တောလည်ရာကျမ်း(Numbers)
တောထဲတွင် ခရီးပြုခြင်းအကြောင်း ခရီးသွားမှတ်တမ်း
ခေါင်းစဉ်
အင်္ဂလိပ်ခေါင်းစဉ် “Numbers”သည် ဂရိ (LXX) နှင့် Latin Vulgate
မှလာပြီး ရှေးဦးဆုံး ဘာသာ ပြန်ဆိုခြင်းကို
ကျမ်းစာပညာရှင်များမှ ပေါင်းစပ်လုပ်ဆောင်မှုဖြစ်သည်။ ရှေးဦးဆုံး ဂရိဘာသာဖြင့် ခေါင်းစဉ်ပေး ထားမှုမှာ arithmoi ဖြစ်ပြီး ထိုမှ အင်္ဂလိပ်ဝေါဟာရ arithmetic ကို ရရှိသည်။
လက်တင်ဘာသာပြန်ဆိုသူများက နောက်ပိုင်းတွင် numbers-ဟု ခေါင်းစဉ်ပေးကြပြီး အင်္ဂလိပ်ဝေါဟာရ numbers (ရေတွက်ခြင်း)ကို ၄င်းမှ ယူထား ခြင်းဖြစ် သည်။ ဤခေါင်းစဉ်သည် အခန်းကြီး ၁-၄ နှင့် ၂၆ ကို အဓိက အလေးအနက်ထားသည့် ရေတွက်ခြင်းကို အခြေခံထားခြင်းဖြစ်သည်။ အသုံးအများဆုံး ဟေဗြဲခေါင်းစဉ်သည် တော လည်ရာ ၁း၁ ၏ ဟေဗြဲစာလုံး ငါးလုံးမြောက်မှလာသည့် “တောတွင်”ဆိုသော ဝေါဟာရမှ လာသည်။ ဤနာမည်သည် စာအုပ်ရှိ အကြောင်း အရာအားလုံးကို ဖော်ပြပြီး၊ တောထဲတွင် (၃၉) နှစ်ကြာ လှည့်လည်သည့် ဣသရေလူမျိုးသမိုင်းကို ရေးသား ဖော်ပြထားသည်။ ကနဦး အသင်းတော်ဖခင်ကြီးများမှ ဖော်ပြသည့် အခြား ဟေဗြဲခေါင်းစဉ်မှာ တောလည်ရာ ၁း၁ ရှိ ပထမဆုံး စကားလုံးဖြစ်သည့် “ထာဝရဘုရား မိန့်တော်မူသည်ကား”ဟု ဖြစ်သည်။ ထိုခေါင်းစဉ် က တောလည်ကျမ်းသည် ဣသရေလူမျိုးကို ဘုရားသခင်ဖော်ပြသည့် နှုတ်ကပတ်တော်များ မှတ်တမ်းတင်ထား ခြင်းကို အလေးအနက်ဖော်ပြသည်။
စာရေးသူနှင့် ရက်စွဲ ၊
တောလည်ရာကျမ်းသည် ပညတ္တိကျမ်း (သို) Pentateuch ဟုခေါ်သော ပထမက (၅) ကျမ်း၏ လေးအုပ်မြောက်ဖြစ်သည်။ ထိုကျမ်းများကို ကျမ်းစာတစ်အုပ်လုံးက မော ရေးသားခဲ့သည်ဟု ဖော်ပြသည် (ယောရှု ၈း၃၁၊ ၄ ရာ ၁၄း၆၊ နေဟမိ ၈း၁၊ မာ ၁၂း၂၆ ၊ ယော ၇း၁၉)။ တောလည်ရာကျမ်းကိုယ်တိုင်ကပင် ၃၃း၂ နှင့် ၃၆း၁၃ တွင် မောရှေရေးသား သည်ဟု ရည်ညွှန်းပြောဆိုသည်။
တောလည်ရာကျမ်းကို မောရှေ၏ အသက်နောက်ဆုံးနှစ်တွင် ရေးသားခဲ့သည်။ တော ၂၀း၁ မှ အဖြစ်အပျက်သည် ထွက်မြောက်ရာပြီးနောက် နှစ်ပေါင်း (၄၀) မြောက်နှစ်တွင် ဖြစ် ပျက်ခဲ့သည်။ ခါနန်ပြည်ကို အစပြုသိမ်းပိုက်ခဲ့သည့်နေရာ (ယောရှု ၃-၆) ယေရိခေါမှ ယော်ဒန် မြစ်၏ အရှေ့ဘက်အခြမ်းတွင် ဣသရေလ လူမျိုးရှိနေခြင်းဖြင့် အဆုံးသတ်ထားသည် (၃၆း၁၃)။ တောလည်ကျမ်းသည် ခန့်မှန်း ဘီစီ ၁၄၀၅ အချိန်ဖြစ်ပြီး၊ တရားဟောရာကျမ်း၏ အုတ်မြစ် ဖြစ်ခြင်း၊ တရားဟောရာကျမ်းသည် ထွက်မြောက်ရာကျမ်းပြီးနောက် နှစ် (၄၀) ပြည့်၊ ၁၁ လ ပိုင်းတွင်ဖြစ်သည် (တရားဟော ၁း၃)။
နောက်ခံသမိုင်းကြောင်းနှင့် အနေအထား
တောလည်ရာကျမ်းတွင် အများဆုံးအဖြစ်အပျက်များမှာ “တောထဲတွင်”ဟု ဖော်ပြထား သည်။ “တောထဲတွင်”ဟူသော ဝေါဟာရ ကို လာလည်ရာကျမ်းတွင် (၄၈) ကြိမ် အသုံးပြုထားသည်။ ထိုဝေါဟာရသည် အသီးအနှံနှင့် သစ်ပင်အနည်းငယ် ပေါက် သောမြေကိုဆိုလိုပြီး မိုးရေမလုံလောက်ခြင်း ကြောင့် ထွန်ယက်စိုက်ပျိုးခြင်း မလုပ်နိုင် ပေ။ ထိုမြေသည် တိရစ္ဆာန်များ ထိန်း ကျောင်းရာတွင် အကောင်းဆုံးမြေဖြစ် သည်။ တော ၁း၁-၁၀း၁၀ တွင် ဣသရေ လလူမျိုးသည် “သိနာတောတွင်” စခန်းချခဲ့ သည်။ ထိုသိနာတောင်တွင် ဘုရားသခင် သည် သူတိုနှင့်အတူ မောရှေနှင့်ပြုလုပ် သည့် ပဋိညာဉ်များ လုပ်ဆောင်ခဲ့သည် (ထွက် ၁၉-၂၄)။ တော ၁၀း၁၁-၁၂း၁၆ သည် ဣသရေလလူမျိုးသည် သိနာတောင် မှ ကာဒေရှအရပ်သို ခရီးပြုခဲ့သည်။ တော ၁၃း၁-၂၀း၁၃ သည် ကာဒေရှဝန်းကျင်နေ ရာရှိ အဖြစ်အပျက်များ ဖြစ်ပြီး “ပါရန်တော ” (၁၂း၁၆၊ ၁၃း၃၊ ၂၆) “ဇိနတော ” (၁၃း၂၁၊ ၂၀း၁) အနီးဝန်းကျင်တွင် ဖြစ်သည်။ တော ၂၀း၁၄-၂၂း၁ တွင် ဣသရေလလူမျိုးသည် ကာဒေရှမှ “မောဘလွင်ပြင်”သို့ ခရီးပြုသည်။ တော ၂၂း၂-၃၆ ရှိ အဖြစ်အပျက်များအားလုံးသည် ဣသရေလ လူမျိုး မောဘလွင်ပြင် နောက် ဘက်တွင် စခန်းချသောအချိန်၌ ဖြစ်ပျက်ခဲ့သည့်အရာများဖြစ်သည်။ ထိုလွင်ပြင် သည် ထွန်ယက် စိုက်ပျိုးမရနိုင်သော မြေအလယ်ရှိ မြေဩဇာကောင်းသည့် မြေပြန့်ဒေသဖြစ်သည် (၂၁း၂၀၊ ၂၃း၂၈၊ ၂၄း၁)။
တောလည်ရာကျမ်း၌ ခရစ်တော် ၊
ဓမ္မသစ်ကျမ်းသည် တောလည်ရာကျမ်း၌ ခရစ် တော်ရှိနေသည့် အရင်းအမြစ်များကို ဖော်ပြသည်။ အခန်းကြီး ၂၁း၄-၉ တွင် ဣသရေလလူမျိုးသည် မောရှေမြှောက်တင်ထားသည့် မြွေကိုကြည့်ခြင်းဖြင့် အနာငြိမ်းကြသည်။ ရှင်ယောဟန်က ထိုအရာအား လက်ဝါးကပ်တိုင်တွင် အသေသတ်ခြင်းကို ပုံဖော်၍ “မောရှေသည် တော၌မြွေကို မြှောက်ထားသကဲ့သို လူသား သည် မြှောက်ထားခြင်းကို ခံရမည်” (ယော ၃း၁၄)။ လူများကို အသက်ရှင်စေသော မန္ဒမုန့်ကို လည်း အသက်မုန့်ဖြစ်သော ခရစ်တော်ကို သရုပ် ဖော် ရည်ညွှန်းသည် (ယော ၆း၃၁-၃၃)။ ထိုအပြင် လူများအတွက်သောက်ရန် ရေပေးသော ကျောက် ကိုလည်း ခရစ်တော်အား တင်စားခြင်းဖြစ်သည်။ ရှင်ပေါလုသည် ကောရိန္ဒူအသင်းတော်သို ပေးသော စာတွင် ထိုကျောက်ကို “ထိုသူတို နောက်၌လိုက်သော ဓမ္မကျောက်မှ ထွက်သောရေကို သောက်ကြ၏။ ထို ကျောက်ကား ခရစ်တော်ပေ တည်း။”ဟု (၁ ကော ၁၀း၄) ရည်ညွှန်းပြောဆိုထားသည်။
ဤစာအုပ်၏ အကြီးဆုံးအပိုင်းဖြစ်သည့် ထွက်မြောက်ပြီးနောက် ဒုတိယနှစ် ကတ် တော်နယ်မြေကို ပထမကြိမ်တိုက်ခိုက်ရာတွင် ရှုးနိမ့်ခြင်းအချိန်မှ ဖြစ်သလို နှစ် (၄၀) နောက်ပိုင်း ဒုတိယအကြိမ်တိုက်ခိုက်ဖိုရန် နောက်ဆုံးပြင်ဆင်နေသောအချိန်ကာလရှိ အဖြစ်အပျက်များ ကို ဖော်ပြထားသည်။ ထိုနှစ်များအကြား စိတ်မကောင်းစရာ အဖြစ်အပျက်များ ဖြစ်သွားသည့် (၃၇)နှစ်ကြာ လေလွင့်ချိန်ကို အလေးအနက် ဖော်ပြထားခြင်း မပြုတော့ပေ။ အဖြစ်အပျက် လုံးသည် ခန့်မှန်း ဘီစီ ၁၄၄၄ ၌ ဖြစ်ပျက်ခဲ့သည့် ၁း၁-၁၄း၄၅ ရှိ ထွက်မြောက်ရာကျမ်းပြီး နောက်နှစ်အကြောင်းအရာဖြစ်သည်။ ၂၀း၁ နောက်ပိုင်းအဖြစ်ပျက်များသည် ထွက်မြောက်ရာ ပြီးနောက် အနှစ် (၄ဝ) ခန့်မှန်းဘီစီ ၁၄၀၆/၁၄၀၅ အချိန်ကဖြစ်သည်။ ၁၅း၁-၁၉း၂၂ ၌ တွေ့ရသည့် ပညတ်ချက်များနှင့် အဖြစ်အပျက်များအတွက် အချိန်ပြမထားသော်လည်း ဖြစ်နိုင်ချေမှာ ခန့်မှန်း ဘီစီ ၁၄၄၂ မှ ၁၄ဝ၇ အတွင်းဖြစ်မည်။ နှစ်ပေါင်း (၃၇) နှစ်အတွင်း မဖော်ပြသည့်အကြောင်းအရာများသည် အီဂျစ်မှ ခါနန်သိုသွားသော ခရီးစဉ်တစ်လျှောက်လုံးနှင့် နှိင်းယှဉ်မှုတွင် ဣသရေလလူမျိုး၏ ဘုရားသခင်ကို ပုန်ကန်မှုနှင့် တရားစီရင်ခံရခြင်းကြောင့် အချိန်များကုန်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုနိုင်သည်။
တောလည်ရာကျမ်းရှိ အဓိက ဇာတ်ကောင်များ
မောရှေ – ဣသရေလလူမျိုးထံ သူပညတ်တော်ရှင်းပြရန် ဘုရားသခင်၏ နှုတ်သဖွယ် လုပ်ဆောင်ခဲ့သူ ပရောဖတ်နှင့်ခေါင်းဆောင် (၁း၁၊ ၁၉၊ ၄၈၊ ၅း၁။ ၄၊ ၅၊ ၁၁ နှင့် အခြား (၂၀၀) ကျော်သော ကိုးကားချက်များ
အာရုန် – မောရှေ၏ အစ်ကိုနှင့် ဣသရေလ၏ ပထမဆုံး ယဇ်ပုရောဟိတ်ကြီး (၁း၃၊ ၁၇၊ ၄၄၊ ၂း၁၊ ၃း၁-၁ဝ၊ ၁၂း၁-၅၊ ၂၀း၂၃-၂၉)
မိရိအံ – မောရှေနှင့် အာရုန်တို၏ အစ်မ၊ သီချင်းရေးသူနှင့် ပရောဖက်မ၊ မောရှေအား မနာလို ၊ ဖြစ်ခြင်းကြောင့် နူနာရောဂါစွဲခြင်း (၁၂၊ ၂၀း၁၊ ၂၆း၅၉)
ယောရှု – ဣသရေလလူမျိုးခေါင်းဆောင် မောရှေ၏လက်ထောက်၊ အီဂျစ်ပြည်မှ ထွက်လာခြင်း နှင့် ကတိတော်နယ်မြေကို ဝင်စားခြင်းနှစ်ခုလုံးကို ခံစားရသူနှစ်ဦးမှ တစ်ဦး (၁၁း၂၈၊ ၁၃၊ ၁၄၊ ၂၆း၆၅၊ ၂၇း၁၅-၂၃၊ ၃၂း၁၁၊ ၁၂၊ ၂၈၊ ၃၄း၁၇)
ကာလတ် – ခါနန်ပြည်ကို စုံစမ်းရန် စေလွှတ်ခြင်းခံရသူများမှ တစ်ဦး၊ နယ်မြေကို သူ့ဆန္ဒဖြင့် သိမ်းပိုက်ပြီး ဘုရားသခင်အပေါ် သစ္စာရှိသူ၊ အီဂျစ်ပြည်မှ ထွက်လာခြင်းနှင့် ကတိတော် နယ်မြေကို ဝင်စားခြင်းနှစ်ခုလုံးကို ခံစားရသောသူနှစ်ဦးမှ တစ်ဦး (၁၃-၁၄၊ ၂၆း၅၊ ၃၂း၁၂၊ ၃၄း၁၉)
ဧလာဇာ – ဣသရေလ၏ယဇ်ပုရောဟိတ်ကြီးတစ်ဦးအဖြစ်တင်မြှောက်ခံရသည့် အာရုန်၏သား (၃း၁-၄၊ ၄း၁၆၊ ၁၆း၃၆-၄၀၊ ၂၀း ၂၅-၂၉၊ ၂၆း၁-၄၊ ၆၃၊ ၂၇း၂၊ ၁၅-၂၃၊ ၃၂း၂၊ ၃၄း၁၇။
ကောရ – တဲတော်တွင် တာဝန်ထမ်းဆောင်ရသော လေဝိ၊ ဘုရားသခင်ကို ပုန်ကန် အသတ်ခံရသူ (၁၆း၁-၄၀၊ ၂၆း၉)
ဗာလမ် – ဘုရားသခင်ကို ယုံကြည်ခြင်းစိတ် မပြတ်သားသော ပရောဖက်နှင့် နတ်ဆရာ၊ ဣသရေလ လူမျိုးကို ရုပ်တုဆင်းတုကိုးကွယ်စေရန် ကြိုးစားသူ (၂၂း၁-၂၄း၂၅၊ ၃၁း၇၊ ၈၊ ၁၆)
သမိုင်းကြောင်းနှင့် ဓမ္မအတွေးခေါ်ဆိုင်ရာ အကြောင်းအရာများ
တောလည်ရာကျမ်းသည် ဣသရေလလူမျိုး မျိုးဆက်နှစ်ခု၏ တွေ့ကြုံခဲ့သည့်အရာများ ကို မှတ်တမ်း တင်ထားသည်။ ပထမမျိုးဆက်မှာ အီဂျစ်ပြည်မှ ထွက်လာသော ဘိုးဘေးတို့၏ မျိုးဆက်ဖြစ်သည်။ သူတို့ အကြောင်းသည် ထွက် ၂း၂၃ တွင် အစပြုခဲ့ပြီး ဝတ်ပြုရာကျမ်းတစ် လျှောက်နှင့် တောလည်ရာကျမ်း ပထမ အခန်းကြီး ၁၄ ခန်းအထိ ဖြစ်သည်။ ထိုမျိုးဆက်သည် ခါနန်တွင် တိုက်ခိုက်သိမ်းပိုက်ခြင်းအတွက် ရေတွက်ခြင်းခံခဲ့ရသည် (၁း၁-၄၆)။ ထိုလူမျိုးသည် ခါနန်ပြည်၏ တောင်ဘက်စွန်းကို ရောက်ခဲ့သော်လည်း ပြည်ထဲသို ဝင်ရန်ငြင်းဆိုခဲ့သည် (၁၄း၁ -၁၀)။ သူတိုသည် ဘုရားသခင်ကို ပုန်ကန်ခြင်းကြောင့် အသက် (၂၀) နှစ်အထက်အားလုံးသည် (ကာလက်နှင့် ယောရှုမှလွဲပြီး) တောထဲတွင် သေခဲ့ကြသည် (၁၄း၂၆-၃၈)။ အခန်းကြီး ၁၅း၂၅ တွင် ပထမနှင့် ဒုတိယမျိုးဆက်များ အတူတူရှိကြပြီး၊ ပထမမျိုးဆက်သည် ဒုတိယမျိုးဆက် ကြီးထွားလာသောအခါ သေဆုံးခဲ့ကြသည်။ ဒုတိယအကြိမ် လူဦးရေ ရေတွက်ခြင်းမှာ ဤဒုတိယ မျိုးဆက် သမိုင်းအစပြုခဲ့ခြင်းဖြစ်သည် (၂၆း၁-၅၆)။ ထိုဣသရေလလူမျိုးသည် စစ်ပွဲ တိုက်ခဲ့ကြ ပြီး (၂၆း၂) နယ်မြေကို အမွေခံခဲ့သည် (၂၆း၅၂-၅၆)။ ဤဒုတိယမျိုးဆက် သမိုင်းသည် တော ၂၆း၁ တွင် အစပြုခဲ့ပြီး တရားဟောရာ ကျမ်းနှင့် ယောရှုမှတ်စာအထိဖြစ်သည်။
တောလည်ရာကျမ်းတွင် ဓမ္မအတွေးအခေါ် ဆိုင်ရာ အကြောင်းအရာ (၃) ခုဖြစ်ပေါ် သည်။ ပထမမှာ မောရှေအားဖြင့် ဣသရေလလူမျိုးကို ဘုရားသခင်ကိုယ်တိုင် စကားပြောခြင်း ဖြစ်ပြီး (၁း၁၊ ၇း၈၉၊ ၁၂း၆-၈) မောရှေပြောသောစကားများသည် ဘုရားသခင်၏ သြဇာ အာဏာပါသည်။ မောရှေအပေါ်ဣသရေလ၏ ဆက်ဆံမှုသည် ဘုရားသခင်ထံ သူတို၏ နာ ခံမှု (သို) မနာခံမှုအဖြစ် ဖြစ်ပေါ်သည်။ တောလည်ရာကျမ်းသည် ဣသရေလလူမျိုးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တုန့်ပြန်မှုအပေါ် အခြေခံပြီး ကွဲပြားမှု (၃) ခု ရှိ၍၊ နာခံခြင်း (အခန်း ကြီး ၁-၁၀)၊ မနာခံခြင်း (အခန်းကြီး ၁၁- ၂၅)နှင့် နာခံခြင်းအတွက် ထပ်မံပြောခြင်း။ (အခန်းကြီး ၂၆-၃၆)တို့ဖြစ်သည်။ ဒုတိယအကြောင်းအရာမှာ ထာဝရဘုရားသည် တရားစီရင်သော ဘုရားဖြစ်သည်။ တောလည်ရာကျမ်းတစ်လျှောက် ဘုရားသခင်၏ အမျက်တော်”သည် ဣသရေလလူမျိုး၏ အပြစ်အပေါ် တုံပြန်မှုအဖြစ် ကျရောက်သည် (၁၁း၁၊ ၁၀၊ ၃၃၊ ၁၂း၉၊ ၁၄း၁၈၊ ၂၅း၃၊ ၄၊ ၃၂း၁၀၊ ၁၃၊ ၁၄)။ တတိယမှာ အာဗြဟံ၏ မျိုးဆက်အား ခါနန်ပြည်ကို အမွေပေးမည်ဟု ပြောထားသည့် ဘုရားသခင်၏ ကတိတော်ကို အလေးအနက်ဖော်ပြထားသည့် (၁၅း၂၊ ၂၆း၅၂-၅၆၊ ၂၇း၁၂၊ ၃၃း၅၀-၅၆၊ ၃၄း၁-၂၉)။
တောလည်ရာကျမ်းရှိ အဓိက ဝေါဟာရများ
ယဇ်ပူဇော်ခြင်း – ဟေဗြဲဝေါဟာရ – zebach- ၆း၁၇၊ ၇း၁၇၊ ၂၉၊ ၄၇၊ ၅၉ ၇၇၊ ၁၅း၃၊ ၅၊ ၈ ။ ထိုကြိယာ၏ အဓိပ္ပာယ်မှာ “ပူဇော်သက္ကာတစ်ခုအတွက် သတ်ရန်ဖြစ်သည်။ မောရှေ၏ ပညတ္တိကျမ်းအရ ယဇ်ပု ရောဟိတ် တစ်ဦးသည် ဝတ်ပြုကိုးကွယ်သူကိုယ်စား ယဇ်ပလ္လင်ပေါ်တွင် ယဇ်ကောင်များကို မီးပူဇော်သည် (ထွက် ၂၀း၂၄)။ ယဇ်ပူဇော်ခြင်းသည် ဘောဇဉ်ပူဇော်သက္ကာ (ရိတ်သိမ်းသည့်အထဲမှ အဦးသီး) (သို့) တရိစ္ဆာန် ကို ပူဇော်ရသည်။ ပညတ်တရားအောက်တွင် တိရစ္ဆာန်ကို ပူဇော်ခြင်းသည် အပြစ်ကို ဖုံးအုပ်ရန် (သို) လွှတ်ရန် ဦးစွာ လုပ်ဆောင်ရ သည့်အရာ ဖြစ်သည် (ဝတ် ၂၂း ၂၁၊ ဟေဗြဲ ၉း ၂၂)။ တစ်ဦးချင်းစီ၏ အဖြစ်သည်။ ယဇ်ပူဇော်သော တိရစ္ဆာန်သို ရောက်ရှိသွားခြင်းကို ပုံဆောင်ထားပြီး အပြစ်ကို အကုန်အစင်မပယ်နိုင် သောကြောင့် တစ်နှစ်တစ်ခါ လုပ်ဆောင် ရသည့် ယာယီအစားထိုးအပြစ်ဖြေခြင်းမျိုးဖြစ်သည် (ဟေဗြဲ ၁၀း၄)။ နောက်ဆုံးတွင် ဓမ္မဟောင်းကျမ်းရှိ ယဇ်ပူဇော်ခြင်းအားလုံးသည် ခရစ်တော်၏ ပြီးပြည့်စုံခြင်း နောက်ဆုံးယစ် ပုံစံကို ညွှန်ပြသည် (ဟေရှာ ၅၃၊ ၁ ကော ၅း၇၊ ဟေဗြဲ ၉း၁၀)။
ဘိသိတ်ပေးခြင်း – ဟေဗြဲဝေါဟာရ mashach – ၃း၃၊ ၆း၁၅၊ ၇း၁၊ ၁၀၊ ၈၄၊ ၈၊ ၃၅း၂၅) ဤကြိယာ၏ အဓိပ္ပာယ်မှာ “သံလွင်ဆီဖြင့် လူတစ်ဦးကို စိုစွတ်စေခြင်း (သို့) တို့ခြင်းဖြစ်သည်။ ရှင်ဘုရင် ယဇ်ပုရောဟိတ်၊ ပရောဖက်များသည် သူတိုအစေခံခြင်းအစ၌ ဘိသိတ်ခံကြသည် (၈း၁၂၊ ၁၆း၃၂၊ ၂ ရာ ၂း၄၊ ၅း၃၊ ၃ရာ ၁၉း၁၅၊ ၁၆)။ ဤထုံးစံသည် ဘုရားသခင်၏ အထူးရည်ရွယ်ချက်များအ တွက် သီးသန့်ထားသော လူ (သို) အရာဝတ္ထုကို ရည်ညွှန်းသည်။ ထွက်မြောက်ရာအချိန်တွင် သန့်ရှင်းသော အရာဝတ္ထုများသည် ဘိတ်သိတ်ခံခဲ့ကြပြီး၊ တဲတော်အပါအဝင်ဖြစ်သည်။ ဘိသိတ်ဆီ သည် ဆီနှင့်အခြားအရာ အနည်းငယ်ရောနှောထားသည့် ဈေးကြီးပြီး အလွန်ကောင်းသည် (၇း၁)။ ထိုကောင်းမွန်သောဆီသည် တဲတော်သန့်ရှင်းမြင့်မြတ်ခြင်းကို ပုံပမာပြုခဲ့ပြီး ဘုရားသခင်အတွက် အသုံးအဆောင်ဖြစ်သည်။
အဓိဌာန်ပြုခြင်း/သစ္စာပြုခြင်း – ဟေဗြဲဝေါဟာရ – neder – ၆း၂၁၊ ၁၅း၃၊ ၂၁း၂၊ ၃၀း၂၃၊ ၃၊ ၁၃ – သစ္စာပြုခြင်းတစ်ခု။ ဘုရားသခင်ထံ သစ္စာပြုခြင်းသည် ဘုရားသခင်ကို စိတ်ကျေနပ်စေရန် တစ်ခုခုကို ပြုလုပ်ရန် မိမိ၏စိတ်ဆန္ဒအလျောက် ဆက်ကပ်ခြင်း (သို) ဘုရားသခင်အပေါ် ဆက်ကပ် ခြင်းကိုပြရန် မိမိပြုလုပ်ဆောင်ရွက်လေ့ရှိသော အမူအကျင့်တစ်ခုခုကို ဖြတ်ခြင်းဖြစ်သည်။ ဓမ္မဟောင်းကျမ်းတွင် သစ္စာပြုခြင်းအတွက် ထင်ရှားသည့် ဥပမာတစ်ခုမှာ နာဇရိသစ္စာပြုခြင်းဖြစ် သည် (၆း၁-၂၁)၊ ကျိန်ဆိုခြင်းသည် ဖြောင့်မတ်ပြီး သန့်ရှင်းသော တရားစီရင်ခြင်းအမှုပြုသည့် ဘုရားသခင်ရှေ့တွင် ပြုခြင်းဖြစ်သောကြောင့် ကျမ်းစာကို မဆင်ခြင်ဘဲ သစ္စာကတိမပြုရန် အထူး သတိပေးထားသည် (ဒေ ၅၄)။ သတိပေးရခြင်း၏ အကြောင်းအရင်းမှာ ဘုရားသခင်နှင့် လုပ်ဆောင်သော သစ္စာကတိသည် အတည်ဖြစ်ပြီး ပြည့်စုံရမည်ဖြစ်သည်။
သက်ကြီးသူများ – ဟေဗြဲဝေါဟာရ – zaqen – ၁၁း၂၆၊ ၂၄၊ ၂၅၊ ၃၀၊ ၁၆း၂၅၊ ၂၂း၄၊ ၇ – ဤ ဝေါဟာရ၏ အဓိပ္ပာယ်မှာ “အသက်အရွယ်ကြီးရင့်သော” (သို့) “အိုသော”ဟုဖြစ်သည်။ ဓမ္မဟောင်း ကျမ်းတွင် သက်ကြီးသူ ဟူသော ဝေါဟာရသည် ခွန်အားမရှိသော အသက်အရွယ်ကြီးရင့်သူ (က ၄၄း၂၀၊ ယောဘ ၄၂း၁၇) (သို) ဣသရေလလူများအကြားတွင် အာဏာရှိသော ရင့်ကျက်သူတစ် ဦးကို ရည်ညွှန်းသည် (ထွက် ၃း၁၆၊ ယောရှု ၈း၃၃)၊ သက်ကြီးသူများသည် တရားသူကြီးများ (ထွက် ၁၈း၁၂) အကြံပေးသူများ (ယေဇ ၇း၂၆) နှင့် အုပ်ချုပ်သူများအဖြစ် တာဝန်ထမ်းဆောင် ကြသည် (တရားဟာ ၁၉း၁၂၊ ရုသ (၄း၂)။ သူတိုရာထူးသည် ပိုပြီးလေးစားရမည့်သူတစ်ဦးဖြစ်သည် (သု ၃၁း၂၃၊ ဟေရှာ ၉း၁၅)။ အသက်အရွယ်အရ (ဟေဗြဲထုံးစံအရ သက်ကြီးသူတစ်ဦးသည် အ သက် (၅၀) အနည်းဆုံးရှိရမည့် ယောက်ျားတစ်ဦးဟု ဖော်ပြသည်) သက်ကြီးသူ တစ်ဦးသည် တပ် မက်ခြင်းအားဖြင့်မဟုတ်ဘဲ ဘုရားသခင်ကို ကြောက်ရွံခြင်း၊ သစ္စာရှိခြင်းဖြင့် သူ၏ ရင့်ကက်မှုကို ဖော်ပြသည် (ထွက် ၁၈း၂၁)။
တောလည်ရာကျမ်းရှိ အဓိကဩဝါဒများ
ဘုရားသခင်ကို ပုန်ကန်ခြင်း – ဣသရေလလူမျိုးသည် ရုပ်တုဆင်းတု ကိုးကွယ်သော တပါးအမျိုးသားများနှင့် ပေါင်းဖော်ခြင်း၏ ရလဒ် (၁၄း၂၆-၃၈၊ ထွက် ၃၄း၆၊ ၇၊ ယောရှု ၂၄း၁၉၊ ဆာ ၃၂း၁-၇၊ ဟောရှေ ၁၀း၉၊ ၁ဝ၊ ၂ သက် ၂း၃၊ ယုဒ ၁း၁၄၊ ၁၅)
နယ်မြေကို အမွေခံခြင်း – ဘုရားသခင်သည် သူ၏လူမျိုးအတွက် ကတိတော်နယ်မြေကို လုံခြုံ စေခြင်း (၁၆း၁၄၊ ၂၆း၅၂-၅၆၊ ဝတ် ၁၄း၃၄၊ ၅ ရာ ၂၈း၈၊ ဧဇရ ၉း၁၀-၁၂၊ ဆာ ၁၆း၅၊ ၆၊ ယောလ ၃း၂၊ ကော ၁း၁၁၊ ၁၂၊ ၁ ပေ ၁း၄)
ဘုရားသခင်၏ အခွင့်အာဏာကို မောရှေထံ ပေးခြင်း – မောရှေသည် ဘုရားသခင်၏ နှုတ်က ပတ်တော်ကို ပြောပြီး ဣသရေလလူမျိုးကို ဦးဆောင်ခဲ့သည်(၁း၁၊ ၇း၈၉၊ ၁၂း၆-၈)။ ဘုရားသခင်သည် သူ့ အခွင့်အာဏာကို သူ့ပရောဖက်များ(ယေရမိ ၅း၁၂၊ ၁၂၊ ၁ကော ၁း၁၀)နှင့် ယောရှု (မ ၂၉၊ ၉း၆၊ မာ ၆း၁၂၊ လု ၁၀း၂၂)ထံသိုလည်း ပေးခဲ့သည်။
ဣသရေလလူမျိုး၏ အပြစ်နှင့် ဘုရားသခင်ထံမှ တရားစီရင်ခြင်း – ဘုရားသခင်သည် မျက်နှာ လိုက်ခြင်းမရှိပေ။ ဣသရေလလူမျိုး၏ အပြစ်သည် ဘုရားသခင်၏ အပြစ်ပေးမှုကို တောင်းဆိုခြင်း (၁၁း၁၊ ၁၀၊ ၃၃၊ ၁၂း၉၊ ၁၄း၁၈၊ ၂၅း၃၊ ၄၊ ၃၂း၁၀၊ ၁၃၊ ၁၄၊ ဝတ် ၁၀း၂၊ တရားဟော ၉:၂၂၊ ၄ ရာ ၁း၁၂၊ ဆာ ၇၈း၂၁၊ ၁၀၆း၁၅၊ ယောန ၄း၂၊ ယော ၃း၁၈၊ ၁၉၊ ရော ၅း၉၊ ၁ ယော ၄း၁၇၊ ၁၈၊ ဗျာ ၂၀း၁၁-၁၅)
ဘုရားသခင်သည် သူ၏ပဋိညာဉ်အပေါ် သစ္စာရှိခြင်း – ဘုရားသခင်၏ လူမျိုးတော်သည် သစ္စာမရှိသော်လည်း ဘုရားသခင်သည် သစ္စာရှိခြင်း (၁၅း၂၊ ၂၆း၅၂-၅၆၊ ၂၇း၁၂၊ ၃၃း၅၀-၅၆၊ ၃၄း၁-၂၉၊ ယောရှု ၁၁း၂၃၊ ၁၄း၁)
တောလည်ရာကျမ်းရှိ ဘုရားသခင်၏ ဂုဏ်အင်္ဂါလက္ခဏာများ
ဘုရားသခင်သည် စိတ်ရှည်သော ဘုရား – ၁၄း၁၈
ဘုရားသခင်သည် ကရုဏာတော်ကြွယ်ဝသော ဘုရား – ၁၄း၁၈
ဘုရားသခင်သည် ကူညီမစသော ဘုရား – ၂၆း၆၅
ဘုရားသခင်သည် မုသာမပြောသော ဘုရား – ၂၃း၁၉
ဘုရားသခင်သည် အမျက်ဒေါသကြီးသော ဘုရား – ၁၁း၁၊ ၃၃၊ ၁၂း၉-၁၀၊ ၁၄း၃၇၊ ၄ဝ-၄၅၊ ၁၆း၃၁၊ ၃၅၊ ၂၁း၆၊ ၂၅း၉၊ ၃၂း၁၄
အနက်အဓိပ္ပာယ်ဆိုင်ရာ အခက်အခဲများ
တောလည်ရာကျမ်းဖတ်သူ ရင်ဆိုင်ရမည့် အနက်အဓိပ္ပာယ်ဆိုင်ရာ အခက်အခဲ (၄) ခုရှိသည်။ ပထမမှာ Pentateuch တွင် တောလည်ရာကျမ်းသည် သီးခြားရှိနေသော စာအုပ်တစ် အုပ်လား၊ (သို့) စာပေသဘောအရ Pentateuch၏ အစိတ်အပိုင်းတစ်ခုလားဟု ဖြစ်သည်။ ကမ္ဘာဦးကျမ်း၊ ထွက်မြောက်ရာကျမ်း၊ ဝတ်ပြုရာကျမ်း၊ တောလည်ရာကျမ်းနှင့် တရားဟောရာ ကျမ်းတိုသည် Torah အဖြစ်ရှိသည်။ ကျန်ကြွင်းသော ကျမ်းစာများသည် ဤကျမ်း (၅)ကျမ်းကို တစ်စုတည်းဖြစ်သည်ဟူသော အမြင်သဘောတရားကို ဖော်ပြသည်။ တောလည်ရာ ကျမ်း၏ အဓိပ္ပာယ်သည်လည်း Pentateuch ၏ ရှေ့-နောက်ဆက်စပ်မှုမှ ခွဲခြား၍ မရနိုင်ပေ။ ဤစာ အုပ်၏ ပထမကျမ်းပိုဒ်သည် ထာဝရဘုရား၊ မောရေ၊ တဲတော်နှင့် အီဂျစ်ပြည်မှ ထွက်မြောက်ခြင်း အကြောင်းများကို ပြောထားသည်။ ထိုအရာက စာဖတ်သူအား တောလည်ရာကျမ်းအရှေ့ရှိ (၃)အုပ်နှင့် ရင်းနှီးပြီးသားဖြစ်ကြောင်း ကို ယူဆစေသည်။ ဟေဗြဲလက်ရေးမူတိုင်းကလည်း ယနေ့ ဖော်ပြထားသည့် ပုံစံအတိအကျအတိုင်း Pentateuch ကို ခွဲခြားသတ်မှတ်ထားသည်။ ထို Pentateuch ထဲမှ တောလည်ရာကျမ်းသည် တည်ဆောက်ပုံအရ တစ်ယူနစ်တည်းအတိုင်း ကောင်းမွန်စွာ ဖွဲစည်းတည်ရှိနေသည်။ တောလည်ရာကျမ်းသည် ပို၍ ကျယ်ပြန့်သော အ ကြောင်းအရာများတွင် ပါဝင်လျက်၊ ၎င်း၌ပင် အစ၊ အလယ်နှင့် အဆုံးသတ်ခြင်းတို ပါရှိသည်။ ထိုကြောင့် တောလည်ရာကျမ်းကို သီးသန့်စာအုပ်တစ်အုပ်အဖြစ်လည်း မြင်နိုင်သည်။
ဒုတိယ အနက်အဓိပ္ပာယ်ဆိုင်ရာ အခက်အခဲမှာ “တောလည်ရာကျမ်းတွင် ညီညွှတ် ဆီလျော်သည့် အနှစ်သာရှိပါသလား”ဟု ဖြစ်သည်။ တောလည်ရာကျမ်းတွင် ကျယ်ပြန့်သည့် အမျိုးမျိုးသော စာပေအရင်း အမြစ်များစွာ ပါရှိပြီး၊ သန်းခေါင်စာရင်း၊ မျိုးဆက်များ၊ ပညတ်များ၊ သမိုင်း အဖြစ်အပျက်များ၊ ကဗျာ၊ ပရောဖက်ပြုချက်နှင့် ခရီးသွားမှတ်တမ်းများ ပါဝင်သည်။ မည်သိုပင် ဖြစ်ပါစေ ဣသရေလလူမျိုး သိနာတောင်မှ မောဘလွင်ပြင်သို ခရီးသွားခြင်းသမိုင်းကို ပြောပြရန် အားလုံးရောနှောထားသည်။ တောလည်ရာကျမ်းတို့ ပါဝင်သည့်အကြောင်းအရာများ ၏ ဆက်စပ်မှုကို အကျဉ်းချုပ်ဖော်ပြချက်တွင် တွေ့နိုင်သည်။
တတိယအကြောင်းမှာ ၁း၄၆ နှင့် ၂၆း၅၁ ၌ ဣသရေလ မျိုးနွယ်စုများ၏ များပြားသည့် အရေအတွက် ဖြစ်သည်။ အသက် (၃၉) နှစ်အထက်ကို မယူဘဲ စစ်တိုက်နိုင်သော ဣသရေလ အမျိုးသားများ စာရင်းနှစ်ခုလုံး သည် ၆၀၀၀၀၀ ကျော်ရှိသည်။ ထိုအရေအတွက်သည် တစ်ချိန် တည်းတွင် လူဦးရေ ၂ သန်းခွဲဝန်းကျင်ရှိပြီး ဣသရေလလူမျိုး တောထဲတွင် မျိုးဆက်ပွါးများ ခြင်းကို ဖော်ပြသည်။ သဘာဝအမြင်မှ ထိုအရေအတွက် စုစုပေါင်းသည် တောထဲတွင် နေထိုင် ဖိုရန်အတွက် များပြားသည်ဟု မြင်ရသည်။ သိုသော် ဘုရားသခင်၏ တန်ခိုးကြီးသော လက်တော်သည် ဣသရေလလူမျိုးကို နှစ် (၄၀) ဂရုစိုက်ကြောင်းကို သိမှတ်ရမည်ဖြစ်သည် (တရားဟော ၈း၁-၅)။ ထိုကြောင့် မြင်တွေ့ရသော များပြားသည့်အရေအတွက်သည် လက်ခံရမည် ဖြစ်သည်။
စတုတ္တ အနက်အဓိပ္ပာယ်ဆိုင်ရာ အခက်အခဲမှာ ၂၂း၂-၂၄း၂၅ တွင် ဖော်ပြထားသည့် မိစ္ဆာဒိဌိအယူ ဖြစ်သော ပရောဖတ်ဗာလမ်ဖြစ်သည်။ ဗာလမ်သည် ဘုရားသခင်ကို သိသည်ဟု ပြောထားသော်လည်း (၂၂း၁၈)၊ ကျမ်းစာက မှားယွင်းသည့် ပရောဖတ်တစ်ဦးအဖြစ် သူ့အား ဖော်ပြထားသည် (၂ ပေ ၂း၁၅၊ ၁၆၊ ယု ၁၁)။ ဘုရားသခင်သည် ဗာလမ်အား သူ့နှုတ်လျှာ ၊ အဖြစ်အသုံးပြုရန် နှုတ်ကပတ်တော်ကို ထည့်ပေးခဲ့သည်။
အကျဉ်းချုပ် ကောက်နှုတ်ချက်
၁။ တောထဲတွင် ဣသရေလလူမျိုး ပထမမျိုးဆက်၏ အတွေ့အကြုံများ (၁း၁-၂၅း၁၈)
က။ ဘုရားသခင် စကားကို ဣသရေလလူမျိုး နာခံမှု (၁း၁-၁၀း၃၆)
၁။ ဘုရားသခင်၏ တဲတော်အနားတွင် ဣသရေလလူမျိုး စုရုံးခြင်း (၁း၁-၆း၂၇) ၊
၂။ ဘုရားသခင်၏ တဲတော်သို ဣသရေလူမျိုးကို လမ်းညွှန်ချက် (၇း၁-၁၀း၃၆)
ခ။ ဘုရားသခင် စကားကို ဣသရေလလူမျိုး နာမခံမှု (၁၁း၁-၂၅း၁၈)
၁။ လမ်းခရီးတွင် ဣသရေလလူမျိုး မကျေမနပ်ဖြစ်ခြင်း (၁၁း၁-၁၂း၁၆)
၂။ ကာဒေရှအရပ်၌ ခေါင်းဆောင်များနှင့် ဣသရေလလူမျိုး ပုန်ကန်ခြင်း၊ (၁၃း၁-၂၀း၂၉)
က။ ဣသရေလူမျိုး ပုန်ကန်ခြင်းနှင့် အကျိုးဆက် (၁၃း၁-၁၉း၂၂)
ခ။ မောရှေနှင့်အာရုန်ကို ပုန်ကန်ခြင်းနှင့်အကျိုးဆက် (၂၀း၁-၂၉)
၃။ လမ်းခရီးတွင် မကျေနပ်မှု ထပ်ဖြစ်ခြင်း (၂၁း၁-၂၂း၁) ၊
၄။ လမ်အားဖြင့် ဣသရေလလူမျိုးကို ကောင်းကြီးပေးခြင်း (၂၂း၂-၂၄း၂၅)
၅။ ဗာလပေဂုရဘုရားဖြင့် ဣသရေလလူမျိုး၏ နောက်ဆုံး ပုန်ကန်မှု (၂၅း၁-၁၈)
၂။ မောဘလွင်ပြင်တွင် ဣသရေလလူမျိုး ဒုတိယမျိုးဆက်၏ အတွေ့အကြုံများ – ဘုရားသခင် ကို ဣသရေလလူမျိုး နာခံရန် ပြန်ပြောခြင်း (၂၆း၁-၃၆း၁၃)
က။ ခါနန်ပြည်ကို သိမ်းပိုက်ခြင်းအတွက် ပြင်ဆင်ခြင်းများ (၂၆း၁-၃၂း၄၂)
ခ။ တောထဲတွင် ခရီးသွားမှုများကို ပြန်ပြောခြင်း (၃၃း၁-၄၉)
ဂ။ ခါနန်ပြည်ကို သိမ်းပိုက်ခြင်းအတွက် ကြိုတင်လုပ်ဆောင်ခြင်း (၃၃း၅ဝ-၃၆း၁၃)
တောလည်ရာကျမ်း အချိန်ကာလ၌ ကမ္ဘာကြီးရှိ အခြားသောနေရာများ
တရုတ်ပြည်တွင် ကြေးဖြင့် အသေးစိတ်လုပ်ရသည့် ပန်းပုလုပ်ငန်းများ စတင် လုပ်ဆောင်သည်။
ခက်ခဲသော မေးခွန်းများအတွက် အဖြေများ
၁။ ဣသရေလလူမျိုး၏ လူဦးရေအရေအတွက်သည် တောလည်ရာကျမ်းရှိ အရေအ တွက်များ မှန်ကန်မှုရှိမရှိ မေးခွန်းထုတ်စရာဖြစ်သည်။ တောထဲတွင် ထိုသူများ အမှန်တ ကယ် လှည့်လည်သွားခဲ့ပါသလား။ သူတို မည်သိုစားသောက်ခဲ့ကြသနည်း။ သူတိုသည် ကိုယ့်ကိုယ်ကို မည်သို စီစဉ်ခဲ့ကြသနည်း။
ဣသရေလလူမျိုး သန်းခေါင်စာရင်းကို တောထဲတွင် လှည့်လည်သွားစဉ် နှစ်ကြိမ်တိုင် ကောက်ယူခဲ့ သည် (၁း၄၆၊ ၂၆း၅၁)။ စစ်တိုက်နိုင်သူ ယောက်ျားစုစုပေါင်း၏ ရလဒ်တိုင်းသည် ၆ဝဝဝဝဝ ကျော်ဖြစ်သည်။ ထိုအရေအတွက်သည် တစ်ချိန်တည်းတွင် လူဦးရေ ၂ သန်းခွဲ ဝန်းကျင် ရှိပြီး ဣသရေလလူမျိုး တောထဲတွင် မျိုးဆက်ပွါးများခြင်းကို ဖော်ပြသည်။ သဘာဝ အမြင်မှ ထိုအရေအတွက် စုစုပေါင်းသည် တောထဲတွင် နေထိုင်ဖိုရန်အတွက် များပြားသည်ဟု မြင်ရသည်။
ထိုအရေအတွက်များကို မောရှေ့ အချုပ်ဖော်ပြခင် များစွာသော အကြောင်းများကို ဆင်ခြင်ရမည်ဖြစ် သည်။ ပထမမှာ ဘုရားသခင်၏ လက်တော်သည် ဣသရေလလူမျိုးအား သဘာဝကိုကျော်လွန်ပြီး နှစ် (၄၀)ကြာ စောင့်ရှောက်ခဲ့ခြင်းဖြစ်သည် (တရားဟော ၈း၁-၅)။ ဒုတိယမှာ ထိုအခြေအနေများအောက်တွင် ဖြစ်ပျက်မည့် ကျန်းမာရေးအခြေအနေများကို ကာ ကွယ်ရန် ကျန်းမာရေးစောင့်ရှောက်မှုကိုလည်း လုပ်ဆောင်ပေးခဲ့သည်။ တတိယမှာ တောထဲတွင် အနှစ် (၄၀) ကြာ ဣသရေလလူမျိုး လှည့်လည်စဉ်အခါ သူတို့သည် အကြိမ် (၄၀) ခန့်သာ စခန်းချကြသည်။ တစ်ကြိမ်တွင် တစ်နှစ်ကြာ စခန်းချအနားယူခြင်းသည် တိုးပွားလာသည့် လူဦးရေအ တွက် စီစဉ်လုပ်ဆောင်ရန် အချိုကောက်ပဲသီးနှံများကို စိုက်ပျိုးနိုင်သည်။ သန်းခေါင် စာရင်းတိုင်သည် ဘုရားသခင်လူမျိုးတော်၏ သင့်တော်သောအရေအတွက်ဖြစ်ကြောင်း ဖော်ပြ သည်။ သူတိုသည် ထိုမျှသောအရေအတွက် ရှိရမည်ဖြစ်သည်။
၂။ အခန်းကြီး ၂၁ အခန်းငယ် ၄ မှ ၉ သည် လူများကိုတိုက်ခိုက်သည့် မီးမြွေများ ဝင်ရောက် ခြင်းကို မှတ်တမ်းတင်ထားသည်။ ဘုရားသခင်သည် မောရှေအား ကြေးဝါမြွေရုပ်ကို လုပ်စေ ပြီး တိုင်၌ချိတ်ဆွဲ ထားစေသည်။ လူများမြွေကိုက်ခံရပြီး တိုင်၌ရှိသော မြွေရုပ်ကိုကြည့်သည့်အခါ အနာငြိမ်းကြသည်။ ထိုအရာက ရုပ်တုကိုးကွယ်ခြင်းမျိုး မဟုတ်ပေဘူးလား။
ကြေးဝါမြွေရုပ် ဖြစ်ပေါ်လာခြင်းအခြေအနေများသည် အားလုံးလည်း သိနှင့်ပြီးသား ဖြစ်သည်။ လူများသည် မောပန်းပြီး အားပျက်နေကြသည်။ ဘုရားသခင်ကို စိတ်ဆိုးပြီး မောရှေကို လည်း မကျေနပ်ကြပေ။ သူတိုသည် ထိုအခြေနေထက် ပိုဆိုးသည့်အရာမရှိဘူးဟု ထင်ကြသည်။ သိုသော် ဘုရားသခင်သည် ထိုသိုသော အခြေအနေထက် ပိုဆိုးသည့်အရာကို ဖန်တီးခဲ့သည်။ ဘုရားသခင်သည် မီးမြွေများကို လူများအကြားသို့ စေလွှတ်ပြီး အချိုသော ဣသရေလလူများ သည် သေကြသည်။ အချိုမှာ ကိုက်ခံရမှုကြောင့် နာကျင်ကြသည်။
သူတိုအမှားကို နားလည်ပြီး လူများသည် နောင်တဖြင့် မောရှေ့ထံသွားပြီး အကူအညီ တောင်းခံခဲ့သည်။ သူတိုသည် ကြေးဝါမြွေကို မကိုးကွယ်ခဲ့ပေ။ ဘုရားသခင်နှင့် မောရှေ၏ လမ်းညွှန်မှုကို နာခံခြင်းဖြင့် ယုံကြည်ခြင်းကို ပြသခဲ့သည်။
၃။ ကျမ်းစာသမိုင်းတွင် ဗာလမ်ကဲ့သို ဘုရားကိုမရိုသေ၊ လောဘကြီးသော ပရောဖက် အကြောင်းကို အဘယ့်ကြောင့် အလေးထားဖော်ပြထားရသ နည်း။
၂၂း၂-၂၄း၂၅ တွင် ဖော်ပြထားသည့် ဗာလမ်သည် အထူးဖော်ပြခြင်း ခံရသည်ဟု မြင်ရသည်။ ဗာလမ်သည် ဘုရားသခင်ကို သိသည်ဟု ပြောသော်လည်း (၂၂း၁၈) ကျမ်းစာက သူသည် မှားယွင်း သောပရောဖက်တစ်ဦးကဲ့သို စဉ်ဆက်ဖော်ပြထားသည် (၂ ပေ ၂း၁၅၊ ၁၆ ယု ၁၁)။ မြင်ရသည်မှာ ဘုရားသ ခင်သည် ပရောဖက်ပြုသူ၏ စရိုက်လက္ခဏာကို ဒုတိယဦးစား ပေးအဖြစ်ထားပြီး သတင်းစကားကို ပထမ ဦးစားပေးသည်။ ဘုရားသခင်သည် ဗာလမ်အား သူ့နှုတ်လျှာအဖြစ် အသုံးပြုရန် နှုတ်ကပတ်တော်ကို ထည့်ပေး ခဲ့သည်။ ရုပ်တုကိုးကွယ်သော ပရောဖက်တွင် သူ့အစီအစဉ်ရှိသော်လည်း ဘုရားသခင်သည် ဗာလမ်အား ရည်ရွယ်ချက်တစ်ခု အတွက် အသုံးပြုခဲ့သည်။
၄။ ဗာလမ်သည် မြည်းနှင့်စကားပြောခြင်းကို ယနေ့စာဖတ်သူများက မည်သို မှတ်ယူရမည် နည်း (၂၂း၂၂-၃၅)။
ထိုသိုသောမေးခွန်းများ မေးလာသည့်အခါ များစွာသော လေ့လာချက်များ ဖြစ်ပေါ် လာသည်။ ပထမမှာ ထိုမေးခွန်းသည် ရှေးစာဖတ်သူများသည် ယနေ့ခေတ်လူများထက် မြည်းနှင့် စကားပြောခြင်းနှင့်ပတ်သက်၍ ပြဿနာအနည်းငယ်ပိုရှိသည်ဟု ထင်မြင်ရသည်။ ထိုအဖြစ် အပျက်သည် မြင်နေကျအရာတစ်ခုကဲ့သို ဖော်ပြခြင်းမဟုတ်ဘဲ ပုံမှန်မဟုတ်သည့်အရာနှင့် ဖော်ပြလိုက်သည့်အရာကဲ့သို မှတ်တမ်းတင်ထားသည်။ ဒုတိယမှာ တစ်စုံတစ်ဦးက ဘုရားသခင် သည် တိရစ္ဆာန်နှင့်စကားပြောခြင်းကို အဘယ့်ကြောင့် ပို၍ များများ အသုံးမပြုရသနည်းဟု အံ့ဩမိမည်ဖြစ်ပြီး ထိုသိုပြုလျှင် ကျွန်ုပ်တိုအတွက် ပိုကောင်းမည်ဖြစ်သည်ဟု ထင်မိပါမည်။ တတိယမှာ ထိုအရာကို ဘုရားသခင်၏ ရယ်စရာဖြစ်သည်ဟု အဘယ့်ကြောင့် မထင်သနည်း။ စတုတ္ထမှာ ထိုအဖြစ်အပျက်တွင် ထင်ရှားသော ဘုရားသခင်၏ သည်းခံစောင့်ဆိုင်းခြင်းသည် ကျွန်ုပ်တိုကို နှိမ့်ချစွာ ဝတ်ပြုကိုးကွယ်ခြင်း စိတ်သဘောကို လှုဆော်ပေးသည်။ ပဉ္စမမှာ ထိုအဖြစ် အပျက်သည် သာမန်မဟုတ်သော်လည်း ဖြစ်ရပ်မှန်အဖြစ် လက်ခံရမည်ဖြစ်သည်။
တောလည်ရာကျမ်းကို ဆက်လက်လေ့လာရန်
၁။ သူတို တောထဲသို ဖြတ်သွားသောအခါ လူများကို ရေတွက်ခြင်းနောက်ကွယ်တွင် မည်သည့် အရာများကို ဆင်ခြင်ရမည်နည်း။
၂။ မည်သည့်အဖြစ်အပျက်က သူ့လူမျိုးကို တောထဲတွင် အနှစ် (၄၀) ကြာ လှည့်လည်ရန် ၊ ဘုရားသခင်၏ ဆုံးဖြတ်ခြင်းကို ဖြစ်စေခဲ့သနည်း။
၃။ ဣသရေလလူမျိုးသည် အခြားမည်သည့်နည်းများဖြင့် ဘုရားသခင်ကို ပုန်ကန်ကြသနည်း။
၄။ တောကန္တာရတွင် နှစ် (၄၀)ကြာ ဖြတ်သန်းချိန် မည်သည့်အကျိုးကျေးဇူးများ ပြည့်မြောက်ခဲ့သနည်း။ ။
၅။ တောထဲတွင် မီးမြွေများ ကပ်ဘေးဖြင့် မည်သည့်နိယာမကို သရုပ်ဖော်ညွှန်ပြခဲ့သနည်း (၂၁း၄-၉)။
၆။ ဗာလမ်အကြောင်းဇာတ်ကွက်သည် ဘုရားသခင်၏ စရိုက်လက္ခဏာကို မည်သိုသရုပ်ဖော် ၊ ပြသနည်း (၂၂း၂-၂၄း၂၅)။
တရားဟောရာကျမ်း (Deuteronomy)
ကြီးမြတ်သော ပြန်လည်ဆန်းစစ်မှု
ခေါင်းစဉ်
အဂ်လိပ်ခေါင်းစဥ် “Deuteronomy ” သည် ဂရိ Septuagint (LXX) ၏ မမှန်ကန်သော ဘာသာပြန်ဆိုမှုမှ လာသည်။ ၎င်းမှာ ၁၇း၁၈ တွင် “ဤဓမ္မပညတ်တရားစကားတော် အလုံးစုံတိုကို “ဒုတိယပညတ်”ဟု ဘာသာပြန် ဆိုခြင်းဖြစ်ပြီး၊ နောက်ပိုင်းတွင် Latin Vulgate ၌ Deuteronomium ဟု ထပ်မံဘာသာပြန်ဆိုသည်။ မူရင်း ခေါင်းစဉ်ကို ပြန်ရာတွင် “ဟောပြောသော စကားများ”ဟု ဖြစ်ပြီး ထိုစာအုပ်ရှိ မဟာလုံးနှစ်လုံးမှ ဖြစ်သည်။ “ဒုတိယ ပညတ်တော်” မဟုတ်ဘဲ မောရှေ၏ ရေးမှတ်ထားသည့် အရာများ ပညတ်တော်နှင့် ပတ်သက်သည့် ရှင်းပြချက်များဖြစ်သောကြောင့် ထို ခေါင်းစဉ်သည် ကောင်းမွန်သော ဖော်ပြချက်ဖြစ်သည်။ တရားဟောရာ ကျမ်းသည် သမ္မာကျမ်းစာ ပထမငါးကျမ်း ဖြစ်သော Pentateuch ဟုခေါ်သော ကျမ်းများမှ နောက်ဆုံးကျမ်း အဖြစ် ဖြည့်ဆည်းပေးသည်။
စာရေးသူနှင့် ရက်စွဲ
မောရှေရေးသားခဲ့ခြင်းဖြစ်ကြောင်း စာအုပ်ကိုယ်တိုင် ဖော်ပြခြင်းကြောင့် မောရှေသည် တရားဟောရာ ကျမ်းကို ရေးသားသူအဖြစ် ထုံးစံအတိုင်း မှတ်သားရသည် (၁း၁၊ ၅၊ ၃၁း၉၊ ၂၂၊ ၂၄)။ ဓမ္မဟောင်းကျမ်းရော (၃ ရာ ၂:၃၊ ၈း၅၃၊ ၄ ရာ ၁၄း၆၊ ၁၈း၁၂) မမ္မသစ်ကျမ်းပါ (တ ၃း၂၂၊ ၂၃၊ ရော ၁၀း၁၉) မောရှေ စာရေးသူဖြစ်ကြောင်းကို ပြောဆိုထားသည်။ တရားဟောရာ ၃၂း၄၈-၃၄း၁၂ သည် မောရှေသေပြီးနောက် ထပ်ဖြည့်ထားသည့်အရာဖြစ်ပြီး (ယောရှု အားဖြင့် ဖြစ်နိုင်သည်) စာအုပ်အားလုံးသည် သူမသေခင် ဘီစီ ၁၄၀၅ တွင် မောရှေလက်ထဲ မှလာခဲ့သည်။
တရားဟောရာကျမ်း၏ အဓိကအကြောင်းအရာမှာ အီဂျစ်ပြည်မှ ထွက်မြောက်ခြင်းပြီး နောက် နှစ် (၄၀)ပြည့်၊ (၁၁) လ၊ ပထမရက်၌ ဣသရေလလူမျိုးကို အသက် (၁၂၀) ရှိသော မောရှေ့မှ နှုတ်ဆက်စကား ပြောခြင်းများ ပါဝင်သည် (၁၃)။ ထိုပြောဆိုမှုများသည် ဘီစီ ၁၄၀၅ ဇန်နဝါရီ-ဖေဖော်ဝါရီ ရက်စွဲဖြစ်နိုင်သည်။ မောရှေအသက်တာ၏ နောက်ဆုံး ရက်သတ္တပတ်တွင် သူသည် ဣသရေလလူမျိုး နောက်မျိုးဆက် ဖြစ်လာမည့်သူများအတွက် ယဇ်ပုရောဟိတ်များနှင့် သက်ကြီးသူများထံပေးပြီး ရေးသားရန် မိန့်မှာခဲ့သည် (၃၁း၉၊ ၂၄-၂၆)။
နောက်ခံသမိုင်းကြောင်းနှင့် အနေအထား
တောလည်ရာကျမ်းကဲ့သို တရားဟောရာကျမ်းသည် သမိုင်းအစဉ်လိုက်မရှိသော်လည်း တစ်လအချိန် အတွင်းတွင် နေရာတစ်ခုတည်း၌ ဖြစ်ပျက်ခဲ့သည့်အရာများဖြစ်သည် (တရားဟော ၁း၃၊ ယောရှု ၅း၆-၁၂)။ ဣသရေလလူမျိုးသည် ယော်ဒန်မြစ်အရှေ့ဘက် ချိုင့်ဝှမ်းအလယ်တွင် စခန်းချခဲ့ကြသည် (တရားဟော ၁း၁)။ ထိုနေရာသည် တောလည်ရာ ၃၆း၁၃ တွင် ဖော်ပြသည့် “မောဘလွင်ပြင်ကဲ့သို ရည်ညွှန်းခြင်းဖြစ်ပြီး ယေရိခေါမှ ယော်ဒန်မြစ်ကိုဖြတ်သော အာနွန် မြစ်၏ မြောက်ဘက်နေရာတစ်ခုဖြစ်သည်။ ထိုအချိန်သည် ဣသရေလလူမျိုး အီဂျစ်ပြည်မှ ထွက်လာသော နှစ် (၄၀) ပြည့်ခါနီးပါးနှစ်တွင် ဖြစ်သည်။
တရားဟောရာကျမ်းသည် မောရှေ၏ နောက်ဆုံးအချိန်မှ အဖြစ်အပျက်များကို စုစည်း ဖော်ပြထား သည်။ အဓိကအဖြစ်အပျက်သည် မောရှေ့မှ ဣသရေလလူမျိုးထံ ဘုရားသခင်နှင့် ဆိုင်သော ပြောကြားချက် များကို နှုတ်ဖြင့် ပြောဆိုခြင်းဖြစ်သည် (၁း၁-၃၀း၂၀၊ ၃၁း၃၀-၃၂း၄၇၊ ၃၃း၁-၂၉)။ အခြားရေးသားထားသည့် အဖြစ်အပျက်များမှာ ၁) ခေါင်းဆောင်သစ်အဖြစ် ယောရှုအား တာဝန်ပေးအပ်ခြင်းနှင့် ပညတ်တော်များကို မှတ်တမ်းတင်ထားခြင်း (၃၁း၁-၂၉)၊ ၂) နေဗောတောင်မှ ခါနန်ပြည်သို့ မောရှေကြည့်မြင်ခြင်း (၃၂း၄၈-၅၂၊ ၃၄း၁-၄)နှင့် ၃) မောရှေ့၏ သေခြင်းအကြောင်း (၃၄း၅-၁၂) တို့ဖြစ်သည်။
တရားဟောရာကျမ်းအား နှုတ်ဖြင့်ရော စာနှင့်ပါ မူလလက်ခံရရှိသူများမှာ ဣသရေလ လူမျိုး၏ ဒုတိယမျိုးဆက်ဖြစ်သည်။ အသက် ၄၀ မှ ၆ဝ ကြား မျိုးဆက်များအားလုံး (အ သက်အကြီးဆုံးဖြစ်သော ယောရှုနှင့် ကာလက်မှလွဲပြီး)သည် အီဂျစ်တွင် မွေးဖွားခဲ့ကြပြီး ထွက် မြောက်ရာတွင် ကလေး (သို) ဆယ်ကျော် သက်များအဖြစ် ရှိခဲ့ကြသည်။ ထိုအသက် (၄၀) အောက်များသည် တောထဲတွင် မွေးဖွားပြီး ကြီးပြင်းကြသည်။ သူတိုသည် အီဂျစ်ပြည်မှ ထွက် လာပြီးနောက် အနှစ် (၄၀)အကြာ၊ ယောရှုဦးဆောင်မှုဖြင့် ခါနန်ပြည်ကို သိမ်းပိုက်ခြင်းတွင် အတူတူရှိသည့် မျိုးဆက်ဖြစ်သည် (၁း၃၄-၃၉)။
တရားဟောရာကျမ်းရှိ အဓိက ဇာတ်ကောင်များ
မောရှေ – ဣသရေလလူမျိုး၏ ခေါင်းဆောင်၊ ဘုရားသခင်၏ ပညတ်တော်ကို လူများထံ သွန်သင်မှုပြုသော် လည်း ကတိတော်နယ်မြေသို ဝင်စားခွင့် မရခဲ့သူ (အခန်းကြီး ၁-၅၊ ၂၇၊ ပ ၂၉၊ ၃၁-၃၄) ၊
ယောရှု – မောရှေ၏ လက်ထောက်၊ ဣသရေလလူမျိုးကို ကတိတော်နယ်မြေသို ဝင်ရန် လမ်းပြခဲ့သူ (၁း၃၇၊ ၃၈၊ ၃း၂၁-၂၈၊ ၃၁း၃ – ၂၃၊ ၃၂း၄၄၊ ၃၄း၉)
သမိုင်းကြောင်းနှင့် ဓမ္မအတွေးအခေါ်ဆိုင်ရာ အကြောင်းအရာများ
ဝတ်ပြုရာကျမ်းကဲ့သို တရားဟောရာကျမ်းသည် အသေးစိတ်ဥပဒေများစွာ ပါဝင်သော် လည်း ယဇ်ပု ရောဟိတ်ကို ဦးစားပေးပြောခြင်းထက် လူများကို ပိုမိုပြောဆိုသည်။ မောရှေသည် ဣသရေလ ဒုတိယမျိုးဆက် အား ဟောရပ် (သိန)တွင် ဘုရားသခင်လုပ်ဆောင်သည့် ပဋိ ညာဉ်များကို နာခံရန်နှင့် ဘုရားသခင်ကို ကိုးစားရန် ပြောသကဲ့သို သူပြောချင်သည့်အချက်ကို ဣသရေလလူမျိုး ယခင်ကဖြစ်ပျက်သည့်အရာအားဖြင့် ကိုးကားပြီး ဖော်ပြခဲ့သည်။ ဘုရားသခင် ကို ပုန်ကန်ခြင်း၏ အကျိုးဆက်ဖြစ်သော ဟာရပ်အရပ် (၉း၇-၁၀း၁၁)နှင့် ကာဒေရှ အရပ် (၁း၂၆-၄၆)မှ ဒုက္ခဆင်းရဲခံခြင်းကို သရေလလူမျိုးအား ပြန်လည်သတိပေးခဲ့သည်။ ထိုပြင် သူတို၏ ရန်သူ များအပေါ် အောင်မြင်ခြင်းအခွင့်ပေးသည့် ဘုရားသခင်၏သစ္စာရှိမှုကိုလည်း သူတိုကို သတိပေးခဲ့သည် (၂း၂၄- ၃း၁၁၊ ၂၉း၂၊ ၇၊ ၈)။ အရေးအကြီးဆုံးမှာ မောရှေသည် နယ်မြေအား ထာဝရဘုရားသည် သင်တို့အဘ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့နှင့် ကျိန်ဆိုတော်မူသောပြည်ဟု လူမျိုးတော်အား ပြောခဲ့သည် (၁း၈၊ ၆း၁ဝ၊ ၉း၅၊ ၂၉း၁၃၊ ၃၀း၂၀၊ ၃၄း၄၊ က ၁၅း၁၈- ၂၁၊ ၂၆း၃-၅၊ ၃၅း၁၂) မောရှေသည် အတိတ်ကို ပြန်ကြည့်သည်သာမက အနာဂတ်ကို လည်းကြည့်ပြီး ဘုရားသခင်သည် ဘိုးဘေးများနှင့် ကျိန်ဆို ထားမှု ပြည့်စုံခြင်းမရှိမီ ဣသရေလလူမျိုး နာခံခြင်းမရှိမှုကြောင့် တိုင်းတပါးများလက်အောက်တွင် ဘုရားသခင် ပိုဆောင် မည် ဖြစ်ကြောင်းကိုလည်း မြင်ခဲ့သည် (၄း၂၅-၃၁၊ ၂၉း၂၂-၃၀း၁၀၊ ၃၁း၂၆-၂၉)။
ဆာလံကျမ်း၊ ဟေရှာယအနာဂတ္တိကျမ်းနှင့် တရားဟောရာကျမ်းသည် ဘုရားသခင်၏ ဂုဏ်အင်္ဂါများကို များစွာ ဖော်ပြထားသည်။ ထိုကြောင့် ဓမ္မသစ်ကျမ်းသည် အကြောင်းအရာ များစွာကို သွယ်ဝိုက်ကူးထားခြင်းဖြင့် အကြိမ် (၄၀) ကျော် တိုက်ရိုက်ကိုးကားမှုများ ပြုလုပ်ခဲ့ သည် (ဆာလံနှင့် ဟေရှာယတွင် အများဆုံး)။ တရားဟောရာကျမ်းသည် ဘုရားသခင်သာလျှင် တစ်ဆူတည်းသောဘုရား (၄း၃၉၊ ၆း၄) သူသည် သဝန်တိုခြင်း (၄း၂၄)၊ သစ္စာရှိခြင်း (၇း၉)၊ ချစ်ခြင်းမေတ္တာရှင် (၇း၁၃) ကရုဏာရှင် (၄း၃၁)၊ အပြစ်တရားအပေါ် အမျက်ဒေါသထွက်ဘုရား (၆း၁၅) ဖြစ်သည်။ ထိုဘုရားသည် ဣသရေလလူမျိုး၏ ဘုရားဟု မိမိကိုယ်ကို ပြော ဘုရားဖြစ်သည်။ မောရှေက ဣသရေလလူမျိုးကို “သင်၏ဘုရားသခင် ထာဝရ တည်းဟူသော စကားစုအား အကြိမ် (၂၅၀) ကျော် ထပ်ခါထပ်ခါ ဖော်ပြထားသည်။ ဣသရေလ လူမျိုးသည် သူ၏ ပညတ်တော်များကို စောင့်ထိန်းခြင်းနှင့် သူ့အလိုတော်အတိုင်း လိုက်လျှောက် ပြီး (၁၀း၁၂၊ ၁၃) နာခံခြင်း (၂၈း၂) ကြောက်ရွံခြင်း (၁၀း၁၂) ချစ်ခြင်း (၁၀း၁၂)နှင့် အစေခံခြင်း (၁၀း၁၂) ဖြင့် အသက်ရှင်ရမည်ဖြစ်သည်။ သူ့အား နာခံခြင်းဖြင့် ဣသရေလလူမျိုးသည် ဘုရား သခင်၏ ကောင်းကြီးမင်္ဂလာကို ခံစားရမည်ဖြစ်သည် (၁၈း၁-၁၄)။ နာခံခြင်းနှင့် သန့်ရှင်းသော အသက်တာကို လျှောက်လှမ်းခြင်းသည် ဘုရားသခင်၏ သွင်ပြင်လက္ခာဏာအပေါ် အမြဲတမ်း အခြေပြုသည်။ ဘုရားသခင်သည် သန့်ရှင်းသောကြောင့် သူ၏လူမျိုးသည်လည်း သန့်ရှင်းရမည် ဖြစ်သည့် (၇း၆-၁၁၊ ၈း၆၊ ၁၁၊ ၁၈၊ ၁၀း၁၂၊ ၁၆၊ ၁၇၊ ၁၁း၁၃၊ ၁၃း၃၊ ၄၊ ၁၄း၁၊ ၂)။
တရားဟောရာကျမ်းရှိ အဓိကဩဝါဒများ
ဣသရေလလူမျိုး၏ ကတိတော်နယ်မြေ (၁း၈၊ ၆း၁ဝ၊ ၉း၅၊ ၂၉း၁၃၊ ၃၀း ၂၀၊ ၃၄း၄။ က ၁၂း၇၊ ၁၅း၅၊ ၂၂း၁၇၊ ထွက် ၃း၃၁၊ ဝတ် ၁၈း၂၄၊ တော ၁၄း၂၃၊ ၃၄း၁-၁၅၊ ယောရှု ၂၄း၁၃၊ ဆာ ၁၀၅း၄၄၊ တိတု ၃း၅) ၊
ဣသရေလလူမျိုးသည် သူ၏ရန်သူအပေါ် အောင်မြင်ခြင်းအခွင့်ပေးသည့် ဘုရားသခင်၏ သစ္စာတော် (၂း၂၄-၃း၁၁၊ ၂၉း၂၊ ၇၊ ၈၊ တော ၂၁း၃၊ ၃၃၊ ၃၄၊ ယောရှု ၁း၇၊ ၁၀း၈-၁၂၊ သူကြီး ၁း၁-၄၊ ၃ ရာ ၂း၃၊ ဆာ ၁၈း၄၃၊ ရော ၈း၃၇၊ ၁ ကော ၁၅း၅၄-၅၇။ ၁ ယာ ၅း၄)
ဘုရားသခင်ကို ဣသရေလလူမျိုး ပုန်ကန်ခြင်း (၁း၂၆-၄၆၊ ၉း၇-၁၀း၁၁၊ ထွက် ၁၄း၁၁၊ တော ၁၄း၁-၄၊ ဧဇရ ၄း၁၉၊ ဆာ ၁၀၆း၂၄၊ ယေရမိ ၅း၆၊ ယေဇ ၁၈း၃၁၊ ဒံ ၉း၂၄၊ ၂ သက် ၂း၂၊ ယု ၁း၁၁၊ ၁၅)
ဘုရားသခင်မှ တရားစီရင်ခြင်းကဲ့သို ဣသရေလလူမျိုး ကွဲလွင့်သွားခြင်း (၄း၂၅-၃၁၊ ၂၉း ၂၂ ၃၀း၁၀၊ ၃၁း၂၆-၂၉၊ ဝတ် ၂၆း၃၃၊ ၃ ရာ ၁၄း၁၅၊ နေဟမိ ၁း၈၊ ဆာ ၁၀၆း၂၅-၂၇၊ ဒေ ၃း၅၊ ယေရမိ ၉း၁၅၊ ၁၆၊ အာ ၉း၈)
ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် သူ့လူမျိုးတော် – ဘုရားသခင်က ဣသရေလူမျိုးသည် သူ ရွေးကောက် သောလူမျိုးဖြစ်ကြောင်း ကြေညာခြင်း (၇း၆-၁၁၊ ၈း၆၊ ၁၁၊ ၁၈၊ ၁၀း၁၂၊ ၁၆၊ ၁၇၊ ၁၁း၁၃၊ ၁၃း၃၊ ၄၊ ၁၄း၁၊ ၂၊ ထွက် ၁၉း၅-၆၊ သု ၁၀း ၂၂၊ အာ ၃း၂၊ မိက္ခာ ၆း၈၊ မ ၂၂း၃၇၊ ရော ၁၂း၁၊ ၁ တိ ၁း၅၊ ၁ ပေ ၂း၉)
တရားဟောရာကျမ်းရှိ ဘုရားသခင်၏ ဂုဏ်အင်္ဂါလက္ခဏာများ
ဘုရားသခင်သည် ချဉ်းကပ်၍ ရသော ဘုရား – ၄း၇
ဘုရားသခင်သည် ထာဝရတည်ရှိသော ဘုရား – ၃၃း၂၇
ဘုရားသခင်သည် သစ္စာရှိသော ဘုရား – ၇း၉ ဘုရားသခင်သည် ဘုန်းကြီးသော ဘုရား – ၅း၂၄၊ ၂၈း၅၈
ဘုရားသခင်သည် သဝန်တိုသော ဘုရား – ၄း၂၄ ဘုရားသခင်သည် တရားမျှတသော ဘုရား – ၁၀း၁၇၊ ၃၂း၄၃
ဘုရားသခင်သည် ချစ်ခြင်းမေတ္တာရှင် ဘုရား – ၇း၇၊ ၈၊ ၁၃၊ ၁၀း၁၅၊ ၁၈၊ ၂၃း၅
ဘုရားသခင်သည် ကရုဏာရှင် ဘုရား – ၄း၃၁၊ ၃၂း၄၃
ဘုရားသခင်သည် တန်ခိုးကြီးသော ဘုရား – ၃း၂၄၊ ၃၂း၃၉
ဘုရားသခင်သည် ကတိတော်ကို စောင့်ထိန်းသော ဘုရား – ၁း၁၁
ဘုရားသခင်သည် ကူညီမစသော ဘုရား – ၈း ၂၊ ၁၅၊ ၁၈
ဘုရားသခင်သည် ဖြောင့်မတ်သော ဘုရား – ၄း၈ ဘုရားသခင်သည် မှန်ကန်သော ဘုရား – ၃၂း၄
ဘုရားသခင်သည် အနှိုင်းမဲ့သော ဘုရား – ၄း၃၅၊ ၃၃း၂၆
ဘုရားသခင်သည် တစ်ဆူတည်းသော ဘုရား ၄း၃၂ -၃၅၊ ၃၉၊ ၄၀၊ ၆း၄၊ ၅၊ ၃၂း၃၉
ဘုရားသခင်သည် ဉာဏ်ပညာရှင် ဘုရား – ၂း၇
ဘုရားသခင်သည် အမျက်ဒေါသကြီးသော ဘုရား – ၂၉း ၂၀၊ ၂၇၊ ၂၈၊ ၃၂း၁၉-၂၂
တရားဟောရာကျမ်းရှိ အဓိက ဝေါဟာရများ
စီရင်ထုံးဖွဲ ချက် – ဟေဗြဲဝေါဟာရ – ၂ – ၄း၁၊ ၁၄၊ ၅း၁၊ ၆း၁၊ ၇း၁၁၊ ၁၀း၁၃ ၊ ၁၆း၁၂၊၂၈း၁၅၊ ၃၉း၁၆ ဓမ္မဟောင်းကျမ်းတွင် အဓိပ္ပာယ်များစွာ ဖြစ်ပေါ်ပြီး ထိုကြိယာ၏ အနက်မှာ “အမိန့်ပေးရန်” (သို) “စာတမ်းရေးရန်”ဟု ဖြစ်သည် (သု ၈း၁၅၊ ဟေရှာ ၁၀း၁၊ ၄၉း၁၆ )။ ထိုဝေါဟာရသည် အခွင့်အာဏာရှိသော လူတစ်ဦး(မိ ၆း၁၆)မှ (သို) ဘုရားသခင်ကိုယ်တိုင်မှ (၆း၁) အမိန့်ပေးခြင်း ဥပဒေထုတ်ခြင်း၊ ဥပဒေများရေး သားခြင်း၊ ထုံးတမ်းဥပဒေများ ရေးသားခြင်းတိုကို ရည်ညွှန်းသည်။ မောရှေ၏ ပညတ္တိကျမ်းတွင် ပညတ်တော်များ (miswah)၊ တရားစီရင်ခြင်းများ (mispat)နှင့် စီရင်ထုံးမျက်များ (choq) များ ပါဝင်သည် (၄း၁-၂)။ ဣသရေလလူမျိုးသည် ဘုရားသခင်၏ စီရင်ထုံးဖွဲ့ချက်များကို နာခံရန် အမိန့်ပေးခံရပြီး သူတိုလည်း ထိုသိုလုပ်ဆောင်ရန် ကတိပေးခဲ့ကြသည် (၂၆း၁၆-၁၇)
သစ္စာဆိုခဲ့သည် – ဟေဗြဲဝေါဟာရ – shaba – ၆း၁၃၊ ၇း၈၊ ၁၀း ၂၀၊ ၁၃း၁၇၊ ၁၉း၈၊ ၂၉း၁၃၊ ၃၁း၇ – ဤကျိန်ဆိုခဲ့သည်ဟု ဘာသာပြန်ဆိုသော ကြိယာသည် နံပါတ် ခုနှစ်အတွက် အသုံးပြုသော ဝေါဟာရနှင့် ဆက်နွယ်မှုရှိသည်။ ထိုကြိယာ၏ အနက်မှာ “ကိုယ့်ကိုယ်ကို အပြည့်အ၀ ချုပ်တည်း ခြင်း” ဖြစ်ပြီး “ခုနစ်ကြိမ်”ဟူ၍လည်း အဓိပ္ပာယ်ရှိသည်။ ရှေးအချိန်က ကိန်ဆိုခြင်းသည် အထွတ်အ မြတ်ထားသော အရာတစ်ခုအဖြစ် ခံယူကြသည်။ လူများသည် သူတိုဘာဖြစ်နေပါစေ သူတိုစကားကို သစ္စာရှိစွာ တည်ကြည်ရန် ကတိပေးကြသည်။ ဓမ္မဟောင်းကျမ်းတွင် ဘုရားသခင်သည် ကိန်ဆိုခြင်း အမှုပြုကြောင်း ဖော်ပြသည် (က ၂၄း၇၊ ထွက် ၁၃း၅)။ သူသည် ကျိန်ဆိုခြင်းပြုရန် ဖိအားမရှိပေ။ သူ့နှုတ်ထွက်စကားကို ဖြစ်တည်စေရန်အတွက် ကျိန်ဆိုခြင်းပြုရန် မလိုအပ်ပေ။ ထိုအစား သူသည် ကျိန်ဆိုခြင်းကို ပြုလုပ်ခြင်းကြောင့် သူ့လူမျိုးသည် သူ့ကတိတော်ကို အပြည့်အဝ ကိုးစားယုံကြည်နိုင် ရန် ဖြစ်သည်။
ဝတ်ပြုကိုးကွယ်ခြင်း – ဟေဗြဲဝေါဟာရ – shachah – ၄း၁၉၊ ၈း၁၉၊ ၁၁း၁၆၊ ၂၆း၁၀ ၃၀း၁၇ – ဝတ်ပြုကိုးကွယ်ခြင်းအတွက် အသုံးအများဆုံးဟေဗြဲဝေါဟာရ၏ အဓိပ္ပာယ်မှာ တစ်ဦးတစ်ယောက် သည် မိမိကိုယ်ကို မှောက်လျက်လဲစေသည်”ဟု ဖြစ်သည်။ ရှေးအချိန်က လူတစ်ဦးသည် မိမိထက် အဆင့်အတန်း မြင့်သော လူတစ်ဦးရှေ့တွင် မိမိကိုယ်ကို ပျပ်ဝပ်မှောက်လဲလေ့ရှိသည်။ လူများသည် ရှင်ဘုရင်၏ ဥပဒေကို လုံးဝဝန်ခံကြောင်း ဖော်ပြရန် ရှင်ဘုရင်အရှေ့တွင် ဦးညွှတ်ရသည်။ ရှေးခေတ် က ယုံကြည်သူများ၏ ဥပမာနောက်လိုက်လျှောက်လျက် စစ်မှန်သော ခရစ်ယာန် ဝတ်ပြုကိုးကွယ် ခြင်းသည် ဘုရားသခင်ကို ချစ်ခြင်းအရာထက် ပိုလုပ်ဆောင်ရမည်။ ထိုအရာသည် ဘုရားသခင်၏ အလိုတော်ကို ဝန်ခံကြောင်း ဖော်ပြခြင်းလည်းဖြစ်သည်။
ကျိန်ဆဲခြင်း – ဟေဗြဲဝေါဟာရ – arar – ၇း၂၆၊ ၁၃း၁၇၊ ၂၇း၁၅၊ ၂၀၊ ၂၃၊ ၂၈း၁၆၊ ၁၉ – မူရင်း အဓိပ္ပာယ်မှာ “ကျိန်ခြင်းဖြင့် ချုပ်နှောင်ခြင်းဖြစ်သည်။ ကျိန်ခြင်းသည် ကောင်းကြီးမင်္ဂလာ၏ ဆန့်ကျင်ဘက်ဖြစ်သည်။ လူကိုဖြစ်လျှင် ဖျားနာပါစေ၊ ဒဏ်ရာရပါစေဟု ဆုတောင်းခြင်းဖြစ်ပြီး၊ ပစ္စည်းဖြစ်ပါက ပျက်စီးပါစေဟု ဆုတောင်းခြင်းဖြစ်သည်။ အာဒံနှင့် ဧ၀ အပြစ်လုပ်ပြီးနောက် ဘုရားသခင်သည် မြွေနှင့်မြေကြီးကို ကျိန်ခဲ့သည်(က ၃း၁၄၊ ၁၇)၊ ယေရမိက စိတ်ပျက်ပြီး သူ့မွေး ဖွား ခြင်းအကြောင်းကို လာပြောသည့်သူအား ကျန်ခဲ့သည် (ယေရမိ ၂၀း၁၄-၁၅) သူ၏ လူမျိုးတော် နှင့် ပြုလုပ်သော ဘုရားသခင်၏ ပဋိညာဉ်အား ချိုးဖောက်သောသူ မည်သူကိုမဆို ကြိန်ခြင်းခံရန် ခြိမ်းခြောက်ခြင်းမှာ ထိုပဋိညာဉ်၏ အရေးကြီးပုံကို ဖော်ပြသည် (၂း၆၀-၆၁) ဓမ္မသစ်ကျမ်းတွင် ရှင်ပေါလုက ယေရှုခရစ်တော်သည် ကျွန်ုပ်တိုအတွက် ကျွန်ခြင်း” ဖြစ်လာခဲ့သည်။ ထိုကြောင့် ကျွန်ုပ်တိုသည် ပညတ်တရား၏ ကျိန်ခြင်းအောက်မှ လွတ်မြောက်ခဲ့ပြီဟု ပြောခဲ့သည် (ဂလ ၃း၁၃)
အနက်အဓိပ္ပာယ်ဆိုင်ရာ အခက်အခံများ
တရားဟောကျမ်းကို ဖတ်သောသူသည် အနက်အဓိပ္ပာယ်ဆိုင်ရာ အခက်အခဲ ကို တွေ့ရသည်။ ပထမမှာ Pentateuch တွင် ဤစာအုပ်သည် သီးသန့်မှတ်တမ်းတစ်ခု (သို) ပို၍ကျယ်ပြန့်သော စာပေသဘောအရ အပိုင်းတစ်ခုအဖြစ်သာ ရှိနေခြင်းဟု ဖြစ် သည်။ ကျန်ရှိသော ကျမ်းစာများသည် ဤကျမ်း (၅)ကျမ်းကို တစ်စုတည်း ဖြစ်သည်ဟု ဖြစ် တရားဟောရာကျမ်း၏ အဓိပ္ပာယ်သည်လည်း Pentateuch ၏ ရှေ့-နောက်ဆက်စပ်မှု ခွဲခြား၍ မရနိုင်ဟု ဖော်ပြသည်။ ဤစာအုပ် ဖတ်သူများက ယခင်စာအုပ် (၄) အုပ်နှင့် အကျွမ်းဝင် မှုရှိသည့်အကြောင်းများဖြစ်ကြောင်း မြင်စေပြီး တရားဟောရာကျမ်းသည် ပြည်တော်သို ဝင်သော လူများအကြောင်းပါဝင်သလို ကမ္ဘာဦးကျမ်းမှ တောလည်ရာကျမ်းအထိ ဖွင့်ပြထားသည့် အကြောင်းများအား လုံးကို အလေးအနက် ဖော်ပြသည်။ သိုသော် ဟေဗြဲလက်ရေးမူကျမ်းများက Pentateuch ကို လက်ရှိစာသား အတိုင်း အတိအကျပိုင်းခြားထားပြီး မောရှေ့မှဣသရေလူမျိုးကို နောက်ဆုံးမှာကြားချက်များအားလုံး ကောင်းမွန်စွာ မှတ်တမ်းတင်ထားသည်ဟု ဖော်ပြနေသည်။ ထိုကြောင့် မှတ်တမ်းတစ်ခုတည်းအဖြစ် မြင်နိုင်ပေသည်။
ဒုတိယမှာ တရားဟောရာကျမ်း၏ တည်ဆောက်ပုံသည် မာရေအချိန်က လောကီ သဘောတူစာ ချုပ်များကို အခြေခံခဲ့ခြင်းဖြစ်ပါသလားဟု ဖြစ်သည်။ လွန်ခဲ့သော (၃၅)နှစ် အတောအတွင်း ဧဝံဂေလိကျမ်း တတ်များက တရားဟောရာကျမ်း၏ တည်ဆောက်ပုံသည်။ ဘီစီ နှစ် (၁၀၀၀) အလယ်အကျော်လောက်ရှိ ရှေးအရှေ့ပိုင်းဒေသမှ သဘောတူစာချုပ်များနှင့် တူညီမှု ရှိသည်ဟု ထင်မြင်ကြသောကြောင့် တရားဟော ရာကျမ်းကို မောရှေ့ရေးသားပြုစုခဲ့သည်။ ဟု ထောက်ခံပြောဆိုကြသည်။ ထိုအာဏာဆန် ဆန်ရေးဖွဲသော လောကီစာချုပ် အတွင်း အရာများသည် (ဥပမာ – အုပ်ချုပ်သူသည် သူ့ကျွန်အား သူ့အလိုအတိုင်း ညွှန်ကြားခြင်း ဘီစီ နှစ် (၁၀၀၀) အလယ်အစောပိုင်းတွင် အသုံးမပြုသော ပုံစံတစ်ခုအဖြစ်ရှိသည်။ ထိုမင်း သားမှုသည် အောက်ပါအချက်အလက်များ အမြဲတမ်းပါဝင်ပြီး (၁) ပဏာမစကား ပဋိညာဉ် သို ပါဝင်သူများကို ဖော်ပြခြင်း၊ (၂) သမိုင်းနိဒါန်း ဘုရင်က သူ ကျွန်များအပေါ် ဆက်ဆံ သမိုင်းကြောင်း၊ (၃) ယေဘုယျနှင့် အတိအကျသတ် မှတ်ထားသော စည်းကမ်းများ (၄) သေများ၊ (၅) ကောင်းကြီးမင်္ဂလာနှင့် ကျိန်ခြင်းများ၊ (၆) က်န်ခြင်းနှင့် ပဋိညာဉ်ချုပ်ဆိုမှု ဖြစ်သည်။တရားဟောရာကျမ်းသည် ထိုအခြေခံ တည်ဆောက်ပုံများအတိုင်း သွားသည်။ ယုံကြည်ရသည်။ ၁း၁၅ သည် ပဏာမစကား၊ ၁း၅ – ၄း၄၃ သည် သမိုင်းနိဒါန်း၊ အခန်း ၂၇၊ ၂၈ သည် အနာဂတ် ကောင်းကြီးမင်္ဂလာနှင့် ကျိန်ခြင်းများအဖြစ် သဘောကိုက် တရားဟောရာကျမ်း အဆုံးသည် ထိုတည်ဆောက် ပုံဖြင့် မည်သိုကိုက်ညီကြောင်း သဘောကျ ချက် မရှိပေ။ မာဘလွင်ပြင်တွင် ပဋိညာဉ်ကို အသစ်ပြင်ဆင်ခြင်း ရှိနေနိုင်ပြီး ထိုအရာကိုတရားဟောရာကျမ်းတွင် အတိအကျနှင့် ရှင်းရှင်းလင်းလင်း ဖော်ပြမထားပေ။ ဤစာအုပ်သည် မည်သိုဖော်ပြထားခြင်းကို ခံယူရန် အကောင်းဆုံးနည်းလမ်းမှာ မျိုးဆက်သစ်အတွက် မောရှေအားဖြင့် ပညတ်တော်ကို ရှင်းပြခြင်းဖြစ်သည်။ စာပေတည်ဆောက်ပုံသည် မောရှေ့ခဲ့သည့် စကားများ အတိုင်းဖြစ်သည်။ အကျဉ်းချုပ် ကောက်နှုတ်ချက်တွင် ကြည့်ပါ။
တတိယမှာ မောဘလွင်ပြင်တွင် ပြုလုပ်သော ပဋိညာဉ်မှာ အဘယ်နည်း (၁၉း၁)။ အဓိကအမြင်မှာ ပထမမျိုးဆက်ဖြင့် နှစ် (၄၀) မပြည့်ခင် သိနတောင်တွင်ပြုလုပ်သော ပဋိညာဉ် အသစ်လုပ်ခြင်းကဲ့သိုသော ပဋိညာဉ်ဖြစ်သည်ဟု ယူဆရသည်။ ဤနေရာတွင် မာသည် ဣသရေလ ဒုတိယမျိုးဆက်ဖြင့် ထိုတူညီသော ပဋိညာဉ်ကို ပြုပြင်ခြင်းနှင့် အသစ်တဖန် မွမ်းမံ ခြင်းဟု ထင်မြင်ရသည်။ ဒုတိယအမြင်သည် ထိုအချိန်နှင့် အနာဂတ်တွင် ဣသရေလလူမျိုး လက်သိုအပ်မည့် ပြည်တော်အဖြစ် အာမခံထားသော ပါလက်စတိုင်းလူများ နှင့်ဆိုင်သော ပါ လက်စတိုင်း ပဋိညာဉ်ကဲ့သို ထိုပဋိညာဉ်ကို မြင်မိသည်။ တတိယအမြင်သည် ဣသရေလူမျိုး သည် သိနတောင် ပဋိညာဉ်ကို စောင့်ရှောက်ရန် ပျက်ကွက်မည်ဖြစ်ကြောင်း သိခြင်းကြောင့် မောရှေ့ သည် အခန်းကြီး ၂၉၊ ၃ဝ တွင် ပဋိညာဉ် အသစ်ကို ကြိုတင်မျှော်လင့်ခဲ့သည်။ တတိယအမြင် သည် အကောင်းဆုံး အမြင် ဖြစ်နိုင်သည်။
အကျဉ်းချုပ် ကောက်နှုတ်ချက်
၁။ နိဒါန်း – မောရှေ စကားပြောခြင်း၏ သမိုင်းနောက်ခံအခြေအနေ (၁း၁-၄)
၂။ မောရှေ့ ပထမဆုံး ပြောသောစကား – သမိုင်းကြောင်းဆိုင်ရာ နိဒါန်း (၁း၅-၄း၄၃)
က။ ဟောရမှ ဗက်ပေဂုရသို ပိုဆောင်သော ဘုရားသခင်၏ ကျေးဇူးပြုခြင်း သမိုင်းကို ပြန်ကြည့်ခြင်း (၁း၅-၃း၂၉)
ခ။ ပညတ်တော်ကို နာခံရန် နှိုးဆော်ခြင်း (၄း၁-၄၀)
ဂ။ အမှတ်တမဲ့ အပြစ်ပြုမိသူအတွက် ခိုလှုံရာမြိုသုံးမြို့ကို ခွဲခြားခြင်း (၄း၄၁-၄၃)
၃။ မောရှေ ဒုတိယပြောသောစကား – သိနတောင် ပဋိညာဉ်နှင့်ဆိုင်သော ပညတ်ချက်များ (၄း၄၄-၂၈း၆၈)
က။ နိဒါန်း (၄း၄၄-၄၉)
ခ။ ဘုရားသခင်နှင့် ဣသရေလလူမျိုး ဆက်နွယ်ခြင်း၏ အခြေခံအကြောင်းအရာများ (၅း၁-၁၁း၃၂)
၁။ ပညတ်တော် (၁၀) ပါး (၅း၁-၃၃)
၂။ ဘုရားသခင်ကို လုံးဝဆက်ကပ်အပ်နှံခြင်း (၆း၁-၂၅) ၊
၃။ အခြားလူမျိုးများ၏ ဘုရားများနှင့် ခွဲခြားခြင်း (၇း၁-၂၆)
၄။ ဘုရားသခင်ကို မေ့လျော့ခြင်းအတွက် သတိပေးခြင်း (၈း၁-၂၀)
၅။ အတိတ်တွင် ဣသရေလလူမျိုး ပုန်ကန်သည့်အကြောင်းကို ဥပမာပေးခြင်း (၉း၁-၁၀း၁၁)
၆။ ဘုရားသခင်ကို ကြောက်ရွံပြီး ချစ်ရန်၊ အလိုတော်ကို နာခံရန်သည်ခြင်း (၁၀း၁၂-၁၃၂) ၊
ဂ။ ဂတိတော်အသစ်တွင် အသက်ရှင်ခြင်းအတွက် အသေးစိတ် ပညတ်ချက်များ (၁၂း၁-၂၆း၁၉)
၁။ ဝတ်ပြုကိုးကွယ်ခြင်းအသက်တာအတွက် ညွှန်ကြားချက်များ (၁၂း၁-၁၆း၁၇) ၊
၂။ ခေါင်းဆောင်များအတွက် ညွှန်ကြားချက်များ (၁၆း၁၈-၁၈း၂၂)
၃။ လူမှုဆက်ဆံရေးအတွက် ညွှန်ကြားချက်များ (၁၉း၁-၂၃း၁၄)
၄။ အထွေထွေ ပညတ်များမှ ညွှန်ကြားချက်များ (၂၃း၁၅ – ၂၅း၁၉)
၅။ နယ်မြေ၌ အဦးသီးနှင့် ဆယ်ဖို့တစ်ဖို့ (၂၆း၁-၁၅)
၆။ နာခံခြင်းကို အတည်ပြုခြင်း (၂း၁၆-၁၉)
ဃ။ ပဋိညာဉ်၏ ကောင်းကြီးမင်္ဂလာများနှင့် ကျိန်ခြင်းများ (၂၇း၁-၂၈း၆၈)
၄။ မောရှေ တတိယပြောသောစကား – အခြားသော ပညတ်တော် (၂၉း၁-၃၀း၂၀)
၅။ နိဂုံးအဖြစ်အပျက်များ (၃၁း၁-၃၄း၁၂)
က။ ခေါင်းဆောင် လဲလှယ်ခြင်း (၃၁း၁-၈)
ခ။ ပညတ်တော်ကို အနာဂတ်တွင် ဖတ်ခြင်း (၃၁း၉-၁၃)
ဂ။ မောရှေ၏ သီချင်း (၃၁း၁၄-၃၂း၄၇) ၊
၁။ ဣသရေလလူမျိုး ကျရှုံးခြင်းအကြောင်းကို ကြိုတင်မျှော်မှန်းခြင်း (၃၁း၁၄-၂၉) ၊
၂။ မောရှေသီချင်း၏ သက်သေ (၃၁း၃၀-၃၂း၄၃)
၃။ မောရှေသီချင်း၏ ပြောဆိုမှု (၃၂း၄၄-၄၇)
ဃ။ မောရှေအသက်တာ၏ နောက်ဆုံးအဖြစ်အပျက်များ (၃ ၂း၄၈-၃၄း၁၂)
၁။ မောရှေ၏ သေခြင်းအတွက် ညွှန်ကြားချက် (၃၂း၄၈-၅၂)
၂။ မောရှေ၏ ကောင်းကြီးပေးခြင်း (၃၃း၁-၂၉)
၃။ မောရှေသေခြင်း (၃၄း၁-၁၂)
တရားဟောရာကျမ်း အချိန်ကာလ၌ ကမ္ဘာကြီးရှိ အခြားသောနေရာများ
အီသီယိုးပီးယားနိုင်ငံသည် လွတ်လပ်သော ဩဇာအာဏာရှိလာသည်။ တရုတ်ပြည်တွင် Shang မင်းမျိုးဆက် ကြီးထွားတိုးတက်လာသည်။
ခက်ခဲသော မေးခွန်းများအတွက် အဖြေများ
၁။ တရားဟောရာကျမ်းသည် မောရှေ့ရေးသားခဲ့သည့် လောကီပဋိညာဉ် စာချုပ်များနှင့် သူ့ အချိန်တွင် ရေးသားခဲ့မှုများ ဖြစ်ပါသလား (သို) ထိုအရာများသည် ဘုရားသခင် ထံမှ ထူးခြားသည့် ဖွင့်ပြမှုများအဖြစ် ကိုယ်စားပြုပါသလား။
မောရှေရေးထားသော မှတ်တမ်းများသည် တရားဟောရာကျမ်းမှ အချက်အလက်များ သာမက Pentateuch အားလုံးလည်း သမိုင်းတွင် ရှိခဲ့သော ထိုအချိန်က ရုံးသုံးစာရွက်စာတမ်း များနှင့်တူသည်။ သမိုင်းပညာရှင်များက ဤအချက်များကို အသုံးပြု၍ ဤစာအုပ်၏ ရက်စွဲကို ဖော်ထုတ်ကြသည်။ ထိုအချက်များသည် ဘုရားသခင်၏ တုနှိင်းမဲ့ ဖော်ပြချက်များအား သံသယ ရှိသူများက မောရှေသည် သူ့အချိန်က အခြားလူမျိုးများ၏ ရေးသားမှုပုံစံများကို အတုခိုးရုံမျှ သာဖြစ်သည်ဟုဆိုကြသည်။
သူ၏ဖွင့်ပြမှုကို မှတ်တမ်းတင်ရန် စေခိုင်းသောသူကို ဘုရားသခင်သည် ဘုရား၏စကား ကို ရေးသားခြင်းဖြစ်သောကြောင့် သူတို၏ ပုဂ္ဂိုလ်ရေး၊ ပညာရေး (သို့) သူတိုပုံစံအတိုင်း ရေး မည်မဟုတ်ပေ။ မောရှေသည် မင်းသားအဖြစ် အီဂျစ်တွင် အကောင်းဆုံးလေ့ကျင့်ခဲ့ပြီး အဆင့် မြင့် ပညာရပ်များ ရှိခဲ့သည် တ Pentateuch ကို တောထဲတွင်လှည့်လည်ချိန်၌ ဘုရားသခင်လမ်းပြပေးသော ခရီးသွားလမ်းညွှန်ဖြစ်သည်ဟု ထင်မြင်ပါက သူ၏ရေးသားသော ပုံစံသည် သူ့ခေတ်က ရုံးသုံး နိုင်ငံရေးသုံး စာရေးနည်းဖြစ်သည်ဆိုသည်ကို သံသယမရှိတော့ ပေ။ ကမ်းစာတစ်အုပ်လုံးတွင် မာရှေ့ရေးသားချက်များကို ခွဲခြားဖော်ပြမှုသည် ပုံစံတစ်ခုပဲ ထူးခြားခြင်းမဟုတ်ဘဲ အခွင့်အာဏာနှင့် ဘုရားသခင်မှုတ်သွင်းသည့် အကြောင်းအရာများ လည်း ဖြစ်သည်။
တရားဟောရာကျမ်းကို ဆက်လက်လေ့လာရန်
၁။ ဘုရားသခင် ပြုလုပ်ခဲ့သည့်အရာကို အချိန်ယူပြီး ပြန်သုံးသပ်ကြရန် မောရှေပြောခြင်းမှာ မည်သည့် အကြောင်းပြချက်များကြောင့် ဖြစ်မည်နည်း။
၂။ အခန်းကြီး ၆ အရ မျိုးဆက်တိုင်းက ပညတ်တော်ကို မည်သို့ ထိန်းသိမ်းရမည်နည်း။
၃။ ပညတ်တော်နှင့် ကတိတော်နယ်မြေအကြား ဆက်နွယ်မှုသည် အဘယ်နည်း။
၄။ မည်သည့်နည်းလမ်းဖြင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ဤစာအုပ်က ဖော်ပြသနည်း။
၅။ ကတိတော်နယ်မြေထဲသို မောရှေမဝင်စားရဘဲ အဘယ့်ကြောင့် သေသွားရသနည်း။
ယောရှု မှတ်စာ(Joshua)
ထာဝရဘုရား၏ ရဲရင့်သော သူရဲကောင်း
ခေါင်းစဉ်
ဤကျမ်းစာအုပ်သည် သမိုင်းကြောင်းဆိုင်ရာ (၁၂) အုပ်၏ ပထမဆုံးကျမ်းစာအုပ် ဖြစ်သည်။ ဤအမည်ကို တသရေလတို၏ ခေါင်းဆောင်အဖြစ် မောရှေ့ဆုတောင်းခြင်းနှင့် ခန့်ထားခြင်းအားဖြင့် တင်မြှောက်ခြင်းခံရခဲ့သည့် ယောရှု၏ စွန့်စားမှုမှ ရရှိခဲ့ခြင်းဖြစ်ပါသည် (တော ၂၇း၁၂ – ၂၃)။ ယောရှုနာမည်မှာ “ထာဝရဘုရားမှ ကယ်တင်သည်” (သို) “ထာဝရဘုရား သည် ကယ်တင်ခြင်းဖြစ်သည်ဟု ဆိုလိုပါသည်။ ထိုပြင် ဓမ္မသစ်ကျမ်း၌ “ယေရှု”နှင့် အတူတူပင်ဖြစ်သည်။ ယောရှုခေတ်၌ ထာဝရဘုရားသခင်သည် စစ်ဗိုလ်ချုပ် အဖြစ်ဣသရေလ တိုကိုယ်စား ကိုယ်တိုင်ပါဝင်တိုက်ခိုက် ကယ်တင်ပေးခဲ့သည် (၁၄-၆း၂၊ ၁၀း၄၂၊ ၂၃း၃၊ ၅၊ တ ၇း၄၅။
စာရေးသူနှင့် ရက်စွဲ ၊
စာရေးသူအား ဖော်ပြထားခြင်းမရှိသော်လည်း ဤအဓိကအဖြစ်အပျက်အားလုံးကို မျက်မြင် သက်သေတွေ့ရှိခဲ့သည့် ယာရှသာလျှင် ဖြစ်နိုင်ချေအများဆုံး ဖြစ်သည် (၁၈း၉၊ ၂၄း၂၆)။ ယောရှု၏ သေဆုံး ခြင်းနှင့် ပတ်သက်၍ သုံးသပ်ချက်များနှင့် ချိတ်ဆက်ပြီး ယောရှု မှ သင်ကြားပေးခဲ့သည့် အထောက်တော်မှ ဆက်လက်ရေးသား ပြီးစီးစေခဲ့ခြင်း ဖြစ်နိုင်သည် (၂၄း၂၉-၃၃)။ အချိုသော သူတိုမှ ဤအပိုင်းကို ယဇ်ပုရောဟိတ် ဧလျာဇာ (သို့) သူ၏သားဖြစ် သည့် ဖိနဟတ်တိုမှ ရေးသားခဲ့သည်ဟု ယူဆကြသည်။ ယောရှု ၆း၂၅ ကို ရေးသားချိန်၌ ရာ ခပ်သည် အသက်ရှင်လျက် ရှိနေဆဲဖြစ်သည်။ ဤကျမ်းစာသည် ဒါဝိဒ်ဘုရင်အဖြစ် မအုပ်စိုးမီ ပြီးစီးခဲ့သည် (၁၅း၆၃၊ ၂ ရာ ၅း၅-၉)။ အဖြစ်နိုင်ဆုံး ရေးသားချိန်မှာ ဘီစီ ၁၄၀၅-၁၃၈၅ ကာလအကြား ဖြစ်နိုင်သည်။
ယောရှုသည် အီဂျစ်ပြည် ကျွန်ဘဝအတွင်း မွေးဖွားခဲ့သူဖြစ်ရာ ထာဝရဘုရားမှ ဣသ ရေလအမျိုး သားတိုအား ခါနန်ပြည်သို ပိုဆောင်ရာ၌ တာဝန်ယူရန် ရွေးကောက်တင်မြှောက် ထားသူဖြစ်သည့်အတိုင်း မောရှေလက်အောက်၌ သင်ကြားခဲ့သူ ဖြစ်ပါသည်။ ယောရှု၏ ဘ၀ အကြောင်းများကို ပိုင်းခြား၍ လေ့လာပါက အောက်ပါအတိုင်း တွေ့ရမည်ဖြစ်သည်။ (၁) တာဝန်ထမ်းဆောင်ခြင်း (ထွက် ၁၇း၁ဝ၊ ၂၄း၁၃၊ ၃၃း၁၁၊ တော ၁၁း၂၈)၊ (၂) စစ်မှုထမ်းဆောင် ခြင်း (ထွက် ၁၇း၉ – ၁၃)၊ (၃) နယ်မြေစုံစမ်းခြင်း (တော ၁၃-၁၄)၊ (၄) မောရှေ့မှ အသနားခံ ခြင်း (ဆု တောင်းခြင်း) (တော ၂၇း၁၅-၁၇)၊ (၅) ထာဝရဘုရား စိုးစံခြင်း (တော ၂၇း၁၈)၊ (၆) ဝိညာဉ်တော် ပါရှိခြင်း (တော ၂၇း၁၈၊ တရားဟော ၃၄း၉)၊ (၇) မောရှေ ခွဲခွာခြင်း (တော ၁၈း၂၃ တရားဟော ၃၁း၇၊ ၈၊ ၁၃-၁၅)နှင့် (၇) ကိုယ်ကျိုးစွန့်လျက် ထာဝရဘုရားအား စိတ်နှလုံးအကြွင်းမဲ့ နားထောင်ခြင်း (တော ၃၂း၁၂) တို့ဖြစ်သည်။
နောက်ခံသမိုင်းကြောင်းနှင့် အနေအထား
မောရှေမသေဆုံးမီ ယောရှုအား ခေါင်းဆောင်မှုကို လက်ဆင့်ကမ်းရာတွင် ( တရားဟော ၃၄) ဣသရေလအမျိုးသားတိုသည် သဲကန္တာရအတွင်း၌ လှည့်လည်နေကြသည့် နှစ် (၄၀) ကုန်သွားခဲ့ချိန်မှာ ဘီစီ ၁၄၀၅ ခန့် ဖြစ်သည်။ ယောရှုသည်လည်း ဣသရေလအ တို၏ ခေါင်းဆောင်ဖြစ်လာသည့်အချိန်တွင် အသက် (၉၀) နားသို ကပ်လာခဲ့ပြီးဖြစ်သည် နောက် အသက် (၁၁၀) နှစ်၌ သေဆုံးခဲ့ချိန် (တရားဟော ၂၄း၂၉) တွင် ကာနနီအမျိုး အများစုက တိုက်ထုတ်နိုင်ခဲ့ပြီး ဣသရေလ (၁၂) မျိုးတိုအား နေရာခွဲပေးခဲ့ပါသည်။
ထာဝရဘုရား၏ ကတိပေးသည့် ဒေသ၏ ယောဒန်မြစ်အရှေ့ဘက်ခြမ်းဖြစ်သည့် မောဘလွင်ပြင်၌ အခြေချနေထိုင်စဉ် ဤသရေလအမျိုးသားတို့၏ ကတိထားရာ ဒေသကို ဝင်ရောက်သိမ်းပိုက်ရန်အတွက် ဘုရားသခင်၏ လမ်းပြဦးဆောင်မှုကို စောင့်စားခဲ့သည် (က ၁၂း၇၊ ၁၅း၁၈-၂၁)။ ယော်ဒန်အနောက်ဘက် တစ်လျှောက် မှီတင်းနေထိုင်ကြသူတို၏ အပြစ် ကြီးမားလွန်းသည်နှင့် ထာဝရဘုရားသခင်မှာ ထိုသူတိုအား အပြစ်ဒဏ်ပေးနိုင် ထုတ်ရန်အတွက် ဣသရေလအမျိုးသားတိုအား ရင်ဆိုင်တိုက်ခိုက်စေပါသည် (ဝတ် ၁၈း၂၄- ၂၅)။ ထာဝရဘုရားသည် အာဗြဟံနှင့် မျိုးဆက်တိုအား ပေးခဲ့သည့် ပဋိညာဉ်တရား ပြီးပြည့်စုံရန် အတွက် ကတိထားရာနယ်မြေအား သိမ်းပိုက်စေခဲ့သည်သာမက ထိုဒေသ၌ နေထိုင်သည့် လူမျိုးတို၏ အပြစ်များကို လည်း အပြစ်ဒဏ်စီရင်ပေးခဲ့ခြင်းလည်း ဖြစ်ပါသည် (က ၁၅း၁၆)။ ထိုဒေသ၌ နေထိုင်သည့် ကွဲပြားခြားနားသော လူမျိုးအပေါင်းတို၏ ရှည်လျားသော သမိုင်းကြောင်းသည် အာဗြဟံခေတ်မတိုင်မီကပင် ရှိနေခဲ့ပြီဖြစ်သည် (က ၁း၁၅-၁၉၊ ၁၂း၆၊ ၁၃း၇)။ ထိုသူတိုသည် အခြားဘုရားများစွာအား ကိုးကွယ်လာခဲ့သူများဖြစ်ရာ အကျင့်စာရိတ္တ ပျက်စီး နေကြသည်မှာ ယောရှုခေတ်အထိပင် ရောက်ရှိလာခဲ့သည်။
ယောရှုမှတ်စာရှိ အဓိက ဇာတ်ကောင်များ
ယောရှု – ဣသရေလအမျိုးသားတိုအား ကတိထားရာပြည်သို ပိုဆောင်သူ (၁-၂၄)
ရာခပ် – ထာဝရဘုရားအား နာခံခြင်းကြောင့် ကယ်တင်ခြင်းရရှိခဲ့သည့် ပြည်တန်ဆာမိန်းမ ဒါဝိဒ်မင်းနှင့် သခင်ယေရှု၏ မျိုးဆက်ပေါ်ထွန်းရာ မိခင်ကြီး ( ၂၊ ၆း၁၇၊ ၂၂၊ ၂၃၊ ၂၅)
အာခန် – ယေရိခေါမြို့အား သိမ်းယူခြင်းမှ ပစ္စည်းများ ခိုးယူမှုဖြင့် ထာဝရဘုရားအား နားမထောင်ခဲ့သူ၊ ထိုပြစ်ဒဏ်ကြောင့် ဣသရေလတိုသည် အောက္ကမြို တိုက်ပွဲ၌ နိမ့်ကြခြင်း၊ ထိုအပြစ်ကြောင့် သူ့အား ကျောက်ခဲဖြင့်ပစ်၍ သေဒဏ်ပေးခံရသူ (၇၊ ၂၂း၂၀ )
ဖိနဟတ် – ယဇ်ပုရောဟိတ်နှင့် ယဇ်ပုရောဟိတ် ဧလျာဇာ၏သား၊ သူသည် ဣသရေလအမျိုး သားချင်း အချင်းချင်း တိုက်ခိုက်မည့်အဖြစ်အား ကြားခံဖြန်ဖြေပေးခဲ့သူ (၂၂း၁၃၊၃၁-၃၄၊ ၂၄း၃၃)
ဧလျာဇာ – အာရုံ၏သား၊ ယဇ်ပုရောဟိတ်မင်းကြီးကဲ့သို အာရုံ၏ နေရာကို ဆက်ခံသူ ဣသရေလလူတိုအား ဦးဆောင်ရာတွင် ယောရှုအား ကူညီသူ (၁၄း၁၊ ၁၇း၄၊ ၁၉း၅၁၊ ၂၁း၁-၃၊ ၂၂း၁၃-၃၃၊ ၂၄း၃၃) ၊
သမိုင်းကြောင်းနှင့် ဓမ္မအတွေးအခေါ်ဆိုင်ရာ အကြောင်းအရာများ
ဤကျမ်းစာအုပ်၏ အရေးပါသည့် လက္ခဏာတစ်ရပ်မှာ ဘုရားသခင်မှ အာဗြဟံမျိုး ဆက်တိုအား ပေးခဲ့သည့် နယ်မြေအတွက် ကတိတော်ပြည့်စုံစေခဲ့သည့် ဘုရားသခင်၏ သစ္စာရှိ မှုပင် ဖြစ်သည် (က ၁၂း၇၊ ၁၅း၁၈-၂၁၊ ၁၇း၈)။ ထာဝရဘုရား၏ ဦးဆောင်မှုဖြင့် ဣသရေလလူ မျိုးသည် ယော်ဒန်မြစ်၏ အရှေ့ဘက်နှင့် အနောက်ဘက်ရှိ နယ်မြေများအတွက် အခြေချနေ ထိုင်ခဲ့ကြသည်ဖြစ်ရာ “ပိုင်ဆိုင်သည်”ဆိုသည့် ဝေါဟာရသည် လည်း အကြိမ် (၂၀) ခန့် ဖော်ပြ ထားသည်။
ဤအကြောင်းအရာနှင့် ဆက်စပ်နေသည်မှာ သူတို၏ နယ်မြေအားလုံးကို သိမ်းပိုက်ရန် ကြိုးစား အားထုတ်မှု ပျက်ကွက်ခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်း တရားသူကြီးမှတ်စာ အခန်းကြီး ၁ နှင့် ၂ တိုတွင် ဤအဖြစ်အပျက်များကြောင့် ပေါ်ထွက်လာသည့် ဝမ်းနည်းဖွယ်ရာ ဆိုးကျိုး ရလဒ်များကို ဖော်ပြထားသည်။
အဓိကကျမ်းပိုဒ်များ၏ ရည်ရွယ်ချက်မှာ (၁) နယ်မြေပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ထာဝရ ဘုရား၏ ကတိတော် (၁း၃၊ ၆)၊ (၂) လူထုအတွက် အရေးပါသည့် ထာဝရဘုရား၏ နှုတ်ကပတ်တော်အပေါ် ဆင်ခြင်အောက်မေ့ခြင်း (၁း၈)၊ (၃) ဣသရေလတို၏ အမှန်တကယ်ပိုင်ဆိုင်သည့် နယ်မြေများ (၁၁း၂၃၊ ၂၁း၄၅၊ ၂၂း၄) တို့ဖြစ်သည်။
အခန်းကြီး ၁၃ မှ ၂၂ အတွင်း မှတ်သားထားသည့်အတိုင်း စနစ်တကယ် မသည် ရ၏ တာဝန်ဖြစ်သည်။ ဣသရေလလူအပေါင်းတိုသည် တိုနေထိုင်သည့် အသီးသီးမှ ဝရဘုရားသခင်၏ ဝိညာဉ်ရေးရာ အခမ်းအနားများ ဆောင်ရွက်ရာ ကူ ပါဝင်နိုင်ရန်အတွက် လေဝိအမျိုးသားတိုအား မြိုပေါင်း (၄၈) မြို့တို့၌ စနစ်တကျထားရှိသည်။
ထာဝရဘုရားသည် မိမိတို့၏ လူတို့အား နယ်မြေပိုင်ဆိုင်ရန် အလိုရှိသည်။ တည်ကြောင်း ပြသနိုင်ရန် (၁၂း၇) (၂) ဘုရားသခင်၏ နိုင်ငံတော် စီမံကိန်းအ တည်ဆောက်ရေးလုပ်ငန်း ဇာတ်ခုံတည်ဆောက်ရန် (ဥပမာ- ဘုရင်နှင့် ပရောဖက်တို ကာလအတွင်း ဣသရေလအမျိုးသားတိုအား လူမှုရေးဆိုင်ရာ လှုပ်ရှားမှုများအတွက် အသီး နေရာချထားခြင်း) က ၁၇း၈၊ ၄၉း၈ – ၁၂) (၃) ထာဝရဘုရားသခင်အား ပြစ်မှားရာ သည့် အစွန်းရောက် ပြစ်မှုကျူးလွန်မှုများအား ပြစ်ဒဏ်ပေးရန် (ဝတ် ၁၈း၂၅)၊ (၄) တိုင်းနိုင် အားလုံးတိုအား လှမ်းမှီသည့် ထာဝရဘုရား၏ နှလုံးသား ပဋိညာဉ်အတိုင်း လူမျိုးအပေါင်းတို အား(ယောရှု ၂၉-၁၁) သက်သေဖြစ်စေရန် စသည်တို့ဖြစ်သည် (က ၁၂း၁-၃)။
အမှုတော်အတွက် ယောရှု၏ ပြင်ဆင်မှုများ၊
၁။ ထွက် ၁၇း၁၉၊ ၁၀၊ ၁၁၊ ၁၄ အာမလက်တို့နှင့် ပြင်းထန်သော တိုက်ပွဲကို ဦးဆောင်ခဲ့ခြင်း
၂။ ထွက် ၂၄း၁၃ ထာဝရဘုရား၏တောင်သို့ မောရှေ၏အဖော်အဖြစ် လိုက်ပါခဲ့ခြင်း
၃။ တော ၁၁း၂၈ ငယ်စဉ်ကပင် မောရှေ၏ အနား၌ အမှုထမ်းခဲ့ခြင်း
၄။ တော ၁၃း၁၆ မောရှေမှ သူ၏နာမည် ဟောရှေ (ကယ်တင်ခြင်း)မှ ယောရှု (ထာဝရဘုရား ကယ်တင်သည်)ဟု ပြောင်းပေးခဲ့ခြင်း၊
၅။ တော ၁၄း၆-၁၀၊ ၃၀၊ ၃၈ ယောရှုနှင့်ကာလက်တို့သည် အခြားသော ဣသရေလအမျိုးသား (၁ဝ) ဦးနှင့် ခါနန်ပြည်သို စုံစမ်းကြရာတွင် သူတိုနှစ်ယောက်၏ တိုက်တွန်းမှု ဖြင့် ဣသရေလတို့သည် ခါနန်ပြည်အား သိမ်းပိုက်နိုင်သည်ဖြစ်ရာ၊ သူလျှိ (၁၂) ဦးမှ သူတိုနှစ်ဦးသာလျှင် ကတီတော်ပြည်သို ဝင်စားရခြင်း
၆။ တော ၂၇း၁၈ ယောရှုအပေါ်သို့ ဝိညာဉ်တော် သက်ရောက်ခဲ့ခြင်း ၊
၇။ တော ၂၇း၁၈-၂၃ ဝိညာဉ်ရေးရာ အမှုတော်အတွက် မောရှေအား ဦးစွာ ကူညီပေးခဲ့ခြင်း
၈။ တော ၃၂း၁၂ ထာဝရဘုရားအား စိတ်နှလုံးအကြွင်းမဲ့ နာခံခဲ့ခြင်း၊
၉။ တရားဟော ၃၂း၂၃ မောရှေအားအစားထိုးဆက်ခံရန်အတွက် ဒုတိယအကြိမ်မှတ်သားခံရခြင်း
၁၀။ တရားဟော ၃၄း၉ ဝိညာဉ်တော် ဉာဏ်ပညာနှင့် ပြည့်စုံခြင်း ၊
ယောရှုမှတ်စာရှိ အဓိကဩဝါဒများ
ကတိတော်ဆိုင်ရာ နယ်မြေအား အာဗြဟံ၏ မျိုးဆက်တိုအား ပေးခဲ့သည့် ထာဝရဘုရား သစ္စာတော် – ၅း၁၄-၆း၂၊ ၁၁း၂၃၊ ၂၁း၄၅၊ ၂၄၊ က ၁၂း၇၊ ၁၅း၁၈-၂၁၊ ၁၇း၈၊ ထွက် ၃၃း ၂၊ တော ၃၄း၂ – ၁၅၊ တရားဟာ ၁၂း၉၊ ၁ဝ၊ ၂၅း၉၊ ဟေဗြဲ ၄း၈
ယောရှုမှတ်စာရှိ ဘုရားသခင်၏ ဂုဏ်အင်္ဂါလက္ခဏာများ
ဘုရားသခင်သည် သန့်ရှင်းသော ဘုရား – ၂၄း၁၉
ဘုရားသခင်သည် မနာလို သဝန်တိုသော ဘုရား – ၂၄း၁၉
ဘုရားသခင်သည် ကတိတော်ကို စောင့်ထိန်းသော ဘုရား – ၂၂း၄၊ ၂၃း၁၄
ဘုရားသခင်သည် ကူညီမစသော ဘုရား – ၇း၁၄၊ ၂၁း၄၅
ဘုရားသခင်သည် အမျက်ဒေါသထွက်သော ဘုရား – ၁၀း၂၅၊ ၂၃း၁၆
အနက်အဓိပ္ပာယ်ဆိုင်ရာ အခက်အခဲများ
နိမိတ်လက္ခာများသည် စာဖတ်သူများ ယုံကြည်ရ အမြဲတမ်းအခက်အခဲဖြစ်ပြီး၊ ကောင်း ကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူသော ဘုရားသခင်သည် (က ၁း၁) ကြီးမားသော အလုပ်များကို လုပ်ဆောင်နိုင်ခြင်း (သို) သူတို့ကို တစ်နည်းနည်းဖြင့် ရှင်းပြနိုင်သည်။ မောရှေအချိန်ကကဲ့သို၊ ဤစာအုပ်ရှိ နိမိတ် လက္ခဏာ များသည် ဘုရားသခင်၏ ရည်ရွယ် ချက် အစိတ်အပိုင်းများဖြစ်ပြီး၊ (၁) သူ၏ ယော်ဒန်မြစ်ရေကို ထိန်းချုပ်ခြင်း (ယောရှု ၃း၇-၁၇)၊ (၂) ယေရိခေါမြိုရိုး ပြိုကျခြင်း – (ယောရှု ၆း၁-၂၇)၊ (၃) မိုးသီးများကျခြင်း (ယောရှု ၁၀း၁-၁၁)နှင့် (၄) နေ့တာ ရှည် ကြခြင်း (ယောရှု ၁၀း၁၂-၁၅) စသည်တို့ကဲ့ သိုဖြစ်သည်။ ။
ယောရှုမှတ်စာတွင် အခြားသော အခက်အခဲများလည်းရှိသည်။ ဥပမာ၊ အံ့ဩ ဖွယ်ရာများဖြစ်သည့် ဘုရားသခင်အား ယုံ ကြည်ခြင်းဖြင့် တုန့်ပြန်သည့် ပြည်တန်ဆာရာခပ်ကို ဘုရားသခင်၏ ကောင်းကြီးပေးမှုသည် သူမ၏ လိမ်ညာမှုနှင့် မည်သို ဆက်နွယ်သနည်း (ယောရှု ၂)။ အချုပ်အရ၊ ရာခပ်သည် သူမ၏ လိမ်ညာမှုကြောင့် အသက်ချမ်းသာရသည်မဟုတ်ပေ။ ဘုရားသခင်အား ယုံကြည်ခြင်းကြောင့် ဖြစ်သည်။ (ဤကျမ်းပိုဒ်အကြောင်း အပြည့်အစုံဖော်ပြချက်ကို “ခက်ခဲသည့် မေးခွန်းများအတွက် အများ”ကဏ္ဍတွင် ကြည့်ပါ)။ အခြားမေးခွန်းမှာ အဘယ့်ကြောင့် အာခန် မိသားစုဝင်များ သည် သူနှင့်အတူ အသတ်ခံရသနည်း (ယောရှု ၇)။ သူတိုသည် အာခန်နှင့်အတူ ပူးပေါင်းကြံ စည်သူများ မဟုတ်သော်လည်း၊ သူ၏ အပြစ်ကိုဖုံးကွယ်ရန် ကူညီခဲ့ခြင်း၊ အခြားသူများကို သတင်းပေးရန် ငြင်းဆန်ခဲ့သည်။ ထိုကဲ့သိုပင်၊ ကောရ၏ ပုန်ကန်မှု (တော ၁၆) ဟာမန်၏ ကျရှုံးမှု (ဧသ ၉း၁၃၊ ၁၄)နှင့် ဒံယေလ လွတ်မြောက်လာပြီးနောက် (ဒံ ၆း၂၄) စသည်တို့တွင် မိသားစုဝင်များ မသေဆုံးခဲ့သည်။ ဣသရေလလူမျိုးရှေ့တွင် “ပျားတူတို့ကို ငါစေလွှတ်၍ ” (ယောရှု ၂၄း၁၂)ဟူသည် ဘုရားသခင်သည် ဘာကိုဆိုကြောင်း အချို့က မေးကြသည်။ ထွက် ၂၃း၂၈ တွင်လည်း တွေ့ရသည့် ထိုဖော်ပြချက်သည် ဘုရားသခင်ကိုယ်တိုင် ဣသရေလ ဘက်မှ ခုခံတိုက်ခိုက်ခြင်းကို (၂၃း၃၊ ၅၊ ၁၀၊ ၁၈) ပုံဖော်ပြသည့် အရာတစ်ခု ဖြစ်ခဲ့သည် (၂၃း၁၃)။ ဤကြောက်ရွံ ရိုသဖွယ် စွမ်းအားသည် ကြောက်စရာ ပျားတူများကို လုပ်ဆောင် နိုင်သကဲ့သို့၊ ရန်သူကို တိုက်ခိုက်ရန် လုပ်ဆောင်ထားသည် (တရားဟော ၇:၂၀၊ ၂၁)။
ယောရှုမှတ်စာ၌ ခရစ်တော်
ယောရှုမှတ်စာသည် မေရှိယကဲ့သို ယေရှုအကြောင်း ရှင်းလင်းစွာ ပရောဖတ်ပြုမှု မပါသော်လည်း၊ ယော ရှုသည် ခရစ်တော်၏ ပုံစံတစ်ခုကို အမည်နှင့်ရော အလုပ်နှင့်ပါ ဖော်ပြထားသည်။ Yeshua ဟူသော အမည်သည် ယောရှု၏ ဟေဗြဲအမည်ကို ကိုယ်စား ပြုသည်။ “ယေဟောဝါသည် ကယ်တင်သည်”ဟု အဓိပ္ပာယ်ရှိသော ထိုနာမည်သည် “ယေရှု”ကဲ့သို လည်း အနက်ပြန်သည်။ ယောရှုမှတ်စာ၏ အချက် တစ်ချက်၌ “ထာဝရဘုရား၏ ဗိုလ်ခြေကို အုပ်စိုးသော ဗိုလ်မှူး”ဟူသော ရူပါရုံတစ်ခုကို ရရှိခဲ့သည် (၅း၁၃၊ ၁၄)။ ထိုဗိုလ်မှူးသည် ခရစ်တော် (လူတစ် ဦးကဲ့သို သူအသွင်မပြောင်းခင်) ကိုယ်စားပြုခြင်း ဖြစ်ပြီး၊ သူသည် ခါနန်လူမျိုးကို အောင်မြင်ရန် ဣသရေလစစ်တပ်၏ ဗိုလ်ချုပ်ကဲ့သို ယေရှုကို ဦး ဆောင်သည်။
အကျဉ်းချုပ် ကောက်နှုတ်ချက်
၁။ ကတိတော်နယ်မြေကို ဝင်စားခြင်း (၁း၁-၅း၁၅)
၂။ ကတိတော်နယ်မြေကို တိုက်ခိုက်သိမ်းပိုက်ခြင်း (၆း၁-၁၂း၂၄)
က။ အလယ်ပိုင်းဒေသ တိုက်ပွဲ (၆း၁-၈း၂၅)
ခ။ တောင်ပိုင်းဒေသ တိုက်ပွဲ (၉း၁-၁၀း၄၃)
ဂ။ မြောက်ပိုင်းဒေသ တိုက်ပွဲ (၁၁း၁-၁၅) ၊
ဃ။ တိုက်ခိုက်သိမ်းပိုက်မှု အကျဉ်းချုပ် (၁၁း၁၆-၁၂း၂၄)
၃။ ကတိတော်နယ်မြေကို ခွဲဝေခြင်း (၁၃း၁-၂၂း၃၄)
က။ ညွှန်ကြားချက်များ အကျဉ်းချုပ် (၁၃း၁-၃၃)
ခ။ ယော်ဒန်မြစ် အနောက်ပိုင်း (၁၄း၁-၁၉း၅၁)
ဂ။ ခိုလှုံရာ မြို့များ (၂၀း၁-၉)
ဃ။ လေဝိအမျိုး၏ မြိုများ (၂၁း၁-၄၅)
င။ ယော်ဒန်မြစ် အရှေ့ပိုင်း (၂၂း၁-၂၄)
၄။ ကတိတော်နယ်မြေကို ထိန်းသိမ်းခြင်း (၂၃း၁-၂၄း၂၈)
က။ ယောရှုမှ ပထမအကြိမ် စကားပြောခြင်း (၂၃း၁-၁၆)
ခ။ ယောရှုမှ ဒုတိယအကြိမ် စကားပြောခြင်း (၂၄း၁- ၂၈)
၅။ နောက်ဆက်တွဲ (၂၄း၂၉-၃၃)
ယောရှုမှတ်စာ အချိန်ကာလ၌ ကမ္ဘာကြီးရှိ အခြားသောနေရာများ
အီဂျစ်၌ Ainmenholep lll အေးချမ်းစွာ အုပ်ချုပ်ချိန်တွင် အီဂျစ်လူမျိုးတို ၏ ယဉ်ကျေးမှုနှင့် ကုန်သွယ်မှုများ တိုးတက်ပြီး၊ ကျယ်ပြန့်လာသည် (ဘီစီ ၁၄ ၂၀ – ၁၃၈၅)။
ယောရှုမှတ်စာရှိ အဓိက ဝေါဟာရများ
ကျောက်တုံး – ဟေဗြဲဝေါဟာရ – eben – ၄း၃၊ ၅၊ ၉၊ ၂၀၊ ၇း၂၅၊ ၈း၃၁၊ ၁၀း၁၁၊ ၁၈ – ရှေးခေတ် အရှေ့အလယ်ပိုင်းဒေသရှုခင်း၌ ပြန့်ကျဲနေသည့် ကျောက်တုံးတိုအား အသုံးပြုသည့် ပုံစံအမြောက် အများရှိသည်။ ထိုအရာများကို အိမ်ဆောက်ရာတွင်လည်းကောင်း၊ မြိုရိုးများနှင့် ခံတပ်များ တည် ဆောက် ရာတွင်လည်းကောင်း အသုံးပြုကြသည် (၃ ရာ ၅း၁၇၊ ၄ ရာ ၁၂း၁၂)။ ဘာသာရေး ဆိုင်ရာဖြစ်သည့် ကျောက်တိုင်များ (က ၃၅း၁၄)နှင့် ယဇ်ပလ္လင်များ (တရားဟော ၂၇း၅) တည် ဆောက်ရာတွင်လည်း အသုံးပြုသည်။ ထိုပြင် ထာဝရဘုရား ထင်ရှားပြသည့် နေရာ အထိမ်းအမှတ် အဖြစ်သော်လည်းကောင်း (က ၂၈း၁၈၊ ၂၂)၊ (သို) တစ်ဦးချင်းအသက်တာ (က ၁၁း၄၆)၊ (သို) တစ်မျိုးသားလုံး (ယောရှု ၄း၆) အနေဖြင့်သော် လည်းကောင်း ထင်ရှားသည့် အဖြစ်အပျက်များ အတွက် ကျောက်တုံးများကို ပုံထား၍ အထိမ်းအမှတ်အဖြစ် အသုံးပြုကြသည်။ အဘယ့်ကြောင့်ဆို သော် ကျောက်တုံးများကို အဆောက်အဦ တည်ဆောက်ရာ၌ အခြေခံအုတ်မြစ်အဖြစ် အသုံးပြုကြ သည့်အတိုင်း ထာဝရဘုရားသခင်သည်လည်း ဣသရေလတို၏ ကျောက်တုံးအဖြစ် တင်စားခေါ်ဝေါ် ထားသည် (က ၄၉း ၂၄)။ ဟေရှာယကိုယ်တိုင် ထာဝရဘုရားအား ငြင်းပယ်သော ဣသရေလအမျိုး သားတိုအတွက် ထိမိလဲစရာကျောက်တုံးဟူ၍ တင်စားခေါ် ဆိုထားသည် (ဟေရှာ ၈း၁၄)။ ဤပုံရိပ် များသည် ဓမ္မသစ်ကျမ်း၌ သခင်ယေရှုအား ရည်ညွှန်းထားပါသည် (ဟေရှာ ၂၈း၁၆၊ ၁ ပေ ၂း၄-၈)။
တံပိုးခရာ – ဟေဗြဲဝေါဟာရ – shophor – ၆း၅၊ ၈၊ ၉၊ ၁၃၊ ၁၆၊ ၂၀ – တိရစ္ဆာန်ချို (များသောအား ဖြင့် သိုးထီး (သို) ဆိတ်ချိ)အား တံပိုးခရာအဖြစ် အသုံးပြုခြင်း ဖြစ်ပါသည်။ ဤဝေါဟာရသည် သတ္ထုတံပိုးခရာကိုလည်း ဆိုလိုသည် (တော ၁၀း၂-၁ဝ၊ ၁ ရာ ၁၅း၂၈၊ ၂ ရာ ၁၅း၁၄)။ shophor တန်ဆာပလာသည် စစ်တိုက်ခြင်း (တရား ၃း၂၇)နှင့် အပြစ်ဖြေရာပွဲကဲ့သိုသော နေ့များ အတွင်း လူစုဝေးရန်အတွက် အချက်ပြကိရိယာအဖြစ်လည်း အသုံးပြုသည် (ဝတ် ၂၅း၈၊ ၂ ရာ ၆း၅၊ ယောလ ၂း၁)။ ထာဝရဘုရားသခင်သည် သိနတောင်သို ဆင်းကြွတော်မူ၍ ပညတ်တော်အား ဖော်ပြရာ၌လည်း တံပိုးခရာမှုတ်ခဲ့သည် (ထွက် ၁၉း ၂၀)။ ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်း နှစ်ခုလုံးတွင် ထာဝရဘုရားနေ့ဖြစ်သည့် ခရစ်တော်တရားစီရင်ရန် ကြွလာသည့်အတွက် တံပိုးခရာမှုတ်ခြင်းကို လည်း ဖော်ပြထားသည် (ဇေ ၁း၁၆၊ မ ၂၄း၃၁)။
အမွေခံစားခြင်း – ဟေဗြဲဝေါဟာရ – nachalah – ၁၃း၁၄၊ ၃၃၊ ၁၄း၃၊ ၁၇း၄၊ ၁၉း၁၊ ၉၊ ၂၁း၃၊ ၂၄း၃၂ – အဓိပ္ပာယ်မှာ ပိုင်ဆိုင်မှု (သို) ဥစ္စာပစ္စည်းဟူ၍ ထာဝရဘုရားသခင်၏ ကတိတော်နှင့် ဆက်နွယ်နေသည်။ အထူးသဖြင့် ကတိပေးထားသည့် နယ်မြေနှင့်ပတ်သက်သည် (က ၁၃း၁၄-၁၇)။ ဤဝေါဟာရသည် ကတိထားရာနယ်မြေနှင့် အသုံးပြုရာ၌ လူသဖခင်တစ်ဦး မှ သူ၏သားသမီးများအား အမွေနှင့်ပတ်သက် သောကိစ္စရပ်မျိုးကိုသာ ဆိုလိုခြင်းမဟုတ်ပေ။ ထို ထက်မက ဖန်ဆင်းရှင် ထာဝရဘုရားမှ သူ၏ လူမျိုးတိုအား သီးသန့်နယ်မြေတစ်ခုသာ ခွင့်ပြုခြင်း ဖြစ်သည်။ ထာဝရဘုရားကိုယ်တိုင် နယ်နိမိတ်သတ်မှတ်၍ ဣသရေလတို့က ကတိတော်အတိုင်း ပေးခဲ့ခြင်းဖြစ်သည်။ ထိုသိုဖြစ်စေကာမူ ဣသရေလတို၏ အမွေကိစ္စနှင့် ပတ်သက်ပြီး နယ်မြေ | ပိုင်ဆိုင်ခြင်းထက်ပို၍ နက်နဲသော သဘောတရားကို တွေ့ရှိနိုင်သည်။ ထာဝရဘုရား ကိုယ်တိုင် သူ့လူမျိုး၏ အမွေခံရာဖြစ်ကြောင်းကို ဒါဝိဒ်နှင့် ယေရမိနှစ်ဦးလုံးတို့မှ အတည်ပြုခဲ့ကြသည် ( ဆာလံ ၁၆း၅၊ ယေ ၁၀း၁၆)၊ ထာဝရဘုရား၏ လူတို့သည် ထာဝရဘုရား နှင့်မိတ်သဟာယဖွဲခြင်းဖြင့် လူတို့၏ ဝမ်းမြောက်စရာ ပြည့်စုံစေမည် ဖြစ်သည်။ ဘုရားသခင်၏ အမွေရခြင်းသည် ဤလောကရှိ မည်သည့် အမွေနှင့်မျှ နှိုင်းယှဉ်၍ မရနိုင်ပေ (၁ပေ ၁း၄)။
ငြိမ်သက်ခြင်း – ဟေဗြဲဝေါဟာရ – shaqat – ၁း၁၃၊ ၃း၁၃၊ ၁၀း၂ဝ၊ ၁၃း၂၇၊ ၁၇း၂၊ ၂၁း၄၄၊ ၂၂း၄၊ ၂၃း၁ – အဓိပ္ပာယ်မှာ ငြိမ်သက်စွာ နေထိုင်ရန်ဖြစ်သည်။ ဤငြိမ်သက်ခြင်းသည် ပူပန်ခြင်း နှင့် ပဋိပက္ခများမှ ကင်းလွတ်ခြင်းကို ဆိုလိုသည်။ ထာဝရဘုရားသည် ဣသရေလတိုအား ကတိထားရာပြည်၌ ငြိမ်သက်စွာနေရန် ကတိပေးခဲ့သည် (ထွက် ၃၃း၁၄ တရားဟော ၃း၁- ၂၁၊ ၁၂း၉ -၁၀)။ ယောရှုမှတ်စာ၌ ဣသရေလတိုသည် မိမိတို၏ အိမ်နီးချင်းနိုင်ငံတို့ဖြင့် ရန်ဖြစ်မှုနှင့် ပဋိပက္ခများနှင့် ဆက်နွယ်နေသည်။ ထာဝရဘုရားမှ သူ
၏ လူမျိုးတို့အား ငြိမ်သက်သောနေရာ၌ အခြေချ နေထိုင်စေခဲ့သည်။ ဤငြိမ်သက်ခြင်းအား ရရှိရန်မှာ ဣသရေလတိုအနေဖြင့် ထာဝရဘုရား မိန့်မှာ စကားဖြစ်သည့် ခါနန်ပြည်သားတိုအား နှင်ထုတ်ခြင်းကို လိုက်နာခြင်း ရှိမရှိအပေါ် မူတည်နေ သည် (၁၁့း၂၃၊ ၁၄၁၅)။ ဓမ္မသစ်ကျမ်းစာရေးသူတိုသည်လည်း ငြိမ်သက်ခြင်း၏ သဘောတရားကို ဟောပြောခဲ့ကြသည်။ ယုံကြည်သူတိုအား ထာဝရဘုရားမှ ပြောကြားခဲ့သည်မှာ ကောင်းကင်နိုင်ငံ သည် သေခြင်း ဒုက္ခ အပြစ်တရားနှင့် အခြားလောကီရေးရာ ပန်ကန်မှုများ အပေါင်းမှ ငြိမ်သက် ခြင်းကို ယူဆောင်ပေးမည် ဖြစ်သည် (ဟေဗြဲ ၄း၁၊ ဗျာ ၂၁း၄)
ခက်ခဲသော မေးခွန်းများအတွက် အဖြေများ
၁။ ကတိတော်နယ်မြေကို တိုက်ခိုက်သိမ်းပိုက်ခြင်းတွင် မြိုများနှင့် လူများကို လုံးဝဖျက် ဆီးရန် ဘုရားသခင်ပေးသည့် ကြမ်းတမ်းသော အမိန့်တော်ဖြင့် ကျမ်းစာတစ်အုပ်လုံးကို နှိင်းယှဉ်ခြင်းတွင် ဘုရားသခင်၏ ဂုဏ်အင်္ဂါအား ဖော်ပြမှုကို ကျွန်ုပ်တို့ မည်သို နားလည် နိုင်သနည်း၊
ယေရိခေါကို ဖျက်ဆီးခြင်းအတွက် ယောရှုအမိန့်ထုတ်ပြန်သောအခါ၊ သူသည် ဘုရား သခင်၏ ရှင်းလင်းသည့် အမိန့်တော်များကို ထပ်ပြောခဲ့ခြင်းဖြစ်သည်။ ထွက် ၂၃း၃ ၂၊ ၃၃၊ ၃၄း၁၁-၁၆ နှင့် တရားဟော ၇း၁-၅၊ ၂၀း၁၆-၁၈ တိုကဲ့သို ကျမ်းပိုဒ်များက ဘုရားသခင်သည် လူများအားလုံးကို ဖျက်ဆီးရန် မိန့်မှာထားသည့် သမ္မာတရားကို အားနည်းအောင် (သို) ရှောင် ရှားရန် မဖြစ်နိုင်ခြင်းကို လုပ်ဆောင်ထားသည်။ ထိုအရာသည် စစ်သားများက့ စစ်သားများကိုသာ ဖျက်ဆီးခြင်းမဟုတ်ပေ။ ဓားစာခံအများစုမှာ အမျိုးသမီးများနှင့် ကလေးများဖြစ်ခဲ့ကြသည်။ အလေးအနက်ထားပြီး နှိမ့်ချသော ကျမ်းစာကျောင်းသားအတွက် အခက်အခဲမှာ ထိုထိတ်လန့် ဖွယ်ရာများကို ရင်ဆိုင်တွေ့ရခြင်းနှင့် သူတိုသင်ကြားသော ခက်ခဲသည့် သင်ခန်းစာများကို ရှင်းပြရန် ကြိုးစားမှုမပြုတော့ပေ။
ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် အပြစ်တရားအပေါ် သူ၏ဖြောင့်မတ်စွာ တရားစီရင် ခြင်းအကြောင်း ကျွန်ုပ်တိုတွင် ကြောက်ရွံရိုသေစိတ် ကြီးထွားမှုမရှိပါက၊ ဘုရားသခင်၏ ကျေးဇူး တော်နှင့် ကရုဏာတော်ကို ကျွန်ုပ်တိုနားလည်မှုသည် အားလျော့သွားမည်ဖြစ်သည်။ ဘုရား ၊ သခင်သည် အပြစ်ပေးခြင်းကို လုပ်နိုင်ပြီး၊ လုပ်ဆောင်ကြောင်းကို နားလည်သော အသိဉာဏ် မရှိပါက၊ ဖြစ်ပေါ်လာသော ကရုဏာတရားနှင့် ခွင့်လွှတ်ခြင်း တိုကို ခံယူမှု လျှော့ကျသွားမည် ဖြစ်သည်။ ဘုရားသခင်၏ လုပ်ဆောင်မှုများနှင့် ဂုဏ်အင်္ဂါတို၏ မြင်ကွင်းတစ် ခုလုံးကို မြင်ရန် မရှာဖွေပါက၊ ကျွန်ုပ်တို ကြိုက်သည့်အရာ (သို) မကြိုက်သည့်အရာကို စွဲယူသည့် ရည်ရွယ်ချက် မျိုးဖြစ်ပြီး၊ ချိတ်ဆက်မှုများ လွဲချော်သွားမည်ဖြစ်သည်။ ကျွန်ုပ်တို၏ နားလည်မှုအတွင်းရှိ ကွာဟ မှုသည် ကျမ်းစာဆိုင်ရာ သိမြင်သောဉာဏ်အားဖြင့် တစ်စိတ်တစ်ဒေသ ပြည့်စုံခဲ့ပြီ ဖြစ်နိုင်သည်။
ဘုရားသခင်၏ တရားစီရင်ခြင်းအမှု၌ ဣသရေလလူမျိုး၏ အခန်းကဏ္ဍသည် သူတို ကိုယ်ပိုင် ဖြောင့်မတ်ခြင်းဖြင့် မဆိုင်ပေ။ သိုသော် ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် သူတိုသည် သေဒဏ်ချ မှတ်ခံခဲ့ရသော လူများနေရာတွင် အလွယ်တကူ ဝင်ရောက် နေထိုင်ခဲ့သည်။ “သင်၏ ဘုရားသခင် ထာဝရဘုရားသည် သူတိုကို သင့်ရှေ့မှ နှင်ထုတ်တော်မူသောနောက်၊ သင်က ငါ့ကုသိုလ်ကြောင့် ထာဝရဘုရားသည် ငါ့ကိုသွင်း၍ ဤပြည်ကို အပိုင် ပေးတော်မူသည်ဟူ၍ မအောက်မေ့ရ။ ထိုလူမျိုးတို၏ မကောင်းမှုကြောင့် ထာဝရဘုရားသည် သူတိုကို ငါ့ရှေ့မှ နှင်ထုတ်တော်မူသည်ဟူ၍ စိတ်ထဲမှာ အောက်မေ့ရမည်။”(တရားဟော ၉း၄)။
ဘုရားသခင်သည် ထိုနယ်မြေကို ရှင်းလင်းရန် ဖျားနာခြင်း၊ အစာခေါင်းပါးခြင်း၊ မီးဘေး၊ (သို) ရေလွှမ်းမိုးခြင်းဘေးတိုကို အသုံးပြုနိုင်ခဲ့သော်လည်း၊ သူသည် ဣသရေလလူမျိုးကို အသုံး ပြုရန် ရွေးချယ် ခဲ့သည်။ သဘာဝဘေးဒုက္ခ ဆိုးကျိုးများသည် လူတိုင်း ခံစားရသည်။ ကလေးငယ် များသည် သူတိုမိဘများက၏ ကံကြမ္မာကို မျှဝေခံယူခြင်းသည် အလွယ်တကူ လက်ခံရန် မဖြစ်နိုင် သော်လည်း သူတို အမြဲတမ်း ခံရသည်။ ဘုရားသခင်၏ တရားစီရင်ခြင်းကို ဣသရေလလူမျိုး ယူဆောင်လာသောအခါ သူတိုခံခဲ့ရသည်။ ဘုရားသခင် ပြစ်ဒဏ်ပေးခြင်းတွင် ထိုကလေးများ ပါဝင်ခြင်းသည် မျှတမှုရှိပါသလား။ (သို) မိဘများနှင့် ခေါင်းဆောင်များ သည် ဘုရားသခင်အား သူတို ငြင်းဆန်မှုအားဖြင့် ထိခိုက်စေခြင်း၌ အပြစ်ကင်းသူ ဖြစ်ခြင်းအတွက် တာဝန်မရှိပေဘူး လား။ ဤအကြောင်းအရာ အချိုသည် သေခြင်းပြီးနောက်တွင် တွေ့ရမည်ဖြစ်ပြီး၊ နောက်ဆုံး သော တရားစီရင်ခြင်း ဖြစ်လာချိန်တွင် ဖြစ်မည် (ဟေဗြဲ ၉း၂၇)။
၂။ ဘုရားသခင်သည် အဘယ့်ကြောင့် ရာခပ်အား ကောင်းကြီးပေးပြီး၊ သူမ၏ လိမ်ညာခြင်း အစား သမိုင်းတွင် ထူးခြားသည့် ကဏ္ဍတစ်ခုအဖြစ် သူမအား ဖော်ပြထားရသနည်း။
ရာခပ်၏ အသက်တာသည် သူမ၏ လိမ်ညာမှုကြောင့် အသက်ချမ်းသာရခဲ့ခြင်း မဟုတ် ဘဲ၊ ဘုရားသ ခင်၌ သူမ၏ ယုံကြည်ခြင်းကို ထည့်သွင်းခြင်းကြောင့် ချမ်းသာရခဲ့သည်။ ရာခပ်သည် ဣသရေလသူလျှိ နှစ်ဦးကို ကာကွယ်ခြင်းဖြင့် ဘုရားသခင်၏ ကျေးဇူးတော်ခံစားခြင်း အခွင့် အရေးကို ပေးအပ်ခံရပြီး၊ သူမ၏ အခြေ အနေများကြားထဲမှ သူမ လုပ်ဆောင်ခဲ့သည်။ သူမသည် နှစ်သက် ဖွယ်ရာ၊ ဂရုစိုက်စွာ လိမ်ညာခဲ့သည်။ သူမ၏ ကနဦးတုန့်ပြန်မှုသည် သူမပြုလုပ်နေကျ သာမန် အမူအကျင့်မျိုး ဖြစ်နိုင်သည်။ ယေရိခေါဘုရင်၏ ရှုထောင့် ဘက်မှကြည့်လျှင် ရာခပ်သည် လိမ်ညာရုံသာ မဟုတ်ဘဲ၊ သစ္စာဖောက်သည့် အပြစ်မျိုးဖြစ်ခဲ့သည်။ သူမတွင် မိတ်ဖက်အသစ် တစ်ဦး ရှိခဲ့ပြီး၊ ရှင်ဘုရင်အား လိမ်ညာပြီး ယခုသူမကိုးစားချင်သော ဘုရားသခင်ကို သူမ မသိခဲ့သေးပေ။
သူလျှိများလာပြီး သူမအိမ်တံခါးကို ခေါက်သောအခါ နည်းလမ်းအမျိုးမျိုး၌ တွေ့မြင်နိုင် ချိန်တွင် သူမ၏ အသက်တာလည်း မူလအခြေအနေမှ ပြောင်းလဲမှု ဖြစ်လာခဲ့သည်။ သူမသည် သူမအသက်အန္တရာယ်ကို မကြောက်ဘဲ ဘုရားသခင်ကို ကိုးစားရန် စွန့်စားခဲ့သည်။ ရသဝတ္ထု သည်လည်း ရာခပ်၏ အိမ်ထောင်ရေးအ ကြောင်း၊ ရှင်ဘုရင် ဒါဝိဒ်၏ အဘွားဖြစ်လာခဲ့ခြင်း၊ ယေရှု၏ မျိုးဆက်တစ်ဦးဖြစ်လာခြင်းအကြောင်းများကို ဖော်ပြထားသည်။ ရာစုနှစ်များနောက် ရာခပ်သည် သူမ၏ ယုံကြည်ခြင်းကြောင့် ဟေဗြဲသြဝါဒစာ ၁၁ တွင် ဖော်ပြသည့် အမျိုးသမီး များထဲမှတစ်ဦး ဖြစ်လာခဲ့သည်။
၃။ ဘုရားသခင်၏ ယောရှုအပေါ်ပေးသည့် အောင်မြင်ခြင်း အာမခံမှုသည် ကျွန်ုပ်တို အပေါ် မည်သိုလုပ်ဆောင်သနည်း၊
ယောရှုမှတ်စာသည် ဘုရားသခင်၏ ဣသရေလလူမျိုးခေါင်းဆောင်အသစ်ကို အမိန့် ပေးခြင်းဖြင့် အစပြုထားသည်။ ဘုရားသခင်သည် ယောရှ၏ နယ်မြေကို ဝင်စားခြင်း၊ ပိုင်ဆိုင်ခြင်း အလုပ်များကို ဖော်ပြခဲ့သည် (၁း၂-၆)။ ဘုရားသခင်သည် အချက်သုံးချက်အားဖြင့် ယောရှု၏ အောင်မြင်မှုကို လက်တွဲ လုပ်ဆောင်ခဲ့ပြီး၊ (၁) ဘုရားသခင်ကိုယ်တိုင် ပါရှိခြင်း (၁း၅)၊ (၂) ယေရှုကို အားယူ၍ ရဲရင့်စေခြင်း (၁း၇၊ ၉)၊ (၃) ဘုရားသခင်၏နှုတ်ကပတ်တော်ကို ယော အာရုံစိုက်ခြင်း (၁၇၊ ၈) စသည်တိုတွင် ဖြစ်သည်။ ။
ကျမ်းစာဆိုင်ရာ ဆင်ခြင်လေ့လာခြင်း ဖြစ်စဉ်များသည် စဉ်းစားခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အမြဲမပြတ်ဖတ်ခြင်းဖြင့် အစပြုရသည်။ ထိုအရာသည် အကျွမ်းဝင်မှုရှိခြင်း နှင့် မှတ်မိမှတ်သားမှုရှိရန် တိုးတက်မှုဖြစ်သည်။ “နေ့ညမပြတ် ဆင်ခြင်ပါ” (ယောရှု ၁း၈)ဟု ပြောခြင်းတွင်၊ ယောရှုသည် ပညတ္တိကျမ်းကို ဆင်ခြင်လေ့လာရန် လုံလောက်သောအချိန်ပေးရန် လိုအပ်ပြီး၊ သိုမှသာ ထိုကျမ်းစာကို ယောရှုသည် နောက်ဆုံးတွင် ရရှိလိမ့်မည်ဖြစ်သည်။ ဘုရား သခင်နှုတ်ကပတ်တော်၏ ရည်ရွယ်ချက်သည် အောင်မြင်မှုရရန် ဖြစ်ပြီး၊ “ထိုပညတ္တိကျမ်းစာ၌ ရေးထားသမျှအတိုင်း၊ ကျင့်မည်ဟု စောင့်ရှောက်ခြင်းအလိုငှါ”ဟူသော ကျင့်သုံးရမည်ဖြစ်သည် (ယောရှု ၁း၈)။ ။
“သိုပြုလျှင်” ဘုရားသခင်က “သင်သည် အကြံထမြောက်၍ အောင်မြင်လိမ့်မည်”ဟု ယောရှုအား ပြောခဲ့သည် (၁း၈)။ ယေရှုက ဥစ္စာပစ္စည်းပိုင်ဆိုင်ခြင်းနှင့် အောင်မြင်ခြင်းကို တိုင်းတာမှုမှာ ဘုရားသခင်သည် သူ့လူမျိုးကို သူအသက်ရှင်စေလိုသည့် နည်းလမ်းကို သိခြင်းနှင့် ထိုလမ်းအတိုင်း အသက်ရှင်ခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ ဘုရားသခင်သည် ယောရှုအား “သွားလေရာရာ၌”သူ၏ အတူရှိခြင်းအကြောင်းကို ထပ်ခါထပ်ခါ သေချာမှုပြုခဲ့သည်။ ကျွန်ုပ် တို နာခံမှုဖြင့် ဘုရားသခင် အမြဲရှိခြင်းကို အလေးအမြတ်ထားရန် မည်သည့် အောင်မြင်မှု အတိုင်းအတာက ဖော်ပြနိုင်သနည်း။
ယောရှုမှတ်စာကို ဆက်လက်လေ့လာရန်
၁။ ဣသရေလလူမျိုးအတွက် ယောရှုမှတ်စာ၌ ယောရှုအား ကောင်းမြတ်သော ခေါင်းဆောင် တစ်ဦးအဖြစ် မည်သည့်လက္ခဏာက ဖော်ပြထားသနည်း။
၂။ ယောရှု၏ ခေါင်းဆောင်တစ်ဦးဖြစ်ခြင်းအတွက် မည်သည့်အရာက အကြီးဆုံးအခက်အခဲ များ ဖြစ်ခဲ့သနည်း။
၃။ တော ၁၃-၁၄ ကို ပြန်လည်ဆန်းစစ်ပါ။ ယော ၁-၂ ရှိ ကတိတော်နယ်မြေသို ချဉ်းကပ်သော နောက်မျိုး ဆက်ဖြင့် လူမျိုး၏ အပြုအမူနှင့် လုပ်ဆောင်မှုများကို နှိင်းယှဉ်ပါ။
၄။ ယောရှုမှတ်စာတစ်လျှောက် ဘုရားသခင်သည် ဣသရေလအပေါ်ထားသည့် ကတိတော်ကို မည်သည့်နည်းဖြင့် စောင့်ထိန်းခဲ့သနည်း။ –
၅။ သင့်အသက်တာ၌ ယောရှု ၂၄း၁၅ ကို မည်သို ကျင့်သုံးမည်နည်း။
တရားသူကြီးမှတ်စာ (Judges)
ဒုက္ခရောက်သော အချိန်များအတွက် ရွေးချယ်ခန့်ထားသည့် အစေခံများ
ခေါင်းစဉ်
ဤခေါင်းစဉ်သည် ခေါင်းစဉ်နှင့်ကိုက်ညီသည့် “တရားသူကြီးများ”ဆိုသည့်အတိုင်း ဘု ရားသခင်သည် မိမိလူမျိုးတော်အား ရန်သူတိုလက်မှ ကာကွယ်စောင်မရန်အလိုငှာ (၂း၁၆-၁၉) ထူးခြားသော ခေါင်းဆောင် များကို ပေါ်ထွန်းစေခဲ့ခြင်းအကြောင်း ရည်ညွှန်းသည် (၁း၂၇၊ ၂၄)။ ထာဝရဘုရား၏ ကြိုတင်စီမံခဲ့သည့်အတိုင်း ထာဝရဘုရား၏ အမိန့်တော်ကို နာခံခြင်း အားဖြင့် ကတိထားရာပြည်မှ တိုင်းတပါးတိုအား တိုက်ထုတ်ရန် ပျက်ကွက်ခဲ့မှု၏ အကျိုးဆက်ကို တွေ့ရသည်။ ထိုကြောင့် ခါနန်လူတိုသည် ဣသရေလလူမျိုးအတွက် ဆူးငြောင့်ခလုတ် ဖြစ်ခဲ့ သည်သာမက တိုင်းပြည်သည်လည်း ကသောင်းကနင်း ဖြစ်ခဲ့ရပါသည်။ မျှော်လင့်ချက် ကုန်ဆုံး သောအချိန်များတွင် ဣသရေလတိုသည် မိမိတို၏ မှားယွင်းမှုအပြစ်များကို သိမြင်လာကြကာ ထာဝရဘုရားထံမှ ခွင့်လွှတ်ခြင်းနှင့် ကယ်တင်ခြင်းကို တောင်းခံငိုကြွေးခဲ့ကြရသည်။ အပြစ် အပျက်တစ် ခုချင်းစီ၌ ထာဝရဘုရားမှ ပြိုင်ဘက်ကင်းသည့် ခေါင်းဆောင်များ (တရားသူကြီးများ) အား စေလွှတ်ခဲ့ပြီး ဣသရေလတိုအား ကယ်တင်ခဲ့သည် (၂း၁၆-၁၉)။ ဟေဗြဲခေါင်းစဉ်သည် “လွှတ်မြောက်စေသူ” (သို) “ကယ်တင်သူ”ဟူ၍သာမက “တရားသူကြီး”ဟူ၍လည်း အဓိပ္ပာယ် သက်ရောက်သည် (တရားဟော ၁၆း၁၈၊ ၁၇း၉၊ ၁၉း၁၇)။ တရားသူကြီး (၁၂) ယောက်တို၏ ဆောင်ရွက်မှုတိုကို ဤစာစောင်၌ တွေ့ရသည်။ နောက်တစ် စောင်၌ ရေးမှတ်ထားသည့် ဧလိ၊ ရှမွေလတိုနှင့် အားလုံး (၁၄) ယောက်ဖြစ်သည်။ ထာဝရဘုရားကိုယ်တိုင်သည် ပို၍မြင့်မြတ်သော တရားသူကြီးဖြစ်သည် (၁၁း၂၇)။ တရားသူကြီးမှတ်စာသည် ယောရှုမှ ပြည်တော်သိမ်းပိုက် သည့် (ဘီစီ ၁၃၉၈)နှစ်မှစ၍ ဣသရေလမင်းဆက် စတင်ထူထောင်သည့်အချိန် ဧလိနှင့် ရှမွေလအထိ (ဘီစီ ၁၀၄၃) နှစ်ပေါင်း (၃၅၀) ခန့် ရှည်လျားခဲ့သည်။
စာရေးသူနှင့် ရေးသားချိန်
ဤစာစောင်၌ စာရေးသူနာမည် ပေးထားခြင်း မရှိပေ။ သိုသော်လည်း ရှေး ခေတ်ဂျူးထုံးစံသည် ရှမွေလက အဓိက ပရောဖက် ဖြစ်၍ ဤအဖြစ်အပျက်များ ဖြစ်သည့်အချိန်၌ အသက်ရှင်လျက် ရှိနေပြီး၊ မိမိကိုယ်တိုင် အကျဉ်းချုပ် ဖော်ပြခဲ့ခြင်း ဖြစ် သည်ဟု မှတ်ယူသည်(၁ ရာ ၁၀း၂၅)။ ယေ ၊ ဗုသိတိုမှ နယ်မြေအား ထိန်းချုပ်နေဆဲ ဖြစ် သောကြောင့် (၁း၂၁)၊ ဒါဝိဒ်မင်းကြီးမှ ယေ ရုရှလင်မြို သိမ်းပိုက်သည့် ကာလထက်စောမည် ဖြစ်သည် (ဘီစီ ၁ဝဝ၄၊ ၂ ရာ ၅း၆-၇)။ ထိုပြင် စာရေးသူသည် ဣသရေလ မင်းဆက်တို မပေါ်ပေါက်မီအချိန်နှင့် ပတ်သက်သော အကြောင်းအရာတိုကို ရေးသားထားပါ သည် (၁၇း၆၊ ၁၈း၁၊ ၂၁း၂၅)။ ရှောလှနန်းစံသည့်နှစ်မှာ ဘီစီ ၁၀၄၃ ဖြစ်သောကြောင့် သူ နန်းစံပြီးမကြာခင် နှစ်များအတွင်း ဤတရားသူကြီးမှတ်စာအား ရေးသား ခဲ့ခြင်းဖြစ်နိုင်သည်။
တရားသူကြီးမှတ်စာ၌ ခရစ်တော်
တရားသူကြီးမှတ်စာသည် ဣသရေလ လူမျိုးတိုက ဘုရားသခင်အား ဆန့်ကျင်ပုန်ကန်သည့် ကာလ ခုနစ်ခုကို ခြေရာခံဖော်ပြထားသည်။ အချိန်ကာလ တစ်ခုချင်းစီတွင် တရားသူကြီးများကို ပြိုလဲကျရှုး သောလူများ အတွက် ကယ်လွှတ်သူနှင့် ကယ်တင်ရှင် များအဖြစ် တရားသူကြီးများ ပေါ်ပေါက်သည်။ ထို တရားသူကြီး များသည် မိမိလူများအတွက် နောက် ဆုံးကယ်တင်ရှင်နှင့် ရှင်ဘုရင်ဖြစ်သော ခရစ်တော် ကို သရုပ်ဖော် ထားသည် (လု ၂း၁၁၊ ယော ၄း၄၂၊ မာ ၁၅း၂)။
နောက်ခံသမိုင်းကြောင်းနှင့် အနေအထား
ဤတရားသူကြီးမှတ်စာသည် ယောရှုမှတ်စာမှ ဝမ်းနည်းဖွယ်ရာ နောက်ဆက်တွဲ ဖြစ်သည်။ ယောရှု မှတ်စာ၌ ဣသရေလတိုသည် ထာဝရဘုရားအား ကိုးစား၍ ကတိထားရာ ပြည်တော်အား ဝင်ရောက်သိမ်း ပိုက်ခဲ့ကြသည်။ တရားသူကြီးမှတ်စာ၌မူကား ဣသရေလတို သည် ထာဝရဘုရားအား နားမထောင်ဘဲ ရုပ်တုဆင်းတုကိုးကွယ်လာကြသည်သာမက စစ်ရှုး နိမ့်ခြင်းကိုလည်း မကြာခဏတွေ့ကြုံခဲ့ကြသည်။ တရားသူကြီးမှတ်စာ (၁း၁-၃း၆) သည် ယေရှု မှတ်စာ၏ နောက်ဆုံးပိုင်းကာလများကို အဓိကမီးမောင်းထိုး ဖော်ပြထားသည်။ တရားသူကြီး ၂း၆-၉ သည် ယောရှုသေခြင်းကို ပြန်လည်သုံးသပ်ထားခြင်း ဖြစ်ပါသည်။ ဤအဖြစ်အပျက် သည် ယောရှုမသေဆုံးမီကတည်းကပင် ထာဝရဘုရားအထံတော်ပါးမှ တဖြည်းဖြည်း ဝေးကွာ လာခြင်း သံသရာစက်ဝိုင်း (၇) ကြိမ်မှ အစပြုခဲ့ပြီးနောက်ပိုင်းတွင် ဘုရားသခင်ကို လုံးဝကျောခိုင်း သွားခဲ့သည်။ ဣသရေလတို၏ အကျင့်စရိုက်နှင့် ဝိညာဉ်ရေးရာ ကျရှုးလာခြင်း သံသရာစက်ဝိုင်း ဖြစ်ပေါ်စေသည့် အခြေခံအကြောင်းတရား (၅) ချက်တိုမှာ –
(၁) ခါနန်အမျိုးသားတိုကို အကုန်အစင်တိုက်ထုတ်ရန် နာမခံခဲ့ခြင်း (၁း၁၉၊ ၂၁၊ ၃၅)
(၂) ရုပ်တုဆင်းတုကို ကိုးကွယ်ခြင်း (၂း၁၂)
(၃) မယုံကြည်သော ခါနန်အမျိုးသားတိုနှင့် လက်ထပ်ထိမ်းမြားခြင်း (၃း၅-၆)
(၄) တရားသူကြီးတို၏ စကားများကို နားမထောင်ခြင်း (၂း၁၇)
(၅) တရားသူကြီးတို့ သေဆုံးပြီးနောက် ထာဝရဘုရားထံမှ ဝေးကွာသွားကြခြင်း (၂း၁၉) ဣသရေလတို၏ သမိုင်း၌ ထပ်ဖန်တလဲလဲ ဖြစ်ပျက်ခဲ့သည့် အချက် (၄) ချက် –
(၁) ဘုရားသခင်ထံမှ ဣသရေလတို ထွက်ခွါသွားခြင်း ၊
(၂) ထာဝရဘုရားမှ ဣသရေလတိုအား စစ်ရှုးခွင့်ပေး၍ ကျွန်ဘဝရောက်ရှိစေခြင်း
(၃) ဣသရေလတိုမှ ကယ်တင်ခြင်းအား အသနားခံခြင်း
(၄) ထာဝရဘုရားမှ တရားသူကြီးတိုအား တင်မြောက်ခြင်း (သို) စစ်သူရဲများကို တင်မြှောက် ပေးခြင်းအားဖြင့် ဖိနှိပ်သူတိုအား တိုက်ထုတ်ရန် ဦးဆောင်စေခြင်း။
တရားသူကြီး (၁၄) ဦး ပေါ်ပေါက်ခဲ့ရာ (၆) ဦးမှာ (ဩသံယေလ၊ ဧဟုဒ၊ ဒေဗောရ၊ ဂိဒေါင်၊ ယေဖသနှင့် ရှန်ဆုံ) စစ်သူရဲများဖြစ်ကြသည်။ ကျန်သော ခေါင်းဆောင်များအနက် နှစ်ဦးမှာ ဆန့်ကျင်ဘက်ဖြစ်သော ဝိညာဉ်ရေးရာ ခေါင်းဆောင်များဖြစ်သည်။ (၁) ဧလိမှာ တရားသူကြီးနှင့် ယဇ်ပုရောဟိတ် (မကောင်းသော အသက်တာ ပုံပမာ)နှင့် (၂) ရှမွေလသည် တရားသူကြီး၊ ယဇ်ပုရောဟိတ်နှင့် ပရောဖက် (ကောင်းသော အသက်တာ ပုံပမာ) တိုဖြစ်ကြ သည်။
တရားသူကြီးမှတ်စာရှိ အဓိက ဇာတ်ကောင်များ
ဩသံယေလ – ပထမဆုံး တရားသူကြီး၊ တန်ခိုးကြီး မက်ဆိုပိုတေးမီးယား ဘုရင်အား အနိုင်ယူခဲ့သူ၊ ဣသရေလတိုအတွက် နှစ်ပေါင်း (၄၀) ခန့် ငြိမ်းချမ်းရေး ဖော်ဆောင်ပေးခဲ့သူ (၁း၁၃-၁၄၊ ၃း၇-၁၁)
ဧဟုဒ – ဒုတိယတရားသူကြီး၊ မောဘတိုအား အောင်နိုင်ခြင်းဖြင့် ဣသရေလတိုအတွက် ရှစ် ၊ နှစ်အတွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ပေးသူ (၃း၁၅-၃၁)
ဒေဗောရ – ဣသရေလအမျိုး၏ တစ်ဦးတည်းသော အမျိုးသမီးပရောဖက်၊ ဣသရေလ၏ လေးယောက်မြောက် တရားသူကြီးအဖြစ် ရှန်ဂါကို အောင်မြင်ခဲ့သူ (၄း၄-၁၆၊ ၅)
ဂိဒေါင် -ဣသရေလ၏ ငါးဦးမြောက် တရားသူကြီး၊ မိဒျန်တပ်ကို ဖျက်ဆီးသူ (၆- ၈)
အဘိမလက် – ဂိဒေါင်၏ မကောင်းသောသား တစ်ဦး၊ သူကိုယ်တိုင် ဣသရေလ ရှင်ဘုရင်အဖြစ် ကြေညာပြီး၊ အဖေတူအမေကွဲညီအစ်ကို (၆၉)ဦးကို လုပ်ကြံသတ်ဖြတ်ခဲ့သူ(၈း၃၁၊ ၉း၅၇)
ယေဖသ – ဣသရေလတို၏ တရားသူကြီးနှင့် စစ်သူရဲ၊ အချွန်တိုအား အောင်နိုင်ခဲ့သူ (၁၁း၁-၁၂း၇)
ရှန်ဆုံ – မွေးစမှ နာဇရိအဖြစ် ထာဝရဘုရားအတွက် ရည်စူးထားသူ၊ ဣသရေလတို၏ တရားသူကြီးအဖြစ် ဖိလိတ္တိလူတိုအား နှိမ်နင်းရန် စေလွှတ်ခံရသူ (၁၃း၂၄-၁၆း၃၁)
ဒေလိလ – ရှန်ဆုံ၏ ချစ်သူဖြစ်ပြီး ဖိလိတ္တိလူတိုလက်ထဲသို ငွေသုံးဆယ်ဖြင့် ရှန်ဆုံအား လှည့် စားရောင်းချခဲ့သူ (၁၆း၄-၂၁)
တရားသူကြီးမှတ်စာရှိ အဓိက ဝေါဟာရများ
တရားသူကြီး – ဟေဗြဲဝေါဟာရ – shaphat – ၂း၁၆၊ ၁၈၊ ၁၀း၂၊ ၁၁:၂၇၊ ၁၂း၉၊ ၁၁၊ ၁၅:၂၀၊ ၁၆း၃၁ – တရားသူကြီး ဆိုသည့် ဤဟေဗြဲဝေါဟာရမှာ “ကယ်တင်သည်” (သို) “အုပ်စိုးသည်”ဟု သော အဓိပ္ပာယ်ရှိသည်။ ဣသရေလတို၏ တရားသူကြီးများသည် တာဝန်အမျိုးမျိုး ရှိကြသည်။ မေ့ဟောင်း တရားသူကြီးများသည် သူတို၏ ခေတ်ကာလတွင် လုပ်ဖော်ဆောင်ဘက်များကဲ့သိုပင် အငြင်းပွားမှုများကို ဆုံးဖြတ်၍ စီရင်ချက်များ ချပေးနိုင်သည် (ထွက် ၁၈း၁၆)။ ထိုတရားသူကြီး များသည် ဖြောင့်မတ်သူများကို ကာကွယ်ခြင်း (ဆာ ၂၆၁)နှင့် မကောင်းသောသူများကို ဖျက်ဆီးရာ (ထွက် ၇း၃)တွင် တရားစီရင်ခြင်း၌ ပါဝင်ပတ်သက်သည်။ များစွာသော တရားသူကြီးတိုသည် ဘုရားသခင် ခန့်အပ်ထားသည့် စစ်ခေါင်းဆောင်များဖြစ်ပြီး၊ ဘုရားသခင်၏ ဝိညာဉ်တော်ပေးသည့် စွမ်းအားများဖြင့် (၆း၃၄၊ ၁၅း၁၄) ဣသရေလ၏ ရန်သူများကို တိုက်ခိုက်ခြင်း လူမျိုးတော်အား ကယ်တင်ခြင်းအမှုကို ပြုကြသည်။ နောက်ပိုင်းတွင် ဣသရေလဘုရင်သည် နိုင်ငံ၏ တရားသူကြီး အဖြစ် တာဝန်ယူခဲ့သည် (၁ ရာ ၈း၅) ။ နောက်ဆုံးတွင် ဣသရေလ၏ စုံလင်သော တရားသူကြီးမှာ ဘုရားသခင်ဖြစ်သည်။ ဘုရားသခင်တစ်ပါးတည်းသာလျှင် မကောင်းသောသူများကို တရားမျှတစွာ တရားစီရင်နိုင်ပြီး ဖြောင့်မတ်သူများကို ကယ်တင်နိုင်သည် (ဟေရှာ ၁၁း၄)။
စကားဝှက် – ဟေဗြဲဝေါဟာရ – chidah – ၁၄း၁၂-၁၉ – အဓိပ္ပာယ်မှာ “လျှိဝှက်စွာ ပြောဆိုခြင်း” (သို) “ပဟေဠိ”ဖြစ်သည်။ ရှန်ဆုံ၏ ဇာတ်လမ်းတွင်၊ စကားဝှက်ကို ဉာဏ်စွမ်းပြိုင်ပွဲတစ်ခုအဖြစ် အသုံးပြုထားသည်။ သုတ္တံကျမ်းက ထိုသိုသော ပဟေဠိများကို ပညာရှိများနှင့် ဆက်စပ်ထားသည် (သု ၁း၆)။ ရွှေဘ မိဖုရားသည် ရွှေလမုန်၏ ဉာဏ်ပညာကို စစ်ဆေးသောအခါ သူမ၏ မေးခွန်းများကို ဤဟေဗြဲစကားလုံးဖြင့် ဖော်ပြထားသည် (၃ ရာ ၁၀း၁၊ ၆ ရာ ၉း၁)။ ဘုရားသခင်သည် မိရိအံနှင့် အာရန်တိုဖြင့် ထိပ်တိုက်တွေ့ဆုံသည့်အခါ “မှောင်မိုက် သောစကား”၌ ပြောခြင်းကဲ့သိုဟု ဖော်ပြသော် လည်း၊ မောရှေ့နှင့်တွေ့ဆုံသည့်အခါ မျက်နှာချင်းဆိုင် တွေ့ရသည် (တော ၁၂း၆-၈)၊ နက်နဲသော အရာအလုံးစုံကို နားလည်သောသူဖြစ်လျှင်ပင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ မရှိလျှင် အကျိုးမရှိ ဟု ကောရိ မြိုသားများအားပြောရာတွင် ရှင်ပေါလု၏ စိတ်ထဲ၌ ဤစကားလုံး၏ အဓိပ္ပာယ်အား မှတ်၍ ပြောပုံရသည် (၁ ကော ၁၃း၂)။
သမိုင်းကြောင်းနှင့် ဓမ္မအတွေးအခေါ်ဆိုင်ရာ အကြောင်းအရာများ
တရားသူကြီးမှတ်စာသည် အချိန်ကာလဆိုင်ရာထက် အကြောင်းအရာက အခြေခံ ဖြစ်သည်။ အကြောင်းအရာများအားလုံးတွင် အရေးကြီးဆုံးအချက်မှာ ကျရှုးမှု၏ အကျိုးဆက် အဖြစ် ဣသရေလတို ခံစားနေရသော ဆင်းရဲဒုက္ခမှ ကယ်တင်ရန်အတွက် ထာဝရဘုရား၏ ပဋိညာဉ်နှင့်ဆိုင်သည့် ကရုဏာတော်နှင့် ကြီးမားသော တန်ခိုးတော်တိုပင် ဖြစ်သည် (၂း၁၈-၁၉၊ ၂၁း၂၅)။ ဤအပြစ်သံသရာ (၇) ခုမှ ကယ်တင်ခြင်းကို ဘုရားသခင်က ယောရှုအားဖြင့် ခွဲဝေပေးခဲ့သော မတူညီသည့် လူမျိုးအလိုက် အမွေခံရာဒေသအသီးသီးတွင် လူများကို ကရုဏာဖြင့် ကယ်တင်ခဲ့သည် (ယော ၁၃-၂၂)။ ဒေသတစ်ခုချင်းစီ မှတ်ချက်အရ တောင်ပိုင်း (၃း၇-၃၁)၊ မြောက်ပိုင်း (၄း၁-၅း၃၁)၊ အလယ်ပိုင်း (၆း၁-၁၀း၅)၊ အရှေ့ပိုင်း (၁၀း၆-၁၂း၁၅)နှင့် အနောက်ပိုင်း (၁၃း၁-၁၆း၃၁) စသည်ဖြင့် ယုံကြည်မှုမှ လမ်းလွှခြင်းသည် တိုင်းပြည်တစ်ခုလုံး အား လွှမ်းခြုံခဲ့သည်။ နောက်ဆုံး အကျဉ်း ချုပ် ဖော်ပြထားသည့်အတိုင်း (၁၇-၂၁) ထာဝရဘုရား ၏ တန်ခိုးတော်သည် ဣသရေလတို၏ သနားဖွယ်ရာ၊ အပြစ်တရားနှင့် ရစ်လိမ်ကာ ရုန်းထွက်၍ မရနိုင်လောက်အောင်ပင် မှောင်မိုက်မှ သစ္စာရှိစွာ ကယ်တင်ခဲ့သည်။ နောက်ဆုံးကျမ်းပိုဒ်ဖြစ် သည့် ၂၁၂၅ ၌ ထိုကာလတွင် ဣသရေလ ရှင်ဘုရင်မရှိ။ လူတိုင်း မိမိစိတ်အလိုရှိသည်အတိုင်း ပြုသတည်းဟူ၍ အဖြစ်အပျက်များကို အကျဉ်းချုပ် ဖော်ပြထားသည်။
တရားသူကြီးမှတ်စာရှိ အဓိကဩဝါဒများ ၊
ဣသရေလလူမျိုးအား ကယ်တင်သည့် ထာဝရဘုရား၏ ကရုဏာတော် – (၂း၁၆၊ ၁၈၊ ၁၉၊ တရားဟော ၃၀း၃၊ ယောရှု ၁း၅၊ ဆာ ၁၀၆း၄၃-၄၅၊ လု ၁:၅၀၊ ရော ၁၁း၃၀-၃၂။ ၂ ကော ၁း၃၊ ဧ ၂း၄)
ဣသရေလလူမျိုး၏ ယုံကြည်မှု မှားယွင်းခြင်း – (၃း၇၊ ၄း၁၊ ၆း၁၊ ၈း၃၃၊ ၁၀း၆၊ ၁၃း၁၊ ၂၁း၂၅၊ တော ၃၁း၁-၃၊ တရားဟော ၃၂း၁၈၊ ၁ ရာ ၁၂း၉၊ ၃ ရာ ၁၁း၃၃၊ ဟေရှာ ၁း၄၊ ယေဇ ၆း၁၁-၁၄၊ ယော ၃း၁၈-၂၁၊ ရော ၇း၅၊ ၆၊ ကော ၃း၂၅၊ တိ ၃း၃)
တရားသူကြီးမှတ်စာရှိ ဘုရားသခင်၏ ဂုဏ်အင်္ဂါလက္ခဏာများ
ဘုရားသခင်သည် ဖြောင့်မတ်သော ဘုရား – ၅း၁၁
ဘုရားသခင်သည် အမျက်ဒေါသထွက်သော ဘုရား – ၉း၅၆
အနက်အဓိပ္ပာယ်ဆိုင်ရာ အခက်အခဲများ
စိတ်ဝင်စားဖွယ်အကောင်းဆုံးအခက်အခဲများမှာ (၁) ထာဝရဘုရားမှ ခွင့်ပြုသည်ဖြစ် စေ၊ ခွင့်မပြုသည်ဖြစ်စေ မိမိ၏ ရန်သူ (သို) မိမိ၏ပြည်သားတိုအပေါ် သို ကြမ်းတမ်းခက်ထန် သည့် အပြုအမှု များအား မည်ကဲ့သို ရှုမြင်ရမည်နည်း။ (၂) အချိန်အခါ လိုအပ်ချက်အရ အပြစ် ကျူးလွန်သော ခေါင်းဆောင်များ ကို ထာဝရဘုရားမှ အသုံးပြုခြင်းဖြစ်သည် (ဂိဒေါင်၊ ဧလိ၊ ယေဖသ၊ ရှန်ဆုံ)။ (၃) ယေဖသ၏ ကတိစကားနှင့် မိမိသမီးကို ယဇ်ပူဇော်ခြင်းအား မည်ကဲ့သို ရှုမြင်ရမည်နည်း (၁၁း၃၀-၄၀)။ (၄) လူသားတို၏ အပြစ်၌ ကျင်လည်နေသည်ကြားမှပင် ထာဝရဘုရား၏ မစခြင်း အမှုတော်အားဖြင့် ထာဝရဘုရား၏ အချုပ်အချာ အာဏာ ပိုင်စိုးမှု သည် မည်ကဲ့သို ကိုယ်တွယ်ဖြေရှင်းပါသနည်း (၁၄း၄)။
နေရာဒေသအနှံအပြားမှ တရားသူကြီးတို၏ အချိန်ကာလသမိုင်းအကြောင်းအလိုက် အချိန်ကာလ မည်မျှကြာမြင့်ခဲ့သည်နှင့် ထွက်မြောက်ရာကျမ်း (ဘီစီ ၁၄၄၅)မှ ရှောလမုန်ဘုရင် ၏ နန်းစံစတုတ္ထနှစ် (ဘီစီ ၉၆၇/၉၆၆)အထိ နှစ်ပေါင်း ၄၈၀ (၃ ရာ ၆း၅)ဟု ပြောစမှတ်ပြု သည့်အချိန်အထိ အားလုံးပေါင်း အချိန်ကာ လမည်မျှဖြစ်သည်ဆိုသည့် မေးခွန်းများ ပေးနိုင် စရာ ဖြစ်လာပါသည်။ ဖြစ်နိုင်ဖွယ်ရာ ရှင်းပြချက်မှာ ကွဲပြားသော နယ်မြေများရှိ တရားသူကြီး များ၏ ဦးဆောင်မှု၌ ကယ်တင်ခြင်းအမှုနှင့် ငြိမ်းချမ်းသော နှစ်ကာလများ ထပ်နေမှုပင်ဖြစ်နိုင် ပါသည်။ ထိုကြောင့် အချိုသော နှစ်ကာလများတိုသည် နှစ်ပေါင်း ၄၀၀ အတွင်း အစဉ်လိုက် ရေတွက်ထားခြင်းမဟုတ်ပေ။ ရှင်ပေါလှမှ တမန်တော်ဝတ္ထု ၁၃း၂၀ တွင် နှစ်ပေါင်း (၄၅၀) ဟု ခန့်မှန်းချက် ပေးထားပါသည်။
တရားသူကြီးမှတ်စာ၏ နှစ်ကာလများ
အဖြစ်အပျက်များနှင့် တရားသူကြီးများ နှစ်ကာလများ
ခုရှီရိရှသိမ်ထံ၌ ဣသရေလတို အစေခံကြခြင်း (၃း၇၊ ၈) ၈
ဩသံယေလ၏ ကယ်နှုတ်ခြင်းမှ ငြိမ်းချမ်းသောကာလ (၃း၇-၁၁) ၄၀
ဣသရေလတိုမှ မောဘတိုအား အလုပ်အကျွေးပြုခြင်း (၃း၁၂) ၁၈
ဧဟုဒ၏ ကယ်နှုတ်ခြင်းမှ ငြိမ်းချမ်းသောကာလ (၃း၁၂-၃ဝ) ၈၀
ရှန်ဂါမှ ဣသရေလတိုအား ဖိလိတ္တိလက်မှ ကယ်နှုတ်ခြင်း (၃း၃၁) ၁
ဣသရေလတိုမှ ခါနန်အမျိုးသားတိုအား အလုပ်အကျွေးပြုခြင်း(၄း၁၃) ၂၀
ဒေဗောရနှင့် ဗာရတ်တို၏ ကယ်နှုတ်ခြင်းမှ ငြိမ်းချမ်းသောကာလ (၄း၁- ၅း၃၁) ၄၀
ဣသရေလတိုမှ မိန်တိုအား အလုပ်အကျွေးပြုခြင်း (၆း၁-၆) ၇
ဂိဒေါင်၏ ကယ်နှုတ်ခြင်းမှ ငြိမ်းချမ်းသောကာလ (၆း၁- ၈း၃၅) ၄၀
ဣသရေလရှင်ဘုရင် အဘိမလက်ကာလ (၉း၁ ၅၇) ၃
တောလ၏ ဦးဆောင်မှု (၁၀း၁-၂) ၂၃
ယာဣရု၏ ဦးဆောင်မှု (၁၀း၃-၅) ၂၂
အမ္မုန်နှင့် ဖိလိတ္တိတိုအား ဣသရေလတိုမှ လုပ်ကျွေးပြုစုခြင်း (၁၀း၆-၁၀) ၁၈
ယေဖသ၏ ဦးဆောင်မှု (၁၀း၆-၁၂း၇) ၊ ၆
ဣဗဇန်၏ ဦးဆောင်မှု (၁၂း၈-၁၀) ၇
ဧလုန်၏ ဦးဆောင်မှု (၁၂း၁၁-၁၂) ၁၀
အာဗဒုန်၏ ဦးဆောင်မှု (၁၂း၁၃-၁၅) ၈
ဖိလိတ္တိတိုအား ဣသရေလတိုမှ အလုပ်အကျွေးပြုခြင်း (၁၃း၁) ၄၀
ရှန်ဆုံ၏ ဦးဆောင်မှု (၁၂း၁-၁၆း၃၁) ၂၀
အကျဉ်းချုပ် ကောက်နှုတ်ချက်
၁။ နိဒါန်းနှင့် အကျဉ်းချုပ် – ဣသရေလတို့၏ မနာခံမှု (၁း၁-၃၆)
က။ မပြီးပြတ်သော ခါနန်ပြည်သိမ်းပိုက်ခြင်း (၁း၁-၃၆)
ခ။ ဣသရေလတို၏ ကျရှုးခြင်းနှင့် တရားစီရင်ခံရခြင်း (၂း၁-၃း၆)
၂။ သီးသန့်ရွေးချယ်ထားသည့် တရားသူကြီးတို၏ သမိုင်းကြောင်း – ဣသရေလကို ကယ်တင်ခြင်း (၃း၇-၁၆း၃၁)
က။ ပထမပိုင်းကာလ – ဩသံယေလနှင့် မက်ဆိုပိုတေးမီးယားတို တိုက်ခိုက်မှု (၃း၇-၁၁)
ခ။ ဒုတိယပိုင်းကာလ – ဧဟုဒနှင့် ရှန်ဂါတို မောဘတိုနှင့် တိုက်ခိုက်မှု (၃း၁၂-၃၁)
ဂ။ တတိယပိုင်းကာလ – ဒေဗောရနှင့် ခါနန်လူတို တိုက်ခိုက်မှု (၄း၁-၅း၃၁)
ယ။ စတုတ္ထပိုင်းကာလ – ဂိဒေါင်နှင့် မိဒျန်တို တိုက်ခိုက်မှု (၆း၁-၈း၃၂)
င။ ပဉ္စမပိုင်းကာလ – တောလ၊ ယာဣရုတိုနှင့် အဘိမလက်တို၏ လှုပ်ရှားမှု (၈း၃၃-၁၀း၅)
စ။ ဆဌမပိုင်းကာလ – ယေဖသ၊ ဣဇဗန်၊ ဇလုံနှင့် အာဗေဒုန်တိုနှင့် ဖိလိတ္တိနှင့် အမ္ဗုန်တိုကြား တိုက်ခိုက်မှု (၁၀း၆-၁၂း၁၅)
ဆ။ သတ္တမပိုင်းကာလ – ရှန်ဆုံနှင့် ဖိလိတ္တိတို တိုက်ခိုက်မှု (၁၃း၁-၁၆း၃၁)
၃။ နိဂုံး – ဣသရေလ၏ စွန့်ပစ်ခံ ပျက်စီးမှု (၁၇း၁-၂၁း၂၅)
က။ မိက္ခာနှင့် ဒန်တို၏ ရုပ်တုကိုးကွယ်မှု (၁၇း၁-၁၈း၃၁)
ခ။ ဂိဗာမြို၌ ကျူးလွန်သည့်အပြစ်အတွက် ဗယာ်မိန်တို့နှင့် စစ်ပွဲ (၁၉း၁-၂၁း၂၅)
ခက်ခဲသော မေးခွန်းများအတွက် အဖြေများ
၁။ ဂိဒေါင်၊ ယေဖသ၊ ရှန်ဆုံကဲ့သို အမျိုးသားများသည် သူတိုအောင်မြင်မှုရခဲ့သလို ရုံးနိမ့်ခဲ့ကြပုံလည်း တွေ့ရသည်။ ဘုရားသခင်သည် ကျွန်ုပ်တိုကို ဤမျှထင်ရှားသည့် အားနည်းချက်ရှိသော ခေါင်းဆောင်များကို အဘယ့် ကြောင့် အသုံးပြုသနည်း။
မေးခွန်း၏ ထင်ရှားသော အဖြေတစ်ခုမှာ ဘုရားသခင်သည် လူသားများကို အသုံးပြုရန် ရေးချယ်ထား သရွှေ့ သူသည် သိသာသော အားနည်းချက်ရှိသော လူများကို အသုံးပြုမည် ဖြစ်သည်။ မည်သူ့မျှ ထိုအထဲက လွှတ် သည့်သူ မရှိပေ။ အဓိကအချက်မှာ ဘုရားသခင်သည် လူတို့၏ သိသာသော အားနည်းချက်များ ရှိသော်လည်း သူ၏အကြံအစည်အတွက် အသုံးပြုခြင်း ဖြစ်သည်။
တရားသူကြီးမှတ်စာ အချိန်ကာလ၌ ကမ္ဘာကြီးရှိ အခြားသောနေရာများ၊
တရုတ်ပြည်၌ တားမြစ်ချက် ဥပဒေပြဌာန်းခဲ့ပြီး၊ ပိုးထည်များ တွင်ကျယ် စွာ အသုံးပြုလာသော ခေတ်ဖြစ် သည်။
ထိုအရာသည် ခေါင်းဆောင်တစ်ဦး၏ အပြစ်များကို တစ်နည်းနည်းအားဖြင့် ခွင့်လွှတ် မည်ဟု ဆိုလိုခြင်း ဖြစ်ပါသလား။ မဟုတ်ပေ။ စင်စစ်အားဖြင့် ခေါင်းဆောင်များသည် တန်ခံ မှု ပိုမိုမြင့်မားသည်။ ဥပမာ- မောရှေ သည် ဒေါသပေါက်ကွဲခြင်းကြောင့် ကတိအားနာပြည်သို ဝင်ရန် အခွင့်အရေးကို လက်လွှတ်လိုက်ရသည် ကိုလည်း သတိရရမည် (တော ၂၀း၁၀၊ တရားဟော ၃း၂၄-၂၇)၊ ယေဖသသည် သူ၏ ဆင်ခြင်မဲ့သော ကျိန်ဆိုခြင်း ကြောင့် သူ့သမီးသည် အကျိုးဆက်ကို ခံစားခဲ့ရသည်(သူကြီး ၁၁း၂၉-၄၀)။ ဘုရားသခင်၏ အခံများအပေါ် ကျွန်ုပ် တိုအား အာရုံစိုက်စေလိုသည့်အရာမှာ သူတိုအားနည်းခြင်းများမဟုတ်သလို ဘုရားသခင် ဆင့် သူတိုလုပ်ဆောင်ခဲ့သည့် ကြီးမြတ်သော အောင်မြင်မှုများလည်း မဟုတ်ပေ။ သိုသော် သူတို၏ မအောင်မြင်မှု များ ရှိသော်ငြားလည်း ဘုရားသခင်အပေါ် သစ္စာရှိကြခြင်း ဖြစ်သည်။
၂။ ဣသရေလ၏ တရားသူကြီးများ အသက်တာကို လေ့လာခြင်းအားဖြင့် ကျွန်ုပ်တို သည် မည်သည့် အကျိုးအမြတ် ရရှိနိုင်သနည်း၊
ဘုရားသခင်၏ နှုတ်ကပတ်တော်တွင် လူတို၏ အတွေ့အကြုံများကို မြောက်များခွာ ထည့်ဝင်ထားသည်။ ကမ္ဘာကြီး၏ အပေါ်ယံအသွင်ပြောင်းလဲသော်လည်း ထိုအထဲ၌ နေထိုင် ကြသော လူများသည် တူနေဆဲ ဖြစ် သည်။ တရားသူကြီးများ၏ အသက်တာကို လေ့လာသည့် အခါ မိမိအကြောင်းကို သိမြင်ကြသည်။ အောင်မြင်မှုများ၊ ရှုးနိမ့်မှုများ၊ အမှားအယွင်းများနှင့် မှန်ကန်သော ရွေးချယ်မှုများအား ကျွန်ုပ်တိုလည်း ထပ်တူမျှဝေခြင်းသည် ရာစုနှစ်များတစ် လျှောက် ဖြစ်လာပြီး သူတို၏ ဘဝ၌လှုပ်ရှားတော်မူသော ဘုရားသခင် ကို အာရုံစိုက်စေသည်။ ရှေးခေတ်ကာလမှ ဖိတ်ခေါ်မှုများသည် တိတ်ဆိတ်စွာ ရှိနေဆဲဖြစ်သည်။ ကျွန်ုပ်တိုသည် ဘုရား သခင်အတွက် ရဲရင့်စွာ အသက်ရှင်နေထိုင်မည်ဆိုလျှင် သူတို၏ အတွေ့အကြုံများကဲ့သိုသော ဘုရားသခင်၏ ချက်ချင်းတည်ရှိခြင်းကို ကျွန်ုပ်တို နေ့တိုင်း ရှာဖွေတွေ့ရှိလိမ့်မည် ဖြစ်သည်။
တရားသူကြီးမှတ်စာကို ဆက်လက်လေ့လာရန်
၁။ဤစာအုပ်ထဲတွင် ဖော်ပြထားသော တရားသူကြီး (၁၂)ဦးတိုမှာ မည်သူများ ဖြစ်ကြသနည်း။ ထိုသူတိုသည် ခေါင်းဆောင်ပိုင်း တာဝန်ကို မည်မျှထမ်းဆောင်နိုင်ခဲ့ကြသနည်း။
၂။ မည်သည့် တရားသူကြီးသည် အတုယူဖွယ်အကောင်းဆုံးဖြစ်သနည်း။
၃။ ဘုရားသခင်၌ ဆက်ကပ်ခြင်း ပပျောက်မှုနှင့် ပတ်ဝန်းကျင်ယဉ်ကျေးမှုများကို အလျော့ ပေးလိုက်လျော ခြင်းအား ဖော်ပြသော ဣသရေလလူမျိုးတို၏ ဘဝတွင် အဓိကလက္ခဏာ များမှာ အဘယ်နည်း။ ။
၄။ ဘုရားသခင်သည် လူများအား အဘယ့်ကြောင့် အမြဲမပြတ် ကယ်ဆယ်ခဲ့သနည်း။
၅။ တရားသူကြီးမှတ်စာရှိ နောက်ဆုံးကျမ်းပိုဒ်ကို သင်နေထိုင်သည့် အချိန်ကာလနှင့် မည်သိုနှိုင်းယှဉ်မည်နည်း။ “ထိုကာလ၌ ဣသရေလ ရှင်ဘုရင် မရှိ၊ လူတိုင်း မိမိစိတ်အလိုရှိသည်အတိုင်း ပြုသတည်း” (သူကြီး ၂၁း၂၅) ကို မည်သိုပုံ ဖော်မည်နည်း။
ရုသ ဝတ္ထု (Ruth)
ဘုရားသခင်၏ တစ်လောကလုံးဆိုင်ရာ မိသားစု
ခေါင်းစဉ်
ရှေးအရေးအသားများနှင့် ခေတ်ပေါ် ဘာသာပြန်ဆိုမှုများတွင် ရုသသည် မောဘသူ ရဲကောင်း ဖြစ်လာပြီးနောက် ဤစာအုပ်အား သူမ၏ အမည်ဖြင့် ခေါင်းစဉ်တပ်ခဲ့သည်။ သူမ၏ အမည်ကို (၁၂) ကြိမ်တိုင် ဖော်ပြထားသည် (၁း၄ မှ ၄း၁၃)။ ဓမ္မဟောင်းကျမ်းတွင် အမျိုးသမီး အမည်ဖြင့် ခေါင်းစဉ်တပ်ထားအဖြစ် စာအုပ်နှစ်အုပ်မှာ ရုသနှင့် ဧသတာတိုသာ တွေ့ရသည်။ ဤစာအုပ်သည် အခြားထူးခြားသည့်အရာတစ်ခုအဖြစ် ဓမ္မဟောင်းကျမ်းတွင် ယေရှုမျိုးဆက် စာရင်းထဲမှ လူနာမည်အစွဲပြု၍ နာမည်ပေးသည့် တစ်ခုတည်းသော စာအုပ်ဖြစ်သည်။ ဓမ္မ ဟောင်းကျမ်းတွင် ရုသအမည်ကို နောက်ထပ်ဖော်မပြတော့ဘဲ၊ ဓမ္မသစ်ကျမ်းရှိ ခရစ်တော်၏ မျိုးဆက်စာရင်းတွင် တစ်ကြိမ်သာ ဖော်ပြခဲ့သည် (မ ၁း၅၊ ရု ၄း၁၈-၂၂)။ ရုသဟူသော အမည် သည် မောဘမှ ဖြစ်ပေါ်လာပုံရပြီး၊ (သို) ဟေဗြဲဝေါဟာရ “ခင်မင်ရင်းနှီးခြင်း” ဆိုသည့် အဓိပ္ပာယ် ရှိသည်။ ရုသသည် ဗက်လင်သို တပါးအမျိုးသား တစ်ဦးအဖြစ် ရောက်ရှိလာသူ(၂း၁၀)၊ အစေခံ ဖြစ်လာသူ (၂း၁၃)၊ ချမ်းသာသော ဗောဇနှင့် အိမ်ထောင်ပြုသူ (၄း၁၃)၊ ခရစ်တော်၏ မျိုးနွယ် စာရင်းတွင် ပါဝင်သူ (မ ၁း၅) ဖြစ်သည်။
စာရေးသူနှင့် ရက်စွဲ
ဂျူးလူမျိုးတို ခံယူချက်အရ ဤစာစောင်အား ရှမွေလရေးသားသည်ဟု ဖြစ်ပြီး၊ ဒါဝိဒ် အား ရှင်ဘုရင်အဖြစ် ရွေးချယ် ဘိသိတ်ပေးပြီးနောက်(၁ ရာ ၁၆း၆-၁၃) သူမသေခင်အချိန် တွင် (၁ ရာ ၂၅း၁) ဖြစ်ခဲ့သည့် အကြောင်းအရာ ဖြစ်နိုင်သည်။ သိုသော် စာအုပ်၏ အတွင်း ရှေ့-နောက် ဆက်စပ်မှုအရနှင့် အပြင်သက်သေအထောက်အထားအရပါ စာရေးသူအား ဖော်ပြ ထားခြင်း မရှိပေ။ ဤကောင်းမွန်သော သမိုင်းဇာတ်လမ်းတွင် ဒါဝိဒ်ကို ဖော်ပြထားပြီး(ရု ၄း၁၇၊ ၂၂) ရှောလမုန်ကို ဖော်မပြထားခြင်းကြောင့် ဣသရေလတွင် ဒါဝိဒ် မအုပ်ချုပ်ခင် (သို) အုပ်စိုး နေချိန်တွင် ရေးသားခြင်း ဖြစ်နိုင်သည် (ဘီစီ ၁၀၁၁-၉၇၁)။ စာရေးသူမသိသည့် ဤစာစောင်ကို Goethe က “အနည်းငယ်ဖြင့် ပြည့်စုံစွာ လုပ်ဆောင်ထားသည့် နှစ်သက်စရာ အကောင်းဆုံး ရေးသားချက်”ဟု အမည်တပ်ခဲ့သည်။ ရုပ်ထုများတွင် ဗီးနပ်၊ ပန်းချီကားတွင် မိုနာလီဇာ၊ စာပေ တွင် ရုသဝတ္ထုဟု တင်စားထားသည်။
နောက်ခံသမိုင်းကြောင်းနှင့် အနေအထား
ဗက်လင်မြိုမှလွဲ၍ (၁း၁) မောဘ (ပင်လယ်သေ၏ အရှေ့ဘက်တွင် ရှိပြီး ဣသရေလ ကို အမြဲတမ်း ရန်ဘက်ပြုသူ)သည် ပထဝီဖော်ပြထားသည့် တစ်ခုတည်းသော မြိုတစ်မြို ဖြစ်သည် (၁း၁-၂)။ ထိုပြည်၏ မူလနေထိုင်သူများမှာ လောတနှင့် သူ့သမီး အကြီးမ ရရှိခဲ့သည့်သားဖြစ် သော မောဘမှ ဆင်းသက်လာသူများ ဖြစ်သည် (က ၁၉း၃၇)။ ရာစုနှစ်အတော် ကြာပြီးနောက် မောဘဘုရင် ဗာလက်သည် ပရောဖက် ဗာလမ်အားဖြင့် (တော ၂၂-၂၅) ဂျူးများကို ပုန်ကန်ခဲ့ သည်။ တရားသူကြီးလက်ထက်တွင် (သူကြီး ၃၁၂-၃၀) ဣသရေလလူမျိုးကို မောဘလူမျိုးက (၁၈)နှစ်ကြာ ဖိနှိပ်ခဲ့သည်။ ဒါဝိဒ်နှင့် မောဘလူမျိုးတို ငြိမ်းချမ်းစွာ ရှိနေချိန်တွင် (၁ ရာ ၂၂:၃-၄) ရှောလုသည် မောဘလူမျိုးကို အနိုင်ယူခဲ့သည် (၁ ရာ ၁၄း၄၇)။ နောက်ပိုင်းတွင် မောဘလူမျိုးသည် ဣသရေလလူမျိုးကို ဒုက္ခထပ်ပေးသည် (၄ ရာ ၃:၅-၂၇၊ ဧဇ ၉း၁)။ မောဘတို၏ ရုပ်တုဘုရား ခေမောရှကို ကိုးကွယ်ပြီး (၃ ရာ ၁၁း၇၊ ၃၃၊ ၄ ရာ ၂၃း၁၃) ဣသရေလ လူမျိုးကို ဆန့်ကျင်သည့်အတွက် ဘုရားသခင်၏ ကျိန်ခြင်းကို မောဘလူမျိုး ခံရသည် (ဟေရှာ ၁၅-၁၆၊ ယေ ၄၈၊ ယေဇ ၂၅း၈-၁၁၊ အာ ၂း၁-၃)။
ရုသဝတ္ထု အကြောင်းသည် ဣသ ရေလတွင် “တရားသူကြီး အုပ်စိုးချိန်” (၁း၁) ခန့်မှန်း ဘီစီ ၁၃၇၀-၁၀၄၁ (သူကြီး ၂း၁၆-၁၉)နှင့်ဣသရေလတွင် တရားသူကြီး အုပ် စိုးခြင်းမှ ရှင်ဘုရင်အုပ်စိုးခြင်းသို ကူးပြောင်း ချိန်ဖြစ်သည်။ ရုသဝတ္ထုရှိ အဖြစ်အပျက်များ ဖြစ်ချိန်ကို ဖော်ပြရန် အခက်အခဲ ဖြစ်စေ သည့် အရာမှာ တရားသူကြီးမှတ်စာတွင် (၁အစာ ခေါင်းပါးခြင်းအကြောင်း ဖော်ပြမထားသော်လည်း ဘုရားသခင်သည် ယုဒတွင် “အစာ ခေါင်းပါးခြင်းဘေး” ဖြစ်စေ၍(၁၁) ဤအဖြစ်အပျက်ကို ဖော်ပြထားသည်။ သိုသော်လည်း ဒါဝိဒ် အုပ်ချုပ်သည့်အချိန် (ဘီစီ ၁၀၁၁-၉၇၁)ကို သိခြင်းဖြင့် ပြန်လည်သိရှိနိုင်သည်။ ရုသအချိန် ကာလသည် တရားသူကြီး ယာဣရအုပ်စိုးချိန် ခန့်မှန်း ဘီစီ ၁၁၂၆-၁၁ဝ၅ တွင် ဖြစ်နိုင်သည် (သူကြီး ၁၀း၃-၅)။ ။
ရုသဝတ္ထုသည် အောက်ဖော်ပြပါအကြောင်းအရာများအတိုင်း (၁၁) နှစ်မှ (၁၂)အတွင်း ဖြစ်သည့်အ ကြောင်းအရာဖြစ်သည်။ ၁) ၁း၁-၁၈၊ မောဘတွင် (၁၀) နှစ်နေခြင်း (၁း၄)၊ ၂) ၁၁၉-၂၃၊ ဗောဇလယ်ကွင်းတွင် လပေါင်းများစွာ (ဧပြီလလယ်မှ ဇွန်လလယ်အထိ) ရှိနေခြင်း (၁း၂၂၊ ၂း၂၃)၊ ၃) ၃း၁-၁၈၊ ဗက်လင်မြိုတွင် တစ်ရက်၊ ကောက်နယ်တလင်းတွင် တစ်ည၊ ၄) ၄း၁-၂၂ ဗက်လင်တွင် တစ်နှစ် စသည်ဖြင့် ဖြစ်သည်။
ရုသဝတ္ထု၌ ခရစ်တော်
ခရစ်တော်ကဲ့သို ပုံဆောင်သော ဗောဇသည် ရုသ ကို ရွေးနှုတ်သည့် အိမ်နီးချင်းပေါက်ဖော်ဖြစ်လာ သည် (အဓိက ဝေါဟာရများနှင့် မကြာခဏ မေးသည့် မေးခွန်းကဏ္ဍတွင်ကြည့်ပါ)။ ထိုဖော်ပြချက် – သည် ယုံကြည်သူအားလုံးကို ရွေးနှုတ်သူအဖြစ် – သခင်ယေရှုကြွ လာခြင်းကို ကြိုပြောခြင်းဖြစ်သည် (၁ ပေ ၁း၁၈၊ ၁၉)။
ရုသဝတ္ထုရှိ အဓိက ဇာတ်ကောင်များ
ရုသ – နောမိ၏ ချွေးမ၊ နောက်ပိုင်း ဗောဇနှင့် လက်ထပ်သူ၊ ယေရှု၏ ဘွားအေ (အခန်းကြီး ၁-၄)
နောမိ – ဧလိမလက်၏ မုဆိုးမ၊ ဩပရနှင့် ရုသတို၏ ယောက္ခမ၊ ရုသကို ပညာရှိစွာ သွန်သင်သူ (အခန်းကြီး ၁-၄)
ဗောဇ – မောဘအမျိုးသမီး ရုသနှင့် လက်ထပ်သော ချမ်းသာသည့် လယ်သမား၊ ယေရှု၏ ဘိုးအေ (အခန်းကြီး ၂-၄)
သမိုင်းကြောင်းနှင့် ဓမ္မအတွေးအခေါ်ဆိုင်ရာ အကြောင်းအရာများ
ရုသဝတ္ထု၏ အခန်းငယ် ၈၅ ပိုဒ်လုံးသည် လူမျိုးများအားဖြင့် စည်းမျဉ်းသတ်မှတ် မှုအပိုင်းတွင် ကျမ်းစာအဖြစ် လက်ခံခဲ့ကြသည်။ ရှောလမုန်သီချင်း၊ ဧသတာဝတ္ထု၊ ဒေသနာ ကျမ်း၊ ယေရမိမြည်တမ်း စကားတိုကဲ့သို ရုသဝတ္ထုသည် ဓမ္မဟောင်းကျမ်းတွင် Megilloth (သို) “ကျမ်းငါးလိပ်”အဖြစ် ရှိနေသည်။ ရွများက ဤစာအုပ်များကို အထူးပွဲတော်ငါးခုတွင် တရားဇရပ်အတွင်း၌ တစ်နှစ်အတွင်း ဖတ်ကြသည်။ ရုသဝတ္ထုအား ရိတ်သိမ်းခြင်းကဏ္ဍ များတွင် ပါဝင်သောကြောင့် ပင်တေကုတ္တေပွဲနေ့တွင် ဖတ်ကြသည်(၂-၃)။
မျိုးဆက်စာရင်းအရ ရုသသည် ယာကုပ်အချိန် (၄း၁၁) နှစ်ပေါင်း (၉၀၀) ခန့်ကို နောက်လှည့်ကြည့်ပြီး ဒါဝိဒ်မအုပ်ချုပ်ခင် နှစ်ပေါင်း (၁၀၀) နီးပါးအချိန်ကို မျက်မှောက်ပြုခဲ့ သည် (၄း၁၇၊ ၂၂)။ ယေရှုနှင့် တရားသူကြီးများက ကတိတော်နယ်မြေနှင့် သူတို၏ တရားဝင် မြေယာများကို အလေးထား ဖော်ပြခဲ့ပြီး၊ ရုသက ဒါဝိဒ်မတိုင်မီမှ ဘိုးဘေးများအချိန်ကို အလေး ထားဖော်ပြသည်။
ရုသဝတ္ထုတွင် အဓိကအကြောင်းအရာ အနည်းဆုံး (၇) ခုကို တွေ့ရသည်။ ပထမမှာ၊ မောဘလူမျိုး ရုသအားဖြင့် ဘုရားသခင်၏ ရွေးနှုတ်ကယ်တင်ခြင်း အစီအစဉ်သည် ဂျူးများအ ပြင် တပါးအမျိုး သားများကို လည်း ဖြစ်ကြောင်း ဖော်ပြသည် (၂း၁၂)။ ဒုတိယမှာ ရုသက အမျိုးသမီးများသည် အမျိုးသားများ နှင့်အတူ ဘုရားသခင်၏ ကယ်တင်ခြင်း ကျေးဇူးတော်ကို ခံရကြောင်း ဖော်ပြသည် (၁ ပေ ၃း၂၈)။ တတိယမှာ၊ ရုသသည် သု ၃၁း၁ဝ ရှိ သီလနှင့်ပြည့်စုံ သော မိန်းမကို သရုပ်ဖော်သည် (၃း၁၁)။စတုတ္ထမှာ၊ ဘုရားသခင်၏ အုပ်စိုးခြင်း (၁၆၊ ၄၁၃)နှင့် ဘုရားသခင်၏ အလိုတော်ကို ပြီးပြည့်စုံရန် အရေးမကြီးသည့် လူကို ထင်ထင်ရှား ရှားအသုံးပြုပြီး အလွန်အရေးပါသည့်အရာကို သက်သေပြခြင်းဖြင့် ကူညီစောင်မနေကြောင်း ဖော်ပြသည် (၂း၃)။ ပဉ္စမမှာ၊ ရုသသည် တာမာ (က ၂၈)၊ ရာခပ် (ယောရှု ၂)၊ ဗာသရှေဘ (၂ ရာ ၁၁-၁၂)တိုကဲ့ သို မေရှိယ၏မျိုးဆက် စာရင်း တွင် ပါဝင်သည် (၄း၁၇၊ ၂၂၊ မ ၁း၅)။ ဆဌမမှာ၊ ခရစ်တော်ကို ပုံဆောင်သော တေဇသည် ရုသ၏ ရွေးယူပိုင်သော သူ ဖြစ်လာသည် (၄း၁-၁၂)။ နောက် ဆုံးမှာ၊ ဣသရေလ ရာဇပလ္လင်ရှိ ဒါဝိဒ်၏ စိုးစံပိုင်ခွင့် (ခရစ်တော်၏ နန်းစံ ခြင်း)သည် ယုဒအား ပြန်ရည်ညွှန်းပြီး သူ၏အမျိုးအနွယ်မှ ဖြစ်သည်ကို တွေ့ရသည် (၄း၁၈ ၂၂၊ က ၄၉း၈-၁၂)။
ရုသဝတ္ထုရှိ အဓိကဩဝါဒများ
ဂျူးနှင့် တပါးအမျိုးသားများအတွက် ရွေးနှုတ်ကယ်တင်ခြင်း (၂း၁၂၊ ၁ ရာ ၂၄း၁၉၊ ဆာ ၅၈း၁၁၊ တ ၁၃း၄၆၊ ရော ၁း၁၁၊ ၁၂၊ ဂလ ၃း၂၈၊ ဧ ၂း၁၄)
အမျိုးသမီးများသည် အမျိုးသားများနှင့်အတူ ဘုရားသခင်၏ ကယ်တင်ခြင်းကျေးဇူးတော်ကို အမွေခံရခြင်း (၂း၁၂၊ တ ၁၇း၁၂၊ ဂလ ၃း၂၈)
သီလနှင့်ပြည့်စုံသော မိန်းမ၏ လက္ခဏာများ (၃း၁၁၊ သု ၁၂း၄၊ ၃၁း၁၀-၃၁)
ဣသရေလတွင် ဒါဝိဒ်၏ (ထိုကြောင့် ခရစ်တော်၏) ရာဇပလ္လင်ရပိုင်ခွင့်ရှိခြင်း (၄း၁၈-၂၂ ၊ က ၄၉း၈-၁၂၊ မ ၁း၁-၇၊ လု ၃း၃၂)
ရုသဝတ္ထုရှိ ဘုရားသခင်၏ ဂုဏ်အင်္ဂါလက္ခဏာများ
ဘုရားသခင်သည် အရာရာကို ပိုင်သအုပ်စိုးသော ဘုရား – ၁း၆၊ ၄း၁၃
ဘုရားသခင်သည် ကူညီမစသော ဘုရား – ၂း၃
ဆွေမျိုးပေါက်ဖော် – ရွေးနုတ်သူ
ဓမ္မဟောင်းကျမ်းရှိ အရည်အသွေး ခရစ်တော်၏ ပြည့်စုံမှု
၁။ သွေးသားတော်စပ်မှု ၊ ဂလ ၄း၄၊ ၅၊ ဟေဗြဲ ၂း၁၆၊ ၁၇
၂။ လိုအပ်သော အရင်းအမြစ်များ ၁ကော – ၆း၂၀၊ ၁ပေ ၁း၁၈၊ ၁၉
၃။ ဝယ်ယူရန် စိတ်ဆန္ဒရှိမှု ယာ ၁၀း၁၅-၁၈၊ ၁ ယော ၃း၁၆
အနက်အဓိပ္ပာယ်ဆိုင်ရာ အခက်အခဲများ
ရုသဝတ္ထုကို ဖြစ်ရပ်မှန်သမိုင်းအဖြစ် နားလည်ရမည်။ ရုသဝတ္ထုသည် အမှန်ဖြစ်ကြောင်း တရားသူ ကြီးမှတ်စာနှင့် ဓမ္မရာဇဝင် ပထမစာစောင်၊ ဒုတိယစာစောင်တိုက ထပ်မံဝန်းရံပြီး အတည်ပြုပေးကြသည်။ သိုသော် အသေအချာ ဂရုစိုက်ရန် လိုအပ်သည့် ခက်ခဲသော အကြောင်း အရာအချိုရှိသည်။ ပထမမှာ၊ တရားဟော ၂၃း၃ တွင် ဖော်ပြထားချက်အရ မောဘအမျိုး ဆယ်ဆက်တိုင်အောင် ဝတ်ပြုကိုးကွယ်ခြင်းထဲသို မဝင်ရဟု ပါရှိထားခြင်းကြောင့် ရုသသည် ရှိလောင်(၁ ရာ ၄း၄)ရှိ တဲတော်တွင် မည်သို ဝတ်ပြုနိုင်မည်နည်း။ ခန့်မှန်းဘီစီ ၁၄၀၅ တွင် ဂျူးလူမျိုးများသည် ကတိတော်နယ်မြေကို ဝင်စားခဲ့ပြီး၊ ခန့်မှန်းဘီစီ ၁၁၅၀ အထိ ရုသသည် မမွေးသေးဘဲ၊ မျိုးဆက်ဆယ်ဆက်ဟု သတ်မှတ်ထားမှုအတွက် သူမသည် ဖြစ်နိုင်ချေရှိသည်မှာ ၁၁ ဆက်မြောက်ဖြစ်သည်။ “မျိုးဆက်ဆယ်ဆက်”ဟူသည် နေဟမိ ၁၃၁ တွင် ဖော်ပြသကဲ့သို “ထာ၀ရ”ဟူသော အဓိပ္ပာယ်ရှိပါက၊ ရုသ၏ ဝတ်ပြုရာပရိသတ်ထဲသို ဝင်သည့်ပုံစံမှာ ဟေရှာ ၅၆း၁-၈ တွင် ဖော်ပြထားသည့် အတိုင်း တပါးအမျိုးသားမှ သူကိုယ်တိုင် ဘုရားသခင်နှင့် ဆက် သွယ်ပြီးလာခြင်းဖြစ်သည် (၁း၁၆)။
ဒုတိယမှာ၊ ဗောဇနှင့် ရုသသည် အိမ်ထောင်မပြုခင် တစ်ညအတူနေခြင်းသည် ကိုယ် ကျင့်တရား ပျက်ပြားမှုမျိုး မဖြစ်ဘူးလား (၃း၃-၁၈)ဟု ဖြစ်သည်။ သူမအား ဗောဇသည် အိမ် ထောင်ပြုရန် တောင်းဆိုခြင်း ဖြင့် ရှေးအရှေ့ပိုင်းထုံးစံများအရ စေ့စပ်မှုပြုခြင်းဖြစ်သည်။ အမျိုးသမီးကို အဝတ်စွန်းနှင့်ဖုံးခြင်းသည် ပုံဆောင် မှုဖြစ်ပြီး (၃း၉)၊ ယေဟောဝါသည် ဣသရေ လအပေါ် သူ့အဝတ်အုပ်ခြင်းကဲ့သို ဖြစ်သည် (ယေဇ ၁၆း၈)။ ရုသ သည် ဗောဇ၏ခြေရင်းတွင် အိပ်ခြင်းအကြောင်း ဖော်ပြမှုတွင် (၃း၁၄) ကျမ်းပိုဒ်တွင် ကိုယ်ကျင့်တရား ပျက်စီးခြင်းအကြောင်း သဲလွန်စ ဖော်ပြထားမှု မရှိပေ။ ထိုကြောင့် ဗောဇသည် သူကိုယ်တိုင် ရုသအတွက် ယခင်က ဘုရားသခင်ထံ ဆုတောင်းထားခြင်းအပေါ် ဘုရားသခင်၏နားညောင်းခြင်းအဖြေ ဖြစ်လာသည် (၂း၁၂)။
တတိယမှာ၊ တရားဟော ၂၅:၅-၆ တွင် ပညတ်တော်သည် လူတစ်ဦးက သားမထွန်း ကားဘဲ သေသွားပါက ထိုသူ၏ ညီအစ်ကိုမှ ကျန်ခဲ့သော မုဆိုးမအား လက်ထပ်ပြီး အစ်ကို၏ မျိုးဆက်ကို ထိန်းသိမ်းရန် ပြောထားသည်။ အကယ်၍ အနီးစပ်ဆုံးဆွေမျိုးက လက်ထပ်ပြီး သူဖြစ်လျှင် မယားပြိုင်စနစ် ဖြစ်သွားနိုင်သည် မဟုတ်ပေလော။ ဘုရားသခင်သည် အဆိုးရွားဆုံး အကျင့်ပျက်ခြင်းကို သေခြင်းအားဖြင့် အပြစ်ပေးခြင်းအပြင် အခြားပိုကောင်းသည့် အပြစ်ပေးမှု မလုပ်ထားပေ။ တရားဟော ၂၅း၅-၆ သည် အခြားသော ပညတ်တော်များ အားဖြင့် အိမ်ထောင် ပြုရန် သင့်တော်သူ ဆွေမျိုးရင်းချာများအတွက်သာ လုပ်ဆောင်နိုင်သည်။
စတုတ္ထမှာ၊ ပညတ်အားဖြင့် မောဘအမျိုးကို အိမ်ထောင်မပြုရကြောင်း တင်းကျပ်သည့် တားမြစ်ချက် မပါဘူးလားဟု ဖြစ်သည်။ ကတိတော်နယ်မြေကို ဝင်စားသည့် ဣသရေလလူမျိုး များအား အိမ်ထောင်မပြုရန် တားမြစ်ထားသည့် လူမျိုး (သို) နိုင်ငံများ၌ (ထွက် ၃၄း၁၆၊ တ ရားဟော ၇း၁-၃၊ ယောရှု ၂၃း၁၂) မောဘလူမျိုးမပါပေ (တရားဟော ၇း၁)။ ထိုပြင် ဗောဇ လက်ထပ်ယူခဲ့သော ရုသသည် ဘုရားသခင်ကို သစ္စာရှိစွာ ဆက်ကပ်သည့် နောက်တော်လိုက် ဖြစ်ပြီး၊ မောဘ၏ အဓိကဘုရားဖြစ်သည့် မောရှကို ကိုးကွယ်သူ (ဧဇ ၉း၁-၂၊ နေ ၁၃း၂၃-၂၅ ၌ နောက်ပိုင်းတွင် ပြဿနာဖြစ်) မဟုတ်တော့ပေ (၁း၁၆-၁၇)။
အကျဉ်းချုပ် ကောက်နှုတ်ချက်
၁။ မောဘတွင် ဧလိမလက်နှင့် နောမိတို ဆုံးရှုးမှုကြုံတွေ့ခြင်း (၁း၁-၅)
၂။ ဗက်လင်မြိုသို နောမိနှင့် ရုသပြန်လာခြင်း (၁း၆-၂၂)
၃။ ဗောဇသည် ရုသအား သူ့ လယ်ကွင်းတွင် တွေ့ဆုံခြင်း (၂း၁-၂၃)
၄။ ရုသနှင့် ဗောဇတို့၏ ချစ်ဇာတ်လမ်း (၃း၁-၁၈)
၅။ ဗောဇသည် ရုသကို ရွေးနှုတ်ခြင်း (၄း၁-၁၂)
၆။ ဘုရားသခင်သည် ဗောဇနှင့် ရုသတိုအား သားတစ်ဦးဖြင့် ဆုလဒ်ပေးခြင်း (၄း၁၃-၁၇)
၇။ ယုဒ၏ ရာဇပလ္လင်တွင် ဒါဝိဒ်နေရာယူခြင်း (၄း၁၈-၂၂)
ရုသဝတ္ထု အချိန်ကာလ၌ ကမ္ဘာကြီးရှိ အခြားသောနေရာများ ၊
အီဂျစ်တွင် ၂၁ ဆက်မြောက် မင်းဆက် Ramses XI အုပ်ချုပ်ချိန်၌ ပြည်တွင်းစစ်ဖြစ်ခဲ့သည် (ဘီစီ ၁၀၉၀ မှ ၉၄၅)။
ရုသဝတ္ထုရှိ အဓိက ဝေါဟာရများ
စပါးကျန်/ကောက်သင်းကောက်ခြင်း – ဟေဗြဲဝေါဟာရ – laqat – ၂း၂၊ ၇၊ ၁၅၊ ၁၇ ၁၉၊ ၂၃ “စုစည်းသည်” (သို) “ကောက်ယူရန်”ဟူသည် အဓိပ္ပာယ်အဖြစ် ဤနေရာတွင် အသုံးပြုခဲ့သည်။ ဓမ္မဟောင်းကျမ်းတွင် လူများသည် အမျိုးမျိုးသော အရာဝတ္ထုများကို ကောက်ယူခြင်းကဲ့သို ဖော်ပြ ပြီး၊ ကျောက်တုံးများ (က ၃၁း၄၆)၊ ငွေ က ၄၇း၁၄)၊ မန္ဒ (ထွက် ၁၆း၄၊ ၅၊ ၂၆)နှင့် လျှပ်ပေါ်သောသူများတွင်လည်း (သူကြီး ၁၁း၃) အသုံးပြုသည်။ ပရောဖတ်ဟေရှာယက ဘုရားသခင်သည် သူ့လူမျိုးကို နိုင်ငံများအလယ်မှ ကယ်တင်ပြီး သူတိုနိုင်ငံသို ပြန်လည်ကယ်တင်ခြင်းအကြောင်းကို “ကောက်သိမ်းခြင်း”ဟု ဖော်ပြခြင်းဖြင့် ဤဝေါဟာရကို အသုံးပြုခဲ့သည် (ဟေရှာ ၂၇း၁၂)။ ဤ ကြိယာသည် ဓမ္မဟောင်းကျမ်းတွင် (၃၄)ကြိမ် တွေ့ရပြီး၊ ရုသဝတ္ထု အခန်းကြီး ၂ တွင် (၁၂) ကြိမ်တိုင် အသုံးပြုထားသည်။ ဤကျမ်းပိုဒ်တွင် ရုသက မောရှေအား ဘုရားသခင်ဖော်ပြသည့် အခြေအနေအတိုင်း အသုံးပြုထားသည်။ ဘုရားသခင်သည် ဣသရေလလူမျိုးကို သူတိုလယ်ကွင်း များတွင် အကုန်လုံးရိတ်သိမ်းရန်ကို မပြောဘဲ၊ ကောက်နှံအချိုကို ချန်ထားခြင်းဖြင့် ဆင်းရဲသားနှင့် နယ်မြေရှိလူစိမ်းများသည် အတူတကွကောက်ယူပြီး စားသောက်နိုင်ရန် ဖြစ်သည် (ဝတ် ၁၉း၉ ၁ဝ၊ ၂၃း၂၂)။
ဆွေမျိုးပေါက်ဖော်-ရွေးပိုင်သောသူ – ဟေဗြဲဝေါဟာရ – ga’al – ၂း၁၊ ၂၀၊ ၃း၉၊ ၁၂၊ ၁၃၊ ၄း၁၊ ၃၊ ၆၊ ၁၄ – “ဆွေမျိုးပေါက်ဖော်”ဟု အဓိပ္ပာယ်ရပြီး၊ မိသားစုအခွင့်အရေးကို ကာကွယ်ခြင်း (သို) ကွပ်ကဲခြင်းပြ လုပ်နိုင်သူ “ဆွေမျိုးအရင်းအချာ ́ကို ရည်ညွှန်းသည်။ သူသည် တာဝန်များစွာကို လုပ်ဆောင်နိုင်ရန် ဖြစ်ပြီး (၁) မိသားစုမှ ရောင်းခဲ့သည့်အရာကို ပြန်လည်ရွေးယူရန်၊ (၂) ညီအစ်ကို၏ ဇနီးမယားကို အိမ်ထောင်ပြုပြီး သားသမီးမွေးဖွားခြင်းဖြင့် ညီအစ်ကိုမျိုးဆက်ကို ပြန်လည်ထိန်းသိမ်းရန်၊ (၃) ဆင်းရဲခြင်းကြောင့် မိသားစုကို ကျွန်အဖြစ်ရောင်းစားခြင်းမှ ပြန်လည်ဝယ်ယူရန်၊ (၄) လူသတ်သမားကြောင့် သေသွားသော မိသားစုဝင် အတွက် ပြန်လည်လက်စားချေရန် စသည့် အခွင့်အရေးများ ဖြစ်သည်။ ကျမ်းစာသည် ဘုရားသခင်အား ရွေးနှုတ်ကယ်တင်သူ (သို) ဣသရေလ၏ “ဆွေမျိုးအရင်းအချာ” (ဟေရှာ ၆ဝး၁၆)နှင့် ယေရှုကို ယုံကြည် သူအားလုံး၏ ရွေးနှုတ်ကယ်တင်သူဟု ခေါ်သည် (၁ ပေ ၁း၁၈၊ ၁၉)။
ခက်ခဲသော မေးခွန်းများအတွက် အဖြေများ
၁။ “ဆွေမျိုးပေါက်ဖော်-ရွေးပိုင်သောသူ”ဆိုသည်မှာ အဘယ်နည်း။
ဗောဇသည် ဧလိမလက်နှင့် နောမိတို ပိုင်ဆိုင်မှုနှင့်ပတ်သက်ပြီး (၄း၁-၁၂) အခြား ဆွေမျိုးတစ်ဦးနှင့် ဆွေးနွေးသောအခါ၊ တရားဟော ၂၅:၅-၁ဝ ရှိ မောရှေ၏ကျမ်းအားဖြင့် ပညတ်တရားကို ကိုးကားခြင်းဖြစ်သည်။ ထိုပညတ်သည် အိမ်ထောင်ပြုခြင်းမှ အမျိုးသားသေပြီး ကျန်ရစ်သော မိသားစုဝင်အတွက် အမွေခံရန် သားမရှိခြင်း (သို) မျိုးဆက် ဆက်လက်ထိန်းသိမ်း ရန်အတွက် ပြုမရသည့် အတိအကျလုပ်ဆောင်ချက်ကို ဖော်ပြထားသည်။ မိသားစုမှ အခြားသော ယောက်ျား (အိမ်ထောင်မပြုရသေးသူ)သည် ထိုမုဆိုးမနှင့် လက်ထပ်ရသည်။ ပထမရရှိ လာသည့် ကလေးသည် သေသွားသောသူ၏ အမည်ဖြင့် အမွေခံရသည်။
ဗောဇ၏ ဆွေမျိုးသည် နောမိပိုင်ဆိုင်မှုကို ငွေကြေးအရ စီစဉ်လုပ်ဆောင်ရန် ဆန္ဒရှိ သော်လည်း ရသကို ပိုင်ဆိုင်မှုအပိုင်းအဖြစ် သဘောမတွေ့ခဲ့ပေ။ ဗောဇက အချက်အလက်များ ကို သူ အား ပြောပြသောအခါ၊ သူသည် ထိုပိုင်ဆိုင်မှုကို တာဝန်ယူရန် သူ၏ အခွင့်အရေးကို ချက်ချင်း ငြင်းဆိုခဲ့သည်။ ထိုအရာက တေဇနှင့် ရုသအိမ်ထောင်ပြုရန် လမ်းခင်းပေးခဲ့သည်။ ထိုအဖြစ်အပျက်တစ်ခုလုံးသည် ဂုဏ်သိက္ခာနှင့် အလေးထားမှုကို ဝန်ခံကြောင်း ဖော်ပြသည်။
ရုသဝတ္ထုကို ဆက်လက်လေ့လာရန်
၁။ နောမိနှင့် ရုသ၏ ဆက်ဆံမှုကို မည်သည့်နည်းလမ်းဖြင့် မိတ်ဆွေဖြစ်ခြင်း၏ အကောင်း ဆုံးပုံစံအား ပုံဖော်မည်နည်း။
၂။ ရုသဝတ္ထုတွင် ဘုရားသခင်၏ သစ္စာရှိခြင်းကို မည်သိုပုံဖော်ထားသနည်း။
၃။ ရုသသည် သူ၏ယုံကြည်ခြင်းအား မည်သည့်နည်းလမ်းဖြင့် ဘုရားသခင်အား ရှင်းပြပုံဖော် သနည်း။
၄။ နောမိနှင့် ရုသတို့၏ အမွေခြင်းအကြောင်းအရာကို ကိုင်တွယ်ခြင်းကိစ္စနှင့်ပတ်သက်ပြီး ဗောဇက ဉာဏ်ပညာကို မည်သိုပြခဲ့သနည်း။
၅။ ရုသဝတ္ထုတစ်အုပ်လုံးအားဖြင့် နောမိသည် ဘုရားသခင်နှင့် ဆက်ဆံမှုကို ဖော်ပြပါ။
၆။ သင့်အသက်တာတွင် ဘုရားသခင်၏ ကူညီမစခြင်းအား မည်သို အသေးစိတ်ပုံဖော်ပြနိုင်သနည်း။
ဓမ္မရာဇဝင်ကျမ်းများနှင့် ရာဇဝင်ချုပ်ကျမ်းများ၏ သတဇာတဖြစ်မှု
၁။ ဘုရားသခင်၏ ရှင်ဘုရင်ဖြစ်မှု (၁ ရာ ၁း၁-၇း၁၇၊ ၅ ရာ ၁း၁၉-၉း၄၄)
က။ မျိုးစဉ်အဆက် ဇယားများ (၅ ရာ ၁း၁-၉း၄၄)
၁) ဘိုးဘေးများ၏ မျိုးဆက်များ (၅ ရာ ၁း၁-၂၂)
၂) ဣသရေလ မျိုးနွယ်စုများ၏ မျိုးဆက်များ (၅ ရာ ၂း၃-၉း၄၄)
ခ။ ဘုရားသခင် အုပ်ချုပ်မှု အဆုံးသတ်ခြင်း (၁ ရာ ၁း၁-၇း၁၇)
၁) ရှမွေလ၏ အစောပိုင်း အသက်တာ (၁ ရာ ၁း၁-၄း၁)
က) ရှမွေလ၏ မွေးဖွားခြင်းနှင့် ကလေးဘဝ (၁ ရာ ၁း၁-၂း၁၁)
ခ) ရှိလောင်တွင် ရှမွေလနေခြင်း (၁ ရာ ၂း၁၂-၄း၁)
၂) နိုင်ငံ ဘေးဒုက္ခရောက်ချိန်ကာလ (၁ ရာ ၄း၁-၇း၂) ၊
က) ဣသရေလစစ်ရှုးခြင်းနှင့် သေတ္တာတော်ဆုံးရှုးခြင်း (၁ ရာ ၄း၁-၁၁)
ခ) ဧလိမိသားစု ကျရှုးခြင်း (၁ ရာ ၄း၁၁-၂၂)
ဂ) ဘုရားသခင်၏ သေတ္တာတော် (၁ ရာ ၅း၁-၇း၂)
၃) နောက်ဆုံးတရားသူကြီး ရှမွေလ (၁ ရာ ၇း၃-၁၇)
၂။ ရှောလု၏ ရှင်ဘုရင်ဖြစ်မှု (၁ ရာ ၈း၁-၃၁း၁၃၊ ၅ ရာ ၁၀း၁-၁၄)
က။ ဣသရေလ၏ ပထမ ဘုရင်နိုင်ငံကဲ့သို ရှောလု အစပြုခြင်း (၁ ရာ ၈း၁-၁၀း၂၇)
ခ။ သူ့ငြင်းပယ်ခြင်းမခံမီတိုင်ထိ ရှောလု အုပ်ချုပ်ခြင်း (၁ ရာ ၁၁း၁-၁၅း၃၅)
ဂ။ ရှောလုကို ငြင်းပယ်ခြင်းနှင့် ဒါဝိဒ်ကို မြှင့်တင်ခြင်း (၁ ရာ ၁၆း၁-၃၁း၁၃)
၁) ဒါဝိဒ်၏ အစောပိုင်းသမိုင်းကြောင်း (၁ ရာ ၁၆း၁-၂၃)
၂) ဒါဝိဒ်၏ တိုးတက်လာမှုနှင့် ရှောလု၏ မနာလိုမှု ကြီးထွားလာခြင်း (၁ ရာ ၁၇း၁-၂း၂၄)
က) ဒါဝိဒ်နှင့် ဂေါလျက် (၁ ရာ ၁၇း-၅၁)
ခ) ရှောလု၏ နန်းတွင်၌ ဒါဝိဒ် (၁ ရာ ၁၈း၁-၂၀း၂၄)
၃) တိုင်းတပါးရောက် ဒါဝိဒ်၏ အသက်တာ (၁ ရာ ၂၁း၁-၂၈း၂)
က) ဒါဝိဒ်ထွက်ပြေးခြင်း (၁ ရာ ၂၁း၁-၂၂း၅) ၊
ခ) နောဗမြိုရှိ ယဇ်ပုရောဟိတ်များအား ရှောလု၏ ဖျက်ဆီးမှု (၁ ရာ၂၂း၆-၂၃)
ဂ) ကိလမြိုကို ဒါဝိဒ်ကယ်တင်ခြင်း (၁ ရာ ၂၃၁-၁၃)
ဃ) ယောနသန်နှင့် ဒါဝိဒ်နောက်ဆုံးတွေ့ဆုံခြင်း (၁ ရာ ၂၃း၁၄-၁၈)
င) ဇိဖာမြိုသားတို ဒါဝိဒ်ကို သစ္စာဖောက်ခြင်း (၁ ရာ ၂၃း၁၉-၂၄)
စ) မောနတော၌ ရှောလုထံမှ ဒါဝိဒ်ထွက်ပြေးခြင်း ၊ (၁ ရာ ၂၃း၂၄-၂၈)
ဆ) ရှောလုထံမှ ဒါဝိဒ်ထွက်ပြေးခြင်း – ဥမင်ထဲ၌ ရှောလုအသက်ကို ဒါဝိဒ် ကရုဏာ ထားခြင်း (၁ ရာ ၂၃း၂၉-၂၄း၂၂)
ဇ) ရှမွေလသေခြင်း (၁ ရာ ၂၅း၁)
ဈ) အဘိဂဲလနှင့် ဒါဝိဒ် အိမ်ထောင်ပြုခြင်း (၁ ရာ ၂၅း၂-၄၄)
ည) ရှောလုအသက်ကို ဒါဝိဒ် ထပ်မံ ကရုဏာထားခြင်း (၁ ရာ ၂၆း၁-၂၅) ၊
ဋ) ဖိလိတ္တိနှင့် ဒါဝိဒ်ဆက်သွယ်ခြင်း (၁ ရာ ၂၇း၁-၂၈း၂)
၄) ဖိလိတ္တိနှင့်တိုက်ပွဲတွင် ရှောလုကျဆုံးခြင်း (၁ ရာ ၂၈း၃-၃၁း၁၃၊ ၅ ရာ ၁၀း၁-၁၄)
က) ဖိလိတ္တိတိုကို ရှောလုကြောက်ရွံခြင်း (၁ ရာ ၂၈း၃-၆)
ခ) အဒေါ်ရမြိုရှိ နတ်ဝင်သူထံ ရှောလုသွားခြင်း (၁ ရာ ၂၈း၇-၂၅)
ဂ) ဖိလိတ္တိမှ ဒါဝိဒ်ထွက်သွားခြင်း – အာမလက်ကို အနိုင်ယူခြင်း (၁ ရာ ၂၉း၁-၃၀း၃၁)
ဃ) ရှောလုနှင့် သူ့သားများ သေခြင်း (၁ ရာ ၃၁း၁-၁၃၊ ၅ ရာ ၁၀း၁-၁၄)
၃။ ဒါဝိဒ်၏ ရှင်ဘုရင်ဖြစ်မှု (၂ ရာ ၁း၁-၂၄း၂၅၊ ၃ ရာ ၁း၁-၂း၁၁၊ ၅ ရာ ၁၀း၁၄-၂၉း၃၀)
က။ ဒါဝိဒ်၏ အောင်မြင်မှုများ (၂ ရာ ၁း၁-၁၀း၁၉၊ ၅ ရာ ၁၀း၁၄-၂၀း၈)
၁) ဒါဝိဒ်၏ နိုင်ငံရေး အောင်ပွဲများ (၂ ရာ ၁း၁-၅း၂၅၊ ၅ ရာ ၁၀း၁၄-၁၂း၄၀)
က) ဒါဝိဒ်သည် ယုဒဘုရင် (၂ ရာ ၁း၁-၄း၁၂၊ ၅ ရာ ၁၀း၁-၁၂း၄ဝ)
ခ) ဒါဝိဒ်သည် ဣသရေတစ်မျိုးလုံး၏ ဘုရင် (၂ ရာ ၅း၁-၅း၂၅)
၂) ဒါဝိဒ်၏ ဝိညာဉ်ရေးရာ အောင်ပွဲများ (၂ ရာ ၆း၁-၇း၂၉၊ ၅ ရာ ၁၃း၁-၁၇း၂၇)
က) ပဋိညာဉ်သေတ္တာတော် (၂ ရာ ၆း၁-၂၃၊ ၅ ရာ ၁၃း၁-၁၆း၄၃) ၅ ရာ ၁၇း၁-၂၇)
ခ) ဗိမာန်တော်နှင့် ဒါဝိဒ်ဖြင့်ပြုသောပဋိညာဉ် (၂ ရာ ၇း၁-၂၉၊ ၅ရာ ၁၇း၁-၂၇
၃) ဒါဝိဒ်၏ စစ်မက်ရေးရာ အောင်ပွဲများ (၂ ရာ ၈း၁-၁၀း၁၉၊ ၅ ရာ ၁၈း၁-၂၀း၈) ၊
ခ။ ဒါဝိဒ်၏ အပြစ်များ (၂ ရာ ၁၁း၁-၂၇)
၁) ဗာသရှေဘနှင့် ဒါဝိဒ်ပြစ်မှားခြင်း (၂ ရာ ၁၁း၁-၅)
၂) ဟိတ္တိအမျိုး ဥရိယကို ဒါဝိဒ်သတ်ခြင်း (၂ ရာ ၁၁း၆-၂၇)
ဂ။ ဒါဝိဒ်၏ ပြဿနာများ (၂ ရာ ၁၂း၁-၂၄း၂၅၊ ၅ ရာ ၂၁း၁-၂၇း၃၄)
၁) ဒါဝိဒ်၏ မိသားစု ဒုက္ခဆင်းရဲခံရခြင်း (၂ ရာ ၁၂း၁-၁၃း၃၆)
က) ဒါဝိဒ်ကို နာသန်၏ ပရောဖတ်ပြုမှု (၂ ရာ ၁၂း၁-၁၄)
ခ) ဒါဝိဒ်၏သား သေခြင်း (၂ ရာ ၁၂း၁၅-၂၅)
ဂ) ဒါဝိဒ်အပေါ် မွှေဘ၏ သစ္စာရှိမှု (၂ ရာ ၁၂း၂၆-၃၁)
ဃ) အာမနုန်၏ အပြစ်ပြုမှု (၂ ရာ ၁၃း၁-၂၀)
င) အာမနုန် အသတ်ခံရမှု (၂ ရာ ၁၃း၂၁-၃၆)
၂) ဒါဝိဒ်၏ နိုင်ငံတော် ဒုက္ခဆင်းရဲ ခံရခြင်း (၂ ရာ ၁၃း၃၇-၂၄း၂၅၊ ၅ ရာ ၂၁း၁-၂၇း၃၄)
က) အဗာရှလုံ၏ ပုန်ကန်မှု (၂ ရာ ၁၃း၃၇-၁၇း၂၉)
ခ) အဗာရှလုံ အသတ်ခံရမှု (၂ ရာ ၁၈း၁-၃၃)
ဂ) ရှင်ဘုရင်ကဲ့သို ဒါဝိဒ်ပြန်လည်ထိန်းသိမ်းခြင်း (၂ ရာ ၁၉း၁-၂၀း၂၆)
ဃ) ဒါဝိဒ်ရှင်ဘုရင်ဖြစ်ခြင်းကို မြှင့်တင်ခြင်း (၂ ရာ ၂၁း၁-၂၃း၃၉)
င) လူများကို ဒါဝိဒ်ရေတွက်ခြင်း (၂ ရာ ၂၄း၁-၂၄း၂၅၊ ၅ ရာ ၂၁း၁-၃ဝ)
ဃ။ ဗိမာန်တော်အတွက် ဒါဝိဒ်ပြင်ဆင်ခြင်းနှင့် စုစည်းခြင်း (၅ ရာ ၂၂း၁-၂၇း၃၄)
င။ ဒါဝိဒ်၏ နောက်ဆုံးနေ့များ (၃ ရာ ၁း၁-၂း၁၁၊ ၅ ရာ ၂၈း၁-၂၉း၃၀)
၁) ဒါဝိဒ်ကျန်းမာရေး အားနည်းမှု – ရှုနင်မြိုသူ အဘိရှက် (၃ ရာ ၁း၁-၄)
၂) အဒေါနိယသည် နိုင်ငံတော်ကို ပုန်ကန်ရန်ကြိုးစားခြင်း (၃ ရာ ၁:၅-၉)
၃) ရှင်ဘုရင်ကဲ့သို ရှောလမုန် ဘိသိတ်ခံခြင်း (၃ ရာ ၁၀-၄၀၊ ၅ ရာ ၂၉း၂၀-၂၅)
၄) အဒေါနိယ ဝန်ခံခြင်း (၃ ရာ ၁း၄၁-၅၃)
၅) ဒါဝိဒ်၏ နောက်ဆုံးစကားများ (၃ ရာ ၂း၁-၉၊ ၅ ရာ ၂၈း၁-၂၉း၂၅)
က) ဣသရေလအတွက် ဒါဝိဒ်၏ စကားများ (၅ ရာ ၂၈း၁-၈)
ခ) ရှောလမုန်အတွက် ဒါဝိဒ်၏ စကားများ (၃ ရာ ၂း၁-၉၊ ၅ ရာ၂၈း၉-၂၉း၁၉)
၆) ဒါဝိဒ် သေခြင်း (၃ ရာ ၂း၁၀၊ ၁၁၊ ၅ ရာ ၂၉း ၂၆း၃၀)
၄။ ရှောလမုန်၏ ဘုရင်ဖြစ်မှု (၃ ရာ ၂း၁၂-၁၁း၄၃၊ ၅ ရာ ၂၉း ၂၀-၃၀၊ ၆ ရာ ၁း၁-၉း၃၁)
က။ ရှောလမုန်၏ နိုင်ငံတော်အစပြုခြင်း (၃ ရာ ၂း၁၂-၄း၃၄၊ ၅ ရာ ၂၉း၂၀-၃၀၊ ၆ ရာ၁း၁-၁၇)
၁) ရှောလမုန်၏ နိုင်ငံတော် တည်ထောင်ခြင်း (၃ ရာ ၂း၁၂၊ ၅ ရာ ၂၉း ၂၀ ၆ ရာ ၁း၁)
၂) ရှောလမုန်၏ ရန်သူများကို ဖယ်ရှားခြင်း (၃ ရာ ၂း၁၃-၄၆)
၃) ဖာရောသမီးတော်နှင့် ရှောလမုန်မင်္ဂလာဆောင်ခြင်း (၃ ရာ ၃း၁)
၄) ရှောလမုန်၏ ဝိညာဉ်ရေးရာ အခြေအနေ (၃ ရာ ၃း၂၊ ၃) ၊
၅) ဗောင်မြို၌ ရှောလမုန် ယဇ်ပူဇော်ခြင်း (၃ ရာ ၃း၄၊ ၆ ရာ ၁း၂-၆)
၆) ရှောလမုန်၏ ရူပါရုံနှင့် ဉာဏ်ပညာအတွက် ဆုတောင်းခြင်း (၃ ရာ ၃း၄-၁၅၊ ၆ ရာ ၁း၇-၁၂)
၇) ဘုရားသခင်၏ ဉာဏ်ပညာဖြင့် ပြည်တန်ဆာမများအပေါ် ရှောလမုန်၏ တရားစီရင်မှု (၃ ရာ ၃း၁၆-၂၈)
၈) ရှောလမုန်၏ အမှုထမ်းများ၊ သူ့တန်ခိုး၊ ချမ်းသာမှုနှင့် ဉာဏ်ပညာ (၃ ရာ ၄း၁-၃၄၊ ၆ ရာ ၁း၁၃-၁၇)
ခ။ ရှောလမုန်၏ ခမ်းနားထည်ဝါမှု (၃ ရာ ၅း၁-၈၆၆၊ ၆ ရာ ၂း၁-၇း၂၂)
၁) ဗိမာန်တော်တည်ဆောက်ခြင်းအတွက် ပြင်ဆင်ခြင်း (၃ ရာ ၅း၁-၁၈၊ ၆ ရာ ၂း၁-၁၈)
၂) ဗိမာန်တော် တည်ဆောက်ခြင်း (၃ ရာ ၆း၁-၃၈၊ ၆ ရာ ၃း၁-၁၄)
၃) နန်းတော် တည်ဆောက်ခြင်း (၃ ရာ ၇း၁-၁၂)
၄) ဗိမာန်တော်အတွက် အိုးများပြုလုပ်ခြင်း (၃ ရာ ၇း၁၃-၅၁၊ ၆ ရာ ၃း၁၅-၅း၁)
၅) ဗိမာန်တော်ဆက်ကပ်ခြင်းနှင့် အထမြောက်ခြင်း (၃ ရာ ၈း၁-၆၆၊ ၆ ရာ ၅:၂-၇း၂၂)
ဂ။ ရှောလမုန်၏ ကျရှုံးခြင်း (၃ ရာ ၉း၁-၁၁း၄၃၊ ၆ ရာ ၈း၁-၉း၃၁)
၁) ဒါဝိဒ်နှင့်ပြုသော ပဋိညာဉ်ကို ပြန်ပြောခြင်း (၃ ရာ ၉း၁-၉)
၂) ပဋိညာဉ်ကို ရှောလမုန် မနာခံမှု (၃ ရာ ၉း၁၀-၁၁း၈၊ ၆ ရာ ၈း၁-၉း၁၂)
၃) ပဋိညာဉ်ကို ချိုးဖောက်မှုအတွက် ရှောလမုန်အား ဆုံးမခြင်း (၃ ရာ ၁၁း၉-၄၀၊ ၆ ရာ ၉း၁၃-၂၈)
၄) ရှောလမုန်သေခြင်း (၃ ရာ ၁၁း၄၁-၄၃၊ ၆ ရာ ၉း၂၉-၃၁)
၅။ နိုင်ငံတော် ကွဲသွားခြင်း (၃ ရာ ၁၂း၁-၂၂း၅၃၊ ၄ ရာ ၁း၁-၁၇း၄၁၊ ၆ ရာ ၁၀း၁-၂၈း၂၇)
က။ နိုင်ငံတော် ကွဲသွားခြင်း (၃ ရာ ၁၂း၁-၁၄း၃၁၊ ၆ ရာ ၁၀း၁-၂၈း၂၇)
၁) ကွဲသွားခြင်း၏ အကြောင်းအရင်း (၃ ရာ ၁၂း၁-၂၄)
၂) ဣသရေလရှင်ဘုရင် ယေရောဗောင် (၃ ရာ ၁၂း၂၅-၁၄း၂၀၊ ၆ ရာ ၁၀း၁-၁၃း၂၂)
၃) ယုဒရှင်ဘုရင် ရောဗောင် (၃ ရာ ၁၄း၂၁-၃၁၊ ၆ ရာ ၁၀း၁-၁၂း၁၆)
ခ။ ယုဒ၏ ဘုရင်နှစ်ပါး (၃ ရာ ၁၅း၁-၂၄၊ ၆ ရာ ၁၃း၁-၁၆း၁၄)
၁) ယုဒရှင်ဘုရင် အဘိယ (၃ ရာ ၁၅း၁-၈၊ ၆ ရာ ၁၃း၁-၂၂)
၂) ယုဒရှင်ဘုရင် အာသ (၃ ရာ ၁၅း၉- ၂၄၊ ၆ ရာ ၁၄း၁-၁၆း၁၄)
ဂ။ ဣသရေလဒ ဘုရင်ငါးပါး (၃ ရာ ၁၅ း၂၅-၁၆း၂၈၊ ၆ ရာ ၁၆း၁-၆)
၁) ဣသရေလ ရှင်ဘုရင် နာဒပ် (၃ ရာ ၁၈း၂၅-၃၁)
၂) ဣသရေလ ရှင်ဘုရင် ဗာရှာ (၃ ရာ ၁၅း၃၂-၁၆း၇၊ ၆ ရာ ၁၆း၁-၆)
၃) ဣသရေလ ရှင်ဘုရင် ဧလာ (၃ ရ ၁၆း၈-၁၄)
၄) ဣသရေလ ရှင်ဘုင်ရင် ဇိမရိ (၃ ရာ ၁၆း၁၅-၂၀)
၅) ဣသရေလ ရှင်ဘုရင် ဩမရိ (၃ ရာ ၁၆း၂၁-၂၈)
ဃ။ ဣသရေလရှင်ဘုရင် အာဟပ်မင်း (၃ ရာ ၁၆ ရာ ၁၆:၂၉-၂၂း၄၀၊ ၆ ရာ ၁၆း၁-၃၄)
၁) အာဟပ်မင်း၏ အပြစ် (၃ ရာ ၁၆း၂၉-၃၄) ၊
၂) ပရောဖက် ဧလိယ (၃ ရာ ၁၇း၁-၁၉း၂၁၊ ၆ ရာ ၁၆း၁-၃၄) ၊
၃) ရှုရိဖြင့် စစ်ပွဲများဖြစ်ခြင်း (၃ ရာ ၂၀း၁-၄၃)
၄) နာဗတ် လိမ်ညာမှုနှင့် အသတ်ခံရခြင်း (၃ ရာ ၂း၁၁-၁၆)
၅) အာဟပ်မင်း သေခြင်း (၃ ရာ ၂၁း၁၇-၂၂း၄၀)
င။ ယုဒရှင်ဘုရင် ယောရှဖတ် (၃ ရာ ၂၂း၄၁-၅၀၊ ၆ ရာ ၁၇း၁-၂၁း၃)
စ။ ဣသရေလရှင်ဘုရင် အာခရိ(၃ ရာ ၂၂း၅၁-၅၃၊ ၄ ရာ ၁း၁-၁၈၊ ၆ ရာ ၂၀း၃၅-၃၇)
ဆ။ ဣသရေလ ရှင်ဘုရင် ယဟောရံ (၄ ရာ ၂း၁-၈း၁၄၊ ၆ ရာ ၂၁း၄-၂၀)
ဇ။ ယုဒရှင်ဘုရင် ယောရံ (၄ ရာ ၈း၁၅-၂၄၊ ၆ ရာ ၂း၁၄-၂ဝ)
ဈ။ ယုဒရှင်ဘုရင် အာခဇိ (၄ ရာ ၈း၂၅-၉း၂၉၊ ၆ ရာ ၂၂း၁-၉)
ည။ ဣသရေလရှင်ဘုရင် ယေဟု (၄ ရာ ၉း၃၀-၁၀း၃၆၊ ၆ ရာ ၂၂း၇-၁၂)
ဋ။ ယုဒဘုရင်မ အာသလိ (၄ ရာ ၁၁း၁-၁၆၊ ၆ ရာ ၂၂း၁၀-၂၃း၂၁)
ဍ။ ယုဒရှင်ဘုရင် ယောရှ (၄ ရာ ၁၁း၁၇-၁၂:၂၁၊ ၆ ရာ ၂၄း၁-၂၄း၂၇)
ဌ။ ဣသရေလရှင်ဘုရင် ယောခတ် (၄ ရာ ၁၃း၁-၉)
ဎ။ ဣသရေလရှင်ဘုရင် ယောရှိ (၄ ရာ ၁၃း၁၀-၂၅၊ ၆ ရာ ၂၅း၁၇-၂၄)
ဏ။ ယုဒရှင်ဘုရင် အာမဇိ (၄ ရာ ၁၄း၁-၂၂၊ ၆ ရာ ၂၅း၁-၂၈)
တ။ ဣသရေလရှင်ဘုရင် ယေရောဗောင် ၂ (၄ ရာ ၁၄:၂၃-၂၉)
ထ။ ယုဒရှင်ဘုရင် ဩဇီ ၄ ရာ ၁၅း၁-၇၊ ၆ ရာ ၂၆း၁-၂၃)
ဒ။ ဣသရေလ ရှင်ဘုရင် ဇာခရိ (၄ ရာ ၁၅း၈-၁၂)
ဓ။ ဣသရေလ ရှင်ဘုရင် ရှလွီ (၄ ရာ ၁၄း၁၃-၁၅)
န။ ဣသရေလ ရှင်ဘုရင် မေနဟင် (၄ ရာ ၁၅း၁၆-၂၂)
ပ။ ဣသရေလ ရှင်ဘုရင် ပေကဟိ (၄ ရာ ၁၅း၂၃-၂၆)
ဖ။ ယုဒရှင်ဘုရင် ယောသံ (၄ ရာ ၁၅း၃၂-၃၈၊ ၆ ရာ ၂၇း၁-၉) ၊
ဗ။ ယုဒရှင်ဘုရင် အာခတ် (၄ ရာ ၁၆း၁-၂၀၊ ၆ ရာ ၂၈း၁-၂၇)
ဘ။ ဣသရေလ ရှင်ဘုရင် ဟောရှေ (၄ ရာ ၁၇း၁-၄၁) ၊
၆။ ကျန်ရှိသော ယုဒနိုင်ငံတော် (၄ ရာ ၁၈း၁-၂၅း၃၀၊ ၆ ရာ ၂၉း၁-၃၆း၂၃)
က။ ယုဒရှင်ဘုရင် ဟေဇကိ (၄ ရာ ၁၈း၁-၂ဝ၊ ၆ ရာ ၂၉း၁-၃၂း၃၃၊ ဟေရှာ ၃၆-၃၉)
ခ။ ယုဒရှင်ဘုရင် မနာဘူ (၄ ရာ ၂၁း၁-၁၈၊ ၆ ရာ ၃၃း၁-၂၀)
ဂ။ ယုဒရှင်ဘုရင် အာမုန် (၄ ရာ ၂၁း၁၉-၂၆၊ ၆ ရာ ၃၃း၂၁-၂၅)
ဃ။ ယုဒရှင်ဘုရင် ယောရှိ (၄ရာ ၂၂း၁-၂၃း၃၀၊ ၆ ရာ ၃၄း၁-၃၅း၂၇)
င။ ယုဒရှင်ဘုရင် ယောခတ် (၄ ရာ ၂၃း၃၁-၃၄၊ ၆ ရာ ၃၆း၁-၄)
စ။ ယုဒရှင်ဘုရင် ယာယကိမ် (၄ ရာ ၂၃း၃၅-၂၄း၇၊ ၆ ရာ ၃၆း၄-၈)
ဆ။ ယုဒရှင်ဘုရင် ယေခေါနိ (၄ ရာ ၂၄း၈-၁၆၊ ၆ ရာ ၃၆း၉၊ ၁ဝ)
ဇ။ ယုဒရှင်ဘုရင် ဇေဒကိ (၄ ရာ ၂၄း၁၇-၂၅း၂၁၊ ၆ ရာ ၃၆း၁၁-၂၁)
ဈ။ ယုဒကို အုပ်ထိန်းသူ ဂေဒလိ (၄ ရာ ၂၅း၂၂-၂၆)
ည။ ဗာဗုလုန်တွင် ယေခေါနိ သက်သာရာရခြင်း (၄ ရာ ၂၅း ၂၇-၃ဝ)
ဋ။ ကုရုမင်းသည် ယေရုရှလင်တွင် ပြန်လည်တည်ဆောက်ခြင်းအမှုပြုရန် အမိန့်ထုတ်ခြင်း (၆ ရာ ၃၆း၂၂၊ ၂၃)
ဓမ္မရာဇဝင် ဝထဓစောင်နှင့် ဒုတိယစောင်
(First and Second Samuel)
ရှင်ဘုရင်တို့၏ အရည်အချင်းများနှင့် ဒါဝိဒ်မင်းဆက် တည်ဆောက်ခြင်း
ခေါင်းစဉ်
ဓမ္မရာဇဝင် ပထမစောင်နှင့်ဒုတိယစောင်တိုသည် ရှေးဦးဟေဗြဲစာပေတို၌ တစ်အုပ် တည်းဖြစ်ပြီး နောက်ပိုင်းတွင် ဂရိဘာသာ စက်တူးဂျန့် (LXX) နှင့် လက်တင်တေးဂိတ်၊ အင်္ဂ လိပ်ကျမ်းစာများနှင့် ဟေဗြဲကျမ်း စာများတိုတွင် နှစ်အုပ်ပြန်လည်ခွဲထားခြင်း ဖြစ်သည်။ ရှေးဦး ဟေဗြဲကျမ်းစာ၌ ဣသရေလနိုင်ငံတော်ကို တည်ထောင်ရန် ထာဝရဘုရားမှ အသုံးပြုခဲ့သည့် “ရှမွေလ” အဖြစ် ခေါင်းစဉ်တပ်ထားသည်။ ထိုနောက်မှ ဟေဗြဲကျမ်းစာနှင့် အင်္ဂလိပ်ကျမ်းစာ ၌ ရှမွေလ ပထမစောင်နှင့် ဒုတိယစောင်အဖြစ် နှစ်အုပ်ခွဲထားကြသည်။ စက်တူးဂျန့်တွင် ပထမနှင့် ဒုတိယနိုင်ငံတော်ဟု ခေါ်ဝေါ်ထားပြီး၊ လက်တင်ဗောဂိတ်တွင် ပထမနှင့် ဒုတိယ ရှင်ဘုရင်များဟု ခေါင်းစဉ်တပ်ထား၍၊ ယနေ့ကျွန်ုပ်တို အသုံးပြုသည့် အင်္ဂလိပ်ကျမ်းစာ၌ ပထမနှင့်ဒုတိယ ရှင်ဘုရင်များအား တတိယနှင့် စတုတ္ထ ရှင်ဘုရင်များဟု ခေါ်ဝေါ်ထားသည်။
စာရေးသူနှင့် ရက်စွဲ
ဂျူးတို့၏သမိုင်း၌ ဤကျမ်းစာတိုကို ပရောဖက်ရှမွေလကိုယ်တိုင် (သို့) ပရောဖက်နာ သန်နှင့် ဂဒ်တိုမှ ရေးသားခဲ့သည်ဟု ဆိုကြသည် (၅ ရာ ၂၉း၂၉)။ သိုသော် ပရောဖက်ရှမွေလ ကိုယ်တိုင် ရေးသားခဲ့ခြင်း မဖြစ်နိုင် သည့်အချက်မှာ ဓမ္မရာဇဝင် ပထမစောင် ၂၅၁၀ ၌ ဒါဝိဒ် မင်းကြီး နန်းမစံမီ ရှမွေလ သေဆုံးခြင်းကို မှတ်တမ်း တင်ထားသည်။ ထိုပြင် နာသန်နှင့် ဂဒ်တို သည် ဒါဝိဒ်မင်း နန်းစံသက်တမ်းအတွင်း အသက်ရှင်ခဲ့ကြသည့် ပရောဖက်များ ဖြစ်ကြသော ကြောင့် ဤဓမ္မရာဇဝင်စာစောင်များ ရေးသားချိန်၌ သက်ရှိထင်ရှား ရှိကြတော့မည် မဟုတ်ပေ။ ဤပရောဖက်သုံးဦး၏ အရေးအသားတိုကို ဤစာစောင်ရေးသားရာ၌ အသုံးပြုကောင်းပြုနိုင် သော်လည်း လူသားရေးသားသူတိုကိုမူ သိနိုင်ခြင်းမရှိပေ။ စာဖတ်သူတိုထံသို ကလောင်ရှင်မဲ့ အနေဖြင့် ရောက်ရှိ လာပြီး လူသားကလောင်ရှင်အနေဖြင့် ထာဝရဘုရားအတွက် ပြောကြား ပေးခြင်းနှင့် အဖြစ်အပျက်များ၏ သမ္မာတရားအနက်အဓိပ္ပာယ်ကို ဖော်ဆောင်ပေးခဲ့သည်။
ဤစာစောင်၌ အတိအကျ ရှင်းလင်းသည့် အချိန်ကာလ ညွှန်းထားခြင်းများ မပါပေ။ ထိုကြောင့် စာရေးသူသည် ယုဒနှင့် ဣသရေလနိုင်ငံတော် နှစ်ခြမ်းကွဲပြီးသည့်အချိန်ဖြစ်သည့် ဘီစီ ၉၃၁ နှင့် ယုဒနှင့် ဣသရေလ သီးခြားတည်ရှိမှု ကိုးကားချက်အတိုင်း ရေးသားခြင်းဖြစ် သည် (၁ ရာ ၁၁း၈၊ ၁၇း၅၂၊ ၁၈း၁၆၊ ၂ ရာ ၅း၅၊ ၁၁း၁၁၊ ၁၂း၈၊ ၁၉း၄၂-၄၃၊ ၂၄း၁-၉)။ ထိုပြင် ၁ ရာ ၂၇း၆ ၌ တွေ့ရသည့် ဇိကလက်၏ “ကျန်နေ့ရက်တိုင် ယုဒရှင်ဘုရင်တို၏ ပိုင် ဆိုင်မှု”အားဖြင့် ရေးသားချိန်သည် ရှောလမုန်၏ အရေးအသားများ ခေတ်အလွန် အချိန်ဖြစ် ကြောင်း ထင်ရှားသည်။ ဤနောက်ကျရေးသားမှုအတွက် တိကျရှင်းလင်းသော သက်သေသာဓ က လုံးဝမရှိပေ။ သိုသော် ဓမ္မရာဇဝင် ပထမနှင့်ဒုတိယစောင်တို့အား ဟေဗြဲကမ်းစာပြန်ဌာန်းချက်တို၌ ယောရှု၊ တရားသူကြီးနှင့် ဓမ္မရာဇဝင် ဒုတိယနှင့် တတိယစောင်တိုနှင့်အတူ ရှေးကျ သော ပရောဖက်များအဖြစ် ထည့်သွင်းထားသည်။ အကယ်၍ ထိုရှေးကျသော ပရောဖက်တိုအား စံနှုန်းအဖြစ် ရေးဖွဲခဲ့ခြင်းဖြစ်လျှင်၊ ဤဓမ္မရာဇဝင် ပထမနှင့်ဒုတိယစောင်များအား ဗာဗုလန် ဖမ်းဆီးချုပ်နှောင်ခြင်းခံရချိန်အတွင်း ရေးသားခြင်း ဖြစ်ရမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဓမ္မရာဇဝင် စတုတ္ထစောင်၌ ဖမ်းဆီးချုပ်နှောင်ခြင်းအကြောင်း (၄ရာ ၂၅း၂၇-၃ဝ) ပါဝင်သော ကြောင့်ဖြစ်သည်။ မည်သိုပင်ဖြစ်စေ၊ ဓမ္မရာဇဝင် ပထမနှင့် ဒုတိယစောင်တိုသည် တတိယနှစ်၊ စတုတ္ထတိုနှင့် မတူကွဲပြားသည့် စာပေအရေးအသားဖြစ်သောကြောင့် နိုင်ငံတော်နှစ်ခြမ်းကွဲသည် ကာလ (ဘီစီ ၉၃၃-၇၂၂)နှင့် ဖမ်းဆီးချုပ်နှောင်ခံရခြင်းကာလအရင် ရေးသားခဲ့ခြင်း မဖြစ်နိုင် တော့ဘဲ၊ ထိုနောက်အချိန်များမှသာလျှင် ရှေးကျသော ပရောဖက်များကို ပြည့်စုံစွာ ပြုလုပ်ခဲ့ ခြင်းဖြစ်နိုင်သည်။
နောက်ခံသမိုင်းကြောင်းနှင့် အနေအထား ဒါဝိဒ်၏ နိုင်ငံတော်
ဓမ္မရာဇဝင် ပထမစောင် နှင့် ဒုတိယစောင်ပါ မှတ်တမ်း အ များစုတိုသည် ဣသရေလ တိုင်း ပြည်၏ အလယ်ပိုင်း ကုန်းမြင့်ဒေသ များ တစ်ဝိုက်တွင် ဖြစ်ပျက်ခဲ့သည်။ ဣသရေလ နိုင်ငံဟု ဆိုရာတွင် မြောက်ပိုင်း ဧဖရိမ် တောင်ကုန်းမှ မိုင် (၉၀) ခန့် (၁ ရာ ၁း၁၊ ၉း၄)၊ တောင်ပိုင်း ယုဒပြည် တောင်ကုန်း မြင့် ပိုင်းအထိ (ယောရှု ၂၀း၇၊ ၂၁း၁၁) နှင့် အရှေ့မှ အနောက် သို မိုင်ပေါင်း ၁၅ မိုင်မှ ၃၅ မိုင် အ ကြားတိုကို အဓိကထား ပြောဆိုခြင်း ဖြစ်ပါသည်။ အလယ်ပိုင်း ဗဟိုရိုးမ ကြောတစ်လျှောက်သည် ပင်လယ် ရေ မျက်နှာပြင်မှ အမြင့်ပေ ၁၅ဝ မှ ၃၅ဝဝ အကြား ရှိသည်။ ပထမ နှင့် ဒုတိယ ဓမ္မရာဇဝင်၌ တွေ့ရ သည့် ဤကုန်းမြင့်ဗဟိုကြောင့် မြို ကြီးများသည် ရှိလောင်မြို (ဧလိ နှင့်သေတ္တာ တော်ရှိသည့်မြို)၊ ရာမမြို (ရှမွေလ နေထိုင်ရာမြို)၊ ဂိဗာမြို (ရောလှ၏ ပင်မအခြေ ၊ စိုက်မြို)၊ ဗက်လင်မြို့ (ဒါဝိဒ်၏ မွေးဇာတိ)၊ ဟေဗြုန်မြို့ (ယုဒပြည်အား အုပ်ချုပ်ခဲ့သည့်မြို ယေရုရှလင်မြို (ဒါဝိဒ်၏ မြိုတော်)တို ဖြစ်သည်။
ဓမ္မရာဇဝင် ပထမနှင့်ဒုတိယစောင်တို၏ အဖြစ်အပျက်တိုသည် ရှမွေလမွေးဖွားသည့် ဘီစီ ၁၁၀၂ (၁ ရာ ၁း၁- ၂၈)မှ ဒါဝိဒ်၏ နောက်ဆုံးမှာကြားစကားပြောခဲ့သည့် ဘီစီ ၉၇၁ အ ကြားဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည် (၂ရာ ၂း၃-၇)။ ထိုကြောင့် ဤမှတ်တမ်းများသည် နှစ်ပေါင်း ၁၃၅ နှစ်ကြာ သမိုင်းကို ခြုံငုံမိသည်။ ထိုကာလအတွင်း ဣသရေလလူမျိုးတိုသည် တရားသူ ကြီးတိုလက်အောက်၌ ပြန့်ကျဲလျက် စုပေါင်းနေထိုင်ခြင်းမှ အားလုံးစုစည်း ပြီး ဘုရင်စနစ် အခြေ ပြုအုပ်ချုပ်ရေးစနစ်သို ကူးပြောင်းလာခဲ့ချိန်ဖြစ်သည်။ အဓိကဇာတ်ကောင်များမှာ ရှမွေလ (ဘီစီ ၁၃၀၅-၁၀၃၀)၊ ရှောလု (ဘီစီ ၁၀၅၂-၁၀၁၁)နှင့် ပြည်ထောင်စုဘုရင်စနစ်ဖြင့် အုပ်ချုပ်ခဲ့ သော ဒါဝိဒ် (ဘီစီ ၁၀၁၁-၉၇၁) တိုဖြစ်သည်။
ဓမ္မရာဇဝင် ပထမစောင်ရှိ အဓိက ဇာတ်ကောင်များ
ဧလိ – ယဇ်ပုရောဟိတ်နှင့် ဣသရေလတို၏ အနှစ် (၄၀) ကြာ တရားသူကြီး၊ ရှမွေလအား ပြုစုပျိုးထောင်ခဲ့သူ (၁း၃- ၂၈၊ ၂း၁၁-၄း၁၈) ၊
ဟ န္န– ရှမွေလ၏ မိခင်၊ ကလေးဘဝမှစပြီး ထာဝရဘုရားထံ အပ်နှံခဲ့သူ (၁း၂-၂း၁၁၊ ၂၁)
ရှမွေလ – ယဇ်ပုရောဟိတ်၊ ပရောဖတ်၊ ဣသရေလတို၏ အကြီးကျယ်ဆုံးသော တရားသူကြီး၊ ဣသရေလတို၏ ပထမနှင့် ဒုတိယဘုရင်တို့အား ဘိသိတ်ပေးခဲ့သူ (၁း၂၀၊ ၂း၁၁၊ ၁၈-၂၆၊ ၃း၁-၂၁၊ ၇း၃-၁၃း၁၅၊ ၁၅း၁-၁၆း၁၃၊ ၁၉း၁၈- ၂၄၊ ၂၅း၁၊ ၂၈း၃-၁၆)
ရှောလု – ထာဝရဘုရား သတ်မှတ်ပေးခဲ့သည့် ဣသရေလတို၏ ပထမဦးဆုံးဘုရင်၊ နောက် ပိုင်းတွင် ဒါဝိဒ်အား မနာလိုဖြစ်ပြီး သတ်ရန်ကြိုးစားခဲ့သူ (၉း၂-၁၁း၁၅၊ ၁၃း၁-၁၉း ၂၄၊ ၂၀း ၂၄-၃၃၊ ၂၁း၁ဝ၊ ၁၁၊ ၂၂း၆ – ၂၄း၂၂၊ ၂၅း၄၄- ၂၇း၄၊ ၂း၃-၃၁း၁၂)
ယောနသန် – ရှောလု၏သား၊ ဒါဝိဒ်၏ သူငယ်ချင်း၊ ရှောလု၏ အန္တရာယ်ပြခြင်းမှ ဒါဝိဒ်အား ကာကွယ်ပေးခဲ့သူ (၁၃း၁-၁၄း၄၉၊ ၁၈း၁-၂၃း၁၈၊ ၃၁း၂)
ဒါ8ဒ် – ဣသရေလတိုအတွက် အကြီးမြတ်ဆုံးသော ဘုရင်တစ်ပါးဖြစ်ခဲ့သည်သာမက၊ သိုးထိန်းရှင်၊ ဂီတဆရာ၊ ကဗျာဆရာ၊ ခရစ်တော်ဆင်းသက်ကြွလာမည့် မျိုးဆက်ဖြစ်ခဲ့သူ (၁၆း၁၁-၃၀း ၂၇)
ဓမ္မရာဇဝင် ဒုတိယစောင်ရှိ အဓိက ဇာတ်ကောင်များ
ဒါဝိဒ် – (အထက်တွင်ကြည့်ပါ)
ယွာဘ – ဒါ8ဒ်စစ်တပ်၏ စစ်ဗိုလ်ချပ်(၂း၁၃- ၃း၃၉၊ ၈း၁၆၊ ၁၀း၇-၁၉း၂၇၊ ၁၄း၁-၃၃၊ ၁၈း၂-၂၄း၉)
ဗာသရှေဘ . ဒါဝိဒ်နှင့်ပြစ်မှားသောသူ၊ ဣသရေလမိဖုရားနှင့် ရှောလမုန်၏မိခင်ဖြစ်လာသူ၊ ယေရှုခရစ်၏ တိုက်ရိုက်မျိုးဆက် (၁၁း၁-၂၆၊ ၁၂:၂၄)
အဗရှလုံ – ဒါဝိဒ်၏သား၊ ဣသရေလထီးနန်းကို သိမ်းပိုက်ရန် ကြိုးစားသူ (၃း၃၊ ၁၃း၁- ၁၉း၁၀)
သမိုင်းကြောင်းနှင့် ဓမ္မအတွေးအခေါ်ဆိုင်ရာ အကြောင်းအရာများ
ဓမ္မရာဇဝင်ပထမစောင် အစပြုသည်နှင့် ဣသရေလတိုသည် ဝိညာဉ်ရေးရာ၌ နိမ့်ကျ နေခဲ့ကြသည်။ ယဇ်ပုရောဟိတ်တို၏ ဘဝသည်လည်း ပျက်စီးနေပြီး (၁ ရာ ၂း၁၂-၁၇၊ ၂၂ -၂၆)၊ ပဋိညာဉ်သေတ္တာ တော်သည် လည်း တဲတော်၌မရှိဘဲ (၁ ရာ ၄၃-၇၂)၊ ရုပ်တုကိုးကွယ် လျက် (၁ ရာ ၇၃၊ ၄)၊ တရားသူကြီးတို့ သည်လည်း ရိုးသားမှု ကင်းမဲ့နေကြချိန်ဖြစ်သည် (၁ ရာ ၈း၂၊ ၃)။ ထာဝရဘုရားအား ကြောက်ရွံသော ရှာမွေလ၏ လွှမ်းမိုးမှု (၁ ရာ ၁၂း၁၃)နှင့် ဒါဝိဒ်၏ လွှမ်းမိုးမှု (၁ ရာ ၁၃း၁၄)များကြောင့် အခြေအနေတိုသည် ပြောင်းပြန်ဖြစ်ခဲ့ကြသည်။ ၂ ရာ၌ ထာဝရဘုရားသည် အမျက်ဒေါသဖြင့် ဣသရလလူမျိုးတိုထံတော်ပါးမှ ဆုတ်ခွာ ခဲ့လေသည် (၂ ရာ ၂၄:၂၅)။
ဓမ္မရာဇဝင် ပထမနှင့်ဒုတိယစောင် အချိန်ကာအတွင်းရှေးခေတ် အင်ပါယာကြီးတိုသည် အားနည်းသည့် အခြေအနေ၌ ရှိခဲ့ကြသည်။ အီဂျစ်၊ မက်ဆိုပိုတေးမီးယား၊ ဗာဗုလုန်နှင့် အာဆီးရီးယားတိုသည့် အန္တရာယ်ပြုနိုင် ခြင်းမရှိပေ။ ဣသရေလလူမျိုးတို၏ အကြီးမားဆုံးသော ရန်သူတိုင်းပြည်တိုသည် အနောက်ဘက်၌ ဖိလိတ္တိ (၁ ရာ ၄း၇၊ ၁၃၊ ၁၄၊ ၁၇၊ ၂၃း၃၁၊ ၂ ရာ ၅) နှင့် အရှေ့ဘက်တွင် အချွန်လူမျိုးတို ဖြစ်ကြသည် (၁ ရာ ၁၁၊ ၂ ရာ ၁၀-၁၂)။ ဖိလိတ္တိတို၏ အဓိကပင်မလူမျိုးတိုသည် အေဂျီယန်ကျွန်းနှင့် အာရှမိုင်းနားမှ ဘီစီ ၁၂ ရာစုအတွင်း ပြောင်းရွှေ့ နေထိုင်လာကြသူများဖြစ်သည်။ အီဂျစ်သို ဝင်ရောက်ရန် တားမြစ်ခြင်းခံခဲ့ရပြီးနောက် သူတို သည် အခြားနေထိုင်ခဲ့ကြသည့် ဖိလိတ္တိလူတိုနှင့်အတူ မြေထဲပင်လယ်ပါလက်စတိုင်း ကမ်းရိုးတမ်း တစ်လျှောက်တွင် အခြေချနေထိုင်ခဲ့ကြပါသည်။ ဖိလိတ္တိလူတိုသည် သံသတ္တုပစ္စည်းများ အသုံး ပြုရာ၌ ကျွမ်းကျင်သောကြောင့် ဣသရေလတိုအပေါ် စီးပွားရေးအသာစီးမှုနှင့်တကွ စနစ်ကျ သော စစ်တပ်လည်း ဖွဲစည်းနိုင်ခဲ့ပါသည် (၁ ရာ ၁၃း၁၉-၂၂)။ အန်လူမျိုးသည် ဂျော်ဒန် ကုန်းပြင်မြင့်တွင် နေထိုင်သူများဖြစ်ပြီး လောတ၏ မျိုးဆက်များဖြစ်သည် (က ၁၉း၃၈)။ ဒါဝိဒ် သည် ဖိလိတ္တိ (၂ ရာ ၈း၁)နှင့် အမျှန် (၂ ရာ ၁၂း၂၉-၃၁)တိုကို တိုက်ခိုက်သိမ်းပိုက်ပြီး၊ ဣသရေလနိုင်ငံဝန်းကျင်ရှိ အခြားနိုင်ငံများကိုလည်း သိမ်းပိုက်ခဲ့သည် (၂ ရာ ၈း၂-၁၄)။
ဓမ္မရာဇဝင် ပထမစောင်နှင့် ဒုတိယစောင်ရှိ တရားဓမ္မဆိုင်ရာ ထင်ရှားသော အဓိကအ ချက် လေးချက်ရှိသည်။ ပထမမှာ၊ ဒါဝိဒ်နှင့်ဆိုင်သော ပဋိညာဉ်ဖြစ်သည်။ ဤစာအုပ်များသည် ဟန္န၏ ဆုတောင်းခြင်း၌ “ဘိသိတ်ခံ”ဘုရင် (၁ ရာ ၂း၁၀)နှင့် ဒါဝိဒ်၏ သီချင်း ( ၂ ရာ ၂၂း၅၁) စသည့်ကိုးကားမှု နှစ်ခုအားဖြင့် ပုံဖော်ထားသည်။ ဘုရားသခင်အား ဆန့်ကျင်သော လူမျိုးများအား အောင်နိုင်မည့် မေရှိယကို ရည်ညွှန်းသည် (က ၄၉း၈-၁၂၊ တော ၂၄း၇-၉၊ ၁၇-၁၉)။ ဘုရားသခင်၏ ကတိတော်အရ၊ ထိုမေရှိယသည် ဒါဝိဒ်မျိုးဆက်မှ ဆင်းသက်လာပြီး ဒါဝိဒ်၏ ရာဇပလ္လင်တွင် ထာဝရအုပ်စိုးမည် မည်ဖြစ်သည် (၂ ရာ ၇း၁၂-၁၆)။ ဓမ္မရာဇဝင် ပထမစောင်နှင့် ဒုတိယစောင်၌ မှတ်တမ်းတင်ထားသော ဒါဝိဒ်အသက်တာ၏ အဖြစ်အပျက်များ သည် အနာဂတ်၌ ဒါဝိဒ်၏ ကြီးမြတ်သော သားတော် (ခရစ်တော်)၏ လုပ်ရပ်များအတွက် ရှေ့ပြေးပုံရိပ် ဖြစ်သည်။
ဒုတိယအချက်မှာ၊ ဤစာအုပ်တွင် ရှင်းလင်းစွာ မြင်ရသည့် ဘုရားသခင်၏ ပိုင်သအုပ် စိုးမှုဖြစ်သည်။ ဥပမာတစ်ခုမှာ ဟန္ဒ၏ဆုတောင်းချက်ကို ရှမွေလမွေးဖွားခြင်းဖြင့် ပြန်လည် တုန့်ပြန်ခြင်း ဖြစ်သည် (၁ ရာ ၉း၁၇၊ ၁၆း၁၂၊ ၁၃)။ ထိုပြင်၊ ဒါဝိဒ်နှင့်စပ်လျဉ်း၍ သူသည် ဣသရေလလူမျိုးကို အုပ်စိုးရန် ဘုရားသခင်၏ အစီအစဉ်ကို မည်သည့်အရာကမျှ အဟန့် အတား မဖြစ်နိုင်စေကြောင်း ထင်ရှားသည် (၁ ရာ ၂၄း၂၀)။
တတိယအချက်မှာ သန့်ရှင်းသော ဝိညာဉ်တော်သည် ဘုရားသခင်ခန့်အပ်ထားသော တာဝန်များကို ထမ်းဆောင်ရန် လူတိုအား စွမ်းအားပေးခြင်းဖြစ်သည်။ ဘုရားသခင်၏ ဝိညာဉ် တော်သည် ရှင်ဘုရင်ကဲ့သို သူတိုကို ဘိသိတ်ပေးပြီးနောက် ရှောလုနှင့်ဒါဝိဒ်မင်းထံသို ဆင်း သက်ခဲ့သည် (၁ ရာ ၁၀း၁၀၊ ၁၆း၁၃)။ သန့်ရှင်းသော ဝိညာဉ်တော်၏ တန်ခိုးသည် ပရောဖတ် ပြုခြင်း (၁ ရာ ၁၀း၆)နှင့် တိုက်ပွဲတွင် အောင်မြင်ခြင်း (၁ ရာ ၁၁း၆)ကို ပေးခဲ့သည်။
စတုတ္ထအချက်မှာ ဓမ္မရာဇဝင် စတုတ္ထစောင်သည် အပြစ်၏ ပုဂ္ဂိုလ်ဆိုင်ရာနှင့် လူမျိုးရေး၊ ဆိုင်ရာ အကျိုးဆက်များကို ဖော်ပြသည်။ ဧလိနှင့် သူ့သားများ၏အပြစ်သည် သူတိုသေခြင်း ၌ ရလဒ် ရရှိခဲ့သည် (၁ ရာ ၂း၁၂-၁၇၊ ၂၂- ၂၅၊ ၃း၁၀-၁၄၊ ၄း၁၇၊ ၁၈)။ ပဋိညာဉ် သေတ္တာတော်ကို ရိုသေမှုမရှိခြင်း သည် ဣသ ရေလလူမျိုးများစွာကို သေစေခဲ့သည် (၁ရာ ၆း၁၉၊ ၂ ရာ ၆း၆၊ ၇)။ ရှောလု၏ နာမခံခြင်း သည် ဘုရားသခင်၏ တရားစီရင်ခြင်းကို ဖြစ် စေပြီး၊ သူသည် ဣသရေလကို အုပ်ချုပ်သည့် ” ဘုရင်အဖြစ်မှ ငြင်းပယ်ခံခဲ့ရသည် (၁ ရာ ၁၃း၉၊ ၁၃၊ ၁၄၊ ၁၅း၈၊ ၉၊ ၂၀-၂၃)။ ဒါဝိဒ်သည် သူတပါးသားမယားကို ပြစ်မှားမှုနှင့် လူ့အသက်သတ်ခြင်းကို ဝန်ခံခဲ့၍ ခွင့်လွှတ်ခြင်း ရခဲ့သော် လည်း (၂ ရာ ၁၂း၁၃)၊ သူ့အပြစ်ကြောင့် လွှရှောင်မရ သည့်အရာများ၊ ဘေးဒုက္ခများ ကြုံတွေ့ခဲ့ ရသည် (၂ ရာ ၁၂း၁၄)။
ဓမ္မရာဇဝင် ပထမစောင်ရှိ အဓိက ဝေါဟာရများ ၊
နားထောင်ကြလော့ – ဟေဗြဲဝေါဟာရ – shama – ၁း၁၃၊ ၂း၂၃၊ ၄း၁၄၊ ၇း၉၊ ၈း၁၈၊ ၁၇း၁၁၊ ၂၃း၁၁၊ ၂၅း၂၄ – “နားထောင်သည်” (သို) “လိုက်နာသည်”ဟူသော အဓိပ္ပာယ်လည်းဖြစ်သည်။ ဤဓမ္မဟောင်းဝေါဟာရသည် အကြိမ်ပေါင်း (၁၁၀၀) ကျော်တွေ့ရှိရသည်။ ဆိုလိုရင်းမှာ နားထောင် သူသည် ၄င်း၏အာရုံအားလုံးကို စကားပြောသူအတွက် ပေးရခြင်း ဖြစ်သည်။ အချိုသောကိစ္စရပ်များ တွင် နားထောင်ခြင်းထက်သာလွန်ပြီး ကြားနာသောအရာကို နာခံသည်။ အာဗြဟံသည် နားထောင် ခြင်းအတွက် သာမက နာခံခြင်းကြောင့် ကောင်းကြီးခံစားရပါသည် (က ၂၂း၁၈)။ ဤစကားလုံးကို နာခံခြင်းဟူ ၍ အနက်ဖွင့်ဆိုထားသည်။ ဓမ္မရာဇဝင် ပထမစောင် အခန်းကြီး ၃ ၌ ရှမွေလသည် ထာဝရဘုရား၏ နှုတ်ကပတ်တော်အား ကြားနာ၍ လိုက်နာရန် ဆုံးဖြတ်ခဲ့သည်။ ဤလူငယ်လေး ရှမွေလသည် ဘုရားသခင်၏ စိတ်နှင့်တွေ့သော အမှုတော်ဆောင်တစ်ဦး၏ နာမူနာအဖြစ် ထာဝရ ဘုရား၏ နှုတ်ကပတ်တော်ကို အစဉ်အမြဲ နာယူလက်ခံကျင့်သုံးသူ တစ်ဦးဖြစ်သည်။
ရှင်ဘုရင် – ဟေဗြဲဝေါဟာရ melek – ၂း၁၀၊ ၈၆၊ ၁၀း၂၄၊ ၁၅:၁၁၊ ၁၈း၂၂၊ ၂၁း၁၁-၁၆၊ ၂၄း၂ဝ – မြိုငယ်တစ်စု၏ အုပ်ချုပ်သူအဖြစ် (ယောရှု ၁၀း၃) (သို) ကြီးမားကျယ်ပြန့်သော အင် ပါယာတစ်ခု၏ ရှင်ဘုရင်အဖြစ် အဓိပ္ပာယ်ပေါ်သည် (ဧသ ၁း၁-၅)။ ရှေးခေတ်ရှင်ဘုရင်၏ စစ်ရေး အပါအဝင် တရားစီရင်ခွင့် (၈း၂၀)၊ စီးပွားရေး (၃ ရာ ၁၀း ၂၆-၂၉)၊ နိုင်ငံတကာဆက်ဆံရေး (၃ ရာ ၅း၁-၁၁)နှင့် ဥပဒေပြဋ္ဌာန်းခြင်းစနစ် (၂ ရာ ၈း၁၅) စသည်တို ပါဝင်သည်။ ဣသရေလ ရှင်ဘုရင်တို အနေဖြင့် ယဇ်ပုရောဟိတ်ကျင့်စဉ်များအား ဆောင်ရွက်ခြင်းမှ တားမြစ်ထားသော် လည်း (၁၃း၉-၁၄) ရှင်ဘုရင်သည် တစ်ခါတစ်ရံ ဝိညာဉ်ရေးရာ ခေါင်းဆောင်အဖြစ် ဦးဆောင်ခဲ့ သည် (၄ ရာ ၂၃း၁-၂၄)။ သမ္မာကျမ်းစာ၌ ဒါဝိဒ်မင်းကြီးအား ထာဝရဘုရားအပေါ်၌ သစ္စာရှိစွာ အမှုတော်ထမ်းရွက်သည့် ဖြောင့်မတ်သောမင်းကြီးအဖြစ် နမူနာပေးထားသည် (တ ၁၃း၂၂)။ ထာဝရဘုရားမှာ ဒါဝိဒ်မင်းထံသို ထာဝရနိုင်ငံတော်အား ကတိပေးခဲ့ရာတွင် ဒါဝိဒ်၏ တော်ဝင်မျိုး ဆက်ဖြစ်သည့် သခင်ယေရှုအားဖြင့် ပြီးပြည့်စုံခဲ့သည် (လု ၁၂:၄)။
လုံးဝဖျက်ဆီးခြင်း – ဟေဗြဲဝေါဟာရ – charm – ၁၅း၃၊ ၈၊ ၉၊ ၁၅၊ ၁၈၊ ၂၀ – မကောင်းသော အမှုအရာ၊ မသင့်တော်သောအရာတိုအား သီးသန့်ခွဲခြားထားရှိခြင်း၊ အထူးသဖြင့် ရုပ်တုကိုးကွယ် ခြင်းနှင့် ဆက်နွယ်သည့် ညစ်ညမ်းခြင်းမျိုး ဖြစ်သည်။ ရှေးခေတ်ကာလများ၌ အထွတ်အမြတ်ထား ရှိသည့် တစ်စုံတစ်ခုအား ညစ်ညူးစေခဲ့သည်ဟု ထင်မှတ်မှုရှိခဲ့ပါက ဖျက်ဆီးခြင်းခံရမည်ဖြစ်သည်။ တရားဟော ၁၃း၁၂ အရ၊ ဣသရေလလူမျိုးအားလုံးက မကောင်းသောသူများအားလုံးနှင့် မကောင်း ဟု ယူဆသော လူမျိုးပစ္စည်းများအားလုံးကို ဖျက်ဆီးပစ်ရမည်ဖြစ်သည်။ ပညတ်ချက်တိုကို ကျူးလွန် ခြင်းသည့် အာခန်နှင့်သူ၏သား (ယောရှု ၇)၊ ရှောလု၏ ထီးနန်းပလ္လင်တိုသည် အဖိုးအခအဖြစ် ပေးဆပ်ခဲ့ကြရသည် (၁၅း၉-၁၁)။ ရှင်ပေါလုမှ လူသားအားလုံးတိုသည် အပြစ်ဒုစရိုက် ကျူးလွန် သူများဖြစ်ကြပြီး အကျိုးဆက်မှာ အားလုံးညစ်ညမ်းခဲ့ကြပြီး ဖျက်ဆီးရန်အတွက် ထိုက်တန်သူများ ဖြစ်ကြောင်း ဖော်ပြထားသည်။ သိုသည့်တိုင်အောင် ထာဝရဘုရားသည် ခရစ်တော်အား ယုံကြည် လက်ခံသော သူတိုကို ကယ်တင်ရန်အတွက် သူ၏ကရုဏာတော်အားဖြင့် ရွေးချယ်ခဲ့ပါသည် (ရော ၃း၁၀-၂၆)။
ဓမ္မရာဇဝင် ပထမစောင်၌ ခရစ်တော်
ဟန္ဒ၏ ဆုတောင်းခြင်းသည် ဘုရားသခင်အားဖြင့် အနာဂတ် ဘိသိတ်ခံရင်ဘုရင်တစ်ပါး ပေးခြင်းအ ကြောင်း ပါဝင်သည် (၂း၁၀)။ မေရှိယဟုခေါ်သော ထိုဘိသိတ်ခံသူသည် ဒါဝိဒ်၏ ရာဇပလ္လင်ကို ထာဝ ရတည် ထောင်ရန် ဘုရားသခင်၏ ကတိတော်ပြည့် စုံစေလိမ့်မည်ဖြစ်သည်။
ဓမ္မရာဇဝင် ပထမစောင်ရှိ အဓိကဩဝါဒများ
ဒါ8ဒ်နှင့်ပြုသော ပဋိညာဉ် – ဒါဝိဒ်၏ ရာဇပလ္လင်နှင့် နိုင်ငံတော် ထာဝရတည်မည်ဖြစ်ကြောင်း ဘုရားသခင် ၏ကတိတော် (၂း၁၀၊ က ၄၉း၈-၁၂၊ တော ၂၄း၇-၉၊ ၁၇-၁၉၊ ၄ ရာ ၈း၁၉၊ ၆ ရာ ၁၃း၅၊ ၂၁း၇၊ ဆာ ၈၉း၂ဝ-၃၇၊ ဟေရှာ ၁၆း၅၊ တ ၁၅း၁၆-၁၈၊ ဗျာ ၂၂း၁၆)
သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် – ဘုရားသခင်ပေးအပ်သည့် တာဝန်များအတွက် လူများ အပေါ် တန်ခိုးသွန်းလောင်းခြင်း (၁၀း၆၊ ၁ဝ၊ ၁၆း၁၃၊ တော ၁၁း၂၅၊ ၂၉၊ သူကြီး ၁၄း၆၊ ၂၇း၁၈၊ မ ၄း၁၊ ၂၈း၁၉၊ ၂၀၊ မာ ၁၃း၁၁၊ လု ၁း၃၅၊ ယော ၁၄း၁၆၊ ၁၇၊ တ ၁း၈၊ ၂း၄၊ ရော ၈း၅၊ ၆၊ ဂလ ၈း၁၆-၁၈၊ ယာ ၅၊ ၆)
အပြစ် -ဣသရေလ၏အပြစ်သည် လူပုဂ္ဂိုလ်နှင့် လူမျိုးအပေါ် အကျိုးဆက်အဖြစ် ဖန်တီးခဲ့ (၃း၁၀-၁၄၊ ၄း၁၇၊ ၁၈၊ ၆း၁၉၊ ၁၃း၉၊ ၁၃၊ ၁၄၊ ၁၅း၈၊ ၉၊ ၂၀-၂၃၊ က ၃၊ တော ၄း၁၅၊ ၁၅း၃၀၊ ၃၁၊ ၃ ရာ ၁၁း၃၈၊ ၁၃း၃၄၊ ၄ ရာ ၂၁း၁၂၊ ဆာ ၁၀၆း၄၃၊ ဟေရှာ ၂၂း၁၄၊ ယေ ၁၉း၃၊ ယေဇ ၇း၃၊ ၁၈း၃ဝ၊ ယော ၈း၃၄၊ ရော ၂း၅၊ ဟေဗြဲ ၁၀း၄၊ ၂၆-၃၁)
ဓမ္မရာဇဝင် ဒုတိယစောင်ရှိ အဓိကဩဝါဒများ ၊
ဒါဝိဒ်နှင့်ပြုသော ပဋိညာဉ် – ဒါဝိဒ်၏ ရာဇပလ္လင်နှင့် နိုင်ငံတော် ထာဝရတည်မည်ဖြစ်ကြောင်း ဘုရားသခင်၏ကတိတော် (၇း၁၂-၁၆၊ ၂၂း၅၁၊ ၁ ရာ တွင် ဒါဝိဒ်နှင့်ပြုသော ပဋိညာဉ် များအတွက် အခြားကိုးကားမှုများကိုကြည့်ပါ)
မေရှိယ – ဘုရားသခင်အား ဆန့်ကျင်သော လူမျိုးအပေါင်းတိုကို အောင်နိုင်မည့် ဘိသိတ်ခံ ဘုရင်ဖြစ်လိမ့်မည်ဟု နာသန်က ဒါဝိဒ်အား ကြိုပြော (၇း၁၂-၁၆၊ ၂၂:၅၁၊ မ ၁း၁၆၊ ၁၇၊ ၂၂း၂၂၊ မာ ၁း၁၊ ယော ၇း၄၂၊ တ ၂း၃၀-၃၃) ၊
အပြစ် – ဣသရေလ၏အပြစ်သည် လူပုဂ္ဂိုလ်နှင့် လူမျိုးအပေါ် အကျိုးဆက်အဖြစ် ဖန်တီးခဲ့ (၆း၆၊ ၇၊ ၁၂:၁၃၊ ၁၄ အပြင်အတွက် အခြားအကိုးအကားများကို ၁ရာတွင်ကြည့်ပါ။)
ဓမ္မရာဇဝင် ပထမစောင်ကို ဘုရားသခင်၏ ဂုဏ်အင်္ဂါလက္ခဏာများ
ဘုရားသခင်သည် သန့်ရှင်းသောဘုရား – ၂း၂
ဘုရားသခင်သည် တန်ခိုးကြီးသော ဘုရား – ၁၄း၆
ဘုရားသခင်သည် တူညီမစသော ဘုရား – ၂း၇၊ ၆း၇-၁ဝ၊ ၁၂ ၊၃၀း၆
ဘုရားသခင်သည် ဖြောင့်မတ်သော ဘုရား – ၁၂း၇
ဘုရားသခင်သည် အရာရာပိုင်သအုပ်စိုးသော ဘုရား – ၉း၁၇၊ ၁၆း၁၂၊ ၁၃၊ ၂၄း၂၀
ဘုရားသခင်သည် ဉာဏ်ပညာရှိသော ဘုရား – ၂း၃
ဘုရားသခင်သည် အမျက်ဒေါသထွက်သော ဘုရား – ၅း၆၊ ၆း၁၉၊ ၇း၁၀၊ ၃၁း၆
ဓမ္မရာဇဝင် ဒုတိယစောင်ရှိ ဘုရားသခင်၏ ဂုဏ်အင်္ဂါလက္ခဏာများ
ဘုရားသခင်သည် သနားကြင်နာသော ဘုရား – ၂း၆
ဘုရားသခင်သည် ကတိတော်ကို စောင့်ထိန်းသော ဘုရား – ၇း၁ ၂ ၊၁၃
ဘုရားသခင်သည် တူညီမစသော ဘုရား – ၁၇း၁၄၊ ၁၅
ဘုရားသခင်သည် စစ်မှန်သော ဘုရား – ၂း၆ ၊
ဘုရားသခင်သည် အတုမရှိသော ဘုရား – ၇း၂၂
ဘုရားသခင်သည် အနှိုင်းမဲ့သော ဘုရား – ၇း၂၂
ဘုရားသခင်သည် ဉာဏ်ပညာရှိသော ဘုရား – ၇း၂ဝ
ဘုရားသခင်သည် အမျက်ဒေါသထွက်သော ဘုရား – ၆း၇၊ ၂၁း၁၊ ၂၄း၁၊ ၁၅ ၁၇
အနက်အဓိပ္ပာယ်ဆိုင်ရာ အခက်အခဲများ ၊
ဓမ္မရာဇဝင် ပထမစောင်နှင့်ဒုတိယစောင်တို့သည် အနက်ဖွင့်ရာတွင် ခက်ခဲသည့် အ ကြောင်းအရာ များစွာ ပါဝင်သည်။ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးငြင်းခုန်ကြသည့် အရာ (၁) မည်သည့် ရှေးလက်ရေးမူသည် မူရင်း ၊ နှင့် အနီးစပ်ဆုံးဖြစ်သနည်း၊ စံဟေဗြဲစာ သား (Masonetic) အား ဆက်နွယ်မှု အား အလွန်နည်းပါးပြီး၊ စက်တူးဂျန့်ကျမ်းသည် ထိုအရာနှင့် ကွဲပြားသည်။ ထိုကြောင့် မူရင်း ကျမ်း ကူးယူမှုကို အတိအကျဖတ်ခြင်းသည် ဆုံးဖြတ်ရန် ခက်ခဲသည့် နေရာများရှိသည် (၁ ရော ၁၃း၁)။ NKJV သည် မဖြစ်စ လောက် မှတ်စုများတွင် သိသိသာသာကွဲ
ဓမ္မရာဇဝင် ဒုတိယစောင်၌ ခရစ်တော်
၂ ရာ ၇း၁၂-၁၆ ရှိ အကျဉ်းချုပ်ဖော်ပြထားသော ဒါဝိဒ်နှင့်ပြုသည့် ပဋိညာဉ်သည် ဒါဝိဒ်၏ နိုင်ငံတော်ကို ထာဝရအထိ ဖြစ်စေမည့်အကြောင်း ဖော် ပြထားသည်။ ခရစ်တော်သည် ဒါဝိဒ်၏ တော်ဝင် မျိုးဆက်မှ တိုက် ရိုက်မျိုးဆက် မေရှိယကဲ့သို ဤပဋိ ညာဉ်ကို ပြည့်စုံစေသည်။ ၂ ရာတွင် မှတ်တမ်းတင် ထားသည့် ဒါဝိဒ်၏အ သက်တာသည် ခရစ်တော် အနာဂတ်နိုင်ငံတော်၏ ရှေ့ပြေးပုံရိပ်ဖြစ်သည်။
ပြားသော မှတ်ချက်များနှင့်အတူ Misoretic စာသားကို အသုံးပြုသည်။ Mesoretic စာသား သည် သဒ္ဒါ (သို) ရှေ့-နောက်ဆက်စပ်မှုအရ မဟုတ်ပါက မူရင်းစာသားကို ကိုယ်စားပြုသည် ယူဆရသည်။ ထိုအရာသည် ကိန်းဂဏန်း ကွဲပြားခြားနားမှု များစွာကို ဖော်ပြသည်။ (၂) ရှမွေလ သည် ဣသရေလနိုင်ငံတွင် လူသားဘုရင်စနစ်တစ်ခုကို အစပြုရန် တွန့်ဆုတ်နေပါသလား ၁ ရာ ၉-၁၁ သည် ရှင်ဘုရင်ဖြစ်ခြင်းကို အပြုသဘောဖြင့် ရှုမြင်သော်လည်း ၁ ရာ ၈ နှင့် ၁၂ တိုသည် ဣသရေလနိုင်ငံတွင် ရှင်ဘုရင်ဖြစ်ခြင်းကို ပြင်းပြင်းထန်ထန် ဆန့်ကျင်သည်ဟု ဆိုကြ သည်။ သိုသော် ဤစာအုပ်သည် လူ့ ဘုရင်ဖြစ်ခြင်း၏ မျှတသောအမြင် တစ်ခုကဲ့သို မြင်ခြင်း သည် အကောင်း ဆုံးဖြစ်သည်။ ဣသရေလလူမျိုးကို ရှင်ဘုရင်အရာ၌ ခန့်ထားခြင်းအတွက် လက်ခံနိုင်သော်လည်း (တရားဟော ၁၇း၁၅)၊ ဘုရင်တစ်ပါးလိုချင်သော အကြောင်းပြချက်သည် ဘုရားသခင်ကို မယုံကြည်ကြောင်း ပြသခြင်းဖြစ် သည်။ (၃) ပရောဖက်တစ်ဦး၏ ထူးခြားသော အပြုအမူကို လူတစ်ဦးက မည်သို ရှင်းပြမည်နည်း။ ဓမ္မရာဇဝင် ပထမနှင့် ဒုတိယစောင်တိုကို ပရောဖတ်များအား အခြားလူမျိုးများ၏ အယူမှားပရောဖတ်များနည်းတူ ထူးဆန်း သည့် အပြုအမူများဖြင့် ပရောဖက်များကို တင်ပြသည်ဟု အများအားဖြင့် သတ်မှတ်ထားသည်။ သို သော် စာသားထဲတွင် ပရောဖက်များသည် ဘုရားသခင်ဖွင့်ပြချက်အား ဆက်သွယ်ပြောဆိုသူ များအဖြစ် ရှုမြင်ခြင်းနှင့် တစ်ခါတစ်ရံ တေးဂီတနှင့်အတူ ပရောဖက်ပြုခြင်းနှင့် ကွဲပြားမှု မရှိပေ။ (၄) ပင်တေကုတ္တေပွဲနေ့မတိုင်မီ သန့်ရှင်းသော ဝိညာဉ်တော်သည် မည်သို အမှုဆောင်ခဲ့သနည်း။ ၁ ရာ ၁၀း၆၊ ၁၀၊ ၁၁း၁၆၊ ၁၆း၁၃၊ ၁၄၊ ၁၉း၂၀၊ ၂၃၊ နှင့် ၂ ရာ ၂၃း၂ တိုတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုသည် ဓမ္မသစ်ကျမ်းအနှစ်သာရ၌ ကယ်တင်ခြင်းအကြောင်း ဖော် ပြချက်မဟုတ်သော်လည်း၊ သူ၏အစေကိုခံရန်အတွက် ဘုရားသခင်သည် သွန်းလောင်းပေးခြင်း ဖြစ်သည် (သူကြီး ၃း၁၀၊ ၆း၃၄၊ ၁၁း၂၉၊ ၁၃း၂၅၊ ၁၄း၆၊ ၁၉၊ ၁၅း၁၄)။ (၅) “ဘုရားသခင် ထံမှ မကောင်းသောဝိညာဉ်”ဆိုသည်မှာ အဘယ်လက္ခဏာ ဖြစ်သနည်း။ နှလုံးသား၌ ဘုရားသခင် ဖန်တီးသော မကျေနပ်မှု (သို) နတ်ဆိုးဝိညာဉ်ရှိသူ တစ်ဦးလား (သူကြီး ၉း၂၃)။ ခံယူချက်အားဖြင့် ထိုအရာကို နတ်ဆိုးတစ် ဦးကဲ့သို ရှုမြင်ခဲ့ကြသည်။ (၆) ၁ ရာ ၂၈း၃-၅ တွင် ရှမွေလသည် မည်သို ပေါ်ထွက်လာခဲ့သနည်း။ ရှမွေလ၏ ပုံပန်းသဏ္ဌာန်အား သေနေသောသူ့ကို ရှောလုနှင့် စကားပြောခွင့်ပြုရန် ဘုရားသခင်က ခွင့်ပြုခြင်း ဖြစ်ကြောင်း နားလည်ခြင်းသည် အကောင်း ဆုံးဖြစ်သည်။ (၇) ၂ ရာ ၇း၁၂-၁၅ တွင် ဒါဝိဒ်၏ မျိုးဆက်ကို ပုံဖော်ထားမှုမှာ အဘယ်နည်း။ ရှောလမုန်ဟု ယူဆလေ့ရှိသည်။ သိုသော်လည်း ဓမ္မသစ်ကျမ်းတွင်မူ ထိုဝေါဟာရကို ဘုရား သခင်၏ သားတော်ယေရှုကို ရည်ညွှန်းသည် (ဟေဗြဲ ၁း၅)။
ဓမ္မရာဇဝင် ဒုတိယစောင်ရှိ အဓိက ဝေါဟာရများ
သေတ္တာ – ဟေဝေါဟာရ – >aron – ၆:၂၊ ၄၊ ၁၀၊ ၁၂၊ ၁၇၊ ၇း၂၊ ၁၁း၁၁၊ ၁၅:၂၄ – “သေတ္တာ” (သို) “တလား” (က ၅၀း၂၆)ဟု အနက်ပြန်ဆိုနိုင်သော်လည်း၊ “ပဋိညာဉ်သေတ္တာ”ဟု အဓိပ္ပာယ် ရှိသည့် >aron haberit ဟူသည့် စကားစု၌ မကြာခဏ တွေ့ရသည်။ သေတ္တာတော်ကို သစ်သား ပေါ်တွင် ရွှေဖြင့်မွမ်းမံထားပြီး (ထွက် ၂၀း၁၀-၂၂)၊ ပညတ်တော် (၁၀) ပါး (ထွက် ၄၀း၂၀)၊ အာရုန်၏လှံတံ၊ မန္ဒမုန့် (ဟေဗြဲ ၉း၄)တို ထည့်ထားသည်။ ဘုရားသခင် နှင့်ပြုလုပ်သည့် ဣသရေလ တို၏ ပဋိညာဉ်နှင့် သူတိုအလယ်တွင် ဘုရားသခင်ရှိခြင်းကို သတိရခြင်းကဲ့သို အသန့်ရှင်းဆုံးအရပ် တွင် တည်ထားသည်။ ဣသရေလလူမျိုးသည် သေတ္တာတော်ကို အလေးမထားမှု ဖြစ်လာသောအခါ (၁ ရာ ၄း၁-၁၁)၊ ဘုရားသခင်က သူတိုနှင့်ပဋိညာဉ်ဖွဲ ထားသော ဆက်ဆံရေးသည် သင်္ကေတများ နှင့် အယူသီးမှုများကို ကျော်လွန်ကြောင်း ဖော်ပြရန် သူတိုအား ဖမ်းဆီးခေါ်ဆောင်ခြင်းအမှုကို ခွင့်ပြုခဲ့သည်။ သူအလိုရှိသောအရာသည် သူ့ပဋိညာဉ်ကို ဆက်လက်နာခံရန်ဖြစ်ပြီး၊ သူ့ထံ စိတ်နှလုံး အကြွင်းမဲ့ ဝန်ခံစေလိုသည် (ဆာ ၅၁း၅၇၊ ဟေရှာ ၅၇း၁၅)။
ယေရုရှလင် – ဟေဗြဲဝေါဟာရ – yerushalaim – ၅:၅၊ ၈း၇၊ ၁၁း၁၊ ၁၅း၈၊ ၂၉၊ ၁၆း၁၅၊ ၁၇း၂၀၊ ၁၉း၁၉၊ ၂၄း၁၆ – “ငြိမ်းချမ်းခြင်း”ဟူသော ဝေါဟာရနှင့် ဆက်နွယ်သည်။ ဒါဝိဒ်မင်းအုပ် ချုပ်ချိန်တွင် ယေရုရှလင်သည် ဣသရေလနိုင်ငံ၏ နိုင်ငံရေးနှင့် ဘာသာရေးမြိုတော်ဖြစ်လာပြီး ဘုရားသခင်၏ ရွေးနှုတ်ခြင်းအစီအစဉ်အတွက် အဓိကနေရာ ဖြစ်လာသည်။ ယေရုရှလင်သည် ဘုရားသခင်၏ မြိုတော် (ဆာ ၈၇း၁-၃)၊ ဘုရားသခင်သည် သူ့နာမတော် တည်ထားသောနေရာ (၄ ရာ ၂း၁၄)၊ ကယ်တင်ရာ နေရာ (ဟေရှာ ၄၆း၁၃)၊ ဘုရားသခင်၏ ရာဇပလ္လင် (ယေ ၃း၁၇)၊ သန့်ရှင်းသောမြိုတော် (ဟေရှာ ၅၂း၁) စသည်ဖြင့် ဓမ္မဟောင်းကျမ်းတွင် အမျိုးမျိုးဖော်ပြထား သည်။ ပရောဖတ်များက ယေရုရှလင်သည် သူ့အပြစ်ကြောင့် စီရင်ခြင်းခံရလိမ့်ဖြစ်သော အချိန်တစ် ခုကို ပြောထားခဲ့သော်လည်း (မိ ၄း၁၀-၁၂)၊ ကြေညာထားသော တရားစီရင်ခြင်းတွင် သူတိုကို ဘုန်းတော်ဖြင့် ပြန်လည်ထိန်းသိမ်းခြင်းအမှုကိုလည်း မြင်ရမည်ဖြစ်သည် (ဟေရှာ ၄၀း၂၊ ၄၄း၂၅-၂၈၊ ဒံ ၉း၂၊ ဇေ ၃း၁၆-၂၀)။ ယေရုရှလင်၏ ကယ်တင်ခြင်းအမှုပြုခံရသော ဗျာဒိတ်တော်သည် သူ့လူမျိုးတော်အားလုံး စုစည်းမည့် ယေရုရှလင်မြိုသစ်အတွက် မျှော်လင့်ခြင်းလည်း ပါဝင်ခဲ့သည် (ဟေရှာ ၆၅း၁၇-၁၉၊ ဗျာ ၂၁း၁၊ ၂)။
သူရဲ – ဟေဗြဲဝေါဟာရ – gibbor – ၁း၂၅၊ ၁၀း၇၊ ၁၆း၆၊ ၁၇း၈၊ ၂၀း၇၊ ၂၃း၈၊ ၂၂ – မြင့်မြတ်ခြင်း (သို) သာမန်မ ဟုတ်သည့် အရည်အသွေးကို အလေးအနက်ပြုသည်။ ဓမ္မဟောင်းကျမ်းတွင် ထိုအရာ ကို ခြင်္သေ့တစ်ကောင်၏ ခွန်အားကြီးခြင်း (သု ၃၀း၃၀)၊ လူကောင်း (သို) လူဆိုး (က ၁၀း၉၊ ၅ ရာ ၁၉း၈)၊ ကြီးမားသည့်လူများ (က ၆း၄)၊ ကောင်းကင်တမန်များ (ဆာ ၁၀၃း၂၀) (သို) ဘုရား သခင် (တရားဟော ၁၀း၁၇၊ နေ ၉း၃၂) စသည်တိုအတွက် အသုံးပြုခဲ့သည်။ သမ္မာကျမ်းစာသည် သူရဲသည် သူ့ခွန်အားကြောင့် အောင်မြင်ခြင်းမဟုတ်ဘဲ (ဆာ ၃၃း၁၆)၊ ဘုရားသခင်အား သူသည် နားလည်ခြင်းနှင့် သိမြင်သောဉာဏ်ရှိခြင်းကြောင့်ဟု (ယေ ၉း၂၃-၂၄) ဖော်ပြသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်ဟူသော စကားစုသည် ဓမ္မဟောင်းကျမ်းတွင် သုံးကြိမ်တိုင် အသုံးပြုခဲ့ပြီး၊ ယေရှု၏မွေး ဖွားခြင်းအကြောင်း ဟေရှာယ၏ မေရှိယဆိုင်ရာ ပရောဖက်ပြုချက် အပါအဝင်ဖြစ်သည် (ဟေရှာ ၉း၆၊ ၁၀း၂၁၊ ယေ ၃၂း၁၈)။
အကျဉ်းချုပ် ကောက်နှုတ်ချက် – ဓမ္မရာဇဝင် ပထမစောင်
၁။ ရှမွေလ – ဣသရေလ၏ ပရောဖတ်နှင့် တရားသူကြီး (၁း၁-၁း၇)
က။ ပရောဖက် ရှမွေလ (၁း၁-၄း၁)
၁) ရှမွေလ မွေးဖွားခြင်း (၁း၁-၂၈)
၂) ဟန္န၏ ဆုတောင်းချက် (၂း၁-၁၀)
၃) ရှမွေလ ကြီးထွားခြင်း (၂း၁၁-၂၆)
၄) ဧလိ၏မိသားစုကို ဆန့်ကျင်သော ပရောဖက်ပြုချက် (၂း၂၇-၃၆)
၅) ရှမွေလအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော် (၃း၁-၄း၁) ၊
ခ။ တရားသူကြီး ရှမွေလ (၄း၁-၇း၁၇)
၁) သေတ္တာတော် ပုံပြင် (၄း၁-၇း၁)
၂) ဖိလိတ္တိလူမျိုးကို ဣသရေလ၏ အောင်မြင်ခြင်းနှင့် ရှမွေလ၏ တရားသူကြီးအမှုပြုခြင်း (၇း၂-၁၇)
၂။ ရှောလု – ဣသရေလလူမျိုးအုပ်စိုးသော ပထမရှင်ဘုရင် (၈း၁-၁၅း၃၅)
က။ ရှင်ဘုရင်ဖြစ်ရန် ရှောလု ပေါ်ထွက်လာခြင်း (၈း၁-၁၂း၂၅)
၁) ရှင်ဘုရင်တစ်ဦးအတွက် ဣသရေလလူမျိုး တောင်းဆိုမှု (၈း၁-၂၂)
၂) ရှောလု ရှင်ဘုရင်ဖြစ်လာခြင်း ဖြစ်စဉ် (၉း၁-၁၁း၁၃) ၊
၃) ရှင်ဘုရင်နှင့်ပတ်သက်ပြီး ဣသရေလကို ရှမွေလ သတိပေးခြင်း (၁၁း၁၄-၁၂:၂၅) ၊
ခ။ ရှင်ဘုရင်ဖြစ်ခြင်း၌ ရှောလု၏ ကျရှုးမှု (၁၃း၁-၁၅:၃၅)
၁) ရှောလုကို ဆုံးမခြင်း (၁၃း၁-၁၅)
၂) ရှောလုတိုက်ခဲ့သော စစ်ပွဲများ (၁၃း၁၆-၁၄း၅၂)
၃) ရှောလုကို ငြင်းပယ်ခြင်း (၁၅း၁-၃၅) ၊
၃။ ဒါဝိဒ်နှင့် ရှောလု – ဣသရေလတွင် ရှင်ဘုရင်အပြောင်းအလဲဖြစ်ခြင်း (၁၆း၁-၃၁း၁၃)
က။ ဒါဝိဒ်ကို မိတ်ဆက်ခြင်း (၁၆း၁-၁၇း၅၈) ၊
၁) ဒါဝိဒ်ကို ဘိသိတ်ပေးခြင်း (၁၆း၁-၁၃)
၂) ရှောလုနန်းတော်၌ ဒါဝိဒ် (၁၆း၁၄-၂၃)
၃) ဘုရားသခင်၏ စစ်သူရဲ ဒါဝိဒ် (၁၇း၁-၅၈)
ခ။ ရှောလု၏ နန်းတော်မှ ဒါဝိဒ်ထွက်ပြေးခြင်း (၁၈း၁-၂၀:၄၂)
၁) ဒါဝိဒ်ထံ ရှောလု၏ အမျက်ဒေါသနှင့် ကြောက်ရွံမှု (၁၈း၁-၃ဝ)
၂) ယောနသန်နှင့် မိခေလတိုမှ ဒါဝိဒ်အား ကာကွယ်ခြင်း (၁၉း၁-၂၀း၄၂)
ဂ။ ရှောလုလိုက်ခြင်းမှ ဒါဝိဒ်ထွက်ပြေးခြင်း (၂၁း၁-၂၈း၂)
၁) နောဗမြိုမှ ယဇ်ပုရောဟိတ်များကို ရှောလုသတ်ခြင်း (၂၁း၁-၂၂-၂၃)
၂) ရှောလု၏အသက်ကို ဒါဝိဒ်နှစ်ကြိမ်တိုင် လွှတ်ပေးခြင်း (၂၃း၁- ၂၆:၂၅)
၃) ဒါဝိဒ်၏ စိတ်ပျက်မှုနှင့် ဖိလိတ္တိတွင် ခိုအောင်းခြင်း (၂၇း၁- ၂၈း၂)
ဃ။ ရှောလု သေခြင်း (၂၈း၃-၃၁း၁၃)
၁) ရှောလု၏ နောက်ဆုံးည (၂၈း၃-၂၅) )
၂) ဖိလိတ္တိတိုမှ ဒါဝိဒ်အား နှင်ထုတ်ခြင်း (၂၉း၁-၁၁)
၃) အာမလက်ကို ဒါဝိဒ်ဖျက်ဆီးခြင်း (၃၀း၁-၃၁)
၄) လု၏ နောက်ဆုံးနေ့ (၃၁း၁-၁၃)
အကျဉ်းချုပ် ကောက်နှုတ်ချက် – ဓမ္မရာဇဝင် ဒုတိယစောင်
၁။ ဣသရေလလူမျိုးအပေါ် ရှင်ဘုရင်ကဲ့သို ဒါဝိဒ်အုပ်စိုးခြင်း (၁း၁-၂၀း၂၆)
က။ ယုဒလူမျိုးအပေါ် ရှင်ဘုရင်ဖြစ်ရန် ဒါဝိဒ်ကိုခန့်ထားခြင်း (၁း၁-၃း၅)
၁) ရှောလုနှင့်ယောနသန် သေခြင်း (၁း၁-၂၇)
၂) ယုဒလူမျိုးမှ ဒါဝိဒ်အား ဘိသိတ်ပေးခြင်း (၂း၁-၇)
၃) ရှောလု၏အိမ်ကို ဒါဝိဒ်အနိုင်ယူခြင်း (၂း၈-၃း၁)
၄) ဟေဗြုန်မြိုရှိ ဒါဝိဒ်၏ ဇနီးများ /သားများ (၃း၂-၅)
ခ။ ဣသရေလလူမျိုးအပေါ် ရှင်ဘုရင်ဖြစ်ရန် ဒါဝိဒ်ကို ခန့်ထားခြင်း (၃း၆-၅း၁၆)
၁) အာဗနာနှင့် ဣရှောရှက်တို သေခြင်း (၃း၆-၄း၁၂)
၂) ဣသရေလလူအားလုံးမှ ဒါဝိဒ်အား ဘိသိတ်ပေးခြင်း (၅း၁-၅) ၊
၃) ယေရုရှလင်ကို ဒါဝိဒ်တိုက်ခိုက်သိမ်းပိုက်ခြင်း (၅း၆-၁၂)
၄) ယေရုရှလင်၌ ဒါဝိဒ်၏ ဇနီးများ /သားများ (၅း၁၃-၁၆)
ဂ။ ဒါဝိဒ်၏ အောင်ပွဲခံ အုပ်စိုးခြင်း (၅း၁၇-၈း၁၈)
၁) ဖိလိတ္တိလူမျိုးကို ဒါဝိဒ်အောင်မြင်ခြင်း (၅း၁၇-၂၇)
၂) ဒါဝိဒ်၏ ဝိညာဉ်ရေးရာ အောင်မြင်ခြင်း (၆း၁-၇း၂၉)
၃) ဖိလိတ္တိ၊ မောဘ၊ အာမလက်နှင့် ဧဒုံလူမျိုးများကို ဒါဝိဒ်အနိုင်ယူခြင်း (၈း၁-၁၈)
ဃ။ ဒါဝိဒ်၏ ပြဿနာများတွင် အုပ်စိုးခြင်း (၉း၁-၂၀း၂၆) ၊
၁) မေဖိဗောရှက်အပေါ် ဒါဝိဒ်၏ ကြင်နာမှု (၉း၁-၁၃) ၊
၂) ဒါဝိဒ်၏ သူ့မယားပြစ်မှားခြင်းနှင့် လူသတ်ခြင်းအပြစ် (၁၀း၁-၁၂း၃၁)
၃) ဒါဝိဒ်၏ မိသားစုများ ဒုက္ခရောက်ခြင်း (၁၃း၁-၁၄း၃၃)
က) တာမာ အဓမ္မကျင့်ခံရခြင်း (၁၃း၁-၂၂)
ခ) အာမနုန် အသတ်ခံရခြင်း (၁၃း၂၃-၃၉)
ဂ) အဗရှလုံကို ပြန်ခေါ်ခြင်းနှင့် ပြန်လာခြင်း (၁၄း၁-၃၃)
၄) ဒါဝိဒ်ကို ပုန်ကန်ခြင်း (၁၅း၁-၂၀း၂၆)
က) အဗရှလုန်၏ ပုန်ကန်မှု (၁၅း၁-၁၉း၄၃)
ခ) ရှေဘ၏ ပုန်ကန်မှု (၂၀း၁-၂၆)
၂။ နိဂုံး (၂၁း၁-၂၄း၂၅)
က။ ပုန်ကန်သော ဣသရေလအပေါ် ဘုရားသခင်၏ တရားစီရင်မှု (၂၁း၁-၁၄)
ခ။ ဒါဝိဒ်၏ သူရဲကောင်းများ (၂၁း၁၅-၂၂) ၊
ဂ။ ဒါဝိဒ်၏ ချီးမွမ်းသီချင်း (၂၂း၁-၅၁)
ဃ။ ဒါဝိဒ်၏ နောက်ဆုံးစကားများ (၂၃း၁-၇)
င။ ဒါဝိဒ်၏ သူရဲများ (၂၃း၈-၃၉)
စ။ ဒါဝိဒ်အပေါ် ဘုရားသခင်၏ တရားစီရင်မှု (၂၄း၁-၂၅)
ဓမ္မရာဇဝင် ပထမစောင်နှင့် ဒုတိယစောင် အချိန်ကာလ၌ တမ္ဘာကြီးရှိ အခြားသောနေရာများ
ယနေ့အမေရိကန်ပြည်ထောင်စုအတွင်းရှိ နီဗားဒါးနှင့် ကယ်လီဖိုးနီး ယားဟု လူသိများသော ဒေသများ တွေင် ပင်တိုလူမျိုးအုပ်စုသည် ကြီးထွား ရှင်သန်လာ ပြီး ကျူပင်များ၊ သစ်သားများနှင့် အမွေးများဖြင့် ဆောက် လုပ်ထားသည့် တဲများဖြင့် နေထိုင်ကြသည်။ ဆံပင်တုများ အသုံးပြုခြင်းကို အီဂျစ်နှင့် အာရှုရိမင်းမျိုးနွယ်ဝင်တို့ တွင် ထင်ရှားလာသည်။
ခက်ခဲသော မေးခွန်းများအတွက် အဖြေများ
၁။ ဓမ္မရာဇဝင်ပထမစောင်နှင့် ဒုတိယစောင်၏ ကျန်ရှိနေသေးသော ရှေးလက်ရေးမူ ကို အလွန်အားနည်းစွာ ထိန်းသိမ်းထားခြင်းဖြစ်သည်ဟူသော အမြင်ကို ကျွန်ုပ်တို လက်ခံလျှင် ဘုရားသခင်နှုတ်မြွတ်စကားတော် အနေဖြင့် ဤစာအုပ်များအပေါ် ကျွန်ုပ် တို၏သဘောထား မည်သို ရှိသင့်သနည်း၊
ပေးထားသော အခက်အခဲများတွင် စာလိပ်များကို ကူးယူခြင်းနှင့်ထိန်းသိမ်းခြင်းများ ပါဝင်သည်။ ကျွန်ုပ်တိုတွင် ရှေးဟောင်းစာရွက်စာတမ်းများ ရှိနေခြင်းသည် အံ့ဩစရာဖြစ်သည်။ ကျွန်ုပ်တို၏ သဘောထား သည် ကျွန်ုပ်တိုကို စိတ်ရှုပ်ထွေးစေနိုင်သည်။ စိန်ခေါ်နိုင်သည့် အခက် အခဲများနှင့် ပတ်သက်၍ စိုးရိမ်ခြင်းထက် ကျွန်ုပ်တိုတွင် ခြားနားချက်အနည်းငယ်သာ ရှိသည် ကို အံ့အားသင့်ရန် ပိုမိုလေ့လာသင့်သည်။
ရှေးလက်ရေးမှုများအား ခွဲခြမ်းစိတ်ဖြာသည့် သိပ္ပံပညာရှိ ရှာဖွေတွေ့ရှိချက်များတွင် လက်ရေးစာရွက် များ ကူးယူသောအခါ များသောအားဖြင့် ပေါ်ပေါက်လေ့ရှိသော အမှားများ ရှိသည်။ ဥပမာအားဖြင့် စာသားနှစ် ကြောင်းသည် စကားလုံးတစ်လုံး (သို) စကားလုံးများ အတူတူ အဆုံးသတ်သောအခါ ကူရေးသူ၏ မျက်လုံးသည် ဒုတိယမျဉ်းကိုကျော်သွားပြီး ထိုအရာ လုံးဝဖျက်ပစ်လိုက်သည်။ စာမူများ၏ မူရင်းများနှင့် ပြန်လည်တည် ဆောက်ခြင်းအတာ ဂရုတစိုက် နှိင်းယှဉ်မှုများသည် စာရင်းသော အမှားများကို ဖော်ပြသည်။
ဓမ္မရာဇဝင် ပထမစောင်နှင့် ဒုတိယစောင်တိုတွင် ရှေးဟောင်းကျမ်းရင်းနှစ်မျိုးရှိသည်။ (၁) ဟေဗြဲဘာ သာအားဖြင့် ရေးသားထားသော Masoretic ကျမ်း၊ (၂) ဘီစီ ၁၀၀ ခန့်တွင် ဂျူကျမ်းပညာရှင်မှ ဂရိဘာသာဖြင့် ဘာသာပြန်ထားသော စက်တူးဂျန့် (LXX) တိုဖြစ်သည်။ ထိုနှစ်ခုကို နှိင်းယှဉ်ကြည့်ပါက ၄င်းတိုသည် အခြား ဓမ္မဟောင်းကျမ်းစာအုပ်များနှင့် နှိင်းယှဉ် လျှင် ပိုမိုကွဲပြားလေ့ရှိသည်။ ကိန်းဂဏန်းများနှင့်ပတ်သက်ပြီး စာသားများအကြား မကြာခဏ သဘောထားကွဲလွဲမှုများ ရှိသည်။ ထိုကွာဟချက်များကို သတ်မှတ်ရာတွင် Masoretic စာသား များ၏ သက်တမ်းနှင့် ဘာသာစကားကြောင့်၊ သဒ္ဒါနှင့်အခြေအနေတွင် ကူးယူခြင်း မှားယွင်း မှု မပါရှိပါက မူရင်းလက်ရေးမူများနှင့် အနီးစပ်ဆုံး တူညီသည်ဟု မှတ်ယူသည်။
ကျွန်ုပ်တိုတွင်ရှိသော ကျမ်းစာ၌ စာသားအမှားများ ဖြစ်နိုင်ခြေကို စဉ်းစားသောအခါ သတိရရမည့် အချက်မှာ အောက်ပါအချက်များဖြစ်သည်။ ခရစ်ယာန်ယုံကြည်မှု၏ အဓိက သွန်သင်ချက်များသည် မည်သည့်ကျမ်းချက်တစ်ချက်ပေါ်မှ အခြေပြုထားခြင်းမဟုတ်သကဲ့သို အငြင်းပွားနေသော ကျမ်းပိုဒ်များ ကိုလည်း မှီခိုခြင်းမရှိကြပေ။ ဘုရားသခင်၏ ကယ်တင်ခြင်း အစီအစဉ်နှင့် ခရစ်ယာန်သွန်သင်ချက်၏ အဓိက အကျဉ်းချုပ်ကို ကျမ်းစာတစ်အုပ်လုံးတွင် တွေ့နိုင်သည်။
၂။ မွေးရာဇဝင် ပထစောင်နှင့် ဒုတိယစောင်သည် ဓမ္မဟောင်းကျမ်းအချိန်၌ သန့်ရှင်းသော ဝိညာဉ်တော်၏ ကဏ္ဍကို ကျွန်ုပ်တိုနားလည်အောင် မည်သိုကူညီပေးသနည်း။
ဓမ္မရာဇဝင် ပထမစောင်နှင့် ဒုတိယစောင်တိုသည် ဓမ္မဟောင်းကျမ်း၌ သန့်ရှင်းသော ဝိညာဉ်တော်၏ ကဏ္ဍတစ်စိတ်တစ်ဒေသကို ဖော်ပြသည်။ အောက်ပါကျမ်းပိုဒ်များတွင် ဝိညာဉ် တော်၏ အသေးစိတ် လုပ်ဆောင်မှုများကို ဖော်ပြထားသည်။ ၁ ရာ ၁၀း၆၊ ၁ဝ၊ ၁၁း၆၊ ၁၆း၁၃၊၁၄ ၁၉း၂၀၊ ၂၃၊ ၂ ရာ ၂၃:၂။ သန့်ရှင်းသော ဝိညာဉ်တော်၏ သာသနာနှင့်ပတ်သက် ပြီး ဤကျမ်းတိုးများသည် များစွာသော ကောက်ချက် များကို ချပေးသည်။ (၁) ဝိညာဉ်တော်သည် သီးသန့်အလုပ် (သို) အခြေအနေတစ်ခုအတွက် ရွေးချယ်ထားသော လူတစ်ဦးအပေါ် အချိန် တစ်ခုတွင် “သက်ရောက်ခြင်း၊ (၂) ဝိညာဉ်တော်၏ သာသနာသည် လူများကို ထိန်းချုပ်ရန် မဟုတ်ခြင်း (၃) ဝိညာဉ်တော်၏ ကူညီမစမှုကို မျှော်လင့်ခြင်းသည် ပေးပိုင်ခွင့်ရှိသလို ရုပ်သိမ်း ဝင်ခွင့်လည်းရှိခြင်း၊ (၄) သန့်ရှင်းသော ဝိညာဉ်တော်သည် ဘုရားသခင်၏ သတင်းစကားကိုဆိုရန် (သို) ရေးသားရန် ရွေးချယ်ထားသောသူကို ခိုင်းစေခြင်း စသည်တိုဖြစ်သည်။
သခင်ယေရှုက သန့်ရှင်းသော ဝိညာဉ်တော် ကျိန်းဝပ်မည်ကို ကတိပြုခဲ့သည်။ အလg လာသည့် ပုံစံမျိုးဖြင့် မဟုတ်ပေ။ တစ်ခါတစ်ရံ ယုံကြည်သူများသည် အလုပ်တစ်ခုအတွက် သန့်ရှင်းသော ဝိညာဉ်တော် အားဖြင့် တန်ခိုးတစ်ခုကို ရရှိခြင်းအား ကြုံတွေ့ရနိုင်သည်။ သိုသော် သန့်ရှင်းသော ဝိညာဉ်တော် သာသနာ ပုံရိပ်သည် ဘုရားသခင်အားဖြင့် အပြင်ပိုင်း အလည် အပတ်ပုံစံမျိုး ဓမ္မဟောင်းကျမ်းမှ ယုံကြည်သူတစ်ဦး၏ အသက်တာ၌ ဘုရားသခင် နေထိုင် တည်ရှိခြင်းပုံစံ ဓမ္မသစ်ကျမ်းသို ပြောင်းလဲသွားသည်။
၃။ ဘုရင်များ၏ အုပ်ချုပ်မှုသည် ဘုရားသခင်၏ အစီအစဉ်တွင် တစ်ချိန်တည်း ရှိခဲ့ပါသလား။ သိုမဟုတ် ဘုရင်တစ်ပါးအား လူများတောင်းဆိုမှုသည် ဘုရားသခင်ပဲ့ပြင်ဆုံးမမှုတစ်ခုအနေ ဖြင့် ဘုရင်စနစ်တစ်ခုကို ဖြစ်ပေါ်စေခဲ့ပါသလား။
ဣသရေလလူမျိုးသည် ကတိတော်နယ်မြေသို ဝင်စားသောအခါ၊ ရှင်ဘုရင်များ အုပ်စိုး နေသော ခါနနိမြိုနယ်များနှင့် ရင်ဆိုင်တွေ့ခဲ့ကြသည် (ယော ၁၂၇-၁၄)။ နောက်ပိုင်း တရား သူကြီးများ အုပ်စိုးချိန်တွင်၊ ဣသရေလလူမျိုးသည် ရှင်ဘုရင်များဦးဆောင်သည့် နိုင်ငံများအား ဖြင့် ကျွန်ပြုခံရခြင်း၊ ဖိနှိပ်ခံရခြင်း ကြုံတွေ့ခဲ့ကြသည် (သူကြီး ၃း၈ ၁၂၊ ၄း၂၊ ၈း၅၊ ၁၁း၁၂)။ တရားဟောရာကျမ်းတွင်ရှင်ဘုရင်မရှိခြင်းအား အကြိမ်ကြိမ် ဖော်ပြထားသည် (တရား ၁၇၆၊ ၁၈၁၊ ၁၉၁၊ ၂၁:၂၅)။ ပတ်ဝန်းကျင်နိုင်ငံများတွင် ရှင်ဘုရင် တစ်ပါးရှိကြခြင်းသည် ကြီးမားသည့် သွေးဆောင်ခြင်းတစ်ခု ဖြစ်လာသည်။ သိုသော်လည်း တရားဟော ၁၇း၁၄ အရ ဘုရားသခင် သိခဲ့သည်မှာ ထိုအရာသည် သူတိုဆန္ဒရှိလိမ့်မည်ဖြစ်ကြောင်း၊ သူလည်းခွင့်ပြုပေးမည်ဖြစ် ကြောင်း ကြိုတင်ဟောခဲ့သည်။ ဓမ္မရာဇဝင် ပထမစောင် ၈း၄- ၂၀ သည် သူတို၏ စိတ်လှုဆော်မှု သည် ဘုရားသခင်အား လုံးဝငြင်းဆန်ကြောင်း ဖော်ပြသည်။
ဘုရင်တို့၏ ချိုယွင်းချက်များနှင့် ပတ်သက်ပြီး ရှမွေလ၏ ပြင်းထန်သော သတိပေးချက် များရှိသော် လည်း လူများက သူတိုသည် ရှင်ဘုရင်တစ်ပါး လိုအပ်သည့် ခိုင်လုံသော အကြောင်း ပြချက်များရှိသည်ဟု ဆိုခဲ့သည် (၁ ရာ ၈း၂၀)။ (၁) အခြားနိုင်ငံများနှင့်တုရန်၊ (၂) နိုင်ငံတော် တရားသူကြီး ရှိရန်၊ (၃) စစ်ပွဲတွင် သူရဲကောင်းများရှိရန် ဖြစ်သည်။ ထိုအရာတစ်ခုစီတိုင်းသည် ဘုရားသခင်၏ အထူးရည်ရွယ်ချက်နှင့် ဆန့်ကျင်သည်။ (၁) ဣသရေလလူမျိုးသည် အခြားလူ မျိုးနှင့်မတူဘဲ သန့်ရှင်းသော လူမျိုးဖြစ်ရမည်။ (၂) ဘုရားသခင်၏ သူတို၏ တစ်ဦးတည်းသော တရားသူကြီး ဖြစ်သည်။ (၃) ဘုရားသခင်သည် သူတို၏ စစ်ပွဲများကို ဆင်နွှပေးခဲ့သည်။ ရှင် ဘုရင်သာဆိုလျှင် သူတိုအား စစ်တိုက်ရန် စေခိုင်းမည်။ ဣသရေလလူမျိုး၏ ပြဿနာသည် ဘုရင်တစ်ပါးရှိရန် မဟုတ်ဘဲ၊ ဘုရားသခင်အား အုပ်စိုးရှင်နှင့် အစားထိုးခြင်းဖြစ်သည်။ သူတိုသည် သူတိုမမြင်နိုင်သော ကြောက်မက်ဖွယ်ကောင်းသည့် တန်ခိုးရှင်အား မြင်နိုင်သော် လည်း ဘာမျှမလုပ်နိုင်သောသူနှင့် လဲလှယ်လိုက်သည်။
ဓမ္မရာဇဝင် ပထမစောင်ကို ဆက်လက်လေ့လာရန်
၁။ ရှမွေလမွေးဖွားခြင်းနှင့် သူငယ်ဘဝသည် တရားသူကြီးနှင့် ပရောဖက်တစ်ဦးအနေဖြင့် သူ့အသက်တာအပေါ် မည်သို သက်ရောက်မှုရှိသနည်း။
၂။ ရှမွေလ၏မိခင်၊ ဟန္ဒ၏ အသက်တာ၌ မည်သည့် မှတ်သားဖွယ်ရာလက္ခဏာကို ဖော်ပြထား သနည်း။
၃။ ရှမွေလသည် ဣသရေလ၏ ပထမဘုရင်နှစ်ပါးကို မည်သို ဆက်နွယ်ဖော်ပြခဲ့သနည်း။ ထိုဆက်နွယ်မှုသည် ဘုရားသခင်၏ ရှင်ဘုရင်များအပေါ် အမြင်နှင့်ပတ်သက်ပြီး ဘာဖော် ပြခဲ့ သနည်း။ ။
၄။ ဓမ္မရာဇဝင် ပထမစောင်၏ အဓိကအချက်အလက်တစ်ခုဖြစ်သည့် နာခံခြင်းသည် မည်သည့် အဆင့်အထိဖြစ်သနည်း။ ။
၅။ ရှမွေလ၏ အသက်တာ၌ ဘုရားသခင်၏ သတ်သတ်မှတ်မှတ် ခေါ်ဆိုမှုသည် သင့်ဘဝအ တွက် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်ခြင်းအပေါ် မည်သို သက်ရောက်စေသ နည်း။
ဓမ္မရာဇဝင် ဒုတိယစောင်ကို ဆက်လက်လေ့လာရန်
၁။ မွေ့ရာဇဝင် ဒုတိယစောင်တွင် ဒါဝိဒ်၏ ထူးခြားသော မည်သည့်လက္ခဏာကို ဖော်ပြထား သနည်း။
၂။ သူသည် မည်သည့်နည်းဖြင့် “ဘုရားသခင်၏ စိတ်တော်နှင့်တွေ့သောသူ” ဖြစ်သနည်း။
၃။ ဒါဝိဒ်သည် မည်သိုသော ခေါင်းဆောင် (သို) ရှင်ဘုရင်ဖြစ်သနည်း။
၄။ ဒါဝိဒ်နှင့် ဗာသရှေဘတို ပါဝင်သော အဖြစ်အပျက်များသည် အပြစ်နှင့်ထိုအကျိုးဆက်များကို မည်သို ထင်ရှားစေသနည်း။ ။
၅။ ဒါဝိဒ်အပြစ်များစွာ ကျူးလွန်ပြီးနောက် ဘုရားသခင်သည် သူ့အား စွန့်ပစ်ရန် ဘယ်အရာက တားဆီးခဲ့သနည်း။
၆။ သင်နှင့် သင့်အပြစ်များကို ဘုရားသခင်၏ ရှုမြင်ပုံကို သင်နားလည်ခြင်းသည် ဒါဝိဒ်အတွေ့ အကြုံက မည်သို အကျိုးသက်ရောက်သနည်း။
ဓမ္မရာဇဝင် တတိယစောင်နှင့် စတုတ္ထစောင်
(First and Second Kings)
ရှင်ဘုရင်နှင့်ဆိုင်သော စိတ်ပျက်စရာများနှင့် ဘေးအန္တရာယ်များ
ခေါင်းစဉ်
ဓမ္မရာဇဝင် တတိယစောင်နှင့် စတုတ္ထစောင်တိုသည် မူရင်းတွင် တစ်အုပ်တည်းတွင်း ရေးသားထားပြီး၊ ဟေဗြဲကျမ်းစာတွင် “ရှင်ဘုရင်များ”ဟု ခေါ်သည်။ ၄င်းသည် ၁၁ မှ ပထမ ဆုံး ဝေါဟာရဖြစ်သည်။ ဓမ္မဟောင်း ကျမ်းကို ဂရိသို ဘာသာပြန်ဆိုထားသော စက်တူးဂျန့် (LXX) သည် ဤစာအုပ်ကို နှစ်ပိုင်းပိုင်းထားသည်။ ၄င်းကို လက်တင်တေးဂိတ်နှင့် အင်္ဂလိပ် သာသာပြန်ခြင်းတိုက ဆက်လက်ထိန်းသိမ်းခဲ့သည်။ ထိုသို ခွဲခြားခြင်းသည် အကြောင်းအရာ ပေါ် မမူတည်ဘဲ စာလိပ်နှင့် ပုံကြမ်းတွင် ရှည်လျားသော စာအုပ်ကို ကူးရန်ခက်ခဲခြင်းကြောင့် ဖြစ်သည်။ ခေတ်ပေါ် ဟေဗြဲကျမ်းစာတွင် “Kings A” နှင့် “Kings B” ဟု ခေါင်းစဉ်ပေးထား သည်။ LXX နှင့် ဗောဂိတ်တိုသည် Kings ကို Samuel စာစောင်များနှင့် ဆက်သွယ်သည်ဖြစ် ၍ LXX တွင် ရေးထားသော ခေါင်းစဥ်မှာ “The Third and Fouth Books of Kingdoms” ဖြစ်ပြီး၊ ဗောဂိတ်တွင် “Third and Fourth Kings” ဖြစ်သည်။ ဓမ္မရာဇဝင် ပထမ နှင့် ဒုတိယစောင်တိုနှင့် ဓမ္မရာဇဝင် တတိယနှင့် စတုတ္ထစောင်တိုသည် ရှောလုမှ ဇေဒကိမင်း ကြီးအထိတိုင် ယုဒသမိုင်းနှင့် ဣသရေလ၏ ဘုရင်များတစ်လျှောက်တွင် စုစည်းထားသည်။ ရာဇဝင်ချုပ် ပထမနှင့်ဒုတိယစောင်တိုသည် ယုဒမင်းများ၏ သမိုင်းကိုသာ ဖော်ပြပေးသည်။
စာရေးသူနှင့် ရက်စွဲ
လူမျိုး ခံယူချက်များအရ ၃ နှင့် ၄ ဓမ္မရာဇဝင်များကို ယေရမိရေးသားခဲ့သည်။ သိုသော် ဤသိုဆို ရခြင်းမှာ ဤစာအုပ်တွင် ဖော်ပြထားသော နောက်ဆုံးအဖြစ်အပျက်သည်(၄ ရာ ၂၅း၂၇-၃၀ တွင်ကြည့်ပါ) ဘီစီ ၅၆၁ ၌ ဗာဗုလုန်တွင် ဖြစ်သောအဖြစ်အပျက်ကို ဖော်ပြ ထားခြင်းကြောင့် ဖြစ်သည်။ ယေရမိသည် ဗာဗုလုန်သို မသွားခဲ့သော်လည်း အီဂျစ်သိုသွားခဲ့ သည် (ယေ ၄၃း၁-၇)။ ထိုနောက် ဘီစီ ၅၆၁ တွင် ယေရမိသည် အနည်းဆုံး အသက် ၈၆ နှစ် ရှိနေမည်ဖြစ်သည်။ အမှန်မှာ အမည်ဖော်ပြမထားသော စာရေးဆရာသည် အမည်မသိသူအဖြစ် ကျန်ရစ်ခဲ့သည်။ ပရောဖက်များ၏ သာသနာကို ၃ နှင့် ၄ ဓမ္မရာဇဝင်တွင် အထူးပြုဖော်ပြထား သောကြောင့် ဗာဗုလုန်တွင် ဣသရေလနှင့်အတူ ပြည်နှင်ဒဏ်ကျရောက်ရာတွင် အသက်ရှင်ခဲ့ သော ထာဝရဘုရား၏ အမည်မဖော်ပြသည့် ပရောဖက်တစ်ပါးဖြစ်နိုင်ချေ ရှိသည်။
၃ နှင့် ၄ ဓမ္မရာဇဝင်ကို ဘီစီ ၅၆၁-၅၃၈ ကြားတွင် ရေးသားခဲ့သည်။ နောက်ဆုံးဖော် ပြသော ဇာတ် လမ်းအဖြစ်အပျက် (၄ရာ ၂၅း၂၇-၃၀) အစောပိုင်း ရေးသားထားခြင်းကို ဖော် ပြပြီး၊ ၃ နှင့် ၄ ရာတွင် ဗာဗုလုန်သို ဖမ်းသွားခံရခြင်း၏ အဆုံးကို မှတ်တမ်းမတင်ထားသော ကြောင့် ပြည်နှင်ဒဏ်မှ လွတ်မြောက်သည့်အချိန် (ဘီစီ ၅၃၈) သည် စာအုပ်ရေးသားသည့် နောက်အကျဆုံး ဖြစ်နိုင်သည်။ ၄င်းသည် နောက်ကျဆုံးသော ရေးသားသည့် ရက်စွဲဖြစ်သည်။ ၃ ရာ ၈း၈၊ ၉း၁၃၊ ၂၀၊ ၂၁၊ ၁၀း၁၂၊ ၁၂း၁၉၊ ၄ ရာ ၂:၂၂၊ ၈း၂၂၊ ၁၀:၂၇၊ ၁၄း၇၊ ၁၆း၆၊ ၁၇း၂၃၊ ၃၄၊ ၄၁၊ ၂၁း၁၅ တိုတွင် “ယနေ့တိုင်အောင်”ဟူသော အသုံးအနှုန်းကြောင့် တစ်ခါတရ ဤရက်စွဲသည် ခက်ခဲသည်။ မည်သိုပင်ဖြစ်စေ၊ ၄င်းတိုကို စာရေးဆရာ၏ မူရင်းအဆိုထက် အသုံးပြုသော အရင်းအမြစ်များအဖြစ် နားလည်လျှင် အကောင်းဆုံးဖြစ်ပေသည်။
စာရေးဆရာသည် ဤစာအုပ်ကို အရင်းအမြစ်အမျိုးမျိုးမှ စုစည်းပေါင်းစပ်ထားသည်။ ၄င်းတွင် “ရှောလမုန်ပြုမူသော … ရှောလမုန်ဝတ္ထု” (၃ ရာ ၁၁း၄၁)၊ “မင်းပြုခြင်းအမှု … ဣသရေလ ရာဇဝင်” (၃ ရာ ၁၄း၁၉၊ ၁၅း၃၁၊ ၁၆း၅၊ ၁၄၊ ၂၀၊ ၂၇၊ ၂၂း၃၉၊ ၄ ရာ ၁း၁၈၊ ၁၀း၃၄၊ ၁၃း၈၊ ၁၂၊ ၁၄း၁၅၊ ၂၈၊ ၁၅း၁၁၊ ၁၅၊ ၂၁၊ ၂၆၊ ၃၁) နှင့် “မင်းပြုခြင်းအမှု… ယုဒရာဇဝင်” (၁၄း၂၉၊ ၁၅း၇၊ ၂၃၊ ၂၂း၄၅၊ ၄ ရာ ၈း၂၃၊ ၁၂:၁၉၊ ၁၄း၁၈၊ ၁၅း၆၊ ၃၆၊ ၁၆း၁၉၊ ၂၀း၂၀၊ ၂၁း၁၇၊ ၂၅၊ ၂၃း၂၈၊ ၂၄း၅)။ ထိုအပြင် ဟေရှာ ၃၆း၁-၃၉း၈ သည် ၄ ရာ ၁၈း၉-၂၀း၁၉ တွင် ဖော်ပြသော အကြောင်းအရာ၏ အ ချက်အလက်ကို ဖော်ပြပြီး၊ ယေ ၅၂း၃၁-၃၄ သည် ၄ ရာ ၂၅း၂၇-၂၉ အတွက် အရင်းအမြစ်သဖွယ် ရှိသည်။ ဤရှင်းပြချက် သည် ဘုရားသခင် မှုတ်သွင်းတော်မူသော စာရေးဆရာတစ်ဦး တည်းဖြစ်သည်ကို အသိအမှတ်ပြုသည်။ ထိုစာရေးဆရာသည် ပြည်နှင်ဒဏ် ခံရစဉ်အတောအတွင်းတွင် ဗာဗုလုန်တွင် ရှိနေပြီး၊ သူထွက်ခွါချိန်တွင် ပြည်နှင်ဒဏ်မတိုင်ခင်က အရင်းအမြစ်များကို အသုံးပြုခဲ့သည်။
ဓမ္မရာဇဝင် တတိယစောင်၌ ခရစ်တော်
ရှောလမုန်၏ ပညာသည် “ဘုရားသခင်ထံမှ သော ပညာဖြစ်လာသည့်”ခရစ်တော်ကို တင်စား သည် (၁ ကော ၁း၃၀)။ သိုသော် ဓမ္မရာဇဝင် တ တိယစောင်တွင် ရှောလမုန်သည် တစ်ပါးအမျိုး မိန်းမများကို စုံဘက်သော ကြောင့် သူ၏နိုင်ငံကို လမ်းမှားသို ရောက်စေခဲ့သည် (၁၁း၁)။ ဆန့်ကျင် ဘက်တွင် ခရစ်တော်ကိုယ်တိုင်က သူသည် “ရှော လမုန်ထက် ကြီးမြတ်သည်” (မ ၁၂း၄၂)ဟု မိန့် ဆိုခဲ့သည်။ ခရစ်တော်၏ အနာဂတ်နိုင်ငံတော်သည် ကွယ်ပျောက်သွားမည် မဟုတ်ပေ။
နောက်ခံသမိုင်းကြောင်းနှင့် အနေအထား
စာအုပ်၏ အရင်းအမြစ်များနှင့် စာရေးသူ အခြေအနေတွင် ကွဲပြားမှု ရှိရ မည်။ အရင်းအမြစ်သည် အဖြစ်အပျက်တွင် ပါဝင်သူနှင့် မျက်မြင်သက်သေရှိသူများမှ ရေးသား ခဲ့ခြင်းဖြစ်သည်။ ၄င်းသည် ယုံကြည် စိတ်ချစရာ သတင်းအချက်အလက်ဖြစ်သည်။ ဒါဝိဒ်၏ သေခြင်းနှင့် ရှောလမုန်၏ အုပ်စိုးခြင်း (ဘီစီ ၉၇၁) မှ ဗာဗုလုန်အားဖြင့် ဗိမာန်တော်နှင့် ယေရရလင် ပျက်စီးခြင်းအထိတိုင် (ဘီစီ ၅၈၆)၊ ဣသရေလမျိုး ဆက်များအကြောင်း မှန်ကန်သော သမိုင်းကြောင်းဖြစ်သည်။ ထိုသိုဖြင့် ၃ နှင့် ၄ ရာသည် ဘုရင်နှစ်မျိုးနှင့် နိုင်ငံနှစ်နိုင်ငံရှိ လူများ၏ နာမခံခြင်း၊ ဣသရေလနှင့် ယုဒတို၏ သမိုင်းကြောင်းကို ရေးသားထားခြင်းဖြစ်သည်။ သတိနှစ်ဦးသည် ဘုရားသခင်၏ ပညတ်တော်နှင့်သူ၏ ပရောဖက်များအား ပို၍ ဥပေက္ခာ လာပြီး ဖမ်းသွားခြင်းခံခဲ့ရသည်။
၃ နှင့် ၄ ရာသည် မှန်ကန်သော သမိုင်းသာမဟုတ်။ သမိုင်းကို အနက်ဖွင့်ခြင်းလည်းဖြစ်သည်။ စာရေးသူသည် ဗာဗုလုန်၌ ပြည်နှင်ဒဏ် ခံသူ တစ်ဦးဖြစ်ပြီး၊ ပြည်နှင်ဒဏ် ခံသူများထံမှဣသရေလ သ မိုင်း ကြောင်းနှင့် ထိုမှ ရရှိ သော သင်ခန်းစာ များကို ပြောဖိုရန် ဆန္ဒရှိသည်။ က ထူးသဖြင့် သူသည် ပြည်နှင် ဒဏ်ခံသူများ ဝရ ဘု ရား၏ တရားစီရင်ခြင်း ဖြစ်သော ပြည်နှင်ဒဏ်သည် ကျရောက်ခြင်းအကြောင်းကို ပြောပြခဲ့သည်။ စာရေးသူ သည် ဇာတ်ကြောင်းအစော ပိုင်း၌ နိုင်ငံ သည်ကောင်းကြီးမင်္ဂလာ ခံစားလိုပါက၊ လာဝရဘုရားသည် မောရှေ့ထံပေးသော ပညတ်တော်အတိုင်း ဘုရင်များအားဖြင့် နာခံရန် တောင်းဆိုခဲ့ပြီး၊ မနာခံပါက အခြားတိုင်းပြည်၌ ကျွန်ခံရမည်ဟု ဆိုခဲ့သည် (၃ ရာ ၉း၃-၉)။ သမိုင်းဖော်ပြချက်အရ ဝမ်းနည်းစ ရာကောင်းသည်မှာ ဣသရေလ ဘုရင်အားလုံးနှင့် ယုဒဘုရင်အများစုတိုသည် “ထာဝရဘုရား၏ ရှေ့တော်၌ ဒုစရိုက်ပြုကြ သည်”။ ဤဆိုးသော ဘုရင်များသည် ရုပ်တုကိုးကွယ်ခြင်းကို မတားမြစ်သည့်အပြင် အားပေး ခြင်းအားဖြင့် လူများအား အပြစ်သိုဦးဆောင်သော ဖျားယောင်းသူများဖြစ်ကြသည်။ ဘုရင်များ၏ နာမခံခြင်း ကြောင့် ထာဝရဘုရားသည် မင်းများနှင့် လူများတိုကို သူတို၏ အပြစ်များ စွန့်လွှတ်၍ ထာဝရဘုရားထံ ပြန်လာစေရန် ဆုံးမတိုက်တွန်းမည့်သူ “ပရောဖက်” များကို စေလွှတ်ခဲ့သည်။ ပရောဖက်တို၏ တရားစကားကို ငြင်းပယ်ခဲ့သောကြောင့် ပရောဖက်တိုသည် လူမျိုးအား သူ ပါးထံ ကျွန်ခံရမည်ဟု ကြိုတင်ဟောကြားခဲ့သည် (၄ ရာ ၁၇း၁၃ – ၂၃၊ ၂၁း၁၀-၁၅)။ ၃ နှင့် ၄ ရာတွင် ပရောဖက်ပြုချက် မိန့်ဆိုခဲ့သည့်အတိုင်း၊ ထာဝရဘုရား ထံတော်မှလာသော နှုတ်ကပတ် တော် ပြည့်စုံလာသည် (၄ ရာ ၁၇း၅၊ ၆၊ ၂၅း၁-၁၁)။ ထိုကြောင့် ၃ နှင့် ၄ ရာ သည် လူများ၏ ကျွန်ခံခြင်းကို အနက်ဖွင့်ရှင်းလင်းကာ အဘယ့်ကြောင့် ရုပ်တုကိုးကွယ်ခြင်းအတွက် ဘုရားသခင် ၏ ဒဏ်ခတ်ခြင်းကို ခံစားရသနည်းဆိုသည်ကို နားလည်စေခဲ့သည်။ ထိုပြင် အာဟပ် (၃ ရာ ၂၂း၂၇-၂၉)နှင့် ယေခေါနိ (၄ ရာ ၂၅း၂၇-၃၀)အား ကျေးဇူးပြု၊ ကရုဏာပြုခဲ့သကဲ့သို သူတိုသည် လည်း ကျေးဇူးပြု၊ ကရုဏာပြုရန် အလိုတော်ရှိခဲ့သည်။
၃ နှင့် ၄ ရာတို၏ အဓိကကျသော ပထဝီအနေအထားသည် ဣသရေလနယ်မြေတစ်ခု လုံး၊ ဒန်မြိုမှ ဗရရှေဘမြိုအထိဖြစ်ပြီး (၃ ရာ ၄း၂၅)၊ မော်ဒန်မြစ် အရှေ့ပိုင်းလည်း ပါဝင် သည်။ ကျူးကျော်ဝင်ရောက်သော တိုင်းပြည်လေးခုသည် ဣသရေလနှင့် ယုဒတို၏ အရေး တွင် ဘီစီ ၃၇၁ မှ ၅၆၁ ထိတိုင် အုပ်စိုးသော အခန်းကဏ္ဍတွင် လှုပ်ရှားခဲ့ကြသည်။ ဘီစီ တစ်ရာစုနှစ်။ ရှောလမုန်နှင့် ယေရောဗောင်တို အုပ်စိုးသော ကာလတွင် အီဂျစ်သည် ဣသရေလ သမိုင်းကို လွှမ်းမိုးခဲ့သည် (၃ ရာ ၃း၁၊ ၁း၁၄- ၂၂၊ ၄၀၊ ၁၂း၂၊ ၁၄း၂၅ ၂၇)။ ဆီးရီးယားသည် ကိုးရာစု (ခန့်မှန်းဘီစီ ၈၉၀-၈၀၀)တွင် ဣသရေလ၏ လုံခြုံရေးကို ခြိမ်းခြောက်ခဲ့သည်။ ( ၃ရာ ၁၅း၉- ၂၂၊ ၂၀း၁-၃၄၊ ၂၂း၁-၄၊ ၂၉ -၄၀၊ ၄ ရာ ၆း၈-၇း၂၀၊ ၈း၇-၁၅၊ ၁၀း၃၂၊ ၃၃၊ ၁၂း၁၇-၁၈၊ ၁၃း၂၂- ၂၅)။ ထိုနောက် ခန့်မှန်းဘီစီ ၈၀၀-၇၅၀ မှစပြီး ဣသရေလနှင့်ယုဒတို အတွက် တစ်ဝက်ခန့် ငြိမ်းချမ်း၍ အောင်မြင် သော နှစ်များဖြစ်ခဲ့သည်။ အကြောင်းမှာ အာရှုရိသည် ဆီးရီးယားကို အင်အားလျော့စေပြီး တောင်ပိုင်းတွင် မခြိမ်းခြောက်တော့ပေ။ Tiglanti-Pileser III လက်ထက်တွင် ဤပြောင်းလဲမှု ဖြစ်ခဲ့သည် (၄ ရာ ၁၅း၁၉၊ ၂၀၊ ၂၉)။ ဘီစီ ရှစ်ရာစုအလယ်ပိုင်းမှ ခုနှစ်ရာစုနောက်ပိုင်းအထိ အာရှုရိသည် ပါလက်စတိုင်းတိုကို ကြောက်ရွံ ထိတ်လန့်စေခဲ့ပြီး၊ နောက်ဆုံးတွင် ဣသရေလ (မြောက်ပိုင်းနိုင်ငံ)ကို ဘီစီ ၇၂၂ တွင် အနိုင်ပိုင်း ဖျက်ဆီးခဲ့ပြီး (၄ ရာ ၁၇၄-၆)၊ ဘီစီ ၇၀၁ တွင် ယေရုရှလင်ကို သိမ်းပိုက်ခဲ့ သည် (၄ ရာ ၁၈း၁၇ – ၁၉း၃၇)။ ဘီစီ ၆၁၂-၅၃၉ မှစပြီး ဗာဗုလုန်သည် ရှေးခေတ်တွင် အင် အားအကြီးဆုံး နိုင်ငံဖြစ်ခဲ့သည်။ ဗာဗုလုန်သည် ယုဒပြည် (တောင်ပိုင်းနိုင်ငံ) ကို သုံးကြိမ်တိုင် တိုင် ကျူးကျော်သိမ်းပိုက်ပြီး၊ တတိယအကြိမ် တိုက်ခိုက်မှု ဘီစီ ၅၈၆ တွင် ယေရုရှလင်နှင့် ဗိမာန်တော်ကို ဖျက်ဆီးခဲ့သည် (၄ ရာ ၂၄း၁-၂၅း၂၁)။
ဓမ္မရာဇဝင် တတိယစောင်ရှိ အဓိက ဇာတ်ကောင်များ
ဒါ8ဒ် – ဣသရေလဘုရင်၊ သူ၏သား ရှောလမုန်ကို နောက်အုပ်စိုးမည့် ဘုရင်အဖြစ်ခန့်အပ်သူ (၁-၂း၁၀)
ရှောလမုန် – ဗာသရှေဘနှင့် ဒါဝိဒ်တို၏ သား၊ ဣသရေလကို အုပ်စိုးသော တတိယမြောက် ဘုရင်နှင့် ဗိမာန်တော်ကို တည်ဆောက်သူ၊ ဘုရားသခင်က ဖွားမြင်သမျှသော လူသားတွင် ပညာအရှိဆုံး ဖြစ်စေသူ (၁း၁၀-၁၁း၄၃) ၊
ရောဗောင် – ရှောလမုန်၏သား၊ ဣသရေလရှင်ဘုရင်အဖြစ် ဆက်ခံသူ၊ ဒုစရိုက်ကိုပြု၍ ဣသလရေနိုင်ငံတော်ကို နှစ်ခြမ်းကွဲစေသူ၊ နောက်ပိုင်းတွင် တောင်ပိုင်းနိုင်ငံ ယုဒပြည်တွင် ဘုရင်ဖြစ်လာသူ (၁၁း၄၃-၁၂း၂၄၊ ၁၄း၂၁-၃၁)
ယေရောဗောင် – ဣသရေလတောင်ပိုင်း အမျိုးဆယ်မျိုး၏ ဆိုးသောဘုရင်၊ ရုပ်တုများကို တည်ထောင်ပြီး လေ8သားမဟုတ်သူများကို ရွေးချယ်ခန့်ထားသူ (၁၁း၂၄-၁၄း၂ဝ)
ဧလိယ – ဣသရေလ၏ ပရောဖက်၊ ဗာလပရောဖက်များနှင့် ယှဉ်ပြိုင်ရာတွင် ယုံကြည်ခြင်းဖြင့် ထူးခြားသော အောင်မြင်ခြင်းရရှိခဲ့သူ (၁၇း၁-၁၉း၂၁၊ ၂၁း၁၇-၂၈)
အာဟပ် – ဣသရေလ၏ ရှစ်ယောက်မြောက်နှင့် အဆိုးဆုံးဘုရင်၊ တခြား ဣသရေလဘုရင် များထက် ပိုပြီး ဒုစရိုက်ပြုသူ (၁၆း၂၈-၁၇း၁၊ ၁၈း၁-၁၉း၁၊ ၂၀း၁-၂၂း၄၀)
ယေဇဗေလ – အာဟပ်မင်းနှင့် ပေါင်းဘက်ပြီး ဣသရေလမိဖုရား ဖြစ်လာသူ၊ ဗာလဘုရား ကိုးကွယ်ခြင်းကို တင်မြှောက်ခဲ့သူ (၁၆း၃၁၊ ၁၈း၄-၁၉၊ ၁၉း၁-၂၊ ၂၁း၅-၂၇)
- ရှောလမုန်၏ ပညာမဲ့သောသားရောင်သည် ရှောလမုန်လက်ထက်တွင် ကြီးလေးသော အ ခွန်ကောက်ခံမှုမှ လွတ်မြောက်ရန် တောင်းဆိုသည့် ဣသရေလအကြီးအကဲများအား ကြမ်းတမ်းသောစကားပြောသောအခါ စည်းလုံးသောနိုင်ငံတော်၏ ဘုန်းအသရေသည် ရှောလမုန်၏ သေဆုံး ခြင်းနှင့်အတူ ပျောက်ကွယ်သွားခဲ့သည် (၁၂း၁-၂၄)။ ရောင်သည် တောင်ပိုင်း ယုဒပြည်ကို အုပ်စိုးပြီး ရောဗောင်သည် မြောက်ပိုင်း ဣသရေလကို အုပ်စိုးသည်။
ဓမ္မရာဇဝင် စတုတ္ထစောင်ရှိ အဓိက ဇာတ်ကောင်များ
ဧလိယ – ဣသရေလပရောဖက် မီးရထားဖြင့် ကောင်းကင်သို တိုက်ရိုက်ချီဆောင်ခြင်း ခံခြင်းအားဖြင့် သေခြင်းနှင့်လွဲခဲ့သူ (၁း၃-၂း၁၁၊ ၁၀း၁၀၊ ၁၇)
ဧလိရှဲ – ဧလိယနေရာကို ဆက်ခံရန် ခန့်ထားခံရသော ပရောဖက် (၂း၁-၉း၃၊ ၁၃း၁၄- ၂၁)
ရှုနှင်မြို့မှ အမျိုးသမီး – သူမ၏အိမ်၌ ဧလိရှဲကို ဧည့်ခံသောအမျိုးသမီး၊ သူမ၏သားကို ဧလိရှဲသည် သေခြင်းမှ ရှင်ပြန်စေခြင်း (၄း၈-၃၇၊ ၈း၁-၆)
နေမန် – နူနာစွဲသော ရှုရိစစ်သူရဲ ဧလိရှဲမှ ကျန်းမာစေခဲ့သူ (၅း၁-၂၇)
ယေဇဗေလ – ဣသရေလ၏ ဆိုးယုတ်သော မိဖုရား၊ ဣသရေလကို ဘုရားသခင်အား ကိုးကွယ်ခြင်းမှ တားဆီးရန် ကြိုးစားခဲ့သူ၊ နောက်ဆုံးတွင် အသေသတ်ခံရပြီး ခွေးများ၏ စားခြင်းခံရသူ (၉း၇-၁၇)
ယေဟု – ဘိသိတ်ခံရသော ဣသရေလဘုရင် အာဟပ်မိသားစုကို ဒဏ်ခတ်ရန် ဘုရားသခင်၏ အသုံးတော်ခံသူ (၉း၁-၁၀း၃၆၊ ၁၅း၁၂)
ယောရှ – ကလေးဘဝက သေခြင်းမှ ကယ်တင်ခံရသူ ယုဒဘုရင် ဆိုးညစ်သော အကြံပြုခြင်းကို နားထောင် သောကြောင့် နောက်ဆုံးတွင် သူ၏ လက်အောက်အရာရှိကိုယ်တိုင်၏ သတ်ခြင်းကို ခံရသူ (၁၁း၁-၁၂း၁)
ဟေဇကိ – ဘုရားသခင်၌ သစ္စာရှိသော (၁၃) ဦးမြောက် ယုဒရှင်ဘုရင် (၁၆း၂၀-၂၀း၂၁)
သနာခရိပ် – ယုဒကို ခြိမ်းခြောက်သော အာရှုရိ ဘုရင် ထာဝရဘုရားက သူ၏ စစ်တပ်ကိုဖျက်စီးပစ်ခဲ့ခြင်း (၁၈း၁၃-၁၉း၃၆)
ဟေရှာယ – ယုဒရှင်ဘုရင် ငါးပါးတို၏ အုပ်စိုးခြင်းကာလတစ်လျှောက်တွင် အစေခံခဲ့သော ပရောဖက် (၁၉း၂-၂၀း၁၉)
မနာရှေ – ဟေဇကိ၏သား၊ ယုဒ၏ (၁၄) ဦးမြောက် ရှင်ဘုရင်၊ ဒုစရိုက်ကိုပြုပြီး ယေရုရှလင် အပေါ် တရားစီရင်ခြင်း ကျရောက်စေသူ (၂၀း၂၁-၂၁း၁၈)
ယောရှိ – ယုဒ၏ (၁၆) ဦးမြောက် ရှင်ဘုရင်၊ ဟေဇကိ၏ မြေး၊ ဘုရားသခင်အပေါ် သစ္စာရှိသူ (၂၁း၂၄-၂၃း၃၀)
ယောယကိမ် – ယုဒ၏ (၁၈) ဦးမြောက် ဘုရင်၊ ထာဝရဘုရားရှေ့တော်မှာ ဒုစရိုက်ပြုသောသူ (၂၃း၃၄-၂၄း၆)
ဇေဒကိ – ယုဒ၏ (၂၀) ဦးမြောက် ဘုရင်၊ ဒုစရိုက်ပြုခြင်းကြောင့် ဘုရားသခင်၏ ဒဏ်ခတ် ခြင်းအဖြစ် ဗာဗုလုန်၏ ဖမ်းသွားခြင်းခံရသူ (၂၄း၁၇-၂၅း၇)
နေဗုခဒ်နေဇာ – ဗာဗုလုန်ရှင်ဘုရန်၊ ယေရုရှလင်ကို အနိုင်ယူရန် ဘုရားသခင်ခွင့်ပြုသူ (၂၄း၁- ၂၅း၂၂)
ဣသရေလနှင့် ယုဒတို့၏ ဘုရင်များ
ဘုရင် ကျမ်းစာ
စုစည်းသောနိုင်ငံတော်
ရှောလု ၁ ရာ ၉း၁-၃၁း၁၃၊ ၅ ရာ ၁၀း၁-၁၄
ဒါဝိဒ် ၂ ရာ၊ ၃ရာ ၁း၁-၂း၉၊ ၅ ရာ ၁၁း၁-၂၉း၃ဝ
ရှောလမုန် ၃ ရာ ၂း၁ဝ-၁၁း၄၃၊ ၅ ရာ ၁း၁-၉း၃၁
မြောက်ပိုင်းနိုင်ငံ (ဣသရေလ)
ယေရောဗောင် ၁ ၃ ရာ ၁၂း ၂၅-၁၄း၂ဝ
နာဒဒ် ၃ ရာ ၁၅း ၂၅-၃၁
ဗာရှာ ၃ ရာ ၁၅း၃၂-၁၆း၇
ဧလ၊ ၃ ရာ ၁၆း၈-၁၄
ဇိမရိ ၃ ရာ ၁၆း၁၅-၂ဝ
တိဗရိ ၃ ရာ ၁၆း၂၁-၂၂
ဩမရိ ၃ ရာ ၁၆း၂၁-၂၈
အာဟပ် ၃ ရာ ၁၆း ၂၉- ၂၂း၄ဝ
အာခဇိ ၃ ရာ ၂၂း၅၁-၅၃၊ ၄ ရာ ၁း၁-၁၈
ယဟောရံ ၄ ရာ ၂း၁-၈း၁၅
ယေဟု ၄ ရာ ၉း၁-၁၀း၃၆
ယာခတ် ၄ ရာ ၁၃း၁-၉
ယောရှ ၄ ရာ ၁၃း၁၀-၂၅
ယေရောဗောင် ၄ ရာ ၁၄း၂၃-၂၉
ဇာခရိ ၄ ရာ ၁၅း၈-၁၂ ၊
ရှလ္လုံ ၄ ရာ ၁၅း၁၃-၁၅
မေနဟင် ၄ ရာ ၁၅း၁၆-၂၂
ပေကဟိ ၄ ရာ ၁၅း၂၃-၂၆
ပေကာ ၄ ရာ ၁၅း ၂၇-၃၁
ဟောရှေ ၄ ရာ ၁၇း၁-၄၁
တောင်ပိုင်းနိုင်ငံ (၁)
ရောဗောင် ၃ ရာ ၁၂း၁-၁၄း၃၁၊ ၆ ရာ ၁၀း၁-၁၂း၁၆
အဘိယ ၃ ရာ ၁၅း၁-၈၊ ၆ ရာ ၁၃း၁-၂၂
အာသ ၃ ရာ ၁၅း၉-၂၄၊ ၆ ရာ ၁၄း၁-၁၆း၁၄
ယောရှဖတ် ၃ ရာ ၂၂း၄၁-၅၀၊ ၆ ရာ ၁၇း၁-၂၀း၃၇
ယဟောရံ ၄ ရာ ၈း၁၆-၂၄၊ ၆ ရာ ၂၁း၁-၂ဝ
အာခဇိ ၄ ရာ ၈း ၂၅- ၂၉၊ ၆ ရာ ၂၂း၁-၉
အာသလိ ၄ ရာ ၁၁း၁-၁၆၊ ၆ ရာ ၂၂း၁ဝ-၂၃၂၁
ယောယဒ ၄ ရာ ၁၁း၁၇-၁၂၂၁၊ ၆ ရာ ၂၃း၁-၂၄း၂၇
အာမဇိ ၄ ရာ ၁၄း၁-၂၂၊ ၆ ရာ ၂၅း၁-၂၈
သြဇိ ၄ ရာ ၁၅း၁-၇၊ ၆ ရာ ၂၆း၁-၂၃
ယောသံ ၄ ရာ ၁၅း၃၂-၃၈၊ ၆ ရာ ၂၇း၁-၉
အာခတ် ၄ ရာ ၁၆း၁-၂ဝ၊ ၆ ရာ ၂၈း၁-၂၇
ဟေဇကိ ၄ ရာ ၁၈း၁-၂၀၂၁၊ ၆ ရာ ၂၉း၁-၃၂း၃၃
မနာရှေ ၄ ရာ ၂၁း၁-၁၈၊ ၆ ရာ ၃၃း၁-၂ဝ
အာမုန် ၄ ရာ ၂၁း၁၉-၂၆၊ ၆ ရာ ၃၃း၂၁-၂၅
ယောရှိ ၄ ရာ ၂၂း၁-၂၃၊ ၃၀၊ ၆ ရာ ၃၄း၁-၃၅း၂၇
ယောခတ် ၄ ရာ ၂၃း၃၁-၃၃၊ ၆ ရာ ၃၆း၁-၄
ယောယကိမ် ၄ ရာ ၂၃း၃၄-၂၄၇၊ ၆ ရာ ၃၆း၅-၈
ယေခေါနိ ၄ ရာ ၂၄း၈-၁၆၊ ၆ ရာ ၃၆း၉၊ ၁ဝ
ဇေဒကိ ၄ ရာ ၂၄း၁၈-၂၅း၂၁၊ ၆ ရာ ၃၆း၁၁-၂၁
သမိုင်းကြောင်းနှင့် ဓမ္မအတွေးအခေါ်ဆိုင်ရာ အကြောင်းအရာများ
၃ နှင့် ၄ ရာသည် ဘီစီ ၉၇၁-၅၆၁ မှစပြီး ဣသရေလမျိုးဆက်များ၏ သမိုင်းကို အာ ရုံပြုလာခဲ့သည်။ ၃ ရာ ၁း၁-၁၁း၄၃ သည် ရှောလမုန်၏ ရာထူးမြင့်ခြင်းနှင့် စိုးစံခြင်းကို ဖော် ပြသည်။ ကွဲထွက်သွားသော ဣသရေလနှင့် နိုင်ငံအကြောင်းကို (ဘီစီ ၉၇၁-၇၂၂) ၃ ရာ ၁၂း၁-၂၊ ၄ ရာ ၁၇း၄၁ တွင် ဖော်ပြထားသည်။ စာရေးသူက တောင်နှင့်မြောက်တွင် ရှိသော ဘုရင်များအလိုက် ဇာတ်ကြောင်းကိုခွဲခြားရန် လွယ်ကူအောင် စီစဉ်ထားသည်။ စိုးစံခြင်း တစ် ခုချင်းစီတိုင်းအတွက် အောက်ပါအတိုင်း စာပေဖွဲစည်းမှု ရှိသည်။ ဘုရင်တိုင်းကို ဤသို မိတ်ဆက် ပေးသည်။ (၁) သူ့နာမည်နှင့် သူ့ရှေ့ကဘုရင်နှင့် ဆက်စပ်မှုကို ဖော်ပြသည်။ (၂)သူနန်းစံသည့် ရက်စွဲနှင့် အခြားနိုင်ငံတွင် ခေတ်ပြိုင်အုပ်ချုပ်သူ၏ ခုနှစ်နှင့် ဆက်စပ်မှုကိုပြသည်။ (၃) ပလ္လင်ပေါ် နန်းထိုင် သည့်အချိန်တွင် သူ၏အသက် (ယုဒဘုရင်များသာ)ကို ဖော်ပြသည်။ (၄) အုပ်စိုး သည့်ကာလ၊ (၅) အုပ်စိုးသည့် နေရာ၊ (၆) သူ့မိခင်၏ အမည် (ယုဒဘုရင်များသာ) (၇) အုပ် စိုးစဉ်တွင် ဝိညာဉ်ရေးရာ သုံးသပ်ချက် စသည်တိုကို ဖော်ပြသည်။ ဤမိတ်ဆက်ခြင်း နောက်တွင် ဘုရင်တိုင်း၏ အုပ်စိုးခြင်း ကာလတွင်ဖြစ်သော အခြားအရာများကို ဆက်လက်ဖော်ပြသည်။ ဤဇာတ်ကြောင်းကို အသေးစိတ်များနှင့် ကွဲပြားခြားနားကြသည်။ အုပ်စိုးမှုတိုင်းကို ဤသို နိဂုံးချုပ်သည်။ (၁) အရင်းအမြစ်များကို ရေးသားစီထားခြင်း၊ (၂) ထပ်ဖြည့်သော သမိုင်းဆိုင်ရာ မှတ်စု၊ (၃) သေခြင်းဆိုင်ရာ မှတ်စု၊ (၄) သင်္ဂြိုဟ်ခြင်းဆိုင်ရာ မှတ်စု၊ (၅) ရာထူးနောက် ဆက် ခံသူ၏ အမည်နှင့် (၆) ဝါကျအနည်းငယ်တွင် နောက်ဆုံး သုံးသပ်ချက်စကား စသည်တိုကို ဖော်ပြထားသည် (ဥပမာ- ၃ ရာ ၁၅း၃၂၊ ၄ ရာ ၁၀း၃၆)၊ ၄ ရာ ၁၈း၁- ၂၀း၂၁ တွင် ယုဒတစ် ခုတည်းသာ ကျန်ရစ်သည့် အချိန်ကာလကို ဖော်ပြသည် (ဘီစီ ၇၂၂-၅၈၆)၊ နိဂုံးချုပ်ခြင်း စာပိုဒ်နှစ်ပိုဒ်တို သည် ဗာဗုလုန်တွင် ပြည်နှင်ဒဏ် ကျွန်ခံပြီးနောက်ပိုင်း အပြစ်အပျက် များကို ဖော်ပြသည် (၄ ရာ ၂၅း၂၂-၂၆၊ ၂၇-၃ဝ)၊
၃ နှင့် ၄ ရာတွင် တရားဓမ္မဆိုင်ရာ အကြောင်းအရာသုံးခုကို အရေးစိုက်ဖော်ပြထား သည်။ ပထမမှာ၊ ထာဝရဘုရားက ဣသရေလနှင့် ယုဒတိုကို သူ၏ပညတ်တော်အား နာမခံ ခြင်းကြောင့် တရားစီရင်ခဲ့သည် (၄ ရာ ၁၇း၇- ၂၃)။ ဤသိုသော လူတွေဘက်မှ သစ္စာမရှိခြင်း၊ သည် ရုပ်တုကိုးကွယ်ခြင်းသို ဦးဆောင်သော ဆိုးညစ်သည့် ဘုရင်များ၏ ဖျားယောင်းခြင်းဖြင့် ပိုမိုဆိုးဝါးလာသည်။ (၄ ရာ ၁၇း၂၁၊ ၂၂၊ ၂၁း၁၁)။ ထိုကြောင့် ထာဝရဘုရားသည် နာမခံပုန်ကန် သော လူများအား သူ၏ဖြောင့်မတ်ခြင်း အမျက်ဒေါသဖြင့် ဆုံးမခဲ့သည်။ ဒုတိယမှာ၊ မှန်ကန် သော ပရောဖက်များ၏ စကားပြည့်စုံလာသည် (၃ ရာ ၁၃း၂၊ ၃၊ ၂၂း၁၅- ၂၈၊ ၄ ရာ ၂၃း၁၆၊ ၂၄း၂)။ ဤအချက်က ဘုရားသခင်သည် သူပြောသောစကားကို အမှန်လုပ်သွားကြောင်း အ တည်ပြုစေသည်။ တရားစီရင်ခြင်းနှင့်ဆိုင်သော သူ၏သတိပေးချက်ကိုလည်းပဲ ပြောသည့်အ တိုင်း ပြုလုပ်သည်။ တတိယတွင်၊ ဒါဝိဒ် အားပေးသော ကတိတော်ကို ထာဝရဘုရား အောက် မေ့သည် (၃ ရာ ၁း၁၂-၁၃၊ ၃၄-၃၆၊ ၁၅း၄၊ ၄ ရာ ၈း၁၉)။ ဒါ8ဒ်မျိုးရိုး ဘုရင်များသည် ဝရဘုရားအား နာခံခြင်းမရှိခဲ့သော်လည်း ထာဝရဘုရားသည် ယေရောဗောင် ၁၊ ဩမရိနှင့် ဣသရေလ၌ ယေဟုစသည့် မိသားစုများကို ပြုခဲ့သကဲ့သို ဒါဝိဒ်၏ မိသားစုကို အဆုံးစီရင်ပေ။ စာအုပ်၏ အဆုံးတွင် ဒါဝိဒ်၏ မျိုးဆက်သည် ဆက်လက်ရှင်သန်နေဆဲဖြစ်သည် (၄ရာ ၂၅း၁၇-၃၀)။ ထိုကြောင့် ဒါဝိဒ်၏ “မျိုးဆက်” ကြွလာခြင်းအတွက် မျှော်လင့်ချက်ရှိခဲ့သည် (၂ ရာ ၇း၁၂-၁၆ တွင်ကြည့်ပါ)။ ထိုကြောင့် ထာဝရဘုရားသည် သစ္စာရှိ၍ သူ၏ နှုတ်ကပတ်တော်သည် ယုံကြည်အားကိုး လိုက်သည်။
ဓမ္မရာဇဝင် တတိယစောင်ရှိ အဓိက ဝေါဟာရများ
ဗာလ – ဝေါဟာရ ba-al – ၁၆း၃၁၊ ၁၈း၁၉၊ ၂၁၊ ၂၆၊ ၄၀၊ ၁၉း၁၈၊ ၂၂း၅၃ – မူရင်း အဓိပ္ပာယ်မှာ “သခင်” (သို) “ခင်ပွန်းယောက်ျားဖြစ်သည်။ ဗာလသည် ရှေးခေတ်က အရှေ့အလယ် ပိုင်း တစ်လျှောက်တွင် ဖွံဖြိုးတိုး တက်ခြင်းနှင့် မုန်တိုင်းထန်ခြင်းနှင့်ဆိုင်သော လောကီလူသားတို | ကိုးကွယ်သော ဘုရားများကို ရည်ညွှန်းသည်။ ခါနန်ပြည်တို၏ စာပေတွင် ဗာလကို ဖွံဖြိုးခြင်းနှင့် ဆိုင်သော အာရှရဘုရားနှင့် ဆက်နွယ်သည်။ ထိုဘုရားမကို ဓမ္မဟောင်းကျမ်းတွင် မကြာခဏဖော် ပြထားသည် (၄ရာ ၂၁း၇)၊ ဤကဲ့သိုသော လောကီဘုရားများကို ကိုးကွယ်ခြင်းတွင် မိမိကိုယ်ကို ဖြတ်လှီးခြင်း၊ ဝတ်ပြုခြင်းရိုးရာ ပြည့်တန်ဆာလုပ်ခြင်းနှင့် ကလေးသူငယ်ကို ယဇ်ပူဇော်ခြင်းတို့ ပါဝင်သည်။ ဘုရားသခင်သည် ဗာလနှင့် အာရှရဘုရားများကို ကိုးကွယ်သောကြောင့် ဣသရေလ လူများကို အပြစ်ဒဏ်ပေးသည် (သူကြီး ၂း၁၁-၁၅၊ ယေ ၁၉း၄-၆)။
ပဌနာပြုခြင်း – ဟေဗြဲဝေါဟာရ – techinnah – ၈း၂၈၊ ၃၃၊ ၄၅၊ ၄၇၊ ၅၂၊ ၅၄၊ ၅၉၊ ၉း၃ ဘုရားသခင်ထံ ဆုတောင်းပဌနာပြုခြင်း (သို) လူတစ်ဦး၏ မျက်နှာသာနှင့် ကရာအတွက် တောင်းဆိုခြင်းကို ရည်ညွှန်းသည်(ယေ ၃၇း၂၀၊ ၃၈း ၂၆)။ ဤစကားလုံးကို ရှောလမုန်က ဗိမာန် တော်အတွက် ဆုတောင်းရာတွင် မကြာခဏ အသုံးပြုသည် (၈း၂၃-၉း၃၊ ၆ ရာ ၆း၁၄-၄၂) ပဌ နာပြုခြင်းကို ရန်သူများကြား စိတ်ပင်ပန်းခြင်း ရှိခြင်းနှင့် မကြာခဏ ဆက်နွယ်သည် ( ဆာလံ ၅၅း၁-၃၊ ၁၁၉း၇၀၊ ယေ ၃၆း၇)။ ကျမ်းစာသည် ဒါဝိဒ်၏ ဆုတောင်းပဌနာ ( ၆း၉) ရှောလမုန်၏ ပဌနာ (၉း၃)နှင့် ဆိုးညစ်သော ဘုရင်၊ ဘုရားသခင်ရှေ့တော်၌ နှိမ့်ချသူ မနာရှေ၏ ပဌနာ (၆) ရာ ၃၃း၁၂၊ ၁၃) တိုကို ဖော်ပြသည်။
နာမည် – ဟေဗြဲဝေါဟာရ – shem – ၁း၄၇၊ ၃း၂၊ ၅း၅၊ ၇း၂၁၊ ၈း၁၇၊ ၉း၃၊ ၁၁း၃၆၊ ၁၈း၂၄ – အနီးစပ်ဆုံး အဓိပ္ပာယ်မှာ “မှတ်ဖိုရန်”ဖြစ်သည်။ ကျမ်းစာလာ သမိုင်းတွင် လူပုဂ္ဂိုလ်၏ နာမည်သည် ၄င်း၏ စရိုက် လက္ခဏာများကို နောက်ဆုံးပန်းတိုင် (သို) ရာထူးကို ဖော်ပြခြင်းအဖြစ် အသုံးပြုသည်။ (၁ ရာ ၂၅း၂၅၊ မိုက်ခြင်းဟု အဓိပ္ပာယ်ရသော နဗာလ၏ နာမည်ကို ရှင်းပြခြင်းတွင် ကြည့်ပါ)။ တစ်ခါတရံ ဘုရားသခင်သည် လူများ၏ အကျင့်စရိုက်တိုကို ပြောင်းလဲစေရန် အသုံးပြုသည် (က ၃၅း၁၀ တွင်ကြည့်ပါ)။ ကွဲပြားသော ဘုရားသခင်၏ အမည်များသည် ဘုရားသခင်၏ အမျိုးမျိုး သော အရေးကြီးသည့် စရိုက်လက္ခဏာများကို ထင်ရှားစေသည် (ဥပမာ-အမြင့်မြတ်ဆုံးသော ဘုရားသခင် တန်ခိုးကြီးသော ဘုရားသခင်၊ ငါဖြစ်သည်)။ ဘုရားသခင်၏ နာမတော်ကို ရိုသေလေး မြတ်ခြင်းဖြင့် အသုံးပြုရမည် (ထွက် ၂၀း၇)။ ဘုရားသခင်သည် သူ၏နာမည်ကို ဣသရေလတိုနှင့် ဝေမျှသည့်အကြောင်းမှာ သူတိုနှင့် သူ၏ကြားတွင် ပဋိညာဉ်ဖွဲ ရင်းနှီးသည့် ဆက်စပ်ခြင်း သဘောကို ၊ ဖော်ပြသည် (ထွက် ၃း၁၃-၁၅)။
ရွှေ – ဟေဗြဲဝေါဟာရ – zahab- ၆း၂၁၊ ၂၈၊ ၇း၄၉၊ ၉း၂၈၊ ၁၀း၁၄၊ ၁၂၊ ၂၈၊ ၁၅:၁၅၊ ၂၀း၃) – အရာဝတ္ထုနှင့် ရွှေရောင်နှစ်ခုလုံးကို ဖော်ပြသည် (၃ ရာ ၁၀း၁၆၊ ဇာ ၄း၁၂)။ ရွှေသည် များသောအားဖြင့် ငွေနှင့်အတူ ဖော်ပြလေ့ရှိသည်။ စည်းစိမ်ကို တင်စားသည် (က ၁၃း၂ ၊ ၆ ရာ ၁း၁၅၊ ယေဇ ၁၆း၁၃)။ ဓမ္မဟောင်းကျမ်းရှိ ရွှေရည်ညွှန်းချက်သည် ရှောလမုန်၏ ဗိမာန်တော်နှင့် နန်းတော်တို့ဖြင့် ဆက်စပ်မှုရှိသည် (ထွက် ၂၅း၃၊ ၆ ရာ ၂း၇၊ ၉း၁၃-၂၇)။ မည်သိုပင်ဖြစ်စေ၊ အဖိုးတန်သော ရွှေပေါ်ထွက်ပြီး၊ ပညာ၏ တန်ဖိုးနှင့် မည်သည့်အရာမှ နှိင်းယှဉ်၍ မရပေ (ယောဘ ၂း၁၇)။ ရွေးစရာကောင်းပြီး (သု ၂၂း၁) ထာဝရဘုရား၏ နှုတ်တော်ထွက်တရားတော် (ဆာ ၁၉း၉ ၁၀၊ ၁၁၉း၇၂၊ ၁၂၇) တိုကို နှိင်းယှဉ်ပြထားသည်။
ဓမ္မရာဇဝင် စတုတ္ထုစောင်ရှိ အဓိက ဝေါဟာရများ
ငွေ – ဟေဗြဲဝေါဟာရ keseph – ၅း၅၊ ၂၃၊ ၆း၂၅၊ ၇း၈၊ ၁၂:၁၃၊ ၁၄း၁၄၊ ၂၀း၁၃၊ ၂၃း၃၅ – မူရင်းမှာ “ဖြူရော်သော အရောင်ရှိသည့် သတ္ထု” ဖြစ်ပြီး ဓမ္မဟောင်းကျမ်းတွင် (ပိုက်ဆံ)အခြေခံ ယူနစ်ဖြစ်သည် (၃ ရာ ၂၁း၆၊ ဟေရှာ ၅၅း၁)။ မည်သိုပင်ဖြစ်စေ၊ ရှေးခေတ်တွင် ငွေများကို အ လေးချိန်နှင့်တန်ဖိုးဖြတ်သောကြောင့် ဓမ္မဟောင်း ကျမ်းတွင် ငွေဒင်္ဂါးပြားဖော်ပြခြင်းကို မတွေ့ရပေ (ဟေရှာ ၄၆း၆၊ ယေ ၃၂း၉-၁၀) ရွှေနှင့်အတူ ငွေသည် တဲတော်နှင့် ဗိမာန်တော်ကို တည်ဆောက်ရန် အဖိုးတန်သော တန်ဆာပလာများ ဖြစ်သည် (ထွက် ၂၅း၁- ၉၊ ၆ ရာ ၂း၇)။ ဒေသနာကျမ်းတွင် နှင့်ပတ်သက်၍ ရှောလမုန်သတိပေးထားသည်။ “ငွေကိုတပ်မက်သောသူသည် ငွေနှင့်အတူ အလို ဆန္ဒမပြေနိုင်” (ဒေ ၅း၁၀)။
အမျက်ဒေါသ – ဟေဗြဲဝေါဟာရ – aph- ၁၃း၃၊ ၁၇း၁၁၊ ၂၁း၆၊ ၁၅၊ ၂၂း၁၇၊ ၂၃း၂၆၊ ၂၄း၂၀) – နှာခေါင်း” ခေါင်းပေါက် (သို) “ဒေါသ”ကို ဆိုလိုသည် (က ၂း၇၊ သု ၁၅း၁)။ ဤအသုံး အနှုန်းသည် များသောအားဖြင့် လောင်ကျွမ်းခြင်း ဖော်ပြသော စကားများနှင့် တွဲသုံးလေ့ရှိသည်။ ဓမ္မဟောင်းကျမ်းတစ်လျှောက်တွင် လောင်ကျွမ်းသော နှာခေါင်း အစရှိသည့် တင်စားချက်များ သည် ထုံးစံအတိုင်း ဒေါသကို လူတစ်ဦး၏ နှာခေါင်းမှ ပြင်းထန်စွာ အသက်ရှုခြင်းကို ဖော်ပြသည် (ထွက် ၃၂း၁ဝ-၁၂)။ ဓမ္မဟောင်းကျမ်း ကိုးကားချက်အများစုသည် ဤဝေါဟာရကို ဘုရားသခင်၏ အမျက်ဒေါသအား ဖော်ပြရန် အသုံးပြုသည် (ဆာ ၁၀၃း၈၊ တရားဟာ ၄း၂၄၊ ၂၅)။ ဘုရားသခင် ၏ ဖြောင့်မတ်သော အမျက်ဒေါသသည် သူ၏ပဋိညာဉ် ပညတ်တော်ကို ချိုးဖောက်သောသူတို အတွက် သိုလှောင်ထားလျက်ရှိသည် (တရားဟော ၁၃း၁၇၊ ၂၉း ၂၅ – ၂၇၊ ယောရှု ၂း၂၀၊ သူကြီး ၂း၂၀၊ ဆာ ၇၈း၃၈)။
မြင့်သောအရပ် – ဟေဗြဲဝေါဟာရ – bamah – ၁၂း၃၊ ၁၄း၄၊ ၁၅း၄၊ ၁၇း၉၊ ၂၃၊ ၁၅၊ ၂၀ -၂ တောင်ပေါ် (သို) တောင်ကုန်း စသည်ဖြင့် မြင့်သောနေရာများတွင် ဘုရားအတွက် သီးသန့်ထားရှိ သည့် နေရာကို ရည်ညွှန်းသည်။ ဗိမာန်တော်မတည်ဆောက်မီ ဣသရေလလူများသည် စစ်မှန်သော ဘုရားသခင်ကို မြင့်သောအရပ်များတွင် ကိုးကွယ်ကြသည် (၃ ရာ ၃း၂-၄)။ မည်သိုပင်ဖြစ်စေ၊ ဣသရေလလူမျိုးများသည် ရုပ်တုဘုရားများကို ဤသန့်ရှင်းရာ နေရာများတွင် ကိုးကွယ်စပြုလာခဲ့ ကြသည်။ နောက်ဆက်တွဲအဖြစ် ဓမ္မဟောင်းကျမ်းတွင် မြင့်သောအရပ်များသည် ဣသရေလ၏ ဘာသာရေးပုန်ကန်ခြင်းနှင့် လမ်းလွဲခြင်းတို့ဖြင့် ပတ်သတ်လာခဲ့သည် (၃ရာ ၁၄း ၂၃၊ ဆာ ၇၈း၅၈၊ ယေ ၁၉း၅)။
ဓမ္မရာဇဝင် တတိယစောင်ရှိ အဓိကဩဝါဒများ
ဖောက်ပြန်သော လူမျိုးများအပေါ် ဘုရားသခင်၏ တရားစီရင်မှု – (၉း၃-၉၊ တရားဟော ၄:၂၆၊ ၂၈း၃၇၊ ၂ ရာ ၁၄-၁၆၊ ၆ ရာ ၇း၁၉-၂၀၊ ဆာ ၄၄း၁၄၊ ၈၉း၃၀၊ ယေ ၂၄း၉၊ ဟော ၅း၁၁၊ ၁၂၊ မ ၂၃း၃၃-၃၆၊ ယော ၃း၁၈၊ ၁၉၊ ၁၂း၄၈၊ ရော ၂း၅၊ ၆၊ ၂ ပေ ၃း၁ဝ၊ ဗျာ ၁၈း၁၀) ၊
ပြည့်စုံလာသော ဘုရားသခင်၏ ပရောဖက်ပြုချက်များ – (၁၃း၂-၅၊ ၂၂း၁၅-၂၈၊ တော ၂၇း၁၇၊ ၄ ရာ ၂၃း၁၅-၂၀၊ ၆ ရာ ၁၈း၁၆၊ မ ၉း၃၆၊ မာ ၆း၃၄၊ ယော ၂း၁၈)
ဒါဝိဒ်နှင့်ပြုသော ပဋိညာဉ်အပေါ် ဘုရားသခင်၏ သစ္စာရှိမှု – (၁၁း၁၂-၁၃၊ ၃၄-၃၆၊ ၁၅း၄၊ ၂ ရာ ၇း၁၂-၁၆၊ လု ၁း၃ဝ-၃၃၊ တ ၂း၂၂-၃၆)
ဓမ္မရာဇဝင် စတုတ္ထစောင်ရှိ အဓိကဩဝါဒများ
ဖောက်ပြန်သော လူမျိုးများအပေါ် ဘုရားသခင်၏ တရားစီရင်မှု – (၁၇း၇-၂၃၊ ၂၁း၁၀-၁၅၊ သူကြီး ၆း၁ဝ၊ ၁ ရာ ၃း၁၁၊ ယေ ၆း၉၊ ၁၉း၃၊ မြည်တမ်း ၂း၈၊ အာ ၇း၇၊ ၈၊ မ ၂၃း၃၃-၃၆၊ ယော ၃း၁၈၊ ၁၉၊ ၁၂း၄၈၊ ရော ၂း၅၊ ၆၊ ၂ ပေ ၃း၁၀၊ ဗျာ ၁၈း၁၀)
ပြည့်စုံလာသော ဘုရားသခင်၏ ပရောဖက်ပြုချက်များ – (၂၃း၁၆၊ ၂၄း၂၊ ၃ ရာ ၁၃း၂၊ ယေ ၂၉၊ ၃၂း၂၈၊ ၃၅း၁၁၊ ယေဇ ၁၉း၈) ၊
ဒါဝိဒ်နှင့်ပြုသော ပဋိညာဉ်အပေါ် ဘုရားသခင်၏ သစ္စာရှိမှု – (၈း၁၉၊ ၂၅း၂၇-၃ဝ၊ ၂ ရာ ၇း၁၂-၁၆၊ လု ၁း၃၀- ၃၃၊ တ ၂း၂၂-၃၆)
ဓမ္မရာဇဝင် တတိယစောင်ရှိ ဘုရားသခင်၏ ဂုဏ်အင်္ဂါလက္ခဏာများ
ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ပြည့်စေသော ဘုရား – ၈း၂၇
ဘုရားသခင်သည် ဘုန်းကြီးသော ဘုရား – ၈း၁၁
ဘုရားသခင်သည် က ရုဏာရှိသော ဘုရား – ၈း၂၃
ဘုရားသခင်သည် ကတိတော်ကို စောင့်ထိန်းသော ဘု ရား – ၈း၅၆ ၊
ဘုရားသခင်သည် ကူညီမစသော ဘုရား – ၂၁း၁၉၊ ၂၂း၃ဝ၊ ၃၄၊ ၃၇၊ ၃၈
ဓမ္မရာဇဝင် စတုတ္ထစောင်ရှိ ဘုရားသခင်၏ ဂုဏ်အင်္ဂါလက္ခဏာများ
ဘုရားသခင်သည် သနားကြင်နာသော ဘုရား – ၁၃း၂၃
ဘုရားသခင်သည် တစ်ဆူတည်းသော ဘုရား – ၁၉း၁၅
ဘုရားသခင်သည် အမျက်ဒေါသထွက်သော ဘုရား – ၁၉း ၂၈၊ ၃၅၊ ၃၇၊ ၂၂း၁၇
အနက်အဓိပ္ပာယ်ဆိုင်ရာ အခက်အခဲများ
၃ နှင့် ၄ ရာတွင် အဓိကအနက်ဖွင့်ခြင်းဆိုင်ရာ အခက်အခဲမှာ ဣသရေလနှင့် ယုဒ ဘုရင်တို၏ သမိုင်းဝင် ဖြစ်ရပ်များအကြောင်း ဖြစ်သည်။ ၃ နှင့် ၄ ရာကျမ်းတွင် သမိုင်းဝင်ဖြစ်ရပ် နှင့်ဆိုင်သော အကြောင်းအရာများကို ဖော်ပြသော်လည်း၊ ဤအချက်သည် အကြောင်းအရင်း နှစ်ခုကြောင့် အနက်ဖွင့်ရန် ခက်ခဲသည်။ ပထမ သတင်း အချက်အလက်တွင် အတွင်းပိုင်း မ ကိုက်ညီမှု ရှိပုံပေါ်သည်။ ဥပမာ- ၃ ရာ ၁၆း၂၃ တွင် ယုဒရှင်ဘုရင် အာသနန်းစံသက်တမ်း ၃၁ နှစ်မြောက်တွင် ဣသရေလဘုရင် ဩပရိသည် နန်းစထိုင်ပြီး (၁၂) နှစ်အုပ်စိုးခဲ့သည်။ သို့သော်လည်း ၃ ရာ ၁၆း၂၉ အရ ဩမရိ၏ ရာထူးကို သူ၏သား အာဟပ် ဆက်ခံပြီး၊ အာသ ၃၈ နှစ်မြောက် ဖြစ်ပြီး၊ ဩမရိကို ၁၂ နှစ် မဟုတ်ဘဲ ခုနစ်သာ အုပ်စိုးခွင့်ပြုခဲ့သည်။ ဒုတိယမှာ၊ ကျမ်းစာပြင်ပ အရင်းအမြစ်များ (ဂရိ၊ အာရူရိနှင့် ဗာဗုလုန်) နက္ခဗေဒဆိုင်ရာ အချက်အလက် ဘီစီ ၈၉၂-၅၆၆ အထိ ယုံကြည်စိတ်ချရသော အချက်အလက်များကိုလည်း ရေတွက်ထားသည်။ ဣသရေလရှင်ဘုရင် အာဟပ်နှင့် ယေဟုတိုသည် အာရှုရိ ပြည်သား၏ ရေးသားချက်တွင် ဖော်ပြ ထားခြင်းအရ ဘီစီ ၈၅၃ တွင် အာဟပ်သေဆုံးပြီး၊ ဘီစီ ၈၄၁ တွင် ယေဟု စတင်စိုးစံခဲ့သည် ဟု အတည်ပြုနိုင်သည်။ ဤအတည်ပြုရက်စွဲများနှင့် ဣသရေလသည် ယုဒမှ ခွဲထွက်သွားသည့် ၅၈၆ ဖြစ်မည်ဟု အရှေ့အနောက်ကို တွက်ချက်ခြင်းဖြင့် သိနိုင်သည်။ သိုသော် ၃ နှင့် ၄ ရာ တွင် မင်းများ၏ အုပ်စိုးခြင်းကာလကို ပေါင်းသည့်အခါ၊ ဣသရေလတွင် ၂၄၁ နှစ် (ဘီစီ ၉၃၁-၇၂၂ မှ နှစ်ပေါင်း ၂၁၀ မပါ)နှင့် ယုဒမှ ၃၉၃ နှစ် (ဘီစီ ၉၃၁ – ၅၈၆ မှ နှစ်ပေါင်း ၃၄၆ မပါ)ဖြစ်သည်။ နှစ်နိုင်ငံလုံးတွင် ဘုရင်များ၏ ကိုယ်စားအုပ်ချုပ်ခြင်းရှိကြောင်း သိမှတ်ရမည်။ ဥပမာ- အများစုမှာ သားနှင့်ဖခင်ဖြစ်နေပြီး၊ ဘုရင်နှစ်ပါးနှင့် တစ်ချိန်တည်းတွင် အုပ်ချုပ်သည့် အခါ ထိုသို့ထပ်နေသော အချိန်ကာလကို ဘုရင်နှစ်ပါးလုံးအတွက် နှစ်ခုစိအဖြစ် သီးသန့်ရေတွက်သည်။ ထိုအပြင် ဘုရင်၏ အုပ်စိုးခြင်းကာလကို တွက်ချက်နည်းမတူခြင်းနှင့် အသုံးပြုသော ပြက္ခဒိန်လည်း မတူပေ။ ၄င်းက အတွင်းပိုင်းကွဲလွဲမှုအဖြစ် မြင်စေသည်။ ၃ နှင့် ၄ ရာကျမ်းတွင် ယေဘုယျအားဖြင့် မှန်ကန်သော သမိုင်းဖြစ်ရပ်များကို ဖော်ပြ၍ အတည်ပြုနိုင်သည်။
ဒုတိယမှာ အဓိကအနက်ပြန်ခြင်းဆိုင်ရာ အခက်အခဲမှာ အာဗြဟံနှင့် ဒါဝိဒ်တိုနှင့်ဆိုင် သည့် ပဋိညာဉ်တော်နှင့် ရှောလမုန်၏ စပ်ဆိုင်မှုဖြစ်သည်။ ၃ ရာ ၄:၂၀၊ ၂၁ ကို အချို့ အာဗြဟံထံပေးသော ကတိတော် ပြည့်စုံခြင်းဖြစ်သည်ဟု အနက်ပြန်ကြသည် (က ၁၅း၁၈-၂၁၊ ၂၂း၁၇)။ မည်သို့ပင်ဖြစ်စေ တော ၃၄း၆၊ အရ အာဗြဟံထံ ကတိပေးခဲ့သော နယ်မြေ၏ အနောက်ပိုင်းသည် မြေထဲပင်လယ်ဖြစ်သည်။ ၃ရာ ၅း၁တွင် ဟိရံသည် အမှီခိုမဲ့သော တုရု(မြေထဲပင်လယ်တစ်လျှောက်တွင် ဘုရင်ဖြစ်ပြီး၊ ရှောလမုန်နှင့်တန်းတူ ဆက်ဆံသည်။ ရောလ မှန်သည် ထိုတိုင်းပြည်၏ ကျယ်ပြန့်သော အစိတ်အပိုင်းကို အုပ်ချုပ်ခဲ့သော်လည်း ရှောလမွန် ၏ နိုင်ငံတော်သည် အာဗြဟံ၌ပေးသော ထာဝရဘုရား၏ ကတိထားရာပြည် မဟုတ်ပေ။ ထို အပြင် ၃ ရာ ၅း၅ နှင့် ၈း၂၀ တွင် ရှောလမုန်ပြောသောစကားသည် ဒါဝိဒ်နှင့်ဆိုင်သော ပဋိ ညာဉ်တော်၏ ကတိတော်မျိုးအဖြစ် အဆိုပြုသည် (၂ ရာ ၇း၁၂-၁၆)။ ၃ နှင့် ၄ ရာ ရေးသူ သည် ရှောလမုန်၏ ဗိမာန်တော်မှာ ဒါဝိဒ်အားပေးသော ထာဝရဘုရား၏ ကတိတော်ပြည့်စုံခြင်း ဖြစ်နိုင်ခြေကို တင်ပြသွားသည်။ မည်သိုပင်ဖြစ်စေ၊ ဒါဝိဒ်ထံပေးသော ထာဝရဘုရား၏ ကတိ တော်ပြည့်စုံခြင်းအတွက် အခြေအနေများသည် ရှောလမုန်ထံ အဖန်ဖန်ကျရောက်လာသည် (၃ ရာ ၆း၁၂)။ ရှောလမုန်သည် ထိုအခြေအနေများကို မဖြည့်ဆည်းနိုင်ခဲ့ခြင်းမှာ ရှင်းလင်းသည် (၃ ရာ ၁း၁၉-၁၃)။ အမှန်မှာ ဒါဝိဒ်၏ အိမ်တွင် သမိုင်းတစ်လျှောက် ဘုရင်ခံသူ များသည် ကတိထားသူ တစ်ဦးလက္ခ ဏာဖြစ်သည့် စုံလင်သော နာခံခြင်းမရှိခဲ့ကြ ပေ။ ၃ နှင့် ၄ ရာ အရ အာဗြဟံနှင့် ဒါဝိဒ်ထံပေး ပဋိညာဉ်၏ ပြည့်စုံခြင်း သည် ဣသရေလ၏ အတိတ်ကာလတွင် မဖြစ်ခဲ့ပေ။ ထိုကြောင့် နောင်လာမည့် ပ ရောဖက်များ (ဟေရှာယ၊ ယေရမိ၊ ယေဇ ကျေလနှင့် တစ်ဆယ့်နှစ်ပါး) အတွက် အ ခြေခံအုတ်မြစ်ချခြင်း ဖြစ်သည်။ ထိုသူတိုသည် ပဋိညာဉ် ပြည့်စုံလာသည့် အခါ မေရှိယ၏ အတောင်တော်ရိပ် အောက်တွင် ရှိသော ဣသရေလ၏ အနာ ဂတ် မျှော်လင့်ချက်သို မီးမောင်းထိုးပြလျက် ရှိသည် (ဟေရှာ ၉း၆၊ ၇ တွင်ကြည့်ပါ)။
ဓမ္မရာဇဝင် စတုတ္ထစောင်၌ ခရစ်တော်
လူမျိုးတစ်မျိုးလုံး၏ နာမခံခြင်းကြောင့် ယုဒအပေါ် သို ကြီးစွာသော တရားစီရင်ခြင်း ကျရောက်သော် လည်း ဗာဗုလုန်၌ ကျွန်ခံရာမှ ဘုရားသခင်သည် ယုဒလူမျိုး အကြွင်းအကျန်များကို ချမ်းသာပေးခဲ့ ပါသည်။ ဤအကြွင်း အကျန်သည် ခရစ်တော် လော ကသို ကြွရောက်လာမည့် ဒါဝိဒ်၏ မင်းမျိုးကို ထိန်း သိမ်းကာ ကွယ်ခဲ့သည်။ ယုဒ၏ လမ်းလွဲ၍ ဖောက် ပြန်မှုသည် ဖြောင့်မတ်သော ဘုရားသခင်ထံမှ တ ရားစီရင်ခြင်းကို တောင်းဆိုနေ သည်။ သိုသော်လည်း ဘုရားသခင်က ဒါဝိဒ်နှင့်ထားသော ပဋိညာဉ်အ ပေါ် သစ္စာရှိမြဲဖြစ်သည်။ ဒါဝိဒ်၏ တိုက်ရိုက်မျိုး ဆက်ဖြစ်သော မေရှိယအရှင်ယေရှုက သူ့လူများကို အပြစ်၏ ချည်နှောင်ခြင်းမှ လုံးဝလွှတ် ပေးမည်ဖြစ် သည်။
အကျဉ်းချုပ် ကောက်နှုတ်ချက်
၃ နှင့် ၄ ရာကျမ်းတို၏ ခွဲခြမ်းမှုသည် ထင်ရာမြင်ရာစိုင်းနေသလို ဇာတ်လမ်း၏ အ လယ်ပိုင်းတွင် ရှိနေပြီး၊ ဣသရေလတွင် အာခဇိအကြောင်းကို ကြားညှပ်ဆွေးနွေးသည်ကို တွေ့ရသည်။ အောက်ဖော်ပြပါ ကောက်နုတ်ချက်များသည် ဓမ္မရာဇဝင် တတိယနှင့် စတုတ္ထစောင်အတွက်ဖြစ်သည်။
၁။ စည်းလုံးသော နိုင်ငံတော် – ရှောလမုန် အုပ်စိုးခြင်း (၃ ရာ ၁း၁-၁၁း၄၃)
က။ ရှောလမုန် ပေါ်ထွက်ခြင်း (၃ ရာ ၁း၁-၂း၄၆)
ခ။ ရှောလမုန်၏ ပညာနှင့်စည်းစိမ် အစပြုခြင်း (၃ ရာ ၃း၁-၄း၃၄)
ဂ။ ဗိမာန် တည်ဆောက်ရန် ပြင်ဆင်ခြင်း (၃ ရာ ၅း၁-၁၈)
ဃ။ ဗိမာန်တော်နှင့် ရှောလမုန်၏အိမ်တည်ဆောက်ရန် ပြင်ဆင်ခြင်း(၃ ရာ ၆း၁-၉၉)
င။ ရှောလမုန်၏ နောက်ထပ်ဆောက်လုပ်ရေးစီမံကိန်းများ (၃ ရာ ၉း၁၀-၂၈)
စ။ ရှောလမုန်၏ ပညာနှင့်စည်းစိမ်၏ အထွတ်အထိပ်ရောက်ခြင်း (၃ ရာ ၁၀း၁-၂၉)
ဆ။ ရှောလမုန်၏ ကျဆင်းခြင်း (၃ ရာ ၁၁း၁-၄၃) ၊
၂။ နှစ်ခြမ်းကွဲသွားသော နိုင်ငံတော် – ဣသရေလနှင့် ယုဒဘုရင်များ (၃ ရာ ၁၂း၁ – ၄ ရာ ၁၇း၄၁)
က။ ရုပ်တုကိုးကွယ်မှု ပေါ်ထွန်းခြင်း – ဣသရေလတွင် ယေရောင် /ယုဒတွင် ရောဗောင် (၃ ရာ ၁၂း၁-၁၄း၃၁)
ခ။ ယုဒ/ဣသရေလ ဘုရင်များ (၃ ရာ ၁၅း၁-၁၆း၂၂)
ဂ။ ဩမရိ၏ မင်းဆက်နှင့် သူ၏ လွှမ်းမိုးမှု – ဣသရေလနှင့် ဗာလကိုးကွယ်ခြင်း ပေါ်ထွက်လာမှုနှင့် ပြိုပျက်ခြင်း (၃ ရာ ၁၆:၂၃- ၄ ရာ ၁၃း၂၅)
၁) ဗာလကိုးကွယ်ခြင်း နိဒါန်း (၃ ရာ ၁၆း၂၃-၃၄)
၂) ဗာလကိုးကွယ်ခြင်းကို ဧလိယ အံတုခြင်း (၃ ရာ ၁၇း၁- ၄ ရာ ၁း၁၈)
၃) စစ်မှန်သော ဘုရားအကြောင်း ဧလိရှဲ၏ လွှမ်းမိုးမှု (၄ ရာ ၂:၁-၉း၁၃)
၄) ဣသရေလ၌ ဗာလကိုးကွယ်ခြင်းကို တွန်းလှန်ခြင်း (၄ ရာ ၉း၁၄-၁၀း၃၆)
၅) ယုဒတွင် ဗာလကိုးကွယ်ခြင်းကို တွန်းလှန်ခြင်း (၄ ရာ ၁၁း၁-၁၂း၂၁)
၆) ဧလိရှဲ အနိစ္စရောက်ခြင်း (၄ ရာ ၁၃း၁-၂၅)
ဃ။ ယုဒဣသရေလ ဘုရင်များ (၄ ရာ ၁၄း၁-၁၅း၃၈)
င။ ဣသရေလကို အာရှုရိ အနိုင်ယူပြီး ကျရှုးခြင်းနှင့် ပြည်နှင်ဒဏ်ခံရခြင်း (၄ ရာ ၁း၁-၁၇း၄၁)
၃။ ရှင်သန်နေသော နိုင်ငံတော် – ယုဒရှင်ဘုရင်များ (၄ ရာ ၁၈း၁-၂၅း၂၁)
က။ ဟေဇကိ၏ ဖြောင့်မတ်သော အုပ်စိုးခြင်း (၄ ရာ ၁၈း၁-၂၀း၂၁)
ခ။ မနာရှနှင့် အချွန်တို၏ ဆိုးညစ်သော အုပ်ချုပ်ခြင်း(၄ ရာ ၂၁း၁-၂၆)
ဂ။ ဃောရှိ၏ ဖြောင့်မတ်သော အုပ်စိုးခြင်း (၄ရာ ၂၂း၁-၂၃း၃၀(
ဃ။ ယုဒကို ဗာဗုလုန်အနိုင်ယူပြီး ကျွန်ခံစေခြင်း (၄ ရာ ၂၃း၃၁-၂၅း၂၁)
၄။ နိဂုံး – လူများ၏ဆက်လက်ပုန်ကန်ခြင်းနှင့် ထာဝရဘုရား၏ ဆက်လက်ကရုဏာထားခြင်း (၄ရာ ၂၅း ၂၂-၃၀)
ဓမ္မရာဇဝင် တတိယနှင့် စတုတ္ထစောင် အချိန်ကာလ၌ ကမ္ဘာကြီးရှိ အခြားသောနေရာများ
ပါးရှားအင်ပါယာကို ကုရုမင်းသည် Lydia, ဗာဗုလုန်နှင့် မီဒိုတိုအား တွန်းလှန် ခဲ့ပြီးနောက် တည်ထောင်ခဲ့ သည်(ဘီစီ ၅၅၃-၅၂၉)။ ကုရုမင်းသည် နောက်ပိုင်း၊ တွင် မြင်းများကို အသုံးပြုပြီး သတင်းပိုခြင်း စနစ်ကို မြှင့်တင်ခဲ့သည်။ ထိုအပြင်ဂရိလူမျိုး အသုံးပြုသည့် ကျူပင်များကိုလည်း ပထမဆုံး အသုံးပြုလာသည်။
ခက်ခဲသော မေးခွန်းများအတွက် အဖြေများ
၁။ ဣသရေလ နိုင်ငံတော်သမိုင်းအကြောင်းကို ရေးသားရာတွင် ၁ ရာမှ ၆ ရာအထိ ဤခြောက်အုပ်တိုသည် အချင်းချင်းမည်သို ဆက်စပ်မှုရှိသနည်း။
၁၊၂၊၃၊၄ ရာတို့သည် ဣသရေလနိုင်ငံ၏ သမိုင်းခေတ်ကာလကို ၎င်း၏ ။ မူရင်းနှင့် ကွဲသွားသည့် နိုင်ငံအ ခြေအနေတွင် ဖော်ပြပေးသည်။ ၅ နှင့် ၆ရာသည် ပါဝင် များ၏ မျိုးဆက်ကို တိတိကျက ပြန်လေ့လာခြင်း သဘောဖြစ်သည်။
ဤစာအုပ်တွင် ပေးထားသည်ထက် အုပ်စိုးချိန်ကို ပိုပြီး ထပ်ပေးမည့်သူများ ဤစာအုပ်တွင် တစ်ခါတစ်ရံ အံ့ဩရသည်မှာ တွက်ချက်ခြင်းသင်္ချာနှင့် ပတ်သက်သော များသည် မညီလျှော်သောကြောင့် ဖြစ်သည်။ ကျမ်းစာအပြင် အရင်းအမြစ်များသည် ကျမ်းချက်နှင့် ပြန်လည်ဆက်စပ်ရာတွင် ပြဿနာပေးနိုင်သည့် အရာများကို ပေးသည်။ ဤသို မှတ်စုတွင် မညီညွှတ်ခြင်းကို ရှင်းပြပေးမည့် အရေးကြီးသော အချက်နှစ် ချက်ရှိသည်။ ၄င်းတို မှာ (၁) ကိစ္စအတော်များများတွင် ဘုရင်၏ ကိုယ်စားလှယ်အုပ်ချုပ်ခြင်း (ဖခင်များနှင့် သား မျှဝေရန် ထပ်နေသော နှစ်များကို မရေတွက်ဘဲ ဘုရင်တစ်ပါးချင်းစီတိုင်း၏ နှစ်များကို မှတ် စဉ်ရေးသား ထားသည်။ (၂) နိုင်ငံနှစ်ခုတိုသည် အသုံးပြုသော ပြက္ခဒိန် (သို) အသိအမှတ်ပြုသော နှစ်ပေါင်းရေ တွက်ခြင်းတိုသည် မတူညီကြပေ။
ဓမ္မရာဇဝင် တတိယစောင်ကို ဆက်လက်လေ့လာရန်
၁။ အောင်မြင်သော ဘုရင်များသည် များသောအားဖြင့် မည်သည့်အရည်အသွေးများရှိသနည်း။ ၂။ကျန်းသောဘုရင်များ၏ ဘဝများကို မည်သည့် အကျင့်စရိုက်နှင့် မကောင်းသည့် ဆုံးဖြတ်ချက် များဖြင့် မှတ်သားထားသနည်း။
၃။ အဘယ့်ကြောင့် ဒါဝိဒ်၏ နိုင်ငံတော်သည် ဣသရေလနိုင်ငံနှင့် ယုဒ နိုင်ငံအဖြစ် နှစ်ခြမ်းကွဲရသနည်း
၄။ ဓမ္မရာဇဝင် တတိယစောင်တွင် ဧလိယသည် မည်သည့်အခန်းကဏ္ဍကို ပြည့်စုံစေခဲ့သနည်း။
၅။ ဘုရားသခင်၏ ဗိမာန်တော်ကို တည်ဆောက်ခြင်းနှင့် ဆက်ကပ်ခြင်းသည် ကျွန်ုပ်တိုအားဘုရားသခင်ကို ရိုသေလေးစားရန် မည်သိုထိရောက်စွာ သွန်သင်သနည်း။
၆။ ဘုရားသခင်၏ ဘုန်းတော်အတွက် သင့်ဘဝတွင် အမြဲလုပ်ဆောင်သွားမည့် တစ်ခုတည်း သောအရာနှင့် အရေးကြီးသောအရာသည် အဘယ်နည်း။ ။
ဓမ္မရာဇဝင် စတုတ္ထစောင်ကို ဆက်လက်လေ့လာရန်
၁။ ဧလိယနှင့် ဧလိရှဲတိုသည် မည်သိုကွာခြားသနည်း။ လူများကို မည်သို လွှမ်းမိုးခဲ့ကြသနည်း။
၂။ ဓမ္မရာဇဝင် စတုတ္ထစောင်တွင် အခြားမည်သည့် ပရောဖက်များကို ဖော်ပြထားသနည်း။
၃။ဓမ္မရာဇဝင် စတုတ္ထစောင်တွင် ဖြစ်ခဲ့သော နိမိတ်လက္ခဏာများ၏ နောက်ကွယ်တွင် ဘုရား သခင်၏ ရည်ရွယ်ချက်များမှာ အဘယ်နည်း။
၄။ ဣသရေလနှင့် ယုဒတိုသည် ကိုယ်စီ ဘုရင်မည်မျှ ရှိခဲ့ကြသနည်း။ မည်မျှကောင်းပြီး မည်မျှ ဆိုးခဲ့ကြသနည်း၊
၅။ ဓမ္မရာဇဝင် စတုတ္ထစောင်တွင် ဘုရားသခင်၏ မည်သည့်စရိုက်လက္ခဏာကို သာဓကပြ၍ အထူးပြုပါသနည်း။
၆။ သင်၏အသက်တာတွင် ဘုရားသခင်၏ စိတ်ရှည်ခြင်းသဘောကို မည်သို နားလည်၍ အသိအမှတ်ပြု ပါသနည်း။