Rev.စောထွန်းထွန်းလင်း – Rev.Dr.စောစေးခူ
ဖိလိပ္ပိဩဝါဒစာစောင်ကိုလေ့လာ
ခြင်း
မာတိကာ
အမှာစာ (Rev:စောထွန်းထွန်းလင်း)
၁။ အပိုင်း ၁၊ ဖိလိပ္ပိ ၁း၃-၈
အပိုင်း ၂၊ ဖိလိပ္ပိ ၁း၉-၁၁ (ရှင်ပေါလု၏ ဆုတောင်းချက်)
၃။ အပိုင်း ၃၊ ဖိလိပ္ပိ ၁း၁၂- ၂၀ (ရှင်ပေါလု၏ ခံယူယုံကြည်ချက်)
၄။ အပိုင်း ၄၊ ဖိလိပ္ပိ ၁း၂၁-၂၆ (ရှင်ပေါလု၏ ဆောင်ပုဒ်)
၅။ အပိုင်း ၅၊ ဖိလိပ္ပိ ၁း၂၇-၂၉ (ရန်လိုသော ပတ်ဝန်ကျင်၌နေထိုင်သော ခရစ်ယာန်များအတွက် လမ်းညွှန်ချက်)
၆။ အပိုင်း ၆၊ ဖိလိပ္ပိ ၂:၁-၄(ယုံကြည်သူများ စည်းလုံးညီညွတ်စွာ နေထိုင်ပါ)
၇။ အပိုင်း ၇၊ ဖိလိပ္ပိ ၂:၅-၁၁ ၊(ယေရှုခရစ်တော်၌ရှိသော စိတ်သဘောထားများ)
၈။ အပိုင်း ၈၊ ဖိလိပ္ပိ ၂:၁၂-၁၈(ခရစ်ယာန်တို့၏ ရင့်ကျင့်ခြင်းအသက်တာ)
၉။ အပိုင်း ၉၊ ဖိလိပ္ပိ ၂:၂၅-၃၀
၁၀။ အပိုင်း ၁၀၊ ဖိလိပ္ပိ ၃:၁-၃
၁၁။ အပိုင်း ၁၁၊ ဖိလိပ္ပိ ၃၄-၁၁
၁၂။ အပိုင်း ၁၂၊ ဖိလိပ္ပိ ၃း၁၂-၁၆
၁၃။ အပိုင်း ၁၃၊ ဖိလိပ္ပိ ၃း၁၇-၂၁ (ကောင်းကင်နိုင်ငံသားဖြစ်ခြင်း)
၁၄။ အပိုင်း ၁၄၊ ဖိလိပ္ပိ ၄:၁-၁၃(ခရစ်တော်၌ စည်းလုံးညီညွတ်ခြင်း)
အမှာစာ
၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက်နေ့တွင် COVID-19 ရောဂါပိုးကို မြန်မာနိုင်ငံတွင် စတင်တွေ့ရှိခဲ့ပါသည်။ မြန်မာနိုင်ငံတွင် ထိုကပ်ဘေးရောဂါ ကူးစက်မှုကို ထိန်းချုပ်နိုင်ရန် ခရစ်ယာန်ဘုရားရှိခိုးကျောင်း အပါ အဝင် ဘာသာရေးအဆောက်အအုံများကို ပိတ်ခဲ့ကြရပါသည်။ ထိုအချိန်မှ စ၍ အသင်းတော်များသည် အင်တာနက်ကို အသုံးပြု၍ ဟောပြောခြင်း၊ သင်ကြားခြင်း၊ ဝတ်ပြုကိုးကွယ်ခြင်းများကို ပြုကြရပါသည်။ ကျွန်တော် သည် ကံဘဲ့ နှစ်ခြင်းခရစ်ယာန် အသင်းတော်၏ ဧဝံဂလိ တာဝန်ခံဖြစ်ပါ သည်။ ကျွန်တော် ဧဝံဂလိအဖွဲ့ ဦးဆောင်ပြီး တနင်္ဂနွေနေ့တိုင်း ဝတ်ပြု အစည်းအဝေးမစမီ နာရီဝက်ခန့် ကျမ်းစာသင်ကြားပေးပါသည်။ ယခုကဲ့သို့ အသင်းတော်ကို ပိတ်ထားရသော အချိန်တွင် နှုတ်ကပတ်တော် သင်ကြား ခြင်းကို မည်သို့လုပ်ဆောင်ရမည်ကို စဉ်းစားပြီး ဘုရားသခင်ထံ ဆုတောင်း ခဲ့ပါသည်။ ဖိလိပ္ပိသြဝါဒစာ လေ့လာသည့် သင်ခန်းစာများကို Video ရိုက်ကူးပြီး Internet မှာ ထုတ်လွှင့် ဘုရားသခင် နှိုးဆော်သောကြောင့် ရက်သတ္တပတ် တစ်ပတ်လျှင် သင်ခန်းစာနှစ်ပုဒ် ရိုက်ကူးပြီး ထုတ်လွှင့် ခဲ့ပါသည်။ သင်ခန်းစာများ ပြင်ဆင်ရန် အိမ်မှာရှိသော Study Bible သုံး၊ အုပ်ကို လေ့လာပြီး You Tube မှ ထုတ်လွှင့်သည့် ဖိလိပ္ပိသြဝါဒ သင်ခန်း စာများကိုလည်း ကြည့်ရှု နားဆင်ခဲ့ပါသည်။ သန့်ရှင်းသော ဝိညာဉ်တော် လမ်းပြသောကြောင့် သင်ခန်းစာများကို ကောင်းစွာပြင်ဆင်ပြီး ရိုက်ကူး နိုင်ခဲ့ပါသည်။
၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ၏ လဆန်းပိုင်းတွင် Rev: စောထွန်း၊ ထွန်းလင်းသည် ကျွန်တော့်ကို ဆက်သွယ်၍ ဖိလိပ္ပိသြဝါဒ စာသင်ခန်းစာ များကို ပုံနှိပ်ထုတ်ဝေရန် တိုင်ပင်ခဲ့ပါသည်။ ကျွန်တော်၏ သင်ခန်းစာများ တွင် ဆရာတော် စောထွန်းထွန်းလင်း လေ့လာသိရှိထားသော ပုံသာဓက များကို ပေါင်းစပ်ဖြည့်စွက်ပြီး ထုတ်ဝေမည် ဖြစ်သောကြောင့် ပို၍ ပြည့်စုံသော သင်ခန်းစာများ ဖြစ်လာပါသည်။ ကျွန်တော်သည် မြန်မာ့တမန် စာစောင်နှင့် အလင်းအိမ် စာစောင်တို့တွင် ဆောင်းပါးနှင့် တရားဟောချက် များ ရေးသားဖူးသော်လည်း လုံးချင်းစာအုပ်အနေဖြင့် တစ်ခါမျှ မထုတ် ဖူးခဲ့ပေ။ ဤအခွင့်အရေးကို ရသောကြောင့် အဘဘုရားသခင်၏ ကျေးဇူးတော်ကို ဝမ်းမြောက်စွာ ချီးမွမ်းပါသည်။ စာအုပ်ထုတ်ဝေနိုင်ရန် အားတက် သရော ဆောင်ရွက်ပေးသော ဆရာတော် ထွန်းထွန်းလင်းကိုလည်းကျေးဇူးတင်ပါသည်။ ကျွန်တော်သည် အမြင်အာရုံ အားနည်းသောကြောင့် စာအုပ်များကို ဖတ်ပြပေးသော ကျွန်တော်၏ဇနီး ဒေါ်အေးမြလွင်ရှိန်နှင့် Video ရိုက်ကူး တည်းဖြတ်ပေးသော ကျွန်တော်၏သမီးငယ် နော်ဂျူလီ `ယာအေးကိုလည်း ကျေးဇူးတင်ရှိပါသည်။ အာဟာရပြည့်ဝသော ဝိညာဉ် အစာများကို အရသာရှိစွာ သုံးဆောင်နိုင်ရန် ထုတ်ဝေထားသည်ဖြစ်၍ စာရှုသူများအားလုံး ကောင်းကျိုးချမ်းသာ ခံစားရမည်ဟု ယုံကြည်မျှော် လင့်ပါသည်။ စာရှုသူအားလုံးသည် ယေရှုခရစ်တော်၏ ကယ်တင်ခြင်းကျေးဇူးတော်ကို ရရှိပြီး အသက်တာ ရင့်ကျက်လျက် အမှုတော်မြတ်တွင် ဝမ်းမြောက်စွာ ပါဝင်နိုင်ကြပါစေဟု ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။
Rev. Dr. စောစေးခူ – ၁၄-၉-၂၀၂၀
အမှာစာ (ထောင်တွင်းမှ မေတ္တာစာ)
ကိုဗစ်ကာလအတွင်း အသင်းတော်များ ဝတ်ပြုကိုးကွယ်ခွင့် မရရှိသော အခါ အင်တာနက်ကို အသုံးပြုပြီး ဝတ်ပြုကိုးကွယ်ခြင်း၊ သမ္မာကျမ်းစာ လေ့လာခြင်း အစီအစဉ်များကို ပြန်လည်ပြုလုပ်နေရပါသည်။ ထိုအထဲမှ လုပ်ဖော်ကိုင်ဖက် Rev. Dr. စောစေးခူ၏ ဖိလိပ္ပိသြဝါဒစာစောင်ကို လေ့ လာဖြစ်ရာ ဆရာ့ခွင့်ပြုချက်နှင့် ဒီစာအုပ်ကို ထုတ်ဝေဖို့ ဖြစ်လာရပါသည်။ ဤစာအုပ် ထုတ်ဝေရခြင်း၏ ရည်ရွယ်ချက်မှာ ယုံကြည်သူ ခရစ်ယာန် များ သမ္မာကျမ်းစာ၏ မူရင်းအဓိပ္ပာယ်များကို မှန်ကန်တိကျစွာ သိရှိဖို့ရန် ဖြစ်သည်။ ယနေ့ အသင်းတော်များရှိ ဆရာအချို့၏ သွန်သင် သင်ကြား ခြင်းများသည် အသင်းသူ အသင်းသားများအတွက် ဝိညာဉ်ရေးရာ ရှုပ်ထွေး မှုများ၊ ကွဲပြားမှုများ အသင်းတော်တိုင်း ရင်ဆိုင်နေရချိန် ဖြစ်ပါသည်။ ဗေရီမြို့သားတို့သည် သက်သာလောနိတ် မြို့သားတို့ထက် ထူးမြတ်သဖြင့် အလွန်ကြည်ညိုသော စေတနာစိတ်နှင့် နှုတ်ကပတ်တော်ကို ခံယူ၍ မှန် သည်၊ မမှန်သည်ကို သိခြင်းငှာ ကျမ်းစာကို နေ့တိုင်း အစဉ် စေ့စေ့ကြည့် ရှုကြ၏ (တမန် ၁၇း၁၁)။
လူနှစ်မျိုးသာရှိတယ်။ ပထမ အမျိုးအစားက သင်ယူသူနှင့် ဒုတိယ အမျိုးအစားက မသင်ယူ သူတို့ပါပဲ။ သင်ယူသူဟာ အနိုင်အရှုံးကို ဘယ်လိုမှ သဘောမထားဘူး။
ပြဿနာတွေကို သူက စိန်ခေါ်မှုလို့ပဲ ယူဆတယ်။ ဒုတိယ အမျိုးအစား မသင်ယူတွေကတော့ ဦးနှောက်ကို ပိတ်ထားတယ်။ မိမိသိတာ တတ်တာနဲ့ကျေနပ်နေကြတယ်။ နောက်ထပ် မသင်ယူလိုကြဘူး။ သူတို့ရဲ့ အဓိက အားနည်းချက်ကတော့ ပြဿနာကို ရင်မဆိုင်ချင်တာပါပဲ။ သူတို့ကိုယ် သူတို့ တော်တယ်၊ တက်တယ် ထင်နေကြတယ်။ ဆုံးရှုံးမှာကို ကြောက်ပြီး မသင်ယူကြဘူး။ ဒီစာအုပ်ဟာ သင်ယူလိုသူတွေအတွက်ပဲ ဖြစ်ပါတယ်။ ကိုဗစ်ကာလအတွင်း ချစ်ခြင်းအားဖြင့်
Rev. စောထွန်းထွန်းလင်း – ၂၁-၉-၂၀၂၀
(ဖိလိပ္ပိသြဝါဒစာ)
(အကျဉ်းချုပ်ကောက်နုတ်ချက်)
(၁) ရှင်ပေါလု၏ နှုတ်ဆက်စကား (၁း၁-၁၁) ၊
(၂) ရှင်ပေါလု၏ အခြေအနေများ (၁း၁၂-၂၆)
(၃) ရှင်ပေါလု၏ တိုက်တွန်းအားပေးခြင်း (၁း၂၇-၂း၁၈)
(က) နှိပ်စက်ညှဉ်းဆဲခြင်း အလယ်၌ မြဲမြံစွာ ရပ်တည်ရန်(၁း၂၇-၃၀)
(ခ) နှိမ့်ချခြင်းအားဖြင့် စည်းလုံးမှုရှိရန် (၂း၁-၄) ၊
(ဂ) ခရစ်တော်၏ ပုံသက်သေများကို သတိရရန် (၂း၅-၁၁)
(ဃ) အမှောင်လောကတွင် အလင်းဖြစ်ရန် (၂း၁၂-၁၈)
(၄) ရှင်ပေါလု၏ လုပ်ဖော်ဆောင်ဖက်များ (၂း၁၉-၃၀) ၊
(က) တိမောသေ (၂း၁၉-၂၄) ၊
(ခ) ဧပဖြာဒိတ် (၂း၂၅-၃၀)
(၅) ရှင်ပေါလု၏ သတိပေးခြင်းများ (၃း၁-၄:၁) ၊
(က) အကျင့်ကျင့်ခြင်း သွန်သင်မှုကို ရှောင်ရှားရန် (၃း၁-၁၆)
(ခ) ပညတ်တော်များကို မလိုက်နာခြင်းအား ရှောင်ရှားရန်(၃း၁၇-၄:၁)
(၆) ရှင်ပေါလု၏ ဆုံးမခြင်း (၄:၂-၉) ၊
(၇) ရှင်ပေါလု၏ ကျေးဇူးတင်ခြင်း (၄:၁၀-၁၂)၊
(၈) ရှင်ပေါလု၏ နှုတ်ဆက်ခွဲခွာစကား (၄:၂၁-၂၃)
ဖိလိပ္ပိသြဝါဒ စာစောင်အား လေ့လာခြင်း
သမိုင်းနောက်ခံ
ဖိလိပ္ပံမြို့သည် မာကေဒေါနိပြည်၏ အရှေ့ဘက်တွင်ရှိပြီး ဂရိပင်လယ် မှ ကုန်းတွင်းပိုင်းဒေသသို့ ဆယ်မိုင်အကွာအဝေးတွင် တည်ရှိပါသည်။ ကြီးမြတ်သော အလက်ဇင်းဒါး၏ဖခင် မာကေဒေါနိအရပ်မှ King Philip II အား ဂုဏ်ပြု၍ သူ၏နာမည်ဖြင့် သမုတ်၍ ဖိလိပ္ပံမြို့ဟူ၍ ခေါ်တွင် ခဲ့ခြင်း ဖြစ်သည်။ ရှင်ပေါလု၏ အချိန်ကာလတွင် ရောမမြို့၏ အရေးပါသော မြို့နှင့် စစ်တပ်အခြေစိုက်သည့် နေရာလည်း ဖြစ်သည်။ ဖိလိပ္ပံ အသင်းတော်သည် ရှင်ပေါလုနှင့် သူ၏ လုပ်ဖော်ဆောင်ဖက်များ (သိလ၊ တိမောသေ၊ လုကာ) အားဖြင့် သူ၏ တရောမြို့၌ ခံရသော ဘုရားသခင်၏ ရူပါရုံကို တုံ့ပြန်သော (တမန် ၁၆း၉-၄၀) ဒုတိယခရီးစဉ်တွင် ဖြစ်ပေါ် လာခြင်း ဖြစ်သည်။ ဖိလိပ္ပံအသင်းတော်နှင့် တမန်တော် ရှင်ပေါလုတို့ကြား တွင် ခိုင်မာသည့် ချစ်ခင်ပေါင်းသင်းမှု ဖြစ်ပေါ်လာခဲ့သည်။ ဖိလိပ္ပံအသင်းတော်သည် ရှင်ပေါလုအား (အကျဉ်းကျခံရစဉ်) ငွေရေးကြေးရေးအားဖြင့် ကူညီမစမှုကို အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြပြီး (၂ကော ၁၁း၉၊ ဖိ ၄း၁၅-၁၆) ယေရုရှလင်မြို့ရှိ ဆင်းရဲဒုက္ခရောက်နေသော ခရစ်ယာန်များကို ကူညီရန် တောင်းခံလာသော ရှင်ပေါလု၏ တောင်းခံမှုကို ရက်ရောစွာ ပါဝင်လှူဒါန်းခဲ့ကြသည် (၂ကော ၈း၁-၉)။ ရှင်ပေါလုသည် သူ၏တတိယ သာသနာပြု ခရီးစဉ်တွင် ဖိလိပ္ပံအသင်းတော်သို့ နှစ်ကြိမ်သွားရောက်ခဲ့သည်ဟု ထင်မှတ်ရပါသည် (တမန် ၂၀း၁၊ ၃၊ ၆)။ ဖိလိပ္ပံမြို့ ကို ရောမအုပ်ချုပ်မှု အတိုင်း အုပ်ချုပ်လျက် ဖိလိပ္ပိမြို့သူမြို့သားအားလုံး ရောမနိုင်ငံသား ဖြစ်ခွင့်ရရှိကြသည်။ ရှင်ပေါလု ဖိလိပ္ပံမြို့ ရောက်ရှိချိန် ဒုတိယသာသနာပြု ခရီးစဉ်တွင် ဖြစ်သောကြောင့် (အေဒီ ၄၉-၅၀) ဖြစ်နိုင်ပြီး တတိယသာသနာ ပြု ခရီးစဉ် အေဒီ(၆၀-၆၂)တွင် အကျယ်ချုပ်နဲ့ ထောင်ကျစဉ် ဖိလိပ္ပံ သြဝါဒ စာစောင်ကို ရေးသားခဲ့ကြောင်း ဖော်ပြလိုက်ပါသည်။ အကျဉ်း ထောင်တွင် ရေးသားခဲ့သော စာစောင်ပင် ဖြစ်သည်။
အပိုင်း (၁)
နိဒါန်း
နှုတ်ဆက်ခြင်း = ဖိလိပ္ပိ ၁း၁-၂
ယေရှုခရစ်၏ ကျွန်ဖြစ်သော ပေါလုနှင့် တိမောသေသည် ဖိလိပ္ပံမြို့၌ ရှိသော သင်းအုပ်နှင့် သင်းထောက်တို့မှစ၍ ယေရှုခရစ်၏ သန့်ရှင်းသူ အပေါင်းတို့အား ကြားလိုက်ပါ၏။ သခင်ယေရှုခရစ်နှင့် ငါတို့ အသာတည်း ဟူသော ဘုရားသခင်အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။
၁။ ဖိလိပ္ပိ ၁း၁ = ယေရှုခရစ်၏ကျွန် ပေါလုနှင့် တိမောသေ အစေခံကျွန် ၊
မိမိစိတ်ဆန္ဒအတိုင်း သခင်တစ်ဦးထံမှ တစ်သက်လုံး အစေခံမည်ဟု ဆုံးဖြတ်ထားသောသူကို ခေါ်ဆိုပါသည်။ သခင်ယေရှုသည် လူသားတစ်ရပ်လုံး၏ အပြစ်ကြွေးကြောင့် လက်ဝါး ကပ်တိုင်ပေါ်တွင် အသေခံပြီး ရှင်ပြန်ထမြောက်ခဲ့သော ဘုရားဖြစ်ပါ သည်။ ပညတ်တရား ကျိန်ခြင်းလက်မှ ရွေးနုတ်ကယ်တင်ခဲ့ပါသည်။ ထို သခင်ကို လက်ခံယုံကြည်သော ယုံကြည်သူများသည် မိမိတို့ကိုယ် မိမိတို့ မပိုင်ကြောင်း ၁ကော ၆း၁၉ တွင် ဖော်ပြခဲ့ပါသည်။ လူသားအားလုံး၏ ပိုင်ရှင်သည် သခင်ယေရှုပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အသွေးတော်နှင့်ရွေးပြီး ဝယ်ယူထားသောကြောင့် ဖြစ်ပါသည်။ ထိုပိုင်ရှင် သခင် ယေရှုသည် အတင်းအကျပ် စေခိုင်းတဲ့သခင် မဟုတ်ပါ။ ထို့ကြောင့် သခင်ယေရှု၏ ကျေးဇူးတော်ကို သိပြီး အစေခံနေကြသော ယုံကြည်သူ ခရစ် ယာန်များဟာ သခင်ယေရှု၏ အစေခံကျွန်များ ဖြစ်ကြသည်။ သေခြင်းမှ ရွေးနုတ်၍ ဝယ်ယူထားတဲ့ သခင်ကို မေတ္တာနဲ့ အစေခံခြင်းသာ ဖြစ်ကြ ပါသည်။
၂။ ဖိလိပ္ပံ ၁း၁ = သန့်ရှင်းသူ အပေါင်းတို့ကို ကြားလိုက်ပါ၏။ သန့်ရှင်းသူအပေါင်း
ကျွန်တော်တို့၏ မိတ်ဆွေများဖြစ်သော ရိုမန်ကက်သလစ် ဘာသာ ဝင်များကတော့ သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့် ကိုက်ညီမှု ရှိသော သူများကိုသာ သန့်ရှင်းသူ(သူတော်စင်) ဟု သတ်မှတ်ကြပါသည်။
အခြားခရစ်ယာန် အသင်းတော်များကတော့ သခင်ယေရှုကို မိမိ၏ ကယ် ၊ တင်ပိုင်ရှင်အဖြစ် ယုံကြည်ပြီး အသက်ရှင်သော ယုံကြည်သူများအားလုံးကို သန့်ရှင်းသူများအဖြစ် သတ်မှတ်ကြပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုယုံကြည်သူသည် သခင်ယေရှု၏ အသွေးတော်နှင့် ဆေးကြောပြီးသားကျေးဇူးတော်ကြောင့် ကယ်တင်ခြင်း ရရှိခြင်းကြောင့်ပင် ဖြစ်သည်။ သတိ ချပ်ရမည်မှာ ဘုရားက သန့်ရှင်းသူဟု သတ်မှတ်ထားသောကြောင့် ယုံ ကြည်သူအားလုံး သန့်ရှင်းစွာ အသက်ရှင်ဖို့ တာဝန်ရှိလာပါသည်။ မိမိ ကိုယ်မိမိ သန့်ရှင်းစွာ အသက်ရှင်ပြီး သန့်ရှင်းသူ ဖြစ်လာတာ မဟုတ်ပါ။ ဘုရားက ယုံကြည်သူအားလုံးကို သန့်ရှင်းသူဟု သတ်မှတ်ထားသော ကြောင့်ပင် ဖြစ်ပါသည်။
၃။ ဖိလိပ္ပိ ၁း၁ = သင်းအုပ်/သင်းထောက်
အသင်းတော်ကို ဦးဆောင်ဦးရွက်ပြုနေသော ခေါင်းဆောင်နှစ်မျိုးကို တွေ့ရှိရပါသည်။ ကနဦး အသင်းတော်များတွင် ထိုတာဝန် နှစ်ရပ်စလုံးကို တမန်တော်များက တာဝန်ယူ ဦးဆောင်ခဲ့ပါသည် (တမန် ၆း၁-၇)။ မုဆိုးမများကိစ္စ ပေါ်ပေါက်လာသောအခါ တာဝန်ခွဲဝေယူခဲ့ကြပါသည်။ တမန်တော် ပေတရုက အောက်ပါအတိုင်း ဆုံးဖြတ်ခဲ့ပါသည်။ တမန်တော် များက သင်းအုပ်တာဝန်ဖြစ်သော အသင်းသူအသင်းသားများအား နှုတ် ကပတ်တော် သွန်သင်ခြင်း၊ ဆုတောင်းခြင်း အမှုကို ပြုကြလော့ (တမန်၆:၄)။ သင်းထောက်များ၏ တာဝန်များကတော့ အသင်းသူအသင်းသား များ၏ လူမှုရေးထောက်ပံ့ကူညီခြင်းများကို ဦးဆောင်ရန် တာဝန်ခွဲဝေ ပေးအပ်ခဲ့ပါသည်။ အသင်းထောက်များ ရွေးချယ်ရာတွင် အရည်အချင်း ) များနဲ့အညီ ရွေးချယ်ခဲ့ပါသည်။
သင်းအုပ် သင်းထောက် အရည်အချင်း (တမန် ၆း၃)
(၁) သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝသူ
(၂) ပညာနှင့် ပြည့်ဝသူ
(၃) အသရေရှိသောသူအသင်းထောက်တွင် သင်းအုပ်နှင့် သင်းထောက်များ တက်ညီလက်ညီ လုပ်ဆောင်ခဲ့သောကြောင့် (တမန် ၆း၇) ဘုရားသခင်၏ သာသနာတော် သည် တိုးပွားကျယ်ပြန့်ခဲ့ရပါသည်။ အတူတကွ လက်တွဲလုပ်ဆောင်ခြင်း သည် အောင်မြင်မှု၏ သော့ချက်ပင် ဖြစ်ပါသည်။
စာရေးသူ စာရေးနေချိန် လီဗာပူးအသင်းဟာ မကြာသေးခဇ်ကပဲ ၊ အင်္ဂလိပ်ပရီမီးယား ဘောလုံးပွဲကြီးမှာ (၇)ပွဲကစားရန် ကျန်နေသေးပေမဲ့ ထိုက်ထိုက်တန်တန်နဲ့ ချန်ပီယံဖြစ်သွားခဲ့ပါပြီ။ ချန်ပီယံဖြစ်ပြီးနောက် နည်းပြကြီး ဂျာဂန်ကလော့၊ တိုက်စစ်မှူးတွေဖြစ်ကြတဲ့ ဆာလတ်၊ မာနေ၊ ဖာမီနို၊ အသင်းခေါင်းဆောင် ဟန်ဒါဆင်၊ နောက်တန်းလူ ဗန်ဒိုက်က စလို့ ဂိုးသမား အလီဆန်အထိ ဘယ်သူကမှ သူတော်လို့ ချန်ပီယံဆု ရတယ်လို့ မပြောကြပါဘူး။ သူတို့ရဲ့ စည်းလုံးညီညွတ်မှုကြောင့်လို့ပဲ ပြောကြပါ တယ်။ ဒါဟာ အင်မတန် ချီးကျူးစရာကောင်းတဲ့ အသင်းစိတ်ဓာတ်ပါ။ ကျွန်တော်လည်း လီဗာပူးအသင်းအတွက် ဂုဏ်ပြုရင်း ဖတ်ဖူးတဲ့ စာ တစ်ပုဒ်ကို သတိရမိပါတယ်။
လွန်ခဲ့သော နှစ်အတန်ကြာက အမေရိကနိုင်ငံ၊ စီးတာမြို့မှာ ကျင်းပခဲ့တဲ့ မသန်စွမ်းအားကစား အိုလံပစ်ပြိုင်ပွဲရဲ့ ကိုက်တစ်ရာ အပြေး ပြိုင်ပွဲမှာ ကိုယ်အင်္ဂါမသန်စွမ်းသူနဲ့ စိတ်ဝေဒနာ ခံစားရသူ ကျား/မ ၉ယောက်ဟာ တာလွှတ်တဲ့နေရာမှာ တန်းစီနေရာယူကြတယ်။ လွတ်လွတ် ကျွတ်ကျွတ်ပြေးနိုင်ကြတာမဟုတ်ဘဲ တချို့က ခြေတစ်ဖက် ဆွဲပြေးသလိုတချို့ ကလည်း ခြေထော့နင်းပြီး ပြေးကြတယ်။ လူငယ်လေးတစ်ယောက်က ပြေးရင်း ချော်လဲသွားတယ်။ ကြိုးစား ပြန်ထပြီး ဆက်ပြေးတယ်။ ဒါ လည်း ထပ်ပြီးလဲကျသွားပြန်တယ်။ သူက ပြန်မထနိုင်လို့ စိတ်ဓာတ် ကျပြီး အော်ငိုလိုက်တယ်။ ကျန်တဲ့ အပြေးသမား ၈ ယောက်စလုံးဟာ ဆက်မပြေးတော့ဘဲ သူ့ကို ရပ်စောင့်နေကြတယ်။ ဒါပေမဲ့ လူငယ်လေးက ပြန်မထနိုင်တော့ဘူး ဆိုတာကို သိလိုက်လို့ အားလုံးဟာ နောက်ပြန်ပြေး လာကြပြီး လူငယ်လေးကို ဆွဲထူဖို့ ကြိုးစားကြတယ်။ စိတ်ရောဂါရနေတဲ့ကောင်မလေးဟာ ကုန်းပြီး ပြေးလမ်းပေါ် လဲကျနေတဲ့ ကောင်လေးရဲ့ ပါးပြင်ကို တစ်ချက်နမ်းလိုက်ပြီး “အခု မင်း ပြေးဖို့ အားရှိသွားမှာပါ”လို့ တိုးတိုးလေး ပြောလိုက်တယ်။ ပြီးတော့ သူတို့ ၉ ယောက်စလုံး လက်တွေ ချိတ်တွဲပြီး ပန်းတိုင်ကို အတူဝင်လိုက်ကြပါတယ်။ အားကစားကွင်း ကြီးထဲက ပရိသတ်အားလုံးဟာ မတ်တပ်ရပ်ပြီး လက်ခုပ်တီး အားပေး ကြပါတယ်။ လက်ခုပ်သံတွေဟာ ၁ဝ မိနစ်ကြာမှ ရပ်စဲသွားတယ်။ အား ကစားမှ မဟုတ်ပါဘူး၊ ဘယ်အလုပ်မဆို စည်းလုံးညီညွတ်စွာ လုပ်ဆောင် ကြရင် မအောင်မြင်နိုင်စရာ မရှိပါဘူး။ အသင်းတော်မှာ သင်းအုပ်၊ သင်း ထောက်နှင့် အသင်းသူအသင်းသားအားလုံး စည်းလုံးညီညွတ်စွာ လုပ် ဆောင်နိုင်ရင် ခရစ်ယာန် သာသနာတော်ဟာ မြန်မာပြည်တွင် ဘုရား၊ ဘုန်းတော် ထင်ရှားမှာ ဧကန်မလွဲပါ။
၄။ ဖိလိပ္ပိ ၁း၂ = ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်း ၊
ခရစ်ယာန် အသက်တာဟာ ကျေးဇူးတော်က အရင်လာပါတယ်။ သခင်ယေရှုကို မိမိ၏ ကယ်တင်ပိုင်ရှင်အဖြစ် ယုံကြည်လက်ခံသော ယုံ ကြည်သူ၏ အသက်တာသည် အပြစ်လွတ်ခြင်း ကျေးဇူးတော်နှင့်အတူ ကယ်တင်ခြင်း ဆုကျေးဇူးကို ပိုင်ဆိုင်နိုင်ခွင့် ရှိလာပါသည်။ တစ်ဆက်၊ တည်းမှာ သခင်ယေရှုကို ယုံကြည်ကိုးစားပြီး မိမိဘဝအသက်တာကို တည်ဆောက် အသက်ရှင်လာလျှင် ဘယ်သူမှ မပေးနိုင်သော ငြိမ်သက်ခြင်း၊ ကိုပါ ထပ်မံရရှိလာပါသည်။ ငြိမ်သက်ခြင်းဆိုသည်မှာ ငြိမ်းချမ်းခြင်း၊ ပြည့်စုံခြင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံခြင်းကို ဆိုလိုပါသည်။
အနှစ်ချုပ်
(ဖိလိပ္ပိ ၁း၁-၃)
– အစေခံကျွန်။
– သန့်ရှင်းသူ။
– သင်းအုပ်၊ သင်းထောက်။
အပိုင်း (၁)
ဖိလိပ္ပိ – ၁း၃-၈
ဖိလိပ္ပိ ၁း၃-၈
ငါသည် ဆုတောင်းပတ္ထနာ ပြုသောအခါခါ၊ ဝမ်းမြောက်သောစိတ် နှင့် သင်တို့ ရှိသမျှအဖို့ကို အစဉ်ဆုတောင်း ပတ္ထနာပြုလျက် သင်တို့ကိုအောက်မေ့သောအခါခါ သင်တို့သည် ရှေ့ဦးစွာသော နေ့ရက်မှစ၍ ယခု တိုင်အောင် ဧဝံဂေလိတရားကို ဆက်ဆံ၍ ခံစားကြောင်းကို ငါထောက် သဖြင့် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါ ၏။ သင်တို့တွင်ကောင်းသောအမှုကို ပြုစပြုတော်မူသောသူသည် ယေရှုခရစ်၏ နေ့ရက် တိုင်အောင် ပြီးစီးလျက် ပြုတော်မူမည်ဟု ငါသဘောကျ၏။ ရှိသမျှသော သင်တို့၏ အမူအရာ၌ ဤသို့ ငါယူအပ်၏။ အကြောင်းမူကား ငါခံရသောကျေးဇူးတော်ကို သင်တို့အပေါင်းသည် ဆက်ဆံကြသည်ဖြစ်၍ ငါသည် အကျဉ်းခံရသော်လည်းကောင်း၊ ဧဝံဂေလိတရားဘက်၌ သက်သေခံ၍ ထိုတရားကို တည်စေသော်လည်းကောင်း သင်တို့ကို အောက်မေ့၏။ ငါ သည် သင်တို့အပေါင်းကို ယေရှုခရစ်၏ မေတ္တာကရုဏာနှင့် အဘယ်မျှ လောက် လွမ်းသည်ဟု ဘုရားသခင်သည် ငါ့သက်သေ ဖြစ်တော်မူ၏။
၁။ ဖိလိပ္ပိ ၁း၃-၄ = ငါသည် ဆုတောင်းပတ္ထနာ ပြုသောအခါခါ ဝမ်းမြောက်သောစိတ်နှင့် သင်တို့ ရှိသမျှအဖို့ကို အစဉ်ဆုတောင်းပတ္ထနာ ပြုလျက်
သင်တို့ရှိသမျှ
ရှင်ပေါလုသည် ထောင်ထဲမှာ အကျဉ်းကျခံရနေစဉ် ဖိလိပ္ပံအသင်းသူ အသင်းသား အားလုံးအတွက် ဆုတောင်းပတ္ထနာ ပြုပေးလျက်ရှိပါသည်။ ဒီနေရာမှာ ပြောင်းပြန်ဖြစ်နေပါသည်။ ထောင်ကျနေသူကို အပြင်မှာ ရှိနေတဲ့ သူများက ထောင်ထဲက လွတ်မြောက်လာဖို့အတွက်သာ ဆုတောင်း ပေးရမှာ ဖြစ်ပါသည်။ သို့ရာတွင် ရှင်ပေါလုက သူ့အတွက် စိတ်ပူနေသော သူများကို စိတ်မပူဖို့၊ ထောင်ထဲမှာ သူအဆင်ပြေရုံသာမက ထောင်မှာ ရှိသော သူများကို ဧဝံဂေလိတရား ဟောကြားရခွင့် ဘုရားပေးနေသောကြောင့် ထောင်ထဲ၌ သူ့အသက်တာ ဝမ်းမြောက်ရုံသာမက အပြင်မှာ ရှိသော သူများအတွက် ဆုတောင်းပေးနိုင်ရခြင်းပင် ဖြစ်သည်။ ရှင်ပေါလု ၏ စိတ်ဓာတ်သည် အခက်အခဲ ရောက်နေချိန်၌ပင် အခွင့်အရေး တစ်ခု အနေအဖြစ် ခံယူအသက်ရှင်သောကြောင့်ပင် ဖြစ်ပါသည်။
ဝမ်းမြောက်သောစိတ်နဲ့ ဆုတောင်း
ဖိလိပ္ပိ ၁း၈ = ယေရှုခရစ်တော်၏ မေတ္တာကရုဏာနှင့်လွမ်း
ရှင်ပေါလုနဲ့ ဖိလိပ္ပံအသင်းသူအသင်းသားများ ဆက်ဆံရေးဟာ လွမ်းစရာကောင်းလောက်အောင် ဆက်ဆံရေး ကောင်းမွန်ခဲ့သည်။ လူ့ သဘာဝဟာ ချစ်ခင်သူများကိုသာ လွမ်းလေ့ရှိပါသည်။ အတိတ်က ပျော် ရွှင်စရာများကို ပြန်လည်သတိရရုံသာမက လက်ရှိပစ္စုပ္ပန် ထောင်ရောက် နေချိန် အဆက်မပြတ်ဘဲ အသင်းသူအသင်းသား အားလုံးအတွက် ဝမ်း မြောက်သောစိတ်နဲ့ ဆုတောင်းပေးနေကြောင်း ဖော်ပြခြင်း ဖြစ်ပါသည်။
၂။ ဖိလိပ္ပိ ၁း၅ = ရှေးဦးစွာသော နေ့ရက်မှစ၍
ရှင်ပေါလု ဖိလိပ္ပိ အသင်းတော် ရောက်ရှိချိန်မှ စတင်၍ (တမန်တော် ၁၆)တွင် ဖော်ပြထားပါသည်။
ဧဝံဂေလိတရားကို ဆက်ဆံ၍ ခံစားကြောင်း ၊
ရှင်ပေါလု ဖိလိပ္ပံအသင်းတော်နှင့် သိကျွမ်းသည့် နေ့မှစ၍ ယနေ့ ထိတိုင်အောင် ဧဝံဂေလိတရား ဟောပြောခြင်းတွင် ဖိလိပ္ပံအသင်းသူအသင်း သားများ ပါဝင်ပူးပေါင်း ဆောင်ရွက်နေကြောင်း ဖော်ပြနေခြင်းပင် ဖြစ်ပါ သည်။ အဘယ်ကြောင့်ဆိုသော် (ဖိလိပ္ပိ ၄:၁၅) အချင်း ဖိလိပ္ပံမြို့သားတို့၊ ဧဝံဂေလိတရားကို ဟောစပြု၍ မာကေဒါနိပြည်မှ ငါထွက်ဆဲ ရှိသောအခါ အလှူလှူခြင်း၊ အလှူခံခြင်း အမှု၌ သင်တို့မှတစ်ပါး အဘယ်အသင်းတော် မျှ ငါ မဆက်ဆံကြ၊ ရှင်ပေါလု အကျဉ်းခံရစဉ် ငွေကြေးအခက်အခဲရှိနေချိန် ဖိလိပ္ပံအသင်းသူအသင်းသားများ၏ ငွေကြေးထောက်ပံ့မှု အလှူငွေရရှိကြောင်း သက်သေခံ ဖော်ပြနေပါသည်။ စာဖတ်သူ ပရိသတ်များ မိမိတို့ကို ဘုရားသခင် ပေးထားသော ကောင်းချီးမင်္ဂလာများကို ဧဝံဂေလိတရား ကျယ်ပြန့်ဖို့ရန်အတွက် ပေးလှူဆက်ကပ်ပါ။
အမေရိကန်နိုင်ငံက တကယ့်အဖြစ်အပျက်လေး တစ်ခုပါ။ (၁၀) နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ ဆင်းရဲတဲ့ သူ့အမေ မုဆိုးမကို ကူညီနေတဲ့အနေနဲ့ ကျောင်းပိတ်ရက်မှာ ဈေးကနေ ဝယ်လာတဲ့ ပစ္စည်း လေးတွေကို အမြတ်နည်းနည်းတင်ပြီး တစ်အိမ်ဝင် တစ်အိမ်ထွက် လိုက်လံရောင်းပါတယ်။ တစ်ရက်မှာ ဈေးရောင်းရင်း မောပန်းပြီး ဗိုက် အတော်ဆာနေတယ်။ သူ့မှာ ပိုက်ဆံတစ်ဒေါ်လာပဲရှိလို့ ထမင်းဝယ်စားဖို့ ပိုက်ဆံမလောက်ဘူး။ ဗိုက်ဆာတာကို မခံနိုင်တော့လို့ အရဲစွန့်ပြီး အိမ် တစ်အိမ်ရဲ့ တံခါးကို ခေါက်လိုက်တယ်။ အလွန်ချောမောလှပတဲ့ (၁၈)နှစ်အရွယ် မိန်းမပျိုလေး တစ်ယောက်က တံခါးလာဖွင့်ပေးတယ်။ ကောင် ” လေးဟာ ဗိုက်အရမ်းဆာနေပေမဲ့ စားစရာတစ်ခုခုကျွေးဖို့ မတောင်းဆိုရဲလို့နို့တစ်ခွက်လောက် တိုက်ပါလို့ မိန်းမပျိုလေးကို ပြောလိုက်တယ်။ မိန်းမ ပျိုလေးလည်း မောပန်းနွမ်းနယ်နေပြီး ဆာလောင်နေပုံရတဲ့ ကောင်လေး ကို ကြည့်ပြီး သနားသွားတာနဲ့ ရေခဲသေတ္တာထဲက နွားနို့တစ်ခွက်ကို ယူ လာပြီး ပေးလိုက်တယ်။ ကောင်လေးလည်း မိန်းမပျိုလေး ပေးတဲ့ နွားနို့ အေးအေးကို အငမ်းမရ မော့သောက်လိုက်တယ်။ ပြီးမှ နွားနို့ဖိုး ဘယ် လောက်ပေးရမလဲခင်ဗျာလို့ မေးလိုက်တယ်။
“ရပါတယ် မောင်လေးရယ်၊ အမေက မမကို သင်ပေးထားတယ်။ ကြင်နာမှုအတွက် ဘယ်တော့မှ ပိုက်ဆံမယူရဘူးတဲ့။ ဒါကြောင့် မမ မင်းဆီက ပိုက်ဆံမယူပါဘူးကွယ်”
“ကျေးဇူးတင်လိုက်တာ မမရယ်၊ ကျွန်တော် မမရဲ့ ကျေးဇူးကို တစ် သက်မမေ့ပါဘူး’ ကောင်လေးအမည်က ဟိုးဝါဒ် ကယ်လီ (Howard Kelly) ပါ။ မိန်းမပျိုလေးရဲ့ အိမ်ကနေ ထွက်လာတော့ ဆာနေတဲ့ဗိုက်ဟာ ပြည့်သွားသလို မိန်းမပျိုလေးရဲ့ ကြင်နာမှုကိုလည်း ခံစားလိုက်ရလို့ စိတ် ၊ ကြည်နူးပျော်ရွှင်သွားတယ်။
ဒီအဖြစ်အပျက်ပြီးလို့ နှစ်ပေါင်းအတော်ကြာတော့ ကောင်လေးကို နွားနို့ပေးလိုက်တဲ့ မိန်းမပျိုလေးလည်း အသက်အရွယ်ရတဲ့ အမျိုးသမီး တစ်ယောက် ဖြစ်နေပြီ။ အမျိုးသမီးဟာ တစ်ရက်မှာ အကြီးအကျယ် နေမကောင်းဖြစ်တယ်။ သူ့ရွာက ဆရာဝန်အားလုံး သူ့ရောဂါကို ပျောက် အောင် မကုသပေးနိုင်ခဲ့ပါ။ ဒါကြောင့် သူ့မိဘတွေက သူ့ကို မြို့ခေါ်လာ ပြီး ဆေးရုံတစ်ခုမှာ ပြကြည့်တယ်။ ဆေးရုံမှာ ဂျူတီကျနေတဲ့ အထူးကု ဆရာဝန်ကြီး ဒေါက်တာဟိုးဝါဒ်လီဟာ အမျိုးသမီးရဲ့ နေရပ်မြို့နာမည် ကြားလိုက်တာနဲ့ ချက်ချင်းပဲ အမျိုးသမီးလူနာခုတင်ဆီ သွားလိုက်တယ်။ ဒေါက်တာဟိုးဝါဒ်ဟာ အမျိုးသမီးရဲ့ မျက်နှာကို မြင်လိုက်တာနဲ့ သူ ဗိုက်ဆာနေတုန်းက နွားနို့တစ်ခွက် တိုက်ခဲ့တဲ့ မိန်းမပဲဆိုတာ ချက်ချင်း သိလိုက်တယ်။ အမျိုးသမီးကတော့ သူ့ကို မမှတ်မိရှာပါဘူး။ ဒေါက်တာ ဟိုးဝါဒ်ဟာ အမျိုးသမီးရဲ့ ရောဂါကို စစ်ဆေးရှာဖွေပြီး ခွဲစိတ်ကုသ ပေးလိုက်တယ်။ ခွဲစိတ်မှုအောင်မြင်ပြီး အမျိုးသမီး ဆေးရုံက ဆင်းရတော့ မယ်။ သူ ဆေးရုံက ဆင်းရမယ့်နေ့မှာ ဒေါက်တာဟိုးဝါဒ်က ဆေးရုံ ဝန်ထမ်းဆီက ခွဲစိတ်ကုသမှုအတွက် ကုန်ကျစရိတ် တောင်းခံတဲ့ ဘီလ်ကိုတောင်းယူလိုက်ပြီး ဘီလ်ပေါ်မှာ မှတ်ချက်တစ်ခုကို ရေးပေးလိုက်ပါတယ်။ ဆေးရုံဝန်ထမ်းက အမျိုးသမီးဆီသွားပြီး ဘီလ်စာရွက်ကို ပေးလိုက်တယ်။ အမျိုးသမီးက ပထမတော့ ဘီလ်စာရွက်ကို မကြည့်ရဲဘူး။ နောက်ဆုံး အရဲစွန့်ပြီး ဘီလ်စာရွက်ကို ဖတ်ကြည့်လိုက်တယ်။ ဘီလ်စာရွက်ပေါ်မှာ လက်ရေးနဲ့ ရေးထားတဲ့ စာတစ်ကြောင်းကို တွေ့လိုက်ရတယ်။ စာမှာ ရေးထားတာက ဒီလိုပါ။
“နွားနို့တစ်ခွက်ဖိုးအတွက် ခွဲစိတ်ကုသမှု ကုန်ကျစရိတ်အားလုံးကို အပြည့်ပေးချေပြီးပါပြီ”
စာရဲ့အောက်မှာ လက်မှတ်ရေးထိုးထားသူက ဒေါက်တာဟိုးဝါဒ် ကယ်လီပါ။
၃။ ဖိလိပ္ပိ ၁း၆ = သင်တို့တွင် ကောင်းသောအမှုကို ပြုစပြုသောသူ
= ငါသဘောကျ
= ယေရှုခရစ်တော်၏ နေ့ရက်တိုင်အောင်
ရှင်ပေါလုက ခရစ်ယာန် အသက်တာသည် သခင်ယေရှုကို ကယ် တင်ပိုင်ရှင်အဖြစ် လက်ခံယုံကြည်ပြီးနောက် ဘုရားဘုန်းတော် ထင်ရှားသော အသက်တာ ဖြစ်လာရန် ကောင်းသောအမှုကို ပြုနိုင်ရန် တိုက် တွန်းထားပါသည်။ ကောင်းသောအမှုကို ပြုလျက်ရှိသော ယုံကြည်သူတိုင်း ကို ရှင်ပေါလုက သဘောကျလျက်ရှိသလို ဘုရားလည်း နှစ်သက်စရာဖြစ် ပါသည်။ ဤကဲ့သို့ ကောင်းသောအမှုကို တစ်ကြိမ်တစ်ခါသာ မဟုတ်ဘဲ သခင်ယေရှုခရစ်တော် ဒုတိယအကြိမ် ပြန်ကြွလာတဲ့အတွက် လုပ်ဆောင် ဖို့ရန် သွန်သင်ထားပါသည်။ ယုံကြည်သူတိုင်း ကောင်းသောအမှုကို မိမိ၏ နောက်ဆုံးထွက်သက်အထိ လုပ်ဆောင်သွားရမည် ဖြစ်ပါသည်။ သင်တို့ သည် ငါတို့ သခင်ယေရှုခရစ်၏ နေ့ရက်၌ အပြစ်တင်စရာ အခွင့် နှင့် ကင်းလွတ်မည့်အကြောင်း၊ သင်တို့ကို အဆုံးတိုင်အောင် ခိုင်ခံ့မြဲမြံစေတော်မူလိမ့်မည်။ အကြင်သူသည် အဆုံးတိုင်အောင် တည်ကြည်၏။ ထိုသူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည် (မဿဲ ၂၄း၁၃)။
၄။ ဖိလိပ္ပိ ၁း၇ = ငါခံရသော ကျေးဇူးတော်ကို သင်တို့အပေါင်းသည်ဆက်ဆံကြသည်ဖြစ်၍။
ခရစ်တော်အတွက် အမှုတော်ဆောင်နေသောသူများကို ဘုရားသခင် သည် အစဉ်အမြဲ ကျေးဇူးပြုလျက် ရှိနေပါသည်။ အလုပ်ရှင်ဟာ ဘုရား ဖြစ်တဲ့အတွက် သစ္စာရှိသော ငယ်သားကောင်း အားလုံးကို ဘုရားက တာဝန်ယူလျက်ရှိသလို ဘုရားက ကောင်းချီးပေးလျက် ရှိနေပါသည်။ ကျွန်တော်တို့အားလုံး သစ္စာရှိစွာ ဘုရားရဲ့ အမှုတော်မြတ်မှာ လုပ်ဆောင်ပါဝင်ဖို့ရန် ဖြစ်ပါသည်။ သခင်ယေရှုကိုယ်တော်တိုင် နိုင်ငံတော်နှင့် ဖြောင့် မတ်ခြင်းတရားကို ရှေးဦးစွာ ရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ပေးတော်မူလတ္တံ့ (မဿဲ ၆း၃၃)။
ဒီနေ့ ဇွန်လ ၁၅ ရက်နေ့ပါ။ နောက်နှစ်ရက်ဆိုရင် ကျွန်တော် အသက် ၃၀ နှစ် ပြည့်ပါတော့မယ်။ ကျွန်တော်ဟာ အသက်ကြီးလာလို့ ငယ် ရွယ်နုပျိုစဉ်ဘဝက အကောင်းဆုံးအချိန်တွေ ကုန်ဆုံးသွားတော့မယ်လို့ တွေးရင်း စိုးရိမ်နေပါတယ်။ ကျွန်တော် မနက်တိုင်း အားကစားရုံကို သွားပြီး လေ့ကျင့်ခန်းလုပ်လေ့ရှိပါတယ်။ အဲဒီမှာ လေ့ကျင့်ခန်း လာလုပ် တဲ့ မိတ်ဆွေကြီး နစ်ကိုးနဲ့ ဆုံတွေ့စကားပြောဖြစ်ကြတယ်။ နစ်ကိုးဟာ အသက် ၇၉ နှစ်ရှိနေပါပြီ။ ဒီမနက်မှာ ကျွန်တော်ဟာ စောစောက ပြော ခဲ့တဲ့ စိုးရိမ်စိတ်ကြောင့် မပျော်မရွှင် ဖြစ်နေပါတယ်။ နစ်ကိုးက ရိပ်မိလို့ ကျွန်တော့်ကို ဘာဖြစ်နေတာလဲလို့ မေးပါတယ်။ ကျွန်တော်ကလည်း စောစောက ပြောခဲ့သလို အသက်ကြီးသွားရင် ဘဝရဲ့ အကောင်းဆုံး အချိန် တွေကို ရတော့မှာမဟုတ်လို့ စိုးရိမ်ပူပန်နေကြောင်း ပြောပြလိုက်တယ်။ ပြီးတော့ ကျွန်တော်က သူ့ကို ဘဝရဲ့ အကောင်းဆုံး အချိန်တွေဟာ ဘယ် ဟာတွေလဲလို့ မေးလိုက်တယ်။ သူက မဆိုင်းမတွပ် ခုလို ပြန်ပြောတယ်။ “ငါ့ ရဲ့ဘဝမှာ အကောင်းဆုံး အချိန်တွေဟာ ဒါတွေပါပဲ”။
ငါ ဂျာမနီမှာမွေးတယ်၊ ငါ့မိဘတွေ ငါ့ကို အရမ်းချစ်တယ်၊ အဲဒါ ငါ့ဘဝရဲ့ အကောင်းဆုံး အချိန်ပဲ။ ငါ ကျောင်းစတက်တယ်။ သူငယ်ချင်း အသစ်တွေရပြီး အတူတူ ကစားကြတယ်၊ အဲဒါ ငါ့ဘဝရဲ့ အကောင်းဆုံး အချိန်ပဲ။ ငါ ပထမဆုံး အလုပ်လုပ်လို့ ပထမဦးဆုံး လစာကို ထုတ်ရတုန်း ကလည်း ငါ့ဘဝရဲ့ အကောင်းဆုံး အချိန်ပဲ။ ငါ့မိန်းမက (ရည်းစားစဖြစ် လို့) ငါ့ကို ချစ်ပါတယ်လို့ ပထမဦးဆုံး စပြောချိန်တုန်းကလည်း ငါ့ဘဝရဲ့ အကောင်းဆုံး အချိန်ပါပဲ။ ငါ ကလေးအဖေဖြစ်လာပြီး ကလေးတွေ ကြီးပြင်းလာကြတာတွေကို စောင့်ကြည့်ရတာ ငါ့ဘဝရဲ့ အကောင်းဆုံး အချိန်ပါပဲ။ ငါ အခု အဘိုးအရွယ် ရောက်နေပြီ၊ ကျန်းမာရေးကောင်းတယ်။ စားစရာဒခတွက် ပူစရာမလိုပါဘူး၊ ငါဟာ ငါ့မိန်းမကို စတွေ့တုန်းကလိုပဲ ချစ်နေဆဲပါ၊ ဒါဟာ ငါ့ဘ၀ရဲ့ အကောင်းဆုံး အချိန်ပါပဲ။ နောက်ဆုံး လောကကြီးက ထွက်သွားရင် ငါ့ကို ကယ်တင်ပြီး အသက်စွန့်တဲ့ ဘုရားနဲ့ဘုရားပြင်ဆင်တဲ့ ကောင်းကင်ဘုံမှာ နေနိုင်ခွင့်ရမှာ ငါ့ဘဝရဲ့ အကောင်း ဆုံးအချိန်ကို မျှော်လင့်စောင့်စားနေလျက်ပါဟု သက်သေခံခဲ့ပါသည်။ တကယ်တော့ လူ့ဘဝမှာ နေထိုင်ရတဲ့ အချိန်တိုင်း၊ စက္ကန့်တိုင်းဟာ လူတိုင်းအတွက် အကောင်းဆုံးအချိန် ဖြစ်ရုံသာမက အသက်ရှင်နေစဉ် ဘုရားချမှတ်ထားသော တရားတော်နဲ့အညီ အသက်ရှင်ခြင်းသည် လူပီသ သော အသက်တာ၊ ဘုရားနှစ်သက်သော အသက်တာပင် ဖြစ်ပါသည်။
အနှစ်ချုပ်
(ဖိလိပ္ပိ ၁း၃-၈)
(၁) ဝမ်းမြောက်သောစိတ်နဲ့ ဆုတောင်း။
(၂) ဧဝံဂေလိတရားကို ကျယ်ပြန့်အောင် လုပ်ဆောင်ခြင်း။
(၃) ကောင်းသောအမှုကိုပြုသော ယုံကြည်သူများ။
အပိုင်း (၂)
ဖိလိပ္ပိ ၁း၉-၁၁
(ရှင်ပေါလု၏ဆုတောင်းချက်)
ဖိလိပ္ပိ ၁း၉-၁၁ = ငါသည် အဘယ်သို့ ဆုတောင်းသနည်းဟူမူကား၊ သင်တို့သည် ခြားနားသော အရာတို့ကို ပိုင်းခြားစေခြင်းငှာ ဉာဏ်ပညာ အမျိုးမျိုးရှိလျက် မေတ္တာပါရမီတိုးပွား၍ ပြည့်စုံမည်အကြောင်းကိုလည်းကောင်း၊ ယေရှုခရစ်အားဖြင့် ဘုရားသခင်၏ ဘုန်းအသရေတော်ကို ထင်ရှားစေတတ်သော ဖြောင့်မတ်ခြင်း အကျင့်နှင့် သင်တို့သည် ပြည့်စုံ၍ ခရစ်တော်၏ နေ့ရက်တိုင်အောင် စိတ်ကြည်ဖြူလျက် တိမ်းလဲခြင်းအမှု နှင့် ကင်းလွတ်လျက်ရှိမည် အကြောင်းကိုလည်းကောင်း၊ ငါ ဆုတောင်း ပတ္ထနာပြု၏။
ဘုရားဘုန်းတော် ထင်ရှားဖို့ရန် ရှိရမည့် အရည်အသွေး ၃ ချက်
(၁) ဖိလိပ္ပိ ၁း၉ = သင်တို့သည် ခြားနားသော အရာတို့ကို ပိုင်းခြားစေခြင်းငှာ ဉာဏ်ပညာအမျိုးမျိုးရှိလျက်
သခင်ယေရှုကို ယုံကြည်သော ခရစ်ယာန်တစ်ဦးသည် သူ၏ ခရစ် ယာန် အသက်တာကို လိုက်လျှောက်ရာတွင် တရားတော်လမ်းအတိုင်း ၊ လိုက်လျှောက်နိုင်ဖို့ ရှိရမည့် အရေးကြီးသည့် အရာမှာ အမှားနှင့် အမှန်ကို ပေဖန်ပိုင်းခြားနိုင်သော ဉာဏ်ပညာရှိခြင်းပင် ဖြစ်သည်။ ရှင်ပေါလုက တိမောသေကို လမ်းညွှန်ခဲ့သော အရာမှာ လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကို သိစေခြင်းငှာ ဘုရားသခင် အလိုတော်ရှိ၏ (၁တိ ၂:၄)။ ယုံကြည်သူ တစ်ဦးသည် ကယ်တင်ခြင်း ရရှိပြီးတာနဲ့ နောက် လိုက်ရမည့် အရာသည် သမ္မာတရားကို သိဖို့ပင် ဖြစ်သည်။ သမ္မာတရား ကို မသိသော ခရစ်ယာန် ယုံကြည်သူများကြောင့် ဘုရားဘုန်းတော် ရှုတ်ချ စရာ ဖြစ်နေလျက် ရှိပါသည်။ သမ္မာတရားကိုသိခြင်း ဆိုသည်မှာ အမှားနဲ့ အမှန် ဝေဖန်ပိုင်းခြားနိုင်သော ဉာဏ်ပညာကို ခေါ်ဆိုသည်။ ထိုဉာဏ်ပညာ ရရှိရန် တစ်ခုတည်းသော အရာသည် ယုံကြည်သူ တစ်ဦးသည် ဘုရား အုပ်စိုးမှုကို ဝန်ခံ အသက်ရှင်ရန်သာ ဖြစ်ပါသည်။ အထူးသဖြင့် နှုတ် ကပတ်တော်ကို ဝေငှဟောပြောနေသော ဓမ္မဝန်ဆောင် ဆရာများကို သမ္မာ တရားကို မှန်ကန်စွာ ပိုင်းခြားတတ်သော ဆရာသမားဖြစ်ဖို့ ရှင်ပေါလုက သတိပေးထားပါသည် (၂တိ ၂း၁၅)။ နှုတ်ကပတ်တော် ဝေငှသွန်သင်သူ မှားလျှင် သူ့နောက်လိုက်အားလုံး ဝိညာဉ်ရေးရာ ကျဆင်းမှု၊ လမ်းလွဲမှုများ ယနေ့ခေတ်တွင် ပိုမိုတွေ့မြင်နေရပါသည်။ ရှင်ပေါလု၏ အမှုတော်ဆောင် ခြင်းတွင်ကောရိန္တ အသင်းတော်၏ ပြဿနာဖြေရှင်းပုံကို ဖော်ပြလိုက်ပါ သည်။
ရှင်ပေါလု အသက်တာပြဿနာ ဖြေရှင်းချက်
၁ကော ၅း၁-၅ = မတရားသော မေထုန်သာမညမဟုတ်၊ အဘ၏ မယားကို သိမ်းယူခြင်းတည်းဟူသော သာသနာပ လူတို့တွင်ပင် မကြား ရသော မေထုန်၌ မှီဝဲသောသူသည် သင်တို့တွင် ရှိကြောင်းကို အနှံ့အပြားကျော်စောကြ၏။ ထိုသို့ပြုသောသူကို သင်တို့အထဲမှ နှင်ထုတ်မည့်အကြောင်း၊ စိတ်မသာ ညည်းတွားခြင်းကို မပြု၊ မာနထောင်လွှားလျက် နေကြ၏။ ထို့ကြောင့် ငါသည် ကိုယ်ခန္ဓာအားဖြင့် သင်တို့နှင့် ကွာလျက်ရှိသော်လည်း ဝိညာဉ်အားဖြင့် မကွာ၊ ကိုယ်တိုင် သင်တို့နှင့် အတူရှိသကဲ့သို့ ထိုသို့ ကျင့်သောသူကို ယခုပင် ငါ စီရင်ပြီ။ စီရင်ချက်ဟူမူကား ငါတို့ သခင်ယေရှုခရစ်၏ အခွင့်အားဖြင့် သင်တို့သည် ငါ့ဝိညာဉ်နှင့်အတူ စည်းဝေးပြီးမှ ငါတို့ သခင်ယေရှုခရစ်၏ တန်ခိုးတော်ကို အမှီပြု၍ ထိုသူ၏ ဝိညာဉ်သည်ယေရှုခရစ်၏ နေ့ရက်၌ ကယ်တင်ခြင်းသို့ ရောက်မည်အကြောင်း၊ သူ၏ ကိုယ်ခန္ဓာ ပျက်စီးဖို့ရာ သူ့ကို စာတန်လက်သို့ အပ်နှံကြစေဟု ငါစီရင်၏။
၁ကော ၅း၁ = သာသနာပ လူတို့တွင်ပင် မကြားရသော မေထုန်၌ မှီဝဲသော သူသည် သင်တို့တွင် ရှိကြောင်းကို အနှံ့အပြား ကျော်စောကြ၏။
ယနေ့ခေတ် အသင်းတော်အချို့၏ လူမှုရေးဖောက်ပြန်မှုများသည် ကောရိန္တု အသင်းတော်ကဲ့သို့ ဖြစ်ပျက်လျက် ရှိနေပါသည်။ အသင်းတော် တာဝန်ရှိသောသူများသည် အကြောင်းအမျိုးမျိုး လူမျက်နှာကြည့်ပြီး မပြော ကြသဖြင့် ဘုရားဘုန်း ထိခိုက်မှုများ ရှိနေပါသည်။ သူ့ကို ဘုရားစီရင်မှာ ပေါ့ဟု ဆိုပြီး ပြောသင့်ပြောထိုက်တာကို မပြောဘဲ တိတ်ဆိတ်စွာ နေ လျက်ရှိသောသူများ မြောက်မြားစွာ ရှိနေပါသည်။ ရှင်ပေါလုလည်း ထို ကဲ့သို့ ကြုံဆုံလာသောအခါ အမှားနှင့် အမှန်ကို ပိုင်းခြားနားလည်နိုင်သော ဉာဏ်ပညာရှိသောကြောင့် လူမျက်နှာကို မထောက်ဘဲ ဘုရား မျက်နှာကြည့်ကာ အောက်ပါအတိုင်း ဆုံးဖြတ်ခဲ့ပါသည်။
၁ကော ၅း၄-၅ = စီရင်ချက်ဟူမူကား ငါတို့ သခင်ယေရှုခရစ်၏ အခွင့်အားဖြင့် သင်တို့သည် ငါ့ဝိညာဉ်နှင့်အတူ စည်းဝေးပြီးမှ ငါတို့ သခင်ယေရှုခရစ်၏ တန်ခိုးတော်ကို အမှီပြု၍ ထိုသူ၏ ဝိညာဉ်သည် ယေရှုခရစ်၏ နေ့ရက်၌ ကယ်တင်ခြင်းသို့ ရောက်မည်အကြောင်း သူ၏ ကိုယ်ခန္ဓာ ပျက်စီးဖို့ရာ သူ့ကို စာတန်လက်သို့ အပ်နှံကြစေဟု ငါစီရင်၏။
ထိုကဲ့သို့ အသင်းတော်အတွင်း ပြုလုပ်နေသူများကို ရှင်ပေါလုက စာတန်လက်ထဲ အပ်ဖို့ရန် လမ်းညွှန်ဖော်ပြလိုက်ပါသည်။ အဘယ်ကြောင့် ဆိုသော် ဘုရားသခင်ဘုန်း၊ အသင်းတော်ဘုန်း ရှုတ်ချစရာ ဖြစ်နေသော ကြောင့် ဖြစ်ပါသည်။
သုတ္တံ ၂၇း၅ = ထင်ရှားစွာ ဆုံးမပြစ်တင်ခြင်းသည် တိတ်ဆိတ်စွာ ချစ်ခြင်းထက် သာ၍ကောင်း၏။
ဟေဗြဲဆရာက ကောင်းကျိုး၊ မကောင်းကျိုးကို ပိုင်းခြား၍ သိနိုင် သော ဉာဏ်ပညာသည် ခရစ်ယာန် ယုံကြည်သူအားလုံး မရှိမဖြစ် ရှိရမည့် အရည်အသွေးတစ်ခုပင် ဖြစ်သည် (ဟေဗြဲ ၅း၁၄)။
ကမ္ဘာပေါ်မှာ အဖိုးတန်ဆုံး အရာတစ်ခုကို ပြောပါလို့ မေးလာရင် ဘယ်လိုပြောကြမလဲ။ အများစုက စိန်ရွှေငွေ ကျောက်သံပတ္တမြား စသဖြင့် ဖြေကြလိမ့်မယ်။ အချို့ကျတော့ အိမ်မြေယာ စသဖြင့် ဖြေကြပါလိမ့်မယ်။ အမှန်တကယ် အဖိုးတန်ဆုံး အရာဟာ ဦးနှောက်ကလာတဲ့ ဉာဏ်ပညာပါ။
ဘာဖြစ်လို့ ခုလိုပြောရတာလဲဆိုတာ ရှင်းပြပါမယ်။ ယနေ့ Microsoft, Facebook, Yahoo, Google, e Bay စတဲ့အင်တာနက်ကုမ္မဏီကြီးတွေဟာ မော်တော်ကားထုတ်တဲ့ General Motors, Toyota ကုမ္မဏီကြီးတွေထက် ပိုင်ဆိုင်မှုတန်ဖိုး အများကြီး ပိုပါတယ်။ အဲဒီ ကားထုတ်တဲ့ ကုမ္မဏီကြီး တွေဟာ ဘာပိုင်သလဲ။ စက်ရုံကြီးတွေ၊ ကားထုတ်လုပ်တဲ့ စက်ပစ္စည်းတွေ၊ စက်ရုပ်တွေ၊ မော်တော်ကားတွေ အများကြီးပါ။ အပေါ်မှာ ဖော်ပြထားတဲ့ အင်တာနက်ကုမ္မဏီကြီးတွေမှာ ဘာပိုင်ဆိုင်သလဲ။ ရုံးခန်း၊ ကွန်ပျူတာတွေနဲ့ လူတွေပဲ ရှိတယ်။ တန်ဖိုးတွက်ကြည့်လိုက်ရင် မော်တော်ကား စက်ရုံကထုတ်တဲ့ ကား ၁၀စီး၊ အစီး ၅၀ တန်ဖိုးလောက်ပဲ ရှိမှာပါ။ ဒါ ပေမဲ့ အင်မတန် အဖိုးတန်တဲ့ ပစ္စည်းကို ထည့်တွက်ဖို့ မေ့နေကြတယ်။ အဲဒါက ဘာလဲ။ အဲဒီကုမ္ပဏီက လူတွေရဲ့ ဦးနှောက်နဲ့ ဉာဏ်ပညာပါပဲ။ ထပ်ပြီးပြောရရင် နောက်ဆုံးရတဲ့ စာရင်းဇယားတွေအရ စင်ကာပူရဲ့ အရန် နိုင်ငံခြားငွေဟာ ဒေါ်လာ ၂၄၄ ဘီလီယံဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အရန်ငွေဟာ ၉.၄ ဘီလီယံပဲ ရှိပါတယ်။ သံယံဇာတ ပေါကြွယ်ဝတယ်၊ နိုင်ငံကျယ် ဝန်းတယ်၊ လူဦးရေ သန်း ၆၀ နီးပါးရှိတဲ့ မြန်မာနိုင်ငံထက် သယံဇာတ မပြောနဲ့ သောက်ရေတောင် တစ်စက်မထွက်၊ ကျွန်းသေးသေးလေး။ လူ ဦးရေက ရန်ကုန်လူဦးရေလောက်ပဲရှိတဲ့ စင်ကာပူက ဘာလို့ အများကြီး ပိုချမ်းသာနေရတာလဲ။ သယံဇာတမရှိပေမဲ့ ဉာဏ်ပညာရှိတဲ့ ဦးနှောက် ပိုင်ရှင်တွေ ပိုများနေလို့ပါ။
ကျွန်တော်တို့ မြန်မာနိုင်ငံဟာ အခြားနိုင်ငံတွေကို အမီလိုက်ဖို့ ဉာဏ် ပညာပြည့်ဝတဲ့ ဦးနှောက်တွေ အများကြီး လိုအပ်ပါတယ်။ အဲဒီအတွက် လူတိုင်း အသိဉာဏ်ပညာတတ်ဖို့ လိုပါတယ်။ တစ်ဦးချင်း စာဖတ်ပြီး မိမိအသိဉာဏ်ကို မြှင့်တင်ဖို့ လုပ်ကြရပါမယ်။ ဒီလိုမှ မဟုတ်ရင်တော့ ကျွန်တော်တို့နိုင်ငံဟာ သူများနိုင်ငံတွေနောက်မှာ နောင်နှစ်ပေါင်းများစွာ ကြာအောင် နောက်ကျကျန်နေဦးမှာပါပဲ။
(၂) ဖိလိပ္ပိ ၁း၁ဝ = မေတ္တာပါရမီတိုးပွား၍ ပြည့်စုံမည့်အကြောင်း
ခရစ်ယာန်ယုံကြည်သူ တစ်ဦးက ဘုရားသခင် မေတ္တာပါရမီ တိုးပွား ပြီး အသက်ရှင်နိုင်အောင် စိတ်နှလုံးသားထဲတွင် ထည့်ထားပေးထားကြောင်း၊ရောမသြဝါဒ စာစောင်တွင် တွေ့မြင်နိုင်ပါသည်။ ငါတို့အား ပေးတော်မူသော သန့်ရှင်းသော ဝိညာဉ်တော်သည် ဘုရားသခင်၏ မေတ္တာတော်ကို ငါတို့ စိတ်နှလုံးထဲသို့ သွန်းလောင်းတော်မူ၏ (ရောမ ၅း၅)။ ယုံကြည်သူ အားလုံး ဘုရားပေးထားတဲ့ မေတ္တာတရားကို တိုးသထက်တိုးအောင် ပြုလုပ်ပြီး အသက်ရှင်ရမည်သာမက သူတစ်ပါးတို့ကိုလည်း ထိုမေတ္တာကို လက်ဆင့်ကမ်း ဝေမျှနိုင်သူ ဖြစ်ရပါသည်။ သခင်ယေရှု ကိုယ်တော်တိုင် ရွှေပညတ် နှစ်ပါးကို ယုံကြည်သူများ လိုက်လျှောက်နိုင်ရန် ချမှတ်လမ်း ညွှန်ထားပါသည်။ သင်၏ ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်း မဲ့ ဉာဏ်ရှိသမျှ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့၊ ကိုယ်နှင့် စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်လော့ဟု ဖော်ပြခဲ့ရုံသာမက ပညတ်သစ်ကို လည်း ပေးခဲ့သူ ဖြစ်ပါသည်။ သင်တို့သည် အချင်းချင်း တစ်ယောက်ကို တစ်ယောက် ချစ်ကြလော့၊ ငါသည် သင်တို့ကို ချစ်သည့်နည်းတူ အချင်းချင်း ချစ်ကြလော့ဟု ပညတ်သစ်ကို ငါပေး၏ (ယော ၁၃း၃၄)။
မာသာထရီဇာကို ဥရောပ မက်ဆိုးနီးယားနိုင်ငံမှာ မွေးဖွားခဲ့တယ်။ အသက် ၁၈ နှစ်မှာ ခရစ်ယာန်သီလရှင်ဖြစ် သင်တန်းတက်ဖို့ အိုင်ယာလန် နိုင်ငံကို သွားတယ်။ အသက် ၃၆ နှစ်မှာ သီလရှင်ဘဝနဲ့ အိန္ဒိယနိုင်ငံကို စာသင်ပေးဖို့ စေလွှတ်ခံရတယ်။ အိန္ဒိယသို့ရောက်ပြီး သိပ်မကြာခင်မှာပဲ လမ်းဘေးမှာ တောင်းစားနေကြတဲ့ ဆင်းရဲသားတွေ၊ မိဘမဲ့ ကလေးတွေ၊ သေခါနီး ဝေဒနာသည်တွေကို မြင်တွေ့သွားပြီး အရမ်းသနားတာနဲ့ ဆင်းရဲ သားတွေ၊ မိဘမဲ့တွေ၊ HIV ကူးစက်တဲ့လူတွေ၊ နူနာသည်တွေ၊ အဆုတ် ဝေဒနာရှင်တွေနဲ့ အတူနေတဲ့ သူတို့ကို ပြုစုရင်းနဲ့ အိန္ဒိယမှာပဲ သေသွား တယ်။ ၁၈ နှစ်အရွယ်မှာ သီလရှင်ဝတ်ပြီးကတည်းက သေဆုံးချိန်အထိ အမေနဲ့ ညီမတွေကို တွေ့မသွားရပါဘူး။ ၁၉၇၉ ခုနှစ်မှာ ချီးမြှင့်ခံရတဲ့ (Nobel) နိုဘယ်ဆုနဲ့အတူ ရတဲ့ငွေသား အမေရိကန်ဒေါ်လာ ၂ သိန်းနီးပါး ကို သူမအတွက် တစ်ပြားမှမသုံးဘဲ အိန္ဒိယဆင်းရဲသားတွေအတွက် ပြန် လှူခဲ့ပါတယ်။ ဦးနှောက်နဲ့ စဉ်းစားရင်တော့ ဒီမိန်းမကြီးဟာ ကိုယ့်အိမ်မှာ မိသားစုနဲ့ အေးအေးချမ်းချမ်း နေသင့်တာပေါ့။ သူများနိုင်ငံမှာသွားပြီး ဆင်းဆင်းရဲရဲ ကိုယ့်လူမျိုးမဟုတ်တဲ့ဆင်းရဲသားတွေ၊ ရောဂါသည်တွေကိုများ စောင့်ရှောက်နေတယ်လို့။ ဒါပေမဲ့ မာသာတရီဇာဟာ သူ့ရဲ့ နှလုံးသားကတောင်းဆိုတာကိုပဲ လိုက်လုပ်ခဲ့ပါတယ်။ ဤကဲ့သို့ စိတ်ဖြစ်ပေါ်လာအောင် ဘုရားက စေခိုင်းတာဖြစ်ပြီး ဘုရား၏ မေတ္တာပါရမီ တိုးပွားအောင် လုပ်ဆောင်ခဲ့ရုံသာမက သူ့အားဖြင့် ကမ္ဘာကြီးတစ်ခုလုံး ဘုရားဘုန်း ထင် ရှားအောင် အသက်ရှင်ခဲ့သော သူတော်စင်မာသာ ထရီဇာပင် ဖြစ်ပါသည်။ မြန်မာပြည်တွင် လက်ရှိခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာမှာ အကောင်းဆုံး တက္ကသိုလ်တစ်ခုဖြစ်တဲ့ Oxford University က ဘွဲ့ ရခဲ့ပါတယ်။ သူမရဲ့ ပညာအရည်အချင်းနဲ့ အနောက်နိုင်ငံမှာ လစာ ဒေါ်လာ သိန်းချီရနိုင်ပါတယ်။ တက္ကသိုလ်ပါမောက္ခတစ်ယောက်ဖြစ်တဲ့ လင် ၊ ယောက်ျားရယ်၊ သားနှစ်ယောက်ရယ် အင်္ဂလန်နိုင်ငံမှာ စည်းစိမ်ချမ်းသာ အပြည့်နဲ့ အေးအေးဆေးဆေး နေနိုင်တယ်။ ဘာလို့ ဆင်းရဲစုတ်ပြတ်နေတဲ့ မြန်မာပြည်ကို ပြန်နေမလဲ။ ဟိုရောက်ရင် အာဏာရှင် စစ်ဗိုလ်ချုပ်တွေရဲ့ အဖမ်းအဆီးခံရမယ်။ ယောက်ျားနဲ့လည်း ဝေးမယ်။ ငယ်သေးတဲ့ သား ၊ နှစ်ယောက်နဲ့ တကွဲတပြားစီ ဖြစ်သွားမယ်။ သူမရဲ့ ဘဝတစ်ခုလုံး ပြိုလဲ ပျက်စီးသွားမှာကို မသိဘူးလား။ နိုဘယ်ဆုရထားတဲ့ အမေရိကန်ဒေါ်လာ ၁.၃ သန်းကို မိမိအတွက် မသုံးဘဲ ဘာလို့ မြန်မာပြည်သူတွေအတွက် ကျန်းမာရေးနဲ့ ပညာရေးရန်ပုံငွေ (Fund) ထဲ ထည့်ထားရတာလဲ။ သူမ ရဲ့ နှလုံးသားက မိခင်တိုင်းပြည်ကို ချစ်တယ်၊ မြန်မာပြည်ကို ဒီမိုကရေစီ ရစေချင်တယ်၊ ပြည်သူ သန်း ၆၀ ကို သူများနိုင်ငံက လူတွေလို လူတန်းစေ့ နေစေချင်တယ်ဆိုတဲ့ နှလုံးသားက ပြောတဲ့အတိုင်း မိသားစုနဲ့ ချမ်းသာ ကြွယ်ဝမှုအဝဝကို စွန့်လွတ်ပြီး မြန်မာလူထုနဲ့ ဒုက္ခတွေ အတူခံစားနေလျက် ပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှလုံးသားဟာ သခင်ယေရှု ချမှတ်ထား သော တရားတော်ကို လိုက်နာကျင့်သုံးနေသောသူဖြစ်ကြောင်း ထင်ရှား စွာ တွေ့မြင်ရပါသည်။ စာဖတ်သူ မိတ်ဆွေလည်း မိမိပတ်ဝန်းကျင်မှာ မေတ္တာပါရမီ ပြန့်ပွားကျယ်ပြန့်အောင် လုပ်ဆောင်ခြင်းဖြင့် မြန်မာပြည်မှာ ဘုရားဘုန်း ထင်ရှားတဲ့သူများ ဖြစ်ကြပါစို့။
(၃) ဖိလိပ္ပိ ၁း၁၁ = ဖြောင့်မတ်ခြင်း အကျင့်နှင့် ပြည့်စုံသော ယုံကြည်သူများ ဖြစ်ကြရမည်။
လူတစ်ဦးသည် ခရစ်တော်ကို ကယ်တင်ပိုင်ရှင်အဖြစ် ယုံကြည်ပြီးနောက် ရိုးသားဖြောင့်မတ်စွာ အကျင့် နှင့် ပြည့်စုံသောသူ ဖြစ်ရပါမည်။ ထို မှသာ ဘုရားဘုန်း ထင်ရှားသော ယုံ ကြည်သူ ဖြစ်လာပါမည်။ အကျင့်ကြောင့် ကယ်တင်ခြင်းရရှိတာ မဟုတ်ပေမဲ့ ဘုရားဘုန်း ထင် ရှားရန် ကောင်းသောအကျင့် ကျင့်ရမည် ဖြစ်ပါ သည်။ သင်တို့သည် များစွာသော အသီးကို သီးသောအားဖြင့် ငါ့ခမည်းတော်သည် ဘုန်း ၊ ထင်ရှားတော်မူ၍ သင်တို့သည် ငါ၏တပည့်အမှန် ဖြစ်ကြလိမ့်မည် (ယော ၁၅း၈)။ အသီးသီးခြင်း ဆိုသည်မှာ ကောင်းသောအကျင့်ကို ကျင့်ရာ သူတစ်ပါး မြင်အောင် ဝိညာဉ်အသီး ၉ လုံး ဖြစ်ပါသည် (ဂလာတိ ၅၂း၂၂-၂၃)။ အသီးမသီးတဲ့ ခရစ်ယာန် ယုံကြည်သူများကို ကျမ်းစာတော်မြတ်က တပည့်အမှန်လို့ မသတ်မှတ်ပါ။ ထို့ကြောင့် လူမည်သည်ကား ခရစ်တော်၌ ရှိလျှင် အသစ်ပြုပြင်သော သတ္တဝါ ဖြစ်၏။ ဟောင်းသောအရာတို့သည်
ပြောင်းလဲ၍ ခပ်သိမ်းသော အရာတို့သည် အသစ်ဖြစ်ကြပြီ (၂ကော၊ ၅း၁၇)။ လူသစ်ဖြစ်မှသာလျှင် ဖြောင့်မတ်ခြင်း အကျင့်ကို ကျင့်နိုင်မှာ ဖြစ်ပါသည်။ မိမိကိုယ်မိမိ အားကိုးခြင်းဖြင့် မရနိုင်ပါ။ မိမိ၏စိတ် နှလုံးသားထဲသို့ ပြုပြင်ပြောင်းလဲချင်သော စိတ်ကို ဘုရားပေးမှာလျှင်ဖြောင့်မတ်ခြင်း အကျင့်နှင့် ပြည့်စုံသော ယုံကြည်သူ၊ ဘုရားဘုန်း ထင် ရှားသူ ဖြစ်လာပါလိမ့်မည်။
အမေရိကန်နိုင်ငံက အထက်တန်းကျောင်း တစ်ကျောင်းမှာပါ။ Spelling Bee လို့ခေါ်တဲ့ အင်္ဂလိပ်စာလုံးကို ပါးစပ်က စာလုံးပေါင်းပြရတဲ့ ပြိုင်ပွဲတစ်ခုမှာပါ။ အခုပြိုင်ပွဲဝင်သူ အားလုံးမှာ နောက်ဆုံး ဆန်ကာတင်ကျောင်းသူ နှစ်ယောက်ပဲ စင်မြင့်ပေါ်မှာ ကျန်နေကြတယ်။ အခု ဒိုင် ပြောတဲ့ နောက်ဆုံးစာလုံးကို မှန်အောင် ပေါင်းပြနိုင်တဲ့သူဟာ ပထမဆု ရမှာပါ။ ပထမကျောင်းသူရဲ့ ပေါင်းပြတဲ့စာလုံး မှားသွားတယ်။ အခု ဒုတိယကျောင်းသူလေးရဲ့အလှည့်ပါ။ သူ စာလုံးပေါင်းပြလိုက်တယ်။ စင်အောက်က ဒိုင်တွေက သူ့စာလုံးပေါင်း မှန်တယ်လို့ ကြေညာလိုက်လို့ စင်ပေါ်ကဒိုင်က သူ့ကို ပထမဆုရကြောင်း ကြေညာလိုက်တယ်။ ဒါပေမဲ့ကျောင်းသူလေးက သူပေါင်းတဲ့ စာလုံးက အဲဒါ မဟုတ်ပါဘူး၊ စင်အောက် က ဒိုင်တွေက နားကြားလွဲပြီး သူပြောတာ အမှန်လို့ ထင်သွားကြတာပါ။ ဒီဆုကို သူ မရသင့်ပါဘူးဆိုပြီး စင်အောက်ကို ဆင်းသွားပါတယ်၊ ဒီအဖြစ်အပျက်ကိုကြည့်ရင် ပြောပြတဲ့ ကျောင်းသူလေးဟာ မှန်တာကို ပြောရဲခြင်း၊ ပါ။ မှန်တယ်ထင်ရင် ငြိမ်မနေခြင်းပါ။ ဒါကို တော်ရုံတန်ရုံလူတွေ မလုပ် ရဲကြပါဘူး။ စိတ်ဓာတ်ကြံ့ခိုင်သူတွေသာ လုပ်ရဲကြပါတယ်။ ရိုးသားဖြောင့်မတ်သူများသာ ပြုလုပ်ကြတဲ့ အရာပါ။ သမ္မာကျမ်းစာတွင် သုတ္တံ ဆရာက ဖြောင့်မတ်ခြင်းပါရမီမူကား သေခြင်းမှ ကယ်တင်တတ်၏ (သုတ္တံ ၁၀:၂)။
ခရစ်ယာန် ယုံကြည်သူတစ်ဦး ဘုရားဘုန်း ထင်ရှားနိုင်ရန် အောက်ပါ အချက် ၃ ချက်ကို မဖြစ်မနေ လိုက်လျှောက်အသက်ရှင်ရပါမည်။
(၁) မေတ္တာပါရမီ တိုးပွားအောင် အသက်ရှင်ပြီး မိမိနဲ့ သက်ဆိုင်သောသူများ အနီးဆုံးသော သူများကို ထိုမေတ္တာကို လက်ဆင့်ကမ်း ဝေငှသူဖြစ်ရပါမည်။
(၂) အမှား၊ အမှန် ဝေဖန်ပိုင်းခြားနိုင်သော ဉာဏ်ပညာ ရှိရပါမည်။
(၃) ဖြောင့်မတ်ခြင်း အကျင့်နှင့် ပြည့်စုံသော ယုံကြည်သူများ ဖြစ်ရပါမည်။
အထက်ပါ အချက် ၃ ချက် လုပ်ဆောင်ပြီး အသက်ရှင်တဲ့ ယုံကြည်သူ အားလုံး ဘုရားဘုန်း ထင်ရှားမှာ ဧကန်မလွဲပါ။ စာဖတ်ပရိသတ်နဲ့ ကျွန်တော်တို့အားလုံး မြန်မာပြည်မှာ ဘုရားဘုန်း ထင်ရှားသောသူများ ဖြစ်ကြ ပါစို့။
အနှစ်ချုပ်
(ဖိလိပ္ပိ ၁း၉-၁၁)
(၁) ရှင်ပေါလု၏ ဆုတောင်းချက်။
(၂) မေတ္တာပါရမီ တိုးပွားလျက် အသက်ရှင်ပါ။
(၃) ဖြောင့်မတ်ခြင်း အကျင့်နှင့် ပြည့်စုံသော ယုံကြည်သူ။
အပိုင်း (၃)
ဖိလိပ္ပိ ၁း၁၂-၂၀
(ရှင်ပေါလု၏ခံယူယုံကြည်ချက်)
ဖိလိပ္ပိ ၁း၁၂-၂၀ = ညီအစ်ကိုတို့၊ ငါ၌ရောက်သော အမှုအရာတို့ သည် ဧဝံဂေလိတရားကို မမြစ်တားသည်သာမက ပြုစုရာ ဖြစ်သည်ဟု သင်တို့ သိစေခြင်းငှာငါအလိုရှိ၏။ ထိုသို့သောအားဖြင့် ခရစ်တော်ကြောင့် ငါခံရသော ချည်နှောင်ခြင်း အမှုအရာသည် နန်းတော်၌ အနှံ့အပြား ထင် ရှားသည်သာမက ခပ်သိမ်းသော အရပ်၌ ထင်ရှား၏။ သခင်ဘုရား၌ ညီအစ်ကိုအများတို့သည် ငါခံရသော ချည်နှောင်ခြင်းကြောင့် ယုံမှားသော စိတ်နှင့် ကင်းလွတ်၍ ကြောက်ရွံ့ခြင်းမရှိဘဲ နှုတ်ကပတ်တော်တရားကို သာ၍ ဟောပြောဝံ့ကြ၏။ လူအချို့တို့သည် ငြူစူရန် တွေ့ချင်သော သဘောနှင့် ခရစ်တော်၏ တရားကို ဟောပြောကြ၏၊ အချို့တို့သည် စေတနာစိတ်နှင့်ဟောပြောကြ၏။ ငါသည်ဧဝံဂေလိတရားကို ထောက်မ ဘို့ရာခန့်ထားသောသူဖြစ်ကြောင်း ဤသူတို့သည်သိ၍ ခရစ်တော်၏တရားကို မေတ္တာစိတ်နှင့် ဟောပြောကြ၏။ ထိုသူတို့သည် ကြည်ဖြူသောစိတ် မရှိ၊ ချည်နှောင်ခြင်းကို ငါခံရသည်တွင် သာ၍ဆင်းရဲစေမည်ဟု အကြံရှိ၍ ရန်တွေ့ချင်သော စိတ်နှင့် ဟောပြောကြ၏။ သို့ဖြစ်၍ အဘယ်သို့နည်း။ လျှို့ဝှက်၍ ဟောပြောသည်ဖြစ်စေ၊ သစ္စာရှိ၍ ဟောပြောသည်ဖြစ်စေ၊ အဘယ်သို့သောအားဖြင့် ဟောပြောသည်ဖြစ်စေ ခရစ်တော်၏ တရားကိုဟောပြောခြင်းရှိ၏။ ထိုအကြောင်းကြောင့် ငါသည် ယခု ဝမ်းမြောက်လိမ့် မည်။ အဘယ်သို့နည်းဟူမူကား ငါသည် အလျှင်းရှက်ကြောက်ခြင်းမရှိ၊ ရဲရင့်ခြင်းနှင့် ပြည့်စုံ၍ အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ ငါ့ ကိုယ် ခန္ဓာ၌ ခရစ်တော်သည် အစဉ်မပြတ် ဂုဏ်အသရေ ထင်ရှားတော်မူသကဲ့သို့ ယခုပင် ထင်ရှားတော်မူမည်ဟု မျှော်လင့်အားကြီး၍ တောင့်တသည်နှင့် အညီ သင်တို့ ဆုတောင်းသဖြင့် လည်းကောင်း၊ ယေရှုခရစ်၏ ဝိညာဉ် တော် မစသဖြင့်လည်းကောင်း ဤအကြောင်းအရာကို ငါ့ကို ကယ်တင် သော အကြောင်းအရာ ဖြစ်မည်ဟု ငါသိ၏။
၁။ ဖိလိပ္ပိ ၁း၁၂-၁၄ = ညီအစ်ကိုတို့၊ င၌ရောက်သော အမှုအရာတို့သည်
ဧဝံဂေလိတရားကို မမြစ်တားသည်သာမက ပြုစုရာ ဖြစ်သည်ဟု သင်တို့ သိစေခြင်းငှာ ငါအလိုရှိ၏။ ထိုသို့သောအားဖြင့် ခရစ်တော်ကြောင့် ငါခံရသော ချည်နှောင်ခြင်း အမှုအရာသည် နန်းတော်၌ အနှံ့အပြား ထင်ရှားသည်သာမက ခပ်သိမ်းသော အရပ်၌ ထင်ရှား ၏။ သခင်ဘုရား၌ ညီအစ်ကိုအများတို့သည် ငါခံရသော ချည်နှောင် ခြင်းကြောင့် ယုံမှားသောစိတ်နှင့် ကင်းလွတ်၍ ကြောက်ရွံ့ခြင်းမရှိဘဲ နှုတ်ကပတ်တော်တရားကို သာ၍ ဟောပြောဝံ့ကြ၏။
ဖိလိပ္ပိ ၁း၁၂ = ငါ၌ ရောက်သော အမှုအရာ
ရှင်ပေါလု ဤစာစောင်ကို ရေးသားချိန် အကျယ်ချုပ်နဲ့ ထောင်ထဲ ရောက်နေချိန် ဖြစ်ပါ သည်။ မိမိအသက်အန္တရာယ် စိုးရိမ်နေရချိန်၊ မိမိဘဝ မှာ အခက်အခဲများ အမြင့်ဆုံး ခံစားနေရချိန်ပင် ဖြစ်ပါသည်။ လူတိုင်းရဲ့ အသက်တာ မျှော်လင့်စရာ အခက်အခဲပေါင်းစုံ ကြုံတွေ့လာချိန်၌သာကောင်းသောအရာများစွာ ထွက်ပေါ်လာတတ်ပါသည်။ ဘဝမှာ ပန်းခင်း လမ်း သက်သောင့်သက်သာ ဖြစ်နေချိန် ကောင်းသောအရာ၊ တန်ဖိုးရှိသော အရာ ဘယ်တော့မှ ထွက်ပေါ်လာဘူးဆိုတာ အစဉ်သတိရပါ။ အခက်အခဲ ရင်ဆိုင်ရချိန် စိတ်မပျက်ဘဲ အားမလျှော့ဘဲ ဘုရားဆီမှ ခွန်အားကို တောင်း ခံ၍ လုပ်သင့်လုပ်ထိုက်တာ အကောင်းဆုံး လုပ်ဆောင်ဖို့ရန်သာ ဖြစ်ပါ သည်။
ဖိလိပ္ပိ ၁း၁၂-၁၃ = ဧဝံဂေလိတရားအတွက် ပြုစုရာရောက်
နန်းတော်၌ အနှံ့အပြား ထင်ရှားခဲ့သည်
ရှင်ပေါလု ထောင်ထဲရောက်တဲ့အချိန်ဟာ သူ၏လုပ်ငန်း ဧဝံဂေလိ တရားကို တားမြစ်ပိတ်ပင်တာ မဟုတ်ပါ။ ဧဝံဂေလိတရား ပိုမိုကြီးထွားရန်၊ ကျယ်ပြန့်ရန်ဖြစ်ကြောင်း ထောင်အပြင်မှာရှိတဲ့ ယုံကြည်သူ ခရစ်ယာန်များ အား အားပေးစကား ပြောရုံသာမက သူပြောတဲ့အတိုင်း ထောင်ထဲမှာ ဧဝံဂေလိတရား ကျယ်ပြန့်ဖို့ရန် ဟောပြောခြင်း၊ ပုံသက်သေကောင်း ပြသ ခြင်းကြောင့် နန်းတွင်းသားများ ပြောင်းလဲလာကြောင်း မှတ်တမ်းတင်ဖော်ပြခဲ့ပါသည်။ ထောင်တွင်းသူ၏ ဧဝံဂေလိတရား လုပ်ဆောင်ခြင်း၏ သက်သေကို ထောင်မှူးပြောင်းလဲသည်သာမက သူ၏ မိသားစုအားလုံး ကယ်တင်ခြင်း ရရှိခဲ့ကြောင်း တမန်တော်ဝတ္ထုတွင် တွေ့ရှိနိုင်ပါသည် (တမန် ၁၆:၂၅-၃၄)။ သခင်ယေရှုခရစ်ကို ယုံကြည်လော့၊ ယုံကြည်လျှင် သင်နှင့် သင်၏ အိမ်သူအိမ်သားတို့သည် ကယ်တင်ခြင်းသို့ ရောက်ကြ လိမ့်မည် (တမန် ၁၆:၃၁)။
ဖိလိပ္ပိ ၁း၁၄ = ရှင်ပေါလု၏ စံနမူနာသည် ခရစ်ယာန်ယုံကြည်သူများကိုခွန်အားတိုးပွားစေ။
ယုံကြည်သူတိုင်း မည်သည့်အခြေအနေမျိုး ဘဝမှာ ကြုံဆုံပါလေ စေ၊ ရှင်ပေါလုကဲ့သို့ သစ္စာရှိစွာ ခရစ်တော်ဘုရားအတွက် အသက်ရှင်ကြရ ပါမည်။
နိုင်ငံတစ်ခုတွင် ဘုရင်ကြီးက ပြည်သူပြည်သားများ၏ စိတ်ဓာတ်ကို စမ်းသည့်အနေနဲ့ မြို့အဝင် လမ်းမပေါ်တွင် ကျောက်တုံးကြီးဟာ လမ်းကို ပိတ်ထားပြီး မလှမ်းမကမ်း တစ်နေရာမှာ ပုန်းအောင်းပြီး စောင့်ကြည့်နေပါ တယ်။ လူအချို့က ရပ်ကြည့်နေကြကာ အချို့က ရှောင်ကွင်းသွားကြတယ်။ ဘယ်သူမှ ထိုကျောက်တုံးကြီးကို ဖယ်ဖို့ မကြိုးစားကြဘူး။ နောက်တစ်နေ့ လည်း ထိုနည်းလည်းကောင်း၊ နောက်တစ်နေ့လည်း ထို့အတူပါပဲ။ နောက် တစ်နေ့နံနက်မှာ တောင်သူတစ်ဦးဟာ ကျောက်တုံးကြီးကို တွေ့လို့ ရွှေ့ဖို့ ကြိုးစားရာ မအောင်မြင်ခဲ့ပါ။ ဘေးက လူအများစုက မကူညီဘဲ ဝိုင်း ကြည့်နေကြတယ်။ တောင်သူလည်း လမ်းဘေးက တောအုပ်တစ်ခုထဲဝင်ပြီးသစ်ကိုင်းကြီးကြီးတစ်ချောင်းကို သူ့ဓားနဲ့ ခုတ်ဖြတ်ယူလာတယ်။ ပြီးတော့ကျောက်တုံးကြီးကို သစ်ကိုင်းကို ကုတ်အဖြစ်သုံးပြီး အင်အားစိုက် ကလော် လိုက်တော့ ကျောက်တုံးကြီး တဖြည်းဖြည်းချင်း လမ်းဘေးကို လိမ့်ကျ သွားပြီး လမ်းပြန်ပွင့်သွားပြီး ကျောက်တုံးအောက်မှာ တွင်းတိမ်ကလေး တစ်ခုတွေ့ပြီး တွင်းကို နှိုတ်ကြည့်သောအခါ ရေအိတ်လေး တစ်လုံးနဲ့ စာတစ်စောင်ကို တွေ့လိုက်တယ်။ စာခေါက်လေးကို ဖြန့်ပြီး ဖယ်ကြည့် လိုက်တော့ ဒီရွှေဒင်္ဂါးပြားတွေဟာ ကျောက်တုံးကြီးကို ဖယ်ရှားပေးသော သူအား အပိုင်ပေးတဲ့ ဘုရင့်အမိန့်စာပင် ဖြစ်သည်။ ပုံပြင်က ဘာသင် ခန်းစာ ပေးတာလဲ။
(၁) အခက်အခဲတိုင်း၏ နောက်ကွယ်မှာ အခွင့်အလမ်းဆိုတာ အမြဲရှိတယ်။
(၂) အများအကျိုး ဆောင်ရွက်သူဟာ အကျိုးတစ်ခုခု အမြဲခံစားရတတ်တယ်။
(၃) ဘဝရဲ့ အဖိုးတန်အရာများဟာ အခက်အခဲကို ဖြေရှင်းပြီးရင် ရောက်လာတဲ့ အရာများသာ ဖြစ်ပါသည်။ ထို့ကြောင့် ရှင်ပေါလုကဲ့သို့ စာဖတ်သူ ပရိသတ်များ အခက်အခဲနဲ့ ကြုံတွေ့ရပြီးဆိုလျှင် မရှောင်ပါနဲ့၊ နောက်မဆုတ်ပါနဲ့။ ရဲရဲဝံ့ဝံ့ ရင်ဆိုင်တွေ့ ပြီး ဖြေရှင်းလိုက်ပါ။ တကယ်လို့ အခက်အခဲဆိုတာ လူတွေရဲ့ စိတ်ဓာတ် ကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်စေသော အရာများ ဖြစ်တယ်လို့ ခံယူရင်း ရှင်ပေါလုကဲ့သို့ ဝိညာဉ်ပေါင်း မြောက်မြားစွာကို ဘုရားထံ တော်ပါး၌ ပို့ဆောင်နိုင်သော ယုံကြည်သူများ ဖြစ်ကြပါစို့။
၂။ ဖိလိပ္ပိ ၁း၁၅-၁၈ = ခရစ်တော်၏တရားကို မေတ္တာနဲ့ ဟောကြားပါ။
ဖိလိပ္ပိ ၁း၁၅ = လူအချို့တို့သည် ပြုစုရန်တွေ့လိုသော စိတ်နဲ့ ခရစ်တော် တရားကို ဟောပြောကြ၏။
မြန်မာပြည်တွင် ခရစ်ယာန်သာသနာ တိုးတက်ပြန့်ပွားမှု နှောင့်နှေး ရခြင်း အကြောင်းရင်းများစွာထဲက အဓိကအချက်မှာ ဓမ္မအမှုတော်ဆောင် များ ဧဝံဂေလိတရား ဝေငှ ရာတွင် အခြားသော ဘာသာတရားများ၏ ယဉ် ကျေးမှု၊ ဓလေ့ထုံးစံ၊ ကိုးကွယ်ယုံကြည်မှုများကို အထင်သေး၊ မလေးစား၊ တန်ဖိုးမထားဘဲ အပေါ်စီး၊ အထက်စီးကနေ ဧဝံဂေလိတရားကို ဝေငှကြသောကြောင့် မြန်မာပြည် ဗုဒ္ဓဘာသာယဉ်ကျေးမှု အခိုင်အမာရှိနေသော နေရာ၌ အလုပ်မဖြစ်ခဲ့ပေ။ အချို့ဆရာများက ဗုဒ္ဓဘာသာဝင်များ ငရဲ သွားမည့်သူများဟု အပေါ်စီးကနေ ဧဝံဂေလိ ဟောကြားခြင်း၊ ငြူစူ ရန်တွေ့လိုသောစိတ်နဲ့ ဟောကြားနေကြပါသည်။ အသင်းတော်အတွင်း ယုံကြည်သူအချင်းချင်း ငြူစူခြင်း၊ တခြားဘာသာဝင်များနဲ့ ဆက်ဆံသော အခါ အပေါ်စီးက ဆက်ဆံခြင်းတို့ကြောင့် ခရစ်တော် သာသနာသည် မြန်မာပြည်တွင် တိုးတက်မှု နှောင့်နှေးရခြင်း အကြောင်းများစွာထဲက တစ်ခုပင်ဖြစ်သည်။ ကောင်းသောအလုပ်ကို မကောင်းသော စိတ်ဓာတ်နဲ့ လုပ်ဆောင်နေသောသူများ ရှိလျက်ရှိနေပါသည်။
ဖိလိပ္ပိ ၁း၁၆ = ခရစ်တော်၏ တရားကို မေတ္တာစိတ်နဲ့သာ ဟောပြောရန်။
ရှင်ပေါလုက စစ်မှန်သော ဧဝံဂေလိတရား ဝေငှနည်းမှာ မေတ္တာ စိတ်နဲ့သာ ဟောပြောရန် တိုက်တွန်းထားပါသည်။ သူ့အား ထောင်ထဲရောက်အောင် လုပ်ဆောင်သောသူများကို အပြစ်မတင်၊ ရန်မတွေ့၊ ထောင်ထဲက လွတ်လာအောင် ဖိအားမပေးဘဲ လက်ရှိ ရှိနေတဲ့ ဘဝကို လက်ခံပြီး ဘုရား သခင် အခွင့်မပေးလျှင် မည်သူမျှ သူ့အား ဘာမျှမလုပ်နိုင်ဟု ခံယူ ယုံ ကြည်ချက်နဲ့ အမှုတော်ဆောင်ခဲ့သူ တစ်ဦးဖြစ်ပါသည်။ သင်တို့အဖ အခွင့်မရှိလျှင် ထိုစာငှက်တစ်ကောင်မျှ မြေသို့မကျရ။ သင်တို့ ဆံပင် သည်လည်း အကုန်အစင် ရေတွက်လျက် ရှိ၏ (မသဲ၁၀း၂၉-၃၀)။
ဖိလိပ္ပိ ၁း၁၈ = ငါသည် ယခု ဝမ်းမြောက်၏။ နောင်၌လည်း ဝမ်းမြောက်လိမ့်မည်။ ရှင်ပေါလု၏ တုံ့ပြန်မှု၊ မွန်မြတ်သော စိတ်ဓာတ်ကို တွေ့မြင်နိုင်ပါ သည်။ ဤစာစောင်၏ အဓိကသော့ချက်မှာ ဝမ်းမြောက်ခြင်းပင်ဖြစ်သည်။ အခြေအနေ၊ အဖြစ်အပျက်အပေါ် မူမတည်ဘဲ ဘုရားသခင် ပေးတော်မူသော အတွင်းထဲက ဝမ်းမြောက်ခြင်းသည် ခရစ်ယာန်ယုံကြည်သူများ၏ ထူးခြားသော လက္ခဏာတစ်ခုပင် ဖြစ်ပါသည်။ လူတစ်ဦးဘဝမှာ အမြဲတမ်း ဝမ်းမြောက်ချင်ရင် တစ်ကိုယ်ကောင်း မဆန်ပါနဲ့။ အတ္တမကြီးပါနဲ့။ သူ တစ်ပါးအတွက် အသက်ရှင်ပါ။ အတွင်းစိတ်၏ ဝမ်းမြောက်ခြင်းကို ရှင်ပေါလုကဲ့သို့ ကိုယ်တိုင် ခံစားရပါလိမ့်မည်။
တလောက စင်ကာပူခေါင်းဆောင်ကြီး လီကွမ်ယု ကွယ်လွန်သွား တော့ သူ့အကြောင်းတွေ ရေးထားတဲ့ ဆောင်းပါးတစ်ခုမှာ ဖတ်လိုက်ရ တယ်။ လီကွမ်ယုရဲ့ မိန်းမက အလွန်နေမကောင်းဖြစ်သွားလို့ ၂၀၀၈ ခုနှစ် က စပြီး အိပ်ရာထဲ လဲနေခဲ့ရတယ်။ အိပ်ရာထဲ လဲနေတဲ့ သူ့မိန်းမကို လီကွမ်ယုဟာ စာအုပ်ထဲက အင်္ဂလိပ်ကဗျာတွေကို ညတိုင်း မပျက်မကွက် ဖတ်ပြလေ့ရှိတယ်တဲ့။ သူ့မိန်းမ အိပ်ပျော်သွားမှ ကဗျာဖတ်တာကို ရပ် နားတော့တယ်။ အဲဒီလို ညစဉ် ကဗျာဖတ်ပြတာ သူ့မိန်းမ ၂၀၁၀ ပြည့်နှစ်မှာ ကွယ်လွန်ခဲ့တဲ့အချိန်ထိ ၂ နှစ်ကြာအောင် တစ်ညမှ မပျက်ကွက်ခဲ့ဘူးတဲ့။ ဒါက ဇနီးမယားအပေါ်ထားတဲ့ လင်ယောက်ျား တစ်ယောက်ရဲ့ မေတ္တာ ပါ။ လူတစ်ယောက်ဟာ အခြားလူစိမ်း တစ်ယောက်အပေါ်မှာ ဒီလို မေတ္တာ ထားနိုင်ပါ့မလား။ ထားနိုင်သူ ရှိပါတယ်။ စာအုပ်တစ်အုပ်မှာ ဖတ်မိတဲ့ အဖြစ်အပျက်လေးပါ။ ဆေးရုံတစ်ရုံရဲ့ အခန်းတစ်ခုမှာ အမျိုးသား လူနာ နှစ်ယောက် ရောက်လာပါတယ်။ တစ်ယောက်က ကင်ဆာဝေဒနာရှင်ပါ။ သူ့နာမည်က ဂျွန်ပါ။ နောက်တစ်ယောက်ကတော့ တောင်တက်ရင်း တောင်အောက်ကို ပြုတ်ကျလို့ ကိုယ်တစ်ကိုယ်လုံး လုံးဝလှုပ်ရှားလို့ မရ တော့ဘူး။ မျက်လုံးနှစ်ဖက် ဖွင့်နိုင်တယ်။ စကားနည်းနည်းပြောနိုင်တယ်။ သူဟာ ဆေးရုံခုတင်ပေါ်မှာ အချိန်ပြည့် လဲလျောင်းနေရတယ်။ အချိန်ကျရင် သူနာပြုဆရာမ ရောက်လာပြီး အစာကျွေး၊ အဝတ်အစားလဲ၊ ဆေးကြော သုတ်သင်ပေးရတယ်။ သူတို့နှစ်ယောက်ရဲ့ ဆွေမျိုးတွေက နောက်ပိုင်းကျတော့ ဘယ်သူမှ ရောက်မလာကြတော့ဘူး။ သူတို့နှစ်ယောက်လည်း ရက် အနည်းငယ်ကြာတော့ စကားပြောရင်းနဲ့ မိတ်ဆွေတွေ ဖြစ်သွားကြတယ်။ တစ်မနက်မှာ ခုတင်ပေါ်က လူနာက သူ လောကကြီးနဲ့ အဆက်ပြတ်နေတာ ကြာပြီမို့ ဒီဆေးရုံတစ်ဝိုက်မှာ ဘာတွေမြင်တွေ့ နေသလဲဆိုတာ ပြောပြ ပေးပါလားလို့ ဂျွန်ကို ပြောလိုက်ပါတယ်။ ဒီတော့ ဂျွန်က ဆေးရုံပြတင်း ပေါက်ကနေ ကြည့်ရင်း အခုလို ပြောပြပါတယ်။
အခု လိမ္မော်ရောင် နေလုံးကြီး ထွက်လာပြီ၊ နေရောင်ခြည်ဟာ ရွှေခြည်ရွှေမျှင်လေးတွေလိုပါပဲ။ ရှေ့မှာ စိမ်းလန်းနေတဲ့ မြက်ခင်းပြင်ကြီး မှာ နွားနှစ်ကောင် မြက်စားနေတယ်။ သစ်ပင်ပေါ်မှာ စာကလေး တစ် သိုက်ကလည်း ကျလိ ကျလိနဲ့ အော်မြည်နေတယ်။ ပြောရင်းဆိုရင်း ခွေးဖြူကလေး တစ်ကောင်က ပြေးထွက်လာပြီး မြက်ခင်းပေါ် လူးလှိမ့်နေသေး တယ်။ လောကကြီးက အေးချမ်းသာယာနေလိုက်တာဗျာတဲ့။
ခုတင်ပေါ်က အကြောသေနေတဲ့လူလည်း မျက်လုံးတွေ မှိတ်ပြီး အာရုံခံစား နားထောင်နေတယ်။ နောက်တော့ သူအိပ်ပျော်သွားလို့ ဂျွန် လည်း သူပြောနေတာ နားလိုက်တယ်။ နောက်တစ်နေ့မနက် ရောက်ပြန်တော့ “ဒီနေ့ မိုးအုံ့နေတယ်ဗျာ၊ ကောင်းကင်တစ်ခုလုံး မည်းမှောင်နေတာ ပါပဲ၊ ဒီနေ့ ငှက်ကလေးတွေလည်း တစ်ကောင်မှ သစ်ပင်မှာ မတွေ့ရဘူး၊ တစ်နေရာမှာ မိုးခိုနေကြတယ်ထင်တယ်” ဒီလိုနဲ့ ဂျွန်တစ်ယောက်ဟာ မနက်ခင်းရောက်တိုင်း ပြတင်းပေါက်ကနေ ကြည့်ပြီး သူမြင်တွေ့နေတာ တွေကို ပြောပြနေခဲ့တာ နေ့စဉ် မနက်တိုင်းပါပဲ။ တစ်လလောက်ကြာတော့ ခုတင်ပေါ်က လူနာက ဂျွန်ရဲ့ ခါတိုင်းပြောနေကျ စကားတွေ မကြားရတော့ ဂျွန်ကိုခေါ်တယ်။ ဂျွန်ရဲ့ ပြန်ထူးသံ မကြားရဘူး။ ဂျွန် ဘာဖြစ်နေတာလဲ ဆိုတာ သိချင်နေတယ်။ သူ့ခေါင်းကို ငဲ့မရတော့ ဂျွန်ရဲ့ ခုတင်ဘက်ကို စောင်းကြည့်၍ မရဘူး။ အတော်ကြာတော့ သူနာပြုဆရာမ တစ်ယောက် က အခန်းထဲ ဝင်လာလို့ ဂျွန် ဘယ်မှာလဲလို့ မေးလိုက်ပါတယ်။ ဆရာမက ညတုန်းက ဂျွန်ဆုံးသွားလို့ သူ့အလောင်းကို ရေခဲတိုက်ကို ပို့လိုက်ပြီလို့ ပြန်ပြောတယ်။ ဒီတော့ သူက ဆရာမကို ပြောလိုက်တယ် ဂျွန်ဟာ မနက် ခင်းရောက်တိုင်း ပြတင်းပေါက်ကနေ ကြည့်ပြီး တွေ့တာ မြင်တာလေး တွေကို သူ့အား ပြောပြလေ့ရှိတယ်လို့ ပြန်ပြောရာ ဆရာမက “ဒါ ဘယ်လိုမှ မဖြစ်နိုင်ပါဘူးရှင်၊ ဘာဖြစ်လို့လဲဆိုတော့ ဂျွန်ဟာ ကင်ဆာရောဂါကြောင့် မျက်စိနှစ်ဖက်စလုံး မမြင်ရတာ ခြောက်လတောင် ရှိနေပြီ”တဲ့။
လူတွေက ဒုက္ခရောက်နေသူ ဆင်းရဲသားတွေကို ငွေကြေးပေးကမ်း စွန့်ကြမှသာ ကူညီတယ်လို့ ထင်နေကြတယ်။ အခြားနည်းလမ်းတွေနဲ့ လည်း ကူညီနိုင်တယ်ဆိုတဲ့ အတွေးလေးတစ်ခု ရစေချင်လို့ပါ။ ရှင်ပေါလု ကဲ့သို့ ခရစ်တော်၏ တရားတော်ကို မေတ္တာနဲ့ ဝေငှခြင်းသည်သာ ထိ ရောက်သော သာသနာပြုခြင်းပင် ဖြစ်ပါသည်။
သင်တို့သည် ခပ်သိမ်းသော အမှုတို့ကို ချစ်ခြင်းမေတ္တာစိတ်နှင့် ဆောင်ရွက်ကြလော့ (၁ကော ၁၆း၁၄)။
၃။ ဖိလိပ္ပိ ၁း၁၉-၂၀ = ရှင်ပေါလု၏ ခံယူယုံကြည်ချက်။
ဖိလိပ္ပိ ၁၂၀ = အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ ငါ့ကိုယ် ခန္ဓာ၌ ခရစ်တော်အသေရေ ထင်ရှားစေရမည်။
ရှင်ပေါလု၏ အမှုတော်ဆောင်ခြင်းတွင် သူ၏ခံယူချက်ကို ကြား ရသော သူတိုင်းအတွက် ခွန်အားကို ဖြစ်စေပါသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ကိုယ်ခန္ဓာတစ်ခုလုံး အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ ဘုရားဘုန်း ထင်ရှားရမည်ဟု ခံယူအသက်ရှင်ထားသောကြောင့်ပင် ဖြစ် ၊ ပါသည်။ )
ဖိလိပ္ပိ ၁း၂၀ = သင်တို့ ဆုတောင်းသဖြင့်
ဤကဲ့သို့ ခံယူယုံကြည်၍ အမှုတော်ဆောင်သော ရှင်ပေါလုကို အသင်းသူအသင်းသားအားလုံး ဆုတောင်းပေးလျက် ရှိနေပါသည်။ ယုံ ကြည်သူ ဓမ္မမိတ်ဆွေအားလုံး ဘုရားအတွက် ဆက်ကပ်လုပ်ဆောင်နေ သော အမှုတော်ဆောင်များ အားလုံးအတွက် ဆုတောင်းပေးကြပါစို့။
ဖိလိပ္ပိ ၁း၂၀ = ယေရှုခရစ်တော်၏ ဝိညာဉ်တော် မစသဖြင့် ရှင်ပေါလု ယခုလို အမှုတော်ဆောင်နိုင်ရန် အသင်းသူအသင်းသားများ ရှင်ပေါလု အတွက် ဆုတောင်းပေးနေရခြင်းသည် သခင်ယေရှုခရစ်တော်၏ ဝိညာဉ် တော် မစခြင်းကြောင့်သာ ဖြစ်ပါသည်။ ဘုရားအတွက် ဆက်ကပ်လုပ် ဆောင်နေသော မည်သူမဆို ဘုရားရဲ့ မစခြင်းအခွင့်ကို ရရှိလျက် ရှိပါ သည်။ ထို့ကြောင့် ရှင်ပေါလုက ငါ့ကို ခွန်အားနှင့် ပြည့်စုံတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသော အမှုတို့ကို ငါတတ်စွမ်းနိုင်သည်ဟု ကြွေးကြော်ခဲ့သူ ဖြစ်ပါသည် (ဖိလိပ္ပိ ၄း၁၃)။
လူတစ်ယောက်ဟာ IMPOSSIBLE ဆိုတာကို စိတ်ထဲမှာ စွဲမြဲစွာ ထင်မှတ်နေရင် IMPOSSIBLE လို့ ပြောလိုက်ပြီဆိုရင် ဘာဖြစ်သွား သလဲ။ အဲဒီ IMPOSSIBLE ကို သူ့ရဲ့ ဦးနှောက်က မှတ်လိုက်ပြီး ဦးနှောက်ကလည်း သူ့ကို မဖြစ်နိုင်တဲ့ အကြောင်းပြချက်တွေ ထုတ်ပေး နေပါလိမ့်မယ်။ ဖြစ်နိုင်တဲ့ အကြောင်းအရာတွေကို သူ့ခေါင်းထဲ ပေါ်မလာ အောင် ( Block) လုပ် တားဆီးပစ်လိုက်ပါလိမ့်မည်။ အဲဒီတော့ အလုပ်တစ်ခုခု မစရသေးဘူး၊ မဖြစ်နိုင်ပါဘူးဆိုတဲ့ အကြောင်းပြချက် အမျိုးမျိုး ဟာ သူ့ခေါင်းထဲမှာ ပေါ်လာလိမ့်မယ်။ ဒီတော့ ဘာအလုပ်ဖြစ်ဖြစ် မဖြစ် နိုင်ဘူးလို့ အမြဲစဉ်းစားနေသူရဲ့ ဘဝဟာ အောင်မြင်မှုရပါ့ မလား၊ စဉ်းစား တွေးကြည့်ပါ။
အောင်မြင်မှု ရရှိသူတွေကတော့ အဲဒီ IMPOSSIBLE စကားလုံးအစား I’M POSSIBLE ငါလုပ်ရင် ဖြစ်နိုင်တယ်ဆိုတဲ့ စကားလုံးကိုပဲ သုံးကြ တယ်။ အဲဒီစကားလုံး သုံးလိုက်တာနဲ့ သင့်ဦးနှောက်ကနေ ဖြစ်နိုင်တဲ့ အကြောင်းအချက်တွေ ထုတ်ပေးပါလိမ့်မယ်။ အကြံသစ် ဉာဏ်သစ်တွေ ထုတ်ပေးလိမ့်မယ်။ တစ်ချိန်တည်းမှာ သင့်ခေါင်းထဲမှာ မဖြစ်နိုင်တဲ့ အကြောင်းပြချက်တွေ ပေါ်မလာအောင် (Block)လုပ်ပစ်လိမ့်မယ်။ အဲဒီ အခါ သင်ဟာ သူများတွေ မမြင်တွေ့တဲ့ အခွင့်အလမ်းတွေ မြင်တွေ့လာ ပါလိမ့်မယ်။ တွေ့လာတဲ့ အခွင့်အရေးကို ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်ရင် သင့်ဘဝမှာ အောင်မြင်မှု ဆက်တိုက်ရလာပါလိမ့်မယ်။ သင့်ဘဝမှာအောင်မြင်မှု ရချင်ရင် IMPOSSIBLE ဆိုတဲ့ စကားလုံးကို သင့်ရင်ထဲက အပြီးအပိုင် ဖယ်ထုတ်ပစ်လိုက်ပါ။ အဲဒီစကားလုံးကို သင့်နှုတ်ကလည်း ဘယ်တော့မှလည်း မပြောမိပါစေနဲ့။ ရှင်ပေါလု၏ အမှုတော်ဆောင်ခြင်း၏ အောင်မြင်မှု သော့ချက်ကတော့ တတ်နိုင်တဲ့စိတ်နဲ့ အကောင်းဆုံး လုပ် ဆောင်ရင်း တတ်နိုင်တဲ့ ဘုရားနဲ့ ပူးပေါင်းခဲ့သောကြောင့် ပြိုင်စံရှား ဘုရားအသုံးပြုသော အမှုတော်ဆောင် ဖြစ်နေပါတော့သည်။ စာဖတ်သူ ပရိသတ်နဲ့ ကျွန်တော်တို့အားလုံး တတ်နိုင်တယ်ဆိုတဲ့ စိတ်နဲ့အတူ တတ် နိုင်တဲ့ ဘုရားနဲ့ ပူးပေါင်းခြင်းအားဖြင့် ရှင်ပေါလုကဲ့သို့ ဘုရားဘုန်း ထင်ရှားတဲ့သူများ ဖြစ်ကြပါစို့။
အနှစ်ချုပ် ၊ (ဖိလိပ္ပ ၁း၁၂-၂၀)
(၁) သစ္စာရှိစွာ ခရစ်တော်အတွက် အသက်ရှင်ပါ။
(၂) ခရစ်တော်၏ တရားတော်ကို မေတ္တာနဲ့ ဟောကြားပါ။
(၃) ရှင်ပေါလု ခံယူယုံကြည်ချက်။
အပိုင်း (၄)
ဖိလိပ္ပိ ၁း၂၁-၂၆
(ရှင်ပေါလု၏ဆောင်ပုဒ်)
ဖိလိပ္ပိ ၁း၂၁ – ၂၆ = ငါ့အသက်ရှင်သည့် အရာမှာ ခရစ်တော်ဖြစ်၏။ သေလျှင်မူကား သာ၍အကျိုးရှိ၏။ ဤကိုယ်ခန္ဓာ၌ ငါသည် အသက်ရှင် လျှင် ငါပြုသော အမှု၏ အကျိုးကား ထိုသို့သော အကျိုးဖြစ်၏။ သို့သော် လည်း အဘယ်အကျိုးကို ရွေးယူရမည်ဟု မသိ။ ထိုအကျိုး နှစ်ပါး၏ အကြား၌ ငါသည် ယခု ကျဉ်းမြောင်းစွာ နေရ၏။ စုတေ့၍ ခရစ်တော်နှင့် အတူနေခြင်းငှာ တောင့်တလိုချင်သောစိတ် ရှိ၏။ သာ၍ အလွန်ထူးမြတ်သော အကျိုးဖြစ်၏။ သို့သော်လည်း ကိုယ်ခန္ဓာ၌ နေရလျှင် သင်တို့၌ သာ၍ အကျိုးရှိလိမ့်မည်။ ထိုသို့ရှိလိမ့်မည်ဟု ယုံမှားခြင်းနှင့် ကင်းလွတ် သည်ဖြစ်၍ သင်တို့ရှိရာသို့ ငါ တစ်ဖန်ရောက်လာသောအားဖြင့် သင်တို့ သည် ယေရှုခရစ်ကို အမှီပြု၍ ငါ့အတွက်ကြောင့် သာ၍ ဝါကြွားဝမ်းမြောက် ခြင်း ရှိစေခြင်းငှာ သင်တို့သည် ယုံကြည်ခြင်း၌ တိုးပွားဝမ်းမြောက်မည့် အကြောင်း ငါသည် ကိုယ်ခန္ဓာ၌နေ၍ သင်တို့ရှိသမျှနှင့် ပေါင်းဖော်ရမည် ဟု ငါ သိ၏။
၁။ ဖိလိပ္ပံ ၁း၂၁ = ရှင်ပေါလု၏ ခံယူယုံကြည်ချက်
= ငါအသက်ရှင်သည် အရာမှာ ခရစ်တော်ဖြစ်၏။
= သေလျှင်မူကား သာ၍ အကျိုးရှိ၏။
ရှင်ပေါလု ဒမာသက်လမ်းပေါ်မှာ သခင်ယေရှုနှင့် တွေ့ဆုံပြီး ပြောင်း လဲပြီးနောက် သူ၏ အမှုတော်ဆောင် ဘဝတစ်ခုလုံး၏ ဆောင်ပုဒ်ပင် ဖြစ်ပါသည်။ မပြောင်းလဲခင်တုန်းက သူတစ်ပါးကို အမိန့်ပေးစေခိုင်းတဲ့ သူဟာ ပြောင်းလဲပြီး ဘုရားခိုင်းတဲ့ အလုပ်ကို ဘုရားစိတ်ကြိုက် လုပ်ဆောင်ခဲ့သူ ဖြစ်ပါသည်။ ယုံကြည်သူအားလုံးလည်း ရှင်ပေါလုကဲ့သို့ ငါ့ စိတ်ကြိုက် အသက်ရှင်ခြင်းမျိုးမဟုတ်ဘဲ ဘုရားစိတ်ကြိုက် အသက်ရှင် ရမည်။ ဤကဲ့သို့ အသက်ရှင်မှ ဘုရားဘုန်း ထင်ရှားသူ ဖြစ်လာပါမည်။ ယုံကြည်သူအားလုံး အသက်ရှင်စဉ် ကာလတစ်လျှောက်လုံး ခရစ်တော် အတွက် အသက်ရှင်သောသူ ဖြစ်ရပါမည်။ သေလျှင်မူကား သာ၍ အကျိုး ရှိသည်ဟု ရှင်ပေါလု ဖော်ပြရခြင်းမှာ လက်ရှိအခြေအနေ ထောင်ထဲမှာ အကျယ်ချုပ်နဲ့ နေထိုင်ရချိန် ဖြစ်ရုံသာမက သူကိုယ်တိုင် တတိယကောင်း ကင်ဘုံကို ရောက်ခဲ့ပြီး ကောင်းကင်အရသာကို ကိုယ်တိုင်မြည်းစမ်းဖူးသူ ၊ ဖြစ်ခဲ့သောကြောင့်ပင်ဖြစ်သည်။ တစ်ဆယ့်လေးနှစ်အထက်က ခရစ်တော် ၏ တပည့်ဖြစ်သော လူတစ်ယောက်ကို တတိယကောင်းကင်သို့တိုင်အောင် ချီဆောင်မည့် အကြောင်းကို ငါသိ၏။ ထိုအခါ သူ၌ ကိုယ်ခန္ဓာ ပါသည် မပါသည်ကို ငါ မသိ၊ ဘုရားသခင် သိတော်မူ၏။ ထိုသူသည် ပရဒိသုဘုံသို့ ချီဆောင်ခြင်းကို ခံရ၍ လူမပြောအပ်နိုင်သော စကားကို ကြားသည့် အကြောင်းကို ငါသိ၏။ ထိုအခါ ကိုယ်ခန္ဓာ ပါသည် မပါသည်ကို ငါ မသိ၊ ဘုရားသခင် သိတော်မူ၏ (၂ကော ၁၂း၂-၄)။ အောင်မြင်တဲ့ ဘုရားဘုန်း ထင်ရှားတဲ့ လူတွေရဲ့ အသက်တာမှာ မိမိယုံကြည်ရာကို တစိုက်မတ်မတ် လုပ်ဆောင်လျက် ရှိပါသည်။ မိမိ လုပ်သောအလုပ် မြတ်နိုးတန်ဖိုးထားစွာ လုပ်ကိုင်သောသူများ ဖြစ်နေကြ ပါသည်။ အမေရိကန် ၁၆ မြောက်သမ္မတ လင်ကွန်း သမ္မတအဖြစ် ရွေး ချယ်ခံရပြီး ပထမဦးဆုံး ကျမ်းသစ္စာကျိန်ဆိုမယ့် စင်မြင့်ပေါ်ကို တက်လာ တယ်။ စင်မြင့်ပတ်ပတ်လည်မှာ အရာရှိ၊ အရာခံ၊ ဝန်ကြီးတွေ၊ လူကြီး လူကောင်းတွေ အကုန်နေရာယူပြီး သမ္မတအသစ်ကို စောင့်မျှော်နေတဲ့ အချိန်ဖြစ်တယ်။ လင်ကွန်း စင်မြင့်ထက်မှာ နေရာယူပြီးတာနဲ့ ရှေ့ဆုံး တန်းက ချမ်းသာတဲ့ အရာရှိကြီး တစ်ယောက်က ထပြီး “လင်ကွန်းခင်ဗျား ခင်ဗျားရဲ့ အဖေဟာ ကျွန်တော်တို့ မိသားစုအတွက် ဖိနပ်ချုပ်ခဲ့တာ မှတ်မိ
ပါသလားခင်ဗျား”လို့ အသံကျယ်ကျယ်နဲ့ မေးလိုက်ပါတယ်။ ဒါကိုကြားတဲ့ အရာရှိကြီးတွေက အကုန်လုံးက ဝိုင်းရယ်ကြတာပေါ့။ အမှန်က လင်ကွန်း ကို သက်သက်အရှက်ခွဲလိုက်တာ၊ နှိမ်လိုက်တာ၊ ကျန်တဲ့ လင်ကွန်းကို မနာလိုဖြစ်နေတဲ့ အရာရှိတွေ အကုန်းလုံးကလည်း သမ္မတအသစ်ကို နှိမ် လိုက်နိုင်ပြီလို့ ဝမ်းမြောက်နေကြတာပေါ့။ ဒါပေမဲ့ လင်ကွန်း ပြန်ဖြေတဲ့ စကားကြောင့် သူတို့တွေအကုန်လုံး အံ့အားသင့်ခဲ့ရတယ်။ လင်ကွန်းက “ဟာ.. ကျွန်တော် ကောင်းကောင်းမှတ်မိတာပေါ့၊ ကျွန်တော့်အဖေက ခင်ဗျားတို့ မိသားစုသာမက ဒီပွဲလာကြတဲ့လူတွေ အများကြီးရဲ့ ဖိနပ်ကို ချုပ်ပေးခဲ့တာပေါ့ ၊ အဲဒီလိုချုပ်ပေးလို့ ခင်ဗျားမိဘတွေက ကျွန်တော့်အဖေ ချုပ်ပေးတာ မကြိုက်လို့ ဝေဖန်ပြစ်တင်တဲ့အသံ ကြားခဲ့ဖူးလား၊ အဲဒီလိုပဲ ကျန်တဲ့ ဘယ်သူမှ ကျွန်တော့်ဖခင် ချုပ်ပေးတဲ့ ဖိနပ်တွေက သိပ်သပ် ရပ်ပြီး အကြာကြီးခံတာ၊ သူချုပ်ပေးခဲ့တဲ့ ဖိနပ်တိုင်းကို လူတိုင်းက သိပ် ကြိုက်ကြတယ်၊ တကယ်တော့ ကျွန်တော့်ဖခင်က ဖိနပ်ချုပ်တဲ့ အလုပ်မှာ ပါရမီရှင်ပါပဲ၊ ကျွန်တော်ကတော့ ကျွန်တော့်ဖခင်အတွက် အရမ်းဂုဏ်ယူ တယ်”လို့ ပြန်ပြောလိုက်တယ်။ လင်ကွန်းကို အရှက်ခွဲဖို့ ကြိုးစားတဲ့ ချမ်းသာတဲ့ အရာရှိကြီးရော သူ့ကို ဝိုင်းလှောင်တဲ့သူအားလုံး ပါးစပ် အဟောင်းသား ဖြစ်သွားတာပေါ့ ။ အမှန်က ဖိနပ်ချုပ်သမားဆိုပြီး ကဲ့ရဲ့ အရှက်ခွဲဖို့ ကြိုးစားတာ မအောင်မြင်ဘဲ သူက သူ့အဖေအတွက်တောင် ဂုဏ်ယူနေသေးတယ်။ သတိရဖို့က မင်းကို မင်းကလွဲလို့ ဘယ်သူမှ နာကျင်အောင် လုပ်လို့မရပါဘူး။ ဒါကြောင့် ဒီလိုဝေဖန်ပြစ်တင်မှုတွေ ကြုံတဲ့အခါခါတိုင်း ကိုယ်က ဘယ်လိုတုံ့ပြန်သလဲဆိုတာ အရေးကြီးတာ ပါ။ ကိုယ့်အလုပ်ကိုယ် အကောင်းဆုံးလုပ်ပါ။ ဝေဖန်မှုတွေအတွက် ကိုယ့် စိတ်ဓာတ်ကို မထိခိုက် မနာကျင်စေပါနဲ့။ အောင်မြင်တဲ့လူအားလုံးဟာ မိမိယုံကြည်ရာကို တစိုက်မတ်မတ် လုပ်ဆောင်ကြပါတယ်။ ရှင်ပေါလု၏ဆောင်ပုဒ်ကြောင့် သခင်ယေရှု၏ တမန်တော်များထက်တောင် ဓမ္မသစ် သမ္မာကျမ်း စာအုပ်တွင် စာစောင် ၁၃ စောင် ရေးသားနိုင်ခဲ့ပါသည်။ စာဖတ်သူ ပရိသတ်လည်း မိမိယုံကြည်ရာကို ဘုရားနဲ့တွဲပြီး လုပ်ဆောင် လျှင် ဘုန်းတော်ထင်ရှားတဲ့သူ ဖြစ်လာပါလိမ့်မည်။
၂။ ဖိလိပ္ပိ ၁း၂၂-၂၃= အကျိုးနှစ်ပါးရွေးချယ်ခြင်း
ဖိလိပ္ပိ ၁း၂၃ = စုတေ့၍ ခရစ်တော်နဲ့ အတူနေခြင်းငှာ တောင်းတလိုချင်သောစိတ် ရှိ၏။
= သာ၍ အလွန်ထူးမြတ်သော အကျိုးဖြစ်၏။
ရှင်ပေါလု ထောင်ထဲရောက်နေချိန် အကယ်၍များ သူ စုတေ့ပြီး သေဆုံးသွားလျှင် ဖိလိပ္ပိအသင်းသူအသင်းသားများ မဝမ်းနည်းဖို့၊ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင် သူချစ်သော ဘုရားနဲ့ အတူတူနေစေခြင်းငှာ ဆန္ဒရှိသောကြောင့် ဤဆန္ဒသည် အလွန်ထူးမြတ်သော အကျိုးပင် ဖြစ် သည်ဟု ထောင်ထဲမှာ အသက်ရှင်စဉ် ဖော်ပြခဲ့သည်။ ရှင်ပေါလု သူ မသေခင် ကောင်းကင်နိုင်ငံရောက်ဖို့ စိတ်ချနေသူ (ကယ်တင်ခြင်း စိတ် ချမှုကို မသေခင် သိရှိပြီးသား ဖြစ်သည်) ခရစ်ယာန် ယုံကြည်သူများ လည်း မိမိအသက်ရှင်စဉ် ကယ်တင်ခြင်း စိတ်ချမှုကို ရှင်ပေါလုကဲ့သို့ ရရှိပြီးဖြစ်ကြောင်း စိတ်ချနေသူများ ဖြစ်ကြပါစို့။ အဘယ်ကြောင့်ဆိုသော် ထိုဧဝံဂေလိတရားအားဖြင့် ကယ်တင်ခြင်းသို့ ရောက်ကြ၏။ ငါသည် ကိုယ်တိုင်ခံယူသည် အတိုင်းသင်တို့အား ရှေးဦးစွာ အပ်ပေးသော အကြောင်း အရာဟူမူကား ခရစ်တော်သည် ကျမ်းစာလာသည့်အတိုင်း ငါတို့အပြစ်ကြောင့် အသေခံတော်မူ၏။ သင်္ဂြိုဟ်ပြီးမှ ကျမ်းစာလာသည်အတိုင်း သုံး ရက်မြောက်သောနေ့၌ ထမြောက်တော်မူ၏။ ထိုဧဝံဂေလိတရားကို ယုံ ကြည်သော ယုံကြည်သူတိုင်း မိမိအသက်ရှင်စဉ် ကယ်တင်ခြင်း စိတ်ချမှု ရရှိပြီးသား သိရှိရမည် ဖြစ်ပါသည် (၂ကော ၁၅း၁-၄)။ သခင်ယေရှု ကိုယ်တော်တိုင် ယုံကြည်သူ အားလုံးအတွက် ကောင်းကင်နိုင်ငံတော်တွင် အခန်းများ ပြင်ထားနှင့်ပြီးဖြစ်ကြောင်း ဂတိပေးထားပါသည် (ယော ၁၄း၁-၆)။ ထိုဂတိတော်ကို ယုံကြည်သူတိုင်း ကယ်တင်ခြင်းသည် သေမှ ရရှိသော အရာမဟုတ်၊ မိမိအသက်ရှင်စဉ် ရရှိပြီးဖြစ်ကြောင်း မိမိကိုယ် တိုင် သိရှိထားရမည့် အရာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဘုရား သခင်၏ ကတိတော်ကြောင့်ပင် ဖြစ်ပါ သည်။
၃။ ဖိလိပ္ပိ ၁း၂၄-၂၆ = ရှင်ပေါလု၏ စိတ်နှစ်ခု
ဖိလိပ္ပိ ၁း၂၄ = ကိုယ်ခန္ဓာ၌နေရလျှင် သင်တို့၌ သာ၍ အကျိုးရှိလိမ့်မည်။
ထောင်ထဲက လွတ်လာပြီး အသက်ရှင်လျှင် ယုံကြည်သူအားလုံး အတွက် အကျိုးရှိလိမ့်မည်ဟု ဖော်ပြခြင်း ဖြစ်ပါသည်။ ရှင်ပေါလု အသက်ရှင်လျှင် သာသနာအကျိုး၊ လူသားအကျိုးပြုသော လုပ်ငန်းများစွာ ကို လုပ်နိုင်မှာ ဖြစ်တဲ့အတွက် သူ၏ လုပ်ချင်သောစိတ်ကို ဖော်ပြခြင်း ဖြစ်ပါသည်။ တစ်ဖက်မှာလည်း သူဖြစ်ချင်သောစိတ်သည် သူချစ်သော သခင်ယေရှုနဲ့အတူ သခင်ပြင်ဆင်ပေးသော ကောင်းကင်ဘုံတွင် ရှေးသန့် ရှင်းသူများနှင့် ကောင်းကင်စည်းစိမ် ဝင်စားရခြင်းသည် သူ့ဘဝမှာ အဖြစ် ချင်ဆုံးသော ဆန္ဒတစ်ခုပင် ဖြစ်ပါသည်။ ရှင်ပေါလု ဖြစ်ချင်သော စိတ်နှင့် လုပ်ချင်သောစိတ် နှစ်ခုစလုံးသည် ဘုရားသခင်အတွက်သာဖြစ်ကြောင်း ယုံကြည်သူများလည်း ရှင်ပေါလု စိတ်ဓာတ်ကဲ့သို့ အသက်ရှင်ရမည် ဖြစ် ပါသည်။
ဖိလိပ္ပိ ၁း၂၆ = သင်တို့သည် ယုံကြည်ခြင်း၌ တိုးပွားဝမ်းမြောက်သည့်အကြောင်း
ရှင်ပေါလု ဖိလိပ္ပိအသင်းသူအသင်းသားများနှင့် စတင်တွေ့ဆုံချိန် (ဖိလိပ္ပံမြို့သို့ရောက်၍ ကာလအတန်အရာ နေကြ၏ (တမန် ၁၆း၁၂) မှ စတင်ပြီး ယခု ထောင်ထဲရောက်နေချိန်အထိ ငါ၏ အသက်ရှင်မှုကိုကြည့် ပြီး သင်တို့သည် ယုံကြည်ခြင်း တိုးပွားများပြားသည်သာမက သင်တို့အား ဖြင့်လည်း ငါကိုယ်တိုင် ဝမ်းမြောက်လျက်ရှိသည်ဟု သက်သေခံထားသည်။ ရှင်ပေါလု၏ အသက်တာ ဝမ်းမြောက်စရာဖြစ်အောင် လုပ်ဆောင်ပေးသော အသင်းသူအသင်းသားများကို ဂုဏ်ပြုကြပါစို့။ စာဖတ်သူ ယုံကြည်သူ တိုင်းလည်း အမှုတော်ဆောင်များ ဝမ်းမြောက်အောင် အသက်ရှင်ကြပါစို့။ ရှင်ပေါလု အသက်တာ ထောင်ထဲရောက်ချိန် ဝမ်းမြောက်ရခြင်းမှာ ဝမ်း မြောက်ခြင်းကိုပေးသော အရှင်ဘုရားနဲ့ နေ့စဉ် အသက်ရှင်ခြင်းကြောင့် ပင် ဖြစ်ပါသည်။ လူတစ်ယောက် ဝမ်းမြောက်ချင်ရင် အောက်ပါအချက်များ လုပ်ဆောင်ရန် လိုအပ်ပါသည်။
JOY (ဝမ်းမြောက်ခြင်း)
(၁) J = Jesus သခင်ယေရှုနဲ့အတူ နေ့စဉ် အသက်ရှင်ပါ။
(၂) 0 = Others သူတစ်ပါးအတွက် အသက်ရှင်ပါ။ ကိုယ်အမူအရာကိုသာ မရှုမမှတ်ဘဲ သူ့အမှုအရာကို အချင်းချင်း ရှုမှတ်ကြလော့ (ဖိလိပ္ပိ ၂:၄)။
(၃) Y = Yourself မိမိအသက်တာ။
သူတစ်ပါးအတွက် ဘုရားချမှတ်ထားသော တရားတော်အတိုင်း ဘုရားကို ဦးထိပ်ထားပြီး အသက်ရှင်သူတိုင်း ဘုရားဆီမှ လူတို့ ကြံစည်၍ မရနိုင်သော ဝမ်းမြောက်ခြင်းကို ကိုယ်တိုင် ပိုင်ဆိုင်ခွင့်ရမည် ဖြစ်ပါ သည်။ ထာဝရဘုရား၌ မွေ့လျော်ခြင်းရှိလော့၊ သို့ပြုလျှင် စိတ်နှလုံးအလို ပြည့်စုံရသော အခွင့်ကို ပေးတော်မူလိမ့်မည် (ဆာလံ ၃၇း၄)။
အနှစ်ချုပ်
ဖိလိပ္ပိ ၁း၂၁-၂၆
(၁) ဘုရားသခင် အုပ်စိုးမှုဖြင့် အသက်ရှင်ပါ။
(၂) ကယ်တင်ခြင်း စိတ်ချမှု မသေခင်ရရှိပြီးကြောင်း သိရှိသောသူ ဖြစ်ရမည်။
(၃) အသက်ရှင်နေသရွေ့ အခြားသူများ၏ အကျိုးကို ဆောင်ရွက်ခြင်းအားဖြင့် ဝမ်းမြောက်သောသူ ဖြစ်ကြပါစို့။
အပိုင်း (၅)
(ဖိလိပ္ပိ ၁း၂၇-၂၉)
ရန်လိုသော ပတ်ဝန်းကျင်၌ နေထိုင်သော ခရစ်ယာန်များအတွက်လမ်းညွှန်ချက်
ဖိလိပ္ပိ ၁း၂၇-၂၉ = သင်တို့သည် ရန်သူများကြောင့် အလျှင်းမကြောက်ရွံ့ ၊ မတုန်လှုပ်ဘဲ တစ်ပါးတည်းသော စိတ်ဝိညာဉ်၌တည်၍ ဧဝံဂေလိတရား နှင့်ဆိုင်သော ယုံကြည်ခြင်းအဖို့အလိုငှာ တညီတညွတ်တည်း ကြိုးစား အားထုတ်ကြသည် အကြောင်းအရာကို ငါရောက်လျှင် သင်တို့နှင့် မျက် မှောက်တွေ့သည်ဖြစ်စေ၊ ကွာလျက်နေသည်ဖြစ်စေ ငါကြားသိရပါမည့် အကြောင်း၊ ခရစ်တော်၏ ဧဝံဂေလိတရားနှင့် အထိုက်အလျောက် ဝတ် ကြီးဝတ်ငယ်များကို ပြု၍သာ နေကြလော့။ ထိုသို့ ရန်သူများကြောင့် အလျှင်းမကြောက်ရွံ့ မတုန်လှုပ်သော အကြောင်းအရာသည် သူတို့၌ ပျက် စီးခြင်း၏ နိမိတ်လက္ခဏာ ဖြစ်၏။ အကြောင်းမူကား သင်တို့သည် အထက်က မြင်သည်အတိုင်း၊ ယခုလည်း ကြားသည့်အတိုင်း ငါခံရသော တိုက်လှန်ခြင်းကို ခံရသည်နည်းတူ သင်တို့သည် ခံရကြသည်ဖြစ်၍ ခရစ်တော်ကို ယုံကြည်ခြင်း အခွင့်မှတစ်ပါး ခရစ်တော်အတွက်ကြောင့် ဆင်းရဲခံရခြင်း အခွင့်ကို ကျေးဇူးတော်အားဖြင့် ရကြ၏။
၁။ ဖိလိပ္ပိ ၁း၂၇ = တညီတညွတ်တည်း ကြိုးစားအားထုတ်ပါ။
ကျွန်ုပ်တို့နေထိုင်သော မြန်မာပြည်သည် ဗုဒ္ဓဘာသာနိုင်ငံဖြစ်သည်။
ဗုဒ္ဓဘာသာ အခိုင်အမာ တည်ဆောက်ထားသော နိုင်ငံတွင် အသက်ရှင်လျက် နေထိုင်ကြသော ယုံကြည်သူများအချင်းချင်း တစ်လုံးတစ်ဝတည်း၊ တစ်စိတ် တစ်သဘောတည်း အချင်းချင်း စည်းလုံးညီညွတ်ပြီး နေထိုင်ရန် အလွန် အရေးကြီးပါသည်။ ဤကဲ့သို့ နေထိုင်အသက်ရှင်မှသာ ဘုရားဘုန်း ထင်ရှားလာမည် ဖြစ်ပါသည်။ အချင်းချင်း စည်းလုံးညီညွတ်ဖို့ရန် လုပ်ဆောင်ရမည့် အရာမှာ တစ်ပါးတည်းသော စိတ်ဝိညာဉ်၌ တည်ရမည် ဖြစ်ပါသည် (ဖိလိပ္ပိ ၁း၂၇)။ အဓိပ္ပာယ်မှာ ခရစ်တော်၏ ဧဝံဂေလိ ၊ ပြန့်ပွားဖို့ရန် တစ်ခုတည်းသော စိတ်သဘောထားသည် အသင်းတော်၏ ပန်းတိုင်ပင်ဖြစ်သည်။ ခရစ်တော်အပေါ်တည်မှသာ ယုံကြည်သူအချင်း၊ ချင်း စည်းလုံးညီညွတ်နိုင်မည် ဖြစ်ပါသည်။ စည်းလုံးညီညွတ်ခြင်းသည် အင်အားကို ဖြစ်ပေါ်စေပါသည်။ ဒါပေမဲ့ ဖိလိပ္ပိ အသင်းတော်ကို ဦးဆောင် ဦးရွက် ပြုနေကြသော အမျိုးသမီး ခေါင်းဆောင်နှစ်ဦး သဘောထား ကွဲလွဲခြင်းကို ဝမ်းနည်းစွာ တွေ့မြင်ရပါသည်။ ဇဝေါဒနှင့် သုဖြုတ်တို့သည် သခင်ဘုရား၌ သဘောတညီတညွတ်တည်း ဖြစ်ရကြမည့် အကြောင်းကို ၊ ငါ တောင်းပန် သွေးဆောင်ပါ၏ဟု ဖော်ပြထားသည် (ဖိလိပ္ပိ ၄:၂)။ အသင်းတော်မှာ အမျိုးသမီး ခေါင်းဆောင်များ ဘုရားအတွက် လုပ်ဆောင် ရင်း ဘာဖြစ်လို့ မသင့်မမြတ် ဖြစ်နေရတာလဲ။ ဘုရားအတွက် လုပ်ဆောင် ရင်း မိမိအတ္တကို မစွန့်လွှတ်နိုင်ကြလို့ ဖြစ်ပါတယ်။ လူတိုင်း ပြည့်စုံတဲ့ ၊ လူသားများ မဟုတ်ကြပါ။ မပြည့်စုံတဲ့အထဲက ဘုရားအတွက် လုပ်ဆောင် နေကြသောကြောင့် တစ်ဦးရဲ့ အားနည်းချက်ကို တစ်ဦးက အပြစ်မတင်ဘဲ ဖေးမကူညီ လက်တွဲလုပ်ဆောင်ဖို့ရန် အရေးကြီးပါတယ်။ အပြစ်ပြောတဲ့ သူလည်း အခြားနေရာမှာ အားနည်းချက်ရှိနေကြောင်း မိမိကိုယ်မိမိ သတိပြုစေချင်ပါတယ်။ ဥပမာတစ်ခု ဖော်ပြပါရစေ။ ရေထမ်းသမား တစ်ယောက်ဟာ ရွာထဲက အိမ်တွေအတွက် ရွာပြင်က မြစ်မှာ ရေသွားခပ် လေ့ရှိတယ်။ သူဟာ ရေပုံနှစ်ပုံကို ရေဖြည့်ပြီး အိမ်ကို ပြန်လာလေ့ရှိတယ်။ ရေပုံးတစ်ပုံးဟာ ပေါက်နေလို့ ရေနည်းနည်း ပန်းထွက်နေတတ်တယ်။ သူ့အိမ်ကို ရောက်တဲ့အခါ အဲဒီရေပုံးထဲမှာ ရေတစ်ဝက်ပဲ ကျန်တော့တယ်။ နောက်ရေပုံးကတော့ ဘာအပေါက်မှာ မရှိတဲ့အတွက် အိမ်ရောက်တဲ့အထိ ရေအပြည့်ပါတယ်။ ပေါက်နေတဲ့ ရေပုံဟာ အိမ်အထိ ရေအပြည့် မသယ်နိုင်တာကြောင့် အတော်လေး စိတ်မကောင်း ဖြစ်နေပါတယ်။ တစ်နေ့မှာ ပေါက်နေတဲ့ ရေပုံက ငိုယိုပြီး ရေထမ်းသမားကို ခုလိုပြောပါတယ်။ “အရှင် .. ကျွန်တော် ဝမ်းနည်းလွန်းလို့ပါ၊ တောင်းပန်ပါတယ်” “ဘာ အတွက် တောင်းပန်တာလဲကွ” “ကျွန်တော့်ရဲ့ ချို့ယွင်းချက်ကြောင့် အရှင် ဟာ အမြဲတမ်း ရေဖိုးအပြည့်မရဘူး၊ ရေနှစ်ပုံအစား ရေတစ်ပုံးခွဲဖိုးပဲ ရနေလို့ပါ” ရေထမ်းသမားဟာ ရေပုံးလေး ဝမ်းနည်းရခြင်းအကြောင်းကို သိသွားပြီး သူက ရေပုံးလေးကို ပြောလိုက်တယ်။ “မနက်ဖြန် မြစ်ဆိပ်ကို ရေခပ်အသွားမှာ လမ်းတစ်လျှောက်လုံးကို သတိထားကြည့်ကွာ” နောက် တစ်နေ့မှာ ရေသွားခပ်တော့ ရေပုံးဟာ ပန်းတွေ ဝေဝေဆာဆာ ပွင့်နေတဲ့ ပန်းပင်တွေကို လမ်းတစ်လျှောက်နဲ့ တစ်ဖက်မှာ တွေ့ရတယ်။ ဒါပေမဲ့ သူဟာ ရေထမ်းသမားက အိမ်တွေမှာ သူ့ဆီက ရေတစ်ဝက်တစ်ပျက်ပဲ ဖြည့်တာမြင်လို့ စိတ်မကောင်းဖြစ်ပြီး ငိုပြန်ပါလေရော။ ရေထမ်းသမား က “မင်း မြစ်ဆိပ်က ပြန်လာတဲ့ လမ်းတစ်လျှောက်မှာ မင်းရှိတဲ့ အခြမ်းက လမ်းဘေးတစ်လျှောက်မှာ ပန်းတွေ ဝေဝေဆာဆာ ပွင့်နေတဲ့ ပန်းပင်တွေကို တွေ့ရပြီးနောက် လမ်းဘေးတစ်ဖက်မှာ ဘာပန်းပင်မှ မရှိဘူး ဆိုတာကို သတိထားမိရဲလား” “ဟုတ်ကဲ့ အရှင်၊ ကောင်းကောင်းသတိထားမိပါတယ်” “အေး.. ငါ မင်းဆီမှာ အပေါက်တစ်ပေါက် ရှိနေတာကို သိထားတာ ကြာ လှပြီ၊ဒါကြောင့် လမ်းတစ်ဖက်မှာ ငါ ပန်းမျိုးစေ့တွေ ဝယ်ပြီး ကြဲထားခဲ့ တယ်၊ နောက်ပြီး မင်းကို အဲဒီလမ်းဘက်မှာ အမြဲထားပြီး ရေထမ်းတယ်လေ၊ မင်းရဲ့ အပေါက်က ပန်းထွက်တဲ့ ရေတွေဟာ ပန်းပင်တွေကို နေ့စဉ် ရေလောင်းသလို ဖြစ်နေလို့ အခု လှပတဲ့ ပန်းပင်တွေ တန်းစီပြီး တွေ့နေ ရပြီမဟုတ်လား၊ အဲဒီပန်းတွေကြောင့် ငါတို့ရွာတွေက လူတွေတောင် ချီး ကျူးပြီး လာကြည့်နေကြတယ်၊ အဲဒါ ဘယ်သူ့ကြောင့်လဲ၊ အပေါက်ပါတဲ့ မင်းကြောင့်ပေါ့ ကွ” ရေပုံးလေး အဲဒီနေ့ကစပြီး ပျော်သွားတယ်။
လူတိုင်းမှာ ချို့ယွင်းချက်လေးတွေ ရှိတတ်ပါတယ်။ အဲဒီအတွက် ဝမ်းနည်းစိတ်မကောင်းမဖြစ်ဘဲ ချို့ယွင်းချက်ကို လောကကြီးမှာ အသုံး ချလို့ရတဲ့နည်းတွေ ရှိပါတယ်။ နည်းကို ရှာတတ်ဖို့ပဲ လိုပါတယ်။ မပြည့် စုံတဲ့ လူသားအချင်းချင်း ကောင်းတဲ့အလုပ်ကို ကောင်းတဲ့စိတ်နဲ့ အတူ တကွ လက်တွဲ လုပ်ဆောင်ကြပါစို့။ ညီအစ်ကိုတို့ သဘောတူလျက်ပေါင်းဖော်ကြသည့် အရာမှာ အလွန်ကောင်းပေ၏။ အလွန်တင့်တယ် ၊ လျောက်ပတ်ပေ၏ (ဆာလံ ၁၃၃း၁)။
၂။ ဖိလိပ္ပိ ၁း၂၇ = ခရစ်တော်၏ဧဝံဂေလိတရားနှင့် အထိုက်အလျောက် ၊ဝတ်ကြီးဝတ်ငယ်များ ပြု၍သာ နေကြလော့။ ခရစ်တော်၏ ဧဝံဂေလိတရားနဲ့ ထိုက်တန်စွာ အသက်ရှင်ပါ။
လူသည် သခင်ယေရှုခရစ်တော်ကို ယုံကြည်ပြီး ဘုရားသားသမီး ဖြစ်လာတဲ့အခါ လူတွေကို ချစ်ရန်၊ ဧဝံဂေလိတရားက လူသားအားလုံးကို ချစ်တယ်။ ဧဝံဂေလိတရားကို ယုံကြည်တဲ့ ယုံကြည်သူများ သန့်ရှင်းသူ ဖြစ်လာကြတဲ့အခါ လောကမှာ ဧဝံဂေလိတရားနဲ့ ထိုက်တန်စွာ အသက် ရှင်ဖို့ သန့်ရှင်းစွာ အသက်ရှင်ရပါမည်။ ကယ်တင်ခြင်း ရပြီးသူများ သန့် ရှင်းစွာ အသက်ရှင်ရပါမည်။ ယုံကြည်သော နှုတ်ကပတ်တော်အတိုင်း အသက်ရှင်ခြင်းအားဖြင့် ကောင်းကင်နိုင်ငံတော်သားများဖြစ်ကြောင်း ၊ နေ့စဉ် သက်သေခံနိုင်ရပါမည်။ မိမိ၏ နေ့စဉ်အသက်တာဟာ ဧဝံဂေလိ တရားနှင့် ထိုက်တန်စွာ အသက်ရှင်သည်သာမက ဧဝံဂေလိတရား ပြန့်ပွား ဖို့ရန် ဆက်ကပ်လုပ်ဆောင်နေသော ဓမ္မအမှုတော်ဆောင်များကို ပံ့ပိုး ကူညီခြင်း၊ ဆုတောင်းပေးခြင်း၊ အားပေးနှစ်သိမ့်ပေးခြင်းအားဖြင့် ဧဝံ ဂေလိ၏ ကြီးပွားကျယ်ပြန့်ရန် ဝတ်ကြီးဝတ်ငယ် အတူတကွပြု ကြပါစို့။
၃။ ဖိလိပ္ပိ ၁း၂၈ = ကြောက်စိတ်ကို ဖယ်ရှားပါ။
လူတိုင်း၏ ဘဝအသက်တာမှာ ကြောက်စိတ်သည် မွေးရာပါ အရာ တစ်ခုပင် ဖြစ်သည်။ ကြောက်စိတ်ရှိခြင်းကြောင့် မကောင်းသောအရာများ မလုပ်မိရန် ထိန်းကွပ်ထားပါသည်။ သို့ရာတွင် အခြားတစ်ဖက်မှာ မှန် တာလုပ်ဖို့ ကြောက်ရွံ့ခြင်းသည် မှားယွင်းသော အရာပင် ဖြစ်သည်။ မိမိ ဘဝမှာ မှန်တာလုပ်တဲ့အချိန်၊ သမ္မာတရားနဲ့အညီ အသက်ရှင်တဲ့အချိန်မှာ မိမိနဲ့ဆန့်ကျင်ဘက် မိမိအား ရန်ဖက်ပြုသူ၊ ခြိမ်းခြောက်သူများနှင့် ရင် ဆိုင်လာရတဲ့အခါ ဤကြောက်စိတ်ကို ဘဝမှာ မှန်တာလုပ်တဲ့သူတိုင်း ဖယ်ရှားပစ်ရမှာ ဖြစ်ပါတယ်။ ဤကဲ့သို့ ဖယ်ရှားနိုင်မှသာ မှန်တာလုပ်တဲ့ အလုပ် ပြီးမြောက်အောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဤကဲ့သို့လုပ်ဆောင်ခြင်းအားဖြင့် တွေ့ကြုံရမည့် အန္တရာယ်များကို မကြောက်ဘဲ ရဲရင့်စွာ တွန်းလှန်ပါ။ မိမိယုံကြည်ရာ တစိုက်မတ်မတ် လုပ်ဆောင်ပါ။ ကျွန်တော်တို့ နေထိုင်သော ပတ်ဝန်းကျင်ကိုကြည့်လျှင် မမှန်တာ၊ မဟုတ်တာ လုပ်တဲ့သူများ ကောင်းစား၍ မှန်တာလုပ်တဲ့သူများ အခက်အခဲ ဒုက္ခပေါင်းစုံ ရင်ဆိုင်နေရချိန် ဖြစ်သည်။ မည်သို့ပင် ဖြစ်စေကာမူ မှန်တာ လုပ်သောသူများ လိပ်ပြာသန့်သူများဖြစ်ပြီး ဤကဲ့သို့ အသက်ရှင်သူများ ၊ ဟာ ဘုရားနှစ်သက်သောသူများ ဖြစ်ကြပါသည်။ မှန်တာလုပ်တဲ့သူတိုင်း တွေ့ကြုံရမည့် အန္တရာယ်ကြောက်စိတ်ကို ဖယ်ရှားရမည် ဖြစ်ပါသည်။ ဘုရားက ယောရှုအား အားယူ၍ ရဲရင့်ခြင်းရှိလော့၊ မကြောက်နှင့်၊ စိတ် မပျက်နှင့်၊ သွားလေရာရာ သင်၏ဘုရား ရှိသည်ဟု မိန့်တော်မူ၏ (ယောရှု ၁း၈)။ ထာဝရဘုရားကို ကြောက်ရွံ့၍ ပညတ်တော်တို့၌ အလွန်မွေ့လျော်သောသူသည် မင်္ဂလာရှိ၏။ ထိုသူ၏ သားမြေးတို့သည် မြေပေါ်မှာ အားကြီး ကြလိမ့်မည်။ ဖြောင့်မတ်သော သူတို့၏ အမျိုးအနွယ်သည် မင်္ဂလာရှိတတ် ကြ၏။ ထိုသူ၏အိမ်၌ စည်းစိမ်ဥစ္စာ ကြွယ်ဝ၍ သူ၏ ကောင်းကျိုးသည် အစဉ်အမြဲ တည်တတ်၏ (ဆာလံ ၁၁၂း၁-၃)။ စာဖတ်သူ ပရိသတ်နဲ့ ကျွန်တော်တို့အားလုံး သမ္မာတရားနဲ့ အသက်ရှင်တိုင်း တားဆီးလာသော အန္တရာယ်များကို မကြောက်ဘဲ ဘုရားပေးတဲ့ ခွန်အားနဲ့ ထိုကြောက်စိတ် များကို ဖယ်ရှားရှင်းလင်းနိုင်သောသူများ ဖြစ်ကြပါစို့။
၄။ ဖိလိပ္ပိ ၁း၂၉ = ခရစ်တော်အတွက်ကြောင့် ဆင်းရဲခံရခြင်း အခွင့်ကိုကျေးဇူးတော်အားဖြင့် ရကြ၏။ (ဒုက္ခဆင်းရဲခြင်း ခံရလျှင် ကျေးဇူးတော် ချီးမွမ်းပြီး ခံယူပါ) ၊
ခရစ်တော်ကြောင့် ဒုက္ခရောက်နိုင်တယ်၊ ဒီဒုက္ခဟာ အခွင့်အရေးပင် ဖြစ်တယ်။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့် ရတာပါ။ ကျေးဇူးတော် ဟာ ချမ်းသာမှ၊ ကျန်းမာမှ ကောင်းချီးမင်္ဂလာရမှလို့ ထင်တတ်ကြပါတယ်။ ခရစ်တော်အတွက် ဒုက္ခခံရတာဟာ ကျေးဇူးတော်ကြောင့် ဖြစ်တယ်လို့ ရှင်ပေါလုက ခံယူသလို ယုံကြည်သူများအားလုံး ခံယူနိုင်ရန် ဖော်ပြခြင်းပင် ဖြစ်သည်။ ခရစ်ယာန်ဖြစ်လို့ ဒုက္ခရောက်တာ၊ ရာထူးမတိုးလျှင် ဘုရား သခင်၏ ကောင်းချီးမင်္ဂလာလို့ ခံယူအသက်ရှင်ပါ။ သခင်ယေရှု၏ တောင်ပေါ်ဒေသနာတော်၌ ငါ့ကြောင့် သင်တို့ကို ကဲ့ရဲညှဉ်းဆဲ၍ မမှန်ဘဲလျက် အပြစ်တကာ တင်ကြသောအခါ သင်တို့သည် မင်္ဂလာရှိကြ၏။ ဝမ်းမြောက် ရွှင်မြူးခြင်း ရှိကြလော့။ အကြောင်းမူကား ကောင်းကင်ဘုံ၌ သင်တို့၏ အကျိုးသည် ကြီးလှပေ၏။ သင်တို့ရှေ့က ပေါ်ထွန်းသော ပရောဖက်တို့ သည် ထိုနည်းတူ ညှဉ်းဆဲကြပြီ (မဿဲ ၅း၁၁-၁၂)။ ခရစ်တော်ကြောင့် ဆင်းရဲခံရလျှင် ပြဿနာမဟုတ်၊ အခွင့်အရေး တစ်ခုအနေဖြင့် ခံယူအသက် ရှင်ပါ။ ခရစ်တော်ကြောင့် ဒုက္ခဆင်းရဲခံရလျှင် ကျေးဇူးတော်ကြောင့် ရရှိခြင်းဖြစ်ကြောင်း နားလည်ပါ။ ယုံကြည်သူတိုင်း ခရစ်တော်အတွက် ဒုက္ခခံရန် အဆင်သင့် ရှိနေပါစေ။ ဒုက္ခခံစားခြင်း၏ နောက်ကွယ်တွင် ဘုရားထံတော်ပါးမှ ကောင်းချီးမင်္ဂလာ ဖြစ်စေကြောင်း အောက်ပါအဖြစ် အပျက် တစ်ခုမှ ဖော်ပြပါရစေ။
ဘုရင်ကြီးတစ်ပါးမှာ ကလေးဘဝကတည်းက အရမ်းချစ်တဲ့ သူငယ် ချင်းတစ်ယောက် ရှိတယ်။ အဲဒီသူငယ်ချင်းမှာ ဘာဖြစ်ဖြစ် အကောင်းမြင် တတ်တဲ့ အကျင့်ရှိတယ်။ ဘုရင်ကြီးဟာ အမဲလိုက်အရမ်းဝါသနာပါတယ်။ တစ်နေ့မှာ အမဲလိုက်ဖို့ သွားတယ်။ သူငယ်ချင်းကိုလည်း ခေါ်သွားတယ်။ ဘုရင်ကြီးက သမင်တစ်ကောင် ကိုတွေ့လို့ သူ့မီးထိုးသေနတ်နဲ့ ပစ်လိုက် တယ်။ ကျည်ဆန်ဟာ ပြောင်းဝက မထွက်ဘဲ ကျည်အိမ်မှာ ပေါက်ကွဲပြီး ဘုရင်ကြီးရဲ့ လက်မတစ်ချောင်း ပြတ်သွားတယ်။ ဘုရင်ကြီးဟာ လက်မက သွေးတွေထွက်ပြီး နာကျင်လွန်းလို့ အော်နေတယ်။ သူငယ်ချင်းက အနား ရောက်လာပြီး ဘုရင်ကြီးကို ခုလိုဖြစ်တာ ကောင်းတယ်လို့ ပြောလိုက် တယ်။ ဘုရင်ကြီးလည်း အရမ်းဒေါသထွက်သွားလို့ သူ့နန်းတော် ပြန် ရောက်တာနဲ့ သူငယ်ချင်းကို ထောင်ထဲထည့် အကျဉ်းချထားလိုက်တယ်။ တစ်နှစ်ကြာသောအခါ ဘုရင်ကြီးဟာ မြို့နဲ့ အလှမ်းဝေးတဲ့ တောအုပ်ကြီး ၊ ကို သူ့စစ်သည်တွေနဲ့သွားပြီး အမဲလိုက်ထွက်ပြန်တယ်။ ဘုရင်ကြီးဟာ သူ့နောက်လိုက်တွေနဲ့ ကွဲပြီး လူသားစား လူရိုင်းတွေနေတဲ့ ရွာလေးတစ်ခုကို ရောက်သွားလို့ လူရိုင်းတွေရဲ့ အဖမ်းခံလိုက်ရတယ်။ လူရိုင်းတွေက ဘုရင် ကြီးကို မီးကင်စားဖို့ ဝါးလုံးတန်းမှာ ခြေတွေ လက်တွေတုပ်၊ တွဲလောင်း ချည်ထားပြီး အောက်ကနေ ထင်းတွေ စုပုံပြီး မီးရှို့မလို့ လုပ်နေကြတယ်။ ရုတ်တရက် လူရိုင်းနတ်ဆရာက ဘုရင်ကြီးမှာ လက်မတစ်ချောင်း ပြတ် နေတာကို တွေ့လိုက်လို့ ခြေလက်အင်္ဂါ မစုံလင်သူကို မစားရဘူးဆိုတဲ့ သူတို့မှာ အယူရှိတာကြောင့် ဘုရင်ကြီးကို ပြန်လွှတ်ပေးလိုက်တယ်။ မကြာခင်မှာပဲ ဘုရင်ကြီးဟာ သူ့နောက်လိုက်တွေနဲ့ ပြန်ဆုံတွေ့ပြီး နန်းတော်ကို ပြန်ရောက်လာတယ်။ လမ်းမှာ ဘုရင်ကြီးက စဉ်းစားမိတယ်။ သူ့သူငယ်ချင်းက သူ့လက်မတစ်ချောင်းပြတ်တာ ကောင်းတယ်လို့ ပြော လိုက်တာ မှန်နေတယ်။ လက်မပြတ်လို့ သူ မသေရတာ။ နန်းတော်ကို ပြန်ရောက်ရောက်ချင်းပဲ ဘုရင်ကြီးက သူ့သူငယ်ချင်းကို ထောင်ထဲက ချက်ချင်း ပြန်လွှတ်ခိုင်းလိုက်ပြီး သူ့ဆီကို ခေါ်လာခိုင်းတယ်။ ဘုရင်ကြီး က သူ့ရှေ့မှောက်ရောက်လာတဲ့ သူငယ်ချင်းကို ထောင်ချမိတဲ့အတွက် အလွန်ဝမ်းနည်းမိကြောင်း ပြောပြီး တောင်းပန်တယ်။ သူငယ်ချင်းက သူ ထောင်ကျတာ ကောင်းတယ်လို့ ပြောလိုက်တယ်။ ‘ ဘုရင်ကြီးက အံ့အားသင့်သွားပြီး ဘာကြောင့် ခုလိုပြောရတာလဲလို့ မေးတော့ သူငယ်ချင်းက ခုလိုပြန်ပြောတယ်။ “အရှင်က ကျွန်တော်မျိုးကိုထောင်မချဖြစ်ခဲ့ရင် အရှင် အမဲလိုက်တဲ့ နေရာကို ကျွန်တော်မျိုးလည်း ပါသွားမှာပါ။ အဲဒါဆိုရင် ကျွန်တော်မျိုးလည်း လူရိုင်းတွေ မီးကင်စားလိုက် လို့ ခုဆို သေပြီးနေလောက်ပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်မျိုးရဲ့ ခြေလက်အင်္ဂါတွေ စုံလင်လို့ပါ”။
အခြေအနေဆိုးတစ်ခုနဲ့ ကြုံတွေ့လို့ ချက်ချင်း စိတ်ညစ်မသွားပါနဲ့၊ စောင့်ကြည့်ပါဦး။ အဆိုးထဲက အကောင်းဖြစ်လာမှာပါ။ ယုံကြည်သူတိုင်း ဘုရားအသွေးတော်နဲ့ ရွေးနုတ်ထားတဲ့သူများ ဖြစ်တဲ့အတွက် ဘုရား အခွင့်မပေးလျှင် စာငှက်တစ်ကောင်ကိုမျှ မြေပေါ်မှာ ကျခွင့် အခွင့်မပေး ပါဘူး။ ဖြစ်ပေါ်လာတဲ့ ဒုက္ခအခက်အခဲများသည် မိမိ ခရစ်ယာန် အသက်တာ ရင့်ကျက်ဖို့ရန်အတွက်သာမက ဘုရားဘုန်း ထင်ရှားဖို့အတွက်သာ ဖြစ်နေ ပါတော့သည်။ ရောမသြဝါဒစာစောင်တွင် ရှင်ပေါလုက ယုံကြည်သူများကို ခွန်အားပေးထားပါသည်။ ဘုရားသခင်ကို ချစ်သောသူတည်းဟူသော ကြံစည်တော်မူခြင်းအတိုင်း ခေါ်တော်မူသောသူတို့၏ အကျိုးကို ခပ်သိမ်းသောအရာတို့သည် တညီတညွတ်တည်း ပြုစုကြသည်ကို ငါတို့ သိကြ၏ (ရောမ ၈း၂၈)။
အနှစ်ချုပ် (ဖိလိပ္ပိ ၁း၂၇-၂၉)
၁။ ယုံကြည်သူအချင်းချင်း စည်းလုံးညီညွတ်ပါ။
၂။ ခရစ်တော်၏ ဧဝံဂေလိတရားနှင့် ထိုက်တန်စွာ အသက်ရှင်ပြီး၊ဧဝံဂေလိတရား ကြဲပြန့်သူများကို ဝတ်ကြီးဝတ်ငယ် ပြုစုပါ။
၃။ ကြောက်စိတ်ကို ဖယ်ရှားပြီး ရဲရင့်စွာ အသက်ရှင်ပါ။
၄။ ခရစ်တော်အတွက် ဒုက္ခဆင်းရဲခံရလျှင် ကျေးဇူးတော် ချီးမွမ်းပြီးအသက်ရှင်ပါ။
အပိုင်း (၆)
(ဖိလိပ္ပိ ၂း၁-၄)
(ယုံကြည်သူများ စည်းလုံးညီညွတ်စွာနေထိုင်ပါ)
ဖိလိပ္ပိ ၂း၁-၄ = ထို့ကြောင့် ခရစ်တော်၌ သက်သာခြင်း၊ မေတ္တာနှင့် စပ်ဆိုင်သော ချမ်းသာခြင်း၊ ဝိညာဉ်တော်နှင့် မိတ်သဟာယဖွဲ့ခြင်း၊ သနား စုံမက်ခြင်းတည်း ဟူသောအရာ တစ်စုံတစ်ခုရှိလျှင် သင်တို့သည် အချင်း ချင်း ချစ်ကြ၍ စိတ်မကွဲပြားဘဲ တစ်လုံးတစ်ဝတည်း ကြံစည်ခြင်းနှင့်တကွ သဘောတညီတညွတ်တည်း ရှိသောအားဖြင့် ငါ ဝမ်းမြောက်စရာအကြောင်း ကို စုံလင်စေကြလော့။ ရန်တွေ့လိုသောစိတ်၊ အချည်းနှီး ကျော်စောကိတ္တိကို တပ်မက်သောစိတ်ရှိ၍ အဘယ်အမှုကို မပြုကြနှင့်။ သူတစ်ပါးသည် ကိုယ့် ထက်သာ၍ ကောင်းမြတ်သည်ဟု နှိမ့်ချသောစိတ်ရှိ၍ တစ်ယောက်ကို တစ်ယောက် ထင်မှတ်ကြလော့။ ကိုယ်အမူအရာကိုသာ မရှုမမှတ်ဘဲ သူ့ အမှုအရာကို အချင်းချင်း ရှုမှတ်ကြလော့။
၁။ ဖိလိပ္ပိ ၂း၁ = ထို့ကြောင့် ခရစ်တော်၌ သက်သာခြင်း၊ မေတ္တာနှင့်စပ်ဆိုင်သော ချမ်းသာခြင်း၊ ဝိညာဉ်တော်နှင့် မိတ်သဟာယဖွဲ့ခြင်း၊ သနားစုံမက်ခြင်း။
ရှင်ပေါလုသည် သခင်ယေရှုခရစ်တော်၏ အံ့သြဖွယ် နာမတော် ဂုဏ်ပုဒ် လေးခုကို ဤနေရာတွင် ဖော်ပြထားပါသည်။
ခရစ်တော်၏ နာမဂုဏ်ပုဒ်
(၁) ခရစ်တော်၌ သက်သာခြင်း
ခရစ်တော်ဘုရားသည် လူတိုင်းအတွက် သက်သာခြင်း၏ အရှင်ပင် ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဝန်လေး၍ ပင်ပန်းသောသူအပေါင်း တို့ ငါ့ထံသို့ လာကြလော့၊ ငါသည် ချမ်းသာပေးမည် (မဿဲ ၁၁း၂၈)။ ခရစ်တော်နှင့် တွေ့ဆုံခဲ့သောသူများ သက်သာခြင်းအခွင့် ရရှိခဲ့သော ဖြစ် ရပ်များကို ဖော်ပြပါရစေ။
(က) အလုပ်အတွက် အခက်အခဲဖြစ်နေသော ပေတရုနဲ့ အဖော်များ တစ်ညလုံး ကြိုးစားသော်လည်း တစ်ကောင်ကိုမျှ မရခဲ့သောအချိန်၊ သခင်ယေရှုခရစ်တော်နှင့် တွေ့သောအခါ မြောက်မြားစွာသောငါးများ ရရှိခဲ့ပါသည် (လုကာ ၅း၁-၁၁)။
(ခ) ၁၂ နှစ်ပတ်လုံး သွေးသွန်နာစွဲနေသော အမျိုးသမီးတစ်ဦး သခင်ယေရှုနှင့် တွေ့သောအခါ ရောဂါပျောက်ကင်း၍ သက်သာခြင်း၊အခွင့်ကို ရရှိခဲ့ပါသည် (မာကု ၅း၂၅-၃၄)။
(ဂ) တမန်တော် ၁၂ ပါး ဗိမာန်တော်အခွန်ပေးဖို့ ငွေကြေးအခက်အခဲဖြစ်၊နေချိန် သခင်ယေရှု ဖြေရှင်းပေးသောအခါ ငွေကြေးပြဿနာမှ ပြေ လည်မှု ရရှိသွားပါသည်။
အထက်ပါ အဖြစ်အပျက်များကို ကြည့်ခြင်းအားဖြင့် ခရစ်တော် ဘုရားသည် လူသားတိုင်းအတွက် သက်သာခြင်း အရှင်ပင် ဖြစ်ပါသည်။
(၂) မေတ္တာနှင့် စပ်ဆိုင်သော ချမ်းသာခြင်း ၊
ခရစ်တော်ဘုရားသည် လူသားအားလုံးအပေါ် အသက်စွန့်ပြီး ချစ် ခဲ့သော မေတ္တာတရားကြောင့် လူသားအားလုံး၏ ဘဝအသက်တာ တမလွန်နောင်ရေးအတွက် ချမ်းသာခြင်းအခွင့်ကို ရရှိခဲ့ပါသည်။ ကိုယ်အဆွေတို့ အဖို့အလိုငှာ ကိုယ့်အသက်ကိုစွန့်ခြင်း မေတ္တာထက် သာ၍မြတ်သော မေတ္တာသည် အဘယ်သူ၌မျှမရှိ၊ သင်တို့သည် ငါ့ပညတ်ကို စောင့်ရှောက် လျှင် ငါ၏အဆွေ ဖြစ်ကြ၏။ ငါ့ပညတ်ဟူမူကား ငါသည် သင်တို့ကို ချစ်သည့်နည်းတူ သင်တို့သည် အချင်းချင်း ချစ်ကြလော့ (ယော ၁၅း၁၂-၁၄)။
(၃) ဝိညာဉ်တော်နှင့် မိတ်သဟာယဖွဲ့ခြင်း ၊
ဘုရားသခင်နှင့် အကျွမ်းဝင်၍ မိတ်သဟာယဖွဲ့ လော့၊ ထိုသို့ပြုလျှင် ကောင်းစားခြင်းသို့ ရောက်ရလိမ့်မည် (ယောဘဝတ္ထု ၂၂း၂၁)။
(၄) သနားစုံမက်ခြင်း ၊
သခင်ယေရှုကိုယ်တော်တိုင် ဟောကြားခဲ့သော တောင်ပေါ်ဒေသနာ၌ သနားစုံမက်တတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ထို သူတို့သည် သနားစုံမက်ခြင်းကို ခံရကြလတ္တံ့ (မဿဲ ၅း၇)။
၂။ ဖိလိပ္ပိ ၂:၂ = အချင်းချင်း ချစ်ခြင်းဖြင့် စည်းလုံးညီညွတ်ပါ။
ရှင်ပေါလု ဖိလိပ္ပိ အသင်းတော်သို့ စတင်ရောက်ရှိချိန် (တမန် ၁၆း၁၂) အသင်းတော်တွင် လူမျိုးပေါင်းစုံ ပါဝင်ဖွဲ့စည်းထားသော အသင်းတော် ဖြစ်သည်။ ပိုက်ဆံချမ်းသာကြွယ်ဝသော အထည်ရောင်းသူ သွားတိရဲမြို့သူ လုဒိ၊ နတ်ဝင်သည် အနာဂတ်ကို ဟောပြောသော အမျိုးသမီး၊ အာဏာရှိသူ၊ ရာထူးကြီးမားသော ထောင်မှူး၊ အသင်းတော်တွင် လူမျိုးပေါင်းစုံ၊ စရိုက် ပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံ ရှိနေသော အသင်းတော်ဖြစ်သောကြောင့် ရှင်ပေါလုက အချင်းချင်း ချစ်ခြင်းမေတ္တာနဲ့ စည်းလုံး ညီညွတ်စွာ အသက် ရှင်ဖို့ တိုက်တွန်းနှိုးဆော်ထားပါသည်။ သခင်ယေရှုကိုယ်တိုင် ယုံကြည်သူ အချင်းချင်းအား ချစ်ဖို့ရန် ပညတ်အသစ်ကို ပေးခဲ့ပါသည် (ယော ၁၃း၃၄)။ ခရစ်ယာန် ယုံကြည်သူအချင်းချင်း စိတ်သဘော တညီတညွတ်တည်းရှိဖို့ရန် ချစ်ခြင်းမေတ္တာအပေါ် တစ်ဦးနဲ့တစ်ဦး တည်ဆောက် အသက်ရှင်မှသာ ဖြစ်ပေါ်လာသော အရာပင် ဖြစ်ပါသည်။
၃။ ဖိလိပ္ပိ ၂း၃-၄ = စည်းလုံးညီညွတ်ဖို့ရန် ဆောင်ရန်နှင့် ရှောင်ရန်အချက်များ ၊ စည်းလုံးညီညွတ်ရန် ရှောင်ရန် အချက်နှစ်ချက်
(၁) ဖိလိပ္ပိ ၂း၃ = ရန်တွေ့လိုသောစိတ်
အသင်းတော်တွင် ယုံကြည်သူအချင်းချင်း ပြိုင်ဘက်ကဲ့သို့ သဘော ထားရင် ရန်တွေ့လိုသောစိတ် ဖြစ်ပေါ်လာမှာ ဧကန်မလွဲပေ။ ထိုစိတ်ဓာတ်အသင်းတော်တွင်မရှိအောင် လုပ်ဆောင်ရမည့် အရာမှာ ယုံကြည်သူအချင်း ချင်း တစ်ဦးအပေါ်တစ်ဦး လုပ်ဖော်ဆောင်ဖက်ကဲ့သို့ သဘောထားပြီး အသက်ရှင်မှသာ ရန်တွေ့လိုသောစိတ် ဖြစ်ပေါ်လာမှာ မဟုတ်ပါ။ ယုံကြည် သူအချင်းချင်း ပြိုင်ဆိုင်မှုဟာ အသင်းတော်၌ မရှိအပ်သော အရာပင် ဖြစ် ပါသည်။
(၂) ဖိလိပ္ပိ ၂:၃ = အချည်းနှီး ကျော်စောကိတ္တိစိတ်
အသင်းတော်တွင်ပါ ဝင်လုပ်ဆောင်ကြသော အမှုတော်ဆောင်များ ၊ အချင်းချင်း၊ ယုံကြည်သူအချင်းချင်း မိမိလုပ်ဆောင်သော အရာအားလုံး ၊ သည် မိမိနာမည်ကြီးဖို့ ပေါ်လွင်ထင်ရှားလိုသောစိတ် ဖြစ်ပေါ်လာလျှင် အသင်းတော်လုပ်ငန်းများတွင် ထိခိုက်မှုကြီးစွာ ဖြစ်ပေါ်လာပြီး နောက်ဆုံး အသင်းတော်ကွဲတဲ့အထိ ဖြစ်ပေါ်လာသော အရာပင် ဖြစ်သည်။
စည်းလုံးညီညွတ်ရန် ဆောင်ရန် အချက်နှစ်ချက်
(၁) ဖိလိပ္ပိ ၂း၃ = နှိမ့်ချသောစိတ်
အသင်းတော် စည်းလုံးညီညွတ်ချင်ရင် တစ်ဦးနဲ့တစ်ဦး စိတ်နှိမ့်ချစွာ အသက်ရှင်ပါ။ ထောင်လွှားစော်ကားသော သူတို့ကို ဘုရားသခင် ဆီး တားတော်မူ၏။ စိတ်နှိမ့်ချသော သူတို့အား ကျေးဇူးပြုတော်မူ၏ဟု လာ သတည်း (ယာကုပ် ၄:၆)။
(၂) ဖိလိပ္ပိ ၂:၄ = ကိုယ့်အမှုအရာကိုသာ မရှုမမှတ်ဘဲ သူ့အမှုအရာကို
အချင်းချင်း ရှုမှတ်ကြလော့။ စည်းလုံးညီညွတ်ချင်ရင် အခြေခံပြုလုပ်ရမည့် အချက်မှာ မိမိဖြစ် ချင်တာ နောက်မှာထားပြီး အသက်ရှင်ပါ။ သူတစ်ပါး ဖြစ်ချင်တာကို မိမိ အသက်တာမှာ လုပ်ဆောင်အသက်ရှင်ပါ။ သခင်ယေရှု၏ ပညတ်တော် အနှစ်ချုပ်ကို ဖော်ပြရာတွင် ကိုယ်၌ သူတစ်ပါး ပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ ပြုကြလော့ (မဿဲ ၇း၁၂)။
ဒီမိုကရေတစ် (Democratic) ဖြစ်တဲ့ အခြေခံစိတ်ဟာ အဲဒါပါပဲ။ သူတစ်ပါးရဲ့ တည်ရှိခြင်းကို အသိအမှတ်ပြုတာ၊ လေးစားတာ၊ နားလည်တာ၊
လောကမှာ ငါယုံကြည်သလို မယုံကြည်သူတွေရှိတယ်။ ငါဝတ်သလို မဝတ်သူတွေ ရှိတယ်။ ငါစားသလို မစားသူတွေရှိတယ်။ ငါနေသလို မနေသူတွေရှိတယ်။ ငါမဖတ်တဲ့ စာအုပ်မျိုးကို ဖတ်၊ ငါမတွေးတဲ့ အတွေး မျိုးကို တွေး၊ ငါမှတစ်ပါး အခြားအရာများရှိကြောင်း လက်ခံတာဟာ ဒီမိုကရက်တစ်ဆန်တာပါ။ အဲဒါရဲ့ ဆန့်ကျင်ဘက်ကတော့ အာဏာရှင်ပဲ ပေါ့။ ငါမှတစ်ပါး အခြားသော အုပ်စိုးသူကို လက်မခံဘူး၊ ငါ့ပါတီမှတစ် ပါး အခြားသော ပါတီကို လက်မခံဘူး၊ ငါ့အယူအဆမှတစ်ပါး အခြားသော အယူအဆကို လက်မခံဘူး။ လက်မခံရုံသာမက တိုက်ဖျက်မယ်။ ချေမှုန်းမယ် ဆိုတာကတော့ အာဏာရဲ့ လက္ခဏာ၊ တိရစ္ဆာန်ကမ္ဘာရဲ့ သွင်ပြင်က္ခဏာပါ။ ဟစ်တလာက ဂျူးတွေကို သန်းနဲ့ချီပြီး သေမင်းနိုင်ငံ ပို့ခဲ့တာ အဲသည့်စိတ်အခြေခံပါ။ သူတစ်ပါး ဘုရားကျောင်းကန်ကို ဖျက် မယ်၊ သူတစ်ပါး လူမျိုးကို တိုက်ခိုက်ရန်ပြုမယ် ဆိုတာတွေဟာ တိရစ္ဆာန် လိပ်ပြာနိုးနေတဲ့ လူတွေရဲ့ လုပ်ရပ်မျိုးပါ။ စိတ်နေစိတ်ထား မြင့်မားစွာ အသက်ရှင် နေထိုင်တတ်သော လူသားများတွင် တွေ့မြင်ရသော စိတ်နေ သဘောထားသုံးမျိုး တွေ့ရှိနိုင်ပါသည်။
(က) ကိုယ်မှတစ်ပါး အခြားသူများရှိတယ် ဆိုတာကို လက်ခံသဘောပေါက်ပြီး အသက်ရှင်သည်သာမက အခြားသူများကို ရန်ပြုဖို့ ဘယ်တော့မှ မကြိုးစားခဲ့ပါဘူး။
(ခ) ကိုယ်မှတစ်ပါး အခြားသူရှိတယ် ဆိုတာကို လက်ခံသဘောပေါက်ရုံသာမက ထိုအခြားသူတို့ရဲ့ အမှုကိစ္စများ ပြီးမြောက်အောင် မြင်ရေးကိုပါ ပူးပေါင်းဆောင်ရွက်ပေးတာပါ (Participate) လုပ်တယ်လို့ပဲ ဆိုကြပါစို့။
(ဂ) ကိုယ်မှတစ်ပါး အခြားသူရှိတယ် ဆိုတာကို လက်ခံသဘောပေါက်တယ်။ ပြီးတော့ အခြားအမှုကိစ္စများ ပြီးမြောက်အောင်မြင်ရေးကို ပူးပေါင်းဆောင်ရွက်ပေးတယ်။ အဲဒါတင်မကတော့ဘဲနဲ့ အန္တရာယ် ကိုပါ ကာကွယ်ပေးမယ်ဆိုတဲ့ အနေအထားပါ။ ၁၆၉၄ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်မှာမွေးပြီး ၁၇၇၈၊ မေ ၃၀ ရက် မှာ ဘုန်းတော်ဝင်စားတဲ့ ကမ္ဘာကျော် ဗော်လတဲယား (Voltaire) ဟာ တတိယတန်းမှာပါတဲ့ သူပဲပေါ့ ။ လူသိများတဲ့ သူ့စကားရှိတယ်။
I disapprove what you say, but I will defend to death your right to say it တဲ့ ခင်ဗျားပြောတာကို ကျွန်တော်သဘောမတူပါဘူး၊ ဒါပေမဲ့ သေသည်အထိ ကာကွယ်ပေးသွားမယ်တဲ့။ ကျွန်တော် သဘောမတူတာ တွေကို ခင်ဗျားပြောဆိုနေနိုင်ခွင့်အတွက်ပါ။ ကြက်သီးထဖို့ ကောင်းလိုက် တာ။ စာဖတ်သူပရိသတ်ရော ကျွန်တော်ပါ ဘယ်အနေအထားက လူတွေ လဲ။ ပထမအနေအထားက လူတွေလား၊ မဆိုးပါဘူး၊ အခြားကို လက်ခံ တယ်ဆိုလို့။ ဒုတိယအနေအထားက လူတွေလား၊ လေးစားတာပေါ့ ။ (Participate) လုပ်တတ်လို့။ တတိယအနေအထားက လူလား၊ ဒါဆိုရင်တော့ ကြည်ညိုဖို့ပါ ကောင်းသွားပြီ။ ကိုယ်မှတစ်ပါး ခြားနားသူကို ကာကွယ်စောင့်ရှောက်လို့။
အဲသည့်အနေအထားတွေမှတစ်ပါး အခြားကို စောင့်ရှောက်ဖို့ နေနေ သာသာ၊ ပူးပေါင်းပါဝင်ပေးဖို့ ဝေလာဝေး၊ ရှိခြင်းကိုပင် လက်မခံဘူးဆိုရင် ဖြင့် လူမဟုတ်တော့၊ လူမမည်တော့။ အာဏာလောကသား၊ တိရစ္ဆာန် လူသားပင် ဖြစ်နေပါတော့သည်။
အနှစ်ချုပ် (ဖိလိပ္ပိ ၂း၁-၄) ၊
၁။ ခရစ်တော်၏ နာမတော်ဂုဏ်ပုဒ်များ။
၂။ ယုံကြည်သူအချင်းချင်း ချစ်ခြင်းဖြင့် စည်းလုံးညီညွတ်ပါ။
၃။ စည်းလုံးညီညွတ်ဖို့ရန် ဆောင်ရန် ရှောင်ရန် အချက်များ။
အပိုင်း (၇)
(ဖိလိပ္ပိ ၂း၅-၁၁)
ယေရှုခရစ်တော်၌ရှိသော စိတ်သဘောထားများ
ဖိလိပ္ပိ ၂:၅-၁၁ = ဖိလိပ္ပိ ၂:၅-၁၁ = ယေရှုခရစ်၌ရှိသော ထိုစိတ်သဘော ကို သင်တို့၌လည်း ရှိစေကြလော့။ ထိုသခင်သည် ဘုရားသခင်၏ သဏ္ဌာန်တော်နှင့် ပြည့်စုံတော်မူသည်ဖြစ်၍ ဘုရားသခင်ပြိုင်သော အမှုကို လုယူ ခြင်း အမှုဟူ၍ မထင်မမှတ်လျက်ပင် မိမိအသရေကိုစွန့်၍ အစေခံ ကျွန်၏ သဏ္ဌာန်ကို ယူဆောင်လျက် လူကဲ့သို့သော အဖြစ်၌ ဖွားမြင်ခြင်းကို ခံတော်မူ၏။ ထိုသို့ လူ၏ ဂုဏ်အင်္ဂါလက္ခဏာနှင့် ပြည့်စုံလျက် အသေခံ ခြင်းသာမဟုတ်၊ လက်ဝါးကပ်တိုင်မှာ အသေခံခြင်းတိုင်အောင် အစေခံ ကျွန်ခံ၍ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချတော်မူ၏။ ထို့ကြောင့် ဘုရားသခင်သည် ကိုယ်တော်ကို အလွန်ချီးမြှောက်၍ ဘွဲ့နာမတကာတို့ထက် ကြီးမြတ်သော ဘွဲ့နာမကို ပေးသနားတော်မူ၏။ အကြောင်းမူကား ကောင်းကင်သတ္တဝါ၊ မြေကြီးသတ္တဝါ၊ မြေကြီးအောက်၌ရှိသော သတ္တဝါတည်းဟူသော ခပ်သိမ်းသော သတ္တဝါတို့သည် ယေရှု၏ ဘွဲ့နာမတော်ကို ဒူးထောက်၍ ယေရှု ၊ ခရစ်သည် သခင်ဖြစ်တော်မူ၏ဟု နှုတ်နှင့် ဝန်ခံသဖြင့် ခမည်းတော်ဘုရား ၏ ဘုန်းအသရေတော်ကို ထင်ရှားစေကြမည့် အကြောင်းတည်း။
ဖိလိပ္ပိ ၂း၅ = ယေရှုခရစ်၌ရှိသော ထိုစိတ်သဘောကို သင်တို့၌လည်းရှိစေကြလော့။
၁။ ဖိလိပ္ပိ ၂း၆ = ကိုယ်ကျိုးစွန့်သော အသက်တာ။
ထိုသခင်သည် ဘုရားသခင်၏ သဏ္ဌာန်တော်နှင့် ပြည့်စုံတော်မူသည် ဖြစ်၍ ဘုရားသခင်နှင့်ပြိုင်သော အမှုကို လုယူခြင်းအမှုဟူ၍ မထင် မမှတ်လျက်ပင်။
ယေရှုခရစ်တော်သည် ဘုရားစင်စင်ဖြစ်ကြောင်း ဖော်ပြသော ကျမ်း ပိုဒ်ဖြစ်သည်။ သတိချပ်ရမည်မှာ ဘုရား ဇာတိကိုစွန့်တာ မဟုတ်၊ ဘုရား ဘုန်းကိုသာ စွန့်တော်မူသော ဘုရားဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း သီဆိုခဲ့သော ခရစ္စမတ်သီချင်း တစ်ပုဒ်တွင် ကောင်းကင်ဘုံရှင် ဘုရင် ပလ္လင်တော် ကို စွန့်၍ မြေကြီးပေါ် ကျွန်ုပ်အတွက် ကြွလာပြီဟု ဖော်ပြခြင်းမှာ ဘုရား ဇာတိကို စွန့်ခြင်းမဟုတ်ကြောင်း ဖော်ပြနေခြင်း ဖြစ်သည်။ သခင်ယေရှု သည် ဘုရားဇာတိ ၁၀၀% ရှိနေသလို တစ်ပြိုင်နက် လူဇာတိ ၁၀၀% ရှိသော ဘုရားပင် ဖြစ်သည်။ ထို့ကြောင့် သခင်ယေရှုခရစ်တော်၏စိတ် သဘောထား တစ်ခုမှာ ကိုယ်ကျိုးစွန့်သော အသက်တာပင် ဖြစ်သည်။ ကျွန်ုပ်တို့ ယုံကြည်သူ ခရစ်ယာန်များသည် ယေရှုခရစ်တော်၏ စိတ် သဘောထားနဲ့ ပြည့်စုံအောင် ကိုယ်ကျိုးစွန့်သော အသက်တာဖြင့် အသက် ရှင်ရပါမည်။
ဘဝင်မြင့်ရောဂါ (Tut Shwe)
ပိုက်ဆံလေး နည်းနည်းရှိလာတော့
တိုက်နေသော ဆပ်ပြာတောင်
ယားသလို ခံစားရတယ်။
သုံးနေကျ Shampoo တွေဟာ
အရည်အသွေး သိပ်မကောင်းတော့ဘူးလို့ တွေးမိတယ်
အပေါစားတွေ သုံးခဲ့မိတဲ့ ၊
ကိုယ့်ကိုယ်ကိုယ် ရှက်မိပြီး သူဌေးတွေနဲ့ပဲ ရွေးပေါင်းဖို့ ဆုံးဖြတ်လိုက်တယ်
ဖူးနေကျ ဘုရားတောင်
သိပ်တန်ခိုးမကြီးတော့သလို တွေးမိပြီး
နိုင်ငံခြားက ဘုရားပဲ ဖူးတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။
Fb မှာလာ add ရင် ၊
နောက်မှာ ထရံကာတွေပါရင် လက်မခံဖြစ်ဘူး၊
ကိုယ့် acc ဟာ ခရိုနီနဲ့ Cele များသာ
ပြည့်နေစေရမယ်လို့ ခံယူထားတယ်၊
နှာစေး ခေါင်းကိုက်တာကို အရင်လို ဒီကိုလ်ဂျင်တွေ မသောက်သင့်တော့ဘဲ ၊
Medical Check up သွားလုပ်ဦးမှလို့တွေးမိတယ်
လူတွေဟာ ငါ့လို ဘာကြောင့်ကျန်းမာရေးကို ဂရုမစိုက်တာလဲလို့
စိတ်မသက်မသာ တွေးမိတယ်။
ဒီလိုနဲ့ MedicalCheck up အဖြေရလာတော့ ဖတ်ကြည့်လိုက်တယ်။
“ဘဝင်မြင့်ရောဂါ” တဲ့။ အရမ်းကျေနပ်သွားတယ်
ဒီရောဂါနဲ့ သေရင်တောင် သေပျော်ပြီလေ။
မှတ်ချက် = ဘဝင်မြင့်ရောဂါသည်များအတွက်သာ။
သခင်ယေရှုခရစ်တော်၌ရှိသော စိတ်သဘောထားကို ကျင့်သုံး အသက်ရှင်သော သူများသည် ဘဝင်မြင့်ရောဂါ မရှိသူများ ဖြစ်ကြသည်။ ဘဝမြင့်ရောဂါ ရှိသောသူများသည် သခင်ယေရှုခရစ်တော်၏ စိတ်သဘော ထား မရှိသောသူများပင် ဖြစ်ကြပါသည်။
၂။ ဖိလိပ္ပိ ၂း၇ = မိမိအသရေကိုစွန့်၍ အစေခံကျွန်၏ သဏ္ဌာန်ကိုယူဆောင်လျက် လူကဲ့သို့သော အဖြစ်၌ ဖွားမြင်ခြင်းကို ခံတော်မူ၏။
မိမိအသရေကို စွန့်၍ အစေခံကျွန်
ခရစ်ယာန်ဘာသာ၌ တွေ့ရသော ဘုရားသည် ဘုရားက လူဆီကို လာတဲ့ ဘုရားဖြစ်သည်။ အခြားသော ဘာသာတရားများကတော့ လူက ဘုရားဆီကို ကောင်းမှုကုသိုလ်၊ အကျင့်သီလနှင့် သွားသော ဘာသာများဖြစ်ကြသည်။ ဘုရားက လူဆီကို လာတဲ့အခါ မိမိအသရေကို စွန့်ပြီး လူ့လောကထဲသို့ ကြွလာခြင်းပင် ဖြစ်သည်။ ထို့ကြောင့် သခင်ယေရှုကိုယ်တော်တိုင် လူသားသည် သူတစ်ပါးကို စေစားခြင်းငှာ မလာ၊ သူတစ်ပါး အစေကို ခံခြင်းငှာလည်းကောင်း၊ မိမိအသက်ကိုစွန့်၍ လူများကို ရွေးခြင်းငှာ လည်းကောင်း ကြွလာသတည်းဟု မိန့်တော်မူ၏ (မာကု ၁၀း၄၅)။ ဘုရား သည် မိမိအသေရေကိုစွန့်၍ အစေခံကျွန်၏သဏ္ဌာန် အဓိပ္ပာယ်မှာ လူ သားတိုင်းကို ကူညီရန် ကြွလာခြင်း၊ လူတိုင်းအတွက် ဝန်ဆောင်မှုပေးရန် ကြွလာခြင်းပင် ဖြစ်သည်။ ငါသည် သခင်ဖြစ်လျက် အရှင်ဘုရားဖြစ်လျက် ၂ သင်တို့၏ ခြေကိုဆေးလျှင် သင်တို့သည် အချင်းချင်းတို့၏ ခြေကို ဆေး ရကြမည် (ယော ၁၃း၁၄)။ လူကို ကယ်တင်ဖို့ရန် လူ့ဇာတိအဖြစ် ခံယူခြင်းပင် ဖြစ်ပါသည်။
၃။ ဖိလိပ္ပိ ၂း၈ = ထိုသို့ လူ၏ ဂုဏ်အင်္ဂါလက္ခဏာနှင့် ပြည့်စုံလျက်အသေခံခြင်းသာမဟုတ်၊ လက်ဝါးကပ်တိုင်မှာ အသေ ခံခြင်းတိုင်အောင် အစေကျွန်ခံ၍ ကိုယ့်ကိုယ်ကိုယ်နှိမ့်ချတော်မူ၏။
လက်ဝါးကပ်တိုင်ပေါ်မှာ အသေခံ ၊
သခင်ယေရှုခရစ်တော်သည် လူတွေခံရမယ့် အပြစ်များကို လက် ဝါးကပ်တိုင်မှာ အသေခံပြီး အပြစ်ကြွေးကို ဆပ်ပေးခဲ့သူ ဖြစ်ပါသည်။ ခရစ်တော်သည် ကျမ်းစာလာသည့်အတိုင်း ငါတို့အပြစ်ကြောင့် အသေ ခံတော်မူ၏။ သင်္ဂြိုဟ်ပြီးမှ ကျမ်းစာလာသည့်အတိုင်း သုံးရက်မြောက် သောနေ့၌ ထမြောက်တော်မူ၏။ ထိုဧဝံဂေလိတရားအားဖြင့် ကယ်တင် တော်မူခြင်းသို့ ရောက်ကြ၏ (၁ကော ၁၅း၂-၃)။ သခင်ယေရှုသည် လူ သားအားလုံးအား ထာဝရသေခြင်းသို့ မရောက်ရှိရန်အတွက် မိမိအသက်ကို လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံပြီး လူသားအားလုံး၏ အပြစ်ကြွေးကို ဆပ်ခဲ့သော အရှင်ဖြစ်ပါသည်။ ထိုသခင်ကို လက်ခံယုံကြည်သူတိုင်း ထာဝရအသက်ရှင်ခြင်းဆီသို့ ကူးပြောင်းနိုင်ပါသည်။ ထို့ကြောင့် သခင် ယေရှုသည် လူသားအားလုံး၏ အပြစ်များကို ယူဆောင်သွားရန် ဤ လောကကြီးထဲသို့ ကြွလာတော်မူခဲ့ရခြင်း ဖြစ်ပါသည်။ ကိုယ်တော်သည် ငါတို့ အပြစ်များကို ဆောင်သွားခြင်းငှာ ထင်ရှားပေါ်ထွန်းတော်မူသည်ကို သင်တို့ သိကြ၏ (၁ယော ၃း၅)။ သခင်ယေရှုကို ယုံကြည်လက်ခံသော ယုံကြည်သူများ သခင်ယေရှုကဲ့သို့ နှိမ့်ချသောစိတ်နှင့် အစေခံ အသက် ရှင်ပါ။
၄။ ဖိလိပ္ပိ ၂း၉-၁၁ = ခရစ်တော်၏ အောင်မြင်ခြင်း ၊
ကြီးမြတ်သော ဘွဲ့နာမကို ဘုရားသခင်က သခင်ယေရှုအား ပေး အပ်ခဲ့ပါသည်။ ဒီဘွဲ့နာမကို သခင်ယေရှုသည် သေခြင်းကို ရှင်ပြန်ထမြောက် ခဲ့ပြီးမှ ရရှိခဲ့ခြင်း ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ခမည်းတော်၏ စကားကို နာခံလိုက်လျှောက် အသက်ရှင်ခဲ့သောကြောင့် ဖြစ်ပါသည်။ ဤကဲ့သို့ အသက်ရှင်ခဲ့သောကြောင့် လူသားတစ်ရပ်လုံး သခင်ယေရှုကို ယုံကြည်လက်ခံလျှင် ငရဲမှ လွတ်မြောက်၍ ကောင်းကင်နိုင်ငံတော်သို့ ရောက်ရှိခဲ့သောကြောင့် ဖြစ်ပါသည်။ သခင်ယေရှု ရှင်ပြန်ထမြောက်ပြီး ကောင်းကင်ဘုံသို့ ပြန်ကြွခါနီး ကောင်းကင်ဘုံ၌လည်းကောင်း၊ မြေကြီး ပေါ်၌လည်းကောင်း စီရင်ပိုင်သော အခွင့်တန်ခိုး ရှိသမျှတို့ကို ငါခံရပြီဟု မိန့်တော်မူခဲ့ပါသည် (မဿဲ ၂၈း၁၈)။ ယုံကြည်သူတိုင်း သခင်ယေရှုကို အရှင်သခင်အဖြစ် နှုတ်နှင့် ဝန်ခံပြီး ထိုယုံကြည်ချက်အတိုင်း အသက် ရှင်ခဲ့သောကြောင့် ခမည်းတော်ဘုရား၏ ဘုန်းအသရေတော်ကို ထင်ရှား စေကြသောသူများ ဖြစ်ကြသည် (ဖိ ၂း၁၁)။ လူသားတိုင်း တစ်နေ့ကျလျှင် ၊ သခင်ယေရှု၏ ဘွဲ့နာမရှေ့မှာ ဒူးထောက်ရလိမ့်မည် (ဖိ ၂း၁၀)။
ယေရှုခရစ်တော်၌ရှိသောစိတ်သဘောထားများ
(၁) ကိုယ်ကျိုးစွန့် (ဖိ ၂း၆)။
(၂) အစေခံ (ဖိ ၂း၇)။
(၃) နှိမ့်ချသောစိတ် (ဖိ ၂း၈)။
(၄) နှုတ်ကပတ်တော်ကို နာခံလိုက်လျှောက်ခြင်း (ဖိ ၂း၈)။
ယုံကြည်သူအားလုံး အထက်ဖော်ပြပါ ယေရှုခရစ်တော်၌ရှိသော စိတ်သဘောထားအတိုင်း မိမိအသက်တာမှာ အသက်ရှင်လျှင် ဘုရားဘုန်း တော် ထင်ရှားသော ယုံကြည်သူ ခရစ်ယာန် ဧကန်အမှန် ဖြစ်လာမည်မလွဲပါ။ ယေရှုခရစ်တော်၌ရှိသော စိတ်သဘောထားကို ပေါ်လွင်ထင်ရှားအောင် အသက်ရှင်ခဲ့သော ပုဂ္ဂိုလ်များကို ဖော်ပြပါရစေ။ ကရုဏာရှင်ကြီး မာသာထရီဇာ (Mother Teresa) ကိုဖြင့် ကမ္ဘာအနှံ့အပြားက သိပါသည်။ သူ၏ ဘဝတစ်ခုလုံးကို ပရဟိတလုပ်ငန်းအတွက် အသက်ရှင်ခဲ့သောကြောင့် ၁၉၇၉ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ငြိမ်းချမ်းရေးနိုဗယ်ဆု ချီးမြှင့် ခံခဲ့ရပါသည်။ သူက ဆုလက်ခံပါသည်။ သို့သော် ဆုပေးမည့် ကြီးကျယ်သော အခမ်းအနားကြီးကိုကား ငြင်းပယ်ပါသည်။ နော်ဝေးနိုင်ငံ အော်စလို မြို့၌ သာမန်ဆုပေးပွဲကလေးမျှကိုသာ လုပ်စေပြီး ဧရာမအခမ်းအနားကြီး အတွက် ကုန်ကျမည့် ဒေါ်လာခုနစ်ထောင်ကို ပရဟိတဂေဟာများအတွက် သာ အလှူခံခဲ့ပါသည်။ လူအုပ်စုကြီးများ၊ ဖြိုးဖြိုးပြက်ပြက် လင်းလက် သွားသည့် ဆလိုက်မီးများ၊ အသံဖမ်းစက်များ၊ လက်ခုပ်သြဘာသံများ စသည်တို့ကို သူတော်စင် မာသာထရီဇာ အလိုမရှိပုံ ရပါသည်။ သူ၏ ဘဝကို ရိုးစင်းစွာ၊ နှိမ့်ချစွာ တရားတော်နဲ့အညီ အသက်ရှင်ခဲ့သော သူ တော်စင်ကြီး ဖြစ်ပါသည်။
လီကွမ်ယု၏ မွေးနေ့က ၁၉၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၆ ၊ ဇနီး ချူးက ဥပဒေပညာရှင်၊ ရှေ့နေ၊ သားနှစ်ယောက်၊ သမီးတစ်ယောက်။ ၁၉၅၉ ခုနှစ်တွင် လီကွမ်ယု ဝန်ကြီးချုပ်စဖြစ်ခဲ့တော့ သူ့အသက် ၃၅ နှစ်။ သူက ထိုရာထူးဖြင့် ၃၁ နှစ်တိုင်အောင် စင်ကာပူကို မောင်းနှင်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ်တွင် ရာထူးက နုတ်ထွက်ခဲ့သူလည်း ဖြစ်ပါသည်။ စည်း ကမ်းရှိသောနိုင်ငံ၊ သန့်ရှင်းသောနိုင်ငံ၊ ချမ်းသာသောနိုင်ငံ၊ ပညာတတ်သောနိုင်ငံ၊ တောက်ပကြည်လင်သည့် အနက်အဓိပ္ပာယ်ထွက်သော စင်ကာပူ ဖြစ်အောင် နိုင်ငံရေးဗိသုကာ လီကွမ်ယုက ထုဆစ်ခဲ့ခြင်း ဖြစ်ပါသည်။ လီကွမ်ယု ဝန်ကြီးချုပ်ဖြစ်တော့ နိုင်ငံတော်က သူ့ကို အစိုးရအိမ်တော် ပေးပါသည်။ သူက မနေဘူးဟု ဆုံးဖြတ်ချက်ချခဲ့သည်။ သူ့သားနဲ့သမီး တွေ စိတ်ဓာတ်ပျက်စီး ယိုယွင်းသွားမှာ၊ ဘဝမှာ အသာစီးနေလိုစိတ်၊ အခွင့်ထူးခံလိုစိတ် ဝင်ရောက်သွားမှာ စိုးသောကြောင့် ဖြစ်ပါသည်။ အလွန် လှပသော စိတ်ထားကို မိသားစုအတွင်းထဲမှာသာမက စင်ကာပူနိုင်ငံ တစ်ခုလုံး လိုက်လျှောက်အောင် ပုံသက်သေကောင်း ပြသခဲ့သူ ဖြစ်ပါသည်။ နိုင်ငံသား၏ လိပ်ပြာ၊ နိုင်ငံသားတို့၏ ကိုယ်ကျင့်တရား၊ နိုင်ငံသားတို့၏ဝိညာဉ်ကို ကမ္ဘာမှာ အတုယူစရာဖြစ်အောင် တရားတော်နဲ့ နိုင်ငံကို တည်ဆောက်ခဲ့သူ ဖြစ်ပါသည်။
၁၉၃၃ ခုနှစ်၊ ဇန်နဝါရီ ၂၅ မှာမွေးပြီး ၂၀၀၉ ခုနှစ်၊ သြဂုတ်လ ၁ ရက်မှာ ကွယ်လွန်သူ ဖိလစ်ပိုင်နိုင်ငံရဲ့ အမျိုးသမီးသမ္မတ ကိုရန်ဇန် အကွီနို (Corazan Aquino) ဆိုရင်လည်း နိုင်ငံတော်ကပေးတဲ့ မာစီဒီးကားကို မယူဘဲ သူ့ကိုယ်ပိုင် ရိုးရိုးတိုယိုတာကားကလေးနဲ့ပဲ နေသွားတဲ့အတွက် ဖိလစ်ပိုင်လူထုက သူ့ကို အချစ်ပိုခဲ့ကြတယ်ဆိုတာ အားလုံးအသိပါ။ တရားတော်နဲ့အညီ အသက်ရှင်ခဲ့သော သမ္မတအမျိုးသမီး တစ်ဦးပါ။
၁၈၉၀ ခုနှစ်၊ မေလ ၁၉ ရက်မှာမွေးပြီး ၁၉၆၉ ခုနှစ်၊ စက်တင်ဘာလ (၂)ရက်နေ့မှာဆုံးတဲ့ ဟိုချီမင်း (Ho Chi Minh) စားတော့ ပြောင်းဖူးစွပ် ပြုတ်နဲ့မျှစ်၊ နေတော့ ရိုးရိုးအိမ်ကလေး၊ ရုံးတက်တော့ စက်ဘီးနဲ့တက်သူ၊ ဗီယက်နန်သမ္မတပေါ့။ ဒါကြောင့်ထင်ပါရဲ့၊ ဆေးစိမ်ထားတဲ့ သူ့အလောင်း ကို အခုအချိန်ထိ လူတွေ လူတွေ တန်းစီကာ အလေးပြု နေကြဆဲပင် ဖြစ်ပါ သည်။
အထက်ဖော်ပြပါ ပုဂ္ဂိုလ်ကြီးများသည် ယေရှုခရစ်တော်၏ စိတ် သဘောထားများကို မိမိအသက်တာတွင် လိုက်နာကျင့်သုံးခဲ့သူများ ဖြစ် သည်သာမက ကမ္ဘာသူကမ္ဘာသား အားလုံးအတွက် ကောင်းသောပုံသက်သေ ကို ပြသနိုင်ခဲ့သူ၊ ဘုရားဘုန်း ထင်ရှားအောင် အသက်ရှင်နိုင်ခဲ့သူများပင် ဖြစ်ပါသည်။
ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို သင်တို့အား ဟောပြော၍ သင်တို့ကိုအုပ်သောသူတို့ကို အောက်မေ့ကြလော့။ သူတို့သည် အဘယ် သို့ ကျင့်ကြံပြုမူ၍ စုတေသည်ကို စေ့စေ့ဆင်ခြင်လျက် သူတို့၏ ယုံကြည် ၊ ခြင်းကို မှီအောင်လိုက်ကြလော့ (ဟေဗြဲ ၁၃း၇)။
အပိုင်း (၈)
ဖိလိပ္ပိ ၂း၁၂-၁၈
ခရစ်ယာန်တို့၏ရင့်ကျက်ခြင်းအသက်တာ
ဖိလိပ္ပိ ၂း၁၂-၁၈ = သို့ဖြစ်၍ ငါ့ချစ်သူတို့၊ သင်တို့သည် ငါ့မျက်မှောက်၌ င်္သာ နားထောင်သည်သာမက မျက်ကွယ်၌လည်း အစဉ်နားထောင်ကြ သည်နှင့်အညီ ကြောက်ရွံ့တုန်လှုပ်သောစိတ်နှင့် ကိုယ်ကို ကယ်တင်ခြင်းငှာ ကိုယ်တိုင် ကြိုးစားအားထုတ်ကြလော့။ အကြောင်းမူကား သင်တို့သည် အလိုရှိစေခြင်းငှာလည်းကောင်း၊ အကျင့်ကျင့်စေခြင်းငှာလည်းကောင်း သင်တို့အထဲ၌ စေတနာတော်အားဖြင့် ပြုပြင်တော်မူသောသူကား ဘုရား သခင်ပေတည်း။ သင်တို့သည် ပြုလေသမျှတို့၌ မြည်တမ်းခြင်း၊ ငြင်းခုံခြင်း မရှိဘဲ ပြုကြလော့။ သို့ပြုလျှင် အပြစ်တင်ခွင့်မရှိ၊ အဘယ်သူကိုမျှ မပြစ် မှားဘဲနေ၍ မဖြောင့်မမှန် ဖောက်ပြန်သော လူမျိုးအထဲ၌ အဘယ်အပြစ်မျှ မပါသော ဘုရားသခင်၏သား ဖြစ်ကြလိမ့်မည်။ အသက်ရှင်ခြင်းနှင့်ဆိုင် သော နှုတ်ကပတ်တရားတော်ကို ပြသ၍ စကြာဝဠာ၊ နေ၊ လ၊ ကြယ်၊ နက္ခတ်ကဲ့သို့ ထိုလူမျိုးအထဲ၌ ထွန်းလင်းကြ၏။ သို့ပြုလျှင် ငါသည် အကျိုးမရှိဘဲလျက် ပြေးသည်မဟုတ်၊ အကျိုးမရှိဘဲလျက် ကြိုးစားအား ထုတ်သည် မဟုတ်ကြောင်းကို ငါထောက်၍ ခရစ်တော်၏ နေ့ရက်၌ ငါ ဝါကြွားဝမ်းမြောက်ခြင်း ရှိလိမ့်မည်။ ထိုမျှမက သင်တို့၏ ယုံကြည်ခြင်းကို တင်လှူပူဇော်သော ယဇ်အပေါ်မှာ ငါ့ကို လောင်းသော်လည်း ဝမ်းမြောက် ခြင်းရှိ၏။ သင်တို့ ရှိသမျှနှင့်အတူ ငါဝမ်းမြောက်ခြင်း ရှိ၏။ ထိုနည်းတူသင်တို့သည်လည်း ဝမ်းမြောက်ကြလော့။ ငါနှင့်အတူ ဝမ်းမြောက်ခြင်း ရှိကြလော့။
၁။ ဖိလိပ္ပိ ၂း၁၂ = အစဉ်နားထောင်ရမည်
ငါချစ်သူတို့၊ သင်တို့သည် ငါ့မျက်မှောက်၌သာ နားထောင်သည်သာ မက မျက်ကွယ်၌လည်း အစဉ်နားထောင်ကြသည်နှင့်အညီ ကြောက်ရွံ့ တုန်လှုပ်သောစိတ်နှင့် ကိုယ်ကို ကယ်တင်ခြင်းငှာ ကိုယ်တိုင် ကြိုးစား အားထုတ်ကြလော့။
လူတစ်ယောက်သည် ကယ်တင်ခြင်း ဆုကျေးဇူး ရရှိပိုင်ဆိုင်ဖို့ရန် ပထမဦးဆုံး လုပ်ဆောင်ရမည့် အရာမှာ သခင်ယေရှုကို မိမိ ကယ်တင် ပိုင်ရှင်အဖြစ် ယုံကြည်လက်ခံရမည် ဖြစ်ပါသည်။ ကယ်တင်ခြင်း ရရှိဖို့ရန် မိမိ၏ အကျင့်သီလ၊ ကောင်းမှုကုသိုလ်ကြောင့် လုံးဝမဟုတ်ပါ (ဧဖက် ၂း၈-၉)။ ကယ်တင်ခြင်းရှိဖို့ ကြိုးစားအားထုတ်ဖို့ရန် မလိုအပ်ပါ။ သို့သော် လူတစ်ယောက် ကင်တင်ခြင်းရရှိပြီးနောက် တစ်ဆက်တည်း လုပ်ရမည့် အရာမှာ ဘုရားသခင်၏ ကောင်းမြတ်ခြင်းကို မိမိအသက်တာ၌ ကောင်းသောပုံသက်သေအားဖြင့် ဘုရားဘုန်း ထင်ရှားရန်အတွက် ကောင်းသော အသက်တာ ရှိကို ရှိရပါမည်။ ထိုကဲ့သို့ ရှိမှသာလျှင် သခင်ယေရှုကို သူ တစ်ပါးတွေ ကြည်ညိုလေးစား တန်ဖိုးထားလာမှာ ဖြစ်ပါသည်။ အထက်ပါ ကျမ်းပိုဒ်တွင် ရှင်ပေါလုက ဖိလိပ္ပိ အသင်းသူအသင်းသားများကို ဘုရား စကား မျက်မှောက်ရှေ့မှာသာမက မျက်ကွယ်မှာလည်း အစဉ်နားထောင် ဖို့ တိုက်တွန်းထားပါသည်။ ခရစ်ယာန်အသက်တာကို လိုက်လျောက်ရာ တွင် မိမိကိုယ်ကို ကယ်တင်ဖို့ရန် ကြိုးစားအားထုတ်ရမည်ဖြစ်ကြောင်း ဖော်ပြခြင်း ဖြစ်ပါသည်။ ဤကဲ့သို့ အသက်ရှင်မှ ဘုရားဘုန်း ထင်ရှား သော ယုံကြည်သူတစ်ဦး လူသားအကျိုးပြုသော ယုံကြည်သူတစ်ယောက် ဖြစ်လာမှာ ဖြစ်ပါသည်။ ကောင်းသောအကျင့်ကို ကျင့်သောသူ မည်သည် ကား ကျွန်ဖြစ်စေ၊ လူလွတ်ဖြစ်စေ သခင်ဘုရား၏လက်တော်မှ အကျိုးကို ခံရလိမ့်မည်ဟု သိမှတ်ကြလော့ (ဧဖက် ၆း၈)။ ဖြစ်ရပ်မှန် ဇာတ်လမ်း တစ်ပုဒ် ဖော်ပြပါရစေ။ ၁၈၉၂ ခုနှစ်က အမေရိကန်နိုင်ငံ စတင်းဖို့ဒ် တက္ကသိုလ်မှာပါ။ ၁၈ နှစ်အရွယ် တက္ကသိုလ်ကျောင်းသားလေး တစ်ယောက်က တက္ကသိုလ်ဆက်တက်ဖို့ ပိုက်ဆံအခက်အခဲ တွေ့နေတယ်။ သူဟာ မိဘမဲ့တစ်ယောက် ဖြစ်တာကြောင့် အကူအညီတောင်းရမယ့်သူ လည်း မရှိဘူး။ သူ့လို ကျောင်းစရိတ် မတတ်နိုင်တဲ့ သူငယ်ချင်းတစ် ယောက်နဲ့ တိုင်ပင်ပြီး တက္ကသိုလ်ဝင်းထဲမှာ သူတို့တတ်တဲ့ ဂီတနဲ့ ဖျော် ပွဲလေးလုပ်ဖို့ စိတ်ကူးမိကြတယ်။ သူတို့နှစ်ယောက်ဟာ နာမည်ကျော် စန္ဒာရားပညာရှင်ကြီး ပိုလန်လူမျိုး ပက်ဒရော့စကီး Ignancy J. Paderewski ဆီကိုသွားပြီး သူ့ရဲ့ စန္ဒရားကြီးကို သွားကြတယ်။ သူတို့ လိုအပ်တဲ့ ၊ကျောင်းစရိတ်အတွက် ငွေရှာချင်တယ်ဆိုပြီး ပြောပြလိုက်တယ်။ ပက် ၊ ဒရော့စကီးရဲ့ မန်နေဂျာက ဒေါ်လာ ၂၀၀၀ ပေးရမယ်လို့ ပြောတယ်။
လူငယ်နှစ်ယောက်လည်း သဘောတူပြီး ဂီတပွဲလေး လုပ်ဖြစ်ကြတယ်။ ပွဲကျင်းပပြီးသွားတော့ လက်မှတ်ရောင်းရငွေက ဒေါ်လာ ၁၆၀၀ ရတယ်။ သူတို့ အတော်လေး စိတ်ညစ်သွားကြတယ်။ ပက်ဒရော့စကီးဆီ သွားပြီး လောလောဆယ် ဒေါ်လာ ၁၆၀၀ ပဲ ပေးနိုင်ပြီး ကျန်တဲ့ဒေါ်လာ ၄၀၀၊ အတွက် ချက်လက်မှတ်တစ်စောင် ပေးထားမယ်။ အဲဒီချက်လက်မှတ်ကို အခုထုတ်လို့ မရသေးပေမဲ့ သူတို့ဟာ ငွေစုပြီး ဒေါ်လာ ၄၀၀ ကို ချက် လက်မှတ်အတွက် ထည့်ပေးမယ်လို့ ပြောလိုက်တယ်။ သူတို့ပြောပြတာကို နားထောင်ပြီးတော့ ပက်ဒရော့စကီးက ချက်လက်မှတ်ကို ဆုတ်ဖြဲပြီး ခုလိုပြောလိုက်တယ် “ရော့ မင်းတို့ရဲ့ ဒေါ်လာ ၁၆၀ဝ ကိုလည်း ပြန်ယူသွားကြ၊ အဲဒါနဲ့ ပွဲကုန်ကျစရိတ် ပေးစရာ ရှိတာတွေကို ပေးလိုက်ကြ၊ ပိုတဲ့ပိုက်ဆံ ကို မင်းတို့ရဲ့ ကျောင်းစရိတ်အတွက် သုံးလိုက်ကြ”တဲ့။ ဝင်ငွေကောင်းတဲ့ နာမည်ကျော် စန္ဒရားပညာရှင်ကြီးအတွက်တော့ အခုလို လုပ်လိုက်တာဟာ အသေးအဖွဲ ကိစ္စလေးပါ။ သူနဲ့ မသိကျွမ်း၊ မရင်းနှီးတဲ့ လူငယ်လေး နှစ်ယောက်ကို ဘာကြောင့် ခုလို ကူညီပေးလိုက်ရတာလဲ။ ကျွန်တော်တို့ ဘဝမှာလည်း လူတစ်ယောက်က အကူအညီတောင်းလာတဲ့ အခြေအနေမျိုး ကြုံလာရင် လူတော်တော်များများက “ငါ သူ့ကို ကူညီလိုက်ရင် ငါ့အတွက် ဘာအကျိုးရှိမလဲ”လို့ တွေးတတ်ကြတယ်။ မြင့်မြတ်တဲ့ နှလုံးသားရှိသူ တွေကတော့ ‘ငါ သူ့ကို မကူညီရင် သူ ဘာဖြစ်သွားမလဲ”လို့ စိုးရိမ်ပူပန် စဉ်းစားပေးကြတယ်။ ဇာတ်လမ်းက ဒီမှာတင် မပြီးဆုံးသေးပါ။ နောက်ပိုင်း တွင် ပက်ဒရော့စကီးဟာ ပိုလန်နိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်လာတယ်။ သူဝန်ကြီးချုပ်ဖြစ်ပြီး မကြာခင် ပထမကမ္ဘာစစ်ကြီး ဖြစ်လာတယ်။ ပိုလန်မှာ စစ်ဘေးဒဏ်ကြောင့် လူပေါင်းတစ်သန်းခွဲ စားစရာမရှိ ငတ်မွတ်ဆင်းရဲ ကြတယ်။ ပိုလန်အစိုးရဟာ သန်းချီတဲ့ လူထုအတွက် စားနပ်ရိက္ခာ အကူ အညီပေးရေး အဖွဲ့ကြီးဆီကို စာရေးပြီး အကူအညီပေးဖို့ မေတ္တာရပ်ခံ လိုက်တယ်။ အဲဒီအဖွဲ့ကြီး၏ ဥက္ကဋ္ဌနာမည်က ဟားဗတ် ဟူးဗာ (Herbert Hoover) ပါ။ သူဟာ နောက်ပိုင်း အမေရိကန်သမ္မတ ဖြစ်လာသူပါ။ ဥက္ကဋ္ဌကြီး ဟားဗတ်က ပိုလန်ဝန်ကြီးချုပ်ရဲ့ အကူအညီတောင်းခံတာကို လက်ခံပြီး ပိုလန်နိုင်ငံကို ရိက္ခာတန်ချိန်ပေါင်းများစွာ ပို့လိုက်ပါတယ်။ ပိုလန်လူမျိုးတွေရဲ့ အငတ်ဘေးဒုက္ခကြီးကို ရှောင်လွှဲနိုင်ခဲ့ပြီး ဝန်ကြီးချုပ် ပက်ဒရော့စကီးဟာ ကျေးဇူးတင်လွန်းလို့ အမေရိကန်နိုင်ငံကို သွားပြီး ဥက္ကဋ္ဌ ဟားဗတ်နဲ့ သွားတွေ့တယ်။ တွေ့တွေ့ချင်းမှာ ဝန်ကြီးချုပ်ကကျေးဇူးတင်ကြောင်းပြောတော့ ဥက္ကဋ္ဌဟားဗတ်က လက်ကာပြပြီး ဝန်ကြီး ချုပ်ခင်ဗျား ကျေးဇူးတင်စရာမလိုပါဘူး၊ လွန်ခဲ့တဲ့ နှစ်အတော်ကြာတုန်းက ဝန်ကြီးချုပ် ကူညီခဲ့တဲ့ စတင်းဖို့ဒ်တက္ကသိုလ်မှာ ကျောင်းစရိတ်မရှိလို့ အခက်အခဲဖြစ်နေတဲ့ လူငယ်နှစ်ယောက်ကို မှတ်မိမှာပေါ့။ အဲဒီထဲက တစ်ယောက်က ကျွန်တော်ပါပဲ။ လခ မပခ ကလဝမှာဒုက္ခရောက်နေတဲ့ လူတစ်ယောက်ကို တတ်နိုင်တဲ့အကူအညီ သေး သေးလေးပဲဖြစ်ဖြစ် ပေးလိုက်ပါ။ ကိုယ်ဒုက္ခရောက်တဲ့အခါမှာလည်း ကူ ညီသူ ပေါ်လာမှာပါ။ သူ့အကူအညီက ကိုယ်ပေးခဲ့ဖူးတဲ့ အကူအညီထက် အဆပေါင်းများစွာ ပိုတတ်ပါတယ်ဆိုတာ ဒီဖြစ်ရပ်မှန်လေးက သက်သေ ပြလိုက်ပါတယ်။ သခင်ယေရှု၏ ပညတ်တရားအချုပ်မှာ ကိုယ်၌ သူတစ် ၊ ပါး ပြုစေလိုသမျှအတိုင်း သူတစ်ပါး၌ ပြုကြလော့ (မဿဲ ၇း၇)။
ဖိလိပ္ပိ ၂း၁၃ = ကောင်းသောအကျင့်ကို ကျင့်စေခြင်းငှာ ဘုရားသခင်ပြုပြင်ပေး ခွန်အားပေးလျက် ရှိပါသည်။
သင်တို့သည် အလိုရှိစေခြင်းငှာ၊ အကျင့်ကျင့်စေခြင်းငှာလည်းကောင်း သင်တို့အထဲ၌ စေတနာစိတ်အားဖြင့် ပြုပြင်တော်မူသောသူကား ဘုရား သခင်ပေတည်း။ နည်းပြဆရာသည် မိမိ၏ အားကစားသမားများကို နေ့စဉ် လေ့ကျင့်ခန်း ပြုလုပ်ပေးခြင်း၊ အားကစားနည်းနဲ့ဆိုင်သော လေ့ကျင့်မှုများကို စဉ်ဆက်မပြတ် ပြုလုပ်ပေးခြင်းအားဖြင့် ပြိုင်ပွဲရောက်သောအခါ ပြိုင်ဘက်အားကစားသမားများကို ကျော်ဖြတ်၍ ဆုတံဆိပ်များ ဆွတ်ခူး ရရှိသည့်နည်းတူ ခရစ်ယာန် အသက်တာသည် ထို့အတူပင် ဖြစ်ပါသည်။ လူတစ်ယောက်သည် သခင်ယေရှုခရစ်တော်ကို ယုံကြည်သည့် အချိန်မှ စတင်၍ ဘုရားချမှတ်ထားသော တရားစကားများကို မျက်မှောက်မှာဖြစ် ၊ စေ၊ မျက်ကွယ်မှာဖြစ်စေ အစဉ်လိုက်နာ ကျင့်သုံးခြင်းအားဖြင့် ရင့်ကျက်သော ခရစ်ယာန်အသက်တာကို တစ်ဆင့်ပြီးတစ်ဆင့် လျှောက်လှမ်းရမည် ဖြစ်ပါသည်။ တမန်တော် ရှင်ပေတရုက သင်တို့သည် ယုံကြည်ခြင်း၌ သီလကိုလည်းကောင်း၊ သီလ၌ ပညာကိုလည်းကောင်း၊ ပညာ၌ ကာမ ဂုဏ် ချုပ်တည်းခြင်းကိုလည်းကောင်း၊ ကာမဂုဏ် ချုပ်တည်းခြင်း၌ သည်း ခံခြင်းကိုလည်းကောင်း၊ သည်းခံခြင်း၌ ဘုရားဝတ်ပြုခြင်း၌ မွေ့လျော်ခြင်း ကိုလည်းကောင်း၊ ထိုမွေ့လျော်ခြင်း၌ ညီအစ်ကို စုံမက်ခြင်းကိုလည်းကောင်း၊ ညီအစ်ကို စုံမက်ခြင်း၌ ချစ်ခြင်းမေတ္တာကိုလည်းကောင်း အလွန် ကြိုးစားအားထုတ်၍ ထပ်ဆင့်ကြလော့ (၂ပေ ၁း၅-၈)။ ခရစ်ယာန် အသက်တာသည် ကင်တင်ခြင်းရရှိရုံ ခရစ်တော်ကို ယုံကြည်ဖို့သာ မဟုတ်၊ ပါ။ ရင့်ကျက်သော အသက်တာအထိ တက်လှမ်းဖို့ ဘုရားအလိုရှိပါသည်။ ထိုမှသာ ဘုရားဘုန်း ထင်ရှားမှာ ဖြစ်ပါသည်။ ဤကဲ့သို့ ကောင်းသော အကျင့်ဆီသို့ တက်လှမ်းဖို့ မိမိခွန်အားနဲ့ မတတ်နိုင်ပါ။ ဘုရားပေးတဲ့ ခွန်အားနဲ့သာ တတ်နိုင်မှာ ဖြစ်ပါသည်။ ကောင်းသောအကျင့်ကို ကျင့်ချင် တဲ့ ယုံကြည်သူ မည်သူမဆို ဘုရားက အတွင်းထဲ၌ လုပ်ချင်တဲ့ စိတ်ဆန္ဒ ကို ထည့်ပေးမှာ ဖြစ်ပါသည်။ ငါတို့သည် ကိုယ့်တန်ခိုးကို အမှီပြု၍ တစ်စုံတစ်ခုကို ကြံစည်ခြင်းငှာ တတ်နိုင်မည်မဟုတ်၊ ဘုရားသခင်ကို အမှီပြုမှသာ တတ်နိုင်မည် (၂ကော ၃း၅)။
၃။ ဖိလိပ္ပိ ၂း၁၄-၁၅ = သင်တို့သည် ပြုလေသမျှတို့၌ မြည်တမ်းခြင်း၊ငြင်းခုံခြင်း မရှိဘဲ ပြုကြလော့၊ သို့ပြုလျှင်အပြစ်တင်ခွင့်မရှိ။
မြည်တမ်းခြင်း၊ ငြင်းခုံခြင်း ၊
ခရစ်ယာန်အသက်တာ လျှောက်လှမ်းရာတွင် ရင့်ကျက်သော ခရစ်ယာန်ဖြစ်လာဘို့ရန် မိမိအသက်တာထဲ မြည်တမ်းခြင်း၊ ငြင်းခုံခြင်း မပြုရပါ။ မြည်တမ်းခြင်း၊ ငြင်းခုံခြင်းများသည် အပြစ်ဆီသို့ရောက်အောင် ပို့ဆောင် နေသော အရာများ ဖြစ်သည်ကို အစဉ်သတိပြုပါ။ မြည်တမ်းခြင်း၊ ငြင်းခုံ ခြင်းများသည် ပြောတဲ့သူအတွက်သာမက ကြားတဲ့သူ အားလုံးအတွက် ထိမိ၍ လဲစရာများသာ ဖြစ်ပါသည်။ သုတ္တံဆရာက ဖြည်းညင်းသော စကားသည် စိတ်ကို ဖြေတတ်၏၊ ကြမ်းတမ်းသော စကားမူကား အမျက် ကို နှိုးဆော်တတ်၏ (သုတ္တံ ၁၅း၁)။
အပြစ်တင်ခွင့် မရှိသူ
လူဟာ အပြစ်သားဖြစ်တဲ့အတွက် အပြစ်လုပ်တာ သဘာဝကျပါ တယ်။ ဒါပေမဲ့ ဒီအချက်ကို အခွင့်ကောင်းယူပြီး အပြစ်ကို လုပ်နေသူများ၊ အပြစ်ထဲမှာ ပျော်ရွှင်နေသောသူများ၊ အပြစ်လုပ်တာ ဂုဏ်ယူနေသောသူများ မဖြစ်သင့်ပါ။ လူတစ်ယောက်သည် သခင်ယေရှုကို ကယ်တင်ပိုင်ရှင်အဖြစ် ယုံကြည်ပြီး ယုံကြည်သူ ဖြစ်လာတဲ့အခါ အပြစ်ကို ရုန်းထွက်ချင်သောစိတ်၊ အပြစ်ပြုမိတဲ့အခါ မပျော်ရွှင်တဲ့ စိတ်ကလေးတော့ ရှိရမည် ဖြစ်ပါသည်။ ယုံကြည်သူတစ်ဦး အပြစ်ပြုမိလျှင် ရုန်းထွက်ချင်သောစိတ်ရှိလျှင် ရုန်း ထွက်နိုင်သော ခွန်အားကို ဘုရားသခင်က မစကူညီလျက် ရှိပါသည်။ အပြစ်တင်ခွင့် မရှိသောသူသည် အပြစ်ကို ရှောင်ကြဉ်သောသူ ဖြစ်ပါသည်။ ကိုယ့်အပြစ်တို့ကို ဖော်ပြတောင်းပန်လျှင် ငါတို့အပြစ်ရှိသမျှကို လွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှာ ဘုရားသခင်သည် သစ္စာတရားနှင့် လည်းကောင်း၊ ဖြောင့်မတ်ခြင်း တရားနှင့်လည်းကောင်း ပြည့်စုံတော်မူ၏ (၁ယော ၁း၉)။
၄။ ဖိလိပ္ပိ ၂း၁၆ = အသက်ရှင်ခြင်းနှင့်ဆိုင်သော နှုတ်ကပတ်တော်ကိုပြသ၍ သတင်းကောင်းဝေငှသူ ဖြစ်ပါစေ။ ယုံကြည်သူတစ်ဦးသည် မိမိယုံကြည်ကိုးကွယ်သောဘုရား အသက် ရင်ကြောင်းကို ပြသရာတွင် ဘုရားချမှတ်ထားသော တရားစကားများကိုကိုယ်တိုင် လိုက်လျှောက်ကျင့်သုံးရမည်သာမက မိမိလိုက်လျှောက် ကျင့်သုံးကြောင်းကို မိမိနဲ့အနီးဆုံး ပတ်ဝန်းကျင်မှာရှိတဲ့ လူအများ သိရှိအောင် ပြသရမည် ဖြစ်ပါသည်။ ထိုကဲ့သို့ပြသနိုင်သော ယုံကြည်သူ တစ် ဦးသည် ဘုရား၏ သတင်းစကားကို ဝေငှလက်ဆင့်ကမ်းပေးနေသူ ဖြစ်ပါ သည်။ ထိုတာဝန်ကို ယုံကြည်သူအားလုံး ထမ်းဆောင်ရမည်။
ဤကဲ့သို့ အသက်ရှင်သူသည် ဘုရားဘုန်း ထင်ရှားသူ ဖြစ်ပါသည်။ သခင်ယေရှုကိုယ်တော်တိုင် မိန့်မှာခဲ့သော စကားတစ်ခွန်းမှာ သူတစ်ပါး တို့သည် သင်တို့၏ ကောင်းသောအကျင့်ကို မြင်၍ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘ၏ ဂုဏ်တော်ကို ချီးမွမ်းစေခြင်းငှာ သူတစ်ပါး ရှေ့၌ သင်တို့ အလင်းကို လင်းစေကြလော့ (မဿဲ ၅း၁၆)။ အလင်း လင်း သူသည် ဘုရားဘုန်း ထင်ရှားသောသူ ဖြစ်ပါသည်။
ရင့်ကျက်သော ခရစ်ယာန် (ဖိလိပ္ပိ ၂း၁၄-၁၆)
(၁) အပြစ်ဒုစရိုက်ကို ရှောင်ကြဉ်ပါ။
(၂) နှုတ်ကပတ်တော်ကို ဝေငှသူ။
ခရစ်ယာန်အချင်းချင်း ကြားမှာသာမက ခရစ်တော်ကို မယုံကြည် သေးသော သူများကြား၌ မိမိ၏ ကောင်းတဲ့ ပုံသက်သေအားဖြင့် ဝေငှသူ ဖြစ်ရမည်။ (၃) ကောင်းသောအကျင့်၊ မိမိ၏ အပြုအမူများသည် ခရစ်တော်၏ အလင်းကို ဆောင်သောသူ ဖြစ်ပါက ရင့်ကျက်သော ခရစ်ယာန်ဟု ခေါ် ဆိုနိုင်ပါသည်။
၅။ ဖိလိပ္ပိ ၂း၁၇-၁၈ = အကျိုးမရှိဘဲ လုပ်နေတာ မဟုတ်ပါ။
ရှင်ပေါလု၏ လုပ်ဆောင်မှုများသည် သာသနာပ လူများအတွက် အဓိပ္ပာယ်မရှိသော အလုပ်များကို လုပ်နေသည်ဟု ထင်မြင်စရာရှိသော် လည်း ရှင်ပေါလုက ထိုသို့မခံယူပါ။ မိမိလုပ်ဆောင်သော အမှုကိစ္စအားလုံး ဟာ အဓိပ္ပာယ်ရှိသောအလုပ်၊ မိမိယုံကြည်ရာ လုပ်ဆောင်နေသော ပုဂ္ဂိုလ် ပင် ဖြစ်ပါသည်။ ယခုလက်ရှိဘဝအတွက်သာမက တမလွန်ဘဝအတွက် လုပ်ဆောင်နေကြောင်း သက်သေခံလျက် ရှိနေပါသည်။ ယေရှုခရစ်တော် ၏ နေ့ရက်မှာ (ဒုတိယအကြိမ် ပြန်ကြွလာတဲ့နေ့) ငါဝမ်းမြောက်မှာ ဖြစ်ပါ တယ်။ ယခုအချိန် သူပြုစုပျိုးထောင်ခဲ့သော ဖိလိပ္ပိ အသင်းတော်ကြီးတိုးတက်ကြီးထွားနေတာ မြင်နေရ၍ အတိုင်းမသိ ဝမ်းမြောက်လျက် ရှိနေပါသည်။
ဖိလိပ္ပိ ၂း၁၇ = ယဇ်အပေါ်မှာ ငါတို့လောင်းသော်လည်း ငါဝမ်းမြောက် ပ ရှင်ပေါလု ဖိလိပ္ပံစာစောင်ကို ရေးသားချိန် ထောင်ထဲမှာ ဖြစ်ပါ တယ်။ ဘဝရဲ့ မှောင်မိုက်နေချိန်၊ သေဖို့ရန် စောင့်နေသောအချိန် ဖြစ်လင့် ကစား သူ၏ နောက်ဆုံးနေ့ကို ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်ပါသည်။ သူ၏ ဘဝတစ်ခုလုံး ယဇ်ကောင်ကဲ့သို့ ဆက်ကပ်အပ်နှံပြီး လုပ်ဆောင်နေ သလို ဖိလိပ္ပံအသင်းသူအသင်းသားအချို့ သူ့ကဲ့သို့ လုပ်ဆောင်နေတာကို ကြားသိရသောကြောင့် ထောင်ထဲမှာ ဝမ်းမြောက်ပျော်ရွှင်လျက် ရှိနေပါ သည်။ ယုံကြည်သူတိုင်း ရှင်ပေါလုကဲ့သို့ ဝမ်းမြောက်ခြင်း အသက်တာကို ပိုင်ဆိုင်ချင်ရင် အောက်ပါအချက်များ လုပ်ဆောင်ဖို့ရန် ဖော်ပြအပ်ပါသည်။
ခရစ်တော်၌ ဝမ်းမြောက်ရရှိဖို့ရန် လုပ်ဆောင်ရမည့် အရာများ
(၁) သူတစ်ပါးကို ယုံကြည်ခြင်း ခိုင်ခံ့အောင် လုပ်ဆောင်ပေးရမည်။
(၂) သူတစ်ပါးကို နှုတ်ကပတ်တော်၌ လမ်းပြနေသူ ဖြစ်ရပါမည်။
အနှစ်ချုပ်
ဖိလိပ္ပိ ၂း၁၂-၁၈ ၊ (၁) ယုံကြည်သူများ ရင့်ကျက်သော အသက်တာဖြစ်လာအောင် အတွင်း ၊၌ ဘုရားက နေ့စဉ် ပြုပြင်ပေးလျက် ရှိနေပါသည်။
(၂) ယုံကြည်သူများ ရင့်ကျက်သော အသက်တာနဲ့ အသက်ရှင်ပြီး ဘုရားဘုန်း ထင်ရှားသူ ဖြစ်ရပါမည်။
(၃) ဤကဲ့သို့ လုပ်ဆောင်ရင်း ဝမ်းမြောက်ခြင်း အသက်တာကို ပိုင်ဆိုင်လာပါမည်။
အပိုင်း (၉)
ဖိလိပ္ပိ ၂း ၂၅-၃ဝ
ဖိလိပ္ပိ ၂း၂၅-၃ဝ = သို့သော်လည်း ဆောင်ရွက်ခြင်း၊ စစ်တိုက်ခြင်း အမှု၌ ငါ၏ အပေါင်းအဖော်၊ ငါ့ကို ပြုစုသောသူတည်းဟူသော သင်တို့တမန် ငါ့ညီ ဧပဖျာဒိတ်ကို သင်တို့ရှိရာသို့ ယခု စေလွှတ်သင့်သည်ဟု ငါထင် မှတ်၏။ အကြောင်းမူကား သူသည် နာကြောင်းကို သင်တို့ ကြားသိသောကြောင့် သူသည် သင်တို့အပေါင်းကို လွမ်းဆွတ်၍ စိတ်မသာလျက် ရှိနေ ၏။ သူသည် သေလုအောင် နာသည် မှန်၏။ ထိုအခါ ဘုရားသခင်သည် သူ့ကို သနားတော်မူ၏။ သူ့ကိုသာ သနားတော်မူသည်မဟုတ်၊ ငါ၌ ဝမ်း နည်းခြင်း အဆင့်ဆင့် အထပ်ထပ် မရှိစေခြင်းငှာ ငါ့ကိုလည်း သနားတော် မူ၏။ ထို့ကြောင့် သင်တို့သည် သူ့ကို တစ်ဖန်တွေ့မြင်၍ ဝမ်းမြောက် စေခြင်းငှာလည်းကောင်း၊ ငါသည်လည်း သက်သာခြင်းငှာလည်းကောင်း သူ့ကို သာ၍ကြိုးစားသည်နှင့် ငါစေလွှတ်၏။ သို့ဖြစ်၍ သခင်ဘုရားကိုထောက်လျက် ဝမ်းမြောက်သောစိတ်နှင့် သူ့ကို လက်ခံကြလော့။ အကြောင်း မူကား သင်တို့သည် ငါ့ကို ပြုစု၍ မပြည့်စုံသေးသော ဝတ်ကို သူသည် ပြည့်စုံစေခြင်းငှာ ကိုယ့်အသက်ကို စွန့်စား၍ ခရစ်တော်၏ အမှုကြောင့် သေခြင်းသို့ ရောက်လုနီးပြီ။
၁။ ဖိလိပ္ပိ ၂:၂၅ သို့သော်လည်း ဆောင်ရွက်ခြင်း၊ စစ်တိုက်ခြင်း အမှု၌ ငါ၏ အပေါင်းအဖော်၊ ငါ့ကို ပြုစုသောသူတည်းဟူသော သင်တို့ တမန်၊ငါ့ညီ ဧပဖြောဒိတ်ကို သင်တို့ရှိရာသို့ ယခု စေလွှတ်သင့်သည်ဟု ငါထင်မှတ်၏။
ဧပဖြောဒိတ်
ဧပဖြောဒိတ်သည် ဂရိလူမျိုးမှ ပြောင်းလဲလာသော ခရစ်ယာန် တစ်ဦးဖြစ်သည့် ဖိလိပ္ပိ အသင်းတော်မှ ရောမမြို့သို့ ရှင်ပေါလု သွား ရောက်မေတ္တာပြဖို့ရန် စေလွှတ်ခြင်းခံရသောသူ ဖြစ်သည်။ ဖိလိပ္ပိမြို့မှ ရောမမြို့အထိ မိုင် ၈၀၀ ခရီးစဉ်ကို သင်္ဘောဖြင့် တစ်လခွဲခန့် အနည်းဆုံး သွားရသော ခရီးဖြစ်သည်။ ဖိလိပ္ပိ အသင်းတော်ကိုယ်စား အလှူငွေ ရှင်ပေါလုထံ ယူဆောင်လာသောသူ ဖြစ်သည်။ ယခုအခါ အရာရာ၌ ငါ ရတတ်၏။ ဥစ္စာကြွယ်ဝ၏။ မွှေးကြိုင်သော ရနံ့နှင့် ပြည့်စုံ၍ ဘုရား သခင် နှစ်ထောင်းအားရတော်မူသော ယဇ်တည်းဟူသော သင်တို့ ပေး လိုက်သော အရာတို့ကို ဧပဖြာဒိတ်လက်မှ ငါခံရသည်ဖြစ်၍ ကြွယ်ဝလျက် ရှိ၏ (ဖိလိပ္ပိ ၄း၁၈)။ ရှင်ပေါလုက သူ ထောင်ထဲရောက်နေချိန် အသင်းတော်မှ မေတ္တာပြ အလှူငွေကို ယူဆောင်လာသော ဧပဖြာဒိတ်၏အား သာချက်များကို အရင်ဖော်ပြပြီးမှ သူ၏ အားနည်းချက်များကို နောက်မှ ဖော်ပြသွန်သင်ပါမည်။ ကျွန်တော်တို့ လူသားသဘာဝ အများစုဟာ လူ တစ်ယောက်ရဲ့ အားနည်းချက်ကို ရှေးဦးစွာ ပြောလေ့ရှိပါတယ်၊ အားသာ ချက် ရှိနေတာတောင် ပြောဖို့ နှုတ်ဆိတ်လေ့ ရှိပါသည်။ ရှင်ပေါလုဆီမှ လူမှုပေါင်းသင်းဆက်ဆံရေး ပညာကို လူတိုင်း အတုယူသင့်ပါသည်။
ဧပဖြောဒိတ်၏ အားသာချက်များ
(၁) ငါ့ညီ ဧပဖြာဒိတ် (ဖိလိပ္ပိ ၂း၂၅)
ရှင်ပေါလုဟာ ဂျူးလူမျိုး၊ ဧပဖြာဒိတ်က ဂရိလူမျိုး ဖြစ်ကြပေမဲ့ ရှင်ပေါလုက ခရစ်တော်အားဖြင့် ယုံကြည်သူများ ဖြစ်ကြသောကြောင့် ညီအစ်ကိုမောင်နှမများဖြစ်ကြောင်း ဖော်ပြခြင်း ဖြစ်သည်။
(၂) သင်တို့တမန် (ဖိလိပ္ပိ ၂း၂၅) ၊ဧပဖြာဒိတ်သည် အသင်းတော်၏ သင်းထောက်လူကြီး တစ်ဦးပင်ဖြစ်သည်။ ဓမ္မအမှုတော်ဆောင်တစ်ဦး မဟုတ်ပေမဲ့ ရှင်ပေါလုက သင် တို့ တမန်ဟု ဖော်ပြခြင်းဟာ သူနဲ့အတူ လုပ်ဖော်ဆောင်ဖက် တစ်ဦးဖြစ်ကြောင်း ဖော်ပြခြင်း ဖြစ်ပါသည်။
(က) ကိုယ်ကျင့်တရား စိတ်ချရသောသူ
အသင်းတော်က ငွေကြေးကိစ္စနဲ့ စိတ်ချရသောသူ ဖြစ်သောကြောင့် ဖြစ်သည်။
(ခ) သာသနာကို ချစ်တဲ့သူ
ဖိလိပ္ပိမြို့နဲ့ ရောမမြို့ မိုင် ၈၀၀ ဝေးကွာသော သင်္ဘောခရီးကြမ်းကို သာသနာကို ချစ်သောစိတ်နဲ့ သွားရောက်၍ ငွေများ (အလှူငွေ) ပို့ဆောင် ပေးသူ ဖြစ်သည်။
(ဂ) အသင်းတော်၏ ကိုယ်စားလှယ်
ယနေ့ခေတ် အမှုတော်ဆောင်အချို့ အသင်းတော်ကို အခြေမပြုဘဲ သာသနာလုပ်ငန်းများကို လုပ်ဆောင်နေသူ များစွာတွေ့ရပါသည်။ ရှင် ပေါလုက အသင်းတော်ကိုယ်စားလှယ် လုပ်ဆောင်ပေးသော ဧပဖြာ ဒိတ်ကို ချီးကျူးဂုဏ်ပြုခဲ့ပါသည်။ အသင်းတော် အခြေပြုပြီး သာသနာ ပြုခြင်းသည် သမ္မာကျမ်းစာနဲ့ညီသော အမှုတော်ဆောင်ခြင်းပင် ဖြစ်ပါ သည်။ အသင်းတော်ကို အခြေပြုပြီး သာသနာပြုပါ။
(၃) စစ်တိုက်ခြင်းအမှု၌ ငါ၏အပေါင်းအဖော် (ဖိ ၂း၂၅)
ဖိလိပ္ပိအသင်းတော် အသင်းထောက် လူကြီးတစ်ဦးဖြစ်သော ဧပဖြာ ဒိတ်ကို ရှင်ပေါလုက ရဲဘော်ရဲဘက်၊ ရင်ဘတ်မိတ်ဆွေအဖြစ် အသိအမှတ် ပြုခဲ့ပါသည်။ ခရစ်ယာန်အသက်တာသည် မမြင်ရသောရန်သူ စာတန်မာနတ် ကို နေ့စဉ် တိုက်ပွဲဝင်နေရသော အသက်တာဖြစ်သည်။ စာတန်ကို စုပေါင်း ပြီး အတူတကွ တွန်းလှန်တိုက်ပွဲဝင်နေသော သေဖော်သေဖက်ဖြစ်ကြောင်း ဖော်ပြခြင်းပင် ဖြစ်သည်။ ခရစ်ယာန်များ ဘုရားသခင် ပြင်ဆင်သော လက်နက်စုံကို ယူတင်ဝတ်ဆောင်၍ စာတန်ကို တိုက်ပွဲဝင်လျက်ရှိပါသည် (ဧဖက် ၆း၁၀-၂၀)။ ထို့ကြောင့် ဟေဗြဲဆရာက ခရစ်ယာန်များအား မေတ္တာစိတ် ရှိစေခြင်းငှာလည်းကောင်း၊ ကောင်းသောအကျင့်ကို ကျင့်စေ ခြင်းငှာလည်းကောင်း တိုက်တွန်းနှိုးဆော်ရသော အခွင့်ကိုရှာ၍ အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ထောက်စာ ကြည့်ရှုကြကုန်အံ့ (ဟေဗြဲ ၁၀း၂၄)။
(၄) ငါ့ ကို ပြုစုသောသူ (ဖိ ၂း၃ဝ)
ရှင်ပေါလု အကျယ်ချုပ်နဲ့ ထောင်ထဲမှာရှိနေချိန် ဧပဖြာဒိတ်သည် ဖိလိပ္ပံအသင်းတော်မှ ယူဆောင်လာသော ထောက်ပံ့ငွေကို မပျောက်မရှအောင် ခရီးစဉ်တစ်ခုလုံး ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပြီး ရှင်ပေါလုထံ အရောက်ပို့ဆောင်ခဲ့သူ ဖြစ်ပါသည်။ ရှင်ပေါလု အခက်အခဲဖြစ်နေချိန် ပြုစုစောင့်ရှောက်ခဲ့သူဖြစ်ကြောင်း ရှင်ပေါလုက ချီးကျူးဂုဏ်ပြုခြင်းခံရသူ ဖြစ်ပါသည်။
ဧပဖြောဒိတ်၏ အားနည်းချက်
(၁) ဖိလိပ္ပိ ၂:၂၆ = ကျန်းမာရေးမကောင်း (သူသည် သေလုအောင် နာသည် မှန်၏)
ဖိလိပ္ပိမြို့နှင့် ရောမမြို့အထိ မိုင် ၈ဝဝ ကွာဝေးသော သင်္ဘောခရီး ကြမ်းကို ကျော်ဖြတ်ခဲ့သော ဧပဖြာဒိတ်သည် ကျန်းမာရေးမကောင်းသည် မှာ လမ်းခရီးကြောင့်လား၊ နဂိုကတည်းက ရောဂါတစ်ခုခု အခံရှိနေ၍လား၊ မဖော်ပြထားသော်လည်း သူ၏ အနာသည် စိုးရိမ်ရသော အခြေအနေ၊ သေလုအောင် နာသည်ဟု ဖော်ပြထားပါသည်။ ဒီနေရာမှာ သူ့အတွက် အလှူငွေလာပေးသော ဧပဖြာဒိတ်အတွက် ရှင်ပေါလု ရောဂါပျောက်ကင်း ရန် ဆုတောင်းပေးမှာ ဧကန်မလွဲပါ။ ရှင်ပေါလု သူ့အတွက် ဆုတောင်းပေမဲ့ သူ့ရောဂါ မသက်သာပါ၊ မပျောက်ကင်းခဲ့ပါ။ ရှင်ပေါလု၏ အမှုတော်ဆောင်ခြင်းတွင် ရောဂါပျောက်ကင်းအောင် ပြုလုပ်ခဲ့သော အရာများစွာ ရှိခဲ့ပါသည်။
(က) တမန် ၁၄း၈-၁၁
အမိဝမ်းထဲက မစွမ်းသူ ရောဂါပျောက်ကင်းခဲ့ပါသည်။
(ခ) တမန် ၂၈း၇-၈
ကျွန်းသူကြီး၏ဖခင် ဖျားနာ၊ ဝမ်းကျ၊ သွေးသွန်နာရောဂါ ပျောက်ခဲ့ ပါသည်။
အထက်ဖော်ပြပါ အကြောင်းအရာများသည် ရောဂါပျောက်ခဲ့သော အဖြစ်အပျက်များပင် ဖြစ်ပါသည်။ သို့ရာတွင် ရှင်ပေါလုကိုယ်တိုင် သူ့ရောဂါပျောက်အောင် သူကိုယ်တိုင် မလုပ်ဆောင်နိုင်ခဲ့ပါ။ ၂ကော ၁၂း၇-၉ = သူ့ကိုယ်၌ရှိသောဆူး၊ ရှိသာသူ၊ ရှိသောသူ၊ ၃ကြိမ်တိုင်အောင် ဆုတောင်းခဲ့သော်လည်း မပျောက်ခဲ့ပါ။ အဖြေကား ငါ့ကျေးဇူးသည် သင့်အဖို့ လောက်ပေ၏။ ( ရှင်ပေါလု၏ ဘဝအသက်တာတွင် အနာငြိမ်းခြင်းကိစ္စနဲ့ ပတ်သက်ပြီး ရောဂါပျောက်ကင်းတဲ့ အချိန်ရှိသလို အချို့ကိစ္စများတွင် သူကိုယ်တိုင် သူ့အတွက်သာမက ဒီနေရာမှာ ဧပဖျာဒိတ်အတွက် ဆုတောင်းရာတွင် ရောဂါမပျောက်ခဲ့ပါ။ အနာငြိမ်းခြင်းကိစ္စနဲ့ ပတ်သက်၍ အဖြေတစ်ခုမှာ ဘုရားသခင် အလိုရှိသောအချိန်မှာ အလိုရှိသောကိစ္စ၊ အလိုရှိသော ပုဂ္ဂိုလ် များမှာသာ ရောဂါပျောက်ကင်းမည်ဖြစ်ကြောင်း သမ္မာကျမ်းစာက ယုံ ကြည်သူအားလုံးကို သတိပေးလျက် ရှိနေပါသည်။
(၂) ဖိလိပ္ပိ ၂း၂၉-၃ဝ = သခင်ဘုရားကို ထောက်လျက် ဝမ်းမြောက်သောစိတ်နှင့် သူ့ကို လက်ခံကြလော့။
ရှင်ပေါလု၏ လှပသော စိတ်ဓာတ်ကို ဧပဖြာဒိတ်အပေါ် ဆက်ဆံပုံ ကို ထင်ရှားစွာ တွေ့မြင်ရပါသည်။ လူ့သဘာဝဟာ အားသာချက်ရှိသော သူများကို ဂုဏ်ပြုရတာ မခက်ပေမဲ့ အားနည်းတဲ့သူကို ဂုဏ်ပြုရတာ အလွန်ခက်ခဲသော အရာပင် ဖြစ်သည်။ ဤခက်ခဲသော အရာကို ရှင် ပေါလု ပြုလုပ်ခဲ့တာပါ။ လူတစ်ယောက်၏ အားသာချက်ကို အရင်ပြောပါ။ အားနည်းချက်များကို ဘုရားသခင်မျက်နှာကို ထောက်ထားပြီး ဝမ်း မြောက်သောစိတ်နဲ့ လက်ခံပါ။ ကျွန်တော်တို့အားလုံး ရှင်ပေါလုကဲ့သို့ ပရိသတ်ကွယ်ရာမှာ လူမသိသူမသိ ကောင်းတဲ့ အလုပ်များစွာကို အား နည်းချက်များ ရှိနေလျက်နဲ့ လုပ်ဆောင်နေသောသူများကို ယနေ့မှစ၍ လေးစားစွာ တန်ဖိုးထားရအောင် အသိအမှတ် ဂုဏ်ပြုကြရအောင်။ ထို ကဲ့သို့ ဂုဏ်ပြုအသက်ရှင်ခြင်းအားဖြင့် ဘုရားဘုန်း ထင်ရှားအောင် အသက် ရှင်နိုင်သူ ဖြစ်နိုင်ကြပါစေ (၁ကော ၁၂း၂၁)။ အားနည်းဟန်ရှိသော အင်္ဂါ တို့သည် သာ၍ အသုံးဝင်ကြ၏။
ဖိလိပ္ပိ ၂း၃၀ = ကိုယ့်အသက်ကိုစွန့်၍ ခရစ်တော်အမှုကြောင့် သေခြင်းသို့ရောက်လုနီးပြီ။
ဖိလိပ္ပိအသင်းတော်က မေတ္တာပြ၍ ယူဆောင်လာသော အလှူငွေ အားဖြင့် သူ့ကို ဂုဏ်ပြုခြင်းသည် ဖြစ်သင့်သော အရာပင်ဖြစ်သည်။ ရှင် ပေါလု အသက်တာသည် မိမိအသက်အန္တရာယ် ကြုံဆုံရလင့်ကစား မိမိ အသက်ကိုစွန့်၍ ခရစ်တော်အတွက် အမှုဆောင်ခြင်းဟာ သူ၏နောက်ဆုံး ပိုင်း သေခြင်းသို့ နီးကပ်လာပြီဖြစ်ကြောင်း ခံစားနေရပါသည်။ စာဖတ်သူ ပရိသတ်အားလုံး ဘုရားအတွက် စွမ်းစွမ်းတံမံ လုပ်ဆောင်နေသောသူများ ကို အသက်ရှင်စဉ် ဂုဏ်ပြုကြပါ။ ဘုန်းတော်ဝင်စားမှ ဂုဏ်ပြုကြတာ မလုပ်ကြပါနဲ့။ ဘုရားအတွက် လုပ်ဆောင်နေကြသော အမှုတော်ဆောင်များ – အား ကူညီဖေးမအားပေးလျက် ဘုရားရဲ့ အမှုတော်မြတ်မှာ ပါဝင်ကြပါစို့။
အနှစ်ချုပ်(ဖိလိပ္ပိ ၂း၂၅-၃၀)
ဒီအခန်းတွင် ရှင်ပေါလုနဲ့ ဧပဖြာဒိတ် နှစ်ဦး တစ်ဦးအပေါ်တစ်ဦး ဆက်ဆံရေးကို အဓိကထား ဖော်ပြနေပါသည်။ ဒီနေရာမှာ ရှင်ပေါလု၏ စိတ်ဓာတ်နဲ့ ဧပဖြာဒိတ်၏ ခံယူယုံကြည်ချက်များထဲက ခွန်အားယူစရာ ဖော်ပြပါရစေ။
ရှင်ပေါလု
– လူတစ်ယောက်၏ အားသာချက်ကို အရင်ဖော်ပြ ချီးကျူး ပါ
– လူတစ်ယောက်၏ အားနည်းချက်များကို ဘုရားမျက်နှာကို ထောက် ရှု၍ ဝမ်းမြောက်စွာ လက်ခံသူ ဖြစ်ပါသည်။
ဧပဖြာဒိတ်
– မိမိအလုပ်ကို သစ္စာရှိစွာ အကောင်းဆုံး လုပ်ဆောင်ခဲ့သူ။
– မိမိမှာ အားနည်းချက်များ ရှိနေပေမဲ့ အားနည်းချက်အပေါ်မှာ အခွင့်ကောင်းမယူဘဲ ကောင်းတဲ့အလုပ်ကို အတတ်နိုင်ဆုံး လုပ်ဆောင် ခဲ့သူ။
– ကိုယ်ကျင့်တရားစိတ်ချရသူ (ငွေကြေးကိစ္စ) အသင်းတော်ကို အခြေပြုပြီး သာသနာပြုသူ၊ သာသနာကို ချစ်တဲ့စိတ်နဲ့ လုပ်ဆောင်သူ။ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ် ဖော်ပြပါရစေ။
ဆရာဇော်ဇော်အောင်နဲ့ ပတ်သက်ပြီး ရင်ထဲမှာ ငြိနေတဲ့ ပညာရေးနဲ့ ဆိုင်တဲ့ အဖြစ်အပျက် တစ်ခုပါ။ ဆရာဇော်ဇော်အောင် ရန်ကုန်တက္ကသိုလ် မှာ ရှိစဉ်က အတန်းကြီးတွေကို စာပေဝေဖန်ရေး သင်ပါတယ်။ စာပေ သဘောတရားဖြစ်သောကြောင့် ဘာမှန်းမသိဘဲ အလွတ်ကျက်လို့မရတဲ့ ဘာသာပါ။ တွေးရ၊ ခေါ်ရ၊ စဉ်းစားရ၊ သုံးသပ်ရ၊ ဆုံးဖြတ်ရတဲ့ ဘာသာ ရပ်လို့ပဲ ဆိုပါတော့။ သည်တုန်းက ဆရာဇော်ဇော်အောင် အနားမှာ အတန်း ကြီး ကျောင်းသူတစ်စုက အမြဲလိုလို ဝန်းရံနေလေ့ရှိပါတယ်။ အဲသည်ကျောင်းသူတွေက ငွေရေးကြေးရေး ပြေလည်သူများ၊ ဆရာဇော်ဇော်အောင် လိ အပ်သည့် အရာရာကို အမြဲမပြတ် ဖြည့်ဆည်းပေးနေကြတဲ့ ကျောင်း သူတစ်စုပါ။ စာမေးပွဲတွေ နီးကပ်လာတဲ့အခါ ဘဝအတွက်ပါ အရေးကြီး လှတဲ့ စာမေးပွဲဖြစ်တာကြောင့် လူတိုင်းလိုလို ထူးချွန်စွာ အောင်မြင်ချင် ကြပါတယ်။ အဲသည်အထဲမှာ ဆရာနဲ့ ရင်းနှီးစွာ နေထိုင်သူ ကျောင်းသူ တစ်စုလည်း ပါတာပေါ့။ သူတို့က ဆရာရင်းဆရာဇော်ဇော်အောင်ဆီကို တိတ်တဆိတ် ချဉ်းကပ်ပြီး မေးခွန်းကို အနံ့လောက်၊ အငွေ့လောက် ရရင်ပဲကျေနပ်ပါပြီဆိုတဲ့ သဘောထားမျိုးပါ။ တပည့်မ တစ်စုရဲ့ လိုလေသေးမရှိ ပြုစုထောက်ပံ့ထားတဲ့ ကျေးဇူးတရားအောက်မှာ ဆရာဇော်ဇော်အောင် မလူးသာမလွန့်သာ ပိတ်မိနေတဲ့ အခြေအနေပါ။ နောက်ဆုံးမှာတော့ ဆရာက တပည့်မ တစ်စုကို ခေါ်ပါတယ်။ သူ့စိတ်ခံစားချက်ကို ရင်ဖွင့်ပါ တယ်။ ငါက ယောက်ျားတစ်ယောက်ပါ၊ ငါ မကောင်းတာ တော်တော် များများ လုပ်ဖူးပါတယ်၊ ဥပမာ အရက်သောက်တာမျိုးပေါ့၊ ဒါပေမဲ့ ငါ့ ရဲ့ အသက်မွေးဝမ်းကျောင်းက ကျောင်းဆရာ ဖြစ်နေပါတယ်၊ ကျောင်း ဆရာရဲ့ အသက်က မေးခွန်းအပေါ်မှာ သစ္စာရှိဖို့၊ ကျောင်းသူကျောင်းသား၊ အားလုံးရဲ့ အပေါ်မှာ တရားမျှတဖို့၊ ငါ့ မှာ အသက်တမျှ စောင့်ထိန်းဖို့က အဲဒါကလေး တစ်ခုပဲ ရှိပါတယ်၊ အဲဒါကိုတော့ ဘယ်တော့မှ သစ္စာဖောက်ဖျက်ပါရစေနဲ့၊ အခြားမကောင်းမှု ဘာခိုင်းခိုင်း လုပ်ဆိုရင် လုပ်ပါ မယ်၊ အဲသည်သစ္စာကိုတော့ ငါ မချိုးဖောက်ပါရစေနဲ့၊ ငါ့ကို နားလည်ပေးကြပါ။ အဲဒါ ဆရာဇော်ဇော်အောင်က သူ့တပည့်တွေကို တောင်းပန် ခဲ့တဲ့ စကားပါ။ ပထမ ဆရာကို စိတ်ကွက်ခဲ့ကြတဲ့ ကျောင်းသူတွေ အခု ကြီးလာပြီဖြစ်တဲ့အခါ ကောင်းကောင်းကြီး နားလည်သွားကြပုံ ရပါတယ်။ အဲဒါ ဟိုးတုန်းကတည်းက ကျွန်တော် မတော်တဆ သိရှိခဲ့ရပြီး အခုနှစ် ပေါင်းသုံးဆယ် ကျော်လာပါပြီ။ မိမိအလုပ်အပေါ် သစ္စာရှိသောသူ ဖြစ်ပါ သည်။
လူဟာ ဘယ်လောက်ပဲ မှားမှား၊ ဆိုးဆိုး ကိုယ့်အသက်မွေးဝမ်း ကျောင်း အလုပ်ကိုတော့ ကိုယ်သစ္စာရှိရပေမှာပေါ့ ။ မြန်မာနိုင်ငံသား မဟုတ်တဲ့သူကို ပိုက်ဆံပေးတာကြောင့် မြန်မာနိုင်ငံသားဖြစ်စေဟု လုပ် သင့်ပါသလား။ အိတ်ခ်ျအိုင်ဗီရှိသူကို ပိုက်ဆံပေးလိုက်တာနဲ့ အိတ်ချ် အိုင်ဗီမရှိပါဘူး လုပ်သင့်ပါသလား။ လူသတ်၊ မုဒိမ်းကျင့်ပြီး အပြစ်ပြုမိ သူကို ပိုက်ဆံပေးတာနဲ့ လွှတ်သင့်ပါသလား။ ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးများ ကို လိုက်လံမဖော်ထုတ်ဘဲ လွှတ်ပေးသင့်ပါသလား စသည့် စသည်ဖြင့် အသက်မွေးဝမ်းကျောင်း အလုပ်အပေါ်မှာ သစ္စာပျက်တဲ့လူတွေ များလာသောအခါ ဒီနိုင်ငံဟာ ပျက်စီးခြင်းလမ်းဆုံး ရောက်နေမှာပါ။ ဒီအခြေ အနေ ဖြစ်လာပြီဆိုရင် ဘာမှ လုပ်မရတော့ပါဘူး။
ဆရာဇော်ဇော်အောင်ကို ကျွန်တော်လွမ်းနေမိပါတယ်။ ဖိလိပ္ပံအသင်း တော်မှ ပို့လိုက်သော အလှူငွေကို သစ္စာရှိစွာ ရှင်ပေါလုလက်ထဲသို့ ရောက်အောင် ပို့ဆောင်ပေးခဲ့သော ဧပဖြာဒိတ်ကို ကျွန်တော် လေးစား တန်ဖိုးထားလျက် ဂုဏ်ပြုလျက်ပါ။ -စာဖတ်သူပရိသတ်နဲ့ ကျွန်တော်တို့ အားလုံး မိမိကို ဘုရားသခင် ယုံကြည်၍ အပ်နှင်းထားသော အသက်မွေး ဝမ်းကျောင်း အလုပ်များကို သစ္စာရှိစွာ လုပ်ဆောင်ရင်း ဘုရားဘုန်း ထင်ရှားသောသူများဖြစ်ဖို့ ဝေငှခွန်အား ပေးလိုက်ရပါသည်။
အပိုင်း (၁၀)
(ဖိလိပ္ပိ ၃း၁-၃)
ဖိလိပ္ပိ ၃း၁-၃ = ကြွင်းသေးသော စကားဟူမူကား ငါ့ ညီအစ်ကိုတို့ သခင်ဘုရား၌ ဝမ်းမြောက်ခြင်းရှိကြလော့။ အထပ်ထပ် ငါရေးလိုက်သော် လည်း ပင်ပန်းခြင်းမရှိ။ သင်တို့မူကား လုံခြုံခြင်း ရှိကြလိမ့်မည်။ ခွေး တို့ကို ရှောင်ကြလော့၊ မကောင်းသော အကျင့်ကို ကျင့်သောသူတို့ကို ရှောင်ကြလော့။ အရေဖျားလှီးခြင်းကို ခံယောင်ဆောင်သောသူတို့ကို ရှောင် ကြလော့။ ငါတို့သည် စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်ကို ကိုးကွယ်၍ ဇာတိ၌ ကိုးစားခြင်းမရှိဘဲ ယေရှုခရစ်၌သာ ဝါကြွားဝမ်းမြောက်သောသူ ဖြစ်၍ မှန်သော အရေဖျားလှီးခြင်းကို ခံသောသူ ဖြစ်ကြ၏။
၁။ ဖိလိပ္ပိ ၃း၁ = ကြွင်းသေးသော စကားဟူမူကား ငါ့ညီအစ်ကိုတို့သခင်ဘုရား၌ ဝမ်းမြောက်ခြင်းရှိကြလော့။ အထပ်ထပ် ငါရေးလိုက်သော်လည်း ပင်ပန်းခြင်းမရှိ။
ကြွင်းသေးသော စကားနှင့် ဝမ်းမြောက်ခြင်း ၊
ကြွင်းသေးသောစကား ဆိုသည်မှာ ဖိလိပ္ပံအသင်းသူအသင်းသား များအား အရေးကြီးသောစကား၊ သတိထားရမည့်စကား၊ လေးလေးနက် နက် စကားကို ပြောဆိုဖို့ရန် ဖော်ပြခြင်း ဖြစ်ပါသည်။ ဤစာစောင်၏ အဓိကသော့ချက်မှာ ဝမ်းမြောက်ခြင်းပင် ဖြစ်သည်။ ထောင်ထဲမှာ သေမယ့် နေ့ကိုစောင့်ပြီး အသက်ရှင်ရသူ တစ်ဦးက ဝမ်းမြောက်ခြင်း အသက်တာကို ပိုင်ဆိုင်နေရခြင်းသည် ထူးခြားမှုဖြစ်စဉ်ပင် ဖြစ်သည်။ ထိုပုဂ္ဂိုလ်သည်ထောင်အပြင်မှာရှိသော သူများကို အားပေးစကား ပြောနိုင်ခြင်းသည် သူ ၏ စိတ်အတွင်းထဲက ဝမ်းမြောက်ခြင်းကို ပေးနေသော ဘုရားနဲ့ ဆက် သွယ်ကာ အသက်ရှင်နေသောကြောင့်ပင် ဖြစ်သည်။ ဤစာစောင်တွင် ဝမ်းမြောက်ခြင်း အကြိမ် ၁၄ ကြိမ် ဖော်ပြထားသည်။ အခြေအနေ၊ အဖြစ် အပျက်ကို အခြေမခံဘဲ ဘုရားကို အခြေခံပြီး အသက်ရှင်သူတိုင်းရဲ့ အသက်တာသည် ဘုရားထံတော်ပါးမှ ဝမ်းမြောက်ခြင်းကို ခံစားနိုင်ကြောင်း `ရှင်ပေါလုက သူ့အသက်တာအားဖြင့် သက်သေခံလျက် ရှိပါသည်။ ရှင် ပေါလု ဝမ်းမြောက်နေရခြင်းမှာ သူကိုယ်တိုင် သခင်ယေရှုခရစ်တော်ကို ဒမာသက်လမ်းပေါ်မှာ တွေ့ရှိပြီး ပြောင်းလဲခဲ့သော ပုဂ္ဂိုလ်ဖြစ်ခဲ့သောကြောင့် သူ ထောင်ထဲမှာ သေဆုံးလျှင် ငရဲက လွတ်မြောက်၍ ထာဝရအသက်ကို ပိုင်ဆိုင်သည်သာမက ဘုရားသခင် ပြင်ဆင်တော်မူသော ကောင်းကင် စည်းစိမ် ခံစားရမည် ဖြစ်သောကြောင့် ဝမ်းမြောက်ရခြင်း ဖြစ်သည်။ အကယ်၍ ထောင်ထဲက လွတ်မြောက်လျှင်လည်း ဘုရားက အမှုတော်ကို ဆက်လက်ထမ်းဆောင်ခွင့် ရှိနေသေးတဲ့အတွက် ဝမ်းမြောက်လျက် ရှိနေ ပါသည်။ ဝမ်းမြောက်ခြင်းသည် ခရစ်ယာန်အသက်တာအတွက် စိတ် ဝိညာဉ်ကို လုံခြုံမှုရှိစေသောကြောင့်ပင် ဖြစ်သည်။ ထိုကဲ့သို့ ဝမ်းမြောက် ခြင်းကို ဆုံးရှုံးသွားအောင် လုယူမယ့်သူ များစွာရှိနေကြောင်း ပြောဆို ခြင်းသည် ကြွင်းသေးသောစကား၏ အဓိပ္ပာယ်ပင် ဖြစ်ပါသည်။ တစ်ခါ က ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလဘိဝံသရဲ့ တရားတစ်ပုဒ်ကို နာဖူးပါတယ်။ ဆရာတော်က ပလူးရှင်း (Pollution) အကြောင်း ဟောတဲ့ အခါ ကျွန်တော် တစ်နေရာမှ ဖျက်ခနဲ လင်းသွားခဲ့ရတယ်။ အများသိတဲ့ အတိုင်း ပလူးရှင်းဆိုတာ ညစ်ညူးမှု၊ ကျွန်တော်တို့က ခပ်လွယ်လွယ်ပဲလေထုညစ်ညူးမှု၊ ရေထုညစ်ညူးမှု ဆိုတာမျိုးနဲ့ အပေါ်ယံရှပ်ပြီးပဲ နားလည်ထားလိုက်ကြတာပါ။ ဆရာတော်က ညစ်ညူးမှု၊ မသန့်ရှင်းမှု . (Pollution) ဆိုတာ နေရာတိုင်းမှာ ရှိနေနိုင်ပါတယ်တဲ့။ ဘာသာရေး (Religion)၊ အတွေး (Philosophy)၊ ပညာရေး (Education) စသည်ဖြင့် နေရာတိုင်းမှာ ပလူးရှင်းရှိနေနိုင်ပါတယ်။ ကြောက်စရာကောင်းလိုက်တာ၊ ညစ်ညူးတာတွေကို ဖယ်ရှားပြီး အသန့်အရှင်း အစစ်အမှန်ကို ရဖို့ကလူတွေမှာ ဉာဏ်ပညာလိုအပ်မှာ အသေအချာပါ။ ဒီနေရာမှာ ရှင်ပေါလုက ဘာသာရေးပလူးရှင်းကို ဖော်ပြခြင်း ဖြစ်ပါသည်။ ယနေ့ခေတ် ခရစ်ယာန် ဘာသာဝင်၊ အဖွဲ့ အစည်းအချို့၏ ဝတ်ပြုကိုးကွယ်ခြင်း ပုံစံများသည် ထိမိ၍ လဲစရာဖြစ်စေသော ဖျော်ဖြေမှု ဆန်ဆန် ဂီတဦးစားပေးခြင်း၊ တရားဟောပလ္လင်ကို အလေးအနက်မထားဘဲ ကတဲ့သူတွေ ကနေကာ မြေ ပေါ်မှာ လူးပြီးလှိမ့်နေသူများကို ကြည့်ခြင်းအားဖြင့် မြန်မာပြည် လက်ရှိ အခြေအနေသည် ဘာသာရေးပလူးရှင်းများ ထင်ရှားစွာ တွေ့မြင်နေရပါ သည်။ ဤအရာများကို ကျော်ဖြတ်နိုင်ဖို့ မြန်မာပြည် ခရစ်ယာန်ဘာသာဝင် အားလုံး ဉာဏ်ပညာကြီးမားရန် အထူးလိုအပ်လှပါသည်။
၂။ ဖိလိပ္ပိ ၃း၂ = ခွေးတို့ကို ရှောင်ကြလော့။ မကောင်းသောအကျင့်ကိုကျင့်သောသူတို့ကို ရှောင်ကြလော့။ အရေဖျားလှီးခြင်းကို ခံယောင်ဆောင်သောသူတို့ကို ရှောင်ကြလော့။ အထက်ဖော်ပြပါ ကျမ်းပိုဒ်တွင် ရှောင်ကြလော့။ အကြိမ် ၃ ကြိမ် ပါဝင်နေသည်။ အဘယ်ကြောင့်ဆိုသော် အရေးကြီးသောစကား ဖြစ်သောကြောင့်ပင် ဖြစ်ပါသည်။ ခွေးဆိုသော အဓိပ္ပာယ်မှာ ယနေ့ခေတ်တွင် အိမ်တွင် မွေးနေသော ခွေးအလှများကို ဆိုလိုခြင်းမျိုး မဟုတ်ပါ။ လမ်း ဘေးကခွေး၊ လမ်းပေါ်မှာ အမှိုက်သရိုက်များကို မွှေနှောက်တဲ့ခွေး၊ အညစ် အကြေးများကိုစားသော ခွေးများကို ဆိုလိုပါသည်။ တစ်နည်းအားဖြင့် ဆိုသော် အသင်းတော်ရဲ့ ပြင်ပမှာရှိပြီးတော့ ညစ်ညူးသော အရာများကို ပြောဆိုနေသောသူများ၊ ကျင့်သုံးနေသောသူများကို ခေါ်ဆိုခြင်း ဖြစ်သည်။ တစ်နည်းဆိုသော် ခရစ်ယာန်ယုံကြည်ချက်ကို ယိုယွင်း၊ ညစ်ည္းအောင် လုပ်တဲ့သူများ ဖြစ်ကြသည်။ မှားယွင်းသော သွန်သင်မှုများကို အသင်း တော်အတွင်း သင်ကြားပို့ချနေသောသူများ ဖြစ်ကြသည်။
(က) မကောင်းသောအကျင့်ကို ကျင့်သောသူ
လူတစ်ဦးဟာ သခင်ယေရှုကို ကယ်တင်ပိုင်ရှင်အဖြစ် ယုံကြည်လက်ခံ ပြီးနောက် ကောင်းတဲ့အကျင့် ကျင့်စရာမလို၊ ကောင်းသောအကျင့်ကြောင့် ကယ်တင်ခြင်းရတာ မဟုတ်ဘူး၊ မကောင်းသော အကျင့်ကို ကျင့်ပေမဲ့ ကယ်တင်ခြင်း မဆုံးရှုံးဘူးဟု အသင်းတော်အတွင်း သွန်သင်လျက်ရှိပါ သည် (ဧဖက် ၂း၈-၉)။ ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ့်အလိုအလျောက် ရောက်သည်မဟုတ်၊ ဘုရားသခင် သနားတော်မူရာ ဖြစ်သတည်း။ ကိုယ့်ကုသိုလ်ကြောင့် ကယ် တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်၊ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွား စရာ အခွင့်မရှိဟု ဖော်ပြထားပါသည်။ ကယ်တင်ခြင်းဟာ မိမိ၏ ကောင်းသောအကျင့်ကြောင့် ရတာမဟုတ်ပေမဲ့ လူတစ်ယောက်ဟာ ကယ်တင်ခြင်း ရရှိပြီးနောက် ကောင်းတဲ့အသက်တာ ရှိကို ရှိရပါမည်။ အဘယ်ကြောင့်ဆိုသော် အသက်ရှင်စဉ် ကာလတစ်လျှောက်လုံး ဘုန်းတော်ထင်ရှားဖို့ ဖြစ်ပါ သည် (ဧဖက် ၂း၁၀)။ ကောင်းသောအကျင့်၌ ကျင်လည်ရမည့်အကြောင်း ဖော်ပြထားပါသည်။ မကောင်းသော အကျင့်ကို ကျင့်နေသူများ၊ အခြား သူများအား ကျင့်ဖို့ တိုက်တွန်းနှိုးဆော်သူများသည် မိစ္ဆာပရောဖက်များ ဖြစ်ကြောင်း၊ ထိုသူများကို ရှောင်ရန် ရှင်ပေါလု သတိပေးထားခြင်း ဖြစ်ပါ သည်။
(ခ) အရေဖျားလှီးခြင်းကို ခံယောင်ဆောင်သောသူ
အရေဖျားလှီးခြင်းမင်္ဂလာ ဆိုသည်မှာ အာဗြဟံနှင့် ဘုရားသခင် ပဋိညာဉ်ပြုထားသော အရာဖြစ်သည် (ကမ္ဘာ ၁၇း၉-၁၄)။ ဣသရေလ လူမျိုး၏ သားယောက်ျားတိုင်း မွေးဖွားပြီး ရှစ်ရက်မြောက်သောနေ့တွင် အရေဖျားလှီးခြင်းကို ခံရမည်။ ဣသရေလလူမျိုးတွင် အရေးကြီးသော ပညတ်ချက် ဖြစ်ပါသည်။ ထိုမင်္ဂလာဝတ်ကို ပြုလုပ်ခြင်းသည် ဘုရားသခင် ၏ စကားကို နာခံလိုက်လျှောက်ခြင်းကို ဖော်ပြခြင်း ဖြစ်ပါသည်။ ဓမ္မ သစ်ခေတ်သို့ ရောက်လာသောအခါ သခင်ယေရှုခရစ်တော်ကို ကယ်တင် ပိုင်ရှင်အဖြစ် ယုံကြည်လက်ခံလျှင် ထာဝရအသက်၊ ကယ်တင်ခြင်း ဆုကျေးဇူး ပိုင်ဆိုင်ခွင့် ရှိပါသည်။ အရေဖျားလှီးခြင်းမင်္ဂလာ ပြုလုပ်စရာ မလိုတော့ပါ။ သို့သော် ဖိလိပ္ပံအသင်းတော်တွင် အချို့သောသူများက သခင်ယေရှုကိုလည်း ယုံဖို့ လိုအပ်သလို ဣသရေလလူမျိုးများ၏ ဓလေ့ ထုံးစံဖြစ်သော အရေဖျားလှီးခြင်းမင်္ဂလာ ပြုလုပ်မှသာ ကယ်တင်ခြင်းရမည် ဟု လာရောက်သွန်သင်တာကို ရှင်ပေါလု ကြားတဲ့အခါ ထိုသူများဟာ မှားယွင်းတဲ့ သွန်သင်မှုများဖြစ်ပြီး အရေဖျားလှီးခြင်းကို ခံယောင်ဆောင် သောသူများ ဖြစ်သည်။ ထိုသူများကို အသင်းသူ အသင်းသားများ ရှောင် ကြဉ်ရမည်ဟု ဖော်ပြနေခြင်းပင် ဖြစ်သည်။ အရေဖျားလှီးခြင်း ကိစ္စကို (တမန် ၁၅း၁-၁၁) ရှင်ပေတရုက တိတိကျကျ မှန်ကန်အောင် ပြန်လည် လမ်းညွှန်ခဲ့ပါသည်။ သခင်ယေရှု၏ ကျေးဇူးတော်အားဖြင့်သာ ထိုသူတို့ သည် ကယ်တင်တော်မူခြင်းသို့ ရောက်သည့်နည်းတူ ငါတို့သည်လည်း ရောက်ရမည်ကို ငါတို့သည် ယုံကြ၏ (တမန် ၁၅း၁၁)။ အသင်းတော်တွင် သမ္မာတရားကို လွဲချော်သွားအောင် လုပ်ဆောင်သူများ၊ ပြောဆိုသူများ၊ သွန်သင်ပြီး ကျမ်းစာသင်သူများကို ရှောင်ကြဉ်ဖို့ ရှင်ပေါလုက ဖိလိပ္ပိ အသင်းတော်ကို သတိပေးလျက် ရှိနေပါသည်။
ခွေးများ မကောင်းသော အကျင့်ကို ကျင့်သောသူများ၊ အရေဖျား လှီးခြင်းကို ခံယောင်ဆောင်သောသူများသည် အတ္တကြီးသောသူများ၊ တစ် ကိုယ်ကောင်းဆန်သောသူများ၊ လူအများကို ဒုက္ခတွင်းထဲရောက်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသောသူများ ဖြစ်ကြပါသည်။ အသင်းတော် အတွင်းသာမက လူ့အဖွဲ့ အစည်း တစ်ခုလုံးထဲမှာလည်း ရှိနေကြပါသည်။ စာရေးသူ ဒီစာကို ရေးနေချိန် မြန်မာပြည် ဖားကန့်ဒေသတွင် ရေမဆေး လုပ်သားများ အယောက် ၂၀၀ နီးပါး မြေပြိုပြီး သေဆုံးခဲ့ကြောင်း ဝမ်း နည်းစရာသတင်း ကြားသိရချိန် ဖြစ်ပါသည်။ ဖားကန့်ဒေသတွင် မြေကော်စက်ခေါ် Back Hoe ကြီးများ၊ မြေသယ်ကားခေါ် Bull Dozer ကြီးများ၊ မြေတင်စက်ခေါ် Loader ကြီးများ၊ မြေသယ်ကားခေါ် Dumper ကြီး၊ များဖြင့် ကချင်တောင်တန်း မှန်သမျှကို ပေါင်မုန့်ကိုဓားနှင့် လှီးချနေသည့် အလား စက္ကန့်မလပ်၊ မိနှစ်မလပ် လှီးဖြတ်ခဲ့သောကြောင့် တောင်တန်းကြီး များ ရက်ပိုင်း၊ လပိုင်း အနည်းငယ် ပျောက်ကွယ်ခဲ့ရပါသည်။ ကမ္ဘာပေါ် တွင် Jadeite နှင့် Nephrite ဟု ကျောက်စိမ်းနှစ်မျိုး ရှိသည့်အနက် ၊ အမျိုးအစား ပိုမိုကောင်းမွန်သော Jadeite ကျောက်စိမ်းတို့ ထွက်ရာ ကချင်ပြည်နယ် ဖားကန့်ဒေသကြီး တစ်ခုလုံး ပြောင်းတိပြောင်းဆန် မှောက် ၊ လှန်သည်အထိ ဖြစ်ခဲ့ရသည်မှာ ကျောက်စိမ်းမုဆိုးတို့၏ လက်ချက်ကြောင့် ပင် ဖြစ်ပါသည်။ Global Witness ခေါ် ကမ္ဘာ့သက်သေသက္ကာယအဖွဲ့က သဘာဝသယံဇာတ ထုတ်လုပ်မှုနှင့် ပတ်သက်၍ မသမာမှုများကို စုံစမ်းဖော်ထုတ်ရန် ကြိုးပမ်းခဲ့ရာ မြန်မာပြည်တွင်း၌ ၂၀၁၃ နှင့် ၂၀၁၄ အတွင်း ကုမ္ပဏီ ၄၇ ခုရှိခဲ့ပြီး ၁၃ ခုကိုပဲ ပိုင်ရှင်နာမည် သိရပြီး ကျန် ၃၄ ခုကို မည်သူပိုင်ဟု မသိနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ရာ ကျွန်တော်တို့ အံ့အားသင့် ခဲ့ရပါသည်။ ၂၀၁၃ ခုနှစ် ထုတ်ပြန်မှုအရ ၂၀၁၁၊ ၂၀၁၂ ၌ ကျောက်စိမ်း၊ ကီလိုဂရမ် ၄၃ သန်း ထုတ်ကြောင်းနှင့် ဝင်ငွေဒေါ်လာ သန်း ၄၃ဝဝ ရသော်လည်း တရားဝင် ၃၄ သန်းသာ ရကြောင်း ဖော်ပြမှု၊ ဒေါ်လာသန်း ၈ဝဝဝ ဖိုး အရောင်းအဝယ် ဖြစ်ပါသည်ဟု ဖော်ပြမှုများကလည်း ကျွန် တော်တို့ကို ပါးစပ်အဟောင်းသား ဖြစ်စေခဲ့ရပါသည်။ မြန်မာကျောက်စိမ်း လောကကို လက်ဝါးကြီးအုပ်ထားသူများစာရင်း ဖော်ပြလာခဲ့ရာ စစ်အာဏာ ရှင်အဟောင်းများ၊ လက်နက်ကိုင် အဖွဲ့ အစည်းများ၊ မူးယစ်ဆေးဝါး ခေါင်းဆောင်များ၊ အာဏာရှင် လက်ကသုံးတောင်ဝှေး စီးပွားရေးကျားများ စသည်..စသည်ဖြင့် အစီအရီ တွေ့လာရပါသည်။ ၂၀၁၄ ခုနှစ် ကျောက် စိမ်းလုပ်ငန်းတစ်ခုလုံး အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံ ရှိလေသတဲ့။ ထိုနှစ်တွင် တရုတ်သို့ ကျောက်စိမ်းရောင်းသည်မှာ ဒေါ်လာ”၁၂ ဘီလီယံ ရှိလေသတဲ့။ ယင်းသည် နိုင်ငံကျန်းမာရေး အသုံးစရိတ်၏ ၄၆ ဆ၊ အမျိုး သားထုတ်ကုန်ပမာဏ ၄၈ ရာခိုင်နှုန်း ရှိပါသည်။ အထက်ဖော်ပြပါ စာရင်းဇယားများသည် အားလုံး အားလုံးသော မြန်မာပြည်သူပြည်သား များအတွက် ထိတ်လန့်စရာ သတင်းများပင် ဖြစ်ပါသည်။
လွတ်လပ်ရေးကြေညာစာတမ်းကလေး ကျွန်တော် လက်လှမ်းမီ သလောက် လေ့လာကြည့်တဲ့အခါ အပိုဒ် ၅ သို့ မျက်စိရောက်သွားမိပါ သည်။ မူရင်းအတိုင်း ကူးယူဖော်ပြပါရစေ။
ငါတို့နိုင်ငံတော်ကြီးသည်
မည်သူတစ်ဦးတစ်ယောက် တစ်ဖွဲ့ တစ်သင်း၏ အမွေအနှစ် မဟုတ်
မည်သူတစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်း၏ ပုဂ္ဂလိကအပိုင်ပစ္စည်း မဟုတ်
မည်သူတစ်ဦးတစ်ယောက် တစ်ဖွဲ့ တစ်သင်း၏ ချုပ်ကိုင် အနိုင်သိမ်းယူ
အကျိုးခံစားအပ်သော နိုင်ငံမဟုတ် … တဲ့။
ဪ.. ရှေးလူတို့က အမြော်အမြင်ကြီးစွာဖြင့် လက်နှင့် ရေးခဲ့ကြပုံ၊ တစ်ယောက်ပိုင် မဟုတ်၊ တစ်ဖွဲ့ပိုင် မဟုတ်၊ တစ်သင်းပိုင် မဟုတ်တဲ့။
အခုတော့ ခွင့်တူညီမျှဝါဒ ဖြူစင်တဲ့ တိုင်းပြည်ကြီး၊ ကျွန်တော်တို့ ခင်ဗျားတို့ရဲ့ မြန်မာပြည်ကြီး၊ မြန်မာပြည်၏ ကမ္ဘာမကြေသီချင်း ဆိုမိ တိုင်း မြန်မာပြည်ကို တစ်ယောက်ပိုင်၊ တစ်ဖွဲ့ပိုင်၊ တစ်သင်းပိုင် လုပ်နေ သူများသည် မြန်မာပြည်သူပြည်သားများအတွက် ရှင်ပေါလု ဖော်ပြတဲ့ ခွေးများ၊ မကောင်းသော အကျင့်ကို ကျင့်သောသူများ၊ အရေဖျားလှီးခြင်း ကို ဟန်ဆောင်ပြီး ခံယူဆောင်သောသူများ ဖြစ်နေကြပါသည်။ ထိုသူများနဲ့ ကျွန်တော်တို့အားလုံး မပတ်သက်ဘဲ ဝေးဝေးရှောင်ကြပါရန် တိုက်တွန်း လိုက်ရပါသည်။
၃။ ဖိလိပ္ပိ ၃၃ = မှန်သောအရေဖျားလှီးခြင်းကို ခံသောသူ ဖြစ်ကြ၏။
မှန်သောအရေဖျားလှီးခြင်းကို ခံရသောသူ ဆိုသည်မှာ သခင်ယေရှု ကို မိမိ၏ ကယ်တင်ပိုင်ရှင်အဖြစ် ယုံကြည်လက် ခံရုံသာမက ထိုသူ၏ ခရစ်ယာန်အသက်တာ တစ်လျှောက်လုံး သခင်ယေရှု ချမှတ်ထားသော တရားတော်များကို ကိုယ်တိုင် လိုက်လျှောက်ကျင့်သုံးသည်သာမက သူ တစ်ပါးတို့ကိုလည်း ကောင်းသောပုံသက်သေကို ပြသနေသူများကို ခေါ်ဆို ပါသည်။ ရှင်ပေါလုက ရောမအသင်းသူ အသင်းသားများကို အပြင်အား ဖြင့် ယုဒလူဖြစ်သောသူသည် ယုဒလူမှန် မဟုတ်၊ အပြင်အားဖြင့်သာ ၊ ကိုယ်အသား၌ အရေဖျားလှီးခြင်းသည် အရေဖျားလှီးခြင်း အမှန်မဟုတ်၊ အတွင်းအားဖြင့် ယုဒလူဖြစ်သောသူသည် ယုဒလူ မှန်၏။ အရေဖျားလှီး ၊ ခြင်းသည်လည်း ကျမ်းဟောင်းတရားအားဖြင့်သာမဟုတ်ဘဲ ဝိညာဉ်တော် တရားအားဖြင့် စိတ်နှလုံးနှင့် စပ်ဆိုင်၏။ ထိုသို့အရေဖျားလှီးခြင်းကိုခံသော သူ၏ အချီးအမွမ်းသည် လူ့အလိုနှင့်မဆိုင်၊ ဘုရားသခင် အလိုတော်နှင့် ဆိုင်သတည်း (ရောမ ၂း၂၈-၂၉)။ ယေရှုခရစ်ထံ၌ အရေဖျားလှီးခြင်း အကျိုးမရှိ၊ မခံဘဲနေခြင်းလည်း အကျိုးမရှိ၊ မေတ္တာအားဖြင့် ပြုပြင်တတ် သော ယုံကြည်ခြင်းသာ အကျိုးရှိ၏ (ဂလာတိ ၅း၆)။
မှန်သောအရေဖျားလှီးခြင်း ခံရသူ၌ ထင်ရှားသော လက္ခဏာများ
(၁) ငါဆိုသော ဇာတိ၌ ကိုးစားခြင်း မရှိ။
မှန်သောအရေဖျားလှီးခြင်း ခံရသူ၏ အသက်တာသည် တစ်ကိုယ် ကောင်းမဆန်၊ အတ္တမကြီးသူ၊ ကိုယ်ချင်းစာတရားရှိသူ၊ သူတစ်ပါးအတွက် ထည့်စဉ်းစားပေးသော စိတ်ဓာတ်ရှိသူပင် ဖြစ်သည်။ ရှင်ပေါလုက ဂလာတိ အသင်းသူ အသင်းသားများကို ယေရှုခရစ်ထံ၌ အရေဖျားလှီးခြင်း အကျိုး မရှိ၊ မခံဘဲနေခြင်းသည်လည်း အကျိုးမရှိ၊ သတ္တဝါအသစ် ဖြစ်ခြင်းသာ အကျိုးရှိ၏ (ဂလာတိ ၆း၁၅)။ ရှင်ပေါလု ကိုယ်တော်တိုင် ငါ အသက်ရှင် သည့် အရာမှာ ခရစ်တော် ဖြစ်၏၊ သေလျှင်မူကား သာ၍အကျိုးရှိ၏ဟု ခံယူပြီး အသက်ရှင်ခဲ့သူ ဖြစ်ပါသည် (ဖိ ၁း၂၁)။ ရှင်ပေါလု အသက်တာ အသက်ရှင်စဉ် သခင်ယေရှုကို အကြွင်းမဲ့ ကိုးစားပြီး အသက်ရှင်ခဲ့သောကြောင့် သူတစ်ပါးအတွက် အကျိုးပြုသော အသက်တာ ဖြစ်ခဲ့သဖြင့် သေ သည့်အခါ သခင်ဘုရား ပြင်ဆင်တော်မူသော ကောင်းကင်နိုင်ငံတော်တွင်ကောင်းကင်ဘုန်းစည်းစိမ် ခံစားရမည် ဖြစ်သောကြောင့် သာ၍အကျိုးရှိ၏ ဟု ကြွေးကြော်နိုင်ခဲ့သူ ဖြစ်ခဲ့ပါသည်။ စာဖတ်သူနဲ့ ကျွန်တော်တို့အားလုံး အတ္တမကြီးဘဲ သူတစ်ပါးအတွက် မိမိအသက်တာကို ဆက်ကပ်ပြီး အသက် ရှင်သောသူများ ဖြစ်ကြပါစို့။
(၂) စိတ်ဝိညာဉ်အားဖြင့်သာ ဘုရားကို ကိုးကွယ်ယုံကြည်သူ ဖြစ်ပါသည်။
ဘုရားသခင်ကို ယုံကြည်ကိုးကွယ်ရာတွင် နာမ်ဝိညာဉ်နှင့်လည်း ကောင်း၊ သစ္စာနှင့်လည်းကောင်း ကိုးကွယ်သူ ဖြစ်ပါသည် (ယော ၄:၂၄)။ ဘုရားနှင့် ဝတ်ပြုကိုးကွယ်ရာတွင် လူပုဂ္ဂိုလ်၊ နေရာ၊ အချိန်၊ အဖြစ်အပျက် စသည်တို့ကို အခြေမခံပါ။ ဘုရားကို ဗဟိုပြုပြီး အသက်ရှင်သော အသက် တာ ဖြစ်ပါသည်။
(၃) ယေရှုခရစ်၌သာ ဝါကြွားဝမ်းမြောက်သူ
သခင်ယေရှုကို ယုံကြည်လက်ခံသော ခရစ်ယာန်တစ်ယောက်သည် သူ့မှာရှိသော ပညာ၊ သူ့မှာရှိသော ဓနဥစ္စာ၊ သူလိုက်လျှောက် ကျင့်သုံးနေ သော တရားဓမ္မအပေါ် ဝါကြွားဝမ်းမြောက်သူ မဖြစ်ရပါ။ ထိုအရာများ
ကို ပေးသနားတော်မူသော ဘုရားသခင်၌သာ ဝါကြွားဝမ်းမြောက်သူ ဖြစ် ရပါမည်။ သူ့ကို သခင်ယေရှုက သူ့အတွင်းထဲက လုပ်ဆောင်ပေးသောကြောင့် ဒီလိုဖြစ်နေရခြင်းကို အမြဲဝန်ခံနေသူ ဖြစ်ခြင်းသည် စစ်မှန်သော အရေဖျားလှီးခြင်း၏ အဓိကက္ခဏာပင် ဖြစ်ပါသည်။
စစ်မှန်သောခရစ်ယာန်လက္ခဏာ
(၁) မိမိကိုယ်ကို မကိုးစား၊ ဘုရားသခင်ကိုသာ ကိုးစားအသက်ရှင်သောသူ(၂ကော ၃း၅)။
(၂) ဘုရားကို စိတ်ဝိညာဉ်နှင့်သာ ကိုးကွယ်သူ (ယော ၄း၂၄)။
(၃) ဘာပဲလုပ်လုပ် ခရစ်တော်ဘုန်း ထင်ရှားသောသူ၊ ခရစ်တော်ဘုရားကို ချီးမြှောက်သောသူ ဖြစ်ပါသည် (မဿဲ ၅း၁၆)။
အနှစ်ချုပ်
(ဖိလိပ္ပိ ၃း၁-၃)
(၁) ခွေးများကို ရှောင်ရမည်။
(၂) မှန်သောအရေဖျားလှီးခြင်းမင်္ဂလာ ခံသောသူ ဖြစ်ရမည်။
(၃) စစ်မှန်သော ခရစ်ယာန် အသက်တာဖြင့် ဘုရားဘုန်း ထင်ရှားသူဖြစ်ရမည်။
အပိုင်း (၁၁)
(ဖိလိပ္ပိ ၃း၄-၁၁)
ဖိလိပ္ပိ ၃း၄-၁၁ = သို့သော်လည်း ငါဖြစ်လျှင် ဇာတိ၌ ကိုးစားစရာ အကြောင်းရှိ၏။ အခြားသူမည်သည်ကား ဇာတိ၌ ကိုးစားစရာ အကြောင်း ရှိသည်ဟု ထင်လျှင် ငါမူကား သာ၍ရှိ၏။ ငါသည် ရှစ်ရက်မြောက်သော နေ့၌ အရေပြားလှီးခြင်းကို ခံရ၏၊ ဣသရေလအမျိုး၊ ဗာ်မိန်အနွယ် ဖြစ် ၏၊ ဟေဗြဲလူမှ ဆင်းသက်သော ဟေဗြဲလူစစ် ဖြစ်၏။ တရားအားဖြင့် ဖာရိရှဲ ဖြစ်၏။ စိတ်အားကြီးခြင်းကို မေးသော် ငါသည် အသင်းတော်ကို ညှဉ်းဆဲသောသူ ဖြစ်၏။ ပညတ်တရားအားဖြင့်ရသော ဖြောင့်မတ်ခြင်းကို မေးပြန်သော် ငါသည် အပြစ်တင်ခွင့်နှင့် ကင်းလွတ်သောသူ ဖြစ်၏။ သို့ သော်လည်း ငါ၏ အကျိုးစီးပွားကို ပြုစုသောအရာ ရှိသမျှတို့ကို ရှုံးစေ၊ သော အရာကဲ့သို့ ခရစ်တော်ကြောင့် ငါ ထင်မှတ်၏။ ထိုမျှမက ငါ၏ သခင်ယေရှုခရစ်ကို သိသောပညာသည် အဘယ်လောက်မျှ မြတ်သည် ကို ထောက်၍ ခပ်သိမ်းသော အရာတို့ကို ရှုံးစေသော အရာကဲ့သို့ ငါ ထင်မှတ်၏။ ထိုသခင်ကြောင့် ခပ်သိမ်းသော အရာတို့ကို အရှုံးခံရပြီ။ သေခြင်းမှ ထမြောက်သော အခွင့်ကို ငါ ရနိုင်ကောင်းလျှင် ကိုယ်တော်သည် အသေခံတော်သည်နည်းတူ ငါသည်လည်း အသေခံ၍ ထိုသခင်ကိုလည်းကောင်း၊ ထမြောက်တော်မူခြင်း၏ တန်ခိုးကိုလည်းကောင်း၊ ဆင်းရဲခံတော် မူခြင်းကို ဆက်ဆံ၍ ခံခြင်းကိုလည်းကောင်း သိကျွမ်းခြင်းငှာ ပညတ်တရားအားဖြင့်ရသော ကိုယ်ဖြောင့်မတ်ခြင်းကို မကိုးစားဘဲ ခရစ်တော်ကို ယုံ ကြည်ခြင်းအားဖြင့်ရသော ဖြောင့်မတ်ခြင်းတည်းဟူသော ယုံကြည်ခြင်း အတွက်ကြောင့်တည်းဟူသော ယုံကြည်ခြင်းအတွက်ကြောင့် ဘုရားသခင် ပေးတော်မူသော ဖြောင့်မတ်ခြင်းကို ကိုးစားသဖြင့် ခရစ်တော်ကို အမြတ်ရ၍ ထိုသခင်၌ တည်ပါမည့်အကြောင်း ခပ်သိမ်းသော အရာတို့ကို မစင်ကဲ့သို့ ငါထင်မှတ်၏။
၁။ ဖိလိပ္ပိ ၃း၄-၆- = ရှင်ပေါလု မပြောင်းလဲခင် သူ၏ အသက်တာခံယူယုံကြည်ချက်။
(၁) ရှစ်ရက်မြောက်သောနေ့၌ အရေဖျားလှီးခြင်းမင်္ဂလာခံသောသူ
(၂) ဣသရေလအမျိုး ဗဿာမိန်အနွယ် (အမျိုး၊ ဘာသာ၊ သာသနာစောင့်ထိန်းတဲ့အမျိုး)
(၃) ဟေဗြဲလူစစ်စစ်
(၄) ဖာရိရှဲ (ပညတ်တော် ၆၁၃ ချက်ကို လိုက်လျောက်သောသူ)
မှတ်ချက် = ပြောစရာမရှိလောက်အောင် လူရိုသေ၊ ရှင်ရိုသေ ပုဂ္ဂိုလ် တစ်ဦး
၂။ ဖိလိပ္ပိ ၃း၇-၈ = ရှင်ပေါလုပြောင်းပြီး အသက်တာ ခံယူယုံကြည်ချက်
– ခရစ်တော်ကို ရရှိပြီးနောက် အရာအားလုံးကို ရှုံးစေသောအရာကဲ့သို့မှတ်ယူသူ
– ခရစ်တော်ကို ရရှိပြီးနောက် အရာအားလုံးကို စွန့်လွှတ် အသက်ရှင်ခဲ့သောသူ ၊
-မပြောင်းလဲခင် သူတစ်ပါးကို အမိန့်ပေးခဲ့သောသူ ပြောင်းလဲပြီး သခင်ယေရှု၏အမိန့်ကို တစ်သဝေမတိမ်း လိုက် လျှောက် အသက်ရှင်ခဲ့သူ (တမန် ၉း၆)
-ပြောင်းလဲပြီးနောက် ရှောလုမှ ပေါလုသို့ နာမည်ပါ ပြောင်းလဲခဲ့ပါသည်
-ဘဝဟောင်းမှ ပညတ်တရားကို အားကိုးပြီး အသက်ရှင်ခဲ့ပေမဲ့ ဘဝ သစ်ဘဝမှာ သခင်ယေရှုကို အားကိုးပြီး ကယ်တင်ခြင်း ရရှိခဲ့ရုံသာမက မိမိရရှိခဲ့သော ကယ်တင်ခြင်းကို ကမ္ဘာကြီးတစ်ခုလုံး ခရစ်ယာန် သာသနာ ကျယ်ပြန့်အောင် လုပ်ဆောင်နိုင်ခဲ့သူ ပြုပြင်ပြောင်းလဲခြင်းသည် ခရစ်ယာန် အသက်တာအတွက် အရေး ကြီးသော အဓိကလိုအပ်ချက် ဖြစ်သည်။ ဘဝအသက်တာ တစ်လျှောက် လုံး အမြဲရှိနေရမည့် အရာဖြစ်သည်။ လူတိုင်း ဘုရားသခင် အလိုတော် နှင့်အညီ ပြုပြင်ပြောင်းလဲခြင်း ရှိရမည်။ ပြောင်းလဲခြင်းတွင် အဓိကအားဖြင့် စိတ်နှလုံးသား ပြောင်းလဲရမည် ဖြစ်သည်။
ရှင်ပေါလု၏ ပြောင်းလဲခြင်း
တာရှု (Tarsus) မြို့၌ မွေးဖွားသူ၊ ယုဒသွေး အပြည့်ရှိသူ (တမန်၊ ၉:၁၁၊ ၂၂:၃၊ ဖိလိပ္ပိ၊ ၃:၅) မွေးဖွားစဉ်က ရောမလူ၊ ရောမနိုင်ငံသား ဖြစ်ခွင့်ရရှိပြီး (တမန် ၁၆:၃၇၊ ၂၂:၂၆-၂၈) ဂရိဘာသာစကားနှင့် ဟေဗြဲ ဘာသာစကား ကျွမ်းကျင်စွာရေးဖတ်ပြောဆိုနိုင်သူ (တမန် ၂၁း၃၇၊ ၄၀)၊ ဘာသာရေးတွင် စိတ်အားထက်သန်သူဖြစ်ပြီး ယုဒဘာသာရေးဆိုင်ရာ ရှိဆရာ ဂါမလျလ (တမန် ၂၂:၃၊ ၂၃း၆၊ ၂၆း၅) ထံမှာ ဆည်းပူးသင် ကြားခဲ့သူ ဖြစ်သည်။ တဲရှင် ချုပ်လုပ်တဲ့ လုပ်ငန်းကို ယုဒလူတစ်ဦးပီပီ သင်ကြားတတ်မြောက် ကျွမ်းကျင်သူလည်း ဖြစ်ပါသည်။ (တမန် ၁၈း၃၊ တမန်တော်ဝတ္ထု ၉) တွင် စာရှုမြို့သား ရှောလု ဒမာသက်လမ်းပေါ်တွင် သခင်ယေရှုနှင့် တွေ့ပြီး သူ့ဘဝတစ်ခုလုံး ပြောင်းလဲမှုများ စတင်ခဲ့ပါ သည်။ တိုပြောင်းလဲမှုသည် သမိုင်းဝင် ပြောင်းလဲမှုကြီး ဖြစ်သည်။ ရှင် ပေါလု ပြောင်းလဲမှုသည် အသင်းတော်၊ လူ့အဖွဲ့ အစည်း၊ ကမ္ဘာကြီး တစ် ခုလုံးအတွက် အကျိုးသက်ရောက်မှု ဖြစ်ပေါ်ခဲ့ပြီး ခရစ်ယာန်အသင်းတော် တစ်ခုလုံး ရိုက်ခတ်မှု ဖြစ်ပွားခဲ့ပါသည်။ ယေရုရှလင်မြို့မှာ တပည့်တော် များအပေါ် ညှဉ်းပန်းနှိပ်စက်ခြင်း ပေါ်ပေါက်တဲ့အခါ အသင်းတော်ဟာ မြေအောက်လှုပ်ရှားမှု ဖြစ်ခဲ့ရပြီး (တရားမဝင်) နေရာဒေသ အသီးသီးသို့ ကွဲလွင့်သွားခဲ့ရသည်။ တာရှူမြို့သား ရှောလုဟာ သခင်ဘုရား၏ တပည့်တော်များကို နှိပ်စက်အသေသတ်ဖို့ရန် ယဇ်ပုရောဟိတ်ထံ အမိန့်စာ (၀ရမ်း)ရယူ လုပ်ဆောင်ခဲ့ရုံသာမက ယုဒကောင်စီ (Sanhedrin) ရဲ့ထောက်ခံမှုနဲ့ ခရစ်ယာန်များကို ရက်ရက်စက်စက် သတ်ဖြတ်ဖို့ ဦးဆောင် ခဲ့သည်။ ရှောလု၏ အဓိကရန်သူမှာသခင်ယေရှုဖြစ်ကြောင်း တွေ့ရသည်။ ရှောလူ၏ အသက်တာ ပြောင်းလဲခြင်းကို တမန်တော်ဝတ္ထုမှာ နှစ်ကြိမ်တွေ့ရှိရသည် (တမန် ၉၁-၂၉၊ ၂၂:၃-၂၁)။ ပြောင်းလဲပြီးနောက် ရှောလ ပေါလုသို့ နာမည်ပါ ပြောင်းခဲ့သည်။ ရှင်ပေါလု၏ ပြောင်းလဲခြင်း အဓိကသော့ချက်မှာ တစ်ပါးအမျိုးသားများဆီသို့ သခင်ယေရှု၏ ကယ်တင် ခြင်းအသင်းကောင်း ပြန့်ပွားဖို့အတွက်သာမက သခင်ယေရှုအတွက် ၊ ဒနာခံဖို့ ရှင်ပေါလုကို သခင်ယေရှု ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ရှင်ပေါလု ပြောင်းလဲခြင်းတွင် အဓိကပါဝင်သူများ
(၁) သတေဖန်
ကနဦးအသင်းတော်၏ မာတုရ ဖြစ်သည်။ သတေဖန်အား ကျောက် ခဲနှင့်ပစ်စဉ် ရှောလုသည် အနီးမှာရှိနေစဉ် ခရစ်ယာန်တို့၏ အသက်စွန့်၍ သခင်ယေရှုအပေါ် သစ္စာရှိစွာ အသေခံသည်သာမက သူ့အား ကျောက်ခဲ နှင့် ပစ်သောသူများကို ခွင့်လွှတ်ကာ ထိုသူများ၏ အပြစ်များကို မမှတ်ဖို့ ဘုရားသခင်ဆီမှာ နောက်ဆုံးထွက်သက်အထိ ဆုတောင်းပေးခဲ့သူ ဖြစ် သည်။ ရှင်ပေါလု၏ ပြောင်းလဲခြင်းသည် သတေဖန်မှ အစပြုပါသည် (တမန် ၇း၅၄-၆၀)။
(၂) အာနနိ (တမန် ၂၂း၁၂-၁၆)
– ပညတ်တော်နှင့်အညီ ဘုရားဝတ်၌ မွေ့လျော်သောသူ။
– ယုဒလူအပေါင်းတို့ရှေ့မှာ အသရေရှိသောသူ။
– ရှင်ပေါလုအား ဗတ္တိဇံ ပေးသူ။
ရှင်ပေါလုအား သခင်ယေရှုအကြောင်း ဟောကြားရန် တာဝန်ပေးအပ် သူ။
ရှင်ပေါလုကို ညီအစ်ကိုကဲ့သို့ လက်ခံခဲ့သူ ဖြစ်သည် (တမန် ၉း၁၇)
(၃) ဗာနဗ
သူတော်ကောင်း၊ သန့်ရှင်းသော ဝိညာဉ်တော်၊ ယုံကြည်ခြင်းနှင့် ၊ ပြည့်စုံသူ (တမန် ၄:၃၆)။
တမန်တော်၊ မိမိပိုင်သောမြေကို ရောင်း၍ အသင်းတော် လှူဒါန်း (တမန် ၄:၃၇)။
ပရောဖက်၊ ဆရာ (တမန် ၁၃း၁)။
ရှင်ပေါလုကို တမန်တော်များထံ ပို့ဆောင်ခဲ့သည် (အာမခံသူ)(တမန် ၉း၂၇)။
ရှင်ပေါလု ပြောင်းလဲခြင်း အမှတ်လက္ခဏာများ
တမန်တော် ၉း၆ – သင် ထ၍ မြို့သို့ ၀င်လော့။ သင်ပြုရမည့် အမှု ကို ပြောလိမ့်မည်။ မပြောင်းလဲခင် ရှင်ပေါလုသည် သူ့စိတ်ဆန္ဒအတိုင်း ပြုလုပ်ခဲ့သူ ဖြစ်သည်။ ပြောင်းလဲပြီးနောက် သခင်ယေရှု ခိုင်းသမျှ လုပ် ရမည့် အရာကို လမ်းညွှန်ခြင်း ခံရပါသည်။ ခရစ်ယာန်ဆိုသည်မှာ မိမိ လုပ်ချင်တာကို ရပ်တန့်ပြီး ခရစ်တော် လုပ်စေချင်သော အရာများကို စတင်လုပ်ဆောင်သူများ ဖြစ်ကြသည်။ ငါဆိုသော အတ္တမှ ဘုရားသခင်၏ စိတ်သဘောထားအတိုင်း အသက်ရှင်သောသူများကို ယုံကြည်သူ ခရစ်ယာန်များဟု ခေါ်ဆိုနိုင်သည်။
တမန်တော် ၉:၂၃ – ကာလကြာမြင့်ပြီးမှ ရှောလုကို သတ်အံ့ငှာ
ဂလာတိ ၁း၁၈ – ဒမာသက်မြို့တွင် ရှင်ပေါလု ၃ နှစ်ထက်မနည်းနေပြီး တရားဟောခဲ့တဲ့အတွက် အာဏာပိုင်များရဲ့ သတ်ဖြတ်မှုကို တပည့်တော်များအားဖြင့် လွတ် မြောက်ခဲ့ပါသည် (တမန် ၉:၂၄-၂၅)။
၃။ ဖိလိလိပ္ပံ ၃း၈-၁၁ = ပြောင်းလဲပြီး လုပ်ဆောင်ခဲ့သော အရာများ
(က) ခရစ်တော်၌ သိကျွမ်းသူ
လူတစ်ယောက် သခင်ယေရှုကို ကယ်တင်ပိုင်ရှင်အဖြစ် ယုံကြည် လက်ခံခြင်း မရှိခင် ခရစ်ယာန်မိသားစုများမှ မွေးဖွားလျှင် သခင်ယေရှုကို သူ၏ မိဘများမှတစ်ဆင့်၊ ထိုမှ အသင်းတော် (Sunday School) ဆရာ၊ ဆရာမကြီးတစ်ဆင့်၊ ထိုမှ လူငယ်ဘဝတွင် အသင်းတော် အမှုတော်ဆောင် များမှတစ်ဆင့်၊ နောက်ဆုံး ကျမ်းစာသင်တန်းများမှတစ်ဆင့် သခင်ယေရှု ကို အဆင့်ဆင့်သိရှိပြီး နောက်ဆုံး သခင်ယေရှုကို ကယ်တင်ပိုင်ရှင်အဖြစ် ယုံကြည်လက်ခံခဲ့ပါသည်။ ထိုအဆင့်များသည် အရေးကြီးသော်လည်း အဓိက မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် သူတစ်ပါးက ပြောသော သခင်ယေရှု ဖြစ်နေသောကြောင့် ဖြစ်ပါသည်။ အဓိက အရေးကြီးသောအချက်မှာ မိမိကိုယ်တိုင် သခင်ယေရှုနှင့် နဖူးတွေ့ဒူးတွေ့ ကိုယ်တွေ့ အဖြစ်အပျက် အဖြစ်အပျက်ရှိဖို့ လိုအပ်ပါသည်။ ရှင်ပေါလုကိုယ်တိုင် ဒမာသက်လမ်းပေါ်တွင် သခင်ယေရှုကို ကိုယ်တိုင်သိရှိခဲ့ပြီး ပြောင်းလဲခဲ့သူ ဖြစ်ပါသည်။ ဤကိုယ်တွေ့သည် ယုံကြည်သူတိုင်းအတွက် အလွန်ပင် အရေးကြီးပါ သည်။ ထိုမှသာ စစ်မှန်သော ပြောင်းလဲမှု မိမိအသက်တာတွင် ဖြစ်ပေါ် လာမည် ဖြစ်ပါသည်။ တစ်ဦးနှင့်တစ်ဦး သခင်ယေရှုနဲ့ ကိုယ်တွေ့ တွေ့ ဆုံပုံ တူညီကြမည် မဟုတ်ပါ။ ရှင်ပေါလု မပြောင်းလဲခင် ရှောလုဘဝဖြစ်ပြီး ပြောင်းလဲပြီးနောက် ပေါလုဘဝအဖြစ် ရပ်တည်ကာ ဘုရားသာသနာကို ကမ္ဘာကြီးတစ်ခုလုံး ပျံ့နှံ့အောင် လုပ်ဆောင်ပေးခဲ့သူ ဖြစ်ပါသည်။ လူတစ်ယောက်ဟာ စစ်မှန်သော ပြောင်းလဲခြင်းပြီးနောက် သခင်ယေရှုနဲ့အတူ နေ့စဉ် အချိန်ပေးပြီး စကားပြောခြင်း (ဆုတောင်းခြင်း)၊ သခင်ယေရှု ပြန် ပြောတာကို နားထောင်ခြင်း (ကျမ်းစာဖတ်ခြင်း)၊ သခင်ယေရှုနဲ့အတူ နေ့စဉ် အသက်တာဘုရားရဲ့ အလိုတော်နဲ့အညီ အသက်ရှင်လာသူသည် ခရစ်တော်၌ သိကျွမ်းသောသူ ဖြစ်လာပါလိမ့်မည်။ ဘုရားသခင်နှင့် အကျွမ်းဝင်၍ မိတ်သဟာယဖွဲ့ လော့၊ ထိုသို့ပြုမှ ကောင်းစားခြင်းသို့ ရောက်ရလိမ့်မည် (ယောဘ ၂၂:၂၁)။
(ခ) ခရစ်တော်၏ ထမြောက်ခြင်းတန်ခိုးနဲ့ အသက်ရှင်ခဲ့သူ
ရှင်ပေါလု အသက်တာမပြောင်းလဲခင် သူ့အသက်တာဟာ လူရိုသေ ရှင်ရိုသေ လူတိုင်း အားကျစရာကောင်းသော အသက်တာကို ပိုင်ဆိုင် ခဲ့သူ ဖြစ်ပါသည်။ ထို့ကြောင့် ငါ (အတ္တ)ကို ဗဟိုပြုပြီး အသက်ရှင်ခဲ့ပါ သည်။ ရှင်ပေါလု ပြောင်းလဲပြီးနောက် ငါဆိုသော အတ္တကို လက်ဝါးကပ် တိုင်ပေါ်မှာ အသေခံပြီး အသက်ရှင်ခဲ့ကြောင်း ဂလာတိသြဝါဒ စာစောင် တွင် သက်သေခံခဲ့ပါသည်။ ငါသည် ခရစ်တော်နဲ့အတူ လက်ဝါးကပ်တိုင် မှာ အသေခံပြီ၊ သို့သော်လည်း အသက်ရှင်သေး၏။ ထိုသို့ဆိုသော် ငါ သည် ကိုယ်တိုင်မရှင်၊ ခရစ်တော်သည် ငါ၌ ရှင်တော်မူ၏။ ကိုယ်ခန္ဓာ၌ ယခု ငါရှင်သော အသက်သည် ဘုရားသခင်၏ သားတော်ကို ယုံကြည် ခြင်းအားဖြင့် တည်၏။ သားတော်သည် ငါ့ကို ချစ်၍ ငါ့အဖို့ ကိုယ့်ကိုယ် ၊ ကိယ် စွန့်တော်မူ၏ (ဂလာတိ ၂း၂၀)။ ရှင်ပေါလု၏ အသက်တာ လူဟောင်းကို လက်ဝါးကပ်တိုင်ပေါ်မှာ (ငါ) အသေသတ်ပြီး လူသစ်အနေဖြင့် ထမြောက်ခဲ့သူ ဖြစ်ပါသည်။ လူဟောင်းမှ လူသစ်ဖြစ်လာအောင် သူ့အား ပြုလုပ်ပေးခဲ့သော အရာမှာ သခင်ယေရှု၏ ရှင်ပြန်ထမြောက်ခြင်း တန်ခိုးတော်ပင် ဖြစ်ပါသည်။ ထိုထမြောက်ခြင်း ခရစ်တော်၏ တန်ခိုးတော်အား ဖြင့် သူ၏ ခရစ်ယာန်အသက်တာ တစ်လျှောက်လုံး အသက်ရှင်ခဲ့သူ ဖြစ် ပါသည်။ ကျွန်တော်တို့ အားလုံးလည်း ခရစ်ယာန်အသက်တာ လျှောက် လှမ်းသည့်အခါ ရှင်ပေါလုကဲ့သို့ ခရစ်တော်၏ ထမြောက်ခြင်း တန်ခိုး တော်အားဖြင့် အသက်ရှင်ရပါမည်။ ထိုကဲ့သို့ အသက်ရှင်ခြင်းသည် ဘုရား ဘုန်း ထင်ရှားသော အသက်တာပင် ဖြစ်ပါသည်။
၄။ ခရစ်တော်နဲ့အတူ ဒုက္ခဆင်းရဲခံပြီး အသက်ရှင်ပါ။
ခရစ်တော်၏ ထမြောက်ခြင်း တန်ခိုးတော်နဲ့ အသက်ရှင်ခြင်းသည် သက်သောင့်သက်သာ ပန်းခင်းလမ်းကို လျှောက်ရခြင်းမျိုး မဟုတ်ပါ။ ဒုက္ခဆင်းရဲခြင်း များစွာကို ပေးဆပ်ပြီး အသက်ရှင်ခြင်း အသက်တာပင် ဖြစ်ပါသည်။ သခင်ယေရှုကိုယ်တော်တိုင် လူအပေါင်းတို့သည်လည်း ငါ၏ နာမကြောင့် သင်တို့ကို မုန်းကြလိမ့်မည်။ အကြင်သူသည် အဆုံးတိုင်အောင် တည်ကြည်၏။ ထိုသူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည် (မာကု ၁၃း၁၃) မိန့်ကြားခဲ့ပါသည်။ ခရစ်တော်ကြောင့် ဆင်းရဲဒုက္ခခံရ လျှင် ကျေးဇူးတော်ကြောင့် ရရှိခြင်းဖြစ်ကြောင်း နားလည်ပြီး ခံယူအသက် ရှင်ပါ။ စစ်မှန်သော ခရစ်ယာန်တိုင်း ခရစ်တော်ခံရသော ဒုက္ခကို ခံယူရန် အဆင်သင့် ရှိနေကြပါ စေ။ တောင်ပေါ်ဒေသနာတော်တွင် ငါ့ကြောင့် သင် တို့ကို ကဲ့ရဲ့ညှဉ်းဆဲ၍ မမှန်ဘဲလျက် အပြစ်တကာတင်ကြသောအခါ သင် တို့သည် မင်္ဂလာရှိကြ၏။ ဝမ်းမြောက်ရွှင်မြူးခြင်း ရှိကြလော့၊ အကြောင်း မူကား ကောင်းကင်ဘုံ၌ သင်တို့၏ အကျိုးသည် ကြီးလှပေ၏။ သင်တို့ ရှေ့က ပေါ်ထွန်းသော ပရောဖက်တို့ကို ထိုနည်းတူ ညှဉ်းဆဲကြပြီ (မသဲ ၅:၁၁-၁၂)။ ခရစ်တော်ကြောင့် ဒုက္ခခံရသူ၊ ဝေဒနာခံရသူသည် စစ်မှန်သော ပြောင်းလဲခြင်းကို ရရှိသော ခရစ်ယာန်ဖြစ်ပြီး ဒုက္ခမခံရဲသူ၊ ဝေဒနာ မခံရသူသည် မပြောင်းလဲသော ယုံကြည်သူ ခရစ်ယာန်တစ်ဦးပင် ဖြစ်နေပါတော့သည်။
ရှင်ပေါလု ပြောင်းလဲပြီးနောက် ခံရသောဒုက္ခဝေဒနာများ
(၁) ပင်ပန်းစွာ အမှုကို အထူးသဖြင့် ဆောင်ရွက်သူ၊ ရိုက်ပုတ်ခြင်း၊
ထောင်ထဲမှာ လှောင်ထားခြင်းကို အထူးသဖြင့် ခံရသောသူ၊ သေဘေးနှင့် အကြိမ်ကြိမ် တွေ့ကြုံသောသူ၊ ငါးကြိမ်မြောက်အောင် ယုဒလူတို့လက် တွင် ဒဏ်ချက်လေးဆယ် ခံရသူ၊ သုံးကြိမ်မြောက်အောင် ကြိမ်လုံးနှင့် ရိုက်ခံရသူ၊ သင်္ဘောပျက်ခြင်း ခံရသူ၊ ဓားပြတိုက်သောဘေး၊ အမျိုးသား ချင်း ပြုသောဘေး၊ မြို့ရွာရောက်သောဘေး၊ တော၌ရောက်သောအေး၊ ပင်လယ်ဘေး၊ ညီအစ်ကိုမောင်ဆောင်သောဘေး၊ ပင်ပန်းစွာဆောင်ရွက် ခြင်း၊ မအိပ်ရသောဘေး၊ မွတ်သိပ်ခြင်း၊ ရေငတ်ခြင်း၊ အကြိမ်ကြိမ် အစာ ရှောင်ခြင်း၊ အချမ်းအအေးခံရခြင်း၊ အဝတ်အချည်းစည်းရှိခြင်း ဤဆင်းရဲ ခြင်းများကို ငါခံရပြီ (၂ကော ၁၁း၂၃-၂၇)။ ရှင်ပေါလု ဒုက္ခဆင်းရဲခြင်း ဖော်ပြသော ကျမ်းပိုဒ်များမှာ အောက် ပါအတိုင်းပင် ဖြစ်ပါသည် (၂ကော ၄-၈း၁၈၊ ၂ကော ၆း၃-၁၀၊ ဂလာတိ ၆:၁၇၊ ၂တိ ၁-၁၁-၁၂၊ ၂ကော ၁း၄)။ တန်ဖိုးရှိ၍ လှပသော အရာများ သည် အခက်အခဲများစွာကို ကျော်ဖြတ်ပြီးမှ ပေါ်ထွက်လာသော အရာ များ ဖြစ်ကြပါသည်။ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ် ဖော်ပြပါရစေ။ တစ် မနက်မှာတော့ လူတစ်ယောက်ဟာ သတင်းစာကို ကောက်ကိုင်ရင်း မျက် လုံးပြူးသွားခဲ့တယ်။ ခေါင်းကြီးပိုင်း တစ်မျက်နှာအပြည့် လူသေသတင်း တစ်ပုဒ်ကို ဝေဝေဆာဆာ ဖော်ပြထားတာ တွေ့လိုက်ရပါတယ်။ သူ့ကို မျက်လုံးပြူးစေတာကတော့ သေသူဟာ သူကိုယ်တိုင်ဖြစ်နေလို့ ဖြစ်တယ်။ ဒိုင်းနမိုက်ဘုရင်ကြီး ဇာတ်သိမ်းပြီး၊ လူသတ်လက်နက်တွေလုပ်ပြီး ချမ်း သာလာတဲ့ သူဌေးကြီး မနေ့က သေပြီ။ အစရှိတဲ့ သူသေဆုံးလို့ ဝမ်းသာ နေကြတဲ့ အော်ဟစ်သံတွေ ပါတယ်။ အခုထက်စောစော သေဆုံးစေလိုတဲ့ ဆန္ဒတွေ ချရေးထားတယ်။ ဒါတွေဟာ ငါ့ အပေါ် လူတွေကထားတဲ့ သဘာစားစစ်စစ်၊ ငါ တကယ်သေဆုံးခဲ့ပြီးရင် ကျန်ရစ်ခဲ့မယ့် ငါ့ ကျော်ကြားမှုတွေပါလား။ ဒီလိုတွေးမိတဲ့ နေ့ကစလို့ အဆိုပါ သူဌေးကြီး ၊ ဟာ ငြိမ်းချမ်းရေးကို ရှေးရှုတဲ့ ပရဟိတလုပ်ငန်းတွေအပေါ်မှာသာ သေတဲ့ အထိ အာရုံစိုက်သွားခဲ့တယ်။ ဒီကနေ့ ကမ္ဘာ့နေရာအနှံ့က အသိပညာရှင်၊ အတတ်ပညာရှင်တွေကို သူ့သေတမ်းစာအရ သူထားခဲ့ပေးတဲ့ ငွေတွေရဲ့ဆုတွေပေးလျက် ရှိပါတယ်။ ဒီဆုတွေကို “နိုဗယ်လ်ဆု”လို့ခေါ်ပြီး သူ ကတော့ ကျွန်တော်တို့အားလုံး သိခဲ့တဲ့ ဒေါက်တာအဲလ်ဖရက်ဒ် နိုဗယ်လ် ပဲ ဖြစ်ပါတယ်။ သူ့နေရာကနေ ခဏလောက် စဉ်းစားကြည့်ပါ မိတ်ဆွေ။ အကယ်၍သာ ခင်ဗျားသေပြီးနောက် ထွက်လာမယ့် အသံတွေကို မသေခင်ကြားနိုင်မယ် ဆိုခဲ့ရင် ဘယ်လိုကြားရမယ် ထင်သလဲ၊ ဘယ်သူတွေ ဝမ်း နည်းကြမယ် ထင်သလဲ၊ ဘယ်သူတွေ ဝမ်းသာကြမယ် ထင်သလဲ၊ ဘယ်လောက်ကြာကြာ မှတ်မိကြမယ် ထင်သလဲ။ သင် ဘာတွေရော ကမ္ဘာမြေ အတွက် လုပ်ပေးပြီးပြီလဲ။ ရှင်ပေါလုကဲ့သို့ ကောင်းသောအရာများကို နောက်မျိုးဆက်သစ်များအတွက် ချန်ခဲ့နိုင်သူဖြစ်အောင် အသက်ရှင်ကြပါစို့။
အနှစ်ချုပ်
(ဖိလိပ္ပိ ၃-၄-၁၁)
(၁) ရှင်ပေါလု၏ မပြောင်းလဲခင် အသက်တာ
(၂) ရှင်ပေါလု၏ ပြောင်းလဲပြီး အသက်တာ
(၃) ရှင်ပေါလု၏ ပြောင်းလဲပြီးနောက် လုပ်ဆောင်ခဲ့သော အရာများ ၊
ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်တို့အား ဟောပြော၍ သင် တို့ကို အုပ်သောသူတို့ကိုအောက်မေ့ကြလော့၊ သူတို့သည် အဘယ်သို့ ကျင့်ကြံပြုမူ၍ စုတေသည်ကို စေ့စေ့ဆင်ခြင်လျက် သူတို့၏ ယုံကြည်ခြင်း ကို မှီအောင် လိုက်ကြလော့ (ဟေဗြဲ ၁၃း၇)။
အပိုင်း (၁၂)
ဖိလိပ္ပိ ၃း၁၂-၁၆
ဖိလိပ္ပိ ၃း၁၂-၁၆ = ထိုသို့ဆိုသော် အကျိုးကို ခံရပြီ၊ စုံလင်ခြင်းသို့ ရောက် ရပြီဟု ငါမဆိုလို။ အကြင်အကျိုးကို ပေးခြင်းငှာ ခရစ်တော်သည် ငါကို ‘ကိုင်ဖမ်းတော်မူ၏။ ထိုအကျိုးကို ကိုင်မိခြင်းငှာ ငါ ပြေး၍လိုက်သေး၏။ ညီအစ်ကိုတို့ ငါကိုင်မိပြီဟု ကိုယ်ကိုယ်ကိုယ် မထင်သော်လည်း ငါပြုသော အမှုတစ်ခုဟူမူကား နောက်ကျသော အရာတို့ကို မမှတ်ဘဲ ရှေ့၌ရှိသော အရာတို့ကို လှမ်းကမ်း၍ ယေရှုခရစ်အားဖြင့် ဘုရားသခင်သည် အထက် အရပ်မှ ခေါ်တော်မူခြင်းနှင့်ဆိုင်သော ဆုကိုရခြင်းငှာ ပန်းတုံးတိုင်သို့ ငါ လိုက်ပြေး၏။ ထို့ကြောင့် စုံလင်သောသူ ရှိသမျှတို့သည် ဤသို့သော သဘောကို စွဲလမ်းရကြမည်။ သင်တို့သည် တစ်စုံတစ်ခုသော အရာ၌။ သဘောခြားနားလျှင် ထိုအရာကိုပင် ဘုရားသခင် ဖော်ပြတော်မူလိမ့်မည်။ သို့မဟုတ်သော်လည်း ယခုမှီသမျှအတိုင်း တစ်နည်းတည်းကျင့်၍ တစ် သဘောတည်း ရှိရကြမည်။
ဖိလိပ္ပိ ၃း၁၂ = အကြင်အကျိုးကိုပေးခြင်းငှာထိုအကျိုးကို ကိုင်မိခြင်းငှာ ငါ ပြေး၍လိုက်သေး၏။
ရှင်ပေါလု၏ စာစောင်များကို လေ့လာကြည့်တဲ့အခါ ရှင်ပေါလုသည် အားကစားဝါသနာရှင် တစ်ဦးဖြစ်ကြောင်း တွေ့ရှိရပါသည်။ အဘယ်ကြောင့်ဆိုသော် လက်ဝှေ့သမား၊ အပြေးသမား၊ နပန်းသတ်သမားများကို နမူနာ ပေးပြီး ရေးသားဖွဲ့နွဲ့ခဲ့သောကြောင့် ဖြစ်ပါ သည်။ ဤကျမ်းချက်တွင် ရှင်ပေါလုက ခရစ်ယာန်အသက်တာကို အပြေးသမားတစ်ဦးအနေအဖြစ် ဖော်ပြထားပါသည်။ ကောင်းကင်ဘုံကို ရောက်သည်အထိ ပန်းတိုင်ရောက် အောင်ပေးဖို့ လမ်းညွှန်ထားပါသည်။ ခရစ်တော်သည် ငါ့ကို ကိုင်ဖမ်းတော် မူ၏ (ဖိ ၃း၁၂)။ ယုံကြည်သူတိုင်းကို ခရစ်တော်သည် ငရဲမှ ကယ်တင်၍ အသွေးတော်အားဖြင့် ရှင်ပေါလုကို ကိုင်ဖမ်းခြင်း ဖြစ်သည်။ ထိုအဆင့် သည် ကယ်တင်ခြင်း စိတ်ချမှုကို ဖြစ်ပေါ်စေပါသည်။ ခရစ်တော်သည် ၊ ယုံကြည်သူအားလုံးကို ကယ်တင်ခြင်းသာမက ထိုအကျိုးကို ပေးခြင်းငှာ ခရစ်ယာန်အသက်တာမှာအလို တော်ရှိကြောင်း ဖော်ပြခြင်း ဖြစ်သည်။ ထိုအကျိုးကို ကိုင်မိခြင်းငှာ ငါပြေးသေးသည်ဆိုသည့် အဓိပ္ပာယ်မှာ ယုံ ကြည်သူအားလုံး ခရစ်ယာန်အသက်တာမှာ ဘုရားပေးသော ကယ်တင် ခြင်းသာမက ဘုရားပေးတဲ့ ဆုလက်ဆောင်သရဖူများရရှိဖို့ ဘုရားအလိုတော်ရှိကြောင်း ဖော်ပြနေခြင်းပင် ဖြစ်ပါသည်။ စုံလင်ခြင်းသို့ ရောက်ရပြီ ဟု ငါမဆိုလို (ဖိ ၃း၁၂)။ စုံလင်ခြင်း ဆိုသည်မှာ ဝိညာဉ်ရေးရာ ရင့် ကျက်ခြင်းကိုရောက်အောင် ခရစ်ယာန်များ ပန်းတိုင်ကို ပြေးရမည်ဟုပြောဆိုခြင်း ဖြစ်သည်။ သူကိုယ်တိုင် ပြေးနေရသေးသည်ဟု သက်သေ ခံလျက် ရှိပါသည်။ ခရစ်ယာန်အသက်တာဟာ တစ်ဆင့်ပြီးတစ်ဆင့် ဝိညာဉ်ရေးရာ ရင့်ကျက်တိုးတက် ကြီးထွားလာရမည် ဖြစ်သည်။
ခရစ်ယာန် အသက်တာ ရင့်ကျက်သော အသက်တာ ပိုင်ဆိုင်ချင်ရင် လုပ်ဆောင်ရမည့်အရာများ
၁။ ဖိလိပ္ပိ ၃း၁၂ – စုံစမ်းခြင်းသို့ ရောက်ပြီဟု ငါမဆို၊မိမိအသက်တာကို အမြဲဆန်းစစ်ခြင်း ရှိရမည်။
ဒီနေရာမှာ ရှင်ပေါလုသည် မိမိအသက်တာကို အမြဲဆန်းစစ်နေသူ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ကိုယ်သူ စုံလင်ခြင်းသို့ မရောက်သေးဘူးဟုပြောနေရခြင်း ဖြစ်ပါတယ်။ ခရစ်ယာန်အသက်တာကို ရင့်ကျက်ချင်ရင် မိမိကိုယ်မိမိ အမြဲဆန်းစစ်ပါ။ ငါတို့သည် ကိုယ့်ကိုယ်ကိုယ် စစ်ကြောစီရင် လျှင် စစ်ကြောစီရင်တော်မူခြင်းနှင့် ကင်းလွတ်ကြလိမ့်မည် (၁ကော၁၁း၃၁)။ မိမိဟာ ချစ်ခြင်းမေတ္တာမှာ အားနည်းနေလား၊ မိမိကိုယ်မိမိ ရင်ပေါလုကဲ့သို့ ဆန်းစစ်ကြည့်ပါ။ လိုအပ်ချက်တွေ တွေ့ရှိမှာ မလွဲပေ။ ပြည့်စုံသော လူသားကမ္ဘာကြီးမှာ မရှိသောကြောင့်ပင် ဖြစ်သည်။ တွေ့ရှိ ရင် အရေးကြီးတာက ချက်ချင်းပြုပြင် ပြောင်းလဲပစ်ပါ။ အခြားသူများကို မကြည့်ပါနှင့်။ အခြားသူများနဲ့ မိမိအသက်တာ မနှိုင်းယှဉ်ပါနှင့်။ ငါက သူတို့ထက် အများကြီးကောင်းသေးတယ်လို့ ဆင်ခြင်မပေးပါနှင့်။ မိမိ အားနည်းချက်ကို ချက်ချင်းပြောင်းလဲပစ်ခြင်းသည် ရင့်ကျက်သော ခရစ် ယာန်အသက်တာကို ပိုင်ဆိုင်ဖို့ ပထမခြေလှမ်းပင် ဖြစ်ပါသည်။
၂။ ဖိလိပ္ပိ ၃း၁၃ – နောက်ကျသော အရာတို့ကို မမှတ်ဘဲ
နောက်ကျသောအရာတို့ကို မမှတ်ဘဲဟူသော အဓိပ္ပာယ်မှာ မပြောင်း လဲခင် အသက်တာထဲ၌ ကျင့်သုံးခဲ့သော ဇာတိပကတိ အကျင့်ဆိုးများကို ပြန်မကျင့်ဖို့ ဖော်ပြခြင်း ဖြစ်ပါသည်။ မိမိအသက်တာ ပြောင်းလဲပြီးလို့ ပြောဆိုသော်လည်း ဇာတိအကျင့်များ ပြန်ကျင့် သော ခရစ်ယာန်များ တွေ့ရသောကြောင့် ရှင်ပေါလုက သတိပေးထားခြင်း ဖြစ်သည်။ အတိတ် က အရိပ်တွေဟာ ပစ္စုပ္ပန် ခရစ်ယာန်အသက်တာကို မလွှမ်းမိုးပါစေနဲ့။ ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် မူးယစ်ဆေးဝါး သုံးစွဲသူများ ဆေးပြတ် ပြီးနောက် မိမိဘဝ နဂိုသူငယ်ချင်းဟောင်းများ ဆေးစွဲသောသူများနဲ့ ပြန် တွေ့ရင် မူးယစ်ဆေးဝါး ပြန်သုံးစွဲတာ တွေ့နေရပါသည် (၂ကော ၅း၁၇)။ လူမည်သည်ကား ခရစ်တော်၌ရှိလျှင် အသစ်ပြုပြင်သော သတ္တဝါ ဖြစ်၏။
ဟောင်းသောအရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသော အရာတို့သည် အသစ်ဖြစ်ရပြီဟု မိန့်တော်မူ၏။ ခရစ်ယာန်အသက်တာဟာ ဟောင်းသော အရာများ ပြောင်းလဲရမည်၊ လူသစ်အသက်တာမှာ ဟောင်းသောအရာများ မလိုက်မိပါစေနဲ့၊ မိမိအသက်တာ ဇာတိပကတိ အကျင့်မှာ ကျင်လည်ပြီး ပျော်ရွှင်နေသော ခရစ်ယာန် မဖြစ်ပါစေနဲ့။
၃။ ဖိလိပ္ပိ ၃း၁၃ – ငါပြုသော အမှုတစ်ခုရှေ့မှာရှိသော အရာကို လှမ်းကမ်းလျက်
မိမိအသက်တာ မပြောင်းလဲခင် ဇာတိပတိ အကျင့်များ ခရစ်ယာန်အသက်တာထဲ မရောက်ရှိလာဖို့ရန် လုပ်ဆောင်ရမည့်အရာမှာ မိမိအသက် တာကို ဘုရားနဲ့အတူ လျှောက်လှမ်းအသက်ရှင်ခြင်း၊ ဘုရားကို ဗဟိုပြုသော အသက်တာနှင့် အသက်ရှင်ရပါမည်။ ထိုအရာသည် ငါပြုသော အမှုတစ်ခုပင် ဖြစ်သည်ဟု ရှင်ပေါလု သက်သေခံထားသည်။ ထိုမှသာမက ရှေ့မှာရှိသော အရာကို လှမ်းကမ်း၍ ထပ်ဆင့်ဖော်ပြထားပါသည်။ ဘုရား ကို ဗဟိုပြုပြီး ရှေ့သို့ မိမိအသက်တာကို ဘုရားဘုန်း ထင်ရှားစွာ အသက် ရှင်ရန်ပင် ဖြစ်သည်။ ဘုရားနှင့်အတူ လျှောက်လှမ်းသော အသက်တာကို ဧနောက်၊ ယောသပ်တို့ အသက်တာတွင် တွေ့မြင်နိုင်ပါသည်။ နောက် သည် ဘုရားသခင်နှင့်အတူ သွားလာ၏၊ နောက်တစ်ဖန် သူသည် မရှိ၊ ဘုရားသခင် သိမ်းယူတော်မူသောကြောင့်တည်း (ကမ္ဘာ ၅း၂၄)။ ထာဝရ ဘုရားသည် ယောသပ်ဘက်မှာ ရှိတော်မူသဖြင့် သူသည် အကြံထမြောက် တတ်၏။ သူပြုလေရာရာ၌ အောင်စေတော်မူကြောင်းကို သခင်လည်းသိမြင်၏ (ကမ္ဘာ ၃၉း၂-၃)။
၃။ ဖိလိပ္ပိ ၃း၁၄ – ပန်းတုံးတိုင်သို့ ငါလိုက်ပြေး၏။
ရှင်ပေါလုမှာ တိကျမှန်ကန်တဲ့ ပန်းတိုင်ရှိကြောင်း ဖော်ပြခြင်း ဖြစ် ပါသည်။ ခရစ်ယာန်အသက်တာ ရင့်ကျက်ချင်ရင် တိကျမှန်ကန်သော ပန်းတိုင်ရှိရပါမည်။ အချို့လူများက ပန်းတိုင်ရှိပေမဲ့ နှုတ်ကပတ်တော်နဲ့ မညီသော ပန်းတိုင်ဖြစ်သောကြောင့် ရင့်ကျက်ခြင်းအသက်တာ မရောက် နိုင်ပါ။ နှုတ်ကပတ်တော်နဲ့ညီသော ပန်းတိုင်ဖြစ်ဖို့ အရေးကြီးပါသည်။ ပန်းတိုင်ရောက်အောင် ပြေးသောကြောင့် ခရစ်တော်ဘုရားထံမှ ခရစ်တော် ဘုရားပေးမယ့် ဆုလက်ဆောင်ကို ယုံကြည်သူအားလုံး ပိုင်ဆိုင်ခွင့်ရှိမှာ ဖြစ်ပါသည်။ ပန်းတိုင်မရှိ၊ ပန်းတိုင်ကိုရောက်အောင် မပြေးလျှင် ဆုရရှိမှာ မဟုတ်ပါ။ ခရစ်ယာန်အသက်တာ လက်ချည်းသက်သက် သေသွားရလျှင် ဆုမရလျှင် အလွန်ဝမ်းနည်းစရာ ကောင်းပါသည်။ စံချိန်မီ ခရစ်ယာန် များ၊ ရင့်ကျက်သော ခရစ်ယာန်များအတွက် ပန်းတိုင်မှာ ဆုပေးဖို့ ဘုရား သခင် စောင့်ကြိုနေပါသည်။ မိမိခရစ်ယာန်အသက်တာ ရင့် ကျက်ဖို့ တစ်ဦးတည်း လိုက်လျှောက်ရမည့် အရာများမှာ တစ်ဦးချင်း ကျမ်းစာဖတ်။ ဆုတောင်းခြင်း၊ မိမိ၏ ကောင်းသောပုံ သက်သေအားဖြင့် အခြားသူများကိုခရစ်တော်ထံ ပို့ဆောင်သူများ ဖြစ်ကြရပါမည်။ ခရစ်ယာန်အသက်တာ ၏ နောက်ဆုံးပန်းတိုင်မှာ သခင်ခရစ်တော်ပေးသော ဆုလက်ဆောင်ပင် ဖြစ်သည်။ ထိုဆုလက်ဆောင်ရရှိဖို့ ပန်းတိုင်ကိုရောက်အောင် ပြေးဖို့ အလွန် ပင် အရေးကြီးပါသည်။ ပန်းတိုင်ကို စိတ်မပျက် အားမလျှော့ဘဲ ပြေးခဲ့သော အပြေးသမား တစ်ဦး၏ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ကို ဖော်ပြပါရစေ။
အချိန်က ၁၉၆၈ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့၊ ည ၇ နာရီ မှာ၊ နေရာက မက္ကဆီကိုနိုင်ငံ မက္ကဆီကိုမြို့က အိုလံပစ်အားကစားပြိုင်ပွဲ ကျင်းပတဲ့ ကွင်းကြီးထဲမှာ ပြိုင်ပွဲရဲ့ နောက်ဆုံးအစီအစဉ်ဖြစ်တဲ့ ပိတ်ပွဲ အခမ်းအနားကြီး ပြီးဆုံးသွားပြီဖြစ်လို့ ကွင်းကြီးထဲက မီးတချို့ စပိတ်နေ ပါပြီ။ လူတွေလည်း ကွင်းထဲက ထွက်ခွာကြဖို့ ပြင်ဆင်နေကြပါတယ်။ ဒီအချိန်မှာပဲ အပြာရောင် မီးမှိတ်တုတ် မှိတ်တုတ် လင်းနေတဲ့ မော်တော် ဆိုင်ကယ်တွေဟာ ဥသြဆွဲပြီး ကစားကွင်းထဲကို တန်းစီပြီး ဝင်လာကြ တယ်။ လူတွေလည်း အံ့သြပြီး မော်တော်ဆိုင်ကယ်ကို လှမ်းကြည့်လိုက်ကြ တယ်။ မော်တော်ဆိုင်ကယ်တွေဟာ တဖြည်းဖြည်းချင်း ပြေးလာနေတဲ့ လူတစ်ယောက်ကို ခြံရံပြီး စောင့်ခေါ်လာနေကြတယ်။ ဒီအချိန်မှာပဲ ကွင်း ကြီးရဲ့ အသံချဲ့စက်ကနေ ကြေညာသံတစ်ခု ပေါ်ထွက်လာတယ်။ မာရသွန် ပြိုင်ပွဲက နောက်ဆုံးအပြေးသမား တစ်ယောက်ဟာ အခုပဲ ပန်းဝင်ဖို့ ကွင်း ထဲသို့ ဝင်ရောက်လာပါပြီတဲ့။ လူတွေအားလုံးဟာ နားမလည်နိုင်အောင် ဖြစ်သွားကြတယ်။ ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ တစ်နာရီလောက်ကပဲ အီသီယိုပီးယားနိုင်ငံက အပြေးသမား (Mamo Wolde) ဟာ မာရသွန် အပြေးပြိုင်ပွဲမှာ ပထမဆုရလို့ ရွှေတံဆိပ်ဆုတောင် ယူပြီးသွားပြီမို့ပါ။ အခုမှ ကွင်းထဲကို ဝင်လာသူဟာ တန်ဇန်းနီးယားနိုင်ငံက အပြေးသမား (John Stephen Akhwari) ဖြစ်ပါတယ်။ သူဟာ ပြိုင်ပွဲအစမှာပဲ ချော် လဲပြီး ဒူးမှာ ဒဏ်ရာရသွားခဲ့တယ်။ ဒဏ်ရာအခြေအနေဆိုးလို့ ပြိုင်ပွဲ ကြီးကြပ်သူတွေက သူ့ကို သူနာပြုယာဉ်နဲ့ ဆေးရုံကို ပို့ပေးမယ် ပြောတာ ကို လက်မခံဘဲ ကျန်ရှိတဲ့ ၂၆ မိုင်ကို ခြေထော့နဲ့နှင်းပြီး ဆက်ပြေးနေခဲ့ တယ်။ အဲဒီအကြောင်းကို အသံချဲ့စက်ကနေ ပြောပြပေးလို့ ကွင်းထဲက ပရိသတ်ကြီးဟာ (John) ကို ပထမပန်းဝင်လာသူ တစ်ဦးလို သောင်း သောင်းဖြဖြ လက်ခုပ်တီး အားပေးကြိုဆိုကြတယ်။ ပန်းဝင်ဖို့မီတာ ၁၀၀အလိုမှာ မော်တော်ဆိုင်ကယ်တွေဟာ ရပ်နေလိုက်ကြတယ်။ (John) တစ်ယောက်တည်း ဖြေးဖြေးချင်း ဆက်ပြေးတယ်။ သူဟာ ပန်းဝင်ပြီးတာ နဲ့ နေရာတင် ပုံလဲကျသွားတယ်။ သူနာပြုတွေက သူ့ကို သယ်ပြီး ဆေးရုံကို ပို့လိုက်ကြပါတယ်။ နောက်တစ်နေ့မှာ သတင်းထောက် တစ်ယောက်က (John) ကို ဆေးရုံမှာ လာတွေ့ပြီး ဒဏ်ရာတွေ ရထားပြီး နိုင်မှာလည်း မဟုတ်တဲ့ ဒီပြိုင်ပွဲကို ဘာကြောင့် ပန်းဝင်တဲ့အထိ ပြေးခဲ့ရတာလဲလို့ မေး တော့ (John) က အခုလို ပြန်ဖြေပါတယ်။
“မိုင်ပေါင်းငါးထောင်ကျော်ဝေးတဲ့ ကျွန်တော့်နိုင်ငံက ဒီမက္ကဆီကို နိုင်ငံကို ပို့လိုက်တာဟာ ပြိုင်ပွဲအစမှာပဲ ပါဝင်ဖို့ မဟုတ်ပါဘူး၊ ပန်းဝင်တဲ့ အထိ ပြိုင်ဖို့ပါတဲ့”။
နိုင်ငံကိုချစ်တဲ့ အားကစားသမားဆိုတာ သူလိုလူပါပဲ။ အကြောင်းမူကား ငါ့ကို ယဇ်ပေါ်မှာ လောင်းရသော အချိန်ရှိပြီ။ စုတေ့ရသော အချိန်ရောက်လေပြီ။ ကောင်းစွာ သောတိုက်လှန်ခြင်းကို ငါ ပြုပြီ။ ပြေးရသောလမ်းကို အဆုံးတိုင်အောင် ပြေးပြီ။ ယုံကြည်ခြင်း တရားကို စောင့်ရှောက်ပြီ။ ယခုမှစ၍ ဓမ္မသရဖူကို ငါ့အဖို့ သိုထားလျက် ရှိ၏။ ထိုနေ့ရက်၌ တရားသဖြင့် စီရင်သောသူတည်းဟူသော သခင်ဘုရား သည် ထိုသရဖူကို ငါ၌ အပ်ပေးတော်မူမည်။ ထိုမျှမက ပေါ်ထွန်းတော် မူခြင်းကို တောင့်တသောသူအပေါင်းတို့၌လည်း အပ်ပေးတော်မူမည် ( ၂တိ ၄း၆-၈ )
၅။ ဖိလိပ္ပိ ၃း၁၅-၁၆ – တစ်နည်းတည်းကျင့်၍ တစ်သဘောတည်း ရှိကြရမည်။ ခရစ်ယာန်အသက်တာ ရင့်ကျက်သော အသက်တာကို ပိုင် ဆိုင်ချင်ရင် မိမိခရစ်ယာန်အသက်တာ ရင့်ကျက်အောင် ပထမဦးဆုံး လုပ်ဆောင်ရမည် ဖြစ်ပါသည်။ ထိုမှတစ်ဆင့် အခြားခရစ်ယာန်များနှင့် ပေါင်းသင်းရာတွင် ရင့်ကျက်သော အသက်တာ ပုံဖော်ပြသနိုင်မှသာလျှင် ပြည့်စုံမှာ ဖြစ်ပါသည်။ ညီအစ်ကိုတို့သည် သဘောတူလျက် ပေါင်းဖော် ကြသည့် အရာမှာ အလွန်ကောင်းပေ၏၊ အလွန်တင့်တယ် လျောက်ပတ် ပေ၏ (ဆာလံ ၁၃၃း၁)။ ခရစ်ယာန်အချင်းချင်း အတူတကွ လုပ်ဆောင် ရင်း အခြားမယုံကြည်သေးသော သူများနှင့် သင့်တင့်လျောက်ပတ်စွာပေါင်းသင်းဆက်ဆံနိုင်လျှင် ထိုယုံကြည်သူ ခရစ်ယာန်သည် စုံလင်သော၊ ရင့်ကျက်သော ခရစ်ယာန်အသက်တာကို အသက်ရှင်ပြီးသား ဖြစ်သောကြောင့် အသက်ရှင်စဉ် ကာလတစ်လျှောက်လုံး ဘုရားဘုန်း ထင်ရှားသော သူ ဖြစ်လာပါလိမ့်မည်။ ထိုပုဂ္ဂိုလ် ဘုန်းတော်ဝင်စားလျှင်လည်း ဘုရား ပြင်ဆင်ထားသော ဆုလဒ်သရဖူများစွာကို ပိုင်ဆိုင်သောသူ ဖြစ်လာပါလိမ့် မည်။ ထိုအရာအားလုံးသည် ခရစ်ယာန်အားလုံးအတွက် အဓိကပန်းတိုင် ပင် ဖြစ်နေပါတော့သည်။ သေသည့်တိုင်အောင် သစ္စာစောင့်လော့၊ သို့ ဖြစ်လျှင် အသက်သရဖူကို ငါပေးမည် (ဗျာ ၂း၁၀)။
အနှစ်ချုပ်
(ဖိလိပ္ပိ ၃း၁၂-၁၆)
(ရင့်ကျက်စုံလင်သောခရစ်ယာန်အသက်တာ)
(၁) မိမိကိုယ်မိမိ အမြဲဆန်းစစ်ပါ။
(၂) နောက်မှာရှိတဲ့ အရာများကို မမှတ်ပါနဲ့။
(၃) ဘုရားကို အာရုံပြု၊ ဗဟိုပြုပြီး အသက်ရှင်ပါ။
(၄) တိကျမှန်ကန်သော ပန်းတိုင်ရှိပါစေ။
(၅) ခရစ်ယာန်အချင်းချင်း အမြဲမိတ်သဟာယဖွဲ့ပါ၊ အခြားသူများနဲ့လည်းသင့်တင့်လျောက်ပတ်စွာ ပေါင်းသင်းဆက်ဆံရင်း သတင်းကောင်း ဝေငှပါ။
ထိုအချက်များကို မိမိရဲ့ ခရစ်ယာန်အသက်တာမှာ လက်တွေ့ လိုက်လျှောက် ကျင့်သုံးပြီး အသက်ရှင်လျှင် အသက်ရှင်စဉ် ကာလတစ်လျှောက်လုံး ဘုရားဘုန်း ထင်ရှားသော ခရစ်ယာန်၊ ဘုန်းတော်ဝင်စားလျှင် လည်း ဘုရားပေးမယ့် ဆုလာဘ်များစွာကို ပိုင်ဆိုင်သူ ဖြစ်လာမည်ဖြစ်ကြောင်း ဖော်ပြလိုက်ရပါသည်။
အပိုင်း (၁၃)
(ဖိလိပ္ပိ ၃း၁၇-၂၁)
(ကောင်းကင်နိုင်ငံသားဖြစ်ခြင်း)
ဖိလိပ္ပိ ၃း၁၇-၂၁ – ငါကျင့်သည့်နည်းတူ သင်တို့သည် တညီတညွတ်တည်း ကျင့်ကြလော့။ ငါ့ကိုပေးသော ပုံသက်သေနှင့်အညီ ကျင့်သောသူတို့ကို လည်း ရှုမှတ်ကြလော့။ အကြောင်းမူကား အထက်က အဖန်ဖန် ငါပြော၍ ယခုပင် မျက်ရည်ကျလျက်နှင့် ပြောသည့်အတိုင်း ခရစ်တော်၏လက်ဝါး ကပ်တိုင်ကို ရန်ဘက်ပြု၍ ကျင့်သောသူ အများရှိကြ၏။ ထိုသူတို့သည် ပျက်စီးခြင်း၌ လမ်းဆုံးတတ်ကြ၏။ သူတို့၏ ဘုရားမူကား မိမိတို့ ဝမ်း ပေတည်း။ မိမိတို့ ရှက်ကြောက်ဖွယ်သော အကျင့်၌သာ မိမိတို့ ဝါကြွားကြ ၏။ လောကီအရာတို့ကိုသာ စိတ်စွဲလမ်းခြင်း ရှိကြ၏။ ငါတို့ကျင့်သော အကျင့်မူကား ကောင်းကင်ဘုံနှင့် စပ်ဆိုင်လျက်ရှိ၏။ ကယ်တင်တော်မူသော အရှင်သခင် ယေရှုခရစ်သည် ကောင်းကင်ဘုံမှ ကြွလာတော်မူမည် ဟု ငါတို့သည် မျှော်လင့်လျက် နေကြ၏။ ထိုသခင်သည် ခပ်သိမ်းသော အရာကိုပင် မိမိအောက်၌ နှိမ့်ချနိုင်တော်မူသော ပြုပြင်အားထုတ်ခြင်းအား ဖြင့် ယုတ်ညံ့သော ငါတို့၏ ကိုယ်ခန္ဓာကိုပင် ဘုန်းအသရေနှင့် ပြည့်စုံသော ကိုယ်ခန္ဓာတော်၏နည်းတူ ဖြစ်စေခြင်းငှာ အသစ်ပြင်ဆင်တော်မူလတ္တံ့။
လူတစ်ယောက်ဟာ သခင်ယေရှုကို မိမိ၏ ကယ်တင်ပိုင်ရှင်အဖြစ် ယုံကြည်လက်ခံပြီး ထိုယုံကြည်ခြင်းတရားကို သေသည့်တိုင်အောင် သစ္စာရှိစွာ စောင့်ထိန်းအသက်ရှင်သူတိုင်း ကောင်းကင်နိုင်ငံတော်သား ဖြစ် ခွင့်ရရှိပါသည် (ဗျာ ၂း၁၀)။ လူတစ်ယောက်သည် ချက်ချင်း ကောင်းကင် သို့ မရောက်မှီ လောကမှာ အသက်ရှင်စဉ် ကောင်းကင်နိုင်ငံတော်သား ကဲ့သို့အသက်ရှင် ပြုမူနေထိုင်သွားရမည် ဖြစ်ပါသည်။ ထိုကဲ့သို့ အသက် ရှင်မှသာ လောက၏အလင်း၊ ဆားကဲ့သို့ ဘုရားဘုန်း ထင်ရှားမှာ ဖြစ်ပါ သည်။ ထိုကဲ့သို့ အသက်ရှင်ဖို့ ဘုရားသခင်က ယုံကြည်သူတိုင်းကို အလို ရှိပါသည်။
၁။ ဖိလိပ္ပိ ၃း၁၇ – ငါကျင့်သည့်နည်းတူ သင်တို့သည် တညီတညွတ်တည်း ကျင့်ကြလော့၊ ငါတို့ပေးသော ပုံသက်သေနှင့်အညီ ကျင့်သောသူတို့ကိုလည်း ရှုမှတ်ကြလော့။ ရှင်ပေါလုသည် ဖိလိပ္ပိ အသင်းသူ အသင်းသားများအား ခရစ်တော် နည်းတူ ကျင့်ကြံပြုမူ အသက်ရှင်ဘို့ အားပေးတိုက်တွန်းထားပါသည်။ ခရစ်တော်နည်းတူ ကျင့်ဖို့ ရှင်ပေါလု၏ ပုံသက်သေကိုကြည့်ပြီး အသက် ရှင်ပါ။ ရှင်ပေါလု၏ ဆောင်ပုဒ်မှာ ငါ့အသက်ရှင်သည့် အရာမှာ ခရစ်တော် အတွက် ဖြစ်၏၊ သေလျှင်မူကား သာ၍အကျိုးရှိ၏ (ဖိ ၁း၂၁)။ ငါသည် ခရစ်တော်နည်းတူ ကျင့်သကဲ့သို့ သင်တို့သည်လည်း ငါနည်းတူ ကျင့်ကြလော့ (၁ကော ၁၁း၁)။ စာဖတ်သူ ပရိသတ်နဲ့ ကျွန်တော်တို့အားလုံး အခြား ယုံကြည်သူ ခရစ်ယာန်များသာမက မယုံကြည်သူများအတွက် အတုယူ စရာ ခရစ်ယာန်တစ်ဦး ဖြစ်ပါစေ။ ဖြစ်အောင် အသက်ရှင်ကြပါစို့။ မြန်မာ နိုင်ငံသည် ဗုဒ္ဓဘာသာ အခိုင်အမာဆောက်တည်ထားသော နိုင်ငံဖြစ်သောကြောင့် မြန်မာပြည်ရှိ ယုံကြည်သူ ခရစ်ယာန်များ ကောင်းသောပုံသက် သေသည်သာ မြန်မာပြည်အတွက် အကောင်းဆုံး သာသနာပြုခြင်းအား ဖြင့် မြန်မာပြည်တွင် ဘုန်းတော်ထင်ရှားသော ခရစ်ယာန်များ ဖြစ်ကြပါ စေ။ ခရစ်တော်နည်းတူ ကျင့်၍ ဘုန်းတော်ထင်ရှားသော အဖြစ်အပျက်တစ် ခုကို ဖော်ပြပါရစေ။ တစ်ခါက မျက်မမြင်တစ်ဦးသည် သစ်သီးဆိုင်မှ ပန်းသီးဝယ်ပြီး ပြန်ထွက်လာရာ လမ်းတစ်နေရာတွင်လူများက မျက်မမြင် မှန်း မသိဘဲ တိုက်မိရာ လက်ထဲ၌ ဝယ်လာသော ပန်းသီးများမှာ လမ်း၌ ပြန့်ကျဲသွားခဲ့သည်။ ခဏအကြာ လူတစ်ယောက်က ပြန်ကောက်ပြီး မျက်မမြင်အား ပြန်ပေးရာ ပြန်ပေးသောသူအား မျက်မမြင်က မင်းနာမည် သခင်ယေရှုလားဟု ပြန်မေးခဲ့သည်။ အကြောင်းမှာ သခင်ယေရှုသည် အငယ်ဆုံးသော သူများကို ကူညီသော အရှင်ဖြစ်ကြောင်း သမ္မာကျမ်းစာက ဖော်ပြထားသောကြောင့် ဖြစ်သည်။ ကျွန်တော်တို့ ပတ်ဝန်းကျင် ကိုယ် စိတ် ဝိညာဉ် အားနည်းသော အငယ်ဆုံးသော သူများကို တွေ့မြင်လျက် သခင်ယေရှု မေတ္တာကဲ့သို့ ကူညီရန် ယုံကြည်သူတိုင်း၏ တာဝန်ပင် ဖြစ် သည်။ ဤကဲ့သို့ ခရစ်တော်နည်းတူ ကျင့်ခြင်းအားဖြင့် ဘုရားဘုန်း ထင် ရှားသောသူ ဖြစ်ကြပါစို့။ မိမိတို့၏ ကူညီတတ်သော အကျင့်ကို မိမိနဲ့ သက်ဆိုင်သော မိသားစု၊ ပတ်ဝန်းကျင်သို့ ဖြန့်ဝေဖို့ရန် အလွန်ပင် အရေး ကြီးသည်။ ထိုသို့အားဖြင့် သာယာသော လူ့ဘောင်အဖွဲ့ အစည်းကို တည် ဆောက်နိုင်မည် ဖြစ်ပါသည်။
၂။ ဖိလိပ္ပိ ၃း၁၈-၁၉ – နိုင်ငံသားအတု၏ လက္ခဏာများ
နိုင်ငံသားအတု၏ လက္ခဏာများ
(၁) ဖိလိပ္ပိ ၃း၁၈ = ခရစ်တော်၏ လက်ဝါးကပ်တိုင်ကို ရန်ဘက်ပြု၍ကျင့်သောသူ အများရှိကြ၏။ ဖိလိပ္ပံအသင်းတော်တွင် ခရစ်တော်၏ လက်ဝါးကပ်တိုင် တရားကို ရန်ဘက်ပြုသောသူများ ရှိနေသောကြောင့် ရှင်ပေါလုကိုယ်တိုင် မျက်ရည် ကျပြီး သတိပေး ပြောဆိုခြင်းပင် ဖြစ်သည်။ ယနေ့ခေတ် အသင်းတော် များကို ရန်ဘက်ပြုနေသော အမှုတော်ဆောင်များ၊ အသင်းသူအသင်းသား များ နေရာဒေသအချို့တွင် တွေ့မြင်နေရပါသည်။ အဘယ်ကြောင့် ဆိုသော် လည်း အသင်းတော်မှာ ဝတ်ပြုကိုးကွယ်စရာမလို၊ ဒီအသင်းတော်ဟာ ကယ်တင်ခြင်းမရှိ၊ ဒီအသင်းတော်ဟာ အသေဟု ထွင်ထွင်ကြီး ဟောပြော နေသောသူများ ရှိနေကြပါသည်။ အသင်းတော်ဟာ ဘုရား၏ အသွေးတော်နဲ့ ဝယ်ယူထားသောကြောင့် အသင်းတော်ကို ပုတ်ခတ်ပြောဆိုနေခြင်း သည် ဘုရားကို ရှုတ်ချအပြစ်တင်နေခြင်းပင် ဖြစ်သည်။ ထိုကဲ့သို့ ဟော ပြောနေသူများသည် အသင်းတော်ကို ဗဟိုပြုပြီး အမှုတော်ဆောင်နေကြသူ များ မဟုတ်ကြပါ။ တစ်ကိုယ်တော် အသင်းတော်ပြင်ပမှ အမှုတော်ဆောင် နေကြသူများ ဖြစ်နေကြသည်။ ခရစ်ယာန်ဘာသာ၏ စစ်မှန်သော သာသနာပြုခြင်း သည် သခင်ယေရှု အသွေးတော်နဲ့ ဝယ်ယူထားသော အသင်းတော် ကို ဗဟိုပြုပြီး လုပ်ဆောင်မှသာ ဓမ္မကြောင်းအရ မှန်ကန်မှာ ဖြစ်ပါသည်။ အချို့သော အသင်းသူအသင်းသားများသည် ဟောပြောကောင်းသော အမှု တော်ဆောင်များနောက်သို့ လိုက်ပြီး မိမိ၏မိခင်အသင်းတော်ကို မထီ လေးစားပြုလျက် ရှိနေပါသည်။ အခုမှပဲ ကယ်တင်ခြင်း စိတ်ချမှုရရှိတော့ တယ် ဆိုပြီး နှစ်ခါ သုံးခါ နှစ်ခြင်းပြန်ခံကြပါသည်။ အဘယ်ကြောင့်ဆိုသော် ပထမနှစ်ခြင်းခံစဉ် မိမိကိုယ်တိုင် ကယ်တင်ခြင်း အကြောင်းမသိ သောကြောင့် ဖြစ်တယ်လို့ ဖြေကြပါတယ်။ နှစ်ခြင်းခရစ်ယာန်များ၏ ခံယူယုံကြည်ချက်သည် လူတစ်ယောက်ဟာ ဘဝမှာ တစ်ခါသာ နှစ်ခြင်း ခံရပါမည်။ အဘယ်ကြောင့်ဆိုသော် နှစ်ခြင်းပေးသော သိက္ခာတော်ရ ဆရာတော်သည် သူ၏ နာမနဲ့ နှစ်ခြင်းပေးခဲ့တာ မဟုတ်ပါ။ သုံးပါးတစ်ဆူ ဘုရားနာမနဲ့ နှစ်ခြင်းခံပေးသောကြောင့် ဖြစ်ပါသည်။ နှစ်ခြင်းခံမည့်သူ ဘာမှမသိသော်လည်း ဘုရားက နှစ်ခြင်းခံသောသူကို အသိအမှတ်ပြုပြီး သား ဖြစ်သောကြောင့် ဖြစ်ပါသည်။ နောက်တစ်ခါ ထပ်ပြီးနှစ်ခြင်းခံလျှင် ဘုရားက အသိအမှတ်ပြုပြီးသားကို မယုံကြည်ရာ ရောက်ပါသည်။ တစ် သက်လုံး အသင်းတော်က ငယ်စဉ်တောင်ကျေးဘဝမှ ပြုစုပျိုးထောင်ပေး တဲ့ ကျေးဇူးတရားကို ယုံကြည်သူအားလုံး မမေ့ပါနဲ့။ အကြောင်းအမျိုးမျိုးကြောင့် သင်းအုပ်ဆရာ၊ အမှုတော်ဆောင်များနဲ့ အဆင်မပြေလျှင် ထို အသင်းသူ အသင်းသားသည် ထိုပုဂ္ဂိုလ် ဆရာ၊ ဆရာမနဲ့သာ ဖြေရှင်းရပါ မည်။ အသင်းတော်ကို ပုတ်ခတ်ပြောဆိုသော အမှုတော်ဆောင်များ၊ အသင်း သူ အသင်းသားများသည် ခရစ်တော်၏ လက်ဝါးကပ်တိုင်တော်တရားကို ရန်ဘက်ပြုနေသူများပင်ဖြစ်ကြောင်း ရှင်ပေါလုက မျက်ရည်ကျလျက် ပြောနေသလို ယနေ့ယုံကြည်သူများကိုလည်း သတိပေးလျက်ရှိနေကြောင်း ဆင်ခြင်နှလုံးသွင်းမိပါသည်။ အချို့ ယုံကြည်သူမိသားစုမှ မွေးဖွားလာပြီး နှစ်ခြင်းခံကာ ခရစ်ယာန်များ ဖြစ်လာကြပါသည်။ ပြဿနာမှာ မပြောင်းလဲ ခင်နှစ်ခြင်းခံ၊ မပြောင်းလဲခင် ကျမ်းစာကျောင်းတက်၊ မပြောင်းလဲခင် ၊ အသင်းတော် ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ရာထူးကြီးကြီးယူပြီး အသင်းတော် အတွင်း၌ ပါဝင်နေသူများလည်း တွေ့နေရပါသည်။ အသင်းတော်အတွက် ကြီးမားသော အန္တရာယ်ပေးသောသူများသည် ထိုပုဂ္ဂိုလ်များ ဖြစ်နေတတ်ပါသည်။ လူတစ်ယောက်ဟာ ပြောင်းလဲပြီးပြီးမှ ထိုတာဝန်တွေ ယူရမှာ ဖြစ်ပါသည်။ ဒါကြောင့် (၂ကော ၅း၁၇)တွင် ဟောင်းသောအရာများ ပြောင်းလဲမှသာလျှင် အသစ်ပြုပြင်သော သတ္တဝါ ဖြစ်မည်ဟု ဖော်ပြခြင်း ဖြစ်ပါသည်။ အသင်းတော်တိုင်း ပြောင်းလဲပြီး ယုံကြည်သူနဲ့ မပြောင်း လဲဘဲ ခရစ်ယာန် ဘယ်သူက ပိုများသလဲဆိုရင် ကျွန်တော်ထင်တာ မမှား ဘူးဆိုလျင် မပြောင်းလဲတဲ့ ယုံကြည်သူ ခရစ်ယာန်များက ပိုများကြောင်း ဝမ်းနည်းစွာ တွေ့မြင်ရပါသည်။ မိမိခရစ်ယာန် ယုံကြည်သူအသက်တာကို မိမိဘာသာ မညာတမ်း စစ်ဆေးဖို့ရန် ဖြစ်ပါသည်။ ထိုပုဂ္ဂိုလ်များကို သခင်ယေရှုကိုယ်တော်တိုင် သခင်သခင်ဟု ငါ့ကို လျှောက်သောသူတိုင်းကောင်းကင်နိုင်ငံတော်သို့ ဝင်ရကြလိမ့်မည်မဟုတ်၊ ကောင်းကင်ဘုံ၌ရှိသော ငါ့ခမည်းတော်၏ အလိုကို ဆောင်သောသူသာလျှင် ဝင်ရကြလိမ့်မည် (မဿဲ ၇း၂၁)။ ကျွန်တော်တို့ မြန်မာပြည်တွင် နိုင်ငံသားမဟုတ်ဘဲ နိုင်ငံ သားမှတ်ပုံတင်အတု ကိုင်ဆောင်သူ များစွာရှိနေကြောင်း စာရေးသူကိုယ် တိုင် တွေ့မြင်ခဲ့ရပါသည်။ ခရစ်တော်၏ လက်ဝါးကပ်တိုင်ကို ဆန့်ကျင် ဘက်ပြုသောသူများသည် ကောင်းကင်နိုင်ငံတော်သား အတုများ ဖြစ်ကြ ပါသည်။ ထိုသူများအတွက် အထူးဆုတောင်းပေးရန် အထူးလိုအပ်လှပါ သည်။ အသင်းတော်ကို `တိုက်ခိုက် ပုတ်ခတ် ပြောဆိုသူများ မဖြစ်ဘဲ အသင်းတော်၏ ကဏ္ဍများစွာကို ပြုစုပျိုးထောင်သူများ ဖြစ်ကြပါစို့။
(၂) ဖိလိပ္ပိ ၃း၁၉ – ထိုသူတို့သည် ပျက်စီးခြင်း၌ လမ်းဆုံးတတ်ကြ၏။ သူတို့ဘုရားမူကား မိမိတို့ ဝမ်းပေတည်း၊ မိမိတို့ ရှက်ကြောက်ဖွယ်သော အကျင့်၌ မိမိတို့ ဝါကြွားကြ၏။ လောကီအရာတို့ကိုသာ စိတ်စွဲလမ်းခြင်း ရှိကြ၏။
(က) ပျက်စီးခြင်းသို့ ရောက်ရမည် (ဖိ ၃း၁၉)
ကောင်းကင်နိုင်ငံတော်သား အတုများ၊ မိစ္ဆာပရောဖက်များ၏လမ်း ဆုံးသည် ထာဝရပျက်စီးခြင်း၊ ငရဲသာဖြစ်ကြောင်း (မဿဲ ၂၄:၄-၅၁) တွင် တိတိကျကျ ရှင်းလင်းစွာ ဖော်ပြထားပါသည်။
(ခ) ဝမ်းဘုရား (ဖိ ၃း၁၉)
မိစ္ဆာပရောဖက်များ၊ မှားယွင်းသော သွန်သင်မှုများကို သင်ကြားပေးနေသော ဆရာများ၏ အဓိကဟောပြောချက်ကို ချုပ်၍ကြည့်လျှင် ကျန်းမာတရားနှင့် ချမ်းသာတရားများသာ ဖြစ်သည်။ သူဌေးဖြစ်နည်း ဟော သောသူများသာ သူဌေးဖြစ်နေကြပြီး တရားနာပရိသတ်ကတော့ ဆင်းရဲမြဲ ဆင်းရဲနေကြပါသည် (ခန္ဓာ၊ စိတ်၊ ဝိညာဉ်)။ ရိုးသားစွာ အသက်ရှင်၍ ဆင်းရဲသော ယုံကြည်သူများကိုပင် အပြစ်တင် ဟောပြောနေပါသည်။ ယုံကြည်သူတိုင်း အမြီးမဖြစ်ရဘူး၊ ခေါင်းဖြစ်ရမည်ဟု ဟောပြောလျက် ရှိပါသည်။ ဟောပြောနေသူများ၏ ရုပ်ဝတ္ထုပစ္စည်း ပိုင်ဆိုင်မှုများကိုကြည့် လျှင် အလွန်အံ့သြဖွယ်ရာ စည်းစိမ်ချမ်းသာများ ပိုင်ဆိုင်နေကြသည်။ သခင်ယေရှုကိုယ်တော်တိုင် ခြေသလုံးအိမ်တိုင် ဖြစ်ခဲ့ပေမဲ့ သူ့တရားကို ဟောပြောနေသော မိစ္ဆာပရောဖက်များသည် လောကီစည်းစိမ် များပြားစွာ ပိုင်ဆိုင်နေခြင်းသည် သူတို့၏ ဘုရားသည် သခင်ယေရှု မဟုတ်တော့ဘဲ ဝမ်းဘုရားများသာ ဖြစ်နေကြတော့ပါသည်။
ဝမ်းဘုရား (မိစ္ဆာပရောဖက်များ)
ပန်းတိုင် ၊ – ဝိညာဉ်အားလုံး ထာဝရသေဆုံးရန်
အဓိကတရား – လူတိုင်းကျမ်းမာတရား၊ လူတိုင်းချမ်းသာတရား
ရည်ရွယ်ချက်များ -ထင်ပေါ်ကျော်ကြား လူကြိုက်များသော တရားများကို ဟောကြား ၊
– အလှူငွေများများရရှိဖို့ ၊
– စာတန်နိုင်ငံ ကျယ်ဝန်းဖို့၊ စာတန်လူများသာမက ယုံကြည်သူများပါ လောကီစည်းစိမ် တပ်မက်လာဖို့။
(ဂ) ရှက်ကြောက်ဖွယ်ရာ အကျင့်၌ ဝါကြွားအသက်ရှင်နေသူ (ဖိ ၃း၁၉)
ဘုရားသာသနာတော် ကျယ်ပြန့်ဖို့ရန် လုပ်ဆောင်နေတယ်လို့ပြောပြီး မပြောင်းလဲခင် ဇာတိပကတိ အကျင့်များကို ထွင်ထွင်ကြီး လုပ်ဆောင်ရင်း ဝါကြွားဂုဏ်ယူနေလျက်ရှိသောသူ၊ မကောင်းတာကိုလုပ်တာ မိမိကိုယ်မိမိ ဂုဏ်ယူနေသည်သာမက အခြားသူများကိုပင် ထိုမကောင်းမှုများကို လုပ်ဆောင်ရန် တိုက်တွန်းနေသူများ ဖြစ်ကြပါသည်။ ယနေ့ မြန်မာပြည်မှာပဲ ကြည့်ကြည့်၊ ကမ္ဘာအရပ်ရပ် နိုင်ငံများမှာပဲကြည့်ကြည့် အချို့သော မိစ္ဆာ ပရောဖက် ဟောပြောနေသူများ လိင်ကိစ္စများ၊ ငွေကြေးကိစ္စများ နာမည်ပျက်ပြီး အသက်ရှင်နေကြကြောင်း ထင်ရှားစွာတွေ့မြင်နေရပါသည်။ အရက်သေစာ ကြိုက်နှစ်သက်စွာ သုံးစွဲနေသော ဆရာတစ်ဦးက လူရဲ့ ရန်သူဟာ အရက်၊ သမ္မာကျမ်းစာတော်မြတ်က သခင်ယေရှု ကိုယ်တော်တိုင် ရန်သူကို ချစ်ကြလော့ဟု မိန့်တော်မူသည့်အတိုင်း ထိုပညတ်ကို စောင့်ရှောက် ရန်အတွက် အရက်သေစာများကို ချစ်မြတ်နိုးစွာ သုံးစွဲနေရခြင်းဟု ပြော ခဲ့ပါသည်။ အချို့သော မိစ္ဆာပရောဖက် အမှုတော်ဆောင်များသည် မိမိ၏ မကောင်းသော အကျင့်များကို ကာကွယ်ရန်အတွက် နှုတ်ကပတ်တော်များ ကို မိမိတို့အလိုကျ အလွဲသုံးစား သွန်သင်၊ ဟောပြောလျက် ရှိနေပါသည်။ ထိုသူများသည် မကောင်းမှုများ ကျင့်သုံးရာတွင် မရှက်မကြောက်သည်သာ မက သူတို့ လုပ်ဆောင်လျက်ရှိသော အရာများကိုပင် ဝါကြွားစွာ လူဘုံ အလယ်မှာ အသက်ရှင်နေကြသောသူများသည် ကောင်းကင်နိုင်ငံတော်သား အတု၏ ထင်ရှားသော လက္ခဏာများပင် ဖြစ်ပါသည်။ (ဃ) လောကီရေးရာ၌ စိတ်စွဲလမ်းသောသူ (ဖိ ၃း၁၉)
(ငွေကြေးဥစ္စာနဲ့ ပတ်သက်၍ သမ္မာကျမ်းစာ ဖော်ပြချက်များ)
၁တိ ၆း၁၀ – ငွေကို တပ်မက်ခြင်းသည် အပြစ်၏ မူလအရင်းအမြစ်
၁တိ ၆:၁၇ – မမြဲသော စည်းစိမ်ကို မကိုးစားပါနဲ့
၁ယော ၂:၂၆- ဘုရားနဲ့ မသက်ဆိုင်
၁ပေ ၅:၂၊ ၁တိ ၃း၃ – မစင်ကြယ်သောစီးပွား မတပ်မက်ရ
၂တိ ၃း၁-၂ – မိမိကိုယ်ကို ချစ်သောသူ
မဿဲ ၈း၂၀ – ခရစ်တော်ကိုယ်တိုင် ခေါင်းချစရာမရှိ
မဿဲ၆း၁၉-၂၀ – ကောင်းကင်ဘဏ္ဍာကို ဆည်းပူးပါ
ထိုမိစ္ဆာပရောဖက်၊ ကောင်းကင်နိုင်ငံတော်သား အတုများသည် သာ သနာပြင်ပက လူများမဟုတ်ဘဲ အတွင်းလူများ၊ အသားထဲက လောက် ထွက်သောသူများ ဖြစ်နေသည်ကို အံ့သြဖွယ် တွေ့မြင်ရပါသည် (၂ပေ ၂း၁၇-၂၂)။
ကောင်းကင်နိုင်ငံသားအတု၏ လက္ခဏာများ
(၁) ခရစ်တော်၏ လက်ဝါးကပ်တိုင်တရားကို ရန်ဘက်ပြုသောသူ။
(၂) ပျက်စီးခြင်း ထာဝရငရဲ ရောက်ရလိမ့်မည်။
(၃) သူတို့သည် ဝမ်းဘုရားများ ဖြစ်ကြသည်။
(၄) မကောင်းမှု ပြုလုပ်ရာတွင် ရှက်ကြောက်ခြင်းမရှိ၊ ဝါကြွား ဝမ်းမြောက်ကြသည်။
(၅) လောကီရေးရာတွင် စိတ်စွဲလမ်းသောသူများ ဖြစ်ကြသည်။
၃။ ဖိလိပ္ပိ ၃း၂၀ = ကောင်းကင်နိုင်ငံသား အစစ်ဖြစ်ခြင်း၊
(က) ကောင်းကင်နိုင်ငံတော်နှင့် ဆိုင်သောအကျင့်
(၁) ဒုတိယမွေးခြင်း ခံရပြီးသူ ဖြစ်ရမည် (ယော ၃း၃-၅)
(၂) ဟောင်းသောအရာများ ပြောင်းလဲသောသူ ဖြစ်ရမည် (၂ကော ၅း၁၇)
ထိုဟောင်းသော အရာများ ပြောင်းလဲသွားနိုင်အောင် မိမိအစွမ်း သတ္တိနှင့် ပြုလုပ်၍မရပါ။ မိမိအထဲမှရှိသော ဘုရားပေးသော ခွန်အားဖြင့် သာ ပြုပြင်ပြောင်းလဲနိုင်မှာ ဖြစ်ပါသည်။ ငါတို့သည် ကိုယ့်တန်ခိုးကို အမှီပြု၍ ကိုယ့်အလိုအလျောက် တစ်စုံတစ်ခုကို ကြံစည်ခြင်းငှာ တတ်နိုင် မည်မဟုတ်၊ ဘုရားသခင်ကို အမှီပြု၍သာ တတ်နိုင်သည် (၂ကော ၃း၅)။
(က) ကောင်းကင်နိုင်ငံသား အတု၏ အကျင့်များ ၊
ဇာတိပကတိ အကျင့်တို့သည် ထင်ရှားကြ၏။ ထိုအကျင့်မူကား သူ့ မယားကိုပြစ်မှားခြင်း၊ မတရားသော မေထုန်၌ မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာလွန်ကျူးခြင်း၊ ရုပ်တုကိုးကွယ်ခြင်း၊ သူတစ်ပါးကို ပြုစားခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ရန်တွေ့ခြင်း၊ အချင်းချင်း ကွဲပြားခြင်း၊ သင်း ခွဲခြင်း၊ သူ့အကျိုးကို ကြုစုခြင်း၊ လူ့အသက်ကို သတ်ခြင်း၊ ယစ်မျိုးကို သောက်ကျူးခြင်း၊ ပွဲလုပ်ခြင်းမှစ၍ ထိုသို့သော အကျင့်ပေတည်း။ ထိုသို့သော အကျင့်ကို ကျင့်သောသူတို့သည် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေမခံရကြဟု အထက်က ငါပြောနှင့်ခဲ့ပြီးသည့်အတိုင်း ယခုပင်လည်း ငါပြောနှင့်၏ (ဂလာတိ ၅း၁၉-၂၀)။
(ခ) ကောင်းသောနိုင်ငံတော်နှင့် ဆိုင်သောအကျင့်
ကြွင်းသောစကားဟူမူကား ညီအစ်ကိုတို့ သမ္မာတရားနှင့်ဆိုင်သောအကျင့်၊ လျောက်ပတ်သောအကျင့်၊ ဖြောင့်မတ်သောအကျင့်၊ စင်ကြယ်သောအကျင့်၊ သူတစ်ပါးနှစ်သက်ဖွယ်သောအကျင့် ၊ ချီးမွမ်းဖွယ်သော အကျင့် ရှိသမျှတို့ကိုလည်းကောင်း၊ ပါရမီတစ်ပါးပါး၊ ကောင်းသော သတင်း တစ်ပါးပါးနှင့်ဆိုင်သော အကျင့်တို့ကိုလည်းကောင်း နှလုံးသွင်း ကြလော့ (ဖိ ၄း၈)။
လောကမှာ အသက်ရှင်စဉ် ယုံကြည်သူ ခရစ်ယာန်များသည် ကောင်း ကင်နိုင်ငံတော်သားနှင့်ဆိုင်သော အကျင့်များကို လိုက်လျှောက်ကျင့်သုံး အသက်ရှင်ရမည် ဖြစ်ပါသည်။ ထိုကဲ့သို့ အသက်ရှင်သောသူများ အားလုံးကို သခင်ယေရှုက သူကိုယ်တိုင် ပြင်ဆင်ထားသော ကောင်းကင်နိုင်ငံတော် အခန်းတွင် နေထိုင်ခွင့် ထာဝရပေးမည် ဖြစ်ပါသည် (ယော ၁၄:၂-၃)။ ထို့ကြောင့် ရှင်ပေါလုက သင်တို့၏နာမည်များသည် ကောင်းကင်စာရင်း၌ ဝင်သည်ကို ဝမ်းမြောက်ခြင်း ရှိကြလော့ဟု မိန့်တော်မူခဲ့ပါသည် (လုကာ ၁၀:၂၀)။ ထို့ကြောင့် ကောင်းကင်နိုင်ငံတော်သွားမည့် ခရစ်ယာန် ယုံ ကြည်သူများသည် လောကမှာ အသက်ရှင်စဉ် ကောင်းကင်ဘုံနှင့်ဆိုင်သော အကျင့်များကို ကျင့်ကြသူများ ဖြစ်ကြပါသည်။
သခင်ယေရှု၏ ဥပမာတော်တွင် ကောင်းသောမျိုးစေ့နှင့် တောမျိုး စေ့ကြဲသောသူများ အတူတကွ ကြီးထွားပါလေစေ။ အချိန်တန်သောအခါ အဖြေပေါ်လာလိမ့်မည်။ ယနေ့ လောကမှာ အသက်ရှင်စဉ် ကောင်းကင် နိုင်ငံတော်သား အတုနဲ့ အသက်ရှင်သောသူများ ရှိသလို ကောင်းကင်နိုင်ငံ သား အကျင့်နှင့် အသက်ရှင်သော ယုံကြည်သူများလည်း ရှိနေပါသည်။ အချိန်တန်သောအခါ ဘုရားက ဆုံးဖြတ်မှာ ဖြစ်ပါသည်။ မိမိက ဘုရား ရာမှာ ဆုံးဖြတ်တဲ့သူ မဖြစ်ပါစေနဲ့ (မဿဲ ၁၃း၃၆-၄၀)။
၄။ ဖိလိပ္ပိ ၃း၂၁ = ကောင်းကင်ဘုံ ဝင်ဖို့ရန် အသစ်ပြုပြင်ခြင်း
လူသားအားလုံး ယခုပိုင်ဆိုင်သော ကိုယ်ခန္ဓာသည် ဧဒင်ဥယျာဉ်၏ ကျိန်စာမိနေသောကြောင့် လူဟာ အိုရမည်၊ နှာရမည်၊ သေရမည် ဖြစ်ပါ သည်။ ယခု ကျွန်တော်တို့ ပိုင်ဆိုင်ထားသော မိမိကိုယ်ခန္ဓာသည် အားနည်း ချက်များစွာရှိလျက် နေပါသည်။ နောက်ဆုံး သေသွားသောအခါ ပုပ်ပျက် သွားပါလိမ့်မည်။ ထိုယုတ်ညံ့သော ခန္ဓာကိုယ်သည် သခင်ယေရှု ဒုတိယအကြိမ် ကြွလာသောအခါ ယုံကြည်သူအားလုံး ဘုန်းအသေရေနှင့် ပြည့်စုံသော ကိုယ်ခန္ဓာအဖြစ် ပြောင်းလဲ၍ သခင်ယေရှု၏ တန်ခိုးတော်အားဖြင့် အသစ်ပြုပြင်သောခန္ဓာကိုယ် ဖြစ်လာပါလိမ့်မည်။ ယခု ကျွန်တော်တို့ ခန္ဓာကိုယ်ကို ဇာတိပကတိ ကိုယ်ခန္ဓာဟုခေါ်ပြီး ကောင်းကင်နိုင်ငံတော် ရောက်သောအခါ ဝိညာဏကိုယ် ဖြစ်လာပေလိမ့်မည်။ ကောရိန္တ အသင်းသူ၊ အသင်းသားများကို ရှင်ပေါလုက သေသောသူတို့၏ထမြောက်ခြင်း အကြောင်းအရာ ဖြစ်၏။ ကိုယ်သည် စိုက်သောအခါ ပုပ်တတ်သောသဘော ရှိ၏။ ထမြောက်လာသောအခါ မပုပ်နိုင်သောအဖြစ်၌ တည်၏။ စိုက်သောအခါ ဂုဏ်အသရေပျက်၏၊ ထမြောက်သောအခါ ဂုဏ်သရေနှင့် ပြည့်စုံ၏။ စိုက်သောအခါ အစွမ်းမရှိ၊ ထမြောက်သောအခါ အစွမ်းနှင့် ပြည့်စုံ၏။ စိုက်သောအခါ ဇာတိပတိကိုယ် ဖြစ်၏၊ ထမြောက်သောအခါ ဝိညာဏကိုယ် ဖြစ်၏။ ဇာတိပကတိတစ်မျိုး၊ ဝိညာဏ်ကိုယ်တစ်မျိုး ရှိ၏ (၁ကော ၁၅း၄၂-၄၄)။ ကောင်းကင်ဘုံသို့ ရောက်သောအခါ ယုံကြည်သူ များ၏ ခန္ဓာကိုယ်သည် ယခုမျက်မှောက် သေတတ်သော အရာသည် မသေနိုင်သောအဖြစ်သို့ ဝင်စားသောအခါ သေခြင်းသည် အောင်ခြင်း၌ နှစ်မြုပ်ပြီဟု ကျမ်းစာ၌လာချက် ပြည့်စုံလိမ့်မည် (၁ကော ၁၅း၅၃)။ ကောင်းကင်နိုင်ငံသို့ ရောက်သောအခါ ယုံကြည်သူတိုင်း ရရှိမည့် ဝိညာဏ ကိုယ်ခန္ဓာသည် ထာဝရစံစားရမည့် ကိုယ်ခန္ဓာပင် ဖြစ်ပါသည်။ ယုံကြည် သူတိုင်း ကျေးဇူးတော်ကို ချီးမွမ်းလျက် ဘုရားပေးမည်ဖြစ်သော ဝိညာဏ ကိုယ်ခန္ဓာကို ဘုန်းတော်ဝင်စားသောနေ့တွင် ရရှိမည်ကို စောင့်မျှော်လျက် ကြိုဆိုပြီး အသက်ရှင်ကြပါစို့။
အနှစ်ချုပ်
(ဖိလိပ္ပိ ၃း၇-၂၁) ၊
(၁) ကောင်းသောအကျင့်များကို တညီတညွတ်တည်း ကျင့်ကြလော့။
(၂) ကောင်းကင်နိုင်ငံတော်သား အတု၏ လက္ခဏာများ။
(၃) ကောင်းကင်နိုင်ငံသား အစစ်ဖြစ်ခြင်း အနှစ်သာရ။
(၄) ကောင်းကင်ဘုံသို့ ရောက်သောအခါ အသစ်ရရှိမည့် ဝိညာဏခန္ဓာကိုယ်။
အပိုင်း (၁၄)
ဖိလိပ္ပိ ၄း၁-၁၃
(ခရစ်တော်၌ စည်းလုံးညီညွတ်ခြင်း)
ဖိလိပ္ပိ ၄း၁-၁၃ – ထို့ကြောင့် ငါဝမ်းမြောက်ခြင်းအကြောင်း၊ ငါ့ ဦးရစ် သရဖူတည်းဟူသော ငါချစ်၍ အလွန်လွမ်းသော ညီအစ်ကိုတို့၊ ငါဆိုခဲ့ပြီး သည်အတိုင်း သခင်ဘုရား၌ တည်နေကြလော့။ ငါ့ချစ်သူတို့၊ ဇဝေါဒိနှင့် သုန္ဒုတ်တို့သည် သခင်ဘုရား၌ သဘောတညီတညွတ်တည်း ဖြစ်ရကြမည် အကြောင်းကို ငါ တောင်းပန် သွေးဆောင်ပါ၏။ အချင်း၊ ငါ့လုပ်ဖော်ဆောင်ဖက်စစ်၊ သင့်ကိုလည်း ငါတောင်းပန်၏။ ငါနှင့် ကလေမင်မှစ၍ အသက်စာရင်းဝင်သော အခြားသော ငါ၏ လုပ်ဖော်ဆောင်ဖက်တို့နှင့် အတူ ဧဝံဂေလိတရားကို ဟောပြောသောအမှု၌ ကူညီ၍ ကြိုးစားအားထုတ်သော မိန်းမတို့ကို မစထောက်ပံ့ပါလော့။ သခင်ဘုရား၌ အစဉ်မပြတ် ဝမ်းမြောက်ခြင်း ရှိကြလော့။ တဖန် ငါဆိုသည်ကား ဝမ်းမြောက်ကြလော့။ လူအပေါင်းတို့ရှေ့၌ သင်တို့၏ ဖြည်းညင်းခြင်း သဘောကို ထင်ရှားစေကြလော့။ သခင်ဘုရားသည် အနီးအပါး၌ ရှိတော်မူ၏။ အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းပတ္ထနာ ပြုသောအားဖြင့် သင်တို့ တောင်းပန်လိုသော အရာများတို့ ကို သခင်ဘုရားအား ကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် အဘယ်သူမျှ ကြံ၍မမီနိုင်သော ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏ စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်။ ကြွင်းသေးသောစကား ဟူမူကား ညီအစ်ကိုတို့ သမ္မာတရားနှင့်ဆိုင်သောအကျင့်၊ လျောက်ပတ်သော အကျင့်၊ ဖြောင့်မတ်သောအကျင့်၊ စင်ကြယ်သောအကျင့်၊ သူတစ်ပါး နှစ် သက်ဖွယ်သောအကျင့်၊ ချီးမွမ်းဖွယ်သောအကျင့် ရှိသမျှတို့ကိုလည်းကောင်း၊ ပါရမီတစ်ပါးပါး၊ ကောင်းသောသီတင်း တစ်ပါးပါးနှင့်ဆိုင်သော အကျင့် တို့ကိုလည်းကောင်း နှလုံးသွင်းကြလော့။ သင်တို့သည် အထက်က သင် ယူ၍ ငါ၌ ကြားမြင်ခဲ့ပြီးသမျှတို့ကို ကျင့်ကြလော့။ ထိုသို့ကျင့်လျှင် ငြိမ် သက်ခြင်း၏ အရှင်ဘုရားသခင်သည် သင်တို့နှင့်အတူ ရှိတော်မူလိမ့်မည်။ ယခု၌လည်း သင်တို့သည် ငါ့ကို ကြည့်ရှုပြုစုချင်သော စေတနာစိတ်နှင့် ပြည့်စုံပြန်သည်ဖြစ်၍ ငါသည် သခင်ဘုရား၌ အလွန်ဝမ်းမြောက်ခြင်း ရှိ၏။ ထိုစေတနာစိတ်သည် အထက်က ရှိသော်လည်း ပြုစုရသော အခွင့် မရှိပြီ။ ထိုသို့ ငါဆိုသော် ကိုယ်တိုင်ဆင်းရဲခြင်းကို ရည်မှတ်၍ ဆိုသည် မဟုတ်။ အကြောင်းမူကား ငါသည် တွေ့ကြုံသမျှသော အခြင်းအရာတို့၌ ရောင့်ရဲသောစိတ် ရှိအံ့သောငှာ သင်မိပြီ။ ရှုတ်ချခြင်းကိုလည်ကောင်း၊ ကြွယ်ဝခြင်းကိုလည်းကောင်း ခံတတ်၏။ ဝစွာ စားခြင်း၊ မွတ်သိပ်ခြင်း၊ စည်းစိမ်ရှိခြင်း၊ ဆင်းရဲခြင်းတို့ကို ခံရအံ့သောငှာ အရပ်ရပ်တို့တွင် အရာရာ ၌ သင်မိပြီ။ ငါ့ကို ခွန်အားနှင့် ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသော အမှုတို့ကို ငါ တတ်စွမ်းနိုင်၏။
၁။ ဖိလိပ္ပိ ၄း၁ = သခင်ဘုရား၌ တည်နေကြလော့။
တည်ကြည်နေကြလော့ဟုဆိုသော အဓိပ္ပာယ်မှာ ကြံ့ခိုင်စွာ ရပ်တည် ခြင်း၊ ယောင်ဝါးဝါး မဖြစ်ဘူး၊ မယိမ်းယိုင်ဘူး၊ သစ္စာရှိစွာ တည်ကြည် ခိုင်ခံ့စွာ ရပ်တည်ခြင်းကို ခေါ်ဆိုပါသည်။ ရှင်ပေါလုက ဖိလိပ္ပံအသင်းသူ အသင်းသားများကို ဘယ်နေရာမှာ တည်ကြည်စွာ အသက်ရှင်ရမလဲဆိုတာ သခင်ဘုရား၌ တည်ကြည်နေကြလော့ဟု တိုက်တွန်းထားပါသည်။ ထို ကိစ္စသည် မိမိအစွမ်းကြောင့် မဟုတ်ဘဲ သခင်ယေရှုနဲ့အတူ အသက်ရှင် မှသာ ရရှိနိုင်သော အရာပင် ဖြစ်ပါသည်။ သခင်ဘုရားသည် ချစ်ခြင်းမေတ္တာ ဖြစ်သောကြောင့် မိမိ၏ အသက်တာသည် ဘယ်အလုပ် လုပ်စေကာမူ ချစ်ခြင်းမေတ္တာနဲ့ အသက်ရှင်ပြီး အသက်တာ တည်ဆောက်ဖို့ရန်သာ ရှိပါ သည်။ ယနေ့ ကျွန်တော်တို့ ပတ်ဝန်းကျင်၌ ချစ်ခြင်းမေတ္တာနဲ့ အသက်ရှင်လျှင် အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့နေရသောအချိန် ဖြစ်ပါသည်။ သို့ရာတွင် သခင်ဘုရား၌ တည်ကြည်စွာ အသက်ရှင်သော လူတိုင်းအတွက် ချစ်ခြင်းမေတ္တာနဲ့ ဘဝကို ရှင်သန်အောင် အသက်ရှင်ရမည် ဖြစ်ပါသည်။ အမည်မသိ ကဗျာတစ်ပုဒ် ဖော်ပြပါရစေ။ ကျွန်တော် ယုံကြည်ပါတယ်။
(၁) နေမင်းကို ကျွန်တော်ယုံကြည်ပါတယ်။
သူ့ကို မမြင်ရလို့ မှေးမှိန်သော အလင်းရောင်မှာ နေရသော်လည်း
ချစ်သူရှိနေမှာပါ။
(၂) ချစ်ခြင်းမေတ္တာကို ကျွန်တော်ယုံကြည်ပါတယ်သူ့ကို မမြင်ရလို့ ထွေးပွေ့ကြင်နာမှုကို မခံစားရသော်လည်းချစ်သူရှိနေမှာပါ။
(၃) ဘုရားသခင်ကို ကျွန်တော်ယုံကြည်ပါတယ်။
သူ၏ မျက်နှာတော်ကို ဝှက်ထားပြီး တိတ်ဆိတ်စွာ နေသော်လည်း ၊ ဘုရားသခင် ရှိနေပါတယ်။
အထက်ဖော်ပြပါ ကဗျာဆရာ ရေးဖွဲ့ သည့်အတိုင်း ကျွန်တော်တို့ ပတ် ဝန်းကျင်တွင် ချစ်ခြင်းမေတ္တာအလင်းရောင် မှေးမှိန်နေသော်လည်း ချစ်ခြင်း မေတ္တာတရား ပတ်ဝန်းကျင်တွင် ထွန်းလင်းတောက်ပလာအောင် ကျွန်တော် တို့အားလုံး စိတ်သဘောတူညီစွာ လုပ်ဆောင်ရင်း သခင်ဘုရား၌ တည် နေရမည့် အချိန်ပင် ဖြစ်ပါသည်။ မကြာမီ ကျွန်တော်တို့ အနာဂတ်မှာ ထွန်းလင်းတောက်ပလာမယ့် ချစ်ခြင်းမေတ္တာတရား ပေါ်ထွက်လာဖို့ ဖြစ် ရပ်မှန် ဇာတ်လမ်းကဲ့သို့ အတူယူလျက် အသက်ရှင်နိုင်ရန် ဖော်ပြလိုက်ပါ သည်။
ညတစ်ညမှာ သူခိုးတစ်ယောက်ဟာ ပစ္စည်းခိုးဖို့ ဘုန်းကြီးကျောင်းပေါ် သို့ တက်လာတယ်။ ကျောင်းထိုင်ဘုန်းကြီးရဲ့ အခန်းထဲကို ဝင်လိုက်တယ်။ ဖျာခင်းထိုင်ပြီး တရားထိုင်နေတဲ့ ကျောင်းထိုင်ကိုယ်တော် ရဟန်းကို တွေ့ လိုက်ရလို့ အံ့သြသွားတယ်။ ဘာကြောင့်လဲဆိုတော့ သူခိုးဟာ ကျောင်း ပေါ်မှာ ဘယ်သူမှ မရှိဘူးလို့ ထင်ထားလို့ပါ။ သူလည်း မထူးတော့ဘူး ဆိုပြီး ပါလာတဲ့ ဓားမြောင်နဲ့ ရဟန်းရဲ့ လည်ပင်းကိုထောက်ပြီး ပိုက်ဆံတောင်းတယ်။ ရဟန်းက သူခိုးကို မော့ကြည့်ပြီး ကြောက်ရွံ့ခြင်း ကင်းမဲ့ စွာနဲ့ ခုလိုပြောလိုက်တယ်။ `ဒကာဟာ ဘုန်းကြီး တရားထိုင်နေတာကိုလာနှောင့်ယှက်တာပဲ၊ ပိုက်ဆံက အခန်းထောင့်က စားပွဲအံဆွဲထဲမှာ ရှိပါ တယ်၊ ဒကာလိုသလောက်ယူပြီး ကျောင်းပေါ်က ဆင်းသွားလိုက်ပါ၊ ဘုန်း ကြီး တရားထိုင်တာကို ပြီးအောင် ဆက်လုပ်ရဦးမယ် ။ သူခိုးလည်း စားပွဲ ဆီကို ပြေးသွား၊ အံဆွဲကို ဆွဲဖွင့်လိုက်တယ်။ အံဆွဲထဲမှာ ပိုက်ဆံတွေ အများကြီးကို တွေ့လိုက်လို့ ကမန်းကတန်း နှိုက်ယူပြီး သူ့မှာ ပါလာတဲ့ လွယ်အိတ်ထဲကို ထည့်နေတယ်။ ရဟန်းက သူ့ကို လှမ်းပြောလိုက်တယ်။ “ဒကာ၊ ပိုက်ဆံအားလုံးတော့ ယူမသွားပါနဲ့ကွာ၊ နည်းနည်းတော့ ချန် ထားပေးခဲ့ဦး၊ ကျောင်းက ကိုရင်လေးတစ်ပါး နေမကောင်းဖြစ်နေလို့ မနက်ဖြန် သူ့အတွက် ဆေးဝယ်ပေးဖို့ ဆေးဖိုးလေးတော့ ချန်ထားပေးခဲ့ပါ။ သူခိုးဟာ ရဟန်းရဲ့ စကားကြောင့် ရုတ်တရက် ကြက်သေသေသွားတယ်။ ရဟန်းရဲ့ စကားဟာ တောင်းပန်တာနဲ့ မတူဘဲ အမိန့်ပေးသလိုဖြစ်နေလို့ သူ နည်းနည်းကြောက်သွားတယ်။ ဒါကြောင့် သူဟာ ပိုက်ဆံနည်းနည်းကို အံဆွဲထဲမှာ ချန်ထားခဲ့ပြီး အခန်းထဲက ထွက်သွားဖို့ ဟန်ပြင်လိုက်တယ်။ “ဟေ့ ဒကာ၊ ခဏနေပါဦး”လို့ ရဟန်းရဲ့ အော်သံကြောင့် သူခိုးလည်း အခန်းထဲက မထွက်ရဲဘဲ ရပ်နေလိုက်ပြန်တယ်။ ရဟန်းက ခုလို ပြော လိုက်ပြန်တယ်။ “ဒကာက ဘုန်းကြီးရဲ့ ပိုက်ဆံကိုတော့ ယူတယ်၊ ဒါပေမဲ့ ဘုန်းကြီးကို ကျေးဇူးတင်တယ် စကားလေး တစ်ခွန်းတောင် မပြောဘူး၊ ဒကာဟာ အတော်ကို မယဉ်ကျေး မလိမ္မာတဲ့လူပဲ”။ သူခိုးလည်း ရုတ် တရက် ဘာပြန်ပြောရမှန်း မသိအောင် ဖြစ်နေတယ်။ ပြီးမှ “ကျေးဇူးတင် ပါတယ်ဘုရား”လို့ ခပ်မြန်မြန်ပြောပြီး ရဟန်းရဲ့ အခန်းထဲကနေ အမြန် ထွက်ပြီး ကျောင်းပေါ်က ဆင်းပြေးသွားတယ်။ အဲဒီညမှာ သူခိုးဟာ သူ့ အပေါင်းအသင်းတွေကို ရဟန်းနဲ့ တွေ့ခဲ့တဲ့ အဖြစ်အပျက်ကို ပြောပြတယ်။ ပြီးတော့ ခုလို ပြောလိုက်သေးတယ်။ “ဘာကြောင့်မှန်း မသိပါဘူး၊ လက် ထဲမှာ ဓားမြောင်ကိုင်ထားတဲ့ ငါဟာ ဘာလက်နက်မှမရှိတဲ့ ရဟန်းကိုကြောက်မိတယ်ကွာ”။ သူခိုးဟာ ရက်အနည်းငယ်အကြာမှာ အိမ်တစ်အိမ် ထဲဝင်ပြီး ပစ္စည်းခိုးတယ်။ ရပ်ကွက်ကလူတွေ သူ့ကို ဝိုင်းဖမ်းပြီး ရဲစခန်းကို ပို့လိုက်ကြတယ်။ ရဲက စစ်မေးတော့ သူက ရဟန်းဆီကနဲ့ အိမ်တွေက ပိုက်ဆံတွေ ခိုးယူခဲ့တယ်လို့ ဝန်ခံတယ်။ မကြာခင်မှာ တရားရုံးက သူ့ကို ခိုးမှုနဲ့ တရားစွဲပါတယ်။ တရားရုံးက ဆင့်ခေါ်လို့ ရဟန်းဟာ အမှုအတွက်သက်သေခံပေးဖို့ တရားရုံးကို ကြွလာတယ်။ တရားခွင်မှာ ရဟန်းက သူခိုးကို လက်ညှိုးထိုးပြီး တရားသူကြီးကို ခုလို ပြောလိုက်တယ်။ “ဒီ ဒကာဟာ ဘုန်းကြီးဆီက ပိုက်ဆံကို မခိုးခဲ့ပါဘူး၊ ဘုန်းကြီးကသာ သူ့ကို ပိုက်ဆံပေးလိုက်တာပါ။ သူက ဘုန်းကြီးကို ကျေးဇူးတင်တယ်လို့တောင် ပြောသွားပါသေးတယ်။ ဒါပေမဲ့ သူခိုးဟာ တခြားအိမ်တွေက ပိုက်ဆံနဲ့ ပစ္စည်းတွေ ခိုးယူကြောင်း သက်သေထင်ရှားပေါ်လာလို့ ထောင်ကျသွားပါ တယ်။ သူဟာ ထောင်ကျနေစဉ်မှာ သူ့အပေါ် ကောင်းလွန်းတဲ့ ရဟန်း အကြောင်းကိုပဲ အမြဲစဉ်းစားနေမိတယ်။ သူခိုးဟာ ပြစ်ဒဏ်ကျခံရတဲ့နှစ်စေ့ လို့ ထောင်က ထွက်လာတယ်။ လွတ်လွတ်ချင်းမှာပဲ သူဟာ ရဟန်းရဲ့ကျောင်းကို သွားတယ်။ ကျောင်းပေါ်ကို ပြေးတက်လိုက်ပြီး ကုလားထိုင်မှာ ထိုင်နေတဲ့ ရဟန်းရှေ့မှာ ကျုံ့ကျုံ့လေး ပုဆစ်တုပ် ထိုင်ချလိုက်တယ်။ ပြီးတော့ ဘာမှမပြောဘဲ မျက်ရည်တွေ စီးကျနေတယ်။ ရဟန်းဟာ သူခိုးကို
ကောင်းကောင်းမှတ်မိပါတယ်။ သူခိုးဟာ အတော်လေး ပိန်သွားပြီး မျက် နှာလည်း အိုစာနေတယ်။ အရင်လို ခက်ထန်မောက်မာတဲ့ အမူအရာ မရှိတော့ဘဲ ရိုရိုကျိုးကျိုးလေး ဖြစ်နေပါတယ်။ ရဟန်းက သူ့ကို ပြောလိုက် တယ်။ “ဒကာကြီး ပြန်လာမယ် ဆိုတာကို ဘုန်းကြီး သိနေပါတယ်”။ ရဟန်းဟာ မျက်ရည်တွေ စီးကျနေတဲ့ သူ့ကို ကြင်နာစွာ ပွေ့ဖက်ပြီး ထူပေး လိုက်တယ်။ အစားအသောက်ကျွေးတယ်။ ပြီးတော့ ကျောင်းမှာပဲ နေခိုင်း လိုက်တယ်။ သူခိုးဟာ အဲဒီနေ့ကစပြီး ရဟန်းရဲ့ ဝေယျာဝစ္စတွေ လုပ်ပေး ရင်း လူကောင်းတစ်ယောက် ပြန်ဖြစ်သွားပါတယ်။ ရဟန်းဟာ ဘာကြောင့် သူခိုး သူ့ဆီ ပြန်လာမယ်ဆိုတာကို သိနေရတာလဲ။ လူဆိုးတစ်ယောက်ဟာ မေတ္တာဓာတ်ကြောင့် လူကောင်းတစ်ယောက် ဖြစ်လာပြီး တရားရိပ်မှာ ခိုလှုံလာမယ် ဆိုတာကို သိနေလို့ပါ။ ထိုအဖြစ်အပျက်တွင် ရဟန်းက သူခိုးကို ချစ်ခြင်းမေတ္တာနဲ့ တုံ့ပြန်ခဲ့တဲ့ ရလဒ်ပင် ဖြစ်ပါသည်။ ကျွန်တော်တို့ အားလုံး ကျွန်တော်တို့ ပတ်ဝန်းကျင်ရှိ သူခိုးကဲ့သို့ လူများနဲ့ ပေါင်းသင်း ဆက်ဆံရတဲ့အခါ ချစ်ခြင်းမေတ္တာနဲ့ တုံ့ပြန်ပြီး အနိုင်ယူကြပါစို့။ အဆိုး အားဖြင့် အရှုံးမခံနှင့်၊ အကောင်းအားဖြင့် အဆိုးကို နိုင်လော့ (ရောမ ၁၂:၂၁)။ ချစ်ခြင်းမရှိသောသူသည် ဘုရားသခင်ကို မသိ၊ အကြောင်းမူကား၊ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏ (၁ယော ၄း၈)။
ဘာဖြစ်လို့ ဘုရားသခင်၌ တည်ကြည်ခိုင်းသလဲ။
ကျမ်းရေးသူရှင်ပေါလုက ဖိလိပ္ပံအသင်းသူ အသင်းသားများကို သခင် ဘုရား၌ တည်ကြည်ဖို့ သတိပေးရခြင်း အကြောင်းအရင်းသည် အောက် ပါအချက်အလက်များကြောင့် ဖြစ်ပါသည်။
(၁) ဖိလိပ္ပိ ၃း၂ = ခွေးများကို ရှောင်ကြလော့။
မကောင်းသောအကျင့် ကျင့်သူများကို ရှောင်ကြလော့။ အရေဖျား လှီးခြင်းကို ခံယောင်ဆောင်သောသူတို့ကို ရှောင်ကြလော့။ ဖိလိပ္ပံအသင်း တော်မှာ မှားယွင်းသောဩဝါဒ တိုက်ခိုက်ခံနေရသော အသင်းတော်ဖြစ်ကြောင်း (ခွေး၊ မကောင်းသောအကျင့် ကျင့်သူ၊ အရေဖျားလှီးခြင်းကို ခံယောင်ဆောင်သောသူများ)၏ ကြီးမားသောအန္တရာယ် ကျရောက်လျက် ရှိပါသည်။ သခင်ယေရှုကိုယ်တော်တိုင် သတိပေးထားပါသည်။ အတွင်း၌ ကြမ်းတမ်းသောခွေးဖြစ်လျက် သိုးရေခြုံ၍ သင်တို့ရှိရာသို့လာသော မိစ္ဆာ ပရောဖက်တို့ကို သတိနှင့် ရှောင်ကြလော့ (မဿဲ ၇း၁၅)။ ယနေ့ခေတ် အသင်းတော်များသည်လည်း ထိုအန္တရာယ် ကျရောက်လျက် ရှိပါသည်။ ၄င်းတို့သည် လူကိုယ်တိုင်အားဖြင့်သာမက ဖုန်းများ၊ ဆိုရှယ်မီဒီယာအား ဖြင့် အသင်းတော်ကို အချိန်ပြည့် ခြိမ်းခြောက်လျက် ရှိနေပါသည်။ ယုံကြည် သူအားလုံးကို ထိုအန္တရာယ်ကို ကာကွယ်ဖို့ရန် တစ်ခုတည်းသောနည်းမှာ သခင်ယေရှုနဲ့ အတူနေ့စဉ် အသက်တာ လျှောက်လှမ်းခြင်း၊ သခင်ယေရှုနဲ့ မိတ်သဟာယ နေ့စဉ်ဖွဲ့ခြင်း၊ သခင်ခရစ်တော် မျက်နှာကို စေ့စေ့ကြည့်၍လောကဓံတရားကို ကျော်ဖြတ်အနိုင်ယူခြင်းပင် ဖြစ်ပါသည်။ သခင်ယေရှု ခရစ်တော် လက်ကို မကိုင်ပါနှင့်၊ သင်၏လက်ကို ခရစ်တော်ဘုရား နေ့စဉ် ကိုင်ပါစေ၊ ကိုင်ခွင့်ပြုသော အသက်တာ ဖြစ်ပါစေ။
၂။ ဖိလိပ္ပိ ၄း၂ = သခင်ဘုရား၌ သဘောတညီတညွတ်တည်း ရှိကြလော့။
အသင်းတော်အတွင်း ယုံကြည်သူအချင်းချင်း သင့်မြတ်စွာ အမှုတော် ၊ မြတ်မှာ လုပ်ဆောင်ရန် အလွန်အရေးကြီးပါသည်။ သခင်ယေရှုကိုယ်တော် တိုင် သင်တို့သည် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ချစ်ကြလော့။ ငါသည် သင်တို့ကို ချစ်သည်နည်းတူ အချင်းချင်း ချစ်ကြလော့ဟု ပညတ် အသစ်ကို ငါပေး၏ (ယော ၁၃:၃၄)။ ဤကျမ်းချက်တွင် ဧဝေါဒိနှင့်သုန္တုတ် အသင်းတော် အမျိုးသမီး ခေါင်းဆောင်နှစ်ဦး မသင့်မမြတ်ခြင်း ကို နာမည်နဲ့တကွ ဖော်ပြခြင်းပင် ဖြစ်ပါသည်။ အသင်းတော်တွင် ဘုရား အလုပ် လုပ်နေကြသူများ စိတ်ဝမ်းကွဲနေခြင်းသည် စာတန်၏ အဓိကအောင်မြင်ခြင်းပင် ဖြစ်ပါသည်။ စိတ်ဝမ်းကွဲများရခြင်း၏ အဓိက အချက် နှစ်ခုဟာ အောက်ပါအတိုင်းပင် ဖြစ်ပါသည်။ (က) မိမိစိတ်ဆန္ဒများကိုရှေ့တန်းတင်လာသောအခါ (ခ) ဇာတိစိတ်များပြားလာတဲ့အခါစိတ်ဝမ်းကွဲပြားမှုများ ဖြစ်ပေါ်လာလေ့ ရှိပါသည်။ အသင်းတော် အတွင်း လုပ်ဆောင်သူများ စိတ်ဝမ်းကွဲပြားမှုမှ တားဆီးနိုင်ရန် လုပ်ဆောင် ရမည့် အချက်မှာ နှိမ့်ချစွာ အစေခံဖို့ရန်ပင် ဖြစ်သည်။ ဗတ္တိဇံဆရာယောဟန်၏ အမှုတော်ဆောင်ခြင်းကို အတုယူရန်သာ ဖြစ်ပါသည်။ ငါ့ နောက် ကြွလာသောသူသည် ငါ့ထက် တတ်စွမ်း၏။ ထိုသူ၏ ခြေနင်းတော် ကိုမျှ ဆောင်ခြင်းငှာ ငါမထိုက် (မဿဲ ၃း၁၁)။ အသင်းတော်အတွင်း အခြားယုံကြည်သူများနဲ့ လက်မတွဲနိုင်ဘူးဆိုရင် မင်းရဲ့ အမှုတော်ဆောင် ခြင်းငှာ ဘုရားဘုန်း ထင်ရှားမှာ မဟုတ်ပါ။ မိမိတို့၏ ကွဲပြားချက်၊ ခြား နားချက်များကို ဘုရားလက်ထဲ ထည့်ထားပြီး အသက်ရှင်ပါ။ အသင်းတော် ညီညွတ်ချင်ရင် ယုံကြည်သူအားလုံး သခင်ဘုရား၌ အသက်ရှင်ပါ (ဖိလိပ္ပိ ၂:၅)။ ယေ ရှုခရစ်၌ရှိသော ထိုစိတ်သဘော သင်တို့၌ ရှိစေကြလော့ဟု ရှင်ပေါလုက ခွန်အားပေးထားပါသည်။ သူတစ်ပါးနဲ့ သင့်မြတ်ချင်ရင် သူတစ်ပါးကို အပေါ်စီးက မဆက်ဆံပါနဲ့။ လူတိုင်းဟာ သူ့တန်ဖိုးနဲ့သူ ရှိပြီးသားပါ။ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ကို ဖော်ပြပါရစေ။
လူလတ်ပိုင်းအရွယ် လင်မယားနှစ်ယောက်ဟာ တိုက်ခန်းသစ် တစ် ခုကို ပြောင်းလာကြတယ်။ နောက်တစ်နေ့ မနက်မှာ သူတို့ မနက်စာ စား နေကြရင်း မိန်းမဟာ မှန်ပြတင်းပေါက်ကနေ ဘေးအိမ်က အမျိုးသမီး တစ်ယောက် အိမ်ပြင်ထွက်ပြီး အဝတ်ကြိုးတန်းမှာ အဝတ်တွေ လှန်းနေ တာကို ကြည့်နေတယ်။ ပြီးတော့ သူက ယောက်ျားကို ပြောလိုက်တယ်။ “အဝတ်တွေ လျှော်ထားတာ ညစ်ပတ်နေသေးတယ်၊ သူ အဝတ်ကောင်းကောင်းမလျှော်တတ်ဘူး ထင်တယ်၊ ဆပ်ပြာမှုန့်ထည့်တာ နည်းတယ်နဲ့ တူတယ်” သူ့ယောက်ျားဟာ အဝတ်လှန်းနေတာကို တစ်ချက်လှမ်းကြည့်လိုက်တယ်။ ဘာမှမပြောဘဲ ငြိမ်နေတယ်။ နောက်ရက်ကစပြီး မနက်တိုင်း သူတို့နှစ်ယောက် မနက်စာစားရင်း မိန်းမဟာ အဲဒီစကားကိုပဲ ပြောနေ တယ်။ ယောက်ျားလည်း ဘာမှမပြောဘဲ ငြိမ်နေတယ်။ နှစ်ပတ်ကြာတဲ့ မနက်မှာ မိန်းမဟာ ဘေးအိမ်က ကြိုးတန်းမှာ သန့်ရှင်းဖြူစင်တဲ့ အဝတ်တွေ လှန်းနေတာကို မြင်လိုက်လို့ သူ့ယောက်ျားကို လှမ်းပြောလိုက်တယ်။ “ကိုကိုရေ၊ လှန်းထားတဲ့ အဝတ်တွေ ဖြူဖြူစင်စင် ဖြစ်သွားပြီ၊ အခု အဲဒီ အမျိုးသမီးဟာ အဝတ်ကို ဘယ်လိုလျှော်ရမလဲဆိုတာ သိသွားပြီ ထင် တယ်၊ သူ့ကို ဘယ်သူပြပေးလိုက်သလဲ မသိဘူးနော်။ ယောက်ျားက ခုလိုပြန်ပြောလိုက်တယ်။ “ငါ ဒီမနက် စောစောထပြီး ပြတင်းပေါက်မှန်က ဖုန်တွေကို သုတ်လိုက်လို့ပါ။ ကျွန်တော်တို့ဘဝမှာလည်း ဒီလိုမျိုး ကြုံ တွေ့တတ်ပါတယ်။ သူများတွေ လုပ်တာကိုင်တာတွေကို အမြင်မတော်ရင် ဝေဖန်ချင်ကြတယ်၊ အပြစ်ပြောချင်ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရှုမြင် တဲ့ အမြင်ဟာ ဒေါသစိတ်၊ မာန်မာန၊ မနာလိုဝန်တိုစိတ်၊ မကောင်းမြင်တဲ့ စိတ်တွေနဲ့ ဖုံးလွှမ်းနေရင် အမှန်ကို အမှန်အတိုင်း မြင်နိုင်မှာ မဟုတ်ပါ ဘူး။ ဒါကြောင့် လူတစ်ယောက်ကို မဝေဖန်ခင် မိမိစိတ်ဟာ စောစောက ပြောခဲ့တဲ့ မကောင်းတဲ့ စိတ်တွေနဲ့ ကင်းစင်ရဲ့လားလို့ အရင်ဆန်းစစ်ကြည့် သင့်ပါတယ်။ ကိုယ့်မျက်စိ၌ရှိသော တံကျင်ရှိလျက်ပင် ညီအစ်ကိုအား သင်၏ မျက်စိ၌ရှိသော ဗြောင့်ငယ်ကို ထုတ်ပါရစေဟု အဘယ်သို့ ဆို သနည်း။ လျှို့ဝှက်သောသူ၊ ကိုယ့်မျက်စိ၌ရှိသော တံကျင်ကို ရှေးဦးစွာ ထုတ်ပစ်လော့၊ နောက်မှ ညီအစ်ကိုမျက်စိ၌ရှိသော ဗြောင့်ငယ်ကို ထုတ် ပစ်ခြင်းငှာ ရှင်းလင်းစွာ မြင်လိမ့်မည် (မဿဲ ၇း၄-၅)။
၃။ ဖိလိပ္ပိ ၄း၄ – သခင်ဘုရား၌ အစဉ်မပြတ် ဝမ်းမြောက်ကြလော့။
ဖိလိပ္ပိသြဝါဒစာ၏ အဓိကသော့ချက်မှာ သခင်ဘုရား၌ အစဉ်မပြတ်၊ ဝမ်းမြောက်ကြလော ဆောင်ပုဒ်ပင် ဖြစ်ပါသည်။ တစ်ခါတစ်ရံ၊ မကြာမကြာ ၊ တနင်္ဂနွေနေ့၌သာ ဝမ်းမြောက်ကြဖို့ မဟုတ်ဘဲ အချိန်တိုင်း ဝမ်းမြောက်ဖို့ တိုက်တွန်းထားပါသည်။ လူတစ်ယောက်ဟာ အချိန်တိုင်း ဝမ်းမြောက်ဖို့ရန် မလွယ်ကူပေမဲ့ အချိန်တိုင်း ဝမ်းမြောက်ချင်ရင် လုပ်ဆောင်ရမည့် အချက် မှာ မိမိအသက်တာကို ဘုရားကို ဦးထိပ်ထားပြီး အသက်ရှင်မှသာ ရရှိနိုင်ပါလိမ့်မည်။ ဘုရားကို ဦးထိပ်ထားပြီး အသက်ရှင်သောသူသည် တစ်ကိုယ်ကောင်းမဆန်သောသူ၊ အတ္တမကြီးသောသူ၊ သူတစ်ပါးအတွက် ထည့် စဉ်းစားပြီး အသက်ရှင်သောသူများ ဖြစ်ကြပါသည်။ သခင်ယေရှု ဖော်ပြသော ပညတ်အားလုံး၏ အချုပ်မှာလည်း ကိုယ်၌ သူတစ်ပါး ပြုစေလိုသမျှ အတိုင်း သူတစ်ပါး၌ ပြုကြလော့၊ ဤပညတ်ကား ပညတ္တိကျမ်းနှင့် အနာ ဂတ္တိကျမ်းတို့၏ အချုပ်အချာပင် ဖြစ်သတည်း (မဿဲ ၇:၁၂) (ယော ၆း၁၆-၂၁)။ အဖြစ်အပျက်တစ်ခုကို ဖော်ပြပါရစေ။ မုန့်ငါးလုံးနဲ့ ငါး နှစ်ကောင် လူငါးထောင်ကို ကျွေးပြီး အကျန်အကြွင်း ကောက်သောအခါ ၁၂ တောင်းပိုသည့် အဖြစ်အပျက်။ ညနေပိုင်းပြီးသောအခါ ညဘက်ရောက် စဉ်တွင် တမန်တော် ၁၂ ပါးနဲ့ သခင်ယေရှုသည် အိုင်တစ်ဖက်သို့ ကူးသော အဖြစ်အပျက်တွင် အောက်ပါအတိုင်း တွေ့နိုင်ပါသည်။ မုန်တိုင်းကို ငြိမ်းစေသောအရှင် (ယော ၆း၁၆-၂၁)။
(၁) ဘုရားမပါဘဲ လုပ်သမျှ အရာအားလုံးသည် အန္တရာယ်ရှိပါသည်( ယော ၆း၁၆-၁၈)
(၂) ဒုက္ခရောက်လျှင် ဘုရားကို အကူအညီတောင်းပါ (ယော ၆-၁၉)ဘုရားထက် အခြားသော အရာများကို အစားမထိုးပါနဲ့။
(၃) ဘုရားပါတဲ့ လူဘဝသည် အန္တရာယ်ကင်း ဘေးရှင်း၊ စိတ်နှလုံးအလိုဆန္ဒ ပြည့်ဝမည် (ယေယာ ၆း၂၀)၊ (ယော ၆း၂၁)။
လှေထဲသို့ကိုယ်တော်ကို ဝမ်းမြောက်စွာ ခံယူကြ၏ (ယော ၆း၂၀)။ ဘုရား လှေထဲဝင်ပြီးမှ တမန်တော်များ ဝမ်းမြောက်ရပါသည်။ သခင်ယေရှု လှေထဲမရောက်ခင် တမန်တော်များ၏ အခြေအနေသည် အန္တရာယ်ကျ ရောက်နေချိန်၊ သေဘေးကို ရင်ဆိုင်ရချိန်ပင် ဖြစ်သည်။ လူတိုင်းရဲ့ ဘဝ ထဲသို့ သခင်ယေရှုကို အုပ်စိုးခွင့်ပေးမှသာလျှင် တမန်တော်များကဲ့သို့ ဝမ်းမြောက်သော အသက်တာ ပိုင်ဆိုင်ခွင့် ရှိနိုင်ပါသည်။
၄။ ဖိလိပ္ပိ ၄:၅ – သခင်ဘုရားသည် အနီးအပါး၌ ရှိတော်မူ၏။
လူရယ်လို့ ဖြစ်လာကြပြီဆိုလျှင် တွေ့ကြုံရင်ဆိုင်ရမည့် လောကဓံ တရားကို မည်သူတစ်ဦးတစ်ယောက်မျှ ရှောင်ကွင်းနိုင်စွမ်း မရှိကြချေ။ အသက်ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသူ
ဖြစ်စေ လောကဓံတရားအား တစ်နေ့မဟုတ်တစ်နေ့ ရင်ဆိုင်ကြရပေမည်။
လောကဓံတရား ရှစ်ပါးရှိ၏။ ၄င်းတို့မှာ
၁။ လာဘ်ရခြင်း
၂။ လာဘ်မရခြင်း ၊
၃။ အခြွေအရံများခြင်း
၄။ အခြွေအရံနည်းခြင်း
၅။ သူများချီးမွမ်းခြင်းကိုခံရခြင်း
၆။ သူများကဲ့ရဲခြင်းကိုခံရခြင်း ၊
၇။ ချမ်းသာခြင်း ၊
၈။ ဆင်းရဲခြင်း တို့ဖြစ်သည်။
လူသည် လောကဓံတရားကို ရင်ဆိုင်ရလျှင် ကြံ့ကြံ့ခံနိုင်စွမ်းရှိဖို့ လိုအပ်သည်။ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ဆောင်ရင်းမှ မတတ်နိုင်သောအခါ ဘုရားသခင်ကို အားကိုးခိုလှုံ အကူအညီတောင်းဖို့ရန် လိုအပ် ပါသည်။ ဘုရား သခင်သည် ငါတို့ခိုလှုံရာဖြစ်၍ ခွန်အားကို ပေးတော်မူ၏။ ဘေးရောက်သည့်ကာလ အထူးသဖြင့် ကူမတော်မူကြောင်း ထင်ရှားလျက် ရှိ၏ (ဆာလံ ၄၆း၁)။ လောကဓံကို ရင်ဆိုင်ရလေလေ ခရစ်ယာန်ပါရမီ ရင့်ကျက်လာလေလေ ဖြစ်သည်။ ကိုယ်တိုင် လောကဓံကို ရင်ဆိုင်ရခြင်း အားဖြင့် အခြားလူများ လောကဓံတရားအား ရင်ဆိုင်ရသည်ကို တွေ့ရှိသော အခါ ကိုယ်ချင်းစာနိုင်သလို အကူအညီလည်း ပေးနိုင်မည် ဖြစ်သည်။
လောကမှာ လူတိုင်းသည် အခြားသူများ၏ အကူအညီ မရသောအချိန်၊ ပစ်ပယ်ခံရသော အချိန်နှင့် လျစ်လျူရှုထားခြင်းခံရသော အချိန်များကို ခံစားရစမြဲ ဖြစ်သည်။ ရှင်ပေါလုကိုယ်တိုင် ထောင်ထဲတွင် နေရချိန် ဝမ်းမြောက်ခြင်း အသက်တာ ပိုင်ဆိုင်နေရခြင်းမှာ သခင်ဘုရားသည် သူနဲ့ အတူအနီးအပါးတွင် ရှိနေသည်ကို ယုံကြည်ခြင်းကြောင့်သာ ဖြစ်သည်။ သခင်ယေရှုကိုယ်တော်တိုင် သူ့ကိုယုံကြည်သောသူများကို ငါသည်လည်း ၊ ကပ်ကမ္ဘာကုန်သည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ် ရှိသည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏ (မဿဲ ၂၈း၂၀)။ သခင်ယေရှုကို ယုံကြည်သူတိုင်း လောကဓံတရား ရင်ဆိုင်ရသည့်အချိန်တိုင်း သခင်ယေရှု အား အားကိုးခိုလှုံပြီး အသက်ရှင်လျက် သခင်ယေရှုခရစ်တော်သည် ကူညီဖြေရှင်းပေးရုံသာမက တာဝန်ယူ ဖြည့်ဆည်းပေးသော ဘုရားဖြစ်ကြောင်း ဖော်ပြလိုက်ပါသည်။
၅။ ဖိလိပ္ပိ ၄း၆- ၇ = ခရစ်တော်အားဖြင့် ရရှိသော ငြိမ်သက်ခြင်း ၊
လူတိုင်း၏ဘဝမှာ ပူပန်စရာများစွာ ပြည့်နှက်လျက်ရှိပါသည်။ နေ့စဉ် စားဝတ်နေရေးနှင့်တမလွန်ဘဝ နောင်ရေးအတွက်ပင် ဖြစ်သည်။ ခန္ဓာဝန် ကို အသက်ရှင်တဲ့သူတိုင်း ထမ်းဆောင်နေရသောကြောင့် ဖြစ်ပါ သည်။ သခင်ယေရှု၏ ကတိတော်တစ်ခုမှာ မနက်ဖြန်နေ့အတွက် မစိုးရိမ်ပါနှင့် (မဿဲ ၆:၃၄) ၊
စိုးရိမ်စရာမရှိအောင် လုပ်ဆောင်ရမည့် အချက်များ
(၁) အရာရာမှာ ကျေးဇူးတော်ချီးမွမ်းပါ။
(၂) ဆုတောင်းပတ္ထနာပြုပါ။
(၃) တောင်းပန်လိုသော အရာများ တောင်းလျှောက်ပါ။
အထက်ပါ အချက်သုံးချက်ကို ယုံကြည်သူတိုင်း လုပ်ဆောင်လျှင် မိမိဘဝမှာ အဘယ်အမှုကိုမျှ စိုးရိမ်စရာမလိုသော အသက်တာကို ပိုင်ဆိုင် ရုံသာမက အဘယ်သူမျှ ကြံ၍မမီနိုင်သော ဘုရားသခင်၏ ငြိမ်သက်ခြင်း၊ ကိုပါ ပိုင်ဆိုင်နိုင်ခွင့် ရှိလာနိုင်ပါသည် (ဖိ ၄း၇)။ ခရစ်ယာန်ဘာသာ၏ ထူးခြားသော လက္ခဏာတစ်ခုမှာ အရာရာ၌ ကျေးဇူးတော် ချီးမွမ်းရမည်ဟု ဖော်ပြထားပါသည်။ အရာရာဆိုသည်မှာ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်။ ဖြစ်စေ အခြေအနေ နှစ်ရပ်လုံး ပါဝင်သည်။ ဘဝမှာ ခက်ခဲတဲ့အချိန်၌ကျေးဇူးတော် ချီးမွမ်းရန် ဘုရားအလိုတော်ရှိခြင်းသည် လူ့ဉာဏ်ပညာနဲ့ နားမလည်နိုင်သော်လည်း လူသည် ဒုက္ခပြဿနာနဲ့ တွေ့ခြင်းသည် မိမိ၏ ၊ အသက်တာကို ဘုရားက ပိုမိုကောင်းစေချင်လို့၊ ရင့်ကျက်သော အသက်တာ ပိုင်ဆိုင်ချင်လို့ တွေ့ရှိရန်ဖြစ်ကြောင်း လူက လက်ခံနားလည်ဖို့ လိုအပ် ပါသည်။ ထိုသို့လက်ခံပြီး ဘုရားပေးသော ခွန်အားဖြင့် ဒုက္ခပြဿနာကိုကျော်ဖြတ်နိုင်လျှင် ခရစ်တော်၌ တည်ရှိနေလျင် ငြိမ်သက်ခြင်းကို ပိုင်ဆိုင် ၊ လာမှာ ဧကန်မလွဲပါ။ ယုံကြည်သူတိုင်း အရာရာ၌ ကျေးဇူးတော် ချီးမွမ်း နိုင်ရန် အောက်ပါ အဖြစ်အပျက် တစ်ခုကို ဖော်ပြလိုက်ရပါတယ်။
ချမ်းသာတဲ့ လူတစ်ယောက်ဟာ သူ့အိမ်ပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်လိုက်တယ်။ လမ်းဘေး အမှိုက်ပုံက ပလတ်စတစ်စတွေကို ရှာဖွေကောက်နေတဲ့ ဆင်းရဲသားတစ်ယောက်ကို တွေ့လိုက်တယ်။ သူက “ငါ မဆင်းရဲတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်လိုက်တာ”လို့ ရေရွတ်ပြောဆိုလိုက်တယ်။ ဆင်းရဲသားဟာ အနားကို လှမ်းကြည့်လိုက်တယ်။ အဝတ်အစားမပါတဲ့ အရူးတစ်ယောက်ကို တွေ့လိုက်တယ်။ သူက “ငါ အရူးတစ်ယောက် မဖြစ်တာ ဘုရားသခင်ကို ကျေးဇူးတင်လိုက်တာ”လို့ ရေရွတ်ပြောဆိုလိုက်တယ်။ ထမ်းစင်ပေါ်က လူသေကတော့ (ဘုရားသခင်) ၊ ကို ကျေးဇူးတင်စကား မပြောနိုင်တော့ပါဘူး။ သင့်ဘဝမှာ သင်ခံစားရတဲ့ အကျိုးကျေးဇူးတွေအတွက် (ဘုရားသခင်)ကို ကျေးဇူးတင်စကားကိုတောင် မပြောတတ်ဘူးဆိုရင် လူသေတစ်ယောက်နဲ့ မခြားနားပါဘူး။ ဒါကြောင့် စာဖတ်သူ ပရိသတ်များအနေနဲ့ မိမိကျန်.မာနေတာ၊ ခြေလက်အစုံရှိနေတာ၊ မိသားစုနဲ့ ပျော်ရွှင်စွာ နေနိုင်တာ၊ စားစရာအတွက် ပူပန်စရာ မလိုတာ စသည့် ကိစ္စများစွာအတွက် ယနေ့မှ စတင်ပြီး ဘုရားသခင်ကို ကျေးဇူး တင်လိုက်ပါ။ မိမိအသက်တာကို ကျေးဇူးတော် ချီးမွမ်းခြင်းနဲ့ အသက်မရှင် လျှင် မင်းဟာ လူသေဘဝ ကျရောက်သွားပြီ ဖြစ်ပါသည်။ ကျေးဇူးတော် ချီးမွမ်းခြင်းယဇ်ကို ပူဇော်သောသူသည် ငါ၏ဘုန်းကို ထင်ရှားစေသောသူ ဖြစ်၏။ မိမိသွားသောလမ်းကို ဆင်ခြင်သောသူအားလည်း ကယ်တင်ခြင်း ကျေးဇူးကို ငါပြမည်ဟု ဘုရားသခင် မိန့်တော်မူ၏ (ဆာလံ ၅ဝ-၂၃)။
၆။ ဖိလိပ္ပိ ၄း၈-၉ = ခရစ်ယာန်ပါရမီများ
လူတစ်ဦးသည် သခင်ယေရှုခရစ်တော်ကို ကယ်တင်ပိုင်ရှင်အဖြစ် ယုံကြည်ပြီးနောက် ခရစ်ယာန်အသက်တာ လျောက်လှမ်းသည့်အခါ ဘုရား ဘုန်း ထင်ရှားသော ခရစ်ယာန်ကောင်းဖြစ်စေဖို့ အောက်ပါခရစ်ယာန် ပါရမီများကို ဖော်ပြလိုက်ရပါသည်။
၁။ သမ္မာတရားနှင့်ဆိုင်သောအကျင့်
၂။ လျောက်ပတ်သောအကျင့်
၃။ ဖြောင့်မတ်သောအကျင့်
၄။ စင်ကြယ်သောအကျင့်
၅။ သူတစ်ပါး နှစ်လိုဖွယ်သောအကျင့်
၆။ ချီးမွမ်းဖွယ်သောအကျင့် ရှိသမျှ၏
၇။ ပါရမီတစ်ပါးပါး
၈။ ကောင်းသောသီတင်း တစ်ပါးပါးနှင့်ဆိုင်သော အကျင့်တို့ကို ယုံကြည်သူ ခရစ်ယာန်တိုင်း နှလုံးသွင်းပြီး အသက်ရှင်မှသာ ဘုရားဘုန်း ထင်ရှားသော ယုံကြည်သူ ဖြစ်လာပါမည်။ ထိုကဲ့သို့ ကျင့်ကြံပြုမူ အသက်ရှင်လျင် ငြိမ်သက်ခြင်း၏အရှင် ဘုရားသခင်သည် ထိုသူနဲ့ အတူ ရှိတော်မူလိမ့်မည် (ဖိလိပ္ပိ ၄း၉)။
၇။ ဖိလိပ္ပံ ၄၁၁-၁၃ = ခရစ်တော်၌ရှိလျှင် အရာရာ ကျော်ဖြတ်နိုင်ပြီးဘုရားထံမှ ခွန်အားရရှိခြင်း။
ဖိလိပ္ပိ ၄:၁၁ – ငါသည် တွေ့ကြုံသမျှသော အခြင်းအရာ၌ ရောင့်ရဲသောစိတ် ရှိအံ့သောငှာ သင်မိပြီ။ ။ ရှင်ပေါလုသည် တာရှု (Tarsus) မြို့၌ မွေးဖွားလာသူ၊ ယုဒသွေး အပြည့်ရှိသူ (တမန် ၉:၁၁၊ ၂၂:၃၊ ဖိလိပ္ပိ ၃:၅) မွေးဖွားစဉ်က ရောမလူ။
ရောမနိုင်ငံသား ဖြစ်ခွင့်ရရှိပြီး (တမန် ၁၆း၃၇၊ ၂၂:၂၆-၂၈) ဂရိဘာသာ စကားနှင့် ဟေဗြဲဘာသာစကား ကျွမ်းကျင်စွာ ရေးဖတ်ပြောဆိုနိုင်သူ (တမန် ၂၁:၃၇-၄၀)၊ ဘာသာရေးတွင် စိတ်အားထက်သန်သူဖြစ်ပြီး ယုဒ ဘာသာရေးဆိုင်ရာ ရဗွီဆရာ ဂါမလျလ (တမန် ၂၂:၃၊ ၂၃း၆၊ ၂၆း၅) ထံတွင် ဆည်းပူးသင်ကြားခဲ့သူ ဖြစ်သည်။ သူ၏အသက် ၁၁ နှစ်မှ ၁၃ နှစ်အတွင်း ပညာဆည်းပူးခဲ့သည်။ ရှင်ပေါလုခေတ်အချိန် ဖာရိရှဲ ၆ဝဝဝ ရှိသည့်အနက် တစ်ဦးအပါအဝင်ဖြစ်သည်။ သူ့အသက်တာ တစ်လျှောက် လုံး မိုင် ၆၀၀၀ နီးပါး ခရီးပြုခဲ့သူ ဖြစ်ပါသည်။ တဲရှင် ချုပ်လုပ်သည့် လုပ်ငန်းကို ယုဒလူတစ်ဦးပီပီ သင်ကြားတတ်မြောက် ကျွမ်းကျင်သူလည်း ဖြစ်သည် (တမန် ၁၈း၃၊ တမန် ၉) တွင် တာရှုမြို့သား ရှောလု ဒမာသက် မြို့သို့ သွားရာလမ်းပေါ်တွင် သခင်ယေရှုနှင့်တွေ့ပြီး သူ့ဘဝတစ်ခုလုံးပြောင်းလဲမှုကြီး စတင်ခဲ့ပါသည်။ ထိုပြောင်းလဲမှုသည် သမိုင်းဝင် ပြောင်း လဲမှုကြီး ဖြစ်သည်။ ပြောင်းလဲပြီးနောက် ရှောလုမှ ပေါလုသို့ နာမည်ပါ ပြောင်းခဲ့သည်။ ရှင်ပေါလု ပြောင်းလဲပြီးနောက် သခင်ယေရှုနှင့် အသင်းတော်အတွက် သက်ဆုံးတိုင် အမှုထမ်းခဲ့သည်။ ရှင်ပေါလု အမှုတော်ဆောင် စဉ် ခဲနဲ့ ပစ်ပေါက်ခံရခြင်း၊ ထောင်ကျခံရခြင်း၊ သင်္ဘောပျက်ခြင်း၊ နှိပ် စက်ညှဉ်းပန်းခံရခြင်း၊ လောကဓံဖိနှိပ်မှုများစွာကို ခံစားရသောသူ ဖြစ်ပါ သည် (ဖိလိပ္ပိ ၄:၁၂) တွင် ရှုတ်ချခြင်းကိုလည်းကောင်း၊ ကြွယ်ဝခြင်းကို လည်းကောင်း၊ ဝစွာစားခြင်း၊ မွတ်သိတ်ခြင်း၊ စည်းစိမ်ရှိခြင်း၊ ဆင်းရဲခြင်း များစွာကို ခံခဲ့ရကြောင်း သက်သေခံခဲ့ပါသည်။ ရှောလုဘဝက သူ့အသက် တာသည် လူရိုသေရှင်ရိုသေ လူတိုင်းနီးပါး အားကျစရာကောင်းသောလူ ဖြစ်သော်လည်း ရှင်ပေါလုဘဝသို့ ပြောင်းလဲသောအခါ တစ်ပါးအမျိုးသား များဆီသို့ သခင်ယေရှု၏ ကယ်တင်ခြင်း သတင်းကောင်း ပြန့်ပွားဖို့ရန် အတွက် သူ့အသက်တာတစ်ခုလုံး စတေးပြီး ဘုရားဘုန်း ထင်ရှားအောင် အသက်ရှင်ခဲ့သူမှာ ရှင်ပေါလုပင် ဖြစ်ပါသည်။ လောကဓံတရား၊ စာတန်၏ လက်နက်ကို အောင်နိုင်ဖို့ရန် ရှင်ပေါလု၏ ဆောင်ပုဒ်မှာ ရောင့်ရဲသော စိတ်နှင့် အသက်ရှင်ခဲ့သူ ဖြစ်ပါသည်။ ရောင့်ရဲသောစိတ်နှင့် အသက်ရှင်ခြင်း သည် စာတန်ကို တွန်းလှန်ဖို့ရန် အကောင်းဆုံး နည်းလမ်းပင်ဖြစ်ကြောင်း ၊ ရှင်ပေါလု အသက်တာအားဖြင့် သက်သေခံခဲ့သူ ဖြစ်ပါသည်။
၈။ ဖိလိပ္ပိ ၄း၁၃ = ငါ့ကို ခွန်အားနှင့် ပြည့်စုံစေသောဘုရား။
ရှင်ပေါလု၏ အသက်တာတွင် သခင်ယေရှုနှင့် မတွေ့ခင် သူတစ်ပါးကို အမိန့်ပေး၍ လုပ်ဆောင်ခဲ့သူဖြစ်သော်လည်း ဒမာသက်လမ်းခရီးတွင် သခင်ယေရှုနှင့် တွေ့ရှိပြီးနောက် သူ၏အသက်တာ တစ်လျှောက်လုံး ဒုက္ခ ပြဿနာ မျိုးစုံကို ခံစားခဲ့ရသူ ဖြစ်သည်။ ထိုဒုက္ခပြဿနာ အခက်အခဲများသည် သူ့အတွက် ဘုရားသခင် ပြင်ဆင်ပေးသော ဝမ်းမြောက်စရာ သတင်းကောင်း ဖြန့်ချိဖို့ရန် အခွင့်အရေးတစ်ရပ် ဖြစ်ခဲ့ရသည်။ ကမ္ဘာပေါ်တွင် ခရစ်ယာန် ဘာသာဝင် အများစု ဖြစ်ပြီး ခရစ်တော်၏ ဝမ်းမြောက်ဖွယ်ရာ သတင်းကောင်းကို ကမ္ဘာကြီးဆီသို့ အပျံ့နှံ့အောင် လုပ်ဆောင်ခဲ့သော ပုဂ္ဂိုလ်မှာ ရှင်ပေါလုပင် ဖြစ်နေပါတော့သည်။ (တမန် ၁၆း၂၅-၃၄) ထောင်ထဲမှာကျ၍ သေမည့်နေ့ကို စောင့်နေသော အချိန်၌ပင် ပေါလုနှင့် သိလတို့ ဘုရားသခင် ၏ ဂုဏ်တော်ချီးမွမ်းခြင်းအားဖြင့် ထောင်တံခါးဖွင့်ပြီး ထောင်မှူးနှင့် မိသားစုအားလုံး ကယ်တင်ခြင်းကို ရရှိခဲ့ပါသည်။ ဘဝမှာ အဆိုးဆုံးအချိန်အခါများတွင် ဘုရားသခင်၏ဘုန်းတော် ထင်ရှားဖို့ရန် အနီးဆုံး အချိန်ပင် ဖြစ်နေပါတော့သည်။ ရှင်ပေါလုကဲ့သို့ ယုံကြည်သူ အားလုံးကို လည်း လောကဓံကို အောင်မြင်ကျော်ဖြတ်ဖို့ရန် သခင်ယေရှုက ယုံကြည်သူ အားလုံးရဲ့ ဘဝထဲမှာ ထည့်ထားပြီးသားဖြစ်ကြောင်း အစဉ်သတိရပါ။ သခင်ယေရှုထံမှ ခွန်အားကိုယူပြီး အသုံးပြုသူများသည် လောကမှာ အောင် မြင်နေသောသူများ၊ ဘုရားဘုန်း ထင်ရှားသောသူများ ဖြစ်နေကြပါသည်။ ငါ့ကို ခွန်အားနှင့် ပြည့်စုံတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသော အမှုတို့ကို ငါတတ်နိုင်သည်ဆိုသော စကားသည် ရှင်ပေါလု၏ အမှုတော်ဆောင်ခြင်း၏ ဆောင်ပုဒ်ဖြစ်ရုံသာမက ကောရိန္ဒူ အသင်းသူအသင်းသား များကိုလည်း ထိုအတိုင်း သွန်သင်ထားပါသည်။ ငါတို့သည် ကိုယ့်တန်ခိုးကို အမှီပြု၍ ကိုယ်အလိုအလျောက် တစ်စုံတစ်ခုကို ကြံစည်ခြင်းငှာ တတ်နိုင် သည်မဟုတ်၊ ဘုရားသခင်ကို အမှီပြုမှသာ တတ်နိုင်သည် (၂ကော ၃း၅)။ လူသည် မပြည့်စုံသောလူဖြစ်သောကြောင့် နေရာတိုင်းတွင် တတ်နိုင်မည် မဟုတ်ပါ။ ဘဝမှာ တတ်နိုင်ချင်ရင် သမ္မာကျမ်းစာ လမ်းညွှန်ထားပါသည်။ ဘုရားသခင်ကို အမှီပြုမှသာ တတ်နိုင်သည်။ လူဟာ တတ်နိုင်သွားလျှင် စိတ်အလိုဆန္ဒ ပြည့်ဝလာမည်ဖြစ်သည်။ တတ်နိုင်ပြီးလျှင် ဘုရားဘုန်း ထင်ရှားလာပြီး ဘုရားသခင် ကောင်းချီးမင်္ဂလာသည် ထိုသူအသက်တာမှာ လူအများ တွေ့မြင်လာနိုင်ပါလိမ့်မည်။
ဘဝမှာအမှီပြုတာမမှားပါစေနဲ့။
(၁) မိမိကိုယ်မိမိ အမှီပြုပြီး အသက်ရှင်လျှင် မှားလိမ့်မည် (ဒံ ၄း၂၇-၃၃)
နေဗုတ်ခတ်နေဇာမင်းကြီးသည် ငါ ငါ ငါဆိုပြီး ငါတကော ကောပြီး၊ အသက်ရှင်သောကြောင့် လူစင်စစ်ကနေ နွားဖြစ်ရပါသည်။ သုတ္တံဆရာကထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့ကိုးစားလော့။ ကိုယ့်ဉာဏ်ကို အမှီ မပြုနဲ့။ သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက်ပြုလော့။ သို့ပြုလျှင် စီရင်တော်မူလိမ့်မည် (သုတ္တံ့ ၃၅-၆)။
(၂) မြင်နေရသောလူကို အမှီမပြုပါနဲ့၊ မှားလိမ့်မည်။
ထာဝရဘုရား မိန့်တော်မူသည်ကား လူကိုကိုးစား၍ လူသတ္တဝါကိုအမှီပြုသဖြင့် စိတ်နှလုံးထဲ၌ ထာဝရဘုရားထံတော်မှ ထွက်သွားသောသူသည် ကျိန်အပ်သောသူ ဖြစ်၏။ ထိုသူသည် လွင်ပြင်၌ရှိသော သစ်ပင်ခြောက် ကဲ့သို့ဖြစ်၍ ကောင်းကျိုးရောက်ကြောင်းကို မသိ၊ အဘယ်သူမျှ မနေ ဖူးသော ဆားမြေ၊ သွေ့ခြောက်သော လွင်ပြင်၌ နေရာလိမ့်မည် (ယေရမိ ၁၇:၅-၆)။
(၃) ဘုရားသခင်ကို အမှီပြုမှသာ တတ်နိုင်သည်။
ထာဝရဘုရားကို ခိုလှုံခြင်းသည် လူကို ကိုးစားခြင်းထက် သာ၍ ကောင်း၏။ ထာဝရဘုရား၌ ခိုလှုံခြင်းသည် မင်းကို ကိုးစားခြင်းထက် သာ၍ကောင်း၏ (ဆာလံ ၁၁၈း၈-၉)။ ဘုရားသခင်ကို အမှီပြုသော အသက်တာ ဆိုသည်မှာ မိမိဘဝတွင် ဒုက္ခပြဿနာနှင့် ရင်ဆိုင်သည့် အခါခါတိုင်း အရင်ဦးဆုံး လုပ်ရမည့် အရာမှာ ဘုရားသခင်ထံ ဆက်ကပ် အပ်နှံပြီး ဆုတောင်း ပါ။ ထို့နောက် လုပ်သင့်လုပ်ထိုက်တာ မိမိမှာရှိသည့် အစွမ်းသတ္တိရှိသမျှနှင့် လုပ်ဆောင်ပါ။ ထိုနှစ်ခု ပြည့်စုံလျှင် မိမိဘဝမှာ တတ်နိုင်သော အသက်တာ၊ ဘုရားဘုန်း ထင်ရှားသော အသက်တာ၊ ဘုရားကောင်းချီးမင်္ဂလာ ခံစားရသော အသက်တာ ပိုင်ဆိုင်လာပေလိမ့် မည်။ လူဘဝမှာ အရေးကြီးဆုံးသော အရာမှာ မိမိကို ဖန်ဆင်းသော ဘုရား နဲ့ နေ့စဉ် အသက်တာ လျှောက်လှမ်းအသက်ရှင်ခြင်းပင် ဖြစ်သည်။ ဒီနေရာ မှာ မိမိအသက်တာတွင် တတ်နိုင်သောစိတ်နဲ့ သွားပါ၊ တတ်နိုင်တဲ့ ဘုရား နဲ့ ပူးပေါင်းပြီး အသက်ရှင်ပါ၊ တတ်နိုင်သော ကိစ္စများ မိမိအသက်တာတွင် ပိုင်ဆိုင်နိုင်ပါလိမ့်မည်။ ဥပမာတစ်ခု ဖော်ပြပါရစေ။ စာသင်နှစ်ကို အစပြုတဲ့ စာသင်ခန်းလေးထဲမှာ ဆရာမက ပထမဦးဆုံးနေ့တွင် ကျောင်းသူကျောင်းသားများအား စာရွက်တစ်ရွက်စီ ပေးပြီး မင်းတို့ စာရွက်ထဲမှာ မင်းတို့ဘဝမှာ မတတ်နိုင်တာတွေ ရေးထည့်ပါ၊ ဥပမာ – ကျွန်တော် အင်္ဂလိပ်စာ မတတ်နိုင်ဘူး၊ ကျွန်တော် သင်္ချာဘာသာမှာ အားနည်းတယ် စသည်ဖြစ်ပေါ့ကွာ။ ဆရာမရှေ့မှာရှိတဲ့ ပုံးထဲမှာ ရေးပြီးရင် လာထည့်ပါ။ ဆရာမလည်း လာထည့်မယ်၊ ဆရာမလည်း မတတ်နိုင်တာတွေ ရှိတယ်။ ကျန်းမာရေးနဲ့ အခြားကိစ္စများပေါ့ကွာ။ စားပွဲခုံပေါ်မှာရှိတဲ့ ပုံးထဲမှာ စာရွက်အားလုံး ထည့်ပြီးတဲ့အခါ ဆရာမက ကျောင်းသူ ကျောင်းသားအားလုံးကို ကျောင်းရှေ့ ခေါ်သွားပြီး ပုံထဲမှာ မတတ်နိုင်တဲ့ စာရွက်အားလုံး မြေကြီးကို တွင်းတူး၊ ပြီး မီးရှို့ပြာချကာ မြေကြီးနဲ့ဖုံးပြီး ကျောင်းသူကျောင်းသား အားလုံးကို စာသင်ခန်းထဲသို့ ပြန်ဝင်လာကြပါတယ်။ စာသင် ခန်းသို့ ရောက်သောအခါ ဆရာမက ကျောင်းသူကျောင်းသား အားလုံးကို စကားတစ်ခွန်း ပြောပါတယ်။ ဒီစာသင် နှစ်တစ်လျှောက်လုံး မင်းတို့နဲ့ ဆရာမ စာသင်တဲ့အခါ မင်းတို့ မတတ်နိုင်တဲ့ အရာအားလုံး ဆရာမက မြေကြီးထဲ မြုပ်နှံပြီး ဖြစ်တဲ့အတွက် ဒီနေ့ကစပြီး ကျွန်တော် အင်္ဂလိပ်စာ၊ သင်္ချာ မတတ်နိုင်ဘူးလို့ မပြောကြေး၊ အားလုံး နားလည်တယ် မဟုတ်လား၊ ဟု ကျောင်းသူကျောင်းသားများအား ပြောကြားရာ ထက်ထက်မြက်မြက် ရှိတဲ့ ကျောင်းသားတစ်ဦးက ထပြီး ဆရာမ ကျွန်တော်မတတ်နိုင်တဲ့ အားနည်းတဲ့ အင်္ဂလိပ်စာ မီးရှို့ပြာချ မြေကြီးထဲ ရောက်နေပေမဲ့ ကျွန်တော် မတတ်နိုင်တာ ကျွန်တော့်ဆီမှာ အခုရှိနေတယ်၊ ဘယ်လိုလုပ်မလဲဟု မေးရာ ဆရာမက ကျောင်းသားကျောင်းသူ အားလုံးကို စကားတစ်ခွန်း ပြောပါတယ်။ သားတို့ သမီးတို့ မတတ်နိုင်တဲ့စိတ်နဲ့သွားရင် တစ်သက်လုံး၊ အင်္ဂလိပ်စာဟာ သူ့အတွက် သေတဲ့အထိ မတတ်နိုင်တော့ဘူး၊ ဒီနေရာမှာ လူတိုင်း တတ်နိုင်တယ်ဆိုတဲ့ စိတ်နဲ့ သွားပါ။ ကျောက်သင်ပုန်းပေါ်မှာ ဆရာမက ကျမ်းစာတစ်ချက် ရေးပြပါတယ်။ ရှင်ပေါလု၏ ဆောင်ပုဒ်ဖြစ် သော ငါ့ကို ခွန်အားနဲ့ ပြည့်စုံတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသော အမှုတို့ကို ငါ တတ်နိုင်၏ (ဖိလိပ္ပိ ၄:၁၃) တတ်နိုင်တဲ့ ဘုရားနဲ့ ပူးပေါင်းပါ၊ မတတ်နိုင်တဲ့ စိတ်နဲ့သွားတဲ့ လူတစ်ယောက်နဲ့ တတ်နိုင်တယ် ဆိုတဲ့ စိတ်နဲ့သွားတဲ့ လူတစ်ယောက် ခရီးပေါက်တာချင်း ဘယ်တော့မှ မတူနိုင်ပါ။ တတ်နိုင်တဲ့ ဘုရားနဲ့ ပူးပေါင်းပါ၊ ပန်းတိုင် ပိုနီးလာမယ်။ ခရီးပိုပေါက်လာမယ်။ ဆရာမက စာသင်နှစ် မစတင်မီ ကျောင်းသားကျောင်းသူများကို သင်ခန်းစာပေးပြီးမှ စာစသင်ပါသည်။ ကျွန်တော်တို့ အားလုံးလည်း ဆရာမ ပေးသော သင်ခန်းစာအတိုင်း ဘဝအသက်တာ တစ်လျှောက်လုံး တတ်နိုင်တဲ့စိတ်နဲ့ သွားကြပါစို့။ တတ်နိုင်တဲ့ ဘုရားနဲ့ ပူးပေါင်းပြီး အသက်ရှင်ကြပါစို့။ မိမိဘဝ ရည်မှန်းချက်ခရီး ပိုမိုရောက်မှာ ဧကန်မလွဲပါ။ ရှင်ပေါလုကဲ့သို့လည်း ဘုရားဘုန်း ထင်ရှားလာသောသူ ဖြစ်လာပါလိမ့်မည်။
အနှစ်ချုပ် (ဖိ ၄:၁-၁၃) ၊
(၁) ခရစ်တော်ဘုရား၌ တည်ကြည်ပါ။
(၂) ယုံကြည်သူ အချင်းချင်း စည်းလုံးညီညွတ်ပါ။
(၃) ခရစ်တော်ဘုရား၌ အားကိုးခိုလှုံလျှင် ဝမ်းမြောက်ခြင်းအသက်တာ
(၄) ခရစ်တော်ဘုရားသည် အနီးအပါး၌ အစဉ်ရှိတော်မူ၏။
(၅) ခရစ်တော်အားဖြင့် ရရှိသော ငြိမ်သက်ခြင်း။
(၆) ခရစ်ယာန်အသက်တာ လျှောက်လှမ်းရမည့် ပါရမီများ။
(၇) ခရစ်တော်အားဖြင့် လောကဓံကို အောင်မြင်နိုင်သော ယုံကြည်သူများ။
(၈) ငါ့ကို ခွန်အားနှင့် ပြည့်စုံစေတော်မူသော ဘုရားအားဖြင့် ခပ်သိမ်းသော အမှုများကို ငါတတ်နိုင်၏။
မှီငြမ်းစာအုပ်များ
(၁) Rev. Dr. စောစေးခူ
ဖိလ္လိပ္ပိသြဝါဒအနက်ဖွင့် – လေလှိုင်းမှ ဝေငှချက်များ
(၂) မောင်သာချို
– သမ္မတ မပါပါစေနဲ့
– ကွေ့ကောက်သောလမ်းနဲ့ ဖြောင့်တန်းတဲ့ခြေရာ
(၃) ဗန်းမော်သိန်းဖေ
ဝေမျှလိုသော အတွေးများ (၁) (၂) (၅)
(၄) ကျော်ငယ်
စိတ်အာဟာရများ (ဒုတိယတွဲ)
(၅) ဆရာမ ဒေါ်မြမြသက်
တမန်တော် ရှင်ပေါလုနှင့် နားလည်ရန်ခက်ခဲသော သင်ကြားချက်များ၊
(၆) ဆရာကြီး ယုဒသန်
မြန်မာကျမ်းစာအုပ် ၊
(၇) ပို့ထားသော မှီငြမ်းစာအုပ်များ
(အင်္ဂလိ)