ဒေါက်တာ ဘီလီဂရေဟမ်၏တရားဟောချက်များ

ဆက်သွယ်ရန်လိပ်စာ

အမှတ် ( ၂၁၉ )၊ အောင်သုခလမ်း၊ (၉) မိုင်၊ မရမ်းကုန်းမြို့နယ်

ရန်ကုန်မြို့၊ ဖုန်း- ၆၆၃၀၉၁၊ ၀၉-၈၆၁၂၆၉၄

BGEA@20210

မာတိကာ

အမှာစာ

၁။ အဖော်မဲ့ခြင်း၊ အထီးကျန်ခြင်း(Loneliness)

၂။ သခင်ယေရှု-အဆုံးစွန်ဆုံးသောအဖြေ (Jesus: The Ultimate Solution)

၃။ မိမိကိုယ်ကို အသုံးဝင်မည့်သူ ဖြစ်လာစေမည့် သော့သုံးချောင်း(Three Keys to Usefulness)

၄။ နှလုံးသားကို နွေးထွေးစေသော ဘုရားသခင်၏မီး(God’s Heart Warming Fire)

၅။ အသက်တာကို အစမှ တဖန် စတင်ခြင်း (Starting Life Over)

၆။ လိင်၊ အာဏာ၊ ကြွယ်ဝချမ်းသာမှုနှင့် ရုပ်ဝါဒ(Sex, Power, Riches and Materialism)

၇။ တောင်ပေါ်၌သွားပြောပါ (Go tell it on the Mountain)

၈။ ဤလောက၏မျှော်လင့်ရာယေရှု (Jesus – the hope of the world)

၉။ ဆုတောင်းသောအခါ ရသောတန်ခိုး (Power when you prayer)

၁၀။ တစ်ခုတည်းသောလမ်း (The only way)

အမှာစာ

ကျွန်ုပ်တို့အသီးသီး၏အတိတ်ကာလက ဖြစ်ပျက်ခဲ့သည့် ဆိုးခဲ့သည့်အရာဖြစ်စေ၊ ကောင်းခဲ့သည့်အရာများကိုဖြစ်စေ ကျွန်ုပ်တို့ ပြင်ဆင်လိုပါက မည်သို့မှ ပြင်၍မရတော့ပါ။ ယခင်အတိတ်က ၂၀နှစ်လောက်ကို ပြန်ရချင်သည်ဟု နောင်တရရှိခဲ့သူများက တမ်းတ ပြောဆိုခဲ့ကြငြားလည်း ပြန်လည်၍ အတိတ်က ၂၀နှစ်ကို ပြန်၍ မရနိုင်ခဲ့ကြဘဲ၊ လက် လျှော့ကာ၊ တမ်းတခြင်းသာ တတ်နိုင်ခဲ့ကြပါသည်။

သို့ရာတွင် ကျွန်ုပ်တို့၏အနာဂတ်ကိုတော့ ပြင်နိုင်ကြပါသည်။ ကျွန်ုပ်တို့ခွန်အား ဖြင့်မဟုတ်ဘဲ၊ ဘုရားသခင်၏ကူညီမစမှုဖြင့် ပြုပြင်လိုပါက ပြုပြင်ရန် အဆွေ၌ အခွင့် အရေးရှိနေပါသည်။

အတိတ်က အမှားကြောင့် နောင်တအကြီးအကျယ်ရပြီး၊ အနာဂတ်ကိုပြင်ခဲ့သော ရှောလုတဖြစ်လဲ တမန်တော်ကြီးရှင်ပေါလုက “…ငါပြုသောအမှုတစ်ခုဟူမူကား နောက်ကျသောအရာတို့ကိုမမှတ်ဘဲ၊ ရှေ့၌ရှိသောအရာတို့ကို ကမ်းလှမ်း၍ ယေရှုခရစ်အားဖြင့် ဘုရားသခင်သည် အထက်အရပ်မှ ခေါ်တော်မူခြင်းနှင့်ဆိုင်သောဆုကို ရခြင်းငှါ၊ ပန်းတုံး တိုင်သို့ ငါလိုက်ပြေး၏” (ဖိ ၃း၁၃) ဟူ၍ အတိတ်ကသခင်ယေရှုခရစ်တော်အား ဆန့်ကျင် ခဲ့သော်လည်း အတိတ်က အမှားကိုမြင်၍ အနာဂတ်တွင် ပြင်ကာ သခင်ဘုရားအတွက် – အသက်ရှင်ရုံမက၊ မိမိအသက်ကိုပင် ပေးဆပ်သူ ဖြစ်ခဲ့ကြောင်း သက်သေထင်ရှားစွာ ပြခဲ့ ” ပါပြီ။ မိမိအမှားကိုမြင်၍ ပြင်သောသူသည် ပညာရှိ၏ဟူ၍ အလွန်ဆီလျော်သော စကား ကို ပညာရှိကြီးများက မိန့်မှာခဲ့ကြပါသည်။ ။

အတိတ်က အမှားများကြောင့်၊ မိမိဘဝကို မကျေမနပ် ဖြစ်မနေကြဘဲ၊ အတိတ် က အမှားများကို မြင်၍ ပြင်နိုင်ရန် ကမ္ဘာကျော်ဧဝံဂေလိတရားဟောဆရာကြီး Rev. Dr. ဘီလီဂရေဟမ်၏တရားဟောချက်များထဲမှ လက်လှမ်းမှီသောတရားဟောချက် (၁၀) ပုဒ်ကို ရွေးချယ်ဖော်ပြအပ်ပါသည်။ စာရှုသူများ ဖတ်ရှု၍ အတိတ်က အမှားများကို မြင် ၍ ပြင်လိုသောဆန္ဒ ဖြစ်ပေါ်လာပြီး၊ ဘုရားသခင်၏ကူညီမှုဖြင့် အနာဂတ်သစ်ကို ဖြစ်ပေါ် လာပါက ဤစာကို ပြုစုကျိုးနပ်ပါသည်ဟု ဝန်ခံရပေမည်။

“လူမည်သည်ကား၊ ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သောသတ္တဝါ ဖြစ်၏။ ဟောင်းသောအရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြ၏”” (၂ကော ၅း၁၇)။ အနာဂတ်သစ်တွင် ဘဝသစ်ကို သခင်ယေရှုအားဖြင့် ခံစားရပါစေ။

အောင်သက်ညွန့်

 

အဖော်မဲ့ခြင်း၊ အထီးကျန်ခြင်း

(Loneliness)

ယနေ့ည အဖော်မဲ့ အထီးကျန်ခြင်း အကြောင်း ပြောချင်ပါသည်။ ရှင်ယောဟန် ခရစ်ဝင် အခန်း(၅)ကို ဖွင့်၍ အငယ် ၁ မှ ၉ သို့ ဖတ်စေချင်ပါသည်။ ဖတ်ပြသည်ထက် ပြောပြချင်ပါသည်။

ခြေလက်သေနေသူ လူတစ်ယောက်အကြောင်း ဖြစ်သည်။ ထိုနေ့နံနက် ရေကန်ထဲသို့ ဦးစွာဆင်းနိုင်ပါက၊ သူ့ရောဂါပျောက်မည်ဟု အထင်ရှိပြီး၊ ထိုကန်နံဘေး၌ စောင့်နေသည် မှာ (၃၈)နှစ်ကြာ ရှိခဲ့ပြီး၊ ရောဂါပျောက်ဖို့အတွက် ရေကန်ထဲရောက်နိုင်ဖို့ ကြိုးစားလျက်နေသည်။ သို့ရာတွင် ကူညီမည့်သူတစ်ယောက်မျှ မရှိသောကြောင့် ကန်ထဲ မဆင်းနိုင်ခဲ့ ပါ။ သူသည် ကူမမည့်သူ မရှိသော အထီးကျန်သမားတစ်ဦး ဖြစ်သည်။ စဉ်းစားကြည့်ပါ။ (၃၈)နှစ်လုံးလုံး ခြေလက်သေနေပြီး၊ မည်သူမျှ သူ့ကို အဖော်မလုပ်ပါ။ မည်သူမျှ သူ့ကို မကူညီပါ။

ယခုနှစ် နာမည်အကြီးဆုံး ရုပ်ရှင်အချို့သည် ဤအကြောင်းအရာမျိုး ဖြစ်သည်။ “Only the Lonely”, “Home Alone” စသည်တို့အပြင် အခြားရုပ်ရှင်များ ရှိကြသေး သည်။

ဤနေရာတွင် ဤညနေ၌ လူသောင်းပေါင်းများစွာရှိပါသည်။ အကယ်၍ တစ်ဦးချင်း စီ၏နံဘေး၌ လိုက်ထိုင်ပြီး၊ “အဖော်မဲ့နေလားခင်ဗျာ” ဟု လိုက်မေးလျှင်၊ “ဟုတ်ကဲ့” ဟု ဖြေကြပါလိမ့်မည်။ ဤမျှ ကြီးမားသည့်လူအုပ်ကြီးထဲ ရှိနေလျက်ပင်၊ အဖော်မဲ့မှုကို ခံစားရနိုင်ပါသည်။ အိမ်ပြန်သွားသည့်အခါတွင်လည်း အဖော်မဲ့ခြင်းက သင်နှင့်ကပ်ပါ သွားပါမည်။ လူအများကြီး ရှိနေလျှင်ပင်၊ သင်မိသားစု ရှိနေလျှင်ပင် အဖော်မဲ့မှုကို ခံစား ရနိုင်ပါသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ဘုရားသခင်မရှိသော အဖော်မဲ့မှုကို ခံစားနေရ၍ ဖြစ်သည်။ သင့်ကို ဘုရားသခင်၏သဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းထားပါ သည်။ ဘုရားသခင်နှင့်မိဿဟာယဖွဲ့ရန် ဖန်ဆင်းထားသည်။ စိတ်ရောဂါကုဆရာဝန်များ က အလွန်ကြီးကျယ်အရေးပါသော အထီးကျန် အဖော်မဲ့မှုရောဂါ လူတွေ့၌ရှိသည်ဟု ပြော ပြပါသည်။

ယခုနှစ် နွေရာသီအစောပိုင်း၊ စကော့တလန်နိုင်ငံ ဂလတ်စ်ကို Glasgow မြို့၌ ကျင်း ပသော တရားဟောပွဲတွင် လူတို့၏ဝေဒနာအမျိုးမျိုးနှင့်ပတ်သက်သော ညီလာခံတစ်ခု ကျင်းပခဲ့ပါသည်။ ကမ္ဘာပေါ်၌ လူသိများသော စိတ်ရောဂါကုဆရာဝန်၏အဓိကမိန့်ခွန်း၌ ယနေ့ လူသားတို့ကို အနာကျင်ဆုံး ဖြစ်စေသော အရာမှာ အဖော်မဲ့ခြင်း ဟု ပါရှိသည်။

စကော့တလန်ကဲ့သို့ သေးငယ်သောနိုင်ငံ၌ လူငါးသန်းမျှသာ ရှိပါသည်။ နာမည် အကြီးဆုံး၊ စိတ်ရောဂါကုဆရာဝန်တစ်ပါးက လူတို့၏အထီးကျန်မှုဝေဒနာကို ပြေပျောက်အောင် ကူညီဖို့ အဖွဲ့အစည်းပေါင်း (၃၀)ရှိသည်ဟု ပြောပါသည်။ စဉ်းစားကြည့်ပါ။ စကော့ တလန်လို သေးငယ်သောတိုင်းပြည်တွင် လူဦးရေသည် နယူးဂျာစီပြည်နယ်မြောက်ပိုင်း တွင် နေသောလူအရေအတွက်မျှပင် မရှိဘဲ၊ အထီးကျန်ဆန်မှုကို ကုစားရန် အဖွဲ့ အစည်း ပေါင်း သုံးဆယ် ရှိနေရပါသည်။

လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်က Elvis Presley ၏ဘဝအကြောင်း ရိုက် ကူးထားသော ရုပ်ရှင်တစ်ကား ကြည့်ရပါသည်။ Presley သည် နံရံကို စူးစူးစိုက်စိုက် ကြည့်လေ့ရှိသည်။ တစ်ခါတရံ ဝက်ဝံရုပ်ကလေးကို ဖက်ထားပါသည်။ သူသည် အဖော်မဲ့ လှသည်။ ငွေကြေး၊ ကျော်ကြားမှု၊ အရည်အချင်း စသည်တို့ကို ပိုင်ဆိုင်သော်လည်း အဖော်မဲ့နေပါသေးသည်။

ဟောလီးဝုဒ်ကို သွားကြည့်ပါ။ ကျွန်ုပ်သည် ထိုနေရာသို့ အကြိမ်ပေါင်းများစွာ သွားဖို့ အခါအခွင့် ရရှိခဲ့ပါသည်။ ထိုနေရာ၌ရှိသော နာမည်ကျော်များစွာတို့လည်း သိခွင့် ရရှိခဲ့ပါသည်။ ၄င်းတို့ ထက် အထီးကျန်သောသူများကို သင်တွေ့ဖူးမည် မဟုတ်ပေ။ | The Associated Press အစီရင်ခံသည်မှာ ဤနွေရာသီ၌ ကျင်းပသည့် စိတ်ရောဂါ ) ကု ဆရာဝန်များညီလာခံမှ တွေ့ရှိချက်အရ၊ အမေရိကန်လူမျိုးများ ရင်ဆိုင်နေရသည့် နံပါတ်တစ်ပြဿနာမှာ အဖော်မဲ့အထီးကျန်မှု ဖြစ်၏။ မျက်မှောက်ခေတ် လူ့အဖွဲ့အစည်း ၏အကြီးမားဆုံးပြဿနာများထဲက တစ်ခုကား အဖော်မဲ့ အထီးကျန်မှု ဖြစ်သည်။ ခေတ်မှီ မြို့ကြီးတစ်မြို့သည် အထီးကျန်သောနေရာတစ်နေရာဖြစ်နေပါသည်။ နယူးယောက်မြို့မှ စိတ်ရောဂါကုဆရာဝန်တစ်ယောက်က နယူးယောက်မြို့သည် သန်းပေါင်းများစွာသော လူ တို့အတွက် ကမ္ဘာပေါ်တွင် အထီးကျန်ဆုံးနေရာဖြစ်သည်ဟု အစီရင်ခံပါသည်။

အမေရိကန်လူမျိုး (၁၀)ယောက်တွင် (၁)ယောက်သည် ဤအားကစားကွင်း၏မိုင် (၅၀)အတွင်းတွင် နေထိုင်ကြသည်ဟု ကျွန်ုပ်တို့ကို ပြောပါသည်။ ယခုပင် စဉ်းစားကြည့် ပါ။ အမေရိကန်လူမျိုး (၁၀)ဦးတွင် (၁)ဦးသည် အားကစားကွင်း၏မိုင်(၅၀)အတွင်း နေ ထိုင်လျက် ရှိကြပါသည်။ သို့သော်လည်း ဤနေရာကို အမေရိကန်နိုင်ငံ၏အထီးကျန်ဆုံး နေရာများထဲမှ တစ်ခုဟု ဆိုကြပြန်ပါသည်။ နယူးဂျာစီပြည်နယ်မြောက်ပိုင်းသည် အပိုင်း ပိုင်း ကွဲနေပါသည်။ အထီးကျန်ဖြစ်နေသူ လူများစွာ ရှိသည်။ လူများသည် တစ်ယောက် နှင့်တစ်ယောက် မပတ်သက်ဘဲ သီးခြား လွတ်လွတ်ကင်းကင်း နေထိုင်နေကြသည်။

တက္ကသိုလ်များကို လေ့လာသည့်အစီရင်ခံစာအရ၊ အမေရိကန်ပြည်ထောင်စုတွင် တက္ကသိုလ်ကျောင်းသားများသည် အထီးကျန်ဆုံး ဖြစ်သည်။ အိမ်ထောင်ရေး ကွာရှင်း ထားသူများက ဒုတိယ လိုက်သည်။ သင်သည်လည်း အိမ်ထောင်ပြိုကွဲခြင်း၏အထီးကျန် ဆန်မှုကို ယနေ့ည ခံစားနေရသူ ဖြစ်ကောင်း ဖြစ်ပါမည်။

ယနေ့ ကမ္ဘာပေါ်တွင် အရက်အလွန်အကျူးသောက်ခြင်းနှင့် မူးယစ်ဆေး အလွဲသုံး ခြင်းကို ဖြစ်စေသည့် အခြေခံအကြောင်းတစ်ရပ်မှာ အဖော်မဲ့ခြင်း ဖြစ်သည်။ အရက်နှင့် မူးယစ်ဆေးကို အဖော်မဲ့ခြင်းမှ လွတ်မြောက်ရန် ကြိုးပမ်းမှုအဖြစ် သုံးစွဲကြသည်။ အဖော်မဲ့ ခြင်းမှ ကင်းဝေးအောင် အရက်သောက်ပြီး အဖြေကို မရှာနိုင်ပါ။

မဂ္ဂဇင်းတစ်စောင်၏မျက်နှာဖုံးဆောင်းပါးတစ်ပုဒ်၌ ၄င်းကို “လျစ်လျူရှု ပစ်ပယ်ထား ခံရသော ကျွန်ုပ်တို့၏သားသမီးများ” ဟု သုံးစွဲထားပါသည်။ ထိုဆောင်းပါးအရ အကယ် စင်စစ် ဤကလေးများသည် အဝတ်အစား လုံလုံခြုံခြုံရှိသည်။ အစာအာဟာရ ဝလင်စွာ စားရသည်။ သို့ရာတွင် ကလေးများအဖြစ် ၄င်းတို့၏ဘဝတွင် လိုနေသောအရာတစ်ခု ရှိ နေပါသည်။ ဤသည်မှာ ၄င်းတို့၏စိတ်ဝိညာဉ်ကို လျစ်လျူရှုမှု ဖြစ်သည်။ ထိုလျစ်လျူရှုမှု သည် ၄င်းတို့ကို အထီးကျန် ဖြစ်စေပြီး၊ မူးယစ်ဆေး၊ အရက်တို့ကို ခင်တွယ်သွားစေသည်။ ဤသည်မှ ကိုယ့်ကိုယ်ကို သတ်သေမှု မကြာခဏ ဖြစ်ပွားစေပါသည်။ ဤသည်မှာလည်း (၄င်းတို့၏သူရဲကောင်းများ ရှေ့မှ လမ်းပြသွား၍ ဖြစ်သည်။

အကယ်စင်စစ် ၄င်းတို့ လိုအပ်သည်ကား၊ ဘုရားသခင်နှင့် ရန်ပြေငြိမ်းဖို့ ဖြစ်သည်။ ၄င်းတို့သည် ဘုရားသခင်နှင့် ကွဲကွာလျက်ရှိကြသည်။ ကျွန်ုပ်တို့သည် အမိဝမ်းကတည်းက အပြစ်သားများ ဖြစ်ကြကြောင်း ဒါဝိဒ်မင်းကြီးက “အမိဝမ်းထဲမှာ ပဋိသန္ဓေ ယူစဉ်ပင်၊ အပြစ်စွဲပါ၏” (ဆာ ၅း၁၅) ဟု ပြောပါသည်။ ကျွန်ုပ်တို့အားလုံးသည် အပြစ်သားများ ဖြစ်ကြပါသည်။

“အပြစ်”” ဟူသော ဝေါဟာရမှာ ဘုရားသခင်၏ပညတ်တော်ကို ချိုးဖောက်ခြင်းဟု အဓိပ္ပါယ်ရပါသည်။ ကျွန်ုပ်တို့သည် ပညတ်တော် (၁၀)ပါးကို ချိုးဖောက်လျက် ရှိကြပါ သည်။ မွေးကတည်းက ထိုပညတ်တော်ကို ချိုးဖောက်လိုစိတ်များ ပါလာပါသည်။ အပြစ် ပြုလိုစိတ်နှင့် မွေးခဲ့ကြပါသည်။

သို့သော်လည်း၊ ခရစ်တော်အသွေးတော်သွန်း၍ အသေခံတော်မူခဲ့ရာ၊ လက်ဝါးကား တိုင်တော်သည် အဖြေဖြစ်တော်မူသည်။ လက်ဝါးကားတိုင်ပေါ်တွင် အသက်တော် စွန့် သည့်အတိုင်း၊ သင့်ကို ချစ်တော်မူသောကြောင့် “ငါသည် သင့်ကို ချစ်တော်မူသည်” ဘုရားသခင်က မိန့်တော်မူပါသည်။

ပထမဦးဆုံး၊ လူမှုပေါင်းသင်းဆက်ဆံရေး၏အထီးကျန်ဆန်မှုအကြောင်း ပြောလို ပါသည်။ မြို့ကြီး လမ်းမများပေါ်တွင် အိမ်ယာမဲ့များကို နေရာတိုင်း မြင်ကြရသည်။ လွန် ခဲ့သော ၃-၄ နှစ် ခရစ်စမတ်ကာလခန့်က လမ်းမပေါ်၌ လက်ဖြန့် ပိုက်ဆံ တောင်းနေသောလူတစ်ယောက်ကို ပိုက်ဆံ တစ်ဒေါ်လာ ပေးလိုက်ပါသည်။ ၄င်း၏အဓိကဒုက္ခကို မေးကြည့်ရာ၊ “ကျွန်တော် အရမ်းအဖော်မဲ့တာပဲ” ဟု ပြန်ဖြေပါသည်။ ကျွန်ုပ် သူ့ကို ခရစ်တော်အကြောင်း ပြောပြခဲ့ပါသည်။

တစ်ခါသော် ယေရှုခရစ်တော်သည် ကူညီသူ မဲ့နေသည့် ခြေလက်သေနေသူကို ကြည့် လိုက်ရာ၊ သူက “ဆရာ၊ ရေလှုပ်တဲ့အခါ၊ ကျွန်တော့်ကို ရေကန်ထဲ ချပေးမယ့်သူ မရှိပါ ဘူး။ ကျွန်တော် တစ်ယောက်တည်း ဖြစ်နေပါတယ်” ဟု ပြောပါသည်။ (၃၈)နှစ်တာ ကာလပတ်လုံး ၄င်းတစ်ယောက်တည်း ကူမမည့်အဖော်မရှိ ဖြစ်နေခဲ့သည်။ သခင်ယေရှု သည် သူ့ကို ကွက်၍ ရွေးချယ်ကာ၊ ထိုနေ့မှာပင် သူနှင့် မိတ်ဆွေဖြစ်သွားသည်။ သူ၏ အနာကို ငြိမ်းစေတော်မူသည်။ ယနေ့ည၌လည်း ကိုယ်တော်သည် သင့်မိတ်ဆွေ ဖြစ်လာနိုင် ပြီး၊ သင့်အား အဖော်မဲ့မှုမှ ကူမနိုင်ပါသည်။

သမ္မတ အိုက်စင်ဟောင်းဝါးသည် အမေရိကန်ပြည်ထောင်စု၏သမ္မတ ဖြစ်လာပြီး နောက်၊ ပရက်စ်ဘက်ဘေးရီးယန်းအသင်းတော် (Presbyterian Church) ၌ နှစ်ခြင်း ၊ မင်္ဂလာ ခံယူခဲ့ပါသည်။ သူအနှစ်သက်ဆုံး ဓမ္မတေးကား အဘယ်နည်းဟု မေးရာ၊ ““ငါတို့ ပြစ်နှင့် ဝမ်းနည်းခြင်းများခံရန် မိတ်ဆွေယေရှုရှိ” (What a friend we have investis) ဟု ဖြေပါသည်။ ဤ ဓမ္မတေးကို သူ အနှစ်သက်ဆုံး ဖြစ်သည်။ အဓိပ္ပါယ်ကာ သမ္မတကြီး သည် မိတ်ဆွေတစ်ဦး လိုအပ်ခဲ့ပါသည်။

နော်မန်ဒီ (Normandy) ကမ်းခြေကို သူ သိမ်းပိုက်သည့်အချိန်ကို ကျွန်ုပ်သတိရ ပါသည်။ ခေါင်းကို ညွတ်လျက် အင်္ဂလန်နိုင်ငံ၏ပင်လယ်ကမ်းပါးပြတ်ပေါ်၌ မတ်တပ်ရပ် နေဖို့ ဖြစ်သည်။ နှစ်အတန်ကြာပြီးနောက် သူ၏ထိုဓါတ်ပုံကို ကျွန်ုပ်ထံ ပို့ပေးပါသည်။ “ကျွန်ုပ် မိတ်ဆွေတစ်ယောက်တွေ့ပြီး၊ အဲဒီမိတ်ဆွေက သူခင်ယေရှုပါပဲ” ဟု စာရေးသား ထားပါသည်။

ဧ ၃း၁၇ တွင် သင့်စိတ်နှလုံးထဲ၌ ခရစ်တော် ဝင်ရောက်ကျိန်းဝပ်တော်မူနိုင်သည်ဟု ပြောထားပါသည်။ လူနေအခန်းပေါင်းများစွာ ပါသည့် အဆောက်အဦး၌နေရပြီး၊ စာ တစ်စောင်မှ မရဘူးသူ သို့မဟုတ် မိတ်ဆွေသူငယ်ချင်းများ၏ပိုက်ထွေးခြင်းကို တစ်ခါ မှ မခံရဖူးသူတစ်ယောက်၊ မြို့ကြီးပြကြီး၌ ကျော်ကြားမှုနှင့် ဥစ္စာဓန ရှာဖွေကာ မှန်းချက် နှင့်နှမ်းထွက်မကိုက်၍ စိတ်ပျက်၊ စိတ်မချမ်းသာ ဖြစ်နေရသူ၊ ကျေးလက်မှ မိန်းကလေး စသည်တို့အတွက် သခင်ခရစ်တော်သည် သင်တို့၏မိတ်ဆွေ ဖြစ်နိုင်ပါသည်။

အထီးကျန်ဆန်မှုကို အိမ်ထောင်များ၌ပင် တွေ့နိုင်ပါသည်။ သင့်ဇနီး သို့မဟုတ် ခင်ပွန်းနှင့်အတူ တစ်အိပ်ယာထဲ လဲလျောင်းနေသော်လည်း၊ အထီးကျန်ခံစားမှု ဖြစ်နေ နိုင်ပါသည်။ အဘယ်ကြောင့် ဤသို့ ဖြစ်ရပါသနည်း။ ဤသည်ကား တစ်ကမ္ဘာလုံး၌ ဖြစ်နေသည့် အလွန် ကြီးကျယ်အရေးပါသော အထီးကျန် အဖော်မဲ့မှု ရောဂါ ဖြစ်သည်။

အထီးကျန်ဆန်မှုဆိုသည်မှာ စိတ်နှလုံးသားနှင့်ဆိုင်သည့်အရာဖြစ်သည်။ ဘုရားသခင် ကို ဆာငတ်နေသောစိတ် ဖြစ်သည်။ ဘုရားသခင်ကို ဆာငတ်နေခြင်းအဖြစ် သင် အသိ အမှတ်ပြုချင်မှ ပြုပေမည်။ သို့သော်လည်း ဤသည်ကား အမှန်တရား ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သင့်စိတ်၊ ခန္ဓာကိုယ်၊ ဝိညာဉ်သည် ဘုရားသခင်ကို ဆာငတ်နေသည်။ ဘုရားသခင်နှင့် မိဿဟာယဖွဲ့ရန် မွတ်သိပ်နေသည်။ (ဆာ ၄၂း၁၊ ၂)။ သင့်ကို ဘုရားသခင်၏သဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းထားပါသည်။ ကျွန်ုပ်တို့ တစ်ဦးချင်းစီ၏ အထဲ၌ အထီးကျန်ဆန်ခြင်းတည်းဟူသည့် အပြစ်များ ရှိနေပါသည်။

လတ်တလောကောက်ယူထားသည့် စစ်တမ်းများအရ၊ မိခင် သို့မဟုတ် ဖခင် တစ်ဦးဦး ရုတ်တရက် ပျောက်ကွယ်သွားခြင်းသည် ကလေးတစ်ယောက်၏ဘဝကို စိုးရွံ့မှု၊ အထီးကျန် မှုနှင့် လွှမ်းမိုးသွားစေသည်ဟု သိရပါသည်။ ပြိုပျက်သွားသောအချစ်၊ အလုပ်လက်မဲ့ ဖြစ်ခြင်း၊ အရွယ်ရောက်သားသမီးများ အိမ်မှ ခွဲထွက်သွားခြင်း၊ မိသားစုဝင်တစ်ဦး ဆုံးပါး ခြင်း စသည်တို့က ကျွန်ုပ်တို့အားလုံးကို အထီးကျန်စေပါသည်။

ယခုအခါ ကျွန်ုပ်၏မြေးအချို့ တက္ကသိုလ် တက်နေကြပါသည်။ ကျွန်ုပ်၌ သမီးတစ် ယောက် ရှိပါသည်။ သူမ၌ သားသမီးသုံးယောက်ရှိသည်။ ယခုနှစ် တက္ကသိုလ် ဖွင့်သည့် အခါ ကလေးနှစ်ယောက် တက္ကသိုလ် သွားတက်ပါသည်။ ကျွန်ုပ်သည် သူမကို ဖုန်းဆက် ရာ၊ သူမက “ဖေဖေ၊ ကျွန်မ သူတို့ကို သိပ်လွမ်းတာပဲ။ ကျွန်မအနားမှာ သူတို့မရှိတာ၊ အဖော်မဲ့လိုက်တာ” ဟု ပြောပါသည်။ သူမ၏ခင်ပွန်းနှင့်အတူ နှစ်ပေါင်းများစွာ ပြုစုစောင့်ရှောက် ပျိုးထောင်ပေးခဲ့သည့်နောက်၊ ဤသားသမီးများကို ခေတ္တ လက်လွှတ်လိုက် ရပြီ ဖြစ်သည်။ ။

ဒုတိယအချက်ကား ဝေဒနာခံစားစဉ် အဖော်မဲ့မှု (Loneliness of suffering) ဖြစ်သည်။ ရောဂါဝေဒနာ ခံစားရသောအချိန်၌ ကိုယ့်အိပ်ယာသည် ကိုယ့်ကမ္ဘာ ဖြစ်သွား ရတော့သည်။ “ငါတို့အား ပေါ်ထွန်းလတံ့သောဘုန်းကိုထောက်သော်၊ ယခု မျက်မှောက်ကာလ၌ခံရသော ဆင်းရဲဒုက္ခကို ပမာဏမပြုထိုက်ဟု ငါ သဘောရှိ၏” (ရော ၈း၁၈)။ ခံစားနေရသောဝေဒနာများ အဆုံးသတ်သွားမည့်အချိန်ရှိပြီး၊ ဝေဒနာများ၏အဆုံး၌ ဘုန်း တော်ရောင်ခြည် ထွန်းလင်းမည့်အချိန်ရှိသည်ဟူသောမျှော်လင့်ချက်ကို ခရစ်တော် ပေး တော်မူပါသည်။

ဗျာ ၂၁း၄ ၌ ဖော်ပြထားသည်မှာ “ဘုရားသခင်သည် သူတို့၏မျက်စိ၌ မျက်ရည်ရှိ သမျှတို့ကို သုတ်တော်မူမည်။ နောက်တဖန် သေဘေးမရှိရ စိတ်မသာညည်းတွားခြင်း၊အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်း မရှိရ။ အကြောင်းမူကား ရှေးဖြစ်ဘူးသောအရာတို့သည် ရွှေ့သွားကြပြီ။” ကျွန်ုပ်သည် ခရစ်တော်၏ရှေ့တော်မှောက်၌ ထာဝရနေရမည့် ထိုနေ့ကို မျှော်နေပါသည်။

တတိယအချက်မှာ ဝမ်းနည်းကြေကွဲစဉ် အဖော်မဲ့ခြင်း (Loneliness of sorrow) ဖြစ်သည်။ ကျွန်ုပ် အသက်ကြီးလာလေလေ၊ အသုဘအခမ်းအနား တက်ရလေလေ ထိုခံစားမှုမျိုး ဖြစ်လေလေ ဖြစ်သည်။ အထူးသဖြင့် ကျွန်ုပ်မိတ်ဆွေများ၊ ကွယ်လွန်သွားကြသောအခါ၌ ဖြစ်ပါသည်။ သခင်ယေရှုသည် မိတ်ဆွေတစ်ဦး၏အသုဘ၌ မျက်ရည်ကျ ခဲ့ပါသည်။ (ယော ၁၁း၃၃-၃၆)။ “ယေရှုကလည်း ငါသည် ထမြောက်ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်းဖြစ်၏။ ငါ့ကို ယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်” (ယော ၁၁း ၂၅၊ ၂၆) ဟု မိန့်တော်မူသည်။ ဤသည်ကား ဝမ်းနည်း ကြေကွဲနေသူများအတွက် ကိုယ်တော်ပေးသောမျှော်လင့်ချက် ဖြစ်သည်။

သင့်မိတ်ဆွေသို့မဟုတ် ချစ်ခင်သူတစ်ယောက်ယောက် သေဆုံးသွား၍ သူ့ခေါင်း တလားဘေး၊ သင် ရပ်နေသော်၊ သခင်ယေရှုသည် ထမြောက်ခြင်းနှင့် အသက် ဖြစ်ကြောင်း သတိရပါ။ အကယ်၍ ထိုသူတို့သည် ခရစ်တော်ကိုသိသော်၊ ကိုယ်တော်သည် သူ့ကို ထမြောက်စေပါမည်။ ဤသည်မှာ ကျွန်ုပ်တို့၏မျှော်လင့်ချက်ရောင်ခြည်ပင် ဖြစ်သည်။

ယနေ့ညတွင်လည်း ဆေးရုံ၌ ဝေဒနာခံစားနေရသော ကျွန်ုပ်မိတ်ဆွေများစွာ ရှိနေ ပါသည်။ သူတို့ထံသွား၍ ပွေ့ဖက် နှစ်သိမ့်ချင်ပါသည်။

စတုတ္ထအချက်မှာ အပြစ်ကြောင့်အထီးကျန်ခြင်း (Loneliness of sin) လည်း ရှိပါသေးသည်။ စိတ်ပညာ ပါမောက္ခတစ်ဦးသည် အောက်ပါ အခြေခံအချက်နှစ်ချက် အကြောင်း ပြောပြပါသည်။ ကျွန်ုပ်တို့ကို သူများ အလိုမရှိ ဟူသည့် ခံစားချက်နှင့် ကျွန်ုပ် တို့ကို မည်သူမျှ နားလည်မှု မရှိ ဟူသည့် အသိ ဖြစ်သည်။ ထိုအကြောင်းများကို သင် အကြိမ် မည်မျှ ကြားဖူးပါသနည်း။

မကြာခင်လေးက လူငယ်တစ်စုအကြောင်း ရေးသားထားသည့် ဆောင်းပါးကို ဖတ် လိုက်ရပါသည်။ ဆောင်းပါးရှင်က “ဤလူငယ်များသည် ပတ်ဝန်းကျင်နှင့် ကင်းကွာနေ သော မျိုးဆက်ဖြစ်ပြီး၊ ဦးတည်ရာမဲ့ မျှော်မှန်းချက်မရှိ ဖြစ်နေကြသည်” ဟု ဆိုသည်။

အဖော်မဲ့ခြင်း၏ပိုနက်ရှိုင်း၍ ပိုအခြေခံကျသောအရင်းအမြစ်မှာ ဘုရားသခင်နှင့် သီးခြားဖြစ်နေခြင်းဖြစ်သည်။ အဖော်မဲ့ခြင်းသည် မည်သည့်အချိန်က စဖြစ်ခဲ့သည်ကိုသင်သိပါသလား။ ဧဒင်ဥယျာဉ်၌ လူသားသည် မိမိကိုယ်ကို ဘုရားသခင်နှင့် မိဿဟာယ ဖွဲ့ခြင်းမှ အဆက်ဖြတ်လိုက်ချိန်မှ စတင်ပါသည်။ ဘုရားသခင်ကို ပုန်ကန်ခဲ့သည်။ စကား နားမထောင်ပါ။ ထိုအချိန်ကစ၍ အပြစ်သား ဖြစ်လာပါသည်။ သူ့သားနှစ်ယောက်လည်း အပြစ်သားများ ဖြစ်လာသည်။ ထိုနောက် မျိုးဆက်တစ်ခုမှ တစ်ခုသို့ ဖြတ်သန်းလာရာ၊ သင်နှင့် ကျွန်ုပ်တို့အထိ ရောက်လာပြီး၊ ကျွန်ုပ်တို့အားလုံး အပြစ်သား ဖြစ်လာကြသည်။

ကျွန်ုပ်တို့သည် အပြစ်၌ မွေးဖွားလာကြသည်။ မိမိရွေးချယ်မှုအရ၊ အပြစ်သား ဖြစ် လာကြသည်။ ဗီဇ၌ အပြစ်ပါလာသည်။ ထိုအပြစ်သည် ကျွန်ုပ်တို့ကို ဘုရားသခင်နှင့်ခွဲ ခြားထားသည်။ ကားတိုင်ပေါ် အသေခံတော်မူသော ခရစ်တော် တစ်ပါးတည်းသာလျှင် ကျွန်ုပ်တို့ကို ဘုရားသခင်နှင့် ရန်ပြေငြိမ်းစေနိုင်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် လက်ဝါး ကားတိုင်သို့လာကာ၊ ကိုယ့်ကိုယ်ကို အပြစ်သားဖြစ်ကြောင်း သိမှတ်ရမည်။ မိမိအသက်ရှင် ပုံကို ပြောင်းလဲရန် အသင့်ရှိရမည်။ ဤသည်ကို နောင်တရသည်ဟု ဆိုသည်။ ထိုကြောင့် ယုံကြည်ခြင်းဖြင့် သင် ပြောရမည်မှာ “မှန်ပါသည် သခင်ယေရှု။ ကိုယ်တော့်ကို ကျွန်ုပ် ၏သခင်နှင့် ကယ်တင်ရှင်အဖြစ် လက်ခံပါသည်” ဟု ဖြစ်သည်။

ဧဒင်ဥယျာဉ်တွင် လူယောက်ျားနှင့် လူမိန်းမသည် ဘုရားသခင်နှင့်အတူ စိတ်သဘောထား ညီညွတ်စွာ နေထိုင်ခဲ့ကြပါသည်။ ထိုစဉ် ထိုအခြေအနေကို မွှေနှောက် ဖျက်ဆီးမည့် အရာ ဖြစ်ပွားခဲ့သည်။ ကိုယ့်လွတ်လပ်မှုနှင့် ကိုယ် ရှိကြသည်ဟု ကြွေးကြော်ခြင်းလည်း ဖြစ်သည်။ ၄င်းတို့က “ကိုယ်တော်၊ ကိုယ်တော့်ကို ကျွန်တော်တို့ မလိုအပ်တော့ဘူး။ ကိုယ်တော်မပါဘဲ ကိုယ့်လောကကိုယ် ဖန်တီးတတ်ပါတယ်” ဟု ပြောသည်။ ကိုယ်တော့် လက်မှ လွတ်လပ်သွားပြီဟု ကြေညာလိုက်သည်။ ဘုရားသခင်သည် “အာဒံ .. မင်း ဘယ်မှာလဲဟေ့” ဟုခေါ်ရင်း၊ ဥယျာဉ်သို့ ကြွလာတော်မူပါသည်။ လူသားသည် ဘုရား သခင်ကို ပုန်းဖို့ ကြိုးစားခဲ့ပါသေးသည်။ သင်နှင့်ကျွန်ုပ် ဘုရားသခင်နှင့်မတွေ့အောင် ပုန်းခဲ့သလိုမျိုးဖြစ်သည်။ သို့သော် ပုန်းစရာနေရာ မရှိပါ။ အဖော်မဲ့ခြင်းဟူသောအမြစ် သည် လူသား၏စိတ်၌ အမြစ်တွယ်ခဲ့သည်။ ထိုအချိန်မှစ၍ ဤလောကရှိလူတိုင်းက ဤအမွေကို ဆက်လက်ခံယူကြရသည်။ (က ၃၊ ၄)။

အဖော်မဲ့အထီးကျန်ဆန်မှုသည် အတန်းအစားမခွဲခြားပါ။ ကမ္ဘာ့အကျော်ကြားဆုံး၊ အနုပညာရှင်များ၊ စာရေးဆရာ၊ တေးရေးဆရာ၊ ဘုရင်၊ ဘုရင်မ၊ လက်သမား၊ ပိုက်ဆက် သမား၊ စသဖြင့် လူတိုင်း အဖော်မဲ့ကြသည်။ ရုပ်မြင်သံကြားဇာတ်လမ်းမှ နာမည်ကြီး ပုဂ္ဂိုလ်များအကြောင်း ရိုက်ကူးထားသည့် ရုပ်ရှင်များကို သင် ကြည့်ဖူးပါမည်။ အတော် များများသည် အဖော်မဲ့သူများ ဖြစ်ကြသည်။ အထီးကျန်အဖြစ်ဆုံးလူအချို့သည် နာမည် ကျော်ကြားကြသည်။ ၄င်းတို့သည် ကိုယ့်ကမ္ဘာနှင့်ကိုယ် သီးသန့်နေသူများ ဖြစ်သည်။

လွန်ခဲ့သောနှစ်များစွာက ကလစ်(ဖ) (Cliff) နှင့် ကျွန်ုပ်သည် စကော့တလန်နိုင်ငံ၊ ဂလတ်စကိုမြို့ရှိ ဆရာဝန်တစ်ဦး၏အိမ်၌ ခေတ္တတည်းခိုကြပါသည်။ ထိုမြို့၌ ကျွန်ုပ်၏ မိတ်ဆွေတစ်ဦးရှိသည်။ ထိုမိတ်ဆွေသည် ကျွန်ုပ်တို့တည်းသောအိမ်နံဘေးရှိ သူ့မိခင် အိမ်သို့ လာလေ့ရှိသည်။ သူ့မိခင်သည် အသက် (၉၀)ရှိပြီဖြစ်သည်။ နေ့စဉ်လာတိုင်း နှင်းဆီနီတစ်ပွင့် ယူခဲ့လေ့ရှိသည်။ အလွန်ကောင်းသည်ဟု ကျွန်ုပ် သဘောပိုက်ပါသည်။ ထိုမိတ်ဆွေတွင် The House of Fraser ဟုခေါ်သည့် စတိုးဆိုင်လေးတစ်ဆိုင် ဂလတ်စကို မြို့ထဲ၌ ရှိသည်။ ကျွန်ုပ်တို့ ထိုသို့နေရင်း ရင်းနှီးလာကြသည်။ ဟူဖရေဆာ (Hugh Fraser) သည် ဗြိတိန်နိုင်ငံ၌ အချမ်းသာဆုံးစာရင်းဝင်တစ်ယောက် ဖြစ်လာသည်။ ဗြိတိန်ရှိ စတိုးဆိုင်ကြီးအားလုံးကို သူဝယ်သည်။ လန်ဒန်မြို့ရှိ တဲရော့(စ်) (Harrods) ကိုပင် သူ ဝယ်ခဲ့သည်။ ကျွန်ုပ်တို့ သူ့ကို သိပြီးသည့် နောက်ပိုင်းတွင်မှ ဤသို့ ကြွယ်ဝလာခြင်း ဖြစ်သည်။ ဘုရင်မကြီးသည် ၄င်းကို သခင် (Lord) ဘွဲ့ ချီးမြှင့်သောကြောင့် လော့ဒ်ဖရေ ဆာ (Lord Fraser) ဟူ၍ ဖြစ်လာသည်။

အခု ခင်ဗျားကို သခင် (Lord) ဘွဲ့ ချီးမြှင့်ထားတယ် ဆိုတော့ ခင်ဗျားကို စကား ပြောတဲ့အခါ “ဟုတ်ကဲ့ပါသခင်။ မှန်ပါတယ် သခင်” လို့ ပြောကြတာ၊ ခင်ဗျား ဘယ်လို ခံစားရလဲ” ဟု မေးရာ၊ ၄င်းက “အင်မတန် ဆိုးပါတယ်ဗျာ။ အရင်မိတ်ဆွေတွေက ကျွန်တော့်ကို ဘယ်လို ဆက်ဆံရမလဲဆိုတာ မသိကြတော့ဘူး။ ပြီးတော့ အင်္ဂလန် လူမှု၀အဖွဲ့အစည်းက ကျွန်တော့်ကို သခင် (Lord) အဖြစ် လက်မခံကြဘူး။ ကျွန်တော်က လူ အရမ်းချမ်းသာတယ်။ ပြီးတော့ အရမ်းအထီးကျန်တယ်ဗျာ” ဟု ပြောသည်။ ထို့ ကြောင့် အဖော်မဲ့ခြင်းသည် လူတန်းစား မခွဲခြားပါ။ လူတိုင်းခံစားရသည်။

ယော ၁၃း၁၈-၃ဝ ၌ နောက်ဆုံးသောညစာစားပွဲအကြောင်း ဖတ်ရပါသည်။ ယုဒ သစ္စာဖောက်မည့်အကြောင်းကိုလည်း တွေ့ရသည်။ သမ္မာကျမ်းစာ၌ ယူဖို့ ထွက်သွားသောအချိန်ကို “ထိုအချိန်ကား၊ ညအချိန်ဖြစ်သည်” ဟု ဆိုသည်။ သူသည် သခင်ဘုရား ကို သစ္စာဖောက်သည်။ ထိုအချိန်မှစ၍ သူသည် အထီးကျန်ဖြစ်သွားသည်။ ထိုအချိန်မှ စ၍ ခရစ်တော်နှင့်မိဿဟာယဖွဲ့ခြင်းမရှိတော့ပါ။ ၄င်းသည် ကိုယ့်သခင်ကို သစ္စာဖောက် ခဲ့ပြီဖြစ်သည်။

ဘုရားသခင်နှင့်မိဿဟာယဖွဲ့ခြင်းကို သင် ယခင်က သိခဲ့ကြောင်း သိခဲ့မည် ဖြစ် သည်။ ကိုယ်တော်နှင့်အတူ လှမ်းလျှောက်ခဲ့ပြီး၊ ဘုရားကျောင်းလည်း တက်ခဲ့ပါမည်။ ကျမ်းစာ ဖတ်ခဲ့ပြီး၊ သစ္စာရှိစွာ အသက်ရှင်ခဲ့မည် ဖြစ်ပါသည်။ သို့ရာတွင် ရုပ်မြင်သံကြားကြောင့် သင်တဖြေးဖြေး လမ်းကြောင်းလွဲသွားသကဲ့သို့ အခြားအရာတစ်ခုခုကြောင့် လမ်း လွဲသွားခဲ့ပါသည်။ ယခုအခါ ယခင်ကကဲ့သို့ ဘုရားသခင်နှင့်နီးကပ်စွာ မလျှောက်တော့ပါ။

ဘုရားသခင်နှင့်ပြေလည်သောအချိန် ရှိခဲ့ပါမည်။ နှစ်ခြင်းမင်္ဂလာ ခံယူခဲ့သောအချိန် ရှိပါ သည်။ အသင်းတော်၌ စွဲစွဲမြဲမြဲနေခဲ့သောအချိန် ရှိပါမည်။ သို့သော်လည်း၊ ထိုအခြေအနေ မှ သွေဖယ်ကာ၊ ဘုရားသခင်ထံမှ ထွက်သွားသောကြောင့် ညအချိန် ဖြစ်ခဲ့ရပါတော့သည်။ ဘုရားသခင် မရှိခြင်းတည်းဟူသော အဖော်မဲ့ညသည် သင့်ကို စိုးမိုးသွားပြီဖြစ်သည်။

ဤအရာများအားလုံးကို ယခုည၊ သင် ပြုပြင်နိုင်ပါသည်။ သင် ပြန်လာနိုင်ပါသည်။ ကိုယ်တော်သည် သင့်ကို လက်ကမ်းကြိုလင့်လျက် ရှိသည်။ “ပြန်လာပါ။ သင့်ကို ချစ် တယ်။ သင့်ကို လက်ခံပါတယ်။ သင့်အပြစ်ကို ခွင့်လွှတ်ပါမည်” ဘုရားကျောင်း မှန်မှန် တက်သော်လည်း၊ ခရစ်တော်ကို ကိုယ်တိုင်မသိသူလောက် ခါးသီးသည့် အထီးကျန်ခြင်း မျိုး မရှိပါ။ ထိုသို့သောလူများစွာ ရှိပါသည်။ ၄င်းတို့သည် ဘုရားကျောင်း တက်သည်၊ ဘုရားကျောင်း၌ အလုပ်လုပ်သော်သော်လည်း ခရစ်တော်ကို ကိုယ်တိုင် သိကျွမ်းခြင်း မရှိပါ။ အပြစ်သည် ကျွန်ုပ်တို့ကို အထီးကျန်စေပါသည်။ အဘယ်ကြောင့်ဆိုသော်၊ ကျွန်ုပ်တို့ကို ဘုရားသခင်နှင့် သီးခြားဝေးကွာစေ၍ ဖြစ်သည်။

လူတို့ကို အထီးကျန် ဖြစ်စေခြင်းသည် ဘုရားသခင်၏အကြံအစည်တော် လုံးဝမဟုတ် ပါ။ အမေရိကန်နိုင်ငံတွင်လုပ်သော စစ်မှုထမ်းရာပေါင်းများစွာက လူ့ဘောင်အဖွဲ့အစည်း သည် ကျွန်ုပ်တို့ကို လူ့အဖွဲ့အစည်းနှင့် ပို၍ လိုက်လျောညီထွေရှိအောင် ပို၍ ပျော်ရွှင်အောင် မလုပ်ပေးနိုင်ပါ။ တဒင်္ဂ ကာမဂုဏ်ကျေနပ်မှု ခံစားခြင်းသည် ခါးသီးမှု၊ မည်သည့် စိတ်ရောဂါဆရာဝန်မှ မကုသနိုင်သော ပျော်ရွှင်မှုဆုံးရှုံးခြင်းတို့ကို ဖြစ်ပေါ်စေပါသည်။

ကျမ်းစာတော်မြတ်၌ “မတရားသောသူတို့မူကား၊ မငြိမ်နိုင်ဘဲ၊ လှုပ်ရှား၍ နှင့် အမှိုက်ကို ပက်သော ပင်လယ်ရေနှင့်တူကြ၏” (ဟေရှာ ၅၇း၂၀)။ ပင်လယ်ကမ်းစပ်၌ ရပ်၍ အစဉ်တစိုက် လှုပ်ရှားနေသောပင်လယ်သည် မည်မျှ ဒုက္ခကြီးသည်ကို ကြည့်ဖူးပါ သလား။ ကျွန်ုပ်တို့သည်လည်း ထိုနည်းတူ ဖြစ်ကြသည်။

ပဉ္စမအချက်အဖြစ် သခင်ယေရှုအဖော်မဲ့ခြင်းအကြောင်း (Loneliness of Jesus) ပြောလိုပါသည်။ ကျွန်ုပ်တို့ ကယ်တင်ရှင်၏အဖော်မဲ့ခြင်းအကြောင်း ဖြစ်သည်။ ကိုယ်တော် သည် အဖော်မဲ့သူ၊ အစွန့်ပစ်ခံရသူတို့ကို အချိန်များစွာ ပေးခဲ့ပါသည်။ အမျိုးသမီးတစ်ဦး နှင့် ရေတွင်းတစ်ခု၌ အချိန်ကြာမြင့်စွာ စကားပြောခဲ့ပါသည်။ (ယော ၄း၅-၃၀)။ “မထီမဲ့ မြင်ပြုခြင်းကို ခံရ၍ လူတို့တွင် အယုတ်ဆုံးသောသူ ဖြစ်၏။ ငြိုငြင်သောသူ၊ နာကြဉ်းခြင်း ဝေဒနာနှင့် ကျွမ်းဝင်သောသူ ဖြစ်၏။ သူတစ်ပါးမျက်နှာလွှဲခြင်းကို ခံရသောသူကဲ့သို့ ဖြစ် ၏။ မထီမဲ့မြင်ပြုခြင်းကို ခံလျက်ရှိ၍ ငါတို့သည် မရိုသေကြ” (ဟေရှာ ၅၃း၅) ဟု ကျမ်းစာ ၌ လာပါသည်။ လူပေါင်းများစွာ ကိုယ်တော့်ကို ဝန်းရံထားသော်လည်း ကိုယ်တော် တစ်ဦး တည်းဖြစ်ရသည့်အချိန်များ ရှိခဲ့ပါသည်။ နောက်ဆုံးသောအချိန်မှာပင် သမ္မာကျမ်းစာကပြောသည်မှာ “တပည့်တော်အပေါင်းတို့သည် ကိုယ်တော့်ကို စွန့်ပစ်၍ ပြေးကြ၏။” (မ ၂၆း၅၆)။ မကြာခင်လေးက “ဟောရှဏ္ဏ ဖြစ်စေသတည်း” ဟု ကြွေးကြော်ခဲ့သော လူအုပ်ကြီးသည် (မ ၂၁း၈၊ ၉) ထိုရက်သတ္တပတ်ထဲမှာပင် “ထိုသူကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါ၊ ရိုက်ထားပါ” ဟု ကြွေးကြော်ကြပြန်သည် (လု ၂၃း၂၁)။ ကိုယ်တော် တစ်ကိုယ် တည်း ဖြစ်ခဲ့ရသည်။

နောက်ဆုံး၌ ကားတိုင်ပေါ်မှ ကိုယ်တော် ဤသို့ ကြွေးကြော်တော်မူသည်ကို ကျွန်ုပ် တို့ ကြားကြရသည်။ “အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း” (မ ၂၇း၄၆)။လက်ဝါးကပ်တိုင်ပေါ်၌ ချိတ်ဆွဲခြင်းခံရသော ခရစ်တော်သည် အထီးကျန်အဖြစ်ဆုံးသူ ဖြစ်သည်။ အဘယ်ကြောင့် ဤသို့ ဖြစ်ရသနည်း။ သင်နှင့် ကျွန်ုပ်၏အပြစ်ကို သယ်ဆောင်ထားသောကြောင့်ဖြစ်သည်။ ဘုရားသခင်သည် အပြစ်ကို ကြည့်မနေနိုင်ပါ။

သခင်ယေရှုအဖို့ ထိုအချိန်သည် ခမည်းတော် စွန့်ပစ်သည်ဟု ထင်ရသောအချိန် ဖြစ်သည်။ သင်နှင့်ကျွန်ုပ်အတွက် အိပ်မက်ငရဲကို ခံစားနေတော်မူရသည်။ ကျွန်ုပ်တို့ ငရဲသွားရမည့်အတွက် ဒဏ်ခံသွားတော်မူသည်။ ကျွန်ုပ်တို့အတွက် ပြစ်ဒဏ် စီရင်မှု ခံတော်မူသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ဤမျှ ချစ်တော်မူပြီး သင့်ကို ကိုယ်တော့် ထံတော်သို့ အလျင်အမြန် ပြန်လာစေလိုပါသည်။

သင်နှင့် ကျွန်ုပ်အတွက် အသေခံသဖြင့် အဆုံးစွန်သော အထီးကျန်မှုကို တွေ့ကြုံခဲ့ ရသည်။ အသေခံတော်မူခြင်းဖြင့် လူသားတို့၏အထီးကျန်မှုကို ဖြစ်စေသည့် အခြေခံ ပဲ အကြောင်းတရား ဖြစ်သော ဘုရားသခင်နှင့် ဝေးကွာခြင်းကို ဖြေရှင်းပေးတော်မူသည်။ ကားတိုင်ပေါ်တွင် လက်တစ်ဖက်သည် ခမည်းတော်ကို ဖက်တွယ်ထားပြီး၊ ကျန်လက် တစ်ဖက်သည် ကျွန်ုပ်တို့ကို ကမ်းလင့်နေသည်။ ငရဲဆိုသည်မှာ အခြေခံအားဖြင့် ဘုရား သခင်ထံမှ ကွဲကွာခြင်း ဖြစ်သည်။ ငရဲဆိုသည်မှာ ဤစကြာဝ၌ အထီးကျန် အဖြစ်ဆုံး သောနေရာဖြစ်သည်။

လူများစွာသည် ငရဲလို့ ပြောပါက လှောင်ပြောင်၍ မထိတထိ ရယ်ကြသည်။ ၄င်းတို့က “ကောင်းပြီဟေ့။ ငါတော့ ငရဲကိုပဲ သွားမလို့။ အဲဒီနေရာမှာ ငါပျော်မှာပါ။ ည ကပွဲရုံ တွေလည်း ရှိတယ်။ ပျော်ပျော်ပါးပါး နေမယ်။ စာတန်၊ နတ်ဆိုးတွေနဲ့ ပျော်ပျော်ကြီး နေလိုက်မယ်” ဟု ပြောသော်လည်း လူ့အထင်နှင့် သမ္မာကျမ်းစာ၌ ဖော်ပြထားသည်မှာ မတူပါ။ ကျမ်းစာ၌ပြောသည့် ငရဲဆိုသည်မှာ သင်သိဘူးသမျှအရာခပ်သိမ်းနှင့် ကွေ ကွင်းခြင်း ဖြစ်ပြီး သင် တစ်ဦးတည်း ဖြစ်မည်။ ဤသည်ကား၊ ငရဲတကာ့ငရဲ ဖြစ်သည်။ အဖော်မဲ့ခြင်း၊ အထီးကျန်ခြင်း၊ တကိုယ်တည်း ရှိခြင်း ဖြစ်သည်။

ငရဲအကြောင်း ကျွန်ုပ် အကုန် မသိသော်လည်း သခင်ခရစ်တော်ကို ငြင်းပယ်ကြ သည့်လူများ၊ ငရဲသို့ ဦးတည်လျက် သွားနေကြသည်ဟု ကျွန်ုပ် အသေအချာ ယုံကြည် သည်။ ဘုရားသခင်ကိုကျောခိုင်းထားသော်၊ သင်လည်း ထိုမှာ လမ်းဆုံးသွားပါမည်။ ထို နေရာ၌ သင် တစ်ဦးတည်းနေရမည့်အရပ် ဖြစ်သည်။ လူအစုအဝေးနှင့် နေရမည်မဟုတ်။

သခင်ယေရှုသည် သင့်အတွက် ငရဲ၏နာကျင်မှုဝေဒနာ ခံစားခဲ့ပြီးဖြစ်၍ သင် ငရဲ သွားစရာမလိုတော့ပါ။ တစ်မိနစ်မျှပင် သွားဖို့၊ နေဖို့ မလိုပါ။ ခရစ်တော် သင့်အတွက် လုပ်ပေးတော်မူခဲ့ပြီး ဖြစ်သည်။ သင် လုပ်ဖို့လိုသည်မှာ ခရစ်တော်ထံ လာဖို့နှင့် သင့်နှလုံး သားထဲ၌ ခရစ်တော်ကို လက်ခံဖို့ ဖြစ်သည်။

သေခြင်းနှင့် ပြစ်ဒဏ်စီရင်ခြင်း၏အထီးကျန်ဆန်မှု ရှိပါသည်။ (Loneliness of death and judgement) ကျွန်ုပ်အဖွား သေအံ့ဆဲဆဲအချိန်ကို သတိရပါသည်။ အဖွား တစ်ဦးတည်း မဖြစ်ခဲ့ပါ။ အဖွားသည် ခရစ်တော်ကို သိသည်။ နောက်ဆုံးအချိန်၌အိပ်ယာ ပေါ်ထိုင်ကာ၊ “အို… ဘင်ကို မြင်တယ်” ဟု ပြောသည်။ ဘင် ဆိုသူမှာ နှစ်မကြာမီကကွယ်လွန်သွားသူ ခင်ပွန်းဖြစ်သည်။ အဖိုးသည် Getlysburg တွင် ခြေတစ်ဖက်၊ မျက်လုံး ပြီး တစ်ဖက် ဆုံးရှုံးခဲ့သည်။ သူသည် သူ့ လယ်သို့ ပြန်လာကာ၊ ချစ်စရာ သမီး(၃)ဦးကို ပြုစု ပျိုးထောင်ခဲ့သည်။ အငယ်ဆုံးသမီးမှာ ကျွန်ုပ်၏မိခင်ဖြစ်သည်။

ကျွန်ုပ်အဖေနှင့်အမေ ကွယ်လွန်သည့်အချိန်ကိုလည်း သတိရပါသည်။ သူတို့အနား ကျွန်ုပ် မရှိခဲ့ပါ။ ဆုံးပြီး အနည်းငယ်ကြာမှ ရောက်သွားသည်။ သူတို့မျက်နှာပေါ်မှ ငြိမ်သက်မှုကို မြင်ရပါသည်။ ၄င်းတို့သည် ဘုရားသခင်ကိုသိသည်။ ဘုရားသခင်နှင့် လျှောက်လှမ်းခဲ့ကြ သည်။

ဘုရားသခင်ရှေ့ သင် တစ်ယောက်တည်း ရပ်နေရသည့်အခိုက်မှာ ပြစ်ဒဏ်စီရင်ခြင်း လည်း ရောက်လာပါမည်။ သင်ကလွဲ၍ မည်သူမျှ ရှိမည်မဟုတ်ပါ။ ဤလောက၌ အရေး ကြီးသည်ဟု ဆိုသည့်အရာများ တစ်ခုချင်း ခွာကြည့်ခံရပါမည်။ သင် အသက်ရှင်ခဲ့သမျှ ပုံစံများအတွက် သင် ဖြေရှင်းရပါတော့မည်။ ခရစ်တော်ရှေ့တော်တွင် သင် ပြုခဲ့သမျှ အတွက် အဖြေပေးရပါတော့မည်။

ဘုရားသခင်၌ မှတ်တမ်းတင်စက် ရှိပါသည်။ သင့်အပြုအမူများကိုသာမက၊ သင် စဉ်းစားသမျှကိုလည်း မှတ်တမ်းတင်ထားပါသည်။ သင့်စိတ်နှလုံးထဲ၌ ရှိသမျှအရာအားလုံး ကို လူ့ဘုံအလယ်၌ ချပြခံရပါလိမ့်မည်။ ပေးစရာအဖြေမရှိ၊ တစ်ဦးတည်း ဖြစ်ရဦးမည်။

တစ်ဦးတည်း ဆုံးဖြတ်ရမည့်အချိန် (Loneliness of decision) လည်း ရှိပါသည်။ ခရစ်တော်နှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ချရန် သင့်မိဘ၊ မိတ်ဆွေများအပေါ် မမှီခိုနိုင်ပါ။ သင့်ကိုယ်တိုင် ဆုံးဖြတ်ရမည်။ အထီးကျန်ဆန်မှုကို ဖြေရှင်းရာ၌ ပင်မအကြောင်းရင်းကိုမရှာဘဲ အပေါ်ယံလက္ခဏာလေးများကိုသာ ဖြေရှင်းတတ်ကြသည်။ အလုပ်ကို ဖိလုပ်ကြ သည်။ ကာမဂုဏ်ခံစားမှုဖြင့် ဖြေရှင်းသည်။ အထီးကျန်ဆန်မှုကို ရှောင်ကွင်းရန် လူ အချင်းချင်း အဖော်ပြု၍ အဖြေရှာကြသည်။ သို့ရာတွင် အလုပ်မဖြစ်ပါ။ ထိန်းမနိုင်၊ သိမ်း မရ ဖြစ်ကြရသည်။

အသစ်မွေးဖွားခြင်းမရှိဘဲ၊ အပြစ်ကို ကိုင်တွယ်ဖြေရှင်းနေခြင်းသည် သဲနွံ (quick sand) ထဲ၌ ရုန်းကန်နေခြင်းနှင့် တူပါသည်။ မူးယစ်ဆေး၊ အရက်၊ လိင်မှုကိစ္စ သို့မဟုတ် စိတ်ပညာအတွေ့အကြုံများနှင့် အထီးကျန်မှုအတွက် ဖြေဆေးရှာခြင်းဖြစ်သည်။ တချို့ ကိစ္စရပ်များအတွက် ကောင်းသော်လည်း၊ မကြာခဏ ဒုက္ခရောက်ကြရသည်က များသည်။ နွံထဲနစ်ပြီးရင်းနစ်သကဲ့သို့ ဖြစ်သည်။ အဆုံးသည် အစထက် သာ၍ ဆိုးပါသည်။

ဤအသက်တာအတွက် ခရစ်တော်မှလွဲ၍ အခြားကုထုံးမရှိပါ။ ခရစ်တော်အားဖြင့် သာ အသက်တာကို ပြန်တည်ဆောက်နိုင်မည့်အခြေခံ ဆက်ဆံရေး ရနိုင်သည်။ သင့် နှလုံးသား၊ အသက်တာ၌ ကျိုးကြေခဲ့ရသည့်အရာများကို ခရစ်တော်၌သာ ပြန် တည် ဆောက်နိုင်သည်။ ကိုယ်တော့်ကို ယုံကြည်ရမည်။ ကိုယ်တော်၌ စိတ်ချမှု ရှိရမည်။ ကိုယ် တော်သည် ကားတိုင်ပေါ် အသေခံတော်မူခဲ့ပါသည်။ သင့်အတွက် သေခြင်းမှ ရှင်ပြန်ခဲ့ သည်။ ကိုယ်တော့်ထံသို့ လာရန် သင့်ကို စောင့်စားလျက် ရှိပါသည်။

“ငါသည် တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကိုကြား ” ၍ တံခါးကိုဖွင့်အံ့။ ထိုသူရှိရာသို့ ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်း ၇ ငါနှင့်အတူ စားသောက်ရလိမ့်မည်” (ဗျာ ၃း၂၀)။ အလွန် အဖော်မဲ့သည့်ဆရာလံဆရာ သည် ဆာလံကျမ်း (၄၃)ကို ရေးဖွဲ့ခဲ့သည်။ “အို ငါ့ဝိညာဉ်၊ သင်သည် အဘယ်ကြောင့် ညှိုးငယ်သနည်း။ ငါ့အထဲမှာ အဘယ်ကြောင့် မငြိမ်မဝပ်ရှိသနည်း။ ဘုရားသခင်ကို မြော် လင့်လျက်နေလော့။ ငါ့ကို ကယ်တင်တော်မူသောအရှင်၊ ငါ ကိုးကွယ်သော ဘုရားသခင် ၏ကျေးဇူးတော်ကို ငါ ချီးမွမ်းထောမနာပြုရလေအံ့သတည်း(ငယ် ၅)။ ယခု သင်ပြီး နိုင်ပါပြီ။ သခင်ဘုရား၏ ဝမ်းမြောက်ခြင်းကို သင်စိတ်နှလုံးထဲ ခံစားနိုင်ပါသည်။

တခါတရံ အဖော်မဲ့ခြင်းသည် ဘုရားသခင်က ကျွန်ုပ်တို့ကို လက်ကမ်းရန် အချိန် တန်ပြီဟု သိစေသည့်နည်းဖြစ်တတ်သည်။ ကျွန်ုပ်တို့ ဘယ်သောအခါမျှ အဖော်မဲ့ မဖြစ် ရလေအောင် ခရစ်တော်သည် အကြီးမားဆုံးသော အဖော်မဲ့မှုကို ကျွန်ုပ်တို့ ကိုယ်တိုင် ခံစားခဲ့ပါသည်။

ယခုအချိန်သမယ၌ အောင်မြင်ကျော်ကြားသော အားကစားသမားများစွာသည် အားကစားအမျိုးမျိုး လုပ်လျက်ရှိကြသည်။ အားကစားသမားတစ်ဦးသည် ဤတရားဟော ပွဲများသို့ မကြာခဏ လာလေ့ရှိသည်။ သူ့နာမည် မပြောပါရစေနှင့်။ သူသည် လက်ရှိအတော်ဆုံး အားကစားသမားများထဲမှ တစ်ယောက် ဖြစ်သည်။ ယခုတစ်ပတ် ပြုလုပ်ခဲ့ သည့် လူတွေ့မေးမြန်းမှုတစ်ခုတွင် လက်ရှိအချိန်သည် သူ၏ရွှေရောင်ကာလ ဖြစ်သော် လည်း ဤအားကစားနည်းမှ အနားယူရမည့်အချိန်ကို စိုးရိမ်ကြောင်း ဖော်ထုတ်ပြသခဲ့ ပါသည်။ ဤအားကစားနည်းသည် သူသိသမျှ သူ့ဘဝအတွက် တစ်ခုတည်းသော ဘဝ အဖော် ဖြစ်သည်။ သူက ကျွန်တော့်ကစားရက်တွေ ကုန်လွန်သွားတဲ့အခါ၊ အဲဒီ ဟာ နေတဲ့ဟာကွက်ကို ဖြည့်ရမယ့်အရာအတွက် ရှာကြည့်ရတာ အလွန်အမင်းစိတ်ရှုပ်ထွေး ရတယ်ဗျာ” ဟုပြောသည်။ ကျွန်တော့်အတွက်တော့ ပူပြင်း ခြောက်သွေ့တဲ့ နွေကာလ ပါပဲဗျာ။ အခုလောက် တစ်ခါမှ မပူပန်ခဲ့ရဘူး။ ကျွန်တော့်ဘဝရဲ့ အခုလိုအချိန်မျိုးမှာ ကိုယ့်ကိုယ်ကို တစ်ခုခု ရသွားပြီလို့ ထင်ခဲ့တာ။ ဒါပေမယ့် ဘာမှ မတွေ့ရ မရှိသေး ပါလား။

သူ ဘာကို ရှာနေတာလဲ။ အခု ဘာကို ရှာနေတာလဲ။ ဒီည သူ ဒီမှာရှိမယ်လို့ မျှော် လင့်ပါတယ်။ သူ ဘုရားသခင်ကို ရှာနေတာပါ။ သူ သဘောပေါက်ချင်မှ ပေါက်ပါမည်။ ခရစ်တော်ကို တွေ့ရှိသည့်အတွေ့အကြုံသည်သာ အရာခပ်သိမ်းကို ပြောင်းလဲစေနိုင်ပြီး၊ သူ့ဘဝ၏ကွက်လပ်ဖြစ်တဲ့ လွတ်လပ်လဟာပြင်ကို ဖြည့်ပေးနိုင်သည်။ အသက်ရှင်ဖို့၊ ‘ထိုက်သင့်သည့်အရာတစ်ခုကို ပေးနိုင်သည်။ ဘဝ၏ အဖော်မဲ့ခြင်းကို ဖယ်ရှားပေးနိုင် ပါသည်။ ထိုကွက်လပ် ကျွန်ုပ်တို့၌ ရှိကြသဖြင့် ခရစ်တော်ကို မတွေ့မချင်း၊ စိတ်ရှုပ် ထွေးရသည်။ မိမိကိုယ်ကို မိမိ ဝေဖန်နေကြရသည်။ ခရစ်တော်ကို သင် အမှန်တကယ် သိပါသလား။

လွန်ခဲ့သည့်တစ်လက ကျွန်ုပ် စာတစ်စောင် ရပါသည်။ ထိုစာထဲ၌ ““လွန်ခဲ့တဲ့ တစ်လလောက်က ကျွန်တော့်ဇနီးနဲ့ ကျွန်တော် သီးသန့်ခွဲနေခဲ့ကြတယ်။ ကျွန်တော့်နား မှာ သူမ ဆက်နေဖို့မဖြစ်နိုင်တော့လို့၊ အိမ်က ထွက်သွားပြီလို့ ပြောတယ်။ ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက် ဘယ်လိုမှ ဆက်သွယ်လို့မရတဲ့အခြေအနေကို ရောက်ခဲ့ကြ တယ်။ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် စွပ်စွဲကြတာတွေကလည်း အခြေအမြစ် ရှိတာတွေပါသလို၊ အခြေအမြစ် မရှိတာတွေလည်း ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အညှိုးတကြီး ပြောခဲ့ကြတယ်။ ကိုယ်ပိုင်တိုက်ခန်း မရခင် တခြားလူတစ်ယောက်နဲ့ ခဏ သွားနေမယ်ပြောပြီး ထွက်သွားတယ်”

“ကျွန်တော့်အလုပ်ကနေ အိမ်ကို ပြန်ရောက်လာတယ်။ ညစာစားပြီးတော့ TV မဖွင့် ဖွင့်အောင် လှုံ့ဆော်နေသလို ခံစားရတယ်။ ကျွန်တော်ထင်တာက အဖော်မဲ့တာတွေ၊ စိတ် ပျက်တာတွေကြောင့် ဖြစ်တာပါလို့။ တစ်ခါတလေ ရုပ်မြင်သံကြားက ခဏတာလေး အတွက် မီးလောင်နေတဲ့အခါ ထွက်ပေါက်ကလေး ဖြစ်ပေမယ့် လောင်နေတဲ့မီးကို

ငြိမ်းသွားစေနိုင်တဲ့ ပစ္စည်းကောင်းတော့မဟုတ်ပါဘူး။ ဘယ်လိုပဲပြောပြော၊ ခလုတ် ဖွင့် ပြီး၊ ဟိုပြောင်း ဒီရွှေ့ လိုက်ကြည့်ရာက၊ ကျွန်တော် ဖွင့်ကြည့်မိတဲ့လိုင်းက ဆရာကြီးရဲ့ တရားဟောပြောပွဲတစ်ခုကို စတင်တော့မယ့်လိုင်း ဖြစ်နေတယ်။ အမှန်အတိုင်း ပြောရ ရင်၊ ရုပ်မြင်သံကြားက လွှင့်တဲ့အစီအစဉ်တွေကို ကျွန်တော် သိပ် အယုံအကြည် မရှိ ဘူးခင်ဗျ။ ဒါပေမယ့် ဆက်ကြည့်လိုက်ပါတယ်။ ဆရာကြီးတရားဟောအပြီးမှာ.. ပြော ရရင်၊ ကျွန်တော်နဲ့ ကျွန်တော့်အခြေအနေကို တိုက်ရိုက် ပြောနေသလိုပါပဲဗျာ။ မိမိဘဝ လမ်းကြောင်းကို ပြောင်းလဲချင်တဲ့သူတွေ၊ ရှေ့ကို ထွက်လာပြီး ခရစ်တော်ကို ကယ်တင် ရှင်အဖြစ် လက်ခံဖို့ ပြောတဲ့အခါ၊ ကျွန်တော် တွန့်ဆုတ်မိတယ်ဗျ။ ဒါပေမယ့် ကျွန်တော် ရုပ်မြင်သံကြားရှေ့ သွားလိုက်ပြီး၊ ဒူးထောက်ပြီး ကျွန်တော့်နှလုံးသားထဲ ခရစ်တော်ကို လက်ခံလိုက်ပါတယ်။” အဲဒီနောက် သူ့အကြောင်း ဆက်ပြောပြသေးတယ်။ အတိချုပ် ပြောရရင်တော့ သူ့စာ အဆုံးမှာတော့ “အခုအချိန်၊ ကျွန်တော်နဲ့ ကျွန်တော့်ဇနီး နဂို အတိုင်း ပြန်ဖြစ်ဖို့ စတင် လုပ်နေကြပါပြီ။” ခရစ်တော် ပြန်လည်ပေါင်းစည်းပေးသည့် လူတစ်ယောက်နှင့် သူ့ဇနီးအကြောင်း ဝမ်းသာစရာ ဇာတ်လမ်းလေးပေပဲ။

လက်ထပ်ထားကြသော်လည်း အခြေအနေမှန်၌ သီးခြားစီဖြစ်နေကြသူများ၊ ခင်ဗျား တို့အထဲ၌လည်း ရှိနိုင်ပါသည်။ တစ်ယောက်နှင့်တစ်ယောက် ပြောဆိုဆက်ဆံမှု မရှိသူ။ မေတ္တာစစ် မရှိသလောက် နီးပါး ဖြစ်နေကြသူများလည်း ရှိပေမည်။ သို့ရာတွင် ခရစ်တော် ကို ယုံကြည်ခြင်းအားဖြင့် ထိုအရာအားလုံးကို ပြန်လည်ဆန်းစစ် အသက်သွင်းပေးနိုင်ပါ သည်။ ပျော်ရွှင်မှုအသစ်၊ ယုံကြည်မှုအသစ်စသည့် အသစ်အဆန်းတစ်ခုခုနောက်သို့ သဲသဲမဲမဲလိုက်ပြီး၊ မိမိဆန္ဒ ပြည့်လိုကြသည့် လူငယ်များစွာသည်လည်း ဤနေရာ၌ ဤညတွင် ရှိကြပါသည်။ သင်တို့ ခရစ်တော်ကို လိုအပ်နေပါသည်။ သခင်ယေရှုခရစ်

တော်ကို နှလုံးသားထဲတွင် ဖိတ်ခေါ် လက်ခံကြည့်ပါ။ သင်၏တကယ့်လိုအပ်နေသော စိတ် ၏ငြိမ်းချမ်းမှုကို အမှန်ပင် ရရှိပါလိမ့်မည်။

 

သခင်ယေရှု – အဆုံးစွန်ဆုံးသောအဖြေ

(Jesus : The Ultimate Solution )

ထွက်မြောက်ရာအခန်းကြီး ၃ ကို ဖတ်စေချင်ပါသည်။ မောရှေကို ဘုရားသခင်သည် မီးလောင်နေသောချုံပုတ်ထဲမှ ခေါ်တော်မူပါသည်။ ချုံပုတ်သည် မီးမလောင်ပေ။ မီးလျှံ ရှိသော်လည်း၊ ချုံပုတ်ကို မီးမလောင်ပါ။ အဘယ်ကြောင့် ဤသို့ ဖြစ်ရသည်ကို မောရှေ့ သွားရောက် စူးစမ်းကြည့်ခဲ့သည်။ ထိုနောက် ဘုရားသခင်သည် မောရှေအား မိန့်တော် မူသည်မှာ မောရှေ၊ မင်းကို တစ်ခု လုပ်စေချင်ပါသည်။ အီဂျစ်နိုင်ငံကို ပြန်သွား၊ လူမျိုးတော်ကို လွှတ်ပေးဖို့၊ ဖါရောဘုရင်ကို ပြောပါ။ သူတို့ကို ကျွန်အဖြစ် ချုပ်နှောင်ထားတာ၊ နှစ်ပေါင်း (၄၀၀) နီးပါးရှိပြီ။ လူမျိုးတော်ကို လွှတ်ပေးဖို့၊ ဖါရောဘုရင်ကို မင်းသွားပြောပါ။ ” ထိုစကားကို ကြားသောအခါတွင် မောရှေသည် အလွန် စိတ်အနှောင့်အရှက် ဖြစ် သွားသည်။ ထိတ်လန့် တုန်လှုပ်သွားသည်။ “ကျွန်အဖြစ်၊ အလုပ်လုပ်နေကြတဲ့ ဣသရေလ လူမျိုးတွေ ကျွန်တော့်ကို သူတို့ရဲ့ ခေါင်းဆောင်အဖြစ် အလိုမရှိရင်၊ ဘယ်လိုလုပ်မလဲ။ ကျွန်တော့်ကိုယ် ကျွန်တော် ဘယ်သူလို့ ပြောရမလဲ။ ကိုယ်တော့်ကို မေးရင်ကော ဘယ်သူလို့ပြောရမလဲ။ ကိုယ်တော် ဘယ်သူလဲဆိုတာတောင် သူတို့ မသိကြပါဘူး”ဟူ၍ ဆင်ခြေ ပေးသောအခါ “ဘုရားသခင်ကလည်း ငါဖြစ်သည်အတိုင်း ငါဖြစ်၏ဟူ၍၄င်း၊ ငါဖြစ်သည် ဟု အမည်ရှိသောသူသည် ငါ့ကို သင်တို့ရှိရာသို့ စေလွှတ်တော်မူပြီဟု ဣသရေလ အမျိုးသား တို့အား ပြန်ပြောလော့ ဟူ၍၄င်း မောရှေအား ပြန်၍ မိန့်တော်မူ၏”

ကျွန်ုပ်တို့ နားမလည်သော အကြောင်းအရာများစွာ ရှိပါသည်။ ဘုရားသခင် ဘယ် နေရာက ဖြစ်လာသနည်းဟု မိမိကိုယ်ကို ဤမေးခွန်း မေးဖူးပါသလား။ စကြာဝဠာတွင်း ရှိ ကြယ်စုများအားလုံးကို ဖန်ဆင်းနိုင်သော တန်ခိုးတော်ကို ကိုယ်တော်သည် မည်သို့ ရရှိခဲ့ပါသနည်း။ သားတော်ကို ကျွန်ုပ်တို့အတွက် ကားတိုင်ပေါ် အသေခံစေခဲ့သော ကိုယ်တော်၏ကြင်နာမှုနှင့် မေတ္တာတော်ကို မည်သည့်နေရာမှ ရပါသနည်း။ ထိုမေးခွန်း များကို ကျွန်ုပ်တို့အများစုက ကိုယ်ကို မေးလေ့ရှိသည်။

ဓမ္မသစ်ကျမ်း၏ရှင်ယောဟန်ခရစ်ဝင်တွင် သခင်ယေရှုသည် “ငါဖြစ်၏” ကို ခုနစ် ကြိမ် သုံးစွဲခဲ့ပါသည်။ အနှေးနှင့်အမြန်ဆိုသလိုပင် ယေရှုခရစ်တော်သည် မည်သူဖြစ်သည် ဟူသောအချက်ကို သင် ဖြေရှင်းရတော့မည်ဖြစ်သည်။

ယနေ့ည ဤအကြောင်းအရာ ဆွေးနွေးလိုပါသည်။ သခင်ယေရှုသည် မိမိ မည်သူ ဖြစ်ကြောင်း၊ ကျွန်ုပ်တို့ကို ပြောပြပါသည်။ ကိုယ်တော် ဦးစွာပြောသည့်အရာမှာ “ငါသည်မွတ်သိပ်သောအခါ သင်တို့သည် ကျွေးကြ၏။ ငါသည် ရေငတ်သောအခါ သင်တို့သည်သောက်ဖို့ ပေးကြ၏။ ငါသည် ဧည့်သည်ဖြစ်သောအခါ သင်တို့သည် ဧည့်သည်ဝတ်ကို ပြုကြ၏။ ငါသည် အဝတ်အချည်းစည်းရှိသောအခါ သင်တို့သည် အဝတ်နှင့် ဖုံးလွှမ်း ကြ၏။ ငါသည် အနာရောဂါစွဲသောအခါ သင်တို့သည် ကြည့်ရှုပြုစုကြ၏။ ငါသည် ထောင် ထဲမှာနေရသောအခါ သင်တို့သည် ငါ့ထံသို့လာကြ၏ဟု မိန့်တော်မူလျှင် ဖြောင့်မတ်သောသူတို့က သခင်၊ ကိုယ်တော်သည် မွတ်သိပ်တော်မူသည်ကို အဘယ်အခါ ၌ အကျွန်ုပ် တို့သည်မြင်၍ ကိုယ်တော်ကို လုပ်ကျွေးပါသနည်း၊ ရေငတ်တော်မူသည်ကို အဘယ်အခါ ၌ အကျွန်ုပ်တို့သည်မြင်၍ ကိုယ်တော်ကို သောက်ဘို့ ပေးသနည်း။ ကျွန်ုပ်တို့ မမှတ်မိပါ။ ဧည့်သည်ဖြစ်တော်မူသည်ကို အဘယ်အခါ၌ အကျွန်ုပ်တို့သည် မြင်၍ ဧည့်သည်ဝတ်ကို ကိုယ်တော်အား ပြုပါသနည်း။ အဝတ်အချည်းစည်း ရှိတော်မူသည်ကို အဘယ်အခါ၌ အကျွန်ုပ်တို့သည် မြင်၍ အထံတော်သို့ ရောက်ပါသနည်းဟု ပြန်၍ လျှောက်ကြသော်၊ မင်းကြီးက ငါအမှန်ဆိုသည်ကား၊ သင်တို့သည် ဤသူတည်းဟူသော ငါ့ညီတို့တွင် အငယ် ဆုံးသောသူတစ်ယောက်အား ပြုကြသမျှတို့ကို ငါ့အား ပြုကြပြီဟု ပြန်၍ မိန့်တော်မူ လတံ့။” (မ ၂၅း၃၅-၄၀)

အိမ်ယာမရှိသူ၊ ငတ်မွတ်နေသူ၊ အကူအညီလိုနေသူ၊ ရုပ်ပစ္စည်း လိုအပ်နေသူများကို ပေးလှူခြင်းသည် သခင်ယေရှုအား ပေးလှူခြင်း ဖြစ်သည်။ ကျွန်ုပ်တို့ကို ထိုသို့ လုပ်ခိုင်းသူ မှာ သခင်ယေရှုဖြစ်သည်။ ဤသည်ကား ခရစ်ယာန်များဖြစ်သော ကျွန်ုပ်တို့၏တာဝန် ) တစ်စိတ်တစ်ပိုင်းဖြစ်သည်။

ရဝမ်ဒါနိုင်ငံသို့ သွားရောက်လျက်ရှိသောအဖွဲ့များအတွက် ဘုရားသခင်ကို ကျေးဇူး တင်ပါသည်။ ထိုသို့သောနေရာ၌ မိမိကိုယ်ကို ပေးဆပ်လျက် အစေခံလျက် ရှိကြပါသည်။ ကယ်တင်ခြင်းတပ်ကဲ့သို့သော အဖွဲ့အစည်းများကို ပေးလှူလျက်ရှိကြသောသူများအတွက် လည်း ဘုရားသခင်ကို ကျေးဇူးတင်ပါသည်။ ထိုအဖွဲ့အစည်းများသည် ကမ္ဘာအနှံ့ အကူ အညီပေးလျက် ရှိသည့် ခရစ်ယာန်များအဖြစ်ဖြင့် ဤသို့လုပ်ရန် တာဝန်ရှိပါသည်။

သို့သော်လည်း ဘုရားသခင်သည် ဆာငတ်နေသော ဝိညာဉ်များအတွက် ပို၍ စိတ် စေတနာ ယိုဖိတ်လျက် ရှိတော်မူသည်။ မကြာမီအချိန်က လူတို့သည် အထီးကျန်ဆန်ခြင်း အပြင် စိတ်ကျရောဂါ၊ စိတ်တင်းမာမှု၊ စိတ်မလုံခြုံမှု၊ နှလုံးသားဆာငတ်မှုတို့ကြောင့် သေဆုံး ခြင်းသည် ခန္ဓာဆာငတ်၊ မွတ်သိပ်မှုကြောင့် သေရခြင်းထက် ပို၍ များသည်ဟု ထင်ရှား သောဆရာဝန်တစ်ဦးက ပြောသည်မှာ သွေးထွက်အောင် မှန်ကန်နေပါသည်။

သမ္မာကျမ်းစာတွင် ပေါင်မုန့်ကို ဝိညာဉ်အသက်တာ၏အမှတ်သညာအဖြစ် မကြာ ခဏ ဖော်ပြပါသည်။ လူသည် ဘုရားသခင်ကို မွေးရာပါ ဆာငတ်သည်။ ဘုရားသခင်ကိုဆာငတ်ခြင်းနှင့်အတူ မွေးဖွားလာကြသည်။ ဤသည်မှာ ဘုရားသခင်ကို ဆာငတ်ခြင်း ဖြစ်မှန်း ကျွန်ုပ်တို့ မသိကြပေ။ ကမ္ဘာတဝှမ်းတွင် သန်းပေါင်းများစွာသောလူတို့သည် တစ်စုံတစ်ခုကို ရှာဖွေလျက် ရှိကြသည်။ ဤအကြောင်းကြောင့် ကမ္ဘာပေါ်တွင် ဘာသာ တရား မြောက်မြားစွာ ရှိနေခြင်း ဖြစ်သည်။ လူတို့သည် တစ်စုံတစ်ခုကို ရှာဖွေလျက် ရှိ ကြသည်။ ဘာကို ရှာဖွေနေသည်ကိုလည်း အသေအချာ မသိပေ။ ဘုရားသခင်ကလွဲ၍ မည်သည့်အရာကမျှ ၄င်းတို့ကို စိတ်ကျေနပ်မှု မဖြစ်စေနိုင်ပါ။ ထိုကြောင့် သခင်ယေရှု က “ငါသည် အသက်မုန့်ဖြစ်၏” ဟု မိန့်တော်မူသည်။ ။

ဆိုက်ဘေးရီးယားနိုင်ငံရှိ Academic City မြို့၌ ကျွန်ုပ် မိန့်ခွန်းပြောကြားခဲ့ပါသည်။ ၄င်းသည် ကမ္ဘာပေါ်ရှိ အကြီးဆုံးတက္ကသိုလ်များထဲမှတစ်ခု ဖြစ်ပါသည်။ ဆိုက်ဘေးရီးယား နိုင်ငံကို ကျွန်ုပ် ကြိုက်သည်။ ကျွန်ုပ်ဖတ်ဖူးသော အစောပိုင်း American West မှ အကြောင်းအရာများကို ပြန်လည်သတိရစေ၍ ဖြစ်သည်။ ထိုတက္ကသိုလ်၏ရှေးဟောင်း သုတေသနဌာနမှ ခေါင်းဆောင်နှင့် စကားရည်လုရမည်ဟု ပြောပါသည်။ “စကားရည် လု ရမယ်” ဟု ကိုယ့်ကိုကိုယ်ပြန်ပြောမိသည်။ ကျွန်ုပ်သည် ၄င်းတို့ကို ဆွေးနွေးတတ်ပါ သည်။မိန့်ခွန်းပြောတတ်သည်။ တရားဟောတတ်သည်။ သို့ရာတွင် အလွန်ထူးချွန်သော သိပ္ပံပညာရှင်တစ်ယောက်နှင့် စကားရည်လုရာ၌ အနိုင်ရမည်၊ မရမည်မှာ မသေချာပါ။ ” စိတ်ဝင်စားစရာကောင်းသည့်မေးခွန်းတစ်ခုကို သူ့အား မေးကြည့်သည်။ ကျွန်ုပ်တော့ ထိုမေးခွန်းကို စိတ်ဝင်စားသည်။ ကမ္ဘာပေါ်ရှိ ဘာသာတရားမရှိသည့် လူမျိုးစုတစ်စု သို့ မဟုတ် လူမျိုးတစ်မျိုးမျိုး သို့မဟုတ် တိုင်းရင်းသားတစ်မျိုးမျိုး ကို တွေ့ဖူးပါသလားဟု မေးကြည့်ပါသည်။ ထိုသူသည် ခေတ္တစဉ်းစားပြီးနောက် “မမြင်ဖူးပါ” ဟု ပြန်ဖြေသည်။ “ကမ္ဘာပေါ်ရှိ လူတိုင်းမှာ ဘာသာတရား တမျိုးမျိုး ရှိကြတာကို ရှေးဟောင်းသုတေသန အကြောင်း လေ့လာရာမှာ တွေ့ရပါတယ်။ ၄င်းတို့သည် ဘုရားသခင်ကို သစ်ပင်များ၊ တိုက်ခတ်နေသည့်လေများ၌ မြင်ကောင်း မြင်ကြပေမည်။ သို့မဟုတ် ဗုဒ္ဓဘာသာ၊ အစ္စလာမ်၊ ယုဒဘာသာ၊ ခရစ်ယာန်ဘာသာတွင်လည်း မြင်လျှင် မြင်ကြမည်။ မည်သို့ပင် ဆိုစေ၊ လူသည် တစ်စုံတစ်ခုကို ရှာဖွေလျက်ရှိပြီး၊ သန်းပေါင်းများစွာသောလူတို့သည် ရှာသောအရာကို မတွေ့ကြသေးပါ။ ၄င်းတို့၏နှလုံးသားထဲ အသက်တာအထဲ၌ ဟင်းလင်း ပြင်ဖြစ်လျက် သေကြရသည်။ ၄င်းတို့သည် တမလွန်ဘဝထဲသို့ ထွက်သွားကြသည်။ သို့ရာ တွင် တမလွန်ဘဝ၌ ဘာရှိကြောင်း သေချာမသိပေ။ ယခုမှစ၍ နောင်နှစ်ပေါင်း တစ်ထောင် ၌ ဘာဖြစ်မည်ကိုလည်း သေချာမသိပေ။

လွန်ခဲ့သောနှစ်ပေါင်းများစွာက သူတော်စင် ဩဂတ်စတင်းက ကိုယ်တော်သည် ကျွန်ုပ် တို့ကို ကိုယ်တော့်အတွက် ဖန်ဆင်းတော်မူပါသည်။ လူသား၏စိတ်နှလုံးသည် ကိုယ်တော်၌ နားခိုရာမတွေ့မချင်း၊ ငြိမ်သက်ခြင်းမရှိပါဟု မိန့်ဆိုခဲ့ပါသည်။ ခရစ်တော်ကို သင်၏ သခင်နှင့် ကယ်တင် ရှင်အဖြစ် မသိမချင်း၊ စစ်မှန်သောကျေနပ်မှု မရှိပါ။ ကိုယ်တော်သည် သင့်အသက်တာတွင်းသို့ ကြွလာကာ သင့်အသက်တာ၏ကဏ္ဍတိုင်းကို တို့ထိနိုင်တော် မူပါသည်။ သင့် အိမ်ထောင်ရေး၊ စီးပွားရေး၊ အချစ်ရေးတို့အပါအဝင် ဖြစ်သည်။ မည် သို့ဆိုစေ၊ အကယ်၍ သင် ဝင်ခွင့်ပြုလျှင်၊ ကိုယ်တော်သည် သင့်အထဲသို့ ကြွလာကာ လုံးဝ ကျေနပ်မှု ပေးနိုင်ပါသည်။

ကိုယ်တော်က ““ငါသည် ကောင်းကင်မှ ဆင်းသက်သော အသက်မုန့်ဖြစ်၏။ ဤမုန့် ကိုစားသောသူမည်သည်ကား၊ အစဉ်မပြတ် အသက်ရှင်လိမ့်မည်” (ယော ၆း၅၁)။ သင်က “အလွန်ရှုပ်ထွေးပါသည်။ ကိုယ်တော် မည်သို့ လုပ်တော်မူသနည်း” ဟု မေးပါလိမ့်မည်။ မရှုပ်ထွေးပါ။ နှုတ်ကပတ်တော်က ပြောသည်မှာ “သခင်ယေရှုခရစ်ကို ယုံကြည်လော့။ ယုံကြည်လျှင် သင်နှင့် သင်၏အိမ်သူအိမ်သားတို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့် မည်” (တ ၁၆း၃၁)။ သခင်ယေရှု၏ပထမဦးဆုံးသော တရားဟောချက်မှာ နောင်တ ရခြင်းနှင့် ဆိုင်သည်။ သင့်အသက်ရှင်နေထိုင်ပုံကို ပြောင်းလဲခြင်း၊ သင့် စိတ်ပြောင်းလဲ ၊ ခြင်း၊ ဘုရားသခင်အတွက် အသက်ရှင်ခြင်းဖြစ်သည်။ (မ ၄း၁၇)။

ကိုယ်တော်သည် သင့်ကို ကြီးမားသောအရာတစ်ခုခု လုပ်ဖို့ မပြောပါ။ ကိုယ်တော့်ကို ယုံကြည်ရန်နှင့် သင့်ကိုယ်ကို ကိုယ်တော့်ထံ လုံးဝအပ်နှံပြီး၊ ကိုယ်တော့်ကို မိမိ၏သခင်နှင့် ကယ်တင်ရှင် ဖြစ်စေရန်သာ မိန့်တော်မူပါသည်။ အလွန်ရိုးရှင်းပါသည်။ သို့ရာတွင် ထိုသို့ သောလုပ်ဆောင်မှု၌ ထာဝရနှင့်ဆိုင်သော ဂယက်ရိုက်မှုများ ရှိသည်။

သခင်ယေရှုက ကိုယ်တော်သည် အသက်မုန့်ဖြစ်ကြောင်းနှင့် ကိုယ်တော့်ကိုလက်ခံ သောသူတိုင်း ထာဝရအသက်ရှင်မည်ဟု မိန့်တော်မူပါသည်။ (ယော ၆း၅၁)။ မုန့်သည် အဟာရကို ဖြစ်စေသည်။ ခန္ဓာကိုယ်ကို ကြီးထွားစေသည်။ ခွန်အားနှင့်ပြည့်စေသည်။ လူတို့သည် သဘာဝပေါင်မုန့်ကိုစားပြီး ခန္ဓာကိုယ်ကြီးထွားသကဲ့သို့၊ သခင်ခရစ်တော်ပေး သော မုန့်ကိုစားလျက်၊ ဝိညာဉ်ရေး၌ ကြီးထွားလာကြပါသည်။ ဤမုန့်သည် အတွင်းစိတ်၏ တောင့်တမှု၊ သင့်နှလုံးသား၊ အသက်တာ၏ဘုတ်မှုကို ပြေပျောက်စေပါသည်။

ထိုသို့သောမုန့် သင်၌ရှိပါသလား၊ သင်က “အို ဆရာကြီး၊ ကျွန်တော် နှစ်ခြင်းခံပြီးပြီ။ အသင်းတော်ဘောင်သို့လည်း သွတ်သွင်းပြီးပါပြီ။ ကျွန်တော်သည် အသင်းတော်တစ်ပါးပါး ၌ သင်းဝင်ဖြစ်သည်။ တတ်နိုင်သမျှ အကောင်းဆုံးလုပ်သည်။ ပညတ်တော်နှင့်အညီ အသက်ရှင်ဖို့ ကြိုးစားပါသည်” ဟု ပြောပါမည်။ ထိုမျှနှင့်မလုံလောက်ပါ။ ကိုယ်တော် ပြောနေသည်မှာလည်း ဤအကြောင်းမဟုတ်ပါ။ ကိုယ်တော်ပြောနေသည်မှာ သင့်ကိုယ်ကို ခရစ်တော်၌ လုံးဝ ဆက်ကပ်အပ်နှံဖို့ ဖြစ်သည်။ ကားတိုင်သို့လာကာ၊ ဘုရားသခင်အား၊

“ကျွန်ုပ် ပြစ်မှားပါပြီ။ ကျွန်ုပ်အပြစ်ကို နောင်တရပါပြီ။ သခင်ခရစ်တော်ကို သခင်၊ ကယ်တင်ရှင်နှင့် ကြီးမြတ်သောဆရာအဖြစ် လက်ခံပါပြီ” ဟု ပြောရပါမည်။ ။

ဒုတိယအချက်အနေဖြင့် သခင်ယေရှုသည် “ငါသည် ဤလောက၏အလင်း ဖြစ် သည်” ဟု မိန့်တော်မူပါသည်။ (ယော ၈း၁၂)။ မိမိသိသောသိပ္ပံနှင့်ဆိုင်သည့်ဗဟုသုတ များဖြင့် “အလင်း” ကို၊ တိတိကျကျ အဓိပ္ပါယ် သတ်မှတ်ထားမှု မရှိပါ။ ဤသည်ကို သင် သိပါသလား။ သိပ္ပံမဂ္ဂဇင်းတစ်စောင်ကို မဖတ်မိခင်အချိန်အထိ မသိခဲ့ပါ။ အလင်း အကြောင်းအားလုံး ကျွန်ုပ်တို့ မသိကြသော်လည်း၊ အလင်း၏အကျိုးသက်ရောက်မှုများစွာ ကို ကျွန်ုပ်တို့ သိကြသည်။ အလင်းသာမရှိလျှင် ဤဂြိုဟ်ပေါ်၌ အပင်တိရိစ္ဆာန်နှင့် လူ့ အသက်မရှိနိုင်ပါ။ ဘုရားသခင်သည် နေကို တိကျသော အလေးချိန်ခွင်ညှာ၌ တည်ရှိ စေပြီး၊ ကမ္ဘာပေါ်မှ တိကျသော အကွာအဝေး၌ရှိစေခဲ့သည်။ အကယ်၍ နေရောင်သာ မရှိလျှင်၊ ကျွန်ုပ်တို့ အားလုံး သေကုန်ကြပေလိမ့်မည်။

နေသည် ကမ္ဘာကြီးအတွက် မရှိမဖြစ်သကဲ့သို့၊ ယေရှုခရစ်တော်သည် လူ့နှလုံးသား အားလုံးအတွက် မရှိမဖြစ် လိုအပ်ပါသည်။ သခင်ယေရှုက “ငါသည် ဤလောက၏အလင်း ဖြစ်၏။ ငါ့နောက်သို့ လိုက်သောသူသည် မှောင်မိုက်၌မသွားမလာ၊ အသက်၏အလင်းကိုရလိမ့်မည်” ဟု မိန့်တော်မူပါသည်။ (ယော ၈း၁၂)။ အလင်း၏ပထမဆုံးသော လုပ်ဆောင်မှုမှာ ထုတ်ဖော်ပြခြင်း ဖြစ်သည်။ ကျွန်ုပ်တို့၏ ” ဧည့်ခန်းထဲ သို့မဟုတ် အခန်းထဲသို့ ရုပ်မြင်သံကြားမှ အလင်းများ ဝင်လာကြပါသည်။ Edward R. Murrow ၏ Person to Person ရုပ်သံတင်ဆက်မှု အစီအစဉ် ရိုက်ကူး ချိန်ကို သတိရမိပါသည်။

ထို့အပြင် စီဘီအက်စ် CBS ရုပ်မြင်သံကြားကုမ္ပဏီသည် ကျွန်ုပ်အိမ်နှင့် သိပ်မဝေး လှသော တောင်တစ်လုံးပေါ်၌ မျှော်စင်တစ်ခု ထောင်ခဲ့ပါသည်။ ထိုမျှော်စင်တစ်ခု တည် ထောင်သည်ကိုပင် ထိုခေတ်အခါက ဒေါ်လာ ကိုးသောင်း ကုန်ကျပါသည်။

ထိုအလင်းများအားလုံး ကျွန်ုပ်တို့ ဧည့်ခန်းထဲ ဝင်လာသောအခါ ကျွန်ုပ်၏ဇနီးသည် ဂျီးများကိုချွတ်ပြီးရင်းချွတ်၊ သန့်ရှင်းရေးကို လုပ်ပြီးရင်းလုပ် လုပ်နေတော့သည်။ ကျွန်ုပ် လည်း သူ့ကို ကူညီဖို့ ကြိုးစားခဲ့ပါသေးသည်။ CBS ရုပ်သံအဖွဲ့မှ လူ (၃၀)-(၄၀)လောက် ရှိပါသည်။ ကျွန်ုပ်၏ဇနီး၊ ပထမဦးဆုံးမြင်သည့်အရာမှာ ပင့်ကူအိမ်များ ဖြစ်သည်။ မီးလုံး များကို ဖွင့်လိုက်သောအခါ ပစ္စည်းအားလုံးပေါ်မှ ပင့်ကူအိမ်များ ပေါ်လာသည်။ သူမ ပြောရမည့်စကားလုံးများကို မေ့သွားသည်။ အစီအစဉ်၌ ဘာလုပ်ရမည်ကိုလည်း မေ့သွား ကြသည်။ အလင်းက ဖော်ထုတ်ပြလိုက်သော ပင့်ကူအိမ်များနှင့် ဖုန်မှုန့်များဆီသို့သာ စိတ် ရောက်နေကြသည်။

သခင်ခရစ်တော်၏အလင်းသည်လည်း ဤသို့ ပြုတော်မူသည်။ ကိုယ်တော်၏အလင်း သည် ထုတ်ဖော်ပြတော်မူသည်။ သင့်နှလုံးသားကို သင် ပြန်ကြည့်သောအခါ၊ သင်သည် လည်း ဘုရားသခင်ကို ဆန့်ကျင်လျက် အပြစ်ပြုကြောင်း တွေ့ရပေမည်။ သခင်ယေရှုက “ငါသည် ဤလောက၏အလင်း ဖြစ်၏” ဟု မိန့်ဆိုတော်မူသည်။ (ယော ၈း၁၂)။

သင် တစ်ခု သတိပြုမိပါသလား။ တစ်ကမ္ဘာလုံးပေါ်ရှိ အမှောင်များကို စုလိုက်ပါက ထိုအမှောင်သည် ဖယောင်းတိုင်လေးတစ်တိုင်၏အလင်းလေးကိုပင် ငြိမ်းသတ်နိုင်စွမ်း မရှိ ပါ။ အိတ်ခပ်ကြီးကြီးတစ်လုံးယူ၍ သင် တတ်နိုင်သမျှ မှောင်မိုက်ခြင်းကိုဖမ်း၍ အိတ်ထဲ သို့ ထည့်ပါ။ ၄င်းနောက် ထိုဖယောင်းတိုင်လေးအပေါ် တင်ပါ။ ဖယောင်းတိုင် ငြိမ်းသွား လိမ့်မည်မဟုတ်ပါ။ ထိုဖယောင်းတိုင်သည် အမှောင်ထဲ၌ရှိသောအရာကို ဖော်ထုတ်ပြသ ပါသည်။

သင်တို့ထဲမှ လူအများသည် မိမိလမ်းကို မမြင်မကန်း စမ်း၍ လျှောက်နေကြသည်။ ရှင်းရှင်းမှောင်နေသောနေရာ၌ လျှောက်နေသောလူတစ်ယောက်ကဲ့သို့ ခလုတ်တိုက်၊ ယိမ်း ယိုင်နေသည်။ ခရစ်တော်မရှိသောအသက်တာသည် အမှောင်ထုထဲ၌ နေနေခြင်းနှင့်တူ သည်။ သင်သည် ခလုတ်တိုက်မည်။ လဲကျမည်။ ခြေချော်ပါမည်။ အပြစ်သည် အလင်းကို ပိတ်ဖုံးလိုက်သဖြင့် အသက်တာ၌ မမြင်မကန်း စမ်း၍ လျှောက်ကြရတော့သည်။ ဘုရား ” သခင် သင့်၌ ရှိစေလိုသောငြိမ်သက်ခြင်းကို သင် မရရှိတော့ပေ။ သင့်ကို ဘုရားသခင် ရစေလိုသော ဝမ်းမြောက်မှု၊ ပျော်ရွှင်မှုနှင့် ပျော်ရွှင်ဖွယ်အချိန်များကို မရပါ။

လူတစ်ယောက်အကြောင်း ဖတ်ခဲ့ဖူးပါသည်။ ထိုသူသည် မိမိအိမ်၏မြေအောက်ခန်း ကို သွားရာ၊ အခန်း၏အမှောင်ဆုံးဒေါင့်၌ အာလူးများ အစို့ပေါက်နေသည်ကို တွေ့ရသည်။ အစပထမ၌ အဘယ်ကြောင့် ဤသို့ဖြစ်ရသည်ကို ခန့်မှန်း၍ မရပါ။ သူ့ဇနှီးပြောပြမှ ရှင်း သွားတော့သည်။ ဇနီးသည်သည် ကြေးနီနှင့်လုပ်ထားသော ရေနွေးကရား၊ ပြောင်လက် စေရန် အာလူးများဖြင့် ပွတ်တိုက်ခဲ့ပါသည်။ ၄င်းနောက် ထိုကြေးနီရေနွေးကရားကို ပြု တင်းပေါက်အနီး မျက်နှာကျက်ပေါ်၌ တွဲလောင်းချိတ်ထားခဲ့သည်။ ထိုရေနွေးကရားကို အလွန်ပြောင်လက်စွာ တိုက်ချွတ်ထားသဖြင့် ထိုကရားသည် နေရောင်ခြည်များကို ထို အာလူးများပေါ်သို့ ရောင်ပြန်ကျစေခဲ့သည်။ ထိုမှ အာလူးများ အစို့ပေါက်လာသည်။ ကျွန်ုပ် တို့အားလုံးလည်း ထိုကြေးနီကရားကဲ့သို့ ပြုမူသင့်ကြပါသည်။ ယေရှုခရစ်တော်၏အလင်း များကို ဖမ်းယူကာ အမှောင်ထောင့်၌ရှိသော လူတစ်ယောက်ပေါ်သို့ ရောင်ပြန် ကျစေ သင့်ပါသည်။

ကျွန်ုပ်သည် နယူးယောက်ခ်သို့ တစ်နှစ်လျှင် နှစ်ကြိမ်၊ သုံးကြိမ် ရောက်တတ်ပါ သည်။ နယူးယောက်ခ်မြို့တော်၌ အမျိုးသမီးတစ်ယောက်ရှိသည်။ ထိုအမျိုးသမီးသည်ဆောင်းတွင်းတွင် ထိုနေရာထောင့်တစ်ထောင့်၌ အမြဲထိုင်လေ့ရှိသည်။ ကျွန်ုပ်သည် သူမ ဘေးနားမှ အကြိမ်များစွာ ဖြတ်သွားသကဲ့သို့၊ ရပ်၍ စကားပြောသည့်အခါများလည်း ရှိ သည်။ ထိုသို့ပြုရာမှ သူမအကြောင်း အနည်းငယ် သိလာရသည်။ ကျွန်ုပ်သည် သူမကို ပိုက်ဆံအနည်းငယ် ပေးလေ့လည်း ရှိသည်။ ထိုသို့ အကြိမ်အတန်ကြာပြုပြီးသော်၊ သူမက “အစ်ကိုကြီးဂရေဟမ်၊ ကျွန်မ ရှင့်ရဲ့ ပိုက်ဆံ မလိုချင်ပါဘူး။ ဒီပိုက်ဆံတွေက ကျွန်မကို အိပ်ရေးပျက်စေတယ်။ ကျွန်မကို ခရစ်တော်နဲ့ဆိုင်တဲ့အရာတစ်ခုခု ပေးစေချင်ပါတယ်” ဟု ပြောသည်။ ထို့ကြောင့် ကျွန်ုပ်သည် သူမကို ခရစ်တော်အကြောင်း ပြောပြပါတော့ သည်။

သခင်ယေရှုခရစ်တော်၏အလင်းကို ကျွန်ုပ်တို့အသက်ရှင်နေထိုင်သည့်ပုံစံဖြင့် ရောင် ပြန်ဟပ်၍ ဖော်ပြသင့်ပါသည်။ အမှောင်ဆုံးဖြစ်နေသည့် ဤကမ္ဘာ၌ ကျွန်ုပ်တို့၏အလင်း ကို ဘုရားသခင် လိုအပ်တော်မူပါသည်။ ညမှောင်လေလေ၊ လျှပ်စစ်မီးသီး၏အလင်းကို လိုအပ်မှု ပိုများလေလေ ဖြစ်သည်။ အကယ်၍ မီးလုံးသည် အလင်းမလင်းသော်၊ အမှောင်ကြောင့်မဟုတ်ပါ။ အမှောင်သည် မည်သည့်အလင်းကိုမျှ မငြိမ်းသတ်နိုင်ပါ။ အမှောင်သည် ဂူတစ်လုံးထဲမှာကဲ့သို့ မှောင်လာစေကာမူ၊ အလင်းကို ငြိမ်းသတ်သွားစေနိုင်လောက်အောင်တော့ မမှောင်ပါ။ မှောင်မိုက်ကို တိုးပွားအောင်လုပ်ခြင်းဖြင့် အလင်းကို ငြိမ်းသတ်ရန် မလုပ်နိုင်ပါ။ အမှောင်ထု ပို၍ မဲမှောင်လာခြင်းမှာ အလင်းရောင်မရရှိ၍ ဖြစ်သည်။ ကျွန်ုပ် တို့သည် ခရစ်တော်၏အလင်းကို ရောင်ပြန်ဟပ်ဖို့ ပျက်ကွက်သောအခါ၊ မှောင်မိုက်ကို အနိုင်ပေးလိုက်ခြင်း ဖြစ်သည်။

အတ္တလန်တာပြည်နယ်၌ ပေးစရာများစွာရှိပါသည်။ အတ္တလန်တာသည် ကမ္ဘာ့အဆင့် အတန်းမှီသော မြို့တစ်မြို့ ဖြစ်လာပါပြီး Candlers, ကိုကာကိုလာ၊ စီအန်အန်ရုပ်သံ စသည့်ဌာနကြီးများသည် အတ္တလန်တာမှ လာကြသည်။ ထို့ပြင် မာတင်လူသာကင်း၏ မွေးဖွားရာမြို့လည်း ဖြစ်ပါသည်။ မာတင်လူသာကင်းသည် ယုံကြည်ရဲသူဖြစ်သောကြောင့် ကမ္ဘာက ၄င်းကို သိကြသည်။ မာတင်လူသာကင်း၏နံဘေး၌ရှိသူမှာ အန်ဒီယန်း (Andy Young) ဖြစ်သည်။

ဒေါက်တာလင်းနှင့်အတူ လက်တင်အမေရိကားသို့ ခရီးထွက်ခဲ့သည်ကို မှတ်မိပါသည်။ ကျွန်ုပ်တို့သည် ဘရာဇီးလ်နိုင်ငံ၏ရီယိုဒီဂျေးနီးယိုးသို့ သွားခဲ့ကြသည်။ ခရီးစဉ်တလျှောက် လုံးသာမက၊ ရီယိုဒီဂျေးနီးယိုး၌ ရှိစဉ်လည်း စကားပြောဆိုဆွေးနွေးခဲ့ကြသည်။ ကျွန်ုပ် သည် သူ့အတွက် နေ့လည်စာ တည်ခင်းပေးခဲ့ပြီး၊ ညီလာခံသို့လာကြသည့် တောင်ပိုင်း သား အတော်များများကိုလည်း ဖိတ်ခေါ်ခဲ့ပါသည်။ လူများစုမှာ မစ္စစ္စပီမှ ဖြစ်သည်။ အသားအရောင် မတူကြဟု ပြော၍မရနိုင်ပါ။ ကျွန်ုပ်တို့သည် အခြားတိုင်းပြည်၊ အခြားတစ်နေရာ ၌ ရှိနေကြပြီး၊ တစ်ပေါင်းတစ်စည်းတည်း ရှိခဲ့ကြသည်။ ဤသည်မှာ လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ဖြစ်သည်။ ယခုလည်း ဤသို့ ဖြစ်သင့်ပါသည်။

အိုလံပစ်ပွဲတော် ကျင်းပမည့်အချိန်တွင်လည်း ဤသို့သောအလင်းကို ကမ္ဘာကြီး တစ်ခု လုံးသို့ ပြသလိုပါသည်။ လူသားအားလုံးကို တစ်ဦးနှင့်တစ်ဦး အကြင်နာ ရှိစေချင်သည်။ မေတ္တာ ရှိစေချင်သည်။ အတ္တလန်တာ၌ ဘုရားသခင် အဘယ်သို့ ပြုတော်မူသည်ကို မြင် စေချင်ပါသည်။ ဂျော်ဂျီယာ၌ပြုတော်မူသောအရာကို မြင်စေချင်ပါသည်။ အလွန်အံ့သြ ဝမ်းမြောက်ဖွယ်ရာ ဖြစ်ပေလိမ့်မည်။

တတိယအချက်အဖြစ် ယော ၁၀း၉ တွင် သခင်ယေရှုက “ငါသည် တံခါးဝ ဖြစ်၏” ဟု မိန့်တော်မူပါသည်။ အိမ်တိုင်း၊ အဆောက်အဦးတိုင်း၌ အဝင်ဝ ရှိကြပါသည်။ ဤမိုးလုံ လေလုံအားကစားကွင်း၌ ဝင်ပေါက်များစွာ ရှိသည်။ ဘုရားသခင်၏နိုင်ငံတော်၌လည်း ဝင်ပေါက်ရှိသည်။ ထိုဝင်ပေါက်တံခါးသည် ယေရှုခရစ်တော် ဖြစ်တော်မူသည်။ ကိုယ်တော် က “ငါသည် တံခါးဝဖြစ်၏” ဟု မိန့်တော်မူပါသည်။ ဘုရားသခင်၏နိုင်ငံတော်တွင် အဝင် တံခါးဝတစ်ခုတည်းသာရှိပြီး၊ ထိုတံခါးဝသည် ခရစ်တော် ဖြစ်တော်မူပါသည်။ သခင်ယေရှု သည်သာမက လက်သမားဖြစ်သောကြောင့် တံခါးများစွာ လုပ်ခဲ့ပါသည်။ အဆောက်အဦး တစ်ခု၌ အဝင်တံခါးများစွာ ရှိကောင်းရှိပေမည်။ ဘုရားသခင်၏နိုင်ငံတော်တွင်ကား အဝင် တံခါးတစ်ခုတည်းသာ ရှိသည်။

ထိုတံခါးသို့ သင် လာဖူးပါသလား။ ထိုတံခါးသို့ သင် လာသောအခါ နှိမ့်ချစွာဖြင့် မိမိခေါင်းကိုငုံ့လျက် အပြစ်ရှိကြောင်း ဝန်ချရပါမည်။ ကိုယ်ကျင့်တရား၊ ဝိညာဉ်ရေးအရ ပျက်ကွက်မှုများကို အသိအမှတ် ပြုရမည်။ ဘုရားသခင်ကို ဆန့်ကျင် ပြစ်မှားမိကြောင်း – ဝန်ချရမည်။ ကိုယ်တော်၏ပညတ်တော်များကို ချိုးဖောက်ခဲ့သောကြောင့် ဝမ်းနည်းမှု ဖြစ် ရမည်။ သင့်အသက်ရှင်နေထိုင်ပုံကို ပြောင်းလဲလိုစိတ် ရှိရမည်။

ကျွန်ုပ်တို့သည် ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း (၈၀)ခုကျော်၌ ဧဝံဂေလိတရားဟောပြောပွဲ ကြီးများကို ကျင်းပပေးခဲ့ပြီး ဖြစ်ပါသည်။ ကမ္ဘာပေါ်ရှိ ဘာသာကြီးများကိုလည်း မြင်တွေ့ ခဲ့ရသည်။ ဘိုးဘွားဝိညာဉ်ကို ကိုးကွယ်သည့် ရိုးရာဘာသာကိုကိုးကွယ်ယုံကြည်မှု၊ ဟေတီ နိုင်ငံတွင် စုန်းကဝေတို့အား ကိုးကွယ်မှုစသည်တို့ကိုလည်း မြင်ခဲ့ကြရသည်။ ယနေ့ ခေတ် သစ်ကို ထိန်းချုပ်ထားသည့် အရှေ့တိုင်းမှ ထူးခြားနက်နဲသောဉာဏ်အမြင်ကို ယုံကြည် သက်ဝင်မှု၊ အတွေးအခေါ်များမှသည် အရာခပ်သိမ်းကို ကျွန်ုပ်တို့ ထိပ်တိုက်ရင်ဆိုင်ခဲ့ သည်။ လူအများသည် ဇဝေဇဝါစိတ်ရှုပ်ထွေးနေကြသည်။ မည်သည့်လမ်းကအမှန်လဲဟု သူတို့ကိုယ်သူတို့ မေးနေကြသည်။ တံခါးပေါင်းများစွာရှိသည်ဟု ထင်နေရပါသည်။

နှုတ်ကပတ်တော်က ပြောသည်မှာ၊ “လူထင်သည့်အတိုင်း မှန်သောလက္ခဏာ ရှိသော် လည်း အဆုံး၌ သေခြင်းသို့ပို့သော လမ်းတစ်မျိုးရှိ၏” (သု ၁၄း၁၂။ သင် ဝင်လိုက ဝင် နိုင်သည့်တံခါးများစွာ ရှိသော်လည်း၊ ကောင်းကင်နိုင်ငံသို့ သင့်ကို ပို့ဆောင်ပေးနိုင်သည့် တံခါးကား တစ်မျိုးတည်းသာ ရှိသည်။ ထို့ကြောင့် သခင်ယေရှု မိန့်တော်မူသည်မှာ “ငါ အမှန်အကန်ဆိုသည်ကား၊ သိုးခြံထဲသို့ တံခါးဝဖြင့်မဝင်၊ အခြားလမ်းဖြင့် ကျော်ဝင်သော သူသည် သူခိုးထားပြဖြစ်၏” (ယော ၁း၁)။

ထိုတံခါးဝကို သင် ဖြတ်သွားဖူးပါသလား။ သခင်ယေရှုသည် ထိုတံခါးဝ၌ရပ်လျက် သင့်ကို လက်ယပ်ခေါ်နေပါသည်။ လက်များကို ကမ်းလင့်လျက် စောင့်နေတော်မူပါသည်။ လက်ဝါးကပ်တိုင်တော်ပေါ်မှ ခေါ်နေပါသည်။ ကျွန်ုပ်တို့ ခရစ်စမတ်အချိန်သမယ၌ ကျင်းပလေ့ရှိသကဲ့သို့ မွေးဖွားခြင်းခံဖို့ရန်အတွက်သာ လာခဲ့ခြင်းမဟုတ်ဘဲ အသေခံဖို့ရန်အတွက် လည်း ကြွလာတော်မူခဲ့ခြင်းဖြစ်သည်။ ဤသည်ကား လောကသို့ ကိုယ်တော် ကြွလာ တော် မူခြင်း၏ရည်ရွယ်ချက်ဖြစ်သည်။ သင်နှင့်ကျွန်ုပ်အတွက် ထိုကားတိုင်ပေါ်တွင် အသေခံရန် – ကိုယ်တော် ကြွလာတော်မူခဲ့သည်။ (ယော ၁၈း၃၇)။

ထို့ပြင် ကိုယ်တော်သည် ကိုယ်ခန္ဓာအရ၊ သေသွားရုံတင်လေး မဟုတ်ပါ။ အဆိုးဝါး ဆုံး သေခြင်းမျိုးဖြင့် သေခဲ့ရသည်။ ကားတိုင်ပေါ်၌ ချိတ်ဆွဲခံရလျက် သေခဲ့ရသည်။ ရက် ၇ အတန်ကြာ တွဲလောင်း ဖြစ်နေပေမည်။ ကိုယ်တော့် အရှေ့ရှိ လူအုပ်ကြီးသည် ကိုယ်တော့် ကိုလှောင်ပြောင်ကြသည်။ (မ ၂၇း၃၉)။ စစ်သားများက ကိုယ်တော်၏ဝတ်လုံတော်ကို မဲဖောက် ယူကြသည်။ (ငယ် ၃၅)။ “သူသည် မိမိဒေသအရပ်သို့ ကြွလာသော်လည်း၊ မိမိ လူမျိုးတို့သည် သူ့ကို လက်မခံဘဲနေကြ၏” (ယော ၁း၁၁)။ ကိုယ်တော်သည် ငြင်းပယ် ခံခဲ့ရသည်။

ကိုယ်တော့်ကို ကားတိုင်ပေါ်မှ ဆင်းလာဖို့ အော်ဟစ်ခဲ့ကြသောအခါ၊ ကိုယ်တော် သည် ကားတိုင်ပေါ်မှာ ဆက်နေခဲ့သည်။ (မ ၂၇း၄၀)။ အကယ်၍ ကိုယ်တော်သာ ကား တိုင်ပေါ်မှ ဆင်းခဲ့လျှင် တံခါးသည် ပိတ်သွားပေလိမ့်မည်။ ကောင်းကင်ဘုံသို့ သွားစရာ လမ်း၊ ရောက်စရာလမ်း ရှိလိမ့်မည်မဟုတ်ပေ။ ကျွန်ုပ်တို့၏ အပြစ် ခွင့်လွှတ်ခံရဖို့ လမ်း လည်းရှိလိမ့်မည်မဟုတ်ပေ။ ကိုယ်တော်သည် သင့်အတွက် ကားတိုင်ပေါ်၌ ဆက်နေခဲ့ သည်။

၄င်းနောက် ကိုယ်တော် မိန့်တော်မူသည်မှာ “အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း” (မ ၂၇း၄၆)။ ထိုလျှို့ဝှက်ဆန်းကြယ် လှသော အခိုက်အတန့်၌ ဘာဖြစ်ခဲ့သည်ကို မည်သည့်ဓမ္မပညာရှင်ကမျှ တိတိကျကျ မသိ ပေ။ ကိုယ်တော်သည် ကျွန်ုပ်တို့၏အပြစ်ကို ဆောင်ယူသွားခဲ့သည်။ သင်နှင့်ကျွန်ုပ် လွန်ကျူးခဲ့သည့်အပြစ်ဟူသမျှကို ဘုရားသခင်သည် သခင်ယေရှုအပေါ်သို့ တင်ဆောင်လိုက် သည်။ သင့်အယူအဆအားလုံး၊ သင့်ဘဝရည်ရွယ်ချက်အားလုံး၊ သင်လုပ်ခဲ့သမျှ၊ သင် မှားသည်ဟု ယူဆခဲ့သည့်အရာအားလုံးတို့ကို ကိုယ်တော်သည် ကားတိုင်ပေါ်၌ ယူဆောင် ခဲ့သည်။ ကိုယ်တော်သည် ဤသို့ ပြုခဲ့သောကြောင့်၊ “ငါ သင့်အပြစ်ကို လွှတ်သည်” ဟုပြောပိုင်တော်မူသည်။ ။

ထိုအပြစ်များကို ကိုယ်တော် မေ့ပစ်လိုက်တော်မူပြီ (ဟေ ၈း၁၂)။ ဘုရားသခင်သည် မေ့ပစ်ဖို့ အလိုတော် ရှိသည်။ စဉ်းစားကြည့်ပါ။ ဘုရားသခင်သည် အလွန်ကြီးမြတ် တော်မူပါသည်။ ကိုယ်တော်သည် ဘုရားဖြစ်တော်မူသည်။ မေ့ပစ်ရန် ကိုယ်တော် တတ် နိုင်တော်မူပါသည်။ သင့်အပြစ်များကို ခွင့်လွှတ်ဖို့ အလိုတော် ရှိပါသည်။ ခရစ်တော်၏ အသွေးတော်မှတဆင့်၊ သင့်အပြစ်များကို မြင်ပင် မမြင်တော့ပါ။ သင့်အပြစ်များသည်ထာဝရပျောက်ကွယ်သွားပြီဖြစ်သည်။ သင် ကောင်းကင်ဘုံသို့သွားမည့် အကြွင်းမဲ့အာမခံ ချက်ကို ရရှိနိုင်ပါသည်။

ယနေ့ ကျွန်ုပ်ကို လူတစ်ယောက်က “ခင်ဗျား၊ ကောင်းကင်ဘုံကို သွားမယ်ဆိုတာ သေချာရဲ့လား” ဟု မေးပါသည်။

ဆရာဝန်တစ်ဦး ရှိပါသည်။ လွန်ခဲ့သော ရက်သတ္တပတ် အနည်းငယ်က ၄င်း၏ ဦးနှောက်တွင် ကု၍မရသောကင်ဆာအဖု ရှိနေကြောင်း သိရသည်။ သူသည် တက္ကဆတ် ပြည်နယ် လာ့ဘ်ဘောက်မြို့၌နေသည်။ အယ်လ်ပါဆို (EI Paso) ၌ ပြုလုပ်ခဲ့သော ဧဝံဂေလိတရားဟောပြောပွဲတစ်ခုသို့ သူ့မိခင်၊ သူ့ကို ခေါ်ဆောင်သွားရာမှ ယေရှုခရစ်တော် ကို ၄င်း၏ကယ်တင်ပိုင်ရှင်အဖြစ် လက်ခံခဲ့သည်ဟု ပြောသည်။ သူ၏ယုံကြည်ခြင်းသည် သူ့ရောဂါအပေါ် သူ့အမြင်ကို လုံးဝ ဆုံးဖြတ်ပေးကြောင်းနှင့် ဆက်၍အသက်ရှင်ရမည့် အချိန်ကာလသည် ဘုရားသခင်၏လက်တော်၌ရှိသည်ဟု ယုံကြည်ကြောင်း ပြောပါသည်။ “သူက လူတိုင်းရဲ့ မွေးဖွားရမယ့်အချိန်နဲ့ သေဆုံးရမယ့်အချိန်ဟာ ဘုရားသခင်ရဲ့ လက်ထဲ မှာ ရှိတယ်လို့ ကျွန်တော် ယုံကြည်တယ်။ အကယ်၍ အခုအချိန်ဟာ ကျွန်တော် သေရ မယ့်အချိန်ဆိုလည်း အဆင်သင့်ပါပဲ။ အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာ မသိပေမယ့်၊ အနာ ဂတ်ကို ထိန်းချုပ်ထားတော်မူတဲ့သူကို ကျွန်တော်သိတယ်” ဟု ပြောပါသည်။

သင်သည်လည်း ယနေ့ည ဤသို့ ပြောနိုင်ပါသလား။ သင် အဆင်သင့်ဖြစ်သည်မှာ သေချာပါ၏လော။

သင်က “ကောင်းပြီ။ ကျွန်တော် သေချာအောင် ဘာလုပ်ရမည်နည်း” ဟု မေးစရာ အကြောင်း ရှိပါသည်။ သင် လုပ်ဆောင်ရမည့်အရာ(၃)မျိုး ရှိပါသည်။ ပထမအချက်မှာ အပြစ်ကို နောင်တရရပါမည်။ ဆိုလိုသည်မှာ၊ ဘုရားသခင်အား “ကိုယ်တော်.. ကျွန်ုပ်ဟာ အပြစ်သား ဖြစ်ပါတယ်။ ကျွန်တော် အသက်ရှင်နေထိုင်တဲ့ပုံစံကို ပြောင်းလဲချင် ပါတယ်” ဟု ဝန်ခံရမည်။ သင့်အသက်ရှင်ပုံကို ကိုယ့်ဖာသာ ပြောင်းလဲ၍မရပါ။ သို့သော် သင့်ကို ဘုရားသခင် ကူမတော်မူပါလိမ့်မည်။ သင် နောင်တရဖို့ ကိုယ်တော် ကူမနိုင်ပါသည်။ နောင်တရဖို့ အင်အား သင့်မှာ မရှိပါ။

ဒုတိယအချက်မှာ ယုံကြည်ဖို့ ဖြစ်သည်။ “သခင်ယေရှုခရစ်ကို ယုံကြည်လော့။ ယုံ ကြည်လျှင် သင်နှင့် သင်၏အိမ်သူအိမ်သားတို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်” (တ ၁၆း၃၁) ဟု နှုတ်ကပတ်တော်က ပြောပါသည်။ သို့သော်လည်း ထို “ယုံကြည်သည်” ဟူသောဝေါဟာရသည် ဦးနှောက်ဖြင့် ယုံကြည်သည်ထက် အဓိပ္ပါယ်များစွာ ပိုသည်။

တစ်နေ့ညက၊ ဤစင်မြင့်ပေါ်၌ လမ်းလျှောက်သောအခါ ဤစင်မြင့်သည် လူတစ် ယောက်၏ဝန်ကို နိုင်၊ မနိုင် မစစ်ဆေးခဲ့ပါ။ လူတစ်ယောက်၏ဝန်ကို ခံနိုင်အောင်တော့ လက်သမားများ ဆောက်ခဲ့ကြသည်ကို သိသည်။ ဤသည်ကို ယုံကြည်သဖြင့် ကျွန်ုပ် ခန္ဓာ ကိုယ်၏အလေးချိန်အားလုံးကို ဤစင်မြင့်ပေါ် စိတ်ချလက်ချ အပြည့်ချလိုက်သည်။ သင်သည်လည်း သင့် အလေးချိန်အားလုံးကို ခရစ်တော်အပေါ် တင်ထားရပါမည်။

ထိုနောက် ပြောရမည်မှာ “ကျွန်ုပ်၊ ကိုယ်တော့်ကို ယုံကြည်ကိုးစားပါသည်။ ကယ်တင်ရှင် ” အဖြစ် ကိုယ်တော် တစ်ပါးတည်းကိုသာ ယုံကြည်ကိုးစားပါသည်” ဟု ဖြစ်သည်။

တတိယအချက်မှာ ကိုယ်တော့်စကားကို နားထောင်လိုက်နာရမည်။ ယနေ့ လူတို့ သည် ကိုယ်ပိုင်အတွေ့အကြုံကိုသာ မကြည့်ကြပါ။ နေ့စဉ်အသက်တာ၌အသက်ရှင်ပုံ၊ ယုံကြည်သူများအနေဖြင့် ကျွန်ုပ်တို့ လုပ်သောအလုပ် စသည်တို့ကို ကြည့်နေကြပါသည်။ ခရစ်တော်၏နောက်သို့ လိုက်ကြရပါမည်။

“ငါဖြစ်သည်” ဟူသော ကျွန်ုပ်တို့ ပြောနေသည့်သူ၊ ဤကြီးမြတ်တော်မူသောသူကို သင် သိပါသလား။ ကိုယ်တော့်ကို သင် အမှန်တကယ် သိပါသလား။

အမေရိကန်ပြည်ထောင်စု၏တောင်ပိုင်း၊ မြောက်ကယ်ရိုလိုင်းနား၌ ကျွန်ုပ်ကို မွေးဖွား ခဲ့သည်။ ပြုစုပျိုးထောင်ခဲ့ပါသည်။ ကျွန်ုပ်သည် ပရက်စ်ဘက်ဘေးရီးယန်း ဘုရားကျောင်း တက်ပါသည်။ နှစ်ခြင်းခံပြီးပါပြီ။ ကျွန်ုပ် အသက် (၁၂)နှစ်အရွယ်ခန့်က ဓမ္မပုစ္ဆာအမေး အဖြေအချို့ကို အလွတ်ကျက်မှတ်ပြီးနောက် အသင်းတော်လူကြီးများ၏ရှေ့၌ ၄င်းတို့မေး သည့် မေးခွန်းများကို ဖြေဆိုခဲ့ရပါသည်။ ထိုမေးခွန်းများကို မှန်ကန်စွာ ဖြေဆိုနိုင်ခဲ့သည်။ ၄င်းနောက်၊ ကျွန်ုပ်ကို အရွယ်ရောက်သော တင်းပြည့်လူငယ်အသင်းသားအဖြစ် အသင်းတော်၌လက်ခံခဲ့ကြသည်။ ထိုအချက်က ကျွန်ုပ်၏နှလုံးသားထဲ၌ ခရစ်တော်ရှိသည် ဟု အပြည့်အဝ အာမခံပါသလား။ အာမ မခံပါ။

သို့မဟုတ် သင်က “ကျွန်ုပ်က နှစ်ခြင်းခရစ်ယာန်ပါ။ လူသာရင်ပါ။ ကာသိုလစ်ပါ” ဟု ပြောကောင်းပြောပါမည်။ သင် မည်သို့သောသူဖြစ်ဖြစ်၊ ဤမျှနှင့် မလုံလောက်ပါ။ အံ့ဩစရာ ကောင်းပါသည်။ သင်သည် အသင်းတော်တစ်ပါးပါး၏သင်းဝင် ဖြစ်ကောင်း ဖြစ်မည်။ အသင်းတော်၌ အလုပ်လုပ်နေသူ၊ ဆုတောင်းနေသူ ဖြစ်ကောင်း ဖြစ်မည်။ ဤ သည်လည်း ခရစ်တော်၏စကားကို နားထောင်ခြင်း မည်ပါသည်။ သို့သော်လည်း သင့် ကယ်တင်ခြင်းသည် ခရစ်တော် ကားတိုင်ပေါ်၌ပြုခဲ့သောအမှုနှင့်သာ ဆိုင်သည်။ ကားတိုင် အပေါ် ထားရှိသော သင့်သဘောထားနှင့် ဆိုင်သည်။ ထိုအရာတို့၌ ရှိရမည့်အရာများမှာ နောင်တ၊ ယုံကြည်ချက်နှင့် နာခံမှုတို့ ဖြစ်သည်။

သင် ခရစ်တော်ကို အမှန်တကယ် သိ၊ မသိ၊ ယနေ့ည သေချာအောင် လုပ်ဖို့ တိုက် တွန်းပါသည်။ ကျွန်ုပ်တို့သည် မိမိတို့၏အသက်တာကို ခရစ်တော်ထံ ပြန်လည် ဆက်ကပ်ဖို့ လိုပါသည်။ နှစ်ညအတွင်း လူခြောက်ထောင်လောက်နီးနီး၊ ခရစ်တော်၌ ဝန်ခံအပ်နှံသည် ကို မြင်ကြရပါသည်။ ဤသို့သော ဝန်ခံအပ်နှံမှု၊ ယနေ့ညလုပ်ဖို့ သင်တို့ကို မေတ္တာရပ်ခံ လိုပါသည်။ ဘီလီဂရေဟမ်ထံအပ်နှံဖို့ ကော်မီတီတစ်ပါးပါးထံသို့ မအပ်နှံခိုင်းပါ။ ခရစ် တော်သို့ အပ်နှံဖို့သာ တောင်းဆိုချင်ပါသည်။

 

မိမိကိုယ်ကို အသုံးဝင်သူဖြစ်လာစေဖည်ဟုသုံးချောင်း

(Three Keys to Usefulness)

ယခုအခါတွင် ကြီးမားသော နိုင်ငံရေးအလှည့်အပြောင်းများ၊ ကသောင်းကနင်း ဖြစ် မှုများ ဖြစ်ပွားလျက်ရှိပါသည်။ ကုန်လွန်ခဲ့သည့် ရာစုကို တံပိုးခရာမှုတ်သံများဖြင့်၊ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ကြပါသည်။ သို့သော်လည်း ကမ္ဘာ့တိုက်ကြီးများ အသီးသီး၌ ထိုကာလသည် ရုတ်တရက် ဖြစ်ပေါ်သော ကပ်ဘေး၊ စိတ်ဖိစီးမှု၊ စိုးရွံ့ ထိတ်လန့်မှုများ အဖြစ်သို့၊ ဖြစ်ထွန်း ကူးပြောင်း သွားခဲ့ရပါသည်။

စာရေးဆရာ၊ တရားဟောဆရာ များစွာတို့သည်၊ ဤကမ္ဘာကြီးအပေါ် အကောင်းမြင် ခဲ့ကြသော်လည်း မကြာမီပင်၊ အဆိုးမြင်ဝါဒသို့ လှည့်ပြောင်းသွားကြသည်။ ထိုသို့ ဖြစ်ရသည်မှာ “အချိန် ကုန်တော့မယ်” ဟု ခံစားရကြသည့် ကမ္ဘာ့ခေါင်းဆောင်ကြီးများ၏ ထင်ဟပ်မှုကြောင့် ဖြစ်သည်။

အချိန်သည် ကျွန်ုပ်တို့၏မိတ်ဆွေ မဖြစ်တော့ပါ။ လွဲမှားသော သဘောတရားနှင့် အတွေးအမြင်များ ခြေကုပ်ခိုင်လာနေသောကြောင့် လူကျင့်ဝတ်သိက္ခာနှင့် နိုင်ငံရေး၌ တစ်စ တစ်စတိုက်စား၊ ဆိုးယုတ်မှုသည် ကမ္ဘာအဝန်း၌ ဖြစ်ပွားလျက်ရှိသည်။ စဉ်းစားတတ်သည့် လူများ အကြား၌၊ ကျွန်ုပ်တို့ နေထိုင်နေသော ကမ္ဘာကြီးသည်၊ ယခင်ကဲ့သို့ ဆက်၍ မရှိနိုင် တော့ပါဟူသည့် စိတ်ချသေချာမှု ကြီးထွားလာနေလျက်ရှိသည်။

ဤခေတ်ကာလကို ဖော်ပြသည့် လုံလောက်ပြည့်စုံသော ဝေါဟာရမှာ“ဘေးကျပ် နံကျပ် ကာလ” (Crisis) ဖြစ်သည်။ နိုင်ငံရေးနှင့် ဆိုင်သည့်ကြီးမားသော အနှောင့်အယှက်များ၊ နိုင်ငံအတွင်း ကသောင်းကနင်း ဖြစ်မှုများ၊ လူမျိုးခွဲခြားမှုဆိုင်သော အုံကြွမှု၊ ပြည်တွင်းနှင့် နိုင်ငံတကာ အကြမ်းဖက်မှု၊ တည်ဆဲအမိန့်ဆန့်ကျင်ပုန်ကန်မှု ပြတ်ပြတ်သားသား တော် လှန်မှုများ နှင့်အတူ ကျွန်ုပ်တို့အသက်ရှင် နေထိုင်နေရသည်။ နိုင်ငံများစွာတို့၌ အထက် ဖော်ပြပါ အခြေအနေများသည် ပုံမှန်ကဲ့သို့ ဖြစ်လာကြသည်။

မနက်ဖြန် သတင်းစာ၏ သတင်း ခေါင်းကြီးပိုင်းသည်၊ ကျွန်ုပ်တို့အာရုံကို ဆွဲဆောင်ဦး မည့် အရေးအခင်းအသစ်များ ဆောင်ကြဉ်းပေးလာဖွယ် ရှိပါသည်။

ဘုရားသခင်အချိန်ကို ချုပ်ကိုင်ထားတော်မူပါသည်။

“သမိုင်းသည် မည်သည့်အရပ်သို့ ဦးတည်နေသနည်း” ဟု မေးလျက်ရှိကြသည်။ သမ္မာ ကျမ်းစာကို သတိရှိရှိလေ့လာသူတစ်ယောက်သည် ကြမ္မာတည်းဟူသော နာရီကို ဘုရား သခင် ထိန်းကွပ်တော်မူလျက်ရှိကြောင်း မြင်တွေ့နိုင်ပေမည်။ လောက၏မရေရာမှုများ ကြား၌ တန်ခိုးခပ်သိမ်းနှင့် ပြည့်စုံတော်မူသော ဘုရားသခင်၏ လက်တော်သည် လှုပ်ရှားတော်မူလျက်ရှိသည်။ ပြောင်းလဲခြင်းမရှိသော အကြံအစည်တော်၊ ရည်မှန်းချက်များကို အကောင်အထည်ဖော်လျက်ရှိပါသည်။ ဤလောကရှိ နိုင်ငံများသည် သခင်ယေရှုခရစ်တော်၏နိုင်ငံတော်များ ဖြစ်လာပေလိမ့်မည်။ “ခရစ်တော်သည် ရန်သူအပေါင်းတို့ကို ခြေဖဝါးတော်အောက်၌ ချထားတော်မမူမှီတိုင်အောင် အုပ်စိုးတော်မူရမည်။” (၁ကော ၁၅:၂၅)

သခင်ယေရှုခရစ်တော်သည် မြေကြီးပေါ်သို့ တဖန်ကြွလာတော်ဦးမည်။ အရာရာကို ချုပ်ကိုင်ထားသူမှာ ခရစ်တော် ဖြစ်သည်။ ကိုယ်တော်သည် ထွက်ပေါ်လာသော ရလဒ်ကို ဆုံးဖြတ်တော် မူပါလိမ့်မည်။ ကျမ်းစာ၌ ရှင်းလင်းစွာဖော်ပြထားသည်မှာ၊ “—နောက်တဖန် ထိုသခင်ကို မျှော်လင့်လျက်နေသော သူတို့ကို ကယ်တင်ခြင်း အလိုငှါ၊ အပြစ်နှင့်မဆိုင်ဘဲ ပေါ်ထွန်းတော်မူလတ္တံ့” (ဟေဗြဲ ၉း၂၈)

ခရစ်တော် ကြွလာတော်မူခြင်းအပေါ် ခရစ်ယာန်တို့၏သဘောထား မည်သို့ရှိသနည်း လူတစ်ဦး၊ ကျွန်ုပ်ကို ပြောသည်မှာ၊ “သိပ်မကြာခင်၊ သခင်ဘုရား ကြွလာတော့မယ်။ ဒါကြောင့် ဘာမှလုပ်စရာမလိုတော့ပါ” ကံစီမံရာကို လက်ခံသော ထိုသို့သော သဘောထားကို၊ သခင်ယေရှုခရစ်တော် မသွန်သင်ပါ။ ဤလောကသို့ တဖန်ကြွလာတော် ဦးမည့် အကြောင်းတပည့်တော်များကို ပြောသောအခါ၊ ကိုယ်တော်က “ငါပြန်၍ မလာမှီ တိုင်အောင်၊ ကုန်သွယ်ခြင်းအမှုကို ပြုကြလော့။” (လု၁၉း၁၃)၊ “အကြင်ကျွန့်သည် ဤသို့ ပြုလျက်နေသည်ကို အရှင်သည် ပြန်လာ၍တွေ့၏။ ထိုကျွန်သည် မင်္ဂလာရှိ၏။” (မ၂၄း၄၆)

တစ်ခါက၊ ဆရာကြီး ဒီ၊အယ်လ်၊မူးဒီ Dright LS Moody က “ကျွန်ုပ်သည်၊ ဤလောကကြီးကို သင်္ဘောပျက်တစ်စီးအဖြစ် သဘောထားကြည့်ပါသည်။ ၄င်း၏ ပျက်စီး ခြင်းသည် နီးသထက်နီးလာနေသည်။ ဘုရားသခင်သည် ကျွန်ုပ်အား၊ “မူးဒီ၊ ဒီမှာ အသက်ကယ်လှေတစ်စီး ရှိတယ်။ သင်္ဘောမမြုပ်ခင်၊ ကယ်နိုင်သလောက် လိုက်ကယ်ပါ” ဟုပြောပါသည်။ ဆရာကြီးမူးဒီ၏ခေတ်၌ (သူသည် ၁၈၉၉ခုနှစ်တွင် ကွယ်လွန်သည်။) အဆုံးရောက်တော့မည်ဟု ထင်ရလျှင်၊ သမိုင်းအထွတ်သို့ရောက်ရန် ကျွန်ုပ်တို့ အဘယ်မျှ နီးနေပါပြီနည်း။

ကျွန်ုပ်တို့သည် အသက်ကယ်လှေများကို တာဝန်ယူမောင်းနှင်ပြီး၊ လူများကို ကယ်နိုင် သမျှ ထွက်ကယ်ရမည့် အချိန်ရှိသည်ဆိုပါက ထိုအချိန်သည် ယခုပင်ဖြစ်သည်။ ထို့ကြောင့် ဤကမ္ဘာကြီး၏ မဟာဗျူဟာကျသော နေရာများ၌ ဧဝံဂေလိတရားကို ဟောနေခြင်းဖြစ် သည်။

ခရစ်တော်၏ ကယ်တင်ခြင်းကျေးဇူးတော်၊ တန်ခိုးတော်ကို ကြွေးကြော်ရန် ဤနေ့သည် အသရေတင့်သော အခွင့်အခါဖြစ်သည်ဟု ယုံကြည်ပါသည်။ လွဲမှားသော သဘောတရား နှင့် အတွေးအမြင်များကို ဆန့်ကျင်လျက် ဧဝံဂေလိသတင်းကို ဟောပြောရန် ဖြစ်သည်။

အင်္ဂလိပ်လူမျိုး ဧဝံဂေလိတရားဟောဆရာကြီး(George Whitefield) ဂျော့ချ ဝိုက်တ်ဖီးလ်ဒ်က“ဘုရားသခင်ရဲ့ သားတော်ကြွလာမယ့် အချိန်ကို ကျွန်တော်နေ့တိုင်း စောင့် နေပါတယ်။” ဤသို့ပြောပြီး သူသည် ထိုင်မနေပါ၊ ဘာမျှမလုပ်ဘဲမနေပါ။ မိမိခန္ဓာ အင်အားကို အသုံးပြု၍ ခရစ်တော်၏ဧဝံဂေလိတရားတော်မြတ်ကို ဟောပြောခဲ့ပါသည်။

ဘုန်းတော်ရောင်ခြည်ပေါ်လွင်စေမည့် နောက်ခံကားချပ်

Backdrop For Glory ပရောဖက်ဒံယေလသည် ဘုရားသခင်ကို မသိသေးသော တိုင်းပြည်တွင် အဆိုးဝါးဆုံး သောအခြေအနေများအောက်၌ အသက်ရှင်ခဲ့ရပါသည်။ ဘုရားသခင်၏ စီရင်ခြင်း လာတော့မည်ကို သိခဲ့သည်။ သို့ရာတွင် လက်နှစ်ဖက်ကို ပိုက်ထားပြီး၊ ဘုရားသခင် ရိုက် မည့်အချိန်ကို စောင့်မနေပါ။ ဆုတောင်းရာပြတင်းတံခါးကို ကျယ်ကျယ်ဖွင့်ကာ ဘုရား သခင်နှင့်အတူ လျှောက်လှမ်းခဲ့ပါသည်။

တော်လှန်ရေးနှင့် အရေးအခင်း ဖြစ်နေသည့်သူ့တိုင်းပြည်တွင် ဝန်ကြီးချုပ်ဖြစ်သူ ဒံယေလသည်၊ စိတ်နှလုံးထဲ၌ ငြိမ်သက်မှုကို ခံစားနေရသည်။ သူ့အသက်တာသည် မျိုး ဆက်တိုင်း၏ လူသန်းပေါင်းများစွာအတွက် နှလုံးသားထဲ၌ အစဉ် လှုံ့ဆော်မှုများကို ဖြစ် စေပါသည်။

ဘုရားသခင်၏ကြီးမြတ်သော ပရောဖက်ဧလိယ၏အမှုတော်ဆောင်လုပ်ငန်းအတွက် ဣသရေလနိုင်ငံ၌ အာဟပ်မင်းနှင့်ယေဇဗေလ အုပ်ချုပ်ခြင်းသည် အခြေအနေကောင်း ဖြစ်မည်ဟု မထင်ရပါပေ။ သို့သော်လည်း ဧလိယသည် အမှောင်ကာလအတွင်း ဘုရား သခင်နှင့် လှမ်းလျှောက်ခဲ့သည်။ အာဟပ်မင်း၏ သတ္တိနည်းစွာ သစ္စာဖောက်မှု၊ ဆိုးညစ် သူ ယေဇဗေလ၏ပါးနပ်သောမဟာဗျူဟာကို နောက်ခံပိတ်ကားအဖြစ် အသုံးပြုကာ ၄င်း ကိုဆန့်ကျင်ဘက်ပြုလျက် ယေဟောဝါ ဘုရားသခင်၏ ဘုန်းတော်နှင့် တန်ခိုးတော်ကို ရောင်ပြန်ဟပ်စေခဲ့သည်။

နိုင်ငံရေးဖောက်ပြန်မှုများ၊ လူမှုရေးတရားမမျှတမှုများနှင့် ပြည့်နေသည့် (၁၇)-ရာစု အင်္ဂလန် နိုင်ငံသည် ဘာသာရေး နိုးထမှုအတွက် တော်သင့်သည့်နောက်ခံအခြေအနေ ဟု မထင်ရပေ။ သို့သော်လည်း ဂျွန်နှင့် ချားလ်စ်ဝက်စလီသည် ဝိညာဉ်တော်၏ တန်ခိုး၊ ဝမ်းမြောက်မှုနှင့် ပြည့်ကာ၊ သမိုင်း၌ အကြီးမားဆုံး ဝိညာဉ်ရေးနိုးထမှုများထဲမှ တစ်ခုကို၊ ထိုအချိန်တွင် ဖြစ်စေခဲ့သည်။ ထို့ပြင် ဗြိတိန်နိုင်ငံကို သွေးချောင်းအနီးဆုံး တော်လှန် ရေးဖြစ်စေမှုမှ ကယ်တင်နိုင်ခဲ့ပါသည်။

ခက်ခဲသည့် အချိန်ကာလများသည် ခရစ်တော်၏ အကြောင်းပြောရမည့် အချိန်များ ဖြစ်ကြသည်။ ကမ္ဘာနှင့်အဝှမ်း နိုးထမှုမဖြစ်ဘူး သေးသော်လည်း ဖြစ်တော့မည့်အနေ အထား တစ်ခုသို့ ရောက်ရှိနေပြီဟု ယုံကြည်ပါသည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် မိမိ၏တန်ခိုးတော်ကို ကမ္ဘာအနှံ့ခံစားသိရှိရန် ဆောင်ရွက်နေပါသည်။ အာဖရိက တိုက်၊ အရှေ့အလယ်ပိုင်းဒေသ၊ အာရှတိုက်၊ လက်တင်အမေရိကားနှင့် မြောက်အမေရိကား၊ ပင် လယ်ထဲရှိ ကျွန်းများ၊ သြစတြေးလျတို့မှ ဘုရားရှင်၏ ဝိညာဉ်လုပ်ဆောင်မှုနှင့် ဆိုင်သည့် အစီရင်ခံမှုများ၊ များစွာရှိပါသည်။

အချို့နေရာများတွင် ကျမ်းစာလေ့လာသည့် အဖွဲ့များ၊ ဆုတောင်းသည့် အဖွဲ့များ၌ ဝိညာဉ်တော်၏ အေးငြိမ်းသော လှုပ်ရှားမှုကို တွေ့ရသည်။ မိမိကိုယ်ကိုမိမိ သင့်မြတ်”လျော်ကန်စွာ ပြန်လည်စစ်ဆေးမှုများလည်းရှိကြပါသည်။ ကမ္ဘာပေါ်ရှိ တရားဟောဆရာ များစွာထဲ၌ မိမိ၏ဝိညာဉ်ရေး အားနည်းမှု၊ ချို့ယွင်းမှုများကို သိကြသည့် သူများရှိသည်။ နိုးကြားရေးအတွက် သန့်ရှင်းသောဝိညာဉ်တော်အပေါ် အသစ်တဖန် မှီခိုရမည်ကိုသိကြ သည်။

ကျွန်ုပ်တို့အားလုံး ကြီးကျယ်စွာပေါင်းဆုံစုဝေးမိသည့် အနေအထားသို့ ရောက်နေပြီဟု ထင်ရပါသည်။ ဤပေါင်းဆုံစုစည်းမှုသည် နောက်ဆုံးပေါင်းစည်းမှု ဖြစ်ကောင်းဖြစ်ပေမည်။ ကမ္ဘာနှင့် အလှမ်း ဝိညာဉ်ရေးရာ နိုးထမှုနှင့် ရိတ်သိမ်းပွဲ၏ ဝင်ပေါက်တံခါးဝ၌ ရှိကောင်း ရှိနေကြပါမည်။ ဤအချိန်ကာလသည် အသက်ရှင်ရန်အတွက် ကြည်နူးဖွယ်ကောင်းသော အချိန်ဖြစ်သည်။

ခရစ်ယာန်မေတ္တာဖြင့် ယေရှုခရစ်တော်၏ ဝမ်းမြောက်ဖွယ် သတင်းကိုရိုးရှင်းစွာ ပြော ပြမည် ဆိုပါက၊ ကမ္ဘာပေါ်ရှိ နေရာဒေသတိုင်းမှ လူများသည် တုံ့ပြန်လာကြပါလိမ့်မည်။

 

အချိန်မနှောင်းသေးပါ

It’s Not Too Late

မျှော်လင့်ချက် ပျက်သုန်းနေကြသည့် လူများလည်း ရှိကြပါသည်။ စိတ်ဓါတ်ကျနေသူ၊ ဝမ်းနည်းညိုးငယ်သူ၊ အရှုံးပေးရန် အဆင်သင့်ရှိနေသူများထံမှ စာများကိုနေ့စဉ်လက်ခံရရှိပါသည်။ ၄င်းတို့သည် အဆိုးမြင်ဝါဒီနှင့် ဤခေတ်အခါ စိတ်ထားဖက်သို့ ယိမ်းလျက် ရှိသည်။ လူတစ်ယောက်က “ဒီလောကကြီးနှင့် ပတ်သက်ပြီး တစ်ခုခုလုပ်ဆောင်ဖို့ အချိန် နှောင်းလွန်းသွားပြီ။” ဟုရေးသားခဲ့ပါသည်။

ထိုကဲ့သို့ ရေးသားချက်သည် မမှန်ပါ။ အရာခပ်သိမ်းကို မဆုံးရှုံးသေးပါ။ ကျွန်ုပ်တို့၌ ကျမ်းစာရှိနေပါသေးသည်။ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်သည် ချည်နှောင် ခြင်းနှင့် ကင်းလွတ်၏။” ၂တိ ၂း၉)။ ကျွန်ုပ်တို့၌ သန့်ရှင်းသောဝိညာဉ်တော် ရှိနေပါသေး သည်။ ယုံကြည်သူများနှင့် မိဿဟာယဖွဲ့နေပါသေးသည်။ ဘုရားသခင့်လူများ၏ ဆုတောင်းချက် ရှိနေပါသေးသည်။ ဧဝံဂေလိတရားကို ကြွေးကြော်ဖို့အတွက်၊ ကမ္ဘာပေါ်၌ ပွင့်နေသည့် တံခါးများစွာရှိပါသေးသည်။

အကျိုးအမြတ် များစွာ ရှိနေပါသည်။ “အကြင်ကျွန်သည်၊ ဤသို့ပြုလျက် နေသည်ကို အရှင်သည် ပြန်လာ၍တွေ့၏။ ထိုကျွန်သည်မင်္ဂလာရှိ၏။” ဟု သခင်ယေရှု မိန့်တော်မူပါသည်။

သင့်အား သော့(၃)ချောင်း ပေးချင်ပါသည်။ ထိုသော့များသည် သင့်အဖို့ အသုံးဝင် ခြင်းနှင့် အစွမ်းရှိခြင်း တံခါးများ ဖွင့်ပေးပါလိမ့်မည်။ ပထမသော့မှာ- နှိမ့်ချခြင်း (humility) သော့ဖြစ်သည်။နှိမ့်ချခြင်းသည် မိမိကိုယ်ကို ရိုးသားစွာ သုံးသပ်တန်ဖိုးဖြတ်ခြင်းမှ မွေးဖွားလာပါသည်။ လူခပ်သိမ်းသည် ကိုယ်အားနည်းချက်၊ အပြစ်နှင့် ကျရှုံးမှုများကို သဘောပေါက်ရန် မဖြစ်မနေ လိုအပ်ပါသည်။ ကျမ်းစာက ဤသို့ပြောပါသည်။ “ကိုယ် အပြစ်မရှိဟု ငါတို့သည်ဆိုလျှင် ကိုယ်ကိုကိုယ် လှည့်ဖြားကြ၏။ ငါတို့၌ သစ္စာတရား မရှိ” ( ၁ယော၁း၈)။ ဤနေရာ၌ အပြစ်ကို “ ပစ်မှတ်လွဲချော်ခြင်း၊ ကျရှုံးခြင်း၊ ချွတ်ယွင်းခြင်း” ဟု အဓိပ္ပါယ်ဖွင့်ဆိုသည်။

ကျွန်ုပ်တို့သည် အပြစ်သားများ ဖြစ်ကြပါသည်ဟု ဝန်ခံရမည့်အရာသည် လုပ်ရန် အခက်ဆုံး ဖြစ် သည်။ အဘယ်ကြောင့်ဆိုသော် မာန အလွန်ကြီး၍ ဖြစ်သည်။ ကျွန်ုပ်တို့ သည် ဘုရားသခင်၏ရှေ့တော်မှောက်၌“လုံးဝ ခိုကိုးရာမဲ့ ဖြစ်သည်”ဟူသောနေရာကို မယူလိုကြပေ။ ထိုသို့ပြုမည့်အစား မိမိဖာသာ မိမိစွမ်း ဆောင်နိုင်သည်။ သင့်တင့်လျောက် ပတ်စွာနေနိုင်သည်ဟု ခံစားလိုကြပါသည်။ ။

သို့သော်လည်း (ရော၃း၁၀) ၌၊ ဘုရားသခင် အတည့်အလင်း ပြောထားသည်မှာ “ဖြောင့်မတ်သော သူမရှိ တစ်ယောက်မျှမရှိ။” (ရော၃း၂၃) ၌၊ “—လူအပေါင်းတို့သည်၊ ဒုစရိုက်ကိုပြု၍၊ ဘုရားသခင့် ရှေ့တော်၌၊ အသရေပျက်ကြပြီ။” ကျွန်ုပ်ကို ပြောခြင်းဖြစ် သည်။”

ကျမ်းစာက၊ ကျွန်ုပ် အပြစ်ပြုသည်ဟု ပြောပါသည်။

ကျွန်ုပ်၏ အသိစိတ်က၊ ကျွန်ုပ် အပြစ်ပြုသည်ဟု ပြောပါသည်။ ကျွန်ုပ်၏ ဆင်ခြင်တုံဉာဏ်က၊ ကျွန်ုပ် အပြစ်ပြုသည်ဟု ပြောပါသည်။ ကျွန်ုပ်၏ ဇာတိအစိတ်အပိုင်းတိုင်းက၊ ယိုးစွပ်သော လက်ချောင်းကို ကျွန်ုပ်၌ ညွှန်ရင်း၊“အပြစ်ရှိသည်၊ အပြစ်ရှိသည်၊ ဖြောင့်မတ်သူ တစ်ယောက်မျှမရှိ”ဟု၊ ဟစ်ကြော်နေ ပါသည်။

နာမည်ကြီး အင်္ဂလိပ်လူမျိုး စာရေးဆရာနှင့် အတွေးအခေါ်ပညာရှင်(Samuel Johnson) စယ်မြူရယ်လ်ဂျွန်စန် တစ်ခါက ပြောသည်မှာ ကျွန်ုပ်ဖတ်ဘူးသမျှ ပြစ်မှုများကို ကျွန်ုပ်ကိုယ်တိုင်လည်း၊ ကျူးလွန်ကောင်း ကျူးလွန်မိခဲ့ပါလိမ့်မည်။ ကျွန်ုပ်မကျူးလွန်နိုင်သည့် ပြစ်မှုဟုမဖတ်ဘူးသေးပါ။ အကောင်းဆုံးဟုဆိုသည့် ကျွန်ုပ်တို့ပင်၊ အဆိုးဆုံးကို လုပ်နိုင်စွမ်း ရှိကြသည်။ အမြင့်မြတ်ဆုံး သူတော်စင်သည်ပင်၊ သတင်းဆိုးနှင့် အကျော်ကြားဆုံးသော ရာဇဝတ်သားကို မျှော်ကြည့်၍၊ ပြောရမည်မှာ “ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့်ပါ လား၊ မဟုတ်ရင် အဲဒီအခြေအနေမှာ၊ ငါရှိမှာ” ဟု ပြောသည်။ တစ်နေ့သော် (John Wesley) ဂျွန်ဝက်စလီသည်၊ ၄င်း၏ နှလုံးသားတွင်းသို့ ဝင်ကြည့်ပြီး“ငရဲကလွဲပြီး ဘာ မျှမမြင်ပါလား” ဟု ပြောသည်။ (John Bunyan) ဂျွန်ဘန်ယန်က “ဘုရားသခင်သည် ဂျွန်ဘန်ယန်ကို ကြည့်သည့်အခါ၊ ကိုယ်ကိုအပြစ်သားဟုမပြောပါ၊ ကျွန်ုပ်သည် ဦးခေါင်း ထိပ်မှ ခြေဖဝါးတိုင် အပြစ်ရှိသည်ဟုသာ ဆိုသည်” ဟု ပြောသည်။

 

အောင်မြင်မှုသရဖူသို့အဝင်ဝတံခါး

On The Threshold of Victory

ကြီးမြတ်သော ပရောဖက်ကြီးများ ဘုရားသခင်၏ အသုံးပြုတော်မူခြင်းကို ခံရသည်မှာ၊ နှိမ့်ချသောကြောင့် ဖြစ်သည်။ ၄င်းတို့ကိုယ်ကို ဘုရားသခင် မြင်သကဲ့သို့မြင်ပြီး၊ မိမိကိုယ်ကို အမှန်အတိုင်း ခံယူကြသည်။ ယောဘက ဤသို့ပြောသည်၊ “အကျွန်ုပ်သည့် ကိုယ်ကိုရွံရှာပါ ၏။”(ယောဘ၄၂)။ ပေတရုက ဤသို့ ပြောပါသည်၊ “ သခင်- အကျွန်ုပ်သည် အပြစ်များသောသူဖြစ်ပါ၏။ အကျွန်ုပ်ဆီမှ ကြွသွားတော်မူပါဟု လျှောက်လေ၏။”(လု၅း၈)။ ရှင်ပေါ လုနှင့်အတူ ကျွန်ုပ်တို့ ပြောသင့်သည်မှာ “ငါ့အထဲမှာ၊ ငါ့ဇာတိပကတိ၌ ကောင်းသောအရာ တစုံတခုမျှ မတည်ကိုငါသိ၏။” (ရော၇း၁၈)။ ကျွန်ုပ်တို့သည် ထိုသို့ပြုရမည်ကို နောက်တွန့် နေကြသည်။

ဟေရှာယ နှင့်အတူ ဤသို့ သင်ဝန်ခံသောအခါ၊ အောင်မြင်သည့် အသက်တာအ၀၌ သင်ရပ်နေပါလိမ့်မည်။ “ ငါသည် ညစ်ညူးသောနှုတ်ခမ်းရှိလျက်၊—”(ဟေရှာ၆း၅)။ မိမိ၏ ချို့ယွင်းအားနည်းချက်၊ ကျရှုံးမှုများ၊ အပြစ်ဒုစရိုက်များကို အမှန်အဖြစ်ရင်ဆိုင် သောအခါ ပျော်ရွှင်အံ့ဩဖွယ် ကိုယ်ပိုင် အောင်မြင်မှုဆီသို့ ခြေတစ်လှမ်း လှမ်းလိုက်ခြင်း ဖြစ်သည်။

ထိုအောင်မြင်မှုသည် ရှေ့၌ရှိသော ဘေးဒုက္ခနေ့ရက်များဆီသို့ သင့်ကိုသယ်ဆောင်သွား ပေမည်။

ဒုတိယသော့မှာ-ဘုရားသခင်၏စံနှင့်သတ်မှတ်သော သန့်ရှင်းသည့် အသက်တာကို လူ့ကြိုးပမ်းမှုဖြင့်မရယူနိုင်သည်ကို အသိအမှတ်ပြုခြင်းဖြစ်သည်။ သင်မည်သည့်လူစားမျိုး ဖြစ်သည်ကို ဘုရားသခင် ဦးစားပေး စိတ်ဝင်စားတော်မူပါသည်။ သင်လုပ်ဆောင်သည့် အရာများသည် သင်မည်သူဖြစ်သည် ဆိုသည်၏ရလဒ် ဖြစ်သည်။ ဘုရားသခင် သင့်ကို သန့်ရှင်းစင်ကြယ်အောင်ပြုသည့် ရည်ရွယ်ချက်နှင့် အကြံတော်မှာ သင့်၌ အရည်အချင်း ရှိသောအသက်တာ ရှိစေလို၍ ဖြစ်သည်။

“သင်တို့မူကား၊ မှောင်မိုက်ထဲမှအံ့ဩဘွယ်သော အလင်းတော်သို့ ခေါ်သွင်းတော်မူ သောသူ၏ ဂုဏ်ကျေးဇူးများကို ဘော်ပြစေခြင်းငှါ၊ ရွေးချယ်တော်မူသော အမျိုးဖြစ်ကြ၏။ မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး၊ ပိုင်ထိုက်တော်မူသောအပေါင်းအသင်းဖြစ်ကြ၏။” (၁ပေ ၂း၉)။“ဆုတောင်းသော အချက်ဟူမူကား၊ သင်တို့သည် ကောင်းသောအကျင့် အမျိုးမျိုးတည်းဟူသော အသီးကိုသီးခြင်း၊ ဘုရားသခင်ကို သိသော ဉာဏ်တိုးပွား ခြင်းရှိသဖြင့်၄င်း၊ —” (ကော၁း၁၁)

ချမှတ်ထားသော စည်းမျဉ်းများနှင့် ကိုက်ညီမှုရှိဖို့ ပညတ်တရားသည် အလိုရှိသည်။ သို့ရာတွင် ပညတ်တရားသည် နောင်လာမည့် အရာတို့၏ အရိပ်ဖြစ်သည်။ ကျမ်းစာက ဤသို့ပြောပါသည်။ “ ပညတ်တရားသည်၊ ဒုစရိုက်အပြစ်ကို ထင်ရှားစေသည်။”(ရော၃း၂၀)

ပဋိညာဉ်အသစ်သည်၊ ပညတ်တရားနှင့် ဆန့်ကျင်ပြီး၊ “ထိုစည်းစိမ်ကား၊ ဘုန်းအသ ရေကိုမျှော်လင့်ခြင်း တည်းဟူသော သင်တို့အထဲ၌ တည်တော်မူသော ခရစ်တော်ပေတည်း” (ကော၁း၂၇)။ ကျွန်ုပ်တို့ကိုယ့်ကိုကိုယ် သန့်ရှင်းစင်ကြယ်အောင် လုပ်၍မရပါပေ။ ကျွန်ုပ် တို့ကို သန့်ရှင်းစင်ကြယ်အောင် လုပ်နိုင်သည့်နည်းလမ်း လုံးဝမရှိပေ။ ကျွန်ုပ်တို့၏ သန့်ရှင်း စင်ကြယ်မှုသည် ခရစ်တော်ဖြစ်သည်။

ထို့ကြောင့် ရှင်ပေါလုသည် ဤသို့ရေးခဲ့သည်၊ “—ပညတ်တရားအားဖြင့် ရသော ကိုယ်ဖြောင့်မတ်ခြင်းကို မကိုးစားဘဲ၊ ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့်ရသော ဖြောင့် မတ်ခြင်း တရားတည်းဟူသော ယုံကြည်ခြင်း အတွက်ကြောင့်။” (ဖိ၃း၁၁)။ ထို့ကြောင့် ဓမ္မသီချင်း ရေးဆရာသည် ဤသို့ရေးသားခဲ့သည်။

ရေလွှမ်းအားကြီး ပတ်လည်ပြိုသော် ကတိ၊ပဋိညာဉ်နှင့် သွေးတော် ငါ့ကိုထောက်မ၊ ကိုယ်တော်သာလျှင် ငါမျှော်လင့်ခြင်း မှီဝဲရာပင်။

တတိယလော့မှာ၊ သန့်ရှင်းသော ဝိညာဉ်တော်ကို မှီခိုကိုးစားခြင်း ဖြစ်သည်။ (ဂလာ၅း၁၆) ကို၊ စကားပြေဖြင့် ဖော်ပြရသော် “ဝိညာဉ်တော်နှင့် လှမ်းလျှောက်ပါ။”ဟု အဓိပ္ပါယ်ရသည်။ (ရော၈း၁၄)တွင်၊ ရှင်ပေါလု ဤသို့ရေးသားထားသည်၊ “ ဘုရားသခင်၏ ဝိညာဉ်တော် ဆုံးမပဲ့ပြင်တော်မူသမျှသော သူတို့သည် ဘုရားသခင်၏ သားဖြစ်ကြ၏။”

ဆောင်ရွက်စရာအမှုများကို သက်သက်သာသာ လုပ်ဆောင်ခြင်း Activity With Relaxation

ဝိညာဉ်တော်နှင့်လျှောက်ရန်မှာ၊ စိန်ခေါ်မှုနှင့် လှုံ့ဆော်မှုတစ်ရပ်ဖြစ်သည်။ အကြောင်း မှာ လက်တွေ့လုပ်ရမည့်အရာနှင့် စိတ်ကိုဖြေလျော့ထားမှု၊ နှစ်မျိုးကို ပေါင်းစပ်ထား၍ ဖြစ် သည်။ လမ်းလျှောက်သည် ဆိုသည်မှာ ခြေတစ်ဖက်ကို ကျန်ခြေတစ်ဖက်၏ အရှေ့၌နေရာ ချထားခြင်း ဖြစ်သည်။ ထိုသို့ဆက်မလှမ်းတော့ပါက ရပ်သွားပြီ၊ ငြိမ်သက်စွာရပ်နေသကဲ့ သို့ ဖြစ်သွားပါသည်။ လမ်းလျှောက်သည်ဆိုသည်မှာ ရွေ့လျားမှု၊ တိုးတက်ဖြစ်ထွန်းမှုနှင့် ဦးတည်ချက်ပါသည်ကို သွယ်ဝိုက်ဖော်ပြသည်။

ခရစ်တော်အတွက် အသက်ရှင်ခြင်းဆိုသည်မှာ ကိုယ်တော်နှင့်အတူ တဖြည်းဖြည်းချင်း နေ့စဉ် အသက်ရှင်သွားလာမှုကို ဆိုလိုသည်။ ဝိညာဉ်တော်ဘုရား အပေါ် အဆက်မပြတ် မှီခိုခြင်းဖြစ်သည်။ ကိုယ်တော်၏ သစ္စာရှိမှုကို ယုံကြည်ခြင်းဖြစ်သည်။ သင့်အစွမ်းဖြင့် လ ခရစ်ယာန်အသက်တာကို အသက်မရှင်နိုင်ပါ။ သန့်ရှင်းသောဝိညာဉ်တော်သည် သင့် အထဲ၌အသက်ရှင်ရမည်။ သင်မှတဆင့် ဝိညာဉ်တော်သည် မိမိ ကိုယ်ကိုကိုယ် ဇော်ရ မည်။

ရှင်ပေါလုက ဤသို့ ပြောပါသည်၊ “ကိုယ်ခန္ဓာ၌ ယခုငါရှင်သော အသက်သည် ဘုရား သခင်၏ သားတော်ကို ယုံကြည်ခြင်းအားဖြင့် တည်၏။ သားတော်သည် ငါ့ကိုချစ်၍ ငါ့အဘို့ ကိုယ်ကိုကိုယ် စွန့်တော်မူ၏။” (ဂလား၂၀)။ “ထိုနည်းတူ သင်တို့သည် အပြစ်တရားနှင့် ဆိုင်သောအရာ၌ကား အသေဖြစ်သည်ဟူ၍၄င်း၊ ကိုယ်ကိုကိုယ် ထင်မှတ်ကြလော့။” (ရော၆း၁၁)

သန့်ရှင်းသော ဝိညာဉ်တော်ကို သင့်အားဖြင့် ခရစ်တော်၏အသက်တာကို ရှင်စေသော အခါ အပြစ်သည် သင့်ကိုမအုပ်စိုးတော့ပါ။ မလွှမ်းမိုးတော့ပါ။ ဤသည်ကား ယုံကြည်ခြင်း၊ ကိုးစားခြင်း၊ ဘုရားသခင်ကို အမှီပြု၍ အသက်ရှင်ခြင်းဖြစ်သည်။

ရေပေါ်၌ပေတရု လမ်းလျှောက်သွားစဉ်ကကဲ့သို့ မိမိ၏ အရင်းအမြစ်၊ ခွန်အား၊ အရည် အချင်းများကို ကျွန်ုပ်တို့ အလေးထားကြလျှင် ကျရှုံးရလိမ့်မည်။ ဤသို့ကပ်မျိုးစုံ ဆိုက်နေ သည့် ကာလအတွင်း အသက်တာလမ်းကို လျှောက်လှမ်းစဉ် လူများစွာတို့ ခလုတ်တိုက်လဲကျသည်ကို သတိရကြရပါမည်။ ဘေးဒုက္ခမဆိုက်မီ လူများစွာကိုကယ်နိုင်သမျှ ကယ်ကြ ရပါမည်။

ယနေ့ သင့်ကို အသုံးဝင်ဖို့နှင့် အစွမ်းသတ္တိရှိရန် ဖွင့်ပေးမည့် ပထမဦးဆုံးသော့မှာ နှိမ့်ချခြင်း ဖြစ်သည်။ ဒုတိယသော့မှာ သန့်ရှင်းစင်ကြယ်မှုကို ခရစ်တော်၌သာ ရနိုင်ကြောင်း သဘောပေါက်မှုဖြစ်သည်။ တတိယလော့မှာ သန့်ရှင်းသောဝိညာဉ်တော်အပေါ် လုံးလုံး မှီခိုကိုးစားခြင်းဖြစ်သည်။

ဘုရားသခင်သည် အရာခပ်သိမ်းကို ခေတ်အဆက်ဆက်တိုင်းမှာ ချုပ်ကိုင်ထား ကြောင်း သဘောပေါက်ပါ။ ပရောဖက်ဟဗက္ကုတ်သည် ဘုရားသခင်ထံ ဟစ်ကြွေး၍ “အိုဘုရားသခင် ဤမတရားသည့်အမှုများ၊ ကမ္ဘာပေါ်၌ အဘယ်ကြောင့် ဖြစ်ရပါသနည်း” ဟုမေးရာ၊ ဘုရားသခင်က “ဟဗက္ကုတ်၊ စိတ်မပျက်ပါနဲ့၊ မင်းရဲ့ ခေတ်ကာလမှာလည်း ငါ့အလုပ်လုပ်နေပါတယ်။ ငါ ဘာလုပ်နေသလဲဆိုတာ မင်းကို ပြောရင် မင်းယုံမှာတောင်မဟုတ်ဘူး” ( ဟဗ ၁း၅ )

ဘုရားသခင်သည် ဘေးဒုက္ခမျိုးစုံ ဆိုက်နေသည့်အထဲမှာပင် အလုပ် လုပ်တော်မူလျက် ” ရှိနေတော်မူပါသည်။ ပြဿနာမျိုးစုံ အဆိုးကိုသာမြင်ကြသော အချိန်ကာလ၊ အတားအဆီး အနှောင့်အယှက်များကြောင့် စိတ်အနှောင့်အယှက် ဖြစ်ကြရသည့်ကာလများမှာပင်၊ ဘုရား သခင်သည် မိမိအလုပ်ကို လုပ်ဆောင်လျက် ရှိနေတော်မူပါသည်။ ကျွန်ုပ်တို့မလုပ်နိုင် သည့်အရာများစွာ ရှိကြောင်း သိမှတ်ကြပြီး၊ ကျွန်ုပ်တို့ကို ကိုယ်တော် လုပ်ခိုင်းစေတော်မူ သည့် အလုပ်များအား သစ္စာရှိစွာ လုပ်ဆောင်ကြပါစို့။

ခရစ်တော်ထံ၌ လုံးလုံးလျားလျား မိမိကိုယ်ကို အပ်နှံကြပြီး၊ သခင်ယေရှု ပြန်လည် ကြွလာတော်မူမည့်နေ့ကို စောင့်မျှော်ရင်း ခမည်းတော်၏စေခိုင်းတော်မူသောအလုပ်ကို တာဝန်ခံ၍ လုပ်ဆောင်ကြပါစို့။ သင့်ဝင်ငွေထဲမှ ခမည်းတော်၏လုပ်ငန်းတော် အတွက် အတတ်နိုင်ဆုံး ပါဝင်ပါ။ ဆုတောင်းဖို့အတွက် အချိန်များကိုအသုံးပြုပါ။ ကိုယ်တော့်ကို သစ္စာရှိစွာဝတ်ပြုကိုးကွယ်ပါ။ သူတစ်ပါးကို သခင်ယေရှုခရစ်တော်အကြောင်းပြောပြပါ။ ထိုအခါ ဘုရားသခင်၏ သားသမီးများနှင့် သက်ဆိုင်သော အသုံးဝင်မှုများ၊ အကောင်းမြင် ဝါဒရှိခြင်းများနှင့် မိမိကိုယ်ကိုယုံကြည်စိတ်ချမှု စသည်တို့ကို ကျွန်ုပ်တို့ အသက်တာအား ဖြင့် ဝန်းကျင်ရှိလူအများ တွေ့ရှိလာပါလိမ့်မည်။

 

နှလုံးသားကိုနွေးထွေးစေသော ဘုရားသခင်၏

God’s Heart Warming Fire

မီးသည် နတ်ဘုရားများကို အစဉ်အမြဲ ပုံဆောင်လေ့ရှိသည်။ ဧဒင်ဥယျာဉ်၏ အရှေ့ ဖက်ဝင် ပေါက်၌ရှိသည့် မီးတောက်နေသောဓားသည် ဘုရားသခင် ရှိနေတော်မူခြင်းကို ပုံဆောင်နေသည်။ မီးလောင်နေသော၌ ဘုရားသခင်သည် မောရှေအား ကိုယ်ကိုဖော်ပြတော်မူသည်။ ထိုချုံသည် မလောင်ကျွမ်းပေ။ ကိုယ်တော်သည် လူမျိုးတော်ကို တောထဲ၌ ညအခါ မီးအားဖြင့် လမ်းပြတော်မူသည်။ ဧလိယသည် ကရမေလတောင်ပေါ်၌ဗာလ၏ ပရောဖက်တို့အား စမ်းသပ်သောအခါ ထာဝရဘုရား တန်ခိုးတော်နှင့်ဘုန်းတော်ရောင်ခြည် ကို လျှပ်စီးမီးအားဖြင့် ပြသတော်မူခဲ့သည်။

ခရစ်ယာန်များကို ကာကွယ်ရန်အတွက် “မီးတံတိုင်း” ကို တည်ဆောက်တော်မူမည်ဟု ဂတိထား တော်မူပါသည်။ ထိုမျှသာမက နောက်ဆုံးသောကာလ၌ ဖြောင့်မတ်သောသူတို့ကို မီးဖြင့်ဒဏ်ခတ် တော်မူမည်ဟုလည်း ပရောဖက်ပြုထားပါသည်။ ကိုယ်တော်သည် သန့်စင် ပေးသောမီး၊ လုပ်ပိုင်ခွင့် အာဏာပေးသောမီး၊ ဖျက်ဆီးသောမီး တို့ကိုလည်းထုတ်ပေးတော်မူပါသည်။ ဘုရားသခင်သည် အမျက်ဒေါသနှင့် ဖြစ်စေ၊ ကရုဏာတော်နှင့် ဖြစ်စေ၊ ကိုယ်တော် ရှိနေတော်မူခြင်း ကိုပြသရန်အတွက် မီးကိုသင်္ကေတအဖြစ်သမိုင်းတလျှောက် လုံး အသုံးပြုတော်မူပါသည်။

မီးသည် ဘုရားသခင် မည်သို့ အလုပ်လုပ်တော်မူကြောင်းကိုပြသည်။

Fire Shows Us How God Works

သိပ္ပံပညာရှင်များသည် မီးနှင့် ၄င်း၏အသုံးဝင်ပုံကို နှစ်ပေါင်းများစွာ လေ့လာလျက် ရှိကြသည်။ ကုန်ထုတ်လုပ်ငန်း တိုးတက်မှုသည် လူသားတို့ ထုတ်လုပ်ထိန်းချုပ်နိုင်သော မီးပမာဏ၊ အမျိုးအစားတို့နှင့် တခါတရံ ဆက်နွယ်နေတတ်သည်။ လူသားတို့ကို အထူး သဖြင့် အကျိုးခံစားရရှိစေသော မီး၏အကျိုးကျေးဇူး (၃)ပါးကိုစဉ်းစားဖို့ သင်တို့ကို ဖိတ် ခေါ်ပါသည်။ | ပထမအချက်ကား ဖြာထွက်သော အပူဖြစ်သည်။

ရုပ်လောက ကမ္ဘာတွင် နေမှကျွန်ုပ်တို့ထံသို့ လာသောအပူမရှိလျှင် အရာခပ်သိမ်းသည် ဖရိုဖရဲ၊ ပရမ်းပတာ ဖြစ်ကုန်ပေလိမ့်မည်။ အနွေးဓာတ် မရှိလျှင် အသက်ရှိမည်မဟုတ်ပါ။ ထိုအနွေးဓာတ်သည် အေးစက်၊ မှောင်မဲ၊ စိမ်းကားသည့် ကမ္ဘာကြီးအပေါ် ဘုရားသခင် အပ်နှင်းတော်မူသည့် ဝိညာဉ်ရေးနှင့်ဆိုင်သော နွေးထွေးမှုကို ပုံဆောင်ပါသည်။

ပရောဖက်မာလခိသည် ဤကြီးမြတ်သော အမှန်တရား၏ အရှိန်ဩဇာကို ခံစားသိ ရှိသဖြင့် ခရစ်တော် ကြွလာတော်မူမည့် အကြောင်းကို “ငါ၏နာမတော်ကို ကြောက်ရွံ့သော သင်တို့၌ကား တရားတော်နေမင်းသည် အနာပျောက်စေသော အတောင်တို့နှင့်ပေါ်ထွန်း တော်မူမည်။” ဟု ပြောခဲ့ပါသည်။ (မာလ၄း၂) လူသားများထံသို့ ဘုရားသခင်၏ နွေးထွေးသောမေတ္တာအား ဆောင်ကြဉ်းခဲ့သူမှာခရစ် တော်ဖြစ်သည်။ လူယောက်ျား၊ လူမိန်းမတို့သည် ထာဝရဘုရားသခင်ကို ဖန်ဆင်းသော ဘုရား၊ သန့်ရှင်းဖြောင့်မတ်သော ဘုရားအဖြစ် နှစ်ပေါင်း ထောင်ပေါင်းများစွာယုံကြည် ခဲ့ကြသည်။ ဓမ္မဟောင်းကျမ်းတွင် ဘုရားသခင်၏ နွေးထွေးမှု၊ ချစ်ခြင်းမေတ္တာနှင့် သနားစာ နာမှုတို့ကို ရှင်းလင်းစွာ မဖော်ပြပါပေ။ သခင်ယေရှုက ထာဝရဘုရားသခင်သည်ချစ်ခြင်း မေတ္တာ၊ နွေးထွေးမှုရှိသော ဘုရားဖြစ်ကြောင်း အလေးထား ဖော်ပြတော်မူခဲ့သည်။ ဘုရား သခင်၏ ချစ်ခြင်းမေတ္တာနှင့် ကျေးဇူးတော်မီး၏ စစ်မှန်သောရုပ်ပုံကားချပ်ကို သခင်ယေရှု၌ မြင်ကြရပါသည်။သခင်ယေရှု ရှင်ပြန်ထမြောက်ပြီးနောက် ဧမောက်လမ်းပေါ်၌ လျှောက်သွားခဲ့သူတ

ပည့်တော်နှစ်ဦးက “လမ်းခရီး၌ ငါတို့နှင့် ဟောပြော၍ ကျမ်းစာအနက်ကို ဖွင့်ပြတော် မူသောအခါ ငါတို့စိတ်နှလုံးသည် ယိုဖိတ်မတတ် ဖြစ်သည်မဟုတ်လော” ဟု ပြောကြသည်။ (လု၂၄း၃၂)

ကောင်းကင်၌ စွဲနေသော မီးဖြစ်တော်မူသည့် ဘုရားသခင်သည် ၄င်း၏ အနွေးဓာတ်ကို လူသားများထံသို့ တိုက်ရိုက် ဆောင်ယူတော် မူခဲ့ပါသည်။ ဝိညာဉ်ရေးနှင့် ဆိုင်သောအပူကိုဖြောင့်မတ်တော်မူသော သားတော်အားဖြင့် ထုတ်လုပ်ခဲ့ပါသည်။ ထိုသားတော်သည် အနာပျောက်စေသော အတောင်တော်များနှင့် ထမြောက်တော်မူခဲ့ပြီးဖြစ်သည်။

အပြစ်သည် အေးစက်သည်၊ အပိုင်ကြံတတ်သည်၊ ရက်စက်သည်။ သို့သော်လည်း ခရစ်တော်မှတဆင့် ရယူနိုင်သည့် ဖြောင့်မတ်ခြင်းသည် နွေးထွေးသည်၊ နားလည်မှုရှိသည်။ သနားစာနာမှုရှိသည်။ ဤလောကသို့ ကြွလာသည့် သခင်ယေရှု၏ အထူးတာဝန်မှာ ဘုရား သခင်၏နွေးထွေးသော ဤမေတ္တာကိုသယ်ဆောင်လာသူ” ဖြစ်စေဖို့ဖြစ်သည်။ (လု၁၂း၄၉) ၌ သခင်ယေရှုမိန့်တော်မူသည်မှာ” မြေပေါ်၌ မီးလောင်စေခြင်းငှါ၊ ငါလာသတည်း။” ဟု ဖြစ်သည်။

 

ကျွန်ုပ်တို့၏စိတ်ဝိညာဉ်ကို သခင်ယေရှုတစ်ပါးတည်းသာ စစ်မှန်စွာ နွေးထွေးစေနိုင်သည်။

Only Jesus Can Truly Warm Our Soul

သခင်ယေရှုသည် ဤလောက၌ နေထိုင်စဉ်အခါက ဘုရားသခင်နှင့်ဆိုင်သော ဤမီးကိုတစ်ဦးတည်းပိုင်ဆိုင်သူ ဖြစ်တော်မူခဲ့ပါသည်။ ဘုရားသခင်၏ အနွေးဓာတ်ဖြစ်တော်မူသော မီးကို မိမိကိုယ်၌သရုပ်ဖော်ထင်ဟပ်စေလျက် လူသားအားလုံးတို့ကို မိမိတို့ထံသို့ ဆွဲခေါ်တော်မူခဲ့ပါသည်။ ခိုက်ခိုက်တုန်ချမ်းနေသော လူများကို တောက်လောင်နေသော မီးကျီခဲ များသည် ဆွဲဆောင်မှုရှိသကဲ့သို့ စာနာမှု၊ ချစ်ခြင်းမေတ္တာနှင့် အပေါင်းအဖော်ကို ဆာ မွတ်သည့် မြောက်များစွာသောလူတို့သည် ကိုယ်တော့်ကို စိတ်ဝင်စားကြသည်။

ပင်တေကုတ္တေပွဲနေ့ မတိုင်မီက၊ ဘုရားသခင်သည် ယနေ့ကဲ့သို့ လူတို့၏အထဲ၌မကိန်း ဝပ်ပါး ဆောင်ရွက်စရာ အထူးကိစ္စရှိမှသာ လူသားတို့ထံ လာလေ့ရှိသည်။ သို့သော်လည်း ဝိညာဉ်တော် အားဖြင့် လူယောက်ျား၊ လူမိန်းမတို့ အထဲ၌ ကိန်းဝပ်သော ဘုရားသခင်သည် ပင်တေကုတ္တေနေ့တွင် အသစ်အဆန်းတစ်ခုဖြစ်ခဲ့သည်။ ခရစ်တော်သည် နောက် ထပ် နှစ်သိမ့်ပေးမည့်သူကို သန့်ရှင်းသောဝိညာဉ်တော်အသွင်ဖြင့် စေလွှတ်မည်ဖြစ်ကြောင်း နောက်တော်လိုက်များအား ကတိပေးတော်မူခဲ့ပါသည်။

ကိုယ်တော်၏ ကတိတော်ကို ယုံကြည်ကိုးစားသော လူအုပ်စုငယ်သည် အထက်ခန်းမ၌ ဆုတောင်းရင်း၊ အသနားခံရင်း၊ မျှော်လင့်ရင်း စုဝေးခဲ့ကြသည်။ ရုတ်တရက် ကောင်းကင်မှ အင်အားကြီးသောလေ တဟုန်ထိုး ပေါ်ထွက်လာသည် အသံတစ်သံ ဖြစ်ပေါ်လေသည်။ ထိုလေသည် ၄င်းတို့ ထိုင်လျက် ရှိသော အိမ်တစ်အိမ်လုံး ပြည့်နှက်သွားပြီး မီးသဏ္ဌာန်ကွဲ သို့ ဖြစ်ပေါ်ကာ ၄င်းတို့အားလုံး သန့်ရှင်းသောဝိညာဉ်တော် နှင့် ပြည့်သွားကြသည်။

ထို့ကြောင့် သန့်ရှင်းသော ဝိညာဉ်တော်ဘုရားသည် သခင်ယေရှု၏က္ခတိတော် မြတ်အတိုင်း ကိုယ်တော့်နောက်လိုက်များ၏ အထဲ၌ ဝင်ရောက်ကိန်းဝပ်တော်မူပါသည်။ မီးဖြစ်တော်မူသော ဘုရားသခင်ကို သီအိုရီအဖြစ် ချင့်ချိန်စဉ်းစားစရာ မလိုတော့ပါ။ မျက်စိ နှင့်မြင်စရာ မလိုတော့ပါ။ မိမိကိုယ်တိုင် လက်တွေ့၊ တွေ့ထိ ခံစား ရမည့် အတွေ့အကြုံဖြစ် သည်။ “ ကျွန်ုပ်၏အထက်၌ရှိသောဘုရား” “ကျွန်ုပ်တို့နှင့်အတူရှိသောဘုရား”မဟုတ် တော့ပါ။ “ကျွန်ုပ်တို့၏အထဲ၌ရှိသောဘုရား” ဖြစ်တော်မူပါသည်။

 

မီးကိုကျလာစေတော်မူပါ။

Let the Fire Fall

ပထမဦးဆုံးသော ပင်တေကုတ္တေပွဲနေ့အဖြစ်မှန်မှ လွင့်မျောသွားမည်ကို ကျွန်ုပ်စိုးရိမ် ပါသည်။ ယခုခေတ် ခေတ်ပေါ် တပည့်တော်ပေါင်း မြောက်များစွာသည် ပထမဆုံးသော ပင်တေကုတ္တေဖြစ်ရပ်ကို ကနဦးတပည့်တော်များနှင့် ချန်ရစ်ထားခဲ့ကြသည်။ မည်သို့ ဆိုစေကာမူ မီးဖြစ်တော်မူသောဘုရားသည် ယနေ့တွင်လည်း အစစ်အမှန်ဖြစ်သည်။ သန့် ရှင်းသောဝိညာဉ်တော်ကို ယခင်ကကဲ့သို့ လိုအပ်နေဆဲဖြစ်သည်။ ယနေ့ခေတ်၌ ဘုရားသခင်၏ ကြွယ်ဝပြည့်စုံမှုသည် ယခင်ကာလက အတိုင်းဖြစ်တော်မူပါသည်။

ကြီးမားသော တောင်ကြီးတစ်လုံးရှိပါသည်။ ထိုတောင်ပေါ်တွင် မီးတံခွန်” ပွဲ(Fire Fall) ကို ညတိုင်းကျင်းပရန်၊ လူများကို စည်းရုံးလေ့ရှိသည်။ ကျောက်ဆောင်တစ်ခုပေါ်၌ ကြီးမားသော မီးဖိုကိုဖိုထားသည်။ ထိုနေရာသည် ပွဲကြည့်သူများ စုဝေးကြသည့် မြေနိမ့်လွင် ပြင်၏ အထက်၌ရှိသည်။ မီးပုံကြီးသည် မီးစတင်လောင်ကျွမ်းပြီး အရှိန်အထွတ်အထိပ် သို့ရောက်သောအခါ ဇာတ်ဟန်ပါသည့် အသံတစ်သံသည် ကြည်လင်သောည၏ လေထုကို ထိုးဖောက်ဝင်ရောက်ကာ”မီးများကိုကျစေ” ဟူ၍၊ အော်ပြောပါသည်။ ထိုအခိုက်တွင် နှမ်း ဖတ်ကျောက်တောင်ပေါ်မှ မီးကျီမီးခဲစများသည် လင်းထိန်စွာဖြင့် ရေတံခွန်သဖွယ် ဖြာဆင်း ကျလာသည်။ လာရောက် ကြည့်ရှုကြသူအဖို့ မမေ့နိုင်စရာ မြင်ကွင်းဖြစ်သည်။

အဆိုးကိုသာ မြင်တတ်သောခေတ်ကာလ၊ အေးစက်ဖော်ရွေမှုကင်းကာ၊ သံသယများ သောဤခေတ်ကာလ၌ ဤကမ္ဘာပေါ်တွင် ဘုရားသခင်၏မီးနှင့် နွေးထွေးမှုကွယ်ပျောက် နေသည်ကား ပေါ်လွင်ထင်ရှားလှသည်။ ဤကာလ၌ ကျွန်ုပ်၏ နှလုံးသည် “ကောင်းကင်မှ မီး၊ ကျလာစေပါ” ဟု ဟစ်ကြွေးမိပါသည်။ အသင်းသား အယောက်တိုင်းလောက်နီးနီး ဘုရားကျောင်းကို လူမှုရေးတာဝန်အရသွားနေကြသည့် အချိန်၌ နိုးထမှုဖြစ်စေရန် သိပ်မဖြစ်နိုင်သည့်ကာလ၌ ဘုရားသခင်ထံ ” ကျွန်ုပ် အနူးအညွတ်တောင်းခံသည့် ဆုတောင်းချက်ကား၊ “ကောင်းကင်ကမီးကျလာစေ ပါ”ဟူ၍ဖြစ်သည်။

ကြောက်ရွံ့မှုကြောင့် လူယောက်ျား၊ လူမိန်းမတို့၏ စိတ်နှလုံးသည် ၄င်းတို့ကို ဆုံးရှုံးနေရ သည့်ခေတ်ကာလ၌၄င်း ကမ္ဘာ့ပြဿနာကြီးများသည် ကျွန်ုပ်တို့၏ သံတမန်ကြီးများ၏ အတွေးကို ဒယီးဒယိုင် ယိမ်းထိုးနေစေသည့် ခေတ်ကာလ၌၄င်း ဘုရားသခင်ကို ယုံကြည်၍ ချစ်သောခရစ်ယာန်တိုင်း၏ ဆုတောင်းချက်ကား”အို အဘဘုရားသခင် ကောင်းကင်မှမီး၊ ကျစေတော်မူပါ” ဟူ၍ ဖြစ်သင့်ပါသည်။

လူများ၏ဝင်ငွေ အလွန်နည်းပါးခဲ့သောအချိန်ကို ကမ္ဘာကြီးကသိနေပါသည်။ သမိုင်း တွင် ယခုခေတ်ကာလလောက် စည်ပင်ဝပြောမှုမရှိသော ကာလများရှိဘူးပါသည်။ သို့ရာ တွင် ကမ္ဘာကြီးသည် ယနေ့ကျွန်ုပ်တို့ ရင်ဆိုင်နေရသည့် ပြဿနာများထက်၊ သာ၍ စိုးရိမ်ဖွယ်ကောင်းသော ပြဿနာကြီးများကို တစ်နာရီခန့်မျှပင် မသိခဲ့ဘူးပေ။ ကျွန်ုပ်တို့၏ အသက်တာထဲ၌ ဘုရားသခင်ရှိတော်မူခြင်းကို သေရေးရှင်ရေးတမျှ လိုအပ်ခဲ့သည့် အချိန် မျိုးသမိုင်း၌တစ်နာရီခန့်မျှပင် မရှိခဲ့ဘူးပေ။ နိုင်ငံတကာ၌ အကြမ်းဖက်မှုများ ပျံ့နှံ့နေခြင်း၊ ရာဇဝတ်မှု၊ ပြစ်မှုများ၊ ဆက်တိုက် တိုးပွားနေခြင်း၊ လူတို့၏စိတ်ဓာတ်သည် ရှုထောင့်တိုင်း၌ ယိုယွင်းနေခြင်း၊ ဘုရားရှင်အား ဝတ်ပြုကိုးကွယ်ရာပလ္လင်၌ ယုံကြည်ခြင်းမီးစမှိန်မှိန်သာရှိခြင်းတို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ လူများအဖြစ်ဖြင့် တစ်သံတည်းနှင့် “ကောင်း ကင်မှမီး၊ ကျစေတော်မူပါ” ဟု ဟစ်ကြော်ဖို့ လိုအပ်ပါသည်။

ဒုတိယအချက်ကား၊ မီးသည် မိမိပူစေသော အရာဝတ္ထုများ၏ ပေါင်းစပ်ဖွဲ့စည်းပုံကို ပြောင်းလဲစေနိုင်သည်။ ဓာတုပြောင်းလဲမှုကို ဖြစ်ပေါ်စေနိုင်သည်။ သစ်သားကို ပြာဖြစ်စေပြီး သံမဏိကို စစ်ဆေးနိုင်သည်။ ၄င်းနှင့်ထိတွေ့သော အရာဝတ္တု၏အရောင်နှင့် ပုံသဏ္ဌာန်ကို ပြောင်းလဲစေပါသည်။

နေ၏ အလွန်ပြင်းထန်သော မီးမှထုတ်လွှတ်လိုက်သည့် နေရောင်ခြည်များသည် အစေ့ များကို အပင်များအဖြစ်သို့၎င်း၊ အဖူးကိုအပွင့်အဖြစ်သို့၄င်း၊ မြက်ကိုကောက်ရိုးအဖြစ်သို့၄င်း ပုံသဏ္ဌာန် ပြောင်းလဲစေသည်။ ပြောင်းလဲမှုနည်းစဉ် အဆင့်ဆင့်ဖြင့် အသုံးမဝင်သော အရာများသည် အသုံးဝင်လာခဲ့ကြသည်။

မီး၏ဤအကျိုးကျေးဇူးကား ဝိညာဉ်ရေးရာ၌ သာ၍ တန်ခိုးကြီးတော်မူသော အရာ များကိုပြုနိုင်သည့် ဘုရားသခင် တတ်နိုင်စွမ်း၏ သင်္ကေတဖြစ်သည်။

 

သင့်ကိုထိတွေ့သောအခါ၊ သင်သည်ထာဝရ ပြောင်းလဲသွားလိမ့်မည်။

When It Touches You, You Will Change Forever

လူတစ်ယောက်သည်၊ ဘုရားသခင်နှင့်ထိတွေ့သောအခါ၊ ယခင်နှင့်မတူနိုင်တော့ပါ။ ဤမီးသည် ၄င်းကို ဆွဲလျှင်ဆွဲမည်၊ သို့မဟုတ် မောင်းလျှင်မောင်းမည်၊ ကယ်လျှင် ကွယ်မည်၊သို့မဟုတ် ဖျက်ဆီးမည်၊ ကူညီလျှင် ကူညီမည်၊ သို့မဟုတ် ဟန့်တားမည်။ လက်ခံ၍ အကျိုး – ရှိရှိ အသုံးပြုသော် ကောင်းကြီးမင်္ဂလာ ဖြစ်ပေမည်။ ငြင်းပယ်ခဲ့သော် ကျိန်ခြင်းအမင်္ဂလာ ဖြစ်ပေမည်။ သေခါနီးဆဲဆဲ သူခိုးဓါးပြသည် ကယ်တင်ရှင်၏ နွေးထွေးသော မေတ္တာထံ သို့ဆွဲခေါ်ခံရသောအခါ တုန့်ပြန်ခဲ့သောကြောင့် ကယ်တင်ခံခဲ့ရသည်။ အခြားသေအံ့ဆဲဆဲ သူခိုးဓါးပြမှာမူ၊ ခရစ်တော်၏ မေတ္တာနှင့် ကရုဏာကို ငြင်းပယ်သောကြောင့် ဆုံးရှုံးခဲ့ရ သည်။

ဘုရားသခင်၏ တန်ခိုးတော်မီးသည် အားနည်းသူများကို ခွန်အားရှိစေသည်။ ဆိုးယုတ် သောသူများကို သန့်ရှင်းစေသည်။ သုံးမရသောသူများကို အကျိုးရှိသောသူ ဖြစ်စေသည်။ အပြစ်ရှိသော သူများကို အပြစ်ကင်းသောသူ ဖြစ်စေသည်။

ဤသည်ကို စိတ်ထဲ၌ စွဲမှတ်လျက်၊ ယေဇကျေလက“စိတ်နှလုံးသစ်ကို ငါပေးမည်။ သဘောသစ်ကို သွင်းထားမည်။ သင်တို့ကိုယ်ခန္ဓာထဲက ကျောက်နှလုံးကိုနုတ်၍၊ အသား နှလုံးကိုပေးမည်။” (ယေဇ၃၆း၂၆)

ရှိမုန်ပေတရု၏ အတွင်း၌ဖြစ်သော ပုံသဏ္ဌာန်ပြောင်းလဲမှုကို ကြည့်ပါ။ ပင်တေကုတ္တေ ပွဲနေ့မတိုင်မီက ၄င်းသည် အလွန်ခွန်အား နည်းသူဖြစ်သည်။အခြေအနေမှန်နှင့် ဆန့်ကျင် စွာဝါကြွား ပြောဆိုသော်လည်း ခရစ်တော်ကိုမသိပါဟု ကျိန်တွယ်၍ ငြင်းဆိုခဲ့သည်။ လူ အုပ်ကြီးသည် ၄င်းကို ငြိမ်ကျသွားအောင် လုပ်ခဲ့သည်။ မိန်းမပျိုလေးသည် ၄င်းကို အရှက်ရ စေခဲ့သည်။ ခရစ်တော်၏ ရန်သူများ ၄င်း၏နေရာကို ယူခဲ့ကြသည်။

မီးဖြင့်ဗတ္တိဇံ ပေးပြီးနောက်၊ ၄င်းကိုကြည့်ပါ။ သခင်ယေရှုကို ကားတိုင်တင်သတ်ခဲ့ ကြသော လူအုပ်ကြီး အရှေ့၌၊ ရဲဝံ့စွာရပ်ကာ ၄င်းတို့၏ မျက်နှာများကို စေ့စေ့ကြည့်လျက် မကြောက်ဘဲ ပြောသည်မှာ“ထို့ကြောင့် သင်တို့သည်၊ လက်ဝါးကပ်တိုင်မှာ ကွပ်မျက်သောယေရှုကို၊ ဘုရားသခင် သည် ခရစ်တော်အရာ၌၄င်း၊ အစိုးရသော အရှင်အရာ၌၄င်း၊ ခန့် ထားတော်မူသည်အကြောင်းကို ဣသရေလ အမျိုးသားအပေါင်းတို့ အတပ်အမှန် သိမှတ် ကြလော့ ။” (တမန် ၂း၃၆)

ခွန်အားနည်းသော ပေတရုမှ၊ ခိုင်မာသောကျောက် ပေတရု အဖြစ်သို့ ပုံသဏ္ဌာန် ၀ ပြောင်းလဲခံခဲ့ရသည်။ လူများကိုသတ်သော ရှောလုအဖြစ်မှ၊ သာသနာပြုပေါလု အဖြစ်သို့ပြောင်းလဲသွားသည်။ တပည့်တော်များ အားလုံးသည် သာမန်လူများအဖြစ်မှ၊ ဘုရားသခင်အတွက် သတ္တိရှိတက်ကြွသူများ ဖြစ်ခဲ့ကြသည်။ ၄င်းတို့၏ယုံကြည်ချက်နှင့် စိတ်အားမာန် သည် အကြီးအကျယ် လောင်ကျွမ်းသောမီးကိုဖြစ်စေပြီး အီဂျစ်၊ အာဖရိကမြောက်ပိုင်း၊အာရှ၊ ဥရောပနှင့် ကမ္ဘာလောကကြီးသည် မိမိတို့ ကိုယ်ကို ဆက်ကပ်ကာ “ဘုရားသခင်၏ မီးတောက်” နှင့် ထိတွေ့ခဲ့ကြသော ဤအမျိုးသား၊ အမျိုးသမီးအဖွဲ့ငယ်လေး၏ အင်အား ကြီးလှသောအကျိုးသက်ရောက်မှုနှင့် ဩဇာလွှမ်းမိုးမှုကို ခံစားနေရဆဲဖြစ်သည်။

သံရိုင်းတစ်တောင့်ကို ပေါင်ငွေအနည်းငယ်ဖြင့် ဝယ်ယူနိုင်ကောင်း ဝယ်ယူနိုင်မည်ဖြစ် သည်။ သို့ရာတွင် ထိုသံရိုင်းတောင့်ကို မီးထဲသို့ပစ်ချပြီး အဆင့်ဆင့်ပြုပြင်၊ စီမံ၊ ထုတ်လုပ်သောအခါ၊ ၄င်းကို မီးနှင့်စစ်ဆေးပြီး၊ ပုံသွင်းထုနှက်၍ တန်ဖိုးကြီးသော နာရီများတွင်ထည့် သွင်းအသုံးပြုရန်အတွက်၊ အလွန်သေးငယ်သော အပိုင်းအစများအဖြစ် ပြုလုပ်သောအခါ ဒေါ်လာထောင်ပေါင်းများစွာ ထိုက်တန်သွားသည်။ မီးနှင့်လက်မှုပညာသည် ဆရာကြီးများ ၏ကျွမ်းကျင်သော လက်ကလေးများသည် ထူးခြားပြောင်းလဲမှုကို ပြုလုပ်ပေးသည်။ ပစ္စည်း၏တန်ဖိုးကို မြှင့်တင်ပေးသည်။

နေ၏အပူနှင့် အလင်းသည် အပင်လောကကို တစ်ရက်တည်း၌ပင် ထောင်ပေါင်းများ စွာသော မယုံနိုင်ဖွယ် အပြောင်းအလဲ ဖြစ်စေသကဲ့သို့၊ ဘုရားသခင်သည် ဝိညာဉ်တော်၏ သန့်စင်စေသော မီးအားဖြင့် ဝိညာဉ်ရေးရာ လောက၌ ထောင်ပေါင်းများစွာသော နိမိတ် လက္ခဏာများကို ပြုတော်မူလျက်ရှိပါသည်။ ကိုယ်တော်ရှင်၏ အင်အားပြန်လည်ပြည့်ဝစေသောတန်ခိုးသည် ဤလောကတွင် အစဉ်အမြဲ အလုပ်လုပ်တော်မူလျက် ရှိပါသည်။ ပင်ပန်း၍ အင်အားကုန်ခန်းနေသော အသက်တာများကို ဝိညာဉ်တော်အားဖြင့် ပြောင်းလဲ စေပြီး၊ ခွန်အားပြည့်ဝ တက်ကြွသော အမျိုးသား၊ အမျိုးသမီးများ ဖြစ်စေတော်မူသည်။ မျိုးတူ လူသားများကို ကယ်တင်ဖို့အတွက် ထိုသူတို့ကို ရည်စူးထားတော်မူသည်။

 

အခြားသူများအတွက် ကိုယ်တော်ပြုခဲ့သည့်အရာကို သင့်အတွက်လည်း ပြုတော်မူပါ

What He Has Done For Others, You Will Do For You

ခရစ်တော်သည် အခြားသူများကို ပြုခဲ့သောအရာများကို သင့်အတွက်လည်း ပြုနိုင် တော်မူပါသည်။ လူတို့၏ပုံသဏ္ဌာန်ကို ပြောင်းလဲစေခဲ့သော ထိုမီးတောက်သည် သင့်အ သက်တာကိုလည်းတို့ထိကာ၊ ဘုရားသခင်၏ သားသမီးအဖြစ်သို့ ပြောင်းလဲစေနိုင်တော်မူ ပါသည်။ သင့်မျက်နှာပေါ်၌ တောက်ပရွှန်းစိုသော အလင်း၊ သင့်ခြေလှမ်း၌ သွက်လက်ပေါ့ ပါးမှု၊ သင့်စိတ်၌ပီတိကို ကိုယ်တော် ထည့်ပေးနိုင်တော်မူသည်။

မီး၏အကျိုးကျေးဇူးကား မြင်နိုင်သောအလင်း ဖြစ်ပေါ်စေမှုဖြစ်သည်။

“ထိုနှုတ်ကပတ်တော်ထံ၌ ငါတို့သည်ကြားရ၍ သင်တို့အားပြသသော တရားစကား ဟူမူကား၊ ဘုရားသခင်သည် အလင်းဖြစ်တော်မူ၏။ ဘုရားသခင်၌ မှောင်မိုက်အလျင်းမရှိ” ( ၁ယော၁း၅) မီး၏ဤအကျိုးကျေးဇူးသည် ကျွန်ုပ်တို့အသက်တာ၌ ဘုရားသခင်၏ ဝိညာဉ်တော်ရှိတော်မူခြင်းကို ကျွန်ုပ်တို့အား သတိပေးပါသည်။ ထိုဝိညာဉ်တော်သည် ဘုရားသခင်နှင့် ဆိုင်သော အလင်းနှင့်ဝိညာဉ်ရေးရာ အလင်းကိုထွက်ပြေ စေသည်။

ပင်တေကုတ္တေနေ့၌ တပည့်တော်များသည် “မီး” ဖြင့် ဗတ္တိဇံခံရသောအခါ၊ ၄င်းတို့၏ အသိဉာဏ်ထက်မြက်လာသည်။ နားလည်မှုစွမ်းရည် မြန်လာသည်။ ၄င်းတို့၏ သဘော ပေါက်နားလည်နိုင်စွမ်းလည်း ပြောင်းလဲသွားခဲ့သည်။ ထိုအတွေ့အကြုံကို ခံစားခဲ့ရသည့် တံငါသည်၊ အခွန်ခံ၊ ပြောပလောက်စရာမရှိသောယောက်ျား၊ မိန်းမစသည့် လူအုပ်ထဲ၌ သမိုင်းကြောင်းကို ပြောင်းလဲစေသူများ၊ ကမ္ဘာ့အကောင်းမြတ်ဆုံး စာပေကို ရေးသားသူ တချို့ “အသက်ရှင်တော်မူသော ထာဝရဘုရားသခင်၏ အသင်းတော်” တည်းဟူသော အကြီးဆုံးအဖွဲ့အစည်းကို တည်ထောင်မည့်သူများရှိမည်ဟု မည်သူကမှ ခန့်မှန်းမိခဲ့ကြလိမ့် မဟုတ်ပေ။

ပဋိညာဉ်တရားသစ် များစွာနှင့်ဖွဲ့စည်းထားပြီး လူတို့ကို လှုံ့ဆော်သည့် ၄င်းတို့၏ အရေး အသားသည် ယနေ့ထက်တိုင် ယုံကြည်အားကြီးသူ ခရစ်ယာန်များအတွက် နှစ်သိမ့်မှုနှင့် လှုံ့ဆော်အားပေးမှု ဖြစ်သည်။ ယခုခေတ်စာရေးဆရာများ၊ နိုင်ငံရေးသမားများနှင့်သံတမန် ကြီးများသည်၊ ၄င်းတို့၏ အရေးအသား၊ အပြောအဟောများကို ထက်သန်မှုဖြင့် အစပျိုးရန်အတွက် ထိုအရေးအသားများကို ကိုးကားကြသည်။ ၄င်းတို့၌ ကိုယ်ပိုင်“အလင်း” မရှိကြောင်း ကျွန်ုပ်တို့သိကြပါသည်။ သို့ရာတွင် ၄င်းတို့၌ သန့်ရှင်းသောဝိညာဉ်တော် နှင့် ပြည့်နေသည့်အခါ ဘုရားသခင်၏တန်ခိုးတော်အားဖြင့် ထိုအလင်းကို ပိုင်ဆိုင်လာကြသည်။ အမှောင်ထဲ၌ မြင်ရသည့်၄င်းတို့၏ ဝိညာဉ်နှင့် စိတ်အလင်းသည် ၄င်းတို့ကြိုးစားကျင့်ယူ၍ ရသည့်အရာမဟုတ်ဘဲ၊ ဘုရားသခင် ပေး၍သာရခြင်းဖြစ်သည်။

တပည့်တော်တို့သည် ၄င်းတို့သိသည်ထက် ပို၍ရေးကြသည်။ ဟောပြောကြသည်။ ဤသည်ကား ဗျာဒိတ်တော် ဖော်ပြခံရခြင်းကြောင့် ဖြစ်သည်။ ဝိညာဉ်တော်၏လှုံဆော်မှု တစ်ရပ်အောက်၌ စာသင်နေသည်ဟူသောအသိစိတ်ဖြင့် မသိမချင်း၊ မခံစားရမချင်း၊ ဆရာ၊ ဆရာမ တစ်ဦးသည် အမှန်တကယ် စာမသင်သေးပါ။ ဝိညာဉ်တော်၏စေ့ဆော် မှုအောက်၌ တရားဟောသည်ဟု မသိမချင်း၊ မခံစားမချင်း၊ တရားဟောဆရာတစ်ဦးသည် “အမှန်တကယ် တရား မဟောသေးပါ။ ခရစ်ယာန်သက်သေခံတစ်ဦး၏သက်သေခံချက် yသည် ဗျာဒိတ်တော်၏စေ့ဆော်မှုဖြင့် မတောက်လောင်မချင်း အမှန်တကယ် သက်သေ မခံသေးပါ။

 

ဤသည်ကား တိုးတက်မှုလော

It this progress?

ခရစ်ယာန် ထောင်ပေါင်းများစွာရှိပါလျက်နှင့်၊ ကျွန်ုပ်တို့ တိုင်းပြည်များမှ နဂိုကဲ့သို့သော နိုးထမှုများ ပျောက်ကွယ်သွားပြီ ဖြစ်သောကြောင့် ကြေကွဲဝမ်းနည်းရပါသည်။ လွန်ခဲ့သော နှစ်အနည်းငယ်က အထင်ကရ သတင်းစာတစ်စောင်သည် မျက်နှာဖုံးတွင် အစင်းအား ဖြင့် ဂျက်လေယာဉ်တစ်စီးပုံ ဆွဲထားသည်။ ထိုလေယာဉ်ပျံ၏အောက်၌ အိပဲ့အိပဲ့ဖြင့် သွားနေသည့် ရေလိပ်တစ်ကောင်ပုံဆွဲထားသည်။ ထိုရေလိပ်ပေါ်၌ ထိုးထားသည့်စာတမ်းမှာ “ကျွန်ုပ်တို့စာရိတ္တဖြစ်ထွန်းတိုးတက်မှု” ဟုဖြစ်သည်။ ဂျက်လေယာဉ်ပေါ်မှ စာတမ်းမှာ “ကျွန်ုပ်တို့၏ သိပ္ပံပညာနှင့်ဆိုင်သောတိုးတက်မှု” ဖြစ်သည်။

ကျွန်ုပ်တို့၏ စာရိတ္တဖြစ်ထွန်းတိုးတက်မှုသည် သိပ္ပံပညာနှင့်ဆိုင်သော တိုးတက်မှု နောက်ကို လိုက်မမီခြင်းမှာ တိုင်းပြည်များစွာတွင် အကောင်းဆုံးတိုးတက်မှု ဖြစ်စေမည့်နည်း များထဲမှ တစ်ခုဖြစ်သည့် ဘာသာရေးနိုးထမှုကို ငြင်းပယ်ခဲ့သောကြောင့် ဖြစ်သည်။

ဝမ်းမြောက်ဖွယ် ဧဝံဂေလိသတင်းကို ဟောပြောခြင်းကြောင့် ရရှိသော ဝမ်းမြောက်မှုများ စွာထဲမှတစ်ခုမှာ ဘုရားသခင်၏တန်ခိုးတော်ကို ကိုယ်တိုင်ခံစားရခြင်းဖြစ်သည်။ဘုရား သခင်၏ သန့်ရှင်းသောဝိညာဉ်တော်သည် သင့်အထဲ၌သော်လည်းကောင်း၊ သင့်အားဖြင့် သော်လည်းကောင်း၊ အလုပ်လုပ်လျက်ရှိသည်ကို အသိစိတ်၌ သိနေခြင်းဖြစ်သည်။ ဘုရား

သခင်၏တန်ခိုးတော်သည် အနီးကပ်ကူးစက်တတ်သည့် သဘာဝရှိပြီး၊ မိမိပရိသတ်ဆီသို့စီး ဆင်းသွားလေ့ရှိပါသည်။ လူများကို ဘုရားသခင်ထံသို့ အင်နှင့်အားနှင့် ဆွဲယူတော်မူပါသည်။ မျက်မှောက်ခေတ်၌ ခိုင်ခိုင်မာမာရှိသော သက်သေမှာ ဘုရားသခင်သည်မပြောင်းလဲသေးပါ ဟူ၍ဖြစ်သည်။

 

သင်သာလျှင် ဖွင့်ပေးနိုင်သည်။

Only You Can Open It

(The Light of the Word) “လောက၏အလင်း” တည်းဟူ‌သော Holman Hunt ၏အကောင်းဆုံး လက်ရာပန်းချီကားတွင်၊ သခင်ခရစ်တော်ကို ပုံဖော်ရာ၌ ကိုယ်တော့် လက်တော်တစ်ဖက်တွင် မီးထွန်းထားသည့်မီးအိမ်ကို ကိုင်ထားပြီး၊ စပျစ်နွယ်ပင်နှင့် ဖုံးနေသောတစ်ထပ်တိုက်ပုလေး၏ တံခါးကို ခေါက်နေသည်။ သို့ရာတွင် ဤပန်းချီကားကို ဒုတိယအကြိမ်ထပ်ကြည့်သော် မြက်ပင်ပေါင်းပင်များ၊ အဝင်တံခါးရှေ့၌ပိတ်လျက်ပေါက် နေသည်ကိုလည်းကောင်း၊ တံခါးမင်းတုံးကို အတွင်းဖက်မှသာ ဖွင့်နိုင်သည်ကိုလည်းကောင်း မြင်ရမည်။

ယခုခေတ်ကာလများ၌ ကျွန်ုပ်တို့၏အသက်တာသည်လည်း“The Light of the World”မှ၊ တိုက်ပုလေး၏ တံခါးပေါက်နှင့် တူနေပါသည်။ ဇိမ်ခံခြင်း၊ အပြစ်ဒုစရိုက်၊တစ်) ကိုယ်ကောင်းဆန်ခြင်း ဟူသောပေါင်းပင်များနှင့် ပိတ်နေပါသည်။ သို့သော်လည်းခရစ်တော် သည်စိတ်ရှည်စွာ၊ ဖြည်းညှင်းစွာ၊ သစ္စာရှိစွာဖြင့် တံခါးကိုဆက်၍ ခေါက်နေပါသည်။ လက်တော်တွင်“ကိုယ်တော်ရှိနေခြင်း” တည်းဟူသော မီးအိမ်ကိုကိုင်ထားပါသည်။ သင်၏မှောင် မိုက်သောဝိညာဉ်ကို အလင်းရောင်ထွန်းလင်းပေးမည့် ကောင်းကင်နှင့်မြေကြီးပေါ်သို့တစ်ခု တည်းသော မီးတောက်ဖြစ်တော်မူပါသည်။

သို့ရာတွင် သင့်စိတ်နှလုံးတံခါးကို ဖွင့်ပေးနိုင်သောအားသည် သင်နှင့်သင်တစ်ယောက် တည်းတွင်သာရှိသည်။ တံခါးမင်းတုံးကို အထဲမှဖွင့်ပေးရသည်။ တံခါးကိုသင်ဖွင့်ပေးမည်လော။ ဆုတောင်းချက်။ ။ဘုရားသခင် ကျွန်ုပ်၏အေးစက်မှု အပြစ်များကိုနောင်တရပါသည်။ သခင်ယေရှုကို ကျွန်ုပ်နှလုံးသားနှင့် အသက်တာတွင်းသို့ဖိတ်ခေါ်ပါသည်။ ကိုယ်တော်၏ သန့်ရှင်းသောဝိညာဉ်တော်တည်း ဟူသောမီးဖြင့် ကျွန်ုပ်ကို ဆေးကြောတော်မူပါ။ ဂတိတော် အတိုင်း ကျွန်ုပ်၏စိတ်နှလုံးထဲ၌ ဝင်ရောက် ကိန်းဝပ်တော်မူသည့်အတွက် ကျေးဇူးတင် ပါသည်။ သခင်ယေရှု၏နာမတော်၌ဆုတောင်းပါသည်။ အာမင်။

 

အသက်တာကိုအစမှ တဖန်စတင်ခြင်း

Starting Life Over

ရှင်ယောဟန်ခရစ်ဝင်(၂း၂၃)ကို ဖတ်စေချင်ပါသည်။ သခင်ယေရှုသည် ပါလက်စတိုင်း နိုင်ငံအနှံ့ခရီးသွားခဲ့ပြီး ဖြစ်ပါသည်။ ယခုဂါလိလဲပြည်နယ်၌ ရှိနေပါသည်။ ထိုမှတဆင့် ပသခါပွဲသို့ဝင်ရန် ယေရုရှလင်မြို့ သို့သွားသော ခရီးပြုပါမည်။ “ပသခါပွဲအတွင်းတွင်၊ သခင်ယေရှုသည် ယေရုရှလင်မြို့၌ရှိ၍၊ ပြတော်မူသောနိမိတ်လက္ခဏာတို့ကို များစွာသောသူ တို့သည် မြင်ရသဖြင့် ကိုယ်တော်ကို ယုံကြည်ခြင်းသို့ ရောက်ကြ၏။ “သို့သော်လည်းယေရှုသည် ထိုသူတို့၌ ကိုယ်ကိုအပ်တော်မမူ၊ အကြောင်းမူကား၊ ခပ်သိမ်းသောသူတို့ကို သိတော်မူ၏လူ၏အထဲ၌ ရှိသမျှကို သိတော်မူသောကြောင့်၊ လူ၏အကြောင်းကို

သက်သေခံစေခြင်းငှါ၊ အဘယ်သူကိုမျှ အလိုတော်မရှိ” (ငယ်၂၃-၂၅) ” ဤသူတို့သည် သခင်ယေရှုကို ယုံသည်။ ဘာသာရေး အလွန်ကိုင်းရှိုင်းကြသည်။

ဘာသာရေးခေါင်းဆောင်များလည်း ဖြစ်ကြသည်။ သို့သော်လည်း သခင်ယေရှုကို ၄င်းတို့၏ သခင်နှင့် ကယ်တင်ရှင်အဖြစ်၊ မယုံကြည်ပါ။ ယနေ့ ဤနေရာတွင်လည်း သခင်ယေရှုကို အသိစိတ်ဖြင့်ယုံကြည်သူ ထောင်ပေါင်းများ၌ ပါဝင်သည်။ ကောင်းမှုကုသိုလ် လုပ်ကြ သည်။ သို့သော်လည်း ခရစ်တော်ကို သင်တို့၏သခင်၊ ဆရာ၊ ကယ်တင်ရှင်အဖြစ် နှလုံးသား ထဲမှ နက်နက်ရှိုင်းရှိုင်း အမှန်တကယ် သိမနေပါ။

Great Britainသတင်းစာ၌ “ကမ္ဘာသစ်ကိုမွေးဖွားနေပါပြီ” ဟူသော ခေါင်းကြီးပိုင်း၊ ဆောင်းပါးတစ်ပိုဒ်၊ လွန်ခဲ့သောရက်သတ္တပတ် အနည်းငယ်ကပါရှိလာသည်။ မှန်ပါသည်။ အသက်တာသစ်ဖြင့် အသက်ရှင်ဖို့၊ ဖြစ်နိုင်သည်ဟု သခင်ယေရှု မိန့်တော်မူပါသည်။ တနင်္ဂ နွေနေ့၊ နေ့ခင်း(၄) နာရီ၌ ပြုလုပ်မည့်၊ အပိတ်အစည်းအဝေးတွင် ကမ္ဘာသစ်နှင့်သခင် ယေရှုကြွလာတော် ဦးမည့်အကြောင်းပြောပါမည်။

သခင်ယေရှုသည် လူအထဲ၌ရှိသမျှကို သိတော်မူသဖြင့်၊ ကျွန်ုပ်တို့ နေ့စဉ်ဖတ်နေရ သည့် မှုခင်းများနှင့် အခြားဖြစ်ပျက်နေသမျှ အရာအားလုံးကို မြင်တော်မူပါသည်။ ရုပ်မြင် သံကြားသတင်း၊ ရေဒီယိုသတင်းတို့ကို ကြည့်ရှုနားထောင်တိုင်း ဓားထိုးခံရသောသတင်း၊ အသတ်ခံရသောသတင်း၊ မုဒိမ်းကျင့်ခံရသောသတင်း၊ ကမ္ဘာ့၏တစ်နေရာရာ၌ ဖြစ်နေသော ရောဂါဆိုးအကြောင်းကို ပြောနေကြသည်။ မည်သည်တို့ မှားယွင်းနေပါသနည်း။ လူ့နှလုံး သား၌ တစ်ခုခုမှားယွင်းနေပါသည်။

ကျွန်ုပ်တို့သည် တော်လှန်ရေးလုပ်နေသောကမ္ဘာ၊ ပြောင်းလဲနေသောကမ္ဘာ၌၊ အသက် ရှင်နေကြပါသည်။ လူတို့၏ကိုယ်ကျင့်တရားသည် စက်မှုနည်းပညာနှင့်ဆိုင်သောအရည် အချင်း၏နောက်၌ နောက်ကျကျန်ရစ်ခဲ့သည်။ ဤသည်ကား လူသားတို့အတွက် ဘဝ ပျက်ကိန်းဖြစ်သည်။ ယခုအခါ ကမ္ဘာကြီးပေါ်၌ အလိုအပ်ဆုံးအရာမှာ လူတို့၏ကိုယ်ကျင့် တရားနှင့် ပုံသဏ္ဌာန်ပြောင်းလဲဖို့ဖြစ်သည်။

ဤနေရာသည် ယခု football ကစားရုံဖြစ်နေသော်လည်း၊ ယခင်က ဘေ့စ်ဘောကစား ကွင်းဖြစ်ပါသည်။ ယခင်ကကွင်းသည်၊ ယခုကွင်းလောက်မကြီးပါ။ ဘေ့စ်ဘောကစားသမား တစ်ယောက်ဖြစ်သည့် Goose Goslin အကြောင်းပြောပြလိုပါသည်။

နောက်ဆုံးပွဲစဉ် ဖြစ်သည့်ထိုပွဲကို နယူးယောက်နှင့်ဝါရှင်တန် နှစ်သင်းပြိုင်ကြရသည်။ ပွဲစဉ်(၇)ပွဲ ကစားရမည်ဖြစ်ရာ တစ်ဖက်လျှင်သုံးပွဲစီဖြင့် သရေကျနေသည်။ ထို့ကြောင့် နောက်ဆုံးပွဲငယ်သည် နှစ်သင်းစလုံးအတွက် အလွန်အရေးကြီးနေသည်။ ကစားသမားတစ် ယောက်သည်ဘောလုံးရိုက်ရန်ထွက်လာပါသည်။ နောက်ဆုံးအကော့အတွက်ဖြစ်သည်။ သုံးကြိမ်ဘောလုံးရိုက်ရမည့်အနက် နှစ်ကြိမ်အမှတ်မရခဲ့ပါ။ နောက်ဆုံးအကြိမ်အဖြစ်တော လုံးကိုရိုက်လာရာ ဘောလုံးသည် ပရိသတ်ထဲ ရောက်သွားသည်။ ၄င်း၏အသင်းနိုင်ဖို့ သာရှိသည်။ ထိုအသင်း၏ပရိသတ်သည်လည်း အရူးအမူးဝမ်းသာအားရဖြစ်လျက်ရှိသည်။ ထိုကစားသမားသည် ဘောလုံးကိုရိုက်ပြီးပြေးရာ စထွက်သည့်နေရာသို့ပြန်ရောက်လာသည်။ ထိုအခါ ဒိုင်လူကြီးက“မင်း-မရဘူး-မရဘူး-ထွက်-ထွက်” ဟုအော်ပြောပါသည်။ ထိုအခါပန် သတ်သည် ဒိုင်လူကြီးကိုအလွန်စိတ်ဆိုးပြီး “ဒိုင်လူကြီးကို-သတ်ပစ်-သတ်ပစ်” ဟုအော်ဟစ် ကြတော့သည်။ နောက်ဆုံး၌ ဒိုင်လူကြီးသည် ပရိသတ်အော်သံကို အသေအချော့ ကြားသွားပြီး၊ “Goose Goslin က ပထမဆုံးအမှတ်ကို မနင်းသွားဘူး” ဟု ပြန်ပြောပါသည်။ ထို့ကြောင့် သူသည်ထွက်သွားရပြီး သူ၏အသင်းလည်း ရှုံးသွားပါသည်။

ဘာသာရေးကို အလေးထားသောသူများလည်း ထိုသူနှင့်တူပေသည်။ ဘာသာတရားရှိ သော်လည်း ပထမဆုံးနင်းရမည့်အမှတ်ဖြစ်သည့် ခရစ်တော်ကို မသိဘဲ ဖြစ်နေကြသည်။ ခရစ်တော်ကို အသက်တာ၌ ဦးစွာတွေ့ရှိဖို့လိုပါသည်။ ထိုသို့မဟုတ်သော် သင်သည်လည်း Gocse Goslin ဖြစ်နေပေမည်။

လွန်ခဲ့သောရက်သတ္တပတ် အနည်းငယ်က လန်ဒန်မြို့တွင်၊ စီးပွားရေးပညာရှင်တစ်ဦး မိန့်ခွန်းပြောခဲ့ပါသည်။ သူ့မိန့်ခွန်း၌“ကျွန်ုပ်တို့ အသစ်မွေးဖွားဖို့လိုအပ်သည်။” ဟုပါရှိပါ သည်။ သခင်ယေရှုသည်လည်း ဤသို့လုပ်ရန် မိန့်တော်မူပါသည်။ ယော ၃း၇၌ “ဒုတိယ မွေးခြင်းကိုခံရမည်။ ဒုတိယမွေးခြင်းကိုမခံသော်၊ ကောင်းကင်နိုင်ငံတော်ကို မြင်ရလိမ့်မည် မဟုတ်” ဟု ကိုယ်တော်မိန့်တော်မူပါသည်။ “ယေရှုက၊ ဒုတိယမွေးခြင်းကို မခံသောသူမည်သည်ကား ဘုရားသခင်၏ နိုင်ငံတော်ကိုမမြင်ရဟု ငါအမှန်အကန်ဆိုသည်ဟု ပြန်၍မိန့် တော်မူ၏။” (ယော၃း၃)

အသက် (၁၀)နှစ်အရွယ် ယောက်ျားလေးတစ်ဦးသည် ကလေးမွေးဖွားခြင်းနှင့် ဆိုင် သည့်စာတမ်းကို ကျောင်း၌ရေးရပါသည်။ ထိုအိမ်စာလုပ်ရန်အတွက် သူ့အဖွားထံသို့သွား ကာ “ဖွားဖွား- ဖွားဖွားကိုဘယ်လို မွေးခဲ့တာလဲဗျာ” ဟုမေးရာ၊ “ငှက်ကျားတစ်ကောင် ယူလာတာ” ဟုပြန်ဖြေသည်။ ၄င်းနောက် သူ့မိခင်ဆီသွားပြီး “မေမေ- မေမေ့ကိုဘယ်လိုမွေး တာလဲဟင်” ဟုမေးရာ၊ သူ့မိခင်က “ငှက်ကျားတစ်ကောင်ယူလာခဲ့တာ” ဟုဖြေပြန်သည်။ ၄င်းက၊ “မေမေ- ကျွန်တော်ကိုရော ဘယ်လိုမွေးတာလဲဟင်” ဟုမေးရာ၊ မိခင်က“ငှက်ကျား ကြီးကမင်းကိုယူလာတာ” ဟုပြန်ဖြေပါသည်။ ထိုကလေးသည် သူ၏စာတမ်းကို ဤသို့စ တင်ရေးသားပါတော့သည်။ “ကျွန်တော်တို့မိသားစုတွင် မျိုးဆက်သုံးဆက်အထိ၊ သဘာဝအရ ကလေးမွေးဖွားခဲ့ခြင်း မရှိသေးပါ။ သခင်ယေရှုသည် ဤအကြောင်းကို ဘာသာရေးအရာရှိကြီးတစ်ဦးအား ပြောပြနေခြင်း

ဖြစ်သည်။ ထိုသူသည် ဖါရိရှဲဖြစ်ပြီး၊ ချမ်းသာသူတစ်ယောက်ဖြစ်သည်။ ထိုမျိုးဆက်တွင် နိုးကြားရေးလှုပ်ရှားမှု၌ ပါဝင်နေသူလည်းဖြစ်သည်။ နိုင်ငံ၏ အမြင့်ဆုံးအုပ်ချုပ်ရေးအဖွဲ့ တွင် ပါဝင်သည်။ သူ့ကို လူချမ်းသာတစ်ဦးဟု တွေ့ရှိရသည်။ ဖါရိရှဲများကို တိုင်းပြည်ခေါင်း ဆောင်များဟု မှတ်ယူကြပါသည်။

ကျွန်ုပ်တို့သည် ကယ်တင်ခြင်းခံရလိုသော် တိုင်းပြည်၌ ဝိညာဉ်ရေးရာနိုးထမှု၊ နိုးကြား ရေးရှိဖို့ လိုအပ်သည်။ ကျွန်ုပ်တို့အိမ်၌ လန်ဒန်ထုတ်သတင်းစာ(၂)စောင် ယူပါသည်။ ထိုသတင်းစာများအပြင် အခြားသော သတင်းစာများကိုလည်း ယူပါသေးသည်။ ကျွန်ုပ်၏ ဇနီးသည် ပတ်ဝန်းကျင် ညစ်ညမ်းခြင်းနှင့်ဆိုင်သော ဆောင်းပါးအားလုံးကို ဖြတ်ထား သည်။ အမေရိကား၌ ညစ်ညမ်းမှုတွေရှိနေပြီဟု သူမပြောပါသည်။ တိုင်းပြည်အတွင်း ဖြစ်နေသည့် ညစ်ညမ်းမှုများအတွက်လည်း ကျွန်ုပ်တို့စိတ်ပူပန်လျက်ရှိသည်။ ကျွန်ုပ်တို့ နေရပ်၌ အက်စစ်မိုးရေများရွာလျက်ရှိရာ၊ အပင်များ၏ အရွက်များဖျက်ဆီးခံနေရပါသည်။ သစ်ပင်များသည်အရွက်မရှိ ဗလာဖြစ်နေသည်။ အထူးသဖြင့် အမြင့်အရပ်၌ရှိသည့် အပင်များဖြစ်သည်။ ထို့ကြောင့် ညစ်ညမ်းခြင်းအတွက် စိတ်ပူနေခြင်းဖြစ်သည်။

သို့သော်သူမက ကိုယ်ကျင့်တရားညစ်ညမ်းခြင်းသည် လေထုညစ်ညမ်းခြင်းထက် ပို၍ ဆိုးဝါးသည်ဟုပြောသည်။ ရုပ်မြင်သံကြား ကြည့်သည်ဖြစ်ပါစေ၊ သတင်းစာဖတ်သည် ဖြစ်ပါစေ၊ ကိုယ်ကျင့်တရား ညစ်ညမ်းခြင်းများအကြောင်း မြင်ရဖတ်ရပါမည်။ တစ်စုံတစ်ခု မှားယွင်းနေပေပြီ။ ကမ္ဘာကြီးတစ်ခုလုံးပေါက်ကွဲတော့မည်ဟုထင်ရပါသည်။ စစ်ပွဲငယ်လေး ပေါင်း (၃၇)ခုကိုလည်း ယခုတိုက်နေကြဆဲဖြစ်သည်။ ကမ္ဘာစစ်ကြီးဖြစ်မည့် အန္တရာယ်ပင်ရှိနေပါသည်။

ဆိုဗီယက်အင်ပါယာကြီး ပိုကောင်းလာပြီဟု ထင်ရသောအချိန်က၊ ကမ္ဘာကြီးလည်း ပိုကောင်းလာနေပြီဟု ထင်ခဲ့ပါသည်။ သို့သော်လည်း ယခုအခါ၌ ယခင်ထက်ပင် အန္တရာယ် ပိုကြီးမားနေပါသည်။ အဘယ်ကြောင့်ဆိုသော် မြောက်များစွာသောနိုင်ငံများက အနုမြူဗုံးပိုင် ဆိုင်လာကြ၍ဖြစ်သည်။

နိကောဒင်သည် အသင်းတော်အတော်များများ ဝမ်းပန်းတသာအလိုရှိကြသည့် ပုဂ္ဂိုလ် မျိုးဖြစ်သည်။ သို့သော် သခင်ယေရှုက “နိကောဒင်၊ မင်းရဲ့ ကောင်းမှုကုသိုလ်နဲ့ ဘာသာရေး အသိပညာ ဗဟုသုတတွေက မင်းအတွက်လုံလောက်နေပါပြီ။ ဒါပေမယ့် မင်းတစ်ခုတော့ လိုနေသေးတယ်။” လူသည်လိမ်ပြောတတ်သည်၊ လှည့်စားတတ်သည်၊ မုန်းတတ်သည်။ မျက်စိမှိတ် ဘက်လိုက်တတ်သည်၊ လူမှုရေးမမျှတမှုများ လုပ်တတ်သည်။ “ မကောင်းသော ကြံစည်ခြင်း၊ လူအသက်ကိုသတ်ခြင်း၊ သူ့မယားကို ပြစ်မှားခြင်း၊ မိန်းမလွတ်နှင့် မှား ယွင်းခြင်း၊ သူ့ဥစ္စာကို ခိုးခြင်း၊ မမှန်သောသက်သေကိုခံခြင်း၊ သူ့အသရေကို ဖျက်ခြင်း အရာတို့သည် နှလုံးထဲက ထွက်လာ၍ လူကိုညစ်ညူးစေသောအရာဖြစ်ကြ၏။ လက် မဆေးဘဲလျက် အစာကိုစားခြင်းမူကား၊ လူကိုညစ်ညူးစေသည်မဟုတ်ဟု မိန့်တော်မူ၏” (မ ၁၅း၁၉၊၂၀) – စိတ်ပညာရှင်များ၊ စိတ်ရောဂါကုဆရာဝန်များနှင့် လူမှုရေးပညာရှင်များသည် တစ်ခုခု မှားယွင်းကြောင်း သဘောတူကြသော်လည်း မှားနေသည့်အရာကိုတော့ မသိကြပေ။ လူ င့် သည် ကိုယ်ကျင့်တရားအရ ယခုလက်ရှိအနေအထားထက် အဘယ်ကြောင့် ပို၍မြင့်မြင့် – မတက်နိုင်ပါသနည်း။ အသက် (၁၀၆)နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးအား၊ လူတွေ့မေးမြန်းခန်းပြုသည်ကို ယနေ့ကြည့်လိုက်ရပါသည်။ ကျက်သရေရှိသည့် အမျိုးသမီးကြီးဖြစ်သည်။ အသက် (၁၀၆) နှစ်အထိအသက်ရှင်နေသည့်ဖိုးသက်ရှည် ဖွားသက်ရှည်များ ရှားပါးပါသည်။ အမေရိကား ၌အမျိုးသမီးတစ်ဦး၏ပျမ်းမျှအသက်မှာ (၇၆)နှစ်မျှဖြစ်ပြီး၊ အမျိုးသားတစ်ဦး၏ပျမ်းမျှ အသက်မှာ (၇၂) သို့မဟုတ် (၇၃) နှစ်ဖြစ်သည်။ ထိုထက်ပို၍အသက်ရှင်သော်ပျမ်းမျှထက် ကျော်လွန်ပြီး ဖြစ်သည်။ ထို့ကြောင့် အချိန်များများ မရှိတော့ပါ။ အချိန်သည်အလွန်တို တောင်းပါသည်။ မကြာခင်သေပြီး ဤလောကမှ ထွက်သွားကြရတော့မည်။

ယနေ့ ရုပ်မြင်သံကြားကို ကြည့်သောအခါ ကျွန်ုပ်တို့ခေတ်မှ မာရီလင်မွန်ရိုး သို့မဟုတ် ကလော့ခ်ဂေဘယ်လ်ကဲ့သို့သော ကျော်ကြားသောပုဂ္ဂိုလ်များတို့၏ ပုံများကိုမြင်ရကြသည်။ ၄င်းတို့အားလုံး ကွယ်လွန်သွားကြပြီဖြစ်သည်။ သို့သော်လည်း ၄င်းတို့ကို ပြန်အသက်သွင်း နေကြသည်။ ၄င်းတို့အားလုံး အသက်ရှင်လျက်ရှိကြသည်ဟု ထင်ရပါသည်။ ၄င်းတို့ကိုအသက်ရှင်အောင် ပြန်လုပ်နေကြသယောင် ဖြစ်နေသည်။ သို့သော် ၄င်းတို့အားလုံး သေကြ ပြီဖြစ်သည်။ ၄င်းတို့ အသက်ရှင်လျက် နေထိုင်ခဲ့ကြပြီးဖြစ်သည်။ ၄င်းတို့သည် ဘုရား၏ စီရင်ခြင်းကို ရင်ဆိုင်ကြရတော့မည် ဖြစ်သည်။

ကျွန်ုပ်တို့၏ ဉာဏ်၊ ကိုယ်ကျင့်သိက္ခာ နှင့် တာဝန်ရှိမှုကို သုံးချင်သလိုသုံးနေခြင်းအား သမ္မာကျမ်းစာက “ရောဂါ” ဟုဖော်ပြသည်။ “အပြစ်”ဟု ဘာသာပြန်ထားသည့် ဝေါဟာရ များစွာရှိပါသည်။ “သူတစ်ပါးကိုပြစ်မှားခြင်း” (Transgression)လည်း တစ်ခုအပါအဝင် ဖြစ်သည်။ ပြစ်မှားခြင်းသည် ပညတ်တော် (၁၀)ပါးကို ချိုးဖောက်ခြင်းဖြစ်သည်။ ဤနေရာရှိ လူတိုင်းသည်၊ ပညတ်တော် (၁၀)ပါးကို ချိုးဖောက်ဖူးသူများဖြစ်ကြပါသည်။ မုသာတစ်ခုကို သင်ပြောသည်နှင့် ပညတ်တော်(၁၀)ပါး စလုံးကို ကျူးလွန်ရာရောက်ပါသည်။ (ယာ၂း၁၀)။ ကျွန်ုပ်တို့သည် “တောင်ပေါ်ဒေသနာတော်” အတိုင်းလည်း၊ အသက်မရှင်နိုင်ပါ။ “မတရား သော်မှုမည်သည်ကား၊ ဒုစရိုက်ဖြစ်၏”ဟု (၁ယော၅း၁၇) ၌ပါရှိသည်။

ဒုစရိုက် (Iniquity) ဟူသည်လည်း ရှိပါသည်။ ဒုစရိုက်ဆိုသည်မှာ ဖြောင့်သော လမ်းမှ ဘေးသို့ချော်သွားခြင်းဟု အဓိပ္ပါယ်ရသည်။ “ငါတို့ရှိသမျှသည် သိုးကဲ့သို့လမ်းလွဲ လျက်၊ ကိုယ်လမ်းသို့ အသီးသီး လိုက်သွားကြသည် ဖြစ်၍(ဟေ၅၃း၆)။ သမ္မာကျမ်းစာ က ဝိညာဉ်သည် ဘုရားသခင်ရှေ့တော်၌၊ သေလျက်ရှိသည်ဟု ဆိုပါသည်။ ကျွန်ုပ်တို့၌ ‘ ရုပ်ခန္ဓာရှိကြသည်။ သို့သော် ၄င်း၏အထဲ၌ ဝိညာဉ်ရှိပါသည်။ ကျွန်ုပ်တို့ဝိညာဉ်သည်ကောင်းကင်ဘုံ သို့မဟုတ် ငရဲ၌၊ ထာဝရနေထိုင်ရမည်ဖြစ်သည်။ မည်သည့်နေရာ၌ ထာဝရ နေထိုင်ရမည်ဆိုသည်မှာ၊ ယေရှုခရစ်တော်အပေါ် မိတ်ဆွေဆုံးဖြတ်ချက်နှင့် ဆိုင်ပါသည်။

အရင်းအမြစ်မှ ပြောင်းလဲဖို့ လိုအပ်ပါသည်။ Becky၏အသက်တာကဲ့သို့ ဖြစ်သည်။ သင်၌လည်းဖြစ်နိုင်သည့်သက်သေခံချက်ဖြစ်သည်။ သူမသည်မှားယွင်းသည့် ဤအရာများ အားလုံးကို လုပ်ခဲ့သည်။ သူမ၏ အသက်တာသည် မှားယွင်းသည့်ဘက်သို့ ဦးတည်နေသည်။ သို့သော်လည်း ဘုရားသခင်သည် သူမကို တစ်လှည့်ပြောင်းလဲလိုက်ပြီး ကယ်တင်တော် မူခဲ့သည်။ ခွင့်လွှတ်တော်မူခဲ့သည်။ ပြောင်းလဲပေးတော်မူခဲ့သည်။

“ဤအကြောင်းအရာဟူမူကား၊ အပြစ်တရားသည် တစ်ယောက်သောသူအားဖြင့် ဤလောကသို့ဝင်၍၊ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့် အညီလူအပေါင်းတို့ သည် အပြစ်ရှိသောကြောင့်၊ သေခြင်းသို့ရောက်ရကြ၏။” (ရော၅း၁၂) ။ ထို့ကြောင့်လူတိုင်း သည်၊ အရင်းအမြစ်မှ၊ ပြောင်းလဲဖို့လိုကြသည်။ ဤဘဝ၌ ပြည့်စုံသောကြွယ်ဝမှုကို ရှာဖွေ ရမည်သာမက၊ ဘုရားသခင်လက်ခံနိုင်သော အသက်တာ ဖြစ်ဖို့လည်းလိုအပ်ပါသည်။ အင်္ဂလိပ်ဘာသာစကား၌ အမြင့်မြတ်ဆုံးစကားစုကား အဘယ်နည်းဟု၊ မာ့ခ်တွိန်းကို တစ်ခါက မေးကြည့်ရာ “အပြစ်မရှိဘူး” ဟူသည့် စကားစုဟု ပြန်ဖြေပါသည်။ “အပြစ်မရှိဘူး” ဟူသည့် စကားစုသည်၊ အရေးအကြီးဆုံးဖြစ်သည်။ အကယ်၍သင်သည် ခရစ်တော် ကို သိသော်၊ တရားဆုံးဖြတ်တော်မူရာကာလ၌၊ သင့်ကိုလည်း ဘုရားသခင်က “အပြစ်မရှိ ဘူး” ဟုပြောပါလိမ့်မည်။ အကယ်၍ ခရစ်တော်ကို သင်မသိသော်၊ ခရစ်တော်နှင့်ဤသို့သော ဆက်ဆံရေးမျိုးမရှိသော်၊ သင့်ကို အပြစ်ရှိသည်ဟု ဆုံးဖြတ်ပါမည်။ အပြစ်ရှိခြင်း၏ အကျိုးဆက်ကို သင်ခံစားရပါလိမ့်မည်။

ရောင်စုံရုပ်မြင်သံကြားအကြောင်း၊ ကျွန်ုပ်နားမလည်ပါ။ ကျွန်ုပ်သည် အဖြူအမဲ ခေတ် မှလာသူဖြစ်သည်။ Pittsburgh မြို့၊ KDKA မှ၊ ပထမဦးဆုံးအကြိမ်၊ ရေဒီယိုအသံလွှင့် သည်ကို မှတ်မိပါသေးသည်။ ကျွန်ုပ်၏ဖခင်သည် မြောက်ကယ်ရိုလိုင်းနား၌ သလင်းကျောက်တစ်လုံး မြုပ်ထားသည်။ အဖေသည် သလင်းကျောက်လေးကို ပတ်ပတ်လည်၌ လိမ်ကျစ်ထားသည်။ “အမ်၊ အမ်၊ အမ်” ဟူပြောသံကို ကြားရသည်ဟုဆိုသည်။ အဖေက “အဲဒါပဲ” “အဲဒါ ရေဒီယို အသံဟေ့” ဟုပြောပါသည်။

ထို့နောက် ရုပ်မြင်သံကြားခေတ်ရောက်လာပြန်သည်။ ရုပ်မြင်သံကြားအကြောင်းကို၊ ၁၉၃၉-ခုနှစ်၊ နယူးယောက်ကမ္ဘာ့ပွဲဈေး၌ ပထမဆုံးအကြိမ်ကြားဘူးခဲ့သည်။ ၄င်းအထဲ၌ ပစ္စည်းတစ်ခုထည့်ထားသည်။ ကင်မရာဖြစ်မည်ဟုထင်ပါသည်။ ၄င်းအရှေ့ဖြတ်လျှောက်နိုင် ပြီး အရိပ်တစ်ခုဖြတ်သွားသည်ကို မြင်ရသည်။ ၄င်းတို့က “တစ်နေ့ကျရင်၊ ကမ္ဘာပေါ်မှာ ရှိတဲ့လူတွေကို၊ ဒီပစ္စည်းကတဆင့် တခြားလူတွေ မြင်နိုင်လာလိမ့်မယ်” ဟုပြောသည်။ ဤအပြောကို မည်သူမျှမယုံပါ၊ ကျွန်ုပ်လည်းမယုံပါ။ ၁၉၃၉-ခုနှစ်လောက်ကဖြစ်သည့် မည်သို့ဖြစ်လာသည်ကိုကြည့်ပါ။ တစ်ကမ္ဘာလုံး၌ ရုပ်မြင်သံကြားရှိနေပေပြီ။ ”

နည်းပညာခေတ်သစ်ကြီး၌ ရုပ်မြင်သံကြားလိုင်းပေါင်း (၆ဝဝ)ကို နောက်(၅)နှစ်၌ ရ နိုင်တော့မည်ဟု ပြောပါသည်။ ကျွန်ုပ်အိမ်၌ ရုပ်မြင်သံကြားလိုင်းပေါင်း မည်မျှရှိသည်ကို ကျွန်ုပ်မသိပါ။ ၁၂လိုင်း၊ ၁၃ လိုင်း ရှိမည်ဟု ထင်ပါသည်။ ဤအရာများကို အမှီလိုက် နိုင်မည်ဟု ကိုယ့်ကိုယ်ကို မထင်ပါ။ အကယ်၍ ရုပ်သံလိုင်းပေါင်း ၆ဝဝ ရှိလျှင်၊ ထိုသူ သည် မည်သူနှင့်မျှ စကားပြောတော့မည်မဟုတ်ပါ။ ဤရုပ်/သံလိုင်းအားလုံးအကြောင်း လည်း ကျွန်ုပ် နားမလည်ပါ။ ကျွန်ုပ်၏ဦးနှောက် သိမှတ်စွမ်းဆောင်နိုင်သည်ထက်၊ ကျော်လွန်နေပေသည်။

စက်မှုနည်းပညာသည် လမ်းပြမြေပုံကို ထုတ်လုပ်လာနိုင်သဖြင့်၊ မြေပုံကို လိပ်ထား စရာ မလိုတော့ပါ။ စက္ကူပေါ်မှ မြေပုံမဟုတ်တော့ဘဲ၊ ဂြိုလ်တုပေါ်မှ ကြည့်နိုင်သည်။ သင်သည် လူပြည့်ညှပ်နေသည့် လန်ဒန်မြို့၌လား။ သို့မဟုတ် နယူးယော့ခ်မြို့ လမ်းမကြီး ပေါ်မှာလောဆိုသည်ကို အတိအကျ ထောက်ပြနိုင်သည်သာမက ခရီးမည်မျှ ကွာဝေး သည် ဖြစ်စေ သွားချင်သည့်နေရာသို့ရောက်အောင် လမ်းများကိုပါပြောနိုင်သည်။ ဤအရာကိုအချို့ မြို့ကြီးများ၌ပင် စမ်းသပ် အသုံးပြုနေပြီ ဖြစ်သည်။ လမ်းပြမြေပုံ မလိုအပ်တော့ပါ။ သင့်ကားထဲက ကွန်ပျူတာကို သိချင်တာမေးပါ။ နောက်တစ်လမ်းရောက်လျှင် ဘယ်ဘက် ကိုကွေ့၊ သို့မဟုတ် ညာဘက်ကိုချိုး၊ သို့မဟုတ် တည့်တည့်ဆက်သွားစသဖြင့် လမ်းညွှန် ပေးပါလိမ့်မည်။

ခေတ်မှီသောလူတစ်ယောက်အဖို့၊ ဖတ်စာအုပ်များနှင့် စမ်းသပ်ဖန်ပြွန်များ၏ဘောင် အတွင်း စက်မှုနည်းပညာများအရ၊ စဉ်းစားကြသည်မှာ သဘာဝကျပေသည်။ သို့ရာတွင် မိခင်မေတ္တာကို မည်သို့ရှင်းပြမည်နည်း။ ကျွန်ုပ်၏ဇနီးကို ယုတ္တိဗေဒ၊ ဂြိုလ်တု၊ ရုပ်မြင် သံကြား သို့မဟုတ် ကွန်ပျူတာများသုံးပြီး၊ ရွေးချယ်ခဲ့သည်မဟုတ်ပါ။ ထိုသို့သာ ပြုခဲ့သော်၊ သူမနှင့် လွဲချော်ခဲ့မည်မှာ နှစ်များစွာကတည်းက ဖြစ်ပါမည်။ သူမကို တရုတ်ပြည်၌ မွေးဖွား ပြီး၊ ကြီးထွားခဲ့ပါသည်။ ကျွန်ုပ် မည်သူနှင့် အိမ်ထောင်ပြုမည်၊ မည်သည့် မိန်းကလေးမျိုး ကို မေတ္တာရှိပြီး၊ လက်ထပ်မည်ဆိုသည်ကို မသိပါ။ ကလေးဘဝက ချစ်ခဲ့သူ နှစ်ဦးတော့ ရှိပါသည်။ တစ်ယောက်ကိုမျှ အလေးအနက်မထားပါ။ ၄ တက္ကသိုလ်ပရဝုဏ်ကို ဖြတ်လျှောက်လာသည့် သူမကို မြင်သည့်အခိုက်မှာပင်၊ သူမ အပေါ် မေတ္တာထားမိပြီဖြစ်ကြောင်း သိလိုက်သည်။ ကျွန်ုပ်လက်ထပ်မည့်မိန်းကလေးမှာသူဖြစ်ကြောင်းသိလိုက်ပြီ ဖြစ်ပါသည်။ သူမ ထိုသို့မြင်ဖို့ နှစ်နှစ်ကြာခဲ့သည်။ လူတိုင်းလူတိုင်း ဤသို့ ဖြစ်မည်တော့ မဟုတ်ပေ။ လူတော်တော်များများအဖို့ ဤသို့ဖြစ်မည် မဟုတ်ပါ။ သို့သော်လည်း မည်သို့ဆိုစေ… သခင်ဘုရားသည် ကျွန်ုပ်ကို ရုသ်နှင့်လက်ထပ်ဖို့ စီစဉ်ပေးတော်မူသည်။ ရုသ်သည် ကျွန်ုပ်အတွက် နှစ်သက်အားရစရာ ဘဝအဖော်မွန်၊ မိခင်၊ ဘုရားသခင်ကို သိသော အမျိုးသမီးဖြစ်သည်။

ကျွန်ုပ်တို့တွင် သားသမီး(၅)ဦး၊ မြေး(၁၉)ဦး၊ မြစ် (၄)ဦး သို့မဟုတ် (၅) ဦး ရှိပါသည်။ ဘယ်အရည်အတွက် ဘယ်လိုပြောင်းသွားသည်ကို ကျွန်ုပ်မသိပါ။ အရည်အတွက်သည် မြန်သထက်မြန်မြန် တိုးပွားလာသည်။ ရုသ်သည် အယောက်တိုင်းကို ဝန်တာထားသည်။ ဆုတောင်းပေးသည်ဟု ယုံကြည်သည်။ ကျွန်ုပ်၏ နောက်ဆုံးမြေးကလေးသည် မိဘကို တကယ် ဒုက္ခပေးသူ ဖြစ်သည်။ သို့သော် လွန်ခဲ့သောရက်သတ္တပတ်အနည်းငယ်ခန့် က သူနှင့်သူ့မိန်းကလေးဖော်သည် ဘုရားကျောင်း၌ ထိုင်ရာမှ ရှေ့သို့ ထွက်ပြီး၊ ၄င်းတို့၏ အသက်တာကို ခရစ်တော်သို့ ပေးအပ်ခဲ့သည်။ ယခု ဆောင်းဦးတွင် ကျမ်းစာ ကျောင်း တက်ကြပေတော့မည်။

သခင်ယေရှုသည် သင့်ကို ဒုတိယအကြိမ် မွေးခြင်းခံရမည်ဟု ပြောရာ၌၊ ထိုဒုတိယ မွေးခြင်းကို အမွေအဖြစ်ရနိုင်သည်ဟု မဆိုပါ။ အဘယ်ကြောင့်ဆိုသော် ယော ၁း၁၃ ၌ ကိုယ်တော် မိန့်တော်မူသည်မှာ “လူမျိုးနှင့် စပ်ဆိုင်၍ ဘွားသောသား မဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသား မဟုတ်။ လူအလိုအလျောက် သွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသား ဖြစ်သတည်း။” သင့်ကို ကားဂိုဒေါင်ထဲ၌ မွေးဖွားနိုင် ပါသည်။ ထိုသို့ မွေးဖွားသဖြင့် သင်သည် မော်တော်ကားတော့ ဖြစ်မလာနိုင်ပါ။ ခရစ်ယာန် အိမ်ထောင်၌ သင် မွေးဖွားနိုင်သော်လည်း၊ သင့်ကို ခရစ်ယာန်တစ်ယောက်တော့ မဖြစ် လာစေနိုင်ပါ။

နှစ်ခြင်းမင်္ဂလာခံယူလျှင်၊ ကောင်းကင်ဘုံသို့ ရောက်မည်ဟု မပြောပါ။ ခရစ်တော်ကို လက်ခံပြီးမှသာ နှစ်ခြင်းမင်္ဂလာ ခံသင့်ပါသည်။ နတ်ဝိဇ္ဇာအတတ်တတ်သူ ရှိမုန်သည် ပညာအတတ်ဖြင့် ယုံကြည်ပြီးနောက် ဖိလိပ္ပါလက်၌ နှစ်ခြင်းမင်္ဂလာ ခံယူခဲ့ပါသည်။ ပေတရုသည် ၄င်းအား ဤသို့ပြောသည်။ “သင်၏စိတ်နှလုံးသည် ဘုရားသခင့်ရှေ့တော် ၌ ဖြောင့်မတ်ခြင်းမရှိ။ သင်သည် ခရစ်တော်ကို လိုအပ်နေသည်” (တ ၈း၉-၂၂)။

သင့်ဂိုဏ်းဂဏ၊ အသင်းတော်၌ မည်သည့်ကျင့်ထုံးမျိုးကိုပဲ ကျင့်ကျင့်၊ တင်းပြည့် အသင်းသား မည်သို့ပင်ဖြစ်ဖြစ်၊ ခရစ်တော်ကို သင်လက်ခံဖို့ လိုအပ်သည်။ အသင်းတော် တစ်ပါးနှင့် သက်ဆိုင်ရန်အတွက် ဦးစွာ သင်သည် ကယ်တင်ခြင်းခံရမည်။ သင်တို့အထဲ မှ အချို့သည် အသင်းတော်ဘောင်သို့ ဝင်ရောက်သောနေ့၌ ကယ်တင်ခြင်း ခံရကောင်း ခံရမည် ဖြစ်သည်။ အချို့ကား ကယ်တင်ခြင်းမခံရသေးပါ။ ဆိုလိုသည်မှာ၊ သန့်ရှင်းသော ဝိညာဉ် တော်တစ်ပါးတည်းသာ ဒုတိယမွေးခြင်းခံပြီး၊ မပြီး သိတော်မူပါသည်။ ထိုမျဉ်းကို ဖြတ်ကျော်၊ မကျော် သိသည်။

မကြာခင်က စကားပြောသွားသည့် Becky ကို ကျွန်တော် ယုံပါသည်။ ဒုတိယအကြိမ် မွေးခြင်းခံရပြီးဖြစ်သည်ကို သိသည့်အခိုက်၌ ထိုဆုံးဖြတ်ချက်ကို ချသည်ဟု ပြောပါသည်။ ကျွန်ုပ်ဒုတိယအကြိမ် မွေးခြင်းခံရသည့်နေ့ကို ကျွန်ုပ် သိသော်လည်း၊ ကျွန်ုပ်၏ဇနီးသည် ထိုသို့မသိပါ။ သခင်ခရစ်တော်ကို သူမ အစဉ်အမြဲချစ်ကြောင်း သိသည်။ ကိုယ်တော့်ကို မချစ်သည့်နေ့ကို သူ သတိမရပါ။ အသက်တာ၌ ကိုယ်တော့်ကို ပထမနေရာ၌ မထားသည့် နေ့ကိုလည်း မမှတ်မိပါ။

” ကောင်းမှုကုသိုလ်ဖြင့် ကယ်တင်ခြင်းမရနိုင်ပါ။ ကောင်းမှုမှန်သမျှ လုပ်နိုင်သည်။ ကျွန်ုပ်၏သား Franklin နှင့်တကွ ကမ္ဘာတလွှား၌ ကောင်းမွန်သည့် လူမှုရေးလုပ်ငန်းများ လုပ်နေသည့်အခြားလူများနှင့်လည်း အလုပ်လုပ်နိုင်ပါသည်။ သို့သော် နှုတ်ကပတ်တော် က ပြောသည်ကား “ငါတို့ကျင့်သော ဖြောင့်မတ်ခြင်းအကျင့်အားဖြင့်မဟုတ်ဘဲ၊ မိမိသနား ခြင်းဂရုဏာတော်နှင့်အညီ ဒုတိယမွေးခြင်းနှင့်ဆိုင်သော ဆေးကြောခြင်းအားဖြင့်၄င်း၊ သန့်ရှင်းသောဝိညာဉ်တော်၏အသစ်ပြုပြင်ခြင်းအားဖြင့်၄င်း၊ ငါတို့ကို ကယ်တင်တော်မူ၏။

တိတု ၃း၅

ပြုပြင်ပြောင်းလဲခြင်းအားဖြင့် ကယ်တင်ခြင်းမရနိုင်ပါ။ သင်ပြုပြင်နိုင်ပါသည်။ ခဏ လေးသာ ကောင်းကောင်းလေး နေနိုင်မည်။ ဝက်တစ်ကောင်ကို ရေချိုးပေးပြီး၊ အဝတ် အစား ကောင်းကောင်းပေးဝတ်နိုင်ပါသည်။ ဧည့်ခန်းထဲထားပြီး ရေမွှေးကောင်းကောင်း ဆွတ်ထားပေးနိုင်ပါသည်။ သူက မွှေးနေမည်။ လှနေမည်။ လိမ်လိမ်မာမာ နေပေမည်။ အမှန်သော် Franklin နှင့် သူ့ဇနှီး၌ ဝက်ကလေးတစ်ကောင်ရှိသည်။ အိမ်၌ အလှမွေး ထားခြင်း ဖြစ်သည်။ ကျွန်ုပ်မူ ခွေးတစ်ကောင်ရှိသည်။ ထိုဝက်ကလေးသည် လိမ္မာသည်။ သူ့ကို လက်ဖြင့် ပွတ်သပ်ပေး၊ အသာအယာပုတ်ပေးရာ၊ “အင့် – အင်”” ဟု အသံပြန် ပေးပါသည်။

ဝက်တစ်ကောင်ကိုယူ၍ အဝတ်အစားပေးဝတ်ပြီး၊ ဧည့်ခန်းထဲ ထားနိုင်ပါသည်။ ဝက်ကလေးသည် ပြောင်းလဲသွားသည်ဟု သင် ထင်ပေမည်။ သူသည် ပုံစံပြောင်းလဲသွားသည်။ ယခင်နှင့်မတူ ခြားနားသွားပါသည်။ သို့ရာတွင် တံခါးဖွင့်ပေးလိုက်ပါ။ သူ ဘယ်ကို သွားမည်နည်း။ ရွှံ့ဗွက်အိုင်ထဲသာ ပြန်သွားပေမည်။ အဘယ်ကြောင့်ဆိုသော် ရွှံ့ဗွက်ထဲနေသည်ကို “အိမ်” ဟု ဝက်က ပိုခံစားရ၍ ဖြစ်သည်။ o အချို့က “ခရစ်တော်ကို အတုခိုးနိုင်ပါသည်” ဟု ဆိုပြန်သည်။ ခရစ်တော်လုပ်သည့် အရာများကို သင် အကောင်းဆုံး လိုက်လုပ်နိုင်သည်။ ဒါပဲ လိုသည်မဟုတ်ပါလား။ နှုတ် ကပတ်တော်က “ထိုသို့၊ သင်တို့သည် ဘုရားသခင်၏ချစ်သားဖြစ်ကြသည်နှင့်အညီ” (ဧ ၅း၁)။ ဘုရားသခင်နောက်သို့ တတ်နိုင်သမျှ အကောင်းဆုံး လိုက်ပါမည်။ လုပ်သင့်သည့် အရာဖြစ်သည်။ သို့သော် ဤမျှနှင့် လုံလောက်ပြီလော။

Phantom of the Opera” ကို ကြည့်ရန်၊ နယူးယောက်ခ်သို့သွားသော ဇနီးမောင်နှံ နှစ်ဦးအကြောင်း ကြားဖူးပါသည်။ လက်မှတ်ကုန်သွား၍ အထဲမဝင်နိုင်တော့ပါ။ ၄င်းတို့၏ မိတ်ဆွေများကို “နယူးယောက်ခ်သွားမလို့၊ Phantom of the opera သွားကြည့်မလို့” ဟု ပြောခဲ့ကြသည်။ ရောက်သွားသောအခါ၌ ရုံထဲမဝင်နိုင်ကြောင်း တွေ့ရသည်။ ဤသည် အတွက် အရှက်ရနေကြသည်။ အိမ်ပြန်ရောက်သောအခါ မိတ်ဆွေများအား အဘယ်သို့ပြောရမည်မှန်းမသိ ဖြစ်နေကြသည်။ ပရိသတ်များ ပြန်ထွက်လာသည့်အခါ ပစ်ထားသည့် အစီအစဉ်များကို ကောက်ယူလိုက်ကြသည်။ လက်မှတ်ဖြတ်ပိုင်းများကိုလည်း ကောက်ထားကြသည်။ “All I ask of You” နှင့် “The music of the Night” သီချင်းများကို ဆိုတတ်ထားသည်။ ထို့ကြောင့် သီချင်းများကို လက်မှတ်ဖြတ်ပိုင်းများနှင့် အစီအစဉ် စာ ရွက်များကို လက်ထဲ ကိုင်ထားပြီး၊ “Phantom of the Opera” ကို ကြည့်ပြီးပြီ ဖြစ်ကြောင်း၊ အိမ်ပြန်အရောက်၌ မိတ်ဆွေများကို ပြောပြပါသည်။ မိတ်ဆွေများကလည်း ယုံ ကြသည်။ အဖြစ်မှန်မှာ ၄င်းတို့သည် ရုံထဲလဲမရောက်၊ ကြည့်လည်း မကြည့်ခဲ့ကြပါ။

ယေရှုခရစ်တော်နှင့်ပတ်သက်၍လည်း ဤသို့ ဖြစ်နေသူများစွာရှိသည်။ ကောင်းမှု ကုသိုလ်လုပ်ကြသည်။ မိမိကိုယ်ကို ပြုပြင်ကြသည်။ ကောင်းကျိုးများသာ ပြုကြသည်။ သို့သော်လည်း ၄င်းတို့၏နှလုံးသားနက်နက်ထဲ၌ ကားတိုင်ကို တကယ်မှ ရောက်ခဲ့ဖူးရဲ့ လား။ ကိုယ်အပြစ်တွေမှ လွတ်မြောက်ပြီးသေးရဲ့လားဟု မသေမချာ ဖြစ်နေပါသည်။

Prussia မှ မဟာဖရက်ဒရစ်သည် လူသိများသော ခရစ်ယာန်တစ်ဦးဖြစ်သည်။ တစ်ခါသော်၊ သူသည် အလွန်နာမည်ကြီးသော ဘုရားမဲ့ဝါဒီဗော်တဲလ်ယားကို ညစာစားပွဲ တစ်ခုသို့ ဖိတ်ခေါ်ခဲ့သည်။ ညစာစားပွဲတွင် ဇော်လတဲယားက ကောင်းကင်နိုင်ငံတော် မှာ ကျွန်တော့်နေရာကို Prussia အမှတ်အသားပါတဲ့နေရာနဲ့ လဲမယ်ဗျာ” ဟု ပြောသည်။ ထိုအခါ ခဏမျှ တိတ်ဆိတ်သွားပြီးသော် ဧည့်သည်တစ်ယောက်က ဗောလ်တဲယားအား “ဆရာကြီး ခင်ဗျား။ ကျွန်တော်တို့ Prussia မှာ ဥပဒေတစ်ခု ရှိပါတယ်။ ဘယ်ပစ္စည်းကို မဆို၊ မရောင်းခင် ဘယ်သူပိုင်သလဲဆိုတာ သက်သေရှိထားဖို့ လိုပါတယ်။ ဆရာကြီးရဲ့ ခုံ ကောင်းကင်ဘုံမှာရှိတဲ့အကြောင်း သက်သေပြနိုင်ပါ့မလား” ဟု မေးသည်။

သင့်ကိုလည်း မေးချင်ပါသည်။ သင့်အတွက် နေရာတစ်နေရာ ကောင်းကင်ဘုံ၌ ရှိ ကြောင်း၊ သက်သေပြနိုင်ပါမည်လော။ ကောင်းကင်ဘုံ၌ နေရာတစ်ခု ရနိုင်သည့် တစ်ခု တည်းသောလမ်းမှာ လက်ဝါးကပ်တိုင် ခြေရင်းသို့လာ၍ အပြစ်သားဖြစ်ကြောင်း ဝန်ခံပါ။ ခရစ်တော်ကို သင်၏သခင်နှင့် ကယ်တင်ရှင်အဖြစ် လက်ခံပါ။ အလောင်းမရှိ၊ ဗလာဟင်းလင်းဖြစ်နေသော သင်္ချိုင်း ဂူသို့လာကာ၊ ကိုယ်တော်သည် သေခြင်းမှ ထမြောက်တော်မူခဲ့ကြောင်းယုံကြည်ပါဟုပြောရာ၊ ဗောလ်တဲယားသည် မှင်တက်သွားပြီး၊ ဘာပြော ရမည်မှန်းမသိ ဖြစ်သွားလေသည်။

ဒုတိယအကြိမ် မွေးဖွားရမည်ဆိုသည်မှာ အထက်အရပ်မှ မွေးဖွားခြင်းကို ဆိုလိုသည်။ ဘုရားသခင်ထံမှ သန့်ရှင်းသောဝိညာဉ်တော်သည် သင့်နှလုံးသားထဲသို့ ဝင်ရောက်ပြီး၊ အသက်တာသစ်ကို ပေးတော်မူသည်။ သင့်ဇာတိစိတ်အဟောင်း၊ မကောင်းသည်ကို သင် သိပါသည်။ စိတ်သဘောသစ် ရှိရပါမည်။ “စိတ်နှလုံးသစ်ကို ငါပေးမည်။ သဘောသစ် ကို သွင်းထားမည်။ သင်တို့ကိုယ်ခန္ဓာထဲက ကျောက်နှလုံးကိုနှုတ်၍ အသားနှလုံးကို ပေး မည်” ဟု (ယေဇ ၃၆း၂၆)၌ မိန့်တော်မူပါသည်။

တ ၃း၂ဝ ၌ ရှင်ပေတရုသည် “ဒုတိယအကြိမ်မွေးဖွားခြင်းကို နောင်တရ၍ စိတ် ပြောင်းလဲခြင်း” ဟု ခေါ်ပါသည်။ ရော ၆း၁၃ ၌ ရှင်ပေါလုက “သေခြင်းမှ ထမြောက်ခြင်း” ဟု ပြောပါသည်။ ၂ကော ၅း၁၇ ၌ ရှင်ပေါလုကပင် “ဟောင်းသောအရာတို့သည် ပြောင်း လဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ” ဟု ခေါ်သည်။

သင်၌ ဤသို့ ဖြစ်ပြီးပါပြီလား။ ယနေ့ညပင် ဤသို့ ဖြစ်နိုင်ပါသည်။ ဤနေရာ၌ ဖြစ်နိုင်သည်။ နောက်တစ်နေ့အထိ စောင့်စရာ မလိုပါ။ အချိန်ရွှေ့စရာမလိုပါ။

ကမ္ဘာကျော်တေးဂီတအဖွဲ့ The Beatles က “နောက်တစ်ခါ၊ နောက်တစ်ရက်” (Another time and another day) ကို သီဆိုလေ့ရှိခဲ့ပါသည်။ သင့်အတွက်မူ ထိုသို့ နောက်တစ်ခါ နောက်တစ်ရက် မရှိပါ။ ယနေ့ည ယခု ချက်ချင်းလုပ်ရမည်။ ခရစ်တော်၌ သင့်ကိုယ်ကို အပ်နှံဖို့ လိုပါသည်။ ယနေ့ညပင် လုပ်ဆောင်နိုင်သည်။

ကျွန်ုပ် ဤနေရာသို့ မလာခင်လေးပင် မြောက်ကယ်ရိုလိုင်းနားပြည်နယ် အက်ရှဗီးလ် မြို့ရှိ ကျွန်ုပ်တို့အိမ်အနီး၌ လူတစ်ယောက်သည် ဘဏ်တိုက်သို့သွားကာ၊ ဘဏ်စာရေးကိုသေနတ်နှင့်တေ့ပြီး၊ ပိုက်ဆံထုတ်ပေးဖို့ ပြောသည်။ ဘဏ်စာရေးသည် ထိုသူခိုင်းသည့် အတိုင်း လုပ်ပါသည်။ သို့ရာတွင် ငွေထုပ်ထဲ၌ ဆိုးဆေးဗုံးပါသည်ကို သူမသိပေ။ ထိုသို့ ဆိုးဆေးဗုံးပေါက်ကွဲသောအခါ ပိုက်ဆံအထုပ်နှင့် သူ့လက်သည် ထိုဆိုးဆေးများနှင့် ပေ ကုန်သည်။ ဤအမှုမှ သူမလွတ်မြောက်နိုင်ခဲ့ပါ။ ၄င်းကို ဖမ်းမိသောအခါ ဆိုးဆေး ပေးနေ သည်ကို အလွယ်တကူ မြင်ခဲ့ကြရသည်။

ထို့အတူ၊ အပြစ်ကြောင့် ကျွန်ုပ်တို့၏ဝိညာဉ်များပေါ်၌ ဆိုးဆေးများ ပေနေသည်။ ၄င်းကို ဆေးကြော၍ မရပါ။ ဤဆိုးဆေးကြောင့် ကျွန်ုပ်တို့ကို အလွယ်တကူ ထင်ရှားစွာ (တွေ့နိုင်ပြီး ဖမ်းဆီးကာ တရားစီရင်ခံရပါမည်။ သို့သော်လည်း သခင်ယေရှုသည် အသွေးတော်ဖြင့် ထိုဆိုးဆေးကို ဆေးကြောပေးနိုင်ပါသည်။ အပြစ်တည်းဟူသော ဆိုးဆေးကို စင်ကြယ်စေနိုင်သည့်တစ်ခုတည်းသောလမ်းမှာ ခရစ်တော်၏အသွေးတော်ဖြင့် ဆေးကြော ခြင်း ဖြစ်သည်။ “ဘုရားသခင်၏သားတော် ယေရှုခရစ်၏အသွေးတော်သည် ငါတို့အပြစ် ရှိသမျှကို ဆေးကြောတော်မူ၏” (၁ယော ၁း၇)ဟု နှုတ်ကပတ်တော်က ပြောပါသည်။ ထိုအရာသည် ယနေ့ည သင် လိုအပ်နေသည့်အရာဖြစ်သည်။

ဆက်၍ နိကောဒင်သည် သခင်ယေရှုကို ဤသို့ မေးပါသည်။ “မည်သို့ ဖြစ်နိုင်ပါ မည်နည်း။” သခင်ယေရှုက “လေ” ကို ဥပမာဆောင်ကာ၊ ဆန်းကြယ်သည့်အရာတစ်ခု ကို ပြောသည်။ “လေသည် အလိုရှိတိုင်း သွားလာ၏။ လေ၏အသံကို သင်သည် ကြားရသော်လည်း၊ အဘယ်အရပ်က ဖြစ်သည်၊ အဘယ်အရပ်သို့သွားသည်ကို မသိနိုင်” (ယော ၃း၈)။ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့နှလုံးသားထဲသို့ဝင်ကာ၊ အသစ်သော စိတ်နှလုံးကို ပေးပါသည်။ ထိုစိတ်နှလုံးကို သင့်လက်ဖြင့် ကောက်ယူ၍မရပါ။ ခွဲခြမ်း စိတ်ဖြာ၍မရပါ။ သိပ္ပံလက်တွေ့စမ်းသပ်ခန်းသို့ မယူသွားနိုင်ပါ။ သခင်ခရစ်တော်ကို သင် ယုံကြည်ပါပြီဟု ပြောသောအခါ၊ သင့်အထဲ၌ ဘုရားသခင်၏ဝိညာဉ်တော် ပြုတော်မူ သည့်လက်ရာတော် ဖြစ်သည်။

အသစ်မွေးဖွားခြင်းနှင့်ဆိုင်သည့် ဥပမာတစ်ခု တင်ပြလိုပါသည်။ ပဋိသန္ဓေ စွဲကပ် သည့်အချိန် ရှိသည်။ ကိုယ်ဝန်ဆောင်ချိန် (၉)လ ရှိသည်။ ထိုနောက် မွေးဖွားသည်။ နှုတ်ကပတ်တော်က ပြောသည်မှာ ဘုရားသခင်၏နှုတ်ကပတ်တော်ကို လက်ခံသည့်အချိန် ရှိသည်ဟု ဖြစ်သည်။ “သင်တို့သည် ဖောက်ပြန်ပျက်စီးတတ်သော မျိုးစေ့အားဖြင့် ဖြစ် ဘွားသည်မဟုတ်။ မဖောက်ပြန်မဖျက်ဆီးတတ်သော မျိုးစေ့တည်းဟူသော အသက်ရှင်၍ အစဉ်အမြဲတည်တော်မူသော ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် ဖြစ်သွားသော ကြောင့်…” (၁ပေ ၁း၂၃)။

ယနေ့ည ကိုးကားခဲ့သည့် နှုတ်ကပတ်တော်များကို သင်ကြားရပြီး ခရစ်တော်ကို ယုံ ကြည်ပါပြီဟု ပြောပြီ။ ပဋိသန္ဓေစွဲခြင်း သို့မဟုတ် ကိုယ်ဝန်ဆောင်ခြင်း၏အစလည်း ရှိခဲ့ ပြီ။ တစ်နည်းအားဖြင့် မွေးဖွားပြီဟုလည်း ပြောကောင်းပြောနိုင်မည်။ မည်သို့ဆိုစေ၊ ဘုရား သခင်တစ်ပါးတည်းသာ သိတော်မူပါသည်။ “သို့ဖြစ်၍ ယုံကြည်ခြင်းသည် ကြားနာခြင်း အားဖြင့် ဖြစ်၏။ ကြားနာခြင်းသည်လည်း ဘုရားသခင်၏စကားတော်အားဖြင့် ဖြစ်၏”” (ရော ၁၀း၁၇)။ ကယ်တင်ခြင်းနှင့်ဆိုင်သော ဘုရားသခင်၏နှုတ်ကပတ်တော်မြတ်များ ရှိပါသည်။

“ဘုရားသခင်၏ပညာတော် စီရင်သည်နှင့်အညီ၊ လောကီသားတို့သည် မိမိတို့ပညာ အားဖြင့် ဘုရားသခင်ကိုမသိဘဲ နေကြသောအခါ၊ ဘုရားသခင်သည် ယုံကြည်သောသူ တို့ကို ဒေသနာတော် မိုက်မဲခြင်းအားဖြင့် ကယ်တင်ခြင်းငှါ စေတနာစိတ် ရှိတော်မူ၏” ( ၁ကော ၁း၂၁)။ဤကား သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှု ဖြစ်သည်။ ဝိညာဉ်တော်သည် သင်၌အပြစ်ရှိကြောင်း သင့်ကို အထင်အရှားသိစေသည်။ ကိုယ့်ကိုယ်ကို အပြစ် ရှိကြောင်းသိလာသည်။ သင်၌ ဘုရားသခင် ရှိစေလိုသည့်အရာများ မရှိကြောင်း ဝိညာဉ်တော် ဖော်ပြသည်။

ခရစ်တော်ကို သင်လက်ခံသောအခါ၊ ကိုယ်တော်သည် သင့်အထဲ၌ ကြွလာ ကိန်းဝပ် တော်မူပါလိမ့်မည်။ သင့်အထဲ၌ နေထိုင်ပါမည်။ ခရစ်ယာန်အသက်တာဖြင့် အသက်ရှင် ရန် ဤနေရာမှ ထွက်သွားစရာ မလိုပါ။ သင့်ဖာသာ ခရစ်ယာန်အသက်တာဖြင့် အသက် ရှင်၍ မရနိုင်ပါ။ ထိုသို့အသက်ရှင်ရန်၊ ဝိညာဉ်တော်သည် သင့်ကို ကူမတော်မူပါမည်။ ကျွန်ုပ်သည် ဝိညာဉ်တော် မကူညီဘဲ၊ တစ်နာရီမျှပင် ခရစ်ယာန်အသက်တာဖြင့် အသက် မရှင်နိုင်ပါ။ ထိုအချိန်၌ ကျွန်ုပ်သည် ရှုံးနိမ့်သူ ဖြစ်သည်။ မိမိရှုံးနိမ့်ကြောင်း တစ်ချိန်လုံး ခံစားရသည်။ ကျွန်ုပ်သည် ဘုရားသခင်၏ထူးခြားသော သူတော်စင်တစ်ပါး မဟုတ်ပါ။ လူတို့သည် အနည်းငယ် လူသိများသော လူတစ်ယောက်ကို စင်မြင့်ပေါ် တင်ထားလေ့ရှိ သည်။ ကျွန်ုပ်သည် ထိုနေရာနှင့် မဆိုင်ပါ။ ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်း ခံရသောအပြစ်သားအားလုံးနှင့်ဆိုင်သည့် မြောင်းထဲ၌သာ ရှိပါသည်။ ကျွန်ုပ်သည် ဘုရား သခင်၏ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းခံရသူ၊ အပြစ်သားတစ်ဦးသာ ဖြစ်သည်။

သခင်ယေရှုသည် စိတ်ဝင်စားစရာကောင်းသော ဥပမာတော်တစ်ခုကို အသုံးပြုတော် မူပါသည်။ ဓမ္မဟောင်းကာလမှ ဥပမာ ဖြစ်သည်။ အီဂျစ်ပြည်မှ ထွက်လာကြသည့် အစ္စရေးလ်လူမျိုးအားလုံးသည် မြွေပေါက်ခံကြရသည်။ အားလုံး သေလုမျောပါး ဝေဒနာ ခံစားရပြီး၊ အော်ဟစ်နေကြရသည်။ ထိုအခါ မောရှေသည် ကြေးဝါဖြင့် ပြုလုပ်ထားသော မြွေရုပ်ကို တောထဲ၌ မြှောက်ကိုင်လိုက်သည်။ ၄င်းနောက် သူက “အကိုက်ခံရသောသူ တိုင်း ကြည့်ရှုလျှင် အသက်ချမ်းသာရလိမ့်မည်” ဟု ပြောသည်။ လုံးဝမိုက်မဲသောအရာ ဖြစ်သည်။ ထိုကြေးဝါအရုပ်တွင် ကယ်တင်နိုင်သောအရည်အသွေး၊ ရောဂါငြိမ်းစေသော အရည်အသွေး ဘာမှမရှိပါ။ ကြည့်ရုံနှင့် အသက်ချမ်းသာရမည်။ စဉ်းစားကြည့်ပါ။ သင် လုပ်ရမည်မှာ ဤမျှသာ ဖြစ်သည်။ လူထောင်ပေါင်းများစွာတို့ ကြည့်ကြသည့်အတွက် ကယ်တင်ခံကြရသည်။ သို့သော် ထောင်ပေါင်းများစွာသောသူတို့သည် မကြည့်ကြပါ။ ” မိုက်မဲသည့်အလုပ်ဟု ထင်ကြသည်။ ရယ်စရာကောင်းသလို ရိုးစင်းလွန်းလှသည် (တော ၂၁း၆-၉)။ ။ “ သင်တို့အထဲမှ အချို့သည်လည်း ခရစ်တော်၏ဧဝံဂေလိသတင်းကို ထိုနည်းအတိုင်း ယူဆနေကြသည်။ လက်ဝါးကပ်တိုင်တော်နှင့် ရှင်ပြန်ထမြောက်ခြင်းအကြောင်းစဉ်းစား ကာ “လွယ်လွန်းတယ်။ မမှန်နိုင်ဘူးပါ”ဟု ထင်နိုင်သည်။ ဒီနေ့ ဆိုသွားခဲ့တဲ့ သီချင်း တွေကလည်း “လွယ်လွန်းတယ်။ ရိုးစင်းလွန်းတယ်” ဟု ထင်ကောင်းထင်နိုင်သည်။

ခရစ်တော်ထံသို့ လာကြပါ။ တစ်နည်းအားဖြင့်တော့ လွယ်ကူသောနည်း ဖြစ်သည်။ သင့်အပြစ်ကို နောင်တရရန် လိုပါသည်။ ဘုရားသခင်အား သင်ပြောရမည်မှာ “ကျွန်ုပ် သည် အပြစ်သားအဖြစ် ဝန်ခံသိမှတ်ပါသည်။ အပြစ်မှ ရှောင်ခွာလိုပါသည်။ သို့သော် လည်း သခင်ဘုရား ဤအရာများကို စွန့်လွှတ်သည်တွင်ပင် ကိုယ်တော်၏အကူအညီကို လိုအပ်ပါသည်။ ကျွန်ုပ်ဖာသာ လုပ်ဆောင်၍မရပါ။ ထိုသံကြိုးများ၏ရစ်ပတ်မှု ခံနေရပါ သည်။” တစ်ခုနှင့် တစ်ခု ချိတ်ဆက်နေသော အကျင့်များ ဖြစ်သည်။ ကြိုးစားခဲ့သော် လည်း မလုပ်နိုင်ခဲ့ပါ။ ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်အထဲသို့ ကြွလာပြီး၊ ထိုသံကြိုးများကို ဖြတ်တောက်စေတော်မူပါဟု ဆုတောင်းပါက ဝိညာဉ်တော် သည် လုပ်ဆောင်ပေးတော်မူပါလိမ့်မည်။ ယနေ့ညပင် လုပ်ဆောင်ပေးတော်မူပါမည်။

လွန်ခဲ့သော (၇)နှစ်၊ (၈)နှစ်ခန့်၌ Miami Nassau သို့ ပျံသန်းသွားသည့် လေယာဉ် ပျံတစ်စီးသည် သမုဒ္ဒရာထဲသို့ ပျက်ကျသွားသည်။ လေယာဉ်မောင်းသူသည် အသက် ချမ်းသာရာ ရခဲ့သော်လည်း၊ ၄င်း၏နဖူးဒဏ်ရာမှ ထွက်လာသောသွေးသည် ငါးမန်းများကို ဆွဲဆောင်နေသည်။ သူသည် နာရီပေါင်းများစွာ ငါးမန်းများကို ကန်ကျောက်နေခဲ့ ရသည်မှာ မယုံနိုင်စရာ ဖြစ်သည်။ ရေထဲ၌ နာရီပေါင်းများစွာ ယက်ကန်ယက်ကန် လုပ် ခဲ့ရသည်။ ရေထဲ၌ (၁၀)နာရီအကြာနေခဲ့ရပြီးနောက်၊ လေယာဉ်တစ်စီးလာသည်ကို မြင်၍ သူ၏လိမ္မော်ရောင် အသက်ကယ်အင်္ကျီကို ဝှေ့ယမ်းပြလိုက်သည်။ လေယာဉ်မှူးသည် ၄င်းကိုမြင်သွားပြီး၊ ၄င်း နှင့် (၁၂)မိနစ်ကြာခန့် မောင်းရမည့်နေရာ၌ရှိသော ကမ်းတက်လှေငယ်တစ်စီးရှိရာသို့ အချက်ပြမီးခိုးပစ်ချကာ ရေဒီယိုနှင့် ဆက်သွယ် အကြောင်းကြား လိုက်သည်။ ကမ်းခြေစောင့်တပ်၏လှေငယ်ရှိရာသို့ “မြန်မြန်လုပ်ပါ။ အဲဒီလူကို ငါးမန်း တွေ ဝိုင်းထားတယ်”” ဟု လှမ်းပြောသည်။ ကမ်းတက် လှေငယ် ရောက်လာပြီး၊ ၄င်းကိုလှေခါး ချပေးလိုက်သည်။ ကြောက်ရွံ့ နာကျင်ဖွယ်သေဘေးမှ ဤလူကို ကြားဝင် ကယ် တင်နိုင်ခဲ့သောအရာမှာ ကမ်းခြေတက်လှေငယ်တစ်စီးသာ ဖြစ်သည်။

ဘုရားသခင်သည် ဤည၌ သင့်ကို ဖျက်ဆီးလိုသည့် ငါးမန်းများကြားမှ ဝေးရာသို့ ခေါ်ဆောင်သွားပြီး၊ သင့်အသက်နှင့်စိတ်နှလုံးကို ကြားမှ ဝင်ရောက်ကယ်တင်လိုပါသည်။ သင်သိသင့်သည်မှာ နည်းစနစ်ကောင်းကောင်း မလိုအပ်ခဲ့ပါ။ အားပေးစကားကိုလည်း မလိုအပ်ခဲ့ပါ။ အကယ်ခံရဖို့သာ လိုအပ်ခဲ့သည်။ ယနေ့ည၊ သင့်အနေအထားသည်လည်း ဤသို့ဖြစ်နေသည်။ သင် အကယ်ခံရဖို့လိုအပ်နေပါသည်။ သင့်စိတ်နှလုံးကို ခရစ်တော် သို့ဖွင့်လှစ်ပေးခြင်းဖြင့် ယနေ့ညပင် ကယ်တင်ခြင်း ခံယူရရှိနိုင်ပါသည်။

 

ကြွယ်ဝချမ်းသာနှင့် ရုပ်ဝါဒ

Sex, Power, Riches and Materialism

ယနေ့ည ကျွန်ုပ်နှင့်အတူ မဿဲ ၁၂ ကို ဖွင့်ထားစေချင်ပါသည်။ အငယ် ၃၈ မှစ၍ ကြည့်ပါစို့။ လူတစ်ယောက်သည် ကျွန်ုပ်အား မည်သည့်ကျမ်းစာအုပ်အမျိုးအစား သုံးနေ သနည်းဟု မေးပါသည်။ ရှင်ပေါလုကဲ့သို့ King James Version ကို အသုံးပြုနေပါသည်။ သင် ကိုးကားနိုင်သည့် ကျမ်းစာအမျိုးအစားများစွာ ရှိပါသည်။ အကယ်၍ မှားယွင်း ကိုး ကားမိသော်၊ နောက်ထပ်အမျိုးအစားတစ်ခုကို သင် အသုံးပြုနေသည်ဟု ထင်ကြမည်။ ကျွန်ုပ်တို့ဇနီးမောင်နှံ၌ ဘာသာပြန်ကျမ်းစာအုပ် (၂၅)မျိုး ရှိပါသည်။ တရားဟောရာ၌ အသုံးပြုနေကျအတိုင်း King James Version ကို ယခုအသုံးပြုပါမည်။ အမျိုးအမည် အတော်များများကို အကျွန်ုပ် နှစ်သက်ပါသည်။ ရှုထောင့်မျိုးစုံ ဖော်ပြကြသည်။

လူတစ်ဦးပြောသည့်အကြောင်းအရာတစ်မျိုးကို ကြားဖူးပါသည်။ တိမောသေသည် တမန်တော်ပေါလုထံမှ စာတစ်စောင် လက်ခံရရှိခဲ့သည်။ သူ့အနောက်တွင် ကုန်စည် စလယ်အပြည့်နှင့် မြည်းနှစ်ကောင် ရပ်နေသည်။ လူတွေက “ဘာတွေလဲဟေ့” ဟု မေး ကြရာ၊ “အော်- ဒါတွေက အဲဒီစာထဲမှာ ရှင်ပေါလု ဘာတွေ ပြောထားသလဲဆိုတာ ပြော ပြဖို့၊ အနက်ဖွင့်ကျမ်းတွေပါ” ဟု ပြန်ဖြေပါသည်။ ကျွန်ုပ်တို့လည်း ဤနည်းနှင်နှင် ဖြစ် နေကြသည်။

သမ္မာကျမ်းစာကို ရေးထားသည့်အတိုင်း ဖတ်ရသည်မှာ နှစ်ခြိုက်စရာကောင်းလှသည်။ King James Version မှ ဘာသာပြန်ထားသည့်အရာအားလုံးသည် ဆီလျော်သည်တော့ မဟုတ်ပေ။ ကျန်သောအမျိုးအစားများသည်လည်း ထိုနည်းအတိုင်းပင်ဖြစ်သည်။ သို့သော် Greek ကို မလေ့လာလျှင် ဆိုလိုရင်းအဓိပ္ပါယ်ကို သိဖို့ မဖြစ်နိုင်ပါပေ။ ကျွန်ုပ်ဇနီး၏ စားပွဲပေါ်၌ ဘာသာပြန်ကျမ်းစာ အမျိုးအစား(၅)မျိုး၊ (၆)မျိုး အမြဲရှိသည်။ သူမသည် Greek ဘာသာကို သင်ခဲ့ဖူးသည်။ ကျွန်ုပ်လည်း လေ့လာဖူးပါသည်။ သို့သော် ကြာကြာ မလေ့လာခဲ့ပါ။

ကျမ်းစာကျောင်းတက်နေသော ကျွန်တော့်သားက “ဖေဖေ၊ ကျွန်တော် Greek ကို လေ့လာသင့်တယ်လို့ ထင်သလား” ဟု မေးပါသည်။ ကျွန်ုပ်အဖြေကိုတော့ မပြောတော့ ပါ။ အဘယ်ကြောင့်ဆိုသော် ထိုသားသည် ဘာသာစကား၊ သင်္ချာဘာသာရပ်တို့၌ အဖေ နှင့်အတော်တူပါသည်။ သို့သော်လည်း သူယူသည့် ဘာသာအားလုံး၌ “A” ရပါသည်။ သူကျမ်းစာကျောင်းတက်မည်ဟု ကျွန်ုပ် အိပ်မက်ပင် မမက်ပါ။ ကျွန်ုပ်တို့၏အငယ်ဆုံးသား ဖြစ်သည်။ ကျန်သားသမီးအားလုံးသည် ကျန်းစာသင်သောဆရာ၊ တရားဟောဆရာ များ သို့မဟုတ် တစ်ခုခု ဖြစ်ကြသည်။ သူသည် အိမ်ထောင်ပြုရာ၌ အနည်းငယ် နောက် ကျပါသည်။ ချစ်စရာကောင်းသော မိန်းကလေးတစ်ယောက်နှင့် အိမ်ထောင်ကျပါသည်။ ယခုအခါ West Coast ကျမ်းစာကျောင်း၌ တက်နေကြသည်။ ယခု နွေရာသီတွင် အသင်း တော်တစ်ပါး၌ လက်ထောက်သင်းအုပ် လုပ်ပါမည်။ သူ၏ပထမဆုံးသောတရားဟောခွေ ကို နားထောင်ရဖို့လည်း မျှော်လင့်နေပါသည်။ သူသည် လူအများ၏နောက်ကွယ်၌ အမှန် တရား ဟောနိုင်ပါသည်။

“ထိုအခါ အချို့သော ကျမ်းပြုဆရာနှင့် ဖါရိရှဲတို့က အရှင်ဘုရား၊ အကျွန်ုပ်တို့သည် ကိုယ်တော် ပြတော်မူသော နိမိတ်လက္ခဏာတစ်စုံတစ်ခုကို မြင်ချင်ပါသည်ဟု လျှောက် ကြလျှင်၊ ကိုယ်တော်က ဆိုးညစ်၍ မျောက်မထားသောအမျိုးသည် နိမိတ်လက္ခဏာကိုတောင်းသည်မှာ ပရောဖက်ယောန၏နိမိတ်လက္ခဏာမှတစ်ပါး၊ အဘယ်လက္ခဏာကိုမျှ သူတို့အား မပြရာ” (အငယ် ၃၈-၃၉)။

သခင်ယေရှု ယောနကို အသုံးပြုတော်မူမည်မှာ မထူးဆန်းပေလော။ ယောန၏ဇာတ် ကြောင်းကို မယုံဖို့ ကျွန်ုပ်တို့ကို မပြောပါ။ ယောနကို ဝေလငါးတစ်ကောင် သို့မဟုတ် ငါးကြီးတစ်ကောင် ဖြိုချခဲ့သည်ဟူသောအချက်ကို ကိုယ်တော် လက်ခံတော်မူပါသည်။

“ယောနသည် ငါးကြီးဝမ်းထဲမှာ သုံးရက်နေရသကဲ့သို့၊ လူသားသည် မြေကြီးထဲမှာ သုံးရက်နေရလတံ့” (ငယ် ၄၀)။ သခင်ယေရှုသည် မိမိ၏သေခြင်းနှင့် ရှင်ပြန်ထမြောက် ခြင်းကို ပုံဆောင်ပြရန်အတွက် ဤဥပမာကို အသုံးပြုတော်မူသည်။ “တရားဆုံးဖြတ်တော် – မူသောအခါ၊ နိနေဝေမြို့သားတို့သည် ဤလူမျိုးတဘက်၌ထ၍ အရှုံးခံစေလတ္တံ့။ အကြောင်း) မူကား ထိုမြို့သားတို့သည် ယောနဟောပြောသောစကားကြောင့် နောင်တရကြ၏။ ဤ အရပ်၌ကား ယောနထက် သာ၍ကြီးမြတ်သောသူရှိ၏” (အငယ် )။

နိနေဝေမြို့အား ယောန တရားဟောသည်ကို သတိရပါ။ နိနေပေမြို့သည် လူ တစ်သိန်းမျှနေသောမြို့ကြီးတစ်မြို့ဖြစ်သည်။ ထိုမြို့တစ်မြို့လုံး နောင်တရပြီး၊ ဘုရားသခင် ထံသို့ ပြောင်းလဲသွားသောအခါ၊ ပထမဦးဆုံးသော နိုးထမှုကြီးဖြစ်ခဲ့တော့သည်။ ၄င်းတို့ သည် အပြစ်ကို နောင်တရကြသည်။ တစ်မြို့လုံး ဘုရားသခင်ထံ ပြောင်းလဲသွားသည်။ ဘုရားသခင်သည် ဤမြို့ ကို ပြစ်ဒဏ်စီရင်ခြင်းမှ ချမ်းသာပေးခဲ့သည် (ယောနဝတ္ထုကို ကြည့်ပါ) . အမေရိကန်နိုင်ငံအတွက် ကျွန်ုပ် ဆုတောင်းလျက် ရှိပါသည်။ “အို ဘုရားသခင်၊ အမေရိကားကို ချမ်းသာပေးတော်မူပါ။ ကျွန်ုပ်တို့၏ကမ္ဘာကြီး ဖျက်ဆီးခံရတော့မည့် ဖြစ် နိုင်ခြေများကို မြင်သောကြောင့်၊ အနုမြူစစ်ကြောင့်သာမက အေ့ဒ်စ် AIDS ကြောင့်ပါ ဖျက်ဆီးခြင်းခံနေရပါပြီ။ ထိုမျှသာမက အခြားအရာများသည်လည်း ယခုအခိုက်အတန့် ၌ ကမ္ဘာကြီးကို ဖမ်းကိုင်ထားသည်။

“တရားဆုံးဖြတ်တော်မူသောအခါ၊ နိနဝေမြို့သားတို့သည် ဤလူမျိုးတဘက်၌ ထ၍ အရှုံးခံစေလတံ့။ အကြောင်းမူကား ထိုမိဖုရားသည် ဤလူမျိုးတဘက်၌ ထ၍ အရှုံးခံစေ လတံ့။ အကြောင်းမူကား ထိုမိဖုရားသည် ရှောလမုန်မင်းကြီး၏ပညာစကားကို နားထောင် စေခြင်းငှါ မြေကြီးစွန်းမှ လာ၏။ ဤအရပ်၌ကား ရှောလမုန်ထက်သာ၍ ကြီးမြတ်သော သူရှိ၏။” (မ ၁၂း၄၂)။ “ရှောလမုန်ထက် သာ၍ကြီးမြတ်သောသူ” သည် အဘယ်သို့ ကြွလာနိုင်ခဲ့သနည်း။ ဤအကြောင်းကို ယနေ့ည ပြောလိုပါသည်။ ယနေ့ အမေရိကန် လူမျိုးများ၏အသက်တာ၊ ယနေ့ အမေရိကန်လူငယ်များကို ဖော်ပြရန်၊ ရှောလမုန်မင်းကြီး ၏အသက်တာကို ဥပမာအဖြစ် အသုံးပြုလိုပါသည်။ အကြောင်းမှာ ရှောလမုန်သည် ဉာဏ်ပညာနှင့်အလွန်ပြည့်စုံ၍ဖြစ်သည်။ ယနေ့ နေရာတိုင်းကိုကြည့်သော်၊ လူငယ်များ သည် ဗဟုသုတ၊ လုံခြုံမှုမေတ္တာကို အကြီးအကျယ် ရှာဖွေလျက် ရှိကြသည်ဟု ထင်ရပါ သည်။ လူငယ်များသည် မိမိဝတ်သောအဝတ်အစား၊ မိမိဝယ်သောပစ္စည်း၊ မိမိသွားသော နေရာများ၊ မိမိသွားသော ရော့ခ်ဂီတပွဲများဖြင့် မိမိကိုယ်ကို မိမိ မည်သူမည်ဝါဟု အဓိပ္ပါယ် ဖွင့်ဆိုသတ်မှတ်ကြသည်။

သို့သော်လည်း ယနေ့ ကျွန်ုပ်တို့ လူငယ်အများစုသည် အထီးကျန် ဖြစ်နေကြသည်။ အမေရိကန်နိုင်ငံ အရှေ့ပိုင်းရှိ နာမည်ကြီးတက္ကသိုလ်တစ်ခုမှ ဌါနမှူးတစ်ယောက်အား “ဒီတက္ကသိုလ်ရဲ့ အကြီးဆုံးပြဿနာတစ်ခုက ဘာလဲ” ဟု မေးကြည့်ရာ၊ “ရည်မှန်းချက် မရှိခြင်း၊ အဓိပ္ပါယ်မဲ့ ဖြစ်နေခြင်း” ဟု ပြန်ဖြေပါသည်။ ဤသည်ကား ဟားဗတ်တက္ကသိုလ် Harvard University မှ Dr. Bok ပေးသည့်အဖြေဖြစ်သည်။ Harvard တက္ကသိုလ် ၌ပင် ဤသို့ ဖြစ်နေပါသည်။ ထို့ပြင် ကျောင်းသားများစွာသည် အထီးကျန် ဖြစ်နေကြ သည်။ မိမိကိုယ်ကိုမိမိ မည်သူနည်းဟု ရှာဖွေသိရှိဖို့ လိုအပ်နေသည်။ မာရီလင်မွန်ရိုး (Marilyn Monroe) ၏အတုပ္ပတ္တိစာအုပ်သစ်တစ်အုပ်ထဲ၌ သူမ ဘဝအသက်တာထဲမှ ဝမ်းမြောက်ခြင်းလုံးဝထွက်သွားခဲ့သည်ဟု ပြောထားသည်။ ရှောလမုန် ၏ရှာဖွေမှုရလဒ်ကို အကြိမ်ကြိမ် ဖော်ပြခဲ့ပါသည်။ ရှောလမုန်မင်းကြီးက အနတ္တသက် သက်၊ အလုံးစုံတို့သည် အနတ္တဖြစ်ကြသည်(ဒေ ၁၂း၈)ဟု ခေါ်ဆိုခဲ့ပါသည်။ အနတ္တ၏ အဓိပ္ပါယ်မှာ “ပေါက်သွားသောလေပူဖောင်း” ဖြစ်သည်။

San Francisco Exploratorium တွင်နိုင်ငံလုံးဆိုင်ရာလေပူဖောင်း ပွဲတော်ကျင်းပ ပါသည်။ ထိုပွဲတော်တွင် San Francisco Bubble Pop Symphony တေးသွားအလိုက်သောင်းပေါင်းများစွာသော လေမှုတ်ထားသည့်စက္ကူအိတ်၊ ပူဖေါင်းများကို ဖောက်ကြသည်။

လက်ဖျားခါလောက်သည့် ထိုတင်ဆက်မှုကို ရှောလမုန်၏အသက်တာနှင့် ဥပမာပြုလိုပါ သည်။ ပူဖောင်းသည် ပေါက်သွားသည်။ ၄င်းသည် အနတ္တဖြစ်သည်။ အာရုံငါးပါးနှင့် စိတ်ကူးကြံစည်ရသမျှ ပျော်ပါးမှုကို ရှာဖွေခဲ့သည်။ သို့သော်လည်း အားလုံးသည် ပေါက် သွားသောလေပူဖောင်းကဲ့သို့ အချည်းနှီးသက်သက်ဖြစ်သည်။ ရှောလမုန်သည် လိုချင်ရာ အကုန်ရခဲ့သော်လည်း၊ အဆုံး၌ အဓိပ္ပါယ်မရှိ၊ အစဉ်ဟာတာတာကြီးဟု မှတ်ချက်ပြုပါ သည်။

အစပထမ၌ ရှောလမုန်မင်းကြီးသည် အမြင့်မားဆုံးသော ဉာဏ်ပညာကို ဆည်းပူး ရရှိခဲ့သည်။ ခရစ်တော်မှလွဲ၍အသက်ရှင်သမျှလူတိုင်းထက် ပို၍သိသည်။ သူက “ငါသည် ငါ့အရင်၊ ယေရုရှလင်မြို့၌ဖြစ်ဖူးသောသူအပေါင်းတို့ထက် ကြီးမြတ်၍ ပညာရှိ၏” ဟု ပြောသည် (ဒေ ၁း၁၆)။ ၃ရာ ၄း၃ဝ ၌ “ပညာတော်သည် အရှေ့ပြည်သားပညာနှင့် အဲဂုတ္တုပြည်သား ပညာကို လွန်ကဲ၏။” ရှောလမုန်မင်းကြီးက “ပညာတရားကို၎င်း၊ လျှပ် ပေါ်ခြင်းနှင့် မိုက်မဲခြင်းတို့ကို၎င်း၊ ပိုင်းခြား၍သိအံ့သောငှါ၊ ငါသည် နှလုံးထား၏။ ထိုအမှုသည်လည်း လေကို ကျက်စားသောအမှု ဖြစ်သည်ကို ရိပ်မိ၏။ အကြောင်းမူကား ပညာများလျှင် ငြိုငြင်စရာအကြောင်းများ၏ သိပ္ပံအတတ် တိုးပွားသောသူသည် ဝမ်း နည်းခြင်း တိုးပွားတတ်၏” (ဒေ ၁း၁၇၊ ၁၈)။ သူက “သင်သည် အရာခပ်သိမ်းကို သိနိုင်” သည်။ ခပ်သိမ်းသောဗဟုသုတကို သင် ရရှိနိုင်သည်။ ပါရဂူဘွဲ့ အားလုံးကိုလည်း သင် လို ရနိုင်ပါသည်။ သို့သော်လည်း ထိုအရာခပ်သိမ်းသည် ကျွန်ုပ်တို့၏နှလုံးသားထဲ စိတ်ထဲ နက်ရှိုင်းစွာရှိနေသော အရာတစ်စုံတစ်ခုကို ကျေနပ်မှု မပေးပါ။ “အလုံးစုံသည် အနတ္တ သက်သက်” ဖြစ်သည်။

လူငယ်များ၏နှလုံးသားစိတ်ကို ရရန်အတွက်၊ ကမ္ဘာတဝှမ်းတွင် ယခုအခါ အားပြိုင် မှုများ အရှိန်အဟုန်ပြင်းလာလျက်ရှိသည်။ ကျွန်ုပ်သည် အခြားသော အမေရိကန် လူမျိုး များနည်းတူ ကမ်းတက်တပ်သားများကို လေးစားဂုဏ်ယူပါသည်။ သို့သော်လည်း လွန်ခဲ့သောရက်အနည်းငယ်က မော်စကိုမြို့၏အခြေအနေ၌ အမေရိကန် မရိမ်းတပ်သားအချို့ ပါဝင်ပတ်သက်နေကြောင်း မြင်ခဲ့ရပါသည်။ ထိုတိုက်ပွဲကား အဘယ်နည်း။ ထိုတိုက်ပွဲကား၊ ယနေ့လူငယ်များကို အမျိုးမျိုးသော အယူအဆများဆီသို့ သွေးဆောင်ရန် ကြိုးပမ်း နေသောတိုက်ပွဲ ဖြစ်သည်။ ကျွန်ုပ်တို့သည် ဆိုဗီယက်ကို အရင်းရှင်စနစ်သည် အကောင်း ဆုံးဖြစ်သည်ဟု သွေးဆောင်ရန် ကြိုးစားသကဲ့သို့၊ ၄င်းတို့ကလည်း ကျွန်ုပ်တို့ကို မာ့ခ်စ် ဝါဒသည် အကောင်းဆုံးဟု သွေးဆောင်ဖို့ ကြိုးစားနေပါသည်။ ကျွန်ုပ်တို့သည် လှည့်ဖြား နည်းအမျိုးမျိုးကို အသုံးပြုကြသည်။ ဒီမိုကရက်များက ရီပါဗလီကန်များကို ပြုသည်မျိုး ရီပါပလီကန်များက ဒီမိုကရက်များကို ပြုသည်မျိုး ဖြစ်သည်။ ညစ်ပတ်သည့် လှည့်စားမှုအမျိုးမျိုး လုပ်ကြသည်။ အနည်းဆုံးတော့ ထိုသို့လုပ်သည့်အကြောင်း ကြားဖူးပြီး၊ မြင်တော့ မမြင်ဖူးပါ။ သတင်းစာထဲ၌ သင်တို့လည်း ဖတ်ဖူးကြပါမည်။ သတင်းစာထဲ၌ ဖတ်ရသည်များကလည်း မှန်ကန်ပါသည်။

သခင်ခရစ်တော်သည် ကျွန်ုပ်တို့အား ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ဉာဏ်ရှိ သမျှ၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်ရမည်ဟု ပြောထားပါသည် (မာ ၁၂း၃၀)။ သင့် အသိ စိတ်တစ်ခုတည်းဖြင့် ဘုရားသခင်ထံသို့ လာ၍မရပါ။ ကျွန်ုပ်တို့၏ပင်ကိုယ်သဘာဝစိတ် သည် အပြစ်၏အကျိုးသက်ရောက်မှုကို ခံစားကြရလျက် ရှိသည်။ ၂ကော ၃း၁၄ ၌ “သူ တို့စိတ်နှလုံးသည် မိုက်မဲလျက်ရှိ၏” ဟု ပြောထားပါသည်။ ၂ကော ၄း၄ ၌ “ဤလောက ကို အစိုးရသောဘုရားသည် သူတို့၏ဉာဏ်မျက်စိကို ကွယ်စေ၏” ဟု ပြောသည်။ “ဤ လောက၏ဘုရား” သည် မာရ်နတ်ဖြစ်သည်။ သမ္မာကျမ်းစာက မာရ်နတ်ရှိကြောင်း သွန် ဆောင်ပါသည်။ နတ်ဆိုးများလည်း ရှိပါသည်။ ဝိညာဉ်နှင့်ဆိုင်သောအရာများကို သင် မမြင်စေဖို့ ထိုနတ်ဆိုးများ၌ သင့်စိတ်နှလုံးကို ပိတ်မှောင်စေနိုင်သော တန်ခိုးရှိကြပါသည်။ ဧ ၄း၁၇ ၌ ရှင်ပေါလုက “ထိုသူတို့သည် ဉာဏ်အလင်းကွယ်သည်ဖြစ်၍၊ စိတ်နှလုံးမိုက်မဲသောအားဖြင့် အလျှင်းမသိသောကြောင့် ဘုရားသခင်၏အသက်နှင့် ကွာရှင်းလျက် ရှိကြ၏”ဟု ပြောပါသည်။ ကျွန်ုပ်တို့၏စိတ်သည်မစင်ကြယ်ဟု တိ ၁၁၅ ၌၄င်း၊ ဒံ ၅:၂ဝ ၌ မာန်မာနစိတ်နှင့် ပြည့်နေသည်ဟု ဖော်ပြထားပါသည်။ ၁တိ ၆၅ ၌ စိတ်နှလုံးသည် ယိုယွင်းသည်ဟူ၍၄င်း၊ သု ၂၁း ၂၇ တွင် ကျွန်ုပ်တို့၏စိတ်ကို မတရားဟု၄င်း ဆိုထားပါ သည်။

ပညာဗဟုသုတ ရှာဖွေသိုမှီးထားသော ကျွန်ုပ်တို့သည် မည်သည့်အရာကို ဆည်းပူး သင်ယူမိကြောင်း သင်သိပါသလား။ ဧဒင်ဥယျာဉ်ထဲ၌ အာဒံနှင့်ဧဝမသိခဲ့သောအရာတစ်ခု ကို ကျွန်ုပ်တို့သင်ယူမိပါသည်။ မကောင်းမှု၊ ဆိုးယုတ်မှုအကြောင်းဖြစ်သည်။ အာဒံနှင့်ဧဝ သည် ဘုရားသခင်ကိုပြစ်မှားသောအခါ၊ အပြစ်နှင့်ဆိုင်သောအသိ ရှိလာကြသည်။ ကျွန်ုပ် တို့သည် ဆိုးယုတ်မှု၊ မကောင်းမှုများကို သိရမည်ဟု ဘုရားသခင် မရည်ရွယ်ခဲ့ပါ။ ပြည့်စုံ သောလူသားများအဖြစ် ကျွန်ုပ်တို့ကို ဖန်ဆင်းတော်မူခဲ့ပါသည်။ ဤကမ္ဘာဂြိုဟ်ပေါ်၌ နှစ် ထောင်ပေါင်းများစွာ အသက်ရှင်နေထိုင်ကြရဖို့ ရှိခဲ့ပါသည်။ ဘုရားသခင်၏မစခြင်းနှင့် အတူ သာယာလှပသောကမ္ဘာကို တည်ဆောက်ဖို့ ရှိခဲ့ပါသည်။ သို့သော်လည်း ကျွန်ုပ်တို့ သည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခဲ့ကြသည်။ ထိုမှ ဆိုးညစ်မှုကို သိလာကြသည်။

ကျွန်ုပ်တို့သည် တိုးတက်သောလူ့ဘောင်အဖွဲ့အစည်းအဖြစ်သို့ ရောက်ရှိနေကြပြီ ဖြစ် သည်။ အသိပညာများလည်း တိုးပွားလျက် ရှိသည်။ လူသားများကို နာရီအနည်းငယ် အတွင်း သုတ်သင်ပယ်ရှင်းနိုင်ရန်အလို့ငှါ အဏုမြူဗုံး၊ ဟိုက်ဒြိုဂျင်ဗုံး၊ ဓာတုဗေဒလက်နက်၊ကွန်ပျူတာနှင့် အခြားအရာများကို တည်ထွင်ပြီးနေပါပြီ။

ချာနိုဘိုင်းလ်နျူကလီးယားဓါတ်ပေါင်းဖို မတော်တဆ ဖြစ်ပွားမှုကို ကြည့်ကာ၊ မည်မျှ အဖျက်စွမ်းအား ရှိသည်ကို မြင်ခဲ့ကြရပြီးပါပြီ။ ဤမတော်တဆမှုကြောင့် ဖင်လန်နိုင်ငံ၊ ဆွီဒင်နိုင်ငံ၊ နော်ဝေနိုင်ငံတို့၏မြောက်ဖက်ဒေသများအထိ ရောက်ရှိသွားပြီး ဖျက်ဆီးခံခဲ့ ရသည်။ ဤဖြစ်ရပ်သည် ၄င်းတို့နှင့် မိုင် ၂၀၀၀ ကျော်ဝေးသောအရပ်၌ ဖြစ်ပွားခဲ့သော် လည်း၊ လေ၏သယ်ဆောင်မှုကြောင့် သမင်များ သေကျေ ပျက်စီးခဲ့ရသည်။ ထိုဒေသရှိ လူများသည် သမင်သားကို စားကြသည်။ ရောင်းချကြသည်။ ထို့ကြောင့် ၄င်းတို့၏ လူမှု ဘဝပါ ဖျက်ဆီးခံခဲ့ရသည်။ ထိုမတော်တဆမှုသည် လူတို့၏စားဝတ်နေရေးကိုပါ ထိပါး သည်အထိ ဂယက်ရိုက်ခတ်ခဲ့သည်။ ဘာမျှမဟုတ်သည့် မတော်တဆမှုဟု ထင်ခဲ့ပါသည်။ ကမ္ဘာကြီးကိုဖျက်ဆီးရန် စစ်ပွဲတစ်ပွဲ ဖြစ်ရန် မလိုပါ။ နျူကလီးယား မတော်တဆမှုမျှနှင့် ပင် ဖျက်ဆီးနိုင်သည်။ ကျွန်ုပ်တို့ကို လုံးဝပျက်သုန်းစေမည့် အဓိကသော့ချက်ကို တွေ့ကြ ရပြီးပါပြီ။

အမေရိကန်နိုင်ငံသားများက အကောင်းဆုံးရောင်းတမ်းဝင်စာအုပ်ဟု ပြောကြသည့် ၊ စာအုပ်၌ အမေရိကန်လူမျိုးများသည် လက်တွေ့ဘဝနှင့်မအပ်စပ်သော တွေးခေါ်မှုများ ကို တွေးတတ်လေ့ရှိသည်ဟု ဆိုထားပါသည်။ ထိုစာအုပ်တွင် ပါရှိသေးသည်မှာ ကမ္ဘာ့ – ကြီးတစ်ခုလုံးသည် အကြွင်းမဲ့အာဏာရှင်စနစ်ကျင့်သုံးသောလူ့အဖွဲ့အစည်းထဲ၌လွင့်မျော သွားစရာရှိသည်ဟု ဖြစ်သည်။ ထိုလူ့အဖွဲ့အစည်းတွင် လွတ်လပ်မှုကို လုံးဝဖိနှိပ် ထိန်း ချုပ်ထားသည်။ ထိုမှသည် ကမ္ဘာပျက်ကိန်း၊ လူသားများ ပျက်သုန်းကိန်း ဆိုက်ရောက်လာ ပေမည်။ ဤအခြေအနေ၌ ကျွန်ုပ်တို့ ရှိနေကြသည်။ ကျွန်ုပ်တို့သည် စစ်ဘေးအားဖြင့်သော် လည်းကောင်း၊ မတော်တဆမှု၊ အေအိုင်ဒီအက်စ်ကဲ့သို့ ကပ်ဘေးအားဖြင့်သော်လည်းကောင်း ကမ္ဘာကြီး ပျက်သုန်းမည့် ချောက်ကမ်းပါးစွန်းသို့ ရောက်နေနိုင်ပါသည်။ သမိုင်းတွင် လူသား များကို အဆိုးဝါးဆုံးထိခိုက်စေသည့်ကပ်ဘေးမှာ အေ့ဒ်စ် (AIDS) ဟု ပြောကြသည်။ အမေရိကန် ပြည်ထောင်စု၏တပ်မတော် ဆေးမှူးချုပ်က အေ့ဒ်စ်ရောဂါသည် အလွန် လျှင်မြန်စွာ ပျံ့နှံ့နေသဖြင့် နောက်ထပ် မျိုးဆက်တစ်ခု၌ ဖျက်ဆီးခံရနိုင်သည်ဟု ခန့် မှန်းသည်။ သို့မဟုတ် ကျွန်ုပ်တို့မျိုးဆက်မှာပင် ပျက်စီးသွားနိုင်သည်။

ကျွန်ုပ်တို့ ဘာလုပ်နိုင်ပါသနည်း။ ယေရှုခရစ်တော်ကို လက်ခံပါ။ သင့်စိတ်ကို ကိုယ် တော်အား အုပ်စိုးခွင့်ပေးပါ။ “ယေရှုခရစ်၌ရှိသော ထိုစိတ်သဘောကို သင်တို့၌လည်း ရှိ စေကြလော့” (ဖိ ၂း၅)။ သမ္မာကျမ်းစာက သင် တွေးခေါ်မှုကို ပြောင်းလဲပေးနိုင်သည်ဟု ဆိုထားပါသည်။ “စိတ်နှလုံးကို အသစ်ပြင်ဆင်၍ ပုံသဏ္ဌာန်ပြောင်းလဲခြင်းသို့ ရောက် ကြလော့” (ရော ၁၂း၂)။ သင့်စိတ်နှလုံးကို ခရစ်တော်ထံသို့ အပ်နှံပါ။

အဲလ်ဘတ်အိုင်စတိုင်း (Albert Einstein) သည် သူ့သူငယ်ချင်း ဓါတ်ပုံဆရာအား သူသည် သမ္မတ ရုစဘဲ့ထံသို့ စာတစ်စောင် ရေးခဲ့သဖြင့် နောင်တရကြောင်း ပြောပြ သည်။ စာထဲ၌ အနုမြူဗုံးကို ပြုလုပ်နိုင်မည့်ဖြစ်နိုင်ခြေများ ရေးသားခဲ့သည်။ ဓါတ်ပုံဆရာ က “ကမ္ဘာပေါ်၌ ငြိမ်းချမ်းရေး ရှိနိုင်လိမ့်မည်ဟု ထင်ပါသလား” ဟု မေးရာ၊ “မထင်ပါ။ လူတွေရှိနေသမျှ ငြိမ်းချမ်းရေးမရှိနိုင်ပါဘူး” ဟု ပြန်ဖြေပါသည်။

သခင်ခရစ်တော်သည် ငြိမ်သက်ခြင်း၏အရှင်ဖြစ်သောကြောင့် ငြိမ်သက်ခြင်း ရှိလာ မည် ဖြစ်ပါသည်။ ကိုယ်တော်သည် ငြိမ်သက်ခြင်းကို ဆောင်ယူလာတော်မူပါမည်။ ဘုရား သခင်တစ်ပါးတည်းအားဖြင့်သာ ငြိမ်သက်ခြင်းကို ရှာဖွေနိုင်ကြမည်။ ယခုပင် သင့်စိတ် ထဲ၌ ငြိမ်သက်ခြင်း ရနိုင်သည်။ သင့်အသက်တာနှင့် နှလုံးသားကို ယေရှုခရစ်တော်ထံသို့ အကြွင်းမဲ့အပ်နှံခြင်းဖြင့် စိတ်ငြိမ်သက်မှုကို ရရှိနိုင်ပါသည်။

ဘုရားသခင်သည် လောကီပညာကို မိုက်စေသည်ဟု နှုတ်ကပတ်တော်က ပြောပါ သည် (၁ကော ၁း၂၀)။ ဤလောကသည် လောကီပညာဖြင့် ကိုယ်တော့်ကို ရှာသောကြောင့် ” မအောင်မြင်ပါ။ လူတို့က မိုက်မဲမှုဟု ထင်မှတ်သော ဧဝံဂေလိတရားကို ယုံကြည်သူတို့အား ကယ်တင်ရန် သခင်ဘုရားသည် ရွေးချယ်တော်မူပါသည် (ငယ် ၂၁)။ ဧဝံဂေလိ တရားကို “မိုက်မဲခြင်း” ဟု ခေါ်သည်အား သတိချပ်ပါ။ ဧဝံဂေလိသတင်းသည် ဤလောကအတွက် မိုက်မဲသောအရာဖြစ်သည်။ မာရ်နတ်သည် လူတို့၏စိတ်နှလုံးကိုကွယ် စေပြီး ထိခိုက်စေပါသည်။

အပြစ်သည် ရောဂါတစ်မျိုး ဖြစ်သည်။ စိတ်၏ရောဂါလည်း ဖြစ်သည်။ အယ်လ် ဇိုင်းမားရောဂါ (Alzheimer) ထက် ပိုဆိုးပါသည်။ ရှိသမျှ ရောဂါထက် ဆိုးဝါးသည်။ ၄င်းသည် ဖျက်ဆီးတတ်ပြီး၊ ကျွန်ုပ်တို့အားလုံး၌ ရှိနေကြသည်။ ကျမ်းစာက “လူတိုင်း သည် ဒုစရိုက်ကို ပြုသည်” ဟု မိန့်တော်မူပါသည် (ရော ၃း၂၃)။ အပြစ်နှင့်ပတ်သက်၍ ဘာလုပ်နိုင်ပါသနည်း။ ကားတိုင်တော်သို့ လာပါ။ သင့်အပြစ်များကို ခွင့်လွှတ်ပိုင်သော ခရစ်တော်အား ယုံကြည်ပါ။ သင့်ကို ဦးတည်ရာအသစ်ဖြင့် ကိုယ်တော်က လမ်းညွှန်ဖို့ ခွင့်ပြုပါ။ သင့်ကို စိတ်နှလုံးအသစ် ပေးစေတော်မူပါ။ ခရစ်တော်သည် သင့်စိတ်နှလုံး သာမက ကိုယ်ခန္ဓာဝိညာဉ်၏သခင် ဖြစ်လာနိုင်ပါသည်။

ရှောလမုန်မင်းကြီးသည် အပါးနပ်ဆုံးသောသူ၊ အထက်မြက်ဆုံးသောသူ၊ ပညာ အရှိဆုံးသောသူ၊ ချက်ဆို နားကွက် မီးတောက်သောသူ ဖြစ်သည်သာမက မိမိကိုယ်ကို ကာမဂုဏ်ပျော်မွေ့ခြင်း၌ အပ်နှံခဲ့သူဖြစ်သည်။ (ဒေ ၂း၁)၌ “တဖန် ငါသည် ကိုယ်စိတ်နှလုံး ထဲမှာ ပြောသည်ကား လာပါ။ ရွှင်လန်းခြင်းအားဖြင့် သင့်ကို ငါစုံစမ်းမည်။ သို့ဖြစ်၍ ကာမဂုဏ်၌ ပျော်မွေ့လော့ဟု ဆိုရာတွင်…” သူသည် ပျော်ပါးမှုအားလုံးကို ခံစားခဲ့သည်။ သူ ခံစားသမျှကို သမ္မာကျမ်းစာ၌ အသေးစိတ် ဖော်ပြထားပါသည်။

သင်ဖတ်ဖူးသမျှ အကောင်းဆုံး ရေကူးကန်များထက် ပိုကောင်းသည့် ရေကူးကန် သူ၌ရှိသည်။ ၄င်းကို ကြေးဝါဖြင့် လုပ်ထားသော ခြင်္သေ့တစ်ဆယ့်နှစ်ကောင် ခြံရံထား သည်။ အကောင်းဆုံးသောစပျစ်ရည်ကို ရွှေဖလားထဲတွင် ထည့်သောက်သည်။ (၃ရာ ၁ဝး ၂၁)။ ဇနီးပေါင်း ခုနစ်ရာနှင့် မောင်းမသုံးရာ ရှိသည် (၁၁း၃)။ လိင်မှုကိစ္စအကြောင်း ပြောသော် သူသည် သင်တို့ထက် ပျော်ပါးခဲ့သည်။ ပျော်ပါးမှုတိုင်းသည် သူ့အတွက် အဆင် သင့် ရှိနေခဲ့သည်။ သင်တို့အတော်များများ၊ လိုက်စားလိုသော်လည်း ပိုက်ဆံမတတ်နိုင် သည့် အပျော်အပါးကို သူလုပ်ခဲ့ပြီးဖြစ်သည်။ အချို့လူတို့သည် မကောင်းတာလုပ်ရန် ငွေကြေးမတတ်နိုင်၍ မလုပ်နိုင်ကြ၍ လိမ္မာသလို ထင်ကြရသည်။ သို့သော်လည်း ဤသို့သော လိမ္မာခြင်းကို ဘုရားသခင် လက်ခံတော်မမူပါ။ အချို့အပြစ်ဒုစရိုက်သည် တန်ဖိုး ကြီးသည်။ ပျော်ပါးမှု၊ တပ်မက်မှုများကို စိတ်ကြိုက် လုပ်ဆောင်နိုင်စွမ်းရှိသော ရှောလမုန် မင်းကြီးသည် တစ်ခုသောည၌ ကြယ်များအောက်၌ထိုင်၍ အနတ္တတည်းဟူသော ဘာမျှ မရှိခြင်း၏သဘောကို ဆင်ခြင်ကြည့်မိသည်။ အရာခပ်သိမ်းသည် အနတ္တဖြစ်ပြီး၊ ပေါက် သောလေပူဖောင်းနှယ် ဘာမျှမရှိပါတကားဟု ဆင်ခြင်မိသည်။

“Good Morning America” “The Today Show” သို့မဟုတ် အခြားသော ရေဒီယို/ရုပ်သံအစီအစဉ်များတွင် နာမည်ကြီးပုဂ္ဂိုလ်များအား တွေ့ဆုံစကားပြောသည်ကို သင်ကြည့်ဖူး၊ နားထောင်ဖူးပါမည်။ ထိုပုဂ္ဂိုလ်များက ၄င်းတို့ဘဝ၌ မအောင်မြင်ခဲ့သည့် အရာများကို၄င်း၊ အောင်မြင်ခဲ့သည့်အရာများကို၄င်း၊ ပြောဆိုဆွေးနွေးနေကြသည်မှာ စိတ် ရောဂါကုဆရာဝန်၏ရှေ့မှောက်၌ဖြစ်ကြောင်းကုန်စင် ပြောပြနေသည်နှင့် တူသည်။

လွန်ခဲ့သော လ အနည်းငယ်က အမေရိကန်ပြည်ထောင်စု၏ကျယ်ကျယ်ပြန့်ပြန့် ဩဘာပေးမှုခံရသော ပါရမီရှင်အမျိုးသမီး ဟာသပညာရှင်တစ်ဦးက “ကျွန်မရဲ့ အသက် မွေးမှုလုပ်ငန်းတစ်ခုလုံးကို ခြုံငုံလိုက်ရင်လေ ဒီလိုရလဒ်ပဲ ရှိတယ်။ ကျွန်မ ငိုရတယ်။ ငိုရတယ်။ ငိုရတယ်။ ငိုရတယ်။ ငိုရတယ်” သူမသည် ဝါကျတစ်ကြောင်းတည်း၌ “ငိုရ တယ်” ကို ငါးကြိမ် သုံးခဲ့သည်။ ဤသည်ကား ယခင်က သီချင်းဟောင်းတစ်ပုဒ်ကဲ့သို့ ဖြစ်သည်။ “အပြင်မှာ၊ ကျွန်တော် ရယ်မောနေပေမယ့် ရင်ထဲမှာတော့ ငိုကြွေးနေရပါတယ်”

သင်တို့အထဲမှ လူဘယ်နှစ်ယောက်သည် ယနေ့ည ရင်ထဲ၌ ငိုကြွေးနေပါသနည်း။ အပြင်ပန်း၌ သင် ဟန်ဆောင်၍ မျက်နှာဖုံး စွပ်ထားပါသည်။ အတွင်းမှာမူ သင်ရှာဖွေ နေသည့် ငြိမ်သက်မှု၊ ဝမ်းမြောက်မှု၊ ပျော်ရွှင်မှုများ ပျောက်ဆုံးနေသည်။ သင့်အိမ်ထောင် ရေး၌ တစ်ခုခု မှားယွင်းနေသည်။ သင် လူပျိုလှည့်ရာ၌ တစ်ခုခု မှားယွင်းနေသည်။ သင်၏ ကျောင်း၊ သင့်ဘဝ၊ သင့်မိဘနှင့်ဆက်ဆံရေး၊ သူငယ်ချင်းများနှင့်ဆက်ဆံရေး၌ မှားယွင်းမှုတစ်ခုခု ရှိနေသည်။ ဘာမှားနေမှန်းတော့ သင် မသိပေ။

အမေရိကန်နိုင်ငံတွင် ကိုယ့်ကိုယ်ကို သတ်သေမှုသည် လူငယ်များအကြား ဒုတိယ အများဆုံးဖြစ်သည်။ ဤသည်ကို သင်သိပါသလား။ ရာပေါင်း၊ တောင်ပေါင်းများစွာသော လူငယ်များသည် နှစ်စဉ် ကိုယ့်ကိုယ်ကို သတ်သေနေကြသည်။ သု ၉း၁၇ ၌ “ခိုးသောရေ သည် ချို၏။ တိတ်ဆိတ်စွာစားသောမုန့်လည်း မြိန်သည်ဟု ဆိုတတ်၏။” ဤအရာကို အသေးအမွှားဟု သင် ယူဆသော်လည်း ဘုရားသခင်၏အမြင်၌မူ ကြီးမားသောအမှုကိစ္စ ဖြစ်သည်။ သမ္မာကျမ်းစာက “ကာမဂုဏ်စည်းစိမ်၌ ပျော်မွေ့သော မုဆိုးမ မူကား၊ အသက် ရှိလျက်ပင် အသေဖြစ်၏” ဟု အတိအလင်း ဖော်ပြထားပါသည်။

ခရစ်တော်ကို သင်သိပါသလား။ ကိုယ်တော်ဆောင်ယူပေးနိုင်သောဝမ်းမြောက်မှုနှင့် ငြိမ်သက်ခြင်းသည် သင်၌ရှိပါသလား။ အကြောင်းမှာ သင်ရနိုင်သောပျော်ရွှင်မှုများသည် ကိုယ်တော့်အထဲ၌ရှိသောကြောင့် ဖြစ်သည်။

ရှောလမုန်သည် ကမ္ဘာ့သမိုင်းတွင် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သည်။ သူ့ဝင်ငွေသည် မယုံနိုင်လောက်အောင် များပြားသည်။ ထိုဝင်ငွေများကို ကျမ်းစာ၌ ပြုစုဖော်ပြထားသည်။ “ရှောလမုန်ထံသို့ တစ်နှစ်တစ်နှစ်လျှင် ရောက်သော ရွှေအချိန်ကား အခွက်ခြောက်ရာခြောက်ဆယ်ပိဿာ ဖြစ်သတည်း” (၃ရာ ၁၀း၁၄)။ ဒေါ်လာကုဋေနှင့်ချီ၍ တန်ဖိုးထိုက် သည်။ သူသည် ဆော်ဒီအာရေဗျ ဘုရင့်မိသားစုထက် ပို၍ချမ်းသာသည်။ တက္ကဆပ် ပြည်နယ်ရှိ Ross Perot မိသားစု၊ Texas ထံမှ ကျေအေးငွေအဖြစ် Pennzoil မှ ရသောငွေကြေးထက် ပို၍ ချမ်းသာသည်။ ၄င်းတို့အားလုံး ပေါင်းလိုက်လျှင်ပင် ရှောလမုန် က ၄င်းတို့ထက် ပို၍ ချမ်းသာနေသေးသည်။

အကျွန်ုပ်တို့သည် ကိုယ့်သမ္မတ၊ ပါမောက္ခ၊ ရဲ၊ မီးသတ်သမားများကို လစာငွေ အလွန် နည်းပါးစွာ ပေးကြသည်။ ကျွန်ုပ်တို့ကို ဖျော်ဖြေသည့် အနုပညာရှင်များ၊ အားကစား သမားများကိုမူ အလွန်များပြားစွာ ပေးကြသည်။ ကျွန်ုပ်တို့ကို ကာကွယ်ပေးနေသည့် စစ်သားများ၊ လောင်နေသောမီးများကို သက်စွန့်ဆံဖြား ငြိမ်းသတ်ပေးနေသော မီးသတ် သမား၊ စာသင်ပေးနေသော ဆရာ/ဆရာမများမှာမူ၊ ထိုသူတို့နှင့် နှိုင်းချင့်သော်၊ လစာငွေ အလွန် နည်းပါးစွာ ရရှိကြသည်။

ကျွန်ုပ်သည် မည်သည့်ရွေးကောက်ပွဲတွင်မှ ဝင်ပါမည်မဟုတ်ပါ။ မည်သည့်ပါတီဝင် မှ မဖြစ်ပါ။ မည်သူကို မဲပေးမည်ကိုလည်း မပြောပါ။ တစ်ခုသာ ပြောနိုင်ပါသည်။ မည် သည့်နိုင်ငံရေးကိုယ်စားလှယ်ကိုမှလည်း ထောက်ခံမည်မဟုတ်ပါ။ ကျွန်ုပ်သည် ဧဝံဂေလိ တရား ဟောပြောသူသာ ဖြစ်ပါမည်။ အမေရိကန်နိုင်ငံရှိ ကြွယ်ဝသော လူမှုအဖွဲ့အစည်း အကြောင်း ပြောလိုပါသည်။ မည်မျှချမ်းသာသည်ဟု ပြောပါလေစေ။ ရှောလမုန်မင်းနှင့်နှိုင်းယှဉ်သော် ဘာမျှမဟုတ်ကြပေ။ ချမ်းသာသည်ဟု ပြောသူများသည် ဆင်းရဲနေပေသေး သည်။ မြင်းကောင်ရေလေးသောင်းအတွက် မြင်းဇောင်းသူ၌ရှိသည်ကို သင်သိပါသလား။ (၃ရာ ၄း၂၆)။ ရွှေစစ်စစ်ဖြင့် ခင်းထားသော ဆင်စွယ်ပလ္လင်ပေါ်၌ ထိုင်ပါသည် (၃ရာ ၁၀း၁၈)။ လေဗနုန်တောထဲရှိ ၄င်းတို့၏ကျေးလက်စံအိမ်သည် အလှဆုံးသော အိမ် ဖြစ် သည်။ (၃ရာ ၇း၁-၁၂)။

သို့သော် တစ်ညတွင် လေဗနုန်တောင်ရှိ အိမ်တော်၌ထိုင်လျက်၊ ဟာနေသော နှလုံး သားအပေါ်၌ လက်ကို ယှက်တင်ကာ စဉ်းစားနေမိသည်။ “အရာခပ်သိမ်းသည် အနတ္တ ပါလား။ လေကဲ့သို့ပါပဲလား။ ဘာမှမဟုတ်ပါလား။ ဤပျော်ပါးမှုအားလုံး၊ ကြွယ်ဝမှုအားလုံး အရာခပ်သိမ်းသည် အနတ္တပါလား။ အလကားပါလား။ အချည်းနှီးပါလား”

ဆာ ၃၇ ၌ “ဖြောင့်မတ်သောသူ၌ နည်းသောဥစ္စာသည် မတရားသောသူကြီးတို့၌ ကြွယ်ဝသောဥစ္စာထက်သာ၍ ကျေးဇူးရှိ၏” (ငယ် ၁၆)။ ကျွန်ုပ်သည် ခရစ်တော်ကို မသိသော ကမ္ဘာပေါ်မှ အကြွယ်ဝဆုံးသူ ဖြစ်ခြင်းထက်၊ ခရစ်တော်ကိုသိသည့် ဆင်းရဲသားသာ ဖြစ်လိုပါသည်။ သု ၂၃း၅ ၌ ပါရှိသကဲ့သို့၊ “ပျောက်တတ်သောအရာကို စေ့စေ့ မျက် မှောက်ပြုသင့်သလော။ အကယ်စင်စစ် ရွှေလင်းတသည် မိုယ်ကောင်းကင်သို့ ပျံတတ် သကဲ့သို့၊ ထိုအရာသည် အတောင်တို့ကို လုပ်၍ ပျံသွားတတ်၏။” သခင်ယေရှု မိန့်တော် မူသည်မှာ “ထိုမှတစ်ပါး၊ လောဘလွန်ကျူးခြင်းကို သတိနှင့် ကြဉ်ရှောင်ကြလော့။ အကြောင်းမူကား စည်းစိမ်ရှိသော်လည်း စည်းစိမ်၌ အသက်မတည်” ဟု မိန့်တော်မူ၏။ (လု ၁၂း၁၅)။ “ တစ်ခါတရံ Wall Street ကိုကြည့်သောအခါ လူတို့ ပျားပန်းခတ်မျှ ရှုပ်ယှက်ခတ် နေကြသည်ကို တွေ့ရပါသည်။ အဘယ်သို့ အလုပ်လုပ်နေကြသည်ကို ကျွန်ုပ် နားမလည် ပါ။ အပေးအယူ မြန်မြန် လုပ်နေကြသည်။ စတော့က်ဈေးကွက်ကို ကျွန်ုပ်ကြည့်သော် လည်း နားမလည်ပါ။ မည်သူတွေ နားလည်သည်ကိုလည်း မခန့်မှန်းတတ်ပါ။ လက်နှင့် အမှတ်အသားတွေ ပြနေကြသည်။ ၄င်းတို့ကိုကြည့်ရသည်မှာ တစ်ယောက်ပြသည့် အမှတ် အသားကို တစ်ယောက် နားလည်သည်ဟု ထင်ရသည်။

လူတို့သည် ငွေနှင့်ပတ်သက်လျှင် ရူးသွပ်ကြသည်။ ဆင်းရဲသားများပင် ငွေကို တောင့် တကြသည်။ ၄င်းတို့က “ငါ့မှာ ဒေါ်လာထောင်ဂဏန်းလောက်ရှိရင် တော်ပါပြီ။ ငါ သိပ်ပျော်မှာပဲ” ဟု ပြောသော်လည်း၊ သင်နောက်ထပ် ဒေါ်လာထောင်ဂဏန်းကို ထပ်၍ လို ချင်ဦးမည် ဖြစ်သည်။

ရှောလမုန်တွင် အာဏာများစွာရှိသည်။ လူသည် အာဏာနှင့်ဂုဏ်ကို နှစ်သက်သည်။ ထိုခေတ်အခါက ရှောလမုန်ကို မည်သည့်တိုင်းပြည်မှ မဖီဆန်ရဲပေ။ သူ့ခေတ်အခါကမည်သူမဆိုထက် အာဏာပိုရှိသည်။ အင်အားအတောင့်ဆုံး ကြည်းတပ်၊ ရေတပ် သူ၌ ရှိ သည်။ အင်အားကြီးမားသော မိမိစစ်တပ်ကို ကြည့်ရင်း ဒါတွေအားလုံးဟာ “လေ သက်သက်ပါပဲလား” ဟု ပြောသည်။

မာ ၈း၃၆ ၌ “လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ် ရှုံး လျှင် အဘယ်ကျေးဇူးရှိသနည်း၊ ယနေ့ သင့်မှာ ပညာ၊ ဥစ္စာ၊ အာဏာ အားလုံးရှိပြီး၊ အသက်ဝိညာဉ် ဆုံးရှုံးနေသည်ဆိုသော်၊ အဘယ်သို့ ဖြစ်သနည်း။ လူများစွာသည် ဤသို့ ဖြစ်နေကြသည်။ သင့်အဝန်းအဝိုင်းထဲ၌ သင် တိုးပွားနေသော်လည်း သင့်ဝိညာဉ်နှင့်ပတ် သက်၍မူ မသေမချာ ဖြစ်နေနိုင်သည်။ ဘုရားကျောင်းတက်သည်။ အသင်းတော်၌ နာမည် ပါသည်။ နှစ်ခြင်းခံပြီးပြီလားဟု မေးသော်၊ ပြီးပြီဟု ဖြေနိုင်သော်လည်း သင့်နှလုံးသားထဲ၌ တစ်ခုခု လိုနေသေးသည်။ ဘာမှန်းလဲ သင် မသိပေ။ ထို ပျောက်ဆုံးနေသည့်အရာမှာ သခင်ခရစ်တော်နှင့် တစ်ဦးချင်းဆက်သွယ်မှု မရှိခြင်း ဖြစ်သည်။

ရှင်ပေါလုသည် နောက်ထပ် စွမ်းရည်တစ်မျိုးအကြောင်း ပြောပါသည်။ “အကြောင်း မူကား ဘုရားသခင်သည် ကြောက်တတ်သော စိတ်သဘောကို ငါတို့အား ပေးတော်မူ သည်မဟုတ်။ တန်ခိုးပါသောစိတ်၊ ချစ်တတ်သောစိတ်၊ ရှင်းလင်းသောစိတ်သဘောကို ပေးတော်မူ၏” (၂တိ ၁း၇)။

ထိုနောက် ရှောလမုန်မင်းကြီးသည် အလှရသပြည့်ဝသောဘဝဖက်သို့ လှည့်ပြန်သည်။ “ငါ့ဘဝထဲကို ပျော်ရွှင်မှု၊ ငြိမ်သက်မှု၊ ဝမ်းမြောက်မှုတွေကို ဆောင်ကြဉ်းပေးမယ့် တခြား ဟာတွေကို ငါလုပ်နိုင်သေးတယ်။ ရေကန်တွေကို လုပ်တယ်။ အမျိုးသမီး၊ အမျိုးသား သီချင်းသည်များ၊ တူရိယာပစ္စည်းများကို တီးခတ်သူများလည်း ငါ့မှာရှိတယ်။ သံစုံတေးဂီတ ဝိုင်း၊ ကချေသည်များ အကုန်ရှိသည်။ “ငါ့မျက်စိ တပ်မက်လိုချင်သောအရာ တစ်စုံတစ်ခု ကိုမျှ ငါမငြင်း” ဟုဆိုသည်။ သို့သော်လည်း အရာခပ်သိမ်းသည် အနတ္တဟု ပြောပါသည်။

သူ၌အနုပညာ၊ ဂီတ၊ ယဉ်ကျေးမှုကို မြတ်နိုးသောစိတ် ဖြစ်ထွန်းခဲ့ပါသည်။ လှပသော ဥယျာဉ်များ တည်ဆောက်ခဲ့သည်။ တေးကဗျာရွတ်ဆိုပွဲများ လုပ်ခဲ့သည်။ “ထိုအခါ ငါ စီရင်ပြုပြင်သမျှ၊ ငါကြိုးစားအားထုတ်သမျှတို့ကို ငါကြည့်ရှု၍ အလုံးစုံတို့သည် အနတ္တ အမှု၊ လေကိုကျက်စားသောအမှု ဖြစ်ကြ၏။ နေအောက်မှာ ကောင်းသောအကျိုး တစ်စုံ တစ်ခုမျှ မရှိ” (ဒေ ၂း၁၁)။

သင် သည်းကြီးမည်းကြီး လိုချင်သောအရာကို ရပြီဆိုကြပါစို့။ ထိုအရာများသည် သင် ရှာဖွေလျက်ရှိသော ငြိမ်သက်မှုနှင့်ပျော်ရွှင်မှုကို မပေးနိုင်ပါ။ အကြောင်းမှာ ထိုအရာ တို့ကို ခရစ်တော်၌သာ ရရှိ၍ဖြစ်သည်။ သမ္မာကျမ်းစာတော်မြတ်က “ကြည့်ရှုလော့။ ရှောလမုန်ထက် ကြီးမြတ်သောသူသည် ဤအရပ်၌ ရှိသည်” ဟု ဖော်ပြထားပါသည်။

တဖန် ရှောလမုန်မင်းကြီးသည် ဘာသာရေးဖက်သို့ လှည့်ပြန်သည်။ ကမ္ဘာပေါ်တွင် အကြီးဆုံးဘုရားဗိမာန်တော်ကြီးကို ဆောက်မည်ဟု သစ္စာဆိုသည်။ ၄င်း၏ဗိမာန်ကို တည်ဆောက်ရာ ခုနစ်နှစ် ကြာခဲ့သည်။ ကမ္ဘာ့အံ့ဘွယ်ခုနစ်ပါးထဲမှတစ်ပါးဟု သတ်မှတ်ခံရ သည်။ ဗိသုကာလက်ရာကို မြင်ရသည်။ ကျောက်တုံးကြီးများကို ကျောက်ကျင်း၌ ထုထွင်း သဖြင့်၊ ဗိမာန်တော်ကို တည်ဆောက်သောအခါ တူသံ၊ ပုဆိန်သံ၊ မည်သည့်ကိရိယာ တန်ဆာပလာသံကိုမျှ မကြားရပေ။ ပြောစရာမရှိအောင် ပြည့်စုံခဲ့သည်။ ဗိမာန်တော်ကို ရွှေစင်စစ်ဖြင့် ခင်းသည်။ ကြမ်းခင်းကို ရွှေဖြင့်ခင်းသည်။ အလုပ်သမား ၁၅၀၀၀၀ ဖြင့် ခုနစ်နှစ်ကြာ တည်ဆောက်ခဲ့သည်။ (၃ရာ ၆)

“ဒါက၊ ဘုရားသခင်ကို နှစ်သက်မှု မဖြစ်စေဘူးလား” ဟု သင်မေးပေမည်။ ဟေရှာယ ၏ခေတ်ကာလ၌ ထာဝရဘုရားမိန့်တော်မူသည်မှာ “အချည်းနှီးသောပူဇော်သက္ကာကိုနောက်တဖန် မဆောင်ခဲ့ကြနှင့်။ သင်တို့ မီးရှို့သောနံ့သာပေါင်းကို ငါရွံ့ရှာ၏။လဆန်းနေ့၊ ဥပုသ်နေ့၊ ပရိသတ်စည်းဝေးသောနေ့ကိုလည်း ရွံရှာ၏ (ဟေရှာ ၁း၁၃)။ | ခရစ်တော်၏ထက်မြက်တက်ကြွမှုမျိုးမပါသော ဘာသာရေးသည် ဘိန်းပါသော ဆေးဝါး ဖြစ်လာနိုင်သည်ဟု မာ့ခ်စ်ပြောခဲ့ခြင်းဖြစ်သည်။ Kingsley Smith က Marx သည် ထိုထင်မြင်မှုကို ဗြိတိသျှစာကြည့်တိုက်မှ တွေ့ခဲ့သည်ဟု ထင်ကြောင်း မည်သို့ ဆိုစေ.. ခရစ်တော်နှင့် ကိုယ်တိုင်တွေ့ဆုံမှု မရှိသည့်ဘာသာရေးသည် ဝိညာဉ်ကို ကယ် တင်လိမ့်မည် မဟုတ်ပေ။ သင့်ဝိညာဉ်ကိုလည်း ငြိမ်သက်မှု မပေးနိုင်ပါ။ သင့်ဝိညာဉ် တောင့်တသည်ကား ငြိမ်သက်ခြင်းဖြစ်သည်။

ငြိမ်သက်ခြင်းကား အဘယ်မှာနည်း။ ပြည့်ဝပြည့်စုံခြင်းကား အဘယ်မှာနည်း၊ ဘဝ၏ရည်မှန်းချက်နှင့် အဓိပ္ပါယ်ကား အဘယ်မှာနည်း။ နောက်ဆုံး၌ ရှာလမုန်မင်း သည် ဤသို့ကောက်ချက်ချခဲ့သည်။ “အချုပ်အခြာစကားဟူမူကား၊ ဘုရားသခင်ကို ကြောက် ရွံ့၍ ပညတ်တော်တို့ကို စောင့်ရှောက်လော့။ ဤရွေ့ကား လူနှင့်ဆိုင်သောအမှုအရာ အလုံးစုံတို့ကို ချုပ်ခြာသတည်း။ အကြောင်းမူကား ဘုရားသခင်သည် ခပ်သိမ်းသောဝှက် ထားခြင်းမှစ၍ အလုံးစုံသောအမှု၊ ကောင်းမကောင်းရှိသမျှတို့ကိုစစ်ကြော၍ တရားသဖြင့် စီရင်တော်မူလတံ့” (ဒေ ၁၂း၁၃၊ ၁၄) တစ်နည်းဆိုသော် တရားစီရင်သောနေ့ ရှိမည်ဟု ဆိုခြင်းဖြစ်သည်။ ဤလောကကြီးတစ်ခုလုံးအတွက် အရေးကြီးဆုံးကား ထိုတရား စီရင် ရာနေ့အတွက် ပြင်ဆင်ထားဖို့ အသင့်ရှိဖို့ ဖြစ်သည်။

လက်ဝါးကားတိုင်သို့လာပါ။ အပြစ်ခွင့်လွှတ်ခြင်းကို ရှာတွေ့နိုင်သည့်တစ်ခုတည်းသော နေရာဖြစ်သည်။ သခင်ယေရှုမိန့်တော်မူသည်မှာ “သမ္မာတရားကိုလည်း သိကြသဖြင့်၊ ထိုတရားသည် သင်တို့ကို လွှတ်လိမ့်မည်ဟု ယုံကြည်သော ယုဒလူတို့အား မိန့်တော်မူ၏”(ယော ၈း၃၂)။ ကြည့်ကြပါ။ ရှောလမုန်ထက်ကြီးမြတ်သောသူ၊ ဤနေရာ၌ ရှိပါသည်။ သခင်ယေရှုက “ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏” ဟု မိန့်တော်မူပါသည် (ယော ၁၄း၆)။ “ငါသည်ခပ်သိမ်းသောသမ္မာတရား၏ သက်သေဖြစ်သည်” ဟု မိန့်တော်မူပါသည်။ “ငါသည် သမ္မာတရား၏သက်သေဖြစ်သည်” ဟု ကမ္ဘာကြီး၏အရှေ့၌ ကြွေးကြော်နေသော လူတစ်ယောက်ကို မြင်ကြည့်ပါ။ သူသည် ရူးနေသူ (သို့) လူညာ ဖြစ်မည်။ သို့မဟုတ်၊ သူ့ကိုယ်သူ ပြောသည့်အတိုင်း ဖြစ်မည်။ သခင်ယေရှုက ငါသည် သမ္မာတရားဖြစ်သည်။ သင့်ကို လွတ်ငြိမ်းအောင် ပြုလုပ်ပေးနိုင် သည်။ သင်၏သော်က၊ ဒုက္ခ၊ ပြဿနာများမှ လွတ်မြောက်မှု ပေးနိုင်သည်။ ထိုအရာများ ကို ဖြတ်ကျော်သွားနိုင်ဖို့ သင်တို့ကိုငြိမ်သက်ခြင်းပေးနိုင်သည် ဟု မိန့်တော်မူပါသည်။

ကိုယ်တော်သည် သင့်ဒုက္ခ၊ ပြဿနာများကို ဖယ်ရှားပေးမည်မဟုတ်ပါ။ ထိုဒုက္ခ၊ ပြဿနာများကို ဖြတ်သန်းဖို့၊ ထိုဒုက္ခပြဿနာထဲမှာ အသက်ရှင်နိုင်ဖို့ ငြိမ်သက်ခြင်းနှင့် • ဝမ်းမြောက်ခြင်းကိုသာ ပေးမည်ဖြစ်သည်။ ကိုယ်တော့်ကို ကိုးစားလျှင်၊ ယုံကြည်လျှင် ကိုယ်တော်သည် ထိုသို့ ဖြစ်စေပါမည်။ ။ ဝ ခရစ်တော်သည် ပို၍ဉာဏ်ပညာ ရှိတော်မူပါသည်။ ကော ၁း၃ တွင် “ထိုနက်နဲသော အရာ၌ ပညာဘဏ္ဍာ၊ ဉာဏ်ဘဏ္ဍာရှိသမျှတို့သည် ဝှက်ထားလျက်ရှိကြ၏” ခရစ်တော်၌ ပညာဘဏ္ဍာ၊ ဉာဏ်ဘဏ္ဍာရှိပါသည်။ အကယ်၍ သင်သည် ခရစ်တော်ကို သိလျှင်၊ တက္ကသိုလ်မှ ပါမောက္ခထက် သင် ပို၍တတ်သိသူ ဖြစ်ပါမည်။ အကြောင်းမှာ ထိုပါမောက္ခ သည် သင်တွေ့ပြီးသောအရာကို ရှာဖွေနေဆဲရှိသောကြောင့်ဖြစ်သည်။

ခရစ်တော်သည် ပျော်ရွှင်မှုကို ပေးခြင်း၌ ပို၍တတ်စွမ်းနိုင်သူဖြစ်သည်။ ““ထိုသခင် သည် မိမိရှေ့၌ထားသောဝမ်းမြောက်ခြင်းအကြောင်းကြောင့်” (ဟေ ၁း၂)။ ခရစ်တော် ကို သင်လက်ခံသောအခါ သန့်ရှင်းသောဝိညာဉ်တော်သည် သင့်အထဲသို့သို့ ကြွလာမည် ဖြစ်သည်။ ဝိညာဉ်တော်သည် သင့်အထဲ၌ သာမန်ထက် ထူးကဲသော ဝမ်းမြောက်မှုကို ဖြစ်ထွန်းစေပါမည်။ ယေရှုခရစ်တော်ထံတော်တွင် သင် တွေးထင်ထားသော ပျော်ရွှင် မှုထက် ထူးကဲသည့်ပျော်ရွှင်မှု ရှိပါသည်။

လွန်ခဲ့သောနှစ်အနည်းငယ်က ကျွန်ုပ်မိခင် Chalette ၌ မကွယ်လွန်မှီအချိန်ကို သတိရပါသည်။ အမေ နောက်ဆုံးပြောသောစကားကို မနက် ၅းဝဝနာရီ၌ ကျယ်ကျယ်လောင်လောင် ကြားခဲ့ရသည်။ အမေသည် မေ့မျောနေခဲ့သည်။ စကားလည်း မပြော၊ လှုပ် လည်း မလှုပ်ပါ။ သူသည် ဘုရားသခင်၌ စိတ်အားကြီးသူဖြစ်သည်။ သူကွယ်လွန်သည့် မနက်၌ အိပ်ယာပေါ်၌ ရုတ်တရက်ထထိုင်ကာ “သန့်ရှင်းသူတို့သည် ဘုန်းကြီး၍၊ ဝမ်း မြောက်ဝမ်းသာကြစေ။ ကျိန်းဝပ်ရာပေါ်မှာ ရွှင်လန်းစွာသီချင်းဆိုကြစေ” ဟု အော်ပြောပါသည်။ (ဆာ ၁၄၉း၅)။ သူမသည် ကောင်းကင်ဘုံသို့ ရောက်ပြီးနေပြီဟု ကျွန်ုပ် ယုံ ကြည်ပါသည်။

၁ပေ ၁း၈၊ “အကြောင်းမူကား၊ ထိုပါရမီတို့သည် သင်တို့၌ရှိ၍ ကြွယ်ဝလျှင်၊ ငါတို့ သခင်ယေရှုခရစ်ကို သိကျွမ်းခြင်း၌ မပျင်းရိစေခြင်းငှါ၎င်း၊ အကျိုးမဲ့ မဖြစ်စေခြင်းငှါ၎င်း ပြုပြင်တတ်ကြ၏။” ဆာ ၁၆း၁၁ ၌ “ထံတော်၌ စုံလင်သော ဝမ်းမြောက်ခြင်းအခွင့်နှင့် လက်ျာတော်နားမှာ အစဉ်အမြဲ ပျော်မွေ့ခြင်းအခွင့် ရှိပါ၏။” ထိုသို့သောဝမ်းမြောက်မှု မျိုးကို သင်သိပါသလား။ ဤဝမ်းမြောက်မှုသည် သဘာဝထက် ထူးကဲသော ဝမ်းမြောက်မှု ဖြစ်သည်။ အခြားမည်သည့်နေရာတွင်မှ မတွေ့နိုင်ပါ။ လိင်မှုကိစ္စ၊ မူးယစ်ဆေးဝါး၊ မည် သည့်နေရာတွင်မှ မတွေ့နိုင်ပါ။

အမေရိကန်တစ်နိုင်ငံလုံးသည် တစ်စုံတစ်ခုသောအရာကို မူးယစ်ဆေး၊ လိင်မှုကိစ္စ၊ ဖျော်ဖြေမှုအမျိုးမျိုး၌ ရှာဖွေနေကြသည်။ တစ်စုံတစ်ခုကို လိုချင်နေသော်လည်း၊ ထို တစ်စုံ တစ်ခုသောအရာကို ဘာမှန်းလည်း မသိပေ။ တွေ့နိုင်ခဲသောအရာဖြစ်သည်။ အပြင်ထွက် ပြီး ပါတီပွဲ၌ ပျော်ရွှင်မှုကို ရှာနိုင်ပါသည်။ ကျောင်းမပိတ်မီ ကျင်းပလေ့ရှိသော ကပွဲများ လည်း ရောက်လာပေတော့မည်။ မိမိနှင့်သင့်လျော်သည့်အဖော်ကို တွေ့မည်ဆိုပါက ပျော် စရာကောင်းသောကပွဲ ဖြစ်ပေမည်။ သို့သော် တစ်စုံတစ်ခုတော့ လိုနေပေဦးမည်။

ထိုနောက် လူ့ဘုံအလယ် ကနေကြတုန်း၊ ဂီတတီးဝိုင်းတီးခတ်နေစဉ်တွင် သင့်မျက်နှာကို ရုတ်တရက် တိမ်ကွယ်သွားသယောင် ဖြစ်ပါလိမ့်မည်။ ထိုအခိုက်အတန့်ကလေး၌ အရာ ခပ်သိမ်းသည် တစ်ခုတည်း မရှိဟု ထင်ရသည်။ ဆက်ရမည့်အပိုင်းအစလေးများကို စနစ် တကျ မဆက်ရသေးသကဲ့သို့ ဖြစ်သည်။ ထိုနောက် ဤသည်ကို သင်မေ့သွားပြီ။ ရှေ့သို့သာ ဆက်လှမ်းသွားတော့သည်။ သို့ရာတွင် သင်ချန်ခဲ့သောအရာသည် ဆက်ရှိနေပြီး၊ နှစ်များနှင့်အတူ ကြီးထွားနေမည်ဖြစ်သည်။

ကိုယ်တော်သည် ပစ္စည်းဥစ္စာ၌လည်း ပို၍ကြွယ်ဝတော်မူသည်။ အကြောင်းမူကား၊ ငါတို့သခင်ယေရှုခရစ်သည် စည်းစိမ်ရှိသော်လည်း၊ ဆင်းရတော်မူခြင်းအားဖြင့်၊ သင်တို့ သည် စည်းစိမ်ရှိစေခြင်းငှါ သင်တို့အတွက်ကြောင့် ဆင်းရဲခြင်းကို ခံတော်မူသော ကျေးဇူး တော်ကို သင်တို့သိကြ၏” (

၂ကော ၈း၉)။ မည်သည့်ချမ်းသာကြွယ်ဝမှုကိုမျှ ယေရှုခရစ် တော်၌ရှိသော ချမ်းသာကြွယ်ဝမှုနှင့် နှိုင်းယှဉ်၍မရပါ။ ခရစ်တော်ထံသို့ လာပါ။ ကိုယ် တော်သည် ဘဝ၏စစ်မှန်သောအရာများကို သင့်အား ပေးတော်မူပါမည်။

ကိုယ်တော်၏တန်ခိုးတော်သည် သာ၍ ကြီးမားတော်မူသည်။ ““ယေရှုသည် အနီးအပါး သို့ ချဉ်းတော်မူပြီးလျှင် ကောင်းကင်ဘုံ၌၄င်း၊ မြေကြီးပေါ်၌၄င်း၊ စီရင်ပိုင်သောအခွင့် တန်ခိုးရှိသမျှတို့ကို ငါခံရပြီ” (မ ၂၈း၁၈)။ တစ်နေ့သော်၊ ကိုယ်တော်သည် ဘုန်းတန်ခိုး၊

အာဏာတော်ဖြင့် သန့်ရှင်းသောကောင်းကင်တမန်များခြံရံကာ၊ ကြွလာတော်မူဦးမည်ဟု သမ္မာကျမ်းစာ၌ အတိအလင်း ဖော်ပြထားပါသည် (မ ၂၄း၃၀၊ ၃၁)။ ရှင်ပေါလု ဤသို့ ပြောသည်ကို မအံ့ဩပါနှင့်။ “ငါသည် ခရစ်တော်၏ဧဝံဂေလိတရားကြောင့် ရှက်ကြောက် ခြင်းမရှိ။ အကြောင်းမူကား ထိုတရားသည် ယုံကြည်သမျှသောသူအပေါင်းတို့ကို ကယ် တင်စေသော ဘုရားသခင်၏တန်ခိုးတော် ဖြစ်၏” (ရော ၁း၁၆)။ ထိုတန်ခိုးကို သင်သိ ပါသလား။ ထိုတန်ခိုးတော်သည် သင့်နှလုံးသားတွင်းသို့ ဝင်ရောက်ပြီးပါပြီလား။ ကိုယ်တော့်ကို သင် လက်ခံပြီးပါပြီလား။ ယနေ့ည၊ သင်နှင့် ခရစ်တော်၏ဆက်ဆံရေးကို သေချာအောင် လုပ်စေချင်ပါသည်။ ကိုယ်တော်၏တပ်အတွင်းသို့ ဝင်လာဖို့၊ ကိုယ်တော် ၏အလံတော်အောက်၌ ချီတက်ဖို့၊ ကိုယ်တော်၏တံခွန်တော်အောက်၌ ချီတက်ဖို့တောင်းဆိုပါသည်။ “ယခုမှစ၍ ကျွန်ုပ်သည် ခရစ်တော်နောက်သို့ လိုက်ပါမည်” ဟု ပြောပါ။ ကိုယ်တော့်ကို သင်သိပါသလား။ သင်သိကြောင်း သေချာပါသလား၊ အထက်တန်းကျောင်း၌ နောက်ဆုံးနှစ်တက်ရောက်စဉ် ကျွန်ုပ်သည် ခရစ်တော်ကို စိတ်နှလုံးထဲ ခေါ်ဖိတ်လက်ခံခဲ့ပါသည်။ ကျွန်ုပ်သည် Associate Reformed Presbyterian Church (ARP) ၏ သင်းဝင်သူဖြစ်ပြီး၊ ထိုအသင်းတော်၌ ကြီးပြင်းသည်ထိ ပြုစုပျိုးထောင်မှု ခံခဲ့ရပါသည်။ ယခုအခါ ARP ကို သိပ်သိကြတော့မည်မဟုတ်ပါ။

တောင်နှင့်မြောက်ကယ်ရိုလိုင်းနားတွင်မူ သိကြသည်။ ၄င်းတို့သည် အသင်းတော် “အစစ် အမှန်” ဖြစ်သည်။ ထိုအသင်းတော်၌ ကျွန်ုပ် ကြီးပြင်းလာသည်။ ၄င်းတို့သည် ဆာလံ သီချင်းကိုသာ ဆိုသည်။ ယခုထိုသို့ဆို၊ မဆို ကျွန်ုပ် မသိပါ။ ဓမ္မသီချင်း မဆိုကြပါ။ ကျွန်ုပ်တို့သည် ဘုရားသခင်၏လူအစစ်အမှန် ဖြစ်သည်ဟုလည်း ကျွန်ုပ်နှင့် ကျွန်ုပ်၏ သင်းအုပ်ဆရာလည်း ယုံကြည်သည်။ ကျွန်ုပ်သည် သင်းအုပ်ကိုရော အသင်းတော်ကိုပါ ချစ်ပါသည်။

သို့သော် ကျွန်ုပ် အသက် (၁၆)နှစ်၌ ခရစ်တော်ကို အမှန်တကယ် မသိသေးသော် လည်း အသင်းတော်အကြောင်း အကုန်သိသည်။ ဘာသာရေးနှင့်ဆိုင်သော အနှစ်သာရ များကို မေးထားသည့်မေးခွန်းများကို ဖြေဆိုနိုင်ခဲ့သဖြင့် အသင်းတော်လူကြီးများရော၊ သင်းအုပ်ဆရာပါ ကျွန်ုပ် အသက် (၁၂)နှစ်အရွယ်တွင် အသင်းတော်၌ လက်ခံခဲ့သည်။ သို့သော် ကိုယ်တော့်ကို ကျွန်ုပ် အမှန်တကယ်မသိပါ။ ကိုယ်တော်သည် ကျွန်ုပ် စိတ် နှလုံးသားထဲ အမှန်တကယ် မရှိပါ။ အာမခံချက်ကို လိုအပ်နေခဲ့သည်။

တစ်ညသော် ဧဝံဂေလိစည်းဝေးပွဲတစ်ခု၌ ကျွန်ုပ်သည် ရှေ့သို့ထွက်ပြီး၊ “သခင်ဘုရား၊ ကျွန်ုပ်ဘာလုပ်နေသည်ကို ကျွန်ုပ်မသိပါ။ အခု ကြားရတာတွေကိုလည်း နားမလည်ပါ။ သို့သော်လည်း ယုံကြည်ခြင်းအားဖြင့် ကိုယ်တော့်ကို ကျွန်ုပ် စိတ်နှလုံးထဲ လက်ခံပါမည်။

ကိုယ်တော့်အကူအညီဖြင့် ကိုယ်တော့်နောက်သို့ လိုက်ဖို့ ကြိုးစားပါမည်။ သို့ရာတွင် ကိုယ်တော် ကျွန်ုပ်ကို ကူညီမှ ဖြစ်မည်။ ကျွန်ုပ်သည် ဆိုးဆိုးဝါးဝါး အားနည်းပါသည်။ သို့သော် လည်း ခရစ်တော်ကို စိတ်နှလုံးထဲ၌ အမှန်တကယ် ရှိစေချင်ပါသည်။ သေချာမှုလည်း ရှိ စေချင်ပါသည်။ သေသောအခါ၊ ကောင်းကင်ဘုံသို့ ရောက်၊ မရောက်လည်း သိလိုပါသည်။ ကျွန်ုပ်အပြစ်များကို ခွင့်လွှတ်ကြောင်းလည်း သိချင်ပါသည်။

ထိုည၌ ရှေ့သို့ထွက်ပြီး အခြားသူများနှင့်အတူ ရပ်နေခဲ့ပြီးမှ နောက်လှည့်ပြန်လု နီးပါးဖြစ်ခဲ့သေးသည်။ “ကိုယ့်ကိုယ်ကိုအရူးလုပ်နေတာ” ဟုလည်း တွေးမိသည်။ သို့သော် လည်း အဆင်ပြေခဲ့ပါသည်။ ခရစ်တော်သည် ကျွန်ုပ်နှလုံးသားထဲ ကြွလာတော်မူခဲ့သည်။ ထူးထူးခြားခြား ဘာမျှမခံစားရပါ။ စိတ်လှုပ်ရှားခံစားမှု မရှိပါ။ အမှန်ဆိုရသော်၊ အမျိုး သမီးကြီးတစ်ဦးသည် ကျွန်ုပ်နံဘေး၌ ရပ်လျက်ရှိပြီး၊ မျက်လုံးထဲ၌ မျက်ရည်စများ ဝဲနေ သည်။ တစ်ခုခုတော့ မှားနေပြီဟု ထင်မိသည်။ အကြောင်းမှာ ကျွန်ုပ်သည် မျက်ရည်မကျ ၍ ဖြစ်သည်။ ကျွန်ုပ်သည် လျှပ်စီးပျက်ခြင်း၊ မိုးခြိမ်းခြင်းတို့ကို မကြားသည်သာမက၊ အခြား ကြီးမားသောအတွေ့အကြုံလည်း မရှိပါ။ လက်ဝါးကားတိုင်ရှေ့၌ “သခင်ဘုရား၊ ကျွန်ုပ်နှလုံးသားထဲ ကြွလာတော်မူပါ။ ကျွန်ုပ်ကိုယ်ကို လက်တော်သို့ အပ်နှံပါသည်” ဟု အမှတ်အသားဆောင်သည့် သဘောဖြင့် ရိုးရိုးမတ်တပ်ရပ်ခဲ့သော်လည်း ကိုယ်တော်သည် ၊ ကျွန်ုပ်နှလုံးသားထဲသို့ အမှန်တကယ် ကြွလာတော်မူပါသည်။

ထိုနောက် အိမ်သို့ပြန်ခဲ့ပြီး၊ မနက်စောစော ၃နာရီတွင် နွားနို့ညှစ်ရန် အိပ်ယာမှ ထခဲ့သည်။ တစ်ခုခု ဖြစ်သည်ကို သိသည်။ ဘာဖြစ်မှန်းတော့မသိပေ။ ရှင်းလည်း မရှင်းပြ ) တတ်ပါ။ လအနည်းငယ်မျှလောက်နှင့် ကျွန်ုပ်အထဲမှ ပြောင်းလဲမှုကို လူများ ပြောနိုင်မည် လည်း မထင်ပါ။ သို့ရာတွင် စိတ်နှလုံးထဲ၌ ပြောင်းလဲမှု တဖြည်းဖြည်း စတင် ဖြစ်ပွားခဲ့ သည်။ ယနေ့အထိ ပြောင်းလဲမှု ဆက်ဖြစ်ဆဲ ဖြစ်သည်။ ခရစ်တော်ထံမှရသော် ဝမ်း မြောက်မှု၊ ငြိမ်သက်မှုနှင့် ပျော်ရွှင်မှုကို ဤကမ္ဘာကြီးတစ်ခုလုံးနှင့်ပင် လဲမည် မဟုတ်ပါ။

ထိုည၌ ကျွန်ုပ် လုပ်ခဲ့သလိုမျိုး၊ သင်တို့ကို ယခု ဖိတ်ခေါ်လိုပါသည်။ နေရာမှထ၍ ရှေ့သို့ထွက်လာပါ။ ဤသို့ထွက်လာစဉ် နှုတ်မှ “စိတ်နှလုံးအကြွင်းမဲ့၊ ခရစ်တော်ထံသို့ လာ လိုပါသည်။ ကိုယ်တော်၌ မိမိကိုယ်ကို လုံးဝအပ်နှံလိုပါသည်။ သေချာချင်ပါသည်” ဟု ပြောပါ။ ကိုယ်တော်ကို သင့်နှလုံးသားထဲ၌ လက်ခံလိုသည်ဖြစ်ဖြစ်၊ သင့်အသက်တာကို ကိုယ်တော်၌ ပြန်၍ ဆက်ကပ်လိုသည်ဖြစ်ဖြစ်၊ နေရာမှထ၍ ရှေ့သို့လာပါ။ သင်တို့ အား လုံးလာရပ်ပြီးသောအခါ သင်တို့ကို စကားတစ်ခွန်း ပြောပြီး၊ သင်တို့နှင့်အတူ ဆုတောင်းပါမည်။ သင်တို့၏ခရစ်ယာန်အသက်တာကို အထောက်အကူဖြစ်စေမည့် စာအုပ် တချို့ကိုလည်း ပေးလိုပါသည်။

သင်က “လူအများကြား၌ ဘာကြောင့် ကျွန်ုပ်တို့ကို ထွက်လာခိုင်းတာလဲဟု မေး ကောင်းပေးပါမည်။ ယခုကဲ့သို့ တောင်းဆိုခြင်းမှာ သခင်ယေရှုသည် ခေါ်တော်မူသည့် လူတိုင်းကို လူများစွာအရှေ့၌ ခေါ်တော်မူခြင်းကြောင့်ဖြစ်သည်။ ကိုယ်တော်သည် လူ အများရှေ့ ၌ သစ်တိုင်ပေါ် ချိတ်ဆွဲခြင်းခံခဲ့ရသည်။ ကိုယ်တော်အား “အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုဝန်ခံအံ့။ ကောင်းကင်ဘုံ၌ရှိသောငါ၏ခမည်းတော်ရှေ့မှာ ထိုသူကို ငါ ဝန်ခံမည်။ အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုငြင်းပယ်အံ့၊ ကောင်းကင်ဘုံ၌ရှိသော ငါ၏ခမည်းတော် ရှေ့မှာ ထိုသူကို ငါ ငြင်းပယ်မည်” ဟု မိန့်တော်မူပါသည်။ (မ ၁၀း၃၂-၃၃)။

“အထပ်ထပ် ဆုံးမခြင်းကို ခံသော်လည်း၊ မိမိ လည်ပင်းကို ခိုင်မာစေသောသူသည် ကိုးကွယ်ရာမရ၊ ရုတ်တရက် ပျက်စီးလိမ့်မည်” (သု ၂၉း၁) ဟု သမ္မာကျမ်းစာ၌ ဖော်ပြထား ပါသည်။ ယနေ့ညကဲ့သို့သော အခွင့်အရေးမျိုး၊ သင့်ဘဝ၌ ရချင်မှ ထပ်ရပါတော့မည်။ ထူးက်လှပသော ညနေခင်းဖြစ်သည်။ ယနေ့ညနေခင်းကဲ့သို့ ကောင်းကင်ဘုံနှင့် အလွန် နီးကပ်စွာရှိသည့်အခိုက်အတန့်မျိုး ရှိချင်မှ ရှိနိုင်ပါတော့မည်။ သမ္မာကျမ်းစာ၌ မကြာခဏ သတိပေးသည်မှာ “ယခုပင် နှစ်သက်ဘွယ်သော အချိန်ရှိ၏။ ယခုပင် ကယ်တင်ရာနေ့ ရက်ကာလ ရှိ၏” (၂ကော ၆း ၂)။ မနက်ဖန်မှာဟု ကတိမပေးထားပါ။ ယနေ့ညမှာကဲ့သို့ ၇ သင့်နှလုံးသား၏ကောင်းသော ခံစားမှုမျိုး ထပ်ရှိဦးမည်ဟုလည်း ကတိမပေးထားပါ။ ဘုရားသခင် သင့်ကိုစကားပြောနေပါက ထ၍ ရှေ့သို့ လှမ်းလာပါ။

အကယ်၍ သင်သည် သင့်မိတ်ဆွေ၊ ဆွေမျိုးများနှင့်လာသည်ဆိုပါက ၄င်းတို့ သင့် ကို စောင့်ပါလိမ့်မည်။ သင့်မိတ်ဆွေကို သင်နှင့်အတူခေါ်လာလို့လည်း ရပါသည်။ သင် ထွက်လာပြီးသော်၊ သင်နှင့်စကားပြောပြီး နောက်စာအုပ်များကိုပေးပြီး၊ သူငယ်ချင်းများ ရှိရာသို့ ပြန်ထိုင်နိုင်ပါသည်။

ဤမျှ ရိုးရှင်းသောအပြုအမူလေးသည်ပင် သင့်ဘဝ တစ်ခုလုံးကို ပြောင်းလဲပေးနိုင် သည့်အထိမ်းအမှတ်ဖြစ်နိုင်သည်။ သင်သည် ရွေးချယ်မှုတစ်ခုကို ဤညပင် ပြုနိုင်သည်။ ခရစ်တော်နှင့် ဤလောကမှ သင့်ကို ပေးနိုင်သည့်အရာများအကြား ရွေးချယ်ရပါတော့ မည်။ သင်က “ကိုယ်တော်၊ ယခုမှစ၍ ကိုယ်တော့်ကို ပထမနေရာ၌ ထားပါသည်။ ကိုယ်တော့်နံဘေး၌ နေလိုပါသည်” ဟု ပြောပါ။ ယခုပင် နေရာမှထ၍ ရှေ့သို့လာပါ။ သူငယ်ချင်းများနှင့်လာသော် ၄င်းတို့ သင့်ကို စောင့်ကြပါလိမ့်မည်။

ဤအားကစားရုံထဲမှ တစ်ယောက်မှ မထွက်သွားဖို့ မေတ္တာရပ်ခံလိုပါသည်။ ယခုအချိန် သည် နှစ်သက်စရာကောင်းသောအချိန်၊ သန့်ရှင်းသောအချိန်ဖြစ်ပြီး၊ မြောက်မြားစွာသော လူတို့၏အသက်တာများ ပြောင်းလဲကြပေတော့မည်။ နေရာမှထ၍ ဤနေရာသို့လှမ်းလာပါ။ အပေါ်ဆုံးထပ်မှ လာလျှင် တစ်မိနစ်သာ ကြာပါမည်။ ထိုကြောင့် ယခု စပါ။ စောင့် နေပါမည်။

သင်တို့၏ဟိုတယ်အခန်း၌ ရှိသည်ဖြစ်ပါစေ။ အိမ်၌ရှိသည် ဖြစ်ပါစေ။ မည်သည့် နေရာ၌ရှိရှိ ဤသူများကဲ့သို့ ရွေးချယ်ဖို့ တောင်းဆိုပါသည်။ သင်၏နှလုံးသားနှင့်အသက်တာ ကို သင်ရှိနေသည့်နေရာမှ ခရစ်တော်ထံတော်သို့ပေး၍အပ်နှံပါ။ ပိတ်ကားပေါ်မှာရှိသော ဖုန်းနံပါတ်ကို ခေါ်လိုက်ပါ။ သင့်ကို လက်ခံစကားပြောမည့်သူများ စောင့်နေပါသည်။ မည်သူ့ကိုမျှ ဆက်သွယ်၍မရပါက Billy Graham, Minneapolis, Minnesota လိပ်ဖြင့် ကျွန်ုပ်ထံသို့ စာရေးနိုင်ပါသည်။ ယနေ့ည၊ ဤနေရာရှိလူများကို ပေးသည့် စာအုပ် များကို သင်တို့ထံသို့ ပို့ပေးပါမည်။ ဤသို့အပ်နှံမှုကို ပြုနိုင်ရန် ဘုရားသခင် ကူမ တော်မူပါမည်။ နောက်တစ်ပတ် ဘုရားကျောင်း တက်ဖြစ်အောင် တက်ပါ။

ကျွန်ုပ်တို့သည် ရုပ်မြင်သံကြားပေါ်မှ တိုက်ရိုက်ထုတ်လွှင့်နေခြင်းမဟုတ်ဘဲ၊ တိပ်ခွေ မှ ပြသထုတ်လွှင့်ခြင်း ဖြစ်ကြောင်း ရှင်းပြလိုပါသည်။ နောင်လာမည့် အပတ်များ၌ လည်း ဆက်၍ ပြသပါမည်။ ကမ္ဘာပေါ်ရှိ လူများစွာ တိုင်းပြည်များစွာထံသို့ ရောက်ရှိရန် ဤသို့လုပ်ဆောင်ခြင်း ဖြစ်သည်။

သင်ရှိနေရာမှ ယခုပင် ရှေ့သို့လာခဲ့ပါ။

ဘုရားသခင်သည် သင့်ကို စကားပြောနေပါသည်။ ကျွန်ုပ်တို့ စောင့်နေပါမည်။ အကယ်၍ ယခု သင်မလာသော်၊ တရားဆုံးဖြတ်တော်မူမည့်နေ့၌ သခင်ဘုရားကို သင်ယူ မည်သို့ အဖြေပေးမည်နည်း။ ဤသာယာသောညနေခင်း၌ ဤကစားရုံထဲတွင် ရာပေါင်း များစွာသောသူများ ထွက်လာကြပါပြီ။ မည်သည့်အရာက သင့်ကို ကိုယ်တော့်ထံသို့ မလာ ရန် ဆွဲထားပါသနည်း။ သင်နှင့်ရွယ်တူလူများ၏ဖိအားကို ကြောက်နေပါသလား။ သင် မစွန့်လွှတ်လိုသည့် အပြစ်က သင့်ကို ဆွဲထားပါသလား။

” သင့်ကို ဖိစီးထားသည့် သံသယစိတ်ကြောင့် ဖြစ်ပါသလား။ သမ္မာကျမ်းစာပါ အကြောင်းအရာအားလုံးကို သင် နားလည်လိမ့်မည်မဟုတ်ပါ။ သမ္မာကျမ်းစာကို နှစ်ပေါင်း များစွာကတည်းက ကျွန်ုပ်လေ့လာခဲ့သည်မှာ ယခုအချိန်အထိလည်း လေ့လာဆဲ ရှိပါ သည်။ အကြောင်းအရာအကုန်လုံးကို ကျွန်ုပ် နားမလည်ပါ။ ကျွန်ုပ်ဘေးမှ ဓမ္မအမှုတော်ဆောင် သည်လည်း လူအကုန်နားလည်ကြောင်းပြောမည်ဟု ကျွန်ုပ်မထင်ပါ။

ကျွန်ုပ်တို့သည် ကလေးသူငယ်ကဲ့သို့ ရိုးရိုးယုံကြည်မှုဖြင့်၊ ကိုယ်တော့်ထံသို့ လာပြီး၊ ကိုယ်တော့်ကို လက်ခံခဲ့ပါသည်။ ကျွန်ုပ်တို့အတွက် အသေခံခဲ့သော၊ အသွေးသွန်းခဲ့သော ကားတိုင်တော်သို့ လာပါသည်။ ကိုယ်တော် သေခြင်းမှ ထမြောက်သည်ကို ယုံကြည်ကြပါ သည်။ ကိုယ်တော်သည် ဤသို့ မိန့်တော်မူပါသည်။ “အဘယ်သို့နည်း ဟူမူကား၊ သင်သည်သခင်ယေရှုကို နှုတ်ဖြင့်ဝန်ခံ၍ ဘုရားသခင်သည် သူ့ကို သေခြင်းမှထမြောက်စေတော် မူပြီဟု စိတ်နှလုံးထဲ၌ယုံကြည်လျှင်၊ ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်” (ရော ၁၀း၉)။

ယနေ့ညတွင် တပည့်တော်ဖြစ်ခြင်းဟုခေါ်သည့်အသက်တာသစ်ကို သင် အစပြုပါ ပြီ။ ဤအကြောင်းကို မကြာမီ ရှင်းပြပါမည်။ သို့သော် လာနေဆဲရှိသူများကို ခဏ ထပ်၍ စောင့်ပါစို့။ ဘုရားသခင်၏စကားပြောနေသူများကို ထပ်၍ စောင့်ရအောင်။ နောက် ထပ်သီချင်းတစ်ပုဒ် ထပ်မံဆိုပါဦး။

ဆက်၍ ထွက်လာပါ။ ဤအရာသည် အလွန်အရေးကြီးပါသည်။ ခရစ်တော်ကို သင် ယုံကြည်ကြောင်း လူရှေ့၌ နှုတ်ဖြင့်ဝန်ခံဖို့ အလွန်အရေးကြီးပါသည်။ ကျွန်ုပ်စကားပြော နေတုန်း ထွက်လာကြပါ။ ယခု၊ ရှေ့သို့ထွက်လာသူများအားလုံးကို စကားတစ်ခွန်း ပြောလိုပါ သည်၊ ယနေ့ည၊ သင်တို့သည် ခရစ်တော်ထံသို့ လာကြပါပြီ။ ကိုယ်တော်သည် သင်တို့ နှလုံးသားကို သိတော်မူသည်။ သင်တို့ပင် ကိုယ့်စိတ်နှလုံးကို ကိုယ်မသိပါ။ သင်တို့ကြည့် ပြီး၊ သင်တို့နှလုံးသားထဲ၌ ဘာရှိသည်ကို ကျွန်ုပ် မပြောပြတတ်ပါ။ သို့သော်လည်း ကား တိုင်ခြေရင်း၌ရှိသော ကျွန်ုပ်တို့အားလုံးသည် အတူတူ ဖြစ်ကြသည်။ အားလုံးသည် အပြစ်သား များဖြစ်ကြပြီး၊ ခွင့်လွှတ်ခြင်းနှင့် ကယ်တင်မည့်သူ အရှင်ကို လိုအပ်ကြပါ သည်။

ခရစ်တော်၏ခွင့်လွှတ်ခြင်းကို သင် အလိုရှိပါသည်။ အသက်တာသစ်ကို သင် အစ ပြုလိုပါသည်။ သင့်ဘဝအတွက် လမ်းကြောင်းသစ်ကို လိုချင်ပါသည်။ ကိုယ်တော့်ထံသို့ သင်လာပြီးပါပြီ။ ကိုယ်တော်သည် ဘဝ၏ကလောင်ရှင် ဖြစ်သည်။ ဝိညာဉ်အသက်တာ ၏ကလောင်ရှင် ဖြစ်တော်မူပါသည်။ ကိုယ်တော်သည် သင့်ကိုလက်ခံတော်မူသည်။ သင့်ကို ချစ်တော်မူသည်။ သင့်ကိုခွင့်လွှတ်ဖို့ အသင့်ရှိနေပါသည်။ ကိုယ်တော်သည် လူသားတို့ကို ချစ်သောခရစ်တော် ဖြစ်တော်မူပါသည်။ ။

ကိုယ်တော်သည် စာငှက်ကလေးတစ်ကောင်ပင် မြေသို့ကျသည်ကိုပင် မြင်တော်မူပါ သည်။ (မ ၁၀း၂၉)။ သင့်ဆံပင်အရေအတွက်ကို သိတော်မူသည် (မ ၁၀း၃၀)။ သင့် အကြောင်း အကုန်သိတော်မူသည်။ ဤအထဲမှပင် သင့်ကိုချစ်တော်မူသေးသည်၊ လက်ခံတော်မူသေးသည်။ “ငါ့ထံသို့ လာသောသူကို ငါသည် အလျှင်းမပယ်” (ယော ၆း၃၇)။ သင့်ကို လက်ခံတော်မူပြီး၊ ယခုမှစ၍ သင့်ကိုကိုယ်တော်ချစ်ကြောင်း သင်သိလာပါပြီ။ ကိုယ်တော်သည် သင့်ကို လက်တော်ဖြင့်ပွေ့ပိုက်လျက် “ငါသည် သင့်ကိုချစ်တော်မူသည်၊ သင့်ကို ကူညီလိုသည်” ဟု ပြောနေပါသည်။ ဤအရာများသည် ကိုယ်တော် သင့်အတွက် ယနေ့ည ပြုတော်မူမည့်အရာများဖြစ်သည်။

ယနေ့ညမှစ၍ သင့်အတွက်အလွန်အရေးကြီးသောအရာ (၄)ခု ပြောလိုပါသည်။

ပထမအချက်ကား နေ့စဉ် ကျမ်းစာဖတ်ရန် ဖြစ်သည်။ ကျမ်းစာဖတ်ရာ၌ အထောက်အကူ ပြုမည့်စာစောင်အချို့ကို ပေးပါမည်။ ဤပုံစံကို နှစ်အတန်ကြာ အသုံးပြုပြီးဖြစ်သည်။ ၄င်းကို “ခရစ်တော်၌အသက်ရှင်ခြင်း” (Living in Christ) ဟု ခေါ်သည်။ ၄င်းစာအုပ် ငယ်၌ ခရစ်တော်ကိုသိခြင်း၊ ခရစ်တော်၌ကြီးထွားခြင်း၊ ခရစ်တော်ကိုနာခံခြင်းနှင့် ခရစ်တော်ကို ဝေမျှခြင်းအကြောင်းများကို လေ့လာရပါမည်။ ထိုစာအုပ်ထဲ၌ သင် ယနေ့ည ပြုခဲ့သောအရာကို ပုံဖြင့် ဖော်ပြထားပါသည်။ ပုံများ၊ ကျမ်းပိုဒ်များပါပြီး၊ ယနေ့ည၊ သင် လုပ်ပြီးသောအရာ နောင်တွင် သင့်အတွက် အဘယ်သို့အကျိုးရှိမည်များ ပါရှိပါသည်။

ထိုနောက် ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို တွေ့ပါလိမ့်မည်။ ၄င်းကိုအစပြု ဖတ်နိုင် ပါသည်။ ၄င်းသည် အလွယ်ဆုံးကျမ်းဖြစ်ပြီး၊ သင်နားလည်စေရန် ဘုရားသခင် သင့်ကို ကူညီတော်မူပါမည်။ ဆက်သွားသော် အထဲ၌ ကျမ်းပိုဒ်များ တွေ့ပါမည်။ ထိုကျမ်းပိုဒ်များ ကို ဖြတ်နိုင်အောင် လုပ်ထားပါသည်။ အလွတ်ကျက်ပါ။ အိမ်ထောင်ထဲ ထည့်ထားပါ။ စာတန်သည် သခင်ယေရှုကို စုံစမ်းနှောင့်ယှက်သောအခါ သခင်ယေရှုသည် ကျမ်းစာကို ကိုးကားတော်မူခဲ့သည်။ ကိုယ်တော်သည် စာတန်နှင့် စကားအခြေအတင် မပြောပါ။ ကျမ်းစာတော်ကိုသာ ကိုးကားတော်မူခဲ့သည်။ (မ ၄း၁-၁၁)။ ထို့ကြောင့် သင်သည်လည်း ယနေ့ညမှစ၍ ကျမ်းစာများကို ချက်ခြင်းအလွတ် စကျက်ဖို့ လိုအပ်ပါသည်။ )

ကျမ်းစာကိုနားလည်စေရန် အထောက်အကူပြုမည့် သမ္မာကျမ်းစာလေ့လာနည်းများ လည်း ပါပါသည်။ သင်တို့ထံသို့ ကျွန်ုပ်ရေးသော စာ အပြင်၊ အခြားအရာများစွာပါ ပါသည်။ မကြာမီအချိန်အတွင်း အတိုင်ပင်ခံတစ်ဦးသည် ဤစာအုပ်များကို သင့်အား? ပေးပါလိမ့်မည်။

ထိုနောက် “အလွန်သိချင်သောစိတ်” နှင့်ဆိုင်သော ကျမ်းပိုဒ်များ တွေ့ရပါမည်။ “ဘွားစသောသူငယ်ကဲ့သို့၊ ထိုတရားနို့ကို အလွန် လိုချင်သောစိတ်ရှိကြလော့” (၁ပေ ၂း၂) ဟု သမ္မာကျမ်းစာ၌ ဖော်ပြထားပါသည်။

ဒုတိယအချက်ကား ဆုတောင်းရန်ဖြစ်သည်။ ဓမ္မအမှုတော်ဆောင်တစ်ပါး၊ ဂိုဏ်းချုပ် တစ်ပါးကဲ့သို့ ဆုတောင်းစရာမလိုပါ။ “သခင်ဘုရား၊ ကျွန်ုပ်ကို ကယ်ပါ” “ကိုယ်တော့်ကိုချစ် ပါသည်” ဤသို့ ရိုးရိုးလေးပြောပါ။ ဤသည်ကား ဆုတောင်းခြင်းဖြစ်သည်။ သင်သည် ဆုတောင်းခြင်း၊ ဘုရားသခင်ကို စကားပြောခြင်း၌ ကြီးထွားရှင်သန်လာပါမည်။ ကိုယ်တော် သည် သင့်ဆုတောင်းချက်ကို အဖြေပေးပါမည်။ တစ်ခါတရံ သင်တောင်းသောဆုကို အဖြေ မပေးသည်မှာ သင့်အတွက် အကောင်းဆုံးဖြစ်သောကြောင့်တည်း။ ထိုကြောင့် ဘုရားသခင် ၏အလိုတော်အတိုင်း ဆုတောင်းပါ။ “ကိုယ်တော့်အလိုတော်ပြည့်စုံပါစေသော်” “သခင် ယေရှု၏နာမတော်၌ ဆုတောင်းပါ၏” ဟု တောင်းလျှောက်ပါ။ ခရစ်တော်၏နာမ၌သာဘုရားသခင်၏ပလ္လင်တော်သို့ ရောက်နိုင်ပြီး၊ ပလ္လင်တော်သို့ ရဲဝံ့စွာတိုးဝင်ချဉ်းကပ်နိုင်ပါ သည်။

တတိယအချက်ကား ခရစ်တော်အတွက် သက်သေခံဖြစ်ခြင်းတည်း။ အဘယ်သို့ သက်သေခံရမည်ကို သိပါသလား။ အသက်ရှင်ပုံဖြင့် သက်သေခံရပါမည်။

ပထမအချက်ကား ချစ်ခြင်းမေတ္တာပြ၍ ဖြစ်သည်။ “သင်တို့သည် အချင်းချင်းချစ်ကြ လျှင် လူအပေါင်းတို့သည် ထို့မေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကို သိရကြလိမ့်မည် ဟု မိန့်တော်မူ၏” (ယော ၁၃း၃၅)။ ထို့ကြောင့် သာမန်အားဖြင့် မိမိ မေတ္တာမထားနိုင်သူများကို ချစ်နိုင်မည့်လမ်း ရှာကြံရမည်။ ထိုသူသည် သင့်အိမ်နီးချင်း (သို့) ကျောင်းရှိတစ်ယောက်ယောက် ဖြစ်ကောင်းဖြစ်ပါမည်။ အခြားလူမျိုးတစ်ဦးဦးဖြစ် နိုင်ပါသည်။ လူမျိုးရေးပြဿနာကို ဖြေရှင်းမည့်လမ်းမှာ ခရစ်တော်ထံသို့လာ၍ ခရစ်တော် ၌ တစ်ဦးနှင့်တစ်ဦး ချစ်ဖို့ဖြစ်သည်။ အကြောင်းမှာ ခရစ်တော်၌တစ်လုံးတဝတည်း ဖြစ် လာကြသောကြောင့် မည်သည့်အသားအရောင်ဖြစ်ဖြစ်၊ ပြဿနာ မရှိတော့ပါ။

သက်သေခံရမည့် နောက်တစ်နည်းမှာ ယနေ့ည အိမ်ပြန်သွားသောအခါ သင့် သူငယ် ချင်းများကို ဖုန်းဆက်ပါ။ “ဟေ့၊ ငါ ဒီည ဘာလုပ်ခဲ့တယ်ထင်လဲ။ မှန်းကြည့်စမ်း။ ငါ (ခရစ်တော်ဆီ သွားတယ်” ဟု ပြောပါ။ ဤသတင်းသည် သူတို့ကို ထိတ်လန့်သွားစေပါလိမ့် ” မည်။ သို့သော်လည်း သင့်ကိုမူ ခွန်အားရှိစေပြီး၊ ၄င်းတို့ကို စိန်ခေါ်စေပါလိမ့်မည်။ မနက်ဖန်၌ လူတချို့ကို ဆက်ပြောပါ။ ဤနေရာသို့လာပြီး ခရစ်တော်ကို ရှာသင့်သည်ဟု သင် ယူဆသောလူများ၏အမည်စာရင်းကို ပြုစုပါ။ သင်တို့အားလုံးသည် ထိုသူများရှိရာသွား ပြီး၊ ဤနေရာသို့ ခေါ်ဆောင်လာဖို့ ပါဝင်လုပ်ဆောင်ကြသည်။

ဟောပြောပွဲ (၃)ကြိမ်လုပ်ပြီးသွားပါပြီ။ သုံးကြိမ်မြောက်သော ဤစည်းဝေးသည် သမိုင်း တွင်သွားပါပြီ။ ဤနေရာ၌ နှစ်ဆတိုး၍ ဆုတောင်းဖို့ လိုအပ်နေပါပြီ။ မိုးရွာလျှင်လည်း ကျွန်ုပ်တို့ ဤနေရာ၌ ရှိပါမည်။

မိုးကာအင်္ကျီနှင့်ထီးယူလာပါ။ မိုးရွာမည်ဟုတော့မထင်ပါ။ ရွာချင်လည်း ရွာပါမည်။ ဧဝံဂေလိသတင်းကို ဟောပြောဖို့ မိုးရွာသည်ဖြစ်စေ၊ နေပူသည်ဖြစ်စေ ဒီနေရာမှာ ရှိပါ မည်။ ဟောပြောပွဲတိုင်း သင်လာပါ။ မိတ်ဆွေများကိုလည်း ခေါ်လာပါ။ ခက်ခဲမည်ကို သိပါသည်။ သို့သော် ခက်သည်ဟု ပြောသောအရာမှန်သမျှကို လုပ်ကြပါမည်။ ဘောလုံး ပွဲနှင့် အခြားအရာများကို လုပ်သလိုမျိုး လုပ်ကြပါမည်။ ဘောလုံးပွဲနှင့် အခြားအရာများ ကို လုပ်သလိုမျိုး လုပ်ပါမည်။ ဤနည်းဖြင့် သက်သေခံပါမည်။

စတုတ္ထအချက်က ဘုရားကျောင်းသွားဖို့ ဖြစ်သည်။ အမျိုးသမီးကြီးတစ်ဦးကို ဘာ ကြောင့် ဘုရားကျောင်းသွားသလဲဟုမေးရာ “ငါ ဘယ်ဖက်မှာပါသလဲဆိုတာ ပြချင်လို့”ဟု ပြန်ဖြေပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ဘုရားသခင်ကို အစုအဝေးဖြင့် ကိုးကွယ် ရန် ဘုရားကျောင်းတက်ကြသည်။ အချင်းချင်း စည်းဝေးသောအမှုကို မရှောင်မလွှဲရဟု သမ္မာကျမ်းစာက ပြောထားပါသည်။ (ဟေဗြဲ ၁၀း၂၅)။ လူအစုအဝေးဖြင့်ရှိခြင်းသည် ကောင်းပေသည်။ အသင်းတော်မှတဆင့် ပေးလှူကြသည်။ အသင်းတော်အားဖြင့် လုပ် ဆောင်ကြသည်။ မြေကြီးပေါ်မှ ကိုယ်တော်၏အဖွဲ့အစည်းဖြစ်သည်။

သခင်ယေရှု၏ခေတ်ကာလ အသင်းတော်သည် ရှိရမည့်ပုံစံအတိုင်း မရှိပါ။ ကျွန်ုပ် တို့အသင်းတော်များလည်း ထိုသို့မရှိပါ။ ပြီးပြည့်စုံသည်ဟု သင်ထင်သောအသင်းတော် တစ်ပါးနှင့် သင်ဆက်သွယ်ပါ။ ထိုအသင်းတော်သည် မပြည့်မစုံ ဖြစ်လာပါလိမ့်မည်။ ပြည့် စုံအနာကင်းသောအသင်းတော်ဟူ၍မရှိပါ။ ကျွန်ုပ်တို့သည် အပြစ်မှ ကယ်တင်ခြင်းရသော အပြစ်သားများဖြင့် ဖွဲ့စည်းထားသည်။ ဗတ္တိဇံခံခြင်းနှင့် အခြားအရာများအပေါ် ကွဲပြားသောအမြင်များ ရှိသည်သာမက ဝတ်ပြုကိုးကွယ်ပုံနည်းအမျိုးမျိုး ရှိကြသည်။ သို့သော် လည်း အသင်းတော်ကား အသင်းတော်ဖြစ်နေဆဲရှိသည်။ ထို့ကြောင့် ဘုရားကျောင်းသို့ သွားပါ။ ယခု ခေါင်းငုံ့ကြပြီး၊ ကျွန်ုပ်နောက်လိုက်၍ အသံထွက်ဆုတောင်းပါ။

“အိုအဖဘုရားသခင်၊ ကျွန်ုပ်သည် အပြစ်သားဖြစ်ပါသည်။ အကျွန်ုပ်အပြစ်အတွက် ဝမ်းနည်းပါသည်။ အပြစ်မှ ရုန်းထွက်လိုပါသည်။ သခင်ခရစ်တော်ကို ကယ်တင်ရှင်နှင့် သခင်အဖြစ် လက်ခံပါသည်။ ယခုမှစ၍ ကိုယ်တော့်နောက်သို့ လိုက်လိုပြီး၊ ကိုယ်တော် နှင့် မိဿဟာယဖွဲ့သော အသင်းတော်၌ အစေခံလိုပါသည်။ ခရစ်တော်၏နာမတော်၌ တောင်းလျှောက်ပါသည်။ အာမင်။”

ရင်ဘတ်၌ တံဆိပ်တပ်ထားသည့် သင့်အနီးရပ်နေသူသည် သင့်ကို စာအုပ်စာတမ်း) များပေးပြီး စကားလာပြောပါမည်။ ဘယ်လိုလုပ်မလဲဆိုတာ Cliff Barrows ရှင်းပြပါ လိမ့်မယ်။ သင်တို့အားလုံး မနက်ဖန်လာဖို့ မျှော်လင့်ပါတယ်။ ဘုရားသခင်သည် သင့်ကို နာမည်ဖြင့် သိတော်မူပါသည်။

Cliff Barrows ဤနေရာမှ ကျွန်ုပ်တို့မထွက်ခွာခင် နောက်တစ်ကြိမ် ဆုတောင်းပါ မည်။ ထို့ကြောင့် မိမိရှိသောနေရာ၌ ခေတ္တငြိမ်ငြိမ်ရပ်ပေးပါ။ အသက် (၁၁)နှစ်နှင့်၄င်းအောက်ငယ်သော ယောက်ျားလေး၊ မိန်းကလေးများ၊ လူအုပ်ထဲက ထွက်လာပြီး စင်၏ အနောက်ဖက်၌ မတ်တပ်ရပ်ပေးပါ။ ”

ဘီးတပ်လှည်းပေါ်မှ ပုဂ္ဂိုလ်များခင်ဗျာ။ ခင်ဗျားတို့ထဲမှ တချို့ သည်လည်း ယနေ့ည ခရစ်တော်ထံ ဆက်ကပ်အပ်နှံလိုသူ ရှိပါမည်။ ရှိသည့်နေရာမှ လက်မြှောက်ထားပါ။ လူ တစ်ယောက်လာပြီး အကူအညီပေးပါလိမ့်မည်။

နိဂုံးချုပ်ဆုတောင်းရန်အတွက် ခေတ္တ မတ်တပ်ရပ်ပါ။ Episcopal Diocese of Upper South Carolina, မှ ဂိုဏ်းချုပ်ကြီး Right Rev. William A. Beckham ဆုတောင်းပေးပါမည်။ အကြံပေးများ ရှေ့ဆက် လုပ်ဆောင်ပါ။ အကြံပေးများကို မတွေ့ပါ က လက်မြှောက်ထားပါ။ တစ်ယောက်ယောက် ချက်ခြင်း ရောက်လာပါမည်။

Right Rev, William Beckham က ဆုတောင်းကြပါစို့။ အိုဘုရားသခင်။ ကိုယ် တော်သည် ကျွန်ုပ်တို့ကို ကိုယ်တော်၏သဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းထားပါသည်။ သား တော်ယေရှုအားဖြင့် ကျွန်ုပ်တို့ကို အပြစ်မှ ကယ်တင်တော်မူပါသည်။ ကိုယ်တော်၏လူသား မိသားစုကို သနားဂရုဏာဖြင့် ကြည့်တော်မူပါ။ အထူးသဖြင့် ယနေ့ည၊ ဤနေရာ၌ ရှိသူ များကို အထူးသဖြင့် ကြည့်ရှုတော်မူပါ။ သူတစ်ပါးကို မျက်ကွယ်ပြုခြင်း၊ မောက်မာမှု၊ ကျွန်ုပ်တို့နှလုံးသားကို အနာရစေသော မိမိကိုယ်ကိုမိမိ ကျေနပ်အားရမှုများကို ကျွန်ုပ် တို့အထဲမှ ယူဖစ်တော်မူပါ။ မြေကြီးပေါ်၌ ကိုယ်တော်အလိုတော် ပြည့်စုံစေရန် ကျွန်ုပ် တို့အားဖြင့် လုပ်ဆောင်တော်မူပါ။ – ခြေဦးတည့်ရာ လျှောက်သွားနေရာမှ ကိုယ်တော်၏နွေးထွေးသော မေတ္တာတော်သို့ ပို့ဆောင်တော်မူပါ။ ကျွန်ုပ်တို့ ကြီးထွားရန် ခွန်အားပြည့်ရန်အလို့ငှါ ချစ်တော်မူသောသားတော်၏ကိုယ်ခန္ဓာ (သို့) ကျွန်ုပ်တို့ကို ဆက်ပေးတော်မူပါ။ ကိုယ်တော်၏နိုင်ငံတော်ကို တည် ထောင်ရန်အတွက် ကျွန်ုပ်တို့ကို အသုံးပြုတော်မူပါမည့်အကြောင်း ဆုတောင်းပါသည်။ မိမိကယ်တင်ခြင်း ရရှိသောကြောင့် ကျေနပ်အားရမနေဘဲ၊ သူတစ်ပါးကို ကယ်တင်ခြင်း ရရှိစေလိုသူများ ဖြစ်စေတော်မူပါ။ အရာခပ်သိမ်းသည် အသစ်ဖြစ်စေရန်အလို့ငှါ ကျွန်ုပ် တို့ကို အသစ်ပြုပြင်တော်မူပါ။ စေခိုင်းတော်မူပါ။ ရှင်ပြန်ထမြောက်တော်မူသော ခရစ်တော် ၏တန်ခိုးကို ကိုင်စွဲသူများဖြစ်စေတော်မူပါ။

ကျွန်ုပ်တို့၏လာမည့် အသက်တာများ၌အသွေးတော် သွန်းလောင်းခဲ့သော ကားတိုင် တော်ပေါ်မှ မေတ္တာတော်၊ ဘာမျှမရှိသောသင်္ချိုင်းဂူက အတည်ပြုပေးသောမေတ္တာတော်ကို ပြသဖို့ရန် ကိုယ်တော်၏ကျေးဇူးကို အလွန်သိသောသူများ ဖြစ်စေတော်မူပါ။ သားတော် ယေရှုအားဖြင့် ဤဆုများကို တောင်းလျှောက်ပါသည်။ သင်တို့၌ ငြိမ်သက်ခြင်းရှိစေပါ။ ခွန်အားနှင့် ပြည့်ဝစေပါ။ ကောင်းသောအရာများကို မြဲမြံစွာ ဖက်တွယ်ပါ။ ခွန်အားနည်းသောသူများကို အားရှိစေပြီး၊ ဖိစီးနှိပ်စက်ခံရသူများကို နှစ်သိမ့်ပါ။ သခင်ဘုရားကိုချစ် လျက် အစေခံပါ။ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်ထဲမှ အနန္တတန်ခိုး တော်သည် သင်တို့ပေါ်သို့ ယနေ့ညမှစ၍ ကာလအစဉ် သက်ရောက်ပါစေ။ အာမင်။

 

တောင်ပေါ်သို့ သွားပြောပါ။

Go tell it on the Mountain

ကမ္ဘာပေါ်တွင် နိုင်ငံရေးနှင့်စီးပွားရေး အလွန့်အလွန်နက်ရှိုင်းစွာ ဘေးကျပ်နံကျပ် ဖြစ်နေသည့် ဤကာလ၌ ကျွန်ုပ်တို့သည်ခရစ်စမတ်ကို နောက်တစ်ကြိမ် ထပ်မံ၍ ကျင်းပ ကြပြန်ပါပြီ။ ဤမျှ ခက်ခဲသောကာလ ဖြစ်သဖြင့်၊ သန်းပေါင်းများစွာသောလူတို့သည် ဤ ဆယ်စုနှစ်၌ ဆက်၍ ရှင်သန်ပါဦးမည်လောဟူသည်ကို မသေချာတော့ပေ။ ကမ္ဘာကြီးသည် စိတ်ဓါတ်ရေးရာ၊ သဘာဝဘေးဒဏ်၊ စီးပွားရေးရာ၊ အနုမြူစစ်ပွဲကြောင့် လူအမြောက်အများ သေဆုံးကြရမည့် ဘေးဆိုး စသည့် အန္တရာယ်များနှင့် တွေ့ဆုံရနီးနီး အခြေအနေ၌ ရှိ ကာ၊ ထိုသို့သော အန္တရာယ်များသည် လူတို့၏စိတ်အာရုံကို ယိမ်းယိုင်စေလျက်ရှိသည်။ သို့ရာတွင် ကော်လိုရာဒိုပြည်နယ်၏လှပသော ဤတောင်တန်းများအကြား၌ ထိုအခြေအနေ ဆိုးများဖြစ်နေသည်ဟု ယုံကြည်ရ ခက်နေပါသည်။ လွန်ခဲ့သောလအနည်းငယ်က ဩစတြီး ယားနိုင်ငံ အဲလ်ပ်စ်ဒေသရှိ လှပသော မြို့လေးတစ်မြို့ပေါ်မှ လေယာဉ်ဖြင့် ပျံသန်းခဲ့ပါ သည်။ ပေ ၃ဝဝဝဝ အမြင့်မှ ငုံ့ကြည့်ရင်း၊ လွန်ခဲ့သော နှစ်ပေါင်း (၁၇၆)မှ မြင်ကွင်းလေးတစ်ခုကို သတိမရဘဲမနေနိုင်ခဲ့ပါ။ ခရစ်စမတ်အကြိုညက ဖြစ်သည်။ ကိုဘင်ဒေါ့ဖ်မြို့ (Obendorf) တွင် အသက် (၂၆)နှစ်အရွယ်ရှိ လက်ထောက်သင်းအုပ်ဆရာ သိက္ခာတော်ရ ” ဆရာ ဂျိုးဇက်မိုးသည် အခက်အခဲတစ်ခုနှင့် ရင်ဆိုင်နေရသည်။ သူ၏အသင်းတော်သည် နီကိုလပ်စ်အသင်းတော် (Nicolas Church) ဖြစ်သည်။

ကြွက်များသည် အသင်းတော်၏ ဟောင်းနွမ်းနေပြီဖြစ်သော အော်ဂင် (Organ) ၏ အသံထွက်စေသော အစိတ်အပိုင်းအထိ ကိုက်ဖြတ်ထားကြသည်။ ထို့ကြောင့် ခရစ်စမတ် အကြိုည ဝတ်ပြုခြင်း၌ တူရိယာသံမရှိနိုင်တော့ပါ။ သို့ရာတွင် ဂျိုးဇက်မိုးသည် ယေရှု ခရစ်တော်ဖွားမြင်တော်မူခြင်း၏ဂုဏ်တော်ကိုဖော်ကျူးသော အပိုဒ်(၆)ပိုဒ်ပါကဗျာတစ်ပုဒ် ထိုင်၍ ရေးစပ်လိုက်သည်။ ၄င်းနောက် ထိုကဗျာကို အသင်းတော်၌ အော်ဂင်တီးသူထံ ယူသွားပြီး ဂီတသံစဉ်ထည့်ပေးဖို့ မေတ္တာရပ်ခံပါသည်။ ထိုည၌ ဂရုဘာ (Gruber)နှင့် မိုး (Moore) သည် တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့သွားမည်ဟု မထင်သော ၄င်းတို့၏တေးသွားလေး ကို သီဆိုခဲ့သည်။ ထိုတေးသွားသည် ခရစ်စမတ်တေးသီချင်းများတွင်အကောင်းဆုံးသီချင်း ဖြစ်သည့် “တိတ်ဆိတ်ည.. သန့်ရှင်းည” ဟူသည့်သီချင်း ဖြစ်သည်။

သာယာ၍ အေးငြိမ်းလှသော ဤကော်လိုရာဒိုတောင်တန်းများကြား၌ ဤသီချင်းကို သီဆိုလျှင် အလွန်မှပင် ဆီလျော်မှုရှိပေမည်။ သို့သော်လည်း ကမ္ဘာ့ဒေသများစွာတို့၌ တိတ်ဆိတ်မနေပါ။ မသန့်ရှင်းပါ။ ဤကမ္ဘာကြီးသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့၌ ကမ္ဘာပျက်မည့် စစ်ပွဲကြီး (အာမေဂဒုန်)၏နှုတ်ခမ်းဝသို့ ရောက်နေပြီ။ ကျွန်ုပ်တို့၏ ကမ္ဘာ ကြီးနှင့်၄င်း၏စိတ်အခြေအနေကို ဖော်ပြသည့်ဝေါဟာရတစ်ခုကို သုံးကြမည်ဆိုသော် “ကြောက်ရွံ့ခြင်း” ဆိုသည့် ဝေါဟာရ ဖြစ်သည်။ သတင်းစာခေါင်းကြီးပိုင်းတို့သည် ကမ္ဘာကြီး၏ကပ်ဘေးသစ်အချို့ကို နေ့စဉ် ကြောက်လန့်တကြား ဖော်ပြနေကြသည်ဟု ထင်ရပါသည်။ ထိုကပ်ဘေးအသစ်များက ကျွန်ုပ်တို့ကို ပရမ်းပတာအခြေအနေထဲသို့ ဇောက်ထိုးမိုးမျှော်ကျသွားဖို့ ခြိမ်းခြောက်နေပါ သည်။

အမှန်တကယ်ဖြစ်ပြီး၊ အမှန်တကယ် ကြေကွဲဝမ်းနည်းစရာကောင်းသည်များမှာ လူ ပုဂ္ဂိုလ်ရေး အကြပ်အတည်းများ ဖြစ်သည်။ ထိုပုဂ္ဂိုလ်ရေးအကြပ်အတည်းများသည် ခေါင်း ကြီးသတင်း ဖြစ်မလာကြပါ။ တစ်စစီ ကွဲကြေသွားသော အိမ်ထောင်ရေး၊ ကျိုးပဲ့ပျက်စီး သွားသော် ဆက်ဆံရေးတို့၏နှလုံးသား နာကျင်မှု၊ ဆုံးရှုံးသွားသည့်အလုပ်ကြောင့် ဖြစ်ရသော မျှော်လင့်ရာမဲ့ စိတ်ပျက်အားငယ်မှု၊ ရောဂါဝေဒနာ၏ခြိမ်းခြောက်မှု၊ မူးယစ်ဆေးဝါး (သို့) အရက်၏ကျွန်ဖြစ်နေရခြင်း စသည်.. စသည်တို့သည် ချိုးနှိမ်၍မရသောအရာများ ဖြစ်သယောင်ယောင် ရှိနေသည်။ ကြောက်ရွံ့မှုကြောင့်၊ လူတို့၏နှလုံးသား ကျရှုံးရမည့်အချိန်ကာလအကြောင်း သခင်ယေရှု ပြောခဲ့ပါသည်။ ကိုယ်တော်ပြောသည့် ထိုအချိန် ၇၀ ကာလမျိုး၌ ယနေ့ ကျွန်ုပ်တို့ ရှင်သန်နေကြသည်ဟု ထင်ရပါသည်။ တိတ်ဆိတ်ည၊ သန့်ရှင်းည ဟူသည် စိတ်ကူးယဉ်အိပ်မက်တစ်ခု၊ မှားယွင်းသည့် မျှော်လင့်ချက်တစ်ခုဟုပင် ထင်ရပြီး၊ လက်တွေ့လူ့ဘ၀၌ ပျောက်ကွယ်သွားပြီဖြစ်သည်။ သို့ရာတွင် တစ်ခုတည်းသော စစ်မှန်သည့်ငြိမ်သက်ခြင်း၏အရင်းအမြစ်ဖြစ်သော ယေရှုခရစ်တော်ထံသို့ ကျွန်ုပ်တို့ ပြန် လှည့်ကြသောအခါ ကျွန်ုပ်တို့၏နှလုံးသားများထဲ၌ ငြိမ်သက်ခြင်း ရှိနိုင်ပါမည်။

လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင်ကျော်မှ ပထမဆုံးသော ခရစ်စမတ်အကြောင်း ပြန် စဉ်းစားကြည့်ပါ။ ထိုအကြောင်းအရာကို သင် သတိရပါမည်။ ဗက်လင်မြို့၏ရွာငယ်လေး တစ်ခု၏အပြင်မှ မိုင်အနည်းငယ်အကွာရှိ လွင်ပြင်တစ်ခု၌ ဖြစ်သည်။ ညသန်းခေါင်ယံ အချိန်တွင် ဖြစ်သည်။ ကြယ်များသည် ကောင်းကင်ဘုံ၌ စိန်ပွင့်လေးများကဲ့သို့ လင်းလက် နေသည်။ ပင်ပန်းနွမ်းနယ်နေသော သိုးထိန်းလေးတစ်စုသည် အေးချမ်းသောညအခါ၌ အေးစက်မာကျောသောကျောက်ကို ဖဲမွေ့ရာကဲ့သို့ အိပ်ရန် ပြင်ဆင်လျက် ရှိသည်။ ဤည သည် အခြားညများထက် ထူးခြားသောညတစ်ည ဖြစ်လိမ့်မည်ဟုလည်း မမျှော်လင့်ခဲ့ပေ။ သင့်ကိုယ်ပိုင် အသက်တာ၌ မည်သည့်အရာမှ ပြောင်းလဲနိုင်မည်မဟုတ်ဟု သင် ယူဆ ထားသကဲ့သို့ ဖြစ်သည်။ သို့သော်လည်း ဘုရားသခင်တွင် အခြားအကြံအစည်တော်များ ရှိခဲ့သည်။ အကြောင်းမှာ ဤညသည် လူ့သမိုင်းတွင် အရေးအကြီးဆုံးသောညတစ်ညဖြစ်လာပါတော့မည်။ ဘုရားသခင်ကိုယ်တော်တိုင် မြေကြီးပေါ်သို့ ကြွလာတော်မူမည့်ည ဖြစ်သည်။ ထိုမှတ်သားဖွယ်ရာညအကြောင်း ရှင်လုကာက မှတ်တမ်းတင်ထားသည်ကို ကြည့်ပါ။

“သိုးထိန်းတို့သည် ညဉ့်အခါ တောအရပ်၌ တည်းခိုလျက်၊ မိမိသိုးစုကို စောင့်နေကြ သည်ဖြစ်၍ ထာဝရဘုရား၏ကောင်းကင်တမန်သည် သူတို့အနားမှာ ပေါ်လာ၍ ပတ်ဝန်း ကျင်၌ ထာဝရဘုရား၏ဘုန်းတော် ထွန်းတောက်သဖြင့် သူတို့သည် အလွန်ကြောက်ရွံ့ခြင်း သို့ ရောက်ကြ၏။ ကောင်းကင်တမန်ကလည်း ကြောက်ရွံ့ခြင်းမရှိကြနှင့်။ လူအပေါင်းတို့ သည် အလွန်ဝမ်းမြောက်ဝမ်းသာစရာသိတင်းကို ငါသည် သင်တို့အား ကြားပြောရ၏။ ယနေ့တွင် ဒါဝိဒ်၏မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သောအရှင်သည် သင် တို့အဖို့အလိုငှါ ဘွားမြင်ခြင်းကို ခံတော်မူပြီ။” ၄င်းတို့၏နှလုံးသားကို ဆုပ်ကိုင်ထားခဲ့သည့် ထိုကြောက်ရွံ့မှုသို့ သင် စိတ်ကူးကြည့်နိုင်ပါသလား။ “၄င်းတို့သည် ကြောက်ရွံ့မှုနှင့် ဖိစီးနေ သည်” ဟု တစ်ဦးက ဘာသာပြန်ထားသည်။ သို့သော်လည်း ကောင်းကင်တမန်များက သိုးထိန်းတို့အား ပြောသည့် ပထမဆုံးသောစကားမှာ “ကြောက်ရွံ့ခြင်းမရှိကြနှင့်” ဟု ဖြစ် သည်။ ဤစကားစု၌ သတင်းကောင်းရှိနေသည်။ မကြောက်ပါနှင့်။ အကြောင်းမှာ ခရစ်တော် သည် ဤလောကသို့ ကြွလာခဲ့ပြီးပါပြီ။ အားလုံး ထူးခြား ပြောင်းလဲသွားအောင် လုပ်ဆောင် တော်မူခဲ့ပါသည်။

ဤလောကသို့ ခရစ်တော် ကြွလာတော်မူသောကြောင့် မျှော်လင့်ရာမဲ့ကာ၊ ကြောက်ရွံ့ မှု၏ချုပ်နှောင်မှုကို ခံနေစရာ မလိုတော့ပါ။ ခရစ်တော်ကြောင့် အရာခပ်သိမ်းသည် ငြိမ်းအေးနေကြောင်း၊ မျှော်လင့်ချက် ရောင်ခြည် ထွန်းလင်းနေကြောင်း သိနိုင်ပါသည်။ ခရစ်စမတ်အကြောင်းဖော်ပြသောဤခရစ်ဝင်ကျမ်း၌ “မကြောက်ကြနှင့်” ဟူသောစကား ကို ကောင်းကင်တမန်များသည် လေးကြိမ် အသုံးပြုခဲ့ပါသည်။ မေရှိယ၏ ရှေ့တော်ပြေး ဖြစ်သော နှစ်ခြင်းဆရာယောဟန်၏ ဖခင် ဖြစ်လာလိမ့်မည်ဟု ဇာခရိကို ပြောသောအခါ၊ ဇာခရိသည် ကြောက်ရွံ့သွားသော်လည်း၊ ကောင်းကင်တမန်သည် ဇာခရိကို “ကြောက်ရွံ့ ခြင်းမရှိနှင့်” ဟူ၍၄င်း၊ ဘုရားသခင်၏သားတော်ကို ပွဋိသန္ဓေ စွဲယူခြင်း တည်းဟူသော အလွန်ထူးကဲသည့်အခွင့်အထူးကို ခံစားရလိမ့်မည်ဟု မာရိကို ပြောသောအခါ အစပထမ၌ မာရိလည်း ကြောက်သွားသည်။ သို့သော် တောင်းကင်တမန်သည် သူမအား “မာရိ ကြောက်ရွံ့ခြင်းမရှိနှင့်” ဟူ၍၄င်း၊ အပျိုကညာ မာရိနှင့် စေ့စပ်ကြောင်းလမ်းထားသော ယောသပ်သည် မာရီ၌ ပဋိသန္ဓေစွဲနေကြောင်း သိသောအခါ ကြောက်ရွံ့သွားသည်သာမက များစွာသော အရှက်ရခဲ့သော်လည်း ကောင်းကင်တမန်က “မစိုးရိမ်နှင့်။ ဤပဋိသန္ဓေသည် သန့်ရှင်းသောဝိညာဉ်တော်ကြောင့်ဖြစ်၏” ဟူ၍၄င်း၊ အားပေးခဲ့ပါသည်။ ထို့ကြောင့် သန့်ရှင်းသောသူငယ်တော်ကို မွေးဖွားသောအခါ ကောင်းကင်တမန်တို့သည် ထိုသိုးထိန်း များထံသို့လာပြီး၊ “ကြောက်ရွံ့ခြင်းမရှိကြနှင့်။ လူအပေါင်းတို့သည် အလွန်ဝမ်းမြောက် ဝမ်းသာစရာသိတင်းကို ငါသည် သင်တို့အား ကြားပြောရ၏။ သခင်ခရစ်တော် တည်း ဟူသော ကယ်တင်သောအရှင်သည် သင်တို့အဘို့အလို့ငှါ ဘွားမြင်ခြင်းကို ခံတော်မူပြီ” ဟု ပြောသည်။ ဘုရားသခင်သည် ထိုသတင်းကို ယနေ့ ကျွန်ုပ်တို့အား ပြောနေပါသည်။ မည်သည့်အရာကို ကျွန်ုပ်တို့ ကြောက်ရွံ့နေပါလေစေ။ ကိုယ်တော်က“မကြောက်နှင့်” ဟု ကျွန်ုပ်တို့အား မိန့်တော်မူပါသည်။ ခရစ်တော် ကြွလာတော်မူပြီ ဖြစ်သောကြောင့် စိုးရိမ် ကြောက်ရွံ့ခြင်း အလျဉ်းမရှိတော့ပါ။

သို့ရာတွင် ကြောက်ရွံ့မှု အမျိုးမျိုး ရှိပြီး၊ ကြောက်ရွံ့မှုတိုင်း မှားသည်ဟု မဆိုလိုပါ။ ကလေးတစ်ယောက် မီးဖို သို့မဟုတ် ဓါးထက်ထက်တစ်ချောင်းကိုကြောက်သည်မှာ လျော် ကန့်ပါသည်။ အကြောင်းမှာ ထိုအရာများသည် ၄င်းကို အန္တရာယ်ပြုနိုင်၍ ဖြစ်သည်။ သမ္မာကျမ်းစာက ကျွန်ုပ်တို့သည် ဘုရားသခင်ကို ကြောက်ရမည်ဟု ပြောသည်။ ဤသို့ ဆိုရာ၌ ကိုယ်တော်၏စီရင်ခြင်းကို ကြောက်ရွံ့ သင့်သော်လည်း ကိုယ်တော့်ကို လန့်နေရ ” မည်။ အနားမကပ်ရဲ ဖြစ်ရမည်။ ကိုယ်တော့်ထံမှ ပြေးကောင်းပြေးရမည်ဟု မဆိုလိုပါ။

ကိုယ်တော်သည် သန့်ရှင်းတော်မူသည်။ ခပ်သိမ်းသော တန်ခိုးနှင့် ပြည့်ဝတော်မူသည် ” ကိုသိမှတ်ပြီး၊ ကိုယ်တော်ကို ကြည်ညိုရမည်၊ လေးစားရမည်ဟု ဆိုလိုပါသည်။ ကောင်းကင် တမန်များက မကြောက်နှင့်ဟု ကျွန်ုပ်တို့ကို ပြောသဖြင့်၊ အဘယ်ကြောင့် မကြောက်ကြ ရပါသနည်း။ ကြောက်ရွံ့မှု၏လွှမ်းမိုးဆုပ်ကိုင်ထားခြင်း၊ ကျွန်ပြုခြင်းကို ခံစရာအကြောင်း မရှိတော့ပါ။ ကျွန်ုပ်တို့ကို အလွယ်တကူနှင့် ပြင်းထန်စွာ တိုက်ခိုက်နိုင်သော “ကြောက်ရွံ့မှု” များကို စဉ်းစားကြည့်ပါ။ ကျွန်ုပ်တို့ ရင်ဆိုင်နေရသောပြဿနာများကို ကြောက်ခြင်းနှင့် ဤပြဿနာများကြောင့် ကျွန်ုပ်တို့ ဖြစ်လာနိုင်သည့်အန္တရာယ်များကို စဉ်းစားသောအခါ ကြောက်ရွံ့ခြင်းတို့ ရှိပါသည်။

သမ္မာကျမ်းစာက မည်သို့သောပြဿနာများကို ရင်ဆိုင်ရပါလေစေ။ “မကြောက်နှင့်” ဟု ပြောထားပါသည်။ အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည် ကျွန်ုပ်တို့နှင့် ရှိသောကြောင့် ဖြစ်သည်။ သခင်ယေရှု အတိအလင်းမိန့်တော်မူသည်ကား “ဤလောက၌ သင်တို့ သည် ဒုက္ခဆင်းရဲကို ခံကြရမည်။ သို့သော်လည်း မစိုးရိမ်နှင့်။ ငါသည် ဤလောကကိုအောင်ပြီ”ဟု မိန့်တော်မူသည့်အပြင်၊ သင် စိုးရိမ်နေသည့်အရာများ၊ ဝန်ထုပ်များကို ကိုယ်တော့်ထံသို့ ယူဆောင်လာဖို့ ဖိတ်ခေါ်နေပါသည်။ “ဝန်လေး၍ ပင်ပန်းသောသူ အပေါင်းတို့ ငါ့ထံသို့ လာကြလော့။ ငါသည် ချမ်းသာပေးမည်”ဟု မိန့်တော်မူပါသည်။ အထီးကျန်ဆန်မှုကို ကြောက်ရွံ့ခြင်းလည်း ရှိသေးသည်။ ခရစ်တော်ကို သင်သိသောအခါဘယ်တော့မှ သင် တစ်ယောက်တည်း မဖြစ်တော့ပါ။ ကိုယ်တော် ကတိထားတော်မူသည် ကား၊ “အဓိပ္ပါယ်က ငါသည်လည်း ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်နှင့်အတူ ရှိ တော်မူမည်။” ဘုရားသခင်နှင့် မိဿဟာယဖွဲ့ရန် သင့်ကို ဖန်ဆင်းခဲ့ခြင်းဖြစ်သည်။

ခရစ်တော်ထံသို့ သင် လာသောအခါ ကိုယ်တော်သည် သင့်ကိုဘုရားသခင်၏သား သမီး ဖြစ်စေမည်ဖြစ်သည်။ သင်သည် ကိုယ်တော်နှင့် ထူးခြားသောဆက်ဆံရေး ရှိသည်။ ထိုဆက်ဆံရေးကို မည်သည့်အရာကမှ လုမယူနိုင်ပါ။ အကြောင်းမှာ လက်ဝါးကားတိုင် ပေါ်၌ အသေခံတော်မူခြင်းအားဖြင့် ထိုဆက်ဆံရေးမျိုး ရစေ၍ဖြစ်သည်။ ထိုနောက် သေ ရမည်ကို ကြောက်ခြင်းလည်း ရှိသည်။ သမ္မာကျမ်းစာ၌ မကြောက်နှင့်ဟု ကောင်းကင်တမန် ပြောသောအချိန်တစ်ချိန် ရှိပါသေးသည်။ သခင်ဘုရား ရှင်ပြန်ထမြောက်သည့် နံနက် စောစော၌ ကိုယ်တော့်သင်္ချိုင်းဂူသို့ လာကြသော အမျိုးသမီးများကို ပြောခြင်းဖြစ်သည်။ ၄င်းတို့သည် ဂူထဲ၌ ဘာမျှမရှိသည်ကို တွေ့ကြရသည်။ “သင်တို့မကြောက်ကြနှင့်။ ကိုယ် တော်သည် ဤအရပ်၌မရှိ။ ထမြောက်တော်မူပြီ” ဟု မိန့်ဆိုသည်။

သေခြင်းတရား၏အဖြေကား ခရစ်တော်ဖြစ်သည်။ ၄င်းတို့သည် ဂူထဲ၌ ဘာမျှမရှိ သည်ကို တွေ့ကြရသည်။ “သင်တို့မကြောက်ကြနှင့်။ ကိုယ်တော်သည် ဤအရပ်၌ မရှိ။ ထမြောက်တော်မူပြီ” ဟု မိန့်ဆိုသည်။ ကားတိုင်ပေါ်တွင် အသေခံခြင်း၊ သေခြင်းမှ ထမြောက်တော်မူခြင်းအားဖြင့် ကိုယ်တော်သည် သေခြင်းတရား၏ခါးသီးမှုကို ယူဆောင် သွားခဲ့သည်။ ကားတိုင်ပေါ်တွင် ကျွန်ုပ်တို့ ၏နေရာ၌ အသေခံတော်မူခြင်းဖြင့် အပြစ်များ ကို ယူဆောင်သွားခဲ့သည်။ ကိုယ်တော့်ကို သင်၏သခင်နှင့် ကယ်တင်ရှင်အဖြစ် ယုံကြည် ခြင်းဖြင့် အပြစ်ခွင့်လွှတ်မှုခံရသောကြောင့် ရရှိသည့် ဝမ်းမြောက်ခြင်း၊ ဘုရားသခင်နှင့် ရန်ငြိမ်းခြင်းတို့ကို သိနိုင်သည်။ ခရစ်စမတ်သည် အစသာ ဖြစ်သည်။ ထို့နောက် လက်ဝါးကားတိုင်စော်ရှိသည်။ လက်ဝါးကားတိုင်တော်၏အလွန်၌ ဟင်းလင်းဖြစ်နေသော သင်္ချိုင်းဂူ ရှိသည်။ ခရစ်တော် အကြောင်းကိုသိလျှင်၊ ကျွန်ုပ်တို့အသက်တာ၌ ကိုယ်တော် လုပ်ဆောင်ပေးနိုင်သည့် ခြား နားမှုများကို နားလည်မည်ဆိုလျှင် နွားစားခွက်၊ လက်ဝါးကားတိုင်နှင့် သရဖူတို့သည် ဆက် နွယ်နေမည်ဖြစ်သည်။

ခရစ်တော်သည် ကြောက်ရွံ့မှု၏အရင်းအမြစ်ကို ဖယ်ရှားပေးရန် ကြွလာတော်မူခဲ့ ခြင်း ဖြစ်သည်။ အကြောက်တရားသည် အမှန်တကယ်ရှိသည်။ ခရစ်တော်ကလည်း ကျွန်ုပ် တို့ကို ပျော်ပျော်သာနေ၊ အကြောက်တရားတွေ ပျောက်သွားလိမ့်မည်ဟု သာမန်ကာရှန်ကာ မပြောပါ။ ခရစ်တော်ကိုမသိ၍ သေခြင်းတရားကို ကြောက်သည်မှာ မှန်ကန်သည်။ ကျွန်ုပ်တို့ကို လွှမ်းမိုးထားသည်ဟု ထင်ရသောအထီးကျန်မှု၊ ပြဿနာများကို ကြောက်ရွံ့

သည်မှာမှန်ကန်သည်။ အကြောင်းမှာ ထိုအရာများသည် တကယ်ရှိသောကြောင့် ဖြစ် သည်။ သို့သော် ခရစ်တော်သည်လည်း အမှန်တကယ် အစစ် ဖြစ်တော်မူသည်။ ခရစ်တော် သည် ကျွန်ုပ်တို့အပြစ်များအတွက် ဖြေရှင်းပေးခဲ့ပြီးဖြစ်သည်။ ကျွန်ုပ်တို့ကို ဘုရားသခင်နှင့် ရန်ပြေငြိမ်းစေခဲ့သည်ကို ယုံကြည်သောအခါ ကြောက်ရွံ့မှုကြောင့် မတုန်မလှုပ် ဖြစ်မနေ ရတော့ပါ။ ထိုသို့ပြုမည့်အစား သိုးထိန်းများလုပ်ခဲ့သကဲ့သို့ ခရစ်တော်ထံသို့ လာကြရပါမည်။ ကျွန်ုပ်တို့၏အပြစ်များ အတူတကွ ကိုယ်တော့်ထံသို့လာပြီး ထိုအပြစ်များကို ခြေတော် ရင်း၌ ချထားလိုက်ပါ။

ထိုအခါ တိတ်ဆိတ်ည၊ သန့်ရှင်းည၏အဓိပ္ပါယ်ကို သိလာနိုင်ပါမည်။ ဘုရားသခင် ၏ငြိမ်းချမ်းမှု သမ္မာကျမ်းစာ ခေါ် သည့် ခပ်သိမ်းသောနားလည်မှုကို ဖြစ်စေသောအရာကို ကျွန်ုပ်တို့ သိလာပေမည်။ သခင်ယေရှု ကတိထားတော်မူသည်မှာ “ငြိမ်သက်ခြင်းကို သင် တို့၌ ငါထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။ လောကီသားတို့ ပေးသကဲ့ သို့ ငါပေးသည်မဟုတ်။ သင်တို့စိတ်နှလုံးပူပန်ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်းမရှိစေနှင့်။” သို့ `သော်လည်း အပြေးအလွှား လုပ်ကြသည့် ခရစ်စမတ်အချိန်သမယ၌ ငြိမ်သက်ခြင်း၏အရှင် (Prince of Peace) ကို မကြာခဏ ချန်ရစ်ထားခဲ့ကြသည်ကို ယုံမှားစရာမရှိပါ။ ကျွန်ုပ် တို့ ကျင်းပနေသည်မှာ အမှန်စင်စစ်၊ ကိုယ်တော်၏မွေးနေ့တော်ဟူသည်ကိုလည်း မေ့နေ တတ်ပါသည်။ ပထမဆုံးသောမွေးနေ့တော်၏အဓိပ္ပါယ်အတိအကျမှာ ရှင်းရှင်းလင်းလင်း ပင် ဖြစ်သည်။ ဘုရားသခင်သည် မြေကြီးပေါ်သို့ လူ့သဏ္ဌာန်ခံယူ၍ ကြွလာတော်မူသည်။ ထိုဖြစ်ရပ်၏သက်ရောက်မှုအကျိုးသည် အလွန်ကြီးမားလှသဖြင့် ပြက္ခဒိန်များ၊ အစိတ်စိတ် အမွှာမွှာ ဖြစ်ကုန်သည်။ မှန်းဆ၍ဆုပ်ကိုင်ထားခဲ့သော အယူအဆဟောင်းများကို ဘေး ဖယ်ထားလိုက်သည်။ မြေကြီးပေါ်မှ သန်းပေါင်းများစွာသောလူတို့သည် အသစ်သော အသက်တာ၌ စ၍ လျှောက်လှမ်းကြသည်။ ကမ္ဘာပေါ်၌ ရှိလာနိုင်သော ငြိမ်သက်ခြင်း အကြောင်းကို ပြောလာကြသည်။

လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်ကျော်က ခြေဦးတည့်ရာလျှောက်ကာ၊ ကြောက်ရွံ့ တုန် လှုပ်နေကြသော သိုးထိန်းတို့အား ကောင်းကင်တမန်များသည် သတင်းကောင်းကို ဖော် ထုတ် ပြောပြခဲ့သည်။ ထိုသတင်းကား၊ ဒါဝိဒ်၏မြို့တော်၌ ခရစ်တော်သခင်တည်းဟူသော ကယ်တင်ရှင်ကို ထိုနေ့၌ ဖွားမြင်တော်မူသည်ဟု ဖြစ်သည်။ ဤသိုးထိန်းများသည် သာမန် သိုးထိန်းများ မဟုတ်ကြပါ။ လူတို့၏အပြစ်အတွက် ဗိမာန်တော်၏ယဇ်ပလ္လင်ပေါ်၌ ပူဇော် ခြင်းခံရမည့်သိုးများကို ထိန်းကျောင်းသူများ ဖြစ်ကြသည်။ ဤသိုးထိန်းများကို ဘာသာရေး အရ ဖယ်ကျဉ်ခံရသူများအဖြစ်လည်း မှတ်ယူကြသည်။ အကြောင်းမှာ ၄င်းတို့၏အလုပ် သည် ရံဆရာများ ပြဌါန်းထားသည့် ပညတ်တော်များကို စောင့်ထိန်းရန် မဖြစ်နိုင်သောကြောင့်တည်း။ ကောင်းကင်တမန်တို့သည် ကြားဖူးသမျှထဲမှ အကောင်းဆုံးသော သိတင်း ကို ၄င်းတို့အား ဦးစွာပြောခဲ့ခြင်းမှာ မည်မျှ ဆီလျော်လှပါသနည်း။ သေဒဏ်စီရင်ခြင်းအောက်သို့ ရောက်နေသောသိုးတို့အား “ကောင်းကင်တမန်များက ဤသို့ ပြောနေသကဲ့သို့ ဖြစ်သည်။ ….” မင်းတို့ သေရမယ့်အချိန်ကျော်လွန်လုနီးပါး ရှိနေပြီ။ အကြောင်းကတော့ လောကရဲ့ အပြစ်ကို ယူဆောင်သွားမယ့် ဘုရားသခင်ရဲ့ သိုးသူငယ်တော်ဟာ ဒီညမှာ မွေးဖွားတော်မူပြီ။

လူ့အသိုင်းအဝိုင်းမှ ဖယ်ကြဉ်ခံရသော သိုးထိန်းတို့အား ဤသို့ ကြေညာရသည်မှာ မည်မျှ ဆီလျော်လှပါသနည်း။ အကြောင်းမှာ လူတို့သည် ဧဒင်ဥယျာဉ်ထဲမှ နှင်ထုတ်ခံရ ကတည်းက ဝိညာဉ်ရေးရာ၌ အပယ်ခံများ ဖြစ်ခဲ့ကြရသည်။ သခင်ယေရှုသည် အိမ်သို့ သွားသည့်လမ်းကို ဖွင့်ပေးရန် ကြွလာတော်မူခဲ့ခြင်းဖြစ်သည်။ ကိုယ်တော်သည် မိမိဒေသ အရပ်သို့ ကြွလာသော်လည်း မိမိလူမျိုးတို့သည် ကိုယ်တော့်ကို လက်မခံဘဲ နေကြသည်။ ယခုအချိန်အခါ၌ လူ့သဘောသဘာဝသည် မပြောင်းလဲသေးပါ။ ခရစ်စမတ်အချိန်အခါ ၏စိတ်လှုပ်ရှားမှုနှင့် ကြည်နူးမှုကို နှစ်သက်ကြသည်။ သို့သော်လည်း ခရစ်တော်မွေးနေ့ ၏စစ်မှန်သောအဓိပ္ပါယ်ကိုမူ ငြင်းဆန်ကြသည်။ ကျွန်ုပ်တို့၏ကမ္ဘာ့ခေါင်းဆောင်ကြီးများ ပင်လျှင် ဤကမ္ဘာကြီး၏ယနေ့ အခြေခံလိုအပ်ချက်မှာ အပြစ်မှ ကယ်တင်မည့် ကယ်တင် ရှင်ဆိုသည်ကို မမြင်ကြပေ။ ဤမှန်ကန်သည့်အချက်ကို အသိအမှတ်ပြုရန် ပျက်ကွက်ခြင်း က ကမ္ဘာ့ကုလသမဂ္ဂကြီးသည် ကမ္ဘာကြီးတွင် မကြာခဏ ဖြစ်ပွားသော စစ်ပွဲများမှ မကယ်တင်နိုင်ခြင်း၊ လူမှုရေး တရားမျှတမှုမှ မကယ်တင်နိုင်ခြင်း၏ အဓိကကျသော..” အကြောင်းရင်းမှန်များပင် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် လူ့နှလုံးသားထဲ၌ ရာထူး၊ အာဏာ၊ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုများ အတွက် လောဘရမ္မက်ရှိနေ၍ လူတို့၏အကောင်းဆုံးစီမံချက်များနှင့် ကြိုးပမ်းမှုများ မအောင်မမြင်ဖြစ်နေရသည်။ “လူ၏စိတ်နှလုံးထဲမှ မကောင်းသောအကြံအစည်၊ လူ့ အသက်သတ်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်း၊ ကာမဂုဏ်မှောက်မှားခြင်း၊ ခိုးခြင်း၊ မမှန်သော သက်သေခံခြင်း၊ ဘုရားသခင်ကိုပြစ်မှားခြင်းတို့ ထွက်လာသည်” ဟု ခရစ်တော် မိန့်တော် မူပါသည်။ ဤအရာများသည် အမြစ်စွဲလျက်ရှိသဖြင့် ဤလောကကြီး၌ စာရိတ္တရေး၊ ဝိညာဉ် ရေးအသိတို့သည် ရှေ့သို့ တိုးသည်ထက် နောက်သို့သာ ဆုတ်လျက်ရှိသည်။ အတွေးအမြင် သမားများသည် မှန်းထားသည်နှင့်မကိုက်ဘဲ စိတ်ပျက်လက်ပျက် ဖြစ်ကြရပါသည်။ အကြောင်းမှာ လူ့ကျင့်ဝတ်နှင့်ဆိုင်သောအခြေအနေဆိုးများကို ဖြစ်စေသည့်အရင်းအမြစ် ကို ၄င်းတို့ မမြင်ကြ၍ ဖြစ်သည်။

‘လုပ်ဆောင်ရမည့်အရာကို ရှင်းလင်းပြပြီး၊ အပြောကောင်းကောင်းနှင့် ပြောသော် လည်း ဤအရာများကို မည်သူတို့က လုပ်ဆောင်ရမည်၊ အဘယ်သို့ လုပ်ဆောင်ရမည်ကို မပြသပေ။ ဤလောကရှိ လူများတို့ကို ကျိန်ဆဲနေသည့် ဆိုးညစ်သည့် အရာများ ရှိသည်။ ဤလူများ၏နှလုံးသားများသည် ဘုရားသခင်နှင့်ဝေးကွာလျက် ရှိသောကြောင့် ဤဆိုးညစ် သည့်စိတ်များ ဖြစ်ပေါ်လာရသည်။ ၄င်းတို့၏နှလုံးသားများကို မပြောင်းလဲစေနိုင်သည့် အခြား မည်သို့သော လုပ်ဆောင်မှုမျိုးကိုမဆို၊ အပေါ်ယံမျှသာ ဖြစ်ပြီး၊ ခဏမျှသာ ခံမည်။ လူမှုရေး၊ နိုင်ငံရေးတိုးတက်မှုအတွက် လူတို့ စီမံထားသည့် အစီအစဉ် ထောင်ပေါင်းများစွာ ရှိပါသည်။ စီမံချက်တော်တော်များများသည် အလွန်ကောင်းပါသည်။ သို့သော်လည်း လုံးဝမအောင်မြင်ပေ။ အကြောင်းမှာ ထိုစီမံချက်များသည် လူ၌ရှိသည့် ရောဂါ အရင်း အမြစ်ကို မရှာဖွေ၊ မကုသ၍ ဖြစ်သည်။ ဖြစ်တည်နေသော ဝန်းကျင်အခြေအနေကို ပြောင်းလဲလိုက်သော်လည်း လူကိုမူ မထိတွေ့၊ မကိုင်တွယ်၊ မပြောင်းလဲကြပါ။ ။ ” ကြေကွဲစရာကောင်းသည့် ဤအချိန်ကာလ၌ လူသားကို ကယ်တင်မှကို ဖြစ်မည်။ ဤကမ္ဘာကြီးကို ပြောင်းလဲပစ်လိုက်နိုင်မှ ကျွန်ုပ်တို့သည်လည်း ငြိမ်းချမ်းရေးကို ရမှဖြစ် (မည်။ သို့သော် ထိုကယ်တင်ခြင်းသည် သံသရာစက်ဝိုင်းအပြင်ဖက်မှ လာရမှာ ဖြစ်သည်။ (လူသားတို့ မိမိအတွက် မိမိဖာသာ လုပ်ဆောင်ရန် မတတ်စွမ်းသည့်အရာကို ယေရှုခရစ်

တော်က လုပ်ဆောင်ပေးသည်။ ဤအချက်ကား ခရစ်စမတ်က အလေးထားဖော်ပြသည့် ဝမ်းမြောက်ဖွယ် အမှန်တရားဖြစ်သည်။ လူသည် မိမိကိုယ်ကို ကယ်တင်၍ မရပါ။ အကြောင်းမှာ အပြစ်၊ တန်ခိုးအာဏာ၊အပြစ်၏နောက်ဆက်တွဲအကျိုးဆက်များမှ မိမိ ကိုယ်ကို လွတ်မြောက်အောင် မလုပ်နိုင်၍ ဖြစ်သည်။

လူသည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်သူဖြစ်သည်။ ဘုရားသခင် လက်ခံနိုင် လောက်သည့် ငြိမ်းခြင်းကို ပေးစရာလည်း မရှိပေ။ ဘုရားသခင် ကိုယ်တော်တိုင် ငြိမ်း ချမ်းရေးလုပ်မှ ဖြစ်နိုင်မည်။ ထိုအကြောင်းကြောင့် သားတော်ယေရှုကို အပြစ်ဖြေရာယဇ် ဖြစ်စေခြင်းဖြင့် ပြေငြိမ်းမှု ပြုတော်မူသည်။ ခရစ်တော်၏အသက်တာနှင့် ကျွန်ုပ်တို့ ပေါင်း ဖက်ခြင်း၊ ခရစ်တော်၏အသေခံခြင်းတို့မှတဆင့်၊ ပြည့်ဝ၍ လွတ်လပ်သော အပြစ်ခွင့်လွှတ် မှုကို ကျွန်ုပ်တို့အား ပေးတော်မူသည်။ ဘုရားသခင်သည် ဤလောကကို ကယ်တင်ရန် အတွက်ဘာပေးဆက်ခဲ့ရသည်ကို ခရစ်စမတ်က ပြောပြနေပါသည်။ “ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည့်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။” ဤလောကကြီးကို ဘုရားသခင်ပေးသည့် အကြီးမြတ်ဆုံးသော လက်ဆောင်မှာ ခရစ်တော်ယေရှုပင် ဖြစ်သည်။ နှုတ်ကပတ်တော်က “ပြော၍ မကုန် နိုင်သော ဘုရားသခင်၏ဆုကျေးဇူးတော်ကို အောက်မေ့၍ ချီးမွမ်းခြင်း ရှိစေသတည်း”ဟု ဖော်ပြသည်။ ပထမဦးဆုံးသော ခရစ်စမတ်နံနက်ခင်း၌ ထိုသိုးထိန်းတို့အား ပေးခဲ့သော မျှော်လင့်ချက်သည် ကိုယ်တော့်ကို ယုံကြည်သူများအတွက်သာ ဖြစ်သည်။ ခရစ်တော်မှ တဆင့်ရသော အပြစ်ခွင့်လွှတ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်းနှင့် တန်ခိုးကိုသိရန် လူသားသည် ခရစ်တော်ကို ယုံကြည်ခြင်းဖြင့် ကိုယ်တိုင် လက်ခံရမည်။ နှလုံးသားပြောင်းလဲရမည်ဟု ဆိုသော်၊ ယုံကြည်ခြင်းသည် စစ်မှန်ရမည်။ ဤခရစ်စမတ် အချိန် အခါသမယ၌ ကျွန်ုပ်တို့၏နှလုံးသားထဲ၌ ငြိမ်သက်ခြင်း ရရှိလာစေရန် အလိုရှိသည့် လူများစွာတို့ကို ဘုရားသခင်က စောင့်ကြည့်လျက် ရှိပါသည်။ သင်သည်လည်း ကားတိုင် ခြေရင်း၌ ဘုရားသခင်နှင့် တွေ့ဆုံနိုင်ကာ၊ အချိန်ကာလများစွာကတည်းက ရှာဖွေနေသော ငြိမ်းချမ်းရေးကို တွေ့နိုင်ပါသည်။ “ကျွန်ုပ် ဘာလုပ်စရာလိုသနည်း” ဟု သင် မေးပါက “သင်သည် အပြစ်ကို ကျောခိုင်းရမည်။ ခရစ်တော်ကို သင်၏သခင်နှင့် ကယ်တင်ရှင် အဖြစ် လက်ခံရမည်။ သင့်အသက်တာကို ဘုရားသခင်ထံ အပ်နှံရမည်။ ကိုယ်တော်သည် သင့်နှလုံးသားထဲ ကြွလာတော်မူပါမည်။ ထို့ပြင် ဤခရစ်စမတ်တွင် ပထမဆုံးအကြိမ်ဖြင့် သိလာရသည့် ခရစ်စမတ်၏ခရစ်တော်အကြောင်းကို စဉ်းစားနေနိုင်ပါသည်။ သင် လိုအပ် သမျှကို ခရစ်တော် ဖြည့်စွမ်းပေးနိုင်တော်မူပါသည်။ သင့်နှလုံးသား၏ဆန္ဒနှင့် တောင့်တ မှု မည်သို့ပင်ရှိရှိ၊ ခရစ်တော်သည် သင့်အသက် တာကို တို့ထိ ပြောင်းလဲနိုင်သည်။ သင့်ကို လူသစ် ဖြစ်စေနိုင်ပါသည်။ ထိုဝန်ခံမှုနှင့် ဆုံးဖြတ်ချက်ကို ယနေ့ ည ပြုလုပ်ဖို့ နှိုးဆော် ပါရစေ။

ယေရှုခရစ်တော်ကို ကယ်တင်ရှင်အဖြစ် လက်ခံပါသည်ဟု ဝန်ခံပြီး၊ သင့်အသက်တာ ကိုသော်၎င်း၊ သင့်အသက်တာရှိအခြေအနေများစွာတို့ကိုသော်၎င်း၊ ကိုယ်တော်အား ပြောင်း လဲစေခွင့်ပေးပါက မည်မျှ ဝမ်းမြောက်စရာကောင်းသည့်အချိန် ဖြစ်လိမ့်မည်နည်း။ ကျွန်ုပ် ဆုတောင်းသည့်အတိုင်း လိုက်တောင်းစေချင်ပါသည်။ ကျွန်ုပ်သည် သင့်အတွက် သင်နှင့် အတူ ယခုပင် ဆုတောင်းလိုပါသည်။ ဆုတောင်းနေစဉ်၊ ခရစ်တော်ထံ၌ စိတ်နှလုံးပါလျက် ဝန်ခံအပ်နှံပါ။ ကိုယ်တော်သည် သင့်ကို လက်ခံတော်မှုပါမည်။ ကိုယ်တော်သည် သင့် အတွင်းစိတ်နှင့် ပြင်ပပုံသဏ္ဌန်ကို ပြောင်းလဲပေးနိုင်စွမ်းရှိတော်မူသည်။ ဆုတောင်းကြပါစို့။

“အဖဘုရားသခင်၊ ယေရှုခရစ်တော်၌ပေးသော ဝမ်းမြောက်ဖွယ် ခရစ်စမတ် လက် ဆောင်အတွက် ကျေးဇူးတင်ပါသည်။ ကျွန်ုပ်တို့၏အသက်တာပုံသဏ္ဌာန် ပြောင်းလဲပေး သော တန်ခိုးတော်အတွက် ကျေးဇူးတင်ပါသည်။ ပူပင်သောက ဖြစ်နေသော နှလုံးသား များထဲသို့ ငြိမ်သက်ခြင်းကို ဆောင်ကြဉ်းပေးသောကြောင့်လည်း ကျေးဇူးတင်ပါသည်။ (ဂီတသံစတင်) ယခု ကြည့်နေကြသူများအားလုံး ဤဆုတောင်းချက်အတိုင်း တောင်းလျှောက်ကြဖို့၊ ယခုပင် ကျွန်ုပ် တိုက်တွန်းလိုပါသည်။ အို-အဘဘုရားသခင်၊ ကိုယ်တော့် ကို ကျွန်ုပ် ပြစ်မှားမိပါပြီ။ ဤအပြစ်အတွက် ဝမ်းနည်းကြေကွဲပါသည်။ အပြစ်များကို

ကျောခိုင်းလိုပါသည်။ ကိုယ်တော့်ကို ကယ်တင်ရှင်အဖြစ် လက်ခံပါသည်။ ခရစ်တော် ကို သခင်အဖြစ် ဝန်ခံပါသည်။ ယခုမှစ၍ လာမည့်အသက်တာများ၌ ကိုယ်တော့်နောက် သို့ လိုက်လိုပါသည်။ သခင်ယေရှု နာမ၌ ဆုတောင်းပါ၏။ အာမင်”

ဤအတိုင်း သင် လိုက်၍ ဆုတောင်းခဲ့ပါသလား။ အကယ်၍ တောင်းခဲ့သည်ဆိုသော် ခရစ်တော်သည် သင့်နှလုံးသားထဲ၌ ယခု ရှိနေပေပြီ။ သင်တို့အထဲမှ များစွာသောသူတို့ သည် ကျွန်ုပ်နှင့်အတူ လိုက်၍ဆုတောင်းသည်ဟု မျှော်လင့်ပါသည်။ အကယ်၍ ဆုတောင်း ခဲ့ပြီး၊ ခရစ်တော်အကြောင်း ပိုမို၍သိလိုသည် ဆိုပါက ကျွန်ုပ်တို့ထံသို့ စာရေးဆက်သွယ် ပါ။ ကျွန်ုပ်တို့ထဲမှ တစ်ဦးတစ်ယောက်သည် သင့်ကို ကူညီပါလိမ့်မည်။ ထို့ပြင် ခရစ်တော် နောက်သို့လိုက်ခြင်းနှင့်ဆိုင်သည့် စာအုပ်စာတမ်းများကို ပို့ပေးပါမည်။ ဓမ္မသစ်ကျမ်း စာအုပ်ကို ခရစ်စမတ်လက်ဆောင်အဖြစ် အခမဲ့ပေးရန်လည်း စီစဉ် ထားပြီးဖြစ်သည်။ ကျမ်းစာအုပ်ရယူရန်နှင့် ယနေ့ည ခရစ်တော်နောက်သို့ လိုက်မည့် သင့် ဆုံးဖြတ်ချက်ကိုကျွန်ုပ်တို့ သိနိုင်ရန် ကျွန်ုပ်တို့ထံ စာရေးပါ။ (လိပ်စာပေး)။ ထိုမျှမက တစ်ခု သတိပေးပါ ရစေ။ ကမ္ဘာအနှံ့ ဤသာသနာပြုခရီးကို ကျွန်ုပ်တို့ လုပ်နိုင်သည်မှာ သင်တို့၏ ဆုတောင်း ပေးမှုနှင့် သစ္စာရှိစွာ ပါဝင်နေသော အလှူငွေများကြောင့် ဖြစ်ပါသည်။ ဤဝမ်းမြောက် ဖွယ်သတင်းကို အကူအညီလိုနေသော ကမ္ဘာကြီးဆီသို့ ဆက်၍ချဲ့ထွင် ဝေငှမည်ဆိုပါက ဒီနှစ်အတွက် အထောက်အပံ့များစွာ လိုနေပါသည်။ သင့်အပိုင်းမှ လုပ်ဆောင်ပေးမှု များအတွက် ကျေးဇူးတင်ပါသည်။ သင့်ကို သခင်ဘုရား ကောင်းကြီး ပေးမည်ကို ကျွန်ုပ် သိပါသည်။ ကျွန်ုပ်တို့ ဤဝမ်းမြောက်ဖွယ်သတင်းကို ဝေငှခြင်းကြောင့် ရရှိသည့်ပီတိအတိုင်း ဤအစီအစဉ်ကို သင် နှစ်ခြိုက်မည်ဟု မျှော်လင့်ပါသည်။ ကျွန်ုပ်တို့၏အိမ်မှသည် သင်တို့ အိမ်သို့ ကျွန်ုပ်နှင့်ဇနီးသည်၊ ကျွန်ုပ်တို့၏မိသားစုမှသည် သင်တို့ မိသားစုထံသို့ ကျွန်ုပ် တို့အဖွဲ့မှ သင်တို့အား သန့်ရှင်းသော ဤအချိန်သမယ၌ ဘုရားသခင် ကောင်းကြီး ပေး ပါမည့်အကြောင်း ဆုတောင်းပါသည်။ တောင်ကုန်းပေါ်၊ ရွာများ၊ တောင်ကြားများ၊ မြို့ကြီး မြို့ငယ်များများမှ သွား၍ ပြောပါ။ ယနေ့တွင် သင့်နှလုံးသားထဲ၌ ယေရှုခရစ်တော် ဖွားမြင်ပြီဟု ပြောပါ။ ပျော်ရွှင်ဖွယ်ခရစ်စမတ်၊ မင်္ဂလာရှိသောနှစ်သစ်ဖြစ်ပါစေ။ မင်္ဂလာ ရှိသောညဖြစ်ပါစေ။

 

ဤ‌လောက၏မျှော်လင့်ရာ – ယေရှု

Jesus… The Hope of the World

ယနေ့ည ယေရှုခရစ်တော်အကြောင်း ပြောချင်ပါသည်။ ယေရှုခရစ်တော်သည် မည်သူဖြစ်တော်မူသနည်းဟူသည့်မေးခွန်း မေးလိုပါသည်။ ကျွန်ုပ်တို့အများ၌ ဖောင်းကြွ လက်ဝါးကားတိုင်များ ပါသည့် ကျမ်းစာအုပ်များ ရှိကြသည်။ သို့မဟုတ် လက်ဝါးကားတိုင် ကို လည်ပင်း၌ ဆွဲထားတတ်ကြသည်။ သို့ရာတွင် သခင်ယေရှုကို အမှန်တကယ်မသိပေ။

သင်သည် ဘရာဇီးလ်နိုင်ငံ၏ရီယိုဒီဂျေနဲရိုးမြို့သို့ လေယာဉ်နှင့်သွားသောအခါ ကြီး မားသခင်ယေရှု၏ရုပ်ထုကို တွေ့ရပါမည်။ ၄င်းသည် နေ့ရောညပါ တွေ့နိုင်သည့် “ရီယိုဒီဂျေနဲရိုးမြို့”၏အထင်ကရ အမှတ်အသားဖြစ်သည်။ အမြင့်ပေ ၁၃ဝ ရှိသည်။ ဆန့်ထုတ်ထားသောလက်တော်နှစ်ဖက်၏လက်ဖျားတစ်ဖက်မှ အခြားတစ်ဖက်သို့ အရှည် မှာ ပေ ၁၃၀ ရှိသည်။ ဤတိုင်းပြည်၌ ဤသည်ကို လူတစ်ဦးက “သခင်ယေရှုခရစ်၏နှစ် ဟု ခေါ်ဆိုသည်။ ဆက်သွယ်ရေးကွန်ယက်တစ်ခုသည် မကြာသေးမှီက သခင်ယေရှု အကြောင်း အခန်းဆက် အစီအစဉ်တစ်ခု တင်ဆက်ခဲ့ကြသည်။ ကျွန်ုပ်၏သမီးသည် “ကျွန်မကို ယေရှုသာ ပေးပါ။” (Just Give Me Jesus) ဟူသော စာအုပ်တစ်အုပ် ရေး ? သားခဲ့ပြီးဖြစ်သည်။ “သခင်ယေရှု ဘာလုပ်လိမ့်မည်နည်း” ဟူသောမေးခွန်းကို မေးကြ ၊ မည့် လှုပ်ရှားမှုတစ်ခုသည် လူငယ်များအကြား၌ ရှိသည်။

သို့ လူတိုင်းလောက်နီးနီး သခင်ယေရှုအကြောင်း ကြားဖူးကြပေသည်။ သို့သော်လည်း သန်းပေါင်းများစွာသောလူတို့သည် ကိုယ်တော် မည်သူဖြစ်တော်မူသည်ကို အမှန်တကယ် မသိကြပါ။ ၄င်းတို့၏အသက်တာအထဲ နှလုံးသားအထဲ၌ ကိုယ်တော်မရှိပါ။ ယနေ့ ဤ လောကကြီးသည် ကျွန်ုပ်တို့ကိုလာ၍ ကယ်မည့်မေရှိယကို ရှာဖွေလျက် ရှိကြသည်။

လွန်ခဲ့သောနှစ်ပေါင်းများစွာက ပရောဖက် ယေဇကျေလက “ထိုပြည်ကို ငါ မဖျက် ဆီးစေခြင်းငှါ ကွယ်ကာသောသူ၊ မြို့ရိုးပျက်ပေါ်မှာရပ်၍ ဆီးတားသောသူတစ်ယောက် ကိုမျှငါရှာ၍မတွေ့” (ယေဇ ၂၂း၃၀)။တစ်နည်းဆိုသော် ကိုယ်တော်သည် လက်တော် ကိုတင်၍ ကောင်းကြီးပေးကာ၊ အသုံးပြုနိုင်မည့်သူလူတစ်ဦးကို ရှာဖွေလျက်ရှိသော်လည်း ရှိသမျှ စွန့်လွှတ်ကာ၊ မိမိတို့အသက်တာကို ကိုယ်တော်သို့ လုံးဝအပ်နှံချင်သူ မည်သူ့ကိုမျှ ရှာမတွေ့ဟု ဆိုခြင်းဖြစ်သည်။

သတင်းစာများကိုဖတ်ကြည့်သော် ရုပ်/သံသတင်းများကိုကြည့်ရှုသော်၊ ယနေ့ ကမ္ဘာ ကြီးသည် အာမေဂဒုံစစ်ပွဲ (Armageddon) ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည် သွားနေသည်ဟု ကျွန်ုပ်ထင်မြင်ပါသည်။ ယနေ့ည အရှေ့အလယ်ပိုင်းဒေသတွင် လွန်ခဲ့သောနှစ် ရာပေါင်းများစွာကတည်းက တိုက်ခိုက်လျက်ရှိသော တူညီသည့် အကြောင်းအရာများ အတွက် ထပ်မံ၍ တိုက်ခိုက်လျက်ရှိကြပါသည်။ ဆွေးနွေးပွဲတစ်ခုပြီးတစ်ခု လုပ်ကြသည်။ အပစ်အခတ်ရပ်စဲရေးတစ်ခုပြီးတစ်ခု လုပ်ကြသည်။ သဘောတူစာချုပ် တစ်ခုပြီးတစ်ခု ချုပ်ကြသည်။ ဘက်ပေါင်းစုံမှ ကတိအမျိုးမျိုး ပြုကြသည်။ သို့သော်လည်း တိုက်ခိုက် နေမှုများကို မစွန့်နိုင်ကြသေးပါ။

လူသည် ကျင့်ဝတ်မစောင့်စည်းသူ၊ ကိုယ်ကျင့်တရား မထိန်းနိုင်သူဖြစ်ကြောင်း သင် တို့သိကြပါသည်။ ဘုရားသခင်သည်သာ၊ ကျွန်ုပ်တို့၏တစ်ခုတည်းသော မျှော်လင့်ရာ ဖြစ် ပါသည်။ သမ္မာကျမ်းစာတော်မြတ်၌ ဘုရားသခင်၏အကြံအစည်တော်မြတ်များကို ပုံဖော် ထားသကဲ့သို့ ရှင်းလင်းစွာ တင်ပြထားပါသည်။ ကောင်းကင်ဘုံတွင် ဘုရားသခင်၏လက်ျာတော်ဖက်၌ ထိုင်နေသူပုဂ္ဂိုလ်တစ်ဦး ရှိပါသည်။ ထိုသူသည် မြေကြီးပေါ်သို့ ပထမဦးဆုံး “ကြွလာသောအခါ လူတို့၏အထင်အမြင်သေးခြင်း၊ လျစ်လျူရှုခြင်း၊ ငြင်းပယ်ခြင်းကို ခံခဲ့ ” ရသည်။ “ယခုထက်တိုင်လည်း လူသားအများစု၏ငြင်းပယ်လျစ်လျူရှုသည်ကို ခံရဆဲ ဖြစ် သည်။ ဘုရားသခင်က ကိုယ်တော်သည် အနာဂတ်၌ ဤလောကကို အုပ်ချုပ်မည့်သူဖြစ်လာလိမ့်မည်ဟု ကတိပေးထားပါသည်။ ကိုယ်တော်သည် ခပ်သိမ်းသော အုပ်ချုပ်သူ၊ ” အာဏာတန်ခိုးရှိသူများကို နေရာများမှ ချတော်မူမည်။ ခပ်သိမ်းသောသတ္တဝါတို့သည် ကိုယ်တော့်ရှေ့၌ ဒူးထောက်၍ ကိုယ်တော်၏နာမတော်ကို ဝန်ခံကြမည်ဖြစ်သော နေ့တစ်နေ့ ရောက်လာပေမည်။ (ဖိ ၂း၁၀-၁၁)။

ယခုနှစ်သည် အေဒီ ၂၀၀၉ ဖြစ်သည်။ ကျွန်ုပ်တို့ နေ့စဉ် အသုံးပြုလျက်ရှိသော ပြက္ခဒိန်သည် သခင်ယေရှုမွေးဖွားတော်မူသောရက်ကို ညွှန်ပြလျက်ရှိသည်။ ကျွန်ုပ်တို့သည် ကိုယ်တော့်ထံမှ ရှောင်ဖယ်၍ မရနိုင်ပါ။ ကျွန်ုပ်တို့၏မျိုးဆက်သည် သခင်ယေရှုကို ရှောင် ဖယ်၍ မရပါ။ နှစ်များစွာအတွင်း သခင်ယေရှုအကြောင်း ပြဇာတ်များ၊ စာအုပ်များ၊အော်ပရာဇာတ်များ၊ ရုပ်ရှင်များ… စသည်တို့ကို ရေးသားတင်ဆက် ပြသခဲ့ကြလေပြီ။ မတ်လနှင့် ဧပြီလတွင် Newsweek နှင့် U.S News နှင့် World Report မဂ္ဂဇင်း နှစ်စောင်စလုံး၏မျက်နှာဖုံးအတွင်းစာမျက်နှာ၌ ကိုယ်တော့်အကြောင်း ပါရှိပါသည်။ U.S. News မဂ္ဂဇင်း၏ “သိပ္ပံနှင့်အယူအဆများ” (Science and Ideas) အတွင်းမျက်နှာဖုံး ကဏ္ဍတွင် “သခင်ယေရှု အဘယ်ကြောင့် အသေခံတော်မူခဲ့သနည်း” ဟူသော ခေါင်းစည်း ပါရှိလာသည်။ ယနေ့ ခရစ်တော်ကို အဘယ်ကြောင့် ဤမျှ စိတ်ဝင်စားကြပါသနည်း။ သင် မေးဖူးသည့်မေးခွန်းကား၊ ဤမေးခွန်းပင်လော။ ဤလောက၌ အသက်ရှင်ခဲ့ဖူးသမျှ ပုဂ္ဂိုလ်များထက် လူ့သမိုင်းကိုပြောင်းလဲရန် များစွာလုပ်ဆောင်ခဲ့သော ဤပုဂ္ဂိုလ်ကားမည်သူနည်း။

သူသည် သုံးဆယ့်သုံးနှစ်သာ ဤလောက၌ နေထိုင်ခဲ့သည်။ သူပြုခဲ့သောခရီးကား မိုင်တစ်ရာမျှပင် မရှိ။ သူသည် လူထု သူရဲကောင်းတစ်ဦး သို့မဟုတ် တော်လှန်ရေးသမား တစ်ဦး ဖြစ်ပေမည်။

မိမိအား ဘုရားသခင်၏သားတော်ဟုခေါ်ရန် ကျွန်ုပ်တို့ကို အမိန့်ပေးသည့် ပုဂ္ဂိုလ် ကား မည်သူနည်း။ သေသည့်တိုင် ၄င်း၏နောက်သို့ လိုက်ရန် မိန့်တော်မူသည့် ဤပုဂ္ဂိုလ် ကား မည်သူနည်း။ ကျွန်ုပ်တို့သည် ထိုပုဂ္ဂိုလ်ကို လူတစ်ယောက်အဖြစ်သာ သိကြသည်။ လူစင်စစ် ဖြစ်သည်။ လူတို့အတွက် ကိုယ်စားပြုသည့်ပုဂ္ဂိုလ်ဖြစ်သည်။ ကိုယ်တော်သည် လူထဲကလူတစ်ယောက်ဖြစ်သည်။ သူ့ကို မတရားသောသူတို့နှင့် ထပ်တူပြုသည်။ မတရားသောသူတို့အဝင်ဖြစ်သည်ဟု ရေတွက်ကြသည် (ဟေရှာ ၅၃း၁၂)ဟု နှုတ်ကပတ်တော်၌ ပါရှိသည်။ ဓမ္မသစ်ကျမ်း၌ ကိုယ်တော့်ကိုလူသားဟု ရှစ်ဆယ့်သုံးကြိမ်တိုင်တိုင် ခေါ်ဝေါ် ထားသည်။

ကိုယ်တော်၏လူဇာတိအကြောင်း ကျွန်ုပ်တို့ကို သတိပေးသည့် ကျမ်းချက်ပေါင်းများ စွာ ကျမ်းစာ၌ ပါရှိပါသည်။ ကိုယ်တော်သည် ဗိုက်ဆာသည်၊ မောပန်းသည်ဟု ကျမ်းစာ ၌ ပါရှိသည်။ ထို့ပြင် ကိုယ်တော်သည် လှေထဲ၌ အိပ်တော်မူပါသည်။ မိတ်ဆွေသူငယ်ချင်း ဖြစ်ကြခြင်း၏ဝမ်းမြောက်မှုကိုလည်း ကိုယ်တော် သိတော်မူပါသည်။ ကိုယ်တော်သည် အထင်လွဲခံရသည်။ အထင်အမြင်သေးခံရသည်။ မိမိချစ်သောသူ၏သင်္ချိုင်းဂူ၌ ငိုကြွေး ခဲ့သည်။ စုံစမ်းနှောင့်ယှက်ခြင်းကို တိုက်လှန်အောင်မြင်ခဲ့ရပြီး၊ စိတ်ပျက်စရာများကို သည်း ညည်းခံခဲ့ပါသည်။ ကိုယ်တော်သည် အတုမရှိ ဘုရားသခင်၏သားတော်ဖြစ်ကြောင်း ကြွေး ကြော်တော်မူခဲ့သည်။

ကမ္ဘာကြီးမဖြစ်တည်မှီ သို့မဟုတ် လူဟူ၍ မဖြစ်တည်မီအချိန်က ကိုယ်တော် မိန့် တော်မူသည်မှာ “အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင် နှင့်အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏” (ယော ၁း၁)။ ထို့ပြင် သခင်ယေရှုသည် ဤသို့ မိန့်တော်မူသည်။ “ယေရှုကလည်း ငါအမှန်အကန်ဆိုသည် ကား အာဗြဟံမဖြစ်မှီ ငါဖြစ်၏ဟု မိန့်တော်မူ၏။ (ယော ၅း၈)။ ဤစကားများနှင့်အတူ သခင်ယေရှုသည် မိမိကိုယ်ကို အသက်ရှင်ဘူးသမျှသောလူတိုင်းနှင့် ခြားနားသည်။ တစ်နည်းဆိုသော်၊ သခင်ယေရှုသည် “အာဗြဟံမမွေးဖွားခင်မီ ငါသည် အမြဲရှိသည်” ဟု မိန့်တော်မူသည်။ ထာဝရ တည်ရှိတော်မူသည်။ သခင်ယေရှု၌ အတိတ်၊ အနာဂတ် ဟူ၍ မရှိပါ။ ကိုယ်တော်သည် ထာဝရ တည်ရှိတော်မူသည်။

ယနေ့ သင့်ကို ကိုယ်တော် စကားပြောနေပါသည်။ အစုအဝေးအဖြစ်နှင့်၄င်း၊ တစ်ဦး ချင်းအဖြစ်နှင့်ပါ ပြောနေပါသည်။ “အကြောင်းမူကား၊ ထို သားတော်သည် ကောင်းကင်ပေါ်၊ မြေကြီးပေါ်မှာ ရှိသမျှသော ရူပအရာ၊ အရူပအရာ၊ ရာဇပလ္လင်ဖြစ်စေ၊ အစိုးရခြင်း တန်ခိုးဖြစ်စေ၊ အထွဋ်အမြတ်ဖြစ်စေ၊ အာဏာစက်ဖြစ်စေ၊ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ထိုသခင်အားဖြင့်၄င်း၊ ထိုသခင်အဘို့အလို့ ငှါ၎င်း၊ ခပ်သိမ်းသော အရာတို့သည် ဖန်ဆင်းလျက် ဖြစ်ကြ၏။ သားတော်သည်လည်း ခပ်သိမ်းသောအရာမဖြစ်မှီ ဖြစ်တော်မူ၍ ခပ်သိမ်းသောအရာတို့သည် တန်ခိုးတော်အားဖြင့်သာ တည်ကြ၏” (ကော ၁၁း၆၊ ၁၇)။ ကိုယ်တော်သည် အရာခပ်သိမ်းကို ချုပ်ကိုင်ထားသူ မဟုတ်ခဲ့သော်၊ ဤ လောကကြီးတစ်ခုလုံး၊ အစိတ်စိတ်အမွှာမွှာ ပျက်စီး ပြိုလဲကျသွားမည် ဖြစ်သည်။

မဿဲ ၁၆း၁၆ ၌ ပေတရု၏မှတ်ချက်မှာ ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသော ဘုရားသခင်၏သားတော်ဖြစ်တော်မူသည်ဟု လျှောက်လေ၏။ ““ဗက်လင်မြို့သို့ ကြွလာခြင်းသည် ကိုယ်တော့်ကို မွေးဖွားခြင်း သို့မဟုတ် ကိုယ်တော်၏ အစမဟုတ်ပါ။ ကိုယ်တော်သည် ကမ္ဘာမတည်မရှိမီကပင် ရှိနေခဲ့ပြီးဖြစ်သည်။ ခရစ်စမတ် ဆိုသည်မှာ ဘုရားဇာတိမှ လူ့ဇာတိအဖြစ်သို့ ကူးပြောင်းခြင်း ဖြစ်သည်။ သခင်ယေရှု ဗက်လင်မြို့သို့ ကြွလာခြင်းသည် ကိုယ်တော် စတင်ဖြစ်ပေါ်ခြင်းမဟုတ်ပါ။ လူ့ဇာတိ ကို ခံယူတော်မူခြင်း ဖြစ်သည်။ “နှုတ်ကပတ်တော်သည်လည်း လူ့ဇာတိအဖြစ်ကိုခံယူ၍ ကျေးဇူးတော်နှင့်၄င်း၊ သစ္စာတော်နှင့်၄င်း ပြည့်စုံလျက် ငါတို့တွင် တည်နေတော်မူသည်ဖြစ်၍…”( ယော ၁း၁ )။

သခင်ယေရှုသည် အပြစ်အတွက် မည်သည့်အခါမှ မတောင်းပန်ခဲ့သည်မှာ ကျွန်ုပ် အတွက် စိတ်ဝင်စားစရာကောင်းခဲ့သည်။ ကိုယ်တော်၏တွေးတောမှု၊ ကိုယ်တော် လုပ်ခဲ့ သမျှအရာတို့မှ မည်သည့်အရာကိုမဆို မှားလျှင်၊ မှားကြောင်း သက်သေပြဖို့ စိန်ခေါ် တော် မူခဲ့သည်။ ကမ္ဘာပေါ်တွင် အသက်ရှင်ဖူးခဲ့သမျှ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်နှင့်မျှ ကိုယ် တော် မတူသည်ကို ကျွန်ုပ်တို့ အဘယ်သို့ ရှင်းပြမည်နည်း။

အမုန်းတရား၊ လောဘ၊ တပ်မက်မှု၊ ယနေ့ ဖြစ်ပေါ်နေသော စစ်ပွဲ၊ လူမျိုးရေး တရား မမျှတမှု၊ လူမျိုးရေးကွဲပြားမှုကို ဖြစ်စေသည့် အခြေခံအချက်များကား အဘယ်နည်း။ “စိတ်နှလုံးသည် ခပ်သိမ်းသောအရာထက် စဉ်းလဲတတ်၏။ အလွန်ယိုယွင်းသော သဘော ရှိ၏။ စိတ်နှလုံးသဘောကို အဘယ်သူ သိနိုင်သနည်း” (ယေ ၁၇း၉)ဟု ပရောဖက်ယေရမိ ကပြောခဲ့ပြီး၊ ဒါဝိဒ်မင်းကြီးက “အကျွန်ုပ်သည် မွေးစကပင် အပြစ်ပါလျက်ရှိပါ၏။ အမိဝမ်းထဲမှာ ပဋိသန္ဓေယူစဉ်ပင် အပြစ်စွဲပါ၏” (ဆာ ၅၁း၅)ဟူ၍၄င်း၊ မဿဲ ၁၅ ၌ ဖော်ပြသည်မှာ “မကောင်းသောကြံစည်ခြင်း၊ လူအသက်ကိုသတ်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်း၊ မိန်းမလွတ်နှင့် မှားယွင်းခြင်း၊ သူ့ဥစ္စာကိုခိုးခြင်း၊ မမှန်သောသက်သေကိုခံခြင်း၊ သူ့အသရေကို ဖျက်ခြင်းအရာတို့သည် နှလုံးထဲက ထွက်လာ၍” (မဿဲ ၁၅း၁၉)ရှင်းရှင်း လင်းလင်း ဖော်ပြကြပါသည်။

လက်နက်ကို လွတ်လပ်စွာ လူတိုင်းကိုင်ဆောင်ခွင့်နှင့်ပတ်သက်၍ တစ်စုံတရာလုပ်ဖို့ လိုအပ်သည်ဟု ကျွန်ုပ်ထင်သည်။ သို့သော်လည်း ၄င်းသည် ပြဿနာအစစ်အမှန်၏အဓိက အကြောင်းမဟုတ်ပါ။ ပြဿနာ၏အရင်းအမြစ်အစစ်မှာ ကျွန်ုပ်တို့နှလုံးသားထဲ ရှိနေသည်။ နှလုံးသားထဲမှ မကောင်းသောအကြံအစည်၊ လူ့အသက်သတ်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်း၊ သူ့ဥစ္စာခိုးခြင်း၊ သူ့အသရေကိုဖျက်ခြင်းတို့ ထွက်လာသည်။ ဤအရာအားလုံးသည် လူတို့ ၏နှလုံးသားထဲမှ ထွက်လာကြသည်။

သခင်ယေရှုနှင့် ကိုယ်တော်၏အခွင့်အာဏာကို သင် အဘယ်သို့ ရှင်းပြမည်နည်း။ ယော ၇း၄၆ ၌ ““ထိုသူ ဟောပြောသကဲ့သို့၊ အဘယ်သူမျှ မဟောစဖူးဟု ဆိုပါသည်။ ကိုယ်တော်သည် အပြစ်ကို ခွင့်လွှတ်တော်မူသည်။ အခြားမည်သည့်ပရောဖက်၊ လူအများ ထက် ထူးခြားသောသူတော်စင် ပုဂ္ဂိုလ်တစ်ဦးတစ်လေကမျှ အပြစ်ကို ခွင့်မလွှတ်ဖူးပါ။ သမိုင်းတွင် မည်သူတစ်ဦးတစ်ယောက်ကမျှ “သင့်အပြစ်များကိုလွှတ်ပြီ”ဟု မပြောခဲ့ပါ။

ကိုယ်တော်သည် သဘာဝတရားအပေါ်၌ ဩဇာရှိတော်မူသည်။ ပင်လယ်ရေသည် – တဟုန်းဟုန်းထလျက်၊ မုန်တိုင်း ပြင်းထန်စွာကျလျက်ရှိသောအခါ၊ ကိုယ်တော်သည် လက် တော်ကို ဆန့်တော်မူပြီး၊ “တိတ်ဆိတ်ငြိမ်ဝပ်စွာနေ” ဟု မိန့်တော်မူသည်နှင့်၊ ပင်လယ် သည် ငြိမ်သက်သွားကာ၊ မုန်တိုင်းလည်း ရပ်လေသည်။ (မာ ၄း၃၉)။

” ကိုယ်တော်သည် ရောဂါအပေါ်၌လည်း ဩဇာရှိသည်။ ယုံကြည်ခြင်းဖြင့် ကိုယ်တော် ထံသို့ လာသူတိုင်းကို ကိုယ်တော်သည် လက်တော်နှင့်တို့၍ ချမ်းသာပေးတော်မူသည် (မဿဲ ၁၁း၅)။

ကိုယ်တော်၏သေခြင်းနှင့်ပတ်သက်၍ အဘယ်သို့ရှိသနည်း။ ကိုယ်တော်သည် အခြားမည်သူနှင့်မဆိုနှင့် ခြားနားသည်။ ကိုယ်တော်သည် ရောမအစိုးရကို ပုန်ကန်သူဟူ၍ စွပ်စွဲခံခဲ့ရသည်။ ကျွန်ုပ်တို့အပြစ်များကို ယူတင် ဝတ်ဆောင်ခဲ့သည်။ အပြစ်ကိုမသိသော သူသည် ကျွန်ုပ်တို့အတွက် အပြစ် ခံယူသူ ဖြစ်လာခဲ့သည်။ (၂ကော ၅း၂၁)။ အပြစ်၏ ပြယုဂ်ဖြစ်သော ပုဂ္ဂိုလ်တစ်ဦးဦးကို တွေးကြည့်နိုင်ပါသလား။ ဤသည်ကြောင့် ယေရှု ကားတိုင်ပေါ် အသေခံခဲ့သည်။

ဟေရှာ ၅၃း၆ ၌ ပြောထားသည်မှာ “ထာဝရဘုရားသည် ခပ်သိမ်းသောငါတို့၏ အပြစ်များကို သူ့အပေါ်၌ တင်တော်မူ၏” ၁ပေ ၂း၂၄ ၌ ပြောသည်မှာ “ငါတို့အပြစ် များကို ကိုယ်တော်တိုင် သစ်တိုင်မှာ ခံတော်မူပြီ”” အကျွန်ုပ်တို့၏ အပြစ်အလုံးစုံတို့ကိုနက်နဲသောပင်လယ်ထဲသို့ ချပစ်တော်မူလိမ့်မည်” (မိက္ခာ ၇း၁၉)။

ရုရှားနိုင်ငံ၌ရှိသောရေကန်တစ်ကန်သည် တစ်ကမ္ဘာလုံး၌ အနက်ဆုံးဟု ဖတ်မိပါ သည်။ ပေထောင်ပေါင်းများစွာအနက်၌ ရှိသည်။ ကားတိုင်ပေါ်၌ သခင်ခရစ်တော်မူသော အမှုတော်ကြောင့် ကျွန်ုပ်တို့၏အပြစ်များကို ပင်လယ်၏အနက်ရှိုင်းဆုံးနေရာ၌ မြှုပ်နှံထား ပြီးဖြစ်သည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အတွက်ကြောင့် အပြစ်ရှိသူ ဖြစ်လာသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့အတွက် အကွပ်မျက်ခံခဲ့ရသည်။ သင့်အပြစ်ဒဏ်နှင့် ငရဲကို ကိုယ်တော်တိုင် ဝင်ရောက်၍ ခံစားတော်မူခဲ့ပြီဖြစ်၍ ငရဲသို့ သင်သွားစရာလိုမည်မဟုတ်တော့ပေ။ အကယ်၍ သင်သည် ခရစ်တော်၌တည်လျှင်၊ ပလ္လင်ဖြူရှေ့ တရားစီရင်တော် မူရာသို့ ဝင်စရာမလိုတော့ပေ။ သို့သော် ခရစ်တော်၌မတည်သော အခြားသူများကဲ့သို့ ဝင်ကြရမည်ဖြစ်သည်။ နှုတ်ကပတ်တော်၌ တစ်ကမ္ဘာလုံးကို ကိုယ်တော် တရားစီရင်တော် မူမည့်နေ့တစ်နေ့ ရောက်လာတော့မည်ဟု မိန့်ဆိုထားပါသည် (တ ၁၇း၃၁)။ ယနေ့ ဤနေရာရှိ ရာပေါင်းများစွာသောလူများ ဘုရားသခင် တရားစီရင်တော်မူသောအခါ ရှေ့တော်၌ မတ်တပ်ရပ်ကြရပါလိမ့်မည်။

သို့သော် ယနေ့ညကဲ့သို့ လူအုပ်ကြီးနှင့် ရပ်ရမည်မဟုတ်ပေ။ “ဟေ့၊ တို့တတွေ အဲဒီ ကိုရောက်ရင် သိပ်ပျော်ကြမှာပဲ” ဟု မထင်လိုက်ပါနှင့်။ သင့်တစ်ယောက်တည်း ရပ်ရ မည်။ ဘုရားသခင်၏ရှေ့မှောက်၌ သင်တစ်ယောက်တည်း မတ်တပ်ရပ်ကာ သခင်ယေရှု နှင့်ပတ်သက်၍ သင်ပြုသမျှအကြောင်း၊ သင့်အသက်ရှင်ပုံအကြောင်း တင်ပြရပါမည်။ ကျွန်ုပ်တို့သည် အလွန်အမင်း စိတ်ပျက်ရပြီး သနားကြပါဟု အော်ဟစ်ကြရမည် ဖြစ်သည်။ သို့သော်လည်း အလွန်နောက်ကျသွားပေပြီ။ တောင်များ၊ တောင်ပေါ်ရှိကျောက်များ၊ ကျွန်ုပ်တို့အပေါ်သို့ ကျပါး ပလ္လင်တော်ပေါ်၌ ထိုင်တော်မူသောသူမှ ကျွန်ုပ်တို့ကို ဖုံးအုပ် ပါဟု ဟစ်အော်ရသောအချိန် ရောက်လာပါလိမ့်မည် (ဗျာ ၆း၁၅-၁၇)။ သို့သော် အချိန် နှောင်းခဲ့ပါပြီ။

ကားတိုင်ပေါ်၌ ခရစ်တော် အသေခံခြင်းသည် လူများစွာအတွက် ခလုတ်ကန်သင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဆုံးရှုံးခြင်းသို့ ရောက်သောသူတို့အဖို့ လက်ဝါးကားတိုင် သည် မိုက်မဲခြင်းဖြစ်သည်ဟု သမ္မာကျမ်းစာ၌ ဖော်ပြခဲ့ပါသည်။ (၁ကော ၁း၁၈)။ လူတိုင်း ကိုချစ်ပါဟု ပြောသော ခရစ်တော်၏သွန်သင်မှုကို လူအများ လက်ခံကြသော်လည်း၊ ၄င်း တို့သည် ဤကားတိုင်၌ ရပ်သွားကြသည်။ လက်ဝါးကားတိုင်သည်ကား ခရစ်တော်ကို သင် အမှန်တကယ် မသိသေးမှီ အရင်ဆုံးလာရမည့်နေရာဖြစ်သည်။ သင်သည် အပြစ်သားဖြစ်ကြောင်း ဝန်ခံရမည်။ အပြစ်မှ နောင်တရရပါမည်။ “နောင်တရခြင်း” ဟူသော ဝေါဟာရ မှာ သင် ပြန်လှည့်သည်၊ ပြောင်းလဲသည်ဟု အဓိပ္ပါယ်ရသည်။ သင့်အသက်တာ၌ ဦးတည်ရာတစ်ဖက်ကို သွားနေရာမှ နောက်ထပ်တစ်ခု ပြောင်းလိုသော ဆန္ဒ ရှိရမည်။ သင်က “ဆရာကြီးခင်ဗျား၊ ကျွန်တော့်မှာ ဒီလိုအရည်အချင်းမရှိဘူး။ ပြောင်းလဲဖို့ ကြိုးစားပါ သေးတယ်။ ပိုကောင်းအောင်လုပ်ဖို့ ကြိုးစားသေးတယ် ဒါပေမယ့် မလုပ်နိုင်ခဲ့ဘူး” ဟုတ် ပါတယ်။ သင်မလုပ်နိုင်ဘူး။ အကယ်၍ သင့်ကိုယ်ကို ဘုရားသခင်ထံသို့ လုံးဝအပ်နှံသော်၊ ဘုရားသခင် ကူမတော်မူပါမည်။ ကိုယ်တော့်ကို ပြောရမည်မှာ “သခင်ဘုရား၊ ကိုယ်တော့် အကူအညီ လိုပါတယ်။ နောင်တရဖို့အတွက်ပင်၊ ကိုယ်တော့်ကို လိုပါတယ်။ ကျွန်တော့် မှာရှိရမယ့်ယုံကြည်ခြင်းမျိုးကို ယုံကြည်နိုင်ဖို့ပင်၊ ကိုယ်တော့်ကို လိုပါတယ်” ဟူ၍ ဖြစ် သည်။ ဘယ်လိုလဲ။

ထိုနောက် ကိုယ်တော်၏ထမြောက်ခြင်း ဖြစ်တော်မူခဲ့သည်။ ကျမ်းစာက ၄င်းတို့သည် ကိုယ်တော့်ကို ယူဆောင်သွားကြသည်။ ကိုယ်တော်သေပြီးနောက် သင်္ဂြိုဟ် ခဲ့ကြသည် (လု ၂၃း၅၃)။ သို့ရာတွင် သုံးရက်မြောက်သောနေ့၌ ကိုယ်တော် ထမြောက် တော်မူသည် (၂၄း၁-၃)။ ယနေ့ည၌ ကိုယ်တော် အသက်ရှင်နေတော်မူပါသည်။ ကိုယ်တော့် ကို မြှုပ်နှံထားရာသင်္ချိုင်းဂူသို့ တပည့်တော်အချို့သွားခဲ့ကြသည်။ ထိုနေရာ၌ ကောင်းကင် တမန်နှစ်ပါးက “အသက်ရှင်သောသူကို အဘယ်ကြောင့် လူသေတွေအကြား ရှာနေကြ သလဲ။ ကိုယ်တော် ဒီမှာမရှိဘူး။ ကိုယ်တော် ထမြောက်တော်မူပြီ” (အငယ် ၅၊ ၆ ၊၇) သခင်ယေရှု ရှင်ပြန်တော်မူပြီး။

ထို့ပြင် ဧဝံဂေလိသတင်းနှင့်အတူ ဤလောကထဲသို့ သွားရန် တပည့်တော်တို့အား စေ့ဆော်ခဲ့သည့်အရာမှာ ဤရှင်ပြန်ထမြောက်ခြင်း ဖြစ်သည်။ အသက်ရှင်တော်မူသော ၀ခရစ်တော်သည် သင့်အသက်တာနှင့် စိတ်နှလုံးထဲသို့ ကြွလာတော်မူနိုင်ပါသည်။ သင့်မိသားစုနှင့်သင့်ပတ်ဝန်းကျင်ကို ပြောင်းလဲပေးနိုင်ပါသည်။ ကိုယ်တော့်ကိုခွင့်ပြုလျှင် သင်နှင့် သင့်ဝန်းကျင်သာမက၊ တစ်နိုင်ငံလုံးကို ကိုယ်တော် ပြောင်းလဲ ပေးနိုင်တော်မူပါ သည်။

“အဘယ်သို့နည်းဟူမူကား၊ သင်သည် သခင်ယေရှုကို နှုတ်ဖြင့်ဝန်ခံ၍ ဘုရားသခင် သည် သူ့ကို သေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင် ကယ် တင်ခြင်းသို့ ရောက်လိမ့်မည်။” (ရော ၁၀း၉၊ ၁၀) ကိုယ်တော်သည် အသေခံသည်သာ မက၊ ပြန်၍ ထမြောက်တော်မူသည်ဟု သင် ယုံကြည်ရမည်။ ဤသည်မှာ ဖြစ်စဉ်၏ တစ်ဝက်ဖြစ်သည်။ ကျန်တစ်ဝက်မှာ သင် နောင်တရရမည့်အပိုင်းဖြစ်သည်။ သင်ပြောရ မည်မှာ “သခင်ဘုရား၊ ကျွန်ုပ်သည် အပြစ်သားဖြစ်ပါသည်။ အပြစ်ပြုမိသောကြောင့် ဝမ်း နည်းပါသည်။ ကျွန်ုပ်ကိုခွင့်လွှတ်တော်မူပြီး၊ အသက်တာပြောင်းလဲရန် ကူမတော်မူပါ”

၄င်းနောက်၊ သင်သည် ဘုရားသခင်ကိုသိသောအသက်တာဖြင့် အသက်ရှင်ရမည်။ သခင်ခရစ်တော်ကို သင်လက်ခံပြီးနောက်၊ ဆက်၍ အသက်ရှင်ရန်အတွက် ရှင်ပြန် ထ မြောက်တော်မူသည်ဟု သင်ယုံကြည်ရမည်။ ဤသည်မှာ ဖြစ်စဉ်၏တစ်ဝက်ဖြစ်သည်။ ကျန်တစ်ဝက်မှာ သင် နောင်တရရမည့်အပိုင်းဖြစ်သည်။ သင် ပြောရမည်မှာ “သခင် ဘုရား၊ ကျွန်ုပ်သည် အပြစ်သားဖြစ်ပါသည်။ အပြစ်ပြုမိသောကြောင့် ဝမ်းနည်းပါသည်။ ကျွန်ုပ်ကိုခွင့်လွှတ်တော်မူပြီး အသက်တာပြောင်းလဲရန် ကူမတော်မူပါ”

၄င်းနောက် သင်သည် ဘုရားသခင်ကိုသိသောအသက်တာဖြင့် အသက်ရှင်ရမည်။ သခင်ခရစ်တော်ကို သင်လက်ခံပြီးနောက်၊ ဆက်၍အသက်ရှင်ရန်အတွက် ရှင်ပြန် ထမြောက်တော်မူသော ခရစ်တော်သည် သန့်ရှင်းသောဝိညာဉ်အားဖြင့် သင့်ကို မစတော်မူ ပါမည်။ အကယ်၍ ခရစ်တော်သာ မထမြောက်ခဲ့သော်၊ ကိုယ်တော်သည် ဘုရားမဟုတ်ပါ။ ဤသို့ဖြစ်သော်၊ သမိုင်း၌ ဖြစ်ခဲ့သည့် ကြီးမားသောအရာများအတွက် ရှင်းပြ၍မရ ဖြစ်ကြ `ရမည်။ ဒမသက်မြို့သို့ ခရီးပြုနေသည့် ပေါလုသည် ခရစ်ယာန်များကို နှိပ်စက်နေသူ၊ သတ် နေသူဖြစ်သည်။ သူသည် သခင်ယေရှုကို မုန်းသည်။ တစ်နေ့သော် ထိုလမ်းပေါ်၌ အလွန် တောက်ပသောအလင်းပေါ်ထွန်းကာ၊ ပေါလုသည် မျက်စိမမြင်တော့ပေ။ မြေပေါ်သို့ ဒူး ထောက်လျက်သားကျသွားသည်။ သခင်ယေရှုဖြစ်မှန်း ပေါလုသိလိုက်သည်။ သူက “သခင် ကိုယ်တော်သည် မည်သူနည်း” ဟု မေးလိုက်သည် (တ ၉း၃-၅)။

ဤမေးခွန်းသည် သင်ဖြေရမည့်မေးခွန်းဖြစ်သည်။ သခင်ယေရှုသည် မည်သူနည်း။ ကျွန်ုပ်တို့မျိုးဆက်အတွက် မေးခွန်းဖြစ်သည်။ သခင်ယေရှုသည် မည်သူနည်း။ မိမိကိုယ်ကို ဘုရားမဟုတ်မှန်းသိလျက်၊ ဘုရားပါဟု သခင်ယေရှုပြောသော်၊ ကိုယ်တော်သည် လှည့်စားသောသူဖြစ်မည်။ အကယ်၍ မိမိကိုယ်ကို ဘုရားဖြစ်သည်ဟု ယူဆပြီး၊ ဘုရားဖြစ်ခြင်း၏ ဂုဏ်တော်များကို မသိသော်၊ သူသည် ဦးနှောက်မမှန်သူ တစ်ယောက်သာ ဖြစ်မည်။ သခင်ယေရှုသည် မိန့်တော်မူသည့်အတိုင်း ဘုရားဖြစ်တော်မူသည်။ ဘုရားသခင်သည် လူ့ ဇာတိ ခံလျက် ထင်ရှားပြခြင်းဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်သည် ထိုကြယ်များ၊ ဂြိုလ် များနှင့် ဤစကြာဝဠာတစ်ခုလုံးကိုဖန်ဆင်းထားကာ၊ ဤအရာများအားလုံးကို တစ်စု တစ်စည်းတည်း ထိန်းချုပ်ထားတော်မူသည်။ ကိုယ်တော်သည် ယနေ့ညတွင် သင့် အသက် တာနှင့်သင့်နှလုံးသားထဲသို့ နည်းလမ်းသစ်ဖြင့် ဝင်ရောက်လိုတော်မူသောသူ ဖြစ်သည်။

သင်သည် အသင်းတော်တစ်ပါး၏သင်းဝင်သူတစ်ယောက် ဖြစ်ကောင်းဖြစ်မည်။ မိမိ ကိုယ်ကို ခရစ်ယာန်ဟု အရိုးစွဲနေပြီး၊ နှစ်ခြင်းမင်္ဂလာခံယူထားသူ ဖြစ်ကောင်းဖြစ်ပေမည်။ သို့သော် မိမိစိတ်နှလုံးအရင်းခံထဲ၌ မသေမချာ ဖြစ်နေသည်။ ဘုရားသခင်ကို ရင်ဆိုင်ရန် အသင့်မရှိသေးဟု မသေမချာ ဖြစ်နေသည်။ ကြီးမားသောပြစ်ဒဏ်စီရင်ခြင်းမှ မိမိ ကိုယ်ကို လွှတ်မည်ကိုလည်း မသေမချာ ဖြစ်နေပါသည်။

ပိလတ်မင်းမေးခဲ့သည့်မေးခွန်းမျိုးနှင့် သင်ရင်ဆိုင်ရပါမည်။ “ခရစ်တော်ဟု ခေါ်ဝေါ် သောယေရှုကို အဘယ်သို့ပြုရမည်နည်း” ဟု ဖြစ်သည် (မ ၂၇း၂၂)။ ပိလတ်မင်းသည် လက်ဆေးခဲ့သည် (ငယ် ၂၄)။ ယနေ့ည၊ သင်သည်လည်း လက်ဆေးပြီး ထွက်သွားနိုင်ပါ သည်။ ဤနေရာမှ ထွက်သွားပြီး၊ ဘဝဟောင်းကို ပြန်သွားပါက ဘာမှ မဖြစ်လာပါ။

ပေါလုသည် ကြောက်၍ တုန်လှုပ်နေသည်။ အလွန်အံ့အားသင့် တအံ့တဩ ဖြစ်နေ ပါသည်။ သို့သော် ၄င်းသည် မေးသင့်သည့်မေးခွန်းကို မေးသည်။ “သခင်၊ ကိုယ်တော်၊ ကျွန်ုပ်ကို ဘာပြုစေလိုပါသနည်း။” ထိုအခါ၊ သခင်ယေရှုက “ထ၍သွားပါ” ဟု မိန့်တော် မူပါသည် (တ ၉း၆)၊

သခင်ယေရှုသည် ဤအတိုင်း ယနေ့ သင့်ကို ပြောနေပါသည်။ အပေါ်၊ အောက် စင်မြင့်ပေါ်ရှိ လူများ “ထ၍သွားကြပါ” သင်တို့နေရာမှထ၍ သခင်ယေရှု၌ ဝန်ခံမှုအသစ် ပြုကြပါ။ သင့်အပြစ်များ ခွင့်လွှတ်ခံရပြီးဖြစ်ကြောင်း သေချာသိအောင် လုပ်ပါ။

ကျန်ရှိသောသင့်အသက်တာအတွက် ဤညသည် တစ်ခုတည်းသော အခွင့်အရေး ဖြစ်ကောင်းဖြစ်ပါမည်။ ဤတစ်ပတ်ထဲ ဤစည်းဝေးပွဲများသို့ သင်ပြန်လာချင်မှ ပြန်လာ နိုင်ပါမည်။ ဤည၌ သန့်ရှင်းသောဝိညာဉ်တော် သင့်ကို စကားပြောသည့်ပုံစံမျိုး၊ နောက် ထပ်သင်ကြုံချင်မှ ကြုံရပါမည်။ ဗျာ ၃း၂၀၌ သခင်ယေရှုက “ငါသည် တံခါးရှေ့မှာ ရပ် ၍ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကိုကြား၍ တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာ, သို့ ငါဝင်၍ သူနှင့်အတူ စားသောက်မည်” ဟု ပြောနေပါသည်။

သခင်ယေရှုသည် သင့်စိတ်နှလုံးတံခါးကို ယနေ့ ခေါက်နေပါသည်။ သင့်စိတ်နှလုံး ထဲ ကိုယ်တော် ဝင်ချင်ပါသည်။ သင့်အသက်တာကို အပြောင်းအလဲ လုပ်ပေးချင်ပါသည်။ သင့်အသက်တာ၊ မိသားစုနှင့် အသိုင်းအဝိုင်းအပေါ် အကျိုးသက်ရောက်မှု ရှိစေလိုပါသည်။ သင် တစ်ခါမျှ မသိဘူးသည့် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကိုလည်း ပေးလိုပါသည်။ သင့်အပြစ်အားလုံးကို ခွင့်လွှတ်ချင်ပါသည်။ အကယ်၍ ယနေ့ည သေသော်၊ ချက်ချင်းပင် အပါယ်တံခါးပိတ်ပြီး ကောင်းကင်ဘုံသို့ ရောက်မည်ဟူသောအာမခံချက်ကို ပေးချင်ပါ သည်။ ယနေ့ည၊ ဤနေရာမှ မထွက်သွားခင် ဤအာမခံချက်ကို သင် ရနိုင်ပါသည်။

 

ဆုတောင်းသောအခါ ရသော တန်ခိုး

Power when you pray

ဆုတောင်းခြင်းသည် ဟန်ဆောင်မှုမပါ။ နဂိုသဘာဝအလျောက် လုပ်ဆောင်ရသည့် အရာဖြစ်သည်။ အစပထမ၌ ဆုတောင်းသောအသက်တာဖြင့် အသက်ရှင်ရန် ကျွန်ုပ်တို့ ပုံသွင်းခံကြရပါသည်။ သို့သော်လည်း အပြစ်ဒုစရိုက်သည် ကျွန်ုပ်တို့နှင့် ဘုရားသခင် အကြား၌ အတားအဆီးတစ်ခုကို တည်ဆောက်လာသည်။ လူတစ်ဦး ပြောဖူးသကဲ့သို့၊ “ဆုတောင်းခြင်းဆိုသည်မှာ၊ နှုတ်ပြောစကားကို အဆင့်မြင့်မြင့် အသုံးပြုခြင်း ဖြစ်သည်”

ယနေ့ လူပေါင်းများစွာတို့သည် ဆုတောင်းခြင်းအား ရိုသေကိုင်းရှိုင်းမှုကိုပြသော အစဉ် အလာထုံးစံတစ်ခုအဖြစ် သဘောထားကြသည်။ ဘုရားသခင်ကို စကားပြောခြင်းဖြစ်သည် ဟူသောအသိမရှိကြဘဲ၊ ဆုတောင်းခြင်းကို လုပ်ရိုးလုပ်စဉ်အလုပ်တစ်ခုအဖြစ်သာ အသုံး ပြုကြသည်။ ဆုတောင်းခြင်းအပေါ် အားမာန်သစ်ဖြင့် နိုးကြားတက်ကြွစေရန် အလေးပေးမှု မရှိပါက လူတစ်ယောက်သည် မည်သို့ဆက်၍ ရှင်သန်နိုင်ပါမည်နည်း။ မြောက်မြားစွာသောလူအပေါင်းတို့သည် အလွန်တရာ စိတ်ဖိစီးလာသောအခါ၊ အန္တရာယ်ကျရောက်သောအခါ၊ မရေရာ မသေချာ ဖြစ်သောအခါတို့၌သာ ဆုတောင်းကြ ပါသည်။ သခင်ခရစ်တော်သည် နောက်တော်လိုက်များကို မခြားမလပ် ဆုတောင်းရန် ညွှန်ကြားတော်မူပါသည် (၁သက် ၅း၁၇)။ အလွန်ထက်သန်၊ တိုက်ရိုက်ကျသော သခင်ယေရှု၏ဆုတောင်းချက်ကြောင့် ကိုယ်တော် ဆုတောင်းပြီးသည်နှင့်ချက်ခြင်း၊ နောက် တော်လိုက်များသည် ကိုယ်တော်ထံသို့လှည့်ကာ၊ “သခင် ဆုတောင်းစေခြင်းငှါ ကျွန်ုပ်တို့ ကိုသွန်သင်ပါ” ဟု လျှောက်ကြသည်။ (လု ၁၁း၁)၊ ၄င်းတို့က သခင်ယေရှုသည် ဘုရား သခင်နှင့် အဆက်အသွယ်ပြုခဲ့ကြောင်းကိုသိကြ၍ ၄င်းတို့လည်း တူညီသောအတွေ့အကြုံ ရရှိလိုကြသည်။

သမ္မာကျမ်းစာ၏အစမှသည် အဆုံးဆီသို့ကြည့်သောအခါ၊ ဘုရားသခင်ထံသို့ ဆု တောင်းသူများ ရရှိသည့်အဖြေများကို မှတ်တမ်းတင်ထားကြောင်း တွေ့ကြရပါသည်။ ဆု တောင်းခြင်းဖြင့် သမိုင်းရေစီးကြောင်းကို ပြောင်းစေကြသူများ၊ ထက်သန်စွာ ဆုတောင်း ၍ ဘုရားသခင်ထံမှ အဖြေရရှိသူများ ဖြစ်သည်။ အာဗြဟံသည် ဆုတောင်းခဲ့သည်။ ၄င်း ဆုတောင်းသောကြောင့် ၄င်း၏တူ လောတ နေထိုင်ရာ သောဒုံမြို့ကို ဘုရားသခင် ဖျက် ဆီးတော်မမူပေ။ (သောဒုံမြို့မှ လောတမထွက်ခွာမှီတိုင် ကမ္ဘာ ၁၈း ၂၀-၃၃)။

 

သမ္မာကျမ်းစာမှဥပမာများ

အာရှုရိဘုရင်တို့၏စစ်တပ်များသည် သနာခရိပ်မင်း၏ဦးဆောင်မှုဖြင့် မိမိမြို့ကို ကျူး ကျော်သိမ်းပိုက်မည်ဟု ခြိမ်းခြောက်ခံရသောအခါ ဟေဇကိမင်းသည် ဆုတောင်းခဲ့သည်။ ဟေဇကိမင်း ဆုတောင်းသောကြောင့် သနာခရိပ်မင်း၏စစ်တပ်တစ်ခုလုံး ဖျက်ဆီးခံရကာ၊ ယေရုရှလင်မြို့သည် နောက်ထပ်မျိုးဆက်တစ်ခုအဖို့ချမ်းသာရာရခဲ့သည်(၄ရာ ၁၉း၁၅-၃၇)။ ဧလိယ ဆုတောင်းသဖြင့်၊ ဘုရားသခင်၏ရန်သူများရှေ့ ဧလိယဆောက်ထားသည့် ပလ္လင်ပေါ်ရှိ ပူဇော်ထားသောယဇ်ကို လောင်ကျွမ်းစေရန် ဘုရားသခင်သည် မီးကို ကောင်း ကင်ဘုံမှ ကျလာစေတော်မူသည်။ (၃ရာ ၁၈း၁၇-၄၀)။ ဧလိရှဲဆုတောင်းသဖြင့်၊ ရှုနင်မြို့ သူ၏သားသည် သေရာမှ ရှင်လေသည်။ (၄ရာ ၉း၁၇-၃၇)။

သခင်ယေရှုသည် လာဇရု၏သင်္ချိုင်းဂူ၌ ဆုတောင်းတော်မူသည်။ ထိုအချိန်၌ လာဇရု သေသည်မှာ (၄)ရက် ရှိလေပြီ ဖြစ်သည်။ ထိုအခါ လာဇရုသည် သေခြင်းမှ ရှင်ပြန်လာလေ သည် (ယော ၁၁း၁-၄၄)။ လက်ဝါးကားတိုင်မှ ဓါးပြကြီးသည် ဆုတောင်းလေသည်။ ထို အခါ သခင်ယေရှုသည် ၄င်းအား ကိုယ်တော်နှင့်အတူ ပရဒိသုဘုံ၌ ရှိလိမ့်မည်ဟု အခိုင် အမာမိန့်တော်မူသည်။ (လု ၂၃း၃၉-၄၃)။ ရှင်ပေါလု ဆုတောင်းသဖြင့် အာရှတိုက်နှင့် ဥရာပတိုက်တွင် အသင်းတော်များ မွေးဖွားခဲ့သည် (တ ၉း၃၆-၄၂)။ ရှင်ပေတရု ဆုတောင်း သဖြင့် ယေရှုခရစ်တော်အတွက် နောက်ထပ်နှစ်များစွာ အစေခံရန် ဒေါ်ကာသည် သေ ရာမှ ပြန်ရှင်ခဲ့သည်။

ဂျွန်ဝက်စလီ (John Wesley) ဆုတောင်းသဖြင့်၊ အင်္ဂလန်နိုင်ငံ၌ နိုးထမှု့ ဖြစ်လေ ၀သည်။ ဂျော်နသန် အက်ဒဝပ်စ် (Jonathan Edwards) ဆုတောင်းသဖြင့် နော်သမ်တန် မာဆာချူးဆက်စ် (Northampton Massachusetts) တို့၌ နိုးထမှုဖြစ်ကာ၊ လူထောင် ပေါင်းများစွာ အသင်းတော်များနှင့် ဆက်သွယ်ကြသည်။ ဆုတောင်းခြင်းကြောင့် ဖြစ်ရပ် များစွာတို့ ပြောင်းလဲခဲ့ကြသည်မှာ အကြိမ်ကြိမ် ဖြစ်သည်။ ”

သန်းပေါင်းများစွာသော ကျွန်ုပ်တို့ ဆုတောင်းခြင်းတည်းဟူသော အခွင့်အရေးကို ကျွန်ုပ်တို့ကိုယ်တိုင် ရယူမည်ဆိုပါက အဘယ်မျှ ဘုန်းထင်ရှားစရာအကြောင်း ဖြစ်ပါမည် နည်း။ အကယ်၍ ကျွန်ုပ်တို့သည် ယုံကြည်စွာဖြင့် ဒူးထောက်လျက် ဆုတောင်းမည်ဆိုက ဖြစ်ရပ်များ၏လမ်းကြောင်းကို ပြောင်းလဲလိုက်နိုင်သည်။ အပြစ်သားတစ်ဦး နောင်တရ လျက် ဘုရားသခင်ထံသို့ ပြန်လာသောအခါ ကောင်းကင်ဘုံ၌ အဘယ်မျှ ဝမ်းမြောက် ကြောင်း ယေရှုခရစ်တော်သည် ကျွန်ုပ်တို့အား မိန့်တော်မူပါသည် (လု ၁၅း၇)။ ရိုးရှင်း သော ဆုတောင်းချက်လေးကို ရှူသွင်းပါ။ “ဘုရားသခင်၊ အပြစ်သားဖြစ်သော ကျွန်ုပ်ကို သနားတော်မူပါ” (လု ၁၅း၁၀)။

တပည့်တော်များသည် သခင်ယေရှုထံသို့လာလျက် “သခင်၊ ကျွန်ုပ်တို့ကို ဆုတောင်း ရန် သင်ပေးပါ” ဟု တောင်းလျှောက်သောအခါ ကယ်တင်ရှင်သခင်ယေရှုသည် ကိုယ်တော် ၏စံပြနမူနာဖြစ်တော်မူသော ပဌနာတော်ကို ပေး၍ အဖြေပေးခဲ့သည်။ သို့သော်လည်း ထိုပဌနာတော်သည် ကိုယ်တော်၏လေးမြတ်သော သွန်သင်မှု တစိတ်တဒေသသာ ဖြစ် သည်။ ကျမ်းပိုဒ်ပေါင်းများစွာတို့၌ ယေရှုခရစ်တော်သည် အောင်နိုင်သောဆုတောင်းချက် နှင့်ပတ်သက်သော နောက်ထပ် လမ်းညွှန်မှုများ၊ သင်ခန်းစာတွဲများကို ပေးထားတော်မူ သည်။ သခင်ယေရှုသည် လူထုထဲ၌ (၃)နှစ်မျှသာ အမှုတော်ဆောင် ခဲ့ရပါသည်။ သို့သော်လည်း ဆုတောင်းရာ၌ မြန်မြန်ဆန်ဆန် တောင်းခဲ့သည်ဟူ၍ မရှိပါ။

ကိုယ်တော်နှင့်နှိုင်းဆသော်၊ ကျွန်ုပ်တို့သည် အဘယ်မျှ မြန်မြန်ဆန်ဆန် ပေါ့ပေါ့ဆဆ ဆုတောင်းတတ်ကြပါသည်တကား။ နံနက်ခင်း၌ အလွတ်ရသောကျမ်းပိုဒ်ကို ကသော ကများ ကိုးကားကာ၊ တစ်နေ့တာလုံးအတွက် ဒါဘဲနော် ဘုရားသခင် ဟု နှုတ်ဆက်သွား `ကြသည်မှာ အလျင်စလို အပိတ်ဆုတောင်းအသနားခံသည်အထိ ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် ချပြထားသည့် ဆုတောင်းခြင်းအစီအစဉ် မဟုတ်ပါ။ သခင်ယေရှုသည် ရှည် လျားစွာ အဖန်တလဲလဲ အသနားခံ တောင်းလျှောက်တော်မူပါသည်။ ကိုယ်တော်သည် ညပေါင်းများစွာ တစ်ညတာလုံး၊ ထက်သန်စွာ အသနားခံ ဆုတောင်းတော်မူခဲ့ကြောင်း မှတ်တမ်းတင်ထားကြပါသည်။ သို့ရာတွင် ကျွန်ုပ်တို့သည် လုံ့လ၊ ကြိုးပမ်းမှု၊ အသနားခံ ခြင်းတို့တွင် အလွန်မှ အားနည်းနေကြောင်းကိုသာ ပြသကြပါသည်။

နှုတ်ကပတ်တော်က “မခြားမလပ် ဆုတောင်းရမည်” ဟု ပြောပါသည်။ (၁သက် ၅း၁၇)။ ဤကျမ်းချက်သည် ယေရှုခရစ်တော်၏နောက်တော်လိုက်တိုင်း၏ဆောင်ပုဒ် ဖြစ် သင့်ပါသည်။ သင့်အမှုအရာသည် မည်မျှ မျှော်လင့်စရာမရှိဟု ထင်ရပါလေစေ။ ဆုတောင်း ခြင်းကို ဘယ်သောအခါမျှ မရပ်တန့်ပစ်ပါနှင့်။ တစ်ခါက အမျိုးသမီးတစ်ဦးသည် ခင်ပွန်း သည်၏အသက်တာ ပြောင်းလဲဖို့အတွက် ဆုတောင်းနေသည်မှာ (၁၀)နှစ်ရှိပြီ ဖြစ်ကြောင်းနှင့် သူမ၏ခင်ပွန်းသည် ပို၍ပင် ခက်ထန်လာသည်ဟု စာရေး ပြောပြပါသည်။ ကျွန်ုပ်က ဆက်၍ အသနားခံဆုတောင်းရန် သူမကို အကြံပြုပါသည်။ ၄င်းနောက် သိပ်မကြာမီ၊ သူမထံမှ သတင်းထပ်မံကြားရပါသည်။ သူမက သူမ၏ခင်ပွန်းသည် ဂုဏ်ယူ ဖွယ်၊ မယုံနိုင်စရာ အသက်တာ ပြောင်းလဲခဲ့ပါပြီဟု ဆိုသည်။ အကယ်၍ သူမသည် (၁၀)နှစ်မျှသာ ဆုတောင်းပြီး၊ ရပ်တန့်ခဲ့သော်၊ မည်သို့ဖြစ်လာမည်နည်း။

 

သခင်ယေရှု မည်သို့ ဆုတောင်းတော်မူပုံ။

(How Jesus Prayed)

သခင်ဘုရားသည် တစ်ကိုယ်တည်း မကြာခဏ ဆုတောင်းတော်မူခဲ့သည်။ မိမိကိုယ်ကို လောကီအနှောင့်အယှက်များနှင့် သီးခြားဖြစ်စေသည်။ ဘုရားသခင်နှင့်တစ်ဦးတည်း ပုံမှန်တွေ့ဆုံနိုင်ရန် အခန်းတစ်ခန်း သို့မဟုတ် အိမ်၏နေရာတစ်ခုခုကို ရွေးချယ်ဖို့၊ သင့် ကို ခိုင်ခိုင်မာမာ တိုက်တွန်းပါသည်။ ထိုသို့ ဆိတ်ငြိမ်သောနေရာ၌ မိမိတစ်ကိုယ်တည်း စိတ်ဝိညာဉ်ထဲမှ ဘုရားသခင်ထံသို့ ဆုတောင်းရာတွင် သင်သည် ဂရုဏာပလ္လင်တော်သို့ ချဉ်းကပ်ခြင်းဖြစ်ပြီး၊ သင့်အတွက် ကြီးမြတ်သော ကောင်းကြီးမင်္ဂလာတစ်ပါး ဖြစ်နိုင်ပါ သည်။

ကျွန်ုပ်တို့သည် သခင်ယေရှု၏ဆုတောင်းပုံကို လေ့လာသောအခါ၊ အလွန်လေးနက် ထက်သန်စွာ ကိုယ်တော် ဆုတောင်းတော်မူသည်ကို သတိပြုမိပါသည်။ ဂေသရှေမန် ဥယျာဉ်တော်ထဲ၌ ကျယ်သောအသံဖြင့် ကိုယ်တော်ညတွင် အလွန်ပြင်းပြစွာ အသနားခံလျှောက်ထားရင်း စိုထိုင်းသောမြေပြင်ပေါ်သို့ လဲကျသွားတော်မူကြောင်း၊ ဓမ္မသစ်ကျမ်းထဲ ၌ မှတ်တမ်းတင်ထားပါသည်။ ကိုယ်တော်၏သည် “သွေးစက်များကဲ့သို့”” ကျသည့် တိုင် အသနားတော်ခံခဲ့ပါသည်။ (လုကာ ၂၂း၄၄)။

ကျွန်ုပ်တို့သည် မိမိဖာသာ အူလှိုက်သည်းလှိုက် ဆုတောင်းသည်ထက်၊ အရေးမပါ သော အသနားခံမှု၊ အပြောကောင်းရန် လေ့ကျင့်သည်မျိုး၊ သူတစ်ပါး၏စကားကို တုပ အသုံးပြုလျက် မကြာခဏ ဆုတောင်းတတ်ကြသည်။ ဆုတောင်းသောအခါ၌ ကျွန်ုပ်တို့၏ အတွေးသည် မကြာခဏ ပျံ့လွင့်တတ်ကြပါသည်။ ဘုရားသခင်ကို ကျွန်ုပ်တို့၏နှုတ်ဖြင့် စကားပြောလျက်ရှိသော်လည်း၊ စိတ်နှလုံးသည် ဘုရားသခင်နှင့်ဝေးကွာနေပါက ကိုယ်တော် ကို စော်ကားရာ ကျပါသည်။ အကယ်၍ ထင်ပေါ်ကျော်ကြားအရေးပါသော ပုဂ္ဂိုလ်တစ်ဦး နှင့် ကျွန်ုပ်တို့ စကားပြောနေစဉ်၊ ကျွန်ုပ်တို့၏အတွေးအာရုံများကို တစ်ခဏတာ လွဲချော် ပါစေမည်လော။ ထိုသို့ ဖြစ်စေမည်မဟုတ်။ ပြောသမျှ အရာတိုင်းကို စူးစူးစိုက်စိုက် စိတ် ဝင်စားနေကြပေမည်။ ထိုသို့ဖြစ်သော်၊ ဘုရင်တကာတို့၏ဘုရင်ကို ရိုသေလေးစားမှု နည်း ပါးစွာဖြင့် ကျွန်ုပ်တို့ အဘယ်သို့ ဆက်ဆံဝံ့ပါမည်နည်း။

ကျွန်ုပ်တို့၏ရန်သူများအတွက် ဆုတောင်းပါ (Pray for our enemies)

ကျွန်ုပ်တို့ မည်သူ့အတွက် ကြားခံဆုတောင်းပေးရမည်ကို သခင်ယေရှု သင်ကြားပေး တော်မူပါသည်။ ကိုယ်တော်၏ညွှန်ကြားမှုနှင့် ဥပမာသည် အဘယ်မျှ လန့်ဖျန့်တုန်လှုပ် စရာကောင်းပါသနည်း။ “သင့်ကို၊ မနာလိုမုန်းထားစိတ်ဖြင့် အသုံးပြုသူ၊ ညှင်းပန်းသူတို့ အတွက် ဆုတောင်းရမည်ဟု မိန့်တော်မူပါသည်” (မဿဲ ၅း၄၄)။ တစ်နည်းဆိုသော် ကျွန်ုပ် တို့၏ရန်သူများအတွက် ဆုတောင်းရမည်ဟု မိန့်တော်မူခြင်း ဖြစ်သည်။ ရန်သူများအတွက် အသနားခံရမည်။ ၄င်းတို့ကို ခရစ်တော်ထံသို့ ပို့ဆောင်ပါမည့်အကြောင်း တောင်းလျှောက်ရမည်။ ကိုယ်တော့်ကြောင့် ၄င်းတို့ကို ခွင့်လွှတ်ရမည်ဟု ဆိုခြင်း ဖြစ်သည်။

ကိုယ်တော်၏ခြေတော်၊ လက်တော်တို့တွင် ကြီးမားသောသံချောင်းများဖြင့် အရိုက်ခံ ရပြီးသည့်နောက်၊ ကားတိုင်တော်ပေါ်မှ ကိုယ်တော် အဦးဆုံး မိန့်မြွက်သောစကားမှာ ကိုယ်တော်ကို ကားတိုင်ပေါ် တင်သတ်သူများအတွက် ဆုတောင်းပေးခြင်း ဖြစ်သည်။ “ကိုအဘ၊ သူတို့၏အပြစ်ကို လွှတ်တော်မူပါ။ သူတို့သည် ကိုယ်ပြုသောအမှုကို မသိကြ” ဟု မြှောက် ဆိုတော်မူသည် (လုကာ ၂၃း၃၄)။ ကျွန်ုပ်တို့ ဘယ်နှစ်ယောက် မိမိတို့ရန်သူအတွက် ဆု တောင်းပေးဖူးပါသနည်း။

 

သခင်ယေရှုကို မသိသူများအတွက် ဆုတောင်းပါ။

Pray for people who don’t know Jesus

အပြစ်သားများ အသက်တာ ပြောင်းလဲဖို့အတွက် ဆုတောင်းကြရန်၊ သမ္မာကျမ်းစာ ထဲ၌ ကျွန်ုပ်တို့ကို မှာထားပါသည်။ ဧဝံဂေလိသတင်း ပျံ့နှံ့အောင် အဘယ်သို့ ပြုရမည့် ပုံကို ဘာသာရေးခေါင်းဆောင်များ ဆွေးနွေးကြပုံ ကျွန်ုပ် နားထောင်ဖူးပါသည်။ ဆုတောင်းဖို့အကြောင်း ပြောသည်ကို ကျွန်ုပ် တစ်ခါမျှ မကြားခဲ့ရပါ။ သို့သော်လည်း အသင်းတော် • / အတော်များများ၌ ဆုတောင်းခြင်းတစ်ခုတည်းဖြင့် နှစ်စဉ် အသက်တာပြောင်းလဲသူ များ စွာရရှိကြောင်း ကျွန်ုပ်သိသည်။ အသက်တာ၌ ခရစ်တော်ကို လိုအပ်နေသူများကို သင်

သိပါက ယခုပင် ၄င်းတို့အတွက် စတင် ဆုတောင်းဖို့ လိုအပ်နေပေပြီ။ ဘုရားသခင် အဘယ်သို့ စတင်လုပ်ဆောင်မည်ကို သင် တအံ့တဩ ဖြစ်ရလိမ့်မည်။

သခင်ယေရှု သွန်သင်တော်မူသည့် နောက်ထပ် သင်ခန်းစာတစ်ခုမှာ အောင်ပွဲခံသော စိတ်ချရမှုဟူသည့် ဘုရားသခင်သည် စစ်မှန်သောအသနားခံမှုတိုင်းကို အဖြေပေးတော်မူ သည်ဟူသော သင်ခန်းစာ ဖြစ်ပါသည်။ ဤသည်ကို ဘာသာအယူဝါဒ မယုံကြည်သူများ က မေးခွန်းထုတ်ကောင်းထုတ်ကြမည်။ ငြင်းပယ်ကောင်း ငြင်းပယ်နိုင်သည်။ လှောင်ပြောင်ကောင်းလှောင်ပြောင်နိုင်သည်။ သို့သော်လည်း ခရစ်တော်ကိုယ်တိုင် ပြုထားသောဂတိတော် မှာ “သင်တို့သည် ငါ၌တည်၍ ငါ့စကားသည် သင်တို့၌တည်လျှင် သင်တို့သည် တောင်း ချင်သမျှတို့ကို တောင်း၍ ရကြလိမ့်မည်” (ယော ၁၅း၇)။ ထိုဂတိတော်ကို ကျွန်ုပ်တို့ ကိုး စားဖို့ လိုအပ်ပါသည်။ ကျွန်ုပ်တို့၏အဖသည် အရာခပ်သိမ်းကို ပိုင်သတော်မူပါသည်။ “ဘုန်းအာနုဘော်၌ စံပယ်တော်မူသော စည်းစိမ်ရှိသည့်အတိုင်း သင်တို့အလိုရှိသမျှတို့ကိုယေရှုခရစ်အားဖြင့် ပြည့်စုံစေတော်မူလိမ့်မည်” (ဖိ ၄း၁၉)။ ကျွန်ုပ်တို့၏ဆုတောင်းသော အသက်တာ၌ ကိုယ်တော်၏သန့်ရှင်းသောဝိညာဉ်တော်ကို ကူညီစေပါ။ ရော ၈း၂၇ ၌ ကိုယ်တော် ဂတိပြုထားသည့်အတိုင်း ဖြစ်သည်။ “ဝိညာဉ်တော်သည် သန့်ရှင်းသူတို့၏ဆုတောင်းခြင်းအမှုကို ဘုရားသခင်၏အလိုတော်နှင့်အညီ စောင့်မတော်မူ၏””

 

ဘုရားသခင်နှင့်ဆိုလျှင် အရာခပ်သိမ်းဖြစ်နိုင်သည်။

With God, all is possible.

ဘုရားသခင်နှင့်ဆိုလျှင် မဖြစ်နိုင်သောအရာ ဘာမျှ မရှိပါ။ ကိုယ်တော်၏မေတ္တာတော် အတွက် မည်သည့်အလုပ်မျှ ခက်ခဲကြမ်းတမ်းမှုမရှိပါ။ ခက်ခဲလွန်းသည်ဟူသော ပြဿနာ မရှိပါ။ လေးလွန်းသည့်ဝန်ထုပ်ဟူ၍လည်း မရှိပါ။ စိုးရွံ့မှု၊ မသေချာမှုများနှင့် အနာဂတ်ကို ကိုယ်တော်အား အလုံးစုံ ထုတ်ဖော်ပြသထားပါသည်။ ကိုယ်တော့်ထံတော်သို့ လှည့်၍ ယောဘနှင့်အတူ ပြောရမည်မှာ “သို့သော်လည်း၊ ငါသွားသောလမ်းကို သိတော်မူ၏။ စစ် တော်မူခြင်းကိုခံပြီးမှ၊ ရွှေကဲ့သို့ ငါ ပေါ်လိမ့်မည်” (ယောဘ ၂၃း၁၀)။

ဘုရားသခင်အလိုတော်၏ရှေ့တွင် သင့်ဆန္ဒကိုရှေ့တန်းမတင်ပါနှင့်။ မိမိဖြစ်ချင်သည့် ပုံစံကို မရအရ၊ မတောင်းပါနှင့်၊ ဘုရားသခင်ကို ဩဇာမပေးပါနှင့်။ သင်တောင်းလျှောက် နေသည့်အရာ၊ နေရာ၊ ပုံစံအတိုင်း အဖြေချက်ချင်းရမည်ဟု မမျှော်လင့်ပါနှင့်။ ထိုသို့ ပြု မည့်အစား၊ အပြစ်ကင်းသော ဘုရားသခင်၏သားတော်၊ ကိုယ်တော်တိုင် တောင်းလျှောက် ခဲ့သည့် ဆုတောင်းခြင်းနှင့်ဆိုင်သော ခက်ခဲသည့်သင်ခန်းစာကို လေ့လာ၍ သင်ယူပါ။ “သို့သော်လည်း အကျွန်ုပ် အလိုရှိသည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော် အလိုရှိသည် အတိုင်း ဖြစ်ပါစေသော” (လု ၂၂း၄၂)။

ယေရှုခရစ်တော်၏ နာမတော်မြတ်၌ ဆုတောင်းနိုင်ဖို့၊ ခရစ်တော်ကို သင် တစ်ခါမှ မသိဘူးသေးသည်လည်း ဖြစ်နိုင်ပါသည်။ ဘုရားသခင်နှင့်လူအကြားရှိသည့် တစ်ဦးတည်းသောပုဂ္ဂိုလ်မှာ ယေရှုခရစ်တော် ဖြစ်သည်ဟု ကျမ်းစာ၌ မိန့်ဆိုထားပါသည်။ (၁တိ ၂း၅) ရှေးဦးစွာ သင် ကိုယ်တော့်ကို သိရမည်။ ကိုယ်တော့် နာမတော်၌ ဆုတောင်းရမည်။ သင့်ဆုတောင်းချက်သည် ဘုရားသခင်၏အလိုတော်အတိုင်း ဖြစ်ရမည်။ ထိုသို့ ပြုနိုင်ရန် သန့်ရှင်းသောဝိညာဉ်တော်သည် သင့်အတွက် လုပ်ဆောင်ပေးပါလိမ့်မည်။

အဘယ်သို့ ဆုတောင်းရမည်ဟု မသိပါက၊ ဤကဲ့သို့ ယခုပင့်ပြောပါ။ “ဘုရားသခင်၊ အပြစ်သားဖြစ်သော ကျွန်ုပ်ကို သနားတော်မူပါ။” သင့်အပြစ်အားလုံးကိုခွင့်လွှတ်ရန်၊ သင့်အသက်တာကို ပုံသဏ္ဌာန် ပြောင်းလဲပေးရန်၊ သင့်ကို လူသစ်တစ်ယောက်အဖြစ် ပြောင်းလဲပေးရန် ဘုရားသခင်ထံ တောင်းလျှောက်ပါ။ သင် ဆုတောင်းချက်ကို အဖြေပေး သောအားဖြင့် ယခုပင် ကိုယ်တော် လုပ်ဆောင်ပေးနိုင်ပါသည်။ ထိုသို့ ရိုးရှင်း၍ တိုက်ရိုက် ဘုရားသခင်ထံတော်သို့ တောင်းခံသောဆုတောင်းချက်သည် သင့်အတွက် ဝိညာဉ်ရေးရာအောင်ပွဲနယ်မြေသစ်များကို ဖွင့်ပေးသည်သာမက၊ သင့်အသက်တာ၌ ရှုထောင့်အသစ် တစ်ခုကို ပေါင်းထည့်ပေးပါလိမ့်မည်။

 

တစ်ခုတည်းသော လမ်း

The Only Way

ယေရှုခရစ်တော် တစ်ပါးတည်းသာ ကယ်တင်ရှင်ဖြစ်တော်မူသည်။ • သမ္မာကျမ်းစာတစ်ခုတည်းသာ၊ ဘုရားသခင်၏နှုတ်ကပတ်တော် ဖြစ်သည်။

တရားဟောသူ – ဘီလီဂရေဟမ်

““ထိုသခင်၏နာမတော်မှတစ်ပါး ငါတို့ကို ကယ်တင်နိုင်သော နာမ တစ်စုံတစ်ခုမျှ ကောင်းကင်အောက်လူတို့တွင် မပေါ်မရှိ” တ ၄း၁၂

“ဘုရားသခင်တစ်ဆူတည်း ရှိတော်မူ၏။ ဘုရားသခင်နှင့်လူတို့၏စပ်ကြားမှာ လူဖြစ် သော ယေရှုခရစ်တည်းဟူသော အာမခံတစ်ဦးတည်း ရှိ၏။” ခရစ်ယာန်ဘာသာသည် ကမ္ဘာပေါ်ရှိ အခြားဘာသာများနှင့် အဘယ်ကြောင့် အလွန် ခြားနားပါသနည်း။ အဖြေသည် အသက်ရှင်ဖို့အတွက် အကြံအစည်ပေါ် မမူတည်ဘဲယေရှုခရစ်တော်၏ပုဂ္ဂိုလ်သုံးပါးအဖြစ် တည်ရှိတော်မူခြင်းအပေါ် အလေးထားကြောင်း ၄ တွေ့ရပါသည်။ ယေရှုသည် ဘုရားသခင်၏သားတော် ခမည်းတော်ဘုရားနှင့် သုံးပါးတစ်ဆူ မှ ဒုတိယတစ်ပါး ဖြစ်တော်မူသည်။

အခြားပြောကြသည်များလည်း ရှိသည်။ အချို့တို့က သခင်ယေရှုသည် ဘုရားသခင် ဖန်ဆင်တော်မူရာများထဲမှ ပထမဆုံး ဖန်ဆင်းခံရသူဟု ဆိုကြသည်။ ဘုရားသခင်၊ ထာဝရ ဖြစ်တော်မမူပါဟု ဆိုသည်။ သို့ရာတွင် ကျွန်ုပ်တို့သည် တမန်တော် ရှင်ပေတရု ပြော သည့်အတိုင်း “ခရစ်တော်သည် အသက်ရှင်တော်မူသော ဘုရားသခင်၏သားတော်” ဟု သံယောင်လိုက်ကြပါသည်။

(၁)“ခရစ်တော်” ဟူသည် “ဘိသိက်ခံရသူ” ဟု အဓိပ္ပါယ်ရသည်။ ရှေးဟေဗြဲဝေါဟာရ ဖြစ်သည့် မေရှိယအတွက် သုံးသော ဂရိဘာသာစကားဖြစ်သည်။ ဘိသိက်ခံရသူသည် မိမိလူမျိုးကို ကယ်တင်ရန်အတွက် ဘုရားသခင် စေလွှတ်မည့်သူဖြစ်သည်။ ပေတရုနှင့် တကွ ကနဦးအသင်းတော်မှ ရှေးဦးခရစ်ယာန်တို့သည် သခင်ယေရှုကို ဓမ္မဟောင်းကျမ်း ၌ ဂတိပေးထားသူ၊ မေရှိယအဖြစ် အသိအမှတ်ပြုကြပါသည်။ ကမ္ဘာ့သမိုင်း၌ ထိုသူတို့၏ ကဏ္ဍသည် စိတ်ဓါတ်ကျစရာ လက်မှိုင်ချစရာ ဖြစ်သည်။ ဂတိထားတော်မူသော မေရှိယ သည် အမှောင်ထဲ၌ရှိသော မီးပြတိုက်ကဲ့သို့ ဖြစ်သည်။ ကိုယ်တော်၏အလင်းသည် မှေး မှိန်မသွားပါ။ ကိုယ်တော့်အထဲ၌ အသက်ရှိတော်မူသည်။ ထိုအသက်သည် လူတို့၏အလင်း ဖြစ်သည်။ ထိုအလင်းသည် စစ်မှန်သောအလင်းဖြစ်ပြီး၊ ထိုအလင်းသည် ဤလောကတွင်းသို့ ဝင်လာသူတိုင်းအပေါ် သက်ရောက်တော်မူသည်။ (၂)

ယနေ့ ကမ္ဘာ့ခေါင်းဆောင်ကြီးများသည် ကျော်လွှားနိုင်အံ့မထင်သော ပြဿနာများ နှင့် ရုန်းကန်နေကြရသည်။ ဤမှောင်မဲ၍ အန္တရာယ်ပြုခြိမ်းခြောက်နေသောအခြေအနေ သည် “ငါသည် ဤလောက၏အလင်း ဖြစ်၏။ ငါ့နောက်သို့လိုက်သောသူသည် မှောင်မိုက် ၌ မသွားမလား၊ အသက်၏အလင်းကိုရလိမ့်မည်” (၃)ဤလောက၏အပြစ်ကိုဆောင်သွားသော ဘုရားသခင်၏သိုးသငယ်ကို ကြည့်လော့။(၄)ကျွန်ုပ်၏ဧဝံဂေလိလုပ်သည့်တလျှောက်လုံး ကျွန်ုပ် တရားဟောသည့်အခါ မိမိဟော ပြောနေသော ယဉ်ကျေးမှု၊ အမျိုးအနွယ် သို့မဟုတ် မျိုးနွယ်စုများနှင့် လိုက်ဖက်အောင် သခင်ယေရှုကို ပုံစံအမျိုးမျိုး ပြောင်းပြဖို့ မလိုအပ်ခဲ့ပါ။ ပရိသတ်များ၏နောက်ခံယဉ်ကျေး မှုနှင့်ကိုက်ညီမည့် ပုံဥပမာများ၊ ဧဝံဂေလိတရားကို ပရိသတ်များ ပိုမိုရှင်းလင်းအောင် အထောက်အကူပြုမည့် သမ္မာတရားတချို့ကို အလေးထား တင်ပြရန်သာ လုပ်ဆောင် ပါသည်။

သို့သော် ဧဝံဂေလိသတင်းနှင့်ဆိုင်သည့် အမှန်တရားများသည် ဘယ်သောအခါမျှ မပြောင်းလဲပါ။ အပျိုကညာမှ မွေးဖွားခြင်း၊ အပြစ်ကင်းသောအသက်တာ၊ မိမိကိုယ်ကို ၇ စွန့်လွှတ်ပူဇော်၍ ကိုယ်စားဝင် အသေခံတော်မူခြင်း၊ သေခြင်းမှ ထမြောက်ရှင်ပြန်တော် မူ၍ ကောင်းကင်ဘုံသို့ တက်ကြွကာ ခမည်းတော်၏လက်ျာတော်ဘက်၌ ရှိတော်မူခြင်း၊ ကိုယ်တော် ပြန်လည်ကြွလာတော်မူခြင်း၏ဘုန်းတော် ထွန်းလင်းသောမျှော်လင့်ချက် စသည့် အမှန်တရားများကို မည်သည့်နည်းနှင့်မျှ မလျော့ပါးသွားစေရပါ။ လိုရာပုံဆွဲ၍ မပြော ရပါ။

သခင်ယေရှုသည် တစ်ပါးတည်းသောခရစ်တော် ဖြစ်သည်။ ကိုယ်တော်သည် “ဘုရား သခင်၊ ကျွန်ုပ်တို့၏သခင်နှင့်ကယ်တင်ရှင် ဖြစ်တော်မူသည်။”ဤသည်ကား၊ အမှန်တရား ဖြစ်သည်။ ဘုရားသခင် ကိုယ်တော်တိုင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ဟူသော ပုဂ္ဂိုလ်အဖြစ် ကြွဆင်းလာတော်မူခဲ့ပါသည်။ ဘုရားသခင်သည် ယေရှုခရစ်အဖြစ် ကြွ လာခြင်းက သခင်ယေရှု၌ ဘုရားဇာတိအပြည့်အဝရှိခြင်းတို့သည် ခရစ်ယာန်ယုံကြည်ချက် ၏ တိုက်ထောင့်ရှိ ကျောက်တုံး (cornerstones) ဖြစ်သည်။

အလွန်အရေးပါသော ဤအမှန်တရားကို ဓမ္မသစ်ကျမ်းတစ်ခုလုံး၌ မီးမောင်းထိုးပြ ထားပါသည်။ ရှင်ယောဟန်သည် သူ၏ခရစ်ဝင်ကျမ်းကို ဤသို့ အစပြုသည်။ “အစအဦး ၌ နှုတ်ကပတ်တော်ရှိ၏” (၅) ဂရိဘာသာစကား (logos) ကို ဘာသာပြန်ထားသည့် “နှုတ်ကပတ်” ကို ဟေဗြဲလူမျိုး၊ ဂရိလူမျိုးများ၊ အဓိပ္ပါယ် နားလည်ကြပါသည်။ ရှင်ယောဟန်က “နှုတ်ကပတ်တော်သည်၊ ဘုရားသခင်နှင့် အတူ ရှိ၏။ နှုတ်ကပတ်တော်သည် လည်း ဘုရားသခင် ဖြစ်တော်မူ၏။ … နှုတ်ကပတ်တော်သည်လည်း လူ့ဇာတိအဖြစ်ကို ခံယူ၍ ကျေးဇူးတော်နှင့်၄င်း၊ သစ္စာတော်နှင့်၄င်း၊ ပြည့်စုံလျက်၊ ငါတို့တွင် တည်နေတော်မူ သည်ဖြစ်၍၊ …” (ခမည်းတော်၌ တစ်ပါးတည်းသော သားတော်၏ဘုန်းကဲ့သို့၊ သူ၏ ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ”” (၆) ဟု ဆက်၍ ဖော်ပြထားပါသည်။

ခရစ်တော်သည် အမြဲ တည်တော်မူသည်။ အကြောင်းမှာ၊ ကိုယ်တော်သည် ဘုရား ဖြစ်သောကြောင့်တည်း။ နှုတ်ကပတ်တော်က ဤသို့ မိန့်တော်မူပါသည်။ “ကိုယ်တော်သည် မျက်မြင်မရသော ဘုရားသခင်၏ပုံသဏ္ဌာန်တော်ဖြစ်သည်။ ဝေနေယျသတ္တဝါအပေါင်းတို့ တွင် သားဦးဖြစ်သည်။ ထိုသခင်အားဖြင့် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူသည်။ ဘုရားသခင်၏ခပ်သိမ်းသောပြည့်စုံခြင်းသည် သားတော်၌ ကျိန်းဝပ်တော်မူ၍ ဘုရားသခင် သည် အားရနှစ်သက်တော်မူသည်” (၇)

” ရှင်မသဲသည်လည်း ခရစ်တော် မွေးဖွားတော်မူခြင်းအကြောင်း ပြောပြပါသည်။ “ထို အကြောင်းအရာဟူမူကား၊ ထာဝရဘုရားသည် ပရောဖက်ဖြင့် ထားတော်မူသော ဗျာဒိတ်တော်ပြည့်စုံမည်အကြောင်းတည်း။ ဗျာဒိတ်တော် အချက်ဟူမူကား၊ ကြည့်ရှုလော့။ သတို့ သမီးကညာသည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကို ဘွားမြင်လတ္တံ့။ ထိုသားကို ဧမာနွေလ အမည်ဖြင့် မှည့်ရကြလတံ့ဟု လာသတည်း။ ဧမာနွေလအနက်ကား၊ ငါတို့နှင့်အတူ ရှိ တော်မူသော ဘုရားသခင်ဟု ဆိုလိုသတည်း။” (၈)

သခင်ယေရှုသည် မိမိ၏ဘုရားဇာတိကို ကိုယ်တော်တိုင် မကြာခဏ သက်သေပြ မူပါသည်။ “အာဗြဟံ မဖြစ်မှီ ငါဖြစ်၏”(၉) “ငါသည် ငါ့ခမည်းတော်နှင့် တလုံးတဝတည်း ဖြစ်သည်ဟု မိန့်တော်မူ၏။”(၁၀) ထို့ပြင်၊ ဘုရားသခင် တစ်ပါးတည်းသာ ပြုနိုင်သည့်အရာ များကိုပြု၍ တန်ခိုးတော်ကို ထင်ရှားပြသတော်မူသည်။ ကိုယ်တော့်ကို တရားစီရင်ရာ၌ စွဲချက်မှာ “ဤသူသည် ဘုရားသခင်၏သားတော်ဖြစ်ယောင်ဆောင်သောကြောင့် (၁၁) ဖြစ်သည်။ ကိုယ်တော့်ကို ဘုရားသခင်၏သားတော်လောဟု မေးရာ၌ “သင်တို့ဆိုသည့် အတိုင်း မှန်သည်ဟု မိန့်တော်မူ၏” (၁၂)။

ကိုယ်တော်သည် လူ့သဏ္ဌာန်ဖြင့် ကြွလာသည့် ဘုရားစင်စစ်ဖြစ်ကြောင်း၊ မည်သည့် သက်သေ ပေးတော်မူပါသနည်း။ ပထမသက်သေမှာ ကိုယ်တော်၏ပြီးပြည့်စုံသော အသက် တာဖြစ်သည်။ “ငါ၌ အပြစ်ရှိကြောင်းကို သင်တို့တွင် အဘယ်သူ ဖော်ပြသနည်း” (၁၃) ဟု မေးတော်မူရာ၊ မည်သူမျှ မဖြေနိုင်ကြပါ။ အကြောင်းမှာ ကိုယ်တော်၏အသက်တာ သည် ပြည့်စုံတော်မူသောကြောင့် ဖြစ်သည်။ ကိုယ်တော်သည် အပြစ်ကင်းတော်မူသည်။ “ငါတို့ခံရသည်နည်းတူ၊ အမျိုးမျိုးသော စုံစမ်းနှောင့်ရှက်ခြင်းတို့ကို ခံဖူးသောသူ ဖြစ်တော်မူ၏” (၁၄)။

ဒုတိယသက်သေမှာ ကိုယ်တော် တန်ခိုးရှိတော်မူကြောင်း သက်သေဖြစ်သည်။ ကိုယ် တော်၏တန်ခိုးသည် အနန္တဘုရားသခင်၏တန်ခိုးတော် ဖြစ်သည်။ ကိုယ်တော်သည် ဂါလိလဲ ပင်လယ်၌ကျနေသော မုန်တိုင်းကို ငြိမ်သက်စေခဲ့သည်။ (၁၅)။သေသောသူကိုရှင်စေ၍ နာသောသူကို ရောဂါပျောက်ကင်းစေတော်မူသည်။ မျက်စိမမြင်ရသူများကိုမြင်စေပြီး၊ ခြေ ဆံ့သောသူများကိုလည်း လမ်းလျှောက်နိုင်အောင် ပြုတော်မူခဲ့ပါသည်။ (၁၆) ကိုယ်တော် ပြသော နိမိတ်လက္ခဏာတော်များက ကိုယ်တော်သည် အလုံးစုံသောသဘာဝတရား၏သခင် ဖြစ်တော်မူသည်ဟူသော အမှန်တရား၏သက်သေ ဖြစ်သည်။ “ထိုသခင်အားဖြင့်၄င်း၊ ထို သခင်အဘို့အလို့ငှါ၎င်း၊ ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းလျက် ဖြစ်ကြ၏။ သားတော် သည်လည်း ခပ်သိမ်းသောအရာမဖြစ်မှီ ဖြစ်တော်မူ၍ ခပ်သိမ်းသောအရာတို့သည် တန်ခိုး တော်အားဖြင့်သာ တည်ကြ၏။”(၁၇) .

တတိယသက်သေမှာ ဗျာဒိတ်တော် ပြည့်စုံခြင်းသက်သေ ဖြစ်သည်။ ကိုယ်တော့်ကို မမွေးဖွားမှီ နှစ်ရာပေါင်းများစွာကတည်းက ဓမ္မဟောင်းကျမ်းမှ ပရောဖက်များသည် ကိုယ်တော့်ကို ဖွားမြင်မည့်နေရာအကြောင်း အတိအကျပြောခဲ့ပါသည်။ (၁၈)။ ကိုယ်တော် အသေခံမည့်ပုံနှင့် မြှုပ်နှံခံရမည့်ပုံများကိုလည်း ပြောခဲ့ကြသည်။ (၁၉)။ကျမ်းစာတွင် ထည့်သွင်းရေးထားခြင်းမရှိသည့် ကိုယ်တော့်၏အသက်တာအသေးစိတ်ကို ပရောဖက်များ ဗျာဒိတ်ပေးထားပါသည်။ ဤပရောဖက်ပြုချက်တစ်ခုစီတိုင်း ပြည့်စုံခဲ့ပါသည်။

စတုတ္ထသက်သေမှာ သေခြင်းမှ ထမြောက်တော်မူသည့်သက်သေဖြစ်သည်။ “သေခြင်း မှထမြောက်မူ၍ သန့်ရှင်းသောဝိညာဉ်အားဖြင့် တန်ခိုးနှင့်တကွ ဘုရားသခင်၏သားတော် ထင်ရှားဖြစ်တော်မူသော ငါတို့သခင်ယေရှုခရစ်တည်းဟူသော မိမိသားတော်”(၂၀)။ ကမ္ဘာ ပေါ်ရှိ ခရစ်ယာန်ဘာသာမဟုတ်သော အခြားဘာသာအမျိုးမျိုးကို ထူထောင်ခဲ့သူများသည် သေဆုံးခဲ့ကြပြီး၊ ၄င်းတို့ကို သင်္ဂြိုဟ်ခဲ့ကြပြီးလည်းဖြစ်သည်။ သို့သော် ခရစ်တော်သည် အသက်ရှင်တော်မူသည်။ ကိုယ်တော် ရှင်ပြန်ထမြောက်ခြင်းသည် အမှန်ဖြစ်သည်။ ကိုယ်တော့်ဂူ၌ ဘာမျှမရှိပါ။

ပဉ္စမသက်သေမှာ ပြောင်းလဲသောအသက်တာများ ဖြစ်သည်။ ဘုရားသခင်၏သား တော်ဖြစ်တော်မူသော ခရစ်တော် တစ်ပါးတည်း၌သာ လူ့နှလုံးသားကို ပြောင်းလဲနိုင်သည့် တန်ခိုး ရှိတော်မူသည်။ ယနေ့တိုင် ပြုတော်မူလျက်လဲ ရှိပါသည်။ ကျမ်းစာက “လူမည်သည် ကား၊ ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သောသတ္တဝါဖြစ်၏။ ဟောင်းသောအရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ” (၂၁)။

ဟုတ်ပါသည်။ ယေရှုခရစ်တော်သည် မိမိကိုယ်ကိုမိမိ ပြောသည့်အတိုင်း ဖြစ်တော် မူသည်။ ဘုရားသခင် ကိုယ်တော်တိုင် လူ့သဏ္ဌာန် ခံယူထားသည်ဟူသော သမ္မာတရား သည် အတိမ်းအစောင်းမခံသော အမှန်တရားဖြစ်ကာ၊ ထိုအမှန်တရားက ကယ်တင်ခြင်း ၏စစ်မှန်မှုကို ထောက်ပြပါသည်။ ဘုရားဖြစ်သောကယ်တင်ရှင်သာလျှင် ကျွန်ုပ်တို့၏ အပြစ်များအတွက် ပြည့်ဝစုံလင်သောယဇ်အဖြစ်၊ အသေခံတော်မူနိုင်ပါသည်။ ဘုရား ဖြစ်သောသခင်သာလျှင် ကျွန်ုပ်တို့ အဘယ်သို့ အသက်ရှင်သင့်ကြောင်း ပြောပြနိုင်ပါသည်။ သေခြင်းမှထမြောက်ကာ ကောင်းကင်ဘုံသို့ တက်ကြွတော်မူသော ဘုရားသခင်၏ သား တော်သာလျှင်၊ ကျွန်ုပ်တို့ ကိုးကွယ်ထိုက်၊ အစေခံထိုက်သော ဘုရား ဖြစ်တော်မူပါသည်။

ယုံကြည်ခြင်းအားဖြင့် သခင်ယေရှုသည် ကျွန်ုပ်တို့၏သခင်နှင့် ကယ်တင်ရှင်ဖြစ်လာ တော်မူသည်။ ကောင်းကင်မြေကြီးပေါ်ရှိ စီရင်ပိုင်သောအခွင့်တန်ခိုးရှိသမျှတို့ကို ကိုယ်တော် ၌ အပ်နှင်းတော်မူသည် (၂၂)။ ကမ္ဘာကြီး၏ဆိုးဝါးသောလက်ရှိစနစ်က ကိုယ်တော်၏ ဘုရားသခင် ဖြစ်တော်မူခြင်းကို အသိအမှတ် မပြုသေးပါ။ ကမ္ဘာပေါ်ရှိ လူသားအများစု သည် စာတန်၏လှည့်စားမှု တန်ခိုးအောက်၌ ရှိနေသည် ဖြစ်သည် (၂၃)။ သို့ရာတွင် ဘုရားသခင် ကျိန်းဝပ်တော်မူသောသူတို့၌ စာနတ်နှင့် မကောင်းဆိုးဝါးတို့အပေါ် လွှမ်း ” သောတန်ခိုးအာဏာ ရှိတော်မူသည်။ တမန်တော် ရှင်ယောဟန်က“အကြောင်းမူကား၊

သင်တို့ဘက်၌ ရှိသောသူသည် လောကဘက်၌ ရှိသောသူထက် သာ၍ ကြီးတော်မူ၏” (၂၄) ကြွေးကြော်ခဲ့၏။

သခင်ယေရှုသည် ကယ်တင်ရှင်ဖြစ်တော်မူသောကြောင့် ကျွန်ုပ်တို့ကို အပြစ်ဒဏ်စီရင် ခြင်းမှ ကယ်တင်တော်မူပါသည် (၂၅)။ သခင်ယေရှုသည် ဘုရားသခင် ဖြစ်တော်မူသော

ကြောင့် ကျွန်ုပ်တို့ နေ့စဉ် လျှောက်လှမ်းစဉ် အပြစ်ကို အောင်နိုင်သောတန်ခိုးအား ကျွန်ုပ် တို့ကို ပေးတော်မူပါသည် (၂၆)။ တစ်နေ့သော်၊ ကျွန်ုပ်တို့ကို ကိုယ်တော့်ထံသို့ သိမ်းဆည်း

တော်မူပါမည်။ သခင်ယေရှုသည် ဘုရားသခင် ဖြစ်တော်မူသောကြောင့်သာ ကိုယ်တော့် ကို ကျွန်ုပ်တို့၏ကယ်တင်ရှင်နှင့် ဘုရားသခင်အဖြစ် လက်ခံသောအချိန်မှသာလျှင်၊ ဤ မင်္ဂလာရှိသော အာမခံ စိတ်ချရမှုနှင့် မျှော်လင့်ချက်ကို ကိုယ်တော် နှင်းအပ်တော်မူမည် ဖြစ်ပြီး၊ ကျွန်ုပ်တို့လည်း လက်ခံရရှိနိုင်မည်ဖြစ်သည် (၂၇)။ ။

ဘုရားသခင်အကြောင်းဖြစ်သော သမ္မာတရားကို ကျွန်ုပ်တို့ အဘယ်သို့ သိနိုင်ပါမည် နည်း၊ ဘာသာရေးသည် လူတစ်ယောက်နှင့်ဆိုင်သည့် ယူဆချက်တစ်ရပ်မျှသာလော။ သမ္မာကျမ်းစာက “မဟုတ်ဘူး” ဟု ပြောပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား မိမိ ကိုယ်ကို မည်သူဖြစ်ကြောင်း ဖော်ပြတော်မူပြီးဖြစ်၍ သမ္မာကျမ်းစာက ကျွန်ုပ်တို့သည် သမ္မာတရားကို သိနိုင်သည်ဟု ဆိုပါသည်။

ဧဒင်ဥယျာဉ်ထဲ၌ လူသားတို့ကျဆုံးပြီးကတည်းက ဘုရားသခင်သည် မိမိကိုယ်ကို သမိုင်း၌ ဆက်၍ ဖော်ပြနေပါသည်။ ဘုရားသခင်သည် အာဗြဟံကို ရွေးချယ်တော်မူခဲ့ ပြီး၊ ထိုမှ လူမျိုးကြီးတစ်မျိုးဖြစ်လာခဲ့ပါသည်။ ဘုရားသခင်သည် မိမိရွေးချယ်တော်မူသော လူမျိုးတော်ကို အီဂျစ်ပြည်မှ မယုံနိုင်လောက်အောင် ကယ်နှုတ်တော်မူခဲ့သည်။ မောရှေ ၏ဦးဆောင်မှုအောက်၌ လူမျိုးတော်သည် ပင်လယ်နီကို ကျော်ဖြတ်ခဲ့ကြသည်။ ဘုရား သခင်သည် ပညတ်တော် (၁၀)ပါးကို ၄င်းတို့အတွက် ပေးခဲ့သည်။ ကိုယ်တော်သည် ဣသ ရေလလူမျိုးတို့ကို ပရောဖက်များလည်း ပေးခဲ့ပါသည်။ ထိုပရောဖက်တို့၏လူတို့ကို စေ့ ဆော်သော ဗျာဒိတ်တော်များကို လူတို့သည် လုံးဝ ယုံကြည်ကိုးစားထိုက်သည်။

သို့သော်လည်း ဘုရားသခင်သည် မိမိ၏သားတော် ယေရှုခရစ်တော်အဖြစ် ကိုယ့်ကိုယ် ကို ဖော်ပြတော်မူပါသည်။ “ဘုရားသခင်ကို အဘယ်သူမျှ မမြင်စဖူးသော်လည်း၊ ခမည်း တော်၏ရင်ခွင်၌ရှိသော တစ်ပါးတည်းသောသားတော်သည် ဘုရားသခင်ကို ထင်ရှားစေ တော်မူပြီ” (၂၈)။ ဘုရားသခင်သည် ထူးဆန်းသော နိမိတ်လက္ခဏာတော်များအားဖြင့် သော်လည်းကောင်း၊ ယေရှုကို သေခြင်းမှ ပြန်ရှင်စေခြင်းအားဖြင့်သော်လည်းကောင်း သခင် ယေရှုကို ဘုရားသားတော်စင်စစ်ဖြစ်ကြောင်း အတည်ပြုတော်မူပါသည် (၂၉)။

လူ့လက်ဖြင့် ရေးသားသည့် ဘုရားသခင်၏နှုတ်ကပတ်တော်ကို သန့်ရှင်းသောဝိညာဉ် တော်၏လမ်းညွှန်မှုအောက်၌ ပြင်ဆင်တော်မူခဲ့သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ကျမ်းရေးသူများ၏အရေးအသား၊ ဘုရားသခင်၏ဗျာဒိတ်တော်မှ မသွေဖယ်သွားစေရန် – ထိန်းချုပ်ပဲ့ပြင်ထားသည်။ သို့မှသာ ၄င်းတို့အား ဘုရားသခင် မှတ်တမ်းတင်စေလိုသည့် အကြောင်းအချက်များကို အတိအကျ ပေးသိနိုင်ပေမည်။ “ကျမ်းစာ၌ပါသော အနာဂတ္တိ စကား မည်သည်ကား ကိုယ်အလိုအလျောက် အနက်မပေါ်ဟု ရှေးဦးစွာသိမှတ်ကြလော့။ အကြောင်းမူကား အနာဂတ္တိစကားသည် လူအလိုအားဖြင့် ဖြစ်ဘူးသည်မဟုတ်။ ဘုရား သခင်၏သန့်ရှင်းသူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏တိုက်တွန်းတော်မူခြင်းကို ခံရ၍ ဟောပြောကြ၏” (၃၀)။ ကျမ်းစာရေးသူများသည် ၄င်းတို့၏ခေတ်အခါ၌ ရေးသားကြ သော်လည်း ရေးသားထားသည့်စကားလုံးများ၊ အတွေးများကို ဝိညာဉ်တော် မှုတ်သွင်း ထားကာ ကိုယ်တော် ရည်ရွယ်သည့်အတိုင်း မလွဲတမ်း မှတ်တမ်းတင်ထားကြောင်း သေ ချာအောင် ဘုရားသခင် လုပ်တော်မူသည်။ ““ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ် သွင်းတော်မူသောအားဖြင့် ဖြစ်၍… ဩဝါဒပေးခြင်း၊ အပြစ်ကို ဘော်ပြခြင်း၊ ဖြောင့် မတ်စွာ ပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်း ကျေးဇူးများကို ပြုတတ်၏” (၃၁)။ ( သမ္မာကျမ်းစာသည် ဝိညာဉ်တော် မှုတ်သွင်းထားသည့် နှုတ်ကပတ်တော် ဖြစ်သဖြင့် ကွဲလွဲဆန့်ကျင်မှုမရှိသကဲ့သို့၊ မှားယွင်းသည့်သွန်သင်မှုလည်း မပါပါ။ အကြောင်းမှာ ဘုရားသခင်သည် မုသား မပြောပါ။ သမ္မာကျမ်းစာ၏အသေးစိတ်အချက်အလက်တိုင်းကို နား လည်ချင်မှ နားလည်ပါမည်။ သမ္မာကျမ်းစာသည် ဘုရားသခင်၏နှုတ်ကပတ်တော် ဖြစ် သည့် လူ့အကြံအစည်၊ လူ့စိတ်ကူး မဟုတ်ဟူသည့်အချက်ကို မျက်ခြေမပြတ်ရပါ။

သခင်ယေရှုသည် ဓမ္မဟောင်းကျမ်းကို တစိုက်မတ်မတ် ကိုးကားတော်မူပြီး ၄င်းသည် ဝိညာဉ်တော် မှုတ်သွင်းထားသည့် ဘုရားသခင်၏နှုတ်ကပတ်တော် ဖြစ်ကြောင်း ရှင်းရှင်း လင်းလင်း သိစေပါသည်။ ခရစ်တော်နောက်သို့ လိုက်သည့် ကျွန်ုပ်တို့သည်လည်း ကိုယ်တော့်နည်းတူ သမ္မာကျမ်းစာအပေါ် အလေးထားသောအမြင် ရှိရကြမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ အသက်တာများကို ပြောင်းလဲစေသောတန်ခိုး ရှိတော်မူပါသည် (၃၂)။

နှုတ်ကပတ်တော်ကို ကောင်းကြီးပေးမည်ဟု ဘုရားသခင် ကတိ ရှိပါသည်။ ကျွန်ုပ် တရားဟောရာတွင် ကျမ်းချက်များကို အကြိမ်ကြိမ် ကိုးကားဖူးပါသည်။ တခါတရံ ထိုသို့ ကိုးကားမည်ဟု ကြိုတင် မစဉ်းစားထားသည်များလည်း ရှိပါသည်။ သို့သော်လည်း တရား ‘ဟောပြီးသွားသည့်အခါ တစ်ယောက်ယောက်က သန့်ရှင်းသောဝိညာဉ်တော်သည် ထိုကျမ်း ချက်ဖြင့် ကျွန်ုပ်ကို သေချာသွားစေသည်။ သို့မဟုတ် ယုံကြည်စေသည်ဟု လာပြောသည် များလည်း ရှိဖူးပါသည်။ “ငါ၏နှုတ်ကပတ်တော်သည် မီးကဲ့သို့၎င်း၊ ကျောက်ကို ထုချေ သော သံတူကဲ့သို့၄င်း၊ ဖြစ်သည်မဟုတ်လောဟု ထာဝရဘုရား မိန့်တော်မူ၏” (၃၃)။

လသာသောညတစ်ညတွင် ကျွန်ုပ်သည် ကျမ်းစာအုပ်နှင့်အတူ ကယ်လီဖိုးနီးယား ပြည်နယ်ရှိ တောင်တန်းများပေါ်သို့ တစ်ဦးတည်း လမ်းလျှောက်ထွက်ခဲ့ပါသည်။ ကျမ်းစာ အုပ်ကို သစ်ငုတ်တိုတခုပေါ်တင်ကာ ဆုတောင်းပါသည်။ “အိုအဖ ဘုရားသခင်၊ ဤ ကျမ်းစာပါ အရာခပ်သိမ်းကို ကျွန်တော် နားမလည်ပါဘူး။ ဒါပေမယ့်လည်း အသက်ရှင် တော်မူသော ဘုရား၏နှုတ်ထွက်စကားဖြစ်ကြောင်း ယုံကြည်ခြင်းနဲ့ လက်ခံပါတယ်”။ ထို အခိုက်အတန့်မှစ၍ သမ္မာကျမ်းစာသည် ဘုရားသခင်၏နှုတ်ကပတ်တော်ဖြစ်သည်ကို သံသယ မရှိတော့ပါ။ လူအများ၏အသက်တာ၌ ဘုရားသခင်၏နှုတ်ကပတ်တော်၏လုပ်ဆောင်မှုတန်ခိုးကို ကျွန်ုပ် မျက်ဝါးထင်ထင် မြင်ရသဖြင့်၊ ဤအချက်ကို ကျွန်ုပ်၌ အတည် ဖြစ်စေတော်မူပါသည်။

ကျွန်ုပ်တို့ကို ခေါ်တော်မူခြင်းနှင့် ကျွန်ုပ်တို့၏အစွမ်းသည် အမှားကင်းသော ဘုရား သခင်၏နှုတ်ကပတ် ဖြစ်သော သမ္မာကျမ်းစာမှလာပါသည်။ ဤသမ္မာကျမ်းစာ၌ပင် သခင် ယေရှုကို ဖော်ပြတော်မူသည်။ ကိုယ်တော့်ကို ကျွန်ုပ်တို့ ယုံကြည်ကြသည်၊ ကိုးစားကြသည်။ ကယ်တင်ပိုင်ရှင်အဖြစ် အခိုင်အမာ ပြောသည်။ ကျွန်ုပ်တို့၏သခင်အဖြစ် အခြားသူများ ရှေ့၌ နှုတ်ဖြင့် ဝန်ခံကြပါသည်။ ကိုယ်တော်သည် မနေ့၊ ယနေ့၊ နောင်ကာလ ထာဝရ ပြောင်းလဲခြင်း မရှိပါ (၃၄)။

ဤသည်ကား ကျွန်ုပ်တို့ ကြွေးကြော်သည့် သမ္မာတရား၏အခြေခံအုတ်မြစ် ဖြစ်ပါ သည်။ ဤသမ္မာတရား၌ ကျွန်ုပ်တို့ ဝမ်းမြောက်ကြသည်။

၁။ မ ၁၆း၁၆

၂။ ယော ၁း၄၊ ၉

၃။ ယော ၈း၁၂

၄။ ယော ၁း၂၉

၅။ ယော ၁း၁

၆။ ယော ၈း၅၈

၇။ ကော၁း၁၅-၁၆၊၁၉

၈။ မ ၁း၂၂-၂၃

၉။ ယော ၈း၅၈

၁၀။ ယော ၁ဝး၃၀

၁၁။ ယော ၁၉း၇၊မာ ၄း၃၅-၄၁

၁၂။ လု ၂၂း၇၀၊ လု ၈း၂၂-၂၅

၁၃။ ယော ၈း၄၆

၁၄။ ဟေ ၄း၁၅၊ မာ ၁း၄၀-၂း၁၂

၁၅။ မ ၈း၂၃-၂၇၊ လု ၇း၁၂-၁၅

၁၆။ မ ၈း၁-၁၃

၁၇။ ကော ၁း၁၆-၁၇

၁၈။ မိ ၅း၂

၁၉။ ဆာ ၂၂၊ ဟေ ၅၃

၂၀။ ရော ၁း၄

၂၁။ ၂ကော ၅း၁၇

၂၂။ မ ၂၈း၁၈

၂၃။ ဧ ၂း၂

၂၄။ ၁ယော ၄း၄

၂၅။ မ ၁း၂၁၊ တ ၂း၃၂

၂၆။ ဟေ ၇း၂၅

၂၇။ ရော ၁ဝး၉

၂၈။ ယော ၁း၁၈

၂၉။ လု ၂၄း၄၄-၄၈

၃၀။ ၂ပေ ၁း၂၀-၂၁

၃၁။ ၂တိ ၃း၁၆-၁၇

၃၂။ ၁ကော ၂း၁-၅

၃၃။ ယေ ၂၃း၂၉

၃၄။ ဟေ ၁၃း၈

 

အမှတ် ( ၂၁၉ ) အောင်သုခလမ်း၊

( ၉ ) မိုင်၊ မရမ်းကုန်းမြို့နယ်

ရန်ကုန်မြို့

 

Leave a Reply

Your email address will not be published. Required fields are marked *