ဗျာဒိတ်ကျမ်း အနက်ဖွင့်ခြင်း

နိဒါန်း

ဗျာဒိတ်ကျမ်းသည် ယုံကြည်သူများ၊ အဖတ်အနည်းဆုံးနှင့် အဓိပ္ပါယ် နားမလည် ဆုံးသော ကျမ်းဖြစ်သည်။ အကြောင်းမှာ၊ နားလည်ရခက်ခြင်းနှင့် သင်ပေးသော သူမရှိ၊ တရားဟော သောအခါ၌လည်း၊ ကိုးကားခြင်း အနည်းဆုံး ဖြစ်သောကြောင့် ဖြစ်သည်။ အချို့သော ယုံကြည်သူများက၊ ဗျာဒိတ်ကျမ်းကို ကျမ်းစာ၌ပင် မထည့်သင့်ဟုဆို ကြသည်။ သို့သော် ဤကျမ်းသည် အလွန် အရေးကြီးသော ကျမ်း၊ ဤနောက်ဆုံးသော ကာလ၌ အလွန် လိုအပ်သော ကျမ်း ဖြစ်သည်။ ဘုရားသခင်က၊ “ကာလအချိန် ရောက်လုနီးပြီး ဖြစ်၍၊ ဤ အနာဂတ္တိကျမ်း စကားကို ကြည့်ရှုဘတ်ရွတ် နားထောင်၍၊ ရေးထားသမျှ တို့ကို စောင့်ရှောက်သော သူတို့သည်၊ မင်္ဂလာရှိကြ၏။”ဟုဆိုထားသည် (ဗျာ ၁:၃)။

 

ကမ္ဘာဦးကျမ်းသည်၊ အရာခပ်သိမ်း၏ အစကို ဖေါ်ပြထားသည်။ ဗျာဒိတ်ကျမ်းသည်၊ အရာခပ်သိမ်း၏ အဆုံးကို ဖေါ်ပြထားသည်။ အထူးသဖြင့်၊ ဤကမ္ဘာလောက ကြီး၏ အဆုံး၊ စာတန်၏ အဆုံး၊ ယုံကြည်သူများ၏ အဆုံး၊ မယုံကြည်သူများ၏ အဆုံးကို ဖေါ်ပြသောကြောင့် အလွန် အရေးကြီးသည်။ ဗျာဒိတ်ကျမ်းကို အပိုင်းသုံးပိုင်း ပိုင်းနိင်သည်။ သခင်ဘုရား ကယောဟန်ထံ၊ “ထိုကြောင့်၊ သင်သည် မြင်ပြီးသောအရာ တို့ကို၎င်း၊ ယခုရှိသောအရာ တို့ကို၎င်း၊ နောင် ဖြစ်လတံ့သောအရာ တို့ကို၎င်း၊ ရေးထားလော့။” (ဗျာ ၁:၁၉) ဟုပြောသည်။ သင်သည် မြင်ပြီးသောအရာ ဟူသောအရာ သည် အခန်းကြီး ၁ ကို ဆိုလိုသည်။ ယခုရှိသောအရာ တို့သည် အခန်းကြီး ၂ နှင့် ၃ ကို ဆိုလိုသည်။ နောင် ဖြစ်လတံ့သောအရာ တို့သည် အခန်းကြီး ၄ မှ ၂၂ အထိ ဖြစ်သည်။

 

အခန်းကြီး ၁ ၌ ယောဟန်သည်၊ ပတ်မု​ကျွန်းတွင် သခင်ယေရှုကို မြင်သည်။ အခန်းကြီး ၂ နှင့် ၃ သည် သခင် ခရစ်တော်က၊ အသင်းတော် ခုနှစ်ပါးကို စာရေးသောအရာ ဖြစ်၍၊ နှစ်ပေါင်းနှစ်ထောင်အတွင်း၊ အသင်းတော်၏ အ​ခြေအနေကို ရေးထားခြင်း ဖြစ်သည်။ အခန်းကြီး ၄ နှင့် ၅ သည် ကောင်းကင်ဘုံအ​ခြေအနေကို ရေးထား၍၊ အခန်းကြီး ၆ မှ ၁၈ အထိ သည် ဘေးဒဏ်ကြီး ကာလ ခုနှစ်နှစ်အကြောင်းကို ရေးထားသည်။ အခန်းကြီး ၁၉ ၌၊ ရှင်ဘုရင်ယေရှု ကောင်းကင်ဘုံမှ၊ ဘုန်းတန်ခိုးနှင့် ကြွလာခြင်းကို ဖေါ်ပြ၍၊ အခန်းကြီး ၂၀ တွင် တရားစီရင်ခြင်း များကို ရေးထားသည်။ အခန်းကြီး ၂၁ နှင့် ၂၂ တွင် ကောင်းကင်သစ်၊ မြေကြီးသစ်၊ ယေရုရှလင် မြို့သစ်များ အကြောင်းကို ရေးသား ထားသည်။ ဗျာဒိတ်ကျမ်း နားလည်ဘို့ရန်မှာ၊ အခြားကျမ်းများကို နားလည်ပြီးသား ဖြစ်ဘို့ လိုသည်။ အကြောင်းမှာ ပုံဆောင်ချက်များ၊ အသုံးအနှုန်းများသည် တူညီနေသောကြောင့် ဖြစ်သည်။ ဗျာဒိတ်ကျမ်းကို အနက်အဓိပ္ပါယ် ပြန်နည်းအမျိုးမျိုးရှိသည်။ ထိုနည်းများမှာ၊

 

သမိုင်းအဖြစ် အနက်ပြန်နည်း၊

ဆိုလိုသည်မှာ၊ ဗျာဒိတ်ကျမ်း၌ ရေးသားသောအရာ များသည်၊ အနာဂတ်အကြောင်း မဟုတ်၊ လွန်ခဲ့ပြီးသောအရာ များ ဖြစ်သည်ဟုဆိုသည်။ ထိုသူများအတွက် ဗျာဒိတ်ကျမ်းသည်၊ အနာဂတ်အတွက် မဟုတ်သောကြောင့် ယခုအခါ အရေးမကြီး တော့ချေ။

 

ဝိညာဉ်ပိုင်းအဖြစ် အနက်ပြန်ခြင်း၊

ဤအနက်ပြန်နည်းအရ ဖြစ်လျှင်၊ ဗျာဒိတ်ကျမ်း၌ ရေးသားသောအရာ များသည်၊ ၀ိညာဥ်ရေးရာသာလျှင် ဖြစ်၍၊ အမှန်တကယ် (literal) ဖြစ်ပျက်မည် မဟုတ်၊ ဟူ၍ ဖြစ်သည်။ ထို့ကြောင့် ဣသရေလ လူမျိုးများကို၊ အသင်းတော် ကအစားထိုး လိုက်သည်။ ထိုသူများအတွက် အနှစ်တစ်ထောင်အုပ်စိုးခြင်းသည် မရှိ၊ ယခုပင်အနှစ်တစ်ထောင်အုပ်စိုးချိန် ဖြစ်သည်ဟု ယူဆသည်။

 

အနာဂတ်အတွက် ရေးသားခြင်းဟု ခံယူခြင်း၊

ဤခံယူချက်အတိုင်း ဖြစ်ပါက၊ ဗျာဒိတ်ကျမ်းသည် အဓိကအားဖြင့်၊ အနာဂတ်၌ ဖြစ်ပျက်မည့် အရာများကို ရေးသားသည်ဟုဆိုသည်။ ထို့ကြောင့်၊ ထိုကျမ်းထဲ၌ ပါသောအရာ အများစုသည် မပြည့်စုံသေး၊ ယခုများ မကြာမီှတွင် ပြည့်စုံမည်ဟု ယုံကြည်သည်။ ဤစာအုပ်သည် ထိုသို့ ယုံကြည်ခြင်း ဖြင့် ရေးသားခြင်း ဖြစ်သည်။

.

 

ဓမ္မဟောင်းနှင့်ဓမ္မသစ်

 

ကျမ်းစာအုပ်သည်၊ စာအုပ်ပေါင်း ၆၆ ခုပေါင်းထားခြင်း ဖြစ်၍၊ ဓမ္မဟောင်းနှင့် ဓမ္မသစ်ဟူ၍၊ ခွဲထားသည်။ ဓမ္မဟောင်း၌ စာအုပ်ပေါင်း ၃၉ အုပ်ပါရှိ၍၊ ဓမ္မသစ်၌ ၂ရ အုပ်ပါရှိသည်။ နာမည်ခံ ခရစ်ယာန်များနှင့် သမ္မတရား နားမလည်သော ခရစ်ယာန်များက၊ ဓမ္မဟောင်းကျမ်းကို မဖတ်ကြချေ။ ​ကျွန်ပ်တို့အတွက် မဟုတ်၊ ဣသရေလ လူများအတွက် ဖြစ်သည်၊ ဟုဆို ကြသည်။ ​ကျွန်ပ်တို့သည် ဓမ္မသစ်အသင်းတော် ခေတ်၌ ရှိသောကြောင့်၊ ဓမ္မသစ်ကျမ်းနှင့် သာသက်ဆိုင်သည်ဟု ယူဆ ကြသည်။ ထို့ကြောင့်၊ ဓမ္မဟောင်းကျမ်းစာ များထဲမှတရားဟော သူများကို၊ တမျိုးမြင် ကြသည်။ သို့သော် ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းတို့သည်၊ တလုံးတ၀တည်း ဖြစ်၍၊ ရည်ရွယ်ချက်နှင့် ပြောဆိုသောအရာ များသည်၊ တခုတည်း ဖြစ်သည်။ ဓမ္မဟောင်းနှင့် ဓမ္မသစ်ကို ငွေစက္ကူနှင့် နှိုင်းယှဥ်နိင်သည်။ ငွေစက္ကူသည်၊ တရွက်တည်း ဖြစ်သော်လည်း နှစ်မျက်နှာရှိသည်။ တမျက်နှာသာရှိသော ငွေစက္ကူကို၊ သင်သည် လိုချင်မည် မဟုတ်။ အကြောင်းမှာ၊ မပြည့်စုံသောကြောင့် အသုံးပြု သောအခါ၊ မည်သူကမျှ လက်ခံမည် မဟုတ်ချေ။ ထို့နည်းတူ၊ ဓမ္မဟောင်းကျမ်းသည်၊ ဓမ္မသစ်ကျမ်းမပါဘဲ မပြည့်စုံနိင် သကဲ့သို့၊ ဓမ္မသစ်ကျမ်းလည်း၊ ဓမ္မဟောင်းကျမ်း မရှိလျှင် နားမလည်နိင်ချေ။

 

ဓမ္မဟောင်းကျမ်းသည်၊ ဓမ္မသစ်ကျမ်း၏ အရိပ် ဖြစ်၍၊ ဓမ္မသစ်ကျမ်းသည်၊ ဓမ္မဟောင်းကျမ်း၏ ပြည့်စုံခြင်း ဖြစ်သည်။ ဓမ္မဟောင်းကျမ်းထဲမှ နက်နဲခြင်းများကို၊ ဓမ္မသစ်ကျမ်း၌ အနက်ပြန်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် ဓမ္မဟောင်း နားမလည်ဘဲ၊ ဓမ္မသစ်၏ ဆိုလိုရင်းကို ရှင်းလင်းစွာ နားမလည်နိင်ချေ။ ဥပမာ၊ “နက်ဖြန်နေ့၌ ယေရှု ကြွလာ တော်မူသည်ကို၊ ယောဟန်သည် မြင်လျှင်၊ ဤလောက၏ အပြစ်ကို ဆောင်သွားသော၊ ဘုရားသခင်၏ သိုးသငယ်ကို ကြည့်လော့။” (ယော ၁:၂၉) ဟူသောအရာ သည်၊ ဓမ္မဟောင်းခေတ်၌၊ ဣသရေလ လူများ၏ လုပ်ဆောင်မှုများ မသိလျှင်၊ ဆိုလိုရင်းအနက် တိကျစွာ နားမလည်နိင်ချေ။ ထိုအရာကို သိ နားလည်ရန်မှာ၊ ၀တ် ၁၆:၂၀-၂၁ ကို နားလည်ဘို့ လိုသည်။ နှစ်စဥ်နှစ်တိုင်း၊ ယဇ်ပုရောဟိတ်မင်းက၊ ဣသရေလ လူများ၏ အပြစ်ကို၊ ဆိတ်ခေါင်းပေါ်မှာ တင်ပြီးမှ၊ လူမနေသော တောသို့၊ ထိုဆိတ်ကို ဆောင်သွားတတ်သည်။ ထိုသို့သောအားဖြင့်၊ လူများ၏ အပြစ်ကို၊ ဆိတ်ကသယ်ဆောင် သွားတတ်သည်။ ထို့နည်းတူ၊ ​ကျွန်ပ်တို့၏ အပြစ်များကိုလည်း၊ ဘုရားသခင်က သခင်ယေရှု အပေါ်၌ တင်ထား၍၊ ယူဆောင်သွားသည် (၂ ကော ၅:၂၁)။ ဘုရားသခင်၏ လုပ်ဆောင်ချက်ကို နားမလည် သောကြောင့်၊ ကိုယ့်အပြစ် ကိုလည်း ခရစ်တော်ထံ၌၊ အပ်နှံထားတတ် ကြသည်။ ဣသရေလ လူများသည်၊ သူတို့၏ အပြစ်များကို၊ သူတို့ကိုယ်တိုင် ဆိတ်ခေါင်းပေါ်၌ တင်ကြသည် မဟုတ်၊ ယဇ်ပုရောဟိတ်ကသာ တင်နိင်သည်။ ထို့နည်းတူ၊ ​ကျွန်ပ်တို့၏ အပြစ်များကိုလည်း၊ ဘုရားသခင်က ခရစ်တော် အပေါ်၌၊ တင်သည်ဟု ဟေရှာယ ၅၃:၆၌ တွေ့ရသည်။ ထိုအရာကိုလည်း၊ ဟေရှာယကျမ်းစာကို မဖတ်လျှင် အဘယ်သို့ သိနိင်မည်နည်း။

 

ဣသရေလ လူများ၏၊ လုပ်နည်းများကို သိသောအခါ၊ သခင်ယေရှု၏ လုပ်ဆောင်ချက် များကို၊ ကောင်းစွာ နားလည်၍၊ ​ကျွန်ပ်တို့၏ ယုံကြည် ချက်လည်း၊ မှန်ကန်၍ ခိုင်ခန့်မှာ ဖြစ်သည်။ ဓမ္မသစ်ကျမ်းထဲ၌၊ ဓမ္မဟောင်းကျမ်းထဲမှ၊ ကိုးကား ချက်များစွာ တွေ့ရသည်။ သခင်ယေရှုနှင့် တမန်တော်များကလည်း၊ ဓမ္မဟောင်းကျမ်းစာကို၊ များစွာကိုးကား ကြသည်။ ထို့ကြောင့်၊ ဓမ္မသစ်ကျမ်းစာကို သာကြည့်ခြင်း ဖြင့်၊ မလုံလောက်ပါ။ ဓမ္မဟောင်းကျမ်းစာနှင့် ယှဥ်၍၊ ဆိုလိုရင်းကို ရှာဘို့ လိုသည်။ ဓမ္မသစ်ကျမ်း၌ “ကျမ်းစာ”ဟုဆိုခြင်းသည်၊ ဓမ္မဟောင်းကျမ်းကို ဆိုလိုခြင်း ဖြစ်သည်။

 

ဓမ္မသစ်ကျမ်းထဲ၌လည်း၊ ခရစ်၀င်ကျမ်းများ ဖြစ်သော၊ မဿဲ၊ မာကု၊ လုကာ၊ ယောဟန်၊ ကျမ်းများကို သာအရေးကြီးသည်ဟု၊ ယူဆသော သူများရှိကြသည်။ ထိုအရာလည်း မမှန်ပါ။ အဘယ်ကြောင့်ဆိုသော်၊ ပေါလုက၊ “ထိုကျမ်းစာ ရှိသမျှသည်၊ ဘုရားသခင် မှုတ်သွင်း တော်မူသောအားဖြင့် ဖြစ်၍၊ ဘုရားသခင်၏ လူသည် စုံလင်သောသူ၊ ကောင်းသောအမှု အမျိုးမျိုး တို့ကို ပြုစုခြင်း အလိုငှါ၊ ပြင်ဆင် သောသူ ဖြစ်မည်အကြောင်း၊ ဩ၀ါဒပေးခြင်း၊ အပြစ်ကို ဘော်ပြခြင်း၊ ​ဖြောင့်မတ်စွာ ပြုပြင်ခြင်း၊ တရားကို သွန်သင်ခြင်း ကျေးဇူးများကို ပြုတတ်၏။” (၂ ကော ၃:၁၆-၁ရ) ဟုဆိုသည်။ ထို့ကြောင့် ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းစာ အားလုံးကို၊ ချန်လှပ်ထားခြင်း မရှိဘဲ၊ အားလုံးဖတ်ဘို့ ဖြစ်သည်။ အလွန် ကြိုက်နှစ်သက်သောအရာ နှင့် မဖတ်ချင်သောအရာ မရှိရချေ။ ဘုရားသခင်က လိုအပ်သောကြောင့်၊ ပေးထားခြင်း ဖြစ်သည်။

 

မေးခွန်းများ

 

၁။ ဓမ္မဟောင်း၌ ကျမ်းစာ ပေါင်းမည်မျှရှိသနည်း။ ——————————————————

၂။ ဓမ္မသစ်၌ ကျမ်းစာ ပေါင်းမည်မျှရှိသနည်း။ —————————————-

၃။ ဓမ္မဟောင်းကျမ်းစာ ဖတ်ဘို့ လိုပါသလား။ —————————————-

၄။ ဓမ္မဟောင်းကျမ်း မသိဘဲ ဓမ္မသစ်ကျမ်း နားလည်နိင်သလော။ —————————————-

၅။ ဓမ္မဟောင်းသည် ဓမ္မသစ်ကျမ်း၏ —————— ဖြစ်သည်။

၆။ ဓမ္မသစ်ကျမ်းသည် ဓမ္မဟောင်းကျမ်း၏ —————————————- ဖြစ်သည်။

ရ။ ယော ၁:၂၉ သိဘို့ရန် ဘာဖတ်ဘို့ လိုသနည်း။ ———————–

၈။ ငါတို့၏ အပြစ် အားလုံးကို ———————က————————— အပေါ်မှာ တင်သည်ဟု —————————-၌ တွေ့ရသည်။

၉။ ဓမ္မသစ်ကျမ်း၌ ကျမ်းစာဟုဆိုသောအရာ သည် အဘယ်ကျမ်း ဖြစ်သနည်း။ ———————————–

၁၀။ ဓမ္မသစ်ကျမ်း၌ အဘယ်ကျမ်းများသည် ပို၍ အရေးကြီး သနည်း။ ———————————–

.

 

မဖတ်ဘူးသောကျမ်းစာ

 

ဗျာဒိတ်ကျမ်းကို ဖတ်ရှုသောသူ အလွန်နည်းသည်။ အကြောင်းရင်းများမှာ၊

၁။ သိဘို့ရန် ခက်ခဲ၍၊ ဖတ်လျှင်လည်း နားမလည်နိင်ချေ။ စိတ်ရှုတ်စေသည်။

၂။ တရားဟောသော သူများ ကလည်း၊ ဗျဒိတ်ကျမ်းထဲမှ ဟောသော သူအလွန် နည်းသည်။ ထို့ကြောင့် ပြန်လည်ကြည့်ဘို့ရန်လည်း မလိုချေ။

၃။ ကယ်တင်ခြင်းသို့ မရောက်၊ ကျမ်းစာကျောင်းအောင်၍၊ ဆရာ ဖြစ်သော သူများက၊ ဗျာဒိတ်ကျမ်းသည်၊ အဘိုးကြီး၏ အိပ်မက် ဖြစ်သည်ဟု၊ ဆိုသော သူများလည်းရှိသောကြောင့်၊ ဖတ်ဘို့ရန်လည်း မရည်ရွယ်တော့ချေ။

၄။ ဗျာဒိတ်ကျမ်း မဖတ်လျှင်လည်း၊ အခြားကျမ်းများ ဖတ်၍ မကုန်ဟု ထင်ကြသည်။

၅။ ဗျာဒိတ်ကျမ်းကို၊ ဦးစားပေးဟောပြောသော သူနည်းသည့်အပြင်၊ အနက်ဖွင့်စာအုပ်လည်း နည်းပါးသည်။

၆။ စာတန်ကလည်း သူ၏ ဆုံးရှုံးခြင်း၊ နောက်ဆုံး ဖြစ်ရပ်များကို မသိစေချင်ပေ။

ရ။ ဗျာဒိတ်ကျမ်း၏ အရေးကြီးပုံ၊ မသိကြသောကြောင့် မဖတ်ကြခြင်း ဖြစ်သည်။

 

ဗျာဒိတ်ကျမ်း မဖတ်၊ မသိသောကြောင့်၊ ဆုံးရှုံးမှု များစွာရှိသည်။ အကြောင်းမှာ၊ ဗျာဒိတ်ကျမ်းမပါဘဲ ကျမ်းစာသည် မပြည့်စုံနိင်ပါ။ လယ်ယာစိုက်ပျိုးပြီး၊ မရိတ်သိမ်းဘဲ ထားခဲ့ခြင်းနှင့် တူသည်။ ကျောင်းတက်ပြီး၊ နောက်ဆုံးအတန်းတင် စာမေးပွဲမ​ဖြေ သကဲ့သို့ဖြစ်သည်။ သီးနှံမရိတ်သိမ်းလျှင် လယ်လုပ်ခြင်းသည် အကျိုးမရှိသကဲ့သို့၊ ကျောင်းတက်ပြီး စာမေးပွဲမ​ဖြေလျှင် အဓိပ္ပါယ်မရှိချေ။ ထို့နည်းတူ ဗျာဒိတ်ကျမ်း မဖတ် နားမလည်လျှင်၊ ဘုရားသခင်၏ အကြံအစည်တော်ကို နားမလည်။ သခင်ယေရှု၏ အောင်မြင်ခြင်းနှင့် ဘုန်းတော်ကို မသိ၊ စာတန်၏ ဆုံးရှုံးခြင်းနှင့် နောက်ဆုံး ဖြစ်ရပ်များ မသိ၊ ယုံကြည်သူများ၏ ခံစား မည့် အရာနှင့် ဘုရားသခင်၏ ချီးမြှောက်ခြင်းများ နားမလည်၊ ထို့ကြောင့် မျှော်လင့်ခြင်းလည်း မရှိသောကြောင့်၊ စိတ်လှုပ်ရှားခြင်းလည်း မရှိနိင်ချေ။ ဗျာဒိတ်ကျမ်း နားလည် သောအခါ၊ သူတပါးကိုလည်း မပြောဘဲ မနေနိင်တော့ချေ။ အဘယ်ကြောင့် ဗျာဒိတ်ကျမ်းဖတ်ရှု၍ နားလည်ဘို့ လိုကြောင်းများကို၊ သင်ကြားကြ၍ ပို၍ နားလည်လာကြလိမ့်မည်။

 

မေးခွန်းများ

 

၁။ ဓမ္မသစ်ကျမ်း၌ အနည်းဆုံးဖတ်ရှုသော ကျမ်းသည် အဘယ်ကျမ်းနည်း။ ———————————–

၂။ ဗျာဒိတ်ကျမ်းကို ဖတ်ဘူးပါသလော။ ———————————–

၃။ ဗျာဒိတ်ကျမ်း မဖတ်ရခြင်း၏ အကြောင်းရင်းများ ဖေါ်ပြပါ။ ———————————–

၄။ ဗျာဒိတ်ကျမ်း မဖတ်ခြင်းသည် ဘာနှင့် တူသနည်း။ ———————————–

.

 

မေရှိယကျမ်း

 

ဗျာဒိတ်ကျမ်းသည် မေရှိယကျမ်း ဖြစ်သည်။ သခင်ယေရှု၏ အကြောင်းကို ဓမ္မဟောင်းထဲ၌ အနည်းငယ်စီဖြင့် စာအုပ်တိုင်း၌ ရေးထားသည်။ သခင်ယေရှု လူ့ဇာတိခံမည်အကြောင်း၊ ဆင်းရဲ ခံ၍ ထို့နောက်မှ ဘုန်းတော်၀င်စားမည့် အကြောင်းများ ကိုလည်းရေးထားသည်။ ခရစ်၀င်ကျမ်းထဲ၌၊ လူ့ဇာတိခံချိန်မှစ၍၊ ဤလောက၌ အမှုတော် ဆောင်ခြင်း၊ အသေခံခြင်း၊ ရှင်ပြန်ထမြောက် ခြင်း၊ ကောင်းကင် တက်သည် အထိ ရေးသား ထားသည်။ ခရစ်တော်၏ နှိမ့်ချခြင်းနှင့် ဆင်းရဲခြင်း များကို သာရေး၍၊ ဘုန်းတော်၀င်စားခြင်းများ မရေးကြချေ။ ပေါလုက ခရစ်တော်၏ ဘုန်းကို၊ အနည်းငယ်ရေးသား ထားသော်လည်း မပြည့်စုံချေ။ ဗျာဒိတ်ကျမ်း မဖတ် နားမလည်လျှင်၊ ခရစ်တော်သည် အထင်ကြီးစရာနှင့် အားကျစရာ မရှိချေ။ ဗျာဒိတ်ကျမ်း အခန်းကြီး ၁ မှ ၃ တွင်၊ ခရစ်တော်သည် ဘုန်းရှိသော ရှင်ဘုရင်နှင့် ယဇ်ပုရောဟိတ် အဖြစ်၊ အသင်းတော်များ၌ အလုပ်လုပ်ခြင်းကို တွေ့မြင်နိင်သည်။ ဗျာဒိတ်ကျမ်း အခန်းကြီး ၄ နှင့် ၅ ၌၊ ခရစ်တော်သည် ကောင်းကင်၌၊ ဘုန်းရှိသော ဘုရားသခင်၏ သိုးသငယ် အဖြစ်၊ ပလ္လင်ပေါ်၌ တွေ့မြင်ရသည်။ ဗျာဒိတ်ကျမ်း ၆ မှ ၁၈ တွင်၊ ခရစ်တော်သည် ဤလောကကို၊ တရားစီရင်သည့် တရားသူကြီး အဖြစ်တွေ့မြင်နိင်သည်။ ဗျာဒိတ် ၁၉ ၌ ခရစ်တော်သည်၊ ရှင်ဘုရင်အဖြစ် ဘုန်းတော်နှင့် ဤကမ္ဘာပေါ်သို့၊ ဆင်းကြွလာခြင်းကို တွေ့မြင်နိင်သည်။ ဗျာ ၂၀ ၌ ခရစ်တော်၏၊ တရားစီရင်ခြင်းနှင့် အနှစ်တစ်ထောင်အုပ်စိုးခြင်းကို၎င်း၊ ဗျာ ၂၁-၂၂၌ ကောင်းကင်သစ်၊ မြေကြီးသစ်၊ ယေရုရှလင် မြို့သစ်များကို တွေ့မြင်ရသည်။

 

ဗျာဒိတ်ကျမ်း၌၊ ခရစ်တော်ကို သိုးသငယ်ဟု ရေးထားသော်လည်း၊ ဤလောက၌ လူ့ဇာတိခံခဲ့စဥ်၊ သိုးသငယ် ကဲ့သို့ နှိမ့်ချခြင်းကို မတွေ့ရတော့ချေ။ စစ်တိုက်သော စစ်သူကြီး အဖြစ်၎င်း၊ အာဏာနှင့် တရားစီရင်ခြင်းကို၎င်း၊ ဘုန်းတော်နှင့် အုပ်ချုပ်သော ရှင်ဘုရင်အဖြစ်သာ တွေ့မြင်ရတော့သည်။ အပြစ် သားများအတွက် အသေခံခြင်း၊ ဆင်းရဲ ခံခြင်းများ မတွေ့ရတော့ဘဲ၊ အပြစ် သားများကို၊ တရားစီရင်သော တရားသူကြီး အဖြစ်နှင့်သာ၊ တွေ့မြင်ရသည်။ အခြားသော ကျမ်းများက၊ ဗျာဒိတ်ကျမ်းလောက်၊ ခရစ်တော်၏ ဘုန်းတော်နှင့် အာဏာကို ပြည့်စုံစွာ မရေးကြချေ။ ကျမ်းစာ ရေးသော သူသည်၊ တမန်တော် ယောဟန် ဖြစ်၍ ရေးခိုင်းသော သူသည်၊ သခင်ယေရှု ဖြစ်သည် (ဗျာ ၁:၁)။ ထို့ကြောင့် ဤကျမ်းကို၊ မေရှိယကျမ်းဟုဆိုနိင်သည်။

 

မေးခွန်းများ

 

၁။ ဗျာဒိတ်ကျမ်းကို ———————————–ကျမ်းဟု ခေါ်နိင်သည်။

၂။ ဓမ္မဟောင်းကျမ်းများ၌ ယေရှုနှင့် ပတ်သက်၍ ဘာတွေရေးသနည်း။ ———————————–

၃။ ခရစ်၀င်ကျမ်းများလည်း ခရစ်တော်နှင့် ပတ်သက်၍ ဘာရေးကြသနည်း။ ———————————–

၄။ ဗျာ ၁-၃ ၌ ယေရှုကို ———————————–အဖြစ် မြင်နိင်သည်။

၅။ ဗျာ ၄-၅ ၌ ယေရှုကို မည်ကဲ့သို့ မြင်ရသနည်း။ ———————————–

၆။ ဗျာ ၆-၁၉ ၌ ယေရှုကို ဤလောက ———————————–သူအဖြစ် မြင်ရသည်။

ရ။ ဗျာဒိတ်ကျမ်း၌ သခင်ယေရှု၏ နှိမ့်ချခြင်း မတွေ့ရဘဲ မည်ကဲ့သို့ မြင်ရသနည်း။ ———————————–

.

 

အံ့ဩဘွယ်စာအုပ်

 

ဗျာဒိတ်ကျမ်းသည် အခြားကျမ်းများနှင့် မတူချေ။ ဥပမာနှင့် ပုံဆောင်ချက်အမျိုးမျိုး၊ မြင်နိင်သော (ရူပ) အရာနှင့် မမြင်နိင်သော (အရူပ) အရာများ၊ ကောင်းကင်နှင့် မြေကြီး အရာများ၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ၀ိညာဥ်တော် ဘုရား၊ ကောင်းကင်တမန် များနှင့် စာတန်၊ ယုံကြည်သူများနှင့် မယုံကြည်သူများ၊ တိရစ္ဆာန်နှင့်သားရဲများ အားလုံးပါ၀င်၍၊ အံ့ဩဘွယ်စာအုပ် ဖြစ်သည်။ နှုတ်အားဖြင့် မမွက်နိင်သောအရာ များ၊ မျက်စိနှင့် မမြင်ဘူးသောအရာ များ လည်း၊ ဖေါ်ပြထားသည်။ ဗျာဒိတ်ကျမ်း၌၊ ဓမ္မဟောင်းကျမ်းမှ၊ အကြိမ်သုံးရာမကကိုးကား ထားသည်။ နံပါတ်နှစ်၊ သုံး၊ လေး၊ ငါး၊ ​ခြောက်၊ ခုနှစ်၊ တဆယ့်နှစ်၊ နှစ်ဆယ့်လေး၊ တသိန်းလေးသောင်းလေးထောင်များလည်းရေးသား ထားသည်။ စာတန်နှင့် အပေါင်းပါများနှင့် ကောင်းကင်တမန် များစစ်တိုက်ပွဲလည်း ဖေါ်ပြထားသည်။ သန့်ရှင်း သူများ ကဘုရားကိုး ကွယ်နည်းများ၊ ကောင်းကင် အခင်းအကျင်း၊ ဘုရားသခင်၏ အမျက်တော်နှင့် တရားစီရင်ခြင်း များလည်း တွေ့မြင်ရသည်။ စာတန်၏ နောက်ဆုံးနေ့များ၊ ကောင်းကင်နှင့် မြေကြီး၏ နောက်ဆုံး၊ ကောင်းကင်သစ်၊ မြေကြီးသစ်၊ ယေရုရှလင် မြို့သစ်များလည်း ဖေါ်ပြထားသည်။ ထို့ကြောင့် ဗျာဒိတ်ကျမ်းသည်၊ အံ့ဩဘွယ်စာအုပ် ဖြစ်သည်။

 

မေးခွန်းများ

 

၁။ ဗျာဒိတ်ကျမ်း၌ အဘယ်အရာများရေးသား သနည်း။ ———————————–

၂။ ဗျာဒိတ်ကျမ်း၌ ဓမ္မဟောင်းကျမ်း——————————- — ကြိမ်ကိုးကားသည်

၃။ ဗျာဒိတ်ကျမ်း၌မည် သူများ တိုက်ခိုက်ခြင်း မြင်ရသနည်း။ ———————————–

၄။ ဘုရားနှင့် ပတ်သက်၍ ဘာမြင်ရသနည်း။ ———————————–

၅။ ဗျာဒိတ်ကျမ်း၌ စာတန်၏ ——————မြင်ရသည်။

၆။ ဗျာဒိတ်ကျမ်း၌ အသစ်သောအရာ ဘာများ မြင်ရသနည်း။ ————————————————————-

.

 

မင်္ဂလာစာအုပ်

 

ဗျာဒိတ်ကျမ်းသည်၊ အခြားကျမ်းများနှင့် ထူးခြားချက်များစွာ ရှိရာ၊ ထိုအထဲမှ တခုသည်၊ ဤစာအုပ်ကသာလျှင် မင်္ဂလာအကြောင်း များကို များစွာ ရေးသား ထားသည်။ ဤကျမ်း၌ မင်္ဂလာရှိမည့် အကြောင်း ခုနှစ်ကြိမ်ရေးထားသည်။

၁။ “ဤ အနာဂတ္တိကျမ်း စကားကို ကြည့်ရှုဘတ်ရွတ် နားထောင်၍၊ ရေးထားသမျှ တို့ကို စောင့်ရှောက်သော သူတို့သည်၊ မင်္ဂလာရှိကြ၏။” (ဗျာ ၁:၃)

၂။ “တဖန်တုံ၊ ကောင်းကင် အသံကား၊ ယခုမှစ၍ သခင်ဘုရား၌ သေသော သူတို့သည်၊ မင်္ဂလာရှိကြ၏ဟု ရေးထားလော့၊ ဟုပြောဆိုသည်ကို ငါကြား၏။” (ဗျာ ၁၄:၁၃)

၃။ “အသံတော်ကား၊ သူခိုးကဲ့သို့ ငါလာ၏။ အ၀တ်အချည်းစည်းနှင့် သွားလာ၍၊ သူတပါးရှေ့၌ ရှက်စရာ အကြောင်း မရှိစေခြင်းငှါ နိုးလျက် နေ၍၊ ကိုယ်အ၀တ်ကို စောင့်သော သူသည် မင်္ဂလာရှိ၏။” (ဗျာ ၁၆:၁၅)

၄။ “ကောင်းကန်တမန် ကလည်း၊ သိုးသငယ်၏ မင်္ဂလာဆောင်ပွဲသို့၊ ခေါ်ဘိတ်ခြင်းကို ခံရသော သူတို့သည်၊ မင်္ဂလာရှိကြ၏ဟု ရေးထားလော့ဟူ၍၎င်း၊ ဤစကားသည် ဘုရားသခင်၏ နှုတ်တော် ထွက်စင်စစ် ဖြစ်၏ ဟူ၍၎င်း၊ ငါ့အား ပြောဆို၏။” (ဗျာ ၁၉:၉)

၅။ “ပဌမ ထမြောက် ခြင်းကို ၀င်စားသော သူသည်၊ မင်္ဂလာရှိသောသူ၊ သန့်ရှင်းသောသူ ဖြစ်၏။ ထိုသို့သော သူသည် ဒုတိယသေခြင်း၏ လက်နှင့် ကင်းလွတ် လျက်၊ ဘုရားသခင်၏ ယဇ်ပုရောဟိတ်၊ ခရစ်တော်၏ ယဇ်ပုရောဟိတ် ဖြစ်၍၊ အနှစ်တထောင်ပတ်လုံး၊ ခရစ်တော်နှင့်အတူ စိုးစံရကြလိမ့်မည်။” (ဗျာ ၂၀:၆)

၆။ “ငါသည် အလျင် အမြန် လာမည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို၊ စောင့်ရှောက်သော သူသည်၊ မင်္ဂလာရှိ၏ဟု ပြောဆို၏။” (ဗျာ ၂၂:ရ)

ရ။ “အသက် ပင်နှင့် ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ၀င်အံ့သောငှါ၊ ပညတ်တော် တို့ကို ကျင့်သော သူတို့သည်၊ မင်္ဂလာရှိကြ၏။” (ဗျာ ၂၂:၁၄)

 

မေးခွန်းများ

 

၁။ ဗျာဒိတ်ကျမ်းမှာ ဖေါ်ပြသော မင်္ဂလာခုနှစ်ပါးများ ဖေါ်ပြပါ။ ———————————————————————

.

 

ဖွင့်ထားသောစာအုပ်

 

ဗျာဒိတ်ကျမ်းနှင့် တူညီသော ကျမ်းစာမှာ၊ ဓမ္မဟောင်းကျမ်းထဲမှ ဒံယေလကျမ်း ဖြစ်သည်။ ဒံယေလက၊ “ထိုစကားကို ငါကြား၍ နားမလည် သောကြောင့်၊ သခင်ဘုရား၊ ဤအမှု အရာတို့သည် အဘယ်သို့ ကုန်စင်ပါမည်နည်း၊ ဟု မေးလျှောက်လျှင်၊ ထိုသူက၊ ဒံယေလ၊ သင်သွားလော့။ ထိုစကားသည် အမှု ကုန်ရသည် ကာလ တိုင်အောင် ပိတ်၍၊ တံဆိပ်ခတ်ထားလျက် ရှိ၏။” (ဒံ ၁၂:၈-၉) ဟု ရေးထားသည်။ အဘယ်ကြောင့် ဘုရားသခင်က ဒံယေလမေးသော မေးခွန်းကို မ​ဖြေသနည်း၊ အဘယ်ကြောင့်တံဆိပ်ခတ်ထားသနည်းဟူမူကား၊ ထိုကာလနှင့် မစပ်ဆိုင်သောကြောင့် ဖြစ်သည်။ ထိုအကြောင်း အရာများ နားလည်ဘို့ရန်၊ နှစ်ပေါင်း၂၅၀၀ကျော်လွန်ဘို့ လိုအပ်သည်။ ယခုနောက်ဆုံးသော ကာလ၌ နေသော ​ကျွန်ပ်တို့က၊ ထိုအကြောင်း အရာများကို သိရှိ နားလည်ခွင့်ရနေပြီ ဖြစ်သည်။ ကောင်းကင်တမန်က၊ ယောဟန်ထံဤသို့ ပြောထားသည်၊ “တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန် ရောက်လုနီးပြီ။” (ဗျာ ၂၂:၁၀)။ ယောဟန်ထံတွင်၊ ဤ ဗျာဒိတ်ကျမ်းကို၊ တံဆိပ်မခတ်ဘို့ရန် ပြောထားသည်။ လူတိုင်း ကသိဘို့ရန် ဖြစ်သည်။အချိန် နီးပြီ၊ တံဆိပ်ခတ်ထားဘို့ မဟုတ်တော့ချေ။ သို့သော် ယနေ့ တိုင်၊ ဤကျမ်းသည် လူတိုင်း အတွက်၊ ဖုံးနေသော စာအုပ် ဖြစ်သေးသည်။ အလွန် ၀မ်းနည်းစရာ ပင် ဖြစ်သည်။ ဖွင့်ထားသော ကျမ်းကို၊ လူတိုင်း ဖတ်၍ နားလည်ဘို့ လိုအပ်သည်။

 

မေးခွန်းများ

 

၁။ ဗျာဒိတ်ကျမ်းနှင့် တူသော ကျမ်းသည် ———————————– ဖြစ်သည်။

၂။ အဘယ်ကြောင့် ဘုရားသခင်က ဒံယေလကို တံဆိပ်ခတ်ခိုင်းသနည်း။ ———————————————————————-

၃။ မည်သူကယောဟန်ကို တံဆိပ်မခတ်ဘို့ ပြောသနည်း။ ———————————————————————-

၄။ အဘယ်ကြောင့် ဗျာဒိတ်ကျမ်းသည် ဖွင့်ထားသော ကျမ်း ဖြစ်သနည်း။ ———————————————————————-

၅။ ဖွင့်ထားသော ကျမ်းကို သင်ဘာလုပ်မည်နည်း။ ———————————–

.

 

ပရောဖက်ကျမ်း

 

ဗျာဒိတ်ကျမ်းသည်၊ ရှေ့အနာဂတ်မှာ ဖြစ်ပျက်မည့် အရာများ၊ ကြိုတင် ဟောပြောထားသော ကျမ်း ဖြစ်သည်၊ ဟု ဗျာ ၁:၃၊ ၂၂:ရ၊ ၁၀၊ ၁၈-၁၉ တို့၌ တွေ့ရသည်။ ထိုအပြင်ယောဟန်ထံ၌၊ “ထိုကြောင့်၊ သင်သည် မြင်ပြီးသောအရာ တို့ကို၎င်း၊ ယခုရှိသောအရာ တို့ကို၎င်း၊ နောင် ဖြစ်လတံ့သောအရာ တို့ကို၎င်း၊ ရေးထားလော့။” (ဗျာ ၁:၁၉) ဟုဆိုသည်။ မြင်ပြီးသောအရာ တို့သည် အခန်းကြီး တစ်၊ ယခုရှိသောအရာ တို့သည် အခန်းကြီး နှစ်နှင့် သုံး၊ နောင် ဖြစ်လတံ့သောအရာ တို့သည်၊ အခန်းကြီး လေးမှအဆုံးအထိ ဖြစ်သည်။ ထို့ကြောင့် အနာဂတ်အကြောင်းရေးသောအရာ သည် အများ ဆုံး ဖြစ်သည်။ အခန်းကြီး နှစ်နှင့် သုံးလည်း သူတို့အချိန် ရှိအသင်းတော်များအတွက် ဖြစ်သော်လည်း၊ သူတို့ နောက်မှ ဖြစ်လာမည့် နှစ်ပေါင်းနှစ်ထောင်အတွင်း အသင်းတော် သမိုင်းအကြောင်း ဖြစ်သည်။ ထို့ကြောင့် ဗျာဒိတ်ကျမ်းသည်၊ ဓမ္မသစ်ကျမ်း၏ တခုတည်းသော ပရောဖက် ကျမ်း ဖြစ်သည်။

 

မေးခွန်းများ

 

၁။ ယောဟန်ကမြင်ပြီးသောအရာ များသည် အခန်းကြီး ————— ဖြစ်သည်။

၂။ ယခုရှိသောအရာ တို့သည် အခန်းကြီး —————နှင့် —————တို့ ဖြစ်သည်။

၃။ နောင်၌ ဖြစ်မည့် အရာတို့သည် အခန်းကြီး —————မှ—————အထိ ဖြစ်သည်။

.

 

ဘုန်းရှိသော ရှင်ဘုရင်စာအုပ်

 

ဗျာဒိတ်ကျမ်းသည်၊ ဘုန်းရှိသော ရှင်ဘုရင်စာအုပ်ဟုဆိုနိင်သည်။ အကြောင်းမူကား၊ ဤကျမ်း၌ ခရစ်တော်သည် နှိမ့်ချစွာ ဆင်းရဲ ခံခြင်းနှင့် မတွေ့ရတော့ဘဲ၊ ဘုန်းရှိသော ရှင်ဘုရင်အဖြစ်သာ တွေ့မြင်ရသည်။ ယောဟန်ကသခင်ယေရှုကို မြင် သောအခါ၊ ယခင်ကဲ့သို့ သူ၏ ရင်ခွင်၌ လျောင်းဘို့ နေနေသာသာ၊ သေမတတ်​ခြေတော် ရင်း၌ လဲနေသည်။ အဘယ့်ကြောင့်ထိုသို့ဖြစ်သနည်းဟူမူကား၊ သခင်ယေရှုကို ဘုန်းတန်ခိုးနှင့် မြင်သောကြောင့်၊ အလွန် ကြောက်ရွံ့ခြင်း ဖြစ်သည်။ ပရောဖက် ဒံယေလကလည်း သခင်ယေရှုကို မြင်ခဲ့သည်၊ “ငါသည် ဟိဒကေလမြစ်ကြီး အနားမှာရှိစဥ်၊ မျှော်ကြည့်၍၊ ပိတ်ချောနှင့် ဥဖတ်ရွှေစင်ခါးပန်းကို ၀တ်စည်းလျက် ရှိသော လူတဦးကို မြင်၏။ သူ၏ကိုယ်သည် ကျောက်မျက်ရဲွကဲ့သို့ဖြစ်၏။ သူ့မျက်နှာ သည်လည်း လျှပ်စစ်ကဲ့သို့ ထင်၏။ သူ့မျက်စိ သည်လည်း မီးခွက်ကဲ့သို့ဖြစ်၏။ သူ့လက်​ခြေတို့သည် ဦးသစ်သော ​ကြေး၀ါအရောင်အဆင်းရှိ၏။ သူ့စကား သံသည်၊ များစွာသော လူစုအသံနှင့် တူ၏။ ထိုဗျာဒိတ်ရူပါရံုကို ငါဒံယေလတယောက် တည်း မြင်ရ၏။ ငါနှင့်အတူ ပါသော လူတို့သည် မမြင်ရကြ။ သူတို့သည် အလွန် ကြောက်ရံွ့တုန်လှုပ်ခြင်းသို့ ရောက်သဖြင့်၊ ပုန်းရှောင်၍ နေခြင်းငှါ ပြေးကြ၏။ ငါမူကား၊ တယောက် တည်း နေရစ်၍၊ ထိုကြီးစွာသော ရူပါရုံကို မြင်ရလျှင်၊ ခွန်အား လျော့၍ မျက်နှာပျက််လျက်၊ ကိုယ်၌ အစွမ်းသတ္တိအလျှင်း မရှိ ဖြစ်လေ၏။သို့ ရာတွင်၊ ထိုသူ၏ စကား သံကို ငါကြား၏။ ကြား သောအခါ မြေပေါ်မှာ ပြပ်၀ပ်၍၊ မိန်းမောတွေဝေလျက် နေ၏။” (ဒံ ၁၀:၅-၉)။ ဒံယေလသည် သူမြင်ရသော ပုဂ္ဂိုလ်ကြောင့်ခွန်အား မရှိ၊ အစွမ်းသတ္တိအလျှင်း မရှိ၊ မြေပေါ်၌ ပြပ်၀ပ်၍ မိန်းမောတွေဝေလျက် နေသည်ဟုဆိုသည်။

 

ယခုလူများစွာ တို့က၊ ဘုရားသခင်ကို ဂရုမစိုက်ဘဲ၊ ကြိုက်နှစ်သက်သလို၊ ရီစရာ အဖြစ်ပြောတတ်၊ ဆိုတတ် ကြသည်။ သို့သော် ဘုရားသခင်နှင့် တွေ့ သောအခါ၊ ကြောက်လွန်းအားကြီး သောကြောင့််၊ သေမတတ်ရှိကြပေလိမ့်မည်။ ဘုရား လူ၊ ၀ိညာဥ်လူများ ဖြစ်ကြသော၊ ယောဟန်နှင့် ဒံယေလတို့ ပင်လျှင်၊ ခရစ်တော်ကို သူ၏ ဘုန်းနှင့် မြင်ကြ သောအခါ၊ အထက်ပါ ကဲ့သို့ ကြောက် ကြသည်။ အပြစ် ဒုစရိုက်၌၊ မိမိ ကြိုက်နှစ်သက်သလိုအသက် ရှင်ကြသော၊ ​ကျွန်ပ်တို့က ခရစ်တော်ကို မြင်လျှင်၊ သေမှာသေချာသည်။ ထို့ကြောင့် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေတတ်ကြပါစို့။ ဤစာအုပ်၌ ပလ္လင်ကို ၄၆ ကြိမ်၊ ရှင်ဘုရင် ၃ ရကြိမ်၊ ဘုန်းတန်ခိုးနှင့် အာဏာတော် ၄၀ကြိမ်တွေ့ရသည်။ ထို့ကြောင့် ဤကျမ်းသည်၊ ရှင်ဘုရင်ကျမ်းဟုဆိုနိင်သည်။

 

မေးခွန်းများ

 

၁။ ဗျာဒိတ်ကြမ်း၌ သခင်ယေရှုကို —————အဖြစ် မြင်တွေ့ရသည်။

၂။ အဘယ်ကြောင့်ယောဟန်ကယေရှုကို အလွန် ကြောက်ရွံ့သနည်း။ ———————————–

၃။ များစွာသော လူများ ကသခင်ယေရှုကို အဘယ်ကြောင့်ဂရုမစိုက်ကြသနည်း။ ———————————–

၄။ ဗျာဒိတ်ကျမ်း၌ ပလ္လင်တော် —————ကြိမ်၊ ရှင်ဘုရင်—————ကြိမ်၊ အာဏာ—————ကြိမ်တွေ့ရသည်။

.

 

တကမ္ဘာလုံးခြုံသောစာအုပ်

 

အချို့သော သူများက ဗျာဒိတ်ကျမ်းသည်၊ ယောဟန်လက်ထက်၌ ရှိသော၊ အသင်းတော် ခုနှစ်ပါးအတွက် သာ ဖြစ်သည် ဟူ၍ ဖြစ်စေ၊ နှစ်ပေါင်းနှစ်ထောင်ကြာပြီးမှရှိသော၊ ငါတို့အတွက် မဟုတ်ဘူးဟူ၍ ဖြစ်စေ၊ ယူဆနိိင်သည်။ သို့သော် ဤစာအုပ်သည်၊ ယောဟန်လက်ထက်၌ ရှိသော အသင်းတော်များသာမက၊ ခေတ်အဆက်ဆက်ရှိအသင်းတော်များနှင့် ​ကျွန်ပ်တို့အတွက် ပါ၊ ရေးထားသော စာအုပ် ဖြစ်သည်။ အကြောင်းမှာ၊ အသင်းတော်များထံရေးသော စာ၏ နောက်ဆုံးပိုင်း၌၊ “၀ိညာဥ်တော်သည်၊ အသင်းတော် တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသော သူမည်သည် ကား ကြားပါစေ။”ဟု ရေးထားသည် (၂:ရ၊ ၁၁၊ ၁ ရ၊ ၂၉၊ ၃:၆၊ ၁၃၊ ၂၂)။ ထိုမျှမက၊ အခန်းကြီး ၆-၁၉ အထိ အများ ဆုံးသည်၊ ရှေ့အနာဂတ်ဘေးဒဏ်ကြီး ကာလ၌၊ ဖြစ်ပျက်မည့် အရာများ ဖြစ်သည်။ အခန်းကြီး ၂၀သည်၊ တကမ္ဘာလုံးသခင်ယေရှု ကအုပ်ချုပ်မည့် အရာ ဖြစ်၍၊ ရှေ့အနာဂတ်မှာရှိသေးသည်။ အမှန်မှာ ဗျာဒိတ်ကျမ်းသည် ကမ္ဘာလုံးသာမက၊ စကြ၀ဠာ တခုလုံး၊ ကောင်းကင်နှင့် ငရဲမီးအိုင် အထိ ဖေါ်ပြသော ကျမ်း ဖြစ်သည်။ ဘုရားသခင်၏ ပလ္လင်တော် မှ၊ စာတန်ကို ထောင်ချမည့် နေရာ၊ အဝေစိတွင်း အထိ ပြောထားသည်။ အနှစ်နှစ်ထောင်အတွင်း၊ အသင်းတော်များမည်ကဲ့သို့ဖြစ်မည်ကိုလည်း၊ ကြိုတင် ဖေါ်ပြထားသည်။ ထို့ကြောင့် ဤကျမ်းသည် လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်ခန့်က၊ အသင်းတော်များအတွက် သာ ဖြစ်သည်ဟု ယူဆလျှင်၊ လုံး၀မှားယွင်းပေမည်။ ဤကျမ်းသည် ​ကျွန်ပ်အတွက်၊ သင့်အတွက် ယုံကြည်သူများအတွက်၊ မယုံကြည်သူများအတွက်၊ လူတိုင်း အတွက် ဖြစ်သည်။

 

မေးခွန်းများ

 

၁။ အဘယ်ကြောင့် ဗျာဒိတ်ကျမ်းသည် လူတိုင်း အတွက် ဖြစ်သည်ဟုဆိုနိင်သနည်း။ ———————————

၂။ ဗျာဒိတ်ကျမ်းသည် ဤလောက သာမကမည်သည့်အရာအထိ အကျုံး၀င်သနည်း။ ——————————

၃။ ဗျာဒိတ်ကျမ်းသည် သင့်အတွက်လည်း ဖြစ်ပါသလော။ ————————————————————-

.

 

စစ်တိုက်သောစာအုပ်

 

ဘေးဒဏ်ကြီး ကာလ၌ ကမ္ဘာ့ အကြီး ဆုံးစစ်ပွဲများ၊ တိုက်ကြပါလိမ့်မည်။ “ဒုတိယတံဆိပ်ကို ဖွင့် သောအခါ၊ ဒုတိယသတ္တ၀ါက၊ လာ၍ ကြည့်လော့ဟုဆိုသည်ကို ငါကြား၏။ ထိုအခါ မြင်းနီတစီးထွက်၍၊ စီးသော သူသည် ငြိမ်၀ပ်ခြင်းကို မြေကြီး ကရုပ်သိမ်းခြင်း ငှါ၎င်း၊ မြေကြီးသား တို့ကို အချင်းချင်းအသေသတ်စေခြင်း ငှါ၎င်းအခွင့်ရ၏။ သူ၌ ထားကြီးကို ပေးတော်မူ၏။” (ဗျာ ၆:၃-၄) လူလူချင်းစစ်ပွဲအကြောင်း သာကြားဘူး ကြသည်။ သုုိ့သော် ဗျာဒိတ်ကျမ်းထဲ၌၊ လူလူချင်းတိုက်ပွဲသာမက၊ ကောင်းကင် စစ်ပွဲဤသို့ တွေ့ရသည်၊ “ကောင်းကင်၌ စစ် ဖြစ်၏။ မိကေQလနှင့် သူ၏ ကောင်းကင်တမန် တို့သည် နဂါးကို စစ်တိုက်ကြ၏။ နဂါးနှင့် သူ၏ တမန် တို့သည် စစ်တိုက်၍ မနိုင်ကြ။ ကောင်းကင်၌လည်း သူတို့ နေစရာ မရှိ။” (ဗျာ ၁၂:ရ) ကောင်းကင်နှင့် မြေကြီး စစ်ပွဲလည်း တွေ့မြင်ရသည်။ သခင်ယေရှုခရစ် ကသူ၏ ရန်သူ စာတန် အောင်မြင်သောအရာ ကို မြင်နိင်သည် (၁၉-၂၀)။ “အောင်မြင် သူ” ဟူသော စကား လုံးလည်း များစွာ တွေ့ရသည် (၂:ရ၊ ၁၁၊ ၁ ရ၊ ၂၆၊ ၃:၅၊ ၁၂၊ ၂၁၊ ၂၁:ရ)။ “သူတို့သည် သိုးသငယ်၏ အသွေးအားဖြင့်၎င်း၊ မိမိတို့ သက်သေခံချက်နှုတ်ကပတ်တရားအားဖြင့်၎င်း၊ အောင်မြင်၍ အသေခံသည် တိုင်အောင်ကိုယ်အသက်ကို မနှမြောကြ။” (၁၂:၁၁)။ ​ကျွန်ပ်တို့လည်း သိုးသငယ်၏ အသွေးနှင့် သက်သေခံခြင်းအားဖြင့် ရန်သူ စာတန်ကို အောင်မြင် နိင်သည်။ ထိုအရာကို သိသောကြောင့်၊ စာတန် ကလူများ ဤကျမ်းစာ ဖတ်မှာကို စိုးရိမ်ခြင်း ဖြစ်သည်။ ဘေးဒဏ်ကြီး ကာလ၌ စစ်ပွဲများ လွန်းသောကြောင့်၊ ဗျာဒိတ်ကျမ်းကို စစ်တိုက်စာအုပ်ဟု ခေါ်နိင်သည်။

 

မေးခွန်းများ

 

၁။ သခင်ယေရှု ကမည်သူကို နိင်ခြင်း တွေ့ရသနည်း။ ————————————————————-

၂။ အဘယ်ကြောင့်ငါတို့သည် စာတန်ကို နိင်နိင်သနည်း။ ————————————————————-

၃။ အဘယ်ကြောင့် စာတန် ကဗျဒိတ်ကျမ်းကို မဖတ်စေချင် သနည်း။ ———————————————————

.

 

စုစည်းသောစာအုပ်

 

ဤကျမ်းစာအုပ်၏ ထူးခြားချက် တခုမှာ၊ အခြားကျမ်းစာအုပ်အားလုံးကို၊ ဤကျမ်းစာအုပ်ကစုစည်းလိုက်သည်။ ကမ္ဘာဦးကျမ်းက၊ ခပ်သိမ်းသောအရာ များ၏ အစကို ဖေါ်ပြ၍၊ ဗျာဒိတ်ကျမ်းက၊ ခပ်သိမ်းသောအရာ တို့၏ အဆုံးကို၊ ဖေါ်ပြသည်။ ကမ္ဘာဦးကျမ်း၌၊ ကောင်းကင်နှင့် မြေကြီး အစဖန်ဆင်းခြင်းကို ဖေါ်ပြ၍၊ ဗျာဒိတ်ကျမ်း၌ ကောင်းကင်သစ်နှင့် မြေကြီးသစ်ကို ဖေါ်ပြသည်။ ကမ္ဘာဦးကျမ်း၌၊ စာတန် ကလူကို လိမ်ညာ၍၊ လူသည် အပြစ် ကျူးလွန် ကာ၊ အပြစ်သား ဖြစ်စေခြင်းကို တွေ့မြင်ရ၍၊ ဗျာဒိတ်ကျမ်း၌၊ စာတန်နှင့် လူ၏ နိဂုံးများကို တွေ့ရသည်။ ကမ္ဘာဦးကျမ်း၌၊ စာတန်ကို နိင်မည့် မိန်းမ၏ အမျိုးပေါ်ပေါက်မည့် အကြောင်း ဖေါ်ပြ၍ (က ၃:၁၅)၊ ဗျာဒိတ်ကျမ်း၌၊ ထိုမိန်းမ၏ အမျိုးက စာတန် အောင်မြင်ခြင်းကို တွေ့ရသည် (ဗျာ ၁၉)။ ဓမ္မဟောင်းကျမ်းပရောဖက် များ၏ ပရောဖက် ပြုချက်များသည်၊ သခင်ယေရှုခရစ်၊ ပဌမ ကြွရောက် လာ သောအခါ၊ များစွာ ပြည့်စုံ၍၊ ဗျာဒိတ်ကျမ်းက ဖေါ်ပြသော၊ ဒုတိယကြွလာ ခြင်းအားဖြင့်၊ အားလုံး ပြည့်စုံစေသည်။ ဘုရားသခင်က၊ လူအပေါ်ရည်ရွယ်ချက်အားလုံး၊ ပြည့်စုံခြင်း ဖေါ်ပြသော စာအုပ် ဖြစ်သည်။ ထို့ကြောင့်၊ စာတန် ကဤကျမ်းကို ဖတ်၍၊ သိ နားလည်ဘို့ရန် အလိုမရှိသောကြောင့်၊ ​ကျွန်ပ်တို့၏ ၀ိညာဥ်မျက်စိကို ပိတ်ထားသည် (၂ ကော ၄:၄)။ သို့သော် သန့်ရှင်းသော ၀ိညာဥ်တော်က၊ သိ နားလည်ဘို့ရန် ကူညီမစသည် (ယော ၁၆:၁၃)။ ဗျာဒိတ်ကျမ်းဖတ် သောအခါ၊ ရန်သူ စာတန်၏ ရှုံးနိမ့်ခြင်း နှင့်၊ ခရစ်တော်အားဖြင့် လူသား များ၏ အောင်မြင်ခြင်းကို၊ သိရှိမှာ ဖြစ်သောကြောင့်၊ စာတန် က မဖတ်စေချင်ခြင်း ဖြစ်သည်။ သို့သော်၊ ယခု ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်၊ ဖတ်ရှု၍ နားလည်လာတော့မှာ ဖြစ်သောကြောင့်၊ ကျေးဇူးတော်ကို ချီးမွမ်းကြပါစို့။

 

မေးခွန်းများ

 

၁။ —————ကျမ်းကအရာခပ်သိမ်း၏ အစကို ဖေါ်ပြ၍၊ —————ကျမ်းကအားလုံး၏ နိဂုံးကို ဖေါ်ပြသည်။

၂။ ကမ္ဘာဦးကျမ်း၌ မည်သည့်အရာများ၏ အစကို မြင်နိင်သနည်း။ ————————————————————-

၃။ က ၃:၁၅နှင့် ဗျာ ၁၉ မည်ကဲ့သို့ ဆိုင်သနည်း။ ————————————————————-

၄။ ဘုရားသခင်၏ လူသားများအတွက် ရည်ရွယ်ချက််များ ပြည့်စုံခြင်းကို မည်သည့်နေရာ၌ မြင်နိင်သနည်း။ ———————————

.

 

ကျမ်းရေးသောသူ

 

ဤကျမ်းရေးသော သူသည်၊ ယောဟန် ဖြစ်သည် (၁:၄၊ ၉၊ ၂၂:၈)။ ကျမ်းစာ ထဲ၌ ယောဟန်အများရှိကြရာ၊ ဤယောဟန်သည် ဇေဗေဒဲ၏သား ယာကုပ်၏ ညီတမန်တော် ဖြစ်သည်။ ဤညီအကိုနှင့် ပတ်သက်၍၊ “ထိုအခါ ဇေဗေဒဲ၏သားတို့ အမိသည်သား တို့နှင့်အတူ အထံတော်သို့ ချဥ်း၍၊ ပြပ်၀ပ်လျက် ဆုကျေးဇူးကို တောင်းပန်လေ၏။ ကိုယ်တော်က၊ သင်သည် အဘယ်ဆုကျေးဇူးကို အလိုရှိသနည်းဟု မေးတော်မူသော်၊ ကိုယ်တော်၏ နိုင်ငံတွင်၊ ​ကျွန်မ၌ ဤသား နှစ်ယောက်တို့သည်၊ လကျ်ာတော် ဘက်၌ တယောက်၊ လက်ဝဲတော် ဘက်၌ တယောက်၊ ထိုင်ရသော အခွင့်ကို ပေးတော်မူ ပါဟု လျှောက်လေ၏။ ယေရှု ကလည်း၊ သင်တို့သည် အဘယ်သို့ တောင်းပန်သည်ကို သင်တို့ မသိကြ။ ငါသောက်ရအံ့သော ခွက်ကို သောက်ခြင်းငှာ၎င်း၊ ငါခံသော ဗတ္တိဇံကို ခံခြင်းငှာ၎င်း၊ သင်တို့သည် တတ်စွမ်းနိုင်သလောဟု မေးတော်မူလျှင်၊ အ​ကျွန်ုပ်တို့သည် တတ်စွမ်းနိုင်ပါ၏ဟု လျှောက်ကြသော်၊ ငါ၏ ခွက်ကို သင်တို့သည် သောက်ရကြလိမ့်မည်။ ငါခံသော ဗတ္တိဇံကိုလည်း သင်တို့သည် ခံရကြလိမ့်မည်။ သို့သော်လည်း ငါ၏ လက်ျာဘက်၊ လက်ဝဲဘက်မှာထိုင်ရသော အခွင့်ကိုကား၊ အကြင်သူတို့ အဘို့ အလိုငှါ ငါ့ခမည်းတော်သည် ပြင်ဆင်၏၊ ထိုသူတို့အား သာငါပေးပိုင်သည်ဟု မိန့်တော်မူ၏။” (မ ၂၀:၂၀- ၂၃)။ သခင်ယေရှု ကငါသောက်ရအံ့သော ခွက်ကို သောက်နိင်မလား၊ ဟု မေးသောအခါ၊ သူတို့ ကစပျစ်ရည်ဟု ထင်သောကြောင့် ဖြစ်မည်၊ သောက်နိင်မည်ဟု ​ဖြေ ကြသည်။ သို့သော် ခရစ်တော် သောက်ရမည်ခွက်သည်၊ သေခြင်းကို ဆိုလိုသည်ကို သူတို့ မသိကြချေ။ ခရစ်တော် ခံရမည့် ဗတ္တိဇံသည်၊ သေပြီးမှမြှုပ်နှံခြင်းကို ဆိုလိုသည်။ ထိုအခါ ခရစ်တော်က၊ သင်တို့သည် ငါ၏ ခွက်ကို သောက်၍၊ ငါခံရသော ဗတ္တိဇံကိုလည်း ခံရကြလိမ့်မည်။ သို့သော် ငါ၏ လက်ျာနှင့် လက်ဝဲယံကိုကား၊ ခမည်းတော် ကသာ ပေးပိုင်သည်ဟုဆိုခဲ့သည်။ ခရစ်တော် ကပြောထား သကဲ့သို့ ပင်၊ အကို ယာကုပ်သည် တမန်တော်များအထဲမှ၊ ပဌမ ဦးဆုံး ခရစ်တော် အတွက်၊ မာတုရနှင့် သေသောသူ ဖြစ်သည် (တ ၁၂:၂)။ ခရစ်တော် ကပြော သကဲ့သို့၊ သခင်၏ ခွက်ကို သောက်ခဲ့ရသည်။ သို့သော် ညီယောဟန်သည်၊ သခင်ဘုရား ပြော သကဲ့သို့ ခွက်ကို ချက်ချင်း မသောက်ချေ။ ယောဟန်နှင့် ပတ်သက်၍ ကျမ်းစာ၌ ဤသို့ ရေးထားသည်၊ “ယေရှု ချစ် တော်မူ၍ အထက် ကညစာစား သောအခါ ရင်တော်ကို မှီ၍ လျောင်းလျက်၊ သခင်၊ ကိုယ်တော်ကို အပ်နှံသော သူကား အဘယ်သူ နည်း၊ ဟု မေးသော တပည့်တော်သည် လည်း၊ နောက်တော်သို့ လိုက်သည်ကို ပေတရုသည် လှည့်၍ မြင်လျှင်၊ သခင်၊ ဤသူ၌ အဘယ်သို့ ဖြစ်ပါလိမ့်မည်နည်းဟု မေးလျှောက်သော်၊ ယေရှုက၊ ငါကြွလာသည် ကာလ တိုင်အောင် ထိုသူကို နေစေခြင်းငှါ ငါအလိုရှိလျှင်၊ သင်သည် အဘယ်သို့ ဆိုင်သနည်း။ သင်မူကား ငါ့နောက်သို့ လိုက်လော့ဟု မိန့်တော်မူ၏။ ထိုစကားတော်ကို ထောက်လျှင်၊ ညီအစ်ကို တို့က၊ ထိုတပည့်တော်သည် မသေရ၊ ဟု အနှံ့အပြား ပြောဆို ကြ၏။ သို့သော်လည်း၊ ထိုသူသည် မသေရဟု ယေရှု မိန့်တော်မူသည် မဟုတ်၊ ငါကြွလာသည် ကာလ တိုင်အောင်၊ ထိုသူကို နေစေခြင်းငှါ ငါအလိုရှိလျှင် သင်သည် အဘယ်သို့ ဆိုင်သနည်း၊ ဟု မိန့်တော်မူ သတည်း။” (ယော ၂၁:၂၀- ၂၃) သခင်ယေရှု ကပြော သကဲ့သို့ ပင်ယောဟန်သည်၊ စောစော မသေချေ။ ဤ ဗျာဒိတ်ကျမ်းရေး သောအခါ သူသည်၊ အသက် ၉၀ကျော်လောက်ရှိပေလိမ့်မည်။ သခင်ယေရှု ကြွလာခြင်းကို ကိုယ်တိုင်မမြင်သော်လည်း၊ ဤကျမ်း၌ သူရေးထားသည့်အတိုင်း၊ သခင်ဘုရား ကြွလာခြင်းကို ရူပါရုံအားဖြင့် အားလုံးမြင်တွေ့ခဲ့ရပြီ။ ထို့ကြောင့် သခင်ဘုရား ပြော သကဲ့သို့၊ သူလာသည် အထိ အသက် ရှင်သော သူဟုဆိုနိင်သည်။

 

မေးခွန်းများ

 

၁။ ဗျာဒိတ်ကျမ်းရေးသော သူသည် မည်သူနည်း။ ————————————————————

၂။ ယောဟန်၏ အကိုသည် မည်သူနည်း။ ————————————————————-

၃။ တမန်တော်များအထဲမှ ခရစ်တော်ကြောင့် ပဌမ ဦးဆုံးမာတုရအဖြစ် အခံသေသော သူသည် ————– ဖြစ်သည်။

၄။ ယောဟန်သည် သခင်ယေရှု ကြွလာခြင်းကို မြင်ပါသလော။ ———-မည်ကဲ့သိုမြင်သနည်း။ ————————————-

.

 

မည်သည့်အချိန်၌ ရေးသနည်း

 

ဗျာဒိတ်ကျမ်းရေးသားသော အချိန်သည်၊ အေဒီ ၉၅-၉၆ ခန့် ဖြစ်သည်။ ရောမဧကရာဇ်မင်းများက၊ သူတို့ကို သူတို့ ဘုရား အဖြစ်တင်မြေှာက်၍၊ သူတို့၏ ရုပ်တုများရှေ့၌၊ ယဇ်ပူဇော်ခြင်းများပြုလုပ် ချိန်၌၊ ရေးသားသောစာ ဖြစ်သည်။ ခရစ််ယာန်များအနေဖြင့် ခရစ်တော် ကလွှဲ၍၊ အဘယ်ဘုရားကို မျှမကိုး ကွယ်လိုကြချေ။ ထိုသို့ မကိုး ကွယ်ကြသောကြောင့်၊ ရောမမင်းများက ခရစ်ယာန်များကို၊ အကြီး အကျယ်ညှင်းပန်းနှိပ်စက်သတ်ဖြတ်သောအချိန် ဖြစ်သည်။ ယောဟန်လည်း၊ သူ၏ ယုံကြည် ချက်ကြောင့်၊ ပတ်မု​ကျွန်း၌ ထောင်ချခံရသည်။ ထို​ကျွန်း၌ ထောင်ကျခံရစဥ်ရေးသောစာ ဖြစ်သည်။ သူကိုယ်တိုင်ဤသို့ ရေးသား ထားသည်၊ ” ယေရှုခရစ်၏ ဆင်းရဲခြင်း ဒုက္ခ မှစ၍ နိုင်ငံတော်ကို၎င်း၊ သည်း ခံတော်မူခြင်း ကို၎င်း၊ သင်တို့နှင့်အတူ ဆက်ဆံသော အဘော်အဘက်၊ သင်တို့ အစ်ကို ငါယောဟန်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်နှင့် ယေရှုခရစ်၏ သက်သေခံ တော်မူ ချက်ကြောင့်၊ ပတ်မု​ကျွန်းမှာနေရစဥ်တွင်၊ ” (ဗျာ ၁:၉)။

 

မေးခွန်းများ

 

၁။ ဗျာဒိတ်ကျမ်းသည် မည်သည့်နှစ်လောက်တွင် ရေးသား သနည်း။ ——————————————————–

၂။ အဘယ်ကြောင့် ခရစ်ယာန်များနှိပ်စက်ခြင်း ခံခဲ့ကြသနည်း။ ————————————————————-

၃။ ဗျာဒိတ်ကျမ်းကို မည်သည့်နေရာမှရေးသား သနည်း။ ————————————————————-

.

 

ရည်ရွယ်ချက်

 

ဤကျမ်းစာ ရေးရခြင်း၏ ရည်ရွယ်ချက်မှာ၊ ယုံကြည်သူများ ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခြင်း ခံရချိန်တွင်၊ အား ပေးဘို့နှင့် သူတို့ကိုး ကွယ်သော သခင်ယေရှု ကြွရောက် လာမည့် အရာကို၊ မြော်လင့်စောင့်စား၍၊ အသင့် ပြင်ဘို့ သတိပေးခြင်း ဖြစ်သည်။ သခင်ယေရှုခရစ် သည် ပြန်လာ၍၊ သူ၏ ရန်သူအားလုံးကို တိုက်ခိုက် အနိင်ယူမှာ ဖြစ်သည်။ ထိုအချိန် မတိုင်မှီတွင်၊ တကမ္ဘာလုံးကြီးစွာသော ဒုက္ခ ဆင်းရဲခြင်း ကျရောက်လာမည်။ ယုံကြည်သူများသည်၊ ထိုဘေးဒဏ်ကြီး ခက်ခဲမှု မတိုင်မှီ၊ ချီဆောင်မည့် အကြောင်းကို ရေးထားသည်။ အဘယ်ကြောင့် ပုံဆောင်ချက် အမျိုးမျိုး ဖြင့် ရေးသနည်းဟူမူကား၊ ရောမအုပ်စိုး သူများ က မသိ နားမလည်နိင်ရန် ဖြစ်သည်။ လူတိုင်း နားလည်နိင်သော စကားနှင့် ရေးပါက၊ အသင်းတော်၌ ဖတ်ရှု နားထောင် နိင်မည် မဟုတ်သောကြောင့်၊ ရည်ရွယ်ချက် ပြည့်စုံနိင်မည် မဟုတ်။ သူတို့ ခေတ်၌ ယခုခေတ်ကဲ့သို့၊ စာရွက်မရှိသောကြောင့်၊ များစွာ မကူးနိင်ကြချေ။ ထိုကြောင့်ဤစာကို အသင်းတော်၌၊ အသံကျယ်စွာဖြင့် အားလုံးကြားဘို့ ဖတ်ကြပါလိမ့်မည်။ ပုံဆောင်ချက်များသည်၊ ဓမ္မဟောင်းကျမ်းထဲမှ များစွာ ပါသောကြောင့်၊ ယုံကြည်သူများက နားလည်နိင်သော်လည်း၊ မယုံကြည်သူများက နားမလည်နိင်ချေ။ ထိုအပြင်ပုံဆောင်ချက်များသည်၊ ပြောလိုသောအရာ များကို၊ မျက်စိထဲမြင်ယောင်မိအောင် ဖေါ်ပြနိင်၍၊ မမေ့နိင်တော့ချေ။ ဥပမာ၊ စာတန်၏ ပုံပန်းသဏ္ဍာန်ကို၊ ​ကျွန်ပ်တို့ မသိရသော်လည်း ‘နဂါး’ဟူ၍ ပြော သောအခါ၊ မျက်စိထဲကွင်းကွင်းကွက်ကွက်မြင်လာနိင်သည် (၁၂:ရ၊ ၁၃:၂၊ ၂၀:၂)။ ထိုမျှသာမကပုံဆောင်ချက်များသည်၊ ခေတ်အဆက်ဆက်၌ အဓိပ္ပါယ် မပြောင်းလဲဘဲ၊ တည်တန့်နိ်င်သောကြောင့် ဖြစ်သည်။

 

မေးခွန်းများ

 

၁။ ဗျာဒိတ်ကျမ်း၏ ရည်ရွယ်ချက်သည် အဘယ်အရာနည်း။ ——————————————————————-

၂။ သခင်ယေရှု ပြန်မလာမှီမည်ကဲ့သို့ဖြစ်မည်နည်း။ ——————————————————————————–

၃။ အဘယ်ကြောင့် ဗျာဒိတ်ကျမ်းကို ပုံဆောင်ချက်များနှင့် ရေးထားသနည်း။ ——————————————–

၄။ အဘယ်ကြောင့်အသံကျယ်စွာဖြင့် ဖတ်ဘို့ လိုသနည်း။ ———————————————————————-

.

 

ထူးခြားချက်များ

 

ဤစာအုပ်၏ အထူးခြားဆုံးအချက်များမှာ၊ ဤစာအုပ်၌ နံပါတ်’ခုနှစ်’ကို မကြာခဏအသုံးပြု၍ ၅၂ ကြိမ်သုံးထားသည်။ ‘မင်္ဂလာ’ဟူသော စကား လုံးအထက်၌ ဖေါ်ပြခဲ့ပြီးသည့်အတိုင်း၊ ခုနှစ်ကြိမ်အသုံးပြုသည်။ အသင်းတော် ခုနှစ်ပါး (၁:၄၊ ၁၁)၊ ၀ိညာဥ်ခုနှစ်ပါး (၁:၄)၊ ရွှေမီးခွက်ခုနှစ်လုံး (၁:၁၂)၊ ကြယ်ခုနှစ်လုံး (၁:၁၆)၊ တံဆိပ်ခုနှစ်ခု (၅:၁)၊ ချိုခုနှစ်ချောင်းနှင့် မျက်စိခုနှစ်လုံး (၅:၆)၊ တံပိုးခုနှစ်လုံး (၈:၂)၊ မိုဃ်းကြိုးသံခုနှစ်ချက် (၁၀:၃)၊ နိမိတ်လက္ခဏာခုနှစ်ခု (၁၂:၁၊ ၃၊ ၁၃:၁၃-၁၄၊ ၁၅:၁၊ ၁၆:၁၄၊ ၁၉:၂၀)၊ ခေါင်းခုနှစ်လုံးနှင့် သရဖူခုနှစ်ဆူ (၁၂:၃)၊ ဘေးဒဏ် ခုနစ်ပါး (၁၅:၆)၊ ကောင်းကင်တမန် ခုနစ်ပါး (၁၅:၆)၊ ရွှေဖလား ခုနစ်လုံး (၁၅:ရ)၊ ဘေးဒဏ် ခုနစ်ပါး (၁၅:၈)၊ တောင် ခုနစ်လုံးနှင့် ရှင်ဘုရင် ခုနစ်ပါး (၁ရ:၉-၁၀) နှင့် အခြားသော ခုနှစ်များ ဖြစ်သည်။

 

မေးခွန်းများ

 

၁။ နံပါတ်ခုနှစ်ဘယ်နှစ်ခါသုံးသနည်း။ ——————————————————————————————

၂။ နံပါတ်ခုနှစ်ရှိသောအရာ များ ဖေါ်ပြပါ။ ——————————————————————————————

၃။ နံပါတ်ခုနှစ်သည် မည်သူ၏ နံပါတ် ဖြစ်သနည်း။ ———————————–

.

 

 

 

 

 

သင်ကြားမည့်နည်း

 

ဗျာဒိတ်ကျမ်းကို ဖတ်ရှုလေ့လာ သောအခါ၊ အောက်ပါအချက်များ ကရှင်းလင်းစွာ၊ နားလည်း စေမည်။ ဗျာဒိတ်ကျမ်းကိုယ်တိုင်က၊ ရှင်းလင်းပေးမှာ ဖြစ်သည်။ ပုံဆောင်ချက််များရှိသော်လည်း၊ အဓိပ္ပါယ်များကိုလည်း၊ ဖေါ်ပြပေးထားသည်။ ဥပမာ၊ “ထိုသို့ ငါနှင့် စကား ပြော၍၊ အသံမြည်သော သူကို မြင်ခြင််းငှါ၊ ငါသည် လှည့်ကြည့်လျှင်၊ ရွှေမီးခွက်ခုနှစ်လုံးကို၎င်း၊ ထိုမီးခွက်ခုနှစ်လုံးအလယ်၌ လူသားတော်နှင့် တူသော သူတဦးကို၎င်းမြင်၏။ —-လကျ်ာလက်တော်သည် လည်း၊ ကြယ် ခုနစ်လုံးကိုကိုင်၏။” (ဗျာ ၁:၁၂၊ ၁၆)။ ထိုအရာကို ခရစ်တော်ကိုယ်တိုင်၊ ဤသို့ ရှင်းပြလိုက်သည်၊ “ငါ့လကျ်ာလက်၌ ထင်ရှားသော ကြယ် ခုနစ်လုံးနှင့် ရွှေမီးခွက်ခုနှစ်လုံး၏ နက်နဲခြင်း အရာဟူမူကား၊ မီးခွက်ခုနှစ်လုံးသည် အသင်းတော် ခုနှစ်ပါး ဖြစ်၏။ ကြယ်ခုနှစ်လုံးသည် လည်း၊ ထိုခုနှစ်ပါးသော အသင်းတော် တို့ကို အုပ်သော တမန် ဖြစ်ကြ၏။” (ဗျာ ၁:၂၀)။ ထို့ကြောင့် ပုံဆောင်ချက်များကို၊ ဤကျမ်းစာ အထဲမှာဘဲ၊ ပြန်ရှာဘို့ လိုသည်။ ဗျာဒိတ်ကျမ်းနှင့် အခြားသော ကျမ်းများကို၊ တခါနှစ်ခါဖတ်ရုံဖြင့်၊ နားလည်နိင်မည် မဟုတ်ချေ။ ၀ိညာဥ်လူများသည်၊ ကျမ်းစာကို၊ အခေါက်ခေါက်အခါခါဖတ်ရှု၍၊ မှတ်သား၍၊ နှုိင်းယှဥ်၍၊ သူတပါးရေးသော စာအုပ်များကိုလည်း၊ ၀ယ်ဖတ်ကြ သောအခါ နားလည်နိင် ကြသည်။ ကျမ်းစာကို မဖတ်ဘူးဘဲ၊ အဓိပ္ပါယ်ကို အကုန်သိချင်၍ မရပါ။ ဗေရိမြို့သားများကဲ့သို့၊ “အလွန် ကြည်ညိုသော စေတနာစိတ်နှင့် နှုတ်ကပတ်တရားတော်ကို ခံယူ၍၊ မှန်သည် မမှန်သည်ကို သိခြင်း ငှာ၊ ကျမ်းစာကို နေ့တိုင်း၊ အစဥ်စေ့စေ့ကြည့်ရှုကြ”ဘို့ လိုအပ်သည် (တ ၁ရ:၁၁)။ ဘုရားသခင်က၊ ယောရှုထံ၊ “ထိုပညတ္တိကျမ်းစာ၌ ရေးထားသမျှ အတိုင်း၊ ကျင့်မည်ဟု စောင့်ရှောက်ခြင်း အလိုငှါ၊ ကျမ်းစာကို မဘတ်မရွတ်ဘဲ မနေ၊ နေ့ညဥ့်မပြတ် ကြည့်ရှုဘတ်ရွတ်ရမည်။သို့ ပြုလျှင် သင်သည်၊ အကြံထမြောက်၍၊ အောင်မြင် လိမ့်မည်။” (ယောရှု ၁:၈) ဟု မှာထားခဲ့သည်။ ထို့ကြောင့် ယခုမှစ၍၊ ကျမ်းစာကို တန်ဘိုး ထား၍၊ သိဘို့ရန်၊ စောင့်ရှောက်ဘို့ရန်၊ နေ့ညဥ့်မပြတ်၊ စေ့စေ့ကြည့်ရှုဖတ်ရွတ်ကြပါစို့။

 

မေးခွန်းများ

 

၁။ မည်သည့်ကျမ်းများ ကဗျဒိတ်ကျမ်းကို ရှင်းလင်းစေသနည်း။ ————————————————————-

၂။ ဗျာဒိတ်ကျမ်းကိုယ်တိုင်ကမည်ကဲ့သို့ ရှင်းလင်းစေသနည်း။ ————————————————————-

၃။ ဓမ္မသစ်ကျမ်းကမည်သည့်အရာကို သိ နားလည်စေသနည်း။ ————————————————————-

၄။ ဓမ္မဟောင်းကျမ်းကမည်သည့်အရာကို သိ နားလည်စေသနည်း။ ——————————————-

.

 

ဗျာဒိတ်ကျမ်း ၁

 

သခင်ယေရှုကို ယောဟန်ကမြင်

 

အခန်းကြီး ၁ သည် တမန်တော် ယောဟန်က၊ သခင်ယေရှုခရစ်ကို၊ ပတ်မု​ကျွန်းတွင် ထောင်ကျစဥ်၊ မြင်သောအရာကိုဖေါ်ပြခြင်းဖြစ်သည်။ ဤယောဟန်သည် တမန်တော် ၁၂ ပါး၌ပါ၀င်သောသူဖြစ်၍၊ ခရစ်တော်၏ ရင်ခွင်၌လျောင်းတတ်သောသူဖြစ်သည် (ယော ၁၃:၂၃၊ ၂၅)။ ဗျာဒိတ်ကျမ်းရေးချိန်တွင်သူသည်အသက် ၉၀ ကျော်အဘိုးကြီးဖြစ်နေပြီ။ သူ့သခင်နှင့်မတွေ့တာ၊ နှစ်ပေါင်း​ခြောက်ဆယ်ကျော်ခန့်ရှိသွားပြီဖြစ်သည်။ ဤ ဗျာဒိတ်ကျမ်းကို အေဒီ ၉၅-၉၆ ခန့်တွင်ရေးခြင်းဖြစ်မည်ဟုယူဆကြသည်။

 

ဗျာ ၁:၁-၃ ကာလမကြာမမြင့်မှီဖြစ်ရမည်အမှုအရာများကို၊ ယေရှုခရစ်သည် မိမိ အစေခံ​ကျွန်တို့အား ပြစေခြင်းငှါ၊ ဘုရားသခင် အပ် ပေးတော်မူ သော၊ ထိုသခင်၏ ဗျာဒိတ်တော်ကို ဆိုပေအံ့။ ထိုသခင်သည် မိမိ ကောင်းကင်တမန်ကို စေလွှတ်၍၊ မိမိ အစေခံ​ကျွန်ယောဟန်အား၊ ဗျာဒိတ်တော် အရိပ်ကို ပြတော်မူ၏။ ယောဟန်သည် လည်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ယေရှုခရစ်၏ သက်သေခံ တော်မူ ချက်ကို၊ မြင်သမျှ အတိုင်း သက်သေခံ၏။ ကာလအချိန် ရောက်လုနီးပြီး ဖြစ်၍၊ ဤ အနာဂတ္တိကျမ်း စကားကို၊ ကြည့်ရှုဘတ်ရွတ် နားထောင်၍၊ ရေးထားသမျှ တို့ကို၊ စောင့်ရှောက်သော သူတို့သည် မင်္ဂလာရှိကြ၏။

 

ဘုရားသခင်သည်၊ မိမိ လုပ်မည့် အရာများကို၊ မိမိ အစေခံ​ကျွန်တို့ အား၊ ကြိုတင် မပြောဘဲ မလုပ်တတ်ပါ။ နောဧလက်ထက် ရေလွှမ်းမိုးမည့် အရာ၊ ယောသပ်လက်ထက် အဲဂုတ္တု ပြည်၌ အစာ ခေါင်းပါး မည့် အရာ၊ နိနေ၀ိမြို့ကြီး တရားစီရင်မည့် အရာ၊ ယုဒပြည်ကို ဗာဗုလုန်များ ကသိမ်းမည့် အရာများကို၊ ကြိုတင် သတိပေးခဲ့သည်။ ထိုကဲ့သို့ ပင်ယခုလည်း၊ ဘုရားသခင်သည် ယေရှုခရစ် မှတဆင့် ကောင်းကင်တမန်၊ ထိုမှယောဟန်ထံသို့၊ မိမိ လုပ်မည့် အရာများကို ဖေါ်ပြသည်။ သူလည်း မြင်သမျှ အတိုင်း၊ ချန်မထားဘဲ ရေးသား ခဲ့သည်။ ထို့ကြောင့်၊ ဤ အနာဂတ္တိကျမ်း စကားကို ကြည့်ရှုဘတ်ရွတ် နားထောင်၍၊ ရေးသား သမျှ တို့ကို စောင့်ရှောက်သော သူသည်၊ မင်္ဂလာရှိသည်ဟုဆိုသည်။ အဘယ်ကြောင့်နည်းဟူမူကား၊ ဤကျမ်းကို ဖတ်ရှုခြင်း ဖြင့်၊ ဘုရားသခင်၏ အကြံအစည်တော်ကို သိ၍၊ ကြိုတင် သတိထား ပြင်ဆင် နိုင်သည်။ ဘုရားသခင်၏၊ အချိန်ကာလ များကို သိခြင်း ဖြင့်၊ ဦးစားပေးမည့် အရာများကိုလည်း၊ သိမြင်နိုင်သည်။ မကြာမှီ ခရစ်တော် ကြွလာမှာ ဖြစ်သောကြောင့် လည်း၊ ဤလောကကို မချစ်၊ မစွဲလမ်းတော့ဘဲ၊ ကောင်းကင်ကို စွဲလမ်းစေသည်။ ဤကျမ်းစာကို မဖတ်၊ မသိ၊ နားမလည်သော သူများသည်၊ မိမိတို့ အလိုဆန္ဒအတိုင်း အသက် ရှင်၍၊ ဤလောက၌ နှစ်ပေါင်းများစွာ အသက် ရှင်မည်ဟု ထင်လျက်၊ လောကကို စွဲလမ်းခြင်း ဖြင့်၊ လောဘလွန်ကျူးကာ၊ ဗျာများ နေကြမည်။ ကယ်တင်ခြင်းကိုလည်း၊ အရေးမထားသောကြောင့်၊ ချီဆောင်ခြင်း၌ မပါဘဲ၊ ဘေးဒဏ်ကြီး ကာလ၌၊ ရောက်ရှိသွားမှာ ဖြစ်သည်။ ထို့ကြောင့်၊ ဗျာဒိတ်ကျမ်း ဖတ်ရှုလေ့လာ နားလည်၍၊ ကြိုတင် ပြင်ဆင်သော သူသည်၊ မင်္ဂလာရှိခြင်း ဖြစ်သည်။ သိ နားလည်ရုံဖြင့် မင်္ဂလာရှိမည် မဟုတ်၊ ရေးထားသမျှ တို့ကို စောင့်ရှောက်ခြင်း တည်း ဟူသော၊ ပြင်ဆင်သော သူသာလျှင် မင်္ဂလာရှိမည်။

 

ဗျာ ၁:၄-၆၊ ငါယောဟန်သည်၊ အာရှိပြည်၌ ရှိသော အသင်းတော် ခုနစ်ပါးကို ကြားလိုက်ပါ၏။ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစဥ်ရှိတော်မူသော၊ ဘုရားသခင့်အထံတော် က၎င်း၊ ပလ္လင်တော် ရှေ့၌ ရှိသော ၀ိညာဥ် ခုနစ်ပါးအထံက၎င်း၊ သစ္စာ စောင့်သော သက်သေခံ ဖြစ်တော်မူ ထသော၊ သေသော သူတို့တွင်သား ဦး ဖြစ်တော်မူ ထသော၊ လောကီဘုရင်တို့၏ အထွဋ္ဋ် ဖြစ်တော်မူသော၊ ယေရှုခရစ် အထံတော် က၎င်း၊ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည်၊ သင်တို့၌ ရှိပါစေသော်။ ငါတို့ကို ချစ်၍၊ မိမိ အသွေးနှင့် ငါတို့ အပြစ်များကို ဆေးကြော တော်မူ၍၊ မိမိ ခမည်းတော် ဘုရားသခင့်ရှေ့၌ ငါတို့ကို ရှင်ဘုရင်အရာ၌၎င်း၊ ယဇ်ပုရောဟိတ် အရာ၌၎င်း၊ ခန့်ထား တော်မူသော သူသည်၊ ကမ္ဘာအဆက်ဆက်ဘုန်းအသရေ၊ အစွမ်းသတ္တိရှိ တော်မူ စေသတည်း။ အာမင်။

 

ယောဟန်က၊ အာရှိပြည် (ယခုခေတ်တူရကီပြည် အနောက်ပိုင်း)၌ ရှိသော၊ အသင်းတော် ခုနှစ်ပါးကို ကြားလိုက်ပါ၏ဟု ရေးထားသည်။ သူရေးသော စာသည် အခန်းကြီး ၂ နှင့် ၃ ၌ တွေ့ရသည်။ ထိုအချိန်၌ အသင်းတော် အတော် အတန်ရှိပြီးပြီ။ ယေရုရှလင် အသင်းတော်၊ အန္တီအုတ်အသင်းတော်၊ ရောမအသင်းတော်၊ ကောရိန်သုအသင်းတော်၊ သက်သာလောနိတ်အသင်းတော်၊ ဖိလိပိ  အသင်းတော်၊ ဒမသက်အသင်းတော်များ ရှိကြသော်လည်း၊ အဘယ်ကြောင့်အာရှိပြည် ရှိအသင်းတော် များကို သာရေးသနည်း။ အကြောင်းမှာ ထိုအသင်းတော် များ၏ အ​ခြေအနေသည်၊ နှစ်ပေါင်းနှစ်ထောင်အတွင်း၊ အသင်းတော် များ၏ အ​ခြေအနေနှင့် ကိုက်ညီ နေသောကြောင့် ဖြစ်နိုင်သည်။ စာရေးသော သူသည်၊ ခရစ်တော် ဖြစ်၍ စာရေးသည် ယောဟန် ဖြစ်သည်။

 

ထိုအသင်းတော် ခုနှစ်ပါးကို၊ ယောဟန်ကခမည်းတော်၊ သားတော်၊ ၀ိညာဥ်တော် ထံမှ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်း၊ သက်ရောက်ဘို့ ကောင်းကြီး ပေးသည်။ ​ကျွန်ပ်တို့ လည်း စာရေး သောအခါ ထိုကဲ့သို့ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ၀ိညာဥ်တော် ထံမှ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းရှိဘို့ ရေးသင့်သည်။ သခင်ယေရှုသည်၊ ငါတို့ကို ချစ်သောအားဖြင့်၊ မိမိ အသွေးနှင့် ငါတို့ အပြစ်များကို၊ ဆေးကြော တော်မူ၍၊ မိမိ ခမည်းတော် ဘုရားသခင့်ရှေ့၌၊ ငါတို့ကို ရှင်ဘုရင် အရာ၌၎င်း၊ ယဇ်ပုရောဟိတ် အရာ၌၎င်း၊ ခန့်ထား တော်မူသည်ဟုဆိုသည်။ အသွေးတော်နှင့် ဆေးကြောနိင်ဘို့ရန် အသေခံသည်။ ထိုသို့ အပြစ်နှင့် ကင်း၍၊ ​ဖြောင့်မတ်သော သူများ ဖြစ်စေသည်။ ထို့အပြင်ယုံကြည်သူများကို ချစ်၍၊ ခမည်းတော် ဘုရားသခင် ရှေ့၌၊ ရှင်ဘုရင်အရာနှင့် ယဇ်ပုရောဟိတ် အရာ၌၊ ခန့်ထား တော်မူသော ယေရှုခရစ်ကို၊ ချီးမွမ်းသွားကြောင်း တွေ့ရသည်။

 

ရှင်ဘုရင်အရာသည် အုပ်စိုးခြင်းကို ဆိုလိုသည်။ ယုံကြည်သူများသည်၊ အနှစ်တထောင်ကာလ တွင်၊ ဤလောကကို ခရစ်တော်နှင့်အတူ အုပ်စိုးကြမှာ ဖြစ်သည်။ ထို့ကြောင့် ယခုကတည်းက၊ စိတ်ချလောက်သောသူ ဖြစ်ဘို့၊ သခင်ဘုရား၏ စကားကို နားထောင် သင့်သည်။ ဣသရေလ လူမျိုးများသည်၊ ယဇ်ပုရောဟိတ် အမျိုး ဖြစ်ဘို့ရန်၊ ဘုရား၏ စကား နားထောင်ဘို့ လိုသည်၊ ဟု မောရှေကဤသို့ ရေးထားသည်၊ “ယခုတွင် သင်တို့သည် ငါ့စားကို အမှန် နားထောင်၍၊ ငါ့ပဋ္ဋိညာဥ်ကို စောင့်ရှောက်လျှင်၊ အခြားသော လူမျိုးတကာတို့ ထက်၊ သင်တို့သည် ငါပိုင်ထိုက်သော ဘဏ္ဍာတော် ဖြစ်ရကြလိမ့်မည်။ မြေကြီးရှိသမျှသည် ငါ၏ ဥစ္စာ ဖြစ်၏။ သင်တို့ သည်လည်း မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ် မျိုး၊ သန့်ရှင်းသော လူမျိုး ဖြစ်ရကြလိမ့်မည်” (ထွက် ၁၉:၅-၆)။ သို့သော် ယုံကြည်သူများသည်၊ ကိုယ်တိုင်ဘုရား စကား နားမထောင်သော်လည်း၊ သူတို့ကိုယ်စား ခရစ်တော်က၊ ဘုရား စကား နားထောင် သောကြောင့်၊ ​ဖြောင့်မတ်ခြင်းရရှိသည် သာမက၊ ယဇ်ပုရောဟိတ် အရာကိုလည်းရရှိကြောင်းရှင်ပေတရုကလည်း ဤသို့ ရေးသား ထားသည်၊ “သင်တို့ မူကား မှောင်မိုက်ထဲမှအံ့ဘွယ်သော အလင်းတော်သို့ ခေါ်သွင်း တော်မူသော သူ၏ ဂုဏ်ကျေးဇူးများကို ဘော်ပြစေခြင်းငှါ၊ ရွေးချယ် တော်မူသော အမျိုး ဖြစ်ကြ၏။ မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ် မျိုး၊ သန့်ရှင်းသော လူမျိုး၊ ပိုင်ထိုက် တော်မူသော အပေါင်းအသင်း ဖြစ်ကြ၏။” (၁ ပေ ၂:၉)။ ယဇ်ပုရောဟိတ် ဖြစ်လျှင် ဘုရားသခင်နှင့် မိဿဟာယဖွဲ့ဘို့၊ ဆုတောင်းဘို့၊ လူများကို ဘုရား၏ အလိုတော် သွန်သင်ဘို့ တာ၀န်ရှိသည်။

 

ဗျာ ၁:ရ- ၈ ကြည့်ရှုလော့။ မိုဃ်းတိမ်နှင့် တကွကြွလာ တော်မူသည် ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသော သူတို့သည်၊ ကိုယ်တော်ကို ရှုမြင်ရကြလိမ့်မည်။ မြေကြီးသား အမျိုးမျိုးရှိသမျှ တို့သည်၊ ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။ မှန်ပေ၏။ အာမင်။ ငါသည် အာလဖ ဖြစ်၏။ ဩမေဃလည်း ဖြစ်၏ဟု အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစဥ်ရှိ တော်မူသော၊ ထာ၀ရ အရှင် ဘုရားသခင် မိန့်တော်မူ၏။

သခင်ယေရှု ကြွလာမည့် အရာကို၊ ယောဟန်က ကြိုတင် ရေးထားသည်။ ထိုသို့ ကြွလာ သောအခါ၊ သူ့ကို ထိုးဖောက်ခဲ့သူတို့ တည်း ဟူသော၊ ယုဒလူများ ကသူ့ကို ရှုမြင်ရကြလိမ့်မည်ဟုဆိုသည်။ ထိုအရာသည် ချီဆောင်ခြင်း မဟုတ်ဘဲ၊ ရှင်ဘုရင်အဖြစ် ဒုတိယအကြိမ် ကြွလာမည့် အချိန်ကို ဆိုလိုခြင်း ဖြစ်သည်။ ချီဆောင်ခြင်းသည် သူခိုးကဲ့သို့ ကြွလာ၍၊ ဣသရေလ လူများ ကသိကြမည် မဟုတ်။ သူတို့သည် ဘေးဒဏ်ကြီး ကာလ ဖြတ်ပြီးမှ၊ နောင်တ ရ၍၊ ခရစ်တော် ဒုတိယအကြိမ် ကြွလာမှသာလျှင်၊ လက်ခံကြမှာ ဖြစ်သည်။ ထိုအရာကို ပရောဖက် ဇာခရိကဤသို့ ရေးသား ခဲ့ပြီ၊ “ထိုကာလ၌ ယေရုရှလင် မြို့ကို တိုက်လာသော လူမျိုး အပေါင်းတို့ကို၊ ဖျက်ဆီးခြင်းငှါ ငါသည်အား ထုတ်မည်။ ကျေးဇူးတော်ကို ခံသော သဘော၊ ဆုတောင်း ပဌနာ ပြုသော သဘောကို ဒါ၀ိဒ်မင်းမျိုး၊ ယေရုရှလင် မြို့သားတို့ အပေါ်သို့ ငါသွန်းလောင်းသဖြင့်၊ သူတို့သည် မိမိတို့ ထိုးဖောက်သော၊ ငါ့ကို ရှုမြင်ရကြလိမ့်မည်။ တယောက် တည်းသောသား အတွက်၊ အဘသည် ငိုကြွေးမြည်တမ်း သကဲ့သို့၊ ထိုသူအတွက် ငိုကြွေးမြည်တမ်းရကြလိမ့်မည်။သား ဦးအတွက် အဘသည်၊ နာကြဥ်း သကဲ့သို့ နာကြဥ်းရကြလိမ့်မည်။ မေဂိ​​ဒ္ဒေါချိုင့်တွင် ဟာဒြိမ္မုန်မြို့မှာငိုကြွေးမြည်တမ်း သကဲ့သို့၊ ထိုကာလ၌ ယေရုရှလင် မြို့မှာ၊ ကြီးစွာသော ငိုကြွေးမြည်တမ်းခြင်း ရှိလိမ့်မည်။” (ဇာ ၁၂:၉-၁၁)

 

ခရစ်တော် ကြွလာ သောအခါ၊ မြေကြီးသား အပေါင်းတို့သည်၊ ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းကြလိမ့်မည်ဟုဆိုသည်။ အဘယ်ကြောင့်နည်း ဟူမူကား၊ သူတို့သည် မယုံကြည်သူများ၊ ဆိတ်များ ဖြစ်၍၊ သူတို့ကို တရားစီရင်မှာ ဖြစ်သောကြောင့်၊ ကြောက်၍ ဖြစ်မည်။ ဘေးဒဏ်ကြီး ကာလ အတွင်း ပြန်လည် ယုံကြည်သူ သိုးများ မူကား၊ သူတို့၏ ကယ်တင်ရှင်််ရောက်လာသောကြောင့်၊ ၀မ်းသာလုံးစို့၍ ငိုကြွေးခြင်း ဖြစ်မည်။ ဣသရေလ လူများ အတွက်မူ၊ သူတို့ ထိုးဖောက်ခဲ့သော သူကို တွေ့မြင် သောအခါ၊ နောင်တ ရ၍ ဖြစ်မည်။ သို့သော် တမန်တော် ယောဟန်ကမူ၊ ခရစ်တော် ကြွလာခြင်းကို အာမင်ဟုဆိုသည်။ အာမင်သည်ဟုတ်ပါ၏၊ ဖြစ်ပါစေဟု အဓိပ္ပါယ်ရသည်။ ခရစ်တော် ကြွလာမည့် အရာကို၊ သဘောတူခြင်း ဖြစ်သည်။

 

“ငါသည် အာလဖ ဖြစ်၏။ ဩမေဃလည်း ဖြစ်၏၊ ဟု အနန္တတန်ခိုးနှင့် ပြည့်စုံ တော်မူ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစဥ်ရှိ တော်မူသော၊ ထာ၀ရ အရှင် ဘုရားသခင် မိန့်တော်မူ၏။” အာလဖသည် ဂရိတ်အက္ခရာ၌ ပဌမ ဦးဆုံး ဖြစ်၍၊ ဩမေဃသည် နောက်ဆုံး ဖြစ်သည်။ ဆိုလိုသည်မှာ၊ အစဆုံးနှင့် နောက်ဆုံး ဖြစ်ခြင်းကို ဆိုလိုသည်။ ထိုအရာသည်၊ ဘုရားသခင်က သာလျှင် ဆိုနိုင်သည်။ “အနန္တတန်ခိုးနှင့် ပြည့်စုံသည်”ဟုဆိုပြန်သည်။ ထိုအရာသည် လည်း၊ ဘုရားသခင်၏ အရည်အချင်း ဖြစ်သည်။ “ပစ္စုပန်၊ အတိတ်၊ အနာဂတ်ကာလ အစဥ်ရှိ တော်မူသော” ဟူသောအရာလည်း ဘုရားသခင်၏ ဂုဏ်အင်္ဂါ ဖြစ်သည်။ ဤနေရာ၌ ခရစ်တော် ကဆိုသလော၊ ခမည်းတော် ကဆိုသလောဟု မထင်ရှားချေ။ သို့သော် ဗျာ ၂၂:၁၂-၁၃ ၌၊ ခရစ်တော် ကဤကဲ့သို့ ဆိုပြန်သည်၊ “ငါသည် အလျင် အမြန် လာမည်။ ငါသည် အကျိုးအပြစ်ကို ဆောင်ခဲ့သည် ဖြစ်၍၊ လူအသီးသီးတို့ အား၊ မိမိတို့ အကျင့်အတိုင်း ဆပ်ပေးမည်။ ငါသည် အာလဖ ဖြစ်၏။ ဩမေဃလည်း ဖြစ်၏။ အဦးဆုံးသောသူ၊ နောက်ဆုံးသောသူ ဖြစ်၏။ အစနှင့် အဆုံးလည်း ဖြစ်၏။” ထိုကြောင့် ခရစ်တော်သည် ဘုရား ဖြစ်ကြောင်း ထင်ရှားသည်။

 

ဗျာ ၁:၉-၁၁ ယေရှုခရစ်၏ဆင်းရဲခြင်းဒုက္ခမှစ၍၊ နိုင်ငံတော်ကို၎င်း၊ သည်းခံတော်မူခြင်း ကို၎င်း၊ သင်တို့နှင့်အတူဆက်ဆံသောအဘော်အဘက်၊ သင်တို့အစ်ကိုငါယောဟန်သည်၊ ဘုရားသခင်၏နှုတ်ကပတ်နှင့်ယေရှုခရစ်၏သက်သေခံတော်မူချက်ကြောင့်၊ ပတ်မု​ကျွန်းမှာနေရစဥ်တွင်၊ သခင်ဘုရားနေ့၌၀ိညာဥ်တော်ကိုခံရ၍၊ တံပိုးခရာအသံကဲ့သို့ငါ့နောက်၌ မြည်သောအသံကြီးကိုကြား၏။ မြည်သောအချက်ဟူမူကား၊ သင်သည်မြင်သောအရာကို စာစောင်၌ရေးထား၍၊ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့၊ လောဒိကိမြို့၌ရှိသောအသင်းတော်ခုနစ်ပါးထံသို့ပေးလိုက်လော့ဟုဆိုသတည်း။

 

ယောဟန်သည်၊ ယေရှုခရစ်၏ဆင်းရဲခြင်းဒုက္ခကိုခံရ၍၊ ပတ်မု​ကျွန်းတွင်၊ ထောင်ကျစဥ်ရေးသောစာဖြစ်သည်။ “သခင်ဘုရား နေ့”သည်၊ တနင်္ဂနွေနေ့ကိုဆိုလိုသည်။ အကြောင်းမှာ၊ သခင်ဘုရားသည်၊ ထိုနေ့၌ရှင်ပြန်ထမြောက်ခဲ့သည်။ “၀ိညာဥ်တော်ကို ခံရ၍”ဟုဆိုခြင်းသည်၊ ထိုအချိန်မှသန့်ရှင်းသော၀ိညာဥ်တော်ရသည်မဟုတ်။ ၀ိညာဥ်တော်အားဖြင့်၊ ရူပါရုံမြင်ရခြင်းကိုဆိုလိုသည်။ “တံပိုးခရာသံကဲ့သို့” ဟုဆိုသည်မှာ တကဲ့တံပိုးခရာသံမဟုတ်၊ ကျယ်လောင်သောအသံကိုဆိုလိုသည်။ ထိုအသံကသူမြင်သောအရာတို့ကို၊ စာ၌ရေး၍ အာရှိပြည်၌ရှိသောအသင်းတော်ခုနှစ်ပါးသို့ပို့ခိုင်းသည်။

 

ဗျာ ၁:၁၂-၁၆ ထိုသို့ငါနှင့်စကားပြော၍၊ အသံမြည်သောသူကိုမြင်ခြင််းငှါ၊ ငါသည်လှည့်ကြည့်လျှင်၊ ရွှေမီးခွက်ခုနစ်လုံးကို၎င်း၊ ထိုမီးခွက်ခုနစ်လုံးအလယ်၌၊ လူသားတော်နှင့် တူသောသူတဦးကို၎င်း၊ မြင်၏။ ထိုသူသည်ခြေသို့တိုင်အောင်၀တ်ခြုံလျက်၊ ရင်တော်၌ ရွှေခါးပန်းကိုစည်းလျက်ဖြစ်၏။ ခေါင်းတော်နှင့်ဆံပင်တော်သည်၊ ဖြူသောသိုးမွေးကဲ့သို့၎င်း၊ မိုဃ်းပွင့်ကဲ့သို့၎င်း ဖြူ၏။ မျက်စိတော်သည်လည်းမီးလျှံကဲ့သို့ဖြစ်၏။ ​ခြေတော်သည်လည်း၊ မီး၌ ချွတ်ပြီးသောကြေး၀ါစစ်နှင့် တူ၏။ အသံတော်သည်လည်း သမုဒ္ဒ​ရာသံကဲ့သို့ဖြစ်၏။ လကျ်ာလက်တော်သည်လည်း၊ ကြယ်ခုနစ်လုံးကိုကိုင်၏။ ခံတွင်း တော်ထဲက၊ လည်းထက်သောသန်လျက်ထွက်၏။ မျက်နှာတော်သည်၊ အရှိန်တန်ခိုးနှင့် ထွန်းတောက်သောနေကဲ့သို့ဖြစ်၏။

 

ယောဟန်သည်၊ အသံမြည်သောသူကိုကြည့်သောအခါ၊ သူ၏သခင်ယေရှုခရစ်တော်ကို မြင်သည်။ သူသည်၊ “ရွှေမီးခွက်ခုနှစ်လုံးအလယ်၌” ရှိသောကြောင့်၊ ထိုနေရာသည် တဲတော်သို့မဟုတ်ဗိမာန်တော်အတွင်း၌ဖြစ်သည်။ ခရစ်တော်သည်၊ “​ခြေတိုင်အောင်၀တ်ရုံခြုံ၍၊ ရွှေခါးပန်းစည်း” သောကြောင့်ယဇ်ပုရောဟိတ်ကဲ့သို့ဖြစ်သည်။ “ဆံပင်တော်သည် ဖြူသောသိုးမွှေးကဲ့သို့” ဖြစ်သောကြောင့်၊ အသက်ကြီးခြင်းသို့မဟုတ်ဘုန်းရှိခြင်းကို ဆိုလိုသည်။ “မျက်စိတော်သည်မီးလျှံကဲ့သို့” ဖြစ်သောကြောင့်၊ ထိုးဖေါက်မြင်နိုင်ခြင်းကို ဖေါ်ပြသည်။ “​ခြေတော်သည်၊ မီး၌ ချွတ်ပြီးသောကြေး၀ါစစ်နှင့် တူသည်” ဟုဆိုသည်။ ​ကြေး၀ါသည်တရားစီရင်ခြင်းကိုဆိုလိုသည်။ အကြောင်းမှာ၊ ဣသရေလလူမျိုးများ ပြစ်မှားသောအခါ၊ ဘုရားသခင်ကမီးမြွေကိုလွှတ်၍ အကိုက်ခံသူများ၊ ​ကြေး၀ါမြွေရုပ်ကို ကြည့်ခြင်းအားဖြင့်၊ ကျန်းမာစေခဲ့သည်။ ဆိုလိုသည်မှာသူတို့ကိုကိုက်သောမြွေကို၊ တရားစီရင်ပြီ။ ထို့အပြင်၊ အပြစ်ဖြေရာယဇ်များပူဇော်သောနေရာ၊ ယဇ်ပလ္လင်သည်၊ ကြေး၀ါဖြင့်လုပ်ထားသည်။ ထို့ကြောင့် ကြေး၀ါသည် တရားစီရင်ခြင်းကိုပုံဆောင်သည်။

 

“သမုဒ္ဒ​ရာအသံ”သည်ကြယ်လောင်ခြင်းကိုဆိုလိုသည်။ “ကြယ်ခုနှစ်လုံး”သည် အသင်းတော်များကိုအုပ်သောတမန်များကိုလိုသည် (၁:၂၀)။ “ခံတွင်းတော်အထဲကထွက်သောသံလျက်” သည်တရားစီရင်ခြင်းကိုဆိုလိုသည်။ ဘုရင်များသည် သူတို့ကိုယ်တိုင်ဘာမျှမလုပ်ကြချေ။ သူတို့ နှုတ်ထဲမှထွက်သောစကားအားဖြင့်အရာခပ်သိမ်းကို လုပ်တတ်သည်။ “မျက်နှာတော်သည် အရှိန်တန်ခိုးနှင့် ထွန်းတောက်သော နေကဲ့သို့ဖြစ်သည်”ဟုဆိုခြင်းသည် သူ၏ ထွန်းတောက်ခြင်း၊ ကြီး မြတ်ခြင်း၊ တန်ခိုးရှိခြင်း၊ ထိန်လင်းခြင်းကို ဆိုလိုသည်။ ခရစ်တော်ကသူသည် အလင်းဖြစ်သည်၊ ဟုဆိုခဲ့သည်မဟုတ်လော (ယော ၉:၅)။

 

ဗျာ ၁:၁ ရ- ၂၀ထိုသူကို ငါမြင် သောအခါ၊ သေမတတ် ဖြစ်၍ ​ခြေတော် ရင်း၌ လဲလျက် နေ၏။ ထိုသူသည် လကျ်ာလက်တော်ကို ငါ့ အပေါ်သို့ တင်လျက်၊ ကြောက်ရွံ့ခြင်း မရှိနှင့်။ ငါသည် အဦးဆုံးသောသူ၊ နောက်ဆုံးသောသူ ဖြစ်၏။ အသက် ရှင်သော သူလည်း ဖြစ်၏။ ငါသည် အရင်သေသည် ဖြစ်၍၊ ကမ္ဘာအဆက်ဆက်အသက်နှင့် ပြည့်စုံ၏။ မရဏာနှင့် မရဏာနိုင်ငံကိုလည်း ငါအစိုးရ၏။ ထိုကြောင့်၊ သင်သည် မြင်ပြီးသောအရာ တို့ကို၎င်း၊ ယခုရှိသောအရာ တို့ကို၎င်း၊ နောင် ဖြစ်လတံ့သောအရာ တို့ကို၎င်းရေးထားလော့။ ငါ့လကျ်ာလက်၌ ထင်ရှားသော ကြယ် ခုနစ်လုံးနှင့် ရွှေမီးခွက် ခုနစ်လုံး၏ နက်နဲခြင်း အရာဟူမူကား၊ မီးခွက် ခုနစ်လုံးသည်၊ အသင်းတော် ခုနစ်ပါး ဖြစ်၏။ ကြယ် ခုနစ်လုံးသည် လည်း၊ ထိုခုနစ်ပါးသော အသင်းတော် တို့ကို အုပ်သော တမန် ဖြစ်ကြ၏။

 

တမန်တော် ယောဟန်သည်၊ သူ၏ သခင်ကို မြင် သောအခါ၊ သေမတတ် ဖြစ်၍၊ အဘယ်ကြောင့်​ခြေတော် ရင်း၌ လဲသနည်း။ သူသည် သခင်ဘုရား၏ ရင်တော်၌ မှီ၍၊ လျောင်းတတ်ခဲ့သည် မဟုတ်လော (ယော ၁၃:၂၅)။ ခရစ်တော်၏ ရင်တော်၌ လျောင်းခဲ့စဥ်က၊ ခရစ်တော်သည် သူ၏ ဘုန်းကို ထားခဲ့သည်။ ထို့ကြောင့် သူ့ကို မကြောက်ခြင်း ဖြစ်သည်။ ယခု ခရစ်တော်ကို၊ သူ၏ ဘုန်းနှင့် မြင် သောအခါ၊ သေမတတ်ကြောက်သည်။ ​ကျွန်ပ်တို့သည်၊ ခရစ်တော်ကို ဘုန်းတန်ခိုးတော်နှင့် မမြင်ဘူးကြသော်လည်း၊ ယောဟန်၏ အတွေ့အကြုံအားဖြင့်၊ သူ့ကို ကြောက်ရွံ့တုန်လှုပ်သင့်သည်။ ခရစ်တော်က၊ သူ၏ တပည့်တော် ယောဟန်၏ အပေါ်၌၊ လက်တင်ခြင်းအားဖြင့် နှစ်သိမ့်သည်။ ထိုနောက််ဘုရား၏ ဂုဏ်အဂ်ါများ ဖြင့် နှစ်သိမ့်သည်။ ဘုရား၏ ဂုဏ်အဂ်ါများအားဖြင့်၊ မည်ကဲ့သို့ နှစ်သိမ့်နိင်သနည်းဟု သင်မေးနိင်သည်။ ခရစ်တော် ကသူသည်၊ အသက် ဖြစ်ကြောင်း (ယော ၁၄:၆)၊ သေခြင်း မရဏာကို နိင်ကြောင်း ဖြင့်အား ပေးသည်။ လူသည် သေရမှာကို အကြောက်ဆုံး ဖြစ်သည်။ သို့သော် ခရစ်တော်သည်၊ သေခြင်းကိုအောင် နိင်သူ၊ အသက် ပိုင်ရှင် ဖြစ်သည်။ သူ့ကို သေခြင်း ကမနိင်နိင်ချေ။ ထို့အရာကို သိခြင်းဖြင့် ယောဟန်အတွက်အားရှိစေသည်။ ​ကျွန်ပ်တို့အတွက် လည်းအား ဖြစ်စေသည်။ အကြောင်းမှာ၊ ခရစ်တော်ကို ယုံကြည် ခြင်းအားဖြင့်၊ အသက် ရှင်မည့့််အကြောင်း အာမခံသည်။ ခရစ်တော်က၊ “ငါသည် ထမြောက်ခြင်း အကြောင်း၊ အသက် ရှင်ခြင်း အကြောင်း ဖြစ်၏။ ငါ့ကို ယုံကြည်သော သူသည် သေလွန်သော်လည်း ရှင်လိမ့်မည်။ ငါ့ကို ယုံကြည်၍၊ အသက် ရှင်သော သူရှိသမျှ တို့သည် လည်း၊ သေခြင်းနှင့် အစဥ်မပြတ် ကင်းလွတ် ကြလိမ့်မည်။” (ယော ၁၁:၂၅-၂၆) ဟု ဂတိပေးခဲ့သည် မဟုတ်ပါလော။

 

ထို့နောက်သူမြင်ပြီးသောအရာ၊ ယခု ဖြစ်သောအရာ နှင့် နောင် ဖြစ်မည့် အရာများကို ရေးခိုင်းသည်။ ထိုအရာများသည် ဗျာဒိတ်ကျမ်း၏ မာတိကာများ ဖြစ်သည်။ “မြင်ပြီးသောအရာ “သည် အခန်းကြီး ၁၊ “ယခု ဖြစ်သောအရာ “သည် အခန်းကြီး ၂နှင့် ၃၊ “နောင် ဖြစ်မည့် အရာများ”သည် အခန်းကြီး ၄မှ ၂၂ အထိ ဖြစ်သည်။ ထိုနောက်”မီးခွက်ခုနှစ်လုံး”သည် အသင်းတော် ခုနှစ်ပါး ဖြစ်ကြောင်း၊ “ကြယ် ခုနစ်လုံး”သည် ထိုအသင်းတော် များကို အုပ်သော၊ တမန် ဖြစ်ကြောင်းကို ပြောပြသည်။

 

အဘယ်ကြောင့်အသင်းတော် များသည် မီးခွက် ဖြစ်သနည်း။ မီးခွက်သည် လင်းဘို့ ဖြစ်သည်။ အသင်းတော်သည် လည်း၊ မှောင်မိုက်သော ဤလောက၌ လင်းဘို့ ဖြစ်သည်။ အလင်းသည် ထင်ရှားစေသောအရာ ဖြစ်သည် (ဧဖက် ၅:၁၃)။ အသင်းတော်သည်၊ မလင်းပါက အကျိုးမရှိ။ လင်းနိင်ဘို့ရန် သန့်ရှင်းသော ၀ိညာဥ်တော် တည်း ဟူသော ဆီရှိရမည်။ ယနေ့ ကမ္ဘာပေါ်ရှိအသင်းတော် အများစုသည် လုံး၀မလင်း၊ မှောင်မိုက် ဖြစ်နေကြသည်။ ထိုသို့ဖြစ်ရခြင်း အကြောင်းမှာ၊ အလင်းတည်း ဟူသော သန့်ရှင်းသော ၀ိညာဥ်တော် မရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် အသင်းတော် အများစုသည်၊ လောက သားများနှင့် တူ၍၊ ဤလောက အတွက် အသက် ရှင် ကြသည်။ ၀ိညာဥ်ပိုင်းမျက်စိကန်းသောကြောင့်၊ ဒုစရိုက်အပြစ်၌ ကျင်လည်ကာ၊ စာတန် ပို်င်သော ဤလောကကို၊ တပ်မက်ခြင်း ဖြင့် ကောင်းကင် တက်ရမှန်းလည်း မသိ၊ ငရဲကြောက်ရမှန်းလည်း မသိ၊ လောက သား၊ အမှောင်သားများနှင့်အတူ သွားလာ နေကြသည်။ သင်၏ အသင်းတော်သည်၊ လင်းပါသလော။ လင်းလျှင် အပြစ်ကို ရွံရှာမည်၊ ကောင်းကင် လမ်းကို မြင်၍ လျှောက်မည်။ အမှောင်သားများကိုလည်း လမ်းပြနိင်မည်။

 

ကြယ်တည်း ဟူသော အသင်းတော် များကို အုပ်သော တမန် များသည်၊ ကောင်းကင်တမန် ဖြစ်မည် မဟုတ်။ အကြောင်းမူကား၊ ခရစ်တော်သည် ကောင်းကင်တမန် များကို၊ စာရေးစရာ မလို။ ထို့ကြောင့် ထိုတမန် များသည်၊ အသင်းအုပ်ဆရာများ ဖြစ်ပေမည်။ ကြယ်သည် ထင်ပေါ်ခြင်း၊ လင်းခြင်းကို ဆိုလိုသည်။ သို့သော် သင်းအုပ်ဆရာ အများစုသည်၊ မလင်းကြချေ။ အကြောင်းမှာ သိုးထိန်း မဟုတ်၊ သူငှါး ဖြစ်၍၊ သန့်ရှင်းသော ၀ိညာဥ်တော် မရရှိိထားကြချေ။ ထို့ကြောင့်၊ လူများကို အလင်းပြ၍ ကောင်းကင် လမ်းပြမည့် အစား၊ ဤလောက၌ တိုးတက်ရေး၊ ပျော်ရွှင်ရေးကို သာဦးစားပေး၊ ပြောဆို၊ ဟောပြော နေကြသည်။ သင်းအုပ်များသည် အစိုးရအမှု ထမ်း၊ ကုမ္ပဏီအလုပ်သမားများ ကဲ့သို့၊ ပုံမှန်၀င်ငွေရရှိရေးသည်၊ သူတို့၏ ရည်မှန်းချက် ဖြစ်သည်။ ထို့ကြောင့် ကယ်တင်ခြင်း အကြောင်းကို မပြောကြ၊ ပြောလျှင် လည်း၊ သမန်ကာ လျှံကာ သာလျှင် ပြော ကြသည်။ သင်ကိုယ်တိုင်သည် ထိုသို့ သော၊ သင်းအုပ်ဆရာ ဖြစ်နေပါသလော။ သင်၏ သင်းအုပ်သည်၊ ထိုကဲ့သို့ သောသူ ဖြစ်နေပါသလော။

 

ဗျာ ၁ မေးခွန်းများ

 

၁။ ဘုရားသခင်သည် မိမိ လုပ်မည့် အရာများကို ကြိုတင် ပြောတတ်ပါသလော။ ——————————–

၂။ ဗျာဒိတ်ကျမ်းကို၊ ကြည့်ရှုဘတ်ရွတ် နားထောင်၍၊ ရေးသား သမျှ တို့ကို စောင့်ရှောက်သော သူသည်၊ အဘယ်ကြောင့်၊ မင်္ဂလာရှိသနည်း။ ——————————————————————————————–

၃။ ခရစ်တော်သည် ငါတို့ကို ————————-၌၎င်း၊ ————————-၌၎င်း၊ ခန့်ထားသည်။

၄။ ယုံကြည်သူများ၊ ယဇ်ပုရောဟိတ် ဖြစ်လျှင်၊ ဘာလုပ်ရမည်နည်း။ —————————————————————————-

၅။ ယုံကြည်သူများ၊ မည်သည့်အချိန်၌ အုပ်စိုးမည့်သူများ၊ ဖြစ်ကြမည်နည်း။ ———————————————-

၆။ ခရစ်တော် ကြွလာ သောအခါ၊ အဘယ်ကြောင့်မြေကြီး သားများငိုကြွေးကြမည်နည်း။ ————————————————–

ရ။ ငါသည် အာလဖ ဖြစ်၏။ ဩမေဃလည်း ဖြစ်၏၊ ဟု မည်သူကသာ ဆိုနိင်သနည်း။ ————————————————–

၈။ ခရစ်တော်သည် ဘုရား ဖြစ်ကြောင်း၊ မည်သို့ သိနိင်သနည်း။ ————————————————–

၉။ ခရစ်တော် ကြွလာ သောအခါ၊ ဘာပါသည်ဟုဆိုသနည်း။ ————————————————–

၁၀။ အသင်းတော် ခုနှစ်ပါးနာမည်များရေးပါ။ —————————————————————————————————-

၁၁။ ယောဟန်သည် သခင်ယေရှုကို မည်ကဲ့သို့ မြင်သနည်း။ ————————————————————————————————

၁၂။ ယောဟန်သည်၊ အဘယ်ကြောင့်သေမတတ်ကြောက်သနည်း။ ————————————————————————

၁၃။ သခင်ယေရှုက၊ ယောဟန်ကို မည်ကဲ့သို့အား ပေးသနည်း။ ————————————————————————

၁၄။ မီးခွက်သည် ဘာကို ပုံဆောင်သနည်း။ ————————

အဘယ်ကြောင့်နည်း။———————————–

၁၅။ ကြယ်သည် ဘာကို ဆိုလိုသနည်း။ ————————

အဘယ်ကြောင့်နည်း။ ————————

၁၆။ အဘယ်ကြောင့်သင်းအုပ်များစွာ တို့သည် မလင်းကြသနည်း။ —— —— ——————————- —————————–

.

 

ဗျာဒိတ်ကျမ်း ၂

 

ခရစ်တော်ကအသင်းတော်များထံစာရေး

 

ဗျာဒိတ်ကျမ်း အခန်းကြီး ၂ နှင့် ၃ ၌ ခရစ်တော် ကအသင်းတော် ခုနှစ်ပါးထံသို့ စာရေးထားသည်။ အသင်းတော်သည် ခရစ်တော်၏ အပိုင် ဖြစ်သည်။ အကြောင်းမှာ သူကိုယ်တိုင်က၊ “ငါ့အသင်းကို ငါတည်ဆောက်မည်” (မ ၁၆:၁၈) ဟုဆိုသည်။ သို့သော် ယနေ့ ကမ္ဘာပေါ်ရှိအသင်းတော် အများစုသည်၊ ခရစ်တော်က မပိုင်သော၊ အသင်းတော်များဖြစ် ကြသည်။ အသင်းအုပ်ပိုင်သော အသင်းတော်သည်၊ အသင်းအုပ်၏ အလိုဆန္ဒအတိုင်း သွားတတ်သည်။ အသင်းတော် လူကြီး ပိုင်သော အသင်းတော်သည်၊ အသင်းတော် လူကြီးတို့ ကိုယ်တိုင်တည်ဆောက်၍၊ သူတို့ အကြိုက်ဦးဆောင် ကြသည်။ အသင်းသား ပိုင်သော အသင်းတော်သည်၊ အရာခပ်သိမ်းကို အများစု သဘော မဲဖြင့် ဆုံးဖြတ်တတ်သည်။ ခရစ်တော်၏ အလိုဆန္ဒကို မသိကြ၊ ဂရုမစိုက်ကြချေ။ ဂိုဏ်းဂဏပိုင်သော အသင်းတော်သည် အသင်းအုပ်၊ အသင်းတော် လူကြီး၊ အသင်းသားများ အလိုဆန္ဒအတိုင်း မသွား၊ ဂိုဏ်း၏ အလိုဆန္ဒ၊ စည်းကမ်းအတိုင်း သွားသည်။ ထိုကြောင့် ခရစ်တော်၏ အလိုတော်သည် လုံး၀အရေးမကြီးချေ။ ဌါနချုပ်မှ ခွင့်ပြုချက်မရဘဲ အဘယ်အရာမျှ မလုပ်နိင်ချေ။ လူမျိုးကပိုင်သော အသင်းတော်သည်၊ လူမျိုးတိုးတက်ဘို့၊ လူမျိုးစကား သုံးဘို့သည် အဓိက ဖြစ်သည်။ လူမျိုးရေးအသင်းတော်၌ ခရစ်တော်သည် လုံး၀နေရာမရရှိချေ။ သင်၏ အသင်းတော်သည် မည်သူကပိုင်သနည်း။

 

ခရစ်တော် ပိုင်သော အသင်းတော်သည်၊ သူ့အလိုဆန္ဒအတိုင်း သွားရမည်။ သူခိုင်းသောအရာ ကို သာလျှင် လုပ်ရမည်။ ထို့အပြင် သူကိုယ်တိုင်က တည်ဆောက်ရမည်။ ခရစ်တော်က၊ ငါ့အသင်းတော်ကို တည်ဆောက်ပေးကြပါ၊ ဟု မည်သူကို မျှမခိုင်းချေ။ ယုံကြည်သူ တိုင်းသည်၊ ခရစ်တော် တည်းဟူသော ပိုင်ရှင်၊ ဦးခေါင်း၏ အလိုဆန္ဒကို သိ၍၊ သူ့အလိုတော် အတိုင်း ပြုလုပ် ပေးမည့်သူများဖြစ်သည်။ ကုမ္ပဏီသည် ပိုင်ရှင်၏ အလိုဆန္ဒအတိုင်း လုပ်ရသည်၊ ခေါင်းဆောင်နှင့် အလုပ်သမားများ၏ ဆန္ဒအတိုင်း မလုပ်ရချေ။ ထိုကြောင့်အသင်းတော်သည် လည်း၊ မည်ကဲ့သို့ဖြစ်သင့်သည်ကို၊ ပိုင်ရှင် ဖြစ်သော ခရစ်တော်က ထိုအသင်းတော်များထံ၌ စာရေးထားသည်။ ထို့ကြောင့် အသင်းတော်သည် မှန်ကန်စွာ သွားသလော၊ မသွားသလော၊ ဟူသောအရာ ကို သိလိုလျှင်၊ ဗျာ ၂ နှင့် ၃ ကို ကြည့်ဘို့ လိုသည်။ ရှင်ပေါလုကလည်း အသင်းတော် ခုနှစ်ပါးထံသို့ စာရေးခဲ့သည်။ ထိုစာများကို ဖတ်ခြင်း အားဖြင့်လည်း ဘုရား၏ အလိုတော်ကို သိနိင်သည်။ ထိုအပြင်ပဌမ ဦးဆုံးသော အသင်းတော်ကို၊ သန့်ရှင်းသော ၀ိညာဥ်တော် ကတမန်တော် များကို အသုံးပြု ခြင်းအားဖြင့်၊ မည်ကဲ့သို့ တည်ဆောက်သည်ကို၊ တမန်တော် ၀တ္တုဖတ်ခြင်းဖြင့် သိနိ်င်သည်။ ယနေ့ အသင်းတော်များမူကား၊ သင်းအုပ်ဆရာ သို့မဟုတ် ဘုန်းကြီး အလိုဆန္ဒအတိုင်း သွား ကြသည်။ အသင်းတော် လူကြီးများ အကြီးအကျယ် ဆွေးနွေးတိုင်ပင်၍ လူထုအများစုမဲဖြင့် သွားကြသည်။ ကျမ်းစာကိုမူ မကြည့်ကြချေ။

 

အသင်းတော်အတွက်

 

ဗျာဒိတ် ၂ နှင့် ၃ သည် သခင်ယေရှုက၊ ယောဟန်အားဖြင့် အာရှိပြည် (ယခုခေတ် တူရကီပြည် အနောက်ပိုင်း)၌ ရှိသော အသင်းတော် ခုနှစ်ပါးထံရေးသောစာ ဖြစ်သည်။ သခင်ယေရှု ကအသင်းတော် များကို စာရေး သောအခါ၊ သူတို့ အ​ခြေအနေနှင့် ကိုက်ညီစွာ၊ သူ့ကိုယ်သူမိတ်ဆက်တတ်သည်။ ဆိုလိုသည်မှာ၊ လူနာထံဧည့်သည် ကသူ့ကို သူဆရာ၀န် ဖြစ်သည်ဟု မိတ်ဆက်လျှင်၊ အနာ ရောဂါပြောဘို့၊ ချက်ချင်း အကူအညီတောင်းလိုက်မှာ ဖြစ်သည်။ လူတယောက်က၊ သူ့ကိုယ်သူရဲအရာရှိ ဖြစ်သည်၊ ဟု မိတ်ဆက်လျှင်၊ ငါဘာပြစ်မှု ရှိသနည်း၊ ဟု စိုးရိမ် စိတ်ချက်ချင်း ဖြစ်လာမှာ ဖြစ်သည်။ ထို့နည်းတူ လူတယောက်က၊ သူသည် ကား ပြင်တတ်သည်ဟုဆိုလျှင်၊ ကိုယ့်ကား ပြင်ခိုင်းဘို့ ချက်ချင်း၊ စိတ်ထဲမှာပေါ်လာမှာ ဖြစ်သည်။ ခရစ်တော် ကအသင်းတော်များထံ၊ သူတို့၏ အကျင့်နှင့် ကြိုးစား မှုများသိကြောင်း၊ သူတို့၏ အခက်အခဲနှင့် အ​ခြေအနေများ ကိုလည်း သိကြောင်း၊ ဖေါ်ပြတတ်သည်။ အပြစ် အတွက် ဆုံးမခြင်း၊ နောင်တ ရဘို့ လိုခြင်းများကိုလည်း ဖေါ်ပြတတ်သည်။ အောင်မြင် သူများ အတွက်၊ ဆုပေးမည့် အရာများ၊ အား နည်းသော သူအတွက်၊ အား ပေးသောအရာ များ ကိုလည်း ဖေါ်ပြတတ်သည်။ အသင်းတော် များ၏ ကောင်းကွက်များကို၊ အရင်ပြော၍၊ အပြစ်များကို နောက်မှ ဖေါ်ပြတတ်သည်။ စမုရနအသင်းတော်နှင့် ဖိလ​ဒေလဖိအသင်းတော် နှစ်ပါးထံ၌၊ အပြစ် တင်ခြင်း လုံး၀ မတွေ့ရချေ။ သို့သော် လောဒိကိအသင်းတော် ထံတွင်မူ၊ ကောင်းကွက် တခုမျှ မဖေါ်ပြ ချေ။ ကျန်သော အသင်းတော် လေးပါး၌မူ သူတို့၏ ကောင်းကွက်နှင့် အပြစ်များဖေါ်ပြထားသည်။ အသင်းတော် များသည်၊ ခရစ်တော်၏ အကြံပေး သကဲ့သို့၊ ကျင့်ကြံပြုမူဘို့ ဖြစ်သည်။

 

တဦးချင်းအတွက်

 

ဗျာဒိတ်ကျမ်းသည် အသင်းတော်များထံ၌ ရေးသောစာ ဖြစ်သော်လည်း၊ ယုံကြည်သူ တဦးချင်းအတွက်လည်း အကျိုးရှိသောစာ ဖြစ်သည်။ ယုံကြည်သူများသည်၊ တဦးနှင့် တဦးမတူညီနိင်ကြ သကဲ့သို့၊ ပြည့်စုံသော သူလည်း မရှိနိင်ချေ။ ဧဖက်အသင်းတော် ကဲ့သို့၊ ယုံကြည်ခြင်း မှန်ကန်၍၊ အလွန် ကြိုးစားသော်လည်း၊ ချစ်ခြင်း မေတ္တာမပါသော သူများလည်းရှိကြသည်။ စမုရနအသင်းတော် ကဲ့သို့၊ ဘုရားသခင်က ြောင့်၊ နှိပ်စက်ညှင်းဆဲခံနေသော သူများလည်းရှိကြသည်။ ပေရဂံအသင်းတော် ကဲ့သို့၊ လောကီရေးရာနှင့် ရောနှောသော အသက်တာလည်းရှိကြသည်။ သွာတိရအသင်းတော် နည်းတူ၊ ရုပ်တုကိုကိုး ကွယ်သော သူများရှိကြ သကဲ့သို့၊ သာဒိအသင်းတော် ကဲ့သို့၊ အသက် မရှိသော်လည်း၊ အသက် ရှင် ဟန်ဆောင်သော သူများလည်းရှိကြသည်။ ဖိလ​ဒေလဖိအသင်းတော် ကဲ့သို့ အငြိမ်မနေနိင်ဘဲ၊ အမြဲသက်သေခံ၍၊ ပျောက်ဆုံး၀ိညာဥ်ချစ်၍၊ ကူညီမစတတ်သော သူများလည်း အနည်းငယ်ရှိသည်။ လောဒိကိအသင်းတော် ကဲ့သို့၊ မပူမအေးနွေးရုံသာရှိသော ယုံကြည်သူများလည်း အများစု ဖြစ်ကြသည်။ ထို့ကြောင့် ခရစ်တော် ကအသင်းတော်များထံပို့သော စာများကို ဖတ်၍၊ ဆက်လုပ်သင့်သောအရာ များကို ဆက်လုပ်၍၊ မှားယွင်းသောအရာ များကို ပြုပြင်ဘို့ လိုသည်။ အခြားသော စာများ ကဲ့သို့ ဖတ်ရှုပြီး သောအခါ မေ့ပစ်ဘို့ မဟုတ်ပါ။ ယုံကြည်သူများ၊ တနဂ်နွေနေ့၌ ဘုရားရှိခိုးသွားနိင်ရုံဖြင့် ကျေနပ် ကြခြင်းသည်၊ အလွန် လိုသေးကြောင်း သိဘို့ လိုသည်။ ယခုသခင်ယေရှုက၊ သင့်ကို စာရေးခဲ့သည် ရှိသော်၊ မည်ကဲ့သို့ ရေးမည်နည်း၊ စဥ်းစားမိပါသလား။ ခရစ်တော် ကသင်၏ အသက်တာ၌၊ ချီးမွမ်းစရာ ရှိပါ့မည်လား။ ဘုရားသခင်ကို၊ ဒုက္ခ ရောက်မှအကူအညီတောင်းဘို့၊ ကောင်းကြီး တောင်းခံဘို့နှင့် သဘော တရားကိုး ကွယ်ဘို့ မဟုတ်ပါ။ သူ၏ အလိုတော်ကို သိဘို့ ကြိုးစား၍၊ အလိုတော် အတိုင်း အသက် ရှင်ကြဘို့ ဖြစ်သည်။ အသင်းတော် သမိုင်း၌ ဗျာဒိတ်ကျမ်းသည်၊ အသင်းတော် ခုနှစ်ပါးနှင့်၊ တဦးချင်းအတွက် သာမက၊ အသင်းတော် စတင်ချိန်၊ ပင်တေကုတ္တေ နေ့မှစ၍၊ အသင်းတော် သိမ်းဆည်းသည့်အချိန် အထိ၊ ခေတ်အဆက်ဆက်၌၊ ဖြစ်ပျက်မည့် အသင်းတော် သမိုင်းကို၊ ကြိုတင် ရေးထားသော စာလည်း ဖြစ်သည်။ ဧဖက်အသင်းတော်သည် အေဒီ ၃၃ မှအေဒီ ၁၀၀ခန့်အထိ အသင်းတော် သမိုင်းကို ဖေါ်ပြသည်။ စမုရနအသင်းတော်သည်၊ အေဒီ ၁၀၀မှ ၃၁၃ အထိ အသင်းတော် သမိုင်းကို ဖေါ်ပြသည်။ ပေရဂံအသင်းတော် ကအေဒီ ၃၁၃ မှအေဒီ ၆၀၀ခန့်အထိ ကို၎င်း၊ သွာတိရအသင်းတော်က၊ အေဒီ ၆၀၀မှ ၁၅၁ ရခုနှစ်အထိ၊ သာဒိအသင်းတော် ကအေဒီ ၁၅၁ ရမှအေဒီ ၁ ရ၀၀ခန့်အထိ၊ ဖိလ​ဒေလဖိ အသင်းတော်က၊ အေဒီ ၁ရ၀၀ မှ ၁၉၀၀၊ လောဒိကိအသင်းတော်က အေဒီ ၁၉၀၀ မှ ချီဆောင်ခြင်း နေ့တိုင်အောင် အသင်းတော် သမိုင်းကို ဖေါ်ပြသွားသည်။ ယခုအချိန်သည် လောဒိကိအသင်းတော် ခေတ် ဖြစ်သောကြောင့် မပူမအေး၊ နွေရုံသာရှိသော သူများ ဖြစ်နေကြသည်။

 

သို့သော် အသင်းတော် ခုနှစ်ပါး၌ ဖြစ်ပျက်သောအရာ များသည်၊ တခေတ်ထဲ၌ သာရှိသည် မဟုတ်၊ ခေတ်အဆက်ဆက်၌၊ အနည်းနှင့် မများရောထွေး၍ ရှိနေကြသည်။ ယခုခေတ်သည်လောဒိကိခေတ် ဖြစ်၍များသောအားဖြင့် နွေးရုံသာရှိသော်လည်း၊ အချို့သော ယုံကြည်သူများသည်၊ စမုရနအသင်းတော် ကဲ့သို့၊ နှိပ်စက်ညှင်းဆဲခြင်း ခံသော သူများလည်းရှိကြသည်။ ထိုအပြင်ဖိလဒေလဖိအသင်းတော် ကဲ့သို့၊ ပျောက်ဆုံးသော ၀ိညာဥ်ဖမ်းဘို့ သာလျှင်၊ လုပ်ဆောင်သော သူများလည်းရှိကြသည်။ သို့သော် အများစုသည် မပူမအေးနွေးရုံသာရှိ နေကြသည်။

 

သခင်ယေရှုက၊ အသင်းတော် ခုနှစ်ပါးကို ရွေး၍၊ စာရေးခြင်းသည်၊ အခြားသော အသင်းတော်များ၊ ကောင်းသောကြောင့် ဖြစ်မည် မထင်ပါ။ ဤအသင်းတော် ခုနှစ်ပါးက၊ အခြားအသင်းတော်များ၏၊ လိုအပ်ချက်နှင့် ဖြစ်ပျက်မှုများကို၊ ကိုယ်စားပြုခြင်း သာလျှင် ဖြစ်မည်။ ဤအသင်းတော် ခုနှစ်ပါးသည်၊ အာရှိပြည် (Asia minor)၌ ရှိ၍ အားလုံးနီးကြကာ၊ အစဥ်အလိုက်ရှိ ကြသည်။

 

ဗျာ ၂ မေးခွန်းများ

 

၁။ အသင်းတော်၏ ပိုင်ရှင်သည် မည်သူ ဖြစ်သင့်သနည်း။ ——————-အဘယ်ကြောင့်နည်း။ ———————————————————-

၂။ ကမ္ဘာပေါ်ရှိအသင်းတော် အများစု၏ ပိုင်ရှင်များသည်၊ ———————————————————————-

၃။ ခရစ်တော် ပိုင်သော အသင်းတော်သည် မည်သူ၏ အလိုဆန္ဒအတိုင်း သွားရမည်နည်း။ ————————

၄။ အသင်းတော် မှန်မမှန်မည်သည့်ကျမ်းများ ကြည့်ခြင်းအားဖြင့် သိနိင်သနည်း။ ———————————————————

၅။ ခရစ်တော် ကအသင်းတော် များကို မည်ကဲ့သို့၊ သူ့ကိုယ်သူမိတ်ဆက်တတ်သနည်း။ ——————————————————-

၆။ ခရစ်တော် ကအသင်းတော် များ၏ ဘာကို သိသနည်း။ ———————————————————————————————–

ရ။ မည်သည့်အသင်းတော် များသည် အပြစ် မရှိသနည်း။ ————————————–မည်သည့်အသင်းတော်သည် ကောင်းကွက်မရှိသနည်း။ ————————————-

၈။ အသင်းတော် ခုနှစ်ပါးသည် တဦးချင်းအသက်တာအတွက် ဖေါ်ပြပါသလော။ ——————-မည်ကဲ့သို့ ဖေါ်ပြသနည်း။ ——————-

၉။ အသင်းတော် ခုနှစ်ပါးသည် အသင်းတော် သမိုင်းနှင့် မည်ကဲ့သို့ သက်ဆိုင်သနည်း။ ———————————————————

၁၀။ ယခုခေတ်သည် မည်သည့်အသင်းတော်နှင့် တူညီနေသနည်း။ ——————-

.

 

ဗျာဒိတ်ကျမ်း ၂ (၂:၁ -ရ)

 

မေတ္တာလျော့သော ဧဖက်အသင်းတော်

 

နောက်ခံသမိုင်း

ဧဖက်မြို့သည် အာရှိပြည် (ယခုခေတ်တူရကီပြည်၏ အနောက်ဘက်ပိုင်း) ရှိနာမည်အကြီး ဆုံးမြို့ ဖြစ်သည်။ ဘာသာရေး၊ စီးပွါးရေးအချက်အချာကျသော မြို့ ဖြစ်သည်။ မြို့ကြီး ဖြစ်သည့်အတိုင်း၊ သူဌေးများ၊ ဆင်းရဲ သား၊ လူမျိုးပေါင်းစုံနေထိုင်သော မြို့ ဖြစ်သည်။ ရောမများ အခေါ်၌ ဒိနာ (Diana)၊ ဂရိတ်အခေါ်၌ အာတေမိ (Artimis) ဘုရား ကျောင်းကြီးရှိ၍ အလျား၄၂၅ ပေ၊ အနံ ၂၆၀ပေ၊ အမြင့်ပေ ၆၀ရှိသည်။ ထိုဘုရား ကျောင်းသည် ရှေးဟောင်းကမ္ဘာ့ အံ့ဘွယ်ခုနှစ်ပါး၌ ပါ၀င်သည်။ ထိုဘုရား ကျောင်းသည် ချမ်းသာသော သူများ၏ ဘဏ်တိုက်လည်း ဖြစ်သည်။ အကြောင်းမှာ ဘုရား ကျောင်း၌ မည်သူကမျှပစ္စည်းများ မခိုးရဲချေ။ ထိုကျောင်းထဲ၌ ရုပ်တုများစွာ ရှိ၍၊ နာမည်ကျော် အလက်ဇန်ဒါးဒဂရိတ် (Alexander the great)၏ ရုပ်တုလည်းရှိသည်။ အာတေမိနှင့် ပတ်သက်၍ ပေါလုခေတ်၌ ဆူပူမှု ရှိကြောင်း ကျမ်းစာ၌ ဤသို့ တွေ့ရသည်၊ “ထိုအခါ ဘာသာတရားကြောင့်ရောက်သောအမှု ကြီး ဟူမူကား၊ ​ေဒမေတရိအမည်ရှိသော ပန်းတိမ်သမားတယောက်သည်၊ အာတေမိနတ်သမီး၏ ငွေဗိမာန်ငယ်တို့ကို လုပ်သဖြင့်၊ ပန်းတိမ်သမားတို့အား စီးပွားများကို ပြုတတ်၏။ ထိုသူသည် ပန်းတိမ်သမားတို့နှင့် ထိုသို့သော အတတ်သမားများကို စုရံုးစေပြီးလျှင်၊ အချင်းလူတို့၊ ဤအတတ်ကို အမှီပြု၍ ငါတို့၌ အကျိုးစီးပွား ဖြစ်သည်ကို သင်တို့ သိကြ၏။ ယခုတွင် ထိုပေါလုက၊ လူလက်ဖြင့် လုပ်သမျှ တို့သည် ဘုရား မဟုတ်ဟုဆိုသဖြင့်၊ ဧဖက်မြို့မှစ၍ အာရှိပြည် တရှောက်လုံးကုန်မတတ်၊ လူအပေါင်းတို့ကို ဖြားယောင်းသွေးဆောင်သည်ကို သင်တို့သည် မြင်လျှက်၊ ကြားလျှက်ရှိကြ၏။ ထိုသို့ လူများ တို့သည် ငါတို့၏ အတတ်ကို ကဲ့ရဲ့သည် သာမက၊ ကြီး မြတ်သော နတ်သမီးအာတေမိ၏ ဗိမာန်တော်ကို ပမာဏမပြုသဖြင့်၊ အာရှိပြည် တရှောက်လုံးမှစ၍လောကီနိုင်ငံသား တို့ကိုး ကွယ်သော ဘုန်းအသရေတော်သည် ပျက်ဆီးခြင်းသို့ ရောက်မည်ကို စိုးရိမ်စရာ အကြောင်းရှိပါသည်ဟု ပြောဆို၏။ ထိုစကားကို ကြားလျှင်၊ ထိုသူတို့သည် ​ေဒါသအမျက်နှင့် ပြည့်သဖြင့်၊ ဧဖက်လူတို့၏ အာတေမိသည် ကြီး မြတ် တော်မူ၏ဟု အော်ဟစ်ကြ၏။” (တ ၁၉:၂၃-၂၈)။ ထို့ကြောင့် ဧဖက်မြို့သည် အာတေမိဘုရားကိုး ကွယ်ခြင်း၏ ဗဟု ိဌါနချုပ် ဖြစ်သည်။

 

ပေါလု ဒုတိယအကြိမ် ခရီး သွား၍ အပြန်ခရီး တွင်၊ ဧဖက်မြို့၌ ရောက်ရှိ သောအခါ ထိုမြို့၌ ပြစ်ကိလနှင့် အာကုလလင်မယား (Priscilla & Aquila) တို့ကို ထားခဲ့သည် (တ ၁၈:၁၈-၂၁)။ ပေါလုမရှိခိုက်၊ ထိုမြို့သို့ အာပေါလုရောက် သောအခါ၊ ပြစ်ကိလနှင့် အာကုလတို့က၊ သမ္မာတရားကို သင်ပေးခဲ့ကြသည် (တ ၁၈:၂၄-၂၆)။ ပေါလုတတိယအကြိမ်ခရီး စဥ်တွင်၊ ယောဟန်၏ ဗတ္တိဇံကို ခံသော၊ ယုံကြည်သူ ၁၂ ယောက်ကို တွေ့ခဲ့၍၊ သခင်ယေရှု နာမဖြင့် ဗတ္တိဇံကို ပြန်လည်ပေးခဲ့သည်။ ထိုမြို့၌ ပေါလုသည် သုံးနှစ်နေ၍၊ နေ့နှင့် ညတရားဟောသောကြောင့် ထိုမြို့မှစ၍ အာရှိိပြည် ရှိ၊ ယုဒနှင့် ဂရိတ်လူမျိုးများ၊ ယုံကြည် လာကြသည် (တ ၁၉-၂၀)။ ဤမြို့၌ ပေါလု၏ ပု၀ါအားဖြင့် လူနာများ ကျန်းမာခဲ့ကြသည် (တ ၁၉:၁၁)။ “နတ်၀ိဇ…ာအတတ်ကို သုံးဆောင်သော သူအများ တို့သည် လည်း၊ မိမိတို့ စာစောင်ကို ယူခဲ့၍ လူအပေါင်းတို့ ရှေ့မှာ မီးရှို့ကြ၏။ စာစောင်အဘိုးကို ချင့်တွက်သော်၊ ငွေအသပြာငါးသောင်းထိုက်သည်ကို သိကြ၏။ ထိုသို့ သခင်ဘုရား၏ သာသနာ တော်သည် တန်ခိုးနှင့် တိုးပွား၍ အောင်မြင် လေ၏။” (တ ၁၉:၁၉-၂၀)

 

ပေါလုသည် ထိုမြို့၌ အလွန် အောင်မြင် ခဲ့သော်လည်း၊ နောက်ဆုံးခရီး စဥ်တွင် ဧဖက်မြို့အသင်းတော်သို့ မသွားတော့ဘဲ၊ အသင်းအုပ်များကို ခေါ်၍ ဤသို့ မှာကြားခဲ့သည်၊ “မိလက်မြို့သို့ ရောက်မှပေါလုသည် ဧဖက်မြို့သို့ စေလွှတ်၍ သင်းအုပ်များကို ခေါ်လေ၏။ သူတို့သည် ရောက်ကြ သောအခါ၊ ပေါလုက၊ ငါသည် အာရှိပြည်သို့ ရောက်သော နေ့မှစ၍ ယခုတိုင်အောင် သင်တို့ ရှေ့မှာ အဘယ်သို့ ကျင့်နေသည်ကို သင်တို့ သိကြ၏။ အလွန် နှိမ့်ချသော စိတ်ရှိလျက်၊ မျက်ရည်ကျလျက်၊ ယုဒလူတို့၏ မကောင်းသော အကြံအားဖြင့် စုံစမ်း နှောင့်ရှက်ခြင်းကို ခံလျက်၊ သခင်ဘုရား၏ အမှုတော်ကို ငါဆောင်ရွက်သည် အကြောင်း အရာကို သင်တို့ သိကြ၏။ သင်တို့ အကျိုးပြုစုရာတစုံ တခုကို မျှငါမထိမ်မ၀ှက်။ လူစုဝေးရာ၌၎င်း၊ အိမ်များ၌ ၎င်း၊ သင်တို့အား ဟောပြော၍ ဆုံးမဩ၀ါဒပေးသဖြင့်၊ ဘုရားသခင့်ရှေ့တော်၌ နောင်တ ရခြင်း တရားကို၎င်း၊ ငါတို့ သခင်ယေရှုခရစ်ကို ယုံကြည်ခြင်း တရားကို၎င်း၊ ယုဒလူ၊ ဟေလသလူတို့အား သက်သေခံသည် အကြောင်း အရာကို သင်တို့ သိကြ၏။” (တ ၂၀:၁ ရ- ၂၁)

 

ထိုသို့ ဧဖက်အသင်းတော်သည် ပေါလုက၊ ကောင်းစွာ တည်ထောင်ခဲ့သော အသင်းတော် ဖြစ်သည်။ ပေါလုကသူ၏ ၀ိညာဥ်သား တိမောသေကို ကြည့်ရှုခိုင်း၍၊ ဗျာဒိတ်ကျမ်းရေးသောအချိန် တွင်၊ တမန်တော် ယောဟန်ကကြည့်ရှုခဲ့စဥ်တွင်၊ အဖမ်းခံခဲ့၍ ပတ်မု​ကျွန်း၌ ထောင်ချခံခြင်း ဖြစ်သည်။ ထိုသို့ တမန်တော် ကြီးများကကောင်းစွာ၊ အုပ်မြစ်ချတည်ထောင်ခဲ့သော အသင်းတော် ဖြစ်သောကြောင့်၊ ဧဖက်အသင်းတော်သည်၊ သမ္မာတရားကို သိ၍၊ မှားယွင်းသော ဩ၀ါဒများကိုလည်း၊ ခွဲခြားတတ်သော အသင်းတော် ဖြစ်သည်။ အမှုတော် မြတ်၌လည်း၊ ကြိုးစား ဆောင်ရွက်သော အသင်းတော် ဖြစ်သည်။ ပေါလုကစာရေး သောအခါ၌လည်း၊ အပြစ် တင်ခြင်း လုံး၀ မတွေ့ရချေ။ လူ့အမြင်၌ ဤအသင်းတော်သည်၊ ပြောစရာ မရှိဘဲ ပြည့်စုံသော အသင်းတော် ဖြစ်သည်။ သို့သော် အရာခပ်သိမ်းကို မြင်သော သူ၏ အမြင်၌၊ မည်ကဲ့သို့ဖြစ်သည်ကို၊ သူရေးသော စာအားဖြင့် ကြည့်ကြပါစို့။

 

သခင်ယေရှုကမိတ်ဆက်ပုံ

၁။ ဧဖက်မြို့၌ ရှိသော အသင်းတော်၏ တမန်ကို ဤသို့ ရေး၍ မှာလိုက်လော့။ လကျ်ာလက်၌ ကြယ် ခုနစ်လုံးကိုကိုင်၍၊ ရွှေမီးခွက် ခုနစ်လုံးအလယ်၌ သွားလာသော သူ၏ အမိန့်တော်ကား၊ သင်အကျင့်ကျင့်ခြင်း၊ ပင်ပန်းစွာ လုပ်ဆောင်ခြင်း၊ သည်း ခံခြင်းကို ငါသိ၏။

အသင်းတော်၏ တမန်သည်၊ အထက်၌ ဖေါ်ပြခဲ့ပြီးသည့်အတိုင်း ကောင်းကင်တမန် မဟုတ်၊ အသင်းအုပ်ဆရာကို ဆိုလိုခြင်း ဖြစ်သည်။ ခရစ်တော်သည် အသင်းအုပ်ထံသူ၏ အမြင်နှင့် အလိုဆန္ဒ၊ အသင်းတော်၏ အ​ခြေအနေများကို ယောဟန်အားဖြင့် စာရေးခြင်း ဖြစ်သည်။

 

“လကျ်ာလက်၌ ကြယ် ခုနစ်လုံးကိုကိုင်၍၊ ” ဗျာ ၁:၂၀၌ ကြယ်သည် သင်းအုပ်ဆရာများ ဖြစ်ကြောင်း သိခဲ့ရပြီ။ သင်းအုပ်ဆရာများသည် ခရစ်တော်၏ လက်၌ ရှိသည်။ မိမိတို့ ကြိုက်နှစ်သက်သလိုအသင်းတော်ကို ဦးဆောင်ရမည် မဟုတ်။ အသင်းတော် ပိုင်ရှင် ခရစ်တော်၏ အလိုတော်ကို သိ၍၊ ထိုအလိုတော် အတိုင်း အသင်းတော်ကို ဦးဆောင်ရမှာ ဖြစ်သည်။

 

“ရွှေမီးခွက် ခုနစ်လုံးအလယ်၌ သွားလာသော သူ။” ရွှေမီးခွက်သည် အသင်းတော် ဖြစ်သည်ဟု သိရပြီ (ဗျာ ၁:၂၀)။ ခရစ်တော်သည် အသင်းတော်များအလယ်၌ သွားလာနေသည်။ ထို့ကြောင့် အသင်းတော် များသည်၊ ခရစ်တော်ကို မမြင်နိင်သော်လည်း၊ မိမိတို့ အလယ်၌ ခရစ်တော် ရှိကြောင်းကို၊ ယုံကြည်ခြင်း အားဖြင့် သိရှိ နားလည်ဘို့ လိုသည်။ သို့မှသာ ခရစ်တော်၏ အလိုတော်ကို ဂရုစိုက် နားလည်နိင်ပေမည်။

 

“သင်အကျင့်ကျင့်ခြင်း၊ ပင်ပန်းစွာ လုပ်ဆောင်ခြင်း၊ သည်း ခံခြင်းကို ငါသိ၏။” ခရစ်တော်သည် အသင်းတော် များ၏ အကျင့်ကျင့်ခြင်း၊ ပင်ပန်းစွာ လုပ်ဆောင်ခြင်း၊ သည်း ခံခြင်း များကို သိရှိ နားလည်သည်။ သူတပါးကကိုယ်လုပ်သောအရာ၊ ပင်ပန်းသောအရာ၊ သည်း ခံသောအရာ မသိလျှင်၊ အသိအမှတ်မပြုလျှင်လည်း ခရစ်တော် ကသိ နေကြောင်း သိဘို့ လိုသည်။ ထို့ကြောင့် လူကအသိအမှတ်ပြုဘို့ရန် မလို၊ ခရစ်တော် ကအသိအမှတ်ပြုလျှင် လုံလောက်ပြီ။ များသော အားဖြင့် လူလူချင်းအသိအမှတ်ပြုခြင်း၊ ချီးမွမ်းခြင်း များကို အလိုရှိတတ် ကြသည်။ ခရစ်တော်က၊ “လူပေးသော ဘုန်းအသရေကို ငါမခံ။ အချင်းချင်းပေးသော ဘုန်းအသရေကို သာခံ၍၊ ဘုရားသခင် သာလျှင် ပေးတော်မူ တတ်သော ဘုန်းအသရေကို လိုမရှိသော သင်တို့သည်၊ အဘယ်သို့ ယုံကြည် နိုင်မည်နည်း။” (ယော ၅:၄၁၊ ၄၄) ဟုဆိုခဲ့ဘူးသည်။ ထိုကြောင့်လူပေးသော ဘုန်းထက်၊ ဘုရား ပေးသော ဘုန်းကို အလွန် လိုချင် ကြပါစို့။

 

ချီးမွမ်းခြင်း

၂-၃။ သင်သည် မတရားသော သူတို့ကို လက်မခံနိုင်ကြောင်းကို၎င်း၊ တမန်တော် မဟုတ်ဘဲ၊ တမန်တော် ဖြစ်ယောင်ဆောင်သော သူတို့ကို စစ်ဆေး၍၊ လှည့်ဖြားသောသူ ဖြစ်သည်ဟု သိကြောင်းကို၎င်း၊ ခန္တီနှင့် ပြည့်စုံ၍၊ ငါ၏ နာမကြောင့်ဆင်းရဲ ခံ၍အား မလျော့ကြောင်းကို၎င်းငါသိ၏။

ဧဖက်အသင်းတော်သည်၊ သမ္မာတရားကို သိသဖြင့်၊ မတရားသောသူ၊ တမန်တော် ယောင်ဆောင်သော သူတို့ကို ခွဲခြားသိသည် သာမက၊ အား မနာဘဲ ထိုသို့သော ဆရာအတုများကို လက်မခံကြချေ။ ထို့အပြင်စိတ်ရှည်၍ ခရစ်တော်၏ နာမကြောင့်ဆင်းရဲ ခံ၍၊ အား မလျော့ကြောင်း ခရစ်တော် ကသိသည်။ ထိုအရာများအတွက် ခရစ်တော် ကချီးမွမ်းသွားသည်။ ယနေ့ အသင်းတော် များသည် လမ်းလွှဲဆရာများကို ခွဲခြားခြင်း မရှိ။ အကြောင်းမှာ သမ္မာတရားကို မသိသောကြောင့် လမ်းလွှဲမှန်းလည်း မသိ။ ယခုခေတ်သည်၊ “မည်သူမျှ ပြည့်စုံခြင်း မရှိပါ” “လူတိုင်းနှင့် ပေါင်းသင်းနိင်ရမည်” ဟူသော ဆောင်ပုဒ်ကို ကြွေးကြော်လျက် ရောရောသောသော လက်ခံသော ခေတ် ဖြစ်သည်။ ဧဖက်အသင်းတော် ကဲ့သို့ မဟုတ်ကြ။ ၀ိညာဥ်ပိုင်းလမ်းလွှဲခြင်းသည် အလွန် ကြောက်စရာ ကောင်းသည်။ အကြောင်းမှာ ဘုရားသခင်၏ အမျက်တော် ခံနိင်သည် သာမက၊ စာတန်၏ လိမ်လည်လှဲ့ဖျားမှုကြောင့်၊ မဖြစ်သင့်သောအရာ များ ဖြစ်တတ်သည်။

 

၄-၅။ သို့သော်လည်း၊ သင်သည် ရှေ့ဦးစွာသော ချစ်ခြင်း မေတ္တာလျော့ပြီဟု၊ သင်၌ အပြစ် တင်စရာ ရှိ၏။ ထိုကြောင့်၊ သင်သည် မရွေ့လျော့မှီ၊ အရင်နေရာအရပ်ကို အောက်မေ့လော့။ နောင်တ ရလော့။ ရှေ့ဦးစွာသော အကျင့်ကို ကျင့်လော့။ သို့မဟုတ် သင်ရှိရာသို့ ငါသည် အလျင် အမြန် လာမည်။ နောင်တ မရလျှင်၊ သင်၏ မီးခွက်ကို နေရာမှရွေ့မည်။

ဧဖက်အသင်းတော်သည်၊ အထက်၌ ဖေါ်ပြထား သကဲ့သို့ ကြိုးစားခြင်း၊ သည်း ခံခြင်း၊ လွှဲမှားသောအရာ များကို သိခြင်းများရိှသော်လည်း၊ ရှေ့ဦးစွာသော ချစ်ခြင်း မေတ္တာလျော့နည်းသည်ဟု ခရစ်တော် ကအပြစ် တင်သည်။ ထိုအရာကြောင့်အရင်နေရာမှအောက်သို့ လျောကျပြီဟုဆိုသည်။ ရှေ့ဦးစွာသော ချစ်ခြင်း မေတ္တာဆိုသည်မှာ အဘယ်အရာနည်း။ ယုံကြည် ခါစ၌ ရှိသော မေတ္တာကို ဆိုလိုသည်။ ကယ်တင်ခြင်း သဘော ပေါက်၍၊ ဒုတိယ မွေးဘွားခြင်း ခံစား သောအခါ ဘုရားသခင်ကို အလွန် ချစ်သည်။ ဘုရားသခင် အတွက် အစစအရာရာကို တတ်နိင်သည်။ ဘုရားသခင်ကို ချစ်သည်နှင့် အမျှ၊ လူများ ကိုလည်း ကယ်တင်ခြင်း အကြောင်း ပြောပြလိုသည်။ သက်သေခံသည်။ သို့သော် ကြာလာ သောအခါ၊ ထိုချစ်ခြင်း မေတ္တာများ လျော့နည်းလာ၍၊ ဘုရားသခင်နှင့် ၀ိညာဥ်ရေးရာထက် လုပ်ထုံးလုပ်နည်း၊ စည်းကမ်းများ၊ မူများ ကအစားထိုး လာသည်။ ချစ်ခြင်း မေတ္တာမရှိသောကြောင့်၊ လှုပ်ရှားမှု များသည် အသက် မပါတော့ချေ။ ရှင်ပေါလုကလည်း ချစ်ခြင်း မေတ္တာမပါလျှင်၊ အဘယ်အရာမျှအချည်းနှီး ဖြစ်ကြောင်း၁ ကော ၁၃၌ ရေးထားခဲ့သည်။ ထို့ကြောင့် အသင်းတော်၌ သော်၎င်း၊ ယုံကြည်သူ တစ်ဦးချင်း၌သော်၎င်း၊ ချစ်ခြင်း မေတ္တာမပါဘဲ အဘယ်အရာကို မျှမလုပ်သင့်ချေ။ သို့မဟုတ် သခင်ဘုရား၏ အပြစ် တင်ခြင်းကို ခံရမှာ ဖြစ်သည်။

 

“သင်သည် မရွေ့လျော့မှီ၊ အရင်နေရာအရပ်ကို အောက်မေ့လော့။ နောင်တ ရလော့။ ရှေ့ဦးစွာသော အကျင့်ကို ကျင့်လော့။” ရှေ့ဦးစွာသော မေတ္တာလျော့ခြင်းသည်၊ နောင်တ ရဘို့ လိုလောက်အောင် အပြစ် ကြီးသည်။ ရှေးဦးစွာသော မေတ္တာသည် ဘုရားသခင် အတွက် ဆက်ကပ်ခြင်း၊ ပျောက်ဆုံး၀ိညာဥ်များကို ချစ်၍၊ ကယ်တင်ခြင်း အကြောင်း ပြောပြခြင်းတို့ ဖြင့် ထင်ရှားသည်။ ထို့ကြောင့် ထိုအရာများကို ပြန်လုပ်ခြင်းသည် နောင်တ ရခြင်း ဖြစ်သည်။

 

“သို့မဟုတ် သင်ရှိရာသို့ ငါသည် အလျင် အမြန် လာမည်။ နောင်တ မရလျှင်၊ သင်၏ မီးခွက်ကို နေရာမှရွေ့မည်။” မီးခွက်ကို နေရာမှရွေ့ခြင်း ဆိုသည်မှာ၊ အသင်းတော် ပျောက်သွားမည်၊ သို့မဟုတ် အသင်းတော်ကို ခရစ်တော်က၊ စွန့်သွားမည့် အရာကို ဆိုလိုခြင်း ဖြစ်သည်။ အသင်းတော်သည် ခရစ်တော် မရှိပါက၊ ဟန်သာရှိ၍ အဆန်မရှိ ဖြစ်မည်။ ထို့ကြောင့် အသင်းတော်တိုင်း၊ ခရစ်တော် ရိှဘို့ အရေးကြီးသည်။ များစွာသော အသင်းတော် များသည်၊ အစကတည်းက ခရစ်တော် မရှိသောကြောင့်၊ စွန့်စရာလည်း မလို၊ ထို့ကြောင့် ခရစ်တော် ရှိမရှိသည် အရေးမကြီးချေ။ သင်၏ အသင်းတော်သည် ထိုကဲ့သို့သော အသင်းတော် ဖြစ်ပါသလား။

 

၆။ သို့သော်လည်း၊ ငါမုန်းသော နိကောလတပည့်တို့၏ အကျင့်ကို၊ သင်လည်း မုန်းသည်ဟု ပြောစရာ ရှိ၏။

တဖန် ဧဖက်အသင်းတော်၏ ကောင်းကွက်တစ်ခုကို၊ ခရစ်တော် ကချီးမွမ်းသွားသည်။ ထိုအရာမှာ ခရစ်တော် ကမုန်းသော နိကောလတပည့်တို့၏ အကျင့်ကို၊ ဧဖက်အသင်းတော်ကလည်း မုန်းခြင်း ဖြစ်သည်။ အသင်းတော်သည် ခရစ်တော် ကမုန်းသောအရာ ကို မုန်း၍၊ ခရစ်တော် ကချစ်သောအရာ ကို ချစ်ရမည်။ နိကောလနှင့် ပတ်သက်၍ အယူအဆနှစ်မျိုးရှိသည်။ အချို့ကနိကောလသည် လူတယောက်၏ နာမည် ဖြစ်၍၊ လမ်းလဲွသွန်သင်သောသူ ဖြစ်သည်ဟုဆိုသည်။ အချို့ကနိကောလနာမည်၏ အဓိပ္ပါယ်ကို ယူ၍ Nico နိကောသည် နိင်ခြင်း၊ လ Laitan (layman) သည် လူထုဟု ယူဆကြသည်။ ဆိုလိုသည် မှာလူထုကို အုပ်ချုပ် သူများ ကအနိင်ယူခြင်း၊ အာဏာဖြင့် အုပ်ချုပ်ခြင်း ဖြစ်သည်။ ဓမ္မဟောင်းခေတ်၌၊ ဣသရေလ လူများကို၊ ယဇ်ပုရောဟိတ် များ ကအုပ်ချုပ် သကဲ့သို့၊ သင်းအုပ်ဆရာများ၊ ဘုန်းကြီးများက၊ အသင်းတော် လူထုကို အုပ်ချင်သော ဆန္ဒရှိခြင်းကို၊ ဆိုလိုသည်ဟုဆို ကြသည်။ အသင်းတော်၌ ယဇ်ပုရောဟိတ်မင်းသည် ခရစ်တော် ဖြစ်၍ (ဟေ ၈:၁)၊ ယုံကြည်သူ တိုင်းသည် ယဇ်ပုရောဟိတ် ဖြစ်သည် (၁ ပေ ၂:၉)။ သင်းအုပ်ဆရာများသည် သိုးထိန်းများ ဖြစ်သည်။ ထို့ကြောင့် အသင်းတော်ကို မည်သူကမျှ၊ အာဏာဖြင့် မအုပ်စိုးရ၊ ဦးခေါင်းတည်း ဟူသော ခရစ်တော်၏ အလိုတော် အတိုင်း သွားရမှာ ဖြစ်သည်။ ထို့ကြောင့် နိကောလတပည့်များ၏ အလိုဆန္ဒကို၊ ဧဖက်သင်းတော် ကမုန်း သကဲ့သို့ ခရစ်တော်ကလည်း မုန်းသည်ဟုဆိုသည်။

 

ရ။ ဝိညာဉ်တော်သည်အသင်းတော် တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသော သူမည်သည် ကား ကြားပါစေ။ အကြင်သူသည် အောင်မြင်၏၊ ထိုသူသည် ငါ၏ ဘုရားသခင် ပရဒိသုဥယျာဥ်၌ ရှိသော၊ အသက် ပင်၏ အသီးကို စားစေခြင်းငှါ ငါအခွင့်ပေးမည်။

၀ိညာဥ်တော်သည်၊ အသင်းတော် တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသော သူမည်သည် ကား ကြားပါစေဟုဆိုသောကြောင့်၊ ဤစာသည် နားရှိသော သူတိုင်း အတွက် ဖြစ်သည်။ ဧဖက်အသင်းတော်၌ ခရစ်တော် ကချီးမွမ်းခဲ့သည့်အတိုင်း ကျင့်၍၊ အပြစ် တင်ခဲ့သမျှကို ရှောင်ဘို့ လိုသည်။ လူတိုင်း၌ ကိုယ်ခန္ဓာနားရှိသော်လည်း၀ိညာဥ်နားမရှိကြချေ။ “ကျမ်းစာ လာသည်နှင့် အညီ၊ ဘုရားသခင်ကို ချစ်သော သူတို့ အဘို့ အလိုငှါ၊ ဘုရားသခင် ပြင်ဆင် တော်မူသောအရာ တို့ကို လူမျက်စိဖြင့် မမြင်၊ နားဖြင့် မကြား၊ စိတ်နှလုံးဖြင့် မကြံစည်သေး။ ထိုအရာတို့ကို ဘုရားသခင်သည်၊ မိမိ ၀ိညာဥ်တော် အားဖြင့် ငါတို့အား ဘော်ပြ တော်မူ၏။” (၁ ကော ၂:၉-၁၀) ဟုဆိုထားရာ၊ ဘုရားသခင်က မြင်နိင်သော မျက်စိနှင့် ကြားနိင်သော နားပေးမှသာလျှင်၊ မြင်နိင်ကြားနိင်သည်။ ထိုသို့ဖြစ်ဘို့ရန်လည်း ဒုတိယအကြိမ် ၀ိညာဥ်အားဖြင့် မွေးဘို့ လိုသည်။

 

“အကြင်သူသည် အောင်မြင်၏၊ ထိုသူသည် ငါ၏ ဘုရားသခင် ပရဒိသုဥယျာဥ်၌ ရှိသော၊ အသက် ပင်၏ အသီးကို စားစေခြင်းငှါ၊ ငါအခွင့်ပေးမည်။” အောင်မြင်ခြင်း သည် ယုံကြည်ခြင်း ဖြစ်ကြောင်းရှင်ယောဟန်ကဤသို့ ရေးထားသည်၊ ” ဘုရားသခင်၏သား ဖြစ်သော သူမည်သည် ကား၊ လောကကိုအောင် တတ်၏။ လောကကို အောင်ခြင်း အကြောင်းမူကား၊ ငါတို့၏ ယုံကြည်ခြင်း ပေတည်း။” (၁ ယော ၅:၄)။ ထို့ကြောင့် ယုံကြည်သော သူသည် အောင်မြင် သောသူ ဖြစ်သည်။ အောင်မြင်သော သူကို ဘုရားသခင်က၊ ပရသိသုဥယျာဥ်၌ ရှိသော အသက် ပင်၏ အသီးကို၊ စားခွင့်ပေးမည်ဟုဆိုသည်။ ထိုအသက် ပင်ကို အာဒံနှင့် ဧ၀တို့ အပြစ် ကျူးလွန်သော နောက်စားခွင့်မပြုခဲ့ချေ။ ကျမ်းစာက၊ “ထာ၀ရ အရှင် ဘုရားသခင်က လည်း၊ လူသည် ငါတို့တွင် တပါးပါးကဲ့သို့ဖြစ်၍၊ ကောင်းမကောင်းကို သိတတ်၏။ ယခုမှာသူသည် ထာ၀ရအသက် ကို ရခြင်းငှါ၊ လက်ကို ဆန့်လျက် အသက် ပင်၏ အသီးကို ယူ၍ မစားသင့်ဟု မိန့်တော်မူ၍၊ လူသည် မိမိ ထွက်သော မြေ၌ လုပ်ရမည်အကြောင်း၊ ထာ၀ရ အရှင် ဘုရားသခင်သည်၊ ဧဒင်ဥယျာဥ်ထဲကလွှတ်လိုက် တော်မူ၏။ ထိုသို့ လူကို နှင်ထုတ်ပြီးလျှင်၊ အသက် ပင်လမ်းကို စောင့်ရှောက်စေခြင်းငှါ၊ မီးစက်လက်နက်နှင့် တကွခေရုဗိမ်တို့ကို၊ ဥယျာဥ်အရှေ့ဘက်၌ ထား တော်မူ၏။” (က ၃:၂၂-၂၄)။ လူသည် အပြစ် ကျူးလွန် ချိန်မှစ၍ အသက် ပင်၏ အသီးကို စားခွင့်မရှိတော့ချေ။ သို့သော် ယုံကြည်ခြင်းရှိလာ သောအခါ၊ ထိုအသီးကို စားခွင့်ပေးသည်။ ထိုအသက် ပင်သည် သခင်ယေရှုခရစ် ကိုယ်တိုင်ကို ပုံဆောင်သည်။ ခရစ်တော်က၊ “ငါသည် အသက်လည်း ဖြစ်၏၊ ” (ယော ၁၄:၆) ဟုဆိုခဲ့သည်။

 

အသင်းတော်သမိုင်း၌

ဧဖက်အသင်းတော်သည်၊ အေဒီ ၃၃ မှ ၁၀၀ ခန့်အထိ၊ အသင်းတော် သမိုင်းကို ပုံဆောင်သည်။ ဆိုလိုသည် မှာဧဖက်အသင်းတော်၌ ဖြစ်ပျက်သည့်အတိုင်း၊ အသင်းတော် သမိုင်း၌လည်း ဖြစ်ပျက်ခဲ့သည်။ တနည်းအားဖြင့် သခင် ခရစ်တော်က၊ အသင်းတော်များအပေါ်၌၊ မည်ကဲ့သို့ဖြစ်ပျက်မည်ကို၊ ကြိုတင် ဟောပြောထား သကဲ့သို့ဖြစ်သည်။ ဤအသင်းတော် ခေတ်သည်၊ တမန်တော် များ၏ အသင်းတော် (Apostolic church) ဟု ခေါ် ကြသည်။ တမန်တော်များခေတ်ရှိအသင်းတော် များသည်၊ တမန်တော် ကြီး များကိုယ်တိုင်၊ သမ္မာတရားကို သွန်သင်ကြသောကြောင့်၊ မှားယွင်းသော ဩ၀ါဒများက၊ မဖျက်ဆီးနိင်ခဲ့ချေ။ သို့သော် ဤခေတ်မှစ၍၊ မှားယွင်းသော ဆရာများသည်၊ စတင်လှည့်လည်ဟောပြော နေကြပြီ ဖြစ်ကြောင်း တွေ့ရှိရသည်။

 

ပေါလု၏ ဂလာတိအသင်းတော်များထံရေးသော စာ၌၊ လမ်းလွှဲဆရာများရှိကြောင်း တွေ့ရှိရသည် (ဂလာ ၁:၆-၉)။ ဘုရား၀တ်၌ မွေ့လျော်ခြင်းသည်၊ အကျိုးစီးပွား ဖြစ်သည်ဟု ယူဆကာ၊ အမှု ဆောင် သူများရှိသည် (၁ တိ ၆:၃-၅)။ ရှင်ပေါလုက၊ “နောင်ကာလ၌ လူတို့သည် စင်ကြယ်သော ဩ၀ါဒကို နားမခံနိုင်ဘဲ၊ ယားတတ်သော နားရှိလျှင်၊ မိမိ တပ်မက်ခြင်း အတိုင်းများပြားသော ဆရာတို့ နောက်သို့ လိုက်ကြလိမ့်မည်။ သမ္မာတရားကို နားမထောင်ဘဲ၊ ဒဏ္ဍာရီစကားကို နားထောင်၍၊ လွဲသွားကြလိမ့်မည်။” (၂ တိ ၄:၃-၄) ဟု ရေးခဲ့ဘူးပြီ။ ပေတရုကလည်း ဤသို့ သတိပေးခဲ့သည်၊ “ယုဒလူတို့တွင် မိစ္ဆာပရောဖက် ရှိကြ၏။ ထိုနည်းတူ၊ ဖျက်ဆီးတတ်သော မိစ္ဆာဒိဌိအယူများကို၊ ပရိယာယ်အားဖြင့် သွင်း၍၊ မိမိတို့ကို ၀ယ် တော်မူသော အရှင်ကို ငြင်းပယ်လျက်၊ မိမိတို့ အပေါ်သို့ လျင်စွာသော ဖျက်ဆီးခြင်းကို ရောက်စေသော၊ မိစ္ဆာဆရာတို့သည် သင်တို့တွင် ရှိကြလိမ့်မည်။ သူတို့ ညစ်ညူးသော အကျင့်ဓလေ့တို့ကို၊ အများသော သူတို့သည် လိုက်သော အားဖြင့်၊ သမ္မာတရား လမ်းအသရေသည်၊ ပျက်စီးလိမ့်မည်။ သူတို့သည်လောဘလွန်ကျူးလျက်၊ ချော့မော့သော စကား နှင့်၊ သင်တို့ကို ကုန်သွယ်ကြလိမ့်မည်။” (၂ ပေ ၂:၁-၃)။ ယောဟန်ကလည်း၊ “ချစ်သူတို့၊ ခပ်သိမ်းသော စိတ်၀ိညာဥ်တို့ကို မယုံကြနှင့်။ စိတ်၀ိညာဥ်တို့သည်၊ ဘုရားသခင်နှင့် စပ်ဆိုင်သည် မစပ်ဆိုင်သည်ကို၊ စုံစမ်း ကြလော့။ အကြောင်းမူကား၊ မိစ္ဆာပရောဖက် အများ တို့သည်၊ ဤလောကသို့ သွားကြပြီ။” (၁ ယော ၄:၁) ဟု စုံစမ်း ခိုင်းသည်။ ထို့ကြောင့် လွှဲမှားသော သွန်သင်ခြင်းသည်၊ တမန်တော် များ၏ အသင်းတော် ခေတ်၌၊ ရှိခဲ့ပြီး ဖြစ်သည်။ သို့သော် တမန်တော် ကြီးများ၏၊ သွန်သင်မှုကြောင့်၊ အသင်းတော် များသည်၊ သမ္မာတရားနှင့် မုသာတရားကို ခွဲခြားတတ်၍၊ ထိုမုသာတရားများကို လက်မခံ၊ ရှောင်နိင်ခဲ့ ကြသည်။

 

စာတန်က၊ အသင်းတော်ကို အပြင်ဘက်မှ၊ မှားယွင်းသော ဩ၀ါဒဖြင့်၊ မဖျက်ဆီးနိင်သော်လည်း၊ အတွင်း မှပျက်စီးလာသည်။ တမန်တော်များခေတ်အသင်းတော်၌၊ သမ္မာတရား ဟောပြောခြင်း၊ ဘုရား နိင်ငံတော် ကျယ်ပြန့်ရန် ကြိုးစား လုပ်ဆောင်နေချိန်တွင်၊ ရှေးဦးစွာသော မေတ္တာ စွန့်သွား ကြသည်။ ကျမ်းစာ သင်ခြင်း၊ ဆုတောင်းခြင်း၊ ပေးကမ်းခြင်း၊ သမ္မာတရား သွန်သင်ခြင်းများပြုလုပ် ကြပါသည်။ သို့သော်၊ ထိုအရာများကို ချစ်ခြင်း မေတ္တာမပါဘဲ၊ အစဥ်အလာအရလုပ်လာ ကြသည်။ ချစ်ခြင်း မေတ္တာမပါဘဲ လုပ်ဆောင်မှု မှန်သမျှသည်၊ ခရစ်တော် ကအလိုမရှိပါ။ ထိုမျှသာမကကြာရှည်မခံပါ။ နယ်မြေမ သိမ်းပိုက် နိင်ပါ။ ယခုခေတ် အသင်းတော်များလည်း၊ ထိုကဲ့သို့ဖြစ်ကြသည် မဟုတ်လော။ မေတ္တာမပါဘဲ လုပ်ဆောင်မှု မှန်သမျှသည်၊ သခင်ယေရှု အမြင်၌ အပြစ် ရှိသည်။

 

ဗျာ ၂:၁-ရ မေးခွန်းများ

 

၁။ ဧဖက်မြို့၌ ဘာဘုရားကိုး ကွယ်ကြသနည်း။ ————-ထိုဘုရားနှင့် ပတ်သက်၍ ဘာ ဖြစ်ခဲ့သနည်း။ —————————————

၂။ ဧဖက်မြိို့၌ ပေါလုက————-ခရီး စဥ်တွင် ———————နှင့် ——————တို့ လင်မယားကို ထားခဲ့သည်။

၃။ ——————–နှင့် ——————တို့ လင်မယားတို့ က——————-ကို သမ္မာတရား သင်ပေးသည်။

၄။ ဧဖက်မြို့၌ ပေါလုသည် ——-နှစ်အမှုတော် ဆောင်ခဲ့သည်။

၅။ ဧဖက်အသင်းတော်သည် ပေါလုလက်ထက်၌ အပြစ် တင်စရာ ရှိပါသလော။ ————-အဘယ်ကြောင့်နည်း။ —————————————————————————-

၆။ ခရစ်တော်က၊ ဧဖက်အသင်းတော်၏ အ​ခြေအနေအားလုံးကို သိပါသလော။ ———-မည်သူ၏ သိခြင်း အရေးကြီး သနည်း။ ——–

ရ။ ဧဖက်အသင်းတော်သည် အဘယ်ကြောင့်လမ်းလွှဲဆရာများ သိသနည်း။ ————————————–ထိုဆရာများကို လက်ခံပါသလော။ ——————-

၈။ ယခုခေတ်တွင် အဘယ်ကြောင့်လမ်းလွှဲဆရာများ လက်ခံကြသနည်း။ ———————————————

၉။ ၀ိညာဥ်ပို်င်းလမ်းလဲွခြင်းသည်၊ အဘယ်ကြောင့်ကြောက်စရာ ကောင်းသနည်း။ ————————————–

၁၀။ ဧဖက်အသင်းတော်၏အား နည်းချက်သည် ———————————-ခြင်း ဖြစ်သည်။

၁၁။ ရှေ့ဦးစွာသော ချစ်ခြင်း မေတ္တာလျော့နည်းခြင်းသည်၊ အဘယ်ကြောင့်အပြစ် ကြီး သနည်း။ ————————————–

၁၂။ မီးခွက်နေရာမှရွှေ့ခြင်းသည်၊ ဘာကို ဆိုုလိုသနည်း။ ———————————————————

၁၃။ များစွာသော အသင်းတော်များ၌ ခရစ်တော် ရှိပါသလော။ —————–အဘယ်ကြောင့်နည်း။ ————————————–

၁၄။ အသင်းတော်သည်၊ ခရစ်တော် ကမုန်းသောအရာ ကို ——–၍၊ ခရစ်တော် ကချစ်သောအရာ ကို ——ရမည်။

၁၅။ နိကောလအယူ၀ါဒသည် အဘယ်အရာ ဖြစ်သနည်း။ —————————————————————-

၁၆။ နားရှိသော သူမည်သည် ကား ကြားပါစေ၊ ဟူသောအရာ ကို ရှင်းပြပါ။ —————————————————————————-

၁ရ။ ယောဟန်ကအောင်မြင်ခြင်း သည်၊ ဘာအားဖြင့် ဖြစ်သည်ဟုဆိုသနည်း။ ————————————–

၁၈။ အသက် ပင်သည် မည်သူကို ပုံဆောင်သနည်း။ ——————-

၁၉။ ဧဖက်အသင်းတော်သည်၊ အသင်းတော် သမိုင်း၌၊ မည်သည့်ကာလကို ပုံဆောင်သနည်း။ ————————————–

၂၀။ မှားယွင်းသော ဩ၀ါဒသွန်သင်ခြင်းသည်၊ တမန်တော်များခေတ်အသင်းတော်၌ ရှိခဲ့ပြီး ပြီလော။ ————-

၂၁။ မှားယွင်းသော ဆရာများ ပေါ်ပေါက်မည့် အကြောင်းကို၊ မည်သူတို့ ကသတိပေးခဲ့သနည်း။ ————————————–

၂၂။ အဘယ်ကြောင့်တမန်တော်များခေတ်၌၊ အသင်းတော် များသည်၊ မှားယွင်းသော ဩ၀ါဒကို လက်မခံနိင်ကြသနည်း။ ———————————————————

၂၃။ တမန်တော်များခေတ်၌၊ မှားယွင်းသော ဩ၀ါဒကို ရှောင်နိင်သော်လည်း၊ ဘာအပြစ် ရှိသနည်း။ ————————————–

.

 

ဗျာဒိတ်ကျမ်း၂ (၂:၈-၁၁)

 

ညှင်းဆဲနှိပ်စက်ခံ၊ စမုရနအသင်းတော်

 

နောက်ခံသမိုင်း

စမုရနမြို့သည်၊ ဧဖက်မြို့၏ မြောက်ဖက် ၃၅ မိုင်အကွာအဝေး၌ ရှိသည်။ ဂရိတ်လူမျိုးများ ကဆောက်သော မြို့ ဖြစ်၍၊ အာရှိပြည်၌ အလှပဆုံးမြို့ ဖြစ်သည်။ တောင်ပေါ်၌ တည်၍၊ အဝေးမှ ကြည့်လျှင် သရဖူကဲ့သို့ဖြစ်သည်။ အာရှိပြည်၌ အလှပဆုံးမြို့ဟု သူတို့၏ ဒဂ်ါး၌ ကဗည်းထူးထားသည်။ ယနေ့ တိုင်အောင် ထိုမြို့တည်ရှိ၍၊ လူ၂ ရ၅၀၀၀နေကာတူရကီများ ကအစ်မိရ် (Izmir) ဟု ခေါ်သည်။ ပတ်၀န်းကျင်မြို့ရွာများ အတွက်၊ မြို့တော်နှင့် အရေးကြီးသော မြို့ ဖြစ်သည်။ ပင်လယ်ကမ်း​ခြေတွင် ရှိသောကြောင့်၊ သင်္ဘောဆိပ်ကမ်းကောင်း ဖြစ်သည်။ ဟာမတ်မြစ်ကမ်းတွင် ရှိ၍ ဟာမတ်လွင်ပြင်မှအတွင်း ပိုင်းလမ်းမတွင် ရှိသည်။

 

စမုရနသည် ‘ခါးခြင်း ‘ဟု အဓိပ္ပါယ်ရှိ၍၊ မုရန် (Myrrh) မှလာသော စကား လုံး ဖြစ်သည်။ မုရန်သည် ဆူးရှိသော သစ်ပင်ငယ်ငယ်လေးမှ ထွက်သော သစ်ဆေး ဖြစ်သည်။ အရောင်သည် ခရမ်းရောင်မှအနက်ရောင်အထိ ရှိသည်။ နံ့သာမွှေးနှင့် မျက်နှာလိမ်းဘို့ အသုံးပြုသည်။ မုရန်ကို ကျမ်းစာ၌ ခရစ်တော်နှင့် ပတ်သက်၍ သုံးကြိမ်တွေ့ရသည်။ ပဌမ ဦးဆုံးမှာ၊ ခရစ်တော် မွေးဖွား သောအခါ၊ အရှေ့ပြည် မှပညာရှိများက၊ သူ့ကို လက်ဆောင်အဖြစ် ပေးသည် (မ ၂:၁၁)။ လက်၀ါးကပ်တိုင်ပေါ်၌ ရိုက်သတ် သောအခါ၊ “မုရန်နှင့် ရောသော စပျစ်ရည်ကို၊ ကိုယ်တော်အား သောက်စိမ့်သောငှါ ပေးလျှင်၊ မခံဘဲ နေတော်မူ၏။” (မာ ၁၅:၂၃)။ သင်္ချိုင်း၌ အလောင်းကို မြှုပ် သောအခါ၊ “နိကောဒင်သည် လည်း၊ အခွက်သုံးဆယ်မျှလောက်အချိန် ရှိသော မုရန်နှင့် အကျော်ကို ရောနှောသော နံ့သာပျောင်းကို ဆောင်လျက် လာ၏။” (ယော ၁၉:၃၉)

 

စမုရနမြို့သည် ရောမရှင်ဘုရင်ကိုး ကွယ်သော ဌါနချုပ် ဖြစ်သည်။ ရောမခေတ်၌ ရောမလူ ဖြစ်ခြင်းကို အလွန် ဂုဏ်ယူ ကြသည်။ ပေါလုလည်းရောမလူ ဖြစ်ကြောင်းကို နှစ်ကြိမ်အသုံးပြုခဲ့သည် (တ ၁၆:၃၉၊ ၂၂:၂၅)။ ပေါလုသည် မွေးခြင်းအားဖြင့် ရောမလူ ဖြစ်၍၊ ရောမစစ်ဗိုလ်သည် ပိုက်ဆံများစွာ ပေးခြင်း အားဖြင့် ရောမလူ ဖြစ်ရသည် (တ ၂၂:၂၈)။ ရောမအစိုးရသည် ကြမ်းတမ်းသော်လည်း၊ နိင်ငံသားများကအလွန် နှစ်သက် ကြသည်။ အကြောင်းမှာ၊ အစိုးရကလူဆိုးများ လှုပ်ရှား၍ မရအောင် အုပ်ချုပ်နိင်၍ ငြိမ်၀ပ်သည်။ တရားလည်း ကောင်းစွာ စီရင်၍၊ နိင်ငံသားများခရီး သွားရာတွင်လည်း လွတ်လပ် ကြသည်။ ကူးသန်းရောင်း၀ယ်ရေးလည်း ကောင်း၍၊ လမ်းများလည်း ကောင်းစွာ ပြုလုပ်သည်။ အုပ်စိုး သူများကို လေးစားသောအားဖြင့် ရိုသေ၍ နောက်ပိုင်း၌၊ ဘုရားများအဖြစ်ကိုး ကွယ်လာ ကြသည်။ စမုရနမြို့လည်းရောမရှင်ဘုရင်များကိုး ကွယ်ရာဌါန ဖြစ်သောကြောင့်၊ မကိုး ကွယ်လိုသော ခရစ်ယာန်များအလွန် ခံရသည်။

 

စမုရနအသင်းတော်ကို၊ မည်သူက၊ မည်သည့်အချိန်တွင် တည်ထောင်သည်ကို မသိရချေ။ ပေါလုသည် ဧဖက်မြို့၌ သုံးနှစ်နေစဥ်၊ အာရှိပြည် အားလုံးသတင်းကောင်း ကြားကြစဥ်တွင် စမုရနမြို့မှယုံကြည်သူများလည်း ပါ၀င်သည်ဟု ယူဆရသည်။ ဤအသင်းတော်သည် အလွန် ဆင်းရဲ၍၊ နှိိပ်စက်ညှင်းဆဲခံသော အသင်းတော် ဖြစ်သည်။ သို့သော် သခင်ဘုရားက၊ ဤအသင်းတော် အပေါ်အပြစ် တင်သောအရာ တခုမျှမရှိသည် သာမက၊ ချီးမွမ်းခြင်းကို သာတွေ့ရသည်။ လူ့အမြင်၌ ဆင်းရဲ ဒုက္ခ ခံသော အသင်းတော် ဖြစ်သော်လည်း၊ သခင်ယေရှု အမြင်၌ ချမ်းသာသော အသင်းတော် ဖြစ်သည်။ ​ကျွန်ပ်တို့၏ အသင်းတော် လည်း၊ စမုရနအသင်းတော် ကဲ့သို့ဖြစ်စေချင် ကြပါသလား။

 

သခင်ယေရှုကမိတ်ဆက်ပုံ

၈။ စမုရနမြို့၌ ရှိသော အသင်းတော်၏ တမန်ကို ဤသို့ ရေး၍ မှာလိုက်လော့။ အဦးဆုံးသောသူ၊ နောက်ဆုံးသော သူတည်း ဟူသော၊ အရင်သေ၍ အသက် ရှင်လျက် ရှိသော သူ၏ အမိန့်တော်ကား၊

အဘယ်ကြောင့် ခရစ်တော် ကသူ့ကို သူအဦးဆုံးသောသူ၊ နောက်ဆုံးသောသူ၊ အရင်သေ၍ အသက် ရှင်လျက် ရှိသော သူဟု မိတ်ဆက်သနည်းဟူမူကား၊ ညှင်းဆဲနှိပ်စက်ခံရသော စမုရနအသင်းတော်ကို နှစ်သိမ့်ဘို့ရန် ဖြစ်သည်။ မည်ကဲ့သို့ နှစ်သိမ့်မည်နည်း။ လူသည် လမ်းလျှောက် သောအခါ ရှေ့ဆုံးနှင့် နောက်ဆုံး မဟုတ်ဘဲ၊ အလယ်၌ လျှောက်လျှင် လုံခြုံ၍ စိတ်ချမ်းသာ တတ်သည်။ ထို့ကြောင့် ခရစ်တော် ကသူသည်၊ ယုံကြည်သူများ၏ အရှေ့နှင့် အနောက်၌၊ လုံခြုံစွာ ကာကွယ်ကြောင်းကို သိစေချင်သည်။ ထို့အပြင်”အရင်သေ၍ အသက် ရှင်လျက် ရှိသော သူ”ဟုဆိုခြင်းသည်၊ သူသည် သေခြင်းကို အောင်မြင် ကြောင်းကို ဖေါ်ပြသည်။ သေခြင်းက ခရစ်တော်ကို မနိင်ကြောင်း၊ ထို့ကြောင့် သူ့ကို အားကိုးလျှင်၊ သေရမှာကို ကြောက်စရာ မလိုကြောင်းကို ဖေါ်ပြလိုခြင်း ဖြစ်သည်။ ခရစ်တော်ကို ယုံကြည် အားကိုးသော သူတိုင်း သေခြင်းကို အောင်မြင် သည်။

 

ချီးမွမ်းခြင်း

၉။ သင့်အကျင့်ကျင့်ခြင်း၊ ဒုက္ခ ခံခြင်း၊ ဆင်းရဲခြင်းကို ငါသိ၏။ သို့သော်လည်း၊ သင်သည် ကြွယ်၀ ပြည့်စုံခြင်းရှိ၏။ ယုဒလူ ဖြစ်ယောင်ဆောင်၍ ယုဒလူမှန် မဟုတ်၊ စာတန်၏ အပေါင်းအသင်း ဖြစ်သော သူတို့၏ ကဲ့ရဲ့ခြင်း ကိုလည်း ငါသိ၏။

ခရစ်တော်သည် အသင်းတော်၏ အ​ခြေအနေအားလုံးကို သိသည်။ သင်အကျင့်ကျင့်ခြင်း ဟူသောအရာ သည်၊ အဂ်လိပ်ကျမ်းစာ၌ အလုပ်လုပ်ခြင်းဟုဆိုသည်။ စမုရနအသင်းတော်၏ အလုပ်လုပ်ခြင်း၊ ဒုက္ခ ခံခြင်း၊ ဆင်းရဲခြင်းများကိုလည်း သိသည်။ ထိုသို့ သိလျှင် အဘယ်ကြောင့် ခရစ်တော် ကချက်ချင်း မကူညီ၊ မမစသနည်း။ ချက်ချင်း ကူညီမစပါက၊ သူတို့ကို ချီးမွမ်းစရာ၊ ဆုပေးစရာ ရှိတော့မည် မဟုတ်။ သားသမီး များ စာမေးပွဲ​ဖြေ သောအခါ၊ ခက်ခဲသော်လည်း မိဘများ အနေဖြင့် ကူညီ၍ မရပါ။ ကူညီလိုက်ပါက သားသမီး များ၏၊ အရည်အချင်းရှိတော့မည် မဟုတ်။ အရည်အချင်းမရှိလျှင် အသုံးချနိင်တော့မည် မဟုတ်။ ထို့ကြောင့် မိဘများ အနေဖြင့်အား ပေးခြင်း မှတပါး၊ ဘာမျှမကူညီနိင် သကဲ့သို့၊ ယုံကြည်သူများဒုက္ခ ဆင်းရဲ ခံသောအခါ၌လည်း ခရစ်တော်က၊ သိနေသော်လည်း မကူညီနိင်ချေ။ ထိုအရာကို သိခြင်း ဖြင့် ငြိမ်သက်မှု ရရှိနိင်သည်။

 

စမုရနအသင်းတော်သည်၊ လောက ပိုင်းလူ့အမြင်၌ ကုန်းကောက်စရာ မရှိအောင် ဆင်းရဲသော်လည်း၊ ခရစ်တော် ကကြွယ်၀ ပြည့်စုံသည်ဟုဆိုသည်။ ထိုအရာကို ကြည့်ခြင်း ဖြင့်၊ လောက အရာများ ကြွယ်၀ခြင်း ထက်၊ ၀ိညာဥ်ပိုင်းကြွယ်၀ ပြည့်စုံခြင်းသည်၊ သာ၍ ကောင်းကြောင်း သိနိင်သည်။ လောဒိကိအသင်းတော်သည်၊ လောက ပစ္စည်းဥစ္စာပိုင်း၌ ကြွယ်၀ ပြည့်စုံသော်လည်း၊ (၃:၁ရ) ခရစ်တော် ကဆင်းရဲ၍၊ သနားဖွယ် ဖြစ်သည်ဟုဆိုသည်။ လူသည် ၀ိညာဥ်ပိုင်းကြွယ်၀ခြင်း ထက်၊ ကိုယ်ကာယပိုင်း၊ လောက ပိုင်းကြွယ်၀ ပြည့်စုံခြင်းကို လိုချင် ကြသည်။ ၀ိညာဥ်ပိုင်းမည်မျှပင် ဆင်းရဲသော်လည်း၊ လောက ပိုင်းချမ်းသာလျှင်အားရကျေနပ် တတ် ကြသည်။ လောက ပိုင်းအရာသည် ထာ၀ရ ကာလ၌ ရှိတော့မည် မဟုတ်၊ ခဏသာတည်သည်။ ၀ိညာဥ်ပိုင်းမူကား ထာ၀ရ ကာလ တည်မှာ ဖြစ်သောကြောင့်၊ ၀ိညာဥ်ပိုင်းချမ်းသာခြင်း သည် ပို၍ အရေးကြီးသည်။

 

“ယုဒလူ ဖြစ်ယောင်ဆောင်၍ ယုဒလူမှန် မဟုတ်၊ စာတန်၏ အပေါင်းအသင်း ဖြစ်သော သူတို့၏ ကဲ့ရဲ့ခြင်း ကိုလည်း ငါသိ၏။” (စာတန်၏ အပေါင်းအသင်းနှင့် ပတ်သက်၍ ဗျာ ၃:၉တွင် ရှင်းပြထားချက်ကို ကြည့်ပါ) ဤယုဒလူများသည် ဇာတိအားဖြင့် ယုဒလူမှန်သော်လည်း၊ ၀ိညာဥ်ပိုင်း သို့မဟုတ် ယုံကြည်ခြင်း ပိုင်း၌၊ ယုဒလူ မဟုတ်သော သူများကို ဆိုလိုသည်။ ထိုသူများကို ခရစ်တော်က၊ စာတန်၏ သားသမီး များ (ယော ၈:၄၄) ဟု ခေါ်ခဲ့သည်။ ထိုယုဒလူများက၊ စမုရန အသင်းသား များကို ကဲ့ရဲ့သည်။ ထိုအရာကိုလည်း ခရစ်တော် ကသိသည်။ စစ်မှန်သော ယုံကြည်သူများကိုလည်း၊ ခရစ်ယာန် အတုများ ကကဲ့ရဲ့တတ် ကြသည်။ သို့သော် စိုးရိမ်စရာ မရှိပါ။ မိတ်ဆွေ၏ ဆင်းရဲ ဒုက္ခ ခံခြင်း မှစ၍၊ အ​ခြေအနေအားလုံးကို ခရစ်တော် ကသိနေသောကြောင့်၊ ဘာမျှကြောက်စရာ မလိုချေ။

 

၁၀။ သင်သည် ခံရမည့် အရာတစုံ တခုကို မျှမကြောက်နှင့်။ သင်တို့သည် စုံးစမ်းခြင်းကို ခံရမည်အကြောင်း၊ မာရ်နတ်သည် သင်တို့တွင် အချို့ကို ထောင်ထဲ၌ လှောင်ထား၍၊ သင်တို့သည် ဆယ်ရက်ပတ်လုံးဆင်းရဲ ဒုက္ခကို ခံရကြလိမ့်မည်။ သေသည် တိုင်အောင် သစ္စာ စောင့်လော့။ သို့ဖြစ်လျှင်၊ အသက် သရဖူကို ငါပေးမည်။

ခရစ်တော်သည် အသင်းတော် များကို ချစ်၍ ကြည့်ရှုသော်လည်း၊ စုံစမ်းခြင်း နှင့် ဆင်းရဲ ဒုက္ခ များကို ခံစား စေသည်။ အကြောင်းမှာ အသက် သရဖူတည်း ဟူသော၊ မာတုရသရဖူကို ပေးချင် သောကြောင့် ဖြစ်သည်။ ကျောင်းသား များသည် စာမေးပွဲတည်း ဟူသော ခက်ခဲသောအရာ ကို မကျော်လွှားလျှင်၊ သူတို့ကိုဘွဲ့ချီးမြှင့်၍ မရ သကဲ့သို့၊ ယုံကြည်သူများလည်း စုံစမ်းခြင်း နှင့် ဆင်းရဲ ဒုက္ခများမခံစားဘဲ၊ မာတုရဘွဲ့ကို ပေး၍ မရချေ။ ရှင်ပေတရုကလည်း၊ “အရည်ကျို၍ စုံစမ်းခြင်းကို ခံနိုင်သော်လည်း၊ ပျက်ဆီး တတ်သော ရွှေကို စစ်ကြော စုံစမ်းခြင်း ထက်၊ သင်တို့ ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်း အရာသည်၊ သာ၍ မြတ်သည် နှင့်၊ ယေရှုခရစ် ပေါ်ထွန်း တော်မူ သောအခါ၊ အချီးအမွမ်း၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်အလိုငှါ ဖြစ်မည်အကြောင်း၊ အထူးထူး အပြားပြားသော စုံစမ်း နှောင့်ရှက်ခြင်းကို ခံရသော အကြောင်းရှိလျှင်၊ သင်တို့သည် ယခုခဏခံရ၍ ၀မ်းနည်းသော်လည်း၊ အထက် ဆိုခဲ့ပြီးသော ကျေးဇူးတော်ကို ထောက်၍၊ ရွှင်လန်းသော စိတ်ရှိကြ၏။” (၁ ပေ ၁:၆ -ရ) ဟုဆိုသည်။ ယုံကြည်သူများ၏ ယုံကြည်ခြင်း သည်၊ ရွှေထက် တန်ဘိုးရှိသည်ဟုဆိုသည်။ ရွှေသည် စစ်မစစ်ကို မီးဖြင့် စစ်ဆေးရလျှင်၊ ရွှေထက် တန်ဘိုးရှိသော မိတ်ဆွေ၏ ယုံကြည်ခြင်းကို၊ ဒုက္ခ ဆင်းရဲခြင်း ပြသနာ ဖြင့် စစ်ဆေးရမည်ဟုဆိုသည်။ ထိုသို့ စစ်ဆေးခြင်းသည် လည်း၊ ယေရှုခရစ် တော် ပေါ်ထွန်း တော်မူ သောအခါ၊ အချီးအမွမ်းခံဘို့ရန် ဖြစ်သည်။ ထို့ကြောင့် ဒုက္ခ ဆင်းရဲခြင်းကို မကြောက်ဘဲ ကြိုဆိုသင့်သည်။ စာ ကြိုးစားသော ကျောင်းသားက၊ စာမေးပွဲကို ကြိုဆို သကဲ့သို့ဖြစ်သည်။

 

“မာရ်နတ်သည် သင်တို့တွင် အချို့ကို ထောင်ထဲ၌ လှောင်ထား၍၊ သင်တို့သည် ဆယ်ရက်ပတ်လုံးဆင်းရဲ ဒုက္ခကို ခံရကြလိမ့်မည်။” မာရ်နတ်သည် အဘယ်ကြောင့်ယုံကြည်သူ အချို့ကို ထောင်ထဲ၌ လှောင်ထားနိင်သနည်း။ ဘုရားသခင်က ခွင့်ပြုသောကြောင့် ဖြစ်သည်။ ခရစ်တော် ကဆယ်ရက်ပတ်လုံးဆင်းရဲ ဒုက္ခကို ခံရကြလိမ့်မည်ဟုဆိုသည်။ ထိုအရာအားလုံး ခရစ်တော်က ကြိုတင် သိ၍၊ အသင်းတော်ကို ကြိုပြောထားသည်။ ထို့ကြောင့် ယုံကြည်သူများဒုက္ခ ဆင်းရဲ ခံမည့် အရာကို၊ ခရစ်တော် ကသိပြီးသား ဖြစ်သောကြောင့် စိုးရိမ်စရာ မရှိချေ။

 

၁၁။  ဝိညာဉ်တော်သည် အသင်းတော်တို့ အား၊ အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသော သူမည်သည် ကား ကြားပါစေ။ အောင်မြင်သော သူကို ဒုတိယသေခြင်းသည် မညှဥ်းဆဲရ။” (ဗျာ ၂:၈-၁၁) အသင်းတော်တို့ အားဟုဆိုသောကြောင့်၊ အသင်းတော်တိုင်း နှင့် သက်ဆိုင်သည်။ အသင်းတော် များကို စာရေးသော သူသည် ၀ိညာဥ်တော် ဖြစ်သည်၊ ယောဟန်သည် စာရေးမျှသာလျှင် ဖြစ်သည်။ နားရှိသော သူကြားဘို့ ပြောရာတွင်၊ ၀ိညာဥ်နားရှိသော သူကို ဆိုလိုသည်။ အောင်မြင်သော သူဆိုသည်မှာ ယုံကြည်ခြင်း၌ ရပ်တည်သူ ဖြစ်သည် (၁ ယော ၅:၄)။ ဒုတိယသေခြင်း ဆိုသည်မှာ မီးအိုင်၌၊ ထာ၀ရ ဒုက္ခ ဆင်းရဲ ခံခြင်းကို ဆိုလိုသည် (ဗျာ ၂၀:၁၄)။ အောင်မြင်သော သူတည်း ဟူသော၊ ယုံကြည်သော သူသည်၊ ဒုတိယသေခြင်း တည်း ဟူသော၊ မီးအိုင်သို့ မရောက်၊ မခံစားရချေ။

 

အသင်းတော်သမိုင်း၌

 

စမုရနအသင်းတော်သည် အသင်းတော် သမိုင်း၌ အေဒီ ၁၀၀မှ ၃၁၃ အထိ အတွင်းကို ဖေါ်ပြသည်။ ဤအချိန်၌ အသင်းတော် သမိုင်းကြည့်ပါက၊ အသင်းတော်သည် ကြီးစွာ နှိပ်စက်ခြင်း ခံရသည်ကို တွေ့ရသည်။ ရှေးဦး အသင်းသား များသည်၊ မီးတောက်လောင် သကဲ့သို့၊ ၀ိညာဥ်ရေးရာ၌ တောက်လောင် ကြသည်။ သို့သော် နှစ်ကြာလာ သောအခါ၊ တမန်တော် ကြီး များလည်း သေဆုံးကုန်ကြပြီ။ လူသစ်ယုံကြည်သူများလက်ထက်၌၊ ယုံကြည်ခြင်း ပေါ့ဆလာသည်။ ဧဖက်အသင်းတော် ခေတ်ကုန်၍၊ ရှေ့ဦးမေတ္တာများလည်း ခေါင်းပါး လာသည်။ ယောရှုနှင့် ရွယ်တူအသက် ကြီး သူများ သေကြပြီး နောက်၊ ဘုရား ပြု တော်မူသောအမှု မသိသော လူများ ပေါ်လာ သောအခါ၊ အခြားဘုရား များကိုး ကွယ်ကြ သကဲ့သို့ (သူကြီး၂:၈-၁၀)၊ အသင်းတော်လည်း ရော့ရဲလာသည်။ ထို့ကြောင့် ဘုရားသခင်က၊ ပြန်လည်နိုးကြားဘို့ အတွက် နှိပ်စက်ခြင်း ကျရောက်စေသည်။

 

အသင်းတော်ကို အစပိုင်းနှိပ်စက် သူများသည်၊ ယုဒဘာသာ၀င်စိတ်အားထက် သန် သူများ ဖြစ်ကြသည်။ သို့သော် စမုရနအသင်းတော် လက်ထက် နှိပ်စက် သူများသည်၊ ရောမအစိုးရ ဖြစ်သည်။ ရောမရှင်ဘုရင်များက၊ သူတို့ကို ဘုရား အဖြစ်အကိုး ကွယ်ခံဘို့ အမိန့်ထုတ် ကြသည်။ ထိုအခါ၊ ခရစ်ယာန်များကမကိုး ကွယ်ချင်၊ မကိုး ကွယ်နိင် သောအခါ နှိပ်စက်ခြင်း ဖြစ်သည်။ ယုံကြည်သူများကို နှိပ်စက်ရာတွင်၊ လွှနှင့် အပိုင်းပိုင်းဖြတ်ခြင်း၊ မီးနှင့် ရှို့ခြင်း၊ ဆီနှင့် ကြော်ခြင်း၊ ခြင်္သေ့စာ​ကျွေးခြင်း၊ ပွဲများ၌ မီးရှိုးတိုင်တွင် ချေ၍ မီးရှို့ခြင်း စသည်ဖြင့် နည်းမျိုးစုံဖြင့် နှိပ်စက် ကြသည်။ ထို့ကြောင့် ယုံကြည်သူများသည်၊ လူတောထဲ၌ မနေနိင်ဘဲ၊ အုတ်ဂူ၊ လှိုင်ဂူများ ထဲ၌ ပုန်းအောင်း ကြရသည်။ နေ့ခင်း၌ အပြင်မထွက်နိင်သောကြောင့်၊ နေရောင်မတွေ့ဘူးကြချေ။ ကြွက်များ ကဲ့သို့ ညသန်းခေါင်မှသာထွက်လာ၍၊ သူတို့ကို သနား သူများ ထံ၌ အစာတောင်းခံ ကြသည်။ သူတို့ကို စစ်သားများကတွေ့ပါက၊ သူတို့၏ အဖေါ်များရှိရာကို ဖေါ်ပြခိုင်းသည်။ သို့သော် မဖေါ်ပြ ချင် သောအခါ အသတ်ခံရ ကြသည်။ ဤခေတ်ယုံကြည်သူများက သူတို့၏ ယုံကြည်ခြင်းကို၊ အသက်နှင့် လဲ၍ စောင့်ရှောက် ကြသည်။ သူတို့ ကသာ ယုံကြည်ခြင်းကို ထားခဲ့၍၊ အသက် ချမ်းသာ မည့် အရာကို ရှာခဲ့သည် ရှိသော်၊ ယနေ့ ​ကျွန်ပ်တို့အတွက် ယုံကြည်စရာ သမ္မာတရားရှိတော့မည် မဟုတ်ချေ။ ဤစာလည်းရေးဖတ်စရာ မရှိတော့ဘဲ၊ ထာ၀ရ မီးအိုင် ထဲဆင်းဘို့ သာလျှင် ဖြစ်မည်။ ထို့ကြောင့် ခေတ်အဆက်ဆက်ယုံကြည်ခြင်း စောင့်ရှောက် သူများကို၊ ကျေးဇူးတင်ဘို့ ရှိသည်။

 

ဤခေတ်၌ တမန်တော် များ၏ နာမည်ကို အလွှဲသုံး၍၊ ကျမ်းစာ အတုရေး သူများလည်းရှိကြသည်။ ထိုသူများသည် စာတန်၏ လူများ ဖြစ်၍၊ အသင်းတော် ပျက်စီးဘို့ရန် ရေးထားခြင်း ဖြစ်သည်။ ရောမစစ်သားများက၊ ယုံကြည်သူများဖမ်း သောအခါ၊ သူတို့၏ ကျမ်းစာ များကို ထုတ်ပြခိုင်းသည်။ ယုံကြည်သူများက၊ ထိုကျမ်းစာ အတုများကို ပေး၍၊ အစစ်များကို ဖွတ်ထား ကြသည်။ ယခု​ကျွန်ပ်တို့ ဖတ်ရှုသော ကျမ်းစာ များသည်၊ ထိုယုံကြည်သူများကအသက်နှင့် လဲ၍၊ ကာကွယ်စောင့်ရှောက်သော ကျမ်းများ ဖြစ်သည်။ သို့သော် ၀မ်းနည်းဘွယ်ကောင်းသည်မှာ၊ ယနေ့ ယုံကြည်သူများကကျမ်းစာကို မဖတ်လိုကြခြင်း ဖြစ်သည်။ သခင်ယေရှုက၊ စမုရနအသင်းတော်ထံ၊ ဆယ်ရက်ပတ်လုံးဆင်းရဲ ဒုက္ခ ခံစား မည်၊ ဟူသောအရာ သည် ရောမရှင်ဘုရင်ဆယ်ပါးလက်ထက်၌၊ အသင်းတော် နှိပ်စက်ခြင်းကို ဆိုလိုခြင်း ဖြစ်မည်ဟု၊ ကျမ်းတတ်ပုဂ္ဂိုလ်များ ကတွေးဆ ကြသည်။ ဤခေတ်ယုံကြည်သူများသည်၊ တဦးနှင့် တဦးချစ်ခင် ကြသည်။ လောက အသက် ရှင်ခြင်းသည်၊ သခင်ဘုရားနှင့် သမ္မာတရား အတွက် သာလျှင် ဖြစ်သည်။ စားသောက်စရာ မရှိ၊ အလွန် ဆင်းရဲသော်လည်း၊ သခင်ယေရှုကို မစွန့်ကြဘဲ၊ သေခြင်းကို သာရွေးချယ် ကြသည်။ လောက အရာကို မမျှော်မှန်းဘဲ၊ ကောင်းကင် ဘက်မျှော်မှန်း၍ အသက် ရှင် ကြသည်။ ယနေ့ ​ကျွန်ပ်တို့၏ အသက်တာနှင့် ဆန့်ကျင် ဘက် ဖြစ်သည်။

 

ဗျာ ၂:၈-၁၁ မေးခွန်းများ

 

၁။ စမုရနမြို့သည် အာရှိပြည်၌ ———————–ဆုံးမြို့ ဖြစ်သည်။

၂။ ရောမလူများ ကအစိုးရကို ချစ်ကြပါသလား။ —————-အဘယ်ကြောင့်နည်း။ ——————————————————————————–

၃။ မုရန်ကို ခရစ်တော်နှင့် ပတ်သက်၍ အသုံးပြုသော ကျမ်းပိုဒ်များ ဖေါ်ပြပါ။ ————————————————-

၄။ စမုရနအသင်းတော်၏ ဆင်းရဲခြင်းကို၊ ခရစ်တော် ကအဘယ်ကြောင့်ချက်ချင်း မကူညီသနည်း———————–

၅။ အဘယ်ကြောင့် ခရစ်တော်က၊ သူ့ကို သူအဦးဆုံးသောသူ၊ နောက်ဆုံးသောသူ၊ အရင်သေ၍ အသက် ရှင်လျက် ရှိသော သူဟု မိတ်ဆက်သနည်း။ ——————————

၆။ အရင်သေ၍ အသက် ရှင်လျက် ရှိသော သူဟုဆိုခြင်း ဖြင့်၊ ဘာခွန်အားရနိင်သနည်း။ ———————————————

ရ။ စမုရနအသင်းတော်သည် —————အမြင်၌ ကုန်းကောက်စရာ မရှိအောင် ဆင်းရဲသော်လည်း၊ —————အမြင်၌ ချမ်းသာသည်။

၈။ စမုရနယုံကြည်သူများကို မည်သူတို့ ကကဲ့ရဲ့သနည်း။ ——————————

၉။ ခရစ်တော်သည် အသင်းတော် များကို ချစ်၍ ကြည့်ရှုသော်လည်း၊ အဘယ်ကြောင့်စုံစမ်းခြင်း နှင့် ဆင်းရဲ ဒုက္ခ များကို ခံစား စေသနည်း။ —————————————— ၁

၀။ ရွှေကို ——ဖြင့် စစ်ဆေး သကဲ့သို့၊ ယုံကြည်ခြင်းကို —————————–ဖြင့် စစ်ဆေးရမည်။

၁၁။ ယုံကြည်သူများဒုက္ခ ဆင်းရဲ ခံမည့် အရာကို၊ ခရစ်တော် ကကြိုသိပါသလား။ ——————————

၁၂။ ၀ိညာဥ်တော်သည် အသင်းတော်တို့ အား၊ အဘယ်သို့ မိန့်တော်မူသည်ကို၊ မည်သူတို့ ကကြားရမည်နည်း။ ——————————

၁၃။ စမုရနအသင်းတော်သည်၊ အသင်းတော် သမိုင်း၌ မည်သည့်အချိန်ကို ပုံဆောင်သနည်း။ ——————————

၁၄။ ဂနဦးအသင်းတော် နှိပ်စက် သူများသည် —————များ ဖြစ်၍၊ စမုရနခေတ်အသင်းတော် နှိပ်စက် သူများသည် ————— ဖြစ်သည်။

၁၅။ စမုရနခေတ်အသင်းတော် ခေတ်၌ ကျမ်းစာ အတုများကိုမည် သူများ ကရေးကြသနည်း။ ————————–

၁၆။ ယနေ့ ကျမ်းစာအုပ်ကို ရှေးယုံကြည်သူများက၊ ဘာနှင့် ကာကွယ်စောင့်ရှောက်ခဲ့ကြသနည်း။ —————

၁ရ။ ရှေးယုံကြည်သူများသည်၊ ဘာအတွက် အသက် ရှင်ကြသနည်း။ ———————————————

၁၈။ ယနေ့ ယုံကြည်သူများသည်၊ ဘာအတွက် အသက် ရှင်ကြသနည်း။ ——————————

၁၉။ သင်သည် ဘာအတွက် အသက် ရှင်သနည်း။ ——————————

.

 

ဗျာဒိတ်ကျမ်း ၂ (၂:၁၂-၁ရ)

 

ရောနှောသော ပေရဂံအသင်းတော်

 

နောက်ခံသမိုင်း

ယခုအခါ ပေရဂံမြို့သည် ပျက်စီးရာ ဖြစ်နေပြီ ဖြစ်သော်လည်း၊ ဗျာဒိတ်ကျမ်းရေးချိန်၌ ရောမအင်ပိုင်ရာတွင်၊ အရေးပါအရာရောက်သော မြို့ ဖြစ်သည်။ ဤမြို့သည် နိင်ငံရေး၌လည်း အရေးပါသော မြို့ ဖြစ်သည်။သားရေဖြင့် စာရေးခြင်း ကိုလည်း ပြုလုပ်၍၊ စိတ္တဇဆေးရုံလည်းရှိသည်။ ပွဲလုပ်သော ဇတ်ရုံလည်းရှိသည်။ ထိုခေတ်၌ အေသင်မြို့ပြီးလျှင် စာကြည့်တိုက်အကြီး ဆုံးရှိသည်။ ဤမြို့၌ ဘုရား ကျောင်းသုံးလုံးရှိ၍၊ ရောမဧကရာဇ်ကိုး ကွယ်သော နေရာ၊ အေသင်နာမိန်းမဘုရား နှင့်၊ ဇုသဘုရားကိုး ကွယ်သော နေရာ ဖြစ်သည်။ ဇုသဘုရား အတွက် ယဇ်ပုလ္လင်ကို ခရစ်တော်က၊ စာတန်၏ ရာဇပလ္လင်ရှိရာအရပ်ဟုဆိုခြင်း ဖြစ်မည်၊ ဟု ယူဆရသည်။ ဤမြို့၌ ဂရိတ်မြွေဘုရားရှိရာ ဖြစ်၍၊ ဆေးရုံနှင့် ရွံ့ဖြင့်ကိုယ်ခန္ဓာနှိမ့်နယ်သော နေရာလည်း ဖြစ်သည်။ ဤမြို့၌ သင်းအုပ်ဆရာအန္တီပသည် ခရစ်တော်ကို ယုံကြည်ခြင်းကြောင့် အသတ်ခံရသည်။ ဇုသဘုရား၏ ယဇ်ပလ္လင်သည် ၁၉၃၀ခုနှစ်တွင် ဂျမဏီနိင်ငံသို့ ယူဆောင်သွား ကြသည်။

 

သခင်ယေရှုကမိတ်ဆက်ပုံ

 

၁၂။ ပေရဂံမြို့၌ ရှိသော အသင်းတော်၏ တမန်ကို ဤသို့ ရေး၍ မှာလိုက်လော့။ ထက်သော သန်လျက် ရှိသော သူ၏ အမိန့်တော်ကား၊

ခရစ်တော် ကပေရဂံအသင်းတော် ထံ၌၊ သူ့ကို သူထက်သော သန်လျက် ရှိသော သူဟုဆိုထားသည်။ ထက်သော သန်လျက်သည် တရားစီရင်ခြင်းကို ဆိုလိုသည်။ ခရစ်တော် ဒုတိယအကြိမ် ကြွလာခြင်းနှင့် ပတ်သက်၍ ဤသို့ ရေးထားသည်၊ “ကောင်းကင် ဗိုလ်​ခြေတို့သည် မြင်းဖြူကို စီးလျက်၊ စင်ကြယ်သော ပိတ်ချောဖြူကို ၀တ်လျက် နောက်တော်သို့ လိုက်ကြ၏။ လူမျိုးတို့ကို ဒဏ်ခတ်စရာဘို့၊ ထက်သော သံလျက်သည် ခံတွင်း တော် ထဲကထွက်၏၊ သူတို့ကို သံလှံတံနှင့် အုပ်စိုး တော်မူမည်။ အနန္တတန်ခိုးနှင့် ပြည့်စုံ တော်မူသော၊ ဘုရားသခင်၏ ​ေဒါသအမျက်တော်၏၊ စပျစ်သီးနယ်ရာတန်ဆာကို၊ ဖိနင်း တော်မူမည်။ ဘုရင်တို့၏ ဘုရင်၊ သခင်တို့၏ သခင်ဟု ဘွဲ့နာမတော်သည် အ၀တ်တော်၌ ၎င်း၊ ပေါင်တော်၌ ၎င်း၊ ရေးထားလျက် ရှိ၏။” (ဗျာ ၁၉:၁၄-၁၆) ထို့ကြောင့် ပေရဂံအသင်းတော် လည်း၊ ခရစ်တော် ကတရားစီရင်မည့် အကြောင်း၊ ထက်သော သံလျက် ပိုင်ရှင်အဖြစ်၊ သူ့ကိုယ်သူမိတ်ဆက်ခြင်း ဖြစ်သည်။

 

ချီးမွမ်းခြင်း

 

၁၃။ သင်အကျင့်ကျင့်ခြင်းကို၎င်း၊ စာတန်၏ ရာဇပလ္လင်ရှိရာအရပ်တည်း ဟူသော၊ သင်၏ နေရာအရပ်ကို၎င်းငါသိ၏။ စာတန်၏ နေရာအရပ်၌၊ သင်တို့တွင် အသေသတ်ခြင်းကို ခံရသော အန္တိပသည်၊ သစ္စာရှိ၍ ငါ့ဘက်၌ သက်သေခံရသော နေ့ရက်ကာလတွင် ပင်၊ သင်သည် ငါ၏ နာမကို စွဲကိုင်၏။ ငါ၏ ယုံကြည်ခြင်း တရားကို မစွန့်မပယ်။

 

ခရစ်တော် ကပေရဂံအသင်းတော်၏ အကျင့်ကျင့်ခြင်းကို သိသည်။ ထို့အပြင်၊ ပေရဂံအသင်းတော်သည် စာတန်၏ ရာဇပလ္လင်ရှိရာအရပ်၌ ရှိသည် ကိုလည်း သိသည်ဟုဆိုသည်။ ​ကျွန်ပ်တို့၏ အလုပ်လုပ်ခြင်း၊ အ​ခြေအနေ၊ အဆိုးအကောင်းကိုလည်း ခရစ်တော် ကသိနေသည်။ ထို့ကြောင့်အား မငယ်သင့်ချေ။ ကျမ်းစာ၌၊ “ငါတို့ ယဇ်ပုရောဟိတ်မင်းသည် ငါတို့ ခံရသော၊ ဆင်းရဲ ဒုက္ခများကြောင့်မကြင်နာနိုင်သောသူ မဟုတ်။ ငါတို့ ခံရသည် နည်းတူ၊ အမျိုးမျိုးသော စုံစမ်း နှောင့်ရှက်ခြင်း တို့ကို ခံဘူးသောသူ ဖြစ်တော်မူ၏။”ဟု ရေးထားသည် (ဟေ ၄:၁၅)။ ပေရဂံအသင်းတော်၌ စာတန်၏ လုပ်ဆောင်ချက် ကြောင့်ယုံကြည်သူ အန္တိပသည် အသေသတ်ခြင်း ခံရသည်ဟုဆိုသည်။ အန္တီပ၏ အကြောင်း စုံကို မသိရသော်လည်း၊ ယုံကြည်ခြင်းကြောင့် အသတ်ခံရကြောင်း သိရသည်။ ထိုသို့ အန္တီပအသတ်ခံရသော အချိန်တွင် ပင်ပေရဂံအသင်းတော်သည်၊ ခရစ်တော်၏ နာမကို စွဲကိုင်သည်ဟု၊ ခရစ်တော် ကဆိုသည်။ ထို့အရာကိုလည်း ခရစ်တော် ကအသိအမှတ်ပြုသည်။ ခရစ်တော်ကို ယုံကြည်ခြင်း တရားကိုလည်း မစွန့်ပယ်။

 

အပြစ်တင်ခြင်း

 

၁၄။ သို့သော်လည်း ဣသရေလ အမျိုးသား တို့သည် ရုပ်တုရှေ့မှာ ပူဇော်သော ယဇ်ကောင်ကို စားစေခြင်း ငှါ၎င်း၊ မတရားသော မေထုန်ကို ပြုစေခြင်း ငှါ၎င်း၊ ထိမိ၍ လဲစရာ အရာကို သူတို့ ရှေ့၌ ချထားမည်အကြောင်း၊ ဗာလက်မင်းကို အကြံပေးသော သူတည်း ဟူသော ဗာလမ်၏ အယူကို စွဲလမ်းသော သူတို့သည်၊ သင်၏ နေရာ၌ ရှိကြသည် ဖြစ်၍၊ သင်၌ အနည်းငယ်သော အပြစ် တင်စရာ ရှိ၏။

ပေရဂံအသင်းတော်၏အား နည်းချက်မှာ၊ ဗာလမ်း၏ အယူကို စွဲလမ်းသော သူတို့ ရှိသည်။ ဗာလမ်၏ အကြောင်းကို တောလည်ရာကျမ်း ၂၂ မှ ၂၄တွင် တွေ့နိင်သည်။ ဗာလမ်သည် ပရောဖက် ဖြစ်၍ မောဘရှင်ဘုရင်ဗာလက်က ဣသရေလ လူများကို ကျိန်ဘို့ရန် ငါှးရမ်းခဲ့သည်။ သို့သော် ဗာလမ်သည် ဣသရေလ လူများကို ကျိန်မည့် အစားကောင်းကြီး ပေးကြောင်း တွေ့ရသည်။ ဗျာ ၂:၁၄၌ ခရစ်တော်က၊ ဗာလမ်သည် ဗာလက်မင်းကို အကြံပေးကြောင်း ဖေါ်ပြသွားသည်။ သူပေးသော အကြံမှာ၊ ဣသရေလ လူများ အနားတွင်၊ သူတို့၏ ရုပ်တုများအတွက် ယဇ်ပူဇော်ပွဲ ပြုလုပ် ကာ၊ ဣသရေလ လူများကိုလည်း၊ ယဇ်သား စားဘို့နှင့် သူတို့၏ ဘုရား ပေကုလကိုကိုး ကွယ်ဘို့ရန် ၎င်း၊ သူတို့၏ လူပျိုများသည် မေဒျန်မိန်းမများနှင့် မှားယွင်းဘို့၎င်းခေါ်ဘိတ်သွေးဆောင်ဘို့၊ ဖြစ်သည်။ ကျမ်းစာ၌၊ ” ဣသရေလ အမျိုးသား တို့သည် ရိှတ္တိမ်အရပ်၌ နေသောအခါ၊ အချို့တို့သည် မောဘမိန်းမတို့ နှင်မတရားသော မေထုန်ကို ပြုကြ၏။ ထိုမိန်းမတို့သည် မိမိတို့ ဘုရားရှေ့မှာ ယဇ်ပူဇော်ရာပွဲသို့ ဣသရေလ လူတို့ကို ခေါ်သွားသဖြင့်၊ ယောက်ျားတို့သည် ယဇ်သားကို စား၍ ထိုဘုရားရှေ့မှာ ဦးချကြ၏။ ထိုသို့ ဣသရေလ အမျိုးသား တို့သည်၊ ဗာလပေဂုရဘုရားကို ဆည်းကပ်သောကြောင့်၊ ထာ၀ရ ဘုရားသည် အမျက်ထွက် တော်မူ၏။”ဟု တွေ့ရသည် (တော ၂၅:၁-၃)။ ထိုအပြစ်ကြောင့် ထာ၀ရ ဘုရားက ဣသရေလများအပေါ်၊ အလွန် အမျက်ထွက်၍၊ ကပ်ဆိုက်ရောက်စေသည်။ “ထိုအခါ ဣသရေလ အမျိုးသား တယောက်သည်၊ မောရှေရှေ့၌၎င်း၊ ပရိသတ်စည်းဝေးရာတဲတော် တံခါးနားမှာငိုကြွေးသော ဣသရေလ အမျိုးသား ပရိသတ် အပေါင်းတို့ ရှေ့၌၎င်း၊ မိဒျန်မိန်းမကိုလည်း၊ မိမိ ညီအစ်ကိုတို့ ထံသို့ ဆောင်ခဲ့လေ၏။ ထိုအမှုကို ယဇ်ပုရောဟိတ် အာရုန်၏သား ဧလာဇာ၏သား ဖိနဟတ်သည် မြင်လျှင်၊ ပရိသတ်ထဲမှာထ၍ လှံကိုကိုင်လျက်၊ ထိုဣသရေလ လူကို တဲအတွင်းသို့ လိုက်ပြီးမှယောက်ျားကို ထုတ်ချင်းခပ်အောင်၎င်း၊ မိန်းမကို ၀မ်းပေါက်အောင်၎င်းထိုးလေ၏။ ထိုသို့ ပြုသော အားဖြင့် ဣသရေလ အမျိုးသား တို့တွင် ဘေးငြိမ်းလေ၏။ ထိုဘေးဖြင့် သေသော လူပေါင်းကား၊ နှစ်သောင်းလေးထောင်ရှိသတည်း။” (တော ၂၅:၆-၉)။

 

ဗာလမ်သည် သူကိုယ်တိုင်၊ ဣသရေလ လူမျိုးများကို၊ ဘုရားသခင်က ခွင့်မပြုသောကြောင့် မကျိန်နိင်သော်လည်း၊ ဣသရေလ အမျိုးသား တို့သည်၊ ရုပ်တုရှေ့မှာ ပူဇော်သော ယဇ်ကောင်ကို စားစေခြင်း ငှါ၎င်း၊ မတရားသော မေထုန်ကို ပြုစေခြင်း ငှါ၎င်း၊ ထိမိ၍ လဲစရာ အရာကို သူတို့ ရှေ့၌ ချထားမည်အကြောင်း၊ ဗာလက်မင်းကို အကြံပေးခဲ့သည်။ ထိုကြောင့်ထိုသို့ ရောနှော (ခသာစမသာငျန)ဘို့ အကြံပေးတတ်သော ဆရာများကို၊ ဗာလမ်၏ အယူစွဲလန်းသော သူဟုဆိုသည်။ အသင်းတော်များသည၊ ် ဘုရားသခင်၏ အလိုတော် အတိုင်း သွားရမှာ ဖြစ်သော်လည်း၊ ဘုရား အလိုတော် အတိုင်း သွားခြင်းသည် ကျဥ်းမြောင်းလွန်းသည်၊ တဖက်စွန်းကျလွန်းသည်၊ အဘယ်သူ မျှ ပြည့်စုံသောသူ၊ အပြစ် ကင်းသော သူမရှိပါဟုဆိုကာ၊ ဘုရား မကိုး ကွယ် သို့မဟုတ် ဘုရား အလိုတော် အတိုင်း အသက် မရှင်သော သူများ နှင့်၊ ရောရောနှောနှောနေလို ကြသည်။ ယခုခေတ်သည်၊ ထိုသို့ လူတိုင်းနှင့် ပေါင်းသင်းဆက်ဆံနိင်ခြင်းကို၊ အဓိကထား၍ ဘုရားသခင်၏ အလိုတော်ကို၊ လှစ်လှူိရှုသော ခေတ် ဖြစ်သည်။ ထိုအရာကို ခရစ်တော် ကသိနေ၍ မုန်းသည်။ မိတ်ဆွေ၊ သင်သည်၊ ဗာလမ်ကဲ့သို့သော တရားဟောဆရာ ဖြစ်သလော။ သင်သည် ဗာလမ်အယူ၀ါဒအတိုင်း၊ ရောနှောသော အသက်တာကို၊ နှစ်သက်သောသူ ဖြစ်သလော။ မိမိကိုယ်ကို ပြန်လည်စစ်ဆေးပါ။

 

၁၅။ ထိုအယူနှင့် သဘောတူ သော၊ နိကောလတပည့်တို့၏ အယူကို စွဲလမ်းသော သူတို့သည်၊ ထိုနည်းတူ သင်၌ ရှိကြ၏။ ၁၆။ ထိုကြောင့်နောင်တ ရလော့။ မရလျှင် သင်ရှိရာသို့ ငါသည်၊ အလျင် အမြန် လာမည်။ ထိုသူတို့ကို ငါ့ခံတွင်း၏ သန်လျက်နှင့် စစ်တိုက်မည်။

ဗာလမ်အယူနှင့် တူသော နိကောလတပည့်တို့၏ အယူဟုဆိုသည်။ နိကောလသည် လူပုဂ္ဂိုလ် ဖြစ်၍၊ သူ၏ အယူ၀ါဒသည်၊ ခရစ်တော်၏ အလိုတော်နှင့် မကိုက်ညီသောအရာ ကို ဆိုုလိုသည်။ သို့မဟုတ် လူတစုတည်း ဟူသော၊ ဘာသာရေးခေါင်းဆောင်များကယုံကြည်သူများကို အနိင်ကျင့်ခြင်း၊ ကြုိက်သလိုကြိုးကိုင်ခြင်း ကိုလည်း ဆိုလိုနိင်သည်။ မည်သို့ ပင် ဖြစ်စေနိကောလအယူသည်၊ ခရစ်တော်၏ အလိုတော်နှင့် မကိုက်ညီချေ။ အသင်းတော်များအနေဖြင့်၊ ထိုအရာကို သတိထားဘို့ လိုသည်။ ထို့ကြောင့် ထိုအယူ၀ါဒများကို စွဲကိုင်နေလျှင်၊ ခရစ်တော်ကိုယ်တော်တိုင် ကအလျှင် အမြန် လာ၍၊ သူ၏ ခံတွင်း မှသန်လျက်နှင့် စစ်တိုက်မည်ဟုဆိုသည်။ ခရစ်တော်ကိုယ်တိုင်ကစစ်တိုက်လျှင်၊ အဘယ်သူ ခံရပ်နိင်မည်နည်း။ အဘယ်သူက ခရစ်တော် လက်မှ ကယ်တင်နိင်မည်နည်း။ ဘုရားသခင်၏ လက်တော်၌ ကျရောက်ခြင်း အမှုသည်၊ အလွန် ကြောက်စရာ ကောင်းသည်။

 

၁ရ။ ဝိညာဉ်တော်သည် အသင်းတော် တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသော သူမည်သည် ကား ကြားပါစေ။ အကြင်သူသည် အောင်မြင်၏၊ ဝှက်ထားသော မန္နကို၎င်း၊ ကျောက်ဖြူလက်ဖွဲ့ကို၎င်း၊ ထိုကျောက်ပေါ်၌ အက္ခရာတင်သော နာမသစ်ကို၎င်း၊ ထိုသူအား ငါပေးမည်။ ထိုကျောက်ကို ရသော သူမှတပါးအဘယ်သူ မျှထိုနာမကို မသိနိုင်ရာ။”

အောင်မြင်သော သူကို ၀ှက်ထားသော မန္န၊ ကျောက်ဖြူလက်ဖွဲ့နှင့် ထိုကျောက်ပေါ်၌ အက္ခရာတင်သော၊ နာမသစ်ကို ပေးဘို့ ခရစ်တော် ကကတိပေးထားသည်။ မန္နမုန့်သည် ဘုရားသခင်က ဣသရေလ လူများကို၊ တောထဲ၌ နှစ်ပေါင်း၄၀သွား သောအခါ ပေးသော အစာ ဖြစ်သည်။ ထိုမန္နမုန့်သည်၊ သူတို့၏ကိုယ်ခန္ဓာအသက် ရှင်ဘို့ အတွက်၊ မရှိမ ဖြစ်လိုအပ်သောအရာ ဖြစ်သည်။ ထိုမန္နမုန့်ကို ဘုရားသခင်က၊ မောရှေအား သိမ်းထားခိုင်းကြောင်း ဤသို့ တွေ့ရသည်၊ “မောရှေကလည်း၊ သင်တို့ကို အဲဂုတ္တု ပြည် မှငါနှုတ်ဆောင် သောအခါ၊ တော၌ သင်တို့အား ​ကျွေးသော မုန့်ကို၊ သင်တို့ အမျိုးအစဥ်အဆက်တို့သည် မြင်စေခြင်းငှါ၊ သူတို့ အဘို့ သိုထားရသော ဩမဲတဩမဲကို ဖြည့်ကြလော့၊ ဟု ထာ၀ရ ဘုရား မိန့်တော်မူ ကြောင်းကို ပြန်ပြောလေ၏။ တဖန် အာရုန်ကိုလည်း၊ အိုးတလုံးကို ယူ၍၊ မန္နတဩမဲကို အပြည့်ထည့်ပြီးလျှင်၊ သင်တို့ လူမျိုးအစဥ်အဆက်ဘို့ စောင့်စေခြင်းငှါ၊ ထာ၀ရ ဘုရားရှေ့တော်၌ သိုထားလော့ဟုဆို၍၊ မောရှေကို ထာ၀ရ ဘုရား မှာထား တော်မူသည် အတိုင်း၊ ထိုမန္နကို အာရုန်စောင့်စေခြင်းငှါ၊ သက်သေတော် ရှေ့မှာ သိုထားလေ၏။” (ထွက် ၁၆:၃၂-၃၄)။ မန္နမုန့်သည် လူကစိုက်ပျိုးသည် မဟုတ်၊ ဘုရားသခင်က ပေးသည်။ မန္နမုန့်ပေး ခြင်းအားဖြင့်၊ ဘုရား၏ အစွမ်းသတ္တိနှင့် လူ၏ကိုယ်ခန္ဓာအတွက် အစာဂရုစိုက်ပေးကြောင်း သိနိင်သည်။ မန္နမုန့်သည် ခရစ်တော်ကို ပုံဆောင်သည်။ ခရစ်တော်က၊ “သင်တို့ ဘိုးဘေးများသည် တော၌ မန္နကို စားလျက် သေရကြ၏။ ကောင်းကင် မှဆင်းသက်သော မုန့်ကို စားသော သူသည် သေခြင်းနှင့် ကင်းလွတ်၏။ ငါသည် ကောင်းကင် မှဆင်းသက်သော အသက် မုန့် ဖြစ်၏။ ဤမုန့်ကို စားသော သူမည်သည်ကား၊ အစဥ်မပြတ် အသက် ရှင်လိမ့်မည်။ ငါပေးသော မုန့်ကား၊ လောကီသား တို့၏ အသက် အဘို့ အလိုငှါ စွန့်သော ငါ၏ အသား ပေတည်းဟု မိန့်တော်မူ၏။” (ယော ၆:၄၉-၅၁)။ မန္နမုန့်စားသော်လည်း ထာ၀ရ ကာလ အတွက် မဟုတ်ချေ။ ကိုယ်ခန္ဓာအတွက် ခဏအသက် ရှင်စေသော အစာ ဖြစ်သည်။ သို့သော် ခရစ်တော်ကိုယ်တိုင်သည်၊ ထာ၀ရ ကာလ အတွက် အသက် ရှင်စေသော၊ ၀ိညာဥ်အစာ ဖြစ်သည်။ မန္နမုန့်မစားသော်လည်း ကိစ္စမရှိပါ။ ခရစ်တော် မစားလျှင် ထာ၀ရအသက် ရနိင်သည် မဟုတ်။ ထို့ကြောင့် ခရစ်တော် မန္နမုန့်ကို လူတိုင်း စားဘို့ လိုသည်။ သို့သော် အောင်မြင်သော သူတည်း ဟူသော ယုံကြည်သူများကသာလျှင် စားနိင်သည်။ ခရစ်တော်သည်၊ ဘုရားသခင်က မသိစေသော သူများ အတွက်၊ ၀ှက်ထားသော မန္န ဖြစ်သည်။ သူ၏ နာမကိုလည်း ကျောက်ဖြူပေါ်၌ ရေးထားမည်ဟုဆိုသည်။ ယုံကြည်သူ သည် အသက် စာစောင်ထဲ၌ နာမည်ရေးမည့် အရာကို ပုံဆောင်သည်။

 

အသင်းတော် သမိုင်း၌

ပေရဂံအသင်းတော် ခေတ်သည်၊ အသင်းတော် သမိုင်း၌ အေဒီ ၃၁၃မှ ၆၀၀ခန့်အတွင်းကို ပုံဆောင်သည်။ အေဒီ ၃၁၃တွင် ရောမဧကရာဇ်က၊ ခရစ်ယာန် ဘာသာ၀င်လိုက် သောအခါ၊ သူ၏ စစ်သားများနှင့် တိုင်း သူပြည် သူများ လည်း၊ စစ်မှန်သော သမ္မာတရား သွန်သင်ခြင်း မရရှိဘဲ၊ ခရစ်ယာန် ဖြစ်လာ ကြသည်။ ခရစ်ယာန် များသည်၊ ညှင်းဆဲနှိပ်စက်ခြင်းမှ လွတ်မြောက်ကာ၊ ဦးစားပေးခြင်း ခံလာ ကြသည်။ အခြားဘုရားကိုး ကွယ် သူများ လည်း၊ ဘု မသိဘ မသိ ခရစ်ယာန် ဖြစ်လာကြကာ၊ သူတို့၏ ဘာသာရေးခေါင်းဆောင်များလည်း၊ သင်းအုပ်ဆရာများ ဖြစ်လာ ကြသည်။ ခရစ်ယာန် အစစ်များ လည်း၊ ဘုရင်များ၊ အုပ်ချုပ်သူလူကြီးများနှင့် တန်းတူဆက်ဆံလာကြ သောအခါ၊ သမ္မာတရား အတိုင်း မဟော မပြောရဲတော့ဘဲ၊ အသင်းတော်၌ အခြားဘာသာမှဩ၀ါဒများ၀င်လာခြင်း ဖြင့်၊ အသင်းတော်သည် ရောနှောသော အသက်တာ ဖြစ်လာသည်။ ထိုသို့သောအားဖြင့် စာတန်က၊ အသင်းတော်ကို အတွင်း မှပျက်စီးအောင် ပြုလုပ်သော ကာလ ဖြစ်သည်။ ထိုအရာကို ခရစ်တော်က၊ ဗာလမ်နှင့် နိကောလအယူ၀ါဒ၊ ဟုဆိုရခြင်း ဖြစ်သည်။

 

ဗျာ ၂:၁၂-၁ရ မေးခွန်းများ

 

၁။ အဘယ်ကြောင့် ခရစ်တော် ကပေရဂံအသင်းတော်ထံ၊ သူ့ကိုယ်သူထက်သော သံလျက် ရှိသော သူဟုဆိုသနည်း။ ——————-

၂။ ပေရဂံအသင်းတော်သည် မည်သည့်နေရာ၌ ရှိသနည်း။ ———————

၃။ ခရစ်တော်သည် ငါတို့၏ အခက်အခဲနှင့် ပြသနာ များကို သိပါသလော။ ————–အဘယ်ကြောင့်သိနိင်သနည်း။ ———————

၄။ ဗာလမ်ကဗာလက်မင်းကို ဘာအကြံပေးခဲ့သနည်း။ ———————

၅။ ဗာလမ်အယူဆွဲလမ်းသောသူ၊ ဟူသောအရာ သည် ဘာကို ဆိုလိုသနည်း။ ———————

၆။ နိကောလအယူသည် ဘာကို ဆိုလိုသနည်း။ ———————

ရ။ နိကောလအယူကို ယူသော သူကို ခရစ်တော် ကမည်ကဲ့သို့ ပြုလုပ် မည်နည်း။ ——————–

၈။ ခရစ်တော် ကတိုက်လာလျှင် မည်သူကကယ်နိင်မည်နည်း။ ———————

၉။ မန္နမုန့်သည် ဘာကို ပုံဆောင်သနည်း။ ———————

၁၀။ ခရစ်တော် မစားဘဲ ထာ၀ရအသက် ရနိင်သလော။ ———————

၁၁။ ပေရဂံအသင်းတော် ခေတ်သည် —————-မှ—————-အထိ အသင်းတော် သမိုင်းကို ပုံဆောင်သည်။

၁၂။ ပေရဂံအသင်းတော် ခေတ်၌ ဘာ ဖြစ်လာသနည်း။ ——————————————————————————–

.

 

ဗျာဒိတ်ကျမ်း၂ (၂:၁၈-၂၉)

 

ရုပ်တုကိုး ကွယ်သော သွာတိရအသင်းတော်

 

နောက်ခံသမိုင်း

သွာတိရမြို့သည်၊ ပေရဂံမြို့၏ အရှေ့တောင်ဘက်၊ ၃၅ မိုင်ဝေးသော နေရာ၌ ရှိသည်။ မြို့ငယ်လေး ဖြစ်သော်လည်း၊ စီးပွားရေးအချက်ချာကျသော မြို့ ဖြစ်သည်။ ရောမအင်ပိုင်ယာ၏ အဓိကလမ်းမပေါ်၌ ရှိသည်။ ဖိလိပိမြို့၌ ပေါလုနှင့် သိလတို့ကို အိမ်၌ လက်ခံသောသူ၊ လုဒိသည် သွာတိရမြို့သူ ဖြစ်သည် (တ ၁၆:၁၃-၁၅)။ လုဒိသည် နီမောင်းသော အထည်အလိပ်ကို ရောင်းသောသူ ဖြစ်သောကြောင့်၊ သွာတိရမြို့သည်၊ အ၀တ်အထည်များ ထုတ်လုပ်သော မြို့ဟု ယူဆရသည်။

 

သခင်ယေရှု ကမိတ်ဆက်ပုံ

၁၈။ သွာတိရမြို့၌ ရှိသော အသင်းတော်၏ တမန်ကို၊ ဤသို့ ရေး၍ မှာလိုက်လော့။ မီးလျှံကဲ့သို့သော မျက်စိနှင့် ၎င်း၊ ​ကြေး၀ါစစ်နှင့် တူသော ​ခြေနှင့် ၎င်း၊ ပြည့်စုံသော ဘုရားသခင့်သားတော်၏ အမိန့်တော်ကား၊ “မီးလျှံကဲ့သို့သော မျက်စိ”ကို ဗျာ ၁:၁၄၌ တွေ့ခဲ့ရပြီ။ မီးလျှံကဲ့သို့သောမျက်စိရှိသောကြောင့်၊ မြင်နိင်ရန်အလင်းမလိုချေ။ အရာခပ်သိမ်းကို မြင်နိင်သည်။ သခင်ဘုရား အတွက် အမှောင်နှင့် အလင်းသည်၊ အတူ တူပင် ဖြစ်သည်။ သွာတိရအသင်းတော်ကို သခင်ယေရှုက၊ မီးလျှံကဲ့သို့သော မျက်စိနှင့် ကြည့်၍၊ စစ်ဆေးနေပြီ။

 

“​ကြေး၀ါစစ်နှင့် တူသော ​ခြေ” ​ကြေး၀ါသည် တရားစီရင်ခြင်းကို ဆိုလိုသည်။ အကြောင်းမှာ၊ ဣသရေလ လူမျိုးများ ပြစ်မှား သောအခါ၊ ဘုရားသခင်က မီးမြွေကို လွှတ်၍ အကိုက်ခံ သူများ၊ ​ကြေး၀ါမြွေရုပ်ကို ကြည့် ခြင်းအားဖြင့်၊ ကျန်းမာ စေခဲ့သည်။ ဆိုလိုသည် မှာသူတို့ကို ကိုက်သော မြွေကို၊ တရားစီရင်ပြီ။ ထို့အပြင်၊ အပြစ် ​ဖြေရာယဇ်များ ပူဇော်သော နေရာ၊ ယဇ်ပလ္လင်သည်၊ ​ကြေး၀ါဖြင့် လုပ်ထားသည်။ ထို့ကြောင့် ​ကြေး၀ါသည် တရားစီရင်ခြင်းကို ပုံဆောင်သည်။ သွာတိရအသင်းတော်ကို သခင်ယေရှုက၊ တရားစီတော့မည့် အရာကို ဆိုလိုသည်။

 

“ဘုရားသခင့်သားတော်၏ အမိန့်တော် ကား” သခင်ယေရှုက၊ ဤနေရာတွင် သူ့ကိုယ်သူ၊ ဘုရားသခင်၏ သားတော်ဟုဆိုသည်။ သူက၊ “ကောင်းကင်ဘုံ၌၎င်း၊ မြေကြီး ပေါ်၌၎င်း၊ စီရင်ပိုင်သော အခွင့်တန်ခိုးရှိသမျှ တို့ကို ငါခံရပြီ။” ဟုဆိုခဲ့သည် (မ ၂၈:၁၈)။ ထို့ကြောင့် သူသည်၊ တရားစီရင်ပိုင်သောသူ ဖြစ်သည်။

 

ချီးမွမ်းခြင်း

၁၉။ သင်အကျင့်ကျင့်ခြင်း၊ ချစ်ခြင်း၊ အမှု ဆောင်ခြင်း၊ ယုံကြည်ခြင်း၊ သည်း ခံခြင်းကို၎င်း၊ နောက်ကျင့်သော အကျင့်တို့သည်၊ အရင်ကျင့်သော အကျင့်ထက် သာ၍များကြောင်းကို၎င်း၊ ငါသိ၏။

“သင်အကျင့်ကျင့်ခြင်း၊ ချစ်ခြင်း၊ အမှု ဆောင်ခြင်း၊ ယုံကြည်ခြင်း၊ သည်း ခံခြင်း” သခင်ယေရှုသည် ထုံးစံတော် အတိုင်း၊ သွာတိရအသင်းတော်၏ ကောင်းခြင်းများကို၊ အရင်ချီးမွမ်းသွားသည်။ ဤအသင်းတော်သည်၊ အကျင့်ကျင့်ခြင်း၊ ချစ်ခြင်း၊ အမှု ဆောင်ခြင်း၊ ယုံကြည်ခြင်း၊ သည်း ခံခြင်း တို့၌ သခင်ယေရှုက၊ အသိအမှတ်ပြုရလောက်အောင် ကောင်းမွန်ကြောင်း တွေ့ရသည်။ ​ကျွန်ပ်တို့၏ အသင်းတော် လည်း၊ ထိုကဲ့သို့ဖြစ်သင့်သည်။ သမ္မာတရား သိသော ဧဖက်အသင်းတော်၌၊ မရှိသော ချစ်ခြင်းလည်း ဤသင်းတော်၌၊ ရှိကြောင်း တွေ့ရသည်။

 

“နောက်ကျင့်သော အကျင့်တို့သည်၊ အရင်ကျင့်သော အကျင့်ထက် သာ၍များကြောင်း” ဤအသင်းတော်သည်၊ အရင်ထက် နောက်ကျင့်သော အကျင့်တို့သည် သာ၍ များသည်၊ ဟု ခရစ်တော် ကချီးမွမ်းသွားသည်။ လူသည် ကြာလာ သောအခါ၊ ပေါ့ဆတတ်သည်။ ​ကျွန်ပ်တို့ လည်း၊ တနှစ်ပြီး တနှစ်၊ သာ၍ ကျိုးစားသင့်သည်။

 

အပြစ်တင်ခြင်း

 

၂၀။ သို့သော်လည်း၊ ငါ၏ အစေခံ​ကျွန်တို့သည် မတရားသော မေထုန်ကို ပြုစေခြင်း ငှါ၎င်း၊ ရုပ်တုရှေ့မှာ ပူဇော်သော ယဇ်ကောင်ကို စားစေခြင်း ငှါ၎င်း၊ ပရောဖက် မဟူ၍ကိုယ်ကို ခေါ်ဝေါ်သော၊ သင်၏ ခင်ပွန်းယေဇဗေလသည်၊ သွန်သင်၍ မှားယွင်းစေရသော အခွင့်ကို၊ သင်သည် ပေးသောကြောင့်၊ သင်၌ အပြစ် တင်စရာ ရှိ၏။

“ငါ၏ အစေခံ​ကျွန်တို့သည် မတရားသော မေထုန်ကို ပြုစေခြင်း ငှါ” သခင်ယေရှု၏ အစေခံ​ကျွန်တို့သည်၊ အမှုတော် ဆောင်များ နှင့်၊ ယုံကြည်သူများဖြစ်သည်။ မတရားသော မေထုန်ပြုခြင်းသည်၊ အခြားဘုရားကိုး ကွယ်ခြင်း၊ ဘုရားထက် အခြားအရာကို၊ ဦးစားပေးခြင်း၊ ချစ်ခြင်း၊ တန်ဘိုး ထားခြင်း၊ အချိန် စွမ်းအား ပေးခြင်း ဖြစ်သည်။ ​ကျွန်ပ်တို့လည်း မတရားသော မေထုန်ပြု နေကြပါသလား။ ကိုယ့်ကိုယ်ကို အမြဲတမ်းစစ်ဆေးကြပါစို့။

 

“ရုပ်တုရှေ့မှာ ပူဇော်သော ယဇ်ကောင်ကို စားစေခြင်း ငှါ” ရုပ်တုရှေ့မှာ ပူဇော်သော ယဇ်ကောင်းကို စားခြင်းသည်၊ သခင်ဘုရား အမြင်၌ လုံး၀လက်မခံနိင်ချေ။ ဗျာ ၂:၁၄၌လည်း ဤသို့ တွေ့ခဲ့ရသည်၊ “သို့သော်လည်း ဣသရေလ အမျိုးသား တို့သည် ရုပ်တုရှေ့မှာ ပူဇော်သော ယဇ်ကောင်ကို စားစေခြင်း ငှါ၎င်း၊ မတရားသော မေထုန်ကို ပြုစေခြင်း ငှါ၎င်း၊ ထိမိ၍ လဲစရာ အရာကို သူတို့ ရှေ့၌ ချထားမည်အကြောင်း၊ ဗာလက်မင်းကို အကြံပေးသော သူတည်း ဟူသော ဗာလမ်၏ အယူကို စွဲလမ်းသော သူတို့သည်၊ သင်၏ နေရာ၌ ရှိကြသည် ဖြစ်၍၊ သင်၌ အနည်းငယ်သော အပြစ် တင်စရာ ရှိ၏။” ထိုအရာကို၊ ဗာလမ်၏ အယူဟု သခင်ဘုရားက၊ ခေါ်သည်။ သွာတိရအသင်းတော်၌လည်း၊ ထိုဗာလမ်၏ အယူရှိသည်။

 

“ပရောဖက် မဟူ၍ကိုယ်ကို ခေါ်ဝေါ်သော၊ သင်၏ ခင်ပွန်းယေဇဗေလ” သွာတိရအသင်းတော်၌၊ ပရောဖက် မဟူ၍ကိုယ်ကို ခေါ်ဝေါ်သော သူရှိသည်။ ထိုသူသည် ယေဇဗေလဟု ခရစ်တော် ကခေါ်သည်။ ယေဇဗေလသည်၊ ဓမ္မဟောင်းကျမ်း၌ ဣသရေလ ရှင်ဘုရင်၊ အာဟပ်၏ မိန်းမ ဖြစ်သည်။ အာဟပ်မင်းသည်၊ ဇိဒုန်မင်းကြီး ဧသဗာလသမီးယေဇဗေလနှင့် စုံဘက်၍၊ ဗာလဘုရားကို ၀တ်ပြုကိုး ကွယ်၏ (၃ရာ ၁၆:၃၁)။ ယေဇဗေလသည်၊ သူကိုယ်တိုင်ဗာလဘုရားကို ကိုး ကွယ်သည် သာမက၊ ဣသရေလ လူများ ကိုလည်းကိုး ကွယ်ဘို့ရန် သင်ပေးသည်။ ထို့ကြောင့် ပရောဖက် ဧလိယက၊ ဗာလပရောဖက် လေးရာငါးဆယ်ကို၎င်း၊ ယေဇဗေလစားပွဲ၌ စားသော၊ အာရှရပရောဖက် လေးရာကို၎င်း၊ ကရမေလတောင်၊ တွင် စိန်ခေါ်ခဲ့သည်။ ဘုရားသခင်က ဧလိယပူဇော်သော ယဇ်ကို ကောင်းကင် မှမီးကျ၍လောင်​ကျွမ်းစေ ခြင်းအားဖြင့်၊ အ​ဖြေပေးခဲ့သည် (၃ရာ ၁၈)။ ဧလိယသည်၊ အာဟပ်မင်းနှင့် သူ၏ စစ်သားများ၊ ဗာလပရောဖက်နှင့် အာရှရပရောဖက် ၈၅၀ကို ရင်ဆိုင်နိင်ခဲ့သော်လည်း၊ ယေဇဗေလကသူ့ကို သတ်ဘို့ ခြိမ်း​ခြောက် သောအခါ၊ အလွန် ကြောက်ရွံ့သောကြောင့်၊ ဟောရ (သိနာ) တောင်တိုင်အောင် ပြေးခဲ့သည်။ (၃ရာ ၁၉)။ ထိုမျှလောက်ဧလိယကကြောက်ခြင်းသည်၊ ယေဇဗေလ၌ စာတန်၏ တန်ခိုးရှိခြင်းကြောင့် ဖြစ်သည်။ “သင်၏ ခင်ပွန်းယေဇဗေလ” သင်ဟူသော သူသည် သွာတိရအသင်းတော် ဖြစ်သည်။ သင်၏ ခင်ပွန်းဟုဆိုသောကြောင့်၊ သွာတိရအသင်းတော်၏ ခင်ပွန်းသည်၊ ပရောဖက် မယေဇဗေလ ဖြစ်သည်။ အကြောင်းမှာ၊ လူသည် ခင်ပွန်း၏ စကားကို နားထောင် တတ်၊ ချစ်တတ်သည်။ သွာတိရအသင်းတော် လည်း၊ ပရောဖက် မကို ချစ်၍ သူ၏ စကားကို နားထောင်သည်။

 

“သွန်သင်၍ မှားယွင်းစေရသော အခွင့်ကို၊ သင်သည် ပေးသောကြောင့်၊ သင်၌ အပြစ် တင်စရာ ရှိ၏” ခရစ်တော် ကသင်ဟု ခေါ်သော သူသည်၊ သွာတိရအသင်းတော် ဖြစ်သည်။ အသင်းတော်သည်၊ မှားယွင်းသော သွန်သင်ခြင်းကို၊ ကာကွယ်ဘို့ ဖြစ်သည်။ သို့သော် သွာတိရအသင်းတော်သည်၊ သူ၏ တာ၀န်ကို မကျေပြွန်၊ မှားယွင်းသော သွန်သင်ခြင်းကို လက်ခံသည်။ သင်၏ အသင်းတော်သည်၊ မှားယွင်းသော သွန်သင်ခြင်း မှ၊ ကာကွယ်ပါသလော။ ဆရာတိုင်းကို လက်ခံပါသလော။ ထိုသို့ဖြစ်လျှင် သင်၏ အသင်းတော်ကို၊ ဘုရားသခင်က အပြစ် တင် နေကြောင်း သိစေချင်သည်။

 

၂၁။ နောင်တ ရသင့်သော ကာလကို ငါပေးသော်လည်း၊ သူသည် မိမိ မတရားသော မေထုန်ကို၊ နောင်တ ရချင်သော စိတ်မရှိ။

“နောင်တ ရသင့်သော ကာလကို ငါပေးသော်လည်း၊ ” လူသည် မှားတတ်သည်။ ထိုအရာကို ဘုရားသခင် သိသည်။ သို့သော်၊ ကိုယ့်အမှားကို ၀န်ခံ၍ နောင်တ ရခြင်းသည်၊ ဘုရားသခင်၏ အလိုတော် ဖြစ်သည်။ ဘုရားသခင်သည်၊ အပြစ်သား များကို နောင်တ ရချိန်အမြဲပေးတတ်သည်။ ဒုက္ခ ပြသနာ တွေ့စေခြင်းသည်၊ ကိုယ့်အပြစ်ကို သိ၍ နောင်တ ရဘို့ရန် ဖြစ်သည်။

 

“သူသည် မိမိ မတရားသော မေထုန်ကို၊ နောင်တ ရချင်သော စိတ်မရှိ” သူသည် ယေဇဗေလကို ဆိုလိုသည်။ ယေဇဗေလ၏ နောင်တ ရရမည့် အရာသည်၊ မတရားသော မေထုန်ကို ပြုခြင်း ဖြစ်သည်။ လူ့အမြင်၌ မတရားသော မေထုန်ပြုခြင်းသည်၊ လက်မထပ်ဘဲ၊ ကိုယ့်ခွန်ပွန်း မဟုတ်သော သူနှင့် မှားယွင်းခြင်း ဖြစ်သည်။ သို့သော် ဘုရား အမြင်၌၊ မတရားသော မေထုန်ပြုခြင်းသည်၊ အခြားဘုရားကိုး ကွယ်ခြင်း ဖြစ်သည်။ ရှင်ပေတရုက၊ “လူအချို့တို့သည်၊ နှေးခြင်းကို မှတ်သည် အတိုင်း၊ ထာ၀ရ ဘုရားသည် ဂတိတော် အရာမှာနှေးတော် မမူ။ ငါတို့တွင် အဘယ်သူ မျှမပျက်စီးဘဲ၊ ရှိသမျှ တို့သည် နောင်တ ရစေခြင်းငှါ အလိုတော် ရှိ၍၊ ငါတို့ ကိုသည်း ခံတော်မူ၏။”ဟု ရေးထားသည် (၂ ပေ ၃:၉)။

 

တရားစီရင်ခြင်း

 

၂၂။ ထိုကြောင့်၊ သူ့ကို အိပ်ရာ၌ ငါချထားမည်။ သူနှင့်အတူ မတရားသော မေထုန်ကို ပြု၍၊ ထိုသို့သော အကျင့်ကို နောင်တ မရသော သူတို့ကိုလည်း၊ ကြီးစွာသော ဆင်းရဲခြင်းသို့ ရောက်စေမည်။

“သူ့ကို အိပ်ရာ၌ ငါချထားမည်” ညအချိန် မဟုတ်ဘဲ၊ အိပ်ရာ၌ အိပ်သော သူသည်၊ လူနာများ သာလျှင် ဖြစ်သည်။ သခင်ဘုရားသည်၊ သွာတိရအသင်းတော်ကို၊ မှားယွင်းစေသော ယေဇဗေလကို၊ အိပ်ရာပေါ်၌ အိပ်စေမည်။ ဆိုလိုသည် မှာအနာ ရောဂါဖြင့် လဲစေမည်။

 

“သူနှင့်အတူ မတရားသော မေထုန်ကို ပြု၍” သူနှင့်အတူ မတရားသော မေထုန်ကို ပြုသော သူသည်၊ သွာတိရ အသင်းသားများဖြစ်သည်။

 

“ထိုသို့သော အကျင့်ကို နောင်တ မရသော သူတို့” မတရားသော မေထုန်ကို ပြုရာမှနောင်တ မရသော သူများ အားလုံးကို ဆိုလိုသည်။ “ကြီးစွာသော ဆင်းရဲခြင်းသို့ ရောက်စေမည်” နောင်တ မရသော သူများကို ကြီးစွာသော ဆင်းရဲခြင်းသို့ ရောက်စေမည်။ ဘုရားသခင်၏ လက်တော်၌ ရောက်သော အမှုသည်၊ ကြောက်စရာ ကောင်းသည် (ဟေ ၁၀:၃၁)။ အကြောင်းမှာ၊ လူနှင့် စာတန် လက်ထဲမှာဒုက္ခ ရောက်လျှင်၊ ဘုရားသခင်က ကယ်တင်နိ်င်သည်။ ဘုရားသခင်ကိုယ်တော်တိုင် ကဒဏ်ခတ်လျှင်၊ အဘယ်သူ ကကယ်နိင်မည်နည်း။

 

၂၃။ သူ၏ သားသမီးတို့ ကိုလည်း အသေသတ်မည်။ ငါသည် နှလုံးကျောက်ကပ်ကို၊ စစ်ဆေး တော်မူသောသူ ဖြစ်ကြောင်းကို၊ ထိုသို့သော အားဖြင့်၊ ခပ်သိမ်းသော အသင်းတော် တို့သည်၊ သိရကြလိမ့်မည်။ သင်တို့သည်၊ အသီးအသီးကျင့်သော အကျင့်နှင့် အလျောက် အကျိုးအပြစ်ကို ငါပေးမည်။ “သူ၏ သားသမီးတို့ ကိုလည်း အသေသတ်မည်” သူ၏ သားသမီး များသည်၊ ပရောဖက် မကသင်ပေးသော၊ ပရောဖက် အတုများ သို့မဟုတ် သူ၏ သွန်သင်ခြင်းကို လက်ခံယုံကြည်သော သူများ ဖြစ်မည်။

“ငါသည် နှလုံးကျောက်ကပ်ကို၊ စစ်ဆေး တော်မူသော သူ” ဘုရားသခင်သည် နှလုံးကျောက်ကပ်ကို စစ်ဆေးသော သူ၊ ဟု သူ့ကို သူဆိုထားသည်။ လူသည် ဘုရား ကဲ့သို့ နှလုံးကျောက်ကပ်ကို မစစ်ဆေးနိင်ချေ။ ဘုရား မူကား လူ၏ နှလုံးသားကို ထူးဖေါက်မြင်နိ်င်သည်။ ထို့ကြောင့် မည်သူမျှ ဟန်ဆောင်၍ မရပါ။ မိတ်ဆွေ၊ ဘုရားသခင် ရှေ့၌ အပြစ်ကို ဖုံးကွယ်မနေဘို့၊ အကြံပေးလိုပါသည်။ “ခပ်သိမ်းသော အသင်းတော် တို့သည်၊ သိရကြလိမ့်မည်” သွာတိရအသင်းတော်ကို၊ ဘုရားသခင်က အထက်ပါ ကဲ့သို့ တရားစီရင် သောအခါ၊ အခြားသော အသင်းတော်များကလည်း သိ၍၊ ကြောက်ရွံ့ကြပါလိမ့်မည်။ ပညာရှိသည်၊ ကိုယ်တိုင်ခံစားစရာ မလိုပါ။ သူတပါးခံစား မှုကို ကြည့်၍၊ အပြစ်ကို ရှောင်ကွင်းတတ်သည်။ ပညာမဲ့သော သူမူကား၊ ကိုယ်တိုင်တွေ့ကြံုလျှင်လည်း အကြောင်းရင်းကို မသိတတ်ချေ။

 

“အသီးအသီးကျင့်သော အကျင့်နှင့် အလျောက် အကျိုးအပြစ်ကို ငါပေးမည်” ဘုရားသခင်သည်၊ တရားသော တရားသူကြီး ဖြစ်သည်။ လူများကို မတရားသဖြင့် မစီရင်တတ်ပါ။ သူတို့ ကျင့်သော အကျင့်အတိုင်း တရားစီရင်မည်။

 

၂၄။ ထိုမိစ္ဆာဒိဌိအယူကို ယူသော သူတို့၊ ခေါ်ဝေါ်သည်နှင့် အညီ၊ စာတန်၏ နက်နဲသောအရာ၊ ဟု ခေါ်ဝေါ်သောအရာ တို့ကို မ​ကျွမ်း၊ ထိုမိစ္ဆာဒိဌိအယူကို မယူ၊ ကြင်းသော သွာတိရမြို့သား တို့ကို ငါဆိုသည်ကား၊ သင်တို့သည် ရသမျှကို၊ ငါလာသည် တိုင်အောင် စွဲကိုင်ကြလော့။

“ထိုမိစ္ဆာဒိဌိအယူကို ယူသော သူတို့၊ ခေါ်ဝေါ်သည်နှင့် အညီ၊ စာတန်၏ နက်နဲသောအရာ၊ ဟု ခေါ်ဝေါ်သောအရာ တို့ကို မ​ကျွမ်း၊ ” စာတန်၏ နက်နဲသောအရာ ဆိုသည်မှာ၊ လှုိ့၀ှက်ထားသောအရာ ကို ဆိုလိုသည်။ ဗုဒဝဘာသာဘုန်းကြီးများကပဠိစကားကို သုံး သောအခါ၊ လူများ က နားမလည် သောကြောင့် နက်နဲသောအရာ ဖြစ်သည်။ ရိုမင်ကက်သလိပ်ဘုန်းကြီးများက၊ လက်တင်ဘာသာစကားကို သုံး သောအခါ၊ ပရိတ်သတ်များ က နားမလည် ကြသောကြောင့်၊ နက်နဲသောအရာ ဖြစ်သည်။ ထို့နည်းတူ၊ သွာတိရအသင်းတော်၌၊ လူများ နားမလည်နိင်သော၊ နက်နဲသောအရာ ကို သင်ပေးသော သူရှိသည်။ စာတန်သည် သူ၏ သွန်သင်ချက်ကို၊ လူများ မသိစေချင်ပေ။ အကြောင်းမှာ၊ လူများ ကသိသွားပါက၊ သူ့ နောက်လိုက် တော့မည် မဟုတ်။

 

“ကြင်းသော သွာတိရမြို့သား တို့ကို ငါဆိုသည် ကား” သွာတိရအသင်းတော်၌၊ စာတန်၏ နက်နဲသောအရာ ကို၊ မ​ကျွမ်းသော သူအနည်းငယ်ရှိသည်။ ထိုသူများကို သခင်ယေရှုက၊ လှစ်လှုိမရှုချေ၊ ဂရုစိုက်သည်။

 

“သင်တို့သည် ရသမျှကို၊ ငါလာသည် တိုင်အောင် စွဲကိုင်ကြလော့။” သင်တို့ ဆိုသည်မှာ ကြွင်းသော သူတို့ ဖြစ်သည်။ ထိုသူများ ကုုိ ခရစ်တော်က၊ ရသမျှကို သူလာသည် တိုင်အောင် စွဲကိုင်စေသည်။ သူတို့ ရသမျှသည် ဘာ ဖြစ်မည်နည်း။ သူတို့ ယုံကြည် လက်ခံသော၊ သမ္မာတရား ဖြစ်လိမ့်မည်။ မည်မျှပင် တိုက်ခိုက် မှုနှင့် အမျိုးမျိုး သွန်သင်မှု ရှိစေကာမူ၊ သမ္မာတရား သိသော သူများ၊ စိတ်ဓါတ်မကျဘဲ၊ အဆုံးတိုင်အောင် စွဲကိုင်ဘို့ လိုသည်။

 

၂၅။ ထိုမှတပါးအခြားသော ၀န်ကို၊ သင်တို့ အပေါ်၌ ငါမတင်။

မှားယွင်းသော သွန်သင်မှုများအကြား၌၊ သမ္မာတရား သိသော သူများသည်၊ အလွန် ၀န်လေးစရာ ကောင်းသည်။ လောတလည်း မတရားသော သူတို့ကြောင့် ၀န်လေးဘူးကြောင်း၊ ဤသို့ ကျမ်းစာ၌ ရေးထားသည်၊ “သော ဒံုမြို့နှင့် ဂေါမောရမြို့တို့ကို မီးရှို့၍ ဖျက်ဆီးရာ၊ ဒဏ်စီရင် တော်မူ သဖြင့် နောင်၌ မတရားသော အကျင့်ကို ကျင့်အံ့သော သူတို့အား ပုံသက်သေကို ထား တော်မူ၏။ ထိုအခါ မတရားသော သူတို့၏ ညစ်ညူးသော အကျင့်အားဖြင့် နှောင့်ရှက်ခြင်းကို ခံရသောသူ၊ ​ဖြောင့်မတ်သောလောတကို ကယ်နှုတ် တော်မူ၏။ ထို​ဖြောင့်မတ်သော သူသည် မတရားသော သူတို့တွင် နေစဥ်အခါ၊ သူတို့၏ မတရားသောအမှု များကို နေ့တိုင်း မပြတ် မျက်စိမြင်လျက်၊ နားကြားလျက် ရှိသဖြင့်၊ မိမိ ​ဖြောင့်မတ်သော စိတ်နှလုံးကို ပြင်းစွာ ညှဥ်းဆဲရ၏။” (၂ ပေ ၂:၆-၈) ခရစ်တော်က၊ သွာတိရအသင်းတော်၌ ရှိ၊ ကြွင်းသော သူတို့ကို အခြားသော ၀န်မတင်ဘို့၊ ဂတိပြုသွားသည်။ သင်လည်း၊ သူတို့ ကဲ့သို့ ၀န်လေးနေလျှင်၊ ခရစ်တော် ကသင့်အ​ခြေအနေကို သိ၍၊ ဂရုစိုက်ကြောင်း သိစေချင်သည်။

 

၂၆။ အကြင်သူသည် အောင်မြင်၍၊ အဆုံးတိုင်အောင် ငါ့အကျင့်ကို ကျင့်၏၊ ငါ့ခမည်းတော်သည် ငါ့အား အခွင့် ပေးတော်မူ သကဲ့သို့၊ လူမျိုးတို့ကို အုပ်စိုးစေခြင်းငှါ၊ ထိုသူအား ငါသည် အခွင့်ပေးမည်။

“အကြင်သူသည် အောင်မြင်၍၊ အဆုံးတိုင်အောင် ငါ့အကျင့်ကို ကျင့်၏၊ ” အောင်မြင်ခြင်း သည် ယုံကြည်ခြင်း အားဖြင့် ဖြစ်ကြောင်း သိရပြီ (၁ ယော ၅:၄)။ အဆုံးတိုင်အောင် ကျင့်ခြင်းသည် အလွန် အရေးကြီးသည်။ များစွာသော သူတို့သည်၊ အစကောင်းသော်လည်း နိဂုံးမကောင်းတတ်ကြချေ။ အစကောင်း၍ အဆုံးမကောင်းသည် ထက်၊ အစဆိုး၍ အဆုံးကောင်းခြင်းသည် သာ၍ ကောင်းသည်။ အစကောင်း၍ အဆုံးမကောင်းသော သူများသည်၊ ရှန်ဆုံ၊ ရှောလုမင်း၊ ရှောလမုန်မင်း၊ ဩဇိမင်း၊ ယုဒရှကာရုတ်တို့ ဖြစ်သည်။ အစမကောင်းသော်လည်း၊ အဆုံးကောင်းသော သူတို့သည်၊ ပြည့်တန်ဆာရာခပ်၊ မာဂဒလမာရိ၊ ပေါလုတို့ ဖြစ်သည်။ “ယေရှုက၊ ငါ့ကို စေလွှတ် တော်မူသော သူ၏ အလိုတော်ကို ဆောင်ခြင်း၊ သူ၏ အမှုတော်ကိုပြီး စီးခြင်း အမှုသည် ငါ့စားစရာ ဖြစ်၏။”ဟုဆိုခဲ့သည် (ယော ၄:၃၄)။ ယေရှု ကအဘယ်ကြောင့်၊ သူ၏ အမှုတော်ကိုပြီး စီးခြင်း အမှုဟု ုဆိုသနည်း။ ယုံကြည်သူ တိုင်းလည်း အစပြုပြီး အဆုံးတိုင်အောင်ပြီး စီးသည် အထိ၊ လုပ်ဘို့ လိုကြောင်းကို ဖေါ်ပြချင် သောကြောင့် ဖြစ်သည်။ ပေါလုကလည်း၊ “ငါ့ကို ယဇ်ပေါ်မှာလောင်းရသောအချိန် ရှိပြီ။ စုတေ့ရသောအချိန် ရောက်လေပြီ။ ကောင်းစွာသော တိုက်လှန်ခြင်းကို ငါပြုပြီ။ ပြေးရသော လမ်းကို အဆုံးတိုင်အောင် ပြေးပြီ။ ယုံကြည်ခြင်း တရားကို စောင့်ရှောက်ပြီ။” (၂ တိ ၄:၆ -ရ) ဟု ရေးခဲ့သည်။ ​ကျွန်ပ်တို့လည်း အဆုံးတိုင်အောင် တည်ကြည်ကြပါစို့။

 

“ငါ့ခမည်းတော်သည် ငါ့အား အခွင့် ပေးတော်မူ သကဲ့သို့” ခရစ်တော်သည်၊ ခမည်းတော်၏ ခွင့်ပြုခြင်းကို၊ အလွန် တန်ဘိုး ထားသည်။ ခမည်းတော်က၊ သူ့ကို ဘာအခွင့်ပေးသနည်း။ သူကိုယ်တိုင်က၊ “ကောင်းကင်ဘုံ၌၎င်း၊ မြေကြီး ပေါ်၌၎င်း၊ စီရင်ပိုင်သော အခွင့်တန်ခိုးရှိသမျှ တို့ကို ငါခံရပြီ။”ဟုဆိုခဲ့သည် (မ ၂၈:၁၈)။

 

“လူမျိုးတို့ကို အုပ်စိုးစေခြင်းငှါ၊ ထိုသူအား ငါသည် အခွင့်ပေးမည်။” အနှစ်တစ်ထောင်အုပ်စိုးသော ကာလ၌၊ အောင်မြင်သော သူများကို၊ ခရစ်တော် ကလူမျိုးတို့ကို အုပ်စိုးခွင့် ပေးမှာ ဖြစ်သည်။ ထိုကြောင့်ယုံကြည်သူများ၊ ယခုအချိန်၌ အောင်မြင်ခြင်း သည် အနာဂတ်၌ အကျိုးပြုမှာ ဖြစ်သည်။

 

၂ရ။ ထိုသူသည် သူတို့ကို သံလှံတံနှင့် အုပ်စိုး၍၊ မြေအိုးကို ခွဲဖျက် သကဲ့သို့ ခွဲဖျက်လိမ့်မည်။

ခရစ်တော်သည်၊ အနှစ်တစ်ထောင်ကာလ၌၊ ဤလောကကို သံလှံတံနှင့် အုပ်စိုးမည့် အကြောင်း၊ အခြားကျမ်းစာများ၌လည်း ဤသို့ တွေ့ရသည်၊ “ထာ၀ရ ဘုရား ကသင်သည် ငါ့သား ဖြစ်၏၊၊ ယနေ့ ပင်သင့်ကို ငါဖြစ်ဘွားစေပြီ၊၊ င့ါကို တောင်းလော့၊၊ လူအမျိုးမျိုး တို့ကို သင်၏ အမွေဥစ္စာဘို့ ငါပေးမည်၊၊ မြေကြီး စွန်းတိုင်အောင် ပိုင်ထိုက်သော အခွင့်ကို ိလည်း ငါပေးမည်၊၊ သင်သည် သူတို့ကို သံလှံတံနှင့် အုပ်စိုး၍၊ မြေအိုးကို ခွဲဖျက် သကဲ့သို့ ခွဲဖျက်လိမ့်မည်၊ ဟု င့့ါအား မိန့်တော်မူ ပြီ၊၊ ” (ဆာ ၂:ရ- ၉) (ဗျာ ၁၂:၅၊ ၁၉:၁၅)။ သံလှံတံနှင့် အုပ်စိုးခြင်းသည်၊ တင်းကြပ်သော စည်းမျဥ်းစည်းကမ်းကို ဆိုလိုသည်။ မြေအိုးကို ခွဲဖျက် သကဲ့သို့ ခွဲဖျက်မည်ဟုဆိုခြင်းသည်၊ တန်ခိုးကြီး ကြောင်းကို ဆိုလိုသည်။ နှမြောခြင်း မရှိဘဲ အပြစ် ရှိသော သူကို တရားစီရင်ခြင်း ကိုလည်း ဆိုလိုသည်။

 

၂၈။ မိုဃ်းသောက်ကြယ်ကိုလည်း၊ ထိုသူအား ငါပေးမည်။

မိုဃ်းသောက်ကြယ်သည် သခင်ယေရှု ဖြစ်သည် (ဗျာ ၂၂:၁၆)။ ခရစ်တော်သည် မိုဃ်းသောက်ကြယ်ကဲ့သို့ ကြွလာဦးမည်။ ဆိုလိုသည်မှာ၊ မိုဃ်းသောက်ကြယ်သည်၊ ဆောင်းတွင်း နံနက်မိုဃ်းမလင်းမှီတွင် ထွက်တတ်သည်။ နံနက်ဆောဆောထသော သူများ သာလျှင် မြင်တတ်သည်။ ပျင်းရိသောသူ၊ အအိပ်မက်သော သူများ ကမိုဃ်းသောက်ကြယ်မမြင်ဘူူးချေ။ ချီဆောင်ခြင်းသည်၊ မိုဃ်းသောက်ကြယ်ကဲ့သို့ ကြွလာခြင်းကို ပုံဆောင်၍၊ ၀ိညာဥ်ရေးရာ၌ ဆောဆောထသော သူများကို ပုံဆောင်သည်။ မိုဃ်းသော ကြယ်ပေးခြင်းသည်၊ ချီဆောင်ခြင်း၌ ပါ၀င်ခွင့်ပေးမည့် အကြောင်းကို ဆိုလိုခြင်း ဖြစ်မည်။

 

၂၉။ ဝိညာဉ်တော်သည် အသင်းတော်တို့ အား၊ အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသော သူမည်သည် ကား ကြားပါစေ။

ခရစ်တော်သည် ထုံးစံတော် အတိုင်း၊ သွာတိရအသင်းတော် သာမက၊ အခြားအသင်းတော်များကလည်း၊ သွာတိရအသင်းတော်၌ ရေးသော စာကို၊ သတိထားဘို့ရန် ပြောခြင်း ဖြစ်သည်။

 

အသင်းတော် သမိုင်း၌

သွာတိရအသင်းတော်သည်၊ အသင်းတော် သမိုင်း၌၊ အေဒီ ၆၀၀ခန့်မှ ၁၅၁ ရခန့်အတွင်းကို ပုံဆောင်သည်။ ထိုကာလ၌၊ အသင်းတော်တွင် ကယ်တင်ခြင်း၊ သမ္မာတရား မဟောတော့ဘဲ၊ အသင်းတော်သည် ယေဇဗေလပရောဖက် မက၊ အုပ်စိုးခြင်းကို ခံခဲ့ရသည်။ ထို့ကြောင့် ဤကာလကို၊ အသင်းတော် သမိုင်း၌၊ အမှောင်ခေတ်ဟု ခေါ်သည်။ ယေဇဗေလက၊ ဗာလဘုရားကိုး ကွယ်ဘို့ရန် သွန်သင်၍၊ ထာ၀ရ ဘုရားကိုး ကွယ်သော သူများကို၊ ကွက်မျက် သကဲ့သို့၊ ဤကာလ၌လည်း အသင်းတော်က၊ ယုံကြည်သူ အစစ်များစွာကို သတ်ဖြတ်သော အချိန်ကာလ ဖြစ်သည်။ ၁၅၁ ရတွင် မာတင်လူသာက၊ အသင်းတော်၏ သွန်သင်ခြင်း ကိုတော် လှန်၍၊ ​ဖြောင့်မတ်သော သူသည်၊ ယုံကြည်ခြင်းအားဖြင့် အသက် ရှင်မည်၊ ဟု ထုတ်ဖေါ်လိုက်မှသာ၊ ကယ်တင်ခြင်းကို လူအများ ကသိရှိလာသည်။ အမှောင်ခွင်း၍ အလင်းရောက်လာသည်။

 

မေးခွန်းများ

 

၁။ ဖိလိပ္ပိမြို့၌ ပဌမ ဦးဆုံးယုံကြည်သူ တဦးသည် —————- ဖြစ်၍ —————-မြို့သူ ဖြစ်သည်။

၂။ သခင်ယေရှုက၊ သွာတိရအသင်းတော်ထံ၊ သူ့ကိုယ်သူမည်ကဲ့သို့ မိတ်ဆက်သနည်း။ ———————————————-

၃။ သွာတိရအသင်းတော်သည် ခရစ်တော် ကဘာအတွက် ချီးမွမ်းသနည်း။ ————————————————

၄။ ယေဇဗေလသည် မည်သူနည်း။ ——————————–

၅။ မတရားသော မေထုန်ပြုခြင်းသည် ဘာကို ဆိုလိုသနည်း။ ——————————–

၆။ သွာတိရအသင်းတော်သည် မှားယွင်းသော သွန်သင်ခြင်းကို ခွင့်ပြုပါသလား။ ——————————–

ရ။ ခရစ်တော်သည် အပြစ် သားများနောင်တ ရချိန်ပေးတတ်ပါသလား။ ——————————–

၈။ ယေဇဗေလသည် နောင်တ ရပါသလား။ ——————————–

၉။ သခင်ဘုရားသည် ယေဇဗေလကို မည်ကဲ့သို့ စီရင်မည်နည်း။ ——————————–

၁၀။ ယေဇဗေလနှင့်အတူ မတရားသော မေထုန်ကို ပြုသော သူသည် မည်သူနည်း။ ——————————–

၁၁။ နောင်တ မရသော သူများကို မည်ကဲ့သို့ဖြစ်စေမည်နည်း။ ——————————–

၁၂။ သူ၏ သားသမီး များသည် မည်သူတို့ ဖြစ်သနည်း။ ——————————–

၁၃။ ဘုရားသခင်သည် ဘာကို စစ်ဆေးသောသူ ဖြစ်သနည်း။ ——————————–

၁၄။ ခပ်သိမ်းသော အသင်းတော် တို့သည်၊ သိကြခြင်းအားဖြင့် ဘာ အကျိုးရှိမည်နည်း။ ——————————–

၁၅။ နက်နဲသောအရာ သည် ဘာကို ဆိုလိုသနည်း။ ——————————–

၁၆။ စာတန်သည် အဘယ်ကြောင့်သူ၏ သွန်သင်ခြင်းကို လူများ မသိစေချင် သနည်း။ ——————————–

၁ရ။ စာတန်၏ နက်နဲသောအရာ ကို မ​ကျွမ်းသော သူသွာတိရအသင်းတော်၌ ရှိပါသလား။ —————-

၁၈။ သမ္မာတရား သိသော သူများသည်၊ ဘာ၀န်ကို ထမ်းကြသနည်း။ ————————————————

၁၉။ အစကောင်း၍ အဆုံးမကောင်း သူများသည် မည်သူတို့ ဖြစ်သနည်း။ —————————————————————-

၂၀။ အစမကောင်း၍ အဆုံးကောင်း သူများသည် မည်သူတို့ ဖြစ်သနည်း။ —————————————————————-

၂၁။ ခရစ်တော်သည် ခမည်းတော် ခိုင်းသော အမှုကို မည်သည့်အထိ ဆောင်ရွက်သနည်း။ ——————————–

၂၂။ သင်သည် အစကောင်းပါသလား၊ —————-အဆုံးတိုင်ကောင်းဘို့ လိုပါသလား။ —————-

၂၃။ သံလှံတံနှင့် အုပ်စိုးခြင်း ဆိုသည်မှာ —————————————————————-

၂၄။ မြေအိုးကို ခွဲဖျက် သကဲ့သို့ ခွဲဖျက်မည်ဟုဆိုခြင်းသည်၊ ————————————————

၂၅။ မိုဃ်းသောက်ကြယ်သည် မည်သူနည်း။ ————————————

၂၆။ အဘယ်ကြောင့် ခရစ်တော်သည် မိုဃ်းသောက်ကြယ်ဟုဆိုသနည်း။ ————————————

၂ရ။ သွာတိရအသင်းတော်သည်၊ အသင်းတော် သမိုင်း၌ မည်သည့်အချိန် ကာလကို ပုံဆောင်သနည်း။ ————————————

၂၈။ မည်သူကတော် လှန်ရေးအောင်မြင် သနည်း။ ————————————

ဗျာဒိတ်ကျမ်း ၃ (၃:၁-၆)

 

အသက်ရှင်ဟန်ရှိသော သာဒိအသင်းတော်

 

နောက်ခံသမိုင်း

သာဒိမြို့သည်ပေ ၁၅၀၀မြင့်သောကုန်းပြင်မြင့်ပေါ်၌တည်ထားသောမြို့ ဖြစ်သည်။ လုဒိ (Lydia) နိင်ငံ၏မြို့တော်လည်းဖြစ်၍၊ စီးပွားရေးအချက်အချာကျသောကြောင့်၊ ပိုက်ဆံဒဂ်ါးစတင်အသုံးပြုသောမြို့ဖြစ်သည်။ မြို့၏ ပတ်လည်သည်မတ်စောက်သောကမ္ဘားဖြစ်သောကြောင့်၊ ရန်သူများ အလွယ်တကူမတက်နိုင်ချေ။ မြို့သားများသည်၊ သူတို့မြို့၏ကမ္ဘားကိုစိတ်ချလွန်သောကြောင့်၊ ပါးရှားရှင်ဘုရင်ကုရုမင်းကအလွယ်တကူသိမ်းယူနိုင်ခဲ့သည်။ ကုရုမင်းကသာဒိမြို့သိမ်းယူနိုင်သောသူကိုဆုလပ်များစွာပေးမည်ဟုဆိုသည်။ ပေရသိ (ပါးရှား) စစ်သားတယောက်သည် တနေကုန်သာဒိမြို့ကိုကြည့် ရှုရာ၊ သာဒိစစ်သားတယောက် သူ၏ဦးထုပ်ကမ္ဘာအောက်၌ ကျသွားသည်ကိုမြင်သည်။ ထိုစစ်သားသည်၊ ကမ္ဘားနံရံမှဆင်းသွား၍၊ ဦးထုပ်ကိုကောက်ကာပြန်တက်သွားသည်ကိုအံ့ဩစွာမြင်ခဲ့သည်။ ထိုညတွင်ပါရှားစစ်သားသည်၊ အဖေါ်များကိုခေါ်၍ ကမ္ဘားမှတက်သွားကြရာ၊ မြို့ထဲသို့ရောက်သွားကြသည်။ သာဒိမြို့သားတို့သည်စိတ်ချလက်ချအိပ်မောကျနေကြစဥ်၊ ရန်သူများကသတ်ဖြတ်သိမ်းယူခဲ့သည်။ သာဒိမြို့သားတို့သည်၊ စိတ်ချလွန်ခဲ့သည့်နည်းတူ၊ ဗျာဒိတ်ကျမ်းရေးသောအချိန်၌ရှိသော၊ သာဒိအသင်းတော်သည်လည်း၊ စိတ်ချလွန်သောအသင်းတော်ဖြစ်သည်။

 

သခင်ယေရှုကမိတ်ဆက်ပုံ

၁။ သာဒိမြို့၌ရှိသောအသင်းတော်၏တမန်ကို၊ ဤသို့ ရေး၍မှာလိုက်လော့။ ဘုရားသခင်၏၀ိညာဥ်ခုနစ်ပါးနှင့်ကြယ်ခုနစ်လုံးရှိသောသူ၏အမိန့်တော်ကား၊

၀ိညာဥ်ခုနှစ်ပါးအကြောင်းကို ဗျာ ၁:၄၌ တွေ့ခဲ့ရပြီ။ ခုနစ်သည်ဘုရား၏ နံပါတ်ဖြစ်၍၊ ပြည့်စုံခြင်းဖြစ်သည်။ ဘုရားသည်၀ိညာဥ်ခုနစ်ပါးရှိသည်၊ ဟုဆိုလိုခြင်းမဟုတ်ချေ။ အသင်းတော်ခုနစ်ပါးထံ၌စာရေးသောကြောင့်၊ ၀ိညာဥ်ခုနစ်ပါးဟုဆိုရခြင်းဖြစ်သည်။ ကြယ်ခုနစ်လုံးအကြောင်းလည်း ဗျာ ၁:၂၀၌ တွေ့ခဲ့ပြီးပြီ။ သခင်ယေရှုကိုယ်တိုင်ကကြယ်ခုနစ်လုံးသည်၊ အသင်းတော်ခုနစ်ပါး၏တမန်ဖြစ်သည်ဟုဆိုသည်။ ထိုသူများသည်သင်းအုပ်များ ဖြစ်သည်။ ဘုရားသည်အသင်းတော်ခုနစ်ပါး၌၊ ၀ိညာဥ်တော်နှင့်သင်းအုပ်များအားဖြင့်စောင့်ရှောက်သောကြောင့်၊ အသင်းတော်များသည်သူ၏လက်ထဲမှာရှိကြသည်။ သူကြိုက်သကဲ့သို့ အသင်းတော်၌ပြုလုပ်နိုင်ကြောင်းကို ဖေါ်ပြသည်။ အသင်းတော်များကသူ၏စကားနားမထောင်လျှင်၊ ၀ိညာဥ်ကမစောင့်ရှောက်၊ အသင်းအုပ်ကိုလည်းရုပ်သိမ်းနိုင်သည်။ ထို့ကြောင့်အသင်းတော်၏ဦးခေါင်းသည်၊ ခရစ်တော်ဖြစ်ကြောင်းကိုသိထားဘို့လိုသည်။

 

အပြစ်တင်ခြင်း

“သင်၏အကျင့်ကိုငါသိ၏။ သင်သည်အသက်ရှင်ဟန်ရှိသော်လည်း၊ သေလျက်နေသည်ကိုငါသိ၏။” သခင်ယေရှုက၊ သာဒိအသင်းတော်၏ လုပ်ဆောင်မှုအားလုံးကိုလည်းသိသည်။ အငယ် ၂ ၌သင်၏အကျင့်သည်မစုံလင်ဟုဆိုသော်လည်းသိသည်။ ဤအသင်းတော်သည်အသက်ရှင်ဟန်ရှိသော်လည်း၊ သေနေသည်ဟုဆိုသည်။ ဤအသင်းတော်ကိုသခင်ယေရှုကချီးကျူးခြင်းတခုမျှမရှိချေ။ နှိပ်စက်ခြင်းနှင့်ဒုက္ခဆင်းရဲခြင်းလည်းမခံစားရချေ။ အကြောင်းမှာ၊ မယုံကြည်သူများထံ၌လည်းဧ၀ံဂေလိတရားကိုမဟော မပြောဘဲ၊ အေးဆေးစွာအသက်ရှင်သောကြောင့်ဖြစ်သည်။ မယုံကြည်သူများက၊ မနာလိုလောက်အောင်နှင့်စိတ်ဆိုးလောက်အောင်၊ မလှုပ်ရှားကြချေ။ သေနေသောသူများဖြစ်သောကြောင့်၊ မလုပ်နိုင်ကြခြင်း ဖြစ်သည်။ သေသောသူသည်စကားပြောခြင်း၊ ရန်ဖြစ်ခြင်းမရှိဘူးချေ။ သင်၏အသင်းတော်သည်ထိုကဲ့သို့ဖြစ်နေပါသလော။ သခင်ယေရှုကမှားယွင်းသောဩ၀ါဒသွန်သင်ခြင်းရှိသည်ဟုလည်းမပြောပါ။ သူတို့၏ပြသနာမှာသေနေသော်လည်း၊ အသက်ရှင်သကဲ့သို့ဟန်ဆောင်ခြင်းဖြစ်သည်။ ရှင်ပေါလုက၊ သင်တို့၏ကိုယ်ခန္ဓာကိုအသက်ရှင်သောလက္ခဏာနှင့်ပြည့်စုံသောယဇ်အဖြစ် ပူဇော်ပါဟုဆိုခဲ့သည် (ရော ၁၂:၁)။

 

၂။ မအိပ်ဘဲစောင့်၍နေလော့။ ကျန်ရစ်၍သေလုသောအရာတို့ကိုပြုစုလော့။ သင်၏အကျင့်သည် ငါ၏ဘုရားသခင့်ရှေ့၌ မစုံမလင်ရှိသည်ကို ငါတွေ့ပြီ။

သာဒိအသင်းတော်သည်၊ အိပ်ပျော်သောအသင်းတော်ဖြစ်သည်။ သူတို့၏ မြို့ကဲ့သို့စိတ်ချလွန်သောအသင်းတော်ဖြစ်သည်။ မြို့လည်းကမ္ဘားကိုအမှီပြုစိတ်ချလွန်၍၊ ကင်းစောင့်မချထားသောကြောင့်၊ နှစ်ကြိမ်တိုင်တိုင်ရန် သူများကသူတို့အိပ်ပျော်နေစဥ်တွင်၊ သတ်ဖြတ်ကာသေဆုံးခဲ့ကြသည်။ ထို့နည်းတူသာဒိအသင်းတော်လည်း၊ စိတ်ချလွန်သောကြောင့်အိပ်ပျော်နေကြသည်။ အသင်းတော်ကိုကြည့်ရှုစောင့်ရှောက်သောသင်းအုပ်ဆရာများ လည်း၊ အိပ်ပျော်နေကြဟန်ရှိသည်။ ထို့ကြောင့်ခရစ်တော်ကမအိပ်ဘဲစောင့်ခိုင်းခြင်းဖြစ်သည်။ ကျန်ရစ်၍သေလုသောအရာတို့ကိုပြုစုလော့၊ ဟုဆိုသောကြောင့် လုံးလုံးမသေသေးကြောင်းထင်ရှားသည်။ ယနေ့အသင်းတော် များစွာတို့လည်း၊ သာဒိအသင်းတော်ကဲ့သို့သေနေကြ၊ အိပ်ပျော်နေကြသည်။ ဟောက်၍အိပ်မက်မက်နေကြသည်။ အသင်းတော်အတွက်ကြိုးစား၍ အလုပ်လုပ်ကြ၊ ဆက်ကပ်ကြ၊ အလှူလှူကြ၊ အစည်းအဝေးများထိုင်ကြ၊ အကောင်းဆုံးဖြစ်ရန်ကြံစည်ကြသော်လည်း၊ အိပ်မက်ကဲ့သို့ဖြစ်သည်။ အကောင်အထည်မဖေါ်နိုင်၊ အကောင်အထည်ဖေါ်သောအရာများလည်း၊ ၀ိညာဥ်ပိုင်းမရှိ၊ ဇာတိပိုင်းသာလျှင်ဖြစ်သည်။ ဇာတိအားဖြင့်လုပ်သမျှသည်၊ အိပ်မက်ပမာပျောက်ပျက်သွားတတ်ကြသည်။

 

သာဒိအသင်းတော်သည်အလုပ်လုပ်သော်လည်း၊ ခရစ်တော်ကဘုရားရှေ့၌ စုံလင်ခြင်းမရှိဟုဆိုသည်။ အထက်ကပြောပြီးသည့်အတိုင်း၊ အိပ်ပျော်နေစဥ်တွင်မည်ကဲ့သို့အလုပ်လုပ်နိုင်မည်နည်း။ အိပ်မက်ထဲ၌ကြိုးစား၍အလုပ်လုပ်သော်လည်း၊ နိုးသောအခါဘာမျှမရှိတော့ချေ။ နိုးပြီးသည့်နောက်ပိုင်းအထိ၊ စိတ်ထဲ၌ခံစားချက်ရှိသော်လည်းရစရာမရှိ။ ထို့ကြောင့်၊ ခရစ်တော်ကစုံလင်သည်ဟုမမြင်ရခြင်းဖြစ်သည်။ ထို့နည်းတူ​ကျွန်ုပ်တို့လည်း၊ အိပ်ပျော်ရင်းဖြင့် လုပ်ဆောင်နေကြသလော။ ၀ိညာဥ်တော်ဦးဆောင်ခြင်းမရှိဘဲလုပ်ဆောင်သမျှသည်စုံလင်ခြင်းမရှိ၊ ညအိပ်မက်ပမာသာလျှင်ဖြစ်ကြသည်။

 

၃။ ထိုကြောင့်၊ သင်သည်ခံယူ၍နားထောင်ပြီးသည်အရာကိုအောက်မေ့၍၊ စောင့်ရှောက်လော့။ နောင်တရလော့။ စောင့်၍မနေလျှင်၊ သူခိုးကဲ့သို့ သင်ရှိသို့ ငါလာမည်။ လာမည့်အချိန်နာရီကိုလည်းသင်မသိရ။

သာဒိအသင်းတော်လည်း၊ သခင်ယေရှု၏အသင်းတော်ဖြစ်သောကြောင့်၊ ၀ိညာဥ်တော်နှင့်ကောင်းကင်တမန်များ၊ သင်းအုပ်များအားဖြင့်စောင့်ရှောက်သောအသင်းတော်ဖြစ်သည်။ သခင်ယေရှုက၊ “သင်သည်ခံယူ၍ နားထောင်ပြီးသည်အရာ” ဟူသောအရာသည်၊ ကယ်တင်ခြင်း၊ သမ္မာတရားနှင့်ဖြောင့်မတ်ခြင်း၊ အပြစ်လွှတ်ခြင်းအကြောင်းများဖြစ်ပေမည်။ ထိုအရာကိုအောက်မေ့၍စောင့်ရှောက်ဘို့ပြောထားသည်။ ထိုသမ္မာတရားများသည် အလွန်များသည်။ နောင်တရမည့်အရာသည်ပေါ့လျော့ခြင်း၊ နာမည်ခံယုံကြည်ခြင်း၊ ၀ိညာဥ်ပိုင်းအိပ်ပျော်ခြင်းများဖြစ်မည်။ ​ကျွန်ပ်တို့တဦးချင်း၊ မိသားစု၊ အသင်းတော်လည်း သာဒိအသင်းတော်ကဲ့သို့ပေါ့လျော့ခြင်း၊ စိတ်ချလွန်ခြင်းရှိကြပါသလော။ ဘုရားအတွက်လုပ်ဆောင်နေသော်လည်း၊ ဇာတိအားဖြင့်လုပ်ဆောင်နေကြပါသလား။

 

“စောင့်၍မနေလျှင်၊ သူခိုးကဲ့သို့ သင်ရှိသို့ငါလာမည်”ဟုဆိုသောကြောင့်၊ မထင်မှတ်သောအချိန်၌လာမှာဖြစ်သည်။ ခရစ်တော်ကငါလာမည်ဟုဆိုခြင်းသည်၊ ချီဆောင်ခြင်းကိုလည်းဆိုလိုနိုင်သည်။ ထို့အပြင်၊ အသင်းတော် အပေါ်၌တရားစီရင်ခြင်းခံမည်၊ ဟုဆိုလိုခြင်းလည်းဖြစ်နိုင်သည်။ မည်သို့ ပင် ဖြစ်စေ၊ ​ကျွန်ကသခင်လာမည့်အရာကို စောင့်သကဲ့သို့၊ စောင့်ရမှာ ဖြစ်သည်။ မထင်မှတ်သောအချိန်၌သခင်လာလျှင်၊ အပြစ်တင်ခြင်းနှင့် အပြစ်ပေးခြင်းခံရမှာဖြစ်သည်။ သင်သည်ချီဆောင်ခြင်း၊ သို့မဟုတ် သခင်ဘုရားနှင့်တွေ့ဆုံဘို့အတွက်၊ မြော်လင့်လျက်အသင့်ပြင်ဆင်ထားပြီလော။ သင်မထင်မှတ်သောအချိန်၌သခင်ဘုရားလာတော့မည်။

 

၄။ သို့သော်လည်း၊ သာဒိမြို့၌ပင်၊ သင်တို့တွင်ကိုယ်အ၀တ်ကို မညစ်ညူး စေသောသူ၊ နည်းနည်းရှိသေး၏။ ထိုသူတို့သည် ထိုက်တန်သောသူဖြစ်၍၊ အဖြူ၀တ်လျက် ငါနှင့်အတူ သွားလာကြလိမ့်မည်။ အောင်မြင်သောသူသည်၊ ဖြူသောအ၀တ်ကို၀တ်ဆင်လိမ့်မည်။

မည်သည့်အချိန်တွင်မဆို၊ ဘုရားသခင်၌၊ သူ့ကိုကိုးကွယ်၍သူ့အတွက်အသက်ရှင်သောသူ၊ လူအနည်းငယ်ရှိနေတတ်သည်။ ပရောဖက် ဧလိယက၊ “ကိုယ်တော်၏ပရောဖက်များကို ထားနှင့်သတ်ကြပါပြီ။ အ​ကျွန်ုပ်တယောက်တည်းကျန်ရစ်၍၊ အ​ကျွန်ုပ်အသက်ကိုပင်သတ်ခြင်းငှါ ရှာကြပါသည်ဟုလျှောက်လေသော်၊ ” (၃ရာ ၁၉:၁၄) ဘုရားသခင်က၊ “ဗာလရှေ့၌ ဒူးထောက်ခြင်း၊ နမ်းခြင်းကိုမပြုသောသူအပေါင်းတည်းဟူသော ဣသရေလအမျိုးသား၊ ခုနစ်ထောင်တို့ကို ငါ့အဘို့ငါကျန်ကြွင်းစေပြီဟု မိန့်တော်မူ၏။” (၃ရာ ၁၉:၁၈)။ သောဒုံမြို့သားများသည်အပြစ်ကြီးသော်လည်း၊ သူတို့ အထဲ၌ဘုရားယုံသူ၊ လောတမိသားစုရှိသည်။ နောဧခေတ်၌လည်း၊ လူအားလုံးအပြစ်ကြီးသော်လည်း၊ နောဧနှင့်မိသားစု၊ ဘုရားအတွက်ကျန်ရစ်သည်။ ထိုနည်းတူ၊ သာဒိအသင်းတော်၌လည်း၊ ကိုယ်အ၀တ်ကိုမညစ်ညူးစေသောသူ၊ နည်းနည်းရှိသေးသည်။ ထိုလူနည်းစုကဲ့သို့ကျွန်ပ်တို့လည်း ဖြစ်သင့်သည်။ လူအများစုကဲ့သို့မဟုတ်ဘဲ၊ ဘုရားသခင်အတွက်စိတ်ချစရာ ယုံကြည်သူဖြစ်သင့်ကြသည်။

 

“ကိုယ်အ၀တ်ကိုမညစ်ညူးစေသောသူနည်းနည်းရှိသေး၏။” အ၀တ်သည် နွေးဘို့ရန်နှင့်လှပစေဘို့ရန်ဖြစ်သော်လည်း၊ အဓိကအားဖြင့်အရှက်ပြေဘို့ရန် ဖြစ်သည်။ အ၀တ်ညစ်ပတ်လျှင်ကြည့်ရှု၍မကောင်းတော့ချေ၊ ရှက်စရာ ဖြစ်လာသည်။ သခင်ယေရှုပြောသောအ၀တ်သည်ကိုယ်ခန္ဓာ၌ ၀တ်ဆင်သောအ၀တ်မဟုတ်၊ ၀ိညာဥ်ပိုင်းအ၀တ်ဖြစ်သည်။ အာဒံနှင့်ဧ၀တို့အပြစ် ကျူးလွန်သောအခါ၊ မျက်စိပွင့်လင်း၍၊ မိမိတို့၌အ၀တ်အချည်းစည်းရှိသည်ကိုမြင်လျှင်၊ မိမိတို့၀တ်ရန်ဘို့ သင်္ဘောသဖန်းပင်အရွက်တို့ကိုချုပ်စပ်၍၊ ခါးစည်းကိုလုပ်ကြ၏။ (က ၃:ရ)။ သို့သော်သစ်ရွက်သည်ကြာရှည်ခံမည် မဟုတ်။ ထို့ကြောင့်ဘုရားသခင်က၊ သားရေကိုပေးသည်။ ထိုသားရေရဘို့ရန်တိရစ္ဆာန်သတ်ဘို့လိုသည်။ ထိုသို့သတ်လျှင်အသွေးထွက်၍ အသက် သေရသည်။ ထို့ကြောင့်လူ့အမြင်၌သားရေအားဖြင့်အပြစ်ဖုံးရသော်လည်း ဘုရားအမြင်၌၊ အသွေးအားဖြင့်ဖုံးသည်။ ထိုတိရစ္ဆာန်၏အသွေးသည်၊ သခင်ယေရှု၏ အသွေးကိုပုံဆောင်သည်။ ဘုရား၏အမြင်၌ လူ၏အပြစ်ကို၊ သခင်ယေရှု၏အသွေးအားဖြင့်၊ ဖုံးသောကြောင့်ရှက်ကြောက်စရာမရှိတော့ချေ။ သို့သော်လူ့အမြင်မှာ၊ သစ်ရွက်သို့မဟုတ်သားရေအားဖြင့်၊ ဖုံးဘို့လိုသည်။ သားရေသည်၀ိညာဥ်တော်အုပ်စိုးခြင်းအားဖြင့် ကျင့်သောအကျင့်၊ သစ်ရွက်သည်ဇာတိအားဖြင့် ကျင့်သောအကျင့်၊ ဟုဆိုနိုင်သည်။ သားရေသည်ဘုရားကပေး၍၊ သစ်ရွက်သည်လူအားဖြင့်ဖြစ်သည်။ လူ့အမြင်၌​ဖြောင့်မတ်ခြင်းသည်၊ အကျင့်အားဖြင့်သာထင်ရှားနိုင်သည် (ယာ ၂:၁၈)။ လူ၏ အကျင့်သည်ခဏကောင်းနိုင်သော်လည်း၊ ကြာရှည်မခံနိုင်ချေ။ သို့သော်၊ ၀ိညာဥ်တော်အားဖြင့်လုပ်ဆောင်သောအရာသည်၊ ကြာရှည်ခံနိုင်သည်။ သာဒိအသင်းတော်ရှိယုံကြည်သူများလည်း၊ ဘုရားအတွက်အသက်ရှင်ကြသော်လည်း၊ ဇာတိအားဖြင့်ဖြစ်သောကြောင့်၊ သခင်ဘုရားရှေ့မှာအ၀တ်ညစ်ညူးစေသောသူများဖြစ်ကြသည်။ ​ကျွန်ုပ်တို့လည်း ဇာတိအားဖြင့်ကျင့်လျှင်၊ အ၀တ်ညစ်ညူးစေသောသူများဖြစ်ကြသည်။ ဇာတိအားဖြင့် ကြိုးစား လုပ်ဆောင်သမျှသည် အပြစ်ပါသည်၊ မသန့်ရှင်းနိုင်ချေ။ အ၀တ်မညစ်ညူး စေသောသူများသည်၊ အနည်းငယ်သာလျှင်ရှိသည်။ လူအများစုသည်၊ သူတို့၏အ၀တ်ကိုညစ်ညူးစေကြသည်။ ထို့ကြောင့်လူနည်းစုဖြစ်သော်လည်း၊ အားငယ်ဘို့ မဟုတ်ချေ။ ထို့နည်းတူ၊ လူများ စု ဖြစ်သောကြောင့် စိတ်ချ ကျေနပ်ဘို့ မဟုတ်။ ဘုရား အလိုတော် အတိုင်း အသက် ရှင်ခြင်း သာလျှင်၊ အဓိက ဖြစ်သည်။ လူသည် အုပ်စုများမှ ကျေနပ် တတ် ကြသည်။ လူနည်းလျှင်၊ မှန်နေလျှင်လည်း မထောက်ခံရဲတတ်ကြချေ။

 

“ထိုသူတို့သည် ထိုက်တန်သောသူ ဖြစ်၍၊ အဖြူ၀တ်လျက် ငါနှင့်အတူ သွားလာကြလိမ့်မည်။” ဖြူသော အ၀တ်သည် သိုးသငယ်၏ အသွေးအားဖြင့်၊ လျှော်ဖွတ်ခြင်း မှရရှိကြောင်း ဗျာရ:၉၊ ၁၄၌ တွေ့ရသည်။ မည်သူမဆို၊ ညစ်ညူးသော အ၀တ်၀တ်သော သူနှင့် မသွားချင် ကြပါ။ သခင်ယေရှုက၊ မိမိ အ၀တ်ကို မညစ်ညူး စေသော သူများ နှင့်၊ အတူ သွားလာဘို့ ပြောထားသည်။ သခင်ယေရှုနှင့်အတူ သွားလာခြင်း ဆိုသည်မှာ၊ သူနှင့်အတူ နေထိုင်ခြင်း ဖြစ်သည်။ နေ့စဥ်​ကျွန်ပ်တို့၏ အသက်တာ၌၊ သခင်ယေရှုနှင့် သွားလာကြပါသလား။ မိမိ အ၀တ်ကို ညစ်ညူး စေလျှင် သို့မဟုတ် အပြစ် ကျူးလွန်လျှင်၊ သခင်ယေရှုက၊ ​ကျွန်ပ်တို့နှင့် သွားလာချင် မှာ မဟုတ်ချေ။ ဇာတိနှင့် အသက် မရှင်၊ သန့်ရှင်းစွာ အသက် ရှင်သော သူများသည်၊ သခင်ယေရှု ကသူနှင့်အတူ သွားလာဘို့ရန်၊ ထိုက်တန်သည်ဟုဆိုသည်။

 

“အောင်မြင်သော သူသည် ဖြူသော အ၀တ်ကို ၀တ်ဆင်လိမ့်မည်။” အောင်မြင်သော သူသည်၊ ဘုရားသခင်ကို ယုံကြည် သောသူ ဖြစ်သည်။ ကျမ်းစာက၊ “ ဘုရားသခင်၏ သားတော် ဖြစ်သော သူမည်သည် ကား၊ လောကကိုအောင် တတ်၏။ လောကကို အောင်ခြင်း အကြောင်းမူကား၊ ငါတို့၏ ယုံကြည်ခြင်း ပေတည်း။”ဟုဆိုထားသည် (၁ ယော ၅:၄)။ အဘယ်ကြောင့်ယုံကြည်သော သူသည်၊ အောင်မြင် သောသူ ဖြစ်နိင်သနည်း၊ ဟူမူကား အရာခပ်သိမ်းကို တတ်စွမ်းနိ်င်သော၊ ဘုရားသခင်ကို အားကိုး ခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် ဘုရားကို ယုံကြည်သော သူသည၊ ်ဖြူသော အ၀တ်ကို ၀တ်ဆင်လိမ့်မည်။

 

၅။ ထိုသူ၏ နာမကို အသက် စာစောင်မှငါသည် အလျှင်း မချေ။ ငါ့ခမည်းတော် ရှေ့၌၎င်း၊ ကောင်းကင်တမန် တော်တို့ ရှေ့၌၎င်း၊ သူ၏ နာမကို ငါ၀န်ခံမည်။

အောင်မြင်သော သူတည်း ဟူသော၊ ဘုရားကို ယုံကြည်သော သူများကို၊ ခရစ်တော် က သူတို့၏ နာမည်ကို၊ အသက် စာစောင်မှ၊ အလျှင်း မချေဟုဆိုထားသည်။ သို့ဖြစ်လျှင် ခရစ်တော်သည်၊ အသက် စာစောင်ထဲ၌ နာမည်သွင်းပြီးသော သူများကို၊ ချေနိင်သလောဟု မေးစရာ ဖြစ်လာသည်။ အောင်မြင်ခြင်း သည်၊ လူ့အစွမ်းအစအားဖြင့် မဟုတ်ပါ။ ဘုရား၏ အစွမ်းအစအားဖြင့် သာလျှင် ဖြစ်သည်။ ထိုအရာကို သိသော ယုံကြည်သူများသည်၊ ကိုယ့်အစွမ်းအစကိုအား မကူူးတော့ချေ။ ထို့ကြောင့် ဘုရားသခင်ကို ယုံကြည် ခြင်းအားဖြင့်၊ အောင်မြင် သောသူ ဖြစ်နေသောကြောင့်၊ သူ၏ နာမည်လည်း ချေစရာ မလိုတော့ချေ။

 

“ငါ့ခမည်းတော် ရှေ့၌၎င်း၊ ကောင်းကင်တမန် တော်တို့ ရှေ့၌၎င်း၊ သူ၏ နာမကို ငါ၀န်ခံမည်။” အောင်မြင်သော သူများကို၊ သခင်ယေရှု ကသူကိုယ်တိုင်၊ သူ၏ ခမည်းတော် ရှေ့နှင့် ကောင်းကင်တမန် များရှေ့၌၊ သူ၏ နာမကို ၀န်ခံမည်ဟုဆိုသည်။ အောင်မြင်သော သူများကို၊ လူများ အထူးသဖြင့် လူကြီး လူကောင်းများ၊ အလွန်များသော ပရိသတ်ရှေ့၌၊ ချီမွမ်းဂုဏ်ပြုလျှင် အလွန်အားရ၊ ကျေနပ် တတ်ကြသည် မဟုတ်လော။ ထိုထက် သာမက၊ ဘုရားသခင်နှင့် ကောင်းကင်တမန် များရှေ့၌၊ ခရစ်တော်ကိုယ်တိုင်ကမိတ်ဆက်ခြင်း၊ ဂုဏ်ပြုခြင်း၊ ၀န်ခံခြင်းသည်၊ မည်မျှဂုဏ်ယူ၊ အားရစရာ ကောင်းမည်နည်း။ ၀မ်းသာလွန်း၍ မျက်ရည်ကျကာ၊ စိတ်အလွန် လှုပ်ရှားပေလိမ့်မည်။

 

၆။ ၀ိညာဥ်တော်သည်၊ အသင်းတော် တို့အား အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသော သူမည်သည် ကား ကြားပါစေ။

ထုံးစံအတိုင်း၊ နားရှိသော သူတိုင်း ကြားဘို့ရန် ပြောထားသည်။ မိတ်ဆွေ၊ သင်သည် ၀ိညာဥ်တော် ကပြောသောအရာ ကို ကြားပါသလား။ မကြားလျှင် အသက်တာ၌ ဘာမျှထူးခြားမည် မဟုတ်။ ဤစာကိုလည်း အရသာခံမည် မဟုတ်။ အနာဂတ်၌လည်း၊ မျှော်လင့်စရာ ရှိမည် မဟုတ်ချေ။

 

အသင်းတော် သမိုင်း၌

သာဒိအသင်းတော်သည် အသင်းတော် သမိုင်း၌၊ အေဒီ ၁၅၁ ရမှ ၁ ရ၀၀ခန့်အထိ၊ အတွင်းကို ပုံဆောင်သည်။ အထက် ကပြောထားသည့်အတိုင်း၊ သွာတိရအသင်းတော် ခေတ်တည်း ဟူသော၊ အမှောင်ခေတ် သို့မဟုတ် ရောမအသင်းတော် ခေတ်၌၊ ကယ်တင်ခြင်းနှင့် သမ္မာတရား၊ မဟော မပြောချေ။ ထို့ထက်၊ ကုသိုလ်ကောင်းမှုနှင့် အလှူငွေပေးခြင်း၊ အကျင့်ကျင့် ခြင်းအားဖြင့်၊ ကောင်းကင် နိင်ငံ၀င်ဘို့ သင်ပေး ကြသည်။ သမ္မာတရား သွန်သင်ပေးသော သူများကို၊ နှိပ်စက်ညှင်းဆဲ၍ သတ်ဖြတ် ကြသည်။ သို့သော်၊ ဘုရားသခင်က၊ အသင်းတော်ကို ပစ်မထားဘဲ၊ အမှောင်ခေတ်ကို ကုန်စေ၍ မိုဃ်းလင်း စေခဲ့သည်။ မာတင်လူသာဦးဆောင်၍၊ ယုံကြည်ခြင်းအားဖြင့် ​ဖြောင့်မတ်ခြင်းရရှိနိင်ကြောင်းကို၊ ကြွေးကြော်သင်ပေး ကြသည်။ ထိုအခါ စာတန်လည်း အငြိမ်မနေဘဲ၊ ညှင်းဆဲနှိပ်စက်ခြင်း ပြုလုပ်သည်။ အစပိုင်း၌ ယုံကြည်ခြင်းကြောင့် တော် လှန်ရေး ပြုလုပ် ကြသော်လည်း နောက်ပိုင်း၌၊ ယုံကြည်ခြင်းကြောင့် မဟုတ်ဘဲ၊ ရောမအသင်းတော် အပေါ်မကျေနပ်၍သော်၎င်း၊ မွေးဘွားလာသော သားသမီး များလည်း ယုံကြည်ခြင်း မှန်မရှိဘဲ အ​ခြေအနေအရပါလာသောကြောင့်၎င်း၊ အသစ်စတင်သော အသင်းတော်၌၊ အသက် မရှိဘဲ၊ ဇာတိအားဖြင့် လှုပ်ရှား သူများ၊ များပြားလာသည်။

 

သာဒိဟူသော စကား လုံးသည်၊ ‘ လွတ်မြောက်သူ’ဟု အဓိပ္ပါယ်ရ သကဲ့သို့၊ ရောမအသင်းတော်မှ လွတ်မြောက်ခြင်းရပြီဟု၊ စိတ်ချလွန်သောကြောင့်၊ သူတို့၌ ကယ်တင်ခြင်းသို့ ရောက်မရောက်ကို ပင်၊ ဂရုမစိုက်နိင်ကြတော့ချေ။ သာဒိိမြို့သည်၊ ကမ္ဘားပေါ်၌ တည်ဆောက်သောကြောင့် လုံခြုံမှု စိတ်ချလွန်ခဲ့ကြ သကဲ့သို့၊ အသစ်စတင်လာသော အသင်းတော် အထဲ၌ ပါ၀င် သူများသည် လည်း၊ သူတို့၏ လွတ်မြောက်ခြင်း အပေါ်စိတ်ချလွန်၊ အားရလွန်သောကြောင့်၊ သူတို့၏ ကယ်တင်ခြင်း အတွက် ပင်လျှင်၊ ဂရုမစိုက်နိင်ကြတော့ချေ။ သာဒိိမြို့သားများ၊ ရန် သူများ ကဝိုင်းထားစဥ်တွင် ပင်၊ နှစ်ခြိုက်စွာ အိပ်ပျော်ခဲ့ကြ သကဲ့သို့၊ သာဒိအသင်းတော် ခေတ်၌လည်း၊ ၀ိညာဥ်ပိုင်း၌ နှစ်ခြိုက်စွာ အိပ်ပျော် နေကြသည်။ သာဒိမြို့ကင်းစောင့်များ အိပ်ပျော်ခဲ့ကြ သကဲ့သို့၊ အသင်းတော် သစ်ကြည့်ရှုသူခေါင်းဆောင်များလည်း၊ အိပ်ပျော် နေကြသည်။ ထို့ကြောင့် သခင်ယေရှုက၊ အသက် ရှင်ဟန်ရှိသော်လည်း၊ သေနေသည်ဟုဆိုရခြင်း ဖြစ်သည်။

 

ကျွန်ုပ်တို့၏ အသင်းတော် လည်း၊ ထိုကဲ့သို့သော အသင်းတော် ဖြစ်ပါသလော။ အသင်းတော် အဟောင်းများ၊ ကြီးမားသော အသင်းတော်များ၊ အိပ်စက်ကုန်ကြသောကြောင့်၊ အသင်းတော် အသစ်များ၊ ဘုရားသခင်က တည်ထောင်သည်။ ထိုအသင်းတော် အသစ်များသည် အစပိုင်း၌၊ လှုပ်လှုပ်ရှားရှားဖြင့် အသက် ရှင်ခြင်း လက္ခာရှိတတ်သော်လည်း၊ နောက်ပိုင်း၌၊ ယခင်အသင်းတော်များကဲ့သို့ အိပ်ပျော်၍၊ သေ နေကြကြောင်း၊ များစွာ တွေ့မြင်နေရသည်။ ထို့ကြောင့် သခင်ယေရှုက၊ သာဒိအသင်းတော် ထံပို့သော စာသည်၊ ​ကျွန်ပ်တို့ အသင်းတော် ထံပို့သောစာ ဖြစ်သည်ဟု၊ ခံယူလျက် အသင်းအုပ်ဆရာမှစ၍၊ အသင်းတော် လူကြီးများ၊ အသင်းသား အားလုံး၊ အိပ်မပျော်ဘဲ သတိထားဘို့ လိုသည်။ အိပ်ပျော်ပြီး၊ အိပ်မက်မက်နေချိန် မဟုတ်ပါ။ အမှန်တကယ် နိုးကြား၍၊ အသက် ရှင်လှုပ်ရှားဘို့ ဖြစ်သည်။

 

မေးခွန်းများ

 

၁။ သာဒိမြို့သည် —————သော မြို့ ဖြစ်သကဲ့သို့၊ သာဒိအသင်းတော်လည်း —————လွန်သော အသင်းတော် ဖြစ်သည်။

၂။ သာဒိအသင်းတော်သည် ——————–ဟန်ရှိသော်လည်း ————————-နေသည်။

၃။ ဤအသင်းတော်ကို သခင်ယေရှုက၊ ဘာချီမွမ်းသနည်း။ ————————-

၄။ သာဒိအသင်းတော်သည် အဘယ်ကြောင့်နှိပ်စက်ခြင်း မခံရသနည်း။ —————————————————————————

၅။ အိပ်ပျော်နေသော အသင်းတော်များအဘယ်ကြောင့်မအောင်မြင် ကြသနည်း။ ——————————————————————-

၆။ ခရစ်တော်က၊ သူခိုးကဲ့သို့ ငါလာမည်၊ ဟူသောအရာ သည် ဘာကို ဆိုလိုသနည်း။ ————————————————

ရ။ ဘုရားသခင်သည် သူ့အတွက်၊ လူအနည်းငယ်ရှိနေတတ်ပါသလား။ ဥပမာပေးပါ၊ ———————————-

၈။ သာဒိအသင်းတော်သည် အ၀တ်အချည်းစည်း ဖြစ်ခြင်းသည်ကိုယ်ခန္ဓာပိုင်းလော၊ ၀ိညာဥ်ပိုင်းလော။ ————————

၉။ လူ၏ အပြစ်ကို ဘုရား အမြင်၌ ဘာအားဖြင့် သာဖုံးနိင်သနည်း။ ————————————————–

၁၀။ သစ်ရွက်သည် —————————————-ကို ပုံဆောင်၍၊ သားရေသည် —————————————————ကို ပုံဆောင်သည်။

၁၁။ လူသည် အုပ်စုနည်းလျှင် သမ္မာတရားကို ထောက်ခံရဲတတ်သလော။ ————————————————–

၁၂။ သခင်ယေရှုသည် မည်သူတို့နှင့် သာသွားလာချင် သနည်း။ ————————————————–

၁၃။ အောင်မြင်သော သူသည် အဘယ်သူ နည်း။ ————————————————–

၁၄။ အောင်မြင်သော သူကို အသက် စာစောင်စာရင်းမှချေမည်လော။ ————————————————–

၁၅။ ခရစ်တော်က၊ မည်သူရှေ့၌ ၀န်ခံမည်ဟု ုဆိုသနည်း။ ————————————————–

၁၆။ သာဒိအသင်းတော်သည် အသင်းတော် သမိုင်း၌၊ အေဒီ—————–မှ—————ခန့်အထိ ပုံဆောင်သည်။ ၁

ရ။ အဘယ်ကြောင့်အသင်းတော်၌ အသက် မရှင်ဘဲ ပါလာကြသနည်း။ ——————————————————————————————

၁၈။ သာဒိဟူသောအရာ ၏ အဓိပ္ပါယ်သည် —————————— ဖြစ်သည်။

၁၉။ သာဒိအသင်းတော်သည် အဘယ်ကြောင့် အိပ်ပျော်သနည်း။ ———————————————————— ————–

၂၀။ သင်နှင့် သင်၏ အသင်းတော်သည် နှစ်ချိုက်စွာ အိပ်ပျော် နေကြပါသလား။ ———————————————

.

 

ဗျာဒိတ်ကျမ်း ၃ (၃:ရ- ၁၃)

 

အမှုဆောင်သော ဖိလဒေလဖိအသင်းတော်

 

နောက်ခံသမိုင်း

ဖိလဒေလဖိမြို့သည်၊ လုဒိပြည် မြို့ကြီး ဖြစ်၍ သာဒိမြို့၏ အရှေ့ဘက် ၂၈ မိုင်တွင် တည်ရှိသည်။ ပေရဂံဘုရင်အာတာလတ်ဖိလ​ဒေလဖတ်စ (Attalus Philadelphus) ကတည်ထောင်သော မြို့ ဖြစ်၍ သူ့နာမည်နှင့် မှည့်သော မြို့ ဖြစ်သည်။ နာမည်၏ အဓိပ္ပါယ်သည် ညီအစ်ကို ချစ်ခြင်း ဟူ၍ ဖြစ်သည်။ ဤမြို့သည် ရောမမြို့၏ အရှေ့ဘက်လမ်းမပေါ်တွင် တည်ရှိသောကြောင့်၊ အရေးကြီးသော မြို့ ဖြစ်သည်။ ဤမြို့သည် ဖြူဂိပြည်၌ ဂရိတ်စကားနှင့် ယဥ်ကျေးမှု ဖြန့်ဖြိုးသော နေရာ ဖြစ်သည်။ အေသင်မြို့ငယ်လေးဟုလည်း ခေါ်သည်။ အကြောင်းမှာ ရုပ်တုဘုရား ကျောင်းများစွာ ရှိသည်။ ဤမြို့၏ ပြသနာမှာ၊ မကြာခဏမြေငလျှင် လှုပ်ခြင်း ဖြစ်သည်။ ဘီစီ ၁ ရခုနှစ်လှုပ်သော ငလျှင်က၊ ဤမြို့ကို များစွာ ပျက်စီးစေသည်။ ထို့ကြောင့် လူများ ဤမြို့မှပြောင်းရွှေ့ကြကာ၊ မပြန်လာရဲသော သူများ များစွာရှိသည်။ ဖိလိ​ေဒလဖိအသင်းတော်ကို မည်သူကမည်သည့်အချိန်တွင် တည်ထောင်သည်ကို မသိနိင်ချေ။ ဤအသင်းတော်သည်၊ အကောင်းဆုံး ဖြစ်၍၊ ယေရှုခရစ် ကအပြစ် တင်ခြင်း လုံး၀မရှိချေ။

 

သခင်ယေရှု ကမိတ်ဆက်ပုံ

ရ။ ဖိလဒေလဖိမြို့၌ ရှိသော အသင်းတော်၏ တမန်ကို၊ ဤသို့ ရေး၍ မှာလိုက်လော့။ သန့်ရှင်းသော သူ၊ ဟုတ်မှန်သောသူ၊ ဒါ၀ိဒ်မင်း၏ တံခါးသော့ကိုကိုင်သောသူ၊ အဘယ်သူ မျှမပိတ်နိုင်အောင် ဖွင့်၍၊ အဘယ်သူ မျှမဖွင့်နိုင်အောင် ပိတ်သော သူ၏ အမိန့်တော်ကား၊

သခင်ယေရှု ကအသင်းတော်များနှင့် ကိုက်ညီအောင်၊ သူ့ကိုယ်သူမိတ်ဆက်တတ်သည်ကို သိခဲ့ကြပြီး ပြီ။ ဖိလဒေလဖိအသင်းတော်၌ ခရစ်တော် က“ သန့်ရှင်းသော သူ၊ ”ဟု သူ့ကိုယ်သူမိတ်ဆက်သည်။ သန့်ရှင်းခြင်းသည် ဘုရား၏ ဂုဏ် ဖြစ်သည်။ ထို့ကြောင့် ခရစ်တော် ကသူသည်၊ ဘုရား ဖြစ်ကြောင်းကို ဖေါ်ပြသည်။ သခင်ယေရှုသည် အပြစ် မရှိဟု (၁ ကော ၅:၂၁၊ ဟေ ၄:၁၅၊ ရ:၂၆၊ ၁ ပေ ၂:၂၂၊ ၁ ယော ၃:၅) များ၌ တွေ့မြင်နိင်သည်။ ခရစ်တော် ကအဘယ်ကြောင့်“ဟုတ်မှန်သော သူ”ဟု သူ့ကို သူဆိုသနည်းဟူမူကား၊ ဘုရား အတုများ လွန်းသောကြောင့် ဖြစ်သည်။ သို့သော် ထိုဘုရား အတုများသည် အစစ် မဟုတ်၊ အတုများ သာလျှင် ဖြစ်၍၊ ဖန်ဆင်းထားသောအရာ များ ဖြစ်သည်။ သူမူကား ဖန်ဆင်းရှင် ဖြစ်၍ စစ်မှန်သော ဘုရား ဖြစ်သည်။

 

“ဒါ၀ိဒ်မင်း၏ တံခါးသော့ကိုကိုင်သောသူ၊ အဘယ်သူ မျှမပိတ်နိုင်အောင် ဖွင့်၍၊ အဘယ်သူ မျှမဖွင့်နိုင်အောင် ပိတ်သော သူ၊ ” ဒါ၀ိဒ်မင်း၏ တံခါးသော့ကိုကိုင်သော သူအကြောင်း သိဘို့ရန်၊ ဟေရှာယ ၂၂:၁၅-၂၅ကို ကြည့်ဘို့ လိုသည်။ ထာ၀ရ ဘုရားသည်၊ ဒါ၀ိဒ်မင်းမျိုး၏ နန်းတော် အုပ်ရှေဗန အပေါ်၌ စိတ်တော် မတွေ့သောကြောင့်၊ သူ့ကို နန်းတော် အုပ်ရာထူးမှနှုတ်၍ သူ၏ နေရာ၌ ဧလျာကိမ်ကို ခန့်ထားမည့် အကြောင်း ဤသို့ ရေးထားသည်၊ “ကောင်းကင် ဗိုလ်​ခြေသခင်အရှင်ထာ၀ရ ဘုရား မိန့်တော်မူသည်ကား၊ ဘဏ္ဍာတော် စိုး၊ နန်းတော် အုပ်ရှေဗနအိမ်သို့ သွားပြီးလျှင်၊ မြင့်သော အရပ်၌ကိုယ်သင်္ချိုင်းတွင်းကို ထွင်း၍၊ ကိုယ်နေရာကို ကျောက်၌ ထုလုပ်သော သူသင်သည်၊ ဤအရပ်၌ သင်္ချိုင်းတွင်း ကိုကိုယ်အဘို့ ထွင်းစေခြင်းငှါ၊ ဤအရပ်နှင့် အဘယ်သို့ ဆိုင်သနည်း။ ထာ၀ရ ဘုရားသည် ပြင်းစွာသော နှင်ထုတ်ခြင်း ဖြင့် သင့်ကို နှင်ထုတ် တော်မူ လိမ့်မည်၊၊ သင့်ကို အမှန်ကိုင်ဘမ်း၍၊ တလိမ့်လိမ့်လိှမ့်လျက်၊ လောက်လွှဲစာကဲ့သို့ ကျယ်သော ပြည်သို့ ပစ်လိုက် တော်မူ လိမ့်မည်၊၊ သင်သည် ထိုပြည်၌ သေရလိမ့်မည်၊၊ ထိုပြည်၌လည်း သင်၏ ကြက်သရေရထားတို့သည်၊ သင့်အရှင်၏ အမျိုးအရှက်ကွဲစရာ ဖြစ်ရကြလိမ့်မည်၊၊ ငါသည်လည်း သင်၏ အရာကို နှုတ်မည်၊၊ သင်၏ နေရာမှသင့်ကို ချမည်၊၊ ငါ့​ကျွန်၊ ဟိလခိ၏သား ဧလျာကိမ်ကို ငါခေါ်၍၊ သင်၏ ၀တ်လုံနှင့် ၀တ်ဆင်စေမည်၊၊ သင်၏ ခါးစည်းနှင့် ချီးမြှောက်၍၊ သင်၏ အစိုးရသော အခွင့်ကို အပ်ပြီးလျှင်၊ သူသည် ယေရုရှလင် မြို့သူ၊ ယုဒအမျိုးသား တို့၏ အဘ ဖြစ်လိမ့်မည်၊၊ ဒါ၀ိဒ်မင်းမျိုး၏ တံခါးသော့ကို သူ၏ ပခုံးပေါ်မှာ ငါတင်ထားသဖြင့်၊ သူသည် အဘယ်သူ မျှမပိတ်နိုင်အောင် ဖွင့်လိမ့်မည်၊၊ အဘယ်သူ မျှမဖွင့်နိုင်အောင် ပိတ်လိမ့်မည်၊၊ မြဲသော အရပ်၌ စွဲသော တံစို့ကဲ့သို့ သူ့ကို ငါစွဲစေမည်၊၊ ”ဟုဆိုခဲ့သည် (ဟေရှာ ၂၂:၂၀- ၂၂)။ ဘုရားသခင်က ရှေဗနအစားဧလျာကိမ်ကို၊ နန်းတော်နှင့် ပတ်သက်၍ စီမံခန့်ခွဲရသော အခွင့်အာဏာကို ပေးလိုက်သည်။ ထို့နည်းတူ၊ သခင်ယေရှုလည်း ဒါ၀ိဒ်၏သော့ကို ပိုင်သည်။ သူကဖွင့်လျှင် အဘယ်သူ မျှမပိတ်နိင် သကဲ့သို့၊ သူကပိတ်လျှင် အဘယ်သူ မျှမဖွင့်နိင်ချေ။ ဧလျာကိမ်ပိုင်မည့်သော့သည်၊ နန်းတော် အထဲ၌ ရှိသော ပစ္စည်းများအတွက် ဖြစ်သည်။ သခင်ယေရှု ပိုင်သောသော့သည် မည်ကဲ့သို့သော သော့ ဖြစ်မည်နည်း။

 

ချီးမွမ်းခြင်း

၈။ သင်၏ အကျင့်ကို ငါသိ၏။ အဘယ်သူ မျှမပိတ်နိုင်သော တံခါးကို သင့်ရှေ့၌ ငါဖွင့်ထားပြီ။ အကြောင်းမူကား၊ သင်သည် အနည်းငယ်သော ခွန်အားရှိသည် နှင့်၊ ငါ၏ နှုတ်ကပတ်ကို စောင့်ရှောက်ခဲ့ပြီ။

“သင်၏ အကျင့်ကို ငါသိ၏။” မြန်မာကျမ်းစာ၌ ‘အကျင့်’ဟူသောအရာ သည် ‘အလုပ်’ကို ဆိုလိုခြင်း ဖြစ်သည်။ ဖိလဒေလဖိအသင်းတော်လည်း အလုပ်လုပ်သော အသင်းတော် ဖြစ်သည်။ သခင်ယေရှု ကသူ၏ ထုံးစံအတိုင်း၊ ဤအသင်းတော်၏ အလုပ်လုပ်ခြင်း ကိုလည်း သိသည်။

 

“အဘယ်သူ မျှမပိတ်နိုင်သော တံခါးကို သင့်ရှေ့၌ ငါဖွင့်ထားပြီ” တံခါးဖွင့်ခြင်း ဆိုသည်မှာ အလုပ်လုပ်စရာ ရှိခြင်းကို ဆိုလိုသည်။ သခင်ယေရှုသည် အသင်းတော်၏ ဦးခေါင်း ဖြစ်သည့်အတိုင်း၊ အသင်းတော်၏ အလုပ်လုပ်စရာ များကို လုပ်ပေးနိင်သည်။ ဖိလဒေလဖိအသင်းတော် အတွက် တရားဟောရာတံခါးကိုလည်း ဖွင့်ထားပေးသည်။ သို့သော် သူဖွင့်ပေးသော အလုပ်ကို သူတို့ လုပ်နိင်ပါ့မလား။

 

“သင်သည် အနည်းငယ်သော ခွန်အားရှိသည်” သခင်ယေရှုကိုယ်တိုင်ကသင်သည် ခွန်အား အနည်းငယ်သာရှိသည်ဟုဆိုသည်။ လူ့အမြင် မှာခွန်အား အနည်းငယ်ရှိခြင်းသည်၊ အလုပ်လုပ်နိင်မည့် အ​ခြေအနေမရှိချေ။ သို့သော် ဘုရား အမြင် ဘက်မှကြည့်လျှင် သာ၍ ကောင်းသည်။ လူ့ဘက်အားကြီးလျှင်၊ ဘုရားကိုအား မကိုး တော့သောကြောင့်၊ ဘာမျှလုပ်ဆောင်နိင်ခြင်း မရှိတတ်ချေ။ မောရှေလည်း အားကြီး လွန်းသောကြောင့် လူသတ် ဖြစ်ခဲ့သည်။ မိဒျန်တော၌ သိုးထိန်း သောအခါ၌ မူ၊ အား မကြီး တော့သောကြောင့် ဘုရားသခင်က၊ ကြီးမားစွာ အသုံးပြုနိင်သည်။ ထို့နည်းတူ၊ ရှင်ပေါလုကလည်း၊ “ငါသည်အား နည်း သောအခါ တန်ခိုးနှင့် ပြည့်စုံလျက် ရှိ၏။” (၂ ကော ၁၂:၁၀) ဟုဆိုခဲ့သည်။ ဖိလဒေလဖိအသင်းတော်၏အား နည်းခြင်းသည် လည်း၊ သူတို့၏ ခွန်အား ဖြစ်သည်။ သင်လည်း ဘုရား၏ အမှုတော် ဆောင်ဘို့ရန်၊ အဘယ်အရာမျှမတတ်ပါ၊ မရှိပါ၊ ခွန်အား မရှိပါဟုဆိုပါသလား။ သင်သည် ဘာမှ မဟုတ်မှန်း၊ အမှန်တကယ် သိလျှင်၊ ဘုရား အမှုတော် ဆောင်ဘို့ရန်၊ သင့်တော် သောသူ ဖြစ်သည်။ သို့သော် လူသည်၊ လိမ်ညာတတ်သောသူ ဖြစ်ကြသည်။ ငါဘာမျှ မသိ၊ မတတ်ဟု နိှမ့်ချတတ်သော်လည်း၊ ဘုရားသခင်က အသုံးပြုလာ သောအခါ ၀ါကြွားတတ် ကြသည်။

 

“ငါ၏ နှုတ်ကပတ်ကို စောင့်ရှောက်ခဲ့ပြီ” ဤအသင်းတော်သည် သူတို့ အကြံအတိုင်း မလုပ်၊ သခင်ဘုရား၏ စကားကို နားထောင်သည်။ လူတိုင်းကိုယ်အကြံကို ကြိုက်နှစ်သက်တတ် ကြသည်။ အသိဆုံး၊ အတတ်ဆုံး ဖြစ်ချင် တတ် ကြသည်။ ဘုရားသခင်ထက် ပင်လျှင် တတ်စွမ်း ကြသည်။ ထိုအရာသည် လူ၏အား နည်းချက်နှင့် ပြသနာ ဖြစ်သည်။ ဘုရား စကား နားထောင် လိုက်လျှင် အကောင်းဆုံး ဖြစ်သည်။ ရှောလုမင်း၊ ဘုရား စကား နားမထောင်ဘဲ သူ့ သဘောနှင့် ယဇ်ပူဇော်ခဲ့သောကြောင့်၎င်း (၁ရာ ၁၃)၊ ရှင်းရှင်းဖျက်ဆီးရမည့် အာမလက်မင်းနှင့်၊ ဆူဖြိုးသော သိုးနွားများကို ယူဆောင်လာသောကြောင့်၎င်း (၁ရာ ၁၅)၊ ဘုရား အမြင်၌ ကြီးစွာသော အပြစ် ရှိ၍၊ ဘုရား၏ စိတ်တော်နှင့် မတွေ့သောကြောင့်၊ ရှင်ဘုရင်အရာမှပယ်ခြင်း ခံခဲ့ရသည်။ ဘုရား၏ အသိအမှတ်ပြုခြင်း မခံဘဲ ၃၈ နှစ်မင်းပြုသော်လည်း စိုးရိမ်ခြင်း၊ ကြောက်ခြင်းဖြင့် အသက် ရှင်ခဲ့ရသည်။ ​ကျွန်ပ်တို့ လည်း၊ ရှောလုမင်းကဲ့သို့ ဘုရား စကား ပယ်ကြပါသလား။ ကိုယ့်ဥာဏ်ကို အမှီပြုကြပါသလား။

 

၉။ ငါ၏ နာမကိုလည်း မစွန့်မပယ်။ ယုဒလူ ဖြစ်ယောင်ဆောင်၍ အမှန် မဟုတ်ဘဲ၊ မုသာစကားကို ပြောသော သူတည်း ဟူသော၊ စာတန်၏ အပေါင်းအသင်း၀င်သူအချို့တို့ကို သင်၌ ငါအပ်ပေးမည်။ သူတို့သည် လာ၍ သင်၏ ​ခြေရင်း၌ ပြပ်၀ပ်စေခြင်း ငှါ၎င်း၊ ငါသည် သင့်ကို ချစ်သည်ဟု သိစေခြင်း ငှါ၎င်းငါပြုမည်။

“ငါ၏ နာမကိုလည်း မစွန့်မပယ်” သခင်ယေရှု၏ နာမတော်သည် တန်ခိုးကြီး၍၊ နတ်ဆိုးများ ကအလွန် ကြောက် ကြသည်။ သို့သော် သူ့ကို မယုံကြည်သူများက၊ ယေရှု၏ နာမကို ဂရုမစိုက်ကြချေ။ မယုံကြည်သူများကြား၌ သခင်ယေရှု၏ နာမကို ချီးမွမ်းဘို့ရန် ခက်ခဲတတ်သည်။ အထူးသဖြင့် ရောမရှင်ဘုရင်များကို ကိုး ကွယ်ချိန်ကာလ တွင်၊ သခင်ယေရှု၏ နာမကို ချီးမွမ်းဘို့ အလွန် ခက်ပေလိမ့်မည်။ ယခုမူစလင်နိင်ငံများ၌ သခင်ယေရှုသည်၊ ဘုရား ဖြစ်သည်ဟုဆိုခြင်းသည်၊ အလွန် အပြစ် ကြီးသော ဒိဌိ ဖြစ်သည်။ ဖိလဒေလဖိအသင်းတော်သည်၊ အား အလွန် နည်းသော်လည်း၊ သခင်ယေရှု၏ နာမကို မစွန့်ပယ်ချေ။ သင်သည် ခက်ခဲသော အချိန်၌ သခင်ယေရှု၏ နာမကို ချီးမွမ်းရဲမည်လော။

 

“ယုဒလူ ဖြစ်ယောင်ဆောင်၍ အမှန် မဟုတ်ဘဲ၊ မုသာစကားကို ပြောသော သူတည်း ဟူသော၊ စာတန်၏ အပေါင်းအသင်း၀င်သူအချို့တို့ကို သင်၌ ငါအပ်ပေးမည်။” ထိုခေတ်၌ ယုံကြည်သူများကို နှောက်ရှက်သော သူများသည်၊ ယုဒလူမျိုးများ ဖြစ်ကြသည်။ ယခုခေတ်ဒုတိယ မွေးဘွား သူများကို ပြသနာ ပေးသော သူများသည်၊ နာမည်ခံ ခရစ်ယာန်များဖြစ်ကြ သကဲ့သို့ဖြစ်သည်။ ဇာတိအားဖြင့် ယုဒလူများ ဖြစ်ကြသော်လည်း၊ ၀ိညာဥ်အားဖြင့် ယုဒလူများ မဟုတ်ကြချေ (ရော ၂:၁ ရ- ၂၉)။ ဤလူများက ဘုရားသခင် ဘက်၌ စိတ်အားကြီး ကြသည်။ သို့သော် သမ္မတရားတည်း ဟူသော၊ ဘုရားသခင်၏ အလိုတော်ကို နားမလည် သောကြောင့်၊ မှားယွင်းစွာ စိတ်အားကြီးသည်ဟု ပေါလုကဆိုခဲ့သည် (ရော ၁၀:၁-၃)။ ဤလူများသည် မုသာသုံးသော သူများ ဖြစ်သည်။ သခင်ယေရှု ကယုဒလူများထံ၊ “သင်တို့သည် သင်တို့၏ အဘတည်း ဟူသော မာရ်နတ်မှဆင်းသက်ကြ၏။ သင်တို့ အဘ၏ အလိုသို့လည်း လိုက်တတ်ကြ၏။ မာရ်နတ်သည် ရှေ့ဦးစွာ မှစ၍ လူအသက်ကို သတ်သောသူ ဖြစ်၏။ သူ၌ သစ္စာ တရားမရှိသောကြောင့် သစ္စာ တရား၌ မတည်မနေ။ သူသည် မုသာစကားကို ပြော သောအခါ မိမိ ပကတိအတိုင်း ပြော၏။ မုသာစကား၌ ကျင်လည်သောသူ ဖြစ်၏။ မုသာ၏ အဘလည်း ဖြစ်၏။” (ယော ၈:၄၄) ဟုဆိုခဲ့သည်။ ထို့ကြောင့် သခင်ယေရှု မယုံကြည်သော ယုဒများသည် မုသာသုံးသော သူများ ဖြစ်သည်။

 

“စာတန်၏ အပေါင်းအသင်း၀င်သူ”ဟု မြန်မာကျမ်းစာအုပ်၌ ဆိုသော်လည်း ဂရိတ်ကျမ်းစာ၌ συναγωγῆς အဂ်လိပ်လို (synagogue) ဟု တွေ့ရသည်။ မြန်မာလိုဘာသာပြန်ပါက၊ “စာတန်၏ တရားစရပ်” ဖြစ်သည်။ ယုဒလူမျိုးများ ဗာဗုလုန်​ကျွန်ခံချိန်တွင် ယေရုရှလင် ဗိမာန်တော် မရှိတော့သည် သာမက၊ တိုင်း တပါး၌ နေကြသောကြောင့် ဗိမာန်တော် အစား၊ ဘုရား၀တ်ပြုဘို့ရန် နှင့် ကျမ်းစာ ဖတ်ဘို့ရန် တရားစရပ်များကို ဆောက်လုပ် ကြသည်။ ထို့ကြောင့် တရားစရပ်သည် ဘုရားသခင်နှင့် ဆိုင်သော အဆောက်အဦး ဖြစ်သည်။ ထို့နည်းတူ၊ စာတန်၏ တရားစရပ်သည်၊ စာတန်နှင့် ဆိုင်သောအရာ ဖြစ်သည်။ ရှင်ပေါလုကကောရိန်သုမြို့ယုံကြည်သူများထံ၊ “အဘယ်သို့ နည်း။ သင်တို့ကိုယ်ခန္ဓာသည် ဘုရားသခင် ပေးသနား တော်မူသော၊ ၀ိညာဥ်တော် တည်း ဟူသော၊ သင်တို့ အထဲ၌ ကျိန်း၀ပ်၍၊ သန့်ရှင်းသော ၀ိညာဥ်တော်၏ ဗိမာန် ဖြစ်ကြောင်းကို၎င်း၊ မိမိတို့ကို မိမိတို့ မပိုင်ကြောင်းကို၎င်း၊ မသိကြသလော။” (၁ ကော ၆:၁၉) ဟုဆိုခဲ့သည်။ ထို့ကြောင့် စာတန် စရပ်များ လည်း၊ စာတန် ကျိန်း၀ပ်သော သူများ ဖြစ်ကြသည်။ ယုံကြည်သူများအထဲ၌ သန့်ရှင်းသော ၀ိညာဥ်တော် ကျိန်း၀ပ် သကဲ့သို့၊ ယုဒလူများ အထဲ၌လည်း စာတန် ကျိန်း၀ပ်သည်။

 

“သူတို့သည် လာ၍ သင်၏ ​ခြေရင်း၌ ပြပ်၀ပ်စေခြင်း ငှါ၎င်း၊ ငါသည် သင့်ကို ချစ်သည်ဟု သိစေခြင်း ငှါ၎င်းငါပြုမည်။” ဖိလဒေလဖိအသင်းတော်ကို ယုဒလူများ ကဖျက်ဆီးနေသော်လည်း၊ သခင်ယေရှု က သူတို့၏ ​ခြေရင်း၌ ပြပ်၀ပ်စေဦးမှာ ဖြစ်သည်။ ဆိုလိုသည် မှာယုဒလူများသည် ယုံကြည်သူများ၏ လက်အောက်၌ ရှိကြဦးမည်။ မည်မျှငြိမ်သက်၍ ကျေနပ်စရာ ကောင်းသနည်း။ ထိုအခါ သခင်ယေရှု ကယုံကြည်သူများကို၊ အဘယ်မျှလောက်ချစ်သည်ကို သိကြလိမ့်မည်။ သင်သည် သခင်ယေရှုကြောင့်၊ ညှင်းဆဲနှိပ်စက်ခြင်း ခံဘူးပါသလား။ စိတ်မပျက်နှင့်၊ သခင်ယေရှု ကသင့်ကို နှိပ်စက်ညှင်းဆဲနှိပ်စက်သော သူများကို၊ သင်ရှေ့၌ ပြပ်၀ပ်စေဦးမည့် အရာကို သိခြင်းဖြင့် ပို၍ ပင်သနားပါ။ ယောသပ်လည်း သူ့အကိုများကရောင်းစားခဲ့သော်လည်း၊ သူ့ရှေ့၌ ပြန်လည်ပြပ်၀ပ်ကြသည်ကို သတိရကြစို့။ ​ကျွန်ပ်တို့ကိုယ်တိုင်ခလဲ့စားချေစရာ မလိုပါ။

 

၃:၁၀။ သင်သည် ငါ၏သည်း ခံခြင်းနှင့် စပ်ဆိုင်သော နှုတ်ကပတ်တရားကို စောင့်ရှောက်သောကြောင့်၊ မြေကြီး အပေါ်၌ နေသော သူတို့ကို စုံစမ်း စေခြင်းငှါ၊ လောကီနိုင်ငံအရပ်ရပ်တို့ကို နှံ့ပြားလတံ့သော စုံစမ်းရာကာလ တွင်၊ သင့်ကို ငါစောင့်ရှောက်မည်။

ဤစုံစမ်းခြင်း သည် ဖိလိ​ေဒလဖိအသင်းတော်၌ သာရောက်ရှိမည် မဟုတ်၊ တကမ္ဘာလုံး၌ ရောက်ရှိမည့် အရာ ဖြစ်သည်။ သို့သော် တကမ္ဘာလုံးခြုံ၍ စုံစမ်းခြင်း သည် မရောက်ဘူးသေးချေ။ ထို့ကြောင့် ဤစုံစမ်းခြင်း သည် ရှေ့အနာဂါတ်မှာရှိသေးကြောင်း ထင်ရှားသည်။ များမကြာမှီ သန့်ရှင်း သူများ ချီဆောင်ခြင်း ဖြစ်၍၊ ထို့နောက်ဗျာ ၆မှ ၁၈တွင် ဖေါ်ပြထားသော ဘေးဒဏ်ကြီး ကာလ၊ ရောက်ရှိမည်။ ထိုအချိန်ကို ဆိုလိုခြင်း ဖြစ်သည်။ အချို့သော သူများက၊ စုံစမ်း ခက်ခဲခြင်းသည်၊ ခေတ်အဆက်ဆက်၌၊ ယုံကြည်သူ အချို့တို့က၊ ခံစား ကြပြီ။ ထို့ကြောင့် သီးသန့်၊ ရှေ့အနာဂတ်မှာရောက်စရာ၊ မရှိတော့ပါဟုဆို ကြသည်။ မှန်ပါသည်၊ ယုံကြည်သူများစွာ တို့သည်၊ အသင်းတော် စတင်ချိန်မှစ၍၊ ညှင်းဆဲနှိပ်စက်ခြင်းများခံစားရပြီ။ သို့သော် တကမ္ဘာလုံးမခံစားရသေးချေ။ ထိုမျှသာမက၊ ယနေ့ တိုင်အောင် ခံစား သော၊ စုံစမ်းခြင်း သည်၊ ယုံကြည်သူများ၌ သာ ဖြစ်၍၊ မယုံကြည်သူများမပါချေ။ ဗျာ ၆-၁၉၌ ဖေါ်ပြသော စုံစမ်းခြင်း သည်၊ ယုံကြည်သူများသာမက၊ မယုံကြည်သူများ၊ တကမ္ဘာလုံးရှိ လူသားများကခံစား မှာ ဖြစ်သည်။ ထို့ကြောင့် ဘေးဒဏ်ကြီး ကာလသည်၊ ရှေ့အနာဂတ်မှာရှိသေးကြောင်း ထင်ရှားသည်။

 

အချို့သော သူများက၊ အသင်းတော်သည်၊ ဘေးဒဏ်ကြီး ကာလ၌ ပါ၀င်သော်လည်း၊ ဒံယေလ၏ သူငယ်ချင်းသုံးယောက်၊ မီးဖုိထဲမှဘုရားက ကယ်တင် သကဲ့သို့၊ ကယ်တင်မည်ဟုဆို ကြသည်။ ဆိုလိုသည်မှာ၊ ချီဆောင်ခြင်းသည်၊ ဘေးဒဏ်ကြီး ကာလ၏ အလယ်၊ သုံးနှစ်ခွဲအချိန်တွင် ဖြစ်မည်။ အကြောင်းမူကား၊ ခရစ်တော်သည် နောက်ဆုံးသော တံပိုးမှုတ် သောအခါ၊ ရောက်လာမည် (၁ ကော ၁၅:၅၂) ဟုဆိုသောကြောင့်၊ နောက်ဆုံးသော တံပိုးမှုတ်ခြင်းသည် ဗျာ ၁၁:၁၅ မှာ ဖြစ်သည်။ ထိုတံပိုးမှုတ် သောအခါ၊ ဤလောက တနိင်ငံလုံးသည် ခရစ်တော်၏ နိင်ငံ ဖြစ်မည်ဟုဆိုသောကြောင့်၊ ထိုအချိန်၌ ချီဆောင်ခြင်း ဖြစ်၍၊ အသင်းတော်လည်း ဘေးဒဏ်ကြီး ကာလ၏ ပဌမ ပိုင်း၊ သုံးနှစ်ခွဲခံစား ဦးမည်ဟုဆိုသည်။

 

သို့သော် ဖိလဒေလဖိအသင်းတော် ထံ၌ ခရစ်တော်က၊ စုံစမ်းရာအထဲမှဟု မဆိုဘဲ၊ စုံစမ်းရာကာလ မှ၊ ဟုဆိုသောကြောင့်၊ ဘေးဒဏ်ကြီး ကာလ အတွင်း မှ မဟုတ်ဘဲ၊ ဘေးဒဏ်ကြီး ကာလမှ ကယ်တင်မှာ ဖြစ်သည်။ လောတနှင့် မိသားစု၊ သော ဒုံမြို့ အပေါ်မီးမိုဃ်းမရွာမှီ ကယ်တင်ခဲ့ သကဲ့သို့ဖြစ်မည်။ ထိုအပြင်ပေါလုက၊ “အမျက်တော်ကို ခံစေခြင်းငှါ၊ ဘုရားသခင်သည်၊ ငါတို့ကို ခန့်ထား တော်မူသည် မဟုတ်။ ငါတို့ သခင်ယေရှုခရစ် အားဖြင့်၊ ကယ်တင်ခြင်းကို ပိုင်ရစေခြင်းငှါ၊ ခန့်ထား တော်မူ၏။” (၁ သက် ၅:၉) ဟု ရေးထားသည်။ ဘေးဒဏ်ကြီး ကာလသည်၊ ဘုရားသခင်၏ အမျက်တော်၊ ဤလောကသို့ သွန်းလောင်းခြင်း ဖြစ်သည်။ ဘုရားသခင်သည်၊ သူ၏ သားသမီး များကို၊ အမျက်တော် ခံစား စေမည် မဟုတ်။ ထိုအပြင်၊ ဗျာ ၁မှ ၃တွင် အသင်းတော်၊ ဟူသော စကား လုံး၁၉ ကြိမ်တွေ့ရသော်လည်း၊ ဗျာ ၄မှ ၁၉ အတွင်း တွင် အသင်းတော် ဟူသော စကား လုံးတခါမှ မတွေ့ရတော့ချေ။ ထို့ကြောင့် အသင်းတော်သည်၊ ဘေးဒဏ်ကြီး ကာလ၌ မရှိတော့မည့် အရာသည်၊ ထင်ရှားလျက် ရှိသည်။ ထိုအပြင်အသင်းတော်၏၊ မင်္ဂလာရှိသော မြော်လင့်ရာသည်၊ သခင်ဘုရား ကြွလာခြင်း ဖြစ်၍ (တိတု ၂:၁၁)၊ ဘေးဒဏ်ကြီး ကာလ မဟုတ်ချေ။ ထို့ကြောင့် ဘေးဒဏ်ကြီး ကာလ မရောက်မှီ၊ ခရစ်တော် ကအသင်းတော်ကို ချီဆောင်ဘို့ ဖြစ်သည်။

 

အချို့သော သူများက၊ အသင်းတော်ကို၊ ဘေးဒဏ်ကြီး ကာလ အဆုံး၌၊ ချီဆောင်မည်ဟုဆိုကြပြန်သည်။ အထက် ကရေးထားသည် အတိုင်း၊ အသင်းတော်သည် အမျက်တော် ခံဘို့ရန် မဟုတ်။ ထို့အပြင်၊ ဘေးဒဏ်ကြီး ကာလ အပြီး၌၊ ခရစ်တော် ကြွလာခြင်းသည်၊ ဤလောကကို အုပ်စိုးဘို့ရန် ရှင်ဘုရင်အဖြစ် ကြွလာမှာ ဖြစ်သည်။ သို့ဖြစ်၍ မည်သည့်အချိန် တွင်၊ ယုံကြည်သူများကို ကောင်းကင်သို့ ခေါ်သွားနိင်မည်နည်း။

 

၁၁။ ငါသည် အလျင် အမြန် လာမည်။ သင်၏ သရဖူကို အဘယ်သူ မျှမယူစေခြင်းငှါ၊ ရခဲ့ပြီးသောအရာ ကို စွဲကိုင်လော့။

“ငါသည် အလျင် အမြန် လာမည်” ခရစ်တော် ကသူသည် အလျှင် အမြန် လာမည်ဟု၊ ဗျာ ၂၂:ရ၊ ၁၂၊ ၂၀၌လည်း ဆိုထားသည်။ သို့သော် သူသည် ထိုသို့ ပြောပြီးမှ၊ နှစ်ပေါင်းနှစ်ထောင် နီးပါးရှိပြီ၊ ယခုတိုင်အောင် မလာသေးပါလား၊ ဟုဆိုနိင်သည်။ ထိုသို့ ဆိုခြင်းသည် အဘယ်အရာကို ဆိုလိုသနည်း။ ခရစ်တော်က၊ နှစ်ပေါင်းနှစ်ထောင်အတွင်းရှိလူသား တိုင်းကို၊ ကြိုတင် ပြင်ဆင် ထားစေချင်သည်။ ပေတရုက၊ “ချစ်သူတို့၊ ထာ၀ရ ဘုရား မှာကာလ တရက်သည်၊ အနှစ်တထောင်ကဲ့သို့၎င်း၊ အနှစ်တထောင်သည် တရက်ကဲ့သို့၎င်း၊ ဖြစ်သည် အရာ တခုကို မမေ့လျော့ ကြနှင့်။ လူအချို့တို့သည်၊ နှေးခြင်းကို မှတ်သည် အတိုင်း၊ ထာ၀ရ ဘုရားသည် ဂတိတော် အရာမှာနှေးတော် မမူ။ ငါတို့တွင် အဘယ်သူ မျှမပျက်စီးဘဲ၊ ရှိသမျှ တို့သည် နောင်တ ရစေခြင်းငှါ အလိုတော် ရှိ၍၊ ငါတို့ ကိုသည်း ခံတော်မူ၏။” (၂ ပေ ၃:၈-၉) ဟု ရေးထားခဲ့ပြီ။ ထာ၀ရ ဘုရားသည်၊ ထာ၀ရအသက် ရှင်သောကြောင့် သူ့အတွက် နှစ်ပေါင်းတထောင်သည်၊ တရက်ကဲ့သို့ဖြစ်သည်။ ထို့ကြောင့် လူအတွက် အနှစ်နှစ်ထောင်သည် အလွန် ကြာ​ေညာင်းသော်လည်း၊ ဘုရားသခင် အတွက်မူ၊ နှစ်ရက်သာရှိသေးသည်။ ထို့အပြင်အဘယ်သူများမပျက်စီးဘဲ၊ ရှိသမျှတို့ (သင်အပါအ၀င်) သည် နောင်တ ရစေခြင်းငှါ အလိုတော် ရှိ၍၊ သင်ကို စောင့်နေခြင်း ဖြစ်သည်။

 

“သင်၏ သရဖူ” ဤသရဖူသည် ဘုရင်ဆောင်းသော သရဖူ မဟုတ်ဘဲ၊ အောင်မြင် သူများ ဆောင်းသော သရဖူ ဖြစ်သည်။ အောင်မြင် သူသည် ပျင်းရိသော သူများ မဟုတ်၊ ကြိုးစားသော သူများ သာလျှင် ဖြစ်တတ်သည်။ ထိုသရဖူကို ရရှိဘို့၊ ယုံကြည်သူ တိုင်း ကြိုးစား သင့်သည်။ “အဘယ်သူ မျှမယူစေခြင်း ငှါ” ပြိုင်ပွဲ၌ အောင်မြင်ခြင်း သရဖူရရှိဘို့ရန် လေ့ကျင့်ရုံနှင့် မရပါ။ ပြိုင်ပွဲပြီးသည် အထိ ကြိုးစား၍ ပြိုင်ဘို့ လိုသည်။ မည်မျှပင် ကြိုးစား ခဲ့သော်လည်း၊ တကယ့်ပြိုင်ပွဲမှာမပါ၀င်၊ သို့မဟုတ် ပေါ့ဆမိပါက၊ သင်ရရှိမည့် သရဖူကို သူတပါးကရရှိသွားမှာ ဖြစ်သည်။ ထို့ကြောင့် အဆုံးတိုင်အောင် ကြိုးစားဘို့ လိုသည်။

 

“ရခဲ့ပြီးသောအရာ ကို စွဲကိုင်လော့” ဤနေရာ၌လည်းရရှိပြီးသောအရာ ကို ဆွဲကိုင်ဘို့ ပြောထားသည်။ ဖိလဒေလဖိအသင်းတော်သည်၊ ဧ၀ံဂေလိဟောပြောသော အသင်းတော် ဖြစ်၍၊ ပျောက်ဆုံးသော ၀ိညာဥ်များ ဖမ်းသော အသင်းတော် ဖြစ်သည်။ ထို့ကြောင့် သူတို့ ရရှိမည့် သရဖူလည်း၊ ၀ိညာဥ်များ ဖမ်းသော သရဖူ ဖြစ်လိမ့်မည်။ ရှင်ပေါလုက၊ “ငါတို့ မြော်လင့်ခြင်း အကြောင်း၊ ၀မ်းမြောက်ခြင်း အကြောင်း၊ ၀ါကြွားခြင်း၏ ဦးရစ်သရဖူကား၊ အဘယ်သို့သော အကြောင်း အရာနည်း။ ငါတို့ သခင်ယေရှုခရစ် ကြွလာ တော်မူ သောအခါ၊ ရှေ့တော်၌ သင်တို့သည် ထိုသို့သော အကြောင်း အရာ ဖြစ်ကြသည် မဟုတ်လော။ သင်တို့သည် ငါတို့၏ ဘုန်းအသရေ၊ ငါတို့၏ ၀မ်းမြောက်ခြင်း အကြောင်း ဖြစ်ကြသတည်း။” (၁ သက် ၂:၁၉-၂၀) ဟု ရေးထားသည်။ ရှင်ပေါလုကသူသည်၊ သက်သာလောနိတ် အသင်းသားများကို၊ ဖမ်းသောကြောင့်၊ သရဖူရရှိမည်ဟုဆိုသည်။ ခရစ်တော်က၊ ရရှိပြီးသောအရာ ကို စွဲကိုင်စေသောကြောင့်၊ အဆုံးတိုင်အောင် ပျောက်ဆုံး၀ိညာဥ်များ ဖမ်းဘို့ လိုသည်။

 

၁၂။ အကြင်သူသည် အောင်မြင်၏၊ ထိုသူကို ငါသည် ငါ၏ ဘုရားသခင့်ဗိမာန်တော်၌ တိုင် ဖြစ်စေမည်။ နောက်တဖန် သူသည် ပြင်သို့ မရွေ့ရ။ ငါ၏ ဘုရားသခင့်နာမတော်ကို၎င်း၊ ငါ၏ ဘုရားသခင့်အထံတော်မှ ထွက်၍၊ ကောင်းကင်ဘုံမှ ဆင်းသက်သော ယေရုရှလင် မြို့သစ်တည်း ဟူသော၊ ငါ၏ ဘုရားသခင့်မြို့တော်၏ နာမကို၎င်း၊ ငါ၏ နာမသစ်ကို၎င်း၊ ထိုသူ အပေါ်၌ ငါသည် အက္ခရာတင်မည်။

“အကြင်သူသည် အောင်မြင်၏” အောင်မြင်ခြင်းကို ဗျာ ၂:ရ၊ ၂၁:ရ၌လည်းရေးထားသည်။ အောင်မြင်ခြင်း သည် ခရစ်တော်အားဖြင့် ဖြစ်ကြောင့်ရှင်ပေါလုကဤသို့ ရေးထားသည်၊ “ငါတို့ သခင်ယေရှုခရစ် အားဖြင့် ငါတို့အား အောင်ခြင်း အခွင့်ကို ပေးတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်သည် ကြီး လှစွတကား။” (၁ ကော ၁၅:၅ရ) ယောဟန်ကလည်း ဤသို့သား ခဲ့ပြီ၊ “ ဘုရားသခင်၏ သားတော် ဖြစ်သော သူမည်သည် ကား၊ လောကကိုအောင် တတ်၏။ လောကကို အောင်ခြင်း အကြောင်းမူကား၊ ငါတို့၏ ယုံကြည်ခြင်း ပေတည်း။” (၁ ယော ၅:၄)။ ထို့ကြောင့် အောင်မြင်ခြင်း သည်၊ ဘုရားကို ယုံကြည်ခြင်းအားဖြင့် သာလျှင် ဖြစ်သည်။

 

“ငါ၏ ဘုရားသခင့်ဗိမာန်တော်” ကောင်းကင် ဗိမာန်တော်၌၊ ဤလောက ကဲ့သို့ ဗိမာန်တော်ကို၊ သစ်သား၊ အုတ်ခဲ၊ ကျောက်များနှင့် ဆောက်တော့မည် မဟုတ်။ ထိုဗိမာန်တော်သည် အစစ် ဖြစ်၍၊ ဘုရားသခင်ကိုယ်တိုင်ဆောက်သည်။ ဘုရားသခင်က ျိန်း၀ပ် တော်မူ ရာနေရာလည်း ဖြစ်သည်။

 

“ထိုသူကို ငါသည် ငါ၏ ဘုရားသခင့်ဗိမာန်တော်၌ တိုင် ဖြစ်စေမည်” တိုင်သည် အိမ်၌ အမာခံ ဖြစ်သည်။ အဆောက်အဦးများသည် တိုင်များ အပေါ်မှီခို၍ ဆောက် ကြသည်။ ထို့ကြောင့် တိုင် ဖြစ်စေခြင်းသည်၊ အဓိကလူ ဖြစ်ခြင်း၊ အမာခံ ဖြစ်ခြင်းကို ဆိုလိုသည်။

 

၁၃။ ဝိညာဉ်တော်သည် အသင်းတော်တို့ အား၊ အဘယ်သို့ မိန့်တော်မူသည်ကို၊ နားရှိသော သူမည်သည် ကား ကြားပါစေ။

ဖိလဒေလဖိအသင်းတော်နှင့် ပတ်သက်သောအရာ များကိုလည်း၊ ၀ိညာဥ်နားရှိသော သူတိုင်း ကြားဘို့ လိုသည်။ သို့မှသာ အတုယူစဆရာရိှမည်။

 

အသင်းတော် သမိုင်း၌

ဖိလဒေလဖိအသင်းတော်သည် အသင်းတော် သမိုင်း၌ ပြန်ကြည့်ပါက၊ အေဒီ ၁ ရ၀၀မှ ၁၉၀၀ခန့်အတွင်းကို ပုံဆောင်သည်။ သာဒိအသင်းတော် ခေတ်၌၊ သေလု နီးပါးရှိသော အသင်းတော်သည်၊ ပြန်လည်ထလာ၍ သခင်ယေရှု ကခွန်အား အနည်းရှိသည်ဟုဆိုသည်။ သေနေသော သာဒိအသင်းတော်၊ ပြန်လည်အသက် ရှင်ခြင်း ဖြစ်၍၊ ဤအသင်းတော် ခေတ်၌ နိုးထမှု အကြီးမား ဆုံး ဖြစ်သည်။ နိုးကြားစေသူ (Revivalist) အမှုတော် ဆောင်များ ပေါ်ပေါက်၍၊ ဤခေတ်၌ လူများစွာ ကယ်တင်ခြင်းသို့ ရောက် ကြသည်။ နာမည်ကြီး အမှု ဆောင်များမှာ၊

 

John Wesley British 1703-1791

George Whitefield, British 1714-1770

Charles Finney, American 1792-1875,

Charles Spurgeon British 1834-1892

D.L. Moody, American 1837-1899

 

တို့ ဖြစ်သည်။

 

သာသနာ ပြုဆရာကြီးများများ

William Carey British 1761-1834 missionary to India, ခေတ်သစ် သာသနာ ပြုများ၏ ဖခင်ကြီး အိန္ဒိယပြည်

Adoniram Judson, American 1788-1850 Missionary to Burma, မြန်မာပြည် သာသနာ ပြုဆရာကြီး ယုဒသန်​

James Hudson Taylor, British 1832-1905 Missionary to China, တရုတ်ပြည် သာသနာ ပြုဆရာကြီး

David Livingstone, Scottish 1813-1873 Missionary to Africa, ဖရိကတိုက် သာသနာ ပြုဆရာကြီး

 

ဖိလ​‌ဒေလဖိအသင်းတော် ခေတ်၌၊ ခရစ်တော် ကအဘယ်သူ မျှမပိတ်နိင်သော၊ သာသနာ ပြုနယ်မြေတံခါးများ ဖွင့်ပေးသောကြောင့်၊ အမှောင်နယ်မြေ၌ သာသနာ ပြုဆရာများ သွားရောက်ကာ၊ အောင်မြင်မှု ရရှိ ကြသည်။ William Carey သည် အိန္ဒိယပြည် သို့ သွား၍ တံခါးဖွင့်ထားလျက် ရှိသည်ကို တွေ့ရသည်။ Adoniram Judson သည် မြန်မာပြည်သို့ သွား၍ တံခါးပွင့်လျက် ရှိသည်ကို တွေ့ရသည်။Hudson Taylor သည် တရုတ်ပြည်သို့၎င်း၊ David Livingstone သည် အဖရိကတိုက်သို့၎င်း၊ သာသနာ ပြု ကြသည်။ ယခင်၌ အနောက်တိုင်း ခရစ်ယာန်များက၊ အမှောင်နယ်မြေ၌ သာနာပြုဘို့ မရည်ရွယ်ခဲ့ကြသော်လည်း၊ ဤခေတ်၌ သာသနာ ပြုဆရာများ ပြန်လည်စေလွှတ်ခဲ့ ကြသည်။

 

မေးခွန်းများ

၁။ ဖိလဒေလဖိမြို့၏ အဓိပ္ပါယ်သည်၊ ————————————————————— ဖြစ်သည်။

၂။ ဖိလဒေလဖိမြို့ကို ——————-မြို့ငယ်လေးဟု အဘယ်ကြောင့်ဆိုသနည်း။ ————————————————–

၃။ ဤအသင်းတော်ကို ခရစ်တော် ကအပြစ် တင်ပါသလား။ ——————-

၄။ အဘယ်ကြောင့် ခရစ်တော်က၊ သူ့ကိုယ်သူဟုတ်မှန်သော သူဟု မိတ်ဆက်သနည်း။ —————————————————————————-

၅။ ဘုရားသခင်က ——————-အစား——————-ကို နန်းတော် အုပ်ခန့်လိုက်သည်။

၆။ အဘယ်သူ မျှမပိတ်နိုင်သော တံခါးကို သင့်ရှေ့၌ ငါဖွင့်ထားပြီ၊ ဟူသောအရာ သည် ဘာကို ဆိုလိုသနည်း။ ————————————–

ရ။ ဖိလဒေလဖိအသင်းတော်၏အား နည်းခြင်းသည်၊ သူတို့၏ ဘာ ဖြစ်သနည်း။ ————————————

၈။ ငါ၏ နှုတ်ကပတ်ကို စောင့်ရှောက်ခဲ့ပြီ၊ ဟူသောအရာ သည် ဘာကို ဆိုလိုသနည်း။ ———————————————————

၉။ မယုံကြည်သူများအထဲ၌၊ သခင်ယေရှု၏ နာမကို ထောက်ခံဘို့၊ ၀န်ခံဘို့ ခက်ခဲမည်လော။ ————————————–

၁၀။ ပဌမ ဦးဆုံးအသင်းတော်ကို ညှင်းဆဲသော သူများသည် ————————-လူမျိုးများ ဖြစ်သည်။

၁၁။ စာတန်၏ အပေါင်းအသင်းသည် ဘာကို ဆိုလိုသနည်း။ ————————–

၁၂။ ယုုုံကြည် သူများသည် မည်သူ၏ ဗိမာန် ဖြစ်ကြသနည်း။ ————————– စာတန် စရပ်၌ မည်သူကျိန်း၀ပ်သနည်း။ ————————–

၁၃။ သခင်ယေရှုက၊ ယုံကြည်သူများကို၊ စာတန်၏ တရားစရပ်များရှေ့၌ ————————စေမည်။

၁၄။ တကမ္ဘာလုံးစုံစမ်းရာကာလသည်၊ မည်သည့်အချိန်၌ ဖြစ်မည်နည်း။ ————————–

၁၅။ အသင်းတော်သည် ဘေးဒဏ်ကြီး ကာလ အထဲမှ ကယ်တင်မလား၊ ဘေးဒဏ်ကြီး ကာလ မတိုင်မှီ ကယ်တင်မလား။ ———————

၁၆။ ဗျာ ၆မှ ၁၈ အတွင်း ဖေါ်ပြသော ဘေးဒဏ်ကြီး ကာလသည်၊ ဖြစ်ပြီး ပြီလား၊ အနာဂတ်မှာရှိသေးသလား။ ————————–

၁ရ။ အဘယ်ကြောင့်အသင်းတော်သည် ဘေးဒဏ်ကြီး ကာလ မတိုင်မှီ ချီဆောင်မည်ဟုဆိုနိင်သနည်း။ ————————————

၁၈။ အသင်းတော်သည် ဘေးဒဏ်ကြီး ကာလ အလယ် သို့မဟုတ် အဆုံး၌ ချီဆောင်မည်ဟူသောအရာ သည် မှန်ပါသလော။ ——————အဘယ်ကြောင့်နည်း။ —————————————————————

၁၉။ ထာ၀ရ ဘုရား အတွက် အနှစ်တထောင်သည် ————————-ကဲ့သို့ဖြစ်သည်။

၂၀။ အဘယ်ကြောင့်ယခုတိုင်အောင် လူများကို စောင့်ရသနည်း။ —————————————–

၂၁။ ဖိလဒေလဖိအသင်းတော်သည် မည်ကဲ့သို့သော သရဖူရမည်နည်း။ ———————–အဘယ်ကြောင့်နည်း။ ———————–

၂၂။ အောင်မြင်ခြင်း အကြောင်းရေးသော ကျမ်းပိုဒ်များရေးပါ။ ———————————————————————

၂၃။ ဖိလဒေလဖိအသင်းတော် ခေတ်သည်၊ အသင်းတော် သမိုင်း၌ မည်သည့်ကာလကို၊ ပုံဆောင်သနည်း။ —————————-

၂၄။ ဤကာလ၌ ခရစ်ယာန်လောက၌ ဘာ ဖြစ်သနည်း။ ———————————————-

၂၅။ နိုးကြားစေသူတရားဟောဆရာများ၏ နာမည်များရေးပါ။ ———————————————————————————————————————————————————————————-

၂၆။ သာသနာ ပြုဆရာကြီး များ၏ နာမည်များရေးပါ။ —————————————————————————————————————————————————————————–

.

 

ဗျာဒိတ်ကျမ်း ၃ (၃:၁၄-၂၂)

 

မပူမအေးလောဒိကိအသင်းတော်

 

နောက်ခံသမိုင်း

 

လောဒိကိမြို့သည်၊ ဖိလဒေလဖိမြို့၏ အရှေ့တောင်ဖက်၊ မိုင် ၄၀အကွာ၊ ကောလောသဲမြို့သွားသော လမ်းပေါ်၌ ရှိသည်။ ဗျာဒိတ်ကျမ်းမရေးမှီ၊ ၃၅ နှစ်ခန့်တွင်၊ ငလျှင် အကြီး အကျယ်လှုပ်၍၊ အားလုံးပျက်စီးသော်လည်း၊ ချမ်းသာ ကြသောကြောင့် ပြန်လည်တည်ဆောက်နိင်ခဲ့ ကြသည်။ ထိုမြို့သည် ချမ်းသာခြင်းနှင့် မျက်စဥ်းဆေးထွက်ခြင်း၌ နာမည်ကြီးသည်။ သိုးမွှေးထုတ်လုပ်ရာ ဖြစ်၍၊ ဘဏ်လည်းရှိသည်။ လောဒိကိမြို့သည်၊ ကောလောသဲမြို့၊ ဟေရပေါလိမြို့တို့နှင့် အလွန် နီးသည်။ ပေါလုကကောလောသဲအသင်းတော်ထံ၊ “သင်တို့ အထဲက ဖြစ်သော ခရစ်တော်၏ ​ကျွန်၊ ဧပဖြသည် သင်တို့ကို နှုတ်ဆက်၏။ သင်တို့သည် စုံလင်လျက်၊ ဘုရားသခင်၏ အလိုတော်ကို အကုန်အစင်လေ့ကျက်လျက်၊ တည်ကြည်မည်အကြောင်း၊ သူသည် သင်တို့ အဘို့၊ ကာလ အစဥ် ကြိုးစား၍ ဆုတောင်း တတ်၏။ သင်တို့ မှစ၍လောဒိကိမြို့နှင့် ဟေရပေါလိမြို့၌ ရှိသော သူတို့ အဘို့၊ သူသည် အလွန် စေတနာစိတ်အားကြီးသည်ဟု၊ ငါသည် သူ၏ သက်သေ ဖြစ်၏။ ငါချစ်သော ဆေးသမားလုကာနှင့် ​ေဒမသည်၊ သင်တို့ကို နှုတ်ဆက်ကြ၏။ လောဒိကိမြို့၌ ရှိသော ညီအစ်ကို တို့ကို၎င်း၊ နံုဖမှစ၍ သူ၏ အိမ်၌ ရှိသော အသင်းတော်ကို၎င်း၊ နှုတ်ဆက်ကြလော့။ ဤစာကို သင်တို့သည် ဘတ်ပြီးမှ၊ လောဒိကိမြို့အသင်းတော်ကို ဘတ်စေကြလော့။ ထိုမြို့မှရသော စာကိုလည်း သင်တို့ ဘတ်ကြလော့။” (ကော ၄:၁၂-၁၆) ဟု စာရေးခဲ့သည်။ ကောလောသဲအသင်းတော် ထံရေးသော စာကို၊ အထက်ပါ ကဲ့သို့ ယနေ့ တိုင်ရှိသော်လည်း၊ လောဒိကိအသင်းတော် ထံရေးသော စာမူကား၊ ယနေ့ မရှိတော့ချေ။ အကြောင်းမှာ၊ လောဒိကိအသင်းတော်သည်၊ ၀ိညာဥ်ရေးရာ၌ မပူမအေး ဖြစ်သောကြောင့်၊ ပေါလု၏ စာကိုလည်း ဂရုမစိုက်ခြင်းကြောင့် ပျောက်သွားခြင်း ဖြစ်နိင်သည်။

 

သခင် ယေရှုခရစ်က၊ ဤအသင်းတော်သည် မပူမအေး၊ နွေးရုံသာရှိသော အသင်းတော်ဟုဆိုသည့်အတိုင်း၊ သူတို့ သောက်သုံးသော ရေလည်း နွေရုံသာရှိကြောင်း အံ့ဩဘွယ် ဖြစ်သည်။ ဟေရပေါလိမြို့မှရေပူစမ်းထွက်၍၊ ကောလောသဲမြို့မှရေအေးစမ်းထွက်သည်။ ဟေရပေါလိမြို့မှရေပူကိုလောဒိကိမြို့သို့ မြောင်းဖြင့် သွယ်ကြရာ၊ လောဒိကိမြို့ရောက် သောအခါ၊ မပူတော့ဘဲ နွေးရုံသာဖြင့် ရောက်ရှိသည်။ ကောလောသဲမြို့မှရေအေးကိုလည်း၊ သွယ်ကြ သောအခါ လမ်းခရီး၌ နေပူရှိန်ကြောင့််၊ မအေးတော့ဘဲ၊ နွေရုံသာဖြင့် ရောက်ရှိသည်။ ထို့ကြောင့် လောဒိကိမြို့သား တို့သည်၊ ရေအေးလည်း မဟုတ်၊ ရေပူလည်း မဟုတ်၊ နွေးရုံသာရေကို အသုံးပြု ကြသည်။ ရေပူ မဟုတ်၊ ရေအေး မဟုတ်၊ နွေးရုံသာရေသည် သောက်၍ မကောင်း သကဲ့သို့၊ ခရစ်တော် ကလည်း၊ လောဒိကိအသင်းတော်ကို၊ အအေး မဟုတ်၊ အပူ မဟုတ်၊ နွေးရံုရှိသောကြောင့် ငါ၏ ခံတွင်း သည် သင့်ကို ထွေးလုပြီ၊ ဟုဆိုရခြင်း ဖြစ်သည်။

 

သခင်ယေရှု ကမိတ်ဆက်ပုံ

 

၁၄။ လောဒိကိမြို့၌ ရှိသော အသင်းတော်၏ တမန်ကို၊ ဤသို့ ရေး၍ မှာလိုက်လော့။ ဘုရားသခင်၏ ဝေနေယျသတ္တ၀ါတို့ အထွဋ္ဋ်၊ သစ္စာရှိ၍ဟုတ်မှန်သော သက်သေခံ၊ အာမင်၊ ၏ အမိန့်တော်ကား၊

“ ဘုရားသခင်၏ ဝေနေယျသတ္တ၀ါတို့ အထွဋ္ဋ်”ဟုဆိုသောကြောင့် သင်ယေရှုသည်၊ ဖန်ဆင်းထားသော သတ္တ၀ါဟုဆိုလိုခြင်း မဟုတ်ချေ။ သူကိုယ်တိုင်သည်၊ ဖန်ဆင်းရှင်ဘုရား ဖြစ်ကြောင်း ယော ၁:၃၊ ၁၀၊ ကော ၁:၁၆များ၌ တွေ့နိင်သည်။ သို့သော် ဖန်ဆင်းထားသော၊ လူသတ္တ၀ါများနှင့် တူရန်၊ လူ့ဇာတိခံယူခဲ့သည်။ ယုံကြည်သူများကို ခရစ်တော်၌ လူသစ်ဟု ခေါ်သည် (၂ ကော ၅:၁ ရ၊ ဧဖက် ၅:၁ရ)။ ထိုလူသစ်များသည်၊ သခင်ယေရှု သင်္ချိုင်းမှထမြောက်ခြင်း အားဖြင့် ဖြစ်ရာ၊ သူသည် ၀ိဥာဏကိုယ်ခန္ဓာဖြင့် ပဌမ ဦးဆုံးထမြောက် သောသူ ဖြစ်သောကြောင့်၊ ဝေနေယျသတ္တ၀ါတို့ အထွဋ္ဋ်ဟု ခေါ်ခြင်း ဖြစ်သည်။

 

“ သစ္စာရှိ၍ဟုတ်မှန်သော သက်သေခံ” သခင်ယေရှုခရစ် သည်၊ အဘခမည်းတော်၏ စိတ်ချရသော၊ သစ္စာရှိ၍ဟုတ်မှန်သော သက်သေခံ ဖြစ်သည်။ သူကိုယ်တိုင်က၊ “ငါသည်ကိုယ်အလိုအလျောက်ဟောပြောသည် မဟုတ်၊ ငါ့ကို စေလွှတ် တော်မူသော ခမည်းတော်သည် အဘယ်သို့ ငါဆုံးမဟောပြောရမည်ကို ပညတ် ပေးတော်မူ ပြီ။ ခမည်းတော်၏ ပညတ်တော်သည် ထာ၀ရအသက် ဖြစ်သည်ကို ငါသိ၏။ ထိုကြောင့်ဟောပြောသမျှ တို့ကို ခမည်းတော် မှာထား တော်မူသည် အတိုင်း ငါဟောပြောသည်ဟု ကြွေးကြော်၍ မိန့်တော်မူ၏။”ဟုဆိုခဲ့သည် (ယော ၁၂:၄၉-၅၀)။ “အာမင်” ဟူသော စကားသည် ဟေဗြဲစကား ဖြစ်၍၊ ဂရိတ်၊ အဂ်လိပ်၊ မြန်မာစကားတို့ အားလုံးက၊ ဘာသာမပြန်တော့ဘဲ၊ အသံထွက်အတိုင်း အသုံးပြု ကြသည်။ အဓိပ္ပါယ်သည်၊ ‘ဟုတ်ပါသည် ’၊ ‘မှန်ပါသည် ’ဟူ၍ ဖြစ်သည် (တော ၅:၂၂)။ ဣသရေလ လူများ၊ ခါနန်ပြည်သို့ ၀င်၍၊ ဂေရဇိမ်တောင်ပေါ်မှကောင်းကြီး မင်္ဂလာနှင့်၊ ဧဗလတောင်ပေါ်မှကျိန်ခြင်း ဆို သောအခါ ပရိသတ်များက၊

 

‘အာမင်’ဟု ထောက်ခံခိုင်းခဲ့သည် (တရား၂ရ:၁၄-၂၆)။ ပေါလု၏ ဩ၀ါဒစာနောက်ဆုံးတိုင်း၌လည်း၊ အာမင်ဟု ရေးတတ်သည်။ “ညီအစ်ကိုတို့၊ ငါတို့ သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့၏ စိတ်နှလုံး၌ ရှိစေသတည်း။ အာမင်။” (ဂလာ ၆:၁၈)။ ခရစ်တော်၏ နာမည်လည်း ဖြစ်သည်။

 

အပြစ်တင်ခြင်း

၁၅။ သင်၏ အကျင့်ကို ငါသိ၏။ သင်သည် အဧ မဟုတ်၊ အပူ မဟုတ်သည်ကို ငါသိ၏။ ဧခြင်း ဖြစ်စေ၊ ပူခြင်း ဖြစ်စေ၊ တခုခုကို ငါအလိုရှိ၏။ ၁၆။ ထိုသို့ အဧ မဟုတ်၊ အပူ မဟုတ်၊ နွေးရံုရှိသောကြောင့် ငါ၏ ခံတွင်း သည် သင့်ကို ထွေးလုပြီ။

“သင်၏ အကျင့်ကို ငါသိ၏” သခင်ယေရှုသည်၊ လောဒိကိအသင်းတော်၏ အကျင့်၊ လုပ်ဆောင်ချက် များ ကိုလည်း သိသည်။ ထိုသို့ အသင်းတော်တိုင်း၏ လုပ်ဆောင်ချက် များကို၊ ခရစ်တော် ကသိရှိသောကြောင့် သတိထားကြဘို့ လိုသည်။

 

“သင်သည် အဧ မဟုတ်၊ အပူ မဟုတ်သည်ကို ငါသိ၏။ ဧခြင်း ဖြစ်စေ၊ ပူခြင်း ဖြစ်စေ၊ တခုခုကို ငါအလိုရှိ၏” ခရစ်ယာန် အသက်တာသုံးမျိုးရှိသည်။ ပဌမ တမျိုးသည် ပူခြင်း ဖြစ်သည်။ ဧမောက်လမ်းသို့ တပည့်တော် နှစ်ယောက်သွားစဥ်၊ သခင်ယေရှု ကသူတို့ကို၊ ကျမ်းစာ ရှင်းပြ သောအခါ၊ “တပည့်တော်တို့ ကလည်း၊ လမ်းခရီး၌ ငါတို့နှင့် ဟောပြော၍ ကျမ်းစာ အနက်ကို ဖွင့်ပြ တော်မူ သောအခါ၊ ငါတို့ စိတ်နှလုံးသည်၊ ယိုဖိတ်မတတ် ဖြစ်သည် မဟုတ်လောဟု၊ အချင်းချင်း ပြောဆို ကြ၏။” (လု ၂၄:၃၂)။ သန့်ရှင်းသော ၀ိညာဥ်တော် လှုပ်ရှား၍၊ သမ္မာတရား ဟောပြောသော နေရာ၌၊ ထိုကဲ့သို့ ခံစား တတ် ကြသည်။ ပင်တေကုတ္တေနေ့၌၊ ပေတရုက သန့်ရှင်းသော ၀ိညာဥ်တော် တန်ခိုးဖြင့်၊ တရားဟော သောအခါ၊ လူသုံးထောင်ပြောင်းလဲ ကြသည်။ တမန်တော် များ၏ သွန်သင်ခြင်း၌ ခိုင်ခန့်စွာ ရှိ၍၊ မုန့်ဖဲ့ခြင်း ဆုတောင်းခြင်းဖြင့် နေကြသည် (တ ၂:၄၂)။ ဘုရား တရား၌ တက်ကြွကြသောကြောင့်၊ “အိမ်၊ မြေကွက်ကို ပိုင်သော သူရှိသမျှ တို့သည် ရောင်းပြီးလျှင်၊ ရသော အဘိုးကို ယူဆောင်ခဲ့၍၊ တမန်တော် တို့၏ ​ခြေရင်း၌ ထားကြသဖြင့်၊ လူများ ဆင်းရဲသည် အတိုင်း၊ အသီးသီးတို့အား ဝေငှပေးကမ်းကြ၏။” (တ ၄:၃၄-၃၅)။ စိတ်တက်ကြွ သောအခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စိတ်၀င်စားစွာ နားထောင် နိင်ကြသည်၊ အချင်းချင်းလည်း ချစ်ခင် ကြ၍၊ တယောက်နှင့် တယောက်လည်း ဂရုစိုက် ကြသည်။ ​ကျွန်ပ်တို့၏ အသင်းတော်နှင့် တဦးချင်းလည်း၊ ထိုကဲ့သို့ဖြစ်ပါသလား။

 

ခရစ်ယာန် အသက်တာတမျိုးသည်၊ အေးသော အသက်တာ ဖြစ်သည်။ ထိုသူသည် နာမည်ခံ ခရစ်ယာန် ဖြစ်၍၊ ဘုရားရှိခိုးဘို့လည်း ပျင်းသည်၊ တရားလည်း မနာချင်ပေ။ ဘုရားသခင်ထက်လောက အရာများ ဖြစ်သော၊ ငွေ၊ အလုပ်၊ အပျော်အပါးနှင့် အခြားအရာများကို သာနှစ်သက်၍ ဦးစားပေးသည်။ ထိုသူများသည် ခရစ်တော်က၊ အပြစ်လည်း မတင်၊ သူနှင့် မဆိုင်သောကြောင့် အရေးလည်း စိုက်မည် မဟုတ်ပါ။

 

ခရစ်ယာန် အသက်တာတမျိုးသည်၊ လောဒိကိအသင်းတော် ကဲ့သို့၊ မပူမအေးနွေးရုံသာရှိသော အသက်တာ ဖြစ်သည်။ ထိုသူများသည် ဘုရားရှိခိုးသော်လည်း၊ သမ္မာတရားနှင့် ဘုရားသခင်၏ အလိုတော်ကို၊ အမှန်တကယ် လိုချင်သည် မဟုတ်။ ဘုရားရှိခိုးခြင်းသည် လူမျက်နှာထောက်ခြင်း၊ အစဥ်အလာ ဖြစ်ခြင်း၊ အပျင်းပြေခြင်း၊ မိမိ ခံစား ချက်အရသာခံလိုခြင်းများကြောင့် ဖြစ်သည်။ ထို့ကြောင့်၊ ဘုရား ကအသုံးမပြုနိင်ချေ။ သင်သည် ထိုသို့သော အသက်တာ ဖြစ်နေပါသလား။ ထိုသို့ဖြစ်လျှင် အမြန်ဆုံး နောင်တ ရ၍ ဆက်ကပ်ဘို့ လိုသည်။

 

၁ရ။ သင်ကလည်း၊ ငါသည် ဥစ္စာရတတ်၏။ ဘဏ္ဍာများကို ဆည်းဖူးပြီ။ တစုံ တခုကို မျှမလိုဟု ပြောဆို၍၊ ကိုယ်တိုင်ပင်ပန်းခြင်း၊ သနားဘွယ် ဖြစ်ခြင်း၊ ဆင်းရဲခြင်း၊ မျက်စိကန်းခြင်း၊ အ၀တ်အချည်းစည်းရှိခြင်း ဖြစ်သည်ကို မသိပါတကား။

“သင်ကလည်း၊ ငါသည် ဥစ္စာရတတ်၏။ ဘဏ္ဍာများကို ဆည်းဖူးပြီ။ တစုံ တခုကို မျှမလိုဟု ပြောဆို၍”လောဒိကိမြို့သည် ဘဏ်ရှိသော နေရာ၊ သိုးမွှေးအထည်အမျိုးမျိုး ထုတ်လုပ်သော နေရာ၊ ကုန်သွယ်ရာလမ်းမပေါ်၌ ရှိသောကြောင့် ချမ်းသာသည်။ မြို့ချမ်းသာ သကဲ့သို့ အသင်းတော်လည်း ချမ်းသာ သောကြောင့်၊ တစုံ တခုကို မျှမလိုဟု ပြောနိင် ကြသည်။ အသင်းတော် ချမ်းသာ သောကြောင့် သူတို့၏ ဘုရား ကျောင်းနှင့် အထဲရှိပစ္စည်းများ လည်း၊ အကောင်းဆုံးများ အသုံးပြုကြပေလိမ့်မည်။ ဤအသင်းတော်သို့ သွားလည်ပါက၊ သူတို့၏ ဘုရား ကျောင်းကောင်းကြောင်း၊ အလှူငွေများ ကြောင်း၊ ဘုရားသခင်၏ နိင်ငံတော် အတွက် မည်မျှပါ၀င်ကြောင်း၊ သီချင်းနှင့် တူရိယာများလည်း မည်မျှကောင်းကြောင်းများ၊ ၀ါကြွားကြပါလိမ့်မည်။ သို့သော် သခင် ခရစ်တော်၏ အမြင်၌၊ သူတို့သည် ပင်ပန်း၍ သနားဘွယ် ဖြစ်နေသည်။ စမုရနအသင်းတော်သည်၊ လောက၌ ကုန်းကောက်စရာ မရှိအောင် ဆင်းရဲသော်လည်း၊ ခရစ်တော် ကချမ်းသာသည်ဟုဆိုသည်။ ထိုအသင်းတော်သည် ကောင်းကင်၌ ချမ်းသာသည်။ ကောင်းကင်၌ ချမ်းသာစရာ လိုသလားဟု မေးနိင်သည်။ ခရစ်တော်က၊ “သံချေး၊ ပိုးရွဖျက်ဆီး၍ သူခိုးထွင်းဖောက်ခိုးယူရာမြေကြီး ပေါ်မှာ ဘဏ္ဍာကို မဆည်းဖူးကြနှင့်။ သံချေး၊ ပိုးရွမဖျက်ဆီး၍ သူခိုးမထွင်းမဖောက်မခိုးမယူရာ၊ ကောင်းကင်ဘုံ၌ ဘဏ္ဍာကို ဆည်းဖူးကြလော့။” (မ ၆:၁၉-၂၀) ဟု အကြံပေးခဲ့သည် မဟုတ်လော။ ယုံကြည်သူများသည် ကောင်းကင်၌ ချမ်းသာ မည့် အကြောင်း၊ ရှင်ပေတရုကဤကဲ့သို့ ရေးထားခဲ့သည်၊ “ဖောက်ပြန်ခြင်း၊ ညစ်စွန်းခြင်း၊ ညှိုးနွမ်းခြင်းနှင့် ကင်းစင်သော အမွေတော်ကို ငါတို့သည် ခံရစေမည်အကြောင်း၊ ” (၁ ပေ ၁:၃)။ ဤလောကသည် ခရစ်တော် ပြော သကဲ့သို့ သူခိုးပေါများသော နေရာ ဖြစ်သည် သာမက၊ သံချေးပိုးရွဖျက်ဆီးတတ်သည်။ ထို့ကြောင့် ကောင်းကင်၌ ချမ်းသာဘို့ လိုသည်။ ခရစ်တော်လည်း ဤလောကသို့ ဆင်းခဲ့ သောအခါ၊ သူ၏ ဘုန်းစည်းစိမ်ကို ကောင်းကင်၌ ထားခဲ့သည်။ အကြောင်းမှာ သူ၏ ဘုန်းစည်းစိမ်ကို ဤလောကသို့ ယူဆောင်လာပါက၊ အခိုးခံရမှာ ဖြစ်သည်။ ပေါလုက၊ “ငါတို့ သခင်ယေရှုခရစ် သည် စည်းစိမ်ရှိသော်လည်း၊ ဆင်းရဲ တော်မူခြင်းအားဖြင့် သင်တို့သည် စည်းစိမ်ရှိစေခြင်းငှါ၊ သင်တို့အတွက် ကြောင့် ဆင်းရဲခြင်းကို ခံတော်မူသော ကျေးဇူးတော်ကို သင်တို့ သိကြ၏။” (၂ ကော ၈:၉) ဟု ရေးခဲ့သည်။ ဤအရာကို အချို့သော သူများ ကလောက၌ ချမ်းသာဘို့၊ ဟု ယူဆ ကြသည်။ ယုံကြည်သူများသည် ကောင်းကင်၌ ချမ်းသာဘို့ ဖြစ်သည်။ ဤလောကသည် ရန်သူ စာတန်၏ နယ်မြေ ဖြစ်သည်။ ရန်သူနယ်မြေ၌ ဇိမ်ခံဘို့ မဟုတ်၊ စစ်တိုက်ရမည်။

 

“မျက်စိကန်းခြင်း၊ ”လောဒိကိအသင်းတော်သည်၊ ဆင်းရဲသည် သာမကမျက်မမြင်၊ မျက်စိကန်း နေကြသေးသည်။ သူတို့သည်ကိုယ်ခန္ဓာမျက်စိကန်းကြသလော၊ မဟုတ်နိင်ပါ။ ၀ိညာဥ်မျက်စိကန်းကြခြင်း ဖြစ်သည်။ ခရစ်တော်က၊ “လျှို့၀ှက်သော ကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ဖလား၊ လင်ပန်းကို အပြင်၌ ဆေးကြောကြ၏။ အတွင်း ၌ ကား လုယူခြင်း၊ မတရားသဖြင့် ကျင့်ခြင်းနှင့် ပြည့်လျက် ရှိ၏။ မျက်စိကန်းသော ဖာရိရှဲ၊ ဖလား၊ လင်ပန်းကို အတွင်း ၌ ရှေ့ဦးစွာ ဆေးကြောလော့။သို့ ပြုလျှင် အပြင်ကား သန့်ရှင်းလိမ့်မည်။” (မ ၂၃:၂၅-၂၆) ဟု အပြစ် တင်ခဲ့သည်။ ဖာရိရှဲများသည် ဇာတိမျက်စိကန်းကြသည် မဟုတ်၊ ၀ိညာဥ်မျက်စိကန်း ကြသည်။ လောဒိကိအသင်းတော်လည်း၀ိညာဥ်မျက်စိကန်းသည်။ ယနေ့ ယုံကြည်သူ အများစုလည်း၀ိညာဥ်မျက်စိကန်း ကြသည်။ ထို့ကြောင့် ဘေးဒဏ်ကြီး ကာလ ရောက်တော့မည့် အရာကိုလည်း မမြင်သောကြောင့်၊ ပြင်ဆင်မှု မလုပ်ကြခြင်း ဖြစ်သည်။

 

“အ၀တ်အချည်းစည်းရှိခြင်း ဖြစ်သည်ကို မသိပါတကား”လောဒိကိအသင်းတော်သည်၊ ဆင်းရဲ ပင်ပန်း၍ မျက်စိကန်းသည် သာမက၊ ကို်ယ်တုံးလုံး ဖြစ်နေသည်။ လောဒိကိမြို့မှသိုးမွှေးများ ထွက်သောကြောင့်၊ သူတို့သည် အ၀တ်အစားလှလှ၀တ်၍ ဘုရားရှိခိုးကြမှာသေချာသည်။ သို့သော် ခရစ်တော်၏ အမြင်၌ သူတို့သည် အ၀တ်အချည်းစည်း ဖြစ်နေကြသည်။ သူတို့သည်ကိုယ်တုံးလုံး ဖြစ်ကြောင်း အဘယ်ကြောင့် မသိသနည်းဟူမူကား၊ မျက်စိကန်းကြသောကြောင့် ဖြစ်သည်။ ကိုယ်တုံးလုံးဆိုသည်မှာ အပြစ် ရှိခြင်းကို ဆိုလိုသည်။ အာဒံနှင့် ဧ၀အပြစ် ကျူးလွန် သောအခါ၊ အ၀တ်အချည်းစည်းရှိကြောင်း ချက်ချင်း သိကြသည်။ ရှက်သောကြောင့် သစ်ရွက်ဖြင့် ဖုံးအုပ် ကြသည်။ ဘုရားသခင်က သနားသောကြောင့်၊ သားရေကို ပေးသည်။ လူသည် အပြစ် ကျူးလွန် သောအခါ၊ လူများရှေ့၌ ရှက်၍ကိုယ်တုံးလုံးကဲ့သို့ ခံစားရသည်။ ခလေး လေးများ မူကား အပြစ် မလုပ်သောကြောင့်၊ ကိုယ်တုံးလုံး ဖြစ်သော်လည်း မရှက်ကြချေ။ သူတို့ကိုယ်တိုင်မက၊ မြင်သော သူများကလည်း မရှက်ပေးကြချေ။ ထို့ကြောင့် ကိုယ်တုံးလုံးဆိုသည်မှာ အပြစ် ရှိခြင်းကို ဆိုလိုသည်။ ဘုရားသခင်က၊ အာဒံနှင့် ဧ၀တို့ကို၊ သားရေပေး သကဲ့သို့၊ ​ကျွန်ပ်တို့ ကိုလည်း ဘုရားသခင်က၊ ယေရှုခရစ် တည်း ဟူသော ၀တ်လုံကို ပေးထားသည်။ ပေါလုက၊ “သခင် ယေရှုခရစ်ကို ယူတင်၀တ်ဆောင်ကြလော့။” (ရော ၁၃:၁၄) ဟု ရေးထားသည်။

 

လောဒိကိအသင်းတော်သည်၊ သခင်ယေရှုကို မ၀တ်ကြချေ။ အကြောင်းမှာ အငယ် ၁၈၌ သခင်ယေရှု ကသူ့ထံမှ အ၀တ်၀ယ်ဘို့ ပြောထားသည်။ အငယ် ၂၀၌လည်း သခင်ယေရှုသည်၊ တံခါးရှေ့၌ ရပ်နေသည်ကို တွေ့ရသည်။ ခရစ်တော်သည် သူတို့ ထံ၌ မရှိချေ။ ထို့ကြောင့် သူတို့၏ အပြစ် ဖုံးမည့်သူ မရှိသောကြောင့် ကိုယ်တုံးလုံး ဖြစ်ရခြင်း ဖြစ်သည်။ ​ကျွန်ပ်တို့လည်း သူတို့ ကဲ့သို့၊ ရှက်စရာကိုယ်တုံးလုံး ဖြစ်နေကြပါသလား။

 

၁၈။ သင်သည် ဥစ္စာရတတ်ခြင်းငှါ၊ မီးနှင့် ချွတ်ပြီးသော ရွှေကို၎င်း၊ အ၀တ်အချည်းစည်းရှိ၍၊ သူတပါးရှေ့တွင် မရှက်စေခြင်းငှါ ခြုံစရာဘို့၊ ဖြူသော အ၀တ်ကို၎င်းငါ့ထံမှ ာ၀ယ်လော့။ သင်၏ မျက်စိမြင်စေခြင်းငှါ၊ မျက်စိ၌ မျက်စဥ်းခတ်လော့ဟု သင့်အား ငါသည် အကြံပေး၏။

“သင်သည် ဥစ္စာရတတ်ခြင်းငှါ၊ မီးနှင့် ခဋ္ဌတ်ပြီးသော ရွှေကို ငါ့ထံမှ ာ၀ယ်လော့” ခရစ်တော် ကလောဒိကိအသင်းတော်ကို၊ သူ့ထံမှ မီးနှင့် ခဋ္ဌတ်ပြီးသော ရွှေကို ၀ယ်ခိုင်းသည်။ ထိုရွှေသည် တကယ့်ရွှေ ဖြစ်ပါမည်လော။ သခင် ခရစ်တော် ဤလောက၌ ကျင်လည်ခဲ့စဥ်၌၊ ရွှေအသုံးပြုဘူူးပါသလော။ လောက ပစ္စည်းများသည် သခင် ခရစ်တော် အတွက် တန်ဘိုးရှိမည် မဟုတ်။ သခင် ခရစ်တော် ပြောသော ချမ်းသာခြင်း ကြည့်ကြပါစို့။ စမုရနအသင်းတော်သည်၊ ကုန်းကောက်စရာ မရိှလောက်အောင် ဆင်းရဲသော်လည်း၊ ခရစ်တော် ကချမ်းသာသည်ဟုဆိုသည် (ဗျာ ၂:၉)။ အဘယ်ကြောင့်ဆင်းရဲသော စမုရနအသင်းတော်ကို၊ ချမ်းသာသည်ဟုဆိုသနည်း။ ခရစ်တော် ကချမ်းသာမှုကို၊ လောက ဥစ္စာဖြင့် မတိုင်း တာကြောင်း ထင်ရှားသည်။ သူ၏ စကား နားထောင်၍၊ သူ့အတွက် ဒုက္ခ ဆင်းရဲ ခံခြင်းကို၊ ချမ်းသာသည်ဟုဆိုသည်။ အဘယ်ကြောင့်ဆိုသော်၊ သခင်၏ စကားကို နားထောင် သောကြောင့်၊ လောက၌ မချမ်းသာ နိင်ကြဘဲ၊ သူတို့၏ ဥစ္စာဘဏ္ဍာများကို ကောင်းကင်သို့ ပို့လိုက် ကြသည်။ ထို့ကြောင့် စမုရနအသင်းတော်သည်၊ မြေကြီး ပေါ်၌ ဆင်းရဲ၍၊ ကောင်းကင် နိင်ငံ၌ ချမ်းသာသည်။ သခင်ယေရှု၏ စကား နားမထောင်ခဲ့သည် ရှိသော်၊ မြေကြီး ပေါ်၌ မချမ်းသာလျှင် လည်း၊ အလွန် ဆင်းရဲမည် မဟုတ်။

 

လောဒိကိအသင်းတော်သည်၊ မြေကြီး ပေါ်၌ ခရစ်တော်ကြောင့်၊ ဒုက္ခ ဆင်းရဲ မခံစားချေ။ အဘယ်ကြောင့်ဆိုသော်ဒုက္ခ ဆင်းရဲ ခံစားလောက်အောင်၊ သခင်ဘုရား၏ စကား နားမထောင်ချေ။ ခရစ်တော်၏ အကြောင်းကို သူတပါးထံ၌ မပြောကြ။ မယုံကြည်သူများကမနာလိုမုန်းတီးလောက်အောင်၊ အလုပ်မလုပ်ကြချေ။ စာတန်၏ မနာလိုလောက်အောင် မနေကြချေ။ ထို့ထက်လောက သားများနည်းတူ၊ စာတန် ပိုင်သော ဤလောကကို ရှာဖွေ ကြသောကြောင့်၊ သူတို့ ထံ၌ သခင် ခရစ်တော် ပင်မရှိတော့ချေ။ သခင် ခရစ်တော် သူတို့၌ မရှိသည် ကိုလည်း မသိကြ၊ ပြသနာ ဟုလည်း မမြင်ကြချေ။ သခင် ခရစ်တော် မပါဘဲ၊ ဘုရားရှိခိုး၊ သီချင်းဆို၊ တရားဟော၊ ပွဲလုပ်ကြ၍ အလွန် ပျော်ရွှင် ကြသည်။ သခင် ခရစ်တော် ရှိသည် ထက်၊ သူတို့၏ အလိုဆန္ဒ ပြည့်စုံဘို့သည် သာ၍ အရေးကြီးသည်။ သခင်ဘုရား၏ တံခါးခေါက်သံပင်လျှင် မကြားနိင်ကြတော့ချေ။

 

ယနေ့ အသင်းတော် အများစု၏ အလိုဆန္ဒနှင့် ရည်ရွယ်ချက်လည်း၊ ဘုရား ကျောင်းကောင်းကောင်းရှိဘို့၊ အထဲ၌ အီလက်ထောနစ်ကရိယာအကောင်းဆုံးများ တပ်ဆင်ဘို့၊ တက်ကြွစည်းလုံး၍ လူဦးရေများဘို့တို့ ဖြစ်သည်။ တဦးချင်းနှင့် အသင်းတော်၌၊ သခင် ခရစ်တော် ရှိသည် မရှိသည်ကို ဂရုမစိုက်ကြချေ။ ကောင်းကင်၌ ချမ်းသာဘို့ ထက်၊ မြင်နိင်သော ဤလောက၌ ချမ်းသာဘို့ ပို၍ လိုချင် ကြသည်။ ထို့ကြောင့် လောက သားများနှင့် မထူးခြားကြချေ။ ခရစ်တော် ကတပည့်တော်များထံ၊ “သင်တို့သည်လောကီနှင့် ဆက်ဆံလျှင်၊ လောကီသား တို့သည်၊ မိမိတို့နှင့် ဆက်ဆံသော သင်တို့ကို၊ ချစ်ကြလိမ့်မည်။ သင်တို့သည်လောကီနှင့် မဆက်ဆံ၊ လောကီထဲကငါရွေးကောက်သောသူ ဖြစ်သောကြောင့်၊ လောကီသား တို့သည် သင်တို့ကို မုန်းကြ၏။” (ယော ၁၅:၁၉) ဟုဆိုခဲ့သောအရာ သည် ငါတို့၏ အသက်တာ ဖြစ်ပါသလော။ အဘယ်ကြောင့်လောကီသားများက၊ ယုံကြည်သူများကို မမုန်းသနည်း။

 

ကျမ်းစာ ကဤလောက၌ ရွှေငွေရှိဘို့ မပြော၊ မတိုက်တွန်းဘူးပါ။ ရွှေထက် တန်ဘိုးရှိသောအရာ ကို ရှိစေချင်သည်။ ရွှေထက် တန်ဘိုးရှိသောအရာ သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်သည်။ “နှုတ်တော် ထွက်တရားတော်သည်၊ ရွှေငွေအထောင်၊ အသောင်းထက် မက၊ အ​ကျွန်ုပ်၌ သာ၍ ကောင်းပါ၏။ ——-အ​ကျွန်ုပ်မူကား၊ ပညတ်တော် တို့ကို၊ ရွှေထက် မကရွှေစင်ထက် သာ၍ နှစ်သက်ပါ၏၊၊ ” (ဆာ ၁၁၉:ရ ၂၊ ၁၂ရ)။ ပေတရုကလည်း ယုံကြည်ခြင်း သည်၊ ပျက်ဆီး တတ်သော ရွှေထက် သာ၍ မြတ်သည်ဟုဆိုသည် (၁ ပေ ၁:၆ -ရ)။ ထို့ကြောင့် သခင်ယေရှုက၊ သူ့ထံ၌ ရွှေ၀ယ်ခိုင်းခြင်းသည်၊ နှုတ်ကပတ်တော် အတိုင်း အသက် ရှင်ဘို့ ဖြစ်သည်။ သင်သည် နှုတ်ကပတ်တော်ကို တန်ဘိုး ထားပါသလား။

 

“အ၀တ်အချည်းစည်းရှိ၍၊ သူတပါးရှေ့တွင် မရှက်စေခြင်းငှါ ခြုံစရာဘို့၊ ဖြူသော အ၀တ်ကို၎င်းငါ့ထံမှ ာ၀ယ်လော့။” သခင် ခရစ်တော်က၊ သူ့ထံမှ ရွှေသာမက၊ ဖြူသော အ၀တ်ကိုလည်း၀ယ်ခိုင်းသည်။ ထိုဖြူသော အ၀တ်သည်၊ သန့်ရှင်း သူတို့၏ ​ဖြောင့်မတ်ခြင်း ဖြစ်သတည်း (ဗျာ ၁၉:၈)။ သန့်ရှင်း သူများ၏ ​ဖြောင့်မတ်ခြင်းသည်၊ သခင်ယေရှုခရစ် ဖြစ်သည် (၁ ကော ၁:၃၀)။ ထို့ကြောင့် ယေရှုခရစ် တော်သည်၊ ဖြူသော အ၀တ် ဖြစ်သည်။ လောဒိကိအသင်းတော်က၊ သခင်ယေရှုကို အပြင်၌ ထားသောကြောင့် သူတို့သည် အ၀တ်အချည်းစည်းရိှခြင်း ဖြစ်သည်။ ထို့ကြောင့် အ၀တ်ဖြူ၀ယ်ခိုင်းခြင်းသည်၊ သူ့ကို ပြန်လည် လက်ခံဘို့ ဖြစ်သည်။ ​ကျွန်ပ်တို့၏ အသင်းတော် လည်း၊ အ၀တ်အချည်းစည်း ဖြစ်နေပါသလော။ လောက အ၀တ်အစားကောင်းများ ပြိုင်၀တ်ရင်းဖြင့်၊ ဘုရားသခင် ရှေ့၌ကိုယ်တုံးလုံး ဖြစ်နေကြပါသလား။ ထိုသို့ဖြစ်နေပါက၊ အရှက်တကဲွ အကျိုးနဲမ ဖြစ်ရန်၊ သခင်ယေရှုခရစ်ကို အမြန် ၀တ်ဆင်ဘို့ အကြံပေးလိုပါသည်။

 

“သင်၏ မျက်စိမြင်စေခြင်းငှါ၊ မျက်စိ၌ မျက်စဥ်းခတ်လော့”လောဒိကိမြို့မှခန္ဓာမျက်စဥ်းဆေးထုတ်လုပ်သော်လည်း၊ သူတို့၏ ၀ိညာဥ်မျက်စိမလင်းစေနိင်ပါ။ ကိုယ်ခန္ဓာမျက်စိမြင်ခြင်း သာလျှင် မလုံလောက်ပါ။ ၀ိညာဥ်မျက်စိလည်း မြင်ဘို့ လိုသည်။ ယေရှု ကမျက်စဥ်းခတ်ဘို့ အကြံပေးသည်။ ထိုမျက်စဥ်းကို အဘယ်ကရရှိမည်နည်း။ သခင်ယေရှု ထံမှ ၀ယ်ရမည်။ ၀ိညာဥ်မျက်စဥ်းသည် ယေရှု ထံ၌ သာလျှင် ရှိသည်။ သခင်ယေရှု ကမွေးစကပင်မျက်စိကန်းသော သူကို၊ ပြန်မြင်စေ သောအခါ၊ သူ၏ ခန္ဓာကိုယ်မျက်စိသာမက၊ ၀ိညာဥ်မျက်စိကို ပါမြင်စေသည်။ မည်ကဲ့သို့ မြင်စေသနည်းဟူမူကား၊ ယေရှုက၊ “သင်သည် ဘုရားသခင်၏ သားတော်ကို ယုံကြည် သလောဟု မေးတော်မူ၏။ သခင်၊ အ​ကျွန်ုပ်ယုံကြည် ရမည်အကြောင်း ဘုရားသခင်၏ သားတော် ကား အဘယ်သူ နည်းဟု မေးလျှောက်သော်၊ ယေရှုက၊ သင်သည် ထိုသူကို မြင်ခဲ့ပြီးသည် သာမက၊ သင်နှင့် ယခုစကား ပြောသော သူသည် ဘုရားသခင်၏ သားတော် ဖြစ်၏ဟု မိန့်တော်မူလျှင်၊ သခင်၊ အ​ကျွန်ုပ်ယုံကြည် ပါ၏ဟု လျှောက်၍ ညွတ်ပြပ်ကိုး ကွယ်လေ၏။” (ယော ၉:၃၅-၃၈) ထိုမျက်ကန်းသည် တနေ့အတွင်း ၌၊ ခန္ဓာမျက်စိနှင့် ၀ိညာဥ်မျက်စိမြင်ခွင့်ရရှိခဲ့သည်။ သခင်ယေရှု၏ နှုတ်ထွက်စကားက၊ သူ၏ ၀ိညာဥ်မျက်စိကို မြင်စေသည်။ “ယေရှု ကလည်း၊ မျက်စိမမြင်သော သူသည် မြင်စေခြင်း ငှါ၎င်း၊ မြင်သော သူသည် မျက်စိကန်းစေခြင်း ငှါ၎င်း၊ ငါသည် တရားစီရင်၍ ဤလောကသို့ ရောက်လာပြီဟု မိန့်တော်မူ၏။” (ယော ၉:၃၉)။ ထို့ကြောင့် ၀ိညာဥ်မျက်စိဖွင့်ပေးနိင်သော သူသည် သခင်ယေရှု ပင် ဖြစ်သည်။

 

ကျမ်းစာ ထဲ၌ ဘုရားသခင်က သာလျှင်၊ မျက်စိမြင်စေနိင်ကြောင်း တွေ့ရသည်။သော ဒုံမြို့သား တို့ကို ကောင်းကင်တမန် များက၊ မျက်စိကန်းစေခြင်းငှါ ဒဏ်ခတ်သဖြင့်၊ သူတို့သည် တံခါးကို ရှာ၍ ပင်ပန်းခြင်းသို့ ရောက်ကြ၏ (က ၁၉:၁၁)။ ဟာဂရသည် အာဗြဟံကနှင်ထုတ် သောအခါ၊ သူ၏သားရေငတ်၍ သေမည်ကို မကြည့်ရက်ပေ။ “ထိုအခါ ဘုရားသခင်သည် ဟာဂရ၏ မျက်စိကို ဖွင့် တော်မူ သဖြင့်၊ သူသည် ရေတွင်းကို မြင်လေသော်၊ သွား၍ ဘူးကို ရေဖြည့်ပြီးလျှင်၊ လုလင်အားရေကို တိုက်လေ၏။” (က ၂၁:၁၉) ရှုရိတတ်သားများကဧလိရှဲကို ဖမ်းဘို့ရန်၊ ​ေဒါသန်မြို့ကို ဝိုင်းထား သောအခါ၊ ဧလိရှဲ၏ ​ကျွန်သည် အလွန် ကြောက်လန့်ခဲ့သည်။ ထိုအခါ ဧလိရှဲက၊ “အိုထာ၀ရ ဘုရား၊ ဤသူသည် မြင်နိုင်မည်အကြောင်း သူ၏ မျက်စိကို ဖွင့် တော်မူ ပါဟု ဆုတောင်းသည် အတိုင်း ထာ၀ရ ဘုရားသည်၊ ထိုလုလင်၏ မျက်စိကို ဖွင့် တော်မူ သဖြင့်၊ ဧလိရှဲပတ်လည်၌ တတောင်လုံးသည် မီးမြင်း၊ မီးရထားနှင့် ပြည့်သည်ကို မြင်လေ၏။ ရှုရိလူတို့သည် ရောက်လာ သောအခါ၊ ဧလိရှဲက၊ အိုထာ၀ရ ဘုရား၊ ဤ သူတို့၏ မျက်စီမမြင်စေခြင်းငှါ၊ ဒဏ်ခတ် တော်မူ ပါဟု ဆုတောင်းသည် အတိုင်း၊ ဒဏ်ခတ် တော်မူ၏။” (၄ရာ ၆:၁ ရ- ၁၈) ပရောဖက် ဟေရှာယထံ၊ “ထာ၀ရ ဘုရားကလည်း ထိုလူမျိုးရှိရာသို့ သွားပြီးလျှင် သင်တို့သည် ကြားလျက် ပင်၊ အနက်ကို နားမလည်ဘဲ ကြားကြလိမ့်မည်၊၊ မြင်လျက် ပင်အာရုံမှပြုဘဲ မြင်ကြလိမ့်မည်ဟု ပြောလော့၊၊ သူတို့ မျက်စိမမြင်၊ နားမကြား၊ စိတ်နှလုံး မသိ၊ အကျင့် မပြောင်းလဲ၊ သူတို့ အနာ ရောဂါကို ငါမငြိမ်းစေရသည် တိုင်အောင်၊ သူတို့ စိတ်နှလုံးကို မိုက်စေလော့၊၊ သူတို့ နားကိုလည်း ထိုင်းစေလော့၊၊ သူတို့ မျက်စိကိုလည်း ပိတ်လော့ဟု မိန့်တော်မူ၏။” (ဟေရှာ ၆:၉-၁၀) ထို့ကြောင့် မျက်စိကန်းစေနိင်၊ မြင်စေနိင်သော သူသည် ဘုရားသခင် သာလျှင် ဖြစ်သည်။

 

လောဒိကိအသင်းတော်သည်၊ မျက်စိပြန်မြင်ဘို့ရန် သခင်ယေရှု ထံသို့ လာဘို့ လိုသည်။ အသင်းတော် များစွာ လည်း၊ ၀ိညာဥ်မျက်စိကန်း ကြသည်။ ထို့ကြောင့် ကောင်းကင် အရာကို မစွဲလမ်းနိင်ဘဲ၊ မြေကြီး အရာကို သာစွဲလမ်း၍၊ ရှာဖွေ နေကြသည်။ မြေကြီး အရာတို့သည် ခဏသာတည်မှာ ဖြစ်သော်လည်း၊ ထိုအရာများ၌ ပျော်မွေ့ နေကြသည်။ ၀ိညာဥ်မျက်စိကန်းသောကြောင့် ငရဲမီးအိုင် ထဲဆင်းမည့်သူများကိုလည်း သနားခြင်း မရှိနိင်ခြင်း ဖြစ်သည်။ ၀ိညာဥ်မျက်စိကန်းသောကြောင့်၊ မကြောက်မည့် အရာများကို ကြောက်၍၊ ကြောက်မည့် အရာကို မကြောက်ခြင်း ဖြစ်သည်။ ဧလိရှဲ၏ ​ကျွန်လည်း၀ိညာဥ်မျက်စိကန်းသောကြောင့်၊ ရှုရိတပ်သား များကို အလွန် ကြောက်၍၊ ဧလိရှဲက ဆုတောင်း ပေးခြင်း ဖြင့်၊ မျက်စိမြင် သောအခါ လုံး၀ကြောက်စိတ်ရှိတော့မည် မဟုတ်ချေ။ အကြောင်းမှာ သူတို့ ဘက်၌ ရန် သူများထက်များသော ကောင်းကင်တမန် တပ်များသည် ဝိုင်းရံထားသည်။ ​ကျွန်ပ်တို့လည်း၀ိညာဥ်မျက်စိမြင် သောအခါ သတ္တိများရှိလာမှာ ဖြစ်သည်။ ၀ိညာဥ်မျက်စိမြင်ဘို့ ဘုရား ထံ၌ တောင်းလျှောက်ကြပါစို့။

 

၁၉။ ငါချစ်သမျှသော သူတို့၏ အပြစ်ကို ငါစစ်ဆေး၍ သူတို့ကို ဆုံးမတတ်၏။ ထိုကြောင့် ကိုယ်စိတ်ကိုကိုယ် နိုးဆော်လော။ နောင်တ ရလော့။

သခင်ယေရှုသည် သူ့ကို ဂရုမစိုက်ဘဲ အိမ်ပြင်၌ ထားသော၊ လောဒိကိအသင်းတော်ကို ချစ်သေးသည်။ မချစ်လျှင် အပြစ်ကို စစ်ဆေး၍၊ ဆုံးမမည် မဟုတ်။ ဟေဗြဲရေးသော သူကလည်း၊ “ထိုမှတပါး၊ ငါ့သား၊ ထာ၀ရ ဘုရား ဆုံးမ တော်မူခြင်းကို မမှတ်ဘဲ မနေနှင့်။ သင်၏ အပြစ်ကို စစ်ဆေး တော်မူ သောအခါ စိတ်မပျက်နှင့်။ ထာ၀ရ ဘုရားသည် ချစ် တော်မူသော သူကို ဆုံးမ တော်မူ တတ်၏။ လက်ခံ တော်မူ သမျှသောသား တို့ကို ဒဏ်ခတ် တော်မူ တတ်၏ဟု သူငယ်တို့ကို ဆို သကဲ့သို့၊ သင်တို့ကို ပြောဆိုသော ဩ၀ါဒစကားကို မေ့လျော့ ကြသလော။ သင်တို့သည် ဆုံးမ တော်မူခြင်းကို ခံလျှင်၊ သား တို့ကို ပြု သကဲ့သို့၊ ဘုရားသခင်သည် သင်တို့ကို ပြု တော်မူ၏။” (ဟေ ၁၂:၅ -ရ)။ တဦးချင်း ဖြစ်စေ၊ အသင်းတော် ဖြစ်စေ၊ ဆုံးမခြင်းကို ခံနိင်သလော။ ဆုံးမခြင်းကို မခံလျှင်သားရင်း မဟုတ်။ မင်းဦးမင်းလွင်ရသော (မိဘလက်မထပ်ဘဲ ရသော)သား ဖြစ်မည်။

 

၂၀။ ငါသည် တံခါးရှေ့မှာ ရပ်၍ ခေါက်လျက် နေ၏။ အကြင်သူသည် ငါ၏ အသံကို ကြား၍ တံခါးကို ဖွင့်အံ့၊ ထိုသူရှိရာသို့ ငါ၀င်၍ သူနှင့်အတူ စားသောက်မည်။ သူ သည်လည်း ငါနှင့်အတူ စားသောက်ရလိမ့်မည်။

သခင် ယေရှုခရစ် သည် အသင်းတော် အတွင်း မှာရှိသေးသလော။ အသင်းတော်သည် သူပိုင်သင့်သည် မဟုတ်လော။ လောဒိကိအသင်းတော်၌ ခရစ်တော် မပါချေ။ သူသည် အိမ်ပြင်တံခါး၀၌ ခေါက်နေသည်။ ယနေ့ ​ကျွန်ပ်တို့၏ အသင်းတော်၌ သခင် ခရစ်တော် ရှိပါသလား။ လောဒိကိ အသင်းသားများကအဘယ်ကြောင့်တံခါးခေါက်သံကို မကြားကြသနည်း။ သူတို့၏ အလိုဆန္ဒ ပြုလုပ် ကြ၍၊ ကျေနပ် ကြသောကြောင့် ဖြစ်မည်။ ခရစ်တော်ကို တံခါးဖွင့်ပေးလျှင် သူသည် ၀င်၍ စားသောက်မည်ဟုဆိုသည်။ ဧည့်သည်သည် စားသောက်ခြင်း အမှုကို မစီရင်တတ်ချေ။ အိမ်ရှင်သာလျှင် စားသောက်ခြင်း အမှုကို ပြင်ဆင် တတ်သည်။ ဧည့်သည်သည် အိမ်ရှင်က၀င်ခွင့်ပြု သောအခါ၊ ဧည့်ခန်း၌ သာထိုင်တတ်သည်။ မီးဖုိချောင်ထဲ၌ မ၀င်တတ်ချေ။ သို့သော် ခရစ်တော်သည် သူ၀င် သောအခါ၊ ဧည့်သည် အဖြစ်မ၀င်ဘဲ အိမ်ရှင်အဖြစ် ၀င်ချင်သည်။ ထို့ကြောင့် စားသောက်ခြင်း အကြောင်းကို ပြောခြင်း ဖြစ်သည်။ သို့ဖြစ်လျှင် တံခါးဖွင့်ပေးသူသည် ဘာ ဖြစ်မည်နည်း။ ဧည်သည် ဖြစ်သွားမည်။ ဆိုလိုသည် မှာ ခရစ်တော် လက်ခံ သောအခါ၊ သူသည် သခင် ဖြစ်၍ သူ၏ အလိုဆန္ဒအတိုင်း သာအရာရာကို လုပ်ရသည်။ မိမိ ဆန္ဒကို ငြင်းပယ်ဘို့ လိုသည်။

 

၂၁။ ငါသည် အောင်မြင်၍၊ ငါ့ခည်းတော်၏ ပလ္လင်တော် ပေါ်မှာ ခမည်းတော်နှင့်အတူ ထိုင်နေ သကဲ့သို့၊ အောင်မြင်သော သူသည် ငါ၏ ပလ္လင်ပေါ်မှာ ငါနှင့်အတူ ထိုင်နေရသော အခွင့်ကို ငါပေးမည်။ ၂၂။ ၀ိညာဥ်တော်သည် အသင်းတော် တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသော သူမည်သည် ကား ကြားပါစေဟု မိန့်တော်မူ၏။

ခရစ်တော်သည်လောကသို့ ဆင်း သောအခါ၊ ခမည်းတော် ခိုင်းသော အမှုကိုပြီး စီးအောင် ဆောင်ရွက်သောကြောင့်၊ အောင်မြင်၍၊ ပလ္လင်တော် ပေါ်မှာ ခမည်းတော်နှင့်အတူ ထိုင်ရသော အခွင့်ကို ရသည်။ ယုံကြည်သူများလည်း ယုံကြည်ခြင်းအားဖြင့် အောင်မြင်ခြင်းရမည့် အကြောင်း ယောဟန်ကဤသို့ ရေးထားသည်၊ “ ဘုရားသခင်၏ သားတော် ဖြစ်သော သူမည်သည် ကား၊ လောကကိုအောင် တတ်၏။ လောကကို အောင်ခြင်း အကြောင်းမူကား၊ ငါတို့၏ ယုံကြည်ခြင်း ပေတည်း။ ယေရှုသည် ဘုရားသခင်၏ သားတော် ဖြစ်သည်ကို ယုံကြည်သော သူမှတပါး၊ အဘယ်သူသည်လောကကိုအောင် နိုင်သနည်း။” (၁ ယော ၅:၄-၅)။ ထို့ကြောင့် သားတော်ကို ယုံကြည်လျှင်၊ အောင်မြင်သော သူများ ဖြစ်ကြသည်။ အောင်မြင်သော သူူ ဖြစ်လျှင်၊ ခရစ်တော်နှင့်အတူ ပလ္လင်ပေါ်မှာ ထိုင်ရသော အခွင့်ကို၊ ရရှိကြမည်။

 

အသင်းတော် သမိုင်း၌

လောဒိကိအသင်းတော်သည်၊ အသင်းတော် သမိုင်း၌ အေဒီ ၁၉၀၀မှ ချီဆောင်ခြင်း နေ့အထိ ပုံဆောင်သည်။ ထို့ကြောင့် ယခုသည်လောဒိကိအသင်းတော် ခေတ်၌ ရှိကြသည်။ ဤခေတ်၌ အသင်းတော်သည် မပူ၊ မအေး၊ နွေးရုံဖြင့် ရှိသည်။ လောဒိကိအသင်းတော် ကဲ့သို့၊ ယခုခေတ်အသင်းတော်များ၊ ယုံကြည်သူများသည်လောက ပိုင်းချမ်းသာ ဘို့ကို သာလျှင် ရှာဖွေ၊ ဟောပြော ကြသည်။ အသင်းတော် များသည်၊ ဘုရား ကျောင်းကောင်းကောင်းဆောက်၍ ပိုင်ဘို့၊ အလှူငွေများ၍ လူများဘို့၊ အသင်းသား များ၏ လူမှု ရေးပိုင်းဆိုင်ရာလိုအပ်ချက်များ ဖြည့်ဆည်းပေးဘို့၊ လောက၌ တိုးတက်ကြီး ပွားဘို့ သာလျှင် အာရုံပြု ကြသည်။ ငွေရှိလျှင် အမှု ဆောင်နိင်မည်ဟု ယူဆ ကြသည်။ သို့သော် ဘုရားသခင်က၊ “ဤအမှုသည် ဗိုလ်​ခြေအားဖြင့် မဟုတ်၊ အာဏာတန်ခိုးအားဖြင့် မဟုတ်၊ ငါ့၀ိညာဥ်အားဖြင့် ဖြစ်လိမ့်မည်ဟု၊ ကောင်းကင် ဗိုလ်​ခြေအရှင်ထာ၀ရ ဘုရား မိန့်တော်မူ၏။” (ဇာခရိ ၄:၆)။ “ပေတရုကလည်း၊ ငါ၌ ရွှေငွေမရှိ၊ ရှိသည် အရာကို သင့်အား ပေးမည်။ နာဇရက်မြို့သား ယေရှုခရစ်၏ နာမတော် အားဖြင့် ထ၍ လှမ်းသွားလော့ဟုဆိုလျက်၊ သူ၏ လက်ျာလက်ကိုကိုင်ဆွဲချီကြွလေသော ခဏချင်းတွင်၊ ​ခြေနှစ်ဘက်ဖမျက်စိတို့သည်၊ စွမ်းအားကို ရသဖြင့်၊ ရုတ်တရက်ထ၍၊ မတ်တပ်ရပ်ပြီးလျှင် လှမ်းသွားလေ၏။” (တ ၃:၆-၈)

 

လောဒိကိအသင်းတော်သည်၊ ယေရှုခရစ် မပါသော်လည်း အဆင်ပြေနေသည်။ ထို့နည်းတူ၊ ယနေ့ အသင်းတော် အများစုလည်း၊ သခင်ယေရှုခရစ် ရှိဘို့ ထက်၊ အလှူငွေများဘို့၊ လူများဘို့၊ လောက ပစ္စည်းဥစ္စာပိုင်ဘို့ သာလျှင် စိတ်၀င်စား ကြသည်။ ဘုရား၏ အလိုတော်ကို တကယ် ရှာသည် မဟုတ်၊ ပျောက်ဆုံး၀ိညာဥ်များကို သနား၍ ကယ်တင်ခြင်း တရားဟောဘို့ မဟုတ်၊ ဘုရား၀တ်၌ မွေ့လျော်ခြင်းသည်၊ ကြီးစွာသော အကျိုးစီးပွား ဖြစ်သည်ဟု ထင်သောကြောင့်၊ အမှုတော် ဆောင် သူများ လှသည်။ ထိုသူတို့သည် အသင်းတော်၌ လူများ မှသာလျှင်၊ အလှူငွေရှိမှသာလျှင် လုပ်ဆောင်နိင် ကြသည်။ လူနည်းသွားလျှင်၊ ငွေမရှိလျှင် မလုပ်လိုကြတော့ချေ။ ထိုသို့သော သူမဖြစ်ဘို့ အရေးကြီးသည်။ ဘုရား၏ အမှုတော် မြတ်သည်၊ ငွေအားဖြင့်၊ ပညာအားဖြင့်၊ ဥပ​ေဒအားဖြင့် တည်ဆောက်၍ မရပါ။ သန့်ရှင်းသော ၀ိညာဥ်တော်၏ ဦးဆောင်ခြင်းအားဖြင့် သာလျှင်၊ လုပ်ဆောင်နိင်သည်။

 

မေးခွန်းများ

 

၁။ လောဒိကိမြို့သည် အဘယ်ကြောင့်ချမ်းသာ သနည်း။ ————————————————————————————

၂။ ———————မြို့မှရေပူ၊ ———————မြို့မှရေအေးကို သွယ်၍ ———————မြို့ရောက် သောအခါ နွေးရုံသာရှိတော့သည်။

၃။ လောဒိကိအသင်းတော်သည် ———————လည်း မဟုတ်၊ ———————လည်း မဟုတ်၊ ———————ရုံသာရှိသည်။

၄။ လောဒိကိအသင်းတော်သည် ချမ်းသာ သလော၊ ဆင်းရဲ သလော။ —————————————————————

၅။ ပေါလုသည်လောဒိကိအသင်းတော် ထံစာပို့ပါသလား။ ———————အဘယ်ကြောင့်မရှိတော့သနည်း။ ——————————————

၆။ ကိုယ်တုံးလုံးဆိုသည်မှာ ———————–ရှိခြင်း ဖြစ်သည်။

ရ။ အာဒံနှင့် ဧ၀တို့ကို ဘုရားသခင်က ဘာပေးထားသနည်း။ ———————

၈။ ဘုရားသခင်က ငါတို့ ခြုံဘို့ရန် ဘာကို ပေးထားသနည်း။ ———————

၉။ လောဒိကိအသင်းတော်သည် သခင်ယေရှုခရစ်ကို ၀တ်ခြုံကြပါသလော။ ———————အဘယ်သို့ သိနိင်သနည်း။ ———————

၁၀။ ယုံကြည်သူများသည် မည်သည့်နေရာ၌ ချမ်းသာဘို့ ဖြစ်သနည်း။ ——————————————

၁၁။ စမုရနအသင်းတော်သည် အဘယ်ကြောင့်ဆင်းရဲ သနည်း။ —————————————————————လောဒိကိအသင်းတော်သည် အဘယ်ကြောင့်ချမ်းသာ သနည်း။ —————————————————————

၁၂။ လောဒိကိအသင်းတော်၌ ခရစ်တော် ရှိပါသလော။ ——————–မည်သည့်နေရာ၌ ရရှိသနည်း။ ———-

၁၃။ သင်၏ အသင်းတော်၌ ခရစ်တော် ရှိမရှိသည် အရေးကြီး ပါသလော။ ———————

၁၄။ ယနေ့ အသင်းတော် အများစု၏ ရည်ရွယ်ချက်များသည် ———————————————————————————— ဖြစ်သည်။

၁၅။ ကျမ်းစာ ကရွှေထက် ဘာကို တန်ဘိုးရှိသည်ဟုဆိုသနည်း။ ———————ကျမ်းပိုဒ်များ ဖေါ်ပြပါ။ ——————————————

၁၆။ သင်၏ အသင်းတော်သည် အ၀တ်အစားအကောင်းစား၀တ်သော်လည်းကိုယ်တုံးလုံး ဖြစ်နေပါသလော။ ————————

၁ရ။ သန့်ရှင်း သူများ၏ အ၀တ်သည် အဘယ်အရာနည်း။ —————————————————————

၁၈။ ၀ိညာဥ်မျက်စိသည် မည်သူကသာ မြင်စေနိင်သနည်း။ ———————

၁၉။ အဘယ်ကြောင့်ကောင်းကင် မစွဲလမ်းကြသနည်း။ ——————————————

၂၀။ အဘယ်ကြောင့်သတ္တိမရှိကြသနည်း။ ——————————————

၂၁။ ခရစ်တော်သည် တံခါးဖွင့်ပေး သောအခါ အဘယ်ကြောင့်စားသောက်မည့် အကြောင်းကို ပြောသနည်း။ ————————————–

၂၂။ အသက်တာ၏ သခင်သည် မည်သူ ဖြစ်ရမည်နည်း။ ———————

၂၃။ အောင်မြင်သော သူကို ဘာပေးမည်နည်း။ ——————————————

၂၄။ အောင်မြင်ခြင်း သည် ဘာအားဖြင့် ရနိင်သနည်း။ ———————

၂၅။ လောဒိကိအသင်းတော် ခေတ်သည်၊ အသင်းတော် သမိုင်း၌ မည်သည့်အချိန် ဖြစ်သနည်း။ ——————————————

၂၆။ အသင်းတော်သည်၊ အဆောက်အဦး၊ ငွေ၊ ပစ္စည်းများ အားဖြင့် တည်ဆောက်၍ ရပါသလော။ ——————————————

၂ရ။ အသင်းတော်ကို ဘာအားဖြင့် ဆောက်ရမည်နည်း။ —————————————————————

.

 

ဗျာဒိတ်ကျမ်း ၄

 

ကောင်းကင်မြင်ကွင်း

 

အခန်းကြီး လေးသည် ကောင်းကင် မြင်ကွင်း ဖြစ်သည်။ ဘုရားသခင်သည် လူအချို့တို့ကို ကောင်းကင် မြင်ခွင့်ပေးခဲ့သည်။ မောရှေ (ထွက် ၂၅:၄၀)။ ဟေရှာယ (ဟေရှာယ ၆:၁-၄)၊ ယေဇကျေလ (ယေဇ ၁:၄-၂၈)၊ ဒံယေလ (ဒံရ:၉-၁၄)၊ ပေါလု (၂ ကော ၁၂:၂-၃)တို့ ဖြစ်သည်။

 

၁။ ထိုနောက်မှငါကြည့်လျှင်၊ ကောင်းကင်၌ တံခါးဖွင့်ထားလျက် ရှိ၏။ ရှေ့ဦးစွာ ကြားရသော အသံဟူမူကား၊ ဤအရပ်သို့ တက်လော့။ နောင်ကာလ၌ ဖြစ်ရမည်အရာတို့ကို ငါပြမည်ဟု ငါနှင့် ပြောလျက် ရှိသော တံပိုးခရာသံကဲ့သို့ မြည်လေ၏။

ထိုနောက်မှဟူသောအရာ သည်၊ အခန်းကြီး သုံး၌ အသင်းတော်များအကြောင်းကို ဆိုလိုသည်။ ကောင်းကင်၌ တံခါးဖွင့်လျက် ရှိ၏ဟုဆိုသည်။ ကောင်းကင်သည် ၀ိညာဥ်လောက ဖြစ်သောကြောင့်၊ ဤရုပ်လောက မှမမြင်နိင်ချေ။ ကျမ်းစာ၌ ကောင်းကင်ကို တိုက်ရိုက်တွေ့မြင်သော သူနှစ်ယောက်တွေ့ရသည်။ တယောက်သည် ငရဲထဲမှသူဌေးကြီး ဖြစ်သည်။ “သူဌေး သည်လည်း သေလွန်၍ သင်္ဂြိုဟ်ခြင်းကို ခံရလေ၏။ မရဏာနိုင်ငံ၌ ပြင်းပြစွာသော ဝေဒနာကို ခံရလျက် မျှော်ကြည့်၍၊ အာဗြဟံကို၎င်း၊ အာဗြဟံ၏ ရင်ခွင်၌ လာဇရုကို၎င်း၊ အဝေးကမြင်လျှင်၊ ” (လု ၁၆:၂၂-၂၃)။ နောက်တယောက် ကောင်းကင် မြင်သော သူသည် အသေသတ်ခြင်း ခံရသော သထေဖန် ဖြစ်သည် “သူ သည်လည်း သန့်ရှင်းသော ၀ိညာဥ်တော်နှင့် ပြည့်သဖြင့်၊ ကောင်းကင်သို့ စေ့စေ့ကြည့်မျှော်၍ ဘုရားသခင်၏ ဘုန်းတော်ကို၎င်း၊ ဘုရားသခင်၏ လက်ျာတော် ဘက်၌ ယေရှု ရပ်နေသည်ကို၎င်းမြင်လျှင်၊ ကြည့်ပါ။ ကောင်းကင် ဖွင့်လှစ်သည်ကို၎င်း၊ လူသားသည် ဘုရားသခင်၏ လက်ျာတော် ဘက်၌ ရပ်နေသည်ကို၎င်းငါမြင်သည်ဟုဆို၏။” (တမန် ရ:၅၅-၅၆)။ အနာဂတ်မှာကောင်းကင်ကို တိုက်ရိုက်မြင်မည့်သူ များသည် ဘေးဒဏ်ကြီး ကာလ၌ ရှိသောလောက သားများဖြစ်သည်၊ “မိုဃ်းကောင်ကင်သည် စာစောင်လိပ် သကဲ့သို့ လွင့်သွား၏။ တောင်များ၊ ​ကျွန်းများ အပေါင်းတို့သည် မိမိတို့ နေရာအရပ်မှရွေ့ကြ၏။ လောကီဘုရင်၊ မှူးမတ်၊ စစ်သူကြီး၊ သူဌေး၊ သူကြွယ်၊ ခွန်အားကြီးသော သူမှစ၍ ​ကျွန်များ၊ လူလွတ်များ အပေါင်းတို့သည် မြေတွင်း ၌၎င်း၊ တောင်ပေါ်မှာ ရှိသော ကျောက်များ၌ ၎င်း၊ ပုန်းရှောင်လျက် နေ၍၊ ထိုတောင်များ၊ ကျောက်များ တို့ကို ခေါ်လျက်၊ ငါတို့ အပေါ်သို့ ကျကြပါ။ ပလ္လင်ပေါ်မှာ ထိုင် တော်မူသော သူ၏ မျက်နှာနှင့် သိုးသငယ်၏ အမျက်တော်ကို ကွယ်ကာ၍၊ ငါတို့ကို ဖုံးအုပ်ကြပါ။ အမျက်တော် ထင်ရှားသော နေ့ကြီးရောက်ပါပြီတကား။ အဘယ်သူသည် ခံရပ်နိုင်မည်နည်းဟု ပြောဆို ကြ၏။” (ဗျာ ၆:၁၄-၁ရ)။ မိတ်ဆွေသည် ချီဆောင်ခြင်း ထဲ၌ မပါလျှင်၊ ဤအုပ်စုအထဲ၌ ပါစရာ အကြောင်းရှိသည်။ ဤအုပ်စု၌ ပါပါကအလွန် ၀မ်းနည်းစရာ ကောင်းမည်။ ထိုကြောင့်ယခုအချိန် ကောင်းရှိစဥ်တွင် ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် အမှန် လက်ခံဘို့ လိုသည်။

 

“ဤအရပ်သို့ တက်လော့” ထိုိနေရာသည် ကောင်းကင် ဖြစ်သည်။ ယောဟန်ကို ဘုရားသခင်က ကောင်းကင်သို့ တက်ခိုင်းခြင်း ဖြစ်သည်။

 

“နောင်ကာလ၌ ဖြစ်ရမည်အရာတို့ကို ငါပြမည်” ယောဟန်အား ထိုကဲ့သို့ ပြောသောကြောင့် နောက်ပိုင်းရေးထားသောအရာ များသည်၊ နောင်၌ ဖြစ်မည့် အရာများ ဖြစ်သည်။ နောင် ဖြစ်မည့် အရာများ ပြောနိင်သော သူသည်၊ ဘုရားသခင် သာလျှင် ဖြစ်သည်။ အကြောင်းမှာ သူသည် အရာခပ်သိမ်းကို အုပ်စိုးပိုင်သသောသူ ဖြစ်သည်။

 

“ငါနှင့် ပြောလျက် ရှိသော တံပိုးခရာသံကဲ့သို့ မြည်လေ၏။” တံပိုးခရာအသံသည် စကား ကဲ့သို့ အဓိပ္ပါယ်မရှိချေ။ ဆိုလိုသည် မှာအသံကျယ်လောင်ခြင်းကို ဆိုလိုသည်။ ယောဟန်သည် ဘုရားသခင်က စကား ပြော သောအခါ တိုးတိုး မပြောဘဲ ကျယ်လောင်စွာ ပြောသည်။

 

၂။ ထိုအခါ ၀ိညာဥ်တော်ကို ငါသည် ချက်ခြင်း ခံရ၍၊ ကောင်းကင်ဘုံ၌ ပလ္လင် တခုတည်လျက် ရှိ၏။ ပလ္လင်ပေါ်မှာ ထိုင်သော သူလည်းရှိ၏။

ယောဟန်သည် ၀ိညာဥ်တော်ကို ချက်ခြင်း ခံရသည်ဟုဆိုခြင်းသည်၊ ၀ိညာဥ်တော် ကလွှမ်းခြုံသွားခြင်း၊ ဇာတိအားဖြင့် မဟုတ်ခြင်းကို ုဆိုလိုသည်။ သူသည် ၀ိညာဥ်အားဖြင့် ကောင်းကင်သို့ ရောက်သွားပြီး ပလ္လင် တခုကို မြင်သည်။ ထိုပလ္လင်ပေါ်၌ ထိုင်သော သူ၏ ပုံပန်းသဏ္ဍာန်ကို အငယ် ၃၌ ဖေါ်ပြထားသည်။

 

၃။ ထိုသူ၏ အဆင်းအရောင်သည် နဂါးသွဲ့ကျောက်၊ ပတ္တမြားကျောက်နှင့် တူ၏။ ပလ္လင်၏ ပတ်၀န်းကျင်၌ကား၊ မြကျောက်အဆင်းအရောင်နှင့် တူသော သက်တံ့ရှိ၏။

ယောဟန်ကထာ၀ရ ဘုရားကို မြင်သော်လည်း၊ ကျောက်အရောင်အ၀ါနှင့် သာရေးသား သွားသည်။ နဂါးသွဲ့ကျောက်သည် jasper ဖြစ်၍ ပတ္တမြားကျောက်သည် Ruby ဖြစ်သည်။ သက်တံ့သည် အရောင်ခုနှစ်ခုရိှသည်။ သို့သော် ယောဟန်မြင်သော သက်တန့်သည် အစိမ်းရင့်ရောင်ရှိသော မြကျောက်နှှင့်တူသည်။ သက်တံ့သည် ဘုရားနှင့် မြေကြီး အကြား ပြုသော ပဋ္ဋိညာဥ် ဖြစ်သည်၊ ဘုရားသခင်က၊ “ငါသည် မိုဃ်းကို အုံ့စေ သောအခါ၊ မိုဃ်းတိမ်၌ သက်တံ့သည် ထင်ရှားလိမ့်မည်။ ထိုအခါ ငါတဘက်၊ သင်တို့ မှစ၍၊ အသက် ရှင်သော သတ္တ၀ါ၊ တိရစ္ဆန်ရှိသမျှတို့ တဘက်၌ ရှိသော၊ ငါ၏ ပဋ္ဋိညာဥ်ကို ငါအောက်မေ့သဖြင့်၊ ခပ်သိမ်းသော သတ္တ၀ါတို့ကို ဖျက်ဆီးခြင်းငှါ၊ နောက်တဖန် ရေလွှမ်းမိုးခြင်း မရှိရ။ မိုဃ်းတိမ်၌ သက်တံ့ရှိသည်ကို ငါကြည့်ရှုသဖြင့်၊ ဘုရားသခင်နှင့် မြေကြီး ပေါ်မှာ အသက် ရှင်သော သတ္တ၀ါတိရစ္ဆာန် အပေါင်းတို့ စပ်ကြားမှာရှိသော ထာ၀ရ ပဋ္ဋိညာဥ်ကို ငါအောက်မေ့မည်။” (က ၉:၁၄-၁၆) ဟုဆိုသည်။ ဘုရားသခင်သည် ရေဖြင့် လူများကို မဖျက်ဆီးတော့မည့် အမှတ်သဂေ်တ ဖြစ်သည်။ ထို့ကြောင့် သက်တန့်မြင်တိုင်း၊ ဘုရားသခင်၏ မေတ္တာကို သိမြင်နိင်သည်။ သို့သော် ယခုအခါ လိင်တူဆက်ဆံသော သူများက၊ သူတို့၏ အမှတ်တံဆိပ်အဖြစ် အသုံးပြု ကြသည်။ မည်သို့ ပင်သုံးစေကာမူ သူတို့၏ အကျင့်သည်၊ ဘုရား မုန်းသော အပြစ် ဖြစ်သောကြောင့်၊ တရားစီရင်ခြင်းမှ လွတ်မြောက်နိင်မည် မဟုတ်။

 

၄။ ထိုပလ္လင်၏ ပတ်၀န်းကျင်၌ အခြားသော ပလ္လင်နှစ််ဆယ်လေးပလ္လင်ရှိ၏။ ထိုပလ္လင်တို့ အပေါ်၌ အသက် ကြီး သူနှစ်ဆယ်လေးပါးတို့သည် ဖြူသော အ၀တ်ကို ၀တ််ဆင်လျက်၊ ခေါင်းပေါ်၌ ရွှေသရဖူကို ဆောင်းလျက် ထိုင် နေကြ၏။

နှစ်ဆယ့်လေးပလ္လင်ပေါ်၌ ထိုင်သော၊ အသက် ကြီး သူနှစ်ဆယ့်လေးပါးတို့သည်၊ မည်သူတို့ ဖြစ်သနည်း။ မြန်မာကျမ်းစာနှင့် King James ကျမ်းစာ အရ ဖြစ်လျှင်၊ ထိုသူတို့သည် ယုံကြည်သူ အသင်းတော်ကို ဆိုလိုသည်။ ယောဟန်က“ထိုစာစောင်ကို ခံယူ သောအခါ၊ သတ္တ၀ါလေးပါးနှင့် အသက် ကြီး သူနှစ်ဆယ်လေးပါးတို့သည်၊ သန့်ရှင်း သူတို့၏ ပဌနာ တည်း ဟူသော၊ မီးရှို့ရာနံ့သာပေါင်းနှင့် ပြည့်သော ရွှေဖလားတို့ကို၎င်း၊ စောင်းတို့ကို၎င်း၊ အသီးသီးကိုင်၍၊ သိုးသငယ် ရှေ့၌ ပြပ်၀ပ်လျက်၊ ကိုယ်တော်သည် အသေသတ်ခြင်းကို ခံတော်မူသော အားဖြင့်၊ အသီးအသီးဘာသာစကားကို ုပြောသော၊ လူအမျိုးအနွယ်ခပ်သိမ်းတို့ အထဲမှအ​ကျွန်ုပ်တို့ကို ယူ၍၊ အသွေးတော်နှင့် ဘုရားသခင် အဘို့၊ ရွေးနှုတ် တော်မူ၏။ အ​ကျွန်ုပ်တို့၏ ဘုရားသခင့်ရှေ့မှာ၊ ရှင်ဘုရင်အရာ၌၎င်း၊ ယဇ်ပုရောဟိတ် အရာ၌၎င်း၊ ခန့်ထား၍၊ မြေကြီး ပေါ်မှာ စိုးစံရသော အခွင့်ကို ပေးတော်မူ၏။” (ဗျာ ၅:၈-၁၀) ဟု ရေးထားသည်။ အ​ကျွန်ပ်တို့ကိုဟုဆိုသောကြောင့်၊ ထိုအသက် ကြီး သူများသည်၊ သူတို့ အကြောင်းကို ပြောခြင်း ဖြစ်သည်။ အသီးအသီးဘာသာစကားကို ုပြောသော၊ လူအမျိုးအနွယ်ခပ်သိမ်းတို့သည်၊ တပါးအမျိုးသားများဖြစ်၍၊ အသွေးတော်နှင့် ဘုရားသခင် အဘို့ ရွေးနှုတ် တော်မူ၏၊ ဟုဆိုသောကြောင့်၊ အသင်းတော် ဖြစ်သည်ဟု ယူနိင်သည်။ ထို့အပြင် ဘုရားသခင့်ရှေ့မှာ၊ ရှင်ဘုရင်အရာ၌၎င်း၊ ယဇ်ပုရောဟိတ် အရာ၌၎င်း၊ ခန့်ထား၍၊ မြေကြီး ပေါ်မှာ စိုးစံရသော အခွင့်ကို ပေးတော်မူ၏၊ ဟုဆိုသောကြောင့် (၁ ပေ ၂:၉) အရယုံကြည်သူများဖြစ်သည်။ ထိုသူတို့သည် ဖြူသော အ၀တ်ကို ၀တ်ဆင်သည်ဟုဆိုသည်။ ဖြူသော အ၀တ်သည် ​ဖြောင့်မတ်ခြင်း ဖြစ်ကြောင်း ဤသို့ ရေးထားသည်၊ “ထိုမိန်းမသည် စင်ကြယ်ပြောင်လက်သော ပိတ်ချောကို ၀တ်ဆင်ရသော အခွင့်ကို ရ၏။ ထိုပိတ်ချောမူကား၊ သန့်ရှင်း သူတို့၏ ​ဖြောင့်မတ်ခြင်း ဖြစ်သတည်း။” (ဗျာ ၁၉:၈)။

 

“ခေါင်းပေါ်၌ ရွှေသရဖူကို ဆောင်းလျက် ထိုင် နေကြ၏။” ခေါင်းပေါ်၌ ဆောင်းသော ရွှေသရဖူသည် အောင်မြင်သော သူများ ကဆောင်းသော သရဖူ ဖြစ်သည်။ ရှင်ဘုရင်သရဖူ မဟုတ်။ ရှင်ဘုရင်သရဖူသည် အမွေအားဖြင့် လက်ဆင့်ကမ်းရတတ်သည်။ အောင်မြင်ခြင်း သရဖူသည် အမွေအားဖြင့် မဟုတ်၊ ကိုယ်တိုင်လုပ်ဆောင်ခြင်းအားဖြင့် ဖြစ်သည်။

 

၅။ ပလ္လင်တော် ထဲကလျှပ်စစ်ပြက်၏။ စကား ပြောသံ၊ မိုဃ်းကြိုးသံလည်း မြည်၏။ ပလ္လင်တော် ရှေ့၌ ဘုရားသခင်၏ ၀ိညာဥ်ခုနှစ်ပါးတည်း ဟူသော၊ မီးခွက်ခုနှစ်လုံးတို့သည် ထွန်းလျက် ရှိကြ၏။

လျှပ်စစ်ပြက်ခြင်း၊ မိုဃ်းကြိုးသံမြည်ခြင်း များသည်၊ ဘုရားသခင်၏ ဘုန်းတန်ခိုးကို ဖေါ်ပြခြင်း ဖြစ်သည်။ ထာ၀ရ ဘုရားသည် လျှပ်စစ်ပြက်ခြင်း၊ မိုဃ်းကြိုးသံမြည်ခြင်း၊ မီးလောင်ခြင်းများအားဖြင့် လူများရှေ့၌၊ သူ၏ တန်ခိုးပြတတ်သည်။ ထာ၀ရ ဘုရားသည်၊ သိနာတောင်ပေါ်မှ ဣသရေလ လူများကို ဤသို့ စကား ပြောခဲ့သည်၊ “သုံးရက်မြောက်သောနေ့၊ နံနက်အချိန်၌ တောင်ပေါ်မှာ မိုဃ်းချုန်းခြင်း၊ လျှပ်ပြက်ခြင်းနှင့် တကွမိုဃ်းတိမ်တိုက်လွှမ်းမိုး၍၊ ကြီးသော အသံနှင့် တံပိုးမြည်သဖြင့်၊ တပ်၌ ရှိသော လူအပေါင်းတို့သည် တုန်လှုပ်ကြ၏။” (ထွက် ၁၉:၁၆)။ ပညတ်တော် ဆယ်ပါးပေး သောအခါ၌လည်း၊ ဤသို့ တွေ့ရသည်၊ “လူ အပေါင်းတို့သည် မိုဃ်းချုန်းခြင်း၊ လျှပ်ပြက်ခြင်း၊ တံပိုးသံမြည်ခြင်း၊ တောင်ထဲကမီးခိုးထွက်ခြင်း အကြောင်း အရာတို့ကို မြင် သောအခါ၊ ကြောက်သောကြောင့် ရွေ့၍ အဝေး၌ ရပ် နေကြ၏။ မောရှေကိုလည်း၊ အ​ကျွန်ုပ်တို့ အားကိုယ်တော် မိန့်တော်မူပါ၊ အ​ကျွန်ုပ်တို့သည် နားထောင် ပါမည်။ အ​ကျွန်ုပ်တို့အား ဘုရားသခင် မိန့်တော် မမူပါစေနှင့်။ အ​ကျွန်ုပ်တို့သည် သေမည်ကို စိုးရိမ် ပါသည်ဟု လျှောက်ဆိုကြ၏။ မောရှေကလည်း၊ မစိုးရိမ် ကြနှင့်။ သင်တို့ကို စုံစမ်းခြင်း ငှါ၎င်း၊ သင်တို့သည် ပြစ်မှားခြင်းနှင့် လွတ်မည်အကြောင်း၊ ကိုယ်တော်ကို ကြောက်စေခြင်းငှါ၊ ဘုရားသခင်က ြွလာ တော်မူ ပြီ၊ ဟု လူများ တို့အား ပြောဆို၏။ လူများတို့ သည်လည်း အဝေး၌ ရပ် နေကြ၏။ မောရှေမူကား၊ ဘုရားသခင် ရှိတော်မူ ရာထူထပ်သော မှောင်မိုက်သို့ ချဥ်းကပ်လေ၏။ ထာ၀ရ ဘုရား ကလည်း၊ ဣသရေလ အမျိုးသားတို့ အား၊ ပြန်ပြောရသော စကား ဟူမူကား၊ ငါသည် ကောင်းကင်ဘုံမှ သင်တို့နှင့် နှုတ်ဆက်ကြောင်းကို သင်တို့သည် သိမြင်ကြပြီ။” (ထွက် ၂၀:၁၈-၂၂) ဟုဆိုခဲ့သည်။ ဘုရားသခင်က သူ၏ ဘုန်းတန်ခိုးကို ပြသောအခါ၊ ဣသရေလ လူများသည်၊ အလွန် ကြောက်ရွံ့တုန်လှုပ် ကြသည်။ ယနေ့ လူများသည် ဘုရား၏ ဘုန်းကို မမြင်၊ မကြားသောကြောင့် မကြောက်ကြ၊ ဂရုမစိုက်ကြချေ။

 

“ဘုရားသခင်၏ ၀ိညာဥ်ခုနှစ်ပါးတည်း ဟူသော မီးခွက်ခုနှစ်လုံး” ၀ိညာဥ်တော်သည် မီးခွက်နှင့် နှုိင်းထားသည်။ အဘယ်ကြောင့်နည်းဟူမူကား၊ မီးခွက်သည် လင်းစေသောအရာ ဖြစ်သည်။ မီးခွက်ကို လင်းစေသောအရာ သည်၊ သံလွင်ဆီ ဖြစ်သည်။ ထိုသံလွင်ဆီသည် ၀ိညာဥ်တော်နှင့် တူသည်။ လူသည် မီးခွက် ဖြစ်၍၊ လူကို လင်းစေသောအရာ သည်၊ သန့်ရှင်းသော ၀ိညာဥ်တော် ဖြစ်သည်။

 

၆။ ပလ္လင်တော် ရှေ့၌လည်း၊ ကျောက်သလင်းနှင့် တူသော ဖန်ရေကန်ရှိ၏။ ပလ္လင်တော်၏ အတွင်း ၌၎င်း၊ ပတ်၀န်းကျင်၌၎င်း၊ မျက်စိနှင့် တကိုယ်လုံးပြည့်သော သတ္တ၀ါလေးပါးရှိ၏။

ကျောက်သလင်းနှင့် တူသော ဖန်ရေကန်သည်၊ တဲတော် ရှေ့၌ ရှိသော ​ကြေး၀ါအင်တုံ ဖြစ်မည်။ ထိုအင်တုံ၌ ရေထည့်ထား၍၊ ထိုရေဖြင့် ယဇ်ပုရောဟိတ် များ သန့်ရှင်းရေးလုပ်ရသည်။ ယဇ်ကောင်များကိုလည်း ဆေးကြောရသည်။ ဘုရား ထံယဇ်ပူဇော် သောအခါ၊ သန့်ရှင်းဘို့ လိုအပ်သည်။ ကောင်းကင် ရှိဖန်ရေကန်သည်၊ သန့်ရှင်းခြင်းကို ဖေါ်ပြခြင်း ဖြစ်မည်။ “မျက်စိနှင့် တကိုယ်လုံးပြည့်သော သတ္တ၀ါလေးပါးရှိ၏။” သတ္တ၀ါလေးပါးတို့သည် တကိုယ်လုံးမျက်စိနှင့် ပြည့်သည်ဟုဆိုသည်။ မျက်စိသည် မြင်နိင်ခြင်းကို ဖေါ်ပြသည်။ လူ၌ မျက်စိနှစ်လုံးသာရှိသောကြောင့် အရှေ့နှင့် ဘေးကို သာမြင်နိင်သည်။ အနောက်ဘက်မမြင်နိင်ချေ။ တကိုယ်လုံးမျက်စိရှိသောကြောင့် အရပ်လေးမျက်နှာမြင်နိ်င်ကြောင်းကို ဖေါ်ပြသည်။ ထိုသတ္တ၀ါလေးပါးကို အောက်ပါကျမ်းပိုဒ်များ၌လည်း တွေ့ရသည်၊ ဗျာ ၅:၆-၁၄၊ ၆:၁-၈၊ ၁၄:၃၊ ၁၅:ရ၊ ၁၉:၄။

 

ရ။ ပဌမ သတ္တ၀ါသည် ခြင်္သေ့နှင့် တူ၏။ ဒုတိယသတ္တ၀ါသည် နွားသငယ်နှင့် တူ၏။ တတိယသတ္တ၀ါသည် လူမျက်နှာရှိ၏။ စတုတ္ထသတ္တ၀ါသည် ပျံလျက် ရှိသော လင်းယုန်နှင့် တူ၏။

သတ္တ၀ါလေးပါးကို ပရောဖက် ယေဇကျေလကလည်း ဤကဲ့သို့ မြင်ဘူးပြီ၊ “ငါကြည့်ရှု၍ ပြင်းစွာသော လေ၊ ကြီးစွာသော မိုဃ်းတိမ်၊ ထွန်းလင်းသော မီးစက်သည် မြောက််မျက်နှာမှပေါ်လာ၏။ မီးစက်ထဲကဟရှမေလရွှေရောင်ထွက်လေ၏၊၊ ထိုမီးစက်ထဲမှာသတ္တ၀ါလေးပါးတို့သည် ထင်ရှားကြ၏။ ထိုသတ္တ၀ါတို့၏ အဆင်းသဏ္ဍာန်ဟူမူကား၊ လူ၏ ပုံသဏ္ဍာန်ကို ဆောင်၍ မျက်နှာလေးခုစီ၊ အတောင်လည်း လေးခုစီရှိကြ၏။ ​ခြေထောက်သည် ​ဖြောင့်သော ​ခြေထောက် ဖြစ်၏။ ​ခြေဘ၀ါးသည် နွားသငယ်၏ ​ခြေဘ၀ါးကဲ့သို့ဖြစ်၍ ဦးသစ်သော ​ကြေး၀ါကဲ့သို့ တောက်လေ၏။ ကိုယ်လေးမျက်နှာအတောင်အောက်၌ လူလက်ရှိ၏၊ ထိုလေးပါးတို့သည် မျက်နှာတို့နှင့်၎င်း၊ အတောင်တို့နှင့်၎င်း၊ ပြည့်စုံကြ၏။ အတောင်ချင်း တခုနှင့် တခုစပ်လျက် ရှိ၍၊ ထိုသတ္တ၀ါတို့ သွား သောအခါ တပါးမျှမလည်ဘဲ၊ တည့်တည့်သွားတတ်ကြ၏။ မျက်နှာအဆင်းသဏ္ဍာန်ဟူမူကား၊ သတ္တ၀ါလေးပါးတို့သည် လကျ်ာဘက်၌ လူမျက်နှာ၊ ခြင်္သေ့မျက်နှာနှင့်၎င်း၊ လက်ဝဲဘက်၌ နွားမျက်နှာ၊ လင်းယုန်မျက်နှာနှင့် ပြည် စုံကြ၏။” (ယေဇ ၁:၄-၁၀)

 

ထိုသတ္တ၀ါများကို၊ မြေကြီး ပေါ်မှာ နေသော လူသားများအနေဖြင့်၊ ရှင်းလင်းစွာ နားမလည်နိင်ချေ။ သတ္တ၀ါလေးပါးသည် သခင်ယေရှုကို သရုပ်ဖေါ်သော ခရစ်၀င်ကျမ်းလေးကျမ်းနှင့် တူသည်။ မဿဲက ခရစ်တော်ကို်ရှင်ဘုရင်အဖြစ် ရုပ်လုံးဖေါ်၍၊ တောဘုရင်ခြင်္သေ့နှင့် တူသည်။ မျိုးစဥ်ဆက်ကိုလည်း အာဗြဟံမှစတင်၍ ဖေါ်ပြသည်။ မာကုက ခရစ်တော်ကို အစေခံ​ကျွန်အဖြစ် ဖေါ်ပြ၍၊ နွားကဲ့သို့ဖြစ်သည်။ မျိုးစဥ်ဆက်ကိုလည်း မဖေါ်ပြဘဲ၊ ဘုရား၏ ​ကျွန်ဗတ္တိဇံယောဟန်မှစတင်၍၊ အစပြုလိုက်သည်။ လုကာက ခရစ်တော်ကို လူသား အနေဖြင့် သရုပ်ဖေါ်၍၊ မျိုးစဥ်ဆက်ကိုလည်း အာဒံမှစသည်။ ယောဟန်က ခရစ်တော်ကို ဘုရား အဖြစ် ဖေါ်ပြ၍၊ ကောင်းကင်၌ ပျံဝဲသော လင်းယုန်နှင့် တူသည်။ မျိုးစဥ်ဆက်ကိုလည်း ဘုရား မှစသည်။ ထိုသတ္တ၀ါလေးပါးသည်၊ ဘုရားသခင်၏ ပလ္လင်တော် အနားမှာရှိသောကြောင့်၊ ကောင်းကင်တမန် များဖြစ်နိင်သည်။

 

၈။ ထိုသတ္တ၀ါလေးပါးတို့၏ကိုယ်ပတ်၀န်းကျင်၌၊ တပါးတပါးလျှင် အတောင်​ခြောက်ခုစီရှိ၍၊ အတွင်း၌ မျက်စိနှင့် ပြည့်ကြ၏။ သူတို့ ကလည်း၊ အနန္တတန်ခိုးနှင့် ပြည့်စုံ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂါတ်ကာလ အစဥ်ရှိ တော်မူသော ထာ၀ရ အရှင် ဘုရားသခင်သည်၊ သန့်ရှင်း တော်မူ၏၊ သန့်ရှင်း တော်မူ၏၊ သန့်ရှင်း တော်မူ၏ဟု နေ့ညဥ့်မပြတ် ငြိမ်၍ မနေဘဲ ပြောဆို ကြ၏။

သတ္တ၀ါလေးပါးတို့သည် အတောင်​ခြောက်ခုစီရှိသည်ဟုဆိုသည်။ ယေဇကျေလကအတောင်လေးခုစီဖြင့် မြင်ခဲ့သည်။ အတွင်း ၌ မျက်စိနှင့် ပြည့်ခြင်းသည်၊ အရာခပ်သိမ်းမြင်နိင်ခြင်း ဖြစ်သည်။ သူတို့သည် ကောင်းကင်တမန် များဖြစ်သည်။ သူတို့ ကထာ၀ရ ဘုရားကို သန့်ရှင်း တော်မူ၏ဟု နေ့ညဥ့်မပြတ် ပြောဆို၏ဟုဆိုသောအရာ သည်လောက လူသားများအတွက် နားလည်ဘို့ ခက်သည်။ အကြောင်းမှာ လူသည် ငြေးငွေ့တတ်၊ ပင်ပန်းတတ်သည်။ သို့သော် ကောင်းကင်၌ ထိုသို့မဟုတ်။ နေ့ညဥ့်မပြတ်ဟုဆိုရာကောင်းကင်၌ နေမရှိတော့သောကြောင့် နေ၀င်နေထွက်ခြင်း မရှိ။ ထို့ကြောင့် ညဥ့်လည်းရှိမည် မဟုတ်။ ထိုအရာသည် မြေကြီး ပေါ်မှ နားလည်နိင်ရန်ရေးသားခြင်း ဖြစ်သည်။ ဆိုလိုသည် မှာအဆက်မပြတ်ဟုဆိုခြင်း ဖြစ်သည်။ သတ္တ၀ါများ၏ ပြောဆိုခြင်း သည်၊ ဘုရားသခင်၏ ကျေးဇူးတော် မဟုတ်ဘဲ၊ ဂုဏ်တော်ကို ချီးမွမ်းခြင်း ဖြစ်သည်။ ယုံကြည်သူများလည်း ကောင်းကင် ရောက်လျှင်၊ ထိုကဲ့သို့ ချီးမွမ်းရကြဦးမည် ဖြစ်သောကြောင့်၊ ယခုမှစ၍ ဘုရား၏ ဂုဏ်တော် များကို ချီးမွမ်းသင့်သည်။

 

၉။ ပလ္လင်ပေါ်မှာ ထိုင်၍၊ ကမ္ဘာအဆက်ဆက်အသက် ရှင် တော်မူသော သူ၏ ဘုန်းအသရေ၊ ဂုဏ်ကျေးဇူးတော်ကို ထိုသတ္တ၀ါတို့သည် ချီးမွမ်းကြ သောအခါ၊

ပလ္လင်ပေါ်မှာ ထိုင်၍ ကမ္ဘာအဆက်ဆက်အသက် ရှင် တော်မူသော သူသည်၊ ထာ၀ရ ဘုရား ဖြစ်သည်။ ကမ္ဘာအဆက်ဆက်ဟူသောအရာ သည်၊ အစဥ်ထာ၀ရ ဟူသော အဓိပ္ပါယ်ရှိသည်။ ထိုအရာသည် ဘုရား၏ ဂုဏ်တော် ဖြစ်သည်။ သူတို့သည် ဘုရား၏ ဘုန်းတော်နှင့် ဂုဏ်တော် များကို ချီးမွမ်း ကြသည်။

 

၁၀။ အသက် ကြီး သူနှစ်ဆယ်လေးပါးတို့သည်၊ ပလ္လင်တော် ပေါ်မှာ ထိုင် တော်မူသော သူရှေ့၌ ပြပ်၀ပ်လျက်၊ ကမ္ဘာအဆက်ဆက်အသက် ရှင် တော်မူသော သူကို၊ ကိုး ကွယ်လျက်၊ ၁၁။ အိုထာ၀ရ ဘုရား၊ ကိုယ်တော်သည်၊ ခပ်သိမ်းသောအရာ တို့ကို ဖန်ဆင်း တော်မူ ပြီ။ ထိုအရာတို့သည် အလိုတော်ကြောင့် ဖြစ်၍၊ ဖန်ဆင်းလျက် ရှိကြပါ၏။ ထိုကြောင့်၊ ကိုယ်တော်သည် ဘုန်းအသရေတန်ခိုးတော်ကို ခံစား ထိုက် တော်မူ၏ဟု လျှောက်ဆို၍၊ ပလ္လင်တော် ရှေ့၌ မိမိတို့ သရဖူများကို ချထားကြ၏။

အသက်ကြီးသူ နှစ်ဆယ်လေးပါးတို့သည်၊ ထာ၀ရ ဘုရားရှေ့၌ ပြပ်၀ပ်လျက်ကိုး ကွယ်သည်၊ ဟုဆိုသည်။ ပြပ်၀ပ်ခြင်းသည် နှိမ့်ချခြင်းကို ဖေါ်ပြသည်။ ယနေ့ ယုံကြည်သူများသည် ဘုရားကိုး ကွယ် သောအခါ၊ ပြပ်၀ပ်ခြင်း မပြုကြချေ။ ဘုရားသခင်သည် ကောင်းကင် မှာရှိ၍၊ လူသည် မြေကြီး ပေါ်မှာ ရှိသောကြောင့် ဖြစ်မည်။ အသက် ကြီး သူတို့က ဘုရားသခင်ကို ဖန်ဆင်းရှင် ဖြစ်ကြောင်း၊ ဘုန်းအသရေ၊ တန်ခိုးတော်ကို၊ ခံထိုက်ကြောင်း ချီးမွမ်း ကြသည်။ သူတို့၏ သရဖူများ ကိုလည်း မဆောင်းဘဲ ရှေ့တော်၌ ချထား ကြသည်။ သရဖူများသည် သူတိုိ့ရရှိသော အောင်မြင်ခြင်း သရဖူများ ဖြစ်သည်။ ထိုသရဖူများ ချခြင်းသည် နှိမ့်ချခြင်း၊ ရိုသေခြင်းကို ဖေါ်ပြသည်။ ဘုရားသခင် ရှေ့၌ မည်သူမျှ၊ ၀ါကြွားထိုက်သော သူမရှိ။ ယနေ့ လူသား များသည်၊ ဘုရားသခင်နှင့် ဝေးလွန်းသောကြောင့်၊ မိမိတို့၏ အစွမ်း၊ သတ္တိ၊ အောင်မြင်ခြင်း၊ ယပိုင်ဆိုင်မှု များကို ဂုဏ်ယူ ၀င့်ကြွားတတ် ကြသည်။ ဘုရားသခင် ရှေ့၌ ရှိလျှင်၊ မည်သူကမျှထိုကဲ့သို့ နေရဲမည့်သူမရှိ။ ထိုကြောင့်ယခုကတည်းက၊ ဘုရားရှေ့မှာ ရှိကြောင်းကို သိ၍၊ နှိမ့်ချစွာ နေသင့်သည်။

 

မေးခွန်းများ

 

၁။ ကောင်းကင် မြင်ခဲ့သော သူများသည်၊ —————————————————————————————————————

၂။ ယောဟန်သည် မည်သည့်နေရာသို့ ရောက်သွားသနည်း။ —————————————————

၃။ ယောဟန်ကို မည်သည့်အချိန်၌ ဖြစ်မည့် အရာများကို ဖေါ်ပြသနည်း။ —————————————————

၄။ သက်တန့်သည် ဘာကို ဆိုလိုသနည်း။ —————————————————

၅။ ပလ္လင်တော် ပေါ်၌ မည်သူထိုင်သနည်း။ ———————–သူ့ကို ဘာနှင့် ဖေါ်ပြသနည်း။ —————————————

၆။ အသက် ကြီး သူနှစ်ဆယ့်လေးပါးတို့သည်၊ မည် သူများ ဖြစ်နိင်သနည်း။ ———————————-အဘယ်ကြောင့်နည်း။ —————————————————

ရ။ အဘယ်ကြောင့် ဘုရားသခင်က လူများကို မိုဃ်းကြိုးသံ၊ ကြီးသော အသံနှင့် စကား ပြောသနည်း။ —————————————————

၈။ တကိုယ်လုံးမျက်စိနှင့် ပြည့်သော သူများသည်၊ မည်သူတို့ ဖြစ်မည်နည်း။ —————————————————

၉။ သတ္တ၀ါလေးပါးက ဘုရားသခင်၏ ဘာကို ချီးမွမ်းကြသနည်း။ ————————————————— ၁

၀။ ကမ္ဘာအဆက်ဆက်သည်၊ ဘာကို ဆိုလိုသနည်း။ ————————————————— ၁

၁။ အသက် ကြီး သူတို့ ကအဘယ်ကြောင့် သူတို့၏ သရဖူကို ချထားကြသနည်း။ ———————————————-

.

 

ဗျာဒိတ်ကျမ်း ၅

 

ကောင်းကင် မြင်ကွင်းအဆက်

 

ဗျာဒိတ် အခန်းကြီး ငါးသည် အခန်းကြီး လေး၏ အဆက် ဖြစ်သည်။ ကောင်းကင် မြင်ကွင်းကို ဆက်လက် ဖေါ်ပြထားသည်။

 

၁။ ထိုအခါ တဘက်တချက်၌ အက္ခရာတင်၍၊ တံဆိပ်ခုနှစ်ချက်ခတ်သော စာစောင်ကို ပလ္လင်တော် ပေါ်မှာ ထိုင် တော်မူသော သူ၏ လက််ျာလက်၌ ငါမြင်၏။

ပလ္လင်တော် ပေါ်တွင် ထိုင် တော်မူသော သူသည်၊ ထာ၀ရ ဘုရားသခင် ဖြစ်သည်။ သူ၏ လက်ျာလက်၌ စာစောင်ကိုင်ထားသည်။ ထိုစာစောင်၌ တဘက်တချက်၌ စာရေးထားကာ၊ တံဆိပ်ခုနှစ်ချက်ဖြင့် ခတ်ထားသည်။ ထိုစာစောင်၌ ရေးထားသောအရာ များကို အခန်းကြီး ၆၊ ရနှင့် ၈တွင် တွေ့နိင်သည်။

 

၂။ အားကြီးသော ကောင်းကင်တမန် တပါးက၊ ထိုစာစောင်ကို ဖွင့်၍ တံဆိပ်တို့ကို ခွါခြင်းငှါ အဘယ်သူ ထိုက်သနည်းဟု ကြီးသော အသံနှင့် ကြွေးကြော်လျက် ရှိသည်ကို ငါမြင်၏။

ကောင်းကင်တမန်ကို အားကြီးသော သူဟုဆိုထားသည်။ ကောင်းကင်တမန် များသည် လူနှင့် နှုိင်းဆ၍ မရအောင် အားကြီး ကြသည်။ ကောင်းကင်တမန် တပါးတည်း ကအာရှုရိစစ်သား၊ တသိန်းရှစ်သောင်းငါးထောင်ကို တညတည်း၌ သတ်နိင်သည် (ဟေရှာယ ၃ရ:၃၆)။ သူတို့သည် ၀ိညာဥ် ဖြစ်သောကြောင့် အားကြီးသည်။ ထိုသူကတံဆိပ်ခွါမည့်သူကို ရှာနေသည်။

 

၃။ ထိုစာစောင်ကို ဖွင့်၍ ကြည့်ခြင်းငှါ၊ ကောင်းကင်၊ မြေကြီး၊ မြေကြီး အောက်၌ အဘယ်သူ မျှ မတတ်နိုင်။ ထိုစာစောင်ကို ဖွင့်၍ ကြည့်ထိုက်သောသူ၊ တယောက်ကို မျှရှာ၍ မတွေ့သောကြောင့်၊ ငါသည် များစွာ ငို​ကြွေးလေ၏။

စာစောင်ကို ဖွင့်၍ ကြည့်ခြင်းငှါ၊ ကောင်းကင် မြေကြီး မြေကြီး အောက်၌၊ အဘယ်သူ မျှမရှိဟုဆိုသည်။ ထိုသို့ မရှိသောကြောင့် ယောဟန်သည်၊ များစွာ ငိုကြွေးသည်။ အဘယ်ကြောင့်နည်း။ သူကိုယ်တိုင်အဘယ်ကြောင့်ငိုကြွေးသည်ကို မဖေါ်ပြ သောကြောင့်၊ အဘယ်သူ ကမျှ မသိနိင်ချေ။ သို့သော် ငိုကြွေးခြင်းသည် ၀မ်းနည်းခြင်း၏ လက္ခဏာ ဖြစ်သည်။ သူသည် အလွန် ၀မ်းနည်းသည်။

 

၄။ ထိုအခါ အသက် ကြီးသော သူတပါးက၊ မငို​ကြွေးနှင့်။ ယုဒအမျိုးခြင်္သေ့တည်း ဟူသော ဒါ၀ိဒ်၏ အမြစ်သည်

ယောဟန်ကို အသက် ကြီးသော သူကမငိုကြွေးဘို့ ပြောသည်။ အဘယ်ကြောင့်နည်းဟူမူကား စာစောင်ဖွင့်နိင်မည့်သူ ရှိပြီ။ ထိုသူသည် ယုဒအမျိုး၊ ခြင်္သေ့၊ ဒါ၀ိဒ်၏ အမြစ် ဖြစ်သည်။ ထိုသူသည် ခရစ်တော် ပင် ဖြစ်သည်။ ခရစ်တော်သည် ယုဒအမျိုးမှလူ့ဇာတိကို ခံယူသည်။ ခြင်္သေ့သည် တောဘုရင်ဟုဆိုလေ့ရှိသည်။ ခရစ်တော်သည် ဘုရင် ဖြစ်သည်။ သူ မွေးဘွား သောအခါ ယုဒရှင်ဘုရင်ဟုဆိုသည်။ ခရစ်တော်သည် ဘုရင်မလုပ်ဘူးသော်လည်း၊ အနှစ်တစ်ထောင်ကာလ တွင်၊ ဘုရင် ဖြစ်မှာ ဖြစ်သောကြောင့် ဘုရင်ဟုဆိုသည်။ ဒါ၀ိဒ်၏ အမြစ်ဆိုသည်မှာ၊ ဒါ၀ိဒ်၏ ဘိုးဘွား ဖြစ်ခြင်းကို ုဆိုလိုသည်။ လူ့ဇာတိအားဖြင့် ဒါ၀ိဒ်၏သား စဥ်မြေးဆက် ဖြစ်သော်လည်း၊ ဘုရား ဇာတိအားဖြင့် ဒါ၀ိဒ်၏ အမြစ် ဖြစ်သည်။ ထိုအရာကို သူကိုယ်တိုင်ကဖာရိရှဲများထံ၊ ဤသို့ မေးခဲ့ဘူးသည်၊ “ဖာရိရဲှတို့သည် စုဝေး၍ နေကြစဥ်တွင် ယေရှုက၊ သင်တို့သည် ခရစ်တော်ကို အဘယ်သို့ ထင်မှတ်ကြသနည်း။ အဘယ်သူ၏သား ဖြစ်သနည်းဟု မေးတော်မူလျှင်၊ ဒါ၀ိဒ်၏သား ဖြစ်သည်ဟု လျှောက်ကြသော်၊ သို့ဖြစ်လျှင် ဒါ၀ိဒ်သည် ခရစ်တော်ကို သခင်ဟူ၍၊ ၀ိညာဥ်တော် အားဖြင့် အဘယ်ကြောင့်ခေါ်သနည်း။ ဒါ၀ိဒ်၏ စကားမှာ၊ ထာ၀ရ ဘုရားက၊ သင်၏ ရန်သူတို့ကို သင်၏ ​ခြေတင်ရာငါမချမထားမှီတိုင်အောင်၊ ငါ့လကျ်ာဘက်၌ ထိုင်နေလော့၊ ဟု ငါ၏ သခင်အား မိန့်တော်မူသည်ဟု ဒါ၀ိဒ်ဆိုသတည်း။” (မ ၂၂:၄၁-၄၄)။ ဖာရိရှဲများသည် ခရစ်တော် မေးသော မေးခွန်းကို၊ မ​ဖြေနိင်ခဲ့ကြချေ။ အကြောင်းမှာ ခရစ်တော်၏ အဖြစ်တော်ကို မသိသောကြောင့် ဖြစ်သည်။

 

၅။ ထိုစာစောင်ကို၎င်း၊ တံဆိပ်ခုနှစ်ချက်တို့ကို၎င်း၊ ဖွင့်ခြင်းငှါ အောင်မြင် လေပြီဟု ငါ့ကို ပြောဆို၏။

ခရစ်တော်သည်၊ စာစောင်၏ တံဆိပ်ခုနှစ်ချက်ကို ဖွင့်ခြင်းငှါ၊ အောင်မြင် လေပြီဟုဆိုသည်။ ထိုကြောင့်အသက် ကြီး သူတပါးက၊ ယောဟန်ကို မငိုကြွေးဘို့ နှစ်သိမ့်ခဲ့ခြင်း ဖြစ်သည်။ ခရစ်တော်သည် ဘာအောင်မြင် သနည်း။ စာစောင်အထဲ၌ ပါသော အကြောင်း အရာများသည်၊ ကောင်းကင်နှင့် မြေကြီး အပေါ် ဘုရားသခင်၏၊ တရားစီရင်သော အချက်များ ဖြစ်သည်။ ထိုအရာကို ခရစ်တော် ကသာလျှင် ဖွင့်ပြနိင်သည်။ အကြောင်းမှာ၊ သူကိုယ်တိုင်က၊ “ယေရှုသည် အနီးအပါးသို့ ချဥ်း တော်မူပြီးလျှင်၊ ကောင်းကင်ဘုံ၌၎င်း၊ မြေကြီး ပေါ်၌၎င်း၊ စီရင်ပိုင်သော အခွင့်တန်ခိုးရှိသမျှ တို့ကို ငါခံရပြီ။”ဟုဆိုခဲ့သည် (မ ၂၉:၁၈)။ တဖန်၊ “ငါသည်လောကကိုအောင် ပြီဟု မိန့်တော်မူ၏။” (ယော ၁၆)

 

၆။ ထိုအခါ ပလ္လင်တော် မှစသော၊ သတ္တ၀ါလေးပါးနှင့် အသက် ကြီး သူတို့ အလယ်၌၊ အသေသတ်ပြီး သကဲ့သို့သော သိုးသငယ်သည်၊ ရပ်လျက် ရှိသည်ကို ငါမြင်၏။ ထိုသိုးသငယ်သည် မြေကြီး တပြင်လုံး၌ လွှတ်သော ဘုရားသခင်၏ ၀ိညာဥ် ခုနစ်ပါးတည်း ဟူသော၊ မျက်စိ ခုနစ်လုံးနှင့် ချိုခုနှစ်ချောင်းရှိ၏။

အသေသတ်ပြီး သကဲ့သို့သော သိုးသငယ်သည်၊ အဘယ်သူ နည်း။ ခရစ်တော် ပင် ဖြစ်သည်။ သူသည် ဘုရား စကားကို တသဝေမတိမ်း နားထောင် သောကြောင့်၊ သိုးသငယ်ဟု တင်စားသည်။ အသေသတ်ပြီး သကဲ့သို့ ဆိုခြင်းသည်၊ သေပြီးမှရှင်ပြန်ထမြောက် ခဲ့ပြီး သောကြောင့် ဖြစ်သည်။ သူသည် ခမည်းတော် ရှေ့၊ သတ္တ၀ါလေးပါးနှင့် အသက် ကြီး သူတို့ အလယ်၌ ရပ်သည်။ ဘုရားသခင်၏ ၀ိညာဥ်ခုနှစ်ပါးသည်၊ ဘုရားသခင်၏ နံပါတ် ဖြစ်သည်။ ခုနှစ်သည် ပြည့်စုံခြင်း ဖြစ်သည်။ ရက်သတ္ တပတ်၌ ခုနှစ်ရက်ရှိသည်။ မျက်စိသည် အားလုံးကို မြင်ခြင်း၊ ချိုသည် အစွမ်းသတ္တိရှိခြင်းကို ဆိုလိုသည်။

 

၇။ သူသည် လာ၍ ပလ္လင်တော် ပေါ်မှာ၊ ထိုင် တော်မူသော သူ၏၊ လက်ျာလက်မှစာစောင်ကို ခံယူလေ၏။

ခရစ်တော်သည်၊ ပလ္လင်တော် ပေါ်မှာ ထိုင် တော်မူသော သူ၏၊ လက်ျာလက်မှစာစောင်ကို၊ ဖွင့်ဘို့ရန် ယူလေသည်။

 

၈။ ထိုစာစောင်ကို ခံယူ သောအခါ၊ သတ္တ၀ါလေးပါးနှင့် အသက် ကြီး သူနှစ်ဆယ်လေးပါးတို့သည်၊ သန့်ရှင်း သူတို့၏ ပဌနာ တည်း ဟူသော၊ မီးရှို့ရာနံ့သာပေါင်းနှင့် ပြည့်သော ရွှေဖလားတို့ကို၎င်း၊ စောင်းတို့ကို၎င်း၊ အသီးသီးကိုင်၍၊ သိုးသငယ် ရှေ့၌ ပြပ်၀ပ်လျက်၊

သန့်ရှင်းသူတို့သည်၊ ယုံကြည်သူများကို ဆိုလိုသည်။ ယခုခေတ်၌ ယုံကြည်သူများ ဟူ၍သာ ခေါ်ရဲ ကြသည်။ ထိုကျမ်းစာ ရေးသားသော ခေတ်၌၊ ယုံကြည်သူများကို သန့်ရှင်း သူများဟု ခေါ် ကြသည်။ ယခုခေတ်တွင်၊ အနေအထိ ုင်အပြု အမူ အစားအသောက်၊ မသန့်ရှင်းသောကြောင့် သန့်ရှင်း သူများဟု မခေါ်ရဲကြခြင်း ဖြစ်သည်။ တဲတော်နှင့် ဗိမာန်တော်၌ နံနက်ညနေ၊ တရက်တွင် နှစ်ကြိမ်ယဇ်ပုရောဟိတ် များက၊ နံ့သာပေါင်းမွှေးကို မီးရှို့တတ်သည်။ ထိုအရာသည် သန့်ရှင်း သူများ၏ ပဌနာ၊ ဆုတောင်းခြင်းဟုဆိုသည်။ သားသမီး များ၊ ချစ်သူ၏ စကားသည် ချို၍ မွှေး သကဲ့သို့၊ ယုံကြည်သူများ၏ ဆုတောင်း သံလည်း၊ ဘုရားသခင် အတွက် နံ့သာပေါင်းမွှေးကဲ့သို့ဖြစ်သည်။ နံ့သာပေါင်းမွှေးကို ရွှေလင်ပန်း၌ ထည့်တတ်သည်။

 

“စောင်းတို့ကို၎င်း၊ အသီးသီးကိုင်၍၊ ” စောင်းသည် တီးဘို့ရန် ဖြစ်သည်။ အသက် ကြီး သူနှစ်ဆယ့်လေးပါးတို့သည်၊ သန့်ရှင်း သူတို့၏ ပဌနာ တည်း ဟူသော၊ မီးရှို့ရာနံ့သာပေါင်းနှင့် ပြည့်သော ရွှေဖလားတို့ကို၎င်း၊ စောင်းတို့ကို၎င်း၊ အသီးသီးကိုင်၍၊ သိုးသငယ် ရှေ့၌ ပြပ်၀ပ်လျက်၊ ဟုဆိုခြင်းသည် သိုးသငယ် တည်း ဟူသော ခရစ်တော်ကို၊ ကိုး ကွယ်ကြခြင်း ဖြစ်သည်။ သူတို့သည် သန့်ရှင်း သူတို့၏ ဆုတောင်းသောအရာ နှင့်၊ ချီးမွမ်းသော သီချင်းများအားဖြင့်၊ ကိုး ကွယ်ကြခြင်း ဖြစ်သည်။ ထိုအရာကို ဗတ္တိဇံဆရာယောဟန်၏ ဖခင်၊ ယဇ်ပုရောဟိတ် ဇာခရိနှင့် ဣသရေလ လူများ လုပ်ဆောင်မှု၌၊ တွေ့မြင်နိင်သည်။ ပရိသတ်များ ကပြင်၌ ဆုတောင်း ကြစဥ်တွင်၊ ယဇ်ပုရောဟိတ် ဇာခရိသည်၊ သန့်ရှင်းရာဌါနတော်၌ နံ့သာပေါင်းမွှေးကို မီးရှို့နေသည် (လု ၁:၈-၁၀)။

 

၉။ ကိုယ်တော်သည် အသေသတ်ခြင်းကို ခံတော်မူသော အားဖြင့်၊ အသီးအသီးဘာသာစကားကို ပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့ အထဲမှ၊ အ​ကျွန်ုပ်တို့ကို ယူ၍၊ အသွေးတော်နှင့် ဘုရားသခင် အဘို့ ရွေးနှုတ် တော်မူ၏။

အသက် ကြီး သူနှစ်ဆယ့်လေးပါးတို့သည်၊ အသီးအသီးဘာသာစကားကို ပြောသော လူအမျိုးအနွယ်တို့ အထဲမှ ဖြစ်သောကြောင့်၊ ကောင်းကင်တမန် များမဟုတ်ဘဲ ယုံကြည်သူများဖြစ်သည်။ သူတို့သည် ကောင်းကင် ရောက်ယုံကြည်သူများကို ပုံဆောင်သည်။ သူတို့က ခရစ်တော်ထံ၊ အသေခံခြင်းအားဖြင့် အသွေးတော်နှင့် ဘုရားသခင် အဘို့ ရွေးနှုတ် တော်မူသည်၊ ဟုဆိုသောကြောင့် ကောင်းကင်တမန် များမဟုတ်ကြောင်း ပို၍ သေချာစေသည်။ ကောင်းကင်တမန် များသည် ရွေးနှုတ်စရာ မလို။ ထိုအပြင်၊ “အသီးအသီးဘာသာစကားကို ပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့ အထဲမှ”ဟုဆိုသောကြောင့် သူတို့သည် လူအမျိုးမျိုး အထဲမှ ဖြစ်သည်။

 

၁၀။ အ​ကျွန်ုပ်တို့၏ ဘုရားသခင့်ရှေ့မှာ၊ ရှင်ဘုရင်အရာ၌၎င်း၊ ယဇ်ပုရောဟိတ် အရာ၌၎င်း၊ ခန့်ထား၍၊ မြေကြီး ပေါ်မှာ စိုးစံရသော အခွင့်ကို ပေးတော်မူ၏။ ထိုကြောင့်၊ ကိုယ်တော်သည် စာစောင်ကို ခံယူ၍ တံဆိပ်တို့ကို ဖွင့်ထိုက် တော်မူ၏၊ ဟု အသစ်သော သီချင်းကို သီ၍ လျှောက်ဆိုကြ၏။

အသက်ကြီးသူများက သူတို့သည် ဘုရားသခင် ရှေ့၌၊ ရှင်ဘုရင်အရာ၊ ယဇ်ပုရောဟိတ် အရာ၊ မြေကြီး ပေါ်မှာ စိုးစံရသော အခွင့်ကို ပေးသည်ဟုဆိုထားသည်။ ထိုအရာကို ပေတရုကယုံကြည်သူများထံဤသို့ စာရေးခဲ့သည်၊ “သင်တို့ မူကား မှောင်မိုက်ထဲမှအံ့ဘွယ်သော အလင်းတော်သို့ ခေါ်သွင်း တော်မူသော သူ၏၊ ဂုဏ်ကျေးဇူးများကို ဘော်ပြစေခြင်းငှါ၊ ရွေးချယ် တော်မူသော အမျိုး ဖြစ်ကြ၏။ မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ် မျိုး၊ သန့်ရှင်းသော လူမျိုး၊ ပိုင်ထိုက် တော်မူသော အပေါင်းအသင်း ဖြစ်ကြ၏။” (၁ ပေ ၂:၉)။ ယုံကြည်သူများသည် ယဇ်ပုရောဟိတ် ဖြစ်သည်။ ယဇ်ပုရောဟိတ် များ၏ အလုပ်သည် လူများအတွက် ဘုရား ထံ ဆုတောင်း ပေးခြင်း နှင့်၊ ဘုရားကိုယ်စားလူများကို ဘုရား၏ အလိုတော် သင်ပေးခြင်း ပြုလုပ် ရသည်။ ထို့ကြောင့် ယုံကြည်သူ တိုင်း ထိုအလုပ်ကို လုပ်ရမည်။ ထိုအရာကို ယခုအချိန်တွင် ပြုလုပ် ရမည်။ အနှစ်တစ်ထောင်ကာလတွင် ယုံကြည်သူများသည်၊ မြေကြီး ပေါ်သို့ ခရစ်တော်နှင့်အတူ ဆင်းသက်၍၊ အုပ်စိုး သူများ ဖြစ်မည်။ ထိုကြောင့်ယခုအချိန် တွင်၊ သခင်၏ စကား နားထောင်ခြင်းအားဖြင့် သင်ထားရမည်။ အသက် ကြီး သူများက၊ တံဆိပ်ခတ်သော စာစောင်ကို ဖွင့်ထိုက်သည် ဟူသော သီးချင်းအားဖြင့်၊ ခရစ်တော်ကို ဂုဏ်ပြုသီချင်းသီဆို ကြသည်။ ထိုကြောင့်သူတို့ လက်၌ စောင်းကိုင်ကြခြင်း ဖြစ်သည်။

 

၁၁။ ထိုအခါ ငါကြည့်၍၊ ပလ္လင်တော် မှစသော သတ္တ၀ါတို့ နှင့်၊ အသက် ကြီး သူတို့၏ ပတ်၀န်းကျင်၌၊ ကု​ဋေသင်္ချေမကအတိုင်း မသိများစွာ သော၊ ကောင်းကင်တမန် တို့၏ အသံကို ငါကြား၏။

ဤလောက၌ လူအများစုက ဘုရားသခင်ကို ဂရုမစိုက်၊ မကိုး ကွယ်၊ စကား နားမထောင်ကြသော်လည်း၊ ဘုရားသခင်၌ သူ့ကိုကိုး ကွယ်ခစားမည့်သူ၊ ကု​ဋေသင်္ချေမကအတိုင်း မသိများစွာသော ကောင်းကင်တမန် များရှိကြောင်း၊ သိရ သောအခါ အလွန်အားရစရာ ကောင်းသည်။

 

၁၂။ ထိုသူတို့ ကလည်း၊ အသေသတ်ခြင်းကို ခံခဲ့ပြီးသော သိုးသငယ်သည်၊ တန်ခိုး၊ စည်းစိမ်၊ ပညာ၊ အစွမ်းသတ္တိ၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်၊ ကောင်းကြီး မင်္ဂလာကို ခံထိုက် တော်မူ၏ ဟု၊ ကြီးသော အသံနှင့် ပြောဆို ကြ၏။

ထိုကောင်းကင်တမန် များကလည်း၊ ခရစ်တော်၏ ဂုဏ်တော်နှင့် ဘုန်းတော်ကို ချီးမွမ်း ကြသည်။ ထို့ကြောင့် ယုံကြည်သူများအနေဖြင့်၊ ခရစ်တော်၏ ဂုဏ်တော်နှင့် ဘုန်းတော် များကို ဆင်ခြင်၍၊ အစဥ်သဖြင့် ချီးမွမ်းသင့်သည်။ ယခုမူကား သူ၏ ဘုန်းနှင့် ဂုဏ်တော်ကို မချီးမွမ်းဘဲ၊ မိမိ အလိုဆန္ဒကို သာဖြည့်ဆည်းပေးဘို့ရန် ဆုတောင်း တတ် ကြသည်။ တောင်းသော ဆုများ လည်း၊ ၀ိညာဥ်ရေးရာထက်၊ ကိုယ်ခန္ဓာအတွက် သာလျှင် တောင်းတတ် ကြသည်။ ဆုတောင်းရာတွင် ပင်၀ိညာဥ် သဘော မရှိ၊ ဇာတိ သဘော ကအားကြီး ပေါ်လွင်နေသည်။

 

၁၃။ ကောင်းကင်၊ မြေကြီး၊ မြေကြီး အောက်၊ သမုဒ္ဒ​ရာအထဲ၊ အရပ်ရပ်တို့၌ ရှိရှိသမျှသော ဝေနေယျသတ္တ၀ါ အပေါင်းတို့က၊ ပလ္လင်တော် ပေါ်မှာ ထိုင် တော်မူသော သူနှင့် သိုးသငယ်သည်၊ ကမ္ဘာအဆက်ဆက်ကောင်းကြီး မင်္ဂလာ၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်၊ အစွမ်းသတ္တိရှိ တော်မူ စေသတည်း၊ ဟုပြောဆို ကြသည်ကို ငါကြားလေ၏။

ပလ္လင်တော် ပေါ်မှာ ထိုင် တော်မူသော သူသည်၊ ခမည်းတော် ဘုရား ဖြစ်သည်။ သိုးသငယ်သည် ခရစ်တော် ဖြစ်သည်။ ခမည်းတော်နှင့် ခရစ်တော်ကို ကောင်းကင်၊ မြေကြီး၊ မြေကြီး အောက်၊ သမုဒ္ဒ​ရာအထဲ၊ အရပ်ရပ်တို့၌ ရှိရှိသမျှသော ဝေနေယျသတ္တ၀ါ အပေါင်းတို့က၊ ချီးမွမ်းကြသောကြောင့်၊ ခရစ်တော်သည် ဘုရား ဖြစ်ကြောင်း ထင်ရှားသည်။ ယေဟော၀ါသက်သေခံများ ကသူတို့သည် ခရစ်တော်ကို ယုံကြည်သည်ဟုဆို ကြသည်။ သို့ဖြစ်လျှင် ခရစ်တော်ကို ကိုး ကွယ်သလောဟု မေးပါ။ သူတို့က ခရစ်တော်ကို ဘုရား အဖြစ်မယုံကြည် သောကြောင့်၊ မကိုး ကွယ်လိုကြချေ။ မူစလင်များကလည်း ခရစ်တော်ကို ယုံကြည်သည်ဟုဆိုသော်လည်း၊ ဘုရား အဖြစ်လက်မခံကြချေ။ သူသည် ပရောဖက် ဖြစ်၍၊ မိုဟာမက်ထက် ပင်နိမ့်သော ပရောဖက်ဟု ုယုံကြည် ကြသည်။ ထို့ကြောင့် သူတို့ ယုံကြည်သော ယေရှုသည်၊ ကျမ်းစာ အထဲမှယေရှု မဟုတ်၊ အခြားသော ယေရှု ဖြစ်သည်။ မူစလင်များအတွက် ယေရှုခရစ်ကို ဘုရား အဖြစ်ကိုး ကွယ်ခြင်းသည်၊ ခွင့်မလွှတ်နိ်င်သော၊ ငရဲရောက်စေသော အပြစ် အကြီး ဆုံး ဖြစ်သည်။ သို့သော် ဤကျမ်းပိုဒ်အရကောင်းကင်၊ မြေကြီး၊ မြေကြီး အောက်၊ သမုဒ္ဒ​ရာအထဲ၊ အရပ်ရပ်တို့၌ ရှိရှိသမျှသော ဝေနေယျသတ္တ၀ါ အပေါင်းတို့ ကခမည်းတော်နှင့် သားတော်၏ ဘုန်းတော်၊ ဂုဏ်တော် များကို ချီးမွမ်း ကြသည်။ ယုံကြည်သူ တိုင်းကလည်း ထိုကဲ့သို့ ဘုန်းတော်နှင့် ဂုဏ်တော် များကို ချီးမွမ်းသင့်သည်။ သက်ရှိသတ္တ၀ါများ ကဘုရားကို၊ ချီးမွမ်းဘို့နှင့် ချီးမွမ်းကြောင်း ဆာလံဆရာကများစွာ ရေးထားသည်။

 

၁၄။ သတ္တ၀ါလေးပါးတို့ကလည်း အာမင်ဟု ခေါ်ဝေါ်ကြ၏။ အသက် ကြီး သူတို့ သည်လည်း ပြပ်၀ပ်၍ကိုး ကွယ်ကြ၏။

အာမင်ဟူသောအရာ သည် သဘောတူခြင်းကို ုဆိုလိုသည်။ သတ္တ၀ါလေးပါကဝေနေယျသတ္တ၀ါ အပေါင်းတို့၏ ဘုရားသခင်နှင့် ခရစ်တော်ကိုး ကွယ်ချီးမွမ်းခြင်းကို၊ သဘောတူ ကြသည်။ အသက် ကြီး သူတို့ကလည်း ပြပ်၀ပ်ကိုး ကွယ် ကြသည်။ သင်သည် ခမည်းတော်နှင့် သားတော်ကို၊ ကိုး ကွယ်ဘို့ရန် သဘောတူ ပါသလော။

 

ဗျာ ၅ မေးခွန်းများ

 

၁။ ပလ္လင်တော်၏ လက်ျာဖက်မှာဘာရှိသနည်း။ —————————————————

၂။ ခရစ်တော်သည် အဘယ်ကြောင့်ခြင်္သေ့ဟုဆိုသနည်း။ —————————————————

၃။ ဒါ၀ိဒ်၏ အမြစ်သည် ဘာကို ဆိုလိုသနည်း——————————————၊ အနွယ်သည် ဘာကို ဆိုလိုသနည်း။ ———————————————–

၄။ အသေသတ်ပြီး သကဲ့သို့သော သိုးသငယ်သည် အဘယ်သူ နည်း။ —————————————————

၅။ သန့်ရှင်း သူများသည် မည်သူတို့ ဖြစ်သနည်း။ —————————————————ယခုခေတ်တွင် မည်သို့ ခေါ်ကြသနည်း။ ———————–

၆။ နံ့သာပေါင်းမွှေး မီးရှို့ခြင်းသည် ဘာကို ပုံဆောင်သနည်း။ —————————————————

ရ။ အသက် ကြီး သူတို့သည် မည်သူကို၊ မည်ကဲ့သို့ ကိုး ကွယ်ကြသနည်း။ —————————————————

၈။ အသက် ကြီး သူများသည် မည်သူတို့ အထဲမှရွေးနှုတ်သော သူများ ဖြစ်ကြသနည်း။ —————————————————

၉။ ယုံကြည်သူများသည် မည်သည့်ရာထူးကို ရကြသနည်း။ —————————————————

၁၀။ ခရစ်တော်သည်ကိုး ကွယ်ခြင်း ခံသင့်သလော။ —————————-အဘယ်ကြောင့်နည်း။ ————————————————

၁၁။မည် သူများက ခရစ်တော်ကို မကိုး ကွယ်ချင် ကြသနည်း။ ————————————————အဘယ်ကြောင့်နည်း။ ———————————–

၁၂။ သင်သည် ခရစ်တော်ကို ကိုး ကွယ်သလော။ ————————————————

၁၃။ ယုံကြည်သူများ၊ ခရစ်တော်၏ ဘာကို ချီးမွမ်းသင့်သနည်း။ —————————————————

.

 

ဗျာဒိတ် ၆

 

ဘေးဒဏ်ကြီးကာလအစ

 

ဗျာ ၆ မှစ၍ ၁၈ အထိ သည်၊ ဘေးဒဏ်ကြီး ကာလ အကြောင်းကို ဖေါ်ပြထားသည်။ ဘေးဒဏ်ကြီး ကာလသည် မဖြစ်သေး၊ အနာဂတ်မှာ ဖြစ်မည့် အရာ ဖြစ်သော်လည်း၊ ဘုရားသခင်သည် အနာဂတ်ကို ပိုင်သအုပ်စိုးသူ ဖြစ်သောကြောင့်၊ ဖြစ်ပြီး သကဲ့သို့ ရေးသား နိင်ခြင်း ဖြစ်သည်။ ထိုအနာဂတ်မှာ ဖြစ်ပျက်မည့် အရာများကို သိသောအခါ၊ ယခုဤလောက အသက် ရှင်ချိန်တွင်၊ ဘာလုပ်သင့်သည်ကို သိနိင်ပေမည်။ ယခုမူကား၊ ဤကျမ်းကို မသိကြသောကြောင့်၊ ဤလောက၌ ထာ၀စဥ်နေမည်ကဲ့သို့ စီမံကိန်းများ ချမှတ်၍၊ ဤလောကကို စွဲလမ်း နေကြသည်။

 

မြင်းဖြူစီးသောသူ (ငြိမ်သက်ခြင်း)

၁။ သိုးသငယ်သည်၊ တံဆိပ် ခုနစ်ချက်တွင် တချက်ကို ဖွင့် သောအခါ၊ ငါကြည့်လျှင်၊ မိုဃ်းကြိုးသံမြည် သကဲ့သို့၊ သတ္တ၀ါလေးပါးတွင် တပါးက၊ လာ၍ ကြည့်လော့ဟုဆိုသည်ကို ငါကြား၏။ ၂။ ထိုအခါ ငါကြည့်လျှင်၊ မြင်းဖြူတစီးရှိ၏။ မြင်းစီးသော သူသည် လေးကိုကိုင်၏။ သူ၌ သရဖူကို ပေးတော်မူ၏။ အောင်မြင် လျက်၎င်း၊ အောင်မြင်ခြင်း ငါှ၎င်းထွက်သွား၏။

တံဆိပ်ဖွင့်သူသည် သိုးသငယ် တည်း ဟူသော သခင်ယေရှု ဖြစ်သည်။ ထိုကြောင့်မြင်းဖြူစီးသော သူသည် သခင်ယေရှု မဖြစ်နိင်ချေ။ သခင်ယေရှုသည်၊ ဘေးဒဏ်ကြီး ကာလ အဆုံးတွင် မြင်းဖြူစီး၍ ကြွလာမည့် အရာကို၊ ဗျာ ၁၉:၁၁-၁၆၌ တွေ့မြင်နိင်သည်။ ထိုအချိန်တွင် သခင်ယေရှုသည်၊ ကယ်တင်ရှင် မဟုတ်တော့ဘဲ တရားစီရင်မည့်သူ၊ အုပ်ချုပ်မည့်သူ ဖြစ်လာမည်။ သူသည် ဘုရင်တကာတို့၏ ဘုရင်၊ အရှင်တကာတို့၏ အရှင် ဖြစ်မည်။ အထက်ပါ မြင်းဖြူစီးသော သူသည်၊ ဘေးဒဏ်ကြီး ကာလ၏ အစပိုင်း၌ ဖြစ်သည်။ ထို့ကြောင့် သခင်ယေရှု မဖြစ်နိင်ချေ။ သို့သော် မြင်းဖြူစီးသောကြောင့် သခင်ယေရှုနှင့် တူသည်။ ထိုသူသည် ယေရှု အတု ဖြစ်သည်။ သူသည် လေးကိုကိုင်သော်လည်း မြှားမကိုင်ချေ။ လေးသည် စစ်တိုက် သောအခါ အသုံးပြုသော လက်နက် ဖြစ်သည်။ မြှားမကိုင်ခြင်းသည် ပစ်ပြီး သောကြောင့် လော၊ သူ၏ နောက်ကြောမှာပါလာသလော၊ ဟူသောအရာ သည် မသိနိင်ချေ။ သူ၌ သရဖူပေးသည်ဟုဆိုသည်။ ထိုသရဖူသည် ရှင်ဘုရင်သရဖူ (Diadem) မဟုတ်ဘဲ၊ အောင်မြင် သူ၏ သရဖူ (Stephanos) ဖြစ်သည်။ သရဖူပေးခြင်း ခံသောကြောင့်၊ စစ်တိုက်ခြင်းအားဖြင့် မဟုတ်ဘဲ၊ လူများ ကသူ့ကို လိုလိုချင် ချင် ဖြင့်၊ အာဏာကို ပေးခြင်း ဖြစ်မည်။ သူသည် အောင်မြင် လျက်၎င်း၊ အောင်မြင်ခြင်း ငါှ၎င်းထွက်သွားသည်။ ထိုသူသည် ကမ္ဘာ့ အာဏာရှင် ဖြစ်သော်လည်း၊ စစ်မတိုက်ဘဲ အာဏာရရှိ၍ ကမ္ဘာကြီးသည်၊ သူ၏ လက်၌ ခဏငြိမ်သက်မှာ ဖြစ်သည်။

 

မြင်းနီစီးသောသူ (စစ်ပွဲ)

၃။ ဒုတိယတံဆိပ်ကို ဖွင့် သောအခါ၊ ဒုတိယသတ္တ၀ါက၊ လာ၍ ကြည့်လော့ဟုဆိုသည်ကို ငါကြား၏။ ၄။ ထိုအခါ မြင်းနီတစီးထွက်၍၊ စီးသော သူသည် ငြိမ်၀ပ်ခြင်းကို၊ မြေကြီး ကရုပ်သိမ်းခြင်း ငှါ၎င်း၊ မြေကြီးသား တို့ကို အချင်းချင်းအသေသတ်စေခြင်း ငှါ၎င်း၊ အခွင့်ရ၏။ သူ၌ ထားကြီးကို ပေးတော်မူ၏။

ဒုတိယတံဆိပ်ဖွင့် သောအခါ၊ မြင်းနီတစီးထွက်၍၊ မြင်းစီးသော သူ၏ အရောင်ကို မပြောချေ။ ထိုသူသည် ငြိမ်၀ပ်ခြင်းကို မြေကြီး မှရုပ်သိမ်းခြင်းနှင့် မြေကြီးသား တို့ကို၊ အချင်းချင်းအသေသတ်ခြင်းငှါ အခွင့်ရသည်၊ ဟုဆိုသောကြောင့် သူသည် ကမ္ဘာပေါ်၌ စစ်ပွဲများ ဖြစ်စေမည့် အရာကို ဖေါ်ပြသည်။ သူ၌ ပေးသော ထားကြီးသည် စစ်တိုက် သောအခါ အသုံးပြုသော (Makhaira) ထား ဖြစ်သည်။ မြင်းစီးသော သူသည် ပဌမ မြင်းစီးသော သူပင် ဖြစ်မည်။ မြင်းအရောင်နီခြင်းသည်၊ သွေးချောင်းစီးမည့် အရာကို ဖေါ်ပြသည်။ ကမ္ဘာကြီးသည် အစ၌ ငြိမ်၀ပ်သော်လည်း၊ စစ်အကြီး အကျယ်တိုက်ခိုက်ခြင်း ဖြင့် လူများ စွာ၊ သေကျေ ပျက်စီးမည့် အရာကို ဖေါ်ပြသည်။ ယခုကမ္ဘာနိင်ငံတိုင်းသည် စစ်လက်နက်အပြိုင်ထုတ်လုပ် နေကြသည်။ ကမ္ဘာသိပ္ပံပညာရှင်ထက် ၀က်ကျော်သည်၊ စစ်လက်နက်အသစ်အဆန်းထုတ်လုပ်နိင်ဘို့ တီထွင်စမ်းသပ် နေကြသည်။ ထိုစစ်လက်နက်များသည် ဘေးဒဏ်ကြီး ကာလ မှာအသုံးပြုမည့် အရာများ ဖြစ်သည်။

 

မြင်းနက်စီးသောသူ (ငတ်မွက် ခေါင်းပါးခြင်း)

၅။ တတိယတံဆိပ်ကို ဖွင့် သောအခါ၊ တတိယသတ္တ၀ါက၊ လာ၍ ကြည့်လော့ဟုဆိုသည်ကို ငါကြား၏။ ထိုအခါ ငါကြည့်လျှင်၊ မြင်းနက်တစီးရှိ၏။ မြင်းစီးသော သူသည် ချိန်ခွင်ကိုကိုင်၏။ ၆။ သတ္တ၀ါလေးပါးအလယ်၌ ပြောသံဟူမူကား၊ ​ေဒနာရိတပြားနှင့် ဂျုံဆန်တခွက်ကို ရ၏။ မုယောဆန်သုံးခွက်ကို ရ၏။ ဆီနှင့် စပျစ်ရည်ကို မပျက်စေနှင့် ဟုဆိုသည်ကို ငါကြား၏။

တတိယတံဆိပ်ကို ဖွင့် သောအခါ၊ မြင်းနက်တစီးထွက်လာသည်။ မြင်းစီးသော သူသည် ချိန်ခွင်ကိုကိုင်သည်ဟုဆိုခြင်းသည်၊ တိုင်း တာခြင်းကို ဆိုလိုသည်။ အစာ ငတ်မွတ် ခေါင်းပါး မှုကြောင့်၊ လူများသည် မိမိတို့ ကြိုက်နှစ်သက်သလောက်အစာ၀ယ်ခွင့်၊ ၀ယ်စရာ မရှိသောကြောင့်၊ မိမိကို တာ (ခွဲတန်း) အရသာ၀ယ်နိင်၊ ၀ယ်ခွင့်ရှိမည့် အရာကို ဖေါ်ပြသည်။ ​ေဒနာရိတပြားနှင့် ဂျုံဆန်တခွက်၊ မုယောဆန်သုံးခွက်ကို ရသည်ဟုဆိုခြင်းသည်၊ ကုန်စျေးနှုန်းအလွန် တက်ခြင်းကို ဆိုလိုသည်။ ​ေဒနာရိတပြားသည် လူကြီး တယောက်၏ တနေ့လုပ်အား ခ ဖြစ်သည်။ ထိုတနေ့လုပ်အား ခသည် ဂျုံဆန်တခွက်၊ မုယောဆန် (ဂျုံကြမ်း) သုံးခွက်သာရနိင်သည်။ ထိုကြောင့်လူကြီး တယောက် လုပ်အားသည်၊ မိသားစုတနပ်စာပင်မရနိင်ကြောင်း ဖေါ်ပြခြင်း ဖြစ်သည်။ အဘယ်ကြောင့်ထိုကဲ့သို့ အစာ ခေါင်းပါး သနည်းဟူမူကား၊ စစ် ဖြစ်သောကြောင့် စိုက်ပျိုးရေးမလုပ်နိင်သည် သာမက၊ လမ်းပန်းဆက်သွယ်ရေးမှစ၍၊ အိုးအိမ်အဆောက်အအိုးများ၊ ပျက်စီးခြင်း၊ ရာသီဥတုမမှန်ခြင်းများကြောင့် ဖြစ်သည်။ ထိုသို့ အစာ ငတ်မွတ် ခေါင်းပါးလျှင် သေဘို့ သာလျှင် ရှိတော့သည်။ စစ်ကြောင့်မသေသော သူများ၊ ငတ်မွတ်ခြင်း ဖြင့် သေရကြမည်။ ဆီနှင့် စပျစ်ရည်ကို မပျက်စေနှင့် ဆိုခြင်းသည်၊ အဓိကအစာ မဟုတ်သောအရာ များ ပေါများမည်။ ထိုအရာများလည်း ထုတ်လုပ်နိင်သောကြောင့် ပေါများခြင်း မဟုတ်၊ လူတိုင်း ကအဓိကအစာ ဖြစ်သော ဂျုံနှင့် မုယောကို သာ၀ယ်ကြလိမ့်မည်။ ဆီနှင့် စပျစ်ရည်တို့ကို မ၀ယ်နိင်သောကြောင့် ပေါများခြင်း ဖြစ်မည်။ ယခုအခါ ကမ္ဘာ့ စားနပ်ရိက္ခာထုတ်လုပ်မှုသည်၊ လူဦးရေနှင့် မလိုက်နိင်အောင်၊ နည်းပါးသောကြောင့် နိင်ငံများစွာ၌၊ ငတ်မွတ် ခေါင်းပါးမှု ကြုံတွေ့ နေရပြီ ဖြစ်သည်။ ရာသီဥတုဖေါက်ပြန်ခြင်းကြောင့်သော်၎င်း၊ စစ်တိုက်ခြင်းနှင့် ဆူပူသောင်းကြမ်းမှုကြောင့်သော်၎င်း၊ အစာထုတ်လုပ်မှု နည်းပါးခြင်း ဖြစ်သည်။

 

မြင်းမွဲစီးသောသူ (သေခြင်း)

ရ။ စတုတ္တတံဆိပ်ကို ဖွင့် သောအခါ၊ စတုတ္ထသတ္တ၀ါက၊ လာ၍ ကြည့်လော့ဟုဆိုသည်ကို ငါကြား၏။ ၈။ ထိုအခါ ငါကြည့်လျှင်၊ မြင်းမဲွတစီးရှိ၏။ မြင်းစီးသော သူသည် မရဏာဟူသော အမည်ရှိ၏။ မရဏာနိုင်ငံသည် ထိုသူနောက်သို့ လိုက်လေ၏။ သူသည် မြေကြီး လေးစိတ်တစိတ်ကို အစိုးရ၍ ထားဘေး၊ မွတ်သိပ်ခြင်း ဘေး၊ နာ၍ သေဘေး၊ မြေသားရဲဘေးအားဖြင့် သတ်ပိုင်သော အခွင့်ကိုရ၏။

စတုတ္ထတံဆိပ်ကို ဖွင့် သောအခါ၊ မြင်းမဲွတစီးထွက်လာ၍ မြင်းစီးသော သူသည်၊ မရဏာအမည်ရှိသည်။ မရဏာကို အဂ်လိပ်ကျမ်းစာ၌ Death, and Hades ဟု ဘာသာပြန်သည်။ မရဏာသည် သင်္ချိုင်းနှင့် သေခြင်းကို ဆိုလိုသည်။ သို့သော် ငရဲကိုလည်း ဆိုလိုသည်။ ထို့ကြောင့် စာကြောင်း (Context) ဖြင့် ကြည့်ဘို့ လိုသည်။ ဥပမာ၊ ဒါ၀ိဒ်မင်းက၊ သခင်ယေရှု သေခြင်း မှပြန်လည်ထမြောက် မည့် အရာကို ဤသို့ ရေးသား ခဲ့သည်၊ “ကိုယ်တော်သည် အ​ကျွန်ုပ်၏ ၀ိညာဥ်ကို မရဏာနိုင်ငံ (Sheol, Hades)၌ ပစ်ထားတော် မမူ။ ကိုယ်တော်၏ သန့်ရှင်းသော သူအားလည်း ပုပ်စပ်ခြင်းကို ရှိစေတော် မမူဘဲ လျက်၊ အသက် ရှင်ခြင်း လမ်းကို ပြဍ¸န် တော်မူ လိမ့်မည်။” (ဆာ ၁၆:၁၀- ၁၁၊ တမန် ၂:၂ရ)။ ဤနေရာ၌ သခင်ယေရှုသည် ငရဲထဲသို့ ရောက်သွားသည် မဟုတ်၊ သင်္ချိုင်းတွင်း ၌ မြှုပ်နှံခြင်းကို ဆိုလိုသည်။ သို့သော် သူဌေးကြီးနှင့် ပတ်သက်၍ ဤသို့ ရေးထားသည်၊ “တနေ့သ၌ ထိုဆင်းရဲသား (လာဇရု) သည် သေလွန်၍၊ ကောင်းကင်တမန် တို့သည် အာဗြဟံ၏ ရင်ခွင်သို့ ပို့ဆောင်ကြ၏။ သူဌေး သည်လည်း သေလွန်၍ သင်္ဂြိုဟ်ခြင်းကို ခံရလေ၏။ မရဏာ (Sheol, Hades) နိုင်ငံ၌ ပြင်းပြစွာသော ဝေဒနာကို ခံရလျက် မျှော်ကြည့်၍၊ အာဗြဟံကို၎င်း၊ အာဗြဟံ၏ ရင်ခွင်၌ လာဇရုကို၎င်း၊ အဝေးကမြင်လျှင်၊ အိုအဘအာဗြဟံ၊ အ​ကျွန်ုပ်ကို ကယ်မသနား တော်မူပါ။ အ​ကျွန်ုပ်သည် ဤမီးလျှံ၌ ပြင်းစွာ ခံရသောကြောင့်၊ လာဇရုသည် မိမိ လက်ဖျားကို ရေ၌ နှစ်၍၊ အ​ကျွန်ုပ်လျှာကို အေးစေခြင်းငှါ၊ သူ့ကို အ​ကျွန်ုပ်ရှိရာသို့ စေလွှတ် တော်မူ ပါဟု ဟစ်ကြော်လေ၏။” (လု ၁၆:၂၂-၂၄)။ သူဌေးကြီးသည် သင်္ချိုင်း၌ ရှိခြင်းကို ဆိုလိုသည် မဟုတ်၊ မရဏာနိင်ငံရှိမီးလျှံ၌ ပြင်းစွာ ခံရ၍၊ ရေငတ်သောကြောင့် ရေတောင်းကြောင်း တွေ့ရသည်။

 

အထက်၌ ဖေါ်ပြသော မရဏာနိင်ငံသည်၊ သေခြင်းကို ဆိုလို၍ ကယ်တင်ခြင်းသို့ မရောက်ကြသောကြောင့် ငရဲထဲသို့ ကျမည့်သူများဖြစ်သည်။ မြေကြီး လေးစိတ်တစိတ်သည် ထားဘေး (စစ်ပွဲ)၊ မွတ်သိပ်ခြင်း ဘေး၊ နာ၍ သေဘေး (ရောဂါ)၊ မြေသားရဲဘေးအားဖြင့် သေရကြမည်။ ယခုကမ္ဘာ့ လူဦးရေသည် သန်းပေါင်းရ၀၀၀ကျော်ရိှသည်။ ထိုအထဲမှသန်းပေါင်း၁ ရ၀၀ခန့်သေဆုံးသွားကြရမည်။ ထိုအရာသည် ကမ္ဘာ့ သမိုင်းမှာအကြီးမား ဆုံးသော သေဆုံးမှု၊ ​ခြောက်ခြားစရာ အကောင်းဆုံး ဖြစ်လိမ့်မည်။ ထိုအရာသည် မကြာမီှ ဖြစ်တော့မှာ ဖြစ်သောကြောင့် ထိုအချိန် မတိုင်မှီ၊ ကယ်တင်ခြင်းသို့ ရောက်၍၊ ချီဆောင်ခြင်း၌ ပါ၀င်နိင်ဘို့ အလွန် အရေးကြီးသည်။

 

ဘေးဒဏ်ကြီး ကာလ မာတုရများ

၉။ ပဥ္စမတံဆိပ်ကို ဖွင့် သောအခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော် ကြောင်း၎င်း၊ မိမိတို့ သက်သေခံချက်ကြောင်း၎င်း၊ အသေသတ်ခြင်းကို ခံရသော သူတို့၏ ဝိညာဉ်များကိုယဇ်ပလ္လင်အောက်၌ ငါမြင်၏။

ဘေးဒဏ်ကြီး ကာလ၌၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စွဲကိုင်သောကြောင့်၎င်း၊ သက်သေခံချက်ကြောင့်၎င်းမာတုရအဖြစ် အသေခံ မည့်သူ များစွာရှိသည်။ ထိုသူများ၏ ၀ိညာဥ်များသည်၊ ယဇ်ပလ္လင်အောက်၌ မြင်ရခြင်းသည်၊ သူတို့ကို ယဇ်ကောင် ကဲ့သို့ အသတ်ခံရသောကြောင့် ဖြစ်သည်။ ကျေးဇူးတော် ကာလ၌ ယေရှုခရစ် တော်သည်၊ သူတို့အတွက် ယဇ်ကောင် ဖြစ်သော်လည်း၊ လက်မခံခဲ့သောကြောင့် သူတို့ကိုယ်တိုင်၊ ယဇ်ကောင် ကဲ့သို့ ပူဇော်ခံခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ သို့သော် လူသည်ကိုယ်တိုင်အသေခံခြင်း ဖြင့် ကယ်တင်ခြင်းသို့ မရောက်နိင်ချေ။ ထိုသူများသည် ကျေးဇူးတော် ကာလ၌၊ ကယ်တင်ခြင်းသို့ မရောက်သော်လည်း၊ ဘေးဒဏ်ကြီး ကာလ၌ ပြန်ရောက် ကြသည်။ ဘေးဒဏ်ကြီး ကာလ ယုံကြည်သူများလည်း၊ ယေရှုခရစ်၏ အသွေးတော်အားဖြင့် ကယ်တင်ခြင်းသို့ ရောက်ကြသည် (ဗျာ ၁၂:၁၁)

 

၁၀။ သူတို့ ကလည်း၊ သန့်ရှင်းဟုတ်မှန်၍ အစိုးပိုင် တော်မူသော အရှင်၊ မြေပေါ်မှာ နေသော သူတို့သည်၊ ငါတို့ အသွေးကို သွန်းကြသော အပြစ်နှင့် အလျောက်၊ ဒဏ်မပေးဘဲ အဘယ်မျှလောက်ကာလ ပတ်လုံး၊ နေတော်မူ မည်နည်း၊ ဟု ကြီးသော အသံနှင့် ကြွေးကြော်ကြ၏။

ဤဘေးဒဏ်ကြီး ကာလ မာတုရများသည်၊ ကျေးဇူးတော် ကာလ ယုံကြည်သူများနှင့် မတူချေ။ သူတို့၏ ရန် သူများ အပေါ်ကလဲ့စားချေဘို့ ဆုတောင်း ကြသည်။ သခင်ယေရှုသည် အသေသတ်ခြင်း ခံသောအခါ၊ ဤသို့ ဆုတောင်း ခဲ့သည်၊ “ယေရှု ကလည်း၊ အိုအဘ၊ သူတို့၏ အပြစ်ကို လွှတ် တော်မူပါ။ သူတို့သည်ကိုယ်ပြုသော အမှုကို မသိကြဟု မြွက်ဆို တော်မူ၏။” (လုကာ ၂၃:၃၄)။ သထေဖန်ကလည်း၊ သူ့ကို ကျောက်ခဲ့နှင့် ပစ်သတ်သော သူများ အတွက်၊ ဤသို့ ဆုတောင်း ခဲ့သည်၊ “ဒူးထောက်လျက်၊ သခင်၊ ဤသူတို့ ပြုသော ဒုစရိုက်အပြစ်ကို၊ မှတ်တော် မမူပါနှင့် ဟု၊ ကြီးသော အသံနှင့် ကြွေးကြော်ပြီးမှကျိန်းစက်လေ၏။” (တမန် ရ:၆၀)။ သို့သော် ဘေးဒဏ်ကြီး ကာလ မာတုရများ မူကား၊ သူတို့၏ ရန် သူများ၊ သူတို့ကို သတ်သော သူများကို ဘုရားသခင်က၊ တရားစီရင်ဘို့ရန် တောင်းဆို ကြသည်။

 

၁၁။ ထိုသူတို့၌ ဖြူသော ၀တ်လုံကို ပေးတော်မူ၏။ သူတို့ နည်းတူအသေသတ်ခြင်းကို ခံရလတံ့သော၊ မိမိ လုပ်ဘော်ဆောင်ဘက်ညီအစ်ကို တို့သည် ပြည့်စုံခြင်းသို့ မရောက်မှီ၊ ခဏငြိမ်သက်စွာ နေရကြဦးမည်ဟု သူတို့အား မိန့်တော်မူ၏။

ဘေးဒဏ်ကြီး ကာလ မာတုရများကို၊ ဖြူသော ၀တ်လုံ ပေးတော်မူ ၏ဟုဆိုထားသည်။ ဖြူသော ၀တ်လုံသည် ​ဖြောင့်မတ်ခြင်း ဖြစ်သည်။ ဗျာ ၁၉:၈၌၊ “ထိုမိန်းမသည် စင်ကြယ်ပြောင်လက်သော ပိတ်ချောကို ၀တ်ဆင်ရသော အခွင့်ကို ရ၏။ ထိုပိတ်ချောမူကား၊ သန့်ရှင်း သူတို့၏ ​ဖြောင့်မတ်ခြင်း ဖြစ်သတည်း။”ဟုဆိုထားသည်။ ထိုသူတို့၏ အော်ဟစ်သံ သို့မဟုတ် ဆုတောင်း သံကို ချက်ချင်း အ​ဖြေပေးသည်။ သူတို့ နည်းတူအသေသတ်ခြင်း ခံမည့်သူများရှိသေးသည်။ ထိုသူများ ပြည့်စုံမှသာတရားစီရင်မှာ ဖြစ်သည်။ ထိုမာတုရများသည် ဘေးဒဏ်ကြီး ကာလ အပြီးတွင် ထမြောက်၍၊ အနှစ်တစ်ထောင်ပတ်လုံး ခရစ်တော်နှင့်အတူ စိုးစံမည့် အကြောင်း ဤသို့ တွေ့ရသည်၊ “ပလ္လင်များ ကိုလည်း ငါမြင်၏၊ ပလ္လင်ပေါ်မှာ ထိုင်သော သူတို့သည် တရားစီရင်ရသော အခွင့်ကို ရကြ၏။သားရဲနှင့် သူ၏ ရုပ်တုကို မကိုး ကွယ်၊ သူ၏ တံဆိပ်လက်မှတ်ကို နဖူး၌ မခံ၊ လက်၌ မခံဘဲ နေ၍၊ ယေရှု၏ သက်သေခံ တော်မူ ချက်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော် ကြာင့်၊ လည်ပင်းဖြတ်ခြင်းကို ခံရသော သူတို့၏ ၀ိညာဥ်များကို ငါမြင်၏။ သူတို့သည် အသက် ရှင်၍၊ အနှစ်တထောင်ပတ်လုံး ခရစ်တော်နှင့်အတူ စိုးစံရကြ၏။” (ဗျာ ၂၀:၄)။

 

အမျက်တော် နေ့ကြီး

၁၂။ ဆဌမတံဆိပ်ကို ဖွင့် သောအခါ ငါကြည့်လျှင်၊ ကြီးစွာသော မြေလှုပ်ခြင်း ဖြစ်၏။ နေသည် အမွေးဖြင့် ရက်သော အ၀တ်ကြမ်းကဲ့သို့ မည်း၏။ လအလုံးသည် အသွေးကဲ့သို့ဖြစ်၏။

ဘေးဒဏ်ကြီး ကာလ တွင်၊ မကြာခဏမြေလှုပ်ခြင်း ဖြစ်၏ (ဗျာ ၈:၅၊ ၁၁:၁၃၊ ၁၉၊ ၁၆:၁၈)။ ထိုမြေလှုပ်ခြင်း များသည် ကမ္ဘာပေါ်၌ အကြီးမား ဆုံးသောအရာ များ ဖြစ်၍၊ ​ကျွန်းများရွေ့သွားကြ၍၊ တောင်များ ပျောက်သွား ကြသည်။ ခရစ်တော်ကလည်း သူကြွလာမည့် နိမိတ်များ ထဲ၌ မြေလှုပ်မည့် အကြောင်း ပြောသွားသည် (မ ၂၄:ရ)။ ယခုအခါ ကမ္ဘာပေါ်၌ မြေလှုပ်ခြင်းသည် အဆက်မပြတ် ဖြစ်နေပြီ။ သို့သော် လူအများစုတို့သည် သတိမထားကြသေးချေ။

 

နေသည် မည်းသွားသည်ဟုဆိုသည်။ သခင်ယေရှု ကနေသည် မှောင်သွားမည်ဟု မ၂၄:၂၉၌ ကြိုပြောခဲ့ပြီ။ ယခုအခါ နေသည် မကြာခဏပေါက်ကဲွ နေကြောင်း သိရသည်။ လသည် အသွေးကဲ့သို့ဖြစ်၏ဟုဆိုသည်။ ၂၀၁၄ ခုနှစ်ဧပြီလ ၁၅ ရက်နေ့ (ပဿခါပွဲ)၊ နှင့် အောက်တိုဘာလ ၈ ရက်နေ့ (သကေနေ သို့မဟုတ် တဲပွဲ) တွင်၎င်း၊ ၂၀၁၅ နှစ်ဧပြီလ ၄ ရက်နေ့ (ပဿခါပွဲ)နှင့် စက်တဘ်ာလ ၂၈ ရက်နေ့ (သကေနေ သို့မဟုတ် တဲပွဲ) အချိန်တွင် လသည် နီခဲ့ပြီ။ ၂၀၁၅ ခုနှစ်မတ်လ ၂၀ ရက်နေ့ (နိသန် ၁ ရက်နေ့) တွင်လည်း ဥရောပမြောက်ဘက်နိင်ငံနောဝေနှင့် ဆီွဒင်နိင်ငံများ၌ နေကြက်ခဲ့သည်။ ထိုသို့ လလေးကြိမ်ဆက်တိုက်နီတိုင်း ဣသရေလ လူတို့၌ တခုခု ဖြစ်တတ်သည်။

 

၁၃။ သင်္ဘောသဖန်းပင်ကို ပြင်းစွာသော လေတိုက်လျှင်၊ အချိန် မတန်သော အသီးကြွေ သကဲ့သို့၊ ကောင်းကင် ကြယ်တို့သည် မြေပေါ်သို့ ကျကြ၏။

ကောင်းကင် ကြယ်အချို့တို့သည် ကမ္ဘာထက် အဆပေါင်းများစွာ ကြီး ကြသည်။ ထိုကြောင့်မြေကြီး ပေါ်သို့ ကျမည့် ကြယ်တို့သည် တကယ့်ကြယ်များ မဟုတ်ဘဲ ဥက္ကာပျံများ ဖြစ်နိင်သည်။ ယခုအခါ ဥက္ကာပျံ (ကြယ်ပျံ) များ ပို၍ ပို၍များပြားလာသည်။ ၂၀၁၃ ခုနှစ်ဖေဖ၀ါရီလ ၁၅ ရက်နေ့တွင်လည်းရုရှားနိင်ငံကျေးလက်၌ တန် ၁၀ရှိသော ဥက္ကာပျံကျ၍ အနီးအနားတွင် ရှိသော လူ၁၅၀၀ခန့်ဒဏ်ရာရှိခဲ့ ကြသည်။ ၂၀၁၂ ခုနှစ်ဇွန်လအထိ ဥက္ကာပျံမြေကြီး ပေါ်၌ ၁၁၀၃ ခုကျခဲ့ပြီ။ ထိုကြယ်များသည် ကျောက်တုံးကြီးများဖြစ်၍ တနာရီ မိုင် ၆သောင်းမှတသိန်းအထိ အမြန် နှုန်းနှင့် ပျံသန်းသောကြောင့် မီးခဲကြီးများဖြစ်၍ လင်းခြင်း ဖြစ်သည်။ ထိုကြယ်ပျံများသည် အာကာသ၌ ပျံသန်း နေကြသည်။ ထိုကြယ်တလုံး မြို့ကြီး ပေါ်၌ ကျပါက၊ အိုးအိမ်အဆောက်အဦးများ မှအစ၊ လူအားလုံးမြှုပ်စရာ မလိုဘဲ ပြာ ဖြစ်သွားကြမည်။ ထိုကြယ်များသည်အချိန် မရွေးကျကာ၊ သေဆုံးနိင် ကြသည်။ လူကတားဆီး၍ မရပါ။

 

၁၄။ မိုဃ်းကောင်းကင်သည် စာစောင်လိပ် သကဲ့သို့ လွင့်သွား၏။ တောင်များ၊ ​ကျွန်းများ အပေါင်းတို့သည် မိမိတို့ နေရာအရပ်မှရွေ့ကြ၏။

မိုဃ်းကောင်းကင်သည် စာစောင်လိပ် သကဲ့သို့ လွင့်သွား၏ဟုဆိုရာတွင်၊ ထိုကဲ့သို့ မဖြစ်ဘူးသောကြောင့် ယုုံဘို့ရန် ခက်နိင်သည်။ သို့သော် ဖန်ဆင်းရှင်ဘုရား အတွက် ဘာမျှမခက်ချေ။ တောင်များ ​ကျွန်းများလည်း နေရာမှရွေ့ကြမည်။ ထိုအရာသည် ကြီးစွာသော ငလျှင် လှုပ်ခြင်းကြောင့် ဖြစ်မည်ကို ဗျာ ၁၆:၁၈၌လည်း ဖေါ်ပြထားသည်။ ထိုသို့ မိုဃ်းကောင်းကင် လွင့်သွားသောကြောင့် မြေကြီး ပေါ်မှကောင်းကင် နိင်ငံကို မြင်နိင်ကြမည်။ ခဲနှင့် ပေါက်ခြင်း ခံသော သတေဖန်လည်း၊ ကောင်းကင်ကို တိုက်ရိုက်မြင်ခဲ့ဘူးကြောင်း ဤသို့ ရေးသား ထားသည်၊ “သူ သည်လည်း သန့်ရှင်းသော ၀ိညာဥ်တော်နှင့် ပြည့်သဖြင့်၊ ကောင်းကင်သို့ စေ့စေ့ကြည့်မျှော်၍ ဘုရားသခင်၏ ဘုန်းတော်ကို၎င်း၊ ဘုရားသခင်၏ လက်ျာတော် ဘက်၌ ယေရှု ရပ်နေသည်ကို၎င်းမြင်လျှင်၊ ကြည့်ပါ။ ကောင်းကင် ဖွင့်လှစ်သည်ကို၎င်း၊ လူသားသည် ဘုရားသခင်၏ လက်ျာတော် ဘက်၌ ရပ်နေသည်ကို၎င်း၊ ငါမြင်သည်ဟုဆို၏။” (တမန် ရ:၅၅-၅၆) သတေဖန်သည် ကောင်းကင်ကို မြင်သော်လည်း၊ သူ့ကို ပေါက်သော လူများ ကမြင်ကြမည် မဟုတ်။ လာဇရုနှင့် သူဌေးကြီး အကြောင်း၌လည်း၊ သူဌေးကြီး ကလာဇရုကို အာဗြဟံရင်ခွင်၌ မြင်ခဲ့သည် (လု ၁၆:၂၂-၂၃)။ သူဌေးကြီးသည် မရဏာနိင်ငံတည်း ဟူသော ငရဲမှ၊ အာဗြဟံရင်ခွင်တည်း ဟူသော ကောင်းကင် နိင်ငံကို မြင်ခဲ့ဘူးသည်။

 

၁၅။ လောကီဘုရင်၊ မှူးမတ်၊ စစ်သူကြီး၊ သူဌေး၊ သူကြွယ်၊ ခွန်အားကြီးသော သူမှစ၍ ​ကျွန်များ၊ လူလွတ်များ အပေါင်းတို့သည် မြေတွင်း ၌၎င်း၊ တောင်ပေါ်မှာ ရှိသော ကျောက်များ၌ ၎င်း၊ ပုန်းရှောင်လျက် နေ၍၊ ထိုတောင်များ၊ ကျောက်များ တို့ကို ခေါ်လျက်၊ ၁၆။ ငါတို့ အပေါ်သို့ ကျကြပါ။ ပလ္လင်ပေါ်မှာ ထိုင် တော်မူသော သူ၏ မျက်နှာနှင့်၊ သိုးသငယ်၏ အမျက်တော်ကို ကွယ်ကာ၍၊ ငါတို့ကို ဖုံးအုပ်ကြပါ။ ၁ရ။ အမျက်တော် ထင်ရှားသော နေ့ကြီးရောက်ပါပြီတကား။ အဘယ်သူသည် ခံရပ်နိုင်မည်နည်းဟု ပြောဆို ကြ၏။

လောကီဘုရင်များ၊ စစ်သူကြီး များသည်၊ အာဏာရှိသောကြောင့် လူတိုင်း ကကြောက် ကြသည်။ သူဌေး၊ သူကြွယ်များသည် ဥစ္စာပစ္စည်းကြွယ်၀သောကြောင့် လူများ၏ အားကိုး ခြင်းနှင့် လေးစားခြင်း၊ ကြောက်ရွံ့ခြင်း ခံရ ကြသည်။ သို့သော် တရားစီရင်ခြင်းနေ့၊ ဘုရားသခင်၏ အမျက်တော် ထင်ရှားသော နေ့တွင်မူ၊ ထိုသူများသည် အလွန် ကြောက်လန့်သောကြောင့်၊ မြေတွင်း ၌၎င်း၊ တောင်ပေါ်မှာ ရှိသော ကျောက်များ၌ ၎င်း၊ ပုန်းရှောင်လျက် နေကြသည်။ ထိုသူများသည် လူများ အပေါ်အာဏာပြ၊ ကြီး စိုးခဲ့ကြသော်လည်း၊ ဘုရားသခင် ရှေ့တွင် မူပုန်းရှောင် နေကြသည်။ ထိုအချိန်၌၊ သူတို့သည် ဘုရားသခင် ထံ၌ အညံ့ခံ၊ အရှုံးခံသည်ထက် တောင်နှင့် ကျောက်များ ထံ ဆုတောင်း ကြသည်။ သူတို့သည် ဘုရားသခင်၏ ကယ်တင်ခြင်း၊ သနားခြင်း၊ အပြစ် လွှတ်ခြင်း ခံဘို့ ထက်၊ ဘာမျှမလုပ်နိင်သော တောင်များ၊ သကျောက်များ၊ ရုပ်တုများ ထံ ဆုတောင်း ကြသေးသည်။

 

ယခုအခါ၊ ကမ္ဘာ့ နိင်ငံတိုင်း၌၊ ခေါင်းဆောင်များ၊ သူဌေးများသည် မြေအောက်၌၊ တိုက်ခန်းများ ဆောက် နေကြသည်။ သူတို့သည် ကမ္ဘာပေါ်၌၊ အနုမြူဗုံးစစ်ပွဲများ တိုက်သည် ရှိသော်ဟူ၍၊ အသက် ချမ်းသာ ရာရဘို့ ထိုကဲ့သို့ မြေအောက်တိုက်ခန်းများ ဆောက်ကြခြင်း ဖြစ်သည်။ သို့သော် သူတို့ မသိသည်မှာ၊ ထိုတိုက်ခန်းများသည် သူတို့၏ သင်္ချိုင်းများ ဖြစ်၍၊ ငွေကုန်ကျေးကျများစွာ ခံလျက် တည်ဆောက်ကြခြင်း ဖြစ်သည်။ ဘုရားသခင်က၊ “သင်သည် လင်းယုန်ကဲ့သို့ ကိုယ်ကို ချီးမြှောက်၍၊ ကြယ်တို့တွင် အသိုက််ကို လုပ်သော်လည်း၊ ထိုအရပ်မှသင့်ကို ငါနှိမ့်ချမည်ဟု ထာ၀ရ ဘုရား မိန့်တော်မူ၏။” (ဩဗဒိ ၁:၄)။ ထို့ကြောင့် အကောင်းဆုံးခိုလှုံရာသည်၊ ဘုရားသခင် ဖြစ်ကြောင်း ဤသို့ ရေးထားသည်၊ “ထာ၀ရ ဘုရားသည် ကောင်း တော်မူ၏။ အမှု ရောက် သောအခါ ရဲတိုက် ဖြစ်တော်မူ၏။ ခိုလှုံသော သူတို့ကို သိမှတ် တော်မူ၏။” (နာဟုံ ၁:ရ)

 

ဗျာ ၆ မေးခွန်းများ

 

၁။ မြင်းဖြူစီးသော သူသည် မည်သူနည်း။ ———————–အာဏာကို မည်သို့ ရသနည်း။ —————————————————

၂။ မြင်းနီစီးသော သူသည် ကမ္ဘာပေါ်၌ ဘာ ဖြစ်စေမည်နည်း။ —————————————————

၃။ မြင်းနက်သည် ဘာကို ဆိုလိုသနည်း။ —————————————အဘယ်ကြောင့်စားနပ်ရိက္ခာရှားပါးမည်နည်း။ —————————————————

၄။ မြင်းမွဲသည် ဘာကို ုိဆိုလိုသနည်း။ ————————အဘယ်ကြောင့်လူများ သေကြမည်နည်း။ —————————————————

၅။ ကမ္ဘာ့ လူဦးရေမည်မျှသေမည်နည်း။ —————————————————

၆။ ဘေးဒဏ်ကြီး ကာလ၌ ကယ်တင်ခြင်းသို့ ရောက်မည့်သူ ရှိကြပါသလား။ —————————————————

ရ။ ဘေးဒဏ်ကာလ၌ အသတ်ခံမည့်သူများကသူတို့ ရန်သူတို့ကို ဘာ ဖြစ်ဘို့ တောင်းကြသနည်း။ —————————————————

၈။ ဘေးဒဏ်ကြီး ကာလ၌ အသတ်ခံမည့်သူများ၊ အနှစ်တထောင်ကာလ၌ ဘာ ဖြစ်မည်နည်း။ —————————————————

၉။ ဘေးဒဏ်ကြီး ကာလ၌ နေ၊ လ၊ ကြယ်များ ဘာ ဖြစ်မည်နည်း။ —————————————————

၁၀။ မြေလျှင် လှုပ် သောအခါ တောင်များ ​ကျွန်းများ ဘာ ဖြစ်ကြမည်နည်း။ —————————————————

၁၁။ ကမ္ဘာ့ ခေါင်းဆောင်များဘုရား၏ အမျက်တော် ကြီး နေ့၌ ဘာလုပ်ကြမည်နည်း။ —————————————————

၁၂။ ဘေးဒဏ်ကြီး ကာလနှင့် လွတ်လိုပါသလား။ —————————————————

.

 

ဗျာဒိတ်ကျမ်း ရ

 

၁၄၄၀၀၀ တံဆိပ်ခတ်

 

၁။ ထိုနောက်မှမြေကြီး၊ ပင်လယ်၊ သစ်ပင်များ တို့၌ လေမလာစေခြင်းငှါ၊ ကောင်းကင်တမန် လေးပါးတို့သည် မြေ၏ လေးမျက်နှာလေတို့ကို ကိုင်၍၊ မြေလေးမျက်နှာ၌ ရပ်နေသည်ကို ငါမြင်၏။

‘ထိုနောက်မှ’သည် ဗျာ ၆ ထဲမှဆဌမတံဆိပ်နောက်မှ ဖြစ်မည်။ ‘လေမလာစေခြင်းငှါ ’ဟူသောအရာ သည် တရားစီရင်ခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ အကြောင်းမှာ နောက်စာပိုဒ်၌၊ ‘မြေနှင့် ပင်လယ်ကို ညှဥ်းဆဲရသော အခွင့်ရှိသော ကောင်းကင်တမန် လေးပါး’ဟုဆိုသောကြောင့် သူတို့သည် မြေနှင့် ပင်လယ် အပေါ်၌ ညှဥ်းဆဲနိင်ကြောင်း ထင်ရှားသည်။

လေသည် မမြင်နိင်သော်လည်း တန်ခိုးရှိသည်။ လေငြိမ်နေလျှင် ကြောက်စရာ မရှိသည် သာမက၊ ရှိမှန်းပင် မသိရချေ။ သို့သော် အရှိန်ပြင်းစွာ ဖြင့် တိုက်လာ သောအခါ၊ များစွာ ဖျက်စီး၍ အလွန် ကြောက်စရာ ကောင်းသည်။ ဘုရားသခင် သည်လည်း ယခုမရှိ သကဲ့သို့ဖြစ်သော်လည်း၊ အမျက်​ေဒါသလောင်၍ တရားစီရင် သောအခါ၊ အလွန် ကြောက်စရာ ကောင်းသည်။ ယခု ဘုရားသခင်သည် ငြိမ်ချက်သား ကောင်းနေသောကြောင့် လူများစွာတို့ ကရှိမှန်း မသိ၊ ဂရုမစိုက်ကြသော်လည်း တရားစီရင်ခြင်း နေ့၌ လှစ်လှူိရှုနိင်သော သူရှိမည် မဟုတ်။

 

‘ကောင်းကင်တမန် လေးပါး’ ကောင်းကင်တမန် များသည် ဘုရား၏ ကအစေခံ​ကျွန်များ ဖြစ်သည်။ ဘုရား ခိုင်းသည့်အတိုင်း လုပ်ဆောင် ကြသည်။ ‘မြေကြီး လေးမျက်နှာ’မြေကြီးသည် လုံးသည် မဟုတ်လော၊ လေးမျက်နှာရှိနိင်မည်လောဟု မေးစရာ ရှိသည်။ သို့သော် အရှေ့အနောက်၊ တောင်မြောက်ဟု လေးမျက်နှာပြောတတ်ကြသည် မဟုတ်လော။ ထို့ကြောင့် မြေကြီး လေးမျက်နှာသည် တကမ္ဘာလုံးကို ဆိုလိုခြင်း ဖြစ်သည်။

 

၂။ အသက်ရှင်တော်မူသောဘုရားသခင်၏၊ တံဆိပ်ပါသောကောင်းကင်တမန်တပါးသည်၊ အရှေ့မျက်နှာကတက်လာသည်ကိုငါမြင်၏။ သူသည်လည်း၊ မြေနှင့်ပင်လယ်ကိုညှဥ်းဆဲရသောအခွင့်ရှိသော၊ ကောင်းကင်တမန်လေးပါးကို၊ အသံလွှင့်၍၊ ၃။ ငါတို့ဘုရားသခင်၏ ​ကျွန်တို့ကို၊ နဖူး၌တံဆိပ်မခတ်မှီတိုင်အောင်၊ မြေ၊ ပင်လယ်၊ သစ်ပင်တို့ကိုမညှဥ်းဆဲပါနှင့်၊ ဟုကြီးသောအသံနှင့်ကြွေးကြော်လေ၏။

 

“အသက်ရှင်တော်မူသောဘုရားသခင်၏၊ တံဆိပ်ပါသောကောင်းကင်တမန်တပါး” ကောင်းကင်တမန်နှစ်မျိုးရှိသည်။ ဘုရားသခင်ထံ၌သစ္စာရှိသောကောင်းကင်တမန်များနှင့်၊ စာတန်နောက်လိုက်သောကောင်းကင်တမန်များဖြစ်သည်။ ထိုသို့နှစ်မျိုးရှိသောကြောင့်၊ ဘုရားသခင်၏တံဆိပ်ပါသော၊ ကောင်းကင်တမန်ဟုဆိုခြင်းဖြစ်သည်။ တံဆိပ်ပါခြင်းသည်ဘုရားပိုင်ဖြစ်ကြောင်းထင်ရှားစေသည်။

 

“အရှေ့မျက်နှာကတက်လာသည်ကိုငါမြင်၏။” အရှေ့မျက်နှာသည်နေထွက်ရာဖက် ဖြစ်သည်။ ထိုကောင်းကင်တမန်သည်နေထွက်ရာဖက်အရှေ့ဘက်မှတက်လာသည်ဟုဆိုသည်။

 

“ဘုရားသခင်၏ကျွန်တို့ကိုနဖူး၌တံဆိပ်မခတ်မှီ”ဟုဆိုသည်။ ထို​ကျွန်များသည်တသိန်းလေးသောင်းလေးထောင်ရှိ၍၊ ဣသရေလလူမျိုးဆယ့်နှစ်မျိုးထဲကသာဖြစ်သည်။ တပါးအမျိုးသားများမပါချေ။ ထို​ကျွန်များသည်အဘယ်အတွက်ကြောင့်၊ တံဆိပ်ခတ်ခြင်းခံကြသနည်း။

 

၄။ တံဆိပ်ခတ်ခြင်းကိုခံရသောသူအရေတွက်ကိုငါကြား၍၊ ဣသရေလအမျိုးသားတို့၌ အသီးအသီးသောအမျိုးအနွယ်ထဲကလူတသိန်းလေးသောင်းလေးထောင်တို့သည် တံဆိပ်ခတ်ခြင်းကိုခံရကြ၏။ ၅။ ယုဒအမျိုးထဲကတသောင်းနှစ်ထောင်၊ ရုဗင်အမျိုးထဲကတသောင်းနှစ်ထောင်၊ ဂဒ်အမျိုးထဲကတသောင်းနှစ်ထောင်။ ၆။ အာရှာအမျိုးထဲကတသောင်းနှစ်ထောင်၊ နဿလိအမျိုးထဲကတသောင်းနှစ်ထောင်၊ မနာရှေအမျိုးထဲကတသောင်းနှစ်ထောင်၊ရ။ ရှိမောင်အမျိုးထဲကတသောင်းနှစ်ထောင်၊ လေ၀ိအမျိုးထဲကတသောင်းနှစ်ထောင်၊ ဣသခါအမျိုးထဲကတသောင်းနှစ်ထောင်၊ ၈။ ဇာဗုလုန်အမျိုးထဲကတသောင်းနှစ်ထောင်၊ ယောသပ်အမျိုးထဲကတသောင်းနှစ်ထောင်၊ ဗယ်ာမိန်အမျိုးထဲကတသောင်းနှစ်ထောင်တို့သည် တံဆိပ်ခတ်ခြင်းကို ခံရကြ၏။

ရုဗင်သည်အကြီးဆုံးဖြစ်သော်လည်း၊ သူ့ဖခင်ယာကုပ် (ဣသရေလ)၏အိပ်ရာကို ညစ်ညူးစေသောကြောင့်၊ ပဌမဦးဆုံး၌မရေးချေ။ ယောသပ်နှင့်မနာရှေသည်သားအဖ ဖြစ်သည်။ သို့သော်နှစ်မျိုးကဲ့သို့ရေးထားသည်။ ယောသပ်၏သားငယ်ဧဖရိမ်သည်မပါချေ။ ဧဖရိမ်အမျိုးသည်မာနထောင်လွှားတတ်သောကြောင့်မပါ၀င်ခြင်းဖြစ်နိင်သည်။ ဧဖရိမ်ကိုဘုရားသခင်ကချီးမြှောက်သောကြောင့်၊ အမျိုးဆယ်မျိုးကိုလည်းကိုယ်စားပြု၍၊ သူ့နာမည်နှင့်ခေါ်တတ်သည်။ ဒန်အမျိုးလည်းမပါချေ။ သူတို့သည်တရားသူကြီးမှတ်စာ ၁၈ ၌ ရေးထားသည့်အတိုင်း၊ ရုပ်တုကိုးကွယ်ခြင်းကိုအစပြုသောအမျိုးဖြစ်သောကြောင့် မပါ၀င်ခြင်းဖြစ်နိုင်သည်။ ထိုမျှသာမက၊ ယာကုပ်ကသားများကိုကောင်းကြီးပေးရာတွင်၊ ဒန်နှင့်ပတ်သက်၍၊ “ဒန်သည်ဣသရေလအနွယ်တစုံတပါးကဲ့သို့၊ မိမိလူတို့ကိုစီရင်လိမ့်မည်။ ဒန်သည်လမ်း၌နေသောမြွေဖြစ်လိမ့်မည်။ မြင်းစီးသောသူကိုနောက်သို့လဲစေခြင်းငှါ လမ်းကြားမှာနေ၍၊ မြင်း​ခြေကိုကိုက်တတ်သောမြွေဆိုးဖြစ်လိမ့်မည်။” (က ၄၉:၁၆-၁ရ) ဟုဆိုခဲ့သည်။ ယာကုပ်၏စကား၌၊ ‘မိမိလူတို့ကိုစီရင်လိမ့်မည်’‘ဒန်သည်လမ်း၌နေသော ​မြွေဖြစ်လိမ့်မည်’‘မြင်း​ခြေကိုကိုက်တတ်သော​မြွေဆိုးဖြစ်လိမ့်မည်’ဟုဆိုခြင်းများသည် အဘယ်အရာနည်း။ ​မြွေသည်စာတန်ကိုပုံဆောင်သည်။ ထို့ကြောင့်အန္တိခရစ်သည်ဒန်အမျိုးထဲမှပေါ်ပေါက်လာပါမည်လောဟုတွေးသောသူများရှိကြသည်။ မည်သည့်အတွက်ဒန်သည်၊ တံဆိပ်ခတ်ခြင်း၌မပါ၀င်ခြင်းကိုအတိအကျမသိရပါ။

 

ယေဟော၀ါသက်သေခံများ (​Jehovah Witness) ကထို ၁၄၄၀၀၀ သည်သူတို့ဖြစ်သည်ဟုဆိုခဲ့သည်။ သူတို့၏အသင်းသားများ၊ ထိုမျှမကများလာသောအခါ၊ သူတို့အထဲမှအောင် မြင်သောသူများဖြစ်သည်ဟုဆိုကြပြန်သည်။ ထိုသူများသည်တပါးအမျိုးသားများအထဲမှလုံး၀မဟုတ်နိုင်ပါ။ သူတို့၏အမျိုးကိုအတိအကျဖေါ်ပြထားသည်။ ထိုကြောင့်ထိုသူများသည်၊ ဘေးဒဏ်ကြီးကာလမှာ၊ ဘုရားအသုံးပြုမည့်ဣသရေလများသာလျှင်ဖြစ်သည်။ မည်သည့်အဖွဲ့ကမျှသူတို့ဖြစ်သည်၊ ဟုဆိုလျှင်မယုံကြဘို့အရေးကြီးသည်။

 

လူများစွာကယ်တင်ခြင်းသို့ ရောက်ခြင်း

၉။ ထိုနောက်မှငါကြည့်လျှင်၊ အသီးအသီးဘာသာစကားကိုပြောသောလူမျိုးအနွယ်ခပ်သိမ်းတို့အထဲမှထွက်၍၊ အဘယ်သူမျှမရေတွက်နိုင်သောလူများအပေါင်းတို့သည် ဖြူသော၀တ်လုံကို၀တ်ဆင်လျက်၊ စွန်ပလွံခက်ကိုကိုင်လျက်၊ ပလ္လင်တော်ရှေ့၊ သိုးသငယ် ရှေ့မှာရပ်နေကြ၏။

 

တသိန်းလေးသောင်းလေးထောင်တို့တံဆိပ်ခတ်ပြီးမှယောဟန်ကရေတွက်၍မရနိင်အောင်များသောတပါးအမျိုးသားများကိုမြင်သည်။ ထိုသူများသည်ဖြူသော၀တ်လုံကို ၀တ်ဆင်သည်။ ဖြူသော၀တ်လုံသည်သိုးသငယ်၏အသွေး၌လျှော်၍ဖြူစေသောအ၀တ် ဖြစ်ကြောင်းအငယ် ၁၄ ၌တွေ့ရသည်။

 

‘စွန်ပလွံခက်ကိုကိုင်လျက် ’စွန်ပလွံခက်ကိုကိုင်ခြင်းသည်အဘယ်အရာကိုဆိုလိုသနည်း။ “ယေရှုသည်ယေရုရှလင်မြို့သို့ကြွလာတော်မူသည်ကို၊ ထိုပွဲသို့လာသောသူအစုအဝေး အပေါင်းတို့သည်ကြားရလျှင်၊ စွန်ပလွံခက်များကိုကိုင်လျက်၊ ကိုယ်တော်ကိုခရီးဦးကြိုပြုအံ့သောငှါထွက်သွားကြ၍၊ ဟောရှဏ္ဏဖြစ်စေသတည်း။ ထာ၀ရဘုရား၏အခွင့်နှင့်ကြွလာ တော်မူသောဣသရေလရှင်ဘုရင်သည်၊ မင်္ဂလာရှိစေသတည်း၊ ဟု ကြွေးကြော်ကြ၏။ ကျမ်းစာ၌လာသည်ကား၊ အိုဇိအုန်သတို့သမီး၊ မစိုးရိမ်နှင့်။ သင်၏အရှင်မင်းကြီးသည်၊ မြည်းကလေးကိုစီး၍သင်ရှိရာသို့ကြွလာတော်မူသည်ကို၊ ကြည့်ရှုလော့ဟုရေးထားသည်နှင့်အညီ၊ ယေရှုသည်မြည်းကလေးကိုတွေ့၍ စီးတော်မူ၏။” (ယော ၁၂:၁၃-၁၅) ဤနေရာ၌ယေရှုသည်ရှင်ဘုရင်အဖြစ်ယေရုရှလင်မြို့သို့မြည်းကလေးကိုစီး၍လာခြင်း ဖြစ်သည်။ လူများကလည်းစွန်ပလွံခက်များကိုကိုင်လျက်၊ ရှင်ဘုရင်အဖြစ်ကြိုဆိုကြသည်။ စွန်ပလွံခက်ကိုင်ခြင်းနှင့်ပတ်သက်၍ဘုရားသခင်ကမောရှေအားဖြင့်ဤသို့ ပြောထားခဲ့သည်၊ “သင်တို့သည်သတ္တမလဆယ်ငါးရက်နေ့မှစ၍ခုနစ်ရက်ပတ်လုံး၊ ထာ၀ရ ဘုရားဘို့သကေနေပွဲကိုခံရကြမည်။” (၀တ်ပြု ၂၃:၃၄)။ “ပဌမနေ့၌ကောင်းမွန်သော သစ်သီး၊ စွန်ပလွံခက်၊ မိုဃ်းမခပင်အစရှိသောအရွက်များသောအပင်၏အကိုင်းအခက်တို့ကိုယူ၍၊ သင်တို့၏ဘုရားသခင်ထာ၀ရဘုရားရှေ့တော်၌၊ ခုနစ်ရက်ပတ်လုံးရွှင်လန်းခြင်းကို ပြုရကြမည်။” (၀တ်ပြု ၂၃:၄၀) “ဣသရေလအမျိုးသားတို့ကိုအဲဂုတ္တုပြည်မှနှုတ်ဆောင် သောအခါ၊ သစ်ခက်တဲ၌နေစေကြောင်းကိုသင်တို့အမျိုးအစဥ်အဆက်တို့သည်၊ သိမှတ်မည်အကြောင်း၊ ဣသရေလအမျိုးသားအပေါင်းတို့သည်၊ သစ်ခက်တဲ၌ခုနစ်ရက်ပတ်လုံးနေရကြမည်။” (၀တ်ပြု ၂၃:၄၂)။ သကေနေပွဲသည်၊ တဲပွဲ (the Feast of Tabernacle) ဖြစ်သည်။ ခရစ်တော်လည်းထိုပွဲ၌ပါ၀င်ခဲ့သည် (ယောရ:၂)။ ထိုပွဲသည်ဣသရေလလူများ တော၌လည်၍၊ ဘုရားသခင်က​ကျွေးမွေးခြင်းကို၊ သတိရအောက်မေ့ဘို့ရန်ဖြစ်သကဲ့သို့၊ အနှစ်တစ်ထောင်ကာလမှာလည်း၊ သခင်ယေရှုကအုပ်ချုပ်သောအခါ၀လင်စွာ​ကျွေးမွေးခြင်း၊ ငြိမ်သက်စွာနေထိုင်ခြင်းကိုပုံဆောင်သည်။ ယေရှုကိုစွန်ပလွံခက်များကိုင်၍ကြိုဆိုခြင်းသည်၊ ရှင်ဘုရင်အဖြစ်လက်ခံခြင်းကိုဆိုလိုခြင်းဖြစ်သည်။

 

၁၀။ သူတို့ကလည်း၊ ပလ္လင်ပေါ်မှာထိုင်တော်မူသောငါတို့၏ဘုရားသခင်နှင့်သိုးသငယ်သည်၊ ကယ်တင်တော်မူခြင်းချမ်းသာရှိတော်မူစေသတည်း၊ ဟုကြီးသောအသံနှင့်​ကြွေးကြော်ကြ၏။

ကယ်တင်ခြင်းသည်၊ လူ၏လုပ်ဆောင်မှုအားဖြင့်မဟုတ်၊ ဘုရားသခင်နှင့်သိုးသငယ်တို့၏လုပ်ဆောင်ခြင်းဖြစ်သည်။ ကျမ်းစာ၌၊ “ကောင်းကင်ဘုံ၌စည်းဝေးသောသူအများတို့၏အသံကြီးကား၊ ဟာလေလုယ၊ ငါတို့ဘုရားသခင်၏ကယ်တင်တော်မူခြင်း ချမ်းသာ၊ ဘုန်းအသရေတန်ခိုးတော်ပေတည်း။” (ဗျာ ၁၉:၁)၊ “ထာ၀ရဘုရား၏ကျေးဇူးတော်ကြောင့်ချမ်းသာရပါ၏၊၊” (ဆာ ၃:၈) “ယုံကြည်သောအားဖြင့်ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ရောက်ရ၏။” (ဧဖက် ၂:၈) ဟုပါရှိသည်။

 

၁၁။ ပလ္လင်တော်မှစသော၊ အသက် ကြီးသူတို့နှင့်သတ္တ၀ါလေးပါး၏ ပတ်၀န်ကျင်၌ရပ်နေသော၊ ကောင်းကင်တမန်အပေါင်းတို့သည်၊ ပလ္လင်တော်ရှေ့မှာပြပ်၀ပ်၍ဘုရားသခင်ကို ကိုးကွယ်လျက်၊ ၁၂။ အာမင်၊ ငါတို့၏ဘုရားသခင်သည်ကမ္ဘာအဆက်ဆက်ကောင်းကြီး မင်္ဂလာ၊ ဘုန်း၊ ပညာနှင့်တကွကျေးဇူးချီးမွမ်းခြင်း၊ ဂုဏ်အသရေ၊ တန်ခိုး၊ သတ္တိရှိတော်မူ စေသတည်း၊ အာမင်ဟုပြောဆိုကြ၏။

အထက်၌လူမျိုးအပေါင်းတို့က၊ ဘုရားသခင်နှင့်သိုးသငယ်ကိုချီးမွမ်းကြ သောအခါ၊ ကောင်းကင်တမန်အပေါင်းကလည်း၊ ဘုရားသခင်ရှေ့မှာပြပ်၀ပ်၍ကိုးကွယ်ကြကာ၊ ဘုရား၏ဘုန်းတော်ကိုခုနှစ်မျိုးဖြင့်ရေတွက်ချီးမွမ်းကြသည်။ ထိုအရာများမှာ၊ ‘ကောင်းကြီးမင်္ဂလာ၊ ဘုန်း၊ ပညာ၊ ကျေးဇူးချီးမွမ်းခြင်း၊ ဂုဏ်အသရေ၊ တန်ခိုး၊ သတ္တိ’ တို့ ဖြစ်သည်။ ​ကျွန်ပ်တို့လည်းဘုရား၏ဘုန်းတော်ကိုချီးမွမ်းတတ်ဘို့၊ ချီးမွမ်းကြဘို့လိုအပ်သည်။ လူလူချင်း၏အောင်မြင်မှု၊ ထိုးခြားမှုများကိုချီးမွမ်းတတ်ကြသော်လည်း၊ ဘုရား၏ ဘုန်းကိုမူမချီးမွမ်းတတ်ကြခြင်းသည်၊ မသိသောကြောင့်၊ မဆင်ခြင်သောကြောင့် ဖြစ်သည်။ ယခုမှစ၍ဘုရား၏ဘုန်းတော်များကို၊ များများလေ့လာ၊ ဆင်ခြင်၍ချီးမွမ်းကြပါစို့။

 

၁၃။ အသက်ကြီးသူတပါးကလည်း၊ ဖြူသော၀တ်လုံကို၀တ်ဆင်သောဤသူတို့သည် အဘယ်သူနည်း။ အဘယ်အရပ်ကလာကြသနည်း၊ ဟုငါ့အားမေးမြန်းလျှင်၊ ၁၄။ ငါက၊ သခင်၊ ကိုယ်တော်သိပါ၏ဟုပြန်လျှောက်၏။ သူကလည်း၊ ဤသူတို့သည်ကြီးစွာသော ဆင်းရဲဒုက္ခအထဲကထွက်မြောက်၍၊ မိမိတို့၀တ်လုံကိုသိုးသငယ်၏အသွေး၌လျှော်၍ဖြူစေသောသူဖြစ်ကြသတည်း။

အသက်ကြီးသူကအငယ် ၁၃ မှာသူမေးသောအရာကိုသူကိုယ်တိုင်ကပြန်​ဖြေသည်။ ထိုသူများသည် “ကြီးစွာသောဆင်းရဲဒုက္ခအထဲကထွက်မြောက်၍၊ မိမိတို့၀တ်လုံကိုသိုးသငယ်၏အသွေး၌လျှော်၍၊ ဖြူစေသောသူဖြစ်ကြသည်”ဟုဆိုသည်။ ကြီးစွာသောဆင်းရဲဒုက္ခသည်၊ ဘေးဒဏ်ကြီးကာလကိုဆိုလိုသည်။ ထို့ကြောင့်ဘေးဒဏ်ကြီး ကာလ၌၊ ကယ်တင်ခြင်းသို့ရောက်မည့်သူများစွာရှိသည်။ သူတို့သည်လည်းခရစ်တော်၏ အသွေးတော်ကြောင့်ကယ်တင်ခြင်းသို့ရောက်ကြသည်။ မည်ကဲ့သို့ကယ်တင်ခြင်းသို့ ရောက်ကြောင်းကိုမပြောပြချေ။ ထိုသူများသည်အငယ် ၄-၈ ထဲ၌တံဆိပ်ခတ်ခြင်းခံသောဣသရေလလူမျိုး ၁၄၄၀၀၀ တို့၏တရားဟောခြင်းအားဖြင့်၊ ပြောင်းလဲခြင်းဖြစ်ကြလိမ့်မည်ဟုယူဆရသည်။ အကြောင်းမူကား ထို ၁၄၄၀၀၀ တို့ကိုအငယ် ၃ ၌ဘုရားသခင်၏ ​ကျွန်များဟုဆိုသည်။ ​ကျွန်သည်အလုပ်လုပ်ဘို့ဖြစ်သည်၊ ဇိမ်ခံဘို့မဟုတ်။ ထိုသူများကို ဘေးဒဏ်ကြီးပဌမပိုင်းသုံးနှစ်ခွဲအတွင်း၊ တကမ္ဘာလုံး၌တရားဟောဘို့ရန်တံဆိပ်ခတ်ထားခြင်းဖြစ်မည်။ ခရစ်တော်ကလည်းဘေးဒဏ်ကြီးကာလ၌၊ တရားဟောမည်ဟုဆိုခဲ့သည်၊ “လူမျိုးအပေါင်းတို့အားသက်သေဖြစ်မည်အကြောင်း၊ နိုင်ငံတော်နှင့်ယှဥ်သောဧ၀ံဂေလိတရားကို၊ လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ဟောရလိမ့်မည်။ သို့ပြီးမှအဆုံးသည်ဖြစ်လတံ့။” (မ ၂၄:၁၄)။ တံဆိပ်ခတ်ရခြင်းအကြောင်းလည်း၊ စာတန်နှင့်အပေါင်းပါများကနှောက်ရှက်၍မတားနိုင်အောင်၊ ဘုရားသခင်ကသူ၏လူများဖြစ်ကြောင်း၊ သူပိုင်ကြောင်းကိုထင်ရှားစေခြင်းဖြစ်မည်။ ယနေ့ယုံကြည်သူများလည်း၊ ဘုရားသခင်ကတံဆိပ်ခတ်ထားသည်။ “သင်တို့သည်လည်း၊ ကယ်တင်တော်မူခြင်းအကြောင်းနှင့်ယှဥ်သော၊ ဧ၀ံဂေလိတရားတည်းဟူသောသမ္မာတရားကို၊ ကြားနာရ၍၊ ထိုခရစ်တော်ကိုယုံကြည်ပြီးမှ၊ ဂတိတော်နှင့်ယှဥ်သောသန့်ရှင်းသော၀ိညာဥ်တော်၏၊ တံဆိပ်ခပ်ခြင်းကိုခံရကြပြီ။” ဟုဆိုသည် (ဧဖက် ၁:၁၃)။ သို့သော်ယနေ့ယုံကြည်သူအများစု ၉၅ ရာခိုင်နှုန်းသည်၊ ဘုရားခိုင်းသောအမှုတည်းဟူသော၊ ဧ၀ံဂေလိတရားကိုမဟောဘဲ၊ လောကသားများနည်းတူ၊ လောကအရာကိုသာရှာနေကြသည်ကို၊ ၀မ်းနည်းဖွယ်ရာတွေ့မြင်နေရသည်။

 

၁၅။ ထိုကြောင့်၊ ဘုရားသခင်၏ပလ္လင်တော်ရှေ့မှာနေရာကိုရ၍၊ ဗိမာန်တော်၌ဘုရား ၀တ်ကိုနေ့ညမပြတ််ပြုရကြ၏။ ပလ္လင်ပေါ်မှာထိုင်တော်မူသောသူသည်၊ သူတို့တွင် ကျိန်း၀ပ်တော်မူမည်။

“ပလ္လင်တော်ရှေ့၌နေရာကိုရ၍” ဟူသောအရာသည်၊ ဘုရားသခင်ရှေ့၌နေရာရရှိခြင်းဖြစ်သည်။ ဘုရားသခင်ရှေ့၌နေရာရခြင်းသည်၊ အခွင့်ထူးခံစားခြင်းဖြစ်သည်။ ပွဲ၌ သော်၎င်း၊ အရာရှိများရှေ့၌သော်၎င်း၊ လူအများရှေ့၌သော်၎င်း၊ နေရာရသောသူသည်အားရကျေနပ်တတ်ကြသည်။ ထိုထက်ဘုရားရှေ့ ၌နေရာရခြင်းသည်မည်မျှဂုဏ်ယူသင့်သနည်း။

 

“ဗိမာန်တော်၌ဘုရား၀တ်ကိုနေ့ညမပြတ်ပြုရကြ၏။” ကောင်းကင်၌နေ့ညမရှိတော့ချေ။ ထိုကြောင့်အဆက်မပြတ်ဟုဆိုလိုခြင်းဖြစ်မည်။ ၀ိညာဥ်သတ္တ၀ါတိုင်း၏တာ၀န်မှာ၊ ဘုရားသခင်ကိုကိုးကွယ်ခြင်းဖြစ်သည်။ ဤလောက၌ဘုရား၀တ်ပြုခြင်းသည်၊ ငြေးငွေ့စရာဟုထင်မှတ်ကြသည်။ သို့သော်၀ိညာဥ်လူများအတွက်ဘုရား၀တ်ပြုခြင်းသည်၊ ၀မ်းမြောက်စရာဖြစ်သည်။ လောက၌အလုပ်ကြောင့်သော်၎င်း၊ ခလေးကြည့်ရှုဘို့လိုအပ်သောကြောင့်သော်၎င်း၊ အတားအဆီးကြောင့်သော်၎င်း၊ ဘုရား၀တ်မပြုနိင်သော်လည်း၊ ကောင်းကင်၌လွတ်လပ်စွာဘုရား၀တ်ပြုနိင်ခြင်းသည်၊ ၀ိညာဥ်လူများအတွက်အလွန်အားရစရာကောင်းမည့်အရာဖြစ်သည်။

 

“ပလ္လင်ပေါ်မှာထိုင်တော်မူသောသူသည်၊ သူတို့တွင်ကျိန်း၀ပ်တော်မူမည်။” ပလ္လင်ပေါ်မှာ ထိုင်တော်မူသောသူသည်ဘုရားသခင်ဖြစ်သည်။ ဘုရားသခင်သည်ဣသရေလလူများနှင့် တော၌နေခဲ့သည်။ ဘုရားသခင်နှင့်နေထိုင်ခြင်းသည်လုံခြုံသည်၊ စိတ်ချရသည်၊ ၀မ်းမြောက်စရာဖြစ်သည်။ ယခုယုံကြည်သူများ၌ဘုရားသခင်သည်၊ ၀ိညာဥ်အားဖြင့်ကျိန်း၀ပ်သော်လည်းအားမရတတ်ကြချေ။ သို့သော်ကောင်းကင်၌ယုံကြည်သူများထံ၊ ဘုရားသခင်သည်ထာ၀ရကျိန်း၀ပ်တော်မူမည်။ အဘယ်မျှလောက်၀မ်းမြောက်စရာဖြစ်မည်နည်း။

 

၁၆။ သူတို့သည်နောက်တဖန်ရေစာကိုမငတ်မမွတ်ရကြ။ နေရောင်ခြည်အလျှင်းမထိရ။ အဘယ်အပူကိုမျှမခံရကြ။ ၁၇။ အကြောင်းမူကား၊ ပလ္လင်တော်အတွင်း၌ရှိသောသိုးသငယ်သည်၊ သူတို့ကိုလုပ်​ကျွေး၍၊ အသက်စမ်းရေတွင်းသို့လမ်းပြလိမ့်မည်။ ဘုရားသခင်သည်လည်း၊ သူတို့မျက်စိ၌မျက်ရည်ရှိသမျှတို့ကိုသုတ်တော်မူမည်ဟုဆိုလေ၏။

ဘေးဒဏ်ကြီးကာလအတွင်း၌အစာရေစာခေါင်းပါးခြင်းကြောင့်၎င်း၊ သားရဲ၏ တံဆိပ်ဖြစ်သော ၆၆၆ကို မခတ်သောကြောင့်၎င်း၊ အစာရေစာမ၀ကြသောသူများ၊ ကောင်းကင်နိုင်ငံရောက်သောအခါ၊ မငတ်မမွက်ရကြတော့ချေ။ အဘယ်မျှလောက်အားရ၀မ်းမြောက်စရာဖြစ်မည်နည်း။ သူတို့ကိုသိုးသငယ်က​ကျွေး၍၊ အသက်စမ်းရေ တွင်းသို့လမ်းပြမည်ဟုဆိုသည်။ ကောင်းကင်၌အစာရေစာလိုဦးမည်လော။ ခရစ်တော် ကလောက၌နေစဥ်၊ “ရေငတ်သောသူရှိလျှင်ငါ့ထံသို့လာ၍သောက်လော့။ ငါ့ကိုယုံကြည်သောသူသည်၊ ကျမ်းစာလာသည့်အတိုင်း၊ အသက်ရေထွက်ရာစမ်းရေတွင်းဖြစ်လိမ့်မည်ဟုမိန့်တော်မူ၏။ ထိုသို့ဆိုသော်ယုံကြည်သောသူတို့သည်၊ ခံရလတံ့သော၀ိညာဥ်တော်ကို ရည်မှတ်၍၊ မိန့်တော်မူ၏။” (ယောရ:၃ ရ- ၃၉) ဟုဆိုခဲ့သည်။ ခရစ်တော်ကရေဟုဆိုရာတွင်၊ သောက်သုံးရေကိုဆိုလိုသည်မဟုတ်၊ ၀ိညာဥ်တော်ကိုဆိုလိုသည်။ ထိုကြောင့်ကောင်းကင်ရောက်ယုံကြည်သူများလည်း၊ လောကအစာရေစာကိုမစားတော့ဘဲ၊ ၀ိညာဥ်တော်နှင့်အတူနေထိုင်မှာဖြစ်သောကြောင့်၊ စာမွတ်စရာအကြောင်းမရှိတော့ချေ။

 

“နေရောင်ခြည်အလျှင်းမထိရ။ အဘယ်အပူကိုမျှမခံရကြ” ဟူသောအရာသည်ယခုနေပူခြင်းကိုပြောသည်မဟုတ်။ ဘေးဒဏ်ကြီးကာလ၌နေအလွန်ပူမည့်အကြောင်းဤသို့တွေ့ရသည်၊ “စတုတ္ထ္ဂကောင်းကင်တမန်သည်မိမိဖလားကိုနေပေါ်သို့သွန်းလောင်းလျှင်၊ နေသည် လူတို့ကိုမီးလောင်ရသောအခွင့်ကိုရ၏။ ပူအားကြီးသောအရှိန်ဖြင့်လူတို့သည်လောင်ခြင်းကိုခံရ၍၊ ထိုဘေးဒဏ်တို့ကိုအစိုးပိုင်တော်မူသော၊ ဘုရားသခင်၏နာမတော်ကိုကျိန်ဆဲကြ၏။” (ဗျာ ၁၆:၈-၉)။ သို့သော်ကောင်းကင်သို့ရောက်သောအခါ၊ နေပူဒဏ်ခံရတော့မည် မဟုတ်ဟူသောအရာသည်၊ သူတို့အတွက်အလွန်အဓိပ္ပါယ်ရှိသည်။ ဆာလံဆရာကလည်း၊ “နေ့အချိန်၌နေအားဖြင့်၎င်း၊ ညအချိန်၌လအားဖြင့်၎င်း၊ အထိအခိုက်မရှိရာ။” (ဆာ ၁၂၁:၆) ဟုဆိုခဲ့သည်။

 

“ဘုရားသခင်သည်လည်း၊ သူတို့မျက်စိ၌မျက်ရည်ရှိသမျှတို့ကို၊ သုတ်တော်မူမည်ဟုဆိုလေ၏။” ဘုရားသခင်သည်၊ ယုံကြည်သူများ၏ဒုက္ခ ဆင်းရဲခံခြင်းကို၊ သနားကျင်နာသည်။ လောကသည်စာတန်၏နိုင်ငံဖြစ်သောကြောင့်၊ ယုံကြည်သူများသည်၊ ဒုက္ခဆင်းရဲအမျိုးမျိုးခံရသည်။ ဘေးဒဏ်ကြီးကာလယုံကြည်သူများလည်း၊ အလွန်ဆင်းရဲခြင်းခံခဲ့ရသည်။ သူတို့၏၀မ်းနည်းခြင်းမျက်ရည်သည်၊ ကောင်းကင်ထိရောက်သည်။ သို့သော်ဘုရားသခင်ကိုယ်တော်တိုင်က၊ သုတ်တော်မူမည်ဟုဆိုသောကြောင့်၊ အလွန်အားရနှိမ့်သိမ့်မှုရရှိမှာ ဖြစ်သည်။ တိုင်းသူပြည်သားများဒုက္ခဆင်းရဲခံရသောအခါ၊ နိင်ငံခေါင်းဆောင်များကနှစ်သိမ့်လျှင်၊ သက်သာရာရတတ်သကဲ့သို့၊ ဘုရားသခင်ကိုယ်တော်တိုင်၏နှစ်သိမ့်ခြင်းသည်၊ အလွန်ပင်အားရစရာကောင်းပေမည်။ ရှင်ပေါလုက၊ “အဘယ်သူမျှကြံ၍မမှီနိုင်သော၊ ဘုရားသခင်၏ငြိမ်သက်ခြင်းသည်၊ ယေရှုခရစ်အားဖြင့်သင်တို့၏စိတ်နှလုံးတို့ကိုစောင့်မလိမ့်မည်။” (ဖိလိ ၄:၆) ဟုဆိုခဲ့သည်။

 

ဗျာ ရ မေးခွန်းများ

 

၁။ အဘယ်ကြောင့် လူသားများသည်၊ ဘုရားသခင်ကိုမကြောက်ကြသနည်း။ —————————————————-

၂။ ၁၄၄၀၀၀ များသည်မည်သူများ ဖြစ်သနည်း။ —————————————————

၃။ တံဆိပ်ခတ်ခြင်း၌ မပါသော အမျိုးများ ဖေါ်ပြပါ။ ——————————————————————————————————

၄။ ဘေးဒဏ်ကြီး ကာလ၌ လူမည်မျှ ကယ်တင်ခြင်းသို့ ရောက်မည်နည်း။ —————————————————

၅။ စွန်ပလွံခက်ကိုင်ခြင်းသည် ဘာကို ဆိုလိုသနည်း။ ——————————————————————————————————

၆။ ကယ်တင်ခြင်းသို့ ရောက်ဘို့ ဘာလုပ်ရမည်နည်း။ ——————————————————————————————————

ရ။ အဘယ်ကြောင့်ဘုရား၏ ဘုန်းကို မချီးမွမ်းတတ်ကြသနည်း။ ——————————————————————————————————

၈။ ဘေးဒဏ်ကြီး ကာလ ယုံကြည်သူများသည်၊ မည် သူများ ကသက်သေခံခြင်း ဖြစ်မည်နည်း။ —————————————————

၉။ ယနေ့ ယုံကြည်သူများသည်၊ တံဆိပ်ခတ်ခြင်း ခံရပါသလော။ —————————————————

၁၀။ ဘုရားသခင်၏ ​ကျွန်သည် ဘာလုပ်ရမည်နည်း။ ——————————————————————————————————

၁၁။ ဘုရားသခင် ရှေ့၌ နေရာရရှိခြင်းသည် အရေးကြီး ပါသလား။ —————————————————

၁၂။ ဘုရားသခင်နှင့်အတူ နေလိုပါသလား။ ————————အဘယ်ကြောင့်နည်း။ —————————————————

၁၃။ ကောင်းကင်၌ အစာ ငတ်မွတ်ခြင်းရှိပါဦးမည်လော။ —————————————————

၁၄။ ဘေးဒဏ်ကြီး ကာလ၌ နေမည်ကဲ့သို့ဖြစ်မည်နည်း။ —————————————————

၁၅။ ကောင်းကင်၌ မျက်ရည်ရှိသေးသလော။ —————————————————

၁၆။ ဘုရားသခင်၏ နှစ်သိမ့်ခြင်းသည် အရေးကြီး ပါသလော။ ———————————————–

ဗျာဒိတ်ကျမ်း (၈)

 

မိုဃ်းကောင်းကင်တန်ဆာများနှင့် မြေကြီးကို တရားစီရင်ခြင်း

 

၁။ သတ္တမတံဆိပ်ကို ဖွင့် သောအခါ၊ ကောင်းကင်ဘုံ၌ နာရီ ၀က်မျှတိတ်ဆိတ်စွာ နေကြ၏။

ဤသတ္တမတံဆိပ်သည် အခန်း၆ ထဲမှတံဆိပ်များ၏ အဆက် ဖြစ်သည်။ သတ္တမတံဆိပ်ဖွင့် သောအခါ၊ အဘယ်ကြောင့်ကောင်းကင်၌၊ နာရီ ၀က်မျှတိတ်ဆိတ်စွာ နေကြသနည်း။ တိတ်ဆိတ်စွာ နေခြင်းသည်၊ စိတ်မကောင်းခြင်း၊ ၀မ်းမမြောက်ခြင်း၊ အရေးကြီးခြင်း မျိုး၌ ဖြစ်တတ်သည်။ တံဆိတ် ၆ ခုဖွင့် သောအခါ၊ ကမ္ဘာပေါ်၌ အကြီး အကျယ်ဒုက္ခ ရောက်ခဲ့ပြီ။ သို့သော် ထိုအရာသည် နောက်ဆုံး မဟုတ်သေး။ နောက်ထပ် ဘုရားသခင်၏ အမျက်တော်၊ ကမ္ဘာပေါ်၌ သွန်းလောင်းဦးမည်။ တံပိုးခုနှစ်လုံးတရားစီရင်ခြင်း ခံရဦးမှာ ဖြစ်သောကြောင့်၊ ကောင်းကင်၌ စကား မပြော၊ သီချင်းမဆို၊ တီးမှုတ်ခြင်း မပြု၊ တိတ်ဆိတ်စွာ နေရခြင်း ဖြစ်မည်။ မိသားစုထဲ၌ ဖခင်ကသားကို ဆူဆုံးမ သောအခါ၊ မိသားစု တခုလုံးတိတ်ဆိတ်စွာ နေသကဲ့သို့ဖြစ်သည်။

 

၂။ ဘုရားသခင့်ရှေ့တော်၌၊ ရပ်နေသော ကောင်းကင်တမန် ခုနှစ်ပါးကို ငါမြင်၏။ သူတို့၌ တံပိုးခုနှစ်လုံးကို ပေး၏။ ၃။ ကောင်းကင်တမန် တပါးသည် လာ၍၊ ရွှေလင်ပန်းကိုကိုင်လျက်၊ ယဇ်ပလ္လင်နားမှာရပ်နေ၏။ ပလ္လင်တော် ရှေ့၌ ရှိသော ရွှေယဇ်ပလ္လင်ပေါ်မှာ၊ သန့်ရှင်းသူ အပေါင်းတို့၏ ပဌနာနှင့်အတူ ဆက်ကပ်ခြင်းငှါ၊ မီးရှို့သော နံ့သာပေါင်းအများကို ထိုသူ၌ ပေး၏။

ရွှေယဇ််ပလ္လင်သည်၊ ဗိမာန်တော် အထဲမှာရှိသော၊ နံ့သာပေါင်းမွှေး မီးရှို့ရာပလ္လင် ဖြစ်သည်။ နံ့သာပေါင်းမွှေးမီးရိှု့ခြင်းသည်၊ သန့်ရှင်း သူများ၏ ဆုတောင်းခြင်းကို ပုံဆောင်ထားသည်။ ထိုအရာကို ဗျာ ၅:၈နှင့် ဆာလံ ၁၄၁:၂၌လည်း တွေ့နိင်သည်။ ဤနေရာ၌ နံ့သာပေါင်းကို၊ ကောင်းကင်တမန်၌ ပေးထားသည်။ နံ့သာပေါင်းကို ယဇ်ပုရောဟိတ် များ ကသာ မီးရှို့နိင်သည်။ ထို့ကြောင့် ဤ ကောင်းကင်တမန် သည်၊ ယဇ်ပုရောဟိတ် နေရာကို ယူခြင်း ဖြစ်သည်။ ဗတ္တိဇံယောဟန်၏ ဘခင်ဇာခရိက၊ ယေရုရှလင် ဗိမာန်တော် အထဲမှနံ့ပေါင်းမွှေး မီးရှို့ချိန်တွင်၊ ပြင်၌ ပရိသတ်များ ဆုတောင်း ကြောင်းကို၊ လုကာ ၁:၈-၁၁၌ တွေ့မြင်နိင်သည်။

 

၄။ မီးရှို့သော နံ့သာပေါင်း၏ အခိုးအငွေ့သည်၊ သန့်ရှင်း သူတို့၏ ပဌနာများနှင့် အတူ၊ ကောင်းကင်တမန်၏ လက်ထဲက၊ ဘုရားသခင့်ရှေ့တော်သို့ တက်လေ၏။

သန့်ရှင်းသူသည် ယုံကြည်သူများကို ဆိုလိုသည်။ ယခုခေတ်တွင် ယုံကြည်သူများကို သန့်ရှင်း သူများဟု မခေါ်ကြတော့ချေ။ အကြောင်းမှာ၊ သန့်ရှင်းသော အသက်တာဖြင့်၊ အသက် မရှင်ကြသောကြောင့် ဖြစ်မည်။ ရှေးယုံကြည်သူများကို သန့်ရှင်း သူများဟု ခေါ်တတ်သည်။ သန့်ရှင်း သူများ၏ ဆုတောင်းခြင်း သည်၊ ဘုရားသခင် ရှေ့၌ နံ့သာပေါင်းမွှေး မီးရှို့ သကဲ့သို့ဖြစ်သည်။ နံ့သာပေါင်းမွှေးသည် မွှေးကြိုင်သည်။ ကိုယ့်ချစ်သူ၏ စကားသည် နားထောင် ရန်ချိုမှိန် သကဲ့သို့၊ သန့်ရှင်း သူများ၏ ဆုတောင်းခြင်း သည် လည်း၊ ဘုရားသခင် အတွက် မွှေးသည်။ အကြောင်းမှာ ဘုရားသခင်သည် သန့်ရှင်း သူများကို၊ ချစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သန့်ရှင်း သူများ အနေဖြင့်၊ ဆုတောင်းခြင်း တည်း ဟူသော၊ ဘုရားသခင်နှင့် စကား ပြောခြင်းကို၊ အစဥ်မပြတ် လုပ်သင့်သည်။ သင်သည် ဘုရားသခင်နှင့် စကား ပြောခြင်း၌ ငြေးငွေ့သလော။

 

၅။ ကောင်းကင်တမန် သည် လင်ပန်းကို ယူ၍၊ ယဇ်ပလ္လင်၏ မီးနှင့် ပြည့်စေပြီးမှ၊ မြေကြီး အပေါ်သို့ ချလိုက်သည် ဖြစ်၍၊ အသံမြည်ခြင်း၊ မိုဃ်းချုန်းခြင်း၊ လျှပ်စစ်ပြက်ခြင်း၊ မြေကြီး လှုပ်ခြင်း ဖြစ်ကြ၏။

သန့်ရှင်း သူများ၏ ဆုတောင်းခြင်း သည်၊ ဘုရားသခင် ရှေ့၌ မွှေးကြိုင်သည်။ ထိုဆုတောင်း သံကို ဘုရားသခင်က အ​ဖြေပေးသော အနေဖြင့်၊ ကောင်းကင်တမန် ကယဇ်ပလ္လင်မီးနှင့် ပြည့်သော မီးကို၊ မြေကြီး ပေါ်သို့ ချလိုက်သည်။ ထိုအခါ မြေကြီး ပေါ်၌ အသံမြည်ခြင်း၊ မိုဃ်းချုန်းခြင်း၊ လျှပ်စစ်ပြက်ခြင်း၊ မြေကြီး လှုပ်ခြင်း ဖြစ်သည်ဟုဆိုသည်။ သန့်ရှင်း သူများ၏ ဆုတောင်းခြင်း သည် ဤသို့ တွေ့ရသည်၊ “ပဥဏမတံဆိပ်ကို ဖွင့် သောအခါ၊ ဘုရားသခင်၏ နှုတ်ကပတ်တော် ကြောင်း၎င်း၊ မိမိတို့ သက်သေခံချက်ကြောင့်၎င်း၊ အသေသတ်ခြင်းကို ခံရသော သူတို့၏ ၀ိညာဥ်များကို၊ ယဇ်ပလ္လင်အောက်၌ ငါမြင်၏။ သူတို့ ကလည်း၊ သန့်ရှင်းဟုတ်မှန်၍ အစိုးပိုင် တော်မူသော အရှင်၊ မြေပေါ်မှာ နေသော သူတို့သည်၊ ငါတို့ အသွေးကို သွန်းကြသော အပြစ်နှင့် အလျောက်ဒဏ်မပေးဘဲ၊ အဘယ်မျှလောက်ကာလ ပတ်လုံးနေ တော်မူ မည်နည်း၊ ဟု ကြီးသော အသံနှင့် ​ေကြးကြော်ကြ၏။ ထိုသူတို့၌ ဖြူသော ၀တ်လုံကို ပေးတော်မူ၏။ သူတို့ နည်းတူအသေသတ်ခြင်းကို ခံရလတံ့သော၊ မိမိ လုပ်ဘော်ဆောင်ဘက်ညီအစ်ကို တို့သည်၊ ပြည့်စုံခြင်းသို့ မရောက်မှီ၊ ခဏငြိမ်သက်စွာ နေရကြဦးမည်ဟု သူတို့အား မိန့်တော်မူ၏။” (ဗျာ ၆:၉-၁၁) ထိုဆုတောင်း ချက်ကို ယခုအ​ဖြေပေးခြင်း ဖြစ်သည်။ ထို့ကြောင့် မြေကြီး ပေါ်၌ အသံမြည်ခြင်း၊ မိုဃ်းချုန်းခြင်း၊ လျှပ်စစ်ပြက်ခြင်း၊ မြေကြီး လှုပ်ခြင်း ဖြစ်သည်။

 

၆။ တံပိုး ခုနစ်လုံးရှိသော ကောင်းကင်တမန် ခုနှစ်ပါးတို့သည်၊ မှုတ်အံ့သောငှါ မိမိတို့ကို ပြင်ဆင် ကြ၏။ ရ။ ပဌမ သူသည် တံပိုးမှုတ် သောအခါ မိုဃ်းသီး ဖြစ်၏။ အသွေးနှင့် ရောနှောသော မီးလည်း ဖြစ်၏။ မြေကြီး အပေါ်သို့ ချလိုက်၍၊ မြေသုံးစုတစု၊ သစ်ပင်သုံးစုတစု၊ စိမ်းသော မြက်ပင်ရှိသမျှ တို့ကို ​ကျွမ်းလောင်လေ၏။

ထိုကဲ့သို့ မိုဃ်းသီးနှင့် အသွေးရောနှောသော မီးသည်၊ အဲဂုတ္တု ပြည်၌ ဖြစ်ခဲ့ဘူးပြီ။ ကျမ်းစာ၌၊ “ထာ၀ရ ဘုရား ကလည်း၊ အဲဂုတ္တု ပြည် တရှောက်လုံး၌ လူတို့ အပေါ်မှာ၎င်း၊ တိရစ္ဆာန်များ အပေါ်မှာ၎င်း၊ လယ်ပြင်၌ ရှိလေသမျှသော အပင်များ ပေါ်မှာ၎င်း၊ မိုဃ်းသီးရွာစေခြင်းငှါ၊ သင်၏ လက်ကို မိုဃ်းကောင်းကင်သို့ ဆန့်လော့ဟု မောရှေအား မိန့်တော်မူ၏။ မောရှေသည် မိမိ လှံတံကို မိုဃ်းကောင်းကင်သို့ ဆန့်၍၊ ထာ၀ရ ဘုရားသည် မိုဃ်းကြိုးနှင့် မိုဃ်းသီးကို လွှတ် တော်မူ၏။ မီး သည်လည်း မြေပေါ်မှာ ပြေးလေ၏။ ထိုသို့ ထာ၀ရ ဘုရားသည်၊ အဲဂုတ္တု ပြည်၌ မိုဃ်းသီးရွာစေ တော်မူ သဖြင့်၊ အဲဂုတ္တု ပြည် တည်ထောင်သည် ကာလ မှစ၍၊ တခါမျှမ ဖြစ်ဘူးသော မိုဃ်းသီး၊ မီးနှင့် ရော၍ အလွန် ပြင်းထန်စွာသော မိုဃ်းသီး ဖြစ်လေ၏။ အဲဂုတ္တု ပြည် တရှောက်လုံး၌၊ လယ်ပြင်မှာရှိသမျှသော လူနှင့် တိရစ္ဆာန်များ၊ မြက်ပင်များ၊ သစ်ပင်များ တို့ကို မိုဃ်းသီးထိလေ၏။” (ထွက် ၉:၂၂-၂၅) မြေသုံးစုတစု၊ သစ်ပင်သုံးစုတစု၊ စိမ်းသော မြက်ပင်ရှိသမျှ တို့ကို ​ကျွမ်းလောင်လျှင်၊ လူလည်း အသက် ရှင်စရာ အကြောင်း မရှိချေ။ ဘုရားသခင်သည် တခါတည်း၊ တကမ္ဘာလုံးကို တရားမစီရင်ဘဲ၊ ကျန်ရှိသော သူများ နောင်တ ရစရာအချိန် ပေးထားသည်။ ထိုကဲ့သို့ ကောင်းကင်မှ မီးရှို့နိင်သော ဘုရားသခင်ကို၊ ကြောက်သင့် ကြသည်။ မိုဃ်းရွာစဥ်မီးလည်းလောင်ခြင်းသည််၊ လျှပ်စစ်လက်ခြင်း ဖြစ်သည်။ ဘုရားသခင်သည် မိုဃ်းတိမ်အထဲ၌ လျှပ်စစ်ဓါတ်အားလည်း ထည့်ထားသည်။ ထိုအရာကို လျှပ်စစ်လက် သောအခါ တွေ့မြင်နေရ ကြသည်။ ဘုရားသခင် မတတ်နိင်သောအမှု မရှိချေ။ လူသည် လျှပ်စစ်ကို မော်တာလည်စေခြင်းအားဖြင့် လုပ်တတ်သည်။ သို့သော် ဘုရားသခင်သည် မိုဃ်းတိမ်၌၊ အလွန် အားများသော လျှပ်စစ်ဓါတ်အားကို သိုထားနိင်သည်။

 

ယခု လူသား များသည် “မိခင် မြေ၊ စိမ်းလန်းစိုပြေစေရမည်” “ပတ်၀န်းကျင်ကို ထိန််းသိမ်းစောင့်ရှောက်ရမည်” ဟူသော ဆောင်ပုဒ်ဖြင့် မြေကြီးကို ထိန်းသိမ်းဘို့ ကြိုးစား နေကြသည်။ အချို့သော သူများအတွက် မြေကြီးသည်၊ သူတို့၏ ဘုရား ဖြစ်သည်။ မြေကြီးကို အဘယ်သူ ဖန်ဆင်းသည်ကို မသိသောကြောင့်၊ ဖန်ဆင်းရှင်ကိုကိုး ကွယ်မည့် အစား၊ ဖန်ဆင်းထားသော မြေကြီးနှင့် အထဲ၌ ရှိသော၊ သစ်ပင်၊ ကျောက်တုံးကြီး၊ တောင်ကြီး၊ မြစ်ချောင်းများကို ကိုး ကွယ် ကြသည်။ ထိုအရာအားလုံးသည်၊ ဘုရားသခင်က ဖန်ဆင်း၍၊ သူကြိုက်နှစ်သက်သလိုတရားစီရင်နိင်ကြောင်းကို၊ မီးလောင်စေခြင်းအားဖြင့် သက်သေပြခြင်း ဖြစ်သည်။ လူသားများကမည်မျှပင် မြေကြီးကို၊ ထိမ်းသိမ်းဘို့ ကြိုးစား ကြသော်လည်း၊ နောက်ဆုံး၌ ဘုရား သင်က၊ မီးရှို့ဖျက်ဆီးမည်အရာကို ပေတရုကဤသို့ ရေးသား ခဲ့ပြီ၊ “သူခိုးသည် ညဥ့်အခါလာ သကဲ့သို့၊ ထာ၀ရ ဘုရား၏ နေ့ရက်သည် လာလိမ့်မည်။ ထိုနေ့၌ မိုဃ်းကောင်းကင်သည်၊ ကြီးစွာသော အသံနှင့် တကွပျောက်သွားလိမ့်မည်။ လောက ဓာတ်တို့သည် ပူအားကြီး၍ ပျက်ကြလိမ့်မည်။ မြေကြီးကိုယ်မှစ၍၊ မြေကြီး ပေါ်မှာ ပြုလုပ် သမျှသောအရာ တို့သည်၊ ​ကျွမ်းလောင်ကြလိမ့်မည်။” (၂ ပေ ၃:၁၀)။ ထိုကြောင့်ဘုရား ဖျက်စီးမည့် မြေကြီးနှင့် မြေကြီး ပေါ်ရှိအရာများကို၊ စိတ်စွဲလမ်းခြင်း မရှိဘို့ ဤသို့ သတိပေးခဲ့သည်၊ “လောကကို၎င်း၊ လောက၌ ရှိသောအရာ တို့ကို၎င်း၊ မချစ်ကြနှင့်။ လောကကို ချစ်သော သူမည်သည်ကား၊ ခမည်းတော်ကို ချစ်ခြင်း မေတ္တာမရှိ။ လောက၌ ရှိသမျှသောအရာ တည်း ဟူသော၊ ကိုယ်ကာယတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လောကီစည်းစိမ်၌ ၀ါကြွားခြင်း တို့သည် ခမည်းတော်နှင့် မစပ်ဆိုင်၊ လောကနှင့် သာစပ်ဆိုင်ကြ၏။ လောကနှင့်လောကီတပ်မက်ခြင်းသည်၊ ရွေ့သွားကွယ်ပျောက်တတ်၏။ ဘုရားသခင်၏ အလိုတော်နှင့် အညီ၊ ကျင့်သော သူမူကား၊ နိစ္စထာ၀ရ တည်၏။” (၁ ယော ၂:၁၅-၁ရ)

 

အောက်တွင် အမေရိကန်ပြည် ထောင်စု၊ ကယ်လေဖုိးနီးယားပြည်နယ်တွင်၊ အကြီးမား ဆုံးလျှပ်စစ်မိုဃ်းကြိုးကြောင့်၊ တောမီးလောင်မှုနှင့် လူသေစာရင်းများကို ဖေါ်ပြထားပါသည်။

 

၈။ ဒုတိယ ကောင်းကင်တမန် သည် တံပိုးမှုတ် သောအခါ၊ မီးလောင်သော တောင်ကြီးကို၊ ပင်လယ်ထဲသို့ ချလိုက် သကဲ့သို့ဖြစ်၍၊ ပင်လယ်သုံးစုတစုသည် အသွေး ဖြစ်၏။ ၉။ ပင်လယ်၌ အသက် ရှင်သော သတ္တ၀ါသုံးစုတစုလည်း သေ၏။ သင်္ဘောသုံးစုတစုလည်း ပျက်၏။

မီးလောင်သော တောင်ကြီးသည်၊ လူလုပ်သော လက်နက်မ ဖြစ်နိင်ချေ။ ဘုရားသခင်၏ လက်တော် ဖြစ်သည်။ ပင်လယ်ထဲသို့ ချလိုက် သောအခါ၊ ပင်လယ်သုံးစုတစု၊ အသွေး ဖြစ်၍ ပင်လယ်သတ္တ၀ါသုံးစုတစုလည်း၊ သေသည်ဟုဆိုသည်။ သင်္ဘောသုံးစုတစုလည်း ပျက်သည်။ သင်္ဘောပျက်လျှင်၊ သင်္ဘောအထဲ၌ ရှိသမျှသော လူများလည်း သေကြမည်။ ဘုရားသခင်သည်၊ သူဖန်ဆင်းထားသော ပင်လယ်နှင့် အထဲ အပေါ်၌ ရှိသမျှသောအရာ တို့ကို၊ တရားစီရင်နိင်ကြောင်းကို တွေ့ရသည်။

 

၁၀။ တတိယ ကောင်းကင်တမန် သည် တံပိုးမှုတ် သောအခါ၊ မီးခွက်ကဲ့သို့ ထွန်းတောက်သော ကြယ်ကြီးသည်၊ ကောင်းကင် ကကျ၍၊ မြစ်သုံးစုတစုသို့၎င်း၊ စမ်းရေတွင်း သို့၎င်းရောက်၏။ ၁၁။ ထိုကြယ်သည် ​ေဒါနရွက်ဟူသော အမည်ရှိ၏။ ရေသုံးစုတစုသည် ​ဒေါနရွက် ဖြစ်၍၊ ရေခါးသောကြောင့်၊ လူအများ တို့သည် သေကြ၏။

မီးခွက်ကဲ့သို့ ထွန်းတောက်သော ကြယ်ကြီးသည် လည်း၊ ဘုရား၏ လက်ရာတော် ဖြစ်သည်။ ကြယ်ပျံများ ကျ သောအခါ၊ အနုမြူဗုံးပေါက်ကဲွ သကဲ့သို့ ပြင်းထန်သည်။ ၂၀၀၀ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း ကမ္ဘာပေါ်၌ ကြယ်ပျံ ၂၆ ကြိမ်ကျခဲ့ပြီး ပြီ။ သို့သော် မြေကြီး ပေါ်ထက် ပင်လယ်သမုဒ္ဒ​ရာထဲ၌ ကျခြင်းများသောကြောင့်၊ ထိခိုက်ဒဏ်ရာရမှု နည်းပါးသည်။ ထိုကြယ်ပျံများသည် ၁ ကီလိုတန်မှ ၆၀၀ကီလိုတန်အထိ ုပြင်းထန် ကြသည်။ ဟီးရိုးရှိးမားမြို့၌ ချခဲ့သော အနုမြူဗုံးသည် ၁၅ ကီလိုတန်သာလျှင် ရှိသည်။ ထိုကြယ်ပျံများသည် တနာရီ မိုင် ၆သောင်းမှတသိန်းခန့်၊ တစက္ကန့်လျှင် ၂၅-၄၀မိုင် အမြန်ဖြင့် ပြန်သန်းသောကြောင့် အလွန် အရှိန်ကြီးမား ကြသည်။ လူနေထူထပ်သော မြို့ကြီး အပေါ်၌ ကျပါက၊ အားလုံးပြာကျသွားမှာ ဖြစ်သည်။ အထက်ပါ ကျမ်းပိုဒ်ပါကြယ်ကြီး၊ မြေကြီး ပေါ်ကျ သောအခါ၊ မြစ်သုံးစုတစုနှင့် စမ်းရေတွင်း ၌ သာထိခိုက်ခြင်းသည်၊ အံ့ဩစရာ ဖြစ်သည်။ မြို့ပြများ၌ ကျသည်ဟု မဆိုချေ။ ထိုကြယ်၏ နာမည်သည် ​ဒေါနရွက် (wormwood) ဟု ခေါ်သည်။ ​ေဒါနရွက်သည် သစ်ရွက်တမျိုး ဖြစ်၍ ခါးသည်။ ထိုကြယ်ကြောင့်ရေသုံးစုတစုသည် ခါ၍ လူများကို သေစေသည်။

 

ကမ္ဘာပေါ်ကျခဲ့ပြီးသော ကြယ်ပျံများ စာရင်း

 

နိင်ငံအလိုက်ကျခဲ့ပြီးသော ကြယ်ပျံများ စာရင်း

 

အားလုံးစုစုပေါင်းဥက္ကာပျံကျ ၁၁၀၃၁

 

၁၂။ စတုတ္တ ကောင်းကင်တမန် သည် တံပိုးမှုတ် သောအခါ၊ နေသုံးစုတစု၊ လသုံးစုတစု၊ ကြယ်သုံးစုတစု၊ ကြတ်၍ သုံးစုတစုမိုက်လေ၏။ နေ့သုံးစုတစု၊ ညဥ့်သုံးစုတစုသည် အလင်းမရှိ၊

နေသုံးစုတစုကြတ်သောကြောင့် လသုံးစုတစုလည်း ကြတ်သည်။ အကြောင်းမှာ လသည် နေမှအလင်းရောင်ရသည်။ ကြယ်များ မူကား သူတို့၌ ကိုယ်ပိုင်အလင်းရောင်ရှိ ကြသည်။ ဘုရားသခင်သည် နေလကြယ်များကို ဖန်ဆင်းရှင် ဖြစ်သောကြောင့် သူကြိုက်နှစ်သက်သလိုကြတ် (မှောင်) စေနိင်ကြောင်း ထင်ရှားသည်။ ဤအရာများသည် မဖြစ် သေးသော်လည်း၊ ကြိုတင် ဟောပြောထားခြင်း ဖြစ်သည်။ နေနှင့် လကြတ်ခြင်း တွေ့ဘူးကြပေလိမ့်မည်။ နေနှင့် လကြတ် (မှောင်) သောအခါ မြေကြီး ပေါ်၌လည်း မှောင်မှာ ဖြစ်သည်။ ထို့ကြောင့် အလွန် ​ခြောက်ခြားစရာ ကောင်းမှာ ဖြစ်သည်။

 

ကျမ်းစာ ကအဘယ်ကြောင့်၊ နေလကြယ်များကို ကြတ်စေသည်ကို မပြောသော်လည်း၊ ထိုကောင်းကင် တန်ဆာများကို၊ လူသားများကကိုး ကွယ်တတ် ကြသည်။ ထိုအရာများသည် သက်မဲ့ ဖြစ်၍၊ ဘုရားသခင်က ဖန်ဆင်းထားသည်။ ကောင်းကင် တန်ဆာများသည်၊ အံ့ဩစရာ ကောင်း၍၊ ကြီးမား ကြသည်။ သို့သော် ထိုအရာများကို ကိုး ကွယ်အားကိုးဘို့ မဟုတ်။ ထိုအရာများကို ဖန်ဆင်းသော၊ ဘုရားကို သာလျှင်ကိုး ကွယ်ရမည်။ ဘုရားသခင်က ဣသရေလ လူများကို ဤသို့ မှာထားခဲ့သည်၊ “မိုဃ်းကောင်းကင်ကို မြော်၍၊ နေ၊ လ၊ ကြယ်များ တည်း ဟူသော မိုဃ်းကောင်းကင် တန်ဆာရှိသမျှ တို့ကို မြင် သောအခါ၊ သင်တို့၏ ဘုရားသခင် ထာ၀ရ ဘုရားသည်၊ မိုဃ်းကောင်းကင် အောက်၌ ရှိသမျှသော လူမျိုးတို့အား ဝေငှပေးကမ်း တော်မူသော ထိုတန်ဆာတို့ကို ၀တ်ပြုကိုး ကွယ်စေခြင်း ငှာ၊ သူတပါးတို့သည် သွေးဆောင်၍ မရနို်င်မည်အကြောင်း၊ ကို်ယ်ကိုကိုယ်သတိပြုကြလော့။” (တရား၄:၁၉)။ ထိုသို့ သတိပေးသော်လည်း ဣသရေလ လူများသည် နေကို ဘုရား အဖြစ်ကိုး ကွယ်ကြောင်း၊ ဤသို့ တွေ့ရသည်၊ “မိမိတို့ ဘုရားသခင်၊ ထာ၀ရ ဘုရား၏ ပညတ်တော် ရှိသမျှ တို့ကို စွန့်၍၊ နွားသငယ်တည်း ဟူသော သွန်းသော ရုပ်တုနှင့် အာရှရပင်ကို လုပ်ကြ၏။ မိုဃ်းကောင်းကင် တန်ဆာများကို ကိုး ကွယ်၍၊ ဗာလဘုရား ကိုလည်း၀တ်ပြုကြ၏။” (၄ရာ ၁ရ:၁၆) “ထာ၀ရ ဘုရား၏ အိမ်တော် အတွင်း တန်တိုင်း ထဲသို့ ဆောင်သွား၍၊ ဗိမာန်တော် တံခါး၀ဗိမာန်တော် ဦးနှင့် ယဇ်ပလ္လင်ကြားမှာ၊ လူနှစ်ကိျပ်ငါးယောက်တို့သည်၊ ဗိမာန်တော်ကို ကျောခိုင်းလျက်၊ အရှေ့မျက်နှာပြုလျက်၊ အရှေ့မျက်နှာ၌ နေကိုကိုး ကွယ်ကြ၏။” (ယေဇ ၈:၁၆)။ လူသား များကိုး ကွယ်အားကိုး သော၊ ကောင်းကင် တန်ဆာများကို၊ ဘုရားသခင်က သူကြိုက်နှစ်သက်သလို၊ မှောင်စေနိင်လင်းစေနိင်ကြောင်း ဖေါ်ပြခြင်း ဖြစ်သည်။ ထိုအရာများသည် ဘုရား မဟုတ်သောကြောင့်၊ ဖန်ဆင်းရှင်ဘုရားကို သာလျှင်ကိုး ကွယ်ဘို့၊ ဖေါ်ပြခြင်း ဖြစ်သည်။

 

၁၃။ ထိုအခါ ငါကြည့်လျှင်၊ လင်းယုန်တကောင်က၊ ကြင်း သေးသော ကောင်းကင်တမန် သုံးပါးမှုတ်လုလတံ့သော၊ တံပိုးသံကြောင့်မြေကြီးသား တို့သည် အမင်္ဂလာ၊ အမင်္ဂလာ၊ အမင်္ဂလာရှိကြ၏ ဟု၊ ကောင်းကင် အလယ်၌ ပျံဝဲ၍ ကြီးသော အသံနှင့် ဆိုသည်ကို ငါကြား၏။

တံပိုးလေးလုံးမှုတ်ခဲ့၍ မြေကြီး ပေါ်၌ ပျက်စီးမှုနှင့် လူများစွာ သေကျေ ကြပြီ။ သို့သော် မပြီး သေးပါ။ နောက်ထပ်တံပိုးသုံးလုံးမှုတ်ရဦးမှာ ဖြစ်ကြောင့်လင်းယုန်တကောင်က၊ ကောင်းကင် အလည်၌ ပျံဝဲ၍ ကြီးသော အသံနှင့် ဆိုသည်။ (မြန်မာကျမ်းစာအုပ်၌ လင်းယုန်အစားရွှေလင်းတဟု နေရာတိုင်း၌ ရေးထားသည်။ ထိုအရာကို အဂ်လိပ်ကျမ်းစာအုပ်များ၌ (eagle) ဂရိတ်ကျမ်းစာအုပ်၌ (ἀετοῦ) လင်းယုန်ဟု ရေးထားသည်။ ထို့အပြင်၊ လင်းတသည် အပုပ်ကောင်များ သာစားတတ်သောကြောင့်၊ ရွှေဟု တင်စားခြင်းသည် မသင့်လျော်ချေ။ လင်းယုန်များ မူကား၊ သူတို့ကိုယ်တိုင်ဖမ်းသော အသား များကို စား၍ သန့်ရှင်းသည်။ ထို့ကြောင့် ရွှေလင်းယုန်ဟု တင်စားလျှင်လည်း ပို၍ သင့်တော်သည်။ အဂ်လိပ်နှင့် ဂရိတ်ကျမ်းစာများ၌ ရွှေလည်း မပါချေ။)

 

ကောင်းကင်တမန် သုံးပါးမှုတ်မည့် အရာသည်၊ အခန်း၉၌ တွေ့ရဦးမှာ ဖြစ်သည်။ ဘုရားသခင်သည် ယခုအခါ၊ လုံး၀မရှိ သကဲ့သို့ ငြိမ်သက်နေသော်လည်း၊ ဘေးဒဏ်ကြီး ကာလ၌ မဆုံးနိင်အောင်၊ သူ၏ အမျက်​ေဒါသမီးကို မြေကြီး အပေါ်သို့၊ တခုပြီး တခုလောင်းမည့် အရာကို ကြိုတင် ဟောပြောထားသည်။ ထို့ကြောင့် အလွန် ကြောက်စရာ ကောင်းသည်။ သို့သော် လူအများစုက မသိသောကြောင့် သူ့ကို လုံး၀မကြောက်၊ ဂရုမစိုက်ဘဲ နေကြသည်။ ယခုမှစ၍ ဘုရားသခင်ကို ကြောက်ကြစို့။ သူ့ထံသို့ လက်မြေှာက်ကြစို့။ သူ၏ ကယ်တင်ခြင်းနှင့် အပြစ် လွှတ်ခြင်းကို လက်ခံကြစို့။

 

ဗျာ ၈ မေးခွန်းများ

 

၁။ အဘယ်ကြောင့်ကောင်းကင်၌ နာရီ ၀က်လောက်တိတ်ဆိတ်သွားသနည်း။ —————————————————

၂။ သန့်ရှင်း သူများ၏ ဆုတောင်းခြင်း သည်၊ ဘုရား အတွက် ဘာကဲ့သို့ဖြစ်သနည်း။ —————————————————အဘယ့်ကြောင့်နည်း။ —————————————————

၃။ အခန်းငယ် ၆ -ရ၌ သန့်ရှင်း သူများ၏ ဆုတောင်းခြင်းကို ပဌမ ဦးစွာ ဘာဖြင့် အ​ဖြေပေးသနည်း။ —————————————————

၄။ ၂၀၀၆မှ ၂၀၁၃ ခုနှစ်အတွင်း အမေရိကန်၌ မိုဃ်းကြိုးပစ်မှုကြောင့် လူဘယ်နှစ်ဦးသေသနည်း။ —————————————————

၅။ ဒုတိယတံပိုးမှုတ် သောအခါ ဘာ ဖြစ်သနည်း။ —————————————————

၆။ အဘယ်ကြောင့် ဘုရားသခင်က မြေကြီးကို မီးနှင့် ရှို့ခြင်း ဖြစ်နိင်သနည်း။ —————————————————

ရ။ ၂၀၀၆မှ ၂၀၁၃ အမေရိကန်ပြည် ထောင်စု၌ မိုဃ်းကြိုးကြောင့်သေဆုံးသူမည်မျှရှိသနည်း။ —————————————————

၈။ အဘယ်ကြောင့် ဘုရားသခင်သည် နေ၊ လ၊ ကြယ်များကို ကြတ်စေသနည်း။ —————————————————

၉။ မြန်မာကျမ်းစာအုပ်၌ ရွှေလင်းတဟူသောအရာ သည်၊ အမှန်မှာ အဘယ်အရာနည်း။ —————————————————

၁၀။ အဘယ်ကြောင့် ဘုရားသခင်သည် ဘေးဒဏ်ကြီး ကာလ၌၊ အမျက်​ေဒါသမီးကို၊ တခုပြီး တခုလောင်းချသနည်း။ ————————-

.

 

ဗျာဒိတ်ကျမ်း ၉

 

အနက်ဆုံးသောတွင်းမှ နတ်ဆိုးများ

 

၁။ ပဥဏမ ကောင်းကင်တမန် သည် တံပိုးမှုတ် သောအခါ၊ ကြယ်တလုံးသည် ကောင်းကင် ကမြေကြီး ပေါ်သို့ ကျသည်ကို ငါမြင်၏။ သူ၌ အနက်ဆုံးသောတွင်း၏သော့ကို အပ်ပေးသည် ဖြစ်၍၊ ၂။ သူသည် အနက်ဆုံးသောတွင်းကို ဖွင့်လျှင်၊ ကြီးစွာသော မီးဖို၏ အခိုးကဲ့သို့သော အခိုးသည်တွင်း ထဲကတက်လေ၏။ ထိုတွင်း၏ မီးခိုးကြောင့်၊ နေနှင့် အာကာသကောင်းကင်သည် မှောင်မိုက်လေ၏။

ပဥ္စမ ကောင်းကင်တမန် သည် တံပိုးမှုတ် သောအခါ၊ ကြယ်တလုံးသည် ကောင်းကင် ကမြေကြီး ပေါ်သို့ ကျသည်ဟုဆိုသည်။ ထိုကြယ်သည် ရိုးရိုးကြယ် မဟုတ်လောက်ချေ။ အကြောင်းမူကား သူ၌ ပုဂ္ဂုိလ်ကဲ့သို့ ဆက်ပြောထားသည်။ ထို့အပြင်အနက်ဆုံးသောတွင်း၏သော့ကို ပေးထားသည်ဟုဆိုသည်။ ကျသည် ဟူသောအရာ လည်း၊ ဆင်းသက်လာခြင်းကို ဆိုလိုခြင်း ဖြစ်မည်။ ကျခြင်းသည် မရည်ရွယ်ဘဲ ဖြစ်တတ်သည်။ ဆင်းသက်ခြင်းသည် ရည်ရွယ်ချက်ရှိသည်။ ကျသည်ဟုဆိုခြင်းသည် အလွန်လျှင် မြန်ခြင်းကြောင့် ဖြစ်နိင်သည်။

 

အနက်ဆုံးသောတွင်းနှင့် ပတ်သက်၍၊ ကျမ်းစာ၌ ခုနှစ်ကြိမ်တွေ့ရသည်။ ဗျာဒိတ်ကျမ်း၌ ၅ ကြိမ်နှင့် အခြား၌ ၂ ကြိမ်တို့ ဖြစ်သည်။ သင်္ချိုင်းတစပြင်၌ နေသော သူ၏ အထဲမှနတ်ဆိုးများ (လေဂေါင်) ကသခင်ယေရှု ထံသူတို့ကို၊ “အနက်ဆုံးသော အရပ်သို့ သွားစေခြင်းငှါ မနှင်ပါမည်အကြောင်း တောင်းပန်လေ၏။” (လု ၈:၃၁)။ ထိုနတ်ဆိုးလေဂေါင်များ ကသခင်ယေရှုထံ၊ “အချိန် မရောက်မီှ၊ အ​ကျွန်ုပ်တို့ကို ညှဥ်းဆဲခြင်းငှါ ကြလာ တော်မူ သလော ဟု၊ အော်ဟစ်၍ လျှောက်ကြ၏။” (မ ၈:၂၉) ဟုဆိုသောကြောင့် ထိုအနက်ဆုံးသော နေရာသည် ၀ိညာဥ်များ၊ ညှဥ်းဆဲသော နေရာ ဖြစ်သည်။ ဘေးဒဏ်ကြီး ကာလ၌ သက်သေခံနှစ်ပါးကို ဘုရားသခင်က သက်သေခံခိုင်းမည်။ မည်သူကမျှသူတို့ကို မသတ်နိင်ခဲ့ချေ။ သူတို့သည် သက်သေခံပြီး သောအခါ၊ အနက်ဆုံးသောတွင်း ထဲက၊ တက်သောသားရဲသည်၊ သူတို့ကို စစ်တိုက်၍အောင် လိမ့်မည် (ဗျာ ၁၁:ရ)။ ထိုသားရဲသည် အန္တီ ခရစ် ဖြစ်၍ အနက်ဆုံးသောတွင်း ထဲမှတက်လာသည်ဟုဆိုသည်။ စာတန်ကို ထိုအနက်ဆုံးသောတွင်း ၌၊ အနှစ်တစ်ထောင်ပတ်လုံးချုပ်ထားမည့် အကြောင်းကို၊ ဤသို့ ရေးထားသည်၊ “တဖန် ကောင်းကင်တမန် သည်၊ အနက်ဆုံးသောတွင်း၏သော့နှင့် သံကြိုးကြီးကို ကိုင်လျက် ကောင်းကင် ကဆင်းသက်သည်ကို ငါမြင်၏။ ရှေးမြွေဟောင်း၊ မာရ်နတ် စာတန် တည်း ဟူသော နဂါးကိုကိုင်ဘမ်း၍၊ အနှစ်တထောင်ဘို့ ချည်နှောင်လေ၏။ အနှစ်တထောင်မကုန်မီတိုင်အောင်၊ လူအမျိုးမျိုး တို့ကို မလှည့်ဖြားရမည်အကြောင်း၊ အနက်ဆုံးသောတွင်း ထဲသို့ ချပစ်လှောင်ထား၍ တံဆိပ်ခပ်လေ၏။ အနှစ်တထောင်ကုန်ပြီးမှတဖန် ခဏလွှတ်ရဦးမည်” (ဗျာ ၂၀:၁-၃)။ ဤနေရာ၌ စာတန်ကို၊ အနက်ဆုံးသောတွင်း ၌ ဖမ်းကိုင်၍ ချမည့် သူသည်၊ ကောင်းကင်တမန် ဖြစ်သည်။ ထိုကောင်းကင်တမန်၌ အနက်ဆုံးသောတွင်း၏သော့ရှိသည်။

 

၃။ ကျိုင်းကောင်တို့သည်၊ မီးခိုးအထဲကမြေကြီး အပေါ်သို့ ထွက်၍၊ မြေကင်းမြီးကောက် တန်ခိုးကဲ့သို့သော တန်ခိုးကို ရကြ၏။

မီးခိုးထဲမှ ထွက်သောကြောင့်၊ တကဲ့ကျိုင်းကောင် မဟုတ်နိင်။ ထိုကျိုင်းကောင်များသည် ၀ိညာဥ်ဆိုးများ ဖြစ်နိင်သည်။ ထိုကျိုင်းကောင်များသည် မြေကင်းမြီးကောက်ကဲ့သို့သော အဆိပ်ရှိသည်။ ကင်းမြီးကောက်သည် အမြီး၌ အဆိပ်ရှိ၍၊ လူကို တုတ်လျှင် အလွန် နာစေနိင်သည်။

 

၄။ မြေ၏ မြက်ပင်မှစ၍ စိမ်းသောအရာ များ၊ သစ်ပင်များ အပေါင်းတို့ကို ထား၍၊ နဖူး၌ ဘုရားသခင်၏ တံဆိပ်ခတ်ခြင်းကို မခံသော လူတို့ကို သာညှဥ်းဆဲမည်အကြောင်း၊ သူတို့အား ပညတ်ထား၏။

ကျိုင်းကောင်တို့သည် သစ်ရွက်နှင့် မြက်ပင်များ သာစားတတ်သည်။ သို့သော် ထိုကျိုင်းများသည်၊ သစ်ပင်မြက်ပင်များကို စားရန် မဟုတ်ဘဲ၊ ဘုရားသခင်၏ တံဆိပ်ခတ်ခြင်းကို မခံသော သူတို့ကိုသာ၊ ညှဥ်းဆဲဘို့ရန် ပညတ်ထားသည်ဟုဆိုသည်။ ထို့ကြောင့် သူတို့ သည၊ ် ဘုရားသခင်က ချုပ်ကိုင်ထားသော အကောင်များ ဖြစ်ကြောင်း ထင်ရှားသည်။ ဘုရားသခင်၏ တံဆိပ်ခတ်ခြင်း ခံရ သူများသည် အခန်းရ၌ တွေ့ရသော ဣသရေလ လူ၁၄၄၀၀၀တို့ ဖြစ်သည်။ စာတန်ကလည်း သူ့လူများကို ၆၆၆ တံဆိပ်ခတ်မည့် အကြောင်း အခန်းကြီး ၁၃၌ တွေ့ရသည်။ ထိုတံဆိပ်မခတ်ထားသော သူများရောင်း၀ယ်၍ မရဟု သိရသည်။ ဘေးဒဏ်ကြီး ကာလသည် ဘုရားသခင်၏ လူနှင့် စာတန်၏ လူကဲွကဲွပြားပြားခြားနား၍၊ ကိုယ့်လူသူ့လူကာကွယ်သော ကာလ ဖြစ်သည်။ ယခုခေတ် ကဲ့သို့မဟုတ်။

 

၅။ တံဆိပ်ခတ်ခြင်းကို မခံသော သူတို့ကိုကား၊ သတ်ရသော အခွင့်မရှိ။ ငါလပတ်လုံးပြင်းစွာသော ဝေဒနာ ဖြစ်စေသော အခွင့်ရှိ၏။ ထိုကျိုင်းကောင် ဖြစ်စေသော ဝေဒနာသည်ကား၊ ကင်းမြီးကောက်သည် လူကိုထိုးသော ဝေဒနာကဲ့သို့ ဖြစ်သတည်း။ ၆။ ထိုနေ့ရက်ကာလ၌ လူတို့သည် သေခြင်းကို ရှာကြလိမ့်မည်။ ရှာသော်လည်း မတွေ့ရကြ။ အလွန် သေချင်သော်လည်း သေမင်းသည် သူတို့ ထံမှ ပြေးသွားလိမ့်မည်။

ကျိုင်းကောင်တို့သည်၊ ဘုရားသခင်၏ တံဆိပ်ခတ်ခြင်း မခံသော သူများကို၊ ငါးလ လုံးဝ ေဒနာ ဖြစ်စေနိင်မှာ ဖြစ်သည်။ ထိုကျိုင်းကောင်များကြောင့် ဝေဒနာ ခံသူများသည်၊ ဝေဒနာ ခံစားရသော်လည်း မသေနိင်ဘဲ ဖြစ်ကြသည်။ ဖြစ်နိင်​ခြေရှိသည်မှာ၊ ထိုဝေဒနာ ခံသူများကို ဆေးရုံ၌ ထား၍၊ ကိုယ်ကိုယ်ကို သတ်မသေနိင်ခြင်း ဖြစ်နိင်သည်။ လူ၏ ထုံးစံမှာကိုယ်ခန္ဓာ ဖြစ်စေ၊ စိတ် ဖြစ်စေ၊ ဝေဒနာ မခံနိင် သောအခါ သေချင် ကြသည်။ သေခြင်း ဖြင့် ဝေဒနာ ငြိမ်းသွားမည်ဟု ထင်တတ်သည်။ အမှန်မှာ သေခြင်းဖြင့် ဝေဒနာ မငြိမ်းနိင်ပါ။ ငရဲသွားမည့်သူများအတွက်၊ သေခြင်းသည် ဝေဒနာ၏ အစသာလျှင် ဖြစ်သည်။ ကျိုင်းကောင်တုတ်သော သူများကို၊ အဘယ်ကြောင့်ထို ဝေဒနာကို ခံစား စေကြောင်း မသိရချေ။ ဖြစ်နိင်ချေရှိသည် မှာ အခန်းကြီး ၁၃၌ ရေးထားသော စာတန်၏ တံဆိပ် ၆၆၆ကို မခတ်ကြဘို့ရန် သတိပေးခြင်း ဖြစ်နိင်သည်။ ထိုကျိုင်းကောင်းများ၏ ထိုးခြင်း ဝေဒနာကြောင့်၊ ဘုရားသခင်ကို ပြန်လည်ယုံကြည်၍၊ စာတန်၏ တံဆိပ်မခတ်ဘို့ရန် သတိပေးခြင်း၊ ဟု ယူဆရသည်။ သို့သော် ကျမ်းစာ ကအတိအကျ မပြောသောကြောင့်၊ ရှင်းလင်းစွာ မသိရပါ။

 

ရ။ ထိုကျိုင်းကောင်းတို့၏ အဆင်းသဏ္ဍန်သည်၊ စစ်တိုက်ခြင်းငှါ ပြင်ဆင်သော မြင်း၏ အဆင်းသဏ္ဍန်နှင့် တူ၏။ ခေါင်းပေါ်မှာ ရွှေသရဖူကို ဆောင်းဟန်ရှိ၏။ မျက်နှာသည် လူမျက်နှာကဲ့သို့ဖြစ်၏။ ၈။ ဆံပင်သည် မိန်းမဆံပင်ကဲ့သို့ဖြစ်၏။ သွားသည်လည်း ခြင်္သေ့သွားကဲ့သို့ဖြစ်၏။

ယောဟန်ကထိုကျိုင်းကောင်များ၏ အဆင်းသဏ္ဍန်ကို ဖေါ်ပြထားသည်။ ထိုကျိုင်းကောင်များသည် စစ်တိုက်ခြင်းငှါ ပြင်ဆင်သော မြင်းနှင့် တူသည်ဟုဆိုသည်။ ခေါင်းပေါ်မှာ ရွှေသရဖူဆောင်းဟန်ရှိ၍၊ လူမျက်နှာကဲ့သို့ဖြစ်သည်ဟုဆိုသည်။ ထိုအရာသည် အချို့သော ကျမ်းစာ အနက်ပြန် သူများက၊ စစ်ရဟတ်ယဥ်များ ဖြစ်မည်ဟုဆိုသည်။ ယခုခေတ်တွင် ယဥ်များ၌ ပုံအမျိုးမျိုး ဆဲွတတ်သောကြောင့် ထိုအရာများကို ရူပါရုံအားဖြင့် မြင်ခြင်း ဖြစ်နိင်သည်။ သို့သော် စစ်တိုက်ရဟတ်ယဥ်များသည် လူကို သေစေနိင်သည်။ ထိုမျှသာမကရဟတ်ယဥ်များသည်၊ အနက်ဆုံးသောတွင်း ထဲမီးခိုးထဲမှ ထွက်ကြသည် မဟုတ်သောကြောင့်၊ လူလုပ်သော ယဥ်များ ဖြစ်မည်ဟု မဆိုနိင်ချေ။ ထိုအရာသည် စာတန်၏ နတ်ဆိုးများ ဖြစ်နိင်သည်။

 

၉။ ရင်အုပ်တန်ဆာသည် သံရင်အုပ်တန်ဆာကဲ့သို့ဖြစ်၏။ အတောင်ခတ်သော အသံသည် စစ်တိုက်၍ ပြေးလာသော မြင်းရထားအများ၏ အသံကဲ့သို့ဖြစ်၏။

ထိုကျိုင်းကောင်များ၌ သံရင်အုပ်တန်ဆာကဲ့သို့ ရှိသည်ဟုဆိုသည်။ အသံသည် စစ်တိုက်၍ ပြေးလာသော မြင်းရထားအများ၏ အသံကဲ့သို့ဖြစ်သည်ဟုဆိုသည်။ ဆိုလိုသည် မှာထိုအကောင်များသည် တိတ်တိတ်ဆိပ်ဆိပ်ရှိမည် မဟုတ်၊ အသံပြုမည်။ ​ခြောက်ခြားစရာ ကောင်းလိမ့်မည်။ မြို့ထဲ၌ မီးသတ်ကားများ၊ ရဲကားများ၊ လူနာတင်ကားများ၊ ဥဩသံပြု၍ ဆူညံ သောအခါ စိတ်​ခြောက်ခြားစရာ ကောင်းသည် မဟုတ်လော။

 

၁၀။ အမြီးသည် ကင်းမြီးကောက်နှင့် တူ၏။ အမြီး၌လည်း ဆူးရှိ၏။ လူတို့ကို ငါးလပတ်လုံးညှဥ်းဆဲရသော အခွင့်တန်ခိုးရှိ၏။

ထိုကျိုင်းကောင်များသည် အမြီး၌ ဆူးရှိ၍၊ လူတို့ကို ငါးလပတ်လုံးညှဥ်းဆဲရသော အခွင့်ရှိသည်ဟုဆိုသည်။ အထက်၌လည်း ငါးလပတ်လုံး၊ ဝေဒနာ ခံစား ကြကြောင်း ဖေါ်ပြခဲ့ပြီ။ အဘယ်ကြောင့်ငါးလအထိ ခံစား ကြသနည်း။ အဘယ်ကြောင့်မသေနိငကြသနည်း။ မသိရပါ။

 

၁၁။ သူတို့၏ ရှင်ဘုရင်မူကား၊ ဟေဗြဲဘာသာအားဖြင့် အဗဒ္ဒုန်ဟူ၍၎င်း၊ ဟေလသဘာသာအားဖြင့် အပေါလျုန်ဟူ၍၎င်း၊ ခေါ်ဝေါ်သော အနက်ဆုံးသောတွင်း တမန် ဖြစ်၏။

ထိုကျိုင်းကောင်များ၌ ရှင်ဘုရင်ရှိသည်ဟုဆိုသည်။ ထိုရှင်ဘုရင်ကို ဟေဗြဲဘာသာအားဖြင့် အဗဒ္ဒုန်ဟေလသတည်း ဟူသော ဂရိတ်ဘာသာအားဖြင့် အပေါလျုန်ဟု ခေါ်သည်။ ထိုစကား လုံး၏ အဓိပ္ပါယ်မှာဖျက်ဆီးသူ ဖြစ်သည်။ ထိုကျိုင်းကောင်များသည် ဖျက်ဆီးဘို့ရန် သူတို့၏ ဘုရင်ကဦးဆောင်သည်။

 

၁၂။ အမင်္ဂလာတပါးလွန်ပြီ။ ထိုနောက်မှအမင်္ဂလာနှစ်ပါးလာလေဦးမည်။

ဘုရားသခင်သည် ယခုအခါ၊ မည်မျှပင် စော်ကား၍ ဆန့်ကျင် တိုက်ခိုက်သော်လည်း၊ မရှိ သကဲ့သို့၊ မကြား သကဲ့သို့ ငြိမ်နေသည်။ အကြောင်းမှာ ဘေးဒဏ်ကြီး ကာလ၌၊ အတိုးချသူ၏ အမျက်​ေဒါသကိုလောင်းဘို့ရန်၊ ရာထားသောကြောင့် ဖြစ်နိင်သည်။ ဘေးဒဏ်ကြီး ကာလတွင်မူ၊ အမင်္ဂလာတပါးပြီး တပါးမြေကြီး ပေါ်၌ ကျရောက်စေမှာ ဖြစ်သည်။ ယခုလည်း အမင်္ဂလာနှစ်ပါးလာဦးမည်ဟုဆိုခြင်းသည်၊ မြေကြီး ပေါ်၌ နေထိုင် သူများအတွက် ကြောက်စရာ ဖြစ်သည်။

 

၁၃။ ဆဌမ ကောင်းကင်တမန် သည် တံပိုးမှုတ် သောအခါ၊ ဘုရားသခင့်ရှေ့တော်၌ ရှိသော၊ ရွှေယဇ်ပလ္လင်၏ ချိုလေးချောင်းထဲက၊ ထွက်သော အသံကား၊ ၁၄။ ဥဖရတ်မြစ်ကြီး နားမှာချည်နှောင်လျက် ရှိသော၊ ကောင်းကင်တမန် လေးပါးကို လွှတ်လော့၊ ဟု တံပိုးရှိသော၊ ဆဌမ ကောင်းကင်တမန်အား ဆိုသည်ကို ငါကြား၏။

ရွှေယဇ်ပလ္လင်သည် နံ့သာပေါင်းမွှေး မီးရှို့ရာယဇ်ပလ္လင် ဖြစ်သည်။ ထိုပလ္လင်၌ နံ့သာပေါင်းမွှေး မီးရှို့ခြင်းသည်၊ သန့်ရှင်း သူများ၏ ဆုတောင်းခြင်းကို ပုံဆောင်သည် (ဗျာ ၅:၈၊ ၈:၃၊ ဆာ ၁၄၁:၂)။ ယဇ်ပလ္လင်၏ ဦးချိုသည် ဆုတောင်းခြင်း၏ တန်ခိုး ဖြစ်သည်။ ဦးချိုသည် တိရစ္ဆာန်များ၏ အစွမ်းတန်ခိုး ဖြစ်သကဲ့သို့၊ ဆုတောင်းခြင်း သည် သန့်ရှင်း သူများ၏ အစွမ်းတန်ခိုး ဖြစ်သည်။ ယခုပလ္လင်၏ ဦးချိုမှအသံထွက်သည်မှာ၊ သန့်ရှင်း သူများ၏ ဆုတောင်းခြင်းကို ဘုရားသခင်က၊ နား​ေညာင်း၍ တုံ့ပြန်သောအရာ ဖြစ်သည်။ သန့်ရှင်း သူများ၏ ဆုတောင်းခြင်းကို (ဗျာ ၆:၉-၁၁)၌ တွေ့ရသည်။ ဘေးဒဏ်ကြီး ကာလ အစပိုင်း၌၊ ယုံကြည်သူများသည်၊ နှုတ်ကပတ်တော်ကြောင့်၎င်း၊ မိမိတို့ သက်သေခံချက်ကြောင့်၎င်း၊ အသေသတ်ခြင်းကို ခံရကြမှာ ဖြစ်သည်။ သူတို့၏ ၀ိညာဥ်များ ယဇ်ပုလ္လင်အောက်၌ တွေ့ရခြင်းသည်၊ သူတို့၏ ဆုတောင်းခြင်း၊ သို့မဟုတ် ယဇ်ကောင် ကဲ့သို့ ပူဇော်ခံရခြင်းကို ဆိုလိုခြင်း ဖြစ်နိင်သည်။ သူတို့က၊ သူတို့ကို သတ်သော သူများကို၊ ကလဲ့စားချေဘို့ တောင်းလျှောက် ကြသည်။ သို့သော် အသေသတ်ခြင်း ခံရဦးမည့်သူများရှိ သေးသောကြောင့်၊ ခဏစောင့်ခိုင်းသည်။ ယခု သူတို့၏ ဆုတောင်း သံများကို ဘုရား ကအ​ဖြေပေးခြင်း ဖြစ်သည်။

 

ထိုအသံက၊ ဥဖရတ်မြစ်ကြီး နားမှာချည်နှောင်လျက် ရှိသော၊ ကောင်းကင်တမန် လေးပါးကို လွှတ်လော့၊ ဟု တံပိုးရှိသော ဆဌမ ကောင်းကင်တမန်အား ဆိုသည်ကို ငါကြား၏။ အဘယ်ကြောင့် ကောင်းကင်တမန် လေးပါးကို ချည်နှောင်သနည်း။ ထိုကောင်းကင်တမန် များသည်၊ ဘုရား၏ စကား နားမထောင်သောကြောင့်၊ ချည်နှေှာင်ခြင်း ခံသော သူများ ဖြစ်မည်။ သန့်ရှင်းသော ကောင်းကင်တမန် များသည်၊ ချည်နှောင်ခြင်း ခံမည် မဟုတ်။ အဘယ်ကြောင့်ဥဖရတ်မြစ်ကြီး နားမှာချည်နှောင်သနည်း။ ဥဖရတ်မြစ်သည်၊ အပြစ် စတင်ကျူးလွန်သော နေရာ၊ ဘုရားကို စတင်ပုန်ကန်သော နေရာ ဖြစ်သည်။ အာဒံနှင့် ဧ၀တို့ နေခဲ့သော ဧဒင်ဥယျာဥ်လည်း၊ ထိုမြစ်နှင့် ပတ်သက်သည် (က ၂:၁၄)။ ဗာဗုလုန်ရဲတိုက်ဆောက်၍၊ ကောင်းကင် မိဘုရားကိုး ကွယ်သော နေရာ၊ ဣသရေလ များကို နှိပ်စက်ခဲ့သော အာရှုရိအင်ပိုင်ယာ၊ ဗာဗုလုန်နှင့် ပါရှားအင်ပိုင်ယာများ လည်း၊ ထိုမြစ်နှင့် ပတ်သက်သည်။ တိုင်း နိင်ငံများသည်၊ နတ်ဆိုးမင်းများ ကအုပ်စိုးကြောင်း၊ ဤကဲ့သို့ တွေ့ရသည်၊ “ပေရသိနိုင်ငံကို အစိုးရသော မင်းမူကား၊ အရက်နှစ်ဆယ်တရက်ပတ်လုံးငါ့ကို ဆီးတား၏။” (ဒံ ၁၀:၁၃)။ ဒံယေလ ဆုတောင်း သောအခါ၊ ပေရသိ (အီရန်) နိင်ငံကို အစိုးရသော မင်းက၊ ဒံယေလထံသို့ လာသော ကောင်းကင်တမန်ကို၊ နှစ်ဆယ့်တရက်ပတ်လုံးဆီးတားခဲ့သည်။ ထိုမင်းသည် ကောင်းကင်တမန်ကို ပင်လျှင်၊ ဆီးတားနိင်သောကြောင့် လူမဟုတ်၊ နတ်ဆိုးမင်း ဖြစ်သည်။ တိုင်း နိင်ငံများကို နတ်ဆိုးမင်းများ ကအုပ်စိုးသည်။ ထို့ကြောင့် အထက်၌ ဖေါ်ပြခဲ့သော၊ ကောင်းကင်တမန် များလည်း၊ နတ်ဆိုးမင်းများ ဖြစ်သည်။ ထိုကောင်းကင်တမန် လေးပါးတို့ လွှတ်လျှင် ဘာလုပ်ကြမည်နည်း။

 

၁၅။ ထိုအခါ လူသုံးစုတစုကို အသေသတ်ခြင်းငှါ၊ တနာရီ၊ တရက်၊ တလ၊ တနှစ်အဘို့ ပြင်ဆင်သော ကောင်းကင်တမန် လေးပါးတို့ကို လွှတ်လေ၏။

ထိုကောင်းကင်တမန် လေးပါးတို့သည်၊ လူသုံးစုတစုအသေသတ်ခြင်းငှါ လွှတ်ခြင်း ဖြစ်သည်။ လူသုံးစုတစုသည် ကမ္ဘာ့ လူဦးရေထဲမှ ဖြစ်နိင်သည်။ ဗျာ ၆:၈၌ ကမ္ဘာ့ လူဦးရေ၏ လေးပုံတပုံသေခဲ့ပြီ။ ယခုကမ္ဘာလူဦးရေသည်၊ သန်းပေါင်းရ ၄၀၀ရိှရာလေးပုံတပုံသေလျှင်၊ သန်းပေါင်း၅၅၅၀ကျန်မည်။ ထိုအထဲမှသုံးပုံတပုံသေလျှင် သန်းပေါင်း၃၆၆၃ သာကျန်ရစ်မည်။ ထိုနတ်ဆိုးမင်းများက လူသား များကို မည်ကဲ့သို့ သေစေမည်နည်း။

 

၁၆။ မြင်းစီးသူရဲတို့၏ အရေအတွက်ကား၊ နှစ်သင်္ချေ ဖြစ်၏။ ထိုအရေအတွက်ကို ငါကြားရ၏။

နှစ်သင်္ချေသည် သန်းပေါင်း၂၀၀ ဖြစ်သည်။ ထိုမြင်းစီးသူရဲများသည် လူစစ်သားလော၊ နတ်ဆိုးများလောမေးစရာ ရှိသည်။ လူစစ်သားများဖြစ်ပါက၊ မြင်းစီးသူရဲသန်းပေါင်းနှစ်ရာသည် ဗျာဒိတ်ကျမ်းရေးချိန်လွန်ခဲ့သော နှစ်ပေါင်း၂၀၀၀ခန့်၌ လုံး၀မ ဖြစ်နိင်ချေ။ အကြောင်းမှာ ထိုအချိန် အခါ၌၊ ကမ္ဘာလူဦးရေပင်လျှင်၊ ထိုမျှလောက်သာ ဖြစ်ပေမည်။ ယခုအခါ ကမ္ဘာ့ လူဦးရေသည် သန်းပေါင်းရ ၄၀၀ ဖြစ်လာသောကြောင့်၊ စစ်သား သန်းနှစ်ရာသည် မခက်ခဲတော့ချေ။ နတ်ဆိုးများ ဖြစ်ပါကထိုမျှလောက်နတ်ဆိုးရှိဘို့ရန် ခက်ခဲမည် မဟုတ်။ ထိုမြင်းစီးသူရဲများ ဘာလုပ်ကြမည်နည်း။

 

၁ရ။ ထိုအတူ ဗျာဒိတ်ရူပါရုံ၌ ထင်ရှားသော မြင်းတို့ကို၎င်း၊ ကန့်၊ မီး၊ ၀ှါကိမ်သုကျောက်နှင့် ပြီးသော ရင်အုပ်တန်ဆာရှိသော မြင်းစီးသူရဲတို့ကို၎င်း၊ ငါမြင်ရ၏။ မြင်းတို့၏ ခေါင်းသည် ခြင်္သေ့ခေါင်းကဲ့သို့ဖြစ်၏။ သူတို့၏ ခံတွင်း ထဲကလည်း ကန့်၊ မီးလျှံ၊ မီးခိုးထွက်ကြ၏။

အထက်ပါ ရူပါရုံ၌ မြင်းတို့၏ ခေါင်းသည်၊ ခြင်္သေ့ခေါင်းကဲ့သို့ဖြစ်၍ ခံတွင်း ထဲမှကန့်၊ မီးလျံ၊ မီးခိုးထွက်သည်ဟုဆိုသောကြောင့်၊ ယခုခေတ်စစ်တိုက်လက်နက်များကို၊ မြင်ခြင်း ဖြစ်နိင်သည်။ တင့်ကား၊ သံချပ်ကာကား၊ ရဟတ်ယဥ်များ၌ သေနပ်များ တပ်ထားကြရာမီးထွက်နိင်သည်။ သို့မဟုတ် နတ်ဆိုးများ ဖြစ်နိင်သည်။

 

၁၈။ သူတို့၏ ခံတွင်း ထဲကထွက်သော ကန့်၊ မီးလျှံ၊ မီးခိုးတည်း ဟူသော ဘေးသုံးပါးကြောင့်၊ လူသုံးစုတစုသေကြ၏။ ၁၉။ အကြောင်းမူကား၊ သူတို့ တန်ခိုးသည် ခံတွင်း ၌၎င်း၊ အမြီး၌၎င်းတည်၏။ အမြီးသည် ခေါင်းနှင့် ပြည့်စုံ၍ မြွေနှင့် တူ၏။ အမြီးအားဖြင့် ညှဥ်းဆဲတတ်ကြ၏။

အထက်က ဖေါ်ပြခဲ့သော မြင်းစီးသူရဲသန်း၂၀၀တို့ ကကမ္ဘာ့ လူသုံးစုတစုကို၊ သတ်မှာ ဖြစ်ကြောင်း၊ ထိုသို့ သတ်ရာတွင် သူတို့ စီးသော မြင်းများမှ ထွက်သော ကန့်၊ မီးလျံ၊ မီးခိုးများအားဖြင့် ဖြစ်မည့် အကြောင်း ဖေါ်ပြထားပါသည်။

 

၂၀။ ထိုဘေးဒဏ်ကြောင့်မသေဘဲ ကြွင်းသော လူတို့သည် နတ်တို့ကို၎င်း၊ မမြင်နိုင်၊ မကြားနိုင်၊ မသွားလာနိုင်သော ရွှေရုပ်တု၊ ငွေရုပ်တု၊ ​ကြေးနီရုပ်တု၊ ကျောက်ရုပ်တု၊ သစ်သားရုပ်တုတို့ကို၎င်း၊ မကိုး ကွယ်ဘဲ နေခြင်းငှါ၊ ကိုယ်လက်နှင့် လုပ်သောအရာ များကို နောင်တ မရဘဲ နေကြ၏။

လူသည် မည်မျှပင် ဆင်းရဲ ဒုက္ခ ရောက်သော်လည်း၊ ၀ိညာဥ်မျက်စိကန်းသောကြောင့်၊ စစ်မှန်သော ဘုရားကို မသိနိင်၊ သူတို့ လက်နှင့် လုပ်သော ရုပ်တုများကို၊ ဘုရား အဖြစ်နှင့် ကိုး ကွယ်တတ်သည်မှာ၊ အလွန် အံ့ဩဘွယ် ဖြစ်သည်။ မလှုပ်ရှားနိင်၊ မကြား၊ မမြင်နိင်သော လူလက်နှင့် လုပ်သောအရာ များကို ကိုး ကွယ်ခြင်းသည်၊ စာတန်၏ လှည့်စားမှုကြောင့်၎င်း၊ စိတ်နှလုံးခိုင်မာသောကြောင့်၎င်း ဖြစ်သည်။

 

၂၁။ ကိုယ်ကျင့်သော အကျင့်တည်း ဟူသော လူအသက်ကို သတ်ခြင်း၊ သူတပါးကို ပြုစားခြင်း၊ မတရားသော မေထုန်၌ မှီဝဲခြင်း၊ သူ့ဥစ္စာကို ခိုးခြင်း၊ အမှု များကို လည်နောင်တ မရဘဲ နေကြ၏။

လူသည် အပြစ်သား ဖြစ်သောကြောင့်၊ အပြစ် လုပ်ဘို့ရန် မွေးဘွားကြောင်း၊ ဤနေရာ၌ အလွန် ထင်ရှားသည်။ မည်မျှပင် ဒုက္ခ ရောက်သော်လည်း နောင်တ မရ၊ မိမိတို့ အလိုဆန္ဒအတိုင်း ကျင့်နေမည့် အကြောင်း၊ ကျမ်းစာက ကြိုတင် ဟောထားသည်။ လူသည် ခေတ်အဆက်ဆက်ဆိုးသွမ်းသော်လည်း၊ ဘေးဒဏ်ကြီး ကာလ၌ အဆိုးဆုံး ဖြစ်မည်။ ထိုအချိန်နှင့် အလွန် နီးသောကြောင့် ယခုအခါ အပြစ် ဒုစိုရိုက်များ ပို၍ ပို၍များလာကာ၊ နေ့စဥ်သတင်းများ၌ သတင်းကောင်းထက် သတင်း ဆိုးများသာ၊ ကြားနေရခြင်း ဖြစ်သည်။

 

ဗျာ ၉ မေးခွန်းများ

 

၁။ ပဥဏမ ကောင်းကင်တမန် သည် တံပိုးမှုတ် သောအခါ ကျသော ကြယ်သည် ဘာ ဖြစ်နိင်သနည်း။ —————————————————

၂။ အနက်ဆုံးသောတွင်း သည်မည် သူများ နေမည့် နေရာ ဖြစ်သနည်း။ —————————————————

၃။ ကျိုင်းကောင်များ ကမည် သူများကို သာတုတ်မည်နည်း။ —————————————————

၄။ ကျိုင်းကောင်တုတ်ခံရသော သူများ ဘာကို ရှာကြမည်နည်း။ —————————————————

၅။ နံ့သာပေါင်းမွှေး မီးရှို့ရာယဇ်ပလ္လင်၏ ဦးချိုသည် ဘာကို ဆိုလိုသနည်း။ —————————————————

၆။ ဥဖရတ်မြစ်နား၌ ချည်နှောင်သော ကောင်းကင်တမန် များသည်မည် သူများ နည်း။ —————————————————

ရ။ တိုင်း နိင်ငံများကို မည်သူတို့ ကအုပ်စိုးသနည်း။ —————————————————

၈။ မြင်းစီးသူရဲတို့၏ အရေအတွက် နှစ်သခေ်ျသည် မည်မျှ ဖြစ်သနည်း။ —————————————————

၉။ လူသည် ဒုက္ခ ရောက်လျှင်လည်း မည်သည့်အရာကို အားကိုး တတ်သနည်း။ —————————————————

၁၀။ အဘယ်ကြောင့်နေ့တိုင်း သတင်း ဆိုးများ သာကြားနေရကြသနည်း။ —————————————————

.

 

ဗျာဒိတ်ကျမ်း ၁၀

 

စာအုပ်ငယ်ကိုင်သော ကောင်းကင်တမန်

 

၁။ ခွန်အားကြီးသော ကောင်းကင်တမန် တပါးသည်၊ မိုဃ်းတိမ်ကို ၀တ်လျက်၊ ကောင်းကင် ကဆင်းသက်သည်ကို ငါမြင်၏။ သူ၏ ခေါင်းပေါ်၌ သက်တံ့ရှိ၏။ သူ၏ မျက်နှာသည် နေကဲ့သို့ဖြစ်၏။ သူ၏ ​ခြေ သည်လည်း မီးခဲတိုင်ကဲ့သို့ဖြစ်၏။

“ခွန်အားကြီးသော ကောင်းကင်တမန်၊ ” ဗျာ ၅:၂၌လည်း ခွန်အားကြီးသော ကောင်းကင်တမန် ဟု ဖေါ်ပြခဲ့ပြီ။

 

“မိုဃ်းတိမ်ကို ၀တ်လျက်၊ ” တကဲ့မိုဃ်းတိမ်သည် ၀တ်၍ ရသည် မဟုတ်၊ မိုဃ်းတိမ်ကလွှမ်းခြုံခြင်းကို ဆိုလိုသည်။ မိုဃ်းတိမ်သည် ဘုရားသခင်ကို ဆိုလိုတတ်သည်။ ဣသရေလ လူများကို၊ အဲဂုတ္တု ပြည် မှမိုဃ်းတိမ်တိုင်အားဖြင့် ဦးဆောင်ခဲ့သည်။ တဲတော် ထဲ၌ ပဋ္ဋိညာဥ်သေတ္တာပေါ်တွင်၊ ဘုရားသခင်သည် မိုဃ်းတိမ်အားဖြင့်၊ ကျိန်း၀ပ်ခဲ့သည်။ ထို့ကြောင့် မိုဃ်းတိမ်ကို ၀တ်ခြင်းသည် ဘုရားသခင်၏ အခွင့်အားဖြင့် ဖြစ်ကြောင်း၊ ကို ဆိုလိုခြင်း ဖြစ်သည်။

 

“ကောင်းကင် ကဆင်းသက်သည်” နတ်ဆိုး စာတန်နှင့် သက်ဆိုင်သော သူများသည်၊ အနက်ဆုံးသောတွင်း ထဲမှတက်တတ်သော်လည်း၊ ဘုရားသခင်နှင့် ဆိုင်သော သူများသည်၊ ကောင်းကင် မှဆင်းသက်တတ်သည်။ “သူ၏ ခေါင်းပေါ်၌ သက်တံ့ရှိ၏” သက်တံ့သည်၊ ဘုရားသခင်က နောဧထံမြေကြီးကို ရေလွှမ်းမိုးခြင်း အားဖြင့် မဖျက်စီးတော့မည့် အကြောင်း၊ ပဋ္ဋိညာဥ်ပြုထားသော သက်သေလက္ခဏာ ဖြစ်သည် (က ၉:၈-၁ရ)။ ဆိုလိုသည် မှာ ဘုရားသခင်သည်၊ မြေကြီးသား အပေါင်းကို မဖျက်စီးချင်သော သဘောကို ပြသည်။ ဘုရားသခင်၏ မေတ္တာနှင့် ဂရုဏာတော်ကို ဖေါ်ပြသည်။

 

“သူ၏ မျက်နှာသည် နေကဲ့သို့ဖြစ်၏” နေသည် ထွန်းလင်းသည်။ မောရှေသည် ဘုရားနှင့် မိဿဟာယပြု သောအခါ သူ၏ မျက်နှာသည် ထွန်းပသည် (ထွက် ၃၄:၂၉-၃၀)။ သခင်ယေရှု၏ မျက်နှာတော်သည် တောင်ပေါ်၌၊ နေကဲ့သို့ ထွန်းတောက်၍ အ၀တ်တော်သည်၊ အလင်းကဲ့သို့ ဖြူခဲ့သည် (မ ၁ရ:၂)။ ဤ ကောင်းကင်တမန် သည်၊ ဘုရားသခင်နှင့် အနီးကပ်နေသောကြောင့် သူ၏ မျက်နှာသည်၊ နေကဲ့သို့ဖြစ်ခြင်း ဖြစ်သည်။ သူ၏ ​ခြေသည် လည်း၊ မီးခဲတိုင်ကဲ့သို့ဖြစ်၏။ ယောဟန်ကသခင်ယေရှု၏ ​ခြေတော်ကို၊ မီး၌ ခဋ္ဌတ်ပြီးသော ​ကြေး၀ါစစ်ကဲ့သို့ မြင်ခဲ့ပြီ (ဗျာ ၁:၁၅)။ မီးခဲတိုင်ကဲ့သို့ဖြစ်ခြင်းသည်၊ တရားစီရင်မည့် အရာကို ဆိုလိုခြင်း ဖြစ်မည်။

 

၂။ ဖွင့်ထားသော စာစောင်ငယ်ကိုကိုင်လျက် ရှိ၏။ လကျ်ာ​ခြေသည် ပင်လယ်ပေါ်မှာ၎င်း၊ လက်ဝဲ​ခြေသည် မြေကြီး ပေါ်မှာ၎င်းနင်း၍၊

ကောင်းကင်တမန်၏ လက်၌၊ ဖွင့်ထားသော စာစောင်ငယ်ကိုင်လျက် ရှိသည်။ ထိုစာစောင်၌ ဘာရှိသည်ကို မပြောသောကြောင့် မသိနိင်ချေ။ ဘုရားသခင်၏ လက်ျာလက်၌လည်း၊ တံဆိပ်ခုနှစ်ချက်နှင့် ပိတ်ထားသော စာစောင်ကို ဗျာ ၅:၁၌ တွေ့ခဲ့ရပြီ။ ကောင်းကင်တမန် သည်၊ ပင်လယ်ပေါ်မှာ လက်ျာ​ခြေ၊ မြေကြီး ပေါ်မှာ လက်ဝဲ​ခြေဖြင့် နင်းထားသည်။ ထိုကောင်းကင်တမန် သည်၊ အလွန် ကြီးမား ဘွယ်ရှိသည်။ ပင်လယ်နှင့် မြေကြီး နင်းခြင်း ဆိုသည်မှာ၊ တကမ္ဘာလုံးကို အုပ်စိုးခြင်း ဖြစ်နိင်သည်။ ရှေးတုန်း၌ ရန်သူကိုအောင် နိင်လျှင်၊ ​ခြေဖြင့် နင်းတတ်သည်။ မြေကြီးနှင့် ပင်လယ်ကို နိင်ခြင်း၊ တရားစီရင်နိင်ခြင်းကို ဆိုလိုသည်။

 

၃။ ခြသေ့်ဟောက် သကဲ့သို့ ကြီးသော အသံနှင့် ကြွေးကြော်လေ၏။ ကြွေးကြော်ပြီးမှမိုဃ်းကြိုးသံ ခုနစ်ချက်မြည်လေ၏။

ကောင်းကင်တမန် သည်၊ ခြင်္သေ့ဟောက် သကဲ့သို့ ကြီးသော အသံနှင့် ကြွေးကြော်သည်။ ခြင်္သေ့ဟောက်သံသည်၊ ကြောက်စရာ ကောင်းသည်။ ကျမ်းစာ၌၊ “ထာ၀ရ ဘုရားသည် လည်း၊ ဇိအုန်တောင်ပေါ်က​ေကြးကြော်၍၊ ယေရုရှလင် မြို့ထဲကအသံကို လွှင့် တော်မူ သဖြင့်၊ မိုဃ်းကောင်းကင်နှင့် မြေကြီးသည် တုန်လှုပ်လိမ့်မည်။” (ယောလ ၃:၁၆)၊ ဟု တွေ့ရသည်။ တဖန်၊ “ထာ၀ရ ဘုရားသည်၊ ဇိအုန်တောင်ပေါ်ကကြွေးကြော်၍၊ ယေရုရှလင် မြို့ထဲအသံကို လွှင့် တော်မူသောကြောင့်၊ သိုးထိန်းနေရာတို့သည် ညှိုးငယ်၍၊ ကရမေလတောင်ထိပ်သည် နွမ်းရိလိမ့်မည်။” (အာမုတ် ၁:၂) ဟု တွေ့ရသည်။ ထာ၀ရ ဘုရား၏ ကြွေးကြော်ခြင်းသည်၊ ကြောက်စရာ ကောင်းကြောင်း တွေ့ရသည်။ ဤကောင်းကင် တံမန်သည် လည်း၊ ကြွေးကြော်သောကြောင့်၊ ကြောက်စရာ ကောင်းမည်။

 

၄။ မိုဃ်းကြိုးသံ ခုနစ်ချက်မြည်ပြီးမှ၊ ငါသည် ရေးမှတ်မည်ဟုအား ထုတ်သော်၊ ကောင်းကင်မှ ထွက်သော အသံကား၊ မိုဃ်းကြိုးသံ ခုနစ်ချက်မြည်သောအရာ ကို တံဆိပ်ခတ်လော့။ မရေးမမှတ်နှင့် ဟုဆိုသည်ကို ငါကြား၏။

မိုဃ်းကြိုးသံသည် ဘုရားသခင်၏ ဘုန်းတန်ခိုးကို ဖေါ်ပြတတ်သည်။ မိုဃ်းကြိုးသံခုနှစ်ချက်ကို အဘယ်ကြောင့်မရေးခိုင်သည်၊ ကို မဖေါ်ပြ သောကြောင့် မသိရပါ။ လူများ သိဘို့ မလိုအပ်သောကြောင့် မဖေါ်ပြခြင်း ဖြစ်သည်။ သိဘို့ မကြိုးစား ကြပါစို့နှင့်။

 

၅။ ထိုအခါ ငါမြင်၍ မြေနှင့် ပင်လယ်ပေါ်မှာ ရပ်နေသော ကောင်းကင်တမန် သည်၊ လကျ်ာလက်ကို ကောင်းကင်သို့ ချီပြီးလျှင်၊

ကောင်းကင်တမန် သည်၊ အဘယ်ကြောင့်လက်ျာလက်ကို ကောင်းကင်သို့ ချီသနည်း။ ဘုရားသခင်ကို တိုင်တည်ခြင်း သို့မဟုတ် နာခံခြင်းကို ဖေါ်ပြခြင်း ဖြစ်သည်။ မောရှေသည် အာမလက်လူမျိုးများကို တိုက် သောအခါ၊ လက်ကို မြေှာက်ခဲ့သည် (ထွက် ၁ရ)။ ဘုရားကို အားကိုးခြင်း ဖြစ်သည်။

 

၆ -၇။ ဘုရားသခင်၏ ​ကျွန်တော် မျိုးပရောဖက်တို့ အား၊ ၀မ်းမြောက်စရာ သိတင်းကို ဗျာဒိတ်ထား တော်မူသည် နှင့် စပ်ဆိုင်သော၊ ဘုရားသခင်၏ နက်နဲသောအရာ သည်၊ ကာလ မနှေးဘဲ သတ္တမ ကောင်းကင်တမန် တံပိုးမှုတ်ခြင်း အသံမြည်သော နေ့ကာလ၌၊ ပြည့်စုံခြင်းသို့ ရောက်မည်ဟု ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒ​ရာကို၎င်း၊ အရပ်ရပ်၌ ရှိရှိသမျှ တို့ကို၎င်း၊ ဖန်ဆင်း၍ ကမ္ဘာအဆက်ဆက်အသက် ရှင် တော်မူသော သူကို၊ တိုင်တည်၍ ကျိန်ဆိုခြင်းကို ပြုလေ၏။

အထက်၌ ကောင်းကင်တမန်၏ သဏ္ဍာန်ကို ဖေါ်ပြခဲ့၍၊ ယခုမှသူဆင်းလာရခြင်း၏ အကြောင်းရင်းကို ဖေါ်ပြသည်။ သူသည၊ ် ဘုရားသခင်၏ ​ကျွန်တော် မျိုးပရောဖက်တို့ အား၊ ၀မ်းမြောက်စရာ သတင်းကို ကာလ မနှေးဘဲ၊ သတ္တမ ကောင်းကင်တမန် တံပိုးမှုတ် သောအခါ၊ ပြည့်စုံမည်ဟု ကြွေးကြော်ခြင်း ဖြစ်သည်။ ကောင်းကင်တမန် ကမှုတ်မည့် တံပိုးသည်၊ ခုနှစ်ခုမြောက် ဖြစ်၍ ှဗျာ ၁၁:၁၅၌ ဖေါ်ပြထားသည်။ ဘုရားသခင်၏ ​ကျွန်ပရောဖက်များအတွက်၊ ၀မ်းမြောက်စရာ သတင်းသည်၊ အဘယ်အရာ ဖြစ်မည်နည်း။ ပရောဖက် များသည်၊ ဘုရား ပြောခိုင်းသော သတင်းကို၊ လူများတို့ အား၊ ကြားပြောသော သူများ ဖြစ်သည်။ လူများသည် အပြစ် လုပ်သောကြောင့်၊ နောင်တ ရဘို့၊ နောင်တ မရလျှင် ဘုရား၏ အမျက်တော် ခံ၍၊ တရားစီရင်ခြင်း ခံရမည့် အကြောင်း များကို ဖေါ်ပြ ကြသည်။ သို့သော် သူတို့၏ သတိပေးခြင်းကို လူများ တို့သည်၊ မယုံကြည် တတ်ကြချေ။ “ငါတို့ ဟောပြောသော သိတင်း စကားကို အဘယ်သူ ယုံသနည်း၊၊ ထာ၀ရ ဘုရား၏ လက်တော်သည် အဘယ်သူအား ထင်ရှား တော်မူ သနည်း”ဟု ပရောဖက် ဟေရှာယကညီးခဲ့ဘူးသည် (ဟေရှာယ ၅၃:၁)။

 

၈။ ငါကြားရသော ကောင်းကင် အသံသည်၊ တဖန် ငါ့အား ပြောသည်ကား၊ မြေနှင့် ပင်လယ်ပေါ်မှာ ရပ်နေသော ကောင်းကင်တမန်၏ လက်၌၊ ဖွင့်ထားလျက် ရှိသော စာစောင်ငယ်ကို သွား၍၊ ယူလော့ဟုဆိုလျှင်၊ ၉။ ငါသည် ကောင်းကင်တမန် ထံသို့ သွား၍၊ စာစောင်ငယ်ကို ပေးပါဟု တောင်း၏။ သူကလည်း ယူ၍ စားလော့။ ၀မ်းကို ခါးစေလိမ့်မည်။ သို့သော်လည်း၊ ပစပ်၌ ပျားရည်ကဲ့သို့ ချိုလိမ့်မည်ဟုဆိုလျှင်၊ ငါသည် စာစောင်ကို၊ ကောင်းကင်တမန်၏ လက်မှယူ၍၊ စား၏။ ပစပ်၌ ပျားရည်ကဲ့သို့ ချို၏။ စားပြီးမှ၀မ်း၌ ခါး၏။

စာစောင်ကို၊ ယောဟန်စား သောအခါ၊ ပါးစပ်၌ ပျားရည်ကဲ့သို့ ချိုသည်၊ ဟုဆိုသည်။ အဘယ်ကြောင့်နည်း။ ထိုစာစောင်ငယ်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်သည်။ စာစောင်ကို စားခြင်း ဆိုသည်မှာ၊ နှုတ်ကပတ်တော်ကို ခံယူခြင်း ဖြစ်သည်။ သမ္မာတရား တည်း ဟူသော၊ ဘုရားသခင်၏ အကြံအစည်တော်ကို သိသောအခါ၊ အလွန်အားရ၀မ်းမြောက်တတ် ကြသည်။ အထူးသဖြင့် ဗျာဒိတ်ကျမ်း၏၊ ဆိုလိုရင်းများကို နားလည် သောအခါ၊ အလွန် ၀မ်းမြောက်တတ်သည်။ အလွန် ချိုမြိုန်သည်။ ဗျာဒိတ်ကျမ်း၌ ရေးထားသော ဘေးဒဏ်များ မှ၊ လွတ်မြောက်မည့် အရာများကို၊ သိသောအခါ အလွန်အားရ၀မ်းမြောက်တတ် ကြသည်။ သို့သော်၊ ထိုတရားစီရင်ခြင်း များကို သိ၍၊ ကိုယ်၏ မိဘညီအစ်ကို မောင်နှမ သားသမီး များ၊ ဆွေမျိုးများနှင့် မိတ်ဆွေများက၊ မယုံကြည် သောကြောင့်၊ ထိုဘေးဒဏ်ကြီးကို ခံစားရမည့် အရာကို၊ ဆင်ခြင် သောအခါ အလွန် ၀မ်းနည်းရပြန်သည်၊ အလွန် ခါးသည်။ ကိုယ်တိုင်ဘေးဒဏ်ကြီး မှလွတ်မှာ ဖြစ်သောကြောင့်၊ အားရ၀မ်းမြောက်သလောက်၊ သူတပါးအတွက် စဥ်းစားပေး သောအခါ၊ အလွန် ၀မ်းနည်းရသည်။ ယောဟန်လည်း ဘုရားသခင်၏ အလိုတော်ကို သိသောအခါ၊ အလွန်အားရသော်လည်း၊ ဘေးဒဏ်ကြီး ကာလ၌ ခံရမည့်သူများအတွက်၊ ခါးသည်ဟု ခံစားရသည်။

 

၁၁။ ကောင်းကင်တမန် ကလည်း၊ သင်သည် အသီးအသီးဘာသာစကားကို ပြောသော လူအမျိုးမျိုး တို့၌ ၎င်း၊ ရှင်ဘုရင်တို့၌ ၎င်း၊ တဖန် ပရောဖက် ပြု၍ ဟောပြောရမည်ဟုဆိုလေ၏။

ဘုရားသခင်၏ လုပ်ဆောင်ချက် နှင့်၊ တရားစီရင်မည့် အချက်များသည်၊ ယောဟန်ကသိရှိ၍ အရသာခံဘို့ရန် သက်သက် မဟုတ်၊ လူတိုင်းကို ဟောပြောဘို့ရန် စေခိုင်းခဲ့ပါသည်။ များစွာသော ယုံကြည်သူများသည် လည်း၊ ဤ သမ္မာတရားကို သိသောအခါ၊ အလွန်အားရ၍ (ချို၍) အရသာခံဘို့ရန် သက်သက် ဖြစ်တတ်သည်။ ကိုယ်သိပြီးသောအရာ ကို၊ သူတပါးထံ၌ ပြောပြခြင်း မရှိတတ်ကြချေ။ ဘုရားသခင်က၊ ကိုယ်သိပြီးသောအရာ ကို၊ မသိ သေးသော လူများထံ၊ ဟောပြောခိုင်းသည်။ ယုံကြည်သူများသည်၊ တခုတည်းသော ဘုရား ခိုင်းသည့်အရာကို၊ မလုပ်ချင်ဘဲ၊ အခြားအရာများကို လုပ်တတ် ကြသည်။ ဘုရား ခိုင်းသည်မှာ၊ ဤ သမ္မာတရားကို၊ မသိ သေးသော သူများထံ၊ ဖြန့်ဝေဘို့ ဖြစ်သည်။ ယခုမှစ၍ကိုယ့်အနီးအနား၌ ရှိသော လူတိုင်း ထံဝေငှကြပါစို့။

 

ဗျာ ၁၀ မေးခွန်းများ

 

၁။ မိုဃ်းတိမ်ကို ၀တ်ခြင်း ဆိုသည်မှာ အဘယ်အရာနည်း။ —————————————————

၂။ ကောင်းကင်တမန် သည် ပင်လယ်နှင့် မြေပေါ်ရပ်ခြင်း ဆိုသည်မှာ ဘာကို ဆိုလိုသနည်း—————————————————။

၃။ ကောင်းကင် မတန်လက်ထဲ၌ ဘာရိှသနည်း။ —————————————————

၄။ မိုဃ်းကြိုးသံခုနှစ်ချက်ကို အဘယ်ကြောင့်မရေးခိုင်းသနည်း။ —————————————————

၅။ လက်မြေှာက်ခြင်း ဆိုသည်မှာ ဘာကို ဆိုသနည်း။ —————————————————

၆။ ဘုရားသခင်၏ ​ကျွန်ပရောဖက်များအတွက်၊ ၀မ်းမြောက်စရာ သတင်းသည် ဘာ ဖြစ်နည်နည်း။ —————————————————

ရ။ ယောဟန်ကစာစောင်ကို စား သောအခါ၊ ဘာအရသာရှိသနည်း။ —————————————————

၈။ စာစောင်စား သောအခါ အဘယ်ကြောင့်ချိုသည်ဟုဆိုသနည်း။ —————————————————

၉။ စာစောင်စား သောအခါ ၀မ်း၌ အဘယ်ကြောင့်ခါးသနည်း။ —————————————————

၁၀။ သင်သည် ဗျာဒိတ်ကျမ်းကို လေ့လာခြင်းဖြင့် မည်ကဲ့သို့ ခံစား သနည်း။ —————————————————

.

 

ဗျာဒိတ်ကျမ်း ၁၁

 

တတိယဗိမာန်တော် ဆောက်မည်

 

ဗျာဒိတ်ကျမ်း ၆ မှ ၁၉ အထိ သည် အနာဂတ်မှာ ဖြစ်မည့် ဘေးဒဏ်ကြီး ကာလ အကြောင်းကို ကြိုတင် ရေးထားခြင်း ဖြစ်သည်။ အဘယ်ကြောင့်မ ဖြစ်သေးသောအရာ ကို ထိုသို့ ရေးနိင်သနည်းဟူမူကား အရာခပ်သိမ်းသည် ဘုရားသခင်၏ အစီအစဥ်အတိုင်း ဖြစ်သောကြောင့် ဖြစ်သည်။ ဘေးဒဏ်ကြီး ကာလ၌၊ ယေရုရှလင် မြို့တွင် ဗိမာန်တော် ပြန်ဆောက်မည့် အရာကို ရေးထားသည်။ ထိုအရာကို ကြည့်ကြစို့။

 

၁။ တဖန်၊ တုံလှံတံနှင့် တူသော ကျူပင်တလုံးကို၊ ငါ့အား ပေး၍၊ ငါ့ကို ပြောဆိုသည်ကား၊ ထလော့။ ဘုရားသခင်၏ ဗိမာန်တော်နှင့် ယဇ်ပလ္လင်ကို တိုင်းလော့။ ဗိမာန်တော်၌ ကိုး ကွယ်သော သူတို့ကိုလည်း၊ ရေတွက်လော့။

ဘုရားသခင်၏ ဗိမာန်တော်နှင့် ယဇ်ပလ္လင်ကို တိုင်း ခိုင်းသည်။ ထိုသို့ တိုင်း ခိုင်းခြင်းသည်၊ ဗိမာန်တော် ပြန်ဆောက်မည့် အရာကို ဖေါ်ပြသည်။ ပဌမ ဦးဆုံးဗိမာန်တော်ကို ရှောလမုန်မင်းက၊ ဘီစီ ၉၆၀ခန့်တွင် ဆောက်ခဲ့ကာဘီစီ ၅၈၆တွင် ဗာဗုလုန်စစ်သားများကဖျက်စီးခဲ့သည်။ ဒုတိယဗိမာန်တော်ကို၊ ယေရုဗဗေလဦးဆောင်ခြင်းဖြင့် ဘီစိ ၅၃၈တွင် စတင်ဆောက်၍ ဘီစီ ၅၁၅တွင်ပြီး စိီးခဲ့သည်။ ထိုဗိမာန်တော်ကို ဟေရုဒ်မင်းကပြန်လည်မွန်းမံတည်ဆောက်ခဲ့သည်။ ထိုဗိမာန်တော်ကို၊ ရောမစစ်သားများကအေဒီရ၀တွင် မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုဗိမာန်တော် နေရာတွင်၊ မူစလင်များ ကဗလီကို အေဒီ ၆၉၁ နှစ်တွင် ဆောက်ကာ၊ ယခုတိုင်တည်နေဆဲ ဖြစ်သည်။ ၁၉၆ ရခုနှစ်အစ္စရေးအာရပ်​ခြောက်ရက်ကြာစစ်ပွဲ၌၊ အစ္စရေးများ ကဗိမာန်တော် နေရာကို သိမ်းပိုက် နိင်ခဲ့သော်လည်း၊ အာရပ်များ ထံသို့ ပြန်လည်အပ်နှံခဲ့သည်။ အစ္စရေးများ ကထိုနေရာ၌၊ ဗိမာန်တော်ကို ပြန်လည်ဆောက်ဘို့ရန်၊ ပစ္စည်းများကို ၁၉၉၅ ခန့်မှစ၍ စုဆောင်း ပြင်ဆင် ခဲ့ကြရာ၊ ယခုအခါ ပြင်ဆင်ပြီး သွားခဲ့သော်လည်း၊ ဆောက်လုပ်ခွင့်မရရှိကြသေးချေ။ ချီဆောင်ခြင်း အပြီး၌၊ အန္တီ ခရစ်က၊ အာဏာရလာ သောအခါ၊ အစ္စရေးများနှင့် ခုနှစ်နှစ်ပဋ္ဋိညာဥ်ပြု၍၊ ဗိမာန်တော် ဆောက်ခွင့်ကို ပေးမှာ ဖြစ်သည်။ ထိုသို့ ပြီးမှဓမ္မဟောင်းကာလ၌၊ ယဇ်ပူဇော် သကဲ့သို့ ယဇ်ပူဇော်ကြမှာ ဖြစ်သည်။

 

ထိုအရာကို ပရောဖက် ကဤသို့ ရေးခဲ့ပြီ၊ “တသိတင်းတွင် လူအများ တို့နှင့် ပဋ္ဋိညာဥ်ဖွဲ့ခြင်းရှိ၍၊ ထိုသိတင်း တ၀က်တွင်၊ ယဇ်ပူဇော်ခြင်းနှင့် ဆက်ကပ်ခြင်းကို၊ ပပျောက်စေလိမ့်မည်။ ရွံရှာဘွယ်သောအရာ ၏ အထွဋ္ဋ်ပေါ်သို့၊ ဖျက်ဆီးသော သူသည် ရောက်၍၊ စီရင်ဆုံးဖြတ်သော သုတ်သင် ပယ်ရှင်းခြင်းသည်၊ ပျက်စီးအပ်သော သူတို့ကို၊ မလွှမ်းမိုးမှီတိုင်အောင်၊ ထိုသို့ဖြစ်လိမ့်မည်ဟု ကြားပြော၏။” (ဒံ ၉:၂ရ)

 

ခရစ်တော် ကလည်း၊ ဒံယေလရေးထားသောအရာ ကို၊ ဤသို့ကိုးကား၍ ပြောခဲ့သည်၊ “ထိုကြောင့်ပရောဖက် ဒံယေလဟောသည် အတိုင်း၊ ဖျက်ဆီးတတ်သော ရွံ့ရှာဘွယ်အရာသည်၊ သန့်ရှင်းသော အရပ် ဌာန၌၊ စိုက်နေသည်ကို သင်တို့ မြင်ရလျှင်၊ ကျမ်းစာကို ကြည့်သော သူသည်၊ နားလည်ပါစေ။ ထိုသို့ မြင်ရလျှင်၊ ယုဒပြည်၌ ရှိသော သူတို့သည်၊ တောင်ပေါ်သို့ ပြေးကြစေ။ အိမ်မိုးပေါ်မှာ ရှိသော သူသည်၊ အိမ်ထဲကဥစ္စာကို ယူခြင်းငှါ၊ မဆင်းစေနှင့်။ လယ်၌ ရှိသော သူလည်း၊ မိမိ အ၀တ်ကို ယူခြင်းငှါ၊ နောက်သို့ မပြန်စေနှင့်၊ ထိုနေ့ရက်၌ကိုယ်၀န်ဆောင်သော မိန်းမနှင့်၊ နို့စို့သူငယ်ရှိသော မိန်းမတို့သည်၊ အလွန် ခက်ကြလိမ့်မည်။ သင်တို့ ပြေးရသော အချိန်သည်၊ ဆောင်းကာလ၌ မကျ၊ ဥပုသ်နေ့၌လည်း မကျမည်အကြောင်း၊ ဆုတောင်း ကြလော့။ အကြောင်းမူကား၊ ကမ္ဘာဦးမှစ၍ ယခုတိုင်အောင် မဖြစ်စဖူး၊ နောက်၌လည်း မဖြစ်လတံ့သော၊ ကြီးစွာသော ဒုက္ခသည်၊ ထိုကာလ၌ ဖြစ်လိမ့်မည်။ ထိုကာလ တာရှည်လျှင်၊ အဘယ်သူ မျှမလွတ်နိုင်ရာ။ ရွေးချယ်သော သူတို့ အဘို့ အလိုငှါ၊ ထိုကာလသည် တိုလိမ့်မည်။” (မ ၂၄:၁၅)

 

ဒံယေလနှင့် သခင်ယေရှု ပြောသော သန့်ရှင်းရာအရပ်သည်၊ ဗိမာန်တော် ဖြစ်သည်။ ဖျက်ဆီးတတ်သော ရွံရှာဘွယ်အရာသည်၊ အန္တီ ခရစ် ဖြစ်သည်။ လင်ယောက်ျားအတွက်၊ ရွံစရာသည် မိန်းမဖေါက်ပြန်ခြင်း ဖြစ်သကဲ့သို့၊ ဘုရား အတွက် ရွံစရာ ကောင်းသောအရာ သည်၊ ဘုရား အတု၊ စာတန်၏ လူ၊ အန္တီ ခရစ် ဖြစ်သည်။ အန္တီ ခရစ်သည်် ဣသရေလ လူများကို၊ ဘေးဒဏ်ကြီး ကာလ အစပိုင်း၌၊ ဗိမာန်တော် ပြန်ဆောက်ခွင့်ပေးလိမ့်မည်။ သုံးနှစ်ခွဲယဇ်ပူဇော်ခြင်းကို ခွင့်ပြုလိမ့်မည်။ သုံးနှစ်ခွဲ (ဘေးဒဏ်ကြီး ကာလ၏ အလယ်) တွင်၊ သူကိုယ်တိုင်ဘုရား ဖြစ်သည်ဟု၊ ဗိမာန်တော် ထဲ၌ ထိုင်၍၊ ကိုး ကွယ်ခိုင်းမည်။ ထိုအရာကို ရှင်ပေါလုကလည်း၊ ဤသို့ ရေးထားသည်၊ “အဘယ်သူ မျှသင်တို့ကို အဘယ်သို့ အားဖြင့် မလှည့်ဖြားစေနှင့်။ ထိုနေ့ရက်မရောက်မှီ၊ ဖောက်ပြန်သင်းခွဲခြင်းသည် အရင် ဖြစ်၍၊ ဒုစရိုက်လူတည်း ဟူသော၊ ပျက်စီးခြင်း၏ သားသည်၊ ပေါ်လာရလိမ့်မည်။ ထိုသူသည် ဘုရားသခင် ဟူ၍၎င်း၊ ဘုရား ဟူ၍၎င်း၊ ခေါ်ဝေါ်သမျှသောအရာ တို့ကို၊ ရန်ဘက်ပြု၍၊ ကိုယ်ကိုကိုယ်ချီးမြောက်သော အားဖြင့်၊ ဘုရားသခင်၏ ဗိမာန်တော်၌၊ ဘုရားသခင်က ဲ့သို့ ထိုင်၍၊ ဘုရားသခင် ဖြစ်ယောင်ဆောင်လျက်၊ ကိုယ်ကို ပြသောသူ ဖြစ်သတည်း။” (၂ သက် ၂:၃-၄)။ ရှင်ပေါလုကထိုသို့ ရေးသောအချိန် တွင်၊ ဗိမာန်တော်သည် ရှိသေးသည်။ ယောဟန်က ဗျာဒိတ်ကျမ်းရေးသောအချိန် အေဒီ ၉၆ ခန့်တွင်၊ ဗိမာန်တော် မရှိတော့ချေ။ ရောမစစ်သားများကအေဒီရ၀တွင် မီးရှို့ဖျက်ဆီးခဲ့ပြီ။ သို့သော် အနာဂတ်တွင် ပြန်ဆောက်လာကြမှာ ဖြစ်၍၊ ယခုအခါ အဆင်သင့် ဖြစ်နေပြီ။ အဘယ်ကြောင့်မဆောက်သေးသနည်းဟူမူကား၊ အန္တီ ခရစ်ကခွင့်မပြု သေးသောကြောင့် ဖြစ်သည်။ ထိုခွင့်ပြုချက်မတိုင်မှီ ချီဆောင်ခြင်း ဖြစ်မှာ ဖြစ်သောကြောင့်၊ ယခုအခါ ချီဆောင်ခြင်း အလွန် နီးနေပြီ။

 

၂။ ဗိမာန်တော် တန်တိုင်းကို မတိုင်း နှင့်၊ ပယ်ထားလော့။ တပါးအမျိုးသား တို့၌ အပ်ပေးပြီ။ သူတို့သည် သန့်ရှင်းသော မြို့တော်ကို၊ လလေးဆယ်နှစ်လပတ်လုံးနင်းကြလိမ့်မည်။

ဗိမာန်တော်နှင့် ယဇ်ပလ္လင်ကို တိုင်း ခိုင်းသော်လည်း၊ အဘယ်ကြောင့်ဗိမာန်တော် တန်တိုင်းကို၊ မတိုင်း ခိုင်းသနည်း။ တိုင်းခြင်း ဆိုသည်မှာ ယပိုင်ဆိုင်ခြင်းကို ဖေါ်ပြသည်။ အန္တီ ခရစ်ကဗိမာန်တော်ကို ပြန်လည်ဆောက်ခွင့်ပေးသော်လည်း၊ တန်တိုင်း တော်သည် တပါးအမျိုးသား များက ယပိုင်ဆိုင်သောကြောင့် ဖြစ်သည်။ ဗိမာန်တော်ကို မူစလင်များ၏ ဗာလီအနား၌ ဆောက်သောကြောင့် တန်တိုင်း တော်သည်၊ မူစလင်များက ယပိုင်ဆိုင်မည့် အရာကို ဖေါ်ပြခြင်း ဖြစ်သည်။ တပါးအမျိုးသား တည်း ဟူသော မူစလင်များ ကဗိမာန်တော်ကို လေးဆယ်နှစ်လတည်း ဟူသော၊ သုံးနှစ်ခွဲလုံးလုံး ယပိုင်ဆိုင်မှာ ဖြစ်သည်။ ဗိမာန်တော် နေရာကို၊ ယခုပင်လျှင် တပါးအမျိုးသားများဖြစ်သော မူစလင်များ ကပိုင်သော်လည်း၊ အဘယ့်ကြောင့်သုံးနှစ်ခွဲပိုင်မည်ဟုဆိုသနည်း။ သုံးနှစ်ခွဲပိုင်ခြင်းသည် ဗိမာန်တော် ဆောက်ပြီးမှရေတွက်ခြင်း ဖြစ်သောကြောင့် ဖြစ်သည်။ ဘေးဒဏ်ကြီး ကာလသည် ခုနှစ်နှစ် ဖြစ်၍၊ ဗိမာန်တော်ကို ဘေးဒဏ်ကြီး ကာလ အစပိုင်း၌ ဆောက်ကာ၊ သုံးနှစ်ခွဲအချိန်တွင် ဗိမာန်တော် အထဲ၌၊ အနီျွှ ခရစ်ကသူက၊ သူသည် ခရစ်တော် ဘုရား ဖြစ်သည်ဟု ကျေညာမှာ ဖြစ်သည် (ဒံမ ၂၄:၁၅၊ ၂ သက် ၂:၃-၄)။

 

သက်သေခံနှစ်ပါး

၃။ ငါ၏ သက်သေခံနှစ်ပါးကို ငါအခွင့်ပေးမည်။ သူတို့သည် လျှော်တေအ၀တ်ကို ၀တ်လျက်၊ အရက်တထောင်နှစ်ရာ​ခြောက်ဆယ်ပတ်လုံးပရောဖက် ပြုကြလိမ့်မည်။

ဘုရားသခင်က သူ၏ သက်သေခံနှစ်ပါးကို၊ ဘေးဒဏ်ကြီး ကာလ၌ စေလွှတ်မှာ ဖြစ်သည်။ လျှော်တေအ၀တ်၀တ်ခြင်း ဆိုသည်မှာ ၀မ်းနည်းခြင်း၊ နှိမ့်ချခြင်းကို ဖေါ်ပြသည်။ ဘုရား၏ သက်သေခံနှစ်ပါးတို့သည်၊ အရက်တထောင်နှစ်ရာ​ခြောက်ဆယ်တည်း ဟူသော၊ သုံးနှစ်ခွဲပတ်လုံးသက်သေခံကြလိမ့်မည်။ ထိုသုံးနှစ်ခွဲသည် ခုနှစ်နှစ်ဘေးဒဏ်ကြီး ကာလ၏ တ၀က် ဖြစ်သည်။ သူတို့ ပရောဖက် ပြုမည့် အရာများသည် ဘုရားသခင် ယုံကြည်ဘို့၊ စာတန်နှင့် သူ၏ လူအန္တီ ခရစ်နှင့်၊ မိစ္ဆာပရောဖက် တို့၏ လိမ်လည်လှည့်ဖျားခြင်းကို၊ မယုံကြည် ဘို့နှင့် သူတို့ကို မကြောက်ဘို့၊ ဘုရားသခင်၏ တရားစီရင်ခြင်းများခံရမည့် အရာများ ဖြစ်ပေလိမ့်မည်။ တံပိုးခုနှစ်ခုမြောက်မှုတ် သောအခါ၊ ဘုရားသခင်၏ အမျက်တော် ဖလားခုနှစ်လုံး၊ မြေကြီး အပေါ်၌လောင်းမည့်အရာများကို သတိပေးပေလိမ့်မည်။

 

၄။ ထိုသူတို့သည်ကား၊ မြေကြီး အရှင်၏ ရှေ့တော်၌ စိုက်ထားသော၊ သံလွင်ပင်နှစ်ပင်နှင့် မီးခွက်နှစ်လုံး ဖြစ်သတည်း။

သက်သေခံနှစ်ပါးတို့သည်၊ သံလွင်ပင်နှစ်ပင်နှင့် မီးခွက်နှစ်လုံး ဖြစ်သည်ဟုဆိုသည်။ သံလွင်ပင်နှစ်ပင်နှင့် ဆီမီးခုံကို ိဓမ္မဟောင်း၌ တွေ့ရသည်။ ဘုရားသခင်က ဗာဗုလုန်များ ဖျက်ခဲ့သော ဗိမာန်တော်ကို၊ ယုဒမြို့၀န်ဇေရုဗဗေလနှင့် ယဇ်ပုရောဟိတ် ယောရှုတို့ အား၊ ဦးဆောင်၍ တည်ဆောက်ခိုင်းသည် (ဧဇရ ၁)။ သူတို့ နှစ်ယောက်သည် ဘုရားသခင် ဘိသိက်ထားသော သူများ ဖြစ်၍၊ ဆီမီးခုံကို ဆီဖြည့်ပေးသော သံလွင်ပင်နှင့် နှုိင်းထားသည် (ဇာခရိ ၄)။ သူတို့ တည်ဆောက်ရမည့် ဗိမာန်တော်သည် ကြီးမားသည်။ ပဌမ ဗိမာန်တော် ဆောက်ခဲ့စဥ်က၊ ရှောလမုန်မင်းသည် အာဏာနှင့် ရွှေငွေချမ်းသာ ကြွယ်၀သည်။ ဗိမာန်တော် ဆောက်ဘို့ရန် အခက်အခဲမရှိ။ ဘခင်ဒါ၀ိဒ်ကလည်း ကြိုတင်၍၊ ပစ္စည်းများ စုဆောင်းထားခဲ့သည်။ ဇေရုဗဗေလနှင့် ယောရှုတို့အတွက်၊ ဗိမာန်တော် ဆောက်ဘို့ရန်မှာ၊ တောင်ကြီးကို ဖြုိ သကဲ့သို့ ကြီးမားသော အလုပ် ဖြစ်သည်။ ကျမ်းစာ၌၊ “ဇေရုဗဗေလသို့ ရောက်လာသော၊ ထာ၀ရ ဘုရား၏ နှုတ်ကပတ်တော် ဟူမူကား၊ ဤအမှု (ဗိမာန်တော် ဆောက်မည့်အမှု) သည် ဗိုလ်​ခြေအားဖြင့် မဟုတ်၊ အာဏာတန်ခိုးအားဖြင့် မဟုတ်၊ ငါ့၀ိညာဥ်အားဖြင့် ဖြစ်လိမ့်မည်ဟု၊ ကောင်းကင် ဗိုလ်​ခြေအရှင်ထာ၀ရ ဘုရား မိန့်တော်မူ၏။ အိုတောင်ကြီး၊ သင်သည် အဘယ်သို့ နည်း။ ဇေရုဗဗေလရှေ့မှာ ညီသော အရပ် ဖြစ်ရလိမ့်မည်။ လူများ တို့က၊ ကျေးဇူးတော် ရှိပါစေသော။ ကျေးဇူးတော် ရှိပါစေသောဟု ​ေကြးကြော်လျက်၊ ထိုမင်းသည် တိုက်ထောင့်အထွဋ္ဋ်ကျောက်ကို တင်ထားရလိမ့်မည်။ (ဇာခရိ ၄:၆ -ရ) ဟုအား ပေးခဲ့သည်။ ဆိုလိုသည်မှာ၊ ဗိမာန်တော်ကို ဇေရုဗဗေလကိုယ်တိုင်၊ အဆုံးသတ်ရမည်။ ထိုဗိမာန်တော်ကို ရှောလမုန်မင်းကဲ့သို့၊ တန်ခိုးအာဏာအားဖြင့် မဆောက်ဘဲ၊ ဘုရားသခင်၏ ၀ိညာဥ်တော် တန်ခိုးအားဖြင့်၊ ဆောက်မည်ဟုဆိုသည်။ ၀ိညာဥ်တော်က၊ ဇေရုဗဗေလနှင့် ယောရှုတို့ နှစ်ယောက်ကို အသုံးပြုမှာ ဖြစ်သည်။

 

ဇေရုဗဗေလနှင့် ယောရှုတို့သည်၊ ဗိမာန်တော် ဆောက်ဘို့ရန် အတွက်၊ ၀ိညာဥ်တော်အားဖြင့်အား ပေး၍၊ လူများကို နိုးဆော်ဥိီးဆောင်သော သူများ ဖြစ်သောကြောင့်၊ သံလွင်ပင်နှစ်ပင်နှင့် နှုိင်းထားခြင်း ဖြစ်သည်။ ထိုအရာကို ပရောဖက် ဇာခရိက၊ ဤသို့ ရေးသား ထားသည်၊ “ငါကလည်း၊ မီးခုံလက်ျာဘက်၊ လက်ဝဲဘက်၌ ရှိသော ထိုသံလွင်ပင်နှစ်ပင်ကား၊ အဘယ်သို့ နည်းဟူ၍၎င်း၊ ဆီညှစ်ရာရွှေစက်နှစ်ခုအားဖြင့့်၊ မိမိတို့ ဆီကို သွန်းလောင်းသော ထိုသံလွင်ကိုင်းနှစ်ကိုင်းအား အဘယ်သို့ နည်းဟူ၍၎င်း၊ မေးလျှောက်သော်၊ ကောင်းကင်တမန်က၊ ထိုအကိုင်းတို့ကို နားမလည် သလောဟု မေးလျှင၊ ်အ​ကျွန်ုပ် နားမလည် ပါသခင်ဟု လျှောက်၏။ ကောင်းကင်တမန် ကလည်း၊ ထိုအကိုင်းတို့သည် မြေကြီး တပြင်လုံးကို အစိုးပိုင် တော်မူသော အရှင်၏ ရှေ့တော်၌ ရပ်နေသော၊ ဘိသိက်ခံသူနှစ်ပါး ဖြစ်သည်ဟုဆို၏။” (ဇာခရိ ၄:၁၁-၁၄) ထိုဘိသိက်ခံသူနှစ်ပါးသည် မြို့၀န်မင်းဇေရုဗဗေလနှင့် ယဇ်ပုရောဟိတ် ယောရှုတို့ ဖြစ်သည်။

 

ဘေးဒဏ်ကြီး ကာလ၌လည်း၊ စာတန် ကအန္တီ ခရစ်နှင့် မိစ္ဆာပရောဖက် တို့ကို အသုံးပြု၍၊ တလောက လုံးကို အုပ်စိုးချိန်တွင် ဘုရားသခင် အတွက် သက်သေခံမည့် အရာသည်၊ အလွန် ကြီးမားသော လုပ်ငန်း ဖြစ်သည်။ အတိုက်အခံများစွာ ခံရမှာ ဖြစ်သည်။ စာတန် အုပ်စိုးသောကြောင့်၊ ၀ိညာဥ်ပိုင်း၌ ကမ္ဘာလောကသည် မှောင်မိုက်ချိန် ဖြစ်၍၊ ညမှောင်မိုက်ချိန်တွင် မီးခွက်အားဖြင့် အလင်းတွေ့ရ သကဲ့သို့၊ ထိုသက်သေခံနှစ်ပါးသည်လောက သားများအတွက် အလင်း ဖြစ်မည်။ သူတို့ကို သံလွင်ဆီတည်း ဟူသော သန့်ရှင်းသော ၀ိညာဥ်တော် ကတန်ခိုးပေးထားမှာ ဖြစ်သည်။

 

၅။ တစုံတယောက်သော သူသည်၊ သူတို့ကို ညှဥ်းဆဲခြင်းငှါ အလိုရှိလျှင်၊ သူတို့၏ ခံတွင်း ထဲကမီးထွက်၍ ရန်သူတို့ကို မျိုတတ်၏။ တစုံတယောက်သော သူသည်၊ ထိုသူတို့ကို ညှဥ်းဆဲခြင်းငှါ အလိုရှိလျှင်၊ ထိုသို့ အသေသတ်ခြင်းကို ခံရမည်။

လောက သားများကသက်သေခံနှစ်ဦးကို၊ အလိုရှိမည် မဟုတ်ကြောင်း ကြိုတင် သိရသည်။ ထို့ကြောင့် ထိုသူနှစ်ယောက်တို့ကို အသေသတ်ချင် ကြလိမ့်မည်။ သို့သော် သူတို့ကို ညှဥ်းဆဲသတ်ဖြတ်မည့်သူ များကို သူတို့၏ ခံတွင်း ထဲမှမီးထွက်၍ မျိုလိမ့်မည်ဟုဆိုသည်။ ခံတွင်း ထဲမှမီးထွက်ခြင်းသည် တကယ့်မီးထွက်ခြင်းလည်း ဖြစ်နိင်သည်။ သို့မဟုတ် မီးထွက်ဘို့ရန် အမိန့်ပေးခြင်းလည်း ဖြစ်နိင်သည်။ ဧလိယသည် သူ့ကို ဖမ်းမည့် တပ်မှုးနှင့် စစ်သား ငါးဆယ်ကို ကောင်းကင် မှမီးကျစေ ခြင်းအားဖြင့်၊ နှစ်ဖွဲ့သေ စေခဲ့ဘူးသည် (၄ရာ ၁:၁၀- ၁၂)။ ဘုရားသခင်က ပရောဖက် ယေရမိထံ၌ ဤသို့ ပြောခဲ့ဘူးသည်၊ “ကောင်းကင် ဗိုလ်​ခြေအရှင် ဘုရားသခင် ထာ၀ရ ဘုရား မိန့်တော်မူသည်ကား၊ သူတို့သည် ထိုသို့ ဆိုသောကြောင့်၊ ငါ့စကားကို သင်၏ နှုတ်၌ မီးကဲ့သို့၎င်း၊ ဤလူမျိုးကို ထင်းကဲ့သို့၎င်းငါ ဖြစ်စေ၍ သူတို့ကို မီးလောင်ရလိမ့်မည်။” (ယေရမိ ၅:၁၄)။

 

၆။ ထိုသူတို့သည် ပရောဖက် ပြုသော နေ့ရက်ကာလ၌ မိုဃ်းမရွာစေခြင်းငှါ၊ မိုဃ်းကောင်းကင်ကို ပိတ်ရသော အခွင့်၊ မြစ်ရေ၊ တွင်းရေကို အသွေး ဖြစ်စေရသော အခွင့်၊ မိမိတို့ အလိုရိှသမျှ သောအခါ၌၊ ဘေးအမျိုးမျိုး ဖြင့် မြေကြီးကို ဒဏ်ခတ်ရသော အခွင့်ကို ရကြ၏။

သက်သေခံနှစ်ယောက်တို့သည် သူတို့၏ စကားကို တည်စေခြင်း ငှါ၎င်း၊ မယုံကြည် သောလောကသား များကို ဒဏ်ခတ်ခြင်း ငှါ၎င်း၊ မိုဃ်းမရွာစေခြင်းငှါ မိုဃ်းကောင်းကင်ကို ပိတ်မည်။ ဧလိယသည် ဗာလဘုရားကို ကိုး ကွယ်သော ဣသရေလများကို၊ သုံးနှစ်ခွဲမိုဃ်းမရွာစေခြင်း ငါှဒဏ်ခတ်ခဲ့ဘူးသည် (၃ရာ ၁ရ)။ သက်သေခံနှစ်ပါးသည် မြစ်ရေ၊ တွင်းရေများကို အသွေး ဖြစ်စေမှာ ဖြစ်သည်။ မောရှေသည် အဲဂုတ္တု ပြည် ရှိနိင်းမြစ်နှင့် ရေအားလုံးကို၊ အသွေး ဖြစ်စေခဲ့ဘူးသည် (ထွက်ရ)။ ထိုသို့ မိုဃ်းကောင်းကင်ကို ပိတ်နိင်ခွင့်နှင့် ရေကို အသွေး ဖြစ်စေနိင်မှာ ဖြစ်သောကြောင့်၊ ထိုသက်သေခံနှစ်ပါးတို့သည်၊ မောရှေနှင့် ဧလိယ ဖြစ်မည်ဟု၊ ယူဆ ကြသည်။ သူတို့ နှစ်ယောက်လည်း ဖြစ်နိင်သည်။ သို့မဟုတ် အခြားသူလည်း ဖြစ်နိင်သည်။ ဘုရားသခင်သည် အလိုရှိသော သူကို အသုံးပြုနိင်သည်။ အဘယ်ကြောင့်ထိုသက်သေခံနှစ်ပါးကို စေလွှတ်သနည်းဟူမူကား၊ ဘုရားသခင်သည် ဘေးဒဏ်ကြီး ကာလ အတွင်း ၌လည်း၊ လူများကို ကယ်တင်လိုသည်။ ဒုက္ခ ဆင်းရဲ တွေ့ကြုံခြင်းအားဖြင့် လူများသည်၊ ဘုရားသခင် ထံသို့ တိုး၀င်ချဥ်းကပ်စေလိုသည်။

 

ရ။ သူတို့သည် သက်သေခံပြီး သောအခါ၊ အနက်ဆုံးသောတွင်း ထဲကတက်သောသားရဲသည်၊ သူတို့ကို စစ်တိုက်၍အောင် လိမ့်မည်။ အသက်ကို သတ်ပြီးမှ၊

သက်သေခံနှစ်ပါးတို့သည်၊ သုံးနှစ်ခွဲလုံးလုံးဘေးအန္တရာယ် ကင်းစွာ ဖြင့်၊ သက်သေခံနိင်မှာ ဖြစ်သော်လည်း၊ သူတို့အတွက် ဘုရားသခင်က သတ်မှတ်ထားသောအချိန် စေ့သောအခါ၊ အနက်ဆုံးသောတွင်း ထဲမှတက်လာသော၊ သားရဲကသူတို့ကို စစ်တိုက်၍၊ အောင် လိမ့်မည်ဟုဆိုသည်။ အနက်ဆုံးသောတွင်း သည်၊ စာတန် တည်း ဟူသော ရှေးမြွေဟောင်းကို အနှစ်တစ်ထောင်ထောင်ချမည့် နေရာ ဖြစ်သည်။သားရဲသည် တကမ္ဘာလုံးကို အုပ်စိုးမည့် အန္တီ ခရစ် ဖြစ်သည်။ သူ့ကိုသားရဲဟု ခေါ်ခြင်းသည် ဘုရား အမြင်၌ သားရဲကဲ့သို့ဖြစ်သည်။ လူ့အမြင်၌ ကမ္ဘာသမတ၊ သို့မဟုတ် ရှင်ဘုရင် ဖြစ်မည်။ ဘုရားသခင်ကသားရဲသည် သက်သေခံနှစ်ဦးကို အနိင်တိုက်ရသော အခွင့်ကို ပေးထားသည်။

 

၈။ သူတို့ သခင်သည်၊ လက်၀ါးကပ်တိုင်မှာအသေခံ တော်မူသော အရပ်တည်း ဟူသော၊ သော ဒံုဟူ၍၎င်း၊ အဲဂုတ္တု ဟူ၍၎င်း၊ အတွင်း အနက်အားဖြင့် ခေါ်ဝေါ်သော မြို့ကြီး၏ လမ်း၌၊ အလောင်းကောင်တို့သည် နေရစ်ကြလိမ့်မည်။

သူတို့ သခင်သည် သခင်ယေရှုကို ဆိုလိုသည်။ ယေရှုကို လက်၀ါးကပ်တိုင်မှာအသေခံ တော်မူသော အရပ်သည်၊ ယေရုရှလင် မြုိ့ ဖြစ်သည်။ ထိုမြို့ကိုသော ဒုံဟု ခေါ်သည်။ ရှေးသော ဒုံမြို့သည် လိင်တူဆက်ဆံခြင်းကို ပြု၍ အပြစ် ကြီး သောကြောင့် ဘုရားသခင်က၊ ကန့်ရောသော မီးနှင့် ဒဏ်ခတ်ခဲ့ဘူးသည် (က ၁၉)။ ယေရုရှလင်နှင့် ယုဒလူများသည် အပြစ် ကြီး သောကြောင့် ဘုရားသခင်က၊ “သော ဒံုမြို့ကို အစိုးရသော မင်းတို့၊ ထာ၀ရ ဘုရား၏ နှုတ်ကပတ်တော်ကို ကြားကြလော့၊၊ ဂေါမောရမြို့သားတို့၊ ငါတို့ ဘုရားသခင်၏ တရားတော်ကို နားထောင် ကြလော့။” (ဟေရှယ ၁:၁၀) ဟုဆိုခဲ့ဘူးသည်။ ယခုအခါ၌၊ အစ္စရေးလူများသည်၊ ဘုရားသခင်ကို ဂရုမစိုက်၊ လိင်တူဆက်ဆံခြင်းကို ကျင့်သုံးထောက်ခံကာ၊ နှစ်တိုင်း ချီတက်ပွဲများ ပြုလုပ် တတ် ကြသည်။ ဘုရား၏ အမျက်တော်ကို နိုးဆော် နေကြသည်။ အဲဂုတ္တု သည်လည်း ယေရုရှလင် မြို့ကို ဆိုလိုသည်။ အဲဂုတ္တုသည်လောက၊ ဘုရား မအုပ်စိုးသော နိင်ငံ ဖြစ်သည်။ လောက သားများကသက်သေခံနှစ်ဦး၏ အလောင်းကို၊ ယေရုရှလင် မြို့လမ်းမပေါ်၌ ထားကြလိမ့်မည်။

 

၉။ အသီးအသီးဘာသာစကားကို ပြောသော လူအမျိုးအနွယ်တို့သည်၊ သုံးရက်ခွဲပတ်လုံးအလောင်းကောင်တို့ကို မြင်ရ၍၊ သင်္ဂြိုလ်ခြင်းကို မြစ်တားကြလိမ့်မည်။

သက်သေခံနှစ်ဦး၏ အလောင်းများကို၊ မသင်္ဂြိုလ်ဘဲ အဘယ်ကြောင့်လမ်းမပေါ်၌ ထားကြသနည်းဟူမူကား၊ သူတို့ကို ညှင်းဆဲခဲ့သောကြောင့်၊ သူတို့ကို အောင်မြင် စွာ သတ်နိင် သောအခါ၊ အားရကျေနပ် လွန်းသောကြောင့် ဖြစ်သည်။

 

၁၀။ မြေကြီး ပေါ်မှာ နေသော သူတို့သည် ထိုအလောင်းကောင်တို့ကို မြင် သောအခါ၊ ၀မ်းမြောက်၍ ပျော်မွေ့ခြင်းကို ပြုကြလိမ့်မည်။ တယောက်ကို တယောက် လက်ဆောင်ပေးလိုက်ကြလိမ့်မည်။ အကြောင်းမူကား၊ အထက် ကထိုပရောဖက် နှစ်ပါးတို့သည် မြေကြီး ပေါ်မှာ နေသော သူတို့ကို၊ ပြင်းစွာ နှောက်ရှက်ညှဥ်းဆဲကြသည်ဟု၊ ငါ့အား ပြောဆို လေ၏။

ထိုပရောဖက် နှစ်ပါးသည်၊ အဘယ်ကဲ့သို့ သူတို့ကို ိုပြင်းစွာ နှောက်ရှက်ညှဥ်းဆဲကြသနည်းဟူမူကား၊ သုံးနှစ်ခွဲလုံးလုံးမြေကြီး ပေါ်၌ မိုဃ်းခေါင်စေ ခြင်းအားဖြင့်၊ သောက်သုံးစရာ ရေမရှိ၊ ရှိသော ရေများလည်း သွေး ဖြစ်စေသောကြောင့် ရေငတ်၍ အလွန် ဒုက္ခ ရောက်ကြလိမ့်မည်။ သူတို့ကို သတ်ဘို့ ကြိုးစား၍လည်း မရ။ အကြောင်းမူကား သူတို့ကို မသတ်နိင်မှီသူတို့ ကအရင်သတ်တတ် ကြသည်။ သူတို့သည် နှစ်ယောက်တည်း သာ ဖြစ်သော်လည်း၊ သူတို့ ပြုလုပ်သော ဘေးဒဏ်သည် လူအများ ကအလွန် ခံစား ခဲ့ ကြသည်။ ထို့ကြောင့် သူတို့ကို ပြန်လည်ခလှ​ဲ့စားချေနိင် သောအခါ၊ အလွန်အားရ၀မ်းမြောက်ကြလိမ့်မည်။

 

၁၁။ ထိုနောက်သုံးရက်ခွဲလွန်ပြီးလျှင်၊ ဘုရားသခင့်အထံတော် ကအသက် ၀ိညာဥ်သည် သူတို့၌ ၀င်သဖြင့်၊ သူတို့သည် မတ်တတ်ထ၍ မြင်သမျှသော သူတို့သည် အလွန် ကြောက်ရွံ့ကြ၏။

လောက သားများက၊ သက်သေခံနှစ်ပါးကို အသေသတ်နိင်သောကြောင့်၊ အားရကျေနပ် နေချိန်တွင်၊ ဘုရားသခင်က သူတို့ကို အသက် ပြန်ရှင်စေသည်။ ဤနေရာ၌ကိုယ်ခန္ဓာအသက်သည်၊ ၀ိညာဥ်၌ ရှိကြောင်း တွေ့ရသည်။ အကြောင်းမူကား သူတို့၏ ၀ိညာဥ်ခန္ဓာကိုယ်၌ ၀င်သောအခါ အသက် ပြန်ရှင်သည်။ သူတို့သည် သုံးရက်ခွဲအပြင်လမ်းမပေါ်၌ ထားသောကြောင့် နွေရာသီ ဖြစ်ပါကကိုယ်ခန္ဓာပုပ်သိုးလောက်ပြီ။ သို့သော် မပုပ် မသိုးဘဲ အသက် ပြန်၀င်စေသည်။ ထိုအရာကို မြင်ကြ သောအခါ၊ လူများသည် အလွန် ကြောက်ရွံ့ ကြသည်။ သူတို့အားရကျေနပ်၍ ၀မ်းမြောက်ခဲ့ကြသမျှ၊ သဲထဲရေသွန်သလိုပျောက်သွားကြကာ၊ ၀မ်းမြောက်ခြင်းသည်၊ ကြောက်ရွံ့ခြင်း၊ အံ့ဩခြင်း၊ မကျေနပ်ခြင်းသို့ ပြောင်းသွားမှာ ဖြစ်သည်။

 

၁၂။ ကောင်းကင် ကထွက်သော အသံကြီးကား၊ ဤအရပ်သို့ တက်ကြလော့ဟု မိမိတို့အား ပြောဆိုသည်ကို သူတို့သည် ကြားလျှင်၊ မိုဃ်းတိမ်ဖြင့် ကောင်းကင်သို့ တက်၍ ရန်သူတို့သည် မြင်ကြ၏။

သက်သေခံနှစ်ဦးတို့ အသက် ပြန်ရှင်၍လောက သားများအလွန် အံ့ဩ ကြောက်ရွံ့ချိန်တွင် ကောင်းကင် ကအသံကကောင်းကင်သို့ တက်ဘို့ရန် ခေါ်သည်။ ယောဟန်ကို တိုင်လည်း ထိုကဲ့သို့ ခေါ်ခြင်း ခံခဲ့ရသည် (ဗျာ ၄:၁)။ သူတို့သည် ကောင်းကင်သို့ တက်သွား သောအခါလောကီသား များသည် အလွန် ကြောက်ရွံ့သည် သာမကမကျေမနပ် ဖြစ်နေကြမှာ ဖြစ်သည်။

 

၁၃။ ထိုအချိန် နာရီ၌ ကြီးစွာသော မြေလှုပ်ခြင်း ဖြစ်၍၊ မြို့ရိုးဆယ်စုတစုဗြုလေ၏။ ထိုမြေလှုပ်ခြင်း၌ လူခုနစ်ထောင်သေကြ၏။ ကြင်းသော သူတို့သည် ကြောက်ရွံ့၍ ကောင်းကင်ဘုံ၏ အရှင် ဘုရားသခင်ကို ချီးမွမ်းကြ၏။

သက်သေခံနှစ်ဦးကောင်းကင် တက်ချိန်တွင် ကြီးစွာသော မြေလှုပ်၍ မြို့ရိုးဆယ်စုတစုပြိုသည်။ ထိုမြို့သည် ယေရုရှလင် မြို့ ဖြစ်မည်။ မြေငလျှင် လှုပ်သောကြောင့် လူခုနှစ်ထောင်သေသည်ဟုဆိုသည်။ ဤအရာအားလုံးသည် မဖြစ်သေး၊ ရှေ့မှာ ဖြစ်မည့် အရာ ဖြစ်သော်လည်း ဘုရားသခင်သည် ကြိုတင် အတိအကျပြောထားခြင်းသည် အနာဂတ်ကို အုပ်စိုးကြောင်း ထင်ရှားသည်။ မြေလှုပ်ခြင်းကြောင့် မသေသော လူများသည် ကြောက်ရွံ့၍ ဘုရားသခင်ကို ချီးမွမ်း ကြသည်။ ဘုရားကို ချီးမွမ်းခြင်းသည် ဘုရားကို ယုံကြည် လာခြင်းကို ဖေါ်ပြသည်။

 

၁၄။ ဒုတိယအမင်္ဂလာလွန်ပြီ။ တတိယအမင်္ဂလာသည် အလျင် အမြန် လာလိမ့်မည်။

လင်းယုန်တကောင်က၊ ကြွင်းသေးသော ကောင်းကင်တမန် သုံးပါးမှုတ်လုလတံ့သော တံပိုးသံကြောင့်မြေကြီးသား တို့သည် အမင်္ဂလာ၊ အမင်္ဂလာ၊ အမင်္ဂလာရှိကြ၏ဟု ကောင်းကင် အလယ်၌ ပျံဝဲ၍ ကြီးသော အသံနှင့် ဆိုသည်ကို ငါကြား၏ (ဗျာ ၈:၁၃) ဟု တွေ့ခဲ့ရသည်။ ပဌမ အမင်္ဂလာသည် ပဥဏမတံပိုးမှုတ် သောအခါ ဖြစ်၍ အနက်ဆုံးသောတွင်း ဖွင့် သောအခါ ကျိုင်းကောင်တို့ ထွက်လာသည်။ ထိုကျိုင်းကောင်များကြောင်း လူများသည် ငါးလပတ်လုံးအလွန် ဝေဒနာ ခံ၍ သေချင် သောလည်း မသေနိင်ခဲ့ကြချေ (ဗျာ ၉)။ ဒုတိယအမင်္ဂလာသည် ဆဌမတံပိုးမှုတ် သောအခါ အထက်၌ ဖေါ်ပြသော သက်သေခံနှစ်ပါးပေးသော နှောက်ရှက်ခြင်းနှင့် မြေလှုပ်ခြင်းကြောင့် လူခုနှစ်ထောင်သေခြင်း ဖြစ်သည်။ တတိယအမင်္ဂလာဟု ကျမ်းစာ ကမရေးတော့သော်လည်း ဗျာ ၈:၁၃၌ ကောင်းကင်တမန် သုံးပါးမှုတ်လုလတံ့သော တံပိုးသံကြောင့်ဟုဆိုသောကြောင့် တတိယအမင်္ဂလာသည် သတ္တမ ကောင်းကင်တမန် တံပိုးမှုတ် သောအခါ ဖြစ်ပျက်သောအရာ ဖြစ်မည်။ ထိုအရာကို အောက်တွင် တွေ့ရသည်။

 

၁၅။ သတ္တမ ကောင်းကင်တမန် သည် တံပိုးမှုတ် သောအခါ၊ ကောင်းကင်ဘုံ၌ ကြီးသော အသံတို့က၊ လောကီနိုင်ငံသည် ငါတို့ အရှင်၏ နိုင်ငံ ဖြစ်လေပြီ။ ထိုအရှင်၏ ခရစ်တော် နိုင်ငံ ဖြစ်လေပြီ။ သူ သည်လည်း ကမ္ဘာအဆက်ဆက်စိုးစံ တော်မူ မည်ဟု ပြောဆို ကြ၏။

သတ္တမ ကောင်းကင်တမန် သည် တံပိုးမှုတ် သောအခါလောကီနိင်ငံသည် ငါတို့ အရှင်၏ နိင်ငံ ဖြစ်လေပြီဟုဆိုသည်။ လောကီတနိင်ငံလုံးကို ခရစ်တော် ကအုပ်စိုးလေပြီ။ ဤအရာသည် ဘေးဒဏ်ကြီး ကာလ၏ အဆုံး၊ ခရစ်တော် ဒုတိယအကြိမ် ကြွလာမှ ပြည့်စုံမည့် အရာ ဖြစ်သည်။ သို့ဖြစ်လျှင် အဘယ်ကြောင့် ဗျာဒိတ်ကျမ်း၏ အလယ်၌ ထိုကဲ့သို့ ရေးထားသနည်းဟု ​ေဒွ့ဟ ဖြစ်နိင်သည်။ ကျမ်းစာ ရေး သောအခါ အစဥ်အလိုက်မရေးဘဲ နောက် ဖြစ်မည့် အရာကို အရှေ့၊ ရှေ့ ဖြစ်မည့် အရာကို အနောက်မှာရေးတတ်သည်။ ဥပမာ၊ အာဒံနှင့် ဧ၀ဖန်ဆင်းခြင်းကို ကမ္ဘာဦးကျမ်း၁:၂ ရ၌ ရေးထားခဲ့ပြီ။ သို့သော် က ၂:၁၈၌၊ “ထာ၀ရ အရှင် ဘုရားသခင်က လည်း၊ ယောက်ျားသည် တယောက် တည်း မနေကောင်း၊ သူနှင့်တော်သော အထောက်အမကို သူ့ဘို့ ငါလုပ်ဦးမည်ဟု အကြံရှိ တော်မူ၏။” ဟူ၍ ဧ၀ကို မဖန်ဆင်းသေးချိန်ကို ပြန်ရေးလိုက်သည်။ တဖန်၊ “ထိုအခါ ထာ၀ရ အရှင် ဘုရားသခင်သည် လူကို ကြီးသော အိပ်ခြင်းနှင့် အိပ်စေ တော်မူ၍၊ လူသည် အိပ်ပျော်စဥ်၊ နံရိုးတချောင်းကို ဘုရားသခင် ထုတ်ပြီးလျှင်၊ ထိုအရိုးအစားအသားကို စေ့စပ်စေ တော်မူ၏။ ထာ၀ရ အရှင် ဘုရားသခင်သည် လူထဲကထုတ်သော နံရိုးဖြင့် လူမိန်းမကို ဖန်ဆင်း၍ လူရှိရာသို့ ဆောင်ခဲ့ တော်မူ၏။” (က ၂:၂၁-၂၂) ဟု ရေးပြန်သည်။ ဆိုလိုသည် မှာအစ၌ အာဒံနှင့် ဧ၀ဖန်ဆင်းခြင်းကို အကြမ်းဖျဥ်းရေးထား၍ နောက်မှအသေးစိပ်ပြန်ရေးခြင်း ဖြစ်သည်။ ဒံယေလကလည်း သူစာရေး သောအခါ အခန်းကြီး ၆သည် အခန်းကြီး ရနောက်မှ ဖြစ်ပျက်သော်လည်း အခန်းကြီး ၆ကို အရင်ရေးလိုက်သည်။ ထိုနည်းတူ ဗျဒိတ်ကျမ်း၁၁:၁၅၌ ဘေးဒဏ်ကြီး ကာလ ဆုံး၍ ခရစ်တော်၏ နိင်ငံတည်ထောင်ခဲ့ပြီ။ သို့သော် အခန်းကြီး ၁၂-၁၉ အထိ သည် နောက်ကြောင်း ပြန်၍သော်၎င်း၊ အသေးစိပ်၍သော်၎င်းပြန်လည်ရေးထားခြင်း ဖြစ်သည်။ ၁

 

၁၆။ ဘုရားသခင့်ရှေ့တော်၌ မိမိတို့ ပလ္လင်ပေါ်မှာ ထိုင်သော အသက် ကြီး သူနှစ်ဆယ်လေးပါးတို့သည် ပြပ်၀ပ်၍ ဘုရားသခင်ကို ကိုး ကွယ်လျက်၊ ၁ရ။ အနန္တတန်ခိုးနှင့် ပြည့်စုံ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂါတ်ကာလ အစဥ်ရှိ တော်မူသော ထာ၀ရ အရှင် ဘုရားသခင်၊ ကိုယ်တော်၏ မဟာတန်ခိုးတော်ကို ယူဆောင်၍ စိုးစံ တော်မူသော ကျေးဇူးတော်ကို ​ကျွန်ုပ်တို့သည် ချီးမွမ်းပါ၏။

တလောက လုံးသည် ခရစ်တော်က စာတန် လက်ထဲမှနှုတ်၍ ပြန်လည်အုပ်ချုပ် သောအခါ ကောင်းကင်၌လည်း အလွန် ၀မ်းမြောက်ကြကြောင်း တွေ့ရသည်။ စာတန်သည် မြေကြီး အပေါ်၌ သာမကကောင်းကင်၌လည်း အနှောက်အရှက် ဖြစ်သည်။ ဤလောကသည် စာတန်က ယပိုင်ဆိုင်သည်ကို ကောင်းကင် ရောက်ယုံကြည်သူများအား မရ ဖြစ်နေကြသည်။ ထို့ကြောင့် ခရစ်တော် ကအုပ်စိုး သောအခါ အလွန်အားရ၍၊ အသက် ကြီး သူနှစ်ဆယ်လေးပါးတို့ ကအားရလွန်း၍ ထာ၀ရ ဘုရားကို ပြပ်၀ပ်၍ကိုး ကွယ်ကြသည်၊ ချီးမွမ်း ကြသည်။ သို့သော် ယနေ့ ယုံကြည်သူများက ခရစ်တော် အုပ်စိုးမည့် နိင်ငံကို မမြော်လင့်ဘဲ စာတန် အုပ်စိုးနေသော ဤလောကကို အလွန် နှစ်သက်ကြကို ၀မ်းနည်းဘွယ်တွေ့မြင်နေရသည်။ ထိုသို့ဖြစ်ခြင်းသည် စာတန် ကအုပ်စိုးခြင်းကို နှစ်သက်ကြသောကြောင့် ဖြစ်သည်။ သို့မဟုတ် မသိ နားမလည် သောကြောင့် ဖြစ်သည်။

 

၁၈။ လူမျိုးတို့သည် အမျက်ထွက်ကြသည် ဖြစ်၍၊ အမျက်တော် သည်လည်းရောက်ပါပြီ။ သေလွန်သော သူတို့ကို တရားစီရင်ဆုံးဖြတ် တော်မူ၍၊ ကိုယ်တော်၏ ​ကျွန်တည်း ဟူသော ပရောဖက်တို့ အား၎င်း၊ သန့်ရှင်းသူတို့ အား၎င်း၊ ကိုယ်တော်ကို ကြောက်ရွံ့ရိုသေသောသူ၊ အကြီး အငယ်တို့ အား၎င်း၊ ဆုကျေးဇူးကို ပေးသနား တော်မူ၍၊ မြေကြီးကို ဖျက်ဆီးသော သူတို့ကို ဖျက်ဆီး တော်မူသောအချိန် ရောက်ပါပြီဟု လျှောက်ဆိုကြ၏။

ထိုနောက်ဆုံးသော တရားစီရင်ခြင်း၊ ခရစ်တော် ကအုပ်စိုးခြင်းသည်၊ ဘုရား၏ အုပ်စိုးခြင်းကို မခံလိုသော လူမျိုးတို့ကို အမျက်တော်လောင်းခြင်း ဖြစ်သည်။ သူတို့သည် သေလွန်သွားလျှင်လည်း တရားစီရင်ခြင်း ခံရမှာ ဖြစ်ကြောင်း ဗျာ ၂၀၌ တွေ့ရသည်။ သို့သော်၊ ဘုရားသခင်၏ ​ကျွန်များ တည်း ဟူသော ပရောဖက်များနှင့် သန့်ရှင်းသူတည်း ဟူသော ယုံကြည်သူများ၊ အတွက် မူထိုနောက်ဆုံးသော အချိန်သည် ဆုကျေးဇူးခံစားရသောအချိန် ဖြစ်သည်။ ယခုအခါ ယုံကြည်သူများအထူးသဖြင့် မှန်ကန်စွာဖြင့် အမှုတော် ဆောင် သူများသည် ညှင်းဆဲခြင်း၊ သတ်ဖြတ်ခြင်း၊ လုယက်ခြင်း၊ နှိမ်ခြင်းများခံစား နေရသည်။ ထို့ကြောင့် ပရောဖက် ဟဗက္ကုက်က၊ “အိုထာ၀ရ ဘုရား၊ ကိုယ်တော်သည် ကြားတော် မမူဘဲ၊ အဘယ်မျှကာလ ပတ်လုံးအ​ကျွန်ုပ်အော်ဟစ်ရပါမည်နည်း။ ကယ်တင်တော် မမူဘဲ အ​ကျွန်ုပ်သည် အဓမ္မအမှုကို ခံ၍၊ ရှေ့တော်၌ အဘယ်မျှကာလ ပတ်လုံးအော်ဟစ်ရပါမည်နည်း။ မတရားသော အမှုကို အ​ကျွန်ုပ်အား အဘယ်ကြောင့်ပြ တော်မူ သနည်း။ အဓမ္မအမှုကို အဘယ်ကြောင့်မြင်စေ တော်မူ သနည်း။ လုယူခြင်း၊ အနိုင်အထက် ပြုခြင်း အမှုသည် အ​ကျွန်ုပ်ရှေ့မှာ အဘယ်ကြောင့်ရှိရပါသနည်း။ ငြင်းခုံခြင်း၊ ရန်တွေ့ခြင်းကိုလည်း၊ အဘယ်ကြောင့်လူချင်းပြုရပါသနည်း။ သို့ဖြစ်၍ တရားလျော့ပါ၏။ တရားသဖြင့် စီရင်ဆုံးဖြတ်ခြင်း မရှိပါ။ မတရားသော သူတို့သည် ​ဖြောင့်မတ်သော သူတို့ကို ဝိုင်းသောကြောင့်၊ မတရားသဖြင့် စီရင်ဆုံးဖြတ်ကြပါ၏။” (ဟာ ၁:၂-၄) ဟု မေးသောအရာ၊ ဆာလံဆရာက၊ “အိုထာ၀ရ ဘုရား အ​ကျွန်ုပ်ကို အလျှင်း မမှတ်ဘဲ အဘယ်မျှကာလ ပတ်လုံးမေ့လျော့ တော်မူ မည်နည်း၊၊ အဘယ်မျှကာလ ပတ်လုံးမျက်နှာတော်ကို ကွယ်ထား တော်မူ မည်နည်း၊၊ အ​ကျွန်ုပ်သည် အစဥ်၀မ်းနည်းလျက် အဘယ်မျှကာလ ပတ်လုံးတွေးတောသော စိတ်ရှိရပါမည်နည်း၊၊ အ​ကျွန်ုပ်၏ ရန်သူသည် အဘယ်မျှကာလ ပတ်လုံးအ​ကျွန်ုပ်ကို အုပ်စိုုးရပါမည်နည်း၊ ” (ဆာ ၁၃:၁-၂) ဘေးဒဏ်ကြီး ကာလ၌၊ “ဘုရားသခင်၏ နှုတ်ကပတ်တော် ကြောင်း၎င်း၊ မိမိတို့ သက်သေခံချက်ကြောင်း၎င်း၊ အသေသတ်ခြင်းကို ခံရသော သူတို့၏ ၀ိညာဥ်များကို ယဇ်ပလ္လင်အောက်၌ ငါမြင်၏။ သူတို့ ကလည်း၊ သန့်ရှင်းဟုတ်မှန်၍ အစိုးပိုင် တော်မူသော အရှင်၊ မြေပေါ်မှာ နေသော သူတို့သည် ငါတို့ အသွေးကို သွန်းကြသော အပြစ်နှင့် အလျောက်ဒဏ်မပေးဘဲ အဘယ်မျှလောက်ကာလ ပတ်လုံးနေ တော်မူ မည်နည်း၊ (ဗျာ ၆:၉-၁၀) ဟု မေးသောအရာ များကို နောက်ဆုံး၌ အ​ဖြေပေးသောအချိန် ဖြစ်သည်။

 

၁၉။ တဖန်၊ ကောင်းကင်ဘုံ၌ ဘုရားသခင်၏ ဗိမာန်တော်ကို ဖွင့်ထား၍ ဗိမာန်တော် ထဲမှာပဋ္ဋိညာဥ်သေတ္တာတော် ထင်ရှားလေ၏။ လျှပ်စစ်ပြက်ခြင်း၊ အသံမြည်ခြင်း၊ မိုဃ်းချုန်းခြင်း၊ မြေလှုပ်ခြင်း၊ အလုံးကြီးစွာသော မိုဃ်းသီးကျခြင်း ဖြစ်ကြ၏။

ဗိမာန်တော် အစစ်သည် ကောင်းကင်ဘုံ၌ ရှိသည်။ ထိုဗိမာန်တော် အထဲ၌ ရှိသော ပဋ္ဋိညာဥ်သေတ္တာတော်သည် အသန့်ရှင်းဆုံးဌါနတွင် ရှိသည်။ ထိုပဋ္ဋိညာဥ်သေတ္တာတော်သည် ဘုရားသခင်၏ ပလ္လင်တော် ဖြစ်သည်။ ထိုအရာမြင်ခြင်းသည် သန့်ရှင်းသောသူ ဖြစ်သည်။ အကြောင်းမှာ၊ “သန့်ရှင်းခြင်း ပါရမီမရှိလျှင်၊ အဘယ်သူ မျှထာ၀ရ ဘုရားကို မဖူးမမြင်ရ။” (ဟေ ၁၂:၁၄) ဟု ရေးထားသည်။ ထိုသေတ္တာတော်၊ သို့မဟုတ် ပလ္လင်တော် ပေါ်၌၊ ဘုရားသခင်က ျိန်း၀ပ် တော်မူသည် (ထွက် ၂၅:၂၂)။ ထိုပလ္လင်ပေါ်မှ၊ လျှပ်စစ်ပြက်ခြင်း၊ အသံမြည်ခြင်း၊ မိုဃ်းချုန်းခြင်း၊ မြေလှုပ်ခြင်း၊ အလုံးကြီးစွာသော မိုဃ်းသီးကျခြင်း တို့သည် ဘုရားသခင်၏ အမျက်တော်လောင်းခြင်း၊ တရားစီရင်ခြင်း၊ ဘုန်းတန်ခိုးပြခြင်းတို့ ဖြစ်သည်။ သူသာလျှင် အရာခပ်သိမ်းကို ပိုင်သအုပ်စိုးခြင်းကို ဖေါ်ပြသည်။

 

ဗျာ ၁၁ မေးခွန်းများ

 

၁။ ဣသရေလ လူမျိုးများ တတိယဗိမာန်တော်ကို မည်သည့်အချိန်တွင် ပြန်ဆောက်မည်နည်း။ —————————————————

၂။ ဗိမာန်တော်ကို မည်သူကဆောက်ခွင့်ပေးမည်နည်း။ —————————————————

၃။ ဖျက်ဆီးတတ်သော ရွံရှာဘွယ်အရာသည် ဘာကို ဆိုလိုသနည်း။ —————————————————

၄။ မည်သည့်အချိန်တွင် ဗိမာန်တော်၌၊ မည်သူကဘုရား ကဲ့သို့ ထိုင်မည်နည်း။ —————————————————

၅။ ယခုအချိန်တွင် ဗိမာန်တော်ကို အဘယ်ကြောင့်မဆောက်ရသေးသနည်း။ —————————————————

၆။ ဗိမာန်တော် ဆောက်ဘို့ နီးသောကြောင့် ဘာ ဖြစ်ဘို့ နီးသည်ဟု သိနိင်သနည်း။ ———————————————

ရ။ သက်သေခံနှစ်ပါးတို့သည် ဘာကို သက်သေခံကြမည်ဟု ယူဆရသနည်း။ —————————————————

၈။ ဇာခရိကျမ်း၌ သံလွင်ပင်နှစ်ပင်သည် မည်သူတို့ကို ဆိုုလိုသနည်း။ —————————————————

၉။ ယေရုဗဗေလနှင့် ယောရှုတို့ကို ဘုရားသခင်က ဘာဆောက်ခိုင်းသနည်း။ —————————————————

၁၀။ ရှောလမုန်မင်းသည် ဗိမာန်တော်ကို —————————————————အားဖြင့် ဆောက်၍ ယေရုဗဗေလသည် —————————————————အားဖြင့် ဆောက်ဘို့ ဘုရားသခင်က ပြောထားသည်။

၁၁။ သက်သေခံနှစ်ဦးသည် ဘာတန်ခိုးအားဖြင့် သက်သေခံမည်နည်း။ —————————————————

၁၂။ သက်သေခံနှစ်ဦးတို့သည် မည်ကဲ့သို့ ရန်သူတို့ကို နိင်မည်နည်း။ —————————————————

၁၃။ သက်သေခံနှစ်ဦးသည် ဧလိယကဲ့သို့ ဘာလုပ်နိင်မည်နည်း။ —————————————————

၁၄။ သက်သေခံနှစ်ဦးကို မည်သူကနိင်မည်နည်း။ —————————————————

၁၅။ သက်သေခံနှစ်ဦးကို သတ်နိင် သောအခါလောက သားများမည်ကဲ့သို့ ခံစား ကြမည်နည်း။ —————————————————

၁၆။ သက်သေခံနှစ်ဦးသည် နောက်ဆုံး၌ ဘာ ဖြစ်မည်နည်း။ —————————————————

၁ရ။ သက်သေခံနှစ်ဦးကောင်းကင် တက် သောအခါ ဘာ ဖြစ်မည်နည်း။ ——————————————အဘယ်ကြောင့်ကြိုပြောနိင်သနည်း။ —————————————————

၁၈။ တတိယတံပိုးမှုတ် သောအခါ ဘာ ဖြစ်မည်နည်း။ —————————————————

၁၉။ ခရစ်တော် ကဤလောက အုပ်စိုး သောအခါ မည်သူတို့ ၀မ်းမြောက်ကြသနည်း။ —————————————————

၂၀။ ယခုအခါ စာတန် ကဤလောက အုပ်စိုးခြင်းကို အဘယ်ကြောင့် လူသား များက ကျေနပ်အားရနေကြသနည်း။ —————————————————

၂၁။ ဘေးဒဏ်ကြီး ကာလသည်မည် သူတို့၏ ဆုတောင်းခြင်းကို အ​ဖြေပေးချိန် ဖြစ်သနည်း။ —————————————————

၂၂။ ကောင်းကင် ဗိမာန်တော် ထဲမှဘာများ ထွက်၍၊ ထိုအရာများသည် ဘာကို ဆိုလိုသနည်း။ —————————————————

.

 

ဗျာဒိတ်ကျမ်း ၁၂

 

နဂါးနှင့် မိန်းမ

 

၁။ ကောင်းကင်၌ ကြီးစွာသော နိမိတ်လက္ခဏာဟူမူကား၊ မိန်းမတဦးသည် နေကို ၀ပ်လျက်၊ လကို ​ခြေဖြင့် နင်းလျက်၊ မိမိ ခေါင်းပေါ်၌ ကြယ်ဆယ်နှစ်လုံးဖြင့် ပြီးသော သရဖူကို ဆောင်းလျက် ပေါ်လာ၏။

နေကို ၀ပ်လျက်၊ လကို ​ခြေဖြင့် နင်းလျက်၊ ခေါင်းပေါ်၌ ကြယ်ဆယ်နှစ်လုံးဖြင့် ပြီးသော သရဖူဆောင်သော မိန်းမသည်၊ အဘယ်သူ နည်း။ အချို့ကသခင်ယေရှု၏ မယ်တော် မာရိ ဖြစ်သည်ဟု၊ ယူဆ ကြသည်။ အချို့ကအသင်းတော် ဖြစ်သည်ဟု၊ ယူဆ ကြသည်။ ထိုသူကို သိရှိဘို့ရန်မှာ၊ ဓမ္မဟောင်းကျမ်းကို လှန်ဘို့ လိုသည်။ ယောသပ်က၊ အစ်ကိုတို့ အား၊ “အခြားသော အိပ်မက်ကို ​ကျွန်ုပ်မြင်ရပြီ။ နေ၊ လနှင့် တကွ၊ ကြယ်ဆယ်တလုံး တို့သည်၊ ​ကျွန်ုပ်ကို ရှိခိုးကြ၏ဟု ကြားပြောလေ၏။ ထိုသို့ အဘနှင့် အစ်ကို တို့အား ကြားပြော သောအခါ အဘက၊ သင်မြင်သော အိပ်မက်သည် အဘယ်သို့ နည်း။ ငါနှင့် သင်၏ အမိ၊ သင်၏ အစ်ကို တို့သည်၊ သင့်ထံသို့ စင်စစ်လာ၍၊ ဦးညွှတ်ချရမည်လောဟူ၍၊ သူ့ကို ဆုံးမလေ၏။” (က ၃ရ:၉-၁၀)။ ထိုကြောင့်နေသည် ယာကုပ်၊ လသည် ယောသပ်၏ အမေရာခေလ၊ ကြယ်ဆယ်တလုံးသည် ယောသပ်၏ ညီအစ်ကိုများဖြစ်သည်။ ထိုညီအစ်ကို ဆယ်နှစ်ဦးအားဖြင့် ဣသရေလ လူမျိုးဆယ့်နှစ်မျိုး ဖြစ်ပွားလာသည်။ ထို့ကြောင့် ထိုမိန်းမသည် ဣသရေလကို ဆိုလိုသည်။ ဣသရေလသည် ဘုရားသခင်၏ မိန်းမဟု၊ အောက်ပါကျမ်းများ၌ ဖေါ်ထားသည်။ (ယေရမိ ၃:၂၀၊ ဟေရှာယ ၅၄:၅၊ ဟောရှေ ၂:၁၆)

 

၂။ ထိုမိန်းမသည်ကိုယ်၀န်ဆောင်၍၊ ဘွားအံ့သော ဝေဒနာ ပြင်းသောကြောင့်၊ အော်ဟစ်လေ၏။

ထိုမိန်းမတည်း ဟူသော ဣသရေလသည်၊ ကိုယ်၀န်ဆောင်သည်ဟုဆိုသည်။ ထိုမိန်းမဆောင်သောကိုယ်၀န်သည် အငယ် ၅ မှာ ဖေါ်ပြသော၊ လူမျိုးတကာတို့ကို သံလှံတံနှင့် အုပ်စိုးလတံ့သော၊ သား ယောက်ျား ဖြစ်သည်။ လူမျိုးတကာကို သံလှံတံနှင့် အုပ်စိုးမည့် သူသည်၊ အခြားသူ မဟုတ်သခင်ယေရှု ပင် ဖြစ်သည်။ သခင်ယေရှုနှင့် ပတ်သက်၍၊ “ထာ၀ရ ဘုရား ကသင်သည် ငါ့သား ဖြစ်၏၊၊ ယနေ့ ပင်သင့်ကို ငါဖြစ်ဘွားစေပြီ၊၊ င့ါကို တောင်းလော့၊၊ လူအမျိုးမျိုး တို့ကို သင်၏ အမွေဥစ္စာဘို့ ငါပေးမည်၊၊ မြေကြီး စွန်းတိုင်အောင် ပိုင်ထိုက်သော အခွင့်ကို ိလည်း ငါပေးမည်၊၊ သင်သည် သူတို့ကို သံလှံတံနှင့် အုပ်စိုး၍၊ မြေအိုးကို ခွဲဖျက် သကဲ့သို့ ခွဲဖျက်လိမ့်မည်ဟု၊ င့့ါအား မိန့်တော်မူ ပြီ၊၊ ” (ဆာ ၂:ရ- ၉) ဟုဆိုထားသည်။ မိန်းမများသည်ကိုယ်၀န်ကိုး လဆောင်တတ်၍၊ ဘွားခါနီး၌ ဝေဒနာ ပြင်းစွာ ခံစား ကာအော်ဟစ်တတ်သည်။ ထိုနည်းတူ၊ ဣသရေလ လူမျိုးများ လည်း၊ တိုင်း တပါး၏ နှိပ်စက်ခြင်းကို ခံ ခြင်းအားဖြင့်၊ ဝေဒနာ ခံစား ခဲ့ ကြသည်။

 

၃။ ကောင်းကင်၌ အခြားသော နိမိတ်လက္ခဏာပေါ်လာသည်ကား၊ အဆင်းနီသော နဂါးကြီးသည်၊ ခေါင်း ခုနစ်လုံး၊ ချိုဆယ်ချောင်းနှင့် တကွခေါင်းပေါ်၌ သရဖူခုနှစ်ဆူကို ဆောင်းလျက် ရှိ၏။

ကောင်းကင်၌ အခြားသော၊ နိမိတ်လက္ခဏာ တခုမှာ၊ အဆင်းနီသော နဂါးကြီး ပေါ်လာသည်။ အဆင်းနီဆိုခြင်းသည်၊ အသွေးကို ဖေါ်ပြသည်။ ထိုနဂါးကြီးသည်၊ ဧ၀ကို လိမ်ညာခဲ့သော ရှေးမြွေဟောင်း ဖြစ်သည် (ဗျာ ၂၀:၂)။ သူ၌ ခေါင်းခုနှစ်လုံးနှင့် ချိုဆယ်ချောင်းရှိသည်။ ဗျာ ၁၃:၁၌လည်း၊ “ပင်လယ်နား၌ သဲပေါ်မှာ ငါရပ်၍၊ သားရဲတကောင်သည် ခေါင်း ခုနစ်လုံး၊ ချိုဆယ်ချောင်းနှင့် တကွချိုပေါ်၌ သရဖူဆယ်ဆူကို ဆောင်းလျက်၊ ခေါင်းပေါ်၌လည်း ဘုရားသခင်၏ အသရေတော်ကို ရှုတ်ချသော နာမရှိလျက်၊ ပင်လယ်ထဲကတက်သည်ကို မြင်၏။” ဗျာ ၁ရ:၃၌လည်း၊ “ခေါင်း ခုနစ်လုံးနှင့် ချိုဆယ်ချောင်းရှိ၍၊ ဘုရားသခင်၏ အသရေတော်ကို ရှုတ်ချသော၊ နာမတို့နှင့် အပြည့်ရှိသော၊ သားရဲနီ အပေါ်မှာ ထိုင်လျက် ရှိသော၊ မိန်းမတဦးကို ငါမြင်၏၊ “ဟု တွေ့ရသည်။ ထိုအရာကို ဒံယေလကပဌမ ဦးဆုံးမြင်ခဲ့သည်၊ “ငါသည် အာရုံပြုစဥ်၊ ကြီးစွာသော ခွန်အားနှင့် ပြည့်စုံ၍၊ အလွန် ကြောက်မက်ဘွယ်သော၊ စတုတ္ထ္ဂသားရဲသည် ထင်းရှား၏။ ကြီးစွာသော သံသွားလည်းရှိ၏။ ကိုက်စားချိုးဖဲ့၍၊ ကြင်းသောအရာ ကို ​ခြေဖြင့် နင်းချေ၏။ သူသည် အရင်သားရဲရှိသမျှ တို့ထက် ထူးခြား၏။ ချိုဆယ်ချောင်းလည်းရှိ၏။ ထိုချိုတို့ကို ငါကြည့်ရှုစဥ်၊ ချိုများ အလယ်၌ ချိုငယ်တချောင်းသည် ပေါက်ပြန်၏။ ထိုချိုငယ်ရှေ့မှာ အရင်ချိုသုံးချောင်းကို အမြစ်နှင့် တကွနှုတ်လေ၏။ ထိုချိုငယ်သည် လူမျက်စိကဲ့သို့သော မျက်စိနှင့် ၎င်း၊ ကြီးစွာသော စကားကို ပြောတတ်သော နှုတ်နှင့် ၎င်း ပြည့်စုံ၏။” (ဒံရ:ရ- ၈) “ထိုသူကလည်း၊ စတုတ္ထ္ဂသားရဲသည်၊ မြေကြီး ပေါ်မှာ အခြားသော နိုင်ငံရှိသမျှတို့ ထက်၊ ထူးခြားသော စတုတ္ထ္ဂနိုင်ငံ ဖြစ်၏။ ထိုနိုင်ငံသည်၊ မြေကြီးရှိသမျှကို ကိုက်စားချိုးဖဲ့နင်းချေလိမ့်မည်။ ထိုနိုင်ငံ၌ ပေါက်သော ချိုဆယ်ချောင်းသည်၊ ပေါ်လတ့ံသော မင်းကြီး ဆယ်ပါး ဖြစ်၏။ သူတို့ နောက်ခြားသော မင်းကြီး ပေါ်လာလိမ့်မည်။ အရင်မင်းကြီးထက် ထူးခြား၍၊ သုံးပါးတို့ကို နှိမ့်ချလိမ့်မည်။ အမြင့်ဆုံးသော ဘုရားကို ဆန့်ကျင် ဘက်ပြု၍၊ ကြီးစွာသော စကားကို ပြောလိမ့်မည်။ အမြင့်ဆုံးသော ဘုရား၏ သန့်ရှင်းသူတို့ကို၊ ညှဥ်းဆဲနှိပ်စက်လိမ့်မည်။ ကာလ အချိန်နှင့် ပညတ်တရားတို့ကို၊ ပြောင်းလဲစေခြင်းငှါ ကြံစည်လိမ့်မည်။ တကာလ၊ နှစ်ကာလ၊ ကာလ တ၀က်ပတ်လုံးသူသည် အခွင့်ရလိမ့်မည်။ ထိုနောက်မှတရားစီရင်ခြင်း ဖြစ်လိမ့်မည်။ ထိုအခါ သူ၏ တန်ခိုးအာဏာကို နှုတ်၍၊ ရှင်းရှင်းဖျက်ဆီးကြလိမ့်မည်။” (ဒံရ:၂၃-၂၆) ခေါင်းခုနှစ်လုံးသည် တိုင်း နိင်ငံများ ဖြစ်၍၊ ချိုဆယ်ချောင်းသည် မင်းကြီး ဆယ်ပါး ဖြစ်သည်ဟု၊ ဒံယေလအားဖြင့် သိရသည်။ တိုင်း နိင်ငံများနှင့် မင်းများသည်၊ စာတန် လက်ထဲမှာရှိ၍၊ သူကအုပ်ချုပ်သည်။ ထို့ကြောင့် စာတန်နှင့် အန္တီ ခရစ်ခေါ်သားရဲတို့၌ ခေါင်းခုနှစ်လုံးနှင့် ချိုဆယ်ချောင်းရှိရခြင်း ဖြစ်သည်။

 

၄။ သူ၏ အမြီးသည် ကောင်းကင် ကြယ်သုံးစုတစုကို ဆွဲငင်၍၊ မြေကြီးသို့ ချလိုက်လေ၏။ သားကို ဘွားလုသော မိန်းမသည်၊ ဘွား သောအခါ၊ နဂါးသည် ထိုသားကို ကိုက်စားမည့် အကြံနှင့်၊ မိန်းမရှေ့၌ ရပ်နေ၏။

နဂါး၏ အမြီးသည် ကောင်းကင် ကြယ်သုံးစုတစုကို ဆဲွငင်၍၊ မြေကြီးသို့ ချလိုက်လေ၏၊ ဟုဆိုခြင်းသည်၊ ဘေးဒဏ်ကြီး ကာလ မှာ ဖြစ်ပျက်သည် မဟုတ်။ ကမ္ဘာမတည်မရှိမီှှ၊ ကောင်းကင်တမန် မင်းဘ၀မှဘုရား ဖြစ်ချင် သောကြောင့်၊ ဘုရား ကိုတော် လှန်ပုန်ကန်ခဲ့ချိန်တွင်၊ ကောင်းကင်တမန် သုံးစုတစုကို၊ သူနှင့်အတူ ဘုရား ပုန်ကန်ဘို့ ဆွဲဆောင်သောကြောင့်၊ ချပစ်ခြင်း ခံသော ကောင်းကင်တမန် များဖြစ်သည်။ ထိုကောင်းကင်တမန် များသည်၊ နတ်ဆိုး၀ိညာဥ်ဆိုးများ ဖြစ်ကြသည်။ စာတန်သည် မိန်းမတည်း ဟူသော ဣသရေလမှ မွေးဘွားမည့် ခရစ်တော်ကို၊ ကိုက်စားဘို့ရန် မိန့်မရှေ့၌ ရပ်နေသည်ဟုဆိုသည်။ သမိုင်းတလျှောက်ကြည့်ပါက၊ စာတန်သည် ခရစ်တော် မွေးဘွားမည့် အရာကို၊ တတ်နိင်သမျှ ပိတ်စို့ထားသည်။ အထင်ရှားဆုံးများမှာ၊ ဘုရားသခင်က လက်ခံသော အာဗေလကို၊ အကို ကာဣနအထဲမှသတ်လိုက်သည်။ ယာကုပ်ကိုလည်း၊ အကို ဧသော အထဲမှသတ်ဘို့ရန် ကြံစည်ခဲ့သည်။ ခရစ်တော် ဘိုးဘွား ဖြစ်မည့်ဒါ၀ိဒ်ကိုလည်း၊ ရှောလုဘုရင်ကသတ်ဘို့၊ စစ်သား သုံးထောင်နှင့် ကြိုးစား ခဲ့သည်။ အာသလိအားဖြင့် ဒါ၀ိဒ်၏ အမျိုးပျက်ဘို့ရန်၊ သူ၏ မြေးများကို သတ်ဘို့ ကြိုးစား ခဲ့သည်။ သို့သော် ဘုရား၏ ကွယ်ကာမစမှုကြောင့်၊ ယဇ်ပုရောဟိတ် ယေဟောရဒအားဖြင့်၊ ယောရှကို အသက် ချမ်းသာ ရာရရှိစေသည်။ မယ်တော် မာရိအထဲမှ၊ သူငယ်တော် ယေရှု မွေးဘွား သောအခါ၌လည်း၊ ဟေရုဒ်မင်းအားဖြင့်၊ သတ်ဘို့ ကြံစည်ခဲ့သည်။ ထို့ကြောင့် စာတန် တည်း ဟူသော နဂါးသည်၊ ခရစ်တော် မွေးဘွားမည့် အရာကို၊ အတတ်နိင်ဆုံးဖျက်ဆီးသော်လည်း မရပါ။

 

၅။ ထိုမိန်းမသည်၊ လူမျိုးတကာတို့ကို သံလှံတံနှင့် အုပ်စိုးလတံ့သော၊ သား ယောက်ျားကို ဘွားမြင်၏။ ထိုသားကို ဘုရားသခင့်ထံသို့၎င်း၊ ပလ္လင်တော်သို့၎င်း၊ ချီယူ တော်မူ၏။

ဣသရေလသည်၊ လူမျိုးတကာတို့ကို သံလှံတံနှင့် အုပ်စိုးမည့်သား ယောက်ျား၊ ခရစ်တော်ကို မွေးဘွားလိုက်သည်။ ထိုအရာသည်၊ လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်တုန်းက ဖြစ်သည်။ ဘေးဒဏ်ကြီး ကာလ အတွင်း မှာ မွေးဘွားသည်ဟု မဆိုလိုချေ။ ခရစ်တော်သည်၊ ဤလောကကို သံလှံတံနှင့် အုပ်စိုးမည့် အကြောင်းကို၊ ဆာလံဆရာကဤသို့ ရေးထားခဲ့ပြီ၊ “ဗျာဒိတ်တော် အချက်ကို ငါပြန်ကြားပေအံ့၊၊ ထာ၀ရ ဘုရား ကသင်သည် ငါ့သား ဖြစ်၏၊၊ ယနေ့ ပင်သင့်ကို ငါဖြစ်ဘွားစေပြီ၊၊ င့ါကို တောင်းလော့၊၊ လူအမျိုးမျိုး တို့ကို သင်၏ အမွေဥစ္စာဘို့ ငါပေးမည်၊၊ မြေကြီး စွန်းတိုင်အောင်၊ ပိုင်ထိုက်သော အခွင့်ကို ိလည်း ငါပေးမည်၊၊ သင်သည် သူတို့ကို သံလှံတံနှင့် အုပ်စိုး၍၊ မြေအိုးကို ခွဲဖျက် သကဲ့သို့ ခွဲဖျက်လိမ့်မည်ဟု၊ င့့ါအား မိန့်တော်မူ ပြီ၊၊ ” (ဆာ ၂:ရ- ၉) ခရစ်တော််ဤလောကကို သံလှံတံနှင့် အုပ်စိုးမည့် အကြောင်း၊ ဒုတိယအကြိမ် ကြွလာခြင်းကို ယောဟန်ကဤသို့ ရေးထားသည်၊ “ထိုအခါ ကောင်းကင်ဘုံဖွင့်လှစ်လျက် ရှိသည်ကို ငါမြင်လျှင်၊ မြင်းဖြူရှိ၏။ မြင်းစီးသော သူသည် သစ္စာ ဟူသော အမည်၊ သမ္မာဟူသော အမည်ရှိသတည်း။ ထိုသူသည် တရားသဖြင့် စီရင်တတ်၏။ တရားသဖြင့် စစ်တိုက်တတ်၏။ မျက်စိတော်သည် မီးလျှံကဲ့သို့ဖြစ်၏။ ခေါင်းတော် ပေါ်၌ သရဖူများကို ဆောင်း၏။ ကိုယ်တိုင်မှတပါး၊ အဘယ်သူ မျှ မသိသော နာမတော်သည် ရေးထားလျက် ရှိ၏။ အသွေး၌ နှစ်ပြီးသော အ၀တ်ကို ၀တ်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော် ဟူသော အမည်ရှိ၏။ ကောင်းကင် ဗိုလ်​ခြေတို့သည် မြင်းဖြူကို စီးလျက်၊ စင်ကြယ်သော ပိတ်ချောဖြူကို ၀တ်လျက် နောက်တော်သို့ လိုက်ကြ၏။ လူမျိုးတို့ကို ဒဏ်ခတ်စရာဘို့၊ ထက်သော သံလျက်သည် ခံတွင်း တော် ထဲကထွက်၏၊ သူတို့ကို သံလှံတံနှင့် အုပ်စိုး တော်မူမည်။” (ဗျာ ၁၉:၁၁-၁၅) ထိုသားကို ဘုရားသခင် ထံသို၎င်း၊ ပလ္လင်တော်သို့၎င်း၊ ချီယူ တော်မူ၏ဟုဆိုခြင်းသည် အသေခံပြီးရှင်ပြန်ထမြောက် သောအခါ၊ ကောင်းကင်သို့ တက်ရောက်၍၊ ဘုရားသခင် ထံတော်၌ ဆက်ကပ်ခြင်း၊ ပလ္လင်တော်၏ လက်ျာဖက်မှာထိုင် တော်မူခြင်းကို ဆိုလိုသည်။

 

၆။ မိန်းမသည်၊ အရက်တထောင်နှစ်ရာ​ခြောက်ဆယ်ပတ်လုံး၊ တော၌ ​ကျွေးမွေးခြင်းကို ခံရမည်အကြောင်း၊ ဘုရားသခင် ပြင်ဆင် တော်မူသော အရပ်သို့ ပြေးလေ၏။

မိန်းမသည် အရက်တထောင်နှစ်ရာ​ခြောက်ဆယ်တည်း ဟူသော၊ သုံးနှစ်ခွဲလုံးလုံးတော၌ ဘုရားသခင်က ​ကျွေးမွေးသည်၊ ဟုဆိုသောကြောင့်၊ မယ်တော် မာရိမ ဖြစ်နိင်ချေ။ အကြောင်းမှာ မယ်တော် မာရိသည်၊ ထိုမျှကာလ ပတ်လုံးတော၌ ဘုရား၏ ကြည့်ရှုခြင်း မခံစား ခဲ့ဘူးချေ။ အဲဂုတ္တု ပြည်၌ ထွက်ခဲ့သော်လည်း၊ ဟေရုဒ်သည် မာရိကို သတ်ဘို့ရန် ကြိုးစား ခဲ့သည် မဟုတ်၊ သူငယ်တော် ယေရှုကို သတ်ဘို့ ကြိုးစားခြင်း ဖြစ်သည်။ ထို့အပြင်မိန်းမ၏ သားသည်၊ ကောင်းကင်သို့ တက်သွားပြီးမှ​ကျွေးမွေးခြင်း ခံရသည်၊ သားတော် မပါချေ။ မယ်တော် မာရိအဲဂုတ္တု ပြည်သို့ သွားခဲ့ရာတွင်၊ သားတော် ယေရှုလည်း ပါခဲ့သည်။ အန္တီ ခရစ်သည် ဘေးဒဏ်ကြီး ကာလ၏ အစပိုင်း၌ ဣသရေလ လူများနှင့် ပဋ္ဋိညာဥ်ဖွဲ့၍၊ သူတို့ကို ဗိမာန်တော် ဆောက်ခွင့်ပေးကာ၊ ယဇ်ပူဇော်ခြင်း များကို ပြုလုပ် ခွင့်ပေးခဲ့သော်လည်း၊ သုံးနှစ်ခွဲကြာ သောအခါ သူသည် ဘုရားသခင်၊ ကယ်တင်ရှင် ဖြစ်သည်ဟု ကျေညာကာယဇ်ပူဇော်ခြင်းကို ရပ်တန့်စေ၍၊ သူ့ကိုကိုး ကွယ်ခိုင်းမည်။ ထိုအရာနှင့် ပတ်သက်၍၊ ခရစ်တော် ကဤသို့ သတိပေးခဲ့သည်၊ “ထိုကြောင့်ပရောဖက် ဒံယေလဟောသည် အတိုင်း၊ ဖျက်ဆီးတတ်သော ရွံ့ရှာဘွယ်အရာသည်၊ သန့်ရှင်းသော အရပ် ဌာန၌ စိုက်နေသည်ကို သင်တို့ မြင်ရလျှင်၊ ကျမ်းစာကို ကြည့်သော သူသည် နားလည်ပါစေ။ ထိုသို့ မြင်ရလျှင်၊ ယုဒပြည်၌ ရှိသော သူတို့သည် တောင်ပေါ်သို့ ပြေးကြစေ။ အိမ်မိုးပေါ်မှာ ရှိသော သူသည်၊ အိမ်ထဲကဥစ္စာကို ယူခြင်းငှါ မဆင်းစေနှင့်။ လယ်၌ ရှိသော သူလည်း၊ မိမိ အ၀တ်ကို ယူခြင်းငှါ နောက်သို့ မပြန်စေနှင့်၊ ထိုနေ့ရက်၌ကိုယ်၀န်ဆောင်သော မိန်းမနှင့် နို့စို့သူငယ်ရှိသော မိန်းမတို့သည်၊ အလွန် ခက်ကြလိမ့်မည်။ သင်တို့ ပြေးရသော အချိန်သည် ဆောင်းကာလ၌ မကျ၊ ဥပုသ်နေ့၌လည်း မကျမည်အကြောင်း ဆုတောင်း ကြလော့။ အကြောင်းမူကား၊ ကမ္ဘာဦးမှစ၍၊ ယခုတိုင်အောင် မဖြစ်စဖူး၊ နောက်၌လည်း မဖြစ်လတံ့သော }်ကီးစွာသော ဒုက္ခသည်၊ ထိုကာလ၌ ဖြစ်လိမ့်မည်။ ထိုကာလ တာရှည်လျှင်၊ အဘယ်သူ မျှမလွတ်နိုင်ရာ။ ရွေးချယ်သော သူတို့ အဘို့ အလိုင၊ ှါထိုကာလသည် တိုလိမ့်မည်။” (မ ၂၄:၁၅-၂၂) ထိုသို့ ဣသရေလ လူများသည်၊ အန္တီ ခရစ်၏ ရန်မှပြေး သောအခါ၊ ဘုရားသခင်က မကာကွယ်လျှင်၊ မည်သို့ မျှလွတ်နိင်စရာ အကြောင်း မရှိချေ။ သို့သော် ဘုရားသခင်က၊ သူတို့ကို အန္တီ ခရစ်နှင့် သူ၏ စစ်သားများကမတွေ့နိင်အောင်၊ ကာကွယ်ပေးလိမ့်မည်။ သူတို့ကို ဘေးဒဏ်ကြီး၏ အလယ်မှအဆုံးအထိ၊ သုံးနှစ်ခွဲလုံးလုံးဖုံးကွယ်မှာ ဖြစ်သည်။ မည်သည့်နေရာ၌ မည်ကဲ့သို့ ဖုံးကွယ်မည်ကို မသိနိင်သေးချေ။ သူတို့၏ ဘိုးဘေးများ ဖါရောစစ်သားများကလိုက် သောအခါ၌၊ မိုဃ်းတိမ်အားဖြင့် သူတို့ကို ကာကွယ်ခဲ့ဘူးသည် (ထွက် ၁၄:၁၉-၂၀)။ ထိုသို့ ကာကွယ်ရာ၌ မိုဃ်းတိမ်ကို အသုံးပြုခဲ့သည်။ ဘုရား အတွက် အရာခပ်သိမ်းသည် လွယ်လွန်းသည်။ ဣသရေလ လူများသည်၊ တော၌ နှစ်ပေါင်းလေးဆယ်လုံးလုံးမန္နမုန့်ဖြင့် ​ကျွေးမွေး ခဲ့ သကဲ့သို့၊ ဘေးဒဏ်ကြီး ကာလ၌လည်း၊ သုံးနှစ်ခွဲလုံးလုံး ဘုရားသခင်က ​ကျွေးမွေး ဦးမည်။

 

ကောင်းကင်၌ စစ် ဖြစ်

ရ။ ကောင်းကင်၌ စစ်ဖြစ်၏။ မိက္ခေလနှင့် သူ၏ ကောင်းကင်တမန် တို့သည်၊ နဂါးကို စစ်တိုက်ကြ၏။ နဂါးနှင့် သူ၏ တမန် တို့သည် စစ်တိုက်၍ မနိုင်ကြ။ ကောင်းကင်၌လည်း သူတို့ နေစရာ မရှိ။

ဘေးဒဏ်ကြီး ကာလသည်၊ မြေကြီး ပေါ်၌ အကြီးမား ဆုံးစစ်ပွဲများ တိုက်ခိုက် ကြမှာ ဖြစ်သည် (ဗျာ ၆)။ မြေကြီး ပေါ်၌ သာမက၊ ကောင်းကင်၌လည်း စစ် ဖြစ်ကြမည်။ စာတန်နှင့် သူ၏ ၀ိညာဥ်ဆိုးများသည်၊ ဘုရားသခင်က သူတို့ကို နှင်ထုတ် ချိန်မှစ၍၊ အစဥ်အမြဲ ဘုရားသခင်နှင့် သူ၏ လူများကို စစ်တိုက် ကြသည်။ ထို့ကြောင့် ရှင်ပေါလုကယုံကြည်သူများထံဤသို့ သတိပေးခဲ့သည်၊ “ညီအစ်ကိုတို့၊ သခင်ဘုရား အားဖြင့်၎င်း၊ တန်ခိုးတော် အရှိန်အားဖြင့်၎င်း၊ ခိုင်ခန့်ခြင်းရှိကြလော့။ မာရ်နတ်၏ ပရိယာယ်တို့ကို ဆီးတားနိုင်မည်အကြောင်း၊ ဘုရားသခင် ပြင်ဆင် တော်မူသော လက်နက်စုံကို ၀တ်ဆောင်ကြလော့။ အကြောင်းမူကား၊ ငါတို့သည် အသွေးအသားရှိသော ရန်သူတို့နှင့် ဆိုင်ဗြုင်တိုက်လှန််ရကြသည် မဟုတ်။ အထွဋ္ဋ်အမြတ်တို့နှင့်၎င်း၊ အာဏာစက်တို့နှင့်၎င်း၊ လောကီမှောင်မိုက်၌ အစိုးတရ ပြုလုပ်သော မင်းတို့နှင့်၎င်း၊ မိုဃ်းကောင်းကင်၌ နေသော နတ်ဆိုးတို့နှင့်၎င်း၊ ဆိုင်ဗြုင်တိုက်လှန်ရကြ၏။” (ဧဖက် ၆:၁၀- ၁၂)။ သို့သော် ယုံကြည်သူများသည်၊ ၀ိညာဥ်ဆိုးများနှင့် စစ်တိုက် နေကြမှန်းကို မသိကြဘဲ၊ စာတန် ပိုင်သော ဤလောကကို တပ်မက် ခြင်းအားဖြင့်၊ ၀ စာတန်၏ ကျော့ကွင်းတွင် မိ နေကြသည်။ ဘေးဒဏ်ကာလ အလယ်၌ ကောင်းကင် စစ်ပွဲ ဖြစ်ပွားမည်။ ထိုစစ်ပွဲ၌ ကောင်းကင်တမန် တပ်ကိုမိက္ခေလကဦးဆောင်၍၊ နဂါးနှင့် သူ၏ တမန်များစစ်ရှုံးမည်။ နဂါးသည် မာရ်နတ် စာတန်၊ ရှေးမြွေဟောင်း ဖြစ်ကြောင်း ဗျာ ၁၂:၈နှင့် ၂၀:၂၌ ဖေါ်ပြထားသည်။ ထို့ကြောင့် နဂါး၊ ရှေးမြွေဟောင်းမာရ်နတ်၊ စာတန် ဟူသော နာမည်များသည် တဦးတည်း ဖြစ်သည်။ စာတန် ရှိသောကြောင့် စစ် ဖြစ်ရသည်။ စာတန် မရှိလျှင် ကမ္ဘာပေါ်၌ စစ် ဖြစ်မည် မဟုတ်။ စာတန် မရှိတော့သော အနှစ်တစ်ထောင်ကာလ တွင်၊ စစ်မရှိတော့မည့် အကြောင်း ဤသို့ ရေးထားသည်၊ “ထာ၀ရ ဘုရားသည်၊ လူမျိုးတို့တွင် တရားစီရင်၍၊ များပြားသော လူတို့ကို ဆုံးမ တော်မူ သဖြင့်၊ သူတို့ ထားလက်နက်များကို၊ ထွန်သွား ဖြစ်စေခြင်း ငှါ၎င်း၊ လှံများကို တံစဥ် ဖြစ်စေခြင်း ငှါ၎င်း၊ ထုလုပ်ကြလိမ့်မည်၊၊ တပြည်ကို တပြည် စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောက်တဖန် မသင်ရကြ။” (ဟေရှာယ ၂:၄၊ မိက္ခာ ၄:၃)။

 

၈။ ထိုအခါ၊ ဤလောက တနိုင်ငံ လုံးကို လှည့်​ြ့ဖား၍၊ မာရ်နတ် စာတန် အမည်ရှိသော၊ ရှေး​မြွေဟောင်းတည်း ဟူသော နဂါးကြီးကို၎င်း၊ ၉။ သူနှင့် အတူ၊ သူ၏ တမန် တို့ကို၎င်း၊ မြေကြီးသို့ ချလိုက်ကြ၏။

စာတန်သည်၊ ယခုတိုင်အောင် ကောင်းကင်၌၊ သွားရောက်နိင်ကြောင်းကို၊ ဤကျမ်းပိုဒ်အားဖြင့် သိရသည်၊ “ဘုရားသခင်၏သား တို့သည်၊ ထာ၀ရ ဘုရား ထံတော်၌ ခစားခြင်းငှါ၊ လာရသော နေ့ရက်အချိန် ရောက်လျှင်၊ စာတန် သည်လည်း သူတို့နှင့် ရောနှော၍ လာ၏၊၊ ထာ၀ရ ဘုရား ကလည်း၊ သင်သည် အဘယ်အရပ်ကလာသနည်းဟု၊ စာတန်ကို မေးတော်မူလျှင်၊ စာတန် ကမြေကြီး ပေါ်မှာ လှည့်လည်၍၊ အရပ်ရပ်သွားလာခြင်း အမှု ထဲကလာပါသည်၊ ဟု ပြန်လျှောက်လေ၏။” (ယောဘ ၁:၆ -ရ)။ သို့သော် ဘေးဒဏ်ကြီး ကာလ၏ အလယ်တွင်၊ သူသည် စစ်ပွဲရှုံးသောကြောင့်၊ ကောင်းကင်၌ နေရာမရတော့ဘဲ၊ မြေကြီး ပေါ်သို့ ချခြင်းကို ခံရမှာ ဖြစ်သည်။ ထိုအချိန် မှစ၍ စာတန်နှင့် သူ၏ တမန် များသည်၊ ကောင်းကင် နိင်ငံသို့ ရောက်နိင်သော အခွင့်ရှိတော့မည် မဟုတ်။

 

၁၀။ ကောင်းကင်ဘုံ၌ ကြီးသော အသံကား၊ ယခုမှာ ကယ်တင်ခြင်း ဖြစ်၏။ တန်ခိုးတော်လည်း ဖြစ်၏။ ငါတို့ ဘုရားသခင်၏ နိုင်ငံတော်နှင့် သူ၏ ခရစ်တော်၏ အာဏာတော် စက်လည်း ဖြစ်၏။ အကြောင်းမူကား၊ ငါတို့ ညီအစ်ကို များကို ငါတို့ ဘုရားသခင့်ရှေ့တော်၌၊ နေ့ညဥ့်မပြတ် အပြစ် တင်သော ရန်သူကို အောက်သို့ ချလေပြီ။

စာတန်ကို မြေကြီး အပေါ်ချလိုက်ချိန်မှစ၍၊ ကောင်းကင် နိင်ငံ၌လည်း အလွန် ချမ်းသာ ရာရကြမည်။ စာတန်သည် ကောင်းကင် နိင်ငံ၌၊ ယောဘကို အပြစ် တင် သကဲ့သို့၊ ယုံကြည်သူများကို နေ့ညဥ့်မပြတ် အပြစ် တင်ကြောင်း တွေ့ရသည်။ စာတန်၏ အဓိကအလုပ်သည်၊ သူတပါး၏ အပြစ်ကို ဘုရားသခင် ထံ၌ တင်ခြင်း ဖြစ်သည်။ ထို့ကြောင့် သူ၏ သားသမီး များလည်း၊ သူတပါး၏အား နည်းချက်များကို အပြစ် မြင်တတ်၊ ပြောတတ် ကြသည်။ ယုံကြည်သူများပင်လျှင်၊ မယုံကြည် ခင်ကအကျင့်ကို မဖေျာက်ဖျက်နိင်ဘဲ၊ သူတပါး၏ အပြစ်များကို အလွန် ပြောချင် တတ် ကြသည်။ သူတပါး၏ အပြစ်ကို ပြောခြင်း၊ အတင်း ပြောခြင်းသည် ဘုရား သားသမီး များ၏ အလုပ် မဟုတ်၊ စာတန်နှင့် သူ၏ တမန်များအလုပ် ဖြစ်သည်။ ထို့ကြောင့် ယခုမှစ၍ သူတပါး၏ အပြစ်ကို မပြောတော့ဘဲ၊ သူတို့၏အား နည်းချက်များ အတွက်၊ ဆုတောင်း ပေးကြပါစို့။ လူသည် အပြစ်၊ အား နည်းချက်အမျိုးမျိုးရှိနေမှာ ဖြစ်သည်။ သို့သော် ထိုအရာအတွက် အပြစ် မလုပ်ဘို့ရန် နှင့်၊ ဘုရားသခင်က ခွင့်လွှတ်ဘို့ရန် ဆုတောင်း ပေးကြပါစို့။

 

၁၁။ သူတို့သည် သိုးသငယ်၏ အသွေးအားဖြင့်၎င်း၊ မိမိတို့ သက်သေခံချက်နှုတ်ကပတ်တရားအားဖြင့်၎င်း၊ အောင်မြင်၍၊ အသေခံသည် တိုင်အောင်၊ ကိုယ်အသက်ကို မနှမြောကြ။

ဘေးဒဏ်ကြီး ကာလ ယုံကြည်သူများ၏ အောင်မြင်ခြင်း သည်၊ အချက်သုံးချက်ကြောင့် ဖြစ်ကြောင်း သိရသည်။ ထိုအရာများမှာ၊ သိုးသငယ် တည်း ဟူသော ခရစ်တော်၏ အသွေး၊ သူတို့၏ သက်သေခံချက်နှုတ်ကပတ်တော် နှင့်၊ အသေခံသည့်တိုင်အောင်ကိုယ့်အသက်ကို မနှမြောခြင်းတို့ ဖြစ်သည်။ ခရစ်တော်၏ အသွေးသည် တန်ခိုးရှိသည်။ ဘုရားသခင်၏ စိတ်ကို ကျေနပ် စေသည်။ စာတန်ကို ရှုံးစေသည်။ ယုံကြည်သူ၏ စိတ်၌၊ ဘုရား၏ အပြစ် လွှတ်ခြင်းကို စိတ်ချစေသည်။ ယုံကြည်သူများ၏ သက်သေခံခြင်းသည် လည်း၊ အောင်မြင်ခြင်း ဖြစ်သည်။ အကြောင်းမှာ သက်သေခံခြင်း ဖြင့်၊ စာတန် နိင်ငံတုန်လှုပ်စေ၍၊ သူချုပ်နှောင်ထားသော လူများ လွတ်မြောက်စေသည်။ ထိုမျှမကသက်သေခံသူသည်၊ ပို၍ ယုံကြည် လာကာခွန်အား ဖြစ်စေသည်။ ယုံကြည်သူများအသက် မနှမြောဘဲ၊ အသေခံခြင်း သည်လည်း စာတန်၏ တန်ခိုး၊ သေခြင်းကို အနိင်ယူခြင်း ဖြစ်သည်။ သေရမှာမကြောက်သော သူများကို၊ စာတန် ကမည်သို့ မျှခြိမ်း​ခြောက်၍ မရ၊ လှည့်ဖျား၍ မဖြစ်နိင်ချေ။

 

၁၂။ ထိုကြောင့်၊ ကောင်းကင်နှင့် ကောင်းကင်သားတို့ ရွှင်လန်းကြလော့။ မြေကြီးနှင့် ပင်လယ်သည် အမင်္ဂလာရှိ၏။ အကြောင်းမူကား၊ မာရ်နတ်သည် မိမိ ကာလ တခဏသာရှိသည်ကို သိ၍၊ ပြင်းစွာသော ​ေဒါသအမျက်နှင့် တကွ၊ သင်တို့ ရှိရာသို့ ဆင်းလေပြီဟုဆိုကြသည်ကို ငါကြား၏။

စာတန်နှင့် သူ၏ တမန် များကို ကောင်းကင် မှချလိုက်သောကြောင့်၊ ကောင်းကင်၌ အလွန်အားရ၀မ်းမြောက်ရသော်လည်း၊ မြေကြီး ပေါ်၌ အမင်္ဂလာ ဖြစ်သည်။ အကြောင်းမှာ စာတန်သည်၊ ကောင်းကင်၌ နေရာမရတော့သောကြောင့်၊ အလွန် ​ေဒါသထွက်၍ မြေကြီး ပေါ်၌ သူ၏ ​ေဒါသမီးလောင်းတော့မှာ ဖြစ်သည်။ ထို့ကြောင့််ဘေးဒဏ်ကြီး ကာလ၏ ဒုတိယပိုင်းသည်၊ ပို၍ ဒုက္ခ ရောက်မှာ ဖြစ်သည်။ စာတန်သည်အချိန် ခဏလေးသာရတော့မှာကိုလည်း သိသည်။

 

၁၃။ ထိုနဂါးသည် မြေကြီးသို့ကိုယ်ကျသည်ကို သိမြင်လေသော်၊ သား ယောက်ျားကို ဘွားမြင်သော မိန်းမကို ညှဥ်းဆဲ၏။

စာတန်သည် မြေကြီး ပေါ်သို့ ကျ သောအခါ၊ သား ယောက်ျားကို ဘွားမြင်သော မိန်းမကို၊ ညှဥ်းဆဲသည်ဟုဆိုသည်။ အဘယ်ကြောင့်နည်း ဟူမူကား၊ ထိုသား ယောက်ျားတည်း ဟူသော ယေရှုခရစ် တော် ကသူ့ကို နိင်၍၊ ကောင်းကင် မှချသောကြောင့် ဖြစ်သည်။ ကမ္ဘာဦးကျမ်း၃:၁၅၌ ဘုရားသခင် ပြောသော၊ မိန်းမ၏သား ကသူ၏ ခေါင်းကို ကျိတ်လိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် ထိုမိန်းမတည်း ဟူသော ဣသရေလ လူများကို၊ တတ်နိင်သမျှ သတ်ဖြတ်မှာ ဖြစ်သည်။ ခရစ်တော်သည် စာတန်ကို တိုက်ဘို့ရန်၊ ဤလောကသို့ ဆင်းသက်ကြောင်း ဤသို့ ရေးသား ထားသည်၊ “မာရ်နတ်အမှု တို့ကို ပယ်ဖျက်ခြင်းငှါ၊ ဘုရားသခင်၏ သားတော်သည် ထင်ရှားပေါ်ထွန်း တော်မူ၏။” (၁ ယော ၃:၈)။ ခရစ်တော် လူ့ဇာတိခံယူခြင်းသည်၊ စာတန်၏ တန်ခိုးသေခြင်းကို ဖျက်ဆီး၍ သေခြင်းကို ကြောက်သောကြောင့်၊ တသက်လုံး​ကျွန်ခံနေရသော သူများကို ကယ်နှုတ်ဘို့ ဖြစ်ကြောင်း၊ ကျမ်းစာ၌ ဤသို့ တွေ့ရသည်၊ “ထိုသူငယ်တို့သည် အသွေးအသားနှင့် ဆက်ဆံကြသောကြောင့်၊ ခရစ်တော်သည် အသေခံ တော်မူသော အားဖြင့်၊ သေခြင်း တရားကို အစိုးရသော သူတည်း ဟူသော၊ မာရ်နတ်၏ တန်ခိုးကို ချိုးဖဲ့ဖျက်ဆီးခြင်း ငှါ၎င်း၊ သေဘေးကို ကြောက်၍ တသက်လုံး​ကျွန်ခံရသော သူတို့ကို ကယ်လွှတ်ခြင်း ငှါ၎င်း၊ ထိုသူငယ်တို့၏ နည်းတူအသွေးအသားကို ဆောင်ယူ တော်မူ၏။” (ဟေဗြဲ ၁၄-၁၅)။ ခရစ်တော် လက်၀ါးကပ်တိုင်တော်၌ အသေခံခြင်း သည်၊ စာတန်ကို တိုက်ခိုက်၍အောင် နိင်ခြင်း ဖြစ်ကြောင်း၊ ခရစ်တော်ကိုယ်တိုင်ဤသို့ ဆိုခဲ့သည်၊ “ယခုတွင် ဤလောကသည် တရားစီရင်ခြင်းကို ခံရ၏။ ယခုတွင် ဤလောကကို အစိုးရသော မင်းသည် ပြင်သို့ နှင်ထုတ်ခြင်းကို ခံရလိမ့်မည်။ ငါသည်လည်း မြေကြီးနှင့် ခွါ၍ မြှောက်ထားခြင်းကို ခံရလျှင်၊ လူအပေါင်းတို့ကို ငါ့ထံသို့ ငါဆွဲမည်ဟု မိန့်တော်မူ၏။” (ယော ၁၂:၃၁-၃၂)။ ခရစ်တော် လက်၀ါးကပ်တိုင်၌ အသေခံ၍၊ ရှင်ပြန်ထမြောက် သောအခါ စာတန်သည် စစ်ရှုံးစပြုနေပြီ။ သေခြင်းအားဖြင့် လူများကို မခြိမ်း​ခြောက်နိင်တော့ချေ။ ထို့ကြောင့် ခရစ်တော်ကို ယုံကြည်သူများစွာ တို့သည်၊ ခရစ်တော် အတွက် အသေခံ ရဲ ကြသည်။ သို့သော် လူများစွာနှင့် ယုံကြည်ခြင်း နုနယ် သူများကို သေ ခြင်းအားဖြင့်၊ အနိင်ကျင့်ကာ​ကျွန်ပြုနေသေးသည်။ သို့သော် ဘေးဒဏ်ကြီး ကာလ အပြီးတွင် စာတန်သည်၊ ဤလောက မင်း မဟုတ်တော့ဘဲ၊ အဝေစိတွင်း ထဲ၌ နှစ်ပေါင်းတစ်ထောင်ထောင်ချမှာ ဖြစ်သည် (ဗျာ ၂၀:၁-၃)။ ထိုအရာကို သိနေသောကြောင့်၊ ခရစ်တော်ကို မုန်း၍ သတ်ခဲ့သည်။ သို့သော် ရှင်ပြန်ထမြောက် ကာကောင်းကင်သို့ တက်သွားသည်။ ထိုသို့ ခရစ်တော်ကို မဖျက်ဆီးနိင် သောအခါ၊ သူ့ကို မွေးထုတ်ပေးသော မိန်းမတည်း ဟူသော၊ ဣသရေလ လူမျိုးကို အညှုိးထား၍ ညှဥ်းဆဲခြင်း ဖြစ်သည်။

 

၁၄။ မိန်းမသည် ထို​မြွေနှင့် လွတ်၍၊ တကာလ၊ နှစ်ကာလ၊ ကာလ တ၀က်ပတ်လုံး​ကျွေးမွေးခြင်းကို ခံရာအရပ်တည်း ဟူသော တောအရပ်သို့ ပျံနိုင်မည်အကြောင်း၊ လင်းယုန်ကြီး၏ အတောင်နှစ်ဘက်ကို ရလေ၏။

စာတန်သည်၊ ခရစ်တော် မွေးဘွားပေးမည့် ဣသရေလကို၊ သမိုင်းတလျှောက်သတ်ဖျက်ညှဥ်းဆဲခဲ့သည်။ ဣသရေလ လူများ၊ အပြစ် ကျူးလွန်ခြင်း များသည်၊ သူတို့၏ စိတ်နှလုံးခိုင်မာခြင်းလည်း ဖြစ်သော်လည်း၊ စာတန်၏ အထူးဖျက်ဆီးခြင်းလည်း ပါသည်။ ထို့ကြောင့် ပါရှားအင်ပိုင်ယာခေတ်တွင်၊ ဟာမန်အားဖြင့် ဂျူး (ဣသရေလ) လူမျိုးပြုတ်သွားဘို့ ကြိုးစား ခဲ့သည် (ဧသတ္တာ၀တÎု)။ ယခုခေတ်တွင် ဟစ်တလာကလည်း၊ အမျိုးပြုတ်သွားဘို့ရန် ကြိုးစား၍၊ ဣသရေလ လူ၆ သန်းသတ်ခဲ့သည်။ ဘေးဒဏ်ကြီး ကာလတွင် လည်း၊ ဣသရေလ လူများကို အားလုံးသတ်ဘို့ ကြိုးစား လိမ့်မည်။ သို့သော် ဘုရားသခင်က တကာလ (တစ်နှစ်)၊ နှစ်ကာလ (နှစ်နှစ်)၊ ကာလ တ၀က် (နှစ်၀က်)ကို ကွယ်ကာ၍ တော၌ ​ကျွေးမွေး လိမ့်မည်။ ထိုနေရာသည် အဘယ်နေရာ၌ ဖြစ်မည်ကို အတိအကျ မသိနိင်ပါ။ ဘုရားသခင်သည် ဣသရေလ လူများကို သဲကန္တာရထဲ၌ နှစ်ပေါင်း၄၀​ကျွေးမွေး ခဲ့ကြောင်း တွေ့ရသည်။ “လင်းယုန်သည် အသိုက်ကို မွှေလျှက်၊ သား ငယ်တို့ အပေါ်မှာ လှုပ်ရှားလျှက်၊ အတောင်တို့ကို ဖြန့်လျှက်၊ သား ငယ်တို့ကို ယူ၍ မိမိ အတောင်တို့ ဖြင့် ဆောင် သကဲ့သို့၊ ထာ၀ရ ဘုရား တပါးတည်း သာလျှင်၊ ယာကုပ်ကို ဆောင်သွား တော်မူ၏။” (တရားဟော ၃၂:၁၁-၁၂)။ ဘုရားက၊ “ငါသည် အဲဂုတ္တု ပြည် လူတို့၌ ပြုသော အကြောင်း၊ သင်တို့ကို လင်းယုန်အတောင်ဖြင့် ထမ်း၍ကိုယ်ဘို့ သိမ်းယူသော အကြောင်းကို သင်တို့သည် သိမြင်ရကြပြီ။” (ထွက် ၁၉:၄) ဟုဆိုခဲ့သည်။ လင်းယုန်အတောင်ဖြင့် ဆောင်သွားခြင်းသည်၊ လျှင် မြန်လွယ်ကူခြင်းကို ဆိုလိုသည်။ ဘေးဒဏ်ကြီး ကာလတွင် လည်း၊ ဘုရားသခင်သည် ဣသရေလ လူများကို၊ စာတန် လက်မှကွယ်ကာ၍ သုံးနှစ်ခွဲ​ကျွေးမွေး ဦးမည်။

 

၁၅။ ထိုအခါ၊ မိန်းမကို ရေအဟုန်ဖြင့် မျောသွားစေခြင်းငှါ၊ နဂါးသည် မိမိ ခံတွင်း ထဲကမြစ်ရေစီး သကဲ့သို့ ရေကို မိန်းမနောက်၌ ထုတ်ပစ်လေ၏။

နဂါးတည်း ဟူသော စာတန်သည်၊ မိန်းမတည်း ဟူသော ဣသရေလကို၊ မိမိ ခံတွင်း ထဲမှမြစ်ရေဖြင့် မျောသွား၍ သေစေရန်ပြုသည်။ ထိုရေသည် အဘယ်အရာကို ဆိုလိုသနည်း။ တကဲ့ရေလည်း ဖြစ်နိင် သကဲ့သို့ စစ်သားများကိုလည်း ဆိုလိုနိင်သည်။ ဗျာ ၁ရ:၁၅၌၊ “ယခုမြင်၍ ပြည် တန်ဆာထိုင်သော ရေကား၊ အသီးသီးဘာသာစကားကို ပြောသော၊ လူအမျိုးမျိုး အစုစု ဖြစ်သတည်း။”ဟု တွေ့ရသည်။ ဤနေရာ၌ ရေသည် လူအမျိုးမျိုးကို ဆိုလိုသည်။

 

၁၆။ မြေကြီးသည် မိန်းမကို မစ၍ မိမိ ခံတွင်းကို ဖွင့်ပြီးလျှင်၊ နဂါး၏ ခံတွင်း ထဲကထုတ်ပစ်သော မြစ်ရေကို မျိုလေ၏။

မြေကြီးသည် နဂါးခံတွင်း မှထုတ်ပစ်သော မြစ်ရေကို မျိုလိုက်သည်ဟုဆိုသည်။ နဂါးတည်း ဟူသော စာတန် စေလွှတ်သော လူများ၊ စစ်သား များကို မြေကြီး ကမျိုလိုက်ခြင်း ဖြစ်မည်။ ဘုရားသခင်က၊ မောရှေနှင့် အာရုန်ကိုတော် လှန်ပုန်ကန်သော၊ ကောရနှင့် အဖွဲ့ကို မြေမျိုစေခြင်း ဖြင့်၊ တရားစီရင်ခဲ့ဘူးသည် (တော ၁၆:၂၉-၃၃)။ မည်ကဲ့သို့ ပင် ဖြစ်စေ၊ စာတန်သည် မိန်းမကို အဖျက်ဆီးနိင်ချေ။ ဖါရောဘုရင်က ဣသရေလ လူမျိုးများကို၊ သတ်ဖြတ်ဘို့ရန် လိုက်လာ သောအခါ၊ သူတို့ကို ပင်လယ်ရေအားဖြင့်၊ ဖျက်စီးခဲ့ဘူးသည်။

 

၁ရ။ နဂါးသည် မိန်းမကို အငြိုးထား၏။ ဘုရားသခင်၏ ပညတ်တော် တို့ကို ကျင့်၍၊ ယေရှု၏ သက်သေခံ တော်မူ ချက်ကို စွဲလန်းသော သူတည်း ဟူသော၊ ထိုမိန်းမ၌ ကြင်းသော အမျိုးအနွယ်ကို စစ်တိုက်ခြင်း ငါှသွား၏။

မိန်းမ၌ ကြွင်းသော အမျိုးအနွယ်သည်၊ မိန်းမကို ချစ်၍ ကာကွယ်သော သူများ ဖြစ်မည်။ ထို့ကြောင့် နဂါးကစစ်တိုက်ခြင်း ဖြစ်သည်။ သို့ဖြစ်လျှင် မိန်းမတည်း ဟူသော ဣသရေလကို ချစ်၍၊ ကာကွယ်သော သူများသည် အဘယ်သူ ဖြစ်မည်နည်း။ ထိုသူသည် ကယ်တင်ခြင်းသို့ ရောက်၍၊ ဧ၀ံဂေလိတရားကို ဟောပြောသက်သေခံသော၊ ယုံကြည်သူများဖြစ်သည်။ ယနေ့ ဧ၀ံဂေလိအသင်းတော်များကသာလျှင်၊ ဣသရေလ များကို ချစ်၍ သူ့ဘက်၌ နေသည်။ ထိုသူများသည် ချီဆောင်ခြင်း၌ ပါသွားပြီး ဖြစ်သည် မဟုတ်လော။ ထို့ကြောင့် ကျေးဇူးတော် ကာလ၌ ယုံကြည်သူများမ ဖြစ်နိင်ချေ။ ထိုသူများသည် ဘေးဒဏ်ကြီး ကာလ၌ ပြန်လည်ယုံကြည်သူများဖြစ်မည်။ ထိုသူများသည် နဂါးတည်း ဟူသော စာတန်က၊ တိုက်ခိုက် သောကြောင့် သတ်ဖြတ်ခံသော သူများ ဖြစ်မည်။

 

ဗျာ ၁၂ မေးခွန်းများ

 

၁။ ကောင်းကင်၌ တွေ့သော မိန်းမသည်၊ မည်သူ ဖြစ်သနည်း။ ———————————-အဘယ်ကြောင့်ထိုသို့ ဆိုနိင်သနည်း။ ——————————————————————–

၂။ ထိုမိန်းမသည် မည်သူကို မွေးဘွားပေးသနည်း။ ———————————————

၃။ အငယ် ၃၌ ယောဟန်ကဘာကို မြင်သနည်း။ ———————————-

၄။ အဆင်းနီသော နဂါးသည် ဘာကို ဆိုလိုသနည်း။ —————အဘယ်ကြောင့်နဂါးဟု ခေါ်သနည်း။ ———————————-

၅။ နဂါးက ကောင်းကင်တမန် သုံးစုတစုဆွဲချခြင်းသည် မည်သည့်အချိန်၌ ဖြစ်ခဲ့သနည်း။ ———————————-

၆။ နဂါးသည် အဘယ်ကြောင့်၊ မိန်းမမွေးသော သားကို သတ်ချင် သနည်း။ ———————————-

ရ။ လူမျိုးတို့ကို သံလှံတံနှင့် အုပ်စိုးမည့် သူသည် မည်သူနည်း။ —————————–

၈။ အဘယ်ကြောင့်မိန်းမသည် မယ်တော် မာရိမ ဖြစ်နိင်သနည်း။

၉။ ကောင်းကင်၌ မည် သူများ တိုက်ခိုက် ကြသနည်း။ —————————–မည်သူကနိင်သနည်း။ —————————–

၁၀။ စာတန်သည် ကောင်းကင်၌ ယခုတိုင်သွားနိင်သလော။ ———————————————————-

၁၁။ စာတန်သည် ကောင်းကင်၌ ဘာလုပ်သနည်း။ ———————————————–

၁၂။ ယုံကြည်သူများသည် အဘယ်အရာများ အားဖြင့် အောင်မြင် ကြသနည်း။ ———————————————–

၁၃။ အဘယ်ကြောင့်ကောင်းကင်၌ ရွှင်လန်း၀မ်းမြောက်ကြလော့ဟုဆိုသနည်း။ ———————————————–

၁၄။ အဘယ်ကြောင့်မြေကြီး ပေါ်၌ အမင်္ဂလာ ဖြစ်သနည်း။ ———————————————–

၁၅။ ခရစ်တော်သည် စာတန်ကို မည်ကဲ့သို့ အောင်မြင် သနည်း။ ———————————————–

၁၆။ တကာလ၊ နှစ်ကာလ၊ ကာလ တ၀က်သည် မည်မျှကြာသနည်း။ ———————————————–

၁ရ။ အဘယ်ကြောင့် စာတန်သည်သား ယောက်ျားကို ဘွားမြင်သော မိန်းမကို ညှဥ်းဆဲချင် သနည်း။ ———————————————–

၁၈။ လင်းယုန်အတောင်ဖြင့် ဆောင်သွားခြင်းသည် ဘာကို ဆိုလိုသနည်း။ ———————————————–

၁၉။ နဂါး၏ ခံတွင်း ထဲကထုတ်ပစ်သော မြစ်ရေသည် ဘာ ဖြစ်နိင်သနည်း။ ———————————————–

၂၀။ မိန်းမ၌ ကြင်းသော အမျိုးအနွယ်သည် မည်သူတို့ ဖြစ်မည်နည်း။ ———————————————–

.

 

ဗျာဒိတ်ကျမ်း ၁၃

 

ပဌမသားရဲအန္တီခရစ်

 

ဗျာဒိတ် ၁၃သည်၊ ဘေးဒဏ်ကြီး ကာလ၌ တကမ္ဘာလုံးကို အုပ်ချုပ်မည့်၊ ကမ္ဘာခေါင်းဆောင် အန္တီ ခရစ်၏ အကြောင်း အချို့ကို ရေးထားခြင်း ဖြစ်သည်။ ဤကမ္ဘာကြီးသည် အလွန် ရှုပ်ထွေး၍ ပြသနာ များစွာကြောင့်၊ ထိုပြသနာကို ​ ဖြေရှင်း နိင်သူကို ရှာဖွေ နေသည်။ ထိုအခါ စာတန် လူအန္တီ ခရစ်ပေါ်လာ၍၊ ကမ္ဘာသူကမ္ဘာသားများက မျှော်လင့်ချက်ကြီးစွာ ဖြင့်၊ ကယ်တင်ရှင်ဟု ထင်မှတ်ကာ၊ ခေါင်းဆောင် တင်ကြမှာ ဖြစ်သည်။ သို့သော် သူသည် အာဏာရှင် ဖြစ်လာ၍၊ သူ့ကို လူသား တိုင်း ကကိုး ကွယ်ဘို့ အမိန့်ထုတ်မှာ ဖြစ်သည်။ သူ့ကို ကူညီမည့်သူ ဘာသာရေးခေါင်းဆောင် လည်း၊ ပေါ်ပေါက်မည့် အကြောင်း ဖေါ်ပြထားသည်။

 

၁။ ပင်လယ်နား၌ သဲပေါ်မှာ ငါရပ်၍၊ သားရဲတကောင်သည် ခေါင်း ခုနစ်လုံး၊ ချိုဆယ်ချောင်းနှင့် တကွချိုပေါ်၌ သရဖူဆယ်ဆူကို ဆောင်းလျက်၊ ခေါင်းပေါ်၌လည်း ဘုရားသခင်၏ အသရေတော်ကို ရှုတ်ချသော နာမရှိလျက်၊ ပင်လယ်ထဲကတက်သည်ကို မြင်၏။

 

ပင်လယ်နား၌ သဲပေါ်မှာ ရပ်သော သူသည်၊ အခြားသော ကျမ်းစာများ၌ ယောဟန် မဟုတ်ဘဲသားရဲ ဖြစ်သည်။ သဲပေါ်မှာ ရပ်ခြင်း ဆိုသည်မှာ မခိုင်မြဲခြင်းကို ဆိုလိုသည် (မရ:၂၆-၂ရ)သားရဲဆိုသည်မှာ ကမ္ဘာ့ ခေါင်းဆောင်ကို ဆိုလိုသည်။သားရဲများသည် တောဘုရင် ဖြစ်သကဲ့သို့၊ ကမ္ဘာ့ ခေါင်းဆောင်လည်း ဘုရင် ဖြစ်မည်။ လူ့အမြင်၌ သမတ သို့မဟုတ် ခေါင်းဆောင်ဟု မြင်ရသော်လည်း၊ ဘုရား အမြင်၌ သားရဲကဲ့သို့ မြင်ရသည်။ ဒံယေလရ၌လည်း ကမ္ဘာအင်ပိုင်ယာများကို၊ သားရဲများ အဖြစ်မြင်ခဲ့ပြီး ပြီ။ ခေါင်းသည် ခေါင်းဆောင် ဖြစ်ခြင်းကို ဆိုလိုသည်။ ချိုသည် တိရစ္ဆာန်များ၏ လက်နက်၊ သို့မဟုတ် တန်ခိုး ဖြစ်သည်။ သရဖူသည် တန်ခိုး၊ အာဏာ၊ ရာထူးကို ဆိုလိုသည်။ ပင်လယ်သည် လူများစွာကို ဆိုလိုသည် (ဗျာ ၁ရ:၁၅)။

 

ခေါင်းခုနှစ်လုံးသည်၊ ဗျာ ၁ရ:၉-၁၁၌ ဤသို့ တွေ့ရသည်၊ “ခေါင်းခုနှစ်လုံးကား မိန်းမထိုင်သော တောင်ခုနှစ်လုံး ဖြစ်၏။ ရှင်ဘုရင်ခုနှစ်ပါးလည်း ဖြစ်၏။ ငါးပါးကျပြီ၊ တပါးရှိသေး၏။ တပါး ဖြစ်လေဦးမည်။ ဖြစ်သောအခါ တခဏသာတည်လိမ့်မည်။” ထို့ကြောင့် ခေါင်းခုနှစ်လုံးသည်၊ တောင်ခုနှစ်လုံးတည်း ဟူသော ရှင်ဘုရင်ခုနှစ်ပါး ဖြစ်သည်။ ထိုရှင်ဘုရင်များသည်၊ ကမ္ဘာ့ အင်ပိုင်ယာနိင်ငံများကို ဆိုလိုသည်။ ငါးပါးကျပြီဟူသောအရာ သည် အဲဂုတ္တု၊ အာရှုရိ၊ ဗာဗုလုန်၊ မေဒုိပါးရှား၊ ဂရိတ်အင်ပိုင်ယာများ ဖြစ်သည်။ တပါးရှိသေး၏ ဟူသောအရာ သည် ထိုအချိန်၌ တည်ရှိသော၊ ရောမအင်ပိုင်ယာကို ဆိုလိုသည်။ တပါး ဖြစ်လေဦးမည်ဟူသောအရာ သည်၊ ဘေးဒဏ်ကြီး ကာလ၌ ပေါ်ပေါက်လာမည့်၊ ကမ္ဘာ့ အစိုးရကို ဆိုလိုသည်။ ခဏသာတည်လိမ့်မည်ဟူသောအရာ သည် ခုနှစ်နှစ်သာတည်တန့်မည့် အရာကို ဆိုလိုသည်။

 

ချိုဆယ်ချောင်းနှင့် ပတ်သက်၍ လည်း၊ ဤသို့ အနက်ဖွင့်ထားသည်၊ “ယခုမြင်သော ချိုဆယ်ချောင်းကား၊ မင်းအာဏာစက်ကို မရ သေးသော ရှင်ဘုရင်ဆယ်ပါး ဖြစ်၏။ ရှင်ဘုရင်၏ အာဏာစက်ကိုသားရဲနှင့် အတူ၊ တချက်တည်းရကြလိမ့်မည်။ ထိုသူတို့သည် သဘောတူ၍၊ မိမိတို့ တန်ခိုးအာဏာစက်ကိုသားရဲ၌ အပ်ပေးကြလိမ့်မည်။” (ဗျာ ၁ရ:၁၂-၁၃)။ ထို့ကြောင့် ချိုဆယ်ချောင်းသည် အာဏာရရှိလာမည့် ရှင်ဘုရင်ဆယ်ပါး ဖြစ်သည်။ ဘေးဒဏ်ကြီး ကာလ၌၊ သားရဲတည်း ဟူသော ကမ္ဘာ့ ခေါင်းဆောင်သည်၊ ရှင်ဘုရင်ဆယ်ပါးနှင့်အတူ တပြိုင်နက်အာဏာရရှိ၍၊ သူတို့၏ အာဏာကိုသားရဲ၌ အပ်လိမ့်မည်ဟုဆိုသည်။ ဘေးဒဏ်ကြီး ကာလ၌ ကမ္ဘာကြီး သည၊ ်ဆယ်နိင်ငံအဖြစ် ခွဲ၍ ရှင်ဘုရင်ဆယ်ပါးကအုပ်ချုပ်မှာ ဖြစ်သည်။ ထိုဆယ်ပါးသော နိင်ငံများသည် မြောက်အမေရိက၊ တောင်အမေရိက၊ အဖရိက၊ ဥရောပ၊ ရုရှား၊ တရုတ်၊ အိနိ​ြယ၊ အရှေ့တောင်အာရှ၊ အရှေ့အလယ်ပိုင်းမူစလင်နိင်ငံများ၊ နှင့် ဩစီးနီးယား (ဩစ​တြေးလျ၊ နယူူးဇီလန်၊ ပစိဖိတ်​ကျွန်းများ) ဟူ၍ ဖြစ်နိင်သည်။ ထိုသို့ဖြစ်ကို ဖြစ်ရမည်ဟု မဆိုလိုပါ၊ ဖြစ်နိင်သည်။ ယခုအခါ ကမ္ဘာအ​ခြေအနေသည် ချက်ချင်း၊ ချက်ချင်း ပြောင်းလဲ နေကြောင်း၊ နေ့တိုင်း တွေ့မြင်နေရသည်။ ကျမ်းတတ်အများစုကထိုဆယ်နိင်ငံသည်၊ ယခင်ရောမအင်ပိုင်ယာမှာပါ၀င်ခဲ့သော နိင်ငံများ ဖြစ်မည်ဟု ယူဆ ကြသည်။ ထိုသို့ဖြစ်ပါကတကမ္ဘာလုံးအတွက် မဟုတ်နိင်ချေ။ အချို့ကအရှေ့အလယ်ပိုင်းမူစလင်နိင်ငံများ ဖြစ်မည်ဟု ယူဆ ကြသည်။ အတိအကျကို ဘေးဒဏ်ကြီး ကာလ၌ တကယ် ပေါ်လာမှသိရပါလိမ့်မည်။

 

“ခေါင်းပေါ်၌လည်း ဘုရားသခင်၏ အသရေတော်ကို ရှုတ်ချသော နာမရှိလျက်၊ ” အန္တီ ခရစ်သည် ခရစ်တော် အတု ဖြစ်သဖြင့် ဘုရားသခင်၏ ရန်သူ၊ ဆန့်ကျင်သူ ဖြစ်သည်။ ထို့ကြောင့် တတ်နိင်သမျှ ဘုရားသခင်၏ အသရေတော်ကို ရှုတ်ချခြင်းသည်၊ သူ၏ အဓိကရည်ရွယ်ချက်နှင့် အလုပ် ဖြစ်သည်။ “ပင်လယ်ထဲကတက်သည်ကို မြင်၏၊ “သားရဲလေးကောင်ပင်လယ်ထဲကတက်သည်ကို ဒံယေလကဤကဲ့သို့ မြင်ခဲ့ဘူးပြီ၊ “ငါဒံယေလသည် ညဥ့်အခါအာရုံပြု၍၊ မိုဃ်းကောင်းကင် လေးမျက်နှာ၌ လေတို့သည် မဟာသမုဒ္ဒ​ရာပေါ်မှာ အချင်းချင်းတိုက်ကြလျှင်၊ သဏ္ဍန်ချင်းမတူသောသားရဲလေးကောင်တို့သည်၊ သမုဒ္ဒ​ရာထဲကထွက်လာကြ၏။ (ဒံရ:၂-၃) ပင်လယ် သို့မဟုတ် သမုဒ္ဒ​ရာသည် လူများကို ဆိုလိုခြင်း ဖြစ်ကြောင်း ဤသို့ ရေးထားသည်၊ “ယခုမြင်၍ ပြည် တန်ဆာထိုင်သော ရေကား၊ အသီးသီးဘာသာစကားကို ပြောသော လူအမျိုးမျိုး အစုစု ဖြစ်သတည်း။” (ဗျာ ၁ရ:၁၅)။ ထို့ကြောင့်သားရဲတည်း ဟူသော ကမ္ဘာ့ ခေါင်းဆောင် အန္တီ ခရစ်သည်၊ လူအများ ထဲမှပေါ်ထွက်လာမှာ ဖြစ်သည်။

 

၂။ ထိုသို့ ငါမြင်သောသားရဲသည် ကျားသစ်နှင့် တူ၏။ သူ၏ ​ခြေသည် ၀ံ​ခြေကဲ့သို့ဖြစ်၏။ သူ၏ နှုတ် သည်လည်း ခြင်္သေ့နှုတ်ကဲ့သို့ဖြစ်၏။ နဂါးသည် မိမိ တန်ခိုးနှင့် မိမိ ပလ္လင်ကို၎င်း၊ ကြီးစွာသော အာဏာစက်ကို၎င်း၊ သားရဲ၌ အပ်ပေး၏။

ယောဟန်မြင်သောသားရဲသည်၊ ကိုယ်ခန္ဓာအားဖြင့် ကျားသစ်နှင့် တူသည်။ ကျားသစ်၊ ၀ံနှင့် ခြင်္သေ့တို့ကို ဒံယေလကဤသို့ မြင်ခဲ့ပြီး ပြီ၊ “ပဌမသားရဲသည် ခြသေ့်နှင့် တူ၏။ လင်းယုန်အတောင်လည်းရှိ၏။ ငါကြည့်ရှု၍ နေစဥ်၊ သူ၏ အတောင်ကို နှုတ်ကြ၏။ မြေမှကိုယ်ကို ချီကြလျက် လူကဲ့သို့ ​ခြေဖြင့် မတ်တပ်ရပ်၍၊ လူစိတ် သဘော ကိုလည်းရ၏။ ဒုတိယသားရဲသည် ၀ံနှင့် တူ၏။ တဘက်၌ကိုယ်ကိုကိုယ်ချီကြ၏။ ပစပ်၌ နံရိုးသုံးချောင်းကို ကိုက်လျက် ရှိ၏။ သင်ထလော့။ အသား များကို ကိုက်စားလော့ဟု သူ့အား ပြောကြ၏။ တဖန် ငါကြည့်ရှုပြန်၍၊ ကျားသစ်နှင့် တူသောသားရဲတကောင်သည် ထင်ရှား၏။ ကျောပေါ်မှာ ငှက်အတောင်လေးခုရှိ၏။ ခေါင်းလေးလုံးနှင့် ပြည့်စုံ၏။ အုပ်စိုးရသော အခွင့်လည်းရှိ၏”။ (ဒံရ:၃-၆)။ ထိုသားရဲများကို ဒံယေလကဘုရား အမြင်နှင့် မြင်၍၊ နေဗုခတ်နဇောကလူရုပ်တုအဖြစ်၊ ဤကဲ့သို့ မြင်ခဲ့ပြီး ပြီ၊ “သူ၏ ဦးခေါင်းသည် ရွှေစင် ဖြစ်၏။ ရင်ပတ်နှင့် လက်နှစ်ဘက်သည် ငွေ ဖြစ်၏။ ၀မ်းနှင့် ပေါင်နှစ်ဘက်သည် ​ကြေး၀ါ ဖြစ်၏။” (ဒံ ၂:၃၂-၃၃)။ ရုပ်တု၏ ဦးခေါင်းနှင့် ခြင်္သေ့သည်၊ ဗာဗုလုန်အင်ပိုင်ယာ၊ ရင်ပတ်နှင့် လက်နှစ်ဖက်နှင့် ၀ံသည်၊ မေဒုိပါးရှားအင်ပိုင်ယာ၊ ၀မ်းနှင့် ပေါင်နှစ်ဖက်နှင့် ကျားသစ်သည်၊ ဂရိတ်အင်ပိုင်ယာကို ဆိုလိုခြင်း ဖြစ်သည်။ ယောဟန်ကအနာဂတ်မှာပေါ်ပေါက်လာမည့် အန္တီ ခရစ်ကို၊ သားရဲကဲ့သို့ မြင်ခြင်းသည်သားရဲကဲ့သို့ ကြမ်းကြုတ်မည့် အရာကို သိနိင်သည်။ အနာဂတ်သားရဲ၏ အရည်အချင်းနှင့် လက္ခဏာများသည်၊ ယခင်ရှိခဲ့ပြီးသော အင်ပိုင်ယာများနှင့် တူမည့် အရာကို ဖေါ်ပြသည်။

 

“နဂါးသည် မိမိ တန်ခိုးနှင့် မိမိ ပလ္လင်ကို၎င်း၊ ကြီးစွာသော အာဏာစက်ကို၎င်း၊ သားရဲ၌ အပ်ပေး၏။” နဂါးသည် စာတန်ကို ဆိုလိုသည်။ စာတန်သည် အန္တီ ခရစ်ကို၊ မိမိ တန်ခိုးနှင့် ပလ္လင်နှင့် အာဏာစက်များကို ပေးသည်ဟုဆိုသည်။ ထို့ကြောင့် အန္တီ ခရစ်တည်း ဟူသော အနာဂါတ်ကမ္ဘာ့ ခေါင်းဆောင်သည်၊ စာတန် ၀င်စား၍ အလွန် တန်ခိုးကြီး မှာ ဖြစ်သည်။ စာတန်သည် ခမည်းတော် ဘုရား နေရာကို ယူ၍ အန္တီ ခရစ်သည် ခရစ်တော်ကို အတုယူခြင်း ဖြစ်သည်။ ခရစ်တော်က၊ “သားတော်သည် ခမည်းတော် ပြု တော်မူ သမျှ အတိုင်း ပြုသည်။ တရားစီရင်ခြင်း အခွင့်ရှိသမျှ ကိုလည်း သားတော်အား အပ် တော်မူ၏။” (ယော ၅:၁၉၊ ၂၃) ဟူသောအရာ တို့ကို အတုယူခြင်း ဖြစ်သည်။

 

၃။သားရဲ၏ ခေါင်းတလုံးသည် သေအောင် ကွပ်မျက်ပြီး သကဲ့သို့ဖြစ်၍၊ သေစေသော ဒဏ်ချက်သည် ပျောက်လျက်ရှိ၏။ မြေကြီးသား အပေါင်းတို့သည်၊ သားရဲနောက်သို့ လိုက်၍ အံ့ဩကြ၏။

အန္တီ ခရစ်သည် ခရစ်တော်ကို အတုယူသည့်အတိုင်း၊ သူ သည်လည်း အသေသတ်ခြင်း ခံ၍ ရှင်ပြန်ထမြောက် သည့် သဘောကို ဆောင်သည်။ ခရစ်တော် သေခံ၍ ရှင်ပြန်ထမြောက် ခြင်းနှင့် ပတ်သက်၍၊ ဤသို့ ရေးထားသည်၊ “ထိုအခါ ပလ္လင်တော် မှစသော သတ္တ၀ါလေးပါးနှင့် အသက် ကြီး သူတို့ အလယ်၌၊ အသေသတ်ပြီး သကဲ့သို့သော သိုးသငယ်သည် ရပ်လျက် ရှိသည်ကို ငါမြင်၏။” (ဗျာ ၅:၆) ထိုသူတို့ ကလည်း၊ “အသေသတ်ခြင်းကို ခံခဲ့ပြီးသော သိုးသငယ်သည်၊ တန်ခိုး၊ စည်းစိမ်၊ ပညာ၊ အစွမ်းသတ္တိ၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်၊ ကောင်းကြီး မင်္ဂလာကို ခံထိုက် တော်မူ၏ ဟု၊ ကြီးသော အသံနှင့် ပြောဆို ကြ၏။” (ဗျာ ၅:၁၂)။ မယုံကြည်သော သူများသည် ခရစ်တော် အသေခံ၍၊ ရှင်ပြန်ထမြောက် ခြင်းကို မယုံကြသော်လည်း၊ အန္တီ ခရစ်အသေသတ်ခံ၍ ရှင်ပြန်ထမြောက် ခြင်းကိုမူ၊ အံ့ဩ ယုံကြည်၍ သူ့နောက်သို့ လိုက်ကြလိမ့်မည်။ အန္တီ ခရစ်သည် အမှန်တကယ် သေ၍ ရှင်ပြန်ထမြောက် သလော၊ သို့မဟုတ် သေလုမျောပါးသတိလစ်၍၊ ပြန်ရှင်သလော မသိရပါ။ မည်သို့ ပင် ဖြစ်စေသူသည် ခရစ်တော်ကို အတုယူသောကြောင့်၊ ရှင်ပြန်ထမြောက် သည်ဟုဆိုသည်။

 

၄။ ထိုသားရဲ၌ အာဏာစက်ကို အပ်ပေးသော နဂါးကိုကိုး ကွယ်ကြ၏။သားရဲကိုလည်းကိုး ကွယ်၍၊ အဘယ်သူသည်သားရဲနှင့် တူသနည်း။ အဘယ်သူသည် သူ့ကို စစ်ဗြုင်နိုင်သနည်းဟု ပြောဆို ကြ၏။

သားရဲတည်း ဟူသော အန္တီ ခရစ်ကို၊ တန်ခိုးပေးသော နဂါးကို၊ ကမ္ဘာသူကမ္ဘာသားများကကိုး ကွယ် ကြသည်။ စာတန်သည် အစကပင်ဘုရား ဖြစ်ချင်၍၊ ထိုသို့ကိုး ကွယ်ခြင်းကို အလိုရှိခဲ့သည်။ ယခုအခါ ဤလောကကို ချစ်သော သူတိုင်းသည်၊ စာတန်ကို သွယ်ဝိုက်ကိုး ကွယ်ကြခြင်း ဖြစ်သည်။ ထိုအချိန်တွင် မူတိုက်ရိုက်ကိုး ကွယ်ကြတော့မှာ ဖြစ်သည်။ စာတန်နှင့်အတူ သူ၏ လူသားရဲအန္တီ ခရစ်ကိုလည်းကိုး ကွယ်ကြ၍၊ အဘယ်သူသည် သူ့ကို စစ်ပြိုင်နိင်သနည်းဟု၊ ချီးမွမ်းကြလိမ့်မည်။ သူသည် လုပ်ကြံခံရ၍ သေရာမှရှင်ပြန်ထမြောက် သောကြောင့်၊ မည်သူကမျှသူ့ကို နောက်ထပ်မတိုက်ခိုက် ရဲတော့ဘဲ၊ ချီးမွမ်းကိုး ကွယ်ကြမှာ ဖြစ်သည်။

 

၅။ ထိုသားရဲ သည်လည်း ကြီးစွာသော စကားကို၎င်း၊ ဘုရားသခင်ကို ပြစ်မှားသော စကားကို၎င်း၊ ပြောတတ်သော နှုတ်နှင့် ပြည့်စုံ၍၊ လလေးဆယ်နှစ်လပတ်လုံးစီရင်ရသော အခွင့်ကို ရ၏။

သားရဲတည်း ဟူသော အန္တီ ခရစ်သည် အပြောကြီး မှာ ဖြစ်သည်။ အလွန် ၀ါကြွား၍ ကြီး ကျယ်သော စကား များကို ပြောမည်။ ဘုရားသခင်ကို ပြစ်မှားသော စကားများကိုလည်း ပြောမည်။ သူသည် မိမိ ကြိုက်နှစ်သက် သကဲ့သို့ လုပ်ဆောင်နိင်သော်လည်း ထိုအရာသည် ဘုရားသခင်၏ ခွင့်ပြုချက်ဘောင်အတွင်း မှ ဖြစ်ကြောင်း၊ အချိန် အကန့်အသတ်ပေးထားခြင်း အားဖြင့် သိနိင်သည်။ လလေးဆယ်နှစ်လသည် သုံးနှစ်ခွဲ ဖြစ်သည်။ ထိုအချိန်သည် ဘေးဒဏ်ကြီး ကာလ၏ ဒုတိယပိုင်း ဖြစ်သည်။

 

၆။ ဘုရားသခင်ကို ပြစ်မှားသော စကား အားဖြင့် နာမတော်နှင့် တဲတော်ကို၎င်း၊ ကောင်းကင်သား တို့ကို၎င်းပြစ်မှားခြင်းငှါ နှုတ်ကို ဖွင့်ထား၏။

ပညတ်တော် ဆယ်ပါး၌ တတိယပညတ်သည်၊ “သင်၏ ဘုရားသခင် ထာ၀ရ ဘုရား၏ နာမတော်ကို မုသာနှင့် ဆိုင်၍ မမြွက်မဆိုနှင့်။ အကြောင်းမူကား၊ နာမတော်ကို မုသာနှင့် ဆိုင်၍ မြွက်ဆိုသော သူကို အပြစ် မရှိဟု၊ ထာ၀ရ ဘုရား မှတ်တော် မမူ။” (ထွက် ၂၀:ရ) ဟူ၍ ဖြစ်သည်။ အဂ်လိပ်ကျမ်းစာ၌၊ ဘုရား၏ နာမကို အကျိုးမရှိမမြွက်ဆိုနှင့် ဟူ၍ ဖြစ်သည်။ အန္တီ ခရစ်သည် ထိုပညတ်ကို ဆန့်ကျင်၍၊ ဘုရား၏ နာမတော်ကို ပြစ်မှားမည်။ တဲတော်သည် ဘုရားရှိသော ကောင်းကင် နိင်ငံကို ဆိုလိုသည်။ သူသည် ကောင်းကင် နိင်ငံနှင့် ကောင်းကင်သား တို့ကိုလည်း၊ နှုတ်အားဖြင့် ပြစ်မှားသည်။ အကြောင်းမှာ ကောင်းကင်၌ နေရာမရသောကြောင့် ဖြစ်သည်။ လူပင်လျှင်ကိုယ်မနိင်သော သူများကို၊ စကားအားဖြင့် အနိင်ယူချင် ကြသည် မဟုတ်လော။

 

ရ။ သန့်ရှင်းသူတို့ကို စစ်တိုက်၍ နိုင်ရသော အခွင့်ကိုရ၏။ အသီးအသီးဘာသာစကားကို ပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့ကို၊ အုပ်စိုးရသော အခွင့်ကိုလည်းရ၏။

အန္တီ ခရစ်သားရဲသည် သန့်ရှင်းသူတို့ကို၊ စစ်တိုက်၍ နိင်သော အခွင့်ရသည်ဟုဆိုရာ၊ မည်သူတို့ ဖြစ်သနည်း။ ထိုခေတ်၌ ခရစ်တော် ယုံကြည်သူများကို၊ သန့်ရှင်း သူများဟု ခေါ်သည်။ ထိုသန့်ရှင်း သူများသည်၊ ဘေးဒဏ်ကြီး ကာလ၌ ပြန်လည်ယုံကြည်သူများဖြစ် ကြသည်။ ဘေးဒဏ်ကြီး ကာလ ယုံကြည်သူများကို၊ သားရဲကနိင်သော အခွင့်နှင့် အုပ်စိုးသော အခွင့်ကို၊ ဘုရားသခင်က ခွင့်ပြုထားသည်။

 

၈။ ကွပ်မျက်သော သိုးသငယ်၏ အသက် စာစောင်၌၊ ကမ္ဘာဦးကပင်စာရင်းမ၀င်သော မြေကြီးသား အပေါင်းတို့သည်၊ သားရဲကိုကိုး ကွယ်ကြ၏။

ကွပ်မျက်သော သိုးသငယ်သည် ခရစ်တော် ဖြစ်သည်။ သူ၏ အသက် စာစောင်၌ ကမ္ဘာဦးကပင်စာရင်းမ၀င်သော မြေကြီးသား အပေါင်းတို့၊ ဟုဆိုထားရာအသက် စာစောင်၌ စာရင်း၀င်ခြင်းသည်၊ ဘုရားသခင်က ရွေးကောက်ပြီး သား၊ သတ်မှတ်ပြီးသား ဖြစ်သည်ဟု ယူဆနိင်သည်။ ထိုအရာကိုအချိန် အကန့်အသတ်အတွင်း ၌ ရှိသော၊ လူသား အနေဖြင့် သိဘို့ အလွန် ခက်သည်။ ဘုရားသခင်သည်အချိန် အကန့်အသတ်အတွင်း ၌ မရှိချေ။ ဘုရားသည် ဖြစ်ပျက်မည့် အရာအားလုံးကို၊ သိနှင့်ပြီး သောသူ ဖြစ်သည်။ ထို့ကြောင့် အဘယ်သူ ယုံကြည် မည်မယုံကြည် မည်ကို သိနှင့်ပြီး ဖြစ်သည်။ “အသက် စာစောင်၌၊ ကမ္ဘာဦးကပင်စာရင်းမ၀င်သော မြေကြီးသား အပေါင်းတို့သည်၊ သားရဲကိုကိုး ကွယ်ကြ၏” လူသည် အလွန် ခက်သည်။ ဖန်ဆင်းရှင် ဘုရားသခင်ကို မကိုး ကွယ်ချင်ဘဲ၊ ဘုရား၏ ရန်သူ စာတန်ကို ကိုး ကွယ်ချင် ကြသည်။ ဤနေရာ၌လည်း၊ စာတန်၏ လူသားရဲတည်း ဟူသော၊ ကမ္ဘာ့ ခေါင်းဆောင်ကို ကိုး ကွယ် ကြသည်။ ထိုအရာသည် လူ၏ ခေါင်းမာမှုကြောင့်၎င်း၊ သားရဲ၏ လိမ်လည်လှည့်ဖျားမှုကို ယုံကြည်ခြင်းကြောင့်၎င်း ဖြစ်သည်။

 

၉။ နားရှိသော သူမည်သည်ကား ကြားပါစေ။

ခရစ်တော် ကနားရှိသော သူမည်သည် ကား ကြားပါစေဟု၊ လောက၌ အသက် ရှင်စဥ်တွင် ပြောတတ်ခဲ့သည် (မ ၁၃:၉၊ ၄၃)။ လူတိုင်း နားရှိ ကြသည်။ သို့ဖြစ်လျှင် အဘယ်အရာကို ဆိုလိုသနည်း။ လူသည် နားရှိသော်လည်း၀ိညာဥ်နားမရှိကြသောကြောင့်၊ ဘုရားသခင်၏ ဆိုလိုရင်းကို နားမလည် တတ်ကြချေ။ ဘုရားသခင်က နားဖွင့်ပေးမှသာလျှင် နားလည်နိင်သည်။ “အရှင်ထာ၀ရ ဘုရားသည် ငါ့နားကို ဖွင့် တော်မူ၍၊ ငါလည်း မငြင်းမဆန်၊ နောက်သို့ မဆုတ်၊ “ဟု တွေ့ရသည် (ဟေရှာယ ၅၀:၅)။ “ထာ၀ရ ဘုရား ကလည်း၊ ထိုလူမျိုးရှိရာသို့ သွားပြီးလျှင်၊ သင်တို့သည် ကြားလျက် ပင်၊ အနက်ကို နားမလည်ဘဲ ကြားကြလိမ့်မည်၊၊ မြင်လျက် ပင်အာရုံမှပြုဘဲ မြင်ကြလိမ့်မည်ဟု ပြောလော့၊၊ သူတို့ မျက်စိမမြင်၊ နားမကြား၊ စိတ်နှလုံး မသိ၊ အကျင့် မပြောင်းလဲ၊ သူတို့ အနာ ရောဂါကို ငါမငြိမ်းစေရသည် တိုင်အောင်၊ သူတို့ စိတ်နှလုံးကို မိုက်စေလော့၊၊ သူတို့ နားကိုလည်း ထိုင်းစေလော့၊၊ သူတို့ မျက်စိကိုလည်း ပိတ်လော့ဟု မိန့်တော်မူ၏။” (ဟေရှာယ ၆:၉-၁၀)။ ထို့ကြောင့် နားကြားခြင်း၊ မျက်စိမြင်ခြင်းသည် ဘုရားသခင်က ခွင့်ပြုမှသာလျှင် ဖြစ်နိင်သည်။ ထိုသို့ဖြစ်ဘို့ရန် လိုချင် ရမည်၊ ဆာငတ်ရမည်။

 

၁၀။ သူတပါးကို ဘမ်းဆီးယူသွားသော သူသည်၊ ကိုယ်တိုင်ဘမ်းဆီးယူသွားခြင်းကို ခံရလိမ့်မည်။ ထားဖြင့် သတ်တတ်သော သူသည်လည်း ကိုယ်တိုင်ထားဖြင့် သေရမည်။ ဤအရာ၌ သန့်ရှင်းသူတို့ လည်းသည်း ခံစရာ အကြောင်း၊ ယုံကြည်စရာ အကြောင်းရှိ၏။

ဘုရားသခင်က သန့်ရှင်းသူတို့ တည်း ဟူသော၊ ဘေးဒဏ်ကြီး ကာလ ယုံကြည်သူများကို၊ အား ပေးခြင်း ဖြစ်သည်။ အန္တီ ခရစ်နှင့် သူ၏ လူများက၊ သန့်ရှင်း သူများကို သတ်ဖြတ် သောအခါ၊ သူတို့လည်း သတ်ဖြတ်ခြင်း ပြန်လည်ခံရမည်၊ သူတပါးကို ဖမ်းဆီးသော သူများ လည်း၊ ဖမ်းဆီးခြင်း ပြန်ခံမည်ဟုဆိုသည်။ ထို့ကြောင့် သူတို့ အနေဖြင့် အခံရခက်သော်လည်း၊ ဘုရားသခင်က ပြန်လည်ခလဲ့စားချေမှာ ဖြစ်သောကြောင့်၊ သည်း ခံဘို့ရန်၊ ယုံကြည် ဘို့ရန်၊ အား ပေးခြင်း ဖြစ်သည်။

 

ဒုတိယသားရဲမိစ္ဆာပရောဖက်

၁၁။ အခြားသောသားရဲတကောင်သည်၊ သိုးသငယ်၏ ချိုနှင့် တူသော ချိုနှစ်ချောင်းရှိ၍၊ နဂါးကဲ့သို့ စကား ပြောလျက်၊ မြေကြီး ထဲကထွက်သည်ကို ငါမြင်၏။

ဤနေရာ၌ အခြားသောသားရဲတည်း ဟူသော၊ ဘာသာရေးခေါင်းဆောင် အကြောင်းကို ဖေါ်ပြထားသည်။ သိုးသငယ်၏ ချိုနှင့် တူသော ချိုနှစ်ချောင်း၊ ဆိုသည်မှာ သိုး ဟန်ဆောင်ခြင်းကို ဆိုလိုသည်။ ခရစ်တော်က၊ “အတွင်း ၌ ကြမ်းတမ်းသော တောခွေး ဖြစ်လျက်၊ သိုးရေကို ခြုံ၍ သင်တို့ ရှိရာသို့ လာသော၊ မိစ္ဆာပရောဖက် တို့ကို သတိနှင့် ရှောင်ကြလော့။ (မရ:၁၅) ဟု သတိပေးခဲ့ပြီ။ ဘေးဒဏ်ကြီး ကာလ၌ အန္တီ ခရစ်သည် နိင်ငံရေးခေါင်းဆောင် ဖြစ်၍၊ ဤဒုတိယသားရဲသည် ဘာသာရေးခေါင်းဆောင် ဖြစ်မည်။ သူသည် တောခွေး ဖြစ်သော်လည်း၊ သိုးသငယ် ကဲ့သို့ ဟန်ဆောင်ခြင်း ဖြစ်သည်။ သူ သည်လည်း နဂါးတည်း ဟူသော စာတန်က၊ တန်ခိုးပေးထားသောကြောင့်၊ နဂါးကဲ့သို့ စကား ပြောခြင်း ဖြစ်သည်။ ဘုရားသည်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ၀ိညာဥ်တော်၊ ဟု သုံးပါးတဆူ ဖြစ်သကဲ့သို့ စာတန် လည်း၊ နဂါး၊ အန္တီ ခရစ်ပဌမသားရဲ၊ မေစ္ဆာပရောဖက် ဒုတိယသားရဲ၊ ဟု သုံးပါးတဆူ ဖြစ်မည်။ ဘုရားသခင်၏ ဖြစ်သမျှနှင့် လုပ်သမျှကို၊ အတုခိုးကာလ ုပ်ဆောင်သည်။

 

၁၂။ ထိုသားရဲသည် သူ့အရင် ဖြစ်သော ပဌမသားရဲ၏ အာဏာစက်ရှိသမျှကို သုံးစွဲ၏။ သေစေသော ဒဏ်ချက်ပျောက်ခဲ့ပြီးသော ပဌမသားရဲကို မြေကြီး မှစ၍ မြေကြီးသား တို့သည်ကိုး ကွယ်စေခြင်းငှါ ပြု၏။

ဒုတိယသားရဲသည် ပဌမသားရဲ၏ လက်ထောက် ဖြစ်သည်။ ကမ္ဘာ့ သမိုင်း၌ နိင်ငံရေးခေါင်းဆောင် များသည်၊ ဘာသာရေးခေါင်းဆောင်များကို၊ သူတို့ အာဏာတည်မြဲရေးအတွက် အသုံးချတတ် ကြသည်။ အကြောင်းမှာ လူသည် ဘာသာရေးခေါင်းဆောင်ကို လေးစား၍၊ စကား နားထောင် တတ်သောကြောင့် ဖြစ်သည်။ သို့သော် သူတို့ အာဏာတည်မြဲလာ သောအခါ၊ ဘာသာရေးခေါင်းဆောင်ကို ဖယ်ရှားတတ် ကြသည်။ အန္တီ ခရစ်လည်း ဘာသာရေးခေါင်းဆောင်ကို သူ၏ အာဏာတည်မြဲရေးအတွက် အသုံးချမှာ ဖြစ်သည်။ ဘာသာရေးခေါင်းဆောင် ကနိင်ငံရေးခေါင်းဆောင်ကို၊ ကိုး ကွယ်ကြဘို့ရန် တိုက်တွန်းမှာ ဖြစ်သည်။ ထိုဘာသာရေးခေါင်းဆောင်ကို၊ မိစ္ဆာပရောဖက် ဟုလည်း ခေါ်တတ်သည်။

 

၁၃။ ကြီးစွာသော နိမိတ်လက္ခဏာတို့ ကိုလည်း ပြ၏။ လူတို့ မျက်မှောက်၌ ကောင်းကင်ကမြေကြီး အပေါ်သို့ မီးကို ဆင်းစေ၏။

ဒုတိယသားရဲ၊ ဘာသာရေးခေါင်းဆောင်သည်၊ ကြီးစွာသော နိမိတ်လက္ခဏာများ ကိုလည်း ပြနိင်သည်။ ကောင်းကင် ကမြေကြီး အပေါ်သို့ မီးကိုလည်း ဆင်းစေမည်။ ခရစ်တော် ကဤကဲ့သို့ သတိပေးခဲ့ပြီ၊ “သင်တို့ကို အဘယ်သူ မျှမလှည့်ဖြားစေခြင်းငှါ၊ သတိပြုကြလော့။ အများသော သူတို့က၊ ငါသည် ခရစ်တော် ဖြစ်၏ဟုဆိုလျက်၊ ငါ၏ အယောင်ကို ဆောင်၍ ပေါ်လာသဖြင့်၊ လူအများ တို့ကို လှည့်ဖြားကြလိမ့်မည်။” (မ ၂၄:၄-၅) “မိစ္ဆာပရောဖက် အများ တို့သည် ပေါ်လာ၍၊ လူအများ တို့ကို လှည့်ဖြားကြလိမ့်မည်” (မ ၂၄:၁၁)။ “ခရစ်တော်၏ အယောင်ကို ဆောင်သော သူနှင့် မိစ္ဆာပရောဖက် တို့သည်၊ ပေါ်လာ၍ ရွေးချယ်သော သူတို့ကို ပင်လှည့်ဖြားနိုင်လျှင် လှည့်ဖြားလောက်အောင်၊ ကြီးစွာသော နိမိတ်လက္ခဏာ၊ အံ့ဘွယ်သောအမှု တို့ကို ပြကြလိမ့်မည်” (မ ၂၄:၂၄)။ ဘေးဒဏ်ကြီး ကာလ အတွင်း ၌၊ မိစ္ဆာပရောဖက် (ပရောဖက် အတု) များစွာ ပေါ်ပေါက်မည်ဟုဆိုသည်။ ယခုလည်း ဘေးဒဏ်ကြီး ကာလ အလွန် နီးသောကြောင့်၊ ပရောဖက် အတုများစွာ ပေါ်ပေါက်နေပြီ။ သို့သော် လူအများစုသည် ကျမ်းစာ မဖတ်၊ နားမလည်၊ စိတ်နှလုံးမှားယွင်းသောကြောင့်၊ ထိုပရောဖက် အတုများကို မသိကြ၊ လက်ခံ ကြသည်။ “လူတို့ မျက်မှောက်၌ ကောင်းကင် ကမြေကြီး အပေါ်သို့ မီးကို ဆင်းစေ၏။” မိစ္ဆာပရောဖက်သည် လူများကို အထင်ကြီး စေဘို့၊ လိမ်လည်ဘို့ရန် ကောင်းကင် ကမြေကြီး ပေါ်သို့ မီးကို ကျစေမည်ဟုဆိုသည်။ ပရောဖက် ဧလိယကထာ၀ရ ဘုရားသည် သာဘုရား စစ်၊ ဘုရား မှန် ဖြစ်ကြောင်း၊ ကောင်းကင် ကမီးကျစေကာ၊ ယဇ်ပူဇော်သောအရာ များကိုလောင်​ကျွမ်းစေခြင်း အားဖြင့်၊ သက်သေထူခဲ့ဘူးသည် (၃ ရာဇ၀င် ၁၈:၃၈)။ ထို့ကြောင့် မိစ္ဆာပရောဖက် ကလည်း၊ သူသည် ဘုရားသခင်၏ လူဖြစ်ကြောင်း၊ ကောင်းကင် ကမီးကျစေမှာ ဖြစ်သည်။

 

၁၄။ ပထမသားရဲရှေ့၌ ပြပိုင်သော နိမိတ်လက္ခဏာတို့ အားဖြင့်၊ မြေကြီးသား တို့ကို လှည့်ဖြား၏။ ထားနှင့် ခုတ်သော ဒဏ်ချက်ကို ခံရ၍၊ အသက် ရှင် သေးသောသားရဲ၏ ရုပ်တုကို လုပ်စေခြင်းငှါ၊ မြေကြီးသား တို့ကို မှာထား၏။

မေစ္ဆာပရောဖက်သည်၊ အန္တီ ခရစ်၏ အခွင့်နှင့် နိမိတ်လက္ခဏာတို့ကို ပြခြင်း ဖြင့်၊ လူများကို လှည့်စားမည်။ ပဌမသားရဲသည် လည်း၊ နဂါးတည်း ဟူသော စာတန် ထံမှ တန်ခိုးရရှိခြင်း ဖြစ်သည်။ အန္တီ ခရစ်သည် လုပ်ကြံခြင်း ခံရသော်လည်း၊ ပြန်လည်ရှင်ပြန်မည်။ သူ၏ ရုပ်တုကို၊ မိစ္ဆာပရောဖက် ကမြေကြီး သားများကို၊ လုပ်ဘို့ မှာထားသည်။ ရှေးခေတ်ဘုရင်များ၏ ရုပ်တုများကို ကိုး ကွယ် သကဲ့သို့၊ ကိုး ကွယ်စေဘို့ ဖြစ်သည်။

 

၁၅။သားရဲ၏ ရုပ်တုသည် စကားပြောနိုင်မည်အကြောင်း နှင့်၊ မိမိကို မကိုး ကွယ်သော သူရှိသမျှ တို့ကို၊ သတ်ခြင်းငှါ ပြုနိုင်မည်အကြောင်း၊ ရုပ်တု၌ အသက်ကို သွင်းပေးရသော အခွင့်ကိုလည်းရ၏။

ယခုခေတ်တွင် စက်ရုပ်တုများသည်၊ လူကဲ့သို့ စကား ပြောသည် သာမက၊ စဥ်းစားတတ်၊ လုပ်ကိုင်တတ်ကြပြီ။ ထို့ကြောင့် ရုပ်တုစကား ပြော၍ အသက် သွင်းပေးခြင်းသည်၊ မဆန်းတော့ချေ။ ထိုရုပ်တုကို မကိုးကွယ်သော သူတိုင်း၊ ရုပ်ကိုယ်တိုင်ကသတ်မှာ ဖြစ်သည်။

 

၁၆။ ငွေရတတ်သောသူ၊ ဆင်းရဲ သောသူ၊ ​ကျွန်ခံရသောသူ၊ လွတ်သောသူ၊ အကြီး အငယ်ရှိသမျှ တို့သည်၊ လက်ျာလက်၌ ဖြစ်စေ၊ နဖူး၌ ဖြစ်စေ၊ တံဆိပ်လက်မှတ်ကို ခံစေခြင်း ငှါ၎င်း၊ ၁ရ။ ထိုတံဆိပ်လက်မှတ်တည်း ဟူသောသားရဲ၏ နာမ ဖြစ်စေ၊ နာမ၏ အရေအတွက် ဖြစ်စေ၊ တခုခုကို မခံသော သူတယောက် မျှ၊ မရောင်းမ၀ယ်စေခြင်း ငှါ၎င်း၊ စီရင်၏။ ၁၈။ ဤအရာ၌ ပညာရှိ၏၊ ဥာဏ်ရှိသော သူသည်သားရဲ၏ အရေအတွက်ကို ရေတွက်စေ။ လူ၏ အရေအတွက် ဖြစ်၏။ ​ခြောက်ရာ​ခြောက်ဆယ်​ခြောက်လည်း ဖြစ်၏။

ဘေးဒဏ်ကြီး ကာလ တွင်၊ လူတိုင်းသားရဲ၏ အမှတ်တံဆိပ်တည်း ဟူသော ၆၆၆ တံဆိပ်ကို လက်ျာလက်၌ ဖြစ်စေ၊ နဖူး၌ ဖြစ်စေ၊ ခတ်မှာ ဖြစ်သည်။ ထိုတံဆိပ်မခတ်သော သူသည် ရောင်း၀ယ်၍ ရမည် မဟုတ်ဟုဆိုသည်။ ရောင်း၀ယ်၍ မရလျှင်၊ ငတ်သေဘို့ သာလျှင် ရှိသည်။ ယခုအခါ အမေရိကန်ပြည် ထောင်စု၌၊ လူတိုင်း မှတ်ပုံတင်နံပါတ်တည်း ဟူသော လူမှု လုံခြုံရေးကပ်ပြား (ှသခင​ေူှနခကမငအပခမေိ) ရှိကြသည်။ ထိုကပ်ပြားမရှိလျှင် ကား မောင်းလိုင်စင်လုပ်၍ မရ၊ အလုပ်လျှောက်၍ မရ၊ ဘဏ်စာရင်းဖွင့်၍ မရသောကြောင့်၊ ထိုကပ်ပြားကို အရင်ဦးဆုံးလျှောက်ထားရ ကြသည်။ ထိုကပ်ပြား၌ နံပါတ်ရလုံးရှိ၍ သုံးအုပ်စုဖြင့် ခွဲထားသည်။ ပဌမ အုပ်စု၌ ဂဏန်းသုံးလုံး၊ အလယ်၌ နှစ်လုံး၊ နောက်ဆုံး၌ လေးလုံး ဖြစ်၍၊ ထိုနံပါတ်ကို ၃၂၄ဟုဆိုနိင်သည်။ ဖုန်းနံပါတ်လည်း၊ ဂဏန်းဆယ်လုံး ဖြစ်၍ သုံးအုပ်စုဖြင့် ဖွဲ့ထားသည်။ ပဌမ အုပ်စု၌ သုံးလုံး၊ အလယ်၌ သုံးလုံး၊ နောက်ဆုံး၌ လေးလုံး ဖြစ်သည်။ ထိုကြောင့်ဖုန်းနံပါတ်တိုင်းသည် ၃၃၄ဟုဆိုနိင်သည်။ ထိုအရာများသည် ၆၆၆၏ ရှေ့ပြေးအရာများ ဖြစ်သည်။ ယခုအခါ၊ လူနာမည်ထက်ကိုယ်ပိုင်နံပါတ်များသည်၊ ပို၍ အရေးကြီး လာသည်။ မိုင်ခရိုချိတ် (ာငခမသခ့ငစ) ဟု ခေါ်၍ ဆန်တစေ့လောက်ရှိသော စက်ကို တီထွင်ကာ၊ ကျန်းမာရေးအာမခံအဖြစ် အသုံးပြုဘို့ ဖြစ်သည်။ ထိုအရာအသုံးပြုလျှင် ငွေကျေးသုံးစွဲတော့မည် မဟုတ်။ ထိုအရာသည် ဃမနိငအခမေိလည်း ဖြစ်မည်၊ မှတ်ပုံတင်လည်း ဖြစ်မည်။ ထိုအရာအသုံးမပြုသေးခြင်းသည် အန္တီ ခရစ်မပေါ် သေးသောကြောင့် ဖြစ်သည်။ အန္တီ ခရစ်မပေါ်သေးခြင်းသည် လည်း၊ ချီဆောင်ခြင်း မဖြစ် သေးသောကြောင့့် ဖြစ်သည်။ ထို့ကြောင့် ချီဆောင်ခြင်းသည် အချိန်မရွေး ဖြစ်နိင်သည်။ ထိုချီဆောင်ခြင်း၌ မိတ်ဆွေ ပါ၀င်ဘို့ရန် အရေးကြီးသည်။ မပါ၀င်ပါကဘေးဒဏ်ကြီး ကာလ၌ အန္တီ ခရစ်၏ အုပ်ချုပ်မှု အောက်တွင် အလွန် ခက်ခဲမှာ ဖြစ်သည်။

 

ဗျာ ၁၃ မေးခွန်းများ

 

၁။သားရဲသည် မည်သူ၏ အမြင် မှာ ဖြစ်သနည်း။ —————-လူ့အမြင်၌ မည်ကဲ့သို့ ခေါ်မည်နည်း။ —————-

၂။ ခေါင်းသည် —————-ကို ဆိုလို၍၊ ချိုသည် —————- ဖြစ်သည်။ သရဖူသည် —————-ကို ဆိုလို၍၊ ပင်လယ်သည် —————-ကို ဆိုလိုသည်။

၂။ တောင်ခုနှစ်လုံးသည် ရှင်ဘုရင်ခုနှစ်ပါးလည်း ဖြစ်သည်ဟုဆိုသည်။ ထိုရှင်ဘုရင်များသည် —————————————————————————————————————————————တို့ ဖြစ်သည်။

၃။ ချိုးဆယ်ချောင်းသည် ဘာကို ဆိုလိုသနည်း။ ——————————

၄။ အန္တီ ခရစ်၏ အဓိကရည်ရွယ်ချက်နှင့် အလုပ်သည် ဘာ ဖြစ်သနည်း။ ————————————————————

၅။သားရဲကို မည်သူကတန်ခိုးပေးသနည်း။ ——————————

၆။သားရဲပုံစံကို မည်သူကမြင်ခဲ့ပြီး သနည်း။ ——————————တိရစ္ဆာန်များသည် ဘာကို ပုံဆောင်သနည်း။ ——————————————————————————————

ရ။ လောကသား များသည် —————အသေခံ၍ ရှင်ပြန်ထမြောက် ခြင်းကို မယုံကြည်သော်လည်း၊ —————————ရှင်ပြန်ထမြောက် ခြင်းကို ယုံကြည်၍ ချီးမွမ်းကြလိမ့်မည်။

၈။ စာတန်၏ ရည်ရွယ်ချက်မှာသူ့ကို လူသားများက—————————ဘို့ ဖြစ်သည်။

၉။ လောကကို ချစ်သော သူသည် မည်သူကိုကိုး ကွယ်ကြသနည်း။ ——————————

၁၀။သားရဲသည် ဘယ်နှစ်လ အုပ်စိုးခွင့် ရှိမည်နည်း။ ——————————ထိုအရာသည် ဘယ်နှစ်နှစ် ဖြစ်သနည်း။ —————————–

၁၁။သားရဲသည် အဘယ်ကြောင့်နာမတော်နှင့် သန့်ရှင်းရာဌါနတော်ကို နှုတ်အားဖြင့် ပြစ်မှားသနည်း။ ———————————————

၁၂။ သန့်ရှင်း သူများသည် မည်သူတို့ ဖြစ်သနည်း။ —————————–

၁၃။ အသက် စာစောင်၌ စာရင်း၀င်ခြင်းသည်၊ ဘုရားသခင်က ရွေးကောက်ပြီးသား ဖြစ်ပါသလား။ —————အဘယ်ကြောင့်ထိုသို့ ဆိုသနည်း။ ——————————

၁၄။ မြေကြီးသား အပေါင်းသည် မည်သူကိုကိုး ကွယ်ကြသနည်း။ ——————————

၁၅။ နားကြားခြင်း၊ မျက်စိမြင်ခြင်းသည် မည်သူကသာ ပေးနိင်သနည်း။ —————လူ့ဘက်မှဘာလိုသနည်း။ ——————————

၁၆။ ဒုတိယသားရဲသည် မည်သူနည်း။ —————အဘယ်ကြောင့် သိုးသငယ် ချိုကဲ့သို့ ရှိသနည်း။ ——————————

၁ရ။ နိင်ငံရေးခေါင်းဆောင် များသည်၊ အဘယ်ကြောင့်ဘာသာရေးခေါင်းဆောင် များကို အသုံးပြုတတ်ကြသနည်း။ —————

၁၈။ ကောင်းကင် မှမီးကျစေခြင်းသည် ဘာကို ပြချင် သနည်း။ ——————————

၁၉။ ဘေးဒဏ်ကြီး ကာလ၌ ဘာကိုကိုး ကွယ်ကြမည်နည်း။ —————

၂၀။ ​ခြောက်သုံးလုံး၏ ရှေ့ပြေးအသုံးပြုနေသောအရာ များ ဖေါ်ပြပါ။ ———————————————

၂၁။ ​ခြောက်သုံးလုံးသည် ဂဏန်းဘယ်နှစ်လုံးရှိမည်နည်း။ ——————————

၂၂။ အဘယ်ကြောင့်​ခြောက်သုံးလုံးမသုံးသေးသနည်း။ —————————— ချီဆောင်ခြင်း နီးပြီလော။ ———————————————

.

 

ဗျာ ၁၄ တသိန်းလေးသောင်းလေးထောင်များ

 

၁။ ထိုနောက်မှငါကြည့်လျှင်၊ သိုးသငယ်သည် ဇိအုန်တောင်ပေါ်မှာ ရပ်နေ၏။ သူ၏ နာမနှင့် ခမည်းတော်၏ နာမကို နဖူး၌ အက္ခရာတင်သော သူတသိန်းလေးသောင်းလေးထောင်လည်း သူနှင့်အတူ ရှိကြ၏။

ဇိအုန်တောင် (Mt Zion) သည် ယေရုရှလင် မြို့တည်နေရာတောင် ဖြစ်သည်။ ဇိအုန်တောင်သည်၊ မြေကြီး ပေါ်၌ ရှိသကဲ့သို့ ကောင်းကင်၌လည်းရှိသည်။ ကျမ်းစာ၌၊ “သင်တို့သည် ဇိအုန်တောင်သို့၎င်း၊ အသက် ရှင် တော်မူသော ဘုရားသခင်၏ မြို့တော် တည်း ဟူသော၊ ကောင်းကင် ယေရှု ရှလင်မြို့သို့၎င်း၊ အတိုင်း မသိများစွာသော ကောင်းကင်တမန် တို့၏ စည်းဝေးခြင်းသို့၎င်း၊ —-ရောက်ကြ၏။” (ဟေ ၁၂:၂၂-၂၄) ဟု တွေ့ရသည်။ ထို့ကြောင့် အထက်ပါ ဇိအုန်တောင်သည် မြေကြီး ပေါ်မှာလော၊ ကောင်းကင် မှာလော၊ ဟူသောအရာ ကို ခွဲခြားဘို့ လိုလာသည်။ အထက်ပါ ဇိအုန်တောင်သည် ကောင်းကင် ဇိအုန် ဖြစ်နိင်စရာ များသည်။ အကြောင်းမှာ အငယ် ၃၌ ၁၄၄၀၀၀တို့သည် ပလ္လင်တော် ရှေ့၌၎င်း၊ သတ္တ၀ါလေးပါးနှင့် အသက် ကြီး သူတို့ ရှေ့၌၎င်း၊ သူတို့သည် အသစ်သော သီချင်းကို ဆိုကြ၏၊ ဟုဆိုသောကြောင့် ထိုအရာများသည်၊ ကောင်းကင်၌ ဖြစ်သည်။ ထို့အပြင် ဗျာဒိတ် ၁၄သည် ဘေးဒဏ်ကြီး ကာလ၏ အလယ်၌ ဖြစ်သည်၊ မဆုံးသေးချေ။ သိုးသငယ် တည်း ဟူသော ခရစ်တော်သည် ဘေးဒဏ်ကြီး ကာလပြီး ဘို့ရန် ကြွလာ၍၊ ထိုအချိန် မှသာမြေကြီးသို့ ဆင်းကြွလာမှာ ဖြစ်သည်။ ထို့ကြောင့် သိုးသငယ် တည်း ဟူသော ခရစ်တော်သည်၊ ကောင်းကင် ဇိအုန်တောင်ပေါ်၌ ရပ်နေခြင်း ဖြစ်သည်။

 

၂။ သမုဒ္ဒ​ရာရေသံ၊ ကြီးစွာသော မိုဃ်းကြိုးသံကဲ့သို့ ကောင်းကင် ကအသံကို ငါကြား၏။ ထိုသို့ ငါကြားသော အသံသည်၊ စောင်းသမားများ စောင်းတီးသော အသံကဲ့သို့ဖြစ်၏။

ယောဟန်ကြားသော အသံသည် ကောင်းကင် ကအသံ ဖြစ်သည်။ ဤနေရာ၌လည်း ကောင်းကင် အခင်းအကျင်းကို ဖေါ်ပြသည်။ သမုဒ္ဒ​ရာရေသံ၊ ကြီးစွာသော မိုဃ်းကြိုးသံကဲ့သို့ ဟုဆိုခြင်းသည်၊ အသံကျယ်လောင်ခြင်း၊ ကြီးခြင်းကို ဆိုလိုသည်။ ထိုအသံသည် စောင်းသမားများ၏ စောင်းတီးသံ ဖြစ်သည်။ ကောင်းကင် နိင်ငံ၌ တူရိယာများရှိ၍ အသံကြီးစွာဖြင့် တီးခပ် ကြသည်။

 

၃။ ပလ္လင်တော် ရှေ့၌၎င်း၊ သတ္တ၀ါလေးပါးနှင့် အသက် ကြီး သူတို့ ရှေ့၌၎င်း၊ သူတို့သည် အသစ်သော သီချင်းကို ဆိုကြ၏။ မြေကြီး မှရွေးနှုတ်သော သူတသိန်းလေးသောင်းလေးထောင်မှတပါး၊ အဘယ်သူ မျှထိုသီချင်းကို သင်၍ မရနိုင်။

အသစ်သော သီချင်းဆို သူများသည်၊ တသိန်းလေးသောင်းလေးထောင်တို့ ဖြစ်သည်။ အကြောင်းမှာ အခြားသော သူများက၊ ထိုသီချင်းကို သင်၍ မရနိင်ဟုဆိုသည်။ သူတို့သည် ပလ္လင်တော် ရှေ့၌၎င်း၊ သတ္တ၀ါလေးပါးနှင့် အသက် ကြီး သူတို့ ရှေ့၌၎င်း၊ သီဆို ကြသည်။ ပလ္လင်တော် ပေါ်၌ ဘုရားသခင် ရှိသည်။ သူရှေ့နှင့် သတ္တ၀ါလေးပါးနှင့် အသက် ကြီး သူတို့ ရှေ့၌၎င်း၊ သီဆိုသောကြောင့်၊ ထိုနေရာသည် ကောင်းကင် နိင်ငံ ဖြစ်သည်။

 

၄။ ထိုသူတို့သည် ကညာ ဖြစ်၍ မေထုန်အမှုနှင့် မညစ်ညူး သောသူ ဖြစ်ကြ၏။ သိုးသငယ် သွားလေရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူ ဖြစ်ကြ၏။ လူတို့ အထဲကရွေးနှုတ်၍၊ ဘုရားသခင်နှင့် သိုးသငယ် အဘို့၊ အဦးသီးသော အသီး ဖြစ်ကြ၏။

ခရစ်တော်နှင့် ခမည်းတော်၏ နာမကို နဖူး၌ တင်သောသူ၊ တစ်သိန်းလေးသောင်းလေးထောင်တို့သည် မည်သူတို့ ဖြစ်သနည်း။ ဗျာရ၌ တွေ့ရသော သူများ ဖြစ်ကြသလော။ ဗျာရ၌ တွေ့ရသော သူများသည် တပါးအမျိုးသားများထဲမှ မဟုတ်၊ ဣသရေလ ၁၂ မျိုးအထဲမှ ဖြစ်သည်။ သို့သော် ယခုတွေ့ရသော သူများသည်၊ လူတို့ အထဲကရွေးနှုတ်၍၊ ဘုရားသခင့် သိုးသငယ် အဘို့၊ အဦးသီးသော အသီး ဖြစ်ကြသည်ဟုဆိုသည်။ ထို့ကြောင့် ထိုနှစ်ဖွဲ့သည် အရေအတွက် ချင်းတူသော်လည်း နှစ်ဖွဲ့ ဖြစ်သည်ဟု ယူဆနိင်သည်။ သို့သော် လုံး၀ခြားနားသော အဖွဲ့ ဖြစ်သည်ဟု ယတိပြတ် မပြောနိင်ချေ။ ထိုသူများသည် ကညာ ဖြစ်၍၊ မေထုန်အမှုနှင့် မညစ်ညူးသော သူများ ဖြစ်သည်၊ ဟုဆိုခြင်းသည် လူပျိုများ ဖြစ်ကြသည်။ ခရစ်တော်က၊ “အချို့တို့သည် ကောင်းကင် နိုင်ငံတော် အဘို့ အလို့ငှါ၊ မိမိကိုယ်ကို ဆုံးမ၍ မိန်းမလျှာ ဖြစ်ကြ၏။” (မ ၁၉:၁၂) ဟုဆိုခဲ့သည်။ မိန်းမလျှာသည် မိန်းမမယူသော ယောက်ျားကို ဆိုလိုသည်။ ခရစ်တော် ကလူအချို့တို့သည်၊ ကောင်းကင် နိင်ငံတော် အဘို့ အလို့ငှါ၊ မိန်းမလျှာ ဖြစ်သည်ဟုဆိုသည်။ ဆိုလိုသည် မှဘုရား နိင်ငံတော် အတွက်၊ မိန်းမမယူတော့ဘဲ အမှု ဆောင်ခြင်း ဖြစ်သည်။ ဥပမာ၊ ရှင်ပေါလုသည် ကောင်းကင် နိင်ငံတော် အတွက် မိန်းမမယူဘဲ နေခဲ့သည်။ သူကိုယ်တိုင်က၊ “ကေဖနှင့် သခင်ဘုရား၏ ညီများ မှစ၍ ကြင်းသော တမန်တော်များကဲ့သို့၊ ငါတို့သည် ​ေဒသစာရီလှည့်လည်သည် တွင်၊ နှမ ဖြစ်သော မယားပါစေခြင်းငှါ အခွင့်မရှိသလော။” (၁ ကော ၉:၅) ဟု သူသည် မိန်းမမယူဘဲ နေခြင်းကို ရေးခဲ့သည်။ တဖန်၊ “မယားမရှိသော သူတို့နှင့် မုတ်ဆိုးမတို့ကို ငါဆိုသည်ကား၊ ထိုသူတို့သည် ငါကဲ့သို့ နေလျှင် ကောင်း၏။ သို့သော်လည်း၊ ကာမဂုဏ်ကို မချုပ်တည်း နိုင်လျှင် ထိမ်းမြား စုံဘက်ခြင်းကို ပြုကြစေ။ ကိလေသာစိတ်ပူပန်ခြင်းရှိသည် ထက်၊ ထိမ်းမြား စုံဘက်ခြင်း ပြုသော်သာ၍ ကောင်း၏။” (၁ ကောရ:၈-၉) ဟုဆိုခဲ့သည်။ အထက်က ဖေါ်ပြသော တသိန်းလေးသောင်းလေးထောင်တို့သည်၊ ပေါလုကဲ့သို့ ဘုရားသခင် အတွက် မိန်းမမယူဘဲ၊ လူပျိုဘ၀ဖြင့် ဆက်ကပ်သော သူများ ဖြစ်ကြသည်။ သူတို့သည် သိုးသငယ် သွားလေရာရာအရပ်သို့ နောက်တော်၌ လိုက်သောသူ ဖြစ်ကြ၏။ ဆိုလိုသည် မှာ ခရစ်တော် ကဲ့သို့ အသက် ရှင်သော သူများ ဖြစ်ကြသည်။ လူတို့ အထဲကရွေးနှုတ်၍ ဘုရားသခင်နှင့် သိုးသငယ် အဘို့ အဦးသီးသော အသီး ဖြစ်ကြ၏။

 

၅။ အပြစ်နှင့် ကင်းလွတ် ကြသည် ဖြစ်၍ သူတို့ နှုတ်၌ မုသာမရှိ။

အပြစ်နှင့် ကင်းလွတ် ကြသည်ဟုဆိုရာတွင်၊ အာဒံ၏ အပြစ် မျိုးစေ့မပါခြင်း မဟုတ်ဘဲ၊ ခရစ်တော်နှင့်အတူ သွားလေရာရာ၌ လိုက်သောကြောင့်၊ အပြစ် မလုပ်ဘဲ နေခြင်းကို ဆိုလိုသည်။ ဘုရားသခင်နှင့်အတူ မိဿဟာယဖွဲ့သော သူများသည်၊ လောကနှင့် ကင်းဝေးသောကြောင့်၊ အပြစ် လုပ်ချိန်မရတတ်ချေ။ ဘုရား တရားနှင့် နေသောကြောင့်၊ မုသာပြောမည့် အချိန်လည်း မရှိချေ။ ဗတ္တိဇံယောဟန်ကဲ့သို့၊ လူ့မျက်နှာမကြည့်ဘဲ၊ ဘုရားသခင်၏ အလိုတော် များကိုသာ၊ ပြောသောသူ ဖြစ်ကြသည်။ ယုံကြည်သူများလည်း၊ ဘုရားသခင်နှင့် မိဿဟာယဖွဲ့လေလေ၊ လောကနှင့် ဝေးဝေးလေလေ ဖြစ်၍၊ မုသာစကားကို ပြောဘို့ နည်းလေလေ ဖြစ်မည်။

 

ကောင်းကင်တမန် ကတရားဟော

 

၆။ မြေကြီး ပေါ်မှာ နေသော သူတည်း ဟူသော၊ အသီးအသီးဘာသာစကားကို ပြောသော လူအမျိုးအနွယ်ခပ််သိမ်းတို့ အား၊ ထာ၀ရ ဧ၀ံဂေလိတရားကို ဟောရသော ကောင်းကင်တမန် တပါးက၊ ရ။ ဘုရားသခင်ကို ကြောက်ရွံ့၍ ချီးမွမ်းကြလော့၊ တရားစီရင် တော်မူသောအချိန် ရောက်လာပြီ။ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒ​ရာနှင့် စမ်းရေတွင်း တို့ကို ဖန်ဆင်း တော်မူသော အရှင်ကိုကိုး ကွယ်ကြလော့ဟု ကြီးသော အသံနှင့် ပြောဆို၍၊ ကောင်းကင် အလယ်၌ ပျံဝဲလျက် ရှိသည်ကို ငါမြင်၏။

ကျမ်းစာ ထဲ၌ ဧ၀ံဂေလိတရားကို၊ ယုံကြည်သူများသာလျှင် ဟောခိုင်းသည်ကို တွေ့ရသည်။ အကြောင်းမှာ ယုံကြည်သူများကို ၀မ်းမြောက်စေချင်သည်၊ ဆုချချင်သည်၊ ၀ိညာဥ် သဘော ရှိစေချင်သည်။ ထို့ကြောင့် ခရစ်တော်၏ ကယ်တင်ခြင်း အကြောင်းကို ယုံကြည်သူများကသာလျှင် ဟောရသည်။ ဘေးဒဏ်ကြီး ကာလ ကပဌမ ပိုင်းသုံးနှစ်ခွဲ၌၊ ဣသရေလ လူမျိုး၁၄၄၀၀၀တို့ကို တံဆိပ်ခပ်ခြင်းသည်၊ တကမ္ဘာလုံး၌ ဧ၀ံဂေလိတရားဟောဘို့ ဖြစ်သည်ဟု ယူဆရသည်။ အကြောင်းမှာ သူတို့ အကြောင်းကို ဖေါ်ပြပြီး နောက်၊ မရေတွက်နိင်အောင်များပြားသော လူမျိုး အပေါင်းတို့၊ ကယ်တင်ခြင်းသို့ ရောက်ကြောင်းကို ဖေါ်ပြထားသည် (ဗျာရ:၉-၁ရ)။ ထိုသူတို့ အပြင်သက်သေခံနှစ်ပါးကတရားဟော၍၊ နောက်ဆုံး၌ အသေသတ်ခံကာရှင်ပြန်ထမြောက်၍၊ ကောင်းကင်သို့ တက်သွားကြကြောင်း ဗျာ ၁၁၌ တွေ့ရသည်။ ထိုအရာများသည် ဘေးဒဏ်ကြီး ကာလ၏ ပဌမ ပိုင်းတွင် ဖြစ်ပြီး၊ ဒုတိယပိုင်းသုံးနှစ်ခွဲအတွင်း တွင်၊ မြေကြီး ပေါ်သို့ စာတန်ကို ကောင်းကင် မှချလိုက်သောကြောင့်၊ မည်သူမျှတရားမဟောနိင်တော့ချေ။ ထို့ကြောင့် ကောင်းကင်တမန်က၊ အထက်က ဖေါ်ပြ သကဲ့သို့ တရားဟောခြင်း ဖြစ်သည်ဟု ယူဆရသည်။

 

ကောင်းကင်တမန် ဟောသော တရားမှာ၊ ဘုရားသခင်ကို ကြောက်ရွံ့၍ ချီးမွမ်းကြဘို့ ဖြစ်သည်။ အန္တီ ခရစ်နှင့် စာတန်ကို မကိုး ကွယ်ကြဘို့ ဟောပြောခြင်း ဖြစ်သည်။ ထိုအချိန်တွင် စာတန်၏ တန်ခိုးအားဖြင့်၊ အန္တီ ခရစ်နှင့် မေစ္ဆာပရောဖက် တို့သည်၊ ကြီးစွာသော တန်ခိုးများကို ပြမည်၊ အန္တီ ခရစ်ကိုကိုး ကွယ်ဘို့ရန် အတင်း ခိုင်းမည်၊ သူ့ကို မကိုး ကွယ်သော သူများကို နှိပ်စက်ညှင်းဆဲ၍ သတ်ဖြတ်မည်။ သို့သော် သူတို့ကို မကြောက်ဘဲ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒ​ရာနှင့် စမ်းရေတွင်း တို့ကို ဖန်ဆင်း တော်မူသော အရှင်ကို သာကိုး ကွယ်ကြဘို့၊ တိုက်တွန်းဟောပြောခြင်း ဖြစ်သည်။ အကြောင်းမူကား၊ အန္တီ ခရစ်နှင်မေစ္ဆာပရောဖက်တို့ မှစ၍၊ လူအားလုံးကို တရားစီရင် တော်မူသောအချိန် ရောက်လာပြီ။ ထို့ကြောင့် သူတို့ကို ကြောက်စရာ မလိုဟုအား ပေးခြင်း ဖြစ်သည်။ ထိုကဲ့သို့ လူသားများတရားဟောခွင့်မရသောအချိန် ကာလသည်၊ များမကြာမှီရောက်တော့မှာ ဖြစ်သောကြောင့်၊ ယခုအချိန် ကောင်းရှိစဥ်တွင် ယုံကြည်သူ တိုင်း သက်သေခံခြင်း၊ တရားဟောခြင်း များကို ပြုလုပ် သင့်သည်။ ယခုပင်လျှင် မူစလင်အယူပြင်းထန်သော ဆော်ဒီအရဗျနိင်ငံတွင်၊ ကယ်တင်ခြင်း တရားဟောခွင့်မရှိသည် သာမက၊ ကျမ်းစာ ပင်လျှင် ယူသွားခွင့်မရှိချေ။ ခရစ်တော်၏ ကယ်တင်ခြင်း တရားဟောခွင့်သည်၊ အမေရိကန်နိင်ငံကဲ့သို့ ဒီမိုကရေစီနိင်ငံ၌ပင်လျှင်၊ နေရာတိုင်း၌ ဟောခွင့်မရှိတော့ချေ။ လုပ်ငန်းခွင်၊ လူထုများသော နေရာများ၌ သက်သေခံခြင်း၊ ဝေစာဝေခြင်းများမပြုလုပ် နိင်တော့ချေ။ အထူးသဖြင့် သမ္မာတရား စစ်ဟောပြောသော သူများကို၊ တဖက်စွန်းရောက်ဘာသာရေးသမားများ၊ ဟု ကင်ပွန်းတပ်ကာ၊ အကြမ်းဖက်သမားများ စာရင်း၌၊ ပါ၀င်ကြောင်း ဤသို့ တွေ့ရသည်။ Army Reserve training material lists Catholics, evangelical Christians and some Jews in ‘religious extremism’ category along with the KKK, Hamas and Al Qaeda.(http://www.dailymail.co.uk/news/article-2304739/Army-Reserve-training).

 

ဗာဗုလုန်မြို့ကြီး ဗြုလဲပြီ

 

၈။ ကောင်းကင်တမန် တပါးကလည်း၊ ဗာဗုလုန်မြို့ကြီး ဗြုလဲပြီ၊ မိမိ မတရားသော မေထုန်၏ အဆိပ်အတောက်တည်း ဟူသော စပျစ်ရည်ကို လူမျိုး အပေါင်းတို့အား တိုက်လေပြီး သော၊ ဗာဗုလုန်မြို့ကြီး ဗြုလဲပြီဟု လိုက်၍ ပြောဆို၏။

ဗာဗုလုန်မြို့ကြီးသည် ဘာကို ဆိုလိုသနည်း။ မိမိ မတရားသော မေထုန်၏ အဆိပ်အတောက်တည်း ဟူသော၊ စပျစ်ရည်ကို လူမျိုး အပေါင်းတို့အား တိုက်လေပြီးသော ဗာဗုလုန်၊ ဟုဆိုသောကြောင့် ဆိုလိုရင်းကို ရှာဘို့ လိုသည်။ ဗျာ ၁ ရ၌လည်း ဤသို့ ရေးထားသည်၊ “ခေါင်း ခုနစ်လုံးနှင့် ချိုဆယ်ချောင်းရှိ၍၊ ဘုရားသခင်၏ အသရေတော်ကို ရှုတ်ချသော၊ နာမတို့နှင့် အပြည့်ရှိသောသားရဲနီ အပေါ်မှာ၊ ထိုင်လျက် ရှိသော မိန်းမတဦးကို ငါမြင်၏၊ ထိုမိန်းမသည် အ၀တ်နီ၊ အ၀တ်မောင်းကို ၀တ်လျက်၊ ရွှေတန်ဆာ၊ ကျောက်မြတ်တန်ဆာ၊ ပုလဲတန်ဆာကို ဆင်လျက် ရှိ၏။ စက်ဆုပ်ရွံရှာဘွယ်သောအရာ နှင့်၎င်း၊ မိမိ မတရားသော မေထုန်၏ ညစ်ညူးခြင်း နှင့်၎င်း၊ ပြည့်သော ရွှေဖလားကိုကိုင်လျက် ရှိ၏။ နဖူး၌ အက္ခရာတင်သော ဘွဲ့မူကား၊ နက်နဲသောအရာ၊ ဗာဗုလုန်မြို့ကြီး၊ ပြည် တန်ဆာတို့၏ အမိ၊ မြေ၌ စက်ဆုတ်ရွံရှာဘွယ်သောအရာ တို့၏ အမိပေတည်း။ ထိုမိန်းမသည် သန့်ရှင်း သူတို့၏ အသွေး၊ ယေရှု၏ သက်သေခံတို့၏ အသွေးနှင့် ယစ်မူးသည်ကို ငါမြင်၏။ ထိုသို့ မြင် သောအခါ အလွန် အံ့ဩ မိန်းမော၍ နေ၏။” (ဗျာ ၁ရ:၃-၆)။သားရဲ အပေါ်၌ ထိုင်သော မိန်းမ၏ နဖူး၌ နက်နဲသောအရာ၊ ဗာဗုလုန်မြို့ကြီး၊ ပြည် တန်ဆာတို့၏ အမိ၊ မြေ၌ စက်ဆုတ်ရွံရှာဘွယ်သောအရာ တို့၏ အမိဟု အက္ခရာတင်ထားသည်။ ထိုမိန်းမသည် လူမဟုတ်၊ ဘေးဒဏ်ကြီး ကာလတွင် ပေါ်ပေါက်လာမည့် ကမ္ဘာ့ ဘာသာရေး ဖြစ်သည်။ အသင်းတော်သည် ခရစ်တော်၏ သတို့သမီး လောင်း ဖြစ်၍၊ မိန်းမအဖြစ် တင်စားသည်။ ထိုနည်းတူ ပေါ်ပေါက်လာမည့် ကမ္ဘာ့ ဘာသာရေးသည် လည်း၊ မိန်းမအဖြစ် တင်စားသည်။ မိခင် အသင်းတော်ဟုဆိုသည် မဟုတ်လော။

 

“မိမိ မတရားသော မေထုန်၏ အဆိပ်အတောက်တည်း ဟူသော၊ စပျစ်ရည်ကို လူမျိုး အပေါင်းတို့ အား၊ တိုက်လေပြီးသော ဗာဗုလုန်မြို့ကြီး” မတရားသော မေထုန်ဆိုသည်မှာ၊ လက်ထပ်သော လင်မယား မဟုတ်ဘဲ၊ ဆက်ဆံခြင်းကို ဆိုလိုသည်။ ဤနေရာ၌ မေထုန်ပြုသော သူသည်၊ ဗာဗုလုန်မြို့ကြီး ဖြစ်သည်။ ထိုမြို့သည် တကဲ့မြို့ မဟုတ်ဘဲ၊ ဘာသာရေး ဖြစ်သည်ဟု အထက်၌ ဖေါ်ပြခဲ့ပြီး ပြီ။ အဘယ်ကြောင့်ဘာသာရေးကို၊ ထိုကဲ့သို့ ခေါ်သနည်းဟူမူကား၊ ဘုရား အမြင်၌ သူ့ကို မကိုး ကွယ်ဘဲ၊ အခြားဘုရားကိုး ကွယ်သောကြောင့် ဖြစ်သည်။ လင်ယောက်ျားအမြင်၌၊ မိန်းမဖေါက်ပြန်ခြင်းသည် အပြစ် ကြီး သကဲ့သို့၊ ဘုရား အမြင်၌ အခြားဘုရားကိုး ကွယ်ခြင်းသည်၊ အပြစ် ကြီး မတရားသော မေထုန်ပြုခြင်း ဖြစ်သည်။ အထက်က ဖေါ်ပြသော ဗာဗုလုန်မြို့ကြီးသည်၊ သူကိုယ်တိုင်မက၊ လူမျိုး အပေါင်းတို့ကို အခြားဘုရားကိုး ကွယ်စေသည်။ အဘယ်ကြောင့်အဆိပ်အတောက်ဟုဆိုသနည်းဟူမူကား၊ အဆိပ်သည် သေစေနိင်သည်။ အခြားဘုရားကို ကိုး ကွယ်သည် လည်း၊ ၀ိညာဥ်ပိုင်းသေစေနိင်သည်။

 

“ဗာဗုလုန်မြို့ကြီး ဗြုလဲပြီ” ပြိုလဲသောအရာ သည် ပျက်စီးခြင်း၊ ရပ်တည်မနေနိင်တော့ခြင်းကို ဆိုလိုသည်။ ဗာဗုလုန်မြို့ကြီး တည်း ဟူသော၊ ဘေးဒဏ်ကြီး ကာလ၌ ရှိမည့် ကမ္ဘာ့ ဘာသာသည် ပျက်စီးခြင်းကို ဆိုလိုသည်။

 

၉။ ထိုမှတပါး၊ တတိယ ကောင်းကင်တမန်က၊ အကြင်သူသည်သားရဲနှင့် သူ၏ ရုပ်တုကိုကိုး ကွယ်၍၊ သူ၏ တံဆိပ်လက်မှတ်ကို နဖူး၌ ခံသည် ဖြစ်စေ၊ လက်၌ ခံသည် ဖြစ်စေ၊ ၁၀။ ထိုသူသည် ဘုရားသခင်၏ ​ေဒါသဖလား၌၊ လောင်းသော အမျက်တော် စပျစ်ရည်စစ်ကို သောက်ရလိမ့်မည်။ သန့်ရှင်းသော ကောင်းကင်တမန်တို့ ရှေ့၊ သိုးသငယ် ရှေ့တွင် ကန့်နှင့် ရောသော မီးထဲမှာပြင်းစွာသော ညှဥ်းဆဲခြင်းကို ခံရလိမ့်မည်။

သားရဲ၏ တံဆိပ်သည် ဗျာ ၁၃:၁၈၌ ဖေါ်ပြထားသော ၆၆၆ ဖြစ်သည်။ ထိုတံဆိပ်ရှိသော သူသာလျှင် ရောင်း၀ယ်ခွင့်ရသောကြောင့် အဆင်ပြေခဲ့သည်။ သို့သော် ကောင်းကင်တမန် ကထိုတံဆိပ်ကို မခပ်ကြဘို့ရန် သတိပေးသည်။ ထိုတံဆိပ်ခပ်သော သူသည်လောလောဆယ်အဆင်ပြေသော်လည်း၊ ဘုရားသခင်၏ ​ေဒါသလောင်းသော အမျက်တော် ခံရမည့်သူများဖြစ်ကြောင်း၊ သတိပေးသည်။ ဘုရားသခင်၏ အမျက်​ေဒါသခံခြင်းသည်၊ ကန့်နှင့် ရောသော မီးထဲမှာပြင်းစွာသော ညှဥ်းဆဲခြင်းကို ခံရမှာ ဖြစ်သည်။ လူအများစုသည် ရေရှည်မှာဒုက္ခ ရောက်မည့် အရေးထက်၊ လောလောဆယ် ပြသနာ ပြေလည်ရေးကို သာဦးစားပေးတတ် ကြသည်။ ထိုညှင်းဆဲခြင်းသည် ကွယ်ရာမှာ မဟုတ်၊ ကောင်းကင်တမန် များ၊ သိုးသငယ် တည်း ဟူသော သခင်ယေရှု ရှေ့မှာ ဖြစ်၍ ပြင်းစွာ ခံရကြလိမ့်မည်။

 

၁၁။ ထိုညှဥ်းဆဲခြင်း၏ မီးခိုးသည် ကမ္ဘာအဆက်ဆက်တက်လျက် ရှိ၏။သားရဲနှင့် သူ၏ ရုပ်တုကိုကိုး ကွယ်၍၊ သူ၏ နာမတံဆိပ်လက်မှတ်ကို ခံသော သူတို့သည် နေ့ညဥ့်မပြတ် သက်သာမရကြဟု လိုက်၍ ကြီးသော အသံနှင့် ပြောဆို၏။

ကမ္ဘာအဆက်ဆက်ဟူသောအရာ သည် ထာ၀ရ ကာလ ပတ်လုံး (်သမနလနမ​ေညိနလနမ) ဟု အဓိပ္ပါယ်ရသည်။ ဗုဒဝဘာသာအယူ၀ါဒကဲ့သို့၊ ကမ္ဘာပေါင်းများစွာ ရိှသည် မဟုတ်။ ဘုရားသခင်သည်၊ လူသားများကသူ့ကို မကိုး ကွယ်ဘဲသားရဲနှင့် သူ၏ ရုပ်တုကိုး ကွယ်ခြင်းကို အလွန် သ၀န်တို၍၊ ထိုကဲ့သိုဒုက္ခ ခံစေမှာ ဖြစ်သည်။ ဘုရားသခင် အမြင်၌ လူသားများပြုလုပ်သော အပြစ် တွင်၊ အခြားဘုရားကိုး ကွယ်ခြင်းသည်၊ အကြီးမား ဆုံးသော အပြစ် ဖြစ်သည်။ ထို့ကြောင့် ရုပ်တုကိုး ကွယ်ကြသော သူများ ခံရမည့် အရာကို၊ အထူးသတိပေးလျက် ရှိသည်။

 

၁၂။ ဘုရားသခင်၏ ပညတ်တို့ကို၎င်း၊ ယေရှု၏ ယုံကြည်ခြင်းကို၎င်း၊ စောင့်ရှောက်သော သန့်ရှင်းသူတို့သည်၊ ဤအရာ၌သည်း ခံစရာ အကြောင်းရှိ၏။

အဘယ်ကြောင့် ဘုရားသခင်၏ ပညတ်တို့ကို၎င်း၊ ယေရှု၏ ယုံကြည်ခြင်းကို၎င်း၊ စောင့်ရှောက်သော သန့်ရှင်းသူတို့သည် ဤအရာ၌သည်း ခံစရာ အကြောင်းရှိ၏ဟုဆိုသနည်း။ ဘယ်အရာကိုသည်း ခံရမည်နည်း။သားရဲ၏ တံဆိတ်မခံခြင်းအားဖြင့် အလွန် ခက်ခဲမှာ ဖြစ်သည်။ ထိုအရာကိုသည်း ခံနိင်ဘို့ရန် အလွန် ခက်ခဲမည်။ ထို့ကြောင့် ကျမ်းစာ ကသူတို့သည်သည်း ခံဘို့ရန် တိုက်တွန်းထားခြင်း ဖြစ်သည်။

 

၁၃။ တဖန်တုံ၊ ကောင်းကင် အသံကား၊ ယခုမှစ၍ သခင်ဘုရား၌ သေသော သူတို့သည်၊ မင်္ဂလာရှိကြ၏ဟု ရေးထားလော့ဟု၊ ပြောဆိုသည်ကို ငါကြား၏။ ၀ိညာဥ်တော် ကလည်း၊ ထိုသို့ မှန်ပေ၏။ ထိုသူတို့သည် ပင်ပန်းခြင်း ငြိမ်းမည်အကြောင်းရှိ၍၊ သူတို့၏ အကျင့်တို့သည် လည်း၊ သူတို့နှင့်အတူ လိုက်ကြ၏ဟု မိန့်တော်မူ၏။

သေခြင်းသည် အမင်္ဂလာဟု လူတိုင်း ကခံယူသည်။ သေခြင်းသည် ခါးသီးသည်၊ စိတ်နာစေသည်။ သေခြင်းသည် ရန်သူ ဖြစ်သည်။ သေခြင်းကို လိုချင်သော သူမရှိ။ ကျမ်းစာက၊ “ခရစ်တော်သည် အသေခံ တော်မူသော အားဖြင့်၊ သေခြင်း တရားကို အစိုးရသော သူတည်း ဟူသော၊ မာရ်နတ်၏ တန်ခိုးကို ချိုးဖဲ့ဖျက်ဆီးခြင်း ငှါ၎င်း၊ သေဘေးကို ကြောက်၍ တသက်လုံး​ကျွန်ခံရသော သူတို့ကို ကယ်လွှတ်ခြင်း ငှါ၎င်း၊ ” (ဟေ ၂:၁၄-၁၅) ဟု ရေးထားသည်။ ထို့ကြောင့် သေခြင်းသည်၊ မာရ်နတ်၏ တန်ခိုး ဖြစ်၍၊ လူသည် သေခြင်းကို ကြောက်သောကြောင့်၊ တသက်လုံး​ကျွန်ခံရ ကြသည်။ သို့သော် အထက်၌ ကောင်းကင်တမန်က၊ သခင်ဘုရား၌ သေသော သူတို့သည်၊ အဘယ်ကြောင့်မင်္ဂလာရှိသည်ဟုဆိုသနည်း။ အကြောင်းမူကား သခင်ဘုရား၌ ရှိသော သူတည်း ဟူသော၊ ယုံကြည်သူများသည်၊ ဘေးဒဏ်ကြီး ကာလ၌ အလွန် ဆင်းရဲ ဒုက္ခ ခံစားရကြသည်။ ထို့ကြောင့် မြေကြီး ပေါ်၌ကိုယ်ခန္ဓာအသက် ရှင်ရကျိုးမနပ်ချေ။ ကိုယ်ခန္ဓာသေမှသာထိုဒုက္ခများမှ လွတ်မြောက်နိင်သည်။ ထို့ကြောင့် ၀ိညာဥ်တော် ကလည်း၊ ထိုသူတို့သည် ပင်ပန်းခြင်း ငြိမ်းမည်။ ထို့အပြင် သူတို့၏ အကျင့်တို့သည် လည်း၊ သူတို့နှင့်အတူ လိုက်ကြ၏ဟုဆိုသည်။ မိတ်ဆွေ သင်သည် ဤလောက၌ အသက် ရှင်ရကျိုးနပ်ပါသလား။

 

၁၄။ တဖန် ငါကြည့်လျှင်၊ ဖြူသော မိုဃ်းတိမ်ရှိ၏။ လူသားတော်နှင့် တူသော သူသည်၊ ခေါင်းတော် ပေါ်၌ ရွှေသရဖူကို ဆောင်းလျက်၊ ထက်သော တံစဥ်ကိုကိုင်လျက်၊ မိုဃ်းတိမ်ပေါ်မှာ ထိုင် တော်မူ၏။

လူသားတော်နှင့် တူသော သူသည် ခရစ်တော် ဖြစ်သည်။ ခရစ်တော် ကသူ့ကိုသူ လူသားဟု ခေါ်လေ့ရှိသည်။ ထက်သော တံစဥ်သည်၊ စပါးနှင့် မြက်ရိတ်သိမ်းရာတွင် အသုံးပြုလေ့ရှိသည်။ ခရစ်တော်သည် စပါး သို့မဟုတ် မြက်ရိတ်သိမ်းဘို့ရန် ဖြစ်သည်။ မိုဃ်းတိမ်ပေါ်မှာ ထိုင်ခြင်းသည်၊ ၀ိညာဏကိုယ်ခန္ဓာနှင့် ရှိကြောင်း ထင်ရှားသည်။ ဇာတိကိုယ်ခန္ဓာနှင့် ရှိပါက၊ မိုဃ်းတိမ်ပေါ်၌ ထိုင်နိင်မည် မဟုတ်ချေ။ ရွှေသရဖူသည် အောင်မြင်သော သရဖူ ဖြစ်သည်။

 

၁၅။ ကောင်းကင်တမန် တပါးသည်၊ ဗိမာန်တော် ထဲကထွက်၍၊ ကိုယ်တော်၏ တံစဥ်ကို လွှတ်၍၊ စပါးကို ရိတ် တော်မူပါ။ ရိတ်ရသောအချိန် ရောက်ပါပြီ၊ မြေကြီး၌ ရိတ်စရာ စပါးမှည့်ပါပြီဟု၊ မိုဃ်းတိမ်ပေါ်မှာ ထိုင်သော သူကို၊ ကြီးသော အသံနှင့် ဟစ်လေ၏။ ၁၆။ မိုဃ်းတိမ်ပေါ်မှာ ထိုင်သော သူသည်၊ မိမိ တံစဥ်ကို မြေကြီး၌ သွင်း၍၊ မြေကြီး၏ စပါးကို ရိတ် တော်မူ၏။

ကောင်းကင်တမန် တပါးသည်၊ ဗိမာန်တော် ထဲကထွက်သည်ဟုဆိုသည်။ ထိုဗိမာန်သည် ကောင်းကင် ဗိမာန် ဖြစ်၍၊ ဘုရားသခင် ထံတော်မှ ဖြစ်သည်။ ခရစ်တော်ကို စပါးရိတ်ဘို့ရန်၊ အချိန် တန်ကြောင်း ပြောဆိုသည်။ စပါးသည် မည့် မှသာရိတ်လေ့ရှိသည်။ စပါးသည် ယုံကြည်သူများကို ပုံဆောင်လေ့ရှိသည်။ သို့ဖြစ်လျှင် သူရိတ်မည့်သူ များသည်မည် သူများ ဖြစ်သနည်း။ ဘေးဒဏ်ကြီး ကာလ၌ မှည့်လာသော (ယုံကြည် လာသော) သူများ ဖြစ်မည်။ စပါးရိတ်ရာကာလ၌ မိုဃ်းမရွာတော့ဘဲ နေပူတတ်သည်။ ဘေးဒဏ်ကြီး ကာလ၏ ခက်ခဲခြင်းက၊ ယခုမမှည့် သေးသော လူသား များကို မှည့်စေမည်။ ထိုကာလကို ကျမ်းစာက၊ “မီးဖို၌ မီးလောင် သကဲ့သို့ လောင်သော နေ့ရက်ကာလသည် ရောက်လိမ့်မည်။ မာနကြီးသော သူနှင့် ဒုစရိုက်ကို ပြုသောသူ အပေါင်းတို့သည်၊ အမှိုက်​ခြောက် ဖြစ်လိမ့်မည်။ သူတို့ အရင်းအဖျားမျှမကျန်ကြွင်းစေခြင်းငှါ၊ ထိုနေ့ရက်သည်လောင်လိမ့်မည်ဟု၊ ကောင်းကင် ဗိုလ်​ခြေအရှင်ထာ၀ရ ဘုရား မိန့်တော်မူ၏။ ငါ၏ နာမတော်ကို ကြောက်ရံွ့သော သင်တို့၌ ကား၊ တရားတော် နေမင်းသည်၊ အနာပျောက်စေသော အတောင်တို့နှင့် ပေါ်ထွန်း တော်မူမည်။ သင်တို့သည် ထွက်သွား၍၊ တင်းကုပ်၌ နွားသငယ် သကဲ့သို့ ခုန်ကြလိမ့်မည်။” (မာလခိ ၄:၁) ဟု ရေးထားသည်။ စပါးသည် ရိတ်ပြီးလျှင် စပါးကျီ၌ သွင်းထားလေ့ရှိသည်။ ထိုသို့ ရိတ်သော စပါး၊ ယုံကြည်သူများကို စပါးကျီတည်း ဟူသော ကောင်းကင် နိင်ငံ၌ သိမ်းရမည်။

 

၁၇။ ကောင်းကင်တမန် တပါးသည်၊ ကောင်ကင်ဘုံ၌ ရှိသော ဗိမာန်တော် ထဲကထွက်၍၊ သူ၌လည်းထက်သော တံစဥ်ပါ၏။ ၁၈။ မီးကို အစိုးရသော ကောင်းကင်တမန် တပါးသည်၊ ယဇ်ပလ္လင်ထဲကထွက်၍၊ ထက်သော တံစဥ်ပါသော သူကို၊ ကြီးစွာသော ​ေကြးကြော်ခြင်းနှင့် ခေါ်လျက်၊ သင်၏ထက်သော တံစဥ်ကို လွှတ်၍၊ မြေကြီး၏ စပျစ်သီးပြွတ်တို့ကို ရိတ်လော့။ အသီးမှည့်ပြီဟု ပြောဆို၏။

စပါးသာမကစပျစ်သီးလည်းရိတ်ရမှာ ဖြစ်သည်။ စပျစ်သီးရိတ်မည့် သူသည် ကောင်းကင်တမန် ဖြစ်သည်။ ကောင်းကင်တမန် များသည်၊ ရိတ်သိမ်းမည့်သူများဖြစ်ကြောင်း ခရစ်တော် ကဤသို့ ဆိုခဲ့သည်၊ “ကိုယ်တော်က၊ ကောင်းသော မျိုးစေ့ကို ကြဲသော သူသည် လူသား ဖြစ်၏။ လယ်ကား ဤလောက ဖြစ်၏။ ကောင်းသော အစေ့ကား နိုင်ငံတော်သား ဖြစ်၏။ တောမျိုးစေ့ကား နတ်ဆိုးသား ဖြစ်၏။ တောမျိုးစေ့ကို ကြဲသော ရန်သူကား မာရ်နတ် ဖြစ်၏။ စပါးရိတ်သော ကာလ ကား ဤကမ္ဘာကုန်သော ကာလ ဖြစ်၏။ စပါးရိတ်သော သူကား ကောင်းကင်တမန် ဖြစ်၏။ တောပင်တို့ကို ရွေးနှုတ်၍ မီးရှို့သကဲ့သို့ ဤကမ္ဘာအဆုံး၌ ဖြစ်လတံ့။ လူသားသည် မိမိ ကောင်းကင်တမန် တို့ကို စေလွှတ်ပြီးလျှင်၊ မှားယွင်းစေသော သူတို့နှင့် မတရားသော အမှုကို ပြုသော သူရှိသမျှ တို့ကို နိုင်ငံတော် ထဲကရွေးနှုတ်၍၊ ငိုကြွေးခြင်း၊ အံသွားခဲ}ကိတ်ခြင်းရှိရာမီးဖို၌ ချကြလံ့။” (မ ၁၃:၃ ရ- ၄၂) ဟုဆိုခဲ့ဘူးသည်။ ထို့ကြောင့် ကောင်းကင်တမန် များသည်၊ ရိတ်သိမ်းခြင်း အမှု၌ ပါ၀င်ကြကြောင်း တွေ့ရသည်။ စပျစ်သီးရိတ်ခြင်းနှင့် ပတ်သက်၍ အောက်၌ ဆက်လက် ဖေါ်ပြထားသည်။

 

၁၉။ ကောင်းကင်တမန် သည် လည်း၊ မိမိ တံစဥ်ကို မြေကြီး၌ သွင်း၍၊ မြေကြီး၏ စပျစ်သီးကို ရိတ်ပြီးမှ၊ ဘုရားသခင် အမျက်တော် တည်း ဟူသော နယ်ရာတန်ဆာကြီး ထဲသို့ ချလေ၏။ ၂၀။ မြို့ပြင်၌ နယ်ရာတန်ဆာကို ဖိနင်း၍၊ အသွေးသည် တဆယ်​ခြောက်ယူဇနာခရီး တရှောက်လုံး၌၊ မြင်းဇက်ကြိုးကို မှီသည် တိုင်အောင်၊ နယ်ရာတန်ဆာထဲကထွက်လေ၏။

စပျစ်သီးရိတ်သိမ်းခြင်းသည်၊ ယုံကြည်သူများကို ကောင်းကင်သို့ ခေါ်ဆောင်ခြင်း မဖြစ်နိင်ချေ။ အကြောင်းမူကား ဘုရားသခင်၏ အမျက်တော် တည်း ဟူသော၊ နယ်ရာတန်ဆာကြီး ထဲသို့ ချ၍ ဖိနင်းသည်ဟု၊ ဆိုသောကြောင့် မယုံကြည်သူများ၊ ဘုရားသခင်၏ တရားစီရင်မှု ခံခြင်းကို ဆိုလိုသည်။ ထိုသူများသည်၊ ခရစ်တော် ကပြောခဲ့သော တောပင်တို့ ဖြစ်သည်။ တဖန် အသွေးသည် တဆယ်​ခြောက်ယူဇနာတည်း ဟူသော မိုင် ၂၀၀တရှောက်လုံးမြင်းဇက်ကြိုးကို မှီသည်ဟုဆိုသည်။ မြင်းဇက်ကြိုးသည် လေးငါးပေလောက်ရှိသည်။ ထိုမျှသော သွေးချောင်းသည် စီးမှာ ဖြစ်သောကြောင့်၊ ထိုအရာသည် အလွန် ​ခြောက်ခြားဘွယ်ကောင်းသော တရားစီရင်ခြင်း ဖြစ်မည်။ ထိုအရာသည် ဘေးဒဏ်ကြီး ကာလ၏ အဆုံး၊ ခရစ်တော် ဒုတိယအကြိမ် ကြွလာ သောအခါ၊ အမေဂဒုန်စစ်ပွဲ၌ ဖြစ်နိင်သည်။

 

ဗျာ ၁၄ မေးခွန်းများ

 

၁။ ဇိအုန်တောင်ဘယ်နှစ်ခုရှိသနည်း။ ——————————မည်သည့်နေရာ၌ ရှိကြသနည်း။ ————————————————————

၂။ သိုးသငယ်နှင့် ၁၄၄၀၀၀တို့သည် မည်သည့်တောင်၌ ရပ် နေကြသနည်း။ ——————————

၃။ ကောင်းကင်၌ ဘာတူရိယာရှိသနည်း။ ——————————မည်ကဲ့သို့ တီးခတ်ကြသနည်း။ ——————————

၄။ ၁၄၄၀၀၀တို့သည် အဘယ်ကြောင့်ကောင်းကင်၌ ဟုဆိုနိင်သနည်း။ ——————————————————————————————

၅။ လူအချို့တို့သည် အဘယ်ကြောင့်မိန်းမမယူကြသနည်း။ ——————————ထို သူများကို မည်ကဲ့သို့ ခေါ်သနည်း။ ——————————

၆။ ၁၄၄၀၀၀တို့သည် မည်သူ နောက်လိုက် နေကြသနည်း။ ——————————

ရ။ မည်သူနှင့် နီးလေလေ၊ အပြစ် လုပ်ဘို့ နည်းလေလေ ဖြစ်သနည်း—————။ သင်သည် ထိုသို့ဖြစ်ချင် ပါသလား။ ——————————

၈။ ယခုအချိန်တွင် မည်သူကတရားဟောရမည်နည်း။ ဘေးဒဏ်ကြီး ကာလ ပဌမ ပိုင်းတွင် မည်သူတို့ ကဟောသနည်း။

၉။ ကောင်းကင်တမန် ကမည်သည့်အချိန်တွင် တရားဟောသနည်း။ ——————————အဘယ်ကြောင့်ဟောသနည်း။ ————————————————————

၁၀။ ကောင်းကင်တမန် ဟောသော တရားသည် ဘာ ဖြစ်မည်နည်း။ ———————————————————————————————————

၁၁။ မည်သည့်နိင်ငံ၌ ခရစ်ယာန် တရားဟောခွင့်မရှိသနည်း။ —————————-

၁၂။ အမေရိကန်နိင်ငံ၌၊ ဧ၀ံဂေလိအသင်းတော်များကို၊ မည်ကဲ့သို့ သတ်မှတ်နေပြီနည်း။ ——————————————

၁၃။ ဗာဗုလုန်မြို့ကြီးသည် ဘာကို ဆိုလိုသနည်း။ —————————————

၁၄။ ဘုရား အမြင်၌ မတရားသော မေထုန်ပြုခြင်းသည် ဘာကို ဆိုလိုသနည်း။ —————————————

၁၅။ ကောင်းကင်တမန်က၊ သားရဲ၏ တံဆိပ်ခံသော သူတို့သည်၊ ဘာ ဖြစ်မည်ဟု သတိပေးသနည်း။ —————————————————————————-

၁၆။ လူအများစုသည် ရည်ရှည်ဒုက္ခ ရောက်မည့် အစား၊ ဘာကို ဦးစားပေးတတ်ကြသနည်း။ —————————————

၁ရ။ ကမ္ဘာအဆက်ဆက်သည် ဘာကို ဆိုလိုသနည်း။ —————————————

၁၈။ ဘုရား အမြင်၌ အပြစ် အကြီး ဆုံးသည်၊ ဘာ ဖြစ်သနည်း။ —————————————

၁၉။ သန့်ရှင်းသူတို့သည်း ခံရမည့် အရာသည်၊ ဘာ ဖြစ်မည်နည်း။ —————————————

၂၀။ သေခြင်းသည် အမင်္ဂလာလော၊ မင်္ဂလာလော။ —————————————

၂၁။ အဘယ်ကြောင့်သခင်ဘုရား၌ သေသော သူတို့သည် မင်္ဂလာရှိကြ၏ဟုဆိုသနည်း။ —————————————————————–

၂၂။ လူသားသည် မည်သူနည်း။ ——————-ဘာလုပ်ဘို့ မိုဃ်းတိမ်ပေါ်မှာ ထိုင် တော်မူ သနည်း။ —————————————

၂၃။ လူသားရိတ်သိမ်းသော စပါးများသည်၊ မည်သူတို့ ဖြစ်မည်နည်း။ —————————————

၂၄။ စပျစ်သီးရိတ်သိမ်းမည့်သူ များသည် မည်သူတို့ ဖြစ်သနည်း။ —————————————

၂၅။ စပျစ်သီးများသည် ဘာကို ပုံဆောင်သနည်း။ ——————————————————————————

၂၆။ စပျစ်သီးရိတ်၍ နယ်ရာတန်ဆာကြီး ထဲ၌ ဖိနင်းခြင်းသည် ဘာကို ဆိုလိုသနည်း။ —————————————

၂ရ။ သွေးသည် မည်မျှစီးမည်နည်း။ —————————————

 

ဗျာဒိတ်ကျမ်း ၁၅

 

နောက်ဆုံးဘေးဒဏ်ခုနစ်ပါးအတွက်ပြင်ဆင်

 

၁။ တဖန်တုံ၊ ဘုရားသခင်၏ အမျက်တော်ကိုပြီးစီးစေသော၊ နောက်ဆုံးဘေးဒဏ်ခုနစ်ပါးရှိသော၊ ကောင်းကင်တမန်ခုနစ်ပါးတည်းဟူသော၊ ကောင်းကင်၌အံ့ဘွယ်သောနိမိတ်ကြီးအခြားတပါးကိုငါမြင်ရ၏။

ဘုရားသခင်သည်၊ ဘေးဒဏ်ကြီးကာလ၌ ကမ္ဘာပေါ်တွင်၊ အမျက်​ဒေါသလောင်းမည့်အရာကို၊ သုံးပိုင်းဖြင့်ဖေါ်ထားသည်။ တံဆိပ်ခုနစ်ခု၊ တံပိုးခုနစ်လုံးတရားစီရင်ခြင်းများအပြင်၊ ယခုဖလားခုနစ်လုံးတရားစီရင်ခြင်း ပြုလုပ်မည့်အရာကိုဖေါ်ပြထားသည်။ ဤဖလားခုနစ်လုံးတရားစီရင်ခြင်းသည်နောက်ဆုံးဖြစ်သည်။ ထိုတရားစီရင်ခြင်းကို၊ ကောင်းကင်တမန် ခုနစ်ပါးကဆောင်ရွက်မှာဖြစ်သည်။

 

၂။ မီးနှင့်ရောသောဖန်ရေကန်ကဲ့သို့ ရှိသည်ကိုလည်းမြင်ရ၏။ သားရဲနှင့်၎င်း၊ သူ၏ရုပ်တုနှင့်၎င်း၊ သူ၏နာမအရေအတွက်နှင့်၎င်း၊ လွတ်၍ အောင်မြင်သောသူတို့သည်၊ ဘုရားသခင်၏စောင်းတော်တို့ကိုကိုင်လျက်၊ ဖန်ရေကန်နားမှာရပ်နေကြသည်ကိုမြင်ရ၏။

ဖန်ရေကန်သည်၊ တဲတော်ရှေ့၌ရှိသောကြေး၀ါအင်တုံဖြစ်သည်။ ထိုအင်တုံ၌ရေထည့်၍၊ ယဇ်ပုရောဟိတ်များနှင့်ယဇ်ကောင်အသားများ၊ ဆေးကြောသောနေရာဖြစ်သည်။ ထို​ကြေး၀ါအင်တုံကို၊ ကောင်းကင်တဲတော်၌၊ ဖန်ရေကန်ကဲ့သို့တွေ့ရသည်။ ဘေးဒဏ်ကြီးကာလအတွင်း၊ သားရဲနှင့်သူ၏ရုပ်တုကိုမကိုးကွယ်၊ သားရဲ၏နာမအရေအတွက်တည်းဟူသော ၆၆၆ တံဆိပ်ကိုလည်းမခံဘဲ၊ လွတ်မြောက်အောင်မြင်သောမာတုရများသည်၊ ဖန်ရေကန်နားမှာရပ်သည်ဟုဆိုခြင်းသည်၊ သန့်ရှင်းခြင်းကိုဆိုလိုသည်။ သူတို့သည်ဘေးဒဏ်ကြီးကာလ၌၊ အလွန်ခက်ခဲသော်လည်း၊ ဘုရားသခင်၏ရန်သူတည်းဟူသောအန္တိခရစ်၏ရုပ်ကိုမကိုးကွယ်၊ သူ၏နာမ ၆၆၆ မခံဘဲသန့်ရှင်းစွာနေထိုင်သောကြောင့်၊ ဘုရားသခင်ထံသန့်ရှင်းစွာပူဇော်သော၊ ယဇ်ကောင်များကဲ့သို့ဖြစ်သည်။ ထို့ကြောင့်ဖန်ရေကန်အနား၌တွေ့ရခြင်းဖြစ်သည်။ ဘုရားသခင်၏စောင်းတော်တို့ကိုကိုင်သည်ဟုဆိုခြင်းသည်၊ သီချင်းဆို၍စောင်းတီးဘို့ ဖြစ်သည်။ သူတို့သည်အောင်မြင်သောကြောင့်၊ သီချင်းဆိုရတော့မှာဖြစ်သည်။ သူတို့သီဆိုသောသီချင်းနှင့်တီးသောစောင်းအကြောင်းကို အောက်တွင်ဆက်လက်ဖေါ်ပြထားသည်။ ​

 

၃။ ထိုသူတို့သည်ဘုရားသခင်၏ကျွန်မောရှေ၏သီချင်းနှင့်၊ သိုးသငယ်၏သီချင်းကိုသီ၍၊ အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော၊ ထာ၀ရအရှင်ဘုရားသခင်၊ ကိုယ်တော်၏အပြုအမူတို့သည်၊ ကောင်းမြတ်၍အံ့ဩဘွယ်ဖြစ်ကြပါ၏။ လူမျိုးတို့၏ဘုရင်၊ ကိုယ်တော်၏အကျင့်ဓလေ့တို့သည်၊ ​ဖြောင့်မတ်ဟုတ်မှန်ကြပါ၏။

ထိုသူတို့သည်ဘေးဒဏ်ကြီးကာလမှလွတ်မြောက်သူများဖြစ်သည်။ သူတို့ကမောရှေ၏သီချင်းကိုသီဆိုကြသည်။ မောရှေ၏သီချင်းကိုထွက်မြောက်ရာ ၁၅ ထဲ၌တွေ့နိုင်သည်။ ထာ၀ရဘုရားက ဣသရေလလူများကိုအဲဂုတ္တုစစ်သားများလက်မှကယ်နှုတ်၍၊ ပင်လယ်နီဖြတ်ပြီးသောအခါ၊ သီဆိုသောအောင်ပွဲသီချင်းဖြစ်သည်။ နောက်သီချင်းကိုလည်း မောရှေသေခါနီးယော်ဒန်မြစ်တဖက်ကမ်း၌၊ စပ်ဆိုသောအရာကို တရားဟောရာကျမ်း ၃၂ ၌တွေ့ရသည်။ ထိုသီချင်း၌၊ ဘုရားသခင်၏ကြီးမြတ်ခြင်းနှင့်၊ သူ၏လူမျိုးဣသရေလလူများကို၊ ကယ်နှုတ်ပို့ဆောင်ခြင်းနှင့်သူတို့၏အပြစ်များကိုဖေါ်ပြသည်။

 

သိုးသငယ်သည် ခရစ်တော်ကိုဆိုလိုသည်။ ခရစ်တော်၏သီချင်းသည် ကျမ်းစာ၌မတွေ့ရချေ။ မောရှေသည် ဣသရေလ လူမျိုးများကို အဲဂုတ္တုကျွန်မှကယ်နှုတ်၍ ဦးဆောင်သကဲ့သို့၊ ခရစ်တော်လည်းယုံကြည်သူများကို၊ အပြစ်ကျွန်၊ စာတန်ကျွန်၊ ဤလောကကျွန်မှကယ်နှုတ်ခဲ့သည်။ ဣသရေလလူများက၊ ထိုကယ်တင်ခြင်းအတွက်၊ ဘုရားသခင်ကိုချီးမွမ်းသကဲ့သို့၊ ဘေးဒဏ်ကြီးကာလမှကယ်နှုတ်ခြင်းခံသောသူများကလည်း၊ ကောင်းကင်၌ ခရစ်တော်၏ ကယ်တင်ခြင်း သီချင်းကို၊ သီဆိုကြမှာ ဖြစ်သည်။ မောရှေနှင့် သိုးသငယ်၏ သီချင်းများ ဆိုသည့်အပြင်၊ ထာ၀ရ အရှင် ဘုရားသခင်ကိုယ်တော်၏ အပြုအမူတို့သည်၊ ကောင်းမြတ်၍ အံ့ဩဘွယ်ဖြစ်ကြပါ၏။ လူမျိုးတို့၏ဘုရင်၊ ကိုယ်တော်၏အကျင့်ဓလေ့တို့သည်၊ ​ဖြောင့်မတ်ဟုတ်မှန်ကြပါ၏ဟုချီးမွမ်းကြသည်။ ယနေ့လူများစွာတို့သည်၊ ဘုရားသခင်ကို အပြစ်တင်တတ်ကြသည်။ မိမိတို့ အလိုဆန္ဒအတိုင်း၊ ဘုရားသခင်ကမပေးသောအခါ၊ ဘုရားသခင်ကိုအမြင်မှားကာစိတ်ဆိုးတတ်ကြသည်။ သို့သော်ဘုရားသခင်၏ အပြုအမူများသည်၊ ကောင်းမြတ်၍ အံ့ဘွယ်ဖြစ်သည်။ ယုံကြည်သူများသည်၊ ဘုရား၏ အပြု အမူများကိုမဆင်ခြင်ကြသောကြောင့်၊ အံ့ဩဘွယ်ကောင်းမှန်း၊ ချီးမွမ်းရမှန်းလည်းမသိတတ်ကြချေ။ ယခုမှစ၍ဘုရားသခင်ပြုလုပ်သောအရာ များကို ဆင်ခြင်၍ချီးမွမ်းကြပါစို့။

 

၄။ အိုထာ၀ရဘုရား၊ ကိုယ်တော်ကို မကြာက်ရွံ့ဘဲ၊ နာမတော်ကို မချီးမွမ်းဘဲ၊ အဘယ်သူ နေရပါအံ့နည်း၊ ကိုယ်တော် တပါးတည်း သာလျှင် သန့်ရှင်း တော်မူ၏။ တရားသဖြင့် စီရင် တော်မူခြင်း အရာတို့သည် ထင်ရှားသည် ဖြစ်၍၊ လူမျိုး အပေါင်းတို့သည် လာ၍ ရှေ့တော်၌ ကိုး ကွယ်ကြပါလိမ့်မည်ဟု လျှောက်ဆိုကြ၏။

ဘုရားသခင်သည် ဖန်ဆင်းရှင် ဖြစ်၍၊ အနန္တတန်ခိုးနှင့် ပြည့်စုံသည် သာမက၊ အပြု အမူ အကျင့်ဓလေ့တို့သည် ​ဖြောင့်မတ် တော်မူသောကြောင့်၊ သူ့ကို မကြောက်ရွံ့သူ၊ နာမတော်ကို မချီးမွမ်းဘဲ နေသူအဘယ်သူ ရှိမည်နည်းဟုဆို ကြသည်။ သို့သော် ယနေ့လောက သားများက၊ ဘုရားသခင်ကို ထိုသို့ ကြောက်ရွံ့ခြင်းနှင့် ချီးမွမ်းခြင်း မတွေ့ရချေ။ အကြောင်းမှာ ဘုရားသခင်ကို၊ သိသင့်သလောက် မသိကြသောကြောင့် ဖြစ်သည်။ ထာ၀ရ ဘုရားသခင်သည်၊ မည်သူ၏ မျက်နှာမှမလိုက်၊ တရားသဖြင့် တရားစီရင်သောသူ ဖြစ်သည်။ ထို့ကြောင့် လူမျိုး အပေါင်းတို့သည်၊ ရှေ့တော်၌ ကိုး ကွယ်ကြပါလိမ့်မည်ဟုဆိုသည်။ ​ကျွန်ပ်တို့လည်း ထာ၀ရ ဘုရားကို ကြောက်ရွံ့၍၊ နာမတော်ကို ချီးမွမ်းရမည်။ ထာ၀ရ ဘုရားကို သာလျှင်ကိုး ကွယ်ရကြမည်။

 

၅။ ထိုနောက်ငါကြည့်လျှင်၊ ကောင်းကင်ဘုံ၌၊ သက်သေခံ တော်မူ ချက်ဌာပနာရာတဲတော် ရှိသော၊ ဗိမာန်တော်ကို ဖွင့်ထားပြီ။

ယောဟန်ကကောင်းကင် ဗိမာန်တော် အတွင်း ပိုင်းအ သန့်ရှင်းဆုံးဌါနကို မြင်တွေ့ခြင်း ဖြစ်သည်။ ထိုနေရာသည် ထာ၀ရ ဘုရား ကျိန်း၀ပ် တော်မူ ရာနေရာ ဖြစ်သည်။ လောက၌ တည်ဆောက်သော တဲတော် နှင့်၊ ဗိမာန်တော် အတွင်းရှိသန့်ရှင်းရာဌါနကို၊ ယဇ်ပုရောဟိတ် များ သာလျှင် မြင်တွေ့ရ ကြသည်။ အတွင်း ခန်း ဖြစ်သော အသန့်ရှင်းဆုံးအခန်းကို၊ ယဇ်ပုရောဟိတ်မင်းကသာလျှင်၊ တနှစ်လျှင် တခါတွေ့မြင်ရသည်။ ယခုကောင်းကင်ဘုံရှိတဲတော် အတွင်းကို၊ ယောဟန်ကဖွင့်ထားသည်ဟုဆိုသောကြောင့်၊ ကောင်းကင်၌ ရှိသော သူတိုင်း ကမြင်တွေ့ရမှာ ဖြစ်သည်။

 

၆။ ဘေးဒဏ် ခုနစ်ပါးရှိသော ကောင်းကင်တမန် ခုနစ်ပါးတို့သည်၊ စင်ကြယ်ပြောင်လက်သော ပိုက်ဆန်အ၀တ်ကို ၀တ်လျက်၊ ရင်၌ ရွှေရင်စည်းကို စည်းလျက် ဗိမာန်တော် ထဲကထွက်လာကြ၏။

ထိုဗိမာန်တော် အထဲမှနောက်ဆုံးဗျာ ၁၆မှာ၊ ဘုရားသခင်၏ အမျက်​ေဒါသကို၊ မြေကြီး ပေါ်လောင်းမည့် ကောင်းကင်တမန် တော် ခုနှစ်ပါးတို့သည်၊ ထွက် ကြသည်။ သူတို့သည် ပိုက်ဆန်အ၀တ်ကို ၀တ်သည်ဟုဆိုသည်။ ပိုက်ဆန်အ၀တ်သည် အဂ်လိပ်လိုူငညနညပိတ်ချောဟု ခေါ်သည်။ ယဇ်ပုရောဟိတ်မင်းသည်၊ အသန့်ရှင်းဆုံးဌါနသို့ ၀င်သောအခါ၊ ပိတ်ချောကို ၀တ်ဘို့ ဘုရားသခင်က၊ ဤသို့ မှာထားသည်၊ “အာရုန်သည် သန့်ရှင်းရာ ဌာနတော် အထဲသို့ အဘယ်သို့ ၀င်ရမည်နည်းဟူမူကား၊ အပြစ် ​ဖြေရာယဇ်ဘို့ အသက် ပျိုသော နွားထီးတကောင်၊ မီးရှို့ရာယဇ်ဘို့ သိုးထီးတကောင်ပါရမည်။ သန့်ရှင်းသော ပိတ်ချောအင်္ကျီ၊ ပိတ်ချောပေါင်းဘီကို ၀တ်၍၊ ပိတ်ချောခါးပန်းကို စည်းရမည်။ ပိတ်ချောဗေါင်းကိုလည်း ဆောင်းရမည်။ ထိုအ၀တ်တန်ဆာတို့သည် သန့်ရှင်သောကြောင့်၊ ကိုယ်ကို ရေချိုးပြီးမှ၀တ်ဆင်ရမည်။” (၀တ်ပြုရာ ၁၆:၃-၄)။ ဗိမာန်တော် အထဲမှ ထွက်ကြသောကြောင့်၊ ကောင်းကင်တမန် များလည်း ပိတ်ချောကို၊ ၀တ်ထားကြခြင်း ဖြစ်သည်။ ပိတ်ချောသည် ဖြူဆင် သန့်ရှင်းခြင်းကို ပုံဆောင်သည်။ ထိုကောင်းကင်တမန် တို့သည် ရင်၌ ရွှေရင်စည်းကို စည်းခြင်းသည်၊ ယဇ်ပုရောဟိတ် အကြီးနှင့် တူသည်။ သူတို့သည် ဗိမာန်တော် ထဲမှ ထွက်သောကြောင့်၊ ဘုရားသခင် ထံတော် မှဘုရား၏ အမိန့်တော် အရ၊ ဘုရား၏ အလိုတော်ကို ဆောင်ရွက်ဘို့ရန်၊ ထွက်ကြခြင်း ဖြစ်သည်။

 

ရ။ သတ္တ၀ါလေးပါးတွင် တပါးသည်၊ ကမ္ဘာအဆက်ဆက်အသက် ရှင် တော်မူသော၊ ဘုရားသခင်၏ အမျက်တော်နှင့် ပြည့်သော၊ ရွှေဖလား ခုနစ်လုံးကို ကောင်းကင်တမန် ခုနှစ်ပါးတို့အား ပေး၏။

အသက် ကြီး သူတပါးက၊ ဘုရား၏ အမျက်တော်နှင့် ပြည့်သော၊ ရွှေဖလားခုနှစ်လုံးကို၊ ကောင်းကင်တမန် တပါးလျှင်၊ တလုံး စီပေးသည်။ ထိုကောင်းကင်တမန် များသည်၊ အခန်း၁၆၌ တပါးပြီး တပါးမြေကြီး ပေါ်သို့၊ ဘုရား၏ အမျက်တော်ကိုလောင်းကြမှာ ဖြစ်သည်။ ကမ္ဘာအဆက်ဆက်ဟူသောအရာ သည်၊ ထာ၀ရ ကာလကို ဆိုလိုသည်။ ဘုရားသခင်သည် ထာ၀ရအသက် ရှင် တော်မူသောကြောင့်၊ သူ့ကို ထာ၀ရ ဘုရားဟု ခေါ်ခြင်း ဖြစ်သည်။ လူ၏ အမျက်​ေဒါသသည်၊ ကြောက်စရာ ကောင်းတတ်သော်လည်း၊ သူတို့ သေသွား သောအခါ ကြောက်စရာ မရှိတော့ချေ။ ဘုရား မူကား၊ ထာ၀ရအသက် ရှင်သောကြောင့်၊ သူ၏ အမျက်​ေဒါသသည်၊ ကြောက်စရာ ကောင်းသည်။ ယခုအခါ လူသည် မည်မျှပင် အပြစ် ကြီးသော်လည်း၊ ဘုရားသခင်သည် မရှိ သကဲ့သို့ ငြိမ်နေသည်။ ဘုရား၏ အမျက်များကို စုထားသော ဖလားများကို၊ ဘေးဒဏ်ကြီး ကာလ၌၊ မြေကြီး ပေါ်သို့လောင်းရတော့မှာ ဖြစ်သည်။ အဘယ်ကြောင့် ဘုရားသခင်သည် အမျက်ထွက်ရသနည်း။ ဗျာ ၁၆:၆၌ ထိုသူတို့သည် သန့်ရှင်း သူတို့၏ အသွေး၊ ပရောဖက် တို့၏ အသွေးကို သွန်းလောင်းကြသောကြောင့် ဖြစ်သည်။

 

၈။ ဘုရားသခင်၏ ဘုန်းတန်ခိုးအာနုဘော်တော်ကြောင့်၊ ဗိမာန်တော်သည် မီးခိုးနှင့် ပြည့်၍၊ ကောင်းကင်တမန် ခုနှစ်ပါး၏ ဘေးဒဏ်ခုနှစ်ပါးမကုန်မီတိုင်အောင်၊ ဗိမာန်တော် ထဲသို့ အဘယ်သူ မျှမ၀င်နိုင်။

ကောင်းကင် ဗိမာန်တော်၌၊ ဘုရားသခင်၏ ဘုန်းတန်ခိုးအာနုဘော်တော်သည်၊ မီးခိုးအားဖြင့် ပြည့်သည်။ ထာ၀ရ ဘုရားရှိခြင်းသည်၊ မိီးခိုးနှင့် မိုဃ်းတိမ်အားဖြင့် လူများ ကတွေ့မြင်တတ် ကြသည်။ သိနာတောင်ပေါ်၌ ထာ၀ရ ဘုရား ဆင်းသက် သောအခါ၊ မီးခိုးအားဖြင့် ထင်ရှားကြောင်း၊ ဤသို့ တွေ့ရသည်၊ “ထာ၀ရ ဘုရားသည် မီးဖြင့် လွှမ်းလျက်၊ သိနာတောင်ပေါ်သို့ ဆင်းသက် တော်မူသောကြောင့်၊ တတောင်လုံးမီးခိုးထွက်လေ၏။ မီးခိုး သည်လည်း မီးဖို၏ မီးခိုးကဲ့သို့ တက်၍၊ တတောင်လုံးပြင်းစွာ လှုပ်လေ၏။” (ထွက် ၁၉:၁၈)

 

မောရှေကတဲတော်ကို ဆောက်ပြီး သောအခါ၊ ထာ၀ရ ဘုရားသည် တဲတော်၌ မီးခိုးအားဖြင့် ရှိကြောင်း၊ ကို ဤသို့ တွေ့ရသည်၊ “ထိုအခါ မိုဃ်းတိမ်သည် ပရိသတ်စည်းဝေးရာတဲတော်ကို လွှမ်းမိုး၍၊ ထာ၀ရ ဘုရား၏ ဘုန်းတော်သည်၊ တဲတော်ကို ဖြည့်လေ၏။ ထိုသို့ မိုဃ်းတိမ်သည်၊ ပရိသတ်စည်းဝေးရာတဲတော် အပေါ်၌ နေသောကြောင့်၊ မောရှေသည် အထဲသို့ မ၀င်ရ။ ထာ၀ရ ဘုရား၏ ဘုန်းတော်သည်၊ တဲတော်ကို ဖြည့်လျက် နေ၏။” (ထွက် ၄၀:၃၄-၃၅) ရှောလမုန်ကသူဆောက်သော ဗိမာန်တော်ကို၊ အနုမောဒနပြု (ဆက်ကပ်) သောအခါ၌လည်း၊ ယဇ်ပုရောဟိ်တ်များ မ၀င်နိင်အောင်၊ ဘုရား၏ ဘုန်းတော် တည်း ဟူသော၊ မိုးတိမ်နှင့် ပြည့်ခဲ့ကြောင်း၊ ဤသို့ ရေးထားသည်၊ “ယဇ်ပုရောဟိတ် တို့သည်၊ သန့်ရှင်းရာ ဌာနထဲကထွက်ကြ သောအခါ၊ ထာ၀ရ ဘုရား၏ အိမ်တော်သည်၊ မိုဃ်းတိမ်နှင့် ပြည့်၏။ ထိုသို့ ထာ၀ရ ဘုရား၏ အိမ်တော်သည်၊ ဘုန်းတော်နှင့် ပြည့်လျက်၊ မိုဃ်းတိမ်တော်ကြောင့် ယဇ်ပုရောဟိတ် တို့သည်၊ အမှုတော်ကို ဆောင်ရွက်လျက် ရပ်၍ မနေနိုင်ကြ။” (၃ရာ ၈:၁၀- ၁၁)

 

ဗျာ ၁၅ မေးခွန်းများ

 

၁။ ဘုရားသခင်က၊ ဘေးဒဏ်ကြီး ကာလ၌ ကမ္ဘာပေါ်တွင်၊ တရားစီရင်းခြင်း သုံးမျိုးများ မှာ———————————————————————————————————–တို့ ဖြစ်သည်။

၂။ ဖန်ရေကန်သည် ဘယ်မှာ ရှိသနည်း။ —————————————ထိုရေကန်သည် ဘာလုပ်ဘို့ ဖြစ်သနည်း။ —————————————

၃။ မောရှေ၏ သီချင်းကို ———————-နှင့် ———————-၌ တွေ့ရသည်။

၄။ ဘေးဒဏ်ကြီး ကာလ မှကယ်နှုတ်ခြင်း ခံသော သူများ ကလည်း၊ ဘာချီးမွမ်းကြမည်နည်း။ —————————————

၅။ ယုံကြည်သူများသည်၊ အဘယ်ကြောင့် ဘုရားသခင်ကို မချီးမွမ်းတတ်ကြသနည်း။ —————————————

၆။ အဘယ်ကြောင့်၊ ယနေ့လောက သားများက၊ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းနှင့် ချီးမွမ်းခြင်း၊ မရှိကြသနည်း။ ——————————————————————————

ရ။ သန့်ရှင်းရာဌါနအတွင်းသို့မည် သူများ ကာမြင်နိင်သနည်း။ —————————အ သန့်ရှင်းဆုံးဌါနကို မည်သူကသာ မြင်ရသနည်း။ —————————

၈။ ပိုက်ဆံလျှော်သည် ဘာကို ဆိုလိုသနည်း။ ————————-မည် သူများက၊ မည်သည့်အချိန်တွင် ၀တ်လေ့ရှိသနည်း။ ————————–

၉။ လူအမျက်သည် မည်သည့်အချိန်၌ ကုန်ဆုံးသွားသနည်း။ ————————- ၁

၀။ ဘုရား အမျက်တော်သည် အဘယ်ကြောင့်၊ ကြောက်စရာ ကောင်းသနည်း။ ————————————————–

၁၁။ ထာ၀ရ ဘုရား ကျိန်း၀ပ်ကြောင်း၊ အဘယ်အရာအားဖြင့် ထင်းရှားတတ်သနည်း။ ————————

၁၂။ တဲတော််နှင့် ဗိမာန်တော်၌ ဘုရားသခင်သည် ဘာအားဖြင့် ရှိသနည်း။ ————————

.

 

ဗျာဒိတ်ကျမ်း ၁၆

 

ဖလား ခုနစ်လုံးတရားစီရင်ခြင်း

 

၁။ ဗိမာန်တော် ထဲကကြီးသော အသံကား၊ သွားကြလော့။ ဘုရားသခင်၏ အမျက်တော် ဖလား ခုနစ်လုံးကို မြေကြီး ပေါ်သို့ သွန်းလောင်းကြလော့ဟု ကောင်းကင်တမန် ခုနစ်ပါးတို့အား ပြောဆိုသည်ကို ငါကြား၏။

ဤဖလားခုနှစ်လုံးတရားစီရင်ခြင်းသည်၊ နောက်ဆုံးသော တရားစီရင်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ နှစ်ပေါင်းများ စွာသည်း ခံခဲ့သော အမျက်တော်ကို အကုန်အစင်သွန်းလောင်းခြင်း ဖြစ်သည်။

 

၂။ ပဌမ သူသည် သွား၍ မိမိ ဖလားကို မြေကြီး ပေါ်သို့ သွန်းလောင်းလျှင်၊ သားရဲ၏ တံဆိပ်လက်မှတ်ကို ခံ၍ သူ၏ ရုပ်တုကိုကိုး ကွယ်သော လူတို့၌ အလွန််ဆိုးသော အနာစိမ်းပေါက်လေ၏။

ဗျာ ၁၃၌ သားရဲတည်း ဟူသော အန္တီ ခရစ်ကသူ၏ နံပါတ် ၆၆၆ကို လူတိုင်း နဖူး၌ ဖြစ်စေ၊ လက်ျာလက်၌ ဖြစ်စေခံ စေခဲ့သည်။ ထိုလက်မှတ်မခံသော သူများသည်၊ ရောင်း၀ယ်၍ မရသောကြောင့်၊ အစာငတ်သေရမှာ ဖြစ်သည်။ ထိုတံဆိပ်ခံသော သူများ မူကား၊ အလွန် အဆင်ပြေခဲ့မည်။ သို့သော် ကောင်းကင်တမန် ကဗျာ ၁၄:၉-၁၁၌ ဤသို့ သတိပေးခဲ့သည်၊ “အကြင်သူသည်သားရဲနှင့် သူ၏ ရုပ်တုကိုကိုး ကွယ်၍၊ သူ၏ တံဆိပ်လက်မှတ်ကို နဖူး၌ ခံသည် ဖြစ်စေ၊ လက်၌ ခံသည် ဖြစ်စေ၊ ထိုသူသည် ဘုရားသခင်၏ ​ဒေါသဖလား၌၊ လောင်းသော အမျက်တော် စပျစ်ရည်စစ်ကို၊ သောက်ရလိမ့်မည်။ သန့်ရှင်းသော ကောင်းကင်တမန်တို့ ရှေ့၊ သိုးသငယ် ရှေ့တွင်၊ ကန့်နှင့် ရောသော မီးထဲမှာ၊ ပြင်းစွာသော ညှဥ်းဆဲခြင်းကို ခံရလိမ့်မည်။ ထိုညှဥ်းဆဲခြင်း၏ မီးခိုးသည် ကမ္ဘာအဆက်ဆက်တက်လျက် ရှိ၏။သားရဲနှင့်သူ၏ ရုပ်တုကိုကိုး ကွယ်၍၊ သူ၏ နာမတံဆိပ်လက်မှတ်ကို ခံသော သူတို့သည်၊ နေ့ညဥ့်မပြတ် သက်သာမရကြဟု၊ လိုက်၍ ကြီးသော အသံနှင့် ပြောဆို၏။” ဘုရားသခင်က အဘယ်ကြောင့်၊ သားရဲ၏ တံဆိပ်ခံသော သူကို၊ ထိုမျှလောက်အမျက်​ဒေါသထွက်၍ ပြင်းစွာသော ညှဥ်းဆဲခြင်းဖြင့်၊ ဒဏ်ခပ်သနည်းဟူမူကား၊ တံဆိပ်ခံခြင်းသည် ပိုင်ဆိုင်မှုကိုပြသည်။ လူများသည် ဘုရား၏ လူမဖြစ်ချင်ဘဲ၊ စာတန်၏ လူဖြစ်ချင် ကြသောကြောင့်၊ ထိုကဲ့သို့ပြစ်ဒဏ်ပေးခြင်း ဖြစ်သည်။ ခင်ပွန်းသည်သည်၊ အခြားသော သူကပိုင်လျှင်၊ သူ၏ခင်ပွန်းသည်သည် မည်မျှစိတ်ဆိုးမည်ကိုသိနိုင်သည်။ ထို့နည်းတူ၊ လူသား များသည် စာတန် လူဖြစ်သွားကြ သောအခါ၊ ဘုရား အမြင်၌၊ အကြီး ဆုံးသော အပြစ် ဖြစ်သည်။ လူသည် ရေရှည်ကို မကြည့်မမြင်နိုင်ကြ၊ လောလောဆယ်အဆင်ပြေမည့် အရာကို သာကြည့်ရှုတတ် ကြသည်။

 

သားရဲ၏ တံဆိပ်ခံသော သူများသည်၊ ကမ္ဘာအဆက်ဆက် (ထာ၀ရ) ကန့်နှင့် ရောသော မီးထဲမှာပြင်းစွာ ခံရသည် သာမက၊ မြေကြီး ပေါ်၌ အသက် ရှင်စဥ်တွင် လည်း၊ တကိုယ်လုံးအနာစိမ်းပေါက်မှာ ဖြစ်သောကြောင့်၊ အသက် ရှင်ရကျိုးနပ်ကြမည် မဟုတ်။ ထိုသို့သော အနာစိမ်းကို၊ ဘုရားသခင်က မောရှေအားဖြင့်၊ အဲဂုတ္တု လူတို့အား ခံစား စေခဲ့ဘူးသည် (ထွက် ၉:၈-၁၀)။ ထို့ကြောင့် ယခုမည်မျှပင် ကယ်တင်ခြင်း အကြောင်းကို ပြော၍ ချီဆောင်ခြင်း နီးကြောင်း၊ ဘေးဒဏ်ကြီး ကာလ ဘယ်လောက်နီးကြောင်း၊ ကြားနေရသော်လည်း မယုံကြည်၊ ဂရုမစိုက်သော သူများ၊ ချီဆောင်ခြင်း၌ မပါ၊ ဘေးဒဏ်ကြီး ကာလ၌ ရောက်သွား သောအခါ ၆၆၆ တံဆိပ်ကို မခတ်ကြဘို့ရန် သတိပေးလိုပါသည်။ ခဏအဆင်ပြေမည့် အရာကို မကြည့်ကြဘို့၊ ထာ၀ရ ကာလ တိုင်တည်မြဲမည့်အရာကို ကြည့်ကြဘို့၊ အထူးသတိပေးလိုပါသည်။ ထို့ထက် ကောင်းသောအရာသည်ယခု ကယ်တင်ခြင်းကို လက်ခံလိုက်ဘို့ ဖြစ်သည်။

 

၃။ ဒုတိယ ကောင်းကင်တမန် သည်၊ မိမိ ဖလားကို ပင်လယ်ပေါ်သို့ သွန်းလောင်းလျှင်၊ ပင်လယ်သည် လူသေ၏ အသွေးကဲ့သို့သော အသွေး ဖြစ်၏။ ပင်လယ်၌ အသက် ရှင်သော သတ္တ၀ါ အပေါင်းတို့သည် သေကြ၏။

ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီး ဖန်ဆင်းရှင် ဖြစ်သောကြောင့်၊ သူ့အတွက် ပင်လယ်ရေသွေး ဖြစ်စေခြင်းသည် ဘာမျှမခက်ချေ။ ယခုအခါ မြစ်ရေများ နိုင်ငံအများ အပြား၌ သွေးကဲ့သို့ နီသောအရာ များ တွေ့မြင်၊ ကြားနေရပြီဖြစ်သည်။ ထိုအရာကို လူသားများကအကြောင်း အမျိုးမျိုးပြခြင်းဖြင့်၊ မထူးဆန်း သကဲ့သို့ ပေါ့ပျက်စွာ၊ ထင်မှတ် ပြောဆို တတ် ကြသည်။ ပင်လယ်နှင့် ရေများကို သွေးကဲ့သို့ နီရဲစေခြင်းသည်၊ သောက်သုံး၍ မရအောင် ဒဏ်ခတ်ခြင်း ဖြစ်သည်။ ထို့အပြင်၊ ပင်လယ်သတ္တ၀ါများသည်၊ လူသားများအတွက် အစားသောက် ဖြစ်၍၊ စားစရာ နည်းသွားမှာ ဖြစ်သည်။ ဘေးဒဏ်ကြီး ကာလ တွင်၊ ကုန်းပေါ်မှအစာထုတ်လုပ်မှု နည်းသွား သောအခါ၊ ပင်လင်သတ္တ၀ါနှင့် ရေညှိများကို ပို၍ စားသောက်ကြလိမ့်မည်။ ပင်လယ်၌ အသက် ရှင်သော သတ္တ၀ါထဲ၌၊ တံငါသည်များ၊ သင်္ဘောသား များလည်း ပါသောကြောင့် သူတို့လည်း သေရကြမှာ ဖြစ်သည်။ ထို့ကြောင့် ဘေးဒဏ်ကြီး ကာလသည် လုံး၀လွယ်ကူမည် မဟုတ်ချေ။

 

၄။ တတိယ ကောင်းကင်တမန် သည်၊ မိမိ ဖလားကို မြစ်ပေါ်သို့၎င်း၊ စမ်းရေတွင်း ပေါ်သို့၎င်း၊ သွန်းလောင်းလျှင်၊ ထိုအရာတို့သည် အသွေး ဖြစ်ကြ၏။

မြစ်နှင့် စမ်းရေတွင်း သွေး ဖြစ်ခြင်းသည် ဘေးဒဏ်ကြီး ကာလ၌ ဒုတိယအကြိမ် ဖြစ်သည်။ ဗျာ ၈:၈-၁၁၌ ဤသို့ တွေ့ခဲ့ရပြီ၊ “တတိယ ကောင်းကင်တမန် သည် တံပိုးမှုတ် သောအခါ၊ မီးခွက်ကဲ့သို့ ထွန်းတောက်သော ကြယ်ကြီးသည် ကောင်းကင် ကကျ၍၊ မြစ်သုံးစုတစုသို၎င်း၊ စမ်းရေတွင်း သို့၎င်းရောက်၏။ ထိုကြယ်သည်ဒေါနရွက်ဟူသော အမည်ရှိ၏။ ရေသုံးစုတစုသည် ​ဒေါနရွက် ဖြစ်၍ ရေခါးသောကြောင့်၊ လူအများ တို့သည် သေကြ၏။” သက်သေခံနှစ်ပါးကလည်း ပြုလုပ် ကြလိမ့်မည် (ဗျာဒိတ် ၁၁း၆။ မြစ်နှင့် စမ်းရေတွင်းများသွေးဖြစ်ပါက၊ လူများသောက်သုံး၍ ရမည်မဟုတ်ချေ။ ရေသတ္တ၀ါများစွာသေကြဦးမည်။

 

၅။ ကောင်းကင်တမန်ကလည်း ပစ္စုပ္ပန်၊ အတိတ်၊ အနာဂါတ်ကာလ အစဥ်ရှိ တော်မူသော အရှင်၊ ကိုယ်တော်သည် ဤသို့ တရားစီရင် တော်မူသည် အမှု မှာ​ဖြောင့်မတ် တော်မူ၏။ ၆။ ထိုသူတို့သည် သန့်ရှင်း သူတို့၏ အသွေး၊ ပရောဖက် တို့၏ အသွေးကို သွန်းလောင်းကြသည် ဖြစ်၍၊ သူတို့အား အသွေးကို တိုက် တော်မူ ပြီ။ သူတို့လည်း ခံထိုက်ကြပါ၏ဟု လျှောက်ဆိုသည်ကို ငါကြား၏။

အဘယ်ကြောင့် ဘုရားသခင်သည်၊ ရေများကို အသွေး ဖြစ်စေ ခြင်းအားဖြင့်၊ လောကကို တရားစီရင်သည်ကို၊ ကောင်းကင်တမန် ကအထက်ပါ ကဲ့သို့ ရှင်းပြထားသည်။ လောကသား များသည် သန့်ရှင်းသူတည်း ဟူသော၊ ဘုရားသခင်ကို ယုံကြည်သော သူများ၏ အသွေးကို၊ သွန်းလောင်းကြသောကြောင့်၊ သူတို့ ကိုလည်း အသွေးတိုက်ခြင်း ဖြစ်သည်။ စိုက်သည့်အတိုင်းရိတ်ရမည်ဟူသောအရာ ပြည့်စုံခြင်း ဖြစ်သည်။ ဘုရားသခင်သည် သူ့ကို မထီမဲ့မြင် ပြု သူများ၊ သူ့လူများကို သတ်ဖျက်သော သူများကို၊ ချက်ချင်း ဂလဲ့စားမချေသော်လည်း၊ ဘေးဒဏ်ကြီး ကာလ၌ ယခုကဲ့သို့ အတိုးချစီရင်သောကြောင့်၊ ကောင်းကင်တမန် က ဘုရားသခင်သည်၊ မမှားကြောင်း၊ လောကီသား များသည် ထိုသို့ ခံထိုက်ကြောင်းကို၊ ထောက်ခံနေခြင်း ဖြစ်သည်။

 

ရ။ ယဇ်ပလ္လင်ကလည်း မှန်ပါ၏။ အနန္တတန်ခိုးနှင့် ပြည့်စုံ တော်မူသော၊ ထာ၀ရ အရှင် ဘုရားသခင်၊ ကိုယ်တော် စီရင် တော်မူခြင်း အရာတို့သည်ဟုတ်မှန်​ဖြောင့်မတ်ကြပါ၏၊ ဟု လျှောက်ဆိုသော အသံကို ငါကြား၏။

ယဇ်ပလ္လင်သည် ယဇ်ပူဇော်သော နေရာ ဖြစ်သည်။ ယဇ်ပူဇော်ခြင်း သည်လည်း တရားစီရင်ခြင်းကို ဖေါ်ပြခြင်း ဖြစ်သည်။ အပြစ် မရှိပါကယဇ်ပူဇော်စရာ လိုမည် မဟုတ်။ ယဇ်ပလ္လင်သည် သက်မဲ့ ဖြစ်၍ စကား ပြောနိုင်သည် မဟုတ်။ သို့သော် ဘုရားသခင်က အသုံးပြု သောအခါ စကား ပြောလာသည်။ စကား မပြောတတ်သော ဗာလံ၏ မြည်းလည်း စကား ပြောခဲ့ဘူးသည်။

 

၈။ စတုတ္ထ္ဂ ကောင်းကင်တမန် သည်၊ မိမိ ဖလားကို နေပေါ်သို့ သွန်းလောင်းလျှင်၊ နေသည် လူတို့ကို မီးလောင်ရသော အခွင့်ကို ရ၏။ ၉။ ပူအားကြီးသော အရှိန်ဖြင့် လူတို့သည်လောင်ခြင်းကို ခံရ၍၊ ထိုဘေးဒဏ်တို့ကို အစိုးပိုင် တော်မူသော၊ ဘုရားသခင်၏ နာမတော်ကို ကျိန်ဆဲကြ၏။ ဘုရားသခင်ကို ချီးမွမ်းခြင်း အလိုငှါ နောင်တ မရကြ။

ဘုရားသခင်သည် ဖန်ဆင်းရှင် ဖြစ်သောကြောင့်၊ နေကိုလည်း ကြိုက်နှစ်သက်သလိုလုပ်နိင်ကြောင်း တွေ့ရသည်။ နေပူဒဏ်ခံဘူးသော သူတိုင်း သိနိင်သည်။ ထိုနေပူဒဏ်ကြောင့်လူများသည် နောင်တ ရခြင်း၊ ဘုရားသခင် ထံတောင်းပန်ခြင်းများမပြု၊ ဘုရားသခင်ကို ကျိန်ဆဲ ကြသည်။ လူသည် မည်မျှခေါင်းမာ၍၊ ဘုရားသခင်ကို မုန်းကြောင်း ဤနေရာ၌ တွေ့နိင်သည်။ ထိုသူများသည် မမွေးလျှင် သာ၍ ကောင်းသည်။ သင်လည်း ထိုသူများ ကဲ့သို့၊ ခေါင်းမာခြင်း မရှိဘို့ သတိပေးနေခြင်း ဖြစ်သည်။ ဘုရားသခင်က သူ့ထံသို့ လှည့်ဘို့ရန် ဒုက္ခ တွေ့စေ သောအခါ၊ နောင်တ ရ၍ သူ့ထံသို့ တိုး၀င်ချဥ်းကပ်ကာ၊ ကယ်တင်ခြင်းသို့ ရောက်ဘို့ လိုသည်။

 

 

 

၁၀။ ပဥမ ကောင်းကင်တမန် သည် မိမိ ဖလားကို၊ သားရဲ၏ ပလ္လင်ပေါ်သို့ သွန်းလောင်းလျှင်၊ သူ၏ နိုင်ငံသည် မှောင်မိုက်အတိ ဖြစ်လေ၏။ နိုင်ငံသား တို့သည် ပင်ပန်းအားကြီးသည် နှင့်၊ မိမိတို့ လျှာကို ကိုက်ခဲကြ၏။ ၁၁။ မိမိတို့ ခံရသော ဝေဒနာနှင့် အနာစိမ်းများကြောင့်၊ ကောင်းကင်ဘုံ၏ အရှင် ဘုရားသခင်ကို ကျိန်ဆဲကြ၏။ မိမိတို့ အကျင့်ကိုလည်း နောင်တ မရကြ။

ဘုရားသခင်သည် အဲဂုတ္တု ပြည်၌လည်း၊ သုံးရက်လုံးလုံးမှောင်မိုက်အတိ ဖြစ်စေ ခြင်းအားဖြင့်၊ တရားစီရင်ခဲ့ဘူးပြီ၊ “တဖန် ထာ၀ရ ဘုရားက၊ အဲဂုတ္တု ပြည် တရှောက်လုံး၌ မှောင်မိုက်သာမည မဟုတ်၊ စမ်းသပ်၍ တွေ့ရသော မှောင်မိုက် ဖြစ်စေခြင်းငှါ၊ သင်၏ လက်ကို မိုဃ်းကောင်းကင်သို့ ဆန့်လော့ဟု မောရှေအား မိန့်တော်မူသည် အတိုင်း၊ မောရှေသည် မိိမိလက်ကို မိုဃ်းကောင်းကင်သို့ ဆန့်၍၊ အဲဂုတ္တု ပြည် တရှောက်လုံး၌ ထူထပ်သော မှောင်မိုက်သည် သုံးရက်ပတ်လုံး ဖြစ်လေ၏။ ထိုအခါ တယောက်ကို တယောက် မမြင်နိုင်ကြ။ သုံးရက်ပတ်လုံးအဘယ်သူ မျှမိမိ နေရာမှမထရကြ။သို့ ရာတွင် ဣသရေလ အမျိုးသား အပေါင်းတို့သည်၊ မိမိတို့ နေရာ၌ အလင်းကို ရကြ၏။” ထွက် ၁၀:၂၁-၂၃)။ ဗျာ ၆:၁၂၌လည်း၊ နေကို အမွှေးဖြင့် ရက်သော အ၀တ်ကြမ်းကဲ့သို့ မည်း စေခဲ့ပြီ။ လူသည် နေကိုလည်းကိုး ကွယ်တတ် ကြသည်။ ဖန်ဆင်းရှင်ကို မကိုး ကွယ်ဘဲ၊ ဖန်ဆင်းထားသောအရာ များကို၊ ကိုး ကွယ်ခြင်းသည် အပြစ် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်က သူသည် နေကိုလည်း ဖန်ဆင်း၍၊ သူကြိုက်နှစ်သက်သလိုလင်းစေ၊ မှောင်စေနိင်ကြောင်း ဖေါ်ပြခြင်း ဖြစ်သည်။ လျှာကိုက်ခဲခြင်းသည် အလွန် ပြင်းထန်သော ဝေဒနာ ခံခြင်းကို ဖေါ်ပြခြင်း ဖြစ်သည်။သားရဲတည်း ဟူသော ကမ္ဘာ့ ခေါင်းဆောင်သည်၊ စာတန်၏ တန်ခိုးကြောင့်အာဏာရှိ၍၊ အခိုက်အတန့်တန်ခိုးပြကြီး စိုးနိင်သော်လည်း ဘုရားသခင်က သူ့ကို မှောင်မိုက် ခြင်းအားဖြင့်၊ တရားစီရင်ခြင်းသည်၊ သူလည်း ဘုရားရှေ့၌ ဘာမျှ မဟုတ်ကြောင်းကို ဖေါ်ပြခြင်း ဖြစ်သည်။

 

၁၂။ ဆဌမ ကောင်းကင်တမန် သည် မိမိ ဖလားကို ဥဖရတ်မြစ်ကြီး ပေါ်သို့ သွန်းလောင်းလျှင်၊ အရှေ့မျက်နှာဘုရင်တို့ သွားရာလမ်းကို ပြင်ဆင် စေခြင်း အလိုငှါ ထိုမြစ်ရေသည် ခမ်း​ခြောက်လေ၏။

ဥဖရတ်မြစ်ကြီးသည် ယခုအီရတ်နိင်ငံ၌ ရှိသည်။ ထိုမြစ်သည် ရှေးတုန်းကအရှေ့အနောက်ခြားထားသော မြစ် ဖြစ်သည်။ ထိုမြစ်သည် ယခုအခါ လယ်ယာစိုက်ပျိုးရေးအတွက်၊ ရေအား လျှပ်စစ်ထုတ်လုပ်ရေးအတွက် အသုံးချသောကြောင့်၎င်း၊ ရာသီဥတုပြောင်းလဲခြင်းကြောင့်၎င်း၊ မြစ်ရေသည် အလွန် သေးငယ်ပြီ ဖြစ်သည်။ မြစ်ရေခမ်း​ခြောက်ခြင်းသည် ကောင်းကင်တမန် ကဖလားသွန်းလောင်ခြင်းကြောင့် ဖြစ်သည်ဟုဆိုသည်။ အရှေ့ပြည် မှစစ်သား သန်းပေါင်းနှစ်ရာတို့သည် ထိုမြစ်ကို ဖြတ်ကူးမည်ဟုဆိုသည်။ ထိုစစ်သား များသည် အစ္စရေးနိင်ငံ၌ အာမေဂဒုန်စစ်တိုက်ဘို့ရန် ဖြစ်သည်။

 

၁၃။ ထိုအခါ၊ နဂါး၏ ခံတွင်း ထဲက၎င်း၊ သားရဲ၏ ခံတွင်း ထဲက၎င်း၊ မိစ္ဆာပရောဖက်၏ ခံတွင်း ထဲက၎င်း၊ ဘားကောင်ကဲ့သို့ ညစ်ညူးသော ၀ိညာဥ်သုံးပါးထွက်သည်ကို ငါမြင်၏။

ဘေးဒဏ်ကြီး ကာလ၌ ကမ္ဘာကို အုပ်စိုးသော သုံးပါးတဆူ၊ နဂါး (စာတန်)၊ သားရဲ (အန္တျွှီ ခရစ်) နှင့် မိစ္ဆာပရောဖက် (ကမ္ဘာ့ ဘာသာရေးခေါင်းဆောင်)တို့ ထံမှ ညစ်ညူးသော ၀ိညာဥ်များသည် ထွက်သည်ဟုဆိုသည်။ ထို၀ိညာဥ်များသည် ဘားကောင်ကဲ့သို့ဖြစ်သည်ဟုဆိုသည်။ ဘားသည် ရွံစရာ ကောင်း၍ စားဘို့ရန် မဟုတ်။ ယခုအချို့သော သူများသည် ဘားသားကို စား ကြသည်။ ဘားသည် စားဘို့ရန် မဖန်ဆင်းသောကြောင့် မစားသင့်ချေ။ ဘားကဲ့သို့သော ညစ်ညူးသော ၀ိညာဥ်များသည် ဘာလုပ်ကြမည်နည်း။ အောက်၌ ဖေါ်ပြထားသည်။

 

၁၄။ နိမိတ်လက္ခဏာတို့ကို ပြသော နတ်ဆိုး၏ ၀ိညာဥ် ဖြစ်သတည်း။ ထို၀ိညာဥ်တို့သည်လောကီတနိုင်ငံ လုံးတွင် ရှိသော ရှင်ဘုရင်တို့ ထံသို့ ထွက်သွား၍၊ အနန္တတန်ခိုးနှင့် ပြည့်စုံ တော်မူသော ဘုရားသခင်၏ နေ့ကြီး၌၊ စစ်တိုက်ခြင်း အလိုငှါ စုဝေးစေကြ၏။ ၁၅။ ဟေဗြဲဘာသာ အားဖြင့်၊ အာမဂေဒုန်အမည်ရှိသော အရပ်၌ စုဝေးစေကြ၏။

အထက်၌ ဖေါ်ပြခဲ့သော ၀ိညာဥ်များသည်၊ လောကီနိင်ငံအရပ်ရပ်၌ ရှိသော ရှင်ဘုရင်တို့ကို၊ အစ္စရေးနိင်ငံရှိအာမဂေဒုန်အရပ်၌ စစ်တိုက်ဘို့ရန် စုဝေးစေခြင်း ဖြစ်သည်။ ထိုအရပ်၌ မည်သူကို တိုက်မည်နည်း။ ဆက်၍ မဖေါ်ပြ သော်လည်း၊ ခရစ်တော် ကြွလာ သောအခါ၊ လောကီရှင်ဘုရင်များ ကတိုက်မည့် အကြောင်းကို ဤသို့ တွေ့ရသည်၊ “သားရဲမှစ၍လောကီရှင်ဘုရင်တို့နှင့် သူတို့၏ ဗိုလ်​ခြေများ တို့သည်၊ မြင်းစီး တော်မူသော သူနှင့် ဗိုလ်​ခြေတော်ကို စစ်တိုက်ခြင်းငှါ၊ စည်းဝေးကြသည်ကို ငါမြင်၏။” (ဗျာ ၁၉:၁၉)။ အန္တီ ခရစ်သည် အစ္စရေးနိင်ငံကို၊ သူ၏ ဗဟု ိဌါနချုပ်အဖြစ် အသုံးပြုမည်ဟု ယူဆရသည်။ အကြောင်းမှာ ခရစ်တော်သည်၊ အစ္စရေးနိင်ငံ ယေရုရှလင် မြို့ကို မြို့တော် အဖြစ်၊ အနှစ်တစ်ထောင်ကာလ ပတ်လုံးအုပ်စိုးမှာသိသောကြောင့်၊ အစ္စရေးနိင်ငံမှာကြွလာမည့် ခရစ်တော်ကို စီးကြို၍ တိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာ့ ခေါင်းဆောင်များကို၊ အားလုံးဆင့်ခေါ်၍ အာမဂေဒုန်အရပ်မှတိုက်ခြင်း ဖြစ်သည်။ ထိုစစ်ပွဲသည် ထူးခြားသော စစ်ပွဲ ဖြစ်သည်။ အကြောင်းမှာ လူသား အချင်းချင်းတိုက်ခိုက်ခြင်း မဟုတ်ဘဲ၊ စာတန် ဦးဆောင်သော လူသားများနှင့်၊ ခရစ်တော်နှင့် သူ၏ ဗိုလ်​ခြေများ တိုက်ခြင်း ဖြစ်သည်။ ထိုတိုက်ပွဲ၌ အန္တီ ခရစ်သည် အနုမြူဗုံးတပ်ထားသော ဒုံးပျံအမျိုးမျိုး၊ လက်နက်ဆန်းအမျိုးမျိုး ​ြုဖင့် ခရစ်တော်နှင့် သူ၏ ကောင်းကင် တပ်များကို တိုက်ခိုက် နိင်သည်။ သို့သော် ထိုတိုက်ပွဲ၏ အ​ဖြေသည် ဤကဲ့သို့ ဖေါ်ပြပြီး ဖြစ်သည်၊ “သားရဲကို ဘမ်းမိကြ၏။သားရဲ၏ တံဆိပ်လက်မှတ်ကို ခံ၍၊ သူ၏ ရုပ်တုကိုကိုး ကွယ်သော သူတို့ကို လှည့်ဖြား၍၊ သားရဲရှေ့၌ နိမိတ်များကို ပြတတ်သော၊ မိစ္ဆာပရောဖက် ကိုလည်း ဘမ်းမိကြ၏။ အသက် ရှင်လျက် ရှိသော ထိုသူနှစ်ဦးကို၊ ကန့်နှင့်လောင်သော မီးအိုင် ထဲသို့ ချပစ်ကြ၏။ ကြင်းသော သူတို့သည်၊ မြင်းစီး တော်မူသော သူ၏ ခံတွင်း တော် ထဲက၊ ထွက်သော သံလျက်နှင့် ကွပ်မျက်ခြင်းကို ခံရကြ၏။ သူတို့၏ အသားကို ငှက် အပေါင်းတို့သည် ၀စွာ စားရကြ၏။” (ဗျာ ၁၉:၂၀- ၂၁)။ သားရဲတည်း ဟူသော အန္တီ ခရစ်ကမ္ဘာ့ ခေါင်းဆောင် နှင့်၊ မိစ္ဆာပရောဖက် တည်း ဟူသော ကမ္ဘာ့ ဘာသာရေးခေါင်းဆောင် တို့ကို အရှင်ဖမ်းမိကြ၍၊ ကန့်နှင့်လောင်သော မီးအိုင် ထဲသို့ ချပစ်လိုက် ကြသည်။ မီးအိုင် ထဲ၌ သူတို့ နှစ်ယောက်သည် အဦးဆုံးရောက်ရှိသွားသော သူများ ဖြစ်သည်။ နဂါးတည်း ဟူသော စာတန် မူကား အနက်ဆုံးသောတွင်း ၌ ချကြောင်း ဤသို့ တွေ့ရသည်၊ “ရှေးမြွေဟောင်း၊ မာရ်နတ် စာတန် တည်း ဟူသော နဂါးကိုကိုင်ဘမ်း၍၊ အနှစ်တထောင်ဘို့ ချည်နှောင်လေ၏။ အနှစ်တထောင်မကုန်မီတိုင်အောင်၊ လူအမျိုးမျိုး တို့ကို မလှည့်ဖြားရမည့်အကြောင်း အနက်ဆုံးသောတွင်း ထဲသို့ ချပစ်လှောင်ထား၍ တံဆိပ်ခပ်လေ၏။ အနှစ်တထောင်ကုန်ပြီးမှတဖန် ခဏလွှတ်ရဦးမည်။” (ဗျာ ၂၀:၂-၃)

 

၁၆။ အသံတော်ကား၊ သူခိုးကဲ့သို့ ငါလာ၏။ အ၀တ်အချည်းစည်းနှင့် သွားလာ၍ သူတပါးရှေ့၌ ရှက်စရာ အကြောင်း မရှိစေခြင်းငှါ နိုးလျက် နေ၍၊ ကိုယ်အ၀တ်ကို စောင့်သော သူသည် မင်္ဂလာရှိ၏။

ခရစ်တော်သည် ဗျာဒိတ်ကျမ်း တခုလုံး၌၊ သူကြွလာမည့် အရာကို အထပ်ထပ်ပြောထားသည်။ အဘယ်ကြောင့်နည်းဟူမူကား သူ့ကို ကြိုဆိုနိင်ဘို့၊ ပြင်ဆင် နိင်ဘို့ရန် အခွင့်ပေးလိုသောကြောင့် ဖြစ်သည်။ အဘယ်ကြောင့်ဘေးဒဏ်ကြီး ကာလပြီး ခါနီးသည် အထိ၊ သူကြွလာမည့် အရာကို ပြောသနည်းဟူမူကား၊ ဤစာသည် ဘေးဒဏ်ကြီး ကာလ အတွင်း မှာနေသော သူတို့ကို သာရေးသည် မဟုတ်။ ခေတ်အဆက်ဆက်၌ ရှိကြသော သူတိုင်း၊ ယခုသင်နှင့် ​ကျွန်ပ်ကိုလည်းရေးထားခြင်း ဖြစ်သည်။ ထိုကြောင့်အသင့် ပြင်ဆင် စေချင်သည်။ မည်ကဲ့သို့ ပြင်ဆင် မည်နည်း။ အာဒံနှင့် ဧ၀တို့သည် အပြစ် လုပ် သောအခါ၊ ကိုယ်တုံးလုံး ဖြစ်သွား ကြသည်။ သူတို့၏သား စဥ်မြေးဆက်တိုင်း လည်း၊ ကိုယ်တုံးလုံး ဖြစ်ကြသည်။ ထို့ကြောင်အာဒံနှင့် ဧ၀ကို ဘုရားသခင်ကသားရေပေးထား သကဲ့သို့၊ ​ကျွန်ပ်တို့ ကိုလည်း ခရစ်တော်ကို ပေးထားသည်။ ပေါလုက၊ “သခင် ယေရှုခရစ်ကို ယူတင်၀တ်ဆောင်ကြလော့” (ရော ၁၃:၁၄) ဟု ရေးခဲ့သည်။ ထို့ကြောင့် သခင်ယေရှုခရစ်ကို ယူတင်၀တ်ဆောင်ကြစို့။ ခရစ်တော် ၀တ်ဆောင်ခြင်း ဆိုသည်မှာ၊ သူ၏ ​ဖြောင့်မတ်ခြင်းကို အားကိုးခြင်း ဖြစ်သည်။ ကျမ်းစာက၊ “ထို ဘုရားသခင် အားဖြင့် သင်တို့သည် ယေရှုခရစ်၌ တည် နေကြ၏။ ထိုသခင်မူကား၊ ဘုရားသခင် စီရင် တော်မူသည် အတိုင်း၊ ငါတို့၌ ပညာမှစ၍ ​ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း၊ ရွေးနှုတ်ခြင်း ဖြစ်တော်မူ၏။” (၁ ကော ၁:၃၀)။

 

၁ရ။ သတ္တမ ကောင်းကင်တမန် သည်၊ မိမိ ဖလားကို အာကာသကောင်းကင် ပေါ်သို့ သွန်းလောင်းလျှင်၊ ပြီး ပြီဟု ကြီးသော အသံသည်၊ ကောင်းကင် ဗိမာန်တော်၌ ရှိသော၊ ပလ္လင်တော် ထဲကထွက်၏။ လျှပ်စစ်ပြက်ခြင်း၊ အသံမြည်ခြင်း၊ မိုဃ်းချုန်းခြင်း၊ ကြီးစွာသော မြေလှုပ်ခြင်း ဖြစ်ကြ၏။ မြေကြီး အပေါ်မှာ လူတို့ ဖြစ်သည့်ကာလ မှစ၍၊ ထိုသို့သော လက္ခဏာနှင့် ထိုမျှလောက်ပြင်းထန်စွာသော မြေလှုပ်ခြင်းသည်၊ မဖြစ်စဖူး။ ၁၉။ မြို့ကြီးသည် သုံးဖြာကွဲပြား၍၊ လူအမျိုးမျိုး နေသော မြို့တို့သည် ဗြုလဲကြ၏။ ဘုရားသခင်သည်၊ ပြင်းစွာသော ​ေဒါသအမျက်တော်၏ စပျစ်ရည်ဖလားကို၊ တိုက်ခြင်းငှါ ဗာဗုလုန်မြို့ကြီးကို၊ အောက်မေ့ တော်မူ၏။ ​ကျွန်းရှိသမျှ တို့သည် လွင့်ပြေးကြ၏။ တောင်များ တို့သည် ကွယ်ပျောက်ကြ၏။

သတ္တမ ကောင်းကင်တမန် လောင်းသော ဖလားသည်၊ နောက်ဆုံး ဘုရားသခင်၏ အမျက်​ေဒါသလောင်းခြင်း ဖြစ်သည်။ ဘုရားသခင်၏ တရားစီရင်ခြင်း၌၊ လျှပ်စစ်ပြက်ခြင်း၊ မိုဃ်းချုန်းခြင်းသည် အမြဲပါ၀င်လေ့ရှိသည်။ အကြီးမား ဆုံးသော မြေလှုပ်ခြင်းလည်း ဖြစ်သည်။ ထိုငလျှင်သည် ​ကျွန်းများကို လွင့်ပြေးစေ၍၊ တောင်များ ကိုလည်း ပျောက်စေသည်။ ယခုအခါ မြေငလျှင် လှုပ်ခြင်းသည် တနှစ်ပြီး တနှစ်၊ များပြားလာသည် သာမက၊ ပြင်းထန်လာသည်။ လူသေခြင်း၊ အဆောက်အဦးများ ပျက်စီးခြင်းလည်း ပို၍ ပို၍များပြားလာသည်။ မြန်မာပြည် တာချီလိပ်မြို့၌ ၂၀၁၁ ခုနှစ်မတ်လ ၂၄ ရက်နေ့တွင်၊ အလွန် ပြင်းထန်သော ငလျှင် လှုပ်ခဲ့၍၊ လူ၁၅၁ ဦးသေဆုံးကာ၊ အဆောက်အဦးများစွာ ပျက်စီးခဲ့သည်။ နီပေါပြည်တွင် ၂၀၁၅ ခုနှစ်စက်တဘ်ာလတွင် လှုပ်သော ငလျှင်ကြောင့်၊ လူပေါင်း၈၈၉၁ ဦးသေဆုံး၍ အိုးအိမ်ပေါင်း၆ သိန်းကျော်ပျက်စီးသွားခဲ့သည်။ ကမ္ဘာကြီးသည် မငြိမ်သက်တော့ပါ။ နေရာတကာတွင် ငလျှင် ကြီးများ၊ မကြာခဏလှုပ် နေကြသည်။

 

ထို့ကြောင့် ယခုအချိန် တွင်၊ ဤလောက ကမ္ဘာကို၊ တိုးတက်ဖွံ့ဖြိုးရေးလုပ်မည့်အချိန် မဟုတ်တော့ချေ။ အကြောင်းမှာ အားလုံးပြန်ပျက်စီးမည့် အရာ ဖြစ်၍၊ ငွေကုန်၊ လူပင်ပန်းရုံရှိသည်။ သို့သော် ဘုရားသခင်၏ အစီအစဥ် မသိသော သူများသည်၊ ဤလောက၌ မိမိတို့ မြို့ရွာများ တိုးတက်ရေးလုပ်ကိုင် နေကြသည်။ ပျက်စီးသွားမည့် အရာများကို အာရုံမစိုက်ဘဲ ထာ၀ရ ခိုင်ခံ့မြဲမြံသော ကောင်းကင် ရွှေပြည်ကို မြော်မှန်း၍ လုပ်ကိုင်သင့်သည်။ ရှေးကယုံကြည်သူ၊ “အပေါင်းတို့သည်၊ ဂတိတော်နှင့် စပ်ဆိုင်သော အကျိုးကျေးဇူးကို မခံရဘဲ၊ အဝေးကမြော်မြင်လျက်၊ စိတ်နှလုံးနှင့် ဘက်ယမ်းလျက်၊ မိမိတို့သည် မြေကြီး ပေါ်မှာ တ​ကျွန်းသူတနိုင်ငံ သား၊ ဧည့်သည် အာဂန္တု ဖြစ်သည်ကို ထင်ရှားစွာ ၀န်ခံလျက်၊ ယုံကြည်ခြင်း စိတ်နှင့် သေလွန်ကြ၏။ ထိုသို့ ၀န်ခံသော သူတို့သည်၊ မိမိတို့ အဘပြည်ကို ရှာကြသည်ဟု အတည့်အလင်း ပြောဆို ကြ၏။” (ဟေ ၁၁:၁၃-၁၄)။ “ဤလောကသည် ထိုသူတို့နှင့် မထိုက်မတန်။ သူတို့သည် တောကြိုတောင်ကြား၊ ဥမင်မြေတွင်း ထဲမှာအပြောင်းပြောင်းအလည်လည်နေရကြ၏။” (ဟေ ၁၁:၃၈) ဟု ရေးထားသည်။ ရှေှးယုံကြည်သူများသည် ဤလောက၌ ဧည့်သည် ကဲ့သို့ နေကြသည်။ ဤလောကသည် သူတို့နှင့် မထိုက်တန်ဟု ခံယူ ကြသည်။ ယနေ့ ယုံကြည်သူများမူကား၊ ဤလောကသည် ကောင်းကင်ထက် ကောင်းလွန်း၍၊ လောက သားများကဲ့သို့ တပ်မက်ကြသောကြောင့်၊ ခရစ်တော် ကြွလာမှာပင်မကြိုဆိုကြ၊ စိတ်မ၀င်စားကြချေ။ ဤလောကသည် သင့်အတွက် ထိုက်တန်လွန်းပါသလား။

 

“မြို့ကြီးသည် သုံးဖြာကွဲပြား၍ လူအမျိုးမျိုး နေသော မြို့တို့သည် ဗြုလဲကြ၏။” မြို့ကြီးသည် ယေရုရှလင် မြို့ကို ဆိုလိုနိ်င်သည်။ ငလျှင်ကြောင့် သုံးဖြာကဲွသွားသည်ဟုဆိုထားသည်။ ထိုငလျှင်သည် မလှုပ် သေးသော်လည်း ဘုရားသခင်သည် ရှေ့အနာဂတ်မှာ ဖြစ်ပျက်မည့် အရာများ ကိုလည်း ကြိုမြင်နိင်၊ ဖြစ်စေနိင်သောကြောင့်၊ နှစ်ပေါင်းနှစ်ထောင်နိီးပါးကြိုရေးထားနိင်ခြင်း ဖြစ်သည်။ လူအမျိုးမျိုး နေသော မြို့ကြီး တို့လည်း ပြိုလဲ ကြသည်။ “မြေကြီး အပေါ်မှာ လူတို့ ဖြစ်သည့်ကာလ မှစ၍ ထိုသို့သော လက္ခဏာနှင့် ထိုမျှလောက်ပြင်းထန်စွာသော မြေလှုပ်ခြင်းသည် မဖြစ်စဖူး”ဟုဆိုထားသည်။ ယခုအထိ ကမ္ဘာ့ အပြင်းထန်ဆုံးသော ငလျှင်သည်၊ တောင်အမေရိကတိုက်ချီလီနိင်ငံတွင် ၁၉၆၀ခုနှစ်တွင် လှုပ်၍ ၉၏ ၅ ပြင်းထန်နှုန်းရှိသည်။ အနာဂတ်ဘေးဒဏ်ကြီး ကာလတွင် လှုပ်မည့် ငလျှင်သည်၊ တောင်များ ​ကျွန်းများ ပျောက်သွား၊ ရွေ့သွားကြမှာ ဖြစ်သောကြောင့်၊ အလွန် ပြင်းထန်၍ အလွန် ကြောက်စရာ ကောင်းပေလိမ့်မည်။

 

“ဘုရားသခင်သည် ပြင်းစွာသော ​ေဒါသအမျက်တော်၏ စပျစ်ရည်ဖလားကို တိုက်ခြင်းငှါ ဗာဗုလုန်မြို့ကြီးကို အောက်မေ့ တော်မူ၏။”ဟုဆိုထားသောကြောင့်၊ ထိုအပြင်းထန်ဆုံးသော ငလျှင်သည်၊ ဘုရား၏ အမျက်​ေဒါသကို ဖေါ်ပြခြင်း ဖြစ်သလို၊ ဗာဗုလုန်မြို့ကြီး၏ အပြစ်ကို ပြစ်ဒဏ်ခတ်ခြင်းလည်း ဖြစ်သည်။ ဗာဗုလုန်မြို့ကြီးနှင့် ပတ်သက်၍ အခန်း၁၈၌ ပြန်လည် ဖေါ်ပြထားရာထိုနေရာ၌ ပြန်လေ့လာကြစို့။

 

“​ကျွန်းရှိသမျှ တို့သည် လွင့်ပြေးကြ၏။ တောင်များ တို့သည် ကွယ်ပျောက်ကြ၏။” မြေငလျှင် ကြီး လွန်းသောကြောင့် ​ကျွန်းရှိသမျှသည် လွင့်ပြေးကြသည်ဟုဆိုသည်။ ထိုအရာသည် မကြာမှီ ဖြစ်မည့် အရာ ဖြစ်သည်။ ထိုအရာကို မသိသောကြောင့် တရုတ်နှင့် ဂျပန်လည်း လူမနေသော ​ကျွန်းကို လု နေကြသည်။

တရုတ်လည်း ​ကျွန်းတည်ဆောက်နေသည်။

 

၂၀။အချိန် အခွက်တဆယ်ရှိသော မိုဃ်းသီးသည်၊ ကောင်းကင် ကလူတို့ အပေါ်သို့ ကျလေ၏။ ၂၁။ ထိုမိုဃ်းသီးဘေးဒဏ်အလွန် ကြီးသည် ဖြစ်၍၊ လူတို့သည် မိုဃ်းသီးဘေးဒဏ်ကြောင့် ဘုရားသခင်ကို ကျိန်ဆဲကြ၏။

ဘုရားသခင်သည်၊ အဲဂုတ္တု ပြည်ကို၊ မိုဃ်းသီးအားဖြင့် တရားစီရင်ခဲ့ပြီ (ထွက် ၉:၂၄)။ ဘေးဒဏ်ကြီး ကာလ၌လည်း၊ မိုဃ်းသီးအားဖြင့် တရားစီရင်ဦးမည်။အချိန် အခွက်တဆယ်သည် ပေါင်တရာ ဖြစ်သည်။ ထိုမျှလေးသော မိုဃ်းသီးသည် အိမ်ခေါင်မိုးကလည်း ခံနိင်မည် မဟုတ်။ ယခုအခါ အမေရိကန်​ပြည်ထောင်စု တောင်ဒါကိုတာ ပြည်နယ် Vivian ရွာလေး၌၊ ၂၀၁၀ခုနှစ်ဇူလိုင်လ ၂၃ ရက်နေ့တွင်၊ ကမ္ဘာ့ စံချိန်တင်မိုဃ်းသီးကျခဲ့ပြီ။ ထိုမိုဃ်းသီးသည် အချင်း၈ လက်မ၊ ပတ်လည် ၁၈ လက်မကျော်၊ အလေးချိန် ၂ ပေါင် နီးပါးရှိသည်။ ဘုရားသခင်က ယခုအခါ၊ ဘေးဒဏ်ကြီး ကာလ နီးကြောင်း သိစေရန်၊ တနှစ်ပြီး တနှစ်ပို၍ ပို၍ ကြီးသော မိုဃ်းသီးများကို ကျစေသည်။ ထိုမိုဃ်းသီးဒဏ်ကြောင့်လူတို့သည် ဘုရားသခင်ကို ကြောက်ရွံ့၍ ယုံကြည် အားကိုးခြင်း ထက်၊ ကျိန်ဆဲကြသည်ဟုဆိုသည်။ မယုံကြည် ချင်သော သူများသည်၊ လက်၀ါးကပ်တိုင်မှာသေသည် အထိ သရော်သော လူဆိုးကဲ့သို့၊ အဆုံးတိုင်အောင် ဘုရားကို ရန် ဖြစ်ကြသည်ကို၊ ၀မ်းနည်းဘွယ်ရာတွေ့ရသည်။ သင်သည်လည်း ထိုကဲ့သို့သော သူမဖြစ်ဘို့ သတိပေးလိုပါသည်။

 

ဗျာ ၁၆ မေးခွန်းများ

 

၁။ ဤဖလားခုနှစ်လုံးတရားစီရင်ခြင်းသည်၊ ————————————————တရားစီရင်ခြင်း ဖြစ်သည်။

၂။ အဘယ်ကြောင့်သားရဲလက်မှတ်ခံသော သူတို့ကို ဘုရားသခင်က ပြင်းထန်စွာ တရားစီရင်ရသနည်း။ —————————————-

၃။ အဘယ်ကြောင့်လူများသည်၊ သားရဲ၏ တံဆိပ်ခတ် ကြသည်။ ——————————————————————————————–

၄။ ဘေးဒဏ်ကြီး ကာလ၌ ၆၆၆ ခတ်သင့်သလား။ ———————အဘယ်ကြောင့်နည်း။ ——————————–

၅။ ပင်လယ်သည် သွေးကဲ့သို့ဖြစ်ခြင်းဖြင့် ဘာများ ဖြစ်မည်နည်း။ ————————————————————————————————

၆။ ဘုရားသခင်သည် အဘယ်ကြောင့်ရေကို အသွေး ဖြစ်စေခြင်းအားဖြင့် တရားစီရင်သနည်း။ ——————————–

ရ။ ဘုရားသခင်၏ စီရင် တော်မူ ချက်များသည်၊ ​ဖြောင့်မတ်ဟုတ်မှန်သည်ဟု မည်သည့်အရာကပြောသနည်း။ ——————————–

၈။ နေပူဒဏ်ခံစားသော သူများသည် နောင်တ ရပါသလား။ ——————————–ဘာလုပ်ကြသနည်း။ ——————————–

၉။ ဘုရားသခင်သည်သားရဲ၏ နိင်ငံကို၊ ဘာအားဖြင့် တရားစီရင်သနည်း။ ——————————–လူများ နောင်တ ရကြပါသလား။ ——————————–

၁၀။မည် သူတို့၏ ခံတွင်း အထဲမှဘားကဲ့သို့သော ၀ိညာဥ်ဆိုးများ ထွက်သနည်း။ ——————————————————–

၁၁။ ၀ိညာဥ်ဆိုးများသည် ဘာလုပ်ကြမည်နည်း။ ——————————————————–

၁၂။ အာမဂေဒုန်အရပ်၌ မည်သူတို့ စစ်တိုက်ကြမည်နည်း။ ——————————————————–

၁၃။ ထိုတိုက်ပွဲ၌ မည်သူအနိင်ရမည်နည်း။ —————————-

၁၄။ အဘယ်ကြောင့် ခရစ်တော်သည် ဗျာဒိတ်ကျမ်း တခုလုံး၌ သူကြွလာမည့် အရာကို အထပ်ထပ်ပြောထားသနည်း။ ———————-

၁၅။ အဘယ်ကြောင့်ဘေးဒဏ်ကြီး ကာလ ဆုံးခါနီးအထိ သူကြွလာမည့် အရာကို ပြောသနည်း။ ——————————————————–

၁၆။ ခရစ်တော် ကြွလာမည့်အရာကို မည်ကဲ့သို့ ပြင်ဆင် မည်နည်း။

၁ရ။ အကြီးမား ဆုံးသော မြေငလျှင်သည်၊ မည်သည့်အချိန်တွင် လှုပ်မည်နည်း။ —————————-မည်မျှပြင်းထန်သနည်း။ ——————————————————–

၁၈။ တာချီလိတ်မြို့၌ မည်သည့်နှစ်လတွင် ငလျှင် လှုပ်ခဲ့သနည်း။ —————————-လူဘယ်လောက်သေခဲ့သနည်း။ —————————-

၁၉။ နီပေါပြည်တွင် လှုပ်သော ငလျှင်ကြောင့်၊ လူဘယ်လောက်သေခဲ့သနည်း။ —————————-

၂၀။ ယခုအချိန်တွင် ဤလောက တိုးတက်ဘို့ လုပ်မည့် အချိန်ဟုတ်ပါသလား။ ————–အဘယ်ကြောင့်နည်း။ ——————————————————–

၂၁။ အဘယ်ကြောင့်လူအများစုဤလောက၊ ရပ်ရွာတိုးတက်ရေးလုပ်ချင် ကြသနည်း။ ——————————————————–

၂၂။ ရှေးယုံကြည်သူများသည်၊ ဤလောက၌ မည်ကဲ့သို့ နေကြသနည်း။ ————————ဤလောကသည် သူတို့အတွက် ထိုက်တန်ပါသလော။ ——————

၂၃။ သင့်အတွက် ဤလောကသည် အလွန် ထိုက်တန်ပါသလော။ —————သင်သည် ဤလောက၌ အိမ်ကဲ့သို့ နေသလော၊ ဧည့်သည် ကဲ့သို့ နေသလော —————

၂၄။ အဘယ်ကြောင့်အနာဂတ်မှာလှုပ်၍ ပျက်စီးမည့် ငလျှင် အကြောင်းကို၊ ကြိုတင် ရေးထားနိင်သနည်း။ ——————————————————–

၂၅။ ကမ္ဘာ့ အပြင်းထန်ဆုံးငလျှင်သည်၊ ——————ခုနှစ်တွင် ——————နိင်ငံတွင် လှုပ်၍ ပြင်းအား ————————-ရှိသည်။

၂၆။ ထိုအပြင်းထန်ဆုံးသော ငလျှင်သည်၊ ဘာကို ဖေါ်ပြသနည်း။ ——————————————————–

၂ရ။ ဘေးဒဏ်ကြီး ကာလ၌ ကျမည့် မိုဃ်းသီးသည်၊ ဘယ်နှစ်ပေါင်လေးမည်နည်း။ —————————-

၂၈။ ကမ္ဘာစံချိန်တင်မိုဃ်းသီးသည် ——————–ခုနှစ်၌ —————————-နိင်ငံ—————————-ရွာတွင် ကျခဲ့ဘူးပြီ။

၂၉။ မိုဃ်းသီးဒဏ်ခံသော သူများသည် နောင်တ ရကြသလော။ —————————-

၃၀။ အဆုံးတိုင်အောင် မည်သူကဘုရားကို စော်ကား ခဲ့သနည်း။ —————————-

.

 

ဗျာဒိတ်ကျမ်း ၁၇

 

ဘာသာရေးဗာဗုလုန်ကို တရားစီရင်ခြင်း

 

၁။ ဖလား ခုနစ်လုံးရှိသော ကောင်းကင်တမန် ခုနစ်ပါးတို့တွင် တပါးသည် လာပြီးလျှင်၊ ငါ့ကို နှုတ်ဆက်၍၊ လာခဲ့ပါ။ ရေ အပေါ်မှာ ထိုင်သော ပြည် တန်ဆာကြီး၌ စီရင်ခြင်း အမှုကို ငါပြမည်။

“ပြည် တန်ဆာထိုင်သော ရေကား၊ အသီးသီးဘာသာစကားကို ပြောသော လူအမျိုးမျိုး အစုစု ဖြစ်သတည်း”ဟု အငယ် ၁၅၌ ဖေါ်ပြထားသည်။ သို့ဖြစ်လျှင် လူအမျိုးမျိုး အပေါ်မှာ ထိုင်သော ပြည် တန်ဆာကြီးသည်၊ မည်သူ ဖြစ်မည်နည်း။ ထိုအရာကို သိဘို့ရန် ဘုရား အမြင်၌ ပြည့်တန်ဆာသည်၊ အဘယ်အရာ ဖြစ်သည်ကို သိဘို့ လိုသည်။ လူ့အမြင်၌ ပြည့်တန်ဆာသည်ကိုယ်ခန္ဓာကို၊ ကိလေသာအတွက် ရောင်းစားသော သူများ ဖြစ်သည်။ သို့သော် ဘုရား အမြင်၌ ပြည့်တန်ဆာသည်၊ အခြားသော ဘုရားကို ကိုး ကွယ်ခြင်း ဖြစ်သည်။ ဘုရားသခင်က၊ ဣသရေလ လူမျိုးနှင့် ပတ်သက်၍၊ ဤသို့ ဆိုခဲ့သည်၊ “ရှေးကာလ၌ သင်ထမ်းရသော ထမ်းဘိုး၊ သင်၌ ချည်သော နှောင်ဖွဲ့ခြင်းကို ငါချိုးခဋ္ဌတ်၍ သင်က၊ အ​ကျွန်ုပ်သည် မမှားယွင်းဘဲ နေပါမည်ဟု၊ ဂတိထားသော်လည်း၊ မြင့်သော တောင်သော ရှိသမျှ အပေါ်၌၎င်း၊ စိမ်းသော သစ်ပင်ရှိသမျှ အောက်၌၎င်း၊ ကိုယ်ကို ချ၍ ပြည် တန်ဆာလုပ်လေ၏။” (ယေရမိ ၂:၂၀)။ ဣသရေလသည် မြင့်သော တောင်ရှိသမျှ အပေါ်နှင့်၊ စိမ်းသော သစ်ပင်ရှိသမျှ အောက်၌ ဘာလုပ်သနည်း။ ထိုနေရာများ၌ ယဇ်ပလ္လင်ကို တည်၍၊ အခြားသော ဘုရား များကို ကိုး ကွယ် ကြသည်။ ထို့ကြောင့့်အခြားဘုရား များကို ကိုး ကွယ်ခြင်းသည် ပြည် တန်ဆာလုပ်ခြင်း ဖြစ်သည်။

 

သို့ဖြစ်လျှင် အထက်၌ ဖေါ်ပြသော ပြည် တန်ဆာသည် မည်သူနည်း။ ဘေးဒဏ်ကြီး ကာလ၌ ရှိသော ဘာသာရေး ဖြစ်သည်။ ဘေးဒဏ်ကြီး ကာလ၌ ရှိသော လူသား များသည်၊ ထာ၀ရ ဘုရားကို မကိုး ကွယ်ဘဲ၊ အခြားသော ဘုရား များကို ကိုး ကွယ်ကြလိမ့်မည်။ ဗျာ ၁၃၌ ပဌမသားရဲတည်း ဟူသော အန္တီ ခရစ်ကို ကမ္ဘာသူကမ္ဘာသားများကကိုး ကွယ်စေခြင်းငှါ၊ ဒုတိယသားရဲကလုပ်ဆောင်ခြင်းကို ဤသို့ တွေ့ရသည်၊ “အခြားသောသားရဲတကောင်သည်၊ သိုးသား ငယ်၏ ချိုနှင့် တူသော ချိုနှစ်ချောင်းရှိ၍၊ နဂါးကဲ့သို့ စကား ပြောလျက်၊ မြေကြီး ထဲကထွက်သည်ကို ငါမြင်၏။ ထိုသားရဲသည် သူ့အရင် ဖြစ်သော ပဌမသားရဲ၏ အာဏာစက်ရှိသမျှကို သုံးစွဲ၏။ သေစေသော ဒဏ်ချက်ပျောက်ခဲ့ပြီးသော ပဌမသားရဲကို၊ မြေကြီး မှစ၍ မြေကြီးသား တို့သည်ကိုး ကွယ်စေခြင်းငှါ ပြု၏။” (ဗျာ ၁၃:၁၁-၁၂)။ ထိုဘာသာရေးကို ဘုရားသခင်က၊ ဘေးဒဏ်ကြီး ကာလ၌ တရားစီရင်မည့် အကြောင်းကို ဖေါ်ပြခြင်း ဖြစ်သည်။

 

၂။ လောကီရှင်ဘုရင်တို့သည်၊ မတရားသော မေထုန်ကို သူနှင့် ပြုကြပြီ။ မြေကြီးသား တို့သည်၊ သူ၏ မတရားသော မေထုန်၏ စပျစ်ရည်နှင့် ယစ်မူးကြပြီ၊ ဟုပြောဆို လျက်၊

လောကီရှင်ဘုရင်တည်း ဟူသော ကမ္ဘာ့ ခေါင်းဆောင်များ၊ ယခုခေတ်တွင် သမတ၊ ၀န်ကြီး ချုပ်များသည် အထက်၌ ဖေါ်ပြသော ပြည့်တန်ဆာတည်း ဟူသော၊ ကမ္ဘာ့ ဘာသာရေးနှင့် မတရားသော မေထုုန်ကို ပြုကြပြီ။ ဆိုလိုသည် မှာကမ္ဘာ့ ခေါင်းဆောင် များသည်၊ သူတို့၏ အာဏာရရှိရေးနှင့် တည်မြဲရေးအတွက်၊ ဘာသာရေးခေါင်းဆောင်များနှင့်၊ အပေးအယူလုပ် ကြသည်။ ထိုသို့ နိင်ငံရေးခေါင်းဆောင် များသည်၊ ဘာသာရေးခေါင်းဆောင် များ၏ ထောက်ခံပံ့ပိုးမှုကို၊ ခေတ်အဆက်ဆက်၌ ပြုလုပ် သွား ကြသည်။ မတရားသော မေထုန်ဆိုသည်မှာ၊ တရားမ၀င်ယောက်ျားနှင့် မိန်းမဆက်ဆံခြင်းကို ဆိုလိုသည််။ သို့ဖြစ်လျှင်လောကီရှင်ဘုရင်များသည်၊ မည်ကဲ့သို့ ပြည့်တန်ဆာကြီးနှင့် မတရားမေထုန်ပြုကြသနည်း။ လောကီဘုရင်များသည် ထာ၀ရ ဘုရားကို မကိုး ကွယ်ဘဲ၊ အန္တီ ခရစ်ကိုကိုး ကွယ်ကြခြင်းကို ဆိုလိုသည်။

 

“မြေကြီးသား တို့သည် သူ၏ မတရားသော မေထုန်၏ စပျစ်ရည်နှင့် ယစ်မူးကြပြီဟု ပြောဆို လျက်” ကမ္ဘာ့ ခေါင်းဆောင်များသာမက၊ မြေကြီးသား တည်း ဟူသော သာမန်လူများ လည်း၊ မတရားသော မေထုန်ကို ပြုကြပြီ။ “မတရားသော မေထုန်၏ စပျစ်ရည်နှင့် ယစ်မူးကြပြီ” ဆိုသည်မှာ စပျစ်ရည်နှင့် ယစ်မူးလျှင် လူသည်၊ မူလစိတ်ပျောက်၍ စပျစ်ရည်၏ လွှမ်းမိုးခြင်းကို ခံရသည်။ ထိုနည်းတူ လောကီရှင်ဘုရင်များ မှစ၍၊ ကမ္ဘာသူကမ္ဘာသား များသည်၊ အန္တီ ခရစ်ကိုး ကွယ်ခြင်း ဘာသာဖြင့်၊ သူတိုိိိိိိ့၏ စိတ်လွှမ်းမိုးခြင်းကို ဆိုလိုသည်။

 

၃။ ငါ့ကို ၀ိညာဥ်တော်အားဖြင့် တောသို့ ဆောင်သွားလေ၏။ ခေါင်းခုနှစ်လုံးနှင့် ချိုဆယ်ချောင်းရှိ၍၊ ဘုရားသခင်၏ အသရေတော်ကို ရှုတ်ချသော နာမတို့နှင့် အပြည့်ရှိသော၊ သားရဲနီ အပေါ်မှာ ထိုင်လျက် ရှိသော၊ မိန်းမတဦးကို ငါမြင်၏၊

၀ိညာဥ်တော် ကယောဟန်ကို တောသို့ ဆောင်သွားသည်။ ဆိုလိုသည် မှာယောဟန်၏ အလိုဆန္ဒအားဖြင့် မဟုတ်၀ိညာဥ်တော်၏ အလိုတော်အားဖြင့် ဖြစ်သည်။ တောသည် လူသူမရှိသော နေရာသစ်ပင်များ အကြား၊ သို့မဟုတ် လွင်တီးခေါင် ဖြစ်နိင်သည်။ ထိုနေရာ၌ ယောဟန်သည်၊ သားရဲနီ အပေါ်မှာ ထိုင်လျက် ရှိသော၊ မိန်းမတဦးကို မြင်သည်။ ဤနေရာ၌သားရဲနီထက် သူ့ အပေါ်၌ ထိုင်သော မိန်းမကို အသား ပေးရေးထားသည်။ ထိုမိန်းမသည် အဘယ်သူ နည်း။ ထိုမိန်းမအကြောင်းကို အငယ် ၄၌ ဆက်ပြောထားသည်။ ခေါင်းခုနှစ်လုံးနှင့် ချိုဆယ်ချောင်းရှိသောသားရဲနီသည် အဘယ်အရာနည်း။

 

၄။ ထိုမိန်းမသည် အ၀တ်နီ၊ အ၀တ်မောင်းကို ၀တ်လျက်၊ ရွှေတန်ဆာ၊ ကျောက်မြတ်တန်ဆာ၊ ပုလဲတန်ဆာကို ဆင်လျက် ရှိ၏။ စက်ဆုပ်ရွံရှာ ဘွယ်သောအရာ နှင့်၎င်း၊ မိမိ မတရားသော မေထုန်၏ ညစ်ညူးခြင်း နှင့်၎င်း၊ ပြည့်သော ရွှေဖလားကိုကိုင်လျက် ရှိ၏။

မိန်းမသည်၊ ထာ၀ရ ဘုရား မဟုတ်ဘဲ၊ အခြားသော ဘုရားကို ကိုး ကွယ်သော သူတို့ကို ဆိုလိုသည်။ ဓမ္မဟောင်းကာလ၌ ဣသရေလများကို၊ ဘုရားသခင်၏ မိန်းမဟု တင်စားထားသည်။ “အကြောင်းမူကား၊ သင့်ကို ဖန်ဆင်းသော သူသည် သင်၏ လင် ဖြစ်တော်မူ၏။ နာမတော်ကား၊ ကောင်းကင် ဗိုလ်​ခြေရှင်ထာ၀ရ ဘုရား တည်း။” (ဟေရှာယ ၅၄:၅)။ အသင်းတော် သည်လည်း သိုးသငယ် တည်း ဟူသော ခရစ်တော်၏၊ သတို့သမီး လောင်း ဖြစ်သည် (၂ ကော ၁၁:၂၊ ဧ ၅:၂၅-၂၆)။ ဘုရား၌ မိန်းမရှိ သကဲ့သို့ ဘုရားကို အမြဲအံတုသော စာတန်၌လည်း မိန်းမရှိသည်။ ထိုမိန်းမသည် သူ့ကိုကိုး ကွယ်သော၊ ဘေးဒဏ်ကြီး ကာလ၌ ပေါ်ပေါက်လာမည့် ဘာသာ ဖြစ်သည်။ ထိုဘာသာသည်၊ ယနေ့ ဘာသာမျိုးစုံပေါင်းစပ်ထားသော ဘာသာ ဖြစ်နိင်သည်။ မူစလင်ဘာသာလည်း ဖြစ်နိင်သည်။ အကြောင်းမှာ၊ မူစလင်များသည် အကျမ်းဖက်နည်းအားဖြင့်၊ လူတိုင်း မူစလင် ဖြစ်စေဘို့ ကြိုးစား နေသည်။ “ထိုမိန်းမသည် အ၀တ်နီ၊ အ၀တ်မောင်းကို ၀တ်လျက်၊ ရွှေတန်ဆာ၊ ကျောက်မြတ်တန်ဆာ၊ ပုလဲတန်ဆာကို ဆင်လျက် ရှိ၏။”ဟုဆိုသည်။ မိန်းမများသည် အလှအပ၊ အပြင်အဆင်ကို လိုချင် တတ်မက် ကြသည်။ ထို့နည်းတူ၊ ဘာသာရေးတိုင်းသည် လှပသော အ၀တ်နီအ၀တ်မောင်းနှင့် ရွှေတန်ဆာ၊ ကျောက်မြတ်တန်ဆာ၊ ပုလဲတန်ဆာများနှင့် ဆင်ထားသည်။ ယနေ့ အသင်းတော် အတုများသည်၊ အပြင်ပန်းလှပခြင်းနှင့် ရွှေငွေရတနာများ၊ အဆောက်အဦးများကို ယပိုင်ဆိုင်လို ကြသည်။ ဘုန်းကြီးများ၊ အမှုတော် ဆောင်များသည် ခန်းနားကြီး ကျယ်စွာဖြင့် ဆင်ရင် ကြသည်။ လူများ ကကြည်ညုိလောက်အောင် အပြင်ပန်းကို ပြင်ဆင် ကြသည်။ လောဒိကိအသင်းတော်လည်း ထိုကဲ့သို့ အပြင်ပိုင်းကို ဦးစားပေးသောကြောင့် ခရစ်တော်က၊ “သင်ကလည်း၊ ငါသည် ဥစ္စာရတတ်၏။ ဘဏ္ဍာများကို ဆည်းဖူးပြီ။ တစုံ တခုကို မျှမလိုဟု ပြောဆို၍၊ ကိုယ်တိုင်ပင်ပန်းခြင်း၊ သနားဘွယ် ဖြစ်ခြင်း၊ ဆင်းရဲခြင်း၊ မျက်စိကန်းခြင်း၊ အ၀တ်အချည်းစည်းရှိခြင်း ဖြစ်သည်ကို မသိပါတကား။ သင်သည် ဥစ္စာရတတ်ခြင်းငှါ၊ မီးနှင့် ခဋ္ဌတ်ပြီးသော ရွှေကို၎င်း၊ အ၀တ်အချည်းစည်းရှိ၍၊ သူတပါးရှေ့တွင် မရှက်စေခြင်းငှါ ခြုံစရာဘို့၊ ဖြူသော အ၀တ်ကို၎င်း၊ ငါ့ထံမှ ာ၀ယ်လော့။” (ဗျာ ၃:၁ ရ- ၁၈) ဟု အကြံပေးခဲ့သည်။ ထို့ကြောင့် အသင်းတော် များသည်လောက ပစ္စည်းများများပိုင်ဘို့ မဟုတ်၊ ပျောက်ဆုံးသော ၀ိညာဥ်များ ကယ်တင်၍ ကြီး ထွားရင့်ကျက်အောင် ပြုစုပျိုးထောင်ဘို့ တာ၀န်ရှိသည်။ အသင်းတော် အများစုသည် ၀ိညာဥ်ထက်လောက ပစ္စည်းတည်း ဟူသော ဘုရား ကျောင်း၊ အဆောက်အဦး၊ အသင်းတော် ပိုင်ကုမ္ပဏီ၊ စီးပွားရေးများကို အဓိကထားရှာဖွေ၍ တန်ဘိုး ထား နေကြသည်။ အနာဂတ်ဘာသာရေးလည်း ထိုကဲ့သို့ အပြင်ပန်းလှပကြွယ်၀ခြင်းကို ဦးစားပေးမှာ ဖြစ်သည်။

 

“စက်ဆုပ်ရွံရှာဘွယ်သောအရာ နှင့်၎င်း၊ မိမိ မတရားသော မေထုန်၏ ညစ်ညူးခြင်း နှင့်၎င်း၊ ပြည့်သော ရွှေဖလားကိုကိုင်လျက် ရှိ၏” ဘုရား အမြင်၌ စက်ဆုပ်ရွံရှာဘွယ်သောအရာ သည်၊ ရုပ်တု သို့မဟုတ် ဘုရား တု ဖြစ်သည်။ မတရားသော မေထုန်၏ ညစ်ညူးခြင်း လည်း၊ ရုပ်တု သို့မဟုတ် ဘုရား တုကိုကိုး ကွယ်ခြင်း ဖြစ်သည်။ ဖလားသည် သောက်စရာ၊ အရေများကို ထည့်သောအရာ ဖြစ်သည်။ ဖလားထဲ၌ ထည့်သောအရာ သည် စပျစ်ရည် ဖြစ်လျှင် မူးတတ်သည်။ ထိုနည်းတူ ရွှေဖလားထဲ၌ ရုပ်တု၊ ဘုရား တုကိုး ကွယ်ခြင်းနှင့် ပြည့်၍ သောက်လျှင်၊ ထိုရုပ်တုဘုရား တု၏ လွှမ်းမိုးခြင်း၊ အုပ်စိုးခြင်း ခံရမည်။

 

၅။ နဖူး၌ အက္ခရာတင်သော ဘွဲ့မူကား၊ နက်နဲသောအရာ၊ ဗာဗုလုန်မြို့ကြီး၊ ပြည် တန်ဆာတို့၏ အမိ၊ မြေ၌ စက်ဆုတ်ရွံရှာဘွယ်သောအရာ တို့၏ အမိပေတည်း။

နဖူးသည် အထင်ရှားဆုံးသော နေရာ ဖြစ်သည်။ ထိုမိန်းမ၏ဘဲ ွ့နာမသည်၊ “နက်နဲသောအရာ “ဟု ခေါ်သည်။ နက်နဲသောအရာ သည် သိဘို့ မလွယ်၊ ထိုအရာအားဖြင့် လူများစွာကို အမှောင်ထဲ၌ ကျင်လည်စေသည်။ ဗုဒဝဘာသာ၌ ပါဠိအားဖြင့် သာဟောပြောသောကြောင့်၊ သာမန်လူများသည် ဘုန်းကြီးများဟောသောအရာ ကို၊ အားလုံး နားမလည်နိင်ကြချေ။ ထိုနည်းတူ ကက်သလိတ်များ လည်း၊ သာမန်လူများ မသိသော၊ လက်တင်ဘာသာဖြင့်၊ သူတို့၏ ဘုန်းကြီးများကဟောပြောသောကြောင့်၊ ဘာသာ၀င်များ က နားမလည် ကြချေ။ စာတန်သည် သူ၏ အလိုဆန္ဒကို၊ လူတိုင်း မသိနိင်အောင်၊ နက်နဲသောအရာ ဟု လိမ်လည်တတ်သည်။

 

“ဗာဗုလုန်မြို့ကြီး” ဟူသောအရာ သည် ဗာဗုလုန်ရဲတိုက်ဆောက်ရာမှစခဲ့သည် (က ၁၁:၁-၉)။ ထိုရဲတိုက်မြို့ကို ဗာဗုလုန်မြို့ဟု ခေါ်သည်။ ထိုမြို့သည် ရေလွှမ်းမိုးပြီး နောက်၊ ထာ၀ရ ဘုရားကို စွန့်၍၊ အခြားဘုရား တည်း ဟူသော စာတန်ကိုး ကွယ်ခြင်း၊ စတင်သည့်နေရာ ဖြစ်သည်။ ထို့ကြောင့် ဗာဗုလုန်မြို့သည် ဘုရား အမြင်မှာ၊ ကောင်းသောအရာ မဟုတ်၊ ဘုရားကို ဆန့်ကျင်သော နေရာ ဖြစ်သည်။

 

“ပြည် တန်ဆာတို့၏ အမိ၊ မြေ၌ စက်ဆုတ်ရွံရှာဘွယ်သောအရာ တို့၏ အမိ” ပြည် တန်ဆာတို့၏ အမိဆိုသည်မှာ၊ ကိုယ်တိုင်ပြည် တန်ဆာလုပ်သည် သာမက၊ ပြည် တန်ဆာတို့ကို မွေးဘွားပေးသောသူ၊ စတင်သော သူဟု အဓိပ္ပါယ်ရသည်။ အထက်၌ ဖေါ်ပြခဲ့ပြီးသည့်အတိုင်း၊ ပြည် တန်ဆာသည် တရားမ၀င်ယောက်ျားမိန်းမနှင့် မှားယွင်းခြင်း ဖြစ်သည်။ ဘုရား အတွက် ဖြစ်လျှင် သူ့ကို မကိုး ကွယ်ဘဲ၊ အခြားဘုရားကိုး ကွယ်ခြင်း ဖြစ်သည်။ ဖေါက်ပြန်သော မိန်းမသည် ယောက်ျားအတွက်၊ ရွံစရာ ကောင်း သကဲ့သို့၊ အခြားဘုရားကိုး ကွယ်ခြင်းသည် လည်း၊ ဘုရား အတွက် ရွံစရာ အကောင်းဆုံးသော အပြစ် ဖြစ်သည်။ ထိုမိန်းမသည် အ၀တ်နီ၊ အ၀တ်မောင်းကို ၀တ်လျက်၊ ရွှေတန်ဆာ၊ ကျောက်မြတ်တန်ဆာ၊ ပုလဲတန်ဆာကို ဆင်လျက် ရှိ၏။ ထိုမိန်းမတည်း ဟူသော ကမ္ဘာ့ ဘာသာရေးသည်၊ အလွန် ချမ်းသာ ကြောင်း၊ သူ၏ အ၀တ်အစားနှင့်၊ တန်ဆာဆင်ထားသောအရာ များအားဖြင့်၊ သိနိင်သည်။ ထိုမိန်းမသည်၊ ချိုဆယ်ချောင်းရှိသောသားရဲ အပေါ်၌ ထိုင်ခြင်း ဆိုသည်မှာ၊ သားရဲသည် ကမ္ဘာ့ နိင်ငံရေးခေါင်းဆောင် ဖြစ်၍၊ ထိုဘာသာရေးသည်၊ နိင်ငံရေးခေါင်းဆောင်၏ ဦးစားပေးခြင်း၊ ချီးမြေှာက်ခြင်း ခံစား မည့် အကြောင်း ဖြစ်သည်။ နိင်ငံရေးသမားများသည် ဘာသာရေးသမားများ၏ ထောက်ခံမှုကို အမြဲယူလေ့ရှိသည်။ စက်ဆုပ်ရွံရှာဘွယ်သောအရာ နှင့်၎င်း၊ မိမိ မတရားသော မေထုန်၏ ညစ်ညူးခြင်း နှင့်၎င်း၊ ပြည့်သော ရွှေဖလားကိုကိုင်လျက် ရှိ၏။ ဘုရား၏ အမြင်၌ စက်ဆုပ်ရွံရှာဘွယ်သောအရာ သည် ရုပ်တု ဖြစ်သည်။ မတရားသော မေထုန်နှင့် ညစ်ညူးခြင်း သည်၊ ရုပ်တုကိုး ကွယ်ခြင်း ဖြစ်သည်။ ဖလားသည် စပျစ်ရည်ထည့်သောအရာ ဖြစ်သည်။ ထိုဘာသာရေးသည် လူများကို၊ ရုပ်တုကိုး ကွယ်ဘို့ တိုက်တွန်းညွှန်ကြားမှာ ဖြစ်သည်။

 

၆။ ထိုမိန်းမသည် သန့်ရှင်း သူတို့၏ အသွေး၊ ယေရှု၏ သက်သေခံတို့၏ အသွေးနှင့် ယစ်မူးသည်ကို ငါမြင်၏။ ထိုသို့ မြင် သောအခါ အလွန် အံ့ဩ မိန်းမော၍ နေ၏။

ထိုမိန်းမတည်း ဟူသော၊ ဘေးဒဏ်ကြီး ကာလ ရှိစာတန်၏ အသင်းတော် သို့မဟုတ် ဘာသာသည်၊ သန့်ရှင်းသူနှင့် ယေရှု၏ သက်သေခံတို့၏ အသွေးနှင့် ယစ်မူးသည်ဟုဆိုသည်။ ထိုမိန်းမတည်း ဟူသော၊ စာတန်၏ ဘာသာရေးသည် သန့်ရှင်း သူများ နှင့်၊ ယေရှု၏ သက်သေခံများကို သတ်ဖြတ်သောကြောင့်၊ အသွေးနှင့် ယစ်မူးသည်ဟုဆိုခြင်း ဖြစ်သည်။ ထိုအရာကို ယောဟန်ကမြင် သောအခါ အလွန် အံ့ဩသည်။ အဘယ်ကြောင့်ယောဟန်သည် အံ့ဩ သနည်း။ ထိုမိန်းမသည် ခရစ်တော်၏ နာမကို ခံယူသော်လည်း၊ သန့်ရှင်း သူများကို သတ်ဖြတ်သောကြောင့် ဖြစ်နိ်င်သည်။

 

ရ။ ကောင်းကင်တမန် ကလည်း၊ အဘယ်ကြောင့်အံ့ဩ သနည်း။ ထိုမိန်းမ၏ နက်နဲသောအရာ ကို၎င်း၊ ခေါင်းခုနှစ်လုံးနှင့် ချိုဆယ်ချောင်းရှိ၍၊ ထိုမိန်းမကို ဆောင်သောသားရဲ၏ နက်နဲသောအရာ ကို၎င်း၊ ငါပြောမည်။ ၈။ ယခုမြင်သောသားရဲသည် ဖြစ်ဘူးပြီ၊ ဖြစ်ဆဲမရှိ၊ အနက်ဆုံးသောတွင်း ထဲကတက်၍၊ ဖျက်ဆီးခြင်းသို့ ရောက်လိမ့်မည်။ ကမ္ဘာဦးကပင်အသက် စာစောင်၌ စာရင်းမ၀င်သော၊ မြေကြီးသား တို့သည် ဖြစ်ဘူး၍၊ ဖြစ်ဆဲမရှိ၊ ဖြစ်လတံ့သောသားရဲကို မြင်ရ သောအခါ၊ အံ့ဩ ကြလိမ့်မည်။

မိန်းမသည် ဘေးဒဏ်ကြီး ကာလ ရှိ၊ စာတန်ကိုး ကွယ်သော ဘာသာရေး ဖြစ်ကြောင်း၊ အထက်၌ သိခဲ့ရပြီ။ ထိုမိန်းမသည်သားရဲ အပေါ်၌ စီးသည်ဟုဆိုသည်။ ထိုအရာသိနိင်ရန်၊ သားရဲသည် အဘယ်အရာနည်း၊ ဟူသောအရာ ကို ရှင်းဘို့ လိုသည်။သားရဲသည် ဗျာ ၁၃၌ တွေ့ရသော ကမ္ဘာ့ ခေါင်းဆောင် ဖြစ်သည်။ ထိုသားရဲသည် ဖြစ်ဘူးပြီဟုဆိုသည်။ ဖြစ်ဆဲမရှိဟုဆိုခြင်းသည်၊ ယောဟန်ကဤစာကို ရေးချိန်တွင်၊ မရှိခြင်း ဖြစ်မည်။ ဖြစ်လတံ့ဟု ရေးပြန်သည်။ ထိုအပြင်အနက်ဆုံးသောတွင်း ထဲကတက်၍၊ ဟုဆိုသောကြောင့်၊ ထိုသားရဲသည် လူမ ဖြစ်နိင်ချေ။ ခေတ်အဆက်ဆက်မှာကမ္ဘာ့ ခေါင်းဆောင်များကို၊ အသုံးပြုသော စာတန်ကို ဆိုလိုခြင်း ဖြစ်မည်။ စာတန်ကို အနက်ဆုံးသောတွင်း ၌၊ ထောင်ချမည့် အကြောင်း ဤသို့ တွေ့ရသည်၊ “ရှေးမြွေဟောင်း၊ မာရ်နတ် စာတန် တည်း ဟူသော နဂါးကိုကိုင်ဘမ်း၍၊ အနှစ်တထောင်ဘို့ ချည်နှောင်လေ၏။ အနှစ်တထောင်မကုန်မီတိုင်အောင်၊ လူအမျိုးမျိုး တို့ကို မလှည့်ဖြားရမည်အကြောင်း၊ အနက်ဆုံးသောတွင်း ထဲသို့ ချပစ်လှောင်ထား၍၊ တံဆိပ်ခပ်လေ၏။ အနှစ်တထောင်ကုန်ပြီးမှတဖန် ခဏလွှတ်ရဦးမည်။” (ဗျာ ၂၀:၂-၃)။ ထို့ကြောင့် ဘေးဒဏ်ကြီး ကာလ၌၊ ကမ္ဘာကို အုပ်စိုးမည့်သူကို၊ စာတန် ကအုပ်စိုးလွှမ်းမိုးသောသူ ဖြစ်မည်။ ထိုသားရဲ ဖြစ်သော အန္တီ ခရစ်နှင့်၊ သူ့ကို အုပ်စိုးသော စာတန်သည် လည်း၊ နောက်ဆုံး၌ ဖျက်စီးခြင်းသို့ ရောက်ဦးမည်။ စာတန် အုပ်စိုးသောသားရဲအန္တီ ခရစ်ကို၊ အသက် စာစောင်ထဲ၌ စာရင်မ၀င်သော၊ မြေကြီး သားများကမြင် သောအခါ၊ အဘယ်ကြောင့်အံ့ဩ ကြသနည်း။ သူသည် စာတန်၏ တန်ခိုးကို အသုံးပြု၍၊ အံ့ဘွယ်သောအရာ များကို ပြုလုပ် မှာ ဖြစ်သောကြောင့် ဖြစ်သည်။ ယနေ့လည်း ဘုရားသခင်၏ သမ္မာတရားကို၊ နားမလည်းသော သူများသည်၊ မှားယွင်းသော ဆရာများ၏ သွန်သင်ခြင်းကို အထင်ကြီး၍၊ သူတို့ နောက်တကောက်ကောက်လိုက်ကြသည်ကို၊ ၀မ်းနည်းဖွယ်တွေ့မြင်နေရသည်။ သူတို့ကို ပြောပြလျှင် လည်း၊ သင်တို့သည် ၀ိညာဥ်တော် မရသောကြောင့်၊ ၀ိညာဥ်တော် တိုက်ခိုက်သည်ဟု ပြောင်းပြန်စွပ်စွဲတတ် ကြသည်။

 

၉။ ဤအရာ၌ ပညာနှင့် ပြည့်စုံသော ဥာဏ်ရှိ၏။ ခေါင်းခုနလုံးကား မိန်းမထိုင်သော တောင် ခုနစ်လုံး ဖြစ်၏။

ခေါင်းခုနှလုံးသည်၊ မိန်းမထိုင်သော တောင်ခုနှစ်လုံး ဖြစ်သည်ဟုဆိုသည်။ အချို့သော ကျမ်းတတ်များ ကထိုတောင်ခုနှစ်လုံးသည် ရောမမြို့တည်ရှိရာတောင်ခုနှစ်လုံး ဖြစ်သည်ဟုသည်။ ကျမ်းစာ၌ တောင်သည် အုပ်စိုးခြင်း၊ နိင်ငံများကို ဆိုလိုတတ်သည်။ “နောက်ဆုံးသော ကာလ၌၊ ထာ၀ရ ဘုရား၏ အိမ်တော် တည်သော တောင်သည်၊ တောင်ကြီး တောင်ငယ်တို့၏ ထိပ်ပေါ်မှာ၊ ချီးမြှောက်၍ တည်လိမ့်မည်၊၊ ခပ်သိမ်းသော လူမျိုးတို့သည်၊ ထိုတောင်သို့ စည်းဝေးကြလိမ့်မည်” (ဟေရှာယ ၂:၂)။ ဤနေရာ၌ တောင်သည်၊ အုပ်စိုးခြင်း အာဏာကို ဆိုလိုကြောင်း ထင်ရှားသည်။ အနှစ်တထောင်ကာလ၌၊ ယေရုုရှလင်မြို့မှသခင်ယေရှုက၊ အုပ်စိုးမည့် အရာကို ဆိုလိုခြင်း ဖြစ်သည်။ ထို့ကြောင့် တောင်ခုနှစ်လုံးသည်၊ ရောမမြို့ကို ဆိုလိုသည်ဟု တထစ်ချမဆိုနိင်။ ဘေးဒဏ်ကြီး ကာလ၌ ကမ္ဘာကို အုပ်စိုးမည့် အစိုးရများ ဖြစ်နိင်သည်။ ထိုတောင်ခုနှစ်လုံး အပေါ်၌ မိန်းမထိုင်သောကြောင့်၊ ထိုအစိုးရများ အပေါ်၌ မိန်းမတည်း ဟူသော၊ ဘာသာရေးကလွှမ်းမိုးခြင်း ဖြစ်မည်။

 

၁၀။ ရှင်ဘုရင် ခုနစ်ပါးလည်း ဖြစ်၏။ ငါးပါးကျပြီ၊ တပါးရှိသေး၏။ တပါး ဖြစ်လေဦးမည်။ ဖြစ်သောအခါ တခဏသာတည်လိမ့်မည်။

တောင်များသည် အစိုးရကို ဆိုလိုခြင်း ဖြစ်နိင်သည်ဟု၊ အထက်က ဖေါ်ပြခဲ့ပြီး ပြီ။ အစိုးရသည် အုပ်ချုပ်သူခေါင်းဆောင် မရှိဘဲ မဖြစ်နိင်ချေ။ ရှေးခေတ်၌ အုပ်ချုပ် သူများသည် ရှင်ဘုရင် ဖြစ်၍၊ ယခုခေတ်၌ သမတနှင့် ၀န်ကြီး ချုပ်များ ဖြစ်ကြသည်။ အစိုးရနှင့် အုပ်ချုပ်သူခေါင်းဆောင် များသည် ခွဲခြား၍ မရချေ။ အချို့ကထိုရှင်ဘုရင်ခုနှစ်ပါးသည၊ ်ရောမဧကရာဇ်များ ဖြစ်သည်ဟု ယူဆ ကြသည်။ ယောဟန်ခေတ်၌ ငါးပါးကျပြီ၊ တပါးရှိသေးသည်။ တပါးသည် ဖြစ်လေဦးမည်ဟုဆိုရာတွင် ဘေးဒဏ်ကြီး ကာလ၌ အုပ်စိုးမည့် အန္တီ ခရစ်ကို ဆိုလိုသည်။ အကြောင်းမှာ အန္တီ ခရစ်သည် ခုနှစ်နှစ်သာအုပ်စိုးမှာ ဖြစ်ကြောင့် ဖြစ်သည်။ အချို့ကရှင်ဘုရင်ခုနှစ်ပါးသည် ရှေးခေတ်ကအင်ပိုင်ယာခုနှစ်ခုကို ဆိုလိုခြင်း ဖြစ်သည်ဟုဆိုသည်။ အဲဂုတ္တု၊ အာရှုရိ၊ ဗာဗုလုန်၊ မေဒုိုပါးရှား၊ ဂရိတ်အင်ပိုင်ယာငါးခုသည်၊ ယောဟန်ခေတ်၌ ဖြစ်ဘူး၍ မရှိကြတော့ချေ။ တပါးရှိ သေးသော အင်ပိုင်ယာသည် ရောမအင်ပိုင်ယာ ဖြစ်သည်။ ဖြစ်လေဦးမည့် အင်ပိုင်ယာသည်၊ ဘေးဒဏ်ကြီး ကာလ၌ တကမ္ဘာလုံးကို အုပ်စိုးမည့်၊ အန္တီ ခရစ်၏ အင်ပိုင်ယာ ဖြစ်သည်။

 

၁၁။ ဖြစ်ဘူး၍ ဖြစ်ဆဲမရှိသောသားရဲသည် ရှစ်ပါးမြောက်သော ရှင်ဘုရင် ဖြစ်၏။ ခုနစ်ပါးအ၀င်လည်း ဖြစ်၏ ဖျက်ဆီးခြင်းသို့ ရောက်ရလိမ့်မည်။

အထက်၌ ဖေါ်ပြခဲ့သော ရောမဧကရာဇ်များ ဖြစ်စေ၊ ရှေးအင်ပိုင်ယာများ ဖြစ်စေ၊ ထိုသူများကို အုပ်စိုးသော သူသည် စာတန် ဖြစ်သည်။ ထိုလူနှင့် အင်ပိုင်ယာများသည် ကုန်ဆုံးသော်လည်း၊ သူတို့ အထဲ၌ အလုပ်လုပ်သော သူသည်၊ စာတန် ဖြစ်သောကြောင့် သူသည် မကုန်နိင်သေးချေ။ ရှင်ဘုရင်ခုနှစ်ပါး၌ ပါ၀င် သကဲ့သို့၊ ရှစ်ပါးမြောက်၌လည်း သူဘဲ ဖြစ်သည်။ သို့သော် နောက်ဆုံး၌ ဖျက်ဆီးခြင်းသို့ ရောက်မည်။

 

၁၂။ ယခုမြင်သော ချိုဆယ်ချောင်းကား၊ မင်းအာဏာစက်ကို မရ သေးသော ရှင်ဘုရင်ဆယ်ပါး ဖြစ်၏။ ရှင်ဘုရင်၏ အာဏာစက်ကိုသားရဲနှင့်အတူ တချက်တည်းရကြလိမ့်မည်။ ၁၃။ ထိုသူတို့သည် သဘောတူ၍၊ မိမိတို့ တန်ခိုးအာဏာစက်ကိုသားရဲ၌၊ အပ်ပေးကြလိမ့်မည်။

ဤချိုဆယ်ချောင်းကို ပရောဖက် ဒံယေလကဤကဲ့သို့ မြင်ခဲ့ဘူးပြီ၊ “စတုတ္ထ္ဂသားရဲသည်၊ မြေကြီး ပေါ်မှာ အခြားသော နိုင်ငံရှိသမျှ တို့ထက် ထူးခြားသော စတုတ္ထ္ဂနိုင်ငံ ဖြစ်၏။ ထိုနိုင်ငံသည် မြေကြီးရှိသမျှကို ကိုက်စားချိုးဖဲ့နင်းချေလိမ့်မည်။ ထိုနိုင်ငံ၌ ပေါက်သော ချိုဆယ်ချောင်းသည်၊ ပေါ်လတ့ံသော မင်းကြီး ဆယ်ပါး ဖြစ်၏။ သူတို့ နောက်အခြားသော မင်းကြီး ပေါ်လာလိမ့်မည်။ အရင်မင်းကြီးထက် ထူးခြား၍၊ သုံးပါးတို့ကို နှိမ့်ချလိမ့်မည်။ အမြင့်ဆုံးသော ဘုရားကို ဆန့်ကျင် ဘက်ပြု၍၊ ကြီးစွာသော စကားကို ပြောလိမ့်မည်။ အမြင့်ဆုံးသော ဘုရား၏ သန့်ရှင်းသူတို့ကို၊ ညှဥ်းဆဲနှိပ်စက်လိမ့်မည်။ ကာလ အချိန်နှင့် ပညတ်တရားတို့ကို ပြောင်းလဲစေခြင်းငှါ ကြံစည်လိမ့်မည်။ တကာလ၊ နှစ်ကာလ၊ ကာလ တ၀က်ပတ်လုံးသူသည်၊ အခွင့်ရလိမ့်မည်။ ထိုနောက်မှတရားစီရင်ခြင်း ဖြစ်လိမ့်မည်။ ထိုအခါ သူ၏ တန်ခိုးအာဏာကို နှုတ်၍ ရှင်းရှင်းဖျက်ဆီးကြလိမ့်မည်။” (ဒံရ:၂၃-၃၆)

 

ဒံယေလကမြင်ခဲ့သော စတုတ္ထသားရဲသည်၊ ရောမအင်ပိုင်ယာ ဖြစ်သည်။ ရောမအင်ပိုင်ယာသည် ကုန်ဆုံးသွားခဲ့ပြီ။ သို့သော် ချိုဆယ်ချောင်းထွက်ဘို့ရန် ရှိသေးသည်။ ထိုချိုဆယ်ချောင်းသည် ရှင်ဘုရင်ဆယ်ပါး ဖြစ်၍၊ သူတို့ နောက်၌ အခြားမင်းကြီး တပါး၊ ပေါ်လာလိမ့်မည်ဟုဆိုသည်။ ထိုမင်းကို ယောဟန်ကသား ရဲဟု ခေါ်၍ အန္တီ ခရစ် ဖြစ်သည်။ ကမ္ဘာကြီးသည် ဘေးဒဏ်ကြီး ကာလ၌ နိင်ငံဆယ်ပါးအဖြစ် ဖွဲ့စည်း၍၊ ရှင်ဘုရင် သို့မဟုတ် သမတတပါးစီကအုပ်ချုပ်လိမ့်မည်။ ထိုသူများ၏ အထက်၌ တကမ္ဘာလုံးကို အုပ်ချုပ်မည့် ကမ္ဘာ့ ခေါင်ဆောင်အန္တီ ခရစ်သည် ပေါ်လာမည်။ ကမ္ဘာ့ ခေါင်းဆောင်ကို၊ ထိုခေါင်းဆောင်များကအာဏာအပ်ကြလိမ့်မည်။ ယခုအခါ ကမ္ဘာ့ နိင်ငံများသည် ပေါင်းစည်းဘို့ရန် အမျိုးမျိုး ကြိုးစား နေကြသည်။ စီးပွါးရေး၌လည်း တနိင်ငံတည်းရပ်တည်၍ မရတော့ချေ။ တနိင်ငံ၌ ပြသနာ ရှိလျှင် အခြားနိင်ငံများ၌လည်း ပြသနာ ဖြစ်လာသည်။ နိင်ငံရေး၌လည်း ကမ္ဘာ့ ကုလသမဂ္ဂအစား၊ ကမ္ဘာ့ အစိုးရ ဖြစ်လာမည်။ ထိုသို့ဖြစ်လာဘို့ရန် ဆက်သွယ်ရေးလည်း အလွန် ကောင်းလာသည်။

 

၁၄။ သူတို့သည် သိုးသငယ်ကို စစ်တိုက်၍၊ သိုးသငယ်သည် နိုင် တော်မူမည်။ အကြောင်းမူကား၊ သိုးသငယ်သည် သခင်တို့၏ သခင်၊ ဘုရင်တို့၏ ဘုရင် ဖြစ်တော်မူ၏။ ကိုယ်တော်နှင့်အတူ ရှိသော သူတို့သည် လည်း၊ ခေါ် တော်မူသောသူ၊ ရွေးချယ် တော်မူသောသူ၊ သစ္စာရှိသောသူ ဖြစ်ကြ၏။

ကမ္ဘာ့ အစိုးရနှင့် ဆယ်နိင်ငံများသည်၊ သိုးသငယ် တည်း ဟူသော၊ ယေရှုခရစ်ကို စစ်တိုက်ကြလိမ့်မည်။ ခရစ်တော်သည် ကောင်းကင် မှာရှိသောကြောင့်၊ လောလောဆယ်မတိုက်နိင်ကြသေး။ သို့သော် ခရစ်တာ် ဒုတိယအကြိမ် ကြွလာ သောအခါ တိုက်ခိုက် ကြလိမ့်မည်။ သူတို့ တီထွင်ထားသော၊ အနုမြူထိပ်ဖူးတပ်ထားသော ဒုံပျံများနှင့် တိုက်ကြပါလိမ့်မည်။ သို့သော် ခရစ်တော် ကနိင်မည့် အကြောင်း ကြိုတင် ဖေါ်ပြခဲ့ပြီး ပြီ။ ခရစ်တော်သည် တပါးတည်း မလာဘဲ ခေါ် တော်မူသောသူ၊ ရွေးချယ် တော်မူသော သူအများနှင့် လာကြလိမ့်မည်။ ထိုသူများသည် ကောင်းကင်တမန် များမဟုတ်ဘဲ၊ ယုံကြည်သူများချီဆောင်ခြင်း၌ ပါ၀င်သွားသော အသင်းတော် ဖြစ်မည်။

 

၁၅။ ယခုမြင်၍ ပြည် တန်ဆာထိုင်သော ရေကား၊ အသီးသီးဘာသာစကားကို ပြောသော၊ လူအမျိုးမျိုး အစုစု ဖြစ်သတည်း။

ပြည်တန်ဆာတည်း ဟူသော ကမ္ဘာ့ ဘာသာရေးသည်၊ ရေတည်း ဟူသော ဘာသာစကား အမျိုးမျိုး ပြောဆို သော၊ လူအမျိုးမျိုး ဖြစ်သည်။ ယခုအခါ ထိုကမ္ဘာ့ ဘာသာရေးသည်၊ ပေါင်းစည်းဘို့ရန် ကြိုးစား နေကြပြီ။ ခရစ်ယာန် ဘုန်းကြီး တရားဟောဆရာများလည်း လမ်းလဲွကာ၊ ကမ္ဘာ့ ငြိမ်းချမ်းရေး အတွက် ဟူသော နာမည်ဖြင့်၊ အခြားသော ဘာသာများနှင့် ရောနှောပေါင်းစည်း နေကြပြီ။ ထိုအရာသည် ဘုရား အမြင်၌၊ ပြည် တန်ဆာ ဖြစ်သောကြောင့်၊ စစ်မှန်သော ယုံကြည်သူများမပါ၀င်သင့်ချေ။

 

၁၆။ ယခုမြင်သော ချိုဆယ်ချောင်းနှင့်သားရဲသည်၊ ပြည် တန်ဆာကို မုန်း၍၊ သူ၏ စည်းစိမ်ကို ဖျက်ဆီးလိမ့်မည်။ သူ၏ အ၀တ်တန်ဆာကို ခဋ္ဌတ်၍၊ သူ၏ အသားကို ကိုက်စားလိမ့်မည်။ ၁ရ။ သူ၏ကိုယ်ကိုလည်း မီးရှို့လိမ့်မည်။ အကြောင်းမူကား၊ သူတို့သည် ဘုရားသခင်၏ အလိုတော်ကို ပြုခြင်း ငှါ၎င်း၊ နှုတ်ကပတ်တော် မပြည့်စုံမှီတိုင်အောင် သဘောတူ၍၊ မိမိတို့ နိုင်ငံများကိုသားရဲ၌ အပ်ပေးခြင်း ငှါ၎င်း၊ ဘုရားသခင်သည် သူတို့၌ အကြံ ပေးတော်မူ၏။

ဘေးဒဏ်ကြီး ကာလ၌ အုပ်စိုးသော၊ ကမ္ဘာ့ ခေါင်းဆောင် အန္တီ ခရစ်နှင့်၊ သူ့လက်အောက်မှာဆယ်နိင်ငံအုပ်စိုးသော ခေါင်းဆောင် များသည်၊ ပြည် တန်ဆာတည်း ဟူသော ကမ္ဘာ့ ဘာသာရေးနှင့်၊ ဖက်လဲှတကင်း ဖြစ်၍ သူ၏ အထောက်အပံ့ကို ယူခဲ့သော်လည်း၊ နောက်ဆုံး၌ သူတို့သည် ထိုဘာသာရေးကို မုန်း၍၊ ဖျက်ဆီးကြလိမ့်မည်။ အိမ်ဆောက်ပြီးလျှင် ညမ်းဖျက်ရသည် မဟုတ်လော။ နိင်ငံရေးခေါင်းဆောင် များသည်၊ သူတို့၏ အာဏာကို ခိုင်မြဲစွာ ဆုတ်ကိုင်ထားပြီး သောကြောင့် ဖြစ်စေ၊ ဘာသာရေးကစွပ်ဖက်မှု လုပ်သောကြောင့် ဖြစ်စေ၊ မနှစ်သက်တော့သောကြောင့် ဖျက်ဆီးခြင်း ဖြစ်မည်။ သူ၏ အ၀တ်တန်ဆာကို ခွျတ်၍၊ အသား ကိုက်စားမည်ဟုဆိုခြင်းသည်၊ ထိုဘာသာ၏ လွှမ်းမိုးမှုကို ဖျက်၍ သူ၏ ချမ်းသာ သမျှကို သိမ်းယူမည်။ သူ၏ကိုယ်ကိုလည်း မီးရှို့ခြင်း ဆိုသည်မှာ၊ မီးလောင်ပြီးလျှင် ဘာမျှမကျန်၊ အမှတ်အသား မရှိတော့ခြင်းကို ဆိုလိုသည်။ ထိုဘာသာရေးကို ဘုရား ကဖျက်ဆီးခြင်း မဟုတ်ချေ။ ဖျက်ဆီးဘို့ရန် ကမ္ဘာ့ ခေါင်းဆောင်များကို၊ ဘုရားသခင်က အကြံပေးသည်ဟုဆိုသည်။ ဘေးဒဏ်ကြီး ကာလ၌ စာတန်သည် သူကြိုက်နှစ်သက် သကဲ့သို့ ကမ္ဘာကြီးကို ချယ်လှယ်သော်လည်း၊ အရာခပ်သိမ်းကို ဖန်ဆင်းပိုင်သအုပ်စိုး တော်မူသော ဘုရားသခင်၏ တန်ခိုး၊ အာဏာသည် မကုန်၊ မလွန်ဆန်နိင်ကြောင်း တွေ့ရသည်။ အရာခပ်သိမ်းသည် ဘုရားသခင်၏ အကြံတော် အတိုင်း ဖြစ်မည်။

 

၁၈။ ယခုမြင်သော မိန်းမသည် လည်း၊ လောကီရှင်ဘုရင်တို့ကို အုပ်စိုးသော မြို့ကြီး ဖြစ်သတည်း ဟု၊ ကောင်းကင်တမန် ပြောဆို၏။

ယခုမြင်သော မိန်းမသည်၊ လောကီရှင်ဘုရင်တို့ကို အုပ်စိုးသော မြို့ကြီး ဖြစ်သည်ဟုဆိုသည်။ သို့ဖြစ်လျှင် မည်သည့်မြို့ ဖြစ်မည်နည်း။ လောကီရှင်ဘုရင်တို့သည်၊ ဇာတိအားဖြင့်၊ မည်သူ၏ အုပ်စိုးခြင်းကို မျှမခံလိုကြချေ။ သို့သော် သူတို့ကို အုပ်စိုးနိင်သော သူသည်၊ စာတန်၏ ၀ိညာဥ် ဖြစ်သည်။ စာတန်၏ ၀ိညာဥ်အုပ်စိုးသော နေရာ၌၊ ဒုစရိုက်ပေါများသည်။ ထို့ကြောင့် လူနည်းသော ရွာများ မှာထက် လူများသော မြို့ကြီးများ၌၊ အပြစ် ဒုစရိုက်ပေါများ တတ်ခြင်း ဖြစ်သည်။ ထို့ကြောင့် ဤနေရာ၌လောကီရှင်ဘုရင်တို့ကို အုပ်စိုးနိင်သူသည် စာတန်၏ ၀ိညာဥ် ဖြစ်မည်။ မြို့သည် အဆောက်အဦးများ အဓိက မဟုတ်၊ လူများ အဓိက ဖြစ်သည်။ ထိုလူများကို အုပ်စိုးသူသည် စာတန် ဖြစ်သည်။

 

ဗျာ ၁ရ မေးခွန်းများ

 

၁။ လူအမြင်၌ ပြည် တန်ဆာသည် ——————————— ဖြစ်သည်။ ဘုရား အမြင်၌ ပြည် တန်ဆာသည် ——————————–၏ ဖြစ်သည်။

၂။ ဣသရေလ လူများသည် ဘာများနှင့် ပြည် တန်ဆာလုပ်ကြသနည်း။ ———————————

၃။ ဘေးဒဏ်ကြီး ကာလ၌ ရှိမည့် ပြည် တန်ဆာသည် မည်သူနည်း။ ———————————

၄။ ဘေးဒဏ်ကြီး ကာလ၌ မည်သူကိုကိုး ကွယ်ကြမည်နည်း။ ——————————-မည်သူကကိုး ကွယ်ခိုင်းမည်နည်း။ —————-

၅။ လောကီဘုရင်များသည် ပြည် တန်ဆာကြီးနှင့် မည်ကဲ့သို့ မတရားသော မေထုန်ကို ပြုသနည်း။ ——————————-

၆။ အဘယ်ကြောင့်နိင်ရေးသမားများသည်၊ ဘာသာရေးကို အသုံးပြုအားကိုး တတ်ကြသနည်း။ ——————————-

ရ။ ပြည် တန်ဆာကြီးနှင့် မတရားသော မေထုန်ကို ခေါင်းဆောင်များသာမကမည်သူတို့ကလည်း ပြုကြသနည်း။ ——————————-

၈။ မတရားသော မေထုန်၏ စပျစ်ရည်နှင့် ယစ်မူးကြခြင်းသည် ဘာကို ဆိုလိုသနည်း။ ——————————-

၉။ ထာ၀ရ ဘုရား၏ မိန်းမသည် မည်သူနည်း။ ——————————-

၁၀။ သားတော် ဘုရား၏ သတို့သမီး လောင်းသည် မည်သူနည်း။ ——————————-

၁၁။သားရဲနီ အပေါ်မှာ ထိုင်သော မိန်းမသည် မည်သူ ဖြစ်သနည်း။ ——————————-

၁၂။ မိန်းမများသည် ဘာကို တပ်မက်တတ်ကြသနည်း။ ——————————-

၁၃။ ယနေ့ အသင်းတော် အတုများလည်း ဘာကို နှစ်သက်ကြသနည်း။ ——————————-

၁၄။ ဘေးဒဏ်ကြီး ကာလ၌ ရှိမည့် ဘာသာရေးလည်း ဘာကို ဦးစားပေးမည်နည်း။ ——————————-

၁၅။ စပျစ်ရည်သောက်လျှင် ဘာ ဖြစ်သနည်း။ ——————————-

၁၆။ ရွှေဖလားထဲ၌ ရုပ်တု၊ ဘုရား တုကိုး ကွယ်ခြင်းနှင့် ပြည့်၍ သောက်လျှင် ဘာ ဖြစ်မည်နည်း။ ——————————-

၁ရ။ မည်သည့်ဘာသာ၌ သူတို့၏ ဘုန်းကြီးများဟောသောအရာ ကို၊ နားမလည်နိင်ကြသနည်း။ ——————————-အဘယ်ကြောင့် မသိနိင်သော ဘာသာသုံးသနည်း။ ————————————————————–

၁၈။ အခြားဘုရားကိုး ကွယ်ခြင်းသည် ဘယ်မြို့မှစတင်ခဲ့သနည်း။ ——————————-

၁၉။ ပြည် တန်ဆာတို့၏ အမိဆိုသည်မှာ ဘာကို ဆိုလိုသနည်း။ ————————————————————–

၂၀။ ဘုရား အတွက် ရွံစရာ အကောင်းဆုံးသော အပြစ်သည် အဘယ်အရာနည်း။ ——————————-

၂၁။ ဘေးဒဏ်ကြီး ကာလ၌ ရှိမည့် ဘာသာသည် ချမ်းသာ ကြွယ်၀မည်လော။ မည်ကဲ့သို့ သိနိင်သနည်း။ ————————————————————–

၂၂။ မိန်းမသည် ဘာနှင့် ယစ်မူးသနည်း။ ————————————————————–

၂၃။ မိန်းမစီးသောသားရဲသည် မည်သူနည်း။ ————————————————————–

၂၄။ စာတန် အုပ်စိုးသောသားရဲ၊ အန္တီ ခရစ်ကို အသက် စာစောင်ထဲ၌ စာရင်မ၀င်သော မြေကြီး သားများကမြင် သောအခါ အဘယ်ကြောင့်အံ့ဩ ကြသနည်း။ ——————-

၂၅။ သမ္မာတရား နားမလည်သော သူများ လည်း၊ မည်သူတို့ကို နောက်လိုက် နေကြသနည်း။ ——————————-

၂၆။ တောင်ခုနှစ်လုံးသည် ဘာ ဖြစ်မည်နည်း။ ————————————————————–

၂ရ။ တောင်ခုနှစ်လုံး အပေါ်မှာ မိန်းမထိုင်ခြင်းသည် ဘာကို ဆိုုိလိုသနည်း။ ————————————————————–

၂၈။ ရှိပြီးသော အင်ပိုင်ယာငါးပါးသည် ————————————————————–တို့ ဖြစ်သည်။ ဖြစ်ဆဲသည် ——————————- ဖြစ်သည်။ ဖြစ်ဦးမည့် အင်ပိုင်ယာသည်

————————————————————– ဖြစ်သည်။

၂၉။ ရှင်ဘုရင်နှင့် အင်ပိုင်ယာများ၌ အုပ်စိုးသော သူသည် ————————- ဖြစ်သည်။

၃၀။ အန္တီ ခရစ်နှင့်အတူ မည်သူတို့ အာဏာရရှိလိမ့်မည်နည်း။ —————————— သူတို့၏ အာဏာကို မည်သို့ ထံအပ်နှံလိမ့်မည်နည်း။ ——————————

၃၁။ ယနေ့ ဘာသာရေး၊ စီးပွားရေးနှင့် နိင်ငံရေးတို့သည်၊ ဘာလုပ်ဘို့ ကြိုးစား နေကြသလဲ။ ——————————

၃၂။ ကမ္ဘာ့ ခေါင်းဆောင် များသည် မည်သူကို စစ်တိုက်ကြမည်နည်း။ ——————————မည်သူကနိင်မည်နည်း။ ——————————

၃၃။ ခရစ်တော်သည် ကြွလာ သောအခါ မည်သူတို့ ပါ၀င်မည်နည်း။ ——————————

၃၄။ ပြည် တန်ထိုင်သော ရေသည်မည် သူများ ဖြစ်သနည်း။ ——————————

၃၅။ ဘာသာရေးရောနှောခြင်းသည် ကောင်းပါသလော။ အဘယ်ကြောင့်နည်း။ ——————————

၃၆။ အဘယ်ကြောင့်ကမ္ဘာ့ ခေါင်းဆောင်များက၊ ဘာသာရေးကို ဖျက်ဆီးကြသနည်း။ ——————————

၃ရ။ သူ၏ အ၀တ်တန်ဆာကို ခွျတ်၍၊ အသား ကိုက်စားမည်ဟုဆိုခြင်းသည် ဘာကို ဆိုလိုခြင်း ဖြစ်သနည်း။ ——————————

၃၈။ သူ၏ကိုယ်ကိုလည်း မီးရှို့ခြင်း ဆိုသည်မှာ ဘာကို ဆိုလိုသနည်း။ ——————————

၃၉။ မြို့ရွာများကို မည်သူကအုပ်စိုးသနည်း။ ——————————

၄၀။ မြို့နှင့် ရွာ၌ မည်သည့်နေရာတွင် အပြစ် ပိုများ တတ်သနည်း။ ——————————

.

 

ဗျာဒိတ်ကျမ်း ၁၈

 

စီးပွားရေးဗာဗုလုန်ပျက်စီးခြင်း

 

ဗျာ ၁ရ ၌ ဘာသာရေးဗာဗုလုန်ပျက်စီးခြင်း တွေ့ခဲ့ရပြီ။ ယခု ဗျာ ၁၈ ၌ စီးပွားရေးဗာဗုလုန်ပျက်စီးခြင်းကို လေ့လာကြမှာ ဖြစ်သည်။

၁။ ထိုနောက်မှ ကောင်းကင်တမန် တပါးသည်၊ ကြီးစွာသော တန်ခိုးနှင့် ပြည့်စုံ၍၊ ကောင်းကင် ကဆင်းသက်သည်ကို ငါမြင်၏။ သူ၏ ရောင်ခြည်အားဖြင့် မြေကြီး ထွန်းလင်းလျက် ရှိ၏။

သန့်ရှင်းသော ၀ိညာဥ်တော် ခေတ်၊ အသင်းတော် ခေတ်တွင် ကောင်းကင်တမန် များသည် မတွေ့ရသလောက်နည်းပါးသော်လည်း၊ ဘေးဒဏ််ကြီး ကာလတွင် ကောင်းကင်တမန် များသည်၊ အဓိကအခန်းကဏ္ဍမှပါ၀င် ကြသည်။ သူတို့သည် ဘုရား မဟုတ်သော်လည်း၊ ဘုရားနှင့် အလွန် နီးသောကြောင့် ထွန်းလင်း ကြသည်။ မောရှေလည်း မျက်နှာထွန်းလင်းသောကြောင့်၊ သူ၏ မျက်နှာကို ပု၀ါနှင့် ဖုံးအုပ်ထားဘို့ လိုခဲ့သည် (ထွက် ၃၄:၃၅)။ အထက်ပါ ကောင်းကင်တမန် ဆင်းသက် သောအခါ၊ လောက သားများအတွက် အံ့ဩဘွယ် ဖြစ်မည်။ သူ့ကို လူတိုင်း ကမြင်နိင်မည်။

 

၂။ သူသည် ကျယ်သော အသံနှင့် ​ေကြးကြော်၍။ ဗာဗုလုန်မြို့ကြီး ဗြုလဲပြီ၊ ဗြုလဲပြီ။ နတ်ဆိုးနေရာ ဖြစ်လေပြီ။ ညစ်ညူးသော ၀ိညာဥ်မျိုး၏တွင်း ဖြစ်လေပြီ။ ညစ်ညူး၍ စက်ဆုပ်ဘွယ်သော ငှက်မျိုး၏ မှီခိုရာ ဖြစ်လေပြီ။

ဗျာ ၁ရ:၅ ၌လည်း ဗာဗုလုန်မြို့ကြီး ပျက်ဆီး ခဲ့ကြောင်း တွေ့ရသည်။ ထိုဗာဗုလုန်သည် ဘာသာရေးဗာဗုလုန် ဖြစ်သည်။ ယခုပြုိလဲသော ဗာဗုလုန်သည် စီးပွားရေးဗာဗုလုန် ဖြစ်သည်။ ထိုဗာဗုလုန်သည် ဘေးဒဏ်ကြီး ကာလ၌ တည်ဆောက်မည့် မြို့လော၊ သို့မဟုတ် ဘယ်မြို့ကို ဆိုလိုသနည်း။ မည်သူမျှအတိအကျ မသိနိင်ပါ။ ထိုမြို့သည် မြို့တမြို့တည်းလော၊ သို့မဟုတ် အခြားအရာကို ဆိုလိုသလော၊ ဟူသောအရာ လည်းရှင်းလင်းစွာ မသိနိင်ပါ။ ထိုအရာသည် ကမ္ဘာဦး၁၁ ထဲ၌ တည်ဆောက်သော ဗာဗုလုန်မြို့နှင့် ဆက်စပ်မှု ရှိပေမည်။ ဘုရားသခင်၏ ရည်ရွယ်ချက်မှာ၊ ” ဘုရားသခင်သည် မိမိ ပုံသဏ္ဍာန်နှင့် အညီလူကို ဖန်ဆင်း တော်မူ၏။ ဘုရားသခင်၏ ပုံသဏ္ဍာန်တော်နှင့် အညီလူယောက်ျား၊ လူမိန်းမကို ဖန်ဆင်းပြီးလျှင်၊ အချင်းတို့၊ များပြားစွာ မွေးဘွားကြလော့။ မြေကြီးကို ပြည့်စေ၍ နိုင်ကြလော့။” (က ၁:၂ ရ- ၂၈) ဟူသောအရာ ဖြစ်သည်။ မြေကြီးကို ပြည့်စေရမည်။ သို့သော် လူသည် မြို့ကြီးများ၌ ပြုတ်သိပ်နေအောင် နေထိုင်ကြကာ၊ ဒုစရိုက်အပြစ် ပေါများခြင်း ဖြစ်သည်။

 

ဗာဗုလုန်မြို့ဟု ခေါ်သော မြို့သည် ပြိုလဲ၍ နတ်ဆိုးများ၊ ညစ်ညူးသော ၀ိညာဥ်များ၏တွင်း ဖြစ်လေပြီ။ ယခုပင်လျှင် မြို့ကြီးများ၌ တောရွာထက် နတ်ဆိုးများ၊ ၀ိညာဥ်ဆိုးများ ကြီး စိုးသောကြောင့် အပြစ် ဒုစရိုက်ပေါများခြင်း ဖြစ်သည်။ ဘေးဒဏ်ကြီး ကာလတွင် ပို၍ နတ်ဆိုး၀ိညာဥ်ဆိုးများ ပို၍ ပေါများသောင်းကြမ်းကြမှာ ဖြစ်သည်။

 

၃။ အကြောင်းမူကား၊ လူမျိုး အပေါင်းတို့သည်၊ သူ၏ မတရားသော မေထုန်၏ အဆိပ်အတောက်တည်း ဟူသော၊ စပျစ်ရည်ကို သောက်ကြပြီ။ လောကီရှင်ဘုရင်တို့သည်၊ မတရားသော မေထုန်ကို သူနှင့် ပြုကြပြီ။ လောကီကုန်သည် တို့သည်၊ သူ၏ ကာမဂုဏ် စည်းစိမ်ကြယ်၀ခြင်း အားဖြင့်၊ ဥစ္စာရတတ်ကြပြီဟု ပြောဆို၏။

ဗာဗုလုန်မြို့ပြိုလဲခြင်းသည် မတရားသော မေထုန်ကြောင့် ဖြစ်သည်။ ဘုရား အမြင်၌ မတရားသော မေထုန်ပြုခြင်းသည် အခြားဘုရားကို ကိုး ကွယ်ခြင်း၊ ထာ၀ရ ဘုရားထက် အခြားအရာတည်း ဟူသော နိင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး၊ စီးပွားရေး၊ ပညာရေး၊ ပျော်ရွှင်ရေး၊ များကို ဦးစားပေးခြင်း ဖြစ်သည်။ လောကီကုန်သည်များချမ်းသာသော သူများသည် ထိုအရာများကို ရှာဖွေခြင်းဖြင့် ကာမဂုဏ် စည်းစိမ်ကို ခံစား ကြသည်။ ထိုအရာများသည် အဆိပ်အတောက်များ ဖြစ်သည်။

 

၄။ အခြားသော ကောင်းကင် အသံကား၊ ငါ၏ လူမျိုးတို့၊ သူ၏ အပြစ် တို့ကို ဆက်ဆံခြင်းနှင့်၎င်း၊ သူ၏ ဘေးဒဏ်များကို ခံခြင်းနှင့်၎င်း၊ ကင်းလွတ် အံ့သောငှါ၊ သူ၏ အထဲကထွက်ကြလော့။

ကောင်းကင်တမန် ကထိုဗာဗုလုန်မြို့ထဲမှ ထွက်သွားဘို့ ဘုရား၏ လူများကို အကြံပေးသည်။ အဘယ်ကြောင့်ထိုသို့ အကြံပေးသနည်းဟူမူကား၊ တရားစီရင်ခြင်း ခံရတော့မှာ ဖြစ်သောကြောင့် ဖြစ်သည်။ ထိုသို့ အကြံပေးခြင်းသည် ရှေးပရောဖက်များကလည်း ဤသို့ ရေးသား ကြသည်။

 

“ထွက်ကြ၊၊ ထွက်ကြ၊၊ ထိုအရပ်မှ ထွက်သွားကြလော့၊၊ မစင်ကြယ်သောအရာ ကို လက်နှင့် မျှမတို့ ကြနှင့်၊၊ ထိုအရပ်ထဲကထွက်သွားကြလော့၊၊ ထာ၀ရ ဘုရား၏ အဆောက်အဦးတို့ကို ဆောင်ရွက်သော သူတို့၊ သန့်ရှင်းခြင်းရှိကြလော့၊၊ သင်တို့သည် အလျင် အမြန် မထွက်ရကြ၊၊ ပြေး၍ မသွားရကြ၊၊ ထာ၀ရ ဘုရားသည် သင်တို့ ရှေ့၌ ကြ တော်မူ မည်၊၊ နောက်၌လည်း ဣသရေလ အမျိုး၏ ဘုရားသခင်သည် သင်တို့ အကွယ်အကာ ဖြစ်တော်မူ မည်၊၊ ” (ဟေရှာယ ၅၂:၁၁-၁၂)

 

“ဗာဗုလုန်မြို့ထဲကပြေးကြလော့။ ခါလဒဲပြည်မှ ထွက်သွားကြလော။ သိုးစုရှေ့၌ သိုးထီးကဲ့သို့ ပြုကြလော့။ အကြောင်းမူကား၊ မြောက်မျက်နှာအရပ်၌ ကြီးစွာသော တိုင်းနိုင်ငံသား အစုအဝေးကို ငါနိုးဆော်၍၊ ဗာဗုလုန်မြို့သို့ ဆောင်ခဲ့မည်။” (ယေရမိ ၅၀:၈-၉)

 

“ငါ၏ လူတို့၊ ဗာဗုလုန်မြို့ထဲကထွက်ကြလော့။ ထာ၀ရ ဘုရား၏ ပြင်းစွာသော အမျက်တော် မှအသီးသီးကိုယ်အသက်ကို ကယ်နှုတ်ကြလော့။” (ယေရမိ ၅၁:၄၅)

 

“မယုံကြည်သော သူတို့နှင့် တဲွဘက်၍ ဆန့်ကျင် ဘက် ဖြစ်သော ထမ်းဘိုးကို မထမ်းကြနှင့်။ တရားသော အမှုသည် မတရားသော အမှုကို အဘယ်သို့ လက်ခံနိုင်မည်နည်း။ အလင်းသည် မှောင်မိုက်နှင့် အဘယ်သို့ ဆက်ဆံနိုင်မည်နည်း။ ခရစ်တော်သည် ဗေလျာလနှင့် အဘယ်သို့ သင့်တင့်နိုင်မည်နည်း။ ယုံကြည်သော သူသည် မယုံကြည်သော သူနှင့်အတူ အဘယ် အကျိုးအပြစ်ကို ခံရမည်နည်း။” (၂ ကော ၆:၁၄-၁၅)။

 

၅။ သူ၏ အပြစ် တို့သည် ကောင်းကင်ဘုံတိုင်အောင် မှီကြသည် ဖြစ်၍၊ သူ၏ မတရားသောအမှု တို့ကို ဘုရားသခင် သတိရ တော်မူပြီ။

မြေကြီးသား အပြစ်သည် ကောင်းကင် တိုင်အောင် ရောက်တတ်ကြောင်း ဤသို့ တွေ့ရသည်။ “ကာဣနကလည်း လယ်သို့ သွားကြကုန်အံ့ဟု ညီအာဗေလကို ခေါ်၍၊ လယ်သို့ ရောက် သောအခါ၊ ညီအာဗေလကို ရန်ဘက်ပြု၍ သတ်လေ၏။ ထာ၀ရ ဘုရား ကလည်း၊ သင့်ညီအာဗေလသည် အဘယ်မှာ ရှိသနည်းဟု၊ ကာဣနကို မေးတော်မူလျှင်၊ အ​ကျွန်ုပ် မသိပါ။ အ​ကျွန်ုပ်သည် ညီကို စောင့်ရသောသူ ဖြစ်ပါသလောဟု လျှောက်ဆို၏။ ဘုရားသခင်က လည်း၊ သင်သည် အဘယ်သို့ ပြုပြီး သနည်း။ သင့်ညီအသွေး၏ အသံသည် မြေထဲကငါ့ကို အော်ဟစ်လျက် ရှိသည် တကား။” (က ၄:၈-၁၀)။ “ထာ၀ရ ဘုရားက၊ သော ဒံုမြို့၊ ဂေါမောရမြို့၌ ​ေကြးကြော်သော အသံသည် ကြီး၍၊ အလွန် အပြစ် လေးသောကြောင့်၊ ယခုငါသွား၍ ငါ့ရှေ့သို့ ရောက်ခဲ့ပြီးသော ​ေကြးကြော်ခြင်းရှိသည် အတိုင်း၊ သူတို့သည် အမှန်ပြုသည် မပြုသည်ကို ငါကြည့်ရှုမည်။ မပြုလျှင် မပြုကြောင်းကို ငါသိမည်ဟု မိန့်တော်မူ၏။” (က ၁၈:၂၀- ၂၁)

 

၆။ သူသည် အကျိုးအပြစ်ကို ဆပ်ပေးသည် နည်းတူသူ၌ ဆပ်ပေးကြလော့။ သူ၏ အကျင့်အတိုင်း နှစ်ဆထပ်၍ စီရင်ကြလော့။ သူလောင်းသော ဖလား၌ သူ့အဘို့ နှစ်ဆတိုး၍လောင်းကြလော့။

ဗာဗုလုန်မြို့ အပေါ်နှစ်ဆသော အပြစ်ကို ဆပ်ဘို့ ပြောထားသည်။ ကျမ်းစာက၊ “အလဲွမယူကြနှင့်။ ဘုရားသခင်သည် မထီမဲ့မြင် ပြုခြင်းကို ခံတော် မမူ။ လူသည် မျိုးစေ့ကြဲသည် အတိုင်း အသီးအနှံကို ရိတ်ရလိမ့်မည်။” (ဂလာ ၆:ရ) ဟုဆိုသည်။ တဖန်၊ ” ဘုရားသခင်သည် လူအသီးသီးတို့အား မိမိတို့ အကျင့်နှင့် အလျောက် အကျိုးအပြစ်ကို ဆပ် ပေးတော်မူ လတ့ံ။” (ရော ၂:၆) ဟုဆိုသည်။ ” လူသားသည် မိမိ အဘခမည်းတော်၏ ဘုန်းအာနုဘော်ကို ဆောင်လျက်၊ ကောင်းကင်တမန် အခြံအရံတို့နှင့် ကြလာ တော်မူ လတံ့။ ထိုအခါ လူအသီးအသီးကျင့်သော အကျင့်နှင့် အလျောက် အကျိုးအပြစ်ကို ဆပ် ပေးတော်မူ လတံ့။” (မ ၁၆:၂ရ)။ ထို့ကြောင့် လူတိုင်း မိမိတို့ ပြုသော အကျင့်တို့ကို သတိထားဘို့ လိုသည်။ သို့သော် ခရစ်တော် ယုံကြည်သူများမူကား အပြစ် အတွက် ကြောက်စရာ မလိုတော့ချေ။ ယုံကြည် ပြီးမှအပြစ် ကျူးလွန် ပါကအသက် ရှင်စဥ်ဆုံးမခြင်း ခံရမှာ ဖြစ်သည်။ အထက်ပါ အပြစ် အတွက် နှစ်ဆခံခြင်းသည်၊ မယုံကြည်သူများအတွက် ဖြစ်သည်။

 

ရ။ သူသည်ကိုယ်ကို ချီးမြောက်၍ ကာမဂုဏ်၌ ပျော်မွေ့သည် အတိုင်း သူ၌ ပြင်းစွာသော ဆုံးမခြင်း၊ စိတ်မသာညည်းတွားခြင်းကို ဖြစ်စေကြလော့။ ငါကား မိဘုရား ဖြစ်၏။ မုတ်ဆိုးမ မဟုတ်။ စိတ်မသာညည်းတွားခြင်းကို မသိရဟု သူသည် အောက်မေ့တတ်၏။ ၈။ ထိုကြောင့်၊ သူခံရသော သေခြင်း ဘေး၊ စိတ်မသာညည်းတွားခြင်း ဘေး၊ မွတ်သိပ်ခြင်း ဘေးဒဏ်များ တို့နှင့် တနေ့ချင်းတွင် တွေ့၍၊ မီးဖြင့်လည်း ​ကျွမ်းလောင်ခြင်းကို ခံရလိမ့်မည်။ သူ့ကို စီရင် တော်မူသော ထာ၀ရ အရှင် ဘုရားသခင်သည် ခွန်အား ဗလကြီး တော်မူ၏။

ဤနေရာ၌ ဗာဗုလုန်မြို့ကို မုတ်ဆိုးမ မဟုတ်၊ မိဘုရားဟု သူ့ကိုယ်သူခေါ်သည်။ ဆိုလိုသည် မှာ စာတန်၏ မိန်းမ၊ စာတန် ကောင်းကြီး ပေးခံရခြင်းကို ဆိုလိုခြင်း ဖြစ်မည်။ ဘုရားသခင်ကို အလိုမရှိ၊ ဂရုလည်း မစိုက်။ သို့သော် ဘုရားသခင်သည် သူ့ကို စီရင်နိင်သော တန်ခိုးခွန်အား ဗလကြီးသည်။ လောက သူဌေးများသည် သူတို့ ယပိုင်ဆိုင်သော ဥစ္စာများကြောင့် မာန်မာနကြီး တတ်ကြသည် မဟုတ်လော။

 

၉။ မတရားသော မေထုန်ကို သူနှင့် ပြု၍ ကာမဂုဏ်၌ ပျော်မွေ့သောလောကီရှင်ဘုရင်တို့သည်၊ သူ​ကျွမ်းလောင်ရာမီးခိုးကို မြင် သောအခါ၊ ၁၀။ သူခံရသော ညှဥ်းဆဲခြင်း ဝေဒနာကို ကြောက််၍ အဝေးကရပ်လျက်၊ ဖြစ်ရလေခြင်း။ ဖြစ်ရလေခြင်း။ ဗာဗုလုန်မြို့ကြီး၊ မြို့စွမ်း၊ သင်သည် တနာရီခြင်းတွင် အပြစ် စီရင်ခြင်းသို့ ရောက်ပါပြီတကား ဟူ၍ သူ့ကြောင့်ငို​ေကြးမြည်တမ်းကြလိမ့်မည်။

အခန်းကြီး ၁ ရတွင် ဘာသာရေးဗာဗုလုန်ကို၊ လောကီရှင်ဘုရင်များကိုယ်တိုင်ကမုန်း၍၊ သတ်ဖြတ်စီရင်ခဲ့ကြောင်း တွေ့ခဲ့ရပြီ။ သို့သော် ဤစီးပွားရေးဗာဗုလုန်ကို ဘုရားသခင်က စီရင်သည်။ ထိုသို့ စီရင်ခြင်းကိုလောကီရှင်ဘုရင်တို့သည် နှမျော တသ နေကြသည်။ အဘယ်ကြောင့်နည်း။ အုပ်စိုး သူများလည်း စာတန် ပိုင်သော၊ လောကီဥစ္စာများကို တပ်မက်သောကြောင့် ဖြစ်သည်။ ဘာသာရေးကို အလိုမရှိသော်လည်း၊ စီးပွားရေးမူအလွန် နှမျော ကြသည်။ ထိုမြို့ကြီးသည် အလျှင် အမြန် တနာရီ အတွင်း တွင် အပြစ် စီရင်ခြင်းကို ခံကြောင်း တွေ့ရသည်။ ထိုသို့ ခဏချင်းတွင် ပျက်စီးနိင်သော ဤလောက ပစ္စည်းများကို တပ်မက်၍ အချိန်၊ စွမ်းအား မကုန်စေကြစို့နှင့်။

 

၁၁။ လောကီကုန်သည် တို့သည် ထိုအတူ ငို​ေကြး၍ စိတ်မသာညည်းတွားကြလိမ့်မည်။ အကြောင်းမူကား၊ သူတို့ ကုန်သွယ်ဥစ္စာတည်း ဟူသော၊ ၁၂။ ရွှေ၊ ငွေ၊ ကျောက်ကောင်း၊ ပုလဲ၊ ပိတ်ချော၊ ကတ္တီပါ၊ ဖဲ၊ ပုဆိုးနီ၊ အမျိုးမျိုးသော သွိန်သစ်သား၊ အမျိုးမျိုးသော ဆင်စွယ်တန်ဆာ၊ အမျိုးမျိုးသော သစ်ကောင်းတန်ဆာ၊ ​ကြေး၀ါတန်ဆာ၊ သံတံဆာ၊ ကျောက်ဖြူတံဆာ၊ ၁၃။ သစ်ကြံပိုး၊ အမေမုန်၊ နံ့သာပေါင်း၊ ဆီမွှေး၊ လောဗန်၊ စပျစ်ရည်၊ ဆီ၊ မုန့်ညက်၊ ဂျံုဆန်၊ နွား၊ သိုး၊ မြင်း၊ ရထား၊ အစေခံ​ကျွန်၊ လူ၀ိညာဥ်တို့ကို အဘယ်သူ မျှနောက်တဖန် မ၀ယ်ရ။

ဗာဗုန်လုန်မြို့ကြီးသည်၊ လောကီကုန်သည် များ၏ ဖေါက်သည် ဖြစ်သောကြောင့်၊ ဘုရားသခင်၏ စီရင်ခြင်း ခံရ သောအခါ၊ နှမျှော် ကြခြင်း ဖြစ်သည်။ သူတို့ ကုန်သွယ်သော ပစ္စည်းများ အထက်၌ ဖေါ်ပြထားသည်။ ထိုအရာများသည် ရှေးခေတ်၌ ရှိသော ကုန်များ ဖြစ်၍၊ ယခုခေတ်တွင် ထို့ထက်များသော ကုန်များ ကုန်သွယ်ကြမှာ ဖြစ်သည်။ ဤစီးပွားရေးဗာဗုလုန်သည်၊ တကမ္ဘာလုံးနှင့် စီးပွားကုန်သွယ်သော၊ အမေရိကန်ပြည် ထောင်စု ဖြစ်လိမ့်မည်ဟု၊ အချို့သော သူများ ကယူဆ ကြသည်။ ဖြစ်လည်း ဖြစ်နိင်သည်။ သို့သော် ဖြစ်သည်ဟု ပြော၍ မရပါ။ အချို့သော သူများ ကရေနံအားဖြင့် ကြွယ်၀ချမ်းသာ သော၊ ဆော်ဒီအရဗျနိင်ငံ ဖြစ်မည်၊ ဟုဆိုသည်။ ထိုအရာလည်း မသေချာပါ။

 

၁၄။ သင်သည် အလွန် တပ်မက်သော သစ်သီးမျိုးလည်း ပျောက်ကုန်ပြီ။ ဆူဖြိုးးသောအရာ၊ တင့်တယ်သောအရာ ရှိသမျှ တို့လည်း ပျောက်ကုန်ပြီ။ နောက်တဖန် မတွေ့ရ။ ၁၅။ သူ့ကို အမှီပြု၍ ထိုအရာများကို ရောင်း၀ယ်သဖြင့်၊ ငွေရတတ်သော ကုန်သည် တို့သည် သူခံရသော ညှဥ်းဆဲခြင်း ဝေဒနာကို ကြောက်၍ အဝေးကရပ်လျက်၊ ၁၆၊ ဖြစ်ရလေခြင်း၊ ဖြစ်ရလေခြင်း၊ ပိတ်ချော၊ အ၀တ်နီ၊ အ၀တ်မောင်းကို ၀တ်၍၊ ရွှေတန်ဆာ၊ ကျောက်မြတ်တန်ဆာ၊ ပုလဲတန်ဆာကို ဆင်သော မြို့ကြီး၊ ၁၇ဤမျှလောက်ကြီးစွာသော စည်းစိမ်သည် တနာရီခြင်းတွင် ပျက်ဆီး ပါပြီတကားဟု ငို​ေကြး၍ စိတ်မသာညည်းတွားကြလိမ့်မည်။ ခပ်သိမ်းသော သင်္ဘောသူကြီး၊ အရပ်ရပ်သို့ လွှင့်ကူးတတ်သောသူ အပေါင်းတို့နှင့် သင်္ဘောသား၊ ပင်လယ်ကုန်သည် ရှိသမျှ တို့သည် အဝေးကရပ်၍၊ ၁၈ သူ​ကျွမ်းလောင်ရာမီးခိုးကို မြင်လျှင် ထိုမြို့နှင့် အဘယ်မြို့တူသနည်းဟူ၍၎င်း၊ ဖြစ်ရလေခြင်း၊ ဖြစ်ရလေခြင်း၊ ပင်လယ်ကူးသော သင်္ဘောကို ပိုင်သောသူ အပေါင်းတို့ အားကိုယ်စည်းစိမ်ကို ပေး၍ ငွေရတတ်စေသော မြို့ကြီး၊ တနာရီခြင်းတွင် ပျက်ဆီး ပါပြီတကားဟု၍၎င်းအော်ဟစ်လျက် မြေမှု န့်ကို မိမိတို့ ခေါင်းပေါ်မှာ ပစ်တင်လျက် ငို​ေကြး၍ စိတ်မသာညည်းတွားကြလိမ့်မည်။

အထက်ပါ ကဲ့သို့ လောက ပစ္စည်းများသည် ချက်ချင်း ပျောက်ကွယ်နိင်သောကြောင့် ထိုအရာများကို မစွဲလမ်းသင့်ချေ။ ကျမ်းစာက၊ “လောကကို၎င်း၊ လောက၌ ရှိသောအရာ တို့ကို၎င်း၊ မချစ်ကြနှင့်။ လောကကို ချစ်သော သူမည်သည်ကား၊ ခမည်းတော်ကို ချစ်ခြင်း မေတ္တာမရှိ။ လောက၌ ရှိသမျှသောအရာ တည်း ဟူသောကိုယ်ကာယတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လောကီစည်းစိမ်၌ ၀ါကြွားခြင်း တို့သည် ခမည်းတော်နှင့် မစပ်ဆိုင်၊ လောကနှင့် သာစပ်ဆိုင်ကြ၏။ လောကနှင့်လောကီတပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏။” (၁ ယော ၂:၁၅-၁ရ)။ ယခုမှစ၍လောက အရာများအတွက် အချိန်၊ စွမ်းအား၊ ဘဏ္ဍာများကို လိုအပ်သည်ထက် အသုံးမပြု၊ မရင်းနှီးဘို့ ဆုံးဖြတ်ပါ။ ထိုအရာများထက် ထာ၀ရ တည်မြဲသော ကောင်းကင် အရာ၊ ၀ိညာဥ်ရေးရာအတွက် အချိန်၊ ဘဏ္ဍာ၊ စွမ်းအား များကို စိုက်ထုတ်ပါ။ လုံး၀နောင်တ ရမည် မဟုတ်။ ဗာဗုလုန်မြို့ပျက် သောအခါလောကသား များသည် အလွန် နှမျှော်၍ ခံစား ကြသည်။ အကြောင်းမှာ ထို့ထက် ကောင်းသော ကောင်းကင် အရာကို မသိသောကြောင့် ဖြစ်သည်။

 

၂၀။ ကောင်းကင် မှစ၍ သန့်ရှင်းသူတမန်တော် ပရောဖက်တို့၊ သူ့ကို ကြည့်ရှု၍ ၀မ်းမြောက်ကြလော့၊ ဘုရားသခင်သည် သင်တို့ ဘက်၌ နေ၍၊ သူ့ကို တရားစီရင် တော်မူ ပြီဟု ပြောဆိုသည်ကို ငါကြား၏။

ဗာဗုလုန်မြို့ကြီး ဖျက်ဆီး သောအခါ၊ အဘယ်ကြောင့်ကောင်းကင် မှစ၍၊ သန့်ရှင်းသူတမန်တော်များ၊ ၀မ်းမြောက်ဘို့ ပြောသနည်းဟူမူကား၊ ဘုရား ဖန်ဆင်းသော ဤလောကကို၊ စာတန် ကအုပ်စိုးသောကြောင့် ညစ်ညူးသည်။ ခရစ်တော်ကိုယ်တိုင်ဤလောကသို့ ကြွလာခဲ့စဥ်၊ သူ့ကို လက်မခံခဲ့ကြချေ။ “ထိုသူသည် ဤလောက၌ ရှိတော်မူ ပြီ။ ဤလောက ကိုလည်း ဖန်ဆင်း တော်မူ ပြီ။ သို့သော်လည်း ဤလောကသည် ထိုသူကို မသိ။ ၁၁ သူသည် မိမိ ​ေဒသအရပ်သို့ ကြလာသော်လည်း၊ မိမိ လူမျိုးတို့သည် သူ့ကို လက်မခံဘဲ နေကြ၏။” (ယော ၁:၁၀- ၁၁) တမန်တော်များပရောဖက်များလည်း၊ လောကကို ချစ်သော သူများက၊ ညှင်းဆဲသတ်ဖြတ်ခဲ့သည်။ သူတို့ ညှင်းဆဲသတ်ဖြတ်ခြင်း ခံခဲ့စဥ်က ဘုရားသခင်သည် မရှိ သကဲ့သို့ သူ၏ လူများကို မကူညီအကာကွယ်ခဲ့သော်လည်း၊ ယခုအခါ တရားစီရင်ပြီ ဖြစ်သောကြောင့် ၀မ်းမြောက်ခိုင်းခြင်း ဖြစ်သည်။

 

၂၁။ ခွန်အားကြီးသော ကောင်းကင်တမန် တပါးသည်၊ ကြီးစွာသော ကြိတ်ဆုံကျောက်ကဲ့သို့သော ကျောက်ကို၊ ချီယူ၍ ပင်လယ်ထဲသို့ ချပစ်ပြီးလျှင် ထိုနည်းတူ၊ ဗာဗုလုန်မြို့ကြီးကို ပြင်းထန်စွာ ချပစ်၍ နောက်တဖန် မပေါ်မရှိရ။

ဗာဗုလုန်မြို့ကြီး တရားစီရင်ခြင်းကို ပင်လယ်ထဲ၌ ကြိတ်ဆုံကျောက်ချပစ် သကဲ့သို့ ခိုင်းနှိုင်းထားသည်။ သူငယ်တယောက်ကို လမ်းလွှဲစေသူလည်း ထို့နည်းတူတရားစီရင်သင့်ကြောင်း ယေရှုခရစ် ကပြောခဲ့ဘူးသည် (မ ၁၈:၆ လု ၁ရ:၂၊ မာ ၉:၄၂)။ ဆိုလိုသည် မှာလုံး၀ရေပေါ်၌ မပေါ်နိင်အောင် ဖြစ်သည်။ ဘုရားသခင်သည် မည်မျှခံစား သနည်းဟူသောအရာ ကို သိနိင်သည်။

 

၂၂။ စောင်းသမား၊ အငြိမ့်သမား၊ ပလွေသမား၊ တံပိုးသမားများ တီးမှုတ်သော အသံလည်း သင့်အထဲ၌ နောက်တဖန် မမြည်ရ။ အမျိုးမျိုးသော လက်တတ်သမားတို့ တွင်၊ တယောက် မျှသင့်အထဲ၌ နောက်တဖန် မပေါ်မရှိရ၊ }ကိတ်ဆုံသံလည်း သင့်အထဲ၌ နောက်တဖန် မမြည်ရ။

တိုင်တဲနစ်သင်္ဘောနစ် သောအခါ ဆူညံစွာ ကကုန်တီးမှုတ်ခဲ့သောအရာ များ တိတ်ဆိတ်သွားခဲ့သည်။ ထို့နည်းတူဗာဗုလုန်မြို့ကြီး ပျက်စီး သောအခါ၌လည်း ဖြစ်မည်။ ယခုအခါ ဤလောကသည် ဘုရား မပါဘဲ မိမိတို့ စိတ်ကြိုက်ဆူညံစွာ ပျော်မြူး နေကြသည်။ လူတိုင်း သမ္မာတရား ဟောသောအရာ ကို နားမထောင်ချင် ကြသော်လည်း၊ သီချင်းများ မူအချိန် တိုင်း နားထောင် နေကြသည်။ သို့သော် တနေ့ထိုအရာများ တိတ်ဆိတ်သွားမှာ ဖြစ်သည်။ အမျိုးမျိုးသော အလုပ်ကို လုပ်ကိုင်၍ ဗျာများ နေကြကာ၊ ဘုရား တရားမှန်း မသိကြသော်လည်း၊ တနေ့အားလုံးရပ်တန့်သွားကြမှာ ဖြစ်သည်။

 

၂၃။ ဆီမီးအလင်းလည်း သင့်အထဲ၌ နောက်တဖန် မထွန်းမလင်းရ။ မင်္ဂလာဆောင်သတို့သား သတို့သမီး အသံကိုလည်း သင့်အထဲ၌ နောက်တဖန် မကြားရ။ အကြောင်းမူကား၊ လောကီမªးမတ်တို့သည် သင်၏ ကုန်သည် ဖြစ်ကြပြီ၊ လူအမျိုးမျိုး တို့သည် သင်၏ ပြုစားခြင်း ပရိယာယ်အားဖြင့် လှည့်ဖြားခြင်းကို ခံရကြပြီဟု ကောင်းကင်တမန် ပြောဆို၏။

ဆီမီးထွန်းခြင်းလည်း မရှိတော့ချေ။ မင်္ဂလာဆောင်ခြင်းလည်း ကုန်ဆုံးသွားသည်။ ယခုုမီးထိန်ထိန်လင်းသေး၍ မင်္ဂလာဆောင်ခြင်း များလည်း တွေ့မြင်နေရသေးသည်။ သို့သော် ထိုအရာများ ပျောက်၍ ဆိတ်ညံသော အချိန်သည် လာဆဲရှိ၍ မကြာမှီ ဖြစ်တော့မည်။

 

၂၄။ ပရောဖက် တို့၏ အသွေး၊ သန့်ရှင်း သူတို့၏ အသွေး၊ မြေကြီး ပေါ်မှာ ကွပ်မျက်သောသူ အပေါင်းတို့၏ အသွေးကို ထိုမြို့၌ တွေ့၏။

ထိုဗာဗုလုန်မြို့သည် သွေးစွန်းသော မြို့ ဖြစ်သည်။ အထူးသဖြင့် ပရောဖက်များ၊ သန့်ရှင်း သူများကို ကွပ်မျက်သော မြို့ ဖြစ်သည်။ ယေရှုခရစ် က ယေရုရှလင် မြို့နှင့် ပတ်သက်၍ ဤကဲ့သို့ ဆိုခဲ့ဘူူးသည်၊ “အို ယေရုရှလင် မြို့၊ ယေရုရှလင် မြို့၊ သင်သည် ပရောဖက် တို့ကို သတ်မြဲရှိ၏။ သင်ရှိရာသို့ စေလွှတ်သော သူတို့ ကိုလည်း ကျောက်ခဲနှင့် ပစ်မြဲရှိ၏။ ကြက်မသည် မိမိသား ငယ်တို့ကို အတောင်အောက်၌ စုရံုး သကဲ့သို့ သင်၏သား တို့ကို စုရံုးစေခြင်းငှါ }ကိမ်ဖန်များစွာ ငါအလိုရှိပြီ။ သင်မူကား အလိုမရှိ။ သင်တို့ နေသော အိမ်သည် သင်တို့၌ လူဆိတ်ညံလျက် ကျန်ရစ်ရ၏။ ငါဆိုသည်ကား၊ ထာ၀ရ ဘုရား၏ အခွင့်နှင့် ကြွလာသော သူသည် မင်္ဂလာရှိစေသောဟု သင်တို့ မပြောမှီတိုင်အောင် ယခုမှစ၍ သင်တို့သည် ငါ့မျက်နှာကို မမြင်ရကြဟု မိန့်တော်မူ၏။” (မ ၂၃:၃ ရ- ၃၉)။

 

ဗျာ ၁၈ မေးခွန်းများ

 

၁။ အသင်းတော် ခေတ်တွင် ကောင်းကင်တမန် များတွေ့ရပါသလား။ ———————————-

၂။ ဘေးဒဏ်ကြီး ကာလတွင် ကောင်ကင်တမန်များမကြာခဏတွေ့ရပါသလား။ ——————————–

၃။ ဗျာ ၁ ရ၌ ပျက်ဆီးသော ဗာဗုလုန်သည် ——————-ဗာဗုလုန် ဖြစ်၍၊ ဗျာ ၁၈၌ ပျက်ဆီးသော ဗာဗုလုန်သည် —————–ဗာဗုလုန် ဖြစ်သည်။

၄။ မြို့ကြီးနှင့် တောရွာ၌၊ မည်သည့်နေရာ၌ နတ်ဆိုးပို၍ ပေါသနည်း။ —————–

၅။ ဘေးဒဏ်ကြီး ကာလ၌ နတ်ဆိုးပေါများ ပါမည်လော။ —————–

၆။ ဘုရား အမြင်၌ မတရားသော မေထုန်ပြုခြင်းသည် ဘာကို ဆိုလိုသနည်း။ —————————————————————-

ရ။ ကောင်းတမန်က၊ လူများကို မည့်သည့်နေရာမှ ထွက်ခိုင်းသနည်း။ ————————————————

၈။ မည်သည့်ဓမ္မဟောင်းပရောဖက်များက၊ ဗာဗုလုန်မြို့ထဲကလူများကို ထွက်ခိုင်းသနည်း။ ————————————————

၉။ လောက၌ ကျူးလွန်သော အပြစ်များသည် ——————————–သို့ ရောက်တတ်သည်။

၁၀။ မယုံကြည်သူများကအပြစ် ကျူးလွန် သမျှသည် ပြန်ခံကြရမည်လော။ —————-

၁၁။ ဗာဗုလုန်မြို့ကသူ့ကိုယ်သူမိဖုရား ဖြစ်သည်၊ မုတ်ဆိုးမ မဟုတ်ဟုဆိုသည်ခြင်း ဘာကို ဆိုလိုသနည်း။

၁၂။ လောကီရှင်ဘုရင်တိုိ့သည်၊ ဘာသာရေးဗာဗုလုန်ကို ————-၍ သတ်ဖြတ်ကြသော်လည်း၊ စီးပွားရေးဗာဗုလုန်ကို ————– ကြသည်။

၁၃။ လောက ပစ္စည်းများသည် တနာရီ အတွင်း တွင် ပျက်စီးနိင်သောကြောင့် စွဲလမ်းသင့််သလော။ —————————-

၁၄။ လောကီကုန်သည် များသည် အဘယ်ကြောင့်ငိုကြွေးကြသနည်း။ ——————————————

၁၅။ အဘယ်ကြောင့်လောကသား များသည် ဗာဗုလုန်မြို့ပျက် သောအခါ အလွန် နှမျှော်၍ ခံစား ကြသနည်း။ ——————————————

၁၆။ သင်သည် ဤလောက အရာများကို စွဲလမ်းတပ်မက်သလော။ —————————-

၁ရ။ ဤလောကသို့ ခရစ်တော် ကြွလာခဲ့ သောအခါ၊ သူ့ကို လက်ခံခဲ့ကြသလော။ ————–ဘာလုပ်ကြသနည်း။ —————————-

၁၈။ တမန်တော်များပရောဖက် များကို မည်သူတို့ ကသတ်ဖြတ်ခဲ့သနည်း။ —————————-

၁၉။ ကောင်းကင် မှစ၍ သန့်ရှင်းသူတမန်တော် ပရောဖက် တို့ကို၊ အဘယ်ကြောင့်၀မ်းမြောက်ခိုင်းသနည်း။ ——————————————————–

၂၀။ ဗာဗုလုန်မြို့ကြီးကို အဘာကဲ့သို့ ချပစ်သနည်း။ —————————-အဘယ်ကြောင့်နည်း။ ——————————————————–

၂၁။ ယနေ့၊ ဤလောကသည် ဆူညံနေပါသလား။ ————–သီချင်းများ အလွန် ကြိုက်နှစ်သက်ကြပါသလား။ —————————-

၂၂။ တနေ့ကျလျှင်လောက ဆူညံမှု အားလုံးဘာ ဖြစ်မည်နည်း။ —————————-

၂၃။ မင်္ဂလာဆောင်ခြင်းများဘာ ဖြစ်ရဦးမည်နည်း။ ————————–

၂၄။ ဗာဗုလုန်မြို့၌မည် သူများ၏ အသွေးစွန်းသနည်း။ ———————————–

.

 

ဗျာဒိတ်ကျမ်း ၁၉

 

ခရစ်တော် ဒုတိယအကြိမ် ကြွလာခြင်း

 

ဗျာ ၁၉သည် ဘေးဒဏ်ကြီး ကာလ၏ အဆုံး ဖြစ်သည်။ ခရစ်တော်သည် မင်္ဂလာဆောင်၍ ရှင်ဘုရင်အဖြစ် အုပ်စိုးဘို့ရန် ဤကမ္ဘာပေါ်သို့ ဆင်းသက်လာခြင်းကို ဖေါ်ပြသွားသည်။

 

၁။ ထိုနောက်မှကောင်းကင်ဘုံ၌ စည်းဝေးသော သူအများ တို့၏ အသံကြီးကား၊ ဟာလေလုယ၊ ငါတို့ ဘုရားသခင်၏ ကယ်တင် တော်မူခြင်း ချမ်းသာ၊ ဘုန်းအသရေတန်ခိုးတော် ပေတည်း။

ဟာလေလုယဟူသော စကား လုံးသည် ဗျာ ၁၉:၁၊ ၃၊ ၄၊ ၆နှင့် ဆာလံ ၁၀၄:၃၅၊ ၁၀၅:၄၄၊ ၁၀၆:၄၈များ၌ သာတွေ့ရသည်။ ” ဘုရားသခင်ကို ချီးမွမ်းပါ၏”ဟု အဓိပ္ပါယ်ရှိသည်။ ထိုချီမွမ်းခြင်းကို ကောင်းကင်ဘုံ၌ ရှိသောသူ၊ ယုံကြည်သူများနှင့် ကောင်းကင်တမန် များကကြီးသော အသံနှင့် ပြုခြင်း ဖြစ်သည်။ သူတို့ ချီးမွမ်းခြင်းသည် ဘေးဒဏ်ကြီး ကာလပြီး ဆီးသွား၍ ကယ်တင်ခြင်းကြောင့် ဖြစ်သည်။ ဘုရားသခင်၏ ဘုန်းအသေရေတန်ခိုးကို ချီးမွမ်းခြင်းလည်း ဖြစ်သည်။

 

၂။ စီရင် တော်မူခြင်း အရာတို့သည်ဟုတ်မှန်​ဖြောင့်မတ်ကြ၏။ မိမိ မတရားသော မေထုန်အားဖြင့် မြေကြီးကို ပုပ်ပျက်စေသော ပြည် တန်ဆာကြီးကို စစ်ကြောစီရင် တော်မူ ပြီ။ ကိုယ်တော် ​ကျွန်တို့၏ အသွေးကို သူ၏ လက်ဖြင့် သွန်းသော အပြစ်နှင့် အလျောက်ဒဏ် ပေးတော်မူ ပြီဟု ပြောဆို ကြသည်ကို ငါကြား၏။

ချီးမွမ်းခြင်း၏ အကြောင်းရင်းကို၊ ဆက်ရေးထားသည်။ ဘုရားသခင်က၊ မတရားသော မေထုန်နှင့် မြေကြီးကို ပုပ်ပျက်စေသော ပြည် တန်ဆာကြီးကို၊ စီရင် တော်မူခြင်း သည်ဟုတ်မှန်​ဖြောင့်မတ်သည်၊ ဘုရားသခင်သည် မှားယွင်းခြင်း မရှိ၊ ဟု ထောက်ခံကြခြင်း ဖြစ်သည်။ ထိုပြည် တန်ဆာကို ဗျာ ၁ရ ၌ တွေ့ရ၍ ကမ္ဘာ့ ဘာသာရေးကို ဆိုလိုသည်။ ထိုပြည် တန်ဆာသည် ဘုရား၏ ​ကျွန်များ တည်း ဟူသော ပရောဖက်များ၊ ယုံကြည်သူများကို သတ်ခဲ့၍ အသွေးသွန်းခဲ့ပြီ။ ထို့ကြောင့် သူ့ကို သူ၏ အပြစ်နှင့် အလျောက်ဒဏ်ပေးသည်ဟုဆို ကြသည်။

 

၃။ တဖန်တုံ၊ ဟာလေလုယဟူ၍၎င်း၊ သူ၏ မီးခိုးသည် ကမ္ဘာအဆက်ဆက်တက်သည် ဟူ၍၎င်း ပြောဆို ကြ၏။

တဖန် ဟာလေလုယဟူ၍ ဘုရားကို ချီးမွမ်းကြပြန်သည်။ ပြည် တန်ဆာကြီးကို ရှို့သော မီးသည် အခန်း၁၈၌ ဖေါ်ပြထားသောအရာ ဖြစ်သည်။ ထိုမီးခိုးသည် ကမ္ဘာအဆက်ဆက်တည်း ဟူသော ထာ၀ရ ကာလ ပတ်လုံးတက်လျက် ရှိသည်။ ထိုမီးသည် ရုပ်လောက မီး ဖြစ်ပါကကြာလာလျှင် ငြိမ်းသွားမှာ ဖြစ်သည်။ သို့သော် ၀ိဥာဏလောက၌ မူမငြိမ်းနိင်ဘဲ ထာ၀ရလောင်​ကျွမ်းမှာ ဖြစ်သည်။

 

၄။ အသက် ကြီး သူနှစ်ဆယ်လေးပါးနှင့် သတ္တာ၀ါလေးပါးတို့သည် ပြပ်၀ပ်၍၊ ပလ္လင်တော် ပေါ်မှာ ထိုင်တော်မူသော ဘုရားသခင်ကို ကိုး ကွယ်လျက်၊ အာမင်၊ ဟာလေလုယဟု လျှောက်ဆိုကြ၏။

အသက် ကြီး သူနှစ်ဆယ်လေးပါးနှင့် သတ္တာ၀ါလေးပါးတို့ကို မကြာခဏတွေ့ရသည်။ ထိုသူများကလည်း ထာ၀ရ ဘုရားကို ကိုး ကွယ်၍ ကောင်းကင်ဘုံ၌ ရှိသော သူအများနှင့် သဘောတူ လျက် ဟာလေလုယဟု ချီးမွမ်း ကြသည်။

 

၅။ ပလ္လင်တော် ပေါ်ကထွက်သော အသံကား၊ ဘုရားသခင်၏ ​ကျွန် အပေါင်းတို့နှင့် ဘုရားသခင်ကို ကြောက်ရွံ့သော သူအကြီး အငယ် အပေါင်းတို့၊ ငါတို့ ဘုရားသခင်ကို ချီးမွမ်းကြလော့ဟုဆိုသတည်း။

ပလ္လင်တော် ပေါ်ကထွက်သော အသံသည် မည်သူ၏ အသံ ဖြစ်မည်နည်း။ ဘုရားသခင်ကိုယ်တော်တိုင်၏ အသံလော သို့မဟုတ် ကောင်းကင်တမန်၏ အသံလောမရှင်းပါ။ သို့သော် ငါတို့ ဘုရားသခင်ကို ချီးမွမ်းလောဟုဆိုသောကြောင့် ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်နိင်မည် မဟုတ်၊ ကောင်းကင်တမန် ဖြစ်နိင်သည်။ ဘုရားသခင်ကို ချီးမွမ်းဘို့ရန် တိုက်တွန်းသည်။ ဘုရားသခင်၏ ​ကျွန်နှင့် သူ့ကို ကြောက်ရွံ့သော သူများ၏ အဓိကအလုပ်သည် ချီးမွမ်းခြင်း ဖြစ်သည်။

 

၆။ တဖန်တုံ၊ ဟာလေလုယ။ အနန္တတန်ခိုးနှင့် ပြည့်စုံ တော်မူသော ထာ၀ရ အရှင်၊ ငါတို့ ဘုရားသခင်သည် စိုးစံ တော်မူ၏။

နောက်ဆုံးဟာလေလုယဟု တွေ့ရသည်။ အနန္တတန်ခိုးသည် တိုင်း ဆ၍ မရသော တန်ခိုး (ဥာညငစသအနညအ)ကို ဆိုလိုသည်။ ထိုတန်ခိုးသည် ထာ၀ရ ဘုရား၌ သာရှိသည်။ ထာ၀ရ ဘုရားသည် အနန္တတန်ခိုးရှိသော်လည်း အဘယ်ကြောင့် စာတန်သည်လောလောဆယ်ကမ္ဘာကို အုပ်စိုးနေသနည်းဟု မေးနိ်င်သည်။ အကြောင်းမှာ ရန်သူအင်အားကြီး မှ၊ ထိုရန်သူကိုအောင် နိုင်သော သူ၏ တန်ခိုးသည် ထင်ရှားတတ်သည်။ ရန်သူသည် အင်အား နည်းလွန်းပါက ဘုရားသခင်၏ တန်ခိုးသည် သိနိ်င်မည် မဟုတ်။ ဂေါလျတ်သည် အလွန် ကြီး သောကြောင့်၊ သူ့ကို နိင်သော ဒါ၀ိဒ်သည် နာမည်ကြီး နိင်သည်။ ဂေါလျတ်သည် ငယ်ငယ်လေး ဖြစ်ပါက၊ ဒါ၀ိဒ်၏ အစွမ်းကို ချီးမွမ်းကြမည် မဟုတ်။ ဘုရား ဘုန်းတော်လည်း ထင်ရှားမည် မဟုတ်။

 

သိုးသငယ်၏ မင်္ဂလာဆောင်ပွဲ

ရ။ ငါတို့သည် ၀မ်းမြောက်ရွှင်လန်းကြကုန်အံ့၊ ဂုဏ်တော်ကို ချီးမွမ်းကြကုန်အံ့။ အကြောင်းမူကား၊ သိုးသငယ်၏ မင်္ဂလာဆောင်ပွဲကို ခံချိန်ရှိပြီ။ သူ၏ မိန်းမသည်ကိုယ်ကို တန်ဆာဆင်ပြီဟု စည်းဝေးသော သူအများ တို့၏ အသံ၊ သမုဒ္ဒ​ရာသံ၊ ပြင်းစွာသော မိုဃ်းကြိုးသံကဲ့သို့ ငါကြား၏။

သိုးသငယ်သည် ခရစ်တော် ဖြစ်သည်။ သူ၏ မင်္ဂလာဆောင်ပွဲကို ခံချိန်ရှိပြီဟုဆိုသည်။ သို့ဖြစ်လျှင် သတို့သမီး သည် အဘယ်သူ နည်း။ သူ၏ သတို့သမီး သည် စစ်မှန်သော အသင်းတော် ဖြစ်သည်။ ရှင်ပေါလုကအသင်းတော်သည် ခရစ်တော်၏ မယား ဖြစ်ဘို့ စေ့စပ်ထားကြောင်း ဤသို့ ရေးထားသည်၊ “ငါသည် သင်တို့ကို သီလနှင့် ပြည့်စုံသော သတို့သမီး ကညာကဲ့သို့ ခရစ်တော်အား ဆက်အံ့သောငှါ၊ သင်တို့ကို လင်တဦးနှင့် ထိမ်းမြား ဆောင်နှင်း (စေ့စပ်)ပြီး သောကြောင့်၊ ဘုရားသခင်၏ အလိုတော် အတိုင်း စိုးရိမ်သော စိတ် (ိငလငညန​ြန​ေူသကျပ) နှင့် သင်တို့ကို စောင့်ရှောက်လျက် နေ၏။” (၂ ကော ၁၁:၂)။ တဖန်၊ “သင်တို့ (ရောမအသင်းတော် ရှိယုံကြည်သူများ) သည် အခြားသော သူတည်း ဟူသော၊ သေခြင်း မှထမြောက် တော်မူသောသူ (ယေရှု)၏ မယား ဖြစ်၍၊ ဘုရားသခင်၏ အလိုတော်နှင့် အညီတိုးပွါးမည်အကြောင်း၊ ခရစ်တော်၏ကိုယ်ခန္ဓာအားဖြင့် သေ၍ ပညတ်တရားနှင့် ကွာကြ၏။” (ရောရ:၄)။ ထိုအပြင်ဧဖက်အသင်းတော်ထံ၊ “အချင်းယောက်ျားတို့၊ ခရစ်တော်သည် အသင်းတော်ကို ချစ် တော်မူ သကဲ့သို့၊ သင်တို့လည်းကိုယ်ခင်ပွန်းကို ချစ်ကြလော့။” (ဧဖက် ၅:၂၅) ဟု အသင်းတော်နှင့် ခရစ်တော်ကို လင်မယားနှင့် ခိုင်းနှိုင်းထားသည်။ ခရစ်တော်သည် အသင်းတော် တည်း ဟူသော သတို့သမီးကို မင်္ဂလာဆောင်တော့မှာ ဖြစ်သောကြောင့် ကောင်းကင်၌ ရွှင်လန်း၀မ်းမြောက်ကြဘို့ ကြီးစွာသော အသံဖြင့် ကြွေးကြော်ခြင်း ဖြစ်သည်။

 

၈။ ထိုမိန်းမသည် စင်ကြယ်ပြောင်လက်သော၊ ပိတ်ချောကို ၀တ်ဆင်ရသော အခွင့်ကို ရ၏။ ထိုပိတ်ချောမူကား၊ သန့်ရှင်း သူတို့၏ ​ဖြောင့်မတ်ခြင်း ဖြစ်သတည်း။

ပိတ်ချောသည် သန့်ရှင်း သူတို့၏ ​ဖြောင့်မတ်ခြင်း ဖြစ်သည်ဟုဆိုသည်။ အာဒံနှင့် ဧ၀တို့ လင်မယား အပြစ် လုပ် သောအခါ အ၀တ်အချည်းစည်း ဖြစ်၍ ရှက်ကြောက်ကြသည် (က ၃:ရ၊ ၁၀)။ သူတို့၏ သားသမီး တိုင်းလည်း အ၀တ်အချည်းစည်းဖြင့် မွေးဘွား ကြသည်။ ထို့ကြောင့် သင်ပေးစရာ မလိုဘဲ ရှက်ကြောက်တတ် ကြသည်။ ခရစ်တော် ကလောဒိကိအသင်းတော်ထံ၊ “သင်သည် အ၀တ်အချည်းစည်းရှိ၍၊ သူတပါးရှေ့တွင် မရှက်စေခြင်းငှါ ခြုံစရာဘို့၊ ဖြူသော အ၀တ်ကို ငါ့ထံမှ ာ၀ယ်လော့။” (ဗျာ ၃:၁၈) ဟု အကြံပေးခဲ့သည်။ ထို့ကြောင့် ရုပ်ပိုင်းဆိုင်ရာအ၀တ်လှလှလေးများ၀တ်ဆင်ရုံဖြင့် မပြီးပါ။ ဘုရားသခင် ရှေ့၌ လုံခြုံဘို့ရန် ဘုရား ပေးသော အ၀တ်လိုအပ်သည်။ ဘုရားသခင်သည် ဧ၀နှင့် အာဒံတို့ကို သနားသောကြောင့်၊ “လူလင်မယား ဘို့သားရေဖြင့် ၀တ်လုံကို လုပ်၍ ၀တ်ခြုံစေ တော်မူ၏။” (က ၃:၂၁)။ အာဒံနှင့် ဧ၀တို့သည် သစ်ရွက်ဖြင့် အရှက်ဖုံး သကဲ့သို့ လူသား တိုင်းလည်း ပညတ်တော် ကျင့်ခြင်းအားဖြင့် အရှက်ဖုံးတတ် ကြသည်။ သို့သော် မလုံခြုံသောကြောင့် ဘုရားသခင်က ယေရှုခရစ်၏ ​ဖြောင့်မတ်ခြင်းကို ခြုံဘို့ရန် ပေးခဲ့ပြီ (၁ ကော ၁:၃၀)။ ထို့ကြောင့် ပေါလုက၊ “သခင် ယေရှုခရစ်ကို ယူတင်၀တ်ဆောင်ကြလော့။” (ရော ၁၃:၁၄) ဟု ရေးထားခြင်း ဖြစ်သည်။ သင်သည် သခင်ယေရှုခရစ်ကို ယူတင်၀တ်ဆောင််ပြီလော။

 

၉။ ကောင်းကန်တမန် ကလည်း၊ သိုးသငယ်၏ မင်္ဂလာဆောင်ပွဲသို့ ခေါ်ဘိတ်ခြင်းကို ခံရသော သူတို့သည် မင်္ဂလာရှိကြ၏ဟု ရေးထားလော့ဟူ၍၎င်း၊ ဤစကားသည် ဘုရားသခင်၏ နှုတ်တော် ထွက်စင်စစ် ဖြစ်၏ ဟူ၍၎င်းငါ့အား ပြောဆို၏။

သိုးသငယ်၏ မင်္ဂလာဆောင်ပွဲသို့၊ ခေါ်ဘိတ်ခြင်းကို ခံရသော သူတို့သည်၊ အဘယ်သူများဖြစ်သနည်း။ အသင်းတော်သည် မဖြစ်နိင်ချေ။ အကြောင်းမှာ သူသည် သတို့သမီး ဖြစ်သည်။ မင်္ဂလာဆောင်ပွဲသည် မည်သည့်နေရာ၌ ဖြစ်မည်နည်း။ အချို့ကကောင်းကင်၌ ဖြစ်သည်၊ အချို့ကမြေကြီး ပေါ်၌ ဖြစ်သည်ဟုဆို ကြသည်။ မင်္ဂလာဆောင်ပွဲသည် ခရစ်တော် မြေကြီး ပေါ်သို့ မဆင်းမှီ၌ ဖြစ်မည်ဟု ယူဆရသည်။ အကြောင်းမှာ မြေကြီး ပေါ်သို့ ဆင်းသက်ခြင်းကို၊ မင်္ဂလာဆောင်ပွဲနောက်ပိုင်း၌ ရေးထားသည်။ သို့ဖြစ်လျှင် ကောင်းကင်၌ ရောက်နှင့်သော သူများသည်မည် သူများ ဖြစ်မည်နည်း။ ဓမ္မဟောင်းကာလ၌ ယုံကြည်သူများနှင့်၊ ဘေးဒဏ်ကြီး ကာ၌ ယေရှုခရစ် ကြောင့်အသတ်ခံ သူများ ဖြစ်နိင်သည်။ ဓမ္မဟောင်းကာလ၌ ယုံကြည်သူ အများစုသည်၊ ဣသရေလ လူများ ဖြစ်၍၊ သူတို့သည် ခမည်းတော်၏ မိန်းမ ဖြစ်သည် (ဟောရှေ ၂:၁၉-၂၀၊ ဟေရှာယ ၅၄:၅)။ ထို့ကြောင့် ဓမ္မဟောင်းယုံကြည်သူများနှင့်၊ ဘေးဒဏ်ကြီး ကာလ၌ အသတ်ခံ၍၊ ယုံကြည်သူများသည် မင်္ဂလာဆောင်ပွဲ၌ ဘိတ်ခြင်းခံရသူများဖြစ်နိုင်သည်။

 

၁၀။ ငါသည် ထိုသူကိုကိုး ကွယ်ခြင်းငှါ သူ၏ ​ခြေရင်း၌ ပြပ်၀ပ်၏။ သူကလည်း၊ မပြုပါနှင့်၊ ငါကား သင်၏ လုပ်ဘော်ဆောင်ဘက် ဖြစ်၏။ ယေရှု၏ သက်သေခံ တော်မူ ချက်ကို ဆောင်သော၊ သင်၏ ညီအစ်ကို တို့၏ လုပ်ဘော်ဆောင်ဘက်လည်း ဖြစ်၏။ ဘုရားသခင်ကို ကိုး ကွယ်လော့။ အကြောင်းမူကား၊ ပရောဖက် ဟောသော စကား ချက် သဘောသည်၊ ယေရှု၏ သက်သေ ဖြစ်သတည်းဟု ငါ့အား ပြောဆို၏။

ယောဟန်သည်သူ့ထံစကားပြောသောသူကို ကြည်ညိုလွန်းသောကြောင့် ကိုးကွယ်ခြင်းငှါ သူ၏​ခြေရင်း၌ပြပ်၀ပ်သောအခါ ကောင်းကင်တမန်ကသူ့ကိုတားသည်။ ကောင်းကင်တမန်ကဘုရားကို သာလျှင်ကိုးကွယ်ဘို့ ညွှန်ပြသည်။ ဘုရားအသုံးပြုသောဆရာများကိုလည်းအလွန်ကြည်ညို၍၊ အချို့သော ယုံကြည်သူများကဘုရားနေရာ၌ ထားတတ်ကြသည်။ ထိုအရာကိုဆရာများကတားမြစ်ဘို့လိုသည်။ ဘုရားသခင်ကိုသာလျှင်ကိုးကွယ်ရသည်။ သင်သည်အကိုးကွယ်ခံလိုလျှင် စာတန်ဘက်တော်သားဖြစ်နေပြီ။

 

ခရစ်တော်ဒုတိယအကြိမ်ကြွလာခြင်း

 

၁၁။ ထိုအခါ ကောင်းကင်ဘုံဖွင့်လှစ်လျက်ရှိသည်ကို ငါမြင်လျှင် မြင်းဖြူရှိ၏။ မြင်းစီးသော သူသည် သစ္စာ (်​ေငအ့်ကူ) ဟူသောအမည်၊ သမ္မာ (ဤမကန) ဟူသော အမည်ရှိသတည်း။ ထိုသူသည် တရားသဖြင့် စီရင်တတ်၏။ တရားသဖြင့် စစ်တိုက်တတ်၏။

၁၂။ မျက်စိတော်သည် မီးလျှံကဲ့သို့ဖြစ်၏။ ခေါင်းတော် ပေါ်၌ သရဖူများကို ဆောင်း၏။ ကိုယ်တိုင်မှတပါး၊ အဘယ်သူ မျှ မသိသော နာမတော်သည် ရေးထားလျက် ရှိ၏။ ၁၃။ အသွေး၌ နှစ်ပြီးသော အ၀တ်ကို ၀တ်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော် ဟူသော အမည်ရှိ၏။

မြင်းဖြူစီးသော သူသည် ခရစ်တော် ယေရှု ပင် ဖြစ်သည်။ အကြောင်းမူကား သူ၏ နာမသည် သစ္စာနှင့် သမ္မာဟုဆိုသည်။ ခရစ်တော်ကိုယ်တိုင်က၊ “ငါသည် သမ္မာတရား ဖြစ်သည်”ဟုဆိုခဲ့သည် မဟုတ်လော (ယော ၁၄:၆)။ ခရစ်တော်သည် ကြွလာ သောအခါ တရားသဖြင့်စီရင်မည့်အကြောင်း ဤသို့ တွေ့ရသည်၊ “ကိုယ်တော်သည် ကြွ လာ တော်မူ၏။ မြေကြီးသား တို့ကို တရားစီရင်ခြင်းငှာကြွလာတော်မူ၏။ လောကသားတို့ကိုဖြောင့်မတ်ခြင်းတရားနှင့်၎င်း၊ လူများကိုသစ္စာ တော်နှင့်၎င်းစီရင်ဆုံးဖြတ်တော်မူလတံ့။” (ဆာ ၉၆:၁၃)။ တဖန်၊ “ထိုသူသည် ထာ၀ရ ဘုရားကို ကြောက်ရွံ့ခြင်း၌ မွေ့လျော်သည် ဖြစ်၍၊ မိမိ မျက်စိမြင်သည်အတိုင်း တရားမစီရင်၊ မိမိနားကြားသည်အတိုင်း မဆုံးဖြတ်ဘဲ၊ ဆင်းရဲသားတို့၏ အမှုကို တရားတော်အတိုင်း စီရင်၍၊ နှိမ့်ချသော မြေကြီးသားတို့ဘက်၌နေလျက်၊ ​ဖြောင့်မတ်စွာဆုံးဖြတ်လိမ့်မည်၊၊ ” (ဟေရှာယ ၁၁:၃-၄)။

 

ခရစ်တော်သည် ဒုတိယကြွလာသောအခါ အန္တီခရစ်ဦးဆောင်သော မြေကြီးသား အပေါင်းနှင့် စစ်တိုက်မည်ဟု အောက်ပိုင်း၌ တွေ့ရသည်။ မျက်စိတော်သည် မီးလျှံကဲ့သို့ဖြစ်ခြင်းကို (ဗျာ ၁:၁၄၊ ၂:၁၈)၌ တွေ့ခဲ့ရပြီ။ သူသည်ခေါင်း၌ သရဖူများကိုဆောင်းထားသည်။ ဗျာ ၁၃:၂၌ အန္တိခရစ်လည်း သရဖူများကိုဆောင်းကြောင်းတွေ့ခဲ့ရသည်။ အဘယ်သူ မျှမသိသောနာမကိုလည်းရေးထားသည်ဟုဆိုသည်။ အဘယ်သူမျှမသိဟုဆိုသောကြောင့်သိဘို့ ကြိုးစားစရာမလို။ သိစေလိုလျှင်ဖေါ်ပြမှာ ဖြစ်သည်။ အသွေး၌နှစ်ပြီးသော အ၀တ်ကို၀တ်ခြင်းသည် စစ်တိုက်သောကြောင့် အသွေးသွန်းခြင်း ဖြစ်နိင်သော်လည်း ဤနေရာ၌ လက်၀ါးကပ်တိုင်တော် ပေါ်အသတ်ခံ သောအခါ စီးထွက်ခဲ့သော အသွေးတော်ကို ဆိုလိုခြင်းဟု ယူဆရသည်။ ယောဟန်ကသခင်ယေရှုကို နှုတ်ကပတ်တော်ဟုဆိုခဲ့သည် (ယော ၁:၁-၃)။

 

၁၄။ ကောင်းကင် ဗိုလ်​ခြေတို့သည် မြင်းဖြူကို စီးလျက်၊ စင်ကြယ်သော ပိတ်ချောဖြူကို ၀တ်လျက် နောက်တော်သို့ လိုက်ကြ၏။

ခရစ်တော် ဒုတိယအကြိမ် ကြွလာ သောအခါ ကောင်းကင် ဗိုလ်​ခြေများ ကမြင်းဖြူစီးလျက် လိုက်လာကြလိမ့်မည်။ ထိုအရာကို သူကိုယ်တိုင်ဤသို့ ဆိုခဲ့သည်၊ “လူသားသည် မိမိ အဘခမည်းတော်၏ ဘုန်းအာနုဘော်ကို ဆောင်လျက်၊ ကောင်းကင်တမန် အခြံအရံတို့နှင့် ကြလာတော်မူလတံ့။” (မ ၁၆:၂ရ)။ ညီတော် ယုဒကဤသို့ ရေးခဲ့သည်၊ “အာဒံမှဆင်းသက်၍ ခုနစ်ဆက်မြောက်သောသူဧနောက်က၊ ထာ၀ရဘုရားသည် ခပ်သိမ်းသောသူတို့ကို တရားစီရင်တော်မူ၍၊ မတရားသောသူတို့သည် မတရားသဖြင့်ပြုသောအဓမ္မအမှု ရှိသမျှတို့၏အပြစ်ကို၎င်း၊ မတရားသောလူဆိုးတို့သည် ဘုရားသခင်ကိုပြစ်မှား၍ပြောသော ကြမ်း တမ်းသောစကားရှိသမျှတို့၏အပြစ်ကို၎င်းဘော်ပြခြင်းငှါ၊ အတိုင်းမသိများစွာသော မိမိသန့်ရှင်းသူတို့နှင့်တကွကြွလာတော်မူ လိမ့်မည်ဟု ပရောဖက်ပြု၍ဟောပြောလေ၏။” (ယုဒ ၁:၁၄-၁၅)

 

၁၅။ လူမျိုးတို့ကို ဒဏ်ခတ်စရာဘို့၊ ထက်သောသံလျက်သည်ခံတွင်း တော်ထဲကထွက်၏။ သူတို့ကိုသံလှံတံနှင့်အုပ်စိုးတော်မူမည်။ အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသောဘုရားသခင်၏ ​ဒေါအမျက်တော်၏ စပျစ်သီးနယ်ရာတန်ဆာကိုဖိနင်းတော်မူမည်။ ၁၆။ ဘုရင်တို့၏ဘုရင်၊ သခင်တို့၏သခင်ဟု ဘွဲ့နာမတော်သည်အ၀တ်တော်၌၎င်း၊ ပေါင်တော်၌ ၎င်း၊ ရေးထားလျက်ရှိ၏။

ခရစ်တော်သည် မြေကြီးသား တို့ကို၊ ခံတွင်း တော်မှ ထွက်သော သံလျက် နှင့်၊ ဒဏ်ခတ်မည်ဟုဆိုသည်။ ရှင်ဘုရင်များသည် သူတို့ကိုယ်တိုင်၊ လူများကို သတ်တတ်သည် မဟုတ်။ သူတို့ နှုတ်မှအမိန့်တော်အားဖြင့်၊ တရားစီရင်တတ် ကြသည်။ ရှင်ပေါလုက၊ “အဓမ္မလူကို သခင်ယေရှုသည်၊ နှုတ်ထွက်၀ိညာဥ်တော် အားဖြင့် ဖျက်ဆီး၍၊ ကြလာ တော်မူခြင်း၏ ရောင်ခြည်အားဖြင့်၊ ပယ်ရှား တော်မူ လိမ့်မည်။”ဟု ရေးခဲ့သည် (၂ သက် ၂:၈)။ သူသည် သံလှံတံနှင့် အုပ်စိုးမည့် အကြောင်း ဆာလံ ၂:၈၊ ၉ ၌ ဤသို့ ရေးခဲ့သည်၊ “င့ါကို တောင်းလော့၊၊ လူအမျိုးမျိုး တို့ကို သင်၏ အမွေဥစ္စာဘို့ ငါပေးမည်၊၊ မြေကြီး စွန်းတိုင်အောင် ပိုင်ထိုက်သော အခွင့်ကိုလည်းငါပေးမည်၊၊ သင်သည် သူတို့ကို သံလှံတံနှင့် အုပ်စိုး၍ မြေအိုးကို ခွဲဖျက် သကဲ့သို့၊ ခွဲဖျက်လိမ့်မည်ဟု င့ါ့အား မိန့်တော်မူ ပြီ၊၊” သံလှံတံနှင့်အုပ်စိုးခြင်းဆိုသည်မှာခိုင်မာခြင်း၊ ပြတ်သားခြင်းကို ဆိုလိုသည်။ ယခုခေတ်လိုတံစိုးမစားဘဲတိကျစွာတရားသဖြင့် အုပ်စိုးခြင်းကိုဆိုလိုသည်။

 

အနန္တတန်ခိုးနှင့် ပြည့်စုံ တော်မူသော ဘုရားသခင်၏ ​ဒေါသ အမျက်တော်၏ စပျစ်သီးနယ်ရာတန်ဆာကို ဖိနင်းခြင်း ဆိုသည်မှာ ဘုရားသခင်ကို မယုံကြည် တိုက်ခိုက်သော အန္တီ ခရစ်နှင့် မြေကြီးသား အပေါင်းကို တိုက်ခိုက်မည့် အရာကို ဆိုလိုသည်။ စပျစ်သီးနယ် သောအခါ ထွက်လာသော အရေသည် သွေးကဲ့သို့ နီသည်။ ထိုအတူ မြေကြီးသား အပေါင်းကို တိုက်ခိုက် သောအခါ အသွေးသည် မိုင် ၂၀၀စီးမည်ဟု ဗျာ ၁၄:၂၀မှာတွေ့ခဲ့ရပြီ။ ထိုသို့ဖြစ်မည့် အရာကို ပရောဖက် ကဤသို့ ရေးခဲ့ပြီ၊ “ကိုယ်တော်သည် အဘယ်ကြောင့်နီသော အ၀တ်ကို ၀တ် တော်မူ သနည်း၊၊ အ၀တ်တော်သည် စပျစ်သီးကို နင်းနယ်သော သူ၏ အ၀တ်နှင့် အဘယ်ကြောင့်တူပါသနည်း၊၊ စပျစ်သီးကို ငါတယောက် တည်း နှင်းနယ်ရပြီ၊၊ လူများ အထဲကတစ်ယောက်မျှမပါ။ သူတို့ကို ငါအမျက်ထွက်၍ ကျော်နင်းပြီ။ ပြင်းစွာ အမျက်ထွက်၍ နှိပ်နင်းပြီ။ သူတို့ အသွေးသည် ငါ့အ၀တ် အပေါ်မှာ ဖျန်းလျက် ရှိပြီ၊၊ ငါ့အ၀တ်တန်ဆာရှိသမျှကို ငါဆိုးပြီ၊၊ ” (ဟေရှာယ ၆၃:၃-၄)။

 

ခရစ်တော်သည် ဘုရင်တို့၏ဘုရင်၊ အရှင်တို့၏ အရှင် ဖြစ်သည် (ဗျာ ၁ရ:၁၄)။ ထိုအရာကို ရှင်ပေါလုက၊ “ဘုရားသခင်သည်ကိုယ်တော်ကို အလွန် ချီးမြှောက်၍ဘွဲ့နာမတကာတို့ထက် ကြီး မြတ်သောဘွဲ့နာမကို ပေးသနား တော်မူ၏။ အကြောင်းမူကား၊ ကောင်းကင်သတ္တ၀ါ၊ မြေကြီးသတ္တ၀ါ၊ မြေကြီးအောက်၌ရှိသောသတ္တ၀ါတည်းဟူသောခပ်သိမ်းသောသတ္တ၀ါတို့သည် ယေရှု၏ဘွဲ့နာမတော်ကို ဒူးထောက်၍၊ ယေရှုခရစ်သည် သခင်ဖြစ်တော်မူ၏ဟု နှုတ်နှင့်၀န်ခံသဖြင့်၊ ခမည်းတော်ဘုရား၏ ဘုန်းအသရေတော်ကို ထင်ရှားစေကြမည်အကြောင်း တည်း။” (ဖိလိ ၂:၉-၁၁) ဟု ရေးခဲ့ဘူးသည်။

 

၁ရ။ ကောင်းကင်တမန် တပါးသည် နေထဲမှာရပ်လျက် ရှိသည်ကို ငါမြင်၏။ ၁၈။ သူသည် မိုဃ်းကောင်းကင် အလယ်၌ ပျံတတ်သော ငှက် အပေါင်းတို့ကို ကြီးသော အသံနှင့် ခေါ်၍၊ လာကြလော့။ ရှင်ဘုရင်အသား၊ စစ်သူကြီး အသား၊ သူရဲအသား၊ မြင်းအသား၊ မြင်းစီးသော သူအသား၊ အစေခံ​ကျွန်၊ လူလွတ်၊ အကြီး အငယ်အမျိုးမျိုးသော လူတို့၏ အသားကို စားအံ့သောငှါ၊ ကြီး မြတ် တော်မူသော ဘုရားသခင်၏ ပွဲတော်သို့ စည်းဝေးကြလော့ဟု ဟစ်ကြော်၏။

ခရစ်တော် ကြွလာ၍ မြေကြီးသား အပေါင်းနှင့် စစ်တိုက် သောအခါ၊ မြေကြီးသား အပေါင်းသည် သေ၍၊ သူတို့၏ အသားများကို၊ ပျံတတ်သော ငှက် အပေါင်းကစားဘို့ရန် အတွက်၊ ကောင်းကင်တမန် ကခေါ်သည်။ လူသေကောင်များသည်များလွန်းသောကြောင့်၊ ကြီး မြတ် တော်မူသော ဘုရားသခင်၏ ပွဲတော်ဟု ခေါ်သည်။ ထိုသူများသည် စာတန်၏ လှည့်ဖျားခြင်းကို ယုံကြည် အားကိုး သောကြောင့်၊ ဖန်ဆင်းရှင်ကို တိုက်ခိုက်၍၊ ထိုကဲ့သို့ အသေခံခြင်း ဖြစ်သည်။ ထို့ကြောင့် ဖန်ဆင်းရှင်ဘုရားနှင့် ဆန့်ကျင်ခြင်း၊ အာခံခြင်း၊ တိုက်ခိုက်ခြင်း လုံး၀မပြုသင့်ချေ။

 

၁၉။သားရဲမှစ၍လောကီရှင်ဘုရင်တို့ နှင့် သူတို့၏ ဗိုလ်​ခြေများ တို့သည် မြင်းစီး တော်မူသော သူနှင့် ဗိုလ်​ခြေတော်ကို စစ်တိုက်ခြင်းငှါ စည်းဝေးကြသည်ကို ငါမြင်၏။

သားရဲတည်း ဟူသော အန္တိခရစ်နှင့် လောကီဘုရင်များ၊ သူတို့၏ ဗိုလ်​ခြေများသည် မြင်းစီး တော်မူသော ခရစ်တော်နှင့် သူ၏ ဗိုလ်​ခြေများကို တိုက်ဘို့ စည်းဝေးကြသည်ဟုဆိုသည်။ ထိုသူများသည် ရှုံးနိမ့်၍ သူတို့ အသား များကို ငှက်များ စားစေကြောင်း အထက်၌ တွေ့ခဲ့ရပြီ။

 

၂၀။သားရဲကို ဘမ်းမိကြ၏။သားရဲ၏ တံဆိပ်လက်မှတ်ကို ခံ၍၊ သူ၏ ရုပ်တုကိုကိုးကွယ်သောသူတို့ကိုလှည့်ဖြား၍သားရဲရှေ့၌ နိမိတ်များကို ပြတတ်သောမိစ္ဆာပရောဖက်ကိုလည်းဘမ်းမိကြ၏။ အသက်ရှင်လျက် ရှိသောထိုသူနှစ်ဦးကိုကန့်နှင့်လောင်သောမီးအိုင်ထဲသို့ ချပစ်ကြ၏။

သားရဲဟူသော အန္တိခရစ်၊ ကမ္ဘာ့ သမတကြီးနှင့် လူများကို လှည့်ဖြား၍သားရဲ၏ တံဆိပ်လက်မှတ် ၆၆၆ကို ခံစေသော မိစ္ဆာပရောဖက်၊ ကမ္ဘာ့ ဘာသာရေးခေါင်းဆောင် တို့ကို အရှင်ဖန်မိကြ၍ မီးအိုင် ထဲသို့ ချပစ် ကြသည်။ သူတို့သည် ပဌမ ဦးဆုံးမီးအိုင် ထဲသို့ ရောက်သော သူများ ဖြစ်ကြသည်။ သူူတို့၏အရှင်စာတန်တည်းဟူသော ရှေးမြွေဟောင်းမူကား အနှစ်တထောင်ပြီးမှမီးအိုင် ထဲသို့ ချပစ်ဦးမည် (ဗျာ ၂၀:၁၀)။

 

၂၁။ ကြင်းသော သူတို့သည်၊ မြင်းစီးတော်မူသော သူ၏ခံတွင်းတော်ထဲကထွက်သောသံလျက်နှင့်ကွပ်မျက်ခြင်းကိုခံရကြ၏။ သူတို့၏ အသားကို ငှက်အပေါင်းတို့သည်၀စွာစားရကြ၏။

ခရစ်တော်ကိုတိုက်သောမြေကြီးသားတို့ကို၊ ခရစ်တော် ခံတွင်းမှထွက်သောသံလျက်နှင့်၊ ကွပ်မျက်သည်ဟုဆိုသည်။ ထိုအရာသည်အမိန့်တော်၊ သို့မဟုတ်မီးဖြစ်နိင်သည်။ သူတို့၏အသားများကို၊ ငှက်အပေါင်းက၊ ၀စွာစားရသည်ဟုဆိုသည်။

 

ဗျာ ၁၉ မေးခွန်းများ

 

၁။ ဟာလေလုယဟူသော စကား လုံးသည် ————————————ဟု အဓိပ္ပါယ်ရှိသည်။

၂။ အဘယ်ကြောင့်ဟာလေလုယဟု ချီးမွမ်းကြသနည်း။ ————————————————————

၃။ ဘုရားသခင်၏ တရားစီရင်ခြင်းသည်မှားယွင်းပါသလော။ ——————————

၄။ ပြည့်တန်ဆာကိုရှို့သောမီးသည်မည်မျှကာလပတ်လုံးလောင်မည်နည်း။ ————————–အဘယ်ကြောင့်နည်း။ —————————————————-

၅။ ဘုရားသခင်၏ ​ကျွန်နှင့်သူ့ကိုကြောက်ရွံ့သောသူများ၏အဓိကအလုပ်သည်ဘာဖြစ်သနည်း။ ———————————————–

၆။ ထာ၀ရဘုရားသည်အနန္တတန်ခိုးရှိသော်လည်း အဘယ်ကြောင့် စာတန်သည်လောလောဆယ်ကမ္ဘာကို အုပ်စိုးနေသနည်း။ ——————–

ရ။ သိုးသငယ်သည်မည်သူနည်း။ ————————–သူ၏ မိန်းမသည်မည်သူဖြစ်မည်နည်း။ ————————–

၈။ အသင်းတော်သည် ခရစ်တော်၏မိန်းမဖြစ်မည့်ကျမ်းပိုဒ်များမှာ——————————————————————————————————–

၉။ ကောင်းကင်၌ အဘယ်ကြောင့်ရွှင်လန်းဘို့ ကြွေးကြော်သနည်း။ ——————————————————————————

၁၀။ ပိတ်ချောသည် သန့်ရှင်းသူတို့ ————————— ဖြစ်သည်။

၁၁။ ဘုရားသခင်က ပေးသော ​ဖြောင့်မတ်ခြင်း၀တ်လုံသည် ———————၏ ဖြစ်သည်။

၁၂။ လူတိုင်း ဘာကို ၀တ်ရမည်နည်း။ ———————သင်သည် ၀တ်ပြီး ပြီလော။ ———————

၁၃။ သိုးသငယ်၏ မင်္ဂလာဆောင်ပွဲသို့၊ ခေါ်ဘိတ်ခြင်းကို ခံရသော သူတို့သည်၊ အဘယ်သူများဖြစ်သနည်း။ —————————————————————

၁၄။ ကောင်းကင်တမန် များကို ကိုး ကွယ်ရပါမည်လော။ ———————မည်သူကို သာကိုး ကွယ်ရမည်နည်း။ ———————

၁၅။ မြင်းဖြူစီးသော သူသည် အဘယ်သူ နည်း။ ———————အဘယ်ကြောင့်နည်း။ ——————————————

၁၆။ ခရစ်တော်သည် ———————အတိုင်း တရားမစီရင်၊ မိမိ —————————မဆုံးဖြတ်ဘဲ၊ ဆင်းရဲသား တို့၏ အမှုကို————————-အတိုင်း စီရင်မည်။

၁ရ။ ခရစ်တော် ဒုတိယအကြိမ် ကြွလာ သောအခါ၊ မည် သူများ ကလိုက်လာကြလိမ့်မည်နည်း။ ——————————————————

၁၈။ ကြီး မြတ် တော်မူသော ဘုရားသခင်၏ ပွဲတော်သည် မည်ကဲ့သို့သော်ပွဲတော်ဖြစ်သနည်း။ ——————————————————

၁၉။ ဖန်ဆင်းရှင်ဘုရားသခင်နှင့်ရန်ဖြစ်ခြင်းသည်ကောင်းပါသလား။ —————————

၂၀။သားရဲတည်းဟူသော အန္တိခရစ်နှင့်လောကီဘုရင်များ၊ သူတို့၏ ဗိုလ်​ခြေများသည် မည်သူကိုတိုက်ဘို့စည်းဝေးကြသနည်း။ —————————

၂၁။ ပဌမဦးဆုံးမီးအိုင် ထဲသို့ ရောက်သောသူများသည် မည်သူတို့ ဖြစ်သနည်း။ ——————————————————

၂၂။ အန္တိခရစ်နှင့် နောက်လိုက်များသည် မြင်းစီးတော်မူသော သူကို တိုက်ခိုက်ခွင့်ရခဲ့ကြပါသလား။ —————————

၂၃။ မြေကြီးသားအပေါင်းတို့ကိုခရစ်တော်က၊ ဘာနှင့်တိုက်ခိုက် သနည်း။ ——————————————————

.

 

ဗျာဒိတ်ကျမ်း ၂၀

 

အနှစ်တထောင်ကာလ

 

ကျမ်းစာ တအုပ်လုံး၌ ဤ ဗျာဒိတ်ကျမ်း၂၀၌ သာအနှစ်တထောင်ကို ၆ ကြိမ် ဖေါ်ပြထားသည်။ ထိုသို့ ဤနေရာ၌ သာ ဖေါ်ပြသောကြောင့်၊ အချို့သော ဓမ္မပညာရှင်များက၊ အနှစ်တထောင်အုပ်စိုးခြင်းကို မယုံကြည် ကြချေ။ အချို့ကအနှစ်ထောင်ကာလသည်၊ ယခုပင် ဖြစ်ပြီဟူ၍၎င်း၊ အချို့ကကောင်းကင်၌ ဖြစ်သည် ဟူ၍၎င်း၊ အချို့ကထိုအရာမရှိဟူ၍၎င်းသင်ပေး ကြသည်။ သို့သော် အနှစ်တထောင်ကာလသည် ရှိ၍၊ အနာဂတ်မကြာမှီတွင် ပေါ်လာတော့မှာ ဖြစ်သည်။

 

၁။ တဖန် ကောင်းကင်တမန် သည်၊ အနက်ဆုံးသောတွင်း၏သော့နှင့် သံကြိုးကြီးကို ကိုင်လျက်၊ ကောင်းကင် ကဆင်းသက်သည်ကို ငါမြင်၏။

အနက်ဆုံးသောတွင်းကို၊ အဂ်လိပ်လိုအောက်ခံမရှိသောတွင်း (the botomless pit ἀβύσσου) ဟု ခေါ်သည်။ ထိုတွင်းကို ဖွင့်၍၊ ကျိုင်းကောင်များ မီးခိုးနှင့်အတူ ထွက်ကာ၊ လူများကို တုတ်၍ ငါးလနာကြကြောင်း ဗျာ ၉၌ တွေ့ခဲ့ရပြီ။ ထိုနေရာသည် နတ်ဆိုးများ နေသော နေရာ ဖြစ်သည်။

 

၂။ ရှေးမြွေဟောင်း၊ မာရ်နတ် စာတန် တည်း ဟူသော နဂါးကိုကိုင်ဘမ်း၍၊ အနှစ်တထောင်ဘို့ ချည်နှောင်လေ၏။ ၃။ အနှစ်တထောင်မကုန်မီတိုင်အောင်၊ လူအမျိုးမျိုး တို့ကို မလှည့်ဖြားရမည်အကြောင်း အနက်ဆုံးသောတွင်း ထဲသို့ ချပစ်လှောင်ထား၍ တံဆိပ်ခပ်လေ၏။ အနှစ်တထောင်ကုန်ပြီးမှတဖန် ခဏလွှတ်ရဦးမည်။

ဤနေရာ၌ စာတန်၏ နာမည်အပြည့်အစုံကို ဖေါ်ပြထားသည်။ သူသည် ဧဒင်ဥယာဥ်၌ ဧ၀ကို လိမ် သောအခါ မြွေအထဲမှလိမ်သောကြောင့် ရှေးမြွေဟောင်းဟုဆိုခြင်း ဖြစ်သည်။ နဂါးဟုလည်း ခေါ်သည်။ သူသည် ကောင်းကင်တမန် မင်း ဖြစ်ခဲ့သော်လည်း၊ ဘုရားသခင်က ချီးမြေှာက် သောအခါ၊ ဘုရား ဖြစ်ချင် လာသောကြောင့်၊ သူသည် စာတန် တည်း ဟူသော ဘုရား၏ ရန်သူ ဖြစ်လာကြောင်း ယေဇကျေလ ၂၈:၁၂-၁ ရနှင့် ဟေရှာယ ၁၄:၁၂-၁၅၌ တွေ့ရသည်။ ခရစ်တော် ကဤလောကကို အစိုးရသော မင်း (ယော ၁၄:၃၀) ဟု ခေါ်သည်။ သူသည် ကမ္ဘာဦးမှအစပြု၍ လူများကို လိမ်လည်လှည့်ဖြားသောသူ ဖြစ်သည်။ ပေါလုက၊ သူသည် ဤလောက၏ ဘုရား ဟူ၍၎င်း (၂ ကော ၄:၄)၊ အာကာသကောင်းကင်၏ တန်ခိုးကို အစိုးရသော မင်း၊ တည်း ဟူသော ငြင်းဆန်သော သူတို့၌ ပြုပြင်သော ၀ိညာဥ်ဟူ၍၎င်း (ဧဖက် ၂:၁-၂) ဆိုသည်။ ထိုစာတန်ကို ကိုင်ဖမ်း၍၊ အနက်ဆုံးသောတွင်း ၌၊ အနှစ်တထောင်ပတ်လုံးထောင်ချမှာ ဖြစ်သည်။ ထို့ကြောင့် ခရစ်တော် ကဤလောက အုပ်ချုပ်နေချိန်တွင်၊ စာတန်သည် လူသား များကို လှည့်ဖျား၍ ရတော့မည် မဟုတ်ချေ။

 

ဘေးဒဏ်ကြီးကာလ မာတုရများ

၄။ ပလ္လင်များ ကိုလည်း ငါမြင်၏၊ ပလ္လင်ပေါ်မှာ ထိုင်သော သူတို့သည် တရားစီရင်ရသော အခွင့်ကို ရကြ၏။သားရဲနှင့် သူ၏ ရုပ်တုကို မကိုး ကွယ်၊ သူ၏ တံဆိပ်လက်မှတ်ကို နဖူး၌ မခံ၊ လက်၌ မခံဘဲ နေ၍၊ ယေရှု၏ သက်သေခံ တော်မူ ချက်နှင့် ဘုရားသခင်၏ နှုတ်ကပတ်တော် ကြာင့်၊ လည်ပင်းဖြတ်ခြင်းကို ခံရသော သူတို့၏ ၀ိညာဥ်များကို ငါမြင်၏။ သူတို့သည် အသက် ရှင်၍ အနှစ်တထောင်ပတ်လုံး ခရစ်တော်နှင့်အတူ စိုးစံရကြ၏။

ပလ္လင်များနှင့် ပလ္လင်ပေါ်မှာ ထိုင်သော သူတို့သည်၊ ဘေးဒဏ်ကြီး ကာလ၌ သားရဲနှင့် သူ၏ ရုပ်တုကို မကိုး ကွယ၊ ်သူ၏ တံဆိပ်ကို မခံဘဲ၊ ယေရှု၏ သက်သေခံခြင်းကြောင့်၊ လည်ပင်းဖြတ်ခံသော သူများ ဖြစ်သည်။ ထိုသူများကို၊ ဘေးဒဏ်ကြီး ကာလ မာတုရများ၊ ဟု ခေါ်တတ်သည်။ သူတို့သည်၊ ကျေးဇူးတော် ကာလ၌ မယုံကြည် ခဲ့သောကြောင့်၊ သူတို့ကိုယ်တိုင်လည်ပင်းဖြတ်ခံရခြင်း ဖြစ်သည်။ သူတို့သည် ၀ိဥာဏကိုယ်ခန္ဓာနှင့် ထမြောက်၍၊ ခရစ်တော်နှင့်အတူ အနှစ်တထောင်အုပ်စိုးကြမှာ ဖြစ်သည်။ သူတို့သည် သိုးများ ကဲ့သို့ အိမ်ထောင်ပြုကြတော့မည် မဟုတ်။ အသင်းတော် ကဲ့သို့၊ ၀ိဥာဏကိုယ်ခန္ဓာဖြင့် နေကြ၍၊ ခရစ်တော်၏ မိန်းမလည်း ဖြစ်မည် မဟုတ်။

 

၅။ ကြင်းသော လူသေတို့သည်၊ ထိုအနှစ်တထောင်မကုန်မီအသက် မရှင်ရကြ။ ဤထမြောက်ခြင်းကား၊ ပဌမ ထမြောက်ခြင်း ဖြစ်သတည်း။

ကြွင်းသော လူသေတို့ ဆိုသည်မှာ၊ မယုံကြည်သူများကို ဆိုလိုသည်။ မယုံကြည်ဘဲ သေသွားသော သူများသည်၊ အနှစ်တထောင်ကုန်ပြီးမှ၊ ပလ္လင်ဖြူကြီး တရားစီရင်ခြင်း၌၊ ထမြောက် ကြဦးမည်။ ပဌမ ထမြောက် ခြင်းသည်၊ ဘေးဒဏ်ကြီး ကာလ မာတုရများ၏၊ ထမြောက် ခြင်းကို ဆိုလိုသည်။ အကြောင်းမှာ၊ အနှစ်တထောင်အပြီးမှထမြောက် မည့် မယုံကြည်သူများ၏ ထမြောက် ခြင်းနှင့် နှုိင်းလျှင်၊ အရင်ထမြောက် သောကြောင့် ဖြစ်သည်။ ခရစ်တော် အသေခံ၍ ထမြောက်သော အချိန်၌ ထမြောက်သော သူများ (မ ၂ရ:၅၁)နှင့် ချီဆောင်ခြင်း၌ ထမြောက် မည့်သူများ (၁ ကော ၁၅:၅၁-၅၃၊ ၁ သက် ၄:၁၄-၁ရ)နှင့် မရောထွေးရပါ။

 

၆။ ပဌမ ထမြောက် ခြင်းကို ၀င်စားသော သူသည် မင်္ဂလာရှိသောသူ၊ သန့်ရှင်းသောသူ ဖြစ်၏။ ထိုသို့သော သူသည် ဒုတိယသေခြင်း၏ လက်နှင့် ကင်းလွတ် လျက်၊ ဘုရားသခင်၏ ယဇ်ပုရောဟိတ်၊ ခရစ်တော်၏ ယဇ်ပုရောဟိတ် ဖြစ်၍၊ အနှစ်တထောင်ပတ်လုံး ခရစ်တော်နှင့်အတူ စိုးစံရကြလိမ့်မည်။

ဘေးဒဏ်ကြီး ကာလ မာတုရများ၏ ထမြောက်ခြင်းကို၊ မင်္ဂလာရှိသော သူနှင့်၊ သန့်ရှင်းသော သူများဟုဆိုသည်။ သူတို့သည် ဒုတိယသေခြင်း တည်း ဟူသော၊ မီးအိုင် ထဲ၀င်ခြင်းနှင့် လွတ်၍၊ ဘုရားသခင်၏ ယဇ်ပုရောဟိတ် နှင့်၊ ခရစ်တော်၏ ယဇ်ပုရောဟိတ် ဖြစ်၍၊ အနှစ်တထောင်ပတ်လုံး ခရစ်တော်နှင့် အတူ၊ စိုးစံရကြလိမ့်မည်။

 

နောက်ဆုံးစစ်ပွဲ

ရ။ ထိုအနှစ်တထောင်ကုန်ပြီးမှ စာတန်သည်၊ ထောင်ထဲကလွတ်သော အခွင့်ကို ရ၍၊ ၈။ အရေအတွက် အားဖြင့် သမုဒ္ဒ​ရာသဲလုံးနှင့် အမျှများသော ဂေါဂ၊ မာဂေါဂတည်း ဟူသော၊ မြေကြီး လေးမျက်နှာပေါ်မှာ နေသော လူအမျိုးမျိုး တို့ကို၊ လှည့်ဖြားအံ့သော ငှါ၎င်း၊ စစ်တိုက်ဘို့ စည်းဝေးစေခြင်း ငှါ၎င်း၊ တက်လိမ့်မည်။

ခရစ်တော် ကဤလောက အုပ်စိုးချိန်တွင်၊ စာတန်ကို အနက်ဆုံးသောတွင်း ၌ ထောင်ချသော်လည်း၊ အနှစ်တထောင် ကုန်ဆုံး သောအခါ၊ သူ့ကို ခဏလွှတ်ဦးမှာ ဖြစ်သည်။ အကြောင်းမှာ၊ အနှစ်တထောင်အတွင်း မွေးဘွားလာသော လူသားများကို၊ လှည့်ဖျားနိင်ဘို့ရန် ဖြစ်သည်။ အနှစ်တထောင်အတွင်းသို့ ၀င်လာသော သိုးများသည်၊ ယုံကြည်သော်လည်း သူတို့၏ သားသမီး များသည်၊ မယုံကြည်သူများဖြစ်ကြမည်။ ထိုသူများသည် ခရစ်တော် ကသံလှံနှင့် အုပ်ချုပ်သောကြောင့်၎င်း၊ အသင်းတော်နှင့် ဘေးဒဏ်ကြီး ကာလ မာတုရများ ကလည်း၊ ခရစ်တော်ကို ဝိုင်းကူအုပ်ချုပ်သောကြောင့်၎င်း၊ အစစအရာရာ အစဥ်ပြေနေသောကြောင့် အပြစ် မလုပ်ရဲ၊ မလုပ်ကြသော်လည်း၊ စိတ်နှလုံးထဲ၌၊ ခရစ်တော်ကို ဆန့်ကျင် ချင်သောအရာ ရှိ၍၊ စာတန် ခဏလေးလွှတ်ချိန်တွင်၊ သူတို့ကို ဦးဆောင်၍ ခရစ်တော်ကို တိုက်ကြလိမ့်မည်။ ထိုသူများသည် သမုဒ္ဒ​ရာသဲလုံးနှင့် အမျှများ၍ ဂေါဂ၊ မာဂေါဂဟု ခေါ်သည်။ ဤဂေါဂ၊ မာဂေါဂသည်၊ ဘေးဒဏ်ကြီး ကာလ အစ၌ တိုက်မည့် ဂေါဂ၊ မာဂေါဂ (ယေဇ ၃၈-၃၉)နှင့် မဆိုင်ပေ။ ယေဇ ၃၈-၃၉၌ တိုက်မည့် ဂေါဂ၊ မာဂေါဂစစ်သည် မူစလင်နိင်ငံများက၊ အစ္စရေးနိင်ငံကို တိုက်မည့် အရာ ဖြစ်၍၊ ဘေးဒဏ်ကြီး အစပိုင်းမှာတိုက်ဘို့ ဖြစ်သည်။ ဤဂေါဂ၊ မာဂေါဂစစ်မူကား၊ စာတန်နှင့် ကမ္ဘာသူကမ္ဘာသားများက၊ ခရစ်တော်ကို ယေရုရှလင် မြို့၌ တိုက်မည့် စစ် ဖြစ်၍၊ အနှစ်တထောင်အပြီး၌ တိုက်ဘို့ ​ြုဖစ်သည်။ အဘယ်ကြောင့်ထိုသို့ တိုက်သနည်းဟူမူကား၊ လူသည် မည်မျှပင် အစဥ်ပြေ၍ ပတ်၀န်းကျင်ကောင်းသော်လည်း၊ အာဒံမျိုးစေ့ပါ၍ အပြစ်သား ဖြစ်သောကြောင့်၊ မကောင်းနိင်ကြောင်းကို ထင်ရှားသည်။ ထိုသူများကို စာတန် ကလှည့်ဖျား၍၊ ခရစ်တော် ရိှရာယေရုလင်မြို့ကို၊ တိုက်ကြလိမ့်မည်။

 

၉။ ထိုသူများ တို့သည် မြေကြီး မျက်နှာပေါ်သို့ တက်၍၊ သန့်ရှင်း သူတို့၏ တပ်ကို၎င်း၊ ချစ်ဘွယ်သော မြို့တော်ကို၎င်း၊ ဝိုင်းကြ၏။ ထိုအခါ ဘုရားသခင့်အထံတော်၊ ကောင်းကင် မှမီးကျ၍ သူတို့ကို မျိုလေ၏။

သန့်ရှင်း သူတို့၏ တပ်နှင့် ချစ်ဘွယ်သော မြို့တော်သည် ယေရုရှလင် မြို့ ဖြစ်သည်။ ထိုအခါ ဘုရားသခင့်အထံတော် မှမီးကျ၍ သူတို့ကို မျိုလေ၏ ဆိုထားသည်။ ထာ၀ရ ဘုရားသည် မီးဖြင့် တရားစီရင်တတ်ကြောင်း ဤကဲ့သို့ တွေ့ရသည်၊ “ထာ၀ရ ဘုရားသည် ကောင်းကင် ထက်၊ အထံတော် မှသော ဒံုမြို့နှင့် ဂေါမောရမြို့ အပေါ်သို့ ကန့်နှင့် မီးမိုဃ်းကို ရွာစေ တော်မူ၏။” (က ၁၉:၂၄)။ ပရောဖက် ဧလိယအားဖြင့်လည်း ဣသရေလ ရှင်ဘုရင်စေလွှတ်သော စစ်သား ငါးဆယ်နှင့် တပ်မှုး နှစ်ဖွဲ့ကို ကောင်းကင် ကမီးဖြင့်လောင်၍ သေ စေခဲ့ဘူးသည် (၄ရာ ၁:၁၀၊ ၁၂)။ ယခုလည်း ဘုရားသခင်သည် ခရစ်တော်၏ ရုံးစိုက်ရာ ယေရုရှလင် မြို့ကိုလောက သားများကတိုက်ခိုက် သောအခါ ကောင်းကင် မှမီးကျ၍ သူတို့ကို မျိုမှာ ဖြစ်သည်။

 

၁၀။ သူတို့ကို လှည့်ဖြားသော မာရ်နတ်ကိုလည်းသားရဲနှင့် မိစ္ဆာပရောဖက် ရှိရာကန့်နှင့် ရောနှောသော မီးအိုင် ထဲသို့ ချပစ်လျှင်၊ သူတို့သည် နေ့ညဥ့်မပြတ် ကမ္ဘာအဆက်ဆက်ပြင်းစွာသော ဝေဒနာကို ခံရကြလတံ့။

ရှေးမြွေဟောင်း၊ စာတန်၊ မာရ်နတ်ကိုလည်းသားရဲ (ကမ္ဘာသမတကြီး)နှင့် မိစ္ဆာပရောဖက် (ကမ္ဘာ့ ဘာသာရေးခေါင်းဆောင်)တို့ ရှိရာကန့်နှင့် ရောနှောသော မီးအိုင် ထဲသို့ ချပစ်လိုက်သည်။ ထိုအရာသည် စာတန်၏ နောက်ဆုံး ဖြစ်၍ ထိုနေရာ၌ ကမ္ဘာအဆက်ဆက် (ထာ၀ရ ကာလ ပတ်လုံး) ပြင်းစွာသော ဝေဒနာကို ခံရလိမ့်မည်။

 

ပလ္လင်ဖြူကြီး တရားစီရင်ခြင်း

၁၁။ တဖန်တုံ၊ ဖြူသော ပလ္လင်ကြီးကို၎င်း၊ ပလ္လင်ပေါ်မှာ ထိုင် တော်မူသော သူကို၎င်း၊ ငါမြင်၏။ ကောင်းကင်နှင့် မြေကြီးသည် မျက်နှာတော် ရှေ့မှပြေးလွင့်၍၊ သူတို့ နေစရာ အရပ်မရှိ။

ဤတရားစီရင်ခြင်းကို ပလ္လင်ဖြူကြီး တရားစီရင်ခြင်းဟု သိရသည်။ ထိုတရားစီရင်ခြင်းသည် နောက်ဆုံးတရားစီရင်ခြင်း ဖြစ်၍၊ ကယ်တင်ခြင်းသို့ ရောက်သော သူများအတွက် ကြောက်စရာ မရှိ။ ကျမ်းစာက၊ သားတော်ကို ယုံကြည်သော သူသည် အပြစ် စီရင်ခြင်းကို မခံရ။ (ယော ၃:၁၈) ဟုဆိုခဲ့ပြီ။ ဤတရားစီရင်ခြင်းသည် ကမ္ဘာဦးမှစ၍ ကမ္ဘာအဆုံးအထိ မယုံကြည်သူများဖြစ်သည်။

 

၁၂။ သေလွန်သော သူအကြီး အငယ်တို့သည်၊ ပလ္လင်တော် ရှေ့မှာ ရပ် နေကြသည်ကို ငါမြင်၏။ စာစောင်များကို ဖွင့်ထား၏။ အသက် စာစောင်တည်း ဟူသော၊ အခြားတပါးသော စာစောင်ကိုလည်း ဖွင့်လေ၏။ သေလွန်သော သူတို့သည်၊ မိမိတို့ အကျင့်အတိုင်း၊ စာစောင်တို့၌ ရေးထားချက်များနှင့် အညီ၊ တရားစီရင်ခြင်းကို ခံရကြ၏။

ခေတ်အဆက်ဆက်၌၊ ဘုရားကို မယုံကြည်ဘဲ သေလွန် သူများ၏ ၀ိညာဥ်များသည်၊ မရဏာနိင်ငံတည်း ဟူသော ငရဲထဲ၌ ရောက်သွား ကြသည်။ ထိုသူများသည်၊ တရားမစီရင်၊ ဒီဂရမချ သေးသောကြောင့်၊ တရားစီရင်ခြင်း ဖြစ်သည်။ ဘုရားသခင်သည် လူတိုင်း၏ နေ့စဥ်လုပ်ဆောင်မှုများကို၊ စာအုပ်၌ မှတ်ထားသည်။ သူသည် မှတ်ဥာဏ်ကောင်းသော်လည်း၊ မှတ်ဥာဏ်ဖြင့် တရားမစီရင်ပါ။ စာအုပ်ထဲ၌ မှတ်ထားသောအရာ ကို ကြည့်၍ စီရင်သည်။ ထို့ကြောင့် ကယ်တင်ခြင်းသို့ မရောက်သော သူတိုင်း၊ မိမိတို့ လုပ်ဆောင်ချက် များ အတိုင်း ခံရကြမည်။

 

၁၃။ သမုဒ္ဒ​ရာသည် မိမိ၌ ရှိသော လူသေတို့ကို အပ်ပေး၏။ မရဏာနှင့် မရဏာနိုင်ငံသည် လည်း၊ မိမိတို့၌ ရှိသော လူသေတို့ကို၊ အပ်ပေးကြ၏။ လူအသီးသီးတို့သည်၊ မိမိတို့ အကျင့်အတိုင်း၊ တရားစီရင်ခြင်းကို ခံရကြ၏။

သမုဒ္ဒ​ရာအထဲ၌ သေသွား သူများသည်၊ ငါးများ ကစားသွားမှာ ဖြစ်သည်။ သို့သော် သူတို့သည် ပျောက်ပျက်မသွားပါ။ တရားစီရင်ခြင်း ခံဘို့ရန် ပြန်အပ်မှာ ဖြစ်သည်။ လူသည် ၀ိညာဥ်ရှိသောကြောင့်၊ ကိုယ်ခန္ဓာပျောက်ပျက်သွားသော်လည်း မပျောက်နိင်ပါ။ ထို့ကြောင့် ဘုရားသခင်ကို ကိုး ကွယ်ဘို့ လိုခြင်း ဖြစ်သည်။ မရဏာသည် သေခြင်း ဖြစ်သည်။ မရဏာနိင်ငံသည် သေမင်းနိင်ငံ ဖြစ်သည်။ မရဏာနိင်ငံသည် သေခြင်းကို ဆိုလို သကဲ့သို့ ငရဲကိုလည်း ဆိုလိုသည်။ ထို့ကြောင့် စာကြောင်း အရှေ့အနောက် (Context)နှင့် ကြည့်၍ အဓိပ္ပါယ် နားလည်ဘို့ လိုသည်။ အဂ်လိပ်ကျမ်းစာများ၌ (Hades) ဟု ခေါ်သည်။ ခရစ်တော်က၊ သူဌေး သည်လည်း သေလွန်၍ သင်္ဂြိုဟ်ခြင်းကို ခံရလေ၏။ မရဏာနိုင်ငံ၌ ပြင်းပြစွာသော ဝေဒနာကို ခံရလျက် မျှော်ကြည့်၍၊ အာဗြဟံကို၎င်း၊ အာဗြဟံ၏ ရင်ခွင်၌ လာဇရုကို၎င်းအဝေးကမြင်လျှင်၊ (လု ၁၆:၂၂-၂၃) ဟုဆိုသည်။ ထို့ကြောင့် မရဏာနိင်ငံသည် ပြင်းပြစွာသော ဝေဒနာ ခံသော နေရာ ဖြစ်၍ သူဌေးကြီးသည် ထိုနေရာမှပလ္လင်ဖြူကြီး တရားစီရင်ခြင်း ခံဘို့ စောင့်နေသည်။

 

၁၄။ ထိုအခါ မရဏာနှင့် မရဏာနိုင်ငံကို မီးအိုင် ထဲသို့ ချပစ်လေ၏။ ထိုသေခြင်း ကား ဒုတိယသေခြင်း ဖြစ်သတည်း။

မရဏာနိင်ငံသည်၊ တရားမစီရင် သေးသော အကျဥ်းသားများ၊ ခဏချုပ်ထားသော နေရာ၊ အချုပ်ခန်းနှင့် တူ၍၊ မီးအိုင်သည် တရားစီရင်ခြင်း ခံပြီး သော၊ အပြစ် သားများထားရာ၊ ထောင်နှင့် တူသည်။ မရဏာနှင့် မရဏာနိင်ငံကို၊ မီးအိုင် ထဲသို့ ချလိုက်သည်ဟုဆိုသည်။ ထို့ကြောင့် မရဏာနိ်င်ငံသည် မီးအိုင်နှင့် မတူကြောင်း သိရသည်။ ထိုသေခြင်းသည် ဒုတိယသေခြင်းဟု ခေါ်သည်။ ပဌမ သေခြင်းသည် ၀ိညာဥ်ပိုင်းသေခြင်း၊ သို့မဟုတ် ကိုယ်ခန္ဓာသေခြင်း ဖြစ်၍၊ ဒုတိယသေခြင်းသည်၊ ထာ၀ရ ကာလ ပတ်လုံးမီးအိုင် ထဲသို့ ရောက်ခြင်း ဖြစ်သည်။ မီးအိုင် ထဲ၌ ၀ိညာဥ်များသည် မသေချေ။ ခံစား ချက်အပြည့် ဖြစ်သည်။ သို့သော် ဘုရားသခင်နှင့် ခွဲခွါသောကြောင့်၊ ထိုအရာကို ဒုတိယသေခြင်းဟု ခေါ်သည်။

 

၁၅။ အသက် စာစောင်၌ စာရင်းမ၀င်သော သူရှိသမျှတို့ ကိုလည်း မီးအိုင် ထဲသို့ ချပစ်လေ၏။

ပလ္လင်ဖြူကြီး၌ တရားစီရင်ခြင်းသည်၊ ထာ၀ရအသက် ပြန်လည်ရရှိဘို့ မဟုတ်ဘဲ၊ ထာ၀ရ မီးအိုင် ထဲသို့ သွားမည့် အရာကို၊ စီရင်ခြင်း ဖြစ်သည်။ ထိုနေရာ၌ ယုံကြည်သူများမပါတော့ချေ။ သူတို့သည် အသက် စာစောင်၌ စာရင်းမပါသောကြောင့်၊ မီးအိုင် ထဲသို့ ချပစ်ခြင်း ဖြစ်သည်။ အလွန် ၀မ်းနည်းစရာ ဖြစ်သည်။ ထိုနေရာသို့ မရောက်ဘို့ရန်၊ အသက် ရှင်စဥ်သခင် ယေရှုခရစ်ကို၊ ကယ်တင်ရှင်နှင့် အရှင်သခင်အဖြစ် လက်ခံဘို့ လိုသည်။

 

ဗျာ ၂၀ မေးခွန်းများ

 

၁။ အနက်ဆုံးသောတွင်း သည်မည် သူတို့၏ နေရာ ဖြစ်သနည်း။ ——————————————–

၂။ စာတန်၏ နာမည်အားလုံး ဖေါ်ပြပါ။ ——————————————————————————————

၃။ အဘယ်ကြောင့်ရှေးမြွေဟောင်းဟု ခေါ်သနည်း။ ————————————————————

၄။ ခရစ်တော်က စာတန်ကို ——————————မင်းဟု ခေါ်သည်။

၅။ စာတန်သည် အနှစ်တထောင်ပတ်လုံးဘယ်မှာ နေမည်နည်း။ ——————————

၆။ စာတန်ကို အနှစ်တထောင်အပြီးတွင် ဘာလုပ်ရဦးမည်နည်း။ ——————————

ရ။ ဘေးဒဏ်ကြီး ကာလ၌ ခရစ်တော်ကို ပြန်လည်ယုံကြည်သူများသည် ဘာခံရမည်နည်း။ ——————————

၈။ ခရစ်တော် ကြွလာ သောအခါ ထိုမာတုရများသည် ဘာ ဖြစ်ကြမည်နည်း။ ——————————

၉။ ကြွင်းသော လူသေတို့သည် မည်သူတို့ ဖြစ်သနည်း။ ——————————သူတို့သည် ဘာ ဖြစ်ရဦးမည်နည်း။ ——————————

၁၀။ ပဌမ ထမြောက် ခြင်း၌ မည်သူတို့ ထမြောက် မည်နည်း။ ——————————

၁၁။ အဘယ်ကြောင့်ပဌမ ထမြောက် ခြင်းဟုဆိုသနည်း။ ——————————

၁၂။ ပဌမ ထမြောက် ခြင်းသည် ချီဆောင်ခြင်း၌ ထမြောက် မည့် သူများနှင့် ဆိုင်သလော။ ——————————

၁၃။ ပဌမ ထမြောက် ခြင်းကို ၀င်စားသော သူသည်၊ ဘာ ဖြစ်သည်ဟုဆိုသနည်း။ ————————————————————

၁၄။ ပဌမ ထမြောက် ခြင်းကို ၀င်စားသော သူသည်မည် သူတို့၏ ယဇ်ပုရောဟိတ် ဖြစ်မည်နည်း။

၁၅။ အနှစ်တထောင်အုပ်စိုးခြင်း အပြီး၌ စာတန်ကို ခဏ————၍၊ လူများကို ဘာလုပ်မည်နည်း။ ————————————————

၁၆။ အဘယ်ကြောင့် စာတန် နောက်လိုက်၍ ခရစ်တော်ကို တိုက်ကြမည်နည်း။ ——————————–

၁ရ။ ဤဂေါဂ၊ မာဂေါဂသည်၊ ယေဇကျေလ ၃၈-၃၉၌ ဖေါ်ပြသောအရာ ဖြစ်သလော။ —————-

၁၈။ သန့်ရှင်း သူတို့၏ တပ်နှင့် ချစ်ဘွယ်သော မြို့တော်သည် —————-မြို့ ဖြစ်သည်။

၁၉။ သန့်ရှင်း သူတို့၏ တပ်နှင့် ချစ်ဘွယ်သော မြို့တော်ကို တိုက်သော သူများကို ဘာအားဖြင့် တရားစီရင်မည်နည်း။ ——————————–

၂၀။ မာရ်နတ်ကို မည်သည့်နေရာ၌ ပစ်ချမည်နည်း။ —————-ထိုနေရာ၌ မည်သူတို့ ရှိနှင့် သနည်း။ ——————————–

၂၁။ ယုံကြည်သူများအနေဖြင့် ပလ္လင်ဖြူကြီး တရားစီရင်ခြင်းကို ကြောက်စရာ လိုပါသလား။ —————-အဘယ်ကြောင့်နည်း။ ——————————–

၂၂။ ပလ္လင်ဖြူကြီး တရားစီရင်ခြင်း၌၊ ခရစ်တော်ကို ယုံကြည် လက်ခံ သူများ၊ ပါမည်လော။ —————-

၂၃။ ထိုသူများကို အဘယ်ကြောင့်တရားစီရင်ရသနည်း။ ————————————————

၂၄။ ဘုရားသခင်သည် မှတ်ဥာဏ်အားဖြင့် တရားစီရင်သလော။ —————-မည်သည့်အရာအားဖြင့် တရားစီရင်သနည်း။ ——————————–

၂၅။ မရဏာနှင့် မရဏာနိုင်ငံကို ထဲသို့ —————-ချပစ်လေ၏။

၂၆။ ပဌမ သေခြင်းသည် ဘာသေခြင်း ဖြစ်သနည်း။ —————-

၂ရ။ ဒုတိယသေခြင်းသည်၊ ဘာသေခြင်း ဖြစ်သနည်း။ —————-

၂၈။ ပလ္လင်ဖြူကြီး၌ တရားစီရင်ခြင်းသည် ထာ၀ရအသက် ရမရစီရင်ခြင်း ဖြစ်သလော။ —————-

၂၈။ အသက် စာစောင်၌ စာရင်းမပါသော သူများကို ဘာလုပ်မည်နည်း။ —————-

ဗျာဒိတ်ကျမ်း ၂၁

 

ကောင်းကင်သစ်နှင့် မြေကြီးသစ်

 

၁။ ကောင်းကင်သစ်နှင့်မြေကြီးသစ်ကိုလည်းငါမြင်၏။ အဘယ်သို့ နည်းဟူမူကား၊ ရှေးကောင်းကင်နှင့်ရှေးမြေကြီးသည်ရွေ့သွားကြပြီ၊ ထိုအခါမှစ၍သမုဒ္ဒ​ရာမရှိ။ကောင်းကင်သစ်နှင့် မြေကြီးသစ်သည်၊ အနှစ်တထောင်အုပ်စိုးခြင်းကိုလည်း၊ ဆိုလိုတတ်သည် (ဟေရှာ ၆၅:၁ ရ- ၂၅)။ သို့သော်ယခုရေးသောအထက်ပါ ကောင်းကင်နှင့်မြေကြီးသစ်သည်၊ ထာ၀ရကာလ တွင်ရှိမည့်အရာဖြစ်သည်။ ရှေးကောင်းကင်နှင့် ရှေးမြေကြီးဟုဆိုသောအရာသည်၊ ယခု​ကျွန်ုပ်တို့နေထိုင်သောမြေကြီးနှင့်ကောင်းကင်ဖြစ်သည်။ မြေကြီးသစ်၌ သမုဒ္ဒ​ရာမရှိတော့ချေ။ သမုဒ္ဒ​ရာမရှိလျှင်မိုဃ်းတိမ်၊ မိုဃ်းရွာခြင်း၊ လေပြင်းမုန်တိုင်း တိုက်ခတ်ခြင်း၊ လည်းရှိတော့မည်မဟုတ်ချေ။

 

၂။ သန့်ရှင်းသောမြို့တည်းဟူသောယေရုရှလင်မြို့သစ်သည်၊ မိမိခင်ပွန်းဘို့ တန်ဆာဆင်သောမင်္ဂလာဆောင်သတို့သမီးကဲ့သို့ ပြင်ဆင်လျက်၊ ဘုရားသခင့်အထံတော်၊ ကောင်းကင် ဘုံမှဆင်းသက်သည်ကိုငါမြင်၏။

ယေရုရှလင်မြို့သည်နှစ်ခုရှိသည်။ မြေကြီးယေရုရှလင်နှင့်ကောင်းကင်ယေရုရှလင်တို့ ဖြစ်သည်။ မြေကြီးယေရုရှလင်သည်၊ ယခုအစ္စရေးနိင်ငံတွင်ရှိ၍၊ မြေကြီးပျက်စီး သောအခါပါသွားပြီးပြီဖြစ်သည်။ ယခုရေးသောယေရုရှလင်မြို့သစ်သည်၊ မြေကြီးသစ်နှင့် ဆိုင်သောမြို့ ဖြစ်၍၊ အနာဂတ်မှာရှိသေးသည်။ မြို့သည် အဆောက်အဦးများကို ဆိုလိုတတ်သော်လည်း၊ လူမရှိလျှင်အဓိပ္ပါယ်မရှိချေ။ သခင်ယေရှုက၊ “အို ယေရုရှလင်မြို့၊ ယေရုရှလင် မြို့၊ သင်သည်ပရောဖက်တို့ကိုသတ်မြဲရှိ၏။ သင်ရှိရာသို့စေလွှတ်သောသူတို့ ကိုလည်းကျောက်ခဲနှင့်ပစ်မြဲရှိ၏။ ကြက်မသည်မိမိသားငယ်တို့ကိုအတောင်အောက်၌စုရုံးသကဲ့သို့သင်၏သားတို့ကိုစုရုံးစေခြင်းငှါကြိမ်ဖန်များစွာငါအလိုရှိပြီ။ သင်မူကားအလိုမရှိ။ သင်တို့နေသောအိမ်သည်သင်တို့၌လူဆိတ်ညံလျက်ကျန်ရစ်ရ၏။ ငါဆိုသည်ကား၊ ထာ၀ရ ဘုရား၏အခွင့်နှင့်ကြွလာသောသူသည်မင်္ဂလာရှိစေသောဟုသင်တို့မပြောမှီတိုင်အောင် ယခုမှစ၍သင်တို့သည် ငါ့မျက်နှာကိုမမြင်ရကြဟုမိန့်တော်မူ၏။” (မ ၂၃:၃ ရ- ၃၉) ဟုဆိုရာတွင် သခင်ယေရှုက၊ အဆောက်အဦးများကို ဆိုလိုသည် မဟုတ်၊ အထဲမှာနေသော လူများကို ဆိုလိုကြောင်း ထင်ရှားသည်။ ထိုကြောင့် ယေရုရှလင် မြို့သစ် သည်လည်း လူများကို ဆိုလိုခြင်း ဖြစ်မည်။

 

“မင်္ဂလာဆောင်သတို့သမီး ကဲ့သို့ ပြင်ဆင် လျက်”ဟုဆိုသောကြောင့်၊ လှလှပပပြင်ဆင် ထားခြင်းကို ဆိုလိုသည်။ အသင်းတော်သည် ခရစ်တော်၏ မိန်းမ ဖြစ်ကြောင်း၂ ကော ၁၁:၂၊ ဧဖက် ၅:၂၅-၂၆ တို့၌ တွေ့ရသည်။ သို့သော် ပဌမနှင့် ဒုတိယရာစုနှစ်၌ ရှိသော အသင်းတော်များနှင့်၊ ခေတ်အဆက်ဆက်၌ နှိပ်စက်ခြင်း ခံသော၊ အသင်းတော် အနည်းငယ်သာလျှင်၊ ဤလောက အညစ်အ​ကြေးနှင့် ညစ်ညူးခြင်း မရှိဘဲ၊ သန့်ရှင်း ကြသည်။ အသင်းတော် အများစုသည်၊ ဤလောကကို ချစ်လွန်းသောကြောင့်၊ ညစ်ညူးစွာနှင့် ချီဆောင်ခြင်း၌ ခရစ်တော်ကို တွေ့ရကြမှာ ဖြစ်သည်။ ယခု ယေရုရှလင် မြို့သစ်တည်း ဟူသော၊ ယုံကြည်သူများသည်လောကနှင့် ညစ်ညူးခြင်း မရှိတော့သောကြောင့်၊ သတို့သမီး ကဲ့သို့ ပြင်ဆင် လျက် တွေ့ရခြင်း ဖြစ်သည်။

 

“ကောင်းကင်ဘုံမှ ဆင်းသက်သည်”ဟုဆိုသောကြောင့် ဘုရားသခင် ထံမှ ဖြစ်သည်။ အသင်းတော်၊ သို့မဟုတ် ယုံကြည်သူများသည်၊ ချီဆောင်ခြင်း၌ ကောင်းကင် တက်၍၊ အနှစ်တထောင်ကာလ တွင်၊ ဤလောက၌ ခရစ်တော်နှင့် အုပ်စိုးရမှာ ဖြစ်သည်။ ယခုကောင်းကင် မှဆင်းသက်ခြင်းသည်၊ အနှစ်တထောင်ကာလ အပြီးတွင် ဖြစ်၍ မြေကြီးသစ်တွင် ဖြစ်သည်။

 

၃။ ကောင်းကင် မှကြီးသော အသံကား၊ ဘုရားသခင်၏ တဲတော်သည် လူတို့တွင် ရှိ၏။ လူတို့နှင့်အတူ ကျိန်း၀ပ် တော်မူမည်။ သူတို့သည်ကိုယ်တော်၏ လူဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည်ကိုယ်တော်တိုင် သူတို့နှင့်အတူ ရှိနေ၍ သူတို့၏ ဘုရားသခင် ဖြစ်တော်မူမည်။

ဘုရားသခင်၏ တဲတော်သည်၊ ဘုရား ကျိန်း၀ပ် တော်မူသော နေရာ ဖြစ်သည်။ ဘုရားသခင်သည် လူတို့နှင့်အတူ ကျိန်း၀ပ် တော်မူ မည်ဟုဆိုသည်။ ဘုရားသခင်က လူကို ဖန်ဆင်းခြင်းသည်၊ သူနှင့်အတူ နေ၍ မိဿဟာယဖွဲ့ဘို့ရန် ဖြစ်သည်။ သို့သော် လူသည် အစအဦးမှစ၍ အပြစ်ကြောင့် ညစ်ညူး သွားသည်။ ထို့ကြောင့် သန့်ရှင်းသော ဘုရားသခင်နှင့် ညစ်ညူးသော လူသည်၊ ပေါင်းဖေါ်၍ မရတော့ချေ။ သို့သော် လူအထဲမှ အပြစ်များကို ခရစ်တော်အားဖြင့် ဘုရားသခင်က ဖယ်ရှားလိုက် သောအခါ လူသည် သန့်ရှင်းလာ၍ သူနှင့်အတူ ပေါင်းဖေါ်၍ ရလာပြီ ဖြစ်သည်။ ထိုအခါ ဘုရားသခင်သည် လူများ၏ ဘုရား ဖြစ်၍ လူတို့လည်း ဘုရား၏ လူများ ဖြစ်လာကြလိမ့်မည်။ ထိုအရာသည် ဘုရားသခင်က၊ ဣသရေလ လူများ ထံဂတိပေးခဲ့သောအရာ ဖြစ်သည်။ ဘုရားသခင်က၊ “နောင်ကာလ အခါ ဣသရေလ အမျိုးသား တို့၌ ငါပေးအံ့သော ပဋ္ဋိညာဥ်တရားဟူမူကား၊ ငါထာ၀ရ ဘုရားသည် ငါ၏ ပညတ်တရားကို သူတို့ အတွင်း ထဲသို့ သွင်းမည်။ သူတို့ နှလုံးပေါ်မှာ ရေးထားမည်။ ငါသည် သူတို့၏ ဘုရား ဖြစ်မည်။ သူတို့ သည်လည်း ငါ၏ လူဖြစ်ကြလိမ့်မည်။ ထိုသူတို့က၊ ထာ၀ရ ဘုရားကို သိလော့ဟု၊ အမျိုးသား ချင်း၊ ညီအစ်ကို အချင်းချင်းတယောက်ကို တယောက် ဆုံးမဩ၀ါဒမပေးရကြ။ အကြောင်းမူကား၊ အငယ်ဆုံးသော သူမှစ၍ အကြီး ဆုံးသော သူတိုင်အောင်၊ ထိုသူ အပေါင်းတို့သည် ငါ့ကို သိကြလိမ့်မည်။ ထိုအခါ ငါသည် သူတို့ အပြစ်များကို သည်း ခံမည်။ သူတို့ ပြုသော ဒုစရိုက်များကို မအောက်မေ့ဘဲ နေမည်ဟု ထာ၀ရ ဘုရား မိန့်တော်မူ၏။” (ယေရ ၃၁:၃၃-၃၄)။

 

၄။ ဘုရားသခင်သည် သူတို့၏ မျက်စိ၌ မျက်ရည်ရှိသမျှ တို့ကို သုတ် တော်မူမည်။ နောက်တဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်း မရှိရ။ အကြောင်းမူကား၊ ရှေး ဖြစ်ဘူးသောအရာ တို့သည် ရွေ့သွားကြပြီ။

ဘုရားသခင်သည် သူတို့၏ မျက်စိ၌ မျက်ရည်ရှိသမျှ တို့ကို၊ သုတ် တော်မူ မည်ဟုဆိုသောကြောင့်၊ ကောင်းကင်၌ မျက်ရည်ရှိသေးသလော ဟု၊ မေးစရာ ဖြစ်လာသည်။ မျက်ရည်သည် ၀မ်းနည်းမျက်ရည်၊ ၀မ်းမြောက်မျက်ရည်နှင့် ကြောက်ရွံ့မျက်ရည်ဟူ၍ ရှိသည်။ ယခုသုတ်မည့် မျက်ရည်သည်၊ ၀မ်းနည်းမျက်ရည် ဖြစ်နိုင်သည်။ အကြောင်းမှာ နောက်သဖန်သေဘေးမရှိရ၊ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်း မရှိရဟုဆိုသောကြောင့် ယုံကြည်သူများမြေကြီး ပေါ်၌ နေစဥ်ဒုက္ခ ဆင်းရဲ ခံရခြင်း အတွက် ကျသော မျက်ရည် ဖြစ်နိင်သည်။ ထိုမျက်ရည်သည် ကောင်းကင် ရောက်ခါစ၌ ရှိသော မျက်ရည် ဖြစ်မည်။ အကြောင်းမှာ နောက်ထပ်ဒုက္ခ ဆင်းရဲ မရှိ၊ ရှေး ဖြစ်ဘူးသောအရာ တို့သည် ရွေ့သွားကြပြီဟုဆိုသည်။

 

၅။ ပလ္လင်တော် ပေါ်မှာ ထိုင် တော်မူသော သူကလည်း၊ ငါသည် ခပ်သိမ်းသောအရာ တို့ကို အသစ်ဖန်ဆင်းသည်ဟု၊ မိန့်တော်မူ၏။ တဖန်တုံ၊ ရေးထားလော့။ ဤစကားသည် သစ္စာ စကား၊ ဟုတ်မှန်သော စကား ဖြစ်၏ ဟူ၍၎င်း၊

ပလ္လင်တော် ပေါ်မှာ ထိုင် တော်မူသော သူသည်၊ ဘုရားသခင် ဖြစ်သည်။ သူသည် ခပ်သိမ်းသောအရာ တို့ကို အသစ်ဖန်ဆင်းသည်ဟုဆိုသည်။ ထိုခပ်သိမ်းသောအရာ တို့သည် ကောင်းကင်၊ မြေကြီးနှင့် အထဲ၌ ရှိသောအရာ အားလုံး ဖြစ်သည်။ ပဌမ ကောင်းကင်နှင့် မြေကြီးသည် စာတန်ကြောင့် ညစ်ညူး ခဲ့သည်။ ထို့ကြောင့် ဘုရားသခင်က၊ အရာခပ်သိမ်းကို အသစ်ပြန်ဖန်ဆင်းခြင်း ဖြစ်သည်။ ထိုအသစ်သောအရာ ကို စာတန်က၊ မညစ်ညူး စေနိင်တော့သောကြောင့်၊ ထာ၀ရ ကာလ တိုင်တည်တန့်မည့် အရာ ဖြစ်သည်။ ဘုရားသခင်သည် မုသာကို မပြောနိ်င်၊ မှန်သော သမ္မာတရားကို သာပြောနိင်သည်။ ထို့ကြောင့် ထိုအရာကို ယောဟန်အားရေးမှတ်ထားခိုင်းခြင်း ဖြစ်သည်။

 

၆။ အမှုပြီး ပြီ။ ငါသည် အာလာဖ ဖြစ်၏။ ဩမေဃလည်း ဖြစ်၏။ အစနှင့် အဆုံးလည်း ဖြစ်၏။ ရေငတ်သော သူအား အသက် စမ်းရေကို အဘိုးမယူဘဲ ငါပေးမည်။

“အမှုပြီး ပြီ” ဟူသောအရာ သည်၊ အဘယ်အရာနည်း။ ဘုရားသခင်က အရာခပ်သိမ်းကို ဖန်ဆင်းပြီး နောက်​ခြောက် ရက်နေ့တွင် လူကို ဖန်ဆင်းကာသတ္တမနေ့တွင် အနားယူသည်ဟုဆိုသည် (က ၂:၂-၃)။ သို့သော် စာတန် ကလူကို လှည့်ဖျား၍၊ အပြစ် ကျူးလွန် ချိန်မှစ၍၊ ဘုရားသခင်သည် အနားမယူနိင်တော့ဘဲ အမြဲအလုပ်လုပ်ဘို့ လိုလာသည်။ ထို့ကြောင့် “ယေရှု ကလည်း၊ ငါ့ခမည်းတော်သည် ယခုတိုင်အောင် အလုပ်လုပ် တော်မူသည် ဖြစ်၍၊ ငါသည်လည်း လုပ်၏ဟု ပြန်ပြော တော်မူ၏။” (ယော ၅:၁ရ)။ ခရစ်တော် ကလက်၀ါးကပ်တိုင်တော် ပေါ်တွင် အမှုပြီး ပြီ (ယော ၁၉:၃၀) ဟုဆိုသော်လည်း ထိုအရာသည်၊ ကယ်တင်ခြင်း လုပ်ငန်းနှင့် ပတ်သက်သောအရာ ကို သာခြုံထားသည်။ ခရစ်တော်အားဖြင့် လူများ ကယ်တင်ခြင်း လုပ်ငန်း၊ ပြီး စီးသွားသော်လည်း ဘုရားသခင်၌၊ လုပ်စရာ များစွာ ရှိသေးသည်။ သို့သော် စာတန်ကို မီးအိုင် ထဲချပစ်၍၊ ကောင်းကင်သစ်နှင့် မြေကြီးသစ်ဖန်ဆင်း သောအခါ၊ နောက်ထပ်ဘာမျှလုပ်စရာ မလိုတော့သောကြောင့်၊ အမှုပြီး ပြီဟုဆိုရခြင်း ဖြစ်သည်။

 

“ငါသည် အာလာဖ ဖြစ်၏။ ဩမေဃလည်း ဖြစ်၏။ အစနှင့် အဆုံးလည်း ဖြစ်၏။” ဗျာ ၁ ၌ ဖေါ်ပြပြီး သကဲ့သို့ အာလာဖနှင့် ဩမေဃသည် ဂရိတ် (ဟေလသ) ဘာသာ၏ အက္ခရာပဌမ ဦးဆုံးနှင့် နောက်ဆုံး ဖြစ်သည်။ အာလာဖရှေ့၌ အဘယ်အက္ခရာမရှိ သကဲ့သို့၊ ဘုရားသခင့်ရှေ့၌ အဘယ်အရာမျှမရှိချေ။ ထို့နည်းတူဩမေဃနောက်၌၊ အဘယ်အက္ခရာမရှိတော့ သကဲ့သို့၊ ဘုရားသည် နောက်ဆုံးလည်း ဖြစ်သည်။ ငါသည် အာလာဖနှင့် ဩမေဃ ဖြစ်သည်ဟု ဘုရားသခင်က သာလျှင် ဆိုနိင်သည်။ ဖန်ဆင်းထားသော လူနှင့် ကောင်းကင်တမန် များကမဆိုနိင်ချေ။

 

“ရေငတ်သော သူကို အဘိုးမပေးဘဲ ပေးမည်”ဟုဆိုသည်။ ထိုရေသည် သောက်သုံးရေ မဟုတ်ဘဲ ၀ိညာဥ်ရေ ဖြစ်သည်။ လူတိုင်း၏ ၀ိညာဥ်သည် ဘုရားကို ဆာငတ်သည် (ဆာ ၄၂:၁၊ ၅)။ ထို၀ိညာဥ်ဆာငတ်ခြင်းသည်လောက အရာအားဖြင့် မပြေစေနိင်ချေ။ ဘုရားကိုယ်တိုင်ကသာလျှင် ပြေစေနိင်သည် (ယောရ:၃ ရ- ၃၉)။ မိတ်ဆွေ၊ သင်၏ ၀ိညာဥ်သည် ဘုရားသခင်ကို ငတ်ကြောင်း သိပါသလော။ လောက အရာများအားဖြင့် ၀ိညာဥ်အငတ်ပြေဘို့ မကြိုးစားဘဲ၊ ဘုရား အားဖြင့် သာလျှင် အငတ်ပြေဘို့၊ ဘုရား ထံတော်သို့ ချဥ်းကပ်ပါ။

 

ရ။ အောင်မြင်သော သူသည် ဤအရာတို့ကို အမွေခံ ရလိမ့်မည်။ ငါသည် သူ၏ ဘုရားသခင် ဖြစ်မည်။ သူ သည်လည်း ငါ၏သား ဖြစ်လိမ့်မည်။

“အောင်မြင်ခြင်း”သည် ယုံကြည်ခြင်း ဖြစ်ကြောင်း ယောဟန်ကဤသို့ ရေးထားခဲ့သည်၊ ” ဘုရားသခင်၏သား ဖြစ်သော သူမည်သည် ကား၊ လောကကိုအောင် တတ်၏။ လောကကို အောင်ခြင်း အကြောင်းမူကား၊ ငါတို့၏ ယုံကြည်ခြင်း ပေတည်း။” (၁ ယော ၅:၄)။ ဤအမွေဟူသောအရာ သည် “အသက် ရေ” ဖြစ်သည်။ ယုံကြည်သော သူသည် အသက် ရေကို အမွေခံ ရကြလိမ့်မည်။ ရေငတ်သော သူအတွက် ရေသည် အလွန် တန်ဘိုးရှိသော်လည်းရေမငတ်သော သူအတွက် ရေသည် ဘာမျှ မဟုတ်ချေ။

 

“ငါသည် သူ၏ ဘုရားသခင် ဖြစ်မည်” ဟူသောအရာ သည် ဘုရားသခင်ကို အလွန် ကြည်ညိုသော သူအတွက် အလွန် တန်ဘိုး ကြီးသည်။ ဘုရားသခင်ကို ဂရုမစိုက်သော သူအတွက် မူအဓိပ္ပါယ်မရှိ၊ တန်ဘိုးလည်း မရှိချေ။ “သူ သည်လည်း ငါ့သား ဖြစ်မည်” သားတော်ကို ယုံကြည်သော သူသည် ဘုရားသား ဖြစ်ရသော အခွင့်ပေးသည်ဟု (ယော ၁:၁၂)၌ တွေ့ရသည်။ အရာရှိသား၊ သူဌေးကြီး၏ သား၊ သမတသားများဖြစ်နိင်လျှင် လူအများစုကလိုချင် ကြမည်။ ထိုမျှမကဘုရား၏သား ဖြစ်ခြင်းသည် မည်မျှလိုချင်စရာ ကောင်းသနည်း။

 

၈။ ကြောက်တတ်သောသူ၊ မယုံကြည် သောသူ၊ စက်ဆုပ်ရွံရှာဘွယ်သောသူ၊ လူအသက်ကို သတ်သောသူ၊ မတရားသော မေထုန်၌ မှီဝဲသောသူ၊ ပြုစားတတ်သောသူ၊ ရုပ်တုကိုကိုး ကွယ်သောသူ၊ သစ္စာ ပျက်သောသူ အပေါင်းတို့ မူကား၊ ဒုတိယသေခြင်း တည်း ဟူသော ကန့်နှင့် လောင်သော မီးအိုင် ထဲ၌ မိမိတို့ အဘို့ကို ရကြလိမ့်မည်ဟူ၍၎င်းငါ့အား မိန့်တော်မူ၏။

ဒုတိယသေခြင်း တည်း ဟူသော၊ ကန့်နှင့် လောင်သော မီးအိုင် ထဲ၌ ဆင်းသွားမည့်သူ များ၏ အကျင့်များကို ဖေါ်ပြထားသည်။ သူတို့သည် ထိုအကျင့်များကြောင့် မီးအိုင် ထဲသို့ ရောက်သွားကြခြင်း မဟုတ်ဘဲ၊ ဘုရားကို မကိုး ကွယ်ခြင်း၊ မယုံကြည်ခြင်း၊ ခရစ်တော်ကို လက်မခံခြင်းကြောင့်၊ ထိုအကျင့်များကို ကျင့်ကြ၍၊ မီးအိုင် ထဲသို့ ဆင်းကြရမှာ ဖြစ်သည်။ အဘယ့်ကြောင့်ကြောက်တတ်သော သူသည် မီးအိုင် ထဲသို့ ဆင်းရသနည်း။ ကြောက်တတ်သော သူဟု ုဆိုရာတွင်၊ ဘုရားသခင်ကို ယုံကြည် ဘို့ရန် ကြောက်တတ်ခြင်းကို ဆိုလိုသည်။ လူများ စွာသည် ဘုရားသခင်နှင့် သူပေးသော အသက်ကို လိုချင်သော်လည်း မယူရဲကြချေ။ အကြောင်းမှာ ဘုရားကို ယုံကြည် ပါက၊ မိသားစုအသိုင်းအဝိုင်းမှပယ်မှာကို ကြောက် ကြသည်။ အလုပ်ပြုတ်မှာ၊ ရာထူးကျမှာ၊ လူများ၏ သရော်မှာကို ကြောက်သောကြောင့်၊ ဘုရားကို မယုံကြည် လက်မခံရဲကြချေ။

 

၉။ နောက်ဆုံးသော ဘေးဒဏ် ခုနစ်ပါးနှင့် ပြည့်စုံသော ဖလား ခုနစ်လုံးကို ဆောင်သော ကောင်းကင်တမန် ခုနစ်ပါးတွင် တပါးသည် လာပြီးလျှင်၊ ငါ့ကို နှုတ်ဆက်၍၊ လာခဲ့ပါ။ သိုးသငယ်၏ ခင်ပွန်းတည်း ဟူသော၊ မင်္ဂလာဆောင်သတို့သမီးကို ငါပြမည်ဟု ပြောဆို လျက်၊

“နောက်ဆုံးသော ဘေးဒဏ် ခုနစ်ပါးနှင့် ပြည့်စုံသော ဖလား ခုနစ်လုံးကို ဆောင်သော ကောင်းကင်တမန် ခုနစ်ပါးတွင်” ဟူသော ၀ါကျသည် နာမ၀ိသေသန ဖြစ်သည်။ ထိုအရာကို ဖြုတ်လိုက်ပါက ကောင်းကင်တမန် တပါးသည်ဟု နားလည်ရသည်။ ထိုကောင်းကင်တမန် ကယောဟန်ကို နှုတ်ဆက်၍၊ သိုးသငယ်၏ ခင်ပွန်းတည်း ဟူသော မင်္ဂလာဆောင်သတို့သမီးကို ငါပြမည်ဟုဆိုသည်။ ထိုသတို့သမီး သည် အသင်းတော် ဖြစ်ကြောင်း ဗျာ ၁၉:ရ၌ ဖေါ်ပြခဲ့ပြီး ပြီ။

 

၁၀။ ကြီး မြင့်သော တောင်သို့ ၀ိညာဥ်တော် အားဖြင့် ငါ့ကို ဆောင်သွား၍၊ သန့်ရှင်းသော ယေရုရှလင် မြို့သည်၊ ဘုရားသခင်၏ ဘုန်းတော်နှင့် ပြည့်စုံလျက်၊ ဘုရားသခင့်အထံတော်၊ ကောင်းကင်ဘုံမှ ဆင်းသက်သည်ကို ငါ့အား ပြလေ၏။

အငယ် ၂၌ ဖေါ်ပြခဲ့ပြီးသော ယေရုရှလင် မြို့သစ်ကို၊ ယခုတဖန် ပြန်လည်း ဖေါ်ပြခြင်း ဖြစ်သည်။ ယေရုရှလင် မြို့သည် ဘုရား၏ ဘုန်းတော်နှင့် ပြည့်စုံသည်ဟုဆိုသည်။ ထိုဘုန်းကို အောက်၌ ဆက်လက် ဖေါ်ပြသွားသည်။

 

၁၁။ ထိုမြို့၏ အရောင်အ၀ါသည်၊ ကျောက်သလင်းနဂါးသွဲ့ကဲ့သို့၊ အမြတ်ဆုံးသော ကျောက်မျက်မွန်နှင့် တူ၏။ ယေရုရှလင် မြို့သည် ကျောက်သလင်း၊ နဂါးသွဲ့ကျောက် (jasper)နှင့် တူသည်ဟုဆိုသည်။

 

၁၂-၁၃။ ကြီး မြင့်သော မြို့ရိုးလည်းရှိ၏။ အရှေ့ဘက်၌ တံခါးသုံးပေါက်၊ မြောက်ဘက်၌ သုံးပေါက်၊ တောင်ဘက်၌ သုံးပေါက်၊ အနောက်ဘက်၌ သုံးပေါက်၊ တံခါးတဆယ်နှစ်ပေါက်ရှိ၏၊ ထိုတံခါးတဆယ်နှစ်ပေါက်၌ ကောင်းကင်တမန် တဆယ်နှစ်ပါးရှိ၏၊ ဣသရေလ အမျိုးတဆယ်နှစ်မျိုး၏ နာမတို့သည်၊ ထိုတံခါးပေါ်၌ ရေးထားလျက် ရှိ၏။

ယေရုရှလင် မြို့သစ်သည် ကြီး မြင့်သော မြို့ရိုးရှိသည်ဟုဆိုသည်။ မြို့ရိုးသည် ရှေးခေတ်၌ မရှိမ ဖြစ်လိုအပ်သောအရာ ဖြစ်သည်။ အကြောင်းမှာ မြို့ရိုးသည် ရန် သူများ ဘေးမှကာကွယ်သောအရာ ဖြစ်သည်။ သို့ဖြစ်လျှင် ယေရုရှလင် မြို့သစ်၌၊ ရန် သူများရှိဦးမည်လော။ ထိုမြို့ရိုးသည် ကာကွယ်ရေးအတွက် မဟုတ်တန်ရာ။ အကြောင်းမူကား၊ ရန်သူတည်း ဟူသော စာတန်နှင့် အဖွဲ့သည်၊ မီးအိုင် ထဲသို့ ချပစ်ပြီး ဖြစ်၍၊ မနှောက်ရှက်နိင်တော့ချေ။ ထို့ကြောင့် မြို့ရိုးသည် မြို့၏ ဂုဏ်အဂ်ါလက္ခဏာ ပြည့်စုံဘို့ အတွက် ဖြစ်နိ််င်သည်။ တံခါးပေါက်လည်း အရှေ့အနောက်၊ တောင်၊ မြောက်၌ သုံးခုစီရှိ၍၊ ကောင်းကင်တမန် တပါးစီကစောင့်ထားသည်။ ထိုတံခါးများ အပေါ်၌၊ ဣသရေလ ဆယ့်နှစ်မျိုး၏ နာမများရေးထားသည်။ နာမရေးထားခြင်းသည် အမှတ်တရ၊ ယပိုင်ဆိုင်မှု၊ ဂုဏ်ပြုခြင်း များကို ဖေါ်ပြသည်။

 

၁၄။ မြို့ရိုးအမြစ်သည် တဆယ်နှစ်ထပ်ရှိ၏။ သိုးသငယ်၏ တမန်တော် တဆယ်နှစ်ပါး၏ နာမတို့သည် မြို့ရိုးအမြစ်ပေါ်၌ ရေးထားလျက် ရှိကြ၏။

မြို့ရိုးအမြစ် (အုတ်မြစ်) သည် တဆယ့်နှစ်ထပ်ရှိ၍၊ တမန်တော် ဆယ့်နှစ်ပါး၏ နာမများရေးထားသည်ဟုဆိုသည်။ ရှင်ပေါလုက၊ “တမန်တော် မှစ၍ ပရောဖက်များတည်း ဟူသော တိုက်မြစ် အပေါ်၌ သင်တို့သည် ထပ်ဆင့်၍ တည်ဆောက်လျက် ရှိကြ၏။” (ဧဖက် ၂:၂၀) ဟု ရေးသား ခဲ့သည်။ တမန်တော် များသည် ယေရှုခရစ် ကခေါ် သောအခါ၊ တွန့်ဆုတ်ခြင်း မရှိဘဲ ချက်ချင်း လိုက်သွားကြကာ၊ အသက်ထက် ဆုံးသခင်အတွက် အမှု ဆောင်ခဲ့ ကြသည်။ ထို့ကြောင့် သူတို့သည်၊ ထာ၀ရ ကာလ ပတ်လုံးအမှတ်ရဘို့ သူတို့၏ နာမည်များကို၊ မြို့ရိုးအမြစ်၌ ရေးထားသည်။ လူသည် သေဆုံးသွား သောအခါ၊ အမှတ်ရဘို့ရန် အတွက် ကျောက်တိုင်များ ထူထားကာ၊ နောင်လာနောက်သားများကချီးမွမ်းနိင်ဘို့ရန် အသက် ရှင်စဥ်၊ အောင်မြင် ခဲ့သောအရာ များကို ရေးမှတ်တတ် ကြသည်။ သို့သော် ထိုအမှတ်တရကျောက်တိုင်များသည်၊ အားလုံးပျောက်ပျက်မှာ ဖြစ်သည်။ ဘုရားရေးသောအရာ မူကား၊ ထာ၀ရ ကာလ တိုင်တည်မှာ ဖြစ်သည်။

 

၁၅။ ငါနှင့် စကား ပြောသော သူသည်၊ မြို့ကို၎င်း၊ တံခါးတို့ကို၎င်း၊ မြို့ရိုးကို၎င်းတိုင်းခြင်းငှါ တိုင်းစရာ ရွှေကျူလုံးပါ၏။ ၁၆။ မြို့သည် စတုရန်းလေးထောင့် ဖြစ်၏။ ထိုသူသည် ကျူလုံးနှင့် မြို့ကို တိုင်း၍ မြို့၏ အနံ၊ အလျား၊ အမြင့်၊ ယူဇနာတရာနှစ်ဆယ်စီရှိ၏။ ၁ရ။ မြို့ရိုးဒုကို တိုင်း၍၊ လူအတောင်ကဲ့သို့သော ကောင်းကင်တမန် အတောင်အားဖြင့်၊ တရာလေးဆယ်လေးတောင်ရှိ၏။

မြို့တံခါးနှင့် မြို့ရိုးတိုင်းခြင်း သည် ယပိုင်ဆိုင်မှုနှင့် မှတ်တမ်းကို ဖေါ်ပြသည်။ ဗျာ ၁၁:၁-၂၌လည်း၊ ဘေးဒဏ်ကြီး ကာလ၌ တည်ဆောက်မည့် တဲတော်ကို တိုင်းကြောင်း တွေ့ခဲ့ရသည်။ ယေရုရှလင် မြို့သစ်သည် စတုဂံ ဖြစ်၍ အလျားအနံအမြင့်သည် ယူဇနာတရာနှစ်ဆယ်စီရှိသည်ဟုဆိုသည်။ ယူဇနာတရာနှစ်ဆယ်သည် မိုင်တထောင့်ငါးရာမိုင် ဖြစ်သည်။ မြို့ရိုးလည်း ကောင်းကင်တမန် အတောင်အားဖြင့် တရာ့လေးဆယ်လေးတောင်ရှိသည်။ ရှေးဟောင်းကမ္ဘာ့ အံ့ဘွယ်ခုနှစ်ပါးမှာပါသော တရုတ်ပြည် ရှိမဟာတိုင်းသည် အရှည် ၁၃၁ ရ၁ မိုင်ရိှ၍ ၁၅မှ ၃၀ပေကျယ်သည်။ ယေရုရှလင် မြို့သစ်၏ မြို့ရိုးသည် အလျားမိုင် ၁၅၀၀၊ အနံမိုင် ၁၅၀၀ရှိသောကြောင့် စုစုပေါင်း၂၂၅၀၀၀၀မိုင်ရှည်၍ မြို့ရိုးဒုသည် ၁၄၄ တောင်ရှိသောကြောင့် တရုတ်တံတိုင်းထက် အလွန် ကြီးသည်။

 

၁၈။ မြို့ရိုးကိုယ်သည် နဂါးသွဲ့ကျောက် ဖြစ်၏။ မြို့ သည်လည်း ကြည်လင်သော ဖန်နှင့် တူသော ရွှေစင် ဖြစ်၏။

မြို့ရိုးသည် နဂါးသဲွ့ကျောက် ဖြစ်သည်ဟုဆိုသည်။ နဂါးသွဲကျောက်သည် အငယ် ၁၁၌ ဖေါ်ပြခဲ့ပြီး ပြီ။ မြိ့သည် ကြည်လင်သော ဖန်နှင့် တူသော ရွှေစင် ဖြစ်သည်ဟုဆိုသည်။ မြေကြီး ပေါ်ရှိရွှေသည်၊ ဖန်ကဲ့သို့ မကြည်လင်ချေ။ ထိုသို့ ရွှေစင်ဖြင့် ဆောက်ထားသောကြောင့်၊ ကောင်းကင် ရွှေပြည်ဟု ခေါ်ခြင်း ဖြစ်သည်။ မြေကြီး ပေါ်၌ ရွှေမရှိနိင် သူများ၊ ကောင်းကင် ရွှေပြည်၌၊ နေကြဦးမှာ ဖြစ်သောကြောင့်၊ ကောင်းကင်ကို စွဲလန်းသင့်သည်။

 

၁၉။ မြို့ရိုးအမြစ်တို့သည် ကျောက်မြတ်အမျိုးမျိုးနှင့် ပြည့်စုံကြ၏။ ပထမအမြစ်ကား နဂါးသွဲ့ ဖြစ်၏။ ဒုတိယအမြစ်ကား နီလာ၊ တတိယအမြစ်ကား မဟူရာ၊ စတုတ္ထ္ဂအမြစ်ကား မြ၊ ၂၀။ ပဥဏမအမြစ်ကား ကြောင်၊ ဆဌမအမြစ်ကား ကျောက်နီ၊ သတ္တမအမြစ်ကား ခရုသုလိတ်၊ အဌမအမြစ်ကား မျက်ရွဲ၊ န၀မအမြစ်ကား ဥဿဖရား၊ ဒသမအမြစ်ကား ခရုသုပြတ်၊ ဧကဒသမအမြစ်ကား၀ါကိမ်သု၊ ဒွါဒသမအမြစ်ကား ဂေါ်မုတ် ဖြစ်သတည်း။

မြို့ရိုးအမြစ်တို့သည် ကျောက်ဆယ့်နှစ်မျိုးဖြင့် တည်ဆောက်ထားသည်။ မြန်မာနိင်ငံ၌ ကျောက်ကောင်းများရရှိဘို့ အတွက် မိုးကုတ်၊ မိုင်းရှုိး၊ ဖါးကန့်​ေဒသများသို့ သွား၍ ပင်ပန်းစွာ တူး ကြသည်။ အချို့သော သူများသည်၊ ကျောက်မရဘဲ ရောဂါနှင့် အကျင့်ဆိုးများရရှိတတ် ကြသည်။ အချို့သော သူများသည် သေဆုံးသွားကြရသည်။ ဤလောက၌ ကျောက်ကောင်းကျောက်မြတ်များ၊ မပိုင်သည် သာမကမမြင်ဘူး၊ မသိဘူးသော်လည်း ကောင်းနိင်ငံ၌၊ ထိုကျောက်များ ဖြင့် တည်ဆောက်သော မြို့၌၊ နေမှာ ဖြစ်ကြောင်း သိသောအခါ အလွန် ၀မ်းမြောက်မြော်လင့်စရာ ဖြစ်သည်။ ဤလောက၌ ကျောက်ကောင်းဆင်မြန်းနိင် သူများသည်၊ ဂုဏ်ယူ ၀င့်ကြွားတတ် ကြသည်။ ထိုသူကို ကောင်းကင်တမန် များကမြင်ပါကအံ့ဩ၍ ရီကြမှာသေချာသည်။ အကြောင်းမှာ ကောင်းကင် မြို့ရိုး၌ အသုံးပြုသော ကျောက်များကို လည်ပင်း၊ နားရွက်များ၌ အမြတ်တနို်းချိတ်ဆဲွထားသောကြောင့် ဖြစ်သည်။ ကျောက်ကောင်းများသည် ကောင်းကင် ခြံစည်းရိုးများ ဖြစ်သည်။

 

၂၁။ တံခါးရွက်တဆယ်နှစ်ရွက်အသီးသီးတို့သည်၊ ပုလဲတပြားစီဖြင့် ပြီး၍ ပုလဲတဆယ်နှစ်ပြား ဖြစ်ကြ၏။ မြို့လမ်းမသည် ကြည်လင်သော ဖန်ကဲ့သို့သော ရွှေစင် ဖြစ်၏။

ဤလောက၌ ပုလဲလုံးသေးသေးလေး ယပိုင်ဆိုင်သူ၊ လည်ပင်း၌ ဆဲွနိင် သူများသည် အလွန် ဂုဏ်ယူ ၀ါကြွားတတ် ကြသည်။ ကောင်းကင်၌ တံခါးရွက်တို့သည် ပုလဲတပြားစီဖြင့် ပြုလုပ် ထားသည်ဟုဆိုသည်။ ထို့ကြောင့် ပုလဲလည်ဆဲွဆဲွသော သူများသည်၊ ကောင်းကင် တံခါးရွက်ကို ဆွဲထားသူနှင့် တူသောကြောင့်၊ ကောင်းကင်တမန် များ၏ အမြင်၌ အရူးကဲ့သို့ဖြစ်နေမှာ ဖြစ်သည်။ မြို့လမ်းမသည် လည်း၊ ကြည်လင်သော ဖန်ကဲ့သို့သော ရွှေစင် ဖြစ်သည်ဟုဆိုသည်။ ထို့ကြောင့် ရွှေသည် ကောင်းကင် လမ်းခင်းကတ္တရာ ဖြစ်သည်။ တောသူမကမြို့ပေါ်ရောက် သောအခါ၊ ကတ္တရာစေးကို လည်ဆဲွအဖြစ် လုပ်၍၊ လည်ပျင်း၌ ဆဲွပါကသင်မည်ကဲ့သို့ ထင်မည်နည်း။ ထို့နည်းတူ၊ ကောင်းကင် ကတ္တရာ ဖြစ်သော ရွှေကို၊ လည်ပင်း၌ ဆွဲထားသော သူများကို၊ ကောင်းကင်တမန် များကအရူးဟု မြင်ကြပါလိမ့်မည်။

 

၂၂။ မြို့ထဲ၌ ဗိမာန်တော်ကို ငါမမြင်။ အကြောင်းမူကား၊ အနန္တတန်ခိုးနှင့် ပြည့်စုံ တော်မူသော ထာ၀ရ အရှင် ဘုရားသခင်နှင့် သိုးသငယ်သည် ထိုမြို့၏ ဗိမာန် ဖြစ်တော်မူ၏။

ပဌမ ဦးဆုံးသော ဗိမာန်တော်သည် ရှောလမုန်ကဆောက်ခဲ့သည်။ ဒုတိယဗိမာန်တော်ကို ယေရုဗဗေလကဆောက်ခဲ့သည်။ ထိုဗိမာန်တော်၌ ဘုရား ကျိန်း၀ပ်ခဲ့သည်။ ကောင်းကင်၌ ဗိမာန်တော် မရှိတော့ချေ။ အကြောင်းမူကား ကောင်းကင် နိင်ငံတော်၌၊ ဘုရားသခင်ကိုယ်တော်တိုင် နေထိုင်သော နေရာ ဖြစ်သောကြောင့်၊ ကောင်းကင် နိင်ငံတနိင်ငံလုံးသည် ဗိမာန်တော် ဖြစ်သည်။ လောက၌ ဆောက်ခဲ့သော ဗိမာန်များသည် နမူနာများ သာ ဖြစ်၍ အရိပ် ဖြစ်သည်။

 

၂၃။ ထိုမြို့သည် နေ၏ အရောင်၊ လ၏ အရောင်ကို အလိုမရှိ၊ အကြောင်းမူကား၊ ဘုရားသခင်၏ ဘုန်းတော်သည် ထိုမြို့ကို လင်းစေ၏။ သိုးသငယ် သည်လည်း ထိုမြို့၏ ဆီမီး ဖြစ်၏။

ဘုရားသခင်သည် အလင်း ဖြစ်သည် (၁ ယော ၁:၅)။ သိုးသငယ်လည်း အလင်း ဖြစ်သည် (ယော ၉:၅)။ ထို့ကြောင့် နေအလင်းမှစ၍ လူလုပ်သော အလင်းမလိုတော့ချေ။ ဘုရားသခင်နှင့် သိုးသငယ်သည် အလင်း ဖြစ်သောကြောင့်၊ အမှောင်သည် မရှိတော့ချေ။ အချို့သော သူများ ကအံသွားခဲကျိတ်ရာမှောင်မိုက်အရပ်သည်၊ ကောင်းကင်၏ အစိပ်အပိုင်းအဖြစ် သင်ပေး ကြသည်။ ဘုရားရှိသော နေရာ၌ အံသွားခဲကျိတ်ခြင်း တည်း ဟူသော၊ နာကျင်ခြင်းနှင့် မှောင်မိုက်မရှိတော့ချေ။ ထ့ုိကြောင့်အံသွားခဲကျိတ်ရာမှောင်မိုက်အရပ်သည် ကောင်းကင် မဖြစ်နိင်ချေ။

 

၂၄။ လူအမျိုးမျိုး တို့သည် ထိုမြို့၏ အလင်းကို အမှီပြု၍ သွားလာကြလိမ့်မည်။ လောကီရှင်ဘုရင်တို့သည် လည်း၊ မိမိတို့ ဘုန်းအသရေကို ထိုမြို့ထဲသို့ ဆောင်ခဲ့ကြလိမ့်မည်။

လူအမျိုးမျိုး တို့ဟုဆိုသောကြောင့် ကောင်းကင်၌ လူမျိုးကဲွမည့် ဟန်ရှိသည်။ သို့သော် ခရစ်တော်၌ ယုဒလူမရှိ၊ ဟေလသလူမရှိဟုဆိုခဲ့ပြီ (ဂလာ ၃:၂၈)။ လူအမျိုးမျိုးဟုဆိုခြင်းသည်လောက အမြင်၊ အသိအားဖြင့် ဖေါ်ပြခြင်း ဖြစ်သည်။ လောက၌ နေအလင်းကို အလိုရှိကြသော်လည်း နေပူလွန်းလျှင်အား လျော့တတ်သည်။ သို့သော် ကောင်းကင်၌ ဘုရား၏ အလင်းသည်၊ လူကို နွမ်းပန်းစေမည် မဟုတ်။ လောကီရှင်ဘုရင်တို့သည်၊ မိမိတို့ ဘုန်းအသရေကို မြို့ထဲသို့ ဆောင်ခဲ့မည်ဟုဆိုသောကြောင့်၊ ကောင်းကင်၌ အဆင့်အတန်းခွဲခြားခြင်းရှိဦးမည့် အရာကို ဖေါ်ပြသည်။ အနှစ်တထောင်အုပ်စိုးစဥ်ကရရှိသော ရာထူးများ ဖြစ်နိင်သည်။ အကြောင်းမှာ ခရစ်တော် ကမြေကြီး ပေါ်တွင် အနှစ်တထောင်အုပ်စိုးချိန်တွင်၊ သူနှင့်အတူ အုပ်စိုးမည့်သူများခန့်ထားမှာ ဖြစ်သည်။ ထိုအုပ်စိုး သူများသည်၊ ဘုရား ပေးသော ဘုန်းအသရေကို၊ မြို့ထဲသို့ ဆောင်ခဲ့ကြမည်။ ယခုအချိန်၌ အုပ်စိုးသော သူများကို ဆိုလိုခြင်း ဖြစ်မည် မထင်။

 

၂၅။ မြို့တံခါးတို့ကို နေ့အချိန်၌ အလျှင်း မပိတ်တတ်။ ညဥ့်မူကား မရှိ။

မြို့တံခါးတို့ကို နေ့အချိန်၌ မပိတ်ဟုဆိုသောကြောင့် အံ့ဩ ပေလိမ့်မည်။ ကောင်းကင်၌ ညဥ့်မရှိတော့ဟုဆိုသည်။ ဆိုလိုသည် မှာမြို့တံခါးများရှိသောလည်း အစဥ်ထာ၀ရ ပိတ်ခြင်း မရှိတော့ချေ။ လောက၌ မြို့တံခါးများ ပိတ်ခြင်းသည်၊ ရန်သူတို့ကို ဆီးတားခြင်း ဖြစ်သည်။ သို့သော် ကောင်းကင်၌ ရန်သူမရှိတော့သောကြောင့်၊ ပိတ်စရာ မလိုတော့ချေ။ တောရွာများနှင့် အေးချမ်းသာ ယာသော မြို့များ၌ တံခါးများရှိသော်လည်း မပိတ်ထားတတ်ကြသည် မဟုတ်လော။ ဘေးကင်းလုံခြုံခြင်းကို ဖေါ်ပြသည်။

 

၂၆။ လူအမျိုးမျိုး တို့သည် မိမိတို့ ဘုန်းအသရေကို ထိုမြို့ထဲသို့ ဆောင်ခဲ့ကြလိမ့်မည်။

လူအမျိုးမျိုးတို့ ယူဆောင်လာသော ဘုန်းအသရေသည်၊ လူလူချင်းပေးသော ဘုန်း ဖြစ်မည် မဟုတ်၊ ဘုရား ပေးသော ဘုန်းအသရေ ဖြစ်မည်။ ခရစ်တော်က၊ “အချင်းချင်းပေးသော ဘုန်းအသရေကို သာခံ၍၊ ဘုရားသခင် သာလျှင် ပေးတော်မူ တတ်သော ဘုန်းအသရေကို အလိုမရှိသော သင်တို့သည် အဘယ်သို့ ယုံကြည် နိုင်မည်နည်း။” (ယော ၅:၄၄) ဟုဆိုခဲ့သည်။ လူလူချင်းပေးသော ဘုန်း (ချီးမွမ်းခြင်း အပါအ၀င်) ထက် ဘုရား ပေးမည့် ဘုန်းကို လိုချင် ကြပါစို့။

 

၂ရ။ ညစ်ညူးသောအရာ၊ စက်ဆုပ်ဘွယ်သောအရာ၊ သစ္စာ ပျက်သောအရာ တစုံ တခုမျှမ၀င်ရဘဲ၊ သိုးသငယ်၏ အသက် စာစောင်၌ စာရင်း၀င်သော သူတို့ သာလျှင် ၀င်ရ၏။

ယေရုရှလင် မြို့သစ်၌၊ ကယ်တင်ခြင်းသို့ မရောက်သော သူများ၊ ၀င်နိင်မည် မဟုတ်။ ထိုကယ်တင်ခြင်းသို့ မရောက်သော သူများ၏ အကျင့်နှင့် အသက်တာကို အထက်၌ ဖေါ်ပြထားသည်။ ညစ်ညူးသောအရာ၊ စက်ဆုပ်ဘွယ်သောအရာ၊ သစ္စာ ပျက်သောအရာ တို့သည်၊ ကယ်တင်ခြင်းသို့ မရောက်သော သူများ၏ အသက်တာ ဖြစ်သည်။ ကောင်းကင် မြို့သစ်၌ သိုးသငယ်၏ အသက် စာစောင်၌၊ စာရင်း၀င်သော သူတို့ သာလျှင် ၀င်ရသည်ဟုဆိုသည်။ မိတ်ဆွေ၊ သင်သည် ထိုသိုးသငယ်၏ အသက် စာစောင်၌ စာရင်း၀င်ပြီး ပြီလော။ မသေမှီ၊ ချီဆောင်ခြင်း မတိုင်မှီ အမြန်ဆုံး စာရင်း၀င်ဘို့ တိုက်တွန်းလိုပါသည်။

 

ဗျာ ၂၁ မေးခွန်းများ

 

၁။ ကောင်းကင်သစ်နှင့် မြေကြီးသစ်ဘယ်နှစ်ခုရှိသနည်း။ —————————-

၂။ ကောင်းကင်သစ်နှင့် မြေကြီးသစ်၌ ဘာမရှိတော့သနည်း။ —————————

၃။ ယေရုရှလင် မြို့ဘယ်နှစ်ခုရှိသနည်း။ —————- ဖေါ်ပြပါ။ ————————————————

၄။ ယေရုရှလင် မြို့ဟုဆိုရာတွင်၊ အဆောက်အဦးများလော၊ လူဖြစ်သလော။ —————————-

၅။ ဘုရားသခင်က လူကို ဖန်ဆင်းခြင်းသည်၊ အဘယ်အရာတွက် ဖြစ်သနည်း။ ——————————————

၆။ အဘယ်ကြောင့် ဘုရားသခင်နှင့် လူသည်၊ ပေါင်းဖေါ်၍ မရတော့သနည်း။ ——————————————

ရ။ ဘုရားသခင်သည် လူနှင့် ပေါင်းဖေါ်၍ ရပြီလော။ ————–မည်သို့ ရသနည်း။ —————————————-

၈။ မျက်ရည်ဘယ်နှစ်မျိုးရှိသနည်း။ ————–အားလုံး ဖေါ်ပြပါ။ ——————————————

၉။ ကောင်းကင်၌ သုတ်မည့် မျက်ရည်သည် ဘာမျက်ရည် ဖြစ်နိင်သနည်း။ —————————-

၁၀။ ကောင်းကင်၌ နောက်ပိုင်းမျက်ရည်ရိှပါဦးမည်လော။ ————–အဘယ်ကြောင့်နည်း။ —————————-

၁၁။ အဘယ်ကြောင့် ဘုရားသခင်သည်၊ ခပ်သိမ်းသောအရာ တို့ကို အသစ်ဖန်ဆင်းဘို့ လိုသနည်း။ ——————————————

၁၂။ အသစ်ဖန်ဆင်းသောအရာ တို့ကို စာတန်က၊ ညစ်ညူး စေနိင်ဦးမည်လော။ —————————-

၁၃။ ခရစ်တော် ပြောခဲ့သော အမှုပြီး ပြီဟုသောအရာ သည်၊ ဘာနှင့် ဆိုင်သနည်း။ —————————-

၁၄။ ဘုရားသခင်သည် ယနေ့ တိုင်အလုပ်လုပ်သေးသလော။ ————–မည်သူကပြောသနည်း။ ————–

၁၅။ အာလာဖနှင့် ဩမေဃသည်၊ ဘာကို ဆိုလိုသနည်း။ ——————————————

၁၆။ အာလာဖနှင့် ဩမေဃဟု၊ အဘယ်သူ ကသာ ဆိုနိင်သနည်း။ ————–အဘယ်ကြောင့်နည်း။ ——————————————

၁ရ။ အဘယ့်ကြောင့်ကြောက်တတ်သော သူသည် မီးအိုင် ထဲသို့ ဆင်းရသနည်း။ —————————-

၁၈။ သိုးသငယ်၏ ခင်ပွန်းတည်း ဟူသော မင်္ဂလာဆောင်သတို့သမီး သည် မည်သူနည်း။ —————————-

၁၉။ ယေရုရှလင် မြို့သစ်၌ တံခါးပေါက်ဘယ်နှစ်ပေါက်ရှိသနည်း။ —————————-

၂၀။ ယေရုရှလင် မြို့သစ်၏ မြို့ရိုးများသည် ဘာအတွက် ဖြစ်မည်နည်း။ —————————-

၂၁။ တံခါးပေါက်များ၌ မည် သူတို့၏ နာမည်ရေးထားသနည်း။ —————————-

၂၂။ မြို့ရိုးအုတ်မြစ်၌မည် သူတို့၏ နာမည်ရေးထားသနည်း။ —————————-

၂၃။ ယေရုရှလင် မြို့သစ်သည် အလျား၊ အနံ၊ အမြင့်မည်မျှရှိမည်နည်း။ ——————————————

၂၄။ မြို့ရိုးသည် ဘာနှင့် လုပ်ထားသနည်း။ ————–

၂၅။ ကောင်းကင်သည် အဘယ်ကြောင့်ရွှေပြည်ဟု ခေါ်တတ်သနည်း။ —————————-

၂၆။ ကောင်းကင်၌ ဘာများဖြင့် မြို့ရိုးများ ကာမည်နည်း။ —————————-

၂ရ။ ကောင်းကင် လမ်းများသည် ဘာဖြင့် လုပ်ထားသနည်း။ ————–

၂၈။ ရွှေသည် ကောင်းကင် ————– ဖြစ်သည်။

၂၉။ အဘယ်ကြောင့်ကောင်းကင်၌ ဗိမာန်တော် မရှိသနည်း။ —————————-

၃၀။ အဘယ်ကြောင့်ကောင်းကင်၌ နေနှင့် လ၏ အလင်းမရှိသနည်း။ —————————-

၃၁။ အံသွားခဲကျိတ်ရာမှောင်မိုက်အရပ်သည် ကောင်းကင် ဖြစ်သလော။ ————–

၃၂။ ကောင်းကင်၌ အဆင့်အတန်းကွာခြားမှု ရှိဦးမည်လော။ ————–

၃၃။ လောကီရှင်ဘုရင်ဟုဆိုရာတွင်၊ ယခုရှိသော ရှင်ဘုရင်များလော၊ သို့မဟုတ် မည်သည့်အချိန်၌ ရှိသော ရှင်ဘုရင်များ ဖြစ်မည်နည်း။ —————————-

၃၄။ အဘယ်ကြောင့်ကောင်းကင်၌ မြို့တံခါးများ မပိတ်သနည်း။ —————————-

၃၅။ လူအမျိုးမျိုးတို့ ယူဆောင်လာသော ဘုန်းအသရေသည်၊ မည်သူပေးသော ဘုန်း ဖြစ်မည်နည်း။ ————–

၃၆။ ကောင်းကင် နိင်ငံ၌၊ ကယ်တင်ခြင်းသို့ မရောက်သော သူများ၊ ၀င်နိင်ပါ့မလား။ ————–

၃ရ။ မိတ်ဆွေ၊ သင်သည် ထိုသိုးသငယ်၏ အသက် စာစောင်၌ စာရင်း၀င်ပြီး ပြီလော။ ————–

.

 

ဗျာဒိတ်ကျမ်း ၂၂

 

ကောင်းကင် နိင်ငံနှင့် ခရစ်တော် ကြွလာခြင်း

 

၁။ တဖန်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်၍၊ ဘုရားသခင်နှင့် သိုးသငယ်၏ ပလ္လင်တော် ထဲကထွက်သော၊ အသက် ရေစီးရာမြစ်ကို ကောင်းကင်တမန် သည် ငါ့အား ပြလေ၏။

ဘုရားသခင်နှင့် သိုးသငယ်၏ ပလ္လင်တော်သည်၊ ကျောက်သလင်းကဲ့သို့ ကြည်လင်သည်ကို တွေ့ရသည်။ ထိုပလ္လင်အထဲမှ ထွက်သော အသက် ရေစီးရာမြစ်သည်၊ ဤလောက မြစ်နှင့် တူမည် မထင်။ လောက မြစ်များသည် သမုဒ္ဒ​ရာ၌ ဆုံးကြ၍၊ မိုဃ်းတိမ်ဖြင့် ပြန်တက်ကာမိုးရေဖြင့် ရွာချကာမြစ်၌ ပြန်စီးတတ်သည်။ ဗျာ ၂၁၌ သမုဒ္ဒ​ရာမရှိဟုဆိုသောကြောင့် ထိုမြစ်သည် လည်း၊ ဤလောက ရှိမြစ်များနှင့် တူမည် မဟုတ်။ ရေဟုဆိုရာတွင် ခရစ်တော် က၀ိညာဥ်တော် ကိုလည်းရေဟုဆိုလိုသည် (ယောရ:၃ ရ- ၂၉)။ မိုးကောင်းကင်နှင့် မြေကြီးသစ်သည်၊ ရုပ်လောက မဟုတ်တော့ဘဲ၊ ၀ိညာဥ်လောက ဖြစ်သည်။ ရုပ်လောက ဖြစ်ပါက၊ ဟောင်းနွမ်း၍ ပျက်စီးယိုယွင်းကာ၊ ပျောက်ပျက်သွားမှာ ဖြစ်သည်။ သို့သော် ထာ၀ရ ကာလ၌ ရှိမည့် မိုးကောင်းကင်နှင့် မြေကြီးသစ်သည်၊ ထာ၀ရ တည်တန့်မှာ ဖြစ်သောကြောင့် မြစ်သည် လည်း၊ ထာ၀ရ တည်တန့်မည့် အရာ ဖြစ်မည်။ ထိုအရာများကို ပျက်စီးတတ်သော ဤရုပ်လောက (Physical world) မှ နားလည်ဘို့ရန် မလွယ်ကူချေ။

 

၂။ မြို့လမ်းမအလယ်၌၎င်း၊ ထိုမြစ်နှစ်ဘက်၌၎င်း၊ အသက် ပင်ရှိ၏။ ထိုအသက် ပင်သည် အသီးတဆယ်နှစ်မျိုးကို သီးတတ်၏။ မိမိ အသီးကိုလည်း လတိုင်း ပေးတတ်၏။ အရွက် သည်လည်း လူအမျိုးမျိုး တို့၏ အနာ ရောဂါငြိမ်းစရာဘို့ ဖြစ်၏။

မြို့လမ်းမအလယ်နှင့် မြစ်နှစ်ဘက်၌ အသက် ပင်ရှိသည်ဟုဆိုသည်။ အသက်သည် ဘုရားသခင်နှင့် ခရစ်တော်ကိုယ်တော်တိုင် ဖြစ်သည်။ ထိုအသက် ပင်သည် အသီးတဆယ့်နှစ်မျိုးကို သီးသည်ဟုဆိုရာတွင် မြေကြီး ပေါ်ရှိရာသီနှင့့််ကြည့်ပါကတလတမျိုးသီးမည့် ပုံပေါ်သည်။ သို့သော် မိုးကောင်းကင်နှင့် မြေကြီးသစ်၌ နေမရှိတော့ဘဲ ဘုရားသခင်နှင့် သိုးသငယ်သည် အလင်း ဖြစ်မည် ဖြစ်သောကြောင့်၊ မြေကြီး ပေါ်၌ ကဲ့သို့ ရာသီနှင့် လများရှိမည် မထင်။ ထိုအရာများကို မြေကြီး ပေါ်မှသိ နားလည်နိ်င်ရန််၊ ဖေါ်ပြခြင်း ဖြစ်နိင်သည်။ အရွက် သည်လည်း လူအမျိုးမျိုး တို့၏ အနာ ရောဂါငြိမ်းစရာဘို့ ဖြစ်၏၊ ဟုဆိုသောကြောင့် ကောင်းကင်၌ အနာ ရောဂါရှိမည့် ပုံပေါ်သည်။ သို့သော် ကောင်းကင်၌ ဘုရားရှိသော နေရာတွင် ရောဂါရှိတော့မည် မဟုတ်။ သို့ဖြစ်လျှင် အဘယ်အရာကို ဆိုလိုမည်နည်း။ ကောင်းကင်ကို ရောဂါထူပျောသော ဤမြေကြီး အမြင်အားဖြင့် ဖေါ်ပြခြင်း ဖြစ်မည်။

 

၃။ နောက်တဖန် ကျိန်ခြင်း ဘေးတစုံ တခုမျှမရှိ၊ ထိုမြို့၌ ဘုရားသခင်နှင့် သိုးသငယ်၏ ပလ္လင်တော် ရှိ၍၊ ဘုရားသခင်၏ ​ကျွန်တို့သည် ဘုရား၀တ်ကို ပြုကြလိမ့်မည်။

ကမ္ဘာဦးကျမ်း၃၌ အပြစ်ကြောင့် ကျိန်ခြင်း စတင်ခဲ့၍၊ ဤ ဗျာဒိတ်ကျမ်း၌ ကျိန်ခြင်း မရှိတော့ကြောင်းရေးထားသည်။ ထိုမြို့တည်း ဟူသော ယေရုရှလင် မြို့သစ်၌၊ ဘုရားသခင်၏ ​ကျွန်တို့သည်၊ ဘုရား၀တ်ပြုကြလိမ့်မည်ဟုဆိုသည်။ ၀ိညာဥ်ရှိသောသူ ကောင်းကင်တမန် များနှင့် လူသား များသည်၊ ဘုရားကို ၀တ်ပြုဘို့ရန် ဖန်ဆင်းခြင်း ဖြစ်သည်။ သို့သော် လူသား များသည် ဘုရားကို ၀တ်ပြုဘို့ ငြင်းဆန် နေကြသည်။ ထို့ကြောင့် မလိုအပ်ဘဲ မီးအိုင် ထဲသို့ ဆင်းရခြင်း ဖြစ်သည်။

 

၄။ မျက်နှာတော်ကို မြင်ရ၍၊ သူတို့ နဖူး၌လည်း နာမတော် ရေးထားလျက် ရှိလိမ့်မည်။

မျက်နှာတော်သည် ဘုရားသခင်၏ မျက်နှာကို ဆိုလိုခြင်း ဖြစ်သည်။ အဗရှလုံကသူ၏ အစ်ကို အမနုန်ကို သတ်သောကြောင့် ထွက်ပြေးခဲ့သည်။ ထိုနောက်စစ်သူကြီး ယွာဘကတောင်းရှောက်ပေးသောကြောင့်၊ ဖခင်ဒါ၀ိဒ်ကပြန်ခေါ် သောအခါ “ရှင်ဘုရင်ကလည်း၊ မိမိ အိမ်သို့ သွားစေ။ ငါ့မျက်နှာကို မမြင်စေနှင့်ဟု အမိန့်တော် ရှိသည် အတိုင်း၊ အဗရှလုံသည် မိမိ အိမ်သို့ သွား၍ ရှင်ဘုရင်၏ မျက်နှာတော်ကို မမြင်ရ။” (၂ရာ ၁၄:၂၄)။ ထိုသို့ အဘမျက်နှာတော်ကို မမြင်သောကြောင့် အဗရှလုံသည် မကျေနပ် နိင်ချေ။ ဘုရားရှေ့မှာ မျက်နှာရသော မောရှေက၊ ဘုရားထံ၊ “ကိုယ်တော်၏ ဘုန်းကို အ​ကျွန်ုပ်အား ပြတော်မူပါ။ အ​ကျွန်ုပ်တောင်းပန်ပါ၏ဟု လျောက်လျှင်၊ ထာ၀ရ ဘုရား ကငါ၏ ကောင်းမွန်ခြင်းရှိသမျှကို သင့်ရှေ့၌ ငါရှောက်သွားစေမည်။ ထာ၀ရ ဘုရား၏ နာမတော် ကိုလည်း သင့်ရှေ့၌ ငါကြွေးကြော်မည်။ ငါသည် ကျေးဇူးပြု လိုသော သူကို ကျေးဇူးပြုမည်။ သနားလိုသော သူကိုလည်း သနားမည်။သို့ ရာတွင် သင်သည် ငါ့မျက်နှာကို မမြင်နိုင်ရာ။ ငါ့မျက်နှာကို မြင်လျှင် အသက် ရှင်ရသော သူတစုံတယောက် မျှမရှိဟူ၍၎င်း၊ ငါ့အနားမှာနေရာ တခုရှိ၏။ သင်သည် ကျောက်ပေါ်မှာ ရပ်ရမည်။ ငါ့ဘုန်းရှောက်သွား သောအခါ သင့်ကို ကျောက်ကြား၌ ငါသွင်းထား၍ ငါကြွသွားသည် အခိုက်၊ သင့်ကို ငါ့လက်နှင့် ဖုန်းအုပ်မည်။ ငါ့လက်ကို သိမ်းရုပ် သောအခါ၊ ငါ့ကျောကို သာမြင်ရမည်၊ ငါ့မျက်နှာကို မမြင်ရဟူ၍၎င်းမိန့်် တော်မူ၏။” (ထွက် ၃၃:၁၈-၂၃) လူသည် အပြစ် ရှိသောကြောင့်၊ ဘုရား၏ မျက်နှာတော်ကို မြင်ခွင့်မရရှိခဲ့ဘူးချေ။ သို့သော် ကောင်းကင်သစ် မြေကြီးသစ်၌၊ ဘုရားသခင်၏ မျက်နှာတော်ကို မြင်ရကြတော့မည်။ မည်မျှ၀မ်းမြောက်စရာ ရှိမည်နည်း။ ကိုယ်ချစ််သူ၊ ကြည်ညုိသောသူ၊ အထင်ကြီးသော သူများကို မျက်နှာချင်းဆိုင်တွေ့မြင်မှသာ၊ အားရတတ်သည်။ သင်သည် ယခုဘုရား၏ မျက်နှာတော် မြင်ဘို့ စိတ်မ၀င်စားလျှင်၊ ဘုရားသခင်ကို မချစ်၊ မကြည်ညို၊ အထင်မကြီးကြောင်း ထင်ရှားသည်။ ဘုရား ​ကျွန်များ၏ နဖူး၌လည်း၊ ဘုရား၏ နာမတော် ရေးထားမည်။ ထိုအရာ သည်လည်း ချစ်မှ၊ ကြည်ညိုလေးစားမှ သဘော ပေါက်နိင်သည်။ ကိုယ်ချစ်သူ၏ နာမည်ကို၊ လက်ဖ၀ါးနေရာတိုင်း၌ ရေးချင် တတ်ကြသည် မဟုတ်လော။ နာမည်ရေးခြင်းသည် ယပိုင်ဆိုင်မှုကို ပြသည်။ စာအုပ်အဖုံး၌ နာမည်ရေးခြင်းအားဖြင့် မည်သူက ယပိုင်ဆိုင်သည်ကို ဖေါ်ပြသိရှိနိင်သည်။

 

၅။ ထိုမြို့၌ ညဥ့်မရှိရ၊ ဆီမီးကို အလိုမရှိ။ နေ၏ အရောင်ကိုလည်း အလိုမရှိ။ အကြောင်းမူကား၊ ထာ၀ရ အရှင် ဘုရားသခင်သည် သူတို့၌၊ ရောင်ခြည်တော်ကို လွှတ် တော်မူ၍၊ သူတို့သည် ကမ္ဘာအဆက်ဆက်စိုးစံရကြလတံ့။

ထိုမြို့၌ ညဥ့်မရှိ၊ ဆီမီးမလို၊ နေအရောင်လည်း မလိုဟုဆိုသည်။ အကြောင်းမှာ ထာ၀ရ ဘုရားသခင်ကိုယ်တော်တိုင် သည် အလင်း ဖြစ်သည်။ နေအလင်းသည် ကောင်းသော်လည်း၊ အလွန် ပူပြင်းတတ်သည်။ လူလုပ်သော အလင်းများ လည်း၊ ကောင်းသော်လည်း မီးလောင်တတ်သည်။ သို့သော် ထာ၀ရ ဘုရား၏ အလင်းသည် ထိခိုက်ခြင်း မရှိ၊ လူသားများအတွက် အကောင်းဆုံး ဖြစ်မည်။ သူတို့ တည်း ဟူသော ဘုရား၏ ​ကျွန်များသည်၊ ကမ္ဘာအဆက်ဆက်တည်း ဟူသော၊ ထာ၀ရ ကာလ ပတ်လုံးစိုးစံရမည်ဟုဆိုသည်။ ဤကမ္ဘာပေါ်၌ လူအများစုသည်၊ အအုပ်အချုပ်ခံရသောကြောင့်၊ လွတ်လပ်သင့်သလောက်မလွတ်လပ်ကြချေ။ သို့သော် ထာ၀ရ ကာလ၌ အုပ်ချုပ် သူများ ဖြစ်လာကြမည်။

 

၆။ ကောင်းကင်တမန် ကလည်း၊ ဤစကားသည် သစ္စာ စကား၊ ဟုတ်မှန်သော စကား ဖြစ်၏။ ပရောဖက် တို့၏ ၀ိညာဥ်ကို အစိုးရသော ထာ၀ရ အရှင် ဘုရားသခင်သည်၊ ကာလ မကြာမမြင့်မီှ ဖြစ်ရမည်အမှု အရာများကို၊ မိမိ ​ကျွန်တို့အား ပြစေခြင်းငှါ၊ ကောင်းကင်တမန် တော်ကို စေလွှတ် တော်မူပြီ။

ကောင်တမန် ကယောဟန်ထံ၌ ဤစကားသည် သစ္စာ စကား၊ ဟုတ်မှန်သော စကား ဖြစ်သည်ဟုဆိုသည်။ ယခုဤလောက၌ ကျမ်းကျိန်၍ ၀န်ခံတတ်သော်လည်း၊ မုသာစကားများသာ ပြောဆို တတ် ကြသည်။ ဘုရားသခင်သည် မုသာ မပြောတတ်၊ မပြောနိင် သကဲ့သို့ သူ၏ ကောင်းကင်တမန် များလည်း မုသာ မပြောကြချေ။ ထိုနည်းတူ ဘုရားသား များလည်း မုသာ မပြောသင့်ချေ။ ပရောဖက် တို့၏ ၀ိညာဥ်ကို အစိုးရသော သူသည်၊ ထာ၀ရ ဘုရား ဖြစ်သည်။ ထို့ကြောင့် သူတို့သည် ဘုရား၏ အလိုတော်၊ အကြံတော်နှင့် အနာဂတ်၌ ဖြစ်ပျက်မည့် အရာများကို၊ ကြိုတင် ဟောပြောနိင်ကြခြင်း ဖြစ်သည်။ ဘုရားသခင်သည် သူလုပ်မည့် အရာများကို လူသားများအား ကြိုတင် အသိပေးတတ်သည်။

 

ရ။ ငါသည် အလျင် အမြန် လာမည်၊ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သော သူသည် မင်္ဂလာရှိ၏ဟု ပြောဆို၏။

အလျှင် အမြန် လာမည့် သူသည် ခရစ်တော် ပင် ဖြစ်သည်။ သူကဤစာစောင်တည်း ဟူသော၊ ဗျာဒိတ်ကျမ်းစကားကို စောင့်ရှောက်သော သူသည်၊ မင်္ဂလာရှိသည်ဟုဆိုသည်။ ဤမင်္ဂလာစကားသည် ဆဌမမြောက် ဖြစ်သည်။ မည်သည့်အ​ခြေအနေ၌ မင်္ဂလာရှိမည်နည်းဟူမူကား၊ ဤ ဗျာဒိတ်ကျမ်းစကား များကို စောင့်ရှောက်မှ ဖြစ်သည်။ အဘယ်ကြောင့်မင်္ဂလာရှိသနည်းဟူမူကား၊ ဗျာဒိတ်ကျမ်းစကားကို စောင့်ရှောက် ခြင်းအားဖြင့်၊ ဤလောကကို မချစ်ဘဲ၊ ဘုရားသခင် အတွက် အသက် ရှင်နိင်မည်။ သခင်လာမည့် အချိန်ကို စောင့်မြော် ခြင်းအားဖြင့်၊ ၀ိညာဥ် သဘောနှင့် အသက် ရှင်နိင်ပေမည်။

 

၈။ ငါယောဟန်သည် ဤအရာများကို ကြားမြင်၏။ ကြားမြင်ပြီးလျှင်၊ ထိုအရာများကို ပြသော ကောင်းကင်တမန်၏ ​ခြေရင်း၌၊ ကိုး ကွယ်အံ့သောငှါ ပြပ်၀ပ်၏။

ယောဟန်သည် ဗျာဒိတ်ကျမ်းထဲ၌၊ သူရေးသား ထားသောအရာ များကို၊ နားဖြင့် ကြားရုံသာမက၊ မျက်စိနှင့်လည်း မြင်သည်ဟုဆိုသည်။ ထိုသို့ ကြားမြင်သောကြောင့်၊ သူ့ကို ပြသသော ကောင်ကင်တမန်တော် အပေါ်၌၊ ကျေးဇူးတင်၀မ်းမြောက်လွန်း၍၊ သူ့ကိုကိုး ကွယ်ဘို့ရန် ပြပ်၀ပ်ခြင်း ဖြစ်သည်။ ယောဟန်သည် ဗျာ ၁၉:၁၀၌လည်း၊ ကောင်းကင်တမန်ကို ကိုး ကွယ်ဘို့ ကြံရွယ်ခဲ့ပြီး ပြီ။ သို့သော် ကောင်းကင်တမန်က၊ ကိုး ကွယ်ခြင်းကို ငြင်းဆန်ခဲ့သည်။ အကြောင်းမှာ ကိုး ကွယ်ခြင်းသည်၊ ဘုရားသခင်နှင့် သာသက်ဆိုင်သည်။ လူသည် စာတန် နောက်လိုက် သောကြောင့်၊ လူများ၏ကိုး ကွယ်ခြင်း၊ ချီးမွမ်းခြင်းကို လိုချင် တတ် ကြသည်။ သူတပါး၏ကိုး ကွယ်ခြင်း၊ ချီးမွမ်းခြင်းကို မလိုချင် ကြပါစို့နှင့်။ ဘုရားသခင်ကို သာလျှင်ကိုး ကွယ်၍ ချီးမွမ်းကြပါစို့။

 

၉။ သူကလည်း၊ မပြုပါနှင့်။ ငါကား၊ သင်၏ လုပ်ဘော်ဆောင်ဘက် ဖြစ်၏။ သင်၏ အစ်ကို ပရောဖက် တို့နှင့် ဤစာစောင်၏ စကားကို စောင့်ရှောက်သော သူတို့၏ လုပ်ဘော်ဆောင်ဘက်လည်း ဖြစ်၏။ ဘုရားသခင်ကို ကိုး ကွယ်လော့ဟု ပြောဆို၏။

ဗျာ ၁၉:၁၀၌ ကဲ့သို့ ပင် ကောင်းကင်တမန်က၊ ယောဟန်၏ကိုး ကွယ်ခြင်းကို ငြင်းဆန်ခဲ့သည်။ ကောင်းကင်တမန် ကသူသည်၊ ယောဟန်၏ လုပ်ဘော်ဆောင်ဘက် ဖြစ်သည်ဟုဆိုသည်။ ကောင်းကင်တမန် များသည်၊ လူထက် အဆင့်မြင့်၍ တန်ခိုးကြီးသော်လည်း၊ ဘုရားများမဟုတ်ပါ။ သူတို့လည်း ဖန်ဆင်းထားသောအရာ ဖြစ်၍၊ ဘုရားသခင်၏ ​ကျွန်များ ဖြစ်ကြသည်။ ကောင်းကင်တမန် က ဘုရားသခင်ကို သာကိုး ကွယ်ဘို့ ညွှန်ပြသည်။ အဘယ်ကြောင့်များစွာသော ခေါင်းဆောင်များ၊ တော် ကြသော်လည်း နောက်ပိုင်း၌ ကျဆင်းသွားကြသနည်းဟူမူကား၊ လက်အောက်ငယ်သား များ၏ကိုး ကွယ်ခြင်း၊ ချီးမွမ်းခြင်းကို လက်ခံ၍၊ အရသာခံကြသောကြောင့် ဖြစ်သည်။ ဘုရား၏ နေရာ၌ နေကြသောကြောင့်၊ ဘုရား၏ တရားစီရင်ခြင်း ခံရ ကြသည်။

 

၁၀။ တဖန်တုံ၊ ငါ့အား မိန့်တော်မူသည်ကား၊ ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်။ အကြောင်းမူကား၊ ကာလအချိန် ရောက်လုနီးပြီ။ ၁၁။ မတရားသော သူသည် မတရားသဖြင့် ပြုစေဦး။ ညစ်ညူးသော သူသည် ညစ်ညူး စေဦး။ ​ဖြောင့်မတ်သော သူသည် ​ဖြောင့်မတ်စေဦး။

သန့်ရှင်းသော သူသည် သန့်ရှင်းစေဦး။ ကောင်းကင်တမန် ကယောဟန်ထံ”မိုဃ်းကြိုးသံ ခုနစ်ချက်မြည်ပြီးမှငါသည် ရေးမှတ်မည်ဟုအား ထုတ်သော်၊ ကောင်းကင်မှ ထွက်သော အသံကား၊ မိုဃ်းကြိုးသံ ခုနစ်ချက်မြည်သောအရာ ကို တံဆိပ်ခတ်လော့။ မရေးမမှတ်နှင့် ဟုဆိုသည်ကို ငါကြား၏။” (ဗျာ ၁၀:၄) ဟု မိုဃ်းကြိုးခုနှစ်ချက်နှင့် ပတ်သက်၍၊ တံဆိပ်ခတ်ခိုင်းခဲ့သည်။ ဘုရားသခင်က၊ ဒံယေလထံ၊ “ညဦးနှင့် နံနက်ကို ဘော်ပြသော ဗျာဒိတ်ရှုပါရုံစကား မှန်သည် ဖြစ်၍၊ ထိုစကားကို တံဆိပ်ခတ်ထားလော့။ တာရှည်သော ကာလ တိုင်တည်လိမ့်မည်ဟုဆို၏။” (ဒံ ၈:၂၆)။ သို့သော် ဤနေရာ၌ ယောဟန်ထံဤ အနာဂတ္တိကျမ်း ကို တံဆိပ်မခတ်မည့် အကြောင်း၊ ပြောထားသည်။ အကြောင်းမူကား၊ ကာလ ချိန်ရောက်လုနီးပြီဟုဆိုသည်။

 

မတရားသော သူသည် မတရားသဖြင့် ပြုစေဦး။ ညစ်ညူးသော သူသည် ညစ်ညူး စေဦး။ ​ဖြောင့်မတ်သော သူသည် ​ဖြောင့်မတ်စေဦး။ သန့်ရှင်းသော သူသည် သန့်ရှင်းစေဦး။ ဟုဆိုရခြင်း မှာလူများသည်၊ မိမိတို့ လုပ်သောအရာ ကို သာနှစ်သက်ကြသောကြောင့် ဖြစ်သည်။ သူတို့၏ အမှားကို ဖေါ်ပြလျှင် လည်း၊ လုံး၀မပြင်ချင် ကြချေ။

 

၁၂။ ငါသည် အလျင် အမြန် လာမည်။ ငါသည် အကျိုးအပြစ်ကို ဆောင်ခဲ့သည် ဖြစ်၍၊ လူအသီးသီးတို့အား မိမိတို့ အကျင့်အတိုင်း ဆပ်ပေးမည်။

ခရစ်တော် ကသူသည် အလျှင် အမြန် လာမည်ဟုဆိုသည်။ ခရစ်တော်သည် ထိုသို့ ဆိုသော်လည်း အဘယ်ကြောင့်နှစ်ပေါင်းနှစ်ထောင် နီးပါးမလာဘဲ ကြန့်ကြာ နေသနည်း။ အကြောင်းမှာ၊ ခေတ်အဆက်ဆက်ကယုံကြည်သူများအတွက်၊ အဆင်သင့် ပြင်ဆင် စေချင် သောကြောင့် ဖြစ်သည်။ အကယ်၍ သူလာမည့် အချိန်ကို အတိအကျပြောပါက၊ သူလာမည့် အချိန်သည် ဝေးသေးလျှင်၊ ယုံကြည်သူများပေါ့ဆမှာ ဖြစ်သည်။ ယခုမူယုံကြည်သူ တိုင်း သူတို့ ခေတ်၌ လာမည်ဟု ထင်မှတ်သောကြောင့်၊ အဆင်သင့်စောင့်မြော်ကြမှာ ဖြစ်သည်။ ခရစ်တော်သည် သူလာ သောအခါ၊ အကျိုးအပြစ်ကို ဆောင်ခဲ့သည်ဟုဆိုသည် (မ ၁၆:၂ ရ၊ ရော ၂:၆)။ ထို့ကြောင့် ယုံကြည်သူများဆုရဘို့နှင့် သာဓု သစ္စာရှိသော ငယ်သား ကောင်းဟု၊ အချီးအမွမ်းခံဘို့ရန် ကျန်ရှိ သေးသောအချိန် အနည်းငယ်အတွင်း ၌၊ သူခိုင်းသော အလုပ်ကို လုပ်ကြပါစို့။ ဆန္ဒရှိလျှင် သူ့အလိုတော် မလုပ်နိင်စရာ အကြောင်း မရှိချေ။ အကြောင်းမှာ သူကိုယ်တိုင်၀ိညာဥ်တော်အားဖြင့် ဦးဆောင်မှာ ဖြစ်သောကြောင့် ဖြစ်သည်။

 

၁၃။ ငါသည် အာလဖ ဖြစ်၏။ ဩမေဃလည်း ဖြစ်၏။ အဦးဆုံးသောသူ၊ နောက်ဆုံးသောသူ ဖြစ်၏။ အစနှင့် အဆုံးလည်း ဖြစ်၏။

ငါသည် အာလဖ ဖြစ်၏။ ဩမေဃလည်း ဖြစ်၏။ အဦးဆုံးသောသူ၊ နောက်ဆုံးသောသူ ဖြစ်၏ဟုဆိုနိင်သော သူသည် ဘုရား သာလျှင် ရှိသည်။ ထို့ကြောင့် ဤနေရာ၌ ခရစ်တော်သည် ဘုရား ဖြစ်ကြောင်း ထင်ရှားသည်။ ထိုအရာကို ဗျာ ၁:၈၊ ၌လည်း တွေ့ခဲ့ရပြီ။

 

၁၄။ အသက် ပင်နှင့် ဆိုင်၍၊ မြို့တံခါးအတွင်းသို့ ၀င်အံ့သောငှါ၊ ပညတ်တော် တို့ကို ကျင့်သော သူတို့သည် မင်္ဂလာရှိကြ၏။

ဘုရားသခင် ရှေ့၌၊ အပြစ် ကင်း၍ ​ဖြောင့်မတ်နိင်ဘို့ရန် ကျင့်စောင့်နိင်သောသူ၊ တယောက် မျှမရှိချေ (ရော ၃:၂၃၊ ဂလာ ၂:၂၁၊ ၃:၁၀)။ ထို့ကြောင့် ဘုရားသခင်က၊ ခရစ်တော်အားဖြင့် အပြစ် ကင်းခြင်း တည်း ဟူသော ​ဖြောင့်မတ်ခြင်းကို၊ အခမဲ့ပေးထားသည် (ရော ၃:၂၄)။ ထို့ကြောင့် ခရစ်တော်ကို ယုံကြည် ခြင်းအားဖြင့်၊ ​ဖြောင့်မတ်ခြင်းရရှိနိင်သည်။ ထိုသို့ ​ဖြောင့်မတ်ခြင်းရရှိသော သူများ အနေဖြင့်၊ ပညတ်တော် အတိုင်း အသက် ရှင်ရမည်။ ပညတ်တော် ဆိုသည်မှာ ဘုရားသခင်၏ အလိုတော် ဖြစ်သည်။ ​ဖြောင့်မတ်သော သူတိုင်းသည်၊ ဘုရားသခင်၏ အလိုတော် အတိုင်း အသက် ရှင်ရမည်။ ထိုသို့ အသက် ရှင်နိင်ရန်လည်း၊ သန့်ရှင်းသော ၀ိညာဥ်တော်အားဖြင့် တန်ခိုးပေးထားသည်။

 

၁၅။ ပြင်၌ကား၊ ခွေး ဖြစ်သောသူ၊ ပြုစားတတ်သောသူ၊ မတရားသော မေထုန်၌ မှီဝဲသောသူ၊ လူအသက်ကို သတ်သောသူ၊ ရုပ်တုကိုကိုး ကွယ်သောသူ၊ သစ္စာ ပျက်ခြင်းကို နှစ်သက်၍ ပြုသောသူ အပေါင်းတို့သည် ရှိကြ၏။

ပြင်၌ ကား ဆိုသည်မှာ ကောင်းကင် အပြင်ဘက်ကို ဆိုလိုသည်။ ကောင်းကင် အပြင်ဘက်၌ မီးအိုင် ရှိသည်။ ထိုနေရာ၌ ခရစ်တော် မလက်ခံသော သူတိုင်း၊ ဒုက္ခ ဆင်းရဲ ခံ၍ နေရသည်။ ထိုသူတို့ကို ခွေးနှင့် နှုိင်းထားသည်။ သူတို့၏ အကျင့်များလည်း ပြုစားခြင်း၊ မတရားသော မေထုန်၌ မှီဝဲခြင်း၊ လူအသက် သတ်ခြင်း၊ ရုပ်တုကို ကွယ်ခြင်း၊ သစ္စာ ပျက်ခြင်းတို့ ဖြစ်သည်။ ထိုအပြစ်များပြုလုပ် သောကြောင့် ငရဲရောက်ကြသည် မဟုတ်ဘဲ၊ ဘုရား မယုံကြည် သောကြောင့်၊ ထိုအကျင့်များ ကျင့်ခြင်း ဖြစ်သည်။ အကယ်၍ အထက်ပါ အပြစ်များကြောင့်ငရဲသို့ ရောက်ပါက၊ အဘယ်သူ မျှကောင်းကင် နိင်ငံသို့ ရောက်နိင်မည် မဟုတ်။

 

၁၆။ ငါယေရှုသည်၊ အသင်းတော်တို့ အဘို့ ဤအရာများကို သင်တို့အား သက်သေခံစေခြင်းငှါ၊ ငါ၏ ကောင်းကင်တမန်ကို စေလွှတ်၏။ ငါသည်ကား၊ ဒါ၀ိဒ်၏ အမြစ် ဖြစ်၏။ အနွယ်လည်း ဖြစ်၏။ ထွန်းတောက်သော မိုဃ်းသောက်ကြယ်လည်း ဖြစ်၏။

ယေရှု ကငါသည် ဒါ၀ိဒ်၏ အမြစ် ဖြစ်၏ဟုဆိုခြင်းသည်၊ သူ၏ ဘုရား ဇာတိကို ဖေါ်ပြခြင်း ဖြစ်သည်။ သူသည် ဒါ၀ိဒ်မတိုင်မှီတွင် ရှိနှင့် ခဲ့ပြီ။ ဒါ၀ိဒ်၏ အနွယ်လည်း ဖြစ်၏ဟုဆိုခြင်းသည် သူ၏ လူ့ဇာတိကို ဖေါ်ပြခြင်း ဖြစ်သည်။ သူသည် ဒါ၀ိဒ်၏သား စဥ်မြေးဆက် ဖြစ်သည်။ ထိုကဲ့သို့သော လူသည် ကမ္ဘာပေါ်၌ သူသာလျှင် ရှိသည်။ ထိုအရာနှင့် ပတ်သက်၍ ယေရှု ကဖါရိရဲှများ ထံဤသို့ မေးခွန်းထုတ်ဘူးသည်၊ “ဖာရိရဲှတို့သည် စုဝေး၍ နေကြစဥ်တွင် ယေရှုက၊ သင်တို့သည် ခရစ်တော်ကို အဘယ်သို့ ထင်မှတ်ကြသနည်း။ အဘယ်သူ၏သား ဖြစ်သနည်းဟု မေးတော်မူလျှင်၊ ဒါ၀ိဒ်၏သား ဖြစ်သည်ဟု လျှောက်ကြသော်၊ သို့ဖြစ်လျှင် ဒါ၀ိဒ်သည် ခရစ်တော်ကို သခင်ဟူ၍ ၀ိညာဥ်တော် အားဖြင့် အဘယ်ကြောင့်ခေါ်သနည်း။ ဒါ၀ိဒ်၏ စကားမှာ၊ ထာ၀ရ ဘုရားက၊ သင်၏ ရန်သူတို့ကို သင်၏ ​ခြေတင်ရာငါမချမထားမှီတိုင်အောင် ငါ့လကျ်ာဘက်၌ ထိုင်နေလော့ဟု ငါ၏ သခင်အား မိန့်တော်မူသည်ဟု ဒါ၀ိဒ်ဆိုသတည်း။ ထိုသို့ ဒါ၀ိဒ်သည် ခရစ်တော်ကို သခင်ဟူ၍ ခေါ်လျှင်၊ အဘယ်သို့ သူ၏သား ဖြစ်သနည်းဟု မေးတော်မူသည် ရှိသော်၊ အဘယ်သူ မျှစကား တခွန်းကို ပြန်လျှောက်ခြင်းငှါ မတတ်နိုင် ကြ။” (မ ၂၂:၄၁-၄၆)။ ဖာရိရှဲတို့ ကသခင်ယေရှုသည် ဘုရား ဖြစ်ကြောင်းကို လက်မခံသောကြောင့် ထိုသို့ မ​ဖြေနိင်ခြင်း ဖြစ်သည်။ သခင်ယေရှုသည် ဘုရားနှင့် လူဖြစ်ကြောင်း ယုံကြည်သူများအတွက် ထိုမေးခွန်းသည် အလွယ်တကူ​ဖြေနိ်င်သည်။

 

“ထွန်းတောက်သော မိုဃ်းသောက်ကြယ်လည်း ဖြစ်၏”

 

၁ရ။ ၀ိညာဥ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆိုကြ၏။ ကြားသော သူကလည်း လာခဲ့ပါဟုဆိုပါစေ၊ ရေငတ်သော သူသည် လာပါစေ။ အလိုရှိသော သူသည် အဘိုးကို မပေးဘဲ အသက် ရေကို ယူပါစေ။

ခရစ်တော် ကငါသည် အလျှင် အမြန် လာမည်၊ ဟုဆိုခြင်းကို ၀ိညာဥ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက၊ လာခဲ့ပါဟုဆို ကြသည်။ သင်လည်း ထိုသို့ ဆိုနိင်ပါသလား။ ယနေ့ ယုံကြည်သူ အများစုသည်၊ ခရစ်တော် လာမည့် အရာကို အလိုမရှိကြသည်ကို၊ အံ့ဩ ၀မ်းနည်းဘွယ်တွေ့မြင်နေရသည်။ ခရစ်တော် ဤလောကသို့ ကြွလာခြင်းကို စာတန် ကအလိုမရှိချေ။ အကြောင်းမှာ သူကို တိုက်ခိုက်၍ သူပိုင်သော ဤလောကကို သူ့ထံမှ ဆွဲနှုတ်ကာ၊ သူကိုယ်တိုင်ကအုပ်ချုပ်မှာ ဖြစ်သည်။ ယုံကြည်သူများလည်း စာတန် ပိုင်သော ဤလောကကို တပ်မက်သောကြောင့်၊ ခရစ်တော် ကြွလာခြင်းကို အလိုမရှိကြချေ။ အကယ်၍ ခရစ်တော် လာဘို့နှင့် မလာဘို့ မဲထည့်ခိုင်းပါက၊ မလာဘို့ရန် မဲထည့်မည့်သူ အများစု ဖြစ်မည်ဟု ယူဆပါသည်။ သင်သည် ခရစ်တော် ကြွလာမှာကို လိုချင် ပါသလော။

 

၁၈။ ဤစာစောင်၏ အနာဂတ္တိစကားကို ကြားသောသူ အပေါင်းတို့ အား၊ ငါသက်သေခံသည်ကား၊ အကြင်သူသည် ဤအရာတို့၌ ထပ်၍ အသစ်သွင်း၏၊ ဤစာစောင်၌ ရေးထားသော ဘေးဒဏ်တို့ကို၊ ထိုသူ အပေါ်သို့ ဘုရားသခင် သက်ရောက်စေ တော်မူမည်။

အဘယ်သူ မျှဘုရား ခွင့်ပြုချက် သို့မဟုတ် ဘုရား ကမခိုင်းဘဲ ကျမ်းစာ မရေးနိင်ချေ။ ဤ ဗျာဒိတ်ကျမ်းကိုလည်း ထပ်၍ အသစ်သွင်း၍ မရပါ။ အကယ်၍ ထပ်သွင်းပါကဤစာစောင်၌ ရေးထားသော ဘေးဒဏ်တို့ကို ထိုသူ အပေါ်သို့ ဘုရားသခင် သက်ရောက်စေ တော်မူ မည်ဟုဆိုသောကြောင့် ကြောက်စရာ ကောင်းသည်။

 

၁၉။ အကြင်သူသည် ဤစာစောင်၏ အနာဂတ္တိစကား အချို့ကို နှုတ်ပယ်၏။ ဤစာစောင်၌ ရေးထားသော အသက် ပင်နှင့်၎င်း၊ သန့်ရှင်းသော မြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သော အခွင့်ကို ဘုရားသခင် နှုတ်ပယ် တော်မူမည်။

ဤ ဗျာဒိတ်ကျမ်းစာ ထဲမှအနာဂတ္တိစကား အချို့ကို နှုတ်ပယ်၍လည်း မရပါ။ ကြိုက်နှစ်သက်သည် ဖြစ်စေ၊ မကြိုက်နှစ်သက်သည် ဖြစ်စေ၊ ရေးသား သမျှ အတိုင်း လက်ခံယုံကြည်ဘို့ လိုသည်။ အကြောင်းမှာ ဘုရားသခင်သည်၊ လူ့အလိုဆန္ဒအတိုင်း အလုပ်လုပ်သည် မဟုတ်၊ သူ၏ အကြံတော် အတိုင်း အလုပ်လုပ်သည်။ ထို့ကြောင့် ဗျာဒိတ်ကျမ်းမှအချို့ကို ပယ်လျှင် အသက် ပင်နှင့် ၎င်း၊ သန့်ရှင်းသော မြို့တော်နှင့်၎င်း၊ ထိုသူစပ်ဆိုင်သော အခွင့်ကို ဘုရားသခင် နှုတ်ပယ် တော်မူ မည်ဟုဆိုသောကြောင့်၊ ရေးသား ချက်အတိုင်း ယုံကြည် လက်ခံဘို့ လိုသည်။

 

၂၀- ၂၁။ ငါသည် အလျင် အမြန် လာမည်မှန်ပေ၏ဟု၊ ဤအရာများကို သက်သေခံသောသူ မိန့်တော်မူ၏။ အာမင်။ သခင်ယေရှု ကြလာ တော်မူပါ၊ ငါတို့ သခင်ယေရှုခရစ်၏ ကျေးဇူးတော်သည်၊ သန့်ရှင်းသူ အပေါင်းတို့၌ ရှိစေသတည်း။

ခရစ်တော် ကသူသည် အလျှင် အမြန် လာမည်ဟုဆို သောအခါ ယောဟန်ကအာမင်၊ သခင်ယေရှု ကြွလာ တော်မူ ပါဟုဆိုနိင်သည်။ အကြောင်းမှာ တမန်တော် ယောဟန်သည်၊ သခင်အတွက် အသက် ရှင်၍ ပတ်မု​ကျွန်း၌ ထောင်ချခံသည်။ သခင်ယေရှု ကြွလာမှသာလျှင်၊ ထိုဒုက္ခ ထဲမှ လွတ်မြောက်နိင်ပေမည်။ သူ၏ တခုတည်းသော မြော်လင့်ချက်သည်၊ သခင်ယေရှု ကြွလာမည့် အရာ ဖြစ်ပေလိမ့်မည်။ ​ကျွန်ပ်တို့ မူကား ဤလောက၌ မြော်လင့်သောအရာ များ လွန်းသောကြောင့်၊ သခင်ယေရှု ကြွလာမည့် အရာကို မမြော်လင့်ကြ။ ထို့ကြောင့် ယောဟန်ကဲ့သို့ အာမင်၊ သခင်ယေရှု ကြွလာ တော်မူ ပါဟု မဆိုနိင်ခြင်း ဖြစ်သည်။

 

ဗျာ ၂၂ မေးခွန်းများ

 

၁။ ဘုရားသခင်နှင့် သိုးသငယ်၏ ပလ္လင်တော်သည် မည်ကဲ့သို့ဖြစ်သနည်း။ —————————————–

၂။ ဘုရားသခင်နှင့် သိုးသငယ်၏ ပလ္လင်တော် ထဲကထွက်သော မြစ်သည် မည်ကဲ့သို့သော မြစ် ဖြစ်မည်နည်း။ ——————————

၃။ ကောင်းကင်၌ အနာရှိပါဦးမည်လော။ သို့ဖြစ်လျှင် အဘယ်ကြောင့်အသက် ပင်၏ အရွက်သည် အနာငြိမ်းစရာ ဘို့ဟုဆိုသနည်း။ ————————————————————

၄။ ကမ္ဘာဦးကျမ်း၌ —————————–စတင်၍ ဗျာကျမ်း၌ —————————–မရှိတော့ချေ။

၅။ လူနှင့် ကောင်းကင်တမန် တို့သည် ဘာလုပ်ဘို့ ဖန်ဆင်းခဲ့သနည်း။ —————————–

၆။ မောရှေသည် ဘုရား၏ မျက်နှာကို မြင်ခဲ့သလော။ —————————–

ရ။ မျက်နှာမြင်ခြင်းသည် မည်သူအတွက် အကျိုးရှိ၍ တန်ဘိုး ထားသနည်း။ —————————–

၈။ သင်သည်၊ ဘုရား၏ မျက်နှာတော်ကို မြင်ချင် သလော။ —————————–

၉။ နာမည်ရေးခြင်း၌ ဘာအဓိပ္ပါယ်ရှိသနည်း။ —————————–

၁၀။ နေအလင်းသည် ဘာ ဖြစ်တတ်သနည်း။ —————————–လူလုပ်သော အလင်းသည် ဘာ ဖြစ်တတ်သနည်း။ —————————–ဘုရား၏ အလင်းသည် ဘာ ဖြစ်မည်နည်း။ —————————–

၁၁။ လူသည် ကျမ်းကိျန်သော်လည်း ယုံရသလား။ —————————–အဘယ်ကြောင့်နည်း။ —————————–

၁၂။ ဘုရားသခင်သည် မုသာပြောနိင်သလား။ —————————– ကောင်းကင်တမန် များကောမုသာပြောတတ်ကြသလော။ —————————–

၁၃။ ဤစာစောင်၏ အနာဂတ္တိစကားကို စောင့်ရှောက်သော သူသည် ဘာ ဖြစ်မည်ဟုဆိုသနည်း။ —————————–အဘယ်ကြောင့်နည်း။ —————————–

၁၄။ ဘုရား ကလွှဲလျှင် ကောင်းကင်တမန် များနှင့် လူများကို ကိုး ကွယ်ရပါသလား။ —————————-

၁၅။ အဘယ်ကြောင့်ခေါင်းဆောင်များအောင်မြင် ရာမှကျဆင်းသွားတတ်ကြသနည်း။ ——————————————————–

၁၆။ အဘယ်ကြောင့်ဤစာစောင်၏ အနာဂတ္တိစကားကို တံဆိပ်မခတ်နှင့်ဟုဆိုသနည်း။

၁ရ။ အဘယ်ကြောင့်လူတိုင်း မိမိတို့ လုပ်သည် အတိုင်း ဆက်လုပ်ခိုင်းသနည်း။

၁၈။ ခရစ်တော် ကသူသည် အလျှင် အမြန် လာမည်၊ ဟုဆိုသော်လည်း အဘယ်ကြောင့်နှစ်ပေါင်းနှစ်ထောင် နီးပါးမလာဘဲ ကြန့်ကြာ နေသနည်း။

၁၉။ ငါသည် အာလဖ ဖြစ်၏၊ ဩမေဃလည်း ဖြစ်၏ဟု မည်သူကသာလျှင် ဆိုနိင်သနည်း။

၂၀။ ပညတ်တော် စောင့်နိင်သော သူရှိပါသလား။ ————–​ဖြောင့်မတ်ခြင်းကို မည်သူ့အားဖြင့် ပေးသနည်း။ ———————

၂၁။ ​ဖြောင့်မတ်သော သူသည် မည်ကဲ့သို့ နေရမည်နည်း။ —————————-

၂၂။ ပြုစားခြင်း၊ မတရားသော မေထုန်၌ မှီဝဲခြင်း၊ လူအသက်ကို သတ်ခြင်း၊ ရုပ်တုကိုကိုး ကွယ်ခြင်း၊ သစ္စာ ပျက်ခြင်းကြောင့် ငရဲရောက်ရသလော။

၂၃။ ယေရှု ကငါသည် ဒါ၀ိဒ်၏ အမြစ် ဖြစ်၏ဟုဆိုခြင်းသည်၊ သူ၏ —————-ဇာတိကို ဖေါ်ပြခြင်း ဖြစ်သည်။

၂၄။ ဒါ၀ိဒ်၏ အနွယ်လည်း ဖြစ်၏ဟုဆိုခြင်းသည် သူ၏ ———ဇာတိကို ဖေါ်ပြခြင်း ဖြစ်သည်။

၂၅။ ခရစ်တော် ကငါသည် အလျှင် အမြန် လာမည်ဟုဆိုရာ၊ သင်မည်ကဲ့သို့ ဆိုသနည်း။ ——————————————

၂၆။ ယနေ့ ယုံကြည်သူ အများစုသည်၊ ခရစ်တော် ကြွလာမှာကို ကြိုဆိုကြပါသလော။ ———————အဘယ်ကြောင့်နည်း။ ——————————————

၂ရ။ ကျမ်းစာကို ထပ်၍ ရေး၍ ရသလော။ ———————ဘာ ဖြစ်နိင်သနည်း။ ——————————————

၂၈။ ကျမ်းစာကို နှုတ်ပယ်ပါကဘာ ဖြစ်မည်နည်း။ ————————————————————

၂၉။ ယောဟန်သည် သခင်ယေရှု ကြွလာမည့် အရာကို သဘောတူ နိင်ပါသလား။ ——————–အဘယ်ကြောင့် ဖြစ်နိင်သနည်း။ —————————————-

၃၀။ အဘယ်ကြောင့်​ကျွန်ပ်တို့သည် သခင်ကြွလာမည့် အရာကို မမြော်ကြသနည်း။ ————————————————————

.

 

ကိုးကားသော ကျမ်းများ

 

  1. http://biblehub.com/interlinear
  2. https://en.wikipedia.org
  3. http://www.burmesebible.com
  4. http://www.myanmarbible.com/bible/Judson/html

.

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *