BEING GOD’S FRIEND
CHARLES H.SPURGEON – ဘာသာပြန်သူ – အက်ဖ်စီ ဘီထန်း
ကျေးဇူးတင် အမှာစာ
ယုံကြည်သူခရစ်ယာန်များအသက်တာ၌ အမြင့်ဆုံးအသက်တာ ဖြင့် အသက်ရှင်နိုင်ဖို့ရန် တချိန်က ဘုရားသခင်၏လူဖြစ်သော Charles H. Spurgeon ရေးသားသည့် “ဘုရားသခင်၏မိတ်ဆွေ” ဟူသောစာအုပ် ကိုမြန်မာလိုဖတ်ရှုနိုင်ရန် စာအုပ်အသွင်ထွက်လာသည့်အတွက် ဦးစွာ ဘုရားရှင်၏နာမတော်ကို ချီးမွမ်းပါသည်။
ဤတန်ဖိုးရှိသောစာအုပ်သည် မြန်မာပြည်နေရာအနှံ့၌ ရှိသော ခရစ်ယာန်ယုံကြည်သူများ၊ အသင်းတော်အသီးသီးရှိ မိဘညီအစ်ကိုမောင် နှမအားလုံး မြန်မာလိုဖတ်ရှုလေ့လာပြီး အသက်တာ၌ လက်တွေ့ကျင် လည်အသက်ရှင်နိုင်ရန် ဘာသာပြန်ပေးသော အက်ဖ်စီဘီထန်း အား အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါသည်။ သူသည် ၂၀၁၄ မှစ၍ လက်ရှိထိ မြန်မာ့စံမီသမ္မာကျမ်းဘာသာပြန်ခြင်း ပရောဂျက်၌ ပါဝင်လုပ်
ဆောင်နေသူဖြစ်ပြီး မအားမလပ်သည့်ကြားထဲမှ ညစဉ်နှင့်စနေနေ့တိုင်း သီးသန့်အချိန်ယူလျက် ယုံကြည်သူဓမ္မမိတ်ဆွေများအတွက် နာမည်ကြီး ဝိညာဉ်ဖခင်တို့၏စာအုပ်များကို ဘာသာပြန်ပေးသူတစ်ဦးဖြစ်သည်။ ကူညီ
ထောက်ပံ့သူမရှိသော်လည်း ဘုရားသခင်၏လက်တော်ကို မျှော်ကိုးလျက် စိတ်စေတနာအမှန်ဖြင့် ထိုကဲ့သို့သောစာအုပ်ကောင်းများစွာကို သူကိုယ် တိုင်ဘာသာပြန်ကာ ထုတ်ဝေနိုင်ခြင်းဖြစ်သည်။ ယခုချိန်ထိ သူကိုယ်တိုင်
ဘာသာပြန်ပြီး ထုတ်ဝေသောစာအုပ်ပေါင်းမှာ (၁၁) အုပ်ဖြစ်ပြီး သူကိုယ် တိုင်ရေးသားသောစာအုပ်မှာ (၁) အုပ်ဖြစ်ကာ စုစုပေါင်း ၁၂ အုပ်ထုတ် ဝေခဲ့ပြီဖြစ်သည်။
ဘုရားသခင်သည် မိမိဘုန်းတော်အတွက် သူ့အား ဆက်လက် ကောင်းချီးပေး၍အသုံးပြုပါမည့်အကြောင်း အထူးဆုတောင်းပေးပါသည်။
Rev. နော်လိန်း – Gospel Baptist Church
မာတိကာ
၁။ ယုံကြည်ခြင်းဖြင့် နားထောင်ခြင်း၊
၂။ ငါသည် ချမ်းသာပေးမည်
၃။ အံ့အားသင့်ဖွယ် ကြီးမြတ်သောယေရှုရှင်
၄။ အမိန့်တော်ရှိလျှင်
၅။ ချစ်ခြင်းမေတ္တာ၏ပညတ်ချက်နှင့်အသက်
၆။ ယေရှု၏မိတ်ဆွေ
၇။ သေခြင်းနှင့် အစဉ်မပြတ်ကင်းလွတ်မည့်သူ
၈။ အားနည်းသောခရစ်တော်အား အားပေးခြင်း
၉။ သင်တို့သည် ခရစ်တော်အဖို့ ဖြစ်ကြ၏။
အခန်း ၁
ယုံကြည်ခြင်းဖြင့် နားထောင်ခြင်း
အာဗြဟံသည် အမွေခံရလတ္တံ့သောပြည်သို့ထွက်သွားမည်အကြောင်း ၊ ဘုရားသခင်ခေါ်တော်မူသောအခါ သူသည် ဘယ်အရပ်သို့သွားသည်ကို ကိုယ်တိုင်မသိဘဲလျက် ယုံကြည်ခြင်းအားဖြင့် နားထောင်၍ သွားလေ၏
(ဟေဗြဲ၊ ၁၁း၈)။
နာခံခြင်း – အကယ်၍ ကျွန်ုပ်တို့အားလုံးသည် သန့်ရှင်းသော ဝိညာဉ်တော်၏ပဲ့ပြင်သင်ကြားခြင်းကို ခံယူကြမည်ဆိုလျှင် ထိုအမှုအရာ သည်အလွန်မင်္ဂလာရှိပေသည်။ ကျွန်ုပ်တို့အပြည့်အဝနာခံကြမည်ဆိုလျှင် မိမိတို့အသက်တာသည် နဂိုအတိုင်း အပြည့်အဝပြန်ကောင်းလာမည်ဖြစ် ၊ သည်။ တစ်လောကလုံးက သခင်ဘုရားကိုနာခံကြည်မည်ဆိုလျှင် မြေကြီး ၊ ပေါ်တွင် ဘုရားသခင်၏နိုင်ငံတော်တည်ထောင်လာမည်ဖြစ်သည်။ ဘုရား သခင်အပေါ်အပြည့်အဝနာခံခြင်းဆိုသည်မှာ လူသားအချင်းချင်းချစ်ခြင်း၊ အဆင့်အတန်းမခွဲခြားဘဲ တစ်ပြေးညီမျှမျှတတရှိခြင်းနှင့်တိုင်းနိုင်ငံအားလုံး အပေါ် ငြိမ်းချမ်းခြင်းတို့ကိုဆိုလိုပါသည်။ ကျွန်ုပ်တို့၏စိတ်ဆန္ဒသည် မနာ
လိုမှု၊ မလိုတမာစိတ်နှင့်ရန်လိုတိုက်ခိုက်ခြင်းတို့ကို ယူဆောင်လာတတ် သည်။ သို့သော် ဘုရားသခင်၏လိုအင်ဆန္ဒကိုသာ ကျွန်ုပ်တို့နာခံကြမည် ဆိုလျှင် ကျွန်ုပ်တို့သည် ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်ဝပ်ခြင်းနှင့်ချမ်းမြေ
ပျော်ရွှင်မှုများကို ရရှိမည်ဖြစ်သည်။ နာခံခြင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့အ တွက်ရော အခြားသူများအတွက်ပါ ဆုတောင်းကြပါစို့။
ကိုယ်တော်၏ထိန်းချုပ်မှုသို့ စိတ်ပိုင်းဖြတ်၍မရသောနှလုံးသားရှိပါသလား။ အို မေတ္တာတော်ရှင်ဘုရား၊ ဆင်းသက်တော်မူပါ၊ ဆင်းသက်တော်မူပါ။
မောကျောသောစိတ်နှလုံးကို အရည်ပျော်စေတော်မူပါ။
ဟေဗြအခန်းကြီး ၁၁ ထဲမှ “အာဗြဟံသည် …ယုံကြည်ခြင်းအား ဖြင့် နားထောင်၍” ဟူသောအပိုဒ်ကို အဓိကထားပြီး ဝေငှလိုပါသည်။ ကျွန်ုပ်တို့၌ ကျွန်ုပ်တို့၏မနာခံခြင်းကြောင့် မျက်ရည်များစွာကျလျက် ငို ကြွေးခဲ့ကြသည်မှာ လုံးဝမှန်ကန်ခဲ့သော်လည်း ယခုတွင် သခင်ဘုရား၏အ စေခံများအဖြစ် ကိုယ်တိုင်ကိုယ်ကျဆက်ကပ်အပ်နှံလျက်ရှိသဖြင့် ဝမ်း မြောက်ခြင်းနှင့် ပြည့်ဝကြသည်ကို ကျွန်ုပ်တို့တွေ့ရပြီဖြစ်သည်။ ကျွန်ုပ်တို့ ၏အနက်ရှိုင်းဆုံးနှင့်အပြင်းပြဆုံး လိုအင်ဆန္ဒမှာ အရာရာတိုင်း၌ သခင် ဘုရား၏အလိုတော်ကို လုပ်ဆောင်ခြင်းပင်ဖြစ်သည်။ နာခံခြင်းနှင့်ပတ် သက်၍ ဆိုးရွားသောသွန်သင်မှုများစွာကို လူတို့သည် ထင်မြင်ယူဆခဲ့ကြ သည်။ ၎င်းမှာ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်း ရရှိသည်ဟူသော သွင်သင်ချက်သည် ကောင်းမှုကုသိုလ် ပြုရမည်ဟူသောသွန်သင် ချက်ကို ဆန့်ကျင်သည်ဟူသောယူဆချက်ဖြစ်သည်။ ထင်မြင်ယူဆချက်၌ သမ္မာ တရားမတည်ရှိပေ။ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းရရှိသည်ဟူ၍ ယုံကြည်သောကျွန်ုပ်တို့သည် နာခံခြင်းနှင့်ဆိုင်သောယုံကြည်ခြင်းကို သွန် သင်ကြသည်။
ယုံကြည်ခြင်းသည် နာခံခြင်း၏အုတ်မြစ် သို့မဟုတ် စမ်းရေထွက် ပေါက်ဖြစ်သည်။ လူသည် ဘုရားသခင်ကို အရင်မယုံကြည်မချင်း သူ့ကျ နာခံနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ယုံကြည်ခြင်း အကြောင်းကို ကျွန်ုပ်တို့
သွန်သင်နေခြင်းဖြစ်သည်။ ယုံကြည်မှသာ နာခံခြင်းရှိလာမည်ဖြစ်သည်။ မယုံကြည်ရန် တိုက်တွန်းခြင်းသည် မနာခံရန် တိုက်တွန်းခြင်းနှင့် အတူတူ ပင်ဖြစ်သည်။ လက်တွေ့ကျသောနာခံခြင်း၏ပထမအမှတ်လက္ခဏာမှာ လူ၏အသိစိတ်ထဲ၌ နားလည်သဘောပေါက်ခြင်း အရင်ရှိလာပါသည်။ ထို့နောက် နှလုံးသားထဲကို စီးဝင်သွားပြီးလျှင် နှုတ်အားဖြင့် ဝန်ခံမြွက်ဆို ခြင်းဖြစ်လာသည်။ ထိုသို့အဆင့်ဆင့် စီးဝင်ဖြတ်သန်းနေသောအရာသည် အခြားမဟုတ်၊ ခရစ်တော်၏သွန်သင်ချက်များသာဖြစ်သည်။ သူ၏သွန် သင်ခြင်းကို ယုံကြည်ခြင်း၊ သူ၏လုပ်ဆောင်ချက်ကို မှီခိုအားထားခြင်း၊ သူ ၏ကယ်တင်ခြင်း၌ ငြိမ်ဝပ်စွာနားနေခြင်းဖြစ်သည်။ ယုံကြည်ခြင်းသည် နာခံခြင်းနှင့်ဆိုင်သည့် နံနက်သားမိုးသောက်ကြယ်ပင်ဖြစ်သည်။ ကျွန်ုပ်တို့ သည် ဘုရားသခင်၏အမှုတော်ကို ထမ်းဆောင်လိုပါက သူစေလွှတ်ခဲ့ သောယေရှုခရစ်တော်ကို အရင်ဆုံးယုံကြည်ကြရပါမည်။
ချစ်သောမိတ်ဆွေ၊ အချို့ လူများယူဆသည်နည်းတူ ယုံကြည်ခြင်း ကို ဒုတိယအဆင့်၌ ထားရှိခြင်းမဟုတ်ပေ။ ကယ်တင်ခြင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့သည် ဘုရားသခင်၏အလိုတော်အပေါ် စိတ်နှလုံး၏နာခံခြင်းကို ကြည့်ရသည်။ ပြည့်ဝစုံလင်သောနာခံခြင်းကို ရရှိခြင်းသည် စုံလင်သော ကယ်တင်ခြင်း ရရှိခြင်းကိုဆိုလိုသည်။ သန့်ရှင်းစင်ကြယ်ခြင်း သို့မဟုတ် နာခံခြင်းသည် သခင်ယေရှုအသေခံခြင်း၏အဓိကရည်ရွယ်ချက်ဖြစ်သည် ဟု ကျွန်ုပ်တို့ယူဆပါသည်။ နာခံခြင်း အသက်တာဖြင့် လျှောက်လှမ်းနိုင် ရန်ဖြစ်သည်။ ကိုယ်တော်သည် သေခြင်းနှင့်ဆိုင်သောလုပ်ဆောင်မှုများ ထဲမှ ကျွန်ုပ်တို့ကို သန့်ရှင်းစေရန် သူ၏အသွေးကို သွန်းလောင်းသဖြင့် “ကောင်းသောအကျင့်ဘက်၌ စိတ်အားကြီး၍” (တိတု၊ ၂:၁၄) သူ့အဖို့ စင်ကြယ်သောလူမျိုးဖြစ်စေတော်မူ၏။
ယုံကြည်ခြင်းထဲမှ ပေါ်လာသောနာခံခြင်း
ယုံကြည်ခြင်းထဲမှပေါ်လာသောနာခံခြင်းသည် မြင့်မြတ်သောနာ ခံခြင်းဖြစ်သည်။ ကျွန်တစ်ယောက်၏နာခံခြင်းသည် ကောင်းကောင်းလေ့ ကျင့်ပေးသောမြင်း သို့မဟုတ် ခွေးတစ်ကောင်၏နာခံခြင်းထက် အနည်း
ငယ်သာသည်။ အကြောင်းမှာ ထိုသူတို့သည် တစ်ချိန်လုံးလျာပွတ်ကို ကြည့်ပြီး နာခံနေရသောကြောင့်ဖြစ်သည်။ နှလုံးသားထဲမှချစ်မြတ်နိုးသော စိတ်နှင့်လိုလိုလားလားနာခံခြင်း မဟုတ်သောကြောင့် ထိုသို့သောနာခံခြင်း သည် ဘုရားသခင်ရှေ့၌ ထိုက်တန်ခြင်းမရှိပေ။ လူတစ်ဦးသည် အခြား ရွေးချယ်စရာမရှိသောကြောင့်လည်းကောင်း၊ ဆန့်ကျင်ပုန်ကန်ရန်မဖြစ်နိုင် သောကြောင့်လည်းကောင်း မတတ်သာသည့်အဆုံး နာခံနေရလျှင် ထိုသို့
သောနာခံခြင်းသည် အချည်းနှီးပင်ဖြစ်သည်။ ယုံကြည်ခြင်းအားဖြင့် နာခံ ခြင်းသည် အတွင်းပိုင်းမှထွက်ပေါ်လာပြီး အပြင်ဘက်မှအ တင်းအဓမ္မဖိ အားပေးသောကြောင့်မဟုတ်ပေ။ စိတ်နှလုံး၏အတွင်းဆုံး ပိုင်းမှထွက်ပေါ် လာသည့် အပြင်းပြဆုံးဆန္ဒဖြစ်သည်။ ။
လူတစ်ဦးသည် သူ၏ကယ်တင်ရှင်၊ သူ၏ခမည်းတော်၊ သူ၏ ဘုရားသခင်ကို နာခံသင့်မသင့် သူ့ကိုယ်သူအကြောင်းပြချက်များ ပေးလာ သည်။ တစ်ချိန်တည်းမှာပင် ခရစ်တော်၏ချစ်ခြင်းမေတ္တာသည် သူ့ကိုစေ ခိုင်းလာပါသည်။ ကြီးမာသောတာဝန်သိသည့် စိတ်၊နာခံခြင်း၏တရား မျှတမှုအပေါ် သဘောပေါက်နားလည်ခြင်း၊ ဝိညာဉ်ရေးရာ၌ အသစ်ပြုပြင် ခြင်းခံရသောနှလုံးသားသည် စိတ်ဝိညာဉ်သန့်ရှင်းစင်ကြယ်ခြင်းအတွက် မ ရှိမဖြစ်လိုအပ်သည့်နာခံခြင်းကို ပေါက်ဖွားစေပါသည်။ ထို့ကြောင့် သူ သည် စုံစမ်းနှောင့်ယှက်ခြင်းခံရချိန်၌ အဆင်သင့်မရှိဟူ၍ မရှိသလိုဆုံးရှုံး ခြင်းနှင့်ဆင်းရဲဒုက္ခခံရချိန်၌လည်း ဖျက်ဆီးခြင်းမခံရပေ။ မည်သည့်စစ်
ကြောခြင်းကမျှကျေးဇူးတော်ခံစားသောသူ၏စိတ်ဝိညာဉ်ကို သူ၏နာခံခြင်း စိတ်ဆန္ဒပြင်းပြခြင်းထဲမှ နောက်ပြန်မလှည့်စေနိုင်ပေ။ သေခြင်းပင်လျှင် ထို သူ၏နာခံခြင်းကို ပို၍ပီတိဖြစ်စရာကောင်းသည့်ပြည့်ဝစုံလင်သောအသက် ဖြစ်စေသည်။ ကောင်းကင်နိုင်ငံတော်၏ပါဝင်မည့် အဓိကအံ့အားသင့်ဖွယ် ကား သခင်ဘုရား၏မျက်နာတော်ကို ကျွန်ုပ်တို့ဖူးမြင်ခွင့် ရရှိပြီး “မာန်
တော်၌ ဘုရားဝတ်ကိုနေ့ညမပြတ်ပြုရကြ၏” (ဗျာ၊ ၇:၁၅) ဟူသောအရာ ပင်ဖြစ်သည်။မြေကြီးပေါ်၌ ကျွန်ုပ်တို့အသက်ရှင်နေထိုင်ကြစဉ် ပို၍နာခ ခြင်းရှိလေ သခင်ဘုရား၏ဘိမာန်တော်တံခါးဝသို့ကျွန်ုပ်တို့ ပိုနီးကြလေဖြစ် သည်။ ကျွန်ုပ်တို့သည် အာဗြဟံကဲ့သို့ယုံကြည်ခြင်းအားဖြင့် နာခံခြင်းအ
သက်တာရှိကြမည်အကြောင်း သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့ အထဲ၌ အလုပ်လုပ်ပါစေ။ ။
သားသမီးတစ်ဦး၏ယုံကြည်ခြင်း ဘုရားသခင်အပေါ် အကြွင်းမဲ့နာခံခြင်းအကြောင်းကို ကျွန်ုပ်ရေး သားနေခြင်းဖြစ်သည်။ ကျွန်ုပ်ရည်ညွှန်းသည်မှာ သားသမီးတစ်ဦး၏နာခံ ခြင်းဖြစ်သည်။ ကျွန်တစ်ဦး၏နာခံခြင်းအကြောင်းမဟုတ်ပေ။ ချစ်ခင်သော စိတ်နှင့် နာခံခြင်းဖြစ်သည်။ ကြောက်ရွံ့မုန်းတီးသောစိတ်နှင့် နာခံခြင်းကို မဆိုလိုပေ။ ကျွန်ုပ်အား ဘုရားသခင်ကူညီမစသည့်အတိုင်း သင့်အား ပိုမို ခိုင်ခံ့သောယုံကြည်ခြင်းကို ရှာဖွေတွေ့ရှိရန် အားပေးလိုခြင်းဖြစ်ပါသည်။ သို့မှသာ “အာဗြဟံသည် ယုံကြည်ခြင်းအားဖြင့် နားထောင်၍’ဟူသောနာ ခံခြင်းအဆင့်ကိုတက်လှမ်းနိုင်မည်ဖြစ်သည်။ အာဗြဟံသည် အခြေအနေ တိုင်း၌ အဖဘုရားသခင်အပေါ်မှာ သစ္စာရှိရှိဖြင့် နာခံခဲ့သည်။ အာဗြဟံ အဖို့သူ၏နာခံခြင်းသည် သူ့ယုံကြည်ခြင်း၏အသီးအပွင့်ပင်ဖြစ်သည်။မိတ် ဆွေနှင့်ကျွန်ုပ်၏အသက်တာ၌လည်း အခြေအနေအရပ်ရပ်တိုင်းတွင် စစ် မှန်သောနာခံခြင်းအသက်တာရှိကြမည်ဆိုလျှင် ၎င်းသည် ကျွန်ုပ်တို့၏ယုံ၊ ကြည်ခြင်း စက်ရုံထဲကထုတ်ကုန်များဖြစ်သည်။
ဘုရားသခင်လက်ခံသောနာခံခြင်းထဲမှ မည်သည့်အခါမျှ “ဘုရား သခင်လိမ်ညာနေသည်”ဟူသော သံသယတွေးဆမှုထွက်လာမည် မဟုတ် ပေ။ ကျွန်ုပ်တို့အထဲ၌ အလုပ်လုပ်နေသောသူသည် ဘုရားသခင်၏သန့် ရှင်းသောဝိညာဉ်တော်ဖြစ်သည်။ သူသည် ခရစ်တော်နှင့်ဘုရားသခင်၏
ကျေးဇူးတော်၊ ချစ်ခြင်းမေတ္တာနှင့်သစ္စာတရားအပေါ် ကျွန်ုပ်တို့၏ယုံကြည် မှုအပေါ်၌ အလုပ်လုပ်လေ့ရှိသည်။ သင်သည် လက်ရှိမှာ မနာခံတတ်
သောအသက်တာဖြင့် အသက်ရှင်နေသည် သို့မဟုတ် အသက်ရှင်ခဲ့ သည်ဆိုလျှင် သင်ရွေးချယ်ရန် ပိုမိုကောင်းမွန်သောလမ်းကား ဘုရား သခင်၌ ကိုးစားခြင်းပင်ဖြစ်သည်။ နာခံခြင်း အသက်တာအားဖြင့် အသက် ရှင်ရန် သင်၏အပြုအမူကို ဖိအားပေးခြင်း၊ သန္နိဋ္ဌာန်ချခြင်းစသည့်တို့ဖြင့် မျှော်လင့်၍မရနိုင်ပေ။ နာခံခြင်းသို့သွားရန် အခမဲ့ကျေးဇူးတော်လမ်း
ကြောင်းတစ်ခုတည်းသာရှိသည်။ ၎င်းကို ဘုရားသခင်၏လက်ဆောင်ဖြစ် သည့်သခင်ယေရှုကို လက်ခံခြင်းအားဖြင့်သာ ရရှိနိုင်သည်။ “ထိုဘုရား သခင်အားဖြင့် သင်တို့သည် ယေရှုခရစ်၌ တည်နေကြ၏။ ထိုသခင်မူကား ဘုရားသခင်စီရင်တော်မူသည်အတိုင်း ငါတို့၌ ပညာမှစ၍ ဖြောင့်မတ်ခြင်း သန့်ရှင်းခြင်း၊ ရွေးနုတ်ခြင်းဖြစ်တော်မူ၏”(၁ကော၊ ၁:၃၀)။
သခင်ယေရှုကို ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့နာခံသောအခါ သူက ကျွန်ုပ်တို့ကို နာခံခြင်းအကြောင်း သင်ကြားပေးမည်ဖြစ်သည်။ ကျွန်ုပ်တို့အထဲ၌ နာခံတတ်သောသဘောကို ထည့်ပေးမည်။ သူ့ကို ကျွန်ုပ် တို့ယုံကြည်စိတ်ချလေ သူ့အပေါ်ပို၍နာခံတတ်သောအသက်တာ ထင်ရှား လာလေဖြစ်မည်။ နာခံခြင်းသည် သဘာဝအလျောက် ယုံကြည်ခြင်းမှစီး ဆင်းလာသောအရာဖြစ်သည်။ “လူသည် စိတ်ထင်သည်အတိုင်းဖြစ်၏။ (သုတ္တံ၊ ၂၃:၇)။ လူတစ်ဦး၏အသက်တာ၌ သန့်ရှင်းသောနာခံခြင်းသည် ခရစ်တော်ယေရှု၌ ဘုရားသခင်ဖွင့်ပြခဲ့သည့်အတိုင်း ဘုရားသခင်၌ ထိုလူ ယုံကြည်ခြင်း၏သန့်ရှင်းခြင်းနှင့်အစွမ်းသတ္တိအတွက် အချိုးအစားကျကျ ဖြစ်စေမည်။
သို့ဖြစ်၍ ကျွန်ုပ်တို့၏အသက်တာထဲ၌ ဤသမ္မာတရားများကို မည်ကဲ့သို့လက်တွေ့ကျင့်သုံးကြမည်ကို ကျွန်ုပ်တို့ကောင်းကောင်းသဘော ပေါက်နိုင်သည်။ ဘုရားသခင်အပေါ် နာခံခြင်း၏အရေးပါသည့်သွင်ပြင် လက္ခဏာအမျိုးမျိုးအကြောင်းကို စဉ်းစားကြပါစို့။ ၎င်းတို့မှာ နာခံခြင်းကို ထုတ်လုပ်သည့်ယုံကြည်ခြင်း အမျိုးအစား၊ ယုံကြည်ခြင်းမှဖြစ်ပေါ်သော နာခံခြင်းအမျိုးအစား၊ ဤယုံကြည်ခြင်းနှင့် နာခံခြင်းထဲမှထွက်ပေါ်လာ
သောအသက်တာအမျိုးအစားတို့ဖြစ်ပါသည်။ ဘုရားသခင်၏ကျေးဇူးက ရုဏာအလင်းဖွင့်ပြပေးခြင်းအတွက် သန့်ရှင်းသောဝိညာဉ်တော်ကိုအမှီပြု
ကြပါစို့။
နာခံခြင်းကို ထွက်ပေါ်စေသောယုံကြည်ခြင်း
သခင်ဘုရား၌ ချစ်သောမိတ်ဆွေခင်ဗျား၊ ကိုယ်တော်သည် အန န္တတန်ခိုးရှင်ဖြစ်ပြီး သူ၏အလိုတော်သည် ဥပဒေသပြဋ္ဌာန်းချက်တစ်ရပ်
ဖြစ်ကြောင်း ကျွန်ုပ်တို့သိရှိကြပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ ဖန်ဆင်းရှင်၊ ကျွန်ုပ်တို့၏ထိန်းသိမ်းစောင့်ရှောက်သောအရှင်၊ ကျွန်ုပ်တို့ ၏ရွေးနုတ်သောအရှင်ဖြစ်ကြောင်း ကျွန်ုပ်တို့ခံစားသလို ကျွန်ုပ်တို့၏ခမည်း
တော်ဘုရားသည် ကျွန်ုပ်တို့၏ဝတ်ပြုကိုးကွယ်ခြင်းကို အဆက်မပြတ်ခံ ထိုက်သောသူလည်းဖြစ်သည်။ ကျွန်ုပ်တို့သည် အဖိုးနှင့် ဝယ်ယူခြင်းခံရ
သောသူများဖြစ်ကြောင့် မိမိတို့ကိုယ်ကိုမိမိတို့မပိုင်ကြောင်း ဝန်ခံကြပါ သည် (
၁ကော၊ ၆:၁၉-၂၀)။ ကျွန်ုပ်တို့သည် စောဒကတက်ပြီး မေးခွန်းမ ထုတ်ရမည်အကြောင်း ကျွန်ုပ်တို့၏ဘုရားရှင်ထာဝရဘုရားသည် မိမိတို့ အပေါ်၌ အခွင့်အာဏာရှိသောသူဖြစ်သည်။ သူ့အပေါ်ကောင်းကင်တမန် များ၏အစေခံခြင်းထက် ကျွန်ုပ်တို့၏ပြင်းပြသောဆန္ဒဖြင့် အစေခံခြင်းကို ပို၍ကြီးမားသောဝမ်းမြောက်ခြင်းရှိ၏။ အကြောင်းမှာ ကောင်းကင်တမန် တို့သည် ကျွန်ုပ်တို့ကဲ့သို့ဖန်ဆင်းခံသူများဖြစ်ကြသည်။ သူတို့သည် ယနေ့ ထိတိုင် ကျွန်ုပ်တို့ကဲ့သို့အသွေးတော်မြတ်ဖြင့် မည်သည့်အခါမျှရွေးဝယ် ခြင်းမခံကြပေ။
ဘုရားသခင်၏ဖြောင့်မှန်သော အမိန့်တော်၌ ယုံကြည်ခြင်း
နာခံခြင်းကို ဖြစ်ပေါ်စေသောယုံကြည်ခြင်းဟု ဆိုရာတွင် ဘုရား သခင်အပေါ် ယုံကြည်ခြင်းနှင့်ကျွန်ုပ်တို့၏နာခံခြင်းအပေါ် ဘုရားသခင်၏ ဖြောင့်မှန်သောအမိန့်တော်ကို ဆိုလိုခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ထွက် သက်ဝင်သက်ရှိသမျှ၊ ကျွန်ုပ်တို့၏တွေးတောကြံဆမှုရှိသမျှ၊ ကျွန်ုပ်တို့အ သက်ရှင်ခြင်း၏စက္ကန့်တိုင်းနှင့် ကျွန်ုပ်တို့၏ဖြစ်တည်မှု အစွမ်းရှိသမျှတို့ သည် ကျွန်ုပ်တို့၏ဘုန်းတော်ရှင်ဘုရားသခင်ထံ၌ ရှိကြပါသည်။ ယေ
ဟောဝါဘုရားသည် ကျွန်ုပ်တို့အား ပညတ်ချက်ပေးအပ်သောအရှင်နှင့် အုပ်စိုးသူဖြစ်သည်မှာ ဖြောင့်မှန်၍ တရားမျှတကြောင်း ကျွန်ုပ်တို့ယုံကြည် ကြသည်။ ကျွန်ုပ်တို့စိတ်နှလုံး၏သစ္စာစောင့်သိခြင်းသည် ယုံကြည်ခြင်း၌ အခြေခံပြီး ထိုသို့သစ္စာစောင့်သိခြင်းသည် နာခံခြင်းကိုဖြစ်ပေါ်စေသော အဓိကအခန်းကဏ္ဍဖြစ်သည်။ ဤသို့သောခံစားသက်ဝင်မှုကို အမြဲပြုစု ပျိုးထောင်ပါ။ သခင်ဘုရားသည် ကျွန်ုပ်တို့၏ခမည်းတော်ဘုရားသခင်ဖြစ်
တော်မူ၏။ သူသည် “ကောင်းကင်ဘုံ၌ ရှိတော်မူသောအကျွန်ုပ်တို့အဘ” ဖြစ်တော်မူ၏ (မဿဲ၊ ၆း၉)။ သူသည် ကျွန်ုပ်တို့အနီးအပါးသို့ မဟာ ကရုဏာပွားလျက် ဆင်းကြွလာသည်။ ထိုသို့ဆင်းကြွလာသောအခါ သူ ကိုယ်သူနှိမ့်ချလျက် ဆင်းကြွလာခြင်းဖြစ်သည်။ သူ့ကို ကျွန်ုပ်တို့ကဲ့သို့ဖြစ် သည်ဟု မယူဆသင့်ပေ။
ဘုရားသခင်နှင့် သန့်ရှင်းသောကျွမ်းဝင်မှုရှိသော် များစွာဝမ်းမ မြောက်နိုင်သကဲ့သို့ ဘုရားသခင်နှင့် ပေါ့ပေါ့တန်တန်ကျွမ်းဝင်မှုရှိသော် လည်း အလွန်မုန်းတီး၍မရအရာရှိသည်။ သခင်ဘုရားသည် ရှင်ဘုရင် ဖြစ်သည်။ သူ၏အလိုတော်ကို ယုံမှားသံသယရှိ၍မရပေ။ သူ၏စကား
တော်ရှိသမျှသည် အမိန့်ဥပဒေဖြစ်သည်။ သူ၏အနန္တတန်ခိုးရှင် အခွင့် အာဏာဖြင့် အလိုတော်အတိုင်းမိန့်ဆိုချက်၊ အပြစ်အားနည်းချက်ရှိသမျှ ကိုပြစ်ဒဏ်ပေးရန် သူ၏အလိုတော်အတိုင်း အမိန့်ထုတ်ပြန်ခြင်းတို့အပေါ် မည်သည့်အခါမျှစောဒကမတက်ပဲနေကြပါစို့။ ကျွန်ုပ်တို့သည် ဘုရားသခင် ကိုအရာခပ်သိမ်း၏အရှင်သခင်အဖြစ် ယုံကြည်ကြသောကြောင့်ကျွန်ုပ်တို့ ၏အရိုအသေပြုခြင်းသည် သူ့အား ဝမ်းမြောက်စွာပေးအပ်ကြသည်။အရာ အားလုံး၌ “အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့မြေကြီး ပေါ်မှာ ပြည့်စုံပါစေသော” ဟူ၍ (မဿဲ၊ ၆:၁၀) ပြောဆိုလိုကြသည်။
ဘုရားသခင်အမိန့်တော်၏တရားမျှတခြင်း၌ ယုံကြည်ခြင်း
နောက်ထပ်ကျွန်ုပ်တို့ယုံကြည်ရမည့်အရာကား တရားမျှတမှုရှိ သည့် ဘုရားသခင်၏မိန့်မှာချက်သမျှနှင့် လုပ်ဆောင်ချက်များဖြစ်သည်။ ဘုရားသခင်၏အနန္တတန်ခိုးရှင်ဖြစ်ခြင်းနှင့်ပတ်သက်၍ သူ့ကို နိုင်လိုမင်း ထက်ပြုတတ်သောသူအဖြစ် (ဝါ)မှန်ကန်သောအရာကလွဲ၍ ကျန်သည့် အရာသူပြုလိုသောအရာမှာသမျှကို ပြုတတ်သူဟူ၍ မိတ်ဆွေယူဆမည် မဟုတ်ဟုကျွန်ုပ်မျှော်လင့်ပါသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်သည် မှားယွင်းနိုင်သည်၊ သူကိုယ်တိုင်လည်း အမှားလုပ်နိုင်သည် ဟူသောထင် မြင်ချက်ကို ကျွန်ုပ်တို့အတွေးထဲ၌ လုံးဝမရှိသင့်ပေ။ သန့်ရှင်းသောသမ္မာ ကျမ်းစာထဲမှာ ဖော်ပြထားသည့်သမိုင်းဆိုင်ရာ အကြောင်းအရာများတွင်
အမှားပါနိုင်သလို သိပ္ပံအတတ်နှင့်ဆိုင်သည့် အကြောင်းများတွင်လည်း လွဲချော်မှုတစ်စုံတစ်ရာရှိနိုင်သည်ဟူသောယူဆချက်များကို မိမိတို့လက်ခံ မည်မဟုတ်ပေ။ သခင်ဘုရားသည် ဘုရားသခင်ဖြစ်လျှင် သူသည် မမှား ယွင်းနိုင်ပေ။သူသည် လူနှင့်ပတ်သက်သည့်နေရာဖြစ်စေ၊ သိပ္ပံအတတ်နှင့် ပတ်သက်သည့်နေရာဖြစ်စေ မှားယွင်းမှုတစ်စုံတစ်ရာရှိ နိုင်သည်ဟုဖော် ပြုခြင်းခံရလျှင် သူယုံကြည်အားကိုးထိုက်သူမဟုတ်သလို သာ၍ကြီးမား သောအမှုအရာများ၌ ယုံမှားဖွယ်ဖြစ်လာပေမည်။
ချစ်မိတ်ဆွေ၊ ဘုရားသခင်သည် အလုပ်နှင့်ရော အပြောနှင့်ပါ မည်သည့်အခါမျှမမှားနိုင်ပေ။သူပေးအပ်ခဲ့သည့်ပညတ်တော်ဆယ်ပါးကို ၊ ကျွန်ုပ်တို့ကြည့်သော် သူ၏တောင်းဆိုချက်နှင့်ညွှန်ပြချက်သည် များလှပေ သည်။ မည်သူမျှနည်းလွန်းသည်ဟု သတ်မှတ်မည်မဟုတ်ပေ။ သူ့ပညတ်
တော်၏တောင်းဆိုမှု (သို့) သတင်းကောင်းသည် မည်သို့ပင်ဖြစ်နေပါစေ၊ ထိုအရာနှစ်ခုစလုံးသည် သန့်ရှင်းစင်ကြယ်မှုရှိသည်။ ဘုရားသခင်၏ နှုတ် ကပတ်တော်သည် “ရွှေထက်မက များစွာသောရွှေစင်ထက် နှစ်သက်ဖွယ် ဖြစ်၍”ဆာ၊၁၉:၁၀)။ သန့်စင်ခြင်း၊ တန်ဖိုးရှိခြင်းနှင့်အလေးချိန်ရှိခြင်း ဤ သုံးခုထဲကတစ်ခုမှ လျော့သွား၍မရပေ။ နှုတ်ယူ၍လည်း မရပေ။
“အလွန်အရေးမကြီးသောနှုတ်ကပတ်တော်”ဟူ၍ လူတချို့ ပြော ဆိုသောစကားကို ကျွန်ုပ်တို့ကြားရတတ်သည်။ ဘုရားပြောသောနှုတ်က ပတ်တော်ထဲတွင် သိပ်အရေးမကြီးသောစကားလုံးဟူ၍ လုံးဝမပါ ရှိပေ။ ဘုရားသခင်ပြောသမျှစကားတစ်ခွန်းချင်းစီတိုင်းကို ကျွန်ုပ်တို့လက်ခံရမည် ဖြစ်သည်။ ဘုရားသခင်ပြောသောစကားကိုလျှော့ပေါ့၍မရသလို ထပ်ဖြည့် ၍လည်းမရပေ။ ဘုရားသခင်ပြောသောနှုတ်ကပတ်တော်နှင့်ပတ်သက်
သောအခါ ဆင်ခြေပေး၍မရသလို စောဒကတက်၍လည်းမရပါ ။ အရေး မလုပ်ဘဲ ဘေးဖယ်ထား၍လည်း မရသလို ပိုကောင်းသွားအောင်မွမ်းမံ၍ မရပေ။ သူက အမိန့်ပေးတော်မူ၏။ ကျွန်ုပ်တို့က နာခံရ၏။ ဝိညာဉ်ရေးရာ နာခံခြင်း အသက်တာနှင့် လျှောက်လှမ်းလိုလျှင် ဘုရားသခင်သည် လုံးဝ တရားသည်ဟူသောယုံကြည်ချက်ကို အသေဆုပ်ကိုင်ကြဖို့ လိုအပ်သည်။
ဤသည်ကား အတွင်းလူ၏နာခံခြင်း၊ ဘုရားသခင်၏အလိုဆန္ဒကို နာခံ ခြင်းဖြစ်သည်။ ။
တစ်ဦးချင်း၌ နာခံရန် တာဝန်ရှိကြောင်း ယုံကြည်ခြင်း၊
ကျွန်ုပ်တို့သည် နာခံဖို့အတွက် ဘုရားသခင်၏ခေါ်ခြင်းခံရသည် ကို ယုံကြည်ကြရမည်။ အာဗြဟံသည် သူ့ဖခင်အိမ်ထဲမှထွက်လာခဲ့သည်။ အကြောင်းမှာ ဘုရားသခင်သည် အခြားသူတို့ကို ခေါ်နိုင်သော်လည်း
ကိုသာ ရွေးပြီးခေါ်ယူကြောင်း ကောင်းကောင်းခံစားသောကြောင့်ဖြစ် သည်။ ဘုရားသခင်က သူ့ကို ဤသို့ပြော၏။ “ထာဝရဘုရားသည်လည်း အာဗြဟံကို ခေါ်တော်မူ၍၊ သင်၏ပြည်နှင့်တကွ အမျိုးသားချင်းပေါက် ဖော်များထဲက ထွက်ပြီးလျှင်၊ ငါပြလတ္တံ့သောပြည်သို့သွားလော့” (ကမ္ဘာ၊ ၁၂:၁)။ ဘုရားသခင်ကသာ ခါလဒဲလူတို့ကို (သို့) ဥရမြို့ ရှိ မိသားစုများကို လည်း ခေါ်ခဲ့မယ်ဆိုလျှင် အာဗြဟံ၏နှလုံးသားထဲမှာ ဘုရားသခင်လာ ပြောသောစကားကို သူ့အတွက် အထူးသီးသန့်ဖြစ်သည်ဟူ၍ ခံစားမည်မ ဟုတ်ပေ။
ကျွန်ုပ်တို့သာ ကျွန်ုပ်တို့အတွက် ဘုရားသခင်ပေးသည့်သီးသန့် တာဝန်ကိုပဲနာခံဖို့ဆန္ဒပြင်းပြကြမည်ဆိုပါ က အခြားသူများ၏နာခံမှုမျိုးကို ဘုရားသခင်ထံပေးဖို့ အလွန်လွယ်ကူသွားမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် သူတစ်ပါး၏အမှားကိုမြင်ပြီး ထိုသို့မမှားသင့်ဘူးဟု အပြစ်တင်စီရင်ခြင်း၊ ဖြင့် ဘုရားသခင်၏အမှုတော်ကိုဆောင်တတ်ကြသည်။ သူတို့၏စိတ်တို တတ်သောအကျင့်ကို မိမိတို့ကူညီ၍မရပေ။သို့ရာတွင် သူတို့ကိုကျွန်ုပ်တို့ ၏အပြစ်ထက် လျော့သွားအောင် ကောင်းကောင်းလုပ်နိုင်ပါသည်။ သူ တစ်ပါးအပြစ်ကို ပုံကြီးချဲ့ပြီးကြည့်တတ်သောမှန်ဘီလူးတို့ကို ကိုယ့်ကိုယ် ကိုယ်ကြည့်ဖို့ ကိုယ့်ဘက်ကိုပြန်လှည့်ကြပါစို့။ သူတစ်ပါး၏ဥယျာဉ်ခြံထ က ပေါင်းပင်များကိုနှုတ်ယူခြင်းသည် ကျွန်ုပ်တို့၏အလုပ်မဟုတ်ပေ။ ကိုယ့် ဥယျာဉ်ကိုသာ အထူးစောင့်ရှောက်ကြရမည်ဖြစ်သည်။ အယောက်တိုင်း ဤသို့ဆုတောင်းသင့်သည်။ “ဘုရားသခင်၊ ကျွန်ုပ်ကိုဘာလုပ်ဖို့ အလိုရှိ နည်း” (တမန်၊ ၉:၆)။
ကျွန်ုပ်တို့သည် ရွေးကောက်ခြင်းခံရသောသူများ၊ အများထဲက ရွေးနုတ်ခြင်းခံရသောသူများဖြစ်ကြသည်။ အခြားသောသူများ၏နားသည် ဘုရားသခင်၏ခေါ်သံကို မကြားတတ်ကြသော်လည်း ကျွန်ုပ်တို့၏နားက ကြားတတ်ရပါမည်။ အခြားသောသူသာတို့၏နှလုံးသားသည် ဘုရား သခင်၏စကားတော်ကို မနာခံကြသည့်တိုင်အောင် ကျွန်ုပ်တို့၏နှလုံးသား မူကား ဘုရားသခင်၏စကားကို နားထောင်ခြင်းမှာ ပျော်မွေ့နေရ ပါမည်။ ရှင်ပေါလုက ကျွန်ုပ်တို့၏အသက်တာကို ဘုရားသခင်ထံ “အသက်ရှင် ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ၊ ဘုရားသခင်နှစ်သက်တော်မူဖွယ်
သောလက္ခဏာနှင့်ပြည့်စုံသောယဇ်” အဖြစ်ပူဇော်ဆက်ကပ်ဖို့ တိုက်တွန်း ထားပါသည် (ရောမ၊ ၁၂:၁)။ ယေရှု၏အစေခံခြင်းသည် ကျွန်ုပ်တို့အဖို့ ကျေးဇူးတင်စရာအကောင်းဆုံးဖြစ်ပေသည်။ ကျွန်ုပ်တို့ကိုယ်စားအသေခံ သည့်တိုင်အောင် အစေခံခဲ့သောယေရှုကို ကျွန်ုပ်တို့၏ဘဝတစ်ခုလုံးကို ဆက်ကပ်အပ်နှံကြရပါမည် (ဖိလိ၊ ၂း၈)။
သခင့်ကို အစေခံခြင်းသည် လွတ်မြောက်ခြင်းဖြစ်သည်။ သူ၏ အလိုတော်၌ ဆက်ကပ်အပ်နှံဖို့ ဆန္ဒရှိကြသည်။ သူ့ကို ဝမ်းမြောက်စေ ခြင်းသည် ကျွန်ုပ်တို့၏မွေ့လျော်ရာဖြစ်သည်။ အတွင်းစိတ် ဝိညာဉ်ထဲမှ ဘုရားသခင်ကိုအစေခံဖို့ ပြင်းပြနေခြင်းသည် ကောင်းချီးမင်္ဂလာတစ်ပါး ဖြစ်သည်။ ကျွန်ုပ်တို့၏နာခံခြင်း ဖွံ့ဖြိုးလာပြီး အလေ့အထတစ်ခုအဖြစ် ကူးပြောင်းလာသောအခါ ၄င်းသည် ကျွန်ုပ်တို့စိတ်ဝိညာဉ်၏ထွက်သက် ဝင်သက်ပမာဖြစ်တည်လာသည်။ဤသည်မှာ အသွေးတော်နှင့်ဆေးကြော သန့်စင်ခြင်းခံရသူတိုင်းမှာ ဖြစ်ရမည့်အရာဖြစ်သည်။ ဘုရားသခင်အား အကြွင်းမဲ့နာခံခြင်းအသက်တာသည် ဆေးကြောခြင်းခံရသောသူတို့၏ သက်သေလက္ခဏာဖြစ်သည်။ နာခံခြင်းအသက်တာသည် အလွန်ကျယ် ပြန့်သောအရာဖြစ်သည်။ သို့သော် ကျွန်ုပ်တို့အတွက် ဘုရားသခင်ပေး အပ်သည့်အထူးတာဝန်ကို နာခံရန် အထူးအာရုံပြုထားကြရမှာဖြစ်သည်။ ကျွန်ုပ်တို့၏အိမ်ထောင်ကို စနစ်တကျဖြစ်အောင် စွမ်းဆောင်ကြရမည်။ နာခံခြင်းသည် အိမ်ထောင်မိသားစုမှ အစပြုရမည်ဖြစ်သည်။
ကျွန်ုပ်တို့၏အမြင့်ဆုံးအခွင့် အာဏာဖြစ်သောယုံကြည်ခြင်း
ယုံကြည်ခြင်းအားဖြင့် ဖြစ်ပေါ်လာသည့်စစ်မှန်သောနာခံခြင်း သည် မိမိတို့၏အပြုအမူအားလုံးအပေါ်မှာ အုပ်စိုးလွှမ်းမိုးသည့်အမြင့်ဆုံး အခွင့်အာဏာဖြစ်သည်။ ယုံကြည်ခြင်းအားဖြင့် ပေါက်ဖွားလာသောနာခံ ခြင်းမျိုးသည် သခင်ဘုရားကို သဘောပေါက်ခြင်းနှင့်ဆိုင်သည့်တော်ဝင် ယုံကြည်ခြင်းဖြစ်သည်။ စစ်မှန်သောယုံကြည်သူသည် အခြားသောအရာ အားလုံးတို့ထက် ဘုရားသခင်အပေါ်၌သာ ပိုပြီးယုံကြည်မှုရှိတယ်။ စစ် မှန်သောယုံကြည်သူက ဤသို့ပြောနိုင်မှာဖြစ်သည်။ “လူခပ်သိမ်းတို့သည် သစ္စာပျက်သော်လည်း၊ ဘုရားသခင်၏သစ္စာတော်သည် တည်စေသ တည်း” (ရော၊ ၃:၄)။ ဘုရားသခင်အပေါ် သူ၏ယုံကြည်ချက်သည် သူ့ယုံ ကြည်မှုအားလုံး၏အထက်၌ ရှိသည့်ဦးရစ်သရဖူဖြစ်လာပါသည်။ ။
မကောင်းသောသတ္တုများကို ဖယ်ရှားရန် လိုအပ်နေသောရွှေကဲ့ သို့ပင် ယုံကြည်စိတ်ချမှုအရာအားလုံး၏အထက်မှာ ဘုရားသခင်ကိုသာ အားကိုးစိတ်ချရမှာဖြစ်သည်။ စစ်မှန်သောယုံကြည်သူအတွက် ကောင်း ကင်သည် မြေကြီးထက် အဆပေါင်းများစွာမြင့်သကဲ့သို့ ထာဝရကာလ သည် ယာယီကြုံတွေ့ရသည့်အရာများထက် အဆပေါင်းများစွာ ပိုမိုရှည် လျားပါသည်။ အဆုံးအစမရှိသည့်ရွေ့လျားမှုသည် နောဇ၏ရေလွှမ်းမိုးခြင်း ၊ ဖြစ်ရပ်နဲ့တူသည်။ မျက်မှောက်နှင့်ကန့်သတ်မှုရှိသောတောင်ထိပ်အားလုံး ကိုကျော်ပြီးလွှမ်းမိုးခဲ့သည်။ သမ္မာတရားသည် ဘုရားသခင်၏ဘုန်းတော်၌ ပေါင်းစပ်လိုက်မည်ဆိုပါက ယုံကြည်သူများက တန်ဖိုးထားလာကြလိမ့် မည်။ အကယ်၍ ဘုရားသခင်နှင့်ထာဝရကာလဟူသည်မှာ သမ္မာတရား မရှိခဲ့ရင် ယုံကြည်သူသည် မိမိကိုရွေးကောက်သောသူကို စွန့်လွှတ်လိုက် မှာဖြစ်သည်။ သင်သည် ဘုရားသခင်အပေါ်မှာ အကြွင်းမဲ့ယုံကြည်မှုရှိရ ပါမည်။ သို့မဟုတ် သင့်အပေါ်၌ ဘုရားသခင်၏အလိုတော်လွှမ်းမိုးအုပ် စိုးလာသည်ကိုသင်ငြင်းပယ်မည်လော။ လွှမ်းမိုးခြင်းခံရသောယုံကြည်ခြင်း ကသာ ကျွန်ုပ်တို့ကိုတန်ခိုးနှင့် ပြည့်စေမည်ဖြစ်သည်။ ဘုရားသခင်အပေ။ အကြွင်းမဲ့ယုံကြည်စိတ်ချမှုရှိလာသောအခါ အရာရာ၌ သူ့အလိုတော်ကို ဝန်ခံလာကြမှာဖြစ်သည်။
စစ်မှန်သောယုံကြည်သူတစ်ယောက်၏အကြီးမြတ်ဆုံး အတွေး အခေါ်ကား ဘုရားသခင်ကို မည်ကဲ့သို့နာခံနိုင်မည်နည်းဟူသောမေးခွန်း သာဖြစ်သည်။ သူ၏အပြင်းပြဆုံးအရာက ဘုရားသခင်၏အလိုတော်ကို
ဆောင်ရွက်ဖို့ (သို့) ထိုသို့အလိုတော်ကိုဆောင်ခြင်းအားဖြင့် ဘုရားသခင် ကို ကျေနပ်ဝမ်းမြောက်စေရန်ဖြစ်သည်။ ထို့ပြင် သူနာခံနိုင်လျှင် ဘုရား သခင်ကို စောဒကတက်သည့်မေးခွန်းများ ထုတ်တော့မည်မဟုတ်ပေ။ သူ ဤကဲ့သို့ဆုတောင်းလာပါလိမ့်မည်။ “ပုန်ကန်တတ်သောကျွန်ုပ်၏အညစ် အကြေးများ ကွာကျသွားအောင် ကျွန်ုပ်ကို မီးနှင့်စစ်တော်မူပါ။ ကျွန်ုပ်ကို စစ်ဆေးသောမီးအရှိန်ကို ကိုယ်တော်အလိုရှိသည့်အတိုင်း မြှင့်တင်တော် မူပါ” သူ၏ရွေးချယ်မှုသည် ကြွယ်ဝချမ်းသာခြင်းမဟုတ်သလို လေးစားခံရ ခြင်းလည်းမဟုတ်ပေ။ သို့သော် သူသည် သူ၏ခန္ဓာနှင့်သူ့စိတ်ဝိညာဉ်ထဲမှ ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေမည် (
၁ကော၊ ၆:၂၀)။ ဘုရား ၊ သခင်ထံ သူ၏ဝန်ခံကြွေးကြော်ခြင်းက “ကိုယ်တော်၏အမိန့်တော်အတိုင်း ကျွန်ုပ်နေမည် (သို့) သွားမည်။ ကိုယ်တော့်အလိုတော်သည် ကျွန်ုပ်၏အ လိုဆန္ဒဖြစ်သည်။ ကိုယ်တော်၏ကျေနပ်မှုသည် ကျွန်ုပ်၏ကျေနပ်မှုဖြစ် သည်။ ကိုယ်တော်၏အမိန့်တော်သည် ကျွန်ုပ်၏ချစ်သူဖြစ်ပါသည်။”
ဘုရားသခင်သည် ကျွန်ုပ်တို့အား နာခံခြင်းကိုဖြစ်စေသောယုံ ကြည်ခြင်းကိုပေးပါစေ။ တရားမျှတမှုရှိသည့်ဘုရားသခင်၏အမိန့်တော်ကို ယုံကြည်စိတ်ချကြရပါမည်။ ဘုရားသခင်၏ဖြောင့်မတ်သောအမိန့်တော် ကို ယုံကြည်စိတ်ချကြရပါမည်။ ကျွန်ုပ်တို့မှာ သီးသန့်နာခံစရာတာဝန်ရှိ ကြကြောင်း ယုံကြည်ကြရပါမည်။ ယုံကြည်ခြင်းသည် ကျွန်ုပ်တို့၏အမြင့် ဆုံးအခွင့်အာဏာဖြစ်ကြောင်းကို ယုံကြည်ကြရပါမည်။ သို့မှသာ ကျွန်ုပ်တို့ သည် မည်သည့်ရည်ရွယ်ချက်အတွက် ရွေးကောက်ခြင်းခံရကြသည်ကို သဘောပေါက်လာကြမှာဖြစ်သည်။ ကျွန်ုပ်တို့အသက်တာထဲ၌ ရှိသည့် ဘုရားသခင်၏ရည်ရွယ်ချက်သည် “ငါတို့လည်း ဘုရားသခင်ရှေ့တော်၌ မေတ္တာအားဖြင့် သန့်ရှင်းလျက်၊ အပြစ်ကင်းလွတ်လျက် ဖြစ်မည်အ ကြောင်း” ဟူ၍ ဖော်ပြထားသည် (ဧဖက်၊ ၁:၃)။
အကျင့်ပါသောယုံကြည်ခြင်း ၊
မိတ်ဆွေ၊ ဤကဲ့သို့သောယုံကြည်ခြင်းမျိုး သင့်မှာ ရှိပါ သလား။ ဤမေးခွန်းနှင့်ပတ်သက်၍ ကိုယ့်ကိုယ်ကိုယ် အကြိမ်ကြိမ်မေးခဲ့သည်။ “ငါ ကိုးကွယ်သောဘုရား၏စကားကို နားထောင်စေသည့်ယုံကြည်ခြင်းမျိုး ငါ့ မှာရှိပါ သလား။ အထက်မှာ ပြောခဲ့သည့်အတိုင်းဆိုလျှင် ယုံကြည်ခြင်း ဟူသည်မှာ ဘုရားသခင်နှင့်အတူ လျှောက်လှမ်းခြင်း (သို့) “အသက်ရှင်
သောသူတို့၏နေရာမှာ ဘုရားသခင်ရှေ့၌ လျှောက်လှမ်းခြင်း” ဟုပြော သင့်သလား (ဆာ၊ ၁၁၆:၉)။ ကျွန်ုပ်တို့မှာ ကြားနာခြင်း၌ လောဘကြီးခြင်း၊ ပြင်းပြင်းထန်ထန်တရားစီရင်ခြင်း၊ မိမိကိုယ်ကိုယ် အထပ်ထပ်ချီးမွမ်း ဂုဏ် ပြုခြင်းများနှင့် ပြည့်နေကြသော်လည်း နာခံခြင်းဘက်သို့ မတိမ်းညွတ်ပါ က ကျွန်ုပ်တို့၌ ဟန်ဆောင်သောယုံကြည်ခြင်းမျိုးသာ ရှိနေသည်ဟူသော လက္ခဏာပင်ဖြစ်သည်။ ဤယုံကြည်ခြင်းမျိုးက ကျွန်ုပ်တို့ကို ဗျာဒိတ်ကျမ်း ထဲမှာပြောထားသော မြို့ပြင်မှာနေသည့်ခွေးအုပ်စုထဲကို ရောက်စေသည့် ယုံကြည်ခြင်းမျိုးဖြစ်သည်။
ဘုရားသခင်၏သားသမီးများကို ခွဲခြားသိမြင်စေတတ်သည့်တစ်ခု တည်းသောအရာကား နာခံခြင်းကိုဖြစ်စေသောယုံကြည်ခြင်းပင်ဖြစ်သည်။
တောင်များကို ရွှေ့နိုင်သည့်ယုံကြည်ခြင်းထက် နာခံခြင်းကိုဖြစ်စေသော ယုံကြည်ခြင်းက ပိုကောင်းသည်။ ဘုရားသခင့်အတွင်းခန်းကို မွှေးကြိုင်စေ
သောယဇ်ပလ္လင်ပေါ်က ယဇ်များထက် နာခံခြင်းကိုဖြစ်ပေါ်စေသည့်ယုံ ကြည်ခြင်းမျိုးကို ကျွန်ုပ်ပိုရရှိချင်သည်။ အင်ပါယာတစ်ခုကို အုပ်စိုးသော ရှင်ဘုရင်ဖြစ်ရသည်ထက် ဘုရားသခင်၏စကားကို နားထောင်သောသူ ဖြစ်ချင်သည်။ အမြင့်ဆုံးသောဘုရားသခင်ကို နာခံခြင်းသည် ကျွန်ုပ်တို့ အတွက် အမြင့်မြတ်ဆုံးသောအမွေဥစ္စာဖြစ်သည်။ ထို့ကြောင့် “အာဗြဟံ သည် ယုံကြည်ခြင်းအားဖြင့် နားထောင်၍” ဟူသောကိုယုံကြည်ခြင်းမျိုးကို ပိုင်ဆိုင်ဖို့ လိုအပ်ပါသည်။ သင်နှင့်ကျွန်ုပ်နားထောင်နိုင်သည့်တစ်ခုတည်း သောနည်းလမ်းမှာ ယုံကြည်ခြင်းအားဖြင့်ဖြစ်သည်။
ယုံကြည်ခြင်းကို ထွက်ပေါ်စေသောနာခံခြင်း
အခုယုံကြည်ခြင်းကို ထွက်ပေါ်စေသောနာခံခြင်းအကြောင်းကို ဆက်လက်ဆင်ခြင်ကြရအောင်။ ဤသင်ခန်းစာကို သင်ယူနိုင်ဖို့အတွက် ကျမ်းပိုဒ်များကို ပုံသာဓကအနေနှင့် အသုံးပြုသွားမည်။
ချက်ချင်းနားထောင်ခြင်း
ဘုရားသခင်အပေါ် စစ်မှန်သောယုံကြည်ခြင်းက နာခံခြင်းကို ချက်ချင်းဖြစ်စေပါသည်။ “အာဗြဟံသည် အမွေခံရလတ္တံ့သောပြည်သို့ ထွက်သွားမည်အကြောင်း၊ ဘုရားသခင်ခေါ်တော်မူသောအခါ၊ သူသည် အဘယ်အရပ်သို့သွားသည်ကို ကိုယ်တိုင်မသိဘဲလျက်ယုံကြည်ခြင်းအား ဖြင့် နားထောင်၍ ထွက်သွားလေ၏။” အာဗြဟံသည် အမိန့်ကိုချက်ချင်း နားထောင်ခဲ့သည်။ နှောင့်နှေးသောနာခံမှုသည် မနာခံမှုသာဖြစ်သည်။ တာ ဝန်အပေါ် အချိန်ဆွဲနေခြင်းသည် အပြစ်ကျူးလွန်နေခြင်းနှင့် အတူတူပင် ဖြစ်သည်။ ကျွန်ုပ်သည် ဘုရားသခင်၏အထက်အမိန့်ကို နားမထောင်လျှင် အပြစ်ကျူးလွန်နေသူဖြစ်သည်။ အချိန်တိုင်းမှာ ထိုသို့ဆက်ပြီးသွားနေ လျှင် အပြစ်ကို ထပ်ခါထပ်ခါကျူးလွန်နေခြင်းဖြစ်သည်။ ထိုသို့သောအမှု သည် အထူးအလေးအနက်ထားရမည့်အရာဖြစ်သည်။ ကျွန်ုပ်လုပ်ဆောင် ရမည့်တာဝန်ကို အဆုံးမသတ်ဘဲထွက်သွားမည်ဆိုလျှင် ကျွန်ုပ်၌အပြစ်ရှိ မည်။ နောက်ထပ်နာရီပိုင်းအတွင်းတွင် တာဝန်တစ်ရပ်ကို ထပ်မံငြင်းဆန် ရန် ဝန်လေးတော့မည်မဟုတ်ပေ။ ထပ်မနာခံပါက ဘုရားသခင်သည် သင်မနာခံမချင်း ထပ်ခိုင်းနေအုံးမည်ဖြစ်သည်။
ရေနှစ်ခြင်းခံချင်သောလူတစ်ယောက် ကျွန်ုပ်ဆီလာသည့်အ ကြောင်း ကျွန်ုပ်မှတ်မိသေးသည်။ သူ ခရစ်တော်ကို ယုံကြည်လက်ခံသည် မှာ နှစ်ပေါင်းလေးဆယ်ကြာပြီဖြစ်ကြောင်း သူက ပြောဆိုသည်။ နှစ်ခြင်း ခံခြင်းနှင့်ပတ်သက်သော ကျမ်းစာ၏မိန့်ဆိုချက်များကိုလည်း သူအမြဲ ယုံကြည်သဘောတူသည့်အကြောင်း ပြောသွားသည်။ သူ လုပ်ဆောင်ရ မည့်တာဝန်ကို သိလျက်နှင့် မလုပ်ဘဲ နှစ်ပေါင်းများစွာ အချိန်ဆွဲနေသည့် သူ့အတွက် ကျွန်ုပ်စိတ်မကောင်းကြီးစွာခံစားရသည်။ ထိုအခါ သူ့အား
ရေနှစ်ခြင်းမင်္ဂလာကို ချက်ချင်းခံယူဖို့ အကြံပေးလိုက်သည်။ ထိုနေရာ သည် ရွာတစ်ရွာမှာဖြစ်သည့်အတွက်သူက ရေနှစ်ခြင်းခံဖို့သင့်တော်သည် နေရာမရှိသေးဟူ၍ ပြောပါသည်။ ပြီးမှ သူ့ကိုနှစ်ခြင်းပေးဖို့ ချောင်းငယ် လေးတစ်ခုဆီကို ခေါ်သွားဖို့ လုပ်လိုက်သောအခါ သူဆက်ပြောသည် ကား “ထိုကျောက်ကို အမှီပြုသောသူသည် ပြေးရသောအကြောင်းမရှိ” (ဟေရှာ၊ ၂၈:၁၆)။ ။
ဣသရေလလူမျိုးကို နှစ်ပေါင်းများစွာကန္တာရထဲမှာ ဘုရားသခင် ကို ငြင်းဆန်ခဲ့ကြသလို ဘုရားသခင်၏စကားကို ငြင်းဆန်ဖို့ ကြိုးစားခဲ့သူ တစ်စုံတစ်ယောက်ရှိပါသည်။ သို့သော် သူသည် မိမိ၏အမှားကိုဝန်ချ
တောင်းပန်ပြီးသောအခါ ပိုကောင်းသောအသက်တာနှင့် အသက်ရှင်ရန် ဆန္ဒမရှိခဲ့ပေ။ သူကဤသို့ပြောလိုက်သည်။ “ပညတ်တော်တို့ကို စောင့်ခြင်း ငှာ မဖင့်မနွဲဘဲ အလျင်အမြန်ပြုပါ၏” (ဆာ၊ ၁၁၉၆၀)။ ဤအချက်ကို စံနမူနာထားပြီး ပုံဥပမာပေးလေ့ရှိသည်။ လူများစွာသည် ဘုရားသခင်၏ စကားကိုထားပြီး ဘုရားသခင်က သူ၏ငြိမ်ဝပ်ခြင်းချမ်းသာကို ပေးမည်ဟု သည်ကိုသိကြသည့်တစ်ချိန်မှာပင် မိမိတို့၏တာဝန်ဝတ္တရားများကို ပျက် ကွက်တတ်ကြသည်။
သင့်သားကို ခရီးတိုတစ်ခုသွားဖို့ သင်စေခိုင်းသောအခါ သူက “မနက်ဖြန်မှသွားမည်” ဟုပြောလာလျှင် သူ့ကို သင်ဘာပြောမည်နည်း။ စူးရှသောအသံနှင့် အခုချက်ချင်း သင်သွားပြောမည်မဟုတ်လော။ သူက နောက်တစ်နာရီကြာမှ သွားမည်ဟူ၍ ကတိပေးလာမည်ဆိုပါက ၎င်းကို နာခံခြင်းဟူ၍ သင်ခေါ်မလား။ ၎င်းသည် မထီလေးစားမှုပြုခြင်းသာဖြစ်ပါ လိမ့်မည်။ နာခံခြင်းဟူသည်မှာ ပစ္စုပ္ပန်ကာလနှင့်ပတ်သက်ပါသည်။ ချက် ချင်းထပြီး လုပ်လျှင်လုပ် မလုပ်လျှင် နာခံခြင်းမဟုတ်ပေ။ နာခံခြင်းက အမိန့်နှင့်အချိန်ကို လေးစားခြင်းရှိသည်။ ချီတုံချတုံဖြစ်နေခြင်းသည် သစ္စာ မဲ့ခြင်းဖြစ်သည်။ ရပ်လျက် “နာခံရမလား၊ မနာခံရဘူးလား” ဟူ၍ စဉ်းစား နေခြင်းသည် ပုန်ကန်နေခြင်းနှင့် အလျှင်းခြားနားမှုမရှိပေ။ သင်၏ထာဝရ အသက်နှင့်စပ်ဆိုင်ပြီး အသက်ရှင်သည့်ဘုရားသခင်ကို သင်ယုံကြည် လျှင် သူ၏အမိန့်တော်ကို လျင်မြန်စွာလိုက်နာရမှာဖြစ်သည်။ ကျာပွတ်နှင့်
နှင်တံကို အသုံးပြရသည့် မြင်းများနည်းတူ မဖြစ်သင့်ပေ။ အတင်းဖိအား ပေးမှ လုပ်တတ်ကျွန်ထက် သင့်ကိုချစ်သောသူက သင့်အတွက် ပိုလုပ် ပေးပါလိမ့်မည်။ နာခံခြင်းလမ်းမှာ အရှိန်နှင့်သွားနိုင်ရန် သင်၏ဖနှောင့်မှာ အတောင်ပံများရှိဖို့ လိုအပ်သည်။ “ယနေ့တွင် သင်တို့သည် ဗျာဒိတ်တော် အသံကိုကြားလျက် ခိုင်မာသောစိတ်နှလုံးမရှိကြနှင့်”(ဆာ၊ ၉၅:၈)။
တိတိကျကျ နာခံခြင်း
နောက်ထပ်နာခံခြင်းမှာ တိကျသောနာခံခြင်းဖြစ်သည်။ အာဗြဟံ ၏နာခံခြင်းထဲမှာ ပထမဦးဆုံး ကျဆင်းခဲ့သောအရာကား ခါလဒဲပြည် ဥရ မြို့ထဲမှချက်ချင်းထွက်ခဲ့သော်လည်း ခါရန်မြို့အထိသာ သွားပြီး ထိုအရပ်၌ သူ့အဖေသေသည့်အထိနေခဲ့သည်။ ထို့နောက် ဘုရားသခင်၏အမိန့်
တော်ပြန်ရောက်လာပြီး ဘုရားသခင်ပြသောအရပ်ကို ဆက်သွားခဲ့သည်။ သင်သည် ဘုရားစကားကို တစ်ဝက်တစ်ပိုင်းနားထောင်သောသူဖြစ်လျှင် ဘုရားသခင်မိန့်မှာထားသည့်အတိုင်း တိတိကျကျလိုက်နာဖို့ ကျွန်ုပ်ဆု တောင်းပေးပါသည်။ ။
ယနေ့ များစွာသောလူတို့၏လွဲနေသောပြဿသနာကား ဘုရား သခင်တောင်းဆိုနေသောအရာကတစ်ခု သူတို့ပေးဖို့ ကြိုးစားနေသည်က တခြားဖြစ်နေခြင်းသည် စိတ်ဝင်စားဖွယ်ကောင်းလှပါသည်။ ဘုရားသခင် က “သား သင့်နှလုံးကို အားပေးလော့” (သု၊ ၂၃:၂၆) ဟု မိန့်ဆို၏။ လူတို့က ဆုတောင်းပွဲအခမ်းအနားများကို ကျင်းပကြသည်။ ဘုရားသခင် က နာခံခြင်းကိုတောင်းဆိုနေခြင်းဖြစ်သည်။ လူတို့က လူစီစဉ်ထားသည့်
ဘာသာရေးအခမ်းအနားများနှင့် ဆက်ကပ်ပေးလှူကြသည်။ ဘုရားသခင် သည် ယုံကြည်ခြင်း၊ ချစ်ခြင်း၊ မျှတခြင်းများကို တောင်းဆိုနေသော်လည်း လူတို့က အဓိပ္ပာယ်မဲ့သောယဇ်ပူဇော်ခြင်းများကို ပြုလုပ်ကြသည်။ သူတို့ က ဘုရားသခင်ကိုကျေနပ်စေသောအရာတစ်ခုကလွဲပြီး ကျန်သည့်အရာ အားလုံးကို ပေးကြသည်။ “အလိုတော်သို့လိုက်ခြင်းသည် ယဇ်မျိုးထက် သာ၍ကောင်း၏။ နားထောင်ခြင်းသည် သိုးထီးဆီဥထက် သာ၍ကောင်း ၏”(၁ရာ၊ ၁၅:၂၂)။
ဘုရားသခင်က သင့်ကို စစ်မှန်သောယုံကြည်ခြင်းဖြစ်သည့် သူ ကိုစိတ်ချခြင်းကိုပေးထားပြီဆိုလျှင် သူခိုင်းသည့်စကားကလွဲပြီး အခြားဘာ ကိုမျှစဉ်းစားနေစရာ၊ တွေးတောနေစရာအကြောင်း မရှိတော့ပေ။ ဘုရား သခင်ခိုင်းသည့်အမှုသည် အဘယ်လောက်သေးငယ်သည့်အမှုဖြစ်နေပါ စေ၊ သင်ဂရုစိုက်ဖို့လိုသည်။ သေးငယ်သောအရာများအပေါ်တွင် ဂရုစိုက် တတ်ခြင်းသည် နာခံခြင်း၏လက္ခဏာတစ်ရပ်ဖြစ်သည်။ နာခံခြင်း၏အနှစ် သာရက ကြီးမားသောအရာများထက် သေးငယ်သည့်အမှုများတွင် ပိုပြီး ၊ တည်နေတတ်သည်။ ကြီးလေးသောရာဇဝတ်မှုကို ကျူးလွန်ဝံ့သူနည်းပါး သည်။ သို့သော် လူတို့သည် လျှို့ဝှက်သောအပြစ်ကိုလုပ်ရန် မိမိတို့ကိုယ် ကို အလိုလိုက်တတ်ကြသည်။ ထိုသို့ပြုခြင်းသည် ဘုရားသခင်အပေါ်၌ ထားရှိသည့်နှလုံးသား မှန်ကန်မှုမရှိသောကြောင့်ဖြစ်သည်။ ဘုရားသခင် သည် ကျွန်ုပ်တို့အား နှလုံးသားပါလျက် နာခံစေလိုသည်။
လက်တွေ့ကျကျနာခံခြင်း
နောက်ထပ် အာဗြဟံ၏နာခံခြင်းထဲက သတိပြုမှတ်သားစရာ ကောင်းသည့်အချက်မှာ လက်တွေ့ကျကျ နာခံခဲ့ခြင်းပင်ဖြစ်သည်။ ဘုရား သခင်က သူ့ကို သူ့ဖခင်အိမ်ထဲမှ ထွက်ဖို့ပြောသောအခါ အချိန်ယူစဉ်းစား ပါဦးမည်ဟူ၍မပြောခဲ့ပေ။ ဆွေးနွေးတိုင်ပင်ခြင်းမပြုခဲ့ပေ။ သွားသင့်မသွား သင့် သူ့ဖခင် တေရကိုရော သူ့အသိမိတ်ဆွေများကိုပါ မမေးမြန်းခဲ့ပေ။ ထွက်ပါဟူသော မိန့်ဆိုချက် ကြားလျှင်ကြားချင်း ချက်ချင်းထွက်သွားခဲ့ပါ သည်။ မိတ်ဆွေ၊ ယနေ့ကျွန်ုပ်တို့သည် အပြောများသလောက် နားထောင် မှုပိုင်းတွင် အားနည်းကြသည်။ ကျွန်ုပ်တို့၏ဘာသာရေးလောကမှာ ဦး နှောက်အတွေးအခေါ်ပိုင်းဆိုင်ရာနှင့် ဆုံးမဩဝါဒပေးခြင်းပိုင်းမှာ အတော် တိုးတက်ဖွံ့ဖြိုးခြင်း ရှိကြသော်လည်း လက်တွေ့ကျကျနာခံခြင်း၊ လုပ် ဆောင်ခြင်းနှင့် ကင်းမဲ့နေကြသည်။
အင်္ဂလန်နိုင်ငံ၊ ယော့ခ်ရှိုင်းဒေသမှာ လွန်ခဲ့သောနှစ်အတန်ကြာ က လူတစ်ယောက်က ကျွန်ုပ်ကိုပြောပြသည့်အရာတစ်ခုကို ကျွန်ုပ်မှတ် မိပါသေးသည်။ သူက ပြောတယ်။ “ကျွန်တော်တို့ဆီမှာ တကယ်တော်တဲ့ ၊
အမှုတော်ဆောင်တစ်ယောက်ရှိတယ်” ကျွန်ုပ်ပြန်ပြောလိုက်တယ်။ အခု လိုကြားရတာ ဝမ်းသာပါတယ်” သူဆက်ပြောတယ်။ အဲဒီအမှုတော် ဆောင်က ခြေထောက်နဲ့တရားဟောတဲ့အမှုတော်ဆောင်ဗျ။” အမှုတော် ဆောင်တစ်ယောက်သည် ဘုရားသခင်နှင့်အတူ လျှောက်လှမ်းပြီး သူ့ခြေ ထောက်နှင့် သွားလာတရားဟောလျက် ဘုရားသခင်အတွက် မိမိလက် နှင့် အလုပ်လုပ်ကာ တရားဟောနေမည်ဆိုလျှင် ထိုအမှုတော်ဆောင် သည် အကောင်းတကာ့အကောင်းဆုံးအမှုတော်ဆောင်ဖြစ်ပါလိမ့်မည်။ လူတစ်ယောက်သည် သူမည်သည့်နေရာပဲရောက်ရောက်၊ မည်သည့်အ လုပ်ပဲလုပ်လုပ် သူ့အားဖြင့် ဘုရားသခင်ဘုန်းထင်ရှားလျှင် ထိုသူသည် အကောင်းဆုံးလုပ်ဆောင်သူဖြစ်သည်။ ဘာသာရေးအကြောင်းကို အ
ပြောသက်သက်နှင့် ဟောပြောသောသူ အယောက်ငါးဆယ်တို့ထက် ထို သို့သောသူက ပိုသာသည်။ ချစ်သောစာဖတ်သူမိတ်ဆွေ၊ သင်သည် တရားစကားကို အချိန်ကြာမြင့်စွာကြားနာရုံသက်သက်ပဲ နားထောင်နေ သည်မှာ မကောင်းပေ။ ကြားနာခြင်းကနေတစ်ဆင့် နှလုံးသားထဲကို ရိုက် ခတ်လာပြီး နှလုံးသား၏စေစားရာကို လက်က လိုက်နာလာမယ်ဆိုလျှင် သင်၏ယုံကြည်ခြင်းသည် အသက်ဝင်လာမည်ဖြစ်သည်။ ထိုသို့လိုက်နာ သောအသက်တာသည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းကနေ သက် ရောက်လာသောနာခံခြင်းဖြစ်သည်။ စစ်မှန်သောနာခံခြင်းဆိုသည်မှာ အ ကျင့်ပါသောယုံကြည်ခြင်းကို ဆိုလိုသည်။
နောင်မှာ ခံစားမည့်အကျိုးအတွက် နာခံခြင်း ၊
နောက်ထပ် ယုံကြည်ခြင်းက ထုတ်လုပ်သည့်အရာကား နောင် မှာ ခံစားရမည့်အကျိုးအတွက် နာခံခြင်းဖြစ်သည်။ ဤကျမ်းပိုဒ်ကို မှတ် သားပါ။ “အာဗြဟံသည် အမွေခံရလတ္တံ့သောပြည်သို့ထွက်သွားမည့်အ
ကြောင်း ဘုရားသခင်ခေါ်တော်မူသောအခါ သူသည် အဘယ်အရပ်သို့ သွားသည်ကို ကိုယ်တိုင်မသိဘဲလျက် ယုံကြည်ခြင်းအားဖြင့် နားထောင် ၍ ထွက်သွားလေ၏” များစွာသောလူတို့သည် ဘုရားသခင်ပြင်ဆင်ပေး သောဆုလာဘ်အတွက် အဖိုးခပေးခဲ့ကြသည်။ “နောက်ရလတ္တံ့သောအ
ကျိုးကို ထောက်စာမျှော်လင့်နေ၏” (ဟေဗြဲ၊ ၁၁:၂၆)။ သို့ရာတွင် သ မျှော်လင့်သောအရာသည် သူတို့၏လက်ဖဝါးထဲမှာ ရောက်လာရမှာဖြစ် သည်။ “ခြုံပုတ်ထဲမှာရှိတဲ့ငှက်နှစ်ကောင်ထက် လက်ထဲမှာရှိတဲ့ငှက်တစ်
ကောင်က ပိုကောင်းတယ်” လူတချို့အား ကောင်းကင်နိုင်ငံသည် တစ်နေ့ ဝင်စားရမည့်နေရာပါဟူ၍ ပြောပြပါ က သူတို့က ကောင်းကင် နိုင်ငံသည် အခုလက်ငင်းချက်ချင်းဝင်ပြီး ခံစားနိုင်မည်ဆိုပါက ဝင်ချင်ပါသည်ဟူ၍ ပြန် ဖြေကြလိမ့်မည်။ ထိုသို့မဟုတ်လျှင် သူတို့စောင့်နိုင်မည် မဟုတ်ပေ။ တိုင်း ၊ နိုင်ငံတစ်ခုကို အမွေခံရဖို့ဆိုသည်မှာ ယခုဘဝကို ဖြတ်သန်းကုန်ဆုံးပြီး
သာရမည်ဟူသောစကားသည် ထိုသူတို့အတွက် နတ်သမီးပုံပြင်ကဲ့သို့ ဖြစ်သည်။ ။
လူများစွာက ဤသို့မေးခွန်းထုတ်တတ်ကြသည်။ “ဘာသာတ ရားက ဘာကိုလုပ်ပေးနိုင်မလဲ။ အကျိုးအမြတ်ရာ တစ်ခုခုရှိရဲ့လား။ တနင်္ဂနွေနေ့မှာ ကျွန်တော့်ရဲ့ ဆိုင်ကို ပိတ်ရမလား။ ကျွန်တော့်ရဲ့ ဝင်ငွေ အကျိုးအမြတ်တွေကို လျော့အောင်လုပ်ရမလား။” သို့သော် ယုံကြည်ခြင်း ဖြင့် နာခံသောသူတို့သည် အနာဂတ်မှာ ခံစားရမည့်ဆုလာဘ်ကိုရှာဖွေ တတ်ကြသည်။ ယုံကြည်ချက်တစ်ခုတည်းနှင့် သူတို့ရင်းခဲ့ရသည်မှန်သော် လည်း အကျိုးအမြတ်ကား အလွန်ကြီးမားလှပါ သည်။ သူတို့အတွက် ၊ ကားတိုင်ထမ်းခြင်းသည် ဝန်လေးစရာဖြစ်နေသော်လည်း ငြိမ်ဝပ်ချမ်းသာ ခြင်းကို ဦးတည်နေကြောင်းသိကြသည်။ “ကားတိုင်မထမ်းဘဲ သရဖူမ စောင်းနိုင်ဘူး” ဟူသောစကားကို သူတို့သိကြသည်။ ဤမြေကြီးပေါ်မှာ မနာခံခဲ့လျှင် အနာဂတ်မှာ ဆုလာဘ်မရှိ ဟူသောသစ္စာတရားကိုလည်း သိကြသည်။ ဤအချက်ကို သိမြင်နိုင်ရန် ယုံကြည်ခြင်းမျက်စိလိုအပ်ပါ။ သည် (၂ပေ၊ ၁၉)။ လူတစ်ယောက်သည် မမြင်ရသောဘုရားကို မမြင် ၊ နိုင်မချင်း ဘုရားကို သူနာခံနိုင်မည်မဟုတ်ပေ။ “မျက်မြင်မရသောဘုရား ကို မြင်ရဘိသကဲ့သို့ တည်ကြည်ခြင်းရှိ၏”(ဟေဗြဲ၊ ၁၁:၂၇)။
မေးခွန်း မရှိသောနာခံခြင်း
စစ်မှန်သောယုံကြည်ခြင်းထဲမှ ထွက်ပေါ်လာသည့်နာခံခြင်းထဲ တွင် စဉ်းစားတွေဝေခြင်းနှင့် မေးခွန်းထုတ်ခြင်းမရှိဘဲ ချက်ချင်းနာခံခြင်း သာပါဝင်သည်။ “သူသည် အဘယ်အရပ်သို့သွားသည်ကို ကိုယ်တိုင်မသိ ဘဲလျက် ယုံကြည်ခြင်းအားဖြင့် နားထောင်၍ ထွက်သွားလေ၏” ဘုရား သခင်က အာဗြဟံကို ခရီးထွက်ဖို့ မိန့်ဆိုသောအခါ အာဗြဟံသည် ဖွင့်နွဲ့ ခြင်းမရှိ ချက်ချင်းထွက်ခဲ့သည်။ သွားရမည့်အရပ်သည် မြေဩဇာကောင်း
သောဒေသလား (သို့) ကန္တာရတောလား၊ မိတ်ဆွေများကြားမှာလား (သို့) ရန်သူများကြားမှာလား ဟူသည်ကိုမသိဘဲ ခရီးထွက်ခဲ့ရခြင်းဖြစ်သည်။ သူဦးတည်သည့်လမ်းခရီးက သူ့ကို ဘယ်ကိုပို့လို့ပို့မှန်းကိုတောင် သေချာ မသိပေ။ သူသိသောအရာတစ်ခုကား ဘုရားသခင်က သူ့ကိုထွက်သွားပါ ဟူ၍ပြောဆိုခြင်းပင်ဖြစ်သည်။ ဆိုးသောသူများပင်လျှင် ဘုရားသခင်ကို သဘောတူသောအခါမှာ ဘုရားသခင်စကားကို နားထောင်တတ်ကြ သည်။ သို့သော် လူကောင်းတို့မူကား သူတို့စဉ်းစား၍ မရနိုင်သည့်အခါမှ သာ ဘုရားသခင်၏အမိန့်ကို နားထောင်တတ်ကြသည်။ ဘုရားသခင်၏ အမိန့်တော်သည် စဉ်းစားသုံးသပ်ဖို့အတွက် မဟုတ်ဘဲ နာခံဖို့သာဖြစ် သည်။ လူတို့က ဤသို့ပြောဆိုသည့်စကားကိုကြားရပေါင်းမနည်းတော့ပေ။ “ဟုတ်ပါတယ်။ ဒါဟာ နာခံလိုက်လျှောက်ရမယ့်အရာမှန်း ကျွန်ုပ်တို့သိ တယ်။ ဒါပေမယ့် နာခံလိုက်လျှောက်ခြင်းကြောင့် ခံရမယ့်အကျိုးဆက်က နာကျင်စရာတွေနဲ့ပြည့်နေမှာသေချာတယ်။ အခက်အခဲပြ ဿနာတွေထဲ ကို ခုန်ဆင်းလိုက်သလို၊ ခါချဉ်အုံထဲကို လက်နှိုက်မိသလိုဖြစ်မှာပေါ့” ဟူ၍ ပြောဆိုတတ်ကြသည်။ ယခုအခါမှာ လူတို့ကို တရားဟောပြီးသတိလိုက် ပေးဖို့တောင် သိပ်မလိုအပ်တော့ပေ။ သမ္မာတရားအတိုင်း လိုက်လျှောက် မည့်သူ အလွန်နည်းပါးနေပြီ။ လွန်ခဲ့သောနှစ်အနည်းငယ်ခန့်ကစပြီး လူ တို့သည် ဘုရားသခင်အပေါ် ရိုသေသိလိုစိတ်ယိုယွင်းကျဆင်းလာသည်။ ကျိုးကြောင်းဆင်ခြင်နိုင်မှု၏အကျိုးကျေးဇူးသည်လည်း လိုတာထက် ပိုနေ သည်။ သို့သော် ဝိညာဉ်ရေးရာနာခံမှုများနှင့်ရဲဝံ့မှုများ အားလုံးသည် ခရစ်တော်အတွက်ပဲဖြစ်သည်။
ယနေ့ခေတ်သစ် အာဗြဟံများမှာ သူတို့ကို ဝန်းရံထားသော မိသားစုများနှင့်မိတ်ဆွေအသိုင်းအဝိုင်းများထံမှ မည်သို့မျှထွက်သွားကြ မည်မဟုတ်ပေ။ သူတို့ထွက်ရမည်ဆိုလျှင်ပင် သူတို့ဘယ်ကိုသွားရမည်ကို
ကောင်းကောင်းသိကြသည်။ ကျွန်ုပ်ယခု ဤကဲ့သို့ပြောရသည်မှာ သူတို့၏ ပုဂ္ဂိုလ်ရေးရာ အားနည်းချက်များကို ထိခိုက်စေလိုသည့်ရည်ရွယ်ချက်ဖြင့် ပြောနေခြင်းမဟုတ်ပေ။ အခြေအနေမှန်တစ်ရပ်ကို ပြောလိုခြင်းသာဖြစ် သည်။ ကျွန်ုပ်တို့၏ဘိုးဘွား ဖြူ ရီတန်အသင်းဝင်တို့သည် လွတ်လပ်မှုနှင့် ပိုင်ဆိုင်မှုအတွက် အနည်းငယ်သာ အာရုံစိုက်ခဲ့ကြသည်။ သို့သော် သူတို့ ၏သားမြေးများက ငြိမ်းချမ်းရေးနှင့်လောကီပျော်ရွှင်မှုကို ပိုမိုနှစ်သက်ကြ သည်။ ထို့ပြင် ယုံကြည်ခြင်း၏ဖခင်များအပေါ်၌ထက် ရိုးရာဓလေ့များအ ပေါ်မှာ မိမိတို့ကိုယ်ကို ပိုပြီးဂုဏ်ယူဝင့်ကြွားလာကြသည်။ ခေတ်သစ်ယုံ ကြည်သူတို့၌ အံ့ဖွယ်အမှုများမရှိတော့ပေ။ သိပ္ပံပညာရှင်တို့အပေါ်မှာ မှီခိုရပ်တည်လာကြသည်။ အာဗြဟံက သူကိုယ်တိုင်မသိသောအရပ်ကို ထွက်လာခဲ့သည်။ သို့ရာတွင် ယနေ့ခေတ်လူတို့သည် ကိုယ်သွားရမည့် ခရီးလမ်းအတွက် စုံစမ်းသိရှိနိုင်သည့်လမ်းခရီးမဟုတ်လျှင် ထွက်သွားကြ မည်မဟုတ်ကြောင်း ကျိန်းသေပြောနိုင်သည်။ ထိုသူတို့သည် ဘုရားစကား ကို နားထောင်မည်ဆိုရင်တောင် သူတို့၏ကိုယ်ပိုင်ဉာဏ်ကို ထည့်သွင်းကြ ပါလိမ့်မည်။ ယုံကြည်ခြင်းဖခင်များမှာ သူတို့အဘယ်အရပ်သို့သွားရမည် ကိုမသိကြသည့်အပြင် သူတို့သွားလိုသောခရီးမဟုတ်သော်လည်း ဘုရား စကားကိုဝန်ခံလျက် ယုံကြည်ခြင်းဖြင့် ခရီးနှင်ကြခဲ့သည်။ သူတို့သည် သူတို့၏မြင့်မြတ်သောရိုးရာဓလေ့ကို တန်ဖိုးထားသူများဖြစ်၍ သူတို့အရင် နေလာခဲ့သည့်ထုံးတမ်းစဉ်လာအစွဲအလမ်း၊ သူတို့၏ရေမြေကို အခြားမြေ နေရာများထက်ပိုမိုကြိုက်နှစ်သက်ခြင်းများ ရှိကြသော်လည်း ဘုရားသခင် ၏စကားတော်ကိုယုံကြည်ခြင်းဖြင့် ဝန်ခံလျက် တုံ့ပြန်ကြသည်။
မိတ်ဆွေ၊ ဘုရားသခင်၏အသံကို တစ်ကြိမ်တစ်ခါ ခံစားဖူးလျှင် မေးခွန်းမမေးဘဲ ရိုးစင်းစွာနားထောင်လိုက်ပါ။ သင့်ဖက်၌ မည်သူတစ်ဦး တစ်ယောက်ကမျှမရပ်တည်ရင်လည်း ခိုင်ခံ့စွာရပ်တည်လိုက်ပါ။ ဘုရား သခင်သည် သင့်ဖက်၌ ရှိနေသည်ကိုလည်းကောင်း၊ သင်နှင့်အတူ အ
လုပ်လုပ်လိုသည်ကိုလည်းကောင်း မမေ့ပါနှင့်။ သင်တန်ဖိုးအထားဆုံး၊ အားအထားရဆုံးသူဆီက မျက်နှာသာပေးခြင်းမခံစားရသော်လည်း သည်း ခံလိုက်ပါ။ ဘုရားသခင်၏လမ်းစဉ်အတိုင်း လျှောက်လှမ်းခြင်းကို သင် သည် ဘယ်အရာနှင့် နှိုင်းယှဉ်ဦးမည်နည်း။ သမ္မာတရားလမ်းသည် ဓား သွားထက် ကျဉ်းမြောင်းသည်ကို သတိရစေလိုသည်။ ထိုလမ်းကို ရွေးချယ် ပြီးလျှောက်လှမ်းသောသူသည် အဖဘုရားသခင်၏ငြိမ်သက်ခြင်းနှင့်ဆိုင် သည့်ရွှေဖိနပ်ကို ဝတ်ဆင်ထားရန် လိုအပ်သည်။ အာဗြဟံကဲ့သို့ အမိန့် တော်ကို နားထောင်ကြမည်ဆိုလျှင် ကျွန်ုပ်တို့မသိနိုင်သောအရပ်သို့သွား သောအခါ ဘုရားသခင်သည် ကျွန်ုပ်တို့၏လက်များကို ကိုင်စွဲပြီး ပို့ဆောင် သွားမည်ဖြစ်သည်။
အဆက်မပြတ်နာခံခြင်း
ယုံကြည်ခြင်းဖြင့် နာခံခြင်းထဲမှာ အဆက်မပြတ်လိုက်နာခြင်း လည်း ပါဝင်သည်။ ဘုရားသခင်၏ခွဲထုတ်ခြင်းခံရသောအသက်တာကို အစပြုသောအခါ အာဗြဟံသည် သူ၏ဇာတိမြို့ ကနေ အလွန်ဝေးကွာ သောအရပ်ကို အဆက်မပြတ်ခရီးထွက်ခဲ့ရပါသည်။ သူ့ဘဝတစ် သက် တာပတ်လုံး ခရီးသွားခြင်းနှင့် ကုန်ဆုံးကိန်းရှိသည်။ “အာဗြဟံသည် ယုံ ကြည်ခြင်းအားဖြင့် နားထောင်၍” ဟူ၍ တွေ့ရသည်။ သို့ဖြစ်၍ ပြည့်စုံ သောလမ်းခရီးကို ဘုရားသခင်ရှေ့မှာ လျှောက်ခဲ့သည်။ သူ့သား ဣဇက် ကိုပင် ပူဇော်ခဲ့ရသေးသည်။ ၎င်းသည် အာဗြဟံ၏အမှားလော။ သူသည် ယုံကြည်ခြင်းနှင့် နာခံခဲ့သည်။ သူ့ဘဝအဆုံးပိုင်း ရောက်သောအချိန်ထိ သူ၏ထင်မြင်ချက်ကို အမှီမပြုဘဲ ကြီးမြတ်သောဘုရားသခင်၏အစေကို ခံခဲ့သည့်အတွက် ဘုရားသခင်က သူ့ဆီ ဆင်းသက်လာပြီး မိတ်ဆွေကဲ့သို့ ခေါ်ခဲ့သည် (ယာကုပ်၊ ၂:၂၃)။ သင် ယုံကြည်ခြင်းနဲ့ နာခံလိုက်လျှောက် မည်ဆိုလျှင် သင်သံသယစိတ်ကို မွေးမြူ၍မရပေ။ သို့မဟုတ်လျှင် သင် မကြာခင် ပုန်ကန်ခြင်းမျိုးစေ့ကို ကြဲမိပါလိမ့်မည်ဟူ၍ အပြောခံရပါလိမ့် မည်။ ယနေ့မှစပြီး အာဗြဟံက “ယုံကြည်ခြင်းအားဖြင့် နားထောင်သကဲ့သို့ သင်လည်း မိမိကိုယ်ကိုယ် အကျဉ်းချဖို့ လိုသည်။
ယုံကြည်ခြင်းနှင့်နာခံခြင်းရှိသောအသက်တာ
ကျွန်ုပ်တို့သည် ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ယုံကြည်ပြီး စိတ်အားထက်သန်မှုအပြည့်နှင့်အစေခံကြရမည်ဖြစ်သည်။ ယခုကျွန်ုပ်တို့ ၏ယုံကြည်ခြင်းနှင့်နာခံခြင်းအားဖြင့် ဘယ်ကဲ့သို့သောအသက်တာရလဒ် မျိုးထွက်လာမည်ကို လေ့လာကြပါစို့။
စွန့်စားမှုမရှိသောအသက်တာ ၊
ကျွန်ုပ်တို့သည် မိမိတို့၏အသက်တာကို ကြီးမားသောစွန့်စားမှုမ ရှိဘဲအသက်ရှင်ပါလိမ့်မည်။ သို့မဟုတ်လျှင် ဘေးအန္တရာယ်သည် ကျွန်ုပ် တို့ကိုဖမ်းချုပ်သွားပေမည်။ လူတစ်ဦးသည် သူ့အသက်တာကိုသူကိုယ်တိုင် မောင်းနှင်မည်ဆိုလျှင် ကြီးမားသောစွန့်စားမှုနှင့်ဖြတ်ကျော်သွားရမည်ဖြစ် သည်။ ယုံကြည်သူတစ်ဦးသည် သူ့အသက်တာကို သူကိုယ်တိုင် ပဲ့ကိုင်
မောင်းနှင်ခွင့်မရှိပေ။ ဘုရားသခင်အပေါ် ယုံကြည်စိတ်ချခြင်းနှင့်သူ၏အ မိန့်တော်အတိုင်း လိုက်နာခြင်းသည် လူတို့၏အားနည်းချက်များနှင့်မိုက် မဲမှုများထဲမှ အကြီးမားဆုံးလွတ်မြောက်စေသည့်အရာဖြစ်သည်။ ဘုရား သခင်၏အမိန့်တော်အတိုင်း လိုက်နာအသက်ရှင်လျက်ပင် အောင်မြင်ပုံမ ပေါ်ပါက ၎င်းသည် ကျွန်ုပ်တို့၏အမှားမဟုတ်ပေ။ နာခံခြင်းထဲမှကျွန်ုပ်တို့ မသွေဖည်မချင်း ထိုသို့ရှုံးနိမ့်သည်ဟုထင်ရသည်အရာပင်လျှင်အောင်မြင် ခြင်းဖြစ်သည်။
ကျွန်ုပ်တို့သည် အသိအမှတ်ပြုခြင်းမခံရသည့်အသက်တာ သို့မ ဟုတ် လောကီပညာရှင်တို့၏လှောင်ပြီးပြီးခြင်းခံရသည့်အသက်တာကို ရင်ဆိုင်ဖြတ်သန်းကြရမည်ဆိုပါက ၄င်းသည် ကျွန်ုပ်တို့၏ ယုံကြည်စိတ် ချမှုကိုလျော့ကျအောင် လုပ်နေသည့်အရာများဖြစ်သည်။ ဘုရားသခင်အ ပေါ်ကျွန်ုပ်တို့၏ယုံကြည်မှုနှင့် သူ့အပေါ် ကျွန်ုပ်တို့၏နာခံမှုကို ထိန်းသိမ်း နေသမျှကာလပတ်လုံး စိန်ခေါ်မှုများကို ရင်ဆိုင်ကြရမည်။ ကူညီမစခြင်း သည် ဘုရားသခင်၏အလုပ်ဖြစ်သည်။ နာခံခြင်းမူကား ကျွန်ုပ်တို့၏တာ ဝန်ဖြစ်သည်။ ကျွန်ုပ်တို့၏အသက်တာခရီးလမ်းထဲ၌ အဘယ်အမှုအရာ ရောက်လာသည်ဖြစ်စေ ဘုရားသခင်၌ ဆက်လက်ရပ်တည်ကြရမည်။
နာခံခြင်းသည် ကျွန်ုပ်တို့၏တစ်ခုတည်းသောဝတ္တရားပင်ဖြစ်သည်။ ကျွန်ုပ် တို့စိုက်သည့်အတိုင်း ရိတ်သိမ်းပွဲကိုဆင်နွှဲကြရမှာဖြစ်သည်။ နောက်ဆုံး
သောနေ့မှာ “သာဓသစ္စာရှိသောငယ်သားကောင်း” (မ၊၂၅:၂၃) ဟုအခေါ် ခံရကြမည်။ အောင်မြင်သောအစေခံဖြစ်ခြင်းသည် ကျွန်ုပ်တို့အစွမ်းခွန် အားပေါ်၌ မမူတည်ပေ။ ကျွန်ုပ်တို့၏အမြင့်မားဆုံးစွန့်စားမှုကား မိမိတို့၏ နာခံခြင်းသာဖြစ်သည်။ ဘုရားသခင်သည် လုံခြုံသည့်ခရီးလမ်းအတွက် ယုံကြည်ခြင်းနှင့်နာခံခြင်းကို ပြင်ဆင်ပေးထားသည်။
အလေးလံဆုံးကမှ လွတ်မြောက်သောအသက်တာ
နောက်တစ်ခုက အလေးလံဆုံးသောကမှ လွတ်မြောက်ခြင်းကို ခံစားကြရမည်။ ကျွန်ုပ်တို့သာ အာဖရိကအလယ်ပိုင်းမှာ “စတဲလီ’ဆိုသူ သာသနာပြု ဒေါက်တာ လီဗင်းစတုန်းကို တွေ့ခဲ့သည့်သတင်းသမားနှင့် အတူရှိခဲ့ကြမယ်ဆိုလျှင် ကျွန်ုပ်တို့သွားရမည့်လမ်းခရီးကိုတွေ့ကြမှာ သေ ချာပါသည်။ ကျွန်ုပ်တို့မှာ လမ်းစရှာမတွေ့လျှင်လည်း နာခံဖို့လိုသည်။ ကျွန်ုပ်တို့အတွက် လမ်းညွှန်မြေပုံရှိသည်။ ယေရှုက “ငါ့နောက်သို့လိုက် ကြလော့” (မ၊ ၄:၁၉) ဟုမိန့်ဆိုခဲ့သည်။ ဤစကားသည် ကျွန်ုပ်တို့အတွက် အကောင်းဆုံးလမ်းညွှန်မြေပုံနှင့်ကျွန်ုပ်တို့၏လေးလံသောဝန်ထုပ်ကို ပေါ့ ပါးစေသောအရာဖြစ်သည်။
ကျွန်ုပ်တို့လူသားများရွေးချယ်သည့်လမ်းခရီးသည် ဆူးခင်းလမ်း ၊ ဖြစ်ပါသည်။ နာခံခြင်းဟူသည်မှာ ဘုရင့်ခရီးလမ်းပေါ်၌ ခရီးသွားခြင်းနှင့် တူသည်။ ကျွန်ုပ်တို့၏ဉာဏ်နဲ့ဆုံးဖြတ်ရွေးချယ်ထားသည့် လမ်းခရီး၌ကား လေဟုန်ကိုဆန့်ကျင်ပြီး ရွက်လွှင့်ရမည်။ သို့သော် ယုံကြည်ခြင်းနှင့် သွား သည့်ခရီးမှာ မီးသင်္ဘောနှင့်တူပြီး ပဲ့၏ထိန်းချုပ်မှုအတိုင်း တည့်မတ်စွာ ရွေ့လျားသွားပေမည်။ ။
ကျွန်ုပ်တို့အာရုံစိုက်ရမည့်တစ်ခုတည်းသောအရာကား နာခံခြင်း ဖြစ်သည်။ ထောင်ပေါင်းများစွာသောလူတို့သည် ပျံသန်းဖို့သာ အာရုံစိုက် ကြသည်။ ကျွန်ုပ်တို့သည် အောင်မြင်မှုကိုရရှိခြင်းငှာ အပြစ်ကိုလုပ်မိမည်။ ဂရုစိုက်ခြင်းနဲ့ဝမ်းနည်းခြင်းမျိုးစေ့ကို ကြဲကြမည်ဆိုလျှင် ပူဆွေးသောကကို
ရိတ်သိမ်းကြရမှာဖြစ်သည်။ ဘုရားသခင်သွားစေသည့်လမ်းကို စွန့်ပြီး ဖြတ်လမ်းနှင့်သွားရန် ကြိုးစားကြမည်ဆိုပါက ရွှံ့တောထဲမှာ ဦးခေါင်း ခြေဖျားထိ ရွှံ့များပေကျန်လျက် မောပန်းစွာဖြတ်သွားကြရပေမည်။ ထိုသို့ ဖြစ်ရခြင်းသည် ဘုရားသခင်၏လမ်းညွှန်မှုကို ဝန်မခံကြသောကြောင့်ဖြစ် သည်။ နာခံခြင်းလမ်းတွင် အခက်အခဲနှင့်စွန့်လွှတ်ပူဇော်ရသည့်အရာများ ပေါ်လာနိုင်သည်။ သို့ရာတွင် အဆုံး၌ကား ထိုလမ်းသည် အနီးဆုံးနှင့်အကောင်းဆုံးလမ်းဖြစ်ကြောင်း သိမြင်ကြလိမ့်မည်။ နာခံခြင်းလမ်းခရီးသည် တာရှည်ခရီးဖြစ်သည်။ “ပညတ်လမ်းတို့သည် သာယာသောလမ်း၊ ပညာ လမ်းခရီးရှိသမျှတို့သည် ငြိမ်ဝပ်လျက်ရှိကြ၏” (သုတ္တံ၊ ၃:၁၇)။ အမြဲယုံ ကြည်ပြီး နာခံမှုရှိသောသူ၊ ဝိညာဉ်တော်တန်ခိုးနှင့်သွားလာသောသူသည် “ကောင်းသောအဖို့ကို ရွေးယူပြီ” ဟုဖတ်ရသည် (လု၊ ၁၀:၄၂)။ ဤလူ သည် သီချင်းဆိုနိုင်သောသူဖြစ်သည်။
ကျွန်ုပ်၌ အဘယ်ပူပင်မျှ မရှိပေ။
အိုး ကောင်းချီးပေးပိုင်ရှင်ဘုရား၊
ကျွန်ုပ်၏ပူပန်မှုအားလုံး
ကိုယ်တော့်တာဝန်သာဖြစ်သည်။
အောင်မြင်ခြင်း၌ ကျွန်ုပ်အသက်ရှင်ပါသည်။
ကိုယ်တော်ပြင်ဆင်သောအောင်မြင်ခြင်းကား
ကျွန်ုပ်ဥစ္စာဖြစ်ပါသည်။
ဂျွန်ဘန်ရန်၏ The Pilgrim’s Progress’ ဆို သောသီချင်းထဲက သိုးထိန်းကောင်လေးသဖွယ် ချိုင့်ဝှမ်းအရပ်၌ ရှိနေခြင်းသည် နာခံခြင်း အသက်တာကို ရည်ညွှန်းခြင်းဖြစ်သည်။ ။
နိမ့်သောအရပ်၌ နေသောသူသည်
လိမ့်ကျမှာကို ကြောက်စရာမရှိ၊
နှိမ့်ချခြင်းရှိသောသူမှာ မာန်မာနမရှိ၊
စိတ်နှလုံးနှိမ့်ချသူသည်
ဘုရားသခင်၏လမ်းပြခြင်းကို
အစဉ်အမြဲခံစားရမည်။
သူသည် အမြင့်ဆုံးရည်မှန်းချက်ကို မရောက်ဟုဆိုသော်လည်း အမြင့်ဆုံးဝမ်းမြောက်ခြင်းကိုသိပါလိမ့်မည်။ အပျော်ရွှင်ဆုံးဘဝကို ပိုင်ဆိုင် ပါလိမ့်မည်။ ဘုရားသခင်၏အိမ်တော်မှာစံစားပြီး ဘုရားသခင်ကို အဆက် မပြတ်ချီးမွမ်းရပါလိမ့်မည်။
အမြင့်ဆုံး ဂုဏ်ပြုခံရသောအသက်တာ
နာခံခြင်းအသက်တာသည် အမြင့်ဆုံးဂုဏ်ပြုခံရသည့်အသက် တာကို ခံစားရစေသည်။ နာခံခြင်းဆိုသည်မှာ လူသား၏ဘုန်းဖြစ်သည်။ ကျွန်ုပ်တို့၏သခင်ယေရှုကိုယ်တော်တိုင် ရွေးယူခဲ့သောအရာဖြစ်သည်။ “ဘုရားသခင်၏သားတော်မှန်သော်လည်း ဆင်းရဲဒုက္ခကိုခံသောအားဖြင့် နားထောင်ခြင်းအကျိုးအကြောင်းကို သင်တော်မူ၏” (ဟေဗြဲ၊ ၅:၈)။ သူ ရွေးချယ်သည့်မူလလမ်းထဲမှမည်သည့်အခါမျှ မသွေဖည်ခဲ့ဖူးပေ။ အဖ
ကျေနပ်ဖို့ အမြဲအသက်ရှင်ခဲ့သည်။ ဤအရာကို ကျွန်ုပ်တို့၏ဘုန်းအဖြစ် ခံယူကြပါစို့။ ယုံကြည်ခြင်းအားဖြင့် ကျွန်ုပ်တို့၏အသိဉာဏ်များကို အမြင့် ဆုံးသောအသိဉာဏ်ပိုင်ရှင်ထံ အပ်နှံကြပါစို့။ ကျွန်ုပ်တို့သည် ဦးဆောင် လမ်းပြခြင်းနှင့်ညွှန်ကြားခြင်းကိုခံရရန် မိမိတို့၏သခင်သွားရာအရပ်ရပ်သို့ လိုက်ကြပါစို့။ သူသည် ယုံကြည်သူကျွန်ုပ်တို့အတွက် ရိုသေဂုဏ်ပြုခြင်းကို ခံထိုက်သူဖြစ်သည်။ စစ်သူရဲတစ်ယောက်အတွက် အမြင့်ဆုံးဂုဏ်ယူစရာ ကား သခင့်အမိန့်တော်ကိုအကုန်အစင်နားထောင်ပြီး အကောင်အထည် ဖော်ခြင်းသာဖြစ်သည်။
အရဲရင့်ဆုံး၊ ဂုဏ်ပြုချီးမွမ်းခြင်းအခံလိုက်ဆုံးသောသူကား ဘုရင် တကျော့ဘုရင်၏အမိန့်တော်ကို နာခံလိုက်လျှောက်သောသူသာဖြစ်သည်။ သားသမီးအားလုံးထဲမှာ ဖခင်၏ဂုဏ်အယူရဆုံးသားက ဖခင်၏စိတ်နှလုံး ကို သိတတ်ပြီး ဖခင်၏အမိန့်တော်ကို ကျေကျေနပ်နပ်နှင့် ပျော်ရွှင်စွာနား ထောင်တတ်သူဖြစ်သည်။ ဖခင်၏အိမ်တော်အတွင်း၌ အသက်ရှင်နေထိုင် သောကျွန်ုပ်တို့က သူ့ကို အကြွင်းမဲ့ယုံကြည်အားကိုးပြီး အမိန့်တော်ရှိသမျှ
ကို အကုန်အစင်နားထောင်ခြင်းကလွဲ၍ ကျွန်ုပ်တို့၌ အခြားရည်မှန်းချက် တစ်ခုခုရှိသင့်သလော။
ဘုရားသခင်နှင့်တစ်လုံးတစ်ဝတည်းဖြစ်သောအသက်တာ
ယုံကြည်ခြင်းဖြင့် နာခံသောအခါ ဖြစ်ပေါ်လာသောအရာထဲတွင် ဘုရားသခင်နှင့် တစ်လုံးတစ်ဝတည်းဖြစ်ခြင်းလည်း ပါဝင်သည်။ ဘုရား သခင်သည် မိမိ၏မျက်နှာတော်ကို မိုးတိမ်တိုက်၏နောက်မှာ မကြာခဏ ဖုံးကွယ်လျက်ရှိသည်မှာ သူ့သားသမီးများ၏ကိုယ်ပိုင်ဆန္ဒများကြောင့်ဖြစ် သည်။ သူ့ကိုဘောင်ကျော်ပြီး ဆန့်ကျင်ကြမည်ဆိုလျှင် ကျွန်ုပ်တို့အခက် အခဲပြဿနာနှင့် ကြုံရကြမှာဖြစ်သည်။ ကျမ်းစာဖော်ပြသည့် ယုံကြည်ခြင်း အားဖြင့် သန့်ရှင်းစွာအသက်ရှင်လျှောက်လှမ်းခြင်းသည် နာခံခြင်းကိုဖြစ် ပေါ်စေသည်။ ဘုရားသခင်၏စကားတော်ကို နာခံသောလူတို့ထံသို့ သူ သည် ထိုသူတို့နှင့်အတူ လျှောက်လှမ်းရန် ဆင်းသက်လေ့ရှိသည်။ ထိုလူ တို့သည် ဘုရားသခင်နှင့် လျှောက်လှမ်းကြလျှင် ဘုရားသခင်သည်လည်း သူတို့နှင့်အတူ လျှောက်လှမ်းပါလိမ့်မည်။ဘုရားသခင်သည် သူ၏စကား ကိုနာခံသောသူ့အစေခံတို့နှင့်သာ မိတ်သဟာယဖွဲ့နိုင်သည်။ နာခံခြင်း သည် ကျွန်ုပ်တို့အထဲ၌ ကောင်းကင်နိုင်ငံတည်နေခြင်းဖြစ်ပြီး ၎င်းသည်
ကောင်းကင်နိုင်ငံ၌ ကျွန်ုပ်တို့၏ဖြစ်တည်ခြင်း အတိတ်နိမိတ်ပင်ဖြစ်သည်။ ယုံကြည်ခြင်းပါသောနာခံခြင်းသည် ထာဝရအသက်ရှိရာသို့လမ်းခရီးဖြစ် သည်။ ထိုအသက်သည် ထာဝရအသက်ဖြစ်ကြောင်း သူ့ဘာသာသူဖော် ပြလျက်နေသည်။
စံနမူနာယူထိုက်သောအသက်တာ
ယုံကြည်ခြင်းဖြင့် နာခံတတ်သောအသက်တာသည် အတုယူ ထိုက်သည့်ဘဝအသက်တာကို ဖြစ်ပေါ်စေသည်။ မိဘများသည်လည်း သားသမီးများအား ရေရှည်တည်တံ့သည့်အကျိုးအမြတ်ရရှိခြင်းငှာ သူတို့ ကြိုးပမ်းစွမ်းဆောင်ခဲ့သည့်အရာကို အတုယူစေချင်ကြသည်။ သင်ကြား ပေးသောဆရာများသည်လည်း မိမိတို့သင်ကြားသည့်အတန်းများကို ထို့ အတူ ဖြစ်စေလိုသည့်ဆန္ဒရှိသင့်သည်။ သင်ကိုယ်တိုင် ယုံကြည်ခြင်း
နှင့်ဆိုင်သည့်နာခံခြင်း၌ သွန်သင်ခြင်းခံခဲ့မည်ဆိုလျှင် သင်သည် ဆရာ
ကောင်းတစ်ယောက်ဖြစ်လာပါလိမ့်မယ်။ ကလေးများသည် အတုယူသော အခါ လိုအပ်သည်ထက်ပိုပြီး ချဲ့ယူတတ်ကြသည်။ သို့သော် သူတို့သည် ဘုရားသခင်ကို အလွန်ယုံကြည်ပြီး အလွန်နာခံသွားကြမည်ဟူ၍ လုံးဝ စိုးရိမ်စရာမလိုပေ။ လူတစ်ယောက်က သူ့အဖေသေဆုံးသည့်နောက်ပိုင်း သူပြောသောစကားကိုကြားပြီး ကျွန်ုပ်နှစ်သက်မိသည်။ “ကျွန်တော် သိပ် ချစ်တဲ့ကျွန်တော့်အဖေက ဘုရားသခင်ကို သိပ်ကြောက်ရွံ့ရိုသေခဲ့တယ်။ ကျွန်တော်လဲ သူ့ရဲ့ ခြေရာကိုနင်းဖို့ ဆန္ဒရှိတယ်။ ကျွန်တော်ငယ်ငယ်တုန်း က အဖေ့ကို ဖြူ ရီတန်ဝါဒမှာ ပြင်းထန်လွန်းတယ်လို့ ထင်မှတ်ခဲ့တယ်။ ဒါပေမယ့် သူခံယူခဲ့တဲ့အရာအားလုံးမှာ ကောင်းတဲ့ရည်ရွယ်ချက်တွေရှိနေ မှန်းကို အခုမှ ကျွန်တော်ကောင်းကောင်းသဘောပေါက်သွားတာ။ ဘုရား သခင်အလိုမရှိတဲ့အရာတွေကို မလုပ်တော့ဘူးလို့ ကိုယ့်ကိုယ်ကို စိတ်ဆုံး ဖြတ်ထားပါတယ်။”
မိသားစုကို ပြုစုပျိုးထောင်ခြင်းသည် အလွန်အရေးကြီးသော အမှုအရာဖြစ်ပါသည်။ ယနေ့ခေတ်တွင် ဤအမှုအရာကို အလေးထား ခြင်း အလွန့်အလွန်အားနည်းလာကြပြီး လျစ်လျူရှုလာကြသည်။ အနာ ဂတ်မျှော်လင့်ချက်နှင့်သန့်ရှင်းသောအစေခံခြင်း ရှိသမျှအတွက် အကျိုး အမြတ်အရှိဆုံးမှာ မိသားစုသာဖြစ်သည်။ ဘုရားသခင်ကို ကြောက်ရွံ့ ရိုသေခြင်းရှိသောမိဘရှိခြင်း၊ မိသားစုထဲတွင် ပုံသက်သေကောင်းပြနိုင်
သောမိဘရှိခြင်းတို့သည် ဝိညာဉ်အသီးအပွင့်များကို သီးပွင့်စေနိုင်အား အကောင်းဆုံးအကြောင်းရင်းဖြစ်သည်။
ခရစ်ယာန်ဘာသာထဲတွင် အလွန်စည်းကမ်းတင်းကျပ်သောသူ တစ်ယောက်ဦးဆောင်သည့်အသင်းတော်တစ်ပါးရှိသည်။ ထိုအသင်းတော် သည် အလွန်နှိမ့်ချပြီး သေးငယ်သောအသင်းတော်ဖြစ်သည်။ အမှုတော် မြတ်လုပ်ငန်းနှင့်ပတ်သက်၍ သူတို့၌ မည်သည့်ရိုးရာဓလေ့မျှမရှိပေ။ သို့ ရာတွင်အသင်းသူအသင်းသားအားလုံးတို့သည်ယုံကြည်ခြင်း၌ ခိုင်ခံ့သော သူများဖြစ်ကြသည်။ ထိုအသင်းတော်ရှိအသင်းဝင်မိသားစုမှာ ခြောက်အိမ် ထောင်စုသာရှိသော်လည်း သူတို့ယုံကြည်လက်ခံသည့်အတိုင်း အသက်
ရှင်ရန် ဆန္ဒပြင်းပြုကြသည်။ ပုံသေရိုက်သွင်းခံထားသည့်အတိုင်း တိ ကျကျကြိုးစားလိုက်လျှောက်ကြသည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ သူတို့ယုံ ကြည်သည့်အရာ၏လွှမ်းမိုးစေ့ဆော်ခြင်းကို ခံရခြင်းသာဖြစ်သည်။ သူတို့ သည် အခိုင်အမာကြွယ်ဝချမ်းသာလာကြပြီး ပေးကမ်းခြင်း၌လည်း အလွန် ရက်ရောသောသူတွေဖြစ်လာကြသည်။ ။
ဤမိသားစုဝင်တို့သည် သမ္မာကျမ်းစာကို ကောင်းမွန်စွာသိရှိပြီး၊ ကျေးဇူးတော်တရားကို ယုံကြည်လက်ခံသူများဖြစ်ကာ နှိမ့်ချခြင်းရှိလျက် အသက်တာ၌ ကျေးဇူးတော်တရားစီးထွက်နေသူများဖြစ်ကြသည်။ သူတို့ သည် ဘုရားသခင်ကို ကြောက်ရွံ့ ရိုသေရန်၊ ယုံကြည်ကိုးစားရန်နှင့်သူ့ထံ၌ ငြိမ်ဝပ်စွာနားနေရန် သင်ယူခဲ့ကြသူများဖြစ်သည်။ ထို့ကြောင့် သူတို့သည် ဝိညာဉ်ရေးရာ၌လည်းကောင်း၊ ခန္ဓာရေးရာ၌လည်းကောင်း၊ စိတ်ဓာတ်ရေး ရာ၌လည်းကောင်း ကဏ္ဍပေါင်းစုံ၌ ကြွယ်ဝသောကောင်းချီးမင်္ဂလာကို ခံစားရကြသူများဖြစ်သည်။ သူတို့၏မျိုးဆက် တတိယအဆက်တိုင်အောင် အထက်အရပ်မှသက်ရောက်လာသည့်ယုံကြည်ခြင်းကို ဆက်လက်ကျင့် သုံးကြသည်။ ဤမျိုးဆက်တို့သည် လောကီသားများအတွက် အတုယူ စရာပုံသက်သေကောင်းသူများဖြစ်လာကြသည်။ ယနေ့ ကျွန်ုပ်တို့လည်း သမ္မာတရား၌ ရပ်တည်ရန် အဖိုးအခကြီးကြီးမားမားပေးဖို့ လိုအပ်သည်ဟု ကျွန်ုပ်ဆန္ဒပြုလိုပါသည်။ ပုံသက်သေကောင်းပြနိုင်သောသူများဖြစ်လာ
အောင် ဘုရားသခင်သည် ကျွန်ုပ်တို့အားလုံးကို ကူညီမစပါစေဟူ၍ ထပ်မံ ဆန္ဒပြုလိုက်ပါသည်။ ကျွန်ုပ်တို့သည် အလွန်သဝန်တိုတတ်သောဘုရား၊ အလွန်သန့်ရှင်းသောကယ်တင်ရှင်ကို အစေခံနေကြခြင်းဖြစ်သည်။ ကျွန်ုပ် တို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို စိတ်နာအောင်မလုပ်မိဖို့နှင့် သူ သည် ကျွန်ုပ်တို့ထံမှ ခွာမသွားဖို့ အထူးဂရုစိုက်ကြပါစို့။
ကြီးမြတ်သောကျေးဇူးတော်ကို လိုအပ်သည့်အသက်တာ
နောက်တစ်ဖန် ပြောလိုသည့်အရာကား ယုံကြည်ခြင်းအားဖြင့် ဖြစ်ပေါ်လာသည့်နာခံခြင်းသည် ကြီးမြတ်သောကျေးဇူးတော်ကို လိုအပ် သည့်အသက်တာအမျိုးအစားဖြစ်ပါသည်။ယုံကြည်ခြင်းကို အတိအလင်း
ကြေညာသော်လည်းယုံကြည်ခြင်း၌မတည်သောသူတို့သည် ကျေးဇူးတော် နှင့်အညီ အသက်ရှင်ကြမည်မဟုတ်ပေ။ ယုံကြည်ခြင်း၌ တည်နေဖို့ သမ္မာ သတိရှိခြင်း၊ ဆုတောင်းဆက်ကပ်ခြင်းနဲ့ဘုရားသခင်နှင့်နီနီးကပ်ကပ်ဆက် ဆံခြင်းစသည်အသက်တာများရှိရန်လို အပ်ပါသည်။ မိတ်ဆွေ၊သမ္မာကျမ်း စာက “ဝိညာဉ်တော်သည် သာ၍များသောကျေးဇူးကို ပြုတော်မူ၏” ဟူ၍ ဆိုထားပါသည် (ယာကုပ်၊ ၄:၆)။ သခင်ဘုရားက သင့်ယုံကြည်ခြင်းအ ပေါ်မှာ ထပ်ဆင့်ပြီး သီလမှစ၍ ချစ်ခြင်းမေတ္တာအဆုံး၊ ပါရမီအမျိုးမျိုးကို ထပ်ဖြည့်ပေးပါစေ(၂ပေ၁:၅-၈)။
ဘယ်အချိန်မဆို သင့်အသက်တာထဲမှာ အရိုအသေပေးဖို့ ပျက် ကွက်ခဲ့မည်ဆိုရင် ထိုင်ချပြီး ဘုရားသခင်၏ကောင်းမြတ်ခြင်းနှင့် သန့်ရှင်း
သောဝိညာဉ်တော်၏တန်ခိုးကို မေးခွန်းထုတ်မနေပါနှင့်။ ထိုသို့ပြုခြင်းသည် နာခံခြင်းအသက်တာ၏စီးဆင်းမှုကို တိုးပွားစေသည့်နည်းလမ်းမဟုတ်ပေ။ နာခံခြင်းအသက်တာ ဖြစ်ပေါ်စေသည့်အရင်းအမြစ်ကို ရပ်တန့်စေသည့် နည်းသာလျှင်ဖြစ်သည်။ နေ့စဉ်အသက်တာ၌ လျှော့ပြီးယုံကြည်မည့်အ စား တိုးပြီးယုံကြည်ရမည်။ ဘုရားသခင်၏ကျေးဇူးတော်ကို အမှီပြုလျက် ဆက်လက်ကြိုးစားပါ။ သန့်ရှင်းသောဝိညာဉ်တော်၏ပြန်လည်မွမ်းမံခြင်းကို ပိုပြီးယုံကြည်မျှော်လင့်ပါ။ မည်သည့်အခါမျှရပ်တန့်ခြင်းမရှိသည့် ဘုရား သခင်၏မေတ္တာတော်နှင့်သူ၏ထာဝရပဋိညာဉ်ကို သာ၍ယုံကြည်ပါ။ သင့် မျှော်လင့်ချက်သည် သံသယအမှောင်တွင်းထဲမှာ တည်နေခြင်းမဟုတ် ၊
ကြောင်း သတိပြုရမည်။ ပိုမိုလင်းလက်သည့်ယုံကြည်ခြင်းထဲသို့ နောင်တ တရားနှင့် ပြန်လှည့်လာခြင်းအပေါ်၌ တည်နေပါသည်။ ထိုသို့ဖြစ်လာဖို့ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏မစခြင်းခံရပါစေ။ သခင်၏ရွေးနုတ် ခြင်းခံရသောကျွန်ုပ်တို့အားလုံး ယုံကြည်ခြင်းအားဖြင့် သခင်ကို အရာရာ၌ နာခံကြပါစို့။ ။
“အာဗြဟံသည် ယုံကြည်ခြင်းအားဖြင့် နားထောင်၍” ဟူသော အချက်ကိုသတိပြုပါ။ ပထမဦးဆုံး ဘုရားသခင်ကိုယုံကြည်ရပါမည်။ ထို့ နောက်မှ နာခံခြင်း နာခံခြင်း… နာခံခြင်း… ဟူသည်ကို သခင်ဘုရား၏ ခေါ်ယူတော်မူခြင်း မခံရမချင်းထိန်းသိမ်းရပါမည်။ ယနေ့မြေကြီးပေါ်၌
နားထောင်ပါ။ နာခံခြင်းရှိပါ။ သို့မှသာ ကောင်းကင်ရောက်နိုင်ငံတော်သို့ ရောက်အခါ နာခံခြင်းကို သင်ယူနိုင်မှာဖြစ်သည်။ နာခံခြင်းဟူသည်မှာ ထာဝရကာလ၌ ခံစားရမည့်ပီတိအတွက် ကြိုတင်လေ့ကျင့်ခြင်းဖြစ်သည်။ ဘုန်းတော်နှင့်ပြည့်ဝသောထာဝရကာလထဲမှာ သီဆိုရမည့်သီချင်းကို နာခံ၊ ခြင်းအားဖြင့် အခုကတည်းက လေ့ကျင့်ထားပါ။ ဘုရားသခင်သည် ကျွန်ုပ် တို့အပေါ်၌ သူ၏ကျေးဇူးတော်အားဖြင့် မစပါစေသော်။ အာမင်။
အခန်း ၂
ငါသည် ချမ်းသာပေးမည်။
“ငါသည် ချမ်းသာပေးမည်” (မဿဲ ၁၁:၂၈)။
ကျွန်ုပ်တို့သည် ဤစကားလုံးများကို လုပ်ဆောင်ရာ၌ ခွန်အား ပေးမှုအဖြစ် အကြိမ်များစွာလေ့လာခဲ့ပေ၏။ သို့သော် ချစ်သောမိတ်ဆွေ များ၊ ကျွန်ုပ်တို့သည် ယေရှုထံသို့လာကြ၍ ဤတန်ဖိုးမဖြတ်နိုင်သော အာ မခံချက်ကို ကျွန်ုပ်တို့အတွက် ဖြည့်ဆည်းပေး၏။ ယခုတွင် ကျွန်ုပ်တို့သည် ကတိတော်ကိုပျော်ရွှင်စွာခံစားနိုင်သဖြင့် ပညတ်တော်တို့ကိုနားထောင်၏။ နှုတ်တော်ထွက်သည် သမ္မာတရားဖြစ်၍ သစ္စာရှိလျက် စစ်မှန်သောသူမှ ကျွန်ုပ်တို့သည် ကိုယ်တော်ထံသို့လာလျှင် ငြိမ်သက်ခြင်းကိုပေးမည်ဟု က တိတော်ပေး၏။ ကျွန်ုပ်တို့သည် ကိုယ်တော်ထံသို့လာ၍ “အို၊ ကျွန်ုပ်တို့၏ ငြိမ်သက်ခြင်းအရှင်၊ ကိုယ်တော်၏နှုတ်ကပတ်တော်ကို ကျွန်ုပ်တို့ထံသို့
ကောင်းမွန်စေတော်မူပါ။ “ငါသည် ချမ်းသာပေးမည်” ဟုကိုယ်တော်မိန့်ဆိုခဲ့ လေပြီ။ ယုံကြည်ခြင်းအားဖြင့် သခင်ဘုရားသည် ကျွန်ုပ်တို့၏အလယ်၌ ရပ်နေသည်ကို ကျွန်ုပ်မြင်၏။ ချိုမြိန်သောအသံဖြင့် ပြောသောအသံကို
ကြားရ၏။ ပထမဆုံးကျွန်ုပ်တို့အားလုံးနှင့်တစ်ဦးချင်းစီတိုင်းကို ပြောလေ ၏။ “ငါသည် ချမ်းသာပေးမည်” သန့်ရှင်းသောဝိညာဉ်သည် ကျွန်ုပ်တို့တစ် ဦးချင်းစီတိုင်းကို အပြည့်အဝအနားယူခြင်းနှင့်ဘုရားသခင်၏ငြိမ်သက်ခြင်း၊ ကိုယူဆောင်ပေး၏။ အကြောင်းမှာ သင်၏အာရုံစိုက်မှုကို မိနစ်အနည်း ငယ်သာ ကျွန်ုပ်လိုအပ်၍ မေးခွန်းမေးပြီး စတင်ပါမည်။
၁။ ဤစကားများ၏အဓိပ္ပာယ်က မည်သည့်အရာဖြစ်သနည်း။
ဤကတိတော်သည် ကျွန်ုပ်တို့၏ဝိညာဉ်ရေးရာအစိတ်အပိုင်း အားလုံးအတွက်ငြိမ်သက်ချမ်းသာမှုဟု ဆိုလိုပေသည်။ ဦးခေါင်းကိုက်နေ ၍ ခြေထောက်နာနေလျှင် ကျွန်ုပ်တို့၏ကိုယ်ခန္ဓာများသည် အနားမယူနိုင် ပေ။ အဖွဲ့ဝင်တစ်ယောက်သည် နှောင့်ယှက်ခံရလျှင် တစ်ခုလုံးသည်ငြိမ် သက်ချမ်းသာမှုမရှိနိုင်ပေ။မြင့်မားသောသဘာဝသည် တစ်ခုဖြစ်၍ ထိုသို့
သောအတွင်းကျသည့်ဂရုဏာများသည် လုပ်ဆောင်နိုင်စွမ်းနှင့်အစွမ်းတို့ ကိုအတူတကွချည်နှောင်၏။ ၎င်းသည် တစ်ခုစီတိုင်းသည် ငြိမ်သက်ချမ်း သာမှုရှိရမည်။ သို့မဟုတ် မည်သူမျှငြိမ်သက်ချမ်းသာမှုမရှိနိုင်ပေ။ ယေရှု သည် အစစ်အမှန်ကို အဆက်မပြတ်ပေး၏။ ကျွန်ုပ်တို့၏ဝိညာဉ်ရေးရာ အစိတ်အပိုင်းအားလုံးကို ငြိမ်သက်ချမ်းသာမှုပေး၏။
စိတ်နှလုံးသည် သဘာဝအားဖြင့် သမုဒ္ဒရာလှိုင်းကဲ့သို့ငြိမ် သက်ချမ်းသာမှုမရှိပေ။ ၎င်းသည် ချစ်ခင်ရမည့်အရာဝတ္ထုကိုရှာ၏။ ကြယ်
အောက်၌ တစ်ခုကိုတွေ့သောအခါ ဝမ်းနည်းရန်ဖြစ်၏။ အောက်ဘက် သည်ပြောင်းလဲ၍ စိတ်ပျက်ခြင်းရှိ၏။ သေခြင်းတရားဝင်လာ၍ သေဆုံး ခြင်းရှိ၏။ စိတ်နှလုံးက ပို၍ကြင်နာလေလေ ပို၍မငြိမ်သက်လေလေဖြစ်၏။ ထိုသို့သောသူများအတွက် သခင်ယေရှုက “ငါ့ထံသို့လာကြလော့။ ငါသည် ချမ်းသာပေးမည်”ဟုပြော၏။ ငါသည် ချမ်းသာပေးမည်။ ချစ်ခင်ရသောသူ များကြည့်ပါ။ ဤအရာသည် ဒဏ်ရာရနေသောမေတ္တာအတွက်ခိုလှုံရာ ဖြစ်၏။ ချစ်ရသောသူ၌ မိမိကိုယ်ကို ပျော်မွေ့၍ ကိုယ်တော်သည် သင့်ကို ကျရှုံးစေမည် သို့မဟုတ် မေ့လျော့မည်ကိုမကြောက်ပါနှင့်။ ကိုယ်တော်ကို ချစ်ခြင်း၌ စိတ်နှလုံးသည် အလွန်အရသာရှိသောအရာပါဝင်သည့်အရာ
ကိုရှာတွေ့လိမ့်မည်။ ဦးခေါင်းသည် ကိုယ်တော်၏ရင်ခွင်တော်၌ တည် နေလျှင် သက်သာခြင်းကို ပျော်ရွှင်ခံစားနိုင်၏။ အိုး၊ နာကျင်နေသောစိတ် နှလုံး၊ အိုး၊ ကျိုးပဲ့နေသောစိတ်နှလုံး၊ ကိုယ်တော်ထံလာပါ။ အကြောင်းမှာ ယေရှုက “ငါသည် ချမ်းသာပေးမည်ဟုပြောထား၏။
ဘုရားသခင်၏သန့်ရှင်းသောပညတ်တော်သည် အပြစ်အား ဖြင့် ချိုးဖောက်ခံရသောကြောင့် ဩတ္တပအသိစိတ်သည် နှောင့်ယှက်ခြင်း ခံရ၏။ ယခုနိုးကြားခဲ့သောဩတ္တပအသိစိတ်သည် အလွယ်တကူမငြိမ် သက်နိုင်ပေ။ မယုံကြည်မှု သို့မဟုတ် အယူသည်းခြင်းသည်လည်း အိပ် ပျော်သွားရန် အသုံးမပြုနိုင်ပေ။ ယေရှုက “ငါသည် ချမ်းသာပေးမည်” ဟု ပြောဆိုခဲ့၏။ ကြောက်ရွံ့ခြင်းသည် နိုးလာသောဩတ္တပစိတ်မှထလာပေ၏။ ကားစင်အတင်ခံရခြင်းဆီသို့ပျံသွားခြင်းအားဖြင့် ၎င်းတို့သည် လုံခြုံစွာနှင့် သေချာစွာငြိမ်သက်ပေမည်။ အစားထိုးခြင်းနှင့်ပတ်သက်၍ သမ္မာတရား၊ ၌ဘုရားသခင်၏လက်ခံခြင်းနှင့်သခင်ယေရှုအားဖြင့် ပြည့်စုံစွာဖန်ဆင်းခံရ ပြီး ကျွန်ုပ်တို့၏စိတ်သည် ငြိမ်သက်ခြင်းကို ရှာတွေ့၏။ ခရစ်တော်၏ယဇ်ပူ ဇော်ခြင်း၌တရားမျှတမှုသည် ဂုဏ်ယူခြင်းခံရ၍ ပညတ်တရားသည် သက် သေထူ၏။ ဘုရားသခင်သည် ကျေနပ်သည့်အတွက် ကျွန်ုပ်လည်း ကျေ နပ်၏။ ခမည်းတော်သည် ယေရှုကို သေခြင်းမှထမြောက်စေ၍ လက်ယာ ဘက်၌ ထိုင်စေတော်မူလျက် ကိုယ်တော်၏လက်ခံခြင်းအတွက် မေးခွန်း မရှိပေ။ ကျွန်ုပ်တို့ကိုလည်း မေးခွန်းမေးမည်မဟုတ်ဘဲ တရားစီရင်ခြင်း လည်းခံရမည်မဟုတ်ပေ။ စိန်ခေါ်မှုကို ထုတ်ဖော်ပြောဆိုရန် စွမ်းဆောင် စေခြင်းအားဖြင့် ယေရှုသည် ငြိမ်သက်ခြင်းကိုပေးသနား၏။ “အပြစ်စီရင်
ဘာသူကား အဘယ်သူနည်း။” အဖြေပေးရမည်ဆိုလျှင် “ခရစ်တော်အ သေခံပြီ”ဟူ၍ဖြစ်သည်။ ။
သိမြင်နားလည်နိုင်ခြင်းသည် အခြားမငြိမ်သက်မှု၏အရင်းအ မြစ်ဖြစ်၏။ ၎င်းသည် အလုပ်နှင့်အလုပ်ကြိုးစားခြင်း စိတ်ဆီသို့ အထူး ခွန်အားနှင့်လုပ်ဆောင်၏။ သံသယများ၊ ခြင်ကိုက်သကဲ့သို့ဖြစ်ခြင်းသည် ထိုနေ့စာမျက်နှာတိုင်းအားဖြင့် အကြံပြုနေ၏။ ကျွန်ုပ်တို့မည်သို့ငြိမ်သက် နိုင်မည်နည်း။ ဤဒဿနိကဗေဒ၏စီမံချက်သည် အခြားတစ်ခုကိုစားလေ
၏။ ဤမှားယွင်းမှုဖက်ရှင်သစ်သည် အဆုံးကိုဝါးမျိုး၏။ အခြေခံအုတ်မြစ် ရှိလား။ စစ်မှန်လား။ သို့မဟုတ် ထိုအရာအားလုံးက အချစ်ဇာတ်လမ်း ဖြစ်ပြီး ပြောင်းလဲနေသောလိမ်လည်မှု၏သားကောင်ဖြစ်ရန် ဖျက်ဆီးခံရ လား။ အိုး စိတ်ဝိညာဉ်လူထံမှသင်ယူခြင်းဖြင့် အခြေမချပါနှင့်။ ယေရှုထံ ကိုလာ၍ သင်ယူလျက် ငြိမ်သက်ခြင်းကိုတွေ့ပေမည်။ ယေရှုကိုယုံကြည် ပါ ။ ဘုရားသခင်၏သားတော်ကို လူ့ဇာတိခံယူစေ၍ ကိုယ်တော်အသက် ၊ ရှင်၏။ အသေခံ၍ ထမြောက်ခဲ့၏။ အသက်ရှင်၏။ ချစ်ပေသည်။ ဤအရာ သည် စစ်မှန်၍ ကိုယ်တော်၏သွန်သင်ချက်များသည် အမှန်တရားဖြစ်၏။ သမ္မာတရားကို လိုက်ရှာသောစိတ်သည် စစ်မှန်သောနာစဖြစ်သည့် ယေရှု၌ ငြိမ်သက်ချမ်းသာမှုရှိသည်အထိ ခြေချနားခိုရာမရှိသည့်ချိုးငှက် ကဲ့သို့ဖြစ်၏။
နောက်ထပ်ဤ စကားလုံးများသည် အားလုံးအပေါ်၌ ငြိမ် သက်ချမ်းသာမှုဖြစ်၏။ တစ်ခုစီတိုင်းအတွက် မသက်သာဖြစ်သူသည် ငြိမ် သက်ချမ်းသာမှုကို တွေ့မည်မဟုတ်ပေ။ ဆူးခြုံများသည် ဤမြေကြီးပေါ် တွင် ကြီးထွားကြ၏။ ယေရှုပေးသောဧဝံဂေလိငြိမ်သက်ခြင်းကို ပြင်ဆင် ခြင်းနှင့်အတူ ဖိနပ်မဝတ်မထားမချင်း ဘဝ၏လမ်းများကို ပျော်ရွှင်စွာလိုက် နိုင်မည်မဟုတ်ပေ။ ကိုယ်တော်၌ ကျွန်ုပ်တို့သည် ငြိမ်သက်ချမ်းသာမှုရှိကြ ၏။ မိမိတို့၏စစ်ဆေးခြင်းများ၌ ငြိမ်သက်ချမ်းသာမှုရှိကြ၏။ ကိုယ်တော် သည် ကျွန်ုပ်တို့ကိုကြင်နာပေ၏။ အတိတ်အသက်တာ၌ ကျွန်ုပ်တို့သည် ကိုယ်တော်၏ခွင့်လွှတ်ခြင်းမေတ္တာ၌ တည်နေ၏။ လက်ရှိအသက်တာ၌ ကိုယ်တော်၏ချစ်ခင်သောမိတ်သဟာယနှင့်အတူ တောက်ပေနေ၏။ အ နာဂတ်၌ ကိုယ်တော်၏ကြွလာခြင်းနှင့်အတူ တောက်ပနေ၏။ ဤအရာ သည် အကြီးအငယ်အားလုံးအတွက် မှန်ပေ၏။ စာတန်၏သွေးဆောင် ၊ ခြင်းတိုက်ပွဲမှ ကယ်တင်သောကိုယ်တော်သည် အတွင်းစုံစမ်းခြင်းဆူးများ၊ ကိုဆွဲနှုတ်ပေ၏။ ကျွန်ုပ်တို့သည် များနေသောကလေးကဲ့သို့ ဝမ်းနည်းခြင်း မျိုးစုံအတွက် ယေရှု၌ အနားယူနိုင်၏။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို နှစ်သိမ့်မှုပေးသောအရှင်ဖြစ်၏။ အားလုံးကို ဖုံးပေးသောငြိမ်သက်ချမ်းသာ မှုမျိုး ငြိမ်သက်ချမ်းသာမှုရှိဖူးလား။ သို့မဟုတ်လျှင် အဘယ်ကြောင့်နည်း။
ယေရှုသည် ထိုအရာကိုပေး၏။ ကျွန်ုပ်တို့အဘယ်ကြောင့် မပါဝင်နိုင်ရ မည်နည်း။ ကိုယ်တော်ထံသို့မပို့ဆောင်သောအရာများသင်၌ရှိလား။ ထိုအ ရာမှပျံပြေးသွားပါ။ ၎င်းသည် ယုံကြည်သူအပိုင်ရရှိရန်အတွက် သတ် မှတ်ထားသောအရာမဟုတ်ပေ။ တပည့်တော်သည် ဝမ်းနည်းခြင်းနှင့်ကိုယ် တော်အား မဖော်ပြပေးနိုင်သောဝမ်းမြောက်ခြင်းတို့ကိုသိသင့်၏။
ဤအနားယူခြင်းကို ယေရှုပေးသည့်အတွက် ၎င်းသည် အံ့သြ ဖွယ်ကောင်းသောအရာဖြစ်ရမည်။ ကိုယ်တော်၏လက်တော်သည် ငွေ များ၊ အကြွေများဖြင့် ပေးသည်မဟုတ်ပေ။ တိုင်းတာ၍မရသောအရေအ တွက်ဖြင့် ရွှေလက်ဆောင်ကိုပေး၏။ သိမြင်နားလည်မှုအားလုံးကို ကျော် လွှားသည့်ဘုရားသခင်၏ငြိမ်သက်ခြင်းကို ပေးသောယေရှုဖြစ်၏။ “တရား တော်ကို နှစ်သက်သောသူတို့၌ ကြီးစွာသောငြိမ်ဝပ်ခြင်းရှိပါ၏” ဟူ၍ဖြစ် ၏။ ဘုရားသခင်၏သားတော်ကို ချစ်သောရသောငြိမ်သက်ခြင်းဖြစ်၏။
ကောင်းကင်ဘုံနှင့်ဆိုင်သောငြိမ်သက်ချမ်းသာမှုကို ပေးသောအချိန်ကာ လရှိ၏။ ထိုသို့သောအချိန်အတွက် ကျွန်ုပ်တို့မည်မျှလောက်ဝမ်းမြောက် မည်နည်းဆိုသည်ကိုမဖော်ပြနိုင်ပါ။ ခရစ်ဝင်ကျမ်းများ၌ မုန်တိုင်းကိုဆုံးမ
တော်မူသဖြင့် “လေသည် ငြိမ်၍ အလွန်သာယာလေ၏” ဟု တွေ့ရ၏။ “သာယာလေ၏” ဟုသာ မဟုတ်ဘဲ အလွန်သာယာလျက် ထုံးစံမဟုတ်။ စုံလင်၍ အမှတ်ရစရာဖြစ်၏။ ဗျာဒိတ်ကျမ်း၌ ယောဟန်ဖော်ပြထားသော ငြိမ်ဝပ်သွားခြင်းကို သတိရစေ၏။ “ထိုနောက်မှကြီး ပင်လယ် ပင် များတို့၌ လေမလာစေခြင်းငှါ ကောင်းကင်တမန် တို့သည် မြေ။
လေးမျက်နှာ လေတို့ကိုကိုင်၍၊ လေးမျက်နှာ၌ ရပ်နေသည်ကို မြင် ၏” လှိုင်းဂယက်သည်ရေးကိုမမေ့နိုင်၊အရွက်သည် အပင်ပေါ်၌မလှုပ်ရှား နိုင်ပေ။
ကိုယ်တော်ကို ကိုးစား၍ ယုံကြည်သောသူတို့အား မင်္ဂလာရှိ သောငြိမ်သက်ချမ်းသာမှုကိုပေးပြီးဖြစ်၏။ ၎င်းတို့ကို ကောင်းစွာမဖော်ပြ နိုင်သော်လည်း သူတို့သည် ၎င်းကိုသိ၍ နှိုင်းယှဉ်လျှင် လောကီသန်းကြွယ် သူဌေးသည် ဆင်းရဲခြင်းဖြစ်၍ ၎င်းသည် အတွင်းချမ်းသာကြွယ်ဝမှုကို သူတို့အတွက် ယူဆောင်ပေး၏။ “ငါ သည် ချမ်းသာပေးမည်”ဟူသော
ပျော်ရွှင်ခြင်း၊ တစ်ဦးချင်းအတွေ့အကြုံ၊ ကယ်တင်ရှင်၏ကတိတော်နှင့် ဆိုင်သောအဓိပ္ပာယ်တို့အားဖြင့် အပြည့်အဝသိရှိကြပါစေ။
၂။ယခုဒုတိယအဖြစ် ဘာ့ကြောင့် ဤငြိမ်သက်ချမ်းသာခြင်းရှိသင့်ပါသနည်း။
ပထမဆုံးအဖြေသည် ကျမ်းစာထဲ၌ရှိ၏။ ၎င်းကို ယေရှုပေးခဲ့ သောကြောင့်ဖြစ်၏။ ကိုယ်တော်ပေးသည့်အတွက် ရယူရန်ဖြစ်၏။ ဤငြိမ် သက်ချမ်းသာမှု၌ပါဝင်ရန် ဟုတ်မှန်သည်ဟု မှတ်ယူသောခရစ်ယာန်အ ချို့ ကိုကျွန်ုပ်သိ၏။ သူတို့သည် ၎င်းနှင့်ပတ်သက်၍ ကြောက်နေသောငှက် ကဲ့သို့စိတ်နှလုံးချောက်ချားလျက် ရှည်လျားသောလေယာဉ်ခရီးကြောင့်
မောပန်းသော်လည်း သူတို့၏မောပန်းနေသောအတောင်တို့ကိုဖုံး၍ အနား မယူဝံ့ကြပေ။ ဟုတ်မှန်သည်ဟု မှတ်ယူသောအရာရှိလျှင် ကျွန်ုပ်တို့သည် သခင်ဘုရားထက်ပို၍ သိသည်ဟု မမှတ်ယူကြပါစို့။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ငြိမ်သက်ချမ်းသာမှုကိုပေး၏။ ထိုအကြောင်းကြောင့် ၎င်းကို ယူကြပါစို့။ “ထာဝရဘုရားရှေ့မှာ ငြိမ်ဝပ်စွာနေ၍ ကိုယ်တော်ကိုငံ့လင့်
လော့” (ဆာ၊ ၃၇း၇)။ ဒါဝိဒ်နှင့်အတူ ပြောပါ။ “အိုဘုရားသခင်၊ အကျွန်ုပ် နှလုံးသည် တည်ကြည်ပါ၏။ အကျွန်ုပ်နှလုံးသည် တည်ကြပါ၏။ သီချင်းဆို ပါမည်။ ချီးမွမ်းထောမနာပြုပါမည် (ဆာ၊ ၅၇း၇)။
သို့ဖြစ်၍ ကျွန်ုပ်တို့သည် ယေရှုပေးသနားတော်မူသောငြိမ်ဝပ် ချမ်းသာခြင်းကို ရယူသင့်သည်။ အကြောင်းမှာ ၎င်းသည် ကျွန်ုပ်တို့အ သက်တာကိုလန်းဆန်းစေသည်။ ကျွန်ုပ်တို့သည် မကြာခဏစိတ်ပျက်လျက် ရှိသည်။ ကျွန်ုပ်တို့သည် မည်သည့်အခါမျှစိတ်မပျက်ရဟု ဆိုသော်လည်း ၊ တစ်ခါတစ်ရံဘုရားသခင်၏အမှုတော်ထဲ၌ စိတ်ပျက်တတ်ကြသည်။ ဒုစ ရိုက်အပြစ်ကျူးလွန်ခြင်း၊ဝမ်းနည်းစိတ်ပျက်ခြင်း၊လောကီဆန်ခြင်း၊ အသင်း
တော်ထဲသို့ မှားယွင်းမှုပျံ့နှံ့လာခြင်းတို့သည် ကျွန်ုပ်တို့အသက်တာထဲ၌ စိတ်ပျက်စေသောအရာများဖြစ်သည်။ မောပန်းနေသောကလေးငယ်သည်
နောက်ဆုံးတွင် မိခင်၏ရင်ခွင်၌ အိပ်မောကျစွာအိပ်ပျော်တတ်သည်။ ထို ကလေးငယ်သည် အဘယ့်ကြောင့် မိခင်ရင်ခွင်ထဲ၌ အိပ်ပျော်ရန် မိခင်ဆီ
ကိုသွားရသနည်း။ ကျွန်ုပ်တို့သည် ထိုကလေးငယ်ကဲ့သို့ မေတ္တာနှင့်ပြည့် ဝသော မိမိတို့၏ကယ်တင်ရှင်ရင်ခွင်၌ ငြိမ်ဝပ်ချမ်းသာစွာနားနေကြပါစို့။
အလွန်မောပန်းခြင်းသည် အိပ်မောကျစေတတ်သည်။ ခရစ် ယာန်ယုံကြည်သူတို့အတွက် စိတ်ရောခန္ဓာပါမောပန်းနွမ်းနယ်နေသော အခါ အကောင်းဆုံးလုပ်ဆောင်ရမည့်အရာကား အိပ်ယာထဲသို့သွားပြီး အိပ်ရာဝင်ခြင်းပင်ဖြစ်သည်။ သို့သော် သူသည် မိမိအိပ်ရာမှနိုးလာသော အခါ ကမ္ဘာသစ်ထဲရောက်သကဲ့သို့ အလွန်လန်းဆန်းဟန်ရှိသော်လည်း ဝိညာဉ်ရေးရာနှင့်ဆိုင်သည့် ခရစ်တော်ပေးသောငြိမ်သက်ချမ်းသာမှုမှလာ
သောအရာမျိုးကဲ့သို့လန်းဆန်းခြင်းမျိုးကို ရရှိမည်မဟုတ်ပေ။ ဟေရှာယက “ဤသို့ ပြုလျှင် ငြိမ်ဝပ်လိမ့်မည်။ ပင်ပန်းသောသူတို့သည် ငြိမ်ဝပ်ကြစေ။ ဤသို့ပြုလျှင် သက်သာလိမ့်မည်” (ဟေရှာ၊ ၂၈:၁၂) ဟု ပြောထား၏။
အဘယ်ကြောင့် ဤငြိမ်သက်ချမ်းသာမှုမျိုးသည် ကျွန်ုပ်တို့၌ရှိ သင့်သည်နှင့်ပတ်သက်၍ အခြားအကြောင်းပြချက်မှာ ကျွန်ုပ်တို့၏စွမ်း ရည်များကို အာရုံစိုက်နိုင်စေပေမည်။ သခင်ဘုရား၏ခိုင်ခံ့သောအစေခံ များစွာတို့သည် အလွန်အားနည်းကြ၏။ အကြောင်းမှာ ၎င်းတို့၏အင်အား များသည် အကြောင်းအရာတစ်ခုအပေါ်၌ အာရုံစိုက်ခြင်းမျိုးမဟုတ်ပေ။ “ငါပြုသောအရာတစ်ခု”ဟု ပေါလုနှင့်အတူ မပြောကြပေ။ ကျွန်ုပ်တို့သည် တစ်ချိန်တည်း၌ အကြောင်းအရာတစ်ခုထက်ပို၍ မပိုင်နိုင်သောအားနည်း သောသတ္တဝါများဖြစ်ကြ၏။ ကျွန်ုပ်တို့၏ပခုံးပေါ်၌ ဝန်ထုပ်များရှိနေသမျှ ကာလပတ်လုံး ပြည့်စုံသောအနားယူခြင်းကို ကျွန်ုပ်တို့မခံစားနိုင်ပေ။ ဤ ဝန်ထုပ်များမှကျွန်ုပ်တို့မည်သို့လွတ်မြောက်မည်နည်း။ “ငါ့ထံသို့လာလော့၊ ငါသည် ချမ်းသာပေးမည်” ဟုပြောဆိုသည့်ကြီးမြတ်သောဝန်ထုပ်သယ် ၊ ဆောင်သူထံသို့ လုံးလုံးအပ်နှံခြင်းအားဖြင့်သာလျှင်ဖြစ်သည်။
ဤငြိမ်သက်ချမ်းသာမှုကိုရရှိပြီးနောက် သခင့်အတွက် ကျွန်ုပ် တို့သက်သေခံနိုင်ပေမည်။ ကျွန်ုပ်သည် ဆန်းဒေးစကူးလ်စတင်သင်ကြား သည့်အချိန်ကိုမှတ်မိကြ၏။ “ငါ့ကိုယုံကြည်သောသူသည် ထာဝရအသက် ကိုရ၏” ဟူသောစကားကို ပြောသောအခလူငယ်လေးတစ်ယောက်က “ဆရာ၊ ဆရာ ကယ်တင်ခြင်းရပြီလား” ဟုမေးရာ “ငါလည်းမျှော်လင့်တာ
ပဲ”ဟုပြောဆိုခဲ့၏။ ကျွန်ုပ်စကားကို သူကျေနပ်မှုမရ၍ နောက်ထပ်မေးခွန်း ၊ ထပ်မေး၏။ “ဆရာ မသိဘူးလား” ထိုလူငယ်လေး မှန်ပေ၏။ သခင်ဘုရား၊ ၌သေချာမှုနှင့်ဝမ်းမြောက်မှုမှလွဲ၍ မည်သည့်စစ်မှန်သောသက် သေမျှမရှိ
ပေ။ ကျွန်ုပ်တို့သိသည်ကိုပြော၏။ ယုံကြည်၍ သက်သေခံ၏။ ထိုသက်သေ သည် အခြားသူများသခင်ဘုရားကိုကိုးစားလာရန် အကူအညီဖြစ်ပေမည်။ “ရှေးဦးစွာကပင်ဖြစ်၍ ငါတို့သည် ကိုယ်တိုင်ကြားလျက် ကိုယ့်မျက်စိနှင့် မြင်လျက် စေ့စေ့ကြည့်ရှု၍ လက်နှင့်စမ်းသပ်ခဲ့ပြီးသောနှုတ်ကပတ်တော် နှင့်ဆိုင်သောအရာကို သင်တို့အား ပြသကြ၏။ ထိုအသက်သည် ထင်ရှား ခဲ့ပြီ။ ငါတို့လည်းမြင်ရကြပြီး။ ခမည်းတော်နှင့်အတူရှိဖူး၍ ငါတို့အား ထင် ရှားခဲ့ဘူးသောထိုထာဝရအသက်ကို ငါတို့သည် သက်သေခံ၍ပြသကြ၏။ ငါတို့သည် ခမည်းတော်နှင့်၎င်း၊ သားတော်နှင့်၎င်း၊ မိတ်သဟာယဖွဲ့ရ သည်ဖြစ်၍ သင်တို့သည်ငါတို့နှင့် မိတ်သဟာယဖွဲ့ စေခြင်းငှာ ငါတို့ကြား မြင်ရသောအရာကိုပြသကြ၏။ ဤအနားယူခြင်းသည် ကျွန်ုပ်တို့ ကြီးထွား ရန်လိုအပ်သည်။ ဘုရားသခင်၏သားသမီးတို့သည် အခြားသောနေရာ များသို့လှုပ်ရှားသည်ထက် တစ်နေရာတည်းတွင် အနားယူလျှင် ပို၍အ လျင်အမြန်တိုးတက်လာပေမည်။ “သင်တို့သည် ပြောင်းလဲ၍ ငြိမ်ဝပ်စွာ နေလျှင် ကယ်တင်ခြင်းသို့ရောက်ကြလိမ့်မည်။ ငြိမ်ဝပ်စွာနေခြင်း ယုံ ကြည်ခြင်းအားဖြင့် ခွန်အားအစွမ်းကိုရကြလိမ့်မည်။” မာသသည် အစေခံ ခြင်းအားဖြင့် ဝန်လေးလျက်ရှိ၏။ မာရိမူကား ယေရှု၏ခြေတော်ရင်း၌ ထိုင် လျက်ရှိ၏။ မည်သူသည် သခင်ယေရှုခရစ်တော်ကို သိခြင်းနှင့်ကျေးဇူး
တော်၌ ပို၍ကြီးထွားမည်မှာပြောရန် ခက်ခဲမည်မဟုတ်ပေ။
၃။ ကျွန်ုပ်တို့သည် ဤငြိမ်သက်ချမ်းသာမှုကို မည်သို့ရရှိနိုင်မည်နည်း။
ပထမဆုံးခရစ်တော်ထံလာခြင်းဖြင့်၏။ကိုယ်တော်က “ထံသို့ လာလော့။ ..ငါသည် ချမ်းသာပေးမည်ဟုပြောထား၏။ ဤအဖွဲ့လေးသည် ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် လာပြီဟုကျွန်ုပ်ယုံပါ၏။ ယခုမိတ်သ ဟာယဖွဲ့ရန်နှင့်ပွဲတော်ဝင်ရန် ကိုယ်တော်ထံလာကြပါစို့။ အဆက်မပြတ် လာကြပါစို့။ “ကိုယ်တော်ထံလာခြင်း”သည် အဆက်မပြတ်လာခြင်းဖြစ်၍
အဝေးသို့သွားခြင်းမဟုတ်ပေ။ နံနက်တွင် လောကအကြောင်းကိစ္စများရှိ နေသော်လည်း ကိုယ်တော်ထံလာကြပါစို့။ ညအချိန်၌ ကိုယ်တော်ထံလာ ခြင်းဖြင့် အချိန်ကုန်ကြပါစို့။ ကျမ်းစာကိုရှာဖွေခြင်းဖြင့် ခရစ်တော်ထံလာ ကြပါစို့။ စာမျက်နှာတိုင်း၌ ကိုယ်တော်ကိုတွေ့ရှိပါမည်။ ကျွန်ုပ်တို့၏အ တွေးများ၊ အလိုဆန္ဒများ၊ စွဲလမ်းခြင်းများ၊ ဆန္ဒများဖြင့် လာကြပါစို့။ ” သည် ချမ်းသာပေးမည်”ဟူစကားသည်လည်း ပြည့်စုံပေမည်။
ကျွန်ုပ်တို့သည် ခရစ်တော်ထံ၌ အပ်နှံခြင်းဖြင့် ငြိမ်သက်ချမ်း သာမှုကိုရရှိပါ၏။ “ငါ့ထမ်းပိုးကို ထမ်းကြလော့။ သင့်စိတ်ဝိညာဉ်သည် ငြိမ်သက်ချမ်းသာမှုကိုတွေ့မည်။” ထမ်းပိုးကို ကိုယ်တော်နှင့်အတူတကွ ထမ်းသောသူ၊ စစ်မှန်သောထမ်းပိုးထမ်းသူဖြစ်ရန် ကိုယ်တော်အလိုရှိ၏။ ကျွန်ုပ်တို့နှင့်အတူ ကိုယ်တော်ထမ်းပိုးအတူတူထမ်းရန် အလိုရှိခြင်းသည် အံ့သြဖွယ်ကောင်းပေ၏။ အံ့သြစရာက ကျွန်ုပ်တို့သည် ကိုယ်တော်နှင့်အ တူထမ်းပိုးမထမ်းလိုကြခြင်းပေ။ ကျွန်ုပ်တို့သည် ကိုယ်တော့်ထမ်းပိုးကိုထမ်း ခြင်းဖြင့် ထာဝရငြိမ်သက်ချမ်းသာခြင်းထဲသို့ ဝင်ရောက်မည်ဖြစ်ပြီး ဝမ်း
မြောက်ခြင်းရရှိပေမည်။ ကျွန်ုပ်တို့သည် ပထမဆုံးယုံကြည်ခြင်းဖြင့် ယေရှု ၌ငြိမ်သက်ချမ်းသာမှုကိုရရှိကြ၏။ ထို့နောက်မှနာခံခြင်းဖြင့် ငြိမ်သက်ချမ်း
သာမှုရှိ၏။ ဘုရားသခင်သည် ဦးစွာကိုယ်တော်၏အသေခံခြင်းအားဖြင့် ငြိမ်သက်ချမ်းသာမှုကို ကျွန်ုပ်တို့အား ပေးသနားတော်မူ၏။
နောက်ဆုံးအနေဖြင့် ဤငြိမ်သက်ချမ်းသာမှုကို ခရစ်တော်ထံ မှသင်ယူခြင်းဖြင့် စိတ်ချနိုင်၏။ “ငါ့ထံ၌ နည်းခံကြလော့၊ ငါသည် နူးညံ့ သိမ်မွေ့ နှိမ့်ချသောစိတ်သဘောရှိ၏။” ကျွန်ုပ်တို့သည် ခရစ်တော်နှင့်အတူ အလုပ်လုပ်သောသူများဖြစ်၏။ ကိုယ်တော်၏ထမ်းပိုးကိုထမ်းလျက် တစ် ချိန်တည်းတွင် ခရစ်တော်၏ကျောင်း၌ ကျမ်းပညာရှင်များဖြစ်လျက် ကိုယ်
တော်နှင့်ပတ်သက်၍ သင်ယူကြ၏။ ကိုယ်တော်သည် ဆရာနှင့် သင်ခန်း စာနှစ်ခုလုံးဖြစ်၏။ ကိုယ်တော်၏နူးညံ့သောစိတ်နှလုံးသည် သွန်သင်ရန် အံကိုက်ဖြစ်စေ၍ သွန်သင်ခြင်းအတွက် အကောင်းဆုံးသရုပ်ပြမှုဖြစ်စေ ၏။ကျွန်ုပ်တို့သည် ကိုယ်တော်၏ပိုင်ဆိုင်ရာဖြစ်လာလျှင် ကိုယ်တော်ကဲ့သို့ ငြိမ်သက်ချမ်းသာရပေမည်။ နှိမ့်ကျသောစိတ်နှလုံးသည် ငြိမ်သက်ချမ်းသာ
သောနှလုံးသားဖြစ်၏။ ယခုပွဲတော်သို့ကျွန်ုပ်တို့လာသောအခါ ကျွန်ုပ်တို့ ပြောနေသောငြိမ်သက်ချမ်းသာမှုကို ကြီးမြတ်သောငြိမ်သက်ချမ်းသာမှု၊ ပေးသည့်အရှင်ကြောင့် ရရှိကြပါစေ။ အာမင်။
အခန်း ၃
အံ့အားသင့်ဖွယ်
ကြီးမားသောယေရှုရှင်
ကြည့်ရှုလော့၊ ငါ့ကျွန်သည် အမှုဆောင်၍ အောင်လိမ့်မည်။ ချီးမြှောက်ချီးမြှင့်ခြင်းသို့ ရောက်၍၊ အထွဋ်အမြတ်ဖြစ်လိမ့်မည်။ သူသည် လူမဟုတ်သကဲ့သို့မျက်နှာပျက်ခြင်း၊ လူသားမဟုတ်သကဲ့သို့အဆင်းအသ ရေပျက်ခြင်းရှိသည်ကို အများသောသူတို့သည် အံ့ဩမိန်းမောကြသည် ဖြစ်၍၊ ထို့အတူ သူသည် အများသောလူမျိုးတို့ကို သန့်ရှင်းစေလိမ့်မည်။ ရှေ့တော်၌ ရှင်ဘုရင်တို့သည် မိမိတို့နတ်ကိုပိတ်၍ နေရကြလိမ့်မည်။ သူတပါးမပြဘူးသောအရာကို သူတို့သည် မြင်ကြလိမ့်မည်။ မကြားဘူး
သောအရာကိုလည်း နားလည်ကြလိမ့်မည် (ဟေရှာ၊ ၅၂း၁၃-၁၅)။
ကျွန်ုပ်တို့၏သခင်ယေရှုခရစ်တော်သည် “အံ့ဩဖွယ်”ဟူသော အမည်ကိုရှေးကပင် သယ်ဆောင်၍ ထိုစကားလုံးသည် ကိုယ်တော်၏အံ့ ဩချီးမွမ်းဖွယ်ကောင်းသော ပုဂ္ဂိုလ်ဖြစ်ခြင်းနှင့်ဂုဏ်အင်္ဂါတို့ကို တည်ရန်
အလွန်အားနည်းသည်ဟုထင်ရ၏။ ကိုယ်တော်သည် ပရောဖက်၏ဘာ သာစကားဖြင့် မိမိအကြောင်းကိုပြော၏။ “ငါမှစ၍ ငါ့အား ထာဝရဘုရား ပေးတော်မူသောသူငယ်တို့သည် ရှိကြ၏။ ပုပ္ပနိမိတ်နှင့်အံ့ဘွယ်သောအ ရာဖြစ်စေခြင်း” (ဟေရှာ၊ ၈:၁၈) ကိုယ်တော်သည် ကိုယ်တော်ကိုသိ
သောသူအားလုံးအတွက် အံ့အားသင့်ဖွယ်ကောင်းသောစမ်းရေဖြစ်၍ သူ တို့သည် ကိုယ်တော်ကိုပို၍သိလေလေ၊ ကိုယ်တော်ကို ပို၍ “အံ့အားသင့်” လေလေဖြစ်၏။ ခရစ်တော်လုံးလုံးဖြစ်သည်မှာ အံ့သြစရာဖြစ်၏။ လူ့ဇာတိ ခံယူခြင်းသည် နိမိတ်လက္ခဏာထဲမှနိမိတ်လက္ခဏာအဖြစ်ဆုံးဖြစ်ပြီး အ ကန့်အသတ်မဲ့သောသူသည် ကလေးသူငယ်ဖြစ်လာ၏။ ကမ္ဘာလောကကို ဖန်ဆင်းသောအရှင်သည် အဝတ်နှင့်စည်းပတ်ခံရ၏။ ကိုယ်တော်၏ရှုပ် ထွေးသောသဘာဝ၌ အလွန်နက်နဲ၍ သံသယကင်းမဲ့သောကောင်းကင် တမန်အပေါင်းတို့သည်ရှိကြ၍ ကိုယ်တော်၌ အံ့အားသင့်သည်ကိုဖော်ပြ ၏။ အိုး၊ ဘုရားသခင်၏သားတော်နှင့်လူ့သား၊ ကိုယ်တော်နှုတ်ကပတ် တော်သည် လူ့ဇာတိကိုခံယူ၍ ကျိန်းဝပ်တော်မူ၏။ ကိုယ်တော်၏သန့်ရှင်း သူတို့သည် ကိုယ်တော်ဘုန်းတော်ကိုမြင်ရကြပြီ။ ကိုယ်တော်ကိုအံ့အား သင့်သည်မှာ သဘာ ဝပင်ဖြစ်၏။
ဖော်ပြပါကျမ်းပိုဒ်၏ပထမဆုံးအချက်မှာ သခင်ဘုရားသည် ကိုယ်တော်၏ဝမ်းနည်းခြင်း၌ ကြီးမားသောအံ့ဩဖွယ်ရာဖြစ်၏။ ဒုတိယ အချက်မှာ ကိုယ်တော်သည် ကိုယ်တော်၏ဘုန်းတော်၌ ကြီးမားသောအံ့ ဩဖွယ်ရာဖြစ်၏။ ကိုယ်တော်၏ဝမ်းနည်းခြင်း၌ ကြီးမားသောအံ့ဩဖွယ်ရာ ဖြစ်၏။ “သူသည်လူမဟုတ်သကဲ့သို့မျက်နှာပျက်ခြင်း၊ လူသားမဟုတ်ကဲ့ သို့အဆင်းအသရေပျက်ခြင်း ရှိသည်ကို အများသောသူတို့သည် အံ့သြ မိန်းမောကြသည်”(အပိုဒ်ငယ် ၁၄)။
ကိုယ်တော်၏မျက်နှာပျက်ခြင်းရှိ၏။ ကိုယ်တော်၏မျက်နှာသွင် ပြင်သည် ပြိုင်ဘက်ကင်းသည်မှာ သံသယရှိစရာမလိုပေ။ ကိုယ်တော်၏ မျက်ခုံးနှင့်ကျောဘက်၌ ထယ်ထိုးထားသကဲ့သို့ဖြစ်၏။ ဝိညာဉ်ဝေဒနာခံ စားရခြင်းနှင့်ချိုးဖဲ့ခံရခြင်း၊ စိတ်နှလုံးဝမ်းနည်းကြေကွဲခြင်းတို့သည် ချစ်ဖွယ် ဖြစ်သောကိုယ်တော်၏မျက်နှာပေါ်၌ ဟုပြောထား၏။ ဖျက်ဆီးခြင်းမခံရ
သော်လည်း အခြားသူများသည် ဝမ်းနည်းခြင်းနှင့် ဖျက်ဆီးခြင်းမခံရ လောက်အောင် ကိုယ်တော်၏လှပခြင်းသည် ပျက်ပြားသွား၏။ သို့သော် ကိုယ်တော်၏မျက်နှာသာမက ကိုယ်တော်၏ပုံသဏ္ဌာန်တစ်ခုလုံးသည် လူ သားများထက်ပျက်ပြားသွား၏။ ကိုယ်တော်၏လူသားကိုယ်ခန္ဓာအနားရေး
ကြောင်းသည် အခြားသောပုံသဏ္ဌာန်ဖြင့် နိမ့်ကျသကဲ့သို့ဝမ်းနည်းခြင်းအ မှတ်ကိုပြသ၏။
ကိုယ်တော်၏ခြေလှမ်းပုံသည် ကုန်းနေသည် (၀ါ) ဒူးများ ယိုင်နဲ့နေ၍ လမ်းလျှောက်ပုံက အားနည်းနေသည်ကိုမသိသော်လည်း အ ချိန်စောသောအသက်အရွယ်ပုံပန်းဖြစ်စေ၍ ဂျူးများအတွက် ကိုယ်တော် သည် အသက်ပိုကြီးပုံရ၏။ ကိုယ်တော်သည် သုံးဆယ်ကျော်ကျော်ရှိ
သောအခါ သူတို့က “သင်၏အသက်သည် အနှစ်ငါးဆယ်မျှမရှိဘဲလျက်” (ယောဟန်၊ ၈:၅၇) ဟုပြောခဲ့၏။ ကိုယ်တော်သည် ပုံသဏ္ဌာန်ပျက်စီးသွား သည် မသွားသည် ကိုကျွန်ုပ်မမြင်ရသော်လည်း ကိုယ်တော်၏သဘာဝ ဂုဏ်သိက္ခာရှိခြင်း၊ ဆုတ်ဖြဲခံရခြင်းနှင့်ပိန်သွားသောပုံပန်းသည် “ဝမ်းနည်း ရသောလူသား” အဖြစ် ကိုယ်တော်ကိုအမှတ်အသားပြုပေ၏။ လူ့ဇာတိ မျက်စိဖြင့် ကြည့်လျှင် ကိုယ်တော်၏သဘာဝနှင့် ဝိညာဉ်ရေးရာပုံစံသည် မြတ်နိုးစရာမကောင်းတော့ပေ။ ပရောဖက်က “ကိုယ်တော်ကို ကျွန်ုပ်တို့ ရှုမြင်သောအခါ ပမာဏပြုစရာအဆင်းတင့်တယ်ခြင်းမရှိ။ ချစ်လိုဘွယ် သောမျက်နှာလက္ခဏာနှင့် မပြည့်စုံ” (ဟေရှာ၊ ၅၃:၂) ဟုပြောထား၏။
သခင်ဘုရား၏ဒုက္ခဝေဒနာခံစားရခြင်းကို ဆင်ခြင်သောအခါ ကိုယ်တော်၏သဘာဝအလှမည်သို့ဖြစ်သည်၊ စုံလင်သောကိုယ်ခန္ဓာအထဲ ၌ပထမဦးဆုံးအဖြစ် ဌာပနာပြုထားကြောင်းကို ဆင်ခြင်ခြင်းမှ ကျွန်ုပ်တို့ အံ့အားသင့်ခြင်းပေါ်ပေါက်လာ၏။ အပြစ်မရှိဘဲ သန္ဓေတည်လာ၍ ရိုးရာ ဇာတိအပြစ်စွန်းထင်းခြင်းမရှိဘဲ အပျိုကညာမှမွေးလာ၏။ ကိုယ်တော်၏ ပုံစံအဖြစ် လူသားဘဝ၏ပွင့်လန်းခြင်းရှိ၍ လူငယ်ဘ၀အစပိုင်းမှစ၍ ကိုယ်
တော်၏မိခင်မျက်စိရှေ့၌ ဝမ်းမြောက်စရာဖြစ်သည်မှာ ကျွန်ုပ်အတွက် သံ သယမရှိပေ။ ကိုယ်တော်၏အကြည့်သည် စင်ကြယ်၍ကိုယ်တော်၏စဉ်း စားမှုသည် သန့်ရှင်းလျက် ကိုယ်တော်၏မျက်နှာဖော်ပြချက်သည် ကောင်း ကင်ဘုံနှင့်ဆိုင်သော်လည်း ပျက်စီးရပေမည်။ ဆင်းရဲခြင်းက မှတ်သား၍ ဆာလောင်ခြင်းနှင့်ရေငတ်မှု၊ မောပန်းမှုတို့ဖြစ်ရသည်။ ဝမ်းနည်းခြင်းက အစင်းဖြစ်စေ၍ အမာရွတ်ဖြစ်ရ၏။ တံတွေးခွက်ထဲမျောရ၏။ မျက်ရည်က ပူလောင်စေ၏။ ရိုက်နှက်ခြင်းက အနာတရဖြစ်စေသည်။ သေခြင်းသည် မှေးမှိန်၍ သွေးနှဲစေ၏။
ဒုတိယအံ့ဩစရာက ကိုယ်တော်၏ရုပ်ပျက်ခြင်းပေတည်း။ အ မှန်မှာ ကိုယ်တော်၏ဂုဏ်အင်္ဂါ၌ မျက်နှာအသွင်အပြင် ပျက်ပြားစရာအ
ကြောင်းမရှိပေ။ကလေးဘဝ၌ဆွဲဆောင်မှုရှိသည့်မျက်နှာထားသည် အပြစ်
ကြောင့် ပျက်စီးလေ၏။ စိတ်ထက်သန်ပြင်းပြမှုကို အခွင့်ပေးလိုက်လျှင် မကြာမီမျက်နှာသွင်ပြင်ပေါ်၌ ပုံသဏ္ဌာန်ပျက်စီးခြင်းဖြစ်လာပေသည်။ အ ပြစ်ပြုသောလူများသည် သူတို့စိတ်နှလုံး၏မီးအစအနများ၊ ကြန်အင် လက္ခဏာများကိုခံရပေသည်။ ညှိုးနွမ်းသောအခြေအနေများကို ကျွန်ုပ်တို့ သိကြ၏။ ထိုသူတို့၏မျက်နှာသည် မီးဟပ်ခံထားရသကဲ့သို့ဖြစ် ထိတ်လန့် စရာဖြစ်၏။ ကာဣန၏အမှတ်လက္ခဏာသည် သူတို့၌ ထားသကဲ့သို့ဖြစ် ၏။ အပြစ်တိုင်းသည် လှပသောမျက်နှာကို အမှတ်ဖြစ်စေ၏။ သို့သော် ယေရှု၌ အပြစ်မရှိပေ။ ကိုယ်တော်၏သဘာဝပြည့်စုံခြင်းများကို ပျက်ပြား စေရန် မကောင်းသောစဉ်းစားမှုမရှိပေ။ ဝိုင်နား၌ နေခြင်းဖြင့် ကိုယ်တော် ၏မျက်စိမနီပေ။
ကျွန်ုပ်တို့ချစ်ရသောကိုယ်တော်၏မျက်နှာတော်နှင့်ပုံသဏ္ဌာန် ကို အောက်မေ့ပါ။ ထိုအရာသည် ကိုယ်တော်၏စိတ်ဝိညာဉ်ကို ညွှန်းသော အရာဖြစ်၏။ ရုပ်လက္ခဏာပညာရပ်သည် သမ္မာတရားနှင့်ဆိုင်သောလူ အကြောင်းကိုဖြေရှင်းသောအခါ မှန်ကန်သောအရာများပါသည့်သိပ္ပံပညာ ရပ်ဖြစ်၏။ လူတို့သည် ကိုယ်တော်အပေါ်၌ သူတို့၏မျက်နှာထားများ မည် သို့ထိန်းချုပ်ရမည်ကို သိရှိခြင်း ရပ်လိုက်ကြ၏။ ကောက်ကျစ်ခြင်းသည် ရိုးသားမှုသဖွယ်ပေါ်လာ၏။ မောက်မာခြင်းသည် သနားခြင်းကဲ့သို့ထင်ရှား လာပြီး ရန်တုံ့ပြန်ခြင်းသည် စိတ်ထားကောင်းကိုတုပပေမည်။ အချို့လူတို့ သည် စကားပြောသောအခါ မိမိတို့၏ခံစားမှုကို ဖုံးကွယ်ရန် မိမိတို့၏မျက် နှာထားကိုအသုံးချကြ၏။ သူတို့၏ဖြစ်ခြင်း အမှန်ကို ဘယ်အခါမျှမပြရန်အားထုတ်လျက် အတတ်နိုင်ဆုံးဖော်ရွေသည့်မျက်နှာထားကိုပြသလေ့ရှိ ကြသည်။ ထိုသို့ဖြင့် သူတို့၏မိတ်ဆွေများကြားတွင် မျက်နှာဖုံးတပ်လျက်
သွားလာကြ၏။
သို့သော် ခရစ်တော်သည် ထိုသို့သောအနုပညာများကို မသင် ယူခဲ့ပါ။ ကိုယ်တော်သည် အလွန်ရိုးစင်း၏။ ထင်သာမြင်သာပြု၏။ ကလေး သူငယ်ကဲ့သို့စစ်မှန်၏။ သူ့အထဲ၌ နှိုးဆော်သောအရာတိုင်းကို ဝန်းကျင်၌ ရှိသောသူတို့အား ပြသခဲ့၏။ ကိုယ်တော်သည် “သနားခြင်း စိတ်ရှိတော်မူ ၏” (မဿဲ၊ ၉:၃၅) ဟုဖတ်ရသည်။ ဂရိစကားလုံး၏အဓိပ္ပာယ်မှာ ကိုယ်
တော်သည် မိမိ၏သဘာဝတစ်ခုလုံး၏အံ့ဩဖွယ် စိတ်ခံစားမှုကို တွေ့ကြုံ ရ၏။ စိတ်တက်ကြွထိခိုက်၍ သိုးထိန်းမရှိသောသိုးများအဖြစ် လူများကို မြင်သည့်အတွက် နက်ရှိုင်းစွာခံစားရသည်ကို ကိုယ်တော်၏တပည့်တော် တို့မြင်ကြ၏။ ကိုယ်တော်သည် လူများထံမအပ်နှံသော်လည်း မိမိကိုယ်ကို မဖုံးကွယ်ထားပေ။ သို့သော် မိမိ၏စိတ်နှလုံးကို အင်္ကျီလက်အောက်၌ ဝတ်ဆင်လျက် မိမိသည် မည်သည့်နေရာ၌ ရှိခဲ့သည်၊ ကျေးဇူးတော်နှင့် သမ္မာတရားကိုသိကြောင်း အားလုံးကိုမြင်နိုင်၏။ ကိုယ်တော်၏မျက်နှာပုံ ပန်းနှင့်ပုံစံသည် ကိုယ်တော်၏နူးညံ့သော စိတ်ဝိညာဉ်၏ဝေဒနာများကို ညွှန်းသည့်ကိုယ်တော်၏အင်္ဂါရပ်ကို ဆင်ခြင်သောအခါ ကျွန်ုပ်တို့အံ့အား မသင့်ပေ။ ကိုယ်တော်၏မျက်နှာထားသည် ကိုယ်တော်၏စိတ်နှလုံးအား မဟုတ်မှန်ဖြစ်စေခြင်း မဖြစ်သင့်ပေ။ ထွန်ယက်သောသူများသည် ကိုယ်
တော်၏စိတ်ဝိညာဉ်၌ ထယ်ထိုးကြ၏။ နောက်ကျောနှင့်စိတ်နှလုံးသည် အ တွင်း၌ တုန်လှုပ်ချောက်ချားလျက် စုတ်ပြလျက်ရှိ၏။ ၎င်းသည် ကိုယ်
တော်၏ပုံပန်းတစ်ခုလုံးကိုထိခိုက်၏။ ကိုယ်တော့်ဝန်းကျင်၌ ရှိသောသူတို့ သည် သူတို့မျက်စိဖြင့် မမြင်နိုင်ပေ။ ပခုံးများသည် ဝန်ထုပ်ဆက်တိုက် ထမ်းရသည်ကို အခြားသူများမမြင်နိုင်ပေ။ ကိုယ်တော်၏မျက်နှာအသွင် အပြင်နှင့်ပုံစံကိုငြင်းပယ်ကြ၏။ အို၊ ကယ်တင်ရှင်၊ ကိုယ်တော့်အကြောင်း၊ ခမ်းနားမှုနှင့်စင်ကြယ်မှုတို့ကို ကျွန်ုပ်တို့စဉ်းစားသောအခါ ကိုယ်တော်၏ မျက်နှာအသွင်အပြင်နှင့်ပုံစံတို့သည် အလွန်ပျက်ပြားစေလောက်အောင် ပူဆွေးသောကလာရောက်သည်ကို ကျွန်ုပ်တို့သည် အံ့အားသင့်ကြပါ၏။
ချစ်သောမိတ်ဆွေများ၊ ဤရုပ်ပျက်စေခြင်းကို ဖြစ်စေသည့်အ ကြောင်းရင်းများသည် မည်သည့်အရာများဖြစ်သည်ကို ယခုစဉ်းစားကြည့် ပါ။ အသက်ကြီးရင့်၍ အရည်တွန့်သည်မဟုတ်ပေ။ ကိုယ်တော်သည် အရွယ်ကောင်းဖြစ်သေး၏။ ဖျားနာ၍လည်းမဟုတ်ပေ။ အားနည်း၍ ရောဂါ
ကြောင့်လည်းမဟုတ်ပေ။ ကိုယ်တော်၏သွေးသား၌ သေခြင်းနှင့်ပျက်စီးယို ယွင်းခြင်းသို့ပို့ဆောင်သည့် မစင်ကြယ်သောအရာတစ်စုံတစ်ခုမျှမရှိပေ။ ထိုအရာသည် ဒုက္ခဝေဒနာခံစားရခြင်းနှင့်အတူ ကိုယ်တော်၏တည်မြဲ
သောသနားကြင်နာခြင်းအားဖြင့် ပထမဆုံးဖြစ်ရပ်ဖြစ်၏။ ကိုယ်တော့်စိတ် ဝိညာဉ်၏ထူးကဲသောဂရုဏာအားဖြင့် သူ့အပေါ်၌ ကြီးစွာသောယိုယွင်း ပျက်စီးခြင်းရှိ၏။ သုံးနှစ်အတွင်း၌ ကိုယ်တော်၏မျက်နှာပုံပန်းသည် အခြား လူများထက်ပို၍ အများဆုံးရုပ်ပျက်နေသည်ဟု ဆိုထား၏။ ကိုယ်တော် သည် မိမိကောင်းချီးပေးသည့်သူများ၏ဒုက္ခဝေဒနာအားလုံးအတွက် မိမိ ကိုယ်ကို ပေးဆပ်လုပ်ဆောင်ခြင်းဖြစ်၏။ သေစေနိုင်သောအမင်္ဂလာဝန် ထုပ်ကို မိမိအပေါ်၌ အမြဲသယ်ဆောင်လေ၏။ ကျွန်ုပ်တို့၏အနာရောဂါ များနှင့်ပတ်သက်၍ ခရစ်တော်ကျန်းမာစေခြင်းအကြောင်းကို ကျွန်ုပ်တို့ ဖတ်ရ၏။ “သူသည် အကျွန်ုပ်တို့အနာရောဂါဝေဒနာများကိုယူတင်ဆောင် ရွက်လေသည်ဟု ပရောဖက်ဟေရှာယ ဟောဘူးသောစကား ပြည့်စုံ မည်အကြောင်းဖြစ်သတည်း” (မဿဲ ၈:၁၇)။ မှန်ပေ၏။ ကိုယ်တော်သည် နားလည်ရန်ခက်ခဲသောနည်းလမ်းဖြင့် ထိုသို့သောမကျန်းမာခြင်းနှင့်အနာ ရောဂါတို့ကို ယူဆောင်သွား၏။ ကျွန်ုပ်ကြားဖူးသည့်အချို့သောအပင်များ ကဲ့သို့ဖြစ်၏။ ၎င်းတို့သည် ကျန်းမာခြင်းကို ကြဲဖြန့်ပေး၏။ ၎င်းတို့ကိုယ်တိုင် သည် ဆိုးရွားသောအနံ့အသက်ကိုစုပ်ယူ၍ ဘေးအန္တရာယ်ဖြစ်စေသော အငွေ့များကို မိမိတို့ကိုယ်ထဲသို့ဆွဲယူကြ၏။ ထိုသို့မဟုတ်လျှင် ထိုအရာ တို့သည် လူသားတို့ကို အဆိပ်ဖြစ်သွားစေနိုင်သည်။ ထိုသို့ မိမိတို့ကိုယ်ကို မညစ်ညမ်းစေဘဲ ဝန်းကျင်၌ရှိသောလေထုကို ပိုးသတ်ပေး၏။ ကျွန်ုပ်တို့၏ ကယ်တင်ရှင်ပြုခဲ့သောအရာသည် အလွန်အဖိုးကြီးပေ၏။ ကိုယ်တော် သည် ကြီးမားသောဆေးရုံ၌ အသက်ရှင်နေသည်ကို မြင်ယောင်ကြည့်နိုင် သည်။ ဝမ်းနည်းခြင်း၊ နာကျင်ခြင်းများကို မြင်ပြီးဖြစ်ပေသည်။ သို့သော်
သဘာဝအလျောက်စင်ကြယ်၍ ချစ်ဖွယ်ဖြစ်လျက် ကိုယ်တော်သည် ထို ခေတ်၌ များပြားလျက်ရှိသည့်အပြစ်၊ ဟန်ဆောင်ခြင်းနှင့်ဖိနှိပ်ခြင်းတို့၏ နှိပ်စက်ခြင်းကို နေ့စဉ်ခံရ၏။ ကိုယ်တော်သည် အမြဲပင် လူများအတွက် မိမိအသက်ကိုချထားပေ၏။ ကိုယ်တော်သည် သူတို့အဖို့ လုပ်ဆောင်ခြင်း ၌ အချိန်ကုန်လွန်လျက် သူတို့၏အပြစ်အားဖြင့် နှိပ်စက်ခံရကာ သူတို့၏ ဝမ်းနည်းခြင်းနှင့်ဖိနှိပ်ခံရ၏။ ပျက်ပြားသွားသောမျက်နှာပုံပန်းကို ကြည့် လေလေ၊ ညွှန်ပြထားသည့်ကြီးမားသောဒုက္ခကို ပို၍အံ့အား သင့်လေလေ ဖြစ်သည်။
ကိုယ်တော်သည် လူသားများထက် ပို၍ရုပ်ပျက်နေသည်ကို မအံ့သြပါနှင့်။ ကိုယ်တော်သည် အခြားလူများထက် ပို၍ထိခိုက်လွယ်၏။ မည်သည့်အပိုင်းမျှ စိတ်နှလုံးမာကြောခြင်းမရှိပေ။ ကိုယ်တော်၌ ခြောက်
သွေ့ စေသောအသိစိတ်မရှိပေ။ အာရုံခံစားမှု မရှိသည်မဟုတ်ပေ။ ဆေးနှင့် ထုံစေသောနပ်ကြောတွေ မရှိသည်မဟုတ်ပေ။ ကိုယ်တော်၏လူသားဘဝ သည် သူ၏ဘုန်းဖြစ်၏။ ဘုရားသခင်သည် အာဒံကိုဖန်ဆင်းသောအခါ ကိုယ်တော်၏ပုံသဏ္ဌာန်နှင့်အညီ ဖန်ဆင်းထား၏။ ကိုယ်တော်သည် ကျ ဆုံးနေသောကမ္ဘာ၌ ဖျားနေသောအိမ်ဖြစ်၏။ ခရစ်တော်နှင့်ပတ်သက်၍ ကျွန်ုပ်တို့ဖတ်ရသည်ကား ကိုယ်တော်သည် “သူတို့စိတ်နှလုံးမိုက်သော
ကြောင့် ဝမ်းနည်းတော်မူခြင်းရှိလျက်” (မာကု၊ ၃:၅)၊ “ထိုသူတို့သည် မယုံ ကြည်ကြသည်ကို အံ့ဩခြင်းရှိတော်မူ၏” (မာကု၊ ၆:၆)၊ “ကိုယ်တော် သည် စိတ်နှလုံးညည်းတွားသံကိုပြုတော်မူလျက်” (မာကု၊၈:၁၂)၊ “အလွန် ညှိုးငယ်ခြင်း၊ စိတ်ပူပန်ခြင်းရှိ၍” (ယောဟန်၊ ၁၁:၃၃) ဟူ၍ ဖြစ်သည်။ သို့သော်လည်း ဤအရာတို့သည် ရပ်ပျက်ခြင်း၏အစသာဖြစ်ပေ၏။
ကိုယ်တော်၏အနက်ရှိုင်းဆုံးသော ဝမ်းနည်းခြင်းနှင့် ဝမ်းနည်း ကြေကွဲဖွယ် ရုပ်ပျက်ခြင်း အများဆုံးဖြစ်ရသည့်အကြောင်းရင်းမှာ ကိုယ် စားပြုလုပ်ဆောင်မှုကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့၏အပြစ်ဒဏ်ကိုခံခြင်းဖြစ် သည်။ ကိုယ်တော်၏အမင်္ဂလာစကားလုံးတစ်လုံးဖြင့် ခေါ်လျှင် “ဂေသရှေ့ မန်” ဖြစ်၏။ ယုံကြည်ရသောယုဒ၏ငြင်းပယ်ခြင်းကိုခံရ၏။ “ငါ့မုန့်ကို စား သောသူသည် ငါကို ဖနောင့်နှင့်ပေါက်လေ၏” (ယော၊ ၁၃:၁၈ စံမီကျမ်း) ၊
ဟူသောကျမ်းစာပြည့်စုံရန်ဖြစ်၏။ တပည့်တော်တို့သည် ကိုယ်တော်ကို စွန့်ပစ်၍ ထွက်ပြေးလျက် ကိုယ်တော်ချစ်ရသောသူတစ်ဦးမျှ မရှိကြတော့ ပေ။ တစ်ဦးတည်းကျန်ရှိခဲ့၏။ ကိုယ်တော်သည် သူတို့၏ခြေကို ဆေးကြော ပေးသော်လည်း တစ်နာရီမျှပင် မစောင့်စားနိုင်ခဲ့ကြပေ။ ထိုဥယျာဉ်၌ ကိုယ်
တော်၏ချွေးစက်သည် သွေးကဲ့သို့မြေပေါ်ကျသည်အထိ ရန်သူနှင့် နပန်း လုံးလျက် နေတော်မူ၏။
ထိုကျမ်းပိုဒ်မှန်ကန်သည်ဟု ကျွန်ုပ်ယုံကြည်၏။ ကိုယ်တော်၏ မျက်နှာသွင်ပြင်နှင့်ပုံစံကို ပျက်ပြားစေသောအရာကို အသက်ရှိစဉ်ပင် သင်မြင်ရ၏။ ကိုယ်တော်၏လူ့ဘဝတစ်ခုလုံးသည် ထိတ်လန့်ဖွယ်ဟု ခံစား ခဲ့ရ၏။ အေးမြသောညသန်းခေါင် သံလွင်ပင်များအလယ်၌ ကိုယ်တော် နှင့်မှောင်မိုက်မင်းသားတို့တိုက်ခိုက်နေချိန်သည် ကျွန်ုပ်တို့၏ရွေးနှုတ်ခြင်း အပြည့်အဝ ပြီးမြောက်မည့်အချိန်ဖြစ်သည်။
ကိုယ်တော်၏ပြင်းပြမှု တစ်ခုလုံးသည် ကိုယ်တော်၏မျက်နှာ သွင်ပုံပန်းနှင့်ပုံစံကို မသိနိုင်သောဒုက္ခဝေဒနာဖြင့် ပျက်ပြားစေ၏။ သူတို့ သည် ကိုယ်တော်ကို ချည်နှောင်ကြ၏။ ရိုက်နှက်ဆုံးမကြ၏။ လှောင်ပြောင် ကြ၏။ မျက်နှာမှအမွေးကိုဆွဲနုတ်ကြ၏။ တံတွေးနှင့်ထွေးကြ၏။ နောက်ဆုံး တွင်သစ်ပင်၌ သံရိုက်လျက်ချိတ်ဆွဲထားကြ၏။ ကိုယ်တော်၏ရုပ်ပိုင်းဆိုင် ရာနာကျင်မှုများသည် ကြီးမားပေ၏။ ကိုယ်တော်၏စိတ်ဝိညာဉ်ထဲ၌ အလွန် နာကျင်ခြင်းသည် ကိုယ်တော်၏ဒုက္ခဝေဒနာခံစားခြင်း၌ ထပ်ပေါင်းထည့် လေ၏။ ဘုရားသခင်သည် ကိုယ်တော့်ကိုစွန့်ပစ်၏။ “ဒလိ ဧလိလာမာရှာ ဗခါသနိ” (မာကု၊ ၁၅:၃၄) ဟူသောအသံသည်ကျောက်ကိုခွဲဖြစ်ရန် လုံ
လောက်၏။ ကျွန်ုပ်တို့ကို အံ့အားသင့်စေ၏။ အလင်းပြန်ရောက်လာသော အခါ ကိုယ်တော်၏မျက်နှာပုံပန်းကိုကြည့်၍ မည်သည့်လူ၏မျက်နှာမှ ပျက်ပြားမှုမရှိ၊ မည်သည့်လူသားမျှပုံပျက်သွားခြင်းမရှိခဲ့ဖူးပါ။ ငိုကြွေးလျက်၊ လှည့်လည်လျက်၊ အံ့အားသင့်လျက်၊ လေးစားလျက် ကိုယ်တော်၏အတု မရှိခြင်းအကြောင်းအရာအပိုင်းကို ဝမ်းနည်းလျက် ချစ်ခင်မြတ်နိုးလျက် ထားပါမည်။
ကိုယ်တော်၏ဘုန်းတော်၌လည်း တူညီသောအံ့အားသင့်မှုရှိ ၏။ ပတ်မုတ်ကျွန်း၌ ယောဟန်ကိုထင်ရှားသကဲ့သို့ ယခုကိုယ်တော်ကိုမြင် ရလျှင် ကျွန်ုပ်တို့လည်း ယောဟန်ကဲ့သို့ပြုပေမည်။ ယောဟန်က “ကိုယ်
တော်ကိုမြင်သောအခါ သေလုမတတ်ဖြစ်၍ ခြေတော်ရင်း၌ လဲလျက်နေ ၏” (ဗျာဒိတ်၊ ၁:၁၇) ဟုရေးခဲ့သည်။ မြင်ကွင်းကိုမခံနိုင်လောက်အောင် ကိုယ်တော်၏ကြီး မြတ်မှုသည် အလွန်အံ့အားသင့်ဖွယ်ကောင်း၏။ ကျွန်ုပ် တို့သည် ဤချိနဲ့သောကိုယ်ခန္ဓာနှင့်ဟန့်တားခံရသောအခါ သခင်ဘုရားကို ကြည့်ရှုရန် မသင့်လျော်ပေ။ ထိုခမ်းနားသောရူပါရုံကို ရုတ်တရက်မြင်ရ လျှင် ကျွန်ုပ်တို့သေသွားနိုင်၏။ အိုး၊ ကိုယ်တော်၏ခြေတော်ရင်း၌ လဲ လျောင်း၍ သခင် ဘုရားကိုမြင်ရသောဘုန်းတော်နှင့်ပြည့်သောနေ့ဖြစ်၏။
“ကြည့်ရှုလော့၊ ငါ့ကျွန်သည်အမှုဆောင်၍ အောင်လိမ့်မည်။ ချီးမြှောက် ချီးမြှင့်ခြင်းသို့ရောက်၍ အထွတ်အမြတ်ဖြစ်လိမ့်မည်” (ဟေ ရှာ၊ ၅၂:၃)။ စကားလုံးသုံးလုံးကိုလေ့လာပါ။ “ချီးမြှောက်၊ ချီးမြှင့်ခြင်းသို့ ရောက်၍ အထွတ်အမြတ်” ဘာသာစကားသည် ဖော်ပြချက်ကိုတောင့် တ၏။ ကျွန်ုပ်တို့၏သခင်ဘုရားသည် ယခုတွင်မြေကြီးမှချီးမြှောက်၊ ချီးမြှင့် ခြင်းသို့ရောက်၍ ကောင်းကင်တမန်များ၊ မင်းသားအုပ်ချုပ်ခံနိုင်ငံများ၊ တန် ခိုးအာဏာများ၏အထက်တွင် ချီးမြှောက်ခြင်းရှိ၏။ ခရစ်တော်ယေရှုသည် ထာဝရပလ္လင်နှင့်အနီးဆုံးဖြစ်၏။ ဟုတ်ပါ၏။ သိုးသငယ်တော်သည် ပလ္လင် တော်ရှေ့၌ရှိ၏။ “ထိုအခါ ပလ္လင်တော်မှစသောသတ္တဝါလေးပါးနှင့် အသက် ကြီးသူတို့အလယ်၌ အသေသတ်ပြီး သကဲ့သို့သောသိုးသငယ်သည် ရပ် လျက်ရှိသည်ကို ငါမြင်၏” (ဗျာဒိတ်၊ ၅:၆)။ ကိုယ်တော်သည် ကိုယ်တော် ၏အခြေအနေ၌ ချီးမြှောက်ခြင်းခံရ၍ ချီးမွမ်းထောပနာပြုခံရ၏။ ကိုယ်
တော်သည် ကိုးကွယ်ဆည်းကပ်ခြင်းခံရ၍ စကြဝဠာတစ်ခုလုံးက လေးစား လျက်ရှိ၏။
ချီးမွမ်းခြင်းအားလုံးသည် ကိုယ်တော်ထံသွားကြ၏။ သို့ဖြစ်၍ လူတို့သည် ကိုယ်တော်ကို ချီးမြှောက်ကြ၏။ “ထို့ကြောင့် ဘုရားသခင် သည် ကိုယ်တော်ကိုအလွန်ချီးမြှောက်၍ ဘွဲ့နာမတကာတို့ထက်ကြီးမြတ် သောဘွဲ့နာမကို ပေးသနားတော်မူ၏။ အကြောင်းမူကား ကောင်းကင်
သတ္တဝါ၊ မြေကြီးသတ္တဝါ၊ မြေကြီးအောက်၌ရှိသောသတ္တဝါ တည်းဟူသော ခပ်သိမ်းသောသတ္တဝါတို့သည် ယေရှု၏ဘွဲ့နာမတော်ကို ဒူးထောက်၍
ယေရှုခရစ်သည် သခင်ဖြစ်တော်မူ၏ဟုနှုတ်နှင့်ဝန်ခံသဖြင့် ခမည်းတော် ဘုရား၏ဘုန်းအသရေတော်ကို ထင်ရှားစေကြမည်အကြောင်းတည်း” (ဖိ လိ၂:၉-၁၁)။ ကိုယ်တော်၏ဝမ်းနည်းခြင်းသည် နက်ရှိုင်းသော်လည်း ကိုယ် ၊
တော်၏ဝမ်းမြောက်ခြင်းသည် မြင့်မားပေ၏။ စကော့တလန်၌ တောင်တို့ သည် မြင့်သကဲ့သို့ ရေလည်းနက်လေ၏။ ကိုယ်တော်၏ဘုန်းတော်သည် လည်း ကိုယ်တော်၏ဘုန်းတော်သည် အမင်္ဂလာများကဲ့သို့တိုင်းတာ၍မရ နိုင်ပေ။
ဤအချက်နှစ်ချက်အားဖြင့် မမှန်းဆနိုင်သောအမြင့်နှင့် အ နက်တို့နှင့် ပြည့်စုံသောဆင်ခြင်မှုပါတကား။ ကိုယ်တော်သည် “အလွန်မြင့်” ဟုကျမ်းစာမှပြောထား၏။ မည်မျှလောက်မြင့်သနည်းဟု မပြောနိုင်။ ယခု တွင် သခင်ယေရှုခရစ်တော်သည် ကြီးမြတ်၍ ဘုန်းတော်ကြွယ်ဝလျက် မယုံကြည်နိုင်လောက်အောင်ဖြစ်၏။ အိုး၊ ကျွန်ုပ်တို့လေးမြတ်ရာ၌ ကိုယ်
တော်သည် အလွန်မြင့်မားပါ၏။ ကိုယ်တော်ထိုက်တန်သည့်အတိုင်း ကျွန်ုပ် တို့၏စိတ်နှလုံးထဲ၌ ချီးမြှင့်၍ မချီးမြှောက်သေးပေ။ ကိုယ်တော်အတွက် ကျွန်ုပ်တို့အသေခံမလား။ ကိုယ်တော်ကို ကောင်းကင်ခုနှစ်ထပ်ကဲ့သို့ဖြင့်
သောပလ္လင်၌ထားပြီး ယခုကျွန်ုပ်တို့၏အလုံးစုံဖြစ်တော်မူသောကိုယ်တော် အတွက် လုံလောက်စွာမလုပ်ဆောင်ဟုစဉ်းစားဖူးလား။ ခရစ်တော်နှင့် ပတ်သက်၍ “ထိုအတူ သူသည် အများသောလူမျိုးတို့ကို သန့်ရှင်းစေလိမ့် မည်” (ဟေရှာ၊ ၅၂:၁၅)။ အားလုံးထဲ၌ အံ့အားသင့်စရာအကောင်းဆုံး အဖြစ် ပြောထားသည့်အရာကို သင်သတိပြု၏။ ယခုတွင် ထမြောက်
သောအရှင်၏ဘုန်းတော်ဖြစ်၏။ ကိုယ်တော်၏အဖိုးထိုက်သောသွေးတော် သည် လူများစွာကို ကယ်တင်ရန်ဖြစ်၏။ ပလ္လင်တော်ရှေ့၌ လူများစွာတို့ က “ကိုယ်တော်သည် အသေသတ်ခြင်းကိုခံတော်မူသောအားဖြင့် အသီး အသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှအ ကျွန်ုပ်တို့ကိုယူ၍ အသွေးတော်နှင့် ဘုရားသခင်အဖို့ ရွေးနှုတ်တော်မူ၏။” (ဗျာဒိတ်၊ ၅:၉)။ ဟုသီဆိုကြလိမ့်မည်။ အင်္ဂလိပ်လူမျိုးပဲသွေးတော်ဖြင့်
စင်ကြယ်စေခြင်းကို ခံရမည်မဟုတ်။ ကိုယ်တော်သည် လူများစွာကို ပြန် လည်သင့်မြတ်စေသောသွေးတော်ဖြင့် ဖျန်းပေမည်။ ရှေးယခင်အစ္စရေးတို့ သည် ယဇ်ပူဇော်ရာ၌ သွေးကို ဖျန်းသကဲ့သို့ဖြစ်၏။ “ငါတို့၏စိတ်နှလုံးကို ဆိုးညစ်သောအသိစိတ်နှင့် ကင်းစင်စေရန် ပက်ဖျန်းခြင်းခံယူလျက်” (ဟေ ဗြဲ၊ ၁၀:၂၂ စံမီကျမ်း) ဟူ၍ ဖတ်ရ၏။ ဤအရာသည် အဖိုးထိုက်သော သွေးတော်ဖြင့် အကျိုးသက်ရောက်၏။ ၎င်းအားဖြင့် ကျွန်ုပ်တို့သည် ဆေး
ကြောခံရသဖြင့် မိမိတို့၌ အပြစ်မရှိတော့ဘဲ ပြည့်စုံသောငြိမ်သက်ခြင်းထဲ သို့ဝင်ရောက်၏။ နွားထီးများ၊ ဆိတ်များ၏သွေးများနှင့်နွားမတန်း၏ပြာများ၊ မစင်ကြယ်သောအရာ ကိုဖျန်းခြင်း၊ သွေးသားကို စင်ကြယ်စေသကဲ့သို့ သန့်ရှင်းစင်ကြယ်စေ၏။ ဘုရားသခင်ကို အစေခံရန် သေသောအလုပ်မှ ကျွန်ုပ်တို့၏အသိစိတ်ကို ခရစ်တော်၏သွေးတော်က ပို၍ဆေးကြောပေး၏။
သွေးဖျန်းခြင်းသည် ပဋိညာဉ်ကို အတည်ပြုရန်ဖြစ်၏။ ထိုသို့ မောရှေက “ဖြန်းလျက်၊ ဤအသွေးကား သင်၌ ဘုရားသခင်ဝန်ခံတော်မူ သောပဋိညာဉ်၏အသွေးဖြစ်သည်ဟုပြောဆို၏။ ကျွန်ုပ်တို့၏သခင်ဘုရား က “ဤခွက်ကား ပဋိညာဉ်တရားသစ်နှင့်ဆိုင်၍ လူများတို့၏အပြစ်ကို လွတ်စေခြင်းငှာ သွန်းသောငါ၏အသွေးဖြစ်၏” (မဿဲ၊ ၂၆း၂၈)။ ဟုပြော ၏။ ကိုယ်တော်သည် ယနေ့လူမျိုးများကို ဘုရားသခင်၏ပဋိညာဉ်ထဲသို့ ခေါ်ဆောင်သည် မဟုတ်လော။ တစ်ချိန်ကစပ်ဆုပ်ခံရ၍ ယခုအားကြီးလာ ၏။ ဘုရားသခင်သည် ကိုယ်တော်ကို “သင့်ကို လူများနှင့်ပဋိညာဉ်ဖွဲ့စရာ ဘို့ လူအမျိုးမျိုးလင်းစရာဖို့ ခန့်ထားမည်” (ဟေရှာ၊ ၄၂း၆)။ လူများစွာတို့ သည် ဘုရားသခင်၏ပဋိညာဉ်ထဲသို့ ပူးပေါင်းလာပေမည်။ သခင်ယေရှုထံ
လောက၏ပြောင်းလဲလာခြင်းကို မျှော်လင့်ကြပါစို့။ ကိုယ်တော့်ဝိညာဉ်၏ ကြိုးစားလုပ်ဆောင်မှုအတွက် ရလဒ်အဖြစ် များစွာသောလူတို့ကို “အ လွန်ဝမ်းမြောက်” စေ၏။ မြေကြီးပေါ်ရှလူအပေါင်းတို့သည် ကိုယ်တော်၏ ဝမ်းနည်းခြင်း၌ အံ့အားသင့်သည်သာမက ကိုယ်တော်၏ဘုန်းတော်ကို
လေးစားလျက်၊ ကိုယ်တော်၏ပြည့်စုံခြင်းကို ကြည်ညိုလေးမြတ်လျက်၊ ကိုယ်တော်ကြွလာခြင်းနှင့်နိုင်ငံတော်၌ အံ့ဩဝမ်းမြောက်ခြင်းဖြင့် ပြည့် လျက်ရှိကြ၏။ သခင်ဘုရား၏ပြင်းပြသောဆန္ဒနှင့် သေခြင်းမှရလာသော
ရလဒ်ဖြစ်စေသည့်အလွန်ကြီးမြတ်၍ ဘုန်းတော်နှင့်ပြည့်သည်ကို အနာ ဂုတ်၌ အကျွန်ုပ်စိတ်ကူး၍မရနိုင်ပေ။
“ရှေ့တော်၌ ရှင်ဘုရင်တို့သည် မိမိတို့နှုတ်ကိုပိတ်၍ နေရကြ လိမ့်မည်” (ဟေရှာ၊ ၅၂:၁၅)။ ဤအရာကို နားထောင်ပါ။ သူတို့သည် မိမိတို့မည်သည့်အခါမျှ မဖြစ်ဖူးသည့် ရှင်ဘုရင်ကဲ့သို့ရှင်ဘုရင်ကို မြင်ကြ ပေမည်။ သူတို့၏ညီအစ်ကို ဘုရင်များအား လွတ်လပ်စွာပြောဆိုကြ သော်လည်း ကိုယ်တော်ကို မပြောဝံ့ကြပေ။
“သူတပါးမပြဘူးသောအရာကို သူတို့သည် မြင်ကြလိမ့်မည်။ (ဟေရှာ၊ ၅၂:၁၅)။ ရှင်ဘုရင်တို့သည် ဧဝံဂေလိတရားနှင့် အလှမ်းဝေး၏။ သူတို့မကြားကြပေ။ သူတို့ကို မည်သူမျှမပြောပြကြ။ သူတို့သည် စိတ်နှလုံး နှင့်အသိစိတ်ကို မထိတွေ့သည့်နိုင်ငံတော်တရားဟောပြောချက်များကို သာ နားထောင်ကြ၏။ ဆင်းရဲသားတို့အား ဧဝံဂေလိတရားကိုဟောပြော လျက်ရှိစဉ် ကြီးကျယ်မြင့်မြတ်သောသူတို့သည် ဘုရားသခင်နှင့်ဆိုင်သော အရာများကို အနည်းငယ်သာသိရှိကြ၏။ မင်းသားတို့သည် ပျော့ပြောင်း၍ လှပသောပြောဆိုချက်များကို အနည်းငယ်ကြားနိုင်လေ၏။ သို့သော်လည်း စစ်မှန်သောဧကရာဇ်မင်းရှေ့၌ ဆီဇာသည် ဦးညွှတ်၍ မြေကြီးပေါ်ရှိဘုရင် အားလုံးတို့၏မင်းသားကို မြင်ရမည့်အချိန် ရောက်လာလိမ့်မည်။ “သခင် ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံပေးခြင်း၊ ဘုရား သခင်၏တံပိုးတော်ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံမှ ကိုင်တိုင်ဆင်း သက်တော်မူ၏” (၁သက်၊ ၄:၁၆) သူတို့သည် မည်သည့်အခါမျှမကြားဖူး သောကိုယ်တော်၏ကြီးမြတ်မှုကိုမြင်ကြမည်။
“မကြားဘူးသောအရာကိုလည်း နားလည်ကြလိမ့်မည်” (ဟေ ရှာ၊ ၅၂:၁၅)။ သူတို့၏ပလ္လင်ပေါ်၌ ဘုရင်တကာဘုရင်တို့၏နိုင်ငံတော်အ
ကြောင်းကို စဉ်းစားရန်တာဝန်ရှိကြပေမည်။သူတို့သည် မိမိတို့၏အပြစ် များကိုဝန်ချလျက် လျှော်တေအဝတ်ကိုဝတ်လျက် ၌လူးလျက် ဉာဏ် ပညာစကားကိုနားထောင်ရန် နှုတ်ထွက်ကြပေမည်။ “သို့ဖြစ်၍ ရှင်ဘုရင် တို့၊ ပညာရှိကြလော့။ လောကီမင်းတို့၊ ဆုံးမခြင်းကိုခံယူကြလော့” (ဆာလံ၊ ၂:၁၀)။ ယနေ့တွင် နှိမ့်ချသောသူသည် ခရစ်တော်ကို နားထောင်လိမ့်မည်။
ခဏကြာပြီးနောက် ခွန်အား အကြီးဆုံးသောသူတို့သည် ကိုယ်တော်ထံသို့ စဉ်းစားလာကြလိမ့်မည်။ သူသည် ကမ္ဘာအဆက်ဆက်စိုးစံတော်မူမည်” (ဗျာဒိတ်၊ ၁၁:၁၅)၊ “အာဏာတော်တိုးတက်ခြင်းနှင့်ငြိမ်သက်တော်မူခြင်း သည် နိစ္စအမြဲရှိလိမ့်မည် (ဟေရှာ၊ ၉:၇)။ ကျွန်ုပ်တို့သည် ကိုယ်တော် ၏မျက်နှာပျက်ပြားမှုကို အံ့အားသင့်လျှင် ကိုယ်တော်၏ဘုန်းတော်၌ ပို၍ အံ့အားသင့်ကြလိမ့်မည်။ ကိုယ်တော်၏ပလ္လင်နှင့်ပတ်သက်ပြီး အကြီးမြင့် ဆုံးဖြစ်မှုကို မည်သူမျှမေးခွန်းထုတ်ကြမည်မဟုတ်။ ကိုယ်တော်၏ချစ်ဖွယ် | ဖြစ်ခြင်းကို သံသယရှိကြမည်မဟုတ်ပေ။ သို့သော် ရန်သူတို့သည် မိမိတို့ ထိုးဖောက်ခဲ့သောကိုယ်တော်ကြောင့် ငိုကြွေး၍ညဉ်းတွားကြပေမည်။ကိုယ် ၊ တော်သည် ယုံကြည်ခြင်းနှင့်လေးစားခြင်းကိုခံရလိမ့်မည်။ မြတ်နိုးစရာ ကောင်းသောသခင်ဘုရား၊ ကျွန်ုပ်တို့သည် ကိုယ်တော်ဘုန်းတော်နှင့်ထင် ရှားမှုကို တောင့်တကြပါ၏။ နှောင့်နှေးတော်မူရန် တောင်းပန်ပါ၏။
အခန်း ၄
အမိန့်တော်ရှိလျှင်
“ရှိမှန်ကလည်း သခင်၊ အကျွန်ုပ်တို့သည် တစ်ညလုံးကြိုးစားသော်လည်း တစ်ကောင်မျှမရပါ။ သို့ရာတွင် အမိန့်တော်ရှိလျှင် ပိုက်ကွန်ကိုချပါမည်ဟု
လျှောက်လေ၏(လုကာ၊ ၅:၅)။ အလွန်ရိုးစင်းသည့်နာခံမှုထဲတွင် ရင်သပ်ရှုမောဖွယ်ပါဝင်သည်။ ပေတရုသည် ငါးဖမ်းရန် မိမိပိုက်ကွန်ကို ပင်လယ်ထဲပစ်ချသည်။ သူ သည် “အမိန့်တော်ရှိလျှင် ပိုက်ကွန်ကိုချပါမည်” ဟု သာမန်ဖြစ်ရိုးဖြစ်စဉ် အတိုင်းသခင်အားပြန်ပြောလေသည်။ ပေတရုပြန်ပြောလိုက်သည့်သခင့် စကားသည် သာမန်ရိုးစင်းသည့်စကားဖြစ်သော်လည်း အသိဉာဏ်ရှိသော သတ္တဝါအားလုံးအပေါ်၌ လွှမ်းမိုးအုပ်စိုးသည့် အကြီးမားသောဥပဒေသနှင့် စကြဝဠာတစ်ခုလုံးကို စိုးမိုးခြယ်လှယ်ထားသည့်အကြီးမားဆုံးစွမ်းအားက အရာအားလုံးကို “အမိန့်တော်” သို့ဆွဲဆောင်လာပါသည်။
အို ကြီးမြတ်တော်မူသောအဖဘုရားသခင်၊ ကောင်းကင်တမန် ၈ရာစိမ်းသည် ကိုယ်တော်အမိန့်တော်အတိုင်း ပျံသန်း၍ ခေရုဗိမ်သည် ပျပ်ဝပ်လျက်နေ၏။ ကိုယ်တော်၏ကောင်းကင်တမန်တို့သည် ကိုယ်တော် ၏နှုတ်ကပတ်တော်အသံကို နားထောင်လျက် အမိန့်တော်အတိုင်း အမှု
လင်ရွက်ကြရသည် (ဆာလံ၊၁၀၃:၂၀)။ ကိုယ်တော်၏နှုတ်ကပတ်တော် ထဲ၌ ကောင်းကင်အာကာသနှင့်အချိန်အခါတို့သည် အခြားဖန်ဆင်းခံ အားလုံးတို့လက် အရင်တည်ရှိခဲ့လေပြီ။
အကြောင်းတရားတို့၏အကြောင်းရင်း
“အမိန့်တော်ရှိလျှင်” ဟူသောစကားစုသည် ဘုရားသခင်၏ဖန် ဆင်းခြင်းအစ၊ အကြောင်းတရား၏အကြောင်းရင်းဖြစ်သည်။ “ထာဝရ ဘုရား၏ နတ်ကပတ်တော်အားဖြင့် မိုးကောင်းကင်ကိုလည်းကောင်း၊ နှုတ် တော်အသက်အားဖြင့် မိုးကောင်းကင်တန်ဆာများကိုလည်းကောင်း ဖန် ဆင်းတော်မူ၏” (ဆာလံ၊ ၃၃:၆)။ လုံးဝန်းသောကမ္ဘာမြေကြီး တည်ရှိနေ ခြင်းသည်လည်း ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် ဖြစ်ကြောင်း ကျွန်ုပ်တို့ကျမ်းစာထဲ၌ ဖတ်ရသည် ၊
မြေကြီးသည် အဆင်းသဏ္ဌာန်မရှိ၊ မှောင်မိုက်ဖုံးလွှမ်းနေချိန်မှာ ဘုရားသခင်၏နှုတ်မြွက်သံကို ဤသို့ကြားရ၏။ “အလင်းဖြစ်စေ” (က၊၁:၃) ဟု အမိန့်ပေးသည့်အတိုင်း ဘုရားသခင်၏အမိန့်တော်အညီ အလင်းဖြစ် ပေါ်လာသည်။ ကိုယ်တော်၏စကားအတိုင်း နေ့နှင့်ညသည် မိမိတို့အပိုင်း ၊ အခြားအလိုက် တည်ရှိလာသည်။ ကိုယ်တော်၏စကားအတိုင်း ရေနှင့် ရေချင်းခြားနားလာသည်။ ကိုယ်တော်၏အမိန့်တော်အတိုင်း ကုန်းမြေများ ပေါ်လာသည်။ ကိုယ်တော်၏အမိန့်တော်အတိုင်း ကမ္ဘာ့မြေဆီလွှာများပေါ် မှာအစိမ်းရောင်အပင်များ ပေါက်လာသည်။ ကိုယ်တော်၏အမိန့်တော်အ တိုင်း “နိမိတ်လက္ခဏာ၊ ချိန်းချက်သောအချိန်၊ နေ့ရက်အပိုင်းအခြား၊ နှစ် အပိုင်းအခြားဖို့နေ၊ လ၊ ကြယ်များကိုဖြစ်စေသည်”(က၊၁:၁၄)။ ကိုယ်တော် ၏အမိန့်တော်အတိုင်း အသက်ရှင်သောသတ္တဝါများသည် ပင်လယ်၊ မိုး ကောင်းကင်နှင့်ကုန်းများပေါ်တွင်ပြည့်လာကြသည်။ ထို့နောက်မှ လူသည်
နောက်ဆုံးတွင် ဖန်ဆင်းခြင်းခံရသည်။ ဤအရာအားလုံးကို ယုံကြည်ခြင်း အားဖြင့် ကျွန်ုပ်တို့သိနိုင်သည်။ “လောကဓာတ်တို့သည် ဘုရားသခင်၏အ မိန့်တော်ကြောင့်သာ တည်သည်ကို ငါတို့သည် ယုံကြည်ခြင်းအားဖြင့် သိ ကြ၏” (ဟေဗြဲ၊ ၁၁:၃)။ ကျွန်ုပ်တို့သည် သခင်ဘုရား၏နှုတ်ကပတ်တော် နှင့်အညီ ပြုမူကြသောအခါ မိမိတို့သည် စကြဝဠာစွမ်းအားတစ်ခုလုံးနှင့် အတူ တစ်ပြိုင်တည်းလှုပ်ရှားနေသကဲ့သို့ခံစားရပါသည်။ ၎င်းသည် မိမိတို့ ၏နေ့စဉ်ဘဝအသက်တာ၌ မြင်တွေ့နေရသော်လည်း ရင်သပ်ရှုမောဖွယ် အနေအထားဖြစ်သည်ဟု သင်သဘောတူသလော။
သူ၏နှုတ်ထွက် တန်ခိုးတော်အားဖြင့်
ဘုရားသခင်၏နှုတ်ကပတ်တော်သည် ဖန်ဆင်းခြင်း၌သာ အ ထွတ်အမြတ်ဖြစ်သည်မဟုတ်။ မြင့်မြတ်တော်မူသောကိုယ်တော်၏တန်ခိုး သည် လောကကြီးအပေါ်မှာ သူ၏အဆက်မပြတ် ဂရုစိုက်ခြင်း၊ တည်စေ ခြင်းအားဖြင့်လည်း ထင်ရှားလျက်ရှိသည်။ “လောကဓာတ်တို့သည် ဘုရား သခင်၏အမိန့်တော်ကြောင့်သာ တည်သည်ကို ငါတို့သည် ယုံကြည်ခြင်း အားဖြင့် သိကြ၏” (ဟေဗြဲ၊ ၁:၃)။ ဆာလံကျမ်းသည် နှုတ်ကပတ်တော် အကြောင်းနှင့်ပြည့်နေပါသည်။ ဘုရားသခင်သည် “မြေကြီးပေါ်သို့ဗျာဒိတ်
တော်ကို လွှတ်တော်မူ၏။ နှုတ်ကပတ်တော်သည် အလျင်အမြန်ပြေး တတ်ပါ၏” (ဆာလံ၊ ၁၄၇:၁၅)။ “မီးနှင့်မိုးသီး၊ မိုးပွင့်နှင့်အခိုးအငွေ့၊ အ မိန့်တော်ကို နားထောင်လေပြင်းမုန်တိုင်း”(ဆာလံ၊ ၁၄၈၈)၊ “မိုးပွင့် ကို သိုးမွေးကဲ့သို့ချတော်မူ၏။ နှင်းခဲကိုလည်း ပြာကဲ့သို့ဆွတ်ဖြူတော်မူ၏။ မိမိမိုးသီးကို စားနုတ်စားပေါက်ကဲ့သို့လွှတ်တော်မှု၍ ချမ်းသာစေတော်မူ ခြင်းကို အဘယ်သူခံနိုင်သနည်း။ တစ်ဖန်နှုတ်ကပတ်တော်ကိုလွှတ်၍၊ ထို မိုးပွင့်အစရှိသည်တို့ကို အရည်ကျိတော်မူ၏။ မိမိလေကို လာစေတော်မူ သဖြင့် ရေတို့သည်စီးကြ၏” (ဆာ၊ ၁၄၇:၁၆-၁၈)။ ဖန်ဆင်းခံတောတောင် ရေ မြေသဘာဝအားလုံးသည် ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် တည် ရှိကြပြီး လှုပ်ရှားနေကြသည်ကို တွေ့ရသည်။
ထို့အတူ အဖြစ်အပျက်အားလုံးနှင့်သမိုင်းသည်လည်း အထွတ် အမြတ်ဖြစ်သည့်နှုတ်ကပတ်တော်အောက်၌သာ ရှိကြသည်။ ယေဟောဝါ ဘုရားသည် အရာခပ်သိမ်း၏အလယ်ဗဟို၌ ရပ်တည်လျက်နေဟတည်။ သက်ရှိသတ္တဝါအားလုံးတို့၏အဖြစ်အပျက်မှန်သမျှသည် ကိုယ်တော်၏ နှုတ်ကပတ်တော်အားဖြင့် တည်နေကြပြီး အမြင့်ဆုံး၌ စိုးစံသည့်သခင်တ ကာတို့၏သခင်ဖြစ်သောထာဝရဘုရား၏အလိုတော်ကို ဦးညွတ်အရိုအ သေပေးရန် တည်ရှိနေခြင်းသာဖြစ်သည်။ ကိုယ်တော်၏နှုတ်ကပတ်တော် အားဖြင့် တိုင်းနိုင်ငံများပေါ်ထွန်းလာပြီး အင်ပါယာများကြီးထွားတိုးတက် လာရသည်။ လူမျိုးနွယ်တို့သည်လည်း ကိုယ်တော်၏နှုတ်ကပတ်တော် အားဖြင့် အားကြီးလာကြပြီး အားနည်းသူတို့ကို ဖိနှိပ်လာကြသည်။ ကိုယ်တော့်နှုတ်ကပတ်တော်အတိုင်း လူမျိုးနွယ်အသီးသီးသေကြေ ပျက်စီးကြ ရသည်။ တိုင်းနိုင်ငံများ အစိတ်စိတ်အမွှာမွှာဖြစ်ရသည်။ ကြီးမားသောမြို့ ပြများသည် ကန္တာရတာကဲ့သို့ဖြစ်လာကြသည်။ အင်အားကြီးသောစစ် အင်အားများသည်လည်း နံနက်ခင်း၏နှင်းများသဖွယ် အရည်ပျော်ကုန်ကြ သည်။ လူသားများအပေါ်သို့ အပြစ်တရားဝင်လာသည်၊ နတ်ဆိုးတို့၏ ပရိယာယ်သည် မြင့်တက်ဆန်းကြယ်လာသော်လည်း ဘုရားသခင်၏ဖြူ စင်သောကနဦးရည်ရွယ်ချက်ကို ခံစားနေဆဲပင်ဖြစ်သည်။ အာဒံနှင့်ဧဒင် တို့ဇနီးမောင်နှံသည် ဧဒင်ဥယျာဉ်တံခါးဝကို ကျောခိုင်းထွက်ခွာလာသော အချိန်ကစပြီး ယခုလက်ရှိအချိန်ထိ ဖြစ်ပျက်သမျှအရာအားလုံးသည် ဘုရားသခင်၏ရည်ရွယ်ချက်နှင့်အလိုတော်အတိုင်းသာဖြစ်နေသည်။ အိုး ဘုရားသခင်၊ ကိုယ်တော်၏နှုတ်ကပတ်တော်အားဖြင့်သာ သမိုင်းသည် လည်း သူ့စာမျက်နှာကို သူရေးနေခြင်းဖြစ်သည်။
ဂါလိလဲပြည်က တံငါသည်တစ်ယောက်သည် သူ၏ပိုက်ကွန်ကို သခင်ဘုရား၏အမိန့်တော်၌ အပြည့်အဝသဘောတူဝန်ခံပြီး ရေနက်ရာ သို့ပစ်ချခဲ့သည်ကိုစဉ်းစားကြည့်လျှင် အံ့သြစရာကောင်းပေသည်။ ပေတရု ၏လုပ်ရပ်ကို မျက်စိထဲမြင်ယောင်ကြည့်ပါ။ ပေတရု၏ပိုက်ကွန်က ဘုရား သခင်၏အစီစဉ်တကျဖြစ်သည့် နှုတ်ကပတ်တော်၏ထိန်းချုပ်မှုအောက်၌ နာခံနေရသည်ကို ကျွန်ုပ်တို့တွေ့ရသည်။ သူ့လက်ထဲ၌ အသိအာရုံတစ်ခု
စီးဝင်လာတာကို ခံစားသည့်အတိုင်း၊ ကြယ်စုများကို စဉ်းစားခြင်းမရှိဘဲ ဖန်ဆင်းရှင်အပေါ် တစ်သဝေမတိမ်းလိုက်နာလျက် လုပ်ဆောင်ခဲ့သည်။ ဂါလိလဲလူတို့၏ရေအိုင်အပေါ်၌ရှိပြီး အလွန်သေးငယ်သောခေါင်းလောင်း သည် ထာဝရကာလ၌ ရှိသည့်ဘုရားသခင်၏နာရီလက်တံရွေ့သည်နှင့် တစ်ထပ်တည်းအသံမြည်လာသည်။ “အမိန့်တော်ရှိလျှင်” ဟုပြောလိုက် သည်နှင့်တဆက်တည်းတွင် ပေတရုသည် အတွင်းပိုင်း၏စေ့ဆော်မှုကို ချက်ချင်းခံစားရပြီး ချက်ချင်းပိုက်ကွန်ကို ပစ်ချလိုက်ခြင်းဖြစ်သည်။ ဘုရား သခင်၏အမိန့်တော်ကို နာခံရန် အဆင်သင့်ဖြစ်နေကြသည့် နေ၊ လ၊ ကြယ်များ၊ ပင်လယ်၊ လေ စသည်တို့သည် ပေတရု၏လှုပ်ရှားမှုနှင့်အတူ ဘုရားသခင်၏စကားတော်အတိုင်း လှုပ်ရှားနေကြခြင်းဖြစ်သည်။ ဘုန်း
တော်ထင်ရှားခြင်း ခြေလှမ်းသည် ဘုရင်တကာတို့၏ဘုရင့်စစ်သည်များ နှင့်အတူ ချီတက်ခြင်းဖြစ်သည်။
ခေတ်ကာလများ၏လျှို့ဝှက်နံပါတ်
“အမိန့်တော်ရှိလျှင်” ဟူသောစကားစုသည် လူ့သမိုင်းစတင်ခဲ့ သည့်အချိန်မှစ၍ ယနေ့အထိ ဘုရားသခင့်လူအားလုံးတို့၏လျှို့ဝှက်နံ ၊ ပါတ်တစ်ခုဖြစ်နေဆဲပင်။ ရှေးသန့်ရှင်းသူများက ဤစကားစုအပေါ်မှာ ဝန်ခံလှုပ်ရှားခဲ့ကြသောအခါ ဘုရားသခင်၏နှုတ်ထွက်တန်ခိုးတော်ထင် ရှားခြင်းကို မြင်တွေ့ခဲ့ကြရသည်။ နောဧခေတ်က အခြေအနေကို ပြန်စဉ်း စားကြည့်ပါ။ သင်္ဘောကို ကုန်းပေါ်မှာ တည်ဆောက်သောအချိန်တွင် လူ တို့က ပေါ့ပျက်ညစ်ညမ်းသည့်စကားများနှင့် နောဧကို ကဲ့ရဲ့ လှောင်ပြောင် ရန် ဝန်းရံထားကြသည်ကို ပြန်မြင်ယောင်ကြည့်ပါ။ သို့သော် နောဧသည် စိတ်ပျက်ခြင်းနှင့်ရှက်ကြောက်ခြင်း အလျှင်းမရှိဘဲ ကောင်းကင်ကိုမော့ ကြည့်လျက် “အိုး ယေဟောဝါဘုရား၊ ဤသင်္ဘောကြီးကို ကိုယ်တော် အမိန့်တော်အတိုင်း ကျွန်ုပ်တည်ဆောက်ခဲ့ပါပြီ” ဟူ၍ ပြန်လျှောက်ခဲ့၏။
မိမိမွေးရပ်ဇာတိကိုစွန့်လျက် မိသားစုကိုထားခဲ့ပြီး စာရာနဲ့အတူ ကိုယ်မသိသောအရပ်ကို ခရီးထွက်ခဲ့သည့်အာဗြဟံ၏အသက်တာကို လည်း စဉ်းစားကြည့်လိုက်ပါ။ သူသည် ယူဖရေးတီးမြစ်ကိုဖြတ်လျက်
ခါနန်လူမျိုးများ ပိုင်သည့်ပြည်ထဲကိုဝင်ကာ ဧည့်သည်တစ်ယောက်အနေ နှင့် သူ့ဘဝတစ်သက်တာလုံးနေထိုင်ခဲ့ရသည်။ ဣဇက်နှင့်ယာကုပ်တို့ကို သို့ တဲအိမ်မှာနေထိုင်ခဲ့ရသည်။ သူ၏ရောင့်ရဲတင်းတိမ်မှုအပေါ် လူများက ကဲ့ရဲ့ လှောင်ပြောင်ခြင်းဖြစ်သည်။ သူသည်လည်း တည်ငြိမ်သည့်မျက်နှာ နှင့် ကောင်းကင်ကို မော့ကြည့်လျက် “ကိုယ်တော့်ရဲ့ အမိန့်တော်အရပါ။ ဟူ၍ မတုန်မလှုပ်ပြောဆိုခဲ့သည်။ သူ၏ရင်နှစ်သည်းချာတစ်ဦးတည်းသော သား ဣဇက်၏နှလုံးသားတည့်တည့်ကို ဓားနဲ့ထိုးဖို့ ရွယ်ခဲ့သည်ဟူသော သတင်းကို လူများကြားသောအခါ ထိုလူတို့က သူ့ကို လူသတ်သမားကြီး စိတ်မနှံ့သောသူဟူ၍ မှတ်ကြမည်မှာသေချာပါသည်။ သို့သော် သူသည် မိမိ၏မျက်နှာကို တည်ငြိမ်စွာထားပြီး အမြင့်ဆုံးသောဘုရားသခင်အား “ဒါဟာ ကိုယ်တော့်စကားအရပါပဲ” ဟူ၍ ထပ်မံလျှောက်ထားလေ၏။ တစ် ဦးတည်းသောသားကို ဓားနှင့် ထိုးသတ်ပြီးမှ ပူဇော်ရမှာကို ကျေကျေ နပ်နပ်နှင့် လုပ်ဆောင်နိုင်ခြင်းသည် ဘုရားသခင်၏အမိန့်တော်ကို သူအ ဘယ်မျှလောက်တန်ဖိုးထားပြီး မြတ်နိုးကြောင်း သက်သေတစ်ရပ်ဖြစ်၏။
ထောင်ပေါင်းများစွာသော သစ္စာရှိသောသူတို့၏အကြောင်းကို မိတ်ဆက်ပေးရမည်ဆိုလျှင် သူတို့၏အပြုအမူတိုင်းသည် ဘုရားသခင်ဆီ က ကြားရသည့်နှုတ်ကပတ်တော်အတိုင်းဖြစ်သည်ကို တွေ့ရပါလိမ့်မည်။ စိတ်ကြီးဝင်နေသောဖာရာမင်း၏ရှေ့မှာ လှံတံကိုမြှောက်ခဲ့သော မောရှေ့ ၏အကြောင်းကို စဉ်းစားကြည့်ပါ။ အချည်းနှီးစိတ်ကူးပေါ်လာပြီး ပြောခဲ့ သည့်စကားမဟုတ်ပေ။ အီဂျစ်လူတို့အပေါ် ကပ်ရောဂါဘေးကျရောက်စေ ခြင်းသည် အချည်းနှီးကျရောက်စေခဲ့ခြင်းမဟုတ်ပေ။ ဘုရားသခင်၏ ကားတော်သည် အကျိုးမရှိဘဲ သူ့ဆီမပြန်ရပေ။ သူ့အလိုပြည့်စုံစေမည်ဟူ
သောအချက်ကို သူတို့အား သိစေချင်သောကြောင့်ဖြစ်သည်။ (ဟေရှာ၊ ၅၅:၁)။
မောရှေသည် ဣသရေလလူမျိုးတို့ကို အီဂျစ်ပြည်ကနေ ခေါ် ထုတ်ပြီး ဦးဆောင်ခဲ့သည်ကိုကြည့်လိုက်ပါ။ ပင်လယ်နီရောက်လာသည် အထိ သူတို့ကို ခေါ်ဆောင်လာခဲ့ပြီး အရှေ့မှာ ထိုပင်လယ်ကြီးကခံနေ သည်။ အနောက်ဘက်မှာ ဖာရော၏စစ်တပ်အလုံးအရင်းက လိုက်လာ
သည်။ အီဂျစ်ပြည်မှာ သင်္ချိုင်းမရှိသည့်အတွက် ပင်လယ်နီကမ်းခြေနားမှာ မြှုပ်နှံရန် သူတို့ကိုခေါ်ဆောင်ခဲ့သလားဟူ၍ လူထုကြီးက မောရှေအပေါ် မေးခွန်းထုတ်လာကြသည်။ ထိုမေးခွန်းတွေအပေါ် မောရှေ၏တစ်ခုတည်း သောအဖြေကား “ယေဟောဝါဘုရားရဲ့ စကားအတိုင်း ငါခေါ်ဆောင်လာ တာပါ” ဟူ၍ဖြစ်သည်။ ထိုအရပ်မှာပင် ဘုရားသခင်သည် ပင်လယ်ကိုနှစ် ခြမ်းကွဲစေရန် အမိန့်ပေးပြီး သူရွေးကောက်သောလူမျိုးများကို ပင်လယ်အ လယ်မှာ ဖြတ်လျှောက်စေခဲ့ကြောင်း ကျမ်းစာထဲတွင် ကျွန်ုပ်တို့ဖတ်ရ သည်။ တစ်ဖက်ကမ်းကိုရောက်ကြသောအခါ ဣသရေလလူတုပရိသတ် အပေါင်းတို့သည် ပတ်သာတီးလျက် ဘုရားသခင်၏ဘုန်းတော်ကို ကခုန် ချီးမွမ်းကြသည်။
အခုတစ်ဖန် ယေရိဘေမြို့ကို ယောရှုတိုက်ခဲ့သည့်အကြောင်း ကို စဉ်းစားကြည့်ပါ။ သူသည် ထိုအချိန်က စစ်လက်နက်ယန္တရားများကို အသုံးမပြုခဲ့ပေ။ တံပိုးမှုတ်ခြင်းတစ်ခုတည်းကိုသာ အသုံးပြုခဲ့သည်။ ထိုသို့ လုပ်ဆောင်ရသည့်အကြောင်းရင်းမှာ ဘုရားသခင်က သူ့အား မိန့်ဆိုခဲ့ သည့်စကားအပေါ် အခြေပြုသောကြောင့်ဖြစ်သည်။ ထို့အတူ ရှန်ဆုန်၊
ယေဖသ၊ ဗာရက်မှစ၍ ပြော၍မကုန်နိုင်သောသူအားလုံးတို့သည်လည်း ဘုရားသခင်၏အမိန့်တော်အတိုင်း နာခံလုပ်ဆောင်ခဲ့ကြသည်ကို တွေ့ရ သည်။ ဘုရားသခင်သည်လည်း သူတို့နှင့်အတူပါရှိကြောင်းကို ကျွန်ုပ်တို့ တွေ့ရသည် (ဟေဗြဲ၊၁၁:၃၂)။
ရိုးစင်းသောနာခံခြင်း၏ရင်သပ်ရှုမောဖွယ်ရာ
ပေတရုကို ယေရှုအမိန့်ပေးစေခိုင်းခဲ့သည့်စကားသည် သူ့အ တွက် ရယ်စရာကောင်းသောစကားဖြစ်သော်လည်း ရိုးသားစွာ သူနာခံ လိုက်သောအခါ အကောင်းဆုံးအခြေအနေတစ်ရပ် ဖြစ်ပေါ်လာခဲ့သည် မဟုတ်လော။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းနှင့် နာခံကြသော်လည်း ကျွန်ုပ် ၊ တို့အသက်တာထဲမှာ ကောင်းသောအရာများဖြစ်မလာသည့်အခါ မိမိတို့ ကိုယ်ကိုယ်လှောင်ပြုံးပြုံး တတ်ကြသည်။ ပေတရုပိုက်ကွန်ပစ်ချခဲ့သည်မှာ ကုန်းပေါ်မှာ သင်္ဘောတည်ဆောက်ခဲ့သကဲ့သို့လည်းကောင်း၊ ပင်လယ်နှစ်
ခြမ်းကွဲအောင် တောင်ဝှေးကိုမြှောက်ခဲ့သကဲ့သို့လည်းကောင်း၊ ယေရိခေါ် မြို့ရိုးပြိုကျရန် တံပိုးမှုတ်ခဲ့သကဲ့သို့လည်းကောင်း အကောင်းဆုံးလက်
ဆောင်ခဲ့ကြောင်း ကျိန်းသေပါသည်။ ယုံကြည်ခြင်းအားဖြင့် ရိုးရိုးလေးပြု လိုက်ခြင်းက ကြီးမြတ်သောအကျိုးရလဒ်ဖြစ်စေခဲ့သည်ကို ရှင်းလင်း မြင်တွေ့ရသည်။ “လူအမျိုးမျိုးတို့ကို ရေပုံးမှကျသောရေစက်ကဲ့သို့ မြင် တော်မူသောဘုရားက ယုံကြည်ခြင်းဖြင့် ပြုလိုက်သည့်အသေးငယ်ဆုံး သောအပြုအမူများအပေါ် အံ့ဩဝမ်းမြောက်ပါသည် (ဟေရှာ၊ ၄၀:၁၅)။
အကောင်းဆုံးသောအရာဖြစ်ပေါ်လာရသည့်အကြောင်းရင်းက၊ ကြီးမားသောထုထည်၊ အကြိမ်အရေအတွက်များအပေါ်မှာ မူတည်ခြင်း၊ မဟုတ်ကြောင်း သိစေချင်ပါသည်။ ဇာတိသဘောလား၊ ဝိညာဉ်သဘော လားဟူသည်ကို သိရှိရန် ကြိမ်လုံးနှင့်ချိန်းကြိုးကို အသုံးပြုပြီး ကျွန်ုပ်တို့ မတိုင်းတာကြပေ။ ခရစ်တော်ပြောခဲ့သည့်အတိုင်း ပေတရု၏နာခံခြင်း သည် ဓမ္မဟောင်းကာလတစ်လျှောက် ရှေးသန့်ရှင်းသူများသိခဲ့သောတစ် ခုတည်းသော ဥပဒေသဖြစ်သည့် “ထာဝရဘုရားမြွက်ဆို၍ မြွက်ဆိုတော် မူသည်အတိုင်းဖြစ်၏။ အမိန့်တော်ရှိ၍ မိန့်တော်မူသည်အတိုင်း တည် လျက်နေ၏” (ဆာ၊ ၃၃း၉) ဟူသောအချက်နှင့် ဆက်စပ်ပတ်သက်နေပါ သည်။ ကျွန်ုပ်တို့လည်းပဲ ဘုရားသခင်၏စကားကို အပြည့်အဝအဘယ် ကဲ့သို့နာခံရမည်ကိုသိကြမည်ဆိုလျှင် အကောင်းဆုံးသောအရာများနှင့် ပတ်သက်ဆက်နွယ်လာကြမှာ မုချပြောနိုင်ပါသည်။
ခရစ်ယာန်အားလုံး၏စည်းမျဉ်း “အမိန့်တော်ရှိလျှင်” ဟူသောစကားသည် ခရစ်ယာန်အားလုံး၏ အမြင့်ဆုံးမျှော်လင့်ချက်ဖြစ်သင့်သည်။ ဤစည်းမျဉ်းကသာ ကျွန်ုပ်တို့၏ အသက်တာ၊ အသင်းတော်နှင့်တစ်လောကလုံးကို မောင်းနှင်သင့်ပါသည်။ ထိုစည်းမျဉ်းသည်သာ ကျွန်ုပ်တို့၏ဝိညာဉ်ရေးရာအသက်တာ၊ ယုံကြည် ခြင်းနှင့်အပြုအမူအားလုံးကို ပဲ့ကိုင်သင့်ပါသည်။ စစ်မှန်သောခရစ်ယာန် ဘာသာအတွက် သမ္မာကျမ်းစာကသာ အဓိကအခြေခံအုတ်မြစ်ဖြစ်သည်။ သမ္မာကျမ်းစာသာလျှင် မှီခိုအားထားရာဖြစ်သည်ဟူ၍ ဂုဏ်ယူဝင့်ကြွားစွာ
ကြွေးကြော်သံကို ကျွန်ုပ်တို့ကြားရကြပါသည်။ ၎င်းသည် လိုအပ်သည် ထက် ပိုကဲသည့်ဝါကြွားမှုမဟုတ်ပေ။ အနည်းငယ်သောပြုပြင် ပြောင်းလဲ ရေးအဖွဲ့ကသာ ရိုးသားစွာအခွင့်အရေးတောင်းဆိုမှုကို ပြုနိုင်ကြသည်။ သူတို့၌ ခြားနားသည့်ပညတ်ချက်များနှင့်လမ်းညွှန်မှုများပါဝင်ပြီး ဘုရား သခင်၏စကားနှင့် လွဲချော်ဆန့်ကျင်သော အခြားစာအုပ်များရှိကြသည်။ ကျွန်ုပ်တို့၌ ဘုရားသခင်၏စကားတော်ထက်ကျော်လွန်သောအရာ (၀ါ) လွန်ကဲသောအရာမရှိသင့်ပေ။ “အမိန့်တော်ရှိလျှင်” ဟူသော ကျွန်ုပ်တို့၏ ရွှေပညတ်ချက်၊အလွန်ရိုးရှင်းသောဘုရားသခင်၏အမိန့်တော်ကို သဘော မပေါက်ကြမချင်း ဘုရားသခင်ကို ကျေနပ်စေသောအသင်းတော်၏တန်ခိုး ၊ နှင့်ယုံကြည်သူတစ်ဦးချင်းစီ၏တန်ခိုးသည် မည်သည့်အရပ်၌ တည်ရှိ သည်ဟူသောအချက်ကို ကျွန်ုပ်တို့မည်သည့်အခါမျှ အပြည့်အဝသိနိုင် ကြမည်မဟုတ်ပေ။
ဤရွှေပညတ်ချက်နှင့် ပတ်သက်ဆက်နွယ်သောအရာများစွာရှိ သေးသည်။ ဘုရားသခင်၏မစခြင်းအားဖြင့် ဆက်လက်မျှဝေချင်ပါသည်။ ဤအရာနှင့်ပတ်သက်၍ ဝိညာဉ်ပိုင်းဆိုင်ရာ အကျိုးအမြတ်များစွာဖြစ်ပေါ် စေနိုင်သည့်အချက်များကို ထပ်မံပြသချင်ပါသည်။ ကျွန်ုပ်တို့ဘဝအသက် တာ၏အကြီးဆုံးလုပ်ငန်းကြီးကို တွေ့ရှိဖို့ရန် ဤအချက်တွင် ရှိနေသည် ကိုသချင်ပါသည်။ ထိုလုပ်ငန်းကြီးမူကား “လူကိုများသည့်တံငါသည်များ ” ဖြစ်လာခြင်းပင်ဖြစ်သည် (မဿဲ၊၄:၁၉)။
သာမန်ဘဝအသက်တာ၏အရေးကိစ္စ
“အမိန့်တော်ရှိလျှင်” ဟူသောစကားစုသည် သာမန်ဘဝအ သက်တာတိုင်း၌ ကျင့်သုံးသင့်သောအရာဖြစ်သည်။ ကျွန်ုပ်တို့အားလုံး သည်လည်း ဘုရားသခင်၏နှုတ်ကပတ်တော်အတိုင်း အဆက်မပြတ်လုပ်
ဆောင်သင့်သည်။ “လူအသီးသီးသည် ခေါ်ယူတော်မူခြင်းခံရသည့်အ အနေ၌ ဆက်၍တည်နေပါစေ” (
၁ကော၇:၂၀ စံမီကျမ်း)။ ယနေ့ လူများ စွာတို့သည် ငွေကြေးအကျပ်အတည်းကြောင့် သူတို့၏လုပ်ငန်းကနေ အ နားယူဖို့ ထက်ဝက်သေချာစေသည်။ သို့မဟုတ် သူတို့၏လုပ်ငန်းကနေ
အပြီးထွက်ခွာကြရသည်။ အကြောင်းမှာ သူတို့သည် တစ်ညလုံးကြိုးပမ်း
သော်လည်း ပြစရာအကျိုးအမြတ် ဘာမျှမရှိကြသောကြောင့်ဖြစ်သည်။ ဤအရာသည် အမှန်တရားပင်ဖြစ်သည်။ ငွေကြေးစီးပွားကပ်ဆိုက်ရောက် ခဲ့သည်မှာ နှစ်ပေါင်းမနည်းတော့ပေ။ ယနေ့ထိပင်ဖြစ်သည်။ ကုန်ဈေးနှုန်း ဆိုရင်လည်း အတက်သာရှိပြီး အကျမရှိပေ။ သို့သော် ခရစ်ယာန်ယုံ ကြည်သူတို့အတွက် ညည်းတွားစရာအကြောင်းမရှိပါ ။ မိမိဆက်ကပ်နေ သည့်နေရာကိုလည်း စွန့်ခွာစရာမလိုပါ ။ သင် ကောင်းကောင်းကြိုးပမ်းခဲ့
သော်လည်း အရာမထင်သေးသည့်တိုင်အောင် မလျှော့သောဇွဲနှင့် ရှေ့ကို တိုးလျက် ဆက်လက်ကြိုးစားရမည်။ “လူအပေါင်းတို့ရှေ့မှာ တင့်တယ်
လျောက်ပတ်သောအကျင့်ကို ကြံစည်ကြလော့” (ရောမ၊ ၁၂:၁၇)။ မျှော် လင့်ခြင်းနှင့်ဆက်လက်ကြိုးပမ်းပါ။ ချစ်သောမိတ်ဆွေ၊ သင်သည်လည်း ပေတရုလိုကဲ့သို့ “သို့ရာတွင် အမိန့်တော်ရှိလျှင် ပိုက်ကွန်ကိုချပါမည်” (လုကာ၊ ၅:၅) ဟုပြောဆိုလိုက်ပါ။
“ထာဝရဘုရားသည် အိမ်ကိုဆောက်တော်မမူလျှင် ဆောက် သောသူတို့သည် အချည်းနှီးလုပ်ဆောင်ကြ၏” (ဆာ၊ ၁၂၇:၁)။ ဤသမ္မာ တရားသည် အလွန်ကောင်းမွန်သည်ကို သင်သိပါသည်။ သခင်ဘုရား သည် သူ့လူမျိုးတို့ကိုဘယ်အခါမျှစွန့်ပစ်မည်မဟုတ်ပေ။ သင်၏အကောင်း ဆုံးကြိုးပမ်းမှုက သင့်အား ကြွယ်ဝခြင်းကို မပေးနိုင်ပေ။ သို့သော် ကြိုးပမ်း အားထုတ်မှုကို မလျှော့လိုက်ပါနှင့်။ ဘုရားသခင်ပြောထားသည့်အတိုင်း “ယောက်ျာအစွမ်းသတ္တိနှင့်တကွ ခွန်အား စုံလင်လျက်နေပါ” (
၁ကော၊ ၁၆:၁၃)။ “သို့ဖြစ်၍ သင်တို့စိတ်နှလုံးကို ခါးပန်းစည်း၍ သမ္မာသတိရှိကြ
လော့”(၁ပေ၊၁:၁၃)။ “သင်တို့သည် သတိနှင့်စောင့်နေကြလော့။ ယုံကြည် ခြင်း၌ တည်ကြလော့” (၁ကော၊ ၁၆:၁၃)။ “သင်၏ယုံကြည်ခြင်း ဒိုင်းလွှား ကို မစွန့်လွှတ်ပါ နှင့်”( ဧဖက် ၆:၁၆)။ ကြီးစွာသောအကျိုးနှင့်ယှဉ်သော သင်တို့၏ရဲရင့်ခြင်းစိတ်ကို မစွန့်ပါနှင့်” (ဟေဗြဲ၊ ၁၀: ၃၅)။ ဒီရေပြန်တက် လာသည်အထိ တည်ငြိမ်စွာရပ်နေပါ။ ဘုရားသခင်က သင့်ကို သင်ရှိ သည့်နေရာ၌ နေရာချထားခြင်းဖြစ်သည်။ ဘုရားသခင်၏ခေါ်သံမကြား ရမချင်း မလှုပ်ရှားပါနှင့်။ မှောင်မည်းသောတိမ်တိုက်ထဲသို့ပြေးမဝင်လိုက်
ပါနှင့်။ နံနက်ခင်းမှာ တံခါးများကိုဖွင့်ထားပါ။ ကောင်းသောစိတ်ထားကို မွေးမြူပါ။ ဇွဲလျှော့ခြင်း၏မောင်းနှင်ခြင်းကို မခံပါနှင့်။ စိတ်ဓာတ်ကျစရာနှင့် ကြုံတွေ့သောအခါ “သို့ရာတွင် အမိန့်တော်ရှိလျှင် ပိုက်ကွန်ကိုချပါမည်။ ဟုပြောဆိုလိုက်ပါ။
ယနေ့ခေတ်ကြီးတွင် အချို့သောသူတို့အတွက် အလုပ်အကိုင် ရှားပါးလာပြီး အဘယ်အရပ်၌ အလုပ်အကိုင်ကောင်းရရှိမည်ဟူသော ၊ မျှော်လင့်ချက်ဖြင့် အလုပ်ကိုရှာဖွေလျက်နေကြသည်။ မိသားစုကို ကျွေး မွေးပြုစုခြင်းသည် သူတို့၏တာဝန်ဖြစ်သည်နှင့်အညီ သူတို့ကိုယ်တိုင်နှင့် သူတို့၏မိသားစုဝင်များအတွက် ဝမ်းစာဖူလုံသည့်အလုပ်တစ်ခုခုကို ရှာ ဖွေနေကြသည်။ ကျွန်ုပ်တို့အားလုံးအတွက် အောက်ပါကျမ်းပိုဒ်ကို သေ ချာဖတ်ရှုပြီး ဆင်ခြင်စေချင်ပါသည်။ “မိမိလူတို့ကိုမပြုစု၊ ထိုမျှမက မိမိအိမ် သူအိမ်သားတို့ကို မပြုစုသောသူမည်သည်ကား၊ ယုံကြည်ခြင်းတရားကို ပယ်၏။ မယုံကြည်ဖူးသောသူထက် သာ၍ယုတ်မာ၏” (၁တိ၊ ၅:၈ တစ် နည်းအားဖြင့် ဧဝံဂေလိသတင်းကောင်းနှင့်ဆိုင်သောကောင်းချီးမင်္ဂလာထဲ သို့မဝင်ရောက်သောသူဟု ဆိုရပေမည်)။ ဤအရာသည် ကျွန်ုပ်တို့အား လုံးနှင့်စပ်ဆိုင်သောတာဝန်တစ်ရပ်ဖြစ်သည်။ အလုပ်အကိုင်တစ်ခုခုကို ၊ ကြိုးစားလုပ်ဆောင်ပြီး မိမိ၏မိသားစုကို ကျွေးမွေးပြုစုနိုင်ခြင်းသည် ဂုဏ် ယူစရာဖြစ်သလို ဘုရားသခင်၏အလိုတော်လည်းဖြစ်သည်။ သို့မှသာ လိုအပ်သောသူများ၊ ကျွန်ုပ်တို့အပေါ်မှီခိုအားထားနေသောသူများကို လုံ လုံလောက်လောက် ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။
တစ်မြို့လုံး နေရာအနှံ့သွားပြီး ခြေထောက်မှာ အနာတရဖြစ်လာ သည်အထိ လိုက်ရှာလျက် ဘာမှမတွေ့သေးသော်လည်း အိမ်မှာထိုင်ပြီး၊ “နောက်တစ်ပတ်တနင်္လာနေ့တော့ ဆက်မကြိုးစားတော့ဘူး” ဟူ၍ မပြော ပါနှင့်။ သမ္မာကျမ်းစာတွင် မိန့်မှာထားသည့်အတိုင်းယုံကြည်ခြင်းဖြင့် ဆက် ပြီးလုပ်ဆောင်ပါ။ ပေတရုနှင့်အတူ ဝန်ခံလိုက်ပါ။ “အကျွန်ုပ်တို့သည် တစ် ညလုံးကြိုးစားသော်လည်း တစ်ကောင်ကိုမျှမရပါ။ သို့ရာတွင် အမိန့်တော် ရှိလျှင် ပိုက်ကွန်ကိုချပါမည်*(လုကာ၊ ၅:၅) ဟူ၍ ဝန်ခံရမည်။ ခရစ်ယာန် တစ်ယောက်ဆိုသည်မှာ စိတ်ပျက်မှုကို ချက်ချင်းမောင်းထုတ်ဖို့ အသင့်ရှိ
သောသူများဖြစ်သည့်အတွက် မိမိ၏စိတ်ပျက်မှုကို သူတစ်ပါးမမြင်ရန် သ တိပြုရမည်။ ဝန်ထုပ်ဝန်ပိုးလေးလာသောအခါ သခင်ဘုရားက သူ့သားသ မီးများ၏ခံနိုင်ရည်အား ပိုတိုးစေရန် နည်းလမ်းတစ်ခုဖြစ်ပြီး အံ့သြဖွယ် ကောင်းချီးများချပေးရန် အကြံအစည်ဖြစ်ကြောင်းကို မြင်စေချင်ပါသည်။
သာမန်အသက်တာသည် ဘုရားကိုကြောက်ရွံ့သောအသက် တာနှင့်ဘုရားသခင်၏ဘုန်းထင်ရှားခြင်းကို ပိုမိုထင်ရှားစေနိုင်သောအရာ ဖြစ်သည်။ ဘုရားသခင်၏ဘုန်းကို ထူးခြားမြင့်မြတ်သောအကျင့်များအား ဖြင့်ထက် သာမန်အသက်တာအားဖြင့် ပိုထင်ရှားစေခြင်းဖြစ်သည်။ ဂုဏ် ယူစရာတစ်ခုကား ယုံကြည်သူတစ်ယောက်၏ယုံကြည်ခြင်းပင်ဖြစ်သည်။ “ထာဝရဘုရားကိုခိုလှုံ၍၊ ကောင်းသောအကျင့်ကိုကျင့်လော့။ ပြည်တော်၌ နေ၍ သစ္စာတရားကိုကျက်စားလော့”(ဆာ၊ ၃၇:၃)။
မိတ်ဆွေ၊ သင်သည် သင်၏ကျွမ်းကျင်မှုများကို အမှီပြုပြီး နေ့စဉ် ကြိုးပမ်းလုပ်ဆောင်နေသော်လည်း မအောင်မြင်သည့်အတွက် သင်၏ ကျွမ်းကျင်မှုများကို ထပ်မံမြှင့်တင်ပြီး ထပ်ကြိုးစားသည်။ သို့သော် သင် မျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာသောကြောင့် စိတ်ပျက်ဝမ်းနည်းနေ ရခြင်းဖြစ်ကောင်းဖြစ်ပါလိမ့်မည်။ ဤအတွက်ကြောင့် သင်၏ကြိုးပမ်းမှု အ စွမ်းခွန်အားများကို ရပ်တန့်စရာအကြောင်းမရှိပေ။ ခရစ်ယာန်အသက် တာဟူသည်မှာ ပျင်းရိအားလပ်နေဖို့မဟုတ်ဘဲ အလုပ်တစ်ခုကို တစိုက် မတ်မတ်လုပ်ဆောင်ရမည့်သူများဖြစ်ကြသည်။ သခင်ယေရှုက သူ၏တ
များကို သူတို့ပထမအကြိမ်ကြိုးစားပြီး အရာမဖြစ်မြောက်သည့်အပေါ် ထပ်မံကြိုးစားကြသည့်အပေါ်မှာ “သူရဲဘောကြောင်တဲ့သူတွေ” ဟူမဆူခဲ့ ပေ။ သို့ဖြစ်၍ သခင်ဘုရား၏အမိန့်ပေးသံရောက်လာသောအခါ ဉာဏ် စွမ်းနှင့်ရော ခွန်အားနှင့်ပါ လုပ်ဆောင်ကြရမှာဖြစ်သည်။ အထူးသဖြင့်
ကောင်းချီးမင်္ဂလာခံစားရဖို့ သူ့ကိုသာ အဓိကမော့ကြည့်ရမှာဖြစ်သည်။ သူ၏စကားတော်အတိုင်း၊ သူ၏အမိန့်တော်အတိုင်း ပိုက်ကွန်ကို ထပ်မံပစ် ချရမှာဖြစ်သည်။ သင်အခက်အခဲကြုံတွေ့နေရခြင်းသည် သင့်ကိုစစ်ကြော နေခြင်းဖြစ်သည်။ စစ်ကြောခြင်းခံရခြင်းသည် ကောင်းချီးမင်္ဂလာ၏ဒဏ်ကို
ခံနိုင်စေဖို့ဖြစ်သည်။ ဘုရားသခင်သည် သင့်အား အရာရာ၌ ကောင်းချီး မင်္ဂလာခံစားစေဖို့သာ ရည်ရွယ်နေခြင်းဖြစ်သည်။ ။
ဤသမ္မာတရားသည် ကလေးများကို သွန်သင်ရန် ကြိုးစားနေ သောသူများနှင့် ပိုပြီးနီးစပ်ဆက်နွယ်ပါလိမ့်မည်။ သင့်သားသမီးအရင်း တို့၏စိတ်ဝိညာဉ်ပိုင်းကို သင်မအောင်နိုင်သေးသည်မှာ မှန်ကန်ပါလိမ့် မည်။ သင့်သား၏ဝိညာဉ်ရေးက မာန်မာန၊ ရိုင်းစိုင်းမှုနှင့်နားမထောင်သည့် အသက်တာနှင့် အသက်ရှင်နေသည်။ သင့်သမီးကလည်း နာခံခြင်း၊ ဝန်ခံ ခြင်းအသက်တာ လုံးဝမရှိပေ။ သို့မဟုတ် သင်သည် ဆန်းဒေးစကူးလ်မှာ (ဝါ) အခြေခံမူလတန်းကျောင်းမှာ အလုပ်လုပ်နေသောသူဖြစ်နိုင်ပါသည်။ သူတို့အား အသိပညာဗဟုသုတ ရိုက်သွင်းဖို့၊ အမှားအမှန်ပိုင်းခြားတတ် ဖို့ ကြိုးစားသွန်သင်ခဲ့သော်လည်း မအောင်မမြင်ဖြစ်နိုင်ပါသည်။ သင်၏အ လုပ်က သွန်သင်ဖို့ဖြစ်လျှင် အောင်မြင်ရန် မကြိုးစားပါနှင့်။ ယေရှုပြော သည့်စကားအရ သင်၏အလုပ်အပေါ်၌သာ ခိုင်ခံ့စွာရပ်တည်ပါ။ “လူ၏ အမှုကိုသာ ဆောင်ရွက်သကဲ့သို့မဟုတ်၊ သခင်ဘုရား၏အမှုတော်ကို
ဆောင်ရွက်သကဲ့သို့ပြုလေသမျှတို့၌ စေတနာစိတ်နှင့်ပြုကြလော့” (ကော၊ ၃:၂၃)။ စိတ်အားထက်သန်မှုအပြည့်ဖြင့် ကိုယ်တော်၏စကားတော်၌ သင် ၏ပိုက်ကွန်ကို နောက်တစ်ဖန်ပစ်ချလိုက်ပါ။
သင့်ကို ကျွန်ုပ်အကြံပြုချင်ပါသည်။ မိတ်ဆွေ၊ သင်၏လက်နှစ် ဘက်နှင့် လုပ်ဆောင်ရမည့်အရာတိုင်းသည် ကောင်းမွန်သောအရာဖြစ်ခဲ့ ဆိုလျှင် သင့်ခွန်အားရှိသမျှ၊ အစွမ်းရှိသမျှနှင့် လုပ်ဆောင်ပါ။ သို့သော် မကောင်းသည့်အရာဖြစ်ခဲ့မည်ဆိုလျှင် သင်၏လက်နှစ်ဘက်ကို လုံးဝအ သုံးမပြုပါနှင့်။ သင်သည် မျိုးဆက်သစ်များကို ကိုယ်ကျင့်တရားပိုင်းဆိုင် ရာသမ္မာတရားကို သွန်သင်သူအဖြစ် ခေါ်ယူခြင်းခံရသူဖြစ်ကောင်းဖြစ် နိုင်ပါသည်။ မျိုးဆက်သစ်အများစုသည် ပြုပြင်ပြောင်းလဲခြင်းအသက် တာနှင့်ဖွံ့ဖြိုးသည့်အသက်တာအတွက် ခေါ်ထုတ်ခံကြသည်။ သင်သည် “ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်ရန် ခေါ်ယူခြင်းခံရသော သူဖြစ်သည် (မဿဲ၊၂၂:၃၉)။ ထို့ကြောင့် သင်သည် အခွင့်ထူးရချိန်မှာ “ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုပါ” (ဂလာ၊ ၆း၁၀)။ ဤအရာများ၌
သင်သည် ကြိုးစားလုပ်ဆောင်သော်လည်း အကောင်းပြောခြင်းမခံ လင်၏အရိုက်အရာ၊ ဘုရားပေးသည့်တာဝန်ကို မစွန့်လွှတ်လိုက်ပါ လင်လုပ်ဆောင်ရမည့်အလုပ်တစ်ခုသည် ဘုရားအလိုတော်နှင့်အညီဖြင့် ရမည်။ သင်ကိုယ်တိုင်ကလည်း ခရစ်ယာန်တစ်ယောက်ဖြစ်မည်ဆိုလျှင်
သင်သည် သူရဲဘောကြောင်သောသူ (သို့) အရှက်တကွဲအကျိုးနည်းခြင်း ရှိသောသူဖြစ်သည်ဟူသော တံဆိပ်ခတ်ခြင်းကို မည်သည့်အခါမျှအခွင့် မပေးပါနှင့်။ ခရစ်ယာန်တစ်ယောက်သည် အိုးထိန်းလက်ထဲက အိုး သာဖြစ်သည်။ အိုးတစ်လုံးဖြစ်လာဖို့ စစ်ဆေးမှုအဆင့်ဆင့်ကို အောင်မြင် ကျော်လွှားရမှာဖြစ်သည်။ အိုးထိန်း၏နောက်ဆုံးရည်ရွယ်ချက်က တောက် ပပြီး ခိုင်ခံ့သောအိုးတစ်လုံးဖြစ်လာဖို့ပဲဖြစ်သည်။ အစစ်ဆေးခံနိုင်သော ယုံကြည်သူကို ကျွန်ုပ်သဘောကျနှစ်သက်သည်။ ဘဝ၏သာမန်အခက် အခဲများကိုပင် မအောင်မြင်နိုင်ခဲ့လျှင် ခရစ်တော်၏စစ်သူရဲကောင်းဖြစ်ရန် မလွယ်ကူပေ။ ခရစ်တော်နောက်လိုက်သောသူများကို စာရေးသူအနေဖြင့် သူရဲဘောကြောင်သောသူများအဖြစ် မမြင်လိုပေ။ အားနည်းသောသူက အဘယ်ကဲ့သို့ ဧဖက်၊ ၆:၁၂ ထဲက ဝိညာဉ်တိုက်ပွဲမျိုးကို တိုက်နိုင်မည် နည်း။ ကျွန်ုပ်တို့သည် သာမန်အသက်တာ၌ သတ္တိရှိနေသောသူများထက် ခွန်အားရှိပြီး ရဲဝံ့ရန် လိုအပ်သည်။ မိမိတို့၏အလုပ်ကိုလည်း ခွန်အားသမျှ အစွမ်းရှိသမျှနှင့် လုပ်ဆောင်ကြရမည်။ ပိုမိုမြင့်မားသောအစေခံများဖြစ်ဖို့ ပိုမိုမြင့်မားသောစစ်ကြောခြင်းကိုခံရန်လည်း လိုအပ်သည်။
အထက်မှာ ပြောခဲ့သည့်အကြောင်းအရာနှင့်ပတ်သက်ပြီး သင်း အုပ်ဆရာများကိုသာ ရည်ညွှန်းသည်ဟု သင်ယူဆနေသလား။ ထိုသို့မယူ ဆစေချင်ပါ။ဓမ္မဟောင်းကျမ်းထဲမှာ ကျွန်ုပ်တို့ကို ဘုရားသခင်က သိုးများ၊ တိရစ္ဆာန်များ၊ လယ်ကွင်းများနှင့်လူတော်လူကောင်းသောတို့၏ရိတ်သိ ခြင်းအကြောင်းကို ပြောပြထားသည်။ ထိုအရာအားလုံးနှင့်ပတ်သက်၍ ထို သူတို့သည် မိမိတို့၏ယုံကြည်ခြင်းနှင့် လုပ်ဆောင်ခဲ့ကြောင်း ကျွန်ုပ်တို့
တွေ့ရသည်။ ရှောလမုန်ရေးသားခဲ့သည့်သုတ္တံကျမ်းထဲက သီလနှင့်ပြည့် စုံသောအမျိုးသမီးအကြောင်းကို ကျွန်ုပ်သတိပြုမိသည် (သုတ္တံ၊ ၃၁:၁၀၃၁ ကိုဖတ်ကြည့်ပါ)။ သုတ္တံကျမ်းနှင့်ဒေသနာကျမ်းကို ကျွန်ုပ်လေ့လာ
ကြည့်သောအခါ နှစ်ခုစလုံးမှာ ဝိညာဉ်ရေးရာသွန်သင်ချက် အနည်းငယ် သာ ပါရှိကြောင်း ကျွန်ုပ်တို့တွေ့ရသည်။ သို့သော် နှစ်ကျမ်းစလုံးထဲမှာ သီလနှင့်ပြည့်စုံသောလုပ်ဆောင်ချက်များ၊ လက်တွေ့ကျသောလုပ်ဆောင် ချက်များပါဝင်နေသည်။ ဤအရာကို ထောက်ရှုခြင်းအားဖြင့် ဘုရားသခင် က ကျွန်ုပ်တို့၏ယုံကြည်ချက်ကို ဘုရားကျောင်းထဲက ခုံတန်းရှည်ပေါ်မှာ ကမ္ပည်းထိုးဖို့ ရည်ရွယ်ချက်မရှိကြောင်း အထင်အရှားသိစေပါသည်။ ယုံ ကြည်ခြင်းဟူသည်မှာ ကျွန်ုပ်တို့အသက်တာ လုပ်ငန်းဆောင်တာနှင့်အ ခြေအနေအစိတ်အပိုင်းတိုင်း၌ ရှင်သန်ထင်ရှားရန်ဖြစ်သည်။
သမ္မာကျမ်းစာ၏ကြီးမြတ်သောဥပဒေသသည် ရပ်နားခြင်းမရှိ အ လုပ်လုပ်နေသောပုဂ္ဂိုလ်တစ်ပါး၏နှုတ်ထဲမှ ထွက်ပေါ်လာရခြင်းဖြစ်သည်။ ထိုနှုတ်ကပတ်တော်ကို အလုပ်လုပ်လျက်ရှိသောသူထံသို့ ကျွန်ုပ်တို့ပြန် ယူဆောင်သွားရသည်။ သူ၏လုပ်ငန်းသုံး ကိရိယာတန်ဆာပလာဖြစ်သည့် ပိုက်ကွန်နှင့်လှေတို့သည် တစ်ခုနဲ့တစ်ခုဆက်စပ်နေပါသည်။ ယနေ့ကဲ့သို့ ဆိုးသွမ်းယိုယွင်းသည့်လောကကြီးထဲမှာ ဘုရားသခင်ကို အစေခံသောသူ တို့အား ကျွန်ုပ်ပြောချင်ပါသည်။ ဘုရားသခင်၏နာမတော်အားဖြင့် အစပြု လုပ်ဆောင်သောအရာတိုင်းမှာ အခက်အခဲအဟန့်အတားရှိလာရင် စိတ် ပျက်အားလျော့ပြီး မရပ်တန့်လိုက်ပါနှင့်။ ဘုရားသခင်၏စကားအတိုင်း ၊ သင်၏ရိုးသားသောစိတ်နှင့် ကြိုးပမ်းအားထုတ်သည့်အတိုင်း ရှေ့ကိုသာ ဆက်နှင့်လိုက်ပါ။ ပေတရုပြောသကဲ့သို့ “အမိန့်တော်ရှိလျှင် ပိုက်ကွန်ကို ချပါမည်” ဟုဝန်ခံပြောဆိုလိုက်ပါ။ ဘုရားသခင်၏နှုတ်ကပတ်တော်အ ပေါ် သင့်ဝန်ခံချက်စကားလုံးက ခက်ခဲသောအချိန်၌ မောပန်းနွမ်းနယ်သူ များကို အံ့ဖွယ်အမှုကို မြင်တွေ့ခံစားစေပါသည်။ စိတ်ပျက်အားလျော့ခြင်း ၊ မရှိဘဲ ခိုင်ခံ့စွာဆက်လက်ရပ်တည်သောသူများအဖို့ ကျွန်ုပ်ဂုဏ်ယူဝမ်း မြောက်ပါသည်။ရိုးသားစွာကြိုးစားကြသော ကျွန်ုပ်၏မိတ်ဆွေများ၊ ဘုရား သခင်၌ ယုံကြည်စိတ်ချမှုရှိပါ။ “သင်တို့သည် သခင်ဘုရား၏အမှုတော်ကို
ဆောင်ရွက်၍ အကျိုးကြီးသည်ကို သိမှတ်သဖြင့် တည်ကြည်သောစိတ် ၊ နှင့်ပြည့်စုံ၍ မရွေ့လျော့မတိမ်းယိမ်းဘဲလျက် သခင်ဘုရား၏အမှုတော်ကို ကြိုးစားအားထုတ်ကြလော့”(၁ကော၊ ၁၅:၅၈)။
ဝိညာဉ်ရေးရာကြီးထွားခြင်း၏အရေးပါမှုများ
ကယ်တင်ခြင်းနှင့်ဝိညာဉ်ရေးရာကြီးထွားခြင်းအတွက် ကျွန်ုပ်တို့ သည် ခရစ်တော်၏စကားအပေါ်၌ ရပ်တည်လျက် ပိုက်ကွန်ကို နောက် တစ်ကြိမ်ပစ်ချကြပါစို့။ ပထမအနေဖြင့် ကျွန်ုပ်ရည်ညွှန်းလိုသည့်အရာက ကယ်တင်ခြင်းရဖို့အတွက် မျှော်လင့်ချက်နှင့်အသင်းတော်ကို အကြိမ် ပေါင်းများစွာတက်ရောက်ခဲ့သောသူများဖြစ်သည်။ တရားဟောဆရာများ သတိပြုရမည်မှာ မိမိတို့ဟောမည့်တရားကို စတင်မဟောမီ သခင်ဘုရား ၏အလင်းဖွင့်ခြင်း ရရှိခံစားရဖို့ အရင်ဆုံးဆုတောင်းရန် ကျွန်ုပ်အကြံ ပေးချင်ပါသည်။ အခုကျွန်ုပ်ပြောမည့်စကားကို သေသေချာချာနားထောင် ပြီးဆင်ခြင်စေချင်ပါသည်။ သင်၏ဘဝအကြောင်းကို ကျွန်ုပ်အားလုံးမသိ ပေ။ သင်သည် မည်သူမည်ဝါဖြစ်ကြောင်း အသေးစိပ်ကို ကျွန်ုပ်မသိရှိ ပေ။ ဘုရားသခင်သည် သင့်အတွက် ကယ်တင်ခြင်းတံခါးကို ယခုပင် ဖွင့် ပေးလျက်နေသည်။ ထိုကယ်တင်ခြင်းလမ်းသည် “သခင်ယေရှုခရစ်ကို ယုံ ကြည်လော့၊ ယုံကြည်လျှင် သင်နှင့်သင်၏အိမ်သူအိမ်သားတို့သည် ကယ် တင်ခြင်းသို့ရောက်ကြလိမ့်မည်” (တမန်၊ ၁၆:၃၁) ဟူ၍ဖြစ်သည်။ အမှန် မှာ ကယ်တင်ခြင်းခံရဖို့ စောင့်မျှော်နေရမည်ဟူ၍မဟုတ်ပေ။ စောင့်မျှော် နေခြင်းသည် အပြစ်ကျူးလွန်နေခြင်းပင်ဖြစ်သည်။
သင်က ရေလှုပ်ရှားခြင်းကို စောင့်မျှော်နေပါသည်ဟူ၍ (ယော၊ ၅:၂-၄) ပြောကောင်းပြောပါလိမ့်မည်။ သင့်ကို ကျွန်ုပ်ပြောပါရစေ။ ယနေ့ ရေလှုပ်ရှားဖို့ ရေကန်ရော ထိုရေကန်ကို လှုပ်ရှားစေမည့်ကောင်းကင်တ မန်ပါ မရှိတော့ပေ။ ယေရှုသက်တော်ရှင်စဉ်က ထိုရေကန်သည် ခန်းသွား သည်မှာ နှစ်ပေါင်းမနည်းတော့ပေ။ ကောင်းကင်တမန်များကလည်း ယနေ့ ထိုနည်းအတိုင်း အလုပ်မလုပ်ကြတော့ပေ။ ကျွန်ုပ်တို့၏အရှင်သခင်ယေရှု ခရစ်တော်က ထိုဗေသေသဒရေကန်ကို ၃၈ နှစ်လုံးလုံးရောဂါစွဲသောသူ ကို “ထလော့၊ ကိုယ်အိပ်ရာကိုဆောင်၍ လှမ်းသွားလော့” (ယော၊ ၅:၈) ဟုပြောသောအချိန်ကစပြီး ပိတ်ပစ်လိုက်ပါပြီ။ မိတ်ဆွေ၊ သင့်ကိုလည်း သခင်ယေရှုက ထိုသို့ပြောနေပါသည်။ စောင့်မျှော်နေစရာအကြောင်းကို မရှိတော့ပေ။ သင်သည် ထိုသို့စောင့်မျှော်နေပါက ယုံကြည်ခြင်းနှင့်ထပြီး
လမ်းလျှောက်ရန် သင့်ကို အလေးအနက်ဖိတ်ခေါ်ချင်ပါသည်။ သင်၏ ပိုက်ကွန်ကိုနောက်ထပ်ပစ်ချပြီး ထိုသို့ဝန်ခံပါ။ “ကျွန်ုပ်ယုံကြည်ပါ၏သခင်။ မယုံကြည်သည်ကိုမစတော်မူပါ” ဟူ၍အသနားခံလိုက်ပါ(မာ၊ ၉:၂၄)။ အတောင်းခြင်းကို အသက်ရှူရှိုက်သလို ရှူလိုက်ပါ။ သခင်သည် သင့်ကို လက်ခံပါလိမ့်မယ်။ သင့်ကိုယ်သင် သခင့်လက်ထဲအပ်နှံလိုက်ပါ။ သို့ပြုလျှင် ယခုပင် သူသည် သင်၏အရှင်သခင်ဖြစ်ပါလိမ့်မယ်။ ယုံကြည်ခြင်း၏ပိုက် ကွန်ထဲကို အတင်းတိုးဝင်ဖို့ စောင့်နေကြသည့်မြောက်မြားစွာသောငါးတို့ ၏အသံကို သင်ကြားရပါလိမ့်မယ်။ သခင့်စကား၌ ပစ်ချလိုက်ပါ။
မိမိပိုက်ကွန်ကို အချည်းနှီးပစ်ချကြသောသူများ၊ ဂါထာရွတ်ဖတ် သကဲ့သို့စကားလုံးအသေနှင့် ဆုတောင်းအားကြီးသူများကို ပြောပါမည်။ ဘုရားသခင်၏အလိုတော်နှင့်အညီဖြစ်သည်ဟု သင်ယုံကြည်သည့်အရာ အတွက် သင်အသနားခံပြီး ဆုတောင်းဖူးသလား။ အချိန်ကြာမြင့်စွာ ဆု
တောင်းပြီးနောက်တွင် ဘာမျှမရသည့်အတွက် စိတ်ဝိညာဉ်ထဲမှာညှိုးနွမ်း ပြီးထိုဆုတောင်းချက်ကိုနောက်တစ်ခါဘယ်အခါမျှမတောင်းတော့ဖို့ သွေး
ဆောင်ခြင်းခံရဖူးသလား။ ထိုသို့ဆိုလျှင် ခရစ်တော်ပြောဆိုခဲ့သည့်စကား ကို ဆင်ခြင်ကြည့်ပါ။ “လူတို့သည် အားမလျှော့ဘဲ ကြိုးစား၍ ဆုတောင်း ရမည်” (လုကာ၊ ၁၈:၁)။ နောက်တစ်ခု ဘုရားသခင်မိန့်မှာထားသောနှုတ် ကပတ်တော်ကား “မမလပ်ဆုတောင်းပဌနာပြုကြလော့” ဟူ၍ဖြစ် သည် (၁သက်၊ ၅:၁၇)။ သင်၏ပိုက်ကွန်ကိုချပြီး ဆက်လက်ဆုတောင်းပါ။ ဆုတောင်းသောအခါ အခြေအနေအရပ်ရပ်မှာ မျက်နှာသာရချင်သော စိတ်တစ်ခုတည်းကြောင့် ဆုတောင်းခြင်းမဟုတ်ဘဲ ကောလောသဲ ၄:၂ မှာ “ဆုတောင်းပဌနာပြုခြင်းအမှုကို အမြဲပြု၍” ဟုဘုရားသခင်မိန့်မှာထား သည့်အတွက်ကြောင့်ဖြစ်ရမည်။
မိတ်ဆွေ၊ သင်လက်ရှိအသက်တာထဲမှာ ကြုံတွေ့နေရသည့် အရာများနှင့် အသင့်တော်ဆုံးဖြစ်သောကတိတော်များကို ရှာဖွေဖတ်ရှုဖူး ၊ ပါသလား။ သင့်ကိုနှစ်သိမ့်စေမည့်ဘုရားသခင်၏ကတိတော်ကောင်းများ ကို သင်သည် ဆုပ်ကိုင်ထားလိုပါသလား။ များစွာသောငါးတို့သည် သင့် လှေပတ်ပတ်လည်၌ ရှိနေကြသည်ကို သင်မြင်နိုင်သလား။ သို့ရာတွင်
ထိုမျှလောက်များပြားသောငါးတို့သည် သင့်လှေနားတွင် ရှိနေလျက်ပင် တစ်ကောင်မျှမဖမ်းနိုင်ခြင်းသည် အလွန်တရာဝမ်းနည်းစရာကောင်းပေ သည်။ မိတ်ဆွေ၊ ထပ်ကြိုးစားပါ။ ဆုတောင်းခြင်းနှင့်အတူ သင်၏သမ္ဘာ ကျမ်းစာကိုဆက်ဖတ်ပါ။ ချိုမြိန်သောနှုတ်ကပတ်တော်ကို ဝမ်းမြောက်စွာ ခံယူနိုင်ရန် သင်၏နှလုံးသားကို ဝိညာဉ်တော်တို့ထိမည်အကြောင်း ဆု
တောင်းလိုက်ပါ။ သင်၏အတွေးထဲမှာ သင်ကိုယ်တိုင် တွေးနိုင်သည်ထက် သာ၍ကြီးမားသောကောင်းချီးမင်္ဂလာကို ခံစားရဖို့ ဆန္ဒရှိပါ။ စွဲလန်းပါ။ ထို သို့ပြုလျှင် သင့်အသက်တာမှာလည်း ပိုက်ကွန်ပြလုမတတ် မျက်နှာသာ ပေးခြင်းနှင့် ပြည့်လျှံလာပါလိမ့်မည်။
မိတ်ဆွေ၊ သင်သည် သန့်ရှင်းခြင်းအသက်တာနှင့် အသက်ရှင် နိုင်ရန် နည်းလမ်းကို အချိန်အတော်ကြာရှာဖွေခဲ့သူဖြစ်ကောင်းဖြစ်ပါလိမ့် မည်။ သင်သည် အပြစ်တရားကို အောင်ချင်သည်။ ယုံကြည်ခြင်း ခိုင်ခံ့ဖို့ လေ့ကျင့်ခဲ့သည်။ ပိုပြီးစိတ်အားထက်သန်ဖို့၊ ပိုပြီးအသုံးတော်ခံရဖို့အတွက် သင်ကြိုးစားခဲ့သည်။ သို့သော် သင်ဖြစ်ချင်သည့်အတိုင်း အမှန်ကတယ် ဖြစ်မလာပေ။ သင့်အတွက် ဘုရားသခင်ဖြစ်စေချင်သည့်အရာကို ပြောပြ မည်။ ဘုရားသခင်ဖြစ်စေချင်သည့်အရာကား ဤသို့ဖြစ်၏။ “မိမိနှစ်သက်
တော်မူသောအမူအရာကို ယေရှုခရစ်အားဖြင့် သင်တို့၌ပြုတော်မူ၍ သင် တို့သည် အလိုတော်သို့လိုက်မည်အကြောင်း၊ ကောင်းသောအကျင့်အမျိုး မျိုး၌ သင်တို့ကိုပြုပြင်တော်မူပါစေသော” (ဟေဗြဲ၊ ၁၃:၂၁)။ သင့်ရည်ရွယ် ချက်ကို မရပ်တန့်လိုက်ပါနှင့်။ ဘုရားသခင်၏နှုတ်ကပတ်တော်၌ သင်၏ ပိုက်ကွန်ကိုထပ်မံချလိုက်ပါ။ ဘယ်အခါမျှစိတ်ဓာတ်မကျပါနှင့်။ ပိုက်ကွန် ကိုသာ ချလိုက်ပါ။ အကောင်းဆုံးသောအရာများသည် ခရစ်တော်၏ ကားတော်ထဲ၌သာ တည်ရှိကြသည်။
မိတ်ဆွေ၊ သင်သည် ယခုပင်လျှင် ခရစ်တော်နှင့် ပို၍နီးစပ်သည့် မျက်မှောက်တော်၊ သူနှင့် ပို၍နီးစပ်သည့်မိတ်သဟာယကို ရှာဖွေနေသ လား။ သူ၏တောက်ပသောမျက်နှာတော်အလင်းကို မြင်တွေ့ဖို့ ဆာငတ် ပြင်းပြနေသလား။ သူ၏ချစ်ခြင်းမေတ္တာနှင့် ပြည့်ဝသောစားသောက်ပွဲကြီး တစ်ခုကို ဆင်နွှဲဖို့ ဆန္ဒရှိနေသလား။ အချည်းအနှီးအော်ဟစ်ငိုကြွေးနေသလား။ နောက်တစ်ဖန် အော်ဟစ်ငိုကြွေးလိုက်ပါ။ ကိုယ်တော်၏နှုတ်ကပတ် အတိုင်း သူ့ဆီချဉ်းကပ်ရန် သင့်ကိုခေါ်နေသည်။ သူ့မေတ္တာနှင့်ပြည့်သော အသံတော်နှင့် သင့်ကို ဖိတ်ခေါ်နေပါသည်။ သူ၏အမိန့်တော်အတိုင်း ရှေ့ကိုဆက်လှမ်းလိုက်ပါ။ သင့်ပိုက်ကွန်ကိုနောက်ထပ်တစ်ဖန်ပစ်ချလိုက် ပါ။ နှုတ်နှင့် မြွက်ဆိုမမီနိုင်သည့်ဝမ်းမြောက်ခြင်းသည် သင့်ကို စောင့်ကြို လျက်နေသည်။
သမ္မာကျမ်း၏ကြီးမြတ်သောဥပဒေသသည် ကျွန်ုပ်တို့၏ဝိညာဉ် ရေးရာအသက်တာကြီးထွားခြင်းနှင့် အကျိုးအမြတ်အတွက် အဓိကဦး တည်နေသည်ကို သင်မြင်တွေ့ရပါလိမ့်မည်။ ဘုရားသခင်၏အလိုတော် အတိုင်း နေ့စဉ်အသက်ရှင်နိုင်ရန် သူ့ကျေးဇူးတရားသည် ကျွန်ုပ်တို့အား အမြဲမစပါစေသော်။ ။
ခရစ်ယာန်တိုင်း၏တစ်ဘဝတာအလုပ်
သမ္မာကျမ်းစာ၏ဥပဒေသသည် ကျွန်ုပ်တို့၏တစ်ဘဝတာအလုပ် ကိုပါပြဋ္ဌာန်းပေးသည်။ ခရစ်ယာန်တိုင်း၏တစ်ဘဝတာ လုပ်ဆောင်ရမည့် လုပ်ငန်းကား အဘယ်နည်း။ ပျောက်ဆုံးသောဝိညာဉ်များကို ကယ်တင်ဖို့ ဖြစ်သည်မဟုတ်လော။ ဤမြေကြီးပေါ်၌ ယနေ့ထက်ထိ ကျွန်ုပ်တို့အသက် ရှင်ရပ်တည်နေရခြင်း၏အဓိကရည်ရွယ်ချက်မှာ ခရစ်တော်ကို လူများယုံ ကြည်လာရန်နှင့်ဘုရားသခင်၏ဘုန်းကို ထင်ရှားစေဖို့ဖြစ်သည်။ လမ်းမှား ပြီး ခြံအပြင်ဘက်ရောက်နေသောသိုးများစွာကို သိုးထိန်းကြီးဖြစ်သော ဝိညာဉ်များကို အုပ်စိုးကြည့်ရှုသည့် အရှင်ထံသို့အရောက်ပို့ရန် ဤလော ကတွင် ကျွန်ုပ်တို့ရှိနေခြင်းဖြစ်သည် (၁ပေ၊ ၂:၂၅)။
ခရစ်တော်အဖို့ ဝိညာဉ်ကယ်တင်ခြင်း နည်းလမ်း သို့မဟုတ် လူများကို ဖမ်းဆီးခြင်း နည်းလမ်းကား သတင်းကောင်းပိုက်ကွန်နှင့် အုပ် ခြင်းဖြစ်သည် (လုကာ၊ ၅:၁၀)။ ခရစ်တော်သင်ပေးသည့် ‘မြင့်မြတ်သော ငါးဖမ်းနည်း” မှတစ်ပါး ကျွန်ုပ်တို့၌ အခြားသင်ယူစရာမရှိပေ။ စိတ်အား ကြီးသောသူများနှင့်အသိပညာဗဟုသုတ အနည်းငယ်ရှိသောသူများက လူကို ဖမ်းသည့်နည်းလမ်းတီထွင်နေကြသည်။ မည်သို့ပင်ဖြစ်နေပါစေ၊
ကျွန်ုပ်အနေနှင့် လူကို ဖမ်းသည့်နည်းလမ်းသည် ဘုရားသခင်၏ချစ်ခြင်း မေတ္တာအကြောင်းကို ကြေညာခြင်းအားဖြင့် သတင်းကောင်းပိုက်ကွန်နှင့် အုပ်ဖမ်းခြင်း နည်းလမ်းသည် အမှန်ဆုံးဖြစ်သည်ဟု ခံယူပါသည်။ သည့် ပြင်အခြားနည်းလမ်းမရှိပေ။
ခေတ်သစ်သတင်းကောင်းဟူ၍ ကျွန်ုပ်တို့အတွက် မရှိပေ။ ခေတ် မီသောသတင်းကောင်းဟောနည်းကို မတီထွင်ဖို့ သခင်ယေရှု၌ အခွင့် အာဏာအပြည့်ရှိသည်။ ကျွန်ုပ်တို့၏အရှင်သခင်က ကျွန်ုပ်တို့အယောက် စီတိုင်းကို သူ့အသွေးတော်အားဖြင့် ရွေးနုတ်သည့်ကယ်တင်ခြင်း သတင်း
ကောင်းကိုကြေညာဖို့ ခေါ်ထားပါသည်။ ယုံကြည်သူအယောက်စီတိုင်း သည် ခရစ်တော်အားဖြင့် မိမိ၏မိတ်ဆွေများနှင့်အဖွဲ့အစည်းများကို ဟော ပြောသက်သေခံဖို့ အခွင့်အာဏာကိုလက်ခံရရှိသူများဖြစ်ကြသည်။ လူ တိုင်းမှာ မီးလောင်တွင်းထဲမှာရှိနေသည့် မိမိ၏ညီအစ်ကိုတစ်ယောက်ကို ကယ်တင်ဖို့ အခွင့်အရေးမရနိုင်သလော။ သခင်ယေရှုက ထာဝရသေခြင်း ထဲသို့ဆင်းသွားသည့် ညီအစ်ကိုများကယ်ထုတ်ဖို့ ကြိုးစားနေသောသူ၏ လုပ်ရပ်ကို မပြုံးပြဘဲ နေမည်လော။ သူက ဤသို့ပြောသည်မဟုတ်လော။ “ဝိညာဉ်တော်နှင့်မင်္ဂလာဆောင်သတို့သမီးက လာခဲ့ပါဟုဆိုကြ၏။ ကြား သောသူကလည်း လာခဲ့ပါ ဟု ဆိုပါစေ” (ဗျာဒိတ်၊ ၂၂:၁၇)။
သတင်းကောင်းကြားရသောသူမည်သူမဆို၊ သူကိုယ်တိုင်သည် သူတစ်ပါးကို ခရစ်တော်ထံသို့ပို့ဆောင်ရန် ခေါ်ဖိတ်ခြင်းခံရသူဖြစ်သည်။ သတင်းကောင်းကို လူများသိရှိလာဖို့ ကျွန်ုပ်တို့ကြိုးပမ်းသောအခါ သခင် ခရစ်တော်၏နှုတ်ကပတ်တော်သည် ကျွန်ုပ်တို့၏အခွင့်တန်ခိုးအာဏာဖြစ် သည်။ ကျွန်ုပ်တို့သည် အမိန့်ကိုဖီဆန်ပြီး တိတ်ဆိတ်စွာနေကြမည် (ဝါ) “အခြားသောဝံဂေလိတရား” (နားမထောင်သေးသော ဧဝံဂေလိတရား စကား) ကိုဟောပြောကြမည်ဆိုလျှင် အလွန်ဝမ်းနည်းစရာဖြစ်ပါလိမ့်မည် (၂ကော၊ ၁၁:၄)။ သခင်ခရစ်တော်၏စကားတော်သည် လူတိုင်းအတွက် အာမခံချက် အခိုင်လုံဆုံးသောစကားဖြစ်သည်။ “ရှင်ဘုရင်အမိန့်တော်၌ တန်ခိုးပါ၏” (ဒေသ၊ ၈:၄)။ ထိုထက်ပိုမြင့်သောအခွင့်တန်ခိုးအာဏာကို အဘယ်မှာရှိဦးမည်နည်း။
ရလဒ်များသည် ဘုရားသခင်၏တာဖြစ်သည်
တချို့က ပြောတတ်ကြသည်။ “ကျေးဇူးတရားသွန်သင်ချက် ထက်ပိုမြင့်သောအရာ၊ အခြားပိုအရေးကြီးသောအဆင့်သို့ တက်လှမ်း သင့်သည်” ဟုဆိုကြသည်။ သခင်ယေရှုက “သင်တို့သည် လောကီနိုင်ငံ အရပ်ရပ်ရှိသမျှသို့သွား၍ ဝေနေယျသတ္တဝါအပေါင်းတို့အား ဧဝံဂေလိတ ရားကို ဟောပြောကြလော့” (မာ၊ ၁၆:၁၅) ဟုအမိန့်ပေးနေချိန်မှာ အ ထက်ပါအတိုင်း ကျွန်ုပ်တို့လုပ်နိုင်မှာမဟုတ်ပေ။ သူ၏အမိန့်တော်အတိုင်း ကျွန်ုပ်တို့နာခံကြမည်ဆိုလျှင် ရလဒ်နှင့်ပတ်သက်သောကြောင့်ကြမှုများ သည် ကျွန်ုပ်တို့အပေါ်၌ ကြာကြာတည်မည်မဟုတ်ပေ။ အစေခံတစ်ဦးက သခင်၏အမိန့်တော်ကို ဆင်ခြေတက်ပိုင်ခွင့်မရှိပေ။ ဤအချက်က တရား
ဟောရသည်ကို ဝမ်းမြောက်စရာတစ်ခုဖြစ်စေသည်။ သူ့စကားအပေါ်မှာ နာခံပြီး လုပ်ဆောင်သည့်အမှုဖြစ်သောကြောင့် ရှင်းလင်းမှုနှင့်စိတ်ချမှုကို ဖြစ်စေသည်။ ကျွန်ုပ်တို့၏အလုပ်က ကျွန်ုပ်တို့အား ခရစ်တော်ပြောသော စကားအတိုင်း ထွက်သက်ဝင်သက်ရှိနေသမျှကာလပတ်လုံး လုပ်ဆောင် ရန်ဖြစ်သည်။ အမိန့်တော်စကားအသံသည် ပဲ့တင်သံကဲ့သို့ပင် ကျွန်ုပ်တို့ ၏စိတ်ဝိညာဉ်ထဲမှာ ဤသို့အဆက်မပြတ်မြည်နေပါသည်။ “ဝေနေယျ သတ္တာအပေါင်းတို့အား ဧဝံဂေလိတရားကိုဟောပြောကြလော့” ကျွန်ုပ် တို့၏ဖြောင့်မတ်ခြင်းသည် လက်ဝါးကပ်တိုင်မှာ အသေခံသောခရစ်တော် အားဖြင့် ရရှိသည် (၁ကော၊ ၁:၂၃)။ ဤအခွင့်အရေးကို ရရှိဖို့ သင့်ကို အဆက်မပြတ်ဖိတ်ခေါ်လျက်နေသည်။ ဤဖိတ်ခေါ်သံသည် ပေတရုကို
ပေါ်လှမ်းလာဖို့ အမိန့်ပေးခဲ့သည့်စကားနှင့်မောရှေကို ကျောက်ထဲမှ ရေတွက်စေဖို့ ပြောခဲ့သည့်စကားနှင့် အတူတူဖြစ်ပေသည်။
ဤဟောပြောခြင်း၏ရလဒ်က အမိန့်တော်ပေးသောခရစ်တော် ကိုထင်ရှားစေပါလိမ့်မည်။ နောက်ဆုံးသောနေ့မှာ ဘယ်သူကမျှ ကယ် တင်ရှင်သခင်ယေရှုကို ထိုသို့ပြောနိုင်ကြမှာမဟုတ်ပေ။ “ကိုယ်တော်ရဲ့ အ စေခံတွေရှေ့မှာ မဖြစ်နိုင်တဲ့အလုပ်တစ်ခုကိုချပေးခဲ့တယ်။ ပြီးတော့ သူတို့ ကိုအဲဒီရည်ရွယ်ချက် အထမြောက်စေဖို့အတွက် မသင့်လျော်တဲ့လက် နက်တစ်ခုကို အသုံးပြုဖို့ပေးခဲ့တယ်” ဘုရားသခင်၏ဉာဏ်ပညာတော် ပိုမို
ထင်ရှားလာစေရန် မိုက်မဲသောတရားဟောချက်များ ချုပ်ငြိမ်းသွားပါလိမ့် မည်။ မိုက်မဲသောတရားဟောချက်များသည် စစ်မှန်သောခရစ်တော်၏တ ရားကို ပို၍ထင်ရှားစေသည်။
မိတ်ဆွေတို့၊ သင်တို့သည် ပလ္လင်ပေါ်မှာ တရားဟောသောသူ၊ ကျမ်းစာသင်ပေးသောသူ၊ ဝေစာလိုက်ဝေသောသူ၊ ဧဝံဂေလိတရားကို တစ်ဦးချင်းဟောပြောသက်သေခံသောသူများဖြစ်လျှင် သင်တို့လုံးဝစိုးရိမ်
ကြောက်ရွံ့စရာမလိုပေ။ ဘုရားသခင်က သူ့နည်းလမ်းနှင့်သူ သူ့တာဝန်ကို သူယူပါလိမ့်မည်။ ယနေ့သင်သည် ဧဝံဂေလိသတင်းစကားကို ဟောပြော သောကြောင့် အရူးဟုအခေါ်ခံရကောင်းခံရနိုင်သည်။ သို့သော် ထိုသို့စွပ်စွဲ မှုသည် ဓားတစ်လက်ပေါ်၌ ကပ်နေသည့်သံချေးများနဲ့တူသည်။ သခင့် အတွက် ဝင်တိုက်သောတိုက်ပွဲတွင် ထိုဓားကို အသုံးပြုကြမည်ဆိုလျှင် သံချေးများသည် အလိုလိုကွာကျသွားပါလိမ့်မည်။ နှုတ်ကပတ်တော်ဟာ
ပြောခြင်းဖြင့် ကြောက်ရွံ့သဖြင့် အော်ဟစ်နေသည့်အသံများ မကြာမီငြိမ် ကျသွားပါလိမ့်မည်။ ယနေ့ကန့်ကွက်ဆန့်ကျင်နေသူများပေါ်လာရသည့် အဓိကအကြောင်းရင်းမှာ နှုတ်ကပတ်တော်အစစ်ကို အမှန်တကယ် မျှဝေ ဟောပြောသောကြောင့်ဖြစ်သည်။ ကျဆုံးနေသောတရားဟောပလ္လင်အ ပေါ်၌ ကျွန်ုပ်တို့တုံ့ပြန်ရမည့်အရာကား “ကောင်းကင်ဘုံမှစေလွှတ်တော်မူ
သန့်ရှင်းသောဝိညာဉ်တော်ပါလျက်” (၁ပေ၊ ၁:၁၂) စစ်မှန်သောဧဝံ ဂေလိတရားကို ဟောပြောရန်ဖြစ်သည်။
နာခံခြင်းသည် ကျွန်ုပ်တို့၏တာဖြစ်သည်
အမှန်စင်စစ် ပိုက်ကွန်ကိုချ၍ ငါးကို အုပ်လော့ဟူသောခရစ် တော်၏စကားအမိန့်ကိုကြားသော်လည်း ကျွန်ုပ်တို့မနာခံဘဲနေကြမည်ဆို လျှင် အပြစ်ရှိသည်ဟု ခံစားကြရမည်ဖြစ်သည်။ ပေတရုကသာ “သခင်၊ အကျွန်ုပ်တို့ဟာ တစ်ညလုံးကြိုးစားပေမယ့် တစ်ကောင်မှမရဘူး။ ဒီတော့ ကိုယ်တော့်အမိန့်တော်ကို ကျွန်ုပ်မလိုက်နာနိုင်ဘူး။ ပိုက်ကွန်ကို ထပ်မပစ် ချနိုင်ဘူး” ဟုပြောခဲ့လျှင် ရှိမုန်ပေတရုသည် သခင့်ကိုမနာခံသည့်အတွက်
ဘုရားသခင်၏သားတော်ကို ပြစ်မှားမိရာရောက်သဖြင့် သူ့ကိုယ်သူအ ပြစ်ရှိသည်ဟု ခံစားမည်မှာကျိန်းသေသည်။ ။
ဘုရားသခင်၏ခေါ်သံကိုကြားပြီး ဝန်ခံသောသူများ၊ ခရစ်တော် ၏တပည့်တော်ဖြစ်ဖို့ ဆက်ကပ်သူများဖြစ်ကြသော်လည်း မိမိတို့၏ပိုက် ကွန်ကို တစ်ခါမျှမပစ်ချသေးသော ကျွန်ုပ်၏ညီအစ်ကိုများကို ကျွန်ုပ်တို့ မည်သို့ပြောရမည်နည်း။ သင်သည် အခုချိန်ထိ သမ္မာတရားအတွက် ဘာ မျှမလုပ်သေးသည်မှာ အမှန်လော။ အခုချိန်ထိ ဧဝံဂေလိတရားကိုတစ် ခါ မျှမဖြန့်ဖြူးသေးသည်မှာ အမှန်လော။ သင့်ကိုယ်သင် လောက၏အ လင်းကဲ့သို့ခေါ်ပြီး အခုချိန်ထိ အလင်းမလင်းသေးသည်မှာ အမှန်လော။ သင့်ကိုယ်သင် မျိုးစေ့ကြဲသူဟုခေါ်ပြီး မျိုးစေ့ထည့်ထားသည့်တောင်းကို အခုအချိန်ထိမေ့ကျန်ခဲ့သည်မှာအမှန်လော။ လူကိုမျှားသော တံငါသည် အဖြစ် သင့်အသက်တာကို ဆက်ကပ်ခဲ့သည်မဟုတ်လော။ ယနေ့ချိန်ထိ သင့် ပိုက်ကွန်ကိုမချသေးသည်မှာ အမှန်လော။ သင်သည် ဟန်ဆောင်မှု များအောက်တွင် အသက်ရှင်နေသလော။ တစ်ခါမျှအသီးသီးသောအ သက်တာဖြစ်ရန်မပြင်းပြဘဲ အသီးမသီးသောအသက်တာနှင့်ဘုရားသခင် ကိုလှောင်ပြောင်နေသလား။ ဤအမှုကိစ္စနှင့်ပတ်သက်၍ သင့်ကို အပြစ် တင်စီရင်ဖို့ ကျွန်ုပ်၌ ခွန်အားအလုံအလောက်မရှိပေ။ သို့သော် သင်၏အ သိစိတ်ထဲတွင် ဘုရားသခင်ကိုအစေခံလိုစိတ်နှင့်ပြည့်နေရန် ဘုရားသခင် ထံကျွန်ုပ်ဆုတောင်းပေးပါသည်။ ။
ထာ၀ရအဖြစ်နွံထဲမှ ကယ်တင်ခြင်းခံရဖို့အတွက် လူများကို သ တင်းကောင်းလိုက်ဟောဖို့ ဘုရားသခင်၏ခန့်အပ်ခြင်းခံခဲ့ရသောသူတစ် ယောက်ဖြစ်နေသော်လည်း ယနေ့ချိန်ထိ မည်သူ့ကိုမျှမဟာသေးဘဲ ၊ နေနေသေးသလော။ ထိုသို့ဆိုလျှင် အပြစ်နွံထဲမှာနစ်နေသောသူတစ်ဦးကို သင်မည်ကဲ့သို့ဟောပြောနိုင်မည်နည်း။ သင်၏အနာရောဂါကို ကုသပေးဖို့ စိတ်ဝင်စားခြင်း ရှိသောဆရာဝန်များကို သင်တွေ့ဖူးသည်မဟုတ်လော။ သင့်အနီးပတ်ဝန်းကျင်မှာ ထိုသို့နာမည်ကြီးသော ဆရာဝန်ဆုံးပါးသွားကြ သည်ကို သင်တွေ့မြင်နေရသော်လည်း သူတို့ကိုထာဝရလွတ်မြောက်ခြင်း အကြောင်း တစ်ခါမျှမပြောပြခဲ့သလော။ ကြီးမြတ်သောရှင်ဘုရင်က
ဆာလောင်သောသူများအတွက် စားစရာများကို ကျွေးဖို့ အခွင့်အရေး ပေးထားသည်။ ဆာလောင်နေသောသူများသည် သင့်ပတ်ဝန်းကျင်မှာ ပြည့်လျှံနေသော်လည်း အစားအစာသိုလှောင် ထားသည့်အခန်းကို သော့ ခတ်ထားသည်။ ထိုအမှုသည် ရာဇဝတ်မှုတစ်မျိုးဖြစ်သည်မဟုတ်လော။
ဥပမာအနေနှင့် လန်ဒန်မြို့တော်ကြီးထဲမှာ ဘုရားသခင်ကို ဆန့် ကျင်ပုန်ကန်သောသူတို့၏အရေအတွက်မှာ အရှိန်အဟုန်နှင့် မြင့်တက် လာချိန်မှာ ဘုရားသခင်က သူ၏အသင်းတော်လက်ထဲသို့ သတင်း
ကောင်းကိုထည့်ပေးလိုက်လေသည်။ ကျွန်ုပ်တို့သည် ထိုသတင်းကောင်း ကိုမဝေငှဘဲ သိမ်းထားကြမည်ဆိုရင် လာမည့်ကာလတစ်ခုရောက်လာ
သောအခါ ကျွန်ုပ်တို့ကိုပြင်းပြင်းထန်ထန်အပြစ်တင်ကြလိမ့်မည်။ နောက် မျိုးဆက်သစ်များက ကျွန်ုပ်တို့၏အမှားကို ထောက်ပြပြီး ပြောကြပါလိမ့် မည်။ “ဘယ်လိုလူတွေလဲ။ အလင်းကိုပိုင်ဆိုင်ထားရက်နဲ့ မှောင်နေတဲ့အ ခန်းထဲမှာ ခလုတ်ကို ပိတ်ထားရတယ်။” လာမည့်ရာစုနှစ်တစ်ခုအတွင်း ကျွန်ုပ်တို့၏မြို့ ရွာလမ်းများမှာ နေထိုင်သွားလာသူများက ဤသို့ပြောကြပါ လိမ့်မည်။ “ငါတို့ရဲ့ အဖိုးအဖွားတွေဟာ သူတို့ရဲ့ တာဝန်တွေကို ပျက်ကွက် ခဲ့ကြတယ်။ သူတို့ဟာ ဘုရားသခင်ရဲ့ နိုင်ငံတော်သားတွေဖြစ်ခဲ့ကြပေမယ့် ဘုရားသခင်ရဲ့ ခေါ်သံကိုသတိမပြုခဲ့ကြဘူး။ သူတို့ဘဝရဲ့ ရည်ရွယ်ချက်ကို လက်လွှတ်ဆုံးရှုံးခဲ့ကြရတယ်။” မှန်ပါသည်၊ ထိုသို့မဖြစ်ဖို့ ဘုရားသခင်က ကျွန်ုပ်တို့ကို သတင်းကောင်းဖြန့်ဝေရန် အခွင့်အာဏာအပြည့်ပေးထား ပြီးဖြစ်သည်။ ၎င်းသည် သာမန်အခွင့်အာဏာမဟုတ်ပါ ။ ကျွန်ုပ်တို့သည် ပလ္လင်ပေါ်ကနေ သက်ရောက်လာသည့် မဟာ့မဟာအခွင့်အာဏာကို ပိုင်ဆိုင်ကြသူများဖြစ်ကြသည်။ ဤသတင်းကောင်းကို မဟောဘဲ နေကြ လျှင် ကျွန်ုပ်တို့အတွက် ကောင်းချီးမင်္ဂလာမဟုတ်ဘဲ ဝမ်းနည်းပူဆွေးစ ရာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။
ခပ်သိမ်းသောအခွင့်တန်ခိုးအာဏာ
ချစ်သောမိတ်ဆွေ၊ ယခုအခွင့်တန်ခိုးအာဏာသက်ရောက်လာ နိုင်သည့်အကြောင်းရင်းကို လေ့လာကြမည်။ ဤအခွင့်တန်ခိုးအာဏာ
သည် ခရစ်တော်ထံမှသက်ရောက်လာသောအရာဖြစ်သည်။ ရှိမှန်ပေတရ မာရှိသည့်နှလုံးသားသည် ကျွန်ုပ်တို့၌ရှိမည်ဆိုလျှင် အနန္တတန်ခိုးရှင်သည် ကျွန်ုပ်တို့နှင့်အတူ ရှိလာမှာဖြစ်သည်။ ရှိမုန်ပေတရုသည် အလွန်တန်ခိုး
သောဖိအားအောက်မှာ ရောက်ရှိခဲ့သည်။ လေ့လာတွေ့ရှိချက်အရ သူသည် အကြီးအကျယ်စိတ်ပျက်အားလျော့မှုတစ်ခု၏ လွှမ်းမိုးမှုအောက် မှာရှိခဲ့သည်။ “ကျွန်ုပ်တို့သည် တစ်ညလုံးကြိုးစားသော်လည်း တစ်ကောင် ကိုမျှမရပါ” ဟုဆို၏။ ထိုသို့သောအခြေအနေကို ရင်ဆိုင်ခဲ့ရသော်လည်း သူသည် မိမိပိုက်ကွန်ကိုချခဲ့သည်။ တချို့က “ကျွန်ုပ်တို့ဒီသတင်းကောင်း အားလုံးကို ဟောခဲ့ပြီးပြီ။ နိုးကြားမှုအားလုံးကိုကြုံတွေ့ခဲ့ပြီးပြီ။ ကျွန်ုပ်တို့ အတတ်နိုင်ဆုံးလှုပ်ရှားခဲ့ပြီးပြီ။ ဒါပေမယ့် ဘာမှထူးခြားမှုမရှိပါဘူး” ဟုဆို ကြသည်။ ထိုအရာသည် ဘယ်အချိန်၌ ဖြစ်ခဲ့သနည်း။ သူတို့၏လုပ်ဆောင် ချက်အပေါ် မြိန်ရေရှက်ရေပြောဆိုသည့်အသံကို ကျွန်ုပ်ကြားရသည်။ ထို သို့ဆိုလျှင် သူတို့၏အမှန်တကယ်လုပ်ဆောင်ချက်များက မည်သည့်အရာ များနည်း။ သူတို့ပြန်ပြောသည်ကား “အခုလေးတင် နိုးကြားမှုထဲမှာ ကျွန်ုပ် တို့ပါဝင်တာ သင်သိပါတယ်” သူတို့ပြောသည့်အရာကို ကျွန်ုပ်တစ်ခုမျှနား မလည်ခဲ့ပေ။ သူတို့အဖိုးခပေးသည့်ပမာဏနှင့် ပြန်ရလိုသည့်အမြတ်က အများကြီးကွာဟနေပါသည်။ ရိတ်သိမ်းခြင်းအကြောင်းကို စဉ်းစားကြည့် လျှင် အံ့သြစရာကောင်းသည်။ အနည်းငယ်သောမျိုးစေ့ကိုကြဲလိုက်သော် လည်း များစွာရိတ်သိမ်းရသည်။ ကောက်လှိုင်းများများရလိုပါက များများ ကြံရမည်။ အသင်းတော်မှာ အံ့ဖွယ်သောအကျိုးအမြတ်ကို ရရှိနိုင်သည့် လုပ်ငန်းတစ်ရပ်ရှိသည်။ ၎င်းမှာ နည်းနည်းကြဲပြီး များများပြန်ရိတ်သိမ်းနိုင် သည့်ဧဝံဂေလိလုပ်ငန်းပဲဖြစ်သည်။
အင်္ဂလန်နိုင်ငံတွင် ကွက်ကျားနိုးထမှုများ အကြိမ်ကြိမ်ဖြစ်ခဲ့ဖူး ၊ သည်။ အဘယ်အရာနှင့်ဆင်တူသည်ကို ကျွန်ုပ်ပြောပြလိုပါသည်။ လက်နှိပ်ဓာတ်မီးနှင့် တစ်နေရာရာကို ထိုးကြည့်သောအခါ ထိုးထားသည့် နေရာမှာ အလင်းသက်ရောက်သော်လည်း အလင်းမသက်ရောက်နိုင် သည့်နေရာ မှောင်မိုက်သောနေရာအများကြီးရှိသေး၏။ သတင်းဂျာနယ် များကလည်းကောင်းမွန်သောလုပ်ဆောင်ချက်များကိုသာ ကွက်ပြီးဖော်ပြီး
နိုးကြားမှုမဖြစ်သည့်ကျန်သောအပိုင်းများကို ဖော်ပြလေ့မရှိကြပေ။ ထိုသို့ ကွက်ပြီး ဖော်ပြခြင်းသည် ကျွန်ုပ်တို့ကြား၌ ကွဲပြားသည့်အမြင်ရှုထောင့် များကိုရှိစေပါသည်။ )
ပင်တေကုတ္တေနေ့မှာ စကြဝဠာတစ်ခုလုံးနှင့်ဆိုင်သည့် နိုးထမှုဖြစ် ပေါ်ခဲ့သော်လည်း နေရာအနှံ့မဖြစ်ပေါ်ခဲ့ပေ။ နေရာကွက်ပြီး နိုးထမှုဖြစ်ပေါ် ခဲ့သည်ကိုတွေ့ရသည်။ ယနေ့ချိန်ထိ အသင်းတော်၏နိုးထမှုသည် နိုင်ငံ တစ်နိုင်ငံထဲမှာပင်လျှင် ကွက်ပြီးဖြစ်ပေါ်နေဆဲဖြစ်သည်။ ထိုသို့ဖြစ်သော် လည်း ကျွန်ုပ်တို့စိတ်ပျက်စရာအကြောင်းမရှိပေ။ ကျွန်ုပ်တို့၏အနည်းငယ်
သောအားစိုက်မှု အချိုးအစားသည် ကြီးမားသောအမှုများကို ဖြစ်ပေါ်စေ ပါလိမ့်မည်။ သို့ဖြစ်၍ ကျွန်ုပ်တို့၏ပိုက်ကွန်များကိုပြန်ကောက်ပြီး အမိန့်
တော်အတိုင်း ပစ်ချကြပါစို့။ တစ်ညလုံးကြိုးစားသော်လည်း တစ်ကောင်မျှ မရပေဟု နောက်ထပ်မပြောဘဲ နေကြပါစို့။
စိတ်ပျက်အားလျော့ခြင်းမရှိပါနှင့်။ ခရစ်တော်၏အမိန့်တော်သည် ပေတရု၏စိတ်ပျက်အားလျော့ ခြင်းကို အနိုင်ယူခဲ့သည်။ “တစ်ညလုံးကြိုးစားသော်လည်း တစ်ကောင်မျှမ ရပါ ” ဟုပြောသောအခါ သူသည် အမှန်တကယ်ပင်ပန်းနွမ်းနယ်ခဲ့သည် မှာကျိန်းသေပါသည်။ ငါးဖမ်းသည့်အလုပ်သည် ခက်ခဲပင်ပန်းသည့်အ လုပ်ဖြစ်သည်။ အထူးသဖြင့် ငါးတစ်ကောင်မျှမရသည့်အချိန်မှာ ပို၍ပင် ပန်းနွမ်းနယ်မှာဖြစ်သည်။ အကယ်၍ သင်သည် ပင်ပင်ပန်းပန်းအလုပ်ကြိုး စားပြီး အသိအမှတ်ပြုခြင်းမခံရ၊ ဆုချီးမြှင့်ခြင်းလည်း မခံရဘူးဆိုလျှင် ညည်းတွားမြည်တမ်းဖို့ သိပ်လွယ်ကူမှာကျိန်းသေပါသည်။ ဤသို့သော အချိန်မျိုးမှာ အလုပ်ဆက်လုပ်ချင်စိတ်မရှိတော့ဘဲ အရာအားလုံးကိုလက်
လျှော့အရှုံးပေးချင်စိတ်ဖြစ်ပေါ်လာတတ်သည်။ အမှုတော်ဆောင်ချင်စိတ် လည်း ကုန်ဆုံးလာပါတော့သည်။
ကျွန်ုပ်တို့သည် ဘုရားသခင်၏လက်တော်ထဲက ကရုဏာတော် လက်ခံခြင်းကို မရပ်တန့်စေကြောင်း ရှင်းလင်းစွာမြင်ရသည့်အချိန်မှာ အ စေခံခြင်းကနေ ကျွန်ုပ်တို့မရပ်တန့်နိုင်သည်မှာ အမှန်တရားပင်ဖြစ်သည်။
လူတို့က “အေးဆေးအနားယူလိုက်ပါ” ဟူ၍ပြောတတ်ကြသည်။ မှန်ပါ သည်။ မကြာမီသင်္ချိုင်းထဲမှာ အကြာကြီးနားကြရမှာပါ။ အခုချိန်မှာ လူများ စွာ အပြစ်တရား၏ချုပ်နှောင်မှုအောက်မှာ ကျရောက်နေသည့်အချိန်တွင် ကျွန်ုပ်တို့၏တတ်နိုင်သည့်စွမ်းအားများကို အနားပေးကြမည်ဆိုလျှင် ၎င်း သည် ဆိုးသွမ်းသောအမှုသာဖြစ်ပေမည်။ သင်နှင့်ကျွန်ုပ်သည် တစ်ညလုံး ကြိုးပမ်းကြခဲ့အတွက် ချွေးတပေါက်ပေါက်ကျလျက် မောပန်းနေကြသော် လည်း ပိုက်ကွန်ကိုမသိမ်းဘဲ ဆက်လက်ကြိုးစားဖို့ လိုအပ်သည်။ ပေတရု သည် ထိုသို့လုပ်ဆောင်ခဲ့သည်။ တစ်ညလုံးလုပ်ဆောင်ခဲ့သည်မှာ အကျိုး မရှိသော်လည်း ငါးရဖို့အတွက်ဆိုလျှင် နေ့မှာလည်း အစွမ်းကုန်ဆက်ပြီး ကြိုးစားရပါမည်။
ခရစ်တော်၏အမိန့်သည် အချိန်အခါတိုင်း၌ ဆီလျော်မှုရှိသည်
ခရစ်တော်၏အမိန့်သည် ပေတရု၏သဘာဝအသွေးအသားနှင့် ဆင်ခြေပေးမှုများကို လွှမ်းမိုးအနိုင်ယူခဲ့သည်။ ပေတရု၏သဘာဝအသွေး အသားက ပေးနိုင်သောဆင်ကား ဤသို့ဖြစ်၏။ “တစ်ညလုံးဖမ်းလို့မရ တဲ့ဟာ နေ့ဘက်ဆိုရင် ပိုဆိုးမှာပေါ့။” ဂန်သရက်အိုင်ထဲမှာရှိသည့်ငါးများ ကို ဖမ်းဆီးရာတွင် အကောင်းဆုံးအချိန်ကား ညအချိန်သာဖြစ်သည်။ နေ့ဘက်ဆိုလျှင် နေ၏အလင်းရောင်ကျရောက်သည့်အတွက် ငါးများက လူ၏အရိပ်နှင့်ပိုက်ကွန်များကို မြင်ရသည့်အတွက် ဖမ်း၍မရပေ။ သို့ရာ တွင်ခရစ်တော်က အမိန့်ပေးလိုက်သောအခါ မဖြစ်နိုင်သည့်အရာအမှန် တကယ်ဖြစ်လာရသည်။ ထို့ကြောင့် ခရစ်တော်က “သွား” ဟုပြောလျှင် ချက်ချင်းသွားပါ။ စဉ်းစားမနေပါနှင့်။ ဤသို့ဆင်ခြေမပေးပါနှင့်။ “ယခုမှစ၍ လေးလလွန်လျှင် စပါးရိတ်ရာကာလဖြစ်လိမ့်မည်” (ယော၊ ၄:၃၅)။ ယေရှု က ဤသို့ဆက်ပြော၏။ “ငါဆိုသည်ကား စပါးရိတ်ခြင်းအလို့ငှာ လယ်ပြင် တို့သည် ယခုပင်ဝင်းဝင်းရှိသည်ကို မျှော်၍ကြည့်ကြလော့” (အပိုဒ်ငယ် ၃၅)။ ပေတရုသည် ခရစ်တော်၏စကားအတိုင်း မိမိပိုက်ကွန်ကို ရေထဲသို့ ချက်ချင်းချလေသည်။
သင်ကိုယ်တိုင် ပိုက်ကွန်ကို ပစ်ချရမည်
သင်နှင့်ကျွန်ုပ်အတွက် သင်ခန်းစာကား ပေတရုလုပ်သကဲ့သို့ လိုက်လုပ်ဖို့ဖြစ်သည်။ ကျမ်းစာက “အမိန့်တော်ရှိလျှင် ပိုက်ကွန်ကိုချကြ ပါမည်” ဟူ၍မဖော်ပြပေ။ “အမိန့်တော်ရှိလျှင် ပိုက်ကွန်ကိုချပါ မည်” ဟူ၍ အနည်းကိန်းနှင့် ဖော်ပြထားသည်။ ညီအစ်ကို၊ သင်သည် သင့်နှလုံးသား၊ နှုတ်ခမ်း၊ လက်များနှင့် တစ်ခုခုမလုပ်နိုင်သလော။ သင်၏စိတ်ဝိညာဉ်ထဲက ဘုရားသခင်နူးညံ့ညင်သာစွာပြောဆိုသောအရာကို သင်မလုပ်ဆောင်နိုင် သလော။ သင်သည် ဤသို့ပြောကောင်းပြောပါလိမ့်မည်။ “ဆင်းရဲသား
တွေကိုထောက်ပံ့ကူညီရန် မိတ်ဆွေဆယ်ယောက်ကျော်ကိုစည်းရုံးဖို့ စဉ်း စားနေပါတယ်။” ထိုသို့စဉ်းစားနေလျှင် မည်သည့်အခါမျှအလုပ်ဖြစ်လာ မည်မဟုတ်ဘဲ ဆင်းရဲသားများသည် ဆန်ပြုတ်တစ်ခွက် (သို့) ပေါင်မုန့် တစ်ချပ်တောင် ရရှိကြမည်မဟုတ်ပေ။ ကိုယ်တိုင်သွားပြီး လုပ်ဆောင်ပါ။ အဖွဲ့အစည်းနှင့်လုပ်လျှင် ဆွေးနွေးနေသည့်အတွက် ဥက္ကဌ၊ အတွင်းရေး မှူး၊ ဘဏ္ဍာထိန်းစသည်ပဂ္ဂိုလ်များ ခန့်အပ်ရန် ရွေးကောက်ပွဲလုပ်ဦးမည် ဖြစ်၍ အချိန်ကြာနေဦးမည်။ ပေတရုကဲ့သို့သင်ကိုယ်တိုင် ထလုပ်လိုက် လျှင် ပို၍ကောင်းမွန်သည်မသာက ပို၍လျင်မြန်မည်ဖြစ်သည်။
ပေတရုက သူ၏ပိုက်ကွန်ကိုရေနက်ရာသို့ချက်ချင်းပစ်ချခဲ့သကဲ့ သို့သင်ကိုယ်တိုင် ချက်ချင်းထလုပ်လျှင် ပို၍ကောင်းပေသည်။ နောက်ထပ် အခွင့်အရေးရရှိဖို့ မသေချာပေ။ တစ်ခါရရှိသည့်အခွင့်အရေးကို အမိအ ရဖမ်းကိုင်ပြီး ချက်ချင်းအကောင်အထည်ဖော်သင့်သည်။ သင်၏ပြင်းပြ
သောဆန္ဒများ အငွေ့ကဲ့သို့ပျံသွားနိုင်သည် (သို့) သင်၏ဘဝနိဂုံးချုပ်သွား ၊ နိုင်သည်။ ပေတရုတစ်ဦးတည်းသာလျှင် ပိုက်ကွန်တစ်ခုကို ပစ်ချခဲ့သည်။ ယာကုပ်နှင့်ယောဟန်တို့လည်း သူတို့၏ပိုက်ကွန်များကို ချခဲ့မည်ဆိုလျှင် ရလဒ်က ပို၍အံ့အားသင့်စရာဖြစ်မည်မှာ ဧကန်မုချပေတည်း။ ထိုအချိန်၌ ပေတရု၏ပိုက်ကွန်တစ်ခုသာရှိခဲ့သည်။ ပိုက်ကွန်ထဲတွင် မိသည့်ငါးက များလွန်းသည့်အတွက် ပိုက်ကွန်ပါဆုတ်ပြဲသွားလေသည်။ ပိုက်ကွန်အား လုံးကိုသာ အသုံးပြုခဲ့ကြမည်ဆိုလျှင် ပိုမိုများပြားသောငါးများကို ဖမ်းမိကြ မည်ဖြစ်သည်။
တစ်ခါက အင်္ဂလန်ပြည်၌ လှေနှင့် ငါးဖမ်းသည့်အဖွဲ့ ရှိခဲ့သည်။ တစ်နေ့တွင် သူတို့ထောင်ထားသောပိုက်ကို လှေပေါ်ဆွဲတင်ကြသောအ ခါ အလွန်ကြီးမားသောငါးမိထားသဖြင့် ဆွဲ၍မရလောက်အောင်ဖြစ်လျက်
လှပါမှောက်သွားမှာကို စိုးရိမ်ကြောက်လန့်ကြကာ မိမိတို့၏ပိုက်ကွန်ကို ဖြတ်ပစ်လိုက်ကြသည်။ ငါးကို အရှုံးခံလိုက်ကြသည်။ ထိုအချိန်မှာ ပိုက် ကွန်များများ၊ လှေများများသာ ရှိခဲ့မည်ဆိုရင် ထိုငါးများကို လက်လွတ်ဆုံး ရှုံးခဲ့ကြမည်မဟုတ်ပေ။ ယနေ့တွင် မိမိတို့လက်ဝယ်၌ ရှိသည့်ပိုက်ကွန်ပြီ နေသည့်အတွက် လွတ်သွားသောငါးများစွာရှိနေပါသည်။
ယနေ့အသင်းတော်တိုင်းနှင့် ယုံကြည်သူတစ်ဦးချင်းစီတိုင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးနှင့် လုပ်ဆောင်ကြမည်/အချင်းချင်း ပေါင်းစည်းပြီး တစ်လုံးတစ်ဝတည်းလုပ်ဆောင်ကြမည်ဆိုလျှင် ခရစ်တော် ဆီသို့ပျောက်ဆုံးသောဝိညာဉ်များ မြောက်မြားစွာပို့ဆောင်နိုင်ကြလိမ့်မည်။ ကျွန်ုပ်တို့၏ပိုက်ကွန်များပြဲနေသောကြောင့် မြောက်မြားစွာသောဝိညာဉ် များပျောက်ဆုံးနေရခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ပိုက်ကွန်များဖြင့် များစွာ
သောငါးများကိုအုပ်မိနိုင်ရန် ကျွန်ုပ်တို့ယုံကြည်သူအချင်းချင်းများကြား၌ စည်းလုံးမှုရှိကြရန် အလွန်အရေးကြီးပါသည်။ မိမိကျရာတာဝန်နှင့်တတ် နိုင်သည့်အတိုင်းအတာဖြင့် အားလုံးပါဝင်လုပ်ဆောင်ကြမည်ဆိုရင် လှေ နှစ်စရာအကြောင်းမရှိသလို၊ ငါးများသည်လည်း လက်ထဲမှလွတ်သွားစရာ အကြောင်းရှိမည်မဟုတ်ပေ။
ချစ်သောမိတ်ဆွေ၊ အကယ်၍ ကျွန်ုပ်သည် ဘုရားသခင်၏ ဝိညာဉ်တော်မစခြင်းအားဖြင့် တစ်စုံတစ်ခုကို ပြီးမြောက်မည်ဆိုလျှင် ကျမ်း စာကိုအခြေခံပြီး အမှုတော်လုပ်ငန်းအတွက် အောက်ပါ လမ်းညွှန်ချက်ကို လက်ခံစေရန် သင့်အား အဆင်သင့် ဖြစ်စေမည်ဟု ကျွန်ုပ်မျှော်လင့်ပါ သည်။ အစေခံရန် အကောင်းဆုံးနည်း လမ်းကား ဘုရားသခင်၏စကား တော်အတိုင်း လုပ်ဆောင်ခြင်းဖြစ်သည်။ ဘုရားသခင်အား အစေခံခြင်းကို ကျွန်ုပ်တို့၏ခွန်အားဖြင့် မလုပ်ဆောင်ရန် ကျွန်ုပ်ဆုတောင်းသည်။ ကျွန်ုပ် တို့သည် သခင်ဘုရား၏နာမတော်အားဖြင့် ဟောပြောသက်သေခံကြရ မည်။ အကြောင်းမှာ ထိုသို့ဟောပြောသက်သေခံရန် ခေါ်ယူတော်မူသံကို
ကျွန်ုပ်တို့တိတိကျကျကြားခဲ့ကြရပြီဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် မည်သည့်အမှုအရာ၌မဆို ကိုယ်တော်၏အမိန့်တော်အတိုင်း လှုပ်ရှားပြုမှု ကြရမည်။ ။
သင့်ပိုက်ကွန်ကို ပစ်ချလိုက်သောအခါ လှေပေါ်၌ ခရစ်တော် ထိုင်နေသည်ကို မြင်တွေ့ရခြင်းသည် ကြီးမားသောကောင်းချီးမင်္ဂလာတစ် ပါးဖြစ်သည်။ သူ၏အပြုံးတစ်ချက်ကို သင်မြင်တွေ့လိုက်သည်နှင့်တ ပြိုင်နက် သင်သည် ပို၍ကြိုးစားလုပ်ဆောင်လာပါလိမ့်မည်။ သင်၏လုပ်
ဆောင်ချက်အပေါ်မှာ ကဲ့ရဲ့ လှောင်ပြောင်မည့်သူများရှိနေကြသော်လည်း သင်သည် ယုံကြည်စိတ်ချမှုအပြည့်နှင့် ဆက်လုပ်နိုင်မည်ဖြစ်သည်။ အ
ကြောင်းမှာ သင်လုပ်ဆောင်သောအရာသည် သခင်ခိုင်းသည့်အရာဖြစ် နေမှန်း ရှင်းရှင်းလင်းလင်းသိနေသောကြောင့်ဖြစ်သည်။ သခင့်အပေါ်၌ လည်း လုံးလုံးမှီခိုအပ်နှံခြင်း ရှိရမည်ဖြစ်သည်။ လူတို့၏အသိအမှတ်ပြု ခြင်းကိုခံချင်သောစိတ်၊ အောင်မြင်ကျော်ကြားချင်သောစိတ်ကြောင့် လုပ်
ဆောင်နေခြင်းမဟုတ်ရဘဲ သခင်ဘုရား၏အမိန့်တော်ကိုရရှိသောကြောင့် လုပ်ဆောင်ခြင်းဖြစ်ရပါမည်။
ကျွန်ုပ်၏ညီအစ်ကိုများက ကျွန်ုပ်အပေါ်ပြောလေ့ရှိသည့်စကား ကို ကျွန်ုပ်ကောင်းကောင်းမှတ်မိသေးသည်။ သူတို့က ကျွန်ုပ်အား “သင် ဟာ သေနေတဲ့အပြစ်သားတွေကို တရားဟောနေတယ်။ သူတို့နောင်တရ ဖို့၊ ယုံကြည်ဖို့ သင်တိုက်တွန်းတယ်။ သင့်ရဲ့ လုပ်ဆောင်ချက်က ဘာနဲ့တူ သလဲဆိုရင်သင်္ချိုင်းထဲက လူသေတွေကိုလက်ကိုင်ပုဝါဝှေ့ယမ်းပြီး ထလာ ကြဖို့ အမိန့်ပေးနေတာနဲ့တူတယ်” ဟုဆိုကြ၏။ သူတို့ပြောစကားသည် အ မှန်တရားပင်ဖြစ်သည်။ သင်္ချိုင်းထဲကလူတို့ကို ပုဝါဝှေ့ယမ်းပြီး ထလာကြဖို့ အမိန့်ပေးခြင်းအလုပ်၌ပို၍နှစ်သက်မွေ့လျော်သည်။ အကြောင်းမှာ ကျွန်ုပ် ကိုယ်တိုင် ထိုသို့သောအခြေအနေထဲမှ ယေရှုက အသက်ပြန်ရှင်စေခဲ့ သောကြောင့်ဖြစ်သည်။ ကျွန်ုပ်လုပ်နေသည့် အမှုတော်လုပ်ငန်းကို ဝမ်း မြောက် ကြည်နူးမှုအပြည့်နှင့် လက်ခံပြီး လုပ်ဆောင်နေရခြင်းဖြစ်သည်။
မျက်မှောက်လောကီပညာရှင်များက သတင်းကောင်း၏ရည်ရွယ် ချက်ကို မှေးမိန်အောင်လုပ်ဆောင်လာလေလေ ယေရှုအသေခံခြင်းနှင့်
စပ်ဆိုင်သောဟောပြောချက် မူလလက်ဟောင်းကို ကျွန်ုပ်တို့ဆုပ်ကိုင် ထားလေ လေဖြစ်ရပါမည်။ ကျွန်ုပ်တို့သည် မည်သည့်အကြောင်းကြောင့် ဖြစ်နေပါစေ၊ ခရစ်တော်၏အသေခံခြင်းတရား၊ ထမြောက်ခြင်းတရားနှင့် မကင်းလွတ်နိုင်အောင် ပါဝင်ပတ်သက်နေသူများဖြစ်ကြသည်။ အမှန်မှာ ကျွန်ုပ်တို့သည် မိမိတို့၏အငန်းအတာများအပေါ်မှာထက် ခရစ်တော်ပေး အပ်သည့်တာဝန်အပေါ်၌ ပို၍တာဝန်ကျေသောသူများဖြစ်ရမည်။
ကျွန်ုပ်သည် လောကမှာ အမြင့်ဆုံးသောပညာများကို တတ် မြောက်ပြီး သခင်ဘုရား၏နှုတ်ကပတ်တော်ကို မထီမဲ့မြင်ပြုသောသူဖြစ်ရ သည်ထက် ခရစ်တော်ခိုင်းသည့်အလုပ်ကိုလုပ်ပြီး ရူးနေသည်ကို ပိုပြီးနှစ် သက်ပါသည်။ လောကမှာ တစ်ကိုယ်ကောင်းဆန်ဆန်ဘဝ၏ရည်ရွယ် ချက်ကိုရှာဖွေပြီး ကိုယ့်ကိစ္စကို ကိုယ်ရှင်းရမည့်အဖြစ်ထက် သခင်ဘုရား ၏ခြေတော်ရင်း၌ မိမိအသက်တာတစ်ခုလုံးကို ဆက်ကပ်အပ်နှံပြီး သူ၏ အမိန့်တော်အတိုင်း အသက်ရှင်ခြင်းကို ပို၍နှစ်သက်သည်။ ခရစ်တော်၏ အမိန့်တော်အောက်မှာ အသက်ရှင်ဖို့ဆန္ဒရှိကြပါစို့။ ကိုယ်တော်၏အမိန့် တော်ထဲတွင် ခက်ခဲရုန်းကန်ခြင်းများကိုသည်းခံရန် ဆန္ဒရှိကြပါစို့။ ယခုချိန် ကစပြီး အစေခံခြင်းထဲမှာ အသစ်တစ်ဖန် အစပြုဖို့ ဆန္ဒရှိကြပါစို့။
အခန်း ၅
ချစ်ခြင်းမေတ္တာ၏
ပညတ်ချက်နှင့်အသက်
သင်တို့သည် ငါ့ကိုချစ်လျှင် ငါ၏ပညတ်ချက်များကို စောင့်ထိန်းကြ
လိမ့်မည်။ (ယောဟန်၊ ၁၄:၁၅ MSB) ၊
ယောဟန်အခန်းကြီး တစ်ဆယ့်လေးသည် တစ်မူထူးစွာ ဧကန် အမှန်ဖြစ်သောအရာများနှင့် ပြည့်နှက်ပြီး “လျှင်” ဟူသောစကားလုံးများ နှင့်ထူးထူးခြားခြားဖော်ပြထားသည်။ ဤအခန်းတွင်အကြီးမြတ်ဆုံးသောအ ရာများနှင့်ပတ်သက်၍ “လျှင်” ဟူသောစကားလုံး မရှိသင့်ပေ။ သို့သော် “လျှင်”ဟူသောစကားလုံးကိုတွေ့ရသည်။ ဤအခန်းတွင် “လျှင်” ဟူသော စကားလုံးကို ခုနှစ်ကြိမ်ထက်မနည်းတွေ့ရသည်။ တွဲဖက်အသုံးပြုသည့် အကြောင်းအရာများသည် အသေးအဖွဲ့ ကိစ္စမဟုတ်ဘဲ လေးနက်သောအ
ကြောင်းအရာများနှင့် ဆက်စပ်နေပါသည်။ “လျှင်”ဟူသောစကားလုံးတိုင်း
သည် ဖော်ပြထိုက်သောအကြောင်းအရာများနှင့် ဆက်စပ်ပြီး ၎င်းထဲမှအ ကျိုးဆက်များထွက်ပေါ်လာမည်။
အပိုဒ်ငယ် ၂ ကို ကြည့်ကြစို့။ ငါ့အဘ၏အိမ်တော်၌ နေစရာအ ခန်းအများရှိ၏။ သို့မဟုတ်လျှင် မဟုတ်ကြောင်းကိုသင်တို့အား ငါ မပြော ဘဲမနေ။ အကယ်၍ ဘုန်းတော်နှင့် ပြည့်သောပြည်၌ ကျွန်ုပ်တို့အဖို့ နေရာ မရှိလျှင် ကျွန်ုပ်တို့ကိုယေရှုပြောပြပါလိမ့်မည်။ သမ္မာတရားဖွင့်ပြခြင်းမရှိခဲ့ လျှင်ကျွန်ုပ်တို့၏မျှော်လင့်ချက်သည် မိုက်မဲ့သောအရာဖြစ်ပြီး ၎င်းနှင့်ပတ် သက်၍ သခင်ယေရှုသတိပေးပါလိမ့်မည်။ အကြောင်းမှာ ကိုယ်တော်သည် ကျွန်ုပ်တို့ကိုကောင်းကင်ဘုံသို့ခေါ်ဆောင်သွားရန် လာရောက်ဖြားယောင်း ခြင်းမဟုတ်သလို လှည့်စားခြင်းလည်းမဟုတ်ပေ။
ထာဝရဘုရားသည်“မြေကြီး၏မှောင်မိုက်သောအရပ်၌ လျှို့ဝှက် စွာမမြွက်ဆို” (ဟေရှာ၊ ၄၅:၁၉ စံမီကျမ်း)။ ကိုယ်တော်သည် သူဖွင့်ပြခဲ့ သောနှုတ်ကပတ်တော်နှင့်ဆန့်ကျင်ဘက်မိန့်ဆိုခြင်းမရှိပေ။ သူ၏လျှို့ဝှက် သောပမာဏများနှင့်နက်နက်သောပုံစံတို့၌ မည်သည့်အရာကမျှ ကျွန်ုပ် တို့၏ယုံကြည်စိတ်ချမှုနှင့်မျှော်လင့်ချက်တို့ကို မတုန်လှုပ်စေနိုင်ပေ။ “မရှိပါ က မရှိကြောင်း သင်တို့အား ငါပြောခဲ့ပေလိမ့်မည်။” အကယ်၍ ၎င်း၌ သင် ၏မျှော်လင့်ချက်ကို ထိခိုက်စေမည့်လျှို့ဝှက်သောအရာရှိပါက သင်သည် လှည့်စားခြင်းမခံစေခြင်းငှာ ၎င်းကို အလင်းရှိရာသို့ ဆွဲယူရပါမည်။ အ
ကြောင်းမှာ သခင်ယေရှုသည် တပည့်တော်တို့အား သဘောမတွေ့သော တရား၏ချုပ်တည်းခြင်းဖြင့် အနိုင်မယူလိုပေ။အကယ်၍အဆုံးတွင် သင်၏ မျှော်လင့်ချက်ကို လှည့်စားစေမည့်ဖွင့်ပြချက်တစ်ခုခုရှိမည်ဆိုပါက သင် သည် ၎င်းကို သိကျွမ်းအောင် လုပ်ယူရမည်။ ယေရှု ကိုယ်တော်တိုင်သည် ဝမ်းနည်းဖွယ်သတင်းကို သင့်အဖို့ ချိုးပျက်ပေးလိမ့်မည်။ ဝမ်းနည်းဖွယ်ဖြစ် ၊ ရပ်ကို သင်ကိုယ်တိုင်တွေ့မြင်ခြင်းအားဖြင့် ထိတ်လန့်စေရန် ကိုယ်တော် သည် သင့်ကိုစွန့်ပယ်မည်မဟုတ်ပေ။ ကိုယ်တော်သည် ကြင်နာစွာဖြင့် “သင်တို့အား ငါပြောပြခဲ့ပေလိမ့်မည်” ဟု ထုတ်ဖော်လေသည်။ အပိုဒ်ငယ် ၃ မှာ”လျှင်” ဟူသောစကားလုံးနှင့်၎င်း၏အကျိုးဆက်ကို ကျွန်ုပ်တို့တွေ့ရ ပြန်သည်။ “ငါ သည်သွား၍ သင်တို့နေစရာအရပ်ကိုပြင်ဆင်ပြီးမှ တစ်ဖန် ၊
လာပြန်၍ ငါ ရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှာ သင်တို့ကို ငါ့ထံသို့သိမ်း ဆည်းမည်။” ယေရှုခရစ်တော်သည် ပြန်သွားပြီးလျှင် စီစဉ်ထားသောအ ချိန်၌ပြန်လာလိမ့်မည်။ သူသည် ပြန်သွားရသောကြောင့် တစ်ဖန်ပြန်လာ အုံးမည်။ အကြောင်းမှာ ကိုယ်တော်သည် ကျွန်ုပ်တို့အား သူ့အပေါ် အား ကိုးစေလိုသောကြောင့်တည်း။ ယေရှုသည် သူ့ကိုဝန်းရံလျက်ရှိသော နောက်လိုက်များထံမှ အထက်ကောင်းကင်ဘုံသို့ တက်သွားရသည့်အ
ကြောင်းကို ကျွန်ုပ်တို့မေးခွန်းမထုတ်လိုပေ။ ထိုသို့အထက်ကောင်းကင်ဘုံ ၊ အရပ်သို့တက်သွားသည်ကိုလည်း သူ့နောက် လိုက်များတွေ့ မြင်ကြသည်။ မိုးတိမ်သည် ကိုယ်တော်ကို သူတို့မြင်ကွင်းမှ ဆောင်ယူသွားခြင်းနှင့်ပတ် သက်၍သူတို့၌ မည်သည့်သံသယမျှမရှိခဲ့ပေ။ ထို့ပြင် သူတို့သည် အထက်
ကောင်းကင်အရပ်မှ ကောင်းကင်တမန်၏ပြောစကားဖြစ်သည့် “သင်တို့ မျက်မှောက်၌ ကောင်းကင်သို့ကြွသွားတော်မူသည်နည်းတူ တဖန်ကြွလာ
တော်မူလတံ့ (တမန်၊ ၁:၁၁) ဟူသောစကားကြောင့် စိတ်ချမှုကိုရရှိကြ ၏။ သူ၏အိမ်တော်သို့ ကိုယ်တော်တက်သွားခြင်းသည် ကျွန်ုပ်တို့ထံသို့ တစ်ဖန်ပြန်လာရန် သူ့ကိုလှုံ့ဆော်စေသည် သာမကဘဲ သူ့အတွက် ကတိ ကဝတ်တစ်ခုဖြစ်ပါသည်။“ငါ သည် သွား၍ သင်တို့နေစရာအရပ်ကိုပြင် ဆင်ပြီးမှတစ်ဖန်လာပြန်၍ ရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှာသင်တို့ကို ထံသို့သိမ်းဆည်းမည်။”
နောက်တစ်ခု “လျှင်” ဟူသောစကားလုံးသည် အပိုဒ်ငယ် ၇ ၏ အစပိုင်းတွင် ဤသို့တွေ့ရသည်။ “သင်တို့သည် ငါ့ကိုသိလျှင် ငါ့ခမည်း
တော်ကိုလည်း သိကြလိမ့်မည်။” ကျွန်ုပ်တို့သည် သခင်ယေရှုကို အမှန် သိရှိလျှင် ဘုရားသခင်ကိုလည်း သိရှိကြသည်။ အမှန်မှာ ဘုရားသခင်၏ သားတော်ယေရှုမှတစ်ပါး ဘုရားသခင်ကို မှန်မှန်ကန်ကန်သိရှိနိုင်ရန် အ ခြားလမ်းမရှိပေ။ လူတို့သည် ကာလကြာမြင့်စွာ ဘုရားသခင်ရှိသည်ကို သန့်ရှင်းဖြူစင်စွာနှင့်ရိုးစင်းစွာ မသိရှိခဲ့ကြသည်မှာ မှန်ကန်ကြောင်း ထင် ရှားလျက်ရှိသည်။ အကယ်၍ လူတို့သည် သိပ္ပံပညာရပ်၌ အလွန်တတ်
မြောက်ကြမည်ဆိုပါက လူ့ဇာတိကိုခံယူသောဘုရားသခင်တည်းဟူသော ခရစ်တော်ထံမှရွေ့သွားကြပေမည် သို့မဟုတ် ထိုလူတို့သည် အနှေးနှင့်
အမြန် ဘုရားသခင်ထံတော်ပါးမှ အားလုံးအတူတကွ နောက်ဆုတ်သွား ကြပါလိမ့်မည်။ သူတို့သည် လူ့ဇာတိခံယူသောခရစ်တော် ကိုစွန့်လွှတ် လိုက်သည်နှင့်တပြိုင်နက် တောင်ထိပ်ပေါ်မှစတင် လျှောဆင်းနေပြီဖြစ် ပြီး သူတို့အတွက် ခြေကုပ်ရမည့်နေရာရှိမည်မဟုတ်တော့ပေ။
“ငါ့ကိုအမှီမပြုလျှင် အဘယ်သူမျှခမည်းတော်ထံသို့မရောက်ရ” (ယော၊ ၁၄:၆)။ သားတော်၌ မိမိ၏ယုံကြည်ခြင်း မစောင့်ထိန်းသောသူ သည် ခမည်းတော်ထံ၌လည်း စောင့်ထိန်းမည်မဟုတ်ပေ။ ခရစ်တော်ကို သိသောသူတို့သည် ခမည်းတော်ဘုရားသခင်ကိုလည်း သိရှိသည်။ သို့
သော် ကယ်တင်ရှင်ကို မသိကျိုးကျွန်ပြုသောသူတို့သည် ဘုရားသခင်ကို လည်း မသိကျိုးကျွန်ပြုကြသည်။ ထိုသို့သောသူတို့သည် သူတို့၏ဘာ သာရေးလောက၌ ဝါကြွားခြင်းရှိကြသည်။ သူတို့သည် ဘုရားတစ်ပါးပါးကို သိကြသော်လည်း အသက်ရှင်၍ စစ်မှန်သောဘုရားကို မသိကြပေ။ ယေရှုကို လက်ခံသောသူများသာလျှင် အသက်ရှင်၍ စစ်မှန်သောဘုရား ကိုသိရှိကြသည်။ နေရာအနှံ့၌ အကြိမ်ပေါင်းများစွာ ကျွန်ုပ်တို့ကြားခဲ့ရ သည့်ခမည်းတော်ဘုရားသခင်ကို လူ့ဇာတိခံယူပြီး ကိုယ်စားပြုအသေခံ
တော်မူသောယေရှုခရစ်တော်အားဖြင့်သာ မြင်တွေ့နိုင်သည်။ နားမလည် နိုင်သောအရာနှင့်မမြင်နိုင်သောအရာကို ကျွန်ုပ်တို့များစွာမရရှိမီ ကျွန်ုပ် တို့သည် ယေရှုကို အရင်ရှင်းလင်းစွာမြင်ကြရမည်။ ကျွန်ုပ်တို့သည် လူ့ဇာ တိအဖြစ်ကိုခံယူသော သားတော်ယေရှုခရစ်တော်၏ဘုန်းကို ဖူးမြင်ရကြ သည်။ သူသည် ကျေးဇူးတော်နှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်း ကောင်း ပြည့်စုံသောဘုရားဖြစ်သည် (ယော၊ ၁:၁၄)။
နောက်တစ်ခု “လျှင်”ကို အပိုဒ်ငယ် ၁၄ မှာ ဤသို့တွေ့ရသည်။ “သင်တို့သည် ငါ၏နာမကိုအမှီပြု၍ တစ်စုံတစ်ခုသောဆုကိုတောင်းလျှင်
တောင်းသည်အတိုင်း ပြုမည်။” ဤနေရာ၌တွေ့ရှိသည့် “လျှင်” ဟူသော စကာရပ်သည် ကျွန်ုပ်တို့၏ဆုတောင်းခြင်းနှင့်ပတ်သက်၍ မရေရာမသေ ချာသကဲ့သို့ဖြစ်သော်လည်း သေချာသောသခင်ယေရှု၏နာမတော် (ဝါ) အတတ်ပြောနိုင်သောသခင်ယေရှု၏နာမတော်အားဖြင့် ဆုတောင်းသော အခါ ဘုန်းတော်နှင့်ချိတ်ဆက်လာပါသည်။ သို့ဖြစ်၍ ယေရှုက “တောင်း ၊
သည်အတိုင်း ငါ ပြုမည်” ဟု ပြောဆိုခြင်းဖြစ်သည်။ ဤနေရာတွင် ကျွန်ုပ် တို့၏သခင်ဘုရားက အနန္တတန်ခိုးရှင်ပုံစံအနေဖြင့် ပြောဆိုနေခြင်းဖြစ် သည်။ ကျွန်ုပ်တို့က “ငါပြုမည်” ဟူ၍ ပြော၍မရပေ။ “ပြုမည်” ဟူသော စကားရပ်သည် ခရစ်တော်နှင့် တိုက်ရိုက်သက်ဆိုင်သည်။ သူသည် အဖြေ ပေးနိုင်သည်။ သူသာလျှင် အဖြေပေးနိုင်သူဖြစ်သည်။ သို့ဖြစ်၍ သူသည် ကြိုတင်မှာယျာထားခြင်းမရှိဘဲ “ငါပြုမည်” ဟုပြောဆိုခြင်းဖြစ်သည်။ “သင် တို့သည် ငါ၏နာမကို အမှီပြု၍ တစ်စုံတစ်ခုသောဆုကို တောင်းလျှင်
တောင်းသည်အတိုင်း ပြုမည်။” ကျွန်ုပ်တို့သည် “လျှင်” ဟူသောစကား လုံးကို အရင်ဆုံးစဉ်းစားတွေးတောခြင်းမရှိဘဲ သခင်ယေရှုနာမတော်၌ အဆက်မပြတ်အသနားခံတောင်းလျှောက်ကောင်း တောင်းလျှောက်ပါ လိမ့်မည်။ ကျွန်ုပ်တို့၏ဆုတောင်းခြင်းထဲတွင် အခွင့်အာဏာရှိသော “ယေရှု ၏နာမတော” ကိုရွတ်ဆိုသောအခါ ရွေ့လျော့ခြင်းမရှိဘဲ မဆုတ်မနစ်အ သနားခံရမည်ဖြစ်သည်။ ယေရှု၏နာမတော်ကို ရဲဝံ့စွာအသုံးပြုပါ။ အဖြေ မရမှာစိုး၍ စိုးရိမ်ကြောင့်ကြဖို့ မလိုပေ။ ကောင်းကင်ဘုံရှင်ကြီးမြတ်သော ခမည်းတော်ဘုရားသခင်သည် တန်ခိုးနှင့်ပြည့်သော မိမိသားတော်၏နာမ ၊
တော်ကို မည်သည့်အခါမျှ ငြင်းပယ်မည်မဟုတ်ပေ။ သားတော်ကိုယ်တိုင် ကလည်း သူ၏ကတိကဝတ်များကို မသိကျိုးကျွန်ပြုမည်မဟုတ်ပေ။ မှန် ကန်သောဆုတောင်းခြင်းသည် ပညတ်ချက်နှင့်အညီယုံမှားဖွယ်မရှိအကျိုး သက်ရောက်မှုရှိသည်။ “ထာဝရဘုရား၌ မွေ့လျော်ခြင်းရှိလော့။ သို့ပြု လျှင် စိတ်နှလုံးအလိုပြည့်စုံရသောအခွင့်ကိုပေးတော်မူမည်” (ဆာလံ၊ ၃၇ ၄)။ ကျွန်ုပ်တို့သည် ဘုရားသခင်၏နာမတော်နှင့်ဝိသေသလက္ခဏာတို့၌ ပို၍ ဝမ်းမြောက်လျှင် မိမိတို့၏ဆုတောင်းသံသည် အစဉ်အမြဲပလ္လင်တော်သို့ အမြန်ရွေ့လျားပေမည်။
“ငါ့ကိုချစ်လျှင် ငါ့ပညတ်တို့ကို စောင့်ရှောက်ကြလော့” ဟုဆို သောအပိုဒ်ငယ် ၁၅ မှာတွေ့ရသည့် “လျှင်”ဟူသောစကားလုံးကို လော လောဆယ်ဘာမျှပြောစရာမရှိသေးပေ။ ဤ “လျှင်”ဟူသောစကားလုံးထဲမှ သင်မြင်တွေ့သောတစ်စုံတစ်ရာသည် အခြားသောသူများမြင်တွေ့သော အရာနှင့် အတူတူပင်ဖြစ်သည်။ သင်တို့သည် ငါ့ကိုချစ်လျှင်” ဟူသော
စကားရပ်သည် “ပညတ်တို့ကို စောင့်ရှောက်ကြလော့” ဟူသောစကား ရပ်တစ်စုံတစ်ရာဖြစ်ပါက ၎င်းကို သဘောဝကျကျအကျိုးသက်ရောက်မှု ရှိသည်အထိ လုပ်ဆောင်သွားရပါမည်။ ။
နောက်တစ်ခု “လျှင်” ဟူသောစကားရပ်ကို အပိုဒ်ငယ် ၂၃ မှာ တွေ့ရလိမ့်မည်။ ယုဒသန်ကျမ်းစာ၌ မပေါ်လွင်သောကြောင့် မြန်မာ့စံမီ ကျမ်းအတိုင်း ရေးသားပါမည်။ “မည်သူမဆို ငါ့ကိုချစ်လျှင် ငါ့စကားကို လိုက်နာစောင့်ထိန်းလိမ့်မည်” (စံမီကျမ်း)။ ကိုယ်တော်၏အခွင့်အာဏာ ထဲသို့ကိုယ်တော်၏ဉာဏ်ပညာနှင့်ကိုယ်တော်၏နာခံခြင်းအတွက် အလေး ထားခြင်းသည် ကိုယ်တော်၏ချစ်ခြင်းမေတ္တာထဲမှကြီးထွားလာပါလိမ့်မည်။ ပေါလုကလည်း “ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်သည် ငါ တို့ကိုအနိုင် အထက်သွေးဆောင်သည်” သို့မဟုတ် လွှမ်းမိုးသည်ဟုပြောဆို၏ (၂ကော၊ ၅:၁၄)။ ယနေ့လူတို့က ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်သည် ငါ တို့ကို အနိုင်အထက်သွေးဆောင်သင့်သည်ဟု ပြောဆိုကြသည်မှာ မူရင်းဆိုလို ရင်းနှင့် လွဲနေပါသည်။ တမန်တော်ပေါလုက ခရစ်တော်၏ချစ်ခြင်းမေတ္တာ
တော်သည် ငါ တို့ကို အနိုင်အထက်သွေးဆောင်သည်ဟူ၍သာ ပြောဆို သည်၊ သင့်သည်ဟူ၍ မဟုတ်ပေ။ ထိုမေတ္တာတော်သည် စိတ်နှလုံးထဲသို့ အမှန်စင်စစ်ဝင်ရောက်ပါက ကျမ်းစာဖော်ပြသည့်အတိုင်း ဖြစ်သွားမည်။ ၎င်းသည် နိုးကြားရှင်သန်နေသည်၊ တန်ခိုးနှင့်ရွေ့လျားနေသည်။ အတွင်း ပုဂ္ဂိုလ်ကို လွှမ်းမိုးနေသည်၊ ထိုသို့အပြင်ပိုင်း၌ လုပ်ဆောင်မှုရှိလာသည်။
“မည်သူမဆို ငါ့ကိုချစ်လျှင် ငါ့စကားကို လိုက်နာစောင့်ထိန်းလိမ့် မည်။ သခင်ဘုရားကိုချစ်သောသူသည် ကျမ်းစာရှိသမျှကိုမှုတ်သွင်းသည် ဟုယုံကြည်လိမ့်မည်။ သခင်ဘုရား၏သွန်သင်ခြင်းကိုလည်း ပျက်စီးခြင်းနှင့် ကင်းသည်ဟုမှတ်ယူလိမ့်မည်။ ၎င်းကို အာရုံစိုက်၍ အောက်မေ့လိမ့်မည်။ ထို့ပြင်သခင်ဘုရား၏နှုတ်ကပတ်တော်များကို မိမိ၏အသက်တာ၌ ပြုကျင့် လျက် သူ၏နေ့စဉ်အသက်တာထဲ၌ အကောင်းဆုံးထိန်းသိမ်းသည်။
အပိုဒ်ငယ် ၂၈ နှင့် နောက်ဆုံး “လျှင်” ဟူသောစကားလုံးကို ဖော်ပြပါမည်။”သင်တို့သည်ငါ့ကိုချစ်လျှင်ခမည်းတော်ထံသို့ သွားမည်ကို
ဝမ်းမြောက်ကြလိမ့်မည်။ အကြောင်းမူကား ငါ့ခမည်းတော်သည် ငါ့ထက် သာ၍ကြီးမြတ်တော်မူ၏။”
အပိုဒ်ငယ် ၂၈ ဖြင့် နောက်ဆုံး “လျှင်” ဟူသောစကားလုံးကို ဖော်ပြပါမည်။”သင်တို့သည် ငါ့ကိုချစ်လျှင် ခမည်းတော်ထံသို့ငါ သွားမည် ကိုဝမ်းမြောက်ကြလိမ့်မည်။ အကြောင်းမူကား ငါ့ခမည်းတော်သည် ငါ့ထက် သာ၍ကြီးမြတ်တော်မူ၏။” ကျွန်ုပ်တို့၌ ခရစ်တော်အတွက် ချစ်ခြင်း မေတ္တာဉာဏ်ရည်ဉာဏ်စွမ်းရှိလာသောအခါကျွန်ုပ်တို့သည် ရှုံးနိမ့်သောသူ ကဲ့သို့ပေါ်လွင်သော်လည်း ကိုယ်တော်၏အကျိုးအမြတ်၌ ဝမ်းမြောက်ကြ ၏။ ကိုယ်ခန္ဓာအားဖြင့် ကျွန်ုပ်တို့အလယ်၌ မိမိတို့၏သခင်ဘုရားမရှိခြင်း သည် ကြီးမားသောဆုံးရှုံးမှုဟု ထင်ရသော်လည်း ထိုအထဲ၌ပင် ကျွန်ုပ်တို့ ဝမ်းမြောက်ကြသည်။ အကြောင်းမှာ ၎င်းသည် ကိုယ်တော်အဖို့ သာ၍ ကြီးမားသောဘုန်းတော်ဖြစ်သောကြောင့်တည်း။ အကယ်၍ ကိုယ်တော် သည် ဘုန်းတော်နှင့် စံမြန်းတော်မူလျှင် ကိုယ်ခန္ဓာအားဖြင့် ကျွန်ုပ်တို့အ လယ်၌ မရှိသော်လည်း ကျွန်ုပ်တို့မညည်းညူပေ။ ခမည်းတော်ရှိရာသို့ ကိုယ်တော်ထွက်ခွာသွားသည်ကိုလည်း ကျွန်ုပ်တို့လိုလိုလားလားသဘော တူသည်သာမက ထိုအဖြစ်၌ပင် ဝမ်းမြောက်ခြင်းရှိကြ၏။ ကိုယ်တော်၏ ချီးမြှောက်ခြင်း၌ ပံ့ပိုးမှုဖြစ်စေသောမည်သည့်အရာမဆို ကျွန်ုပ်တို့အတွက် ချိုမြိန်သည်။ ကျွန်ုပ်တို့သည် ကိုယ်တော်ကိုချစ်မြတ်နိုးပြီး အဖခမည်းတော် ထံသို့ဆောင်ယူခြင်းခံတော်မူသောကြောင့် ဝမ်းမြောက်ခြင်းရှိကြသည်။
ယောဟန်အခန်းကြီး ၁၄ ကိုဖတ်ရှုမည်ဆိုလျှင် သေချာပေါက် ရှိသောကောင်းကင်ဘုံနှင့်ဆိုင်သည့်အရာများနှင့် ပြည့်နှက်လျက် “လျှင်” ဟူသောစကားရပ်များဖြင့် ဟိုတစ်စဒီတစ်စရှိနေသည်ကို တွေ့ရပေမည်။
သေးငယ်သောရေအိုင်အလယ်၌ ကျောက်ဆောင်များပေါ်တွင် တွယ်ကပ် နေသည့်ရေအစက်အပျောက်များကဲ့သို့ဤ”လျှင်” ဟူသောစကားရပ်များ ၊ သည်လည်း ကောင်းကင်အလင်း၌ ဝင်းလက်ပြီး ၎င်းတို့ကို ကျွန်ုပ်တို့ ကြည့်ရှုသောအခါ လန်းဆန်းစေပါသည်။
ယခုမှာ ဤကျမ်းပိုဒ်ကို ဆင်ခြင်နှလုံးသွင်းကြပါစို့။ သန့်ရှင်းသော ဝိညာဉ်တော်သည် ဤနှုတ်ကပတ်တော်၏လျှို့ဝှက်နက်နဲရာသို့ပို့ဆောင် ပါစေဟု ဆုတောင်းလိုက်ပါသည်။ ။
“ငါ့ကိုချစ်လျှင် ငါ့ပညတ်တို့ကို စောင့်ရှောက်ကြလော့။”
ဤအပိုဒ်၏လက္ခဏာသွင်ပြင် (၃) မျိုးကို ကျွန်ုပ်တို့ကြည့်ကြ မည်။ အစပိုင်းတွင် ယခုကျွန်ုပ်တို့စဉ်းစားနေသည့် “လျှင်” သည် အလွန်
လေးနက်သောစကားလုံးဖြစ်ကြောင်း ကျွန်ုပ်တို့ကြည့်ကြရမည်။ ထို့နောက် မှ”လျှင်”ဟူသောစကားလုံးနောက်၌ ဆင်ဆင်ခြင်ခြင်ပြုရမည့်”ငါ့ပညတ် တို့ကိုစောင့်ရှောက်ကြလော့” ဟူသောဝါကျလိုက်လံသည်ကို ကျွန်ုပ်တို့ တွေ့ရသည်။ ဤအပိုဒ်သည် ချစ်ခြင်းမေတ္တာဖြင့် တည်တံ့ခိုင်မြဲမှုရှိသည် ကို ကျွန်ုပ်တို့မြင်တွေ့ကြပါလိမ့်မည်။ အင်္ဂလိပ်ကျမ်းစာတော်တော်များများ တွင် “သင်တို့သည် ငါ့ကိုချစ်လျှင် ငါ၏ပညတ်ချက်များကို သင်တို့စောင့် ထိန်းကြလိမ့်မည်” ဟုဘာသာပြန်ဆိုကြသည်။ ဆိုလိုသည်မှာ ချစ်ခြင်း မေတ္တာနောက်တွင် နာခံခြင်းလိုက်လံတတ်သည်ဟူ၍ ဖြစ်သည်။
အလွန်လေးနက်သော”လျှင်”
ဤအပိုဒ်တွင် ဖော်ပြသည့် “လျှင်”သည် အလွန်လေးနက်သော စကားလုံးဖြစ်သည်။ အကြောင်းမှာ ၎င်းသည် ကိစ္စအကြောင်းအရာ၏ ရင်းမြစ်ကိ ဆက်စပ်သောကြောင့်ဖြစ်သည်။ ချစ်ခြင်းမေတ္တာသည် စိတ်နှ လုံးနှင့်သက်ဆိုင်သည်။ ခွဲစိတ်ဆရာတိုင်းက နှလုံးရောဂါသည် အသေး အဖွဲ့မဟုတ်ကြောင်း သင့်အား ပြောပြပါလိမ့်မည်။ ကျွမ်းကျင်ဆရာဝန်က ကျွန်ုပ်အား “ဦးခေါင်းနှင့်နှလုံးမဟုတ်ရင် အခြားမည်သည့်အမှုကိစ္စမဆို အေးဆေးဖြစ်ပါတယ်” ဟူ၍ ပြောဖူးသည်။ ရှောလမုန်က “နှလုံးသည် အသက်၏အခြေအမြစ်ဖြစ်သောကြောင့် သင်၏နှလုံးကို အထူးသဖြင့် စောင့်ရှောက်လော့” ဟူ၍ ကျွန်ုပ်တို့ကို ညွှန်ကြားခဲ့သည် (သုတ္တံ၊ ၄:၂၃)။ အကယ်၍ နာရီပင်မသံပတ် ပျက်စီးသွားမည်ဆိုလျှင် နာရီတစ်ခုလုံး၏ လုပ်ဆောင်ချက်မှာသမျှသည်လည်း အလုပ်မလုပ်တော့ပေ။ ထို့ကြောင့်
ကျွန်ုပ်တို့၏ချစ်ခြင်းမေတ္တာနှင့်ဆက်စပ်သောကိစ္စကို အသေးအဖွဲ့ ဟူ၍ မယူဆသင့်ပေ။ အကြောင်းမှာ ဤအရာသည် ကျွန်ုပ်တို့အသက်ရှင်မှု၏ အရေးကြီးသောအပိုင်းနှင့်ဆက်ဆံနေသောကြောင့်ဖြစ်သည်။ အိုချစ်သော မိတ်ဆွေ၊ ယေရှုကို သင်ချစ်မြတ်နိုးရသည့်အကြောင်းနှင့်ပတ်သက်၍ မည် သည့်အရာမျှစောဒကတက်စရာမရှိဟု ကျွန်ုပ်တို့မျှော်လင့်ပါသည်။ နာခံ ခြင်းမရှိမီ ချစ်ခြင်းမေတ္တာရှိရမည်ဟူသောအရာကို ကျွန်ုပ်တို့အား သင် ကြားပေးရာတွင် မိမိတို့၏ကယ်တင်ရှင်က ဤ “လျှင်”ဟူသောစကားလုံး ကို မည်ကဲ့သို့ချထားသည်ကို လေ့လာသုံးသပ်ပါ။ ကျမ်းစကားက “ပ ညတ်တို့ကို စောင့်ရှောက်ပြီးလျှင် ငါ့ကိုချစ်ကြလော့” ဟူ၍ လုံးဝမဟုတ် ပေ။ စမ်းချောင်း၏ရင်းမြစ် သန့်ရှင်းခြင်းမရှိမချင်း စမ်းချောင်းရေ သန့်ရှင်း ခြင်းကို ကျွန်ုပ်တို့မျှော်လင့်၍မရပေ။ ကိုယ်တော်က “ငါ့ပညတ်တို့ကို စောင့်ရှောက်၍ ငါ့ကိုလည်း ချစ်ကြလော့” ဟူ၍လည်း မပြောခဲ့ပေ။ ချစ် လျှင် ဟူသောစကားရပ်ကို အရင်ဖော်ပြသည်။ အကြောင်းမှာ ချစ်လျှင် ဟူသောစကားရပ်သည်အရေးကြီးသည်သာမက အသက်တာထဲ၌ အရင် ဆုံးတွေ့ကြုံခံစားရမည့်အရာဖြစ်သောကြောင့်ဖြစ်သည်။ “ငါ့ကိုချစ်လျှင် …….. ချစ်ခြင်းမေတ္တာနှင့် ကျွန်ုပ်တို့အစပြုရမည်။ နောက်မှ “ငါ့ပညတ်တို့ကို စောင့်ရှောက်လော့” ဟူသောအရာလိုက်လံရမည်။
နာခံခြင်း၏အနှစ်သာရသည် အပြုအမူကို မဆိုင်းမတွဆောင် ရွက်စေသောချစ်ခြင်းမေတ္တာ၏လှိုက်လှဲပျူငှာခြင်း၌ တည်ရှိပါသည်။ လူ တစ်ဦးသည် သူ့အသက်တာအပြင်ပိုင်း၌ ခရစ်တော်၏ပညတ်ချက်များကို စောင့်ထိန်းကောင်းစောင့်ထိန်းပါလိမ့်မည်။ သို့သော် သူသည် ထိုပညတ် ချက်တို့ကို ဘုရားသခင်လက်ခံအတည်ပြုထားသည့် လမ်းစဉ်အတိုင်းမည် သည့်အခါမျှ မစောင့်ထိန်းခဲ့ပေ။ ထိုသူသည် မလုပ်လုပ်အောင်စေ့ဆော်မှု ကြောင့် နာခံသောသူဖြစ်လျှင် အမှန်စင်စစ်နာခံသောသူမဟုတ်ပေ။ အ ကြောင်းမှာ သူ၏စိတ်နှလုံးသည် ဘုရားသခင်ရှေ့၌ မှန်ကန်မှုမရှိသော
ကြောင့်ဖြစ်သည်။ သူ၏လုပ်ဆောင်ချက်များသည် ထိုက်တန်မှုအနည်း ငယ်သာရှိသည်။ ပညတ်ချက်များသည် ပေးအပ်သောအရှင်အဖို့အလို့ငှာ ချစ်ခြင်းမေတ္တာအားဖြင့် စောင့်ထိန်းရန်သာဖြစ်သည်။
နာခံခြင်း၏နယ်ပယ်၌ ချစ်ခြင်းမေတ္တာသည် အသက်ရှင်ခြင်းဖြစ် သည်။ ခရစ်တော်ကို ကျွန်ုပ်တို့ချစ်လျှင် ခရစ်တော်အတွက် ကျွန်ုပ်တို့အ သက်ရှင်ကြရမည်။ သခင်ဘုရားကိုယ်တိုင်အတွက် ချစ်ခြင်းဟူသည်မှာ ကျွန်ုပ်တို့၏စွန့်လွှတ်ခြင်းပင်ဖြစ်သည်။ ကျွန်ုပ်တို့သည် သခင်ဘုရားအ တွက် စွန့်လွှတ်ခြင်းကို တစ်ခါတစ်ရံမဟုတ်ဘဲ နေ့စဉ်လက်တွေ့ကျင့်သုံး ရမည်ဖြစ်သည်။ မိမိကိုယ်ကို ပြောလေ့ရှိသည့်အရာကား “ဒီနေ့ ငါ့ရုံးက လုပ်စရာအားလုံးကို ငါလုပ်ပြီးပြီ။ ဒါဆိုရင် ငါ့သခင်ရဲ့ ချစ်ခြင်းမေတ္တာထဲ တွင် သတိထားရမယ့်အရာ တစ်ခုခုကျန်နေသေးလား။ ငါ့ဘက်ကတော့ လုပ်စရာတွေ တာဝန်ကျေပြွန်တဲ့လို့ပဲပြောရမှာပဲ။ ဘာတစ်ခုမှမကျန်ခဲ့ ဘူး၊ မပျက်ကွက်ခဲ့ဘူးလို့ယူဆတယ်။ မနက်စောစောအိပ်ရာထပြီး အလုပ် ကိုသွားတယ်၊ တစ်နေ့ကုန် လုပ်စရာအလုပ်တွေ ကြိုးစားအားထုတ်ပြီး ပြီးစီးအောင်လုပ်ဆောင်ခဲ့တယ်၊ ပြီးရင် ညမိုးချုပ်မှအိမ်ပြန်ရောက်လာ တယ်။ အဲဒီလောက် ကြိုးစားပန်းစားလုပ်ဆောင်ပေမဲ့ သခင်ဘုရားအ တွက် သို့မဟုတ် သခင်ဘုရားအဖို့အလို့ငှာ မေတ္တာကိုထောက်ရှုလျက် လုပ်ဆောင်ခဲ့တဲ့အရာရှိရဲလား။”ကျွန်ုပ်သည် အမှုတော်ဆောင်တစ်ဦးဖြစ် ပြီး နှုတ်ကပတ်တော်ကို ဝေငှရန်ဖိတ်ခေါ်ခြင်းခံရသောကြောင့် သို့မဟုတ် လုပ်ရိုးလုပ်စဉ် အချိန်အခါအရ ဘုရားသခင်၏အမှုတော်ထမ်းဆောင်နေ သူသက်သက်ဖြစ်မိမှာကို စိုးရိမ်ထိတ်လန့်မိပါသည်။ ကျွန်ုပ်သည် ယေရှု၏ ချစ်ခြင်းမေတ္တာမဟုတ်ဘဲ အခြားတစ်စုံတစ်ခု၏စွမ်းပကားအားဖြင့် စေ့ ၊
ဆော်ခြင်းခံမိမှာကိုလည်း စိုးရိမ်လျက်နေသည်။ ဤကဲ့သို့စိုးရိမ်ထိတ်လန့် ခြင်းသည် ကျွန်ုပ်ကို မကြာခဏနှိမ့်ချစေ၍ မိမိ၏လုပ်ဆောင်ချက်အပေါ် ဂုဏ်ယူပီတိဖြစ်ပြီး သခင်ဘုရား၏ဘုန်းတော် လုယူခြင်းမှတားဆီးပေးပါ
သည်။
သခင်ဘုရားကို ကျွန်ုပ်တို့ချစ်မှသာ ကျွန်ုပ်တို့၏နာခံခြင်းသည် မှန်ကန်မှုရှိနိုင်ပြီး လက်ခံဖွယ်ဖြစ်သည်။ ကျွန်ုပ်တို့သည် သခင်ဘုရားကို ချစ်သောကြောင့် ဖြောင့်မှန်သောအရာလုပ်ဆောင်ခြင်းသည် ကျွန်ုပ်တို့၏ အသက်ရှင်ခြင်း အဓိကစိတ်ဝင်စားစရာဖြစ်သင့်သည်။ ကျွန်ုပ်တို့သည် အာဗြဟံလုပ်ဆောင်ခဲ့သည့်အတိုင်း ဘုရားသခင်ရှေ့တော်မှောက်၌
လျှောက်လှမ်းရမည်။ နောကဲ့သို့သခင်ဘုရားနှင့်အတူ လျှောက်လှမ်းကြ သည်။ သို့မဟုတ်လျှင် သခင်ဘုရားအတွက် ကျွန်ုပ်တို့၏အသက်ရှင်ခြင်း သည် အဆက်မပြတ် ကန့်သတ်ချုပ်ချယ်ခြင်းခံရသောချစ်ခြင်းမေတ္တာ
အောက်၌သာရှိနေရပေမည်။ ထိုသို့ဖြင့် ကျွန်ုပ်တို့သည် ဆိုးဆိုးဝါးဝါးကျ ရှုံးသွားပေမည်။ ။
ချစ်ခြင်းမေတ္တာမရှိလျှင် ၊
အလိုလေ၊ သိရှိသမျှ အချည်းနှီး၊
ကျွန်ုပ်တို့၏ကြောက်ရွံ့ခြင်း မှာသမျှ အချည်းနှီး၊
ကျွန်ုပ်တို့၏အားထုတ်မှုနှင့်နာကျင်ခြင်းသည်လည်း အချည်းနှီး။
ချစ်သောမိတ်ဆွေ၊ စစ်မှန်သောအသက်တာ၏အတွင်းပိုင်း၌ အ မှန်တကယ်ဖြစ်ပျက်နေသောအရာသည် အပြင်ပိုင်းအသွင်သဏ္ဌာန်ကို အလေးပေးသောအသက်တာနှင့် အဘယ်မျှလောက် ဝေးကွာနေသည်ကို တွေ့မြင်နိုင်ပါသည်။ စစ်မှန်သောကျေးဇူးတော်၏အခြေချရာနေရာသည် အလွန်နက်ရှိုင်းပါသည်။ သင့်စိတ်နှလုံးသည် အသစ်ပြုပြင်ခြင်းမခံရမချင်း ခရစ်တော်ကို ဝမ်းမြောက်စေသည့်ပြုလုပ်ဖို့ မမျှော်လင့်ပါနှင့်။ ဘုရားသခင် အပေါ် ရန်လိုသောစိတ်ထားဖြင့် ဘုရားတရားအမှုကိစ္စလုပ်ဆောင်ခြင်း၊ သည် လက်ခံဖွယ်သောအရာမဟုတ်ပေ။ သင့်လက်ဖြင့် လုပ်ဆောင်နေ
သောအရာများနှင့်သင့်နှုတ်ဖြင့် ပြောဆိုလျက်ရှိသောအရာတို့သည် အဓိ ကမကျဘဲ သင့်စိတ်နှလုံးထဲ၌ မည်သည့်အရာကိုဆိုလို၍ မည်သည့်အ ရာကိုရည်ရွယ်သနည်းဟူသောအရာသည်သာ အဓိကကျသည်။ သင်၏ ချစ်ခြင်းမေတ္တာသည် မည်သည့်လမ်းသို့ဦးတည်နေပါသနည်း။ ဘဝအ သက်တာ၏ယန္တရားတစ်ခုလုံးကို ရွေ့လျားစေသည့်ကြီးမားသောဟန်ဘီး သည် စိတ်နှလုံးထဲ၌ တပ်ဆင်လျက်ရှိသည်။ ထို့ကြောင့် “ငါ့ကိုချစ်လျှင်” ဟူသောစကားသည် အခြေအနေအရပ်ရပ်တိုင်း၌ အရေးပါဆုံးဖြစ်သည်။
ဤစကားလုံးများသည် အဖြေကို ရှေ့ဖွေလျက်သည်။ ထိုအဖြေ များ၏အသံကို ကျွန်ုပ်ကြားသောအခါ ကျွန်ုပ်ခုန်ချလိုက်သည်။ ယေရှု ခရစ်တော်ကို မိမိကယ်တင်ခြင်းအတွက် ယုံကြည်လက်ခံသောသူသည် ၊မိမိ၏ယုံကြည်ခြင်း အသီးအပွင့်အဖြစ် ခရစ်တော်ကို ချစ်မြတ်နိုးလာရ သည်။ ဤချစ်ခြင်းမေတ္တာသည် ကျွန်ုပ်တို့အထဲ၌ ပြည့်လျှံနေရမည်၊ သို့မ ဟုတ်လျှင် မည်သည့်အရာမျှမှန်ကန်သောအရာဟူ၍ရှိမည်မဟုတ်ပေ။ ထုပ်ပိုးထားသည့် ချစ်ခြင်းမေတ္တာ၏သေတ္တာထဲတွင် သန့်ရှင်းသောအရာ မှာသမျှကို သင်တွေ့ရှိလိမ့်မည်။ သင်၌ ချစ်ခြင်းမေတ္တာမရှိလျှင် မည် သည့်အရာရှိသနည်း။ သင်သည် လက်ချောင်းတို့ဖြင့် အမှုတော်ဆောင် ရွက်၍ သင့်မျက်လုံးကို နောင်တမျက်ရည်နှင့် ပြည့်စေလျက် သင့်ဒူးတို့ကို ခက်ခဲစွာထောက်သဖြင့် သင့်လည်ချောင်းကို အော်ဟစ်ခြင်းဖြင့် ခြောက် ကပ်စေသည့်တိုင်အောင် သင်၏စိတ်နှလုံးသည် ချစ်ခြင်းမေတ္တာနှင့် ရိုက် ခတ်ခြင်းမရှိပါက သင်၏ဘာသာတရားသည် ဆောင်းဦးရာသီ၌ ခြောက် သွေ့သောသစ်ရွက်ကဲ့သို့ မြေပေါ်သို့ကြွေကျလာပါလိမ့်မည်။ ချစ်ခြင်း မေတ္တာသည် နာခံခြင်း၏လက်ကောက်တွင် အဓိကရတနာဖြစ်သည်။ ” ကိုချစ်လျှင် ငါ့ပညတ်တို့ကို စောင့်ရှောက်ကြလော့”ဟူသောကျမ်းပိုဒ်ကို ပြန်ဖတ်၍ ၎င်းကို သေချာမှတ်လော့။
ဤကျမ်းပိုဒ်အရ အရေအတွက်များလှသောဘာသာရေးသည် အသုံးမရတော့သောအဖြစ်သို့ ပစ်ပယ်ခြင်းခံရမည်။ လူတို့သည် ဘုရား
ကျောင်းကို ပုံမှန်သွားလျက် သူတို့၏ဘဝတစ်လျှောက်လုံး၌ ဘာသာ အရားကိုင်းရှိုင်းသောသူများဖြစ်ကောင်းဖြစ်ကြပါလိမ့်မည်။ ထိုသူတို့၏ပြုမူ ကျင့်ကြံခြင်းသည် ထောက်ပြစရာမရှိ၊ အပြစ်မဲ့နေသည်ဟု ထင်ရသော် လည်း သူတို့၌ မည်သည့်အရာမျှမရှိပေ။ အကြောင်းမှာ အစဉ်မင်္ဂလာရှိ
သောခရစ်တော်အတွက် သူတို့ပြောဆိုလေ့ရှိသည့်သူတို့၏ယုံကြည်ခြင်း ၊ အုတ်မြစ်တွင် ချစ်ခြင်းမေတ္တာရှိသောကြောင့်ဖြစ်သည်။
သာသနာပလူတို့သည် ကလီစာအားဖြင့် အနာဂတ်မှာ ဖြစ်ပျက် လာမည့်အရာများကို ဟောပြောရန် ယဇ်ကောင်များကို သတ်သောအခါ ယဇ်ပုရောဟိတ်ထံမှသူတို့ရရှိသည့်အဆိုးဆုံးနိမိတ်ကား ကလီစာထဲတွင် နှလုံးမပါခြင်း (ဝါ ) ရှုံ့တွပြီး အလွန်သေးငယ်သောနှလုံးသာရှိနေခြင်းဖြစ် သည်။ အနာဂတ်ဟောသူများက ထိုသို့သောနိမိတ်များသည် ဘေးဒုက္ခ ဆိုက်ရောက်ရာဖြစ်ကြောင်း အမြဲပြောလေ့ရှိကြသည်။ ထိုသို ယဇ်ပူဇော်
ရာတွင် နှလုံးမပါရှိခြင်း သို့မဟုတ် ရှိနေသော်လည်း မပြည့်စုံခြင်းတို့သည် အလွန်ပင်ဆိုးဝါးပါသည်။ ထိုနိမိတ်သည် ဘာသာတိုင်းအတွက်ဖြစ်စေ၊ ဘာသာရေးသမားတစ်ဦးချင်းစီအတွက်ဖြစ်စေ အထူးသဖြင့် မှန်ကန်မှုရှိ သည်။ ကျွန်ုပ်တို့လူသားများကို ရှာဖွေလျက်နေသောကိုယ်တော်သည် လည်း အဓိကအားဖြင့် ကျွန်ုပ်တို့၏စိတ်နှလုံးကို ရှာဖွေလျက်နေသည်။ လူသားတို့ကို စမ်းသပ်လျက်နေသောကိုယ်တော်သည် လူတို့၏စိတ်နှလုံး ကို အဓိကစမ်းသပ်လျက်နေသည်။
ကျွန်ုပ်တို့နှင့်အတူပါရှိသောကိုယ်တော်သည် အသံမမြည်ဘဲ လျှောက်လှမ်းလျက်၊ ရွှေနှင့်ဆင်မြန်းသောရင်အုတ်တန်ဆာကို ဝတ်ဆင် ကာ ခြေဖဝါးတိုင်အောင် နှင်းပွင့်ပမာဖြူဖွေးသောဝတ်လုံကိုခြုံထားပါ သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အရောက်စီတိုင်းရှေ့၌ ရပ်လျက် “သင် သည် ငါ့ကိုချစ်သလား” ဟု မေးကာ အဖြေကို စောင့်ဆိုင်းနေပါသည်။ ထို သို့သုံးကြိမ်တိုင်တိုင် မေးလျက်နေတော်မူသည် (ယောဟန်၊ ၂၁:၁၅-၁၇)။ ထိုမေးခွန်းသည် အလွန်အရေးပါသောမေးခွန်းဖြစ်သည်။ ဖြေကြားရန် မငြင်းဆိုမိပါနှင့်။ “သခင်၊ ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကိုသိ
တော်မူ၏။ ကိုယ်တော်ကို အကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူ ၏”ဟု (အပိုဒ်ငယ် ၁၇) ဖော်ပြသည့်အတိုင်း သခင်ဘုရား၏ဝိညာဉ်တော် သည် ရိုးသားစွာနှင့်သမ္မာတရားကျကျဖြေကြားနိုင်ရန် သင့်ကိုမစပါစေ။
ယေရှုအဖို့အလို့ငှာ ဤသို့သောချစ်ခြင်းမေတ္တာသည် အခြားအ ရာအားလုံးထက် ဦးစားပေးရမည်ဖြစ်သည်။ “ငါ့ကိုချစ်လျှင် ပညတ်တို့ကို
စောင့်ရှောက်ကြလော့” ဟုကိုယ်တော်မိန့်ဆိုသောကြောင့် သူ့ကိုနာခံခြင်း ၌ ထိုသို့ပြုခြင်းသည် အကောင်းဆုံးအကြောင်းရင်းဖြစ်ပေသည်။ ကိုယ် တိုင်ကိုယ်ကျချစ်ခင်မှုသည် ကိုယ်တိုင်ကိုယ်ကျနာခံခြင်းကို ဖြစ်ပေါ်စေ မည်။ ကျမ်းစကား၏ဆိုလိုရင်း အဓိပ္ပာယ်ကို မိတ်ဆွေမြင်တွေ့သည်မ ဟုတ်လော။ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသောယေရှုက ကျွန်ုပ်တို့အသီးသီး ၊ အား “ငါ့ကိုချစ်လျှင် ပညတ်တို့ကို စောင့်ရှောက်ကြလော့” ဟု ဆင့်ဆို လျက်နေသည်။ အကြောင်းမှာ မှန်ကန်စွာသက်ဝင်လှုပ်ရှားသောချစ်ခြင်း မေတ္တာသည် အများအားဖြင့် လူတစ်ဦးတစ်ယောက်ပုဂ္ဂိုလ်အပေါ် ချစ်ခြင်း ၊
ဖြစ်ပြီး ထိုသို့ကျွန်ုပ်တို့၏သခင်ဘုရားအပေါ် ချစ်ခြင်းသည် ကိုယ်တော်၏ ပညတ်ချက်ထဲ၌ နာခံခြင်းကို ဖြစ်ပေါ်စေပါသည်။
သင်သည် တချို့လူတို့အတွက် ဘာမဆိုလုပ်ပေးပါလိမ့်မည်။ ထို သူတို့၏လိုအင်ဆန္ဒများကိုလည်း လိုက်လျောချင်သည်။ ထိုသို့သောသူက သင့်အား “ဤအရာကို” လုပ်ပေးပါဟု တောင်းဆိုလျှင် သင်သည် မေး မြန်းမနေတော့ပဲ သူခိုင်းသည့်အရာကို ချက်ချင်းလုပ်ပါလိမ့်မည်။ ထိုသူ သည် သင့်အလုပ်ရှင်လည်း ဖြစ်နိုင်ပြီး သင်သည် သူ့ကိုလိုလိုလားလား ဝန်ဆောင်မှုပေးပါလိမ့်မည်။ သို့မဟုတ်လျှင် ထိုသူသည် သင်ကြည်ညို
လေးစားသည့်ပုဂ္ဂိုလ်ဖြစ်ကောင်းဖြစ်နိုင်သည်။ အကြောင်းမှာ သင်သည် သူ့ကို လေးစားပြီး ချစ်ခင်သောကြောင့် သူ၏စကားသည် သင့်အတွက် ပညတ်ချက်တစ်ရပ်ကဲ့သို့ဖြစ်လေသည်။ ကယ်တင်ရှင်သည် ထိုသို့သော ပုဂ္ဂိုလ်များထက် (ဝါ) အခြားသောသူများထက် ပို၍သာလွန်ရမည်။ ထို့ပြင် ကယ်တင်ရှင်ယေရှုသည် ထိုသို့သောအနေအထားများ၌ အစား ထိုးရှိနေရမည်။ ကိုယ်တော်က သင်သည် ငါ့ကိုချစ်လျှင် သို့မဟုတ် သင့် စိတ်နှလုံးသည် အမှန်စင်စစ်ငါ့နောက်သို့လိုက်နေလျှင် ငါ့စကားသည် ပညတ်ချက်ဖြစ်ပါစေ၊ ငါ့ပညတ်ချက်သည် သင့်စိတ်နှလုံး၌ စောင့်ထိန်း ခြင်းရှိပါစေ။ ငါ့ပညတ်ချက်သည် သင့်အသက်တာထဲ၌ စောင့်ထိန်းခြင်း အားဖြင့် ဆက်လက်စောင့်ထိန်းခြင်းရှိပါစေ။ ။သခင်သည် အဘယ့်ကြောင့် စိတ်နှလုံးနှင့် အစပြုသည်ဟူသော အကြောင်းရင်းကို မိတ်ဆွေမြင်ပြီလား။ ကျွန်ုပ်တို့၏ချစ်ခြင်းမေတ္တာထဲ၌ ကိုယ်တော်ကို အမြတ်တနိုးထားခြင်းမရှိလျှင် ကျွန်ုပ်တို့၏ကျင့်ကြံပြုမူခြင်း များတွင် ကိုယ်တော်ကိုနာခံခြင်းရှိရန် မျှော်လင့်ချက်မရှိပေ။ သန့်ရှင်း မြင့်မြတ်သောသူကို ချစ်ခင်မြတ်နိုးခြင်းသည် သန့်ရှင်းသောအသက်ရှင် ခြင်းရှိသမျှ၏ရင်းမြစ်ဖြစ်ပေသည်။ ချစ်မိတ်ဆွေ၊ ယေရှု၏လှပတင့်တယ် ၊ ခြင်းအားဖြင့် သင်သည် ဆွဲဆောင်ခြင်းခံဖူးပါသလား။ ကြည်ညိုမြတ်နိုးရန် ထိုက်တန်သူဖြစ်သည့် သင်၏ရွေးနုတ်သူအရှင်သခင်ထံ၌ သင်သည် ၊ ဘုရားသခင်၏ဖမ်းဆီးခေါ်ဆောင်ခြင်းဖြင့် ထိန်းထားခြင်းခံဖူးပါသလား။
ထိုသို့ခံဖူးပါက သင်သည်ကိုယ်တော်၏ပညတ်ချက်များကို စောင့်ထိန်းရန် သင်အထဲ၌ အနိုင်အထက်သွေးဆောင်ခြင်းခံနေရပြီ။
ကျွန်ုပ်တို့၏သခင်ဘုရားက မိမိ၏တပည့်တော်များအားဤလမ်း စဉ်အတိုင်း ဆင့်ဆိုခဲ့သည်မှာ သူ့အတွက် ပြောရမည့်အရာ (ဝါ) လိုအပ်
သောအရာပင်ဖြစ်သည်။ တမန်တော်များအတွက် ဤလမ်းစဉ်အတိုင်း ဆင့်ဆိုရသည်မှာလည်း လိုအပ်သောအရာဖြစ်သည်။ ကိုယ်တော်သည် သူရွေးကောက်သောတပည့်တော် တစ်ဆယ့်နှစ်ပါးတို့အား “သင်တို့သည် ငါ့ကိုချစ်လျှင်” ဟုမိန့်မှာခဲ့သည်။ ထိုတပည့်တော်တစ်ဆယ့်နှစ်ပါးတို့ထဲမှ တစ်ပါးသည် သစ္စာဖောက်လိမ့်မည်ဟု ကျွန်ုပ်တို့မစဉ်းစားခဲ့ဖူးပေ။ သို့သော် ဖြစ်ပေါ်လာသောအကျိုးရလဒ်အားဖြင့် သူတို့ထဲမှတစ်ယောက်သောသူ သည် မိမိ၏သခင်ဘုရားကို ငွေသုံးဆယ်နှင့် ရောင်းစားပြီး သစ္စာဖောက်ခဲ့ကြောင်း ယနေ့ကျွန်ုပ်သိရှိကြသည်။ သူသည် ထိုသို့ပြုမည်ဟု မည်သူမျှ မထင်ထားကြပေ။ သူသည် တပည့်တော်များတွင် သစ္စာစောင့်သိသောသူ ကဲ့သို့ထင်ရ၏။ သခင်ယေရှုကိုယ်တိုင် မွေးထုတ်သည့်တပည့်တော်တစ် ဆယ့်ပါးတို့၏ကျောင်းထဲမှာပင်လျှင် သင်တို့သည် ငါ့ကိုချစ်လျှင်” ဟူ
သောမေးမြန်းခြင်း လိုအပ်ပါက ယနေ့အသင်းတော်များနှင့်ကျွန်ုပ်တို့အ သက်တာထဲ၌ ဆန်ခါချရန် အဘယ်မျှပင် မေးမြန်းဖို့ လိုအပ်ပါမည်နည်း။
ချစ်သောမိတ်ဆွေ၊ ဤစကားလုံးသည် ယနေ့ကျွန်ုပ်တို့ခရစ် ၊ ယာန်အသိုင်းအဝန်းထဲတွင် အလွန့်အလွန်လိုအပ်နေပြီဖြစ်သည်။ “သင် တို့သည် ငါ့ကိုချစ်လျှင်” ဟူသောအသံကို နားထောင်လိုက်ပါ။ ယနေ့အ သင်းတော်များတွင် ဝေခွဲမရလောက်အောင် ရောထွေးနေသည့်များစွာ
သောလူတို့ကို ရှင်မသဲအခန်းကြီး ၃ ထဲမှာ ဖော်ပြထားသည့်ဗတ္တိဇံယော ဟန်ထံ ဗတ္တိဇံခံရရန် များစွာသောဖာရိရှဲနှင့်ဇာတို့လာနေသည့်အ
ကြောင်းနှင့် နှိုင်းယှဉ်လိုပါသည်။ ထိုသူတို့သည် အသက်တာမပြောင်းလဲ ဘဲ ဗတ္တိဇံခံလိုသောသူများဖြစ်ကြသည်။ ထို့အတူ ယနေ့အသင်းတော်ထဲ တွင် အသက်တာပြောင်းလဲခြင်းမရှိဘဲ ဘုရားသခင်ကိုချီးမွမ်းနေသူများ၊ ပေးလှူနေသူများ၊ ကျရာတာဝန်၌ ကြိုးစားနေသူများစွာရှိပါသည်။ သို့ဖြစ်၍ ယနေ့ခေတ်အသင်းတော်များတွင် ဆန်ခါတင်ခြင်းသည် မရှိမဖြစ်လိုအပ်
လာပြီဖြစ်သည်။ သင်တို့ထဲတွင် တချို့သောသူတို့သည် ဘာသာရေးအ သိုင်းအဝန်းထဲမှပေါက်ဖွားလာ၍ ဘုရားတရားကိုင်းရှိုင်းသောလူတို့ကြား ထဲတွင် အသက်ရှင်သောသူများဖြစ်ပြီး မိုက်မဲသောဖြားယောင်းခြင်းခံရ ရန် မည်သည့်အခါမျှ ဆိုးယုတ်သောလောကအမှောင်ထဲသို့ထွက်မလာ ဖူးပေ။ သင်တို့သည် သတိမမူသောအသက်တာ သို့မဟုတ် သခင်ဘုရား ကို အမှန်စင်စစ်မချစ်သောအသက်တာထဲ၌ ရှင်သန်လှုပ်ရှားနေသော
ကြောင့် သခင်ဘုရားကို ခိုင်ခိုင်မာမာချစ်ဖို့ လိုအပ်နေပြီဖြစ်သည်။ ထိုသို့ အသက်ရှင်ခြင်းသည် မိုက်မဲရာရောက်၍ အန္တရာယ်ကြီးလှပေသည်။ ခရစ်
တော်၏ချစ်ခြင်းမေတ္တာ၌ တစ်ခါမျှစမ်းသပ်ခြင်းမခံဖူးသောအသက်တာ (ဝါ) သက်သေမရသောအသက်တာသည် မည်သည့်အခါမျှဘုန်းတော်
ဆောင်နိုင်မည်မဟုတ်ပေ။ သင်သည် လှည့်စားခြင်းခံရ၍ ဆက်လက်မှား ယွင်းနေပါက အလွန်ပင်ဆိုးရွားလှပေသည်။
၎င်းသည် သင်၏ချစ်ခြင်းမေတ္တာနှင့်ပတ်သက်၍ ကယ်တင်ရှင်က အကောင်းဆုံးမေးခွန်းထုတ်ခြင်းဖြစ်ပြီး သင့်ကိုယ်သင်ဆန်းစစ်ရန် အခွင့် အခါပေးအပ်ခြင်းလည်းဖြစ်သလို သင့်စိတ်နှလုံးသည် မှန်ကန်မှုရှိမရှိရှုမြင် သုံးသပ်ရန်လည်းဖြစ်သည်။ သွေးသားဇာတိဆန်ပြီး ဘေးကင်းလုံခြုံစွာနေ ရသည်ထက် အလွန်စိုးရိမ်ခြင်းအပေါ်၌ အမှားလုပ်မိခြင်းသည် သာ၍
ကောင်းပေသည်။ သင်သည် မှားယွင်းမှုအတွက် စိုးရိမ်ခြင်းရှိလျှင် မှန် အောင်လုပ်ပါ။ ထိုသို့လုပ်ဆောင်ခြင်းသည် သင်မှန်သည်ဟု စိတ်ချခြင်း ထက် သင့်ကိုပို၍မှန်ကန်သောအရာဆီကို ပို့ဆောင်ပေးလိမ့်မည်။ မိတ်
ဆွေ၊ ယေရှုအမှန်တကယ်ချစ်သည်ကို အပြည့်အဝစိတ်ချစေလိုပါသည်။ သင့်မှာ ယေရှုကို အမှန်တကယ်ပိုင်ဆိုင်ခြင်းမရှိဘဲနှင့် သင်သည် ယေရှု ကို ပိုင်ဆိုင်သည်ဟု လှည့်စားမခံစေလိုပေ။ ဆာလံကျမ်း ၁၃၉:၂၃ မှာ ဖော်ပြသည့်အတိုင်း “အို ဘုရားသခင်၊ အကျွန်ုပ်ကိုစစ်ကြော၍ အကျွန်ုပ် ၏နှလုံးကိုသိမှတ်တော်မူပါ။ စုံစမ်း၍စိတ်အထင်များကိုလည်းသိမှတ်တော် မူပါ” ဟုမိမိတို့ကိုယ်ကို ဆန်းစစ်ကြဖို့ လိုအပ်ပါသည်။ မည်သူမဆို သခင်
ယေရှုခရစ်တော်ကိုမချစ်လျှင် ထိုသူသည် “အနထေမာ မာရာနာထော” ဖြစ်စေသတည်း (၁ကော၊ ၁၆:၂၂)။ ဆိုလိုသည်မှာ”ကျိန်ခြင်းခံမာစေ” ဟု
အဓိပ္ပာယ်ရသည်။ မည်သူမည်ဝါအဘယ်မျှပင် ထင်ပေါ်ကျော်ကြား ပါစေ၊ ဤကျမ်းပိုဒ်သည် အရောက်စီတိုင်းနှင့်သက်ဆိုင်သည့်ကျမ်းပိုဒ်ဖြစ် ပါသည်။ တမန်တော်ယောဟန်က”ပျက်စီးခြင်း၏သားတစ်ယောက်မှတစ်
” (ယောဟန်၊ ၁၇:၁၂) ဟုဆိုရာတွင် သင်မဖြစ်ပါစေနှင့်။ မည်သူမဆို ဘီရုပ်ရာထူးရှိသောသူ၊ နာမည်ကျော်သင်းအုပ်၊ ကျော်ကြားသောဧဝံ ဂေလိဆရာ၊ ကြည်ညိုလေးစားဖွယ်ကောင်းသောသင်းလူကြီး၊ တက်ကြွ လှုပ်ရှားသောသင်းထောက်၊ ဩထဒေါစ်အသင်းသားထဲမှ ရှေးကျသူတို့ သည် သခင်ဘုရားချစ်ခြင်းမှ နောက်ပြန်လှည့်ကြပြီ။ တစ်စုံတစ်ဦးသည် ယုံကြည်သူများနှင့်အတူ စုရုံးလျက် သန့်ရှင်းမြင့်မြတ်သောပွဲတော်မင်္ဂလာ ကို ပါဝင်သုံးဆောင်နေသော်လည်း သခင်ဘုရားကို အမှန်စင်စစ်ချစ်ခြင်း မရှိလျှင် ထိုသူအပေါ်၌ (မည်သူမည်ဝါဖြစ်ဖြစ်) ကျိန်ခြင်းအမင်္ဂလာသက် ရောက်မည်ဖြစ်သည်။ ထို့ကြောင့် ယခုချိန်မှစ၍ သခင့်နှုတ်ထွက်စကားဖြစ် သော “သင်တို့သည် ငါ့ကိုချစ်လျှင် ငံ ၏ပညတ်ချက်များကို စောင့်ထိန်းကြ လိမ့်မည်” ဟူသောစကားကို ရယူလိုက်လျှောက်ကြပါစို့။ ဤနှုတ်ထွက် စကားသည် ကျွန်ုပ်တို့အယောက်စီတိုင်းကို ရည်ညွှန်းဖော်ပြထားသည့်အ တိုင်း ၎င်းကို မိမိတို့၏စိတ်နှလုံးထဲသို့သွင်းကြပါစို့။ ။
ဤကျမ်းပိုဒ်ကို ဆင်ခြင်နှလုံးသွင်းစဉ် သင့်ကိုယ်သင် အခြားသူ များနှင့် မနှိုင်းယှဉ်ပါနှင့်။ သင်သည် အခြားသူတို့၏စပျစ်ဥယျာဉ်စောင့် ရှောက်ခြင်းနှင့်အတူ ဤအမှု၌ အဘယ်ပြုစရာရှိသနည်း။ ကိုယ့်စိတ်နှလုံး ကိုသိမြင်ပါ။ ဤကျမ်းပိုဒ်က “အသင်းတော်သည် ငါ့ကိုချစ်လျှင် သို့မ ဟုတ် “ဟိုအမှုတော်ဆောင်၊ ဒီအမှုတော်ဆောင်သည် ငါ့ကိုချစ်လျှင်” သို့မ ဟုတ် “သင့်ညီအစ်ကိုများသည် ငါ့ကိုချစ်လျှင်” ဟူ၍ မပြောပေ။ သို့သော် ကျမ်းစာက “သင်တို့သည် ငါ့ကိုချစ်လျှင် ငါ၏ပညတ်ချက်တို့ကို စောင့် ထိန်းကြလိမ့်မည်” ဟူ၍သာပြောဆို၏။ အယောက်စီတိုင်းအတွက် အရေး ကြီးဆုံးမေးခွန်းများ၏အဖြေကား မိမိတို့၏ရွေးနှုတ်သောအရှင်နှင့်ကိုယ် တိုင်ကိုယ်ကျဆက်နွယ်ပတ်သက်မှု၊ တစ်ဦးချင်း၏နာခံခြင်းတို့ဖြစ်သည်။
သင့်အပေါ် ဤမေးမြန်းချက်ကို မရမနေတိုက်တွန်းပါ သည်။ ဤ အရာသည် အသစ်အဆန်းမဟုတ်သော်လည်း အသင်းတော်များရှိ ၊
အသင်းသူအသင်းသားများရှေ့မှာ ထပ်တလဲလဲပြောဆိုတိုက် တွန်းရန် လိုအပ်ပါသည်။ တရားဟောဆရာသည် အခြားလူများအတွက် သမ္မာ ကျမ်းစာကို ဖတ်လေ့ရှိသည့်အကျင့်ရှိသည်းအတိုင်း ဤလမ်းစဉ်နှင့်အညီ မေးမြန်းခြင်းပြုလုပ်ရန် လိုအပ်သည်။ ကလေးငယ်များကို သင်ကြားပေး
သောဆရာမများသည်လည်း အထူးမေးမြန်းခြင်းကို ပြုလုပ်ရန် သာ၍လို ၊ အပ်ပေသည်။ ကျွန်ုပ်တို့အားလုံးသည်လည်း မိမိတို့ကိုယ်တိုင် လက်တွေ့ ကျင့်သုံးရန် သမ္မာတရားကို လိုအပ်သောသူများဖြစ်ကြသည်။ ကျွန်ုပ်တို့ သည် နားလေးသောသူတို့နှင့် စကားပြောဆိုသောအခါ သူတို့နားပါးကို ကပ်ပြီး ပြောလေ့ရှိသည်။ ထို့အတူပင် သင့်စိတ်နှလုံးအား ဤစကားအား ဖြင့် ထိထိမိမိဖြစ်စေရန် ကျွန်ုပ်ဖော်ပြနေခြင်းဖြစ်သည်။ အထက်ဖော်ပြ
သောကျမ်းပိုဒ်သည် သင့်နား၊ သင့်စိတ်နှလုံးနှင့်သင့်အတွေးအခေါ်ထဲ၌ ပဲ့တင်ထပ်ပါစေ။ “သင်တို့သည် ငါ့ကိုချစ်လျှင် ငါ၏ပညတ်ချက်တို့ကို စောင့်ထိန်းကြလိမ့်မည်။”
မည်သို့ပင်ဖြစ်စေ၊ ထိုမေးခွန်းသည် ပြန်ဖြေနိုင်သောမေးခွန်းသာ ဖြစ်သည်။ တမန်တော်များသည် ထိုမေးခွန်း၏မေးမြန်းခြင်းကိုခံကြသည်။ သူတို့သည် ၎င်းကို ပြန်ဖြေနိုင်ကြသည်။ တပည့်တော်များထဲမှပေတရုက “ကိုယ်တော်ကို ကျွန်ုပ်ချစ်သည်ကို ကိုယ်တော်သိတော်မူ၏။ (ယောဟန်၊ ၂၁:၁၇) ဟူ၍ ပြောဆိုလိုက်သည်။ ထိုမေခွန်းသည် အလွန်နက်နဲပြီး အ လှမ်းမမီနိုင်သောမေးခွန်းမျိုးမဟုတ်ဘဲ ရိုးစင်းသောမေးခွန်း သို့မဟုတ် ရိုးစင်းသောဖော်ပြချက်သာဖြစ်သည်။ လူတစ်ဦးသည် သခင်ဘုရားကိုချစ် သည် မချစ်သည် သိနိုင်သည်။ သိသင့်သောအရာလည်းဖြစ်သည်။ မိမိ ၊ ကိုယ်ကိုဂရုတစိုက်စောင့်ကြပ်သောသူသည် တစ်ခုခုကိုအခိုင်အမာပြော ဆိုရန် မဝံ့မရဲဖြစ်တတ်သည်။ ထိုသို့သောသူတို့သည် သခင်ဘုရားကို ပို၍ချစ်သောသူများလည်း ဖြစ်နိုင်ပါသည်။ တစ်စုံတစ်ဦး၏စိတ်နှလုံးထဲ၌ သန့်ရှင်းသော သတိပေးချက်နှင့်ဆိုင်သည့်မေးခွန်း ရှိတတ်သော်လည်း တချို့သောသူတို့အတွက်မူ ရုပ်ပိုင်းဆိုင်ရာတွင် စိတ်အေးလက်အေးရှိနေ သောကြောင့် သူတို့၏စိတ်နှလုံးထဲ၌ မည်သည့်အခါမျှစုံစမ်းမေးမြန်းခြင်း မရှိတတ်ပေ။
ချစ်မိတ်ဆွေ၊ ယေရှုကိုချစ်ရန် တောင့်တမှုရှိရုံသက်သက်နှင့် မ ရောင့်ရဲပါနှင့် သို့မဟုတ် ယေရှုကို ချစ်မချစ်တောင့်တရုံသက်သက်နှင့် မတင်းတိမ်ပါနှင့်။ ယေရှုခရစ်တော်ကိုအမှန်စင်စစ်ချစ်ကြောင်း သင့်ကိုယ် သင်အသေအချာမသိမချင်း မအိပ်ပါရန် ကျွန်ုပ်တိုက်တွန်းပါရစေ။ ယေရှု ကို သင်အမှန်ချစ်သလောဟူသောမေးခွန်း၏ချိန်ခွင်သည် သင့်အသက် တာထဲ၌ တွဲလျားနေတရွေ့ သင်သည် ပြုံးပိုင်ခွင့်မရှိသလို၊ အစားအစာ စားပိုင်ခွင့် သို့မဟုတ် ရေသောက်ခွင့်မရှိပေ။ ထိုမေးခွန်းကို ဆုံးဖြတ်သင့် ပြီး ဆုံးဖြတ်နိုင်သောမေးခွန်းလည်းဖြစ်သည်။ နှောင့်နှေးခြင်းမရှိဘဲ ချက်ချင်း ဆုံးဖြတ်နိုင်သောအရာဖြစ်သည်။
ယေရှုကို မချစ်ဘဲနေသလား။ ကျွန်ုပ်အတွက် ယေရှုကိုမချစ်ဘဲ နေခြင်းထက် အသက်မရှင်လျှင် သာ၍ကောင်းပေမည်။ ယေရှုကို မချစ် ဘဲနေရသလော။ ကြောက်မက်ဖွယ်ကောင်းသောအရာသည် မည်သည့် အခါမျှကျွန်ုပ်၏မျက်စိရှေ့မှ ဖုံးကွယ်ထားခြင်းမရှိပါစေနှင့်။ ကျွန်ုပ်အသက် တာ၌ စိုးရိမ်ထိတ်လန့်ဖွယ်ရာများကို တွေ့ရှိခြင်းသည် ကျွန်ုပ်အား သာ၍
ကောင်းသောအရာများရှိရာသို့မောင်းနှင်ခြင်းဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ကျွန်ုပ်သည် သခင်ဘုရားကိုအမှန်ချစ်လျှင် ကျွန်ုပ်၏ချစ်ခြင်းနှင့်အသက် ရှင်ခြင်းသည် မည်သည့်အခါမျှ သံသယအမှောင်ရိပ်ထဲတွင် နားနေမည်မ ဟုတ်ပေ။
ချစ်သောမိတ်ဆွေ၊ သေးငယ်လှသည့်ဤစကားရပ် “လျှင်” အား ဖြင့် ဖော်ပြထားသည့်မေးခွန်းအပေါ်၌ နားစွန့်ပါ။ “ထာဝရဘုရားသည် ငါ၏အာသံ၊ ငါ၏အသနားခံခြင်းကို နားညောင်းတော်မူသောကြောင့် ငါ သည် ကိုယ်တော်ကိုချစ်၏” (ဆာလံ၊ ၁၁၆:၁) ဟု သင်မပြောဆိုနိုင်မချင်း ငြိမ်ဝပ်စွာမနေပါနှင့်။ ထိုစကားရပ်ကို ကောင်းမွန်စွာဆင်ခြင်သုံးသပ်ပါ။ ဤ လေးနက်သောစကားရပ်”လျှင်” နှင့်ပတ်သက်၍ ပြောစရာများစွာရှိသည်။
ဆင်ခြင်တုံတရားနှင့်ပြည့်စုံသော “လျှင်”
ကျမ်းစာထဲ၌ တင်ပြထားသောစစ်ဆေးခြင်းသည် တရားစီရင်ဆုံး ဖြတ်ခြင်းဆိုင်သောအရာဖြစ်သည်ကို သတိပြုမှတ်သားကြပါစို့။ “ငါ၏ ညတ်တော်တို့ကို စောင့်ထိန်းလော့” ဤအရာသည် အကောင်းဆုံးသော မေတ္တာသက်သေဖြစ်၏။ ဖော်ပြထားသောစစ်ဆေးခြင်းသည် ပညတ်တော် ကိုမလိုက်နာသောလွတ်လပ်ခြင်းမဟုတ်ပေ။ ကျွန်ုပ်တို့သည် “ပညတ်တ ရားလက်၌မရှိ၊ ကျေးဇူးတရားလက်၌ရှိသောကြောင့်”ဟူသည်မှာ မှန်ပေ၏ (ရောမ၊ ၆:၁၄)။ သို့သော် ကျွန်ုပ်တို့သည် ခရစ်တော်၏ပညတ်တရား
အောက်၌ရှိ” (၁ကော၊ ၉:၂၁) ကြပေသည်။ ကိုယ်တော်ကို ကျွန်ုပ်တို့ချစ် လျှင် ကိုယ်တော်၏ပညတ်တော်များကို စောင့်ထိန်းရပေ၏။ ယုံကြည်သူ များစောင့်ထိန်းရန်ပညတ်တော်များရှိသည်ကို မယုံကြည်သောသူများ၏ အကြံဉာဏ်ပေးခြင်းထဲသို့ မည်သည့်အခါမျှမဝင်ရောက်ပါနှင့်။ တာဝန်ကို ဖယ်ရှားသောသူတို့သည် နောက်ဆုံးတွင် အပြစ်ကိုဖယ်ရှားလေ၏။ သို့ ဖြစ်၍ ကယ်တင်ရှင်ကိုလည်း ဖယ်ရှားလေ၏။ “သင်သည် ငါ့ကိုချစ်လျှင် နှစ်သက်ရာမှန်သမျှကို လုပ်ဆောင်ပါ” ဟုမရေးထားပေ။ “သင်သည် သင့် စိတ်နှလုံးထဲ၌ ငါ့ကိုချစ်သမျှကာလပတ်လုံး သင့်ဘဝအသက်တာရှိသမျှ ကို ငါဂရုပြုမည်မဟုတ်” ဟုယေရှုမပြောခဲ့ပေ။ သန့်ရှင်းသောစာအုပ်အဖုံး များကြား၌ရှိသောအရာကဲ့သို့ဩဝါဒမျိုးမရှိပါပေ။ ခရစ်တော်ကို ချစ်သော သူသည် ကောင်းကင်ဘုံအပြင်ဘက်၌ အလွတ်လပ်ဆုံးသောပုဂ္ဂိုလ်ဖြစ် ၏။ သို့သော် သူသည်လည်း အနှောင်အဖွဲ့အောက်၌ အရှိဆုံးဖြစ်၏။ သူသည် လွတ်လပ်သောသူဖြစ်၏။ အကြောင်းမှာ ခရစ်တော်သည် သူ၏ အချည်အနှောင်ကိုဖြေပေး၏။ သို့သော် သူသည် ကျေးဇူးတော်ကြွယ်ဝ
သောမေတ္တာတော်အားဖြင့် ခရစ်တော်အောက်၌ ထားရှိခြင်းခံရပေသည်။ ထိုအချိန်မှစ၍ သူ့ကိုချစ်ခဲ့သော၊ သူ့အတွက် အသက်ရှင်ခဲ့သော၊ အသေခံ ခဲ့သော၊ သူ့အတွက်ထမြောက်ခဲ့သော သခင်ဘုရားအတွက် အသက်ရှင် ရန် ခရစ်တော်၏မေတ္တာတော်က သူ့ကိုထိန်းချုပ်၏။
ထိုသို့မဟုတ်ပေ။ ချစ်ခင်ရသောမိတ်ဆွေများ၊ ပညတ်တော်က အသက်တာကို ကျွန်ုပ်တို့အလိုမရှိကြပေ။ ပညတ်တော်အောက်
သောသူသည် ပြစ်ဒဏ်စီရင်ခြင်းအတွက် အစွမ်းတန်ခိုးတစ်ခုကဲ့သို့ ဘက်လုံးဖြင့် ဘုရားသခင်၏ပညတ်တော်၌ မွေ့လျော်သည်ဟုပြော
ပေ၏ (ရောမ၊ ၇:၂၂)။ သူသည် စုံလင်သောသန့်ရှင်းခြင်းကို တောင့်တ န် မိမိ၏စိတ်ဝိညာဉ်ဖြင့် သခင်ယေရှ၏ပညတ်တော်များကို လှိုက်လှဲစွာ ဝန်ခံအလျှော့ပေးပေသည်။ မေတ္တာသည် ပညတ်တော်ဖြစ်လာ၏။ မေတ္တာ နှင့်ဆိုင်သောပညတ်တော်သည် မေတ္တာအားလုံး၏အခိုင်မာဆုံးဖြစ်သည်။ ခရစ်တော်သည် ကျွန်ုပ်တို့၏အရှင်နှင့် ဘုရင်ဖြစ်လာပေသည်။ “ပညတ် တော်တို့ကိုစောင်ခဲ့သည်မဟုတ်” (၁ ယော၊ ၅:၃)
ကျွန်ုပ်တို့၏ကျမ်းပိုဒ်၌ အယူသည်းသောစိန်ခေါ်မှုမပါဝင်ပေ။ “ငါ့ ကိုချစ်လျှင် အံ့မခန်းဖြစ်သောအလုပ်အချို့ကိုပြုကျင့်ပါ” လို့ ကျွန်ုပ်တို့မ ဖတ်ရပေ။ စစ်ဆေးမှု၌ လိုအပ်သောအရာက အလွန်အမင်းပွင့်ထွက် သို့မ ဟုတ် လှုံ့ဆော်သောဦးနှောက်နှင့်ဆိုင်သည့် ဆန္ဒပြင်းပြသောစီမံကိန်းကို သဘောပေါက်ရန် ကြိုးစားခြင်းမဟုတ်ပေ။ ထိုသို့သောအရာမျိုးမဟုတ် ပေ။ ရသေ့များ၊ သီလရှင်များ၊ မဆင်မခြင်ပြုတတ်သောသူတို့သည် နမူနာ၊ သို့မဟုတ် ပညတ်ကိုတွေ့မည်မဟုတ်ပေ။ အချို့လူများက မိမိတို့သည် ယေရှုကိုချစ်လျှင် ဓလေ့ထုံးတမ်းကို ဝင်ရောက်မည်။ ကြိုးတိုက်၌ သီးခြား ထားခံရမည်။ ထူးဆန်းစွာဝတ်ဆင်ရမည်။ သိုမဟုတ် ဦးခေါင်းကိုရိတ်ရ မည်ဟုစသဖြင့်ထင်ကြ၏။အချို့လူများက “ခရစ်တော်ကိုချစ်လျှင် ပိုင်ဆိုင်
သောအရာအားလုံးကိုခွာလိုက်၍ လျှော်တေအဝတ်ကို ဝတ်ရမည်။ ခါးကို ကြိုးဖြင့်ချည်ရမည်။ သဲကန္တာရ၌ ပူဆွေးကြေကွဲရမည်ဟုထင်ကြ၏။ အခြား သူများက ထူးဆန်းသောအဝတ်များနှင့်အပြုအမူအားဖြင့် မိမိတို့ကိုယ်ကို ရယ်ဖွယ်ဖြစ်စေရန်ပြုခြင်းသည် ပညာရှိသည်ဟုထင်ကြ၏။ ကယ်တင်ရှင် က ထိုသို့သောအရာကိုမပြောပေ။ ကိုယ်တော်က “ငါ့ကိုချစ်လျှင် ငါ့ ညတ်တို့ကိုစောင့်ရှောက်ကြလော့” ဟုပြောပါသည် (ယော၊ ၁၄:၁၅)။
တစ်ခါတစ်ရံ ယေရှုအတွက်မိမိတို့၏မေတ္တာကိုပြသရန် မိမိတို့၏ အလုပ်အကိုင်နှင့် ခေါ်ယူခံရခြင်းကိုထားခဲ့ရမည်ဟု ခံစားရသောအသင်း
တော်အဖွဲ့ဝင်များကို ကျွန်ုပ်တို့တွေ့ရ၏။ သူတို့၏သားသမီးများသည် မွတ် သိပ်၍ ဇနီးသည်တို့သည် အချည်းနှီးဖြစ်သွားနိုင်၏။ သို့သော် သူတို့၏ရူး သွပ်သော ချစ်ဖွယ်တမူထူးခြားမှုသည် “ယေရှုကိုချစ်ခြင်း” အတွက် လုပ်
ဆောင်ရပေမည်။ ဤလွှမ်းမိုးမှုအောက်၌ မိုက်မဲသောအပြုအမူအားလုံးကို အလျင်စလိုပြု၍ မကြာမီတွင် သူတို့၏ဂုဏ်သတင်း ပျက်စီးသွားလေ၏။ အကြောင်းမှာ သူတို့သည် တည်ကြည် လေးနက်သောသူ၏အကြံကို မယူကြဘဲဤကျမ်းပိုဒ်၌ သခင်ဘုရားကိုယ်တိုင် ချထားသည့်ခမ်းနားသော စစ်ဆေးခြင်းနှင့်ဆိုင်သည့်မေတ္တာတော်နှင့်မကျေနပ်နိုင်ကြပေ။ ဤမရေရာ သောအစီအစဉ် အတိအကျကို ကျမ်းပိုဒ်မှမစီရင်ပေ။ သို့သော် ပို၍သင့် လျော်သောစစ်ဆေးခြင်းကိုအကြံပေးခြင်းဖြင့် ၎င်းသည် ယေဘုယျလုပ် ဆောင်ပေသည်။ “ငါ့ကိုချစ်လျှင် ငါ့ပညတ်တို့ကို စောင့်ရှောက်ကြလော့။
သင်၏ထက်သန်နေသောဦးနှောက်ဖြင့် သီအိုရီများကိုမပြောပါ နှင့်။ အရေးကြီးသောအရာ သို့မဟုတ် အခြားတစ်ခုကိုသင်လုပ်မည်ဟု သစ္စာဆိုပါ။ ဖြစ်နိုင်သည်မှာ သင်သည် ဘုရားသခင်၏ဘုန်းတော်ကိုမရှာ ဘဲ သင်၏ကျော်ကြားမှုအတွက် အလိုရှိနေပေသည်။ သင်သည် အမြင့် ဆုံးဘုရားတရား၌ဆက်ကပ်ခြင်းကို ရည်ရွယ်နေသည့်အတွက် သင်သည် ထင်ရှားကျော်ကြားသောပုဂ္ဂိုလ်ဖြစ်၍ သင်၏ သာလွန်မြင့်မားသောသန့် ရှင်းသူဘဝအတွက် လူများပြောလာနိုင်စေရန်ဖြစေသည်။ သင်သည် တစ် ကိုယ်ကောင်းဆန်သောလှုံဆော်မှုမှ တရားရုံး ညှင်းပန်းနှိပ်စက်မှုအထိ ဆက်သွားကောင်းဆက်သွားပေမည်။ ပညာရှိသောကယ်တင်ရှင်သည် လူ ၌ရှိသောအရာကိုသိ၏။ သူ့အတွက် စစ်မှန်သောမေတ္တာကို စစ်ဆေးရာ၌ အသေချာဆုံးဖြစ်သောအရာကိုလည်းသိပါသည်။ “ငါ့ကိုချစ်လျှင် ငါ့ပညတ် တို့ကို စောင့်ရှောက်ကြလော့။ ရူးသွပ်သောစိတ်နှင့်ဆိုင်သောအမိန့်ပေးမှု များကို လိုက်နာခြင်းထက် ဤအရာသည် ပို၍ခက်ခဲပေသည်။
ကယ်တင်ရှင်သည် အဘယ်ကြောင့် ဤအရာကိုစစ်ဆေးခြင်း အဖြစ် ပေးပါသနည်း။ ရည်ရွယ်ချက်တစ်ခုမှာ ကိုယ်တော်၏မှန်ကန်သော အနေအထား၌ ခရစ်တော်ကိုချစ်သည်ဖြစ်စေ၊ သင်၏မေတ္တာသည် မိမိ ကိုယ်တိုင်ပြုလုပ်ထား၍ မိမိကိုယ်တိုင် နေရာချထားသောခရစ်တော်အ
တွက်ဖြစ်စေ၊ သက်သေထူသည့်အတွက်ကြောင့်ဖြစ်သည်ဟု ကျွန်ုပ်တင် ၏ ခရစ်တော်ကိုတစ်ဝက်အလိုရှိ၍ ခရစ်တော်တစ်ခုလုံးကို ငြင်းပယ်ရန် မှာ လွယ်ကူပေသည်။ အန္တိခရစ်မျှသာဖြစ်သည့် မိမိကိုယ်တိုင်ပြုသော ခရစ်တော်နောက်လိုက်ရန်လည်း လွယ်ကူပေသည်။ ခရစ်တော်သည် ပညတ်တော်များကိုပေးနိုင်သောအခွင့်ရှိလောက်အောင် အလွန်ကြီးမြတ် ၍ဘုန်းတော်နှင့်ပြည့်ဝ၏။ ဤနေရာတွင် ကျွန်ုပ်တို့၏ကယ်တင်ရှင်သည် အလုပ်လုပ်ကိုင်စေသောအရှင်အဖြစ် ဖော်ပြချက်ကို မောရှေက မည် သည့်အခါမျှအသုံးမပြုခဲ့ပေ။ မောရှေက “ဘုရားသခင်၏ပညတ်တော်များ ကို စောင့်ထိန်းလော့” ဟုပြောကောင်းပြောသော်လည်း “ငါ၏ပညတ်တော် များကို စောင့်ထိန်းလော့”ဟုမည်သည့်အခါမျှမပြောခဲ့ပေ။ အရှင်နှင့် သခင်အဖြစ် ကျွန်ုပ်တို့ခေါ်သော၊ ချစ်ဖွယ်ဖြစ်၍ ဘုရားဖြစ်သောပုဂ္ဂိုလ်မှ “ပညတ်တို့ကိုစောင့်ရှောက်ကြလော့” ဟုပြောပေသည်။ ကိုယ်တော် သည် အမိန့်ပေးတော်မူသောပုဂ္ဂိုလ်ဖြစ်ပေသည်။ ကိုယ်တော်၏လူမျိုးအ ပေါ်၌ သခင်ဖြစ်ပေ၏။ ကိုယ်တော်၏သန့်ရှင်းသူများအကြားတွင် ကိုယ် တော်သည် ကြီးမြတ်တော်မူ၏။ ကိုယ်တော်၏ပညတ်တော်တို့ကို သင်တို့ စောင့်ရှောက်လျှင် ကိုယ်တော်ပြောဆိုနေသောအနေအထားထဲသို့ ကိုယ် တော်ကိုထားရှိနေခြင်းဖြစ်သည်။ သင်တို့၏နာခံခြင်းအားဖြင့် ကိုယ်တော် ၏အချုပ်အခြာအာဏာရှိခြင်းနှင့် ဘုရားဖြစ်ခြင်းကိုဝန်ခံ၍ “အကျွန်ုပ်၏ အရှင်၊ အကျွန်ုပ်၏ဘုရားသခင်ပါတကား” (ယော ၂:၂၈) ဟု သောမပြော သကဲ့သို့ သင်တို့ပြောပေသည်။
ကျွန်ုပ်စိုးရိမ်သည်မှာလူများစွာတို့သည် နူးညံ့၍ နိမ့်ကျသောခရစ် တော်ကိုအစေခံနှင့် ကယ်တင်ရှင်အဖြစ်သိကြသော်လည်း သခင်ယေရှု ခရစ်တော်ကိုမသိရှိကြပေ။ အလိုလေး၊ ကျွန်ုပ်၏မိတ်ဆွေတို့၊ ထိုသို့သော သူတို့သည် မှားယွင်းသောခရစ်တော်ကိုတင်ဆက်နေကြ၏။ ယေရှုသည် ကျွန်ုပ်တို့၏သခင်နှင့် ဘုရားသခင်မဟုတ်လျှင် ကိုယ်တော်ကို ကျွန်ုပ်တို့ မချစ်ကြပါ။ထိုအရာအားလုံးသည် ဟန်ဆောင်တောင်းယူခြင်းနှင့် သူတော်
ကောင်းယောင်ဆောင်ခြင်းဖြစ်ပေသည်။ ခရစ်တော်အတွက် ဤမေတ္တာ သည် ကိုယ်တော်၏ဘုရားဇာတိတော်ကိုလုယက်၏။ ကိုယ်တော်ကိုဘုရင်
တကာတို့၏ဘုရင်၊ သခင်တကာတို့၏သခင်မဖြစ်စေသော ခရစ်တော်အ တွက်ဤမေတ္တာကိုကျွန်ုပ်စက်ဆုပ်ရွံရှာ၏။ ကိုယ်တော်ကိုချစ်သော်လည်း အထင်သေးနှိမ်ချနေသလော။ ထိုအရာသည် ယုတ္တိမတန်ပေ။ ကိုယ်တော် ၏အလိုတော်ကိုရွေးချယ်ရာ၌ သင်၏ကိုယ်ပိုင်အလိုသို့လိုက်ကာ ကိုယ်
တော်အတွက် မေတ္တာအကြောင်းကိုပြောသလော။ ဟာသဖြစ်ပေ၏။ ဤ အရာသည် မေတ္တာနှင့်ပတ်သက်၍ နတ်ဆိုး၏အတုလုပ်ခြင်းသာဖြစ်၏။ ဤအရာသည် စစ်မှန်သောမေတ္တာရှိသမျှတို့၏ဆန့်ကျင်ဘက်ဖြစ်သည်။ မေတ္တာသည် သစ္စာရှိ၍ သခင်ဘုရားကို နာခံခြင်းဖြင့် သရဖူဆောင်းစေ သည်။ ယေရှုကိုမှန်ကန်စွာချစ်လျှင် ကိုယ်တော်၏ပညတ်တိုင်းကိုဘုရား၏ အမိန့်တော်အနေဖြင့် မြင်ပေသည်။ အမိန့်ပေးသောခရစ်တော်နှင့်အစေ ခံသောခရစ်တော်ကိုသင်ချစ်လျှင် မှန်ကန်သောခရစ်တော်ကိုသင်ချစ်၏။
သင့်အသက်တာကိုလမ်းညွှန်ရန်၊ သင့်အပြစ်ကိုခွင့်လွှတ်ရန် ကိုယ်တော် ကိုသင်ကြည့်ရှုလျှင် ခရစ်တော်ကိုသင်ချစ်၏။
ဤစစ်ဆေးခြင်းသည် အလွန်အမြော်အမြင်ရှိ၏။ အကြောင်းမှာ သင်ချစ်သောအရာဝတ္ထု၏အသက်ရှင်သောအထင်အရှားရှိခြင်းကိုသက် သေပြ၏။ မေတ္တာသည် ၎င်း၏အရာဝတ္ထုကိုအနီး၌ရှိရန် အမြဲပင်အလိုရှိ၍ ၎င်း၏အရာဝတ္ထုကို အနီးသို့ခေါ်ရန် အစွမ်းရှိပေသည်။ သင်သည် တစ်စုံ တစ်ယောက်ကိုချစ်လျှင် ထိုသူသည် အဝေး၌ရှိသော်လည်း သင့်စိတ်ထဲ၌ သူသည် နီးကပ်နေပေသည်။ မေတ္တာသည် ချစ်ခင်သောသူကို အနီးသို့ ခေါ်ဆောင်၍ ချစ်ခင်သောသူနှင့်ပတ်သက်၍ စဉ်းစားမှုသည် လူတစ်ဦး၏ အာသက်တာ၌ လွှမ်းမိုးမှုကိုသက်ရောက်စေသည်။
ဆိုပါစို့။ လူကြီးလူကောင်းတွင် သစ္စာရှိသောအစေခံများရှိသည်။ ထိုသူသည် မိမိအိမ်ကို သူတို့ထံအပ်နှံ၍ အိမ်မှထွက်ခွာသွား၏။ သူသည် နိုင်ငံခြားသို့ထွက်သွားသော်လည်း တဘက်မှာ အစေခံများအတွက် အိမ်၌ ရှိ၏။ အကြောင်းမှာ ထိုသူတို့သည် မိမိတို့၏အလုပ်များကို အိမ်ရှင်မြင်နေ သကဲ့သို့ နေ့စဉ်အလုပ်လုပ်လျက် ပြီးစီးတတ်ကြသည်။ အိမ်ရှင်သည် မကြာမီအိမ်ပြန်လာတော့မည်။ သူတို့သည် အိမ်ရှင်ပြန်လာမည့်အချိန်ကို သိရှိရန် ခဲယဉ်းသော်လည်း အိမ်ရှင်ပြန်မလာမီ အရာအားလုံးကို အသင့်
ပြင်ဆင်ကြသည်။ မည်သည့်အချိန်မဆို သူတို့သည် အသင့်ရှိကြသည်။
သူတို့သည် မိမိတို့၏တာဝန်ကိုသာ အာရုံစိုက်သောသူများဖြစ်ပြီး စောင့် ယ်နေစရာမလိုသောအစေခံများဖြစ်ကြသည်။ သူတို့သည် အိမ်ရှင်မရှိ သောအခါ အလုပ်ကိုလျော့၍ အချောင်ခိုတတ်သူများမဟုတ်ကြပေ။
အိမ်ရှင်သည် သူတို့ကိုမမြင်ရသော်လည်း သူတို့၏မေတ္တာမျက်စိသည် အိမ်ရှင်ကို အမြဲပင်မြင်ကြ၏။ ထို့ကြောင့် ထိုသူတို့သည် အိမ်၌ အိမ်ရှင် သည်ဟုခံယူလျက် အလုပ်လုပ်ကြသည်။ သူတို့၏ချစ်ခင်မှုသည် အိမ်ရှင် နှင့်အမြဲနီးစေပါသည်။ ။
လူတစ်ယောက်သေသောအခါ သူ့ကိုချစ်သောသူတို့အတွက် သူသည် အသက်ရှင်နေသေး၏။ ထိုကဲ့သို့ပင် ထာဝရမသေဘဲ ရှင်ပြန်ထ မြောက်သည့်အသက်ရှင်တော်မူသောခရစ်တော်သည် ကျွန်ုပ်တို့၏စစ်မှန် သောမေတ္တာအားဖြင့် ကျွန်ုပ်တို့ထံထင်ရှားလျက်ရှိသည်။ ကျွန်ုပ်တို့၏ချစ် ခြင်းမေတ္တာသက်သေမှာ ယေရှုသည် ကျွန်ုပ်တို့နှင့်အတူ အမှန်စင်စစ်ရှိပြီး ကျွန်ုပ်တို့၏အပြုအမူများကို လုပ်ဆောင်စေသည်၊ ကျွန်ုပ်တို့၏စိတ်သ ဘောထားကို လွှမ်းမိုးသည်၊ ကျွန်ုပ်တို့၏နာခံခြင်းကို လှုံ့ဆော်ပေးသည်။ ယေရှုက “သင်တို့သည် ငါ့ကိုချစ်လျှင် ယခုငါသွားပြီ။ သင်တို့နှင့်အတူ ငါရှိ၍ သင်တို့ကို ကြည့်ရှုနေသကဲ့သို့ သင်တို့လုပ်ဆောင်လိမ့်မည်။ သင် တို့သည် ငါ့ရှေ့မှောက်၌ရှိသကဲ့သို့ ငါ၏ပညတ်တော်များကို ဆက်လက် စောင့်ထိန်းကြမည်”ဟု ပြောပုံရသည်။
နောက်တစ်ဖန် ထိုအရာသည် တရားစီရင်ခြင်းနှင့်ဆိုင်သောစစ် ဆေးမှုဖြစ်သည်။ အကြောင်းမှာ ကျွန်ုပ်တို့သည် သခင်ဘုရား၏ပညတ် ချက်များကို စောင့်ထိန်းသောအခါ ကိုယ်တော်အား အနှစ်သက်စေဆုံးနှင့် ဘုန်းတော်အထင်ရှားဆုံးသောအရာကို ကျွန်ုပ်တို့လုပ်ဆောင်နေခြင်းဖြစ် သည်။ စိတ်ပါဝင်စားသောမက်သဒစ်တစ်ဦးဦးက “အိုး၊ ငါ၏ကယ်တင်ရှင် ကို ချီးမွမ်းရန် ငါဘာလုပ်ရမည်နည်း”ဟု ပြောကောင်းပြောမည်။
ထိုသူကို ကျွန်ုပ်ပြောလိုသည်မှာ “ကျွန်ုပ်ညီအစ်ကို၊ သေချာနား ထောင်ပါ။ သင်၏ကယ်တင်ရှင်ကို အမှန်ချစ်လျှင် သူ၏ပညတ်တော်များ ကို စောင့်ထိန်းပါ။ ဤအရာသာလျှင် သင်လုပ်ဆောင်ရန်လို၏။ ၎င်းသည်
‘အားလုံး’ ထက်ကြီးမြတ်၏။ ကိုယ်တော်၏ပညတ်တော်များထဲမှ သင်၏ သခင်ကိုချီးမွမ်းရန် သင်သည် အလွန်စိတ်အားထက်သန်နေသောအချိန်၌ လာ၍ နှစ်ခြင်းခံပါ”ဟူ၍ဖြစ်၏။
“ငါ့ကိုချစ်လျှင် ငါ့ပညတ်တို့ကိုစောင့်ရှောက်ကြလော့။” ချီဆောင် ခြင်းနှင့်ဆိုင်သောမေးခွန်းတိုင်းအတွက် အဖြေရှိပါသည်။ ကျွန်ုပ်တို့၏စိတ် အားထက်သန်ဆုံး ပြသနိုင်သည့်အရာထက် ပညတ်တော်များကို တစ်သ မတ်တည်းနာခံခြင်းအားဖြင့် ကျွန်ုပ်တို့သည် ယေရှုကို ပို၍ဘုန်းတော်ထင် ရှားစေပါသည်။ ထိုအမှုအရာသည် လူလုပ်ဆောင်သောဝတ်ပြုကိုးကွယ် ခြင်းသာလျှင်ဖြစ်သည်။ ၎င်းကို ကိုယ်တော်မည်သည့်အခါမျှ မိန့်တော်မမူခဲ့ ၊ ပေ။ ရှင်ယောဟန်အခန်းကြီးတစ်ဆယ့်နှစ်တွင် မာရိက ယေရှုကို ဆီသွန်း
လောင်းခဲ့သည့်အတိုင်း သင်သည် ကျောက်ဖြူဘူးကိုခွဲ၍ မွှေးကြိုင်သော အမွှေးအကြိုင်ဖြင့် အိမ်ကိုဖြည့်လိုလျှင် ကိုယ်တော်၏ဦးခေါင်းကို အရှားပါး ဆုံးသောကျောက်မျက်ရတနာများဖြင့် သရဖူဆောင်းစေလိုလျှင် သင့်ရှေ့ ၌နည်းလမ်းရှိ၏။ ထိုနည်းလမ်းကား “ငါ့ပညတ်တို့ကို စောင့်ရှောက်ကြ
လော့” ဟူသောအရာပင်ဖြစ်သည်။ သင်သည် ကိုယ်တော်၏ပညတ်တော် တိုင်းကို စိတ်ရင်းအတိုင်း အဆက်မပြတ်နာခံခြင်းထက် ကိုယ်တော်အား သာ၍ကြီးမားသောကျေနပ်စေမှု သို့မဟုတ် ကိုယ်တော်အား အမှန်စင်စစ် သာ၍ ဂုဏ်ယူစရာအမှုများကို မလုပ်နိုင်ပေ။
ထို့ပြင် အခြားသောနည်းလမ်းအားလုံးဖြင့် ကယ်တင်ရှင်ကို ဂုဏ် ပြုရန်နှင့်ဘုန်းတော်ထင်ရှားစေရန် ကျွန်ုပ်တို့အတွက် ပြင်ဆင်ပေးမည့် စစ်ဆေးခြင်းကို သက်သေပြရန် သူညွှန်ကြားသောအချိန်ကို သူသိရှိပေ သည်။ ဆက်စပ်သည့်ကျမ်းပိုဒ်ကို ဖတ်ကြစို့။ ငါ့ကိုချစ်လျှင် ငါ့ပညတ်တို့ ကိုစောင့်ရှောက်ကြလော့။ ငါသည် ခမည်းတော်ကိုတောင်း၍ခမည်းတော် သည်သမ္မာတရားကို ပြသောဝိညာဉ်တော်တည်းဟူသောတပါးသောဥပ ဇ္ဈယ်ဆရာကို သင်တို့နှင့်အတူ အစဉ်မပြတ် တည်နေစေခြင်းငှါ သင်တို့ အား ပေးတော်မူမည် (ယော၊ ၁၄:၁၅-၁၆)။
သင်သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျှင် ခရစ်တော် ၏ဘုန်းတော်ကို ကြီးမားစွာထင်ရှားစေနိုင်သည်။ သို့သော် သင်သည်
ခရစ်တော်၏ပညတ်ချက်များကို မစောင့်ထိန်းလျှင် သန့်ရှင်းသောဝိညာဉ် တော်နှင့်မပြည့်ဝနိုင်ပေ။ ဘုရားသခင်၏ဝိညာဉ်တော်သည် နှစ်သိမ့်ပေးသော အရှင်အဖြစ်လည်းကောင်း၊ သန့်ရှင်းစင်ကြယ်ခြင်းသို့ရောက်သော သူတို့အပေါ်၌လည်းကောင်း သန့်ရှင်းစင်ကြယ်စေသောအရှင်အဖြစ် ကြ လာပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို သန့်ရှင်းစေခြင်းအားဖြင့် ကျွန်ုပ်တို့အသုံးပြုခြင်းခံရရန်အတွက် ကျွန်ုပ်တို့ကို အရည်အချင်းမိစေ သည်။ ကယ်တင်ရှင်က “ငါ့ကိုချစ်လျှင် ငါ့ပညတ်တို့ကိုစောင့်ရှောက်ကြ
လော့” ဟု မိန့်ဆိုသည်။ အကြောင်းမှာ ကိုယ်တော်၏နာမတော်ကို ဘုန်း ထင်ရှားစေနိုင်သည့် ဘုရား၏လက်ဆောင်ကို ကျွန်ုပ်တို့ရရှိမည်ဖြစ်သည်။ သင်၏မေတ္တာ စွဲလမ်းရန် တာဝန်တစ်ခုခုရှိခြင်း၊ သင်၏သခင်ဘုရားအ ပေါ်နာခံခြင်း စသည်တို့သည် ကယ်တင်ရှင်မိန့်ဆိုသောနည်းလမ်းပင်ဖြစ် သည်။
သို့သော် အမှန်ပင် ဤအရာကို ငြင်းခုံရန် မလိုအပ်ပေ။ သင်၏ မိတ်ဆွေသည် သေခါနီးဖြစ်နေသောအချိန်၌ သင်၏မေတ္တာကို ထိုသို့ဖြင့် သက်သေပြရန် သူတောင်းဆိုသောအခါ သူသည် မိမိအလိုရှိသောအ ရာမှန်သမျှကို တောင်းဆိုကောင်းတောင်းဆိုမည်။ သင်သည်လည်း သူ့ကို စိတ်ကြိုက်လုပ်ဆောင်ခွင့်ကိုပေးလေသည်။ ထိုသို့တောင်းဆိုသောအရာ သည် အရိုးစင်းဆုံးအရာဖြစ်နိုင်သလို အခက်ခဲဆုံးအရာလည်းဖြစ်နိုင် သည်။ အကယ်၍ သူသည် ထိုတောင်းဆိုမှုကို မေတ္တာစမ်းသပ်ခြင်းအဖြစ် ဖော်ပြခဲ့လျှင် သင်သည် သူ့ကိုငြင်းဆိုမည်မဟုတ်ပေ။ သို့မဟုတ် သင်၏ ဇနီးက သင့်ကို “သင်သည် ကျွန်ုပ်နှင့် အလွန်ဝေးကွာသောနေရာသို့ ခရီးထွက်တော့မည်ဖြစ်၍ ရက်ပေါင်းများစွာ သင့်ကိုမြင်ရတော့မည်မ ဟုတ်။ ထို့ကြောင့် ကျွန်မ၏ဓာတ်ပုံကို သင်နှင့်အတူ ယူဆောင်သွားပါ ၍ တောင်းပန်ပါပြောဆိုလျှင် သင်ငြင်းဆိုမည်မဟုတ်ပေ။ ထိုအရာသည်။ ရိုးစင်းသောအရာဖြစ်သော်လည်း သင့်အတွက် အလွန်မြတ်နိုးစရာဖြစ်ပေ မည်။ ရေနှစ်ခြင်းမင်္ဂလာနှင့်ပွဲတော်မင်္ဂလာတို့သည် ယေရှုအဖို့အလို့ငှာ
တနှလုံးထဲ၌ မေတ္တာနှင့်ပြည့်ဝနေသူများအတွက် ပေါ့ပေါ့တန်တန်အမှု မဟုတ်ပေ။ ထိုမင်္ဂလာနှစ်ရပ်တို့သည် အသေးအဖွဲ့ဟုထင်သော်လည်း
၎င်းတို့ကို သခင်ယေရှုမိန့်ဆိုလျှင် ကျွန်ုပ်တို့လျစ်လျူရှု၍မရနိုင်ပေ။ ထပ်လက်စွပ်ကို မဝတ်ခြင်းသည် ရာဇဝတ်မှုကြီးမဖြစ်နိုင်သော်လည်း ကိုမချစ်ခြင်းသည် ရာဇဝတ်မှုဖြစ်နိုင်သည်။ ထိုကဲ့သို့ပင် မေတ္တာအမည် သင်္ကေတများအဖြစ် အပြင်ပိုင်း စည်းမျဉ်းဥပဒေသကို မလေးစားသောသ သည် ၎င်းတို့ကို လျစ်လျူရှုသည်ဟု ထင်မြင်မည်မဟုတ်ပေ။ ၎င်းမှာ အကြောင်းရင်းကိုမေးရန် ကျွန်ုပ်တို့၏တာဝန်မဟုတ်ပေ။ လုပ်ဆောင် သည် အရေးကြီးသည်၊ မကြီးသည်ကို ငြင်းခုံရန် ကျွန်ုပ်တို့၏တာဝန် ဟုတ်ပေ။ ကျွန်ုပ်တို့၏တစ်ခုတည်းသောတာဝန်ကား အမြတ်တနိုးနာခံရန် သာဖြစ်သည်။ ကျွန်ုပ်တို့စိတ်နှလုံး၏သတို့သားဖြစ်သည့်ခရစ်တော်အား ကိုယ်တော်၊ အလိုတော်ရှိသောအရာကိုပြောပါ။ ကိုယ်တော်ကို ကျွန်ုပ်တို့ နာခံပါမည်။ ကိုယ်တော်သည် ပြုံး၍ ကျွန်ုပ်တို့ကိုခိုင်ခံ့စေလျှင် မည်သည့် ကြီးမြတ်သောအရာမျှမဖြစ်နိုင်ဟူ၍ ရှိမည်မဟုတ်ပေ။ မည်သည့်အရာမျှ
အသေးအဖွဲဖြစ်မည်မဟုတ်ပေ။
ဆွဲဆောင်သော “လျှင်” စစ်မှန်သောမေတ္တာသည် စစ်ဆေးခြင်းကို ခံရပ်နိုင်မည်ဟူသော သင်တို့အတွက် နောက်ထပ်ဖော်ပြချက်ဖြစ်သည့်သမ္မာတရားကို ဘုရား သခင်သည် သက်သေပြုရန် ကျွန်ုပ်ဆုတောင်း၏။ “သင်တို့သည် ငါ့ကိုချစ် လျှင် ပညတ်တို့ကို စောင့်ရှောက်လိမ့်မည်” Revised Version မှဘာ သာပြန်ချက်ကို ကျွန်ုပ်သုံးထား၏။ ကျွန်ုပ်တို့၏ပြင်ဆင်နေသောအသက် တာများအပေါ်တွင် စာလုံးကြီးဖြင့် ရေးထားရန် မျှော်လင့်ပါသည်။ ပညတ တော်ပေးသောအရှင်ကို ကျွန်ုပ်တို့ချစ်သည့်အတွက် ကျွန်ုပ်တို့နာခံမည်။ ကျွန်ုပ်တို့နာခံရမည်။
ထို့ကြောင့် ချစ်ရသောသူတို့၊ ဤမျှလောက်ကျွန်ုပ်ပြောပါမည်။ ခရစ်တော်ကိုသင်တို့ချစ်လျှင် ကိုယ်တော်၏ပညတ်တော်များသည် မည် သည့်အရာများဖြစ်သည်ကို ရှာဖွေရန် ဆုံးဖြတ်ပါ။ သင်၌ရှိသည့်အသေး ငယ်ဆုံးသောမေးခွန်းအပေါ်၌ အချက်တိုင်းနှင့်ပတ်သက်၍ ကျမ်းစာကို
လေ့လာပါ။ ဤမြင့်မြတ်သော ဗျာဒိတ်တော်သည် သင်တို့ကို အလင်းပေး
၍လမ်းပြပို့ဆောင်ပါလိမ့်မည်။
နောက်ထပ်တစ်ခုမှာ ခရစ်တော်၏ပညတ်ချက်များသည် မည် သည့်အရာဖြစ်သည်နှင့်ပတ်သက်၍ သင်တို့၏ခိုင်ခံ့သောထင်မြင်ယူဆ ချက်များအပေါ်၌ အမြဲဖြောင့်မှန်ရမည်။ မည်သို့ပင် ဆုံးရှုံးနစ်နာစေကာမူ ၎င်းတို့ကိုအနစ်နာခံပြီး လုပ်ဆောင်ပါ။ ချက်ချင်းလုပ်ဆောင်ပါ ။”ဤအ ချက်အထိကျွန်ုပ်နာခံခဲ့ပြီ။ သို့သော် ဤနေရာ၌ ကျွန်ုပ်ရပ်မည်” ဟုပြော လျှင် ဆိုးရွားသောအမှုဖြစ်ပေမည်။ မည်သို့သောအမှုများပါဝင်သည်ဖြစ် စေ၊ ကျွန်ုပ်တို့သည် သခင်၏အလိုတော်အားလုံးကို မည်သည့်အကြောင်း
ကြောင့်ဖြစ်စေ အကြွင်းမဲ့နာခံရန် အပ်နှံထားကြသူများဖြစ်ကြသည်။ ဤ အရာအတွက် အစအဦး၌ သဘောမတူဘဲနေမည်လော။ သင်သည် ကိုယ်တော်ကိုချစ်လျှင် ချီတုံချတုံဖြစ်မည်မဟုတ်ပေ။
ပညတ်ချက်မှန်သမျှသည် သင်နှင့်သက်ဆိုင်သည်နှင့်အညီ ၎င်း တို့ကို မှတ်သားထားပါ။ ပညတ်တော်များစွာကို ကျွန်ုပ်ဖော်ပြ၍ ၎င်းတို့ကို သင်ကြားသောအခါ နာခံရန် ကျွန်ုပ်တောင်းဆိုပါ၏။ “သင်တို့သည် လောကီနိုင်ငံအရပ်ရပ် ရှိသမျှသို့သွား၍ ဝေနေယျသတ္တဝါအပေါင်းတို့အား ဝံဂေလိတရားကိုဟောကြလော့” (မာကု၊ ၁၆:၁၅)။ ဤကျမ်းချက်သည် သင်တို့ထဲမှ အချို့သောသူများကို သာသနာပြုအဖြစ် ခေါ်ခြင်းမဟုတ်
လော။ ဤကျမ်းစကား၏ဆိုလိုရင်းကိုကြားသလော။ “ကျွန်ုပ်ရှိပါ၏ ကျွန်ုပ် ကိုစေလွှတ်တော်မူပါ” ဟု သင်ပြောမည်မဟုတ်လော (ဟေရှာ၊ ၆း၈)။
သင်တို့သည် ရန်ငြိုးနှင့် ပြည့်ကောင်းပြည့်နေပေသည်။ တစ်စုံ တစ်ယောက်က သင့်ကို ဆိုးရွားစွာဆက်ဆံ၍ ထိုအရာကို မမေ့နိုင်ဖြစ်နေ ၏။ သခင်ဘုရား၏အမိန့်တော်ကို နားထောင်ရန် ကျွန်ုပ်တောင်းဆိုပါ၏။ “ချစ်သားတို့ … သင်တို့သည် အချင်းချင်းတစ်ယောက်ကို တစ်ယောက်ချစ် ကြလော့” (ယော၊ ၁၃:၃၃-၃၄)။ နောက်တစ်ဖန် –
ထို့ကြောင့်သင်သည် ပူဇော်သက္ကာကို ယဇ်ပလ္လင်သို့ဆောင်ယူခဲ့ လျက် သင်၏ညီအစ်ကိုသည် သင်၌ အပြစ်တင်ခွင့်တစ်စုံတစ်ခုရှိသည်ဟု အောက်မေ့သတိရလျှင် ယဇ်ပလ္လင်ရှေ့မှာ ပူဇော်သက္ကာကိုထား၍ သွားလော့။ ညီအစ်ကိုနှင့် သင့်တင့်ပြီးမှ ပြန်၍ပူဇော်သက္ကာကို တင်လော့ (မ သဲ၊ ၅:၂၃-၂၄)။
သင်တို့၌ ကြွေးမြီရှိလျှင် ဤပညတ်တော်ကို နာခံပါ။ “အချင်းချင်း ချစ်ခြင်းမေတ္တာမှတစ်ပါး အဘယ်ကြွေးမှမတင်စေနှင့်” (ရောမ၊ ၁၃၈)။ သင်တို့သည် ဆင်းရဲသောသူများကို လျစ်လျူရှု၍ ကပ်စေးနှဲသောနည်း လမ်းဖြင့် အသက်ရှင်လျှင် ဤပညတ်တော်ကို နားထောင်ပါ။ တောင်း
သောသူအားပေးလော့ချေးငှားလိုသောသူကိုလည်း မငြင်းမပယ်နှင့်” (ရှင် မဿဲ၊ ၅:၄၂)။ အရာခပ်သိမ်း၏နောက်ကွယ်၌ ဤအရာရှိ၏။ “ငါ့ကိုချစ် လျှင်ပညတ်တို့ကိုစောင့်ရှောက်ကြလော့။” အထူးသဖြင့် လိုက်လျှောက် ၍ရနိုင်သောပညတ်တော်များ တစ်ခုပြီးနောက်တစ်ခုကို ကျွန်ုပ်ဖော်ပြနိုင်
သော်လည်း သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့အား သင်တို့အား ခပ်သိမ်းသောအရာတို့ကို ပြသသွန်သင်တော်မူ၍ ငါပြောခဲ့သမျှသောစ ကားတို့ကိုမှတ်မိသောဉာဏ်ကို သင်တို့အား ပေးတော်မူမည်” ဟု ဖော်ပြ ပါရှိသည် (ယောဟန်၊ ၁၄:၂၆)။
အကယ်၍ သင်တို့အကြိုက်မဟုတ်သည့် ပညတ်ချက်တစ်ခုရှိ မည်ဆိုလျှင် သင်တို့စိတ်နှလုံးထဲ၌ မှန်ကန်အောင်လုပ်ဆောင်ရမည့်အ မှားတစ်ခုခုရှိသည်ဟူသောသတိပေးချက်ဖြစ်ရမည်။ ခရစ်တော်၏ပညတ် တော်များထဲမှ တစ်ခုခုနှင့်အချင်းများလျှင် အခြားအရာတိုင်းကိုလွန်၍ ၎င်း ကို အထူးသဖြင့် အာရုံစိုက်လျက် ထိုအချင်းများမှုကို အဆုံးသတ်ရမည်။ ကပ်စေးနှဲသူပြုခဲ့သည့်အတိုင်းပြုပါ။ သူသည် မိမိလောဘကို တစ်ခါတည်း နှင့်အကုန်လုံးအနိုင်ယူလိုက်သည်။ သူသည် ခရစ်ယာန်ဖြစ်၍ အသင်း
တော်ကို တစ်ပေါင်ပေးမည်ဟု ကတိပြုခဲ့သည်။ သို့သော် နတ်ဆိုးက “သင်၏ငွေကြေးကို သင်လိုအပ်၏။ မပေးလှူနှင့်”ဟု တိုးတိုးလေးကပ်ပြော လေသည်။ ထိုလူက ခြေဆောင့်၍ “ကျွန်ုပ်သည် နှစ်ပေါင်ပေးမည်”ဟု ပြောသည်။ ထို့နောက် နတ်ဆိုးက “သင်သည် အလွန်ပင် ရူးလှ၏။ သင် ၏ငွေကြေးကို သိမ်းထားပါ”ဟု ပြောလေ၏။ ထိုလူသည် အနိုင်ယူခြင်းကို မခံဘဲ လေးပေါင်ပေးမည်ဟု ပြန်ပြောခဲ့သည်။ နတ်ဆိုးက “ယခုတွင်” “သင်သည် စိတ်မနှံ့သောသူဖြစ်၏”ဟု ပြောဆိုရာ ထိုလူက “ကျွန်ုပ်ရှစ်ပေါင်ပေးမည်။ သင်သည် ကျွန်ုပ်ကို စုံစမ်းခြင်းမရပ်လျှင် ကျွန်ုပ်သည် တစ်ဆယ့်ခြောက်ပေါင်ပေးမည်။ အကြောင်းမှာ ကျွန်ုပ်သည် တစ်ဖက် သောကျေးကျွန်ဖြစ်မည်မဟုတ်”ဟု ပြောခဲ့သည်။ အဓိကအချက်က လစ်လျူရှုစေရန် သွေးဆောင်ခြင်းအခံရဆုံးအခြေအနေ၌ ရှိသည်ဆိုတာ ဝန်ထဲသို့ သင်၏စိတ်ဝိညာဉ် တစ်ခုလုံးကို ပစ်ချလိုက်ခြင်းဖြစ်သည်။ “သင်သည် ငါ့ကိုချစ်လျှင် ဤပညတ်တော်၊ ထိုပညတ်တော်ကို စောင့်ထိန်း ပါ” ဟု မပြောထားပေ။ “ချစ်ခြင်းမေတ္တာဖြင့် ပညတ်ချက်တိုင်းကို နာခံပါ။ ဟု ပြောထားခြင်းဖြစ်သည်။
အချို့သောသူတို့သည် ကျွန်ုပ်၏သခင်ယေရှုခရစ်တော်ကို မချစ် ကြပေ။ ဤခေါင်းစဉ်ကို သင်တို့ဆီ မညွှန်ကြားသော်လည်း ထိုအချက် သည် သင်တို့ကို စဉ်းစားစရာဖြစ်စေသင့်သည်။ သင်တို့ကို မည်သည့်အ ရာမျှပြောရန်မရှိဟု စဉ်းစားကြည့်ပါ။ အကြောင်းမှာ သင်တို့သည် သခင် ယေရှုခရစ်တော်ကို မချစ်သည့်အတွက်ကြောင့် ကိုယ်တော်၏ပညတ်ချက် များကို မစောင့်ထိန်းနိုင်ကြပေ။ “သခင်ယေရှုခရစ်တော်ကို ကျွန်ုပ်မချစ်ပါ” ဟု အဖြူအမည်းနှင့်ရေးချပါ။ ထိုသို့ဆိုလျှင် ရိုးရိုးလေးမှတ်ချက်ပြုပါ။ ထိုအရာအပေါ်တွင် စဉ်းစားပါ။ သင်တို့သည် ယေရှုကိုချစ်လျှင် “ကျွန်ုပ် သည် သခင်ယေရှုကိုချစ်သည်” ဟု ဝမ်းမြောက်စွာရေးနိုင်ပေသည်။
အခန်း ၆
ယေရှု၏မိတ်ဆွေ
“သင်တို့အားငါပညတ်သည့်အရာတို့ကိုသင်တို့ကျင့်သုံးလျှင် သင်တို့သည် ငါ၏မိတ်ဆွေများဖြစ်ကြ၏” (ယော၊ ၁၅:၁၄)။
ကျွန်ုပ်တို့၏သခင်ယေရှုခရစ်တော်သည် နှိုင်းယှဉ်၍မရလောက် အောင် အကောင်းဆုံးမိတ်ဆွေအပေါင်းတို့တွင် အကောင်းဆုံးမိတ်ဆွေ၊ လိုအပ်သည့်အချိန်၌ မိတ်ဆွေ၊ မိတ်ဆွေစစ်မိတ်ဆွေမှန်ဖြစ်တော်မူ၏။ ဆိုကရေးတီးက “မိတ်ဆွေမရှိပါ”ဟုပြောခဲ့၏။ ဆိုကရေးတီးသည် ငါတို့ သခင်ယေရှုကိုမသိခဲ့ပေ။ သိရှိခဲ့မည်ဆိုလျှင် “ကယ်တင်ရှင်မှတစ်ပါး”ဟူ၍ ထပ်ပေါင်းထည့်ပေမည်။ ယေရှုခရစ်တော်၏စိတ်နှလုံးထဲ၌ ကျွန်ုပ်တို့အ ပေါ် မိတ်ဆွေဖြစ်ခြင်းသည် တောက်လောင်လျက်နေသော်လည်း အခြား အသွင်သဏ္ဌာန်ရှိသမျှတို့၌ကား နေအတွက် မှေးမှိန်သောဖယောင်းတိုင် ကဲ့သို့ဖြစ်လေ၏။ “ကိုယ့်အဆွေတို့အဖို့အလို့ငှာ စွန့်ခြင်းမေတ္တာထက် သာ၍မြတ်သောမေတ္တာသည် အဘယ်သူ၌မျှမရှိ” (ယော၊ ၁၅:၁၃)။
ရိုးရိုးလူတစ်ယောက်သည် မိမိမိတ်ဆွေအတွက် တတ်နိုင်သမျှ သေခံသည်အလိသွားပေ၏။ သို့သော် ထို့ပြင် မိတ်ဆွေအတွက်အသေခံ ခြင်းအားဖြင့် သူသည် လွတ်ရမည့်အကြွေးကိုမလွဲ ဧကန်ကြိုတင်၍ ပေး ခဲ့၏။ ခရစ်တော်နှင့်အတူ လုံးလုံးအသေခံရန်မလိုအပ်ပေ။ သို့ဖြစ်၍ ဤ အရာသည် ကိုယ်တော်၏မေတ္တာတော်နှင့် ကိုယ်တော်၏မိတ်ဆွေဖြစ်ခြင်း ကို ၎င်းအားဖြင့်ပင်ထားရှိ၏။ ကိုယ်တော်သည် သေရန် မလိုအပ်သော် လည်း အသေခံခဲ့သည်။ ဘုန်းတော်နှင့်အသက်ရှင်နိုင်ခဲ့သော်လည်း နာ ကျင်ခံစားရလျက် အသေခံခဲ့၏။ မည်သည့်လူသား၌မျှ ထိုသို့သောမိတ် ဆွေဖြစ်ခြင်း သက်သေမျိုးမရှိပါပေ။
ကျွန်ုပ်တို့အတွက်သခင်ဘုရား၏မိတ်ဆွေဖြစ်ခြင်းသည် ကိုယ် တော်နှင့်မိတ်ဆွေဖြစ်ခြင်းအတွက် ပုံစံဖြစ်ပါစေ။ ၎င်းသည် ရှုထောင့်အား လုံး၌မဖြစ်နိုင်ပါပေ။ အကြောင်းမှာ ကျွန်ုပ်တို့၏အခြေအနေနှင့် အနေအ ထားတို့သည် ခြားနားမှုရှိ၏။ သူ၏မေတ္တာတော်သည် သာ၍ငယ်သောသူ အဖို့ ကြီးမားသောမေတ္တာတော်ဖြစ်၏။ လိုအပ်သောသူအတွက် ကောင်း မှုပြုသည့်မေတ္တာတော်၊ အဖိုးနှင့်ဝယ်သောသူများအတွက် ရွေးနှုတ်ရှင်၏ မေတ္တာတော်ဖြစ်၏။ သို့သော်လည်း ကျွန်ုပ်တို့သခင်ဘုရား၏မိတ်ဆွေဖြစ် ခြင်းဆိုင်ရာစိတ်ထားတစ်ခုလုံးနှင့် စိတ်ဝိညာဉ်ကို ကျွန်ုပ်တို့ပို၍နီးကပ်လာ လေလေပို၍ အတုယူနိုင်လေလေဖြစ်၏။ ထိုသို့သောမိတ်ဆွေဖြစ်ခြင်း သည် ကျွန်ုပ်တို့အပိုင်းမှစိတ်ရင်းအတိုင်းဖြစ်၍ မိမိကိုယ်ကိုပူဇော်ခြင်းဖြစ် သည့်မိတ်ဆွေဖြစ်ခြင်းဖြင့် ဆင်ခြင်သုံးသပ်ရမည့် ကိုယ်တော်၏မေတ္တာ မျိုးဖြစ်၏။
ရှင်ယောဟန် အခန်းကြီး ၁၅ ၌ ကျွန်ုပ်တို့သခင်ဘုရားက ကျွန်ုပ် တို့၏မိတ်ဆွေဖြစ်ခြင်းအကြောင်းမပြောဘဲကိုယ်တော်၏မိတ်ဆွေဖြစ်ခြင်း အကြောင်းပြောသည်ဟု ကျွန်ုပ်ထင်၏။ ကိုယ်တော်သည် အပြစ်သားများ ၏မိတ်ဆွေဖြစ်၏။ သို့သော် အပြစ်သားများသည် စိတ်နှလုံးမပြောင်းလဲ ၊ မချင်းကိုယ်တော်၏မိတ်ဆွေများမဖြစ်ကြပေ။ “သင်တို့အား ငါပညတ်သည့် အရာတို့ကိုသင်တို့ကျင့်သုံးလျှင် သင်တို့သည် ငါ၏မိတ်ဆွေများဖြစ်ကြ ၏။ ထိုအချိန်မတိုင်မီအထိ ကျွန်ုပ်တို့သည် ကိုယ်တော်၏မိတ်ဆွေများ မဟုတ်
ကြပေ။ ကျွန်ုပ်တို့ အတွက်ကိုယ်တော်၏မေတ္တာတော်သည် ကိုယ်တော် ကိုယ်တိုင်ထံမှ လုံးလုံးဖြစ်သော်လည်းမိတ်ဆွေဖြစ်ခြင်းတွင် ကျွန်ုပ်တို့ထံ မှတစ်ခုခုလိုအပ်ပေသည်။ မိတ်ဆွေဖြစ်ခြင်းသည် တစ်ဘက်တည်းမှမဖြစ် နိုင်ပေ။ တစ်ဘက်တည်းဖြစ်သည့် မိတ်ဆွေဖြစ်ခြင်းသည် ကရုဏာ၊ ကျေး ဧတော် (ဝါ ) ကျေးဇူးပြုခြင်းဟုပို၍ခေါ်နိုင်၏။ မိတ်ဆွေဖြစ်ခြင်းသည် အ ပြည့်အဝဆိုရလျှင် အပြန်အလှန်ဖြစ်၏။ လူတစ်ယောက်အတွက် သင်နှစ် သက်သည့်အရာအားလုံးကိုပြု၍ ပြည့်စုံစွာကျေးဇူးပြုနိုင် သော်လည်းမည် သည့်အရာမျှပြန်ရမည်မဟုတ်ပေ။ စစ်မှန်သောမိတ်ဆွေဖြစ်ခြင်းသည် တုန့်ပြန်မှုရှိသောနေရာ၌သာလျှင် တည်ရှိပေသည်။
ထို့ကြောင့် ကျွန်ုပ်တို့ကိုခရစ်တော်ချစ်သည် သို့မဟုတ် ကရုဏာ ထားသည် နှင့်ပတ်သက်၍ ကျွန်ုပ်တို့၌ မေးခွန်းမရှိပါ။ အခြားကျမ်းပိုဒ်တွင် ဖတ်ရှုရသည်မှာ “ငါတို့ကို ချစ်တော်မူသောမေတ္တာတော်အားဖြင့် ဒုစရိုက် အပြစ်၌ သေလျက်ရှိနေသောငါတို့ကို” ကျွန်ုပ်တို့သည် အပြစ်ရှိစဉ်ပင် မိတ်ဆွေဖြစ်၏။ သို့သော် ယခုတွင် ၎င်းသည် ကျွန်ုပ်တို့၏အကြောင်းအ ရာပမဟုတ်ပေ။ မေးခွန်းက ကျွန်ုပ်တို့သည် ကိုယ်တော်၏မိတ်ဆွေဖြစ် ခြင်းဖြစ်၏။ စင်စစ် အပြန်အလှန်မိတ်ဆွေဖြစ်ခြင်းနှင့်ဆိုင်သောရင်းနှီးမှုရှိ လျှင် ဤအရာသည် ကျွန်ုပ်တို့ဖြစ်လာမည့်အရာဖြစ်၏။ မိတ်ဆွေဖြစ်ခြင်း သည် ကျွန်ုပ်ပြောခဲ့သည့်အတိုင်းတစ်ဘက်တည်းမှ ဖြစ်နိုင်မည်မဟုတ်ပေ။ ချိန်ခွင်နှစ်ဘက်ကဲ့သို့ဖြစ်၏။ အခြားတစ်ဘက်တွင် ညီမျှစေသည့်အရာ တစ်ခုခုရှိရပေမည်။ ချစ်ခြင်းခံရသောပုဂ္ဂိုလ်ထံမှ ကြင်နာသောခံစားမှုပြန် လာခြင်းရှိရပေမည်။ ဤတွင် ယေရှုပြောနေသည်မှာကိုယ်တော်၏မိတ် ဆွေများဖြစ်လျှင် ကိုယ်တော်မိန့်မှာသောအရာတို့ကိုပြုရမည်ဖြစ်သည်။ ယောဟန် ၁၄:၁၅ တွင် ဤအရာကိုကိုယ်တော်အတွက် မေတ္တာဖြင့်ပြုရ ပေမည်။
ချစ်ခင်ရသောသူတို့၊ ခရစ်တော်၏မိတ်ဆွေဟုခေါ်ခြင်းခံရခြင်းက ဂုဏ်ယူစရာအကောင်းဆုံးဖြစ်၏။ “ဘုရားသခင်၏မိတ်ဆွေ” (ယာကုပ် ၂:၂၃) ဟုခေါ်ခံရသောအာဗြဟံဝတ်ဆင်ခဲ့သည့် ဂုဏ်သိက္ခာရှိခြင်းထက် သာလွန်သည့် နာမည်ဘွဲ့ မရှိတော့ပေ။ အရှင်ဘရွတ်သည် ဆာရ်ဖိလစ်
ဆစ်ဒနီနှင့် မိတ်ဆွေဖြစ်ခြင်းအတွက် အလွန်နှစ်သက်ခဲ့ပေသည်။ ဘရွတ် က သူ၏အုတ်ဂူ၌ စာလုံးထိုးရန်မှာခဲ့၍ဖြစ်၏။ “ဆာရ်ဖိလစ်ဆစ်ဒနီ၏ မိတ်ဆွေအိပ်ပျော်ခြင်း” ထိုသို့သောခံစားမှု၌ တင့်တယ်ခြင်းရှိသော်လည်း “ခရစ်တော်၏မိတ်ဆွေ အသက်ရှင်ခြင်း” ဟုပြောနိုင်ခြင်းနှင့် နှိုင်းယှဉ်လျှင်
သေးငယ်သောကိစ္စသာဖြစ်ပေ၏။ “မိတ်ဆွေ”ဟု ကျွန်ုပ်ကိုကိုယ်တော် သည့်အတွက် မည်မျှအံ့သြဖွယ်ကောင်းပါသနည်း။
ကျွန်ုပ်သည် စစ်မှန်သောယုံကြည်သူဖြစ်လျှင် ကိုယ်တော်သည် ကျွန်ုပ်၏မိတ်ဆွေဖြစ်သည်သာမက – ကိုယ်တော်မပါလျှင် ယခုရော နောက်ပါ မျှော်လင့်ချက်မရှိပါပေ။ – ကိုယ်တော်၏ကြွယ်ဝသောကျေးဇူး တော်အားဖြင့် ကိုယ်တော်၏မိတ်ဆွေအဖြစ် ကျွန်ုပ်ကိုသတ်မှတ်ရန် နှစ် သက်ပေ၏။ ကိုယ်တော်နှင့်ရင်းနှီးစွာစကားပြောရန် ခွင့်ပြုခံရသည့်ဂုဏ် ပြုသည့်ရင်းနှီးသောမိတ်ဆွေစာရင်း၌ ကျွန်ုပ်နာမည်ကိုရေးမှတ်ရသည်ကို ကိုယ်တော်နှစ်သက်ခဲ့ပေ၏။ လျှို့ဝှက်ချက်များမရှိသောသူများကြား၌ ကဲ့ သို့ဖြစ်၏။ ခရစ်တော်၏ရင်းနှီးသောမိတ်ဆွေများသည် မိမိတို့၏စိတ်နှလုံး ကိုကိုယ်တော်ထံ လုံးလုံးဖွင့်ထားပေသည်။ “မရှိပါကမရှိကြောင်း သင်တို့ အား ပြောခဲ့ပေလိမ့်မည်” (ယော၊ ၁၄:၂)။
ချစ်ခင်ရသောသူတို့၊ ဤအရာသည် ခရစ်တော်၏ပညတ်တော် များကိုနာခံရန် ထားသည့်အလင်းဖြစ်ပါသည်တကား။ ကျွန်ုပ်တို့၏ကျမ်းစာ ဩဝါဒသည် နာခံခြင်းသို့ပြောင်းလဲ၍ ဝမ်းမြောက်ခြင်းနှင့် ဘုန်းတော်ထင် ရှားခြင်းအသက်တာကို အသိပေးရုံမှတစ်ပါး ကျွန်ုပ်မတတ်နိုင်ပေ။ ၎င်း သည် တန်ဖိုးရှိပေ၏။ အကြောင်းမှာဆုကျေးဇူးများနှင့် ဩဇာလွမ်းမိုးမှုတို့ ကို ပိုင်ဆိုင်ခြင်းထက် မိတ်ဆွေဖြစ်ခြင်းတံဆိပ်သည် ပို၍ကောင်းပေ သည်။ ခရစ်တော်က “သင်တို့သည် လူတို့အကြားတွင် လေးစားဖွယ်အ နေအထား သို့မဟုတ် အသင်းတော်၌ ဂုဏ်ယူဖွယ်အနေအထားရှိလျှင် ငါ၏မိတ်ဆွေများဖြစ်ကြ၏”ဟုမပြောပေ။ သင်တို့သည် အဘယ်မျှလောက် ဆင်းရဲနေသည်ဖြစ်စေ၊ ဤစကားများကို ကိုယ်တော်ပြောခဲ့သောသူများ သည် အလွန်ပင်ဆင်းရဲနေသည်ဖြစ်စေ၊ ကိုယ်တော်က “သင်တို့အား ငါပညတ်သည့်အရာတို့ကိုသင်တို့ကျင့်သုံးလျှင် သင်တို့သည် ငါ၏မိတ်ဆွေ များဖြစ်ကြ၏”ဟုပြော၏။
နာခံခြင်းသည် စည်းစိမ်ချမ်းသာထက် ပို၍ကောင်းပြီးအဆင့်အ တန်းထက် ပို၍ကောင်းပေ၏။ ယေရှုသည် မိမိ၏မိတ်ဆွေများကိုသူတို့ရှိ
သောအရာ သို့မဟုတ် ဝတ်ဆင်သောအရာအားဖြင့်တန်ဖိုးထားသည် မဟုတ်ဘဲ သူတို့ပြုသောအရာအားဖြင့် တန်ဖိုးထားပေသည်။ အသက် တာလုပ်ဆောင်မှုအတွက် သတိပြု မှတ်သားထိုက်သောအရည် အချင်း များရှိသည့်တမန်တော်ဆယ့်တစ်ပါးအားလုံးကို ဂုဏ်ပြုနိုင်ပေသည်။ သို့
သော် ထိုသူတို့၏အရှင်က “တမန်တော်ဖြစ်ခြင်းအတွက် ငါသည် သင်တို့ ကိုအရည်အချင်းပြည့်မီစေသောကြောင့် သင်တို့သည် ငါ၏မိတ်ဆွေများ ဖြစ်ကြ၏”ဟုမပြောပေ။ မိမိသိုးတို့၏ခေါင်းဆောင်များကိုပင်လျှင် ယေရှုက ရိုးစင်းစွာ “သင်တို့အား ငါပညတ်သည့်အရာတို့ကို သင်တို့ကျင့်သုံးလျှင် သင်တို့သည် ငါ၏မိတ်ဆွေများဖြစ်ကြ၏” ဟုပြော၏။ ဤအရာသည် သင် ၏မိတ်ဆွေဖြစ်ခြင်းကိုစစ်ဆေးသည့်အချက်ဖြစ်ပေသည်။ သင်တို့သည် နာ ခံသောသူများဖြစ်လျှင် သင်တို့သည် ငါ၏မိတ်ဆွေများဖြစ်ကြ၏။
ကိုယ်တော်နှင့်ကိုယ်တိုင်မိတ်ဆွေဖွဲ့ခြင်းအထဲ၌ ပါဝင်ရခြင်းအ တွက် မြင့်မားသောဂုဏ်သိက္ခာရှိခြင်းကို စွဲလမ်းသည့်ကျွန်ုပ်တို့နှင့်ပတ် သက်၍ အနည်းအများကို ကိုယ်တော်သည် ယနေ့မပြောပေ။ ကျွန်ုပ်၏ ချစ်ခင်ရသောယုံကြည်များ၊ သင်တို့သည် မိမိတို့၏သခင်နှင့်အရှင်ကိုနား
ထောင်ရန်ဝန်ခံ၍ ၎င်းကိုလုပ်ဆောင်ရန် စိတ်ထက်သန်ရမည်။ သို့မဟုတ် လျှင်သင်တို့သည် ကိုယ်တော်၏ရင်းနှီးရသောမိတ်ဆွေများမဟုတ်ကြပေ။ ဤအရာသည် ကျေးဇူးတော်တစ်ပါးသာလျှင် ကျွန်ုပ်တို့ကိုပေးနိုင်သည့် မရှိမဖြစ်အရေးကြီးသောအရာတစ်ခုဖြစ်ပေသည်။ တောင်းဆိုမှုကို ကျွန်ုပ် တို့ပုန်ကန်နေလား။ ထိုအရာနှင့်ဝေးပါစေ။ ကျွန်ုပ်တို့၏ဝမ်းမြောက်ခြင်းနှင့် မွေ့လျော်ခြင်းသည် ကျွန်ုပ်တို့ချစ်ရသော အရှင်၏လွယ်ကူပေါ့ပါးသော ထမ်းပိုးကို သယ်ဆောင်ခြင်း၌ တည်နေပေသည်။
မည်ကဲ့သို့သောနာခံခြင်းနည်း။
ဤအကြောင်းအရာကို ပို၍နီးကပ်စွာကြည့်ကြပါစို့။ ကိုယ်တော် ၏မိတ်ဆွေများဟု မိမိတို့ကိုယ်ကို ခေါ်ဆိုသောသူများထံမှ ကိုယ်တော်
တောင်းဆိုသောနာခံခြင်းမျိုးကို သခင်ဘုရားကိုယ်တော်တိုင် ပြောပြသည် ကိုသတိပြုပါ။ စစ်မှန်သောမိတ်ဆွေများသည် မိမိတို့၏မေတ္တာပြရမည့် အရာများနှင့်ပတ်သက်၍ မည်သည့်အရာကိုလုပ်ဆောင်နိုင်မည်ကို သိ ချင်ကြပေသည်။ လေးစားမှုကိုခံထိုက်သော ကျွန်ုပ်တို့၏သခင်ဘုရားက ရွေးချယ်ထားသောသူများကိုပြောသည့်စကားကိုဝမ်းမြောက်စွာနားထောင် ကြပါစို့။ ဤအရာကိုတစ်ကြိမ်တည်းနှင့် အားလုံးတောင်းဆိုပေသည်။ နာခံ ခြင်းဖြစ်၏။
ကိုယ်တော်၏ပညတ်တော်များကို လုပ်ဆောင်ခြင်းမှ မည်သူမျှ မလွတ်ကင်းကင်းကြပါပေ။ သို့သော်လည်း သင်၏အခြေအနေသည် မြင့် မားနေသည်ဖြစ်စေ၊ နိမ့်ကျနေသည်ဖြစ်စေ၊ နာခံရမည်။ သင်တို့၌ စွမ်းရည် တစ်ခုတည်းရှိလျှင် နာခံရမည်။ စွမ်းရည်ဆယ်ခုရှိလျှင်လည်း နာခံရမည်။ ကျွန်ုပ်တို့တစ်ဦးစီတိုင်း စိတ်ရင်းအတိုင်းဖြစ်လျက် သစ္စာရှိစွာအစေခံရန် ဆန္ဒမရှိမချင်း ခရစ်တော်နှင့် မိတ်ဆွေဖြစ်ခြင်းမရှိနိုင်ပေ။
ဤစဉ်းစားဆင်ခြင်မှုသည် ယေရှုခရစ်တော်၏နာမတော်မှည့်ခေါ် ထားခြင်းခံရသောသူအားလုံး၏စိတ်နှလုံးတို့ကို ထိုးဖောက်ပါစေ။ ယေရှု၏ မိတ်ဆွေများထဲတွင် စာရင်းသွင်းထားလျှင် ကိုယ်တော်၏မင်္ဂလာရှိသော အလိုတော်ကို ကိုယ်တိုင်နာခံရာတွင် သတိပြုရမည်။ ‘ဘုရားသည် ဩ ဖိရရွှေကိုဆင်မြန်းလျက် ကိုယ်တော်၏လက်ယာဘက်တွင် ရပ်နေပါ၏” ကိုမမေ့ပါနှင့်။ “ကိုယ်တော်သည် သင်၏သခင်ဖြစ်သောကြောင့် သူ့ရှေ့၌ ပြပ်ဝပ်လော့” (ဆာလံ၊ ၄၅:၉-၁၁)။ လက်တွေ့လုပ်ဆောင်သည့်နာခံခြင်း ၊
လက်တွေ့လုပ်ဆောင်သည့်နာခံခြင်းရှိရန် သတိပြုပါ။ သင်လုပ် ဆောင်သောအခါ အချို့လူက ကိုယ်တော်တားမြစ်ထားသောအရာကို သင်ရှောင်လွဲလျှင် အတော်ပင်လုံလောက်ပြီဟုထင်ကြ၏။ မကောင်းမှုကို
ရောင်းခြင်းသည် ဖြောင့်မတ်ခြင်းအတွက် ကြီးမားသောအပိုင်းဖြစ်သော် လည်း မိတ်ဆွေဖြစ်ခြင်းအတွက် မလုံလောက်ပေ။ လူတစ်ယောက်က •သည် အရက်မူးနေသောသူမဟုတ်၊ မရိုးသားသောသူမဟုတ်၊ ဥပုသ် နေ့ကို ချိုးဖောက်သူမဟုတ်၊ လိမ်လည်သောသူမဟုတ် ဟုပြောနိုင်လျှင် အလွန်ကောင်းမွန်ပေ၏။ ထိုသို့သောဖြောင့်မတ်ခြင်းသည် ဖာရိရှဲနှင့်ကျမ်း ပြုဆရာတို့ထက်မသာလွန်ပေ။ ထိုသူတို့သည် နိုင်ငံတော်ကိုမဝင်ရောက် နိုင်ကြပေ။ အလိုဆန္ဒဖြင့် အပြစ်မလုပ်လျှင် ကောင်းပေ၏။ သို့သော် သင် တို့သည် ခရစ်တော်၏မိတ်ဆွေဖြစ်လျှင် ဤအရာထက်ပိုဝေးကွာသောအ ရာရှိရပေမည်။ ပုဂ္ဂိုလ်တစ်ယောက်သည် ဆင်းရဲကောင်းဆင်းရဲ၍ “ငါ သည် သင်၏မိတ်ဆွေဖြစ်၏။ သက်သေပြရလျှင် သင့်ကိုမစော်ကားပေ။ သင့်ကို မလုယက်၊ သင့်မကောင်းကြောင်းကိုမပြောပေ” ဟုသာပြောပေ မည်။ စင်စစ်မိတ်ဆွေဖြစ်ခြင်းကိုသက်သေပြနိုင်သည့် သက်သေအစစ်အ မှန်ရှိရပေမည်။
သခင်ယေရှုခရစ်တော်သည် အပြုသဘောဆောင်သည့်တာဝန် များ၌ဖိစီးခြင်းကိုလည်း ချထားပေ၏။ နောက်ဆုံးသောကာလ၌ သူက“ငါ သည် ဆာလောင်သောအခါ သင်တို့သည် ငါ့ကိုစားစရာပေးကြ၏ ငါ သည် ရေငတ်သောအခါ သင်တို့သည် ငါ့ကိုသောက်စရာပေးကြ၏” ဟု ပြောပေမည် (ရှင်မဿဲ၊ ၂၅:၃၅)။ အောက်မေ့ဖွယ်ကောင်းသည့်ဤရှင် မမသဲအခန်းကြီးနှစ်ဆယ့်ငါးတွင် အကျင့်သီလနှင့်ဆိုင်သည့်အပျက် ဘောအကြောင်းမဖော်ပြပေ။ သို့သော် အပြုသဘောဆောင်သည့်လုပ် ဆောင်ခြင်းကိုသာကိုးကားဖော်ပြ၍တည်နေပေ၏။ “ငါ၏ကြိတ်ဆုံ၌ ကြိတ် သောမိတ်ဆွေရှိ၏” ဟူသောအင်္ဂလိပ်စကားပုံဟောင်းရှိ၏။ ဆိုလိုရင်းမှာ မိတ်ဆွေဖြစ်ခြင်းသည် ရိုးသားမှုကို သက်သေပြုသောအကူအညီဖြစ်စေ သည့်လုပ်ဆောင်မှုများဖြင့်ပြသပေ၏ဟုဆိုလိုသည်။ သူတို့သည် ကြင်နာမှု နှင့်ဆိုင်သည့်စစ်မှန်သောလုပ်ဆောင်မှုများနှင့် ထောင့်ပင့်ထားလျှင် လှပ
သောစကားလုံးများသည် လေသက်သက်ဖြစ်၍ တန်ဖိုးမရှိပေ။ မိတ်ဆွေ ဖြစ်ခြင်းသည် လေသက်သက်ဖြစ်သောစကားပေါ်၌ အသက်မရှင်နိုင်ပေ။ ၎င်းသည် အမှန်တကယ်အကြောင်းအရာဖြစ်သောမုန့်ကိုလိုအပ်ပါသည်။
မှုတ်သွင်းထားသောနှုတ်ကပတ်တော်က “သင်၏မေတ္တာကို သက်သေပြ
လော့၊ ငါမိန့်မှာသမျှကို ပြုခြင်းအားဖြင့် ပြလော့” ဟုပြောထားသည်။ အဆက်မပြတ်ဖြစ်သောနာခံခြင်း ၊ထို့ပြင် ကျွန်ုပ်တို့ထံမှ ခရစ်တော်မျှော်လင့်သောနာခံခြင်းက အ ဆက်မပြတ်ဖြစ်သော နာခံခြင်းဖြစ်ကြောင်း ကျမ်းစကားလုံးထဲမှ ရှင်းလင်း စွာတွေ့ရပေသည်။ ကိုယ်တော်က “တစ်ခါတစ်ရံ ငါ့ပညတ်သည့်အရာကို
စောင့်ထိန်းလျှင်၊ တနင်္ဂနွေနေ့မှာစောင့်ထိန်းလျှင်၊ ဥပမာ သို့မဟုတ် ဝတ် ပြုကိုးကွယ်သောနေရာ၌ စောင့်ထိန်းလျှင် လုံလောက်သည်” ဟုမပြော ပါပေ။ ထိုသို့မဟုတ်ပေ။ ကျွန်ုပ်တို့သည် ကိုယ်တော်၌ တည်၍ ကိုယ် တော်၏ပညတ်ချက်များကိုအဆုံးတိုင်အောင် စောင့်ထိန်းရပေမည်။
ယခုကျွန်ုပ်သည် ကယ်တင်ခြင်းသို့ရောက်သောလမ်းအဖြစ် အ လုပ်များကို သွန်သင်နေသည်မဟုတ်ဘဲ မိဿဟာယ၏သက်သေအဖြစ် သွန်သင်နေခြင်းဖြစ်၏။ ထိုအရာသည် အခြားအရာတစ်ခုဖြစ်၏။ ကျွန်ုပ် တို့သည် နေရာတိုင်း၌ အချိန်တိုင်းနှင့် အခြေအနေများအားလုံးအောက် တွင် ယေရှုမိန့်မှာခဲ့သောအရာကို ကိုယ်တော်ကိုရိုသေလေးစား၍ ရွှင် လန်းသောစိတဝိညာဉ်ဖြင့်ရှာဖွေရမည်။ ထိုသို့သောနူးညံ့မှု၊ ချစ်ဖွယ်ဝန်ခံ ခြင်းတို့သည် ဘုရားဝတ်၌ မွေ့လျော်သောမိန်းမက မိမိခင်ပွန်းကိုပြုလ ကဲ့သို့ ကျွန်ုပ်တို့သည် ကိုယ်တော်၏မိတ်ဆွေများဖြစ်ကြလျှင် အသက်တာ တစ်လျှောက်လုံး ကျွန်ုပ်တို့အားဖြင့် ဝမ်းမြောက်စွာပေးအပ်ရပေမည်။ အားလုံးနှင့်ဆိုင်သောနာခံခြင်း
ဤနာခံခြင်းသည် အားလုံးနှင့်ဆိုင်ရမည်။ “မိန့်မှာသမျှ” ဖြစ်၏။ မိန့်မှာချက်အကြောင်းအရာကိုတွေ့သည်နှင့် “ငါလုပ်ဆောင်မည်” ဟုပြော ၍လုပ်ဆောင်သည့် ခရစ်တော်၏စစ်မှန်သောမိတ်ဆွေဖြစ်သည်။ မည် သည့်ပညတ်ကိုစောင့်ထိန်း၍ မည်သည်ကို လျစ်လျူရှုရမည်ကို သူမရွေး ချယ်ပေ။ အကယ်၍ သူ၏ရွေးချယ်မှုအားဖြင့် ဖြစ်လာလျှင် ၎င်းသည် စစ် မှန်သောနာခံခြင်းမဟုတ်ဘဲ မိမိ၏အလိုဆန္ဒသာဖြစ်ပေမည်။
ဤအကြောင်းအရာမှ ကြီးမားစွာသွေဖည်ရန် ခရစ်တော်၌ ယုံ လင်းဝန်ခံသောသူအချို့ကို ကျွန်ုပ်သိပေ၏။ ထိုသူတို့သည် အချက်
အပေါ်တွင် တင်းကျပ်၍ လုပ်ဆောင်မှုတစ်ခုက ပညတ်တော် လေးကို ပြည့်စုံသည်ဟုပြောလျက် ပြင်းထန်စွာမလုပ်ဆောင်သော မင်းကိုအပြစ်တင်ကြ၏။ မသဲအခန်းကြီးနှစ်ဆယ့်သုံး၌ ကျမ်းပညာ
ဖာရိရှဲတို့ကိုယေရှုသတိပေးခဲ့သည် “ခြင်တကောင်ကိုမျှ မပါစေခြင်း
ကိုစစ်လျက်” ဟူသောအရာသည် များစွာသောသူတို့ကို လွှမ်းမိုး လျက်ရှိ၏။ မိမိတို့ခွက်ထဲမှ ခြင်ကိုဖယ်ရှားရန် အကောင်းဆုံးသောပိုက် ရေစစ်များကိုဝယ်ယူခဲ့၏။ သို့သော် နောက်တစ်နေ့တွင် သူတို့သည် ပါးစပ် ကိုဖွင့်၍ နာကျင်ခြင်းမရှိဘဲကုလားအုပ်ကိုမြို့ကြ၏။ ထိုသို့ အလုပ်မဖြစ် ပေ။ စစ်ဆေးခြင်းမှာ “မိန့်မှာသမျှ”ဖြစ်၏။
အနည်းငယ်သောအရာများသည် အရေးမကြီးဟု ကျွန်ုပ်မဆိုလို ပေ။ ထိုသို့နှင့်ဝေးပါစေ။ ခြင်ကိုစစ်ထုတ်ရမည်ဟုခရစ်တော်မိန့်မှာလျှင် ကြီးမားစွာလုံ့လစိုက်လျက်စစ်ထုတ်ပါ။မွှားကိုဖယ်ရန် မိန့်မှာလျှင် မလွတ် စေပါနှင့်။ ခရစ်တော်၏အသေးငယ်ဆုံးအမိန့်တော်သည်လည်း အရေးအ ကြီးဆုံးသောအရာဖြစ်ပေသည်။ ကျွန်ုပ်ပြောပါမည်။ အချို့သောအရာများ သည်သိသာထင်ရှားစွာကြီးမား၏။ အကြောင်းရင်းများစွာဖြင့် ခရစ်တော် ကိုယုံကြည်သည်ဟု အယောင်ဆောင်သောပုဂ္ဂိုလ်ပင်လျှင် ၎င်းတို့ကို အတူလိုက်ပါပေ၏။ သို့သော်လည်းအယောင်ဆောင်သောသူများ သတိပြု ရန်အခက်အခဲမဖြစ်သည့်သေးငယ်သောအချက်များ၌ စစ်ဆေးခြင်းတည် ရှိနိုင်၏။ ၎င်းတို့ကိုလုပ်ဆောင်ရာ၌ လူ့လျှာကသူတို့ကိုမချီးမွမ်းကြသည့်အ တွက်ဖြစ်၏။
ဤသည်မှာ သင်တို့၏မေတ္တာသက်သေဖြစ်၏။ ယေရှုအတွက် သေးငယ်သောအရာကိုလုပ်ဆောင်သကဲ့သို့လေးနက်သောအရာကို လုပ် ဆောင်မည်လား။ များစွာသောသူတို့က “ထိုအရာ၌ အသုံးဝင်ခြင်းကို ငါ တွေ့။ ထိုအရာမပါဘဲ ကယ်တင်ခြင်းရနိုင်၏။ ဤအချက်မှာ ခြားနား
အယူအဆတွေအများကြီးရှိ၏” ဟုပြောကြ၏။ ထိုသို့ဆက်ပြောကြ ၊ ထိုအရာတို့သည် မာရ်နတ်မှလာ၍ ခရစ်တော်နှင့်မိတ်ဆွေဖြစ်ခြင်း၏
ဝိညာဉ် နှင့်အတူမညီပေ။ မေတ္တာသည် အသေးအဖွဲများ၌ ကျေနပ်နှစ် သက်ပေ၏။ ထိုအရာသည် ခရစ်တော်၏အလိုဆန္ဒဖြစ်ပါသလား။ ကိုယ်
တော်၏နှုတ်ကပတ်တော်ဆိုင်ရာပညတ်ဖြစ်ပါသလား။ ထိုသို့ဆိုလျှင် အရာသည် အကြောင်းပြရန် သို့မဟုတ် မေးခွန်းထုတ်ရန် သင်၏တာဝန် မဟုတ်ပေ။
သင်၏သခင်နှင့်အရှင်ကို အကြံဉာဏ်ပေးခြင်းသည် မထင်ရှား သောအချက်များအားလုံးအပေါ်၌ မူတည်နေနိုင်ပေသည်။ ပြည်တွင်းအ စေအပါးသည် စားပွဲ၌ နံနက်စာကိုတင်၍ တာဝန်ပြီးပြီဟု ခံစားကောင်း ခံစားနိုင်ပေမည်။ သို့သော် သူ၏သခင်မသည် သူ့အား စားပွဲပေါ်၌ဆားကို ထားရန်ပြောသော်လည်း ဆားကိုမထားလျှင် သူ၏လျစ်လျူရှုမှုအတွက် ဖြေရှင်းရပေမည်။ ဆိုပါစို့။ အစေအပါးက သူ့သခင်မအား “ထိုအရာမလို အပ်ဟု ထင်ခဲ့ပါ၏။ သခင်မရှေ့တွင် နံနက်စာကိုကျွန်ုပ်ထားပါပြီ။ သို့သော် ဆားအနည်းငယ်သည် အလွန်အသေးအဖွဲ့ဖြစ်၍ ကျွန်ုပ်မစိုးရိမ်မိပါ။”ဟု ပြန်လျှောက်လျှင် သခင်မက “ဒါပေမဲ့ ဆားထားဖို့ သင့်ကို ပြောထားပြီးဖြစ် တယ်။ မနက်ဖြန်လုပ်ဆောင်ပါ”ဟု ပြောကောင်းပြောမည်။ နောက်နေ့မ နက်၌ ဆားမရှိလျှင် အစေအပါးက စားပွဲပေါ်၌ဆားထားခြင်းက အသုံးမ ဝင်သည်ကိုမမြင်ဟု ပြော၏။ သူ၏သခင်မသည် မနှစ်သက်ဘဲ သူ့ဆန္ဒကို လုပ်ဆောင်ရမည်ဟု ပြောလေ၏။ ဆား၏အသုံးဝင်မှုကိုမသိဘဲ ထိုသို့ငြင်း ဆိုလျှင် ထိုအစေအပါးသည် အလွန်မိုက်မဲသောသူ၊ ဒုက္ခပေးသောသူဖြစ် မည်မဟုတ်လော။ မကြာခင်အခြားအလုပ်ကို ရှာတွေ့ရန်မရှိနိုင်ဟု ကျွန်ုပ် တင်ပါသည်။ ထိုသို့သောလုပ်ဆောင်မှုသည် အလွန်စိတ်အနှောင့်အ ယှက်ဖြစ်စရာဖြစ်၏။
၎င်းသည် ယုံကြည်ခြင်းရှိသည်ဟု ဝန်ခံသောသူနှင့်အတူတူပင် ဖြစ်၏။ သို့သော် သူတို့က “အဓိကအရာကို ငါရခဲ့ပြီ။ ငါလျစ်လျူရှူသော အရာက သေးငယ်သောကိစ္စဖြစ်သည်”ဟု ပြောလေ၏။ ထိုသို့သောသူ တို့သည် ကောင်းသောအစေအပါးများမဟုတ်ကြပေ။ မိတ်ဆွေများလည်းမ ဖြစ်နိုင်ကြပေ။ ချစ်ရသောယုံကြည်သူများ အားလုံးနှင့်ဆိုင်သောနာခံခြင်း အတွက် အားထုတ်ရန် ပန်ကြားပါ၏။ “မိန့်မှာသည့်အတိုင်းပြုလော့”
(ယောဟန်၊ ၂:၅)။ ကိုယ်တော်၏အလိုတော်အားလုံးကို လုပ်ဆောင်ရန် ထက်သန်သောကြိုးစားအားထုတ်ခြင်းဖြင့်သာလျှင် ကိုယ်တော်နှင့် ပျော် ရှင်သောမိသဟာယ၌ အသက်ရှင်နိုင်၍ ကိုယ်တော်၏မိတ်ဆွေများဖြစ် ကြပေသည်။ သခင်ဘုရားထံသို့ နာခံခြင်း ၊
ဤနာခံခြင်းသည် ခရစ်တော်ထံသို့ဖြစ်သကဲ့သို့ ဝန်ခံရမည်ကို ကောင်းစွာမှတ်သားရမည်။ သေးငယ်သောစကားလုံး “ငါ ကိုအလေးပေး ပါ။ “သင်တို့အား ငါပညတ်သည့်အရာတို့ကို သင်တို့ကျင့်သုံးလျှင် သင် တို့သည် ငါ၏မိတ်ဆွေများဖြစ်ကြ၏” (အလေးပေးမှုထပ်ပေါင်းထား၏) ကျွန်ုပ်တို့သည် ဤအရာတို့ကို လုပ်ဆောင်ရမည်။ အကြောင်းမှာ ယေရှု သည် ထိုအရာတို့ကိုမိန့်မှာ၍ဖြစ်၏။ ကျွန်ုပ်တို့ထာဝရဘုရား၏ခမ်းနား သည့်ပုဂ္ဂိုလ်သည်အလွန်ခိုင်မာသောအလင်းကို နာခံမှုလိုအပ်ချက်အပေါ် ၌ထားသည်မဟုတ်လော။ ကျွန်ုပ်တို့သည် နာခံရန် ငြင်းဆိုသောအခါ သခင်ဘုရားကိုယ်တော်တိုင်မိန့်မှာသောအရာများကို လုပ်ဆောင်ရန်ငြင်း ဆို၏။ ဘုရားသခင်၏သားတော်၊ သခင်ယေရှုခရစ်တော်၊ ကျွန်ုပ်တို့၏ရွေး နှုတ်ရှင်ကို နာခံရန် ငြင်းပယ်ခြင်းသည် သစ္စာဖောက်ဖျက်မှုဖြစ်၏။ ရှင် ဘုရင်ကို ဆန့်ကျင်ပုန်ကန်သည့်သူများသည် ကိုယ်တော်၏မိတ်ဆွေများ မည်သို့ဖြစ်နိုင်မည်နည်း။ ကျမ်းစာပညတ်ချက်များသည် လူ၏ပညတ် ချက်များ သို့မဟုတ် ကောင်းကင်တမန်များ၏စည်းမျဉ်းဥပဒေများ မဟုတ် ကြပေ။ ၎င်းတို့သည် ခရစ်တော်၏ပညတ်တော်များဖြစ်ကြ၍ ၎င်းတို့ကို အဘယ်ကြောင့် ရွံရှာဂုံမည်နည်း။ ကျွန်ုပ်တို့သည် ဖြောင့်မတ်စွာလုပ် စဆောင်ရန်ဖြစ်၏။ အကြောင်းမှာ ယေရှုသည် အမိန့်ပေးထား၍ဖြစ်ပြီး ကျွန်ုပ်တို့သည် ကိုယ်တော်နှစ်သက်ရန် လုပ်ဆောင်လို၍ ဖြစ်၏။ ဤအ ရာမပါဘဲ မိတ်ဆွေဖြစ်ခြင်းမရှိပေ။အိုး၊ “ဝမ်းမြောက်သောစိတ်ဖြင့် ထာဝရ ဘုရား၏အမှုတော်ကို ဆောင်ရွက်ကြလော့” (ဆာလံ၊ ၁၀၀:၂)။
လိုလိုလားလားနာခံခြင်း
ထို့ပြင် သခင်ဘုရားသည် ကျွန်ုပ်တို့ကိုမိတ်ဆွေဆိုင်ရာဝိညာဉ်မှ မိမိကို နာခံရန် အလိုရှိပေသည်။ နာကျင်ခြင်းနှင့်ပြစ်ဒဏ်များအောက်၌ အတင်းလုပ်ဆောင်သည့်နာခံခြင်းသည် မိတ်ဆွေဖြစ်ခြင်းသက်သေအ တွက်တန်ဖိုးမရှိပေ။ ၎င်းကိုလူတိုင်းမြင်နိုင်၏။ ကိုယ်တော်သည် အစေခံ အကြောင်းကိုမပြောဘဲ မိတ်ဆွေအကြောင်းကိုပြောပါသည်။ ကိုယ်တော် သည် ကျွန်ုပ်တို့ကို ပြစ်ဒဏ်ကြောက်ရွံ့ခြင်း သို့မဟုတ် မေတ္တာရလဒ်မှ တာဝန်များကို လုပ်ဆောင်ရန် အလိုမရှိပေ။ ကိုယ်တော့်မိတ်ဆွေများမှ ကိုယ်တော်လက်ခံနိုင်သောထိုအရာသည် မေတ္တာအသီးဖြစ်ရမည်။ ကိုယ်
တော်၏အလိုတော်သည် ကျွန်ုပ်တို့၏ပညတ်ဖြစ်ရမည်။ အကြောင်းမှာ ကိုယ်တော်၏ပုဂ္ဂိုလ်ဖြစ်ခြင်းသည် ကျွန်ုပ်တို့၏မွေ့လျော်ရာဖြစ်ပေသည်။ အချို့ဝန်ခံသောယုံကြည်သူများသည် မိမိတို့၏လုပ်ဆောင်ရန်တာဝန်များ ကို လျင်မြန်စွာလုပ်ဆောင်ရန် လိုအပ်၏။ သူတို့သည် လှုံဆော်သောတ ရားဟောချက်များကို ကြားလျက် စိတ်လှုပ်ရှားစရာကောင်းသောစည်းဝေး ပွဲများကို တက်လျက် ဖိအားအောက်၌ အသက်ရှင်ရပေမည်။ သို့သော် ခရစ်တော်၏မိတ်ဆွေများဖြစ်ကြသောသူတို့သည် မေတ္တာမှလွဲပြီး မည် သည့်လှုံ့ဆော်ချက်မှမလိုအပ်ပေ။”ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်သည် ငါ တို့ကိုလွှမ်းမိုးလျက်ရှိ၏” (၂ ကော၊ ၅:၁၄)။ စစ်မှန်သောစိတ်နှလုံးများ သည် ယေရှုလုပ်ဆောင်ခိုင်းသောအရာကို ရိုက်နှက်၍ စွဲမြဲစွာလုပ်တတ် ခြင်း၊ တောင်းဆို၍ အားစိုက်ပြုခိုင်းခြင်းမရှိဘဲလျက် လုပ်ဆောင်ကြ၏။ အတင်းအကျပ်လုပ်ခိုင်းသော အစွမ်းသတ္တိသည် ပြုလုပ်ရာ၌ပျက်စီးပေ သည်။ မြေအိုးကိုဖုတ်ရာ၌လည်း ကွဲအက်ပေ၏။ ကျွန်ုပ်တို့၏နာခံခြင်းဝိုင် သည် ဝိညာဉ်မေတ္တာ၏မှည့်နေသောအခိုင်မှ လွတ်လပ်စွာစီးဆင်းရမည်။ သို့မဟုတ်လျှင် ဘုရင်နှင့်ဆိုင်သောခွက်အတွက် သင့်လျော်မည်မဟုတ် ပေ။ တာဝန်က မွေ့လျော်ခြင်းဖြစ်လာ၍ ပညတ်တော်များက ကတိတော် များကဲ့သို့ချိုမြိန်သောအခါ ကျွန်ုပ်တို့သည် ခရစ်တော်၏မိတ်ဆွေများဖြစ် ကြ၏။ ထိုအရာထိတိုင်အောင်မဟုတ်ပေ။
မနာခံသောသူများသည် ကိုယ်တော်၏မိတ်ဆွေများမဟုတ်ကြပေ။
ကျွန်ုပ်တို့သခင်ဘုရားသည် ဤကျမ်းပိုဒ်မှ နိဂုံးချုပ်စေသည်မှာ ယ်တော်ကို မနာခံသောသူတို့သည် ကိုယ်တော်၏မိတ်ဆွေများမဟုတ် ပေ။ ကိုယ်တော်သည် သူတို့အပေါ်၌ ကြည့်ရှု၍ သူတို့၏စိတ်နှလုံးကို ပြောင်းလဲလျက်အပြစ်ကိုခွင့်လွှတ်နိုင်သော်လည်း သူတို့သည် ကိုယ်တော် မိတ်ဆွေများမဟုတ်ကြပေ။ ခရစ်တော်ကိုနာမခံသောပုဂ္ဂိုလ်သည် ကယ် တင်ရှင်ကို မှန်ကန်သောနေရာ၌နေရာမပေးပေ။ ဤအရာသည် မိတ်ဆွေ သဘောမရှိသောလုပ်ဆောင်မှုဖြစ်၏။ ကျွန်ုပ်၌မိတ်ဆွေရှိလျှင် မည်သည့် နေရာမဆို လေးစားမှုရှိသည် မရှိသည်ကိုလည်းကောင်း၊ ကျွန်ုပ်ထံမှ လေး စားမှုရမည်မရမည်ကိုလည်းကောင်း အလွန်သတိပြုပါသည်။ သူသည် ကျွန်ုပ်၏ကြီးကြပ်ရေးမှူးဖြစ်လျှင် ကျွန်ုပ်သည် ကျူးကျော်ဝင်ရောက်ခြင်း သို့မဟုတ် သူ၏ကြင်နာမှုနှင့်မထိုက်တန်သောအကျိုးကိုယူမည်ဟု ကျွန်ုပ် မြင်ယောင်နေသည်ဟု မထင်စေရန် ပူပန်မိ၏။ ကျွန်ုပ်၏သူ့အပေါ် တန်ဖိုး ထားခြင်းသည် အခြားသူများတန်ဖိုးထားခြင်းထက် ပို၍မြင့်မားပါသည်။ ခရစ်တော်၏စစ်မှန်သောမိတ်ဆွေဖြစ်သောသူသည် ကိုယ်တော်ကို ကြီး မြတ်သောရှင်ဘုရင်အဖြစ် လေးမြတ်ရန် နှစ်သက်ပေသည်။ သို့သော် ကိုယ်တော်၏အုပ်စိုးသောအခွင့်အာဏာ၌ မအပ်နှံသောသူသည် သစ္စာ ဖောက်ဖြစ်၍ မိတ်ဆွေမဟုတ်ပေ။ ကျွန်ုပ်တို့၏သခင်သည် “ကိုယ်တော် ကိုအရာခပ်သိမ်းတို့အပေါ်ဦးခေါင်းဖြစ်စေပြီး အသင်းတော်အားပေးတော် မူ ၏ (ဖက်၊ ၁:၂၂)။ ဤအရာ၌ အဖွဲ့ဝင်များ၏ဝမ်းမြောက်စွာဝန်ခံခြင်း ပါဝင်၏။ မနာခံခြင်းသည် ခရစ်တော်၏ကိုယ်ခန္ဓာအဖွဲ့ဝင်အားလုံးတို့အ ပေါ်၌ ကိုယ်တော်၏အခွင့်အာဏာနှင့်ဆိုင်သောခေါင်းဆောင်ဖြစ်မှုဆိုင် ရာဂုဏ်သိက္ခာရှိခြင်းကို ငြင်းပယ်၏။ ဤအရာသည် စစ်မှန်သောမိတ်ဆွေ ၏အစိတ်အပိုင်းမဟုတ်ပေ။ ကိုယ်တော်၏အုပ်စိုးမှုကို ဝန်မခံဘဲ ကိုယ်
တော်၏မိတ်ဆွေမည်သို့ဖြစ်နိုင်မည်နည်း။ ကိုယ်တော်၏သရဖူကို မလေး စားဘဲ ကိုယ်တော်၏လက်ဝါးကပ်တိုင်ကို ကိုးစားခြင်း၌ ဝါကြွားခြင်းသည် အချည်းနှီးဖြစ်၏။
ခရစ်တော်၏ပညတ်တော်များကို မနာခံသောသူသည် ကိုယ် တော်၏မိတ်ဆွေမဖြစ်နိုင်ပေ။ အကြောင်းမှာ ခရစ်တော်နှင့်တစ်စိတ်တည် ဘောတည်းမရှိ၍ဖြစ်၏။ ထိုအရာက သက်သေဖြစ်၏။ “လူနှစ်ဦးသည်သ ဘောတူညီမှုမရှိလျှင်အတူတကွခရီးသွားနိုင်မည်လော” (အာမုတ်၊ ၃:၃)။ စစ်မှန်သော မိတ်ဆွေဖြစ်ခြင်းသည် ပထမနည်းလမ်း၌ခြားနားသောသူတို့ ကြားတွင် မတည်ရှိပေ။ ယေရှုခရစ်တော်နှင့်ကိုယ်တော်ကိုမနာခံသော သူတို့ကြား၌ သဘောတူနိုင်စရာအကြောင်းမရှိပေ။ အကြောင်းမှာ သူက “သခင်ယေရှု၊ ကိုယ်တော်၏စင်ကြယ်၍ သန့်ရှင်းခြင်းသည် ကျွန်ုပ်အတွက် မနှစ်မြို့ဖွယ်ဖြစ်၏။ ကိုယ်တော်၏ချိုမြိန်မှုနှင့် ကျေးဇူးပြုခြင်းနှင့်ဆိုင်သော ပညတ်တော်များသည် ပင်ပန်းစေသည်”ဟု ပြောနေပေသည်။ ဤနေရာ၌ မည်သည့်မိတ်ဆွေဖြစ်ခြင်းဖြစ်နိုင်မည်နည်း။ ၎င်းတို့သည် စိတ်တစ်သဘောတည်းမဟုတ်ကြပေ။ ခရစ်တော်သည် သန့်ရှင်းခြင်းအတွက်ဖြစ်ပြီး ဤပုဂ္ဂိုလ်သည် အပြစ်အတွက်ဖြစ်၏။ ခရစ်တော်သည် ဝိညာဉ်ရေးရာ တစ်သမတ်တည်းဖြစ်မှု အတွက်ဖြစ်၍ ဤပုဂ္ဂိုလ်သည် ဇာတိစိတ်ရှိမှုအ တွက်ဖြစ်၏။ ခရစ်တော်သည် မေတ္တာအတွက်ဖြစ်၍ ဤပုဂ္ဂိုလ်သည် မိမိ ကိုယ်ပိုင်အတွက်ဖြစ်၏။ ခရစ်တော်သည် ခမည်းတော်၏ဘုန်းတော်ကို ထင်ရှားစေရန်အတွက်ဖြစ်၏။ ဤပုဂ္ဂိုလ်သည် မိမိကိုယ်ကို ဂုဏ်ပြုရန် အတွက်ဖြစ်၏။ ပုံစံ၊ ရည်ရွယ်ချက်နှင့်ဝိညာဉ်၌ တစ်ခုနှင့်တစ်ခုဆန့်ကျင် သောအခါ မည်သည့်မိတ်ဆွေဖြစ်ခြင်းရှိနိုင်မည်နည်း။ ။
ခရစ်တော်ကို မနာခံသောပုဂ္ဂိုလ်သည် ဝန်ခံနေသော်လည်း ခရစ်တော်၏မိတ်ဆွေမဖြစ်နိုင်ပေ။ သူသည် ကိုယ်ပိုင်ဖြောင့်မတ်ခြင်းနှင့် ဝင့်ဝါသောအမူအကျင့်ဖြင့် ခရစ်ယာန်ဖြစ်ကြောင်း ပြောဆိုပေမည်။ ထို့အ တွက် သူသည် လက်ဝါးကပ်တိုင်၏ရန်သူ ပို၍ဖြစ်သွားပေမည်။ ဤသူ သည် မိမိ၏တပ်မက်မှုအတိုင်း လျှောက်လှမ်းနေသည်ကို အခြားသူများ မြင်သောအခါ သူတို့က“သင်သည်လည်း နာဇရက်မြို့ သားယေရှုနှင့်အတူ ရှိခဲ့၏”ဟု အော်ဟစ်ပြောဆိုကြ၏ (မာကု၊ ၁၄:၆၇)။ သူတို့သည် ထိုသူ၏ ဘာသာရေး၌မှားယွင်းမှုများကိုစွပ်စွဲ၍ ချက်ချင်းပင်ခရစ်တော်၏နာမတော် ကိုစတင်ပြစ်မှားကရ၏။ ကျွန်ုပ်တို့သခင်၏ဖြစ်စေခြင်း အကြောင်းအရာ
သည် အခြားအရာများထက် ကိုယ်တော်ကိုဝန်ခံသောမိတ်ဆွေများ၏ မဆီလျော်သောပြုမူမှုအားဖြင့် ဟန့်တားခံရပေသည်။
ဆိုပါစို့။ သင်နှင့်ကျွန်ုပ်သည် အလွန်ရင်းနှီးသောသူတစ်ယောက် က လမ်းပေါ်၌အရက်မူးသည်ကိုတွေ့လျှင် သို့မဟုတ် ဖောက်ထွင်းဝင် ရောက်ခြင်း သို့မဟုတ် ခိုးဝှက်ခြင်းကိုတွေ့လျှင် သူ၏လုပ်ဆောင်မှုအား ဖြင့် အရှက်တကွဲဖြစ်ခြင်းကို ခံစားရမည်မဟုတ်လော။ သူ့ကို တရားသူ ကြီး ရှေ့ခေါ်ဆောင်သောအခါ ထိုသူသည် သင်၏ရင်းနှီးသောမိတ်ဆွေဟု ပြောစေချင်သလော၊မပြောစေချင်ပေ။ သင့်မျက်နှာကိုဖုံး၍ မည်သည့်အခါ မျှ မပြောရန် အိမ်နီးချင်းကို တောင်းဆိုမည်မဟုတ်လော။ သင့်မိတ်ဆွေဟု သိနေသောပုဂ္ဂိုလ်သည် သင်၏နာမည်နှင့်အကျင့်စရိုက်ကို မဆင်မခြင်ပြု မူနေ၏။ ယေရှုခရစ်တော်၏နာမတော်သည်လည်း မဆင်မခြင်ပြုမူခြင်းခံရ ၍ကိုယ်တော်၏ဂုဏ်သည် ခရစ်တော်၏ဝိညာဉ်မရှိဘဲ ခရစ်ယာန်နာမကို ဝတ်ဆင်သူများစွာအားဖြင့် လူတို့ကြားတွင် ညှိုးနွမ်းခြင်းခံရ၏။ ထိုသို့သော သူသည် ကိုယ်တော်၏ချစ်ခင်ရသောအဖော်မဖြစ်နိုင်ပေ။
ကိုယ်တော့်မိတ်ဆွေများ၏အိမ်၌ ယေရှုရရှိသောဒဏ်ရာများ၊ သည် ဝမ်းနည်းကြေကွဲစေ၏။ ဆီဇာကျရှုံးသောအခါ သူ့မိတ်ဆွေများ၏ ဓားမြောင်ဖြင့် အသတ်ခံရ၏။ ယုံကြည်ကိုးစားရာ၌ သစ္စာဖောက်ဖျက်မှုကို ရရှိခဲ့၏။ သူအသက်ချမ်းသာစေခဲ့သောသူတို့သည် သူ့အသက်ကို မရှင် စေခဲ့ပေ။ ခရစ်ယာန်အောက်ရောက်လာ သောသူတို့သည် အမင်္ဂလာရှိ၏။ “ရွေ့တွေဖောက်ပြန်သူတို့သည် မိမိတို့တွင်ဘုရားသခင်၏သား
တော်ကို လက်ဝါးကပ်တိုင်မှာ ကွပ်မျက်၍ အသရေတော်ကို ရှုတ်ချသော သူဖြစ်သောကြောင့်” (ဟေဗြဲ၊ ၆:၆) ခရစ်တော်၏ပါးပြင်ပေါ် ယုဒ၏အ နမ်းကဲ့သို့မည်သည့်အရာမှမပူလောင်ပေ။ ကိုယ်တော်သည် ထိုသို့သော အရာမယားစွာရရှိခဲ့ပေ၏။
ယေရှုကို မနာခံသောသူတို့သည် ကိုယ်တော်၏မိတ်ဆွေများအ ဖြစ်မပိုင်ဆိုင်နိုင်ပေ။ ထိုအရာသည် ကိုယ်တော်ကို အမှန်ပင်မလေးစား ခြင်းဖြစ်၏။ အချိန်တစ်ချိန်ရှိခဲ့လေ၏။ ယခုမည်သို့ဖြစ်သည်ကို ကျွန်ုပ်မသိ ပေ။ လူတစ်ယောက်သည် တရားစွဲလိုလျှင် သို့မဟုတ် ဂုဏ်ယူစရာဘွဲ့ ကို
ရရှိလိုလျှင် ရောမမြို့ရှိ ပုပ်၏ဘဏ္ဍာတိုက်သို့ ပမာဏတစ်ခုကို ပေးရန် ဖြစ်၏။ သူသည်ချက်ချင်းပင် မြင့်မြတ်လာပေမည်။ ဝယ်ယူလိုက်သောဘွဲ့ သည် ပေးသောသူရော လက်ခံရရှိသူပါ ဂုဏ်ယူစရာမကောင်းပေ။ ကိုယ် တော်၏ကလက်ဂျီကို မည်သည့်အရာက စွပ်စွဲပါစေ သခင်ဘုရားကိုယ် တော်တိုင်သည် ဂုဏ်သိက္ခာကို မရောင်းပါပေ။ “ယေရှု၏မိတ်ဆွေ” ဟူ သောဘွဲ့ကို အချို့သောကိုယ်ကျင့်စရိုက်အပေါ်၌ ပေးပါသည်။ သို့မဟုတ် လျှင် ၎င်းကို မရရှိနိုင်ပေ။ ကိုယ်တော်၏မိတ်ဆွေများသည် ကိုယ်တော်ကို နာခံသောသူများဖြစ်ကြ၏။ ဤမြင့်မြတ်သောဘွဲ့ကို ကိုယ်တော့်နောက်သို့ လိုက်သောယုံကြည်သူများအားလုံးအတွက်ပေးပါသည်။ သို့သော် ကိုယ် တော်၏မိတ်ဆွေ စာရင်း၌ အခြားသူများကို မဝင်ရောက်ပါပေ။
ကိုယ်တော်၏ဂုဏ်ယူခြင်းတွင် ဤအရာကို လိုအပ်သည်ဟု သင်မြင်သလား။ သခင်ဘုရားကို မတ်တပ်ရပ်စေ၍ “အရက်မူးသမားက ငါ့မိတ်ဆွေဖြစ်တယ်” ပြောစေမလား။ “အယောင်ဆောင်သော ဒေဝါလီခံရ သူက ငါ၏ရင်းနှီးသောအဖော်ဖြစ်သည်”ဟု ပြောသည်ကို ကြားချင်သ လော။ ဆိုးရွား၍ မထီမဲ့မြင်ပြုသောသူတို့နှင့် မိတ်ဆွေဖြစ်မှုကို ပြောဆိုရန် ယေရှကို သင်အလိုရှိသလော။ လူသည် မိမိထိန်းသိမ်း သောအလုပ်အား ဖြင့် သိရှိရ၏။ ကိုယ်တော်၏ရင်နီးသောအဖော်သည် ကျင့်ဝတ္တရားလွတ် ၍ မဖြောင့်မတ်သော ကျင့်ဝတ်စနစ်ရှိသောလူများဖြစ်လျှင် ယေရှုမည်သို့ ထင်မြင်မည်နည်း။ သူတို့၏ကောင်းမွန်မှုအတွက် သူတို့ကြားသွားခြင်း သည် အကြောင်းအရာတစ်ခုဖြစ်၏။ သူတို့ကို ကိုယ်တော်၏မိတ်ဆွေဖြစ် စေခြင်းသည် အခြားအရာတစ်ခုဖြစ်၏။ ဘုရင်နှင့်ဆိုင်သောအရာမရှိ၊ ပုံသဏ္ဌာန်မရှိ၊ သဘောတူညီမှုမရှိသောနေရာ၌ မိတ်ဆွေဖြစ်ခြင်း၏လှပ
သောပန်းသည် အမြစ်မတွယ်နိုင်ပေ။ ထို့ကြောင့် ကျမ်းစာကို မှန်ကန်စွာ ဖတ်နိုင်၏။ “သင်တို့အား ငါပညတ်သည့်အရာတို့ကိုသင်တို့မကျင့်သုံးလျှင် သင်တို့သည် ငါ၏မိတ်ဆွေများမဖြစ်ကြပေ။”
ခရစ်တော်နှင့်အတူ အကောင်းဆုံးသောစကားရပ်၌ တည်ရှိခြင်း ၊
နောက်ဆက်တွဲအဖြစ်၊ ခရစ်တော်ကိုအကောင်းဆုံးနာခံသော သတို့သည် ကိုယ်တော်နှင့်အတူ အကောင်းဆုံးသောစကားရပ်၌တည်ရှိ ပေ၏။ “သင်တို့သည် ငါ၏မိတ်ဆွေများဖြစ်ကြ၏။” “သင်သည် လျင်မြန်စွာ နာခံသောအခါ သင်သည် ငါ့အနီး၌ အသက်ရှင်၏။ လက်တွေ့ကျင်းသုံး ခြင်း၌ မွေ့လျော်လျက်၊ ကိုယ်ပိုင်မိတ်သဟာယဖွဲ့ခြင်းနှင့် ကိုယ်တော်နှင့် နေ့စဉ်ပွဲတော်ဝင်ခြင်းရှိ၏”ဟု ကိုယ်တော်ပြောပုံရပေ၏။ ကျွန်ုပ်၏မိတ် ဆွေများဖြစ်ကြသည့်သူအချို့တို့သည် ကိုယ်ပိုင်အတွေ့အကြုံအားဖြင့် သိ ရှိရ၏။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ပညတ်တော်များကို မစောင့်ထိန်း လျှင် ခရစ်တော်နှင့်အတူ မိတ်ဖွဲ့ခြင်း၌ မလျှောက်လှမ်းနိုင်ပေ။ ကျွန်ုပ်တို့ သည် မှားယွင်းမှုကိုပြု၍ သိရှိသော်လည်း နောင်တမရသောအခါ ကျွန်ုပ် တို့၏ဝိညာဉ်နှင့် ခရစ်တော်ကြားတွင် ပွဲတော်ဆိုင်ရာခံစားမှုမရှိပေ။
ကျွန်ုပ်တို့သွေဖည်သွားသည်ကို သိရှိလျှင် ကျွန်ုပ်တို့အမြဲပြုသကဲ့ သို့ကျွန်ုပ်တို့၏ချစ်ခင်ရသော အရှင်ကို ဝမ်းနည်းစေသောကြောင့် စိတ်နှ လုံးကြေကွဲလျှင် ကျွန်ုပ်တို့၏ဝမ်းနည်းမှုကို ကိုယ်တော်ထံသွားပြောလျက် အပြစ်ကိုဝန်ချတောင်းပန်လျှင် ကျွန်ုပ်တို့သည် ကိုယ်တော်၏မိတ်ဆွေများ ဖြစ်ကြသေး၏။ ကျွန်ုပ်တို့၏မျက်ရည်များကို သုတ်ပေးလျက် “သင်တို့၏ အားနည်းချက်များကိုငါသိ၏။ ငါသည် သင်တို့၏မှားယွင်းမှုများကို ဖယ်ရှား ပေးမည်။ ငါတို့ကြား၌ မိတ်ဆွေဖြစ်ခြင်းဆိုင်ရာ ချိုးဖောက်ခြင်းမရှိ။ သင်ထံ သို့ငါကိုယ်တိုင် ဖော်ပြမည်”ဟု ပြောပေ၏။ သို့သော်လည်း ကျွန်ုပ်တို့သည် မှားယွင်းကြောင်းကိုသိ၍ စိတ်နှလုံးပျော့ပျောင်းမှုမခံစားရသောအခါ ဆုမတောင်းနိုင်၊ ချစ်ခင်ရသောသူနှင့်စကားမပြောနိုင်၊ ကိုယ်တော်၏မိတ်ဆွေ များအဖြစ် မလှမ်းလျှောက်နိုင်ကြပေ။ အပြစ်နှင့်ရင်းနီးသွားသောအခါ
ယေရှုနှင့်နီးကပ်ခြင်းသည် ရပ်စဲသွား၏။ တစ်ခုခုမှားပြီဟု ကျွန်ုပ်တို့သိလျှင် ၎င်းကို ကျွန်ုပ်တို့ထိန်းသိမ်းထားလျှင် ကယ်တင်ရှင်နှင့် ကျွန်ုပ်တို့ကြား၌ ပျော်ရွှင်သောမိသဟာယဖွဲ့ခြင်းမရှိနိုင်ပေ။
ချစ်ခင်ရသောယုံကြည်သူ၊ အချို့သောအရာကို လက်လျှော့သင့် သော်လည်း ဆက်လက်ပြုနေသည်ဟုဩတ္တပစိတ်သည် သင့်ကိုပြောလျှင်၊
နောက်တစ်ခါ ဒူးထောက်ဆုတောင်းသောအခါ ကြီးစွာသောခက်ခဲခြင်းကို ခံစားရပေမည်။ သင်သည် ကျမ်းစာရှေ့၌ ထိုင်လျက် ယခင်က ပျော်မွေ့ခဲ့ သည့်အတိုင်း ခရစ်တော်နှင့်ပွဲတော်ဝင်ခြင်းရှိရန် မျှော်လင့်သောအခါ ကိုယ်တော်သည် သင့်ထံမှဆုတ်ခွာ၍ ကိုယ်တော်ကို မတွေ့ရှိသည်ကို သင်တွေ့ရပေမည်။အံဩစရာရှိလား။ “အပြစ်သည်တံခါးနားမှာဝပ်ချောင်း လျက်ရှိ၏” (က၊ ၄:၇)။ သခင်ဘုရားသည် ကျွန်ုပ်တို့အပေါ်၌ အဘယ်သို့ ဖြိုးနိုင်မည်နည်း။ လျှို့ဝှက်သောအပြစ်သည် မုလအရင်းအမြစ်ကို အဆိပ် သင့်စေနိုင်သည်။ သင်နှင့်ခရစ်တော်ကြားတွင် ခိုက်ရန်ဖြစ်ခြင်းရှိ၍ ကိုယ် တော်စပ်ဆုပ်ရွံရှာသောအရာကို နီးကပ်စွာဖက်တွယ်ထားလျှင် မိတ်သ ဟာယဖွဲ့ခြင်းကို မည်သို့မွေ့လျော်နိုင်မည်နည်း။ ကိုယ်တော်က အပြစ် သည် သင့်ကို သတ်ဖြတ်သည့် မြွေပွေးဖြစ်၏ဟု ပြောသော်လည်း သင်က “ထိုအရာသည် ကျောက်မျက်ရတနာလည်ဆွဲဖြစ်၏” ဟုပြန်ပြော၍ လည်ပင်း၌ ဆွဲထားလေ၏။ ကိုယ်တော်သည် သင့်ကို ချစ်သည့်အတွက် ထိုသို့သောအမူအကျင့်မျိုး၌ ကိုယ်တော်ဝမ်းနည်းသည်ကို သင်အံ့သြသ
လော။ အိုး၊ ဤသို့သောနည်းလမ်းဖြင့် သင့်ကိုယ်သင် မထိခိုက်စေပါနှင့်။ ထိုသို့သောအပြုအမူဖြင့် ကိုယ်တော်၏ဉာဏ် ပညာရှိသော အမိန့်တော် များအပေါ်၌ မထီလေးစားဖွယ်ပြုမူခြင်းကို မသွန်းလောင်းပါနှင့်။
အချို့သောခရစ်ယာန်တို့သည် ခရစ်တော်နှင့်အတူ ပြည့်ဝသော မိတ်သဟာယဖွဲ့ခြင်းထဲသို့ မည်သည့်အခါမျှ ဝင်ရောက်မည်မဟုတ်ပေ။ အကြောင်းမှာ ကိုယ်တော်၏နှုတ်ကပတ်တော်ကို လေ့လာ၍ ကိုယ်တော် အလိုတော် အဘယ်အရာဖြစ်သည်ကို ရှာဖွေရန် လျစ်လျူရှုကြပေသည်။ ၎င်းသည် ခရစ်ယာန်တိုင်းအတွက် ပြင်းထန်သောအလုပ်ဖြစ်သင့်၏။ အ ထူးသဖြင့် ဝိညာဉ်ရေးရာအစပိုင်း၌ အကြောင်းအရာအားလုံး၌ ကိုယ် တော်၏အလိုတော်သည် အဘယ်အရာဖြစ်သည်ကို ရှာဖွေရန်ဖြစ်၏။ လောက၌ရှိသော တစ်ဝက်မျှဖြစ်သောခရစ်ယာန်တို့သည် ငါတို့အသင်း တော်၏စည်းက အဘယ်အရာနည်းဟု ရောင့်ရဲလျက် မေးမြန်းကြ ၏။ ထိုအရာက မေးခွန်းမဟုတ်ပေ။ အဓိကအချက်မှာ ခရစ်တော်၏စည်း မျဉ်းက အဘယ်အရာနည်းဟူ၍ဖြစ်၏။ အချို့က “ငါတို့ဖခင်နှင့်မိခင်တို့
သည် ငါရှေ့တွင်ဤသို့လုပ်ဆောင်ခဲ့၏” ဟု ထုချေကြ၏။ ထိုခံစားမှုနှင့် တူ ကျွန်ုပ်ကရုဏာသက်မိပေ၏။ သားသမီးနှင့်ဆိုင်သောလေးစားမှု ယ် မြတ်နိုးမှုကိုမိန့်၏။ သို့သော် ဝိညာဉ်ရေးရာ ကျွန်မတို့သည် “မည် သကိုမျှအဖဟူ၍လည်းမခေါ်ကြနှင့်” (မဿဲ၊၂၃း၉)။ သို့သော် သခင်ယေရှု ကို ကျွန်ုပ်တို့၏သခင်နှင့်နမူနာရှင်ဟု ဖြစ်စေရပေမည်။ ဘုရားသခင်သည် သင်၏ဩတ္တပစိတ်ကို သင့်မိခင်စောင့်ထိန်းခြင်း၌ မထားပေ။ သင့်အတွက် ရပ်တည်ရန် အခွင့်အရေးနှင့်အာဏာကို သင့်ဖခင်ကိုလည်း မလွှဲအပ်ပေ။ လူတိုင်းသည် “မိမိဝန်ကိုထမ်းရမည်ဖြစ်၏” (ဂလာ၊ ၆:၅)။ “ဘုရားသခင် ရှေ့တော်၌မိမိအကြောင်းကိုမိမိဖြေရှင်းရလိမ့်မည်” (ရောမ၊ ၁၄:၁၂)။
သင့်အတွက် ကျမ်းစာကိုရှာဖွေ၍ လှုံ့ဆော်သောအရာမှလွဲ၍ မည်သည့်နည်းလမ်းကိုမျှ မလိုက်ပါနှင့်။ သင်၏အလင်းကို နေ၏အလင်းမှ တိုက်ရိုက်ယူပါ။ သန့်ရှင်းသောကျမ်းစာသည် ယုံမှားဖွယ်ရာမရှိသော သင် ၏ယုံကြည်ခြင်းစည်းမျဉ်းနှင့် ကျင့်သုံးရာဖြစ်ပါစေ။ သင်မသေချာသောအ ရာနှင့်ပတ်သက်၍ အချက်တစ်ခုခုရှိလျှင် ကိုယ်တော်၏အလိုတော်အ ဘယ်အရာဖြစ်သည်ကို ခရစ်တော်နှင့်မိတ်ဆွေဖြစ်ခြင်းဆိုင်ရာသစ္စာရှိမှု အားဖြင့် ရှာဖွေရန် ကျွန်ုပ်တောင်းဆို၏။ ထိုအချက်ကို သေချာသည်နှင့် လူသားအခွင့်အာဏာ သို့မဟုတ် ကိုယ်တော်၏ပညတ်တော်ကို ကိုယ်
တော်၏ဂုဏ်သိက္ခာကို ဆန့်ကျင်သောသူကို ဂရုမစိုက်ပါနှင့်။ မေးခွန်း ထုတ်ခြင်း၊ ချီတုံချတုံဖြစ်ခြင်း၊ ဖင့်နွဲ့ခြင်းမရှိပါစေနှင့်။ ကိုယ်တော်သည် သင့်ကို မိန့်မှာလျှင် ငရဲတံခါးက သင့်ကို ခြိမ်းခြောက်နေသော်လည်း ကိုယ် တော်၏အလိုတော်ကို လုပ်ဆောင်ပါ။
သင်သည် အရာအားလုံးကို ကိုယ်တော်နှစ်သက်စေရန် စိတ် ပိုင်းဖြတ်လျက် ရှာဖွေခြင်းမရှိလျှင် သင်သည် ကိုယ်တော်၏မိတ်ဆွေမ ဟုတ်ပေ။ မည်သည့်နည်းနှင့်မဆို မိတ်ဆွေဖြစ်ခြင်းကို မွေ့လျော်နိုင်မည့် မိတ်ဆွေမျိုးဖြစ်မည်မဟုတ်ပေ။ သင်နှင့်ခရစ်တော်ကြားရှိသောရင်းနှီးမှု သည် အပြစ်အားဖြင့် နှောင့်ယှက်ခံရ၏။ ချစ်ခင်ရသောတမန်တော်ပြုခဲ့ သကဲ့သို့ ကိုယ်တော်၏ရင်ခွင်၌ မမှီနိုင်ပေ (ယော၊ ၁၃:၂၃ ကိုကြည့်ပါ)။ “သခင်ဘုရား၊ ကိုယ်တော်၏အလိုတော်ကို ကျွန်ုပ်သိပါ၏။ သို့သော်ကျွန်ုပ်လုပ်ဆောင်ရန် မရည်ရွယ်ပါ”ဟု မပြောနိုင်ပေ။ ချစ်ခင်ရသောမျက် နှာအသွင်အပြင်ကို ကြည့်၍ ထိုအသွင်သည် ပျက်ပြားခဲ့သော်လည်း ယခု တွင် ကောင်းကင်ဘုံထက်ပို၍ ချစ်ဖွယ်ဖြစ်၏။ “ကျွန်ုပ်သခင်၊ ကိုယ်တော် ကိုချစ်ပါ၏။ သို့သော် ကိုယ်တော်၏အလိုတော်ကို ပြည့်စုံစွာမလုပ်ဆောင် ပါ”ဟု ပြောနိုင်သလော။ သင့်အတွက် ကိုယ်တော်ထားရှိသောမေတ္တာ
တော်အားဖြင့် သင်သည် ပုန်ကန်သောဝိညာဉ်ကို အခွင့်အရေးပေးနေ လျှင် ထိုအရာအတွက် ဆုံးမပဲ့ပြင်ပေမည်။ ထိုအရာသည် ကြောက်မက် ဖွယ်ကောင်းသောမကောင်းမှုဖြစ်၏။ သန့်ရှင်းသောမျက်စိသည် ၎င်းကို သည်းမခံပေ။ ကိုယ်တော်သည် “သဝန်တိုသောဘုရား” ဖြစ်သည် (ထွက်၊ ၃၄:၁၄)။ ကိုယ်တော်၏ပြိုင်ဘက်ဖြစ်သည့်အပြစ်ကို သည်းမခံပေ။
“သင်တို့အား ငါပညတ်သည့်အရာတို့ကို သင်တို့ကျင့်သုံးလျှင် သင်တို့သည် ငါ၏မိတ်ဆွေများဖြစ်ကြ၏။” အိုး၊ ချစ်ခင်ရသောသူတို့၊ ဤ အရာကို ကြည့်ပါ။ အသက်တာ၏ဖြတ်ကျော်ခြင်းများ၊ ဆုံးရှုံးခြင်းများ၊ စစ်
ဆေးခြင်းများအောက်၌ သခင်ဘုရား၏အလိုတော်ကို လုပ်ဆောင်ရန်ရည် ရွယ်သည့်စိတ်ချမှုထက် ပို၍လိုချင်သောနှစ်သိမ့်မှုမရှိပေ။ လူတစ်ယောက် သည် သန့်ရှင်းခြင်းလမ်းကို လိုက်နာနေစဉ် ခရစ်တော်အတွက်ကြောင့် ဝေဒနာခံရလျှင် ထိုသို့သောဝေဒနာခံစားခြင်း၌ ဝမ်းမြောက်နိုင်သည်။ ဆုံး ရှုံးခြင်းသည် မှန်သောအရာကို ကာကွယ်ရန် ယူဆောင်လာ၍ စစ်မှန်မှု သည် အမြတ်အစွန်းဖြစ်၏။ ယေရှုသည် မိမိမိတ်ဆွေများမိမိအတွက်
ကြောင့် အရှက်ရခြင်းကို ရဲဝင့်စွာသည်းခံထက် မည်သည့်မိတ်ဆွေများ နှင့်မျှမနီးကပ်ပါပေ။ ကျွန်ုပ်တို့၏မိုက်မဲမှုကြောင့် ဒုက္ခရောက်ရလျှင် စိတ် နှလုံး၏အနက်ရှိုင်းဆုံးနေရာ၌ နာကျင်ခြင်းကိုခံစားရ၏။ သို့သော်လည်း သခင်ဘုရား၏စစ်ပွဲ၌ဒဏ်ရာရလျှင် အမာရွတ်များသည် ဂုဏ်ယူဖွယ်ဖြစ် ၏။ ကိုယ်တော်အတွက်ကြောင့် ကျွန်ုပ်တို့သည် ပြစ်တင်ရှုတ်ချခြင်းကို လက်ခံရ၍ဂုဏ်ပြုပန်းခွေကဲ့သို့ ဆင်မြန်းနိုင်ပေမည်။ သမ္မာတရားအတွက် နှင့် လက်ဝါးကပ်တိုင်တော်အတွက် သစ္စာရှိခြင်းကြောင့် ဆွေမျိုးများနှင့် အသိအကျွမ်းများ၏နှင်ထုတ်ခြင်းကို ခံရသောသူ၏အဖော်ဖြစ်ရခြင်းကို ယေရှုနှစ်သက်ပေ၏။ သစ္စာရှိသောသူကို အယူသည်းသူ၊ စိတ်အားထက်
သန်သူ၊ မကောင်းသောနာမည်ထွက်သောအသံ အားလုံးတို့ကိုခေါ်သော် လည်း ဤအရာအားလုံးအတွက် ရတက်မအေးရန်မလိုအပ်ပေ။ အ
ကြောင်းမှာ ခရစ်တော်မိတ်ဆွေဖြစ်ရခြင်း၏ဂုဏ်သည် လောက၏ထင် ချက်ထက် အလွန့်အလွန်အရေးသာပေသည်။ သိုးသငယ်နောက်ကို ပ်တို့လိုက်သောအခါ မည်သည့်နေရာသို့သွားသွား ရလဒ်အတွက် ကျွန်ုပ်တို့၌ မဟုတ်ဘဲ ကိုယ်တော်၌ တာဝန်ရှိသည်။
ဘုရားသခင်ပိုင်သော မှန်ကန်သည့်အရာကို ကျွန်ုပ်တို့ပြုလုပ် သောအခါ အကျိုးဆက်လိုက်လာပေသည်။ စက်ဆုပ်ရွံရှာစရာ သီအိုရီမှာ ကောင်းသောအရာအတွက်ကြောင့် သင်သည် မှားယွင်းမှုအနည်းငယ် လုပ်ကောင်းလုပ်ပေမည်။ လူများနှင့်ခရစ်ယာန်များပြောသည်ကို ကျွန်ုပ် ကြားဖူး၏။”ငါ၏ခိုင်မာသောယုံကြည်ခြင်းကိုတင်းကျပ်စွာလိုက်လျှင် အသုံး ဝင်သောပို့စ်ကို ထားခဲ့ရပေမည်။ ထို့ကြောင့် ငါသည် ရှိသောနေရာ၌ တည်ရှိ၍ ငါ၏ဩတ္တပစိတ်နှင့် ငါလုပ်နိုင်သမျှကို ဆိတ်ညံသွားစေပေမည်။ ငါယုံကြည်သောအရာအားလုံးကို ကျင့်သုံးလျှင် ယခု ငါပိုင်ဆိုင်ထားသည့်
ကောင်းသောအရာကို လုပ်ဆောင်ခြင်း၏အခွင့်အရေးများကို ဆုံးရှုံးပေ မည်။ ထို့ကြောင့် အခြားအရာအပေါ်၌ ငါမဖြောင့်မတ်နိုင်သည့်အနေအ ထား၌ တည်ရှိနေပေသည်”ဟု ပြော၏။
ထိုအရာသည် ယေရှု၏စိတ်တော်အတိုင်းဖြစ်သလော။ ထိုအ ရာသည် သင်၏မိတ်ဆွေအတွက် ကြင်နာမှုလော။ ရိဠုကျောင်း၌ မြား မည်မျှကျန်၍ ထိုအရာ၌ ကိုယ်တော်၏အစေအပါးများပေါ် ကိုယ်တော် ကရုဏာရှိမည်ဟူသောမျှော်လင့်ခြင်းမည်မျှရှိပါသနည်း (၄ ရာ၊ ၅:၁၈ ကို ကြည့်ပါ)။ ထိုသို့ဖြစ်သည်မဖြစ်သည်ကို ကျွန်ုပ်တို့မြင်ပေမည်။ ကျွန်ုပ်တို့ သည် “ကောင်းကျိုးသက်ရောက်စေရန် မကောင်းသောအမှုကို” မပြုပါ (ရောမ၊ ၃း၈)။ မှန်သောအရာကိုလုပ်ဆောင်ခြင်းသည် ဗြိတိန်ကျွန်းတစ်ခု လုံးကို လှုပ်ခါစေလည်ဟု ကျွန်ုပ်သိခဲ့လျှင် ၎င်းကို လုပ်ဆောင်ရန် သေချာ ပေ၏။ ဘုရားသခင်ကူညီလျှင် ကျွန်ုပ်လုပ်ဆောင်ပေမည်။ သို့သော်လည်း မှားယွင်းသောလုပ်ဆောင်မှုသည် နိုင်ငံတစ်ခုလုံးကို ထင်ရှားစွာကောင်း ချီးဖြစ်စေသည်ကို ကျွန်ုပ်ကြားလျှင် ထိုအမှုအတွက် ကျွန်ုပ်၌မှားသော
အရာလုပ်ဆောင်ရန် အခွင့်အရေးမရှိပါပေ။ အသုံးဝင်သည်ဟု ထင်မှတ်
သောမည်သည့်လာဘ်လာဘကမျှ ကျွန်ုပ်တို့၏ဩတ္တပစိတ်ကို မဝယ်နိုင် ပေ။ မှန်သောအရာသည် မှန်ကန်၍ ကောင်းချီးမင်္ဂလာ၌အမြဲ အဆုံး သတ်ရပေမည်။ မှားသောအရာသည် ကောင်းမွန်သောအရာရှိနိုင်သော် လည်း တရားစီရင်ခြင်း၌အမြဲအဆုံးသတ်ရပေမည်။
အပြစ်ကျူးလွန်ခြင်းမှ ကြီးမားသောအကျိုးထွက်ပေါ်လာမည်ဟု အကြံပေးခြင်းအားဖြင့် ပထမဆုံးသောမိဘများကို မာရ်နတ်က လမ်းလွဲ စေခဲ့သည်မဟုတ်လော။ “သင်တို့မျက်စိပွင့်၍ ဘုရားကဲ့သို့ ဖြစ်လိမ့်မည်” (က၊ ၃:၅)။ လှည့်စားသောသူက ပြောဆိုခဲ့၏။ ထိုအရာသည် လူအတွက် ဘုရားကဲ့သို့ကြီးထွားလာရန် ကောင်းမွန်သောအရာမဟုတ်သလော။ ဧဝ က “အဲဒီအခွင့်အရေးကို ကျွန်မအဆုံးအရှုံးမခံနိုင်ဘူး”ဟု တွေးမိမည်ဟု ကျွန်ုပ်စိတ်ကူးမိသည်။ ထိုသို့ငါလုပ်ဆောင်ခဲ့လျှင် နောက်မျိုးဆက်သည် ငါ့ကို အပြစ်တင်လိမ့်မည်။ ငါ၏လျစ်လျူရှုခြင်းအားဖြင့် လူများကို နိမ့်ကျ
သောသတ္တဝါများအဖြစ် တည်ရှိစေရန် အလိုမရှိပေ”ဟု ပြောပေမည်။ ကတိပေးထားသောကောင်းသောအရာအတွက်ကြောင့် မာရ်နတ်ဘက် သို့စွန့်စားသွားခဲ့၏။ အကျိုးအမြတ်ရသည်၊ လိုအပ်သည် ကောင်းမွန်ခြင်း ကိုဖြစ်စေသည်ဟု ထင်ရသည့်အတွက် ထောင်ပေါင်းများစွာသော လူများ သည် အပြစ်ပြုကြ၏။ ခရစ်တော်ပြောသောအရာကို ကြားနာပါ။ “သင်တို့ အား ငါပညတ်သည့်အရာတို့ကို သင်တို့ကျင့်သုံးလျှင် သင်တို့သည် ငါ၏ မိတ်ဆွေများဖြစ်ကြ၏။ သင်တို့သည် မကောင်းမှုကို လုပ်ဆောင်လျှင်
ကောင်းသောအရာလာမည်။ ကိုယ်တော်နှင့်အတူ မလျှောက်လှမ်းနိုင်ပေ။ သို့သော် သင်၏စိတ်နှလုံးကို ကိုယ်တော်၏နှုတ်ကပတ်တော်စောင့်ထိန်း ခြင်း၌ ထားရှိလျှင် ကိုယ်တော်သည် သင့်ကိုချစ်လျက်နေကြောင်း၊ ကိုယ်
တော်သည် သင်နှင့်အတူ တည်ရှိနေကြောင်း သင်တွေ့မြင်ခံစားရပေမည် (ယောဟန်၊ ၁၄:၂၃)။
နာခံခြင်းသည် ခရစ်တော်နှင့် မိတ်ဆွေဖြစ်ခြင်းကို ပြသ၏။
ယခုတွင် ကျမ်းစာ၌ သင်ကြားထားသည်မှာ မိတ်ဆွေဖြစ်ခြင်း ဆိုင်ရာလုပ်ဆောင်မှုအတွက် လူတစ်ယောက်လုပ်ဆောင်နိုင်သည်က ကိုယ်တော်ကိုနာခံခြင်းဖြစ်၏။ ချမ်းသောသူများသည် အသင်းတော်တည်
ဆောက်ခြင်း၊ မိဘမဲ့ဂေဟာတည်ထောင်ခြင်း၊ ဆေးရုံတည်ဆောက်ခြင်းအ တွက် အလှူများစွာပေးလှူခြင်းအားဖြင့် ခရစ်တော်ထံသို့မိတ်ဆွေဖြစ်ခြင်း ဆိုင်ရာလုပ်ဆောင်မှုကိုလုပ်ဆောင်နေသည်ဟု ထင်မှတ်ကြ၏။ ထိုသူတို့ သည် ယုံကြည်သူများဖြစ်၍ ခရစ်တော်၏ဘဏ္ဍာထိန်းကောင်းဆိုင်ရာ ပညတ်တော်ကို နာခံခြင်းအဖြစ် ဤအရာတို့ကို လုပ်ဆောင်လျှင် ကောင်း မွန်စွာလုပ်ဆောင်ကြ၏။ရက်ရောမှုများလေ ပိုကောင်းလေဖြစ်၏။ သို့သော် ခမ်းနားသည့်အလှူဒါနနှင့်ဆိုင်သောအလှူကို ဟန်ပြပေးခြင်း သို့မဟုတ် ကြီးမားသောစည်းစိမ်ပမာဏအများကြီးကို ဘုရားအတွက်သီးသန့်ထား ခြင်းဖြင့် ကောင်းကျိုးရမည်ဟု အယူအဆမှ ဖြစ်ခြင်းနှင့်ပတ်သက်၍ လုပ်
ဆောင်မှုတစ်ခုလုံးသည် လက်သင့်ခံစရာမရှိပေ။ “လူသည် မိမိအိမ်၌ ရှိသမျှသောပစ္စည်းဥစ္စာတို့ကို မေတ္တာဖို့ ပေးချင်သော်လည်း အလွန်တရာ မထီမဲ့မြင်ပြုခြင်းကိုခံရလိမ့်မည်” (ရှောလ၈:၇)။ ယေရှုသည် စည်းမစောင့်
သောသုံးစွဲခြင်းကို မတောင်းဆိုပါပေ။ မိမိတို့ကိုယ်ကို ကိုယ်တော်ထံအပ် နှံရန် တောင်းဆိုပါသည်။ ကိုယ်တော်သည် ဤမေတ္တာကိုပြုခဲ့၏။ “သင်တို့ အား မည်သည့်အရာတို့ကို သင်တို့ကျင့်သုံးလျှင်”
“အလိုတော်သို့လိုက်ခြင်းသည် ယဇ်မျိုးထက်သာ၍ ကောင်း၏။ နားထောင်ခြင်းသည် သိုးထီဆီဥထက် သာ၍ကောင်း၏” (၁ရာ၊ ၁၅:၂၂)။ သို့သော်လည်း ကျွန်ုပ်တို့သည် များစွာပေးနိုင်လျှင် များများပေးရန် တာ ဝန်ရှိပြီး ရက်ရောစွာပေးသင့်ပေ၏။ သို့သော် ပမာဏမည်မျှပေးခြင်းသည် တစ်ဦးချင်းနာခံခြင်းအတွက် အစားထိုးအဖြစ်ယူဆလျှင် ကြီးမားစွာမှာ ယွင်း၏။ကျွန်ုပ်တို့၏စိတ်နှလုံးကိုမယူဆောင်ဘဲ စည်းစိမ်ကိုယူဆောင်ခြင်း သည် သေတ္တာကိုပေး၍ ကျောက်မျက်ရတနာကို ခိုးခြင်းဖြစ်၏။ နူနာစွဲ သောလက်ဖြင့် ယဇ်ကို အဘယ်ကြောင့်ယူဆောင်ခဲ့သနည်း။ ကျွန်ုပ်တို့ သည် လက်ခံခြင်းမရမီ သွေးတော်အားဖြင့် အပြစ်ဖြေလွှတ်ခြင်း ကိုရရှိရ
ပေမည်။ ကျွန်ုပ်တို့၏ပူဇော်ခြင်းသည် ဘုရားသခင်ရှေ့တော်၌ စင်ကြယ် ခြင်းမတိုင်မီ ကျွန်ုပ်တို့၏ စိတ်နှလုံးသည် ပြောင်းလဲရပေမည်။
အချို့သောသူများက မိမိကိုယ်ကိုပုပ်ပျက်စေခြင်းဆိုင်ရာ သတိ ပြုမှတ်သားထိုက်သော လုပ်ဆောင်မှုအားဖြင့် ခရစ်တော်ထံမိတ်ဆွေဖြစ် ခြင်းကိုပြသနိုင်သည်ဟု ထင်မြင်ကြ၏။ ရောမကက်သိုလစ်များအကြား တွင် အထူးသဖြင့် ယခင်ကာလများ၌ ဒုက္ခနှင့်ကောင်းကျိုးသည် အတူတ ကွသွားသည်ဟုယုံကြည်ကြ၏။ သူတို့သည် မိမိတို့ကိုယ်ကို ညှဉ်းဆဲခြင်း အားဖြင့် ဘုရားသခင်ကို နှစ်သက်စေနိုင်သည်ဟုလည်း ယုံကြည်ကြ သည်။ မိမိတို့ကိုယ်ကို ဆေးကြောခြင်းမပြု၊ အဝတ်ကိုမလျှော်ဘဲ ရက် ပေါင်းများစွာနေကြသည်။ ဤသို့သောနည်းလမ်းဖြင့် ရိုသေလေးမြတ်ခြင်း ကိုရရှိသည်ဟု မှားယွင်းစွာယုံကြည်ကြသည်။ တစ်စုံတစ်ဦးသည် ညစ်ပေ နေခြင်းအားဖြင့် ကိုယ်တော်၏မိတ်ဆွေဖြစ်ခြင်း နက်ရှိုင်းလာသည်ဟု ယူ ဆခြင်းကို ယေရှုလက်ခံမည်မဟုတ်ကြောင်း ကျွန်ုပ်အတိအလင်းပြောဝံ့ပါသည်။
အချို့သောသူတို့က ဝမ်းနည်းခြင်းကို ပြသသည့်အမွေးဝတ်စုံကို ဝတ်ကြ၏။ ထိုသို့ဝတ်ဆင်ခြင်းကို ကရုဏာရှင် သခင်ယေရှုက ရင်းနှီး
သောမိတ်ဆွေဖြစ်ခြင်းအဖြစ် ထည့်တွက်ပေးမည်မဟုတ်ပေ။ သနားကြင် နာစိတ်ရှိသောလူတစ်ဦးအား သူ့အတွက် ထိုသို့သောအမွေးဝတ်စုံကို ဝတ်သည့်မိတ်ဆွေအပေါ် ဝမ်းမြောက်ခြင်းရှိသလောဟု မေးမြန်းကြည့်
လျှင် ထိုသူက “ဆင်းရဲသောသူက သူ့အတွက် သင့်လျော်ဆုံးသောအ ဝတ်ကိုသာ ဖန်တီး၍ဝတ်ပါစေ။ ထိုအရာသည် ကျွန်ုပ်အတွက် အကောင်း ဆုံးနှစ်သက်ခြင်းဖြစ်စေမည်”ဟု ပြန်ဖြေပေမည်။
သနားခြင်းကရုဏာနှင့် ပြည့်ဝသောယေရှုသည် နာကျင်ခြင်းနှင့် သက်သောင့်သက်သာမဖြစ်မှု၌ မပျော်မွေ့ပါ။ လူတစ်ဦး၏ကိုယ်ခန္ဓာပြုန်း တီးစေခြင်းသည် ကိုယ်တော်၏ဩဝါဒမဟုတ်ပေ။ နှစ်ခြင်းဆရာယော ဟန်က ခြိုးခြံသောအကျင့်ရှိသောသူဖြစ်သော်လည်း ယေရှုသည် ထိုသို့ မဟုတ်ပေ။ ကိုယ်တော်သည် “စားသောက်လျက်” ကြွလာ၏ (ရှင်မဿ။ ၁၁:၁၉)။ လူထဲတွင် လူတစ်ဦးဖြစ်၏။ ရသေ့ သို့မဟုတ် ဘုန်းတော်ကြီး
ကျောင်း၏ကျပ်တည်းလွန်းသောအရာကို မတောင်းဆိုပေ။ စားသောက်ပွဲ လည်း မမြင်ရပေ။ အခေါင်း၌ တည့်တည့်မတ်မတ်အိပ်နေကြသည့်စိန် အန်၏သီလရှင်များအကြောင်းကို ကြားသောအခါ ထိုသို့လုပ်ဆောင်ခြင်း ကျေနပ်မှုတစ်ခုခုမယူကြပေ။ ကြင်နာသောစိတ်နှလုံးသည် သူတို့ကိုအိပ် ယာဝင်ရန် တောင်းဆိုကြပေမည်။ ။
လွန်ခဲ့သောအချိန်က ဘုန်းကြီးကျောင်းတစ်ကျောင်းကို ကျွန်ုပ် သွားခဲ့၏။ အိပ်ယာတစ်ခုစီတိုင်း၌ ကြိုးကိုးချောင်းပါသော ကျာပွတ်ရှိ၏။ ပရောဖက်ဆာကို နှစ်သက်စေရန် အသုံးပြုသည်ဟု ကျွန်ုပ်မျှော်လင့်ပေ သည်။ သို့သော်လည်း ထိုအယူအဆကို ကျွန်ုပ်ပုံတူယူပြီး ကျွန်ုပ်သားနှစ်
ယောက်အတွက် မဝယ်ခဲ့ပေ။ မိတ်ဆွေများဆီကိုလည်း ၎င်းကို မပို့ခဲ့ပါပေ။ အကြောင်းမှာ မိတ်ဆွေဖြစ်ခြင်းသက်သေအဖြစ် ကြာပွတ်ဖြင့် ရိုက်နှက် ရန် ကျွန်ုပ်တောင်းဆိုမည်မဟုတ်ပါ။ မိမိကိုယ်ကို အပြစ်ဒဏ်ခတ်ခြင်း၊ မိမိ ကိုယ် ကို တီထွင်လျက် ညှင်းပန်းခြင်းတို့ကို ကျွန်ုပ်တို့၏သခင်ဘုရားသည် မနှစ်သက်ပါပေ။ ဤအရာတို့သည် ဝတ်ပြုခြင်းမဟုတ်သည့်လူများပြု
သောဝတ်ပြုခြင်းဖြစ်၏။ သင်ကြိုက်နှစ်သက်လျှင် ရက်ပေါင်းလေးဆယ်အ စာရှောင်နိုင်သော်လည်း ထိုအရာအားဖြင့် ကောင်းကျိုးကိုရရှိမည်မဟုတ် ပေ။ ယေရှုခရစ်တော်သည် ဤအရာကို မိတ်ဆွေဖြစ်ခြင်း၏အတိုင်းအ တာ အဖရစ်မတောင်းဆိုပါပေ။ ဤအတွက် ကိုယ်တော်၏မိတ်ဆွေများ အဖြစ် မသတ်မှတ်ပါပေ။ ကိုယ်တော်က “ငါပညတ်သည့်အရာတို့ကို သင် တို့ကျင့်သုံးလျှင် သင်တို့သည် ငါ၏မိတ်ဆွေများဖြစ်ကြ၏” ဟုပြောပေ သည်။ သို့သော် သင်သည် အစာငတ်ခံပြီး လျှော်တေအဝတ်ကိုဝတ် လျက် အခန်းလေးထဲ၌ မိမိကိုယ်ကို ပတ်လှောင်ထားရန် ကိုယ်တော်မ
တောင်းဆိုထားပေ။မာန်မာနသည် ဤအရာများကိုတီထွင်လုပ်ဆောင်၏။ သို့သော် ကျေးဇူးတော်က နာခံခြင်းကို သွန်သင်ပေသည်။
အချို့သောလူများက ညီအစ်ကို ညီအစ်မတော်စပ်ခြင်းဘဝထဲ ဝင်ရောက်ခြင်းသည် သန့်ရှင်းသောအမှုတော်နှင့်ဆိုင်သည့်အမြင့်မြတ်ဆုံး ပုံစံဖြစ်မည်ဟု ထင်မှတ်ကြ၏။ ထိုသူတို့က အကယ် သူတို့သည် “ယေရှု၏ အသိုင်းအဝိုင်း” ၌ပူးပေါင်းလျှင် ခရစ်တော်၏မိတ်ဆွေစစ်မိတ်ဆွေမှန်များ
ဖြစ်မည်ကို စိတ်ကူးကြ၏။ ယေရှု၏အသိုင်းအဝိုင်း သို့မဟုတ် ခရစ်ယာန် များအတွက် အဖွဲ့ ဖွဲ့စည်းခြင်း၊ ယေရှုအတွက် အတူတကွအသက်ရှင်ရန် စုပေါင်းလျက် ကိုယ်တော်၏အလုပ်၌ အပြည့်အဝ လုပ်ဆောင်ရန် အပ်နှံ ခြင်းတို့သည် ကောင်းသောအရာမဟုတ်ဟု တစ်ခါတစ်ရံ မိမိကိုယ်ကို တွေးတောမေးမြန်းမိသည်။ သို့သော် ဘုရားသခင်၏အသင်းတော်ဆိုင်ရာ ညီအစ်ကိုဘဝဖြစ်ခြင်းထက် အစည်းအရုံးများ၊ ညီအစ်ကိုဘဝညီအစ်မ ဘဝများကိုဖွဲ့စည်းခြင်းသည် ဓမ္မသစ်တွင် မပြည့်စုံခဲ့သည့်အရာတစ်ခုဖြစ် ၏။ ဖရန်ဆစ်စကန်နှင့်ဒိုမီနီကန် အဖွဲ့များ၏အရိပ်နိမိတ်ပြေးကို သင် တွေ့ရှိရမည်မဟုတ်ပေ။ ဘုရားဝတ်၌ မွေ့လျော်သောအမျိုးသမီးအားလုံး သည် ကရုဏာဆိုင်ရာညီအစ်မများဖြစ်ကြသကဲ့သို့ ခရစ်တော်နှင့်တူသော အမျိုးသားများသည်လည်း ယေရှု၏အသိုင်းအဝိုင်း၌ရှိနေသူများဖြစ်ကြ၏။ သို့သော် ဘုန်းကြီးကျောင်းနှင့်ခရစ်ယာန်သီလရှင်ကျောင်းများ၌ သန္နိဋ္ဌာန် ချနေသူများမူကား ယေရှုခရစ်တော်၏အသိုင်းအဝိုင်းဖြစ်ကြောင်း ကျမ်းစာ ၌ တစ်ခါမျှမဖတ်ဖူးပေ။
ကျမ်းစာထဲ၌ မမိန့်ထားသောအရာတစ်ခုခုသည် ဉာဏ်ကင်းမဲ့ သောယုံကြည်မှုနှင့်ဆိုင်၏။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို ကိုယ်တော်၏ အလိုတော်နှင့်အညီ ကိုးကွယ်ရပေမည်။ ကျွန်ုပ်တို့၏ အလိုအတိုင်းမ ဟုတ်ပေ။ ကျွန်ုပ်သည် ရောမကက်သိုလစ်ခေါ်ဆိုသည့် ဘာသာရေးအ သက်တာအတိုင်း မိမိကိုယ်ကို သီးသန့်ထားလျက် ရိုးရိုးလူများထံမှ အဝေး သို့သွား၍ တစ်ဦးတည်း အသက်ရှင်လျက်ကုန်ဆုံးလျှင် ထိုအရာ၌ ဘယ် အရာမျှမရှိပေ။ အကြောင်းမှာ သခင်ယေရှု ခရစ်တော်သည် ကျွန်ုပ်ထံမှ ထိုအရာမလိုအပ်ပေ။ ကိုယ်တော်မိန့်မှာသောအရာတိုင်းကို လုပ်ဆောင် ရန် တောင်းဆိုထား၏။
ခရစ်တော်က မည်သည့်အခါမျှမမိန့်ထားသည့်အရာကို အဘယ့် ကြောင့် လူတို့သည် လုပ်ဆောင်လိုကြသနည်း။ ကျောင်းဆရာသည် ဥပ မာအနေဖြင့် သူ၏အခြေအနေကိုသုံးရန် ခွင့်ပြုပေမည်။ သူသည် အတန်း ထဲရှိ လူငယ်တစ်ဦးအား “ယခုအချိန်သည် သင်္ချာနှင့်ဆိုင်သောအတန်းကို တက်ရန်ဖြစ်၏”ဟု ပြောလျှင် ၎င်းအစား ကျောင်းသားသည် စာရေးခြင်း
အတတ်ကို စတင်ကျင့်သုံးလေ၏။ ဆရာက ကျောင်းသားကို နားလည်သည် မလည်သည်ကို မမေးပေဘူးလား။ မိနစ်အနည်းငယ်ကြာပြီးနောက် ကျောင်းသားလေးစာရေးနေသည်ကို တွေ့ကာ “သင်သည် ထိုလိုင်းကို ကောင်းမွန်စွာရေးဆွဲပြီ”ဟု ပြောမည်မဟုတ်လော။ လုံးဝမဟုတ်ပေ။ ရေး သားခြင်းက ကောင်းမွန်သည်ဖြစ်စေ၊ ဆိုးရွားသည်ဖြစ်စေသေးငယ်သော
ဖြစ်၏။ သင်္ချာနှင့်ဆိုင်သောအရာကို လုပ်ဆောင်ရန် ညွှန်ကြားသော အခါ စာရေးသားနေခြင်းသည် ဆိုးရွားသောအမိန့်နာခံမှုမရှိခြင်းဖြစ်၏။
ထိုအရာသည် သင်နှင့်ကျွန်ုပ်တို့အတွက် အတူတူပင်ဖြစ်၏။ သင်နှင့်ကျွန်ုပ်သည် ခရစ်တော်မိန့်မှာသောအရာထက် အခြားအရာကို လုပ်ကောင်းလုပ်နေမည်။ ကောင်းမွန်စွာလုပ်ဆောင်နေလျက် အခြားသူ များက “ဘုရားတရားကိုင်းရှိုင်းသောသူများပါတကား” ဟုပြောကြပေမည်။ သို့သော် သခင်ဘုရား၏အလိုတော်ကို ကျွန်ုပ်တို့မလုပ်ဆောင်လျှင် ကိုယ်
တော်၏မိတ်ဆွေများမဟုတ်ကြပေ။ ကျွန်ုပ်တို့သည် ဖိနပ်များဝတ်လျက် ကြမ်းတမ်းသောအဝတ်များကိုဝတ်ကာ စွန့်ပစ်ထားသော ဘွတ်ဖိနပ်နှင့် ကုတ်များကိုဝတ်သော်လည် ထိုအဝတ်အစား၌ ကျေးဇူးတော်မရှိပေ။ အ
ကောင်းဆုံးဖြစ်ခြင်းသည် ခရစ်တော်မိန့်မှာသောအရာကိုလုပ်ဆောင်ခြင်း ၌ တည်နေ၏။
အချို့သောလူများက ဆက်ကပ်ထားသောအဆောက်အဦး၌ ဘာသာရေးဝတ်ပြုပွဲများစွာကိုတက်ခြင်းသည် ခရစ်တော်ထံမိတ်ဆွေဖြစ် ခြင်းဆိုင်ရာလုပ်ဆောင်မှုဟုထင်ကြ၏။ ထိုသူတို့သည် နံနက်ဆုတောင်း ခြင်း၊ ညနေဝတ်ပြုခြင်း၌ရှိကြပြီး ရေတွက်မရအောင် စားပွဲများနှင့် အစာ ရှောင်ခြင်းများ၌ရှိကြ၏။ အချို့သောသူများက မိမိတို့အိမ်၌ နေ့စဉ်ဘာသာ ရေးဝတ်ပြုခြင်းများလုပ်ဆောင်ရန် အလိုရှိကြ၏။ မိသားစုဆုတောင်းခြင်း ကို အများနှင့်ဆိုင်သောဝတ်ပြုခြင်း၌ ပေးအပ်လိုက်လျှင် ကြောက်စရာ
ကောင်းသောအရာဖြစ်ပေမည်။ သို့သော်လည်း လူများစွာက မိသားစုဝတ် ပြုခြင်းကို အနည်းငယ်သာ ထင်မှတ်ကြ၏။ အသင်းတော်ကို သွားရမည်။ သို့မဟုတ် လက်နှင့်လုပ်သောဘုရားကျောင်းကို သွားရမည်ဟု ထင်ကြ၏။
သို့သော် ထိုသို့သောနည်းလမ်းဖြင့် ယေရှု၏မိတ်ဆွေဖြစ်နေခြင်းကို မ သူမျှမမြင်ကြပေ။
ကျွန်ုပ်တို့သည် “လူအချို့တို့ထုံးစံအတိုင်း အချင်းချင်းစည်။ ခြင်းကို” မရှောင်ရန်ဖြစ်၏ (ဟေဗြဲ၊ ၁၀:၂၅)။ သင်တတ်နိုင်သမျှ ဘုရား သခင်၏လူများနှင့်တွေ့ဆုံနိုင်လျှင်ကောင်းပေ၏။ ခရစ်ယာန်မင်္ဂလာတရား များကို ပွားများစေလျက် ပွဲတော်များကို တိုးပွားစေကာ ဤ၀တ်များနှင့် အ လုပ်ရှုပ်နေ၍ အပြင်ပိုင်းဘာသာရေးကြိတ်ဆုံ၌ ကြိတ်ခံရလျက် စိတ်နှလုံး ဆုတ်သွားသည့်တိုင်အောင်ဖြစ်သော်လည်း ခရစ်တော်မိန့်မှာသောအရာ တိုင်းကိုလုပ်မှသာလျှင် ခရစ်တော်၏မိတ်ဆွေများဖြစ်ကြပေမည်။ ဤအ ရာသည် ကနဦးပွဲတော် သို့မဟုတ် နေ့စဉ်လူထုပွဲထက် ပိုကောင်းသော စစ်ဆေးခြင်းဖြစ်၏။
ချစ်သောမိတ်ဆွေများ၊ ၎င်းသည် ဤအရာသို့လာပေသည်။ ကျွန်ုပ်တို့သည် တည်ငြိမ်စွာ၊ သတိပြုလျက် ဇွဲရှိစွာ နေ့စဉ်အသက်တာ စိတ်နှလုံးမှ ဘုရားသခင်၏အလိုတော်ကို လုပ်ဆောင်ရမည်။ အရာခပ် သိမ်းအတွက် တောင်းလျှောက်ပါ။ ဤအရာနှင့်ပတ်သက်၍ ယေရှုသည် ကျွန်ုပ်ကို မည်သည့်အရာလုပ်စေချင်သနည်း။ ခရစ်တော်၏သွန်သင်ခြင်း က အဘယ်အရာနည်း။ အကြောင်းမူကား “သင်တို့သည် စားသော်လည်း ကောင်း၊ သောက်သော်လည်းကောင်း၊ မည်သည့်အမှုကိုပြုသော်လည်း ကောင်း ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေကြလော့” (၁ကော၊ ၁၀: ၃၁)။ “သင်တို့ပြုသမျှသောအရာတို့ကိုလည်း ပြောဆိုမှု၌ဖြစ်စေ၊ လုပ်
ဆောင်မှု၌ဖြစ်စေ အရာခပ်သိမ်းတို့ကို သခင်ယေရှု၏နာမတော်၌ပြုလျက် ကိုယ်တော်အားဖြင့် ခမည်းတော်ဘုရားသခင်ကို ကျေးဇူးတင်ကြလော” ( ကော၊ ၃:၁၇)။
သင်သည် ပြည်တွင်းအစေအပါးဖြစ်၍ အသင်းတော်လုပ်ငန်းအ တွက် တစ်ပေါင်ပင်လျှင် မပေးနိုင်သော်လည်း သင်သည် ကိုယ်တော်မိန့် မှာသမျှတို့ကို လုပ်ဆောင်လျှင် ယေရှ၏မိတ်ဆွေဖြစ်၏။ သင်သည် အိမ် ထောင်ရှင်မဖြစ်၍ မိသားစုမှလွဲပြီး အားလုံး၏အာရုံစူးစိုက်မှုကို မလုပ် ဆောင်နိုင်သော်လည်း သင်၏သားသမီးများ၏တာဝန်ကို ပြည့်စုံစေလျက်
ခရစ်တော်မိန့်မှာသောအရာတို့ကို လုပ်တင်လျှင် သင်သည် မရှ၏ မိတ်ဆွေများထဲတွင်ပါ၏။ သင်သည် သာမန်အလုပ်များဖြစ်နိုင်သည်။ သို့မဟုတ် ဆိုင်သေးသေးလေးဖြင့် ကုန်သွယ်သောသူဖြစ်ကောင်းဖြစ်မည်။ ကျော်ကြားသောသူမဟုတ်၊ သို့သော် သင်သည် ရိုးသားမှု၊ ဖြောင့်မတ် ကြည်ညိုလေးမြတ်ခြင်း ဥပမာကိုထားလျက် ကိုယ်တော်ကယ်တင်ခဲ့ ဖြင့် ခရစ်တော်အတွက် အားလုံးကို လုပ်ဆောင်လျှင် ကိုယ်တော်သည် သင့်ကို မိတ်ဆွေဟု ခေါ်ပေမည်။ ဤမြင့်မြတ်သောဘွဲ့နှင့် အဘယ်အရာ တူနိုင်မည်နည်း။ ခရစ်တော်နှင့် မိတ်ဆွေဖြစ်ခြင်းသည် မြင့်မြတ်သောအ ရာများစွာနှင့် ထိုက်တန်ပေ၏။
ယေရှုအမြဲရှိနေသည်ဟူသောအရာဖြင့် အသက်ရှင်ပါ။
ဤအရာအားလုံး၏လက်တွေ့အကျိုးကျေးဇူးနှင့်ပတ်သက်၍ ဤမေးခွန်းတစ်ခုအားဖြင့် မေးခွန်းတိုင်းကို သုံးသပ်ရမည်။ ဤအရာသည် ခရစ်တော်ထံသို့မိတ်ဆွေဖြစ်ခြင်းဆိုင်ရာလုပ်ဆောင်မှုဖြစ်ပါသလား။ ဤ အရာကိုကျွန်ုပ်လုပ်ဆောင်လျှင် ခရစ်တော်၏မိတ်ဆွေအဖြစ် လုပ်ဆောင် နေခြင်းလား။ ကျွန်ုပ်၏လုပ်ဆောင်မှုသည် ကိုယ်တော်ကို ဂုဏ်ယူစေခြင်း ဖြစ်သလော။ သို့ဆိုလျှင် ကျွန်ုပ်ဝမ်းမြောက်၏။ ၎င်းသည် ကိုယ်တော်ကို မလေးစားခြင်းဖြစ်လျှင် ကျွန်ုပ်နှင့်မဆိုင်ပေ။ သင်တတ်နိုင်သမျှခြားနား
သောလုပ်ဆောင်မှုတိုင်းကို ချိန်ခွင်၌ ထားပါ။ ဤအရာသည် အလေးချိန် ဖြစ်၏။ဤအရာသည် ရွေးနှုတ်ရှင်ထံသို့မိတ်ဆွေဖြစ်ခြင်းဆိုင်ရာပြုမူလုပ် ဆောင်ခြင်းဖြစ်ပါသလား။
ယေရှုသည် အမြဲရှိသည်ဟူသောအရာဖြင့် အသက်ရှင်ရန် ကျွန်ုပ်ဆန္ဒရှိ၏။ ကိုယ်တော်၏ဒဏ်ချက်တော်ကိုမြင်၍ ကိုယ်တော်၏မျက် နှာအသွင်အပြင်ကို ကြည့်ရှုရသကဲ့သို့ဖြစ်၏။ ဆိုပါစို့။ စဉ်းစားဖွယ်ရာအ ရာတစ်ခုခုကိုလုပ်ဆောင်ရန်တောင်းဆိုခြင်းအားဖြင့် သင်သည် စုံစမ်းခြင်း ခံရ၏။ ဤသို့သောနည်းလမ်းဖြင့်လုပ်ဆောင်ရန် ဆုံးဖြတ်ပါ။ ယေရှုသည် ထိုအချိန်တွင် ကြွလာ၍ လက်တော်နှင့် ခြေတော်ကိုပြလျှင် မျက်မှောက် တော်၌ မည်သို့လုပ်ဆောင်မည်နည်း။ ချစ်ခင်ရသောအရှင်၏မျက်မှောက်
တော်၌ ပြုသကဲ့သို့ပြုမူပါ။ ကိုယ်တော် ကိုမကြင်နာသောအရာမည်သည့် အရာမျှမလုပ်ဆောင်မည်မဟုတ်လော။ သင်၏မျက်စိဖြင့် ကိုယ်တော်ကို မြင်ရလျှင် ကိုယ်တော်ကို ဝမ်းနည်းစေ သည့်အရာမည်သည့်အရာမျှလုပ် မည်မဟုတ်ပေ။ ကောင်းပြီ။ ကိုယ်တော်ကို သင့်ရှေ့၌ အမြဲထားပါ။ ဆာ လံဆရာက “ငါသည် ထာဝရဘုရားကို အစဉ်မပြတ်မျက်မှောက်ပြု၏” ဟု ဆိုခဲ့၏ (ဆာ၊ ၁၆:၈)။
ဤအရာကို လုပ်ဆောင်ရန် သန့်ရှင်းသောဝိညာဉ်တော်၏ဘိ သိက်ပေးခြင်းများစွာလိုအပ်၏။ သင့်ကို ဘုရားသခင်ပေးပါစေ။ ချစ်သော မိတ်ဆွေ၊ ခရစ်တော်သည် ချက်ချင်းလာ၍ လုပ်ဆောင်မှုကို ဖော်ထုတ် မည်ဟူသောအသိဖြင့်အသက်ရှင်ပါ။ သခင်ဘုရားသည် ဘုန်းတော်ပလ္လင် ၌ထိုင်၍ ကိုယ်တော်၏တရားရုံးရှေ့တွင် ခေါ်နေသည်ဟု မြင်ရသောအခါ သင်အရှက်မရသည့်အရာကိုသာ လုပ်ဆောင်ပါ။ ဤသို့သင်အသက်ရှင် လျှင် ငြိမ်သက်ခြင်းများစွာ၌ ပျော်မွေ့ရပေမည်။ ။
နာခံခြင်းသည် သခင်ဘုရား၏မင်္ဂလာရှိသောမျက်မှောက်တော် နှင့်အတူ သင့်ကိုပျော်မွေ့စေပေမည်။ ထိုမျက်မှောက်တော်၌ “ဝမ်းမြောက် ခြင်းနှင့်ပြည့်စုံ”စေမည်ဖြစ်ပေသည် (ဆာ၊ ၁၆:၁၁)။ ပညာရှိများ၏မနာလို မှုကို ခံရပေမည်။ သင်သည် သခင်ဘုရား၏ချစ်ခင်ရသောသူဖြစ်ပေသည်။ သင်၏လမ်းသည် အမြဲမချောမွေ့သော်လည်း အမြဲလုံခြုံပေမည်။ အ
ကြောင်းမှာ ယေရှုသည် မိမိမိတ်ဆွေကို မည်သည့်အခါမျှမစွန့်ပေ။ သင့်ကို မစွန့်၊ “ကပ်ကမ္ဘာကုန်သည့်တိုင်အောင်” သင်နှင့်အတူရှိမည်ဖြစ်သည် (မ ၂၈:၂၀)။ဤပျော်ရွှင်ဖွယ်ရာအခြေအနေသည်သင်၏ပိုင်ဆိုင်ရာဖြစ်ပါ စေ။
အခန်း ၇
သေခြင်းနှင့် အစဉ်မပြတ်ကင်းလွတ်မည့်သူ
“ငါအမှန်အကန်ဆိုသည်ကား၊ ငါ့စကားကို နားထောင်သောသူသည် သေ
ခြင်းနှင့် အစဉ်မပြတ်ကင်းလွတ်လိမ့်မည်ဟု မိန့်တော်မူ၏ ယုဒလူတို့ ကလည်း၊ သင်၌နတ်ဆိုးစွဲသည်ကို ယခုငါတို့သိကြ၏။ အာဗြဟံမှစ၍
ရောဖက်တို့သည် သေလွန်ကြပြီ။ သင်မူကား၊ ငါ့စကားကို နားထောင် သောသူသည် သေခြင်းနှင့် အစဉ်မပြတ်ကင်းလွတ်လိမ့်မည်ဟု ဆိုပါသည် တကား၊ ငါတို့အဘအာဗြဟံထက် သင်သည် သာ၍ကြီးမြတ်သလော။ သူသည်သေပြီ၊ ပရောဖက်တို့လည်း သေကြပြီ။ သင်သည်အဘယ်သို့ သောသူ၏ အရောင်ကိုဆောင်သနည်းဟုဆိုကြ၏” (ယော၊ ၈:၅၁-၅၃)
ရှင်ယောဟန် အခန်းကြီးရှစ်၌ အထက်ပါကျမ်းပိုဒ်မတိုင်မီ ဂျူး လူမျိုးတို့သည် ရန်ငြိုးထားသောအသံဖြင့် သခင်ဘုရားကို ခါးသည်းသော
မေးခွန်းဖြင့် ပြင်းထန်စွာတိုက်ခိုက်လေ၏။ “သင်သည်ရှမာရိလူဖြစ်၏။ နတ်ဆိုးစွဲသောသူလည်းဖြစ်၏” (ယောဟန်၊ ၈:၄၈)။ ကယ်တင်ရှင်သည် သူတို့ကို ငြိမ်သက်စွာ ဖြေဆိုခဲ့ပေသည်။ ကိုယ်တော်သည် ထိုသူတို့ကို ပြန်ဖြေခဲ့၏။ အကြောင်းမှာ ထိုသို့ပြုရန် လိုအပ်သည်ဟု ကိုယ်တော်စီရင် ၍ဖြစ်၏။ သို့သော် ကိုယ်တော်သည် ကြီးမားသောစိတ်ရှည်ခြင်းနှင့် ခိုင်မာ သောငြင်းခုံမှုဖြင့် ပြောခဲ့၏။ ငါသည်နက်ဆိုးစွဲသောသူမဟုတ်။ ငါ့ခမည်း တော်ကိုချီးမြောက်၏”(ငယ်၄၉)။ ဤအရာသည် ရှင်းလင်းသောသက်သေ ဖြစ်၏။ ဘုရားသခင်ကို ချီးမြှောက်သောသူကို နတ်ဆိုးစွဲသောသူဟု မည် သူမျှမပြောနိုင်ပေ။ အကြောင်းမှာ အစအဦးကတည်းက နတ်ဆိုးဝိညာဉ် သည် ခမည်းတော်ကို ဘုန်းထင်ရှားစေသောအရာအားလုံး၏ရန်သူဖြစ်ခဲ့ ပေသည်။ ။
ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို မရေးရသေးပေ။ ဤကျမ်းပိုဒ်ကို မဖတ်ရသေးသောသူ၊ ပေါလုသည် ကယ်တင်ရှင်၏ဝိညာဉ်နှင့်ပြည့်လျက် ဖတ္တုမင်းကပြောသောအခါ ထိုသို့သောအပြုအမူဖြင့် ဖြေဆိုခဲ့၏။
“ပေါလု၊ သင်သည် သူရူးဖြစ်၏။ သိပ္ပံအတတ်များကိုသင်၍ သူရူး အဖြစ်သို့ရောက်ခဲ့ပြီ” ဟုဆိုလေ၏ (တမန် ၂၆:၂၄)။ ပေါလုက “အကျွန်ုပ် သည် သူရူးမဟုတ်ပါ။ သမ္မာတရားနှင့်၎င်း၊ ကောင်းသောစိတ်နှင့်၎င်း၊ ယှဉ်
သောစကားကိုပြောပါ၏” ဟု ပြန်ပြောခဲ့၏ (ငယ် ၂၅)။ ဤသည်မှာ ကယ် တင်ရှင်၏နူးညံ့သောတုန့်ပြန်မှု နှင့်ဆိုင်သောဥပမာဖြစ်၏။ “ငါသည်နက် ဆိုးစွဲသောသူမဟုတ်။ ငါ့ခမည်းတော်ကိုချီးမြောက်၏။”
ချစ်သောမိတ်ဆွေ၊ သင်သည် မှားယွင်းစွာစွပ်စွဲခံရသောအခါ တိုင်း နတ်ဆိုးနာမည်သည် သင့်ကို ပြောလိုက်အခါတိုင်း ပြန်ပြောရမည် ဆိုလျှင် သင်တို့မြော်လင့်ခြင်း၏အကြောင်းကိုမေးမြန်းသောသူရှိသမျှတို့ အား၊ နူးညံ့သောသဘော၊ ကြောက်ရွံ့သောသဘောနှင့် ပြန်ပြော” ရန်ဖြစ် ၏ (၁ ပေ၊ ၃:၁၅)။ ပူလောင်လျက် အလျင်အမြန် မပြုပါနှင့်။ အကြောင်းမှာ ထိုသို့လုပ်ဆောင်လျှင် ခွန်အားဆုံးရှုံး၍ မှားယွင်းသွားပေမည်။ သင် သခင်ဘုရားသည် သင်၏စံပြဖြစ်ပါစေ။
မှားယွင်းသောစွပ်စွဲမှုသည် ကြီးမြတ်သောသမ္မာတရားဆိုင်ရာ သခင်ဘုရား၏ဖြစ်ရပ်ဖြစ်၏။ ဂျူးလူမျိုးတို့သည် အလျင်အမြန်ပြုလျက်
သထွက်သော်လည်း ကိုယ်တော်၏မျက်နှာ၌ သမ္မာတရားအလင်းကို ထန်းလင်းလေ၏။ အမှားကိုဖယ်ရန် သမ္မာတရားကို ချီးမြှောက်ရပါမည်။ ထိုသို့ သူတို့၏ကြောက်စရာကောင်းသောပြောဆိုချက်သည် “ငါအမှန်အ ကန်လိုသည်ကား၊ ငါ့စကားကို နားထောင်သောသူသည် သေခြင်းနှင့် အ စဉ်မပြတ်ကင်းလွတ်လိမ့်မည်” ဟုပြောသောအရာနှင့်ကိုက်ညီလေ၏။ မ တုန်လှုပ်နိုင်သောစိတ်ချမှုဖြင့် ဘုရားသခင်၏သမ္မာတရားကိုပြောဆိုခြင်း ကဲ့သို့ယုံကြည်ခြင်း၏ရန်သူများကိုမည်သည့်အရာကမျှမဟန့်တားနိုင်ပေ။
ယေရှုပြောထားသည့် သမ္မာတရားသည် ကတိတော်များနှင့် ပြည့်လျက်ရှိ၏။ ကိုယ်တော်၏ ကတိတော်များကို အလိုရှိစွာငြင်းပယ်လျှင် ခြိမ်းခြောက်မှုထက်ပို၍ ဆိုးရွားပေ၏။ ခရစ်တော်၏ငြင်းပယ်ခံသောကတိ
တော်များသည် အမင်္ဂလာများသို့ဆိုးရွားသွားပေသည်။ ကိုယ်တော်က “ငါအမှန်အကန် ဆိုသည်ကား၊ ငါ့စကားကို နားထောင်သောသူသည်
သေခြင်းနှင့် အစဉ်မပြတ်ကင်းလွတ်လိမ့်မည်” ဟုပြောသောအခါ ဤလူ များသည် ကိုယ်တော်ကို ပုန်ကန်နေသေးလျှင် သူတို့၏ဩတ္တပစိတ်သည် သူတို့ကို “သားတော်ကို ပယ်သောသူမူကား အသက်ကိုမတွေ့ရ။ ထိုသူ၏ အပေါ်၌ ဘုရားသခင်၏အမျက်တော် တည်နေသည်ဟု ပြောမှာဖြစ် သည် (ယော၊ ၃:၃၆)။ ယုံကြည်သူသည် သေခြင်းကိုမမြင်ရလျှင် မယုံ ကြည်သည် အသက်ကိုတွေ့ရမည်မဟုတ်ပေ။ ထို့ကြောင့် ဧဝံဂေလိ တရားကိုယ်တိုင်က ၎င်းကို ငြင်းပယ်သောသူများအတွက် “သေခြင်းတိုင်
အောင် သေခြင်း၏အမွှေးအကြိုင်”ဖြစ်လာကြ၏ (၂ကော၊ ၂:၁၆)။ ထာဝရ အသက်ကို ပြောသည့်နှုတ်ကပတ်တော်သည် အလိုဆန္ဒရှိရှိမယုံကြည် ခြင်းအတွက် ထာဝရသေခြင်းကို ချောက်လှန့်လျက်ရှိ၏။
ကျွန်ုပ်တို့သည် ကျေးဇူးတော်အားဖြင့် အသစ်ဖြစ်လာခြင်း၏စိတ် ဘောင်အထဲသို့ ထည့်သွင်းခံရရန် ကျွန်ုပ်ဆုတောင်းပေ၏။ ဤအံ့ဩဖွယ် ကတိတော်ကို အမွေခံရရန် ခရစ်တော်၏အမိန့်တော်ကို ထိန်းသိမ်းအုံ သောငှာ ကူညီမစခံရပါစေ။ “ငါ့စကားကိုနားထောင်သောသူသည် သေခြင်း
နှင့်အစဉ်မပြတ်ကင်းလွတ်လိမ့်မည်။” ဤအဆုံးအထိ ခရစ်တော်၏စကား ကိုနားထောင်သောသူဖြစ်သည့် ကျေးဇူးတော်နှင့်ပြည့်သောယုံကြည်သူ ၏ထင်ရှားသောအမှတ်လက္ခဏာကို ပထမဆုံးဖော်ပြသောအခါ သန့်ရှင်း
သောဝိညာဉ်တော် ကျွန်ုပ်ကိုကူညီမစပါစေ။ နောက်ထပ် ကျွန်ုပ်သည် ယုံ ကြည်သူ၏ဘုန်းတော်နှင့် ပြည့်သောလွတ်မြောက်မှုပေါ်၌ တည်ပါမည်။ သူသည် သေခြင်းကိုမည်သည့်အခါမျှမမြင်ရပေ။ ထို့နောက် ပို၍မြန်သော သူကိုဂုဏ်ယူချင်ပါသည်။ ဤကျမ်းစာရှိ ဂျူးများ၏ပုံစံအတိုင်း သခင်ဘုရား သည် ပြောသောအရာအားဖြင့် မိမိကိုယ်ကို များစွာပြုနေပေသည်။ သမ္မာ တရား၌ ယုံကြည်သူသည် သေခြင်းကိုမမြင်ရဟူသောအချက်သည် သခင်
ယေရှုကို ကြီးကျယ်ခမ်းနားစေပါသည်။
ခရစ်တော်နှင့်တူသောယုံကြည်သူများ၏ထူးခြားသောလက္ခဏာများ
ကျေးဇူးတော်နှင့်ပြည့်သောယုံကြည်သူ၏ထင်ရှားသောအမှတ် လက္ခဏာများကို ဆင်ခြင်ပါ။ “ငါ့စကားကို နားထောင်သောသူသည် သေ ခြင်းနှင့် အစဉ်မပြတ်ကင်းလွတ်လိမ့်မည်။” သူ၏ထူးခြားသောလက္ခဏာ သည် ခရစ်တော်၏စကားများ သို့မဟုတ် ကိုယ်တော်၏နှုတ်ကပတ်တော် ကိုနားထောင်ခြင်းဖြစ်၏။ သူ၌ အခြားသောလက္ခဏာများရှိနိုင်သေးသည်။ သို့သော် ၎င်းတို့သည် နှိုင်းယှဉ်ကြည့်လျှင် ဤအမြင်၌ အရေးမကြီးပေ။ သူ၌ ကြောက်တတ်သောသဘာဝရှိ၍ ပူပင်သောကရှိနိုင်ပေ၏။ သို့သော် ခရစ်တော်၏စကားကို နားထောင်လျှင် သေခြင်းကိုမြင်ရမည်မဟုတ်ပေ။ သူသည် ကနဦးအသက်တာ၌ အကြီးဆုံးသောအပြစ်သားဖြစ်နိုင်ပေ၏။ သူသည် ပြောင်းလဲလာ၍ ခရစ်တော်၏စကားကို နားထောင်သဖြင့် သေ ခြင်းတည်းဟူသောထာဝရသေခြင်း (ဝါ ) ဒုတိယသေခြင်းကိုမြင်ရတော့ မည်မဟုတ်ပေ။ သူသည် စိတ်အားထက်သန်သောသူဖြစ်၍ အမှန်တ ကယ်ရှိသောထာဝရကာလကို ကိုင်စွဲလျက် အလွန်အသုံးဝင်သောသူဖြစ် သည်။ သူ၏လုံခြုံစိတ်ချမှု အကြောင်းရင်းမှာ အားနည်းသောသူ၊ ကြောက် တတ်သောသူတို့နှင့် အတူတူပင်ဖြစ်သည်။ သူသည် ခရစ်တော်၏စကား ကိုနားထောင်၍ သေခြင်းကိုမြင်ရမည်မဟုတ်ပေ။ မိမိကိုယ်ကို အပြစ်အား
လုံးနှင့်အဆက်ဖြတ်လိုက်ပါ ။ ဤအချက်ပေါ်တွင် သင့်ကိုယ်ပိုင်စိတ်လုံး ကို ဆင်ခြင်ပါ။ သင်သည် ခရစ်တော်၏စကားကို စောင့်ထိန်းနားထောင် သလော။ နားထောင်လျှင် သေခြင်းကိုမြင်ရမည်မဟုတ်ပေ။
မည်သို့သောပုဂ္ဂိုလ်က ခရစ်တော်၏စကားကိုနားထောင်သနည်း။ သည် ခရစ်တော်နှင့် ရင်းရင်းနှီးနှီးဆက်နွယ်မှုရှိသောသူဖြစ်ကြောင်း ထင်ရှား၏။ သူသည် ကိုယ်တော်ပြောသောအရာကို ကြား၏။ ကိုယ်တော် ပြောသောအရာကို မှတ်သား၏။ ကိုယ်တော်ပြောသောအရာ၌ တွယ်ကပ် ၏။ ယခုခေတ်တွင် ဘုရားသခင်၌ ယုံကြည်ခြင်းအကြောင်းကို ပြောသော သူတို့ကိုကျွန်ုပ်တို့တွေ့ရ၏။ သို့သော် သူတို့သည် သခင်ယေရှုခရစ်တော် ကိုကြီးမားသောယဇ်နှင့် ရွေးနှုတ်ရှင်အဖြစ်မသိကြပေ။ ကြားဝင်ဆောင် ရွက်သောသူမရှိလျှင် ဘုရားသခင်ဆီသို့မလာကြပေ။
ယေရှုက “ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့မ ရောက်ရ”ဟုပြော၏ (ယော၊ ၁၄:၆)။ ကိုယ်တော်၏သက်သေသည် စစ်မှန် ၏။ ချစ်ခင်ရသောသူ၊ ကျွန်ုပ်တို့သည် ခရစ်တော်ကို ဘုရားသခင်ကိုယ်
တော်တိုင်အဖြစ်ချီးမြှောက်ကြပါသည်။ အမှန်ပင် ဘုရားဂုဏ်အင်္ဂါတော်၏ စည်းလုံးမှုကိုသံသယမရှိပါပေ။ သို့သော် “ဘုရားသခင်တဆူတည်းရှိတော် မူ၏။ ဘုရားသခင်နှင့်လူတို့၏စပ်ကြားမှာ၊ လူဖြစ်သောယေရှုခရစ်တည်း၊ ဟူသောအာမခံတဦးတည်းရှိ၏” (၁တိ၊ ၂:၅)။ ဘုရားသခင်-လူအဖြစ်နှင့် ကြားဝင်ဆောင်ရွက်သော အရှင်ဖြစ်သည့်ခရစ်တော်ယေရှုသည် ခမည်း
တော်နှင့်ကျွန်ုပ်တို့၏ပွဲတော်ယူခြင်းအတွက် အရေးပါမှုကို သတိရပါ။ ယေရှု ခရစ်တော်၏တန်ဖိုးရှိသောသွေးတော်အားဖြင့်သာဖြစ်သည့်ပြန်လည်သင့် မြတ်ခြင်း၊ ရွေးနှုတ်ခြင်း၊ ဖြောင့်မတ်ရာသို့ရောက်ခြင်းနှင့် ဝင်ခွင့်တို့နှင့်ပတ် သက်၍ သဘောမတူမချင်း မှန်ကန်သောနည်းလမ်းဖြင့် ဘုရားသခင်ကို ကိုးစားခြင်း၊ ချစ်ခြင်းနှင့်အစေခံခြင်းမပြုနိုင်ပေ။ ခရစ်တော်၌ ဘုရားသခင် ထံချဉ်းကပ်နိုင်၏။ လူ့ဇာတိခံယူသောဘုရားအားဖြင့်မှလွဲ၍ “လောင်သော မီး” ဖြစ်သည့်ယေဟောဝါဘုရားကို ချဉ်းကပ်ရန် မကြိုးစားပါနှင့် (ဟေဗြဲ ၁၂:၂၉)။ ကျွန်ုပ်၏စာဖတ်သူ၊ အပြစ်အတွက်ပြန်လည်သင့်မြတ်ကို ထား
သည့်ယေရှုအပေါ်၌ ယုံကြည်ခြင်းကိုထားမည်လော။ ဘုရားသခင်ပြင်ဆင်
သောနည်းလမ်းဖြင့် ဘုရားသခင်ထံသို့လာမည်လော။ ကိုယ်တော်သည် အခြားနည်းလမ်းဖြင့် သင့်ကိုလက်မခံပေ။ သိုးသငယ် သွေးတော်ဖြင့် ဖြစ် သောကယ်တင်ခြင်းလမ်းကို ငြင်းပယ်လျှင် ခရစ်တော်၏စကားကို နား ထောင်၍မရနိုင်ပေ။ ကိုယ်တော်က “ကိုမြင်သောသူသည် ခမည်းတော် ကိုမြင်၏” ဟုပြော၏ (ယော၊ ၁၄:၉)။ ဤအရာကို မည်သူ့ကိုမျှပြောသည် မဟုတ်ပေ။
ခရစ်တော်၏စကားကို နားထောင်သောသူသည် သခင်ယေရှုကို အလုံးစုံတို့၏အလုံးစုံဖြစ်စေလျက် ကိုယ်တော်၏နှုတ်ကပတ်တော်ကို ချစ်
ကြောက်ရိုသေခြင်းရှိ၏ ထိန်းသိမ်းစောင့်ရှောက်၏၊ ကြည်ညိုလေးစား၏။ ကိုးစား၏။ နာခံ၏။ ကိုယ်တော်၏စကားကို နားထောင်ခြင်းမှာ ပထမဆုံး ကိုယ်တော်၏ဩဝါဒကို လက်ခံခြင်းဖြစ်သည်။ သမ္မာတရားအဖြစ်ခရစ် တော်ချထားသောအရာတိုင်းသည် သူ့အတွက် မှန်ကန်၏။
ကျွန်ုပ်၏စာဖတ်သူ၊ သင်တို့အတွက်လည်းထိုသို့မဟုတ်သလော။ အချို့သောလူများ၏စဉ်းစားမှုသည် သူတို့ယုံကြည်ခြင်း၏အကြီးဆုံးအရင်း အမြစ်ဖြစ်၏။ သူတို့သည် ဘုရား၏ဖွင့်ပြခြင်းကိုစီရင်၍ ၎င်းကို အနက် ပြန်သည်သာမက ပြုပြင်လျက် ကျယ်ပြန့်စေ၏။ မိမိကိုယ်ကို စိတ်ချမှုအ ပြည့်ဖြင့်ဘုရားသခင်နှုတ်ကပတ်တော်၏တရားသူကြီးဖြစ်စေကြ၏။ သူတို့ သည် ဩဝါဒကိုယုံကြည်၏။ အကြောင်းမှာ လက်ရှိကာလ၏အလင်း သည် ၎င်းကို အခိုင်အမာဆို၏။ သို့မဟုတ် တီထွင်လုပ်ဆောင်၏။ သူတို့ ၏အခြေခံအုတ်မြစ်သည် လူ၏ကိုယ်ပိုင်အတွေးအခေါ်၌ရှိ၏။ သူတို့၏ ထင်မြင်ချက်၌ ကျမ်းစာအစိတ်အပိုင်းအချို့ တို့သည် အလွန်အမင်းမှား ယွင်း၍ သိပ္ပံပညာဆိုင်ရာတန်ဆာပလာများနှင့် ပြုပြင်ရန်လိုပေ၏။ သူတို့ အတွက် သန့်ရှင်းသောဝိညာဉ်တော်၏အလင်းသည် လက်ရှိကာလ၏အ လင်းနှင့်ယှဉ်လျှင် ပိုးစုန်းကြူးမျှသာဖြစ်၏။
သို့သော် ယခု ကျွန်ုပ်တို့ရှေ့ ကတိတော်၌ ဝေမျှသောသူသည် ကယ်တင်ရှင်၏နှုတ်ကပတ်တော်ကို ယုံကြည်သောသူဖြစ်၏။ ထိုသူသည် ခရစ်တော်မိန့်ဆိုသောစကားများနှင့်တမန်တော်များအပေါ် စေ့ဆော်သော စကားတော်များကို သမ္မာတရားအဖြစ်ခံယူတတ်၏။ အကြောင်းမှာ သူ
သည် ထိုစကားတော်တို့ကို ပြောသောအရှင်၌ ယုံကြည်သောကြောင့်ဖြစ် ။ သူ့အတွက် သန့်ရှင်းသောဝိညာဉ်တော်၏မှုတ်သွင်းခြင်းသည် ပုံ
၏အာမခံဖြစ်၏။ ဤအရာသည် အလွန်အရေးကြီးသောအ ကြောင်းအရာဖြစ်သည်။ ကျွန်ုပ်တို့ယုံကြည်ခြင်း၏အခြေခံအုတ်မြစ်သည် ထပ်ဆင့်တည်ဆောက်ထားသောအဆောက်အအုံထက် ပို၍အရေးကြီး ပေသည်။ သင်သည် သခင်ဘုရားပြောထားသောအချက်အပေါ်၌ ယုံ ကြည်ခြင်းကို အခြေမပြုမချင်း သင်၏ယုံကြည်ခြင်းသည် ဘုရားသခင်
တောင်းဆို သောဝတ်ပြုကိုးကွယ်ခြင်းနှင့်ဆိုင်သောရိုသေလေးမြတ်မှုကင်း မဲ့ပေမည်။ သင်၏ယုံကြည်ခြင်း၌ မှန်ကန်သော်လည်း သင်၏ယုံကြည်ခြင်း သည် ဘုရားသခင်၏နှုတ်ကပတ်တော်အခွင့်အာဏာအားဖြင့် အခြေမပြု မချင်း သင်၏ဝိညာဉ်မှန်ကန်မှုမရှိပေ။ ကျွန်ုပ်တို့သည် တပည့်တော်များ ၊ ဖြစ်ကြရမည်၊ ဝေဖန်သူများမဖြစ်သင့်ပေ။ ကျွန်ုပ်တို့သည် သေးငယ်သော ခြားနားခြင်းအားဖြင့်ဖြစ်၏။ အကြောင်းမှာ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းသို့ ရောက်လာကြ၏။
ကျေးဇူးတော်နှင့်ပြည့်သောယုံကြည်သူသည် ခရစ်တော်၏ကတိ တော်များကို ကိုးစား၏။ ဤအရာသည် အရေးကြီးသောအချက်ဖြစ်၏။ ယေရှုကိုမကိုးစားဘဲ ကျွန်ုပ်တို့၌ ဝိညာဉ်ရေးရာအသက်မရှိပေ။ ကျွန်ုပ်၏ စာဖတ်သူ၊ သင်သည် ယေရှုစကားများပေါ်၌ အမှီပြုသလော။ “ငါအမှန်အ ကန်ဆိုသည်ကား ငါ့ကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။ (ယော၊ ၆:၄၇)။ မိမိအပြစ်ကို ဝန်ချ၍ စွန့်ပစ်သောသူအတွက် ခွင့်လွှတ် ခြင်းကတိတော်၌ သင်ယုံကြည်သလာ။ ကြီးမားသောယဇ်ပူဇော်ခြင်း၏ တန်ဖိုးရှိသောသွေးတော်အားဖြင့် ခွင့်လွှတ်ခြင်းဖြစ်၏။ ခရစ်တော်၏က တီတော်များသည် “ငါအမှန်အကန်ဆိုသည်ကား” ဟူသောအရာဖြင့် သင့် ကိုသေချာမှုဖြစ်စေသလော။ သခင်ဘုရား၏စကားများ၌ သင့်စိတ်ဝိညာဉ် ကိုသံရိုက်ဆွဲထားနိုင်သလော။ အချို့သောသူတို့သည် ထာဝရပန်းတိုင်ကို ခရစ်တော်၏သစ္စာရှိမှုအပေါ်၌ တည်ကြ၏။ ကိုယ်တော်၏ကတိတော်များ ကို အတူတကွယူဆောင်သောအခါ ကျွန်ုပ်တို့ထဲ၌ စိတ်ချမှုအပြည့်အဝ ဖြစ်စေ၏။
ထိုမှတပါး ကျေးဇူးတော်နှင့်ပြည့်သောယုံကြည်သူသည် ကိုယ် တော်၏ပညတ်တော်များကို နာခံ၏။ မိမိအသက်တာ၌ အမိန့်တော်တို့ မလိုက်နာလျှင် စောင့်ထိန်းသည်ဟု မည်သူမျှမပြောနိုင်ပေ။ ယေရှုသည် ဆရာဖြစ်သည်သာမက သခင်လည်းဖြစ်၏။ စစ်မှန်သောနှုတ်ကပတ် တော်စောင့်ထိန်းသူသည် ခရစ်တော်၏ကိုယ်ကျင့်တရားသွန်သင်ချက်၏ အနှစ်သာရဖြစ်သည့် မေတ္တာနှင့်ဆိုင်သောဝိညာဉ်ကို ပြုစုပျိုးထောင်၏။ သူသည် နူးညံ့၍ ကရုဏာရှိရန် ကြိုးစားအားထုတ်သည်။ ညှင်းပန်းနှိပ် စက်ခြင်းရှိလျှင်သော်လည်း သန့်ရှင်းခြင်းသို့လိုက်၏။ သူတွေ့ရှိရသမျှကို သူ၏သခင်သည် ရရှိပြီးဖြစ်၏။ သူသည် ရွှင်လန်းစွာလုပ်ဆောင်ပေသည်။ မိမိကိုယ်ကို ငြင်းပယ်ရခြင်းများ လောကမှသီးသန့်ဖြစ်ခြင်းကို စဉ်းစား လျက် သခင်ဘုရား၏အမိန့်တော်ကို မဆန့်ကျင်မပုန်ကန်ပေ။ သူသည် “ကျဉ်းသောတံခါးသို့ဝင်ရန် အလိုရှိ၏” (မဿဲ၊၇:၁၃)။ “ကျဉ်းမြောင်းသော လမ်း”ကို လိုက်၏ (အငယ် ၁၄)။ အကြောင်းမှာ သူ၏သခင်ဘုရားသည် သူ့ကို မိန့်မှာခဲ့၏။ နာခံခြင်းကိုမဖြစ်စေသည့် ယုံကြည်ခြင်းသည် သေနေ
သောယုံကြည်ခြင်းဖြစ်၍ မှားသောယုံကြည်ခြင်းဖြစ်၏။ ကျွန်ုပ်တို့အပြစ် ကို စွန့်ပစ်ရန်မဖြစ်စေသော ယုံကြည်ခြင်းသည် ကောင်းမွန်သည်ပင်လျှင် နတ်ဆိုး၏ယုံကြည်ခြင်းထက် ပို၍မကောင်းပါပေ။
ထို့ကြောင့် ယခုခရစ်တော်၏စကားကို မည်သူနားထောင်သည် ကို သင်တွေ့၏။ ယေရှု၏အမိန့်ကို နာခံသောသူသည် ဘုရားသခင်၏နှုတ် ကပတ်တော်အားဖြင့် အသစ်သောအရာနှင့် ထာဝရအသက်ကို ရရှိ၏။ အကြောင်းမှာ ဘုရားသခင်၏နှုတ်ကပတ်တော်သည် အသက်ရှင်၍မပျက် စီးသောမျိုးစေ့ဖြစ်လျက် “အသက်ရှင်၍အစဉ်အမြဲတည်တော်မူ”၏ (၁ပေ။ ၁:၂၃)။မြေပေါ်သို့နှုတ်ကပတ်တော်မျိုးစေ့ကျသောနေရာ၌ လက်ခံ၍ အ မြစ်ပေါက်လျက် ကြီးထွားက အသီးသီး၏။ “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူ အပေါင်းတို့သည်၊ ပျက်စီးခြင်းသို့မရောက်၊ ထာဝရ အသက်ကိုရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌တပါးတည်းသောသား
တော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားကို ချစ်တော်မူ၏” (ယော၊ ၃:၁၆) ၎င်းသည် ခရစ်တော်၏စကားအားဖြင့် (ဝါ) ဘုရားသခင်
၏နှုတ်ကပတ်တော်အားဖြင့်ဖြစ်၏။ ထိုအသက်ကို ဝိညာဉ်၌ စိုက်၏။ ထို
နှုတ်ကပတ်တော်အားဖြင့် ကောင်းကင်ဘုံနှင့်ဆိုင်သောအသက်တာသည် ကျွေးမွေးခြင်းကိုခံရ၍ တိုးပွားလျက် ဖွံ့ဖြိုးကာ ရှည်လျားပြီး ပြည့်စုံလာ၏။ နှုတ်ကပတ်တော်အားဖြင့် လုပ်ဆောင်သော သန့်ရှင်းသောဝိညာဉ်တော် ၏တန်ခိုးနှင့်အင်အားကို အစ၌ ထောက်ပင့်ခြင်း၊ အတွင်းအသက်တာကို စံလင်စေခြင်းအဖြစ် အသုံးပြု၏။ မြေကြီးပေါ်ရှိကျေးဇူးတော်အသက်တာ သည် ပွင့်လန်းလာ၍ ဘုန်းတော်နှင့်ဆိုင်သောအသက်တာသည် အသီး ဖြစ်၏။ ၎င်းသည် ထိုအသက်ပင် တစ်လျှောလ်လုံးဖြစ်၍ အသစ်မွေးဖွား ခြင်းမှ ရှင်ပြန်ထမြောက်ခြင်းအထိဖြစ်၏။ ခရစ်တော်၏စကားကို စတင် နားထောင်သောယုံကြည် သူ၏ဝိညာဉ်ထဲသို့ ဝင်ရောက်သောအသက် သည် မင်္ဂလာရှိသောနယ်မြေ၌ ထာဝရပလ္လင်တော်ရှေ့တွင် ပျော်မွေ့ရ မည့်အသက်နှင့် အတူတူပင်ဖြစ်၏။
ခရစ်တော်၏အမိန့်တော်ကိုနာခံရခြင်းသည် အဘယ်အရာဆို လိုသည်ကို ကိုယ်တော်ကိုယ်တိုင် ဥပမာထားသောအချက်မှ ကျွန်ုပ်တို့သိ ရှိနိုင်ပေသည်။ ခမည်းတော်နှင့်ပတ်သက်၍ ယေရှုပြောသည် ဤကျမ်းပိုဒ် ကို ကောင်းမွန်စွာမှတ်သားပါ။
သို့သော်လည်း ထိုဘုရားသခင်ကို သင်တို့မသိကြ၊ ငါမူကားသိ ၏ ငါမသိဟုဆိုလျှင်သင်တို့ကဲ့သို့ မုသားသုံးသောသူဖြစ်လိမ့်မည်။ ထို ဘုရားသခင်ကို ငါသိ၏။ ဘုရားသခင်၏စကားတော်ကိုလည်းနားထောင် ဤ” ( ယော၊ ၈:၅၅)။
ကိုယ်တော်သည် ခမည်းတော်၏စကားကို နာခံသကဲ့သို့ ကျွန်ုပ် တို့သည် သခင်ဘုရား၏စကားကို နာခံရမည်။ ကိုယ်တော်သည် ခမည်း
တော်၏စကားဖြင့်အသက်ရှင်၍ ကျောက်ကိုမုန့်ဖြစ်စေရန်ဟူသောစာတန် ၏သွေးဆောင်ခြင်းကို ငြင်းဆိုခဲ့၏။ ခမည်းတော်၏စကားသည် ကိုယ်တော် ၌ရှိ၍ ခမည်းတော်ကို နှစ်သက်စေသောအရာများကို အမြဲလုပ်ဆောင်၏။ ကိုယ်တော်ပြောသောအခါမိမိ၏စကားကိုမပြောခဲ့ပေ။သို့သော် ကိုယ်တော် ကိုစေလွှတ်သောသူ၏စကားများကို ပြော၏ (ယော၊ ၁၄:၁၀)။ ကိုယ်တော် အသက်ရှင်သဖြင့် ဘုရားနှုတ်ကပတ်တော်ကို ပြည့်စုံစွာလုပ်ဆောင်ရန်
ဖြစ်၏။ လက်ဝါးကပ်တိုင်တော်၌ပင်လျှင် ကျမ်းစာပြည့်စုံစေရန် ဂရုစိုက် ခဲ့၏ (ယော၊ ၁၉:၂၈ ကိုကြည့်ပါ)။
ကိုယ်တော်က “ဘုရားသခင်နှင့်စပ်ဆိုင်သောသူသည် ဘုရား၊ သခင်၏စကားတော်ကို နားထောင်တတ်၏” ဟုပြော၏ (ယော၊ ၈:၄၇)။ “ကြားစရာနားရှိသောသူမည်သည်ကားကြားပါစေ” (မာ၊ ၄:၉)။ ဘုရားနှုတ် ကပတ်တော်သည် ကိုယ်တော့်အတွက် အရာခပ်သိမ်းဖြစ်၏။ ကိုယ်တော် သည် မိမိ၏တမန်တော်မယားအပေါ်၌ ဝမ်းမြောက်၏။ အကြောင်းမှာ “ကိုယ်တော်၏နှုတ်ကပတ်တရားကို သူတို့သည်စောင့်ကြ၏” ဟုပြောနိုင် ၍ဖြစ်၏ (ယော၊ ၁၇၆)။ သင်နားထောင်ရမည့်သူဖြစ်သည့်ကိုယ်တော် သည်မည်ကဲ့သို့နားထောင်ရမည်ကိုပြသပေမည်။ ကိုယ်တော်သည် ခမည်း တော်ထံအသက်ရှင်သကဲ့သို့ကိုယ်တော်ထံအသက်ရှင်ပါ။ ထို့နောက် ကိုယ် တော်မိန့်သည့်ကတိတော်ကို ရရှိပေမည်။ “ငါအမှန်အကန်ဆိုသည်ကား၊ ငါ့စကားကို နားထောင်သောသူသည် သေခြင်းနှင့်အစဉ်မပြတ်ကင်းလွတ် လိမ့်မည်။ ။
ဘုန်းတော်နှင့်ပြည့်ဝသောရွေးနှုတ်ခြင်း ယခုတွင် ကျွန်ုပ်တို့အကြောင်းအရာ၏နှစ်သက်စရာကောင်း သောအပိုင်းကိုဖွင့်မည်။ ၎င်းမှာ ကျွန်ုပ်တို့၏သခင်ဘုရားကတိပေးထား သည့်ဘုန်းတော်နှင့်ပြည့်ဝသောရွေးနှုတ်ခြင်းဖြစ်၏။ “သေခြင်းနှင့်အစဉ်မ ပြတ်ကင်းလွတ်လိမ့်မည်” ယုံကြည်သူသည်ဘယ်တော့မှမသေဟုကျွန်ုပ် တို့၏သခင်ဘုရားက မဆိုလိုပေ။ အကြောင်းမှာ ကိုယ်တော်ကိုယ်တိုင် အသေခံခဲ့၍ ကိုယ်တော်၏နောက်လိုက်များသည် သင်္ဂြိုင်းသို့သွားခဲ့ကြ၏။ ခရစ်ယာန်အချို့သည် သခင်ဘုရားကြွလာသည့်တိုင်အောင် အသက်ရှင် မည်ဟု နှစ်သိမ့်ခြင်းကို ခံရကြ၏။ ထို့ကြောင့် သူတို့သည် “အိပ်ပျော်” ရကြ မည်မဟုတ်ပေ။ သို့သော် “ပြောင်းလဲ”သွားပေမည် (၁ကော၊ ၁၅:၅၁)။ သခင်ဘုရားထင်ရှားခြင်းနှင့်ဆိုင်သောမျှော်လင့်ခြင်းသည် မင်္ဂလာရှိသော အရာဖြစ်၍ ကိုယ်တော်ကြွလာသည့်အခါ ရောက်လာ၏။ သို့သော်လည်း ကိုယ်တော်ကြွလာသောအချိန်၌ အသက်ရှင်ခြင်းက ဆန္ဒရှိသောအရာ
ဖြစ်သည်ဟု ကျွန်ုပ်မထင်ပါပေ။ သေနေသောအရာအပေါ်၌ ပြောင်းလဲ ခြင်း၌ စစ်မှန်သောရွေးချယ်ခြင်းရှိသလော။”အသက်ရှင်၍ကျန်ကြွင်းသော
သည် အိပ်ပျော်ပြီးသောသူတို့၏အရင်အဦး နေရာကျရကြမည်မ ” ဟုမဖတ်ဖူးသလော (၁ သက်၊ ၄:၁၅)။ ဤအရာသည် ကြီးမြတ်
သမ္မာတရားဖြစ်၏။ ထာဝရကာလတစ်လျှောက် ကျွန်ုပ်သေလျှင် သခြင်းနှင့်ပတ်သက်၍ သဂြိုင်းသို့သွားရခြင်းနှင့်ပတ်သက်၍ ခရစ်တော် နှင့်အတူ မိသဟာယဖွဲ့သည်ဟု ပြောနိုင်ပေမည်။ အသက်ရှင်သောပျော် ရွှင်နေသည့်သန့်ရှင်းသူများ သိမည်မဟုတ်ပေ။ ထိုအရာသည် ဩဝါဒနှင့် ယင်သောအရာမဟုတ်ပေ။ သို့သော် ထိုအကြောင်းအရာ၌ ရွေးချယ်စရာ ရှိလျှင် သေရလျှင်သာ၍အကျိုးရှိ၏ (ဖိ ၁:၂၁)။
လာမည့်ကာလ၌ ကိုယ်တော်၏အသေခံခြင်းအကြောင်းကို စဉ်း စား၍ “ကျွန်ုပ်တို့လည်း သေ၍ထမြောက်မည်” ဟုပြောနိုင်သောအချိန်၌ ကျွန်ုပ်တို့အတွက် ခရစ်တော်သည် အဘယ်မျှလောက် ချစ်ဖွယ်ဖြစ်သ နည်း။ ကိုယ်တော်၏ကြွလာခြင်း၌ အသက်ရှင်၍ ကျန်ကြွင်းသောသင်တို့ သည် ကျွန်ုပ်တို့အပေါ်၌ နှစ်သက်မှုကိုရရှိမည်မဟုတ်ပေ။ ကျွန်ုပ်တို့၏ သခင်ကဲ့သို့သေခြင်းကိုမြည်းစမ်းရမည်မဟုတ်ပေ။ ယခု ကျွန်ုပ်သည် ပို၍ ကြီးမြတ်အရေးပါမှုအကြောင်းကို ပြောနေသည်မဟုတ်ပေ။ယုံကြည်သူ များအဖြစ် ကျွန်ုပ်တို့အကြားတွင် နှစ်သက်စရာဟောပြောချက်အကြောင်း အရာကဲ့သို့အသုံးပြုနိုင်ပေသည်။ ကျွန်ုပ်တို့၏သခင်ဘုရားက “စကားကို နားထောင်သောသူသည် သေခြင်းနှင့် အစဉ်မပြတ်ကင်းလွတ်လိမ့်မည်” ဟုပြောခဲ့ပေသည်။ ကိုယ်တော်၏ဒုတိယအကြိမ်ကြွလာခြင်း၌ အနည်း ငယ်ကျန်ကြွင်းမည်ဟုမဆိုလိုပေ။ သူတို့သည် သင်္ချိုင်းသို့သွားသော်လည်း ကိုယ်တော်၏နှုတ်ကပတ်တော်ကို နားထောင်သောသူ တစ်ဖွဲ့လုံးအတွက် ဖြစ်သည်။
ကျွန်ုပ်တို့သည် သေခြင်းနှင့် အစဉ်မပြတ်ကင်းလွတ်မည်
ဤကတိတော်သည် မည်သို့ဆိုလိုသနည်း။ စတင်ရလျှင် ကျွန်ုပ် တူ၏မျက်နှာများသည် သေခြင်းမှလှည့်သွားသည်ဟုဆိုလို၏။ ကျွန်ုပ်သည်
ဤနေရာ၌ ရှိသည်ဟု ဆိုပါစို့။ ဆင်းရဲသောအပြစ်သား၊ အပြစ်ရှိသောသူ။ အမျက်တော်ကိုကြောက်ရွံ့လျက်နိုးလာလျက်ရှိ၏။ ကျွန်ုပ်၏မျက်နှာရှေ့၌ မည်သည့်အရာရှိသနည်း။ စေ့စေ့ကြည့်ရန် အတင်းအကျပ်ပြုနေသလော။ မူရင်းဂရိကြိယာကို “သေခြင်းနှင့်ကင်းလွတ်” မြင်သည် ဟူသောစကားလုံး ဖြင့် အပြည့်အဝအနက်မပြန်နိုင်ပေ။ ၎င်းသည် ပို၍လေးနက်သောစကား လုံးဖြစ်၏။ ကျမ်းစာပညာရှင်၏မှတ်ချက်အတိုင်း ဤတွင်ညွှန်းသောအမြင် သည် “ရှည်လျားသော၊ တည်ငြိမ်သော၊ ပြည်စုံစေ့စပ်သောအရာဖြစ်၏။ ထိုသို့သောအားဖြင့် ကျွန်ုပ်တို့၏ရူပါရုံကို လမ်းညွှန်သည့်အရာဝတ္ထု၏သ ဘာဝနှင့်ဖြည်းညင်းစွာသိကျွမ်းခြင်း ဖြစ်လာသည်ကိုညွှန်းပေသည်။ နိုးလာ သောအပြစ်သားသည် အပြစ်ဒဏ်ပေးခြင်းကို ခြိမ်းခြောက်သည့်ထာဝရ သေခြင်းကို ကြည့်စေသည်။ ကြောက်လန့်တုန်လှုပ်လျက် အပြစ်၏ရလဒ် ကို စူးစိုက်ကြည့်လျက်ရပ်နေ၏။ အိုး၊ အမျက်တော်လာပြီ။ မည်သည့်အ ခါမျှမသေသောသေခြင်းဖြစ်၏။ ကျွန်ုပ်သည် အပြစ်ခွင့်လွှတ်ခြင်းမခံရလျက် နေစဉ်၎င်းကိုကြည့်ရှု၍ ကျွန်ုပ်ပြစ်ဒဏ်စီရင်ခံရသည်ကို ကြိုတင်သိမြင် ခြင်းမှတစ်ပါးမတတ်နိုင်ပေ။
သခင်ယေရှု၏ဧဝံဂေလိတရားသည် ကျွန်ုပ်စိတ်ဝိညာဉ်ထဲသို့ဝင် လာ၍ ယုံကြည်ခြင်းဖြင့် ကိုယ်တော်၏စကားကို နားထောင်သောအခါ ကျွန်ုပ်သည် လုံးဝတစ်ဖက်သို့လှည့်လိုက်၏။ ကျွန်ုပ်၏ကျောဘက်သည် သေခြင်းသို့ဖြစ်၏။ ကျွန်ုပ်၏မျက်နှာသည် ထာဝရအသက်ရှိရာသို့ဖြစ်၏။ သေခြင်းကိုဖယ်ရှားပြီ။ အသက်ကိုရရှိ၏။ အသက်ပို၍ရရှိရန် ကတိတော် ရှိ၏။ ကျွန်ုပ်၏အထဲ၊ ဝန်းကျင်နှင့် ရှေ့၌မည်သည့်အရာကို မြင်သနည်း။ အသက်၊ “ငါတို့အသက်တည်းဟူသော” (ကော၊ ၃:၄)။ ခရစ်တော်ယေရှု၌ ရှိသောအသက်ဖြစ်၏။ မြေကြီးပေါ်ရှိ ကျွန်ုပ်၏အနာဂတ်လမ်းကြောင်း၌ ကျွန်ုပ်မည်သည့်အရာကို မြင်သနည်း။ ကျေးဇူးတော်မှ နောက်ဆုံးကျဆုံး ခြင်းလော။ ယေရှုက “ငါ့သိုးတိုးကို ထာဝရအသက်ကိုလည်း ငါပေး၏” (ယော၊ ၁၀:၂၈) ထာဝရကာလ၌ မည်သည့်အရာကိုမြင်သနည်း။ မဆုံး
သောအသက်ဖြစ်၏။ “ငါ့ကိုယုံကြည်သောသူသည် ထာဝရအသက်ကို ရ၏” (ယော၊ ၆:၄၇)။ ယခုကျမ်းပိုဒ်၏အဓိပ္ပာယ်ကို ကျွန်ုပ်နားလည်လာ၏။
ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏။ ငါ့ကိုယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်” (ယာ
၁ဝး၂၅)။ “ငါ့ကိုယုံကြည်၍အသက်ရှင်သောသူရှိသမျှတို့သည်လည်း သေ ခြင်းနှင့် အစဉ်မပြတ်ကင်းလွတ်လိမ့်မည်” (အငယ် ၂၆)။ * သခင်ယေရှု၏စကားတော်များကို လက်ခံရရှိသောသူသည် သေ ခြင်းမှ အသက်ရှင်ခြင်းသို့ကူးမြောက်၍ စီရင်ခြင်းကို မခံရပေ (ယောဟန်၊ စင) ထို့ကြောင့် သူသည် သေခြင်းကိုမမြင်ရပေ။ ယုံကြည်သူရှေ့တွင် တည်ရှိနေသောအရာအားလုံးက အသက်ဖြစ်၏။ “အထူးသဖြင့်အသက် နှင့်ပြည့်စုံစေခြင်း” ဖြစ်၏ (ယော၊ ၁၀:၁၀)။ ပြည့်ဝသောအသက်၊ ထာဝရ အသက်ဖြစ်၏ (ယော၊ ၁၇:၃)။ ကျွန်ုပ်တို့၏သေခြင်းသည် မည်သို့ဖြစ်သွား သနည်း။ သခင်ဘုရားခံယူခဲ့၏။ ကျွန်ုပ်တို့အတွက် အသေခံခဲ့၏။ ကိုယ် တော်ကိုယ်တိုင် “ငါတို့အပြစ်များကို ကိုယ်တော်တိုင်သစ်တိုင်မှာခံတော်မူ ” (၁ ပေ ၂:၂၄)။ ကိုယ်တော်၏အသေခံခြင်း၌ ကျွန်ုပ်တို့၏ကိုယ်စားပြု ဖြစ်သောကိုယ်တော်နှင့်အတူသေခဲ့၏။ ယုံကြည်သူအတွက် သေဒဏ်မရှိ တော့ပေ။ ခရစ်တော်အသေခံပေးခဲ့သော သူများတစ်ဘက်၌ အနည်းဆုံး သောစွပ်စွဲမှုကိုပင် မယူဆောင်နိုင်ပေ (ရောမ၊ ၈:၃၃)။
ဘုရားသခင်၏ရည်ရွယ်ချက်၌ခရစ်တော်အသေခံပေးသောသူ အတွက် ကျွန်ုပ်တို့သေရမည်လော။ သခင်ယေရှုသည် မည်သည့်ပြစ်ဒဏ် ပေးမှုမျှမလိုအပ်ကြောင်း တရားမျှတခြင်းကို သက်သေထူသောအခါ
လောကမှကျွန်ုပ်တို့၏ထွက်ခွာခြင်းသည် ပြစ်ဒဏ်အဖြစ် ပို့လိုက်ခြင်းဖြစ် သလော။ ကျွန်ုပ်သခင်သည် လက်ဝါးကပ်တိုင်၌ အသေခံသည်ကို မြင်
သောအခါ ကျွန်ုပ်အတွက် အသေခံခြင်းဖြစ်သည်ကို ကျွန်ုပ်မြင်၏။ ဝိညာဉ်ရေးရာသေခြင်းမှ အစဉ်လွတ်ကင်းခြင်း
“ငါ့စကားကိုနားထောင်သောသူသည် သေခြင်းနှင့်အစဉ်မပြတ် ကင်းလွတ်လိမ့်မည်” ဟူသောအဓိပ္ပာယ်မှာ လူတစ်ယောက်၏ဝိညာဉ်ရေး ရာသေခြင်းသည် မည်သည့်အခါမျှပြန်လာမည်မဟုတ်ဟုဆိုလိုပါသည်။ ထိုသူသည် ခရစ်တော်ကို သူမသိမီ သေခြင်း၌ တည်ရှိ၏။ သူသည်
အနာဂတ်ကို ကြည့်ပျော်သည့်အခါတိုင်း သေခြင်းကလွဲပြီး အခြားမည် သည့်အရာမျှမမြင်ပေ။
နွမ်းပါးသောဝိညာဉ်တို့၊ ကျွန်ုပ်ပြောနေသောအရာကို သင်တို့သိ ပေ၏။ သင်တို့ဝိညာဉ်အတွက် ပူပန်လျက်ရှိကြ၏။ သင်တို့သည် ကြိုးစား ပြီး ဆုတောင်းကြသော်လည်း သင်တို့ဆုတောင်းခြင်း၌ သေခြင်းကို တွေ့ရှိ ကြ၏။ သင်တို့သည် ကြိုးစားပြီး ယုံကြည်ကြသော်လည်း သင်တို့ယုံကြည် ခြင်း၌ သေနေကြ၏။ ဘုရားတရားမဲ့သောသင်တို့ကို ကျွန်ုပ်သနားပေ၏။ ထိုအရာကို သင်တို့မသိသော်လည်း သင်တို့အထဲ၌ သေခြင်းသည် နေ ရာတိုင်း၌ရှိ၏။ သင်တို့သည် “ထိုဒုစရိုက်အပြစ်၌သေလျက်ရှိနေ” ကြ၏။ (ဧဖက်၊၂:၁)။ အလောင်းအတွက် သင်္ချိုင်းအဝတ်ဖြစ်သကဲ့သို့ သင်တို့အ ပြစ်များသည် ဖြစ်ကြ၏။ ၎င်းတို့သည် သင်တို့၏သဘာဝဝတ်ရုံဖြစ်ပုံရ၏။ ၎င်းတို့သည် သင်တို့ကိုတွယ်ကပ်နေ၏။ ချည်နှောင်လေ၏။ သင်တို့အ ပေါ်သို့မည်သည့်ပျက်စီးခြင်းရောက်သည်ကို အနည်းငယ်သာသိ၏။ သို့ ဖြစ်၍ ဘုရားသခင်ကိုယ်တော်တိုင် သင်တို့ကို “ငါ၏မြင်ကွင်းမှ သေသော သူတို့ကို သင်္ဂြိုဟ်လော့”ဟု ပြောပေမည်။ ။
သို့သော် သခင်ယေရှု၏ဧဝံဂေလိတရားသည် လူတစ်ဦးထံသို့ တန်ခိုးနှင့် ရောက်လာသောအခါ မည်သည့်အကျိုးသက်ရောက်မှုရှိမည် နည်း။ သူသည် မည်သည့်အခါမျှမသေတော့ပေဘဲ အသက်ကို စတင်မြင် ရ၏။ ပထမဆုံး နာကျင်သောအသက်တာဖြစ်နိုင်၏။ အတိတ်အတွက်
နောင်တနှင့် အနာဂတ်အတွက် ကြောက်ရွံ့ခြင်း၊ ဆာလောင်ရေငတ်ခြင်း အသက်တာ၊ ပူဆွေးကြေကွဲ၍ မောပန်းခြင်းအသက်တာဖြစ်နိုင်၏။ သို့ သော် ထိုလူသည် အသက်ကိုမြင်ရ၏။ ကယ်တင်ရှင်၏စကားကို နား ထောင်လေလေ၊ ခရစ်တော်ယေရှု၌ ပို၍ဝမ်းမြောက်လေလေဖြစ်၏။ ကိုယ် တော်၏ကတိတော်၌ ပို၍တည်လေလေ၊ ကိုယ်တော်ကိုပို၍ ချစ်လေလေ ဖြစ်၏။ ကိုယ်တော်ကို ပို၍အစေခံလေလေ၊ အသက်တာသစ်သည် သေ ခြင်းကို မြင်ကွင်းမှမောင်းထုတ်လေလေဖြစ်၏။ အခု အသက်တာသည် ပေါကြွယ်ဝ၍ ယိမ်းယိုင်ခြင်းကို တားဆီးလေ၏။ သေခြင်းဟောင်းသည် အ ပေါက်များနှင့် ထောင့်များ၌ ပုန်းသွား၏။ ယုံကြည်သူသည် ပြန်လာရန်
ရုန်းကန်ရသည့်သေခြင်းဟောင်း အပေါ်မြည်တမ်းကြသော်လည်း သူပြုခဲ့ သည့်အတိုင်း ထိုအပြစ်၏သေခြင်းကို မကြည့်ရှုတော့ပေ။ ၎င်းကို သူ သည်းမခံတော့ပေ။ ၎င်းကိုအာရုံစူးစိုက်ခြင်းမရှိတော့ပေ။ ထိုအရာမှလွတ် မြောက်ရန် ဘုရားသခင်ကို အော်ဟစ်၏။ ကျေးဇူးတော်သည် ကျွန်ုပ်တို့ကို သခြင်း၏အစိုးရခြင်းမှ လွတ်မြောက်စေ၍ သေခြင်း၏အပြစ်ဒဏ်မှ လွတ် မြောက်စေ၏။ ခရစ်တော်၏စကားကို နားထောင်သောသူသည် သေခြင်း ကိုမကြည့်တော့ပေ။
“သို့သော် တစ်စုံတစ်ယောက်က “ခရစ်ယာန်လည်းမသေသ လော” ဟုပြော၏။ အချို့သောသူတို့သည် သခင်ဘုရားကြွလာခြင်း၌ တည်ရှိနေပေမည်။ ဤယုံကြည်သူတို့သည် သေမည်မဟုတ်။ ထို့ကြောင့် အားလုံးအတူတူဖြစ်၍ လူသည် သေသင့်သည်ဟု တရားဝင်လိုအပ်မှု
တော့မရှိပေ။ ကောင်းသောလူတို့သည် သေကြ၏။ သူတို့သည် သူတို့ အပြစ်ဒဏ်အဖြစ်သေကြသည်မဟုတ်။ သူတို့ခွင့်လွှတ်ခံရ၍ ခွင့်လွှတ်ခံရ
သောသူကို ဘုရားသခင်၏ကျေးဇူးတော် သို့မဟုတ် တရားမျှတမှုအတိုင်း အပြစ်ဒဏ်ပေးခြင်းမဟုတ်ပေ။
အို ကျွန်ုပ်၏စာဖတ်သူ၊ သခင်ယေရှု၌ ယုံကြည်ခြင်းမရှိလျှင် သေခြင်းသည် သင့်အတွက် ပြစ်ဒဏ်ဖြစ်ပေမည်။ သို့သော် သေခြင်း၏
ဘာတည် ယေရှု၌ရှိသောယုံကြည်သူ၏အမှုတွင် ပြောင်းလဲသွား၏။ ကျွန်ုပ်တို့၏သေခြင်းသည် အိပ်ပျော်ခြင်းဖြစ်ပြီး အပြစ်ဒဏ်သို့သွားခြင်းမ ဟုတ်ပေ။ ကျွန်ုပ်တို့သည် အမျက်တော်၌နှင်ထုတ်ခံရသည်ထက် ခမည်း တော်ထံသို့သွားရန် လောကမှထွက်ခွာပေမည်။ သေခြင်းတံခါးအားဖြင့် ကျွန်ုပ်တို့သည် ရန်လိုသောအိမ်မှ ကောင်းကင်ဘုံရှိအောင်မြင်သောစစ် သည်တို့ထံဖြစ်၏။ မည်းနက်၍မဲမှောင်သောလိုဏ်ဂူကြီးသည် သခင်ဘုရား ၏ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ထာဝရဘုန်းတော်ဆီသို့သွားလာခြင်း အတွက် ဖွင့်ထားသောလိုဏ်ခေါင်းအဖြစ်သို့ ပြောင်းသွား၏။ ယုံကြည်သူ အပေါ် ပြစ်ဒဏ်အဖြစ် သေခြင်းသည် သခင်ဘုရားအားဖြင့်ဖျကသ ၊ ။ ယခုတွင် အောက်ဘက်ကျေးဇူးတော်အသက်တာမှ အထက်ဘက် ဘုန်းတော်နှင့် ပြည့်သောအသက်တာသို့သွားရာ လှေကားဖြစ်လာ၏။
သေခြင်း၏လွှမ်းမိုးမှုမှ လွတ်ကင်းခြင်း ၊
“ငါ့စကားကိုနားထောင်သောသူသည် သေခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်လိမ့်မည်” ယုံကြည်သူသည် သေခြင်း၏လွှမ်းမိုးမှုအောက်၌ အသက်မရှင်ဟု ခရစ်တော်၏စကားသည် ဆိုလို၏။ ကိုယ်တော်သည် အမြဲတစေ သေခြင်းအကြောင်းကိုစဉ်းစားမည်မဟုတ်။ အချို့သောခရစ် ယာန်များသည် သေခြင်းကိုကြောက်ရွံ့ခြင်း၌ ချည်နှောင်ခံနေရသည်ကို ကျွန်ုပ်ဝန်ခံရမည်။ သို့သော် အဘယ်ကြောင့်ဆိုသော် သူတို့သည် နား ထောင်သင့်သည်အတိုင်း သခင်ဘုရား၏စကားကို နားမထောင်သော ကြောင့်ဖြစ်၏။ ကျွန်ုပ်တို့အပေါ်၌ ကိုယ်တော်၏နှုတ်ကပတ်တော်အကြီး သက်ရောက်မှုသည် သေရမည်ကိုကြောက်ရွံ့ရမည့်အစား ဤလောကထဲ မှထွက်ခွာရန် တောင့်တလာကြ၏။
ကျွန်ုပ်၏မိတ်ဆွေယုံကြည်သူအချို့က ငါ့အား “ဖြောင့်မတ်သော သူသကဲ့သို့ ငါသေပါစေသော” (တောလည်၊ ၂၃:၁၀) ဟု ပြောဆိုကြ သည်။ ထိုသို့သူတို့ပြောဆိုသည့်အတွက် ကျွန်ုပ်သည် သူတို့ကိုစစ်ဆေးရ ပါမည်။ ဗာလမ်ပြောသကဲ့သို့မပြောနှင့်။ “ကျွန်ုပ်သည် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေရန်နှင့်သခင်ဘုရား၏အမှုတော်၌ ဝမ်းနည်းနေ သောယုံကြည်သူများကိုကူညီရန် အသက်ရှင်ပါရစေ” ဟု ပြောရမည်။ ဤ လောကမှထွက်သွားဖို့ အလျင်စလိုမပြုပါရန် ကျွန်ုပ်တိုက်တွန်းပါသည်။
သို့သော်လည်း သေခြင်းသည် ကျွန်ုပ်တို့ယုံကြည်သူများအတွက် ကြောက်ရွံ့ထိတ်လန့်စရာမဟုတ်တော့ပေ။သေခြင်းသည် ကျွန်ုပ်တို့အပေါ် ရောက်ရှိလာသောအားပြင်းမုန်တိုင်းကဲ့သို့ စိုးမိုးခြင်းလည်း မရှိတော့ပေ။ သေခြင်းသည် ကျွန်ုပ်တို့၏မျက်နှာကိုကို ဖြူရော်ရော်ဖြစ်စေ၍ ဝန်းကျင်၌
တောက်ပဖြိုးပြက်သည့်အရောင်ဖြစ်စေသည့်အထိ ထိတ်လန့်ခြင်းအဖြစ် မကြည့်ရှုတော့ပေ။ ကျွန်ုပ်တို့သည် အလင်း၌ လျှောက်လှမ်းသောကြောင့် အမှောင်ထုကိုမမြင်ကြတော့ပေ။ စစ်ရထားတို့ကိုလည်း ကျွန်ုပ်တို့ကြောက် ရွံ့ခြင်းမရှိတော့ပေ။ အကြောင်းမှာ ထိုစစ်ရထား၌ လိုက်ပါစီးနင်းသောသူ တို့ကို ကျွန်ုပ်တို့သိရှိ၏။
ဘုရားသခင်၏အမျက်တော်မှ လွတ်ကင်းခြင်း ၊
နောက်တစ်နေရာ၌ ကျွန်ုပ်တို့သည် သေခြင်း၏စစ်မှန်မှုနှင့်အဖြစ်ကို မည်သည့်အခါမျှသိမြင်မဟုတ်ပေ။ ဆိုလိုသည်မှာ ဘုရားသခင်၏ အမျက်တော်သည်”ဒုတိယသေခြင်း” ၌ရှိ၏(ဗျာ၊၂၀:၆)။ ပြစ်ဒဏ်စီရင်ခြင်းကို
ကြောက်စေသည့် အကြောင်းရင်းမရှိတော့ပေ။ အကြောင်းမှာ “ဖြောင့် မတ်ရာ၌ တည်စေသောသူကား ဘုရားသခင်ပေတည်း” (ရောမ၊ ၈:၃၃)။ ဘုရားသခင်ထံမှ နောက်ဆုံးကွဲကွာခြင်းဖြစ်သည့် လူ့သဘာဝ၏စစ်မှန် သောသေခြင်းသည် ကျွန်ုပ်တို့ထံမည်သည့်အခါမျှ မရောက်လာပေ။ “အ ဘယ်နိမ္မိတအရာမျှသည်၊ ငါတို့သခင်ယေရှုခရစ်အားဖြင့် ခံရသောဘုရား သခင်၏မေတ္တာတော်နှင့် ငါတို့ကိုမကွာစေနိုင်” (အငယ် ၃၉)။ စိတ်ဝိညာဉ် နှင့်ပတ်သက်၍ အသုံးပြုသောအခါ သေခြင်းဟူသောစကားလုံးက ပျက်စီး ခြင်းနှင့် ဒုက္ခကိုဖော်ပြ၏။ ၎င်းသည် ကျွန်ုပ်တို့ထံမကျရောက်ပေ။ ကျွန်ုပ် တို့သည် မည်သည်းခါမျှမပျက်စီးဘဲ ခရစ်တော်၏လက်တော်ထဲမှနုတ် ယူခြင်းခံရမည်မဟုတ်ပေ (ယော၊ ၁၀:၂၈)။ သေခြင်းတရားကြောက်ရွံ့ခြင်းမှလွတ်ကင်းခြင်း ၊
ထို့ပြင်ယုံကြည်သူသည် သေလွန်သောအခါ သေခြင်းကို မကြည့် ရတော့ပေ။ သူသည် သေခြင်းချိုင့်ဝှမ်းအရိပ်ကို လျှောက်သွားရသော် လည်း မကောင်းသောအရာကို ကြောက်ရွံ့စရာမလို၊ ကြောက်ရွံ့ခြင်းကို မမြင်ရပေ။ အရိပ်သည် သူ၏လမ်းတစ်လျှောက်ထား၏။ သို့သော် သူ သည် ထိုအရာကို ဖြတ်ကျော်၍ ထိုအရာရှိသည်ဟုပင် သိနားလည်ရန် ခံယဉ်းပေ၏။ အဘယ်ကြောင့်နည်း။ သူ၏မျက်စိကိုအားကြီးသောအလင်း အပေါ်၌ ထားရှိသောကြောင့် သူ့ကို ပူပန်စေသည့်အရိပ်ကို သတိမပြုမိ ပေ။ ယုံကြည်သူများသည် မိမိတို့သေနေသည်ဟု မထင်မိလောက်အောင် သခင်နှင့်အရှင်၏မျက်မှောက်တော်၌ များစွာဝမ်းမြောက်လျက်ရှိကြ၏။ ငိုကြွေးခြင်းအသံကို မကြားနိုင်လောက်အောင် ယေရှုကို ချိုမြိန်စွာပွေ့ဖက်
လျက် ငြိမ်ဝပ်နေကြ၏။ ကမ္ဘာတစ်ခုမှ တစ်ခုသို့သွားသောအခါ အင်္ဂလန်မှ စကော့တလန်သို့သွားသကဲ့သို့ဖြစ်ပေသည်။ နိုင်ငံတစ်နိုင်ငံတည်းဖြစ်၏။
နေရောင်သည် ပြည်နှစ်ခုစလုံး၌ တောက်ပလျက်ရှိ၏။ မကြာခဏ မီးရ ထားခရီးသွားသောသူများက “အင်္ဂလန်မှစကော့တလန်သို့ မည်သည့်အ ချိန်ဖြတ်မည်နည်း”ဟု မေးကြ၏။ ရထား၏တုန့်ခနဲလှုပ်ရှားမှုမရှိ၊ သတိပြု စရာနယ်နိမိတ်မရှိ၊ ခရီးသွားသောသူများသည် နိုင်ငံတစ်ခုမှတစ်ခုသို့ ညင်
သာစွာရွေ့ရှားသွားလျက် နယ်နိမိတ်မျဉ်းမည်သည့်နေရာ၌ ရှိသည်ကို မသိကြပေ။
ယုံကြည်သူများ၌ ရှိသောထာဝရအသက်သည် ကျေးဇူးတော်မှ ဘုန်းတော်သို့ ရပ်နားမှုမရှိဘဲ ညင်သာစွာရွေ့ရှားသွား၏။ ကျွန်ုပ်တို့သည် အညှောက်မှအနှံ၊ အနှံမှအောင်မာသောအဆန်သို့ ကြီးထွားလာ၏ (မာ၊ ၄:၂၈)။ သို့သော် ကြီးထွားရာအဆင့်များ၌ မည်သည့်မျဉ်းမှမပိုင်းခြားထား ပေ။ ကျွန်ုပ်တို့ရောက်သောအခါ သိပေမည်။ သို့သော် ကျွန်ုပ်တို့မမြင်နိုင်
လောက်အောင် ကျမ်းပိုဒ်သည် လျင်မြန်ပေ၏။ မြေကြီးမှကောင်းကင်ဘုံ သို့ဖြတ်သွားခြင်းသည် အကြီးမြတ်ဆုံးသောခရီးဖြစ်ပေသည်။ သို့သော် ၎င်းသည် “မျက်စိတစ်မှိတ်” အတွင်းတွင် အဆုံးသတ်သွားပေမည် (၁ ကော၊ ၁၅:၅၂)။
‘ ယုံကြည်သူများသည် သေခြင်းကို မကြည့်ရတော့ပေ။ အရောင် လျှပ်ခနဲဖြင့် ၎င်းကို ဖြတ်ကျော်သွားပေမည်။ ယော်ဒန်မြစ်ကို ခြောက် သွေ့သောမြေ၌ လျှောက်သွားရသကဲ့သို့ ဖြတ်သွားပေမည်။ မြစ်ဖြတ်ခဲ့ သည်ကိုပင် သိမည်မဟုတ်ပေ။ ပေတရုကဲ့သို့ ထွက်ခွာသွားသောယုံကြည် သူများသည် အလိုလိုပွင့်သည့်သံတံခါးကိုဖြတ်ခဲ့သည်ကို သေချာသိမည် မဟုတ်ပေ (တမန်၊ ၁၂:၁၀)။ သူတို့လွတ်မြောက်သွားပြီဟုသာသိပေမည်။ တစ်ယောက်စီတိုင်းက ပေတရုပြောသည့်အတိုင်း “ကောင်းကင်တမန်ပြု သမျှတို့သည် မှန်သောအမှုအရာဖြစ်သည်ဟု မသိမမှတ်ဘဲ၊ မိမိသည် ။ ဗျာဒိတ်ရူပါရုံကိုမြင်သည်ဟုထင်လေ၏” (ငယ် ၉)။ သေခြင်းကိုမကြောက် နှင့်။ အကြောင်းမှာ ယေရှုက “ငါ့စကားကိုနားထောင် သောသူသည် သေ ခြင်းနှင့် အစဉ်မပြတ်ကင်းလွတ်လိမ့်မည်” ဟုပြောထား၏။
အခြားကမ္ဘာသို့ဝင်ရောက်သောအခါ စိတ်ဝိညာဉ်နောက်လိုက် ၊ ပါ ။ ကိုယ်ခန္ဓာက နောက်၌ ကျန်နေ၏။ ပုဂ္ဂိုလ်သည် ကိုယ်ခန္ဓာမှကင်းကွာ ၊
သောဝိညာဉ်ဖြစ်၏။ သို့သော်လည်း သူသည် သေခြင်းကို မတွေ့မြင်ရပေ။ ယေရှုနှင့်အတူရှိခြင်းအားဖြင့် လိုအပ်သောအသက်အားလုံး သူ့ဝိညာဉ်ထဲ၌ ရှိ၏။ တစ်ချိန်တည်းတွင် ရှင်ပြန်ထမြောက်ရာကာလ၌ တံပိုးမှုတ် သောအခါ သူ့ကိုယ်ခန္ဓာက ဝိညာဉ်နှင့် ပူးပေါင်းမည်။ ကိုယ်ခန္ဓာက သူ့ ဝိညာဉ်အတွက် နေထိုင်ရာနှင့်တန်ဆာပလာအဖြစ် ပြုလုပ်လျက်ရှိမည် ဟု မျှော်လင့်နေ၏။ သူသည် ကိုယ်ခန္ဓာနှင့် ကင်းကွာသည့်အချိန်၌ သခင် အစား၏မျက်မှောက်တော်၌ရှိပြီး သေခြင်းကို မကြည့်တော့ပေ။
သို့သော် တရားစီရင်ရာနေ့လာပြီ။ ပလ္လင်ဖြူတရားစီရင်ရာနေ့ ရောက်ပြီး တရားစီရင်မည့်သိုးသငယ်တော်ရှေ့၌လူများစွာသည် ပေါ် လာကြ၏။ ခရစ်တော်၏စကားကို နားထောင်သောသူအတွက် အဘယ် သို့ဖြစ်မည်နည်။ သူသည် ကြောက်နေမည်လား။ ထိုနေ့သည် တရားစီ ရင်ရာနေ့၊ အက်တော်နေ့ဖြစ်၏။ သေခြင်းကို မည်သည့်အခါမျှမမြင်ရ ဟု သိသည်။ ထို့ကြောင့် သူသည် ရှုပ်ထွေးခြင်းအခြေအနေ၌ မရှိပေ။ သူ့အတွက် “ကျိန်ခြင်းကိုခံရသောသူတို့ထံမှခွာသွားကြလော့” (မဿဲ။ ၂၅ဌာ) ဟူ၍ မပြောပေ။ ထာဝရတရားစီရင်ခြင်းအောက်၌ မရောက်ရှိ
တော့။ သည် ၎င်း၏ပါးစပ်ကို ကျယ်စွာဖွင့်ထား၏။ ရှေးယခင်က တည်းက တူးထားသောတွင်းသည် ပွင့်လျက် သူတို့ကိုလက်ခံ၏။ ဘုရား တ်၌မွေ့လျော်သောများစွာသောလူ အပြစ်ဒုက္ခလွှမ်းမိုးခံရသောဝိညာဉ် ကိုနှစ်များစေပေမည်။ “မတရားသောသူတို့နှင့်ဘုရားသခင်ကို မေ့လျော့ သောအမျိုးသားအပေါင်းတို့သည် မရဏာနိုင်ငံသို့ နှင်ခြင်းကိုခံရကြလိမ့် မည်။ (ဆာ၊ ၉:၁၇)။ ထိုကြောက်စရာကောင်းသောနာရီ၌ ယုံကြည်သူ၏
အောက်ချော်မည်လော။ သူသည် “တရားဆုံးဖြတ်တော်မူရာကာလ၌ ရပ်ရမည် မဟုတ်ဘဲ၊ သေခြင်းကိုမြင်ရမည်မဟုတ်ပေ (ဆာ၊ ၁:၅)။
သို့သော် ကမ္ဘာလောကသည် တောက်လောင်လျက်ရှိ၏။ အရာ အားလုံးသည် ပြိုကွဲလျက် ပါဝင်သောအရာတို့သည် အရည်ပျော်သွားကြ ၏။ ကြယ်တို့သည် ဆောင်းဦးရာသီ၌ အရွက်ကြွေသကဲ့သို့ ကောင်းကင်မှ
ကြ၏။ နေသည် ငိုကြွေးမြည်တမ်းသောအဝတ်များကဲ့သို့ မည်းမှောင် နေ၏။ ယခု ယုံကြည်သူသည် တုန်လှုပ်နေသလော။ အာ၊ မဟုတ်ပေ။ သူ
သည် သေခြင်းကို မြင်ရမည်မဟုတ်ပေ။ သူ၏မျက်စိတို့သည် အသက်၌ ခိုင်ခံ့မြဲမြဲလျက်ရှိ၍ သူကိုယ်တိုင်အသက်နှင့်ပြည့်ဝ၏။ အသက်၌တည်၏။ ဘုရားသခင်ကို ချီးမွမ်းလျက် အသက်တာကို ကုန်ဆုံးစေ၏။ သေခြင်းကို မြင်တွေ့ရမည်မဟုတ်ပေ။ ယေရှုက “ငါသည် အသက်ရှင်သောကြောင့် သင်တို့သည်လည်းအသက်ရှင်ရကြလိမ့်မည်” ဟုပြော၏ (ယောဟန်၊ ၁၄ ၁၉)။ သေခြင်းကို မည်သည့်အခါမျှမမြင်ရသောမျက်စိသည် မင်္ဂလာရှိ၏။ အန္တရာယ်မရှိသည့် သေခြင်းမှကင်းလွတ်ခြင်းရှိသော ယေရှုခရစ်တော်၌ စိတ်ချမှုရှိသောစိတ်သည် မင်္ဂလာရှိ၏။
ဘုန်းတော်နှင့်ပြည့်ဝသောနှုတ်ကပတ်တော်ပါတကား။ တစ်ဖန် ဘုရားဝတ်၌မမွေ့လျော်သောသင်တို့ကို ကျွန်ုပ်သနား၏။ သင်တို့သည် သေခြင်းကို ရင်ဆိုင်ရမည်။ ယခု သင့်ကို စိုးရိမ်ကြောက်ရွံ့စေ၏။ သင်၏ သေခြင်း၌ မည်ကဲ့သို့ဖြစ်မည်နည်း။ “ယော်ဒန်မြစ်၏ဂုဏ်အသရေထဲမှာ” ဟု သင်မည်သို့လုပ်ဆောင်မည်နည်း (ယေရ၊ ၁၂:၅) အပြစ်၏အဖိုးအခါ ဖြစ်သောသေခြင်းမှလွဲ၍ သင့်အတွက် အဘယ်အရာမျှမတည်ရှိပေ။ သင် ၏ဝိညာဉ်အတွက် ပျက်စီးခြင်းနှင့် ဒုက္ခရောက်ခြင်းသည် သင်၏အဆုံးမရှိ
သောဝေစုဖြစ်ပေမည်။ သင်သည် လုံးလုံဖျက်ဆီးခံရလျက် ပျက်စီးသော သူအဖြစ်နှင့် အစဉ်ပိတ်လှောင်ခံရပေမည်။ ဤအရာသည် ကြောက်စရာ
ကောင်းသော တရားစီရင်ခြင်းဖြစ်ပေ၏။ ဤအရာသည် သင့်ကို ထိတ် လန့်စေပေသည်။ သို့သော် ယုံကြည်သူအတွက် “သေဘေးသည်စင်စစ် လွန်သွားပြီ ဖြစ်၏(၁ရာ၊၁၅:၃၂)။ သေခြင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့မည် သို့နှင့်မျှမဆိုင်တော့ပေ။ စိတ်နှလုံး၏လှည်းမှောင်သောမွန်းကျပ်ခြင်းနှင့်ယို ယွင်းခြင်း မိခင်အဖြစ် ဝိညာဉ်ရေးရာသေခြင်းနှင့်မည်သို့မျှမဆိုင်တော့ပေ။
ယေရှု၊ ကြီးမြတ်သည့်အသက်ရှင်စေသောအရှင်
ယခု၊ ကျွန်ုပ်တို့၏ကြီးမြတ်သည့်လျင်မြန်ထက်မြက်သောအရှင် အဖြစ် ယေရှု၌ ဝမ်းမြောက်ကြပါစို့။ ရှင်ယောဟန် အခန်းကြီးရှစ်၌ရှိသော ဂျူးလူမျိုးသည် ပြင်းပြသောဆန္ဒ၌ရှိကြသူများဖြစ်ကြ၏။ သူတို့၏ပြောဆို ခြင်းသည် မရိုးမဖြောင်အပြောဖြစ်ပါသည်တကား။ ယေရှု၏စကားများကို
မှန်ကန်စွာပင် မကိုးကားနိုင်ပေ။ သူတို့က “သင်မူကား၊ ငါ့စကားကို နား
သောသူသည်သေခြင်းကို မည်သည့်အခါမျှ မြည်းစမ်းရလိမ့်မည် ဟတ်ဟု ဆိုပါသည်တကား” ဟုပြောကြ၏ (အငယ် ၅၂)။ ကိုယ်တော် ထိုသို့မပြောခဲ့ပေ။ ကိုယ်တော်က “သေခြင်းကို မမြင်ရတော့ပေ”ဟု ပြောခဲ့ ၏။ ကျွန်ုပ်တို့သည် သခင်ပြုခဲ့သည့်အတိုင်း သေခြင်းကို မြည်းစမ်းရပေ မည်။ ကျမ်းစာ၌ ကိုယ်တော်သည် “လူတိုင်းအတွက် သေခြင်းကိုမြည်းစမ်း စေရန်” ဖြစ်၏ (ဟေဗြဲ၊ ၂:၉)။ သို့သော် အခြားအရာတစ်ခုအဖြစ် ကျွန်ုပ် တို့သည် ဒေါနနှင့် ခါးတူးသောသေခြင်းကို မြည်းစမ်းရတော့မည်မဟုတ်။ (ယေရ၉:၁၅)။ ကျွန်ုပ်တို့အတွက် “သေခြင်းသည်အောင်ခြင်း၌ နစ်မြုပ်ပြီ” ဟူ၍ ဖြစ်၏ (၁ကော၊၁၅:၅၄)။ သေခြင်း၏ခါးတူးခြင်း အစက်သည် အောင် မြင်ခြင်း ဖလား၌ ပျောက်ဆုံးလေပြီ။
သို့သော်လည်း ကျွန်ုပ်တို့သည် သေခြင်းကို မည်သည့်အခါမျှ မြည်းစမ်းရမည်မဟုတ်ဟု မပြောခဲ့ပါပေ။ ကျွန်ုပ်တို့မသေဟုလည်းမပြော ခဲ့ပါ။ ကိုယ်တော်သည် ဟေဗြဲပရောဖက်များအသုံးပြုခဲ့သည့် သေခြင်းဟု
သောစကားလုံးကို အသုံးပြုခဲ့ခြင်းဖြစ်၏။ ဓမ္မဟောင်းကျမ်းစာက သေခြင်း သို့မဟုတ် သေသည်ကို ဤနည်းလမ်းဖြင့် အသုံးပြုခဲ့ပေသည်။ ဂျူးများက ၎င်း၏အဓိပ္ပာယ်ကို ကောင်းစွာသိပေသည်။ သေခြင်းက ကိုယ်ခန္ဓာမှ ဝိညာဉ်ခွဲထွက်သွားခြင်းကို အမြဲမဆိုလိုပါပေ။ အာဒံအား ထာဝရဘုရား၏ မိန့်ကြားချက်၌ “ထိုအပင်၏အသီးကိုကားမစားရ။ စားသောနေ့တွင်ဧကန် အမှန်သေရမည်” (က၊ ၂:၁၇) ဟူ၍ ဖြစ်၏။ အမှန်ပင် အာဒံနှင့်ဧဝသည် ရည်ရွယ်သည့်အတိုင်း သေခဲ့ပေသည်။ သို့သော်လည်း သူတို့သည် သုတ် သင်မခံရသူတိုး၏ဝိညာဉ်များသည် ကိုယ်ခန္ဓာမှမခွဲထွက်ခဲ့ပေ။ အကြောင်း မှာ သူတို့သည် မြေကြီးပေါ်၌ အလုပ်လုပ်ရန် တည်ရှိနေသေးသည်။
“ပြစ်မှားသောဝိညာဉ်သည်အသက်သေရမည်” (ယေဇ၊ ၁၈:၄) ၎င်းသည် နိမ့်ကျခြင်း၊ ဒုက္ခရောက်ခြင်း၊ မစွမ်းဆောင်နိုင်ခြင်း၊ ပျက်စီးခြင်း တို့ပါဝင်သောသေခြင်းနှင့်ဆက်နွယ်နေ၏။ သေခြင်းဆိုသည်မှာ သုတ်သင် ခြင်းကို မဆိုလိုဘဲ ခြားနားသောအရာတစ်ခုခုကို ဆိုလို၏။ ပြည့်စုံခြင်းနှင့် ဝမ်းမြောက်ခြင်းသည် အစဉ်အမြဲ အသက်ဖြစ်သကဲ့သို့ မှောက်လှန်ခြင်း
နှင့် ပျက်စီးခြင်းသည် ဝိညာဉ်၏သေခြင်းဖြစ်၏။ ဘုရားသခင်ထံမှ ဝိညာဉ် ခွဲခွာခြင်းသည် သေဒဏ်ဖြစ်၏။ စင်စစ် ထိုအရာသည် သေခြင်းဖြစ်၏။
– ဂျူးတို့သည် သခင်ဘုရား၏စကားကို နားလည်ရန် ငြင်းဆိုကြ၏။ သို့သော် ယေရှုပြောနေသောအရာသည် အာဗြဟံနှင့်ပရောဖက်များအ လတွင် ကိုယ်တော်ကို ဘုန်းထင်ရှားစေသည်ကို ရှင်းလင်းစွာမြင် သည်။ လူတို့၏ဆဲရေးသောစကားတွင်ဖုံးကွယ်ထားတည့်အရာ၌ ပဲ့ပြင်ဆုံး မဇာလေးဖြစ်သည့် ထူးခြားသောအရာကိုတွေ့ရ၏။ ထာဝရအသက်ကို စိတ်ချမှုရှိစေသည့်အရာက ယုံကြည်သူ၏ကြီးမြတ်မှုနှင့် ကောင်းမြတ်
ကြောင့်မဟုတ်ပေ။၎င်းသည် အာဗြဟံနှင့်ပရောဖက်တို့ထက်ပို၍ ကြီးမြတ် သောသခင်ယေရှုခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် ဆက်နေသောသူ၏ ဖြစ်ခြင်းဖြစ်၏။
ပုဂ္ဂိုလ်တစ်ဦးသည် ခရစ်တော်၏အမိန့်တော်များကို နားထောင် ၏။ ဤအရာသည် သူနှင့်ခရစ်တော်ကြား၌ရှိသော ချည်နှောင်မှုဖြစ်လာ၏။ သူသည် ခရစ်တော်နှင့်အတူဖြစ်၏။ သခင်ဘုရားကြောင့် သန့်ရှင်းသူများ အသက်ရှင်၏ ကိုယ်တော်အားဖြင့် သန့်ရှင်းသူတို့၏အသက်ရှင်ခြင်း သည် ဘုန်းတော်ကိုယူဆောင်၍ ကိုယ်တော်ကိုချီးမြှောက်ပေသည်။ ကိုယ်
တော်၏အသက်ကို ကိုယ်တော့်လူမျိုးတိုင်း၌ တွေ့ရ၏။ မှန်ကဲ့သို့သခင် ဘုရား၏လူတို့သည် ကိုယ်တော်၏ဘုရားဖြစ်ခြင်းအသက်တာကို ရောင် ပြန်ကြ၏။ ကိုယ်တော်၌ “အသက်ရှိတော်မူသည်” (ယောဟန်၊ ၅:၂၆)။ ကိုယ်တော်၏ရွေးချယ်ထားသောသူများထံ ထိုအသက်ကို ပေး၏။ ဖန်ဆင်း ခြင်းအဟောင်းက ခမည်းတော်၏ဘုန်းတော်ကိုပြသသကဲ့သို့ ဖန်ဆင်းခြင်း အသစ်သည် သားတော်၏ဘုန်းတော်ကို ဖွင့်ပြ၏။ ယုံကြည်သူများသည် မိမိတို့၏အရှင်ယေရှု၌ အမြင့်ဆုံးသောအသက်ကို ရှာတွေ့ကြ၏။ ထိုအ သက်၏အရာတစ်ခုစီတိုင်းသည် ကိုယ်တော်ကို ဘုန်းထင်ရှားစေ၏။
ကျွန်ုပ်တို့သည် ကိုယ်တော်၏နှုတ်ကပတ်တော်အားဖြင့် အသက် ရှင်သည်မှာ သခင်ဘုရား၏ဘုန်းတော်အတွက်ဖြစ်၏။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို စက်အမျိုးမျိုးဖြင့် ထောက်ပံ့ထားခြင်းမဟုတ်ဘဲ နှုတ်ကပတ် တော်အားဖြင့်ဖြစ်၏။ ဘုရားသခင်မိန့်တော်မူခြင်းဖြင့် ကမ္ဘာလောကသည်
တည်ရှိလာ၍ ကျွန်ုပ်တို့အသက်ရှင်ကြသည်။ ထိုသို့ဖြင့် ကျွန်ုပ်တို့သည် ခရစ်တော်၏စကားများအားဖြင့် ဆက်လက်အသက်ရှင်ကြ၏။ ကျွန်ုပ်တို့ ၏စိတ်နှလုံးထဲ၌ လက်ခံရရှိခဲ့သည့်ကိုယ်တော်၏စကားတော်သည် ကျွန်ုပ် တို့၌ အစပြုလာ၍ ထာဝရအသက်အသက်တာ၌ ကြီးထွားခြင်းအ တွက် အဟာရဖြစ်လာ၏။ ၎င်းသည် ကိုယ်တော်၏နှုတ်ကပတ်တော်အား ဖြင့် ခရစ်တော်၏ဘုန်းကို ထင်ရှားစေခြင်းဖြစ်၏။ မရေမတွက်နိုင်သော ယုံကြည်သူမယား၌ ရှိသောဝိညာဉ်ရေးရာအသက်သည် မွေးဖွားလာ၍ ထောက်ပင့်ထားပေသည်။
သခင်ယေရှုသည် အာဗြဟံနှင့်ပရောဖက်တို့ထက် ပို၍ကြီးမြတ် သည်မှာ ရှင်းလင်းပေ၏။ ထိုသူနှစ်ဦးတို့၏စကားများသည် လူတို့ကိုအ သက်မရှင်စေနိုင်၊ သူတို့ကိုယ်တိုင်ကိုပင် အသက်မရှင်စေနိုင်ကြပေ။ သို့
သော် ယေရှု၏စကားတော်တို့သည် လက်ခံသောသူအားလုံးကို အသက် ရှင်စေနိုင်သည်။ ထိုစကားတော်တို့ကို နာခံခြင်းအားဖြင့် လူတို့ကိုအ သက်ရှင်စေသည်။ ထိုသို့အသက်ရှင်စေခြင်းထက်ပင် ပိုသည်ကို တွေ့ရ သည်။ အစဉ်အမြဲအသက်ရှင်ခြင်းဖြစ်၏။ ကိုယ်တော်အလိုတော်ရှိသော သူများကို လျင်မြန်ထက်သန်စေသောကိုယ်တော်၏နာမတော်သည် ဘုန်း ကြီးပါစေ။
ချိုမြိန်သောဆိုလိုချက်သည် ဤအရာအားလုံးမှစီးဆင်းလာ၏။ ၎င်းနှင့်အတူ ကျွန်ုပ်နိဂုံးချုပ်၏။ ခရစ်တော်၏ဘုန်းတော်သည် ကိုယ်တော် ၏စကားကို နားထောင်သောသူအားလုံး သေခြင်းကို မမြင်ရဟူသောအ ချက်အပေါ်၌ တည်နေ၏။ သင်နှင့်ကျွန်ုပ်သည် ကိုယ်တော်၏အမိန့်တော် ကို နားထောင်၍ သေခြင်းကိုမြင်လျှင် ယေရှုသည် မစစ်မှန်ပေ။ သင်သည် ယေရှုကို ယုံကြည်လျက် သေခြင်းကိုစေ့စေ့ကြည့်ရလျှင် ကိုယ်တော် သည် သူ့ကတိတော်ကို ကောင်းမွန်စေရန် တန်ခိုး သို့မဟုတ် အလိုတော် မရှိဟု သက်သေပြပေမည်။ သခင်ဘုရားသည် တစ်ဦးချင်းကိစ္စများတွင် ကျရှုံးလျှင် ကိုယ်တော်၏သစ္စာရှိမှုကို ဂုဏ်ယူခြင်း ဆုံးရှုံး သွားပေသည်။ အိုး၊ တုန်လှုပ်နေသော၊ ပူပန်နေသောစိတ်ဝိညာဉ်၊ ဤအရာကို ကိုင်စွဲပါ။
ယေရှုအတွက်ထောင်ပေါင်းများစွာရရှိသောသူ ဘုရားသခင်၏ သန့်ရှင်းသူသည် ပျက်စီးလျှင် ပဍိညာဉ်ဆိုင်ရာတာဝန်များကို ကျရှုံးခြင်း ဖြစ်ပါသည်တကား။ သို့သော် ထိုကျရှုံးခြင်းသည် သခင်ဘုရား၏စကားကိုနား ထောင်သောသူ
၏ပျက်စီးခြင်းကဲ့သို့ကြီးမားပေသည်။ မြင်ယောင်ခြင်းကို မခံရသည့် ဘုန်းတော်နှင့် ပြည့်သောသခင်ဘုရားအတွက် ထိုသို့သော ဂုဏ်ကျရှုံးမှုဖြစ်၏။ ထို့ကြောင့် မိမိ၏အိမ်၌အငယ်ဆုံးသောသူဖြစ်သည့် သင်သည် မပြေပြစ်ခြင်းနှင့်ပြည့်စုံခြင်းများဖြင့်ဝန်ရှိနေသော်လည်း အမှန် ပင် ကိုယ်တော်ကိုကိုးစားလျှင် ကိုယ်တော်သည် သေခြင်းကိုမြင်ရခြင်းမှ သင့်ကိုတားဆီးပေမည်။ ကိုယ်တော်၏သမ္မာတရား၊ တန်ခိုးတော် မပြောင်း လဲနိုင်သောသဘာဝ၊ ကိုယ်တော်၏မေတ္တာတော်စသည်ဖြင့် အားလုံးတို့ သည် ယုံကြည်သူ တစ်ဦးစီတိုင်းအတွက် ကတိတော်နှင့်ဆိုင်သော ကိုယ်
တော်၏သစ္စာရှိမှု၌ ပါဝင်ကြ၏။ ဤအရာကို သင့်စိတ်နှလုံးသို့ယူဆောင် ၍ နှစ်သိမ့်ခြင်းဖြစ်စေရန် ကျွန်ုပ်အလိုရှိပါသည်။
သင်သည် ညစ်ညမ်းသောအပြစ်ကျူးလွန်သူ၊ အသက်ရှင်နေ သည့် အကြီးဆုံးသောအပြစ်သားဖြစ်သော်လည်း သင်သည် ခရစ်တော် ထံလာ၍ ကိုယ်တော်၏စကားတော်တို့ကို စွဲကိုင်လျက် နားထောင်ကာ နာခံလျှင် သေခြင်းကိုမြင်ရတော့မည်မဟုတ်ပေ။ “ကျွန်ုပ်သည် ခရစ်တော် ၏စကားကိုနားထောင်သော်လည်း သေခြင်းကိုမြင်ရပြီး ကျွန်ုပ်ရဲပြည် ရောက်နေသည်ဟုပြောဆိုမည့် မည်သည့်ဝိညာဉ်မျှရှိမည်မဟုတ်ပေ။ ထို သို့သောသူရှိမည်မဟုတ်ပေ။ ထိုသို့ဖြစ်မည်ဆိုလျှင် ခရစ်တော်၏ဘုန်း
တော်သည် ထာဝရကာလလုံးအရောင်မှေးမှိန်သွားပေမည်။ ကိုယ်တော် အမိန့်တော်ကို နားထောင်ပါ။ ကိုယ်တော်သည် သေခြင်းကိုမြင်ရခြင်းမှ သင့်ကိုတားဆီးပေမည်။
အခန်း ၈
အားနည်းသောခရစ်တော်အား
အားပေးခြင်း
ဤစာအုပ်ကို ဘာသာပြန်သူ အက်ဖ်စီ ဘီထန်း၏ဒေသနာ
ထိုအခါ ကောင်းကင်တမန်သည် ထင်ရှားလာ၍ ကိုယ်တော်ကိုအားပေးရ၏။ (လုကာ၊ ၂:၄၃)
ဒီအမှုအရာဟာ ကိုယ်တော်အသေခံဖို့ အဖမ်းမခံခင် ဂေသရှေ့ မန်အရပ်မှာဆုတောင်းပြီးတဲ့အခါ ဖြစ်ပျက်ခဲ့တဲ့အရာပဲဖြစ်ပါတယ်။ ကိုယ်
တော်က “ငါသည် သေလောက်အောင် စိတ်နှလုံးအလွန်ညှိုးငယ်ခြင်းရှိ ၏။ (မာကု၊ ၁၄:၃၄) လို့ ဆိုထားပါတယ်။ ကိုယ်တော့်ရဲ့ ချွေးစက်တွေဟာ သွေးစက်လိုမြေပေါ် ကျခဲ့အကြောင်းကိုလည်း ဖတ်ရတယ်။ အဲဒီလိုပြင်း ထန်စွာခံစားတဲ့အတွက် ကိုယ်တော်ဘယ်လို ဆုတောင်းခဲ့လဲဆိုတာကို
ဟေဗြဲ၊ ၅:၇ ထဲတွင် အခုလိုတွေ့ရတယ်။ “ခရစ်တော်သည် လူသားအ ဖြစ်၌ရှိစဉ် သေခြင်းမှကယ်တင်နိုင်သောအရှင်ထံ ကျယ်လောင်သော
အော်ဟစ်သံနှင့် မျက်ရည်တို့ဖြင့် တောင်းလျှောက်၍ အသနားခံသဖြင့် ထိုကြည်ညိုမှုကြောင့် ဘုရားသခင်သည် နားညောင်းတော်မူ၏။ အရာ အားလုံးကို ဖန်ဆင်းတဲ့အရှင်တောင် အဖခမည်းတော်ထံဆုတောင်းရင် ဖန်ဆင်းခံကျွန်ုပ်တို့တွေဟာ ပိုပြီးတော့ဆုတောင်းသင့်တယ်မဟုတ်လား။ ကိုယ့်အခြေအနေကိုကြည့်ပြီး အားငယ်နေစရာမလိုသလို ဝမ်းနည်းစရာ လည်းမလိုပါဘူး။ ကိုယ်တော်က သေခြင်းကနေ ကယ်တင်နိုင်တဲ့အရှင်ထံ ဆုတောင်းသလို ကျွန်ုပ်တို့လည်း ဆင်းရဲဒုက္ခပေါင်းစုံထဲကနေ ကယ်တင် နိုင်တဲ့သခင်ထံ ယုံကြည်ခြင်းနဲ့ ဆုတောင်းဖို့ တကယ်လိုအပ်ပါတယ်။ ဒါ ဆိုရင် ဒီနေ့ဒီကျမ်းချက်မှာ ကျွန်ုပ်တို့သတိပြုရမယ့်အရာနှစ်ခုရှိပါတယ်။ ပထမအချက်ကတော့ သခင်ဘုရားရဲ့ အားနည်းခြင်း၊ ဒုတိယအချက်က တော့ သခင်ဘုရားကို အားပေးခြင်းဖြစ်ပါတယ်။
၁။ သခင်ဘုရား၏အားနည်းခြင်း
အရာခပ်သိမ်းကို ဖန်ဆင်းတဲ့သခင်ယေရှုအားနည်းသွားတယ် ဆိုတာဟာ အံ့သြစရာမကောင်းဘူးလား။ ကိုယ်တော်ဟာ တကယ် အား နည်းသွားတာပါ။ မာရိရဲ့ ဝမ်းထဲမှာသန္ဓေတည်ပြီး မွေးလာကတည်းက အားနည်းတဲ့သူပါ။ ကြီးပြင်းလာတဲ့အခါမှာလည်း အားနည်းတဲ့သူပါ။ ဒါပေမဲ့ သူ့ရဲ့ အားနည်းခြင်း ပိုမိုထင်ရှားလာတဲ့နေရာက ဂေသရှေမန်အရပ်မှာ ဆုတောင်းနေတဲ့အချိန်ပဲဖြစ်ပါတယ်။ ဘာလို့လဲ။ အပြစ်မပြုတဲ့သူ၊ အပြစ် မရှိတဲ့သူက မိတ်ဆွေနှင့်ကျနော်ကြောင့် မကြာမီ ကားစင်ပေါ်တင်ပြီး အ
သေသတ်ခြင်းခံရမှာ၊ ဒါတင်မကသေးဘူး၊ အဖခမည်းတော်ရဲ့ စွန့်ပယ်ခြင်း ခံရမှာကိုကြိုတင် သိမြင်ထားတဲ့အတွက် ငါသည် သေလောက်အောင် စိတ်နှလုံးအလွန်ညှိုးငယ်ခြင်းရှိ၏” လို့ဆိုထားတာဖြစ်တယ်။ ဒါကြောင့် ဘုရားသခင်ရဲ့ အစေကျွန်တွေထဲမှကောင်းကင်တမန်တစ်ပါးဟာ ချက်ချင်း ထင်ရှားလာပြီးကိုယ်တော်ကိုလာအားပေးတယ်။ ကိုယ်တော်ဟာ ခွန်အား ပေးတဲ့အဆင့်ထိ တကယ်အားနည်းခြင်းမရှိခဲ့ရင် ကောင်းကင်တမန်တစ်
ပါးပေါ်လာပြီး လာအားပေးစရာ အကြောင်းမရှိပါဘူး။ နောက်ထူးခြား တစ်ခုက ကိုယ်တော်ကိုယ်တိုင် ဖန်ဆင်းထားတဲ့ကောင်းကင်တမန်တွေထဲမှ တစ်ပါးက လာပြီးတော့ အားပေးခြင်းပါ။ ကောင်းကင်တမန်တွေဟာ နံဝိညာဉ်မှန်ပေမဲ့ ဖန်ဆင်းရှင်မဟုတ်ကြပါ။ သူတို့တွေဟာ ဖန်ဆင်းခြင်းခံ တဲ့သူတွေပါ။ ဒါဆိုရင် ဖန်ဆင်းခံကောင်းကင်တမန်တစ်ပါးက လာပြီးတော ဖန်ဆင်းရှင်ယေရှုဘုရားကို လာအားပေးတယ်ဆိုတာ သဘာဝကျရဲ့ လား။ သမ္မာကျမ်းစာရဲ့ ရှုထောင့်ကတော့ သဘာဝကျတာမကျတာအဓိက မဟုတ်ပါဘူး၊ ကျနော်တို့လူသားတွေကို ဘုရားသခင်ကသိစေချင်၊ မြင်စေ ချင်၊ ခံစားစေချင်တဲ့အရာက အဓိကကျတာပါ။ ကျနော်တို့နှင့်အတူရှိတဲ့ ဧမာနွေလ ဘုရားဟာ ကျနော်တို့လူသားတွေရဲ့ အပြစ်ကို ထမ်းဆောင် သွားတဲ့အတွက် အားနည်းပြီး ကောင်းကင်တမန်ရဲ့ အားပေးစကားပြော ခြင်း၊ ပြုစုစောင့်ရှောက်ခြင်းကိုခံယူရတာဖြစ်ပါတယ်။ တချို့ ကျမ်းတတ် ပုဂ္ဂိုလ်တွေက ဘုရားသခင်ရဲ့ သားတော်ဟာ အားနည်းလို့မရဘူးဆိုပြီး
တော့ ဒီကျမ်းပိုဒ်ကို ဖုံးကွယ်ထားချင်ကြတယ်။ သူတို့အနေနဲ့ အဲဒီလိုလုပ် လို့မရပါဘူး။ ဘုရားသခင်ကလည်း အခွင့်ပေးမှာ မဟုတ်ပါဘူး။ ငါဟာ အသေသတ်ခြင်းခံဖို့ နီးလာပြီလို့ပြောတဲ့အခါ ပေတရုက မဖြစ်ဘူးလို့ပြော တာနဲ့ ခပ်ဆင်ဆင်ပါပဲ။
ကိုယ်တော့်ရဲ့ အားနည်းခြင်းက ဘာကိုပြသနေလဲဆိုရင် သူဟာ လူ့ဇာတိခံယူထားတဲ့ကယ်တင်ရှင် အစစ်အမှန်ဖြစ်ခြင်းကို ပြသသလို သူ့ ရဲ့အားနည်းခြင်း အကြောင်းရင်းကလည်း ကျနော်တို့လူသားတွေရဲ့ အ ဖြစ်ဝန် သူတမ်းဆောင်နေခြင်းကို ပြသလိုက်တာပါပဲ။ ဟေရှာယ ၅၃၆ မှာကတော့ “ထာဝရဘုရားသည် ခပ်သိမ်းသောဝါတို့၏အပြစ်များကို သူ အပေါ်တော်မူ၏။ လို့ ရေးသားထားပါတယ်။ လူသားတွေ ဒါမှမဟုတ် စာတန်နှင့် အပေါင်းအပါတွေက ကိုယ်တော်ကို အပြစ်ထမ်းဆောင်စေ တာမဟုတ်ဘဲ ခမည်းတော်ဘုရားသခင်ကိုယ်တိုင်က ငါတို့ရဲ့ အပြစ်ရှိသမျှ ကို ကိုယ်တော့်အပေါ်မှာ တင်ထားတာပါ။ တစ်ဖက်မှာ ဟေရှာယ ၄၀:၂၈ ၊ က ထာဝရ ဘုရားဟာ မြေကြီးစွန်းတိုင်အောင် ဖန်ဆင်းတော်မူတဲ့အရှင်၊ မောခြင်းမရှိ၊ ပင်ပန်းခြင်းမရှိ၊ စစ်၍မကုန်နိုင်တဲ့ဉာဏ်နဲ့ ပြည့်စုံတယ်လို့
ဖော်ပြပါတယ်။ ပရောဖက်ဟေရှာယက ထာဝရဘုရားလို့သုံးနှုန်းထားတာ ဟာ ယေရှုခရစ်တော်ကို ရည်ညွှန်းနေခြင်းပဲဖြစ်ပါတယ်။ ပြီးရင် ယေရှု ခရစ်တော်ရဲ့ ဘုရားဖြစ်ခြင်းကို ဖော်ပြလိုက်တာပါပဲ။ သူ့ရဲ့ လူသားဖြစ်ခြင်း ဘက်ကနေပြောရင် ကိုယ်တော်ဟာ စိတ်နှလုံးမောပန်းခြင်းရှိတယ်၊ ရက် ပေါင်း ၄၀ အစာရှောင်တဲ့အခါ ဆာလောင်တယ်၊ ခရီးသွားတဲ့အခါ ပင် ပန်းပြီး အစာရေစာငတ်တယ်၊ တကယ်ပင်ပန်းတဲ့အတွက် သင်္ဘောနစ်လှ မတတ် မုန်တိုင်းထန်နေတာတောင် ကောင်းကောင်းအိပ်ပျော်နိုင်ခဲ့တယ်။ ဝမ်းနည်းတဲ့အခါ ငိုခဲ့တယ်၊ အမှုပြီးသွားတဲ့အခါမှာ အသက်တော်ကိုစွန့် သွားတယ်။ ။
ဒါကြောင့် ကိုယ်တော်ရဲ့ အားနည်းခြင်းလို့ပြောတဲ့အခါမှာ ကိုယ် တော်ဟာ တန်ခိုးမဲ့လာပြီး ဝိညာဉ်ရေးရာမှာ အားနည်းလာကာ အပြစ်ရှိ တယ်လို့ လုံးဝမဆိုလိုပါ။ သူ့ရဲ့ ခန္ဓာနှင့်စိတ်ဝိညာဉ်ထဲမှာ ပြင်းပြင်းထန်ထန် အားနည်းခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ သူအားနည်းတဲ့အကြောင်းရင်း တွေထဲမှာ နောက်တစ်ချက် သူကြိုတင်သိထားတဲ့အရာကတော့ ကားစင် တင်ခြင်းခံတဲ့အချိန်မှာ သူ့တပည့်တွေအားလုံး သူ့ကိုစွန့်ပယ်ကြမယ်။ ဘု ရင်တွေကအစ ကျမ်းပြုဆရာနှင့်အုပ်ချုပ်သူတွေကလည်း သူ့ကိုဆန့်ကျင် လာကြမယ်။ သူ့ဘက်ကနေ ရပ်တည်ပေးမယ့်လူတစ်ယောက်မှရှိမှာမ ဟုတ်တော့ဘူး။ “အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား အဘယ်ကြောင့် အ ကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း” လို့အော်ဟစ်တဲ့အတိုင်း(မဿဲ၊၂၇:၄၆)။ ခမည်းတော် ဘုရားသခင်ကလည်း သူ့ကိုမျက်နှာလွှဲပါတော့မယ်ဆိုတာကို သူကြိုတင်သိ ထားအတွက် “ငါသည် သေလောက်အောင် စိတ်နှလုံးအ လွန်ညှိုးငယ်ခြင်းရှိ၏” လို့ပြောပြီး သူ့ရဲ့ ချွေးစက်တွေ သွေးစက်လိုမြေပေါ် ကျခဲ့တာဖြစ်ပါတယ်။ ဒါတွေကြောင့် ကိုယ်တော်ဟာ သူ့ရဲ့ စိတ်ဝိညာဉ်ထဲ မှာ အမှန်တကယ် အားနည်းသွားတာဖြစ်ပါတယ်။
၂။ သခင်ဘုရားအား အားပေးခြင်း ၊
ကယ်တင်ရှင်ဟာ သူ့ရဲ့ စိတ်ဝိညာဉ်ထဲမှာ ပြင်းပြင်းထန်ထန်ခံ စားနေတဲ့အချိန်မှာ သူ့ကိုဖေးမနိုင်မယ့်သူ၊ အားပေးနိုင်မယ့်သူ၊ သူ့ရဲ့ ဆင်း
ရဲဒုက္ခကို သိမှတ်ပြီးနားလည်ပေးနိုင်မယ့်သူ လောကလူသားတွေမဟုတ်
ဘူးဆိုတာကို သူသိထားတဲ့အတွက် ကယ်တင်နိုင်မယ့်အဖခမည်းတော်ဆီ ကြီး ကျယ်လောင်တဲ့အော်ဟစ်သံနှင့်မျက်ရည်ဖြင့် တောင်းလျှောက်အသ နားခံခဲ့ကြောင်း ဟေဗြဲစာရေးဆရာက ၅:၇ ထဲမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။ ဒီအကြောင်းအရာကို ခရစ်ဝင်ကျမ်းတွေမှာ ရေးမ ထားပေမဲ့ ကိုယ်တော့်ရဲ့ ဆုတောင်းသံကို အဖခမည်းတော်နားညောင်းပြီး ကောင်းကင် တမန်တစ်ပါး သူ့ထံစေလွှတ်ကာ အားပေးနှစ်သိမ့်တဲ့အ ကြောင်း ရှင်လုကာ၊ ၂၂:၄၃ က အတိအလင်းဖော်ပြထားပါတယ်။
အဲဒီလို ကိုယ်တော့်ရဲ့ စိတ်ဝိညာဉ် ပြင်းပြင်းထန်ထန်ခံစားလျက် ချွေးစက်တွေ သွေးစက်လို မြေပေါ်ကျနေချိန်မှာပဲ ကောင်းကင်ဘုံဘုရား သခင်ပလ္လင်တော်ကနေချက်ချင်းအလင်းတန်းကြီး ထင်ရှားလာပြီး ကိုယ်
တော့်ကို အစေခံမယ့်ကောင်းကင်တမန်တစ်ပါးကို စေလွှတ်လိုက်တာဖြစ် ပါတယ်။ ကောင်းကင်တမန်တွေဟာ ကယ်တင်ရှင်ယေရှု လူ့လောကကို လာပြီး ကျနော်တို့လူသားအဖြစ်ကို ခံယူချိန်ကစပြီး သူ့ရဲ့ အံ့ဩဖွယ်အ သက်တာကို ကောင်းကင်ဘုံကနေကြည့်ရှုနေကြမှာပါ။ အို၊ ကြည့်ရှုကြ
လော့၊ ကေသရှေမန်အရပ်မှာ ဆုတောင်းနေတဲ့သခင်ဟာ သူဖွားမြင်တုန်း က ငါတို့တွေ ကောင်းကင်ဘဝဂ်ဝယ်မှာ သီချင်းဆိုကြတယ်မဟုတ်လား။ ဟေရုဒ်မင်းက သူ့အသက်ကို ရန်ရှာတဲ့အခါမှာ ငါတို့တွေ ယောသပ်ဆီ မှာအချိန်မီသတင်းသွားပို့ကြတယ်မဟုတ်လား။ တောထဲမှာအစာရှောင် ပြီး ဆာလောင်မွတ်သိပ်ချိန်မှာ နတ်ဆိုးရဲ့ စုံစမ်းခြင်းကိုခံရတဲ့အတွက် သူ့ ကို ငါတို့အစေခံကြတယ်မဟုတ်လား။ အခုချိန်မှာ လောကီလူသားတွေ အတွက် သူတမ်းတဲ့ဝန်ဟာ အရမ်းကိုလေးလွန်းပါတယ်။ တကယ်တမ်း ကတော့ သူ့မှာ ဘာအပြစ်မှမရှိဘဲနဲ့ အဖခမည်းတော်က သူ့ကိုအပြစ် သားလိုမှတ်ပြီး တလောကလုံးရဲ့ အပြစ်ကို သူ့အပေါ်တင်လိုက်တာ။ ဒါ
ကြောင့် ငါတို့သွားပြီး သူ့ကို အားပေးစကားသွားပြောကြရအောင်လို့ ဆို ကြမှာဖြစ်ပါတယ်။ ဒီလိုနဲ့ ဘုရားသခင်ကလည်း “ဘုရားသခင်ရဲ့ ခွန်အား” လို့ အနက်ရှိတဲ့ဂေဗရေ-ကောင်း ကင်တမန်တစ်ပါးကိုခေါ်ပြီး ဂေသရှေမန်
အရပ်မှာ စိတ်ဝိညာဉ်ပြင်းထန်စွာ ခံစားနေတဲ့ကယ်တင်ရှင်ကိုသွားအား ပေးဖို့ မှာကြားလိုက်တာဖြစ်ပါတယ်။
ဒါဆိုရင် ကောင်းကင်တမန်ရဲ့ အားပေးစကားဟာ ဘာတွေဖြစ် မလဲ။ ဟေ၊ သခင်၊ မကြောက်ပါနဲ့၊ သခင်ဟာ ငါတို့ကိုဖန်ဆင်းတဲ့အရှင်ပဲ
လေ၊ သခင့်ရဲ့ တန်ခိုးတော်ကို နဲနဲထုတ်သုံးရင် အမှုပြီးသွားမှာပါလို့ အား ပေးမယ်မထင်။ အို သခင်၊ အားယူပါလော၊ လောကကို ဆင်းလာရတဲ့ အဓိကအလုပ်ကို မကြာခင်အဆုံးသတ်တော့မှာပါ။ ခမည်းတော်ဘုရား သခင်ရှေ့မှာ ဘယ်သူမှမလုပ်နိုင်တဲ့ဖြောင့်မတ်ခြင်းနဲ့ဆိုင်တဲ့ ယဇ်ပူဇော် ခြင်းစုံလင်စေဖို့အတွက် သခင့်ကို ခမည်းတော်ဘုရားက တခဏမျက်နှာ လွှဲရတာပါ။ တကယ်တမ်းကတော့ ခမည်းတော်ဘုရားသခင်ရဲ့ စိတ်နှလုံး ဟာ သခင်နှင့်အတူရှိနေပါတယ်။ သခင့်ကို ချစ်နေဆဲပါ၊ ထာဝရစွန့်တာမ ဟုတ်ပါဘူး။ သခင်ကိုယ်တော်တိုင် ပူဇော်မယ့်ယဇ်ဟာ မရေတွက်နိုင်
လောက်အောင် များပြားတဲ့လောကီလူသားတွေကို ကယ်တင်ခြင်းဖြစ်ပြီး ခမည်းတော်ဘုရားကို ထာဝစဉ်ဝတ်ပြုကိုးကွယ်ဖို့ရန် ပေးဆပ်နေခြင်းဖြစ် တယ်ဆိုတဲ့အားပေးစကားကို ကောင်းကင်တမန်ပြောသွားမယ်လို့ စာရေး ဆရာကျနော်အတိယုံကြည်ထားပါတယ်။ ။
ကယ်တင်ရှင်ယေရှုဟာ သူဖန်ဆင်းထားတဲ့ကောင်းကင်တမန်က လာအားပေးတဲ့အခါမှာ မင်းကို ငါဖန်ဆင်းထားတယ်၊ မင်းက ငါ့ကို အား ပေးရမလားဆိုပြီးတော့ မငြင်းခဲ့ပါဘူး။ ခမည်းတော်ဘုရားသခင်ထံသူဆု
တောင်းခဲ့တဲ့အတွက် ကောင်းကင်တမန်ရောက်ရှိလာခြင်းဖြစ်တယ်ဆိုတာ ကိုသိရှိတဲ့အတွက် အားပေးစကားကို လိုလိုလားလားလက်ခံခဲ့တာဖြစ်ပါ တယ်။ ရှုရိဘုရင်ရဲ့ ဗိုလ်ချုပ်နေမန်ဟာ အစ္စရေးပြည်ကို တိုက်ခိုက်တဲ့အခါ မှာ ဂျူးကလေးမတစ်ယောက်ကို စစ်သုံ့ပန်းအနေနဲ့ သူအိမ်ခေါ်လာခဲ့ တယ်။ ဒါပေမဲ့ ဗိုလ်ချုပ်နေမန်ရဲ့ လျှို့ဝှက်နူနာရောဂါကို ကလေးမလေးသံရှ တဲ့အတွက် အဲဒီအနာကို ပျောက်စေနိုင်တဲ့ဘုရားသခင်ရဲ့ လူဧလိရှဲတာ မိမိတို့ ရှမာရိပြည်မှာရှိတဲ့အကြောင်း ဗိုလ်ချုပ်ကတော်ဆီပြောပြခဲ့တယ်။ ဗိုလ်ချုပ်နေမန်လည်း ကလေးမရဲ့ အားပေးစကားတစ်ခွန်းကို လိုလိုလား လားခံယူခဲ့တဲ့အတွက် သူ့ကိုယ်ဟာ ပကတိကျန်းမာသွားပါတယ်။ ယနေ့
ကျွန်ုပ်တို့လည်းပဲ ဘုရားသခင်စကားမှန်ရင် အသက်အရွယ်ရာထူးတွေကို မကြည့်ဘဲ လိုလိုလားလားခံယူတတ်ဖို့ အင်မတန်အရေးကြီးလှပါတယ်။ မေတ္တာစေတနာအမှန်ပါတဲ့အားပေးစကားဟာ သူတစ်ပါးရဲ့ ဘဝတစ်ခုလုံး ပြောင်းလဲမှုဖြစ်ပေါ်စေနိုင်တယ်ဆိုတာကို သတိပြုရပါမယ်။ သခင်ခံစားတဲ့ ဝေဒနာတွေ၊ လှောင်ပြောင်ခြင်းတွေ၊ အရှက်ကွဲခြင်းတွေ၊ ချွေးစက်တွေ သွေးစက်လိုမြေ ပေါ်ကျခြင်းတွေ၊ သေလောက်အောင် စိတ်နှလုံးအလွန် ညှိုးငယ်ခြင်းရှိတာတွေဟာ မိတ်ဆွေနှင့်ကျနော် ထာဝရအသက်ရဖို့၊ အား အင်ရှိစေဖို့၊ ကျန်းမာဖို့၊ ချမ်းသာဖို့၊ အောင်မြင်ဖို့နှင့်ဂုဏ်အသရေရှိစေဖို့ အတွက်ဖြစ်ပါတယ်။ စာဖတ်သူအပေါ် ကယ်တင်ရှင်ယေရှုခရစ်တော်ရဲ့ အားနည်းခြင်းနဲ့ဆိုင်တဲ့ကောင်းချီးမင်္ဂလာသက်ရောက်ပါစေ။ အာမင်။
အခန်း ၉
“သင်တို့သည် ခရစ်တော်အဖို့ ဖြစ်ကြ၏”(၁ကော၃:၂၃)
ဤစာအုပ်ကို ဘာသာပြန်သူ အက်ဖ်စီ ဘီထန်း၏ဒေသနာ
အချို့အင်္ဂလိပ်ကျမ်းစာတွေအရဆိုရင် “သင်တို့သည် ခရစ်တော် နှင့်ဆိုင်၏” လို့ဆိုရမှာပါ။ အဖခမည်းတော်က သင့်ကို သားတော်ပေးသ နားတဲ့အတွက် သင်ဟာ ကိုယ်တော်နဲ့ ဆိုင်တယ်။ သင်ဟာ သွေးတော် မြတ်နဲ့ရွေးဝယ်ခြင်းခံရတဲ့အတွက် ကိုယ်တော်နဲ့ ဆိုင်တယ်။ သင်ဟာ ကိုယ်တော်ထဲမှာ သန့်ရှင်းစေပြီးသားမို့ ကိုယ်တော်နဲ့ ဆိုင်တယ်။ သင်ဟာ ကိုယ်တော်ရဲ့ ညီအစ်ကို၊ မိတ်ဆွေနှင့်သတို့သမီးဖြစ်ကြောင်း လောကီသား ၊ တွေဆီမှာ ပြသဖို့လိုတယ်။ အပြစ်သွေးဆောင်ခြင်းခံရတဲ့အခါမှာလဲ ငါဟာ ခရစ်တော်နဲ့ဆိုင်တဲ့အတွက် ကြီးမားတဲ့အပြစ်ကို ငါမကျူးလွန်နိုင်ဘူးလို့ တုံ့ပြန်ရမယ်။ အပြစ်တရားနဲ့ဆိုင်တဲ့စည်းစိမ်ချမ်းသာဟာ သင့်ရှေ့ရောက်
လာပြီး သင့်ကို အနိုင်ယူဖို့ လုပ်လာတဲ့အခါမှာလဲ ငါဟာ ခရစ်တော်နဲ့ ဆိုင်တယ်လို့ပြော လိုက်ပါ။ သင်ဟာ ခရစ်တော်နဲ့ သက်ဆိုင်ကြောင်းကို
အောက်မေ့ရင်း ဆိုးယုတ်တဲ့နေ့ရက်ကာလထဲမှာ ခိုင်ခံ့စွာရပ်တည်ရမယ်။ သင့်မိတ်ဆွေတွေဟာ အလဟဿထိုင်ပြီး ဘာမှမလုပ်တဲ့အချိန်တွေမှာ သင်ဟာ ခရစ်တော်နဲ့ဆိုင်တဲ့လူဖြစ်တဲ့အတွက် သင့်မှာရှိတဲ့အစွမ်းရှိသ မျှနဲ့ အလုပ်တစ်ခုခုလုပ်ရပါမယ်။ သင့်နဖူးပေါ်ကနဲ့ ချွေးစက်တွေကျလာ တဲ့အခါမှာ ယောင်ပေပေလုပ်ဖို့ ဖြစ်လာရင်တောင် ငါဟာ ခရစ်တော်နဲ့ ဆိုင်တဲ့အတွက် ငါမနားနိုင်ဘူးလို့ ပြောရပါမယ်။ လောကတေးဂီတတွေက သင့်ကို သွေးဆောင်ဖြားယောင်းခဲ့ရင်တောင် ငါဟာ ခရစ်တော်နဲ့ဆိုင်တဲ့ လူမို့ ဒီလိုတေးဂီတတွေက ငါ့ကို မဆွဲဆောင်နိုင်ဘူးလို့ ပြောနိုင်ရမယ်။
ဒါပေမဲ့ ဘုရားသခင်နဲ့ဆိုင်တဲ့အရာတွေက သင့်ကို လာပြီးနှိုး ဆော်ခဲ့ရင် ငါဟာ ခရစ်တော်နဲ့ဆိုင်တဲ့အတွက် သင်ကိုယ်တိုင်ကအစ သင့်မှာ ရှိတဲ့အရာတွေကို ကိုယ်တော့်အတွက် ပေးအပ်ရပါမယ်။ ကိုယ့် ကိုယ်ကို မလှည့်စားလိုက်ပါနဲ့။ သင်ဟာ ခရစ်ယာန်တစ်ယောက်ရဲ့ အပြု အမူနဲ့အတူ ကောင်းကင်သားသမီးတွေရဲ့ အနံ့အသက်နဲ့ အသက်ရှင်ရပါ မယ်။ သင့်ကို တွေ့တဲ့လူတိုင်းက သင့်မှာရှိတဲ့ခရစ်တော်ရဲ့ မျက်နှာထားနဲ့ မေတ္တာတရားကို သိမှတ်နိုင်ကြပါစေ။ နောက်ဆုံးအနေနဲ့ ပြောချင်တာက “သင်ဟာ ခရစ်တော်နဲ့ဆိုင်နေသည်ကို လုံးဝသတိလက်လွတ်မဖြစ်စေ ချင်ပါ။ အားလုံးအ ပေါ် ဘုရားသခင်ကောင်းကြီးပေးပါစေ။