယ်ကို ပြန်လည်သုံးသပ်သည်။ သူ့နောက်ဆုံးအချိန် နီးကပ်လာခြင်းဖြင့် ရှင်ပေါလု သည် နောင်တ (သို) ဝမ်းနည်းခြင်းမပါဘဲ နောက်ကြောင်းကို ပြန်လှည့်ကြည့်သည်။ ထိုကျမ်းပိုဒ်များတွင် သူသည် ရှုထောင့်သုံးခုမှ သူ့အသက်တာကို ပြန်ဆန်းစစ်သည်။ (၁) သူ့အသက်တာအဆုံးပိုင်း ရောက်ရှိမှုမှ အဆင်သင့်ဖြစ်ခဲ့ကြောင်းပြော သည့် ပစ္စုပ္ပန် အဖြစ်မှန် (ငယ် ၆)၊ (၂) အတိတ်တွင် သူသည် သစ္စာရှိခဲ့ခြင်း (ငယ် ၇)၊ (၃) အနာဂတ်တွင် ကောင်းကင် ဆိုင်ရာဆုကို သူရရှိမည်ဖြစ် ခြင်း (ငယ် ၈) တိုဖြစ်သည်။
တိမောသေသြဝါဒစာ ဒုတိယစောင်ကို ဆက်လက်လေ့လာရန်
၁။ ဧဝံဂေလိ သာသနာပြုသူတစ်ဦး၏ အပြုအမူအကြောင်း ရှင်ပေါလုမှ တိမောသေအား မည်သည့် အသေးစိတ် ညွှန်ကြားချက်များ ပေးခဲ့သနည်း။
၂။ သူ၏ ပထမစာစောင်တွင် အလေးအနက်ထားဖော်ပြသည့်အရာကို ယခု ဒုတိယစောင်တွင် ရှင်ပေါလု ထပ်မံဖော်ပြသည့်အရာမှာ အဘယ်နည်း။
၃။ ဧဝံဂေလိတရား ပျံ့နှံခြင်းအားဖြင့် ဖြစ်စဉ်များကို အခန်းကြီး ၂ တွင် မည်သို ဖော်ပြထားသ နည်း။
၄။ ၂ တိ ၃း၁၆ တွင် ရှင်ပေါလုဖော်ပြထားသည့် အကြောင်းအရာသည် ကျမ်းစာတစ်အုပ်လုံးဖြင့် မည်သို ကိုက်ညီသနည်း။
၅။ ဒုက္ခဆင်းရဲကာလ၌ သာသနာပြုခြင်းနှင့်ပတ်သက်ပြီး သူ၏ ပျိုရွယ်သော တပည့်ထံ မည်သည့် အန္တရာယ် များကို ဖော်ပြသနည်း။
၆။ သင့်ခရစ်ယာန်အသက်တာ၌ မည်သူသည် တွန်းအားပေးမှု အများဆုံးဖြစ်သနည်း။ သင် သည် ထိုသူများကို မည်သိုသော တုန့်ပြန်မှု ပြုခဲ့သနည်း။
တိတု သြဝါဒစာ(Titus)
တန်ဖိုးရှိသော သံတမန်
ခေါင်းစဉ်
ဤစာစောင်သည် လက်ခံရရှိသူ တိတုအမည်ဖြင့် ပေးထားပြီး၊ တိတုဟူသော အမည် သည် ဓမ္မသစ်ကျမ်းတွင် (၁၃) ကြိမ်တွေ့ရသည် (၁၄၊ ဂလ ၂း၁၊ ၃၊ ၂ တိ ၄း၁ဝ၊ ၂ ကာ ၂း၁၃၊ ၇း၆၊ ၁၃၊ ၁၄၊ ၈း၆၊ ၁၆၊ ၂၃၊ ၁၂း၁၈)။ ဂရိဓမ္မသစ် စာပေသဘောတွင် ခေါင်းစဉ်သည် “တိတုထံသို့”ဟု ဖြစ်သည်။ ၁ တိနှင့် ၂ တိ တိုအပါအဝင် ရှင်ပေါလုသည် ယုံကြည်ခြင်းဖြင့် ရသော သူ၏သားများကို ပေးပိုသည့် စာစောင်များအား “သင်းအုပ်နှင့် ဆိုင်သော ဩဝါဒစာများဟု ခေါ်သည်။
စာရေးသူနှင့် ရက်စွဲ
ဤစာစောင်အား တမန်တော် ရှင်ပေါလုရေးသားခဲ့ကြောင်းအား ငြင်းခုန်စရာမလို အပ်ပေ (၁း၁) (၁ တိ- စာရေးသူနှင့် ရက်စွဲတွင်ကြည့်ပါ)။ တိတု ဩဝါဒစာသည် အေဒီ ၆၂၆၄ တွင် ရေးသားခဲ့ပြီး၊ ရှင်ပေါလု၏ ပထမနှင့်ဒုတိယအကြိမ် ရောမအကျဉ်းထောင်ကျစဉ် ကြားကာလ၊ မက်ဆီဒိုးနီးယားရှိ အသင်းတော်များသို သာသနာပြုခရီးသွားချိန်၊ ကောရိန) (သို) နိကောပလီမြိုမှ ရေးသားခဲ့သည် (၃း၁၂)။ ဖြစ်နိုင်ချေရှိသည်မှာ တိတုသည် ရှင်ပေါလု ၏ ဒုတိယနှင့် တတိယ သာသနာပြုခရီးစဉ်တွင် လိုက်ပါအစေခံခဲ့သူဖြစ်သည်။ တိတုသည် တိမောသေကဲ့သို (၂ တိ ၁း၂) ရှင်ပေါလု၏ သားစစ်ဖြစ်ပြီး (တိ ၁း၄)၊ ဧဝံဂေလိလုပ်ငန်းအ တွက် အစေခံခဲ့သည် (၂ ကော ၈း၂၃)။ ရှင်ပေါလု၏ နောက်ဆုံးဖော်ပြချက်အရ (၂ တိ ၄း၁၀)၊ တိတုသည် ဒါလမာတိပြည် (ယနေ့ ယူဂိုစလားဗီးယား)သို သာသနာပြုရန်အတွက် ထွက်သွားခဲ့သည်။ တိတုဩဝါဒစာသည် ဇေနနှင့် အာပေါရာအား ဖြင့် ပေးပိုသောစာ ဖြစ်သည်။ (၃း၁၃)။
နောက်ခံသမိုင်းကြောင်းနှင့် အနေအထား
ရှင်လုကာသည် တိတုနာမည်ကို တမန်တော်ဝတ္ထုတွင် ဖော်ပြထားခြင်းမရှိသော်လည်း တိတုပါဝင် ကြောင်း တွေ့ရသည်။ တိတုသည် တပါးအမျိုးသား (ဂလ ၂း၃)တစ်ဦးဖြစ်ပြီး၊ ရှင် ပေါလု၏ ပထမ သာသနာပြုခရီးစဉ် မတိုင်မီ (သို) ခရီးစဉ်အတွင်း ရှင်ပေါလုနှင့်တွေ့ဆုံခဲ့ပြီး ခရစ်တော်ကို ယုံကြည်လက် ခံသူဖြစ်သည် (၁း၄)။ နောက်ပိုင်းတွင် ရှင်ပေါလုနှင့်အတူ ကရေတေ ကျွန်း၌ အချိန်အတော်ကြာ သာသနာ ပြုခဲ့ပြီး၊ ရှင်ပေါလုက သူ့အား ထိုနေရာတွင် ဆက်လက် ထိုင်ရန်နှင့် ကြိုးစားပြီးလုပ်ဆောင်ရန် ပြောခဲ့သည် (၁:၅)။ အာတေမ (သို) တုဓိတ်သည် နေရာသို သာသနာပြုအဖြစ် ရောက်ပြီးနောက် ဂရိနိုင်ငံ၊ အခါယနယ် မြေတွင်ရှိသော နိတောပတ် မြိုသိုလာပြီး ရှင်ပေါလုက သူနှင့်အတူ ဆောင်းကာလပတ်လုံး ထိုနေရာတွင် လာရောက်နေထိုင် စေလိုသည် (၃း၁၂)။
ရှင်ပေါလု၏ တတိယသာသနာပြုခရီးစဉ်အတွင်း ကောရိန္အသင်းတော်တွင် တိတု၏ ပါဝင်ဆက်ကပ်မှု ကြောင့် ၂ ကောတွင် တိတု၏ အမည် (၉) ကြိမ်တိုင်ဖော်ပြပြီး (၂း၁၃၊ ၇း၆။ ၁၃-၁၄၊ ၈း၆၊ ၁၆၊ ၂၃၊ ၁း၁၈)၊ သူ့အား “ငါ့ညီ”ဟုလည်းကောင်း (၂ ကော ၂း၁၃)၊ “ငါ၏ အပေါင်းအဖော်၊ ငါနှင့်အတူ ဆောင်ရွက်သောသူ”ဟု လည်းကောင်း (၂ ကော ၈း၂၃) ခေါ်ခဲ့ သည်။ ထိုလူငယ်သင်းအုပ်သည် ဂျူးလူမျိုးများနှင့် အကျွမ်းတဝင်ရှိပြီး၊ ထိုအချိန်တွင် မှားယွင်းသောဆရာများက ခရစ်ယာန်များအား အခြားသောအကြောင်းအရာများဖြင့် တိုက်ခိုက်နေချိန် ဖြစ်သည်။ တပါးအမျိုးသားများက ဂျူးလူမျိုးများကိုပါ မောရှေ၏ ပညတ်တရားဖြင့် ချည်နှောင် ထားသည်။ တိတုသည် မှားယွင်းသော ဆရာများနှင့်ပတ်သက်ပြီး ယေရုရှလင်ကောင်စီ ပြုလုပ်သည့် နှစ်အစပိုင်းတွင် ရှင်ပေါလု၊ ဗာနဗတိုနှင့်အတူ လိုက်ပါခဲ့သည် (တ ၁း၅၊ ဂလ ၂း၁-၅)။
မြေထဲ ပင်လယ်တွင် ကရေတေ ကျွန်းသည် အကြီးဆုံးကျွန်းတစ် ခုဖြစ်ပြီး၊ အလျားမိုင် (၁၆၀)၊ အနံမိုင် (၉၀) ရှိသည်။ တောင်ဘက်ပိုင်းတွင် အာဂျီယန် ပင်လယ် ရှိပြီး၊ ရှင်ပေါလုသည် ရောမမြို ခရီးစဉ်တွင် ခေတ္တသွားရောက်ခဲ့သည် (တ ၂၇း၇-၉၊ ၁၂-၁၃၊ ၂၁)။ ရောမအကျဉ်းထောင်မှ လွတ်လာပြီးနောက် ထိုနေရာသို ပြန်သွား၍ ထိုနေရာမှ မာကေဒေါနိသို သွားစဉ် တိတု အား သာသနာပြုရန် ကရေကျွန်းတွင် ထားခဲ့သည်။ တိမောသေကိုလည်း ဧဖက်မြို့တွင် ထားခဲ့သည် (၁ တိ ၁း၃)။ ရှင်ပေါလုသည် တိတုထံမှ ရရှိသည့်စာ (သို) ကရေတေမှ အကြောင်းကြားစာကို ပြန်လည်တုံပြန်ရန် တိတုဩဝါဒ စာကို ရေးသားခဲ့သည်။
တိတု ဩဝါဒစာ၌ ခရစ်တော်
ခရစ်တော်၏ ဘုရားဖြစ်ခြင်းသည် တိတုဩဝါဒစာ တွင် အားကြီးစွာ ရှိနေခဲ့ပြီး “ငါတိုကို ကယ်တင် တော်မူသော အရှင်သခင် ယေရှုခရစ်၏ ဘုန်းအသ ရေတော်ပေါ်ထွန်းခြင်းကို ငါတိုသည် မျှော်လင့် လျက်”ဟု ဖြစ်သည် (၂း၁၃)။ ရှင်ပေါလုသည် စာ အုပ်တစ်လျှောက်လုံး ဘုရားသခင်နှင့်ခရစ်တော်ကို ကယ်တင်ရှင်ကဲ့သို ရည်ညွှန်းပြီး၊ ခရစ်တော်၏ ပုဂ္ဂိုလ်ဖြစ်ခြင်းကို ဘုရားကဲ့သိုနှင့် ကယ်တင်ခြင်း အစီအစဉ်ကို အလေးအနက် ဖော်ပြသည် (၁း၃၊ ၄၊ ၂း၁ဝ၊ ၁၃၊ ၃း၄၊ ၆)။
တိတု သြဝါဒစာရှိ အဓိက ဇာတ်ကောင်များ
ရှင်ပေါလု – အသင်းတော်၌ ခေါင်းဆောင်မှုပြုခြင်းကဏ္ဍနှင့်ပတ်သက်ပြီး တိတုအား တိုက်တွန်းမှုနှင့် နှစ်သိမ့်မှုပေးရန် စာရေးသူ (၁း၁-၃း၁၅)
တိတု – ကရေတေကျွန်းရှိ အသင်းတော်တွင် သင်းအုပ်အမှုပြုရန် ရှင်ပေါလုမှ စေလွှတ်ခြင်းခံရသော တပါးအမျိုးသား ယုံကြည်သူ (၁း၄-၃း၁၅)
သမိုင်းကြောင်းနှင့် ဓမ္မအတွေးအခေါ်ဆိုင်ရာ အကြောင်းအရာများ
ရှင်ပေါလုသည် တိမောသေထံ စာနှစ်စောင်ရေးသကဲ့သို၊ အသင်းတော်အတွင်း ဘုရား သခင်ကို မယုံကြည်သူများနှင့် ရင်ဆိုင်နေရပြီး သာသနာပြုနေသော၊ ကောင်းမွန်စွာ သွန်သင် ခြင်းခံရသည့် သစ္စာရှိသော၊ ငယ်ရွယ်သော သင်းအုပ်ဆရာ တိတုထံသို ပုဂ္ဂိုလ်ရေးရာ တွန်းအားပေးမှုနှင့် နှစ်သိမ့်မှုများ ရေးသားခဲ့သည်။ တိတုသည်ထိုတွန်းအားပေးမှုနှင့် နှစ်သိမ့်မှုများ သွား ကရေရှိ ခေါင်းဆောင်များထံ လက်ဆင့်ကမ်းရမည် ဖြစ်သည် (၁း၅)။
ရှင်ပေါလု၏ ရောမနှင့်ဂလာတိအသင်းတေးများသို ပေးပိုသောစာစောင်များနှင့် ယှဉ် ကြည့်ပါက တိတုသြဝါဒစာသည် ဩဝါဒကို ရှင်းပြခြင်း (သို) ကာကွယ်ခြင်းကို အလေးအနက် ဖော်ပြခြင်းမျိုး မတွေ့ရပေ။ ရှင်ပေါလုက တိတုသည် တရားဓမ္မအမြင်ကို ကောင်းစွာနားလည် ပြီး ယုံကြည်မှုရှိကြောင်း အပြည့်အ၀ယုံ ကြည်သည်။ သာသနာအတွက် စွန့်လွှတ်စွန့်စားလိုစိတ် ရှိခြင်းသည် သူ့အတွက် သက်သေဖြစ်သည်။ မှားယွင်းသောဆရာများနှင့် ဆန့်ကျင်သော ဂျူးများ နှင့်ပတ်သက်ပြီး သတိပေးခြင်းမှလွဲ၍ ဤစာစောင်တွင် တရားဓမ္မအမြင် ပြင်ဆင်ချက်များ၊ ထိုနေရာရှိ အသင်းသားများသည် အသစ်သောယုံကြည်သူများ ဖြစ်သော်လည်း သူတိုအတွက် လိုအပ်သည့် အခြေခံဩဝါဒနှင့် ပတ်သက်ပြီး ရှင်ပေါလု ယုံကြည်ရခြင်းကြောင့် ကြီးမားသည့် အကြံပြုချက်များ မပေးခဲ့ပေ။ ဤစာစောင်တွင် ပါဝင်သော ဩဝါဒများမှာ (၁) ယုံကြည်သူများ ကို ဘုရားသခင်၏ ပိုင်သအုပ်စိုးမှုဖြင့် ရွေးကောက်ခြင်း (၁း၁-၃)၊ (၂) ဘုရားသခင်၏ ကယ်တင် ခြင်း ကျေးဇူးတော် (၂း၁၁၊ ၃၅)၊ (၃) ခရစ်တော်၏ ဘုရားဖြစ်ခြင်းနှင့် ဒုတိယအကြိမ် ကြွလာ ခြင်း (၂း၁၃)၊ (၄) ခရစ်တော်၏ ကိုယ်စားအပြစ်လွှတ်ပေးခြင်း (ကျွန်ုပ်တိုအပြစ်ကိုယ်စား အသေခံပေးခြင်း) (၂း၁၄)၊ (၅) သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ယုံကြည်သူများကို ဒုတိ ယမွေးဖွားခြင်းနှင့် အသစ်ပြုပြင်ခြင်း (၃း၅) တိုဖြစ်သည်။
ဘုရားသခင်နှင့် ခရစ်တော်အား ကယ်တင်ရှင်အဖြစ် ရည်ညွှန်းပြီး (၁း၃-၄၊ ၂း၁၀၊ ၁၃၊ ၃း၄၊ ၆)၊ ၂း၁၁-၁၄ ကယ်တင်ခြင်းအစီအစဉ်ကို အလေးအနက်ဖော်ပြထားမှုသည် ဧဝံဂေလို အမှု အကျိုးဖြစ်ခြင်းအတွက် ကရေတေကျွန်းရှိ အသင်းတော်များကို အားဖြည့်ပေးသည့် ဤ စာစောင်ရှိ အဓိကတွန်းအားပေးမှုဖြစ်ကြောင်း ဖော်ပြသည်။ ထိုပြင်ဆင်မှုသည် ယုံကြည်သူများ ကို ကောင်းမွန်စွာ ထိန်းကျောင်းနေသည့် သိုးထိန်းများ သာမကဘဲ (၁း၅-၉)၊ “ကရက်သားမြဲ။ မုသာစွဲလမ်း၊ သားရဲကြမ်းကြုတ်၊ စားကြူတုတ်တုတ်၊ လူယုတ်ပေ” (၁း၁၂)ဟု နာမည်ကြီးသည့် ဒေသခံများကို သာသနာပြုခြင်းအတွက် ပြင်ဆင်ထားသည့် ခရစ်ယာန်များလည်း လိုအပ်သည်။ ထိုသိုသော သူများကြားတွင် ဧဝံဂေလိဟောကြားရန် ယုံကြည်သူများသည် မိမိကိုယ်ကို အရင်ဆုံး ဖြောင့်မတ်ခြင်း၊ ချစ်ခြင်း၊ တစ်ကိုယ်ကောင်းမဆန်ခြင်း၊ ဘုရားနှစ်သက်သော အသက်တာရှိခြင်း (၂း၂-၁၄) စသည့် သက်သေများများရှိရပြီး၊ မှားယွင်းသောဆရာများ ကဲ့သို အသောက်အစား၊ အပျော်အပါး မလုပ်ဆောင်ရပေ (၁း၁ဝ-၁၆)။ မင်းအာဏာပိုင်များ၊ မယုံကြည်သူများအလယ် မှာ သူတိုပြုမူကျင့်ကြံခြင်းသည် အရေးကြီးသော သူတို၏ ပုံသက်သေဖြစ်သည် (၃း၁-၈)။
တိတုဩဝါဒစာတွင် အဓိကအကြောင်းအရာများကို ထပ်ခါထပ်ခါ ဖော်ပြထားသည်။ ထိုအရာများတွင် အကျင့်ကျင့်ခြင်း (၁း၁၆၊ ၂း၇၊ ၁၄၊ ၃း၁၊ ၅၊ ၈၊ ၁၄)၊ ယုံကြည်ခြင်းနှင့် ဩဝါဒ၌ စင်ကြယ်ခြင်း (၁း၄၊ ၉၊ ၁၃၊ ၂း၁၊ ၂၊ ၇၊ ၈၊ ၁၀၊ ၃း၁၅)နှင့် ကယ်တင်ခြင်း (၁း၃၊ ၄၊ ၂း၁ဝ၊ ၁၃၊ ၃း၄၊ ၆) တိုဖြစ်သည်။
တိတုသြဝါဒစာရှိ အဓိကဝေါဟာရများ
ငါတို့၏ ကယ်တင်ရှင် ဘုရားသခင် – ဂရိဝေါဟာရ – tot soleros hemon theou – ၁း၃၊ ၂း၁၀၊ ၃း၄ သင်းအုပ်နှင့် ဆိုင်သော ဩဝါဒစာစောင်များတွင် ဤဖော်ပြချက် (သို) တူညီသော ဖော်ပြချက်သည် မကြာခဏတွေ့ရသည်။ ထိုကျမ်းပိုဒ်တိုင်း၌ “ကယ်တင်ရှင်”ဟူသော ခမည်းတော် ဘုရားကို ဖော်ပြသည်။ ဓမ္မဟောင်းရေးသူများသည် ဘုရားသခင်အား ကယ်တင်ရှင်ကဲ့သို ပြောခဲ့ပြီး (ဆာ ၂၄း၅၊ ဟေရှာ ၁၂း၂၊ ၄၅း၁၅၊ ၂၁) ဓမ္မသစ်ကျမ်းရေးသူ အနည်းငယ်တိုက ပြောဆိုကြသည်။ (လု ၁း၄၇၊ ယု ၂၅) သင်သည် ကယ်တင်ရှင်ဟု သင်းအုပ်နှင့်ဆိုင်သော ဩဝါဒစာစောင်များ တွင် ဆိုပြီး (၁း၄၊ ၂း၁၃၊ ၃း၆၊ ၂ တိ ၁း၁ဝ)၊ ၂း၁၃ ရှိ သားတော်သည် “ငါတို၏ဘုရားနှင့် ကယ် တင်ရှင်ကို ခေါ်ဆိုဖော်ပြထားခြင်းကြောင့် ယေရှုသည် ဘုရားဖြစ်ခြင်းကို ရှင်းလင်းစွာ ပုံဖော်ပြသည်။
ဒုတိယမွေးခြင်းနှင့်ဆိုင်သော ဆေးကြောခြင်း – ဂရိဝေါဟာရ – lotron palingeriesias – ၃း၅ – “ဆေးကြောခြင်းအတွက် ဤဝေါဟာရသည် ဆေးကြောခြင်းကို ရည်ရွယ်ပြောဆိုနိုင်သည်။ အခြား ဓမ္မသစ်ကျမ်းတွင် ဧဖက် ၅း၂၆ ၌ တစ်ကြိမ်တည်းသာ ဖော်ပြပြီး အဓိပ္ပာယ်မှာ ဆေးကြောခြင်းဖြစ် သည်။ ဤနေရာတွင် ဆေးကြောခြင်းအပြုအမူလည်း ဖော်ပြသည်။ အလွန်ရိုးရှင်းစွာဖြင့် ကျမ်းပိုဒ်က အသစ်ပြုပြင်ခြင်းသည် ဆေးကြောခြင်း အပြုအမူအားဖြင့် လက္ခဏာရှိခြင်း (သို) တွဲဖက် လုပ်ဆောင် ခြင်းဟု ဆိုလိုသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ အသစ်ပြုပြင်ခြင်း လုပ်ဆောင်ချက်သည် စင်ကြယ် ခြင်းနှင့်သန့်ရှင်းခြင်းကဲ့သို ကျမ်းစာမည်သည့်နေရာတွင်မဆို ဖော်ပြသည် (ယေဇ ၃၆း ၂၅-၂၇၊ ယာ ၃း၅)၊ အသစ်ပြုပြင်ခြင်း အတွက် ဂရိဝေါဟာရသည် စာပေသဘောအရ “ဒုတိယမွေးခြင်း”ဟု အဓိပ္ပာယ်ရပြီး သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှု၌ အသစ်မွေးခြင်းကို ဖော်ပြသည် (ယော ၃း၆၊ ရော ၈း၁၆၊ ဂလ ၄း၆)။ ဘုရားသခင်သည် ရှုထောင့်နှစ်ခုပါသော ဖြစ်စဉ်တစ်ခုဖြင့် ကျွန်ုပ်တိုကို ကယ်တင်ခဲ့ပြီး၊ ဒုတိယမွေးခြင်း နှင့်ဆိုင်သော ဆေးကြောခြင်းနှင့် သန့်ရှင်းသော ဝိညာဉ် တော်၏ အသစ်ပြုပြင်ခြင်းဖြင့် ဖြစ်သည်။
တိတု သြဝါဒစာရှိ အဓိကဩဝါဒများ
ဘုရားသခင်၏ ပိုင်သအုပ်စိုးမှုဖြင့် ယုံကြည်သူများကို ရွေးကောက်ခြင်း – ရှေးကပ်ကာလမ ရောက်မီ ဘုရားသခင်သည် သူ့သားသမီးများ၏ အသက်နှင့်အနာဂတ်ကို လုံးဝသိခြင်း (၁း၁-၂၊ တရားဟော ၇း၆၊ မ ၂၀း၁၆၊ ယော ၆း၄၄၊ ၁၃း၁၈၊ ၁၉း၁၆၊ တ ၂၂း၁၄၊ ဧ ၁း၄၊ ၁ သက် ၁း၄၊ ၁ တိ ၆း၁၂)
ဘုရားသခင်၏ ကယ်တင်ခြင်းကျေးဇူးတော် – ကျရှုံးနေသော လူသားအတွက် ဘုရားသခင်၏ ကျေးဇူးတော် ဆုလဒ်သည် ယေရှုခရစ်တော်ဖြစ်ခြင်း (၂း၁၁၊ ၃း၅၊ ဆာ ၈၄း၁၁။ ယော ၁း၁၄၊ ၃း၁၆-၁၈၊ ရော ၅း၁၅၊ ၁၇၊ ဧ ၁း၆၊ ၁ တိ ၂း၅၊ ၆၊ ၄း၁၀၊ ဟေဗြဲ ၄း၁၆၊ ယာ ၁း၁၇၊ ၁ ပေ ၅း၁ဝ၊ ၁ ယော ၂း၂)
ခရစ်တော်၏ ဘုရားဖြစ်ခြင်းနှင့် ဒုတိယအကြိမ်ကြွလာခြင်း – ယေရှုခရစ်တော် ဒုတိယအကြိမ် ကြွလာခြင်းသည် သူ၏ ဘုရားကဲ့သို ဘုန်းထင်ရှားခြင်းကို ဖော်ပြလိမ့်မည်ဖြစ်ခြင်း (၂း၁၃၊ ရော ၈း၂၂၊ ၂၃၊ ၁ ကော ၁၅း၅၁-၅၈၊ ဖိ ၃း၂၀၊ ၂၁၊ ၁ သက် ၄း၁၃-၁၈၊ ၂ ပေ ၁း၁၊ ၁ ယာ ၃း၂၊ ၃)
ခရစ်တော်၏ ကိုယ်စားခံ အပြစ်လွှတ်ပေးခြင်း – ခရစ်တော်သည် မိမိကိုယ်ကို ယဇ် ကောင်ကဲ့သိုလုပ်ဆောင်ခဲ့ ပြီး သူ၌ရှိသော ယုံကြည်သူများသည် အပြစ်ဝန်ထုပ်မရှိခြင်း (၂း၁၄၊ ဟေရှာ ၅၃း၄-၁၂၊ ယော ၁၅း၁၃၊ တ ၄း၁၂၊ ရော ၅း၈-၁၁၊ ၈း၃၂၊ ၂ ကော ၅:၁၈၊ ၁၉၊ ဂလ ၁း၄၊ ဟေဗြဲ ၁၀း၁၄၊ ၁ ပေ ၃း၁၈၊ ၁ ယော ၂း၂၊ ၄း၁၀)
သန့်ရှင်းသော ဝိညာဉ်တော်၏ ဒုတိယမွေးခြင်းနှင့် အသစ်ပြုပြင်ခြင်း – ကယ်တင်ခြင်း သည် ဘုရားသခင်၏ သားသမီးနှင့် အမွေခံများကဲ့သို အသစ်ဖြစ်ခြင်း၊ ဝိညာဉ်တော် ပြုပြင်ခြင်း၊ ဝိညာဉ်တော် တန်ခိုးပေးခြင်း၊ ဝိညာဉ်တော် ကာကွယ်ခြင်း ဆုကျေးဇူးများ ယူလာပေးခြင်း (၃း၅၊ ယေဇ ၃၆း ၂၅- ၂၉၊ ယာလ ၂း၂၈၊ ယော ၃း၃-၆) ရော ၅း၅။ ၈း၂၊ ဧ ၅:၂၆၊ ယာ ၁း၁၈၊ ၁ ပေ ၁း၂၃၊ ၁ ယော ၂း၂၉၊ ၃း၉၊ ၄း၇၊ ၅း၁)
တိတု သြဝါဒစာရှိ ဘုရားသခင်၏ ဂုဏ်အင်္ဂါလက္ခဏာများ
ဘုရားသခင်သည် သနားကြင်နာသော ဘုရား – ၃း၄-၆
ဘုရားသခင်သည် ချစ်ခြင်းမေတ္တာရှင် ဘုရား – ၃း၄-၇
ဘုရားသခင်သည် ကရုဏာရှင် ဘုရား – ၁း၁၈၊ ၃း၅
ဘုရားသခင်သည် ကတိတော်ကို စောင့်ထိန်းသော ဘုရား – ၁း၂
ဘုရားသခင်သည် စစ်မှန်သော ဘုရား – ၁း၂
အနက်အဓိပ္ပာယ်ဆိုင်ရာ အခက်အခဲများ –
တိတုသိုပေးသော ဤစာစောင်သည် အပေါ်ယံအားဖြင့် အလွန်ရိုးရှင်းသော စာအုပ် ဖြစ်သည်။ အနက်ဖွင့်ရာတွင် အခက်အခဲ အနည်းငယ်ရှိပြီး၊ (၁) ၁း၆ ရှိ သားသမီးများသည် “သစ္စာရှိသူ”မျှသာ ဖြစ်သောသူလား၊ (သို) သူတိုသည် “ယုံကြည်နေသူ”များလား။ “သစ္စာရှိသူ”ဟုသော ဝေါဟာရသည် ဓမ္မသစ်ကျမ်းတွင် မယုံကြည်သူကို မဆိုဘဲ ယုံကြည်သူကိုသာ အမြဲတမ်း ဆိုလိုပြီး၊ ထိုကြောင့် သားသမီးများ အတွက် ဤရည်ညွှန်းချက်သည် ခရစ်တော်ကို ယုံကြည်သော သူနှင့် သူတိုလျှောက်သောလမ်း၌ တုံပြန်မှုကို ပြခြင်းဖြစ်သည်။ (၂) ၂း၁၃ ရှိ “မင်္ဂလာရှိသော မျှော်လင့်ရာ”ဆိုသည်မှာ အဘယ်နည်း။ ထိုအရာသည် ရှင်ပြန်ထ မြောက်ခြင်းနှင့် ခရစ်တော် ဘုန်းတော်ဖြင့် သန့်ရှင်းသူများ အုပ်စိုးခြင်း အပါအဝင်၊ ယေရှုခရစ်တော်၏ ဒုတိယအကြိမ် ကြွလာခြင်းကို ယေဘုယျ ရည်ညွှန်းသည်။
အကျဉ်းချုပ် ကောက်နှုတ်ချက်
၁။ နှုတ်ဆက်စကား (၁း၁-၄)
၂။ အကျိုးရှိသော ဧဝံဂေလိ ပြု ခြင်း အတွက် အရေးပါသောအရာများ (၁း၅-၃း၁၁)
က။ ခေါင်းဆောင်များအကြား (၁း၅-၁၆)
၁။ သင်းအုပ်များ၏ အရည်အသွေး (၁း၅-၉) ၊
၂။ မှားယွင်းသောဆရာများအား ဆုံးမခြင်း (၁း၁၀-၁၆)
ခ။ အသင်းတော်တွင် (၂း၁-၁၅)
၁။ သန့်ရှင်းသော အသက်တာ (၂း၁-၁၀)
၂။ စင်ကြယ်သော ဩဝါဒ (၂း၁၁-၁၅)
ဂ။ လောကကြီးတွင် (၃း၁-၁၁)
၁။ သန့်ရှင်းသော အသက် (၃း၁-၄)
၂။ စင်ကြယ်သော ဩဝါဒ (၁း၅-၁၁)
၃။ နိဂုံး (၃း၁၂-၁၄)
၄။ ကောင်းကြီးပေးခြင်း (၃း၁၅)
တိတု သြဝါဒစာ အချိန်ကာလ၌ ကမ္ဘာကြီးရှိ အခြားသောနေရာများ
နီရိုးဘုရင်သည် ရောမမြိုကို မီးရှို့ သူဖြစ်သည်ဟု ထင်မြင်ကြသော်လည်း ၊ ခရစ်ယာန်များ မီးရှို့ သည်ဟု အပြစ်တင်ခဲ့သည်။
ခက်ခဲသော မေးခွန်းများအတွက် အဖြေများ
၁။ သတင်းစကားသည် တိတုနှင့် ကရေတေရှိ ခရစ်ယာန်များအပြင် အခြားသူကိုပါ ရည်ရွယ်မှုကို သူ့တပည့်တိ တုထံပေးသည့် ရှင်ပေါလု၏စာစောင်သည် မည်သည့် နည်း လမ်းဖြင့် ညွှန်ပြသနည်း။
တိ ၂း၁၁-၁၃ သည် တိတုထံပေးသည့် ရှင်ပေါလုစာစောင်၏ အချုပ်အချာဗဟိုချက်ကို ဖော်ပြသည်။ တမန်တော်သည် သင်းအုပ်များကို ဘုရားသခင်၏ ပိုင်သအုပ်စိုးသော ရည်ရွယ် ချက်ဖြင့်ခေါ်ကြောင်း အလေးအနက်ဖော်ပြခြင်း (၁း၅)နှင့် သူ့လူများ ဖြောင့်မတ်စွာ အသက်ရှင် ရန် မိန့်ကြားခြင်း (၂း၁-၁၀) ဖြစ်သည်။ ထိုရည်ရွယ်ချက်သည် ဘုရားသခင်၏ အစီအစဉ်နှင့် ကယ်တင်ခြင်းအစီအစဉ် ပြည့်စုံခြင်းအတွက် သက်သေ အဖြစ် ဖော်ပြရန်ဖြစ်သည်။ ရှင်ပေါလု သည် သူ့စာစောင်များကို လူအများဖတ်ရန် ရေးထားလေ့ရှိသည်။ ဧဝံဂေလိသည် စကြဝဠာ တစ်ခုလုံးအထိ ကျယ်ပြန့်သည်။ ဤနေရာတွင် ရှင်ပေါလုသည် ဘုရားသခင်၏ ကယ်တင်ခြင်း အစီအစဉ်အား အဖြစ်မှန်သုံးခုဖြင့် အကျဉ်းချုပ်ဖော်ပြသည်။ (၁) အပြစ်၏ ပြစ်ဒဏ်မှ ကယ်တင်ခြင်း (ငယ် ၁၁-၁၃)၊ (၂) အပြစ်တန်ခိုးမှ ကယ်တင်ခြင်း (ငယ် ၁၁-၁၃)၊ (၃) အပြစ် ရှိခြင်းမှ ကယ်တင်ခြင်း (ငယ် ၁၁-၁၃)တိုဖြစ်သည်။
“ကယ်တင်သော ဘုရားသခင်၏ ကျေးဇူးတော်” (ငယ် ၁၁-၁၃)ဟု သူဖော်ပြသကဲ့သို၊ ရှင်ပေါလုသည် ဘုရား၏ ကျေးဇူးတရား ဂုဏ်အင်္ဂါကို ရိုးရှင်းစွာဖော်ပြခြင်းမဟုတ်သော်လည်း ကျေးဇူးတော်နှင့် လူ့အသွင် ဆောင်သော ယေရှုခရစ်တော် ကိုယ်တိုင်အား ဘုရားသခင် အထူးကျေးဇူးတော် ဆုကျေးဇူးအဖြစ် အပြစ်သား များထံပေးခြင်းကို ရည်ညွှန်းသည် (ယော၊ ၁း၁၄) “လူအပေါင်းတို့ ဟူသော (ငယ် ၁၁-၁၃) ဝေါဟာရသည် ကမ္ဘာ့လူသားအားလုံး ကယ် ကင်းရမည်ဟူသော မှားယွင်းသည့် သွန်သင်ခြင်းအတွက် အသုံးပြုခြင်းမဟုတ်ပေ။ လူသား ကို ၃း၄ တွင် “လူ ကဲ့သို အနက်ပြန်ပြီး၊ ယေဘုယျအားဖြင့် လူသားဖြစ်ခြင်းကို ရည်ညွှန်းရန်ဖြစ်ပြီး တစ်ဦးချင်းစီ သီးသန့်ပြောရန် မဟုတ်ပေ။ ယေရှုခရစ်တော်သည် ယုံကြည်သူတိုင်း၏ အပြစ်များ ကို ဖုံးအုပ်ရန် ပြည့်စုံသော ပူဇော်မှုကို ပြုလုပ်ခဲ့သည် (ယော ၃း၁၆-၁၈၊ ၁ တိ ၂း၅၊ ၆၊ ၄း၁၀၊ ၁ယော ၂း၂။ တိတုထံသို့ပေးသော ဤစာစောင်၏ အဖွင့်စကားလုံးများသည် ဘုရားသခင် ရွေးကောက်တော်မူသော သူတို၏ ယုံကြည်ခြင်း” (၁း၁-၃) အားဖြင့်သာ ထိရောက်အကျိုးရှိ သော ကယ်တင်ခြင်းဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြထားသည်။ ရှင်ပေါလု က ဧဝံဂေလိသည်။ လောကတစ်ခုလုံးအတွက် ရည်ရွယ်ကြောင်း ကောင်းမွန်စွာသိထားခဲ့သည်။ လူသားအား လုံးမှ ယုံကြည်သူသာ ကယ်တင်ခြင်းခံရမည်ဖြစ်သည် (ယော ၁း၁၂၊ ၃း၁၆၊ ၅း၂၄၊ ၃၈၊ ၃၀၊ ၆း၄၀။
၂။ ၃း၁-၁၁ သည် ဧဝံဂေလိအမှုပြုခြင်း၏ တန်ဖိုးအတွက် အကြောင်းကိစ္စတစ်ခုအဖြစ် မည်သို လုပ်ဆောင်သနည်း။
ဤစာစောင်တစ်လျှောက် ရှင်ပေါလုသည် ကရေ၌ အသင်းတော်ဆက်လက် ရှိယုံ သာမဟုတ်ဘဲ၊ တိတု၏ ကြီးမားသည့် အခန်းကဏ္ဍကို ရှင်းလင်းစွာ ဖော်ပြထားသည်။ ရှင်ပေါလု ၏ ရည်ရွယ်ချက်သည် ဧဝံဂေလိအမှုပြုခြင်း ဖြစ်သည်။ ရှင်ပေါလုသည် ခရစ်တော်၌ ယုံကြည် သောသူများ ဖြစ်လာစေဖို တိတုလုပ်ဆောင်ရန် အလိုရှိသည်။ ထိုအရာဖြစ်ပေါ်ခြင်းတွင် ရှင် ပေါလုလမ်းညွှန်မှုများသည် အကျိုးရှိသော ဧဝံဂေလိအမှုပြုခြင်းအတွက် ကရေရှိ အသင်း တော်များကို အားဖြည့်ပေးရန် အလေးအနက်ထားသည်။ ခေါင်းဆောင်အတွက် ရှင်ပေါလု၏။ စံနှုန်းများသည် အသရေရှိသော ခေါင်းဆောင်များဖြစ်သည့် သိုးထိန်းအမှုဖြင့် ယုံကြည်သူများကို ဂရုစိုက် နေသူများသာမက (၁း၅-၉)၊ မယုံကြည်သူ အိမ်နီးချင်းများကို ဧဝံဂေလိအမှုပြုသော ခရစ်ယာန်များအဖြစ်ပါ လိုအပ်သည်။ ရှင်ပေါလု၏ အမြဲမပြတ် ဖော်ပြသည့် အရာမှာ ၂ တိ ၂း၂ ၌ အကောင်းဆုံး ဖော်ပြထားမှုဖြစ်သည်။
ရှင်ပေါလု၏ဩဝါစာ အဆုံးသတ်မှတ်ချက်များသည် သူဂရုစိုက် ကြည့်ရှုလျက်ရှိသော ကြည်သူများကို သတိပေးရန် တိတုအား ဆုံးမမှုဖြစ်ပြီး (၁) မယုံကြည်သော အုပ်ချုပ်မင်းလုပ် သူများ (၃း၁)နှင့် အမျိုးမျိုးသော လူများ (၃း၂) အားကောင်းသော စိတ်နေသဘောဖြင့် ပြုမူခြင်းသည် အရေးကြီးခြင်း၊ (၂) ယခင်က ယုံကြည်သူများသည် အပြစ်ထဲတွင် ပျောက်ဆုံးနေသူများ ခြင်း (၃း၃)၊ (၃) ယေရှုခရစ်တော်အားဖြင့် သူတိုကယ်တင်ခြင်းရခြင်း (၃း၄-၇)၊ ကယ်တင်ခြင်း မရသော လောကသို သူတို၏ ဖြောင့်မတ်ခြင်းကို သက်သေခံမှု (၃၈)၊ (၅) မှားယွင်းသော ရာများနှင့် အသင်းတော်အတွင်း အချင်းချင်း ပဋိပက္ခဖြစ်ခြင်းများကို ဖြေရှင်းရန် သူတို၌ ဝန်ရှိခြင်း (၃း၉-၁၁)တို ဖြစ်သည်။ ထိုအကြောင်းအရာ အားလုံးသည် ထိရောက်သော လအခင်းတင် အရေးပါသည့် သက်သေများဖြစ်သည်။ ယုံကြည်သူတို၏ နှိမ့်ချခြင်းနှင့် သနား ခြင်းသည် ဧဝံဂေလိ၏ တွန်းအားအပေးဆုံး သတင်းစကားဖြစ်သည်။
တိတု သြဝါဒစာကို ဆက်လက်လေ့လာရန်
၁။ တိမောသေကို သင်လေ့လာသောအခါ ကရေကျွန်းတည်နေရာကို လေ့လာပါ။
၂။ တိတုနှင့် ၁ တိကို နှိုင်းယှဉ်ပါ။ စာစောင်နှစ်ခုအကြား မည်သည့် တူညီသောအရာကို သင့် မှတ်သားမိသနည်း။
၃။ တိတုအတွက် ရှင်ပေါလုသည် ဧဝံဂေလိသတင်းစကားကို မည်သို အနှစ်ချုပ်ခဲ့သနည်း။
၄။ တိတုအတွက် ရှင်ပေါလုလမ်းညွှန်ချက်အရ အသင်းတော်ခေါင်းဆောင်ကဏ္ဍများ၏ သော့ချက်မှာ အဘယ်နည်း။
၅။ အသင်းတော်ရှိ ခေါင်းဆောင်များလက္ခဏာအကြောင်းကို မည်သည့်အဆင့်သို ရှင်ပေါလုက လုပ်ဆောင် ခဲ့သနည်း။
၆။ မည်သည့်ခရစ်ယာန်များနှင့် သင်ကြုံတွေ့နေရသနည်း။ ထိုတာဝန်ကို သင်မည်သိုအေလး ထားပြီး လုပ်ဆောင်နေသနည်း။