ဘုရားသခင် တကယ်ရှိပါသလား ? ( ဒုတိယတွဲ )

S မိုးဟန်

ငါဟာဘယ်ကနေလာပြီး နောက်ဆုံးဘယ်ကိုသွားမှာလဲ

အမှာစာ

s မိုးဟန်ပြုစုသော “ဘုရားသခင်တကယ်ရှိသလား’ (ဒုတိယတွဲ) စာအုပ် သည်လူတိုင်း ဖတ်ရှုသင့်သော စာအုပ်တစ်အုပ်ဖြစ်ပါသည်။ လူမှုသိပ္ပံ ပညာရှင်များက

ဘာသာကိုးကွယ်မှုနှင့်ပတ်သက်၍ ဆန်းစစ်လေ့လာကြရာတွင် ‘ ဘာသာ ကိုးကွယ်မှုသည် လူတို့၏ အကြောက်တရား မှ အစပြုဆင်းသက် လာသည်ဟု ဆိုကြသည်။ မှန်ပါသည်။ လူသည် တစ်နေ့သေရမည်ကို အလွန် ကြောက်ကြပါသည်။ထို့အပြင် မိမိတို့ ၏ တမလွန်ဘဝနှင့် ပတ်သက်ပြီး ရေရာသေချာသောအဖြေမသိကြသောကြောင့် ပိုမိုကြောက်ကြသည်။ ဤသို့ဖြင့် အကြောက်တရားမှ လွတ်မြောက်နိုင်ရေးနည်းလမ်းများရှာဖွေရင်း၊ တန်ခိုးရှင် များကို ရှာဖွေကြရသည်။ ထိုတန်ခိုးရှင်များမှာ နောင်တွင်လူတို့ကဘုရားဟု ခေါ်ဝေါ်သမုတ်ပြီး ဆည်းကပ်ကိုးကွယ်မှုပြုခံကြရသော ဘုရားများဖြစ်လာကြ သည်။

ဤစာအုပ်တွင်ထာဝရဘုရားသခင်အမှန်ရှိတော်မူကြောင်းကို စာအုပ် ပြုစုသူ အနေဖြင့် သမ္မာကျမ်းစာအုပ်၌ဖော်ပြထားတော်မူချက်များ၊ မျက်မှောက် ခေတ် သိပ္ပံပညာရှင်များ၏တွေ့ရှိချက်များ၊ ရှေးဟောင်းသုတေသီများ၏ တွေ့ရှိချက်များ အပြင် ယုံကြည်သူခရစ်ယာန်ခေါင်းဆောင်အချို့တို့၏ သက်သေခံ ချက်များ တို့ကိုအခြေခံ၍သက်သေပြုရှင်းလင်းထားသည်ကိုတွေ့ရပါသည်။ အထူးသဖြင့် လူတိုင်းထာဝရဘုရားသခင်၏ အကြောင်းကို လွယ်ကူစွာလေ့လာ သိရှိရေးကို ဦးတည်ပြီး ပြုစုရေးသားထားသည်ကို တွေ့နိုင်ပါသည်။

သို့သော် သမ္မာကျမ်းစာသည် မတူညီသောယဉ်ကျေးမှုများကို နောက်ခံ ထားလျက် နှစ်ပေါင်း ၁၆၀၀ ခန့် ရှည်လျားသောကာလကို ဖြတ်သန်း လာရသည် ဖြစ်သောကြောင့် သမ္မာကျမ်းစာကိုပိုမိုလေးနက်စွာသိနိုင်ရန် ကျမ်းစာ၌ တွေ့ရသော ဣသရေလလူမျိုး ၊ ဂရိ (ခေါမ)လူမျိုးများနှင့်ရောမလူမျိုးတို့၏ ယဉ်ကျေးမှုနောက်ခံကိုထပ်ဆင့်လေ့လာသင့်ပါသည်။

“ဘုရားသခင်တကယ်ရှိသလား” စာအုပ်ကိုဖတ်ရှုခြင်းဖြင့် စာရေးသား ပြုစုသူများ၏စေတနာမေတ္တာနှင့်လုံ့လဝိရိယစိုက်ထုတ်မှုများကိုမြင်တွေ့နိုင်ပါသည်။ ဤစာအုပ်ကိုလေ့လာဖတ်ရှုခြင်းအားဖြင့်လူတိုင်းစစ်မှန်သောဘုရားသခင်နှင့် ထိတွေ့ခံစားပြီး၊ ထာဝရအတွက် မှန်ကန်သော ဆုံးဖြတ်ချက်များချမှတ်ကာ၊ ထာဝရဘုရားကိုခိုလှုံဆက်ကပ်နိုင်ကြပါစေဟု ဆုမွန်ကောင်းတောင်းအပ်ပါသည်။

အမှုတော်မြတ်၌

သိက္ခာတော်ရ ဒေါက်တာ ရန်ခိုပေါင်

အထွေထွေအတွင်းရေးမှူး မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်

အမှာစာ

“ဘုရားသခင်တကယ်ရှိသလား”စာအုပ် (ပထမတွဲ)သည် ယုံကြည်သူ များ အတွက် အမှန်တကယ်ဝိညာဉ်ခွန်အားနှင့် ဓမ္မရေးရာ ဗဟုသုတများတို့ကို ရရှိ စေကြောင်း စာဖတ်သူများ၏ တုန့်ပြန်မှုကိုရရှိခဲ့ပြီး၊ ပြည်တွင်းပြည်ပများသို့ ကျယ်ပြန့်စွာဖြန့်ချီနိုင်ခဲ့ပါသည်။ ဤစာအုပ်ကို ပြုစုထုတ်ဝေသူတို့၏ ထားရှိသော စေတနာနှင့် မွန်မြတ်သော ရည်ရွယ်ချက်ကို ဘုရားသခင်သည် ကောင်းချီးပေး တော်မူခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်လျက်ကျေးဇူးတော်ကို ချီးမွမ်းပါသည်။

ပြုစုထုတ်ဝေခဲ့သောစာအုပ် (ပထမတွဲ)သည် ယုံကြည်သူများအတွက် ကောင်းချီးမင်္ဂလာဖြစ်စေခြင်း၏ ခွန်အားပေးလှုံ့ဆော်မှုကြောင့် စာအုပ်ပြုစု သူများသည် ကြိုးပမ်းအားထုတ်လျက် ဘုရားသခင် တကယ်ရှိသလားစာအုပ် (ဒုတိယတွဲ)ကို ပြုစုထုတ်ဝေနိုင်ခြင်းအတွက် ဝမ်းမြောက်စွာ ကြိုဆိုအပ်ပါသည်။ ဤစာအုပ်တွင် ယုံကြည်သူများ သိသင့်သိထိုက်သောအကြောင်းအရာ အချက် အလက်များတို့ကို အထောက်အထားများနှင့်တကွ ရှင်းလင်းစွာဖော်ပြထားပါ သည်။

နှုတ်ကပတ်တော်ကို ပိုမိုရှင်းလင်းမှန်ကန်စွာ သိရှိနားလည်ပြီး နှုတ်ကပတ်တော်မှ ဖော်ပြသောသတင်းကောင်း၏ အနှစ်သာရများအတိုင်း အသက်ရှင် လျက် သတင်းကောင်းကို ဝေမျှသက်သေခံရန် ရည်ရွယ်ပါသည်။ ဤစာအုပ်ကို ပြုစုသူများသည် နှစ်ခြင်းခရစ်ယာန်များဖြစ်သည့်အတွက် ယုံကြည်မှုနှင့် ကျင့်သုံး မှုဆိုင်ရာ အချက်အလက်များသည် နှစ်ခြင်းခရစ်ယာန် တို့၏ ယုံကြည်ခံယူသည့်အတိုင်း ဖြစ်သည်ကိုတွေ့ရှိရပါသည်။ မြန်မာတိုင်းရင်း သားနှစ်ခြင်းခရစ်ယာန်များတို့သည် နှစ်ခြင်းသာသနာနှစ် (၂၀၀)ပြည့် ကျေးဇူး

တော်ချီးမွမ်းခြင်း ဓမ္မသဘင်ကို မြန်မာနိုင်ငံတွင်သာမက မြန်မာတိုင်းရင်းသား အသင်းတော်နှင့် မိတ်သဟာယ များရှိသော နိုင်ငံတိုင်းတွင် အနှစ်သာရရှိစွာ ဆင်ယင်ကျင်းပရန်အတွက် ပြင်ဆင် လျက်ရှိရာ၊ ဤစာအုပ်ပါသမိုင်းမှတ်တမ်း အချက်အလက်များတို့ကို ဖတ်ရှုခွန်အား ယူနိုင်မည်ဖြစ်ပါသည်။

ဤစာအုပ်ကို ဖတ်ရှုသူများအားလုံးတို့သည် ထံတော်ပါးမှ ကြွယ်ဝသော ဝိညာဉ်ဆုကျေးဇူးကို ခံစားရပြီး မနေ့၊ ယနေ့နောင်ကာလအစဉ် တည်ရှိတော် မူသော ဘုရားသခင်၏ သစ္စာရှိသည့် သက်သေခံများဖြစ်နိုင်ကြပါစေဟု ဆုမွန်

ကောင်းတောင်းအပ်ပါသည်။

သိက္ခာတော်ရဒေါက်တာစောမာ‌ဂေကြီး

ယခင်ဥက္ကဋ္ဌ (မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ၊ မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန်အသင်းချုပ်)

ယခင်အထွေအထွေအတွင်းရေးမှူး (မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန်အသင်းချုပ်၊ မြန်မာနိုင်ငံကျမ်းစာအသင်း၊

မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များကောင်စီ) ၊

နှုတ်ခွန်းဆက်အမှာစကား

“ ဘုရားသခင် တကယ်ရှိသလား” စာအုပ် ဒုတိယတွဲကို ဆက်လက် ထုတ်ဝေခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်အဖ။ ပထမတွဲကို တစ်ခဲနက် အားပေးဖတ်ရှုခဲ့ကြတဲ့ ပြည်တွင်း၊ ပြည်ပရှိ ဓမ္မမိတ်ဆွေများအားလုံးသည်လည်း ဘုရားသခင်ထံမှ ကြွယ်ဝသော ကောင်းချီးမင်္ဂလာများကိုသာ၍ ရယူခံစား နိုင်ကြပါစေ။ အာမင်။ ။

ယနေ့ခေတ်မီ တိုးတက်နေသော ကမ္ဘာကြီးတွင် အသက်ရှင်နေကြရ သည့် ကျွန်ုပ်တို့ သည် သမုဒ္ဒရာ၊ ဝမ်းတစ်ထွာအတွက် သာမက လူတမ်းစေ့ နေနိုင်ရန်အတွက် နေ့မအား၊ ညမနား ရုန်းကန်နေကြရပါသည်။

ကျောင်းသူ/သားများကလည်း ပညာရေးတွင် အပြိုင်ကြဲနေရ၍ ဝိညာဉ်ရေးရာ ဘက်တွင် သိပ်ပြီးအချိန် မပေးနိုင်ကြပေ။ ထိုသို့ မအားလပ်သည့်ကြားမှ ကျမ်းစာကို ဖတ်ကြည့်တော့လည်း နားမလည်နိုင်သဖြင့် သမ္မာကျမ်းစာအုပ် သည် အိပ်ဆေးသာဖြစ်နေရပါသည်။ သမ္မာကျမ်းစာထဲတွင် ကတိတော်ပေါင်း သုံးသောင်းကျော်ပေးထားသော်လည်း ထိုကတိတော်များကို မသိသောကြောင့် ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး၊ အိမ်ထောင်ရေးစသည်ဖြင့် ဘက်ပေါင်းစုံတွင် မဖြစ်သင့်သည့် နစ်နာဆုံးရှုံးမှုများစွာနှင့် ရင်ဆိုင်တွေ့ကြုံ နေကြရပါသည်။ နှုတ်ကပတ်တော်ဆီမရှိသောကြောင့် မိမိ၏ အနီးပတ်ဝန်းကျင် အတွက် အကျိုးရှိသည့်အလင်းကို မပေးနိုင်သည့်အပြင် မိမိကိုယ်တိုင်လည်း အမှောင်တွင်းထဲသို့ ကျရောက်၍ လမ်းစပျောက်မှန်းမသိ ပျောက်နေပါသည်။ ထို့ကြောင့် ဤစာအုပ် သည် သမ္မာကျမ်းစာပါ အခြေခံ အကြောင်းအရာများကို သိရှိနားလည်ပြီး နှုတ်ကပတ်တော်ကို လေ့လာဖတ်ရှုရာတွင် အထောက်အကူ ဖြစ်စေကာ ပျင်းရိ ငြီးငွေ့ခြင်း၊ ငိုက်မျဉ်းအိပ်ပျော်ခြင်းမှ လွတ်မြောက်နိုင်ကြ စေရန် အဓိကရည်ရွယ်၍ ပြုစုထုတ်ဝေရခြင်း ဖြစ်ပါသည်။

ယုံကြည်သူ အယောက်စီတိုင်း၊ နှုတ်ကပတ်တော်ကို ရှင်းလင်းစွာ နားလည် သဘောပေါက်မှသာလျှင် ဝင်းမှည့်နေသော လယ်ကွင်းပြင် ကျယ်ကြီးကို တွဲလက်ညီစွာဖြင့် စုပေါင်းရိတ်သိမ်းနိုင်ကြမည်ဖြစ်ပါသည်။ ခရစ်တော်ပြန်ကြွလာမည့်အချိန်သည် လွန်စွာမှ နီးကပ်နေပြီဖြစ်သဖြင့် ယုံကြည်သူများ အချင်းချင်း အတင်းပြော၊ စကားများ၊ ရန်ဖြစ်နေရမည့်အချိန် မဟုတ်တော့ပေ။ ကယ်တင်ခြင်းသတင်းကောင်းကို လုံးဝမကြားဘူး(သို့) မသိ နားမလည်သူများ၊ မိမိ၏ အနီးဆုံးတွင်ပင် အမြောက်အမြား ရှိနေကြပါသည်။ ထိုသူများကို အချိန်ပေးလျှင် အချင်းချင်းရန်ဖြစ်၊ အတင်းပြောရန် သတိပင် ရကြတော့မည် မဟုတ်ပေ။ မင်္ဂလာရှိသော သတင်းကောင်းကို မပြောကြ၍သာ အချိန်တွေပိုပြီး အမင်္ဂလာစကားများ ပြောကာ အမင်္ဂလာဖြစ်နေကြခြင်း ဖြစ်ပါသည်။ (၁ကော ၉း၁၆)

ယုံကြည်သူအယောက်စီတိုင်းသည်လည်း သခင်ဘုရားက ပေးထားပြီး ဖြစ်သော ကတိတော်များကို သိရှိပြီး ကောင်းချီးမင်္ဂလာများကို ဖော်စားနိုင်ကြ ပါစေ။

မာတိကာ

၁။ ဓမ္မဟောင်း သည် ဓမ္မသစ်၏ ပုံရိပ်ဖြစ်သည်။ ၂။ ပွဲတော်(၇)မျိုး ၊

၃။ဘုရားသခင်၏ ကယ်တင်ခြင်းအစီအစဉ်များ ကယ်တင်ခြင်း(၃)မျိုး

၅။ပွဲတော်မင်္ဂလာ ၊

၆။ (၁) ကျမ်းပြုဆရာ

(၂) ဖာရိရှဲ (၃) ဇျကဲ

(၄) မာဂုပညာရှိ

(၅) အနွတ်မင်း ၊

(၆) ကယာဖမင်း

(၇) ပိလတ်မင်း

(၈) ဟေရုဒ်မင်း

၇။ (က) ယေရုရှလင်မြို့သို့ နောက်ဆုံးအမှုတော်

ဆောင်ရွက်ခြင်း ၊ (ခ) ရှင်ပြန်ထမြောက်ပြီးနောက် ထင်ရှားပြခြင်း

၈။ သင်္ခါရလောကဆိုတာ

၉။ တဲတော် နှင့် ဗိမာန်တော်သည် ခရစ်တော်၏ ရှေ့ပြေး

ပုံရိပ်ဖြစ်သည်။

၁၀။ ဂျူး (သို့) ဣသရေလ

၁၁။ ဒါဝိဒ်ကျိန်ဆိုခဲ့သော ဂိလဗောတောင်

၁၂။ ယုံကြည်သူတိုင်း ယဇ်ပုရောဟိတ်ဖြစ်သည်။

၁၃။ ယုံကြည်သူများသည် ကျွန်မဟုတ်တော့ပါ။

၁၄။ ခရစ်ယာန်ဟူသော ဝေါဟာရပေါ်ပေါက်လာပုံ ၁၅။ နောက်ကျသောသူများသည် အရင်ကျလိမ့်မည်။

၁၆။ ပျောက်သောသိုးပုံဥပမာ

၁၇။ တနင်္ဂနွေနေ့တွင် ဥပုသ်နေ့ဖြစ်လာခြင်း

၁၈။ ယေရှုကို ဘယ်သူသတ်သလဲ။

၁၉။ ဘုရားသခင် တကယ်ရှိရိုးမှန်ရင် မကောင်းမှုတွေ

ဘာကြောင့်ကြီးထွား နေရပါသလဲ။

၂၀။ ဆုတောင်းခံပြီး ရောဂါပျောက်ကင်းသည့် နောက်

အဘယ်ကြောင့် ရောဂါပြန်ဖြစ်ရသနည်း။

၂၁။ လင်မယား ကွာရှင်းခွင့်ရှိသလား။

၂၂။ အိမ်ထောင်ပြုခြင်း (သို့)တစ်ကိုယ်တည်းနေခြင်း၊

၂၃။ သားသမီးများသည် ဘုရားသခင်၏ မင်္ဂလာ (သို့)

အမင်္ဂလာဖြစ်သည်။

၂၄။ ယုံတာနဲ့ ကယ်တင်ခြင်းရတာ မလွယ်လွန်းဘူးလား။

၂၅။ သရဲ၊ တစ္ဆေ တကယ်ရှိသလား။

၂၆။ မည်သည့်ပုံစံဖြင့် ဆုတောင်းလျှင်အမှန်ကန်ဆုံးဖြစ်

သနည်း။

၂၇။ နှိမ့်ချနိုင်အောင် ဘယ်လိုလုပ်ရမလဲ။

၂၈။ မာနဘယ်လိုဖြစ်လာတာလဲ။

၂၉။ ပွဲတော်မင်္ဂလာဝင်သောအခါ မည်ကဲ့သို့ ချီးမွမ်း

စားသောက်ရမလဲ။

၃၀။ သိမှတ်ဖွယ်ရာများ ၊

၃၁။ ယေရှုကြွလာရခြင်း၏ အဓိကအကြောင်းရင်း

၃၂။ (က) မိန်းမများသည် ယောက်ျားတို့၏ အုပ်စိုးခြင်းကို

အဘယ်ကြောင့် ဝန်ခံကြရသနည်း။

( ခ) လူက တိရစ္ဆာန်များကို ဘာကြောင့် စေခိုင်း ၁

နိုင်ကြပါသလဲ။

(ဂ) ကိုယ့်အပြစ်ကို ဝန်မခံခြင်းဟာ ဘယ်အချိန်က

စခဲ့သလဲ။

၃၃။ ယေရှုတိဗက်ကို ပညာသွားသင်ခဲ့ပါသလား။ ၃၄။ (က) ယုံကြည်သူများ ဘာကြောင့် ဆင်းရဲသလဲ။

( ခ) နွားကျောင်းသားနှင့် ဘဲကျောင်းသား ၁၁၀

(ဂ) ငွေဝင်လမ်း (၄)မျိုး

၃၅။ (က) ချမ်းသာဖို့ ဘုရားသခင် အလိုတော်ရှိတယ်။

(ခ) အိပ်မက်ရူပါရုံ ၊

(ဂ) အိမ်ဆောက်တော့မယ်ဆိုရင်

၃၆။ ခါနာန်ခရီး (သို့) ဘဝတိုက်ပွဲ

၃၇။ Rev. Dr. ဦးကျော်ဝင်း၏ သက်သေခံချက်များ ၃၈။ ချီဆောင်ခြင်းအထိတရားဆက်ဟောနေမည့်ဆရာယုဒသန်

၃၉။ သမ္မာကျမ်းဘာသာပြန်ဆိုမှုသမိုင်း

၄၀။ ဒိန်ချဉ်ပြုလုပ်နည်း။

သိနာတောင် ( ဆော်ဒီအာ‌ရေဗျနိုင်ငံ )

ပညတ်တော်(၁၀)ပါး ရယူခဲ့သော သိနာတောင် သည် ဆော်ဒီအာရေဗျ နိုင်ငံတွင်တည်ရှိသည်။ (ဂလာ ၄း၂၅) ထာဝရဘုရားသည် မီးဖြင့် လွှမ်းလျက် သိနာတောင်ပေါ်သို့ ဆင်းသက်သောကြောင့် ယခုအခါ တောင်ထိပ်များသည် မီးလောင်ကျွမ်းထားသကဲ့သို့ မဲမဲသဲသဲ အနေအထားဖြင့် တွေ့မြင်ရသည်။ (ထွက် ၁၉း၁၈) ဆော်ဒီအစိုးရက သိနာတောင်တစ်ဝိုက်တွင် သံဆူးကြိုးဖြင့် ကာရံပြီး ရှေးဟောင်းအမွေအနှစ် နယ်မြေအဖြစ် သတ်မှတ်ထားရှိသည်။ ကာရံထားသော အတွင်းသို့ ဝင်ရောက်သူများအား သေဒဏ်အပြစ်ပေးမည်ဟု ကြေညာထားသည်။

သိနာတောင်ခြေတွင် ဣသရေလများ ထုလုပ်ကိုးကွယ်ခဲ့သော ရွှေနွားရုပ်များကို ဆော်ဒီအစိုးရက ထိန်းသိမ်းပေးထားသဖြင့် ယနေ့တိုင် တွေ့မြင်နေရခြင်းဖြစ်သည်။ ယင်းရွှေနွားရုပ်သည် ရှေးအီဂျစ်ပြည်၏ နွားပန်းချီ နှင့် ဆင်တူကြောင်း သိရှိရသည်။

ပင်လယ်နီကိုကျော်ဖြတ်ခြင်း

ဘုရားသခင်က အရှေ့လေအားဖြင့် ထက်ခြမ်းခွဲခဲ့သော နေရာတွင် ယနေ့တိုင် မြောင်းကြီးပုံစံဖြင့် လမ်းမကြီးသဖွယ် တည်ရှိနေသည်။ ၄င်း၏

အောက်တွင် ပညာရှင်များက စက်ကိရိယာများ နှင့် အတူ ရေငုတ်ပြီး ရှာဖွေ ခဲ့ကြရာ ဖာရောစစ်တပ်သုံးမြင်းလှည်းဘီးအပါအဝင် အခြားအီဂျစ်ပြည်မှ အသုံးအဆောင်ပစ္စည်းမျိုးစုံကို ရှာဖွေတွေ့ရှိခဲ့ကြသည်။

ဣသရေလများဖြတ်ကူးခဲ့သောနေရာ တွင် အကျယ်ပေ ၅၀၀ခန့် နှင့် အနက် ပေ ၁၀၀၀ခန့် ရှိသော လမ်းမကြီး သဖွယ် အနေအထားကို ယနေ့တိုင်၊ တွေ့မြင် နေရဆဲဖြစ်သည်။

ဣသရေလလူမျိုးတို့ သည် အီဂျစ်ပြည်မှ ထွက်ခွာလာခဲ့ပြီး ဗာလဇေ ဖုန်မြို့ရှေ့ရှိ ပယ်လယ်နီကမ်းနား၌ တပ်ချနေကြစဉ်ဖာရောဘုရင် နှင့် စစ်တပ် တို့ လိုက်လာကြသောကြောင့် ရှေ့တိုး နောက်ဆုတ်မရဘဲ ဒုက္ခရောက်ခဲ့ကြရ သည်။ထိုသို့ဆင်းရဲဒုက္ခ တွေ့ကြုံနေရစဉ် ဘုရားသခင်၏ ဘုန်းထင်ရှားပြီး အရှေ့လေအားဖြင့် ပင်လယ်ကိုလှန်ပြန်၍ ထက်ခြမ်းခွဲကာဣသရေလ လူမျိုး တို့အားကယ်နှုတ်ခဲ့သည်။ ထိုသို့လွတ်မြောက်စေခြင်းအတွက် ရှောလမုန်မင်း ကြီးကဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းလျက် ဤဖြစ်ရပ်ကို အစဉ်အမြဲ သတိရနေစေရန်အတွက်ထက်ခြမ်းကွဲခဲ့သောပင်လယ်နီကမ်းခြေအနီး၌ (ဖာရော၊ ရှောလမုန်၊ ဘုရားသခင် ) ဟူသော အမည်သုံးခုဖြင့် ကမ္ပည်းရေးထိုးကာ ကျောက်တိုင်တစ်ခုကို စိုက်ထူထားခဲ့သည်။ ယင်းကျောက်တိုင်ကို ယနေ့တိုင် ၊ တွေ့မြင်နေရဆဲဖြစ်သည်။ (ထွက် ၁၄း၉၊ ၂၁) ၊

သိပ္ပံပညာရှင်များသည် တူရကီအစိုးရ၏ အကူအညီဖြင့် ၁၉၇၇ ခုနှစ် မှစ၍ ၁၉၈၈ ခုနှစ်အထိ အကြိမ်ကြိမ်လေ့လာစမ်းသပ်ခဲ့ကြပြီးနောက် နောဧ သင်္ဘောဟုတ်မှန်ကြောင်းအတည်ပြုနိုင်ခဲ့ကြသဖြင့် တူရကီအစိုးရက

နောဧသင်္ဘောတွေ့ရှိထားပြီဖြစ်ကြောင်း (၂၀-၆-၁၉၈၈)နေ့၌ ကမ္ဘာကို အသိပေးကြေညာခဲ့သည်။ ၁၉၇၈ ခုနှစ်၊ တူရကီငလျင်ကြောင့် သင်္ဘော၏ ပုံစံကို ပိုမိုထင်ရှားစွာ တွေ့မြင်ခဲ့ကြခြင်း ဖြစ်သည်။

ယခုအခါ တူရကီအစိုးရ က ကမ္ဘာလှည့်ခရီးသွားများ သွားရောက် လေ့လာနိုင်ရန်အတွက် နောဧသင်္ဘောတည်ရှိရာ အနီးတဝိုက်တွင်ပန်းခြံ နှင့် အဆောက်အဦများ ဆောက်လုပ်ပေးထားသည်။

သောဒုံ နှင့် ဂေါမောရမြို့သူမြို့သားများ ထုလုပ်ကိုးကွယ်ခဲ့ကြသော မြွေရုပ်၊ ခြင်္သေ့ရုပ်၊ ကျားရုပ်များကိုလည်း မီးလောင်ကျွမ်းထားသော အနေအထားဖြင့်မြင်တွေ့ရသည်။ ၄င်းတို့ ဆင်မြန်းခဲ့သော အလှအပ ပစ္စည်းများစွာကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။

မီးမလောင်ဘဲ ကျန်ရှိခဲ့သော အဝါရောင်ကန့်ခဲများကို စမ်းသပ်ကြည့်သော အခါ ကန့်ပါဝင်မှု ၉၅. ၇၂ ရာခိုင်နှုန်းရှိကြောင်း တွေ့ရှိရသည်။ ယင်းကို မီးရှို့ ၊ ကြည့်သောအခါ ခရမ်းရောင်မီးခိုးထွက်ပြီးအားလုံး လောင်ကျွမ်းသွားသည်ကို ၊ တွေ့ရသည်။

၁။ဓမ္မဟောင်းသည်ဓမ္မသစ်၏ ပုံရိပ်ဖြစ်သည်။

(ကော၂း၁၆-၁၇၊ ဟေဗြဲ ၈း၅၊ လု ၂၄း၄၄)

ပြက္ခဒိန်ဟောင်း Civil Calendar

BC 1446 ပသခါပွဲ Passover

ပြက္ခဒိန်သစ် Holy Calendar

ဂျူးလူမျိုးတို့တွင် ပသခါပွဲ မတိုင်မီ သုံးသော ပြက္ခဒိန်ဟောင်း နှင့် ပသခါပွဲမှစ၍ သုံးသော ပြက္ခဒိန်သစ်ဟူ၍ နှစ်မျိုးရှိသည်။ ပြက္ခဒိန်ဟောင်း၏ (၇)လပိုင်း သည် ပြက္ခဒိန်သစ်၏ (၁)လပိုင်းတွင် ကျရောက်သည်။ ပြက္ခဒိန်

ဟောင်းအရ နောဧသင်္ဘောအာရရတ်တောင်ပေါ်၌ တင်သည့် သတ္တမလ (၁၇) ရက်နေ့ (က ၈း၄) သည် ပြက္ခဒိန်သစ်အရ ပထမလ (၁၇) ရက်နေ့ ဖြစ်သည်။ ထို့ကြောင့် ယေရှုရှင်ပြန်ထမြောက်သည့်

ပထမလ(၁၇) ရက်နေ့ နှင့် အာရရတ်

တောင်ပေါ်၌ နောဧသင်္ဘောတင်သည့် ရက်မှာ တစ်ထပ်တည်း ကျရောက် သည်။

နောဧသင်္ဘောသည် ယေရှုကို ပုံဆောင်ပြီး ရေလွှမ်းမိုးခြင်းသည် တရားစီရင်ခြင်းကို ပုံဆောင်သည်။ နောဧသင်္ဘောထဲသို့ ဝင်ရောက်သူများ သေခြင်းမှ လွတ်မြောက်ကြသကဲ့သို့ ယနေ့ ခရစ်တော်၌ ရှိသူများ အားလုံးသည်လည်း အပါယ်ငရဲဟူသော ထာဝရသေခြင်းမှ လွတ်မြောက်ခွင့် ရရှိကြမည် ဖြစ်ပါသည်။ ) – ပသခါပွဲမှ စတင်ကာ Holy Calendar (ပြက္ခဒိန်သစ်) ကို အသုံးပြုခဲ့ ကြသည့်နည်းတူ ယေရှုဘုရား လောကသို့ ကြွဆင်းခဲ့ချိန်မှစ၍ ခရစ်သက္ကရာဇ် ပြက္ခဒိန်သစ် ပေါ်ပေါက်လာ ခဲ့သည်။

 

၂။ ပွဲတော်(၇)မျိုး

ဘုရားသခင်က မောရှေအား ပွဲတော်(၇)မျိုး ကျင်းပရန် မှာထားခဲ့သည်။ သမ္မာကျမ်းစာအရ (၇)ဂဏန်း သည် ပြည့်စုံခြင်းကို ဖော်ပြသည်။ ထိုပွဲတော် (၇)မျိုးသည် ယေရှု ပထမအကြိမ် ကြွလာခြင်း၊ အသေခံခြင်း နှင့် ရှင်ပြန် ထမြောက်ခြင်း၊ နှစ်တစ်ထောင်ကာလ အထိ သမိုင်းကြောင်းကို ပုံဆောင်ခြင်း ဖြစ်သည်။

(၁) ပသခါပွဲ (Passover) ဝတ် ၂၃း၅ ၊

ဣသရေလလူမျိုးများ အီဂျစ်ပြည်တွင် နှစ်ပေါင်း(၄၃၀) ကျွန်ခံရာမှ လွတ်မြောက်ခြင်းအထိမ်းအမှတ်အဖြစ် နှစ်စဉ် ကျင်းပသည့် ပွဲဖြစ်သည်။ ကျွန်ဘဝမှ လွတ်မြောက်နိုင်ရန် အိမ်တိုင်း ၊ သိုးကိုသတ်ပြီး အိမ်တံခါးထုပ်တိုင် များတွင် သုတ်လိမ်းခြင်းအားဖြင့် ဘုရားသခင် ကဣသရေလတို့၏ အိမ်များကို

ကျော်လွန်ကာ အီဂျစ်တို့၏ သားဦးများကို သေစေခဲ့သည်။ သိုးသူငယ်၏ အသွေးကြောင့် ဖာရောဘုရင်က စိတ်နှလုံး တောင့်မခံနိုင်တော့ဘဲ ဣသရေလ များအား နိုင်ငံအတွင်း မှ ထွက်ခွာခွင့်ပြုခဲ့ရသည်။ ထို့ကြောင့် ပသခါပွဲသည် ထာဝဘုရား၏ ကယ်တင်ခြင်း ဂရုဏာတော် ကို အစဉ်အမြဲ သတိရစေရန် ကျင်းပရခြင်း ဖြစ်သည်။

ပသခါပွဲအတွက် အသုံးပြုသော သိုးသူငယ် သည် အပြစ်မပါ၊ အခါ မလည်(တစ်နှစ်သား၊ဈေးအကြီးဆုံးအရွယ်) သော သိုးထီးဖြစ်ရမည်။ တဆေး မပါသောမုန့်၊ ခါးသော ဟင်းသီးဟင်းရွက် နှင့် တွဲစားရသည်။ (ထွက် ၁၂း၈၊

တော ၉း၁-၁၄၊ ၂၈း၁၆၊ တရား ၁၆း၁-၃) ပွဲတော်ကျင်းပသည့်ရက်မှာ ဂျူးပြက္ခဒိန်သစ် (Holy Calendar)အရ နီဆန်းလ (၁၅)ရက်နေ့ ဖြစ်သည်။ နီဆန်းလ (၁၄)ရက် ညဉ့်ဦးယံ သည် ဂျူးစံတော်ချိန် အရ (၁၅)ရက်နေ့တွင်

ကျရောက် သည်။ (ဝတ် ၂၃း၄-၅) ပသခါပွဲနေ့တွင် ယေရှုလက်ဝါး ကပ်တိုင်ပေါ်၌ အသေသတ် ခြင်းကို ခံခဲ့သည်။

ပသခါ သိုးသူငယ်သည် ယေရှုကို ပုံဆောင်သည်။ ထို့ကြောင့် ပသခါ သိုးသူငယ် တည်းဟူသော ယေရှု၏ အသွေးတော်အားဖြင့် အပြစ်သားဘဝမှ ရွေးနှုတ်ကယ်တင်ခဲ့၍ သာ ကျွန်ုပ်တို့သည် ယုံကြည်သူများ ဖြစ်လာကြသည်။ (၁ကော ၅း၇) အာဒံကျဆင်းချိန်မှစ၍ လူသားမျိုးနွယ်တစ်ရပ်လုံးအား ပြန်လည် ရွေးနှုတ်ကယ်တင်ရန်အတွက် ယေရှုဘုရားကိုယ်တိုင် လောကသို့ ကြွဆင်းလာ ကာ အသေခံမည့်အကြောင်းကို သိုးသတ္တဝါ အသေခံခြင်းအားဖြင့် ပုံရိပ်ပြခဲ့ပြီး ကာလအချိန်စေ့သောအခါ ကားတိုင်ပေါ်တွင် ကိုယ်တိုင် အသေခံခဲ့သည်။ (ဂလာ ၄း၄-၆)

(၂) အဇုမ (တဆေးမဲ့မုန့်ပွဲတော်) ဝတ်၂၃း၆-၈

(Feast of Unleavened Bread)

တဆေးမဲ့မုန့်ပွဲတော်ကို ပသခါပွဲနှင့် တစ်ဆက်တည်း (၇)ရက်ဆက်၍ ကျင်းပကြသည်။ ပထမလ(၁၅)ရက်နေ့မှ(၂၁)ရက်နေ့ အထိ ဖြစ်သည်။ တဆေးသည် အပြစ်ကို ပုံဆောင် သည်။ ထို့ကြောင့် ပွဲတော်ရက်များအတွင်း တဆေးကို နေအိမ် မှ ဖယ်ရှားကြသည်။

ဣသရေလတို့ တဆေးမဲ့မုန့်ကို စားကြသကဲ့သို့ ကျွန်ုပ်တို့သည်လည်း ကောင်းကင်မုန့် ဖြစ်သော နှုတ်ကပတ်တော်ကို စားကြရမည်ဖြစ်သည်။ (ယော ၆း၅၀-၅၁) ခန္ဓာကိုယ်ခွန်အားဖြစ်စေရန် အစားအစာများကို နေ့စဉ် မှီဝဲရသကဲ့သို့ နှုတ်ကပတ်တော်သမ္မာကျမ်းစာကိုလည်း နေ့ညမပြတ် ဖတ်ရှုရမည် ဖြစ်ပါသည်။ (ယောရှု ၁း၈) ၊

ပသခါပွဲသည် ရွေးနှုတ်ခြင်း အထိမ်းအမှတ်ဖြစ်ပြီး တဆေးမဲ့မုန့်သည် သန့်ရှင်းသော အသက်တာတွင် လျှောက်လှမ်းခြင်း ဖြစ်သည်။ (၁ကော ၅း၆-၈)

(၃) အဦးသီးပွဲ (ဝတ် ၂၃း၁၀-၁၂) ၊

တစ်နှစ်လုံးတွင် ပထမဦးဆုံးရိတ်သိမ်းရသော ကောက်လှိုင်းသီးနှံများကို ဘုရားသခင် အား ကျေးဇူးတော်ချီးမွမ်းသည့် အနေဖြင့် ချီလွှဲပူဇော်သည့်ပွဲ ဖြစ်သည်။ တဆေးမဲ့မုန့်ပွဲ၏နောက်တစ်နေ့ ဂျူးပြက္ခဒိန်၏ ပထမလဖြစ်သော နီဆန်း (Nisan)လ (၁၇)ရက်နေ့တွင် ကျင်းပကြသည်။ (ဝတ် ၂း၁၄-၁၆၊ ထွ ၂၃း၁၉၊ ဝတ် ၂၃း၁၀-၁၂)

အဦးသီးကို ပူဇော်ခြင်းသည် အရိပ်ဖြစ်၍ ခရစ်တော်၌ ပြည့်စုံခဲ့သည်။ (မ၂၇း၅၀-၅၃၊ ၁ကော ၁၅:၂၀) သီးနှံများကို စိုက်ပျိုးသောအခါ မျိုးစေ့အား

မြေ၌မြှုပ်နှံစိုက်ပျိုးသကဲ့သို့ သင်္ချိုင်းထဲ၌ မြှုပ်နှံခြင်းကို ခံ၍ သေသောသူတို့တွင် မပုပ်ပျက်တတ်သော ဝိညာဏ ခန္ဓာ (ဘုန်းရှိသော ကိုယ်ခန္ဓာ)ဖြင့် ပထမဦးဆုံး ထမြောက်သောသူဖြစ်သောကြောင့် အဦးသီးဟု ခေါ်ခြင်းဖြစ်သည်။

(၄) ပင်တေကုတ္တေပွဲ (Pentecost)

(ဝတ် ၂၃း၁၅-၂၂၊ ထွ ၂၃း၁၆၊ ၃၄း၂၂၊ )

အဦးသီးပွဲနေ့မှစ၍ ရက်ပေါင်း(၅၀)ပြည့်မြောက်သည့်နေ့သည် ၊ ပင်တေကုတ္တေပွဲနေ့ ဖြစ်သည်။ Pente သည် (၅) ဖြစ်ပြီး Cost မှာ (၁၀) ဖြစ် သည်။ ထို့ ကြောင့် Pentecost သည် ရက်(၅၀)ပြည့် ပွဲ (သို့) သီတင်းပတ်ပွဲဟု ခေါ်သည်။ ဂျုံ၊ မုယောစပါး နှင့် သီးနှံများကိုရိတ်သိမ်းရ ခြင်းအတွက် ကျေးဇူးတော်ချီးမွမ်းသည့် ပွဲဖြစ်၍ “ရိတ်သိမ်းပွဲ” ဟုလည်း ခေါ်သည်။

ဣသရေလများ ဤနေ့ ရက်တွင် မောရှေထံမှ ပညတ်တရားများကို ခံယူခဲ့ကြသည်။ဝတ် ၂၃း၁၇ မှ တဆေးပါသော မုန့်နှစ်လုံး မှာ ယုဒလူမျိုး နှင့် တပါးအမျိုးသားများကိုပုံဆောင် သည်။ (ဧ ၂း၁၅) ပင်တေကုတ္တေနေ့တွင် တမန်တော်ကြီးများ အပေါ်သို့ သန့်ရှင်း သော ဝိညာဉ်တော်ဆင်းသက်ခြင်းဖြင့် “အသင်းတော်” စတင်ဖြစ်ပေါ်လာသည်။ အသင်းတော်သည် တမန်တော် များ၏ ဦးဆောင်မှုဖြင့် အလျင်အမြန် တိုးပွားလာ ခဲ့သည်။ (တ ၂)

ပင်တေကုတ္တေပွဲ နှင့် တံပိုးမှုတ်ပွဲတို့ သည် (၄)လကွာခြားသည်။ ထိုကာလသည် အသင်းတော်ကာလကို ပုံဆောင်သည်။ ခရစ်တော် ဒုတိယအကြိမ် ပြန်ကြွလာမည့်နေ့ရက် အချိန်နာရီကို စောင့်မျှော်ရသည့် ကာလဖြစ်သည်။

(၅) တံပိုးမှုတ်ပွဲ (Trumpets)

(ဝတ် ၂၃း၂၃-၂၅၊ တော ၂၉း၁-၆)

တံပိုးမှုတ်ခြင်းသည် ဣသရေလ လူတို့ အားလုံး တဲတော်၌ လာရောက် စုဝေးကြရန် ဖြစ်သည်။ ပွဲတော်ကျင်းပသည့်ရက်မှာ ဂျူးပြက္ခဒိန် Tishri (သတ္တမလ ၁ ရက်)နေ့ ဖြစ်သည်။ တံပိုးမှုတ်ပွဲပြီးသည့်အခါ ယေရှု ဒုတိယ အကြိမ် ပြန်ကြွလာပြီး ယုံကြည်သူများကို သိမ်းဆည်း မည်ဖြစ်သည်။ တံပိုးမှုတ်ပွဲသည် ချီဆောင်ခြင်းကာလ ဖြစ်သည်။ (၁သက် ၄း၁၆-၁၇) နောက်ဆုံးသော တံပိုးမှုတ်ပွဲ၌ ဣသရေလလူမျိုးများ ပြန်လည်စည်းလုံးကြမည် ဖြစ်သည်။

(၆) အပြစ်ဖြေရာပွဲ (Day of Atonement)

(ဝတ် ၂၃း၂၆-၃၂၊ တော ၂၉း၉-၁၁) ဣသရေလလူတို့ နောင်တရ၍ အပြစ်ဆေးကြောသည့်ပွဲဖြစ်သည်။

ပွဲကျင်းပသည့် နေ့မှာ ဂျူးပြက္ခဒိန် Tishri လ(၁၀)ရက်နေ့ဖြစ်သည်။ အပြစ်မှ လွတ်မြောက်၍ တဲတော်ပွဲသို့ ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။ နောက်ဆုံးသော အပြစ်ဖြေရာနေ့တွင် ဣသရေလလူမျိုးအားလုံးတို့သည် အပြစ်မှ နောင်တရ၍ ရွေးနုတ်ထားသော လူမျိုးတော်ဖြစ်ကြောင်း မေရှိယသခင်အား ဝန်ခံကြ မည်ဖြစ်သည်။(ရော ၁၁း၂၅) (ထိုနေ့ မတိုင်မီ ငြင်းပယ်သော ဣသရေလ များသည် ကယ်တင်ခြင်း ရမည်မဟုတ်ပေ။)

(၇) တဲ တော် (သကေနေပွဲ)Feast of Tabenacale

(ဝတ် ၂၃း၃၃-၃၆၊ ထွက် ၂၃း၁၆၊ တော ၂၉း၁၂၊ တရား ၁၆း၁၃၊ ဇာခရိ ၁၄း၁၆)

အီဂျစ်ပြည်မှ နို့နှင့်ပျားရည်စီးသော ခါနာန်ပြည်သို့ ပို့ဆောင်ပေးခြင်း အတွက် ဘုရားသခင်အား ကျေးဇူးတော်ချီးမွမ်းသည့်ပွဲဖြစ်သည်။ Tishri (သတ္တမလ၁၅ရက်)နေ့မှစ၍ (၇)ရက်တိုင်ကျင်းပရသည်။ သကေနေပွဲသည်

ယေရှုကြွလာအုပ်စိုးမည့် နှစ်(၁၀၀၀)ကို ပုံဆောင်သည်။ခရစ်တော်၏ နှစ်တစ်ထောင် နိုင်ငံတော်၌ ဣသရေလတို့ ပျော်ရွှင်စွာပါဝင်ကြမည့် အမှတ် လက္ခဏာဖြစ်သည်။

ပွဲတော်(၇)ခုတွင်ပထမ(၃)ပွဲသည်ယေရှုပထမအကြိမ်ကြွလာခြင်းကို ပုံဆောင်ပြီး၊ အလယ်ပွဲမှာတပါးအမျိုးသားများ ရိတ်သိမ်းခြင်းကာလဖြစ်၍ နောက်(၃)ပွဲမှာ ယေရှုဒုတိယအကြိမ်ပြန်ကြွလာခြင်းကို ပုံဆောင်သည်။

၃။ ဘုရားသခင်၏ ကယ်တင်ခြင်းအစီအစဉ်များ ၊

အာဒံကျဆင်းချိန်မှစ၍ ခရစ်တော်ဘုရားကိုယ်တိုင် အသေခံ၊ အသွေး သွန်းခြင်းအားဖြင့် လူသားမျိုးနွယ်တစ်ရပ်လုံးကို ပြန်လည်ရွေးနှုတ်ကယ်တင် ရန်အတွက် ဘုရားသခင်က အစီအစဉ်များ ချမှတ်ဆောင်ရွက် ခဲ့သည္။ သိုးအသေခံခြင်းသည် ခရစ်တော်အသေခံခြင်း၏ ရှေ့ပြေးလက္ခဏာဖြစ်သည်။

(၁) သားရေဝတ်လုံ ၊

အာဒံနှင့် ဧ၀ တို့ ဘု ရား သခင် ကတားမြစ်ထားသော အသီး ကိုစားမိချိန်မှစ၍ ဤလောကသို့ အရှက် တရား စတင် ဝင်ရောက်လာခဲ့သည်။ ယင်းအရှက်တရားကို သင်္ဘောသဖန်းရွက် ဖြင့် ဖုံးအုပ်ခဲ့ကြသည်။ သို့သော် လူ၏ ကြိုးစားလုပ်ဆောင်မှုအားဖြင့် အရှက်တရားကို လုံခြုံအောင် မဖုံးအုပ်နိုင်ခဲ့ကြပေ။ သိုးသူငယ်၏ အသေခံ၊အသွေးသွန်းခြင်းဖြင့် ရရှိလာသောသားရေဝတ်လုံဖြင့် ဖုံးအုပ်ပေးလိုက်မှသာ အရှက်တရား နှင့် ကင်းလွတ်ခွင့် ရရှိခဲ့ကြသည်။

(၂) အာဗေလ၏ ယဇ်ပူဇော်ခြင်း ၊

ကာဣန နှင့် အာဗေလ တို့၏ ယဇ်ပူဇော်ခြင်းတွင် အာဗေလ၏ ယဇ်ပူဇော်ခြင်းကို လက်ခံခြင်းမှာ သိုးသူငယ်၏ အသေခံ၊ အသွေးသွန်း၍ ပူဇော်သောကြောင့် ဖြစ်သည်။ (

၁ယော ၃း၁၂) ကာဣန သည် စာတန်ကို ပုံဆောင်သည်။ ယဇ်ပလ္လင်သည် ကားတိုင်၏ ပုံရိပ်ဖြစ်သည်။ (ဟေဗြဲ ၉:၂၂၊ ၁၀၅၊ ကော ၂း၁၆-၁၇ ။ ဟေဗြဲ ၁၁း၄) ၊

(၃) ဣဇက်ကို ပူဇော်ခြင်း ၊

အာဗြဟံ၏ တစ်ဦးတည်းသောသား ဣဇက် ကို ပူဇော်စေခြင်းသည် ယေရှု၏ ရှေ့ပြေး နိမိတ်လက္ခဏာဖြစ်သည်။ (ဂလာ ၃း၁၆) ဣဇက်ကို ပူဇော်ရန် ဗေရရှေဘ မှ မောရိတောင်သို့ သုံးရက် ခရီးသွားခဲ့ကြသည်။ (ယေရှုသုံးရက်မြောက်သော နေ့၌ ရှင်ပြန်ထမြောက်ခဲ့သည်။) မောရိတောင် ၊ ပေါ်သို့ ရောက်သောအခါ အာဗြဟံ သည် ဣဇက်ကို ချည်နှောင်၍ ယဇ်ပလ္လင်ပေါ်၌ တင်သည်။ ဓါးကို ထုတ်၍ သတ်ခါနီးတွင် ဘုရားသခင်က သိုးသူငယ်ဖြင့် အစားထိုးကာ အသေခံ အသွေးသွန်းစေခဲ့သည်။ နောင်တွင် ဤမောရိ တောင် ပေါ် ၌ လ မှ န် မင်းကြီးက ဗိမာန် (ယေရုရှလင်ဗိမာန်တော်)ကို တည်ဆောက်ခဲ့သည်။

(၄) ပသခါနီး

အီဂျစ်ပြည်တွင် နှစ်ပေါင်း(၄၃၀)ကျွန်ခံနေသော ဣသရေလလူမျိုး ၊ များသည် သိုးသူငယ်၏အသေခံအသွေးသွန်းခြင်းအားဖြင့် ကျွန်ဘဝမှ လွတ်မြောက်ခဲ့ကြသည်(ထွက်၁၂) အီဂျစ်ပြည်သည် လောကကို ပုံဆောင်ပြီး ဖာရော ဘု ရင်မှာစာတန် ကို ပုံဆောင် သည် ၊မောရှေ သည် အံ့ဖွယ် | “နိမိတ်လက္ခဏာ(၉)မျိုးဖြင့်ပြသခဲ့သော်လည်းဖာရောဘုရင်(စာတန်)ကအရှုံးမပေး ခဲ့ပေ။နိမိတ်လက္ခဏာကို စာတန်လည်းလုပ်ဆောင်နိုင် သောကြောင့် နိမိတ်လက္ခဏာကိုချည်း အားကိုး၍ မရပေ။ ဆယ်ကြိမ်မြောက်သည် သိုးသူငယ်၏အသေခံ၊ အသွေးသွန်းခြင်း ဖြစ်သောကြောင့် ဖာရောဘုရင်က မတတ်သာတော့ဘဲ ဣသရေလလူမျိုးများကို လွှတ်ပေးလိုက်ရသည်။

(၅) ပသခါသိုးသူငယ်ယေရှု

အာဒံ၊ဧဝနှင့်စာတန်ကြောင့် လူသားမျိုးနွယ်တစ်ရပ်လုံးသည်ဘုရား သားအဖြစ်မှစာတန်၏သား(အပြစ်သား)အဖြစ်သို့ ကျဆင်းပြီး ထာဝရအသက် (ဝိညာဉ်)သေဆုံးခဲ့ရသည်။ထိုထာဝရအသက်ကို ပြန်လည်ရရှိနိုင်ရန်အတွက် အသေခံ၊အသွေးသွန်းခြင်းဖြင့် ရွေးနှုတ်ယူရမည်ဟု ခရစ်တော်ဘုရားကိုယ်တိုင် အမိန့်ဥပဒေထုတ်ပြန်ထားခဲ့သည်။ထို့ကြောင့်လူသားများကို သိပ်ချစ်သော ခရစ်တော်ဘုရားကဣဇက်၏ ကိုယ်စားသီးကိုအသေခံစေခဲ့သကဲ့သို့ ကျွန်ုပ်တို့ လူသားများအားလုံး၏ ကိုယ်စားသုံးသူငယ်ဖြစ်သော ယေရှုဘုရားကိုယ်တိုင် လက်ဝါးကပ်တိုင်ပေါ်တွင်အသေခံ၊ အသွေးသွန်းခြင်းအားဖြင့် ရွေးနှုတ် ကယ်တင်ပေးခဲ့သည်။(ရော ၆း၂၃)

ထို့ကြောင့်ခရစ်တော်ဘုရား၏လက်ဝါးကပ်တိုင်ပေါ်တွင်အသေခံအ သွေးသွန်းခြင်းသည် မိမိ၏အပြစ်များကိုဆေးကြောပေးခဲ့ခြင်းဖြစ်သည်ဟု ယုံ ကြည်ဝန်ခံသောသူသည်သေဆုံးသွားသောထာဝရအသက်ဝိညာဉ်ကိုပြန်လည်

ရှင်သန်ခွင့် ရရှိ မည်ဖြစ်ပါသည်။ (ရော ၁၀း၉၊ ယော ၁း၁၂၊ ယော ၃း၁၆)တစ်နေ့သော အခါတွင် သေခြင်းမှ ရှင်ပြန်ထမြောက်သော ယေရှုကဲ့သို့ ဝိညာဏခန္ဓာဖြင့်သခင်ဘုရားနှင့်အတူ ထာဝရအသက် ဆက်လက်ရှင်သန် ရမည်ဖြစ်သည်။ (ဗျာ ၁း၁၈၊ ၂၁း၄၊ ၂၂း၅) ၊

၄။ ကယ်တင်ခြင်း(၃)မျိုး (ဝိညာဉ် ၊ စိတ်၊ ခန္ဓာ) (၁) ဝိညာဉ် (ယေရှု+ကားတိုင်) ၊

(၂) စိတ် (နှုတ်ကပတ်တော်+သန်ရှင်းသောဝိညာဉ်တော်)

(၃) ခန္ဓာ (တန်ခိုးတော်)

၁။ ဝိညာဉ်ကယ်တင်ခြင်း

လူ့အပိုင်း ( ယုံကြည်သောအားဖြင့် ) +

ဘုရားအပိုင်း ( ကျေးဇူးတော်ကြောင့် ) +

ရလဒ် ( ကယ်တင်ခြင်းရ )

လူတိုင်းတွင် ဗီဇအပြစ် နှင့် ဒုစရိုက်အပြစ်မကင်းနိုင်သောကြောင့် အသက်ဝိညာဉ်ကယ်တင်ခြင်းရရန် လူ့အနေဖြင့် မည်မျှပင် ကောင်းအောင် ကြိုးစားကျင့်ကြံ ၊ လှူဒါန်းကြ သော်လည်း မရနိုင်ခြင်းဖြစ်သည်။ ထို့ကြောင့် ဘုရားက ပြုပေးသော ကျေးဇူးတရားကို ယုံကြည်လျှင် ကျေးဇူးတော် သက်သက်ကြောင့်သာ ကယ်တင်ခြင်းရခြင်း ဖြစ်သည်။ ရုတ်တရက် ကြည့်လိုက် လျှင် ယုံလိုက်ရုံ နှင့် ကယ်တင်ခြင်းရသည်ဟု ဆိုခြင်းမှာ လွယ်လွန်းသည်ဟု ထင်စရာ ဖြစ်သော်လည်း လုံးဝမလွယ်ကူသော အပိုင်းဖြစ်သော အသက်၊ သွေးစတေးရသည့် အပိုင်းကို ခရစ်တော်က လက်ဝါးကပ်တိုင်ပေါ်တွင် လုပ်ဆောင်ပေးခဲ့သောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် အသက်ဝိညာဉ် ကယ်တင်ခြင်းခံရရန် မိမိဘက်မှ ဘာမျှ လုပ်ဆောင်စရာမလို တော့ခြင်း

ဖြစ်ပါသည်။ လုပ်ယူ၍လည်း မရနိုင်ပေ။ ထို့ကြောင့် ဘုရားလုပ်ပေးသော ၊ အရာကို ယုံကြည်ဖို့ ရန်သာ လိုအပ်ခြင်းဖြစ်ပါသည်။

လူသည် အခြားသော လောကအရာအားလုံးကို ခက်ခက်ခဲခဲ ကြိုးစား လုပ်ဆောင်မှသာ ရကြသောကြောင့် ဝိညာဉ်အပိုင်းကိုလည်း လောကအရာများ ကဲ့သို့ ခက်ခက်ခဲခဲ ကြိုးစား၍ ရယူချင် ကြခြင်းမှာ လူ့သဘောကြောင့်ဖြစ်သည်။ အခြားသောအရာများအတွက် အလျော်အစားကို တန်ဖိုးဖြတ်နိုင်ကြသော်လည်း အပြစ်ကြွေးကို ဘာနှင့်မျှ အစားထိုး ချေဖျက် ပေးလျော်၍ မရပေ။ ထို့ကြောင့် လူက မည်သို့မျှ လုပ်၍ မရနိုင်သည့်အပိုင်း ဖြစ်သောကြောင့် ဝိညာဉ် ကယ်တင်ခြင်းအပိုင်းကို ဘုရားသခင်က ကမ္ဘာပေါ်ရှိ လူသားအားလုံးအတွက် လုပ်ပေးခဲ့ခြင်းဖြစ်သည်။ သို့သော် ဘုရားသခင်က လူကို ဖန်ဆင်းစ ကတည်းက လွတ်လပ်စွာ ရွေးချယ်ခွင့် ပေးထားပြီးဖြစ်၍ ရွေးချယ်ခြင်း သဘောတရား အရယုံသည်(သို့မဟုတ်) မယုံဘူးဆိုသည်မှာ လူက လွတ်လပ်စွာ ရွေးချယ် ရမည့်အပိုင်း ဖြစ်ပါသည်။ ထိုယုံကြည်လက်ခံသူ နှင့် မယုံကြည်သူ လူနှစ်မျိုး နှစ်စားစလုံး အတွက် ဘုရားသခင်ကနောက်ဆုံးသောနေ့ အတွက် နေရာ ပြင်ဆင်ထားပြီး ဖြစ်ပါသည်။ ထိုနေရာနှစ်ခုမှာ ကောင်းကင် နိုင်ငံနှင့် မရဏာနိုင်ငံ (ထာဝရငရဲ) ဖြစ်ပါသည်။

ပြုဘူးသမျှသော ကောင်းမှုကုသိုလ်တို့ သည် ညစ်သော အဝတ်စုတ်နှင့် တူပါ၏။ (ဟေရှာယ ၆၄း၆) ၊ ယုံသောစိတ်မရှိဘဲ ကျင့်သမျှသော အကျင့်တို့ သည် အပြစ်ရှိ၏။ (ရောမ ၁၄း၂၃)

မိမိညီအစ်ကိုကို အဘယ်သူမျှ အလျှင်းမရွေးနိုင်။ ရွေးရန် အဖိုးကို ဘုရားသခင်၌ မပေးနိုင်။ သူတို့ အသက်ဝိညာဉ်၏ ရွေးရန်အဖိုး ကြီးလှပေ၏။ သို့ဖြစ်၍ အစဉ်ရှုံးလျက် နေရမည်။ ရွေးလျှင် အစဉ်အမြဲ အသက်ရှင်ရာ၏။ ပုပ်စပ်ခြင်းသို့ မရောက်ရာ။ (ဆာ ၄၉း၇-၉) ၊

စကြဝဠာတစ်ခုလုံးကို ပိုင်စိုးရသော်လည်း ဝိညာဉ်ဆုံးရှုံးရင် ဘာအကျိုး ရှိမှာလဲ။ (မ ၁၆း၂၆)

ရေနစ်သူ အချင်းချင်း ကယ်၍ မရသကဲ့သို့၊ အပြစ်သားအချင်းချင်း ကယ်၍ မရပေ။ အပြစ်ကင်း သည့် ခရစ်တော်၏ အသွေးတော် အားဖြင့်သာကယ်တင်ရွေးယူနိုင်သည်။ (၁ပေ ၁း၁၈-၁၉)

(၂) စိတ်ကယ်တင်ခြင်း

သမ္မာတရားကို ကြားနာရုံသက်သက်ဆိုလျှင် မပြောင်းလဲသေးသော အသက်တာနှင့်ထူးမခြားနားဖြစ်နေမည်။ အပြစ်၏ သွေးဆောင်ခြင်းထဲတွင်သာ ကျင်လည်နေမည်။ သမ္မာ ကျမ်းစာကို ဖတ်ရွတ်နေရုံမျှ မဟုတ်ဘဲ သန့်ရှင်းသော ဝိညာဉ်တော်ဖွင့်ပြသည့်နှုတ်ကပတ်တော်ကို လက်တွေ့ နာခံလိုက်လျှောက် မှသာလျှင် ငြိမ်သက်ခြင်း အသက်တာကို ရရှိခံစားနိုင်မည် ဖြစ်သည်။ (ယာကုပ် ၁း၂၁-၂၂) အသိတရားကြွယ်ဝရုံမျှသာ လေ့လာခြင်းသည်

ကောင်းချီးမင်္ဂလာခံစား စေရန်အတွက် မဟုတ်ဘဲ မိမိကိုယ်ကို ထောင်ချောက် ဆင်ခြင်းသာ ဖြစ်သည်။ ထို့ကြောင့် နေ့စဉ် ကျမ်းစာ ဖတ်ရှုခြင်းနှင့်ကျင့်ကြံခြင်း သဟဇာတ ဖြစ်ရပါမည်။ ။

ကယ်တင်ခြင်းရပြီးသားလူတစ်ယောက်ကို စာတန်က ငရဲကျအောင် မလုပ်နိုင်တော့ ပေမဲ့ ယုံ ကြည် သူတွေကို စိတ်ဒုက္ခရောက်အောင်၊ စိတ်ပိုင်းဆိုင်ရာများကို တိုက်ခိုက်မည် ဖြစ်ပါသည်။ “သမ္မာသတိရှိလျက် မအိပ်ဘဲ စောင့်နေကြလော့။ သင်တို့၏ ရန်သူတည်းဟူသော မာရ်နတ်သည်

ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကို မျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေ လျက်ရှိ၏။ သို့ဖြစ်၍ လူ့ပြည်အရပ်ရပ်တို့၌ရှိသော သင်တို့ ညီအစ်ကို များတို့ သည် ထိုသို့ သော ဒုက္ခဆင်းရဲကို ခံရကြသည်ဟု သိမှတ်လျက် ယုံကြည်ခြင်း၌ တည်၍ မာရ်နတ်ကို ဆီးတား ကြလော့။ (၁ပေ ၅း၈-၉)

(၃) ခန္ဓာပိုင်းဆိုင်ရာ ကယ်တင်ခြင်း

“လူအပေါင်းတို့ သည်လည်း ငါ၏ နာမကြောင့် သင်တို့ကို မုန်းကြ လိမ့်မည်။ အကြင် သူသည် အဆုံးတိုင်အောင် တည်ကြည်၏။ ထိုသူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။ (မ ၁၀း၂၂)”

မယုံကြည်သူများက ခရစ်တော်၏ နာမကြောင့် ယုံကြည်သူများကို မုန်းပြီး ရိုက်နှက်၊ ဖမ်းဆီး၊ သတ်ဖြတ်ကြသောအခါ မကြောက်ကြရန် နှင့် ယုံကြည်သူများ၏ ရုပ်၊ ခန္ဓာ၊ အသက် ကို ခရစ်တော်က ကယ်တင်မည်ဟု ပြောထားပါသည်။ ခရစ်တော်၌သာ သစ္စာရှိနေလျှင် ကယ်တင်မည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။ ။

ယဇ်ပုရောဟိတ်မင်း နှင့် ဇဒ္ဒကဲတို့ က ပေတရုကို ဖမ်းဆီးပြီး သတ်ဖြတ်ရန် ထောင်ထဲ၌ လှောင်ထားကြသည်ကို ကောင်းကင်တမန်က တံခါးဖွင့်ပြီး ပေတရုအား အံ့ဖွယ်ကယ်တင်ခဲ့ခြင်းသည် ခန္ဓာပိုင်းဆိုင်ရာကို ကယ်တင်ခြင်း ဖြစ်ပါသည်။ (တ ၁၂:၁-၁၉)

ထို့ကြောင့် ဘုရားသခင် က လူကို ခန္ဓာ၊ စိတ်၊ ဝိညာဉ် (၃)မျိုး နှင့် ဖန်ဆင်းထားသည့် အတိုင်း ၊ ထို(၃)မျိုးစလုံးကို ကယ်တင်ဖို့ ယေရှုဘုရား၏ ကားတိုင်ပေါ်မှ ကယ်တင်ခြင်း လုပ်ရပ်သည် ကျွန်ုပ်တို့ အားလုံးအတွက် လုံလောက်ပေသည်။

၅။ပွဲတော်မဂ်လာ (Lord’s Supper)

ပွဲတော်မင်္ဂလာကို ဓမ္မဟောင်းခေတ်က ပသခါပွဲ (Passover) အမည်ဖြင့် ကျင်းပခဲ့ကြပြီး ဓမ္မသစ်ခေတ်တွင် ခရစ်တော်၏ နောက်ဆုံးသော ညစာစားပွဲမှ အစပြုကာ ယနေ့ ယုံကြည်သူများက ပွဲတော်မင်္ဂလာအဖြစ် ဆက်လက်ကျင်းပလျက် ရှိသည်။

ပသခါပွဲ (ကျော်လွန်ခြင်း)မှာ ဣသရေလလူတို့ အီဂျစ်ပြည်တွင် နှစ်ပေါင်း (၄၃၀) ကျွန်ခံရာမှ ဘုရားသခင်က အံ့ဖွယ်လွတ်မြောက်စေခြင်း အတွက် ကျင်းပသော ပွဲဖြစ်သည်။ (ထွက် ၁၂း၁-၈) အီဂျစ်ပြည်မှ မထွက်ခွာမီ ညတွင် သိုးကိုသတ်ပြီး အကောင်လိုက် ကင်ကာ၊ တဆေးမပါသောမုန့်၊ ခါးသော ဟင်းသီးဟင်းရွက် နှင့် စားရသည်။ သွေးကို အိမ်၏ တံခါးထုပ် နှင့် တိုင်များတွင် သုတ်လိမ်းထားရသည်။ ဘုရားသခင်က သိုးသူငယ်၏ အသွေးကို သုတ်လိမ်း ထားသော ဣသရေလတို့၏ အိမ်များကို ကျော်လွန်ကာ အီဂျစ်တို့ ၏ သားဦးများကို သေစေသည်။ သိုးသူငယ်၏ အသွေးမှာ အပြစ်မဲ့သော အသက်တစ်ချောင်းက အပြစ်ရှိသော အသက်တစ်ချောင်း အတွက် အစားဝင်သည့် အမှတ်လက္ခဏာ ဖြစ်သည်။

ပသခါပွဲ ကျင်းပသောကာလမှာ ဣသရေလပြက္ခဒိန်သစ် နီဆန်းလ (၁၅)ရက်နေ့ ဖြစ်သည်။ ပသခါပွဲကို နှစ်စဉ်နှစ်တိုင်းကျင်းပလာခဲ့ကြရာ ခါနာန်ပြည် သို့ ရောက်သောအခါ တဲတော်၌ ကျင်းပကြသည်။ နောက်ပိုင်းတွင် ဗိမာန်တော်၌ ဖြစ်လာသည်။ (ထွက် ၁၂း၁၄၊ယော ၁၁း၅၅) ၊

နောက်ဆုံးသော ပသခါ ညစာကို ယေရှုက တပည့်တော်(၁၂)ပါး နှင့်အတူ စားသောက် ခဲ့သည်။ ထို့နောက် ဣသရေလများ နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့ကြသည့် ပသခါ ပွဲတော်ရက်၌ပင် ခရစ်တော်ဘုရားက ပသခါ သိုးသူငယ်အဖြစ် လက်ဝါးကပ်တိုင်ပေါ်တွင် သက်တော်စွန့်ခဲ့ သည်။ (ယော ၁၉း၁၄၊၃၁)

ဣသရေလတို့၏ ပသခါပွဲမှာ ခရစ်တော် လောကသို့ မကြွလာမီ ရှေ့ပြေးပုံရိပ် ဖြစ်သည်။

(၁) ပသခါ သိုးသူငယ် = ယေရှု

(၂) သိုးသူငယ်၏ အသွေး = ကားတိုင်ပေါ်က အသွေးတော်

(၃) တဆေးမဲ့မုန့်

= ကောင်းကင်မုန့် (သို့) ယေရှု၏

ခန္ဓာကိုယ် (ယော ၆း၅၀-၅၁)

(၄) ခါးသောဟင်းသီးဟင်းရွက် (ကျွန်ဘဝ၏ ခါးသီးသော ဘဝကို အမြဲအောက်မေ့ စေရန်) = ခရစ်တော်၏ ဆင်းရဲခြင်း

ဒုက္ခဝေဒနာကို အမြဲအောက်မေ့စေရန်

ယနေ့ ယုံကြည်သူများစားသော ပွဲတော်မင်္ဂလာမှာ ယေရှုက အစပြု ခဲ့သည်ဖြစ်၍ ကျေးဇူးတော်မင်္ဂလာခွက်ဖလားဟုလည်း ခေါ်ပါသည်။ ( ၁ကော ၁၀း၁၆) ယေရှုက “ဤခွက် သည် အကျွန်ုပ်ကို လွန်သွားနိုင်လျှင် လွန်သွားပါစေ” (မ ၂၆း၃၉) ဟု ခမည်းတော်ဘုရားထံ ဆုတောင်း ခဲ့ပါသော်လည်း ကိုယ်တော်သည် ကျွန်ုပ်တို့ အပြစ်များ၏ ကိုယ်စား ချိုးဖဲ့ခြင်းကို ခံရသော ပသခါ သိုးသူငယ်ဖြစ်သောကြောင့် ထိုခွက်ဖလားသည် လွန်မသွား ခဲ့ပေ။ ကိုယ်တော် ခံခဲ့ရသော ဝေဒနာခွက်ဖလားကြောင့်သာ ကျွန်ုပ်တို့ အတွက် မင်္ဂလာခွက်ဖလား ဖြစ်ခဲ့ရပါသည်။ (၁ကော ၁၀း၁၆)

ကိုယ်တော်၏ ခန္ဓာကိုယ်အသေခံခြင်းသည် အာဒံမှ ဆင်းသက် သော မွေးရာပါဗီဇအပြစ် အတွက် ဖြေရှင်းပေးခဲ့ခြင်းဖြစ် သည်။ (ဆာ ၅၁း၅၊ ၁ကော ၁၁း၂၄) အသွေးသွန်းခြင်း သည် မွေးစ မှ ယနေ့တိုင် နေ့စဉ် အသက်တာတွင် ပြစ်မှားသော ဒုစရိုက် အပြစ်များအတွက် ဆေးကြောဖုံးအုပ် ပေးခဲ့ခြင်းဖြစ်သည်။ (ရော ၃း၂၃၊ ၁ကော ၁၁း၂၅)

ကျွန်ုပ်တို့ အားလုံး၏ အပြစ်ရှိသမျှကို ကိုယ်တော်က ဆေးကြောပေးခဲ့ပြီး ဖြစ်သောကြောင့် ပွဲတော်မင်္ဂလာ ဝင်သောအခါ ဝမ်းနည်းကြေကွဲစွာဖြင့် အပြစ်များကို ခွင့်လွှတ် ပါရန် တောင်းပန်ပြီး စားသောက်ရန် မဟုတ်ပေ။ ကိုယ်တော်ပြုခဲ့သော ကျေးဇူးတော်ကြောင့် ခံစားရသော မင်္ဂလာအပေါင်းကို အောက်မေ့လျက် ဝမ်းမြောက်ပျော်ရွှင်စွာဖြင့် ကျေးဇူးတင်ကာ စားသောက်ရသော

သောပွဲဖြစ်ပါသည်။ (ယော ၆း၄၈-၅၁၊ တ ၂း၄၆-၄၇)

အပြစ်လွှတ်ခြင်း ခံယူပြီးသူများသည် ပွဲတော်မင်္ဂလာဝင်ရန် ထိုက်တန် သူများဖြစ်ပြီး မယုံကြည်သူများ နှင့် စိတ်နှလုံးထဲ၌ ခရစ်တော်ကို မိမိ၏ ကယ်တင်ပိုင်ရှင်အဖြစ် အမှန်တကယ် လက်မခံဘဲ အကြောင်းအမျိုးမျိုးကြောင့် ဟန်ဆောင်စားသောက်သူများသည် ပွဲတော် မင်္ဂလာ နှင့် မထိုက်တန်သူများ ဖြစ်သည်။ (၁ကော ၁၁း၂၉) ၊

မုန့်နှင့်ခွက်ကို လက်ခံရရှိပြီးသောအခါ အောက်ပါအတိုင်း ချီးမွမ်း ရွတ်ဆိုကာ စားသုံးနိုင်ကြပါသည်။

မုန့်

ကားတိုင်ပေါ်မှာ ဒဏ်ချက်တော်အားဖြင့် နာကျင်စွာချိုးဖဲ့ အသေခံပြီး ကျွန်တော်/မ ရဲ့ အပြစ်များကို လွှတ်ပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ကိုယ်တော်ရဲ့ အခမဲ့ ကျေးဇူး ပြုမှုကြောင့် အပါယ်ငရဲမှ လွတ်မြောက်ပြီး ထာဝရအသက် ကို ပေးသောကြောင့် ကျေးဇူးတင်ပါတယ် အဖ။ အာမင် ။ (ရော ၅း၈၊ ၁ကော ၁၁း၂၄) ၊

စပျစ်ရည်

အသွေးမသွန်းလောင်းဘဲ အပြစ်လွှတ်ခြင်းမရှိဘူး။ ဒါပေမဲ့ ကိုယ်တော်က ကျွန်တော်/မ ပြုမိမှားတဲ့ ဒုစရိုက် အပြစ်များကို အသွေးတော်နဲ့ ဆေးကြော ဖုံးအုပ်ပေးခဲ့တဲ့အတွက် ကျေးဇူး တင်လိုက်တာ ကိုယ်တော်ရယ်။ အာမင်။ (ဟေဗြဲ ၉း၂၂၊ ၁ ယော ၁း၇)

၆(၁)။ ကျမ်းပြုဆရာများ (Scribes)

စာပုံနှိပ်စက်မပေါ်မီက အစိုးရ နှင့် ဘာသာရေးဆိုင်ရာ မှတ်တမ်း မှတ်ရာများကို မိတ္တူ ပြုလုပ်ရန် လက်ဖြင့် ကူးယူရေးသားကြသော စာရေးတော်ကြီးများကို ကျမ်းပြုဆရာများ (Scribes) ဟု ခေါ်သည်။ ၄င်းတို့ သည် မောရှေ၏ ပညတ်ကျမ်းကို အခြေပြု၍ မြောက်မြားစွာသော နည်းဥပဒေပညတ်များကို ချဲ့ထွင်ရေးသားခဲ့ကြသည်။ ယုဒများအား ထိုဥပဒေ အတိုင်း လိုက်နာကြရန် တင်းကြပ်စွာ စေခိုင်းခဲ့ကြ၍ ပညတ်တရား၏ ဝန်ထုပ် ပိလေးခဲ့ကြရသည်။(မ ၁၅း၁-၉၊ ၂၃း၂-၄) ၊

ကျမ်းပြုဆရာ များသည် ပညတ်တရားသင်ကြားသူများ နှင့် တရားဟောဆရာများ ဖြစ်ကြသည်။ (မ ၂၂:၃၅၊ ၂၃း၂-၇) တရားဇရပ် များအတွက် သင်ကြားမှုများကိုလည်း ၄င်းတို့ က ချုပ်ကိုင်ခဲ့ကြသည်။ (မ ၂၃း၂၆၊ လု ၆း၆-၇၊ ၂၀း၄၆) ကျမ်းပြုဆရာအများစုမှာ ဖာရိရှဲ အုပ်စုဝင်များဖြစ်ကြသည်။ (မ ၅:၂၀၊ ၁၂း၃၈၊ ၁၅း၁၊ ၂၃း၂၊ တ ၅း၃၄၊ ၂၂း၃) ၄င်းတို့ သည် ယေရှုအမှုတော်ဆောင်ချိန်ကာလတစ်လျှောက်လုံး ဆန့်ကျင်ခဲ့ ကြပြီး ယေရှုအား ကားတိုင်တင်သတ်ရာ၌လည်း ကူညီခဲ့ကြသည်။ နောက်ပိုင်း တွင် ယေရှု၏ နောက်လိုက်များစွာတို့ ကို ညှဉ်းပန်း နှိပ်စက်ခဲ့ကြသည်။ (မ ၁၆:၂၁၊ ၂၁း၁၅၊ ၂၆း၅၇၊ တ၄း၆-၇၊ ၆း၁၂)

AD ၇၀ တွင် ယေရုရှလင်မြို့ ဖျက်ဆီးခံရပြီးနောက် ယုဒဗိမာန်တော် အခမ်းအနား များလည်း ချုပ်ငြိမ်းသွားခဲ့သည်။ သို့သော် ကျမ်းပြုဆရာများ၏ ဩဇာညောင်းမှုမှာ ဆက်လက် ရှင်သန်လျက်ရှိသည်။ AD ၂၀၀ ခန့်တွင် ကျမ်းပြုဆရာများ(ရှိဆရာများ) က မိရိုးဖလာ အစဉ်အလာအတိုင်း ရွတ်ဆိုခဲ့ကြသော ရှေးထုံး စဉ်လာများကို ရေးသားမှတ်တမ်းတင်ခဲ့ကြသည်။ ထိုအရာကို Mishnah ဟုခေါ်သည်။ AD ၄၀၀ မှ ၅၀၀ အတွင်း ကျမ်းပြုဆရာများက Mishnah တွင် ၄င်းတို့ ၏ မှတ်ချက်များကို

ထပ်မံဖြည့်စွက်ခဲ့ကြသည်။ ယင်းကို Gemara ဟုခေါ်သည်။ Mishnah နှင့် Gemara နှစ်ခုပေါင်း၍ ယနေ့တိုင် ဘာသာအယူအဆ ပြင်းထန်လွန်းသည့် ယုဒများက တာလ်မွဒ် (Talmud) ကျမ်းအဖြစ် ဆက်လက် လိုက်နာယုံကြည် လျက် ရှိကြသည်။

(၂) ဖာရိရှဲ (Pharisees)

ဖာရိရှဲ ဆိုသည်မှာ သီးခြားနေသူများ ဟု အဓိပ္ပါယ်ရပါသည်။ ပရောဖက်ပြု ဟောပြောသောခေတ်ကုန်ဆုံးပြီးနောက် BC ၁၅၀ ခန့်တွင် ပေါ်ပေါက်လာသော ဂိုဏ်း ဖြစ်သည်။ ဘာသာရေးဆိုင်ရာ ဝတ်ပြုကိုးကွယ်ခြင်း များ၌ သူတစ်ပါးထက် ကြပ်တည်းစွာစောင့်ရှောက်ကြသည်။ အခြားယုဒများ နှင့် မရောနှောဘဲ သီးခြားနေထိုင်ကြခြင်းကြောင့် ဖာရိရှဲ ဟု အမည်ရကြသည်။ (တ ၂၆း၅၊ ဂလာ ၁၂း၁၂)

ဖာရိရှဲ များသည် ရှင်ပြန်ထမြောက်ခြင်း၊ ကောင်းကင်တမန်၊နာမ်ဝိညာဉ် သုံးပါးလုံးရှိသည်ဟု ယုံကြည်ကြသည်။ (တ ၂၃း၆-၈) ၄င်းတို့ သည် မောရှေ၏ ပညတ်ကျမ်းအပြင်၊ ကျမ်းပြုဆရာ(Scribes)များ ထပ်မံချဲ့ထွင်သည့် ရှေးထုံးစဉ်လာများ နှင့် တာလ်မွဒ်ကျမ်းတို့ကို လိုက်နာ ကျင့်ကြံကြသည်။ (မ ၁၆း၁-၉) ထို ပညတ်တရားများအတိုင်း လို က် လျှောက်လျှင် ဘုရားသခင်၏ ရှေ့တော်၌ ဖြောင့်မတ်သည်ဟု ယူဆကြသည်။ အပြစ်ပြုလုပ် မိလျှင် အာပတ် ဖြေခြင်း၊ အစာရှောင်ခြင်း၊ ပေးကမ်းစွန့်ကြဲခြင်း၊ ရေဖြင့် ဆေးကြောခြင်း တို့ဖြင့် အပြစ်များ လွှတ်နိုင်သည်ဟု ယုံကြည်ကြသည်။ မနောကံ၌ အပြစ်မရှိ၊ ကာယကံမြောက်ကျူးလွန်မှသာ အပြစ်ဖြစ်သည်ဟု ယူဆကြသည်။ စိတ်နှလုံးကို အခြေမခံဘဲ အမြင်အားဖြင့်သာ ဆုံးဖြတ် တတ်ကြသည်။ (မ ၁၅း၁၆-၂၀)

တမလွန် နှင့် ပတ်သက်၍ ရှင်ပြန်ထမြောက်သောအခါ မိမိတို့၏ မယားများ နှင့်တစ်ဖန် တွေ့ဆုံ၍ ချစ်ခင်ပျော်ပါးကြရမည်ဟု ယုံကြည်ကြသည်။

ထို့ ကြောင့် ရှင်ပြန်ထမြောက် ခြင်းကို လက်မခံသောဇျကဲများက လင်(၇)ယောက် ရဘူးသော မိန်းမသည် နောင်ဘဝ၌ မည်သည့်လင်၏ မိန်းမ ဖြစ်မည်နည်းဟု မေးမြန်းခဲ့ကြသည်။ (မ ၂၂း ၂၅-၂၈)

ဖာရိရှဲ တို့ က ၄င်းတို့၏ ပညတ်များကို ယေရှု မလိုက်နာဟု ပြစ်တင်ဝေဖန်ကြသည်။ ယေရှုကလည်း ဘုရားသခင်၏ ပညတ်တော်ကို ဖာရိရှဲတို့ မလိုက်နာဟု ပြစ်တင်ပြောဆို ခဲ့သည်။ (မ ၁၂း၁-၂၊ ၁ဝ-၁၄၊ ၁၅း၁-၂ မာ ၃း၁-၆၊ ၇း၁-၉၊ လု ၁၃း၁၀-၁၄၊ ယော ၉း၁၆) ထို့ကြောင့် ဖာရိရှဲ တို့က ယေရှုကို မုန်းတီးပြီး ဇဒ္ဒုကဲ (ယုဒကောင်စီ) တို့နှင့် ပူးပေါင်းခဲ့ကြ သည်။ ၄င်းတို့ အနက် နိကောဒင် အမည်ရှိသော ဖာရိရှဲ တစ်ဦးက ယေရှုကို ယုံကြည်လက်ခံခဲ့သည်။ (ယော ၃း၁၊ ၇း၄၅-၅၂၊ ၁၉း၃၈-၄၀)

ခရစ်ယာန်တို့ကို ဖာရိရှဲတို့က ပြင်းထန်စွာ နှိပ်စက်ညှဉ်းဆဲ ခဲ့ကြရာတွင် တာရှုမြို့သားရှောလုအမည်ရှိ ဖာရိရှဲ က ဦးဆောင်ခဲ့သည်။ (တ ၆း၁၃-၁၄၊ ၇း၅၇-၅၈၊ ၈၃၊ ၂၃း၆) နောင်တွင် ဖာရိရှဲ ရှောလု က ပြောင်းလဲပြီး ရှင်ပေါလု ဖြစ်လာခဲ့သည်။

AD ၇ဝ ၌ ယေရုရှလင်မြို့ကို ရောမတို့ ဖျက်ဆီးလိုက်ပြီးနောက် ဇျကဲများ နှင့် ယုဒ ကောင်စီလည်း ပျောက်ကွယ်သွားခဲ့ပြီး ဖာရိရှဲများသာ ကျန်ရှိသည်။ ယခုအခါတွင် ဖာရိရှဲတို့၏ ထုံးတမ်းစဉ်လာ ယုံကြည်ခြင်းများကို ယုဒဘာသာဝင်များက ဆက်လက်ထိန်းသိမ်း စောင့်ရှောက်လျက် ရှိသည်။

(၃) ဇဒ္ဒုကဲ (Sadduces)

ဇာဒုတ်သည် လေဝိယဇ်ပုရောဟိတ်မင်းများမှ ဆင်းသက်သည်။ (ဧဇရ ၇၁-၅) ဒါဝိဒ်မင်းကြီး၏ လက်ထက်၌ သစ္စာရှိစွာ တာဝန်ထမ်းဆောင် ခဲ့သောကြောင့် ရှောလမုန် မင်းကြီးက ၄င်းအား ယဇ်ပုရောဟိတ် အကြီးအကဲ အဖြစ်ခန့်အပ်ခဲ့သည်။ (၂ရာ ၈း၁၇) ၊

ဇာဒုတ် မှ ဇဒ္ဒုကဲများဖြစ်လာပြီး ခရစ်တော်လက်ထက်တွင် ဖာရိရှဲ များ နှင့် ဩဇာ အပြိုင်ဖြစ်ခဲ့ကြသည်။ ၄င်းတို့ သည် များသောအားဖြင့် ကြွယ်ဝချမ်းသာသူများ ဖြစ်ကြသည်။ ယဇ်ပုရောဟိတ်မင်းနေရာကို ဇျကဲများထဲမှသာ ရွေးချယ်ကြပြီး ဗိမာန်တော်ကိစ္စများကိုလည်း ၄င်းတို့ကသာ ချုပ်ကိုင်ထားကြသည်။ ယုဒ အမျိုးသားရေးရာ ဗဟိုညီလာခံ (ဆန်ဟီဒရင်း) တွင်လည်း အဓိကနေရာ ရထားကြသည်။ (တ ၂၃း၆-၁၀)

ဘာသာရေးတွင် မောရှေ၏ ပညတ္တိကျမ်းငါးကျမ်းကို သာ လက်ခံကြသည်။ ရှင်ပြန် ထမြောက်ခြင်း၊ ကောင်းကင်တမန် နှင့် နာမ်ဝိညာဉ်တို့ မရှိဟု ခံယူထားကြသည်။ (တ ၂၃း၈) ထို့ကြောင့်ရှင်ပြန်ထမြောက်ခြင်း အကြောင်းကို ဟောသောပေတရု နှင့် ယောဟန်တို့ ဖမ်းဆီး ချုပ်နှောင် ခံခဲ့ကြ ရသည်။ ( တ၄း၁-၃၊ မ ၂၂း၂၃)

ဇျကဲများသည် မျိုးရိုးမြင့်သော ပဒေသရာဇ်များကဲ့သို့ ဖြစ်သော ကြောင့် ဖာရိရှဲတို့ လောက် လူကြိုက်မများပေ။ AD ၇ဝ ၌ ယေရုရှလင်မြို့ သွားခဲ့ကြသည်။ ကို ရောမတို့ ဖျက်ဆီးလိုက်ပြီး နောက် ဇျကဲများလည်း ပျောက်ကွယ်

(၄) မာဂုပညာရှိ (Magi) ၊

ဗာဗုလုန်တိုင်းပြည် (အီရတ်) တွင် မာဂုအမည်ရှိ ဂိုဏ်းတစ်ခု ရှိသည်။ ၄င်းတို့ သည် နက္ခတ်ပညာရှင်များဖြစ်ကြသည်။ ဗာဗုလုန်နန်းတော်၌ ဒံယေလသည် မာဂုတို့၏ အကြီးအမှူး ဖြစ်ခဲ့သည်။

ထိုအချိန်က ဗာဗုလုန်တိုင်းပြည်တွင် ကိုးကွယ်သော ဇိုရို့စ်ကား ဘာသာတရားတွင် လောကကြီးကို ပြုပြင်ပြောင်းလဲ၍ လူသားအားလုံးကို ငြိမ်းချမ်းခြင်းဖြစ်စေမည့် ထူးမြတ်သည့် ပုဂ္ဂိုလ်တစ်ဦးပေါ်ထွန်းလာလိမ့်မည်ဟု မျှော်လင့်လျက် ရှိကြသည်။ ထိုစဉ် ဖမ်းဆီးချုပ်နှောင် ထားခြင်းခံရသော ယုဒအကျဉ်းသားများထံမှ ယုဒရှင်ဘုရင် မေရှိယ ကြွလာမည်ဟု ကြားသိရ

ပြန်သောအခါ မာဂုပညာရှိများက သာ၍ မျှော်လင့်နေခဲ့ကြသည်။ ထိုသို့ မျှော်လင့်နေကြချိန်တွင် ထူးဆန်းသော ကြယ်ကြီးတစ်လုံးကို မြင်တွေ့ကြရာမှ ကြယ်၏ နောက်သို့ လိုက်လာကြရင်း ယုဒပြည်ဗက်လင်မြို့တွင် ကယ်တင်ရှင် ခရစ်တော် မွေးဖွားခြင်းကို ဖူးမြင်ပူဇော်ခဲ့ကြသည်။(မဿဲ၂) ၊ လောဗန် – (လောဗန်ပင်မှရသော အစေးဖြစ်သည်။ ၄င်းအပင်

သည် ထင်းရှူး(သပိတ်ပင်) မျိုးဖြစ်သည်။ မုရန် – (မုရန်ပင်၏ အစေးဖြစ်သည်။)

ဤအစေးများသည် နံ့ သာပေါင်းဆီမွှေးဖော်စပ်ရာတွင် ရောစပ် အသုံးပြုသည်။ ယေရှု မွေးဖွားလာသောအခါ မာဂုပညာရှိများ ထိုဆီမွှေးကို ဆက်သခဲ့ကြသကဲ့သို့ ယေရှု၏ ခေါင်းပေါ်သို့ သွန်းလောင်းသော ဆီမွှေး နှင့် အလောင်းတော်ကို ပြင်ဆင်သောဆီမွှေးမှာလည်း ထိုဆီမွှေးပင်ဖြစ်သည်။

အန္န (Anna)

သခင်ယေရှု မွေးဖွားခဲ့စဉ်က ဗိမာန်တော်၌ ရှိခဲ့သော မုဆိုးမ ပရောဖက်ဖြစ်သည်။ (လု ၂း၃၆-၃၇)

(၅) အန္နတ် (Annas)

ဆန်ဟီဒရင်း (Sanhedrin) သည် ဂျူးလူမျိုးတို့၏ အမြင့်ဆုံးသော တရားလွှတ်တော် အာဏာပိုင်အဖွဲ့အစည်းဖြစ်သည်။ လွှတ်တော်တွင် အဖွဲ့ဝင်(၇ဝ)ဦးပါဝင်သည်။ မောရှေက သူ့ကို ကူညီဖို့ ခန့် ထားသည့် လူဦးရေအတိုင်း ဖြစ်သည်။ (တောလည် ၁၁း၁၆) လွှတ်တော် ထဲတွင် ဖာရိရှဲ၊ ကျမ်းပြု၊ ဇျာ နှင့် ယဇ်ပုရောဟိတ်များပါဝင်သည်။ လွှတ်တော်၏ အကြီးအကဲ မှာ ယဇ်ပုရောဟိတ်မင်းကြီးဖြစ်သည်။

ဂျူးလူမျိုးတို့ လွတ်လပ်ချိန်က ယဇ်ပုရောဟိတ် အကြီးအကဲ ရာထူးကို ပုဂ္ဂိုလ်တစ်ဦး တည်းက တစ်သက်လုံးရယူထားနိုင်ခွင့်ရှိသည်။သို့သော်

ရောမတို့၏ အုပ်စိုးမှုအောက်သို့ ရောက်ရှိလာသောအခါ ထိုရာထူးကိုအမြဲတမ်း ယူထားနိုင်ခွင့် မရှိတော့ပေ။ ထို့ကြောင့် ယေရှုကို ဖမ်းဆီးခေါ်ဆောင်လာစဉ်က အန္နတ်မှာ ယဇ်ပုရောဟိတ်မင်းကြီး မဟုတ်တော့ပေ။ သူ၏ သားမက် ကယာဖ က ထို ရာထူးကို ဆောင်ရွက်နေချိန်ဖြစ်သည်။ သို့ သော် အနှုတ်မှာ အရှိန်အဝါကြီးမားနေဆဲ ဖြစ်သည်။ ဗိမာန်တော်ထဲရှိ သူ၏ ဈေးဆိုင်များကို ဖျက်ဆီးပစ်သောယေရှုကို ကြိတ်မနိုင်၊ ခဲမရ ဖြစ်နေသည့် အားလျော်စွာ သူ့ထံသို့ ယေရှုအား ဦးစွာခေါ်ဆောင် လာခဲ့ကြသည်။ (ယော ၁၈း၁၂) ထိုညတွင်းချင်းပင် ယေရှုအား ယဇ်ပုရောဟိတ်မင်း ကယာဖ၏ အိမ်သို့ ပို့ဆောင်ပြီး အမှုစစ်ဆေးခဲ့ကြသည်။ (မ ၂၆း၅၇-၆၈)

(၆) ကယာဖ (Caiapha) AD 18-36 ထိ ယဇ်ပုရောဟိတ်မင်း ၊

ယေရှုအားဖမ်းဆီးခေါ်ဆောင်လာခဲ့စဉ်က ဆန်ဟီဒရင်းလွှတ်တော်၏ အကြီးအကဲ(ဂိုဏ်းချုပ်)မှာ ယဇ်ပုရောဟိတ်မင်း ကယာဖ ဖြစ်သည်။ သူသည်

ယောက္ခမဖြစ်သူ အနှုတ်နှင့် တွဲဘက်လျက် ဩဇာရှိသူဖြစ်သည်။ (တ ၄း၆) ကယာဖ သည် ရှင်ပြန်ထမြောက်ခြင်းကို အယုံအကြ

ည်မရှိသော ဇျက် တစ်ယောက်ဖြစ်သောကြောင့် လာဇရုကို သေခြင်းမှ ပြန်ရှင်စေခဲ့သော

ယေရှုအား လျင်မြန်စွာ ကွပ်မျက်သင့်ကြောင်း လွှတ်တော်၌ အဆို တင်သွင်း ခဲ့သည်။ (ယော ၁၁း၄၇-၅၃၊ ယော ၁၈း၂၄။)

တစ်ချိန်က ဤတရားလွှတ်တော်သည် ဂျူးလူမျိုးတို့ အတွက် အမြင့်ဆုံးအာဏာပိုင် အဖွဲ့အစည်းဖြစ်၍ ပစ်ပေါက်ခြင်း၊ မီးရှို့ခြင်း၊ ခေါင်းဖြတ်ခြင်း စသည်ဖြင့် သေဒဏ်အထိ တရားစီရင်နိုင်သော်လည်း သခင်ယေရှု၏ အမှုကို စစ်ဆေးစဉ်က ဂျူးတိုင်းပြည်သည် ရောမ တို့၏ လက်အောက်ခံ ဖြစ်နေသဖြင့် သေဒဏ်ပေးပိုင်ခွင့်မှာ ဘုရင်ခံ၏ လက်ထဲ၌သာ ထားရှိ သောကြောင့် ကယာဖ က ယေရှု အား ရောမဘုရင်ခံ ပိလတ်မင်း ထံသို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။ (လု ၂၃း၁) သို့သော် ယေရှု အား ကားတိုင်တင်ရန် လူထုကြီးအား နှိုးဆော်ခဲ့သည်။ (မာ ၁၅း၁၁)

ပေတရု နှင့် ယောဟန်တို့ကို ဖမ်းဆီးထောင်ချခြင်း၊ သတေဖန်ကို စစ်ကြောစီရင်ခြင်း ကို ဦးဆောင်ခဲ့သူမှာလည်း ကယာဖ ဖြစ်သည်။ ဒမာသက်မြို့ရှိ ခရစ်ယာန်များအား ဖမ်းဆီး နှိပ်စက်ရန် ရှောလု(ပေါလု)အား အမိန့်စာပေးခဲ့ သူ လည်း ဖြစ် သည် ။ (တ ၄:၆-၇၊ ၅း၁၇-၂၁၊ ၈း၁-၂၊ ၉း၁-၂)

(၇) ပိလတ်မင်း (Pontius Pilate)

ပုန္တုပြည်သားဖြစ်၍ ပန္တပိလတ်မင်း ဟု ခေါ်ဆိုသည်။ ဘုရင်ခံ ပိလတ်မင်း နှင့် ဟေရုဒ်မင်းတို့မှာ ရောမအစိုးရအတွက် ရုပ်သေးအဖြစ်

ခန့်အပ်ထားသူများဖြစ်သည်။ ပိလတ်မင်း သည် အေဒီ(၂၆)ခုမှစ၍ ယုဒ

တောင်ပိုင်း နှင့် ရှမာရိနယ်ကို အုပ်ချုပ်ရသည်။ ဌာနချုပ်မှာ ကဲသရိမြို့ ဖြစ်သော်လည်း လိုအပ်လျှင် ယေရုရှလင် မြို့သို့ သွားရောက်ရုံးထိုင်လေ့ရှိသည်။ ထို့ကြောင့် ယေရှုအား ဖမ်းဆီးချိန်သည် ပသခါပွဲတော် အချိန်အခါဖြစ်၍ ငြိမ်ဝပ်ပိပြားမှု နှင့် လုံခြုံရေး အတွက် ပိလတ်မင်း ယေရုရှလင်မြို့သို့ ရောက်ရှိ နေသည်။ (ယော ၁၉း၁၀)

ပိလတ်မင်းက ယေရှုအား အမှုစစ်ဆေးရာတွင် ကိုယ်တော်၌ အပြစ် ကင်းစင်ကြောင်း သိသော်လည်း လူထုအုံကြွမှု ဖြစ်ပေါ်ပါက ရောမ ဧကရာဇ်မင်း၏ အပြစ်တင်ခြင်းကို ခံရပြီး ရာထူးကို ထိခိုက်လာနိုင်သောကြောင့် ကိုယ်ကျိုးတစ်ခုတည်းကိုသာ ကြည့်ပြီး ယေရှုအား ကားစင်တင်ရန်၊ အမိန့်စာကို ထုတ်ပြန်ပေးခဲ့သည်။ (မ ၂၇း၂၄၊ လု ၂၃း၁၆) ၊

အေဒီ (၃၆) တွင် ရှမာရိနယ်၌ ဖြစ်ပွားသော ဘာသာရေးဆိုင်ရာ ပဋိပက္ခတစ်ခုတွင် စစ်တပ်အလုံးအရင်းဖြင့် စေလွှတ်ကာ ရှမာရိတို့ အထွတ် အမြတ် ထားသော တောင်ပေါ်တွင်ဂျူးလူမျိုးများစွာကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြသည်။ ဤအရေးအခင်းကို မကျေနပ်သော ရှမာရိလူထုက

ရောမဧကရာဇ်ထံသို့ တိုင်ကြားခဲ့ကြရာ ပိလတ်မင်းအား ရောမမြို့သို့ ဆင့်ခေါ် စစ်ဆေးပြီး ဂေါလ်အရပ်ဒေသ(ပြင်သစ်)သို့ နယ်နှင်ဒဏ် ပေးခဲ့သည်။ အေဒီ(၃၇) တွင် ထိုဒေသ၌ပင် မိမိကိုယ်ကို အဆုံးစီရင်ခြင်းဖြင့် သေဆုံးခဲ့သည်။

 

၈။ ဟေရုဒ် (Herod)

ဘီစီ(၆၃)တွင် ရောမစစ်ဗိုလ်ချုပ်ဂွန်ပေ (Pompey) ဦးဆောင်သော စစ်တပ်သည် ယေရုရှလင်မြို့ကို ဝင်ရောက်သိမ်းပိုက်ခဲ့သည်။ထိုသိမ်းပိုက် နယ်မြေ များကို အုပ်ချုပ်ရန် ယုဒတောင်ပိုင်းရှိ ဣဒုမဲပြည်သား ဂျူးကပြား၊ အင်တီပါတာ (Antipater) အား တာဝန်ပေးအပ်ခဲ့သည်။ သို့သော် ဂျူးများက

သူ့ကို မုန်းတီးသောကြောင့် ဘီစီ(၄၃) တွင် အစာအဆိပ်ခပ် ခံရကာ သေဆုံးခဲ့သည်။ ထို့နောက်သူ၏ သားကြီး ဖာဆေးလ် (Phasael)အား ယုဒနယ်နှင့် ပေရီယာ (Perea) နယ်ကို ခွဲဝေပေးပြီး ၊ သားငယ် ဟေရုဒ်အား ဂါလိလဲနယ်ကို အုပ်ချုပ်စေခဲ့သည်။ ထိုအချိန်က မြေထဲပင်လယ် ဒေသတစ်ခု လုံးသည် အာဏာလုခြင်း၊ ဆိုင်ပြိုင်တိုက်လှန်မှုများ နှင့် ရင်ဆိုင်နေရပြီး၊ ထိုအဖြစ်အပျက်၏ အကျိုးဆက်အဖြစ် Antipater ၏သား နှစ်ယောက်မှ သားငယ် ဟေရုဒ် က ရောမမြို့သို့ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ ရောမဆီးနိတ် လွှတ်တော်က သူ့အား ထောက်ခံသဖြင့် ယုဒဘုရင် အဖြစ် ကြေညာခဲ့သည်။ ထိုအချိန်မှစ၍ ဟေရုဒ်မင်းကြီးဟု လူသိများသူတစ်ဦး ဖြစ်လာပြီး တိုင်းပြည်ကို (၃၃)နှစ်တိုင် အုပ်စိုးခဲ့သည်။ သူသည် ယေရှုမွေးဖွား လာသောအခါ ဗက်လင်မြို့မှ ကလေးငယ်များကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့သည်။ (မ ၂း၁-၅၊ ၁၃၊ ၁း၆-၁၈) သူသည် တိုင်းပြည်ကို သား(၃)ယောက်အား ခွဲဝေပေးပြီးနောက် ဘီစီ(၄)တွင် ကွယ်လွန်အနိစ္စ ရောက်ခဲ့သည်။

(၁) ဟေရုဒ်၏ သား ဖိလိပ္စု (Philip) သည် (ဘီစီ ၄ မှ အေဒီ ၃၃) ထိ

ယော်ဒန်မြစ် အရှေ့ဖက် Iturea နယ်ကို အုပ်ချုပ်ခဲ့သည်။

(၂) ဟေရုဒ်အန္တီပ သည် ဂါလိလဲ နှင့် ပေရီယာ (Perea) နယ်တို့ ကို အုပ်ချုပ်ခွင့်ရသည်။ ယေရှု သည် အန္တိပ အုပ်စိုးစဉ်ကာလအတွင်း ဂါလိလဲ နယ်၌ ကြီးပြင်းခဲ့သည်။ သူသည် သူ့ အစ်ကို ဖိလိပ္စု(ဖအေတူမအေကွဲ)၏ ဇနီး ဟေရောဒိကို သိမ်းယူခဲ့သည်။ ဟေရောဒိသည် ဟေရုဒ်မင်းကြီး၏

မြေးဖြစ်သည်။ သူ၏ ပထမခင်ပွန်းမှာ ဦးရီးတော် ဖိလိပ္ပု ဖြစ်၍ ဆာလိုမီ (Salome) ဟုခေါ်သော သမီးတစ်ယောက် ရရှိခဲ့သည်။ ဖိလိပ္စု သည် ၊ နာမည်ပျက်၍ရာထူးမှ ဖြုတ်ချခံရပြီးနောက် ဟေရောဒိ သည် မိမိ၏ ခင်ပွန်းကို စွန့်ကာ ဟေရုဒ်အန္တိ နှင့် ပေါင်းသင်းခဲ့သည်။ ဤကဲ့သို့ မိမိအစ်ကို၏ မယား ၊ နှင့် ပေါင်းသင်းသဖြင့် နှစ်ခြင်းဆရာယောဟန် က ထောက်ပြပြစ်တင်သဖြင့်

ထောင်ချခံရသည်။ ဟေရောဒိ၏ အကြံပေးချက်အရ ယောဟန်၏ ခေါင်းကို ဖြတ်စေခဲ့သည်။ (မ ၁၄း၃-၄၊ မာ ၆း၁၇-၂၉) သူမ၏ သမီး ဆာလိုမီ သည်နောင်အခါ၌ အဂြိပ္ပ(၂) နှင့် ထိမ်းမြားခဲ့သည်။

ဟေရုဒ်အန္တိပ သည် ယေရှုအား သတ်ရန် သဘောတူခဲ့သူဖြစ်သည်။ ယေရှုက သူ့ကို မြေခွေးဟု ခေါ်ခဲ့သည်။ (လု ၁၃း၃၁-၃၂) အေဒီ (၃၉) တွင် ဟေရုဒ်အန္တီပအား ရောမတို့က ဂေါလ်အရပ် (ပြင်သစ်)သို့ နယ်နှင်ဒဏ်ပေးခဲ့ရာ ဟေရောဒိ လည်း လိုက်ပါသွားခဲ့သည်။

(၃) အာခေလ သည် ယုဒနယ်၊ ရှမာရိနယ်များကို အုပ်ချုပ်ခဲ့သည်။ ဆယ်နှစ်သာအုပ်ချုပ်ခွင့်ရပြီး ဆီဇာဘုရင် က သူ့အား ရာထူးမှ ဖြုတ်ချခဲ့သည်။ ထို့နောက် သူ့နေရာ၌ ရောမအစိုးရက တိုက်ရိုက်ကိုင်တွယ်သော ဘုရင်ခံများဖြင့် အုပ်ချုပ် စေခဲ့သည်။ ထိုအထဲ၌ ပုန္တပိလတ်မင်းလည်း အပါအဝင်ဖြစ်သည်။

ယေရုရှလင်မြို့သို့ နောက်ဆုံးအမှုတော်ဆောင် ရွက်ခြင်း (၄၃) ယေရုရှလင်မြို့ သို့ နောက်ဆုံးအမှုတော်ဆောင် ရွက်ခြင်း

တနင်္ဂနွေနေ့ (ဂျူးပြက္ခဒိန်သစ် နီဆန်းလ(၁၀)ရက် အေဒီ ၃၀ခုနှစ်၊ဧပြီလ (၂)ရက်)

ယေရှုသည် ပဿခါပွဲနီးလာသောအခါ ဂါလိလဲနယ်၊ ကပေရနောင်မှ ထွက်ခွာပြီး ရှမာရိနယ်ကို ဖြတ်ကာ ယေရိဘေမြို့သို့ ဝင်ရောက်ခဲ့သည်။ (ဤလမ်းကိုဂျူးများအသုံးမပြုကြပါ။) ထို့ နောက် ယေရိခေါမှထွက်ကာ မာသမာရိနှင့်မောင် လာဇရုတို့ နေထိုင်သော ဗေသနိရွာသို့ ရောက်ရှိ တည်းခိုသည်။

ယေရှုသည် ဂျူးပြက္ခဒိန်သစ်၏ ပထမလဖြစ်သော နီဆန်းလ(၁၀) ရက်နေ့တွင် ဗေသနိရွာမှ ထွက်ခွာ၍ သံလွင်တောင်ခြေရှိ ဗက်ဖာ‌ဂေရွာသို့

ရောက်ရှိစဉ် တပည့်တော်နှစ်ယောက်အား စေလွှတ်ပြီး မြည်းကလေး ယူဆောင်စေသည်။ (မ ၂၁း၁-၂) (ဤနေ့ရက်သည် ထွက်မြောက်ရာကာလ၌ ဣသရေလလူမျိုးများ ယဇ်ပုရောဟိတ်များထံသို့ သိုး၊နွား၊ဆိတ်စသည် ယဇ်ကောင်များကို စစ်ဆေးခံရန် ယူဆောင်သွားရသည့်နေ့ဖြစ်သည်။ (၄)ရက်ကြာ အစစ်ခံပြီးနောက် ယဇ်ကောင်ကို သတ်ကာ ပဿခါပွဲ ဆင်နွှဲကြသည်။ ယေရှုက နီဆန်းလ(၁၀)ရက်နေ့၌ပင် ယေရုရှလင်မြို့ထဲသို့ မြည်းကလေးစီးကာ ဝင်ရောက်ခဲ့သည်။ (၄)ရက်ကြာ အစစ်ဆေးခံပြီးနောက် ပသခါပွဲနေ့တွင် လက်ဝါးကပ်တိုင်ပေါ်၌ ပသခါသိုးသူငယ်အဖြစ် အသေခံ ခဲ့သည်။)

ယေရှုသည် ဘီစီ(၅၂၀)ခန့်ကတည်းက ပရောဖက်ဇာခရိအားဖြင့် ကြိုတင်ဟောကြား ထားသည့်အတိုင်း မြည်းကလေးကိုစီးကာ မြို့ထဲသို့ ဝင်ရောက်လာသည်။(ဇာ ၉း၉၊ မ ၂၁း၁-၁၀) ထိုနေ့ရက်သည် လက်ဝါးကပ်တိုင် ၊ ပေါ်သို့ မတက်မီ တနင်္ဂနွေနေ့ (သံလွင်ခက်တနင်္ဂနွေ- Palm Sunday) ဖြစ်သည်။ ယေရှုသည် စစ်ပွဲကို အောင်နိုင်သော ရှင်ဘုရင်ကဲ့သို့ စစ်မြင်းကို မစီးဘဲ အေးချမ်းငြိမ်သက်ခြင်း၏ အရှင်သခင်အဖြစ် မြည်းကိုသာ စီးခဲ့သည်။

ယေရှု၏ပထမအကြိမ် ကြွလာခြင်းသည် အသေသတ်ခြင်းကိုခံမည့် သိုးသူငယ် အဖြစ် မြည်းကိုသာစီးပြီး နှိမ့်ချစွာ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ (ဒုတိယ အကြိမ်ပြန်ကြွလာမှသာ ဘုရင်တကာ့ဘုရင်အဖြစ် ကောင်းကင်ဘုံတံခါး ဖွင့်လှစ်လျက် မြင်းဖြူကိုစီးကာ ကြွလာမည်ဖြစ်သည်။ ဗျာ ၁၉၁း၁၊၁၆၊၁း၇)

ယေရုရှလင်မြို့အနီးသို့ ရောက်သောအခါ ယေရှုငိုကြွေးခဲ့သည်။ (လု ၁၉း၄၁) ဤမြို့သည် ဘုရားသခင်၏ အကြံအစည်တော်ကို မသိသောကြောင့် ရှေးပရောဖက်များစွာကို ညှဉ်းပန်း နှိပ်စက်စွာ သတ်ဖြတ်ခဲ့ကြသည်။ ယခုလည်း

ကားတိုင်ပေါ်တွင် ရက်စက်စွာ သတ်ဖြတ်ကြဦးမည်။ ဘုရားသခင်ပြုသော

ကျေးဇူးတော်ကိုမသိသောကြောင့် ကိုယ်တော်ဝမ်းနည်းမျက်ရည်ကျခဲ့သည်။ (လု ၁၉း၄၄) ယေရှုပြောခဲ့သည့်အတိုင်းပင် အေဒီ(၇၀)တွင် ရောမစစ် ဗိုလ်ချုပ်

တိုင်းတပ်စ် (Titus)က မြို့နှင့် ဗိမာန်တော်ကို မီးရှို့ဖျက်ဆီးပစ်ခဲ့သည်။ ဣသရေလတိုင်းပြည်လည်း ကွယ်ပျောက်ခဲ့ရသည်။

ယေရုရှလင်မြို့သည် ပဿခါပွဲတော်ချိန်ခါမျိုးတွင် မြေထဲပင်လယ် တစ်ဝိုက်နိုင်ငံများသို့ ပျံ့နှံ့ နေထိုင်ကြသော ဂျူးများလာရောက်ကြ၍ အထူး စည်ကားသည်။ထိုအချိန်က ယေရုရှလင်မြို့၏ လူဦးရေမှာ(၆)သိန်းခန့်ရှိသည်။

သမိုင်းပညာရှင် စီးဖတ်စ်(Josephus)က ပသခါပွဲ တစ်နေ့တည်းတွင် ယဇ်ပူဇော်သောသိုးကောင်ရေမှာ ၂၅၆ဝဝဝ တိတိဖြစ်ကြောင်း မှတ်တမ်းတင် ခဲ့သည်။ ထို့ကြောင့် ပွဲတော်ရောက်ဂျူးအရေအတွက်မှာ ၂၇၀၀၀၀၀ ခန့် ရှိမည်ဟုဆိုသည်။

မြို့တွင်းသို့ ဝင်ရာလမ်းတစ်လျှောက်တွင် ယေရှုအားသံလွင်ခက်များ ဝှေ့ယမ်းလျက် ကြိုဆိုကြသည်။ အချို့ကအဝတ်များကိုခင်းကာ ဟောရှဏ္ဏ ဖြစ်စေသတည်းဟု ကြွေးကြော်ကြသည်။ အဓိပ္ပါယ်မှာ “အိုကယ်တော်မူပါ”ဟူ၍ ဖြစ်သည်။ ထိုအချိန်က လူအုပ်ကြီးသည် ရောမတို့၏ ဖိနှိပ်အုပ်ချုပ်မှုအောက်မှ လွတ်မြောက်လိုကြသည်။ မုန့် ငါးလုံးနှင့်ငါးနှစ်ကောင် နိမိတ်လက္ခဏာကို မြင်သောအခါ ဂျူးတို့ က ကိုယ်တော့်ကို ရှင်ဘုရင်အဖြစ်ချက်ချင်းတင်မြှောက် လိုကြသည်။ ထို့ကြောင့် လွတ်လပ်ရေးကိုဆောင်ကြဉ်းပေးမည့် အမျိုးသား ခေါင်းဆောင်ကြီးအဖြစ် သောင်းသောင်းဖြဖြကြိုဆိုကြသည်။လာဇရုကို သင်္ချိုင်းဂူထဲမှ ပြန်ရှင်စေသော သတင်းကြောင့်လည်း ကိုယ်တော့်အားပိုပြီး စိတ်ဝင်စားကာ စုပြုံလာကြသည်။ လူထုကြီး၏ ကြွေးကြော်သံများက ဆူညံလွန်း သဖြင့် ဖာရိရှဲတို့က “အော်နေတာတွေ ရပ်ခိုင်းလိုက်ပါ”ဟုတောင်းဆိုခဲ့ကြသည်။ ယေရှုက “သူတို့ တိတ်ဆိတ်စွာနေကြရင် ကျောက်ခဲတို့ပင်လျှင်ကြွေးကြော် ကြလိမ့်မည်”ဟု တုန့်ပြန်ပြောကြားခဲ့သည်။(လု ၁၉း၃၈-၄၀)ယေရှုသည် ယေရုရှလင်မြို့တွင်း၌ မတည်းခိုဘဲမြို့နှင့် ၃ကီလိုမီတာ(၂မိုင်ခန့်)ကွာဝေးသော ဗေသနိရွာရှိ မာသ၊မာရိ၊ လာဇရုတို့၏ နေအိမ်သို့ သွားရောက်တည်းခိုခဲ့သည်။

(မာ ၁၁း၁၁)

တနလ်ာနေ့ (နီဆန်းလ၁၁ရက်)

ဗေသနိမှ ယေရုရှလင်မြို့သို့ နေ့ချင်းပြန်သွားရောက်ခဲ့သည်။ လမ်းတွင် သင်္ဘောသဖန်းပင်ကို တွေ့၍ ကျိန်လိုက်ရာ သင်္ဘောသဖန်းပင်ခြောက်သွေ့

သွားသည်။ (မာ ၁၁း၁၂-၁၄) (သင်္ဘောသဖန်းပင်သည် ဣသရေလလူမျိုးကို ပုံဆောင်သည်။) ယေရှုက နောက်တစ်ဖန်အသီး မသီးရဟု ကျိန်ဆိုလိုက်သဖြင့် ဣသရေလလူမျိုးများ ဧဝံဂေလိတရားကို လက်မခံတော့ပေ။ ထို့ကြောင့် ဧဝံဂေလိတရားသည် တပည့်တော်(၁၂)ပါးအားဖြင့် တပါးအမျိုးသားများထံသို့ ပျံ့နှံ့သွားခဲ့သည်။ ဣသရေလများသည် ဝိညာဉ်မျက်စိကွယ်သွားခြင်းကြောင့်

အေဒီ(၇၀)တွင် တိုင်းပြည်ပါ ပျောက်ကွယ်သွားခဲ့ရသည်။ဗိမာန်တော် ပျက်စီးခြင်းနှင့်အတူ ဝိညာဉ်ရေးရာအပြင် ခန္ဓာရေးရာပါ ပျက်စီးသွားခဲ့ရသည်။

ယေရှုသည် ဗိမာန်တော်သို့ သွားရောက်ကာ ရောင်းဝယ်ဖောက်ကား နေကြသော သိုး၊ ဆိတ်၊ ချိုးငှက်နှင့် ငွေလဲခုံများကို တွန်းမှောက်ပစ်သည်။ (မ ၁၁း၁၅) ထိုဈေးဆိုင်တန်းများသည် အန္နတ်မင်း၏ အကျိုးစီးပွားအတွက် တည်ထောင်ထားသောဆိုင်ခန်းများဖြစ်သည်။ ထို့ကြောင့် ယေရှုအားဖမ်းဆီးစဉ် ဆိုင်ခန်းပြဿနာကြောင့် ကြိတ်မနိုင်ခဲမရဖြစ်နေသော အနှုတ်မင်း (ထိုစဉ်က ယဇ်ပုရောဟိတ်ဂိုဏ်းချုပ် ကယာဖ၏ယောက္ခမ)ထံသို့ ဦးစွာခေါ်ဆောင် သွားခဲ့ကြသည်။ (ယော ၁၈း၁၂-၁၃) ၊

အင်္ဂါနေ့ (နီဆန်းလ ၁၂ရက်)

တနင်္လာနေ့က ကျိန်ဆို၍ ခြောက်သွေ့သွားသော သင်္ဘောသဖန်းပင် (မာ ၁၁း၂၀)သည် အင်္ဂါနေ့တွင်အရွက်နုများ ပြန်တွေ့ရသည်။ ဤအဖြစ် အပျက်သည် ယေရှုကသူပြန်ကြွလာမည် ဖြစ်ကြောင်း နိမိတ်ပေး ဖော်ပြခဲ့ခြင်း ဖြစ်သည်။(မ ၂၄း၃၂-၃၆၊ လု ၂၁း၂၉-၃၃) မဿဲ (၂၄)တွင် ဖော်ပြသော သင်္ဘောသဖန်းပင်မှာ ဣသရေလများကိုသာ ရည်ညွှန်းပြီး လုကာ (၂၁)တွင် ဖော်ပြသော သင်္ဘောသဖန်းပင်နှင့် အခြားသောသစ်ပင်များဆိုသည်မှာ

ဣသရေလနှင့် တပါးအမျိုးသားများကို ရည်ညွှန်းသည်။

ယေရှုသည် အင်္ဂါနေ့ တစ်ရက်လုံး ဗိမာန်တော်အတွင်း ဟောပြော ဖြေကြားခဲ့သည်။

၁။ အခွင့်အာဏာ (မ ၂၁း၂၃-၂၇)

၂။သားနှစ်ယောက်ဥပမာ (မ ၂၁း၂၈-၃၂)

၃။ ဥယျာဉ်ပိုင်ရှင်ဥပမာ (မ ၂၁၃၃-၄၆)

၄။မင်္ဂလာဆောင်ပွဲ

(မ ၂၂း၁-၁၄)

၅။အခွန်ပြဿနာ ၊ (မ ၂၂း၁၅-၂၂)

၆။ရှင်ပြန်ထမြောက်ခြင်း (မ ၂၂း၂၃-၃၃)

၇။အကြီးမြတ်ဆုံးပညတ် ၊ (မ ၂၂း၃၄-၄၀)

၈။ယေရှုသည် ခရစ်တော်ဖြစ်သည် (မ ၂၂း၄၁-၄၆)

၉။ ခရစ်ယာန်ခေါင်းဆောင်မှု (မ ၂၃၁-၁၂)

၁၀။အမင်္ဂလာခေါင်းဆောင်(၇)မျိုး (မ ၂၃း၁၃-၃၆)

၁၁။ မေရှိယမှန်းမသိကြသော ဣသရေလများ(မ ၂၃း၃၇-၃၉)

၁၂။ နောက်ဆုံးသောကာလ၏ နိမိတ်လက္ခဏာများ

(မ ၂၄း၅-၁၄)

၁၃။ နောဧလက်ထက်ကကဲ့သို့ (မ ၂၄း၃၇-၃၉၊ ၂၅း၄၆)

“လူသားကြွလာသောအခါ နောဧလက်ထက်၌ ဖြစ်သကဲ့သို့ ဖြစ်လိမ့်မည်။( မ ၂၄း၃၇” )

နောဧလက်ထက်က အဖြစ်အပျက်များ ၊

(၁) နော၏ အသိုင်းအဝိုင်းတစ်ခုလုံး ဝိညာဉ်မျက်စိကန်း

လျက် ရှိသည်။

(၂) လူမှုရေး၊ အကျင့်စာရိတ္တဖောက်ပြန်လျက်ရှိသည်။

(၃) ဘုရားသခင်၏ အသံတော်ကို လျစ်လျူရှုခဲ့ကြသည်။

(၄) ထိုကာလ၌ ဖြောင့်မတ်သောသူများမှာ နောဧတို့မိသားစု(၈)ဦး

သာရှိခဲ့ သည်။ သူတို့သည် ဘုရားသခင်၏စကား နားထောင်၍ သင်္ဘောထဲသို့ဝင်ခဲ့ကြသည်။နောဧသင်္ဘောသည့် သခင်ယေရှုကို ပုံဆောင်သည်။ နောဧတို့ မိသားစုသည် သင်္ဘောထဲသို့ ဝင်ခြင်းဖြင့် ရေလွှမ်းမိုးခြင်းမှ လွတ်မြောက်ခဲ့ သကဲ့သို့ သခင်ယေရှုကို လက်ခံယုံကြည်ခြင်းအားဖြင့် အပါယ် ငရဲမှလွတ်မြောက်ကြမည်ဖြစ်ပါသည် ဖြောင့်မတ်သော

နောဧတို့ မိသားစုသည် အခြားသူများ ၏ မမှန်မကန်၊ပြစ်တင် ရှုတ်ချမှုကိုခံရခြင်း၊ အထီးကျန်ဆန်အောင် ဝိုင်းပယ်

လှောင်ပြောင်ခြင်းများ ခံစားခဲ့ကြရသကဲ့သို့ ယနေ့ ယုံကြည်သူ များသည်လည်း ထိုသို့ လှောင်ပြောင်သရော် ညှဉ်းပန်းနှိပ်စက် မှုများ ခံစားကြရမည်ဖြစ်ကြောင်း ကိုယ်တော်က ကြိုတင် မိန့်တော်မူခဲ့ခြင်း ဖြစ်ပါသည်။

ဥယျာဉ်ပိုင်ရှင်ဥပမာ(မ ၂၁း၃၃-၄၆)

ဥယျာဉ်ပိုင်ရှင်မှာ ခမည်းတော်ဘုရား၊ ဥယျာဉ်ပိုင်ရှင်၏သားမှာ ယေရှု၊ အစေခံကျွန် ငယ်သားများမှာ ပရောဖက်များ၊ ဥယျာဉ်စောင့်များမှာ ဣသရေလ လူမျိုးများကို ပုံဆောင်သည်။

ဗုဒ္ဓဟူးနေ့ (နီဆန်းလ ၁၃ရက်) ၊

ဗုဒ္ဓဟူးနေ့၌ ကိုယ်တော်သည် ယေရုရှလင်မြို့သို့ မသွားဘဲ ဗေသနိရွာ၌ ရှိနေခဲ့သည်။ အနူရှိမုန်၏အိမ်တွင် ညစာသုံးဆောင်နေစဉ် အမျိုးသမီး တစ်ဦး(လာဇရု၏အစ်မ မာရိဖြစ်နိုင်)က အဖိုးတန်ဆီမွှေးပုလင်းကိုရိုက်ခွဲကာ ကိုယ်တော့်ခေါင်းပေါ်သို့ သွန်းလောင်းခဲ့သည်။(မ ၂၆း၆၊ မာ ၁၄း၃ ) (ပုလင်းကိုရိုက်ခွဲခြင်းမှာ ယုဒထုံးစံအရ မိမိလေးစားရသောပုဂ္ဂိုလ်တစ်ဦးဦးက

သောက်သုံးခဲ့သောခွက်ဖလားကို အခြားသူများပြန်လည် အသုံးမပြုနိုင်ရန်၊ အတွက်ဖြစ်သည်။)

မာရိတို့ခေတ်မှ ဆီမွှေးပုလင်း       

လူငါးထောင်မကကို ကျွေးမွေးလောက်သောအဖိုးတန်ဆီမွှေးအား သွန်းလောင်းလိုက် ခြင်းမှာ အလကားဖြုန်းတီးပစ်ရာရောက် သည်ဟု တပည့်တော်တို့က အပြစ်တင်ခဲ့ကြသည်။ထိုဆီမွှေးကိုရောင်းပြီး ဆင်းရဲသားများ အားပေးကမ်းသင့်သည်ဟု စောဒကတက်ခဲ့ကြသည်။ ကိုယ်တော်က ဆင်းရဲသား များအား အချိန်မရွေးကူညီနိုင်ကြောင်းပြန်လည်၍ မိန့်တော်မူခဲ့သည်။ ကိုယ်တော်က မကြာမီတွင် သဂြိုလ်ခြင်းကိုခံရတော့မည် ဖြစ်သည်။ ထိုကဲ့သို့ အချို့က ကန့်ကွက်နေချိန်တွင် ကိုယ်တော်က “ဒီဆီမွှေးကို ငါ့အပေါ် သွန်းလောင်းခြင်းဟာ ငါ့အလောင်းကို သဂြိုလ်ဖို့ပြင်ဆင်တာ ဖြစ်တယ်”ဟု မိန့်တော်မူခဲ့သည်။(မ ၂၆း၁၂၊ မာ ၁၄း၈) ထိုစကားအားဖြင့် ကိုယ်တော် အသေခံမည့်အကြောင်းနိမိတ်ပေးခဲ့သည်။ ထိုအမျိုးသမီးသည်ရတောင့်ရခဲသော အခွင့်အရေးကို အမိအရ အသုံးချခဲ့ခြင်းဖြစ်သည်။(တနင်္ဂနွေနံနက်တွင် ကိုယ်တော်ရှင်ပြန်ထမြောက်သွားပြီဖြစ်၍ သင်္ချိုင်းသို့ ဆီလူးရန်သွားရောက်သော အမျိုးသမီးများသည် ဆီလူးစရာအလောင်းတော်ကို ရှာမတွေ့ကြတော့ပေ။) မာ ၁၆း၆

ထိုအမျိုးသမီး(မာရိ)ဆီမွှေးသွန်းလောင်းခြင်းသည် ပရောဖက် ဟေရှာယ၏ “ဆင်းရဲသားတို့ အား ဝမ်းမြောက်စရာသတင်းကို ကြားပြော စေခြင်းငှာ ဘုရားသခင်က ခရစ်တော်အား ဘိသိက်ပေး (ဆီလူးပြီး တာဝန်ပေးသည်) တော်မူပြီ။(ဟေရှာယ ၆၁၁)ဟူသော ကျမ်းစာပြည့်စုံခြင်း ၊ ဖြစ်သည်။

ဤဗုဒ္ဓဟူးနေ့၌ပင် ယုဒရှကာယုတ်က ယဇ်ပုရောဟိတ်မင်းတို့ ထံ သွားရောက်၍ ငွေဒင်္ဂါးသုံးဆယ်ဖြင့် ကိုယ်တော့်အား အပ်နှံရန်စီစဉ်ခဲ့သည်။ (မ ၂၆း၁၄-၁၆)

ကြာသပတေး (နီဆန်းလ ၁၄ ရက်)

တပည့်တော်တို့ အား ပသခါ ညစာပြင်ဆင်စေသည်။ တရားဟောချက် မရှိပါ။

သောကြာ (နီဆန်းလ ၁၅) ရက်

ကြာသပတေးနေ့လည်ပိုင်းတွင် ဂျူးများ ပသခါပွဲ အတွက် သိုးများကိုသတ်ကာ ယဇ်ပူဇော်ရန် ပြင်ဆင်နေကြချိန်၌ပင် ကိုယ်တော်က တပည့်တော်နှစ်ယောက်ကို ယေရုရှလင် မြို့သို့ စေလွှတ်ကာ ပသခါ ညစာကို ပြင်ဆင်စေခဲ့သည်။ (မာ ၁၄း၁၂-၁၆)

ယုဒစံတော်ချိန်အရ ကြာသပတေး ညနေ(၆)နာရီမှစ၍ သောကြာသို့ ကူးပြောင်းသဖြင့် ပသခါပွဲညသို့ ဝင်ရောက်ပြီဖြစ်သည်။ ဤသောကြာ ညဉ့်ဦးပိုင်းတွင် ကိုယ်တော်သည် တပည့်တော်(၁၂)ပါး နှင့်အတူ နောက်ဆုံး

သော ညစာကို စားခဲ့သည်။ ညစာသုံးဆောင်နေစဉ် တွင် ကိုယ်တော်က ယုဒရှကာယုတ်သစ္စာဖောက်မည့်အကြောင်း ကြိုပြောခဲ့သည်။ (မ၂၆း၂၀-၂၁) ယုဒရှကာယုတ်သည် ကိုယ်တော်ပေးသော မုန့်တလုပ်စာကို စားပြီး စားပွဲမှ ချက်ခြင်းထွက်ခွာသွားခဲ့သည်။ တပည့်တော်များက ယုဒရှကာယုတ်သည်

ဘဏ္ဍာထိန်း ဖြစ်၍ တစ်စုံတစ်ခု သွားရောက်ဝယ်ယူသည်ဟု ထင်မှတ်ခဲ့ ကြသည်။ (ယော ၁၃း၂၉-၃၀)

ညစာစားပွဲကို ချီးမွမ်းသီချင်း (ဆာ ၁၃၆) အားဖြင့် အဆုံးသတ်ပြီး သံလွင်တောင်သို့ ထွက်ခွာသွားကြသည်။ (မ ၂၆း၃၀) သံလွင်တောင်ခြေရှိ ဂေသရှေမန်ဥယျာဉ်သို့ ရောက်သော အခါ ကိုယ်တော်သည် တစ်ကိုယ်တည်း ဆုတောင်းနေခဲ့သည်။ (မ ၂၆း၃၆) ချွေးတို့ သည် သွေးကဲ့သို့ ကျဆင်းခဲ့သည်။ မကြာမီတွင် ဥယျာဉ်အတွင်းသို့ ဓါး၊ လှံ ၊ လက်နက်များကို ကိုင်ဆောင် ထားသော လူအုပ်၏ အသံများဖြင့် ဆူညံသွားပါတော့သည်။ ထိုပသခါပွဲည သည် လပြည့်ည၌ ကျရောက်သဖြင့် လရောင်အောက်တွင် ယုဒက ကိုယ်တော် အား နမ်း၍ ပြမည်ဖြစ်ကြောင်း စီစဉ်ထားခဲ့ပြီး ဖြစ်သည်။ (မ ၂၆း၄၇-၄၉) ဂျူးထုံးစံအရ ရွ ဆရာ (ကျမ်းတတ်ဆရာ)အား တပည့် က နမ်း၍ နှုတ်ဆက်လေ့ရှိသည်ကို အခွင့်ကောင်းယူ၍ ယုဒ၏ အကူအညီဖြင့် ယေရှုအား ဖမ်းဆီးခဲ့ကြသည်။ ထိုစဉ် တပည့်တော်တို့ က ယေရှုအား ထားပစ်ခဲ့၍ ထွက်ပြေး ကုန်ကြသည်။ ယေရှုအား အန္နတ်မင်းထံသို့ ဦးစွာ ဖမ်းဆီး ခေါ်ဆောင်သွားကြသည်။ (ယော ၁၈း၁၂) ထိုမှတစ်ဆင့် သူ၏ သားမက် ယဇ်ပုရောဟိတ်ဂိုဏ်းချုပ် ကယာဖ ထံသို့ပို့ဆောင်ကြသည်။ (မ ၂၆း၅၇-၆၈) အမျိုးမျိုးညှဉ်းပန်းနှိပ်စက်ပြီး သောကြာမနက်အစောပိုင်း တွင် သေဒဏ်အမိန့် ချမှတ်ပိုင်ခွင့်ရှိသော ရောမ ဘုရင်ခံ ပိလတ်မင်းထံသို့ ခေါ်ဆောင်သွား ကြသည်။ (မ ၂၇း၁-၂)

ပိလတ်မင်း က ယေရှုတွင် အပြစ်မရှိကြောင်း သိသည်။ သူ၏ ဇနီး ကလော်ဒီယာ ပရိုကူလာ (Claudia Procula) ကလည်း အိပ်မက်ဆိုးမက်၍

ဖြောင့်မတ်သော ကိုယ်တော့် အား ကိုယ်ထိလက်ရောက် မကျူးလွန်ဖို့ လုလင်တစ်ဦးကို စေလွှတ်၍ သတိပေးသည်။(မ၂၇း၁၈-၁၉) ထို့ကြောင့် ပိလတ်မင်းက ခေါင်းရှောင်သည့်အနေဖြင့် ဂါလိလဲနယ်သား ဖြစ်သော ယေရှုကို ဂါလိလဲ နယ်စား ဟေရုဒ်အန္တိပ နှင့် သက်ဆိုင်သည်ဟု အကြောင်းပြကာ

လွှဲပြောင်းပေးလိုက်သည်။ (လု ၂၃း၆-၇) ဟေရုဒ် မင်းသည် စစ်သားများ နှင့်အတူ ကိုယ်တော့် အား ပြက်ရယ်ပြုပြီး တင့်တယ်သော အဝတ်ကို ဝတ်စေပြီး ပိလတ်မင်းထံ ပြန်ပို့ခဲ့သည်။ ပိလတ်မင်းက ကိုယ်တော်၌ အပြစ်မရှိ

သောကြောင့် တရားသေလွှတ်ရန် ကြံစည်ခဲ့သည်။ (လု ၂၃း၁၄-၁၅) ပသခါပွဲနေ့၌ ဘုရင်ခံက ရာဇဝတ်သားတစ်ဦးဦးကို လွှတ်ပေးလေ့ရှိသည်။ ထိုအချိန်၌ သေဒဏ်အပြစ်ပေးခံထားရသူ လူသတ်သမား ဗာရဗ္ဗကိုလည်း ချုပ်နှောင်ထားချိန် ဖြစ်သည်။ ( Barabbas ဆိုသည်မှာ ဟေဗြဲ တို့၏ əqdo&& Gospel According to the Hebrews op& Bar-Rabban ဟု ဖော်ပြထားသည်။ ရှိဆရာတစ်ဦး၏ သားဟု အဓိပ္ပါယ်ရသည်။ ထို့ကြောင့် ဗာရဗ္ဗ သည် သာမန် သူခိုး သူဝှက်မျှသာမဟုတ်ဘဲ အထက်တန်းလွှာ မိသားစုမှ ပြစ်ဒဏ်ကျခံထားရသူဟု ယူဆရသည်။)

ပိလတ်မင်းက ယေရှု (သို့) ဗာရဗ္ဗကို ရွေးချယ်ခိုင်းရာ ဗာရဗ္ဗကို လွှတ်ပြီး ယေရှုကို ကားစင်တင်ရန် တောင်းဆိုခဲ့ကြသည်။ နောက်ဆုံး၌ ပိလတ်မင်းလည်း မတတ်သာတော့ဘဲ လက်ဆေးပြီး ယေရှုအား သေဒဏ်အမိန့် ထုတ်ပြန်ပေး ခဲ့သည်။ (မ၂၇း၂၄) ထို့နောက် ယေရှုအား ကရာနီတောင်ကုန်းပေါ်သို့ ခေါ်ဆောင်သွားခဲ့ကြတော့သည်။ ပိလတ်မင်း၏ တရားစီရင်ရာခန်းမ နှင့် ဂေါလဂေါသ တောင်ကုန်း မှာ ကားတိုင်အထိ (၃)ဖာလုံခန့် ကွာဝေးသည်။ ကိုယ်တော်သည် ကြာသပတေးတစ်ညလုံးလည်း ပြင်းထန်စွာ ရိုက်နှက်ညှဉ်းပန်း ကြ၍ မအိပ်စက်ခဲ့ရပေ။ ဒဏ်ရာဒဏ်ချက်များစွာဖြင့် ကားတိုင်ကို ထမ်းကာ ကရာနီတောင်ကုန်း ပေါ်သို့ တစ်လှမ်းချင်း လှမ်းလျှောက်နေစဉ်

မြောက်အာဖရိကရှိ ကုရေနေမြို့သား၊ အာဖရိကန် လူမျိုး ရှိမုန် အား စစ်သားများက ကားတိုင်ကို အတင်းအဓမ္မ ကူထမ်းစေခဲ့သည်။ (မ ၂၇း၃၂)

ကိုယ်တော့်အား ကားတိုင်တင်ချိန်မှာ သောကြာနေ့ မနက် (၉)နာရီ ခန့်တွင် ဖြစ်သည်။ (မာ ၁၅း၂၅) မွန်းလွဲ(၃)နာရီခန့်တွင် ကားတိုင်ပေါ်၌

ယေရှုသက်တော်စွန့်ခဲ့သည်။ (မာ၁၅း၃၄) ကိုယ်တော်၏ အလောင်းကို ဆန်ဟီဒရင်း လွှတ်တော်အဖွဲ့ဝင်၊ အရိမဿာမြို့သား ယောသပ် က ပိလတ်မင်းထံ တောင်းခံ၍ ကိုယ်ပိုင်သင်္ချိုင်း၌ အလောင်းတော်ကို

ပိတ်ချော နှင့် ပတ်ရစ် ကာ သင်္ဂြိုဟ်ခဲ့ကြသည်။

စနေနေ့ (နီဆန်းလ ၁၆ ရက်)

ယေရှု၏ အလောင်းတော် သည် စနေနေ့တွင် သင်္ချိုင်းထဲ၌သာ ရှိနေခဲ့သည်။ ဥပုသ်နေ့ ဖြစ်သောကြောင့် သင်္ချိုင်းသို့ မည်သူမျှ မသွားရောက် ခဲ့ကြပေ။ (ဂျူးထုံးစံအရ ဥပုသ်နေ့တွင် သင်္ချိုင်းသို့ သွားလျှင် ပညတ်တော်ကို ချိုးဖောက်သည်။)

တနင်္ဂနွေနေ့ (နီဆန်းလ ၁၇ ရက်)

ကမ္ဘာ့သမိုင်းကို ပြောင်းလဲပစ်ခဲ့သော နေ့ဖြစ်သည်။ တနင်္ဂနွေနေ့ နံနက် ဝေလီဝေလင်း အချိန်၌ မာဂဒလမာရိ၊ မယ်တော်မာရိ၊ သောဟန္န နှင့် ရှာလုံတို့ အမျိုးသမီးတစ်စုသည် သင်္ချိုင်း သို့ သွားရောက်ကြရာ သင်္ချိုင်းတံခါး မှာ ပွင့်လျက်သားနှင့် တွေ့ခဲ့ကြသည်။ (လု ၂၄း၁၀၊ မာ၁၆း၁-၂၀) သင်္ချိုင်းတံခါးဝ တွင် ပိတ်ထားသော ကျောက်တုံးကြီးမှာ လူ(၂၀)ခန့် စုပေါင်းမ မှသာ နိုင်သော လှည်းဘီးပုံသဏ္ဌာန် ကျောက်တုံးကြီး ဖြစ်သည်။

ယေရှုရှင်ပြန်ထမြောက်ပြီးနောက် ရှေ့ဦးစွာ ထင်ရှားပြသူမှာ မာဂဒလမာရိ ဖြစ်သည်။(မာ၁း၆-၉) ထို့နောက် ထိုအမျိုးသမီးတို့ သည် တပည့်တော်များအား ပြေး၍ ပြောပြကြရာ ပေတရု နှင့် ယောဟန် တို့က သင်္ချိုင်းသို့ ပြေး၍ သွားကြည့်ခဲ့ကြသည်။ (ယော ၂ဝး၆-၈)

ယေရှု၏ နောက်ဆုံးသော အပတ်တရားဟောချက်များ

(၁၀)ရက်တနင်္ဂနွေ သံလွင်ခက်တနင်္ဂနွေ (မ၂၁း၁-၁၇) မြည်းကလေးစီး၍

ယေရုရှလင်မြို့ထဲသို့ ဝင်သည်။

(၁၁)ရက် တနလ်ာ သင်္ဘောသဖန်းပင်ကို ကျိန်၍ ခြောက်သွေ့ခြင်း

(မ၂၁း၁၈-၂၂) ၊

(၁၂)ရက် အင်္ဂါ ကျိန်ဆိုသော သင်္ဘောသဖန်းပင် ရွက်နု ပြန်ပေါက်

(မဿဲ အခန်းကြီး ၂၁ မှ၂၅ ထိ)

(၁၃)ရက်ဗုဒ္ဓဟူး ဗေသနိရွာ၌ မာရိက အဖိုးတန် နာဒုဆီမွှေးသွန်းလောင်း

(မ ၂၆း၆-၁၃၊ မာ ၁၄း၃) ၊ ယုဒရှကာယုတ် ၊ ယဇ်ပုရောဟိတ်များထံ သွားပြီး ကိုယ်တော့်အား

အပ်နှံရန် စီစဉ်။

(၁၄)ရက် ကြာသပတေး တရားဟောချက်မရှိ ၊ ပသခါညစာပြင်ဆင်။

(၁၅)ရက် သောကြာ ကြာသပတေးညဉ့်ဦးယံအချိန် ၊ ပသခါညစာ စားရင်း

နောက်ဆုံး ဟောကြားခဲ့သော အမှာစကားများ ။ (ယော ၁၃ မှ ၁၇ ထိ)။ နောက်ဆုံးသော ညစာစားပွဲမှ

ယနေ့ ပွဲတော်မင်္ဂလာဝတ်ပေါ်ပေါက်လာ။

(၁၆)ရက် စနေ ၊ ဥပုဒ်နေ့

(၁၇)ရက် တနင်္ဂနွေ အဦးသီးပွဲ (သို့) ရှင်ပြန်ထမြောက်ခြင်း

နီ ဆန်း(၁၀)ရက် တနင်္ဂနွေနေ့မှ (၁၅)ရက်

သောကြာနေ့ အတွင်း မဿဲ အခန်းကြီး(၂၁) မှ အခန်းကြီး(၂၇) ထိ မာကု အခန်းကြီး (၁၁) မှ (၁၆) ထိ လုကာ အခန်းကြီး (၁၉း၂၈) မှ (၂၃း၅၆)ထိ ယောဟန် ၁၂း၁၂ မှ ၁၉း၃၇ ထိဟောကြားခဲ့သည်။

(ခ) ရှင်ပြန်ထမြောက်ပြီးနောက် ထင်ရှားပြခဲ့ခြင်း

ယေရှုကလက်ဝါးကပ်တိုင်တွင် အသေမခံမီ သေခြင်းကို အောင်နိုင် ကြောင်း သက်သေ(၃)ကြိမ်ပြသခဲ့သည်။

(က) နာဣနမြို့မှ မုဆိုးမ၏ သားကို သင်္ဂြိုဟ်ရန် သင်္ချိုင်းသို့ သွားရာ

လမ်းတွင်လည်းကောင်း (လု ၇း၁၁-၁၇)

(ခ) တရားဇရပ် ယာဣရု၏ သမီး (မာ ၅း၂၂-၂၄၊ ၃၅-၄၃)

( ဂ) လာဇရု (ယော ၁၁း၄၃-၄၄) တို့ ကို သေခြင်းမှ ရှင်ပြန်

ထမြောက်စေခဲ့သည်။ ယေရှုသေခြင်းမှ ရှင်ပြန်ထမြောက်ပြီးနောက် ရက်(၄၀)အတွင်း အကြိမ် ပေါင်းများစွာ ကိုယ်ကို ထင်ရှားပြသခဲ့သည်။

မာဂဒလမာရိ နှင့် အပေါင်းအပါ တို့ အား ထင်ရှားပြခဲ့သည်။ (မာ ၁၆း၉၊မ ၂၈း၉-၁၀)

ထိုတနင်္ဂနွေနေ့၌ပင် ယေရှုအား (၃)ကြိမ်တိုင် ငြင်းပယ်ခဲ့သော ပေတရုအားထင်ရှားပြခဲ့သည်။ (လု ၂၄း၃၄) ဧမောက်ရွာ၌ တပည့်တော်နှစ်ပါးအား ထင်ရှားပြခဲ့သည်။ (လု ၂၄း၁၃-၃၅)

သောမ မရှိစဉ် ကျန်တပည့်တော်များအား ထင်ရှားပြခဲ့သည်။ (လု၂၄း၃၆-၄၉) ၊

သောမရှိနေစဉ်တွင် နောက်တစ်ကြိမ် ထင်ရှားပြခဲ့သည်။ (ယော၂၀း၂၄-၂၉)

တမန်တော်များ တစ်ညလုံး ငါးဖမ်းသော်လည်း တစ်ကောင် မရ၍ ပိုက်ကွန် ဆေးနေချိန် ယေရှု ထင်ရှားပြ၍ မြောက်မြား စွာသော ငါးများကို ပြန်ရကြသည်။ (ယော ၂၁း၃-၇) ၊ ရှင်ပေါလု၊ ရှင်ယာကုပ် အပါအဝင်တပည့်တော် ငါးရာတို့ ကိုလည်း ထင်ရှားပြသခဲ့သည်။ (၁ကော ၁၅း၄-၈)

ဂါလိလဲတောင်ပေါ် တစ်ခု၌ ထင်ရှားပြပြီး လောကီအရပ်ရပ်သို့ သွား၍ ဝမ်းမြောက်ဖွယ်ရာ သတင်းကောင်းကို ကြားပြော ကြရန် မိန့်တော်မူခဲ့သည်။ (မ ၂၈း၁၆-၂၀)

လူနှင့် လူမျိုး ဘယ်လိုဖြစ်ပေါ်လာတယ်ဆိုတာ လေးလေး နက်နက် စဉ်းစားမိဖူးပါသလား။ ဒါကို သေချာမသိရင် သေခြင်းဆိုတဲ့ လမ်းဆုံးသာ ရှိပြီး အစမရှိဘူးဖြစ်နေမယ်။ လူသားများရဲ့ မူလအစကို

သမ္မာကျမ်းစာထဲမှာ ဘုရားသခင်က မိမိသဏ္ဌာန်နဲ့ အညီ မြေမှုန့်နဲ့ လူကို ဖန်ဆင်းတယ်လို့ ဆိုထားပါတယ်။(က ၁း၂၇၊ ၂း၇၊ ၂၁-၂၃)ဒီကျမ်းပိုဒ်အရ သိပ္ပံပညာရှင်တွေက လူနဲ့ မြေမှုန့်ကို ဓါတ်ခွဲကြည့်ခဲ့ကြတယ်။စမ်းသပ် တွေ့ရှိချက်အရ ဓာတ်ပစ္စည်း(၁၄)မျိုးစီနဲ့ ဆက်စပ်တူညီနေတာကို အံ့ဖွယ် တွေ့ရှိခဲ့ကြတယ်။ ထို့အပြင် လူသားများရဲ့ အဦးဆုံးမိဘများဖြစ်တဲ့ အာဒံနဲ့ ဧဝတို့ ကနေ ဆင်းသက်လာတဲ့ ကမ္ဘာ့လူဦးရေ ပြန့်ပွားမှုနှုန်းအရ ကြည့်မယ်ဆိုရင်လည်း ကျမ်းစာမှာ ဖော်ပြတဲ့နှစ်ကာလအတိုင်း လူဦးရေ တိုးပွား နှုန်းနှင့်ကိုက်ညီမှုရှိကြောင်းတွေ့ရှိခဲ့ကြတယ်။ ထို့အပြင် နိုင်ငံနှင့်လူမျိုးများ ၊ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများသည်လည်း ရေလွှမ်းမိုးခြင်း၏နောက်ပိုင်း အဖြစ်အပျက်များသာဖြစ်ကြောင်း လေ့လာတွေ့ရှိရမှာဖြစ်ပါတယ်။

ထာဝရဘုရားဟာ လူကိုဖန်ဆင်းတဲ့အခါမှာ ဘုရားရဲ့ သဏ္ဌာန်နဲ့ တစ်ညီတည်းဖန်ဆင်း ခဲ့တဲ့ အတွက် ထာဝရဘုရားနည်းတူ အိုခြင်း၊ နာခြင်း၊

သေခြင်း ဆိုတာ မရှိဘဲ ထာဝရ အသက်ရှင်သန်ခွင့်ကို ပေးခဲ့တယ်။ ဒါပေမဲ့ လူတွေ လိုက်နာဖို့ စည်းကမ်း ဥပဒေတစ်ခုတော့ ထုတ်ပြန်ထားခဲ့တယ်။ အဲဒါက “ ထိုအပင်၏ အသီးကိုမစားရ။ စားသောနေ့တွင် ဧကန် အမှန်သေရမည်။ “(က ၂း၁၇) ပဲဖြစ်ပါတယ်။ ဘုရားက လူကို စက်ရုပ်လို ဟုတ်ကဲ့ ၊ ခေါင်းညိတ်

ဖန်ဆင်းခဲ့တာ မဟုတ်ဘဲ၊ လွတ်လပ်စွာ ရွေးချယ်၊ ဆုံးဖြတ်ပိုင်ခွင့် နဲ့ ဖန်ဆင်းခဲ့တာ ဖြစ်တယ်။ ဒါကြောင့် အာဒံနဲ့ ဧ၀ တို့ က လွတ်လပ်စွာ ရွေးချယ်ခြင်းရဲ့ သဘောသဘာဝအရ ဘုရားရှင်ရဲ့ အမိန့်ဥပဒေကို ပြစ်မှားမိခဲ့ကြတယ်။ အဲဒီအချိန်ကနေစပြီး “အပြစ်” ဆိုတဲ့အရာ ဟာ လူ့လောကထဲကို စတင်ရောက်ရှိလာခဲ့တယ်။ အပြစ်တရားဝင် ရောက်လာ တဲ့နောက်ပိုင်း မှာ အချိန်ကာလဟာလည်း ထာဝရကနေ မမြဲတဲ့ သင်္ခါရ လောကအဖြစ်သို့ ကူးပြောင်းရောက်ရှိ သွားတော့တယ်။ ဒါကြောင့် ဒီကနေ့ ကျွန်ုပ်တို့ဟာ ဖြစ်ပြီးရင် ပျက်မယ် ဆိုတဲ့ သင်္ခါရလောကထဲမှာ အသက်ရှင် နေကြရတာ ဖြစ်တယ်။ (က၃) ဒါပေမဲ့ လူသားတွေကို ချစ်တဲ့ ထာဝရဘုရားဟာ သင်္ခါရကာလကို အကန့်အသတ်နဲ့ သာ ထားရှိပြီး ခရစ်တော်ဒုတိယအကြိမ် ပြန်ကြွလာတဲ့အခါမှာ သင်္ခါရကာလ ကုန်ဆုံးမှာ ဖြစ်ပါတယ် (ယော ၁၄း၁-၃၊ မ၂၄း၃၀) အဲဒီကာလအထိ ထာဝရဘုရားဟာ လူသားများအနေနဲ့ သူ့ကို မေ့လျော့ပြီး ဘယ်လိုပဲ ပုန်ကန်၊ မနာခံ ငြင်းဆန်ကြပေမဲ့ သဘောထားကြီး၊ စိတ်ရှည်စွာနဲ့ သည်းခံနေတယ်။ လူဟာ မိမိရဲ့ အကျင့်အတိုင်းသာ တရားစီရင်ခြင်းခံရမယ်ဆိုရင် လူတိုင်း အပြစ်နှင့် မလွတ်ကင်းနိုင်တာမို့ အားလုံးငရဲသွားကြရမှာဖြစ်တယ်။ သို့သော် ဘုရားရှင် က ကရုဏာတော် ကြီးမားလှတာကြောင့် ကိုယ်ဖြစ်ကိုယ်ခံ မစိမ်းကား ရက်ပေ။ ဒါကြောင့် လူတွေ ကျူးလွန်တဲ့ အပြစ်ရဲ့ အဖိုးအခ များကို အားလုံးရဲ့ ကိုယ်စား ခရစ်တော်က ကရာနီတောင်ကုန်းပေါ်မှာ ဆပ်ပေးခဲ့တယ်။ ထိုအရှင်သခင်ရဲ့ လုပ်ဆောင် ချက်ကို ယုံကြည်ကိုးစားရင် အပြစ်များကို ခွင့်လွှတ်မယ်လို့ ကတိတော် ထားရှိတယ်။ခရစ်တော်က ယုံကြည်ခြင်းတစ်မျိုးတည်းကိုသာ တောင်းဆိုခြင်း ဖြစ်ပြီး ကာယကံရှင် ကိုယ်တိုင်က နောက်ထပ်ပေးဆပ်စရာ မလိုအပ်တော့ ပေ။ (ယော ၃း၁၈၊ ဟေဗြဲ ၉း၁၂၊ ဆာ ၁၀၃း၈-၁၀)

လူသားအားလုံးကို ထာဝရဘု ရားက ဖန်ဆင်းထားတာဖြစ်လို့ သူ့ကိုယုံယုံ၊ မယုံယုံ ကြွယ်ဝချမ်းသာနိုင်တဲ့အခွင့်ကို ပေးထားပါတယ်။ (မ ၅း၄၅)

သို့သော် လူဟာ အချိန်မရွေးသေဆုံးသွားနိုင်ပါတယ်။ (လု၁၂း၂၀) ဒါကြောင့် ကျမ်းစာက စကြဝဠာတစ်ခုလုံးကို အစိုးရပေမယ့် မိမိရဲ့ ဝိညာဉ်ဟာ ငရဲကို ရောက်သွားမယ်ဆိုရင် ဘာအဓိပ္ပါယ်ရှိမှာလဲလို့ သတိပေးထားပါတယ်။ (မ ၁၆း၂၆) ဒါကြောင့် မသေဆုံးခင်မှာ မိမိကို ဖန်ဆင်းတဲ့ ဖန်ဆင်းရှင်ကို သိဖို့ လိုအပ်တာ ဖြစ်ပါတယ်။ ဒါမှသာ လွတ်လပ်စွာစဉ်းစားရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ကျမ်းစာက ခရစ်တော်ကို ယုံကြည်တဲ့သူဟာ ကောင်းကင်နိုင်ငံ

တော်ကို ဝင်စားရမှာဖြစ်ပြီး လက်မခံဘဲ ငြင်းပယ်သူဟာ အပါယ်ငရဲ သွားရ မယ်လို့ ပြတ်သားစွာ သတိပေးထားပါတယ်။ (ယော ၃း၁၈) ဒါကြောင့် ယုံကြည်သူများဟာ လူမျိုးအပေါင်းတို့ကို ခရစ်တော်ရဲ့ မင်္ဂလာသတင်းကောင်း ၊ ကို ကြားပြောရခြင်းဖြစ်ပါတယ်။ ယုံတာ မယုံတာက ကြားနာသူစိတ်ကြိုက် ဆုံးဖြတ်ရမယ့် အပိုင်းသာ ဖြစ်ပါတယ်။

ဣသရေလများ ခါနာန်ပြည်သို့ မဝင်ရောက်မီက တဲတော်ဖြင့် ဝတ်ပြုကိုးကွယ်ခဲ့ကြသည်။ တဲတော်သို့ ဘုရားသခင် ကြွဆင်းလာပြီး ဣသရေလလူများ နှင့် အတူပါရှိကြောင်း ပြသခဲ့ သည်။ (ထွက် ၂၅း၈-၉၊ ၄၀း၃၄) ၊

ရှောလမုန်ဗိမာန်တော် ရှောလမုန်နန်းတက်လာသောအခါ ခမည်းတော်ဒါဝိဒ်မင်းကြီးမှာ ထားသည့် အတိုင်းဗိမာန်တော် တည်ဆောက်ခဲ့ သည်။ တဲတော်၏ ပုံသဏ္ဌာန်အတိုင်း အသန့်ရှင်းဆုံးဌာန၌ ပဋိညာဉ် သေတ္တာကို ထားရှိသည်။ သန့်ရှင်းရာဌာန၌ ယဇ်ပလ္လင်စားပွဲ၊ ဆီမီးခုံ၊ အင်တုံများ ထားရှိသည်။

ရှောလမုန်ဗိမာန်တော်အား AD ၅၈၇ ခုနှစ်၌ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ က ဖျက်ဆီးခဲ့သည်။

ဒုတိယဗိမာန်တော်ကို ဗာဗုလုန်သို့ ဖမ်းဆီးသွားခြင်းမှ ပြန်ရောက်လာ သော ဂျူးများကို ဇေရုဗဗေလက ဦးဆောင်၍ ဘီစီ ၅၂၀ တွင် စတင်တည် ဆောက်ခဲ့သည်။ အပြီးသတ်ပိုင်းကို ပရောဖက် ဟဂ္ဂဲ နှင့် ဇာခရိ တို့က

ဦးဆောင်ကာ ဘီစီ ၅၁၅ တွင် ပြီးစီးခဲ့သည်။ (ဧဇရ ၅း၂၊၆း၁၅) ဤဗိမာန်တော် တွင် နှစ်ပေါင်းများစွာ ဝတ်ပြုကိုးကွယ်ခဲ့ကြရာမှ ဘီစီ ၁၆၇ တွင် ဆီးရီးယား ဘုရင် (Antiochus Epiphanes) က ဇီးယပ်စ် (Zeus) နတ်ဘုရား ယဇ်ပလ္လင် ကို ဗိမာန်တော်အတွင်းသို့ ယူဆောင်ကာ ဂျူးများရွံရှာသည့် ဝက်ယဇ်ကောင်ကို ပူဇော်စေ ခဲ့သည်။ ထို့ကြောင့် ဂျူးလူမျိုး မက်သာသီးယပ်စ် ၏ တတိယသား ဂျူးဒါးစ် (Judas) က ဦးဆောင်ပြီး မက္ကာဘီယန် စစ်ပွဲ ဆင်နွှဲခဲ့သည်။ သုံးနှစ်အကြာတွင် ဗိမာန်တော်အား သန့်ရှင်းခြင်း မင်္ဂလာကို ပြုလုပ်နိုင်ခဲ့ပါသည်။ သို့သော် ဘီစီ(၆၃) ခုနှစ်၌ ရောမစစ်ဗိုလ်ချုပ်ကြီး ပွန်ပေ (Pompey) ၏ ဖျက်ဆီးခြင်းကို ခံခဲ့ရပြန်သည်။

တတိယ ဗိမာန်တော်ကို ဘီစီ (၁၉) တွင် ဟေရုဒ်မင်းကြီးက ဂျူးလူမျိုး များ၏ မျက်နှာသာ ပေးမှုကို ရယူလိုသောကြောင့် ရှောလမုန် ဗိမာန်တော်ထက် နှစ်ဆမျှ ကြီးမား၍ရွှေအတိဖြင့် ကြီးကျယ်ခမ်းနားစွာ တည်ဆောက်ပေးခဲ့ သည်။ သို့သော် ယေရှုပြောကြား ထားခဲ့သည့်အတိုင်း အေဒီ (၇၀) တွင် ရောမစစ်ဗိုလ်ချုပ်ကြီး တိုင်းတပ်စ် (Titus) က ဖျက်ဆီးပစ်ခဲ့သည်။ ထိုအချိန်မှစ၍ ဂျူးလူမျိုးများ၏ ဗိမာန်တော် အခန်းကဏ္ဍလည်း ပြီးဆုံးသွားခဲ့ ရသည်။ (မ ၂၄း၂)

ခရစ်တော်

တဲတော်နှင့် ဗိမာန်တော်တို့ သည် ခရစ်တော်ဘုရား လောကသို့ ကြွဆင်းမလာမီ ရှေ့ပြေးပုံရိပ်များဖြစ်သည်။ ခရစ်တော် ကြွဆင်းလာပြီးနောက် ဗိမာန်တော်သည် ယုံကြည်သူ များ၏ နှလုံးသားဖြစ်သွားသည်။ ဗိမာန်တော်၏ အသန့်ရှင်းဆုံးဌာန၌ ခရစ်တော်ဘုရား ကျိန်းဝပ်ခဲ့သကဲ့ သို့ ယနေ့ ယုံကြည်သူများ၏ နှလုံးသားထဲ၌ ခရစ်တော်ဘုရား ကျိန်းဝပ် သည်။ (လု ၁၇း၂၁)

“ ခရစ်တော်သည် ဗိမာန်တော်ဖြစ်သကဲ့သို့ ကြည် ဗိမာန်တော် ဖြစ်သည်။” (၁ကော ၃း၁၆-၁၇)

တဲတော် နှင့် ဗိမာန်တော်တို့သည် ခရစ်တော်ဘုရား၏ ၉ လက္ခဏာများ ဖြစ်၍ ဗိမာန်တော်အစစ်ဖြစ်သော ခရစ်တော်ဘုရား ။ ကြွဆင်းခဲ့ပြီး နောက်ပိုင်းယနေ့တိုင် ဗိမာန်တော်ပြန်လည်တည်ဆောက် သခင်ဘုရားက ခွင့်မပြုတော့ပေ။ ဗိမာန်တော်သည် မြေပြင် နှင့် တစ်ညီတယ် ဖြိုချဖျက်ဆီးပစ်ကြလိမ့်မည်ဟူသော ခရစ်တော်ဘုရား၏ ပရောဖက်ပြုသင့် ပြည့်စုံခြင်း ဖြစ်သည်။ (လု ၁၉း၄၄)

အေဒီ (၇၀)တွင် ရောမဧကရာဇ် ဗက်စပါးရှန် (Vespasian ) သား ဗိုလ်ချုပ် တိုင်းတပ်စ် (Titus) ဦးဆောင်သော ရောမ စစ်တပ်သည် ၊ ယေရုရှလင်မြို့ကို သိမ်းပိုက် ပြီး ဗိမာန်တော်ကို မီးရှို့ဖြိုချဖျက်ဆီးပစ်ခဲ့သည်။ ဂျူးလူမျိုး (၁)သန်းလောက်လည်း သတ်ဖြတ်ခံခဲ့ရသည်။ ၁၀။ ယူဒ(ခေါ်)ဂျူး (သို့) ယာကုပ် (ခေါ်)ဣသရေလေ

အာဗြဟံ၏ သားဣဇက်၊ ဣဇက် ၏ သား ယာကုပ် မှ ဣသရေလလူမျိုး ဖြစ်လာသည်။ (က ၃၅း၁၀) ယာကုပ်၏ သား (၁၂)ယောက်မှ ဣသရေလ မျိုးနွယ်စု ဖြစ်လာသည်။ နောက်ပိုင်း ယောသပ် ၏ အစား သူ၏ သား မနာရွှေ နှင့် ဧဖရိမ်တို့ ပါဝင်လာ၍ (၁၃)န္တ ဖြစ်သွားသည်။ (က ၄၈း၅) ၊

ယာကုပ်၏ ဇနီး လေအာ မှ ရသော သား ယုဒ မှ ” ဖြစ်လာသည်။(က ၂၉း၃၅) ယုဒ သည် မိမိ၏ ချွေးမ တာမာ နှင့် မှားယွင် သား အမွှာ ဖာရက် နှင့် ဇာရ တို့ မွေးဖွားသည်။ ဤထူးဆန်း အဖြစ်အပျက်သည် ဖာရက်၏ မျိုးဆက်မှ ဂျူးတော်ဝင် မျိုးနွယ် ၁ ကြီး နှင့် ရှောလမုန်တို့ ဆင်းသက်ခဲ့သည်။ (က၃၈) သခင်ယေရှု ကို ဂျူးမျိုးနွယ်မှ ကြွဆင်းခဲ့သည်။ (မ ၁း၁)

ယာကုပ် (ခေါ်) ဣသရေလ မှ ဆင်းသက်သော မျိုးနွယ်စု များ အားလုံးသည် ဒါဝိဒ် နှင့် ရှောလမုန်တို့ လက်ထက်တွင် ပြဿနာ အနည်းငယ်မှအပ စည်းလုံးသည်ဟု ဆိုနိုင် သော်လည်း ရှောလမုန်၏ သား ရောဗောင်လက်ထက်တွင် ယုဒနွယ် မဟုတ်သူများက ပြင်းထန်စွာ ပုန်ကန်ကြ၍ နိုင်ငံ နှစ်ခြမ်းကွဲခဲ့ ရသည်။ ယုဒခရိုင် နှင့် ဗာ်မိန်ခရိုင်နှစ်ခုသာ ရောဗောင်အုပ်စိုးသော တောင်ပိုင်းယုဒပြည် ဖြစ်လာသည်။ မြို့တော်မှာ ယေရုရှလင် ဖြစ်သည်။ (၆ရာ ၁၁း၅-၁၂)

ကျန် (၁၀)ခရိုင် မှာ ယောသပ်၏ သား ဧဖရိမ်အမျိုး၊ နေဗတ် ၏ သား ယေရောင် အုပ်စိုးသော မြောက်ပိုင်း ဣသရေလတိုင်းပြည် ဖြစ်လာသည်။ မြို့တော်မှာ ရှမာရိ ဖြစ်သည်။ ယေရောဗောင် သည် ရှောလမုန်လက်ထက်တွင် နန်းတွင်းအရာရှိ ဖြစ်ခဲ့ပြီး ရှောလမုန်အား ပုန်ကန်၍ အီဂျစ်ပြည်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သူ ဖြစ်သည်။ (၃ရာ ၁၁း၂၆) ရောင် နန်းတက်သောအခါ မြောက်ပိုင်း ဣသရေလများက ဆန့်ကျင် ပုန်ကန် ကြသည်။ ၄င်းတို့ သည် အီဂျစ်ပြည်မှ ပြန်လာသော ယေရောဗောင်အား ဣသရေလတို့၏ ရှင်ဘုရင်အဖြစ် တင်မြှောက် ခဲ့ကြသည်။ (၃ရာ ၁၂း၂၀) ထိုအချိန်မှစ၍ မြောက်ပိုင်း ဣသရေလများက ဒါဝိဒ်မင်း မျိုး ဂျူး(ယုဒ)လူမျိုး များအား တောက်လျှောက် ပုန်ကန်လာခဲ့ကြသည်။ (၃ရာ ၁၂း၁၉)

မြောက်ပိုင်းသားများသည် ဗာလဘုရားကို ကိုးကွယ်ကြသောကြောင့် ဘာသာရေးမှာ လည်း ကွဲပြားသွားခဲ့သည်။ ထို့ ကြောင့် မြောက်ပိုင်းရှိ ယဇ်ပုရောဟိတ်များ နှင့် လေဝိအနွယ် ဝင်တို့သည် တောင်ဘက်ရှိ ယုဒပြည်သို့ ပြန်လာခဲ့ကြသည်။ (၆ရာ ၁၁း၁၃-၁၇) ပြည်တွင်းစစ်ကြောင့် တိုင်းပြည် အင်အား ချိနဲ့လာကာ တောင်နှင့်မြောက် နှစ်နိုင်ငံစလုံး တိုင်းတစ်ပါးသို့ ဖမ်းဆီး ခေါ်ဆောင်ခြင်းကို ခံခဲ့ကြရသည်။

ထို့ နောက် တိုင်းပြည်သို့ ပြန်လာခွင့် ရသောအခါ အများစုမှာ ဂျူး(ယုဒလူမျိုး များ ဖြစ်ကြသည်။ ဣသရေလများမှာ တိုင်းတစ်ပါး တွင် သွေးနှောကာ သွေးမစစ်သူများ အဖြစ် ပြန်လာကာ ရှမာရိနယ်တစ်ဝိုက်တွင် နေထိုင်ကြသည်။ နောက်ပိုင်းတွင် ဂျူးဟူသော အမည်ကို လူသိများ ကြသောကြောင့် မျိုးနွယ်စု မခွဲခြားတော့ဘဲ ဣသရေလမျိုးနွယ်စု အားလုံးကို ဂျူးများ ဟု ခေါ်ခဲ့ကြသည်။ ရောမတို့ အုပ်ချုပ်သောကာလတွင် ယုဒ နှင့် ရှမာရိနယ်နှစ်ခုပေါင်းကို ယုဒပြည်ဟု ခေါ်ခဲ့ကြသည်။

ယုဒဘာသာရေးတွင် ဗိမာန်တော်သည် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်သည်။ ဝတ်ပြုကိုးကွယ်ရန် အတွက်သာ မဟုတ်ဘဲ ဂျူးများ၏ ဂုဏ်ယူ ရသော နေရာလည်းဖြစ်သည်။ ယေရှုခရစ်တော် နှင့် တပည့်တော်တို့ အား လူတို့ မကြိုက်ကြခြင်းမှာလည်း ဗိမာန်တော် ဆန့်ကျင်ရေးလှုပ်ရှားမှုများကြောင့် ဖြစ်သည်။ (မ ၂၆း၆၁၊ ၂၇း၃၉၊ တ ၆း၁၃-၁၄)

ဂျူးများသည် ရိုးရာဓလေ့ထုံးတမ်းများကိုသာ အဓိက ထားပြီး ချစ်ခြင်းမေတ္တာ ၊သနားခြင်းဂရုဏာများကို လျစ်လျူရှုကြသောကြောင့် ယေရှုက ရှုတ်ချခဲ့သည်။ ဖာရိရှဲများ ဦးဆောင်သော ယုဒဘာသာဝင်များသည် မေရှိယ ကြွလာမည်ကို သိကြသော်လည်း ၄င်းတို့ အမြတ်တနိုးတန်ဖိုးထားသော ဗိမာန်တော်ဖြစ်သည့် ခရစ်တော်ကိုယ်တိုင် အမှန်တကယ်ကြွ လာသောအခါ အသိအမှတ်မပြုကြရုံသာမက ရက်စက်စွာ ငြင်းပယ်ခဲ့ကြသည်။ ထိုသို့ ဖြစ်ရခြင်းမှာ ၄င်းတို့ မျှော်လင့်နေခဲ့ကြသော မေရှိယ သည် ရှင်ဘုရင်အဖြစ် ကြွလာမည်ဟုယူဆခဲ့ကြသောကြောင့်ဖြစ်သည်။ ထို့ကြောင့် နွားစာခွက်တွင် နှိမ့်ကျစွာ ကြွဆင်းခဲ့သော ခရော်တော် သည် ၄င်းတို့ မျှော်လင့်သောမေရှိယ မဟုတ်ဟုဆိုကာ လက်မခံခဲ့ကြခြင်းဖြစ်သည်။ယနေ့တိုင်အောင်အစ္စရေးနိုင်ငံ တွင် လူဦးရေ၏ (၈၁)ရာခိုင်နှုန်းမှာရှေးရိုးစွဲဂျူး(ယုဒ)ဘာသာဝင်များ ဖြစ်ကြသည်။ခရစ်ယာန်မှာ ၂ရာခိုင်နှုန်းသာရှိသည်။

မေရှိယ = ခရစ်တော် (ယောဟန် ၁း၄၂)

ယုဒပြည်မှ အာသ၊ ယောရှဖတ်၊ ယောရှိ၊ အာမဇိ၊ ယောသံ၊ ဟေဇကိ တို့သည် ထာဝရ ဘုရားကို ကိုးကွယ်ခဲ့ကြပြီး ကျန်ဘုရင်များမှာ ရုပ်တု ကိုးကွယ်ခဲ့ကြသည်။

၁၁။ ဒါဝိဒ်မင်းကြီး ကျိန်ဆိုခဲ့သော ဂီလဗောတောင်

ဣသရေလတို့၏ ပထမဆုံးရှင်ဘုရင် ရှောလု သေဆုံးခဲ့သော ဂိလဗောတောင် ကို ဒါဝိဒ်မင်းကြီး ကျိန်ဆိုခဲ့သောကြောင့် ယနေ့တိုင် မည်သည့်အပင်မျှ စိုက်ပျိုး၍ မရနိုင်ပေ။ အခြားနေရာ မှ မြေဆီလွှာများကို ယူလာ၍ စိုက်ပျိုးကြည့်သော်လည်း အပင်မပေါက်ပေ။ (၂ရာ ၁း၂၁) ၊

၁၂။ ယုံကြည်သူတိုင်း ယဇ်ပုရောဟိတ်ဖြစ်သည်း(၁ပေ ၂:၉)

ယဇ်ပုရောဟိတ်ဆိုသည်မှာ ဘုရားသခင် နှင့် တစ်ဆင့် အောင်သွယ် မလိုဘဲ တိုက်ရိုက် ဆက်သွယ်နိုင်သောသူ ဖြစ်သည်။ ထွက်မြောက်ရာကာလ တွင် ဣသရေလ(၁၃)နွယ် (ယောသပ် ၏ သား မနာရှေ နှင့် ဧဖရိမ်အပါအဝင်) စလုံးကို ယဇ်ပုရောဟိတ်ဖြစ်ရန် ဘုရားသခင် အလိုရှိခဲ့သော်လည်း၊ ရွှေနွားရုပ် လုပ်ပြီး ဖောက်ပြန်ခဲ့ကြသောကြောင့် လေဝိတစ်မျိုးတည်းသာ ယဇ်ပုရောဟိတ် မျိုး ဖြစ်လာခဲ့ပြီး ကျန်အမျိုးအနွယ်များ အားလုံး ပယ်ရှားခံခဲ့ရသည်။ (ထွ ၁၉း၆၊ ၂၈၊ ၃၂း၂၉)

မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မှာ ဣသရေလတို့၏ ပထမဦးဆုံး သော ရှင်ဘုရင် ရှောလုမှ စတင်ရမည်ဖြစ်သော်လည်း ၊ ဘုရားသခင်၏ စကားတော်ကို နားမထောင်သော ကြောင့် ဒါဝိဒ်မင်းကြီးမှ အစပြုခဲ့ရခြင်း၊ ဖြစ်သည်။

ယနေ့ယုံကြည်သူများ သည် ခရစ်တော်အားဖြင့် သန့်ရှင်းသော ယဇ်ပုရောဟိတ်မျိုး ဖြစ်ခွင့် ရသည် သာမက မင်းစည်းစိမ်ရှိ သော ယဇ်ပုရောဟိတ်ပါ ဖြစ်ခွင့်ရကြပြီ ဖြစ်သည်။ (၁ပေ ၂း၅-၁၀) ထို့ကြောင့် ယုံကြည်သူများအနေဖြင့် ကမ္ဘာမိုးမြေတစ်ခုလုံးကို အုပ်စိုးရာပလ္လင်တော် အခန်းသို့ နေ့၊ ညဉ့်အချိန် မရွေး၊ အတားအဆီးမရှိ ဝင်ထွက် ပြီး ဓမ္မယဇ်ကို ပူဇော်နိုင်ခွင့်ရှိသော ခရစ်တော်၏ သံတမန်များဖြစ်ကြသည်။(၂ကော ၅း၂၀)

ဓမ္မဟောင်းခေတ်တွင် ထာဝရဘုရားအား တိရစ္ဆာန်၊ ကျေးငှက်၊ ဘောဇဉ်(တဆေးမဲ့ မုန့် နှင့် ဆီမွှေး) ပူဇော်သက္ကာများဖြင့် သာ ကိုးကွယ်ခွင့် ရခဲ့ကြသည်။ (တော ၁၅:၂၄) သို့သော် ယနေ့ ယုံကြည်သူ ယဇ်ပုရောဟိတ် များသည် ကျေးဇူးတော်ကြောင့် တိရစ္ဆာန်များ၏ အသွေးကို သွန်းစရာ မလိုတော့ဘဲ ဓမ္မယဇ်ကို ပူဇော်နိုင်ကြပြီဖြစ်ပါသည်။ ဥပမာ – (၁) ကိုယ်တော်နှစ်သက်သော ယဇ်ကောင်သဖွယ် အသက်ရှင်ခြင်း ၊

အားဖြင့် ဆက်ကပ်ပူဇော်ခြင်း (ရော ၁၂း၁) ၊

(၂) ချီးမွမ်းခြင်းယဇ်ဖြင့် ပူဇော်ခြင်း (ဟေဗြဲ ၁၃း၁၅)

(၃)မစကူညီခြင်းယဇ်ဖြင့် ပူဇော်ခြင်း (ဟေဗြဲ ၁၃း၁၆)

(၄) ၊ ပေးကမ်းစွန့်ကြဲခြင်းယဇ်ဖြင့် ပူဇော်ခြင်း (ဟေဗြဲ ၁၃း၁၆) ၊

(၅) ဧဝံဂေလိုခြင်း ယဇ်ဖြင့် ပူဇော်ခြင်း (ရော ၁၅း၁၆)

(တမန်တော်ကြီး ရှင်ပေါလု သည် ဥရောပတစ်ခွင် သတင်းကောင်း ကို ဝေငှ အမှုတော်ဆောင်ခြင်းအားဖြင့် အသင်းတော်များစွာ တည်ထောင်ခဲ့သည်။)

ယုံကြည်သူတိုင်း သည် ယဇ်ပုရောဟိတ်များဖြစ်ကြသော်လည်း ခံစားရသော ဆုကျေးဇူး မတူညီကြပေ။ ဆရာဝန်၊ အင်ဂျင်နီယာ၊ သင်းအုပ်၊ သင်းထောက်၊ လုပ်ငန်းရှင်၊ ကျောင်းဆရာ စသည်ဖြင့် မိမိအား ခွဲခန့်မှတ်သား ထားသော နေရာ၌ပင် အလင်းလင်းကြရန် ဖြစ်သည်။(ယော ၈း၁၂၊ မ ၅း၁၄) ယုံကြည်သူတိုင်း အလင်းဖြစ်သော ဧဝံဂေလိသတင်းကောင်းကို မိမိရောက်ရှိ နေသော နေရာ၌ ပင် ဝေငှ အလင်းပေးကြရန် ဖြစ်ပါသည်။ (၁ကော ၉း၁၆)

၁၃။ ယုံကြည်သူများသည် ကျွန်မဟုတ်တော့ပါ။

ဓမ္မဟောင်းခေတ်တွင် ဘုရားသခင် က “ကျွန်” ဟု သုံးနှုန်းခဲ့သည်။ (ယောရှု ၁း၂၊ တရားဟော ၃း၂၄) သို့ သော် ယနေ့ ကျေးဇူးတော်ကာလတွင်

ရစ်တော်၏ ကျေးဇူးပြုမှု ကြောင့် ယုံကြည်သူများသည် ကျွန်မဟုတ် ကြတော့ပေ။ (ယော ၁၅း၁၄-၁၅) ယုံကြည်သူများအား ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးခဲ့သည်။ (ယော ၁း၁၂၊ ဂလာ ၃း၂၆) ကိုယ်တော့် အား အဗ္ဗ (အိုအဖ) ဟူ၍ ချစ်ခင်ရင်းနှီးစွာဖြင့် မိမိ၏ ဖခင်အရင်းကဲ့သို့ ခေါ်ဆိုခွင့်ရရှိကြပြီ ဖြစ်သည်။ (ရော ၈း၁၅-၁၆) ၊

၁၄။ စရစ်ယာန်ဟူသော ဝေါဟာရပေါ်ပေါက်လာပုံ ၊

အန္တိအုတ်မြို့တွင် ဗာနဗ နှင့် ရှင်ပေါလု တို့၏ ရဲဝံ့ပြောင်မြောက်စွာ ဟောပြော သက်သေခံမှုကြောင့် တပါးအမျိုးသားများ မြောက်မြားစွာ ပြောင်းလဲ၍ ယုံကြည်သူများဖြစ်လာ ကြသည်။ ၄င်းယုံကြည်သူများကို အခြား မယုံကြည်သူများက ခရစ်ယာန်များဟု နောက်ပြောင် ခေါ်ဝေါ်ရာမှ စတင်ပေါ်ပေါက်လာသော စကားလုံးဖြစ်သည်။ ပြောင်လှောင်သရော်၍ ခေါ်ဆိုကြမှန်း သိသော် လည်း ယုံကြည်သူများက ကယ်တင်ရှင်ကို ကြိုဆိုသောအားဖြင့် ဝမ်းပန်းတသာလက်ခံခဲ့ကြ သည်။ (တ ၁၁း၂၅-၂၆)

ထို့ကြောင့် ခရစ်ယာန်ဟူသော စကားလုံးမှာ မူလက မရှိဘဲ မယုံကြည် သူများက ခေါ်ဝေါ်ကြရာမှ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

သမ္မာကျမ်းစာ တစ်အုပ်လုံးတွင် ခရစ်ယာန်ဟူသော စကားလုံးသုံးခါ ပါရှိရာ ၊ အခြားနှစ်ခု မှာ တ ၂၆း၂၈ နှင့် ၁ပေ ၄း၁၆ တို့ တွင် တွေ့ရသည်။

၁၅။ နောက်ကျသော သူများသည် အရင်ကျလိမ့်မည်။ အရင်သော

သူအများတို့သည် နောက်ကျ လိမ့်မည်။ (မ ၂၀း၁၆၊ လု ၁၃း၃၀)

ယခုမျက်မှောက်ခေတ်ကျေးဇူးတော်ကာလ ကုန်ဆုံးသောအခါ ကောင်းကင်နိုင်ငံ၏အရှင်သခင်ဖြစ် သော ခရစ်တော်က ကောင်းကင်တံခါးကို ပိတ်မည်ဖြစ်သည်။ ထို ကာလရောက်သောအခါ ယုဒလူမျိုးများက သခင်ဘုရားအား တံ ခါးဖွင့် ပေးရန် တောင်းဆို ကြလိမ့်မည်။ ဣသရေလလူမျိုးများသည် ကောင်းကင်နိုင်ငံတော်ထဲတွင် အာဗြဟံ၊ ဣဇက်၊ ယာကုပ်မှစ၍ရှေးပရောဖက်များကို လှမ်းမြင်ကြလိမ့်မည်။ ၄င်းတို့ သည် ဘိုးဘေးများ၏ သွေးသားစဉ်ဆက် များဖြစ်သောကြောင့် နိုင်ငံတော်ထဲသို့ ကျိန်းသေဝင်ရောက်ခွင့် ရရှိကြမည်ဟု မျှော်လင့် ခဲ့ကြ သော်လည်း ဟန်ဆောင်သူများ၊ မာန်မာနထောင်လွှားသူများ၊ ဆိုးညစ်သူများ၊ မိမိတို့၏ လုပ်ဆောင်မှု အပေါ်၌သာ မင်္ဂလာယူတတ်ကြသူများ ဖြစ်သောကြောင့် ထိုသူများကို ခရစ်တော် ဘုရားက မသိကြောင်း ငြင်းပယ်လိမ့်မည်။ (မ ၇း၂၁) ၊ ဣသရေလ အမျိုးသားတို့ သည် ပင်လယ် ကမ်းခြေရှိ သဲလုံးနှင့် အမျှ များပြားစေကာမူ သူတို့ အထဲမှ လူနည်းစုသာလျှင် ကယ်တင်ခြင်းကို ခံရကြလိမ့်မည်ဖြစ်သည်။ (ရောမ ၉း၂၇) ဣသရေလလူမျိုးများစွာ တို့ သည် ခြံစည်းရိုး၏အပြင်ဘက်တွင် ရှိနေကြစဉ် တပါးအမျိုးသားများကကမ္ဘာအရပ်ရပ် မှ ထွက်လာကြလျက် နိုင်ငံတော်ထဲသို့ ဝင်ရောက်ကာ ကောင်းချီးမင်္ဂလာများကို ခံယူကြမည်ဖြစ် သည်။ ဘုရားသခင်၏မူလအစီအမံတွင် ဣသရေလ လူမျိုးများသည် ကောင်းချီးမင်္ဂလာများကို အရင် ဦးစွာ ခံယူကြရမည် ။

ဖြစ်သော်လည်း ကိုယ်တော့်ကို လက်မခံဘဲ ငြင်းပယ်ခဲ့ကြသောကြောင့် ၄င်းတို့ အထင်အမြင်သေးခဲ့ကြသော တပါးအမျိုးသားများက နိုင်ငံတော်ထဲတွင် အရင်နေရာရပြီး ပျော်ရွှင်စွာဖြင့် ကောင်းချီးမင်္ဂလာများကို ခံစားကြရမည် ဖြစ်သည်။ (ရောမ ၁၁း၇)

၁၆။ ပျောက်သောပုံဥပမာ (လု ၁၅:၁-၁၀)

သိုးအကောင် ၁ဝဝ မှာ ၁ ကောင်လေးပဲ ပျောက်တာတောင် လိုက်ရှာ တဲ့ အဓိပ္ပါယ်က ဘုရားသခင်ဟာ ကမ္ဘာပေါ်မှာ ရှိရှိသမျှ လူသားအားလုံးကို ကယ်တင်ခြင်းပေးချင်တဲ့ ဘုရားဖြစ်တယ်။ တစ်စုံတစ်ယောက်ကို မျှ ပျောက်ဆုံးလမ်းလွှဲသွားမှာကို အလိုတော်မရှိ ဘူး။ (မ ၁၈း၁၄၊ ၁တိ ၂း၄) ယေရှုက ပျောက်သောသူတို့ကို ကယ်တင်ဖို့ လောကကို ကြွလာတာဖြစ်တယ်။ (မ ၁၈း၁၁)

ပျောက်တယ်ဆိုတာ မိမိဖာသာ လမ်းမှန်ကို ရှာမတွေ့ခြင်းပဲဖြစ်တယ်။ ဒါကြောင့်တစ်စုံတစ်ယောက်ရဲ့ ရှာဖွေတွေ့ရှိခြင်းကို လိုအပ်နေတယ်။ ဒါဆိုရင် ပျောက်ဆုံးဝိညာဉ်တွေကို ဘယ်သူတွေရှာကြမှာလဲ။

ခရစ်တော်ဟာ အလင်းဖြစ်သကဲ့သို့ ယုံကြည်သူများသည်လည်း အလင်းဖြစ်တယ်။(ယော ၈း၁၂၊ ယော ၁း၉-၁၂၊ မ ၅း၁၄-၁၆) ဒါကြောင့် သခင်ဘု ရားက နှုတ်ကပတ်တော် ကို နာရုံ သက်သက် မဟုတ်ဘဲ ကိုယ်တိုင်လုပ်ဆောင်ကြဖို့ မိန့်မှာခဲ့တယ်။ (ယာ ၁း၂၂၊ ၂း၅-၂၆မာ၁၆း၁၅၊ လု ၁၀း၃) ။ ကိုးဆယ့်ကိုးကောင်ရှိတဲ့ ဘုရားကျောင်းဝင်း နှင့် မိသားစုထဲမှာပဲ စုပြုံမနေဘဲပျောက်ဆုံးဝိညာဉ်တွေကို ထွက်ရှာကြဖို့ မိန့်တော်မူခဲ့ခြင်းဖြစ်တယ်။

ပျောက်သော သိုးပုံဥပမာကို ရှင်းလင်းစွာ နားလည်အောင် ပျောက် သော ဒင်္ဂါးဥပမာကို ထပ်ပေး ခဲ့တယ်။ (လု ၁၅း၈ ၁၀)အမျိုးသမီး တစ်ယောက် က ဒင်္ဂါးဆယ်ပြားရှိတဲ့ အထဲကတစ်ပြားပျောက်သွားတယ်။ ကျန်တဲ့ ကိုးပြားပဲ သုံးတော့မယ်လို့ သဘောမထားဘူး။ ပျောက်တဲ့ဒင်္ဂါးတစ်ပြားကို အသည်းအသန်

မရမကရှာတယ်။ ပျောက်တဲ့ ဒင်္ဂါးက အမျိုးသမီးကိုမရှာဘူး။ အလိုအလျောက် ပြန်တွေ့တာလည်း မဟုတ်ဘူး။ သေချာပြန်ရှာမှ တွေ့တာ ဖြစ်တယ်။ ဒါကြောင့် ပျောက်ဆုံးဝိညာဉ်များက ဘုရားကျောင်းထဲကို အလိုလိုရောက်လာတဲ့အထိ ထိုင်စောင့်မနေဘဲ လိုက်ရှာကြဖို့ (ဧဝံဂေလိဝေငှဖို့) ယုံကြည်သူတိုင်းကို ကိုယ်တော်က တာဝန် ပေးအပ် ခဲ့ခြင်းဖြစ်တယ်။ (ဟေရှာယ ၆း၈၊ ၁ပေ ၂း၅။ ယေဇ ၂၄း၅-၆)

၁၇။ တနင်္ဂနွေနေ့တွင် ဥပုသ်နေ့ဖြစ်လာရခြင်း

သခင်ယေရှု သေခြင်းမှ မထမြောက်မီအချိန်အထိ ဥပုသ်နေ့မှာ စနေနေ့ ဖြစ်ခဲ့သော်လည်း ရှင်ပြန်ထမြောက်ခြင်းအားဖြင့် ကျေးဇူးတော်ခေတ် ကာလသို့ ပြောင်းလဲရောက်ရှိသွားချိန်မှစ၍ ယုံကြည်သူများ၏ ဥပုသ်နေ့မှာ လည်း တနင်္ဂနွေနေ့ ဖြစ်လာခဲ့သည်။

သခင်ယေရှုသည် သောကြာနေ့ (အဖိတ်နေ့)တွင် လက်ဝါးကပ်တိုင်၌ – အသေခံ၍ စနေနေ့(ဥပုသ်နေ့) တွင် သင်္ချိုင်းထဲ၌ ရှိနေခဲ့သည်။ ဥပုသ်နေ့ လွန်၏ ပထမနေ့ဖြစ်သော တနင်္ဂနွေနေ့ နံနက်တွင် သေခြင်းမှ ရှင်ပြန် ထမြောက်ခဲ့သည်။ (လု ၂၃း၅၃-၅၆၊ မာ ၁၆း၁-၉) သခင်ယေရှု၏ သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းသည် လူသားနှင့် စာတန်ကြောင့် ဆုံးရှုံးခဲ့ရသော သေခြင်း တရား၌ လမ်းဆုံးခြင်းကို ချေဖျက်ကာ လူသားတိုင်းအတွက် ထာဝရအသက်ကို ပြန်လည်ပေးအပ်ခဲ့သော မင်္ဂလာနေ့ရက်ဖြစ်သဖြင့် တမန်တော်ကြီးများနှင့် ကနဦးအသင်းတော်များက ယေရှုရှင်ပြန်ထမြောက်ခဲ့သော တနင်္ဂနွေနေ့ ကို သခင်ဘုရား၏နေ့ (ဥပုသ်နေ့)အဖြစ်ခေါ်ဝေါ်ကာ ချီးမွမ်းဝတ်ပြုကိုးကွယ်ခဲ့ ကြသည်။ (တ ၂၀း၇၊ ဗျာ ၁း၁၀၊ ဆာ ၁၀၃း၃)

၁၈။ ယေရှုကို ဘယ်သူသတ်သလဲ ၊

ယေရှုလောကကို ကြွလာတဲ့ နှစ်ပေါင်း (၃၀)ကျော်ကာလအတွင်းမှာ အဓိကအနေနဲ့ လုပ်ခဲ့တဲ့ အလုပ်(၃)ခုပဲ ရှိတယ် –

(၁) တရားဟောတယ်

(၂) တန်ခိုးပြတယ်

(၃) သေခြင်းက ပြန်ရှင်တယ်

(၁)နှင့်(၂)ကို အများက လုပ်နိုင်ကြပေမဲ့ သေခြင်းက ပြန်ရှင်တာ ယေရှုတစ်ပါးတည်းပဲ ရှိတယ်။ ယေရှုက အသက်ဖြစ်တယ်။ (ယော ၁၄း၆) သေခြင်းနဲ့ ရှင်ခြင်းကို အစိုးရတဲ့ နိစ္စထာဝရ ဘုရားဖြစ်တယ်။ (ယော ၁၀း၁၀၊ ဟေဗြဲ ၇း၂၄)

ကားတိုင်ပေါ်မှာ ရောမစစ်သားတို့ သတ်ပြီးသေတယ်လို့ ထင်ရပေမဲ့ တကယ်တမ်းကျတော့ ယေရှုက မိမိရဲ့ အသက်ကို ကိုယ်တိုင်လွှတ်လို့ အသက်ချုပ် ခဲ့ခြင်း ဖြစ်တယ်။ (မ ၂၇း၅၀) ကိုယ့်အသက်ကို ကိုယ်တိုင်လွှတ်လို့ သေတာ ကောင်းကင်အောက်မြေကြီးပေါ်မှာ ယေရှုတစ်ပါးတည်းပဲရှိတယ်။ သူကိုယ်တိုင် အသက်ကို ပေးပိုင်ခွင့်ရှိတဲ့ အသက်သခင်ဖြစ်သော ကြောင့် ဖြစ်တယ်။ (ယော ၁၄း၆)

၁၉။ဘုရားသခင်တကယ်ရှိရိုးမှန်ရင် မကောင်းမှုပြုသူများဘာကြောင့်ကြီးထွားနေရပါ   သလဲ။

ဘုရားသခင်က လူကို တည်မြဲခြင်းအဖြစ် ဖန်ဆင်းခဲ့သော် လည်း စကားတော်ကို နားမထောင်သောကြောင့် အသက်ပင်ကို ချဉ်းကပ်ခွင့် မရ

တော့ဘဲ ဧဒင်ဥယျာဉ်ကို စွန့်ခွာခဲ့ ရသည်။ ထိုအချိန်မှစ၍ ပြုပြင်စီရင်ခြင်း ခံရသော မမြဲသည့် သင်္ခါရတရားပေါ်ပေါက်လာကာ လူမဆန်စွာ ရက်စက် ယုတ်မာသည့် မကောင်းမှု ဒုစရိုက် နှင့် လူမှုဆင်းရဲဒုက္ခမျိုးစုံကို တွေ့ကြုံ လာရသည်။ (က ၂၁၇၊ က၃၊ က၄၈) ၊

စာတန်မာရ်နတ် သည် ဤ ကမ္ဘာလောကကြီးကို အုပ်စိုးပြီး ဘုရားသခင်ကို ဆန့်ကျင် ဘက်ပြုလျက် ရှိသည်။ (ယော ၁၆း၁၁၊ဧ ၂း၁-၂၊

ယေဇ ၂၈း၁၄-၁၅၊ ၂ကော ၄း၄၊ ၁ယော ၅း၁၉) သို့ သော် ယေရှုက လက်ဝါးကပ်တိုင်ပေါ်တွင် စာတန်ကို အနိုင်ယူကာ လူကို ဘုရားသခင်၏ တန်ခိုးတော် နှင့် အုပ်စိုးခြင်း အခွင့်အာဏာကို ပေးအပ်ကာ စာတန်၏ လက်ထဲမှ လွတ်မြောက်နိုင်သောအခွင့်ကို ပေးခဲ့သည်။ ထိုအာဏာ နှင့် တန်ခိုးတော်များသည် ယခု ပစ္စုပ္ပန်၌ တည် နေပြီ ဖြစ်သော်လည်း ခရစ်တော်ဒုတိယအကြိမ် ကြွလာသည့် အချိန် ကျမှသာ ပြည့် စုံ စွာ ခံစားရမည်ဖြစ်သည်။ (မ ၄း၂၃-၂၄၊ မ ၁၂း၂၈-၂၉၊ ဗျာ ၂၁း၄၊ ဗျာ၂၂း၅)

ဤကမ္ဘာမြေတွင် စာတန်သည် နောက်ဆုံးအချိန်ထိ ဆက်လက် လှည့်ဖြားကာ ဖျက်ဆီး နေဦးမည်ဖြစ်သောကြောင့် အာဒံကျဆင်းချိန်မှစ၍ ခရစ်တော် ဒုတိယအကြိမ် ပြန်မကြွလာမချင်း မကောင်းမှုပြုသူများ ဆက်လက်ကြီးထွားနေမည်ဖြစ်သည်။ (မ ၂၄း၄-၂၁၊ ၂တိ ၃း၁-၃) သို့သော် သမ္မာကျမ်းစာက ခရစ်တော် ပြန်ကြွလာမည့် နောက်ဆုံးအချိန်ကို ရက်အတိအကျ ဖော်ပြမထားသောကြောင့် ချီဆောင်ခြင်းမှာ အချိန်မရွေး ဖြစ်လာနိုင်သည်။ ( မ၂၄း၃၆၊ လု ၂၁း၃၄၊ ၁သက် ၅း၁-၆) ခရစ်တော် ပြန်ကြွလာချိန်ထိ ဆိုးသွမ်း၍ နောင်တမရသော သေလွန်သူများ နှင့် အသက်ရှင်လျက် ကျန်ရှိသူအားလုံးကို ခရစ်တော်က တရားသဖြင့် တရားစီရင် မည်ဖြစ်သည်။ (မ ၁၃း၃၉-၄၃၊ ဗျာ ၂၀း၁၀၊ ဗျာ ၂၁း၆-၈၊ ယော ၁၂း၄၈)

အသက်စာစောင်တွင် အမည်စာရင်းပါရှိသူများသာ ကောင်းကင်သစ်၊ မြေကြီးသစ် တွင် အိုခြင်း၊ နာခြင်း၊ သေခြင်း နှင့် မကောင်းမှုအပေါင်း နှင့် ကင်းဝေးကာ အေးချမ်းသာယာ စွာ ထာဝရအသက်ရှင်ရမည်ဖြစ်သည်။ (ဗျာ ၂၁:၄-၅၊ ယော ၃း၃၊ ကော ၁း၁၃၊ မ ၇း၂၁-၂၃၊ မ ၁၃း၄၁-၄၃၊ မ ၂၅း၃၁-၃၄၊ ၂ပေ ၁း၁၁၊ ၁ ကော ၁၅း၂၄-၂၆)

ထို့ကြောင့် မကောင်းမှုပြုသူများကြီးထွားနေရခြင်းမှာ သမ္မာကျမ်းစာက ကြိုတင်ဟောကြားထားချက်များ ပြည့်စုံလာခြင်းသာ ဖြစ်ပါသည်။ (မ ၂၄း၄-၂၁၊ ၂တိ ၃း၁-၁၃) ဘုရားသခင်က ဆိုးသွမ်းခြင်းကို နောက်ဆုံးအချိန်ထိ ခွင့်ပြုထားရခြင်းမှာလည်း မည်မျှပင် ရက်စက်၊ ယုတ်မာ၊ ဆိုးသွမ်းသူပင် ဖြစ်နေပါစေ ခရစ်တော်က သူ ဖန်ဆင်းထားသော လူသားများသာ ဖြစ်နေသောကြောင့် အကောင်း၊ အဆိုးဟု မျက်နှာမလိုက်ဘဲ စိတ်ရှည်သည်းခံ နေခြင်းသာ ဖြစ်ပါသည်။ “ အကြောင်းမူကား ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့ အဘ သည် ကောင်းသောသူ၊ မကောင်းသောသူ အပေါ်၌ ကိုယ်တော်၏ နေကို ထွက်စေတော်မူ၏။ ဖြောင့်မတ်သောသူ၊ မဖြောင့် မတ်သောသူအပေါ်၌ မိုးကို ရွာစေတော်မူ၏။ (မ ၅း၄၅)” ကားတိုင်ပေါ်က ဓါးပြ (လု ၂၃း၃၂-၄၃) ၊ မှားယွင်းသော မိန်းမ (ယော ၈း၁-၁၁) တို့ ကဲ့သို့

နောင်တ နှင့် ပြန်လာကြရန် ခရစ်တော်က ယေရုရှလင်မြို့သစ်မှ နွေးထွေးစွာ လက်ကမ်းကြို ဆို လျက် ရှိ ပါ သည် ။ “ဘု ရား သ ခင် သည် သူ တို့ ၏ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တဖန် သေဘေးမရှိရ။ စိတ်မသာ ညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်း မရှိရ။ ထိုမြို့၌ ညဉ့်မရှိရ။ ဆီမီးကို အလိုမရှိ။ နေ၏ အရောင်ကိုလည်း အလိုမရှိ။ အကြောင်းမူကား ၊ ထာဝရအရှင် ဘုရားသခင်သည် သူတို့ ၌ ရောင်ခြည်

တော်ကို လွှတ်တော်မူ၍ သူတို့ သည် ကမ္ဘာအဆက် ဆက် စိုးစံကြ လတ္တံ့။” (ဗျာ ၂၁း၄၊ ၂၂း၅၊ လု ၄း၄၃-၄၄၊ ၅း၃၂) ၊

၂၀။ ဆုတောင်းခံပြီး ရောဂါပျောက်ကင်းသည့်နောက် အဘယ်

ရောဂါပြန်ဖြစ် ရသနည်း။

ဆုတောင်းခံပြီး ရောဂါပျောက်ကင်းသွားသော်လည်း နေ့စဉ် အသက်တာတွင် ဘုရားအတူရှိခြင်းကို အသိအမှတ်မပြုဘဲ စာတန် အခွင့်ပေးပါက (၁)နှစ်(၂)နှစ်အတွင်း ရောဂါ ပြန်ဖြစ်နိုင်ပါသည်။ ဒါဝိဒ်သည် နံနက် အိပ်ယာထလာတိုင်း ဤနေ့ရက် သည် ဘုရားသခင်က အကျွန်ုပ် အတွက် အကောင်းဆုံးပြင်ဆင်ပေးထားသော နေ့သစ်ဖြစ်သည်ဟု ဝန်ခံသည်။ ဝန်ခံခြင်းအပေါ် ဘုရားသခင်က ကောင်းချီးပေးခြင်း ဖြစ်ပါသည်။ (ဆာ ၂၃၊ ၉၁) ၊

ငါ့အဖေနဲ့ ငါ့အမေ ဒီရောဂါနဲ့ သေသွားကြတာ။ ဆရာဝန်က ပြောတယ်။ (၃)လပဲခံတော့မယ် စသည်ဖြင့် အခြေအနေကို ကြည့်ပြီး တစ်စက္ကန့်လေးမှ ဝန်မခံရန် အရေးကြီးပါသည်။ အသက်ရှင်သော ဘုရားက အခြေအနေကို ကြည့်သော ဘုရားမဟုတ်ပေ။ လူမည် သည်ကား ခရစ်တော်၌ ရှိလျှင် အူ၊ အသဲ၊ ကလီစာ မှစ၍ အရာခပ်သိမ်းကို အသစ်ပြုပြင် ပေးသော ဘုရားဖြစ်ပါသည်။ (၂ကော ၅း၇) အခြေအနေကို ကြည့်ပြီး ဝန်ခံလိုက်လျှင် ဆုံးရှုံးခြင်း နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ခရစ်တော်ကို သိရုံသာဆိုလျှင်လည်း ဆုံးရှုံးမည် ဖြစ်သည်။ ယေရှုဘုရားသည် ယခုဘဝ၊ နောင်ဘဝနှစ်ခုစလုံးကို ကယ်တင်သော ဘုရားဖြစ်ပါသည်။ ။

ဒံယေလ သည် တစ်နေ့ သုံးကြိမ် အချိန်ယူကာ ဘုရားအတူ ရှိခြင်းကို ဝန်ခံပြီး အသိအမှတ်ပြုသည့်အတွက် ခြင်္သေ့တွင်းထဲသို့ ရောက်သောအခါ သက်သေကို တွေ့ရသည်။ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ ဘုရားအတူရှိခြင်းကို ဝန်ခံပြီး အသက်ရှင် သည့် အတွက် မီးထဲသို့ ကျရောက်သောအခါ သက်သေကို တွေ့ရသည်။ ထို့ကြောင့် ဘုရားသခင် သတ်မှတ်ပေးထားသော လူ့သက်တမ်းအတွင်း ကျန်းမာစွာဖြင့် သက် နေနိုင်ရန် အတွက်နေ့စဉ်အသက်တာတွင် ဘုရားအတူရှိခြင်းကို အသိအမှတ်ပြုရမည်ဖြစ်သည်။ ဒုက္ခရောက်မှ ဘုရားတလျှင် အဖြေရနိုင်

ချေ နည်းလွန်းလှပါသည်။ သို့ သော် သက်တမ်းစေ့လျှင် လူတိုင်း သေရမည်။ (ဆာ ၉၀း၁၀)

၂၁။ လင်မယားကွာရှင်းခွင့် ရှိသလား။

ဘုရားသခင်၏ မူလအစီအစဉ်တွင် တစ်လင်တစ်မယား စနစ်ဖြစ်သော် လည်း အာဒံကျဆင်းပြီးနောက်ပိုင်း လင်မယားပြဿနာများလည်းပေါ်ပေါက် လာခဲ့ရပါသည်။ (က) ဘုရားသခင်သည် လင်မယားကွာရှင်းခြင်းကို ခွင့်ပြုသည်။

ယေရှုက သင်တို့ စိတ်နှလုံးခိုင်မာသောကြောင့် မယားနှင့် ကွာရ

သောအခွင့်ကို မောရှေသည်စီရင်၏။ အစအဦး၌ ထိုသို့ မဟုတ်။ ( မဿဲ၁၉း၈ ) မိမိလက်ထပ်ထားသော တစ်ပါးအမျိုးသမီးငယ်များကို ကွာရှင်းပြတ်စဲ စေပြီး အဝေးသို့ စေလွှတ်လိုက်ရန် ဣသရေလလူမျိုးများအား ဘုရားသခင်ကအမိန့်ပေးခဲ့သည်။ (တရားဟော ၂၄း၁-၄)

ယေရှုက လင်နှင့်မယား တစ်ယောက်ယောက်က မှားယွင်းလျှင်ကွာရှင်း ရန် ခွင့်ပြုထားပါသည်။ (မ ၁၉း၉) ရှင်ပေါလုက လင်နှင့်မယားတွင် မယုံကြည်သူက ကွာရှင်းခွင့် တောင်းသည့်အခါ ကွာလိုလျှင် ကွာနိုင်သည်။ (

၁ကော ၇း၁၅) ၊ ဘုရားသခင်သည် လင်မယားကွာရှင်းခြင်းကို တားမြစ်သည်။ ယေရှုက တစ်လင်တစ်မယား နှင့် တစ်သားတည်း တစ်ကိုယ်တည်းဖြင့် တစ်သက်လုံးအတူနေရန် မိန့်တော်မူသည်။ (မ ၁၉း၃-၆) ရှင်ပေါလုက ယုံကြည်သူ ဇနီးမောင်နှံသည် တစ်ဦး နှင့် တစ်ဦးမစွန့်ပစ် သင့်ကြောင်းဖော်ပြထားသည်။ (

၁ကော ၇း၁၀-၁၁) ရှင်ပေါလုက မယုံကြည်သူ နှင့် လက်ထပ်ထားသော ယုံကြည်သူများ အား လင်မယား မကွာရှင်းရန် သွန်သင်ထားပါသည်။ (မယုံကြည်သူ

အသက်တာပြောင်းလဲလာရန် ယုံကြည်သူဘဝကြင်ဖော်က သာ၍

အကြင်နာ၊ ဂရုဏာထားရမည်။ အနွံတာခံရမည်။)(၁ကော ၇း၁၂-၁၄) ရှင်းလင်းချက်

ဘုရားသခင်က အိမ်ထောင်ပြုခြင်းကို တစ်သားတည်း၊ တစ်ကိုယ်တည်း၊ ဖြင့် တစ်သက်လုံး ပေါင်းစည်းနေထိုင်ရန် ဖန်ဆင်းခဲ့သည်။ သို့ဖြစ်၍ ကွာရှင်းခြင်းကို ဘုရားသခင်က မိမိ၏ စုံလင်သော စံကို ချိုးဖောက်သည်ဟု မြင်ပေသည်။ သို့သော် ဘုရားသခင်သည် သနားခြင်း ကရုဏာတော်အားဖြင့် တစ်စုံတစ်ယောက်က မှားယွင်းကျူးလွန်မိသည့်အခါ (သို့) မယုံကြည်သူ ဘဝကြင်ဖော်က ကွာရှင်းခွင့်တောင်းလာသည့်အခါမျိုးတွင် ကွာရှင်းခွင့် ပေးထားပါသည်။ )

၂၂။ အိမ်ထောင်ပြုခြင်း (သို့) တစ်ကိုယ်တည်းနေခြင်း

(က) အိမ်ထောင်ပြုခြင်း

ဘုရားသခင်က လူသည် တစ်ယောက်တည်းမနေကောင်းဟု မိန့်တော်မူပြီး ဧဝကို ဖန်ဆင်းပေးခဲ့သည်။ (က ၂း၁၈) သုတ္တံ ဆရာက

ကောင်းသော မယားသည် ဘုရားသခင် ဆုချပေးသော အရာဖြစ်သည်ဟု ဆိုသည်။ (သု ၁၈း၂၂၊ ၅:၁၈၊ ၁၉း၁၄) မေတ္တာနှင့်တစ်ကိုယ်ကောင်းမဆန်ဘဲ အိမ်ထောင်ပြုခြင်းသည် ယုံကြည်သူ ဂုဏ်အင်လက္ခဏာကို ပိုမို တိုးတက်စေရန် အထောက်အကူ ဖြစ်စေသည်။ ( ၅း၂၂-၃၀) အိမ်ထောင်ပြုခြင်းက လိင်မှု ဆိုင်ရာ တိုက်လှန်ရသည့် တင်းမာမှု ဆန္ဒများကို လျော့ပါးစေသည်။ ( ၁ကော ၇း၁-၉) ၊

(ခ) တစ်ကိုယ်တည်းနေခြင်း ၊

ယေရှုက အချို့သူများအတွက် အိမ်ထောင်မပြုဘဲနေခြင်းက ဝိညာဉ်ရေးရာအတွက် အလွန်တန်ဖိုးရှိသော ဆုကျေးဇူးတစ်ခုဖြစ်ကြောင်း

မိန့်တော်မူခဲ့သည်။ (မ ၁၉း၂) ရှင်ပေါလု ကလည်း အချို့အတွက် အိမ်ထောင်မပြုဘဲနေခြင်းက ဘုရားသခင်အပေါ်၌သာ၍ အာရုံစူးစိုက်၍ နေနိုင်သည်ဟု ဆိုသည်။ (၁ကော ၇း၈၊ ၃၂-၃၄) ၊

ယေရှုက အချို့သောသူများသည် မွေးရာပါ ချို့ယွင်းမှုကြောင့် အိမ်ထောင်မပြုနိုင်ကြ ကြောင်း မိန့်ဆိုထားပါသည်။ (မ ၁၉း၁၂)

ရှင်းလင်းချက်

မိမိတစ်ကိုယ်တည်းဘဝဖြင့် ဘုရားသခင်အတွက် အကောင်းဆုံး အစေခံနိုင်မည်ဟု ခံစားရသော သူများသည် တစ်ကိုယ်ရေတစ်ကာယ ဆုကျေးဇူးဖြင့် အသက်တာကိုဆက်ကပ်ပြီး အိမ်ထောင်မပြုဘဲ နေရန် ဆုံးဖြတ် သင့်သည်။

၂၃။ သားသမီးများသည် မိဘများ၏ ကောင်းချီးမင်္ဂလာ (သို့) ကျိန်ခြင်း

အမင်္ဂလာဖြစ်သည်။

(က) သားသမီးတို့ သည် ကောင်းချီးမင်္ဂလာဖြစ်သည်။

ကလေးတစ်ယောက်မွေးဖွားလာခြင်းသည် ဘုရားသခင်၏ ဆုလက်ဆောင် ဖြစ်သည်။(က ၄း၁၊ ၂း၁၁-၆၊ ၁ရာ ၁း၈-၂၀) သားသမီးများစွာရှိသော မိသားစု သည် ဝမ်းမြောက်စရာ နှင့်

ကောင်းချီးမင်္ဂလာ ဖြစ်သည်။ (ယောဘ ၂၉း၅၊ ဆာ ၁၁၅း၁၄၊ ၁၂၇း၃၊ ၁၄၄း၁၂) သားသမီးတို့ သည် မိဘများ ဝမ်းမြောက်စရာအကြောင်းဖြစ်သည်။ (ဆာ ၁၁၃း၉၊၁၂၇း၄-၅၊ သု ၂၃း၂၄-၂၅) ၊ ဘုရားဝတ်၌ မွေ့လျော်သော သားသမီးများသည် ဖခင်အား အသင်းတော်တွင်ဦးဆောင်ရန်အတွက် အရည်အချင်း ပြည့်မီသူ ဖြစ်စေရန် အထောက်အကူ ပြုသည်။ (၁တိ ၃း၄-၁၂)

(ခ) သားသမီးတို့ သည် ကျိန်ခြင်းအမင်္ဂလာဖြစ်သည်။

သားသမီးတို့ သည် ရံဖန်ရံခါ မိဘများအတွက် ဝမ်းနည်းခြင်း ခါးသည်းခြင်းနှင့် ကြီးစွာသော ဒုက္ခကို ရောက်စေတတ်သည်။ (သု ၁၀း၁၊ ၁၇း၂၅) ၊ ယာကုပ်၏ သားများသည် ယောသပ်အပေါ်သို့ ဆိုးညစ်စွာ ပြုမူခြင်း ဖြင့် ဖခင်ယာကုပ် အား ဝမ်းနည်းစေသည်။ (က ၃၇း၃၄-၃၆၊ ၄၂း၃၆-၃၈) ၊ ယဇ်ပုရောဟိတ် ဧလိ သည် သားဟောဖန် နှင့် ဖိနဟတ် တို့၏ ဆိုးညစ်ခြင်းကြောင့် ဘုရားသခင်၏ စီရင်ခြင်းခံရသည်။ (၁ရာ ၂း၁၂၊၂၂-၂၅၊ ၂၉-၃၄၊ ၃း၁၁-၁၄) ရှမွေလ၏ ဆိုးညစ်သော သားများ၏ ဦးဆောင်မှုအောက်တွင်နေရမည့် အစား ရှင်ဘုရင် ပေးရန် ဣသရေလလူမျိုးတို့ က ရှမွေလ အား

တောင်းပန်ခဲ့ကြသည်။ ဒါဝိဒ်သည် သား အာမနုန် နှင့် အရှလုံ တို့၏ ဆိုးညစ်ခြင်းကြောင့် ကြီးစွာဝမ်းနည်း ခဲ့ရသည်။ (၂ရာ ၁၃း၁၈)

(ဂ) သားသမီးများသည် မိဘများ ပုံသွင်းသည့် အတိုင်း ဖြစ်လာ

ကြသည်။ ကလေးသူငယ်များသည် ဘုရားအလိုတော်နှင့်အညီ သွန်သင် လေ့ကျင့် ခြင်းခံရသည့်အတိုင်း ကြီးပြင်းလာသောအခါ ထိုကောင်းသောလမ်း အတိုင်း လိုက်လျှောက်ကြ လိမ့်မည်။ (သု ၂၂း၆) ချစ်ခြင်းမေတ္တာဖြင့် စည်းကမ်းကြပ်မတ်ခြင်း၊ အပြစ်ကို ဖော်ပြ၍ ကြပ်တည်းစွာ ဆုံးမခြင်းခံရသော ကလေးများသည် ဝိညာဉ်ပိုင်း၌ ပညာရှိလာပြီး ၊ ကြပ်မတ်မှုမရှိလွတ်လပ်မှုပေးခြင်းခံရသောကလေးများ သည် ရှက်ကြောက်ဖွယ်ရာကိုသာ ရိတ်သိမ်းရပေမည်။ (သု ၂၉း၁၅)

ကောင်းစွာထိန်းသိမ်း၊ သွန်သင်၊ ပဲ့ပြင်ခြင်းခံရသော ကလေးများသည် ဘိုးဘေးတို့ ၏ဂုဏ်သရေကို တိုးပွားစေပေလိမ့်မည်။ (သူ ၁၇း၆) ၊

၂၄။ ယုံတာနဲ့ ကယ်တင်ခြင်းရတယ်ဆိုတာ မလွယ်လွန်းဘူးလား

ဘုရားသခင်က လူကို ဘုရား သားအဖြစ် ဖန်ဆင်းခဲ့သည်။ (က ၂း၁၇) သို့ သော် ပြင်းထန်စွာ တားမြစ်ထားသော အမိန့်တော်ကို ကျူးလွန်ချိန်မှစ၍ ဘုရားသားဟု မခေါ်တော့ ဘဲ စာတန်၏ သား (အပြစ်သား) အဖြစ်

ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ (က ၂း၁၇၊ ယော၈း၄၄) အာဒံသည် ဒုစရိုက်အပြစ် ကို ကျူးလွန်သည်မဟုတ်ဘဲ ဘုရားကို တိုက်ရိုက်ပြစ်မှားခြင်း ဖြစ်သည်။ ထို့ကြောင့် လူသားတို့၏ မူလအစဖြစ်သော အာဒံ နှင့် ဧ၀ တို့ သည် ဒင်ဥယျာဉ်မှ နှင်ထုတ်ခြင်းကို ခံရပြီးနောက် ဘုရား၏ မျိုးဗီဇ မှ စာတန်၏ မျိုးဗီဇ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ထို့ကြောင့်၄င်းတို့မှ ဆင်းသက်သော လူသားတိုင်းသည်လည်း မွေးစကပင် အပြစ်သားများ ဖြစ်ကြရတော့သည်။ (ဆာ ၅၁း၅)ထို့ကြောင့် အပြစ်သားဘဝနှင့်ပင် သေဆုံးသွားခဲ့လျှင် အပါယ် ငရဲသို့ သွားရမည် ဖြစ်သည်။(ရော ၆း၂၃) အာဒံကျဆင်းချိန်မှစ၍ ဗီဇအပြစ်သာမက ဒုစရိုက်အပြစ်ပါကျူးလွန်လာခဲ့ကြသည်။ သို့သော်လူတို့ သည် ကောင်းစွာ ကျင့်ကြံအားထုတ်လျှင် ကောင်းရာဘုံသို့ ရောက်မည်ဟု ယူဆကြသည်။ သို့သော် ကျမ်းစာက ကောင်းစွာ ကျင့်နိုင်သောသူ တစ်ယောက် မျှမရှိဟု ပြောထားပါသည်။ (ရော ၃း၁ဝ၊ ဂလာ ၃း၁၀) အဘယ်ကြောင့်ဆိုသော်

– ဒေါသထွက်လျှင် လူသတ်ပြီ (မ ၅း၂၁-၂၂) – ကိလေသာ စိတ်နှင့် ကြည့်လျှင် ပြစ်မှားပြီ (မ ၅း၂၇-၂၈)

ရန်သူကို ချစ်ပါ (မ ၅း၄၄) စသည်ဖြင့် ပညတ်ချက် ပေါင်းမြောက်မြားစွာရှိသည်။ ထိုတရားများကို လုံအောင်ကျင့်နိုင်ရန် လုံးဝ မဖြစ်နိုင်ပေ။ (ယာကုပ် ၂း၁၀)

ထို့ကြောင့် လူတို့ အနေဖြင့် မည်သို့ပင် ကြိုးစားကျင့်ကြံ မရောက်နိုင်တော့သည့် ကောင်းကင်နိုင်ငံတော်သို့ ပို့ဆောင်ပေးရန် ခရစ်တော်ဘုရားက လူ့ဇာတိအဖြစ် ကို ခံယူကာ ကြွဆင်းလာခဲ့ခြင်း ဖြစ်ပါသည်။ (၁တိ ၁း၁၅) တားမြစ်ထားသော ပညတ်တရား ကို ချိုးဖောက်သည် အပါယ်ငရဲသို့ သွားရမည်ဟု သခင်ဘုရားကိုယ်တိုင် ထုတ်ပြန်ထားခဲ့သော အမိန့်တော်ကို ရုပ်သိမ်းချေဖျက်ရန်အတွက် ကြွဆင်းခဲ့ခြင်း ဖြစ်သည်။ (၁ယော ၃း၈) ထိုအမိန့်တော်မှာ “ အပြစ်၏ အခကားသေခြင်း” ဖြစ်သော

ကြောင့် လူသားများ ကျူးလွန်ခဲ့ကြ သော အပြစ်၏ အဖိုးအခများကို ခရစ်တော် ဘုရားကိုယ်တိုင် လက်ဝါးကပ်တိုင်ပေါ်တွင် ကျွန်ုပ်တို့ အားလုံး၏ ကိုယ်စား အသေခံကာ ဆပ်ပေးခဲ့ခြင်းဖြစ်ပါသည်။ (ဟေရှာ ၅၃း၅-၆၊ ရော ၄း၂၅) ခရစ်တော်ဘုရားက သေခြင်းကို အနိုင်ယူကာ ရှင်ပြန်ထမြောက်ခဲ့သောကြောင့် ကျွန်ုပ်တို့ အားလုံးသည်လည်းအပြစ်၏ ချည်နှောင်ခြင်းမှ လွတ်မြောက်နိုင်သော အခွင့်ကို ရရှိခဲ့ကြခြင်းဖြစ်သည်။ (ရော ၁၀း၉၊ ယော ၃း၁၆)

သခင်ဘုရားကိုယ်တိုင် ကျွန်ုပ်တို့၏ အပြစ်ကြွေးများကို ဆပ်ပေးခဲ့ပြီး ဖြစ်တာကြောင့် ကျွန်ုပ်တို့ လွန်ကျူးသော အပြစ်၏ အခအတွက် ကျွန်ုပ်တို့ ပေးဆပ်ရန် မလိုအပ်တော့ပေ။ ထို့ကြောင့် မိမိတို့၏ အပြစ်ရှိသမျှကို ကိုယ်တော်က ဆပ်ပေးခဲ့ပြီးပြီဟု လက်ခံယုံကြည်သော သူတို့အား သခင်ဘုရား က ဘုရားသားအဖြစ် ပြန်လည်အသိအမှတ်ပြုကာ ကောင်းကင်ရွှေပြည် သို့ တိုက်ရိုက်ဝင်ခွင့်ပြုခဲ့ခြင်းဖြစ်ပါသည်။ (ယော ၁း၁၂၊ တ ၃း၁၉၊ဟေဗြဲ ၉း၁၂၊ ၁၀း၁၇-၁၈) ထို့ကြောင့် လူတို့ အနေဖြင့် လုံးဝမတတ်နိုင်အောင် ခက်ခဲလှသော အမှုကို ခရစ်တော် ဘုရားက ဖြေရှင်းပေးခဲ့သောကြောင့် ကျွန်ုပ်တို့

အတွက်လွယ်ကူသွားရခြင်း ဖြစ် ပါသည်။ သို့ သော် ကားတိုင်၏ လုပ်ဆောင်ချက်များကို လက်မခံသောသူမှန်သမျှမှာခက်ခဲနေဦးမည် ဖြစ်သည်။ (ယော ၃း၁၈)

၂၅။ သရဲတစ္ဆေတကယ်ရှိသလား။

လူသည် သေဆုံးသည်နှင့်ဝိညာဉ်သည် ခန္ဓာကိုယ်ထဲမှ ချက်ချင်း ထွက်ခွာပြီး ကောင်းကင်နိုင်ငံ (သို့) မရဏာနိုင်ငံသို့ တန်းရောက်သွားပါသည်။ (ဟေဗြဲ ၉း၂၇) သေဆုံးသူထံမှ ထွက်ခွာသွားသောဝိညာဉ်အား ဘုရားသခင်က အရင်နေခဲ့ဘူးသောအိမ်သို့ ပြန်လာခွင့် မပေးတော့ပေ။ (ယောဘ ၇း၉-၁၀) ထိုသို့ အိမ်ပြန်လာခွင့် မပေးခြင်းကို အခွင့်ကောင်းယူကာ စာတန်က

ကောင်းကောင်းအသုံးချသည်။ သရဲသစ္ဆေ သည် သေဆုံးသူ၏ ဝိညာဉ်အဖြစ် စနစ်တကျ ပြင်ဆင်၊ ဟန်ဆောင်ကာ အိမ်သို့ ပြန်လာ၍ ခြောက်လှန့်သည်။ တစ်ခါတစ်ရံ သေဆုံး သူကို ရိပ်ခနဲ တွေ့မြင်လိုက်ရသလိုလို ၊ သူ့အသံ ကြားလိုက်ရသလိုလို ၊ သူသုံးနေကျ ရေမွှေး နံ့လိုလို၊ ရေချိုးခန်းထဲ ရေဝင်ချိုးနေသလိုလို စသည်ဖြင့် နည်းမျိုးစုံဖြင့် ခြောက်လှန့်သည်။ ။

စာတန်သည် သရဲသစ္ဆေအပြင် အခြားထူးဆန်းအံ့သြဖွယ် အစွမ်းတန်ခိုး များဖြစ်သည့် မိစ္ဆာများ၊ စုန်း၊ မှော်၊ ပယောဂ၊ မှင်စာ၊ လူဝင်စား၊ ပြိတ္တာ စသည် များသည် စာတန်၏ စေခိုင်းရာ အသုံးတော်ခံများဖြစ်ကြသည်။ ယင်းကဲ့သို့

သော အံ့ဖွယ်ခြောက်လှန့်ခြင်း နှင့် တန်ခိုးပြမှု အမျိုးမျိုး သည် ဘုရားသခင်၏ ရန်သူဖြစ်သော စာတန်၏ လှည့်ကွက်များသာဖြစ်သည်။ (၁ပေ ၅း၇-၉)

ယေရှုရေပေါ်လမ်းလျှောက်လာသည်ကို မြင်သော တပည့်တော် များကပင် ဖုတ်တစ္ဆေ ဟု ထင်ကာ ကြောက်ခဲ့ကြသေးသည်။ (မ ၁၄း၂၆)

ယေရှုရှင်ပြန်ထမြောက်ပြီး တပည့်တော် များ စုဝေးနေသည့် အိမ်သို့ သွားရောက်ကာ ကိုယ်ကို ထင်ရှားပြခဲ့ရာတွင် တံခါးပိတ်ထား သော အခန်းသို့ ဘုန်းတန်ခိုးဖြင့် ဝင်ရောက်သွားသောကြောင့် တပည့်တော်များက တစ္ဆေ ကို မြင်သည်ဟု စိတ်ထင်ကာ ကြောက်လှန်ခဲ့ကြသည်။ (ယော ၂၀း၁၉၊ လု ၂၄း၃၆-၄၃) ယေရှုက တစ္ဆေဆိုရင် ကိုင်တွယ်လို့ မရဘူး။ ငါက အရိုးအသားနဲ့ ပြည့်စုံလို့ ကိုင်တွယ်စမ်းသပ်လို့ ရတယ်ဟု မိန့်တော်မူခဲ့သည်။

ထို့ကြောင့် သရဲခြောက်သည်ဟု ဆိုခြင်းမှာ အမှန်တကယ်ပင် ရှိပါ‌သော်လည်း သေဆုံးသူ ကာယကံရှင်အစစ်က ပြန်လာ၍ ခြောက်သည့် မဟုတ်ဘဲ စာတန်က အကွက်ချ ဖန်တီး၍ ခြောက်လှန့်ခြင်းသာဖြစ်ပါသည်။ သို့သော် သရဲတစ္ဆေ၏ ခြောက်လှန့်မှုများသည် ယုံကြည်သူ ဘုရားသားများကို မထိခိုက်နိုင်ပေ။ (၁ယော ၅း၁၈) ကြောက်သည့် စိတ်ကို လှည့်စား ခြင်းသာဖြစ်ပြီး “မယုံနဲ့၊ မကြောက်နဲ့” ဟု ယေရှုနာမ၌ မောင်းထုတ်လျှင် သူထွက်ပြေးမည် ဖြစ်ပါသည်။ (ယာ ၄း၇)

ယေရှုကိုယ်တိုင် နတ်ဆိုးများကို နှင်ထုတ်ခဲ့သည်။ မ ၉း၃၃၊ မ ၁၇း၁၈။ မာ ၅ (နတ်ဆိုး လေဂေါင်) ၊

ဤကဲ့သို့ သော ခြောက်လှန့်မှုများ နှင့် အခြားသော ထူးဆန်း အံ့ဩဖွယ်ရာများတို့ သည် ခရစ်တော်ဒုတိယအကြိမ် ပြန်ကြွမလာမီအချိန်ထိ ဆက်လက်၍ မြင်တွေ့ကြားသိနေရဦးမည် ဖြစ်သည်။ (မ ၂၄း၂၄) ခရစ်တော် ပြန်ကြွလာသည့်အချိန်ကျမှ လှည့်စားမှုအမျိုးမျိုးကို ချုပ်ကိုင် စေခိုင်းခဲ့သော စာတန် နှင့် သူ၏ နောက်လိုက်အပေါင်းအပါအားလုံးကို ထာဝရ ငရဲမီးအိုင် ထဲသို့ ချပစ်ခြင်းအားဖြင့် အဆုံးသတ်မည် ဖြစ်သည်။ (ဗျာ ၂၀း၁၀)

ယနေ့ ယုံကြည်သူများသည် သရဲခြောက်ခြင်းကို မခံရလေအောင် ဘုရားသခင်က နှုတ်ကပတ် တော်ကို ပေးထားပါသည်။“ယေရှု၏ နာမ၌ထွက်” ဟု အမိန့်ပေးလိုက်လျှင် သရဲ ထွက်ပြေးသွားမည်ဖြစ်ပါသည်။ “ ထို့ ကြောင့် ဘုရားသခင်၏ အလိုတော်သို့ လိုက်ကြလော့။ မာရ်နတ်ကို ဆီးတားကြလော့။ သို့ပြုလျှင် သူသည် သင်တို့ ထံက ပြေးသွားလိမ့်မည်။ (ယာ၄း၇)

မိရိုးဖလာ ခရစ်ယာန်တစ်ယောက်ဆိုလျှင် ယုံပြီး အံ့သြနေမှာဖြစ် သော်လည်း သမ္မာတရား ကိုသိသွားသည့်အခါတွင် ရယ်စရာ ဖြစ်သွားပါသည်။ လူသည် ခရစ်တော်၌ ရှိလျှင် စာတန်က ဆက်လိမ်၍ မရတော့ပေ။ ဘာမှ ဆက်လုပ်၍ မရတော့ပေ။ ထို့ကြောင့် ယုံကြည်သူများအနေဖြင့် ကြောက်စရာ အကြောင်းမရှိပေ။

၂၆။ မည်သည့်ပုံစံဖြင့် ဆုတောင်းလျှင် အမှန်ကန်ဆုံးဖြစ်မည်နည်း။

ဆုတောင်း၊ ကျမ်းစာဖတ်သူကို စာတန်က အလွန်စိတ်ဆိုးလေ့ရှိသည်။ ထို့ကြောင့် စာတန်အား ယေရှုနာမဖြင့် မောင်းထုတ်ရပါမည်။ (၁ပေ ၅း၈) ဒူးထောက်ဆုတောင်းနိုင်လျှင် ကောင်းပါသည်။သို့သော် ဖျားနာခြင်း နှင့် အခြားအခြေအနေအမျိုးမျိုးကြောင့် အမြဲတမ်း ဒူးထောက်ရန် မဖြစ်နိုင်ပေ။ – ဒံယေလ သည် တစ်နေ့ သုံးကြိမ် ဒူးထောက်ဆုတောင်းသည်။

(ဒီ ၆း၁၀) ရှင်ပေါလု သည်လည်း ဒူးထောက်ပါသည်။ ( ဧ၃း၁၅၊ တ ၂၀း၃၆) ရှောလမုန်မင်းကြီးက ဒူးထောက်လျက် ၊ ရပ်လျက်၊ ကောင်းကင်သို့ လက်ဝါးဖြန့်လျက် ဆုတောင်းသည်။ (၃ရာ ၈း၅၄) နေဟမိ အစာရှောင်လျက် ငိုကြွေးပြီး ဆုတောင်းခဲ့သည်။ (နေ ၁း၄) ဆာလံ ၁၀၂၁ တွင် အော်ဟစ်ဆုတောင်းသည်။ ပေတရု နှင့် ယောဟန်တို့က အမိဝမ်းတွင်းကပင် ခြေမသန်စွမ်းသော သူကို မတ်တပ်ရပ်လျက် ဆုတောင်းပေးခဲ့သည်။ (တ ၃း၆) ဟေဇကိမင်း သေနာစွဲသဖြင့် ထရံသို့ မျက်နှာလှည့်၍ အလွန်ငိုကြွေး လျက် ဆုတောင်းခဲ့သည်။ (၄ရာ ၂၀း၃) မောရှေ သည် သိနတောင်တွင် ဝမ်းလျားမှောက် (Prostrate)လျက် ဆုတောင်းခဲ့သည်။(တရားဟော ၉း၂၅) ၊ ဧလိယ သည် ကရမေလတောင်ပေါ်တွင် မြေ၌ ပျပ်ဝပ်လျက် မျက်နှာကို ဒူးမှာထားပြီးဆုတောင်းခဲ့သည်။ (၃ရာ ၁၈း၄၂)

ယေရှုကိုယ်တော်တိုင် အနေအထားအမျိုးမျိုးဖြင့် ဆုတောင်းခဲ့သည်။

ထို့ကြောင့် လမ်းလျှောက်ရင်း၊ ကားမောင်း စီးရင်း၊ လေယာဉ်၊ ရထား၊ သင်္ဘောပေါ် စသည် ဖြင့် အခြေအနေအရ ဆုတောင်းနိုင်ပါသည်။ အဘယ်

ကြောင့်ဆိုသော် ဘုရားသခင်သည် ကောင်းကင်အောက်မြေကြီးပေါ် နေရာတိုင်း၌ ရှိပြီး ဆုတောင်းသံကို အမြဲနားထောင်နေသော ကြောင့်ဖြစ်သည်။

(ဆာ ၁၃း၅၆၊ ယေ ၃၃း၃) ကိုယ်တော်တတ်နိုင်သည်ဟု စိတ်ချယုံကြည် စွာ ဆုတောင်းရန်သာ အရေးကြီးဆုံး ဖြစ်ပါသည်။ (မ ၉း၂၈-၂၉)

၂၇။ နှိမ့်ချနိုင်အောင် ဘယ်လိုလုပ်ရမလဲ။

လူတို့တွင် ပညာတတ်တတ်၊ မတတ်တတ်၊ ပိုက်ဆံရှိရှိ မရှိရှိ ၊ ရုပ်ချောချော၊ မချောချော၊ ကျမ်းစာတတ်တတ်၊ မတတ်တတ် တူညီစွာ ရှိကြသည်မှာ “မာန” ပဲ ဖြစ်ပါသည်။ သို့သော်ထိုမာနကို ဘုရားသခင်က အလွန်ရွံမုန်း သည်။ မိုက်သောသူ၏ နှု တ် ၌ မာနကြိမ်လုံးရှိ၏။ (သု ၁၄း၃) မာနထောင်လွှားသောအခါ အရှက်ကွဲခြင်းဖြစ်တတ်၏။ (သု ၁၁း၂) မာန သည် မိမိကိုယ်ကို အထင်ကြီးစေပြီး ၊ သူတစ်ပါးကို အထင်သေးစေသည်။ ထို့ကြောင့် ယေရှုက “သင်တို့သည် ကိုယ်၌ သူတစ်ပါး ပြုစေလိုသည်အတိုင်း သူတစ်ပါး၌ ပြုကြလော့။(လု ၆း၃၁)” ဟု မိန့်တော်မူခဲ့သည်။

တစ်ခါက အောက်ပြည်ဘက်မှ ဆရာတစ်ယောက် တောင်ပေါ်ဒေသ သို့ ခရီးထွက်ခဲ့ရာတောင်ပေါ်ရွာများတွင် မရှိသော အုန်းသီးလက်ဆောင် ယူသွားပေးလေသည်။ ရွာသို့ ရောက်သောအခါ အုန်းသီးများကို ဝေပေးပြီး ၊ သူကတောင်အောက်သို့ ရေဆင်းချိုးသည်။ ရေချိုးပြီး ပြန်တက်လာသောအခါ အုန်းသီးတစ်လုံးမျှ မတွေ့တော့၍ မေးကြည့်ရာ အိမ်ရှင်က “ဆရာ ယူလာတဲ့ အသီးက ထူးဆန်းလွန်းတော့ ၊ ရွာသားတွေက ဝမ်းပန်းတသာနဲ့ စားကြမယ်ပေါ့၊ ဓါးကိုယူပြီး ခွဲကြတယ်။ သူတို့ပြောတော့ အခွံကလည်း အထူကြီးပဲတဲ့။ အစေ့ကလည်း ကြီး လိုက်တာ၊ ကိုက်ကြည့်တော့လည်း မာလိုက်တာတဲ့။ အသီးမအောင်လို့ နေမှာဆိုပြီး တောင်အောက် ကို တစ်လုံးချင်း လှိမ့်ချလိုက်ကြပြီ”ဟု ပြောပြလေသည်။ ထိုအခါ ဧည့်သည်ဆရာ နှုတ်မှလွှတ်ခနဲ ထွက်လာသောအသံမှာ “အော် .. တောသားဆိုတာ ဒါကို

ပြောတာကိုး”ဟူ၏။

နောက်တစ်နေ့ ခရစ္စမတ် အတွက် မဏ္ဍပ်ဆောက်ရန် ပြင်ဆင် ကြသည်။ ရွာသားများက ဝါးခုတ်၊ နှီးဖြာ နှင့် ကိုယ်စီအလုပ်ရှုပ်နေကြသည်။ ထိုစဉ် ရွာသားတစ်ယောက်က “ပျင်းနေရင် လာဖြာကူပါလားဆရာ” ဟု ခေါ်ဖိတ်လေသည်။ ထိုအခါဧည့်သည်ဆရာက စဉ်းစားသည်။ “အင် . . ငါတစ်ခါမှတော့ နှီးမဖြာဖူးဘူး။ ဒါပေမဲ့ သူတို့လုပ်နေတာကိုကြည့်တော့လည်း ခက်မယ့်ပုံတော့ မပေါ်ပါဘူးလေ။ မလုပ်တတ်ဘူးလို့ပြောလိုက်ရင်လည်း သူတို့က အထင်သေး သွားအုံးမယ်။ ဒီထက် ခက်ခဲတဲ့ ဘွဲ့တွေတောင် ငါအများကြီး ယူနိုင်ခဲ့သေးတာပဲ။ ကဲမထူးဘူး ဆိုပြီး မခံချင်စိတ်နှင့် ဓါးတစ်လက်ကို ယူကာ ဝင်ထိုင်လိုက်သည်။ ထိုခဏချင်းတွင် ဓါးရှိန်လွန် ကာ လက်ကဟက်တက်ကွဲပြီး သွေးများပန်းထွက်သွားတော့သည်။ ထိုအခါ စောစောက နှီးဖြာရန် ခေါ်ဖိတ်ခဲ့သော ရွာသားက “အော် .. မြို့မှာတော့ ဆရာကြီး ဆိုပေမဲ့ ၊

တောရောက် ရင် ဘာမှ မတတ်ဘူးဆိုတာ၊ လက်တွေ့ပဲါ” ဟူသတည်း။ “သင်တို့သည် မိမိတို့ ကိုယ်ကို ထင်သင့်သည်ထက်ပို၍ အထင်မကြီး ကြစေရန် ၊ ငါခံစားရသော ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် သင်တို့ အပေါင်းအား ငါမှာကြားလို၏။ သင်တို့ အသီးသီးတို့ အား ဘုရားသခင် ချပေးတော်မူသော ယုံ ကြည်ခြင်းပမာဏအတိုင်း မိမိတို့ ကို ယ် ကို သင့်လျော်စွာ ထင်ကြလော့။ ငါတို့ ခန္ဓာကိုယ်တွင် အင်္ဂါအစိတ်အပိုင်း များရှိ၍ ထိုအင်္ဂါအစိတ်အပိုင်း အားလုံးတွင် အလုပ်တာဝန် အသီးသီး ရှိကြ၏။” (ရော၁၂း၃-၄)

ခြေ၊ လက်၊ နား၊ နှာခေါင်း၊ မျက်စိ၊ ပါးစပ် စသည့် ကိုယ်အရ အစိတ်အပိုင်းအချင်းချင်း တို့ သည် တစ်ခုနှင့်တစ်ခု အထင်သေးကြဖို့ ရန် မဟုတ်သော်လည်း မာနကြောင့်သာပြဿနာဖြစ်ကြရသည်။ကိုယ့်မျက်ချေး ကိုယ်မမြင်ဖြစ်ကြရပါသည်။ (သု ၁၃း၁၀၊ လု၆း၄၁) ထိုမာနပိုးသည် နှုတ်ကပတ်တော်မှ လွဲ၍ အခြားကုသနိုင်သော ဆေးမရှိပါ။ နှုတ်ကပတ်တော်

ကို ကြားနာခြင်းအားဖြင့် များစွာသော လူသတ်သမား၊ ဓါးပြများ၏

သံမဏိ နှလုံးသားများ ပင်လျှင် အရည်ပျော်ပြီး အသက်တာပြောင်းလဲခဲ့ ကြပါသည်။ (မ ၁၆း၁၉)

ယုံ ကြည်ခြင်းသည် ကြားနာခြင်းအားဖြင့် ဖြစ်သောကြောင့် များများကြားရန် လို အပ်ပါသည်။ တစ်ပတ်တစ်ခါ ဘုရားကျောင်း သွားရုံလောက် နှင့် နှိမ့်ချနိုင်ရန် မလွယ်ကူပေ။ နေ့စဉ် အသက်တာတွင် ဆာငတ်သောစိတ်ဖြင့် ဆုတောင်းခြင်းနှင့် ကျမ်းစာဖတ်ခြင်းများ ပြုလုပ် လာသောအခါ သန့်ရှင်းသော ဝိညာဉ်တော်သည်လည်း အလုပ်လုပ်မည် ဖြစ်ပါသည်။ ထိုအခါ ဘဝ၏ ခါးသီးမှု အမျိုးမျိုးကိုလည်း ချေဖျက်လာ နိုင်မည်ဖြစ်သည်။ နေ့စဉ် ဘုရား နှင့် သွားလာ သောကြောင့် အရာရာတိုင်းကို အကောင်းအားဖြင့် ရှုမြင် တတ် လာပြီး ဘဝသည် လည်း ပျင်းရိ ငြီးငွေ့စရာမဟုတ်တော့ဘဲ ပျော်ရွှင်လာမည် ဖြစ်ပါသည်။ အခက်အခဲ အမျိုးမျိုးနှင့် တွေ့ကြုံ ရစေကာမူ သည်းခံခွင့်လွှတ်စိတ်နှင့် တုန်လှုပ်ခြင်းမရှိဘဲ ငြိမ်သက်ခြင်းများကို ရရှိခံစားနိုင်မည် ဖြစ်ပါသည်။ အောင်မြင်သော သာသနာပြု ဆရာကြီးများသည်လည်း နှုတ်ကပတ်တော်အားဖြင့် သာ နှိမ့်ချနိုင်ခဲ့ကြသည်။ (၁ကော ၂း၉-၁၀၊ ယောရှု ၁း၈၊ ယော ၁၅း၄-၇၊ ၁ပေ ၅:၅-၆၊ ယာ ၄း၁၀-၁၁၊ မ ၂၃း၁၂၊ မ ၆း၁၅) ၊

“ရန်တွေ့လိုသောစိတ်၊ အချည်းနှီး ကျော်ဇောက်ကို တပ်မက် သော စိတ်ရှိ၍ အဘယ်အမှုကိုမျှ မပြုကြနှင့်။ သူတစ်ပါးသည် ကိုယ့်ထက် သာ၍ ကောင်းမြတ် သည် ဟု နှိမ့်ချ သောစိတ် ရှိ၍ တစ်ယောက် ကို တစ်ယောက် ထင်မှတ်ကြလော့။”( ဖိ၂း၃)

ချီဆောင်ခြင်းကာလမတိုင်မီအချိန်အထိ ယုံကြည်သူ များသည် ဝိညာဉ် နှင့် ဇာတိ စစ်ပြိုင်၍ အသက်ရှင်ကြရဦးမည်ဖြစ်သောကြောင့် အမှုတော်ဆောင် ဟုတ်ဟုတ် မဟုတ်ဟုတ် အပြစ်နှင့်ကင်းသူတစ်စုံတစ်ယောက်မျှ ရှိမည် မဟုတ်ပေ။ (၁ပေ ၂း၁၁၊ ရော ၃း၁၀)

လောက၌ အသက်ရှင်စဉ်အခါတွင် ဝိညာဉ်အစာ နှင့် ဇာတိအစာ ဟူ၍ နှစ်မျိုးရှိသောကြောင့် မိမိစားသုံးခြင်းအပေါ်၌ မူတည်၍များသူ အနိုင်ရ မည်ဖြစ်သည်။ ထို့ကြောင့် ဝိညာဉ်အစာကို များများစားမှသာ ဇာတိစိတ်ကို အနိုင်ယူကာ နှိမ့်ချလာနိုင်မည်ဖြစ်သည်။ ဝိညာဉ်အစာကို မျက်စိ၊ နား၊ ပါးစပ် စသည့် အပေါက်သုံးပေါက်ဖြင့် စားသုံးကြရပါမည်။

(၁) မျက်စိ = သမ္မာကျမ်းစာကို လေ့လာဖတ်ရှုရမည်။

(၂) နား = နှုတ်ကပတ်တော်ကို များများနားထောင်

ရမည်။

(၃) ပါးစပ် = နှုတ်ကပတ်တော်နှင့်ဆိုင်သော စကားပြောသူ

များနှင့် အစဉ် မိသဟာရဖွဲ့ပြောဆိုရမည်။

၂၈။ မာနုဘယ်လို့ဖြစ်လာရတာလဲ။

ဘုရားသခင်က မာနကို မဖန်ဆင်းခဲ့ပေ။ လူစီဖာက အမြင့်ဆုံးသော ဘုရားကဲ့သို့ ငါနေမည်ဟူသော စိတ်အကြံကို လွတ်လပ်စွာ ရွေးချယ်မိရာမှ ပေါ်ပေါက်လာခဲ့ရခြင်းဖြစ်ပါသည်။ (ဟေရှာ ၁၄း၅-၆၊ ၁၄) ထိုမာနကြောင့် ဘုရားသခင်က လူစီဖာအား စာတန်(ရန်သူ)ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ ဘုရားသခင်၏ ရန်သူဖြစ်သွားသောကြောင့် စာတန်၏ သွားရမည့်နေရာ ကိုလည်း ထာဝရငရဲဟု သတ်မှတ်ပေးခဲ့သည်။ (ဗျာ ၂၀း၁၀)

ကောင်းကင်မှ နှင်ချခြင်းကို ခံရ၍ အလွန်ဒေါသထွက်လျက်ရှိသော စာတန်၏ သွေးဆောင်ဖျက်ဆီးမှုကြောင့် အာဒံ နှင့် ဧ၀ တို့သည်လည်း ဘုရားသားအဖြစ်မှ စာတန်မာရ်နတ်၏ သားဖြစ်ခဲ့ရသည်။ (ယော ၈း၄၄) ထိုအချိန်မှစ၍ လူ၏ နှလုံးသားထဲတွင် ဘုရား၏ သဏ္ဌာန်အစား ၊ စာတန်၏ အကြိုက်များဖြစ်သော မာနအပြင် လောဘ၊ ဒေါသ၊ မောဟ နှင့် မနာလို၊ ဝန်တို၊ မုသာပြောခြင်း စသည်ဖြင့် မကောင်းမှုစိတ်မျိုးစုံ ဝင်ရောက်ကာနေရာ ယူခဲ့သည်။ စာတန်၏ ဇာတိစိတ်ဖြစ်သွားသောကြောင့် ယနေ့ကမ္ဘာပေါ်တွင် ထာဝရဘုရားအား ကိုးကွယ်သည်ဖြစ်စေ၊ မကိုးကွယ်သည်ဖြစ်စေ၊ လူသား မှန်လျှင် အပြစ်နှင့်ကင်း၍ ပြီးပြည့်စုံသူဟူ၍ တစ်စုံတစ်ယောက်မျှ မရှိတော့ ခြင်းဖြစ်သည်။ (ရော ၃း၁၀) ၊

မာနသည် သခင်ဘုရား၏ နှိမ့်ချခြင်းဇာတိစိတ်ကို ဆန့်ကျင်သော ကြောင့် ဘုရားသခင်က အလွန်မုန်းသည်။ (လု ၂၃း၁၂၊ ၁ပေ ၅:၅) ထို့ကြောင့် ယုံကြည်သူများ နှိမ့်ချစွာ အသက်ရှင်ကြရန် သခင်ဘုရားကိုယ်တိုင် တပည့်

တော်များ၏ ခြေကို ဆေးပေးခြင်းအားဖြင့် နှိမ့်ချခြင်းအကြောင်းကို သင်ပေး ခဲ့သည်။ (ယော ၁၃း၁၄-၁၅) လူစီဖာ သည် မာနကြောင့် ကျရှုံးခဲ့ရသကဲ့သို့ ယနေ့လူသားများသည်လည်း စာတန်၏ ဇာတိစိတ်ဖြစ်သော မာနကြောင့် ဆုံးရှုံးမှုများစွာနှင့် ရင်ဆိုင်တွေ့ကြုံနေကြရဆဲဖြစ်ပါသည်။ ဤမြေသည် ။ ပရဒိသုဘုံ မဟုတ်သောကြောင့် ဝိညာဉ်နှင့် ဇာတိစစ်ပြိုင်ကြရသည်။ (၁ပေ ၂း၁၁) ဝိညာဉ်အားကြီးမှသာ စာတန်၏ အလိုတော်ကျ မာနကို ၊

အောင်နိုင်မည်ဖြစ်ပါသည်။ ယနေ့ ထစ်ခနဲဆို ဒေါသထွက်ခြင်းသည် ဝိညာဉ် အားနည်း၍ ဖြစ်ပါသည်။ နှလုံးသားထဲတွင် သခင်ဘုရား၏ မေတ္တာကို အမြဲတမ်း နေရာပေးထားလျှင် ထိုကဲ့သို့ ဖြစ်မည်မဟုတ်တော့ပေ။ စာတန် အလိုသို့ မလိုက်ပါစေရန်အတွက် သခင်ယေရှုက “ မင်းနှိမ့်ချရင် ငါကောင်း ပေးမယ်” ဟု ကတိပေးထားပါသည်။ ။

၂၉။ ပွဲတော်မင်္ဂလာဝင်သောအခါ မည်ကဲ့သို့ ချီးမွမ်းစားသောက်ရမည်နည်း။

လူတွင် အပြစ်မျိုးစေ့မှ ဆင်းသက်သော ဗီဇအပြစ်နှင့် မွေးစမှ ယနေ့ တိုင် ကျူးလွန်သော ဒုစရိုက်အပြစ် ဟူ၍ အပြစ်နှစ်မျိုး ရှိပါသည်။ ထိုအပြစ် များကြောင့် လူသည် ရေနစ်သူကဲ့သို့ မိမိကိုယ်မိမိ ပြန်လည် မကယ်တင် နိုင်တော့သည့်အနေအထားတွင် ကိုယ်တော်က ကျေးဇူးပြုခဲ့၍သာ ကယ်တင် ခြင်း ရရှိကြခြင်း ဖြစ်ပါသည်။ ( ဧ၂း၈) ပွဲတော်မင်္ဂလာ သည် ထိုကယ်တင်ခြင်း အပြစ်လွှတ်ခြင်းကို ခံယူပြီးသူများက ကိုယ်တော်ပြုခဲ့သော ကျေးဇူးတရားများကို

အောက်မေ့သတိရလျက် ကျေးဇူးတင်ဝမ်းမြောက်စွာဖြင့် ချီးမွမ်းစားသောက် ရသော ပွဲဖြစ်ပါသည်။ အောက်ပါအတိုင်း ချီးမွမ်းရွတ်ဆိုနိုင်ပါသည်။

မုန့်

ကားတိုင်ပေါ်မှာ ဒဏ်ချက်တော်အားဖြင့် နာကြင်စွာ ချိုးဖဲအသေခံပြီး ကျွန်တော် ၊ကျွန်မရဲ့ အပြစ်များကို ဖြေလွှတ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကိုယ်တော်ရဲ့ အခမဲ့ ကျေးဇူးပြုမှုကြောင့် အပါယ်ငရဲမှ လွတ်မြောက်ကာ ထာဝရအသက်ကို ပေးသောကြောင့် ကျေးဇူးတင်ပါတယ် အဖ။ အာမင်။ (ရော ၅း၈၊ ၁ကော ၁၁း၂၄) ဆာ ၁၀၃း၃

စပျစ်ရည်

အသွေးမသွန်းလောင်းဘဲ အပြစ်လွှတ်ခြင်းမရှိဘူး။ ဒါပေမဲ့ ကိုယ်တော်က ကျွန်တော်/မပြုမိမှားတဲ့ ဒုစရိုက်အပြစ်များ ကို အသွေးတော်နဲ့ ဆေးကြောဖုံးအုပ်ပေးခဲ့တဲ့ အတွက်

ကျေးဇူးတင်လိုက်တာကိုယ်တော်ရယ်။ အာမင်။ (ဟေဗြဲ ၉း၂၂၊ ၁ယော ၁း၇၊ ၁ကော ၁၁း၂၅)

၃၀။ သိမှတ်ဖွယ်ရာများ

ဧဒင် (ဟေဗြဲ) = နှစ်သက်ကြည်နူးစေသည်။ ဟောရှဏ္ဏ ၊ ဟေဗြဲစကားဖြစ်ပြီး “ကယ်တော်မူပါ” ဟု တိုက်ရိုက်

အဓိပ္ပါယ် ရသည်။ ဂရိဘာသာသို့ ဘာသာပြန် ဆိုသောအခါ ထာဝရဘုရား၏ အခွင့်နှင့်ကြွလာသော သူသည် မင်္ဂလာရှိစေသတည်း(သို့) ကောင်းကင်ဘုံ၌ ငြိမ်သက်ခြင်း ရှိစေသတည်း ဟု ဖော်ပြသည်။ (ဆာ ၁၁၈း၂၅-၂၆၊ ယော၁၂း၁၃)

စုတေ့ (လု၉း၃၁)

ထွက်ခွာခြင်း ၊ ဂရိ လို Exodos = အင်္ဂလိပ် RSV ကျမ်းတွင် Depature ခရစ်တော်နှင့်အတူ ကားတိုင်လမ်းစဉ် အားဖြင့် ဘုရားသခင်၏ ကတိတော် နယ်မြေသို့ “ထွက်ခွာလာရေး” အတွက် တိုင်ပင်ဆွေးနွေးနေခဲ့ကြ သည်။

ယုဒရှကာယုတ် =

မ၂၇း၅ ဆွဲကြိုးချသေသည်။ တ၁း၁၈ မှောက်လျက်လဲကျ၍ ဝမ်းကွဲသေသည်။ (ကနဦးအသင်း တော် ၏ အစဉ်အလာအဆို အရ “ ယုဒ သည် မိမိကိုယ်ကို ကြိုးဆွဲချသေသည်။ သို့သော် ကြိုးပြတ်သွားပြီး ကျောက်တုံးများရှိသော ချိုင့်ထဲသို့ ကျသွားရာ ကျောက်စွန်းများဖြင့် ထိကာ ဗိုက်ပေါက်အူထွက်ပြီး သေရသည်။” ဟုဆိုသည်။)

ပေတရု =

တပည့်တော်(၁၂)ပါးတွင် အသက်အကြီးဆုံးဖြစ်ပြီး အသက် အငယ်ဆုံးမှာဗျာဒိတ်ကျမ်းရေးသော ရှင်ယောဟန် ဖြစ်သည်။

ရှင်ယာကုပ် – တမန်တော်များထဲမှ ပထမဆုံးသော မာတုရဖြစ်သည်။

(တ ၁၂း၂) ၄င်း၏ ညီ ရှင်ယောဟန် မှာ နောက်ဆုံးသော မာတုရဖြစ်သည်။

ဥဖရတ်မြစ် = တူရကီနိုင်ငံ၌ မြစ်ဖျားခံပြီး ဆီးရီးယား၊ အီရတ်နိုင်ငံများကို

ဖြတ်သန်းစီးဆင်းကာ ပါရှားပင်လယ်ကွေ့ထဲသို့ စီးဝင် သည်။

မိုင်ပေါင်း(၁၈၀၀-ခန့်) ရှည်လျားသည်။

မာရိ (Mary)

ဓမ္မသစ်ကျမ်းတွင် မာရိအမည်ဖြင့် အမျိုးသမီး(၆)ဦးရှိသည်။

၁။ မယ်တော်မာရိ (မာ ၁၅၄၁)

၂။ မာဂဒလမာရိ

၃။ ကလောဖ၏ မယား မာရိ (ယော ၁၉း၂၅)

၄။လာဇရု၏ အစ်မ မာရိ

၅။ ယောဟန်၊ မာကု၏ မိခင် မာရိ (တ ၁၂း၁၂)

၆။ ရောမ မှ ယုံကြည်သူမာရိ (ရော၁၆း၆) တို့ ဖြစ်ကြသည်။

ယောဟန် မာကု၏ မိခင်မာရိ (တ၁၂း၁၂)

ယေရုရှလင်မြို့မှ ဂျူးလူမျိုးမိသားစုဖြစ်ပြီး အသင့်အတင့် ကြွယ်ဝ ချမ်းသာပြီးအိမ်ကြီး တစ်ဆောင် နှင့် အစေခံများ ပိုင်ဆိုင်ကြသည်။ ယေရ နှင့် တမန်တော်များ မကြာခဏဝင် ထွက်လေ့ရှိသော အိမ်ဖြစ်သည်။ ပေတရုထောင်မှ ထွက်လာသောအခါတွင်လည်း ဤအိမ်သို့ လာရောက်

ခဲ့သည်။ တမန်တော်များ တွေ့ဆုံရာ နေရာအဖြစ် အမြဲအသုံးပြုခဲ့သော အထက် ခန်းမ ရှိသည့်အိမ်ဖြစ်သည်။ (လူ၂၂း၁၁-၁၃၊ တ၁း၁၃၊ ယော ၂၀း၁၉၊ ၂၆)

မာဂဒလမာရိ

ယေရှု နှင့် အတူ ပါလတိနပြည်တွင်းခရီးစဉ်များတွင် အမြဲလိုက်ပါကူညီသောဂါလိလဲပြည်၊ မာဂဒလမြို့မှ ဖြစ်သည်။ ယေရှုက သူ့ ကိုယ်တွင်း မှ နတ်ဆိုးကို နှင်ထုတ်ပေးခဲ့ပြီး နောက် သူမ သည်ယေရှု၏ သစ္စာရှိသော နောက်လိုက်တစ်ဦးဖြစ်လာသည်။ (လု ၈း၂)အခြားမာရိများနှင့် ကွဲပြားစွာ သိနိုင်ရန် မာဂဒလမာရိဟုခေါ်သည်။

မယ်တော်မာရိ

ယေရှု ကို ဖွားမြင်ပြီးနောက် မာရိ နှင့် ယောသပ် တို့ တွင် ယောသပ်၊ ယောသေ၊ မုန်၊ ယုဒ နှင့် သမီးနှစ်ယောက် ထပ်မံ ရခဲ့ကြသည်။ (မ ၁၃း၅၅-၅၆၊ မာ ၆း၃) ယေရှု အမှု တော်စတင်ဆောင်ရွက်ချိန်တွင် ညီများက ယေရှုအား မေရှိယ အဖြစ်လက်မခံကြပေ။ ဘာသာရေးဆိုင်ရာ ရူးသွပ်မှု ဝေဒနာခံစားသူဟု ထင်ခဲ့ကြသည်။ (မာ ၃း၂၁၊ ၃၁-၃၅၊ ယော၇း၃-၅)သို့ သော် မာရိ သည်

ယေရှုအား မေရှိယ ဖြစ်ကြောင်း သံသယမရှိဘဲ ကားတိုင် ပေါ်တွင် အသေခံသည့် အချိန်အထိ သစ္စာတည်ခဲ့သည်။ (ယော ၁၉း၂၅-၂၇) ယေရှုရှင်ပြန် ထမြောက်ပြီးနောက် မယ်တော်မာရိ နှင့် အတူ ညီတော်များသည် ၊ ယေရုရှလင်မြို့ရှိ ယုံ ကြည် သူများနှင့် မိသဟာယဖွဲ့ ဆုတောင်းရန် တွေ့ဆုံခဲ့ကြသည်။ (တ ၁း၁၄၊ ၁ကော ၁၅း၇)

ဆော်ဒီအာရေဗျနိုင်ငံ

အာဗြဟံ ၏ တတိယဇနီး ကေတုရ မှ ဆင်းသက်သော မိချန် လူမျိုးများနေထိုင်လျက်ရှိသည်။ (က ၂၅း၁-၂)

ဂျော်ဒန်နိုင်ငံ ၊

လောတ တည်ထောင်ခဲ့သည်။ ၎င်း၏ သမီးကြီးမှ မောဘမျိုးနွယ်။ သမီးငယ်မှ အချွန်မျိုးနွယ်ပေါ်ထွန်းလာပြီး ယနေ့တိုင် ဂျော်ဒန်နိုင်ငံတွင်

နေထိုင်ကြသည်။ (က ၁၉း၃၇-၃၈) ၊

အီသီယိုပီးယား

နောဧ၏ သား ဟာမ၊ ဟာမ၏ သား ကုမူ မှ ဆင်းသက်သော လူမျိုး များ နေထိုင်သည်။

အီဂျစ်

ဟာမ၏ သား မိဖရိမ် မှ ဆင်းသက်သော အနွယ်များ နေထိုင်သည်။ (က ၁၀း၆)

လစ်ဗျား

ဟာမ၏ သား ဖုတ၏ မျိုးနွယ်များ နေထိုင်သည်။ ဟာမ၏ သား(၄)ယောက် (၁) ကုရှ (အီသီယိုပီးယား)

(၂) မိဇရိမ် (အီဂျစ်) ၊

(၃) ဖုတ (လစ်ဗျား) နှင့်

(၄) ခါနာန်(အစ္စရေး)

တို့ဖြစ်ကြသည်။

ခါရန်(Haran) ဗျာဒိတ်

လမ်းဆုံ ၊ လမ်းမကြီးဟု အဓိပ္ပါယ်ရသည်။ ဖွင့်လှစ်ခြင်း၊ ထုတ်ဖော်ခြင်း (ကွယ်ဝှက်နေ သော အရာများကိုထုတ်ဖော်ဖွင့်ပြခြင်း)

ဗျာဒိတ်ပေးခြင်း

ဘုရားသခင်က ထာဝရအသက်ရှင်သည့် နာမ်ဝိညာဉ်ဖြစ်ကြောင်းကို လူသားများသိရှိ နိုင်ရန်အတွက် သားတော်ယေရှုအား လူ့ဇာတိ ကို ခံယူစေပြီး အသေခံ/ထမြောက်ခြင်း

အားဖြင့် ထုတ်ဖော်ပြသခဲ့သည်။

ခရစ်တော်အသေခံပြီးနောက် (၃)နှစ်ခန့်အကြာတွင် ရှင်ပေါလုအား ထင်ရှားပြခဲ့သည်။

ပိလတ်မင်း၏ အိမ်မှ ကရာနီကုန်းထိ ခြေလှမ်းပေါင်း (၁၃၂၁) လှမ်း (သို့) ၃ဖာလုံခန့် ကွာဝေးသည်။

ဂေါလဂေါသ (ဟေဗြဲစကား) ကရာနီ (လက်တင်စကား)

တောင်ကုန်းမှာ ဦးခေါင်းခွံ ပုံစံနှင့် (Golgotha)

တူ၍“ဦးခေါင်းခွံအရပ်” ဟု အမည် တွင်လေသည်။

ဗာရဗ္ဗ (Barabbas)

Bar – Abba (အာရေမိစကား) ဖခင်၏ သား(သို့) ဆရာ့သား၊ ဟေဗြဲ တို့၏ ခရစ်ဝင်ကျမ်းတွင် (Bar-Rabban) ရဗ္ဗိဆရာတစ်ဦး၏ သားဟု အဓိပ္ပါယ်ရသည်။ထို့ကြောင့် ဗာရှာမှာ သာမန်သူခိုး၊ ဓါးပြမဟုတ်ဘဲ အထက်တန်းလွှာမိသားစုမှဝံသာနုမျိုးချစ်စိတ်ပြင်းထန်ပြီး ပုန်ကန်အကြမ်း ဖက်သူ တစ်ဦးဖြစ်နိုင်သည်။

ဟန်မဆောင်နဲ့ ကိုယ်တော်သိတယ်။ (လု ၁၆း၁၅)

ယေရှုကို ယုံတာနဲ့ အားလုံး အိုကေသွားပြီဆိုတာ လိမ်တာ။ (မ ၁၀း၃၄၊ ယော ၁၆း၃၃၊ တ ၁၄း၂၂) ဆုတောင်းပြီး အဖြေမရလို့ စိတ်ညစ်နေရင် ဒါလေးဖတ်ကြည့်ပါလား။

(၁သက် ၅း၁၆-၁၈၊ လှ ၁၈း၁-၇၊ ယာ ၁း၁၂၊ဟေဗြဲ ၁၂း၁။

ဟေဗြဲ ၁၃း၅၊ ဟေရှာယ ၅၅း၈၊ယောရှု ၁း၈-၉)

အနသေမာ = (

၁ကော ၁၆း၂၂) ကျိန်စာသင့်ပါစေ။ Maranatha (ဂရိ) = ဗျာ ၂၂း၂၁ ယေရှုကြွလာတော်မူပါ။

ဂေသရှေမန်=ဆီကြိတ်ဆုံ

Bethlehem (ဟေဗြဲ)

Beth = အိမ်

Lehem = မုန့်

မုန့်အိမ်(သို့)အသက်မုန့်

( ယော ၆း၄၁)

ရဗ္ဗိ = ကျမ်းတတ်ဆရာ

နားပင်းသူကို မကျိန်ဆဲရ (ဝတ် ၁၉း၁၄) အခွင့်အရေးပေါ်လာရင် ချက်ခြင်းလုပ် (တော ၁၃း၃၀)

လူတိုင်း သစ္စာရှိတာမဟုတ် (၂သက် ၃း၂)

ပြောသမျှ မယုံနဲ့ (သု ၁၄း၁၅)

မပြောသင့်တာ မပြောနဲ့ (သု ၁၂း၂၃ ၊ မ ၈း၄၊ မ ၉း၃၀)

ဆင်းရဲရင် ၊ သူများမုန်းမယ် (သု ၁၄း၂၀)

ကြိုးစားလုပ်၊ ချမ်းသာမယ် ၊ ထိုင်ပြီး လေကန် ဆင်းရဲမယ် (သု ၁၄း၂၃)

ပျင်းရင် ငတ် (သု ၁၉း၁၅) ၊

ပျင်းရင် ဆင်းရဲ (သု ၁၀း၄)

အလုပ်မလုပ်ချင်တဲ့ လူပျင်းဟာ ကိုယ့်ကိုကိုယ် သေကြောင်းကြံသူ ဖြစ်တယ်။ (သု၂၁း၂၅) မိုက်မဲသောပုစ္ဆာကို မဖြေနဲ့ (တိတု ၃း၉၊ ၂တိ ၂း၂၃)

ဘာပဲလုပ်လုပ် ကြိုတင်ပြင်ဆင်ပါ ( ၁၀း၁၀) ယုံကြည်သူများသည် မှီခိုသူမဟုတ်ပါ (၂သက် ၃း၈) ၊

ကယ်တင်ခြင်း နှင့် ချမ်းသာခြင်းတစ်ပြိုင်တည်းပေး(ယော ၁၀း၁၀)

ဘာပဲလုပ်လုပ် ဘုရားသခင်ကို အရင်ပြော (သု ၁၆း၃) ၊

ရွှေထက်ပညာရတာ ပိုကောင်း (သု ၁၆း၁၆) ၊

မတရားစီးပွား (သု ၁း၁၉)၊ ငွေရှာ (မ ၂၅း၁၄-၃၀)

ချမ်းသာချင်ရင် ချမ်းသာတဲ့သူဆီမှာ သင်ယူပါ (သု ၁၃း၂၀)

လူဟာအားလုံးကို မသိနားမလည်နိုင် (ဒေ ၈း၁၇၊ဟေဗြဲ ၁၁း၃၂-၄၀)

ယုံကြည်သူများ စီးပွားရေးလုပ်၊ လက်ဆောင်ပေးတတ် ရမယ်။ (သု ၁၈း၁၆)

မိုက်သောသူကြားအောင် စကားမပြောနဲ့ (သု ၂၃း၉) ၊

ဉာဏ်ရှိသူ အန္တရာယ်ကို ကြိုတင်ရှောင်ရှား၊ စဉ်းစားဉာဏ်မရှိသူ အန္တရာယ်နှင့်ထိပ်တိုက်ဝင်တိုး (သု ၂၇း၁၂)

မပြောခင် အရင်စဉ်းစား (ဒေ ၅း၂)

ကတိမတည်တတ်ရင် အစကတည်းက ကတိမထားနဲ့ (ဒေ ၅း၅)

နှုတ်ကြောင့် အပြစ်မဖြစ်စေနဲ့ (ဒေ ၅း၆)

ယုံကြည်သူများ မအပါနဲ့ (ရိုးသားပါ) ၊

အတွေ့အကြုံအသိပညာကြွယ်ဝ၍ အမြော်အမြင်ရှိခြင်းကိုဘုရားသခင် နှစ်သက်သည်။ (သု ၁၈း၁၅) ဒါဝိဒ် ရူးဟန်ဆောင် (၁ရာ ၂၁း၁၃) ၊

ဒါဝိဒ် ပြတင်းပေါက်က ထွက်ပြေးလွတ်မြောက် (၁ရာ ၁၉း၁၂) ၊

ယွာဘ နမ်းဟန်ဆောင်ပြီး အာမသကို ဓါးနဲ့ ထိုးသတ် (၂ရာ ၂၀း၉)

ရှင်ပေါလုကို တောင်းထဲထည့်ပြီး မြို့ပြင်ကို ခိုးထုတ် (

၂ကော ၁၁း၃၃)

အလကားရတိုင်း ဝမ်းမသာနဲ့ (ရော ၁၃း၈) ၊ (လူပေးတဲ့လက်ဆောင် ပိုးပါတတ်တယ်။)

မတရားမလုပ် ၊ အလကားမစား (၂သက် ၃း၇-၁၃) ရယူခြင်းထက် ၊ ပေးကမ်းပါ (တ ၂၀း၃၅) ၊

ဝိညာဉ်တော် ညွှန်ပြရင် အားလုံးသိနိုင် ။ (ယော ၁၄း၂၆)

လွန်ကျူးစွာ မဖြောင့်မတ်နှင့် (ဒေ ၇း၁၆)

၃၁။ ယေရှု လောကသို့ ကြွလာရခြင်း၏ အဓိက အကြောင်းရင်း

ယေရှု ကြွလာရခြင်း၏ အဓိက အကြောင်းရင်းမှာ နိုင်ငံတော် နှင့် ယှဉ်သော ဧဝံဂေလိ တရား ဟောကြားရန်ဖြစ်သည်။ (လု ၄း၄၃-၄၄) “အကြောင်းမူကား ဆင်းရဲသားတို့ အား ဝမ်းမြောက်စရာသတင်းကို ကြားပြော စေခြင်းငှာ ငါ့ကို ဘိသိတ်ပေးတော်မူပြီ။ ကြေမွသောသူတို့၏ အနာကို ပျောက်စေခြင်းငှာ ၄င်း၊ ဖမ်းသွားချုပ်ထားလျက်ရှိသော သူတို့ အား လွှတ်ခြင်း ၊ အကြောင်း နှင့် မျက်စိကန်းသောသူတို့ အား မျက်စိပြန်မြင်ခြင်းအကြောင်းကို ပြစေခြင်းငှာ၎င်း၊ ညှဉ်းဆဲခံရသော သူတို့ ကို ကယ်မစေခြင်းငှာ၎င်း၊ ထာဝရဘုရား၏ မင်္ဂလာနှစ်ကာလကို ကြားပြောစေခြင်းငှာ၎င်း၊ ငါ့ကို

စေလွှတ်တော်မူသည်ဟု လာသတည်း။ (လု ၄း၁၉)” လောကီ သားတို့ အား အပြစ်စီရင်ခြင်းငှာ ကြွလာသည်မဟုတ်။ ကိုယ်တော်အားဖြင့် ကယ်တင်ခြင်း ၊ ရရှိရန်အတွက် ဖြစ်သည်။ (ယော ၃း၁၇) သို့ရာတွင် မယုံကြည်လျှင် အဘယ်သို့ ပဌနာ ပြုနိုင်မည်နည်း။ သတင်းမကြားလျှင် အဘယ်သို့ ယုံနိုင်မည်နည်း။ ဟောပြောသူမရှိလျှင် အဘယ်သို့ ကြားနိုင်မည်နည်း။ လူကို မစေလွှတ်လျှင် အဘယ်သို့ ဟောပြောနိုင်မည်နည်း။ ထိုသို့ နှင့်အညီ ကျမ်းစာ လာသည်ကား ငြိမ်သက်ခြင်း၏ ဝမ်းမြောက်စရာသတင်း၊ ကောင်းကျိုး ချမ်းသာ၏ ဝမ်းမြောက်စရာသတင်းကို ကြားပြောသောသူ၏ ခြေတို့ သည် အလွန်တင့်တယ်စွ တကား ဟု လာသတည်း။ (ရော ၁၀း၁၄-၁၅) ၊

| ယေရှု သည် အလင်းဖြစ်သကဲ့သို့ ယုံကြည်သူများသည်လည်း အလင်းဖြစ်ကြသည်။ (ယော ၈း၁၂၊ မ ၅း၁၄) ထို့ကြောင့် ယနေ့ ယုံကြည်သူ အယောက်စီတိုင်းကို သတင်းကောင်းဆက်လက်ဝေငှရန် သခင်ဘုရားက တာဝန်ပေးထားပါသည်။ (မ ၂၈း၁၉-၂ဝ၊ မာ၁၆း၁၅၊

၁ကော ၉း၁၆) မျက်ရည်ကျလျက် မျိုးစေ့ကြဲသောသူတို့ သည် ရွှင်လန်းလျက် စပါးရိတ် ကြလိမ့် မည်။ မျက်ရည်ကျလျက် ကြဲရန် မျိုးစေ့ကိုဆောင်၍ ထွက်သွားသော သူသည် ကောက်လှိုင်းများကို ဆောင်လျက် ရွှင်လန်းစိတ် နှင့်

၃၂(က)။ မိန်းမများသည် ယောက်ျားများ၏ အုပ်စိုးခြင်းကို

အဘယ်ကြောင့် ဝန်ခံကြရသနည်း။ ။ တစ်ချိန်က တရုတ်လူမျိုးများတွင် မိန်းခလေး မွေးဖွားလာလျှင် နှိမ့်ကျသည်ဟု ယူဆကာ ပညာသင်ခွင့် မပေးဘဲ အိမ်ဖော်အဖြစ်သာ သဘောထားခိုင်းစေခဲ့ကြသည်။ အထူးသဖြင့် ခြေသေးထုံးစံပေါ်လာခြင်းကြောင့် တရုတ် အမျိုးသမီးများသည် အသက်ရှင်လျက်နှင့် ပင် အသေဘဝ ဖြစ်ခဲ့ကြရသည်။ ခြေသေးထုံးစံ၏ မြစ်ဖျားခံရာအစမှာ ရှန်မင်းဆက် (AD၄၆၀-၁၂၇၉) တွင် နန်းတွင်း၌ မိန်းခလေးတစ်ဦးက မွေးရာပါ ခြေသေးပုံစံဖြင့် , မွေးဖွားခဲ့သည်။ ၄င်းမိန်းခလေး ကြီးလာသောအခါ အခြားကလေးများက ကဲ့ရဲ့

လှောင်ပြောင်၊ ရယ်မောကြမည်ကို စိုးရိမ်၍ အခြားမိန်းခလေးများကိုလည်း ခြေသေးအောင်ပြုလုပ်ကြရန် အမိန့်ထုတ်ပြန်ခဲ့သည်။ မိန်းခလေး များ လင်ယူရန် ခြေသေးရမည်ဟူသော စည်းမျဉ်းပါ ထည့်သွင်းခဲ့သည့်အပြင် ခြေသေးမိန်းခလေး များကို ယူလျှင် မင်္ဂလာရှိသည်ဟု ချီးမွမ်းလှုံ့ဆော်ကြသည်။ ဤသို့ဖြင့် ခြေသေးထုံးစံသည်တစ်နိုင်ငံလုံးသို့ ပြန့်နှံ့ရောက်ရှိသွားတော့သည်။ ထိုအချိန်မှစ၍ နှစ်ပေါင်း(၁၀၀၀)ခန့် အထိတရုတ်ယဉ်ကျေးမှုထုံးစံဖြစ်သည်ဟု မှတ်ယူကာ လုပ်ဆောင်ခဲ့ကြသောကြောင့် တရုတ်အမျိုးသမီး သန်းပေါင်း ၊ (၄၀၀၀)ခန့်ကို ဒုက္ခိတဘဝဖြစ်စေခဲ့သည်။

(၂)နှစ်အရွယ် မိန်းခလေးတိုင်း၏ ခြေချောင်းများကို အသား၊ အရိုးနုများတက်မလာအောင် အဝတ်ဖြင့် အနည်းဆုံး (၁၀)နှစ်ကြာအောင် တင်းကြပ်စွာ စည်းနှောင်ပေးထားကြ သည်။ ပြင်းထန်သော ဝေဒနာများကို နှစ်ပေါင်းများစွာ ခံစားခဲ့ကြရပြီးနောက် တစ်သက်လုံး ထော့နဲ့ထော့နဲ့ နှင့် ဒုက္ခိတဘဝသို့ ရောက်ခဲ့ကြတော့သည်။ ရှန်မင်းဆက် မိသားစု နှင့် ၎င်းတို့၏ သစ္စာခံများ၏ ရက်စက်ယုတ်မာမှုအောက်တွင် တရုတ်အမျိုးသမီး သန်းပေါင်းများစွာ က ဘုမသိ ဘမသိဖြင့် ဘဝပျက်ခဲ့ကြရသည်။ သို့သော် ဤကိစ္စကို တရုတ် အမျိုးသားများ ကလည်း ၄င်းတို့ ၏ အုပ်စိုးမှုကို

ကောင်းမွန်စွာ ဝန်ခံကြ၍ ကျေနပ်စွာ လက်ခံခဲ့ကြသည်။ မိန်းမများကလည်း နဂိုကတည်းက အားနွဲ့ ပါတယ်ဆိုကာမှ ခြေကို သေးအောင် ပြန်ထုပ်ပေး လိုက်သည့် အခါတွင် အားမသန်လို့ မာန်ကို လုံးလုံးကြီး လျှော့ပေးခဲ့ ကြရတော့သည်။

ခြေသေးထုံးစံကို ပထမဆုံး ဆန့်ကျင်ခဲ့သူမှာ မန်ချူးမင်းဆက် Dowager Cixi ဘုရင်မ ဖြစ် ပါသည်။ သို့ သော် မလွယ်ကူခဲ့ချေ။ ဒေါက်တာဆွန်ယက်ဆင် ၏ တော်လှန်ရေးကြောင့် ဘုရင်စနစ် ပျက်သုဉ်းပြီး အစိုးရသစ်က ၁၉၁၂ ခုနှစ်တွင် ခြေသေးထုံးစံရပ်ဖို့ အမိန့်ထုတ်ပြန်ခဲ့သည်။ ၁၉၁၅ ခုနှစ်တွင် ထိုင်ဝမ်ကို ဂျပန်အုပ်ချုပ်စဉ် ခြေသေးထုံးစံကို ရပ်စေခဲ့သည်။ တရုတ်ပြည်မကြီးတွင် ၁၉၄၉ ခုနှစ်၊ မော်စီတုန်း ၏ ကွန်မြူနစ်အစိုးရ တက်လာသောအခါ ခြေသေးထုံးစံ ဆက်လက်ကျင့်သုံးသူများကို သေဒဏ် အပြစ်ပေးခဲ့သည်။ထိုအချိန်မှစ၍ ခြေသေးထုံးစံလည်း ချုပ်ငြိမ်းခဲ့ရတော့သည်။ နှစ်ပေါင်းများစွာ လွှဲမှားစွာ ခံယူခဲ့သော အယူအဆကို နှစ်ပေါင်းများစွာ ပြန်လည်တိုက်လှန်ခဲ့ရသည်။ ထိုလွှဲမှားသောအကျိုးဆက်သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ယနေ့တိုင် ခြေသေးအဖွားကြီးများကို တွေ့မြင် နေရဆဲဖြစ်သည်။

တရုတ်နိုင်ငံ၌သာ မိန်းမများသည် ယောက်ျားများ၏ ရက်စက် စွာ အုပ်စိုးမှုကို ခံခဲ့ကြရ သည်မဟုတ်ပေ။ ယနေ့လက်ရှိ ကမ္ဘာ့နိုင်ငံအတော် များများ တွင်လည်း ထာဝရဘုရားကို ကိုးကွယ်သည်ဖြစ်စေ၊ မကိုးကွယ်သည်

ဖြစ်စေ၊ မိန်းမများသည် ယောက်ျားများ၏ အုပ်စိုးမှုကို ဝန်ခံကြရသည်။ ဤကဲ့သို့ ဖြစ်လာရခြင်း၏ မူလအစမှာ … ။

မိန်းမတကာတို့ ၏ မိခင် ဖြစ်သော ဧဝသည် ဘုရားသခင်၏ တားမြစ်ချက်ကို ဦးစွာ ဖောက်ဖျက်ကျူးလွန်ပြီး တားမြစ်သီးကို စားခဲ့ရာမှ ဘုရားသခင်၏ အမျက်တော်ရှပြီး ဧဝအား အပြစ်ဒဏ်ပေး ရာမှ စတင်ဖြစ်ပေါ် လာခဲ့ရခြင်းဖြစ်သည်။

“မိန်းမကိုလည်း သင်၌ ကိုယ်ဝန်ဆောင်စေခြင်းဝေဒနာကို ငါအလွန် များပြားစေမည်။ ပင်ပန်းစွာ ဝေဒနာကို ခံ၍ သားဖွားရမည်။ ကိုယ်ခင်ပွန်း၏ အလိုသို့ လိုက်၍ သူ၏ အုပ်စိုး ခြင်းကိုလည်း ခံရမည်ဟု မိန့်တော်မူ၏။ (က ၃း၁၆) ” ကျမ်းစာ၏ အံ့ဖွယ်ပြည့်စုံခြင်း မဟုတ်ပါလား။

၃၂(ခ)။ လူကတိရစ္ဆာန်များကို အဘယ်ကြောင့် စေခိုင်းနိုင်ကြ

သနည်း။ ။

ဆင်၊ မျောက်၊ ကျွဲ၊ နွား၊ ကုလားအုတ်၊ ငှက်ကုလားအုတ်၊ ရေထဲမှ လင်းပိုင် စသည်ဖြင့် သတ္တဝါများက လူကို မစေခိုင်းနိုင်ဘဲ၊ လူကသတ္တဝါများကို ခိုင်းစေအုပ်စိုးနိုင်ကြသည်။ မည်မျှပင် ခွန်အားကြီးသော ဆင်သည်လည်း လူ၏ ခိုင်းစေခြင်းကို ဝန်ခံရသည်။ ထိုသို့ ဖြစ်လာရခြင်းမှာ ဘုရားသခင်က တိရစ္ဆာန်များကို ဖန်ဆင်းကတည်းက လူ၏ အုပ်စိုးခြင်းကို ခံစေဟု မိန့်တော်မူခဲ့၍ ဖြစ်သည်။

“တဖန် ဘုရားသခင်က ငါတို့ ပုံသဏ္ဌာန်နှင့်တစ်ညီတစ်သဏ္ဍာန် တည်း လူကို ဖန်ဆင်း ကြစို့ ။ သူသည် ပင်လယ်ငါးတို့ ကို ၄င်း၊ မိုးကောင်းကင် ငှက်တို့ ကိုလည်းကောင်း၊ သားယဉ် တို့ ကို၄င်း၊ မြေတပြင် လုံးနှင့်တကွ မြေပေါ်မှာ တွားသွားတတ်သောတိရစ္ဆာန်အပေါင်းတို့ ကို၄င်း၊ အုပ်စိုးစေဟု အမိန့်တော်ရှိ၏။ (က ၁း၂၆)” နောက်ထပ် ကျမ်းစာ မှန်ကန်ကြောင်း သက်သေ တစ်ခုမဟုတ်ပါလား။ ။

၃၂။(ဂ) ကိုယ့်အပြစ်ကို ဝန်မခံခြင်းဟာ ဘယ်အချိန်ကစခဲ့တာလဲ။

လူသည် ကိုယ့်အပြစ်ကို ဝန်မခံဘဲ သူတစ်ပါးအား အပြစ်ပုံချခြင်းသည် အာဒံနှင့် ဧဝတို့ တားမြစ်သီးစားမိချိန်မှ အစပြုခဲ့ခြင်းဖြစ်သည်။ ဘုရားသခင်၏ ပုံသဏ္ဌာန်တော် နှင့် အညီ လူကို ဖန်ဆင်းထားခဲ့သော်လည်း အပြစ်ဝင်ရောက်

လာ၍ ဘုရားနှင့် မိသဟာယပျက်ကာ ဘုရား၏ မေတ္တာ နှင့် အဖြစ်မှန်ကို ဝန်ခံသည့် သဏ္ဌာန်ပျောက်ကွယ်သွားခဲ့သည်။ ထို့ ကြောင့် အာဒံ က မိမိ၏ အပြစ်ကို ဝန်မခံဘဲ ဧဝအားလွှဲချခဲ့သည်။ ဧဝကလည်း မြွေကို အပြစ်ပုံချ ခဲ့သည်။ (က ၃း၁၂-၁၃)

၃၃။ သခင်ယေရှုတိဗက်ပြည်သို့ သွားရောက်ပညာသင်ယူခဲ့ပါ သလား။

(က) သမိုင်းအထောက်အထား

(၁) ရန်ကုန်တက္ကသိုလ်၊ သမိုင်းဌာနရှိ စာပေအရ တိဗက်ပြည်သို့ ဗုဒ္ဓ

သာသနာ စတင်ရောက်ရှိချိန်မှာ AD ၆၄၇ ခန့် ဖြစ်ကြောင်းသိရှိရ

ပါသည်။ ။

(၂) ၁၂-၁၀-၁၉၇၄ ရက်စွဲပါ ဆရာကြီး ပါရဂူ ရေးသားသော သံကိစ္စည်း

နှင့် တိဗက်ဗုဒ္ဓဘာသာစာအုပ်အရ တိဗက်သို့ ဗုဒ္ဓဘာသာရောက်ရှိ

ချိန်မှာ AD ၆၅၅ ခန့်ဖြစ်ကြောင်း သိရသည်။

(၃) သမိုင်းပညာရှင်ကြီး အိပ်ခ်ျဂျီဝဲလ် ၏ အဆိုအရ တိဗက်ပြည်သို့

ဗုဒ္ဓသာသနာရောက်ချိန်မှာ AD ၅ဝဝ – ၆ဝဝ ဝန်းကျင်ဟု ဖော်ပြထား။

(၄) ခရစ်စမတ်တန်ဖရီ က AD ၆၅၀ ခန့် ဟု ဖော်ပြထားပါသည်။ ။ ( ) Kennelth W-Morgan en Buddhism Interpreted by

Buddhist စာအုပ်တွင်AD (၇) ရာစု ဟု ဖော်ပြပါရှိပါသည်။

သခင်ယေရှုသည် BC (၄) တွင် ဤ လောကသို့ လူ့ဇာတိကိုခံယူကာ ကြွဆင်းခဲ့ပြီး AD(၃၀) တွင် ကောင်းကင်ဘုံသို့ ပြန်လည်တက်ကြွသွားခဲ့သည်။ ထို့နောက် နှစ်ပေါင်း (၆၀၀)ခန့် ကြာမှ တိဗက်ပြည်သို့ ဗုဒ္ဓသာသနာ ရောက်ရှိ ခဲ့သည်ဖြစ်၍ ယေရှုအနေဖြင့် တိဗက်သို့ သွားရောက်ကာ ဗုဒ္ဓသာသနာကို သင်ယူခဲ့သည်ဟု ဆိုခြင်းမှာ လုံးဝမဖြစ်နိုင်ပါ။

(ခ) သမ္မာကျမ်းစာ၏ ဖော်ပြချက်

သခင်ယေရှုသည် သက်တော် (၁၂) နှစ်တွင် မိဘများ နှင့် အတူ ဂျေရုရှလင်မြို့ရှိ တစ်ခုတည်းသော ဗိမာန်တော်သို့ သွားရောက်ခဲ့စဉ် ကျွမ်းတတ်အကျော်မော်များ နှင့် အံ့ဖွယ်တရားစကားများ ဆွေးနွေးခဲ့သည်။ ထိုအရွယ်မှစ၍ ထာဝရဘုရား၏ တရားဒေသနာ ကို ပဏာမ ဟောကြား ခဲ့သည်။ သို့ သော် ယုဒ ထုံးစံအရ အသက်(၃၀)ပြည့်မှသာ လူရာသွင်း၍ ဘာသာရေး လုပ်ကိုင်ခွင့်ရှိသည်။ ထို့ကြောင့် ယေရှုသည်လည်း သက်တော် (၃၀)ခန့်မှစ၍ ဘုရားသခင်၏ အမှုတော်မြတ်ကို စတင်ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။ ထို့ အပြင် ယုဒထုံးစံ၌ သားသမီးတို့တွင် အကြီးဆုံးသော သားသည် ဖခင်၏ လုပ်ငန်း၌ ဝါသနာပါပါ မပါပါ ဝိုင်းကူ၍ အသက်မွေးကြ ရသည်။ ကျန်သားသမီးများက မိမိနှစ်သက်ရာ အလုပ်အကိုင်ကို ရွေးချယ် လုပ်ကိုင်နိုင်သည်။ ယေရှုသည် လက် သမားသားဖြစ်သောကြောင့် ကြားကာလ(၁၈)နှစ်အတွင်း လက်သမားအလုပ်ဖြင့် အသက်မွေးခဲ့သည်။ ဤအကြောင်းနှင့်ပတ်သက်၍ အောက်ပါ ကျမ်းချက်များကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါသည် –

(၁) ယေရှုသည် အမှုတော်မြတ်ကို ဆောင်ရွက်စဉ် မိမိကြီးပြင်းခဲ့ရသော

နာဇရက်မြို့သို့ ရောက်ရှိ၍ တရားဇရပ်၌ တရားဒေသနာ ဟောကြား ရာတွင် ဒေသခံလူများက “သူသည် လက်သမားသားမဟုတ်လော။ မာရိ၏ သားမဟုတ်လော။ ယာကုပ်၊ ယောသေ၊ ယုဒ၊ ရှိမုန် တို့ ၏ အစ်ကို မဟုတ်လော။ သူ့နှမများသည်လည်း ငါတို့ နှင့် အနီးအပါး နေကြသည်မဟုတ်လော” မာကု ၆း၃)

(၂)မဿဲ ၂:၂၃ တွင် “ ခရစ်တော်ကို နာဇရက်လူ ဟု ခေါ်ကြလတ္တံ့ ဟူသော ပရောက်ဖက် တို့ ၏ နှုတ်ထွက် နှင့် အညီ နာဇရက် အမည်ရှိသော မြို့သို့ ရောက်၍ အမြဲနေလေ၏။

(၃) လု ၄း၁၆ တွင် “ ကြီးပွားတော်မူရာ နာဇရက်မြို့သို့ ရောက်တော်

မူလျှင် …” လု ၂:၅၂ တွင် “ ယေရှုသည်လည်း အစဉ်အတိုင်း ကြီး၍ ပညာ

တိုးပွားလျက် ဘုရားသခင်ရှေ့၊ လူတို့ရှေ့မှာ မျက်နှာရတော်မူ၏။”

(၅) ဂျူးသမိုင်းမှတ်တမ်းများတွင်လည်း ခရစ်တော် ခရီးသွားခဲ့သည့်

မှတ်တမ်း မပါရှိပါ။

ထို့ကြောင့် ခရစ်တော်၏ သက်တော်စဉ် ကြားကာလ (၁၈)နှစ်သည် ။ မိသားစု ကို လက်သမားပညာဖြင့် ပြုစုကျွေးမွေးရင်း သက်တော် (၃၀)ခန့်တွင် ဘုရားသခင်၏ အမှုတော်မြတ်ကို စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

(ဂ) သမ္မာကျမ်းစာကို မသိသောကြောင့် မှားယွင်းရေးသား ဖော်ပြ

မိခြင်းဖြစ်သည်။

သမ္မာကျမ်းစာသည် ခရစ်ယာန်ဘာသာဝင်တို့နှင့်သာ သက်ဆိုင်သည့် စာအုပ်မဟုတ်ပါ။ မြန်မာဘာသာဖြင့် ထုတ်ဝေသော သမ္မာကျမ်းစာအုပ်၏ ရှေ့ဆုံးစာမျက်နှာတွင် ခရစ်ယာန် ကျမ်းဟု ဖော်ပြမထားပါ။ ဟေဗြဲ၊ ဟေလသ၊ ပါဠိတော် မြန်မာဘာသာသို့ ဆရာယုဒသန် အနက်ပြန် ၍ ပုံနှိပ်သော ဓမ္မဟောင်းကျမ်း နှင့် ဓမ္မသစ်ကျမ်းတည်းဟူသော ထာဝရဘုရား၏ သမ္မာကျမ်း ဟု သာ ဖော်ပြထားသောကြောင့် လူမျိုး၊ ဘာသာ မခွဲခြားဘဲ လူသားတိုင်းနှင့် သက်ဆိုင်သော စာအုပ်ဖြစ်ပါသည်။ ။

ယေရှုသည် ဖန်ဆင်းရှင် ထာဝရဘုရားစင်စစ်ဖြစ်လျက် လူ့ဇာတိကို ခံယူခဲ့ရခြင်းမှာ အာဒံ နှင့် ဧ၀ ကြောင့် ကျဆင်းခဲ့သော သင်္ခါရလောကကို ထာဝရကာလအဖြစ်သို့ ပြန်လည် ပို့ဆောင်လို၍ ဖြစ်သည်။ လောကသို့ လူ့ဇာတိအဖြစ်ခံယူကာ ကြွဆင်းလာမည့် အကြောင်း ကိုလည်း မကြွလာမိ နှစ်ပေါင်းများစွာကတည်းက ဓမ္မဟောင်းကျမ်းတွင် ပရောဖက်များအား ကြိုတင်ရေးသားဖော်ပြစေခဲ့သည်။ ကြွလာပြီး မည်ကဲ့သို့ အသေခံမည်။

ပြန်လည်ရှင်ပြန်ထမြောက်မည့် အကြောင်းကိုလည်း အသေးစိပ်ရေးသား

ဖော်ပြစေခဲ့သည်။ ထို့ကြောင့် ယေရှု သည် BC (၄) ကျမှ မွေးဖွားပြီး ဘုရားအဖြစ်သို့ ရောက်ရှိခဲ့သည့် ပုဂ္ဂိုလ်မဟုတ်ပါ။ ကမ္ဘာ မတည်မရှိမီ ကတည်းက နိစ္စထာဝရ တည်ရှိနေခဲ့သော ဖန်ဆင်းရှင် ထာဝရဘုရား သခင်သာလျှင် ဖြစ်ပါသည်။ (ယော ၁း၃၊ ဆာ ၉၀း၁-၂၊ ဟေဗြဲ ၇း၂၄၊ ၁၃း၈၊ ဗျာ ၁း၁၇-၁၈၊ ၂၁း၆)

 

သင်ခါရလောက

ခရစ်တော်(ဒု)အကြိမ် ပြန်ကြွမလာမီထိ ကာလသည် သင်္ခါရလကာလဖြစ်၍ ဖြစ်ပြီးလျှင် ပျက်နေဦးမည်။ ယေရှုသည် ဖန်ဆင်းရှင် နိစ္စထာဝရ ဘုရားသခင် ဖြစ်သောကြောင့်

မည်သူတစ်ဦး တစ်ယောက်ထံတွင် ပညာသွားရောက်ယူရန် မလိုအပ်ပေ။ ထို့ ကြောင့် သင်ယူသည် ဟူသောရေးသားဖော်ပြချက် များသည်လည်း သမ္မာကျမ်းစာနှင့် မကိုက်ညီပါ။ ယေရှုသည် နိစ္စထာဝရ အသက်ရှင်သည့် ဘုရားသခင်ဖြစ်ကြောင်းကို အမှန်တကယ် သိရှိလိုပါက မပြည့်စုံသည့် လူသား အချင်းချင်း ငြင်းခုံစကားနိုင်လုမနေဘဲ သိလိုသောအရာများကို မိမိကိုယ်တိုင်

ယေရှုထံသို့ တိုက်ရိုက်စိန်ခေါ်မြည်းစမ်း ကြည့်နိုင်ကြောင်းကျမ်းစာကဆိုပါသည်။ “ ယေရှု က ငါ့ကို ခေါ်လော့ ငါထူးမည် ၊ သင်မသိနိုင်အောင် နက်နဲသော အရာများကို ငါပြမည်။” (ယေရမိ ၃၃း၃) ၊

၃၄(က)။ ယုံကြည်သူတွေ ဘာကြောင့် ဆင်းရဲသလဲ။

လောက၌ သင်ယူသူ နှင့် မသင်ယူသူ ဟူ၍ လူနှစ်မျိုးနှစ်စား ရှိသည်။ ထိုဆန္ဒနှစ်ခုကို အခြေခံ၍ အောင်မြင်သူနှင့် သာမန်လူဟူ၍ ခြားနားသွားရခြင်း ဖြစ်ပါသည်။ ဘဝတွင် အမှန်တကယ် အောင်မြင်လိုပါက ဦးစွာပထမ သင်ယူ ရမည် ဖြစ်သည်။ (သု ၄း၇-၉)

ဂျူးလူမျိုးများသည် ငယ်စဉ်ကပင် အသက်မွေးဝမ်းကျောင်း လက်တွေ့ ပညာကို အနည်းဆုံးတစ်ခု မသင်မနေရ သင်ယူကြရသည်။ထို့ ကြောင့် သူတို့သည် ဘယ်နိုင်ငံ ရောက်ရောက် မျက်နှာမငယ်ရကြပါ။ ကိုယ့်ကိုကိုယ်၊ ယုံကြည်စိတ်ချမှု အပြည့်ရှိသည်။ ဂျာမဏီ နိုင်ငံ၏ ပညာရေးစနစ်တွင်လည်း ၊

ကျောင်းစာသင်ချိန် သည် အခြားဥရောပနိုင်ငံများထက် ကျောင်းချိန်နဲသည်။ ။ တစ်နိုင်ငံလုံးလိုလိုပင် နေ့လည်စာစားချိန်၌ စာသင်ချိန်ပြီးသွားပြီ ဖြစ်သည်။ အလယ် တန်း အ ရွယ်မှ စ၍ အသက်မွေးဝမ်းကျောင်းပညာများကို ကျောင်းစာသင်ရင်း တစ်ပါတည်း သင်ယူစေသည်။ အသက်(၁၅)နှစ်မှစ၍ ကျောင်းတက်ခြင်းထက် လုပ်ငန်းခွင် သင်တန်းများ၌ အချိန်ပိုပေးရသည။ ဤသို့ဖြင့် ကျောင်းပြီးသည်နှင့် အလုပ်ခွင်ဝင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ ထို့ကြောင့် ယနေ့ ဂျာမနီနိုင်ငံသည် ကမ္ဘာပေါ်၌ ဒုတိယပို့ကုန် အများဆုံး

အဖြစ်သို့ ရောက်ရှိနေပြီး ယူရိုငွေကြေးကို ကယ်ဆယ်နိုင်အောင် ချမ်းသာသည့် နိုင်ငံဖြစ်နေသည်။

သင်ယူခြင်းတွင် စာတွေ့၊ လက်တွေ့၊ မျက်တွေ့၊ ကိုယ်တွေ့ များအားဖြင့် သင်ယူ ကြရပါမည်။ စာတွေ့တစ်မျိုးတည်း တတ်ခြင်းသည် ရှေ့ဘီးသာပါပြီး ၊ နောက်ဘီးမပါသည့် မော်တော်ကားကဲ့သို့ ဖြစ်နေပေ လိမ့်မည်။ ဗြိတိန်နိုင်ငံ မှ ဘရိုစ် ဘာရီ သည် Ph.D ပါရဂူဘွဲ့ အပါအဝင် တက္ကသိုလ်ဘွဲ့ (၁၁)ဘွဲ့ထိ ရရှိထားပြီး ၊ ဘာသာစကားအနေဖြင့်လည်း ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ စပိန်၊ ရုရှား နှင့် အင်္ဂလိပ်ဘာသာစကားများကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သူဖြစ်သည်။ ပညာရေးဘက်တွင် ပါရမီထူးချွန်သူ ဘရိုစသည် ဝတ်ခ်ဖီးမြို့တွင်းရှိ ကာရိုတန်ကျောင်း တွင် လခပေါင် (၂၀၀)ဖြင့် ကလေးများ

ကျောင်းသွား ကျောင်းပြန် ဘေးအန္တရာယ်ကင်းဝေးဖို့ ယာဉ်ကြောရှင်း ဆိုင်းဘုတ် ထောင်ပြသည့် အလုပ်ကို လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

ကယ်တင်ခြင်းသည် သင်ယူမှုအပေါ်တွင် အမှီမပြုသော်လည်း အသိပညာ တိုးတက် ခြင်းသည် သင်ယူမှ ရသည်။ ယုံကြည်သူများ ဆင်းရဲရသည့် အဓိကအကြောင်းရင်းမှာ အသက် မွေးဝမ်းကျောင်းဆိုင်ရာ စီးပွားရေးလက်တွေ့ပညာများကို ကျွမ်းကျင်တတ်မြောက်အောင်မသင်ယူ ကြ၍ ဖြစ်သည်။ ဥပမာ- စတိုးဆိုင်၊ စူပါမားကက်များတွင် လူသုံးကုန်

ပစ္စည်းများ အမျိုးပေါင်းစုံလင်များပြားလှသည်။ သို့သော် လူတွေကြိုက်နှစ်သက် တဲ့အရာ ဘာလုပ်တတ်သလဲ။ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ပါ။ အဖြေက ရှင်းပါ သည်။ အရင်းအနှီးမရှိ၍ မဟုတ်ဘဲ ဘာမှ မလုပ်တတ်၍ ဆင်းရဲနေကြရခြင်း သာဖြစ်ပါသည်။ ။

လက်တွေ့ အသုံးချပညာကို သင်ယူသည့်အခါ ၊ လိုက်နာရမည့် နည်းလမ်းများကိုလည်းယေရှုက မိန့်မှာ ထားပြီး ဖြစ်ပါသည်။ “သင်တို့တွင် အထွဋ် အမြတ်လုပ်ချင်သောသူသည်လည်း အလုံးစုံတို့၏ စေခိုင်းရာ ကျွန်ဖြစ်ရမည်။ (မာ ၁၀း၄၄)။ ရွှေကို ရတတ်ခြင်းထက် ပညာကို ရတတ်ခြင်း သည် အလွန်ကောင်း၏။ ငွေကိုအမြတ်မထား၊ ဉာဏ်နှင့်ပြည့်စုံခြင်းကို အမြတ် ထားစရာ အလွန်ကောင်း၏။ ” (သု ၁၆း၁၆) အလုပ်လျှောက်သည့်အခါတွင် မျှော်မှန်းလစာကို ဦးစားပေးသူများသည် လခစားဘဝနှင့် အိုသွားတတ်ပါသည်။ အောင်မြင်ကြီးပွားခဲ့ကြသူတိုင်း သည် လစာကို အဓိက မထားခဲ့ကြပေ။ လုပ်ငန်းကျွမ်းကျင်ရန်အတွက်သာ အစေခံကျွန်သဖွယ် နှိမ့်ချစွာဖြင့် ကြိုးစား သင်ယူခဲ့ကြသည်။ အသေးအမွှား ငွေကြေးမှစ၍ ငယ်သောအမှုများတွင် သစ္စာရှိခဲ့ကြသူများဖြစ်သည်။ “ အနည်းငယ်သောအမှု၌ သစ္စာရှိသောသူသည် ကြီးသော အမှု ၌လည်း သစ္စာရှိလိမ့်မည်။ သူတပါးအမှု၌ သင်တို့သည် သစ္စာမရှိလျှင် အဘယ်သူသည် အပိုင်ပေးမည်နည်း၊ (လု ၁၆း၁၀၊၁၂)” နှုတ်ကပတ်တော်အတိုင်း လိုက်နာဆောင်ရွက်လျှင် အချိန်အတိုင်းတာ တစ်ခုအတွင်း အောင်မြင်မှုရရှိမည် ဖြစ်သည်။ ယုံကြည်သူဖြစ်တာကြာပြီး ၊ မချမ်းသာခြင်းသည် လုပ်ဆောင်ချက် မှားယွင်းနေ၍ ဖြစ်သောကြောင့် မိမိကိုယ်ကို ပြန်လည်သုံးသပ်သင့်ပါသည်။

တစ်ခါက လူငယ်တစ်ယောက်သည် ရောင်းအားအလွန်ကောင်း သော ကုန်စုံဆိုင် တစ်ဆိုင် တွင် အလုပ် ရလေသည် ။ သူသည် ဆိုင်ရှင်အဘိုးကြီးခိုင်းသမျှကို သစ္စာရှိရှိ လုပ်ကိုင် ပေးသဖြင့် ဆိုင်ရှင်က ဝယ်ရောင်းခြင်းအမှုအားလုံးကို သူ့အားအပ်နှင်းလေသည်။ မကြာမီ လူငယ်က သင်ယူစရာ ပညာစုံပြီဟု ယူဆသဖြင့် အဘိုးကြီးထံမှ ထွက်ခွာကာ

မလှမ်းမကမ်း တွင် အလားတူ ကုန်စုံဆိုင်ကို ဖွင့်လှစ်ရောင်းချလေသည်။ ပစ္စည်းများကိုလည်း အဘိုးကြီးနှင့် ဈေးနှုန်းတူ ရောင်းချသည်။ သို့သော် အတန်ငယ်ကြာလာသည် အထိ ဆိုင်၏ ရောင်းအားမှာ တက်မလာ သောကြောင့် ဆိုင်ခန်းခ ပေးချေရန်ပင် ခက်ခဲလာသည်။ ထိုအခါ လူငယ်က အဘိုးကြီးထံသို့ သွား၍ “ ကျွန်တော်ဦးလေးနဲ့ ပစ္စည်းတူ၊ ဈေးနှုန်းတူ ရောင်းချပေမဲ့၊ ဘာဖြစ်လို့ ရောင်းလို့မထွက်တာလဲ” ဟုမေးလေသည်။ ထိုအခါ အဘိုးကြီးက “မင်းဦးလေးဆီက အပြင်မိတ္တူတော့ရသွားပါတယ်။ အတွင်း မိတ္တူကို သင်ပေးမလို့ လုပ်နေတုန်းမှာ မင်းက ဆန္ဒစောပြီး ထွက်သွားတာကိုး။ ဦးလေးလည်း အသက်ကြီးပြီလေ။ ဒါကြောင့် မင်းလို အောင်မြင်ချင်သူကို ပညာကုန်သင်ပေးချင်တာပါ။ ဒါပေမဲ့ မင်းက ယူမသွားခဲ့ဘူး။” ဟုပြန်ပြော

လေသည်။ လုပ်ငန်းတိုင်းတွင် ဆရာစားဟုခေါ်သော မြှုပ်ကွက်(သာမန်လူများ မမြင်နိုင်)များ ရှိနေတတ် သည်။ ထို့ကြောင့် ဆရာစားပါမကျန် သင်ယူနိုင်ရန်လည်း အရေးကြီးပါသည်။ “တပည့်သည် ဆရာထက် မသာ။ အပြီးသင်ပြီးသော တပည့်တိုင်း မိမိဆရာကဲ့သို့ ဖြစ်လိမ့်မည်။” (လု ၆း၄၀)

အမှန်တကယ် ချမ်းသာလိုလျှင် ချမ်းသာချင်သော ပြင်းပြသည့် ဆန္ဒရှိရန် ဦးစွာ လိုအပ်ပါသည်။ (ယော ၇း၃၇) ထိုဖြစ်ချင်သောဆန္ဒကို ဘုရားသခင်ထံ ဆက်ကပ်အပ်နှံပါ။ ထို့နောက်ဝိညာဉ်တော် ဖော်ပြသော အလုပ်ကို ချက်ခြင်းလုပ်ဆောင်ပါ။ (တော၁၃း၃၀) နှုတ်ကပတ်တော်က သွန်သင်သည့် အတိုင်း ရိုးသားစွာဖြင့် ကြိုးစားပါ။ ပညာမပြပါနှင့်။ မခိုမကပ်ပါနှင့်။ သင်၏ လုပ်ဆောင်ချက် အားလုံးတို့ ကို ဘုရားရှင် သိမြင်ပါသည်။ (မ ၆း၄) ကတိတော်အတိုင်း ကြိုးစားလုပ်ဆောင်လျှင် အချိန်ကာလတစ်ခုအတွင်း မုချအောင်မြင်မည် ဟု နှုတ်ကပတ်တော်က အာမခံထားပါသည်။ (ဖိ ၄း၁၃၊ ၁၉)

အသက်ရှင်သော ဘုရားကို ကိုးကွယ်ခြင်းအားဖြင့် ကောင်းကင်နိုင်ငံ တွင်သာမဟုတ်ဘဲ မြေကြီးပေါ်၌လည်း ကြွယ်ဝချမ်းသာစွာ အသက်ရှင်

နေထိုင်ရန် ဘုရားသခင် အလိုတော် ရှိသည်။ ယောဘ သည် နှစ်ဆသော

ကောင်းချီးဖြင့် အပြည်တစ်လွှား တွင် အချမ်းသာဆုံးဖြစ်ခဲ့သည်။ (ယောဘ ၁း၄၊ ၄၂း၁၀၊ ၁၂) ဒံယေလ နှင့် အပေါင်းအပါ တို့ကို ဆယ်ဆ သော အတတ်ပညာကောင်းချီးပေးခဲ့သည်။ (ဒီ ၁း၁၇၊၂၀) ဣဇက်သည် အဆတစ်ရာ

သော ကောင်းချီးမင်္ဂလာဖြင့် ကြွယ်ဝချမ်းသာစွာ အသက်ရှင်နေထိုင်ခဲ့သည်။ (က ၂၆း၁၂-၁၄) သို့ သော် သူတို့ အားလုံးသည် အကျိုးကို မျှော်၍

လောဘစိတ်ဖြင့် ထာဝရဘုရားကို ကိုးကွယ်ခဲ့ကြခြင်း မဟုတ်ပေ။ ဆယ်ဖို့တစ်ဖို့ ပေးလျှင် ကောင်းကင်တံခါးဖွင့်၍ ကောင်းချီးများစွာ ခံစားရမည်ဟူသော မက်လုံးဖြင့် ကိုးကွယ်ခဲ့ကြခြင်း မဟုတ်ပေ။ ထာဝရဘု ရားဖြစ်၍ ကိုးကွယ်ခဲ့ကြခြင်းသာ ဖြစ်ပါသည်။ ထို့ကြောင့် စုံစမ်းခြင်း၊ ဆင်းရဲဒုက္ခနှင့် တွေ့ကြုံကြရသောအခါ ဘုရားကို မကျိန်ဆဲ ဘဲ ၊ သစ္စာရှိစွာဖြင့် ကိုးကွယ်နိုင်ခဲ့ကြခြင်းဖြစ်သည်။ ထိုနည်းတူ ကျွန်ုပ်တို့သည်လည်း လောက ဧည့်သည်အဖြစ် တစ်ခဏတာ အသက်ရှင်စဉ်အခါတွင် ဘုရားရှင်အား ကိုးစားခြင်းအားဖြင့် နှုတ်ကပတ်တော်က သွန်သင်သည့်အတိုင်း ကြိုးစား လုပ်ဆောင်လျှင် ဆင်းရဲစွာ အသက်ရှင်စရာ အကြောင်း လုံးဝမရှိပေ။

၃၄(ခ)။ နွားကျောင်းသားနှင့် ဘဲကျောင်းသား

တစ်ခါက နွားကျောင်းသားတစ်ယောက်သည် ရေကြည်ရာ မျက်နုရာကို လိုက်၍ နွားများကို လှည့်လည်ထိန်းကျောင်းလျက်ရှိသည်။ တစ်နေ့တွင် ရေချောင်းစပ်နားတစ်နေရာ သို့ ရောက်၍ ချောင်း၏ တစ်ဖက်ကမ်းကို ကြည့်လိုက်ရာ မြက်များဖြင့် စိမ်းစိုနေသည်ကို တွေ့ရသည်။ ထိုအခါ နွားကျောင်းသားက စဉ်းစားသည်။ ဒီမြက်တွေကို ငါ့နွားတွေကိုသာ

ကျွေးလိုက်ရရင် ခဏနဲ့ ဗိုက်မှာ သေချာတယ်။ ဒီဘက်ကမ်းမှာကျတော့ နွားကျောင်းသား တိုင်းက ကျွေးကြလို့ မြက်တွေက တိုကုန်ပြီ။ ဒါပေမဲ့ ဒီလောက်စိမ်းနေတဲ့ ဟိုဘက်ကမ်းကမြက်တွေကိုတစ်ခြားနွားကျောင်းသားတွေက ဘာကြောင့်များ မကျွေးကြတာပါလိမ့်။ စဉ်းစားရင်းဖြင့်အဖြေမရ ဖြစ်နေစဉ်

ချောင်းဘေးရှိ သစ်ပင်အောက်တွင် သီချင်းလေးတကြော်ကြော်နှင့် အော်ဆို နေသော ဘဲကျောင်းသားတစ်ယောက်ကို မြင်၍ အကြံဉာဏ်တောင်းခံလေ သည်။ ဟေ့ .. ဘဲကျောင်းသားလေး ။ ငါ့နွားတွေကို ဟိုဘက်ကမ်းပို့ပြီးအစာ ကျွေးချင်တယ်။ ဘယ့်နှယ်လဲ။ အကြံပေးပါဦး ဟု မေးလိုက်ရာ ဘဲကျောင်းသား က “ အစ်ကိုရာ ခင်ဗျားရဲ့ နွားတွေ ကို ဟိုဘက်ကမ်းကို အမြန်သာမောင်းချ လိုက်။ တစ်ခြားနွားကျောင်းသား တွေက “အ” လိုက် တာဗျာ၊ မျက်စိကိုမရှိကြဘူး ဟု ပြန်ပြောလေသည်။

နွားကျောင်းလေးခမျာ ထောက်ခံမဲရပြီမို့ အားရှိသွားပြီး နွားများကို ရေထဲသို့ အမြန်မောင်းချလိုက်လေတော့သည်။ ထိုအခါ ချောင်းသည် သိပ်မကျယ်သော်လည်း ရေနက်ပြီးရေစီးသန်သောကြောင့်နွားများမျောပါ သေကုန်ကြသည်။တစ်ချို့သာ ကမ်းဘက်ကို မနည်းကူးခတ်ကာပြန်တက်နိုင်ခဲ့ ကြသည်။သို့ဖြစ်၍ နွားကျောင်းသားက အလွန်စိတ်ဆိုးဒေါသထွက်သွားကာ ဘဲကျောင်းသား ကို ဆူငေါက်လေတော့သည်။ ထိုအခါ ဘဲကျောင်းသားလေးက အစ်ကို့ ကို ကျွန်တော် တမင် ဒုက္ခရောက်အောင် လုပ်တာမဟုတ်ပါဘူးဗျာ။ အစ်ကိုပဲ စဉ်းစားကြည့်လေ။ ကျွန်တော့်ရဲ့ ဘဲတွေက ခြေထောက်လေးတွေ တိုတို လေးနဲ့ တောင် ဒီလောက်ကျွမ်းကျွမ်းကျင်ကျင်နဲ့ ကူးခတ်နိုင်ကြတာ၊ အစ်ကို့ရဲ့နွားတွေ က ခြေတံကြီးတွေ ရှည်ရှည်ကြီးနဲ့ ဆိုတော့ ပိုပြီးတော့တောင် ကူးခတ်နိုင်မယ်ထင်လို့ပေါ့ဟု ပြန်ပြောလိုက်လေသည်။ တိုင်ပင်ခြင်းသည် အလွန် ကောင်းပါသည်။ သို့သော် လူမှန်နေရာမှန် ဖြစ်ရန်အင်မတန်မှ အရေးကြီးပါသည်။

“ ဉာဏ်တိမ်သောသူသည် သူတစ်ပါး ပြောသမျှကို ယုံတတ်၏။ ပညာသတိ ရှိသောသူမူကား မိမိသွားရာလမ်းကို စေ့စေ့ကြည့်ရှုတတ်၏။ (သု ၁၄း၁၅) သမ္မာသတိ သည် သင့်ကို ထိန်းသိမ်း၍ ဘဏ်သည်လည်း

စောင့်ရှောက်သဖြင့် ဆိုးသောလမ်းမှ ကယ်တင်လိမ့်မည်။” (သု ၂း၁၁) * ဘဲကျောင်းသားနဲ့ တွေ့လို့ ဆင်းရဲနေတာများလား ၊ ပြန်စဉ်းစား …။ (အိမ်တွင်းအိမ်ပြင်မှာ ဘဲကျောင်းသားတွေကများ …)

E(Employers)

ဝန်ထမ်းများသည် အလုပ်မြဲသည်။ လုပ်ခလစာ၊ ဆုငွေကို မျှော်လင့် သည်။

S (Small Business)

လုပ်ငန်းပိုင်ဆိုင်မှုရှိသည်။ အသေးစား လုပ်ငန်းရှင်ဖြစ်သည်။ လုပ်သလောက် အကျိုး ခံစားခွင့်ရှိသည်။ သို့သော် လုပ်ငန်းအောင်မြင်လေ၊ ပိုကြိုးစားရလေ ၊ ပိုပင်ပန်းလေဖြစ်သည်။ ဘယ်ဘက်ခြမ်းက နှစ်မျိုးသည်။ စာသင်ကျောင်းများက မွေးထုတ် ပေးလိုက်ခြင်းဖြစ်ပြီး အချိန်၏ လွတ်လပ်မှု နှင့် ငွေ၏ လွတ်လပ်မှုများကို မခံစားရကြပေ။

Business Owner and Investor အချိန်၏လွတ်လပ်မှု

မိမိသွားလိုရာသို့ အနှောင်အဖွဲ့ အတားအဆီး

မရှိ သွားလာနိုင်သည်။

ငွေ၏လွတ်လပ်မှု၊ ။ လက်ကျန်ငွေကို လှည့်ကြည့်စရာမလိုဘဲ

မိမိကြိုက်နှစ်သက်ရာကို အချိန်မရွေးဝယ်ယူ

နိုင်သည်။ ညာဘက်ခြမ်း မှ B,I များက ငွေကို အရင်းတည်ပြီး တစ်ခြားလူများကို လက်ညှိုး ထိုးခိုင်းသူများဖြစ်သည်။ စီးပွားရေးလွတ်မြောက်မှုများကို ရယူနိုင်သူတွေဖြစ်ပြီးချမ်းသာ အောင်မြင်ရေးအမြန် လမ်းမပေါ် ရောက်နေသူ များဟုလည်း သတ်မှတ်ကြသည်။ အချိန်၏ လွတ်လပ်မှု နှင့် ငွေ၏ လွတ်လပ်မှု များကို အပြည့်အဝ ရရှိခံစားနိုင်ကြသည်။ သာသနာပြုရေး၊ လူမှုရေး နှင့် အခြားအကျိုးပြု လုပ်ငန်းများသို့ မြောက်မြားစွာသော ငွေကြေးများအားဖြင့် ပါဝင်လှူဒါန်း နိုင်သည်။

အကန့်ပြောင်းလဲလိုသူများသည် အစပထမအပိုင်းတွင် ကြောက်ရွံ့ ခြင်းကို ဦးစွာ တွန်းလှန်ပစ်ရမည်ဖြစ်သည်။ အခက်အခဲ နှင့် စိန်ခေါ်မှုများ ရှိနေမည်ဖြစ်သော်လည်း အသိဉာဏ်(ဖြတ်ထိုးဉာဏ်) နှင့် စီးပွားရေးပညာ များကို လေ့ကျင့်သင်ယူရင်း ကိုယ့်လမ်းကိုယ်ထွင်၊ ကိုယ့်မူကိုယ့်ဟန် နှင့် ၊ ရဲရဲရင်ဆိုင်လုပ်ဆောင်သွားပါက အောင်မြင်မှုများ ရရှိကြ မည်ဖြစ်သည်။

လောက၌ အသက်ရှင်သည့်အခါ အရေးကြီးဆုံးလိုအပ်ချက်များထဲတွင် ငွေသည်လည်း အပါအဝင်ဖြစ်သည်။ ငွေဟာ သိပ်အရေးမကြီးပါဘူးကွာ ၊ သေရင် ဘာမှ ကိုယ့်နောက်ပါတာမဟုတ်ဘူး ဟု ဆိုသူတွေသည် ငွေ၏ တန်ဘိုးကို နားမလည်သူများ ဖြစ်သည်။ ထို့ အပြင် အမြင်ကျဉ်းမြောင်း လွန်းပြီး တစ်ကိုယ်ကောင်းဆန်ရာလည်း ကျပါသည်။ (သု ၁၃း၂၂)

သမ္မာကျမ်းစာတွင် ငွေရှာခြင်း သည် အပြစ်မဟုတ်ပါ။ (သု ၂း၄၊ မ ၂၅း၁၄-၃၀) “အလုပ်မလုပ်ချင်သောသူမည်သည်ကား အစာကိုလည်း

မစားစေနှင့်။ (၂သက် ၃း၁၀)” မတရား တပ်မက်စီးပွားရှာခြင်းသာလျှင် အပြစ်ဖြစ်ပါသည်။ “မတရားစီးပွားကို ရှာသောသူအပေါင်းတို့ သည် ထိုသို့

သော အကျိုးကို ခံရ၍ ထိုစီးပွားသည် မိမိအရှင်၏ အသက်ကို သတ်တတ်၏။ သု ၁း၁၉) ” “ငွေကိုတပ်မက်ခြင်းသည် မကောင်းသော အမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ်သတည်း။ လူအချို့တို့ သည် ငွေကို တပ်မက်သောကြောင့် ယုံကြည်ခြင်းတရားမှ လမ်းလွှဲသွား၍ ပူပန်ခြင်းဝေဒနာများနှင့် ကိုယ်ကိုကိုယ် ထုတ်ချင်းခပ်အောင် ထိုးကြပြီ။ (၁တိ ၆း၁၀)” ဘုရားသခင်ကို အဓိက မထားဘဲ ယုဒရှကာယုတ်ကဲ့သို့ ငွေကို ခုံမင်လှသဖြင့် ယုံကြည်ခြင်းတရားလမ်းမှ လွဲသွား၍ ပူဆွေး၊ ဝမ်းနဲ ပက်လက်ဖြစ်ရကြသည်။ ယုံကြည်သူများ ကြွယ်ဝချမ်းသာခြင်းသည် ဘုန်းတော်ထင်ရှားရန်အတွက်ဖြစ်သည်။ သို့ဖြစ်လျှင် မယုံကြည် သူများ၏ ကြည်ညိုလေးစားခြင်းကိုလည်း ခံရကြလိမ့်မည်။ (၁သက် ၄း၁၂) ငွေရှိခြင်းကို ဘုရားသခင်အလိုတော်ရှိသည်။ (ဟဂ္ဂဲ ၂း၈) ငွေရှာခြင်း နှင့် ငွေတပ်မက်ခြင်းမတူညီသည်ကို နားစွာ သိရှိရန် လိုအပ်ပါသည်။ ဒါဝိဒ်၏ အသက်တာတွင် ဘုရားပေးသော ဥစ္စာတို့ကို ဘုရားအတွက် ပြန်လည်ပေးအပ်ခဲ့သည်။ (၅ရာ ၂၉း၃-၄၊ ၁၄) အာခန်၏ အသက်တာသည် ငွေကို တပ်မက်ခြင်းကြောင့် အာခန်နှင့် တကွ မိသားစု အားလုံး ခဲဖြင့် ပေါက် သတ် ၍ မီးရှို့ခြင်းကို ခံကြရသည်။ ခိုးရာပါပစ္စည်းနှင့်တကွ မိသားစုပိုင်အားလုံး မီးရှို့ပစ်ကြသည်။ (ယောရှု ၇)

ထို့ကြောင့် ဘုရားပေးသည့် ကောင်းချီး နှင့် ချမ်းသာလျှင် ဝမ်းနဲခြင်း နှင့် မရော နှောသော်လည်း စာတန်ပေးသည့် ကောင်းချီးနှင့် ကြွယ်ဝချမ်းသာ လျှင် ပိုးပါသည့်အတွက် အထက်လှန်အောက်လျှောဖြစ်ပြီး ဒုက္ခရောက်မည် ဖြစ်သည်။ (သု ၁၀း၂၂၊ ယောဘ ၂၀း၁၅) စာတန်ပေးသော ကောင်းချီးသည် လည်း ကြွယ်ဝချမ်းသာနိုင်ကြောင်း ကျမ်းစာတွင် အတိအလင်းဖော်ပြထား ပါသည်။ (ဆာ ၇၃း၁၂) တရုတ်နိုင်ငံတွင် ၂၀၀၇ ခုနှစ် မှ ၂၀၁၁ ခုနှစ်အထိ သေဆုံးခဲ့ကြသော ဘီလျံနာငါးဆယ်ကျော် အား လေ့လာစုံစမ်းမှုများ

ပြုလုပ်သောအခါတွင်

(၁) မိမိကိုယ်ကို အဆုံးစီရင်၍ သေဆုံးခြင်း ၊

(၂) သူများလက်စားချေ၍ သေဆုံးခြင်း ၊

(၃) ဥပဒေ နှင့် ငြိစွန်း၍ အစိုးရက သေဒဏ်ချမှတ်ခြင်းများကြောင့်

သေဆုံးခဲ့ကြခြင်းဖြစ်ကြောင်းကို အံ့သြဖွယ် စစ်ဆေးတွေ့ရှိခဲ့ကြသည်။ (သု ၁း၁၉၊ ၁၀း၂၂)

ဘုရားသခင်ပြင်ဆင်ထားသော ချမ်းသာကြွယ်ဝသောအသက်တာကို ကယ်တင်ခြင်း နှင့် သမ္မာတရားသိကျွမ်းခြင်းအားဖြင့် ရရှိခံစားနိုင်ကြပါသည်။ (၁တိ ၂း၄) ထို့ကြောင့် ယုံကြည်သူများသည် မရှိလို့ ဆင်းရဲနေတာ မဟုတ်ဘဲ သမ္မာတရားကို မသိ၍ ဆင်းရဲနေတာသာ ဖြစ်ပါသည်။

၃၅။(က) ချမ်းသာကြွယ်ဝဖို့ ဘုရားသခင်အလိုတော်ရှိတယ်

ငွေရှာခြင်းသည် အပြစ်မဟုတ်ပါ။ ( ၂သက် ၃း၁၀၊ ဟဂဲ ၂း၈ )

ငွေကိုတပ်မက်ခြင်း သာလျှင် အပြစ်ဖြစ်သည်။ ( ၁တိ ၆း၁၀ )

ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းကတည်းက အဖိုးတန်ရတနာ များဖြစ်သော စိန်၊ ပတ္တာမြား ၊ နီလာ ၊ ကျောက်စိမ်း ၊ မဟူရာ၊ဂေါ်မိတ်၊ နဂါးဘွဲ့၊ မြ၊ကြောင်မျက်ရွဲ၊ ဥဿဖယား စသည်ဖြင့် ရတနာမျိုးစုံတို့ကို တစ်ပါတည်း ဖန်ဆင်းခဲ့သည်။(က ၂း၁၊ ထွ ၂၈း၁၇-၂ဝ၊ ဗျာ ၂၁း၁၉-၂၀)

အာဗြဟံသည် အလွန်ကြွယ်ဝချမ်းသာစွာ နေထိုင်ခဲ့သည်။ (က ၁၃း၁၂) ခရစ်တော် နှင့်စပ်ဆိုင်သူများသည် အာဗြဟံ ၏ အမျိုးအနွယ်များ ဖြစ်သော

ကြောင့် ယုံကြည်သူများ ကြွယ်ဝချမ်းသာရန် ဘုရားသခင်အလိုတော်ရှိသည်။ (ဂလာ ၃း၂၉၊ က၁း၂၂-၃) ၊

နာခံလိုက်လျှောက်သော အာဗြဟံ ၊

လောကနှင့် စပ်ဆိုင်သော ကောင်းချီးမင်္ဂလာများသည် နာခံ လိုက်လျှောက် သောသူများ အတွက်သာဖြစ်သည်။ ယုံကြည်ခြင်းရှိလျှင် အလုပ် လုပ်ကိုလုပ်ရမည်။ (က ၁၇း၉-၁၄၊ က၂၂း၁၆-၁၈၊ ၂၆း၅) နှုတ်ကပတ်တော်ကို နားလည်လာရင် မပျင်းတော့ဘူး၊ အလကား မလိုချင်ဘူး။ ဘုရားမနှစ်သက်ဘူး ဆိုတာ သိလာတယ်။ ကြိုးစားလုပ်ဆောင်သမျှဟာ ဘုန်းတော်ထင်ရှားဖို့ ဖြစ်တဲ့ အတွက် ပင်ပန်းတယ်လို့ မထင်တော့ဘူး။

ယုံကြည်ကိုးစား + ကြိုးစားလုပ်ဆောင် = ကောင်းချီးမင်္ဂလာ ကြိုးစား၍ လုပ်လေရာရာ၌ ကျေးဇူးရှိ၏။ (သု ၁၄း၂၃)

အလုပ်မလုပ်ခြင်းကို ဘုရားသခင် လုံးဝ အလိုမရှိပေ။ အားထုတ်ခြင်းအရာမှာ ပျင်းရိခြင်းမရှိဘဲလျက် စိတ်တန်းသဖြင့် သခင်ဘုရား၏ အလိုတော် သို့ လိုက်၍ အားထုတ်ကြလော့။ (ရော ၁၂း၁၁) ၊ ယေရှုကလည်း ၊ ငါ့ခမည်းတော်သည် ယခုတိုင်အောင် အလုပ်လုပ်

တော်မူသည်ဖြစ်၍ငါသည်လည်း လုပ်၏။ (ယော ၅း၁၇၊ သု ၁၃း၄၊ ၂၄း၃၀၊ ၃၀း၄၃) ၊

ပျင်းရင် … ငတ် ။ (သု ၁၉း၁၅) အာဗြဟံကဲ့သို့ပင် ဣဇက်၊ ယာကုပ် တို့ လည်း ချမ်းသာကြွယ်ဝ ခဲ့ကြသည်။(က၂၆း၁၂-၁၄၊ ၃၀း၄၃)၊

အမြော်အမြင်ရှိသော ရေဗက္က

ဣဇက်၏ ဇနီး ရေဗက္က သည် သားယာကုပ်အား စီးပွားရေး အလားအလာ ကောင်းသော ဆီးရီးယားနိုင်ငံ ၊ ခါရန်မြို့သို့ စေလွှတ်ခဲ့သည်။

ထိုအချိန်အခါက ခါရန်မြို့ သည် တုရုမြို့ ၊ တာရှုမြို့များ နှင့် ကုန်သွယ်၍ စီးပွားရေးအလွန်ကောင်းမွန်နေသည်။ တုရုမြို့ သည် လက်ဘနွန်နိုင်ငံ၏ အချက်အချာကျသော ဆိပ်ကမ်းမြို့ဖြစ်သည်။ လက်ဘနွန် တောင်တန်း မှ ထင်ရှားကျော်ကြားသော အာရဇ်ပင် (သစ်ကတိုးပင်) ကို ရှောလမုန် မင်းကြီးက ဗိမာန်တော်နှင့် နန်းတော်တည်ဆောက်ရန်အတွက် မှာယူ အသုံးပြုခဲ့သည်။ (၃ရာ ၇)

တာရှုမြို့သည် တူရကီနိုင်ငံတောင်ပိုင်း တွင် စီးပွားရေးအရ အရေးပါသော မြို့ဖြစ်ပြီး ရှင်ပေါလု၏ ဇာတိဖြစ်သည်။ ငွေ၊ သံ၊ သံဖြူ၊ ခဲ စသည်တို့ကို နိုင်ငံခြားသို့ တင်ပို့ရောင်းချ သည်။ ခါရန်မြို့ သည် သိုးမွှေး နှင့် အထည်အလိပ်မျိုးစုံကို တင်ပို့ရောင်းချသော မြို့ဖြစ်သည်။ (ယေဇ ၂၇း၁-၁၀၊ ၂၃-၂၅)

 

ယာကုပ်သင်ပေးခဲ့သော စီးပွားရေးပညာ

ယာကုပ်သည် မိခင် ရေဗက္က စေလွှတ်၍ ခါနာန်ပြည်၊ ဗေရရှေဘ မှ ထွက်ခွာပြီး ဆီးရီးယားနိုင်ငံ၊ ခါရန်မြို့ရှိ ဦးလေးလာဗန်၏ အိမ်တွင် အလုပ်သမားဘဝ နှင့်အစပြုခဲ့သည်။ ။ သိုး၊ ဆိတ်၊ မွေးမြူရေးလုပ်ငန်းတွင် (၁၄)နှစ်တိုင်တိုင် သစ္စာရှိစွာဖြင့် လုပ်ကိုင်ဆောင်ရွက် ခဲ့သဖြင့် သိုးမွေးမြူခြင်း အတတ်ပညာအပြင်၊ သိုးမွှေးကုန်ကြမ်း မှ ကုန်ချောထုတ်လုပ်ခြင်းပညာကို ပါ ကျွမ်းကျင်စွာ တတ်မြောက်ခဲ့သည်။ ထို့အပြင် စီးပွားရေးဈေးကွက်ကိုလည်း နားလည်ခဲ့ သည်။ (က ၂၉၊ ၃၁း၃၈-၄၉)

ယနေ့ ပြည်တွင်း၊ ပြည်ပနေရာ အတော်များများတွင်လည်း ယာကုပ်၏ အသက်တာ ကဲ့သို့ စီးပွားရေးအလားအလာရှိသော နေရာများတွင် အလုပ်သမား ဘဝမှ စတင်ကာ ရိုးသား၊ ကြိုးစားပြီး ငယ်သောအမှုတွင် သစ္စာ ရှိစွာဖြင့်ဝင်ရောက်လုပ်ကိုင်ရင်း အောင်မြင်ကြီးပွား သွားသူများမြောက်မြားစွာ ရှိပါသည်။ (လု ၁၆း၁၀၊ ၁၂၊ မာ ၁၀း၄၄) အလုပ်စတင်ဝင်ရောက်တိုင်း လုပ်ငန်းရှင်ဘက်မှ မေးတတ်သော မေးခွန်းတစ်ခုမှာ “ မျှော်မှန်းလစာ” ပင် ဖြစ်ပါသည်။ ယာကုပ်လည်း အမေးခံခဲ့ရပါသည်။ (က ၂၉း၁၅) ဤမေးခွန်း၏ အဖြေကို ကြည့်ခြင်းအားဖြင့်သာမန်လူ နှင့် အောင်မြင်သူကို အကြမ်းအားဖြင့် ခွဲခြားနိုင်ပါသည်။ လစာကို ဦးစားပေး လွန်းသူများသည် သာမန်လူဖြစ်ပြီး တစ်သက်လုံး လခစား၊ ဝန်ထမ်းဘဝဖြင့် အချိန်၏ လွတ်လပ်မှု၊ ငွေ၏ လွတ်လပ်မှုကို မသိ၊ မခံစားလိုက်ရဘဲ အိုသွားတတ်ပါသည်။ ရည်မှန်းချက် ကြီးပြီး အောင်မြင်သော လုပ်ငန်းရှင်ဖြစ်ချင်သူများသည် လစာအတွက် သိပ်ထည့်သွင်းစဉ်းစားလေ့မရှိကြပေ။ ယာကုပ်သာ လခကို ဦးစားပေးခဲ့ပါက လုပ်ငန်းရှင် ဖြစ်လာမည်မဟုတ်ပေ။

ရွှေကို ရတတ်ခြင်းထက် ပညာကို ရတတ်ခြင်းသည် အလွန်ကောင်း၏။ ငွေကို အမြတ် မထား၊ ဉာဏ်နှင့်ပြည့်စုံခြင်းကို အမြတ်ထားစရာ အလွန်ကောင်း၏။ (သု ၁၆း၁၆)” ပညာကုန်သွယ်ခြင်းသည် ငွေကုန်သွယ်ခြင်းထက် သာ၍ ကောင်း၏။ ပညာကုန်သွယ်၍ ရသောအမြတ်လည်း ရွှေစင်ထက် သာ၍

ကောင်း၏။ (သု ၃း၁၄)

လက်ရှိအလုပ်မှာ ဆက်နေရမှာလား (သို့) ပြောင်းရမှာလား။

ကိုးစားခြင်းဖြင့် ကြိုးစားလုပ်ဆောင်နေသူအား လိုအပ်လျှင် ပြောင်းရွှေ့ လုပ်ကိုင် နိုင်ရန်လည်းဝိညာဉ်တော်ဘုရားက လမ်းပြပေးမည်ဖြစ်ပါသည်။ (က ၂၆း၂) အာဗြဟံ ၊ ဣဇက် တို့နည်းတူ ယာကုပ်အားလည်း ထင်ရှားပြခဲ့

ပါသည်။ (သု ၁၄း၂၃)

ယာကုပ်သည် လာဗန်၏ သမီးနှစ်ယောက်အတွက် (၁၄)နှစ်၊ တိရစ္ဆာန်ဖက်စပ်လုပ်ငန်း အတွက် (၆)နှစ်၊ စုစုပေါင်း နှစ်(၂၀)ကို သစ္စာရှိစွာဖြင့် အစွမ်းကုန် ကြိုးစားလုပ်ဆောင် ခဲ့ပါသည်။ ယာကုပ်အားဖြင့်လည်း လာဗန်ပို၍ ချမ်းသာလာခဲ့သည်။ သို့သော် စီးပွားတက် လာသောအခါ လာဗန်၏သား များက မနာလိုဖြစ်လာကြသည်။ လာဗန်ကိုယ်တိုင်ကလည်း ယာကုပ် ရထိုက်သောအခကို ဆယ်ကြိမ်မျှ ပြောင်းလဲပစ်ခဲ့သည်။ (က ၃၁း၃၈-၄၂) သို့သော် ဘုရားရှင်သိပါသည်။ ယာကုပ်အား ထူးခြားသော ဉာဏ်ပညာ နှင့် ကြွယ်ဝခြင်းကို ပေးကာ ခါရန်မြို့မှ ပြောင်းရွှေ့စေခဲ့သည်။ ယနေ့ ယာကုပ်ကဲ့သို့ မတရားခံရသော ယုံကြည်သူများစွာ ရှိနိုင်ပါသည်။ သို့သော် ဘက်မလိုက်သော တရားသူကြီးဖြစ်သည့် ခရစ်တော်ထံ အပ်နှံလိုက်ပါ။ ကိုယ်တော်ပြန်ဆပ် ပေးမည် ဖြစ်ပါသည်။ (၁ပေ ၂း၁၈-၂၀)

အောင်မြင်မှုရလာသောအခါ မနာလိုမှုနှင့် ညစ်ပတ်ယုတ်မာမှုများမှာ အမြဲဒွန်တွဲ၍ကပ်ပါလာတတ်ပါသည်။ ကာဣန၏ မနာလိုမှုက ညီ အာဗေလကို သတ်ခဲ့သည်။ ယောသပ်အား မနာလို၍ အစ်ကိုများက အီဂျစ်ပြည်သို့

ရောင်းလိုက်သည်။ ကိုယ့်ဘက်က ဘယ်လောက်ပဲ မှန်မှန် မနာလိုမှုများမှာ ရှိနေမည်သာဖြစ်သည်။ သို့သော် ဘုရားရှင်က စုံစမ်းခြင်းနှင့်တကွ ထွက်မြောက်ရာလမ်းကိုလည်း ဖွင့်ထားပေးပါသည်။ (၁ကော ၁၀း၁၃) အလုပ်လုပ်သည့်အခါခရစ်တော်၏ စကားကို နားထောင်သကဲ့သို့ အလုပ်ရှင်၏ စကားကိုလည်း နားထောင်ရမည် ဖြစ်ပါသည်။ ( ဧ ၆း၅-၉) လူတတ်နိုင်သည့် အပိုင်းကို လူက သတိဝိရိယ နှင့် သေသေချာချာ စဉ်းစားပြီး လုပ်ဆောင်ရမည် ဖြစ်ပါသည်။ (ကိုယ်ဉာဏ်ကို အမှီမပြုနှင့်ဆိုတာ ဦးနှောက်မသုံးနဲ့လို့ ပြောတာ မဟုတ်ဘူး။ ဘာလုပ်လုပ် ဘုရားကို အရင်မေးပြီးမှ လုပ်လို့ ပြောတာ ဖြစ်တယ်။သု ၃း၅-၆) ဒါဝိဒ်သည် အရာရာ၌ သတိပညာနှင့် ပြုမူ၍ သူနှင့် အတူ ထာဝရဘုရားရှိတော် မူ၏။ ဒါဝိဒ်သည် ရှောလုခိုင်းသမျှကို သွား၍

သတိပညာ နှင့် ပြုမူသောကြောင့် စစ်သူရဲအုပ် အရာ၌ ခန့်ထားတော်မူသဖြင့် ဒါဝိဒ်သည် ကျွန်တော်မျိုးမှစ၍ လူအားလုံးတို့တွင် မျက်နှာရ၏။ ဒါဝိဒ်သည် ရှောလု၏ ကျွန် အားလုံးတို့ ထက်သာ၍ သတိပညာနှင့် ပြုမူသဖြင့် အလွန်ဂုဏ်သရေ နှင့် ပြည့်စုံ၏။ (၁ရာ ၁၈း၁၄၊ ၅၊၃၀) ဘုရားပေးထားသော ဦးနှောက်သည် သော့ခတ်သိမ်း ထားရန် မဟုတ်ဘဲ အစွမ်းကုန်အသုံးချရန်

ဖြစ်ပါသည်။ (ဒေ ၁၀း၁၀) ပျင်းရိသောသူသည် ဆင်းရဲခြင်း၊ လုံ့လဝိရိယ ရှိသောသူသည် ကြွယ်ဝခြင်းသို့ ရောက်တတ်၏။ (သု ၁၀း၄)လူသည် အလုပ်လုပ်ရာတွင် ကာယ၊ ဉာဏ နှစ်မျိုးနှင့် လုပ်ရသည်။ ချွေးတသီးသီး ၊ တစ်သက်လုံး ပင်ပင်ပန်းပန်း နှင့် ကြိုးစားလုပ်ကိုင်လာတာလည်းဆင်းရဲတာပဲဟု ဆိုသူတွေ သည် ဆင်ကဲ့သို့ ကာယအား တစ်ခုတည်းကိုသာ အားပြုလုပ်ကိုင် ကြသူများဖြစ်သည်။ သူဌေးကြီးများသည် ကာယထက် ဉာဏကို ဦးစားပေးလုပ်ကိုင်ကြသူများဖြစ်သည်။ ကာယ သည် လက်နှစ်ဘက်ကိုသာ စေခိုင်းနိုင်သော်လည်း ဉာဏမှာ လက်ချောင်းများစွာကို တစ်ပြိုင်နက်စေ ခိုင်းနိုင်သည်။ ထို့ကြောင့် တကယ်ချမ်းသာချင်ရင် အမှန်တကယ် ချမ်းသာသူ များထံမှ သင်ကို သင်ယူရမည် ဖြစ်သည်။ “ပညာရှိတို့ နှင့် ပေါင်းဖော်သော သူသည် ပညာရှိတတ်၏။ လူမိုက်တို့နှင့် ပေါင်းဖော် သောသူမူကား ပျက်စီး တတ်၏။” (သု ၁၃း၂၀၊ ၁၅း၂၂)

စိတ်ထားကောင်းတစ်ခုတည်းနဲ့ မအောင်မြင်နိုင်ပါ။

စိတ်နေစိတ်ထားကောင်းမွန်သော်လည်း အမှန်ကို အမှန်အတိုင်း မမြင်လျှင် ဆင်းရဲ မည်။ အသားတုံးကျွေးတာကို ကိုက်ထားရုံပဲဆိုလျှင် အဲဒါ ငတုံးပဲ။ ထုံ အ နေတာကို ဘုရားသခင် အလိုတော်မရှိဘူး။ (ဒေ ၁ဝး၁)

ဥပမာ –

ဒါဝိဒ်အသက်ဘေးမှ လွတ်ရန် ပြတင်းပေါက်မှ လျော့ချထွက်ပြေး ခဲ့သည်။ (၁ရာ ၁၉း၁၁-၁၂) ဂါသမင်းကြီးကို ကြောက်၍ ဒါဝိဒ် ရူးဟန်ဆောင်သည်။ (၁ရာ ၂၁း၁၃)

ပေါလု အသက်ဘေးမှ လွတ်ရန် တပည့်တော်တို့က တောင်းထဲထည့်၍ မြို့ရိုးပေါ်ကလျော့ချခဲ့သည်။ (တ ၉း၂၃-၂၅)

ဘုရားသခင်သည် လူကို စက်ရုပ်ကဲ့သို့ ဟုတ်ကဲ့ ၊ ခေါင်းညိတ် ဖန်ဆင်း ခဲ့ခြင်း မဟုတ်၍ သမရိုးကျ ပုံသေနည်းအတိုင်းပဲ သွားနေဖို့ရန် မဟုတ်ပေ။ ရရှိလာသော အခွင့်အရေးကိုမှန်မှန်ကန်ကန် အသုံးချတတ်ရန်လည်း လိုအပ် ပေသည်။

၃၅(ခ)။ အိပ်မက်ရူပါရုံ

ခရစ်တော်သည် ကျွန်ုပ်တို့၏အိပ်မက်များကို ဖန်တီးမက်ခွင့်ပေးသူ အိပ်မက်ပိုင်ရှင် ဖြစ်ပါသည်။ (တော ၁၂း၆) ဘုရားသခင်က လူနှင့်ဆက်သွယ် သည့် နည်းလမ်းများစွာတွင် အိပ်မက်သည်လည်း အပါအဝင်ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် အိပ်မက်မှ တစ်ဆင့် ပုံရိပ်များပြသပြီး စိတ်နှလုံးထဲ၌ ဆန္ဒများကို ဖြစ်ပေါ်စေသည်။ သန့်ရှင်းသော ဝိညာဉ်တော်နှင့် စိတ်ဝိညာဉ်တို့ သဘောညီညွတ်ကြသောအခါ ကိုယ်တစ်ယောက်တည်း အားနှင့်မဟုတ်တော့ဘဲ ပေါင်းစပ်အားနှင့် ဖြစ်လာသောကြောင့် တားဆီး၍ မရသော ပြင်းပြသည့်ဆန္ဒများဖြစ်ပေါ်လာသည်။ ဝိညာဉ်တော် အတူပါရှိ လာသောအခါ အခက်အခဲ၊ အတားအဆီးများကိုလည်း မမှုတော့ပါ။ ပျင်းရိခြင်း၊ လည်း မရှိတော့ဘဲ တက်ကြွစွာဖြင့် အလိုလို ကြိုးစားချင်စိတ် ဖြစ်ပေါ်နေမည် ဖြစ်သည်။ ငါတို့သည် ဘုရားသခင်၏သားဖြစ်ကြသည်ဟု ဝိညာဉ်တော် သည် ငါတို့ ၏ဝိညာဉ်နှင့် အတူ သက်သေခံတော်မူ၏။ (ရော၈း၁၆) သို့သော်လည်း ဘုရားသခင်၏ ကျေးဇူးတော် အားဖြင့်သာ ဖြစ်သည် အတိုင်း ငါဖြစ်၏။ ငါခံရသော ကျေးဇူးတော်ကိုလည်း အကျိုးမဲ့ ခံရသည် မဟုတ်။ အခြားသော တမန်တော်အပေါင်းတို့ထက်ငါသည်သာ၍ ကြိုးစား ခြင်းကို ပြု၏။ ထိုသို့ဆိုသော်လည်း ငါကြိုးစားသည်မဟုတ်။ ငါနှင့်အတူ ရှိသော ဘု ရား သ ခင်၏ ကျေးဇူးတော် သည် ကြိုးစားတော်မူ၏။ (၁ကော ၁၅း၁၀)

ဘုရားသခင်က လူကို လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ပေးထား သောကြောင့် အလုပ် လုပ်သည့်အခါ တစ်ဖက်သတ်မလုပ်ပေ။ ထို့ကြောင့် မိမိ၏ ဆန္ဒမပါဘဲ အိပ်မက် ဖြစ်မလာ နိုင်ပါ။ ဖြစ်ချင်သောဆန္ဒ နှင့် လိုလား

တောင့်တမှုများအပေါ် ဆုတောင်းခြင်းအားဖြင့် နာခံလိုက်လျှောက်လာ သောအခါ မိမိ၏ စွမ်းအားအရင်းအမြစ်ရှိသမျှ သည် ထိုအိပ်မက်ကို ဖြည့်ဆည်းရန်မှတစ်ပါး အခြားမည်သည့်အရာကိုမျှ လုပ်ကိုင်လိုစိတ်ရှိမည် မဟုတ်တော့ပေ။ ဤနည်းအားဖြင့် ဘုရားသခင် မက်ခွင့်ပေးသော စစ်မှန်သည့် အိပ်မက်ဖြစ်ကြောင်း သိနိုင် ပါသည်။ အိပ်မက်ရူပါရုံသည် ဘဝကို ရှင်သန်

တောက်လောင်စေသော လောင်စာဖြစ်သောကြောင့် ထိုလောင်စာ(ရူပါရုံ) မထားရှိသူများတွင် ဘာမှဖြစ်မလာဘဲ ဘဝကုန်ဆုံးသွားတတ်ပါသည်။

ရှေးက တိုင်းပြည်ကို အိပ်မက်များ၏ စွမ်းအားဖြင့် တည်ထောင် ခဲ့ကြသည်။ ယခုခေတ် တွင်လည်း အိပ်မက်စွမ်းအားဖြင့်ပင် လကမ္ဘာပေါ်သို့ ချေချနိုင်ခဲ့ကြသည်။ ယောသပ် သည် အိပ်မက်၏ စွမ်းအားဖြင့် အီဂျစ်ပြည်ကို အငတ်ဘေးမှ ကယ်တင်နိုင်ခဲ့သည်။ (က ၃၇၊၄၁) အိပ်မက်တွင် အရေးကြီး

သောအချက်မှာ စိတ်ကူးစိတ်သန်း နှင့် ရှင်းလင်းသောပုံရိပ်များ ရှိရမည် ဖြစ်သည်။ ထိုအရာကို ကျမ်းစာက ယုံကြည်ခြင်းဟု ဆိုသည်။ “ယုံကြည်ခြင်း သည် မျှော်လင့်သောအရာတို့ကို မျက်မှောက်ပြုခြင်းဖြစ်၏။ မမြင်သေးသော အရာတို့ကို သိမှတ်စွဲလန်းခြင်းအကြောင်းဖြစ်၏။ (ဟေဗြဲ ၁း၁)

မိမိစတင် စိတ်ကူးယဉ် တတ်လာသောအခါ ယုံကြည်ချက်ရှိလာမည် ဖြစ်ပြီး ယုံကြည်ခြင်းရှိလျှင် ဘုရားသခင်က အလုပ်လုပ်မည်ဖြစ်သည်။ ဘဝတွင် ရယူပိုင်ဆိုင်လိုသော အရာကို စိတ်ကူးယဉ်တတ်မှု နှင့် ထိုအရာ များကို စိတ်နှလုံးထဲ၌ ရုပ်လုံးပေါ်အောင် ဖော်တတ်ခြင်းတို့သည် ပန်းတိုင်နှင့် နီးစေရန် တွန်းပို့သော အချက်များဖြစ်သည်။

 

အိပ်မက်များကို ဖျက်ဆီးပစ်နိုင်သည့် အတားအဆီးများမှာ

(၁) ငါ့အိပ်မက်ဟာ တကယ်ပဲ ဖြစ်မှ ဖြစ်ပါ့မလား။ (၂) အိပ်မက်အတွက် အဖိုးအခကို ပေးဆပ်ရဲပါ့မလား။

(၃) မလိုအပ်ဘဲ အလွန်အမင်းသတိထားတာများဖြစ်နေမလား။

(၄) ကြိုတင်မမြင်နိုင်သော အတားအဆီးများကြုံတွေ့နိုင်သည်။

ဥပမာ – ယောသပ်ကဲ့သို့ အိပ်မက်မက်သူများသည် အစပိုင်း၌ သံသယနှင့် မေးခွန်းများစွာမေးတတ်ကြသော်လည်း နောက်ဆုံးတွင်

ကျေးဇူးတော်ချီးမွမ်းနိုင်ကြသည်။

(၅) စိတ်နှလုံးတစ်ဝက်တစ်ပျက် နှင့် လုပ်ဆောင်ခြင်းသည် ရှုံးနိမ့်ခြင်းကို

ဖြစ်စေသည်။ (လက်လျှော့အရှုံးပေး ထွက်ပြေးသူသည် ဘယ်သော အခါမျှ အောင်မြင်မည် မဟုတ်)။ ထို့ကြောင့် ဘုရားသခင်ကို ကိုးစားပြီး ဇွဲ၊ လုံ့လ၊ ဝိရိယဖြင့် ကြိုးစား လုပ်ဆောင်လျှင် ဘုရားရှင်က မိမိ၏ စိတ်ကူးဆန္ဒများကို ဖြည့်ဆည်း ပေးမည်ဖြစ်ပါသည်။ (က ၄၁း၁၆၊ ၃၉ ၊ သု ၁၃း၄) ၊

ပန်းတိုင်ထားရှိခြင်း

အနီးစပ်ဆုံးရောက်နိုင်သည့် ပန်းတိုင်တစ်ခုကို ရွေးချယ်ချမှတ်ကာ စတင်လုပ်ဆောင် သင့်သည်။ တစ်ပြိုင်နက်တည်း ပန်းတိုင် မြောက်မြားစွာ ထားခြင်းသည် ရလဒ်ဆိုးများကိုသာ ဖြစ်ပေါ်စေသည်။ ဆင်တစ်ကောင်လုံးကို ကုန်အောင်စားရန်အတွက် “တစ်လုပ်”စားခြင်းဖြင့်အစပြုလိုက်ခြင်း ဖြစ်သည်။

ထိုတစ်လုပ်စားလိုက်နိုင်ခြင်း သည် အိပ်မက်များဆီသို့ ချီတက်ရန် အတွက် တွန်းအားဖြစ်စေသည်။ တစ်ခါတစ်ဖဲ၊ တစ်တုံးစားသွားခြင်းအားဖြင့် နောက်ထပ် ပန်းတိုင်သို့ အရောက်လှမ်းနိုင်ရန်အတွက် တွန်းအားပေးခြင်း လည်း ဖြစ်သည်။ နောက်ဆုံးတွင် ဆင်တစ်ကောင်လုံးကို ကုန်စင်အောင် စားနိုင်သကဲ့သို့ မိမိလုပ်နိုင်သလောက်ကိုသာ အကောင်းဆုံး ကြိုးစားရင်း တဖြည်းဖြည်း တိုးမြှင့်လုပ်ကိုင် ဆောင်ရွက်သွားလျှင် အောင်မြင်မှု ကြီးကြီးမားမား ရရှိနိုင်မည်ဖြစ်သည်။

ပန်းတိုင်ထားရှိခြင်းသည် တွန်းအားကို ဖြစ်စေနိုင်သော်လည်း ပန်းတိုင် မထားရှိပါက ပင်လယ်ပြင်ထဲတွင် ပဲ့ထိန်းမရှိဘဲ ဦးတည်ရာမဲ့ လွင့်မျောနေသော

လှေ၊ သင်္ဘောကဲ့သို့ ဖြစ်သွား လိမ့်မည်။ ဦးတည်ချက် မရှိသဖြင့်တွန်းအားလည်း ဖြစ်မလာဘဲ ဆက်ပြေးလိုစိတ်လည်း ရှိတော့မည်မဟုတ်ပေ။ ပန်းတိုင်ထားရှိပြီး အားသွန်ခွန်စိုက်ပြေးရန် နှုတ်ကပတ်တော်က တိုက်တွန်းထားပါသည်။ (၁ကော ၉း၂၄၊ ဖိ ၃း၁၄)

ပန်းတိုင်ခရီးသို့ ကြိုးစားလျှောက်လှမ်းနေချိန်တွင် အရေးကြီးဆုံး အချက်တစ်ချက်မှာ “မိမိကိုယ် မိမိအထင်မသေးမိရန်” ပင်ဖြစ်သည်။ ဘဝတွင် အလုပ်မျိုးစုံ နှင့် ကြိမ်ဖန်များစွာ ကျရှုံးဖူးနိုင်ပါသည်။ ထိုအခါ မိမိကိုယ်မိမိ အရှုံးသမားဟု မြင်ကောင်းမြင်နိုင်ပါသည်။ အသက်မရှင်ချင်တော့လောက်

အောင်ပင် စိတ်ဓါတ်ကျဆင်းနိုင်ပါသည်။ ဤအခြေအနေမျိုးတွင် နှလုံးသားထဲ၌ ခရစ်တော်သာမရှိခဲ့လျှင် ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားနိုင်ပါသည်။ အခြားသူ များတွင် တိုင်ပင်စရာ လုံးဝမရှိတော့သည့် အနေအထားမျိုးတွင် အထီးကျန် ဆန်မှုနှင့် ကြုံတွေ့ ရတတ်ကြသော်လည်း ယုံကြည်သူများမှာ အထီးကျန် မဟုတ်ကြပါ။ မိမိတစ်ယောက်တည်း၏ အားဖြင့် မဖြေရှင်းနိုင်သည့် ကိစ္စကို သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုနှင့်အတူ ဖြေရှင်း နိုင်ပါသည်။ “ ငါသည် သင့်ကိုမစွန့်၊ အလျှင်းပစ်၍မထား” ဟူသော ကတိတော်ကို သတိရ သင့်ပါသည်။(ဟေဗြဲ ၁၃း၅) အကြိမ်ကြိမ်မျှော်လင့်ချက်မဲ့ပြီဟု

ထင်ရသော ယောသပ်အားဘုရားသခင်ကနောက်ဆုံး ထောင်ထဲက ရွေးနှုတ်ပြီး အီဂျစ်ပြည်ကို အုပ်စိုးဖို့ အထိ တတ်နိုင်သည်ကို အမှတ်ရသင့်ပါသည်။ (ဖိ ၄း၁၉) နေဗုခဒ်နေဇာ မင်းကြီး၏အမိန့်အရ မီးထဲသို့ ချပစ်ခြင်းကို ခံရအံ့ဆဲဆဲ အချိန်ထိ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ တို့ သုံးယောက် က မီးထဲကနေ မကယ်ဘူးဆိုရင်လည်း၊ ရွှေရုပ်တုကိုတော့ မကိုးကွယ်နိုင်ဘူး” ဟူသော ပြတ်သားသည့် ယုံကြည်ခြင်းအားဖြင့် ခွန်အားယူသင့်ပါသည်။ (ဒီ ၃း၁၂-၁၈)

အောင်မြင်သူများ၏ ထူးခြားချက်မှာ ကြုံတွေ့လာရသော အခက်အခဲ ပြဿနာပေါင်းစုံ ကို တုန်လှုပ်ကြောက်ရွံ့ခြင်းမရှိဘဲ ရင်ဆိုင်ကျော်လွှားခဲ့ကြ သူများသာ ဖြစ်သည်။ ပြဿနာများ ကို ကြိမ်ဖန်များစွာရင်ဆိုင်ဖြေရှင်းခြင်းသည် အတွေ့အကြုံကို ပိုမိုရင့်ကျက်စေသည်။ ဤသို့ဖြင့် ပြဿနာကို ဝေဖန်ပိုင်းခြား ဖြေရှင်းတတ်သော စီးပွားရေးလုပ်ငန်းရှင်ကြီးများ ဖြစ်လာကြသည်။ထို့ကြောင့် လုပ်ငန်းရှင်ကြီး များသည် လူအများ နှင့် ပူးပေါင်းဆောင်ရွက်ရာတွင်လည်း အထူးကျွမ်းကျင်ကြသည်။မိမိတစ်ယောက်တည်းသာ ကြိတ်မှိတ်ကြိုးစား လုပ်ဆောင် ခြင်းသည် အောင်မြင်မှုသေးသေးလေး သာရမည်ကို ကောင်းစွာ သဘောပေါက် ကြသည်။ ထို့ကြောင့် လူပုဂ္ဂိုလ်များကို မိမိ၏ ဘဝပန်းတိုင် ထက်ပို၍ အလေးထားကြသည်။

ဦးနှောက်စားတာမဟုတ်၊ ဦးနှောက်ပွားတာပါ။

ဘာအမှားမှ မလုပ်ဖူးသူသည် ဘာမှ လုပ်ဖူးသူ မဟုတ်ပါ။ မမှားဖူးဘဲ ကမ္ဘာကျော်သူ တစ်ယောက်မျှ မရှိပါ။ အတွေ့အကြုံများတယ်ဆိုကတည်းက အလုပ်အများကြီး လုပ်ခဲ့၍သာဖြစ်ပါသည်။ အတွေ့အကြုံ သည် ဝိညာဉ်ရေးရာ နှင့် မသက်ဆိုင်သော်လည်း နေ့စဉ်အသက် တာအတွက် များစွာ အရေးကြီး ပါသည်။ အလုပ်တစ်ခု လျှောက်သည့် အခါ လုပ်သက်အတွေ့ အကြုံကို ထည့်မေး တတ်ကြသည်ကို ထောက်လျှင် မည်မျှ အရေးကြီးကြောင်းသိနိုင်ပါသည်။

ဘုရားသခင်က လူပျင်း၊ အချောင်သမားကို မနှစ်သက်ပေ။ (သု ၁၃း၄) ရှင်ပေါလု သည် အခြားတမန်တော်အပေါင်းတို့ ထက်သာ၍ ကြိုးစားအား ထုတ်ခဲ့သည်။ (

၁ကော ၁၅း၁ဝ) ထို့ကြောင့် ယုံကြည်သူများ၏ အသက်တာတွင် မှီခိုလိုစိတ်နှင့် အလကား အချောင်ရလိုမှုစိတ်ဓါတ်ကို ဦးစွာဖယ်ရှားရန် လိုအပ်ပါသည်။ ဘာဖြစ်သလဲ၊ ဘာခက်ခဲသလဲ၊ ကိုယ်တော်နှင့် တိုင်ပင်ဖြေရှင်း တတ်ရန် ဘုရားသခင် အလိုတော်ရှိသည်။ အောင်မြင်သူများ၏ အသက်တာမှ သင်ခန်းစာများကို ယူတတ်ရန်လည်း လိုအပ်ပါသည်။ ယနေ့လူသားတို့ အတွက် အရေးကြီးဆုံးများ ထဲမှ တစ်ခုအပါအဝင်ဖြစ်သော လျှပ်စစ်မီးကို တီထွင်ခဲ့သူ သောမတ်စ်အက်ဒီဆင် သည် စမ်းသပ်မှုအကြိမ်ပေါင်း (၇၅၀)ထိ မအောင်မြင်သောအခါ သူငယ်ချင်းများက စမ်းသပ်မှုကို လက်လျှော့လိုက်ဖို့ အကြံပေးကြသည်။ ထို့နောက် အကြိမ်ပေါင်းများစွာ ထပ်မံကြိုးစားခဲ့၍ ကြီးမားသော အောင်မြင်မှုကို ရရှိခဲ့သည်။ ငယ်စဉ်က ဉာဏ်ထိုင်းသည်ဟု ဆိုကာ ကျောင်းထုတ် ခံခဲ့ရသည်။ သူ့မိခင်က စာသင်ပေးခဲ့ရပြီး ကျောင်းသို့ ထပ်မသွားတော့ချေ။ စာဖတ်အလွန် ဝါသနာပါ၍ မြို့ထဲရှိ စာကြည့်တိုက်မှ စာအုပ်အားလုံးကို ဖတ်ရှုခဲ့သည်။ ငယ်ငယ်ရွယ်ရွယ်နှင့် စူးစမ်းလိုစိတ်ပြင်း ထန်၍ အမှားများစွာကိုလည်း ပြုလုပ်ခဲ့သည်။ ထိုအမှားများစွာက သူ၏ ဖြတ်ထိုးဉာဏ်ကို ရင့်သန်စေခဲ့သည်။ ဥပမာ –

ငန်းဝပ်ပြီး အကောင်ပေါက်လာသည်ကိုကြည့် ကာ စပါးကျီထဲရှိ ကြက်ဥများပေါ်တွင်တစ်နေကုန် ချွေးပြန်အောင် ထိုင်နေခဲ့သည်။ သူ့အဖေမေးသည့်အခါ သူက “ငန်းတွေဟာ သူ့ဥပေါ်မှာ ဝပ်ရင် အကောင်ပေါက်ရက်သားနဲ့ သားထိုင်တဲ့အခါကျတော့ ဘာဖြစ်လို့ ကြက်ကလေး တွေ ပေါက်မလာတာလဲ… တဲ့။

အသက်(၆)နှစ်အရွယ်မှာ မီးရှို့ကြည့်ရင် ဘာဖြစ်လာမလဲဆိုတာ သိချင် ပြီး ယာခင်းထဲကသူများ၏ စပါးကျီကို မီးရှို့ပြီးထွက်ပြေးခဲ့ဖူးသည်။ ဗူဗောင်းကို လေသွင်းလိုက်တဲ့အခါမှာ ကောင်းကင်ပေါ်ကို ပျံတက်သွား တယ်။ လူကို လည်း အဲဒီဓါတ်သွင်းပေးလိုက်ရင် ဘာဖြစ်လို့ မပျံနိုင် ရမှာလဲ ဆိုပြီး အမြှုပ်နှင့် ဓါတ်ငွေ့ပါထွက်သည့် ပေါင်ဒါတစ်မျိုးကို သူ့သူငယ်ချင်းအား မျိုချခိုင်းခဲ့သည်။ ထိုသူငယ်ချင်းမှာ လေထဲသို့ မြှောက်တက်မသွားဘဲ ဗိုက်နှိပ်၍ အော်ငိုနေခဲ့သည်။

ဤသို့ ဖြင့်ကြိမ်လုံး မိခဲ့သည့် အကြိမ်ပေါင်းသည်လည်း မနည်းလှပေ။ အမှား ပေါင်း များစွာကို တွေ့ကြုံဖြတ်သန်းခဲ့သည့် သောမတ်စ်အက်ဒီဆင် သည် ၁၉၁၂ ခုနှစ် တွင် ကမ္ဘာပေါ်၌ ပထမဆုံးသော အသံထွက် ရုပ်ရှင်ကား ကို ရိုက်ကူးတင်ဆက်နိုင်ခဲ့သည်။လျှပ်စစ်မီးလုံး အပါအဝင် တီထွင်မှုပေါင်း တစ်ရာကျော်ဖြင့် ကမ္ဘာပေါ်တွင် အထင်ရှားဆုံး ပုဂ္ဂိုလ်အဖြစ် မှတ်တမ်းတင် ကျန်ရစ်ခဲ့သည်။ ၁၉၃၁ ခုနှစ်၊ အသက်(၈၄)နှစ်အရွယ် ကွယ်လွန်ခါနီးအချိန်ထိ ခါတိုင်းကဲ့သို့ပင် အလုပ်ကို ကြိုးစားလုပ်ကိုင်ခဲ့သည်။ဘုရားသခင်က လူတိုင်းကို

အောင်မြင်နိုင်သော အခွင့်ကို ပေးထားပြီးဖြစ်သော်လည်း ဘုရားပေးထားသော ကိုယ်ပိုင်ဦးနှောက်အသိဉာဏ်ဖြင့် ပြုကျင့်ရမည့် ကျင့်ဝတ်များကိုလည်း သမ္မာကျမ်းစာက သွန်သင်ထားပါသည်။ သုတ္တံကျမ်းတွင်ရှေးဣသရေလ ပညာရှိ သုခမိန် တို့၏ ထိုးထွင်းဉာဏ်နက်ရှိုင်းပုံကို သိမြင်နိုင်လေသည်။

အောင်မြင်သည့် လုပ်ငန်းရှင်တိုင်းသည် ဦးနှောက်ကို အလုပ်များများ ပေးခဲ့ကြသည်။ သို့ သော် ဦးနှောက်က အလုပ်များလွန်း၍ ဝန်ပိုပြီး ဂေါက်သွားသူ တစ်ယောက်မျှ မရှိပေ။စတင်းဖို့ဒ်တက္ကသိုလ်မှ စိတ်ပညာရှင် ကယ်ရိုဒွိုက်၏ လေ့လာတွေ့ရှိချက်အရ အလုပ်များများ လုပ်သူ၏ ဦးနှောက် သည် အလုပ်မလုပ်သူ၏ ဦးနှောက်ထက်သိသာထင်ရှားစွာ ကြီးထွား နေသည် ကို တွေ့ရှိခဲ့သည်။ ပြဿနာများ ခက်ခဲလေ ဦးနှောက်ကအစွမ်းကုန် အလုပ်လုပ်လေ ဖြစ်ပြီး ဦးနှောက်စွမ်းရည်မြင့်တက်လာလေဖြစ်သည်။

ထို့ကြောင့် သိပ္ပံနည်းကျ လေ့လာတွေ့ရှိချက်များအရလည်း ဦးနှောက် စားတာမဟုတ်ဘဲ ဦးနှောက်ပွားခြင်းသာဖြစ်ကြောင်း တွေ့ရှိခဲ့ ကြသည်။

ထိုကဲ့သို့ အစွမ်းသတ္တိရှိသလောက် ကြိုးစားလုပ်ဆောင်သောသူကို ယေရှုက “ သစ္စာ ရှိသော ငယ်သားကောင်း” ဟု ချီးမွမ်းခဲ့သည်။ မကြိုးစားဘဲ ပျင်းရိသောသူကို “ ဆိုးညစ် ပျင်းရိသူ၊ အသုံးမကျသူ” ဟု ဆိုကာ ပေးခဲ့သော

ကောင်းချီး (၁၀)ခွက်ကိုပင် နှုတ်ယူ၍ အခွက်တစ်ရာရှိသောသူအား ပေးစေခဲ့သည်။ (မ ၂၅း၁၄-၃ဝ)

၃၅(ဃ)။ အိမ်လောက်တော့မယ်ဆိုရင်

အိမ်ဆောက်တော့မယ်ဆိုရင် စီးပွားရေးအမြော်အမြင်ရှိတဲ့ သူတွေနဲ့ တိုင်ပင်ပြီးမှ ဆောက်လုပ်သင့်ပါသည်။ သို့ မဟုတ်ရင် ငွေဝင်လမ်းကို မိမိဖာသာပိတ်ထားသလို ဖြစ်သွားပါလိမ့်မည်။ ဒါကြောင့် ကျမ်းစာကလည်း “ဉာဏ်ပညာအားဖြင့် အိမ်ကို တည်ဆောက်၍ ခိုင်ခန့် မြဲမြံစေရ ၏။ ပညာအတတ်အားဖြင့် အခန်းများတို့သည် အဘိုးထိုက်၍ နှစ်သက်ဖွယ်သော ဥစ္စာအပေါင်းတို့နှင့် ပြည့်ရ၏။” (သု ၂၄း၃)

ဤကဲ့သို့ စနစ်မကျဘဲ ဆောက်ထားလျှင် ဆိုင်ခန်းကလေးဖွင့်မယ်လို့ စိတ်ကူးပေါ်လာတဲ့အခါကျတော့ နောက်ကျ သွားရော။ ရိုက်ဖြိုမယ် ဆိုပြန်တော့ လည်း မလိုအပ်တဲ့ ဆုံးရှုံးမှုတွေနဲ့ ကြုံရမယ်။ ဒါ့အပြင်သား/မြေးများ ရဲ့ “အမြော်အမြင်မရှိလိုက်တာ” လို့ ကြိမ်ဆဲခြင်းပါခံရနိုင်တဲ့ အိမ်ဆောက် နည်းဖြစ်ပါတယ်။ ဟိုမကျ၊ ဒီမကျ ဆောက်ထားမိလို့ အိပ်နေရင်းနဲ့ အကျိုးရှိတဲ့ ဝင်ငွေများ ဆုံးရှုံးနေရသူတွေ အမြောက်အမြား ရှိနေပါတယ်။

နေရာအကွက် အတွင်းတော့ကျတယ်။ ဒါပေမဲ့ ငွေကြေး က သိပ်မတတ်နိုင်ဘူး။ ဒါဆိုရင် လမ်းမဘက်ကပ်ပြီး ဆိုင်ခန်းအတွက် ဦးစွာ ဆောက်သင့်တယ်။ လူလည်း တွဲဖက်နေလို့ ရ တယ်။ ကိုယ်တတ်နိုင်တဲ့ အခါကျတော့ အိမ်မကြီးအတွက်လည်း နေရာက အဆင်သင့်ဖြစ် သွားတယ်။ နေရင်းထိုင်ရင်းနဲ့ ငွေဝင်မှာ ဖြစ်ပါတယ်။

လောလောဆယ်ရပ်ကွက်အနေအထားအရ ဆိုင်ဖွင့်ဖို့ မဖြစ်နိုင် သေးရင် အိမ်ကို အနောက်ဖက်ကပ်ပြီး ရှေ့ဘက်ကို မြေကွက်လပ်ထား သင့်တယ်။ အခြေအနေအချိန်အခါအရ ဘာမဆို ထလုပ်လို့ ရတယ်။

အထူးသဖြင့် နယ်တွေမှာ ကျွမ်းကျင်နှံ့စပ် အမြော်အမြင်ရှိသူများနှင့် မတိုင်ပင်ဘဲ မိမိသဘောအလျောက် ဆောက်လုပ်ကြတဲ့အတွက် မလိုအပ်တဲ့ နစ်နာဆုံးရှုံးမှုတွေများစွာ မြင်တွေ့နေရပါသည်။ အထက်ပါဥပမာများမှာ နမူနာများသာဖြစ်ပြီး ကျွမ်းကျင်သူများနှင့် တိုင်ပင်ကြရန် အသိပေး လိုခြင်းသာ ဖြစ်ပါသည်။

၃၆။ ခါနန်ခရီး (သို့) ဘဝတိုက်ပွဲ

“ မြေပေါ်သို့ ငြိမ်သက်ခြင်းကို စေလွှတ်အံ့သောငှာ ငါလာသည် ဟု မထင်ကြနှင့်။ ငြိမ်သက်ခြင်းကို စေလွှတ် အံ့သောငှာ ငါလာသည် မဟုတ်။ ဓားကို စေလွှတ်အံ့သောငှာငါလာသတည်း။ (မ ၁၀း၃၄) ”

“ သင်တို့ သည် လောက၌ ဆင်းရဲဒုက္ခကို ခံကြရလိမ့်မည်။ သို့ သော်လည်း မစိုးရိမ် ကြနှင့်။ ငါသည် လောကကို အောင်ပြီ ။ (ယော ၁၆း၃၃) ”

မောရှေသည် အီဂျစ်ပြည်တွင် အန္တရာယ်များကြား၌ မွေးဖွားခဲ့သည်။ ဖာရောဘုရင်၏ သမီးတော်က ရေထဲမှ ကောက်ယူမွေးစားသဖြင့် နန်းတော်တွင် ပညာမျိုးစုံကို သင်ကြားခဲ့ရ သည်။ တစ်နေ့တွင် အီဂျစ်သားတစ်ယောက်က

ဟေဗြဲလူတစ်ယောက်ကို အနိုင်ကျင့်နေသည့် အတွက် ဟေဗြဲလူဘက်မှ ကူညီကာကွယ်ပေးခဲ့သည်။ သို့သော် အထင်နှင့်အမြင်မှာ တစ်ခြားစီ ဖြစ်ကာ မိမိလူမျိုးများ၏ သစ္စာဖောက်ခြင်း နှင့် ငြင်းပယ်ခြင်းကိုပါ ခံခဲ့ရပါသည်။ (ထွ ၁း၁-၁၅) “ မိမိလူမျိုးများက ကြွလာသော မေရှိယ ကို ငြင်းပယ်ကြ လိမ့်မည် ဟူသော ရှေ့ပြေးပုံရိပ်ဖြစ်သည်။ တ ၇း၃၇” မောရှေသည် မိချန်ပြည်သို့ ထွက်ပြေးပြီး သိနာတောင်တွင် သိုးများကို ထိန်းကျောင်းနေစဉ် ဘုရားသခင်က ကိုယ်ထင်ပြကာ ဣသရေလူမျိုးများအားရွေးနှုတ် ကယ်တင်ရန် အီဂျစ်ပြည်သို့ ပြန်ပို့ခဲ့သည်။ (တ ၇း၃၄-၃၆)

ဣသရေလများ အီဂျစ်ပြည်မှ ထွက်ခွာခွင့်ရရန် ကပ်ဆိုး(၁၀)ကြိမ်ကို ဖြတ်ကျော်ပြီးမှသာ ထွက်ခွာခွင့်ရခဲ့ကြသည်။ ။

(၁) နိုင်းမြစ်ကို တောင်ဝှေးဖြင့် ရိုက်သောအခါ မြစ်ရေတစ်ပြင်လုံး

(၇)ရက်တိတိသွေးဖြစ်သွားပြီး ငါးများသေကုန်သည်။

(၂) အီဂျစ်တစ်ပြည်လုံးကို ဖားပြုပ်များဖြင့် ပြည့်စေသည်။ နောက်တစ်နေ့

ဖားများသေကုန်၍ တစ်ပြည်လုံး နံစော်ကုန်သည်။ (၃)မြေမှုန့်မှ ခြင် နှင့် ဖြုတ်ကောင်များဖြစ်သွားသည်။

(၄)ယင်ကောင်ဖြင့် တစ်ပြည်လုံး ပြန့်နှံ့စေသည်။ (၅)လုပ်ငန်းခွင်သုံး တိရစ္ဆာန်များ သေကုန်သည်။

(၆)ပြာကို ဝှေ့ယမ်းသောအခါ လူနှင့် တိရစ္ဆာန်တို့ အနာစိမ်းပေါက်ကြ

သည်။

(၇)မိုးသီး နှင့် မီးများ ရောပြွမ်းရွာချသည်။ သို့သော်ဣသရေလများ၏

ကောက်ပဲသီးနှံများ ပျက်စီးခြင်းမရှိ။

(၈) ကျိုင်းကောင်ဖြင့် သီးနှံများဖျက်ဆီးသည်။

(၉)အီဂျစ်တစ်ပြည်လုံး သုံးရက်လုံးလုံး မှောင်မိုက်ဖုံးလွှမ်းသော်လည်း

ဣသရေလများအလင်းထဲ၌ ပုံမှန်သွားလာနိုင်သည်။

(၁၀) အီဂျစ်တို့၏ သားဦးများအားလုံးကို သေစေသည်။

အခက်အခဲမျိုးစုံ နှင့် တွေ့ကြုံရသော်လည်း ထာဝရဘုရား၏ အတူပါရှိခြင်းကြောင့်အီဂျစ်ပြည်မှ အံ့ဖွယ် ထွက်ခွာခွင့်ရရှိ ခဲ့ကြသည်။ သို့သော် မကြာလိုက်ပါ။ အခက်အခဲများက ဆီးကြိုနေသည်။ ရှေ့တွင် ပင်လယ်နီ ၊ အနောက်တွင် စိတ်ပြောင်းသွား၍ ဖမ်းဆီးသတ်ဖြတ်ရန် လိုက်လာခဲ့သော ဖာရောစစ်တပ်၊ ရှေ့တိုးနောက်ဆုတ်မရ၊ ဘဝဒုက္ခ နှင့် ရင်ဆိုင်ကြရပြန်သည်။ သို့သော် ထာဝရဘုရားက ပင်လယ်ပြင်ကို နှစ်ခြမ်းခွဲကာ အံ့ဩဖွယ် ကယ်တင်ခဲ့ပြန်သည်။ ဆက်လက်ထွက်ခွာခဲ့ကြရာ ရေငတ်သဖြင့် ပြဿနာ ဖြစ်ရပြန်သည်။ မာရအရပ်သို့ ရောက်သောအခါ ရေတွေ့ပါသည်။ သို့သော် ခါး၍ မသောက်နိုင်ကြ။ သို့သော် ထာဝရဘုရား က ဘဝ၏ ခါးသီးမှုများကို ချိုမြိန်စေခဲ့သည်။ (ထွ ၁၅:၂၅)

သိန်တောသို့ ရောက်သောအခါ အသားမစားရ၍ ပြဿနာဖြစ်ပြန်ရာ ထာဝရဘုရားက ငုံးသားဖြင့် ဖြေရှင်းပေးခဲ့သည်။ (ထွက် ၁း၁-၃) ရေဖိဒိမ်သို့ ရောက်၍ စခန်းချသောအခါ ရေမရှိ၍ မောရှေအား ရန်တွေ့ကြပြန်သည်။

ကျောက်ခဲမှ ရေထွက်စေခြင်းအားဖြင့် ထာဝရ ဘုရား အတူပါရှိကြောင်း သိစေခဲ့သည်။ (ထွ ၁၇း၁-၃) သို့သော် အာမလက်လူမျိုးတို့နှင့် တိုက်ပွဲ နွှဲကြရ ပြန်သည်။

သိနာတောင်သို့ ရောက်သောအခါ ဘုရားသခင်က ဣသရေလ အနွယ်ဝင်များအား လုံးကို မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်အဖြစ် လျာထားခဲ့သော်လည်း ရွှေနွားရုပ်လုပ်ပြီး ဖောက်ပြန်ကြသောကြောင့် လေဝိ အနွယ်မှအပ ကျန်အနွယ်အားလုံးကို ယဇ်ပုရောဟိတ်အဖြစ် မှ ပယ်ရှားခဲ့သည်။ (ထွ ၁၉း၆၊ ၂၈း၁) ပါရန်တောအရောက် တွင် ခါနာန်ပြည်ကို စုံစမ်းရန် စေလွှတ်ခဲ့ရာ ယောရှုနှင့်ကာလက်နှစ်ဦးသာ ခါနာန်ပြည်ကို သိမ်းပိုက်ရန် အကြံပြုခဲ့ ကြပြီး ကျန်(၁၀)ဦးမှာ ငြင်းပယ်ခဲ့ကြသည်။ (ထွ ၁၄း၃၇-၃၈) အခက်အခဲ အတားအဆီးများကို ဆက်လက်ကျော်ဖြတ်ခဲ့ကြရာ ခါနာန် နယ်စပ်၊ ယော်ဒန်မြစ်နားသို့ ရောက်ရှိခဲ့ကြသည်။ ။

ယောရှု ဆက်လက်ဦးဆောင်ကာ ယော်ဒန်မြစ်ကို ဖြတ်ကူးခဲ့ကြသည်။ ထိုအချိန်ကယော်ဒန်မြစ်ရေသည် ဟေရမုန်တောင် (လက်ဘနွန်တောင်) မှ နှင်းများ အရည်ပျော်ကာ မြစ်ရေကြီးနေချိန်ဖြစ်သည်။ သို့သော် ယဇ်ပုရောဟိတ် များ ရေသို့ ခြေချသည်နှင့် ထိုနေရာမှ (၁၈)မိုင်ခန့် အကွာ အာဒံအရပ်၌ မြေပြိုမှု ဖြစ်ကာ မြစ်အောက်ပိုင်း ရေခမ်းခြောက်သွားခဲ့သည်။ (ယောရှု ၃း၁၆) (၁၉၂၇ ခုနှစ်တွင် အဆိုပါ နေရာ၌ပင် ငလျင်ကြောင့် မြေပြိုမှုဖြစ်ကာ

ယော်ဒန်မြစ်ကို (၂၁)နာရီကြာ ခန်းခြောက်ရပ်တန့်စေခဲ့သည်။) ယေရှုနှစ်ခြင်း ခံသော နေရာမှာ ဤတစ်ဝိုက်တွင် ဖြစ်သည်။ ။

ယောရှု ဦးဆောင်သော ဣသရေလတို့ ခါနာန်ပြည်တွင် ပထမဆုံး သိမ်းယူသော မြို့မှာ စွန်ပလွန်ပင်၏ မြို့တော်ဟု တင်စားခေါ်ဝေါ် သည့်

ယေရိ‌ခေါမြို့ဖြစ်သည်။ ဤတိုက်ပွဲတွင် ပြည့်တန်ဆာရာခပ်က အကူအညီပေး ခဲ့သည်။ သူမသည် နောက်ပိုင်းတွင် အသက်တာ ပြောင်းလဲကာ စာလမုန် နှင့် လက်ထပ်ပြီး သား ဗောဇ အား မွေးဖွားခဲ့သည်။ ဗောဇအားဖြင့် ရှင်ဘုရင်ဒါဝိဒ်၊ ရှောလမုန် နှင့် ယေရှုကိုယ်တော်တိုင် ဆင်းသက်သော မိခင်ကြီးအဖြစ် ဘု ရား၏လူမျိုးတော် ထဲတွင် ပါဝင်ခွင့် ရရှိခဲ့သည်။

ယောရှုစစ်တပ်သည် ပဋိညာဉ်သေတ္တာ (ထာဝရဘုရား) ကို တပ်ဦး၌ ထားကာ တိုက်ပွဲဝင်ခဲ့ကြသောကြောင့် ခါနန်ပြည်ရှိ ရှင်ဘုရင်(၃၁)ပါးကို အံ့သြဖွယ် ချေမှုန်းအနိုင်ယူခဲ့သည်။ (ယောရှု ၁၂း၇-၂၄) ၊

ခါနာန်ခရီးစဉ်သည် ကျေးဇူးတော်ကာလ၏ ပုံရိပ်ဖြစ်သောကြောင့် ယနေ့ယုံကြည် သူများ၏ ဘဝအသက်တာတွင် ဆုတောင်း၊ ကျမ်းစာဖတ် နေသည့် ကြားမှပင် ဒုက္ခမျိုးစုံနှင့် တွေ့ကြုံကြရခြင်းဖြစ်ပါသည်။ သို့သော် လူသားများဖြစ်သောကြောင့် ကောင်းတာကိုပဲ ကြိုက်သည်။ ဖျားနာ၊ ထိခိုက်၊ ဆုံးရှုံးမှု စသည်ဖြင့် မကောင်းတာမှန်သမျှကို မနှစ်သက်ကြ ပေ။ လူသည် မွေးကင်းစတွင် နို့ရည်တစ်မျိုးတည်းကိုသာ သောက်သုံးကြရသော်လည်း အရွယ်ရောက်လာသောအခါ ခန္ဓာကိုယ်အတွက် ချို၊ချဉ်၊ ဖန်၊ ခါး၊ စပ် စသည်ဖြင့် အရသာ မျိုးစုံကို စားသောက်ကြရသည်။ ချိုမြိန်ခြင်း၊ ပူလောင်ခြင်း၊ ခါးသီးခြင်း မျိုးစုံ နှင့် မုချ ကြုံတွေ့ရမည်ဟူ၍ ဖြစ်သည်။ (ဟေဗြဲ ၁း၃-၁၄) ဘဝတွင် ထိုသို့သော ဆင်းရဲဒုက္ခများသည် ဆုတောင်းတောင်း၊ မကောင်း

တောင်း ၊ ကျမ်းစာဖတ်ဖတ် မဖတ်ဖတ် ကြုံတွေ့ကြရမည် ဖြစ်သည်။ (၂ကော ၁၂း၈-၉) သို့သော် မည်ကဲ့သို့သော စုံစမ်းနှောင့်ယှက်ခြင်း အခက်အခဲ များနှင့် ရင်ဆိုင်တွေ့ကြုံလာရသည်ဖြစ်စေ၊ ခါနာန်ခရီးစဉ်မှ သင်ခန်းစာယူပြီး အသက်ရှင်ကြရမည် ဖြစ်သည်။ ဘုရားသခင်က ခါနာန်ခရီးစဉ်တွင် အံ့ဩဖွယ်ဘုန်းတန်ခိုးဖြင့် ခေါ်ဆောင်လာခဲ့ သကဲ့သို့ ယနေ့ ယုံကြည်သူများ၏ ခေါ်သံကိုလည်း နားညောင်းပြီး အံ့သြဖွယ် အောင်မြင်မှုများကို ပေးမည် ဖြစ်ပါသည်။ (ယေ ၃၃း၃၊ ယော ၁၆း၃၃) ၊

ဘုရားသခင်က ခါနာန်ခရီးကို ဖြတ်လမ်းဖြင့် မပို့ဆောင်ခဲ့သကဲ့သို့ ယုံကြည်သူများ၏ ဘဝလမ်းခရီးကိုလည်း မတရားသဖြင့် ဖြတ်လမ်းလိုက်ကာ အသက်ရှင်ရန် အလိုတော့ မရှိပေ။ ထာဝရဘုရားကိုသာ ကိုးစားပြီး နှုတ်ကပတ်တော် အတိုင်း အသက်ရှင်လျှင် ကြွယ်ဝချမ်းသာစွာ

နေခွင့်ရသည်သာမက သက်တမ်းစေ့လည်း နေနိုင်မည်ဖြစ်သည်။

* လူ့လက်ချောင်းတို့ဖြင့် ဖန်တီးသောအရာများကို ဦးမချနှင့်။ ထိုအရာ

များသည် တစ်နေ့တွင် ရှင်းရှင်း ကွယ်ပျောက်ကြလိမ့်မည်။

(ဟေရှာ ၂း၈၊၁၈)

* နှာခေါင်း နှင့် အသက်ရှုသော လူကိုလည်း မကိုးစား နှင့် ။

(ဟေရှာ ၂း၂၂)

*သင်တို့ အလိုရှိသမျှ ယေရှုခရစ်အားဖြင့် ပြည့်စုံစေလိမ့်မည်။ (ဖိ ၄း၁၉)

၃၇။ Rev.Dr.ဦးကျော်ဝင်း ၏ သက်သေခံချက်များ

ဤသက်သေခံချက်များသည် Rev.Dr ဦးကျော်ဝင်း (CD.D, Th.D, Ph.D)၏ ၁၉၉၉ ခုနှစ်၊ မေလထုတ် “အလွန်ကြီးပွားချင်သူများအတွက်” စာအုပ်မှ သက်သေခံချက်များကို ကောက်နှုတ်ဖော်ပြခြင်း ဖြစ်ပါသည်။

လက်ရှိတွင် သြစတြေးလျ နိုင်ငံ၌ နေထိုင်လျက်ရှိပြီး နိုင်ငံပေါင်း များစွာတွင် စီးပွားရေး လုပ်ငန်းများကို ဖြန့်ကျက်ထားကာ အမှုတော်မြတ် လုပ်ငန်းများတွင်လည်း အားတက်သရော ဟောပြောဝေငှ သက်သေခံ လျက်ရှိပါသည်။ အသက်ရှင်သော ဘုရားကို ယုံကြည်ကိုးစားလျက်မည်ကဲ့သို့ ကြီးပွားချမ်းသာလာသည်ကို မျှဝေခံစားလို၍ကောက်နှုတ်ဖော်ပြပေးလိုက်ရခြင်း၊ ဖြစ်ပါသည်။

ငယ်စဉ်ဘ၀

ကျွန်တော် ဟာ လွတ်လပ်ရေးရပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ တာမိုးည်ဒေသရှိ အိမ်ခြေ(၆)အိမ်သာရှိတဲ့ ဝါးတောရွာလေးမှာ မွေးချင်း(၈)ယောက်ထဲက(၃)ယောက်မြောက် အဖြစ် မွေးဖွားလာတဲ့ မုန်းဝန်း တိုင်းရင်းသားဖြစ်ပါတယ်။ ။

ရွာမှာနေစဉ် ဆင်းရဲလွန်းတဲ့အတွက် ကွတ်ခိုင်ကို မိသားစုလိုက် ပြောင်းရွှေ့ခဲ့ကြတယ်။ ကွတ်ခိုင်ရောက်တော့လည်း စစ်ပြီးခါစဆိုတော့ အဖေဟာ အလုပ်က လွယ်လွယ်နဲ့ ရှာမရဘူး ဖြစ်နေတယ်။ ဒီလိုနဲ့

ယောင်လည်လည်နဲ့ အလုပ်ရှာနေတုန်းမှာ တစ်နေ့ကျတော့ အကော်ဒီယံ တီးပြီး ဓမ္မသီချင်း သီဆိုရင်း ယေရှုအကြောင်း ဟောပြောသက်သေခံနေတဲ့ ခေါင်းဖြူအဖိုးကြီး တစ်ယောက်နဲ့ သွားတွေ့တယ်။ လူတွေကလည်း ဝိုင်းအုံပြီး နားထောင်နေ ကြတယ်။ အဲဒီတုန်းက ဆရာကြီးဝေငှတာက “ဘုရားသခင်သည် ဘုန်းအာနု ဘော်၌ စံပယ်တော်မူသော စည်းစိမ်ရှိသည်အတိုင်း သင်တို့အလို ရှိသမျှတို့ကို ယေရှုခရစ်အားဖြင့် ပြည့်စုံစေတော်မူလိမ့်မည်” (ဖိ ၄း၁၉)

ယေရှုဟာလူသားများရဲ့ အပြစ်အတွက် လူ့ဇာတိကို ခံယူပြီး လက်ဝါး ကပ်တိုင်ပေါ်မှာ အသေခံကာ အပြစ်ကြွေးတွေကို ဆပ်ပေးသွားခဲ့တယ်။ ဒါကြောင့် ယေရှုကို လက်ခံယုံကြည်ရင် ကယ်တင်ခြင်း ရရုံ သာမက ဆင်းရဲဒုက္ခရောက်နေတဲ့ လူတွေကိုလည်း ဘုရားသခင်က သူ့ကိုခေါ်ရင် ထူးမယ်လို့ ပြောပါတယ်” ဆိုပြီး ဟောပြောဝေငှပါတယ်။ ဒါကို အဖေက

ဘုရားသခင် ကို ကျွန်တော်လက်ခံယုံကြည်ချင်ပါတယ်လို့ ပြောတဲ့အခါမှာ ဆရာကြီးက ဘာဆုတောင်း ပေးစေချင်ပါသလဲလို့ မေးပါတယ်။

အဲဒီအခါမှာ အဖေက ..

(၁) မိမိဟာ အပြစ်သားဖြစ်ကြောင်း နှင့် အပြစ်ကြွေးအားလုံးကိုယေရှုဘုရား

က ဆပ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရှိဝန်ခံခွင့်ပေးတဲ့ ဘုရားသခင်ကို

ကျေးဇူးတင်ပါတယ်။

(၂) ကျွန်တော်ဟာ အင်မတန် ဆင်းရဲပါတယ်။ တစ်ရက်ရှာ တစ်ရက်

မလောက်ပါဘူး။

ဒါကြောင့် အလုပ် အကိုင် တစ်ခုလောက်လိုချင်တယ်လို့ တင်ပြတဲ့အတိုင်း ဆရာကြီးက ဆက်ကပ်ဆုတောင်းပေးခဲ့ပါတယ်။ အဖေက ယုံကြည်သူဖြစ်လာတဲ့အတွက် သားသမီးများကို လည်း ဘုရားသခင်ရဲ့ အကြောင်းကို ပြောပြပါတယ်။ အဲဒီတုန်းက မိသားစုမှာ အလွန်ဆင်းရဲတဲ့ အတွက် ကျွန်တော် ကျောင်းကောင်းကောင်း မနေခဲ့ရဘူး ။ ကျောင်းသွားရင် ဖိနပ်မပါဘူး။စာရေးရင် ကျောက်တံမရှိဘူး။ သူငယ်ချင်းတွေ ပစ်ချထားတဲ့ အတိုအထွာလေးတွေကို ကောက်ပြီး ရေးခဲ့ရတယ်။ (အဲဒီခေတ်က မူလတန်းမှာ

ကျောက်သင်ပုန်းနဲ့ ရေးရတယ်။)အဖေကတော့ ဘုရားကို အားကိုးပြီး အလုပ်ကို ကြိုးစားလုပ်ကိုင်တယ်။ ဒါပေမဲ့ ယေရှုအကြောင်း ပြောတဲ့အခါ ကျွန်တော် အမြဲတမ်းပဲ ဆန့်ကျင်ခဲ့တယ်။

တောင်းရင်ရမယ်

ဘုရားသခင်က တောင်းရင်ရမယ်ဆိုတဲ့ ကတိတော်အတိုင်းပဲ အဖေ့ကို ယက်ကန်းစက်ရုံ တစ်ခုမှာ အလုပ်ရစေခဲ့တယ်။ “ သေးငယ်တဲ့အမှုမှာ သစ္စာရှိ ရမယ်” ဆိုတဲ့ နှုတ်ကပတ်တော် တရားရဲ့ သွန်သင်တဲ့အတိုင်း လုပ်ငန်းရှင်ရဲ့ အပေါ်မှာ အဖေဟာ ရိုးသားဖြောင့်မတ်စွာ လုပ်ကိုင်ပေးခဲ့တယ်။ ဒါပေမဲ့ အဲဒီနှစ်မှာပဲ စီးပွားရေးက မကောင်းတော့ စက်ရုံပိတ်ရမယ့် အနေအထား ဖြစ်လာတယ်။ အဲဒီအခါ လုပ်ငန်းရှင်က အဖေ့ကို ပြောတယ်။ “စက်ရုံတော့ ပိတ်ရတော့မယ်။ ခင်ဗျားဆက်လုပ်ချင်ရင် အကြွေးနဲ့ ပေးမယ်၊ ဆက်လုပ်ပါ” ဆိုတော့အဖေက ဆုတောင်းတယ်။ ကိုယ်တော် စီးပွားကျလို့ အကြွေးနဲ့ ရောင်းနေတယ်။ ကျွန်တော် ဝယ်ရမလား။ ဘုရားသခင်ကလည်း ယူပါဆိုပြီး ဖော်ပြအဖြေပေးတဲ့အတွက် စက်ရုံကို လက်ခံယူလိုက်တယ်။ တစ်လ၊ နှစ်လအကြာမှာပဲ ပိတ်စတွေက အရမ်းဈေးကောင်းလာလို့ ထုတ်လို့ တောင် မနိုင်တော့ဘူး။ သုံးနှစ်လောက် ပေးချေရမယ့် အကြွေးတွေကို တစ်နှစ်နဲ့ ပဲ ပေးချေနိုင်ခဲ့တယ်။

ဘုရားသခင်ကို စိန်ခေါ်ခြင်း

ခရစ်တော်ဟာ အသက်ရှင်တဲ့ ဘုရားဖြစ်ကြောင်းကို ကျွန်တော် ငယ်စဉ်ကတည်းက မိဘများ သွန်သင်ခဲ့ပေမဲ့ မယုံကြည်ခဲ့ဘူး။ ဒီလိုနဲ့

ကျောင်းပြီးလို့ စီးပွားရေးလောကထဲကို ဝင်ရောက်လာတဲ့အခါ ငါလုပ်ရင် ငါဖြစ်မယ်ဆိုတဲ့ ခံယူချက်နဲ့ ကိုယ့် အားကို ကိုးပြီး လုပ်ကိုင်ခဲ့တယ်။ ပိုက်ဆံအများကြီး ရတယ်။ ကျိကျိတက် ချမ်းသာခဲ့ပါတယ်။ ဒါပေမဲ့ တစ်နေ့ ကျတော့ အားလုံးဆုံးရှုံးကုန်တယ်။ အဲဒီအခါကျမှ ရွှေငွေဆိုတာ ဘုရားရဲ့ အကွယ်အကာမရှိရင် တခဏလေးနဲ့ ပြုတ်ထွက်သွားနိုင်ပါလား ဆိုတာကို နားလည်သွားတယ်။ ဒါနဲ့ ဒူးထောက်ပြီး ကိုယ်တော့်ကို မေးခွန်းတစ်ခုမေးတယ်။

အခု ကြုံတွေ့နေရတဲ့ အခက်အခဲကို တစ်လအတွင်း အဖြေပေးပါ။အဖြေ ပေးရင် ကိုယ်တော်ဟာ အသက်ရှင်တဲ့ ဘုရားဖြစ်ကြောင်း ကို ကျွန်တော် လက်ခံပါ့မယ်။ ပြီးတော့ ကိုယ်တော့်အကြောင်းကို လိုက်လံဟောပြော၊ ဝေငှ၊ သက်သေခံပါ့မယ်လို့ လည်း ကတိပေးပြီး ဆက်ကပ်ဆုတောင်းခဲ့တယ်။ ဆုတောင်းပြီး (၁၇)ရက် အကြာမှာပဲ ဘုရားသခင်က ကျွန်တော့်ရဲ့ အခက်အခဲ အားလုံးကို ဖြေရှင်းပေးခဲ့တယ်။

သာသနာစတင်ဆောင်ရွက်ခြင်း ၊

အဲဒီအချိန်ကစပြီး ကျွန်တော်ဟာ ရှိရှိသမျှ ကို စွန့်ပြီး ခရစ်တော်ဟာ အသက်ရှင်တဲ့ ဘုရားဖြစ်ကြောင်းကို တောကြိုတောင်ကြားများကို ဖြတ်ကျော်ပြီး (၁၀)နှစ်ကျော် ဝေငှသက်သေခံခဲ့ပါတယ်။ အိမ်ရောင်း၊ ကားရောင်း၊ ရေခဲသေတ္တာ၊ ဆိုဖာထိုင်ခုံပါမကျန် တစ်ခုပြီးတစ်ခု ထုတ်ရောင်းလိုက်တယ်။ သမီးကပြောတယ်။ “ အဖေ သူများတွေအားလုံး ယူသွား ကုန်ပြီ ။ ဘာမှာမရှိတော့ဘူး”တဲ့။ ကျွန်တော်က “ယူပါစေသမီး။ ဘုရားရှင်ပေးထားတဲ့ ပစ္စည်းတွေ ၊ ဘုရားရဲ့ အမှုတော်မြတ်မှာ ပြန်လည်ပါဝင်ကြရအောင်” လို့ နှစ်သိမ့်အားပေး ခဲ့ပြီး ကျောပိုးအိတ်တစ်လုံးနဲ့ မြို့ရော၊ တောပါမကျန် ယေရှုအကြောင်းကို လိုက်လံဟောကြား ခဲ့ပါတယ်။ အဲဒီအတောအတွင်းမှာပဲ ကျမ်းစာကို သင်ယူခဲ့ပါတယ်။ ဟောရင်း၊ ပြောရင်း နဲ့ ပဲ ကျမ်းစာကို အစအဆုံး(၇)ခေါက်ဖတ်ပြီးတဲ့ အခါမှာတော့ အရင်က နားမလည်ခဲ့တဲ့ အချက်တွေ ကိုလည်း ရှင်းလင်းစွာ နားလည်ခွင့် ရခဲ့တယ်။ ပြီးတော့ ခြေထောက်နှစ်ချောင်းနဲ့ပဲ လမ်းလျှောက်ပြီး လိုက်ပြောမယ်ဆိုရင် လူဦးရေ သန်းပေါင်းများစွာ ရှိတဲ့ မြန်မာနိုင်ငံမှာ ဘယ်လိုလုပ်ပြီး ဧဝံဂေလိတရားရောက်နိုင်မလဲဆိုပြီး တွေးမြင်လာတယ်။

အဲဒီအချိန်မှာ အ‌ဖြေတစ်ခုပေါ်ထွက်လာခဲ့တယ်။

ဘုရားသခင် ကျွန်တော့်ကို ပိုက်ဆံပေးပါ။

ကိုယ်တော် ပိုက်ဆံပေးရင် ကျွန်တော်တစ်ယောက်ထဲ မဟုတ်တော့ဘဲ ဧဝံဂေလိ အတွက် လူထောင်နဲ့ချီပြီးတော့ စေလွှတ်နိုင်မယ်။ မိဘမဲ့ကလေးတွေ အမြောက်အမြားကိုလည်းကူညီနိုင်မယ်ဆိုပြီး မိသားစုနဲ့အတူ ဒူးထောက် ၂ ဆုတောင်းခဲ့တယ်။ ဆုတောင်းတဲ့အတိုင်း ဘာစီးပွားရေးမှမရှိဘူးလို့ ထင်ရတဲ့ ရွာတွေကနေ အံ့သြဖွယ်ကောင်းလောက်အောင် ပိုက်ဆံတွေ အများကြီး ပေးခဲ့တယ်။

(၁) တံမြက်စည်းမှ ဘရိတ်ရှူးသို့

တာချီလိတ်မှာနေစဉ် ရွာသားတွေက တံမြက်စည်းပင်တွေကို ထိုင်းဘက်ကို သွားရောင်း နေကြတာတွေ့တယ်။ ဘုရားသခင်ဖန်ဆင်းထားတဲ့ ဒီအပင်ဟာ တံမြက်စည်းတစ်ခုတည်း အတွက်တော့မဟုတ်လောက်ဘူး။ ဒါထက် တန်ဖိုးရှိတဲ့ အရာအတွက် ဖန်ဆင်းထားခြင်း ဖြစ်ကြောင်းကို ဖွင့်ပြပါလို့ ဆုတောင်းပြီး ထိုင်းကုန်သည်တစ်ယောက်စီ သွားပြတယ်။ သူက ဂျပန်ကို ပို့ကြည့်လိုက်တဲ့အခါမှာတော့ မော်တော်ကားဘရိတ်ရှူးအတွက် အဓိက လိုအပ်တဲ့ ကုန်ကြမ်းဖြစ်နေတယ်။ စာချုပ်ချုပ်ပြီး အများကြီး တင်ပို့နိုင်ခဲ့တယ်။

(၂) မြေကြီးအောက်က အတုံးလေး

ရာသီအလိုက် ပေးပါလို့ ဆုတောင်းတဲ့အခါမှာ ဘုရားက (၃)လ (၁)ကြိမ် တစ်မျိုးပေးတယ်။ ရွာသားတစ်ယောက်က ဘာ အတုံးလေး လည်းမသိဘူး၊ မြေကြီးထဲ တူးလာတာဆိုပြီး လာပြတယ်။ တစ်ဘက်နိုင်ငံကို ပို့ပြီး စမ်းသပ်ကြည့်လိုက်တော့ Burplex လို အားဆေးထုတ်တဲ့နေရာမှာ လိုအပ်တဲ့ ဆေးမြစ်ကုန်ကြမ်းဖြစ်နေတယ်။ ဘုရားသခင်က လူတွေကို များစွာ အကျိုးဖြစ်ထွန်းစေမယ့် ဆေးမြစ်တွေ ကို ရှေးမဆွကတည်းက ဖန်ဆင်း ထားခဲ့တယ်။ ဒါပေမဲ့ ဒီဆေးမြစ်က တံမြက်စည်းလောက်တော့ မလွယ်ဘူး။

အင်မတန်မှ မှိုတက်လွယ်တယ်။ အမြန်အခြောက်ခံဖို့ လိုတယ်။ ဒါပေမဲ့

တောမှာဖြစ်တဲ့အတွက် မီးမရှိ၊ အခြောက်ခံစက်လည်း မရှိ၊ အရမ်းကို ခက်ခဲခဲ့ပါတယ်။ ဒါပေမဲ့ ခြောက်အောင် လုပ်နိုင်တဲ့ နည်းလမ်းရဖို့ အတွက် ဆုတောင်းတယ်။ နေ့ရောညပါ ဆက်ပြီးဆုတောင်းတယ်။ တစ်ရက်၊ နှစ်ရက်၊ သုံးရက်။ ဘာအဖြေမှ ထွက်မလာဘူး။ (၇)ရက်(၇)ည ဆက်ပြီး ဆုတောင်းခဲ့တဲ့ အခါမှာ အုတ်နဲ့ စီပြီး အခြောက်ခံဖို့ လိုအပ်တဲ့ ဒီဇိုင်းကို ဘုရားရှင်က ဖော်ပြပေးခဲ့တယ်။ ဒါနဲ့ (၂၄)နာရီ အတွင်း အခြောက်ခံပြီး ပြည်ပကို တင်ပို့နိုင်ခဲ့တယ်။ စီးပွားရှာတဲ့အခါမှာ ဘုရားကတစ်ခါတစ်လေ ဘယ်လောက် ထိ ဇွဲ၊ လုံ့လ၊ ဝိရိယရှိသလဲလို့ စာမေးပွဲစစ်တဲ့ အခါလည်း ရှိပါတယ်။ မှိုတက်လို့ စိတ်ပျက်ပြီး တစ်ဝက်တစ်ပျက်နဲ့ လက်လျှော့ပြီး ထားလိုက်ရင် ဘာကောင်းချီးမှ ခံစားလိုက်ရမှာ မဟုတ် တော့ဘူး။ (သုတ္တံ ၁၃း၄) ၊

ဒီကနေ့ ယုံကြည်သူ ညီအစ်ကို မောင်နှမများ အခက်အခဲ ပြဿနာ တစ်စုံတစ်ခုနဲ့ တွေ့ကြုံရတဲ့အခါမှာ အသက်ရှင်တဲ့ ဘုရားကို အရင်မမေး၊ မပြောဘဲ လူတွေဆီ ပြေးပြီး လုပ်ပါဦး၊ ကူပါဦး၊ ကယ်ပါဦး နဲ့ အခက်အခဲကို ဖြေရှင်းဖို့ ကြိုးစားတတ်ကြတယ်။ ကျွန်တော်က အဲဒီလို မလုပ်ဘူး။ ကျွန်တော့်ရဲ့ အသက်တာမှာ ဘုရားမတတ်နိုင်တဲ့အရာ မရှိဘူးလို့ အကြွင်းမဲ့ ယုံကြည်ပြီး ဆုတောင်းဆက်ကပ်လုပ်ဆောင်တဲ့ အခါ အောင်မြင်စွာနဲ့

ဆောင်ရွက်နိုင်ခဲ့တယ်။ နှာခေါင်းနဲ့ အသက်ရှုတတ်သော လူသတ္တဝါကို မကိုးစားကြနှင့်။ (ဟေရှာ ၂း၂၂)”

(၃) ကြိမ်သီးလေး ၊

ဆေးမြစ်ရာသီ ကုန်သွားတဲ့အခါမှာ ဘုရားသခင်က ကြိမ်သီးကို တပ်ပေးတယ်။ တစ်နေ့ ထိုင်းနိုင်ငံ၊ မယ်ဆိုင် ဘုရားကျောင်းမှာ ဝတ်ပြုစည်းဝေး သွားတက်တော့ စီးပွားရေးလုပ်ငန်းရှင် ၊ တရားဟောဆရာတွေ တရားဟော နေတာ တွေ့ရတယ်။ သူတို့ ဟောတဲ့အထဲမှာ စီးပွားရေးလုပ်ငန်းရှင်များ

အနေနဲ့ ဘုရားကို ဆက်ကပ်ပြီး လုပ်ရင် အောင်မြင် တဲ့အကြောင်း ၄ သက်သေခံတာ ကြားရတော့ ကျွန်တော် သိပ်ခွန်အားရတယ်။ ကျွန်တော်နဲ့ သိပ်တူတာပဲလို့ ခံစားမိတယ်။ ဒါနဲ့ အစည်းအဝေးပြီးလို့ နှုတ်ဆက်ကြတဲ့ အခါမှာ စကားစပ်မိရင်း ၊ သူတို့က ခင်ဗျားတို့ဆီမှာ ဘာရှိသလဲလို့ မေးတယ်။ ကျွန်တော်က ဒီပစ္စည်းရှိတယ် ဆိုပြီး ကြိမ်သီးကို ပြလိုက်တဲ့အခါမှာသူတို့က ဒါ လာအိုနဲ့ ဗီယက်နမ်မှာ ရှာနေတာ။ ခင်ဗျားတို့ဆီမှာ အများကြီး ရနိုင်လား တဲ့။ ကျွန်တော်ကလည်း ရှိတယ်ပေါ့။ ဒါနဲ့ ညှိနှိုင်းပြီး ဟောင်ကောင်အပြင် ကနေဒါ အထိပါ တင်ပို့ ရောင်းချနိုင်ခဲ့တယ်။

(၄) နာမည်ကြီး တရုတ်ဘယဆေး ၊

ကျွန်တော် နောက်ထပ်လုပ်ငန်းလိုတယ်။ တစ်မျိုးထပ်ပေးပါဆိုပြီး ဆုတောင်းတယ်။ တစ်နေ့ကျတော့ဈေးမှာ အခါလူမျိုး အဖွားကြီးတွေ အသီးတစ်မျိုးလိုက်ရောင်းနေတာတွေ့တယ်။ ကြည့်လိုက်တော့ တရုတ်ပြည်မှာ အင်မတန်နာမည်ကြီးတဲ့ တရုတ်ဆေးဘက်ဝင် ဘယဆေးဖြစ်နေတယ်။ ဒါနဲ့ ရွာကို လိုက်သွားပြီး အဲဒီအသီးတွေကို ဖော်ထုတ်ပြီး အခြောက်ခံကာ တရုတ်ပြည်ကို တင်ပို့ရောင်းချနိုင်ခဲ့တယ်။

မြန်မာမေဖလားဝါးဘဏ် (ဥက္ကဋ္ဌ ဦးကျော်ဝင်း) က

ယခု စာဖတ်ရှုနေတဲ့ ညီအစ်ကို မောင်နှမတွေကို ကျွန်တော် ဘာတိုက်တွန်း ချင်သလဲ ဆိုရင် စီးပွားရေးလုပ်ငန်းတစ်ခုခု လုပ်တော့မယ်ဆိုရင် ဘုရားသခင်ထံ အရင်ဆက်ကပ် ဆုတောင်းပါ။ ဘုရားထံမှ တိကျတဲ့အ ရရင် စတင်ဆောင်ရွက်ပါ။ ဘုရားခွင့်ပြုတဲ့ အလုပ်ဆိုရင် လုပ်သာလုပ်ပါ။ မအောင်မြင်စရာ အကြောင်းမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားသခင် အတူပါလို့ပဲ ဖြစ်တယ်။ ဒီဘဏ်လုပ်ငန်းမှာလည်း အောင်မြင်မှုကိုပေးပါလို့ ဆက်ကပ်ဆုတောင်းတဲ့အတိုင်း ငွေသန်းပေါင်းသောင်းနဲ့ ချီပြီးတော့ လုပ်ကိုင်

ရတဲ့အထိ ဘုရားသခင် ကောင်းချီးပေးခဲ့ပါတယ်။ (မှတ်ချက် – ယနေ့ဘဏ်

လုပ်ငန်းမလုပ်တော့ပါ။)

 

ဘုရားကျောင်းဆောက်လုပ် – တာချီလိတ်ဒေသမှာ ရှာရတဲ့ငွေကြေးတွေထဲက စားဝတ်နေရေး အတွက်လောက်ပဲ ယူထားပြီး ကျန်တဲ့ငွေတွေကို အဲဒီဒေသမှာပဲ ပြန်လည် ပါဝင်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက တာချီလိတ်မှာ ကျွန်တော့်အိမ်တောင် မဆောက်သေးဘူး။ သစ်လုပ်ငန်းထဲက ရတဲ့ ငွေအပါ အဝင် ပုံအောပြီး တာချီလိတ်နှစ်ခြင်း ဘုရားကျောင်း ဆောက်လုပ်တဲ့အထဲမှာ ပါဝင်နိုင်ခဲ့တယ်။ ဟစွဲကျမ်းကို ဖတ်တဲ့အခါမှာ ဘုရားသခင်ရဲ့ အိမ်တော်ဟာ စုတ်ပြတ်နေတယ်။ ဒါကြောင့် ဒီလူတွေကို ဘုရားသခင်က မချမ်းသာခိုင်းတာ၊ ဆင်းရဲခိုင်းတာ ဒုက္ခရောက်ခိုင်းတာ။ ဒီကျမ်းပိုဒ်ကို ဖတ်လိုက်တဲ့အခါ အင်မတန် ခွန်အားရပြီး တာချီလိတ်နှစ်ခြင်းဘုရားကျောင်းကို ကျွန်တော်တို့ တာဝန်ယူမယ်ဆိုပြီး ရှိရှိသမျှငွေနဲ့ ဆောက်လိုက်တဲ့အခါမှာ ဘုရားကလည်း ဆက်လက်ပြီးတော့ အံ့ဖွယ်ထပ်ပြီး လမ်းဖွင့်ပေးခဲ့ပါတယ်။

မစ္စတာချွန်း ၊

ကျွန်တော်ဟာ ထိုင်းနိုင်ငံမှာရှိတဲ့ မစ္စတာချွန်းရဲ့ လုပ်ငန်းမှာ လုပ်ကိုင် ခဲ့ပါတယ်။ အလုပ်စဝင်တဲ့အခါမှာ လခ ဘယ်လောက်ယူမလဲလို့ မေးပါတယ်။ ကျွန်တော်က ဆရာ ကျွန်တော့်ကို သုံးကြည့်ပါ။ လခအနေနဲ့တော့ မပြောပါရ စေနဲ့။ ဆရာ့ အနေနဲ့ သင့်တော် သလောက် ပေးတာကို ကျွန်တော်

ကျေနပ်ပါတယ်လို့ ပြန်ဖြေခဲ့ပါတယ်။ လုပ်ငန်းလုပ်ဆောင် တဲ့ အခါမှာ နှုတ်ကပတ်တော်က သွန်သင်တဲ့အတိုင်း သူတစ်ပါးဆီမှာ အလုပ်လုပ်ရင်

သေးငယ်တဲ့ အမှုကအစ သစ္စာရှိရမယ်၊ အလုပ်ရှင်အပေါ်မှာ သစ္စာရှိရမယ် ဆိုတဲ့အတိုင်း သူခိုင်းသမျှ လုပ်ငန်းများကို မြန်မာနိုင်ငံ နှင့် အခြားနိုင်ငံများပါ

တသွေမတိမ်း အမှားအယွင်းမရှိအောင် ထိန်းသိမ်းဆောင်ရွက်ခဲ့ပါတယ်။ ။

နောက်ပိုင်း ကျွန်တော့်ရဲ့ လုပ်ဆောင်ချက်များကိုမြင်လာတဲ့ အခါမှာ သူက ခင်ဗျားဟာ လခနဲ့ မဟုတ်တော့ဘူး။ ရှယ်ယာခွဲပေးမယ်။ (Profit Sharing) နဲ့တဲ့။ ဒီလိုနဲ့ ကျွန်တော်ဟာ ပိုက်ဆံကြီးကြီး ကျယ်ကျယ်ရပြီး ချမ်းသာလာပါတယ်။အဲဒီငွေကြေးတွေနဲ့ ဘုရားသခင်ရဲ့ လုပ်ငန်းမှာ တစ်နှစ်တစ်နှစ်ကို သန်းပေါင်း ရာနဲ့ချီပြီးတော့ ပါဝင်နိုင်ခဲ့ပါတယ်။ ဒါတွေဟာ ဝါကြွားဖို့ မဟုတ်ပါဘူး။ ကျွန်တော်မလုပ်နိုင်ပါဘူး။ ကျွန်တော် အလကားလူ၊ အသုံးမကျ ပါဘူး။ အရည်အချင်း မရှိပါဘူး။ ကြံစည်နိုင်တဲ့ ဦးနှောက် မရှိပါဘူး။ ဒါပေမဲ့ ကျွန်တော် ကိုးကွယ်တဲ့ ယေရှုခရစ်ဟာ အရာခပ်သိမ်းကိုတတ်နိုင်စွမ်းတဲ့ ဘုရားဖြစ်ကြောင်းကို ဝေငှသက်သေခံချင်တာပဲ ဖြစ်ပါတယ်။

ယုဒသန်နှင့် အဲန်းတို့ အား အဲင်း၏ သင်းအုပ်ဆရာ ပါစင်အယ်လင် (Parson Allen)က (၅-၂-၁၈၁၂) ရက်နေ့တွင် ဘရက်ဖို့ဒ်မြို့၌ လက်ထပ်

ပေးခဲ့သည်။ မင်္ဂလာဆောင်ပြီး ပထမဆုံးသော မင်္ဂလာဦးဖျားရည်ဆမ်းခရီးမှာ အမှောင်ဖုံးလွှမ်းနေသည့် သမုဒ္ဒရာခြား ကမ္ဘာတစ်ဖက်ခြမ်းရှိ နယ်မြေသစ်ဆီသို့ ရွက်လွှင့်ထွက်ခွာသွားသော ပင်လယ်ခရီးပင် ဖြစ်ပါသည်။ ယင်းခရီးစဉ်ကို အမေရိကန်နိုင်ငံ၊ မက်ဆာချူးဆက်ပြည်နယ်၊ စေးလမ်း (Salem) ဆိပ်ကမ်းမှ (၁၄-၂-၁၈၁၂) တွင် ကာရဗန် (Caravan) အမည်ရှိ ရွက်သင်္ဘောကြီး ဖြင့် စတင်ထွက်ခွာခဲ့ကြရာ (၁၈၁၂ ) ခုနှစ်၊ ဇွန်လအတွင်း အိန္ဒိယနိုင်ငံ ၊ ကာလကတ္တား ကမ်းခြေသို့ ရောက်ရှိခဲ့ကြသည်။ ကွန်ဂရီဂေးရှင်းနယ် ဘုတ်အဖွဲ့၏ အထောက်အပံ့ဖြင့် ထွက်ခွာလာခဲ့ကြသော်လည်း ဗတ္တိဇံ နှင့် ပတ်သက်၍ သဘောထားအမြင် ပြောင်းသွားကာယုဒသန်တို့ ဇနီးမောင်နှံ သည် ၆-၉-၁၈၁၂ တွင် ကာလကတ္တားရှိ လက်ဗဇား (Lab Bazar) နှစ်ခြင်း အသင်းတော်၌ သင်းအုပ်ဆရာ ဝီလျံဝပ်ဒ် (William Ward) အားဖြင့် နှစ်ခြင်း မင်္ဂလာ ကို ခံယူခဲ့ကြသည်။ ထို့နောက် ဘင်္ဂါလီ ဘာသာသို့ သမ္မာကျမ်းစာကို ဘာသာပြန်ဆိုပေးခဲ့သူ အိန္ဒိယ သာသနာပြု ဆရာကြီး ဒေါက်တာ ဝီလျံကယ်ရီ (William Carey) mosco&:case googs (Ford William College) က ယုဒသန်အား ပါမောက္ခ တာဝန်ဖြင့် ကမ်းလှမ်း ခဲ့သည်။ သို့သော် သူ၏ ရူပါရုံမှာ ဟောပြောရန်ဖြစ်သောကြောင့် ချက်ခြင်းငြင်းပယ်ခဲ့သည်။

ဒေါက်တာဝီလျံကယ်ရီ အပါအဝင် ၊ အင်္ဂလိပ်သာသနာပြုများဖြစ်သည့် (Lovelesses) နှင့် အခြားမိတ်ဆွေများကလည်း မြန်မာပြည်သို့ မသွားရန် ဝိုင်းစားကြသည်။ ယုဒသန် ကလည်း တရုတ်၊ အာရေဗျ၊ ပါရှန်း၊ တူရကီ၊ ပြင်သစ်ပိုင် မောရစ်သျှ ကျွန်းစု၊ ပီနန်ကျွန်းများ သို့ သွားရန် စဉ်းစားကြည့် သည်။ ဖြစ်နိုင်ချေ ပို၍ပင် မတွေ့ရ။ မိမိတို့သွားရမည့်နေရာကို နေ့စဉ်နှင့်အမျှ ကြိုးစားရှာဖွေသည်။ ဒီကြားထဲ အိန္ဒိယကလည်း သာသနာပြုများကို မောင်းထုတ်

နေပြီ။ နောက်ဆုံးတွင် ရှေ့မျက်နှာ နောက်ထားပြီး နောက်ကြောင်း ပြန်လှည့်ရန် အထိပင် ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံတွင် သမ္မာကျမ်းစာကို ဘာသာမပြန် ရသေး သည့် အချက်က ယုဒသန်၏ နှလုံးသားကို ဖမ်းစားလျက်ရှိသည်။ ထို့ကြောင့် မိတ်ဆွေများ ဝိုင်းတားနေကြသည်သာမက ကြောက်ခမန်းလိလိ သတင်းဆိုးများ ကြားနေရသည့် ကြားကပင် မြန်မာပြည်သို့ သွားရန် ဆုံးဖြတ်ခဲ့သည်။ ဤအကြောင်းနှင့်ပတ်သက်၍ အဲင်း က ဤသို့ မှတ်တမ်းတင်ရေးသားခဲ့ သည်။

“ အခုတော့ ကျွန်မတို့ ရဲ့ အနာဂတ်လုပ်ငန်းခွင်အဖြစ် မြန်မာပြည် ကိုသွားဖို့ ညွှန်ပြ နေတဲ့ ဘုရားသခင်ရဲ့ လက်တော်ကို မြင်နေရပါပြီ။ ရက်စက် ကြမ်းကြုတ်ပြီး အကြင်နာတရား ကင်းမဲ့တဲ့ လူတွေနဲ့ နေရမှာကို တွေးမိတိုင်း

တော့ ကျွန်မရဲ့ စိတ်တွေလေးလံနေပါတယ်။ ဒါပေမဲ့ သတင်းကောင်း အမှောင်ကျ နေတဲ့ သူတို့နဲ့ အတူနေထိုင်ပြီး အစေခံရင်း အသေခံဖို့ ဆန္ဒတွေ ဖြစ်ပေါ်ခံစားလာရပါတယ်။ ဒါကြောင့် မိမိတို့ရဲ့ ခန္ဓာကိုယ် ကို လက်တော်ထဲ ဆက်ကပ် အပ်နှံပြီး သင်္ဘောပေါ် တက်ခဲ့ကြတယ်။”

ထိုအချိန်တွင် အဲင်း၏ သားဦးကိုယ်ဝန်မှာလည်း မွေးဖွားရန် အလွန်နီးကပ်လျက်ရှိသည်။ ထို့ကြောင့် အဲင်းအားကူညီနိုင်ရန် ဥရောပ အမျိုးသမီးတစ်ယောက်ကို ငှားရမ်းခေါ်ဆောင်ကာ သင်္ဘောပေါ်သို့ တက်ကြသည်။ ထိုအမျိုးသမီးမှာ သင်္ဘောကုန်းပတ်ပေါ်တွင် ချော်လဲပြီး ရုတ်တရက် သေဆုံးသွားခဲ့သည်။ (၂၂-၆-၁၈၁၃) ရက်နေ့ ပေါ်တူဂီပိုင် ဂျော်ဂျီယားနား(Georgiana) သင်္ဘောဖြင့် အိန္ဒိယနိုင်ငံ၊ မဒရပ်စ် သင်္ဘော ဆိပ်ကမ်းမှ ရန်ကုန်သို့ ထွက်ခွာခဲ့ ကြသည်။ သင်္ဘောပေါ်တွင် ကပ္ပတိန်မှလွဲ၍ ၊ အင်္ဂလိပ်စကားနားလည် သူတစ်ယောက်မျှ မပါရှိချေ။ အင်းအတွက် တစ်ဦးတည်းသာ အကူအညီမှာ ယု ဒ သန်ပင်ဖြစ်သည်။ သူကလည်း မိမိမကျွမ်းကျင်သော မီးဖွားခြင်း အတွက် စိုးရိမ်ပူပန်လျက် ရှိသည်။ သင်္ဘောပေါ်တွင်အခန်းမရသဖြင့် ဖြစ်သလို လိုက်ပါခဲ့ကြသည်။ ပင်လယ်ပြင်သို့ ထွက်ခွာပြီး ရက်အနည်းငယ်တွင် အဲင်းက အပြင်းဖျားသည်။ မီးဖွားရန်

ရေမြွှာကလည်း ပေါက်နေပြီ။ သေလုမျောပါးခံစားနေရစဉ်တွင် သားဦးလေး မွေးဖွားလာခဲ့သည်။ သို့ သော် အသက်ပါမလာခဲ့တော့ပေ။ မွေးကင်းစ သားဦးလေးအား ဘင်္ဂလားပင်လယ်အော်ထဲ၌ မြှုပ်နှံသဂြိုဟ်လိုက်ရသည်။ ယုဒသန်တို့ ဇနီးမောင်နှံက သာသနာပြု ဘဝရဲ့ စုံစမ်းမှုတွေကိုရင်ဆိုင်ဖို့ တစ်ယောက်ကို တစ်ယောက်အားပေးရင်း ဆက်လက်ထွက်ခွာခဲ့ကြသည်။ ဤသို့ဖြင့် ၁၃-၇-၁၈၁၃ ရက်နေ့တွင် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိသည်။ သင်္ဘောပေါ်မှ အဆင်းတွင် မြန်မာဘုရင်မင်းမြတ် ကိုယ်တိုင် အသိအမှတ် ပြုကာ ခန့်အပ်ထားသော စကားပြန် George က ယုဒသန်သို့ ဇနီးမောင်နှံအား အင်္ဂလိပ်နှစ်ခြင်းခရစ်ယာန်သာသနာပြုနေအိမ်သို့ ပို့ဆောင်ပေးခဲ့သည်။ သာသနာပြုခြံဝင်းတွင် အင်္ဂလိပ်နှစ်ခြင်းဆရာများဖြစ်သည့် ချာတာ (Chater) နှင့် အိန္ဒိယသာသနာပြုဆရာကြီး ဝီလျံကယ်ရီ၏ သား ဖီးလစ်ကယ်ရီ (FelixCarey) တို့ နေထိုင်ကြသည်။ (ယင်းသာသနာပြုအိမ်မှာ ယခုခေတ် အနေအထားအရ ဆူးလေဘုရားလမ်းရှိ မြန်မာနိုင်ငံ ကျမ်းစာအသင်း (Bible Society) ၏ နောက်ကျောဘက်နေရာဖြစ်ပြီး မဟာဗန္ဓုလပန်းခြံထိပ်နားအထိ နှစ်ဧကခန့် ကျယ်ဝန်းသည်။) ဆရာဖိလစ်ကယ်ရီသည် ၁၈၀၇ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပထမဆုံး ရောက်ရှိလာသော သာသနာပြုဆရာဖြစ်သည်။

ယုဒသန်တို့ ဇနီးမောင်နှံ ရန်ကုန်မြို့သို့ ရောက်ရှိသောအချိန်သည် ဘိုးတော်ဘုရား (ခေါ်) ဗဒုံမင်း (၁၇၈၂-၁၈၁၉)အုပ်စိုးနေသော အချိန်ကာလ ဖြစ်သည်။ ဘိုးတော်ဘုရားသည် ၁၇၄၅ ခုနှစ်၌ ရန်ကုန်မြို့ကို တည်ထောင်ခဲ့

သော အလောင်းမင်းတရားကြီး၏ သားတော်ဖြစ်သည်။ ရန်ကုန်မြို့ဝန်မှာ မြေထဲမင်းကြီး ဖြစ်သည်။ အဲင်းအား မြန်မာစကားသင်ပေးသော လက်ဦးဆရာ မှာ ဖီးလစ်ကယ်ရီ၏ ဇနီး ဘလက်ဝါ ဖြစ်သည်။ ဘလက်ဝေါသည် ပေါ်တူဂီ၊ မြန်မာကပြား ဖြစ်ပြီး ပုသိမ်ဇာတိဖြစ်သည်။ မြန်မာနှင့် ဘင်္ဂါလီစကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သူ ဖြစ်သည်။

ယုဒသန်အား သင်ကြားပေးသူမှာ ဘုန်းကြီးလူထွက် ဦးရွှေဂေါင်း ဖြစ်သည်။ မကြာမီအတွင်း အဲင်းက ယုဒသန်ထက်ပင် မြန်မာစကားကို ပို၍ သွက်လက်စွာ ပြောဆိုလာနိုင် ၍ ရန်ကုန်မြို့ဝန်မြေထဲမင်းကြီးကတော် ဒေါ်ရွှေရည် နှင့်ပင် ရင်းနှီးကျွမ်းဝင်နေပြီဖြစ်သည်။ ယုဒသန်တို့ ဇနီးမောင်နှံ ရန်ကုန်သို့ ရောက်စကပင် အစဉ်တစိုက် ကူညီခဲ့ကြသော ဖီးလစ်ကယ်ရီ နှင့် မိသားစု သည် မြန်မာဘုရင်မင်းမြတ်၏ သဘောတော်ကျ ပုံနှိပ်စက်နှင့် ခဲစာလုံး များကို မှာယူပေးနိုင်သဖြင့် အမရပူရနေပြည်တော်သို့ ပြောင်းရွှေ့နေထိုင်ရန် ခေါ်ဖိတ်ခြင်းခံရသဖြင့် ၂၀-၈-၁၈၁၄ တွင်လှေကြီးဖြင့် ရန်ကုန်မြို့ မှ ထွက်ခွာသွားကြပါသည်။ ရန်ကုန်ရှိ သာသနာပြု အိမ်အား ယုဒသန်တို့ ဇနီးမောင်နှံ အား လွှဲပြောင်းပေးအပ်ခဲ့ကြသည်။ နေပြည်တော်သို့ အပြီးအပိုင်

ပြောင်းရွှေ့ခြင်းဖြစ်ရာ ဇနီးသည် Black wall နှင့် သားကြီး(၃)နှစ်၊ သမီး(၁)လကျော်၊ အိမ်အကူ၊ ကလေးထိန်း(၃)ယောက်တို့ လိုက်ပါသွားခဲ့သည်။ အဲင်းက နောက်တစ်ကြိမ် ပြန်ဆုံရန် ဆုတောင်းပေးခဲ့သည်။ သို့သော် စုံစမ်းခြင်း က ယုဒသန်တို့ ဇနီးမောင်နှံ၏ ဆုတောင်းချက် မပြည့်စုံခဲ့ပေ။ (၃၀-၈-၁၈၁၄) နေ့ ဓနုဖြူမှအထွက် နေ့လည် (၁၁)နာရီခန့် တွင် ရုတ်တရက်မုန်တိုင်း ကျရောက်ကာ လှေကြီးတိမ်းမှောက်သွားခဲ့သည်။ ဖီးလစ်ကယ်ရီ တစ်ဦးတည်း သာ အသက်ရှင်ကျန်ရစ်ပြီး ကျန်မိသားစုဝင် အားလုံး ရေနစ် သေဆုံးသွား ခဲ့ကြသည်။ အဲင်း၏ လက်ဦးဆရာ ဘလက်ဝေါ လည်း ပါသွားခဲ့လေပြီ။

ဤအကြောင်းအရာနှင့် ပတ်သက်၍ မိမိ၏ မျက်စိရှေ့တွင် နှစ်မြှုပ် သေဆုံးကုန်သည့် ဝမ်းနဲကြေကွဲဖွယ်မြင်ကွင်းကို ဖီးလစ်ကယ်ရီက ယုဒသန်ထံ သို့ ဤကဲ့သို့ ရင်နင့်ဖွယ် ရေးသားပေးပို့ခဲ့သည်။

“ဤလောက၌ ငါပိုင်ဆိုင်သမျှတွေ အားလုံးဆုံးရှုံးခဲ့ရပြီ။ ဆုံးရှုံးသွား ပါစေ။ သို့သော်ငါချစ်လှစွာသော ဇနီး နှင့် သားသမီးများ ဆုံးရှုံးရမှုက

ပြောနိုင်မှာလဲ။” ငါ့နှလုံးသား ကို ထိခိုက်နာကျင်လှသည်။ အလိုတော်ကို ဝန်ခံရုံမှ လွဲ၍ ငါဘာ

လှေနှစ်မြှုပ်ခြင်းတွင် ပါသွားသော ပုံနှိပ်စက် ဆုံးရှုံးမှုမှာ ဒုတိယအကြိမ် ဖြစ်သည်။ မြန်မာပြည်သို့ ပထမဆုံးရောက်ရှိခဲ့သော ပုံနှိပ်စက်မှာ စဉ့်ကူးမင်း လက်ထက်တွင် အီတလီနိုင်ငံ၊ ရောမမြို့၊ ဗရင်ဂျီသာသနာအဖွဲ့က ပေးပို့ လှူဒါန်းသောစက်ဖြစ်ပြီး ၁၇၇၆ ခုနှစ်၊ သံလျင်မြို့၊ မီးလောင်စဉ်တွင် မီးထဲပါသွားခဲ့၍ အသုံးမပြုလိုက်ရပေ။

မြန်မာသမ္မာကျမ်းစာကို ဦးစွာဘာသာပြန်ဆိုသူမှာ ဖီးလစ်ကယ်ရီ ဖြစ်သည်။ သူဘာသာပြန်ဆိုခဲ့သော ရှင်မဿဲခရစ်ဝင်ကျမ်း အခန်းကြီး(၆)ခန်း နှင့် မြန်မာသဒ္ဒါ နှင့် အဘိဓါန် ကျမ်းအပိုင်းအစများကို ယုဒသန်အား ပေးအပ်ခဲ့သည်။ သို့သော် ဖီးလစ်ကယ်ရီ နှင့် အေးအေးဆေးဆေး တွေ့ဆုံခွင့် မရရှိခဲ့ပေ။(၁၀-၁၁-၁၈၂၂တွင် ဖီးလစ်ကယ်ရီ ကွယ်လွန်ခဲ့သည်။)

ယုဒသန်က မြန်မာစာကို မိုးလင်းမိုးချုပ်လေ့လာဆည်းပူးနေစဉ် မြန်မာစာသာမက ပါဠိ ဘာသာကို လည်း ကျွမ်းကျင် နိုင်နင်းသည့် ဆရာဦးအောင်မင်းကို ရရှိခဲ့သည်။ သဘောကောင်းသော မြန်မာစာပြ ဆရာကောင်း ရရှိ၍ ကျေနပ်နေစဉ် ပို၍ ဝမ်းမြောက်ဖွယ်ရာကား ၁၁-၉-၁၈၁၅ နေ့တွင် ဒုတိယမြောက်သားလေး ရော်ဂျာဝီလျံ မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။ သာသနာပြုနေအိမ်မှာ လည်း ခြောက်ကပ်ကပ်ဖြစ်မနေတော့ဘဲ ပျော်ရွှင် ကြည်နူးလို့မှ မဝခင် (၄-၅-၁၈၁၆) နေ့ (၇)လ နှင့် (၂၃)ရက် သားအရွယ် ရော်ဂျာကလေး သေဆုံးသွားခဲ့ပြန်ပါသည်။

ယုဒသန်သည် မြန်မာစာကို အပတ်တကုတ် လိုက်စားသင်ယူခဲ့ရာ မြန်မာ-အင်္ဂလိပ် အဘိဓါန် နှင့် အခြားလက်ကမ်းစာစောင်များကို ရေးသား ပြုစုပြီး ဆရာဦးအောင်မင်းအား တည်းဖြတ်စေသည်။ ၁၆-၈-၁၈၁၆ နေ့တွင် အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့အနီးရှိ ဆီရမ်ပူ အင်္ဂလိပ်နှစ်ခြင်းသာသနာပြု အဖွဲ့မှ ပေးပို့လှူဒါန်းသော ပုံနှိပ်စက် နှင့် မြန်မာခဲသွန်းစာလုံး များကို ရရှိသည်။ သို့သော် ပုံနှိပ်ဆရာက မရှိသေးပေ။ ထိုစဉ် (၁၅-၁၀-၁၈၁၆) နေ့တွင်

ပုံနှိပ်ကျွမ်းကျင်သူ မစ္စတာဟောက် (George H.Hough) အမေရိကန် မှ ရန်ကုန်သို့ ရောက်ရှိလာသည်။ ရန်ကုန်သာသနာပြုအိမ်၌ပင် ယာယီအခန်း ၍ “ကောင်းကင်သို့ သွားရာလမ်း” လက်ကမ်းစာအုပ်ငယ်ကို စတင်ရိုက်ကြရာ စာများက ကြည်လင်ပြတ်သားစွာ ပေါ်ထွက်လာခဲ့ သည်။ ဤစာအုပ်သည် မြန်မာနိုင်ငံ၌ ပထမဆုံး ပုံနှိပ်ထုတ်ဝေသော စာအုပ်ဖြစ်သည်။ ထိုစာကို ရန်ကုန်မြို့တွင် လိုက်လံဝေငှကြရာ အထူးအဆန်းသဖွယ် ဖြစ်နေသည်။ ယခင်က ပေ၊ ပုရပိုက်တို့ဖြင့်သာ ရေးသားလေ့ရှိသောကြောင့် အမှန်ပင် ထူးခြားနေပါသည်။ ။

ယုဒသန်၊ အဲင်း၊ မစ္စတာဟောက် နှင့် ဇနီး တို့ သည် (၁၅-၁၁-၁၈၁၆) နေ့တွင် မြန်မာနိုင်ငံ၏ ပထမဆုံးနှစ်ခြင်းအသင်းတော်ကို တည်ထောင် ခဲ့ကြသည်။ ယုဒသန် သည် ဘာသာရေးဆိုင်ရာ စာများသာမက မြန်မာမှု ဓလေ့ထုံးတမ်းဆိုင်ရာ ကျမ်းများဖြစ်သည့် ရွှေချိန်ခွင်၊ မြန်မာအမျိုးသမီးများ ဝတ်စားဆင်ယင်ပုံ၊ ပိဋိကတ်အနှစ်စု ကျမ်းများကိုလည်းပြန်ဆိုရေး သားခဲ့သည်။

၂၆-၈-၁၈၁၉ နေ့တွင် ယုဒသန်အား ပါဠိသင်ပေးရသူ ပရမတ် ဆရာကြီးဦးရွှေငို ကိုယ်တိုင် ယုံကြည်သူအဖြစ် ပြောင်းလဲသွားခဲ့သည်။ ဦးရွှေဇုံ သည် ပဋိကတ် ကျမ်းစာများကို ကျွမ်းကျင်နိုင်နင်းသူ ဖြစ်သည်။ ယုဒသန်၏ ရွှေချိန်ခွင်စာကို ဖတ်ရှုရာမှ များစွာ သဘောကျ နှစ်ခြိုက်ကာ နောက်ပိုင်းတွင် ယုံကြည်သူအဖြစ် ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။ ဦးရွှေဇုံသည် ယုဒသန် အကျဉ်းကျခံနေရစဉ် သွားရောက်တွေ့ဆုံခဲ့သေးသည်။

မြန်မာနိုင်ငံ၏ ပထမဆုံး သင်းအုပ်ဆရာ ဦးသာ နှင့် ဒုတိယမြောက် သင်းအုပ်ဆရာ ဦးအင်း တို့သည် သာသနာအတွက် စွမ်းစွမ်းတမံ ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသူများဖြစ်သည်။

(၃၁-၁၂-၁၈၂၁) တွင် အမေရိကန်သာသနာပြုနှင့် မျက်စိအထူးကု ဆရာဝန် ဒေါက်တာပရိုက်စ် (Dr. Jonathan Price) တို့ဇနီးမောင်နှံရန်ကုန်သို့ ထပ်မံရောက်ရှိလာခဲ့ သည်။ ရန်ကုန်မြို့တွင် မျက်စိဝေဒနာရှင်များအား အခမဲ့ ကုသပေးသည်။ မျက်စိဝေဒနာရှင်များ ပျောက်ကင်းကြ၍ ရန်ကုန်မြို့ဝန် မြေထဲမင်းကြီး ဦးကျော်ရွှေ က အကြောင်းစုံကို ဘုရင်မင်းမြတ်ထံ ထောက်ခံ တင်ပြခဲ့သဖြင့် နေပြည်တော်သို့ လာရောက်ရန် ဖိတ်ကြားခံရသည်။ ထိုစဉ်က ဘုရင်မင်းမြတ်မှာ ဘိုးတော်ဘုရား၏ သား စစ်ကိုင်းမင်း (ခေါ်) ဘကြီးတော် ဖြစ်သည်။

၂-၅-၁၈၂၂ တွင် Dr. Price ၏ ဇနီး ရုတ်တရက် ကွယ်လွန်သွားသည်။ Dr, Price ၏ ငယ်ရွယ်သူ ဇနီးလေးမှာ ရန်ကုန်မြို့တွင် ငါးလမျှသာနေခဲ့ ရသည်။ အဲင်းသည်လည်း ကျန်းမာရေး အခြေအနေ ဆိုးဝါးလာ သောကြောင့် Dr. Price ၏ အကြံပေးချက်အရ ဆေးဝါး ကုသရန် အမေရိကန် နိုင်ငံသို့

ထွက်ခွာသွားသည်။ ၂၈-၈-၁၈၂၂ တွင် ယုဒသန် နှင့် ဒေါက်တာ ပရိုက်စ်တို့

သည် အထူးလှေတော်ဖြင့် နေပြည်တော်သို့ ဆန်တက်ခဲ့ကြသည်။ ဒုတိယအကြိမ် နေပြည်တော်ခရီးမှာ ဘုရင်မင်းမြတ်၏ ဖိတ်ကြားချက်အရသွား

ရောက်သော ခရီးဖြစ်သည်။ လွန်ခဲ့သော နှစ်နှစ်က ပထမအကြိမ် နေပြည်တော်ခရီးမှာဘုရင်မင်းမြတ်ကနှစ်လိုတော်မမူ သဖြင့်လက်ဆောင်အဖြစ် ၊ ဆက်သရန် ယူဆောင်သွားသော ရွှေပိန်းချပြင်ဆင် ထားသည့်ကျမ်းစာ(၆)အုပ် ကိုပင် ရန်ကုန်သို့ ပြန်ယူလာခဲ့ရသည်။ ယခုတစ်ကြိမ်တွင်မူ ဘုရင်မင်းမြတ်က နေပြည်တော်တွင် မြေတစ်ကွက်ကိုပင်ပေး၍ သာသနာပြုအိမ်ကလေး ဆောက်လုပ်နိုင်ခဲ့သည်။ ဘုရင်မင်းမြတ်က စစ်ကိုင်းတွင်လည်း မြေကွက်သီးခြား ပေးအပ်သဖြင့် အိမ်တစ်လုံးဆောက် လုပ်ကာ မျက်စိဝေဒနာရှင်များကို အခမဲ့ ကုသပေးပါသည်။ မြန်မာနိုင်ငံ၌ မျက်စိခွဲစိတ်ကုသခြင်း ကို ဒေါက်တာပရိုက်စ်မှ အစပြုခဲ့ခြင်းဖြစ်ပါသည်။ တစ်ကြိမ်တွင် မနု ဆိုသူ ယိုးဒယား မြန်မာကပြား မလေးအား ခွဲစိတ်ကုသပေးရင်း မျက်စိကွယ်သွားရာ ဒေါက်တာ ပရိုက်စ် အလွန်စိတ်မကောင်း ဖြစ်သွားသည်။ နောက်ပိုင်းတွင် မနုကို ဇနီးအဖြစ် တရားဝင်လက်ထပ် ယူကာ သစ္စာရှိစွာ ပေါင်းသင်းနေထိုင်ခဲ့သည်။နေပြည်တော် တွင် ဘုရင်မင်းမြတ်ထံမှ သာသနာပြုခွင့် သာမက နေရာထိုင်ခင်းပါ ရရှိသော အခါ (၂-၂-၁၈၂၃) တွင် ယုဒသန် ရန်ကုန်သို့ ဝမ်းမြောက်ပျော်ရွှင်စွာဖြင့် ပြန်လာခဲ့သည်။

၅-၁၂-၁၈၂၃ တွင် ယုဒသန်၏ ဇနီးသည် အဲင်း အမေရိကန်တွင် ဆေးဝါးသွားရောက် ကုသရာမှ ပြန်လည်ရောက်ရှိလာသည်။ အမေရိကန်တွင် နေထိုင်စဉ်အတွင်း: History of the Burmese Mission နှင့် American Baptist Mission to the Burman Empire စာအုပ် နှစ်အုပ်ကို ရေးသားပြုစု ခဲ့သည်။ ယုဒသန်တို့ ဇနီးမောင်နှံ သည် ၁၃-၁၂-၁၈၂၃ တွင်နေပြည်တော်သို့ တတိယမြောက်ခရီးစဉ်အဖြစ် ဆန်တက်သွားကြသည်။ နေပြည်တော်သို့ ရောက်သောအခါ အဲင်းက သာသနာပြုအိမ်တွင် စာသင်ကျောင်းကလေးကို

ဦးစွာဖွင့်လှစ် လိုက်သည်။ မြန်မာမိန်းကလေး(၃)ဦးကို အင်္ဂလိပ်စာ စတင်သင်ကြား ပေးသည်။ အချုပ်အလုပ် နှင့် လက်မှုပညာရပ်များကိုလည်း သင်ကြား ပေးသည်။ သို့ဖြင့် ကျောင်းသားဦးရေ တစ်စတစ်စတိုးပွားလာပါသည်။ ၁၈၂၄ ခုနှစ် မတ်လ(၅)ရက်တွင်ဗြိတိသျှတို့က မြန်မာဘုရင်အပေါ် စစ်ကြေညာပြီး ၁၈၂၄ ခုနှစ် မေလတွင် ရန်ကုန်မြို့ကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြသည်။ ဆရာဟောက် နှင့် ဆရာဝိဒ်တို့ ကို မူ မြန်မာမင်းလုလင်များက ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ ကြသည်။ သာသနာပြုအိမ်ကိုလည်း ဖျက်ဆီးပစ်လိုက် ကြသည်။ မြန်မာနိုင်ငံ၏ အဦးသီးများ ဖြစ်သော ဦးနော၊ ဦးသာလှ၊ ဦးပြား စသူတို့ မှာ စစ်မုန်တိုင်းကြီးနှင့်အတူ ပျောက်ကွယ်သွားခဲ့ကြသည်။ (စစ်ကြီး ပြီးဆုံးသွားသော်လည်း ပြန်ပေါ်မလာကြတော့ပေ။) နေပြည်တော်တွင်လည်း ဆရာယုဒသန်အား သူလျှိုဟု စွပ်စွဲကာ (၈-၆-၁၈၂၄) တွင် သာသနာပြု နေအိမ်၌ လာရောက် ဖမ်းဆီးခေါ်ဆောင်ပြီး အင်းဝ လက်မရွံ့ ထောင်တွင်း ထည့်ထားလိုက်ကြသည်။

ထိုစဉ် အဲင်းတွင် ကိုယ်ဝန်ရှိနေပြန်ပြီ ဖြစ်သည်။ အားကိုးစရာ နိုင်ငံခြားသားများအားလုံးလည်း ထောင်ထဲရောက်ကုန်ကြပြီ။ အကျဉ်းခန်းတွင် ဆရာယုဒသန်အပါအဝင် မျက်နှာဖြူအားလုံးကို ဇောက်ထိုးစွဲထားကြသည်။ ထိုသို့ အကျဉ်းကျနေစဉ် ၂၆-၁-၁၈၂၅ တွင် ဒေါင်းက သမီးလေး မာရီယာ (Maria Elizabelth Butterworth Judson) : အား‌‌မွေးဖွားခဲ့သည်။

အဲင်းသည် ခင်ပွန်းသည် လွတ်မြောက်ရန်အတွက် နို့စို့ကလေးငယ်ကို ပွေ့ချီကာမင်းနေပြည်တော်သို့ ခေတ္တရောက်ရှိနေသည့် စစ်သူကြီး မဟာဗန္ဓုလ ထံသို့ သွားရောက်ကာတင်ပြလျှောက်ထားသည်။ သို့ သော် စစ်သူကြီးက စစ်ဖြစ်နေချိန်မို့ လွှတ်ပေးရန် ခဲယဉ်းကြောင်း အကျိုး နှင့် အကြောင်း နှင့် ပြန်လည်ရှင်းပြသည်။ ဆရာကတော်မှာ မိန်းမသားဖြစ်ပြီး နို့စို့ ကလေးနှင့်မို့ အကျဉ်းချထားသည်ကိုပင် ညှာတာခြင်းဟု မှတ်ယူစေလိုကြောင်း၊ လွှတ်ပေးရန် ကိစ္စမှာ မိမိရန်ကုန် မှ အင်္ဂလိပ်ရန်ကို တွန်းလှန်ပြီး ပြန်လည်ရောက်ရှိ

လာမှသာလျှင် စဉ်းစား ဆုံးဖြတ်နိုင်မည်ဖြစ်ကြောင်း ပြောဆိုကာ အရာကတော်ကို ပြန်စေလိုက်သည်။ ယင်းနောက် ရက်ပိုင်းအတွင်း စစ်သူကြီး မဟာဗန္ဓုလ ဦးဆောင်သော ဟံသာဝတီ စစ်ကြောင်းသည် ရန်ကုန်သို့

တည်၍ ချီတက်သွားကြစဉ် ၁-၄-၁၈၂၅ ရက်နေ့တွင် ဓနုဖြူခံတပ်တိုက်ပွဲ၌ စစ်သူကြီး မဟာ ဗန္ဓုလ ကျဆုံးခဲ့ပါသည်။ ။

ဆရာယုဒသန်တို့ အဖွဲ့ကိုလည်း အင်းဝလက်မရွံ့ထောင်မှ (၅)မိုင်ခန့် ကွာဝေးသော အောင်ပင်လယ်ထောင်သို့ ပို့ဆောင်ခဲ့ကြသည်။ ပူပြင်းလှသည့် ရာသီဥတုအောက်တွင်ဦးထုပ်၊ ဖိနပ်မပါဘဲ လမ်းလျှောက်ခဲ့ကြရသည်။ သဲပူလောင်ပြီး ခြေဖဝါးမှ အရေပြားများ ပေါက်ကုန်ကြသည်။ အမရပူရ နှင့် အင်းဝ မှာ တစ်ဆက်တစ်စပ်တည်းဟု ဆိုသကဲ့သို့ သိပ်မဝေးလှပေ။ ထို့ကြောင့် နိုင်ငံခြားသားအများစုက အမရပူရမင်းနေပြည်တော်ကို ရည်ညွှန်းသည့်အခါ အင်းဝ (AVA) ဟူ၍သာ ပြောဆိုလေ့ရှိကြသည်။ စစ်ကိုင်းမင်းသည် နှစ်အနည်း ငယ်အတွင်း အင်းဝသို့ ပြောင်းရွှေ့နန်းစံခဲ့သည်။လက်မရွံ့ထောင်ဆိုသည်မှာ ကွပ်မျက်စီရင်ခံရမည့် သူများကို အကျဉ်းချထားရာထောင်ဖြစ်သည်။ လက်မရွံ့ ထောင်ဟူသော အမည်ကပင် ညှဉ်းပန်းနှိပ်စက်ရန် ဝန်မလေးဟု အဓိပ္ပါယ် ရှိနေပါသည်။ ထို့ကြောင့် အဲင်းက ယုဒသန်အား သုတ်သင်စီရင်ပစ်ရန် ခေါ်ဆောင်သွားသည်ဟုထင်မြင်ယူဆကာ ရွှေမြို့ဝန်မင်းအိမ်တော်သို့ လိုက် သွား၍ အသနားခံမေးကြည့်ရာ ရွှေမြို့တော်ဝန်က အောင်ပင်လယ်သို့

ထောင်ပြောင်းရွှေ့ခြင်းသာဖြစ်ကြောင်းပြောပြသည်။ ထို့ကြောင့် ညနေပိုင်းတွင် လမ်းပြတစ်ဦး နှင့် လှည်းကို ငှားရမ်းကာ နို့စို့ကလေး နှင့်အတူ အောင်ပင်လယ် သို့ လိုက်သွားသည်။ ထောင်မှူးအား ခင်ပွန်းသည် နှင့် တွေ့ဆုံခွင့်ကို တောင်းခံရာ

ထောင်မှူးက ညကြီးမင်းကြီးမို့ ခွင့်မပြုနိုင်ဟု ဆိုသည်။ ထို့ကြောင့် နေထိုင် တည်းခိုခွင့် တောင်းရာ ထောင်မှူးက စပါး၊ကောက်ရိုးများ သိုလှောင်ရာနေရာကို ပေးပါ သည်။ အဲင်းကလည်း ထောင်နှင့် နီးကပ်ရာ နေရာဖြစ်သဖြင့် ဝမ်းမြောက် ဝမ်းသာ ဖြစ်သွားသည်။ ဖျာကလေးတစ်ချပ် နှင့် သားအမိနှစ်ယောက်ဖြစ်သလို နေကြသည်။

ထိုစဉ် အဲင်းက အပြင်းဖျားလာရာ ကလေးကို နို့ပင်မတိုက်နိုင် တော့ပေ။ ရွာမှ နို့သည်မိခင်များထံ အကူအညီ တောင်းခံကာ နို့တိုက်ခဲ့ရသည်။

(၅-၁၁-၁၈၂၅) တွင် ဆရာယုဒသန် နှင့် ဒေါက်တာပရိုက်စ်တို့အား အောင်ပင်လယ် ထောင်မှ ခေါ်ထုတ်ကာ အင်္ဂလိပ်တို့နှင့် စစ်ပြေငြိမ်းရေး အတွက် စကားပြန်အဖြစ် တာဝန် ပေးအပ်ကြသည်။ မြန်မာကိုယ်စားလှယ် အဖွဲ့နှင့်အတူ အဲင်းတို့ သားအမိပါ လိုက်ပါလျက် (၂၄-၂-၁၈၂၆) တွင် မြင်းခြံမြို့အနီးရှိ ရန္တပိုရွာကလေးသို့ ရောက်ရှိခဲ့ကြသည်။ စာချုပ်ကိစ္စ အပြီးတွင် ယုဒသန်တို့ လည်း လွတ်မြောက်သွားကြပြီဖြစ်သည်။ ခါးသီးလှသော အတွေ့အကြုံကို (၂)နှစ်နီးပါးကြာအောင် တွေ့ကြုံခဲ့ရသည်။ (၂၁-၃-၁၈၂၆) တွင် ယုဒသန်တို့ မိသားစု ရန်ကုန်သို့ ပြန်လည်ရောက်ရှိပြီး (၂၉-၆-၁၈၂၆) တွင် ကျိုက္ခမီသို့ ရောက်ရှိခဲ့ကြသည်။ သို့သော် ရန္တပိုစာချုပ်၏ အကျိုးဆက် အဖြစ် ကူးသန်းရောင်းဝယ်ရေးစာချုပ်ချုပ်ဆိုရန် ကော်မရှင်နာမင်းကြီး John Crawford က မရမက ခေါ်သဖြင့် ၁-၉-၁၈၂၆ တွင် အင်းဝသို့ ထပ်မံလိုက်ပါသွားခဲ့ရသည်။

ဆရာယုဒသန် အင်းဝနေပြည်တော် သို့ ရောက် ရှိ နေခိုက် မမျှော်လင့်ဘဲအချစ်ရဆုံး ဇနီးသည် အဲင်း သည် အသက်(၃၇) နှစ်အရွယ် (၂၄-၁၀-၁၈၂၆) ည(၈)နာရီတွင် ဆရာကြီး ပြန်လာဖို့လည်း ကြာလိုက်တာ ဟု နှုတ်မှ ရွတ်ဆိုရင်း ထာဝရ အိပ်ပျော်သွားပါတော့သည်။ အဲင်းသည် မိမိဝေဒနာပြင်းထန်စွာ ခံစားနေရသောအချိန်တွင် သူမ ငယ်စဉ်ကတည်းက နှလုံးသား တစ်ခုလုံးကို ပုံအပ်ပေးခဲ့သူ ၊ ဘဝ၏ ဒုက္ခဝေဒနာများကို အတူမျှဝေ ခံစားခဲ့သူဖြစ်သည့် ခင်ပွန်းသည်အား အနီးအနားတွင် ရှိနေရန် မျှော်လင့်

တောင့်တခဲ့သော်လည်း ဆန္ဒမပြည့်ဝခဲ့ပေ။ ဆရာယုဒသန်က (၂၄-၁-၁၈၂၇)ကျမှ ကျိုက္ခမီသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ ဇနီးသည် ဆုံးပါးသွားပြီး မကြာမီ (၂၄-၄-၁၈၂၇) တွင် သမီးလေး မာရီယာ၊ အသက်(၂)နှစ် နှင့် (၃)လအရွယ်၌ သေဆုံးသွားပြန်သောကြောင့် မိခင်ဒေါင်း၏ ဘေးတွင် မြှုပ်နှံ လိုက်ကြသည်။

မရှေးမနှောင်းတွင် မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသမီး ယုံကြည်သူ ဒေါ်မင်းလှ လည်း အကြွေစောခဲ့ရပြန်သည်။ သင်္ဃန်းပင်ကြီး အောက်၌ပင် သူချစ်မြတ်နိုး သော အဲင်း နှင့် မာရီယာတို့ နှင့် ဘေးချင်းယှဉ်လျက် မြှုပ်နှံထားခဲ့ကြသည်။

၁၃-၇-၁၈၁၃ – ယုဒသန် နှင့် အဲင်းရန်ကုန်ရောက်

၁၈၂၂ နှစ်ဦးပိုင်း – အဲင်းဆေးဝါးကုသရန် ဇာတိမြေ USA သို့ ပြန်

၅-၁၂-၁၈၂၃ – အဲင်း USA မှ ရန်ကုန်ပြန်ရောက်

၂၄-၁၀-၁၈၂၆ -အသက်(၃၇)နှစ်အရွယ်တွင် ကျိုက္ခမီ၌ အဲင်းသေဆုံး

၂၆-၄-၁၈၄၅ -ယုဒသန် (စာရာဆေးဝါးကုသရန် USA သို့ လိုက်ပါ ပို့ဆောင်။ သို့ သော် USA သို့ မရောက်မီ စိန့်ဟယ်လီနာကျွန်းတွင် ဆာရာသေဆုံးခဲ့)။

၁၅-၁၀-၁၈၄၅ -ယုဒသန် USA ဘော့စတန်သို့ ဆိုက်ရောက် ၊ (စတင်ထွက်ခွာလာရာမှ (၃၄) နှစ်အကြာတွင် ဇာတိမြေသို့ တစ်ကြိမ်သာ ပြန်လည်ရောက်ရှိခဲ့။

၁၈၄၆ ဇူလိုင် USA မှ ပြန်လည်ထွက်ခွာလာသည်။

၃၀-၁၁-၁၈၄၆ -ယုဒသန်မော်လမြိုင်သို့ ရောက်ရှိ

၁၂-၄-၁၈၅၀ -ယုဒသန်အသက်(၆၂)နှစ်၊ သင်္ဘောပေါ်၌ သေဆုံး

ဘို့ဒ်မင်း(Georg Boardman)

ဘို့ဒ်မင်း နှင့် စာရာတို့သည် (၄-၇-၁၈၂၅) နေ့၌ လက်ထပ်ခဲ့ကြသည်။ ၁၈၂၇ ခုနှစ်၊ဧပြီလတွင် ယုဒသန် နှင့် အတူ မော်လမြိုင်မြို့သို့ ရောက်ရှိခဲ့သည်။

မော်လမြိုင်တွင် ရက်အနည်းငယ် နေထိုင်ပြီး ၁၈၂၈ နှစ်ဦးပိုင်းတွင် ထားဝယ်သို့ ခရီးဆက်ခဲ့သည်။ ဝေးလံခေါင်းပါး ပြီး တောကြိုတောင်ကြားများတွင် နေထိုင် ကြသော ကရင်လူမျိုးများထံသို့ ကျားရဲတိရစ္ဆာန်များကို မကြောက်ဘဲ ခက်ခဲလှသော လျှိုမြောင်များကို ကျော်ဖြတ်ကာ လိုက်လံဟောပြောခဲ့ကြသည်။ ထိုခရီးစဉ်များတွင် ယုဒသန်အားဖြင့် အသက်တာပြောင်းလဲခဲ့သော ပုသိမ် မြို့နယ် တာဝရွာသား စောသာဖြူလည်းပါဝင်ခဲ့သည်။ သူသည် ငယ်ရွယ်စဉ် ကပင် သူခိုး၊ ဓါးပြဖြစ်ခဲ့ပြီး လူပေါင်း(၃၀)ခန့်ကို သတ်ဖြတ်ခဲ့သည် ဟုဆိုသည်။ (၁၆-၅-၁၈၂၈) နေ့တွင် ထားဝယ်၌ ဘို့ဒ်မင်း အားဖြင့် နှစ်ခြင်းမင်္ဂလာကို ခံယူခဲ့သည်။ ထို့ နောက် ကရင်လူမျိုးများနေထိုင်ရာ ဒေသများစွာသို့ သွားရောက်ကာ ခရစ်တော်၏ အကြောင်းကို မနေမနား ဟောပြောဝေငှခဲ့ရာ ကရင်လူမျိုး ထောင်ပေါင်းများစွာ၏ အသက်တာကို ပြောင်းလဲစေခဲ့သည်။ ထိုကဲ့သို့ အားကြိုးမာန်တက် သာသနာပြုနေစဉ် (၉-၉-၁၈၄ဝ) တွင် သံတွဲ၌ စောသာဖြူ ခေါ်တော်မူခြင်း ခံရသည်။ ဉာဏ်ထိုင်းပြီး၊ အပြောအဟော မကောင်းသော်လည်း ဘုရားကချီးမြှောက်၍ ကရင်လူမျိုးများ၏ တမန်တော် အဖြစ် မှတ်တမ်းတင် ကျန်ရစ်ခဲ့ပါသည်။

ထားဝယ်၌ ဘို့ဒ်မင်း၏ မိသားစုနှင့်အတူ ဖရန်းစစ်မေစင် (Francis Mason ) တို့မိသားစုများ လာရောက်ပူးပေါင်းလုပ်ဆောင်ခဲ့ကြသည်။ ဘို့ဒ်မင်း ၊ သည် အူရောင်ငန်းဖျား ရောဂါကြောင့် ကျန်းမာရေးမကောင်းသည့်ကြားမှပင် ကရင်လူမျိုး (၃၈)ယောက်အား နှစ်ခြင်း ပေးရန်ရှိသော တောထဲသို့ သုံးရက်ကြာ ခရီးလိုက်ပါသွားခဲ့ သည်။ လမ်းမလျှောက် နိုင် သဖြင့် ထမ်းစင်ဖြင့် ထမ်းခဲ့ကြသည်။ ဖရန်းစစ်မေစင် က တစ်ယောက်ပြီးတစ်ယောက် ဗတ္တိဇံ ပေးနေ သည်ကို ချောင်းဘေးရှိ ဝါးတဲလေးမှ လဲလျောင်းလျက် ကြည့်နေခဲ့သည်။

ထိုစဉ် မိုးသက်လေပြင်း ရုတ်တရက် ကျရောက်က ဘို့ဒ်မင်းလည်း တစ်ကိုယ်လုံး ထားပါတော့သည်။ နောက်တစ်နေ့တွင် စိုရွှဲအေးစက်နေသော ဘို့ဒ်မင်းအား ပေါ်တင်ပြီး ထားဝယ်သို့ ပြန်ခေါ်လာကြသည်။ သို့သော် ဘို့ဒ်မင်းမှာ သေဆုံးသွားခဲ့လေပြီ။ ဘို့ဒ်မင်း နှင့် စာရာတို့ သည် ကရင်လူမျိုးများအတွက် ရှေ့ဆောင်လမ်းပြသာသနာပြုများအဖြစ် သမိုင်းတွင်ကျန်ရစ်ခဲ့ပါသည်။

စာရာ (Sara Hall)

စာရာသည် (၂၈)နှစ်အရွယ်တွင် မုဆိုးမ ဖြစ်ခဲ့ရသည်။ ငယ်ရွယ်သော မိန်းမသား တစ်ယောက်အနေနှင့် သားချော့ချ် နှင့် အတူ အမေရိကသို့ ပြန်ရန်သာရှိသည်။ အမေရိကမှ ဆွေမျိုးများကလည်း ပြန်လာပြီး သူတို့နှင့်အတူ ပြန်လာနေရန် စာရေးကြသည်။ ထိုစာကို ဖတ်ကာ စာရာမျက်ရည်ကျခဲ့ရသည်။ သူဘာဆက်လုပ်ရမလဲ။ ကရင်လူမျိုးများကလည်း သူမကိုချစ်ခင်လေးစား ကြသည်။ ဆက်လက်ဦးဆောင်စေချင်သည်။ ယုဒသန်ကလည်း ဆက်နေရန် အားပေးနှစ်သိမ့်သည်။ နောက်ဆုံးတွင် ဆက်နေရန် စာရာဆုံးဖြတ်ခဲ့သည်။ ထို့နောက် ကရင်ကျောင်းများစွာကိုလည်း ဦးဆောင်ဖွင့်လှစ်ခဲ့သည်။ ဘာသာပြန်အမျိုးမျိုး နှင့် ဓမ္မသီချင်း များစွာကို မြန်မာဘာသာသို့ ပြန်ဆိုပေး ခဲ့သည်။ စာရာသည်လည်း အဲင်းကဲ့သို့ပင် ဘာသာစကား ကျွမ်းကျင်မှု တွင် အံ့ဖွယ်ထူးချွန်ပြောင်မြောက်သည်။

၁၀-၄-၁၈၃၄ တွင် အထီးကျန် ယုဒသန် နှင့် လက်ထပ်ကာ ဘဝ၏ ခါးသီးမှုများကို ချေဖျက်ကာ စာမျက်နှာသစ် ဖွင့်လှစ်ခဲ့ကြသည်။ သူတို့ လက်ထပ်လိုက်ကြပြီးနောက် ၁၃-၁၂-၁၈၃၄ ရက်နေ့တွင် သားဂျော့ခ်ျဒီဘိုးမင်း (ဘို့ဒ်မင်း နှင့် ရသောသား) အား အမေရိကန် တွင် ပညာဆက်လက်သင်ကြား နိုင်ရန် တစ်ယောက်တည်း စေလွှတ်လိုက်သည်။ ခွဲခွာချိန်တွင် (၆) နှစ်နှင့် (၄)လသာ ရှိသေးသည့် သားအား မော်လမြိုင်သင်္ဘောဆိပ်၌ လိုက်ပို့ စဉ်က

အဖြစ်အပျက်ကို စာရာက အမေရိက ရှိ ညီမများထံသို့ ဤကဲ့သို့ စာရေးသား ပေးပို့ခဲ့သည်။

“ သားလေးဂျော့ချ် ငါ့ကို နောက်ဆုံးလှည့်ကြည်တဲ့ အကြည့်ကို ဘယ်လိုမှ မမေ့နိုင် ဘူး။ သားလေးလည်း ကြိုးစားပြီး မြိုသိပ်နေရှာပေမဲ့ မျက်ရည်တွေက ကျနေပြီ။ ဝမ်းနည်း လွန်းလို့ မျက်နှာတစ်ခုလုံးလည်း နီရဲနေပြီ။ မျက်နှာလှည့်ပြီး လှေကားထစ်အဆင်းမှာတော့ အားရပါးရ ငိုချလိုက် ပါတော့တယ်။ ငါလည်း ဒူးညွတ်ထိုင်ချငိုနေလိုက်မိတယ်။” ကရင်လူမျိုး

များအတွက် စာရာသည် မမေ့နိုင်ဖွယ် သူရဲကောင်းအဖြစ် ထင်ကျန်ရစ် ပါတော့သည်။ စာရာသည် မွန်ဘာသာစကား ဖြင့် ဝေစာများ ရေးသားခဲ့သည့် အပြင် မွန်ဓမ္မသစ်ကျမ်း ဘာသာပြန်ဆိုရာတွင်လည်း ပါဝင် ခဲ့သည်။

နောက်ပိုင်း နှစ်ပေါင်း (၆၀)အကြာတွင် ဖီလာဒဲလ်ဖီးယား မှ ထင်ရှားသည့် ပထမနှစ်ခြင်းအသင်းတော်၏ သင်းအုပ်ဆရာကြီးဖြစ်နေသော စာရာ၏ သား ဂျော့ခ်ဒီတို့ ဒ်မင်း ဂျူနီယာ က သူ၏ ကလေးဘဝမှ မမေ့နိုင်သော အဖြစ်အပျက်ကို အခုလို ပြောခဲ့ပါသည်။ ။

“ ကျွန်တော် ၆ နှစ်သားအရွယ်မှာ မေမေ့ကို ထားခဲ့ရပါတယ်။ နောက်ပိုင်း မေ့မေ့ကို တစ်ခါမှ ပြန်မတွေ့ရတော့ပါဘူး။ ကျွန်တော် တစ်ခု မှတ်မိနေတယ်။ မေမေနဲ့ အတူ ဖေဖေ့ သင်္ချိုင်းကို သွားခဲ့ကြတယ်။ ကျွန်တော်က ဖေ့ဖေ့အုတ်ဂူလေးအပေါ်မှာ အိပ်ပျော်သွားတယ်။ နိုးလာတော့ မေမေငိုနေတာ တွေ့ရတယ်။ အဲဒီမြင်ကွင်းကို ကျွန်တော် ဘယ်တော့မှ မမေ့နိုင်ခဲ့ဘူး။” ဖေဖေ ဂျော့ချ်ဘို့ မင်းစီနီယာ သည် ထားဝယ်မြို့တွင် ၁၁-၂-၁၃၁ နေ့တွင် အူရောင်ငန်းဖျား ရောဂါကြောင့် သေဆုံးခဲ့ရသည်။

ဂျော့ချ်ဘို့ဒ်မင်းဂျူနီယာ သည် ၁၈၅၅ ခုနှစ်တွင် အဲလာကိုဗာ (Ella Covella)နှင့် လက်ထပ်ခဲ့ သည်။ သို့ သော် ကလေးမရပေ။ ၁၉ဝ၃ ခုနှစ်၊အသက် (၇၅)နှစ်အရွယ်တွင် ဘို့ဒ်မင်း ကွယ်လွန်ခဲ့သည်။

ယုဒသန် နှင့် စာရာတို့၏ သားသမီးများ

၁။အဘီဂေးလ်အဲင်းဂျက်ဆင် (Abigail Ann Judson) ၃၁-၁၀-၁၈၃၅ (မွေး)

ကျောင်းဆရာမ၊ အပျိုကြီး

၁၉၀၂ အမေရိကန်နိုင်ငံ၊ မက်ဆာချူးဆက်ပြည်နယ်၊ ဝေါ်ချက်စတာရှိ သူမ၏ နေအိမ်တွင် အိပ်ယာထဲ၌ စာဖတ်နေစဉ် မီးအိမ်မတော်တဆ ဖြစ်ကာ ညဝတ်မီးစွဲလောင်ပြီး ၊ အသက်(၆၇)နှစ် အရွယ်တွင် သေဆုံးခဲ့သည်။

From night to morn, or An apeal to the Baptist Churches နှင့် The bridge between two worlds စာအုပ်တို့တွင် မိဘမေတ္တာ ငတ်မွတ်ခဲ့ရပုံ၊ မိဘမဲ့ သဖွယ် ကြီးပြင်းခဲ့ရ၍ နာကျင်ခံစားခဲ့ရပုံများ၊ အထီးကျန် စိတ္တဇဝေဒနာ၊ ကြေကွဲဝမ်းနည်းမှုများ ကို ရင်ဖွင့်ရေးသားခဲ့ပါသည်။ ညမှ နံနက်တိုင် စာအုပ်၌ … ။

“ကျွန်မ ဆယ်နှစ်သမီးအရွယ်က မိဘရဲ့ ဂရုပြု စောင့်ရှောက်မှုကနေ ဝေးကွာခဲ့ရတဲ့ ဝေဒနာ၊ ဘယ်လောက်တောင် ခံစားခဲ့ရသလဲ။ အခြားမောင်

တွေလည်း ဒီလိုပဲ ခံစားခဲ့ကြတယ်။ ကျွန်မတို့ရဲ့ မိဘတွေဟာ သူတို့ ရဲ့ ကောင်း မြတ်တဲ့အောင်မြင်မှုတွေအတွက် ဝမ်းမြောက်ခဲ့ကြပါတယ်။ ဒါပေမဲ့ ကျွန်မရဲ့

မောင်တွေက လက်မခံနိုင်ကြဘူး။ ကျွန်မ ဟာ ဖေဖေနဲ့ မေမေကို သတိရ တဲ့ စိတ်တွေကို အထူးဦးစားပေးခဲ့တယ်။ ဒါကြောင့်လည်း တပါး အမျိုးသား တွေကို သွန်သင်ဖို့ မိမိရဲ့ သားသမီးအရင်းတွေကို တောင် သူတစ်ပါးလက်ထဲ လွှဲအပ်ခဲ့တဲ့ မိဘတွေရဲ့ ကျင့်ဝတ် တွေကို အကြီးအကျယ် သံသယဖြစ်မိတယ်။ သူတို့က မိမိကိုယ်ကို တကယ်စွန့်လွှတ် အနစ်နာခံပြီး ဆပ်ကပ်ခဲ့ကြတယ်လို့ ယူဆကြပေမဲ့ တာဝန်သိမှုအပေါ်မှာ မှားယွင်းစွာ နားလည်ခဲ့ကြတယ်လို့ ကျွန်မထင်တယ်။ ကျွန်မ ပိုပြီး ခံစားလာခဲ့ရတာက ဧဝံဂေလိသတင်း စကားကို တစ်ခါမှ မကြားဘူးတဲ့ တပါးအမျိုးသားများဟာ ထာဝရငရဲကျမှာ မဟုတ်ဘူး

ဆိုတာပဲ ဖြစ်ပါတယ်။”

မိဘများရဲ့ စွန့်ပစ်ခံရတဲ့ မေတ္တာရင်ခွင်မဲ့ ကလေးမလေး တစ်ယောက် ၏ ရင်တွင်း ခံစားချက်ဟာ ဘယ်လောက်ပြင်းထန်ခဲ့သလဲ ဆိုတာ ဒီစာကို ဖတ်ပြီး နားလည်ခံစားနိုင်ကြပေလိမ့်မယ်။ ဆက်လက်ပြီး ဖခင်ရဲ့ ရင်ခွင်နဲ့ ပတ်သက်ပြီး “ဖေဖေနဲ့ စကားပြောခဲ့တယ်။ ဖေဖေသက်ရှိ ထင်ရှား မရှိတော့ပေမဲ့ ဖေဖေ့ရဲ့ ဝိညာဉ်ရင်ခွင်ဟာ ကျွန်မကို ပိုက်ထွေးထား

ကြောင်း …” ရေးသားခဲ့သည်။ မြန်မာပြည်အတွက် ဆရာယုဒသန် ပေးဆပ်ခဲ့တဲ့ ခါးသီးမှု ခွက်ဖလားများရဲ့ နောက်ဆက်တွဲဝေဒနာ ခွက်ဖလားများ မဟုတ်ပါလား။

၂။အဒိုနီရမ်ဘရောင်းဂျပ်ဆင် (Adoniram Brown Judson) ၇-၄-၁၈၃၇ (မွေး) အရိုးခွဲစိတ်ပါရဂူ ဆရာဝန်ကြီး အိမ်ထောင်ကျ ။ ကလေးမရ။

၃။အဲလ်နာသန် (Elnathan) ၁၅-၇-၁၈၃၈ (မွေး)

၄။ဟင်နရီဂျက်ဆင် (Henry Judson) ၃၁-၁၂-၁၈၃၉ (မွေး) ၃၀-၇-၁၈၄၁ (အိန္ဒိယနိုင်ငံ၊ စီရမ်ပူ၌ သေဆုံး)

၅။လူသာ ၊ ၈-၃-၁၈၄၁ (အသေမွေး)

၆။ဟင်နရီဟောဂျပ်ဆင် (Henry Hall Judson) ၈-၇-၁၈၄၂ (မွေး) ။ အိမ်ထောင်ကျ ။ ကလေးမရ။ ၁၁-၁-၁၉၁၈ (အမြောက်တပ်ထဲဝင်၊ ဆီးချိုနဲ့ သေဆုံး) ၊

၇။ချားလ်ဂျပ်ဆင် (Charles Judson) ၁၈-၁၂-၁၈၄၃ (မွေး)၊ ၁၈၄၅(သေဆုံး) ယုဒဿန် USA ရောက်နေတုန်း မော်လမြိုင်၌ သေဆုံး ။

၈။အက်ဒွပ်ဂျပ်ဆင် (Edward Judson) ၂၇-၁၂-၁၈၄၄ (မွေး) | ကိုးလ်ဂိတ်တက္ကသိုလ်၌ လက်တင်ဘာသာ နှင့် ခေတ်သစ်ဘာသာ စကားဆိုင်ရာပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့။

သင်းအုပ်ဆရာလုပ် ဖခင် ယုဒဿန်၏ အထုပ္ပတ္တိ နှင့် စာအုပ်များစွာ ရေးသားခဲ့။ (The life of Andoniram Judson -၁၈၈၃ တွင် ပုံနှိပ်ထုတ်ဝေခဲ့)

သမီး(၂)ယောက်ထွန်းကားခဲ့သည်။

(၁) စာရာအဲလိဇဘက် (၁၈၇၇ မွေး) ၊

စိတ်ပညာ (Ph.D ဘွဲ့ရ)

အသက်(၄၃)နှစ်မှ အိမ်ထောင်ပြု – ကလေးမရ။ (၂) မာဂရက် ၊

၁၈၈၀ (မွေး) ၊ တက္ကသိုလ်ပါမောက္ခ

အပျိုကြီး

စာရာ၏ သားသမီးများမှ မျိုးဆက်မကျန်ရှိတော့ပါ။

အဲမလီ (Emily Chubbuck)

အဲမလီ အား ၂၂-၈-၁၈၁၇ ရက်နေ့တွင် ဖခင် Charles နှင့် မိခင် Lavinia Chubbuck တို့မှ USA ဟမ်မေးလ်တန်မြို့၌မွေးဖွားခဲ့သည်။ ငယ်ရွယ်စဉ်က အလွန်ဆင်းရဲ သဖြင့် အသက်(၁၁)နှစ်အရွယ်တွင် အနီးရှိ ၌ တစ်ပတ်လျှင် (၁)ဒေါ်လာ နှင့် (၂၅)ဆင့် ဖြင့် မိုးလင်း မှ မိုးချုပ်ထိ လုပ်ကိုင်ခဲ့ရသည် ။ ၁၈၄၀ တွင် ယု တီကာ (Utica) ကျမ်းစာ

ကျောင်းတတ်ကာ နောက်ပိုင်းဆရာမ လုပ်ကိုင်ခဲ့သည်။ ကဗျာ၊ ဆောင်းပါး၊ ကလေးပုံပြင်၊ အောင်မြင်သော အမျိုးသမီးများ အကြောင်း စသည်ဖြင့် ရေးသားခဲ့ရာ အောင်မြင်မှု ရရှိခဲ့သည်။ ကလောင်အမည်မှာ Fanny Forester ဖြစ်သည်။

ယုဒသန်သည် မြန်မာပြည်သို့ ထွက်ခွာခဲ့ပြီးနောက် (၃၄)နှစ်နီးပါးအကြာ (၁၅-၁၀-၁၈၄၅) တွင် ဇာတိမြေ အမေရိကန်သို့ ပြန်လည် ရောက်ရှိ ခဲ့ခြင်းဖြစ်သည်။ ထိုစဉ် အသက်(၅၇)နှစ်ရှိနေပြီဖြစ်သည်။ ယင်းနှစ် ဒီဇင်ဘာလ(၂၅) ရက်နေ့တွင် အဲမလီ နှင့် တွေ့ဆုံမေတ္တာမျှခဲ့သည်။ ထို့နောက် (၂-၆-၁၈၁၆) တွင် လက်ထပ်ခဲ့ကြသည်။ အောင်မြင် ကျော်ကြားနေသော စာရေးဆရာမက မိမိထက် အသက်နှစ်ဆမျှ ကြီးသော အဘိုးအိုအား လက်ထပ်ခဲ့ခြင်းအတွက် နှမြောတသ ဖြစ်ကာ စာပေလောကသားများက ဆရာယုဒသန် အား အကြီးအကျယ် ဝေဖန်ခဲ့ကြသည်။ ဘာသာရေး အသိုင်းအဝိုင်းကလည်း အပြင်းအထန် ဝေဖန်ခဲ့ကြသည်။

ဆရာယုဒသန် က အဲမလီအား မြန်မာပြည်၌ သာသနာပြုတစ်ဦး၏ အသက်တာ သည် ပန်းခင်းလမ်း မဟုတ်ကြောင်း အစဉ် ပြောပြသည်။ သို့သော် အဲမလီ က နောက်တွန့် မသွားချေ။ ဤသို့ဖြင့် ၁၈၄၆ ခုနှစ်၊ ဇူလိုင်လတွင် Fanueil Hall သင်္ဘောဖြင့် မြန်မာပြည်သို့ ထွက်ခွာခဲ့ကြပြီး (၃၀-၁၁-၁၈၄၆) တွင် မော်လမြိုင်သို့ ရောက်ရှိခဲ့ကြသည်။ ၁၈၄၇ ခုနှစ် ဇန်နဝါရီလတွင် ရန်ကုန်သို့ ပြောင်းရွှေ့ခဲ့ကြသည်။ ရန်ကုန်တွင် အစားအသောက် အလွန် ဆင်းရဲစွာစားသောက်ကြရသည်။ ထိုစဉ် အဲမလီတွင် ကိုယ်ဝန်လည်း ရှိနေပြီ ဖြစ်သည်။ ရန်ကုန်တွင် ဆင်းရဲဒုက္ခများစွာ နှင့် နေထိုင်ခဲ့ကြပြီး စက်တင်ဘာလ (၅)ရက်နေ့တွင် မော်လမြိုင်သို့ ပြန်လည်ရောက်ရှိကြသည်။ (၂၄-၁၂-၁၈၄၇) နေ့တွင် Emily Frances ကို မွေးဖွားခဲ့သည်။ အဲမလီ သည် ဘာသာစကား ကျွမ်းကျင် လာသည်နှင့်အမျှ “ သမ္မာကျမ်းအမေးအဖြေ စာအုပ် ကို ပြုစုသည်။

၁၈၄၉ ခု၊ နှစ်ကုန်ပိုင်းလောက်မှစ၍ အဆုတ်အအေးပတ်ပြီး ရာယုဒသန်၏ ကျန်းမာရေးအခြေအနေမှာ စိုးရိမ်ဖွယ် ဖြစ်လာသည်။ လောင်တံကိုပင် မကိုင်နိုင်တော့ပေ။ အဲင်း၏ အုတ်ဂူရှိရာ ကျိုက္ခမီ သို့ ပြီး ပင်လယ်ကမ်းခြေ၌ တစ်လမျှ နေထိုင်ခဲ့ကြသည်။ ဆရာယုဒသန်မှာပို၍

နည်းလာပြီး မတ်တပ်ရပ်ရန်ပင် ခက်ခဲလာသည်။ အဲမလီ

လွယ်ထားသော ဒုတိယကိုယ်ဝန်မှာလည်း မွေးဖွားရန်လည်း နီးကပ်လာချေပြီ။ တစ်ည၌ ဆရာယုဒသန်သည် အိပ်ယာဝင် ရာ၌ ခါးမျက်သွားသဖြင့် လုံးဝမထနိုင်တော့ပေ။ ဤသို့ဖြင့် သူ၏ နှလုံးသားနှင့် ဘဝတစ်ခုလုံးအား ရင်းနှီးမြှုပ်နှံခဲ့သည့် မြန်မာပြည်ကို ထားခဲ့ပြီး (၈-၄-၁၈၅၀) တွင် ပင်လယ်ခရီးကို အဲမလီမပါဘဲ ထွက်ခွာသွားပါတော့သည်။ သင်္ဘောပေါ်တွင် မခံမရပ် နိုင်အောင် နာကျင်နေသဖြင့် အနာသက်သာစေရန် Laudanum ဘိန်းဆီ တစ်မျိုးကိုပင် တိုက်ကျွေးခဲ့ရသည်။ (၁၂-၄-၁၈၅၀)သောကြာနေ့ မွန်းလွဲပိုင်းတွင် “အမှုပြီးပြီ ၊ ငါသွားတော့မယ်၊ အဲမလီ ကို စောင့်ရှောက် ပေးကြပါ” ဟု အားယူ၍ ပြောကြားကာ ညနေ (၄၁၅) နာရီအချိန်တွင် ထာဝရအိပ်ပျော်သွားပါတော့သည်။ ဆရာယုဒဿန်အား အဲမလီက ဤသို့ ဂုဏ်ပြု ရေးသားထားခဲ့သည်။ “ကမ်းခြေကို ရောက်သွားတဲ့ ရေလှိုင်းပြာတွေ ကလွဲလို့ သူ့မှာ မော်ကွန်းမှတ်တိုင် မရှိခဲ့ပါ။ ဒါပေမဲ့ သူ့ရဲ့ နွေးထွေးမှုဟာ လူသားမိသားစုတစ်ရပ်လုံး ကို ကမ္ဘာဆုံးတိုင်အောင် လွှမ်းခြုံခဲ့ပါတယ်။”

(၂၃-၄-၁၈၅၀) တွင် အဲမလီ ဒုတိယကိုယ်ဝန်မွေးဖွားလာပါသည်။ သို့ သော် မွေးလာ ကတည်းက အသက်မရှိတော့ပေ။ (၂၂-၁-၁၈၅၁) ရက်နေ့တွင် အဲမလီ သည် ကလေး သုံးယောက် နှင့် အတူ မျက်ရည်ကျလျက်

မော်လမြိုင်မြို့မှ ကာလကတ္တားသို့ ထွက်ခွာသွား ခဲ့ပါသည်။ အိန္ဒိယ ခရစ်ယာန်အသိုင်းအဝိုင်း၏ ကြိုဆိုအားပေးမှုက ဝမ်းနဲပူဆွေးမှုကိုဖြေသိမ့် စေပါသည်။ ကျန်းမာရေးလည်း အနည်းငယ် ကောင်းမွန်လာပါသည်။ အိန္ဒိယမှ ပြန်လည်ထွက်ခွာပြီး အောက်တိုဘာလတွင် အမေရိကန်နိုင်ငံ ဘော့စတန်သို့ ရောက်ရှိကြရာ သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြသည်။ အမေရိကန်သို့ ပြန်ရောက်ပြီး သူမ၏ ဇာတိမြို့ ဟမ်မေးလ် တန်တွင် နေထိုင်သည်။ သို့သော်ကျန်းမာရေးက ရောဂါအမျိုးမျိုး နှိပ်စက်နေ သည်။ ဤသို့ဖြင့် နာလန်ပြန်မထနိုင်တော့ဘဲ ၁-၆-၁၈၅၄ ရက်နေ့တွင် ကောင်းကင်နိုင်ငံတော် သို့ ဘုန်းတော်ဝင်စားသွားခဲ့လေသည်။

၁။ဦးနော

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ မြစ်မခ နံဘေးရှိ ဘောလယ်ကျေးရွာ ဇာတိ ဖြစ်သည်။ရန်ကုန်မြစ်ကမ်း၌ တဲတစ်လုံး နှင့် နေထိုင်ပြီး ပိုက်ချ ငါးရှာသော တံငါသည် ဖြစ်သည်။ (၃၀-၄-၁၈၁၉) နေ့၌ ဇနီးသည် မပိုက်က ငါးဖမ်းပိုက်ကွန် ဖာထေးရန် ချည်ခင်လိုသဖြင့် အိမ်မှ ထွက်ခဲ့ရာ ဆူးလေဘုရား နှင့် မလှမ်းမကမ်းတွင်ရှိသော ယုဒသန်၏ ဇရပ်သို့ အမှတ်မထင် ရောက်ရှိ သွားခဲ့သည်။ ဆရာယုဒသန်က မြန်မာဘာသာစကားဖြင့် ဖော်ရွေစွာ ဖိတ်ခေါ် လိုက်ရာ မျက်နှာဖြူတစ်ဦးက မြန်မာစကားကို ကျွမ်းကျင်စွာ ပြောဆိုလိုက်

သောအခါ အလွန်အံ့သြ သွားသည်။ ဆရာက သင်္ခါရ၊ အနိစ္စသဘော နိစ္စထာဝရ အကြောင်းကို ရှင်းပြသည်။ နောက်ရက်များတွင်လည်း ထပ် တွေ့ဆုံ ခဲ့ကြသည်။ ဤသို့ဖြင့် ဦးနောသည် (၉-၅-၁၈၁၉) ရက်နေ့ တနင်္ဂနွေ

ဝတ်ပြုစည်းဝေးပွဲ၊ ဝတ်ပြုလာသူများ ရှေ့မှောက်၌ ခရစ်တော်ကို မိမိ၏ကယ်

တင်ပိုင်ရှင်အဖြစ် အတိအလင်း ဝန်ခံကာ မြန်မာနိုင်ငံ၌ သမိုင်း စာမျက်နှာသစ်ကို ရေးထိုးထားခဲ့သည်။

ဝမ်းမြောက်ဝမ်းသာဖြင့် အိမ်ပြန်လာသော ဦးနာအား ဇနီးသည် မပိုက်က အလုပ်အကိုင်ပျက်သည်ဟု ဆိုကာ အော်ကြီးဟစ်ကျယ်နှင့် ဆီးကြို ရန်တွေ့ တော့သည်။ မျက်နှာဖြူများထံ သွားရောက်၍ စာရွက်ကလေးများ ကိုသာ ယူလာပြီး တကုပ်ကုပ် ရွတ်နေလျှင် ငတ်ရုံသာ ရှိမည်ဟု ဆိုကာ မကြာခဏ အချင်းများကြရသည်။ တံငါအလုပ်ကို မလုပ်ချင်တော့သော ဦး နောအား ဆရာယုဒသန် က တစ်လ (၁၀)ကျပ်ပေးကာ သာသနာအိမ်ခြံဝင်း သို့ ခေါ်ယူ ခဲ့သည်။ နံနက်ပိုင်းတွင် အလုပ်ဆင်း၍ နေ့လည် နှင့် ညပိုင်းများ တွင် စာကြမ်းများကို အချော ကူးရေးပေးရသည်။ ဦးနော၏ တင်ပြတောင်းဆိုမှု အရ (၂၇-၆-၁၈၁၉) ညတွင် ရွှေတိဂုံစေတီတော် သို့ သွားရောက်ရာ ဆံတော်ကြိုလမ်းအနီးရှိ လိပ်ပြာကန်တွင် ဦးနော အား ဆရာယုဒသန် ၏ လက်ဖြင့် နှစ်ခြင်းမင်္ဂလာပေးခဲ့သည်။ လက်မရွံ့အာဏာသားများက စိတ်မထင်လျှင် မထင်သလို လုပ်တတ်ကြသောကြောင့် ညတွင် နှစ်ခြင်းပေး ခဲ့ကြခြင်းဖြစ်သည်။ ဤသို့ဖြင့် မြန်မာနိုင်ငံ၏ ပထမဆုံးသော နှစ်ခြင်းမင်္ဂလာ ခံယူသူဖြစ်လာခဲ့သည်။

ဆရာယုဒသန်၏ အမရပူရနေပြည်တော် ခရီးစဉ်တွင်လည်း အတူလိုက်ပါသွားခဲ့သည်။ အင်္ဂလိပ်-မြန်မာစစ်ပွဲအတွင်းအသတ်ခံရ၍ သေဆုံးသွားသည်ဟု ယူဆကြသည်။

၂။ ဦးပြား ၊

ဦးပြားသည် ဦးနော၏ မိတ်ဆွေဖြစ်သည်။ ၂၃-၇-၁၈၁၉ နှစ်ခြင်းခံခဲ့ပြီး ယင်းနှစ် ဒီဇင်ဘာလ ဆရာယုဒသန်၏ နေye ခရီးစဉ်တွင် အတူလိုက်ပါခဲ့သည်။ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအတွင်း‌ သေဆုံးခဲ့သည်ဟုယူဆကြသည်။

၃။ ဦးသာလှ

ဦးနော၏ မိတ်ဆွေဖြစ်ပြီး ၂၃-၇-၁၈၁၉ တွင် ဦးပြား နှင့် အတူ နှစ်ခြင်းခံခဲ့သည်။ ဦးသာလှသည် ဦးနော၊ ဦးပြား တို့နှင့်အတူ ဆရာယုဒသန် ၏ အမရပူရနေပြည်တော် ခရီးစဉ်တွင် လိုက်ပါခဲ့သည်။

၃-၇-၁၈၂၀ နေ့တွင် ပြုလုပ်သော ဦးသာလှ၏ လက်ထပ်မင်္ဂလာပွဲ သည် မြန်မာနိုင်ငံတွင် ခရစ်ယာန်ထုံးတမ်းဖြင့် ပထမဆုံးကျင်းပသော လက်ထက်မင်္ဂလာပွဲဖြစ်သည်။ ဦးသာလှသည် ဦးနော၊ ဦးပြား တို့ကဲ့သို့ပင် စစ်ပွဲအပြီးတွင် သတင်းအစအန ပျောက်သွား ခဲ့သည်။

၄။ ဦးရွှေပေ

ဦးရွှေပေ သည် ဦးသာလှ နှင့် အမျိုးတော်စပ်သူ ဖြစ်သည်။ ဦးသာလှ က ဆရာယုဒဿန်ထံ ခေါ်ဆောင်လာခဲ့ရာမှ (၂-၄-၁၈၂၀) တွင် နှစ်ခြင်း ခံခဲ့သည်။ နောက်ပိုင်းတွင် ဆရာယုဒသန်က ဦးရွှေပေ အား ကျိုက္ခမီ အသင်းတော်၌ တာဝန်ပေးအပ်ခဲ့သည်။ မြန်မာနိုင်ငံ မှ ပထမဆုံး မြန်မာလူမျိုး ဧဝံဂေလိအမှုတော်ဆောင်ဖြစ်သည်။

၅။ ဦးမြတ်ရာ ၊

ဦးမြတ်ရာသည် ဦးပြား၏ ယောက်ဖ ဖြစ်သည်။ ၁၈၂၀ ဇူလိုင်လတွင် နှစ်ခြင်းခံခဲ့သည်။ သူ၏ ဇနီးသည် ဒေါ်မင်းလှ မှာ မြန်မာနိုင်ငံမှ ပထမဆုံး နှစ်ခြင်းမင်္ဂလာခံယူသော မြန်မာ အမျိုးသမီး ဖြစ်သည်။ ဒေါ်မင်းလှ သည် မိမိနေထိုင်ရာ ရန်ကုန်မြို့၊ နန်းတော်ကုန်းရပ်၌ ကလေးငယ်များအတွက် စာသင်ကျောင်းတစ်ကျောင်းကို ကိုယ်တိုင်ဦးစီးပြီး ဖွင့်လှစ်ခဲ့သည်။

စစ်ဖြစ်စကာလတွင် နေပြည်တော်၌ ဆရာယုဒသန် ဖမ်းဆီးခံရသောအခါ ဒေါ်မင်းလှ သည် နေပြည်တော်သို့ သွားရောက်ကာ ဆရာကတော်အဲင်း နှင့် အတူ လိုအပ်သည်များကို ကူညီလုပ်ကိုင်ပေးခဲ့သည်။ မော်လမြိုင်မြို့သို့ လည်း လိုက်ပါသွားခဲ့ပြီး ၁၈၂၆ ခုနှစ်၌ ဒေါ်မင်းလှ ကွယ်လွန်ခဲ့သည်။

ဆရာဂျော့အိပ်ချ်ဟောက် (ပုံနှိပ်ကျွမ်းကျင်) (Rev. George H.Hough)

ဆရာဟောက် ဇနီးမောင်နှံ သည် (၁၅-၁၀-၁၈၁၆) တွင် အမေရိကန်မှ ရန်ကုန်သို့ ရောက်ရှိလာကြသည်။ သူသည် မြန်မာနိုင်ငံတွင် ပေ၊ ပုရပိုက်တို့ဖြင့်သာ ရေးသားလေ့ရှိရာမှ ပုံနှိပ်စာအုပ်အဖြစ်သို့ ဦးစွာ ပြောင်းလဲပေးခဲ့သူဖြစ်သည်။ ဆရာယုဒဿန်ရေးသားပြုစုပြီး ၁၈၁၆ ခုနှစ်၊ နိုဝင်ဘာလတွင် ထုတ်ဝေသော “ ကောင်းကင်သို့ သွားရာလမ်း” လက်ကမ်း စာအုပ်သည် မြန်မာနိုင်ငံတွင် ပထမဆုံး ပုံနှိပ်စာလုံးဖြင့် ရိုက်နှိပ်သောစာအုပ် ဖြစ်ပါသည်။

၄၀။ ဒိန်ချဉ်(သို့) နို့ချဉ်ပြုလုပ်နည်း

လိုအပ်သောပစ္စည်းများ

(၁) စတီးအိုး (သို့) မြေအိုး ၊

(၂) နွားနို့ (သို့) ကျွဲနို့ (၁)ပိဿာ နှင့် (၅၀)ကျပ်သား

(၃) ဒိန်ချဉ်မျိုး (၂)ကျပ်သား ၊

(၄) သကြားသို့ (သို့) ထန်းလျက်ရည်

နွားနို့ တွင်ရေဓါတ်ပါဝင်နေသောကြောင့် ၃ ပုံ ခန်းအောင်ကြိုရ ပါမည်။ ဥပမာ ၁ ၁ ပိဿာတွင် ၁ ပိဿာ အကျန်ထိ ကြိုရပါမည်။ ကြိုပြီး နွားနို့ ကို စတီးဇလုံ(သို့) မြေအိုးတွင် ထည့်၍ အအေးခံရပါမည်။ အအေးခံသည့် အခါ အလွန်အရေးကြီးပါသည်။ အပူချိန် ၅၀ စင်တီဂရိတ် အထိ အအေးခံပြီး ဒိန်ချဉ်မျိုးကို ဖြည်းဖြည်းချင်းထည့်၍ သမအောင်မွှေပေး ရပါမည်။ အပူချိန် များလွန်းနေချိန်တွင် ဒိန်ချဉ်မျိုးကိုထည့်လျှင် ဒိန်ချဉ်ပျက်စီးသွားတတ်ပါ သည်။ ဒိန်ချဉ်မျိုး ဆိုသည်မှာ ဒိန်ချဉ်ဖြစ်ပြီးသားကို ခေါ်ပါသည်။ ပထမဆုံး စလုပ်သည့်အခါတွင် ဒိန်ချဉ်မျိုး မရှိသေးလျှင် ဒိန်ချဉ်ရောင်းသည့်ဆိုင်တွင် အနည်းငယ် ဝယ်ယူရပါမည်။ နောက်ပိုင်းတွင် အနည်းငယ်စီချန်ပြီး ဆက်လုပ် သွားနိုင်ပါသည်။ ။

သမအောင် မွှေပြီးလျှင် ပလပ်စတစ် (သို့) ပိတ်စ ဖြင့် ဖုံးအုပ်ထား ရမည်။ အမှုန်အမွှား နှင့် ပိုးမွှားများ မဝင်နိုင်ရန်အတွက် ဖြစ်သည်။ အအေးခံပြီး (၅)နာရီခန့်ကြာလျှင် အသင့်စားသုံးနိုင်သော ဒိန်ချဉ်ရရှိပြီ ဖြစ်သည်။

ရေခဲသေတ္တာ(သို့) အေးသောနေရာတွင် ၂ရက် (သို့) ၃ ရက် စားသုံးနိုင်ပါသည်။ ဒိန်ချဉ်ပြုလုပ်ရာတွင်နွားနို့ ထက် ကျွဲနို့ဖြင့် ပြသ ပိုပျစ်ပါသည်။

ဒိန်ချဉ်သောက်ခြင်း၏ အကျိုးကျေးဇူးများ

လူ၏ ခန္ဓကိုယ်မှ အရိုးများသည် အထူးသဖြင့် ကယ်လီစီယမ် ဓါတ်ဖြင့် ဖွဲ့စည်း တည်ဆောက်ထားသဖြင့် စားသုံးသော အစားအစာတွင် ကယ်လ်စီယမ် ဓါတ်ပါဝင်ရန် အလွန် အရေးကြီးပါသည်။ ကယ်လ်စီယမ်ဓါတ်ချို့တဲ့လျှင် အသက်ကြီးလာသောအခါ ခါးကိုင်းသွားတတ်ပါသည်။ )

အမျိုးသမီးများအနေဖြင့် သွေးဆုံးပြီးချိန်တွင် အရိုးပွရောဂါ ဖြစ်တတ် ပါသည်။ အမျိုးသမီးများသည် သွေးမဆုံးခင်တစ်နေ့လျှင် ကယ်လ်စီယမ်ဓါတ် (၈ဝဝ)မီလီဂရမ် နှင့် သွေးဆုံးပြီးချိန်တွင် ၁၁ဝဝ မှ ၁၃ဝဝ မီဂရမ်ထိ လိုအပ်ပါသည်။ ထို့ကြောင့် ဒိန်ချဉ်ကို အမျိုးသမီးများ ပိုမိုသောက်သုံးသင့် ပါသည်။ ထို့အပြင် ဒိန်ချဉ်သည် ဝမ်းကိုလည်း အေးစေသဖြင့် ကျားမလူကြီး လူငယ်မရွေး သောက်သုံးသင့်ပါသည်။ သို့သော်သန့်ရှင်းလတ်ဆက်ရန် အရေးကြီးပါသည်။

(၁) နွားနို့ ၁ ၁/၂ ပိဿာကြိုး ၁ ပိဿာကျန်

(၂) အပူချိန် ၅၀°C (လက်နှိုက်လို့ ရထိ) အအေးခံပြီး ဒိန်ချဉ်မျိုးထည့်

သမအောင်မွှေပေး။

(၃) ပိတ် (သို့) ပလပ်စတစ်ဖြင့် ဖုံးထား

(၄) (၅)နာရီခန့်ကြာလျှင် သကြား (သို့) ထန်းလျက် နဲ့ မိမိလိုသလို

သုံးဆောင်နိုင်။

Leave a Reply

Your email address will not be published. Required fields are marked *