မက်ကာသာသမ္မာကျမ်းစာလက်ဆွဲ အပိုင်း ( ၃ )

ရာဇဝင်ချုပ် ပထမစောင်နှင့် ဒုတိယစောင်

(First and Second Chronicles)

သမိုင်းဆိုင်ရာ ပြန်လည်သုံးသပ်ခြင်းနှင့် ဘေးအန္တရာယ်နိဒါန်း

ခေါင်းစဉ်

ဟေဗြဲကျမ်းစာကို မူရင်းခေါင်းစဉ်သည် “နှစ်အလိုက်မှတ်တမ်း/ သမိုင်း (ဆိုလိုသည်မှာ အဖြစ်အပျက် များ (သို) ဖြစ်ပျက်သည့်အရာများ)”ဟု ဖြစ်သည်။ ရာဇဝင်ချုပ် ပထမစောင်နှင့် ဒုတိယစောင်တိုသည် တစ်အုပ်တည်းဖြစ်ကြသည်။ ခန့်မှန်းဘီစီ ၂၀၀၊ ဟေဗြဲမှ ဂရိသိုဘာသာ ပြန်ဆိုသော စက်တူးဂျန့် (LXX) က နောက်ပိုင်းတွင် စာအုပ်များကို ပိုင်းခြားလိုက်သည်။ ထို အချိန်က ခေါင်းစဉ်သည် ၁ နှင့် ၂ ဓမ္မရာဇဝင်၊ ၃ နှင့် ၄ ဓမ္မရာဇဝင်တိုတွင် မပါဝင်သော အကြောင်းအရာများကို ထင်ဟပ်စေသည့် “ချန်လှပ်ထားသည့် အရာများ”ဟူသော ခေါင်းစဉ်ကို ပြောင်းလဲခဲ့သည်။ အင်္ဂလိပ်ခေါင်းစဉ် “ရာဇဝင်ချုပ်”သည် Jerome ၏ လက်တင်ဗောလ်ဂိတ်ဖြင့် (အေဒီ ၄ဝဝ) အစပြုခဲ့သည်။ ထိုအရာသည် “မြင့်မြတ်သော သမိုင်းရာဇဝင် တစ်ခုလုံး၏ ရာဇဝင်များ”ဟု ခေါင်းစဉ်အပြည့်အဝကို အသုံးပြုခဲ့သည်။

 

ရာဇဝင်ချုပ်၏ အရင်းအမြစ်များ

ကျမ်းစာမှုတ်သွင်းခြင်းသည် (၂ တိ ၃း၁၆) တစ်ခါတစ်ရံ လူသားမပါဘဲ ဘုရားသခင်တိုက်ရိုက် ဖွင့်ပြခြင်းဖြင့် ပြီးပြည့်စုံစေခဲ့သည်။ ဥပမာ- မောရှေ၏ ပညတ္တိကျမ်းဖြစ်သည်။ အခြားအချိန်များတွင် လု ၁း၁-၄ တွင် ဖော်ပြထားသကဲ့သို လူသားအရင်းအမြစ်များကို ဘုရားသခင်သည် အသုံးပြုခဲ့သည်။ ထိုကဲ့သိုပင် များစွာ ဖြစ်ပေါ်သော အရင်းအမြစ်များအားဖြင့် သက်သေခံကဲ့သို ရာဇဝင်ကျမ်းရေးသူများတွင် အတွေ့အကြုံ ရှိခဲ့ကြ သည်။ ဤအကြောင်းအရာများသည် တိုက်ရိုက်ဖွင့်ပြခြင်းဖြင့် (သို) လက်ရှိအရင်းအမြစ်များအားဖြင့် ဖြစ်စေ သန့်ရှင်းသောဝိညာဉ်တော်မှတဆင့် ဘုရားသခင်၏မှုတ်သွင်းခြင်းသည် မူရင်းကျမ်းရေးသူများကို မည်သည့် အမှားများမှ မဖြစ်အောင် တားဆီးပေးခဲ့သည် (၂ ပေ ၁း၁၉-၂၁)။ သမ္မာကျမ်းစာကို ကူးယူရာတွင် ကျမ်းကူး အမှားအယွင်း အနည်းငယ်သာရှိသော်လည်း ထိုအရာများကို ဖော်ထုတ်တည့်မတ်ပေးနိုင်သည်။ ထိုကြောင့် သမ္မာကျမ်းစာ၏ မူလနှင့် မမှန်ကန်သော အကြောင်းအရာများကို ထိန်းသိမ်းထားနိုင်ခဲ့သည်။

၁။ ဣသရေလ/ယုဒလူမျိုး ရှင်ဘုရင်ကျမ်း (၅ ရာ ၉း၁၊ ၆ ရာ ၁၆း၁၁၊ ၂၀း၃၄၊ ၂၅:၂၆၊ ၂၇း၇၊ ၂၈ ၂၆၊ ၃၂း၃၂၊ ၃၅:၂၇၊ ၃၆း၈)

၂။ ဒါဝိဒ်၏ရာဇဝင်ကျမ်း (၅ ရာ ၂၇း၂၄)

၃။ ရှမွေလ၏ကျမ်း (၅ ရာ ၂၉း ၂၉)

၄။ နာသန်၏ကျမ်း (၅ ရာ ၂၉:၂၉၊ ၆ ရာ ၉း ၂၉)

၅။ ဂဒ်၏ကျမ်း (၅ ရာ ၂၉း၂၉)

၆။ ရှိလောမြိုသား အဟိယ၏ အနာဂတ္တိကျမ်း (၆ ရာ ၉း၂၉)

၇။ ဣဒေါ၏ ဗျာဒိတ်ကျမ်း (၆ ရာ ၉း ၂၉)

၈။ ရှေ့မာယ၏ကျမ်း (၆ ရာ ၁၂း၁၅)

၉။ ဣဒေါ၏ကျမ်း (၆ ရာ ၁၂း၁၅) ၊

၁၀။ ဣဒေါစီရင်သောစာ (၆ ရာ ၁၃း၂၂)

၁၁။ ယေဟု စီရင်သောသမိုင်း (၆ ရာ ၂၀း၃၄)

၁၂။ ရာဇဝင်နှင့် ဆက်သောစာ (၆ ရာ ၂၄း၂၇)

၁၃။ ဟေရှာယရေးသော ဩဇိပြုမူသော အမှုအရာ (၆ ရာ ၂၆း၂၂)

၁၄။ သနာခရိပ်၏စာ/သတင်းစကား (၆ ရာ ၃၂း၁၀-၁၇)

၁၅။ ဟေရှာယ၏ ဗျာဒိတ်ကျမ်း (၆ ရာ ၃၂း၃၂)

၁၆။ ပရောဖတ်တို ဟောပြောသောစကား (၆ ရာ ၃၃း၁၈)

၁၇။ ဟာဇ်၏ ကျမ်းစကား (၆ ရာ ၃၃း၁၉)

၁၈။ ဒါဝိဒ်နှင့် ရှောလမုန်တိုမှတ်စာ (၆ ရာ ၃၅း၄)

၁၉။ မြည်တမ်းသောစကား (၆ ရာ ၃၅း၂၅)

စာရေးသူနှင့် ရက်စွဲ ၊

ရာဇဝင်ချုပ် ပထမစောင်နှင့် ဒုတိယစောင်တိုတွင် စာရေးသူနှင့်ပတ်သက်ပြီး တိုက်ရိုက် ဖော်ပြထား ချက်များ မပါရှိသော်လည်း ဂျူးတို၏ ခံယူချက်များအရ ယဇ်ပုရောဟိတ် ဧဇရသည် “ရာဇဝင်ကျမ်းရေး သူ”အဖြစ် သတ်မှတ်ကြသည် (ဧဇ ၇း၁-၆)။ ထိုမှတ်တမ်းများသည် ခန့်မှန်း ဘီစီ ၄၅ဝ-၄၃၀ က မှတ်တမ်းတင်ထားခဲ့ပုံ ပေါ်သည်။ ၅ ရာ ၁-၉ အရ ဘီစီ ၄၅ဝ တွင် ရေး သားသည်ဟု ဆိုနိုင်သည်။ ဓမ္မသစ်ကျမ်း သည် ရာဇဝင်ချုပ် ပထမနှင့် ဒုတိယစောင်တိုကို တိုက်ရိုက်ကိုးကားခြင်း မပြုထားပေ။

နောက်ခံသမိုင်းကြောင်းနှင့် အနေအထား

သမိုင်းနောက်ခံ အနီးအနားဝန်းကျင်တွင် ဗာဗုလုန်ပြည်သိုနှင်ထုတ်ခံရခြင်းမှ ကတိ တော်နယ်မြေသို ဂျူးလူမျိုးများ ပြန်လာခြင်း အဖွဲသုံးဖွဲအကြောင်း ပါဝင်ပြီး (၁) ဧဇရ ၁-၆ ရှိ ဇေရုဗဗေလ (ခန့်မှန်း ဘီစီ ၅၃၈)၊ (၂) ဧဇရ ၇-၁ဝ ရှိ ဧဇရ (ခန့်မှန်းဘီစီ ၄၅၈) နှင့် (၃) နေ ၁-၁၃ ရှိ နေဟမိ (ခန့်မှန်းဘီစီ ၄၄၅) တိုဖြစ်သည်။ ဓမ္မရာဇဝင် စတုတ္ထစောင်၊ ဧသတာ၊ ယေရမိ၊ ယေဇကျေလ၊ ဒံယေလနှင့် ဟဗက္ကုတ်တိုမှ ကြိုတင်ဟောထား ခဲ့သည်နည်းတူ ဗာဗုလုန် တို ဖမ်းဆီးခေါ်ဆောင်သွားခြင်း ယခင်သမိုင်းကိုလည်း တွေ့ရသည် (ခန့်မှန်းဘီစီ ၆ဝ၅-၅၃၈)။ ဤပြန်လည်ကယ်တင်ခြင်းအချိန်ကာလ၏ ပရောဖတ်များမှာ ဟဂ္ဂဲ၊ ဇာခရိနှင့် မာလခိတိုဖြစ် ကြသည်။

ဂျူးလူမျိုးတိုသည် နှစ်ပေါင်း (၇၀)ကြာ ဖမ်းဆီးခံဘဝမှ (ခန့်မှန်းဘီစီ ၅၃၈) တစ်ချိန်က ဒါဝိဒ်မင်း (ခန့်မှန်းဘီစီ ၁၀၁၁-၉၇၁)နှင့် ရှောလမုန်မင်း(ဘီစီ ၉၇၃-၉၃၁)အုပ်ချုပ်သည့် နိုင်ငံနှင့် လုံးဝကွဲပြားသည့် ခြားနားသော ပြည်သိုပြန်လာခဲ့ကြသည်။ (၁) ဟေဗြဲဘုရင်မရှိသော်လည်း ပေရသိနိုင်ငံမှ အုပ်ချုပ်သည် (ဧဇ ၅;၃၊ ၆း၆)။ (၂) ယေရုရှလင်အတွက် လုံခြုံမှုမရှိသောကြောင့် နေဟမိသည် မြိုရိုးကို ပြန်လည်တည် ဆောက်ခဲ့သည် (နေ ၁-၇)။ (၃) ဗိမာန်တော်မရှိခြင်း ကြောင့် ဇေရုပဗေလသည် ရှောလမုန်တည်ဆောက်ခဲ့သည့် ဘုန်းကြီးသည့် ဗိမာန်တော်နေရာ တွင် ပြန်လည်အစားထိုး တည်ဆောက်ခဲ့သည် (ဧဇ ၃)။ (၄) ဂျူးလူမျိုးသည် ဒေသတွင်း ကြာရှည်စွာလွှမ်းမိုးမည့်အစား ခုခံကာကွယ်မှု ပြုခဲ့ကြသည် (ဧဇ ၄၊ နေ ၄)။ (၅) သူတိုသည် သူတိုပြန်လာခြင်းအကြောင်းအရာထက် ဘုရားပေးသည့် ကောင်းကြီးအနည်းငယ်ဖြင့် ဝမ်းမြောက်ခဲ့ကြသည်။ (၆) သူတိုသည် ယခင်နိုင်ငံတော်၏ ချမ်းသာကြွယ်ဝမှု အနည်းငယ်သာ ပိုင်ဆိုင်ခဲ့ကြသည်။ (၇) ဘုရားသခင်၏ တည်ရှိမှုသည် ယေရှုရှလင်တွင် မရှိတော့ဘဲ၊ ခန့်မှန်း ဘီစီ ၅၉၇-၅၉၁ တွင် ထွက်ခွာသွားခဲ့သည် (ယေဇ ၈-၁၁)။

ပြောရမည်ဆိုလျှင် သူတို၏ အနာဂတ်သည် သူတို၏ ထူးခြားသော အတိတ် ၊ အထူးသဖြင့် ဒါဝိဒ်နှင့် ရှောလမုန်တို၏ အချိန်ကာလနှင့် နိုင်းယှဉ်လျှင် မေးမြန်းခဲ့သည်။ ပြန်လည်ကောင်းမွန်လာခြင်းကို ခါးသီးသော မမြိန်ခြင်းအဖြစ် ဖော်ပြနိုင်သည်။ အကြောင်းမှာ သူတို၏ လက်ရှိဆင်းရဲနွမ်းပါးမှုသည် ဘိုးဘေးတို၏ အပြစ်နှင့်ပတ်သက်ပြီး ဘုရားသခင်တစား စီရင်ခြင်းမှ ဆုံးရှုးခဲ့ရသော အရာများအတွက် နာကျင်စေသော အမှတ်ရစရာများကို ဖြစ်ပေါ် မာကြောင့် ဖြစ်သည်။ မြန်ခြင်းသည် အစောပိုင်း (၁၇)ရာစုက အာဗြဟံအား ဘုရားသခင် မပေးသောပြည်သို သူတိုပြန်ရောက်လာကြသောကြောင့် ဖြစ်သည် (က ၁၂း၁-၁)။ ရာဇဝင်ရေး သူများက အာဒံ (၅ရာ ၁း၁) မှ ဗာဗုလုန်သို့ (၆ရာ ၂၆း၂၃) ပြန်လာသည့် ရှေးမျိုးဆက်စားရင်းနှင့်  ဣသရေလတို  ၏ သမိုင်းသည် များအား ဘုရားသခင်၏ ကတိတော်များနှင့် ရည်ရွယ်ချက်များ ကို သတိပေးရန် ရည်ရွယ်ခဲ့ သည်။ ရည်ရွယ်ချက်များမှာ (၁) နယ်မြေ (၂) လူမျိုး (၃) ဝိဒ်၏ မျိုးဆက်၊ (၄) လေဝိအမျိုး၏ ယဇ်ပုရော ဟိတ်များ၊ (၅) ဗိမာန်တော်နှင့် (၆) ဗာဗုလုန်၏ ဖမ်း ဆီးခေါ်ဆောင်ခြင်းခံရမှုကြောင့် မည်သူမျှ မလုပ်ဆောင်ခဲ့ကြ သော စစ်မှန်သည့် ဝတ်ပြုကိုးကွယ် ခြင်းတိုဖြစ်သည်။ ဤအရာအားလုံးတိုသည် သူတိုတွေ့ကြုံရသည့် ခက်ခဲသည့် အချိန်များတွင် သူတို၏ ဝိညာဉ်ရေးရာ အမွေအနှစ်ကို သတိပေးရန်နှင့် ဘုရားသခင်အပေါ် သစ္စာစောင့်သိရန် အားပေးခြင်း ဖြစ်သည်။

 

ရာဇဝင်ချုပ် ပထမစောင်ရှိ အဓိကဇာတ်ကောင်များ

ဒါဝိဒ် – ဣသရေလဘုရင်နှင့် ယေရှုခရစ်တော်၏ ဘိုးဘေး၊ “ငါ့အလိုကို ပြည့်စုံစေမည့်သူ”ကဲ့သို ဘုရားသခင်မှ ဖော်ပြသူ (၂း၈-၂၉း၃၀၊ တ ၁၃း၂၂)

ဒါဝိဒ်၏ သူရဲများ – ဒါဝိဒ်မင်းအတွက် တိုက်ခိုက်ရန် အထူးစစ်သည်တော်အဖွဲ (၁၁း၁၀- ၂၈း၁)

နေသန် – ပရောဖတ်နှင့် ဒါဝိဒ်ကို အကြံပေးသူ ဗိမာန်တော်တည်ဆောက်ရန် ရှောလမုန်အတွက် ဘုရားသခင်၏ အလိုတော်ကို ရှင်းပြပေးသူ (၁၇း၁-၁၅)

 

ရာဇဝင်ချုပ် ဒုတိယစောင်ရှိ အဓိက ဇာတ်ကောင်များ

ရှောလမုန် -ဣသရေလရှင်ဘုရင်နှင့် ဘုရားသခင်၏ ဗိမာန်တော်ကို တည်ဆောက်သူ၊ ဘုရား သခင်ထံမှ ကြီးမြတ်သော ဉာဏ်ပညာကို ရရှိသူ (၁း၁-၉း၃၁)

ရှေဘမိဖုရား – ရှောလမုန်၏ ဂုဏ်သတင်းကြီးသော ဉာဏ်ပညာအကြောင်းကို ကြားခဲ့သူ၊ သူ့အောင်မြင်မှုအကြောင်းနှင့်ပတ်သက်ပြီး ခက်ခဲသော မေးခွန်းများဖြင့် စစ်ဆေးရန်ယေရုရှလင်သို အလည်လာခဲ့သူ (၉း၁-၁၂၊ မ ၁၂း၄၂)

ရောဗောင် -ဣသရေလ၏ ဘုရင်ဖြစ်လာသည့် ရှောလမုန်၏ မကောင်းသောသား၊ နိုင်ငံတော် နှစ်ခြမ်းကွဲသွားပြီး၊ တောင်ပိုင်းယုဒနိုင်ငံကို ဦးဆောင်သူ (၉း၃၁-၁၃း၇)

အာသမင်း – ယုဒရှင်ဘုရင်၊ ဘုရားသခင်၏ ရည်ရွယ်ချက်ကို အကျင့်ယိုယွင်းသောနည်းဖြင့် ပြီးမြောက်စေရန် ကြိုးစားသူ (၁၄း၁-၁၆း၁၄)

ယောရှဖတ် – ယုဒရှင်ဘုရင်အဖြစ် သူ့ဖခင် အာသနေရာတွင် ဆက်ခံသူ၊ ဘုရားသခင်နောက် လိုက်သော်လည်း မကောင်းသောအရာများကို လုပ်ဆောင်သေးသူ (၁၇း၁-၂၂း၉)

ယာရံ – ယုဒဘုရင်ဖြစ်လာသော ယောရှဖတ်၏ မကောင်းသောသား၊ ရုပ်တုဆင်းတု ကိုးကွယ်ခြင်းကို အားပေးပြီး၊ မိမိညီအစ်ကို ခြောက်ဦးကို သတ်ခဲ့သူ (၂၁း၁-၂၀)

သြဇိ – (အာဇရိဟုလည်းခေါ်) ယုဒရှင်ဘုရင်အဖြစ် သူ့ဖခင် အာမဇိနေရာ ဆက်ခံသူ၊ ဘုရား သခင်နောက်တော်သို အများအားဖြင့် လိုက်သော်လည်း မာန်မာနကျန်ရှိသေးသူ (၂၆း၁-၂၃)

အာခတ် – ယုဒရှင်ဘုရင်အဖြစ် သူ့ဖခင် ယောသံနေရာ ဆက်ခံသူ၊ လူများအား ဗာလဘုရားကို ကိုးကွယ်ရန် ခွင့်ပြုသူ၊ မိမိတိုသားသမီးများကို ယဇ်ပူဇော်ခြင်းအပါအဝင် အခြားရုပ်တု ကိုးကွယ်မှုများ ပြုလုပ်သူ (၂၇း၉-၂၉း၁၉) ၊

ဟေဇကိ – ယုဒရှင်ဘုရင်အဖြစ် သူ့ဖခင် အာခတ်နေရာ ဆက်ခံသူ၊ ဘုရားသခင်ကို နာခံပြီး၊ ဗိမာန်တော်ကို ထိန်းသိမ်းသူ၊ လူများကို ဘာသာရေးပြုပြင်ပြောင်းလဲမှု အစပြုခဲ့သူ ၊ (၂၈း၂၇-၃၂း၃၃)

မနာရှေ – ယုဒရှင်ဘုရင်အဖြစ် သူ့ဖခင် ဟေဇကိနေရာ ဆက်ခံသူ၊ ဘုရားသခင်ရှေ့တော်တွင် မကောင်းမှုကို ပြုသော်လည်း သူ့ အုပ်စိုးမှုအဆုံးပိုင်းတွင် နောင်တရခဲ့သူ (၃၂း၃၃-၃၃း၂၀)

ယောရှိ – ယုဒရှင်ဘုရင်အဖြစ် သူ့ဖခင် အာမုန်နေရာ ဆက်ခံသူ၊ ဘုရားသခင်နောက် လိုက်ခဲ့သူ၊ ဗိမာန်တော် ရှင်းလင်းစဉ် ထာဝရဘုရား၏ ပညတ္တိကျမ်းကို ရှာတွေ့ခဲ့သူ (၃၃း၂၅-၃၅း၂၇)

 

သမိုင်းကြောင်းနှင့် ဓမ္မအတွေးအခေါ်ဆိုင်ရာ အကြောင်းအရာများ

ကျမ်းစာပညာရှင် Jerome အမည်ပေးသော ပထမနှင့် ဒုတိယ ရာဇဝင်ချုပ်သည် ဒါဝိဒ်နှင့်ပြုသော ပဋိညာဉ်နှင့် ဗိမာန်တော်တွင် ဝတ်ပြုခြင်းကို အထူးအလေးပေးသော ဓမ္မ ဟောင်းသမိုင်းကြောင်းအား ပြန်လည်ဖန်တီးထားသည်။ စာပေတူညီမှုအရ ရာဇဝင်ချုပ် ပထမ စောင်နှင့် ဓမ္မရာဇဝင် ဒုတိယစောင်တိုသည် ဒါဝိဒ်မင်း၏ အုပ်စိုးမှု အသေးစိတ်အချက်အလက် များ ဖြစ်သည်။ ပထမ ရာဇဝင်ချုပ်သည် အာဒံဖြင့် အစပြုထားပြီး (၁၁)၊ ဘီစီ ၉၇၁ ၌ ဒါဝိဒ် ၏ သေဆုံးခြင်းဖြင့် အဆုံးသတ်ထားသည် (၂၉း၂၆-၃၀)။ ဒုတိယ ရာဇဝင်ချုပ်သည် ရှောလ မုန်ဖြင့် အစပြုထားပြီး (၁၁)၊ ယုဒရှင်ဘုရင်များကိုသာ အဓိကအလေးအနက် ဖော်ပြသည့် ၃ နှင့် ၄ ရာရှိ သမိုင်းဆိုင်ကြောင်းကို ဖော်ပြထားပြီး မြောက်ပိုင်းမျိုးနွယ် (၁၀) စုနှင့် သူတို အုပ် စိုးရှင်းများ၏ လုံးဝဆိုးသွမ်းမှုသမိုင်းများနှင့် မှားယွင်းသည့် ကိုးကွယ်မှုများကြောင့် သူတို၏ ရှင်ဘုရင်များကို ဖော်ပြထားခြင်း မရှိပေ။ ထိုအကြောင်းသည် ဘီစီ ၉၇၁ ၌ ရှောလမုန် (၁၁) အုပ်ချုပ်သည့် အချိန်မှ ဘီစီ ၅၃၈ ၌ ဗာဗုလုန်မှပြန်လာချိန်အထိ (၃၆၂၃) ဖော်ပြထားသည်။ ရာဇဝင်ချုပ်ရှိ ပါဝင်သော အကြောင်းအရာများ၏ (၅၅) ရာခိုင်နှုန်းသည် ထူးခြားပြီး၊ ၂ ရာ (သို) ၃ ရာနှင့် , ရာတိုတွင် မတွေ့ရပေ။ ရာဇဝင်ကျမ်း ရေးသားသူသည် ဒါဝိဒ်မင်း ဆက်ကို အဖြစ်သဘောဆောင်ခြင်း (သို) ဆန့်ကျင်သောအရာကို ချန်လှပ်ခဲ့သည်။ အ ခြားတစ်ဖက်တွင်မူ၊ သူသည် ဗိမာန်တော် တွင် ဝတ်ပြုခြင်းနှင့် ဒါဝိဒ်၏ မျိုးရိုးကို အ တည်ပြုရန် ထူးခြားသော အလှူငွေများ ထည့် ဝင်လေ့ရှိသည်။ ၄ ရာ ၂၅ သည် ယုဒပြည်ကို ဗာဗုလုန်သို ပြည်နှင်ဒဏ်ပေးခြင်းဖြင့် အဆုံး သတ်ထားသော်လည်း၊ ၆ ရာ ၃၆း၂၂-၂၃ သည် ဂျူးတို၏ ပါးရှားမှ လွတ်မြောက်ခြင်းနှင့် ယေရုရှလင်သို ပြန်လာခြင်းအကြောင်း မျှော် လင့်ခြင်းဖြင့် အဆုံးသတ်ထားသည်။

ဤစာအုပ်နှစ်အုပ်သည် ဘုရားသ ခင်၏ အမျက်ဒေါသအောက်တွင် လူများ ပေးဆပ်ခဲ့ရသည့် အတိတ်က ကိုယ်ကျင့်တ ရား/ဝိညာဉ်ရေးရာ ကျရှုးမှုရှိသော်လည်း၊ နောင်အနာဂတ်ကောင်းကြီး ခံစားရရန် ဘုရားသခင်၏ ရည်ရွယ်ချက်ကို သမိုင်းကြောင်း အ နေဖြင့် မကြာသေးမီက ပြန်လာကြသော တိုင်းတပါးလက်အောက် ကျရောက်ခံများကို ရေးသားခဲ့သည်။ ပထမနှင့် ဒုတိယ ရာဇဝင်ချုပ်ကို အောက်ပါအတိုင်း အကျဉ်းချုပ်နိုင်သည်။

၁။ ဣသရေလ၏ ရွေးချယ်ထားသော မျိုးဆက်သမိုင်း (၅ ရာ ၁-၉)

 ၂။ ရှောလု (၅ ရာ ၁၀)၊ ဒါဝိဒ် (၅ ရာ ၁၁-၂၉)နှင့် ရှောလမုန် (၆ ရာ ၁-၉) တိုအုပ်စိုး သော ဣသရေလနိုင်ငံတော် ၊

၃။ ကွဲပြားသွားသောနိုင်ငံတော်၌ ယုဒတို၏ မင်းဆက် (၆ ရာ ၁၀- ၃၆း၂၁)

၄။ အနှစ်ခုနှစ်ဆယ် ဖမ်းဆီးခံခြင်းမှ ယုဒလူမျိုးလွတ်မြောက်လာခြင်း (၆ ရာ ၃၆း၂၂-၂၃)

 

ရာဇဝင်ချုပ် ပထမစောင်၌ ခရစ်တော်

ဒါဝိဒ် နှင့် ဘုရားသခင်ပြုသော ပဋိညာဉ်သည် အား ထာဝရမင်းဆက်တည်ရန် ကတိပြုသည်။ “သင်သည် အသက်ကလစေ့၍ ဘိုးဘေး သွားရသောအခါ၊ သင်မှဆင်းသက်သော သား တွင်၊ သားတစ်ယောက်ကို ငါချီးမြှောက်၍ သူ၏ နိုင်ငံကို ငါတည်ထောင်မည်။ ထိုသားသည် ငါ့အဘို အိမ်ကို ဆောက်လိမ့်မည်။ သူထိုင်သော ရာဇပလ္လင် ကို အစဉ်အမြဲငါတည်စေမည်။ ငါသည် သူ၏အဘ ဖြစ်မည်။ သူသည်လည်း ငါ၏သားဖြစ်လိမ့်မည်။ သင့်ရှေ့မှာရှိသော သူ၌ ငါ၏ကရုဏာကို နှုတ်သကဲ့ သို သင်၏သား၌ ငါမနှုတ်။” (၁၇း၁၁-၁၃)။ ထိုက တိတော် ပြည့်စုံသကဲ့သို ရှောလမုန်သည် ဘုရားသ ခင်၏ ဗိမာန်တော်ကို တည်ဆောက်ခဲ့သည်။ ဤပဋိ ညာဉ်၏ နောက်ဆုံးပြည့်စုံမှုသည် ဒါဝိဒ်၏ တိုက် ရိုက်မျိုးဆက် မေရှိယ ခရစ်တော်၏ ထာဝရနိုင်ငံတော် တည်ထောင် ခြင်းဖြင့် ဖြစ်လာလိမ့်မည်ဖြစ် သည်။

 

ဣသရေလလူမျိုးများအတွက် ဘုရားသခင်၏ ရည်ရွယ်ချက်များသည် လူသားသမိုင်း တွင် ဖြစ်ခဲ့သည်နှင့် ဖြစ်ခဲ့လိမ့်မည်ဟု သမိုင်းဆိုင်ရာ အကြောင်းအရာများသည် တရားဓမ္မ ဆိုင်ရာ အကြောင်းများဖြင့် ဆက်စပ်မှု ရှိသည်မှာ သံသယမရှိပေ။ ဤစာအုပ် နှစ်အုပ်သည် အကိတ်နှင့် ပစ္စုပ္ပန်အခြေအနေများကြားမှ ဘုရားသခင်သည် မိမိ ပဋိညာဉ်ကတိတော်ကို သစ္စာရှိကြောင်း ပြန်လာကြသော များအား အာမခံရန် ပုံဖော်ထား ခြင်းဖြစ်သည်။ ဘုရား ခင်က သူတိုကို အာဗြဟံအား ပထမဆုံးပေးခဲ့သည့် ပြည်သိုပြန်ပိုခဲ့သည်။ ပြည်နှင်ခံရခြင်း ကြောင့် လူမျိုးရေးခွဲခြားမှု (လူမျိုးကို ဖျက်သိမ်းခြင်းမခံဘဲ သူတို၏ အမျိုးသားရေးလက္ခဏာ(ဣသရေလ)ကို ထိန်းသိမ်းထားသော လူမျိုးများအဖြစ် (က ၁၂း၁- ၃၊ ၁၅း၅) မောရှေ၏ ပညတ်တော်အားဖြင့် ဖော်ပြထားသကဲ့ သို ဘုရားသခင်၏ တရားစီရင်ခြင်းအောက်တွင် ရှိနေဆဲ ဖြစ်သည် (တရားဟာ ၂း၁၅-၆၈)။ ယဇ်ပုရောဟိတ် ဧလာဇာ၏ သားဖိနဟတ်နှင့် လေဝိသား တို၏ မျိုးဆက်သည် မြမြဲနေဆဲဖြစ်ပြီး ဘုရားသခင်၏ မျက်မှောက် တော်တွင် တစ်နေ့ပြန်လာ မည်ဟူသော မျှော်လင့်ချက်ဖြင့် ဗိမာန်တော်ဝတ်ပြုကိုးကွယ်မှုကို ဆက်လက် တည်မြဲနိုင်သည်။ ( ၂၅း၁၀-၁၃၊ မာလ ၃း၁)။ ဒါဝိဒ်မျိုးဆက်အားဖြင့် ရှင်ဘုရင်တစ်ဦး ကတိတော်သည် ဆက်လက်ရှင်သန်ဆဲဖြစ်ပြီး၊ ပြည့်စုံလာလိမ့်မည်ဖြစ်သည် (၂ ရာ ၇း၈-၁၇၊ ၅ ရာ ၁၇း၇-၁၅။ သူတို၏ သီးသန့်မျှော်လင့်သော ထာဝရအသက်နှင့် ဘုရားသခင်၏ ထာဝရကောင်းကြီး ပေးခြင်း ပြန်လည်လုပ် ဆောင်မှုတိုသည် ပဋိညာဉ်တရားသစ်၌ ပြည့်စုံခဲ့ပြီဖြစ်သည် (ယေ ၃း၃၁-၃၄)။

ရာဇဝင်ချုပ်ပထမစောင်ရှိ အဓိက ဝေါဟာရများ

သားများ– ဟေဗြဲဝေါဟာရ – ben – ၁း၄၃၊ ၃း၁၂၊ ၄း၂၅၊ ၅း၁၄၊ ၇း၁၄၊ ၉း၄၊ ၁၁း ၂၂၊ ၂၂း၉၊ ၂၆း ၂၈ – မူရင်းမှာ “တည်ဆောက်ခြင်းဖြစ်သည်။ ရှေးခေတ် ဟေဗြဲလူမျိုးများသည် သူတိုသားသမီး များကို နောင်လာ နောက်သားတို၏ “တည်ဆောက်သူများ”အဖြစ် မှတ်ယူခဲ့ကြသည်။ Ben သည်။ သားတစ်ဦး (သို) အနာဂတ်မျိုးဆက်တစ်ဦးအဖြစ် တိုက်ရိုက် ရည်ညွှန်းပြောဆိုနိုင်သည် (၃ ရာ ၂း၁၊ ၅ ရာ ၇း၁၄)။ “ငါ၏ ညာလက်ရုံးသား”ဟု အဓိပ္ပာယ်ရှိသော ဗမိန်ကဲ့သို ဓမ္မဟောင်းကျမ်း အမည်သည် ဤဟေဗြဲနာမ်တွင် ထည့်သွင်းသည် (က ၃၅း၁၈)။ အများကိန်းအားဖြင့် ben ကို ကျား/မ မခွဲခြားဘဲ “ကလေးများ”ဟု ဘာသာပြန်ဆို နိုင်သည် (ထွက် ၁၂း၃၇ “ဣသရေလ သားသ မီးများ)။ ဘုရာသခင်ကိုယ်တိုင် ဣသရေလဖြင့် သူ၏ ထူးခြားသော ဆက်နွယ်မှုကို ဖော်ပြရာတွင် ဤအသုံးအနှုန်းကို အသုံးပြုသည်။ “ဣသရေလသည် ငါ့သားဖြစ်၏။ ငါ့သားဦးလည်းဖြစ်၏။” (ထွက် ၄း၂၂)။

 

ဤစာအုပ်နှစ်အုပ်တွင် အခြေခံထားသော နိယာမနှစ်ခုသည် ဓမ္မဟောင်းကျမ်းတစ် လျှောက်လုံးတွင် တွေ့ရပြီး၊ အထူးသဖြင့် နာခံခြင်းသည် ကောင်းကြီးမင်္ဂလာဖြစ်ခြင်းနှင့် မနာ ခံခြင်းသည် တရားစီရင်ခံရခြင်းတို ဖြစ်သည်။ ရာဇဝင်ချုပ်တွင် ရှင်ဘုရင်သည် ဘုရားသခင်အား နာခံပြီး ကိုးစားသည့်အခါ ဘုရားသခင်သည် ကောင်းကြီးပေး၍ ကွယ်ကာပေးခဲ့သည်။ သိုသော် ရှင်ဘုရင်သည် နာခံမှုမရှိခြင်း၊ ဘုရားသခင်ထက် တစ်စုံတစ်ခု (သို) တစ်ဦးတစ်ယောက်အပေါ် ယုံကြည်ကိုးစားပါက၊ ဘုရားသခင်သည် သူ၏ကောင်းကြီးမင်္ဂလာကို ပြန်လည်ရုတ်သိမ်းပြီး၊ ကွယ်ကာမှုမပြုတော့ပေ။ ဘုရားသခင်၏ အမျက်တော်ကို ယုဒရှင်ဘုရင်များအားဖြင့် ဖြစ်စေသော အခြေခံကျရှုးမှု သုံးခုရှိသည်။ ထိုအရာများမှာ (၁) ကိုယ်တိုင်အပြစ်ပြုခြင်း၊ (၂) မှားယွင်း သည့် ကိုးကွယ်မှု/ရုပ်တုဆင်းတုနှင့် (၃) ဘုရားသခင်ကို ကိုးစားခြင်းထက် လူကို ကိုးစားခြင်း၊ စသည်တို ဖြစ်သည်။

 

ရာဇဝင်ချုပ် ပထမစောင် အဓိကဩဝါဒများ

ကောင်းကြီးမင်္ဂလာ – ရှင်ဘုရင်သည် ဘုရားသခင်အား နာခံပြီး ယုံကြည်ကိုးစားမှုပြုသောအခါ ဘုရားသခင် သည် သူ့အား ကောင်းကြီးပေး၍ ကွယ်ကာခြင်း (၁၁း၄-၉၊ ၁၄း၈-၁၄၊ ထွက် ၂၃း၂၂၊ တရားဟော ၁၁း၂၇၊ ၁ ရာ ၁၅:၂၂၊ ဆာ ၅:၁၂၊ ၁၀း၆၃၊ ဒေ ၁၂း၁၃၊ ဟေရှာ ၃၀း၁၈၊ မ ၅း၆၊ လု ၁၁း၂၈)

တရားစီရင်ခြင်း – ရှင်ဘုရင်သည် တစ်ခုခုအား သူယုံကြည်ကိုးစားမှုပြုပြီး ဘုရားသခင်အား နာခံမှုမရှိသောအခါ၊ ဘုရားသခင်သည် သူပေးသည့် ကောင်းကြီးမင်္ဂလာကို ပြန်ရုတ် သိမ်းခြင်း (၁၀း၁-၇၊ တရားဟော ၂၈း၄၁၊ ယောဘ ၁၂:၂၃၊ ဆာ ၇၈း၃၂၊ ၃၃၊ ဟေရှာ ၄၂း၂၄၊ ယေဇ ၃၉း၂၃၊ ဟော ၄း၁၇၊ အာ ၃း၆၊ ၄း၁၀၊ မိ ၆း၉၊ မာလ ၂း၂။ မ ၇း၂၂၊ ၂၃၊ ၁၃း၄ဝ-၄၂၊ ယော ၁၂း၄၈)

ဒါဝိဒ်နှင့်ပြုသော ပဋိညာဉ် – တိုင်းတပါးလက်အောက်ကျရောက်ခြင်းကြောင့် ရှင်ဘုရင်တစ်ပါး ကို မစွန့်လွတ်ဘဲ ပြန်လည်ထိန်းသိမ်းမည်ဖြစ်ကြောင်း ဣသရေလကိုပေးသည့် ဘုရား သခင်၏ ကတိတော် (၁၇း၇-၁၅၊ ၂ ရာ ၇း၁-၁၇၊ ၆ ရာ ၃း၁၊ ၂၊ ယေ ၃၁း၃၁-၃၄)

 

ရာဇဝင်ချုပ် ဒုတိယစောင်ရှိ အဓိကဩဝါဒများ

ဉာဏ်ပညာ – ဉာဏ်ပညာရှိမှုသည် စည်းစိမ်၊ ဂုဏ်အသရေ (သို) အောင်ပွဲထက်ပိုပြီး အရေးကြီးကြောင်း ရှောလမုန်သိခဲ့ခြင်း (၁း၇-၁၂၊ ၃ ရာ ၃း၉၊ သု ၃း၁၅၊ ၁၆း၇၊ ၈၊ မ ၇း၇၊ ယာ ၁း၅)

ကောင်းကြီးမင်္ဂလာ – ရှင်ဘုရင်သည် ဘုရားသခင်အား နာခံပြီး ယုံကြည်ကိုးစားမှုပြုသောအခါ ဘုရားသခင်သည် သူ့အား ကောင်းကြီးပေး၍ ကွယ်ကာခြင်း (၇း၁၃၊ ၁၉၊ ၂၀၊ ၉း၁၃-၂၂၊ ထွက် ၂၃း၂၂၊ တရားဟော ၁၁း၂၇၊ ၁ ရာ ၁၅း၂၂၊ ၁ ရာ ၁၁း၄၊ ၉၊ ၁၄း၈-၁၄၊ ဆာ ၅း၁၂၊ ၁၀း၆၃၊ ဒေ ၁၂း၁၃၊ ဟေရှာ ၃၀း၁၈၊ မ ၅း၆၊ လု ၁၁း၂၈)

တရားစီရင်ခြင်း – ရှင်ဘုရင်သည် တစ်ခုခုအား သူယုံကြည်ကိုးစားမှုပြုပြီး ဘုရားသခင်အား နာခံမှုမရှိသောအခါ၊ ဘုရားသခင်သည် သူပေးသည့် ကောင်းကြီးမင်္ဂလာကို ပြန်ရုတ်သိမ်းခြင်း (၇း၁၄၊ ၁၅၊ တရားဟော ၂၈း၄၁၊ ၁ ရာ ၁၀း၁-၇၊ ယောဘ ၁၂း၂၃၊ ဆာ ၇၈း၃၂၊ ၃၃၊ ဟေရှာ ၄၂း၂၄၊ ယေဇ ၃၉း၂၃၊ ဟော ၄း၁၇၊ အာ ၃း၆၊ ၄း၁၀၊ မိ ၆း၉၊ မာလ ၂း၂၊ မ ၇း၂၂၊ ၂၃၊ ၁၃း၄ဝ-၄၂၊ ယော ၁၂း၄၈)

ဒါဝိဒ်နှင့်ပြုသော ပဋိညာဉ် – တိုင်းတပါးလက်အောက်ကျရောက်ခြင်းကြောင့် ရှင်ဘုရင်တစ်ပါး ကို မစွန့်လွတ်ဘဲ ပြန်လည်ထိန်းသိမ်းမည်ဖြစ်ကြောင်း ဣသရေလကိုပေးသည့် ဘုရား၊ သခင်၏ ကတိတော် (၃း၁၊ ၂၊ ၂ ရာ ၇း၁-၁၇၊ ၅ ရာ ၁၇း၇-၁၅၊ ၂၊ ယေ ၃၁း၃၁-၃၄)

 

ရာဇဝင်ချုပ် ပထမစောင်ရှိ ဘုရားသခင်၏ ဂုဏ်အင်္ဂါလက္ခဏာများ

ဘုရားသခင်သည် ဘုန်းကြီးသော ဘုရား – ၁၆း၂၄

ဘုရားသခင်သည် သန့်ရှင်းသော ဘုရား – ၁၆း၁၀ ။

ဘုရားသခင်သည် ကရုဏာရှိသော ဘုရား – ၁၆း၃၄

ဘုရားသခင်သည် တန်ခိုးကြီးသော ဘုရား – ၂၉း၁၁၊ ၁၂)

ဘုရားသခင်သည် ကတိတော်ကို စောင့်ထိန်းသော ဘုရား – ၁၇း၂၃၊ ၂၆

ဘုရားသခင်သည် ကူညီမစသော ဘုရား – ၂၉း၁၂ ၊

ဘုရားသခင်သည် အနှိုင်းမဲ့သော ဘု ရား – ၁၇း၂၀

ဘုရားသခင်သည် ဉာဏ်ပညာရှိသော ဘုရား – ၂၈း၉

ရာဇဝင်ချုပ် ဒုတိယစောင် ဘုရားသခင်၏ ဂုဏ်အင်္ဂါလက္ခဏာများ

ဘုရားသခင်သည် ကောင်းမြတ်သော ဘုရား – ၃၀း၁၈

ဘုရားသခင်သည် ကြီးမြတ်သော ဘုရား – ၂း၅ ၊

ဘုရားသခင်သည် တရားမျှတသော ဘုရား ၁၉း၇

ဘုရားသခင်သည် စိတ်ရှည်သော ဘုရား ၃၃း၁၀-၁၃

ဘုရားသခင်သည် တန်ခိုးကြီးသော ဘုရား – ၁၃း၄

ဘုရားသခင်သည် စစ်မှန်သော ဘုရား – ၆း၁၇

အနက်အဓိပ္ပာယ်ဆိုင်ရာ အခက်အခဲများ

ပထမနှင့် ဒုတိယရာဇဝင်ချုပ်တိုသည် မျိုးရိုးစဉ်ဆက်နှင့် သမိုင်းဆိုင်ရာ မှတ်တမ်းများ ကို ပေါင်းစပ် ဖော်ပြထားသည်။ ထိုနှစ်အုပ်ကို ခရစ်နေ လုံးတွင် မဖြေရှင်းနိုင်သည့် အခက်အခဲများ မရှိပေ။ ဖြစ်ပေါ်သော အကြောင်းအရာ အနည်းငယ်မှာ (၁) ၅ နှင့် ၆ ရာကို မည်သူ ရေးသားခဲ့သနည်း။ ဧဇရ ၁း၁-၃ သည် ၆ ရာ ၃၆း၂၂-၂၃ နှင့် ထပ်တူဖြစ်နေခြင်းသည် ဧဇရအား စာရေးသူအဖြစ် ညွှန်ပြခြင်းလား။ (၂) များစွာသောအရင်းအမြစ် များကို အသုံး ပြုခြင်းသည် မှားယွင်းသော ကျမ်းစာသွန် သင်ချက်အဖြစ် အစွန်းအထင်း ဖြစ်စေပါသ လား။ (၃) အခြား ဓမ္မဟောင်း မျိုးဆက်စာ ရင်းများမှ ၅ ရာ ၁-၉ ရှိ အမျိုးမျိုးသော မျိုး ဆက်စာရင်းများကို မည်သိုရှင်း ပြသ နည်း။ (၄) အနှစ်ခုနှစ်ဆယ်ကြာ ဖမ်းဆီးခေါ် ဆောင်ခံရခြင်း ပြီးဆုံးသော်လည်း တရား ဟောရာ ၂၈ ၏ ကျိန်ခြင်းများသည် ဆက် လက်ရှိနေပါသေးသလား။ (၅) ရာဇဝင်ချုပ် များကို ဓမ္မရာဇဝင်ကျမ်းများနှင့် နှိင်းယှဉ် သည့်အခါ လူတစ်ဦးသည် နံပါတ်အနည်းငယ်ကွဲပြား သည်ကို မည်သို ရှင်းပြမည်နည်း။ (ဓမ္မရာဇဝင်ကျမ်းများနှင့် ရာဇဝင်ချုပ်ကျမ်းများ သဟဇာတ ရှိခြင်း”ဇယားကိုကြည့်ပါ။)

 

ရာဇဝင်ချုပ် ဒုတိယစောင်၌ ခရစ်တော်

ရာဇဝင်ချုပ် ဒုတိယစောင်တွင် ဘုရားသခင်သည် ဒါဝိဒ်၏ မျိုးဆက်အား ကာကွယ်မှုပြုနေသေးသည်။ ရှောလမုန်သည် ဘုရားသခင်၏ ဗိမာန်တော် တည် ဆောက်ရန် ဒါဝိဒ်ပြင်ဆင်ခဲ့သည့်အရာများကို ဆက် လက်လုပ်ဆောင်သည်။ ဓမ္မသစ်ကျမ်းတွင် ခရစ် တော်သည် မိမိကိုယ်ကို ဗိမာန်တော်နှင့် ခိုင်းနှိင်းပြီး “ဤဗိမာန်တော်ကို ဖြိုဖျက်ကြလော့။ သုံးရက်အ တွင်းတွင် ငါတည်ဆောက်မည်ဟု မိန့်တော်မူ၏။” ဟု ပြောခဲ့သည် (ယော ၂း၁၉)။ ရှောလမုန်တည် ဆောက်ခဲ့သော ဗိမာန်တော်သည် လုံးဝဖျက်ဆီးခံခဲ့ | ရပြီဖြစ်သည်။ သိုသော် ခရစ်တော်သည် ယုံကြည် သူများအား သူကိုယ်တိုင်၌ ထာဝရဗိမာန်တော်တစ် ခုကို ကတိပေးထားသည်။ ဗျာ ၂၁း ၂၂ တွင် ယေရု ရှလင်မြိုသစ်တွင် ဗိမာန်တော်မရှိဘဲ “အနန္တတန် ခိုးရှင်နှင့် သိုးသငယ်သည် ထိုမြို၏ ဗိမာန်ဖြစ်တော် မူ၏။”ဟု ဖြစ်သောကြောင့် ဖြစ်သည်။

 

ရာဇဝင်ချုပ် ဒုတိယစောင်ရှိ အဓိက ဝေါဟာရများ

မှန်ကန်ခြင်း – ဟေဗြဲဝေါဟာရ – Jasiar – ၁၄း၂၊ ၂၀း၃၂၊ ၂၄း၊၂ ၂၅း၂၊ ၂၆း၄၊ ၂၇း၂၊ ၂၈း၁၊ ၃၄း၂ – မူရင်းမှာ “အဆင့်မီခြင်း” (သို) “ဖြောင့်မတ်ခြင်း” ဖြစ်သည်။ မှန်ကန်ခြင်း ဟူသောဟေဗြဲဝေါဟာရသည် မျှတခြင်း (သို) ဖောင်မတ်ခြင်းကို ရည်ညွှန်းသည်။ ထိုဝေါဟာရသည် ဘ သခင်၏ ဖြောင့်မတ်ခြင်း (တရားဟော ၃၂း၄၊ ဆာ ၁၁၁း ၇၊ ၈) လူတစ်ဦး၏ ပြောဆိုမှုသည် သမာဓိ သိက္ခာရှိခြင်း (ယောဘ ၆:၂၅၊ ဒေ ၁၂း၁၀) (သို) ဖြောင့်မတ်သူတစ်ဦး၏ အသက်တာပုံ။ (သု ၁၁း၃၊ ၆)ကို ဖော်ပြရာတွင် ပုံစံအမျိုးမျိုးဖြင့် အသုံးပြုသည်။ ဤဝေါဟာရကို မကြာခဏ ရာဇဝင်ချုပ်ကျမ်းများတွင် ရှင်ဘုရင်များ၏ အရည်အသွေးများကို ဖော်ပြရာတွင် အသုံးပြုခဲ့ကြသည်။ ဣသရေလရှင်ဘုရင်ကဲ့သို ဒါဝိဒ်မင်းသည် သူ့အသက်တာတွင် ဖြောင့်မတ်သူအဖြစ် စံပြဖြစ်ခဲ့ပြီး (၃ ရာ ၃း၆)၊ သူ့ အမွေဆက်ခံသော ရှင်ဘုရင်များကို စီရင်ခြင်းအတွက် စံတစ်ခုဖြစ်လာခဲ့သည်။ (၁၇း၃၊ ၃၄း၂)။

ပသခါပွဲ – ဟေဗြဲဝေါဟာရ – pesach – ၃၀း၁၊ ၁၅၊ ၃၅း၁၊ ၉၊ ၁၁၊ ၁၃၊ ၁၈၊ ၁၉ – မူရင်းမှာ “ကျော်လွှားခြင်း” (သို) “ခုန်ကျော်ခြင်း”ဖြစ်သည်။ ဘုရားသခင်သည် ဣသရေလသားဦးများကို အီဂျစ်ပြည်သို ရောက်စေခဲ့သော ဘေးဒဏ်မှ ကယ်လွှတ်သည့်နေ့အား ပသခါပွဲအဖြစ် ကျင်းပခဲ့ သည်။ သခင်ဘုရားသည် ပသခါသိုးသူငယ်မှ အသွေးကို သူတို၏ အိမ်တံခါးတိုင်များပေါ်တွင် ဖြန်းသူများအား “ကျော်လွန်”သွားခဲ့သည် (ထွက် ၁၂)။ မောရှေပညတ္တိကျမ်းတွင် အသေးစိတ်ဖော်ပြ ထားသည်နည်းတူ ပသခါပွဲသည် သူတိုအပေါ် ဘုရားသခင်၏ ကြီးမြတ်သော ကရုဏာတော်ကျ ရောက်ခြင်းအကြောင်း ဣသရေလလူမျိုးကို သတိပေးသည် (ဝတ် ၂၃း၅-၈၊ တော ၂၈း၁၆-၂၅၊ တရားဟော ၁၆း၁-၈)။ ဓမ္မသစ်ကျမ်းတွင် ယေရှုသည်လည်း သူ့တပည့်တော်များနှင့်အတူ ပသခါ ပွဲကို ကျင်းပခဲ့သည် (မ ၂၆း၂၊ ၁၈)။ ခရစ်တော်သည် သူကိုယ်တိုင် ကျွန်ုပ်တို့အပြစ်အတွက် ပူဇော်ခံသောအခါ နောက်ဆုံး ပသခါသိုးသူငယ် ဖြစ်လာခဲ့သည် (ယော ၁း၂၉၊ ၁ ကော ၅း၇၊ ၁၂ ပေ ၁း၁၉)။

 

အကျဉ်းချုပ် ကောက်နှုတ်ချက် – ရာဇဝင်ချုပ် ပထမစောင်

၁။ ရွေးချယ်ထားသော မျိုးဆက်စာရင်း (၁း၁-၉း၃၄)

က။ အာဒံမှ ဒါဝိဒ်မတိုင်ခင်အထိ (၁း၁-၂:၅၅)

ခ။ ဒါဝိဒ်မှ ဖမ်းဆီးခေါ်ဆောင်ခံရချိန်အထိ (၃း၁-၂၄)

ဂ။ အမျိုး (၁၂) မျိုး (၄း၁-၉း၂) ၊

ဃ။ ယေရုရှလင်တွင် နေထိုင်သူများ (၉း၃-၃၄)

 

၂။ ဒါဝိဒ်၏ တိုးတက်လာမှု (၉း၃၅-၁၂း၄၀)

က။ ရှောလှ၏ အမွေအနှစ်များနှင့် သေဆုံးခြင်း (၉း၃၅-၁၀း၁၄)

ခ။ ဒါဝိဒ်၏ ဘိသိတ်ခံခြင်း (၁၁း၁-၁၃)

ဂ။ ယေရုရှလင်ကို တိုက်ခိုက်သိမ်းပိုက်ခြင်း (၁၁း၄-၉)

ဃ။ ဒါဝိဒ်၏ သူရဲများ (၁၁း၁၀-၁၂း၄၀)

 

၃။ ဒါဝိဒ်၏ အုပ်ချုပ်မှု (၁၃း၁-၂၉း၃၀)

က။ ပဋိညာဉ်သေတ္တာ (၁၃း၁-၁၆း၄၃)

ခ။ ဒါဝိဒ်နှင့် လုပ်ဆောင်သော ပဋိညာဉ် (၁၇း၁-၂၇)

ဂ။ စစ်တပ် ရွေးကောက်ခြင်း သမိုင်း (၁၈း၁-၂၁း၃၀)

ဃ။ ဗိမာန်တော်တည်ဆောက်ခြင်းအမှု ပြင်ဆင်ခြင်း (၂၂း၁-၂၉း၂၀)

င။ ရှောလမုန်သို လက်လွဲခြင်း (၂၉း၂၁-၃ဝ)

 

ရာဇဝင်ချုပ် ပထမစောင် အချိန်ကာလ၌ ကမ္ဘာကြီးရှိ အခြားသောနေရာများ

စပါတာတိုသည် စစ်ပွဲတွင် ဆာလ်ဖာ၊ အစေးနှင့် မီးသွေးကဲ့သိုသော ဓာတု ပစ္စည်းများကို အသုံးပြုသည်။

 

 

အကျဉ်းချုပ် ကောက်နှုတ်ချက် – ရာဇဝင်ချုပ် ဒုတိယစောင်

၁။ ရှောလမုန် အုပ်စိုးခြင်း (၁း၁-၉း၃၁)

က။ နန်းတက်ခြင်းနှင့်အစပြုခြင်း (၁း၁-၁၇)

ခ။ ဗိမာန်တော် တည်ဆောက်ခြင်း (၂း၁-၇း၂၂) ၊

ဂ။ ချမ်းသာခြင်း အောင်မြင်မှုများ (၈း၁-၉း ၂၈)

ဃ။ သေဆုံးခြင်း (၉း ၂၉-၃၁)

 

၂။ ယုဒကို အုပ်ချုပ်သော ဘုရင်များ (၁၀း၁-၃၆း၂၁)

က။ ရောဗောင် (၁၀း၁-၁၂း၁၆)

ခ။ အဘိယ (၁၃း၁-၂၂)

ဂ။ အာသ (၁၄း၁-၁၆း၁၄)

ဃ။ ယောရှဖတ် (၁၇း၁-၂၁း၃)

င။ ယဟောရံ (၂၁း၄-၂၀)

စ။ အာခဇိ (၂၂း၁-၉) ၊

ဆ။ အာသလိ (၂၂း၁၀-၂၃း၂၁)

ဇ။ ယောရှ (၂၄း၁-၂၇)

ဈ။ အာမ (၂၅း၁-၂၈)

ည။ ယောသံ (၂၇း၁-၉)

ဋ။ အာခတ် (၂၈း၁-၂၇)

ဌ။ ဟေဇကိ (၂၉း၁-၃၂း၃၃)

ဍ။ မနာရှေ (၃၃း၁-၂၀)

ၓ။ အာမုန် (၃၃း၂၁-၂၅)

ဏ။ ယောရှိ (၃၄း၁-၃၅း ၂၇)

တ။ ယောခတ် (၃၆း၁-၄)

ထ။ ယောယကိမ် (၃၆း၅-၈)

ဒ။ ယေခေါနိ (၃၆း၉-၁၀)

ဓ။ ဇေဒကိ (၃၆း၁၁-၂၁)

၃။ ကုရုမင်း၏ ကြွေးကြော်မှု ပြန်လာခြင်း (၃၆း၂၂-၂၃)

 

ရာဇဝင်ချုပ် ဒုတိယစောင် အချိန်ကာလ၌ ကမ္ဘာကြီးရှိ အခြားသောနေရာများ

ပြိုင်ဘက်များဖြစ်သည့် အေသင်နှင့် စပါတာတိုသည် နှစ်ပေါင်း သုံးဆယ် – ကြာ အပြစ်အခတ်ရပ်စဲရေးကို စတင်ခဲ့သည် (ဘီစီ ၄၄၅ မှ ၄၁၅)၊

 

ခက်ခဲသော မေးခွန်းများအတွက် အဖြေများ

၁။ ပြင်ပအရင်းအမြစ်များ အသုံးပြုခြင်းမှာ သမ္မာကျမ်းစာသည် မှားယွင်းစွာပြောဆိုခြင်းအပေါ် သက်ရောက်မှုရှိပါသလား။ ဤအခြားစာရွက်စာတမ်းများအပေါ် ဘုရားသခင်သည် မှုတ်သွင်း ပါသလား။

ရာဇဝင်ချုပ် ပထမစောင်နှင့် ဒုတိယစောင်တိုသည် အခြားသော အရင်းအမြစ်များမှ ထပ်ခါထပ်ခါ ကိုးကားထားသည်။ ဧဇရမှတ်စာသည် ပေရသိစာပေများမှ တိုက်ရိုက်ကိုးကားမှု များ ပါဝင်သည်။ အခြားကျမ်း စာများသည် ကျမ်းစာအပြင်ဘက် အကိုးအကားများ ပါဝင်ကြ သည်။ ဤမေးခွန်း၏ အဖြေသည် ပြင်ပကျမ်း များမှ သီးခြားဖြစ်ရပ်များကို ရောင်ပြန်ဟပ်ရမည် မဟုတ်ဘဲ သမ္မာကျမ်းစာ နေရာအတော်များများသည် တိုင်းတပါးမှ အမိန့်များ၊ ရုပ်တုကိုးကွယ် သော ခေါင်းဆောင်များနှင့် လောကီစာပေများကို ကိုးကားထားသည်။

သမ္မာကျမ်းစာတွင် ဖော်ပြထားသော ကျမ်းစာအပြင်ဘက် အရင်းအမြစ်ကိုးကားထား ခြင်းအားဖြင့် ထိုအရင်းအမြစ်တစ်ခုလုံးကို မှုတ်သွင်းခံအဖြစ် မထောက်ခံပေ။ ကျမ်းစာပါအရာ များသည် မှန်ကန်သည်။ အရင်းအမြစ်များသည် သမ္မာကျမ်းစာထဲတွင် ရှိသောကြောင့် သေ ချာပေါက် အမှန်မဟုတ်ပေ။ ထိုအရာများသည် အမှန်ဖြစ်သောကြောင့် သမ္မာကျမ်းစာ၌ ပါရှိ သည်။ ကျမ်းစာပါအကြောင်းအရာများသည် သမ္မာကျမ်းစာ ပြင်ပတွင် ကိုးကားထားသည့်တိုင် မှန်ကန်သည်။ သမ္မာကျမ်းစာ ရေးသားရန် ဘုရားသခင်၏ မှုတ်သွင်းမှုဖြင့် ရေးသားခဲ့သူများ အတွက် မူလ၌ ကျမ်းစာပြင်ပတွင် မှတ်တမ်းတင်ထားသော သမ္မာတရားအချိုကို ကျမ်းစာတွင် အသုံးပြုခဲ့သည်။

ဤကျမ်းစာအပြင်ဘက် အချက်များက ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သမိုင်း ၊ ဝင် အခြေအနေများတွင်ရှိကြောင်း၊ ဘုရားသခင်၏ လမ်းညွှန်မှုအောက်တွင် နေထိုင်သူများနှင့် ရေးသားပြုစုထား ကြောင်း ကျွန်ုပ်တိုအား ထပ်မံသတိပေးသည်။ ဤကိုးကားချက်များက သမ္မာကျမ်းစာသည် အဖြစ်မှန်နှင့် ဆက်စပ်မှုကို အလေးပေးဖော်ပြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် စစ်မှန်သော ဘုရားသခင်၊ လုံးဝစစ်မှန်ခြင်းကို ဖွင့်ပြသည်။

 

ရာဇဝင်ချုပ် ပထမစောင်ကို ဆက်လက်လေ့လာရန်

၁။ ရာဇဝင်ချုပ် ပထမစောင်ရှိ ပထမ အခန်းကြီး ကိုးခန်း၏ သမိုင်းဆိုင်ရာ သုံးသပ်ခြင်းကို သင်ဖတ်စဉ်၊ မှတ်တမ်းအတွက် မည်သည့် ရည်ရွယ်ချက်များကို ရှာဖွေတွေ့ရှိနိုင်သနည်း။

၂။ ရာဇဝင်ချုပ်ပထမစောင်၏ ရှုထောင့်မှကြည့်လျှင် ဒါဝိဒ်အသက်တာ၏ ပေါ်လွင်မှုနှင့် အရေး ပါမှုများမှာ အဘယ်နည်း။

၃။ ရာဇဝင်ချုပ် ပထမစောင်ရှိ ပဋိညာဉ်သေတ္တာတော်သည် မည်သိုဖြစ်ပျက်သနည်း။ ထိုအဖြစ် အပျက်၏ နောက်ခံသည် အဘယ်နည်း (၁ ရာ ၅-၆)။

၄။ အကယ်၍ ဒါဝိဒ်သည် ဘုရားသခင်၏ စိတ်တော်နှင့်တွေ့သောသူဖြစ်ပါက၊ ယေရုရှလင်မြို ကြီးစွာသော ဝတ်ပြုရာအိမ်တော်ကို ဘုရားသခင်သည် အဘယ့်ကြောင့် ခွင့်မပြုခဲ့သနည်း။

၅။ ရာဇဝင်ချုပ် ပထမစောင်ရှိ စစ်မှန်သော ဝတ်ပြုကိုးကွယ်ခြင်းအကြောင်း ပုံဖော်မှုသည် မည်သို အရေးကြီးသနည်း။ ။

၆။ ရာဇဝင်ချုပ် ပထမစောင်တွင် တွေ့ရသော အမြင်များနှင့် သင်၏ လက်တွေ့ ကိုးကွယ်ခြင်း အမှုတိုသည် မည်သည့်နည်းဖြင့် ကိုက်ညီသနည်း။

 

ရာဇဝင်ချုပ် ဒုတိယစောင်ကို ဆက်လက်လေ့လာရန်

၁။ ရာဇဝင်ချုပ် ဒုတိယစောင်မှ ကောင်းသော ရှင်ဘုရင် နှစ်ဦး (သို) သုံးဦးကို ရွေးချယ်ရပါကသင်သည် မည်သူ့ကို ရွေးချယ်မည်နည်း။

၂။ မည်သည့်ရှင်ဘုရင်များသည် သူတိုအုပ်ချုပ်ချိန်အတွင်းတွင် လူများထံသို မကောင်းမှုများ လွှမ်းမိုးစေကြသနည်း။

၃။ ရာဇဝင်ချုပ် ဒုတိယစောင်တွင် ဆုတောင်းခြင်းအကြောင်း မည်သည့်သင်ခန်းစာကို တွေ့နိုင် သနည်း။ ။

၄။ ၆ ရာ ၇း၁၄ ၏ ထင်ပေါ်မှုနှင့် ရှေ့-နောက်ဆက်စပ်မှုသည် အဘယ်နည်း။

၅။ ရာဇဝင်ချုပ် ဒုတိယစောင် အဆုံးတွင်၊ နိုင်ငံသည် ပြိုလဲပြီး ဝတ်ပြုရာအိမ်တော်ကို ဖျက်ဆီး ပစ်ခဲ့သည်။ ထိုဘေးအန္တရာယ်သည် မည်သို ဖြစ်လာခဲ့သနည်း။ ။

၆။ လွန်ခဲ့သောအချိန်က သင်ချမှတ်ခဲ့သော ကောင်းမွန်သည့် ဆုံးဖြတ်ချက်မှ ယခုအခါ အဘယ် နည်းများဖြင့် သင်အကျိုးကျေးဇူးရရှိသနည်း။

 

ဧဇရမှတ်စာ (Ezra)

တိုင်းတပါးလက်အောက်မှ ပြန်လာကြခြင်း

ခေါင်းစဉ်

၇း၁ အထိ ယေရုရှလင်သို ပြန်လာကြသော တိုင်းတပါးလက်အောက်ကျရောက်ခံ ဂျူးလူမျိုးစာရင်းတွင် ဧဇရ၏နာမည် မပါသော်လည်း၊ ဤစာအုပ်၏ ခေါင်းစဉ်အဖြစ် သူ့နာမည် (“ယေဟောဝါသည် ကူညီခြင်း”)ကို ပေးထားသည်။ ဂျူးနှင့် ခရစ်ယာန်တို၏ စာရေးသူ၏ ဂုဏ်ကို နာမည်ကြီး ကျမ်းပြုဆရာ-ယဇ်ပုရောဟိတ်အဖြစ် ခံယူကြခြင်းကြောင့် ဖြစ်သည်။ ဓမ္မ သစ်ကျမ်းရေးသူများသည် ဇမှတ်စာကို ကိုးကားထားခြင်း မရှိကြပေ။

 

စာရေးသူနှင့် ရက်စွဲ

ဧဇရသည် ဧဇရနှင့် နေဟမိနှစ်အုပ်လုံး၏ စာရေးသူဖြစ်ပုံပေါ်ပြီး၊ ထိုစာနှစ်အုပ်မှာ မူရင်းအားဖြင့် တစ်အုပ်တည်း ဖြစ်ကြသည်။ ဧဇ ၄း၈-၆း၁၈ နှင့် ၇း၁၂-၂၆ တိုသည် အာရေ မိတ်ဘာသာစကားဖြင့် ရေးသားခဲ့သည်။ ဧဇရသည် စာရေးသူဖြစ်ခြင်းကို ဖော်မပြသော် လည်း၊ အတွင်းဖော်ပြချက်များသည် အားကောင်းစွာဖြင့် သူဖြစ်ကြောင်း ဖော်ပြထားသည်။ ယေရုရှလင်သို သူရောက်လာပြီးနောက် (ခန့်မှန်း ဘီစီ ၄၅၈)၊ ပထမတွင် တတိယပုဂ္ဂိုလ်အဖြစ် သူရေးသားခြင်းမှ ပထမပုဂ္ဂိုလ်အဖြစ် ရေးသားခြင်း သို ပြောင်းလဲခဲ့သည်။ အစောပိုင်းကဏ္ဍတွင် တတိယပုဂ္ဂိုလ်ကို သူအသုံးပြုခြင်းသည် သူ့မှတ်ဉာဏ်များထဲမှ အရာကို ပြန်လည် ကိုးကား ရေးသားခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်။ ဧဇရသည် ရာဇဝင်ချုပ်ကျမ်းများ၏ စာရေးသူလည်း ဖြစ်နိုင်သည်ဟု ယုံကြည်ရသည်။ ထိုအရာက ဘုရားသခင်သည် သူကတိထားသော ဖမ်းဆီး ခံခြင်း နှစ်ခုနှစ်ဆယ်ပြည့်ပြီးနောက် သူ့လူမျိုးကို နယ်မြေသို ပြန်ပိုခြင်းအကြောင်းကို ပြသရန် ဓမ္မဟောင်း ဖြစ်ရပ်မှန်သမိုင်းကြောင်းအား တူညီသောစာရေးသူ တစ်ဦးတည်းက ဆက်လက် ရေးသားခဲ့သည်ဟု ဖော်ပြခြင်းက သဘာဝကျခဲ့သည်။ ရာဇဝင်ချုပ်ကျမ်းများတွင် အားကောင်း သည့် ယဇ်ပုရောဟိတ်ဆိုင်ရာ အသုံးအနှုန်း တွေ့ရပြီး၊ ဧဇရသည် အာရုန်မျိုးဆက်မှ ဆင်းသက် လာသော ယဇ်ပုရောဟိတ်တစ်ဦးဖြစ်သည် (၇း၁-၅)။ ရာဇဝင်ချုပ်ဒုတိယစောင် အဆုံးသတ်ကျမ်း ပိုဒ်များက (၃၆း ၂၂၊ ၂၃) နှစ်ခုလုံးကို ဧဇရ စာရေးသူဖြစ်ကြောင်း နောက်ထပ် အတည်ပြုသည့် အရာအဖြစ် ဧဇရမှတ်စာ (၁း၁-၃)အစပိုင်းကျမ်းပိုဒ်များနှင့် ထပ်တူဖြစ်လုနီးပါး တွေ့ရသည်။

ဧဇရသည် ကျမ်းပြုဆရာဖြစ်ပြီး၊ ဧဇရနှင့် နေဟမိ၊ အထူးသဖြင့် ဧဇရတွင် တွေ့ရသည့် စီမံခန့်ခွဲမှုဆိုင်ရာ အချက်အလက်များအတွက် မရေတွက်နိုင်အောင် များသော ၄င်းစာရွက်စာ တမ်းများ ထားရာနေရာသို ဝင်ခွင့်ရသည်။ အနည်းငယ်သော လူများသည် ပေရသိအင်ပါယာ၏ တော်ဝင်မှတ်တမ်းရှိရာ မော်ကွန်းတိုက်သို ဝင်ခွင့်ရရန် အလွန်ခက်ခဲသော်လည်း ဧဇရက ချွင်း ချက်အဖြစ် ဝင်ခွင့်ရခဲ့သည် (ဧဇ ၁း၂-၄၊ ၄း၉- ၂၂၊ ၅း၇-၁၇၊ ၆း၃-၁၂)။ ပညတ်တော်ကို တတ်ကျွမ်းနားသူကဲ့သို သူပါဝင်မှုသည် ၇း၁၀ တွင် “အကြောင်းမူကား၊ ဧဇရသည် ထာ ဝရဘုရား၏ တရားတော်ကို စစ်ဆေးစောင့်ရှောက်ခြင်း လည်းကောင်း၊ စီရင်ထုံးဖွဲတော်မူချက်တိုကို ဣသရေလအမျိုး၌ သွန်သင်ခြင်းငှါလည်းကောင်း သဘောကျသူဖြစ်၏။ ဟုဖော်ပြထားသည်။ သူသည် နေဟမိအချိန်တွင် အသက်ရှင်ခဲ့သည့် ရဲရင့်သော ဘုရားသခင် နှစ်သက်သူတစ်ဦးဖြစ်သည် (နေ ၈း၁-၉၊ ၁၂း၃၆)။ ခံယူချက်များက သူသည် တရားစရပ်ရှိ အစပြုသူဖြစ်ပြီး၊ ဓမ္မဟောင်းကျမ်းသတ်မှတ်မှု ပြည့်စုံခြင်းတွင် ဦးစွာ တခမ်းတနား ဖော်ပြခဲ့သည်။

ဧဇရသည် ပေရသိမှ ဒုတိယအသုတ်ပြန်လာသူများကို ဦးဆောင်သူဖြစ်ပြီး ခန့်မှန်း ဘီစီ ၄၅၈)၊ စာအုပ်ရေးသားပြီးချိန်သည် နောက်ဆယ်စုနှစ်များမှ တစ်ချိန်ချိန်တွင် ဖြစ်သည်။ (ခန့်မှန်း ဘီစီ ၄၅၇-၄၄၄)။

 

နောက်ခံသမိုင်းကြောင်းနှင့် အနေအထား

ဘုရားသခင်သည် ထွက်မြောက်ရာကျမ်းတွင် ဣသရေလလူမျိုးကို အီဂျစ်ပြည်၌ ကျွန်ပြ ခြင်းမှ မူလ ခေါ်ဆောင်လာခဲ့သူဖြစ်သည် (ခန့်မှန်း ဘီစီ ၁၄၄၅)။ ဧဇရအဖြစ်အပျက်မတိုင်မီ နှစ်ပေါင်းများစွာက ဘုရားသခင် သည် သူ့လူမျိုးအား သူ့ပဋိညာဉ်များကို ဖောက်ဖျက်ပါက၊ အများသူများထံ ကျွန်ထပ်ပြုခံစေမည်ကို ပြောခဲ့သည် (ယော ၂း၁၄- ၂၅)။ သူ၏ပရောဖက်များ အားဖြင့် သတိပေးချက်များကို ထပ်ခါထပ်ခါပြောခဲ့သော် လည်း၊ ဣသရေလနှင့်ယုဒတိုသည် သူတိုဘုရားသခင်ကို ငြင်းဆန်ပြီး၊ တခြားဘုရားကို ကိုးကွယ်ဝတ်ပြုခြင်း၊ ရုပ်တု ဆင်းတုများဖြင့် ပေါင်းစပ်၍ ရွံရှာဖွယ်အပြုအမူများ ကျူးလွန်ခဲ့ကြသည် (၄ ရာ ၁၇း၇-၁၈၊ ယေ ၂း၇-၁၃)။ သူ့ကတိတော် အမှန်ဖြစ်ရန်၊ ဘုရားသခင်သည် အာရှုရိနှင့် ဗာဗုလုန်တိုအား ပုန်ကန်သော ဣသရေလနှင့်ယုဒတို့ အား သူ့ အပြစ်ပေးခြင်းအကြောင်းဖြစ်ရန် ခေါ်ယူခဲ့သည်။

ဘီစီ ၇၂၂ တွင် အာရှုရိသည် မြောက်ပိုင်း ဆယ်မျိုးကို တိုက်ခိုက်သိမ်းပိုက်ပြီး၊ သူတို အင်ပါယာကို ပျံ့နှံစေခဲ့သည် (၄ ရာ ၁၇း၂၄-၄၁၊ ဟေရှာ ၇း၈)။ ရာစုနှစ်များစွာ ကျော်ပြီးနောက်၊ ဘီစီ ၆၀၅-၅၈၆ တွင် ဘုရားသခင်သည် ဖျက်ဆီးရန် ဗာဗုလုန်ကိုအသုံးပြုပြီး၊ ယေရုရှလင်တွင် လူမရှိသလောက်ဖြစ်အောင် လုပ်ဆောင်ခဲ့သည်။ ယုဒသည် ပဋိညာဉ်အပေါ် သစ္စာမရှိခြင်းကြောင့်၊ ဘုရားသခင်သည် သူ့လူမျိုးအား နှစ်ခုနှစ်ဆယ်ကြာ သိမ်းပိုက်ခံရခြင်းဖြင့် ဆုံးမခဲ့ပြီး (ယေ ၂၅း၁၁)၊ ထိုမှ သူတိုသည် ဧဇရနှင့် နေဟမိတို ဖော်ပြထားသကဲ့သို ယေရုရှလင်သို ပြန်လာခဲ့ ကြသည်။ ပေရသိဘုရင် ကုရုမင်းသည် ဘီစီ ၅၃၉ တွင် ဗာဗုလုန်ကို အနိုင်ယူပြီး၊ ဧဇရ မှတ်စာသည် ယေရုရှလင်သို ပြန်လာရန် ကုရုမင်းထံမှ အမိန့်ရလာပြီး တစ်နှစ်အကြာဖြင့် အစပြုထားခြင်း (ခန့်မှန်း ဘီစီ ၅၃၈)၊ ပွဲတော်များနှင့် ယဇ်ပူဇော်ခြင်းများဖြင့် ဂျူးလူမျိုး ပြက္ခဒိန် အစပြုထားသော သမိုင်းမှတ်တမ်းဖြစ်ခြင်း၊ ဒုတိယဗိမာန်တော် ပြန်လည်တည်ဆောက်ခြင်း အကြောင်းများ (ဘီစီ ၅၃၆ တွင် အစပြုပြီး၊ ဘီစီ ၅၁၆ တွင်ပြီးစီးခဲ့)စသည်တို ပါဝင်သည်။

ဣသရေလနိုင်ငံမှ ဗာဗုလုန်သို ထွက်ခွာခြင်း သုံးကြိမ်ရှိခဲ့သလို (ဘီစီ ၆၀၅၊ ဘီစီ ၅၉၇၊ ဘီစီ ၅၈၆)၊ ယေရုရှလင်သို ပြန်လာချိန်လည်း ဆယ်စုနှစ်စုနှင့်အထက်တွင် သုံးကြိမ် ရှိခဲ့သည်။ ဇေရုဗဗေလသည် ဘီစီ ၅၃၈ တွင် ပထမအကြိမ် ပြန်လာခဲ့သည်။ သူ့နောက်တွင် ဧဇရက ဒုတိယအကြိမ် ပြန်လာခြင်းအဖြစ် ဘီစီ ၄၅၈ တွင် ဦးဆောင်ခဲ့သည်။ နေဟမိသည်။ လည်း ထိုကဲ့သို ဘီစီ ၄၄၅၊ ဆယ်သုံးနှစ်ကြာပြီးနောက်တွင် ပြန်လာခဲ့သည်။ သိုသော်လည်း လုံးဝပွင့်လင်းသော နိုင်ငံရေးဆိုင်ရာ လုပ်ပိုင်ခွင့် အပြည့်အဝပြန်လည်ရရှိခြင်းတော့ မရှိတော့ပေ။ ပရောဖက် ဟဂ္ဂဲနှင့် ဇာခရိတို့သည် ဇေရုဗဗေလအချိန်၊ ဘီစီ ၅၂၀ နှင့် နောက်ပိုင်းတွင် ဟော ပြောခဲ့ကြသည်။

ဧဇရမှတ်စာရှိ အဓိက ဇာတ်ကောင်များ ၊

ဧဇရ – လူများအကြား ဘာသာရေးပြုပြင်ပြောင်းလဲမှု အစပြုလုပ်ဆောင်ခဲ့သော ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သွန်သင်သူနှင့် ကျမ်းပြုဆရာ၊ ဗာဗုလုန်မှ ယေရုရှလင်သို ပြန်လာ ကြသော ဒုတိယအဖွဲမှ ဦးဆောင်သူ (ဧဇ ၇း၁-၁၀း၁၆)

ကုရုမင်း – ဗာဗုလုန်ကို တိုက်ခိုက်သိမ်းပိုက်သော ပေရသိရှင်ဘုရင်၊ သူတိုနယ်မြေသိုပြန်လာရန် ဣသရေလလူမျိုးများကို ကူညီပေးသူ ( ၁း၁-၆း၁၄)

ဇေရုဗဗေလ – ဗာဗုလုန်မှ ယေရုရှလင်သို ပြန်လာသော ဣသရေလလူမျိုး ပထမအဖွဲကို ဦး ဆောင်သူ၊ ဗိမာန်တော် ပြန်လည်တည်ဆောက်ခြင်းကို ပြီးစီးစေသူ (ဧဇ ၂း၂-၅း၂)

ဟဂ္ဂဲ – ဇေရုဗဗေလနှင့် ဣသရေလလူမျိုး ဗိမာန်တော်ဆက်လက်တည်ဆောက်ရန် တိုက်တွန်းမှု ပြုသူ ပြည်နှင်ဒဏ်ခံရပြီးနောက် ပရောဖက်ပြုသူ (ဧဇ ၅း၁-၂၊ ၆း၁၄)

ဇာခရိ – ဇေရုဗဗေလနှင့် ဣသရေလလူမျိုး ဗိမာန်တော်ဆက်လက်တည်ဆောက်ရန် တိုက်တွန်းမှုပြုသူ၊ ပြည်နှင်ဒဏ်ခံရပြီးနောက် ပရောဖက်ပြုသူ (ဇေ ၅း၁-၂၊ ၆း၁၄)

ဒါရီမင်း – က္ကသရေလလူမျိုး ဗိမာန်တော်ပြန်လည်တည်ဆောက်ခြင်းကို ထောက်ပံ့ပေးသော ပေရသိဘုရင် (ဧဇ ၄း၅-၆း၁၄) ၊

အာတဇေရဇ်မင်း – ယေရုရှလင်သို ဧဇရပြန်လာရန်၊ ဗိမာန်တော် ဝတ်ပြုကိုးကွယ်ခြင်း ပြန်လုပ် ရန်၊ ပညတ်တော်များကို သွန်သင်ရန် ခွင့်ပြုသော ပေရသိဘုရင် (ဧဇ ၇း၁) ၊

 

သမိုင်းကြောင်းနှင့် ဓမ္မအတွေးအခေါ်ဆိုင်ရာ အကြောင်းအရာများ

ဗာဗုလုန်တို ဖမ်းဆီးခေါ်ဆောင်သွားခြင်းမှ လူမျိုးများ ပြန်လာခြင်းသည် ဒုတိယ ထွက်မြောက်ရာကျမ်း ကဲ့သိုဖြစ်ပြီး၊ အီဂျစ်လူမျိုးကံ ကျွန်ပြုခြင်းမှ သရေလလူမျိုး ပထမလွတ် မမြောက်လာပြီးအတိုင်း နည်းလမ်း အချို၌ ပုံဖော်ခဲ့သည်။ ဗာဗုလုန်မှ ပြန်လာမြင်းခရီးစဉ်သည် ၊ မူလထွက်မြောက်ရာမှ တူညီသော လုပ်ဆောင်မှုများ ပါဝင်ပြီး (၁) ဗိမာန်တော်နှင့် မြို များ ပြန်လည် တည်ဆောက်ခြင်း (၂) ဒုတိယ မောရှေကဲ့ သို ရွေးကောက်ထားသူ များ ရှေရုဗဗေလ၊ ဧဇရ နှင့် နေဟမိတို့မှ ပညတ်တော်ကို ၊ ပြန်လည်သွန်သင်ခြင်း၊ (၃) ရန်သူများ၏ စိန် ခေါ်မှုကို ခံရခြင်း၊ (၄) မဟုတ်သူများဖြင့် လူမျိုးခြား အိမ်ထောင်ပြုရန် သွေးဆောင်ခံ ပြီးရလဒ်မှာ ရုပ်တုဆင်းတု ကိုးကွယ်ခြင်း ဖြစ် ခဲ့သည်။ မူလထွက်မြောက်ရာနှင့် ဗာဗုလုန်မှ ၊ ပြန်လာခြင်း အကြား အခြားယှဉ်ပြမှုမှာ ဘုရား သခင်မှ သူတိုအား သစ်လွင်သော အစပြုမှု ကို ပေးခဲ့ခြင်းအား ပြန်လာသူများထံမှ မြင်ခဲ့ရသည်။

ပြန်လာခြင်းအကြောင်း သူ့ဖော်ပြမှုတွင် ဧဇရသည် ကျမ်းပြုတစ်ဦးဖြစ်ကဲ့သို အခွင့် အရေး ရရှိခဲ့သူ အဖြစ် ပေရသိနိုင်ငံ စီမံအုပ်ချုပ်မှုဆိုင်ရာ အချက်အလက်များပေါင်းချုပ်တစ်ခုကို ရေးသားခဲ့သည်။ တော်ဝင် အုပ်ချုပ်မှုဆိုင်ရာ အချက်အလက်အမှန်များ ဖော်ပြမှုသည် “ဘုရား သခင် ထာဝရဘုရား တန်ခိုးတော်ကြောင့်” (၇း၆၊ ၂၈)ဟူသော စာကြောင်းဖြင့် တွဲဖက်ဖော်ပြ သောအခါ တန်ခိုးပါသော သတင်းစကားတစ်ခုဖြစ်သွားသည်။ ပေရသိ စီမံခန့်ခွဲမှုအားဖြင့် အမိန့်များ၊ ကြေညာချက်များ၊ စာစောင်များ၊ စာရင်းများ၊ မျိုးဆက်များ၊ အမှတ်ရ မှုများ စသည် တိုကို ရေးသားခဲ့ခြင်းသည်ဣသရေလကို ကယ်တင်ခြင်းအမှု၌ ဘုရားသခင်၏ ပိုင်သအုပ်စိုး သော လက်တော်ဖြစ်ကြောင်း သက်သေပြသည်။ ဤစာအုပ်၏ အဓိကသတင်းစကားမှာ ဘုရား သခင်သည် အတိတ် က ဖမ်းဆီးခေါ်ဆောင်သွားခြင်းအမှုကို စီစဉ်သူဖြစ်ကြောင်း၊ တပါးအမျိုး သားဘုရင်အားဖြင့် ဆက်လက်အလုပ် လုပ်ခြင်း၊ သူ့အရိုက်အရာခံသူသည် အနာဂတ်အတွက် ယုဒလူမျိုးမျှော်လင့်ခြင်းကို ပေးရန်ဖြစ်သည်။ ဘုရား သခင်၏ စီမံခန့်ခွဲမှုသည် ဤလောကရှိ ဘုရင်များအားလုံးထက် သာလွန်သည်။ ထိုကြောင့် ဧဇရမှတ်စာသည် ဣသရေလလူမျိုးကို ဘုရားသခင်၏ ဆက်လက်ရှိနေသော ပဋိညာဉ်ကျေးဇူးတော် သတင်းစကားတစ်ခုဖြစ် သည်။

ဧဇရတွင် မြင်ရသည့် အခြားထင်ရှားသော အဓိကအချက်မှာ ဘိုးဘေးများ လက်ထက် မှ ရှမာရိပြည် တွင် လာရောက်နေထိုင်သော အာရှရိလူများ၏ ဆန့်ကျင်ခံရခြင်းဖြစ်သည် (၄း၂၊ ယော ၄း၄-၄၂)။ ဝိညာဉ်ရေးရာ အဖျက်လုပ်ဆောင်မှု အကြောင်းအရင်းအတွက်၊ ဣသရေလ လူမျိုး၏ ရန်သူများသည် ဗိမာန်တော်ပြန် လည်တည်ဆောက်ခြင်းအမှုတွင် ပါဝင်ရန် တောင်းဆိုခဲ့ ကြသည် (၄း၁၊ ၂)။ထိုအဖြစ်အပျက်ကို ရှောင်ရှားပြီး နောက်၊ ရန်သူများသည် များကို ဆန့်ကျင် သည့် အတိုင်ပင်ခံ များကို ငှားရမ်းခဲ့ကြသည် (၄း၄၊ ၂)။ သိုသော် ဘုရားသခင်သည် ဟဂဲနှင့် ဇာခရိတိုဟောပြောခြင်းအားဖြင့်၊ “အားယူလော့ လုပ်ဆောင်လော့၊ ငါသည်သင်တို နှင့်အတူ ရှိမည်”ဟူသော မိန့်တော်မူခြင်းဖြင့် (ဟဂ္ဂဲ ၂း၄၊ ဧဇ ၄း၂၄-၅း၂)၊ လူတို၏ ဝိညာဉ်ကို ပြန်လည် ကျေးဇူးပြီး၊ သူတို၏ ခေါင်းဆောင်များကို ပြည်လည်တည်ဆောက်စေသည်။ ပြန်လည်တည် ဆောက်ခြင်း အမှုပြန်စခဲ့ပြီး(ခန့်မှန်း ဘီစီ ၅၂၀)၊ ဗိမာန်တော်သည် မကြာမီ ပြီးစီးခြင်း၊ ဆက် ကပ်ခြင်းနှင့် ဘုရားသခင်ကို အစေခံခြင်းများ ပြန်လည်လုပ်ဆောင်ခဲ့ကြသည် (ခန့်မှန်း ဘီစီ ၅၁၆)။

 

ဧဇရမှတ် စာ၌ ခရစ်တော်

ကတိထားရာပြည်သို ဣသရေလလူမျိုး၏ ပြန်လာ ခြင်းသည် ခရစ်တော်အားဖြင့် နောက်ဆုံးပေးအပ်ခဲ့ သည့် အခြေအနေပေါ်မူမတည်သော ခွင့်လွတ်ခြင်း ကို ပုံဖော်ပြသည်။ သူ့လူမျိုးအပေါ် ဘုရားသခင်၏ ကွယ်ကာခြင်း သည် ဒါဝိဒ်နှင့်ပြုလုပ်ခဲ့သော သူ့မျိုး ဆက်ကို ထိန်းသိမ်းရန် ပဋိညာဉ်ကို ပြန်လည်အား ကောင်းစေခဲ့သည်။ ဒါဝိဒ်မှ တိုက်ရိုက်မျိုးဆက်ဖြစ် သော သခင်ယေရှုသည် နောက်ပိုင်းတွင် လောက တစ်ခုလုံးကို ကယ်တင်ခြင်း ယူဆောင်လာလိမ့်မည်။

 

ဧဇရမှတ်စာရှိ အဓိကဩဝါဒများ

ဘုရားသခင်၏ အရာရာပိုင်သအုပ်စိုးခြင်း – တိုင်းတပါးလက်အောက်ကျရောက်နေသော ဣသရေလူမျိုး ကတိတော်နယ်မြေသို ပြန်လာသော ခရီးလမ်းကို ဘုရားသခင်သည် ထိန်းချုပ်ခြင်း၊ ကာကွယ်ခြင်း (၂း၁၊ က ၅၀း ၂၀၊ ယောဘ ၄၂း၂ ၁၆း၁၊ မ ၁၀း၂၉၊ ၃ဝ၊ ယော ၆း၃၇၊ ရော ၈း၂၈)

 

ဧဇရမှတ်စာရှိ ဘုရားသခင်၏ ဂုဏ်အင်္ဂါလက္ခဏာများ

ဘုရားသခင်သည် ကောင်းမြတ်သော ဘုရား – ၈း၁၈

ဘုရားသခင်သည် တန်ခိုးကြီးသော ဘုရား – ၈း ၂၂

ဘုရားသခင်သည် ဖြောင့်မတ်သော ဘုရား – ၉း၁၅

ဘုရားသခင်သည် ပညာရှိသော ဘုရား – ၇း၂၅

ဘုရားသခင်သည် အမျက်ဒေါသကြီးသော ဘုရား – ၈း ၂၂

 

အနက်အဓိပ္ပာယ်ဆိုင်ရာ အခက်အခဲများ

ပထမမှာ၊ တိုင်းတပါးမှ ပြန်လာပြီးနောက်အကြောင်း သမိုင်းစာအုပ်များဖြစ်သည့် ၅ နှင့် ၆ ရာဇဝင်ချုပ်၊ ဧဇရမှတ်စာ၊ နေဟမိမှတ်စာနှင့် ဧသတာဝတ္ထုတိုသည် တိုင်းတပါးမှ ပြန် လာပြီးနောက်ပိုင်း ပရောဖက်များ ဖြစ်သည့် ဟဂ္ဂဲ၊ ဇာခရိ၊ မာလခိတိုနှင့် မည်သို ဆက်နွယ်ကြ သနည်း။ ရာဇဝင်ချုပ်ကျမ်းနှစ်ကျမ်းသည် ဒါဝိဒ်နှင့်ဆိုင်သော ရှင်ဘုရင်ဖြစ်ခြင်း ကတိတော်၊ အာရုန်၏ ယဇ်ပုရောဟိတ်မျိုးဆက်၊ ဗိမာန်တော်ဆိုင်ရာ ဝတ်ပြုကိုးကွယ်ခြင်းအမှုကို ပြန်သတိရ စေရန် ဧဇရက ရေးသားခဲ့သည်။ ဟဂ္ဂဲနှင့် ဇာခရိတိုသည် ဧဇရ ၄-၆ အချိန်တွင် ပရောဖက် ပြုခဲ့သူများဖြစ်ပြီး၊ ဗိမာန်တော်ကို ပြီးစီးအောင် တည်ဆောက်ခြင်းအချိန်တွင် ဖြစ်သည်။ မာလခိ သည် နေဟမိ ပေရသိသို ပြန်သွားချိန်တွင် ရေးသားခဲ့သည် (နေ ၁၃း၆)။

ဒုတိယမှာ ဤစာအုပ်သည် မည်သည့်ရည်ရွယ်ချက်ကို လုပ်ဆောင်ပေးသနည်း။ ဇေရ သည် ဗာဗုလုန် သိမ်းပိုက်ခံခြင်းမှ ယေရုရှလင်သို ပြန်လာသော သုံးကြိမ်မှ နှစ်ကြိမ်အကြောင်း မှတ်တမ်းတင်ထားသည်။ ပထမအကြိမ် ပြန်လာခြင်းသည် (အခန်းကြီး ၁-၆) ရူဗဗေလဦး ဆောင်မှုအောက်တွင်ဖြစ်ပြီး (ခန့်မှန်းဘီစီ ၅၃၈)၊ ဒုတိယအကြိမ် ပြန်လာခြင်းသည် (အခန်းကြီး ၇-၁၀)ဧဇရကိုယ်တိုင် ဦးဆောင်နိုင် ဖြစ်သည် (ခန့်မှန်း ဘီစီ ၄၅၈)။ ဝိညာဉ်ရေးရာအားဖြင့် ဧဇရသည် သူ့ဘိုးဘေးများဖြစ်သည် ဧလာဇာ၊ ဖိနဟတ်နှင့် ဇာဒုတ်တိုကို ဖော်ပြခြင်းဖြင့် အာရုန်မျိုးဆက်မှ ယဇ်ပုရောဟိတ်ဖြစ်ခြင်း အရေးကြီးပုံကို ပြန်လည်ဖော်ပြထားသည် ( ၇း၁-၅)။ သူသည် ဒုတိယဗိမာန်တော် ပြန်လည်တည်ဆောက်ခြင်းအမှုကို တင်ပြခဲ့သည် (အခန်း ကြီး ၃-၆)။ တပါးသူများနှင့် အိမ်ထောင်ပြုသော ဆိုးသွမ်းသည့်အပြစ်ကို ကိုင်တွယ်ရန်အတွက် သူ့ဟာသည် အခန်းကြီး ၉-၁ဝ တွင် ဖော်ပြထားခဲ့သည်။ အရေးအကြီးဆုံးမှာ အလုံးစုံကို အုပ်စိုးသော ဘုရားသခင်၏ လက်တော်သည် ဘုရင်များကို မည်သို သဘောထားပြောင်းစေ သည်။ ရန်သူအမျိုးမျိုးကို မည်သို အောင်မြင်သည်ကို မှတ်တမ်းတင်၍ အာဗြဟံ၏ မျိုးစေ့အဖြစ် အာဗြဟံ၊ ဒါဝိဒ်နှင့် ယေရမိတိုအား ကတိထားရာမြေ၌ တစ်ဦးချင်းနှင့် လူမျိုးအလိုက် ဣသရေလ နိုင်ငံကို ပြန်လည်ထူထောင်ရန်ဖြစ်သည်။

တတိယမှာ၊ ဗိမာန်တော်သည် ကုရုမင်းအုပ်ချုပ်ချိန်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ အာရွှေရု (၄း၆)နှင့် အာတဇေရဇ်မင်း (၄း၇-၂၃)တိုကို ဖော်ပြခြင်းမှာ ဗိမာန်တော်သည် သူတို အုပ်ချုပ်ချိန်အတွင်း တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ကောက်ချက်ချရန် ဖြစ်စေခဲ့သည်။ သို့သော်လည်း ထိုကဲ့သို ကောက်ချက် ချမှုသည် သမိုင်းနှင့် သဘောတူညီမှု မရှိပေ။ ဧဇရသည် အာရွှေရု (သို) အာတဇေရဇ်မင်းတို ပြီးမြောက်အောင် ဆောက်လုပ်ခဲ့ခြင်းအကြောင်း ရေးသား ထားခြင်းမဟုတ်သော်လည်း၊ ထိုအရာထက် ဧဇရအချိန်တွင် ဆက်လက် လုပ်ခဲ့သော ဗိမာန်တော် တည်ဆောက်ခြင်းပြီးနောက် သူတို၏ ရန်သူများသမိုင်းကို ဆက်လက်ဖော်ပြခဲ့သည်။ သိသာသောအရာမှာ၊ ဧဇရ ၄း၁-၅ နှင့် ၄း၂၄-၅း၂ တိုသည် ဇေရုဗဗေလဦးဆောင်မှုဖြင့် ဗိမာန်တော် ကို တည်ဆောက်ခြင်းအကြောင်း ဖော်ပြထားပြီး၊ ၄း၆-၂၃ သည် ဇေရနှင့် နေဟမိအချိန်၌ ရန်သူတို၏ သမိုင်းအ ကြောင်း အဖွင့်အပိတ်တစ်ခုဖြင့် ဖော်ပြထားသည်။

စတုတ္ထမှာ၊ အနက်ဖွင့်သူသည် ဧသတာဝတ္ထုသည် ဧဇရအချိန်တွင် ကိုက်ညီမှုရှိခြင်း အကြောင်း ဆုံးဖြတ်ခြင်းဖြစ်သည်။ ဂရုတစိုက် ဆန်းစစ်ခြင်းတစ်ခုသည် အခန်းကြီး ၆ နှင့် ၇ အကြားတွင် ထိုအဖြစ်အပျက် ဖြစ်ခဲ့သည်ကို ဖော်ပြသည်။

ပဉ္စမမှာ၊ ဧဇရ ၁၀ ၌ အိမ်ထောင်ကွဲခြင်းအကြောင်းသည် ဘုရားသခင်မုန်းတီးသည့် အိမ်ထောင် ကွဲခြင်းအကြောင်းနှင့် မည်သို ယှဉ်တွဲဆက်နွယ်သနည်း (မာလ ၂း၁၆)။ ဧဇရသည်။ စံနှုန်းကို အစမပြုခဲ့ သော်လည်း၊ သမိုင်းတွင် အထူးပြဿနာတစ်ခုအဖြစ် ဖော်ပြထားသည်။ လူမျိုးခြားနှင့်လက်ထပ်ခြင်းသည် အိမ်ထောင်ကွဲခြင်းထက် အပြစ်ပိုကြီးသည်ဟု ဆုံးဖြတ်ရခြင်းမှာ ၊ သွေးနှောခြင်းဖြင့် ဂျူးလူမျိုးကို ညစ်ညမ်းမှု မပြုရန်ဖြစ်သည်။ ထိုမှသာ လူမျိုးနှင့် မေရှိယမွေးဖွား လာမည့် ဒါဝိဒ်၏ မျိုးဆက်မှာ လူမျိုးခြားရောနှောခြင်းဖြင့် အဆုံးသတ်သွားမည် မဟုတ်တော့ ( ဧဗ ၁၀း၃)။ ထိုကြောင့် လူမျိုးနှင့် ဒါဝိဒ်မျိုးနွယ်ဖြစ်သည့် မေရှိယ မျိုးဆက် သည် တပါးအမျိုးသား များဖြင့် ရောနှောသောကြောင့် အဆုံးသတ်သွားလိမ့်မည် မဟုတ်ပေ။ ဤနည်းဖြင့် ပြဿနာကို ဖြေရှင်းခြင်းသည် ရှိတိမ်၌ ပထမ ထွက်မြောက်ရာအချိန်တွင် ပြုသကဲ့သို ( ၂၅း၁-၉) ထိုအဖြစ် အပျက်တွင် ပါဝင်ဝင်သူများအား ကျောက်ခဲနှင့်ပစ်သတ် ပြီး (ယောက်ျား၊ မိန်းမများ ကလေးများ) ဖြေရှင်းခြင်း၌ သာ၍ ဘုရားသခင်၏ ကရုဏာတော်ကို ထင်ရှားစေသည်။

 

 

ဧဇရမှတ်စာရှိ အဓိက ဝေါဟာရများ

ဂျူးလူမျိုး – ဟေဗြဲဝေါဟာရ – yehudi – ၄း၁၂၊ ၂၃၊ ၅း၁၊ ၅၊ ၆း၇၊ ၈၊ ၁၄ – ရင်းမြစ်အဓိပ္ပာယ် “ချီးမွမ်းသည်” (သို) “ကျေးဇူးတော် ချီးမွမ်းသည်”ဟူသော ဝေါဟာရမှ လာသည်။ ယာကုပ်သည် ဤအသုံးအနှုန်းကို က ၄၉း၈ တွင် သူ့ သား ယုဒအား “အို ယုဒ၊ သင်သည် ညီအစ်ကိုတို ချီးမွမ်းရသော သူ ဖြစ်မည်” ဟု ပြောသောအခါ အသုံးပြုခဲ့သည်။ ယုဒလူတစ်ဦးသည် ယုဒမျိုးနွယ်မှ ပုဂ္ဂိုလ်တစ်ဦးဖြစ် နိုင်ပြီး (တော ၁၀း၁၄)၊ ယုဒနယ်မြေတွင် နေထိုင်သော ဣသရေလတစ်ဦးကိုလည်း ယုဒဟုခေါ်သည် (ယေ ၇း၃၀)။ တိုင်းတပါးမှပြန်လာပြီးနောက် အချိန်တွင်၊ “ဂျူး”သည် လူအုပ်စုတစ်ခုကဲ့သို ဣသ ရေလကို ရည်ညွှန်းခဲ့သည်။ “”ဟူသော အသုံးအနှုန်းကို ဓမ္မသစ်ကျမ်းတွင်လည်း တွေ့ရသည်။ ယေရှုကို “ဂျူးလူမျိုး၏ ရှင်ဘုရင်”ဟု ခေါ်ခဲ့သည် (မ ၂၂:၂၉)။ နောက်ပိုင်းတွင် ရှင်ပေါလုသည် “နှလုံးသား အရေးဖျားလှီးခြင်း”ဖြင့် မှတ်သားထားသော လူတစ်ဦးကို စစ်မှန်သော ဂျူးအဖြစ် ရှင်းပြခဲ့သည် (ရော ၂း၂၈၊ ၂၉)။

ကျန်ကြွင်းသူ – ဟေဗြဲဝေါဟာရ – sha>ar – ၉း၈၊ ၁၅ – မူရင်းမှာ၊ “ကျန်ကြွင်းသည်” (သို) “ချန်ထားသည်”ဟူ၍ ဖြစ်သည်။ ကျန်ကြွင်းသူ ဟူသည်မှာ ရေလွှမ်းမိုးခြင်းကဲ့သို ကပ်ဘေးဒုက္ခပြီး နောက် ကျန်ရစ်သူ လူအနည်းငယ်ကို ရည်ညွှန်းသည်။ ကျမ်းစာတွင် ထိုဝေါဟာရကို တိုင်းတပါးသို ခေါ်ဆောင်သွားခြင်းမှ အနည်းငယ်သာ ကျန်ရစ်သော ဣသရေလလူမျိုးကို အဓိက ရည်ညွှန်းသည် (၉း၈)။ ပရောဖက်များသည်လည်း ထိုဝေါဟာရကို ဘုရားသခင်အပေါ် သစ္စာရှိစွာ ကျန်ကြွင်းသူ ဣသရေလလူမျိုးကို အထူးသဖြင့် ဖော်ပြရန် အသုံးပြုကြသည် (အာ ၅း၁၄၊ ၁၅)။ ပရောဖက် ဟေရှာယသည် မေရှိယအား နိုင်ငံများမှ ကျန်ကြွင်းသူ ဣသရေလလူများကို တစ်နေ့တွင် စုစည်းသူ၊ သူကိုယ်တိုင် တပါးအမျိုးသားအချိုကို ဆွဲယူမည့်သူဖြစ်ကြောင်း ဖော်ပြခဲ့သည် (ဟေရှာ ၁၁း၁ဝ၊ ၁၁၊ ၁၆)။ ထိုကြောင့် ကျန်ကြွင်းသူသည် သူ့လူမျိုးကို ကာကွယ်ပေးခြင်း၌ ဘုရားသခင်၏ ပဋိညာဉ် သစ္စာရှိခြင်းကို ညွှန်ပြသည်။ ဣသရေလကို စောင့်ထိန်းခြင်းအားဖြင့်၊ လောကတစ်ခုလုံးသည် မေရှိယကြွလာခြင်း၏ ကောင်းကြီးကို ခံစားရလိမ့်မည်ဖြစ်သည် (က ၁၂း၃)။

 

အကျဉ်းချုပ် ကောက်နှုတ်ချက်

၁။ ဇေရုဗဗေလ ဦးဆောင်မှုဖြင့် ပထမအဖွဲ့ ပြန်လာခြင်း (၁း၁-၆း၂၂)

က။ ပြန်သွားရန် ကုရုမင်း၏ အမိန့်ပေးမှု (၁း၁-၄)

ခ။ ဗိမာန်တော် ပြန်လည်တည်ဆောက်ရန် ရတနာများ (၁း၅-၁၁)

ဂ။ ပြန်လာသော သူများ (၂း၁-၇၀)

ဃ။ ဒုတိယဗိမာန်တော် တည်ဆောက်ခြင်း (၃း၁-၆း၂၂)

၁) တည်ဆောက်မှု အစပြုခြင်း (၃း၁-၁၃)

၂) ရန်သူများနှင့် ရင်ဆိုင်ရခြင်း (၄း၁-၅) ၊

၃) အနာဂတ်တွင် ရန်သူများ၏ အသေးစိတ်တိုင်ပင်မှုများ (၄း၆-၂၃)

၄) တည်ဆောက်ခြင်းအမှု ပြန်လည်လုပ်ဆောင်ခြင်း (၄း၂၅-၅း၂)

၅) ရန်သူများ ပြန်လည်ဆန့်ကျင်ခြင်း (၅း၃-၆း၁၂)

၆) ဗိမာန်တော် ပြီးစီးခြင်းနှင့် ဆက်ကပ်ခြင်း (၆း၁၃-၂၂)

၂။ ဧဇ ရ ဦးဆောင်မှုဖြင့် ဒုတိယအဖွဲ ပြန်လာခြင်း (၇း၁-၁၀း၄၄)

က။ ဧရ ရောက်ရှိခြင်း (၇း၁-၈း၃၆) –

ခ။ ဧဇရသည် ပြုပြင်ပြောင်းလဲမှုများကို ဦးဆောင်ခြင်း (၉း၁-၁၀း၄၄)

 

ဧဇရမှတ်က အချိန်ကာလ ကမ္ဘာကြီးရှိ အခြားသောနေရာများ

ပေရသိစစ်ပွဲများသည် ဆလာမစ်၌ ပါးရှားလူမျိုးကို Miltiades ၏သား Athenian Cimon သည် အနိုင်ယူပြီး နောက် ပြီးဆုံးခဲ့သည် (ဘီစီ ၄၉၀ မှ ၄၄၉ အထိ)။

 

 

ခက်ခဲသော မေးခွန်းများအတွက် အဖြေများ

၁။ ဂျူးလူမျိုးများ တိုင်းတပါးမှ ပြန်လာခြင်း အဖြစ်အပျက်ဝန်းကျင်၌ မည်သည့် ဓမ္မဟောင်းကျမ်း အပိုင်းနှင့် မည်သည့် လူမျိုးများ လှုပ်ရှားနေကြသနည်း။

သမိုင်းကျမ်းငါးကျမ်းသည် (၁ နှင့် ၂ ရာဇဝင်ချုပ်၊ ဧဇရ၊ နေဟမိနှင့် ဧသတာဝတ္ထု) တိုင်းတပါးမှ ပြန်လာပြီးနောက်မှ ဖြစ်ပျက်ခြင်း (သို) အဖြစ်အပျက်များကို ခြုံငုံဖော်ပြခြင်း၊ ဖြစ်သည်။ ပရောဖက်ကျမ်း သုံးကျမ်းသည် (ဟဂ္ဂဲ၊ ဇာခရိနှင့် မာလခိ) တူညီသော အချိန်ကာလ မှ ဖြစ်လာသည်။ တိုင်းတပါးမှ ပြန်လာ ပြီးနောက်ဟူသော အသုံးအနှုန်းသည် ထိုစာအုပ်များနှင့် လူများကို ဖော်ပြရန် မကြာခဏအသုံးပြုခဲ့သည်။

ပထမနှင့် ဒုတိယ ရာဇဝင်ချုပ်တိုသည် တိုင်းတပါးမှ ပြန်လာပြီး နောက်ဆုံးနေ့ရက်များ မှ သမိုင်းအမြင် အကျဉ်းချုပ်တစ်ခုကို ပံ့ပိုးပေးသည်။ ဧဇရနှင့် နေဟမိသည် ယုဒသိုပြန်လာ သည့် ခက်ခဲသောနေ့များ၊ စိတ်ဝင်စားဖွယ် မှတ်တမ်းနှင့် နိုင်ငံကို ပြည်လည်ထူထောင်ခြင်းဖြစ် သည်။ ဟကွဲနှင့် ဇာခရိတိုသည် ဗိမာန်တော် ပြန်လည်တည်ဆောက်ခဲ့ချိန်၊ ဧဇရ ၄-၆ ၌ ဖော်ပြ ထားသည့် အချိန်တွင် လုပ်ဆောင်မှုများအကြောင်း ပရောဖက်ပြုခဲ့သည်။ မာလခိသည် နေဟမိ၏ ပေရသိသို ပြန်သွားချိန်အတွင်း ပရောဖက်ပြုခဲ့ပြီး ရေးသားခဲ့သည် (နေ ၁၃း၆)။

ထိုစာအုပ်များ၏ ရည်ရွယ်ချက်အစိတ်အပိုင်းသည် ဒါဝိဒ်၏ အိမ်နှင့် ရှင်ဘုရင်မျိုးဆက် မပျက်ခြင်းဖြင့် ဘုရားသခင်၏ ပဋိညာဉ်ဆက်လက်ဖြစ်ပေါ်မှုကို အတည်ပြုခဲ့သော်လည်း၊ အ လေးထားမှုမှာ တော်ဝင်မိသားစုမှ ဘုရားသခင်၏ အခြားအစေခံများသို ဦးတည်ချက်ပြောင်း သွားသည်။ ကျမ်းပြုဆရာ၊ ဖလားတော်ဝန်နှင့် ပရောဖက်များသည် ဘုရားသခင်၏ အဓိက ကိုယ်စားလှယ်များ ဖြစ်လာခဲ့သည်။ မိဖုရား ဧသတာပင်လျှင်၊ ပါးရှား၌ ဂျူးလူမျိုးများကို ကာ ကွယ်ခြင်းတွင် သူမအတွက် ဘုရားသခင်၏အခန်းကဏ္ဍကို ပြီးမြောက်ရန် သူမ၏ ရာထူးနှင့် အာဏာထက် ဘုရားသခင်အပေါ် မှီခိုခဲ့သည်။

ထိုအရာများအားလုံးသည် ယေရှု၏ မွေးဖွားခြင်းကို ဝန်းရံသော ပေါင်းစပ်မျှော်လင့် ချက်များ၊ ဒါဝိဒ်ဖြင့် ဘုရားသခင်၏ ပဋိညာဉ်ပြည့်စုံခြင်း၊ ကယ်တင်ခြင်းသမိုင်းတွင် ဘုရားသခင် ၏ ပါဝင်လုပ်ဆောင်မှု စသည်တိုကို ဖော်ပြသည်။

၂။လူမျိုးခြားနှင့် အိမ်ထောင်ပြုခြင်း၊ အိမ်ထောင်ကွဲခြင်း အခြေအနေသည် ကျမ်းစာဆိုင်ရာ သင်ထားသော ဖြစ်ပျက်မှုအားလုံးနှင့် အရေးကြီးသော အကြောင်းအရာအဖြစ် ဧဇရ၏ ဖြေရှင်းချက်သည် မည်သို ကိုက်ညီမှုရှိသနည်း။

ဧဇရ ၉ နှင့် ၁၀ သည် သူတိုမိခင်မြေ၌ ဂျူးလူမျိုးများ၏ ပြန်လည်တည်ဆောက်ခြင်း အမတွင် အရေးပါသော အချိန်တစ်ခုကို မှတ်တမ်းတင်ထားသည်။ ပေရသိမှ ဧဇရပြန်မလာခင် နှစ်များတွင် ပြန်ရောက်နေပြီဖြစ်သော အမျိုးသားများသည် ထိုနယ်ပယ်ရှိ တပါးအမျိုးသမီး များနှင့် အိမ်ထောင်ပြု ခဲ့ကြသည်။ ထိုပြုမူမှုသည် ကျွန်ုပ်တိုတွေ့ရသည့် တပါးအမျိုးသားမှ ဘုရားသခင်ကို ယုံကြည်သောသူများ ဖြစ်လာသူ ရာခပ် (သို) ရုသတို အိမ်ထောင်ပြုခြင်းကဲ့သို အခြေအနေမဟုတ်သည်ကို တွေ့ရသည်။ တိုင်းတပါးမှ ပြန်လာပြီး တပါးအမျိုးသမီးများနှင့် အိမ်ထောင်ပြုသော အမျိုးသားများသည် သူတိုမိန်းမများကို ရုပ်တုကိုးကွယ်မှုများထဲမှ ခေါ် ဆောင်ရန် စွမ်းဆောင်မှုမရှိကြပေ။ ဧဇရသည် သူ ယေရုရှလင်သို ပြန်ရောက်ချိန်တွင် ဤပြန် ကြားမှု သတင်းများကို ရရှိခဲ့သည်။

ဧဇရေအတွက်၊ ထိုအရာသည် အဆိုးဆုံး သတင်းများဖြစ်ခဲ့သည်။ ရုပ်တုကိုး ကွယ်သူများ နှင့် အိမ်ထောင်ပြုခြင်းသည် သမိုင်းကြောင်းဆိုင်ရာ လူမျိုး၏ ထပ်ခါထပ်ခါ ကျရှုံးခြင်း၌ အဓိက ကဏ္ဍတွင် လုပ်ဆောင်ခဲ့သည်။ ထိုအိမ်ထောင်ပြုခြင်းများသည် ဘုရားသခင်အား မနာခံခြင်း အပြုအမူတစ်ခု ဖြစ်သည်။ ဧဇရသည် ထိုအခြေအနေအပေါ် ရှက်ကြောက်မှု၊ ဖိစီးမှုတိုဖြင့် ပူပန်နေခဲ့သည် (ဧဇ ၉း၃-၄)။ သူ၏ ပူပန်သောကသည် ပွင့်ထွက်လာပြီး ပြစ်မှုထင်ရှားစေခဲ့ သည်။ နောက်ဆုံးတွင် လူများသည် သူတိုကိုယ်တိုင် သူတိုအမှားကို ဝန်ခံခဲ့ပြီး၊ သူတို အိမ်ထောင် ပြုခဲ့သည့် မိန်းမများကို “စွန့်လွှတ်ရန်”(ကွဲကွာရန်) ဆုံးဖြတ်ခဲ့သည်။ သိုသော် ဘုရားသခင်သည် အိမ်ထောင်ကွဲခြင်းနှင့်ပတ်သက်ပြီး သူ့စိတ်တော်ကို မပြောင်းလဲခဲ့ပေ။ ထိုအချိန်တွင် အသက် ရှင်ခဲ့သော မာလဓိက ဘုရားသခင်သည် အိမ်ထောင်ကွဲခြင်းကို မုန်းတီးကြောင်း ကြေညာခဲ့သည် (မာလ ၂း၁၆)။

များစွာသော အရေးကြီးသည့် မှတ်စုများသည် ဧဇရရှိ ဤကျမ်းပိုဒ်အကြောင်းကို ထင် ဟပ်စေနိုင်ခဲ့ သည်။ ထိုအရာက အိမ်ထောင်ကွဲခြင်းသည် သာမန်အခြေအနေများတွင် လက်ခံ နိုင်ခြင်းကို အစပြုမပေးပေ။ ထိုအရာက အိမ်ထောင်ကွဲခြင်းအကြောင်း ဖြေရှင်းချက်သည် အဖွဲတစ်ခု၏ ဆုံးဖြတ်ချက်ဖြစ်ပြီး၊ ထိုအိမ် ထောင်ပြုခြင်းတိုင်းသည် သီးသန့် ဆန်းစစ်ခြင်းဟု သောအချက်ကို လွယ်ကူစွာ သတိမထားမိခြင်းလည်း ဖြစ်သည်။ ဖြစ်သင့်သည်မှာ၊ ယုံကြည်သူ များဖြစ်လာသော အမျိုးသမီးများ၏ ကိစ္စများကို ခွဲခြားပြီး ဖြေရှင်းခြင်းထက် အိမ်ထောင်ပြုခြင်း သဘောတူညီချက်အား ချိုးဖောက်သောအရာတစ်ခုကဲ့သို လုပ်ဆောင် သော အမျိုးသမီးများ၏ ယုံကြည်ခြင်းကို မေးခွန်းများ ရှာဖွေခြင်းဖြစ်သည်။

အပြစ်ဒုစရိုက်တွင် နှိမ့်ချခြင်းနှင့် ထိုကိစ္စများကို ရင်ဆိုင်ခြင်းဖြင့် အလေးထားခြင်းသည် ဘုရားသခင် ကရုဏာတော်၏ ကြီးမားသည့် မျှဝေမှုအဖြစ် အလင်းပေးသည့်အရာလည်း ဖြစ် သည်။ ပညတ်တော်ကို တင်းကျပ်စွာ အနက်ဖွင့်ခြင်းသည် အားလုံးကို ကျောက်ခဲဖြင့် ပစ်သတ် စေခြင်းသို ဦးတည်သွားနိုင်သည်။ အချို ကိစ္စများတွင် ပူပန်သောကနှင့် အိမ်ထောင်ကွဲခြင်းအကြောင်း ဝမ်းနည်းမှုများ ရှိနေသော်လည်း မှန်ကန်သော အရာများ ဖော်ပြခြင်းကို စိတ်အားထက် သန်မှုရှိခြင်းသည် ဖြေရှင်းချက်တစ်ခုအတွက် တံခါးပေါက်တစ်ခုကို ဖွင့်ပေးခဲ့ခြင်းဖြစ်သည်။

 

ဧဇရမှတ်စာကို ဆက်လက်လေ့လာရန်

၁။ ဧဇရသည် မည်သိုသော ပုဂ္ဂိုလ်မျိုး ဖြစ်သနည်း။

၂။ ဖမ်းဆီးခံခြင်းမှ ကတိတော်နယ်မြေသို ပြန်လာကြသော ပထမအဖွဲခရီးသွားများ၏ အပြုအမူများ၊ စိတ်ခံစားချက်များနှင့် အတွေ့အကြုံများကို ဖော်ပြပါ။

၃။ ယေရုရှလင်နှင့် ဗိမာန်တော် ပြန်လည်တည်ဆောက်ခြင်းအမှုတိုတွင် ရင်ဆိုင်တွေ့ရသည့် ရန်သူများသည် မည်သိုသောသူများဖြစ်သနည်း။ ။

၄။ ဖမ်းဆီးခံခြင်းမှ ပြန်လာသူများအသက်တာ၌ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် မည်သည့်ကဏ္ဍတွင် လုပ်ဆောင်သနည်း။ ။

၅။ တိုင်းတပါးလက်အောက် ကျရောက်ခြင်းမှ ပြန်လာကြသူများ၏ ဘုရားသခင်ကို ယုံကြည်ခြင်း – အကြောင်း သည် မည်သည့်နည်းလမ်းဖြင့် ဖော်ပြသနည်း။

၆။ ဘုရားသခင်ကို ကိုးစားခဲ့ပြီး ပြန်လည်တည်ဆောက်ခြင်းနှင့် ဝမ်းမြောက်ခြင်း ပြန်လည်ရရှိရန် သင့်အတိတ် ကာလတွင် မည်သည့်ဆုံးရှုးမှုရှိခဲ့သနည်း။

နေဟမိမှတ်စာ (Nehemiah)

မြို့ရိုးကို ပြန်လည်တည်ဆောက်ခြင်း

 

ခေါင်းစဉ်

နေဟမိ (“ယေဝေါဟာ နှစ်သိမ့်ခြင်း”)သည် ဤစာအုပ်၏အပြင်ဘက် သမ္မာကျမ်းစာပါ။ သော အခြားစာအုပ်များ၌ မတွေ့ရသော နာမည်ကြီး ဖလားတော်ဝန်တစ်ဦးဖြစ်သည်။ သူ၏ ခေတ်ပြိုင် အမည်များဖြစ်သည့် ဧဇရနှင့် ဧသတာတိုကဲ့သို (ဧဇရနှင့် ဧသတာ နိဒါန်းများတွင် ကြည့်ပါ) ဤစာအုပ်သည် သူ၏ ခေါင်းဆောင်မှုပြုခြင်း အဖြစ်အပျက်များကို ဖော်ပြထားပြီး၊ ခေါင်းစဉ်သည်လည်း သူ့နာမည်ပေး ထားသည်။ ဂရိ စက်တူးဂျင့် (LXX)နှင့် လက်တင် ဗော့ဂိတ် နှစ်ခုလုံးတွင် ဤစာအုပ်အတွက် မူရင်းနာမည်မှာ “ဒုတိယ ဇေရ”ဖြစ်သည်။ ဧဇရနှင့် နေဟမိ မှတ်စာတိုသည် အင်္ဂလိပ်ကျမ်းစာများတွင် များသောအားဖြင့် နှစ်ပိုင်းအဖြစ် ခွဲထားသော်လည်း၊ ထိုအရာများသည် လက်ရှိဟေဗြဲကျမ်းစာတွင် တစ်ခုတည်း၌ အတူတကွပေါင်းစပ်ထားခဲ့သည်။ ဓမ္မသစ်ကျမ်းရေးသူများသည် နေဟမိမှတ်စာကို ကိုးကားမှု မပြုကြပေ။

 

စာရေးသူနှင့် ရက်စွဲ

ဤစာအုပ်အပိုင်းအတော်များများသည် နေဟမိ၏ ကိုယ်ရေးမှတ်တမ်းများနှင့် သူ၏ ပထမပုဂ္ဂိုလ် ရှုထောင့်မှ ရှင်းလင်းစွာ ရေးသားခဲ့သော်လည်း (၁း၁-၇း၅၊ ၁၂း၂၇-၄၃၊ ၁၃း၄-၃၁)၊ ဂျူးများနှင့် ခရစ်ယာန်များက ဧဇရသည် စာရေးသူကဲ့သို အသိအမှတ်ပြု ခံယူကြသည်။ LXX နှင့် ဗော့ဂိတ်တိုတွင် ဖော်ပြသကဲ့သို ဧဇရနှင့် နေဟမိတိုသည် တစ်အုပ်တည်းဖြစ်ကြောင်း အပြင်ပိုင်း သက်သေများကို အခြေခံပြီး၊ ဧဇရနှင့် နေဟမိတိုတွင် တွေ့ရသည့် “ဘုရားသခင်၏ အလိုတော်”ကဲ့သို၊ ယဇ်ပုရောဟိတ်-ကျမ်းပြုတစ်ဦးကဲ့သို စာရေးသူ၏ကဏ္ဍ စသည့် အတွင်း သက်သေများကို အခြေခံခြင်းမှလည်း တွေ့ရသည်။ ကျမ်းပြုတစ်ဦးကဲ့သို ဧဇရသည် စာအုပ်နှစ် အုပ်လုံးတွင်၊ အထူးသဖြင့် ဧဇရမှတ်စာတွင် တွေ့ရသည့် များစွာသော စီမံခန့်ခွဲမှုအကြောင်းများ ဖြစ်သည့် ပါးရှား၏ တော်ဝင်မှတ်တမ်းများကို ရေးသားခဲ့သည်။ အနည်းငယ်သော လူတိုသာ ပါးရှားအင်ပါယာ၏ တော်ဝင်မှတ်တမ်းများ ထားရာနေရာသို ဝင်ခွင့်ရသော်လည်း ဧဇရသည်။ ချွင်းချက်အဖြစ် သက်သေပြခဲ့သည် (ဧဇ ၁း၂-၄၊ ၄း၉- ၂၂၊ ၅း၇-၁၇၊ ၆း၃-၁၂)။ –

နေဟမိ ၁ ရှိ အဖြစ်အပျက်များသည် ပါးရှားဘုရင် အာတဇေရဇ်မင်း၏ (၂၀) နှစ် မြောက် (ဘီစီ ၄၆၄-၄၂၃)၊ ဘီစီ ၄၄၆ ခုနှစ် အကုန်ပိုင်းကို အစပြုထားသည်။ ဤစာအုပ်သည် သမိုင်းမှတ်တမ်းအရ ခန့်မှန်းဘီစီ ၄၄၅-၄၄၃ (နေ ၁-၁၂) ယေရုရှလင်၏ အုပ်ချုပ်သူကဲ့သို နေဟမိ ပထမအကြိမ်လုပ်ဆောင်ခြင်းမှ ခန့်မှန်းဘီစီ ၄၂၄ အစတွင်ဖြစ်နိုင်သည့် သူ၏ ဒုတိယ အကြိမ် အုပ်ချုပ်သူအဖြစ် လုပ်ဆောင်ချိန်အထိ (နေ ၁၃)ဖြစ်သည်။ နေဟမိမှတ်စာသည် နေဟမိ ဒုတိယအကြိမ် လုပ်ဆောင်ချိန်ပြီးနောက် (သို) အတွင်း တစ်ချိန်ချိန်တွင် ဧဇရက ရေးသားခဲ့ပြီး၊ ဘီစီ ၄၀ဝ ထက်တော့ နောက်မကျပေ။

 

နောက်ခံသမိုင်းကြောင်းနှင့် အနေအထား

ဘုရားသခင်၏ တရားစီရင်ခြင်းကတိတော်သည် အမှန်ဖြစ်ပြီး၊ သူသည် ဆုံးမခြင်းခံ သော ဆိုးသွမ်းသည့် ယုဒနှင့် ဣသရေလကို ခေါ်ဆောင်ရန် အာရှရိနှင့် ဗာဗုလုန်လူမျိုးကို ခေါ်ယူခဲ့သည်။ ဘီစီ ၇၂၂ တွင်၊ အာရှုရိသည် ရ မြောက်ပိုင်း (၁၀) မျိုးလုံးကို ဖမ်းဆီးခေါ် မူ ဆောင်သွားပြီး၊ သူတိုအား လောကတစ်ခုလုံး ရ သို ပျံ့နှံသွားစေခဲ့သည် (၄ ရာ ၁၇)။ ရာစုနှစ် များနောက်ပိုင်း၊ ခန့်မှန်းဘီစီ ၆ဝ၅-၅၈၆ တွင် ရ ဘုရားသခင်မှ ယုဒသည် ပဋိညာဉ်ကို သစ္စာမဲ့ စွာ ပြုမူနေမှုကြောင့် တိုက်ခိုက်ရန်၊ ဖျက်ဆီးခြင်း အမှု စုမေ ၊ ရန်၊ ယေရုရှလင် လူဦးရေ လျော့နည်းစေရန် ဗာဗုလုန်လူမျိုးကို အသုံးပြုခဲ့သည် (၄ရာ ၂၅) ဘုရားသခင်သည် ဗာဗုလုန်တွင် နှစ်ခုနှစ်ဆယ်ကြာ ဖမ်းဆီးခံခြင်းဖြင့် သူ့လူမျိုးအား ဆုံးမခဲ့သည်။ ( ယေ ၂၅း၁၁)။

နေဟမိမှတ်စာ၌ ခရစ်တော်

နေဟမိမှတ်စာသည် ယေရုရှလင်မြိုတော်ကို ပြန် လည်တည်ဆောက်ခြင်းနှင့် လူတိုကို ပြန်လည်နိုးထ မှုရှိစေခြင်းအကြောင်းအား ဖော်ပြသည်။ သိုသော် လည်း၊ ဣသရေလသည် ရှင်ဘုရင်တပါး ကြွလာ ခြင်းကို စောင့်မျှော်နေခဲ့သေးသည်။ မေရှိယ ခရစ် တော်သည် ဂျူးလူမျိုး၏ ကြာရှည်စွာ စောင့်မျှော်နေ သော ရှင်ဘုရင် အဖြစ် ဣသရေလ၏ ဤကယ်တင် ခြင်း အမှုကို ပြည့်စုံစေသည် (မ ၂၇း၁၁)။ ။

ဂျူးလူမျိုးများ ဖမ်းဆီးခံရချိန်၊ လောကအင်ပါယာ ခေါင်းဆောင်များသည် ဗာဗုလုန်မ ပါးရှားသို လက်ပြောင်းလွဲခဲ့ပြီး (ခန့်မှန်းဘီစီ ၅၃၉၊ ဒံ ၅)၊ ထိုအဖြစ်အပျက်ပြီးနောက် ဒံယေလ သည် သူ၏ ပရောဖက်ပြု ချက်များကို ရရှိခဲ့သည် (ဒံ ၆၊ ၉-၁၂)။ ဧဇရမှတ်စာသည် ပေရသိဘုရပ် ကုရုမင်း၏ အမိန့်တော်ဖြင့် အစပြုထားပြီး၊ ဘုရားသခင်၏ လူမျိုးတော်သည် ယေရုရှလင်သို ပြန်၍ ဘုရား၏ အိမ်တော်ကို ပြန်လည် တည်ဆောက်ရန် ဖြစ်သည် (ခန့်မှန်းဘီစီ ၅၃၉)။ ယုဒ လူမျိုး ပွဲတော်များ ပြက္ခဒိန်နှင့် ယဇ်ပူဇော်ခြင်းများ ပြန်လည်အစပြုရန် သမိုင်းမှတ်တမ်းများ ဖြစ်သည်။ ရှဗလနှင့် ယောရှုတိုသည် ပထမအဖွဲ ပြန်လာခြင်းကို ဦးဆောင်ပြီး (ဧဇ ၁. -၆)၊ ဗိမာန်တော်ကို ပြန်လည်တည်ဆောက်ခဲ့သည်။ ဧသတာဝတ္ထုသည် ပါးရှားတွင် ဂျူးလူမျိုးများ၊ ကျန်ရှိနေခြင်းအား လျှပ်တစ်ပြတ်မြင်ရန် ဖော်ပြထားပြီး (ခန့်မှန်းဘီစီ ၄၈၃-၄၇၃)၊ ဂျူးလူမျိုးကို ဟာမန်က ဖျက်ဆီးရန်ကြိုးစားချိန်တွင်ဖြစ်သည်။ ဧဇရ ၇-၁၀ သည် ဘီစီ ၄၅၈ ၌ ဧဇရဦးဆောင် မဖြင့် ဒုတိယအဖွဲပြန်လာခြင်းကို ဖော်ပြထားသည်။ နေဟမိသည် ယေရုရှလင်ပတ်လည် မြိုရိုး ကို ပြန်လည် တည်ဆောက်ရန် ပြန်လာသည့် တတိယအဖွဲအကြောင်းကို မှတ်တမ်းတင်ထား သည် (ခန့်မှန်းဘီစီ ၄၄၅)။ ယုဒသမိုင်း၌ ထိုအချိန်တွင်၊ ပါးရှားအင်ပါယာသည် ကမ္ဘာ့အရှေ့ ဘက်ခြမ်း အားလုံးနီးပါးကို အုပ်စိုးထားသည်။ အချိုအပိုင်းများကို လွှတ်လပ်ခွင့်ပေးထားသည်။ လည်း ယုဒအပေါ် အုပ်ချုပ်မှုသည် အဓိက အကြောင်းအရာ များမှ ပုန်ကန်မှု (သို) အနှောင့်အ ယက်ပေးမှုအဖြစ် မမြင်ခဲ့ပေ။ တိုက်ခိုက်ခံရသော မြိုရိုးများကို ပြန်လည်တည် ဆောက်ခြင်းသည် ပါး၏ အဓိကစီမံခန့်ခွဲမှုအပိုင်းကို သိသာထင်ရှားသော တိုက်ခိုက်မှုအပိုင်းအဖြစ် ရေးသား ခဲ့သည်။ ရှင်ဘုရင်ကိုယ်တိုင် အနီးကပ် ယုံကြည်စိတ်ချမှုဖြင့်သာ စစ်ဆင်ရေးတစ်ခုကဲ့သို ယုံကြည် မစိနိုင်ခဲ့သည်။ ဝေဖန်ပြစ်တင်မှု အများဆုံးကာလများ၌ ယုဒလူမျိုး၏ တက်ကြွစွာလှုပ်ရှားမှုတွင် ဘုရားသခင် သည် အင်ပါယာတွင် ယုံကြည်ကိုးစားရဆုံးသော ရှင်ဘုရင်၏ ဖလားတော်ဝန်ယုံကြည်ရသူ နေဟမိကို ပေါ်ထွက်စေခဲ့သည်။ ပါးရှားဘုရင် အာတေဇရဇ်မင်းအုပ်စိုးမှုအောက် တွင် အသက်ရှင်ခြင်းသည် (ခန့်မှန်းဘီစီ ၄၆၄-၄၂၃) နေဟမိအတွက် အကျိုးကျေးဇူးများစွာ ရှိခဲ့သည်။ ယောသပ်၊ ဧသတာနှင့် ဒံယေလတိုကဲ့သို ထိုအချိန်၌ လောကရှိ တန်ခိုးအကြီးဆုံး ရှင်ဘုရင်တို၏ နန်းတော်တွင် အရေးပါသော ကဏ္ဍတစ်ခုအဖြစ် ပါဝင်ခဲ့သည်။ ထိုရာထူးမှ ဘုရားသခင်သည် ယေရုရှလင်မြိုကို ပါးရှားအစိုးရ ထိန်းချုပ်ခြင်းအစား မြိုရိုးပြန်လည် တည် ဆောက်ခြင်းကို ဦးဆောင်ရန် သူ့အား ရွေးချယ်နိုင်ခဲ့သည်။

ယေရုရှလင်မြိုတော်၌ ပထဝီဆိုင်ရာ မြေအမှတ်အသားများသည် နေဟမိမှတ်စာတွင် ဖော်ပြခဲ့သည် (၃း၁၂-၁၈၊ ၁၂း၂၇-၃၉)။ ဇေရုပဗေလ၊ ဇရနှင့် နေဟမိတိုသည် ပြန်လည် တည်ဆောက်ခဲ့ကြသကဲ့သို၊ ယေရုရှ လင်၏ တိုင်းတပါးမှ ပြန်လာပြီးနောက် မြိုတော်သည် ပိုမိုသေးငယ်ခြင်း၊ ဘီစီ ၅၈၆ တွင် ဗာဗုလုန်လက်အောက် ကျသွားသော မြိုထက် ပိုမိုသိမ်ငယ် ခြင်းကဲ့သို ဆင်ခြင်ခဲ့ကြသည်။

အခြားသော သမိုင်းမှတ်တမ်းများသည် စိတ်ဝင်စားဖွယ်ရာ ကောင်းခဲ့သည်။ ပထမမှာ၊ ဧသတာသည် အာတဇေရဇ်မင်း၏ မိထွေးဖြစ်ပြီး၊ ဂျူးလူမျိုးအပေါ် မျက်နှာသာပေးရန် သူ့အား အလွယ်တကူပင် လွှမ်းမိုးပြု နိုင်၍၊ အထူးသဖြင့် နေဟမိမှ ဖြစ်သည်။ ဒုတိယမှာ၊ ဒံယေလပရော ဖက်ပြုခဲ့သည့် သီတင်းခုနှစ်ဆယ်သည် ဘီစီ ၄၄၅ ၌ အာတေဇရဇ်မင်းကြီးမှ မြိုတော်ပြန်လည် တည်ဆောက်ခြင်းကိစ္စ အမိန့်ပေးခြင်းဖြင့် အစပြုခဲ့သည် (အခန်းကြီး ၁၊ ၂)။ တတိယမှာ၊ က ၅ ရာစုနောက်ပိုင်းဖော်ပြသော ဆင်ပုံစံကဲ့သို ကျူပင်မှရသည့် စာရွက်များ သည် ရှမာရိကို အုပ်ချုပ်သူ သမ္ဘာလတ် (၂း၁၉) ယောဟနန် (၆း၁၈၊ ၁၂း၂၃)နှင့် ဗေဗဲမှ ယေရုရှလင်တွင် အချုပ်သူအဖြစ် နေဟမိကားအစားထိုးမတိုအား (ခန့်မှန်းဘီစီ ၄၁၀၊ နေ ၁၀း၁၆) ဖော်ပြခြင်းဖြင့် နေဟမိရေး သားဖော်ပြချက်များကို ပံ့ပိုးပေးထားသည်။ နောက်ဆုံးမှာ နေဟမိနှင့် မာလခိတို့ သည် ဓမ္မဟောင်းကျမ်း စံနှုန်းသတ်မှတ်မှု၏ နောက်ဆုံးအပိုင်းအဖြစ် ဖော်ပြပြီး၊ ထိုအချိန်တွင် တွေ့ရသော အဖြစ်အပျက်များ (မာလ ၁-၄၊ နေ ၁၃)နှင့် အချိန်များကို ဧဇရက မှတ်တမ်းတင် ထားခဲ့သည်။ ဣသရေလလူမျိုးအတွက် ဘုရားသခင်ထံမှ နောက်ထပ်သတင်းစကားသည် တိတ် ဆိတ်ခြင်းကာလ နှစ်ပေါင်း (၄၀၀) ကျော်သည့်တိုင် မလာတော့ဘဲ၊ ထိုနှစ်များပြီးနောက်မှ နှစ်ခြင်းဆရာယောဟန်နှင့် ယေရှုခရစ်တော်တို၏ မွေးဖွားခြင်းအကြောင်းများကို ကြေညာခဲ့ သည် (မ ၁၊ လူ ၂)။

ခရစ်တော်၏ လူသားဖြစ်မှု ပြည့်စုံခြင်းအကြောင်း ဣသရေလသမိုင်း၏ ဓမ္မဟောင်း ဖွင့်ပြမူအရင် ပြည့်စုံခြင်းဖြင့် လူမျိုးတိုသည် ဘုရားသခင်၏ အမျိုးမျိုးသော ပဋိညာဉ်များနှင့် အပေါ်ထားသော ကတိတော်များ ပြည့်စုံခြင်းကို မတွေ့ကြုံခဲ့ကြသေးပေ။ အာဗြံဟံကို ကတိပေးခဲ့သကဲ့သို (က ၁၅း၅) ကျန်ကြွင်းသူ များရှိပြီး၊ ထွက်မြောက်ရာကျမ်း အချိန်ကများသကဲ့သို (တော ၁း၄၆) ဖြစ်လာလိမ့်မည် မဟုတ်ပေ။ ဂျူးလူမျိုးသည် နယ်မြေကို ပိုင် ဆိုင်ခဲ့ခြင်း (က ၁၅း၇) သိုမဟုတ် အရာရာပိုင်သသော လူမျိုးကဲ့သို အုပ်ချုပ်ခြင်း မရှိခဲ့ပေ (က ၁၂း၂) ယဇ်ပုရောဟိတ်မင်းမျိုးသည် ဧလာဇာနှင့် ဖိနဟတ်မျိုးရိုးမှ ဖြစ်လာကြသော်လည်း ( ၂၅း၁ဝ-၁၃) ဒါဝိဒ်၏ ရာဇပလ္လင်သည် လစ်လပ်နေခဲ့သည် (၂ ရာ ၇း၁၆)။ ရွေးနှုတ် ခြင်း ပဋိညာဉ်သစ်သည် ဘုရားသခင်၏ ကတိတော်ပြီးပြည့်စုံရန် မွေးဖွားခြင်း၊ ကားတိုင်တွင် အသတ်ခံရခြင်းနှင့် မေရှိယထမြောက်ခြင်းအကြောင်းတိုကို စောင့်ဆိုင်းနေခဲ့သည် (ဟေဗြဲ ၇-၁၀)။

ဧဇရမှတ်စာရှိ အဓိက ဇာတ်ကောင်များ

နေဟမိ – ပါးရှားရှင်ဘုရင် အာတရဇ်မင်း၏ ဩဇာရှိသော ဖလားတော်ဝန်၊ မြိုရိုးကိုပြန်လည် တည်ဆောက်ရန် တိုင်းတပါးမှ ယေရုရှလင်သိုပြန်လာသော တတိယအဖွဲကို ဦးဆောင်သူ (၁း၁-၁၃း၃၁)

ဧဇရ – ယေရုရှလင်သို ပြန်လာကြသော ဒုတိယအဖွဲကို ဦးဆောင်သူ၊ ဣသရေလ၏ ယဇ်ပုရောဟိတ်နှင့် ကျမ်းပြုကဲ့သို နေဟမိနှင့်အတူ လုပ်ဆောင်သူ (၈း၁-၁၂း၃၆)

သမ္ဘာလတ် – လူများကို စိတ်ပျက်အားလျှော့စေရန် ကြိုးစားသော ရှာမာရိပြည်ကို အုပ်ချုပ်သူ၊ ယေရုရှလင်မြိုရိုး ပြန်လည်တည်ဆောက်ခြင်းကို နှောင့်ယှက်သူ (၂း၁၀-၁၃း၂၈)

တောဘိ – မြိုရိုးတည်ဆောက်ခြင်းကို ပျက်ယယ်ပြုသူနှင့် သူများကို စိတ်ပျက်အားလျော့အောင် လုပ်ဆောင်သော အချွန်လူမျိုးကို အုပ်ချုပ်သူ (၂း၁ဝ-၁၃း၇)

 

သမိုင်းကြောင်းနှင့် ဓမ္မအတွေးအခေါ်ဆိုင်ရာ အကြောင်းအရာများ

ဘုရားသခင်၏ အလိုတော်ကို အစဉ်အတိုင်းဖော်ပြထားသော ဘုရားသခင်၏ နှုတ်က ပတ်တော်ကို အလေးထားအာရုံစိုက်ခြင်းသည် အမြဲရှိသော အဓိကအချက်တစ်ခုဖြစ်သည်။ ဝိညာဉ်ရေးရာ နိုးထမှုသည် “မောရှေ၏ ပညတ္တိကျမ်း”ကို ဧဇရဖတ်ရာတွင် တုန့်ပြန်မှုမှ လာခြင်း ဖြစ်သည် (၈း၁)။ ဖတ်ပြီးနောက်၊ ဧဇရနှင့် ယဇ်ပုရောဟိတ်အချိုတိုသည် လာရောက်သောလူ များအား အဓိပ္ပာယ်ကို နားလည်အောင် အသေအချာ ရှင်းပြခဲ့သည် (၈း၈)။ နောက်တစ်နေ့တွင် ဇရသည် အိမ်ထောင်ဦးစီးများ၊ ယဇ်ပုရောဟိတ်များနှင့် လေဝိများအား ဘုရားသခင်၏ ပညတ် တော်များကို နားလည်စေရန် ခေါ်ယူခဲ့သည် (၈း၁၃)။ ယဇ်ပူဇော်ခြင်းစနစ်သည် “ပညတ္တိကျမ်းစာ မြို ရေးထားသည့်အတိုင်း”(၁၀း၃၄၊ ၃၆)ဟု ဖော်ပြထားသည်ကို အာရုံစိုက်ခြင်းဖြင့် လုပ်ဆောင် ခဲ့ကြသည်။ အလွန်နက်ရှိင်းစွာပင် သူတိုသည် “ဘုရားသခင်၏ တရားတော်အတိုင်းကျင့် ပါမည်ဟု … ကျိန်ဆို လျက် သစ္စာကတိထားကြ၏” (၁၀း၂၉)ကို ခံယူပြီး၊ ဘုရားသခင်၏ အလိုတော်ဖွင့်ပြချက်များအား လိုက်နာရန် သူတို၏ ပူပန်စိတ် ရှိခဲ့ကြသည်။ အိမ်ထောင်ပြုခြင်းအကြောင်း ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ခဲ့ပြီးချိန်တွင်၊ သူတိုသည် “မောရှေ၏ ပညတ္တိ၊ ကျမ်းစာကို လူများရှေ့မှာ ဖတ်ရွတ်”၍ ထိုအတိုင်း ပြုမူခဲ့သည် (၁၃း၁)။

နေဟမိ၏ နာခံခြင်းအကြောင်း ဒုတိယအဓိကအချက်တစ်ခုသည် နေဟမိ၏ မှတ်သား ထားသောအ ရာများ (သို) ပထမပုဂ္ဂိုလ်အဖြစ် ဖော်ပြခြင်းတိုကို အခြေခံသည့် စာအုပ်အချက် အလက်များကြောင့် စာအုပ်တစ်လျောက် ရှင်းလင်းစွာ ကိုးကားဖော်ပြခဲ့သည်။ ဘုရားသခင်သည် ၊ နေဟမိ၏ နာခံခြင်းအားဖြင့် အလုပ်လုပ်ခဲ့သော်လည်း သူသည် သူ့ရန်သူများ၏ မကောင်းသော စိတ်လုံတော်မှုနှင့် မကောင်းသော စိတ်နှလုံးတိုကို အသုံးပြုခြင်းဖြင့်လည်း လုပ်ဆောင်ခဲ့သည်။ နေဟမိ၏ ရန်သူများသည် ကျရှုးခဲ့ပြီး၊ နေဟမိ၏ နည်းဗျူဟာ အောင်မြင်မှုများ၏ ရလဒ်ကြောင့် မဟုတ်သော်လည်း “ရန်သူအကြံကို ဘုရားသခင်ဖျက်ဆီးတော် မူခြင်းကြောင့် ဖြစ်သည် (၄း၁၅)။ ဘုရားသခင်သည် သူ၏လူမျိုး သူ့အားဒူးထောက်ရန် ယုဒကို ဆန့်ကျင်သော ရန်သူများအား တူညီသောနည်းလမ်းအတိုင်း အသုံးပြုခဲ့သည်။ သူသည် ကတိတော်နယ်မြေသို သူ့လူများ ပြန်လာရန်၊ တည်ဆောက်ခြင်းလုပ်ငန်းအတွက် ငွေကြေးထောက်ပံ့ရန်၊ ယေရုရှလင်မြိုရိုး ပြန် လည်တည် ဆောက်ရာတွင် ကာကွယ်မှုပေးရန် ကုရုမင်းအား မျက်နှာသာပေး အသုံးပြုခဲ့သည်။ အံ့ဩခြင်းမရှိဘဲ၊ နေဟမိသည် ယေရုရှလင်တွင် လူများတိုးပွားရန် မှန်ကန်သော လှုဆော်မှုဖြစ် သည့် သူ့နည်းဗျူဟာသည် “ငါ၏ဘုရားသခင်သည် ငါ့စိတ်နှလုံးထဲသို သွင်းပေးတော်မူ၏”ဟူသော သိနားလည်မှု ရှိခဲ့သည် (၇၅)။ ထိုအရာသည် ဘုရားသခင် ပြီးမြောက်စေခဲ့သော အရာ ဖြစ်သည်။

နေဟမိရှိ အခြားအဓိကအချက်မှာ ဧဇရကဲ့သို ရန်သူများဖြစ်သည်။ ယုဒ၏ရန်သူများ သည် ဘုရားသခင်၏လူများမှာ ပါးရှားကို ပုန်ကန်ကြသည်ဟု မဟုတ်မမှန်ပြောခြင်းဖြင့် အစပြု ပြုခဲ့သည်။ ရည်ရွယ်ချက်မှာ မြိုရိုးများ ပြန်လည်တည်ဆောက်ခြင်းအမှု၌ ယုဒအား ခြိမ်းခြောက် ရန်ဖြစ်သည်။ ထိုသို ရန်သူများပြုလုပ်မှုမှ အချင်းချင်းတွင် သဘောထားကွဲလွဲခြင်း၊ စိတ်ဝမ်းကွဲ ခြင်းများကြားမှ ယုဒသည် (၅၂) ရက်တည်းဖြင့် ယေရုရှလင်မြိုရိုးများကို ပြီးစီးစေခဲ့ခြင်း (၆း၁၅)၊ ဧဇရသည် ပညတ္တိကျမ်းကို ဖတ်ခြင်းအားဖြင့် နိုးထမှုဖြစ်ခြင်း (၈း၁၄) တဲတော်ပွဲကို ကျင်းပခြင်း (၈း၁၄၊ ခန့်မှန်း ဘီစီ ၄၄၅) စသည်တို ဖြစ်ခဲ့သည်။

စာအုပ်၏ အသေးစိတ်အချက်အလက်အတွင်းရှိ နေဟမိ၏ ကိုယ်ပိုင်အတွေးများ၊ စိတ်ခံစားချက်များနှင့် စိတ်ထိခိုက်စရာများသည် အဓိကအချက်ဖြစ်သော “ဘုရားသခင်၏ လက်တော်”၊ အဓိကသတင်းစကား ဖြစ်သည့် လူမျိုးနှင့် သူတို၏ ရန်သူများအကြား မျှတရန် ထိန်းချုပ်ခြင်းနှင့် ကြားဝန်ဖျန်ဖြေခြင်းအရာများထက် နေဟမိနှင့်အတူ အဓိကအရာကို ခွဲခြား မြင်ရန် စာဖတ်သူများအတွက် လွယ်ကူအောင် လုပ်ဆောင်ပေးသည်။ သိုသော် ထင်ရှားသော ဖလားတော်ဝန်၏ စံနမူနာအပြုအမှုသည် များစွာသော ရန်သူများ၊ နှောင့်နှေးအောင် လုပ်သူများ ကြား မြိုရိုးများကို ပြန်လည်တည်ဆောက်ခြင်းတွင် ဘုရားသခင်၏ စီမံကွပ်ကဲမှုအောက်၌ ပျောက်ကွယ်သွားခဲ့သည်။ ဘုရားသခင်၏ တန်ခိုးကျေးဇူးတော်”ဟူသော အဓိကအချက်သည် နေဟမိမှတ်စာ တစ်လျှောက် ဖော်ပြခဲ့သည် (၁း၁ဝ၊ ၂း၈၊ ၁၈)။

 

 

နေဟမိ၏ လုပ်ဆောင်မှုကို ရပ်တန့်ရန် ကြိုးစားမှု (၇) ခု

၁။ ၂း၁၉             သမ္ဘာ လတ်၊ တောဘိနှင့်ဂေ ရှင်တိုသည် နေဟမိကို ပျက်ယယ်ပြခြင်း

၂။ ၄း၁-၃           သမ္ဘာလတ်နှင့် တောဘိတို နေဟမိကို ပျက်ယယ်ပြုခြင်း၊

၃။ ၄း၇- ၂၃        ရန်သူသည် စစ်တပ်ဖြင့် ချီတက်တိုက်ခိုက်ခြင်း ၊

၄။ ၆း၁-၄          သမ္ဘာလတ်နှင့်  ေဂရှင်တိုသည် ယေရုရှလင်အပြင်ဘက် ဩနောချိုင့်တွင် ယေရမိအား သွေးဆောင်ရန် ကြိုးစားခြင်း ၊

၅။ ၆း၅-၉          သမ္ဘာလတ်သည် မှားယွင်းသည့် အမိန့်စာဖြင့် နေဟမိကို တိုက်ခိုက်ခြင်း

၆။ ၆း၁ဝ-၁၄      ရှေ့မာယ၊ နောဒိနှင့် အခြားသူများသည် နေဟမိအား မှားယွင်းသည့်အရာ ပရောဖတ်ပြုရန်၊ အသရေဖျက်ရန် လုပ်ဆောင်ခဲ့ကြခြင်း ၊

၇။ ၆း၁၇-၁၉      တောဘိတွင် ယေရုရှလင်၌ သူလျှိများရှိပြီး၊ နေဟမိကြောက်စေရန် စာများ ရေးသားခဲ့ခြင်း

 

 

နေဟမိမှတ်စာရှိ အဓိကသြဝါဒများ

ဘုရားသခင်၏ နှုတ်ကပတ်တော် – ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဖတ်ခြင်းသည် ဘုရား အလိုတော် ဖော်ပြခြင်းအစီအစဉ်၌ ဂရုတစိုက်အာရုံထားရန် လိုအပ်ခြင်း (၈း၁၊ ၈၊ ၁၃၊ ၁၀း၂၉၊ ၃၄၊ ၃၆၊ ၁၃း၁၊ ဧဇ ၇း၁ဝ၊ ဆာ ၁၁၉း၁၆၊ ၁၄၀၊ လု ၁၁း၂၈၊ ယော ၅:၃၉၊ ယာ ၁း၂၅)

နာခံခြင်း – နေဟမိ၏ နာခံခြင်းအားဖြင့် ဘုရားသခင် အလုပ်လုပ်ခြင်း (၇း၅၊ ထွက် ၁၉း၅၊ တရားဟော ၁၃း၄၊ ၁ ရာ ၁၅:၂၂၊ ယေ ၇း၂၃၊ ဒေ ၁၂း၁၃၊ ဟေဗြဲ ၁၁း၆၊ ၁ ပေ ၁း၂)

ဆန့်ကျင်ပုန်ကန်ခြင်း – နယ်မြေခံ ဆန့်ကျင်ခြင်းနှင့် စိတ်ဝမ်းကွဲ ဖျက်ဆီးမှု ဖြစ်သော်လည်း၊ ယုဒသည် ရက်ပေါင်း (၅၂)ရက်တွင် ယေရုရှလင်မြိုရိုးကို ပြီးစီးအောင် တည်ဆောက် ခဲ့ခြင်း (၆း၁၅၊ ၈း၁၊ ၁၄၊ ဆာ ၇း၁၊ ၆၉း၂၆၊ ဇာ ၂း၈၊ မ ၅း၁၀၊ လု ၆း၂၂၊ ရော ၈း၃၅၊ ၂ တိ ၃း၁၂)

နေဟမိမှတ်စာရှိ ဘုရားသခင်၏ ဂုဏ်အင်္ဂါလက္ခဏာများ

ဘုရားသခင်သည် ကောင်းမြတ်သော ဘုရား – ၁း၁၀၊ ၂း၈၊ ၁၈၊ ၉း၃၅

ဘုရားသခင်သည် ဘုန်းကြီးသော ဘုရား – ၉း၅

ဘုရားသခင်သည် သနားကြင်နာသော ဘုရား – ၉း၁၇

ဘုရားသခင်သည် စိတ်ရှည်သော ဘုရား – ၉:၃၀

ဘုရားသခင်သည် ကရုဏာရှိသော ဘုရား – ၉း၁၇၊ ၂၇

ဘုရားသခင်သည် တန်ခိုးကြီးသော ဘုရား – ၁း၁၀

ဘုရားသခင်သည် ကူညီမစသော ဘုရား – ၉း၆

ဘုရားသခင်သည် ဖြောင့်မတ်သော ဘုရား – ၉း၈

ဘုရားသခင်သည် အနှိင်းမဲ့သော ဘုရား – ၉း၆

ဘုရားသခင်သည် ဉာဏ်ပညာရှိသော ဘုရား – ၉း၁၀

 

 

နေဟမိမှတ်စာရှိ အဓိက ဝေါဟာရများ

အပြစ်ဝန်ချတောင်းပန်သည် – ဟေဗြဲဝေါဟာရ – yadal – ၁း၆၊ ၉း၂၊ ၃ – မူရင်းမှာ “လွင့် ပစ်သည်” (သို) “ဖယ်ထုတ်သည်”ဖြစ်သည်။ ဤဟေဗြဲကြိယာသည် အပြစ်ကို “ဖယ်ရှားခြင်း အ ပြုအမူနှင့် ဘုရားသခင်၏ အမိန့်တော်ကို ကျွန်ုပ်တို ဆန့်ကျင်ပုန်ကန်မှုအား ဝန်ခံခြင်းကို ဖော်ဆောင် သည် (နေ ၁း၆၊ ၉း၂၊ ဆာ ၃၂း၃၊ သု ၂၈း၁၃၊ ဒီ ၉း၄)။ အပြစ်ဝန်ချတောင်းပန်ခြင်းသည် ဘုရားသခင်၏ ကြီးမြတ်ခြင်းအတွက် ကျေးဇူးတင်ခြင်း ကိုလည်း ဖော်ဆောင်သည် (၃ ရာ ၈း၃၃၊ ၃၅)။ အပြစ်ဝန်ချတောင်းပန်ခြင်းသည် ဘုရားသခင်၏ ခွင့်လွှတ်ခြင်း အကြောင်းနှင့် ကောင်းမြတ် မှုဖြစ်ခြင်းကို အသိအမှတ်ပြုခြင်းကြောင့် ကျေးဇူးတော်ချီးမွမ်းခြင်း ဖြစ်သည် (၆ ရာ ၃၀း ၂၂၊ ဒံ ၉း၄)။

ကြောက်ရွံ ရိုသေခြင်း – ဟေဗြဲဝေါဟာရ yare> – ၁း၅၊ ၁၁၊ ၄း၁၄၊ ၆း၁၄၊ ၁၉၊ ၇း၂ – မူရင်း မှာ “ကြောက်ရွံသည်” ဖြစ်သည်။ ဤဟေဗြဲဝေါဟာရသည် ရိုသေလေးစားခြင်း (သို) ဘုရားကို ကြောက်ရွံစွာ အသက်ရှင်ခြင်းကို လှုဆော်ပေးသည့် ကောင်းမြတ်ခြင်း ပါရမီကိုဖော်ပြသည်။ ဘုရား သခင်နှစ်သက်သော ကြောက်ရွံခြင်းသည် ဘုရားသခင်နှစ်သက်သော အသက်ရှင်ခြင်းနှင့်လည်းကောင်း ဘုရားသခင်၏ ဂုဏ်အင်္ဂါကို လေးစားခြင်းနှင့် လည်းကောင်း နီးကပ်စွာ ဆက်နွယ်သည် (ဝတ် ၁၉း၁၄၊ ၂၅း၁၇၊ တရားဟော ၁၇း၁၉၊ ၄ ရာ ၁၇း၃၄)။ သာမန် ကြောက်ရွံခြင်းသည် ပုဂ္ဂိုလ်တစ်ဦးကို မလှုပ်ရှားနိုင်အောင် ဖြစ်စေပြီး၊ ဘုရားသခင်နှစ်သက်သော ကြောက်ရွံခြင်းသည် ဘုရားသခင်ကို ဝန်ခံခြင်းနှင့် နာခံခြင်းကို ဖြစ်ပေါ်စေသည်။ ဘုရားသခင်ကို အသေအချာ ကြောက် ရွံသောသူသည် ဘုရားသခင်၏ အလိုတော်ကို လိုက်လျှောက်ပြီး (ဆာ ၁၂၈း၁)၊ မကောင်းမှုကို ရှောင်သည် (ယောဘ ၁း၁)။

 

အနက်အဓိပ္ပာယ်ဆိုင်ရာ အခက်အခဲများ

ပထမမှာ၊ နေဟမိသည် ယေရုရှလင်တံခါးများနှင့် ဆက်နွယ်သောအရာများကို ပြနေ သောကြောင့် (နေ ၂၊ ၃၊ ၈၊ ၁၂)၊ ထိုပတ်ဝန်းကျင် အခြေအနေကို နားလည်ရန်အတွက် “ယေရမိအချိန်၌ ယေရုရှလင်” မြေပုံကို ကြည့်ရန် လိုအပ်သည်။ ဒုတိယမှာ စာဖတ်သူသည် အခန်းကြီး ၁-၁၂ ၏ တစ်နှစ်ခန့်ဝန်းကျင် (ဘီစီ ၄၄၅) အချိန်ကာလကို အမှတ်ရရမည်ဖြစ်ပြီး၊ နေဟမိ ၁၂ နှင့် ၁၃ ပြီးနောက် ကွာဟသည့်အချိန် (နှစ် နှစ်ဆယ်အထက်) ဖြစ်လာခဲ့သည်။ နောက်ဆုံးမှာ၊ နေဟမိသည် ယေရုရှလင်တွင် အုပ်ချုပ်သက်တမ်းနှစ်ခု ပြုလုပ်ခဲ့ပြီး၊ ပထမ အကြိမ်မှာ ဘီစီ ၄၄၅-၄၄၃ (နေ ၅:၁၄၊ ၁၃း၆)နှင့် ဒုတိယမှာ ဘီစီ ၄၂၄ တွင်အစပြုခြင်းဖြစ်နိုင်၍ ဘီစီ ၄၁၀ ထက်နောက်မကျကြောင်းကို သိမှတ်ရမည် ဖြစ်သည်။

 

အကျဉ်းချုပ် ကောက်နှုတ်ချက်

၁။ နေဟမိ၏ ပထမအကြိမ် သက်တမ်း/ အုပ်ချုပ်ခြင်း (၁း၁-၁၂း၂၇)

က။ နေဟမိပြန်လာခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်း (၁း၁-၇း၇၃)

၁) နေဟမိ ယေရုရှလင်သို သွားခြင်း (၁း၁-၂း၂၀)

၂) နေဟမိနှင့် လူများ မြိုရိုးများကို ပြန်လည်တည်ဆောက်ခြင်း (၃း၁-၇း၃)

၃) နေဟမိသည် ဇေရုဗဗေလ ဦးဆောင်မှုအောက်တွင် ပထအကြိမ်ပြန်လာ ခြင်းအကြောင်းကို ဖော်ပြခြင်း (၇း၄-၇၃)

ခ။ ဧဇရ၏ နိုးထမှုပြုခြင်းနှင့် ပြုပြင်ပြောင်းလဲမှုပြုခြင်း (၇း၇၃-၁၀း၃၉)

၁) ဧဇရသည် ပညတ္တိကျမ်းကို ဟောပြောခြင်း (၇း၇၃-၈း၁၂)

၂) လူများသည် ဝတ်ပြုကိုးကွယ်ခြင်းနှင့် နောင်တရခြင်း (၈း၁၃-၉း၃၇)

၃) ဧဇရနှင့် ယဇ်ပုရောဟိတ်များသည် ပဋိဉာဉ်ကို ပြန်သစ်လွင်ခြင်း (၉း၃၈- ၁၀း၃၉)

ဂ။ နေဟမိ၏ နေရာချထားခြင်းနှင့် ဝမ်းမြောက်ခြင်း (၁၁း၁-၁၂း၄၇)

၁) ယေရုရှလင်သည် အချေခြင်း (၁၁း၁-၁၂း၂၆)

၂) လူများသည် မြိုရိုးများကို ဆက်ကပ်ခြင်း (၁၂း၂၇-၄၇)

၂။ နေဟမိ၏ ဒုတိယအကြိမ် သက်တမ်း အုပ်ချုပ်ခြင်း (၁၃း၁-၃၁)

 

နေဟမိမှတ်စာ အချိန်ကာလ၌ ကမ္ဘာကြီးရှိ အခြားသောနေရာများ

ပလေတိုသည် ဆိုကရေးတီး၏ လမ်းညွှန်မှုအောက်တွင် အတွေးအခေါ် များ သင်ကြားရန် အစပြုသည် (ဘီစီ ၄၀၇ မှ ၃၉၉)၊

 

ခက်ခဲသော မေးခွန်းများအတွက် အဖြေများ

၁။ နေဟမိသည် သူ့အသက် တာ အားဖြင့် မည်သည့် ခေါင်းဆောင်ပြုခြင်း အရည် အချင်းကို ပုံဖော်ပြခဲ့သနည်း၊

သမ္မာကျမ်းစာဆိုင်ရာ ခေါင်းဆောင်များကဲ့သို နေဟမိသည် သူ့အသက်တာတွင် ဘုရားသခင်၏ ခေါ်ခြင်းအကြောင်းကို နားလည်သူတစ်ဦးဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ရှင်ဘုရင် ၏ ဖလားဝန် (သို) ယေရုရှလင်ကို ပြန်လည်တည်ဆောက်သူကဲ့သို နေဟမိသည် သူ၏ ရည်ရွယ်ချက်များကို ဆက်ကပ်မှု၊ ဂရုတစိုက် အစီအစဉ်ချမှု၊ အဖွဲဝင်များနှင့် မဟာဗျူဟာခင်း ကျင်းမှု၊ ပြဿနာ ဖြေရှင်းခြင်း တွေးတောကြံဆမှု၊ အလုပ်ကိုသာ အာရုံထားမှု၊ ဘုရားသခင်ကို သ အမြဲမပြတ် မိတ်ဆွေဖွဲမှု၊ သူ့ထိန်းချုပ်မှုအပြင်ဘက် နယ်ပယ်များနှင့်ပတ်သက်ပြီး လုပ် ဆောင်မှုတို၌ အားထုတ်လုပ်ဆောင်ခဲ့သည်။ အထက်ပါ ခေါင်းဆောင် မှုပြုခြင်း အရည်အသွေး တိုင်းကို နေဟမိ၏ ယေရုရှလင်မြိုရိုးများအား ပြန်လည်တည်ဆောက်ရန် ပြည့်စုံသော ကြိုးစား အားထုတ်မှုမှ ပုံဖော်နိုင်ခဲ့သည်။

ပထမမှာ၊ နေဟမိသည် ယုဒရှိ သူ့နောက်လိုက် များ၏ အခြေအနေအပေါ် သူ၏ စိတ်ဝင်စားမှုနှင့် အလေးအနက်ပူပန်စိတ်အားဖြင့် သူ့ ဆက်ကပ်မှုကို ဖော်ပြခဲ့သည်။ ပြီးလျှင် နေဟမိသည် ဆုတောင်းခဲ့ပြီး အစီအစဉ်ချခဲ့သည်။ သူသည် ကတိတော်နယ်မြေသို လူမျိုးတော် ကို ပြန်ခေါ်လာခြင်းဖြစ်သည့် ဘုရားသခင်၏ ကတိတော်ကို ကြေညာသော်လည်း သူသည် ဘုရားသခင်၏ လုပ်ဆောင်မှု အစိတ်အပိုင်းတွင် ပါဝင်ခဲ့သည်ဟု မယူဆခဲ့ပေ။ သူသည် သူ့ကိုယ် သူ အသုံးပြုနိုင်သောသူကဲ့သို ပြောထားခဲ့သည် (၁း၁၁၊ ၂း၅)။

ယေရုရှလင်သို သူရောက်ခဲ့သောအချိန်တွင်ပင်၊ နေဟမိသည် သူ့အစီအစဉ်များကို သူမဖော်ပြမီ လိုအပ်သော စစ်ဆေးမှုများ ပြုခဲ့သည်။ ပြီးနောက်၊ သူသည် နယ်ခံခေါင်းဆောင် များ၏ အကူအညီကို ရေးချခဲ့သည်။ သူသည် အများကောင်းရန်အတွက် ခေါင်ဆောင်များကို တာဝန်ယူရန် စိန်ခေါ်ခဲ့သည်။ သူသည် မြိုရိုးတည်ဆောက်ရန် အသေးစိတ်ရည်ရွယ်ချက်တစ်ခု ကို သူတိုအရှေ့တွင် ချပြခဲ့သည်။ အလုပ်သမားများသည် သူတိုပိုင်အိမ်များနှင့် အနီးဆုံးနေရာ များတွင် အလုပ်လုပ်ရန် ဝန်ခံကတိပြုခဲ့ကြသည်။ ထိုနည်းလမ်းသည် တည်ဆောက်ခြင်းတွင် အဟန့်အတားများကို ကာကွယ်ခြင်း၌ အကျိုးဖြစ်သည်ကို သူတိုမြင်နိုင်ခဲ့ကြသည်။

အလုပ်ကို အရှိန်မြှင့်တင်သကဲ့သို၊ နေဟမိသည် အမျိုးမျိုးသော ရှင်ဘုရင်များ၏ တိုက် ခိုက်မှု (သို) ရန်သူများမှ နှောင့်ယှက်မှုအားဖြင့် စိတ်အနှောင့်အယှက်ဖြစ်ရန် သူကိုယ်တိုင် ခွင့်မပြုခဲ့ခြင်း ဖြစ်သည်။ သူသည် အန္တရာယ်များအတွက် လုံလောက်သော လူအင်အားကို အလေးအနက်ထား ယူထားသော်လည်း အလုပ်တွင် လည်း ဇဝေဇဝါမဖြစ်ရန် အလေးအနက် ထားခဲ့သည်။ အရာရာတိုင်း၌ နေဟမိသည် ဘုရားသခင်ထံ ဆုတောင်းတိုင်ပင်ကြောင်းကို ကျွန်ုပ်တိုတွေ့မြင်ရပြီး၊ ဆုံးဖြတ်ပိုင်ခွင့်ရှိသူအရှေ့တွင် ဆုံးဖြတ်ချက်တိုင်းကို ထားထားသည်။ အလုပ်အတွက် မှန်ကန်သော အကြောင်းအချက်များနှင့် အလုပ်လုပ်ရန် စွမ်းအားအရင်းအမြစ် များ ဘယ်တော့မှ မဆုံးရှုးခြင်းကြောင့် နေဟမိသည် အောင်မြင်မှုရခဲ့သည်။

၂။ ကမ္ဘာသမိုင်း အချိန်ဇယားတွင် နေဟမိသည် မည်သို ကိုက်ညီမှုရှိသနည်း။

နေဟမိသည် အာတဇေရဇ်မင်း၏ ဖလားတော်ဝန် မည်သိုဖြစ်လာခြင်းအကြောင်းမှာ မရှင်းလင်းသော် လည်း၊ ဧသတာသည် ရှင်ဘုရင်၏ မိထွေးဖြစ်ခြင်းအကြောင်းမှာ ထိုယုံကြည် ရသော ရာထူးအတွက် ဂျူးတစ် ယောက်အား ပေးရန် ရှင်ဘုရင်ကို သွေးဆောင်သောကြောင့် ဖြစ်နိုင်သည်။ နေဟမိသည် ယေရုရှလင်မြိုရိုးများ ကို ပြန်လည်တည်ဆောက်ရန် သူ့အလုပ်ကို ဖော်ပြသောအခါ ပါးရှားအင်ပါယာသည် နှစ်ပေါင်းတစ်ရာ အုပ်ချုပ်နေခဲ့ပြီဖြစ်သည်။ ဘီစီ ၅၃၉ ၌ ကုရုမင်းပေးသော ပြည်တော်ပြန်ခြင်းအမိန့်သည် ဇေရုဗဗေလ ဦးဆောင်မှုဖြင့် ဣသ ရေလသို ပြန်လာရန် ဂျူးလူမျိုး အဖွဲ တစ်ဖွဲကို တွန်းအားပေးခဲ့သည်။ သူတို၏ မျှော်လင့်ချက်မဲ့ ခြင်းကို ရာစုနှစ် တစ်ခုနီးပါးနောက်ပိုင်း နေဟမိ လှုဆော်သော လုပ်ဆောင်မှုက ဖော်ပြခဲ့သည်။

ရှေးအီဂျစ်လူမျိုးတို၏ အချက်အလက်များသည် (Elephantine papyi) နေဟမိ ဖော်ပြသည့် အစိတ်အပိုင်းများ ဘီစီငါးရာစုဝန်းကျင်ဖြစ်ကြောင်း လွတ်လပ်စွာ အတည်ပြု၍ ရက်စွဲပေးခဲ့သည်။ ရှမာရိကို အုပ်ချုပ်သော သမ္ဘာလတ် (၂း၁၉)၊ ယောဟနန် (၆း၁၈၊ ၁၂း၂၃) နှင့် နေဟမိတိုကိုယ်တိုင် ဖော်ပြချက်ကို လက်ခံကြသည်။

မာလခိ၏ ပရောဖက်ပြုချက်များဖြင့် နေဟမိ၌ ဖော်ပြထားသော အဖြစ်အပျက်များ သည် ဓမ္မဟောင်းကျမ်း၏ မှုတ်သွင်းရေးသားချက်များအဖြစ် လုပ်ဆောင်ထားသည်။ ထိုနောက် ဘုရားသခင်က နှစ်ပေါင်း (၄၀၀) တိတ်ဆိတ်စွာနေရန် ရွေးချယ်ခဲ့သည်။ ထိုတိတ်ဆိတ်သော အချိန်သည် နှစ်ခြင်းဆရာ ယောဟန်နှင့် ယေရှု၏ မွေးဖွားခြင်းအချိန် ကြေညာချက်ဖြင့် အဆုံးသတ်ခဲ့သည်။

 

နေဟမိမှတ်စာကို ဆက်လက်လေ့လာရန်

၁။ နေဟမိနှင့်ပတ်သက်ပြီး သင်အားအကျရဆုံး ပုဂ္ဂိုလ်ရေးရာ လက္ခဏာမှာ အဘယ်နည်း။

၂။ နေဟမိ၏ အသက်တာအားဖြင့် မည်သည့် ခေါင်းဆောင်မှုပြုခြင်း လက္ခဏာကို ပုံဖော်ပြခဲ့ သနည်း။

၃။ သူ၏ ခေါင်းဆောင်မှုပြုခြင်းကဏ္ဍတွင် နေဟမိသည် မည်သည့် ဆုတောင်းခြင်းကို အသုံးပြုခဲ့သနည်း။

၄။ နေဟမိသည် ပြဿနာများကို မည်သို ဖြေရှင်းခဲ့သနည်း။

၅။ နေဟမိ၏ ကြီးမြတ်သော အလုပ်သည် စိတ်ဆန္ဒတစ်ခုဖြင့် အစပြုခဲ့သည်။ ထိုအရာသည် အဘယ်နည်း။ သူ့လုပ်ဆောင်မှုများကို ထိုအရာက မည်သို လမ်းညွှန်ခဲ့သနည်း။

၆။ သင့်အသက်တာနှင့်ပတ်သက်ပြီး ကြီးမားသည့် အမြင်တစ်ခုဖြင့် မည်သည့်စိတ်ဆန္ဒများက သင့်အား ပံ့ပိုးပေးသနည်း။

ဧသတာဝတ္ထု(Esther)

ဘုရားသခင်ကို အစေခံသော မိဖုရား

ခေါင်းစဉ်

“ဧသတာ”သည် ခေတ်အဆက်ဆက် အပြောင်းအလဲမရှိဘဲ ခေါင်းစဉ်အဖြစ် အမြဲရှိနေ ခဲ့သည်။ ဤစာအုပ်နှင့် ရုသဝတ္ထုတိုကိုသာ ဓမ္မဟောင်းကျမ်းတွင် အမျိုးသမီးအမည်ဖြင့် ပေး ထားသည်။ ရှောလမုန်သီချင်း၊ ဩဗဒိနှင့် နာဟုံတိုကဲ့သို ဓမ္မသစ်ကျမ်းသည် ဧသတာဝတ္ထုကို ကိုးကားခြင်း (သို) အရိပ်အမြွတ်ပြောခြင်း မရှိခဲ့ပေ။

“ပြောင်လက်သောအရွက်နှင့် မွေးကြိုင်ဖြူဖွေးသောအပွင့်ရှိသော အပင်တစ်မျိုး”ဟု အဓိပ္ပာယ်ရသည့် “ဟဒဿ”(၂း၇)သည် ဧသတာ၏ ဟေဗြဲအမည်ဖြစ်သည်။ ပေရသိဝေါဟာရ အားဖြင့် “ကြယ်” (သို) ဗာဗုလုန်လူမျိုး၏ ချစ်ခြင်းနတ်ဘုရားမဖြစ်သော Ishtar အမည်မှ လာခြင်း ဖြစ်နိုင်သည်။ အဘိဟဲလ၏ မိဘမဲ့သမီးဖြစ်သော ဧသတာသည် သူ့သမီးအရင်းကဲ့သို ပြုစုခဲ့သော သူမ၏ ဝမ်းကွဲအစ်ကိုကြီး မော်ဒကဲအားဖြင့် ပေရသိနိုင်ငံတွင် ကြီးပြင်းလာခဲ့သည် (၂း၇၊ ၁၅)။

 

စာရေးသူနှင့် ရက်စွဲ ၊

မော်ဒကဲ၊ ဧဇရနှင့် နေဟမိတိုကို ဖော်ပြခဲ့သော်လည်း စာရေးသူမှာ အမည်မသိအဖြစ် ရှိနေသေးသည်။ ဧသတာဝတ္ထုကို ရေးခဲ့သောသူသည် ပေရသိ၏ ယဉ်ကျေးမှုများ၊ ကျင့်ဝတ်များ၊ သမိုင်းများ၏ အသေးစိတ် အချက်အလက်များကို သိခြင်းဉာဏ် ရှိခဲ့သည်သာမက ရှုရှန်ရှိ နန်းတော်ဖြင့်လည်း သီးသန့်ရင်းနှီးကျွမ်းဝင် သူဖြစ်သည် (၁း၅-၇)။ သူသည် ဟေဗြဲပြက္ခဒိန်နှင့် ယဉ်ကျေးမှုများကို ရင်းရင်းနှီးနှီးသိရှိကြောင်းလည်း ဖော်ပြ ခဲ့ပြီး၊ ဂျူးလူမျိုးတို၏ ပြင်းပြစိတ် အနှစ်သာရကိုလည်း ဖော်ပြထားသည်။ ဖြစ်နိုင်ချေမှာ ဧသတာဝတ္ထုကို ရေးသားခဲ့သောသူသည် နောက်ပိုင်းတွင် ဣသရေလသို ပြန်လာခဲ့သော ပေရသိဂျူးတစ်ဦးဖြစ်နိုင်သည်။

ဧသတာသည် ဓမ္မဟောင်း မူရင်းသမိုင်းကျမ်း၌ တစ်ဆယ့်ခုနှစ်အုပ်မြောက်အဖြစ် တွေ့ ရပြီး၊ ဓမ္မဟောင်းသမိုင်းကျမ်း ကဏ္ဍကို အဆုံးသတ်ထားသည်။ ဧဇရ ၇-၁ဝ၊ နေဟမိနှင့် မာ လဓိတိုသာ ဧသတာထက် နောက်ပိုင်းဓမ္မဟောင်းသမိုင်းအဖြစ် ဖော်ပြထားသည်။ ဧသတာ၌ ဖော်ပြချက်သည် အာရွှေရု လုပ်ကြံခံရခြင်းဖြင့် မသေမီ (ခန့်မှန်းဘီစီ ၄၆၅) ဘီစီ ၄၇၃ ၌ အဆုံးသတ်ထားသည်။ ဧသတာ ၁၀း၂ သည် အာရွှေမင်း အုပ်စိုးချိန် ပြီးဆုံးခြင်းကဲ့သို ပြော ထားခြင်းကြောင့် အဖြစ်နိုင်ဆုံး အစောပိုင်းရက်စွဲသည် ဘီစီ ငါးရာစုအလယ်ဝန်းကျင်၊ သူ၏ အုပ်ချုပ်ခြင်း ပြီးဆုံးမှုနောက်ပိုင်းတွင် ဖြစ်လိမ့်မည်။ နောက်ဆုံးဖြစ်နိုင်သော ရက်စွဲမှာ ဂရိသည် ပေရသိကို တိုက်ခိုက်ခဲ့ချိန်၊ ဘီစီ ၃၃၁ တွင် ဖြစ်လိမ့်မည်။

 

နောက်ခံသမိုင်းကြောင်းနှင့် အနေအထား

ၐဧသတာသည် ကမ္ဘာ့သမိုင်းတွင် ပေရသိတို အုပ်ချုပ်ချိန်၊ ခန့်မှန်းဘီစီ ၅၃၉ (ဒံ ၅း၃၀၊ ၃၁) မှ ခန့်မှန်း ဘီစီ ၁၁၁ ( ၁ ) တွင် ဖြစ်ပေါ်ခဲ့သည်။ အာရွှေရုသည် ခန့်မှန်း ၄၈၆ မှ ၄၆၅ အထိ အုပ်ချုပ်ခဲ့ပြီး၊ ဧသတာဝတ္ထုသည် သူအုပ်ချုပ်ချိန် ဘီစီ ၄၈၃ -၄၇၃ အထိ ရှိနေသည်။ အာရွှေရုအမည်သည် ပေရသိ အမည် “Kinshayarsha” ကို ဟေဗြဲဘာသာ ပြန်ဆိုထားခြင်းအား ဖော်ပြပြီး၊ “Xerxes” သည် ဂရိအမည်ဖြစ်သည်။

ဧသတာ၏ အဖြစ်အပျက်များသည် ဗာဗုလုန်တွင် နှစ်ခုနှစ်ဆယ်ကြာ ဂျူးများ ဖမ်း ဆီးခံရပြီးနောက် (ဒံ ၉၁-၁၉) ခန့်မှန်းဘီစီ ၅၃၈ ၌ ဇေရုဗဗေလဦးဆောင်မှုဖြင့် ပထမ အဖွဲပြန်လာချိန် (ဧဇ ၁-၆)နှင့် ခန့်မှန်းဘီစီ ၄၅၈ ၌ ဧဇရဦးဆောင်မှုဖြင့် ဒုတိယအဖွဲ ပြန်လာချိန်တို (ဧဇ ၇-၁၀)အကြား ကွာဟမှု အချိန်ကာလအကြား ဖြစ်ပျက်ခဲ့သည်။ ဆူဇာမှ ယေရုရှလင်သို နေဟမိ၏ ခရီးစဉ် (တတိယအဖွဲပြန်လာခြင်း) နောက်ပိုင်းတွင် ဖြစ် ပေါ်ခဲ့သည် (ခန့်မှန်းဘီစီ ၄၄၅)။

ထွက်မြောက်ရာကျမ်းနှင့်အတူ ဧသတာသည် ဂျူးလူမျိုးကို ဖယ်ရှားရန် တပါး စောင့်ကြည့်နေ အမျိုးသားတို၏ တန်ခိုးအာဏာများက မည် ၁၂၁၄)၊ သို ကြိုးစားကြသော သမိုင်းမှတ်တမ်းနှင့် ခန့် မှန်းဘီစီ ၂၁၀၀-၂၀၇၅ ၌ အာဗြဟံအား၊ သူပေးသောကတိတော်များဖြင့် သူ့လူမျိုးကြုံတွေ့လာ မည့်အရာကို မည်သို ဘုရားသခင်၏ ကျေးဇူးတော်ဖြင့် ကွယ်ကာခြင်းအကြောင်း (က ၁၂း၁-၃၊ ၁၇း၁-၈) သမိုင်းမှတ်တမ်းဖြစ်သည်။ ဘုရားသခင်၏ အောင်မြင်မှု ရလဒ်အဖြစ် ဧသတာ ၉၊ ၁ဝ သည် လူမျိုး၏ ရှင်သန်မှုကို အောင်ပွဲခံရန် တစ်ဆယ့်နှစ်လမြောက်၌ (ဖေဖော်ဝါရီ-မတ်) နှစ်ပတ်လည်ပွဲတော်တစ်ခုဖြစ်သည့် ပုရပွဲကို အစပြုခြင်း အကြောင်း မှတ်တမ်းတင်ထား သည်။ ပုရပွဲသည် ဣသရေလလူမျိုး ဆက်လက်ကျင်းပသည့် မောပညတ်ချက်များတွင် မပါသော ပွဲတော်နှစ်ပွဲ မှ တစ်ပွဲဖြစ်လာခဲ့သည် (အဂ်ာဲနိပွဲ (Hanukkah) (သို) ဆက်ကပ်ပွဲသည် အခြားတစ်ခုဖြစ်သည်။ ယော ၁၀း၂၂)။

 

 

ဧသတာဝတ္ထုရှိ အဓိက ဇာတ်ကောင်များ ၊

ဧသတာ – ပေရသိမိဖုရားကဲ့သို ဝါရှတိနေရာတွင် အစားထိုးခံရသူ၊ ဟာမန်၏ မကောင်းသော အကြံအစည်မှ ဂျူးလူမျိုးကို ကယ်တင်သူ (၂း၇-၉း၃၂)

မော်ဒကဲ – ဧသတာကို မွေးစားပြီး ပြုစုပေးသူ၊ ဧသတာကို မိဖုရားလုပ်ရန် အကြံပေးသူ နောက်ပိုင်းတွင် ရှင်ဘုရင် Xerxes လက်အောက်တွင် ဒုတိယအရာခံအဖြစ် ဟာမန် နေရာတွင် အစားထိုးခံရသူ (၂၅-၁၀၃)

Xerxes I  – ပေရသိရှင်ဘုရင် ဧသတာကို လက်ထပ်ပြီး သူမကို မိဖုရားအဖြစ် ချီးမြှောက်သူ (၁း၁-၁၀း၃) ၊

ဟာမန် – Xerxes မင်းလက်အောက် ဒုတိယအရာခံ၊ ဂျူးများကို သတ်ရန် ကြံစည်သူ (၃၁-၉:၂၅)

 

ဂျူးလူမျိုးတို့၏ ပွဲ‌တော်များ

ပွဲတော်              ဂျူးပြက္ခဒိန်၏လ                     ယခုခေတ် လ                 ကျမ်းကိုး

ပသခါပွဲ              Nisan ၁၄                                  မတ်-ဧပြီ                       ထွက် ၁၂း၁-၁၄၊ မ ၂၆း၁၇-၂ဝ

*တဆေးမဲ့မုန့်      Nisan ၁၅-၂၁                            မတ်-ဧပြီ                       ထွက် ၁၂း၁၅-၂၀

*အဦးသီးပွဲ         Nisan ၆ (သို) Sivan ၁၆              မတ်-ဧပြီ၊ မေ-ဇွန်           ဝတ် ၂၃း၉-၁၄၊ တော ၂၈း ၂၆

ပင်တေကုတ္တေပွဲ  Sivan ၆ ( မုယောစပါးရိတ်          မေ-ဇွန် ၊                        တရားဟော ၁၆း၉-၁၂၊ တ ၂း၁ (ရိတ်သိမ်းခြင်းပွဲ  သိမ်းပြီးနောက် ရက် ၅၀)

ခုနှစ်သိတင်းပွဲ) ၊

တံပိုးမှုတ်ပွဲ၊         Tishri ၁၊ ၂                                စက်-အောက်                 ဝတ် ၂၉း၁-၆

Rosh Hashanah

အပြစ်ဖြေရာနေ့၊ Tishri ၁၀                                  စက်-အောက်                 ဝတ် ၂၃း ၂၆-၃၂၊ ဟေဗြဲ ၉း၇

Yom Kippur

*တဲ တော်ပွဲ         Tishri ၁၅-၂၂                             စက်-အောက်                 နေ ၈း၁၃-၁၈၊ ယော၇း၂ ၊ (သစ်ခတ်တဲ (သို) စုရုံးပွဲ)

ဆက်ကပ်ပွဲ၊        Chisley ၂၅ (၈ ရက်)                   နို-ဒီ                               ယော ၁၀း ၂၂

ပုရပွဲ (စာရေးတံပွဲ) Adar ၁၄၊ ၁၅                           ဖေ-မတ်                        ဧသ ၉း၁၈-၃၂

“ဣသရေလအမျိုးသားတိုင်းအတွက် အဓိကပွဲတော်သုံးခုသည် ယေရုရှလင်ရှိ ဗိမာန်တော်သို ခရီးသွားရန် လိုအပ်ခဲ့သည် (ထွက် ၂၃း၁၄-၁၉)။

 

သမိုင်းကြောင်းနှင့် ဓမ္မအတွေးအခေါ်ဆိုင်ရာ အကြောင်းအရာများ

ဧသတာဝတ္တသည် ဘုရားသခင်၏ အမည်နာမ မည်သည့်နေရာတွင်မှ မပါ ကြောင့် စစ်မှန်ခြင်းအသင်း၌ မလိုလားအပ်သော သံသယဖြစ်မှုအချို ရှိခဲ့သော်လည်း တ ပိုဒ် ၁၆၇ ပိုဒ်လုံးသည် ကျမ်းစာစံနှုန်းသတ်မှတ်မှု အစိတ်အပိုင်းအဖြစ် လုံးဝလက်ခံခဲ့ကြသည်။ ဂရိစက်တူးဂျန့် (LXX) သည် ကျမ်းပိုဒ်အပို (၁၀၇) ပိုဒ်ကို ထပ်ဖြည့်ထားပြီး၊ ထိုအရာများ ပါခြင်းသည် နှစ်နာသည်ဟု ထင်ခြင်းကြောင့် ဖြစ်သည်။ ရှောလမုန်သီချင်း၊ ရုသဝတ္ထု၊ ဒေသနာ ကျမ်းနှင့် ယေရမိ မြည်တမ်းစကားတိုနှင့်အတူ ဧသတာဝတ္ထုသည် ဓမ္မဟောင်းကျမ်း၏ Megilloth (သို) “ကျမ်းငါးလိပ်”အဖြစ် ရပ်တည်သည်။ ရိုများသည် ထိုစာအုပ်များကို တစ်နှစ် အတွင်း အလူးအချိန်ကာလငါးခုတွင် တရားစရပ်၌ ဖတ်ခဲ့ကြသည်။ ဧသတာဝတ္ထုကို ပုရပွဲတွင် ဖတ်ခဲ့ကြသည် (၉း၂ဝ-၃၂)။

မောဒကဲ (ရှောလုလူမျိုးဆက်၊ ဗယ်ာမိန်အမျိုး – ၂း၅)နှင့် ဟာမန် (အာဂတ်အမျိုး – ၃း၁၊ ၁၀၊ ၈း၃၊ ၅၊ ၉း၂၄)စပ်ကြား ပြဇာတ်၏ သမိုင်းဝင်ဖြစ်ရပ်မှာ လွန်ခဲ့သော နှစ်ပေါင်း ၁ဝဝဝ ခန့်က များသည် အီဂျစ်ပြည်မှ ထွက်ခွါသွားပြီး (ခန့်မှန်းဘီစီ ၁၄၄၅) ဧသောသား အာမလက် (ထွက် ၁၇း၈-၁၆)နှင့် စတင်ခဲ့သည့် အာမလက်လူမျိုးတို တိုက်ခိုက်ခြင်းခံခဲ့ရသည့် အချိန်သို ပြန်ရောက်သွားသည် (က ၃၆း၁၂)။ဘုရားသခင်သည် အာမလက်လူမျိုးတိုအပေါ် သူ့ကျိန်ခြင်းကို ကြေညာခဲ့ပြီး၊ ထိုအရာက သူတိုကို လူမျိုးတုန်းခဲ့သည် (ထွက် ၁၇၁၄၊ တရားဟာ ၂၅း၁၇-၁၉)။ ရှောလု (ခန့်မှန်း ဘီစီ ၁၀၃၀) သည် အာဂတ်ရှင်ဘုရင်အပါအဝင် (၁ ရာ ၁၅း၂၊ ၃)၊ အာမလက် လူမျိုးများကို သတ်ရန် အမိန့်ပေးခြင်းခံခဲ့ရသော်လည်း၊ သူသည် နာခံခြင်းမရှိသောကြောင့် (၁ ရာ ၁၉း၇-၉) ဘုရားသခင်၏ မနှစ်မြိုခြင်းကို ခံခဲ့ရသည် (၁ ရာ ၁၅း၁၁၊ ၂၆၊ ၂၈း၁၈)။ နောက်ဆုံးတွင် ရှမွေလသည် အာဂတ်ကို အပိုင်းပိုင်းခွဲခဲ့သည် (၁ ရာ ၁၅း၃၂၊ ၃၃)။ အာဂတ်လူမျိုးမှ သူ့မျိုးဆက် ဖြစ်ခဲ့ခြင်းကြောင်း၊ ဟာမန်သည် ဂျူးလူမျိုးများကို အလွန်ဆန့်ကျင်ဘက်ပြုခဲ့သည်။

အာဂတ်သေဆုံးခဲ့ပြီးနောက် နှစ်ပေါင်း ၅၅၀ အကြာ ဧသတာအချိန် ရောက်ရှိ သည်။ သိုသော် ထိုအချိန်ထိ အာဂတ်လူမျိုးဟာမန်နှင့် ဗမိန့်အမျိုး မော်ဒကဲတို၏ စ ဝိညာဉ်၌ နွေးထွေးနေဆဲဖြစ်သည့် လူမျိုးစုပဋိပက္ခကို မေ့မသွားကြပေ။ ထိုအရာက မော် သည် ဟာမန်အား အဘယ့်ကြောင့် ဦးမချခြင်း (၃း၂၊ ၃)၊ မန်က လူမျိုးကို သတ်ဖြတ် အဘယ့်ကြောင့် ပြင်းပြင်းထန်ထန် ကြိုးစားခြင်း (၃း၅၊ ၆း၁၃)တိုအား ရှင်းပြသည်။ ထားသည့်အတိုင်း အာမလက်လူမျိုးကို မီးငြိမ်းစေမည်ဟူသော ဘုရားသခင်၏ ပရောဖက်ပြု ချက် (ထွက် ၁၇း၁၄၊ တ ရား ၂၅း၁၇ – ၁၉ နှင့် များကို ကာကွယ်စောင့်ရှော သော ကတိတော် (က ၁၇း၁-၈) ဖြစ်လာခဲ့သည်။

မိမိလူမျိုးကို ကယ်တင်ရန် ဘုရားသခင်၏ သစ္စာရှိမှုကြောင့် နှစ်ပတ်လည်ပွဲ၊ ခြင်း၊ တစ်ဦးကိုတစ်ဦး စားနပ်ရိက္ခာပိုခြင်းနှင့် ဆင်းရဲသားများ (၉း၂၁၊ ၂၂) လက်ဆောင် ပေးခြင်းတိုကို ပြုလုပ်သော ပုရပွဲတော် နောက်ပိုင်းတွင် Akkadian စကားလုံး “စာရေး အဖြစ် အမည်ပေးခဲ့- ၃း၇၊ ၉း၂၆)ကို မိသားစုတိုင်း၊ တိုင်းပြည်နှင့် မြိုတော်တိုင်းတွင် ကျင်းပရန် အမိန့်ထုတ်ခဲ့သည် (၉ း၂၇၊ ၂၈)။ နောက်ပိုင်းတွင် ဧသတာသည် မြည်တမ်းခြင်း ဖြင့် အစာရှောင် ၎င်း၏ အင်္ဂါရပ်တစ်ခုကို ထည့်သွင်းခဲ့သည် (၉း၃၁)။ဣသရေလတွင် ရာစုနှစ်များတစ်လျှောက် င်းပဖူးခဲ့သော်လည်း ပုရပွဲကို သမ္မာကျမ်းစာတွင် ထပ်မံဖော်ပြထားခြင်းမရှိပေ။

ဧသတာကို စစ်တုရင်ကစားပွဲနှင့် နှိင်းယှဉ်နိုင်သည်။ ဘုရားသခင်နှင့်စာတန်သည် (အမြင်ရသော ကစားသူများကဲ့သို စစ်မှန်သော ဘုရင်များ၊ မိဖုရားများနှင့် မှူးမတ်များကို လှုပ်ရှားစေသည်။ စာတန်သည် ဟာမန်ကို နေရာချလိုက်သောအခါ “ချက်”ဟု ကြေညာခဲ့သည်။ ဘုရားသခင်သည် စာတန်ကို “စစ်ဆင်ရေး အဆုံးသတ်ရန် ဧသတာနှင့် မော်ဒကဲတိုကို နေရချခဲ့ သည်။ လူများ ကျရှုးပြီးကတည်းက (က ၃း၁-၁၉) စာတန်သည် ဘုရားသခင်၏ လူသားကို ဖန်ဆင်းခြင်းနှင့် ဝိညာဉ်ရေးရာ ဆက်ဆံရေးကို ဖြက်တောက်ရန် ဣသရေလလူမျိုးနှင့် ဘုရား သခင်ပြုလုပ်ထားသည့် ပဋိညာဉ်အား ဖျက်ဆီးစေရန် ကြိုးစားခဲ့သည်။ ဥပမာ- ယုဒမျိုးနွယ်များ အသတ်ခံရပြီး ခရစ်တော်၏ မျိုးဆက်တွင် ယောရှတစ်ဦးတည်းသာ ကယ်တင်ခြင်းနှင့် စောင့် ရှောက်ခြင်း ခံခဲ့ရသည် (၆ ရာ ၂၂း၁ဝ-၁၂)။နောက်ပိုင်းတွင် ဟေရုဒ်မင်းက ခရစ်တော်သည် သူတိုအထဲတွင် ရှိသည်ဟု ထင်ခဲ့သောကြောင့် ဗက်လင်မြိုရှိ ကလေးသူငယ်များကို သတ်ဖြတ် ခဲ့သည် (မ ၂း၁၆)။ စာတန်သည် ခရစ်တော်ကို ဘုရားသခင်အား ရှုတ်ချပြီး သူ့အား ကိုးကွယ်ရန် သွေးဆောင်ခဲ့သည် (မ ၄း၉)။ စာတန်ဝင်နေသော ရှင်ပေတရုသည်လည်း ခရစ်တော်၏ ကား တိုင်သိုသွားသော လမ်းကို ပိတ်ပင်ရန် ကြိုးစားခဲ့သည် (မ ၁၆း၂၂)။ နောက်ဆုံးတွင် စာတန်သည် ယုဒအထဲသိုဝင်ပြီး၊ ခရစ်တော်အား ဂျူးများနှင့် ရောမလူများထံ ရောင်းစားခဲ့သည် (လု ၂၂း၃၆)၊ ဧသတာတွင် ဘုရားသခင်အကြောင်း ဖော်ပြမထားသော်လည်း၊ သူသည် စာတန်၏ မကောင်းသော အစီအစဉ်များကို ကြားဝင်ဖြေရှင်းပေးခြင်းအားဖြင့် နေရာတိုင်းတွင် တွေ့ခဲ့ရ သည်။

ဧသတာဝတ္ထုတွင် အာဗြဟံ (က ၁၇း၁-၈)နှင့် ဒါဝိဒ် (၂ ရာ ၇း၈-၁၆)တိုဖြင့် ပြုလုပ် သော ဘုရားသခင်၏ အခြေအနေပေါ်မူမတည်သည့် ပဋိညာဉ်ကတိတော်များသည် ထိခိုက်ခဲ့ သည်။ သိုသော်လည်း၊ ဣသရေလလူ မျိုးကို ဘုရားသခင်ချစ်သောမေတ္တာသည် သူ၏လူမျိုးအား သုတ်သင်ဖယ်ရှားခြင်း အမိန့်မှ ကယ်တင်ခြင်းတွင် အလွန်ထင်ရှားသည်။

 

ဧသတာဝတ္ထုရှိ အဓိကဩဝါဒများ

ဘုရားသခင်၏ သစ္စာရှိခြင်းကို ကျင်းပသော ပုရပွဲ – (၃း၇၊ ၉း၂၁၊ ၂၂၊ ၂၆-၂၈၊ ၃၁၊ တရားဟော ၁၆း၁၁၊ ၁၄၊ နေ ၈း၁၀၊ ၁၂) ၊

လူမျိုးများကို စောင့်ရှောက်ရန် ဘုရားသခင်၏ ကတိတော် – (၄း၁၄၊ ၈း၁၇၊ က ၁၇း၁-၈၊ ၂ ရာ ၇း၈ -၁၆၊ ၆ ရာ ၂၂း၁၀-၁၂၊ ဆာ ၁၂၁း၄၊ ဟေရှာ ၆၅း၈-၉၊ ယေ ၅၀း၂၀၊ မ ၂း၁၆)

 

 

ဧသတာဝတ္ထုရှိ ဘုရားသခင်၏ ဂုဏ်အင်္ဂါလက္ခဏာများ

ဘုရားသခင်သည် ကူညီမစတော်မူသော ဘု ရား – ၈း၅ – ၁၇

 

ဧသတာဝတ္ထုရှိ အဓိက ‌ဝေါဟာရများ

အစာရှောင်ခြင်း – ဟေဗြဲဝေါဟာရ Tsum – ၄း၃ ၄း၁၆ – မူရင်းစကားလုံးမှာ “အစားအသောက်ရှောင်သည်”ဟု ရိုးရှင်းသည့် အဓိပ္ပာယ်ဖြစ်သည်။ တစ်ခါတစ်ရံ အစာရှောင်ခြင်းသည် သောက် ခြင်း၊ ရေချိုးခြင်း ဆီနှင့် ဘိသိက်ပေးခြင်းမှ ရှောင်ကြဉ်ခြင်း (သို) လိင်ဆက်ဆံခြင်းကို ရှောင် လည်းဖြစ်သည်။ ဆိုလိုရင်းမှာ အစာရှောင်ခြင်းသည် ဘုရားသခင်ရှေ့တွင် လူ၏ အားနည်းချက်များ ကို အသိအမှတ်ပြုပြီး သူ၏ကရုဏာကို တောင်းခံခြင်းဖြစ်သည်။ အစာရှောင်ခြင်းသည် ရှေးခေတ်က အများလုပ်ဆောင် သောအရာတစ်ခုဖြစ်ပြီး သေခြင်းတရားအတွက် ငိုကြွေးဝမ်းနည်းခြင်း ၊ ၂ရာ ၁၂း၂၁၊ ၂၂) ဆုတောင်းပဌနာပြုခြင်း (၄း၃ ၁၆) အပြစ်အတွက် နောင်တရခြင်းနှင့် ကျိုးပဲ့သော နှလုံးသားရှိခြင်း (ယေ ၃၆း၉၊ ယောန ၃း၅) ဆင်းရဲဒုက္ခရောက်ချိန် (သူကြီး ၂၀း ၂၆၊ နေ ၁း၄)တိုဖြင့် ဆက်နွယ် လုပ်ဆောင်ကြသည်။ အစာရှောင်ခြင်းသည် အပြစ်လွှတ်ရာနေ့ အတွက် လုပ်ဆောင် ရန် လိုအပ်သည် (ဝတ် ၁၆း၃၁ တွင် “ခြိုးခြံစွာကျင့်ရသောနေ့”ဟူသော စကားစုကို ကြည့်ပါ) အစာရှောင်ခြင်းသည် ကြာချိန်မတူဘဲ တစ်ရက်မှ (၁ ရာ ၁၄း၂၄၊ ဒံ ၆း၁၈) ခုနှစ်ရက် (၁ ရာ ၃၁း၁၃) အထိ လုပ်နိုင်သည်။ ထူးခြားသော အခါသမယများတွင် အစာရှောင်ခြင်းသည် ရက်ပေါင်း (၄၀) အထိ ကြာနိုင်သည် (ထွက် ၃၄၂၈)။ သိုသော် မည်သည့်အစာရှောင်ခြင်းကို ပြုလုပ်ခဲ့ပါစေ၊ ပရောဖက် ဟေရှာယက သူ၏လူမျိုးအား အစာရှောင်ခြင်းနှင့်အတူ ဖြောင့်မတ်ခြင်းတရားနှင့် လူမှုဝန်းကျင် မျှတမှုတိုတွင် ပါဝင်ရန် တိုက်တွန်းခဲ့သည် (ဟေရှာ ၅၈း၃-၉)။

ပုရ – ဟေဗြဲဝေါဟာရ – pur – ၃း၇၊ ၉း၂၄၊ ၂၆ – ဧသတာဝတ္ထု၌ “စာရေးတံချခြင်းအတွက် ဟေဗြဲဝေါဟာရကို ရည်ညွှန်းသည်။ လူများသည် မဲနှိက်ရွေးချယ်မှုပြုရန် လှိမ့်သော အံစာတုံးများနှင့် ဆင်တူသော စာရေးတံများကို ချကြသည် (နေ ၁၁း၁)။ စာရေးတံများသည် ဘုရားများ၏ အလို ကို ဖော်ပြသည့်အရာအဖြစ် အသုံးပြုခဲ့ကြသည် (ယောန ၁း၇)။ ဧသတာတွင် ဟာမန်သည် လူမျိုးများကို ဖျက်ဆီးသောနေ့ ဆုံးဖြတ်ရန် စာရေးတံချခဲ့သည်။ အခြားတစ်ဘက်တွင် ဘုရားသခင် သည် ဂျူးလူမျိုးကို ကယ်တင်ရန် ထိုသီးသန့်နေ့ကို ရွေးချယ်ခြင်းဖြင့် သူ၏ပိုင်သအုပ်စိုးသော တန်ခိုးတော်ကို ဖွင့်ပြခဲ့သည်။ ယနေ့တွင်ပင်၊ ဂျူးများသည် သူတိုကို ကယ်တင်ခြင်း အမှုပြုခဲ့မှုအား သတိရရန် ပုရပွဲတော်ကို ကျင်းပကြသည် (၉း၂၈)။

 

 

အနက်အဓိပ္ပာယ်ဆိုင်ရာ အခက်အခဲများ

ဧသတာတွင် ထင်ရှားသည့် အခက်ခဲဆုံးအရာမှာ ဘုရားသခင်အား မည်သည့်နေရာ တွင်မျှ ဖော်ပြမထား ခြင်းဖြစ်သည် (ရှောလမုန်သီချင်းကဲ့သို)။ ယုံကြည်ခြင်းမဲ့ဝါဒများက “ပါးရှားဘုရင်ကို ကိုးကားချက် (၁၇၅)ချက် လက်ခံရရှိချိန်တွင် အဘယ့်ကြောင့် ဘုရားသခင် အား ဖော်ပြမထားရသနည်း။ ဘုရားသခင်၏ ပိုင်သအုပ်စိုး မှုသည် ဂျူးများကို ကယ်တင်ရန်၊ ဖော်ပြပြီး၊ အဘယ့်ကြောင့် ဘုရားသခင်သည် အသိအမှတ်ပြု ထိုက်တန်သော ဖော်ပြခြင်း မရှိရပါသနည်း။ ဘုရားသခင်က မိမိအား ဖော်ပြစေလိုပါက အရာရာပိုင်အုပ်စိုးသူသည် ဣသရေလ လူမျိုးကို ကယ်တင်ရန် ပြုမူသကဲ့သို စာရေးသူအားသူ့ အကြောင်းရေးသားရန် ၊ လှုံဆော်ပေးမည်ဖြစ်သည်။ ဤနေရာတွင် ဘုရားသခင်ထက် လူသားအဆင့်၌ ပိုပြီး ပြဿနာ ဖြစ်ပုံရသည်။ အဘယ့်ကြောင့်ဆိုသော် ဧသတာသည် ဘုရားသခင်ကို သွယ်ဝိုက်နည်းဖြင့် ဖော်ပြ ထားပြီး ဘုရားသခင်သည် မမြင်ရသော တန်ခိုးတော်၊ အရာရာကို သူ၏ ရည်ရွယ်ချက်အတိုင်း မွန်းချုပ်ခြင်းတိုကို ဧသတာမှ သာဓကပြသည်။ ဧသတာတွင် နိမိတ်လက္ခဏာများ မရှိ လည်း အဖြစ်အပျက်တိုင်းနှင့် လူတိုင်းကို ကူညီမစ ထိန်းချုပ်ခြင်းအားဖြင့် ဣသရေကို ထိန်းသိမ်း စောင့်ရှောက်ခြင်းသည် ဘုရားသခင်၏ အဆုံးမဲ့ အသိပညာနှင့် တန်ခိုးတော်ကို ဖော်ပြသည်။ ဘုရားသခင်၏ အမည်ဖော်မပြုခြင်းသည် အကြောင်းမဟုတ်တော့ပေ။ ဇာတ်လမ်းတွင် သူသည် အဓိက သရုပ်ဆောင်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းဖြစ်ခဲ့သည်။

အနက်ဖွင့်ရာတွင် ဒုတိယ အခက်အခဲတစ်ခုမှာ မော်ဒကဲနှင့် ဧသတာတိုသည် လောကီ ဘဝပုံစံဖြင့် အသက်ရှင်နေထိုင်ခဲ့ကြပြီး၊ သန့်ရှင်းခြင်းအတွက် စိတ်အားထက်သန်ပုံ မပေါ်ခဲ့ကြ ပေ။ ဒံယေလနှင့်မတူဘဲ (ဒီ ၆း၅)၊ မော်ဒကဲသည် သူနှင့် ဧသတာတို၏ ဖြစ်ခြင်းဆိုင်ရာ အမွေအနှစ်များကို လျှိဝှက်ထားခဲ့သည်။ ဘုရားသခင်၏ ပညတ်တော်မပါရှိ၍ ဧဇရမှတ်စာနှင့် ဆန့်ကျင်ဘက်ဖြစ်သည် (ဧဇ ၇း၁၀)။ နေဟမိ၏ ယေရုရှလင်မြို အတွက်ရှိနေသော ပူပန်မှုမျိုး ဧသတာနှင့် မော်ဒကဲထံတွင် မတွေ့ရပေ (နေ ၁း၂-၂း၅)။ (ဤအကြောင်းအရာအတွက် ခက်ခဲသည့်မေးခွန်းနှင့် အများကဏ္ဍတွင်ကြည့်ပါ။)

 

 

အကျဉ်းချုပ် ကောက်နှုတ်ချက်

၁။ ဧသတာ အား ဝါရှတိနေရာတွင် အစားထိုးခြင်း (၁း၁-၂း၁၈)

က။ ဝါရှတိ၏ နာမခံခြင်း (၁း၁-၂၂)

ခ။ ဧသတာအား နန်းတင်ပွဲ (၂း၁-၁၈)

 

 ၂။ မော်ဒကဲသည် ဟာမန်အား အနိုင်ယူခြင်း (၂း၁၉-၇း၁၀)

က။ မော်ဒကဲ၏ သစ္စာရှိမှု (၂း၁၉-၂၃)

ခ။ ဟာမန်အား ရာထူးတိုးပေးခြင်းနှင့် အာဏာပေးခြင်း (၃း၁-၁၅)

ဂ။ ဧသတာ၏ ကြားဝင်ဖြေရှင်းခြင်း (၄း၁-၅း၁၄)

ဃ။ မော်ဒကဲ၏ အသိအမှတ်ပြုခံရခြင်း (၆း၁-၁၃)

င။ ဟာမန်၏ ကျရှုးခြင်း (၆း၁၄-၇း၁၀)

၃။ ဟာမန်၏ လူမျိုးတုန်းသတ်ရန် ကြိုးစားမှုမှ ဣသရေလ လွတ်မြောက် အသက်ရှင် ခြင်း (၈း၁-၁၀း၃)

က။ ဧသတာနှင့် မော်ဒကဲတို၏ ထောက်ခံအားပေးမှု (၈း၁-၁၇)

ခ။ ဂျူးတို၏ အောင်ပွဲ (၉း၁-၁၉)

ဂ။ ပုရပွဲ အစပြုခြင်း (၉း၂ဝ-၂၃)

ဃ။ မော်ဒကဲ၏ ကျော်ကြားမှု (၁၀း၁-၃)

 

ဧသတာဝတ္တ၊ အချိန်ကာလ၌ ကမ္ဘာကြီးရှိ အခြားသောနေရာများ

တရုတ်လူမျိုးသည် တရုတ်ပြည်ထဲသို ဟန်လူမျိုးများ ဝင်ရောက်မှုကို တားဆီးရန် ပထမမြို့တံတိုင်း တည်ဆောက်မှု ပြီးစီးသည် (ဘီစီ ၅၃၆)။

 

 

ခက်ခဲသော မေးခွန်းများအတွက် အများ

၁။ ဧသတာဝတ္ထုတွင် ဘုရားသခင်ကို အဘယ့်ကြောင့် တိုက် ရိုက်ဖော်ပြမထားသနည်း။

ဘုရားသခင်ဖြစ်ပေါ်မှုအကြောင်း ဖော်ပြနေကျ သဲလွန်စများသည် မမြင်ရပေ။ ဘုရားသခင်၏ ပညတ်တော်၊ ယဇ်ပူဇော်ခြင်း၊ ဝတ်ပြုခြင်း (သို) ဆုတောင်းခြင်း စသည်တိုကို ဘာတခု မျှ ရည်ညွှန်းမှုမရှိပေ။ ဘုရားသခင်သည် ဂျူးလူမျိုးကို ထိန်းသိမ်းစောင့်ရှောက်ခြင်းအတွက် လူများ (သို) သီးသန့် အသိအမှတ်ပြုခြင်း မရှိခဲ့ပေ။ ဘုရားသခင်အား ဖော်ပြရန်အတွက် ဧသတာ သည် ထူးဆန်းစွာ တိတ်ဆိတ်နေခဲ့သည်။

ထိုတိတ်ဆိတ်မှုသည် အင်မတန် ရှင်းလင်းပြီး၊ ငြင်းခုန်စရာတစ်ခုလည်း ဖြစ်လာသည်။ ဧသတာဝတ္ထု သည် ဘုရားသခင်အား သူ၏တန်ခိုးနှင့် တည်ရှိမှုကို သက်သေပြရန် တောင်း ဆိုသည့်သဘောသားအဖြစ် စိန်ခေါ်လိုက်ခြင်းဖြစ်သည်။ ဘုရားသခင် ထင်ရှားသင့်ပါသလား။ ဘုရားသခင်သည် သူမည်သူမည်ဝါဖြစ်ကြောင်း ပြသခြင်းမရှိသော နည်းလမ်းများဖြင့် ပြသရန် ကျွန်ုပ်တိုသည် မြန်မြန်ဆန်ဆန် မျှော်လင့်တတ်ကြသည်။ ဘုရားသခင်သည် လူသား၏ ရာဇသံ ပေးမှုများကို အကြိမ်ကြိမ် ခုခံခဲ့ရသည်။ ဘုရားသခင်သည် သူ့ကိုယ်ပိုင် ရည်ရွယ်ချက်များအတွက် သူ့ကိုယ်သူ ဖွင့်ပြပြီး၊ လူသားတို၏ လိုအပ်ချက်များတွင် မဟုတ်ပေ။

သမိုင်းတစ်လျှောက်တွင် ဘုရားသခင်သည် ရှင်းလင်းသော မြင်ကွင်းများလက် နောက် ကွယ်တွင် ပိုမိုလွယ်ကူစွာ လုပ်ဆောင်ခဲ့သည်။ သမ္မာကျမ်းစာသည် ဘုရားသခင်၏ ထင်ရှားစွာ အလုပ်လုပ်သော ထူးခြားသည့်အခြေအနေများနှင့် ပြည့်နေခဲ့သည်။ သိုသော် ဧသတာသည် ဘုရားသခင်၏ စံနှုန်းလုပ်ဆောင်မှုများ ကို ဖော်ပြရန် နီးစပ်လာသည်။ ဘုရားသခင်၏ လက်ရာများသည် ဧသတာဇာတ်လမ်း တစ်ခုလုံးတွင် ရှိသည်။ သူ၏ အပေါ်ယံဖြစ်တည်မှုသည် လေးနက်သော ဖြစ်တည်မှုကို ညွှန်ပြသည်။ ဘုရားသခင်ကို မမြင်သော်လည်း သူတိုတွင် ရှိခဲ့ သည်။ ဧသတာဝတ္ထုရှိ အဖြစ်အပျက်များက ဘုရားသခင်သည် ကျွန်ုပ်တို ဘ၀၌ သိသာထင်ရှား သည့် နည်းလမ်းများဖြင့် လုပ်ဆောင်ခြင်းမရှိသောအချိန်တွင် မျှော်လင့်ခြင်းအတွက် စံနမူနာ အဖြစ် ပေးသည်။

 

၂။ ဧသတာနှင့် မော်ဒကဲတိုသည် သူတို၏ဘဝပုံစံကို အဘယ့်ကြောင့် လောကီဆန်စွာ နေခဲ့ရသနည်း။

ခေတ်ပြိုင်များဖြစ်သော ဧဇရ၊ နေဟမိ၊ ဒံယေလတိုနှင့်မတူဘဲ၊ ဧသတာဝတ္ထုရှိ လူအ များစုသည် လောကီပုံစံနှင့်တူကြသည်။ ဘုရားသခင်ကို ဖော်ပြမှု မရှိခြင်းသည် ဧသတာနှင့် မော်ဒကဲတို၏ ပြောဆိုမှုများတွင် အင်မတန်ရှင်းလင်းသည်။ ဧသတာနှင့် မော်ဒကဲတို၏ ယုံကြည်ခြင်းသည် သူတို၏နေ့စဉ်အသက်တာအပေါ် အကျိုးသက်ရောက်မှု သိပ်မရှိခြင်းကြောင့် ဤအရာအားလုံးသည် နက်နဲမှုရှိပါသလား။

ဧသတာဝတ္ထုသည် ဤမေးခွန်းကို အဖြေမပေးပေ။ သိုသော်လည်း အရေးကြီး အကြောင်းအချက် များစွာရှိပြီး၊ ထိုအရာသည် ဧသတာနှင့် မော်ဒကဲတို့အကြောင်း ကောက်ချက်ချရန် တွန့်ဆုတ်သွားစေနိုင်သည်။ ထိုအရာများအထဲမှ အဓိကမှာ စာအုပ်တွင် ကန့်သတ်နယ်ပယ်တစ်ခုရှိခြင်းအကြောင်းဖြစ်သည်။ အဓိကအဖြစ် အပျက် အနည်းငယ်ကိုသာ မှတ်တမ်းတင်ထား ခဲ့သည်။ အဓိကဇာတ်ကောင်တစ်ဦး၏ အတွင်းစိတ်သဘော အနည်းငယ်သာ ဖော်ပြထားသည်။ သိုသော်လည်း သူတိုလုပ်ရပ်များ၏ သမ္မာသတိရှိမှုသည် ယုံကြည်ခြင်းနှင့် ပတ်သက်လာလျှင် သူတိုအား သံသယဖြစ်ခြင်း၏ အကျိုးကျေးဇူးကိုပေးရန် ကျွန်ုပ်တိုအား လှုဆော်ပေးသင့် သည် (၄း၁၃-၁၆)။

ထိုမေးခွန်းနှင့်ပတ်သက်ပြီး အခြားဆင်ခြင်စရာများ ရှိသည်။ (၁) မော်ဒကဲသည် သူနှင့် ဧသတာတို၏ မျိုးရိုးအမွေအနှစ်ကို လူသိရှင်ကြား မကြေညာရန် သတိပေးခဲ့ခြင်းမှာ မေးခွန်း ထုတ် စရာဖြစ်နိုင်သော်လည်း၊ ဤကိစ္စနှင့်ပတ်သက်ပြီး သတိကြီးစွာထားရကြောင်း ထောက်ပြ သင့်ခြင်း (နေဟမိသည် နေ ၂း၁-၈ တွင် မှတ်တမ်းတင်ထားသော အာတဇေရာဇ်မင်းနှင့် သူ ၏စကားပြောမှု၌ ဘုရားသခင်ကို ဖော်ပြခြင်းမရှိပေ)၊ (၂) ပသခါပွဲကဲ့သို လူထုအဖြစ်အပျက်များ သည် ဖမ်းဆီးခေါ်ဆောင်သွားခံရချိန်အတွင်း လုပ်ဆောင်မှုမရှိတော့ပေ။ ဆိုလိုခြင်းမှာ ယုံကြည် ခြင်းကို ပွင့်လင်းစွာ ကျင်းပမှုနည်းပါးနေခြင်း (သိုသော်လည်း ထိုအရာမှာ ဂျူးလူမျိုး များသည် ဟာမန် ဥပဒေ၏ ရည်ရွယ်ချက်နှင့်အညီ ခွဲခြားခံထားခြင်းကြောင့်၊ ထင်ရှားသော လူမျိုး မဟုတ် ခဲ့ပေ) (၃) သင့်တော်သည့်အချိန်ရောက်သောအခါ၊ ဧသတာသည် ဂျူးလူမျိုး အမွေအနှစ်ကို ပွင့်လင်းစွာ ဖော်ထုတ် ခဲ့ခြင်း(၇း၃-၄)တို ဖြစ်သည်။ ဤဆင်ခြင်မှုများက ဧသတာနှင့် မော်ဒကဲ တိုသည် ဥပမာ ဒံယေလကဲ့သို ဘုရား သခင်အား ဆက်ကပ်အပ်နှံခြင်းမရှိဟု စွဲဆိုချက်အား ဖယ်ရှားပေးခြင်း မပြုပေ။ သိုသော်လည်း စာအုပ်၌ ရှင်းပြ ချက်ဖြင့် သူတို၏ အသက်တာတွင် ဘုရားသခင်သည် သူ၏ရည်ရွယ်ချက်များကို လုပ်ဆောင်ခဲ့သည်။

 

ဧသတာဝတ္ထုကို ဆက်လက်လေ့လာရန်

၁။ ဧသတာတွင် လူမျိုးရေးခွဲခြားမှုကို သင်မည်သို ခွဲခြားသိမြင်နိုင်မည်နည်း။

၂။ ဧသတာတွင် ဘုရားသခင်အကြောင်း အတိအကျဖော်ပြမထားသော်လည်း သူလုပ်ဆောင်မှု ကို သင်မည်သို မြင်သနည်း။ ။

၃။ ဧသတာသည် မည်သိုသော ပုဂ္ဂိုလ်ဖြစ်သနည်း။ သင်မည်သို သိနိုင်သနည်း။ ။

၄။ ဘုရားသခင်သည် မိမိလူမျိုး၏ ကယ်တင်ခြင်းနှင့်လုံခြုံခြင်းကို မည်သည့်နည်းဖြင့် စီစဉ်ခဲ့ သနည်း။

၅။ ဟာမန်နှင့် မော်ဒကဲတို၏ လက္ခဏာများကို ခွဲခြားပြပါ။

၆။ သင့်သမိုင်းကြောင်းများကို ပြောင်းလဲရန် သင်တက်ကြွစွာပါဝင်ကြောင်း မည်သည့်နည်းဖြင့် ပြောမည်နည်း။

ယောဘဝတ္ထု (Job)

ဖြောင့်မတ်သောသူသည် ဆင်းရဲဒုက္ခရနိုင်ခြင်း

 

ခေါင်းစဉ်

သမ္မာကျမ်းစာရှိ အခြားစာအုပ်များကဲ့သို၊ ယောဘဝတ္ထုသည် ဖြစ်ရပ်မှန်ဇာတ်ကြောင်း ၏ အဓိက ဇာတ်ကောင်အမည်မှ ဖြစ်လာသည်။ ဤနာမည်သည် “ညှဉ်းပန်းနှိပ်စက်ခြင်းဟူသော ဟေဗြဲ စကားမှ ဆင်းလာပြီး၊ “ညှဉ်းပန်းနှိပ်စက်ခြင်း ခံရသူ”ဟူသော အဓိပ္ပာယ်(သို) “နောင်တရခြင်း”ဟူသော အာရေမိတ် ဝေါဟာရမှဖြစ်၍၊ “နောင်တရသောသူ”ဟူသော အဓိပ္ပာယ်ဖြစ်သည်။ စာရေးသူသည် ယောဘအသက်တာရှိ အချိန်ကာလတစ်ခုကို ဖော်ပြ ထားပြီး၊ သူ့အား စမ်းသပ်ခြင်းနှင့် ဘုရားသခင်၏ ဂုဏ်အင်္ဂါများကို ဖော်ပြခဲ့သည်။ ဓမ္မသစ်ကျမ်း ရေးသူများသည် ယောဘဝတ္ထုကို နှစ်ကြိမ်တိုက်ရိုက်ကိုးကားသည် (ရော ၁၁း၃၅၊ ၁ ကာ ၃း၁၉)သာမက ယေဇ ၁၄း၁၄၊ ၂ဝ နှင့် ယာကုပ် ၅း၁၁ တိုက ယောဘသည် အမှန်တကယ်ရှိ သော ပုဂ္ဂိုလ်ဖြစ်ကြောင်း ဖော်ပြသည်။

 

စာရေးသူနှင့် ရက်စွဲ

ဤစာအုပ်သည် စာရေးသူအမည် မဖော်ပြပေ။ အကြောင်းမှာ စာအုပ်၏ သတင်းစကား သည် ကောင်းကင်၌ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များဖြစ်ပြီး ယောဘမသိလိုက်သည့်ပုံ ပေါ် သောကြောင့် ယောဘသည် စာရေးသူ မဖြစ်နိုင်ရခြင်းဖြစ်သည်။ ဂျူး Talmudic ဓလေ့ထုံးစံ တစ်ခုတွင် မောရှေကို စာရေးသူအဖြစ် ဖော်ပြခဲ့သည်။ ဥဇပြည်သည် (၁း၁) မောရှေ နှစ် (၄၀) နေထိုင်ခဲ့သော မိချန်နေရာနှင့် ကပ်လျက်ရှိပြီး၊ သူသည် ထိုနေရာ၏သမိုင်းကိုလည်း မှတ်တမ်းတစ်ခု ရေးသားခြင်း ဖြစ်နိုင်သည်။ ရှောလမုန်သည် အခြားသော ကဗျာလင်္ကာကျမ်းများ ကို ရေးသားသကဲ့သို (ဆာလံမှအပ၊ သူသည် ဆာလံ ၇၂၊ ၁၂၇ ကို ရေးသားခဲ့)၊ ဒေသနာကျမ်း ၏ အစိတ်အပိုင်းများဖြင့် ဆင်တူသည့်အရာများ ပါဝင်ခြင်းကြောင့် သူသည်လည်း စာရေးသူ အဖြစ် ပြောဆိုရန် ကောင်းမွန်သော အကြောင်းပြချက်ဖြစ်သည်။ ယောဘနောက်ပိုင်း အတော် ကြာမှ သူအသက်ရှင်ခဲ့သော်လည်း၊ ရှောလမုန်သည် သူ့အချိန်မတိုင်မီ အတော်ကြာကြာက အဖြစ်အပျက်များကို ရေးသားသူဖြစ်နိုင်ခဲ့ပြီး၊ ထိုအတူ မောရှေသည် အာဒံနှင့်ဧဝအကြောင်း ရေးသားရန် မှုတ်သွင်းခံခဲ့သကဲ့သို ဖြစ်သည်။ ဧလိဟု၊ ဟေရှာယ၊ ဟေဇကိ၊ ယေရမိနှင့် ဧဇရတို သည်လည်း ဖြစ်နိုင်သော စာရေးသူများဖြစ်သော်လည်း ပံ့ပိုးပေးသည့်အရာမရှိပေ။

စာအုပ်၏ ရေးသားချိန်ရက်စွဲသည် အဖြစ်အပျက်များ ဖြစ်ပျက်ပြီးချိန် နောက်ပိုင်းမှ ရေးသားခြင်း ဖြစ်နိုင်သည်။ ထိုကောက်ချက်ချမှုသည် (၁) ယောဘ၏ အသက် (၄၂း၁၆)။ (၂) သူ့ အသက်သည် နှစ် (၂၀၀) နီးပါး ရှိခဲ့ခြင်း (၄၂း၁၆)၊ ထိုအရာသည် ဘိုးဘေးများအချိန် ကာလနှင့် ကိုက်ညီခြင်း (အာဗြဟံသည် ၁၇၅ နှစ် အသက်ရှင်ခဲ့၊ က ၂၅း၇)၊ (၃) လူမှုဝန်းကျင် စနစ်သည် ဘိုးဘေးများနှင့်စုပေါင်းနေထိုင်သည့် မိသားစုပုံစံဖြစ်ခြင်း၊ (၄) ယောဘ၏ အစေခံ များကို သတ်သော ခါလဒဲလူများသည် (၁း၁၇) လှည့်လည်သွားလာသူများဖြစ်ကြပြီး၊ နေထိုင် ရာမြိုများ ရှိမလာသေးခြင်း၊ (၅) ယောဘ၏ ချမ်းသာမှုကို တိုင်းတာသည့်အခါ ရွှေနှင့်ငွေ များထက် တိရစ္ဆာန်များကို ဖော်ပြခြင်း (၁း၃၊ ၄၂း၁၂)၊ (၆) မိသားစုအတွင်း ယောဘ၏ ယဇ်ပုရောဟိတ်အမှုပြုခြင်း (၁း၄၊ ၅)၊ (၇) အာဗြဟံ၊ ဣသရေလ၊ ထွက်မြောက်ရာကျမ်း နှင့် မောရှေ၏ ပညတ္တိကျမ်းတိုရှိ ပဋိညာဉ်ကဲ့ သို အကြောင်းအရာများသည် အခြေခံအား ဖြင့် တိတ်ဆိတ်နေခြင်း စသည်တိုကို အခြေခံ သည်။ ယောဘ၏ အတွေ့အကြုံများနှင့် ပြည့်နှက်နေသည့် အကြောင်းအရာများသည် ၊ ဘိုးဘေးတိုအချိန်ကာလက အဖြစ်အပျက်ဖြစ်သည်။ အခြားတစ်ဘက်တွင်  ေယာဘသည် အာဒံ (၃၁း၃၃)၊ နောဒနှင့် ရေလွှမ်းမိုးခြင်းအကြောင်း(၁၂း၁၅)တိုကို သိပုံရသည်။ ထိုယဉ်ကျေးမှုသ မိုင်းဆိုင်ရာ လက္ခဏာများသည် ဗာဗုလုန်ပြီးနောက်အချိန်တွင် ဖြစ်ပျက်သော သမိုင်းအဖြစ် အပျက်များဖြစ် စာအုပ်တွင် တွေ့ရသည် (က ၁၁း၁- ၉)။ သိုသော် အာဗြဟံ ခေတ်ကာလမတိုင်မီ (သို) ကာလအတွင်း (က ၁၁း၂၇) ဖြစ်ပျက်သည့်အရာအဖြစ် သမ္မာကျမ်းစာတွင် ရှေးအကျဆုံး စာအုပ် ဖြစ်ခဲ့သည်။

 

ယောဘ၏ အတ္ထုပ္ပတ္တိပုံကြမ်း

၁။ ဝိညာဉ်ရေးရာ ရင့်ကျက်သူတစ်ဦး (၁း၁၊ ၈၊ ၂:၃)

၂။ သားသမီးများစွာရှိသော ဖခင် (၁း၂၊ ၄၂း၁၃)

၃။ တိရစ္ဆာန်များကို ပိုင်ဆိုင်သူ (၁း၃၊ ၄၂း၁၂)

၄။ ကြွယ်ဝပြီး ဩဇာလွမ်းမိုးမှုရှိသူ (၁း၃) ၊

၅။ သူမိသားစုအတွက် ယဇ်ပုရောဟိတ်တစ်ဦး (၁း၅)

၆။ ချစ်ခြင်းမေတ္တာရှိသူ၊ ပညာရှိသောယောက်ျား (၂း၉)

၇။ လူ့ပတ်ဝန်းကျင်တွင် ထင်ပေါ်ကျော်ကြားသူ

(၂၉း၇-၁၁) ၈။ စေတနာရှိသူ (၂၉း၁၂-၁၇၊ ၃၁း၃၂)

၉။ ပညာရှိသော ခေါင်းဆောင်တစ်ဦး (၂၉း ၂၁-၂၄)

၁၀။ သီးနှံများကို စိုက်ပျိုးသူ (၃၁း၃၈-၄ဝ)

 

နောက်ခံသမိုင်းကြောင်းနှင့် အနေအထား

ဤစာအုပ်သည် စာဖတ်သူများအား ရှင်းလင်းစွာ နားလည်စေသည့် ကောင်းကင်ဘုံ၌ ဖြစ်ပျက်နေသော မြင်ကွင်းဖြင့် အစပြုထားသည် (၁း၆- ၂း၁၀)။ ဘုရားသခင်သည် စာတန်နှင့် ပြိုင်ဆိုင် မှုပြုနေခြင်းကြောင့် ယောဘသည် ဒုက္ခဆင်းရဲ ခံစားနေခဲ့ရသည်။ ယောဘသည် ဤပုံရိပ်ကြီး ကို သတိမပြုမိခြင်း၊ သူ့မိတ်ဆွေများသည်လည်း သတိမပြုမိခြင်း ဖြစ်ခဲ့သောကြောင့်၊ သူတို၏ မသိနားမလည်သော အမြင်များမှ ဒုက္ခဆင်းရဲခြင်းအကြောင်း ရှင်းပြရန် ရုန်းကန်နေခဲ့ ကြသည်။ နောက်ဆုံးတွင် ယောဘသည် ဘုရားသခင်၏ ကောင်းမြတ်ခြင်းနှင့် သူ၏ ရွေးနှုတ် ကယ်တင်ခြင်းနှင့်ဆိုင်သော မျှော်လင့်ချက်အပေါ် ယုံကြည်ခြင်းဖြင့် အမှီပြုခဲ့သည်။ ဘုရားသခင် သည် သူ၏ယုံကြည် ခြင်းကို သံသယကင်းရှင်းစေခြင်းသည် စာအုပ်၏ အဓိက အကြောင်းအရာ ဖြစ်သည်။ ဘေးဒုက္ခနှင့် နာကျင်မှုအတွက် ဆင်ခြင်တုံဟရား (သို) ဓမ္မအတွေးအခေါ်ဆိုင်ရာ အမြင် မရှိသောအခါ ဘုရားသခင်အား ကိုးစားရမည်။

 

ယောဘဝတ္ထုရှိ အဓိက ဇာတ်ကောင်များ

ယောဘ – ဒုက္ခဆင်းရဲအောက်တွင် သည်းခံသူ သူ၏ယုံကြည်ခြင်းကို ဘုရားသခင်စစ်ဆေးသော်၊ လည်း ဘုရားသခင်အား ကျိန်ဆိုသည့်အပြင် မလုပ်ဆောင်ခဲ့ခြင်း (၁း၁-၄း၁၆)

တမန်အမျိုးသား ဧလီဖတ် – ယောဘ၏ မိတ်ဆွေ၊ ယောဘသည် သူ အပြစ်ကြောင့် ဒုက္ခခံ သည်ဟု ယုံကြည်သူ (၂း၁၁၊ ၄း၁-၅း၂၇၊ ၁၅း၁-၃၅၊ ၂၂း၁-၃၀၊ ၄၂း၇-၉)

ရှအာအမျိုးသား ဗိလဒဒ် – ယောဘ၏ အခြားမိတ်ဆွေ၊ ယောဘသည် သူ့အပြစ်မှ နောင်တ မရခြင်းကြောင့် ဒုက္ခခံရသည်ဟု ယုံကြည်သူ (၂း၁၁၊ ၈း၁-၂၂၊ ၁၈း၁- ၂၁၊ ၂၅း၁-၆၊ ၄၂း၉)

နေမတ်အမျိုးသား ဇောဖာ – ယောဘ၏ တတိယမိတ်ဆွေ၊ ယောဘသည် သူ့အပြစ်ကြောင့် ဒုက္ခပိုခံသင့်သည်ဟု ယုံကြည်သူ (၂း၁၁၊ ၁၁း၁-၂၀၊ ၂၀း၁-၂၉၊ ၄း၂၉)

ဗုဇအမျိုးသား ဧလိဟု – ယောဘ၏ မိတ်ဆွေသုံးဦးကို ဆန့်ကျင်သူ၊ ဘုရားသခင်သည် ဆင်းရဲ ဒုက္ခကို အသုံးပြုပြီး ယာဘအား ပုံသွင်းသည်ဟု ယုံကြည်သူ (၃၂း၁-၃၇း၂၄)

 

သမိုင်းကြောင်းနှင့် ဓမ္မအတွေးအခေါ်ဆိုင်ရာ အကြောင်းအရာများ

ယောဘ၏ ဆင်းရဲဒုက္ခခံပြီးနောက် ဖြစ်ပျက်ခဲ့သည့် အချိန်ကာလနှင့် အဖြစ်အပျက်များ သည် ခေတ်ကာလတိုင်းရှိ ယုံကြည်သူအားလုံးအတွက် မေးခွန်းများ ဖြစ်ပေါ်သည်။ အဘယ့် ကြောင့် ယောဘသည် ဘုရားသခင်အား အစေခံရပါသနည်း။ ယောဘသည် သူ၏ဖြောင့်မတ် ခြင်းတရားကြောင့် နောဧနှင့် ဒံယေလတိုဖြင့် (ယေဇ ၁၄း၁၄-၂၀) နှိင်းယှဉ်ခံခဲ့ရပြီး ဝိညာဉ်ရေး ရာ သည်းခံခြင်းကြောင့် ဖြစ်သည် (ယာ ၅း၁၁)။ ယောဘ၏ စစ်ဆေးမှု တစ်လျှောက်လုံးတွင် အခြားမေးခွန်းများကိုလည်း ရည်ညွှန်းထားသည်။ “ဖြောင့်မတ်သော သူသည် အဘယ့်ကြောင့် ဒုက္ခဆင်းရဲခံရသနည်း”ဟူသော မေးခွန်းမျိုးဖြစ်သည်။ ထိုမေးခွန်း၏ အဖြေသည် အရေးကြီးပုံ ပေါ်သော်လည်း ဤစာအုပ်တွင် အဖြေမရှိပေ။ ယောဘနှင့် သူ့မိတ်ဆွေများသည် သူဒုက္ခဆင်းရဲ ခံခြင်း၏ အကြောင်းရင်းများကို မသိခဲ့ပေ။ ဒုက္ခဆင်းရဲခံရသော ဖြောင့်မတ်သူသည် သူ၏ နာကျင်ခံစားရခြင်း မတိုင်မီ ကောင်းကင်ရုံးတော်၌ ဘုရားသခင်နှင့်စာတန်၏ ငြင်းခုန်မှုကို သိပုံမပေါ်ပေ။ စကြ၀ဠာ၏ အရှင်သခင်နှင့် နောက်ဆုံးတွင် ရင်ဆိုင်ရသောအခါ၊ ယောဘသည် သူ့ပါးစပ်ကို လက်ဖြင့်အုပ်ထားရပြီး၊ ပြောစရာ စကားမရှိ ပေ။ ယောဘ၏ တိတ်ဆိတ်စွာ တုံပြန်မှု သည် သူသည်းခံခဲ့သည့် ပြင်ထန်သော နာကျင်မှုနှင့် ဆုံးရှုးမှုကို အချည်းအနှီးမဖြစ်စေခဲ့ပေ။ ဆင်းရဲဒုက္ခများအကြားတွင် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ယုံကြည်ကိုးစား ခြင်းအကြောင်း အရေးကြီးမှာ မီးမောင်းထိုးပြသည်။ ထိုနည်းဖြင့် အခြားလူများ တွေ့ကြုံရသည့် နည်းတူ ဘုရားသခင်၏ ပြည့်စုံသော ဉာဏ် ပညာဖြင့် ညွှန်ကြားထားခြင်းကြောင့် ဖြစ် သည်။ အဆုံးတွင်၊ သင်ခန်းစာ ယူရန်မှာ သူ သည် မိမိ၏ ဒုက္ခဆင်းရဲအတွက် တိကျသည့် အကြောင်းပြချက်ကို ဘယ်တော့မှ မသိနိုင် ကြောင်း ဖြစ်သော်လည်း လူသည် အရာရာ ပိုင်သအုပ်စိုးသော ဘုရားသခင်ကို ကိုးစားရ မည်ဖြစ်သည်။ ဤအရာသည် ဒုက္ခဆင်းရဲ ခံရန် စစ်မှန်သည့်အဖြေဖြစ်သည်။

ယောဘဝတ္ထု၌ ခရစ်တော်

ယောဘဝတ္ထုသည် ဒုက္ခဆင်းရဲခံခြင်း အကြောင်း မေးခွန်းများစွာ ဖြစ်ပေါ်သည်။ အဖြေများကို ယော ဘဝတ္ထုတွင် တိုက်ရိုက်ရှာဖွေရန် ခက်ခဲသော်လည်း၊ ကျွန်ုပ်တိုနည်းတူ ဆင်းရဲဒုက္ခကို ခံခဲ့ဖူးသော ခရစ် တော်၌ ကျွန်ုပ်တို မျှော်လင့်ချက်ရှိသည် (ဟေဗြဲ ၄း၁၅)။ နောက်ဆုံးတွင် ယောဘသည် ဘုရားသခင် နှင့် လူစပ်ကြားတွင် ကြားဝင်စေ့စပ်သူဖြစ်သော ခရစ်တော်ထံသို အော်ငိုလိုက်သည် (၉း၃၃၊ ၂၅း၄၊ ၃၃း ၂၃)။

ဤစာအုပ်သည် အဓိကအချက်ကြီးနှစ်ချက်ကို ဖော်ပြပြီး၊ အခြား အချက်ငယ်လေးများ စွာလည်းရှိ သည်။ ဖြစ်ရပ်မှန်သမိုင်း နိဒါန်း (အခန်းကြီး ၁၊ ၂)နှင့် နိဂုံး (၄၂း၇-၁၇) နှင့် ယောဘ၏ ဒုက္ခဆင်းရဲခံရခြင်း အကြောင်း ဖော်ပြသော ကဗျာလင်္ကာသည် အလယ်တွင် တည်ရှိသည် (၃း၁-၄၂း၆)။ စာအုပ်၏ ပထမအကြောင်း အရာကို နားလည်ရန် သော့ချက်တစ်ခု မှာ ကောင်းကင်ဘုံ၌ ဘုရားသခင်နှင့် စာတန်အကြား ငြင်းခုန်မှုသည် ယောဘနှင့်သူ့မိတ်ဆွေများ အကြား အငြင်းပွားမှု သုံးခုဖြင့် မည်သို ဆက်စပ်နေသည်ကို သတိပြုရန်ဖြစ်သည်။ ဘုရားသခင် သည် ယုံကြည်သူတို၏ လက္ခဏာအား စာတန်နှင့် နတ်ဆိုးများအားလုံး၊ ကောင်းကင်တမန်များ လူများအား သက်သေ ပြချင်ခဲ့သည်။ ဘုရားသခင်သည် ယောဘ၏ ဖြောင့်မတ်ခြင်းတရားကို သံသယမရှိဘဲ၊ စာတန်အားဖြင့် စွပ်စွဲမှုပြုစေခဲ့သည်။ စာတန်သည် ဘုရားသခင်ကို သစ္စာရှိသော ဖြောင့်မတ်သောသူတိုကို သူသွေးဆောင်နိုင်ကြောင်း စွပ်စွဲခဲ့သည်။ ယောဘသည် စာတန်၏လုပ် ဆောင်ချက်အရ ဘုရားသခင်ကို သန့်ရှင်းသော လှုဆော်မှုဖြင့် အစေမခံဘဲ၊ သူနှင့်ဘုရားသခင် အကြား ဆက်နွယ်မှုအားလုံးသည် ဟန်ဆောင်မှု ဖြစ်ခဲ့သည်။ စာတန်၏ ယုံကြည်မှုမှာ သူသည်ယောဘအား ဘုရားသခင်ကို ဆန့်ကျင်ရန် သံသယမရှိဘဲ ပြောင်းလဲပေးနိုင်ခြင်းဖြစ်ပြီး၊ သူနှင့်အ တူ သန့်ရှင်းသော ကောင်းကင်တမန်များကိုလည်း ပုန်ကန်ရန် စွမ်းဆောင်နိုင်ခြင်းကြောင့် ဖြစ်သည်။ စာတန်က သူသည် ယောဘအပေါ် ဒုက္ခဆင်းရဲကျရောက်ခြင်းအားဖြင့် ဘုရားသခင် ၌ သူ၏ ယုံကြည်ခြင်းကို ဖျက်ဆီးရန်နိုင်မည်ဟု ထင်ခဲ့ပြီး၊ ကယ်တင်ခြင်းသည် ဤနိယာမအား ဖြင့် ပျက်စီးနိုင်သည်ဟု ထင်ခြင်းဖြစ်သည်။ ဘုရားသခင်သည် စာတန်အား လုပ်ပိုင်ခွင့်ပေးခဲ့သော် ၊ လည်း သူသည် ကျရှုးခဲ့ပြီး၊ ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းသည် မဖျက်ဆီးနိုင်ခြင်းကို သက်သေပြခဲ့သည်။ ယောဘ၏မိန်းမသည် သူ့အား ဘုရားသခင်ကို ကျိန်ဆဲရန်ပြောသော်လည်း သူငြင်းဆန်ခဲ့ပြီး (၂း၉)၊ ဘုရားသခင်၌ သူ၏ ယုံကြည်ခြင်းသည် ကျရှုးသွားခြင်းမရှိပေ (၁၃း၁၅)။ စာတန်သည် ပေတရုကို ထိုနည်းအတိုင်း လုပ်ဆောင်ရန် ကြိုးစားခဲ့သော်လည်း (လု ၂၂း၃၁-၃၄)၊ ရှင်ပေတရု၏ ယုံကြည်ခြင်းကို ဖျက်ဆီးခြင်း၌ မအောင်မြင်ခဲ့ပေ (ယော ၂၁း၁၅-၁၉)။ ကယ်တင်ခြင်းကို ဖျက်ဆီးရန် သူလုပ်ဆောင်နိုင်သောအရာအားလုံး စာတန်သည် လက်လွှတ် သောအခါ ထိုအရာသည် ခိုင်မြဲမှုရှိသည် (ရော ၈း၃၁-၃၉)။ နောက်ဆုံးတွင် ဘုရားသခင်သည် ယုံကြည်သူတစ်ဦး မည်မျှဒုက္ခရောက်သည်ဖြစ်စေ (သို) မသင့်တော်ခြင်း၊ မခံစားထိုက်ခြင်းဟု မြင်ရခြင်းစသည့် ကိစ္စများဖြစ်ပါစေ၊ ကယ်တင်ခြင်းကို မဖျက်ဆီးနိုင်ကြောင်း စာတန်အား သက်သေပြခဲ့သည်။

ဒုတိယနှင့်ဆက်နွယ်သော အကြောင်းအရာတစ်ခုမှာ လူများထံ ဘုရားသခင်၏ ဂုဏ်၊ အင်္ဂါကို သက်သေပြခြင်းဖြစ်သည်။ ဖြောင့်မတ်သော ယောဘကို စစ်ဆေးခြင်းနှင့်အတူ ဘုရား သခင်နှင့် သူ့ရန်သူ စာတန်တို လုပ်ဆောင်ခဲ့သော ဤအဖြစ်အပျက်က ဘုရားသခင်သည် ယောဘအပေါ် သနားခြင်းနှင့် ကရုဏာကင်းမဲ့နေသည်ဟု ဆိုလိုခြင်းဖြစ်ပါသလား။ လုံးဝမဟုတ် ပေ။ ရှင်ယာကုပ်က “ယောဘသည် သည်းခံကြောင်းကို သင်တိုကြားရကြပြီ။ ထာဝရဘုရားသည်၊ မိမိအမူကို လက်စသတ်တော်မူရာမှာ အလွန်သနားစုံမက်တော်မူကြောင်းကိုလည်း သိမြင်ရကြ ပြီ။”ဟု ပြောထားသည် (ယာ ၅း၁၁)။ ထိုအရာသည် လုံးဝဆန့်ကျင်ဘက်ကို သက်သေပြရန် ဖြစ်ခဲ့သည် (၄၂း၁၀-၁၇)။ ယောဘက “ငါတိုသည် ဘုရားသခင်၏ လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍ ဆင်းရဲဒုက္ခကို မခံမယူရာသလောဟု ဆို၏။”ဟု ပြောထားသည် (၂း၁၀)။

စာတန်၏ အတွေးအမြင်များကို ယောဘ၏ မိတ်ဆွေများဖြင့် နှိင်းယှဉ်ချက်

 စာတန်                                                                                                 မိတ်ဆွေများ

ယောဘသည် ဘုရားသခင်ကောင်းကြီးပေးထားလျှင်           သူသည် သစ္စာရှိလိမ့်မည်။

ယောဘသည် သစ္စာရှိလျှင်                                               သူသည် ကောင်းကြီးခံစားရလိမ့်မည်။

            (သို့)

ယောဘသည် ဘုရားသခင်ထံမှ ကောင်းကြီးမရလျှင်           သူသည် သစ္စာမရှိ ဖြစ်လိမ့်မည်။  (ဘုရားသခင်သည် သူ့နောက်လိုက်များကို ကောင်းစားခွင့်                                                                    ပေးကြောင်း စာတန်က စွပ်စွဲခဲ့သည်)

ယောဘသည် သစ္စာမရှိပါက                                             သူသည် အပြစ်ပေးခြင်းခံရလိမ့်မည်။

 

ဘုရားသခင်၏ အစေခံသည် သူဆင်းရဲဒုက္ခခံရမည်ကို ငြင်းဆန်ခြင်းမပြုပေ။ သူခံရသော | ဆင်းရဲဒုက္ခသည် အပြစ်ရလဒ်ကြောင့်ဖြစ်ကြောင်းကို မငြင်းဆန်ခဲ့ပေ။ အဘယ့်ကြောင့်သူဆင်းရဲ ဒုက္ခခံရသည်ကိုလည်း နားမလည်ခဲ့ပေ။ ယောဘသည် ပိုင်သအုပ်စိုးပြီး ဉာဏ်ပညာနှင့်ပြည့်စုံသော ဖန်ဆင်းရှင်ထံ ဝတ်ပြုခြင်း၊ နှိမ့်ချခြင်း (၄၂း၅၊ ၆) နှလုံးသားတစ်ခုဖြင့် ဆက်ကပ်အပ်နှံခြင်း ဖြစ်သည်။ စာတန်နှင့်ဖြစ်သော ဤပဋိပက္ခတွင် သင်ယူရန် ဘုရားသခင် သည် သူ့အား အလိုရှိခဲ့ သည်။ နောက်ဆုံးတွင် ဘုရားသခင်သည် သူရှိခဲ့သည့် ကောင်းကြီးမင်္ဂလာထက်ပိုသော ကောင်း ကြီးများကို ယောဘအား သွန်းလောင်းခဲ့သည်။

စာအုပ်၏ အဓိကဖြစ်ရပ်မှာ အပြစ်မဲ့သူခံရသော ဒုက္ခဆင်းရဲ၏ လျှိဝှက်နက်နဲမှုဖြစ် သည်။ ဘုရားသခင်သည် သူ့သားသမီးများကို ဝမ်းနည်းခြင်းနှင့်နာကျင်မှုများဖြင့် လျှောက်လှမ်း ရန် ခွဲခန့်ထားပြီး၊ တစ်ခါတရံ အပြစ်ကြောင့် (တော ၁၂း၁၀-၁၂)၊ တစ်ခါတရံ ဆုံးမခြင်းအတွက် (ဟေဗြဲ ၁၂း၅-၁၂)၊ တစ်ခါတရံ ခွန်အားဖြည့်ပေးခြင်း (၂ ကော ၁၂း၇-၁ဝ၊ ၁ ပေ ၅း၁၀) နှင့် တစ်ခါတရံ သူ၏သနားကြင်နာခြင်းနှင့် ကျေးဇူးတော်ကို ဖွင့်ပြရန် အခွင့်အရေးပေးခြင်း (၂ ကော ၁း၃-၇) စသည်တိုကြောင့် ဖြစ်သည်။ သိုသော် ယုံကြည်သူများ ဆင်းရဲဒုက္ခရောက်ရခြင်း၊ သည် လောကလူသားများ နားမလည်နိုင်သည့် ကောင်းကင်ဘုံဆိုင်ရာ ရည်ရွယ်ချက်ဖြစ်ခြင်း၊ ကြောင့် မသိနိုင်သော အရာဖြစ်သည် (ထွက် ၄း၁၁၊ ယော ၉း၁-၃)။

ယောဘနှင့် သူမိတ်ဆွေများသည် ဒုက္ခဆင်းရဲကို ခွဲခြမ်းစိတ်ဖြာရန် လိုချင်ခဲ့ပြီး၊ အ ကြောင်းကိစ္စများနှင့် အဖြေများကိုတွက်ချက် ရှာဖွေကြသည်။ အခြေအနေထဲသို သူတို၏ ဓမ္မ အတွေးအမြင်နှင့် စူးစမ်းမှုများအား လုံးကို အသုံးပြုပြီး အဖြေများအတွက် ရှာဖွေသော်လည်း အသုံးမရခြင်းနှင့် မှားယွင်းသည့်အမြင်များသာ တွေ့ရ၍ နောက်ဆုံးတွင် ဘုရားသခင်၏ ဆုံးမ ခြင်းကို သူတိုခံခဲ့ရသည် (၄၂း၇)။ အဘယ့်ကြောင့် ယောဘ ဒုက္ခဆင်းရဲခံသည်ကို သူတို မသိ ခြင်းမှာ၊ ဘုရားသခင်နှင့်စာတန်အကြား ကောင်းကင်၌ ဖြစ်ပျက်သည့်အရာ သူတိုမသိကြခြင်းကြောင့်ဖြစ်သည်။ သူတိုသည် အဖြေများအားလုံးကို သိသည်ဟု ထင်ခဲ့သော်လည်း သူတိုသည် သူတို၏ ပြင်းပြသော လျစ်လျူရှုမှုတိုဖြင့် အကြပ်အတည်း ပိုမိုဖြစ်ခဲ့ကြသည်။

 

ယောဘကို ဘုရားသခင် စိန်ခေါ်ခြင်း

ဘုရားသခင်၏ ကြောက်ရွံဖွယ်စိန်ခေါ်မှုနှင့် တွေ့ကြုံသောအခါ ယောဘသည် မိမိကိုယ်ကို နှိမ့်ချခြင်းမှတပါး ဘာမျှ မတတ်နိုင်ခဲ့ပေ။

ဘုရားသခင်၏ စိန်ခေါ်မှု                                                   ယောဘ၏ တုံပြန်မှု

ပထမမှာ၊ ယောဘ၏ လျစ်လျူရှုမှု (၃၈း၁-၄၀း၂)                 ယောဘသည် သူ၏ မသိကျိုးကျွံပြုမှုကို ဝန်ခံပြီး နှုတ်ဆိတ်ခဲ့သည် (၄၀း၃ – ၅)

– သူသည် ဖန်ဆင်းခြင်း၌ မရှိခြင်း

– သူသည် သဘာဝတရား၏ အင်အားကို ရှင်းမပြနိုင်ခြင်း၊

 

ဒုတိယမှာ၊ ယောဘသည် အားနည်းခြင်း၊                            ယောဘသည် မိမိထင်မြင်ချက်များကို ဝန်ခံပြီး (၄၀း၆-၄၁း၃၄) ၊                                                             နောင်တရခဲ့ခြင်း (၄၂း၂-၆)

-သူသည် ဘုရားသခင်၏လမ်းစဉ်ကို မအုပ်စိုး နိုင်ခြင်း ၊

– သူသည် သဘာဝတရား၏ အင်အားကို မထိန်းချုပ်နိုင်ခြင်း

 

 

ဤကြီးမားသော အကြောင်းအရာ၏ အစိတ်အပိုင်းအချိုကို ဖြန့်ကျက်ခြင်းဖြင့် ကျွန်ုပ် တိုသည် ယောဘ အတွေ့အကြုံမှ အောက်ပါအမှန်တရားများကို တွေ့နိုင်သည်။

ယုံကြည်သူများ ဘာမျှမသိသေးသော ဘုရားသခင်နှင့် ကောင်းကင်တွင် အဖြစ်အပျက် များရှိသည်။ သူတိုအသက်တာအတွက် ထိုအရာများသည် အကျိုးသက်ရောက်စေသည်။

ဘဝပြဿနာများကို ဖြေရှင်းပြရာတွင် အကောင်းဆုံးကြိုးစားအားထုတ်မှုသည်ပင် အသုံးမဝင်ပေ။

ဘုရားသခင်၏ လူများသည် ဒုက္ခဆင်းရဲခံရသည်။ မကောင်းသောအရာများသည် ကောင်းသောသူများထံသို အချိန်တိုင်း ဖြစ်ပျက်သည်။ ထိုကြောင့် လူတစ်ဦး ဝိညာဉ်ရေးရာကို နာကျင်စေသော အခြေအနေများ (သို) အောင်မြင်မှုများအားဖြင့် မစီရင်နိုင်ပေ။

 ဘုရားသခင်သည် အဝေးတွင်ရှိသည်ဟု မြင်ရသော်လည်း၊ ဘုရားသခင်သည် ကောင်း မြတ်ပြီး သူ့ လက်တော်ဖြင့် လူတစ်ဦးအသက်တာကို ဘေးကင်းစေနိုင်ခြင်းကြောင့် ယုံကြည်ခြင်း ၊ ကို ထိန်းသိမ်းခြင်းသည် အကောင်းဆုံးသော ကျင့်စောင့်မှုဖြစ်သည်။

ဒုက္ခဆင်းရဲခြင်းအလယ်၌ရှိသော ယုံကြည်သူသည် ဘုရားသခင်ကို မစွန့်လွှတ်သင့်ဘဲ၊ ဘုရားသခင်ကို နီးကပ်စွာ ဆွဲယူခြင်းဖြင့် ဖြေရှင်းချက်မရှိဘဲ သနားကြင်နာခြင်းသည် ယုံကြည်သူ များထံ လာလိမ့်မည်ဖြစ်သည်။

ဒုက္ခဆင်းရဲသည် ပြင်းထန်နိုင်သော်လည်း၊ နောက်ဆုံးတွင် အဆုံးတိုင် ဖြောင့်မတ်သူ များကို ဘုရားသခင်သည် များပြားကြွယ်ဝစွာ ကောင်းကြီးပေးလိမ့်မည်ဖြစ်သည်။

 

ယောဘဝတ္ထုရှိ အဓိကဩဝါဒများ

ဒုက္ခဆင်းရဲခံရခြင်းအလယ်တွင် သစ္စာရှိခြင်း – ၂း၉၊ ၁၃း၁၅၊ တော ၁၂း၁၀-၁၂၊ လု ၂၂း၃၁ ၃၄၊ယော ၂၁း၁၅-၁၉၊ ၂ ကော ၁း၃-၇၊ ၁၂း၇-၁ဝ၊ ဟေဗြဲ ၁၂း၅-၁၂၊ ၁ ပေ ၅း၁ဝ)

 

ယောဘဝတ္ထုရှိ ဘုရားသခင်၏ ဂုဏ်အင်္ဂါလက္ခဏာများ

ဘုရားသခင်သည် ကယ်တင်သော ဘုရား – ၃၃း၂၇၊ ၂၈

ဘုရားသခင်သည် ဘုန်းကြီးသော ဘုရား – ၃၇း၂၂

ဘုရားသခင်သည် မျက်မြင်မရသော ဘုရား – ၂၃း၈၊ ၉ ၊

ဘုရားသခင်သည် တရားမျှတသော ဘုရား – ၄း၁၇၊ ၈း၃၊ ၃၄း၁၂၊ ၃၇း၂၃

ဘုရားသခင်သည် ချစ်ခြင်းမေတ္တာရှိသော ဘုရား – ၇း၁၇

ဘုရားသခင်သည် တန်ခိုးကြီးသော ဘုရား – ၅း၉၊ ၉း၄၊ ၁ဝ၊ ၂၆း၁၄၊ ၃၆း၂၂၊ ၄၀း၉

ဘုရားသခင်သည် ကူညီမစသော ဘုရား – ၁း၂၁၊ ၂၆း၁၀၊ ၃၇း၉ -၁၃

ဘုရားသခင်သည် ဖြောင့်မတ်သော ဘုရား – ၃၆း၃ ၊

ဘုရားသခင်သည် စစ်၍မကုန်သော ဘုရား – ၁၁း၇၊ ၃၇း၂၃

ဘုရားသခင်သည် ဉာဏ်ပညာရှိသော ဘုရား – ၉း၄၊ ၁၁း၁၁၊ ၂၁း၂၂၊ ၂၃း၁၀၊ ၂၈ း၂၄၊ ၃၄း၂၁၊ ၃း၄၊ ၅၊ ၃၇း၁၆

ဘုရားသခင်သည် အမျက်ဒေါသထွက်သော ဘုရား – ၉း၁၃၊ ၁၄း၁၃၊ ၂၁း၁၇

 

အနက်အဓိပ္ပာယ်ဆိုင်ရာ အခက်အခဲများ

အနက်ဖွင့်ရာတွင် အခက်အခဲဆုံးအရာမှာ စာအုပ်၏ အဓိကသတင်းစကားလည်း ပါဝင်သည်။ ဤစာအုပ်၏ အဓိကပြဿနာဟု မကြာခဏ ယူဆကြသော်လည်း ယောဘသည် အဘယ့်ကြောင့် ဒုက္ခဆင်းရဲခံရသည်ကို ယောဘအား မည်သိုသောအခါမျှ ထုတ်မပြောခဲ့ပေ။ ၄င်းကို စာဖတ်သူများသည် ထင်ရှားစွာ နားလည်ရသည်။ ထိုအရာသည် ယောဘနားမလည် သော ကိစ္စတစ်ခုဖြင့် စာတန်ကို ဘုရားသခင်၏ သက်သေပြခြင်းဖြစ်သည်။ ယောဘ၏ အဖြစ် အပျက်နှင့် စပ်လျဉ်း၍ ရှင်ယာကုပ်၏ မှတ်ချက် (၅း၁၁) သည် ဘုရားသခင်၏ သနားကြင်နာ မှုနှင့် ကရုဏာကို ပြသခြင်းဖြစ်သော်လည်း ယောဘအား ကြာရှည်စွာ စစ်ဆေးမှုပြုခြင်းအတွက် ရှင်းပြချက်မရှိသလို၊ တောင်းပန်ခြင်းလည်း မရှိပေ။ စာဖတ်သူများသည် မိမိတိုပါးစပ်များကို မိမိတိုလက်များဖြင့် အုပ်ထား၍ သူ့အလိုအတိုင်း လုပ်ဆောင်သည့် ဉာဏ်ပညာနှင့် အတိုင်းအဆ မဲ့ တန်ခိုးရှင် ဘုရားသခင်ကို မေးခွန်းမေးခွင့်မရှိခြင်း (သို) စွပ်စွဲရန် အခွင့်မရှိကြောင်း ပုံသာဓက တွေ့မြင်ရသည်။ ထိုသိုပြုခြင်းအားဖြင့် သူသည် ဝိညာဉ်နယ်ပယ်ရှိ ကောင်းကင်တမန်များ၊ နတ်ဆိုးများအား ညွှန်ပြခဲ့ပြီး၊ သူ၏ သနားခြင်းကြင်နာမှုနှင့် ကရုဏာကို သက်သေပြသည်။ ဆင်းရဲဒုက္ခများနှင့် ဘေးအန္တရာယ် များတွင် ဘုရားသခင်၏ ပါဝင်ပတ်သက်မှုကို ကာကွယ်ရန် ၊ ကြိုးပမ်းမှု၊ “ဘုရားသခင်၏ ကောင်းမြတ်ခြင်းကို ကာကွယ်ခြင်း”ကို လုပ်ဆောင်မှုသည် ဤအခြေ အနေများတွင် သင့်တော်ကြောင်း ပြသခဲ့သည်။ သိုသော် နောက်ဆုံးတွင် ဘုရားသခင်သည်

 

ယောဘဝတ္ထုရှိ အဓိက ဝေါဟာရများ

အပြစ်တင်ခွင့်နှင့် ကင်းလွတ်ခြင်း – ဟေဗြဲဝေါဟာရ – tam- ၁း၁၊ ၈၊ ၂း၃၊ ၈း၂ဝ၊ ၉း၂ဝ-၂၂ – အဓိပ္ပာယ် မှာ “ပြည့်စုံခြင်း”ဖြစ်သည်။ ဤဝေါဟာရသည် ပုဂ္ဂိုလ်တစ်ဦး၏ သမာဓိရှိခြင်းကို ဆိုလိုပြီး၊ ပြည့်စုံခြင်းနှင့် သိက္ခာရှိခြင်းဖြစ်သည်။ ထိုစကားလုံးသည် ရှောလမုန်သီချင်းတွင် ရှုလမိတ် သတိုသမီးကို ချစ်ခင်မြတ်နိုးသည့် အသုံးအနှုန်းအဖြစ် အသုံးပြုထားသည် (၅၂၊ ၆၉ ရှိ “ပြည့်စုံခြင်း” ကို ကြည့်ပါ)။ ဓမ္မဟောင်းကျမ်းတွင် အပြစ်တင်ခွင့်နှင့် ကင်းလွတ်ခြင်းသည် မကောင်းသောသူနှင့် ဆန့်ကျင်ပြီး (၉း၂၂၊ ဆာ ၆၄း၂-၄) ဖြောင့်မတ်သောသူနှင့် အကြိမ်ကြိမ် ဆက်နွယ်ဖော်ပြသည် (၁း၁၊ ၈၊ ၂း၃၊ ဆာ ၃၇း၃၇၊ သု ၂၉း၁၀)။ အပြစ်တင်ခွင့်နှင့်ကင်းလွတ်သည်ဟု ယောဘ၏ ပြော ဆိုချက်သည် သူနှင့်ပတ်သက်၍ ဘုရားသခင်၏ အကဲဖြတ်မှုဖြင့် ကိုက်ညီသော်လည်း ထိုအရာသည် အကြွင်းမဲ့စုံလင်ခြင်းကို ပြောခြင်း မဟုတ်ပေ (၁း၈၊ ၉:၂၁၊ ၁၄း၁၆၊ ၁၇)။ ဆာလံဆရာက အပြစ် တင်ခွင့်နှင့် ကင်းလွတ်သူ၏ အနာဂက်သည် ယောဘကဲ့သို ငြိမ်းချမ်းသည်ဟု ရေးသားခဲ့သည် (၄၂း၁၀-၁၂၊ ဆာ ၃၇း၃၇)။

 ဒုက္ခဆင်းရဲ – ဟေဗြဲဝေါဟာရ <oni – ၁၀း၁၅၊ ၃၀း၁၆၊ ၂၇၊ ၃၆း၈၊ ၁၅၊ ၂၁ – “စိတ်ဆင်းရဲမှု” (သို) “ဆင်းရဲခြင်း”ဟု အဓိပ္ပာယ်ရသည့် ဝေါဟာရမှ လာသည်။ ဤဝေါဟာရအားဖြင့် ဖော်ပြသော ခဲ့သော ပုံရိပ်သည် အလွန်လေးလံသော ဝန်ထုပ်ဝန်ပိုးအောက်တွင် ဦးညွှတ်သူတစ်ဦး၏ ပုံရိပ်ဖြစ် သည်။ သမ္မာကျမ်းစာတွင် မိမိလူမျိုးကို နာကျင်စေသော ဆင်းရဲဒုက္ခများ မြင်တွေ့ခြင်းနှင့် ဆင်းရဲ ဒုက္ခခံရသော ငိုကြွေးသံများကို ကြားခြင်းအားဖြင့် သမ္မာကျမ်းစာက သခင်ယေရှုကို ပုံဖော်ပြထား သည် (က ၁၆း၁၁၊ ထွက် ၂:၂၃-၂၅)။ သခင်ယေရှုသည် ကျွန်ုပ်တို ဝန်ထုပ်များကို သူ့ အပေါ်တင် ရန် တိုက်တွန်းထားပြီး၊ သူသည် ထိုအရာများအတွက် သည်းခံနိုင်သော ခွန်အားရှိ၍ ကျွန်ုပ်တိုကို အလွန်ချစ်သောကြောင့် ကျွန်ုပ်တိုလိုအပ်ချိန်တွင် သူသည် ကူညီလိမ့်မည်ဖြစ်သည် (၁ ပေ ၅း၇)။ သိုသော်လည်း သူသည် အဖြစ်အပျက်အားလုံးကို ထိန်းချုပ်ထားခြင်း ကြောင့်၊ ကျွန်ုပ်တို ယခုတွေ့ ကြုံနေရသော ယာယီအခက်အခဲများမှ ကောင်းသောအမှုအရာများ ဖြစ်ထွန်း နိုင်သည်ကို ကျွန်ုပ်တို သိနိုင်သည် (ရော ၈း၂၈)။ ယောဘဝတ္ထုတစ်ခုလုံးသည် ဤအကြောင်းအရာကို ရှင်းလင်းစွာ ပုံဥပမာပြပေးသည် (၄၂း၁ဝ-၁၇၊ ၂ ကော ၁၂း၇-၁၀)။

ကြည့်လော့ – ဟေဗြဲဝေါဟာရ – ra>ah  ၁၉း၂၇၊ ၂၂း၁၂၊ ၄၀း၁၁ – မျက်လုံး၏ သဘာဝ လုပ်ဆောင်ချက်ကို ရည်ညွှန်းရာတွင် အသုံးပြုသည့် အများသုံးဝေါဟာရဖြစ်ပြီး၊ “မြင်လော့”ဟု မကြာခဏ အနက်ပြန်ဆိုလေ့ရှိသည် (က ၄၈း၁၀ တရားဟော ၁း၈၊ ၄ ရာ ၃း၁၄၊ မိ ၇း၉၊ ၁၀)။ ထိုဝေါဟာရသည် လက်ခံခြင်း (က ၇း၁၊ တော ၂၃း၂၁)နှင့် ကူညီမစခြင်း (က ၂၂း၈၊ ၁၄၊ ၁ ရာ ၁၆း၁) ကဲ့သိုသော တင်စားဖော်ပြသည့် အဓိပ္ပာယ်အချိုလည်း ရှိသည်။ ထိုအရာသည် ဤနေရာတွင် ဖြစ်သော အရာကဲ့သို အာမခံခြင်းနှင့် ကယ်တင်ခြင်း ခံယူမှုကို ဖော်ပြနိုင်သည်။ ၄၂း၅ ၌ ထိုစကားလုံးသည် “မြင်သည်” (သို) “သိမှတ်သည်” (သို) အရင်က သိရှိနား လည်ခဲ့ဖူးသော အရာ တစ်ခုကို “ပြည့်စုံစွာ တွေ့ကြုံလာသည်”ဟူသော အဓိပ္ပာယ်ကို ဆိုလိုသည်။ လူသားတို့ ကာကွယ်ပေးမှုကို မလိုအပ်သလို၊ မလိုချင်ခဲ့ကြောင်း ထင်ရှားသည်။ ယောဘဝတ္ထု သည် တရားဟော ၂၉း ၂၉ ရှိ “မထင်ရှားသောအရာတိုသည်၊ ငါတိုဘုရားသခင် ထာဝရဘုရား၏ အငန်းအတာဖြစ်ကြ၏”ဟု ထင်ထင်ရှားရှား ပုံဖော်ထားသည်။

 

ယောဘ၏ အပြစ်နှင့် အပြစ်ကင်းခြင်း သဘာဝသည် စိတ်ရှုပ်ထွေးစေသည့် မေးခွန်း၊ စေသည်။ ဘုရားသခင်က ယောဘသည် ပြည့်စုံသူ၊ ဖြောင့်မတ်သူ၊ ဘုရားသခင်ကို က်ရွံသူနှင့် မကောင်းမှုကို ရှောင်ပြေး သူအဖြစ် ကြေညာခဲ့သည် (ယောဘ ၁း၁)။ သိုသော် ယောဘအား နှစ်သိမ့်ပေးသူများသည် ယောဘ၏ ခံစားချက်ကို အခြေခံပြီး အရေးကြီး သော မေးခွန်းတစ်ခုကို ပေါ်ထွက်စေခဲ့သည်။ ယောဘသည် အပြစ်ပြုခဲ့ပြီ မဟုတ်လောဟု န့်သည်။ တစ်ခါတစ်ရံ ယောဘသည် အပြစ်ပြုမိကြောင်း ဝန်ခံခဲ့သည် (၇း၂၁၊ ၁၃း၂၆)။ သို သော် ယောဘသည် သူခံစားခဲ့ရသည့် ဒုက္ခဆင်းရဲနှင့် နှိင်းယှဉ်သကဲ့သို သူမည်မျှ အပြစ်ရှိသည်။ ကို မေးခွန်းထုတ်ခဲ့ သည်။ ဘုရားသခင်သည် ယောဘအား နှစ်သိမ့်သူများ၏ နှစ်နာစေလိုသော စွပ်စွဲချက်များနှင့်ပတ်သက်ပြီး သူ၏တောင်းဆိုမှုများအတွက် အဆုံးတွင် ဆုံးမခဲ့သည် (ယောဘ ၃၈-၄၁)။ သိုသော်လည်း ဘုရားသခင်သည် ယောဘပြောသော စကားသည် မှန်ကန်ကြောင်းနှင့် နှစ်သိမ့်သူများသည် မှားယွင်းကြောင်းလည်း ပြောခဲ့သည် (၄၂း၇)။

နောက်ထပ်ခက်ခဲတစ်ခုမှာ ယောဘနှင့် သူ၏နှစ်သိမ့်ပေးသူများက ယောဘအား ခက်ခဲသောအခြေအနေ သို ရောက်စေခဲ့သော ယူဆချက်များကို သီးခြားထားရန်ဖြစ်သည်။ အစ၌ မကောင်းမှုကို အပြစ်ပေးခြင်း၊ နာခံမှုကို ကောင်းချီးပေးခြင်းတိုကို လုပ်ဆောင်ပြီး ခြင်း ချက်မရှိပေ။ ယောဘသည် သူခံရသော ဒုက္ခဆင်းရဲ ကြောင့် ခြွင်းချက်များ ဖြစ်နိုင်ကြောင်း ၊ကောက်ချက်ချရန် တွန်းအားပေးပြီး၊ ဖြောင့်မတ်သောသူလည်း ဒုက္ခဆင်းရဲခံရသည်။ သူသည် မကောင်းသောသူများ ချမ်းသာကြွယ်ဝကြောင်းကိုလည်း သတိပြုမိခဲ့သည်။ ထိုအရာသည် နည်း ဥပဒေများ ခြွင်းချက်မဟုတ်ဘဲ ယောဘအားဖြင့် ဘုရားသခင်၏ လူမျိုးတော်နှင့် သူ၏ ပိုင်သ အုပ်စိုးသောအခွင့်အာဏာအကြောင်း အပြန်အလှန်နားလည်မှုကို ယောဘအား ပြန်လည်စဉ်း စားစေခြင်းဖြစ်သည်။ နောက်ဆုံး၌ ယောဘရရှိလာသည့် ဉာဏ်ပညာသည် ဆုလဒ် (သို) အပြစ်ပေးခြင်းနှင့် ကတိတော်အပေါ်တွင်သာ မူတည်ခြင်း မဟုတ်ပေ။ ယောဘနှင့်သူ့အား စွပ်စွဲသူများအကြား ရှည်လျားသော အငြင်းပွားမှုသည် ယောဘအသက်တာ၌ ဘုရားသခင်၏ အပြစ်ဒဏ်ပေးမှုမှ မတရားမှုနှင့်ပတ်သက်သော သူတို၏ တွေ့ရှိချက်များကို ပြန်လည်သင့်မြတ် ခြင်း ဖြစ်သည်။ ဘုရားသခင်၏ စိတ်တော်သည် လူတို၏ဆင် ခြင်တုံတရားနှင့်နားလည်ရန် ၊ အလွန်ကျယ်ပြန့်ခြင်းကြောင့် ထိုသိုသော နည်းလမ်းသည် အန္တရာယ်ရှိသည်။ နောက်ဆုံးတွင် ဘုရားသခင်သည် ယောဘအား ရှင်းပြချက် မပေးခဲ့ပေ။ သိုသော် စုံလင်သော ဉာဏ်ပညာနှင့် ကရုဏာဖြင့် ညွှန်ကြားထားသော တန်ခိုးနှင့်အခွင့်အာဏာအားဖြင့် အပြစ်နှင့်အုပ်စိုးနေသော ကမ္ဘာကြီးကို အုပ်စိုးသည့် ဖန်ဆင်းရှင်အား ပိုမိုနက်ရှိင်းသော ယုံကြည်မှုရှိသူများကို ခေါ်ယူခဲ့ ဤစာအုပ်ကို နားလည်ရန် (၁) ဉာဏ်ပညာ၏ သဘောသဘာဝကို နားလည်ခြင်း၊ ကူးသဖြင့် ဘုရားသခင်နှင့် လူသားတိုအကြား ခြားနားမှု၊ (၂) ယောဘသည် ဘုရားသခင်၏ အုပ်စိုးမှုနှင့် ကရုဏာတော်၌ ရောင့်ရဲမှုရှိရန် ကြိုးစားစဉ် သူနှင့်သူ၏ မိတ်ဆွေများသည် အခြေအနေကို တိကျမှန်ကန်စွာ အနက်ဖွင့်ရန် ဘုရားသခင်၏ ဉာဏ်ပညာရှိကြောင်း၊ ဝန်ခံခဲ့ခြင်းစသည်တို လိုအပ်သည်။ ဤအမူအရာအတွက် အလှည့်အပြောင်း (သို) ဖြေရှင်းချက်မှာ ဘုရားသခင်၏ ဉာဏ်ပညာလက္ခဏာကို ရှင်းပြထားသော  ေယာဘ ၂၈ တွင် တွေ့ရသည်။

ဘုရားသခင်၏ ဉာဏ်ပညာသည် ရှားပါးပြီး တန်ဖိုးမဖြတ်နိုင်ခြင်း၊ လူကဝယ်ယူရန် မဖြစ်နိုင်ခြင်း ဘုရားသခင်သည် အလုံးစုံတိုကို ပိုင်ဆိုင်တော်မူသည်။ ကျွန်ုပ်တိုသည် ကောင်းကင်ဘုံတွင် မည်သိုဖြစ်ပျက် နေကြောင်း (သို) ဘုရားသခင်၏ ရည်ရွယ်ချက်သည် ဘယ်အရာဖြစ်ကြောင်းကို မသိသော်လည်း ဘု ရားသခင်ကို ယုံကြည် ကိုးစားရမည်။ ထို အကြောင်းကြောင့် ဒုက္ခဆင်းရဲခံရသော ယုံကြည်သူ များသည် ဘုရားသခင်နှင့်ဆိုင်သော ဉာဏ်ပညာအကြောင်းကို နောက်တွန့်လိုက်ကြသည်။

 

အကျဉ်းချုပ် ကောက်နှုတ်ချက်

၁။ အကြပ်အတည်း (၁း၁-၂း၁၃) ၊

က။ ယောဘကို မိတ်ဆက်ခြင်း (၁း၁-၅)

ခ။ ဘုရားသခင်သည် စာတန်နှင့် ဆွေးနွေးငြင်းခုန်ခြင်း (၁း၆-၂း၁၀)

ဂ။ မိတ်ဆွေများ ရောက်ရှိခြင်း (၂း၁၁-၁၃)

 

၂။ ဆွေးနွေးငြင်းခုန်ခြင်း (၃း၁-၃၇း၂၄)

က။ ပထမ သံသရာ (၃း၁-၁၄း၂၂)

၁) ယောဘ၏ပထမပြောဆိုမှုသည် စိတ်အားငယ်မှုကို ဖော်ပြခြင်း(၃း၁-၂၆)

၂) ဧလိဖက်၏ ပထမပြောဆိုမှုသည် နှိမ့်ချမှုနှင့် နောင်တရမှုများအား ညင်သာစွာ ကန့်ကွက်ခြင်းနှင့် တိုက်တွန်းခြင်း (၄း၁-၅း၂၇)

၃) ဧလိဖက်အား ယောဘ၏ တုန့်ပြန်မှုသည် ဒုက္ခဆင်းရဲများ၏ မေးခွန်းများ နှင့် ကြေကွဲမှုများကို ဖော်ပြပြီး၊ သူ့နာကျင်မှု၌ ကိုယ်ချင်းစာတရားအတွက် မေးမြန်းခြင်း (၆း၁-၇း၂၁)

၄) ဗိလဒဒ် ၏ ပထမပြောဆိုမှုမှာ ယောဘသည် ဘုရားသခင်အား အပြစ် တင်ရှုတ်ချသည်ဟု စွပ်စွဲခြင်း (၈း၁-၂၂) ၊

၅) ဗိုလဒ်အပေါ် ယောဘ၏ တုန့်ပြန်မှုမှာ သူသည် မစုံလင်သူဖြစ်ကြောင်း ဝန်ခံသော်လည်း၊ မမျှတပုံရသည့်အရာကို ကန့်ကွက်လိမ့်မည်ဖြစ်ခြင်း ၊ (၉း၁-၁၀း၂၂)

၆) ဇောဖာ၏ ပထမပြောဆိုမှုမှာ ယောဘသည် ဘုရားသခင်နှင့် မှန်ကန်မှုရှိ ရန် ပြောခြင်း (၁၁း၁-၂၀)

၇) ဇောဖာအား ယောဘ၏ တုန့်ပြန်ချက်သည် သူ့မိတ်ဆွေများအား မှားသည် ဟု ပြောပြီး၊ ဘုရားသခင်သာလျှင် သိ၍ သူနှင့်စကားပြောဆိုလိမ့်မည်ဟု မျှော်လင့်ခြင်း (၁၂း၁-၁၄း၂၂)

ခ။ ဒုတိယသံသရာ (၁၅း၁-၂၁း၃၄) ၊

၁) ဧလိဖက်၏ ဒုတိယပြောဆိုမှုမှာ ယောဘသည် ရှေးဉာဏ်ပညာကို မထိ မဲ့မြင်ပြုသည်ဟု စွပ်စွဲခဲ့ခြင်း (၁၅း၁-၃၅) –

၂) ဧလိဖတ်အား ယောဘတုန့်ပြန်မှုမှာ သူ၏မတရားစွပ်စွဲမှုများအား ဘုရား သခင်ထံ အသနားခံခြင်း (၁၆း၁-၁၇း၁၆)

၃) ဗိလဒဒ်၏ ဒုတိယပြောဆိုမှုမှာ ယောဘသည် ဆင်းရဲဒုက္ခနှင့်ထိုက်တန်ခြင်း၊ ကြောင့် ခံစားရသည်ဟု ပြောခြင်း (၁၈း၁-၂၁)

၄) ဗိလဒ်အား ယောဘ၏ တုန့်ပြန်မှုမှာ ခံစားရသော ဝေဒနာအတွက် ဘုရားသခင်ထံ အော်ဟစ်ခြင်း (၁၉း၁-၂၉) ၊

၅) ဇောဖာ၏ ဒုတိယပြောဆိုမှုမှာ ဘုရားသခင်၏ တရားမျှတခြင်းကို မေးခွန်း ထုတ်ခြင်းကြောင့် ယောဘအား ဘုရားသခင်ငြင်းပယ်ခံရခြင်းဟု စွပ်စွဲ ပြောဆိုခြင်း (၂၀း၁-၂၉)

၆) ဇောဖာအား ယောဘ၏ တုန့်ပြန်မှုမှာ သူသည် အဖြစ်မှန်ဖြင့် ထိတွေ့သူ ဖြစ်ကြောင်း ပြောခြင်း (၂၁း၁-၃၄)

ဂ။ တတိယ သံသရာ (၂၂း၁-၂၆း၁၄) ၊

၁) ဧလိယက်၏ တတိယပြောဆိုမှုမှာ ဘုရားသခင်၏ တရားမျှတမှုကို ယောဘ သည် ဝေဖန်မှုပြုသည်ဟု ပြောခြင်း (၂၂း၁-၃၀)

၂) ဧလိဖက်အား ယောဘ၏ တုန့်ပြန်မှုမှာ သူအပြစ်မရှိကြောင်း ဘုရားသခင် သိပြီး၊ ဘုရားသခင်၏ ကူညီမစခြင်းနှင့် သန့်ရှင်းစင်ကြယ်စေခြင်း ရည်ရွယ် ချက်တွင် မကောင်းသော သူများအတွက် ခဏယာယီအောင်မြင်ခြင်းကို ၊ ခွင့်ပြုထားခြင်း (၂၃း၁- ၂၄း၂၅)

၃) ဗိလဒဒ်၏ တတိယပြောဆိုမှုမှာ ဘုရားသခင်အား ယောဘ၏ တိုက်ရိုက် အသနားခံချက်အား ကဲ့ရဲ့ရှုတ်ချခြင်း (၂၅း၁-၆)

၄) ဗိလဒဒ်အား ယောဘ၏ တုန့်ပြန်ချက်မှာ ဘုရားသခင်သည် အမှန်တကယ် စုံလင်သော ဉာဏ်ပညာနှင့် လုံးဝပိုင်သအုပ်စိုးခွင့်ရှိသူဖြစ်သော်လည်း ၊ သူတိုစဉ်းစားသကဲ့သို မရိုးရှင်းကြောင်း ပြောခြင်း (၂၆း၁-၁၄)

ဃ။ ယောဘ၏ နောက်ဆုံး ကာကွယ်မှု (၂၇း၁-၃၁း၄၀)

၁) ယောဘ၏ ပထမဆုံး တစ်ဦးတည်းပြောသော ရှည်လျားသည့် စကားသည် သူ၏ဖြောင့်မတ် ခြင်းကို အတည်ပြုပြီး၊ လူသည် ဘုရားသခင်၏ ဉာဏ်ပညာ ကို မဖုံးကွယ်နိုင်ခြင်း (၂၇း၁-၂၈း၂၈)

၂) ယောဘ၏ ဒုတိယ တစ်ဦးတည်းပြောသော ရှည်လျားသည့် စကားသည် သူ့အတိတ်ကို သတိရခြင်း၊ သူ့လက်ရှိကို သတိရခြင်း၊ သူအပြစ်မရှိခြင်း ကို ကာကွယ်ခြင်းနှင့် ဘုရားသခင်အား သူ့ကိုကာကွယ်ရန်အတွက် တောင်းဆိုခြင်း (၂၉း၁-၃၁း၄၀)

င။ ဧလိဟု၏ ပြောဆိုမှုများ (၃၂း၁-၃၇း၂၄)

၁) ဧလိဟုသည် အကြပ်အတည်းများကို ပယ်ဖျက်ရန် ငြင်းခုန်မှုထဲသို ဝင်ရောက်ခြင်း (၃၂း၁-၂၂း

၂) ဧလိဟုက ယောဘသည် ဘုရားသခင်အား ဝေဖန်ခဲ့သည်ဟု စွဲဆိုခဲ့ပြီး၊ ဘုရားသခင်၌ ယောဘဆင်းရဲဒုက္ခခံရစဉ်ပင် မေတ္တာရှိသည့်ရည်ရွယ်ချက် ရှိနိုင်ကြောင်း အသိအမှတ်မပြုခြင်း (၃၃း၁-၃၃)

၃) ဧလိဟုက ယောဘသည် ဘုရားသခင်နှစ်သက်သော အသက်တာရရှိ ပေးဆပ်ခြင်း မဟုတ်ကြောင်း ဘုရားသခင်၏ သိက္ခာသမာဓိကို မေးခွန့်ထုတ်ခဲ့သည်ဟု ပြောခြင်း (၃၄း၁-၃၇) ၊

၄) ဧလိဟုသည် ဘုရားသခင်အတွက် စိတ်ရှည်စွာစောင့်ဆိုင်းရန် ယောဘ အား တိုက်တွန်းခြင်း (၃၅း၁-၁၆)

၅) ဧလိဟုက ဘုရားသခင်သည် ယောဘအား ဆုံးမမည်ကို ယုံကြည်ခြင်း (၃၆း၁-၂၁)

၆) ဧလိဟုက လူတို၏ ဆင်ခြင်လေ့လာမှုသည် တရားမျှတမှုနှင့် ကရုဏာကို စီမံရာတွင် ဘုရားသခင်၏ ပြုမူဆက်ဆံမှုကို ကောင်းစွာနားလည်သဘော ပေါက်ရန် ခဲယဉ်းသည်ဟု ပြောခြင်း (၃၆း၂၂-၃၇း၂၄)

၃။ ကယ်တင်ခြင်း (၃၈း၁-၄၂း၁၇) ၊

က။ ဘုရားသခင်သည် ယောဘအား စစ်ကြောစုံစမ်းတော်မူခြင်း (၃၈း၁-၄၁း၃၄)

၁) ယောဘအား ဘုရားသခင်၏ ပထမအကြိမ် တုန့်ပြန်မှု (၃၈း၁-၄၀း၂)

၂) ဘုရားသခင်ကိုပေးသော ယောဘ၏အဖြေ (၄၀း၃-၅) ၊

၃) ယောဘအား ဘုရားသခင်၏ ဒုတိယအကြိမ် တုန့်ပြန်မှု (၄၀း၆-၄၁း၃၄)၊

ခ။ ယောဘသည် ဝန်ခံခြင်း၊ ဝတ်ပြုခြင်း၊ မှန်ကန်ကြောင်းပြောခြင်း (၄၂း၁-၁၇)

၁) ယောဘသည် သူ့အပေါ်ကျရောက်သော တရားစီရင်ခြင်းကို အောင်မြင် ခြင်း (၄၂း၁-၆)

၂) ဘုရားသခင်သည် ဧလိဖက်၊ ဗိုလဒဒ်နှင့် ဇောဖာတိုကို ဆုံးမခြင်း (၄၂း၇-၉)

၃) ဘုရားသခင်သည် ယောဘ၏ မိသားစု၊ ကြွယ်ဝမှုနှင့် အသက်ရှည်ခြင်းတို ကို ပြန်ပေးခြင်း (၄၂း၁၀-၁၇)

 

ယောဘဝတ္ထု အချိန်ကာလ၌ ကမ္ဘာကြီးရှိ အခြားသောနေရာများ

အီဂျစ်လူမျိုးတိုသည် စက္ကူတိုကို အသုံး၍ အီဂျစ်၏ ပထမဆုံး စာကြည့်တိုက်များ တည်ထောင်ခဲ့ကြသည်။

 

ခက်ခဲသော မေးခွန်းများအတွက် အဖြေများ

၁။ ယောဘသည် ဘုရားသခင်နှင့် မည်သိုသော ပြုမူဆက်နွယ်မှု ရှိခဲ့သနည်း။

ယောဘ၏ ကိုယ်ရေးအကျဉ်းသည် သူ့သွင်ပြင်လက္ခဏာ၏ ဖော်ပြချက် အပိုင်းလေး ပိုင်းဖြင့် အစပြုထားပြီး “စုံလင် ဖြောင့်မတ်သောသူ .. ဘုရားသခင်ကို ကြောက်ရွံသောသူ၊ မကောင်းသောအမှုကို ရှောင်ကြဉ်သောသူ” (၁း၁)ဟု ဖြစ်သည်။ သူသည် သူ့သားသမီးများ အတွက် ဆုတောင်းပေးခဲ့ပြီး၊ ဘုရားသခင်နှင့်သူတို၏ ဆက်နွယ်ပြုမူခြင်းအကြောင်း စိုးရိမ်ပူပန် မရှိခဲ့သည် (၁း၅)။ သူသည် အောင်မြင်သော သူ၊ ချမ်းသာသောသူ ဖြစ်ပြီး၊ မင်္ဂလာရှိသောသူ တစ်ဦး ဖြစ်သည်။ အမှန်မှာ ဘုရားသခင်သည် ထိုသိုသောစရိုက်များကို စာအုပ်အဖွင့်တွင် အသုံးပြုထားပြီး၊ သူ၏ ခမ်းနားမှုကို ယောဘ၏ အတည်ပြုချက်ဖြင့် ပေါင်းထည့်ထားသည် (၁း၈)။

ရုတ်တရက် သားသမီးများ၊ အစေခံများ၊ တိရစ္ဆာန်များ စသည့်အရာအားလုံး ဆုံးရှုးမှုနှင့် ရင်ဆိုင်ရသော ယောဘ၏ ကနဦးတုန့်ပြန်မှုသည် ဝမ်းနည်းခြင်းနှင့် ဘုရားသခင်၏ ပိုင်သအုပ် ခြင်းကို သတိရခြင်း ဖြစ်သည်။ “ထာဝရဘုရားပေးတော်မူ၏။ ထာဝရဘုရားသည် ရုပ်သိမ်း တော်မူ၏။ ထာဝရဘုရား၏ နာမတော်သည် မင်္ဂလာရှိပါစေသတည်း။ ယောဘသည် ဤအမှု အရာများနှင့် ကြုံသော်လည်း ထာဝရဘုရားကိုလည်း အပြစ်မတင်ဘဲနေ၏။” (၁း၂၁၊ ၂၂)။

သူ့မိတ်ဆွေများ၏ ကြမ်းတမ်းသည့် စီရင်မှုများအောက်တွင် ယောဘမှာ အလိုမရှိသော အကြောင်းအ ရာများ အဘယ့်ကြောင့် ဘုရားသခင်ဖြစ်စေရခြင်းကို နားလည်ရန် အမှန်တကယ် ရုန်းကန်ခဲ့ရသည်။ ဘုရားသခင်ပြောလိုက်သည်နှင့် တစ်ပြိုင်နက်၊ ယောဘ၏ ပြဿနာသည် လုံးဝရှင်းလင်းသွားခဲ့သည်။ သူသည် ဘုရားသခင်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိသည့် ဆက်ဆံရေးကို ရှုပ်ထွေးခဲ့သည်။ ဘုရားသခင်သည် ယောဘ၏ ယုံကြည်ခြင်း (သို) ရိုးသားမှုကို မဆုံးမခဲ့ဘဲ၊ ဘုရားသခင်သည် ယောဘ၏ အခက်အခဲတွက် တောင်းဆိုသော အဖြေတစ်ခုကို မေးခွန်းမေး ခဲ့သည်။ ဘုရားသခင်သည် ယောဘအား မသိနားမလည်သည့်အတိုင်းအတာ အနည်းငယ်သာ ကြားနာရန် ခွင့်ပြုခြင်းဖြင့် သူသည် ဘယ်သောအခါမျှ နားမလည်နိုင်သောအရာများစွာ ရှိသည် ဟု ယောဘအား ပြသခဲ့သည်။ ဖန်ဆင်းခံတစ်ဦးအနေဖြင့်၊ ယောဘသည် ဖန်ဆင်းရှင်ထံမှ အဖြေတောင်းခံပိုင်ခွင့်မရှိပေ။ ယောဘ၏ နောက်ဆုံးစကားများသည် နှိမ့်ချခြင်းနှင့် နောင်တရ ခြင်းတိုဖြင့် ပြည့်စုံနေခဲ့သည်။ “သိတင်းတော်ကို အကျွန်ုပ်သည် နားနှင့်ကြားဖူးပါပြီ။ ယခုမူကား ကိုယ်တော်ကို မျက်စိဖြင့် မြင်ရပါ၏။ ထိုကြောင့် အကျွန်ုပ်သည် ကိုယ်ကို ရွံရှာပါ၏။ မြေမှုန့် နှင့် မီးဖိုပြာ၌ထိုင်၍ နောင်တရပါ၏ဟု လျှောက်လေ၏။” (၄၂း၅၊ ၆)။

ယောဘသည် အစောပိုင်းအချိန်က ဘုရားသခင်နှင့် ဆက်နွယ်မှုပြုခဲ့သည့် ပုံစံအတိုင်း ကျန်ရှိသည့်အချိန်များကိုလည်း ထိုသို ကုန်ဆုံးစေခဲ့သည်။ သူသည် သူ့မိတ်ဆွေများအတွက် ဆုတောင်းပေးခဲ့ပြီး၊ ဘုရားသခင်နှစ်သက်သည့် သားသမီးများဖြင့် အခြားမိသားတစ်စုကို ထူ ထောင်ခဲ့သည်။ သူသည် သက်တမ်းကုန်ဆုံးသည်အထိ နေထိုင်ခဲ့သည်။

၂။ ယောဘဝတ္ထု၌ ဘုရားသခင်နှင့် စာတန်သည် မည်သိုသော ဆက်နွယ်မှု ရှိခဲ့သနည်း။

စာတန်သည် ဘုရားသခင်ကျိန်ဆိုခဲ့သော ရန်သူဖြစ်သော်လည်း သူတိုသည် တန်းတူ မဟုတ်ပေ။ စာတန်သည် ဖန်ဆင်းခံဖြစ်ပြီး၊ ဘုရားသခင်သည် ဖန်ဆင်းရှင်ဖြစ်သည်။ စာတန် သည် သူ၏ချီးမြှောက်ခြင်း ခံရသောကဏ္ဍ၌ မပါဝင်လိုသော ကောင်းကင်တမန်တစ်ပါးဖြစ်ပြီး၊ ဘုရားသခင်အား ပုန်ကန်ခဲ့သည်။ ဖြောင့်မတ်သောသူသည် သူတိုရရှိသော အရာများကြောင့်သာ ဘုရားသခင်ကို သစ္စာ စောင့်သိသည်ဟု စာတန်ပြောသောအခါ စာတန်နှင့်ဘုရားသခင်အကြား ဆက်လက်ဖြစ် သော ပဋိပက္ခကို ဖော်ပြခဲ့သည်။ ဘုရားသခင်သည် သူတိုအပေါ် ကောင်းမြတ်နေသရွေ့ သူ တိုသည် ဘုရားသခင်၌ ကိုးစားကြသည်။ စာတန်သည် ယောဘ၏။  ဖြောင့်မတ်ခြင်းနှင့်ပတ်သက် သော ဘုရားသခင်၏ ကြေညာချက်များကို သံသယမရှိပါက စမ်းသပ်ခွင့်ပြုရန် စိန်ခေါ်ခဲ့သည်။ စာတန်သည် ယောဘ၏ ဆင်းရဲဒုက္ခကို ခံခြင်းအားဖြင့် ဘုရားသခင်၌ သူ၏ယုံကြည်ခြင်းကို ဖျက်ဆီးနိုင်လိမ့်မည်ဟု ယုံကြည်ခဲ့သည်။

ယောဘ၏ အသက်တာအားဖြင့် ဘုရားသခင်ဖော်ပြသကဲ့သို စာတန်သည် အခြား ရှုးနိမ့်မှုများ ခံစားခဲ့ရသည်။ ကယ်တင်ခြင်းသည် ယုံကြည်သူ မည်မျှဒုက္ခရောက်နေသည်ဖြစ်စေ (သို) မခံထိုက်သော၊ မဖြစ်နိုင်သော ဆင်းရဲဒုက္ခများ မြင်တွေ့ရပါစေ မည်သည့် အကြောင်းကိစ္စ များက ဖျက်ဆီးနိုင်လိမ့်မည် မဟုတ်ပေ။

ယောဘအား ဖျက်ဆီးမှု ကျရှုးပြီးနောက် စာတန်သည် ထိုဇာတ်လမ်းထဲမှ ပျောက်ကွယ် သွားခဲ့သည်။ သူသည် ဘုရားသခင်၏ ရှုးနိမ့်သော ရန်သူအဖြစ် ရှိနေဆဲဖြစ်ပြီး၊ ဘုရားသခင်၏ အောင်ပွဲခံမှုကို ဆက်လက်အမျက်ဒေါသ ထွက်နေဆဲဖြစ်သည်။

၃။ အဘယ့်ကြောင့် ဖြောင့်မတ်သူနှင့် အပြစ်ကင်းသူတိုသည် ဒုက္ခဆင်းရဲ ခံရသနည်း။

မည်သည့်လူသားမဆို စစ်မှန်သော ဖြောင့်မတ်ခြင်း (သို) အပြစ်ကင်းခြင်း မရှိပေ။ သမ္မာကျမ်းစာက လူသားအားလုံးသည် အပြစ်သားများဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြထား သည် (ရော ၃း၂၃)။ အပြစ်သားအားလုံးသည် ထာဝရ အပြစ်ဒဏ်စီရင်ခြင်းခံရရန် ထိုက်တန်မှု ရှိသည်။ ထိုအရာသည် အလွန်အံ့ဩဖွယ်ရာ ဘုရားသခင်၏ ကျေးဇူးတော်ကို ဖြစ်စေသည်။

သိုသော်လည်း ထိုသမ္မာတရားကို နားလည်သဘောပေါက်ရန်မှာ လူ့အတိုင်းအတာအရ ဖြောင့်မတ်ပြီး အပြစ်ကင်းသူရှိကြောင်း ဝန်ခံရမည်ဖြစ်သည်။ ထိုအရာမှာ လူအချိုသည် အခြား သူများထက် အပြစ်ကင်းစင်သလို၊ ကိုယ်ကျင့်တရားနှင့် ကောင်းမြတ်ခြင်းတွင်လည်း ပိုသာသည်။ ဥပမာဆင်ခြင်ရန်မှာ ရွှေပညတ်တော်ကို ကျင့်သုံးရန် ကြိုးစားနေသူ (သို) ဆင်းရဲသားများကို ရက်ရောစွာ ပေးကမ်းသူတစ်ဦးကို ဖြစ်သည်။ ထိုအပြင် ကလေးငယ်များသည် အပြစ်ကင်းစင် ကြသူများဟု အများစုက ယူဆကြသည်။ ထိုကြောင့် “ကလေးငယ်များနှင့် စံပြအဖြစ်အသက်ရှင် နေထိုင်သူများသည် အဘယ့်ကြောင့် ဒုက္ခဆင်းရဲ ခံရပါသနည်း”ဟူသော မေးခွန်း နောက်တစ် ခါထပ်မေးရမည်ဖြစ်သည်။

ဤမေးခွန်းမှာ ဖြောင့်မတ်ခြင်း၊ အပြစ်ကင်းခြင်းနှင့် တစ်ဘက်တွင် နာကျင်မှုကင်းမဲ့စွာ နေထိုင်ခြင်းတိုသည် တိုက်ရိုက်ဆက်စပ်မှုရှိသည်ဟူသော ခံယူချက်ကို ဖော်ပြသည်။ ဤနေရာ တွင် ဆက်စပ်မှုရှိနိုင်သော်လည်း တိုက်ရိုက်တော့မဟုတ်ပေ။ အမှန်မှာ အပြစ်တရားသည် ၊ နောက်ဆုံး၌ ဆင်းရဲဒုက္ခကို ဖြစ်ပေါ်စေသည်။ သိုသော်လည်း ဆင်းရဲဒုက္ခသည် အပြစ်၏ ။ မှားယွင်းသော ဖော်ပြချက်တစ်ခုတော့ မဟုတ်ပေ။ ယောဘ၏ မိတ်ဆွေများသည် ထိုအချက် ၊ ထက်ပိုပြီး မမြင်ကြပေ။ ထိုသူတိုအတွက် လူတစ်ဦး၏ ဆင်းရဲဒုက္ခသည် အမြဲတမ်းအကျိုးသက် ရောက်မှု တစ်ခုဖြစ်ပြီး၊ သူ၏ တစ်ခုတည်းသော အကြောင်းရင်းမှာ ထိုသူ၏ အပြစ်ကြောင့် ဖြစ်နိုင်သည်။

ဖြောင့်မတ်သူနှင့် အပြစ်ကင်းသူတိုသည် အမျိုးမျိုးသော အကြောင်းရင်းများကြောင့် ဒက္ခဆင်းရဲ ခံစားရသည်။ (၁) တစ်ခါတစ်ရံ အပြစ်များသော လောကတွင် ဖြောင့်မတ်သောသူ သည် သူတပါးအတွက် အသက်စွန့်သည်အထိ ပေးဆပ်ခြင်းလည်း ပါဝင်သည်။ (၂) တစ်ခါတစ်ရံ ကလေးသူငယ်များသည် သူတိုမိဘများ၏ လုပ်ဆောင်မှုရလဒ်ကြောင့် အလွန်နာကျင်စွာ ခံစား ရသကဲ့သို၊ အခြားသူများ၏ အပြစ်ကို ဖြောင့်မတ်သူက ဒုက္ခဆင်းရဲခံရခြင်းလည်း ပါဝင်သည်။ (၃) ဖြောင့်မတ်သူနှင့် အပြစ်ကင်းသူများသည် သွားကိုက်ခြင်းနှင့် လက်ချောင်းများ နာကျင်သကဲ့ သို မစုံလင်ခြင်းနှင့် အပြစ်များသော လောကတွင် ပေါ်ပေါက်လာသည့် နာကျင်မှု အခြေအနေ များမှ ကင်းလွှတ်ခွင့် မရကြပေ။ (၄) တစ်ခါတစ်ရံ လူများသည် တိကျသော အကြောင်းပြချက် မရှိဘဲ ဒုက္ခဆင်းရဲကို ခံစားရသည်။ ယောဘသည် ထိုနောက်ဆုံး အတွေ့အကြုံ၏ ပြည့်စုံသော ပုံဖော်ပြမှုတစ်ခုဖြစ်သည်။

၄။ ဘုရားသခင်သည် အဘယ့်ကြောင့် ယောဘ၏ (ကျွန်ုပ်တို၏) မေးခွန်းများအားလုံး ကို မဖြေပေးသနည်း။

ဤမေးခွန်းက ဘုရားသခင်သည် ကျွန်ုပ်တို၏ မေးခွန်းအားလုံးကို ဖြေဆိုပါက ယုံကြည် ရန်ပိုမိုလွယ်ကူလိမ့်မည်ဟု ယူဆခြင်းဖြစ်သည်။ ထိုအရာသည် မမှန်ပေ။ ယုံကြည်ကိုးစားခြင်း သည် အဖြေများရရှိခြင်းထက် သာလွန်သည်။ တစ်ခါတစ်ရံ မေးခွန်းများသည် ယုံကြည်ကိုးစား ရန် လွဲမှားစေသည့်အရာ ဖြစ်လာသည်။

နောက်ဆုံးမှာ၊ ကျွန်ုပ်တိုသည် ဘုရားသခင်၏ နည်းလမ်းများကို နားလည်ရန် ကျွန်ုပ်တို စွမ်းရည်ထက်ပိုပြီး ဘုရားသခင်ကို ယုံကြည်ရမည်ဖြစ်သည်။ ယောဘ၏အတွေ့အကြုံမှ သင်ခန်း စာသည် ကျွန်ုပ်တိုအား မေးခွန်းများပေးရန် တားမြစ်ထားခြင်းမရှိပေ။ များသောအားဖြင့် ဤ မေးခွန်းများသည် ကျွန်ုပ်တို ဒုက္ခဆင်းရဲခံခြင်းအတွက် အကြောင်းရင်းများသို ဦးတည်သွားစေ ပါသည်။ သိုသော် ယောဘ၏ အတွေ့အကြုံသည် ကျွန်ုပ်တိုအား တစ်ချိန်လုံး နားလည်နိုင်မည် မဟုတ်ခြင်း (သို) အချိုသောအချိန်များကိုပင် နားမလည်နိုင်ခြင်းကိုလည်း သတိပေးထားသည်။

ဘုရားသခင်သည် ကျွန်ုပ်တို မေးခွန်းအားလုံးကို အဖြေပေးမည်မဟုတ်ဘဲ၊ ကျွန်ုပ်တို သည် သူ၏အဖြေများကို နားမလည်နိုင်ခြင်းကြောင့် ဖြစ်သည်။

 

ယောဘဝတ္တုကို ဆက်လက်လေ့လာရန်

၁။ ယောဘဝတ္ထုမှ စာတန်၏စရိုက်လက္ခဏာအကြောင်း ကျွန်ုပ်တို ဘယ်အရာကိုလေ့လာမိသနည်း။

၂။ ယောဘမိတ်ဆွေများ၏ ဆွေးနွေးငြင်းခုန်မှုများကို အကျဉ်းချုပ်ပါ။

၃။ ယောဘ၏ မိတ်ဆွေများကို ဘုရားသခင်သည် ဘာပြောခဲ့သနည်း။ ။

၄။ ယောဘအား ဘုရားသခင်သည် နောက်ဆုံး ဘာပြောခဲ့သနည်း။

၅။ ယောဘသည် စာအုပ်ကို အစပြုသော ဖြောင့်မတ်သူမှ စာအုပ်ကို အဆုံးသတ်သူသို မည်သို ပြီး ပြောင်းလဲသွားသနည်း။

၆။ ယောဘဝတ္ထုသည် ဒုက္ခဆင်းရဲနှင့်ပတ်သက်ပြီး သင်၏မေးခွန်းများကို မည်သို အကျိုးသက် ရောက်စေသနည်း။

 

Leave a Reply

Your email address will not be published. Required fields are marked *