သန်လျင် ဖေသွင်
အယ်ဒီတာ့အမှာ
ထိထိရောက်ရောက်ဟောပြော သက်သေခံနိုင်မှ ခရစ်ယာန် အသက်တာသည် လောကအတွက် အလင်းနှင့်ဆား သဖွယ်အစေခံ ကောင်းများနိုင်မည်သာဖြစ်သည်။ ထိရောက်သော တရားဟော ချက်ပြင်ဆင်နိုင်ရန် အချက်အလက်များကို စု
ဆောင်းနိုင်ရမည်။ ထိုမျှမက ပုံသာဓကများကို ထည့်သွင်းကာ ထိမိစွာ သက်သေခံနိုင် ရမည်။
ဤကဲ့သို ထိရောက်စွာတရားဟောနိုင်ရန် အတွက် အသုံးဝင် ကာအကျိုးပြုမည့် ဆရာကြီးသန်လျင်ဖေသွင် ရေးသားပြုစသည့် “ပုံသာဓကပေါင်းချုပ်” ကို ပြန်လည်ထုတ်ဝေ လိုက်ပါသည်။ ယခု အကြိမ်ထုတ်ဝေရာတွင် စာဖတ်သူများမိမိဖတ်လိုသော ခေါင်းစဉ် များကို လွယ်ကူစွာရှာဖွေဖတ်ရှုနိုင်ရန် မာတိကာများကိုထည့်ပေး ထားပါသည်။
ဤစာအုပ်သည် တရားဒေသနာဝေငှသည့် အခါတွင်သော် လည်းကောင်း၊သားသမီး များဆိုဆုံးမသည့်အခါတွင် သော်လည်း ကောင်း အလွန်အသုံးဝင်မည့် စာအုပ်ကောင်းဖြစ်ပါသည်။
Rev. ဖွန်ဟရန်းဆွေ
စာရေးသူ၏အမှာ
တရားဒေသနာတစ်ပုဒ်ကိုသော်လည်းကောင်း၊ ဟောပြော ချက် တစ်ခုခုကိုသော်လည်းကောင်း ကြားနာကြရသော သူအ ပေါင်းတို့ သဘောပေါက်နားလည်လာစေရေးအတွက် ပုံသာဓက များသည် တန်ဖိုးမဖြတ်နိုင်လောက်အောင် အသုံးဝင်လှသည်။
အလွန်တရာ နက်ရှိင်းခက်ခဲလှသော အချက်အလက်များကို ပင်လျှင် ပုံသာဓကအားဖြင့် တင်စားပြောဆိုလိုက်သောအခါ လူ အများက ရှင်းလင်းစွာ သဘောပေါက်လာရုံမက စိတ်ထဲ၌ ပိုမို၍ ပင် စွဲမှတ်သွားလေ့ရှိတတ်ပါ၏။ ရုပ်ပုံကားချပ်များ၊ ရှုခင်းမြင်ကွင်း များသည် လူတို၏ စိတ်အာရုံကို ချက်ခြင်း ဆွဲဆောင်လိုက်စေ သကဲ့သို ပုံသာဓကများ၊ ဥပမာ၊ ဥပမေယျများပေး၍ ဟောပြော လိုက်သော အချက်များသည် လူတို၏ စိတ်ကို ဆွဲဆောင် လိုက်နိုင် စေသည်။ စိတ်ကို လှုပ်ရှားသွား စေရန်လည်း အထောက်အကူပြု နေပါသေးသည်။
ပုံသာဓကအားဖြင့် တရားဒေသနာတစ်ပုဒ်ကို နိဒါန်းပျိုးပါ လျှင် တရားနာပရိသတ်၏ စိတ်ဝင်စားမှုကို ရယူနိုင်သည်။ တရား ဒေသနာတစ်ပုဒ်၏ အလယ်ပိုင်းသို ရောက်လာ၍ အချေအတင် ပြုချက်များ၊ ဆွေးနွေးချက်များ ပါလာသောကြောင့် ပရိသတ်၏ စိတ်အာရုံကျဆင်းလာချိန်မျိုးတွင် ပုံသာဓကတစ်ခုကို အသုံးပြု လိုက်ခြင်းဖြင့် သူတို၏ စိတ်အာရုံ ပြောင်းလဲလာပြီး လန်းဆန်း နိုးကြားလာစေတတ်သည်။ တရားဟောချက်၏ နိဂုံး အပိုင်းတွင် လည်း ပုံသာဓကအားဖြင့် အဆုံးသတ်လိုက်ခြင်းပါလျှင် ပြောဆိုလိုသော အဓိက အကြောင်းအရာကို တရားနာပရိသတ်၏ စိတ်ထဲ တွင် စွဲငြိသွားစေနိုင်ပါ၏။
ထိုကြောင့်လည်း တရားဟော ဆရာများအတွက် အဖိုးတန် လိမ့်မည်ဖြစ်သော ဤပုံသာဓကပေါင်းချုပ်ကို ဦးစားပေး၍ ပုံနှိပ် ထုတ်ဝေလိုက်ရခြင်း ဖြစ်ပါသည်။
ဤစာအုပ်ကို ရေးသားပြုစုရာတွင် အတော်လေးပင် “လက် ဝင်’ လှသည်ဟု ဆိုရပေမည်။
ပုံသာဓကများပါသည့် စာအုပ်ပေါင်းစွာကို ဖတ်ရှုလေ့လာပြီး ကောင်းနိုးရာရာ ပုံသာဓကများကို ရွေးချယ်သတ်မှတ်ရသည်။ အင်္ဂ လိပ် အက္ခရာစဉ်အတိုင်း အစီအစဉ်ချ၍ ထိုခေါင်းစဉ်နှင့် အကျုံး ဝင်မည့်ပုံသာဓကများကို ရှာဖွေရသည်။ စာရွက်ကလေးများဖြင့် အဆိုပါ စာမျက်နှာများကို “အလံတပ်” မှတ်သားထားရသည်။ ထို နောက်မှ အက္ခရာစဉ်အတိုင်း ထိုပုံသာဓကများကို တစ်ခုချင်း ကောက်နှုတ် ဖေါ်ထုတ်၍ ပြင်သင့်သည့်နေရာတွင် ပြင်လှီးသင့်သည့် နေရာတွင် မှီးပြီး လွယ်ကူရှင်းလင်းစေရန် အမျိုးမျိုး ပြုပြင်ရေး သား ပြုစုခဲ့ရပါသည်။ ။
ဓမ္မဆရာများနှင့် တရားဟောပြောနေသူတိုင်းအတွက် ဤပုံ ၊ သာဓကပေါင်းချုပ် စာအုပ်သည် အကျိုးပြုနိုင်ပါစေဟု မျှော်လင့် ပါသည်။
သန်လျင်ဖေသွင်
မာတိကာ
ခေါင်းစဉ်
အယ်ဒီတာ့အမှာ
စာရေးသူ၏အမှာ
စွမ်းရည်များ
လက်ခံခြင်း၊
လက်တွေ့လုပ်ဆောင်ခြင်း
ဆင်းရဲဒုက္ခ ကြုံတွေ့ရခြင်း
အရက်သေစာသောက်စားခြင်း
စိုးရိမ်ပူပန်ခြင်း
အာမခံချက်
ဥစ္စာပစ္စည်းတပ်မက်ခြင်း
အတားအဆီးအုတ်တံတိုင်းများ
သမ္မာကျမ်းစာ
မျက်စိကန်းနေခြင်း
ကျိုးပဲ့ခြင်း
ညီရင်းအစ်ကိုစိတ်ထား
ဝန်ထုပ်များ
ကရာနီကုန်းတော်
ခရစ်တော်
အသင်းတော်
စိန်ခေါ်ချက်
ပူးပေါင်းဆောင်ရွက်ခြင်း
ဩတ္တပ္ပစိတ်
ဆက်ကပ်ခြင်း
ခေါင်းစဉ်
ပြောင်းလဲခြင်း
ရဲစွမ်းသတ္တိ
ကားတိုင်
သံသယစိတ်
သေခြင်း
နောက်လိုက်တပည့်တော်ဖြစ်ရခြင်း
တာဝန်
တူညီခြင်း
ပုံသက်သေ
ယုံကြည်ခြင်း
အပြစ်လွှတ်ခြင်း
လွတ်လပ်ခြင်း
ဘုရားသခင်
ရည်မှန်းချက်ပန်းတိုင်
ပေးကမ်းလှူဒါန်းခြင်း
ကယ်တင်ခြင်းတရားတော်
ကျေးဇူးတော်
လမ်းပြပဲ့ပြင်မှု
ကောင်းကင်နိုင်ငံ
အပါယ်ငရဲ
အာဇာနည်သူရဲကောင်း
ခရစ်ယာန် (အိမ်ထောင်)
ရိုးသားဖြောင့်မတ်ခြင်း
ဧည့်ဝတ်ကျေပွန်ခြင်း
ခေါင်းစဉ်
မျှော်လင့်ခြင်း
စိတ်နှိမ့်ချခြင်း
သူတော်ကောင်းယောင်ဆောင်ခြင်း ၊
လူ့ဇာတိတို့ကို ခံယူခြင်း
အရှိန်ဩဇာသက်ရောက်စေခြင်း
ဝမ်းမြောက်ရွှင်လန်းခြင်း
တရားစီရင် ဆုံးဖြတ်ခြင်း
ကြင်နာသနားခြင်း
အလင်း
မေတ္တာ
သဘာဝလောက
ပေါ့ဆမှု၊ လျစ်လျူရှုမှု
စကားတော် နားထောင်ခြင်း
အခွင့်အရေး
ငြိမ်သက်ခြင်း
ဇွဲရှိခြင်း
ဆုတောင်းခြင်း
မာန်မာန
နောင်တရခြင်း
သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်း
ပစ္စည်းဥစ္စာကြွယ်ဝခြင်း
စွန့်လှူပူဇော်ခြင်း ၊
ကယ်တင်ခြင်း
တစ်ကိုယ်ကောင်းစိတ်ထား
(ဘုရားသခင်အား) အစေခံခြင်း
အပြစ်ဒုစရိုက် ၊
ခေါင်းစဥ်
သေးဖွဲ့သော အရာများ
ဝမ်းနည်းကြေကွဲခြင်းနှင့် ဒုက္ခခံစားရခြင်း
စုံစမ်းနှောင့်ယှက်ခြင်းနှင့် စစ်ဆေးခြင်း ၊
ကျေးဇူးတော်ချီးမွမ်းခြင်း ၊
စည်းလုံးညီညွတ်မှု (သိုမဟုတ်)
တစ်လုံးတစ်ဝတည်းဖြစ်ရေး
ရူပါရုံ
ဘုရားသခင်၏ အလိုတော်
လူငယ်
စိတ်အားထက်သန်ခြင်း
ပုံသာဓကပေါင်းချုပ်
ABILITIES စွမ်းရည်များ
၁။ တစ်ခါက လူကြီးတစ်ဦးရှိသည်။
ငယ်စဉ်ကတည်းက သူ၏ လက်ဝဲမျက်စိသည် အားနည်းနေခဲ့ သဖြင့် ကောင်းစွာ မမြင်နိုင်ဘဲ ဖြစ်ခဲ့သည်။ အားနည်းနေသော ထိုလက်ဝဲမျက်စိကို စက္ကူကပ်ပြားငယ်ဖြင့် ဖုံးအုပ်ကာ၊ လက်ယာ မျက်စိကိုသာလျှင် တစ်ချိန်လုံး အသုံးပြုလာခဲ့သည်။ အသက်ကြီး လာသောအခါ သူ၏ မိတ်ဆွေများက ပိုက်ဆံစုထည့်ကြပြီး၊ အား နည်းနေသော ထိုလက်ဝဲမျက်စိကို ခွဲစိတ်ကုသရန် မြိုကြီးတစ်မြိုရှိ မျက်စိပါရဂူထံသို သူ့အား စေလွှတ်ခဲ့ကြသည်။
သူသည် မြိုပေါ်ရှိ မျက်စိပါရဂူထံသို သွားရောက်ကာ လက်ဝဲ မျက်စိကို ပြသခဲ့သည်။ ပါရဂူဖြစ်သူက အဆိုပါ မျက်စိကို စမ်းသပ် ကြည့်ပြီး ခေါင်းခါလေတော့သည်။ ယခင်က အစဉ်တစိုက် အသုံး ပြုလာခဲ့သော လက်ျာမျက်စိသည် ပကတိ ကောင်းမွန်နေသော် လည်း အသုံးမပြုဘဲထားခဲ့သော လက်ဝဲမျက်စိမှာကား ယခုဆိုလျှင် ကု၍မရနိုင်လောက်အောင် ကန်းနေလေပြီဟု ဆိုလိုက်လေတော့၏။
ဘုရားသခင်က ပေးထားသော စွမ်းရည်တို့ သည်လည်း ထို အတိုင်းပင် ဖြစ်သည်။
လူတစ်ဦးစီကို ဘုရားသခင်က စွမ်းရည်များ ပေးထားနေသည် မှာ၊ လူ့ဘောင်လောကရှိ လူအသီးသီးတို၏ ကောင်းကျိုးအတွက် အသုံးပြုရန်ပင် ဖြစ်ပါ၏။ သိုသော်လည်း ထို စွမ်းရည်များကို အသုံးမပြုဘဲနေခဲ့ပါလျှင် များမကြာမီ ဆုံးရှုံးပျက်စီးသွားတော့မည်မှာ မလွဲပင် ဖြစ်ပါ၏။ “မသုံးဘဲထားလျှင် တုံးသွားလိမ့်မည်” ဟူ သော သင်ခန်းစာတစ်ရပ်ပေတည်း။ ။
၂။ တစ်ခါက နိုင်ငံတစ်နိုင်ငံ၌ အလွန်မိုးခေါင်နေခဲ့သည်။ ရှိရှိသမျှသော ရေကန်၊ မြစ်၊ ချောင်း၊ အင်းအိုင်တို့ သည် ခမ်းခြောက် သွားကုန်တော့သည်။
ကလေးမလေးတစ်ဦးသည် မမာနေသော သူ၏မိခင်ကြီးအား ရေတိုက်နိုင်ရေးအတွက် သူ၌ရှိသော ခွက်ကလေးကို ပန်းခြံထဲတွင် ချထားပြီး အဆိုပါ ခွက်ကလေးကို ရေဖြည့်ပေးပါရန် ဘုရားသခင် ထံ အားကြိုးမာန်တက် ဆုတောင်းခဲ့သည်။ ထိုည၌ နှင်းများကျလာ ခဲ့သဖြင့် နောက်တစ်နေ့မနက်တွင် ထိုရေခွက်ကလေးတွင် နှင်းရည် အနည်းငယ် ပြည့်လာခဲ့သည်။ ကလေးမလေးသည် ဝမ်းသာအားရ ဖြစ်ကာ ထိုခွက်ကလေးကိုယူ၍ မိခင်ကြီးထံ အပြေးကလေး သွား တော့၏။
လမ်းတွင် ရေငတ်နေသော ခွေးကလေးတစ်ကောင်ကို တွေ့ရ သည်။ ထိုခွေးကလေးမှာ ရေငတ်လွန်းလှသဖြင့် အသင်ငင်နေရှာ သည်။ ကလေးမကလေးက ထိုခွေးကလေး၏ ပါးစပ်ထဲသို နှင်း ရည်စက် အနည်းငယ်ချပေးလိုက်ရာတွင် ထိုရေခွက်ကလေးမှာ ငွေခွက်ကလေး ဖြစ်သွားသော ဟူ၏။
မိခင်ကြီးထံသို ရောက်၍ နှင်းရည်စက်ကလေးများကို ပါးစပ် ဖျား၌ ချပေးမည် အပြုတွင် မိခင်ကြီးက “အမေ့ထက် မမာမကျန်း ဖြစ်နေတဲ့ လူနာတစ်ဦးကို သွားပေးလိုက်ပါကွယ်”ဟု ဆိုရှာတော့၏။ ထိုသို ပြောလိုက်သည်နှင့် အဆိုပါ ငွေခွက်ကလေးမှာ ရွှေခွက် ဖြစ်သွားပြန်လေ၏။
ကလေးမလေးသည် အံ့အားသင့်စွာကြည့်နေစဉ် အိမ်ရှေ့တွင် တံခါးခေါက်သံကြားရသဖြင့် တံခါးကို သွားရောက် ဖွင့်လိုက်သည်။ ရေငတ်၍ သေလုဆဲဆဲဖြစ်နေသော သူစိမ်းတစ်ဦး ရပ်နေသည်ကို တွေ့ရသောကြောင့် ထိုနှင်းရည်ခွက်ကလေးကို ပေးလိုက်တော့၏။ ထို သူစိမ်းသည် ကိုယ်ရောင်ကိုယ်ဝါများ ထွက်ပေါ်နေသဖြင့် ထူး ခြားလှသည်ဟူ၍ ကလေးမလေးက ငေးကြည့်နေရှာသည်။ ရေငတ် နေသော ထိုသူစိမ်းက ထိုခွက်ကို ကိုင်လိုက်သည်တွင် ထိုခွက်က လေးသည် စိန်ကျောက်၊ နီလာများဖြင့် ခြယ်သထားသော အလွန် အဖိုးတန်ခွက်ကလေး ဖြစ်သွားသော ဟူ၏။
မိမိ၌ ရှိသမျှကို သူတစ်ပါးနှင့် ဝေမျှပါ။ ရှိနေသည်ထက် အဆ ပေါင်းများစွာ တိုးပွားလာပါလိမ့်မည်။
ရေငတ်နေသော သူစိမ်းတစ်ဦးကို ရေအေးလေး တစ်ခွက်ကို တိုက်လိုက်ပါ။ ထိုသို ပြုပါက သူသည် ခရစ်တော်နှင့် ဆုံတွေ့လာရ ပါလိမ့်မည်။
၃။ နေရောင်ထဲ၌ သွား၍ ရပ်နေကြည့်ပါ။ သာမန်အားဖြင့်ဆို လျှင် ထိုနေရောင်ခြည်၏ စွမ်းရည်ကို ကောင်းစွာ ရိပ်စားနိုင်လိမ့် မည် မဟုတ်ပါ။
သို့သော် မှန်ဘီလူးတစ်ခုကိုယူပြီး နေရောင်ခြည်ကို မှန်ဘီလူး အားဖြင့် စုစည်းစေကာ အောက်သို ပြကြည့်ပါ။ အောက်တွင်ရှိနေ သော သစ်ရွက်ခြောက်များ၊ စက္ကူစများ စသည်တို လောင်ကျွမ်း သွားသည်ကို တွေ့ရပါလိမ့်မည်။
ထိုနည်းတူပင် နေရောင်ခြည်ကဲ့သိုသော မိမိ၏ စွမ်းရည်များ ကို အလဟသဖြန့်ကြဲထားနေလျှင် ထိုစွမ်းရည်တို့ သည် လာမျှအသုံးမဝင်ဘဲ ဖြစ်နေပါလိမ့်မည်။ မိမိ၌ရှိရှိသမျှသော စွမ်းရည် တို ကို တစ်နေရာတည်း၌ စုစည်းစေပြီး သူတစ်ပါးအတွက် အသုံး ပြုကြည့်ပါ။ ထိုစွမ်းရည်တို၏ စုစည်းမှုကြောင့် ထိုသူတို၏ စိတ်နှ လုံးကို အရည်ပျော်သွားစေပြီး မေတ္တာ၏ စူးရှမှု တန်ခိုးအာနိသင်ကို ခံစားလာစေပါလိမ့်မည်။
ACCEPTANCE လက်ခံခြင်း၊
၄။ ခရစ်တော်ကို လက်ခံလိုက်သည့် တစ်ပြိုင်နက် အဘယ်ကဲ့ သို ဖြစ်လာတတ်ပါသနည်း။
ကမ္ဘာကျော် စာရေးဆရာကြီးတစ်ဦးဖြစ်သည့် တော(လ်)စ တွိင်းက အောက်ပါအတိုင်း ဝန်ခံခဲ့ဖူးပါသည်။
ငါးနှစ်လောက်တုန်းကမှ ခရစ်တော်ကို ကျွန်တော် လက်ခံခဲ့ ပါတယ်။ ခရစ်တော်ကို လိုက်ခံလိုက်တဲ့ တစ်ပြိုင်နက် ကျွန်တော် ဘဝဟာ အားလုံး ပြောင်းပြန်ဖြစ်သွားပါတယ်။ အရင်တုန်းက ကျွန်တော် အင်မတန် လိုချင်တပ်မက်နေသမျှတွေကို အခု မလို မလိုချင်တော့ဘူး။ အရင်တုန်းက လုံးဝမလိုချင်တဲ့ဟာတွေကို လို ချင် တပ်မက်လာပါတယ်။ အရင်တုန်းက အင်မတန်ကောင်း လှပါ လားလို ထင်ရတဲ့အရာတွေဟာ အခုမှ မကောင်းမှန်း သိလာတယ်။ မကောင်းဘူးလို ထင်နေခဲ့တဲ့ အရာတွေဟာ ကောင်းမှန်း အခုမှ သိလာပါတယ်။ အင်မတန်ထူးဆန်းပါတယ်။
ခရစ်တော်ကို လက်မခံခင်တုန်းက ကျွန်တော်ဟာ နှစ်ဦးချင်း ယှဉ်ပြိုင်ပြီး ဓားချင်းခုတ် သတ်ဖြတ်ခဲ့ပါတယ်။ လောင်းကစား ခဲ့ ပါတယ်။ အောက်တန်းကျ အလုပ်သမား လူတန်းစားတွေဆီက ခေါင်းပုံဖြတ်ခဲ့တယ်။ မကောင်းတဲ့ လူတွေနဲ့ ပေါင်းသင်းခဲ့တယ်။ လိမ်တာညာတာ ခိုးတာဝှက်တာ အရက်သောက်တာတွေဟာကောင်းတယ်၊ ပျော်စရာ ကောင်းလှတယ်လို ထင်ခဲ့တယ်။ ဒါပေ မယ့် ခရစ်တော်ကို လက်ခံလိုက်မိတာနဲ့ ဒါတွေဟာ မကောင်းမှန်း မြင်လာရုံလာမက၊ ဒီအကျင့်တွေကို စွန့်လွှတ်နိုင်ဖို့ ခွန်အားကို လည်း ရလာပါတယ်ဗျာ” ဟု ဆိုခဲ့ပါ၏။
ခရစ်တော်ကို လက်ခံလိုက်ခြင်းသည် ဘဝဟောင်းကို အရင်း အမြစ်မှနေ၍ လှန်ပစ်လိုက်ခြင်းနှင့်တူပါ၏။
၅။ ကလေးငယ်တစ်ဦးသည် အမေရိကန်ပြည်၊ ဘော်စတန်မြို တောင်ပိုင်းရှိ ဆင်းရဲသား ရပ်ကွက်၌ မွေးဖွားခဲ့သည်။
ငယ်စဉ်ကတည်းက သူ၏ မိဘများက သူ့ကို စွန့်ပစ်ထားကြ သည်။ တစ်ရပ်ကွက်လုံးက သူ့ကို လုံးဝ လက်မခံဘဲ ဥပေက္ခာပြု ထားကြသည်။ ပတ်ဝန်းကျင် လောကတစ်ခုလုံးကို သူက ရန်သူ အဖြစ် မြင်ပြီး ကြီးပြင်းလာခဲ့သည်။ ငယ်စဉ်ကတည်းက သူခိုး ကလေး ဖြစ်ခဲ့သည်။ လိမ်ခြင်း၊ ညာခြင်းသည် သူ၏ ဓလေ့ထုံးစံ ဖြစ်နေသည်။ ဒုစရိုက်ပြစ်မှုသည် သူ၏ ဝါသနာဖြစ်လာသည်။ သေးငယ်သော ဒုစရိုက်များမှတစ်ဆင့် ကြီးမားသော ဒုစရိုက်များ ကို ပြုလာခဲ့သည်။ ကြီးလာလေလေ သူ၏ အကျင့်စရိုက်သည် ဆိုးဝါးလာလေလေ ဖြစ်ခဲ့သည်။
နောက်ဆုံး၌ သူသည် လူသတ်ခဲ့သဖြင့် သေဒဏ်ပေးခြင်းခံ ခဲ့ရလေတော့သည်။ အကျဉ်းထောင် ကြိုးတိုက်ထဲတွင် ရှိနေစဉ် ဘုန်းတော်ကြီး ဖါရယ်(လ်)ဆိုသူက သူ့ထံလာရောက်ပြီး စကား ပြောလေ့ရှိသည်။ နေ့ရက်ပေါင်းများစွာ ထိုဘုန်းတော်ကြီးနှင့်အတူ စကားပြောဆွေးနွေးခွင့်ရခဲ့သည်။
ကြိုးစင်ပေါ်သို တက်ရခါနီးတွင် သူ၏ နောက်ဆုံးသော စကားများမှာကား “တကယ်လိုသာ ဘုန်းတော်ကြီး ဖါရယ်(လ်)လို မေတ္တာ ကရုဏနဲ့ ကျွန်တော့်ကို လူအများက ‘လက်ခံ” ကြမယ်ဆို ရင် ကျွန်တော့်ရဲ့ ဘဝဟာ တစ်မျိုးတစ်ဖုံ ဖြစ်သွားခဲ့မှာပါပဲဗျာ” ဟူသတည်း။
သူတစ်ပါးကို စီရင် ဆုံးဖြတ်၊ ဝေဖန်၊ ပြစ်တင်နေမည့်အစား ထိုသူရှိနေသည့်အတိုင်းသာ မေတ္တာရှေ့ထားပြီး လက်ခံကြည့်ပါ။ သူသည် ထိုမေတ္တာကို မြင်လာပြီး မုချပြောင်းလဲလာပါလိမ့်မည်။
၆။ ဘုရားမယုံ၊ ဘာသာရေးအပေါ် လုံးဝ အထင်မကြီးသော ပုဂ္ဂိုလ်တစ်ဦးနှင့် ခရစ်ယာန် ဓမ္မဆရာတစ်ဦးတို သည် လမ်းအတူ လျှောက်လာကြသည်။ ဘုရားမယုံသည့် ပုဂ္ဂိုလ်က ပြောလိုက်သည်။
“ဒီမှာ ဆရာ၊ ဆရာတို အနေနဲ့ ဘာသာရေးတရားဒေသနာ တွေ ခရစ်တော်ရဲ့ အကြောင်းတွေကို အချိန်ကုန် လူပင်ပန်းခံပြီး ဟောနေပေမယ့် အလကားပါပဲလေ။ ကမ္ဘာလောကကြီးထဲမှာ သူခိုး တွေ၊ ဓါးမြတွေ၊ လူသတ်သမားတွေ၊ ဆိုးယုတ်တဲ့လူတွေ ဒုနဲ့ဒေးပဲ။ အခုထက်ထိ လောကကြီးတစ်ခုလုံးမှာ သွေးချောင်းစီးနေတုန်းပဲ မဟုတ်လား”
ဓမ္မဆရာသည် ဘာမှ ပြန်မပြောပဲ တိတ်ဆိတ်စွာ လမ်း လျှောက်လာနေစဉ်၊ ညစ်ပတ်ပေရေနေသော ကလေးငယ်တစ်ဦး၊ ကို တွေ့လိုက်ရသည်။ ထိုအခါ ဓမ္မဆရာက ပြောလိုက်သည်။
“လောကကြီးမှာ ဆပ်ပြာဆိုတာဟာ အလကားပဲ မဟုတ်လား။ ဟိုမှာကြည့်စမ်းပါဦး၊ ညစ်ပတ်ပေရေနေတဲ့ ကလေးကို မြင်လား” “အို… ဒီလိုလည်း ဘယ်ဟုတ်မလဲ၊ အခုပဲ ဆပ်ပြာသွားယူပြီး ဒီကလေးကို ရေနဲ့ ဆေးကြောလိုက်ရင် သန့်စင်သွားမှာပါပဲ ဆရာရယ်”
“ခရစ်ယာန် ဘာသာဟာလည်း ဒီအတိုင်းပါပဲ ကိုယ့်လူရယ်။ ဆပ်ပြာရှိပေမယ့် ဆပ်ပြာကို မသုံးဘဲထားရင် ဒီလိုပဲ ညစ်ပတ်ပေ ရေနေမှာပဲ။ ခရစ်တော်ကို လက်ခံပြီး၊ ခရစ်တော်ရဲ့ တရားတော်ကို လက်တွေ့အသုံးချကြမယ်ဆိုရင်၊ လောကကြီးမှာ ဆိုးညစ်ယုတ်မာ တဲ့ လူတွေ ပျောက်ကွယ်သွား မှာပါပဲလေ။ အရေးကြီးဆုံးကတော့ ခရစ်တော်ကို “လက်ခံ” ပြီး သူ့ရဲ့ တရားတော်အတိုင်း ကျင့်သုံး တတ်ဖိုပါပဲဗျာ”ဟု ရှင်းပြလိုက်ပါတော့၏။
၇။ တစ်ခါက နာမည်ကြီး ပုဂ္ဂိုလ်နှစ်ဦးသည် မီးရထား အတူ စီးနေရင်း၊ စကားစမြည် ပြောလာခဲ့ကြသည်။ တစ်ဦးမှာ ဘုရားမယုံ သည့် ဗိုလ်မှူးကြီး ရောဘတ်၊ အင်ဂါဆာ(လ်) ဆိုသူဖြစ်ပြီး ကျန် တစ်ဦးမှာ ဗိုလ်ချုပ်ကြီး လှူဒါ့လေ့(စ်) ဆိုသူဖြစ်၏။ ဗိုလ်မှူးကြီး အင်ဂါဆာ (လ်)က
“ဒီမှာ ဗိုလ်ချုပ်ကြီး၊ ခင်ဗျားဟာ စာရေးတဲ့ နေရာမှာ အတော် ပြောင်မြောက်တဲ့ သူတစ်ယောက်ပါပဲ။ စာအုပ်တစ်အုပ်လောက် ရေးစမ်းပါဗျာ။ ဒီခရစ်ယာန်တွေဟာ “ယေရှု) ဆိုတဲ့ သာမန် လက် သမား တစ်ဦးကို ဘုရားလိုဆိုပြီး၊ အကြီးအကျယ် မြှောက်စားနေ ကြတယ်။ မှန်ပါတယ်၊ ဒီယေရှုခရစ်တော်ဟာ လူကောင်းတစ် ယောက် ပါပဲ။ အကျင့်သီလလည်း ကောင်းပါတယ်။ တော်တော် လည်း ထူးခြားပါတယ်။ ဒါပေမယ့် သူဟာ သာမန် လူသားတစ်ဦး ပါပဲဗျာ။ စိတ်ကူးယဉ်တဲ့ လူတော်တစ်ဦးလောက်ပါပဲ။ အဲဒီတော့ သူ့အကြောင်းကို လေ့လာပြီး၊ ဒီယေရှုဟာ သာမန် လူသားတစ်ဦးသာဖြစ်ကြောင်း သက်သေသာဓကတွေပြပြီး၊ စာတစ်အုပ်လောက် ရေးပါဗျာ။ ခရစ်ယာန်လောကတစ်ခုလုံး တုန်လှုပ်ချောက်ချားပြီး အတော်လည်း ရောင်းကောင်းမယ့် စာအုပ်ဖြစ်မှာ သေချာပါတယ် လေ”ဟု တိုက်တွန်းခဲ့သည်။
ဗိုလ်ချုပ်ကြီး ဝေါလေ့(စ်)က ထိုအကြံကို လက်ခံပြီး၊ ခရစ်တော် အကြောင်းကို စာရေးရန်၊ အပင်ပန်းခံ၍ စာအုပ်စာတမ်းများရှိ သမျှကို လေ့လာခဲ့တော့သည်။ စာအုပ်စာတမ်း၊ ခရစ်ယာန်စာပေ ကျမ်းဂန်များနှင့် သမ္မာကျမ်းစာကို နှစ်ရှည်လများ လေ့လာ ဖတ်ရှု ရင်း ဗိုလ်ချုပ်ကြီး ဝေါလေ့(စ်)၏ စိတ်သဘောထားသည် တစ်နေ့ တခြား ပြောင်းလဲလာသည်။ သူ၏ ဘဝအသက်တာသည်လည်း ပြောင်းလဲလာခဲ့သည်။ သူ၏ မိတ်ဆွေများကပင် နားမလည်နိုင် လောက်အောင် ဖြစ်လာသည်။
နောက်ဆုံး၌ ဗိုလ်ချုပ်ကြီး ဝေါလေ့(စ်)သည် သူမျှော်မှန်းထား သည့် စာအုပ်ကို ရေးသားလိုက်တော့သည်။ စာအုပ် ရေးသားရန် တိုက်တွန်းခဲ့သည့် ဗိုလ်မှူးကြီး အင်ဂါဆာ(လ်) ကိုယ်တိုင်က တုန် လှုပ်ချောက်ချား သွားခဲ့ရတော့သည်။
အဘယ်ကြောင့်ဆိုသော်၊ ဗိုလ်ချုပ်ကြီး ဝေါလေ့(စ်) ရေးလိုက် ခဲ့သော ကန္တဝင်မြောက် ဝတ္ထုရှည်ကြီးမှာ ကမ္ဘာကျော် “ဘင်ဟာ” ဝတ္ထုကြီးပင် ဖြစ်သတည်း။ ။
ယေရှုခရစ်တော်ကို ပြက်ရယ်ပြု ရှုတ်ချရန် ရည်ရွယ်ချက်ဖြင့် ခရစ်တော်နှင့်ဆိုင်သော စာပေကျမ်းဂန်များကို လေ့လာဆည်းပူး ခဲ့သော ဗိုလ်ချုပ်ကြီး ဝေါလေ့(စ်) ကိုယ်တိုင်က “ယေရှုဟာ ဧကန် စင်စစ် ဘုရားသခင်ရဲ့ သားတော်ဖြစ်မှန်း ကျွန်တော် ယုံကြည်သွားပါပြီဗျာ” ဟူ၍ ဝန်ခံကာ၊ ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် “လက်ခံ” လိုက်ပါတော့၏။
ACTION လက်တွေ့ လုပ်ဆောင်ခြင်း
၈။ ကနဦးခရစ်ယာန်များသည် ညှဉ်းပန်းနှိပ်စက်ခြင်း ခံနေရ သဖြင့် တစ်ဦးကိုတစ်ဦး တွေ့ဆုံကြရာတွင် မသိမသာ “ငါး” တစ် ကောင်၏ ရုပ်ပုံကို ဆွဲပြရလေ့ရှိသည်။ အဆိုပါ “ငါး” ရုပ်ပုံအားဖြင့် သာ၊ ထိုသူတို သည် ခရစ်ယာန်ဖြစ်မှန်း လျှိဝှက်စွာ ဖော်ပြလိုက် ခြင်း ဖြစ်၏။
ယခုခေတ်တွင် ခရစ်ယာန်ဖြစ်မှန်းကို လျှိဝှက်သောစနစ်ဖြင့် ဖေါ်ပြနေစရာ မလိုတော့ပါ။ သူတစ်ဦးသည် ခရစ်ယာန် ဟုတ်၊ မဟုတ် သိသာရန်မှာ သူ၏ အသက်ရှင်ပြပုံနှင့် လုပ်ဆောင်ပြုမှုပုံ အားဖြင့် သိသာထင်ရှားစေရပါသည်။
လူတစ်ဦးသည် ဓမ္မဆရာတစ်ဦးအား ဘူတာ၌ ကြိုဆိုရန် သွား ရောက်ခဲ့သည်။ ထိုဓမ္မဆရာကို တစ်ခါမျှ မမြင်ဖူးသဖြင့် အဘယ် ကဲ့သို သော ပုံပန်းသဏ္ဌာန်ရှိသည်ကို မေးမြန်းခဲ့ရာ၊ ကျန်မိတ်ဆွေ များက “မပူပါနဲ့ဗျာ၊ သူ့ကိုတွေ့ရင် ခင်ဗျား ချက်ချင်း ရိပ်မိမှာပါ။ အဲဒီ ဆရာဟာ တစ်စုံတစ်ယောက်ကို အမြဲ ကူညီနေတာ တွေ့ရ ပါလိမ့်မယ်” ဟု ဆိုလိုက်လေသတည်း။
၉။ လူငယ်တစ်ဦးသည် ခရစ်ယာန် ဘာသာကို သက်ဝင် ယုံ ကြည်လာခဲ့သည်မှာ မကြာမြင့်လှ သေး။
သူ၏ အသင်းတော်က သူ့၏ ယုံကြည်ခြင်း ပြန်လည် မပျက် ပြားသွားစေရန် အထူးကြိုးပမ်း နေခဲ့သည်။
သို့သော် ထိုလူငယ်လေးသည် အလုပ်တာဝန်ဖြင့် အခြားမြို့တစ်မြို့သို့ ပြောင်းရွှေ့သွားခဲ့ရသည်။ သူ လုပ်ဖော်ဆောင်ဖက် များအားလုံးမှာ ခရစ်ယာန်မဟုတ်သူများသာ ဖြစ်သဖြင့် အသင်းတော်က များစွာ စိုးရိမ်ကြောင့်ကြမှုရှိပြီး အားလုံးက ဆုတောင်းပေး နေခဲ့ကြသည်။
(၆)လခန့်အကြာတွင် ထိုလူငယ်လေးသည် အသင်းတော်ရှိရာ သို ခေတ္တပြန်ရောက်လာသည်။ အသင်းတော်သူ၊ အသင်းတော် သားများက စိုးရိမ်တကြီးဖြစ်ကာ ဝိုင်းဝန်း မေးမြန်းကြတော့သည်။
“ဘယ်နဲ့လဲ၊ မင်းရဲ့ မိတ်ဆွေ သူငယ်ချင်းတွေက မင်း ခရစ် ယာန်ဖြစ်သွားတာကို ဘာပြောကြသလဲ။ အပြစ်တင် ကဲ့ရဲ့ရှုတ်ချ ကြသလား”ဟု မေးရာတွင် ထိုလူငယ်က “အိုမပူပါနဲ့ဗျာ၊ သူတို တစ်တွေက ကျွန်တော် ခရစ်ယာန်ဖြစ်သွားမှန်း သိတောင် မသိကြ သေးဖူးလေ” ဟု ဖြေလိုက်လေတော့၏။
ကျွန်တော်တို့ သည် ခရစ်တော်ကို ယုံကြည်ကိုးကွယ်နေကြ သော ခရစ်ယာန်ဖြစ်မှန်း လူအများက သိကြပါရဲ့လား။ ကျွန်တော် တို၏ ပြောဆို ပြုမူကျင့်ကြံပုံတိုဖြင့် ခရစ်ယာန်ဖြစ်ကြောင်းကို လူအများအား ဖော်ပြနေကြပါရဲ့လား။
၁၀။ လူတစ်ဦးက သစ်ပင်ခြေရင်း၌ မျက်စိမှိတ်လျက် မှိန်းနေ သော အခြားလူတစ်ဦးကို လှုပ်နိုးရင်း “ဟေ့လူ၊ ခင်ဗျားရဲ့ အိမ် မီးလောင်နေတယ်” ဟု ဆိုလေ၏။ ထိုသူက “သိသားပဲ” ဟု ဖြေ လိုက်ရာ၊ ပထမလူသည် အံ့အားသင့်သွားတော့သည်။
“ဒါဖြင့်ရင် ခင်ဗျား ဘာမှ မလုပ်တော့ဘူးလား၊ မီးကို သွားပြီး မငြိမ်းသတ်တော့ဘူးလား”ဟု မေးမြန်းရာ အိပ်နေခဲ့သော သူက “လောင်နေတဲ့မီး ငြိမ်းသွားစေဖို့၊ မိုးရွာလာစေပါ ဘုရားလို့ ကျွန်တော် ဆုတောင်းနေတယ်လေ”ဟု ဖြေလိုက်သောဟူ၏။
ခရစ်ယာန်တို့ မည်သည် ထိုင်ပြီး ဆုတောင်းနေရုံနှင့် မပြီးပါ။ ဆုတောင်းရုံမက၊ လက်တွေ့လည်း လုပ်ဆောင်ရပါသေးသည်။ ခရစ်ယာန်တို၏ အသက်တာသည် လက်တွေ့ဆန်ရသော အသက် တာမျိုးပင် ဖြစ်ရပါ၏။
၁၁။ ဂေသရှေမန် ဥယျာဉ်ကို လူအမျိုးမျိုးက ရှုဒေါင့် အမျိုးမျိုး ဖြင့် အဓိပ္ပါယ် ဖွင့်ခဲ့ကြ ပြီးလေပြီ။ ပန်းချီဆရာ၏ ရှုဒေါင့်ကဆိုလျှင် ထိုဥယျာဉ်ကို အလွန်လှပစွာ ရောင်စုံခြယ်သကာ၊ ဝမ်းနည်းကြေကွဲ ခြင်း၊ ပင်ပန်းစွာ ဝေဒနာ ခံစားရခြင်း သဏ္ဌာန်မျိုးစုံဖြင့်ပင် ဖော်ပြ ခဲ့ပြီး ဖြစ်ပါသည်။
သို့သော် ဂေသရှေမန်ဥယျာဉ်ကို ရှုဒေါင့်တစ်မျိုးက ကြည့်ဖို လိုပါသေးသည်။
မိမိ၏ အလိုမဟုတ်၊ ခမည်းတော် အဖဘုရား၏ အလိုတော်ကို ရဲဝံ့စွာ “လက်တွေ့လုပ်ဆောင်” ခဲ့ရာ ဒေသတစ်ရပ် အနေဖြင့် ရှုကြည့်ကြရန် လိုအပ်ပါ၏။
ထိုဥယျာဉ်ထဲ၌ ခရစ်တော်၏ ခွေးတို သည် သွေးစက်ကဲ့သို ကျဆင်းရသည်တိုင်အောင် မိမိ၏ အလိုကို ငြင်းပယ်ပြီး ဘုရား သခင်၏ အလိုတော်ကို ဆောင်ရွက်ရန် သန္နိဌာန်ချခဲ့သော နေရာ ဖြစ်ပါသတည်း။ ။
၁၂။ လူငယ်တစ်ဦးသည် ရေခဲပြင်တစ်ခုပေါ်၌ “စကိတ်” လျှောတိုက်စီးနေရင်း မကြာခဏ လဲကျလျက်နေသည်။ ထိုသို လဲကျလိုက်၊ ပြန်ထလိုက်နှင့် မရပ်မနား စကိတ်” စီးနေသည်ကို လူကြီးတစ်ဦးက ရပ်ကြည့်ပြီး မကျော်ဖြစ်နေသည်။
အတန်ကြာသောအခါ ထိုသူက လူငယ်လေးအား ခေါ်လိုက်ပြီး “ငါ့တူ၊ အကောင်းဆုံးက မင်းအနေနဲ့ ဒီမှာ လာထိုင်ပြီး သူများ စကိတ်စီးနေတာကို ကြည့်နေဖိုပဲ ကောင်းလိမ့်မယ် ထင်တယ်ကွာ” ဟုဆိုရာ “ဟင့်အင်း၊ ကျွန်တော် ဒီကိုလာတာက သူများကို ထိုင် ကြည့်ဖိုမှ မဟုတ်ဘဲ၊ ကျွန်တော်ကိုယ်တိုင် “စကိတ်” စီးတတ်ဖို လာခဲ့တာပဲ။ ခဏခဏလဲကျပါလေစေ၊ ကျွန်တော်ရဲ့ တာဝန်က ဆက်ပြီး စီးနေဖိုပါပဲ”ဟု ဖြေလိုက်ပါတော့၏။
ခရစ်ယာန်တိုင်း၏ တာဝန်မှာလည်း ထိုသို ပင် ဖြစ်ပါ၏။ မကြာခဏ မှားယွင်းချွတ်ချော်မှု ရှိနေစေကာမူ မိမိအနေဖြင့် အတတ်နိုင်ဆုံး ဆက်လက် “လုပ်ဆောင်” နေကြရခြင်းပေတည်း။
ADVERSITY
ဆင်းရဲဒုက္ခကြုံတွေ့ရခြင်း
၁၃။မိမိကိုယ်ကျိုးကို စွန့်လှူပူဇော်ကာ၊ အာဖရိကတိုက်သို သွားရောက်ပြီး ဆေးကု၊ သာသနာပြုခဲ့သော ဒေးဗစ်လစ်ဗင်း စတုန်းသည် ကြီးစွာသော ဆင်းရဲဒုက္ခပေါင်းမျိုးစုံကို တွေ့ကြုံခဲ့ရ သည်။ ခြင်္သေ့တစ်ကောင်က ကိုက်ဖြတ်သဖြင့် သူ၏ လက်တစ် ဘက် ပြတ်သွားခဲ့ရသည်။
နေ့ရောညပါ ပင်ပန်းတကြီး အမှုတော်လုပ်ငန်းကို လုပ် ဆောင်ခဲ့ရုံမက ပြင်းပြသော ရာသီဥတု ဒဏ်ကို အလူးအလဲ ခံခဲ့ရ သည်။ သိုသော် သူက “ခရစ်တော် ခံခဲ့ရတဲ့ ဒုက္ခဝေဒနာနဲ့ နှိင်းစာ ကြည့်ရင် ငါဟာ ဘာမျှ ဒုက္ခမခံရသေးပါကလား” ဟူ၍ပင် ပြော နိုင်ခဲ့ပါသေး၏။
၁၄။ လော့(ဒ်)ဘိုင်ရွန်ဆိုသည့် ပုဂ္ဂိုလ်ကြီးသည် ငယ်စဉ်ကတည်းက ခြေလက်သေနေခဲ့သည်။ ထိုရောဂါ ဝေဒနာကြောင့် သူ သည် သူတစ်ပါးကို ပြစ်တင် ရှုတ်ချ၍ နာကျည်းခံပြင်းသော စိတ် ထားမျိုးဖြင့် ကြီးပြင်းလာခဲ့သည်။ သူ၏ ခြေလက်သေနေမှုကြောင့် သူ၏ အခြားသော ဂုဏ်ရည်ကောင်းတို ကိုပင်လျှင် ပျက်စီးဆုံးပါး နေစေခဲ့၏။
သို့သော် လူဦး(စ်)ဘရေး(လ်) ဆိုသူသည် ပြင်သစ်ပြည်ရှိ သူ့ဖခင်အလုပ်ရုံတွင်း၌ အလုပ်လုပ်ရင်း ခြေချော်လက်ချော်ဖြစ် ကာ မျက်စိစုံလုံးကန်းနေခဲ့သော ဘရေး(လ်)သည်၊ မျက်မမြင်များ စာဖတ်နိုင်ရေးအတွက် တီထွင်ကြံဆနိုင်သူတစ်ဦး ဖြစ်လာခဲ့၏။ သူ၏ တီထွင်ကြံဆမှုကို “ဘရေး(လ်)” ဟူ၍ပင် ခေါ်ဝေါ်လာခဲ့ကြတော့၏။ ခံစားခဲ့ရသော သူ၏ ဆင်းရဲဒုက္ခအားဖြင့် သူတစ်ပါးကို အကျိုးပြုနိုင်ခဲ့လေသည်တကား။ ။
၁၅။ ဒုတိယကမ္ဘာစစ်အတွင်းက စစ်သည်တစ်ဦးသည် ဥရော ပတိုက်၌ စစ်တိုက်ခိုက်နေရရင်း သူတွေ့ကြုံခံစားနေရသော ဆင်း ရဲဒုက္ခမျိုးစုံတို ကြောင့် အလွန်စိတ်ပျက် စိတ်ညစ်နေခဲ့သည်။
ထိုကြောင့် တစ်ညတွင် တပ်မှ ထွက်ပြေးရန် ဆုံးဖြတ်ခဲ့၍ ညအမှောင်ကြီးထဲ၌ တိတ်တဆိတ် ထွက်လာခဲ့သည်။
သူသည် တိုက်ပွဲဖြစ်နေရာ ရှေ့တန်းမှ နောက်ပိုင်းသို ထွက်ခွာ လာခဲ့ခြင်း ဖြစ်သည်။
ညအမှောင်ထဲတွင် သူသည် လမ်းလျှောက်လာနေစဉ် အတွင်း သူ၏ ရှေ့၌ သစ်တိုင်တစ်တိုင်ကို တွေ့ရသည်။ လမ်းပြမှတ်တိုင် ထင်မှတ်၍ ထိုသစ်တိုင်ပေါ်သို တက်ကာ မီးခြစ်ခြစ်လျက် ကြည့် လိုက်ရာ ထိုသစ်တိုင်မှာ လမ်းပြမှတ်တိုင် မဟုတ်ဘဲ လမ်းဘေးတစ်နေရာတွင် စိုက်ထူထားသော ခရစ်တော်၏ ကားတိုင်ဖြစ်နေ ကြောင်း တွေ့ရတော့သည်။
ထိုအခါတွင် ခရစ်တော်သည် ကြီးစွာသော ဆင်းရဲဒုက္ခကို ခံရစေကာမူ ခမည်းတော်၏ အလိုကို မမှိတ်မသုံ လိုက်လျှောက်ခဲ့ကြောင်းကို သတိရမိလာသည်။ ကိုယ်တော်သည် သေသည့်တိုင် အောင် သစ္စာစောင့်ခဲ့ကြောင်းကိုလည်း သတိရလာသည်။ ထို ကြောင့် သူသည် သူ၏ တိုင်းပြည်နှင့် တပ်မတော်အပေါ်၌ သစ္စာမဲ့ စွာ ထွက်ပြေးတိမ်းရှောင် ပြေးလာခဲ့ကြောင်း သတိရမိလာ၍ မိမိ ကိုယ်ကို ရှက်လာမိသည်။
ထိုကြောင့် သူသည် လာရင်း လမ်းအတိုင်း ပြန်သွားခဲ့ပြီး၊ နောက်ဆုံး၌ သူ၏ တပ်တွင်းသို ပြန်သွားကာ၊ သစ္စာရှိစွာ တာဝန် ဝတ္တရားများကို ထမ်းဆောင်ခဲ့တော့၏။
ခရစ်တော်ကိုယ်တော်တိုင် ဆင်းရဲဒုက္ခခံခဲ့ပုံတိုကို အမြဲသတိရ နေပြီး သူ၏ ဆင်းရဲဒုက္ခကို သစ္စာရှိစွာ ကြံ့ကြံ့ခံခဲ့သောကြောင့် နောက်ပိုင်း၌ သူသည် “တပ်ပြေး” တစ်ယောက် ဖြစ်ခဲ့ရုံမက သူရ သတ္တိ ဘွဲ့တံဆိပ်များကိုပင် ရလာနိုင်သည်အထိ တာဝန်ကို ကျေပွန် စွာ ထမ်းဆောင်ခဲ့ပါတော့၏။
၁၆။ လူနှစ်ဦး တင်းနစ်ရိုက်နေသည်ကို အမျိုးသမီးကြီးတစ်ဦး က ထိုင်လျက်ကြည့်နေသည်။
တင်းနစ်ဘောလုံးသည် တင်းနစ်ကွင်းအလယ်ရှိ ပိုက်ကွန်ထဲ သို မကြာခဏ ဝင်သွားသည်ကို မြင်ရသဖြင့် သူမက “ဒီအလယ်က ပိုက်ကွန်ကို ဖြုတ်လိုက်မှ ရှင်တို ကောင်းကောင်း ကစားရမှာပေါ့” ဟု ဆိုလေ၏။ ထိုအခါတွင် တင်းနစ်ပိုက်ကွန်ကို တမင်တကာထားရကြောင်း၊ သူတို၏ ရိုက်ချက်များသည် မှန်ကန်မှ တင်းနစ်ဘောလုံးသည် ပိုက်ကွန်ပေါ်သို ကျော်မည်ဖြစ်ကြောင်းကို တင်းနစ် ရိုက်သူများက ရှင်းပြခဲ့ရတော့၏။
ကျွန်တော်တို အများသည် ဆင်းရဲဒုက္ခ၊ ဘဝ၏ အနှောင့်အ ယှက်၊ အဟန့် အတားများ၏ တန်ဖိုးကို မမြင်တတ်ချေ။
တင်းနှစ်ပိုက်ကွန်ကို ဘောလုံးသည် ကျော်လွှားသွားရရေးအ တွက် တမင်တကာထားရကြောင်း မြင်ဖိုလိုပါသည်။ ဘုရားသခင် သည် ကျွန်တော်တို အား ဝန်ထုပ်များ၊ ဆင်းရဲဒုက္ခများ ရင်ဆိုင်ခိုင်း နေခြင်းမှာ ကျွန်တော်တို၏ ပင်ကိုယ် အရည်အသွေးနှင့် ခံနိုင်ရည် ဇွဲသတ္တိတို ကို ဖွံဖြိုးလာစေရေးအတွက်ဖြစ်ကြောင်း မြင်လာတတ်ဖို လိုသည်။ “
ဆင်းရဲဒုက္ခကို လူအချိုက ထိမိ၍လဲစရာ အနှောင့်အယှက် များ ဟူ၍ မြင်တတ်သည်။ ခရစ်ယာန်တို့ မှာကား ဆင်းရဲဒုက္ခ မှန်သမျှသည် ကောင်းကျိုးသုခရှိရာသို သွားရာ “လှေကားထစ် များအဖြစ် မြင်လာတတ်ရပါလိမ့်မည်။
၁၇။ ကမ္ဘာကျော်ပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိများကို လှန်လျော ဖတ်ရှုကြည့်ပါ။
ထိုပုဂ္ဂိုလ်ကြီးများသည် ကမ္ဘာကျော်ဖြစ်ပြီး၊ သမိုင်းတွင် နာမည် ကျော်ဖြစ်လာခဲ့ရခြင်းမှာ သူတို တွေ့ကြုံခဲ့ရသော ဆင်းရဲဒုက္ခများ ကြောင့်ပင် ဖြစ်ပါသည်။
ဆင်းရဲဒုက္ခများကို ကြုံတွေ့လာရသည့်အခါတိုင်း ထိုဒုက္ခများ ထဲမှ ကြီးမားလှသော အောင်မြင်မှုကြီးများ ပေါ်ထွက်လာနိုင်သည် ကို သတိရပြီး စိတ်အားတင်းဖို လိုသည်။ ဘုရားသခင်၏ အံ့ဖွယ်သော လမ်းပြပိုဆောင်မှုကို ယုံကြည်ခြင်းနှင့် မျှော်လင့်ခြင်းရှိလာ တတ်ဖို လိုပါ၏။
မုန်တိုင်းထန်လေလေ၊ သစ်ပင်များသည် လွင့်မပါသွားစေရန် မိမိတို၏ အမြစ်တိုကို မြေကြီးထဲ၌ ပိုမို ကုတ်ဆွဲထားရသည်။ ထိုနည်းတူ ဆင်းရဲဒုက္ခကြုံတွေ့လာတိုင်း ခရစ်တော်တည်း ဟူသော “ကျောက်” ကို ပိုမိုကုတ်ဆွဲထားဖို လိုအပ်လာပါသတည်း။
၁၈။ အနောက်နိုင်ငံ၌ ပါစင်းမင်း (Persimmon) ခေါ် အသီး တစ်မျိုး ရှိသည်။ ထိုအသီးကို ရုတ်တရက်ကြည့်လိုက်လျှင် စားချင့် စဖွယ်ဖြစ်နေသော်လည်း အရသာမှာ အလွန်ပင် ခါးသီးနေတတ် သေးသည်။ သိုသော် ဆောင်းတွင်းအခါ၌ ကျရောက်လာသော ဆီးနှင်းမုန်တိုင်းများ ပြင်းထန်လှသော အအေးဓါတ်က ထိုခါးသီးလှသော အရသာကို ပြုပြင်ပြောင်းလဲပြီး ချိုမြိန်လှသည့် အသီးအဖြစ် သို ရောက်သွားစေပါတော့၏။
ခရစ်ယာန်တို၏ ဘဝအသက်တာသည်လည်း ထိုနည်းတူပင် ဖြစ်သည်။
လောကရှိ ဒုက္ခဆင်းရဲခြင်း၊ စုံစမ်း နှောင့်ယှက်ခြင်းတိုသည် ခရစ်ယာန်တစ်ဦး၏ ခံနိုင်ရည်နှင့် ဇွဲသတ္တိကို ဖွံဖြိုးကြီးထွားလာ စေခြင်းကြောင့် ရင့်ကျက်သော ခရစ်ယာန်ဘဝအဖြစ်သို ရောက် လာစေတတ်ပါ၏။
ပြောင်းလဲကာစ ခရစ်ယာန်တစ်ဦးသည် ပုံလောင်းပြီးကာစ အကြမ်းထည်ကိုယ်သာလျှင် ဖြစ်နေသော်လည်း စုံစမ်းနှောင့်ယှက် ခြင်း၊ ဒုက္ခဆင်းရဲခြင်း အမျိုးမျိုးတို အားဖြင့် သူ၏ ဂုဏ်အင်္ဂါ အရည် အချင်းတို ကို တိုးတက်လာစေပါ၏။
ALCOHOL အရက်သေစာသောက်စားခြင်း
၁၉။ အနောက်နိုင်ငံရှိမြိုတစ်မြို၌ လူနှစ်ဦးသည် ကော်ဖီဆိုင် တစ်ဆိုင်ရှိ စားပွဲတစ်ခု၌ အတူထိုင်နေ ကြသည်။
တစ်ဦးက သူ၏ ကော်ဖီကို တငုံမျှ သောက်ပြီးနောက် ပန်း ကန်ကို ပြန်ချလိုက်ကာ သူ၏ ကုတ်အင်္ကျီအိတ်ထဲမှ အရက်ပုလင်း တစ်ပုလင်းကို ထုတ်ပြီး ထိုကော်ဖီပန်းကန်ထဲသို ဝီစကီလောင်း ထည့်လိုက်သည်။ ထိုနောက် အရက်နှင့် ရောထားသော ကော်ဖီကို တကျိုက်တည်း မော့ချလိုက်တော့သည်။
သူ့ရှေ့၌ ထိုင်နေသော ပုဂ္ဂိုလ်ကိုလည်း ရှက်ပြုံးပြုံးပြလိုက်ကာ “စိတ်မရှိပါနဲ့ဗျာ၊ ညက ကျွန်တော် နည်းနည်း များသွားလိုပါ” ဟု တောင်းပန်သည့်သဘောဖြင့် ပြောလိုက်သည်။
“ကိစ္စမရှိပါဘူး။ သောက်သာသောက်ပါ။ ကျွန်တော်က ခင်ဗျား တို လူမျိုးတွေကို မကြာခဏ သဂြိုလ်နေရတဲ့လူပါ” ဟု ဆိုလိုက်လေ၏။
ပထမလူက အံ့အားသင့်သွားသည်။
“ခင်ဗျားရဲ့ အလုပ်က ဘာမိုလို့လဲ”
“ကျွန်တော် ဓမ္မဆရာပါ။ လွန်ခဲ့တဲ့ (၆)လ အတွင်းကဆိုရင် ခင်ဗျားတိုလို လူမျိုးတွေကို ကျွန်တော် သင်္ဂြိုလ်ခဲ့ရတာ (၆)ဦး ရှိ သွားပါပြီ” ဟု ဖြေလိုက်လေ၏။
အရက်သောက်လိုက်သောသူက မျက်လုံးပြူး၍ စိုက်ကြည့်နေ စဉ် ဓမ္မဆရာက ဆက်၍ ရှင်းပြတော့သည်။
“ဒီလိုလေ၊ ပထမလူက အသက် (၃၃)နှစ်ပဲ ရှိပါသေးတယ်။ မီးရထားနဲ့ ခရီးသွားရင်း အဆုတ်အအေးမိသွားလိုပါ။ “နမိုးနီးလား” လို ပြောတာပဲလေ။ အမှန်က သူဟာ အရက်သိပ်သောက် လွန်းလို နှလုံးအားနည်းနေတုန်း အအေးပတ်သွားတာပါပဲ။ သူ့ရဲ့ မုဆိုးမနဲ့ ကလေးတွေကို ကျွန်တော်ကပဲ အဲဒီ ဝမ်းနည်းစရာ သတင်းကို သွားပြောရတာပေါ့”
“အို… ကျွန်တော်က (၃၅)နှစ်ရှိပါပြီလေ”
အရက်သမားက ဆင်ခြေပေးလေသည်။
“နောက်တစ်ဦးကတော့ အရက်တွေ သိပ်သောက်လွန်းလို့ဖောပြီး အဝလွန်နေတဲ့လူပါ။ ဝလွန်းအားကြီးနေတော့ နှလုံးက သိပ်အလုပ်လုပ်နေရတယ်။ သွေးတိုးလည်း ရှိနေတယ်။ ဆရာဝန် က အရက်မသောက်ရတော့ဘူးလို ပြောတယ်။ ဒါပေမယ့် အဲဒီလူ က မဖြတ်နိုင်ဘူး။ တစ်နေ့ကျတော့ အလုပ်လုပ်ရင်းနဲ့ ဘိုင်းကနဲ လဲကျပြီး အဲဒီနေရာမှာပင် ရုတ်တရက် သေသွားပါလေရော”
“ဟာဗျာ… ဒီလောက်ဝလွန်းတော့လည်း အရက်ကို လျှော့ သောက်ရမှာပေါ့။ ကျွန်တော့ကို ကြည့်လေ။ သိပ် မပိန်မဝ၊ အနေ တော်ပဲ မဟုတ်လား”
“အင်း … ထားပါတော့။ နောက်တစ်ဦးကတော့၊ ခင်ဗျားလို မပိန်မဝပဲ။ ဒါပေမယ့် သူက မွေးနေ့ပွဲတစ်ခုမှာ ပျော်လွန်းလို့သောက်လိုက်တာ အန်ဖတ်ဆိုပြီး သေသွားရှာပါတယ်။ သူ့ကို လည်း ကျွန်တော်ပဲ သဂြိုလ်ခဲ့ရတာပါပဲ”
အရက်သမားသည် ဘာမျှ ပြန်မပြောဘဲ ဓမ္မဆရာကိုသာ ကြောင်၍ စိုက်ကြည့်နေသည်။
“နောက်တစ်ဦး ရှိသေးတယ်။ သူက မူးလာရင် သူ့ မိန်းမကို ရိုက်လေ့ရှိတယ်။ တစ်နေ့ကျတော့ ဒေါသထွက်ပြီး မိန်းမကို သေနတ်နဲ့ ပစ်သတ်လိုက်မိတယ်။ ကြိုးပေးခံရခါနီးမှာ ကျွန်တော်ပဲ သွားပြီး ဆုတောင်းပေးရတယ်။ ပြီးတော့ နောက်လူတစ်ယောက်က လခထုတ်ပြီး အိမ်အပြန်မှာ အရက်ဆိုင်ဝင်တယ်။ အရက်မူးမူးနဲ့ အိမ်ပြန်တုန်း နောက်ကနေ သူ့ရဲ့ ခေါင်းကို အုတ်ခဲနဲ့ထုပြီး ငွေလုခံ ရတာနဲ့ သေခဲ့ပါတယ်။ သူ့ကိုလည်း ကျွန်တော်ပဲ သဂြိုလ်ခဲ့ရတာ ပဲလေ… အင်း … နောက်တစ်ယောက်ကတော့ဗျာ…”
ဓမ္မဆရာ၏ ရှေ့တွင် ထိုင်နေသော ထိုအရက်သမားသည် မျက်နှာပျက်ပျက်ဖြင့် ကော်ဖီဆိုင်တွင်းမှ ခတ်သုတ်သုတ် ထွက်သွား လေတော့သည်။
၂၀။ ကုလားကြီးတစ်ဦးသည် မြိုတွင်းရှိ တစ်လမ်းပြီးတစ်လမ်း သို ဝင်ထွက်လျှောက်သွားရင်း “အရက်ပုလင်းလွတ်နဲ့ အဝတ်စုတ်တွေ ဝယ်တယ်…၊ အရက်ပုလင်းအလွတ်နဲ့ အဝတ်စုတ်တွေ ဝယ်တယ်” ဟု အမြဲအော်နေလေ့ရှိသည်။
လူတစ်ဦးက ထိုကုလားအား အဝတ်စုတ်နဲ့ အရက်ပုလင်း အလွတ်တွေကို ဘာဖြစ်လို ဒွန်တွဲပြီး အော်နေရပါသနည်းဟု မေး ရာ •••
“ဒီလိုပါ၊ အရက်ပုလင်းရှိတဲ့ အိမ်မှာတော့ ဆင်းရဲမွဲတေနေမှာ မို့၊ အဝတ်စုတ်တွေလည်း ရှိနေမှာ သေချာပါတယ်လေ” ဟု ဖြေ လိုက်သော ဟူ၏။
၂၁။ လူကြီးတစ်ဦးသည် ဆေးစစ်ခံနေသည်။
ဆရာဝန်က “ခင်ဗျားအနေနဲ့ အသက်ရှည်ချင်ရင် ကာယလေ့ ကျင့်ခန်း ယူရမယ်” ဟု ဆိုလေ၏။ “ဘယ်လို လေ့ကျင့်ခန်းမျိုးလဲ ဆရာရယ်။ သိပ် မပင်ပန်းဘူးဆိုရင် လုပ်ပါ့မယ်”
“အို ကျွန်တော်ပြောမယ့် လေ့ကျင့်ခန်းက သိပ်မပင်ပန်းပါဘူး။ အရက်တစ်ခွက် အရှေ့မှာ လာချရင်၊ ခေါင်းကို ဟိုဘက် ဒီဘက် ရမ်းခါလိုက်ရမယ့် လည်ပင်းလေ့ကျင့်ခန်းပါပဲဗျာ” ဟု ဖြေလိုက်လေ ၏။
၂၂။ ကင်ဆာရောဂါသည် အလွန်ကြောက်စရာကောင်းသည် ကား မှန်ပါ၏။ သို သော် ကင်ဆာရောဂါထက် ကြောက်စရာ ကောင်းသော ရောဂါတစ်မျိုး ရှိပါသည်။ ထိုရောဂါကား “အရက် ရောဂါ” ဖြစ်ပါ၏။
၁၉၇၁ ခုနှစ်အတွင်းက အမေရိကန်ပြည်၌ ကင်ဆာရောဂါ ဖြင့် သေဆုံးခဲ့သူပေါင်းမှာ ၇ဝဝ,ဝဝဝ ဦး ရှိခဲ့သည်။ “ပိုလီယို” အရိုးပျော့ရောဂါကြောင့် သေဆုံးသူမှာ ၃၀,ဝ၀ဝ ရှိခဲ့သည်။ အရက် ရောဂါကြောင့် သေဆုံးသူများမှာ စုစုပေါင်း (၃၈,၇၆,ဝဝဝ) ဦး ရှိသောကြောင့်ပင်တည်း။
ANXIETY စိုးရိမ်ပူပန်ခြင်း
၂၃။ ဓမ္မဆရာတစ်ဦးသည် အသည်းအသန် မမာမကျန်း ဖြစ် နေစဉ်၊ သူ၏မိသားစုအတွက် အလွန် စိုးရိမ်ပူပန်နေခဲ့သည်။ အ ကယ်၍ သူသာ ကွယ်လွန်သွားပါက သူ၏ မိသားစုအနေဖြင့် ဒုက္ခ မျိုးစုံတိုနှင့် ရင်ဆိုင်တော့ရမည်ကို တွေးဆပြီး ပူပင်သောက ရောက်နေခြင်း ဖြစ်သည်။
တစ်နေ့တွင် သူ၏ကုတင်ခြေရင်းရှိ တန်းပေါ်တွင် စာကလေး တစ်ကောင် လာရောက်နား နေကြောင်း တွေ့ရသည်။ ထိုစာငှက် ကလေး၏ ပါးစပ်၌ ပိုးကောင်ကလေးတစ်ကောင် ကိုက်ထားသည်ကို တွေ့ရလေသည်။ များမကြာမီ ထိုစာငှက်ကလေးသည်၊ ပြူတင်း ပေါက်မှ ပျံထွက်သွားသောအခါမှ ကြီးစွာသော သင်ခန်းစာကို ရခဲ့လေတော့၏။
ဘုရားသခင်သည် ထိုစာငှက်ကလေးတစ်ကောင်ကိုပင် အငတ် မထားဘဲ ကြည့်ရှုစောင့်မနေသောဘုရား ဖြစ်သောကြောင့် ထိုနေ့ မှစပြီး သူ၏ မိသားစုအတွက် စိုးရိမ်ပူပန်မှု ပျောက်သွားခဲ့လေ တော့၏။
၂၄။ မြိုတစ်မြိုတွင် မုဆိုးမတစ်ဦးရှိလေသည်။
သူ့၌ သားသမီး (၆)ဦး ရှိပြီး ထိုကလေးများကို စနစ်တကျ ပြုစုပျိုးထောင်လာခဲ့ရုံမက မိဘမဲ့ကလေး (၁၂)ဦးကိုပါ ထပ်မံ မွေးစားနိုင်ခဲ့သည်။ ထိုကလေးများကို ပျော်ရွှင်စွာ ပြုစု ပျိုးထောင် ပေးနေသည်ကို လူအများက တွေ့ရ၍ အံ့သြချီးမွမ်းနေခဲ့ကြသည်။
တစ်နေ့တွင် သတင်းထောက်တစ်ဦးက သူမထံသွားပြီး “အဒေါ်အနေနဲ့ မုဆိုးမတစ်ဦးဖြစ်ရုံမက၊ ကိုယ့်ရဲ့ ကလေး (၆)ဦး ကို ပြုစုကျွေးမွေးနိုင်ခဲ့တယ်။ ဒါတင်မက၊ တခြား မိဘမဲ့ကလေး (၁၂)ဦးကိုပါ ကျွေးမွေးပြုစုနေနိုင်တာဟာ၊ ဘယ်လိုကြောင့်ပါလဲ” ဟု မေးခဲ့သည်။
“လွယ်ပါတယ်ကွယ်၊ အဒေါ်ဟာ တစ်ယောက်တည်း မဟုတ် ပါဘူး။ တခြားပုဂ္ဂိုလ်ကြီးတစ်ဦးနဲ့ “ဖက်စပ်” လုပ်နေပါတယ်” ဟု ဖြေလေရာ “ဟင်… ဘယ်လို ဖက်စပ်စနစ်မျိုး ဖြစ်ပါသလဲ။ အဲဒီပုဂ္ဂိုလ်ကြီးဆိုတာကလည်း ဘယ်သူပါလဲ”ဟု မေးလေ၏။
“အဲဒီ ပုဂ္ဂိုလ်ကြီးဟာ တခြားမဟုတ်ပါဘူးကွယ်၊ ဘုရားသခင် ပါပဲ။ တစ်ခါတုန်းက ဘုရားသခင်ကို အဒေါ်က ပြောခဲ့ပါတယ်။ ဒီကလေးတွေနဲ့ ပတ်သက်ပြီး လုပ်စရာကိုင်စရာတွေဟာ ကျွန်မ တာဝန်၊ စိတ်ပူပင်စရာက ကိုယ်တော့်ရဲ့ တာဝန်၊ စိတ်ပူပင်စရာ ရင် ကိုယ်တော်ပဲ ပူပင်ပါတော့လို ဆိုလိုက်ပြီးတဲ့ အချိန်ကစပြီး အဒေါ်မှာ ဘာမှပူပင်သောက ရောက်စရာ မရှိတော့ပါဘူးလေ” ဟု ဖြေလိုက်လေ၏။
ASSUURANCE အာမခံချက်
၂၅။ အစီစီမြိုက ရှင်ဖရန်စစ်ဆိုသည့် ခရစ်ယာန်သူတော်စင် ကြီးသည် တစ်သက်တာလုံး သူ၏ ဘဝကို ခရစ်တော်အား ဆက် ကပ်ပြီး အသက်ရှင်ခဲ့သူတစ်ဦး ဖြစ်သည်။
သူသည် ချမ်းသာကြွယ်ဝသော အိမ်ထောင်မှ လာခဲ့သူဖြစ်လင့် ကစား၊ ခရစ်တော်နည်းတူ အသက်ရှင်ခဲ့ပြီး ဆင်းရဲသားလူတန်းစား တိုကို ကူညီမစနေသူတစ်ဦး ဖြစ်ခဲ့သည်။
တစ်နေ့တွင် သူသည် ခြံထဲ၌ ပေါက်တူးပေါက်နေစဉ် လူတစ် ဦးက လာရောက်စကား ပြောနေလေသည်။ ထိုနောက် မေးခွန်း တစ်ခုကို မေးလိုက်သည်။
“တကယ်လို ခင်ဗျား၊ ဒီနေ့ညနေ၊ နေဝင်တာနဲ့ သေသွားရ တော့မယ်ဆိုတာကို သိရရင် ပထမဦးဆုံး ခင်ဗျား ဘာလုပ်မလဲ” ဟု မေးရာ ရှင်ဖရန်စစ်က “ကိစ္စမရှိပါဘူး။ ဒီအကွက်ကလေးကို တော့ ပြီးအောင် ပေါက်တူးပေါက်သွားဦးမှာပဲ” ဟု ဖြေလိုက်ပါ၏။
ကျွန်တော်တိုသည်လည်း ရှင်ဖရန်စစ်ကဲ့သို တမလွန်ဘဝအ တွက် ယုံကြည်စိတ်ချရသော အာမခံချက်များ ရရှိနေကြပါရလား။
၂၆။ တစ်ခါက ကမ္ဘာကျော် ရှေးဟောင်းပစ္စည်း သုတေသနဆိုင်ရာ ပုဂ္ဂိုလ်ကြီးတစ်ဦးသည် အီဂျစ်နိုင်ငံရှိ သင်္ချိုင်းများထဲမှ အလွန်တရာ ရှားပါးလှသော ပန်းအိုးတစ်လုံးကို ရရှိခဲ့သဖြင့် အင်္ဂလန်နိုင်ငံရှိ ရှေးဟောင်းပစ္စည်းပြတိုက်သို ပိုလိုက်လေသည်။ ထိုပန်းအိုးသည် နှစ်ပေါင်း ၄၀၀၀ နီးပါးခန့်က ရှိခဲ့သော ပန်းအိုး ဖြစ်သည်။ တစ်နေ့တွင် ပြတိုက်လုပ်သားတစ်ဦးက ထိုပန်းအိုးကို ဖုံသုတ်နေစဉ် ကျကွဲသွားတော့၏။
ထိုအခါတွင် ထိုပန်းအိုးထဲမှ ဂျုံစေ့များထွက်လာသည်ကို တွေ့ ရသည်။ ထိုဂျုံစေ့များကို ပြတိုက်ရှေ့ရှိ ပန်းခြံထဲတွင် စိုက်ပျိုးကာ ရေမှန်မှန်လောင်းပေးနေရာ များမကြာမီ အညှောင့်ကလေး ထွက် လာပြီး အပင်ပေါက်လာသည်ကို အံ့သြစွာ တွေ့ကြရတော့၏။
နှစ်ပေါင်း ၄၀၀၀ ခန့်ရှိ ဂျုံစေ့ကလေးကိုပင် မသေစေဘဲ အသက်ရှင်စေနိုင်သော ဘုရားသခင်သည် လူသားကိုပါ ဖန်ဆင်းခဲ့သော ဘုရားသခင်ဖြစ်သောကြောင့် ထိုကဲ့သိုသော အနန္တ တန်ခိုး ရှင် ဘုရားသခင်ကို ကိုးကွယ်ဆည်းကပ်၍ ယုံကြည်ကိုးစားနေကြသော လူသားတို့ အတွက် ဘာများ ကြောက်စရာ လိုပါတော့မည် နည်း။
ထိုသို့ သော ဘုရားသခင်ထံမှရသော အာမခံချက်ထက် ကောင်းမွန်စိတ်ချရသော အာမခံချက်မျိုးကို အဘယ်မှာရှိရနိုင် ပေတော့မည်နည်း။
AVARICE ဥစ္စာပစ္စည်းတပ်မက်မောခြင်း
၂၇။ တစ်ခါက ပစ္စည်းဥစ္စာကို အလွန်တပ်မက်သော သူဌေး ကြီး တစ်ဦးရှိသည်။
တစ်နေ့တွင် သူသည် အလွန် မကျန်းမမာဖြစ်၍ ဓမ္မဆရာကိုခေါ်ကာ သူ့ကို ကျန်းမာလာစေရန်သာ ဆုတောင်းခိုင်းလေသည်။ ဆရာကလည်း သူဌေးကြီးအား နောင်တရရန်၊ ပစ္စည်းဥစ္စာ တပ် မက်မောခြင်းကို စွန့်လွှတ်ရန် ပြောပြီး သူ၏ လက်ကို ဆုပ်ကိုင် ထားကာ ဆုတောင်းပေးလေ့ရှိသည်။ သိုသော် ထိုသူဌေးကြီးသည် လက်သီးကို အမြဲ ဆုပ်ထားလေ့ရှိကြောင်း တွေ့ရ၍ ဆရာက မေး သော်လည်း မဖြေဘဲ နေခဲ့သည်။
တစ်နေ့တွင် သူသည် သေခါနီးဖြစ်နေ၍ ဆရာက အနီး၌လာ ရောက် ဆုတောင်းပေးနေခဲ့သည်။ ထိုနေ့တွင်လည်း သူ၏ လက်ကို လည်း ကျစ်ကျစ်ပါ ဆုပ်ထားမြဲ ဖြစ်၏။
အသက်ထွက်သွားပြီးနောက် သူ၏ အိမ်သားများက ထိုလက် သီးဆုပ်ကို ဖြေကြည့်ကြသောအခါ ဥစ္စာပစ္စည်း၊ ရွှေငွေရတနာများ ထည့်ထားသော မီးခံသေတ္တာသော့ ဖြစ်နေသည်ကို တွေ့ရလေ တော့၏။
သူသည် တမလွန်ဘဝသို မယူသွားနိုင်သော ဥစ္စာပစ္စည်းများ ကိုသာ တပ်မက်မောနေပြီး မြဲမြဲ ကိုင်ထားနေခဲ့ပါတကား…။
၂၈။ တစ်နေ့တွင် သင်းအုပ်ဆရာတစ်ဦးသည် အလွန်ပင် ချမ်းသာကြွယ်ဝသော သူဌေးကြီးတစ်ဦးထံသို လာရောက်၍ ဆင်း ရဲသားများ၊ ဒုက္ခရောက်နေသူများအတွက် အလှူခံသည်။
သို့သော် ထိုသူဌေးကြီးသည် အလွန်ဥစ္စာပစ္စည်းတပ်မက်မော သောကြောင့် အလှူငွေ မပေးဘဲနေ၏။ ထိုအခါ ဆရာက သူဌေး ကြီးအား သူ၏ ပြတင်းပေါက်မှန်ချပ်မှတစ်ဆင့် အပြင်သို ကြည့် ခိုင်းလေသည်။ “ဘာတွေ့ရပါသလဲ သူဌေးကြီး”
“အပြင်ဘက်မှာ လမ်းလျှောက်နေကြတဲ့ လူတွေကို တွေ့ရတာ ပေါ့”
“ကောင်းပါပြီ၊ ဟောဒီမှာ ချိတ်ထားတဲ့မှန်ကို လာကြည့်ပါဦး” ဟု ဆိုသည့်အတိုင်း သူဌေးကြီး က သူ၏ အခန်းတွင်းရှိမှန်ကို ကြည့် ရာ သူ၏ မျက်နှာကိုသာ တွေ့ရတော့၏။
“ဒီမှာ သူဌေးကြီး၊ ခုနက ပြတင်းပေါက်မှာ တပ်ထားတဲ့ မှန်နဲ့၊ ဒီနံရံမှာ ချိတ်ထားတဲ့မှန်ဟာ တကယ်ဆိုတော့ မှန်ချင်း အတူတူပါ ပဲ။ နံရံမှာ ချိတ်ထားတဲ့ မှန်အနေနဲ့ နဲနဲလေး ထူးခြားတာက သူ့ ရဲ့ နောက်ကျောမှ ပြဒါးသုတ်ထားတာပါပဲ”
ပြဒါးဆိုတာကတော့ ငွေမှုံကလေးတွေပါ။ ဒီလိုပဲ သူဌေးကြီး၊ ငွေဆိုတဲ့အရာဟာ ကိုယ့်ကိုကိုယ်သာ ပြန်ပြီး မြင်စေတတ်ပါတယ်။ ပြဒါးခေါ်တဲ့ ငွေမှုကလေး မသုတ်ထားတဲ့ မှန်ကတစ် ဆင့် အပြင်ကို ကြည့်ရင် လောကကြီးထဲမှာရှိတဲ့ ဆင်းရဲသူ၊ ဒုက္ခရောက်နေသူ၊ ဝေဒနာခံစားနေ ရတဲ့သူတွေကို မမြင်ရဘဲ ကိုယ့်ကိုကိုယ်သာ ပြန် မြင်လာစေပါတယ်။ ဒါကြောင့်မို “ငွေ” ဆိုတာဟာ တစ်ကိုယ် ကောင်းစိတ်ကို ဖြစ်စေတဲ့ အရာပါပဲခင်ဗျာ”ဟု ပြောပြီး ထွက်သွား လေ၏။
BARRIERS အတားအဆီးအုတ်တံတိုင်းများ
၂၉။ ခရစ်တော် သက်တော်ထင်ရှားစဉ်က ယုဒလူမျိုးနှင့် တစ် ပါးအမျိုးသားတို သည် တစ်ဦးနှင့်တစ်ဦး မည်သိုမျှ မပေါင်းစည်း နိုင်ဘဲ ကွဲပြားခြားနားစွာ နေခဲ့ကြသည်။ ယုဒလူမျိုးနှင့် တစ်ပါး အမျိုးသားတို စပ်ကြား၌ ကြီးမားသော အုတ်တံတိုင်းကြီး ကာ ခြားလျက်ရှိနေရသည်ဟု ဆိုရပေမည်။
ခရစ်တော်က ယုဒလူမျိုးတိုကို ခေါ်ပြီး တစ်ပါး အမျိုးသားတို နှင့် မပေါင်းခိုင်းပါ။ တစ်ပါး အမျိုးသားတို ကိုလည်း ယုဒလူမျိုးတို ထံ ခေါ်လာပြီး တစ်ဦးနှင့်တစ်ဦး ပေါင်းခိုင်းခြင်းလည်း မပြုခဲ့ပါ။ ထိုလူမျိုးနှစ်ဦး စပ်ကြား၌ ခြားနားနေသော အုတ်တန်တိုင်းကြီးကို သာ ဖြိုဖျက်လိုက်၍ သူတို အား တစ်လုံးတစ်ဝတည်း ဖြစ်စေခဲ့ပါ၏။
ယခု ကျွန်တော်တို ခေတ်၌လည်း လူဖြူလူမဲ အသားရောင် ခွဲခြားမှု၊ အတန်းအစား၊ လူ့အလွှာ ခွဲခြားမှု၊ လူဆင်းရဲ လူချမ်းသာ တို ကွာဟမှုတို ကိုလည်း ကိုယ်တော်က ဖြိုဖျက်ဆဲ ဖြစ်ပါ၏။
ကျွန်တော်တို သည် ထိုသို သော အုတ်တန်တိုင်းများကို ပြန် လည် တည်ဆောက်ဆဲပင် ဖြစ်နေပါသလား။
၃၀။ ဒုတိယကမ္ဘာစစ်အတွင်းက မဟာမိတ်တပ်မှ စစ်သည် တော်သုံးဦးသည် အတူတကွ စစ်တိုက်ရင်း၊ တစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။ ထိုစစ်သည်တော် သုံးဦးသည် တစ်ဦးနှင့်တစ်ဦး အလွန် ချစ်ခင်ရင်းနှီးနေခဲ့ကြသည်။
ဒဏ်ရာရနေသော သူငယ်ချင်းအား ထမ်းလျက် သူတို သည် တိုက်ပွဲရှေ့တန်းမှ နောက်ပိုင်းသို ခေါ်ဆောင်လာခဲ့ကြသည်။ ထို အချိန်အတွင်း ဒဏ်ရာရခဲ့သော စစ်သားလေးမှာ သေဆုံးသွားရှာ တော့သည်။
သူငယ်ချင်း အလောင်းကို ကောင်းမွန်စွာ သင်္ဂြိုဟ်ရန် နေရာ ရှာကြရာ ခပ်လှမ်းလှမ်းတွင် ဘုရားရှိခိုးကျောင်းတစ်ကျောင်း တွေ ရှိကြသဖြင့် အလောင်းကို ထိုနေရာသို သယ်ဆောင်လာခဲ့ကြသည်။
ဘုရားရှိခိုးကျောင်း အနီးသို ရောက်သောအခါ၊ ထိုကျောင်း၏ ခြံဝင်းထဲ၌ သင်္ချိုင်းဂူများ တွေ့သဖြင့် ထိုနေရာ၌ မြုပ်နှံရန် ဆုံးဖြတ်ကြသည်။
ထိုစဉ် ဘုရားရှိခိုးကျောင်းထဲမှ ဘုန်းတော်ကြီးတစ်ပါး ထွက် လာသည်။ ထိုသင်္ချိုင်းနေရာတွင် သေဆုံးသွားသော စစ်သား၏ အလောင်းကို သင်္ဂြိုလ်ရန် မဖြစ်နိုင်ကြောင်း၊ ထိုနေရာ၌ သူတို အသင်းတော်မှ အသင်းသားများကိုသာ သင်္ဂြိုလ်ရန် အသင်းတော် ၌ စည်းကမ်းရှိကြောင်း ဘုန်းတော်ကြီးက ဝမ်းနည်းစွာ ပြောပြရတော့၏။ သင်္ချိုင်းခြံဝင်း၏ အပြင်ဘက်၌သာ သဂြိုလ်ရန် ပြောသ ဖြင့် ထိုစစ်သားလေး၏ အလောင်းကို ခြံဝင်းအပြင်ဘက်၌သာ မြုပ်နှံခဲ့ကြ ရရှာတော့၏။
နောက်တစ်နေ့တွင် စစ်သားလေးနှစ်ဦးသည် သူတို သူငယ် ချင်း၏ သင်္ချိုင်းပေါ်၌ ပန်းကလေးများ ချထားရန် အသွားတွင်၊ သင်္ချိုင်းမြေနေရာသည် တစ်မျိုးဖြစ်နေသည်ကို တွေ့ကြရတော့ သည်။ သူတို၏ စိတ်ထဲ၌ ဇဝေဇဝါ ဖြစ်နေစဉ် ဘုန်းတော်ကြီးသည် ဘုရားရှိခိုးကျောင်းထဲမှ ထွက်လာသည်ကို တွေ့ရသည်။
“ဒီလိုပါကွယ်။ ငါတို အသင်းတော်က အသင်းများက တခြား၊ ဒို အသင်းတော်က မဟုတ်တဲ့လူတွေကို မြုပ်နှံဖို နေရာက တခြား ဖြစ်နေစေတဲ့ ဒီခြံစည်းရိုးကို ညက ငါဖြိုဖျက်လိုက်ပါတယ်။ ဒို တစ် တွေအားလုံးဟာ ခရစ်ယာန်တွေပဲ။ ဒီခြံစည်းရိုး အုတ်တန်တိုင်းက တစ်ဦးနဲ့တစ်ဦး ခြားနားစေအောင်ဖြစ်နေစေတဲ့ အတွက် ငါသိပ် စိတ်မကောင်းဖြစ်နေခဲ့ရပါတယ်။ ဒါကြောင့်မို အခုလို ကွာခြားနေ စေတဲ့ ခြံစည်းရိုးကို ငါကိုယ်တိုင် ဖြိုဖျက်လိုက်ပါတယ်။ ဒိုတစ်တွေ ဟာ တစ်လုံးတစ်ဝတည်း ဖြစ်သွားပါပြီကွယ်”ဟု ပြောလိုက်ပါတော့ ၏။
ခရစ်တော်က ဖြိုဖျက်ရသော အုတ်တံတိုင်းများကို ခရစ်ယာန် ဂိုဏ်းဂဏများကပင် ပြန်လည် တည်ဆောက်နေသလို ဖြစ်နေကြပါသလား။
BIBLE သမ္မာကျမ်း၊
၃၁။ တစ်ခါက စာအုပ်ထုတ်ဝေသူတစ်ဦးသည် နာမည်ကြီး စာရေးဆရာတစ်ဦးနှင့် စကားပြောလျက်နေသည်။ စာရေးဆရာ ဖြစ်သူအား ထူးခြားသော စာအုပ်တစ်အုပ်ရေးပေးပါရန် မေတ္တာ ရပ်ခံလိုက်သည်။
“ကျွန်တော့်အတွက် စာအုပ်တစ်အုပ် ရေးပေးစမ်းပါ။ အဲဒီ စာအုပ်ဟာ အင်မတန်ထူးခြားပြီး၊ ကမ္ဘာကျော်သွားစေချင်ပါတယ်။ ကမ္ဘာကျော်လွန်းလို အဲဒီစာအုပ်ကို ဘာသာစကားပေါင်း ၁၀၀၀ ကျော်နဲ့ ဘာသာပြန်နေစေရမယ်။ ဘယ်လောက်ထူးခြားတဲ့ စာ အုပ်ဖြစ်သလဲဆိုရင် အဲဒီစာအုပ်ရဲ့ အရှိန်ဩဇာဟာ နိုင်ငံပေါင်း ၇၅ နိုင်ငံ၊ တိုက်ကြီး ငါးတိုက်စလုံးကို ပျံ့နှံပြီး တစ်နှစ်ကို စောင် ရေပေါင်း (၁၃)သန်း ရောင်းချနေရပါမယ်။ အဲဒီစာအုပ်ရဲ့ တစ် စိတ်တစ်ဒေသလောက်ကိုလည်း တစ်ကမ္ဘာလုံးမှာ ဖြန့်ဖြူးနေရတာ ဟာ ပျမ်းမျှခြင်းအားဖြင့် တစ်နာရီကို စာအုပ်ငယ်ပေါင်း ၂၆၀၀ ဖြန့်ဝေနေရပါမယ်”
“ပြီးတော့ အဲဒီစာအုပ်ကို ပုံနှိပ်နေရတာ အဆက်မပြတ်ဘဲ ဖြစ်နေရမယ်။ နှစ်ပေါင်း ၄၀၀ ကျော်လောက်အထိ ဆက်တိုက် ပုံနှိပ်နေရတဲ့ စာအုပ်မျိုးလည်း ဖြစ်စေရပါမယ်။ နှစ်စဉ် နှစ်တိုင်း လည်း ကမ္ဘာပေါ်မှာ အရောင်းရကောင်းဆုံး (Best seller) ဖြစ်နေရပြီး ဒီစာအုပ်ကို ဖတ်ပြီး သူတိုင်းဟာ ကိုယ်ကျိုးစွန့်၊ မွန်မြတ်တဲ့ဘဝကို ပြောင်းလဲလာစေရမယ်။”
“ဒီစာအုပ်ကို ဖတ်လိုက်တဲ့ လူတိုင်းရဲ့ စိတ်ဟာ တစ်မျိုးတစ်ဖုံ ဖြစ်ပြီး ဘဝအသက် တာတစ်ခုလုံးဟာ ပြောင်းလဲသွားပြီး ဘုရား သခင်ကို မျက်ဝါးထင်ထင် မြင်လာစေရမယ်”ဟု ဆိုလေရာ စာရေး ဆရာကြီးက ရယ်မောပြီး ခေါင်းကို အတင်းသာ ခါနေပါတော့၏။
ဒီမှာ မိတ်ဆွေ၊ ခင်ဗျားလိုချင်တဲ့ စာအုပ်မျိုးကို လူအနေနဲ့ ဘယ်နည်းနဲ့မှ ရေးနိုင်မှာ မဟုတ်ဘူး။ အင်း … အဲဒီစာအုပ်မျိုး ကို ဘုရားမှ ရေးနိုင်မှာပါပဲလေ”ဟု ပြောလိုက်ရတော့သည်။
ထိုစာအုပ်မျိုးကို အဘယ်သိုသော လူသားမျိုးကမှ ရေးသား မပြုစုနိုင်ပါ။ “ဘုရား” ကသာလျှင် ရေးသားခဲ့သော စာအုပ် ဖြစ်ပါ။
အဘယ်ကြောင့်ဆိုသော် ထိုစာအုပ်မှာ “သမ္မာကျမ်း”ပင် ဖြစ် သောကြောင့်တည်း။
၃၂။ ဒုတိယကမ္ဘာစစ်အတွင်းက စစ်သည်တော်လေးတစ်ဦး သည် ပြင်းထန်စွာ ဒဏ်ရာရပြီး လဲနေသည်။ တပ်တွင်း ဓမ္မဆရာ တစ်ဦးသည် (Chaplain) ထိုဒဏ်ရာရသူ၏ အနီးသို ရောက်လာပြီး နှစ်သိမ့် စကားပြောကြားနေသည်။
ထိုနောက် သမ္မာကျမ်းကိုထုတ်ပြီး ကျမ်းစာပိုဒ်များကို ဖတ်ပြ မည်အပြုတွင် ထိုဒဏ်ရာရနေသည့် စစ်သားလေးက “ဆရာ၊ ကျမ်း စာတွေ ဘာတွေ ဖတ်မနေပါနဲ့၊ ကျွန်တော် အရက်သောက်ချင် တယ်။ အရက်တစ်ခွက်ကိုသာပေးပါ”ဟု တောင်းပန်သဖြင့် ဓမ္မ ဆရာက အရက်အနည်းငယ်ကို တိုက်လိုက်ရတော့သည်။
ထိုနောက် ဓမ္မဆရာက ကျမ်းစာကို ဖတ်တော့မည်အပြုတွင် ထိုစစ်သားလေးက “ဆရာ၊ ကျမ်းစာကို မဖတ်ပါနဲ့ဦး၊ ကျွန်တော် သိပ်ချမ်းနေပါတယ်”ဟု ဆိုပြန်သဖြင့် ဓမ္မဆရာက သူ၏ ကုတ် အင်္ကျီရှည်ကြီးကို ချွတ်ကာ စစ်သားလေးအား ခြုံထားလိုက်ရပြန် ပါ၏။
ထိုအခါမှ စစ်သားလေးက “ကဲ… ဆရာ၊ ဆရာ ဒီလောက် ဖတ်ပြနေချင်တဲ့ ကျမ်းပိုဒ်တွေကို ဖတ်ပြပါတော့။ ကျွန်တော် နားထောင်ပါတော့မယ်”ဟု ဆိုသဖြင့် ဓမ္မဆရာက ကျမ်းပိုဒ်များကို တစ်ပိုဒ်ချင်း ဖတ်ပြနေပါတော့၏။
ဓမ္မဆရာက မည်သည့် ကျမ်းပိုဒ်များကို ဖတ်ပြခဲ့သည်ကို မသိ ပါ။ သိုသော် ထိုကျမ်းပိုဒ်များကို ဖတ်ပြီးသည့် နောက်ပိုင်းတွင် အဆိုပါ ဒဏ်ရာရ ရဲဘော်လေးသည် စိက်ပြောင်းလဲသွားခဲ့တော့ သည်။
ဒဏ်ရာများ ပျောက်ကင်းပြီး သက်သာရာ ရသွားသောအခါ လူသစ်တစ်ဦး ဖြစ်သွားခဲ့သည်။ စစ်တပ်မှ ထွက်ပြီးသောအခါ သူ သည် ချီကာဂိုမြိုရှိ ဆင်းရဲသားရပ်ကွက်တွင်းသို လှည့်လည်ပြီး အပစ်ပယ်ခံလူတန်းစားများကို ကြည့်ရှု စောင်မကာ လူမှုဖူလုံရေး ဂေဟာများ လိုက်လံ တည်ဆောက်ခဲ့သည်။
ရုရှနိုင်ငံရှိ စာရေးဆရာကြီး တော်(လ်)စတွိင်းထံသို သွားပြီး ဘုရားသခင်၏ မေတ္တာတော် အကြောင်း သွားရောက် ဟောပြောခဲ့ သောကြောင့် ထိုကမ္ဘာကျော်စာရေး ဆရာကြီးကိုလည်း ပြောင်းလဲ စေခဲ့သည်။
အိန္ဒိယနိုင်ငံရှိ မဟတ္တမဂန္ဒီထံသို သွား၍လည်း ဘုရားသခင်၏ မေတ္တာတော်အကြောင်း ဟောပြောခဲ့သေးသည်။ ထိုနောက် အဆိုပါ စစ်သားလေးသည် အလွန်ပင် ထူးခြားပြောင်မြောက်သော သာ သနာပြုဆရာကြီးတစ်ပါးလည်း ဖြစ်လာခဲ့ပါတော့၏။
ထိုစစ်သားလေးမှာ အခြားသူမဟုတ်၊ ဂျိမ်း(စ်)အာဒမ်း (James Adams) ဆိုသည့် နာမည်ကျော် ဓမ္မဆရာကြီး တစ်ဦးပေတည်း။
သမ္မာကျမ်းစာ၏ လှုဆော်ပြောင်းလဲပေးနိုင်သည့် စွမ်းရည်မှာ အံ့မခန်းပါတကား။
၃၃။ အမေရိကန်ပြည် ဝါရှင်တန်မြို၌ Bureau of Standards ဟု ခေါ်သည့် “စံချိန်အစစ် အမှန်”များ ထားသိုရာ ရုံးခန်း တစ်ခုရှိသည်။
ထိုရုံးခန်းထဲ၌ ပလက်တီနံ ပေတံတစ်ချောင်းရှိသည်။ ထို ပေတံသည် တစ်မီတာ၏ စံချိန်ဖြစ်၍ ခန့်မှန်းခြေအားဖြင့် ၃၉ ဒဿမ ၃၇ လက်မရှိသည်။ ထိုပေတံကို လေလုံခန်းထဲ၌ထားပြီး ထိုအခန်း၏ အပူအအေး ဒီဂရီကိုလည်း အမြဲ ညီမျှနေစေသည်။
မည်သည့်အရာတစ်ခုကိုမဆို တိုင်းထွာရာ၌ အငြင်းပွားမှုရှိ လျှင် ထိုအခန်းထဲရှိ စံချိန်မှီ မီတာပေတံဖြင့် လာရောက် တိုင်းထွာ ခဲ့သည်။ တစ်စုံတစ်ဦး၏ အတိုင်းအတာသည် ထိုစံချိန်မှီ ပေတံနှင့် မညီလျှင် ထိုသူသာလျှင် မှားသည်ဟု ဆုံးဖြတ်ရသည်။ ထိုရုံးခန်း ထဲရှိ ပေတံကို အမြဲပင် အမှန်ယူရလေသည်။ တစ်စုံတစ်ဦး၏ ပေတံသည် ထိုစံချိန်မှီပေတံနှင့် တူညီနေလျှင် ထိုသူ၏ အတိုင်း အထွာသည် မှန်သည်ဟု ဆုံးဖြတ်ရသည်။
ကျွန်တော်တို၏ နေထိုင်ပြုမှု ကျင်ကြံနေပုံ၊ အသက်ရှင်နေပုံ တိုကို တိုင်းထွာချိန်စက်ကြည့်ရန် စံချိန်တစ်ခုကို ဘုရားသခင်က ပေးထားပါသည်။ ထိုအရာကား တစ်ခြားမဟုတ်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြစ်သော သမ္မာကျမ်းပေတည်း။
လူတစ်ဦး၏ ကြံဆတွေးခေါ်ပုံတိုကို သမ္မာကျမ်းနှင့် ချိန်ထိုး ကြည့်ရမည်။ သူ၏ အသက်ရှင်သွားလာနေပုံတိုကို သမ္မာကျမ်းမှ တစ်ဆင့် ဘုရားသခင်က ဖွင့်ပြနေသော “စံချိန်”ဖြင့် ချိန်ထိုး ကြည့်ရလိမ့်မည်တည်း။ ။
၃၄။ ကမ္ဘာကျော် ဧဝံဂေလိတရားဟောဆရာကြီးဖြစ်သူ ဘီလီးဂရေဟန်က သမ္မာကျမ်း၏ အရှိန်ဩဇာကို ဟောပြောလေ့ ရှိသည်။ သူ၏ ယုံကြည်ခြင်းသည် အချက်အခြာ မဏ္ဍိုင်သည်လည်း သမ္မာကျမ်းပင်ဖြစ်ကြောင်း သက်သေခံခဲ့သည်။
ငယ်ရွယ်စဉ်က သူသည် သမ္မာကျမ်းအပေါ်၌ သံသယအမျိုး မျိုး ဖြစ်နေခဲ့ဖူးသည်။ သူ၏ ရင်တွင်း၌ ပဋိပက္ခဖြစ်နေခဲ့သည်။ သမ္မာကျမ်း၌ အမှားများစွာ ပါရှိကြောင်းကို သူ ယုံကြည်နေသည်။
သူ၏ ရင်တွင်း၌ ဖြစ်ပေါ်နေသော ပဋိပက္ခကြီးကို မဖြိုဖျက် နိုင်သရွေ့ သူသည် ခရစ်ယာန်ကောင်း၊ အမှုတော်ဆောင်ကောင်း တစ်ယောက် မဖြစ်နိုင်ကြောင်းကို ကောင်းစွာ ယုံကြည်နေသည်။ သို့သော် သမ္မာကျမ်းအပေါ်၌ သူထားရှိခဲ့သော ယူဆချက်များ ပြောင်းလဲလာပုံကို အောက်ပါအတိုင်း ဝန်ခံခဲ့ပါ၏။
“၁၉၄၉ ခုနှစ်၊ သြဂုတ်လအတွင်းမှာ၊ လော့(စ်)အင်ဂျလီး(စ်) အနီးရှိ တောင်ကုန်းများပေါ်မှာ ကျင်းပခဲ့တဲ့ ပရက်(စ်)ဗေတေးရီး ယန်း စည်းဝေးကြီးတစ်ခုကို လာရောက်ဖို့ ဖိတ်ကြားခြင်း ခံရပါ တယ်။ အဲဒီ စည်းဝေးကြီးကို တက်ခဲ့ပါတယ်။
တစ်ညနေမှာ တစ်ယောက်တည်း လမ်းလျှောက်နေရင်း ဘုရား သခင်နဲ့ နပန်းလုံးနေရသလိုပါပဲ။ အမှန်ဆိုရင် ကျွန်တော်ရဲ့ သံသယစိတ်များနဲ့ နပန်းလုံးနေရခြင်းသာ ဖြစ်ပါတယ်။ နောက်ဆုံး မှာ အဲဒီလို သံသယစိတ်များနဲ့ လုံးထွေးသတ်ပုတ်နေရရင်း၊ သမ္မာကျမ်းက ဖွင့်ပြနေတဲ့ ဘုရားသခင်ကို လုံးဝ အလျှော့ပေးလိုက်မိပါတယ်၊
သမ္မာကျမ်းကို ဖွင့်ပြီး၊ အဲဒီရှေ့မှာတွင် ဒူးထောက်ရင်းနဲ့ “ဘုရားသခင်၊ ဒီကျမ်းစာအုပ်ထဲမှာ ရေးထားသော အရာ အချိုကို | ကျွန်တော် လုံးဝ နားမလည်ပါ။ သို သော် “ဖြောင့်မတ်သူသည် ယုံကြည်ခြင်းအားဖြင့်သာ အသက်ရှင်ရမည်” ဟူ၍ ကိုယ်တော်က မိန့်တော်မူခဲ့ပါတယ်။ ဒါကြောင့် ကိုယ်တော်က ဒီကျမ်းစာအုပ်မှ တစ်ဆင့် ဖွင့်ပြပြောဆိုနေသမျှကို အခု ကျွန်တော်မျိုး လက်ခံပါပြီ။ အခု၊ ဒီနေရာတင်ပဲ၊ ဒီသမ္မာကျမ်းကို ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်အဖြစ် လက်ခံပါပြီ။ ခြွင်းချက်မရှိဘဲ လုံးဝ လက်ခံပါပြီ။ နားမလည်အရာများ ရှိသေးရင်၊ ကိုယ်တော်ကိုသာလျှင် လွဲအပ် လိုက်ပါပြီ။ အခု ဒီလို ဆက်လက် ဝန်ခံလိုက်ခြင်းကို ကိုယ်တော် လက်ခံပါလျှင်၊ ဒီ သမ္မာကျမ်းထဲမှ
သစ္စာတရားများကို ဖွင့်ပြဟော ပြောနိုင်သူအဖြစ် ကျွန်တော်မျိုးအား အသုံးပြုတော်မူပါ။ ကျွန် တော်မျိုး ဟောပြောသော တရားတော်များအားဖြင့် အပြစ်သား များကို ကိုယ်တော့်ထံတော်သို လှည့်လည်နိုင်ရန် ကူမတော်မူပါ ဘုရား” ဟူ၍ ရင်ဖွင့်ခဲ့ပါတော့၏။
ထိုသို ရင်ဖွင့်လိုက်ခြင်းက ဘီလီဂရေဟန်အား လုံးဝ ပြောင်းလဲသွားစေခဲ့သည်။ သူ၏ စိတ်ထဲ၌ လုံးဝပေါ့သွားခဲ့တော့ သည်။ သူက ဆက်လက်ပြီး ဤသို သက်သေခံပြန်သည်။
“ဒီလို ရင်ဖွင့်ပြီးတဲ့နောက်၊ ကျွန်တော်တို တစ်တွေဟာ လောစ်အင်ဂျလီး(စ်)နယ်တစ်ဝိုက်မှာ ဧဝံဂေလိလုပ်ငန်းကြီး ဆောင်ရွက်ခဲ့ ပါတယ်။ ဘယ်လောက်များ အောင်မြင်ခဲ့သလဲဆိုတာကိုတော့ သမိုင်းမှာ စတင်ထားနိုင်လောက်တဲ့ အောင်မြင်မှုကြီး တစ်ခုပါပဲ။ သမ္မာကျမ်းဟာ မှန်ပါတယ်ဆိုပြီး ကျွန်တော်ဟာ လိုက်လံထုချေ ဖြေရှင်း မနေတော့ပါဘူး။ သမ္မာကျမ်းပေါ်မှာ ထားရှိခဲ့တဲ့ ကျွန် တော်ရဲ့ ယုံကြည်ခြင်းဟာ အဲဒီအချိန်ကစပြီး မယိမ်းမယိုင်၊ ခိုင်ခံ့ သွားပါပြီ။ ဒါကြောင့်မိုလိုလည်း ကျွန်တော် တရားဟောတိုင်းမှာ “သမ္မာကျမ်းစာက ဒီလိုဆိုပါသည်… သမ္မာကျမ်းက ဒီလိုပြောပါ တယ်…”ဆိုတဲ့ စကားလုံးတွေကို ထပ်တလဲလဲ အသုံးပြုနေတာ ကို ကြားရပါလိမ့်မယ်။ အမှန်ဆိုရရင်၊ “ကျွန်တော်ဟာ သမ္မာကျမ်း မှတစ်ဆင့် လှုဆော်နှိးဆွပေးနေတဲ့ သန့်ရှင်းသော ဝိညာဉ်တော်က ပြောခိုင်းတဲ့အတိုင်း ဟောပြောနေရသလိုပါပဲ” ဟူ၍ ပြောခဲ့ပါတော့ ၏။
၃၅။ “ရသစာပေထဲတွင် သနားစရာ အကောင်းဆုံး၊ စိတ် အလှုပ်ရှားစေဆုံးသော စာပေသည် အဘယ်နည်း”ဟူ၍ ကမ္ဘာ စာရေးဆရာကြီး ချားလ်(စ်)ဒစ်ကင်းကို မေးရာ၊ ခရစ်တော် ပြောခဲ့ တော်မူသော “ပျောက်သောသား” ဥပမာပင် ဖြစ်သည်ဟု ဖြေခဲ့ သည်။ “စာပေရေးရာတွင် အကြွယ်ဝဆုံးသော စာတစ်ပိုဒ်ကို ပြော ပါ’ဟု ဒဿနက၊ အတွေးအခေါ် ပညာရှင်ကြီး လာရစ်(ချ်) အား မေးရာ “ရှင်မဿဲ ခရစ်ဝင်ကျမ်း အခန်းကြီး (၅)မှ ပထမဆုံး သော အခန်းငယ် (၁၅)ပိုဒ်”ဟူ၍ ဖြေခဲ့ဖူးပါသည်။ “လူမှုရေးရာ ကျင့်ထုံးတွင် အကြီးမြတ်ဆုံးသော ဓမ္မသတ်သည် အဘယ်နည်း” ဟူ၍ ပညာရှင်ကြီး ဒင်နီယယ်(လ်)ဝက်(ဘ်)စတာအား မေးရာ၊“တောင်ပေါ်ဒေသနာ” ဟူ၍ပင် ဖြစ်ပါသည်ဟု ဖြေခဲ့ပါသည်။
ကဗျာလင်္ကာပိုင်းတွင် ဒါဝိဒ်မင်းကြီး စပ်ဆိုခဲ့သော ဆာလံများ ကို အဘယ်သူမျှ မမှီနိုင်ဟူ၍လည်း အချိုက ဆိုကြပါ၏။
သမ္မာကျမ်းသည် စကားပြေ၊ သမိုင်း၊ ကဗျာလင်္ကာ၊ အနာဂတ် ဆိုင်ရာ ဟောချက်များ၊ ဂီတ၊ ကြေကွဲဖွယ် ဇာတ်လမ်း၊ မဟာစစ် နည်းဗျူဟာ၊ မေတ္တာဘွဲ ဇာတ်လမ်းများ၊ စစ်မက်ရေးရာအကြောင်း များ၊ ခရီးသွား မှတ်တမ်း၊ ဥပေဒေ ဓမ္မသတ်များ၊ တရားဟောချက် များ၊ သတိပေးချက်များ၊ ဆုတောင်းများ အစရှိသည်တိုကို စုပေါင်း ထားသည့် အကြီးမြတ်ဆုံး စာပေတစ်အုပ် ဖြစ်ပါ၏. . . ။
၃၆။ လူ့ဘောင် လောကအတွက် ဘုရားသခင် ပြုစုတော်မူ ခဲ့သော “မဟာဇာတ်လမ်းကြီး” တစ်ပုဒ်ကို သမ္မာကျမ်းက ဖော်ပြ နေသည်…
(က) အခန်း ၁။ “ဖန်ဆင်းတော်မူခြင်း” ဘုရားသခင်၏ ဖန်ဆင်းတော်မူခြင်းကို သမ္မာကျမ်းက ဖော်ပြရာတွင် လူဆိုသည်မှာ ဖန်ဆင်းရှင်နှင့် မည်သို ဆက်နွယ်နေ ကြောင်းကို ပြောပြသည်။ သူသည် ဘုရားသခင်အား တော်လှန်ပုန်ကန်ရာတွင် ပထမဦးဆုံး ဖြစ်ခဲ့ကြောင်း မှတ်တမ်းတင်ထားသည်။
(ခ) အခန်း ၂။ “ပဋိညာဉ်ပြုခြင်း” လူ့ဘောင် လောက ဇာတ်လမ်းထဲတွင် ဘုရားသခင်က ပြန်လည် တည် ဆောက်ပုံ၊ အသစ်ပြုပြင်ပုံကို ဖော်ပြထားသည်။ လူ သားကို ရာစုနှစ်ပေါင်းများစွာ သည်းခံ၍ ဆုံးမပဲ့ပြင် လမ်းပြနေခဲ့ကြောင်းကို ဖော်ပြသည်။ လူသားသည် ဘုရားသခင်နှင့် ပြန်လည်မိတ်သဟာယဖွဲနိုင်လာ လောက်အောင် ပြုပြင်၍ မရသဖြင့် အကူအညီ ပေးရန် ပုဂ္ဂိုလ်တစ်ဦးကို စေလွှတ်မည့်အကြောင်း ဘုရားသခင်က ဖော်ပြထားသည်။ ထိုပုဂ္ဂိုလ်ကို “မေရှိယ” ဟု ခေါ်သည်။
(ဂ) အခန်း (၃)။ “ခရစ်တော်” ယေရှုခရစ်တော်အား ဖြင့် ဘုရားသခင်သည် လူသားတစ်ရပ်လုံးအား ပြန် လည် စုစည်းပေးသည်။ ထိုခရစ်တော်သည် အသက် ရှင်သော နှုတ်ကပတ်တော်လည်း ဖြစ်သည်။ ထို နှုတ် ကပတ်တော်ကိုရလျှင် လူသည် လူသားစစ်ဖြစ်လာ သည်။ ထိုသခင်အားဖြင့် ဘုရားသခင်သည် ပဋိ ညာဉ်အသစ်ကို လူနှင့် ပြန်လည်ပြုကြောင်း ဖော်ပြ ထားသည်။
(ဃ) အခန်း ၄။ “ရွေးချယ်ခံ လူသားသစ် သို့ မဟုတ် အသင်းတော်” ထိုအသစ်သော လူ့အဖွဲအစည်းကို “အသစ်သော ဣသရေလလူမျိုး” ဟူ၍လည်း ခေါ် ထားသည်။ “အသင်းတော်” ဟူ၍လည်း ခေါ်သည်။ ထိုအသင်းတော်သည် ဘုရားသခင်၏ လမ်းပြမှုဖြင့် စိတ်ဝိညာဉ်တော်၏ နှိးဆော်မှုကြောင့် သမ္မာကျမ်း အားဖြင့် အခန်း (၁)ဖြစ်သော အစနှင့် ဇာတ်လမ်း၏ မဏ္ဍိုင် အချက်အချာဖြစ်သော ခရစ်တော်ကို တွေ့ရှိ လာနိုင်ပြီး အချိန်ကာလကို ကျော်လွန်ကာ နောက် ဆုံးသော နေ့ရက်ကို မျှော်လင့်ခြင်းဖြင့် ယုံကြည်နိုင်လာကြပြီ ဖြစ်သတည်း။
BLIND မျက်စိကန်းနေခြင်း
၃၇။ လူတစ်ဦးသည် ကြည့်သော်လည်း မမြင်ရ၊ မျက်စိရှိသော် လည်း ကန်းနေကြောင်းကို ပြောလျှင် ကောင်းစွာ နားလည်နိုင်မည် မဟုတ်ချေ။
တစ်ခါက သူတောင်းစားတစ်ဦးသည် နယူးရောက်မြိုကြီး၏ လမ်းဘေး၌ထိုင်နေပြီး သူ၏ ရင်ပတ်ပေါ်တွင် ဆိုင်းဘုတ်ကပ်ပြား တစ်ခု ချိတ်ဆွဲထားသည်။
“ဤမြို့ကြီးသည် ကမ္ဘာပေါ်တွင် အလှဆုံးသော မြို့ကြီးပင် ဖြစ်သော်လည်း ကျွန်တော်သည် မျက်စိကန်းနေပါသည်ခင်ဗျား” ဟူ၍ ထိုဆိုင်းဘုတ်ပေါ်တွင် ရေးထားပါ၏ အလွန်ပင် သနားစရာ ကောင်းလှပါ၏။
ခရီးသည်တစ်ဦးသည် အလွန်လှပသော နွေဥတု ညတစ်ည၌ သင်္ဘောစီး၍ ပင်လယ်ခရီးသွားနေသည်။ ရေယာဉ်ကုန်းပတ်ပေါ် တွင် ထိုင်နေပြီး ကောင်းကင်တစ်ခုလုံးတွင် စိန်ကလေးများကဲ့သို ဝင်းလက်နေသော ကြယ်ကလေးများကိုကြည့်ရင်း ဖန်ဆင်းရှင် ဘုရားသခင်ကို မြင်လာသည်။ ပင်လယ်လေပြေကလေးကိုလည်း ရှုရှိက်၍ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းနေမိ၏။
သို့သော် လူအချို့တို့ သည် သင်္ဘော၏ ဒုတိယအထပ်ထဲရှိ ကပွဲခန်းမထဲတွင် အရက်သောက်စား မူးယစ်နေရင်း အပျော်လွန် နေကြသည်။ သူတို့ အဖို့ လှပသော ပင်လယ်ပြင်ကြီးကိုလည်း မ မြင်ရ၊ ဝင်းလက်နေသော ကြယ်ကလေးများကိုလည်း မတွေ့ကြရ သဖြင့် ဖန်ဆင်းရှင် ဘုရားသခင်ကိုပင် မမြင်နိုင်ကြပါတကား။
ဤကိစ္စမျိုးသည် မျက်စိရှိလျက် မမြင်ရသော သဘောမျိုးပေတည်း။
၃၈။ မျက်စိရှိလျက်၊ မျက်လုံးကို ဖွင့်ထားလျက် မမြင်နိုင် သည့် စကားမှာ မှန်ပါ၏။
မျက်စိပါရဂူများက လူတစ်ဦး၏ သာမန်မျက်စိသည် တစ်မိ နစ်လျှင် (၂၅) ကြိမ် မျက်တောင် ခတ်ပေးရသည်ဟု ဆို၏။ ထိုသို ဆိုလျှင် မျက်တော်တစ်ခါခတ်ချိန်သည် တစ်စက္ကန့်၏ ငါးပုံတစ်ပုံ နှင့်ညီ၏။ ထိုကြောင့် လူတစ်ဦးသည် တစ်နာရီလျှင် မိုင် (၅၀) မောင်းနေသော ကားပေါ်တွင် ထိုင်၍ (၁၀)နာရီမျှ ကားမောင်း နေပါက ထိုသူသည် မိုင်ပေါင်း (၃၃)မိုင်ကို မျက်လုံးပိတ်လျက် ကားမောင်းနေ သည်ဟု သိပ္ပံပညာအားဖြင့် ပြောနိုင်ပါ၏။
ထိုသို ပြောလျှင် ယုံနိုင်ဖွယ်ရာအကြောင်း မရှိသော်လည်း သိပ္ပံ ပညာအားဖြင့်ဆိုလျှင် ဤကိစ္စသည် အဖြစ်မှန်ပင်တည်း။
ဝိညာဉ်ရေးရာ၌လည်း မျက်စိကန်းနေသူမြောက်မြားစွာ ရှိနေ သည်။ ခရစ်တော်ကို မြင်နေရပါလျက် ခရစ်တော်အားဖြင့် မိမိ ကိုယ်ကို ဖွင့်ပြနေသော ဘုရားသခင်ကို မမြင်ရလျှင် ဝိညာဉ်ရေး ရာအားဖြင့် ထိုသူသည် မျက်စိကန်းနေသူနှင့်တူသည်ဟု ဆိုနိုင်ပါ ၏။ ၊
၃၉။ ဘာသာရေးယုံချက်များအတွက် လူအများသည် အမြဲ လိုလိုပင် ငြင်းခုံနေတတ်သည်။ ခရစ်ယာန်ဂိုဏ်းပေါင်းစုံတို က လည်း မိမိတိုဆိုင်ရာ ဂိုဏ်းဂဏတို၏ ယုံချက်နှင့် ကျင့်သုံးမှု အပေါ်၌ အသီးသီး ငြင်းခုံလေ့ရှိပါသေးသည်။ အမှန်ဆိုလျှင် ထို သို ဖြစ်ရခြင်းမှာ တစ်ဦး၏ ရှုဒေါင့်မှ တစ်ဦးက ဝင်မကြည့်ဘဲ မမြင်နိုင်ဘဲ ရှိနေရသောကြောင့်ပေတည်း။
BROKENESS ကျိုးပဲ့ခြင်း
၄၀။ လူသည် စပါးကိုကြိတ်၍ ကျိုးပဲ့စေပြီးမှ ဆန်အဖြစ် စားသုံးကြသည်။ ဆေးဘက်ဝင်သော အပင်များ၊ အမြစ်များ သစ်ဥ သစ်ဖုများကို ချေမွ၊ ချိုးဖဲ့ပြီးမှရသော ၄င်းတို၏ အဆီအနှစ်အား ဖြင့် ဆေးဖော်လေ့ရှိသည်။
“ဂိဒေါင်”နှင့် သူ၏ တပ်သားများသည် တံပိုးကိုမှုတ်၍ မီးခွက် ပါသော အိုးတိုကို ရိုက်ကြသောကြောင့် ရန်သူသည် လန့်ဖျပ်ထွက် ပြေးကြ၍ စစ်ပွဲကို အနိုင်ယူခဲ့သည်။ ဂိဒေါင်၏ အဖွဲက ကျိုးဖဲ့လိုက် သော မြေအိုးတိုကြောင့် သူ၏ တပ်သားများသည် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
ရှင်ပေါလုသည် ပင်လယ်ထဲ၌ သင်္ဘောပျက်ခဲ့သော်လည်း သင်္ဘော၏ သစ်သားစများ၊ ကျိုးပဲ့သော ပျဉ်ပြားများကို ကိုင်တွယ် ကူးခတ်ခဲ့သောကြောင့် အသက်ချမ်းသာရာ ရခဲ့သည်။ ခရစ်တော် ၏ ကျိုးပဲ့သော ခန္ဓာကြောင့် လူအပေါင်းတိုသည် ကောင်းကင် စည်းစိမ်ကို ခံစားလာနိုင်ကြသည်။
ယုဒလူမျိုးတို၏ ကွဲလွင့်ပျံ့နှံခဲ့ရခြင်းကြောင့် တစ်ပါး အမျိုး သား လူမျိုးခြားတို သည် ခရစ်တော်အကြောင်း သတင်းကောင်း ကို ကြားခဲ့ကြရ၏။
သန့်ရှင်းသူ ခရစ်ယာန်များ၊ သူတော်စင် သူတော်မြတ်များ၏ ကျိုးပဲ့သော ကိုယ်၊ ထွက်ခဲ့သော သွေးတိုကြောင့် ခရစ်ယာန်ဘာ သာသည် အမြစ်စွဲနိုင်ခဲ့သည်။ အသင်းတော်၏ အုတ်မြစ်သည်ကား၊ ထိုမာတုရများ၏ သွေးတိုဖြင့် တည်ဆောက်ခဲ့ခြင်းပင် ဖြစ်၏။
ခရစ်တော်ကို လုပ်ကျွေးသမှုပြုပြီး သူ၏ မေတ္တာကိုပြလိုသော ကြောင့် အမျိုးသမီးတစ်ဦးသည် နာဒုဆီမွှေးပါသော ကျောက်ဖြစ် ခွက်ကို ရိုက်ခွဲခဲ့သည်။ (မာကု ၁၄၃) ကွဲသွားသော ကျောက်ဖြူ ခွက်မှ ထွက်လာသော နာဒုဆီမွှေးကို ကိုယ်တော်၏ ခေါင်းတော် ပေါ်၌ သွန်းလောင်းခဲ့သည်။
ဘုရားသခင်သည် ကျိုးပဲ့ကြေမွသော စိတ်နှလုံးကို ချစ်မြတ်နိုး ပါ၏။ ဘုရားသခင် နှစ်သက်တော်မူသော ယဇ်မူကား ကျိုးပဲ့သော စိတ်ပေတည်း။ (ဆာလံ ၅၁)။
ကြက်ဥ၏ အခွံသည် ကျိုးပဲ့ကြေမွသွားမှသာလျှင် ကြက်က လေးပေါက်လာနိုင်သည်။ စိုက်သော မျိုးစေ့သည် ကျိုးပဲ့ပျက်စီးမှ အပင်ပေါက်နိုင်ပါသည်။
ကျိုးပဲ့ကြေမွသော စိတ်ထားနှင့် ပျက်စီးသွားသော မျှော်လင့် ခြင်းတိုကို ဘုရားသခင်ကသာလျှင် ပြန်လည် အသစ်ပြုပြင် ဖန်တီး ပေးနိုင်ပါသတည်း။ ။
BROTHERHOOD
ညီရင်းအစ်ကိုစိတ်ထား
၄၁။ တစ်ခါက အလွန်ကြီးမားသော အသင်းတော်တစ်ပါး ရှိခဲ့သည်။
ထိုအသင်းတော်၌ ကျိကျိတက်ချမ်းသာကြွယ်ဝသော သန်း ကြွယ်သူဌေးကြီးများ၊ ဂုဏ်အသ ရေရှိ လူတန်းစားများနှင့်သာ ပြည့် နေသော အသင်းတော်ဖြစ်၏။
တစ်နေ့တွင် လမ်းဘေး၌ တံမြက်စီးလှည်းရသော အသားမဲ နီဂရိုးအောက်တန်းစားတစ်ဦးက ထိုအသင်းတော်ထဲသို့ ဝင်လိုကြောင်း သင်းအုပ်ဆရာထံ လာရောက်ပြောဆို ခွင့်ပန်သည်။
သင်းအုပ်ဆရာက ထိုအသားမဲ နီးဂရိုးအား မနှစ်မြိုသော် လည်း ထိုအသင်းတော်ထဲသို့ မဝင်နိုင်ကြောင်း ပြောင်ပြောင် မ ပြောဘဲ၊ ဘုရားသခင်၏ အလိုတော် မည်သို ရှိမည်ကို သိရအောင် ဆုတောင်းပါ။ (၆)လခန့်ကြာမှ သူ့ထံသို ပြန်လာရန် ဥပါယ်တံမျဉ် ဖြင့် ပြန်လွှတ်လေ၏။
ထိုနီးဂရိုးကြီးသည် တစ်လကျော်သောအခါ၊ သင်းအုပ်ထံ ပြန် သွားပြီး၊ အသင်းတော် ဝင်ခွင့်တောင်းပြန်လေသည်။ သင်းအုပ် ဆရာက (၆)လကြာမှ ပြန်လာရန်၊ ဆုတောင်း၍ ဘုရားသခင်၏ အလိုတော် မည်သို ရှိမည်ကို စောင့်ဆိုင်းရန်ကိုသာပြော၍ ပြန် လွှတ်လိုက်ပြန်၏။
(၃)လခန့်ကြာသောအခါ ထိုနီးဂရိုးသည် သင်းအုပ်ဆရာထံ ပြန်သွားသောအခါ အော်ဟစ်ကြိမ်း မောင်း၍ အခန်းထဲမှပင်လျှင် နှင်ထုတ်ခြင်းကို ခံခဲ့ရပြန်ရှာ၏။
များမကြာမီ၊ ထိုနီးဂရိုးသည် သင်းအုပ်ဆရာထံ ပြန်၍ သွား လေသည်။
“ဆရာ၊ ကျွန်တော် ညတိုင်းလိုလို ဆုတောင်းခဲ့ပါတယ်။ ဘုရား သခင်က ကိုယ်တော်တိုင်က ကျွန်တော့်ကို အဖြေပေးခဲ့ပါတယ်”ဟု ဆိုသဖြင့် သင်းအုပ်ဆရာသည် အံ့အားသင့်ကာ “ဪ… ဟုတ် လား၊ ဘုရားသခင်က ခင်ဗျားကို ဘယ်လိုများ အဖြေပေးခဲ့လိုလဲ” ဟု မေးလိုက်တော့သည်။
ထိုအခါ နီဂရိုးကြီးက “ဘုရားသခင်က ပြောပါတယ် ဆရာ။ မင်းဟာ၊ ဟိုအသင်းတော်ကိုဝင်ဖို့ ကြိုးစားနေတယ် မဟုတ်လားတဲ့။ ဆက်ပြီး မကြိုးစားနဲ့ တော့တဲ့။ မေ့လိုက်ပါတော့တဲ့။ အဲဒီ အ သင်းတော်ကို မင်းမပြောနဲ့၊ ငါတောင် ဝင်လို မရဘူးလို ပြောလိုက် ပါတယ်ဆရာ” ဟူ၍ ပြောပြီး လှည့်ထွက်လာခဲ့သော ဟူ၏။
အသားအရောင်၊ အဆင့်အတန်း၊ လူ့အလွှာ ခွဲခြားနေပြီး ညီ ရင်းအစ်ကို စိတ်ထားမရှိသော အသင်းတော်မျိုး၌ ဘုရားသခင် လည်း မရှိနိုင်ပါ။
၄၂။ အနောက်နိုင်ငံ တစ်နိုင်ငံ၌ အလွန် ကြီးကျယ်ခမ်းနား သော အသင်းတော်ကြီးတစ်ပါး ရှိသည်။ ထိုအသင်းတော် မိသားစု များက သူတိုဖာသာ သီးသန့် ထိုင်နိုင်ကြရန် ခုံတန်းရှည်များကို အလှူငွေပေးပြီး တစ်နှစ်စာ ငှါးရမ်းထားလေ့ရှိသည်။
ဥပမာ မိသားစုတစ်အိမ်ထောင်က တစ်နှစ်အတွက် အလှူငွေ ပေးထားပြီး၊ ထိုခုံတန်းရှည်တွင် သူတို အိမ်ထောင်သားများသာ ထိုင်ရန် သီးသန့်ဖယ်ထားရလေ့ရှိသည်။
အသင်းတော်၏ ဝတ်ပြုစည်းဝေးတိုင်း၊ အလွန်ပင် ဆင်းရဲ နွမ်းပါးစွာ ဝတ်ဆင်ထားသော လူကြီးတစ်ဦးသည် အမြဲ လာ ရောက်ပြီး၊ နောက်ဆုံး ခုံတန်း၌ ထိုင်လေ့ရှိသည်။ ဝတ်ပြုစည်းဝေး ပြီးတိုင်း မည်သူနှင့်မျှ စကား မပြောဘဲ သူ့ဖာသာ အေးဆေးစွာတစ်ယောက်တည်း ထွက်ခွာသွားလေ့ရှိ၏။
တစ်နေ့တွင် ထို ဆင်းရဲသားကြီးသည် ဝတ်ပြုစည်းဝေးသို့ အနည်းငယ် နောက်ကျ၍ ရောက်လာသည်။ ထိုင်စရာ နေစရာ မရှိသဖြင့်၊ ရှေ့ပိုင်းရှိ လွတ်လပ်နေသော ခုံတန်းရှည်တစ်ခုသို့ လျှောက်လာပြီး လာရောက်ထိုင်လိုက်တော့၏။ ထိုစဉ် နေရာ ထားပေးရန် တာဝန်ရှိသည့် လူငယ်တစ်ဦးက ထိုဆင်းရဲသားကြီးအနီးသို့ လာပြီး၊ တိုးတိုး စကားပြောလိုက်ရာ၊ ထိုဆင်းရဲသားကြီး သည် ခေါင်းညိတ်လျက် ဘုရားရှိခိုးကျောင်းထဲမှ ညင်သာစွာ ထွက် ခွာသွားပါတော့သည်။ ဤအခြင်း အရာ အားလုံးကို တရားပလ္လင် ပေါ်မှ သင်းအုပ်ဆရာက မြင်တွေ့နေရသည်။
ဝတ်ပြုစည်းဝေးပြီးသောအခါ သင်းအုပ်ဆရာက ထိုလူငယ် မေးမြန်းကြည့်ရာ လူငယ်လေးက “ဆရာ၊ ဒီလူကြီးက မစ္စတာစမမ် တို ငှားရမ်းထားတဲ့ ခုံတန်းရှည်မှာ လာထိုင်နေတာနဲ့ တခြားမှာ သွားတိုင်ဖို့၊ ကျွန်တော်က ပြောလိုက်ရတာပါ။ မစ္စတာစမစ်တို့ မိသားစုရောက်လာရင်သူတို အလှူငွေပေးပြီး ငှါးရမ်းထားတဲ့ ခုံ တန်းရှည်မှာ တခြားသူစိမ်းတစ်ဦးထိုင်နေတာ တွေ့ရရင် စိတ်ဆိုး သွားမှာစိုးလိုပါ”ဟု ဖြေလိုက်သည်။
“ဒီလူကြီးက ဝတ်ပြုစည်းဝေးကို မှန်မှန် လာတက်တယ်ကွ။ နောက်မှာ အမြဲ ထိုင်နေလေ့ ရှိတယ်။ စည်းဝေးပြီးတိုင်း သူ့ဖာသာ တစ်ယောက်တည်း ထွက်သွားလေ့ရှိတယ်။ ဒါထက် “ဒီ လူကြီးဟာ ဘယ်သူလဲကွ၊ မင်းမသိဘူးလား” ဟု မေးရာ လူငယ်က “ဟိုဘက် နှစ်လမ်းကျော်က လက်သမားကြီး တစ်ဦးလို ပြောကြတာပဲ ဆရာ” ဟု ပြန်ဖြေလိုက်တော့သည်။
သင်းအုပ်ဆရာသည် ခေတ္တတွေဝေ စဉ်းစားနေပြီးမှ ဝမ်းနည်း ကြေကွဲလှသော အသံဖြင့် “ဟာကွာ… ခရစ်တော်များဖြစ်နေ မလား မောင်ရင်ရာ”ဟု ပြောလိုက်ရှာတော့၏။
အသင်းတော်တွင်း၌ပင် ညီရင်းအစ်ကို စိတ်ထားကင်းမဲ့နေ သောကြောင့် ခရစ်တော်ကိုပင် မိမိတို အသင်းတော်မှ မောင်းထုတ် နေမိသကဲ့သို ဖြစ်နေကြပါသလား။
BURDENS ဝန်ထုပ်များ
၄၃။ ကလေးမလေးတစ်ဦးသည် သူ၏ မောင်လေးကို ကျောပိုး ၍ လမ်းလျှောက်သွားနေသည်။ သေသေချာချာ ကြည့်လိုက်လျှင်၊ ထိုကလေးမလေး၏ အသက်အရွယ်နှင့် ကျောပိုးထားရသော သူ၏ မောင်လေးသည် မမျှမတဖြစ်နေပုံရသည်။ ထိုသို ကျောပိုးထားရ သည်မှာလည်း လေးလံနေပုံရသည်။
လမ်း၌ လူကြီးတစ်ဦးကတွေ့ရာ “ဟေ့ သူငယ်မ၊ မင်းဟာ ဒီ ကလေးကို ကျောပိုးထားရမှာ အတော်လေးနေမှာပေါ့နော်”ဟု ဆို လေရာ “ဟင့်အင်း၊ မလေးပါဘူး ဦးလေး ဘာဖြစ်လိုလဲ ဆိုတော့ သူက ကျွန်မရဲ့ မောင်လေးဖြစ်နေလိုပါ” ဖြေလိုက်ပါ၏။
မေတ္တာဖြင့် ထမ်းပေးနေသော ဝန်ထုပ်များသည် အမှန်စင်စစ် မလေးလံပါ။
CALVARY ကရာနီကုန်းတော်
၄၄။ မြက်ခြောက်၊ သစ်ပင်ခြောက်များ ပေါများသော သစ် တောများ၌ တောမီးလောင်လျှင် ပြေးလွှားရှောင်တိမ်းရန် ခက်ခဲ လေ့ရှိတတ်သည်။ တစ်ခါတစ်ရံ တောထဲသို ရောက်နေသော လူ များအဖို ထိုတောမီးကို ရှောင်တိမ်း ထွက်ပြေး၍ မရသောအခါ မိမိကိုယ်ကို ကာကွယ်ရန် နည်းလမ်းတစ်ခုရှိသည်။ ထိုနည်းလမ်းမှာ မိမိတို ပတ်ဝန်းကျင်ရှိ မြက်ပင်၊ သစ်ပင်ခြောက်များကို ပတ်ခြာဝိုင်း ၍ မီးရှို့လိုက်ရသည်။
စက်ဝိုင်းသဏ္ဌာန် ပတ်ခြာလှည့် မီးရှို့ပြီး လောင်စရာအပင် များ မီးကျွမ်းသွားပြီးသည့်အခါ ထိုမီးကို လိုက်လံငြိမ်းသတ်လိုက် ကာ ထိုစက်ဝိုင်း၏ အလယ်၌ ရပ်နေကြရသည်။ လောင်ကျွမ်းလာ သော တောမီးသည်၊ အနီးသို ရောက်လာ သောအခါ၊ ပတ်ဝန်းကျင်ရှိ သစ်ပင်ခြောက်၊ မြက်ခြောက်၊ သစ်ပင် ခြောက်များသည် လောင်ကျွမ်းနေပြီးဖြစ်သဖြင့် ဆက်လက်လောင် ကျွမ်းစရာ “လောင်စာ”များ မရှိသောကြောင့် ထိုနေရာကို ကွင်း၍ လောင်စာများရှိရာ အခြားတစ်ဘက်သို ကူးသွားရလေ့ရှိသည်။ ထိုကြောင့် စက်ဝိုင်းတွင်း၌ ရပ်နေသော လူအများသည် ချမ်းသာ ရာ ရလေ့ရှိပါ၏။
ကရာနီကုန်းသည်လည်း ထိုနည်းတူ ဖြစ်ပါသည်။ ။
အပြစ်ဒုစရိုက်နှင့် ပတ်သတ်၍ လောင်ကျွမ်းစရာ ရှိသမျှကို ခရစ်တော်က ခံယူပြီးပြီဖြစ်ရာ၊ ကရာနီကုန်းတောင်ပေါ်၌ ရပ် လျက် အပြစ်ဒုစရိုက် မှန်သမျှ ခံယူသွားတော်မူသော ခရစ်တော်ကို ဖက်ရမ်းထားပါက အပြစ်ဒုစရိုက်မီးသည် ထိုနေရာသို လာရောက် နိုင်တော့မည် မဟုတ်တော့ပါ။
အပြစ်ဒုစရိုက်၏ ဒဏ်မှ ဘေးကင်းရာအရပ်သည် ကရာနီ ကုန်းတော်ပေတည်း။
CHRIST ခရစ်တော်
၄၅။ သူသည် မထင်မရှားသော ရွာနဇပုဒ်လေးတစ်ခု၌ မွေး ဖွားခဲ့သည်။ သူ၏ မိခင်သည် အညတြတောသူမျှသာ ဖြစ်ခဲ့သည်။ သူမွေးရာ အရပ်၌ မနေရဘဲ ထွက်ပြေးတိမ်းရှောင်သွားရပြီး အ ခြား မထင်မရှားသော ရွာလေးတစ်ရွာ၌ ကြီးပြင်းလာခဲ့ရရှာသည်။ သူသည် အသက် (၃၀) အရွယ်အထိ လက်သမားအလုပ်လုပ်ခဲ့ရ သည်။ ထိုနောက်မှ (၃)နှစ်မျှသာ လှည့်လည် တရားဟောခဲ့သည်။
သူသည် စာအုပ်တစ်အုပ်မျှ မရေးခဲ့။ နေအိမ်၊ ရုံးခန်းဟူ၍မရှိ။ အထက်တန်း ပညာလည်း မသင်ကြားခဲ့ရ။ မြေခွေးမှာ တွင်းရှိ ငှက်မှာ အသိုက်ရှိသော်လည်း သူ့မှာ ခေါင်းချစရာနေရာ တစ်ခါ တစ်ရံမရှိခဲ့ရှာ။ သူမွေးဖွားရာအရပ်မှ မိုင် (၂၀၀) ကျော်အောင်ပင် ခရီးမလှည့်ခဲ့။ ယခုခေတ် အမြင်အားဖြင့် ခမ်းနားထယ်ဝါသော လုပ်ငန်းကြီးဟူ၍ ဘာမျှ မလုပ်ခဲ့ပါ။
သူသည် လူလတ်အရွယ်သို ရောက်သည်နှင့် လူအများက သူ့ ကို ပြက်ရယ်ပြု၊ ဆန့်ကျင်လာကြသည်။ သူ့၌ မိတ်ဆွေ အရင်း အခြာဟူ၍ လူပေါင်း (၁၂)ဦးမျှသာ ရှိခဲ့သည်။ ထိုမိတ်ဆွေများ သည်လည်း ပညာမတတ်၊ အောက်တန်းကျလူတန်းစား၊ တံငါသည်။ အခွန်ခံ၊ အပစ်ပယ်ခံ လူတန်းစားများပင် ဖြစ်ခဲ့သည်။
သို့သော် သူ၏ မိတ်ဆွေဟူ၍ ခေါ်ခဲ့ရသော (၁၂)ဦးထဲမှ တစ်ဦးက သူ့အား ငွေ ၃၀ ဖြင့် ရောင်းစားသည်။ အရေးကြီးဆုံးသော အချိန်၌ တစ်ဦးက သူ့ကို မသိဟူ၍ ငြင်းပယ်ခဲ့သည်။ အ ကျပ်အတည်းနှင့် တွေ့၍ ဒုက္ခရောက်သောအခါ ကျန်မိတ်ဆွေ များကပင် သူ့အား စွန့်ခွာထွက်ပြေး သွားခဲ့သည်။ သူ၏ ရန်သူများ က သူ့ကို ဖမ်းဆီးချုပ်နှောင်ပြီး လှောင်ပြောင်ပြက်ရယ်ပြု၊ တံတွေး ဖြင့်ထွေး၊ ရိုက်နှက်၍ မတရားသောနည်းလမ်းဖြင့် စစ်ကြော မေး မြန်းကာ ကားတိုင်၌ တင်သတ်လိုက်ကြသည်။
သူသည် သူခိုးဓါးပြကြီး နှစ်ဦးစပ်ကြား၌ အသတ်ခံရသည်။ ဤလောက၌ ကိုယ်ပိုင်ပစ္စည်းဟူ၍ ပြောနိုင်လောက်သော ဝတ်ရုံ ကလေးတစ်ခုကိုပင် စစ်သားများက ကြွေအံပစ်လောင်းကစား လုယူ လိုက်ကြသည်။
သူသည် ကွယ်လွန်သွားသောအခါ သူ့အလောင်းကိုပင် လာယူမည့်သူများမရှိ။ မိတ်ဆွေတစ်ဦးက သနားလှသောကြောင့် ထို အလောင်းကိုတောင်းကာ သဂြိုလ်လိုက်ရသည်။
သို့ သော် နှစ်ပေါင်း (၂၀၀၀)ရှိခဲ့လေပြီ။
သူသည် လူ့ဘောင်လောကကြီးထဲတွင် အကြီးအကျယ်ဆုံး သော မဏ္ဍိုင်တစ်ခု ဖြစ်နေသည်။ လူ့သမိုင်းကို သက္ကရာဇ်အားဖြင့် တွက်ချက်ရာတွင် သူ့ကို မဏ္ဍိုင်ထားနေကြရသည်။ သံမှိဖြင့် ထိုး ဖောက်ခြင်းခံခဲ့ရသော လက်ချောင်းများဖြင့်ပင် သူသည် လူ့သမိုင်း ကို တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားစေခဲ့သည်။
စစ်ဗိုလ်ချုပ်ကြီး နပိုလီယံက ထိုသူ့ကိုကြည့်ပြီး အောက်ပါ အတိုင်း ပြောခဲ့သည် –
“ငါဟာ လူ့အကြောင်း ကောင်းကောင်းသိသူတစ်ယောက်ပါ။ ဒါပေမယ့် ဒီပုဂ္ဂိုလ်ဟာ သာမန်လူသားတော့ မဟုတ်နိုင်ဘူး။ စဉ်း စားဝေဖန်ကြည့်လို့တောင် မရအောင် ထူးခြားလှတဲ့ ပုဂ္ဂိုလ်ကြီးပဲ။ အလက်ဇန်းဒါတို၊ ကဲသာဘုရင်တို၊ ရှာလီမန်းတို၊ ငါတိုတစ်တွေ ဟာ ကြီးကျယ်လှတဲ့ အင်ပါယာကြီးတွေကို တည်ဆောက်ခဲ့ကြ တယ်။ ဒါပေမယ့် ငါတို တည်ဆောက်ခဲ့တဲ့ ဧရာမ အင်ပါယာကြီး တွေဟာ တစ်နေ့ ကျ ကွယ်ပျောက်သွားကြမှာပဲ။
ဒါပေမယ့် ခရစ်တော်ဆိုတဲ့ ဒီပုဂ္ဂိုလ်ကြီး တည်ဆောက်ခဲ့တဲ့ အင်ပါယာကြီးဟာ ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ် တော့ဘူး။ အခုပင်လျှင် သန်းပေါင်းများစွာသော လူတွေဟာ သူ့အ တွက်ဆိုရင် အသေခံကြလိမ့်မယ်။ နောင်လည်း သူ့အတွက်ဆိုရင် သန်းပေါင်းများစွာသော လူတွေဟာ အသေခံကြပါလိမ့်ဦးမယ်။ ယေရှုခရစ်တော်ဆိုတဲ့ ဒီပုဂ္ဂိုလ်ကြီးဟာ အင်မတန် ထူးခြားလှလို့ သာမန်လူသားတော့ မဖြစ်နိုင်ပါဘူးကွာ”ဟူ၍ ဝန်ခံပြောဆိုခဲ့ရ ပါတော့၏။
၄၆။ “ခရစ်တော်ဟာ လူလည်း ဖြစ်တယ်၊ ဘုရားလည်း ဖြစ် တယ်ဆိုတာကိုတော့ ငါလုံးဝ နားမလည်နိုင်ဘူးပေါ့”ဟူ၍ ပညာရှင် ကြီးတစ်ဦးက အကြီးအကျယ် အတိုက်အခံ ပြောဆိုလိုက်သည်။
ဓမ္မဆရာတစ်ဦးက “သူ့ကို နားလည်နိုင်ရင် သူဟာ သာမန် လူသားတွေနဲ့ ဘာခြားတော့မှာလဲ၊ သူဟာ အလွန့်အလွန် ကြီးမြတ် လွန်းလို၊ ကျွန်တော်တို လို အညတရလူသားတွေ နားမလည်နိုင် အောင် ဖြစ်နေရတာပါပဲဗျာ”ဟူ၍ ဖြေရှင်းပြလိုက်ရပါ၏။
၄၇။ ဆင်းရဲလှသည့် လူငယ်လေးတစ်ဦးသည် မျက်စိကန်းနေ သောသူ၏ ဖခင်ကြီးကို ကုန်းပိုး၍ ဆေးရုံတစ်ရုံရှိရာသို ခေါ် ဆောင်လာခဲ့သည်။ သူနေသော တောရွာကလေးမှ မိုင်ပေါင်း (၆၀) ကို ကုန်းပိုး လမ်းလျှောက်ခဲ့ ရရှာသည်။
ထိုဆေးရုံရှိ သူနာပြုဆရာမတစ်ဦးက ထွက်လာသောအခါ ထိုလူငယ်လေးက “ဒီဆေးရုံဟာ ခရစ်တော်ဆေးရုံ ဆိုတာပဲလား” ဟု မေးလိုက်ရာ သူနာပြုဆရာမက ဟုတ်ကြောင်းဖြေသည်။
“ဒါဖြင့်ရင် ခရစ်တော်ဆိုတဲ့ ဆရာဝန်ကြီးဟာ အထဲမှာ ရှိပါသ လား”ဟု မေးလိုက်ရာ သူနာပြုဆရာမသည် ရုတ်တစ်ရက် ကြောင် သွားလေ၏။ ထိုနောက်မှ “လာပါ၊ ခရစ်တော် အထဲမှာ ရှိပါတယ် ၊ ဟု ပြောလိုက်တော့မှ သူ၏ ဖခင်ကို ကုန်းပိုးပြီး ဆေးရုံသို့ ဆက် လက်ဆောင်လာ ခဲ့ပါတော့၏။
ကျွန်တော်တို့၏ စိတ်နှလုံးတွင်း၌ ခရစ်တော် အကယ်ပင် ရှိနေကြပါရဲ့လား။ ခရစ်ယာန်ဆိုသော ပုဂ္ဂိုလ်များ၏ စိတ်နှလုံးအတွင်း၌ ခရစ်တော်မရှိလျှင် ထိုသူများကို ခရစ်ယာန်ဟူ၍ ခေါ် နိုင်ကြပါမည်လား။
CHURCH အသင်းတော်
၄၈။ ခရစ်ယာန်အသင်းတော်” ဆိုသည်မှာ ရောမ အင်ပါယာ ကြီးထဲမှ အလွန်ဝေးကွာလှပြီး၊ မထင်မရှားသော နယ်ပယ်လေးတစ် ခုမှ စတင်ခဲ့သည်။ စတင်တည်ဆောက်ခဲ့သော လူစုကလေးမှာ လူအများက မုန်းတီးရွံရှာခြင်း ခံနေရသောသူများ ဖြစ်ခဲ့သည်။ သူတို၏ ခေါင်းဆောင်ဆိုသူကိုလည်း ရာဇဝတ်ကောင်အဖြစ် ကား တင် အသတ်ခံခဲ့ရသည်။
ထိုလှုပ်ရှားမှုကလေးမှာ ဆင်းရဲသားရပ်ကွက်၊ ပညာမတတ် သော အောက်တန်းကျ လူတန်းစားများတွင်သာ အစပြုခဲ့သည်။ ထိုလူစုကလေးကိုပင် လူအများက ဝိုင်း၍ သတ်ဖြတ်ညှဉ်းပန်း နှိပ်စက်ကြပြန်သည်။ ခြင်္သေ့စာကျွေးကြသည်။ သစ်တိုင်၌ မီးရှိ ဓါးဖြင့် လှံဖြင့် ထိုးသတ်ခဲ့ကြသည်။ ခေါင်းဖြတ်ပစ်ကြသည်။
ကစားကွင်းကြီးထဲ၌ ထိုလူစုကလေးကို ဖမ်းဆီးလာကြပြီး “ဂလက်ဒီရေးတား”ခေါ် လေ့ကျင့်ပြီးသား စစ်သည်တော် သူရဲကောင်းကြီးများက အပျော်သဘောဖြင့် သတ်ပုတ်ခေါင်းဖြတ်ခဲ့ ကြပြန်သည်။ အစာငတ်ခံထားသော ခွေးများကိုလည်း ထိုလူစုအား ကိုက်ဖြတ်စားသောက် စေကြသေးသည်။
ခရစ်ယာန်ဖြစ်လာရသောကြောင့် သူတိုခမျာမှာ ဆုလာဘ် ၍ ဘာမျှမရှိ။ ဂုဏ်အရှိန်အဝါဟူ၍ ဘာမျှ မျှော်မှန်းဖွယ်ရာမရှိ။ ရာစုနှစ်ပေါင်းများစွာ သူတို အား လိုက်လံနှိပ်ကွပ်သတ်ဖြတ်ခဲ့ကြ သော်လည်း ထိုလူစုကလေးကို မချုပ်ထိန်းထားနိုင်လောက်အောင်တစ်စနှင့် တစ်စ ကြီးထွားလာခဲ့ သည်။
နှစ်ပေါင်း (၂၀၀၀) ရှိခဲ့လေပြီ။
ထိုလူစုကလေးတည်ဆောက်ခဲ့သော ခရစ်ယာန်အသင်းတော် သည် ယခုဆိုလျှင် ကမ္ဘာတဝှန်းကို ပျံ့နှံနေလေပြီ။ ပင်တေကုတ္တေပွဲ နေ့တစ်နေ့ က ထိုလူစုကလေး မွှေးခဲ့သော မီးကလေးသည် ယနေ့ တိုင် တောက်လောင်ဆဲ ဖြစ်နေသည်။ လူ(၁၂)ဦးဖြင့်သာ စတင်ခဲ့သော ထိုအသင်းတော်သည် ၁၉၇၃ ခုနှစ်တွင် ဤကမ္ဘာကြီးထဲ၌ လူဦးရေပေါင်း (၉၁၄) သန်းရှိနေရုံမက တစ်နေ့ထက်တစ်နေ့ တိုးပွားနေဆဲပင် ဖြစ်ပါ၏။
အသင်းတော်ဆိုသည်မှာ မုံညှင်းစေ့ သိုမဟုတ် တဆေးကဲ့သို့ ဖြစ်သည်ဆိုလျှင် မှန်ပါ့မလား။
၄၉။ ခရစ်ယာန် အသင်းတော်၏ အဓိက မဏ္ဍိုင်မှာ “ခရစ် တော်”ပင် ဖြစ်ရပေလိမ့်မည်။
ကိုယ်တော်က “မင်းတို အသင်းတော်ကို ငါတည်ဆောက်ပေး မည်” ဟူ၍လည်းကောင်း၊ “ငါရဲ့ အသင်းတော်ကို မင်းတို့က တည် ဆောက်ပေးရမည်” ဟူ၍လည်းကောင်း မပြောခဲ့ပါ။
ကိုယ်တော်က “ငါ့အသင်းတော်ကို ငါတည်ဆောက်မည်” ဟူ ၍သာ မိန့်တော်မူခဲ့ပါ၏။ ထိုကြောင့် “ငါ့ရဲ့ အသင်းတော်” ဟူ၍ မာန်ဝင့်ပြောဆိုနေသော သူများသည် မှားယွင်းနေကြောင်းကို သတိပြုပါ။ “အသင်းတော်” ဆိုသည်မှာ ကျွန်တော်တို၏ အသင်း တော် မဟုတ်၊ “ခရစ်တော်၏ အသင်းတော်” ပင်တည်း။
၅၀။ ဥပုသ်စာဖြေကျောင်း ဆရာမက “ကောင်းသော သိုး ထိန်း” အကြောင်းသင်ပြနေသည်။ သိုးတစ်ရာထဲမှ တစ်ကောင်ပျောက်သွားလျှင် ထိုသိုးထိန်းကြီးက လိုက်လံ ရှာဖွေကြောင်း၊ ဝံပု လွေများ၏ ဘေးရန်မှ ခုခံကာကွယ်ပေးပြီး အသက်စွန့်ကာ လိုက် လံ ရှာဖွေလေ့ရှိကြောင်း၊ ပျောက်သော သိုးကလေးကို ယုယစွာ ပိုက်ထွေးပြီး သိုးခြံထဲကို ပြန်၍ ခေါ်လာလေ့ရှိကြောင်း ပြောပြနေ သည်။
ထိုစဉ် ကလေးငယ်တစ်ဦးက ရုတ်တရက်မေးလိုက်သည်။ “သိုးခြံထဲက ထွက်ပြေးလေ့ရှိတဲ့ ပျောက်သောသိုးကလေးတွေ ကို လိုက်လံ ရှာဖွေနေတယ်ဆိုတော့ ဒီသိုးကလေးတွေဟာ ခြံထဲက ဖောက်ထွက်ပြေးနေလို ပေါ့နော်”
ထို ဆရာမက ခေါင်းညိတ်ဖြေလိုက်လေသည်။ “ဒါဖြင့်ရင် သိုးကလေးတွေ ထွက်ပြေးသွား ရအောင် သိုးခြံထဲ မှာ အပေါက်ရှိနေလို ပေါ့နော်”
“အေးပေါ့။ သိုးခြံပေါက်ကနေ သိုးကလေးတွေ ထွက်ပြေးနေလို သိုးထိန်းကြီးက လိုက်ရှာနေ ရတာပေါ့ကွယ်”
“ဒါဖြင့်ရင် အဲဒီပေါက်နေတဲ့ သိုးခြံပေါက်ကို ဘာဖြစ်လို မပိတ် ထားကြတာလဲဟင်”ဟု မေးလိုက်ရာ၊ ဆရာမ ခမျာမှာ ဘာမျှ မဖြေနိုင်ဘဲ ဖြစ်သွားရရှာတော့သည်။
ကျွန်တော်တိုကြောင့် အသင်းတော်၏ သိုးခြံပေါက်တွင် အ ပေါက်များ ဖြစ်နေစေပါသလား။ ကျွန်တော်တို့ကြောင့် သိုးကလေး များ ထွက်ပြေးနေကြရပါသလား။ ကျွန်တော်တို၏ အပြုအမူ ကြောင့် အသင်းတော်ထဲမှ သိုးကလေးများ မကြာခဏ ပျောက် သွားနေကြရပါသလား။
၅၁။ အသင်းတော်၏ ပထမဦးဆုံးသော တာဝန်မှာ “နောင်တ” ရဖို့ပင် ဖြစ်သည်။
ခရစ်တော်က အသင်းတော်များအား နောက်ဆုံးမှာကြားလိုက် သော စကားမှာ “သင်တို သည် သွား၍ လူမျိုးတကာတို ကို တပည့်ဖြစ်စေလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ နာမ၌ ဗတ္တိဇံ (နှစ်ခြင်း)ကို ပေးကြလော့”ဟူ၍ မဟုတ်ပါ။
သမ္မာကျမ်းကို သေချာစွာ ဖတ်ရှုပါလျှင် အသင်းတော်များ အား ခရစ်တော်က “နောက်ဆုံး” မှာကြားလိုက်သော စကားတော် မှာ “နောင်တရကြလော့”ဟူ၍ပင် ဖြစ်ကြောင်းကို ဗျာဒိတ်ကျမ်း ထဲတွင် တွေ့ရပါလိမ့်မည်။
ဗျာဒိတ်ကျမ်းထဲတွင် ဖော်ပြထားသော အသင်းတော် (၇)ပါး ထဲမှ (၅)ပါးကို ခရစ်တော်က “သင်တိုသည် နောင်တရကြလော့” ဟူ၍ မိန့်တော်မူခဲ့ပါ၏။ ယခုခေတ်ရှိ အသင်းတော် (၇)ပါးထဲမှ (၅)ပါးသည်လည်း နောင်တရဖို လိုနေသည်ဟု ကျွန်တော် ရိုး သားစွာ ထင်ပါသည်။
အသင်းတော်များအား ကိုယ်တော်က နောက်ဆုံးမှာကြားခဲ့ သော စကားတော်ဖြစ်သော်လည်း အသင်းတော်များက မပြုလုပ် လိုဆုံးသော အရာမှာ ထိုအရာပင် ဖြစ်သည်ဟု ကျွန်တော်ထင်သည်။
ဧဝံဂေလိလုပ်ငန်းများ ကျင်းပ၊ ကျမ်းစာများသင်၊ ကော်မီတ စည်းဝေးများခေါ်၍နေသော်လည်း အသင်းတော်အနေဖြင့် “နောင် တ ရရေးအတွက် နှိမ့်ချသော စိတ်ဖြင့် ပြုလုပ်ကြကုန်သော ဝတ်ပြု စည်းဝေးဟူ၍ တစ်ခါမျှ ကျွန်တော် မကြားရဘူးသေးပါ။
ကျွန်တော်များ မှားနေပါသလား။
CHALLENGE စိန်ခေါ်ချက်
၅၂။ ကမ္ဘာပေါ်ရှိ မရိန်းတပ်သားများတိုင်း လိုလိုပင် စစ်ပွဲများ ၌ ရဲဝံ့စွာ စွန့်စားတိုက်ခိုက် လေ့ရှိသောကြောင့် နာမည်ရသော တပ်သားများဖြစ်သည်။ (အချို့နိုင်ငံက မရိန်းတပ်ဟု ခေါ်၍ အချို့ က ကွန်မင်ဒိုတပ်သားများဟူ၍လည်း ခေါ်သည်)။ မည်သို ဖြစ်စေ သာမန် စစ်သည်တော်တစ်ဦးထက် ထိုတပ်သားများသည် အဝတ် အစား ဆင်ယင်မှုမှအစ သွားပုံလာပုံ နေပုံထိုင်ပုံ၊ တိုက်ပွဲဆင်နွဲပုံ တို့သည် ထူးခြားနေတတ်သည်။ ထိုကြောင့် ပုဂ္ဂိုလ်ကြီး တစ်ဦး သည် မရိန်းတပ်သားတစ်ဦးအား ဤသို့ မေးလေသည်။
“နေပါဦးကွ မင်းတို မရိန်းတပ်သားတွေဟာ တခြား စစ်သား တွေထက် ဘာကြောင့် ထူးခြားနေတာလဲ၊ လေ့ကျင့်မှုမှာ ထူးခြား လိုလား။ လစာက သူများထက် ပိုရလိုလား။ ဘာ ကြောင့်လဲ”ဟု မေးရာ မရိန်းတပ်သားလေးက ထို ပုဂ္ဂိုလ်အား စစ်သား စု ဆောင်းရေး ပိုစတာများကို လိုက်လံပြသတော့၏။
ပိုစတာ တစ်ခုက “ရေတပ်သို ဝင်ပြီး ကမ္ဘာလှည့်ပါ”ဟု ရေး သားထားသည်။ နောက်ပိုစတာ တစ်ခုက “ကြည်းတပ်သို ဝင်လျှင် လစာပိုရပြီး၊ သူတစ်ပါးက ရိုသေလေးစားမှုကို ခံစားရမည်” ဟူ၍ ရေးထားပြန်သည်။
လေတပ်သား စုဆောင်းရေး ပိုစတာတွင်ရှိ ရုပ်ပုံကလည်း ကောင်းမွန်လှသည်။ လှပသစ်လွင် လေတပ်စစ်ဝတ်စုံကို ဝတ်ဆင် ထားသော လေတပ်သားတစ်ဦးသည် စစ်လေယာဉ်တစ်စီး အနီး၌ ရပ်နေသည်။ သူ့ကို မိန်းမချောလေးများက ဝိုင်းနေသည်။ ပိုစတာစာလုံးများကလည်း “လေတပ်သို့ ဝင်လျှင် မိန်းမချောလေးများက သင့်ကို ဝိုင်း၍ ချစ်လိမ့်မည်”ဟူ၍ ရေးထားပြန်သည်။
မရိန်းတပ်သားသစ် စုဆောင်းရေး ပိုစတာမှာကား တစ်မျိုး ဖြစ်နေသည်။
လက်ညှိးကြီးတစ်ချောင်းက ပိုစတာ ရှုကြည့်သူအား တည့် တည့်ထိုးထားကာ “ပင်ပန်းခံနိုင်သလား။ ဆင်းရဲခံနိုင်သလား။ ယောက်ျားပီသရဲ့ လား။ သို့မဟုတ်လျှင် သင်သည် မရိန်းတပ်ထဲသို မဝင်နိုင်ပါ”ဟူသော စကားလုံးများကိုသာ ရေးသားထားပါတော့ ၏။
“အဲဒါကြောင့်မိုပါပဲ ဆရာကြီး၊ ကျွန်တော်တို ရဲ့ သတ္တိ၊ စွမ်းရည် နဲ့ ခံနိုင်ရည်ကို စိန်ခေါ်ထားတဲ့ အချက်ပါပဲ။ ရဲစွမ်းသတ္တိရှိသူများ ကိုသာ မရိန်းတပ်ထဲသို ဝင်စေလိုကြောင်း ဖေါ်ပြထားတဲ့အတွက် ကျွန်တော်တို အားလုံးဟာ စိတ်တက်ကြွနေကြလိုပါ” ဟု ဖြေလေ တော့၏။
ဤသင်ခန်းစာသည် အသင်းတော်နှင့်လည်း ဆိုင်သည်။
ခရစ်တော်က “အသင်းတော်တွင်းသို ဝင်၍ စိတ်အေးချမ်းသာ မှုကို ရှာကြပါ”ဟူ၍ မပြောခဲ့ပါ။ “ခရစ်ယာန်ဖြစ်လာလျှင် သွေးတိုး ရောဂါမှ သက်သာလာလိမ့်မည်ဟူ၍လည်း မဆိုခဲ့ပါ။
“သင်တိုသည် ဤလောကထဲ၌ “ဆင်းရဲဒုက္ခ အမျိုးမျိုး”ကို ခံကြရလိမ့်မည်။ သိုသော် ငါသည် သင်တိုနှင့် ကပ်ကမ္ဘာကုန်သည် တိုင်အောင် အတူရှိမည်”ဟူ၍ ကိုယ်တော်က ယခုပင်လျှင် စိန်ခေါ် လျက်နေပါ၏။ ၅၃။ လွန်ခဲ့သော နှစ်ပေါင်း (၂၀၀) ခန့်က အမေရိကန်ပြည် ၌ရိုမန်ကက်သိုလိပ် အသင်းတော်သားများ အလွန် နည်းပါးခဲ့ရုံ မက၊ ဘုန်းတော်ကြီးများပင်လျှင် မရှိသလောက် ဖြစ်ခဲ့သည်။
တနင်္ဂနွေနေ့များ၌ ဝတ်ပြုစည်းဝေးတက်ရန်နှင့် ပွဲတော်ယူရန် အတွက် အသင်းတော်သားများသည် နယူးရောက်မြိုမှ မိုင်ပေါင်း များစွာဝေးသော ဖီလေးဖီးယားမြိုသို ခြေလျင်လျှောက်၍ သော်လည်းကောင်း၊ မြင်းစီး၍သော်လည်းကောင်း သွားကြရသည်။ ထိုကြောင့် အမေရိကန်ပြည်သို သွားပြီး အမှုတော်ဆောင်ရန်အ တွက် ဘုန်းတော်ကြီးများကို ပြင်သစ်ပြည်၌ စုဆောင်းခဲ့ကြရာ၊ သက္ကရာဇ် ၁၈ဝဝ က ထုတ်ဝေခဲ့သော ပြင်သစ်ပြည်ရှိ သတင်းစာ တစ်စောင်၌ အောက်ပါကြော်ငြာကို တွေ့ခဲ့ရသည်။
“အမေရိကန်ပြည်သို သွားပြီး အမှုတော်ဆောင်ရန် ရိုမန် ကက်သိုလိပ် ဘုန်းတော်ကြီးများ အလိုရှိသည်။ လစာ မပေးနိုင်။ တစ်စုံတစ်ခုဖြစ်ခဲ့လျှင် လျော်ကြေးလည်း မပေးနိုင်၊ အနားယူရန် ခွင့်ပေးနိုင်မည်မဟုတ်၊ အငြိမ်းစား လစာငွေလည်း မျှော်လင့်စရာ မရှိပါ။ သိုသော် ပင်ပန်းခဲယဉ်းစွာ အလုပ်လုပ်ကြရမည်။ နေစရာ အိမ်ညံ့ဖျင်းလိမ့်မည်။ သက်သာချောင်ချိရေးအတွက် ကျေနပ် ဖွယ်ရာ မပေးနိုင်၊ စိတ်ပျက်အားလျော့စရာ ကောင်းလိမ့်မည်။ မကြာခဏ ဖျားနာလိမ့်မည်။ သေခြင်းဆိုးခြင်း သေစရာအကြောင်း လည်း ရှိသည်။ သေဆုံးခဲ့လျှင် ကောင်းစွာ မြှုပ်နှံပေးမည့်သူပင် ရှိချင်မှ ရှိမည်” ဟူ၍ ကြော်ငြာခဲ့ရာ ဘုန်းတော်ကြီးပေါင်းများစွာ ထွက်ပေါ်လာခဲ့ပြီး အမေရိကန်ပြည်သို အမှုတော်ဆောင်ရန် သွား ခဲ့ကြသည်ကို အံ့သြစွာ တွေ့ရပါတော့၏။
အမေရိကန်ပြည်၌ ယခုဆိုလျှင် ရိုမန်ကက်သိုလိပ် အသင်းတော်သည် လူဦးရေ အလွန်များလှသော အသင်းတော်တစ်ပါး ဖြစ်နေပါ၏။
COOPERATION ပူးပေါင်းဆောင်ရွက်ခြင်း
၅၄။ တစ်ခါက အသင်းတော်တစ်ပါးမှ ဥပုသ်စာဖြေကျောင်း သင်တန်းသားများသည် ပျော်ပွဲစားထွက်ကြသည်။
ပျော်ပွဲစား ထွက်ကြသည့် နေရာမှာလည်း လယ်ကွင်းများ၏ အနီးတွင်ဖြစ်၍ စပါးပင်တိုသည် လူကြီးများ၏ ရင်ခေါင်းလောက် အထိ ရှည်လျားစွာ ပေါက်နေသည့် နေရာဖြစ်၏။
တစ်နေ့လုံး ပျော်ပါးစွာ စားသောက်ကစား ခုန်ပေါက်ကြပြီး ပြန်တော့မည် အပြုတွင် လူစစ်ကြည့်ရာ ကလေးငယ်တစ်ဦး ပျောက်နေသည်ကို တွေ့ရသည်။
လူစုခွဲ၍ ရှာဖွေကြသည်။ ထိုကလေး၏ အမည်ကို အော်ဟစ် ခေါ်ကြသော်လည်း အကြောင်းမထူး။ လယ်ကွင်းထဲသို တစ်ဦး တည်း လျှောက်သွား၍ လမ်းပျောက်နေမည်ကို သတိရမိသဖြင့် နောက်ဆုံး၌ အကြံတစ်ခုရကြသည်။
ရှိရှိသမျှသော လူများအားလုံးကို လက်ချင်းဆက်စေသည်။ လက်တွဲလျက် လယ်ကွင်းထဲသို ဆင်း၍လျှောက်ပြီး နေရာကို ပိုက် စိတ်တိုက်ရှာကြသောအခါမှ လယ်ကွင်းထဲရှိ တစ်နေရာ၌ ထို ကလေးမှာ အိပ်ပျော်နေသည်ကို တွေ့ရ၏။
ထိုကလေးသည် စပါးလယ်ကွင်းထဲသို လျှောက်သွားရင်း လမ်း ပျောက်သွားခဲ့သည်။ စပါးပင်တို သည်လည်း သူ၏ အရပ်ထက် မြင့်နေသဖြင့် လာခဲ့သောလမ်းကို ရှာမတွေ့ဘဲ နေခဲ့သည်။ စိတ် ကူးဖြင့် မှန်းဆ၍ ပြန်လည် လျောက်လာခဲ့သော်လည်း လယ်ကွင်းထဲ၌သာ ချာလပတ်လည်ကာ မပြန်တတ်ဘဲ ရှိနေခဲ့ရ သောကြောင့် နောက်ဆုံး၌ အကြံကုန်ကာ ရှိရာနေရာ၌ပင် မောမောဖြင့် လှဲခွေ အိပ်နေသောကြောင့် ဖြစ်၏။
တစ်ဦးနှင့်တစ်ဦး လက်တွဲ၍ လုပ်ဆောင်ပါလျှင် အောင်မြင်မှု ကို အမြဲ ရရှိပါ၏။
၅၅။ တစ်ခါက ဓမ္မဆရာကြီးတစ်ပါးသည် ဆောက်လုပ်ပြီးခါစ တိုက်ကြီးတစ်လုံး၏ ဘေးတွင် လမ်းလျှောက်သွားရင်း ထို အဆောက်အဦးကြီး၏ လှပတင့်တယ်ပုံကို စိတ်တွင်း၌ ချီးကျူးနေမိ သည်။ ထိုတိုက်ကြီး၏ အနောက်ဘက်တွင် လုပ်သားများသည် အုတ်ကျိုးအုတ်ပဲ့များကို သယ်ယူ၍ ကားကြီးတစ်စင်းပေါ်သို့ ထင် နေသည်ကို တွေ့ရသဖြင့် မေးမြန်းရာ ၊
“ဒီလိုပါဆရာ၊ ဒီတိုက်ကြီးကို ဆောက်ခါစကဆိုရင် အလုပ် သမားများ ဂိုဏ်းဖွဲ့ပြီး အုပ်စုတစ်ခုနဲ့တစ်ခု ရန်ဖြစ်လေ့ ရှိပါတယ်။ အုတ်ခဲတွေနဲ့ ပစ်ပေါက်ကြပြီး ရန်ဖြစ်လေ့ ရှိပါတယ်။ ဒီအုတ်ကျိုး တွေကို ကြည့်ရင် သိသာနိုင်ပါတယ်။ ဒါပေမယ့် လုပ်သားများအား လုံးဟာ အခု သင့်မြတ်သွားပါပြီ။ သူတိုတစ်တွေ အတူတကွ ဒီတိုက် ကြီးကို တည်ဆောက်ကြလို ဒီတိုက်ကြီးလည်း ပြီးသွားပါပြီ။ ဒီ အုပ်ကျိုးတွေကို အခုသယ်ပြီး တစ်နေရာမှာ သွားလွှင့်ပစ်မလိုပါ” ဟု ဆိုလေ၏။
“ပူးပေါင်း ဆောင်ရွက်မှု” သည် တည်ဆောက်ပေးနိုင်သော အရည်အချင်း ရှိပါ၏။
၅၆။ သင်္ဘောတစ်စင်း၌ တပ်ဆင်ထားသော ဝတ္ထုပစ္စည်းများ ကို တစ်ခုချင်းပြီး ရေထဲချ ကြည့်ပါ။ ထိုပစ္စည်းတစ်ခုချင်းသာဆိုလျှင် ရေထဲ၌ နစ်မြုပ်သွားပါလိမ့်မည်။
ပန်ကာကို ဖြုတ်ပြီး ရေထဲ၌ ချကြည့်ပါ။ ရေမြုပ်သွားပါလိမ့် မည်။ အင်ဂျင်စက်မကြီးကိုဖြုတ်ပြီး ရေထဲချကြည့်ပါ။ ထိုစက်ကြီး သည်လည်း မြုပ်သွားပါလိမ့်မည်။ သင်္ဘော၏ ဝမ်းပိုက်ရှိ သံပြားတစ် ချပ်ဆီကိုလည်း ဖြုတ်၍ ရေထဲချကြည့်ပါ။ ထိုသံပြားသည်လည်း ရေ၌မြုပ်သွားပါလိမ့်ဦးမည်။ ။
သို့သော် ထိုအရာဝတ္ထုပစ္စည်းများကို စနစ်တကျ တပ်ဆင် ထားပြီး ရေချလိုက်သောအခါ သင်္ဘောကြီးတစ်စင်းလုံးသည် ရေ ပေါ်၌ပေါ်နေပြီး အလိုရှိရာသို သွားနိုင်ပါလိမ့်မည်။
လူတစ်ဦးနှင့်တစ်ဦး ပူးပေါင်းဆောင်ရွက်မှုသည်လည်း ထို နည်းတူ ဖြစ်ပါသည်။ လူအားလုံး၏ ပူးပေါင်းဆောင်ရွက်မှုသည် ဆုံးရှုးမှု မဖြစ်စေဘဲ အောင်မြင်မှုကို ပေးပါလိမ့်မည်။
၅၇။ ဘင်ဂျမင်ဖရင်ကလင်သည် တခြားသော ပါရမီများရှိ ရုံမက ကာတွန်းရေးဆွဲတတ်သူ တစ်ဦးလည်း ဖြစ်ပါသည်။
အမေရိကန်ပြည်ထောင်စု တည်ထောင်ခါစတွင် ပြည်နယ် (၁၃) နယ်ရှိပြီး ပြည်နယ်တိုင်း တသီးတခြားနေလျက် မိမိတို ဖာသာ လွတ်လပ်စွာ ပြည်နယ်ကလေးများ တည်ထောင်လိုကြောင်း အလုအယက် တောင်းဆိုနေချိန်က သူသည် ကာတွန်းတစ် ခုကို ရေးဆွဲလိုက်လေသည်။ ထိုကာတွန်းသည် မြိုကြီးတစ်မြိုရှိ သတင်းစာတစ်စောင်တွင် ပါလာသည်။
မြွေကြီးတစ်ကောင်ကို (၁၃)ပိုင်း ပိုင်းဖြတ်ထားပြီး လူးလွန် လှုပ်ရှားနေသော ကာတွန်းဖြစ်ပါ ၏။ ထိုကာတွန်း၏ အောက်တွင် “အမြန်ဆုံး စုပေါင်း၍ စည်းလုံး ညီညွတ်ပါ။ ပူးပေါင်းဆောင်ရွက်ပါ။ သိုမဟုတ်လျှင် မကြာခဏ သေဆုံးသွားလိမ့်မည်” ဟု ရေးထား ပါ၏။
လူသည်လည်းကောင်း၊ အသင်းတော်များသည်လည်းကောင်း ပူးပေါင်းဆောင်ရွက်မှ ခွန်အားရှိလာပြီး အသက်ရှင်နိုင်ပေလိမ့် မည်။ သိုမဟုတ်လျှင် တဖြည်းဖြည်း ကွယ်ပျောက် သေဆုံးသွားပါ လိမ့်မည်။
CONSCIENCE သြတ္တပ္ပစိတ်
၅၈။ ခရစ်ယာန်တစ်ဦးသည် အလွန်ဆင်းရဲငတ်မွတ်နေသဖြင့် သူတစ်ပါးထံမှ ကြက်တစ် ကောင်ကို ခိုးကာ ဟင်းချက်ပြီး သူ၏ မိသားစုကို ကျွေးမွေးခဲ့သည်။ ချက်ပြုတ်ပြီး အားလုံးသည် စားပွဲ ဝိုင်း၌ထိုင်ကာ ထမင်းစားသောက်ခါနီးတွင် သူ့အနေဖြင့် ကျေးဇူးတော်ချီးမွမ်းဖို အခက်အခဲ တွေ့နေရတော့သည်။ သူ၏ နှုတ်ခမ်း ဖျားမှ ကျေးဇူးတော်ချီးမွမ်းဆုတောင်းကို ရွတ်ဆိုရန် ခက်ခဲနေလှသ ဖြင့် ချက်ချင်း ထမင်းစားပွဲမှထကာ ထိုကြက်ပိုင်ရှင်ထံသို သွားပြီး မိမိ၏ အပြစ်ကို ဝန်ချခဲ့လေတော့၏။
ဩတ္တပ္ပစိတ်ဆိုသည်မှာ မိမိ၏ စိတ်နှလုံးဝိညာဉ်ထဲ၌ ခရစ တော်က စကားပြောနေခြင်း နှင့်တူသည်။ ခရစ်တော်သည် စိတ်နှလုံးထဲ၌ အကယ်ပင် ကိန်းဝပ်နေပါက ဩတ္တပ္ပစိတ်က သူ၏ အ သက်တာကို အမြဲ လမ်းညွှန်ပြနေပါလိမ့်မည်။
၅၉။ ပစ္စည်းမျိုးစုံရောင်းသော ဆိုင်ပိုင်ရှင်ကြီး တစ်ဦးက အရောင်းစာရေးတစ်ဦးကို ခန့်အပ်ခါနီးတွင် ဈေးဆိုင်အတွင်း လုပ်ရမည့် လုပ်ငန်းအထွေထွေကို ညွှန်ကြားနေသည်။ “မင်းအလုပ်ကတော့ ဒီအတိုင်းပဲ မင်းရဲ့ လခကတော့ တစ်လ ၁၅ဝ ပဲ”ဟု ဆိုလေသည်။ စာရေးသည် အပြင်သို ထွက်သွားတော့ မည် အပြုတွင် ဆိုင်ပိုင်ရှင်ကြီးက ထပ်မံ ပြောလိုက်ပြန်သည်။
“အေး တစ်ခုတော့ရှိတယ်ကွ၊ ငါတို့ စီးပွားရေးသမားတွေ တစ်ခါတစ်လေလည်း ညာရတဲ့ အခါမျိုးတွေရှိတယ်။ အဲဒီတော့ ငါက ညာခိုင်းတဲ့အခါ မင်းက ညာပြီး ပြောရလိမ့်မယ်”ဟု ပြော လိုက်သဖြင့် ထိုလူငယ်ကလေးက “ဒီလိုဆိုရင် ကျွန်တော့်ကို လခ တစ်လကို ၅၀၀ ပေးမှ ဖြစ်လိမ့်မယ်”ဟု ဆိုလိုက်လေ၏။ “ဘာ ဖြစ်လို ပေးရမှာလဲကွ၊ တစ်လကို ၁၅ဝ နဲ့ မင်းက သဘောတူပြီး သားပဲ”ဟု ဆိုရာ၊ “လခကတော့ ၁၅ဝ ပါပဲ၊ ကျန်တဲ့ ၃၅၀ က ကျွန်တော့်ရဲ့ ဩတ္တပ္ပစိတ် ကြည်လင်ဖိုပါ”ဟု ဖြေလိုက်သော ဟူ၏။
ဩတ္တပ္ပစိတ် ကြည်လင်ဖိုရန် မည်သည့် ရုပ်ပိုင်းပစ္စည်း ငွေ ကြေးဥစ္စာများနှင့် ပြုလုပ်၍ မရပါ။ ဩတ္တပ္ပစိတ်အားဖြင့် ဘုရား သခင်က အမှားအမှန်ကို ခွဲခြားပြသနေခြင်းသာ ဖြစ်ပါ၏။
CONSECRATION
ဆက်ကပ်ခြင်း ၊
၆၀။ ပထမကမ္ဘာစစ်အတွင်းက မိမိတို၏ တိုင်းပြည်နှင့် လူမျိုး အတွက် သွေးချွေးတို့ကို ပေးလှူခဲ့၍ ကျဆုံးခဲ့ရသော စစ်သည်တော် များအတွက် အမှတ်တရ ကျောက်တိုင်တစ်ခုရှိသည်။
ပထမကမ္ဘာစစ်အတွင်းက စစ်ပွဲများကို မျက်ဝါးထင်ထင် မြင့် နိုင်စေရန် ပန်းပုထု ရုပ်လုံးဖော်ထားသော အမှတ်တရ ကျောက တိုင်ကြီးလည်း ဖြစ်သည်။ ထိုအာဇာနည်ဗိမာန်အတွင်းသို မျက်စိ ကန်းနေသော လူကြီးတစ်ဦးအား လူငယ်တစ်ဦးက လက်တွဲ၍ခေါ်လာနေသည်ကို တွေ့ရသည်။
လူငယ်လေးက မျက်စိကန်းနေသော စစ်ပြန်ကြီး၏ လက်ကို ချီပင့်ပေးကာ၊ ပန်းပုထုထားသော ရုပ်ပုံများကို စမ်းသပ်စေပြီး အနားမှနေ၍ ရုပ်ပုံများအကြောင်းကို တတွတ်တွတ် ပြောပြနေ တော့သည်။ မျက်စိကန်းနေရှာသော စစ်ပြန်ကြီးသည် မိမိ ကိုယ် တိုင်ထိုစစ်ပွဲများကို တွေ့မြင်နားလည်နေသည့်အလား ခေါင်း တ ညိတ်ညိတ်ဖြင့် ထို အာဇာနည် ဗိမာန်ကြီးကို ပတ်ချာလှည့်လည် လျှောက်နေတော့၏။
ထိုဖြစ်ရပ်က ကျွန်တော်တို့ အား သင်ခန်းစာတစ်ခုကို ပေးနေ ပါသည်။
ကျွန်တော်တို့ အနေဖြင့် ခရစ်တော်၏ အမှုတော်အတွက် ရှိ သမျှကို ဆက်ကပ်စွန့်လှူ ပေးအပ်နိုင်ပါက ကိုယ်တော်သည် ကျွန်တော်တို့၏ အသက်တာတစ်ခုလုံးကို လက်တော်ဖြင့် ချီပင့်ပေးပြီး ဘုရားသခင်၏ လက်ရာတော်များ၊ ဘုရားသခင်၏ ဂုဏ်တော် အလုံးစုံကို တကယ်ပင် စမ်းသပ်တွေ့မြင်” လာနိုင်စေရန် ညွှန်ကြား ပြသပေးနေပါလိမ့်မည်။
၆၁။ ကျွန်ုပ်တို့ အားလုံးသည် “ဖြတ်လမ်းကို ကြိုက်ကြပါ သည်။ အထူးသဖြင့် မိမိတို့ လိုရာကို လမ်းတိုနှင့် ဖြတ်လမ်းမှနေ၍ ခပ်မြန်မြန်ရောက်လိုကြပါ၏။
တစ်ခါက အိမ်ထောင်သည်တစ်စုသည် မြိုတစ်မြိုသို သွားရန် မြင်းလှည်းဖြင့် ထွက်ခဲ့ကြသည်။ လူအများ သွားနေကျ လမ်းကို အသုံးပြုပါက၊ အချိန်ကြာမြင့်မည်ကို စိုးရိမ်သဖြင့် ဖြတ်လမ်းကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ကြသည်။ လူအများက သူတိုကို တားမြစ်ကြသည်။ ထိုဖြတ်လမ်းတွင် သူခိုး၊ ဓါးပြများရှိ၍ မသွားသင် ကြောင်း ပြောဆိုကြသော်လည်း ထိုဖြတ်လမ်းကိုပင်လျှင် အသုံးပြုခဲ့ ကြပါတော့၏။ ထိုအိမ်ထောင်စုသည် ဖြတ်လမ်းသွားရင်း သူခိုး ဓါးပြများနှင့်တွေ့ကာ တစ်ယောက်မျှ အသက်မရှင်ခဲ့ကြပါ။
လမ်းရှည်သည် ခက်ခဲ၍ အချိန်ကြာမြင့်သော်လည်း ဘေး ကင်းသော လမ်းဖြစ်သည်။
ခရစ်တော်၏ နောက်တော်သို လိုက်ခြင်းသည် ခက်ခဲကြမ်း တမ်းသော လမ်းဖြစ်သော်လည်း မိမိ၏ ဘဝတစ်ခုလုံးကို ဆက်ကပ် ပြီး ထိုလမ်းကိုပင်လိုက်ပါက ကိုယ်တော်က လမ်းဆုံးအထိရောက် အောင် ပိုဆောင်ပေးတော်မူလိမ့်မည်။ ခက်ခဲကြမ်းတမ်း၍ ရှည် လျားသော လမ်းကိုလိုက်ရန် လက်တော်ထဲသို ဆက်ကပ်ရန် အရေး ကြီးလှပါ၏။ ၊
၆၂။မိမိ၏ဘဝအသက်တာကို ဆက်ကပ်လိုက်ခြင်းအားဖြင့် ထိုသူသည် ထူးခြားသော လုပ်ငန်းမျိုးစုံကို ဆောင်ရွက်လာနိုင်ခြင်း ၊ မဟုတ်။ ခရစ်တော်က ထိုသူ၏လုပ်ငန်းကို “ထူးခြားလာစေခြင်းသာ ဖြစ်သည်ကို သတိရဖို သင့်သည်။
“အလိုတော်ရှိရာ ပြုတော်မူပါ” ဟူသော ဓမ္မသီချင်းကို တ ကယ်ပင် စိတ်ပါကိုယ်ရောက် ရိုးသားဖြူစင်သော စိတ်ထားဖြင့် ဆိုပြီး ထိုအတိုင်းဆက်ကပ်ပါ။ ခရစ်တော်က အံ့ဖွယ်သော အမှု တော်ကို ပြုလုပ်ပေးတတ်ပါ၏။
ထိုသိုသောဆက်ကပ်ခြင်းမျိုးကြောင့် တွေ့ကြုံလေသမျှသော အမှုများသည် “အခွင့်အရေး” များ ဖြစ်လာသည်။ အဆိုးဆုံး အခြေ အနေမှ အကောင်းဆုံးသောအခြေအနေသို ကိုယ်တော်က ပြောင်းလဲ ပေးလာပါလိမ့်မည်။ ထိုသို ဆက်ကပ်ပါလျှင် “အမင်္ဂလာ”မှ “မင်္ဂလာ” ကို ကိုယ်တော်က ဖော်ထုတ်ပေးပါလိမ့်မည်။
အဝတ်စုတ်များကို စက္ကူကောင်းများအဖြစ်သို ပြောင်းလဲစေ ပြီး၊ မျက်ရည်များကို မှန်ပြောင်းအသွင်သို ပြောင်းပေးသည်။ ထိုမှန် ပြောင်းမှတစ်ဆင့် ဘုရားသခင်၏ ဘုန်းဂုဏ်တော်ကို မြင်လာရပါ လိမ့်မည်။
၆၃။ တစ်ခါက ဓမ္မဆရာတစ်ပါးသည် သူ၏ အသင်းတော်၏ ထိုင်ခုံများအတွက် အလွန်တရာ ကောင်းမွန်လှသော ကူရှင်များကို ချုပ်လုပ်ပြီးဖြစ်၍ ထိုကူရှင်ထိုင်ခုံများကို ဆက်ကပ်ပေးရန် မိတ်ဆွေ ဖြစ်သူ ဓမ္မဆရာတစ်ဦးအား ဖိတ်ကြားခဲ့သည်။
သို့သော် ဖိတ်ကြားခြင်းခံရသော ဓမ္မဆရာက ထိုဆက်ကပ် ခြင်း စည်းဝေးသို သူ မလာရောက်နိုင်ကြောင်း၊ သိုသော် ဆက်ကပ် ခြင်း၏ သဘောကို တပည့်တော်များ သဘောပေါက်စေရန်အောက်ပါတိုကို ပြုလုပ်ပါဟူ၍ အကြံပေးသည့် စာတစ်စောင်ကို ရေးလိုက်သည်။
ပထမအကြံမှာ ထိုကူရှင်များကို ဆီမွှေးဖြင့် သုတ်လိမ်းပြီး ဘုရားရှိခိုးကျောင်း၏ ပြတင်းပေါက်မှ လွင့်ပစ်လိုက်ပါ။ ထိုသို ပြုပြီးနောက် “သင်သည် စစ်သည်တော်တစ်ဦးကဲ့သို ပင်ပန်းဆင်းရဲ ခြင်းကို ခံလော့”ဟူသော ခေါင်းစဉ်ဖြင့် ဓမ္မဒေသနာကို ဟောပြော ပါဟု ဆိုလေသည်။ ။
သို့မဟုတ် ဒုတိယ အကြံမှာ ဆက်ကပ်ရာ၌ ထိုကူရှင်များ ထဲတွင် တွယ်အပ် အများအပြားကို စိုက်ပေးလိုက်ပါ။ သိုမှသာလျှင် ထိုကူရှင်များပေါ်၌ ထိုင်နေသော တပည့်တော်များသည် ကြွကြွရွရွ ဖြစ်နေလိမ့်မည်ဟု အကြံပေး လိုက်ပြန်လေ၏။ –
“ဆက်ကပ်” လိုက်သော အသက်တာသည် “စည်းစိမ်ဖြင့် ကူ ရှင်များအပေါ်၌ ထိုင်လိုသော အသက်တာမျိုး မဟုတ်ကြောင်း သတိရပါ” ဟူ၍ စာရေး ပြောလိုက်သောဟူ၏။
CONVERSION ပြောင်းလဲခြင်း
၆၄။ နေအိမ်တစ်ခုရှိ အိမ်ဖေါ် အမျိုးသမီးတစ်ဦးသည် ခရစ် ယာန် ဖြစ်လာသည်။ သူ၏ အိမ်ရှင်များက ခရစ်ယာန်အဖြစ်သို ပြောင်းလဲလာခြင်း” အကြောင်းကို မေးလေရာ၊ “တစ်ခုတော့ ကျွန်မ သိပါတယ်။ ကျွန်မ ခရစ်ယာန် မဖြစ်ခင်တုန်းက တံမြက်စည်း လှည်းရင်၊ အမှိက်သရိုက်တွေကို အပြင်မလွင့်ပစ်ဘဲ၊ ကော်ဇောအောက်ထဲ လူမသိအောင် လှည်းသွင်းလိုက်တာပဲ။ ကျွန်မ ခရစ် ယာန် ဖြစ်လာပြီးတဲ့နောက် အဲဒီလို မလုပ်တော့ပါဘူးလေ”ဟု ဖြေ လိုက် သောဟူ၏။
၆၅။ ၁၉ ရာစုနှစ် အတွင်းက ဧဝံဂေလိတရားဟောဆရာ များသည် မြိုများရွာများတွင် လှည့်လည်တရားဟောဆရာများ သည် မြိုများရွာများတွင် လှည့်လည်တရားဟောရာ၌ ဘုရားကို မယုံကြည်သော ပုဂ္ဂိုလ်များနှင့် အမြဲ တွေ့ဆုံပြီး စကား အချေ အတင် ပြောရလေ့ရှိသည်။
တစ်ခါတွင် တရားဟောဆရာတစ်ပါးက ခရစ်တော်အ ကြောင်း ဟောပြောနေစဉ် ဘုရားမယုံကြည်သူလူတစ်ဦးက နှောင့် ယှက်လေတော့သည်။ ထိုသူက ဘုရားဆိုသည်မှာ အမှန်ဆိုလျှင် မရှိကြောင်း၊ ယေရှုခရစ်တော်ဆိုသည်မှာလည်း သာမန်လက်သမား မျှသာဖြစ်ပြီး၊ တရားဟောဆရာများကသာ ထိုသူ့အကြောင်း ပုံကြီးချဲ့ပြောဆိုနေသည်ဖြစ်ကြောင်း အော်ဟစ်ပြော ဆိုတော့၏။ ထိုအခါ ဓမ္မဆရာက
“ကောင်းပြီ၊ ခင်ဗျားက ပြောတယ်။ ဘုရားဆိုတာ မရှိဘူး၊ ခရစ်တော်ဆိုတာ အလာကားပါလို ဆိုတယ်။ မနက်ဖြန်ကျရင် ယေရှုခရစ်တော်ကြောင့် သူတို ရဲ့ ဘဝအသက်တာများ ပြောင်းလဲ လာတဲ့ လူပေါင်းတစ်ရာကို ကျွန်တော် ခေါ်လာခဲ့မယ်။ အရင် တုန်းက သူခိုးဓါးမြဖြစ်ခဲ့တဲ့ လူတွေဟာ လူကောင်းဖြစ်လာတာတွေ၊ အရင်တုန်းက အရက်သမားယစ်တုတ်ကြီး ဖြစ်ခဲ့ပေမယ့် အခု ဆိုရင် အရက်ကို လက်ဖျားနဲ့တောင် မတို တော့တဲ့လူတွေ အစရှိ သရွှေ့ကို တစ်ရာတိတိ ခေါ်လာခဲ့မယ်။ ခင်ဗျားက သူတို ကို ကြိုက် သလို စစ်ကြော မေးမြန်းနိုင်တယ်။ ဟုတ်၊ မဟုတ် စစ်ဆေး စူးစမ်း မေးခွန်းထုတ်နိုင်တယ်။
တစ်ချိန်တည်းမှာပဲ ခင်ဗျားက ခင်ဗျားရဲ့ “ဘုရားမဲ့ဝါဒ” ကြောင့် လူဆိုးဘဝကနေ လူကောင်းဖြစ်လာတဲ့ လူ၊ လူယုတ်မာ ဘဝကနေ သူတော်ကောင်းဖြစ်လာတဲ့ လူပေါင်း တစ်ရာခေါ်ခဲ့ပါ” ဟု ဆိုလေရာ၊ ထိုဘုရားမဲ့ဝါဒီကြီးက နောက်ဆုတ်သွားခဲ့ပါတော့၏။
၆၆။ ခသ (၂၁၈) ခုနှစ်က၊ ကာသေ့(ချ်)မြိုမှ ဂိုဏ်းအုပ် ဖြစ်ခဲ့သူ “ဆိုက်ပရိယန်” ဆိုသူက သူ၏ မိတ်ဆွေတစ်ဦးအား တစ် ခါက အောက်ပါအတိုင်း စာရေးခဲ့ဖူးပါသည်။ (ထိုစာသည် ယနေ့ တိုင်အောင် ရှိနေပါသေး၏။)
“မိတ်ဆွေကြီး – ဒိုနေးတပ်(စ်)၊ ငါ့ရဲ့ခြံထဲမှာရှိတဲ့ စပျစ်ပင်တွေ အောက်ကနေ၊ ဒီကမ္ဘာလောကကြီးကို လှမ်းမျှော်ကြည့်လိုက်ရင် ဒီကမ္ဘာကြီးဟာ အင်မတန်လှပသာယာတဲ့ ကမ္ဘာကြီးလို ထင်ရမှာ ပါပဲ။
ဒါပေမယ့် ဟိုမှာရှိတဲ့ တောင်ကုန်းမြင့်ကြီးပေါ်ကနေ လှမ်း ကြည့်လိုက်ရင်တော့ လမ်းမကြီး တွေပေါ်မှာ ခိုးတိုက်လုယက်နေကြ တဲ့ ဓါးမြတွေ၊ ကစားကွင်းကြီး အလယ်ထဲမှာ လူတွေလွှတ်ပြီး အ ပျော်သဘောနဲ့ ဓါးနဲ့ ခုတ်သတ်၊ ခြင်္သေ့စာကျွေးနေကြတဲ့ လူယုတ် မာတွေ၊ အဲဒီဖြစ်ရပ်တွေကို ကြည့်ပြီး၊ လက်ခုတ်တီး ဩဘာပေး နေကြတဲ့ လူတွေကို တွေ့နေရတယ်ကွာ။ တစ်ကိုယ်ကောင်း စိတ် ထားတွေ၊ ဒုက္ခဆင်းရဲခြင်း အမျိုးမျိုးတွေ၊ စိတ်ပျက်အားလျှော့မှု တွေနဲ့ လည်း ဒီကမ္ဘာကြီးဟာ ပြည့်နေပါကလားဆိုတာကို တွေ့ရ ပြန်တယ်။
ဒါပေမယ့် ဒိုနေးတပ်(စ်)ရယ် …။ လူတစ်စုကို ငါတွေ့ရ ပြန်သေးတယ်။ သူတိုကို မုန်းတီးရွံရှာ သတ်ဖြတ်ညှင်းဆဲနေပေ မယ့် သူတို ရဲ့ မျက်နှာထားတွေမှာ အပြုံးမပျက်ဘဲ ပြန်ပြီး မေတ္တာ ပို နေနိုင်တဲ့ လူတွေပဲ။ ဒီညစ်ည္းဆိုးယုတ်တဲ့ ကမ္ဘာကြီးထဲမှာ တောင် သူတိုဟာ ထူးခြားတဲ့ “ဝမ်းမြောက်ပျော် ရွှင်မှုကို တွေ့ကြုံ ခံစားနေကြရတယ်။ “စိတ်ငြိမ်သက်ချမ်းသာခြင်းကိုလည်း ခံစား နေရကြောင်းကို အံ့သြစွာ တွေ့ခဲ့ရပါတယ်။
သူတို့ တစ်တွေဟာ တစ်ခြား မဟုတ်ဘူး ဒိုနေတပ်(စ်)။ သူတို တစ်တွေဟာ … “ခရစ်ယာန်ဆိုတဲ့ လူတစ်ခုပဲ။ သူတိုနဲ့ တွေ့ပြီး ငါလည်း စိတ်ပြောင်းလဲလာလို၊ ငါပါ ခရစ်ယာန်ဖြစ်သွားပါပြီကွာ” ဟူ၍ ရေးသားခဲ့ပါ၏။
၆၇။ ရန်ကုန်မြို သမ္မတရုံတွင် မကြာသေးမီက “တိုရာ၊ တိုရာ၊ တိုရာ” ဟူသော ဂျပန်စစ်ကားတစ်ခုကို ရုံတင် ပြသခဲ့ပါသည်။ အဓိက ဇာတ်လမ်းမှာ ၁၉၄၁ ခုနှစ်က ဂျပန်များသည် ပုလဲဆိပ် ကမ်းရှိ အမေရိကန်ရေတပ်ကို အလစ်ဝင်တိုက်ပြီး စစ်ကျေညာခဲ့ သည့် သမိုင်းဝင် အဖြစ်မှန်ကို ရုပ်ရှင်ရိုက်ကူး၍ ပြသခဲ့ခြင်း ဖြစ်ပါ သည်။
စစ်သင်္ဘောကြီးများကို အလစ်ဝင်ရောက်တိုက်ခိုက်ရာတွင် ခေါင်းဆောင်အဖြစ် ပါဝင်တိုက်ခိုက်ခဲ့သူမှာ ဂျပန်ရေတပ်မှ ဒု ဗိုလ်မှူးကြီး “မိစုအိုဖူချီဒါဆိုသူပင် ဖြစ်ပါ၏။ သူ၏ ဘဝ အသက် တာ ပြောင်းလဲသွားမှုမှာ ထူးခြားလှပါသည်။
၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ (၇)ရက်၊ ဟာဝေယံကျွန်း၊ စံတော် ချိန် (၇)နာရီ (၅၅) မိနစ်တွင် ဒုဗိုလ်မှူးကြီး ဖူချီဒါ ခေါင်းဆောင် သော တိုက်လေယာဉ်အုပ်စုက ထိုဆိပ်ကမ်းရှိ အမေရိကန် ရေတပ် စစ်သဘော်များကို အလစ်ဝင်ရောက် တိုက်ခိုက်ခဲ့သည်။ အမေရိကန် စစ်သင်္ဘော (၁၉)စီးမှာ အကြီးအကျယ် ပျက်စီးခြင်း၊ နစ်မြုပ်ခြင်းကို ခံခဲ့ရသည်။ အမေရိကန်စစ်လေယာဉ် (၁၈၈) စီး ပျက်စီးခဲ့၍ စစ်သည်တော်ပေါင်း (၂၂၈၀) သေဆုံးခဲ့ရသည်။ သို သော် သုံးနှစ်ခွဲကြာသောအခါ၊ ဟိရိုရှီးမားနှင့် နဂါဆာကီမြိုများကို အနုမြူဗုံး ကြဲချပြီးသည့်နောက် စစ်ကြီး ပြီးဆုံးသွားခဲ့တော့သည်။ ထူးခြားသည်ကာ ဟိရိုရှီးမားမြိုကို အနုမြူဗုံးမကြဲချမီ တစ်ရက်တွင် ဖူချီဒါသည် ထိုမြိုမှ ထွက်ခွာလာခဲ့ခြင်းပင် ဖြစ်၏။ သူ၏ ကံကြမ္မာ ကို သူကိုယ်တိုင်ပင် အံ့သြနေမိခဲ့ရသည်။ ထိုမြိုကို အနုမြူဗုံးကြဲ ချသည့်အတွက် ဖူချီဒါသည် အမေရိကန်ပြည်ပေါ်၌ အခက်မကျေ ဖြစ်နေခဲ့ရသည်။ အမေရိကန်တို့ သည်လည်း ဂျပန်များကဲ့သို စစ်သုံ့ပန်းများကို ညှင်းပန်းနှိပ်စက်ခဲ့ပေလိမ့်မည်ဟု ယုံကြည်ခဲ့သည်။ စစ်သုံပန်းဖြစ်ခဲ့ရသူ မိတ်ဆွေတစ်ဦးအား မေးခဲ့ရာ၊ အမေရိကန် များက သူ့အား မညှင်းပန်းသည့်ပြင်၊ သူနာပြုဆရာမလေးတစ်ဦး က သူ့အား ကြင်နာစွာ ပြုစုခဲ့၍ ကျန်းမာ လာခဲ့ကြောင်း ထို သူနာပြုဆရာမလေး၏ ခရစ်ယာန် သာသနာပြုမိဘနှစ်ပါးစလုံးမှာ အရှေ့တိုင်း နိုင်ငံတစ်နိုင်ငံ၌ သာသနာအမှုတော် ဆောင်ရွက်နေခဲ့ သည်။ တစ်နေ့တွင် ဒူးထောက်ဆုတောင်း နေစဉ်ပင် ဂျပန်စစ်သား များက ပစ်သတ်ခြင်းခံခဲ့ရကြောင်းကို အံ့သြစွာ ကြားမိခဲ့ရသည်။ ဖူချီဒါသည် ထိုကိစ္စကို မယုံနိုင်သယောင် ဖြစ်ခဲ့ရသေးသည်။ ရန် သူဖြစ်သူတိုကို အပြစ်လွှတ်ရုံမက ပြန်လည် ပြုစုပေးသည့် ခရစ် ယာန်များကို အံ့သြနေမိခဲ့တော့သည်။
တိုကျိုမြိုကို ဖူချီဒါ ပြန်ရောက်လာသောအခါ ခရစ်ယာန် သာသနာပြုတစ်ဦးက သက်သေ ခံချက် ဝေစာစာရွက်ကို သူ့အား ပေးခဲ့ သည်။
ထိုသက်သေခံချက်မှာ အမေရိကန် လေသူရဲတစ်ဦးဖြစ်သူ “ကပ်ဒီရေဇာ” ဆိုသူတစ်ယောက် အကြောင်းပင် ဖြစ်၏။ ထို လေသူရဲသည် စစ်သုံပန်းဖြစ်ခဲ့ရပြီး ညှင်းပန်းနှိပ်စက်ခြင်း ခံခဲ့ရသည်။ သမ္မာကျမ်းကိုဖတ်ရင်း ထိုသူသည် ရန်သူကို အပြစ်လွှတ် နိုင်သည့် မေတ္တာကို ရလာသဖြင့် စစ်ကြီးပြီးသောအခါ၊ ခရစ်ယာန် သာသနာပြုတစ်ဦးအနေဖြင့် ဂျပန်ပြည်သို ပင် လာရောက်ပြီး ဂျပန်လူမျိုးအား ကူညီမစနေသူ တစ်ဦး၏ အကြောင်းပင် ဖြစ်၏။ ဖူချီဒါသည် ဤကိစ္စကို လုံးဝ မယုံကြည်နိုင်သေးဘဲ ဂျပန်ဘာသာ စကားဖြင့် ရေးသားထားသော သမ္မာကျမ်းကို ရှာဖွေ ဖတ်ရှုလေ တော့၏။ ရှင်လုကာခရစ်ဝင်ကျမ်း အခန်းကြီး ၂၃ ကို ဖတ်စဉ် ကားတိုင်၌ အသက်ထွက်လုဆဲဆဲ၌ပင် ခရစ်တော်က သူ၏ ရန်သူ များကို အပြစ်လွှတ်ခဲ့သည့် ကျမ်းစကားများကို ဖတ်ရှုမိသောအခါ စိတ်ထဲ၌ ထိခိုက်သွားကာ၊ ဘုရားသခင်၏ မေတ္တာတော်ကို ယုံကြည် စပြုလာခဲ့သည်။
ဖူချီဒါသည် သာသနာပြုဆရာဖြစ်နေသည့် “ ဒီဆူဇာကို ရှာ၍ တွေ့လေ၏။
များမကြာမီ ဖူချီဒါသည် ခရစ်ယာန်ဖြစ်လာကာ ဒီရှောဇာနှင့် အတူ ဘုရားသခင်၏ အမှုတော် ဆောင် ဖြစ်လာခဲ့တော့သည်။ ယခုခေတ်ဂျပန်လေတပ်၌ အမြင့်ဆုံးသော ရာထူးကို ပေးအပ်ခြင်း ကို ခံရသော်လည်း ထိုရာထူးကို ငြင်းပယ်ကာ ယနေ့တိုင်အောင် ခရစ်ယာန်သာသနာပြုအနေဖြင့် ဂျပန်ပြည်၌ အမှုတော် ဆောင် ရွက်နေပါ၏။
အထက်ပါ ဖြစ်ရပ်မှာကား ဂျပန်လေတပ်မတော်မှ ဒုဗိုလ်မှူး ကြီးဟောင်း မိစုအိုနူချီဒါ၏ “ပြောင်းလဲပုံ” အဖြစ်မှန် တစ်ရပ်ပေ တည်း။
COURAGE ရဲစွမ်းသတ္တိ
၆၈။ ဗိုလ်ချုပ်ကြီး အိုင်စင်ဟာဝါသည် ဒုတိယ ကမ္ဘာစစ် အ တွင်းက ဥရောပစစ်မြေပြင်၏ ရှေ့တန်းသို သွားရောက်စစ်ဆေး နေသည်။
ရိုင်းမြစ်အနီးသို ရောက်လျှင် တိုက်ပွဲများကြောင့် ကြောက်ရွံ တုန်လှုပ်နေသော ရဲဘော် တစ်ဦးကို တွေ့ရသည်။ ထိုရဲဘော်ခမျာမှာ ပထမအကြိမ်က ဒဏ်ရာရခဲ့၍ ဆေးရုံတက် ကုသခံခဲ့ရပြီးနောက် ယခုဆိုလျှင် ရှေ့တန်းသို ပြန်လည်ရောက်၍ တိုက်ခိုက်နေရသူ တစ်ဦး ဖြစ်၏။
အိုင်စင်ဟာဝါက “ကဲ ရဲဘော်၊ မင်းကြောက်နေတာကို ငါ အပြစ်မတင်ပါဘူး။ ငါလည်းကြောက် တာပဲ။ လာ .. ငါနဲ့ အတူ လမ်းခဏ လျှောက်ရအောင်”ဟု ခေါ်ပြီး၊ နှစ်ဦးသား လမ်းလျှောက် ထွက်လာခဲ့ကြ၏။
ထိုသို လမ်းလျှောက်နေစဉ် အိုင်ဟင်ဟာဝါက မဟာမိတ်တပ် များ၏ အင်အားကြီးမားပုံ၊ တိုက်စစ်ဆင်နေသည့် မဟာနည်း ဟာမှာ ရန်သူထက်သာနေပုံ၊ လေကြောင်းနှင့် ပစ်အား စိုးမိုးမှု ရနေပုံ စသည်တို ကို ရှင်းပြခဲ့လေသည်။ ရိုင်းမြစ်ကမ်းပါးသို့ ရောက်သောအခါ စစ်သားကလေးက “ဗိုလ်ချုပ်ကြီး ပြောတဲ့ ဒီ စကားတွေ ကြားရတော့ ကျွန်တော် သိပ်မကြောက်တော့ပါဘူး ၊ ခင်ဗျာ” ဟု ဝန်ခံခဲ့လေတော့၏။
ယေရုရှင်လင်မြိုရှိ အထက်ခန်းမ၌လည်း ခရစ်တော်က ထိုကဲ့ သိုပင် ပြုခဲ့သည် မဟုတ် ပါလော။
တမန်တော်တို့ အား ကိုယ်တော်က အာမခံချက်များ ပေးသည်။ နောက်ဆုံးသော ညစာ၌ သူ၏ အသွေးတော်ဖြင့် ပဋိညာဉ်ပြုသည်။ ကပ်ကမ္ဘာကုန်သည်တိုင် သူတိုနှင့်အတူရှိမည့်အကြောင်း ကတိ၊ တော်ပေးခဲ့သည်။ ယနေ့တိုင်လည်း ကိုယ်တော်က ထိုကဲ့သို ပြုနေ သေးသည်ဖြစ်ရာ၊ ကျွန်တော်တိုသည် အဘယ်အရာကို ကြောက်ရွံ နေကြရ ဦးမည်နည်း။ ။
၆၉။ ပထမကမ္ဘာစစ်အတွင်းက ဓမ္မဆရာတစ်ဦးသည် ပြင်သစ် ပြည်သို ရောက်နေ၍ စစ်မှုထမ်းဆောင်နေရသည်။
မိုးကုတ်စက်ဝိုင်းကြီးထဲသို ငုံလျှိးစပြုနေသော နေလုံးကြီးသည် နီရဲနေသည်။ တိုက်ပွဲပစ်ခတ်သံတို သည်လည်း ငြိမ်လျက်နေသည်။ ထိုစဉ် အမြောက်ကျည်ဆံတစ်ခုသည် “8” ခေါ်လာပြီး ဘုရားရှိခိုးကျောင်းကြီးတစ်ခု၏ ထိပ်ချွန်ပြာသာဒ်ဆောင်ကို ထိ၍ မီးခိုးလုံး များ၊ အုတ်ခဲစများ၊ ဖုံမှုန့်များ ထောင်းကနဲ ထသွားသည်ကို တွေ့ရ တော့သည်။ ပြာသာဒ်ဆောင်ထဲ၌ ခိုအောင်းနေသော ပျံလွှားငှက် များသည် ရုတ်တရက်အုပ်လိုက် ထပျံကာ ထိုနေရာတစ်ဝိုက်၌ ရစ်ဝဲနေကြသည်။ ဖုံမှုန့်များ ငြိမ်သက်၍ အားလုံး တိတ်ဆိတ် သွားပြန်သောအခါ ပျံဝဲနေသော ပျံလွှားများသည် ဘုရားရှိခိုးကျောင်း၏ ပြာသာဒ်ထဲသိုပင် ပြန်ဝင်၍ ခိုအောင်းနေကြပြန်သည် ကို ကြည့်နေမိ၏။
ထိုစဉ် ဓမ္မဆရာက ထိုဖြစ်ရပ်မှ သင်ခန်းစာတစ်ခုကို ရမိလိုက် သည်။
ကမ္ဘာလောကကြီးတစ်ခုလုံးကို တုန်လှုပ်ချောက်ချားအောင် လူတို့ က ပစ်ခတ်ဖျက်ဆီးခြင်း အမျိုးမျိုး ပြုနေစေကာမူ၊ ထို ဘုရားရှိခိုးကျောင်း ပြာသာဒ်ကြီးကဲ့သို ဘုရားသခင်သည် မတုန် မလှုပ်ပါ။ ကိုယ်တော်သည် မလှုပ်ရှား၊ မထိခိုက်၊ ပကတိ ငြိမ်သက် လျက်ရှိသောကြောင့် ဘုရားသခင်ကို ခိုလှုကိုးစားသူ မှန်သမျှသည် လည်း ကိုယ်တော်၏ ကြီးမြတ်သော အနန္တတန်ခိုးတော်ကို မှီခို အားထားခြင်းဖြင့် ငြိမ်သက်ခြင်း ခံစားနိုင်ကြောင်းကို မြင်တွေ့ မိခဲ့ပါတော့၏။
CROSS ကားတိုင်
၇၀။ ဒုတိယ ကမ္ဘာစစ်အတွင်းက လေသူရဲနှစ်ဦးသည် ပင်လယ်ပြင်ထဲ၌ လေယာဉ်ပျက်ကျခဲ့သည်။ သူတို သည် အနီး၌ရှိသော ကျောက်ဆောင်များပေါ်သို ရေကူးသွားခဲ့ကြသည် ။
ထိုကျောက်ဆောင်ပေါ်၌ သစ်ပင်တစ်ပင်မျှမရှိ၊ သောက်ရေ မရှိ၊ လူတစ်ဦးတစ်ယောက်မျှ လည်း မရှိ။ သိုသော် ထူးခြားသည်က ထိုကျောက်ဆောင်ပေါ်၌ သစ်သားလက်ဝါးကပ်တိုင်တစ်ခုကို တစ် စုံတစ်ယောက်လာရောက် ထူထားသည်ကို တွေ့ကြရ၏။ ရက် ပေါင်းများစွာကြာလာသော်လည်း သူတို ကို ကယ်မည့်သူ တစ်စုံ တစ်ယောက် မပေါ်လာဘဲ အစာရေစာငတ်ပြတ်၍ သေရတော့ မည့် ဘေးကို မြင်လာကြတော့၏။ မိုးကုတ်စက်ဝိုင်းကို လှမ်းကြည့် လိုက်သောအခါ ကျွန်းတစ်ကျွန်းကို ခပ်ရေးရေးမြင်နေကြရသည်။ ထိုကြောင့် ထိုလေသူရဲနှစ်ဦးတို သည် ထိုကားတိုင်ကို ဆွဲနှုတ်၍ ရေထဲသို ချပြီးလျှင် အဝေးမှ မြင်ရသော ထိုကျွန်းရှိရာသို ကူးခတ် သွားကြရန် ဆုံးဖြတ်လိုက်ကြတော့၏။ ထိုကားတိုင်ကို ဖက်တွယ်ပြီး နှစ်ဦးသား ရေကူးခတ် သွားကြရာ မြင်ရသော ကျွန်းပေါ်သို့ ရောက်သွား နိုင်ကြသဖြင့် ထိုကျွန်းသူ၊ ကျွန်းသားများက သူတိုအား ကယ်ဆယ်ပြီး အစာရေစာ ကျွေးမွေးထား သောကြောင့် အသက် ချမ်းသာရာ ရခဲ့ကြတော့သည်။
အချို့က ကားတိုင်ကို ရာဇဝတ်ကောင်များ သတ်ရာ အမင်္ဂ လာ သစ်တိုင်ဟုထင်သည်။
အချို့က ကားတိုင်ကို အလှတန်ဆာဆင်ရန် ဟူ၍သာ မြင် သည်။
ကားတိုင်၏ အဓိပ္ပါယ် အစစ်အမှန်မှာ အသက်ကို ကယ်ဆယ် နိုင်သော အရာဟူ၍ မြင်လာသင့်ကြပါ၏။
ဘဝအသက်တာ၌ ကားတိုင်ကို ဖက်တွယ်ထားမှသာလျှင် အသက်ချမ်းသာရာရပါလိမ့်မည်။ ကြွယ်ဝသော အသက်တာကို ကားတိုင်က ပေးနေပါ၏။
၇၁။ ဂီတပညာရှင်တစ်ဦးသည် အရက်ဆိုင်တစ်ဆိုင်ရှေ့တွင် ရပ်လျှက် ဘီယာသံဗူးအခွံ လွတ်များကို ကြည့်ကာ “ဟန်ကျပြီ … ဟန်ကျပြီ”ဟု ဆိုလိုက်သည်။
“ဘီယာဗူး အခွံလွတ်တွေနဲ့ ကျွန်တော်ဟာ အော်ဂင်တစ်ခု လုပ်ပြမယ်” ဟုဆိုပြီး ထိုအခွံလွတ် များကို ဈေးပေါပေါဖြင့် ဝယ်ယူ ကာ သယ်ဆောင်သွားလေသည်။
သူသည် ထိုအခွံလွတ်များကို သေချာစွာ ဆေးကြော သုတ် သင်ပြီး သကာလ၊ သံပြားများကို လိုအပ်သလို ဖြတ်တောက်ကာ ဂဟေဆော်သည်။ အသံစုံ ထွက်လာနိုင်အောင် အလျားလိုက်ဖြတ် ကာ၊လျှာခင်များတတ်သည်။ များမကြာမီ သူသည် လှပ၍ အသံ ကောင်းမွန်လှသော အော်ဂင်တစ်ခုကို တည်ဆောက်နိုင်ခဲ့တာ သည်။ လူသားတို ကို မူးယစ်စေသော ဘီယာ၏ အခွံလွတ်များ မှတစ်ဆင့် ဘုရားသခင်၏ ဂုဏ်တော်ကို ဓမ္မသီချင်းများဖြင့် ချီးမွမ်း နိုင်သည့် ပစ္စည်းတစ်ခုဖြစ်လာအောင် ဖန်တီးနိုင်ခဲ့ပါ၏။
ခရစ်တော်သည် အမင်္ဂလာ ကားတိုင်မှတစ်ဆင့် မင်္ဂလာ အ ပေါင်းနှင့် ကြွယ်ဝသော ခရစ်ယာန်တို၏ ယုံကြည်ခြင်းနှင့် မျှော် လင့်ခြင်းကို ဖန်တီးနိုင်ခဲ့သည် မဟုတ်ပါလား။
၇၂။ လူတိုင်း၏ စိတ်နှလုံးထဲ၌ ကားတိုင်တစ်ခုနှင့် ပလ္လင် တစ်ခုစီ ရှိကြသည်။
လူတစ်ဦးသည် မိမိကိုယ်ကို ပလ္လင်ပေါ်သို တင်လိုက်လျှင်ခရစ်တော်ကို ကားတိုင်ပေါ်သို့ တင်လိုက်သည်နှင့် တူသည်။ သူ ကိုယ်သူ ကားတိုင်ပေါ်သို တင်လိုက်လျှင်၊ ခရစ်တော်ကို ပလ္လင် တော်ပေါ်သို တင်လိုက်သည်နှင့် တူပါသည်။
မိမိကိုယ်ကို ပလ္လင်ပေါ်သို့ တင်လိုက်ပါလျှင်၊ မိမိကိုယ်ကို ဖျက် စီးလိုက်သည်နှင့် တူသည်။ အတ္တပဓာနစိတ်ထားမျိုး ရှိလာလိမ့် မည်။ သို သော် ခရစ်တော်ကို ပလ္လင်တော်ပေါ်၌ တင်လိုက်လျှင် မူကား ကိုယ်တော်က ကားတိုင်ပေါ် ၌ မိမိကိုယ်ကို တင်လိုက်သော ထိုသူအား ချီးမြှောက် ပေးလိမ့်မည်တည်း။
၇၃။ ခရစ်တော်သည် ကားတိုင်ကို မနိုင့်တနိုင်ထမ်း၍ လမ်း လျှောက်ခဲ့ ရရှာသည်။ ကိုယ်တော်သည် ကားတိုင်ကို ထမ်းလျက် လမ်းလျှောက်ခဲ့ရသော ထိုလမ်းမကြီး တစ်လျှောက်လုံးကို Via Dolorosa ဟု ခေါ်သည်။ အဓိပ္ပါယ်မှာ “ဝမ်းနည်းကြေကွဲဖွယ်ရာ လမ်းမ” ဟူ၍ ဖြစ်သည်။
ခရစ်ယာန်ဂိုဏ်းဂဏတစ်ခုသည် ထိုလမ်းမကြီး တစ်လျှောက် ၌ ခရစ်တော်ကားတိုင်ထမ်း လာရပုံကို ပြန်လည် သရုပ်ဆောင်ခဲ့ကြ သည်။ ကားတိုင်ကို လူအများက ထမ်းကြည့်ကြသောအခါ တကယ် ပင် လေးလံလှကြောင်းကို တွေ့ရသဖြင့် ကားတိုင်ထမ်းမည့် သူအား၊ မေးကြည့်ရာ “အဲဒီတော့မှ သရုပ်ဆောင်မှုဟာ သဘာဝကျတော့ မှာပေါ့”ဟု ဖြေခဲ့လေသည်။
သို့သော် ကားတိုင်ထမ်းသည် ထိုသရုပ်ဆောင်မှုကို ခေါင်း ဆောင်ပြီ တရားဒေသနာ ဟောပြောမည့် ပုဂ္ဂိုလ်ကြီးက ထိုလမ်းကို လျှောက်လာစဉ် နေပူလွန်းလှသဖြင့် ထီးဆောင်းလာခဲ့သော ဟူ၏။ ကျွန်တော်တိုသည် ခရစ်တော်၏ နောက်တော်သို လိုက်ရာတွင်တကယ်ပင် လေးလံသော ကားတိုင်ကိုထမ်းပြီး လိုက်နေကြပါသ လား။ သိုမဟုတ် သက်တောင့်သက်သာ ထီးဆောင်းပြီး လိုက်နေ ကြပါသလား။
မြို့တွင်းသို့ အဝင်တွင် လူအုပ်ကြီးကို တွေ့ရသည်။ ရာဇဝတ် အကျဉ်းသားတစ်ဦးသည် ကားတိုင်ထမ်းလာသည်ကို ရပ်၍ ကြည့် နေမိသည်။ သိုသော် ရောမစစ်သားများက သူ့ကို အနိုင်ထက် ပြုကာ ထိုကားတိုင်ကို ထမ်းခိုင်းကြသောအခါ သူ့အနေဖြင့် ထိုကိစ္စ သည် သူ့အား စော်ကားလိုက်ခြင်း၊ ‘နှိမ်လိုက်ခြင်းဟူ၍ သာ မြင် ကောင်း မြင်လိမ့်မည်။
သို့ သော် များမကြာမီ သခင်ခရစ်တော်၏ နာမတော်ကို တဖွ ဖွပြောကာ ကမ္ဘာတစ်ဝှမ်းလုံးကို လှုပ်ရှားသွားစေသည့် ဖြစ်ရပ်ကို | စဉ်းစားဆင်ခြင်မိပါလျှင်၊ ထိုသခင်၏ ကားတိုင်ကို သူ့အနေဖြင့် ခေတ္တခဏ ထမ်းပေးခဲ့ရခြင်းကိုပင် ဂုဏ်ယူမိလာပေလိမ့်မည်။
တစ်နည်းဆိုရလျှင် သူ့အား အနိုင်အထက်ပြုပြီး နှိမ်လိုက်ခြင်း၊ စော်ကားလိုက်ခြင်းဟု ထင်ခဲ့သောနေ့သည် သူ့အတွက် ကောင်းချီး မင်္ဂလာ အခံစားရဆုံးသော နေ့ထူးနေ့မြတ်ပင် ဖြစ်ခဲ့ပါ၏။
ကျွန်တော်တို အဖိုလည်း ခရစ်တော်၏ ကားတိုင်ကို ထမ်း လိုက်ရသောနေ့သည် ကျွန်တော်တို၏ ဘဝအသက်တာအတွက် အကြီးမြတ်ဆုံးသောနေ့၊ ကောင်းချီးမင်္ဂလာကို အပြည့်အဝဆုံး ခံစားရသောနေ့ပင် ဖြစ်လာပါလိမ့်မည်။
DOUBT သံသယစိတ်
၇၅။ တနေ့တွင် ပညာရှင် ရှေ့နေကြီးတစ်ဦးသည် ဓမ္မဆရာ တစ်ဦးနှင့် စကားပြောနေသည်။
ရှေ့နေကြီးတစ်ဦးအနေဖြင့် ဘုရားသခင်၏ရှိခြင်းကို မယူ လူတို၏ ဆင်ခြင်တုံတရားအားဖြင့် စဉ်းစား၍မရနိုင်၊ စဥ်းစား ဉာဏ်အားဖြင့် လက်လှမ်းမမှီနိုင်သော အရာမှန်သမျှကိုမယုံ ဆိုသည်။
ထိုစဉ် ဓမ္မဆရာကြီးသည် မြက်ခင်းပြင်ကို လှမ်းမျှော်ကြည့် လိုက်ရာ၊ ဝက်သုံးလေးကောင်နှင့် ငန်းအချို့တို့သည် အတူ မြက်စားနေသည်ကို တွေ့ရသည်။
“ခင်ဗျားကပြောတယ်။ စဉ်းစား ဆင်ခြင်ကြည့်လို ရမှ လက်ခံ နိုင်မယ်လို ပြောတယ်နော်”
ရှေ့နေကြီးက ခေါင်းညိတ်လိုက်သည်။
“ဟိုမှာကြည့်စမ်းပါဦး၊ မြက်စားနေတဲ့ဝက်တွေနဲ့ ငန်းတွေကို တွေ့ ရဲလား”
ရှေ့နေကြီးက တွေ့ရကြောင်းဖြေသည်။
“သူတို တစ်တွေ အတူတူ မြက်စားနေကြတယ်နော်။ ဒါဖြင့်ရင် ဒီလိုမျိုးမတူတဲ့ တိရစ္ဆာန်တွေက မြက်အတူ စားနေကြပါရက်နဲ့ ဒီမြက်ပင်တွေဟာ သူတို ရဲ့ ဝမ်းပိုက်ထဲရောက်ပြီး၊ ငန်းတွေကျတော့ ဖြူဖွေးတဲ့ အမွှေးတွေဖြစ်စေတယ်၊ ဝက်တွေကျတော့ ကြမ်းတမ်းတဲ့ အမွှေးမည်းတွေဖြစ်စေတယ်။ အဲ့ဒါ ဘာကြောင့်ဖြစ်သလဲဆိုတာ ခင်ဗျား နားလည်ရဲ့လား၊ စဉ်းစားကြည့်လိုကော ရရဲ့လား၊ အဲဒီတော့ ဒီကိစ္စကို ခင်ဗျားဟာ ယုံနိုင်ပါ့မလား”ဟု မေးလိုက်ရာ ရှေ့ နေကြီးသည် ငိုင်နေ၏။
“ဒီမှာ မိတ်ဆွေကြီး၊ နောက်တစ်ခါ နွားတွေကိုမြင်တိုင်း တစ်ခု သတိရပါ။ ဟောဒီလောက ကြီးမှာရှိတဲ့ ကမ္ဘာကျော်သိပ္ပံပညာရှင်တွေဟာ မြက်ပင်ကနေ နွားနို ဖြစ်လာစေအောင် မတတ်နိုင် သေးပါ ဘူးဗျာ”ဟု ဆိုလိုက်လေသတည်း။ ။
၇၆။ ဘုရားမဲ့ဝါဒကြီးတစ်ဦးက တရားဟောပြောနေသည်။ ဘုရားဆိုသည်မှာ မရှိ။ သမ္မာကျမ်းသည် မှားယွင်းနေသည်။ ယေရှု ဆိုသည်မှာ သာမန်လက်သမားကြီးဖြစ်ပြီး ဘုရားသခင်၏ သားတော် မဖြစ်နိုင်ဟူ၍ အဓိကထား ဟောကြားနေလေသည်။ ဟော ပြောပွဲအပြီးတွင် ပညာမဲ့ ဆင်းရဲသူ အမျိုးသမီးကြီးတစ်ဦးက မတ် တပ်ထရပ်၍ အောက်ပါအတိုင်း ပြောလိုက်တော့သည်။
“ကျွန်မဟာ ပညာမတတ်ပါဘူးရှင်။ ဒါပေမယ့် တစ်ခု မေးပါရ စေ။ ဒီလိုပါ … ဘုရားရှိခိုးတယ်ဆိုတာကို ကျွန်မ ယုံပါတယ်။ ခရစ်တော်ကိုလည်း ယုံတယ်။ သမ္မာကျမ်းကိုလည်း ကျွန်မ ယုံပါ တယ်။ ဆရာကြီးကတော့ ဒါတွေကို ဘာမှ မယုံဘူးလိုဆိုပါတယ်။ ထားပါတော့ တစ်နေ့ကျတော့ ကျွန်မဟာ သေဆုံးသွားမှာ သေချာ ပါတယ်။ သေသွားပြီး တမလွန်ဘဝရောက်တော့ ဘုရားဆိုတာ လည်း မရှိဘူး။ သမ္မာကျမ်းဆိုတာလည်း မမှန်ဘူး။ ခရစ်တော်ဆို တာဟာလည်း မရှိဘူးဆိုတာ တွေ့ရရင် ကျွန်မဟာ ရှုံးသွားမှာလား ရှင်”
“ခင်ဗျားဟာ ဘာမှ အရှုံးပေါ်မှာတော့ မဟုတ်ပါဘူးလေ ဒီ အတိုင်းပဲ ဖြစ်နေမှာပေါ့” “ကောင်းပါပြီ။ ရှင်ဟာလည်း တစ်နေ့ သေရမှာပါပဲ။ တစ်နေ့ကျ ရင် ရှင်သေသွားလို တမလွန် ဘဝကိုလည်း ရောက်ရော၊ ဘုရား ဆိုတာ ရှိတယ်။ သမ္မာကျမ်းက ပြောသမျှဟာလည်း အားလုံး မှန် နေတယ်။ ခရစ်တော်ဆိုတာဟာလည်း ဘုရားသခင်ရဲ့ သားတော်ဖြစ်ပြီး တရားစီရင်ဆုံးဖြတ်ဖို ရှင့်နဲ့ ရင်ဆိုင်တွေ့နေရပြီ ဆိုပါတော့။ အဲဒီတော့ ရှင့်အနေနဲ့ ဘာလုပ်ရမှာလဲဟင် ဒုက္ခအကြီး အကျယ်ရောက်ပြီး အရှုံးပေါ်မှာတော့ သေချာတယ် မဟုတ်လား” ဟု မေးလိုက်လေသည်။
ထိုပညာရှင်ကြီးမှာ ဘာမျှမဖြေဘဲ ကြောင်၍ ကြည့်နေပေ တော့၏။
DEATH သေခြင်း
၇၇။ ဘောလုံးကစားဝါသနာပါလှသော လူငယ်လေး တစ်ဦးရှိ သည်။ သူသည် အလွန်ပင် ကြိုးစား၍ ကစားလေ့ရှိသည်။ ပထမ တန်း ဘောလုံးသမားတော့ မဟုတ်။
သူ၏ ဖခင်သည် မကြာမီကပင် ကွယ်လွန်သွားခဲ့ သည်။ သဂြိုလ်ပြီး သုံးရက်အကြာတွင် လူငယ်လေးသည် ဘောလုံးကစား ရာသို့ ပြန်လာပြီး သူ၏ နည်းပြဆရာအား ယခု ကစားမည့်ပွဲတွင် သူဝင်ရောက် ကစားလိုကြောင်း ခွင့်ပန်ကြားခဲ့သည်။ နည်းပြဆရာ က ခဏမျှ တွန့်ဆုန်နေခဲ့သော်လည်း နောက်ဆုံး၌ ထိုလူငယ် ကလေးအား ကစားခွင့် ပြုလိုက်သည်။
ထိုပွဲတွင် သူသည် အလွန်ပင် ပြောင်မြောက်စွာ ကစားပြသွား သည်။ နည်းပြဆရာကလည်း အလွန်ပင် နှစ်ထောင်းအားရ ဖြစ်ခဲ့သည်။ နည်းပြဆရာကလည်း အလွန်ပင် နှစ်ထောင်းအားရသည်။ ဘောလုံးပွဲပြီးသောအခါ နည်းပြဆရာက သူ့အား ချီးကျူးပြီး မေးခွန်းထုတ်လိုက်သည်။ ‘
နေစမ်းပါဦးကွာ ဒီပွဲမှာ မင်းဟာ တယ်ကောင်းပါလား က မင်းဒီလို တစ်ခါမှ မကစားခဲ့ဘူးပါလား။
“ ဒီလိုပါဆရာ၊ ကျွန်တော့် အဖေဟာ အသက်ရှင်စဉ်က မျက်စိ ကန်းနေခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် ကစားတဲ့ ပွဲတိုင်းလာ ကြည့်ခဲ့တယ်။ သူမမြင်ရပေမယ့် ဘေးကနေတစ်ယောက်ယောက် က ကျွန်တော်ကစားနေပုံကို အမြဲ ပြောပြနေရပါတယ်။ အခုဆိုရင် ကျွန်တော်ရဲ့ အဖေဟာ သေဆုံးသွားပါပြီ။ ဒါပေမယ့် သူဟာ ခရစ်တော်ကို ယုံပြီး ကိုယ်တော်၌ အိပ်ပျော်သွားခဲ့သူဖြစ်လေတော့ သူ့ရဲ့ မျက်စိဟာ ပြန်မြင်လာရပါပြီ။ ဒီနေ့ပွဲကို အဖေ ကိုယ်တိုင် လာ ကြည့်နေနိုင်ပြီဖြစ်တဲ့အတွက် ကျွန်တော်ဟာ အကောင်းဆုံး ကစား ပြ သွားနိုင်ခဲ့တာပါပဲ ဆရာရယ်”ဟု ဆိုလိုက်လေ၏။
ခရစ်တော်၌ အိပ်ပျော်အိပ်ပျော်ခဲ့သူမှန်လျှင် လူ့ဘဝ အသက် ရှင်ခဲ့စဉ်က ခံစားနေခဲ့ရသော ကန့်သတ်ချုပ်ချယ်မှု၊ အားနည်းမှု ချွတ်ယွင်းမှုမှန်သမျှတိုသည် ပျောက်ကွယ်ပြီး ခရစ်တော်၏ တန်ခိုး အားဖြင့် ပြည့်စုံခြင်းသိုရောက်ပြီး ကိုယ်တော်နှင့်အတူ ဘုန်းတော် ဝင်စားနိုင်သူ ဖြစ်ပါ၏။ သေခြင်းကို ခရစ်ယာန်တို့ သည် ဤသို ရှုကြည့် နိုင်ပါသတည်း။ ။
၇၈။ သင်္ဘောတစ်စင်းတည်ဆောက်ပုံကို လေ့လာကြည့်ပါ။
ထိုသင်္ဘောကို မြေပြင်ပေါ်ရှိ သင်္ဘောကျင်း၌ တည်ဆောက် ရသည်။ ဝမ်းပြင်နှင့် နံဘေးရှိ သံပြားများကို ရေလုံအောင် ဂဟေ ဆက်ရသည်။ သင်္ဘော၏ ကြမ်းပြင်ကုန်းပတ်ကိုလည်း တည် ဆောက်ရသည်။
ထိုနောက် သင်္ဘောကို ရေချရသည်။ ရေထဲ၌ရှိစဉ် ကိုယ်ထည် ကို ဆက်လက်တည်ဆောက်ပြီး ကိရိယာ တန်ဆာပလာ မျိုးစုံ တပ်ဆင်ရသည်။ စက်မကြီး၊ မီးစက်အစရှိသရွှေ့တိုကို ဆက်လက် တပ်ဆင်သည်။ ထိုနောက် ရေကြောင်းပြ ရောက်လာပြီး ထို သင်္ဘောကို ပင်လယ်ပြင်သို ထွက်ခွာ၍ စမ်းသပ်ခုတ်မောင်းကြည့်ရ သည်။
သင်္ဘောသည် မြေပြင်ပေါ်၌ တည်ဆောက်ခဲ့သော်လည်း အ မှန်ဆိုလျှင် ပင်လယ်ပြင်၌ ခုတ်မောင်းသွားလာနေရန် ရည်မျှော်၍ တည်ဆောက်နေခဲ့ခြင်းသာ ဖြစ်၏။
ကျွန်တော်တို့ သည်လည်း မြေကြီးပေါ်၌ မွေးဖွား လာခဲ့စေကာ မူ မြေကြီးပေါ်၌သာ အဆုံးသတ်ကြရန် ဘုရားသခင်ကမမျှော်မှန်း ထားခဲ့ပါ။ ထာဝရ အသက်ရှင်ခြင်းအတွက် ကိုယ်တော်က ရည် မျှော်ထားခဲ့ခြင်း ဖြစ်သည်။
ကျွန်တော်တို၏ ခန္ဓာတွင်းရှိ ဝိညာဉ်သည် ဘုရားသခင် မှုတ် သွင်းထားသော ဝိညာဉ်ဖြစ်ပါ၏။ ဘုရားသခင်၏ ကျေးဇူးတော်၊ ခရစ်တော်၏ မေတ္တာတော်နှင့် ဝိညာဉ်တော်၏ တန်ခိုးတော်ဖြင့် တည်ဆောက်ခြင်း ခံခဲ့ရသူများ ဖြစ်သည်။
သေဆုံးသွားသော တစ်နေ့တွင် သင်္ဘောရေကြောင်းပြတည်း ဟူသော ခရစ်တော် ရောက်လာပြီး ကျွန်တော်တို အား ထာဝရ သက်စမ်းရေရှိရာသို လမ်းပြ ခေါ်ဆောင်သွားပါလိမ့်မည်။
၇၉။ ကရာနီကုန်းတော်ပေါ်၌ ကားတိုင်သုံးတိုင် ရှိခဲ့ဘူးပါ သည်။
ပထမကားတိုင်မှာ အပြစ်မှနောင်တမရနိုင်သော လူ့ဘောင် လောကရှိ အပြစ်သားများ၏သဘောကို ဖော်ပြနေသည်။ မိမိ၏ အပြစ်ကို ပြန်မမြင်ဘဲ ကယ်တင်ခြင်း၏ အနှစ်အရသာကို လျစ် လျူရှုနေသော သဘောကို ဖော်ပြနေသော ကားတိုင်ဖြစ်သည်။ ကယ်တင်ရှင်ကို ပြက်ရယ်ပြု လှောင်ပြောင်နေသော ကားတိုင်ဖြစ် သည်။ မျှော်လင့်ခြင်း လုံးဝမရှိဘဲ ထာဝရသေခြင်းကိုသာလျှင် ရင်ဆိုင်ခဲ့ရသောကားတိုင်ဖြစ်၏။
ဒုတိယကားတိုင်မှာ မိမိ၏အပြစ်ကို မြင်ပြီး နောင်တရကြသော သူများကို ကိုယ်စားပြုနေသော ကားတိုင် ဖြစ်သည်။ သားတော်ကို ယုံကြည်သောသူတိုင်းသည် ပျက်စီးခြင်းသို မရောက်၊ ထာဝရ အ သက်ကို ရနိုင်ကြောင်း ဖော်ပြနေသော ကားတိုင်ဖြစ်၏။ အပြစ် ကျူးလွန်ခဲ့သော သူခိုး၊ ဓားပြကြီးဖြစ် ခဲ့စေကာမူ၊ နောင်တရ၍ ဘုရားသခင်၏ ကျေးဇူးတော်နှင့် မေတ္တာ ကရုဏာတော်ကို နှိမ့်ချ သောစိတ်ဖြင့် တောင်းလျှောက်နေသော ကားတိုင်ဖြစ်သည်။
ကယ်တင်ရှင် ခရစ်တော်ကို နောက်ဆုံး၌ မျှော်ကြည့် ပြီး မိမိ၏ ဘဝနှင့် အသက်တာ တစ်ခုလုံးကို ထိုသခင်၏ လက်တော်ထဲသို ပုံအပ်လိုက်သော ကားတိုင်ဖြစ်ပါ၏။
နောက်ဆုံးသောကားတိုင်မှာကား သေခြင်းကိုအောင်သော အရှင်၏ ကားတိုင်ဖြစ်ပါ၏။ သေခြင်းကို အောင်မြင်လိုသူတိုင်းက လက်အုပ်ချီ၍ ဝပ်တွားချဉ်းကပ်ရမည့် ကားတိုင်ပေတည်း။
၈၀။ မိန်းမပျိုကလေး တစ်ဦးသည် မိဘစကားကို နားမ ထောင်ဘဲ မိဘများက လုံးဝသဘော မတူသော ယောက်ျားပျို၏ နောက်သို လိုက်သွားခဲ့သည်။ ထိုယောက်ျားပျိုသည် အရက်သေစာ သောက်စားဖဲရိုက်၍ မိန်းမမှု ပွေ့ကာ မယားငယ်ပေါင်းမြောက်မြား စွာ ထားသူဖြစ်ကြောင်း နောက်မှ သိရလေသည်။ မိန်းမပျိုကလေး သည် မိဘ၏ စကားကို နားမထောင်ခဲ့မိသည်ကို အထူးပင် နောင် တရ၍ နေခဲ့ရသည်။
နေ့စဉ်နေ့တိုင်း မိမိ၏ ကလေးငယ်ကို ရင်ခွင်၌ပိုက်ကာ မျက် ရည်များရွှ၍ ကြေကွဲဖွယ်ရာဘဝ၌ အသက်ရှင် နေရလေသည်။ သူသည် မိမိမှားမိကြောင်းကို သတိရမိ၍ နောင်တရနေသည်။ သမီးငယ်နောင်တရကြောင်း မိဘများက ကြားသိရ၍ သူတို သည် လည်း သမီးကို ပြန်လည် လက်ခံရန် ဆုံးဖြတ်ခဲ့ကြတော့သည်။ ထိုကြောင့် သမီးရှိရာသို ကြေးနန်းတစ်စောင် ပိုလိုက်လေသည်။ ထိုကြေးနန်းစာကို ရိုးရိုးကလေးပင် ရေးထားသည်။
“အိမ်ပြန်လာပါတော့ သမီးလေးရယ်” ဟူသတည်း။ | ခရစ်တော်ကို ယုံကြည်သူတိုင်းသည် “သေခြင်း” ကိုဤသိုပင် ရှုကြည့်နိုင်ရသည်။ အပြစ်ဒုစရိုက်များ ပြည့်ဝနေသော လောကကြီး မှခွာ၍ ဖခမည်းတော်ရှိရာ အရပ်သို “အိမ်ပြန်ခြင်း” သာဖြစ်ပါ၏။
DISCIPLESHIP
နောက်လိုက်တပည့်တော်ဖြစ်ရခြင်း
၈၀။ ခွဲစိတ်ရာတွင် အလွန်တော်လှသောဆရာဝန်တစ်ဦးသည် မိမိ၏ ကိုယ်ကျိုးကိုစွန့်၍ တောနယ်သို ထွက်ပြီး ဆင်းရဲသား လူ တန်းစားများကို ဆေးဝါးကုသပေးလျက်နေသည်။
တစ်နေ့တွင် သူသည် တိုက်ဖပ်(စ်)ခေါ် ငန်ဖျားရောဂါကို ခံစားနေရရှာတော့သည်။ ထိုစဉ်ရွာထဲရှိ အမျိုး သမီးကြီးတစ်ဦး သည် ကလေးမဖွားနိုင်ဘဲ သေတော့မည်ဆဲဆဲ ဖြစ်နေသည်။ ဗိုက် ကိုခွဲ၍ မွေးဖွားပေးမှ အသက်ရှင်တော့မည်ကို သိသဖြင့် ထိုဆရာ ဝန်လေးက သူ့အား ထိုအမျိုးသမီးရှိရာသို့ ထမ်းစင်ဖြင့်ခေါ်သွား စေသည်။ အပြင်းအထန် ဖျားနေပါလျက် သူသည် ထိုအမျိုးသမီး ကြီးကို ခွဲစိတ်ကုသပေးလိုက်သဖြင့် သူမနှင့်ကလေးပါ အသက်ချမ်းသာရာ ရခဲ့သည်။
သိုသော် ထိုဆရာဝန်လေးမှာ အလွန်တရာ ခွန်အားစိုက်ထုတ် ပင်ပန်းခံခဲ့ရသဖြင့် နောက်နှစ်ရက် အကြာတွင် သေဆုံးသွားရှာပါတော့၏။ ခရစ်တော်၏ နောက်လိုက် တပည့်တော်ဖြစ်ရရေးမှာ ထိုသို့ စွန့်လှူပူဇော်နိုင်ရခြင်း ပေတည်း။
၈၂။ ခရီးသည် ကိုသုခ (Pilgrim’ Progress) ကို ရေးသားပြုစု ခဲ့သူမှာ ဂျွန်ဘန်ယွန်ဆိုသည့် ခရစ်ယာန် သူတော်စင်ကြီးတစ်ဦး ဖြစ်သည်။
သူသည် ခရစ်တော်၏အကြောင်း မဟောပြောဘဲ မနေနိုင်။ ထိုသို ဟောပြောနေခြင်းကြောင့် သူ့အား ထောင်ချခဲ့သည်။ ထိုထောင်ထဲ၌ သူသည်(၁၂) နှစ်တိုင်တိုင် နေခဲ့ရသည်။ ခရစ်တော်၏ အကြောင်းကို မဟောပြောဘဲ နေမှ ထောင်မှလွှတ်မည်ဟုဆိုကြ သော်လည်း သူသည် ညစ်ပတ်ပေရေ၊ ရောဂါဘယ ထူပြောလှ သော ထောင်ထဲ၌ ထို အချိန်ကာလ တစ်လျှောက်လုံးနေခဲ့သည်။
ခရစ်တော်အကြောင်း မဟောပြောရန် ဝန်ခံချက်ကို ထို နှစ် ကာလတစ်လျှောက်လုံး၌ အာဏာပိုင်များက မကြာခဏ တောင်း သည့်အခါတိုင်း “ဒီနေ့ မင်းတို့က ငါ့ကို ထောင်ထဲကလွှတ်ရင် မနက်ဖြန် ငါဟာ ခရစ်တော်၏အကြောင်း ဟောပြောဦးမှာပဲ” ဟူ၍သာ အမြဲ ဖြေနေခဲ့ပါတော့၏။
ခရစ်တော်၏ နောက်တော်လိုက် ဖြစ်ရခြင်းမှာ ထိုသိုသော သတ္တိနှင့် ကြံ့ခိုင်သောဇွဲမျိုးကို လိုအပ်ပါ၏။
၈၃။ ခရစ်တော်သည် လက်ဝါးကပ်တိုင်၌ အသေခံရခါနီး ဆဲဆဲတွင် လူနှစ်စုသည် သူ့အား ရှု့ကြည့်နေကြသည်။
တစ်စုမှာ လူအများစုဖြစ်ပြီး၊ လက်ပိုက်ကြည့်နေကြသော “ပွဲ ကြည့်ပရိသတ်” သာ ဖြစ်သည်။ ကျန်တစ်စုမှာ လူနည်းစုဖြစ်သည်။ ထိုသူတိုမှာ နောက်တော် လိုက် တပည့်များဖြစ်၏။
သေသေချာချာကြည့်ပါလျှင် ယနေ့ အသင်းတော်ထဲ၌ ထိုသို သော လူနှစ်စုကို တွေ့နေရပါ သေးသည်။
လူအများစုမှာ ပွဲကြည့်ပရိသတ်သာ ဖြစ်သည်။ သူတို သည် ဝတ်ပြုစည်းဝေးကို လာကြပါ သည်။ တရားဒေသနာတိုကို နား ထောင်ကြသည်။ အသင်းတော်တစ်ပါး၏ ပွဲကြည့်ပရိသတ်ဦးရေမှာ (၇၅) ရာခိုင်နှုန်းဖြစ်သည်ဟု ဆိုနိုင်ပါလိမ့်မည်။ ထိုပွဲကြည့်ပရိသတ် အနေဖြင့် မိုးသိပ်မရွာ၊ နေသိတ်မပူမှ ဝတ်ပြုစည်းဝေးသို့ လာကြ သည်။ သို့သော် ခရစ်တော်၏ နောက်တော်လိုက် ဖြစ်ရန်မှာ ထိုမျှ သာ မဟုတ်ရပါ။ ကြားနာရသော တရားတော်ကို လက်တွေ့ကျင့်သုံး နေသူများ ဖြစ်ရပါ၏။
“ယနေ့ မိမိကိုယ်ကို မှန်ထဲ၌ပြန်ကြည့်ပါ။ မိမိသည် ပွဲကြည့် ပရိသတ်လား၊ ခရစ်တော်၏ နောက်တော်လိုက် တပည့်အစစ်ဖြစ်ပါ သလား။”
၈၄။ ဝါတွင်းရောက်လာလေတိုင်း အချို့သော ခရစ်ယာန်များ က အမျိုးမျိုးသောနည်းဖြင့် “ဝါရှောင်” ကြသည်။ အချိုက ဆေးလိပ် ဖြတ်သည်။ အချိုက ကော်ဖီ လက်ဖက်ရည်ဖြတ်သည်။ အချိုက အရက်ဖြတ်သည်။ ရုပ်ရှင် မကြည့်ဘဲနေသည်။ အချိုက ဂေါက်သီး မကစားဘဲ နေကြသည်။ “ဝါရှောင်ခြင်း အမှုမှာ ထိုသိုသော ရှောင် ခြင်း၊ စွန့်လှူခြင်းမျိုးထက် မကရပါ။
ဝါတွင်းမှမဟုတ်။ နေ့စဉ်နေ့တိုင်း တစ်ကိုယ်ကောင်းစိတ်ကို ဖျောက်ခြင်း၊ ဒေါသကို ချိုးနှိမ်ခြင်း၊ သူတစ်ပါးတို၏ ဒုက္ခဝေဒနာ တိုကို ဥပေက္ခာမပြုတော့ဘဲ၊ ကြင်နာမှုဂရုဏာ ပြလာရခြင်း၊ မာန် မာနကို စွန့်ပစ်ရခြင်း သံသယစိတ်ကို ဖျောက်ဖျက်ပစ်ခြင်း အစ ရှိသရွှေ့တိုကို ပြုကြမှသာလျှင် ခရစ်တော်၏ နောက်တော်လိုက် တပည့် စစ်မှန်လာပါလိမ့်မည်။
DUTY တာဝန်
၈၅။ လူဘောင် လောကတွင် အသက်ရှင်နေစဉ်အတွင်း ခရစ် ယာန်တိုင်းအတွက် တာဝန်ရှိနေပါသည်။ မိမိတို၏ ယုံကြည်ခြင်းကို သူတစ်ပါးအားဝေမျှပေးရန် ခရစ်တော်က အလိုတော်ရှိနေပါ သည်။
တစ်ခါက ခရစ်ယာန်တစ်ဦးသည် သေလွန်၍ ကောင်းကင် နိုင်ငံတံခါးဝသို ရောက်သွားသည်။ ဂိတ်ဝရှိ တံခါးကို ခေါက်ရာ ကောင်းကင်တမန်တစ်ပါးက တံခါးကိုလာရောက်ဖွင့်ပေးသည်။ “ဘယ်သူလဲ” ဟု မေးရာ ခရစ်ယာန်က သူ၏အမည်နာမကို ပြော လိုက်၏။ “ခင်ဗျား တစ်ယောက်ထဲလား” ဟု ကောင်းကင်တမန်က မေးပြန်ရာ၊ တစ်ယောက်တည်းဖြစ်ကြောင်းကို ပြန်ဖြေလိုက်သဖြင့် ကောင်းကင်တမန်က “ဒါဖြင့်ရင် ခင်ဗျားဟာ လူ့ပြည်ကို ပြန်သွား ဦး၊ ကောင်းကင်နိုင်ငံကို တစ်ယောက်တည်း မလာရဘူး။ အဖော်ပါ ခေါ်ခဲ့ရမယ်၊ အဲဒါဟာ ခရစ်ယာန်တိုင်းရဲ့ တာဝန်ပဲ” ဟု ဆိုလိုက်ပါ တော့၏။
၈၆။ အမေရိကန်ပြည် ဗာဂျီးနီးယားနယ်၊ ရူးဂါးကရိ(ခ်) ဆို သော မြိုကလေးရှိ သင်းအုပ်ဆရာတစ်ဦးထံသို ရဲအရာရှိ နှစ်ဦးသည် လက်ထိပ်ခတ်ထားသော လူငယ်တစ်ဦးကို ခေါ်ဆောင်လာခဲ့ ကြသည်။ ထိုလူငယ်၏ အမည်မှာ “ဟယ်ရီဘာဒက်” ဖြစ်ပြီးသူ သည် အသက် (၂၄) နှစ်ပင် ရှိသေးသည်။
သို့သော် ထိုလူငယ်သည် လူသတ်ခဲ့၍ လျှပ်စစ်ကုလားထိုင်၌ သေဒဏ် ခံရခါနီးဆဲဆဲ ဖြစ်သည်။ သူသည် မျက်ရည်များဖြင့် သင်းအုပ်ဆရာထံ၌ ဗတ္တိဇံ (နှစ်ခြင်း) ကိုခံသည်။ “ကျွန်တော် ဒီ လိုဗတ္တိဇံ (နှစ်ခြင်း) ကိုခံပြီး ခရစ်ယာန်ဖြစ်ချင်နေတာ ကြာလှပါပြီ ဆရာရယ်” ဟုဆိုရှာသည်။
သင်းအုပ်ဆရာက သူ၏အတိတ်ဘဝ အကြောင်းစုံစမ်း မေး မြန်းသောအခါ၊ ငယ်စဉ်က သူ၏မိဘများက သူ့ကို ပစ်ထားခဲ့သည်။ အသင်းတော်က သူ့ကိုဥပေက္ခာပြုထားခဲ့သည်။ ဥပုသ်စာဖြေ ကျောင်းသို့ တက်သော်လည်း သူသည် ဆင်းရဲနွမ်းပါးလှသော ကြောင့် သူ့ကိုလူအများက အရေးမလုပ်၊ ဂရုမစိုက်ခဲ့။
သို့ကြောင့် ဆယ်ကျော်သက်ဘဝကတည်းက သူသည် လမ်း သရဲဖြစ်ခဲ့သည်။ အရက်သေစာ သောက်စားသည်။ နောက်ပိုင်း၌ လုယက် ခိုးဝှက်သည်။ လူဆိုး လူတေကလေး ဖြစ်လာခဲ့သည်။ နောက်ဆုံး၌ ဓာတ်ဆီဆိုင်တစ်ဆိုင်တွင် ငွေဝင်လုရင်း လူသတ်ခဲ့ သည်။ သေစားသေရန် ခံရခါနီးဆဲဆဲ ခရစ်တော်ကို လက်ခံလိုစိတ် ပြင်းပြလာခဲ့သည်။ ထိုကြောင့်လည်း မသေမီ ဗတ္တိဇံကို ခံယူသွား ခြင်းဖြစ်သည်။
ထိုလူငယ်ကလေး ကြီးပြင်းလာရသည့် ကာလအတွင်း မိဘ များက သူ့ အားအဘယ်ကြောင့် ဂရုမစိုက် ပစ်ထားခဲ့ရသနည်း။ အသင်းတော်က ဘာလုပ်နေခဲ့သနည်း။ သက်ဆိုင်ရာအိမ်ထောင်နှင့် အသင်းတော်၊ ပတ်ဝန်းကျင်ရှိ လူကြီးများကသာ တာဝန်ကျေခဲ့ လျှင် အသက်တစ်ချောင်းမဟုတ်၊ အသက် နှစ်ချောင်းကိုပင် ကယ် ဆယ်နိုင်ခဲ့ပေလိမ့်မည်။ သို့သော် ထိုသူငယ်ကလေးမှာ ဗတ္တိဇံကို ခံယူပြီးလျှင် လျှပ်စစ်ကုလားထိုင်၌ သေဒဏ်ကို ခံသွားခဲ့ရရှာသည်။ ဤ “အဖြစ်မှန်” ကလေးက ကျွန်တော်တို ခရစ်ယာန်အားလုံးကို တာဝန်ကျေဖို သတိပေးနေပါစေ။ ကျွန်တော်တို၏ “ဩတ္တပ္ပစိတ်” ကို ထိပါးလှုပ်ရှား နာကျင်သွားပါစေ။ ။
၈၇။ လောကကြီး၌ အသက်ရှင်စဉ်ကာလအတွင်း ဘုရား သခင်က ပေးအပ်ထားခဲ့သော တာဝန်ကို ကျေပွန်စွာ ထမ်းဆောင် ခဲ့သော လူမြောက်မြားစွာ ရှိပါသည်။ ထိုအထဲမှ ပုဂ္ဂိုလ်တစ်ဦး အကြောင်းကိုသာ ပြောပြလိုပါသည်။
မက်သဒစ်အသင်းတော်ကို တည်ထောင်ခဲ့သော ဂျွန်ဝက်စလီ သည် မြင်းဖြင့် မိုင်ပေါင်း (၂၅၀၀၀၀) ကို ခရီးသွားခဲ့ပြီး တရားတော်ကို ဟောပြောခဲ့သည်။ ပျမ်းမျှခြင်းအားဖြင့်ဆိုလျှင် တစ် နေ့လျှင် မိုင်(၂၀) ကို သွားလာခဲ့ပြီး နှစ်ပေါင်း (၄၀)တိတိ ထိုသို့ ခရီးသွားခဲ့သည်။ သူသည် ဒေသနာပေါင်း (၄၀၀၀၀)ကျော်ကို ဟောပြောခဲ့သည်။ စာအုပ်ပေါင်း (၄၀၀)ကျော်ကို ရေသားပြုစုခဲ့ သည်။
ဘာသာစကားပေါင်း (၁၀)မျိုးကို ပြောနိုင်ရန် လေ့လာဆည်း ပူးခဲ့သည်။ အသက်(၈၃)နှစ် ရောက်သောအခါ မျက်စိနာလာ သဖြင့် တစ်နေ့လျှင်(၁၅)နာရီထက် ကျော်အောင် စာမရေးနိုင်ခဲ့ တော့သည့်အတွက် တဖြစ်တောက်တောက် ညည်းညူနေခဲ့သည်။ အသက်(၈၆)နှစ်ရောက်သောအခါ တစ်နေ့ကိုတရားဒေသနာ(၂)ပုဒ်ထက် ပို၍ မဟောပြောနိုင်တော့သဖြင့် သူ့ကိုယ်ကိုအားမလို အားမရဖြစ်ခဲ့ရသည်။ အသက်ကြီးလာသည့်အတွက် မနက် (၅) နာရီခွဲတွင် အိပ်ရာမှထနိုင်ခြင်း မရှိတော့ဘဲ အနားယူ လဲလျောင်း နေလိုသော စိတ်ရှိလာသောကြောင့် ညည်းတွားခဲ့ပါ၏။
စာရေးသူ ကျွန်တော့်အနေဖြင့် လက်ရှိအမှုတော်ဆောင် ဘဝ ကို ပြန်၍ စဉ်းစားမိသည်။
အထက်ဖော်ပြပါ သူ၏လုပ်အားကို စဉ်းစားဆင်ခြင်မိပြီး မိမိ ကိုယ်ကို ရှက်လာမိသည်။ ဂျွန်ဝက်စလီနှင့် စာကြည့်လျှင် ကျွန်တော်သည် ဘုရားသခင်အတွက် ဘာမျှမလုပ်ဆောင်ရသေးပါ ကလား။
စာရှုသူကကော ဘုရားသခင်ပေးထားသော တာဝန်ကို ကျေ ပွန်အောင် မည်မျှဆောင် ရွက်နေပါသနည်း။ ခရစ်ယာန် တပည့်တော် အများသည်လည်း ဘုရားသခင်က ပေးအပ်ထားသော တာ ဝန်များ မည်မျှ လုပ်ဆောင်နေကြပါသနည်း။
EQUALITY တူညီခြင်း ၊
၈၈။ ဘုရားသခင်ရှေ့တွင် လူအားလုံးသည် အတူတူပင် ဖြစ် သည်။ ညီရင်းအစ်ကို မောင်နှမများလည်း ဖြစ်သည်။ အသား အရောင်၊ ခံယူချက်၊ ယုံကြည်ခြင်း၊ ဘာသာစကား ကွဲပြားစေကာမှု အားလုံးသည် အတူတူပင် ဖြစ်သည်။
ပထမကမ္ဘာစစ်အတွင်းက ဖြစ်ပါသည်။
အီတလီနိုင်ငံ၌ ကြီးမားသော စစ်ပွဲကြီးဖြစ်နေသည်။ သေခါနီး စစ်သားများ၊ ဒဏ်ရာရသူများကို ဘုရားရှိခိုးကျောင်းထဲသို သယ် ယူနေကြသည်။ ဒဏ်ရာရနေသူပေါင်း (၅၀၀)ခန့်ရှိပြီး အားလုံးလိုလိုမှာ မဟာမိတ် စစ်သည်တော်များ ဖြစ်ကြသည်။ အားလုံးသည် သွေးထွက်သံယိုဖြစ်လျက် ပြင်းပြသော ဝေဒနာခံစားနေကြရသည်။ ထိုစဉ် လူနာသယ်စစ်သားများက ထိုဒဏ်ရာရ လူနာများစပ်ကြား၌ ရန်သူစစ်သည်တော်လေးဦးကို ဘုရားရှိခိုးကျောင်းထဲမှ အပြင်သို ဆွဲထုတ်ပြီး လမ်းမပေါ်သို ပစ်ထားကြရန် ပြုကြစဉ် ကုတ်အင်္ကျီ အဖြူ ဝတ်ထားသော လူကြီးတစ်ဦးက လာရောက်တားမြစ်လိုက် သည်။
“သူတိုကို အပြင်ဘက်မှာ မပစ်လိုက်ကြပါနဲ့ကွာ။ သူတိုဟာ လည်း လူတွေပါပဲ။ ဒိုတတွေ အားလုံးဟာ အတူတူပါ။ ညီရင်း အစ်ကိုတွေ ပါပဲကွာ” ဟုဆိုလိုက်လေ၏။ ဒဏ်ရာရနေသူ စစ်သား များကို ရန်သူ၊ မဟာမိတ်ဟူ၍ မခွဲခြားပဲ အားလုံး တူညီကြသော ညီရင်းအစ်ကိုများဖြစ်ကြောင်း ပြောလိုက်သောစကားကြောင့် ဘုရားရှိခိုးကျောင်းတွင်းရှိ လူအားလုံးက ထိုရန်သူစစ်သားများကိုပါ ဆေးထည့်ပြုစုပေးကြတော့၏။ ကုတ်အင်္ကျီဖြူ ဝတ်ဆင်ထားသော ပုဂ္ဂိုလ်ကား အခြား မဟုတ်
“ဟင်နရီဒူးနန့်” ဆိုသည့် ပုဂ္ဂိုလ်ကြီးဖြစ်ပြီး “ကမ္ဘာ့ကြက်ခြေနီ အသင်း” ကို အစပြုတည်ထောင်ပေးခဲ့သူပင် ဖြစ်ပါသတည်း။
၈၉။ အမေရိကန်ပြည်ထောင်စု မြောက်ပိုင်းနှင့် တောင်ပိုင်းတို စစ်တိုက်နေကြရသော ပြည်တွင်းစစ် အချိန်က ဖြစ်သည်။
စစ်သားနှစ်ဦးသည် ဒဏ်ရာရ၍ လဲနေသည်။ တစ်ဦးမှာ မြောက်ပိုင်းမှ စစ်သားဖြစ်ပြီး အပြာရောင် စစ်ဝတ်စုံကို ဝတ်ထား သည်။ တစ်ဦးမှာ အညိုရောင်ဝတ်စုံ ဝတ်ထားသော တောင်ပိုင်းမှ စစ်သည်ကလေးဖြစ်သည်။
မြောက်ပိုင်း တပ်မတော်မှ စစ်သားကလေးသည် ရေငတ်၍ ရေဗူးကို ဖွင့်ကာ ရေသောက်ခါနီးတွင် အနီး၌ လဲနေသော ရန်သူ စစ်သားကို မြင်လိုက်ရသည်။ ထိုသူကလည်း ရေတောင်းနေပုံရ သည်။ ထိုစစ်သားလေးမှလည်း သူ၏ ခြောက်သွေ့နေသော နှုတ် ခမ်းဖျားကို လျှာဖြင့် ပွတ်သပ်နေရှာသည်။
ထိုအခါ၌ မြောက်ပိုင်းတပ်မတော်မှ စစ်သားလေးက “ငါတို နှစ်ဦးစလုံးဟာ အတူတူပါကလား” ဟူ၍ စိတ်ထဲ၌ဖြစ်ပေါ်လာ သည်။ ထိုကြောင့် ရန်သူစစ်သားရှိရာသို ဝပ်တွားရွှေ့လျားသွားပြီး ရေဗူးထဲမှ ရေကို နည်းနည်းချင်း တိုက်ပေးလေတော့သည်။
ရန်သူ စစ်သား၏ခေါင်းကို လက်ဖြင့်ချီပင့်ကာ ရေတိုက်နေရင်း မျက်နှာကို သေချာစွာကြည့်လိုက်ရာ ထို ရန်သူစစ်သားလေးမှာ အခြားမဟုတ် သူ၏ ညီအရင်း ဖြစ်နေသည်ကို တွေ့လိုက်ရပါတော့ သတည်း။
EXAMPLE ပုံသက်သေ
၉၀။ ခရစ်ယာန်တစ်ဦးသည် မိမိနေအိမ်၌ ကြင်နာမှုကို ပြရ သည်။ အလုပ်ခွင်၌ သစ္စာရှိရသည်။ ပတ်ဝန်းကျင် လောကထဲတွင် ယဉ်ကျေးစွာ ဆက်ဆံရသည်။ ပေးသမျှတာဝန်ကို ကျေပွန်ရသည်။ ကစားခုန်စားရာ၌ တရားမျှတရသည်။ ကောင်းစားသူများကို ချီးကျူးရသည်။
ကံကြမ္မာဆိုး ခံစားရသူတိုကို နှစ်သိမ့်ရသည်။ အားနည်းသူကို ကညီရသည်။ ဆိုးယုတ်သူများကို လမ်းပြပေးရသည်။ မိမိအား မ တရား ပြုသူများကို ခွင့်လွှတ်ရသည်။ ဘုရားသခင်ကို ချစ်ခင် ကြည်ညိုလေးစားရသည်။ ကိုယ်နှင့်စပ်ဆိုင်သူကို မေတ္တာပြရသည်။ ထိုသို အသက်ရှင်နေမှသာလျှင် ခရစ်ယာန်ပုံသက်သေကို ပြနေ ခြင်းသာတည်း။ ။
၉၁။ ခရစ်ယာန်လောက၌ တရားဟောနေကြသူ မြောက်မြား စွာ ရှိနေပါသည်။ သို သော် မိမိ၏ အသက်ရှင်မှု၊ နေထိုင်ပြောဆို သွားလာနေမှုအားဖြင့်လည်း ပုံသက်သေကို ပြနိုင်ပါသည်။ ထိုသို ပုံသက်သေပြခြင်းသည်လည်း ခရစ်တော်၏ တရားတော်ကို ဟော ပြောနေခြင်း ဖြစ်ပါ၏။
“အစီစီမြိုမှ ရှင်ဖရန်စစ်” ဆိုသည့် ခရစ်ယာန် သူတော်စင်ကြီး သည် ရွာတစ်ရွာသို သွားရောက်တရားဟောရန် မိတ်ဆွေဘုန်းတော်ကြီး တစ်ပါးကိုခေါ်သွားသည်။ သူတို သည် ရွာတွင်းရှိ လမ်း များပေါ်၌ လမ်းလျှောက် စကားပြော လာကြပြီး ဘုရားကျောင်း တော်သို ပြန်လာခဲ့ကြသည်။
သူခေါ်လာခဲ့သော ဘုန်းတော်ကြီးက “ဘယ့်နဲ့လဲ တရားလည်း မဟောရသေးပါလား” ဟုမေးရာ၊ ရှင်ဖရန်စစ်က “မိတ်ဆွေကြီး၊ ခုနက ဒိုနှစ်ယောက်ဟာ လမ်းလျှောက်ရင်း တရားဟောခဲ့ကြတယ်လေ။ ဒို့ ရဲ့ အပြုအမှု၊ “ပုံသက်သေ” အားဖြင့်လည်း လူအပေါင်းကို တရားဟော နေနိုင်ကြပါတယ်ကွာ” ဟုဖြေလိုက်ပါ၏။
တရားဟောခြင်းအားဖြင့်သာ ပုံသက်သေပြနေသည်မဟုတ်၊ ပုံသက်သေပြခြင်းအားဖြင့်လည်း တရားဟော နေနိုင်ပါ၏။
၉၂။ ရုရှားပြည်ရှိ အထက်တန်းလွှာ အမျိုးသမီးကြီးတစ်ဦး သည် ဘုရားရှိခိုးကျောင်း ဝတ်ပြုစည်းဝေးကို မှန်မှန်တက်ခြင်း၊ အားဖြင့် လူအများကို ပုံသက်သေကောင်းပြနေခဲ့သည်။ တရား
ဒေသနာ ဟောပြောရာတွင်လည်း စူးစိုက်နားထောင်ပြီး “နောင် တ” နှင့် ဆိုင်သော တရားများကို ကြားရသည့်အခါများတွင် မျက် ရည်ကျရုံမက ရှိက်၍ပင် ငိုတတ်သည်။ အသင်းတော်၌ သူမသည် “စံပြ” ခရစ်ယာန်ကောင်းတစ်ယောက်အနေဖြင့် ပုံသက်သေ ကောင်းကို ပြနေလေ့ရှိသည်။
သူမသည် ချမ်းသာကြွယ်ဝသူဖြစ်၍ မြင်းလှည်းဖြင့် ဘုရား ရှိခိုးကျောင်းသို လာလေ့ရှိသည်။ သူမ၏ မြင်းလှည်းကို ဘုရား ရှိခိုးကျောင်းရှေ့၌ အမြဲ တွေ့နေရလေ့ရှိသောကြောင့် ထိုမြင်း လှည်းကို မြင်ကြရသော လူအများက သူမအား ဘုရားတရား ကြည်ညိုသော အမျိုးသမီးကြီး ခရစ်ယာန် ပုံသက်သေကောင်းကိုပြ နေသော အမျိုးသမီးကြီး ဟူ၍ ချီးကျူးနေကြသည်။
သို့သော် သူမသည် ဝတ်ပြုစည်းဝေး တက်နေစဉ် အချိန် အတွင်း မြင်းလှည်းမောင်းသူအား မြင်းလှည်းပေါ်၌သာ အမြဲ ထိုင် စောင့်နေရန် အမိန့်ပေးထားသည်။ နားနားနေနေ၊ ဟိုဟိုသည် သည် လျှောက်သွားခြင်းကို လုံးဝ ခွင့်မပြုခဲ့။
ရေများခဲ၍ ဆီးနှင်းများကျကာ ချမ်းအေးလှသော ဆောင်း တွင် တစ်မနက်တွင် သူမသည် ဘုရားရှိခိုးကျောင်းအတွင်း၌ တရားဒေသနာကို နားထောင်ရင်း ရှိက်ကြီးတငင်ငိုနေမိသည်။
သို့သော် ထိုမြင်းလှည်းမောင်းသူကြီးမှာကား မြင်းလှည်းပေါ်၌ ထိုင်နေရရင်း သွေးများခဲလျက် သေဆုံးနေရှာသည်ကို လူအများက တွေ့ကြရပါတော့၏။
သူမ၏ အသက်တာသည် ခရစ်ယာန်ပီသသော ပုံသက်သေကို ပြနေပါရဲ့လား။
FAITH ယုံကြည်ခြင်း ၊
၉၃။ တစ်ခါက ခရစ်ယာန်သူတော်စင်ကြီးတစ်ဦး ရှိခဲ့သည်။ သူသည် အသက်(၈ဝ) ရှိနေပြီ ဖြစ်ရုံမက အဆစ်ရောင်ရောဂါ ဝေဒနာကို ပြင်းထန်စွာ ခံစားနေရသည်။ သူ၏ ခြေလက်တို သည် လည်း မလှုပ်မရှားနိုင်လောက်အောင် ဖြစ်နေသည်။
သူ့ထံသို လာရောက်လည်ပတ်သူတိုင်းကို ထို သူတော်စင် ကြီးက “မင်း ဘယ်နှစ်ခါ ဗတ္တိဇံ (နှစ်ခြင်း) ခံပြီးပြီလဲ” ဟု မေးလေ့ ရှိသည်။
လူတိုင်းလိုလိုကလည်း “တစ်ကြိမ်ပဲပေါ့”ဟု ဖြေလိုက်လျှင် “ဒီ လောက်နဲ့ မလုံလောက်သေးဘူးကွယ်။ ငါဟာ ဗတ္တိဇံ (နှစ်ခြင်း) ခံရတာ (၄)ကြိမ်ရှိပြီ။ ပထမဦးဆုံးအကြိမ်ကတော့ “ရေ” နဲ့ပဲ ဗတ္တိဇံရတာပေါ့။ ငါ့ရဲ့ ဇနီးဟာ ကွယ်လွန်သွားတဲ့ အချိန်တုန်းက “မီး”နဲ့ ခံရပြန်တယ်။ ငါရဲ့ သားသေဆုံးသွားတဲ့ အခါတုန်းကလည်း နောက်တစ်ကြိမ် “မီး” နဲ့ ခံရပြန်တယ်။ အခုလို အဆစ်ရောဂါ ခံနေရပြန်တဲ့အခါ “မီး”နဲ့ ဗတ္တိဇံ ခံနေရသလိုပါပဲ။ ငါ့ရဲ့ ယုံကြည် ခြင်း ခိုင်ခံ့တည်ကြည်ဖို ထင်ပါတယ်ကွယ်”ဟု ဆိုလိုက်ပါ၏။
ရေဖြင့် ဗတ္တိဇံ (နှစ်ခြင်း) ခံရခြင်းသည် အလွန် မှန်ကန်ပါ သည်။ သိုသော် ဒုက္ခဆင်းရဲခြင်း၊ နှောင့်ယှက်စုံစမ်းခြင်း၊ ညှဉ်းပန်း နှိပ်စက်ခံရခြင်းတို အားဖြင့်လည်း ထပ်မံဗတ္တိဇံ (နှစ်ခြင်း) ကို ခံဖို့ လိုပါသေး၏။ ထိုသို သော ဗတ္တိဇံ (နှစ်ခြင်း)ကို များများ ခံရလေ လေ၊ ယုံကြည်ခြင်းသည် ပိုမိုခိုင်ခံတည်ကြည်စေရေးအတွက် ဘုရား သခင်က စီမံပေးနေခြင်းပေတည်း။
၉၄။ တက္ကသိုလ်ကျောင်းသူတစ်ဦးသည် ဓမ္မဆရာတစ်ပါးနှင့်စကားပြောနေသည်။
“ကျွန်မတော့ ဒီဘဝမှာ ဘယ်သူ့ကိုမှ သိပ်မယုံချင်ဘူး။ သိပ် လည်း စိတ်မချချင်ဘူး။ ကျွန်မရဲ့ အသက်တာနဲ့ ဘဝကို ဘယ်သူ့ ကိုမှ စိတ်ချလက်ချ မအပ်ချင်ဘူး၊ ဟောဒီ ဘဝရဲ့ ပြဿနာတွေ အတွက်လည်း တစ်ခါမှ မမြင်ဘူးဘဲ သူများလိုသာ ကြားရဘူးတဲ့ယေရှုခရစ်တော်ကို ဘယ်လိုလုပ် ယုံကြည်နိုင်ရမှာလဲ”ဟု ဆိုလေ သည်။
ဓမ္မဆရာက ထိုမိန်းကလေးသည် ကျောင်းဖွင့်လျှင် တက္ကသိုလ် သို ပြန်တော့မည်ကို သိသဖြင့် “မင်းဟာ တက္ကသိုလ်ကို ဘယ်လို လုပ်ပြန်မလဲ”ဟု မေးလိုက်သည်။
“ယူဘီအေနဲ့ ပြန်မယ်ဆရာ”
“လက်မှတ်ဝယ်ပြီးပြီလား”
“မဝယ်ရသေးပါဘူး၊ ပထမတော့ သဘက်ခါလောက်မှာ လေယာဉ်နေရာ ရ၊ မရ တယ်လီဖုန်းဆက် မေးကြည့်လိုက်မယ်။ ရမယ် ဆိုရင် ယူဘီအေရုံးသွားပြီး လက်မှတ်ဝယ်မှာပါပဲ”
“လက်မှတ်ရတော့ မင်း ဘာလုပ်မလဲ”
“အို … လက်မှတ်ရတော့ လေယာဉ်ပျံကွင်းကို လေးဘီး တက္ကစီကားနဲ့ သွားပြီး လေယာဉ်ပျံပေါ် တက်စီးသွားမှာပေါ့၊ ဆရာ ကလည်း မေးရော့မယ်”
“ယူဘီအေရုံးက လက်မှတ်ရောင်းစာရေးကို မင်းသိသလား။ မိန်းကလေးက မသိကြောင်း ခေါင်းခါသည်” ၊
“လေးဘီးကားမောင်းမဲ့ လူကိုကော မင်းသိမယ် ထင်သလား” မိန်းကလေးက ခေါင်းခါပြီး အံ့အားသင့်စွာ ဓမ္မဆရာအားကြည့်နေပြန်သည်။
လေယာဉ်ပျံကို မောင်းမဲ့ပုဂ္ဂိုလ်တွေကိုရော မင်းသိမယ် ထင်သလား”
မိန်းကလေးက ခေါင်းခါရပြန်သည်။ နားမလည်နိုင်သော မျက်နှာထားဖြင့် ဓမ္မဆရာကို ကြည့်နေမိသည်။
“ဒါဖြင့်ရင် မိန်းကလေးဟာ တစ်ခါမှ မမြင်ဘူး၊ မတွေ့ဘူးတဲ့ လေယာဉ်လက်မှတ် ရောင်းစာရေးရဲ့ ပြောစကားကို “ယုံ” တယ်။ တစ်ခါမှ မသိဘူး။ မကြုံဘူးတဲ့ လူတစ်ယောက် မောင်းတဲ့ကားကို “ယုံယုံကြည်ကြည်” နဲ့ စီးပြီး လေယာဉ်မောင်းသမားတွေကို “ယုံပြီး သူတို့ ရဲ့ လက်ထဲမှာ မင်းရဲ့ အသက်သို့ အပ်နှံပြီး လေယာဉ်စီးဦး မယ်။ အဲဒါတွေ သေသေချာချာပြန်စဉ်းစားရင် မင်းမှာရှိနေတဲ့ “ယုံကြည်ခြင်းတွေပဲ။
လောကကြီးမှာ “ယုံကြည်ခြင်းဆိုတာ တစ်ခုမဟုတ်တစ်ခု မရှိ ဘဲ အသက်မရှင်နိုင်ဘူးကွဲ။ စိတ်ချရတဲ့ ယုံကြည်ခြင်းနှင့် စိတ်မချ ရတဲ့ ယုံကြည်ခြင်းဆိုပဲ ခြားတယ်။ ယုံကြည်မှုဆိုတာတော့ ရှိနေကြ ရမှာချည်းပဲ။ တစ်ခါမှ မမြင်ဘူး၊ မတွေ့ဘူးတဲ့ သူတွေကိုတောင် မိန်ကလေးက “ယုံကြည်” ပြီး မင်းရဲ့ အသက်နဲ့ ဘဝကို ဝကွက်အပ် နှံနိုင်ခဲ့ရင် မင်းအတွက် အသက်သေခံ၊ ရှင်ပြန်ထမြောက်ပြီး မင်း ကိုချစ်လို ကူညီ စောင့်ရှောက်နေပါတယ်ဆိုတဲ့ ခရစ်တော်ကို မယုံ ကြည်နိုင်ပေဘူးလား။
မင်းတစ်ယောက်မကဘူး မိန်းကလေး …။ နှစ်ပေါင်း (၂ဝဝဝ)လောက်တကည်းက လူပေါင်း သိန်းသန်းများစွာဟာ ခရစ် တော်ကို လုံးဝဆက်ကပ်အပ်နှံပြီး “ယုံကြည်” ခဲ့ကြသူများ ဖြစ်ပါတယ်ကွယ်။ သူတို တတွေဟာ အခြေအမြစ် မရှိဘဲ အရမ်းကာရော ယုံကြည်ခဲ့ကြသူတွေ မဟုတ်ပါဘူး။ သူတို ရဲ့ “ယုံကြည်ခြင်း” နဲ့ ပဲ ခရစ်ယာန်အသင်း တော်ကို တည်ဆောက်လာခဲ့တာဟာ နှစ်ပေါင်း (၂၀၀၀) ရှိပါပြီကွယ်”ဟု ရှင်းပြလိုက်ပါတော့၏။
၉၅။ ဆွစ်ဇာလန်ပြည်ရှိ အယ်လ်(ပ်) တောင်ထိပ်များကို အပျော်သဘောဖြင့် တက်ရင်းနှင့် တောင်တက်ကြိုး ပြတ်ကျကာ သေ ဆုံးသွားရသူ အများအပြားရှိခဲ့ဘူးသည်။ ကြိုးသည် ခိုင်သင့်သ လောက် မခိုင်သောကြောင့် ဖြစ်၏။
ထိုကြောင့် တောင်တက်ကြိုးများကို အာဏာပိုင်များက အ လွန် သေချာစွာ စစ်ဆေးရလေ့ရှိသည်။ ပြင်းထန်သော စစ်ဆေးမှု ကို ခံပြီးမှ ယုံကြည်စိတ်ချရသော ကြိုးများကို အာဏာပိုင်များက တံဆိပ်နှိပ်ခတ်ပြီး ကြက်သွေးရောင် ကြိုးနီများဖြင့် ရစ်ပတ် ပြသ ထားရလေ့ရှိသည်။ ထိုကြက်သွေးရောင် တံဆိပ်ပါသော ကြိုးများ ကိုသာလျှင် တောင်တက်ရာ၌ အသုံးပြုကြရန် သတိပေးထားရ သည်။
ဝိညာဉ်ရေးရာ တောင်များကိုတက်ရာ၌လည်း ကြက်သွေး ရောင် နီနီရဲရဲ တံဆိပ်တစ်ခု တပ်ပေးထားသော ကြိုးများ ရှိပါသည်။ ယုံကြည်ခြင်းကို ခိုင်ခံ့စေရန်အတွက် ထိုထက်ကောင်းသော အာမခံ ချက်မျိုး မရှိတော့ပါ။
၉၆။ တောင်တက်သူတစ်ဦးသည် ပြင်းထန်သော မုန်တိုင်း တစ်ခုနှင့် ရင်ဆိုင်နေရသဖြင့် ကျောက်တုံးကြီးများ စပ်ကြားတွင် ဝင်ရောက် ခိုအောင်းနေရသည်။ ဘေးပတ်ဝန်းကျင် တစ်ခုလုံး၌ လည်း ပြင်းထန်သော လေမုန်တိုင်းကြီး တိုက်ခတ်နေသည်။
မကြာမီတွင် မုန်တိုင်းနှင့် လွင့်ပါလာသော လင်းယုန်ငှက် တစ်ကောင်ကို တွေ့ရသည်။ ထိုငှက်သည် ကျောက်တောင်များနှင့် ဝင်ရောက်တိုက်ခိုက်ပြီ စိစိညက်ညက် ကြေသွားတော့မည်ဟု သူ ထင်ခဲ့သည်။ သိုသော် ထိုလင်းယုန်ငှက်သည် အတောင်ကို ဖြန့် လိုက်သည်။ လေ၏ အဟုန်ကို ရင်ဆိုင်လိုက်သည်။ သူ့ကို အထက် သို ပင့်တင်ပေးနေသောကြောင့် လေအဟုန်ကို စီးရင်းဝဲပျံသွား သည်ကို တွေ့လိုက်ရတော့၏။
ယုံကြည်ခြင်းဆိုသည်မှာလည်း ထိုနည်းတူပင်ဖြစ်သည်။
ဘဝမုန်တိုင်းများကို ရင်ဆိုင်ရသောအခါ၊ ယုံကြည်ခြင်း သည်သာလျှင် မိမိကိုယ်ကို အထက်သို ချီပင့်မြှောက်တင်ပေးနိုင် သော ခွန်အားတစ်ရပ်ပေတည်း။
FORGIVENESS အပြစ်လွှတ်ခြင်း ၊
၉၇။ “သူ့ရဲ့ အပြစ်ကိုတော့ လွှတ်လိုက်ပါပြီ။ ဒါပေမယ့် မေ့ တော့ မမေ့နိုင်ဘူးပေါ့”ဟူသော စကားမျိုးကို ကျွန်တော်တို မကြာ ခဏ ကြားနေကြဘူးသည်။ ထိုသိုဆိုလျှင် အပြစ်လွှတ်ခြင်း မပီသ ပါ။ “မမေ့နိုင်သေးဘူး” ဟု ဆို နေခြင်းက “အပြစ်မလွှတ်နိုင်ဘူး”ဟု ပြောနေခြင်းနှင့် အတူတူပင် ဖြစ်သည်။
တစ်ခါက အလုပ်ရုံမန်နေဂျာတစ်ဦးသည် သူ၏ စာရေးတစ်ဦး အပေါ်၌ အလွန်အမင်း စိတ်ဆိုးနေလျက် ရှိ သည်။ ထိုစာရေးသည် အမှားတစ်ခုကို လုပ်ခဲ့သောကြောင့် ဖြစ်၏။ ထိုစာရေးသည် သူ၏ အမှားကို ဝန်ချတောင်းပန်နေသော်လည်း မန်နေဂျာကြီးက ဒေါသ ထွက်နေဆဲပင် ဖြစ်သည်။
ထိုစဉ် ဓမ္မဆရာတစ်ဦး ရောက်လာသည်။
သူကပါ ဝိုင်းဝန်းတောင်းပန်ပေးသော်လည်း မန်နေဂျာကြီးက ထိုစာရေးကို ခွင့်မလွတ်နိုင်ဘဲ၊ အလုပ်က ထုတ်ပစ်လိုက်တော့ သည်။
“အဲဒီ စာရေးရဲ့ အမှားက သိပ်ကြီးမားလို့လား”ဟု ဓမ္မဆရာက မေးလိုက်သည်။
“သိပ်တော့လည်း မကြီးမားပါဘူးလေ။ ဒါပေမယ့် ကျွန်တော် က လက်အောက်ခံ လုပ်သားများကို အစကတည်းက မှာထားပါ တယ်။ ကျွန်တော်ရဲ့ အလုပ်ရုံထဲမှာ နည်းနည်းကလေးမှ အမှား မခံဘူးလို ပြောထားတယ်။ တစ်ချက်မှားရင် တစ်ခါတည်း ထုတ် ပစ်မှာပဲလို ကြိုတင် သတိပေးထားပါတယ်”ဟု ဆိုသည်။
ဓမ္မဆရာကြီးက သက်ပြင်းချလိုက်သည်။
“ခင်ဗျားရဲ့ လက်အောက်ခံလုပ်သားတွေကို ဒုတိယအကြိမ် ပြန်ပြီး ကြိုးစားဖို့ ခွင့်မပေးတော့ ဘူးလား”
မန်နေဂျာကြီးက ခေါင်းခါသည်။ ။
“ထိုအခါ ဓမ္မဆရာက “ဒီမှာ မန်နေဂျာကြီး ခင်ဗျားဟာ သိပ် ကံကောင်းပါတယ်။ ကျွန်တော်တို့ ခင်ဗျားတို့ ကိုးကွယ်နေတဲ့ ဘုရားသခင်ဟာ တစ်ချက်ကလေးမှ အမှားမခံတဲ့ ခင်ဗျားလို မန် နေဂျာမျိုး မဟုတ်လို့ ခင်ဗျားအတွက် သိပ်ကံကောင်းတယ်လို ဆိုရမှာပဲဗျာ”ဟု ပြောရင်း ထွက်ခွာသွားပါတော့၏။
၉၈။ လူဆိုးကြီးတစ်ဦးသည် သေနတ်ဒဏ်ရာဖြင့် ဆေးရုံသို ရောက်လာသည်။ ဒဏ်ရာသည် လည်း ပြင်းထန်လွန်းသဖြင့် သေ တမ်းစစ်ချက် ယူထားရသည်။
ဘုန်းတော်ကြီးတစ်ပါး ရောက်လာပြီး ဆုတောင်းပေးသည်။ သူတစ်ပါး၏ အပြစ်ကိုလွှတ်မှ မိမိတို၏ အပြစ်ကိုလည်း ဘုရား သခင်က လွှတ်မည့်အကြောင်း သတိပေးနေသည်။ သူသည် သေ တော့မည်ကို သိသဖြင့် ထိုလူကြီးက “ကျွန်တော့်ကို သေနတ်နဲ့ ပစ်တဲ့ရဲကို ကျွန်တော် အပြစ်လွှတ်ကြောင်း ပြောပေးပါ ဆရာ”ဟု ဆိုလေရာ၊ ဘုန်းတော်ကြီးက ပြုံးရွှင်စွာ ခေါင်းညိတ် လိုက်သည်။ အတန်ကြာသော် ထိုလူဆိုးကြီးက ပြောပြန်သည်။
“အင်း … ကျွန်တော် သေသွားရင်တော့ သူ့ကို အပြစ် လွှတ်ကြောင်း သွားပြောပေးပါ ဆရာ။ ဒါပေမယ့် တကယ်လို ကျွန်တော် မသေဘဲ ပြန်ပြီး နေကောင်းလာရင်တော့ အပြစ်လွှတ်ကြောင်း သွားပြောမနေပါနဲ့ ဆရာ၊ ဒီလူနဲ့ တစ်နေ့ ပြန်တွေ့ကြ ရမှာပဲ။ တောက် … အဲဒီတော့မှ သူ့ကို မှတ်လောက်သား လောက်အောင် လက်စားချေပစ်လိုက်ရဦးမယ်”ဟု ဆိုလိုက်လေ၏။
ထိုသို့သော် သဘောထားသည် စစ်မှန်သော အပြစ်လွှတ်ခြင်း မျိုး မဟုတ်ပါ။
၉၉။ ဘုရားသခင်၏ “အပြစ်လွတ်တတ်ခြင်း” သဘောကို လည်း ကောင်းစွာ နားလည်ဖို လိုပါသည်။ ဘုရားသခင်က အပြစ် လွတ်သဖြင့် မိမိပြုလိုရာ ပြုနိုင်ပြီဟူ၍လည်းကောင်း၊ ကိုယ်တော်၏ အပြစ်လွှတ်ခြင်းကြောင့် ပြောင်းလဲသော အသက်တာမျိုး မရှင်နိုင် လျှင် ဘုရားသခင်၏ စစ်မှန်သော အပြစ်လွှတ်ခြင်း အခွင့်ကို ခံ စားရလိမ့်မည် မဟုတ်ပါ။
တစ်ခါက အသင်းတော်များ ပြန်လည် နိုးကြားထကြွလာရေး အတွက် တရားဟောပွဲများ ကျင်းပနေသည်။ မိမိတို၏ အပြစ်များ ကို နောင်တရကြရန် ဓမ္မဆရာက တရားဟောပြောနေသည်။ နောင်တရသော သူမှန်သမျှသည် ပလ္လင်တော်နားသို လာရောက် ကြရန် ဓမ္မဆရာက ဖိတ်ခေါ်လိုက်သည်။
လူတစ်ဦးသည်လည်း အခြားလူများနှင့်အတူ ရှေ့သို့ တက် သွားသည်။ ဓမ္မဆရာက ထိုသူတို့ အားလုံးအတွက် ဆုတောင်းပေး သည်။ ထိုနောက် ဘုရားသခင်က သူတို၏ အပြစ်ကို လွှတ်လိုက် ပြီဖြစ်ကြောင်း ယနေ့မှစ၍ ပြောင်းလဲသော အသက်တာများ ရှင် ကြစေရန် ဆုံးမဩဝါဒပေးပြီး ပြန်လွှတ်လိုက်သည်။ ထိုလူလည်း မျက်ရည်ရွဲဖြင့် မိမိ၏ ထိုင်ခုံသို ပြန်လာသည်။
ဝတ်ပြုစည်းဝေး ပြီးသောအခါ နောင်တရခဲ့သော သူ၏ အနီး သို သူ၏ မိတ်ဆွေတစ်ဦးက ချဉ်းကပ်သွားပြီး ဝမ်းသာအားရ လက်ဆွဲနှုတ်ဆက်သည်။
“ခင်ဗျားရဲ့ အပြစ်တွေကို တကယ်ပဲ နောင်တရတဲ့အတွက် ကျွန်တော့်မှာ ဝမ်းသာလို့ မဆုံးပါဘူးဗျာ”ဟု ဆိုလေသည်။
နောင်တရခဲ့သူကြီးကလည်း ပြုံးရွှင်သော မျက်နှာဖြင့် ခေါင်း ညိတ်ပြသည်။
“ဒါဖြင့်ရင် ကျွန်တော်ဆီက ခင်ဗျားချေးထားတဲ့ ငွေငါးဆယ်ကို ပြန်ဆပ်မှာပေါ့နော်”
“အို … ဘုရားသခင်က ကျွန်တော့်ကို အပြစ်လွှတ်ပြီးပြီပဲ။ ဘုရားသခင် အပြစ်လွှတ်တဲ့ အထဲမှာ အဲဒီ ငွေငါးဆယ်လည်း ပါ သွားပြီပေါ့”ဟု ဆိုကာ နောင်တရသည်ဟု ဆိုသူက လှည့်ထွက်သွား လေတော့၏။
ထိုသိုသော သဘောထားမျိုးသည် စစ်မှန်သော နောင်တရ ခြင်းမျိုး မဟုတ်သဖြင့် ဘုရားသခင်၏ အပြစ်လွှတ်ခြင်းကို တကယ်ပင် ခံစားရလိမ့်မည် မဟုတ်ပါ။
FREEDOM လွတ်လပ်ခြင်း
၁ဝဝ။ ခရစ်တော်အားဖြင့် ခံစားရသော လွတ်လပ်ခြင်း၊ လွတ် မြောက်ခြင်းသည် မိမိလုပ်ချင်သမျှ လုပ်နိုင်ရန်အတွက် မဟုတ်။ “အစေခံရန်အတွက် လွှတ်မြောက်လာခြင်းသာ ဖြစ်သည်။
တစ်ခါက လူဆိုးကြီးတစ်ဦးသည် ထောင်မှ လွတ်မြောက်လာ သည်။
သူသည် ဓါးမြတိုက်၊ ခိုးဝှက်၊ လုယူနေခဲ့ခြင်းကြောင့် ထောင် ကျခဲ့ခြင်း ဖြစ်သည်။ ထောင်ထဲသို ရောက်ခါစက သူသည် လူတိုင်း ကို မုန်းတီးရွံရှာနေသည်၊ သူ့အား ထောင်ကျစေရန် ပြုခဲ့သူတိုင်းကို လက်စားချေရန် သန္နိဌာန် ချထားသည်။
ထောင်ထဲတွင် သူသည် ငါးနှစ်နေခဲ့ရသည်။ ထိုအချိန်ကာလ တစ်လျှောက်လုံးတွင် ဓမ္မဆရာတစ်ဦးသည် သူ့ထံ လာရောက်ပြီး ခရစ်တော်၏ တရားတော်ကို ဟောပြောခဲ့သည်။ ထိုတရားဒေသနာ များကြောင့် သူသည် တစ်နှစ်တစ်နှစ် စိတ်ပြောင်းလဲလာသည်။
ထောင်မှ လွတ်မြောက်သောအခါ သူ့ကို ထောင်ကျရန် ဖန်တီးခဲ့သူ များအား လက်စားချေလိုစိတ် မရှိတော့။ သူကဲ့သို အခြားသော လူငယ်များ မဖြစ်လာစေရေးအတွက် ကူညီရန် စိတ်ပိုင်းဖြတ်ခဲ့ သည်။ ‘ သူ့အား တရားဟောခဲ့သော ဓမ္မဆရာနှင့်အတူ “လူဆိုးသူခိုး များကို ကယ်တင်ရန် ရုံးခန်း” တစ်ခုကို ဖွင့်လှစ်ခဲ့သည်။ ပတ်ဝန်း ကျင်ရှိ လူဆိုးသူဆိုးများကို လိုက်လံ တရားချပြီး ကူညီစောင့်မပေးခဲ့ သည်။
အသင်းတော်က သူ့အား ကူညီသည်။ ရဲများကလည်း သူ့အား ကူညီသည်။ သူ၏ လွတ်မြောက်လာမှုကို မိမိ စိတ်သဘောအတိုင်း ပြုမှုနိုင်ရန် အသုံးမပြုတော့ဘဲ၊ သူတစ်ပါးကို အစေခံနိုင်ရေး အတွက် အသုံးပြုခဲ့သူ ဖြစ်လာခဲ့ပါ၏။
GOD ဘုရားသခင်
၁၀၁။ ခြံတစ်ခြံရှိ လူသွားလမ်းတစ်လျှောက်၌ အလှအပ အ နေဖြင့် ရောင်စုံတုတ် ချောင်းငယ်ကလေးများ အစီအရီ စိုက်ထား သည်။ ခူတစ်ကောင်သည် ချုံပုတ်တစ်ခုထဲမှ ထွက်လာပြီး ထိုတုတ် ချောင်းတစ်ချောင်းပေါ်သို တက်လာသည်။ တုတ်ချောင်း၏ ထိပ် သို ရောက်သောအခါ၊ ဟိုဟိုသည်သည် ကြည့်နေ၏။ သူ့အနေဖြင့် စားသုံးရန် သစ်ရွက်စိမ်းများကို ရှာနေပုံရသည်။
ဘာမျှမတွေ့လျှင် အောက်သိုပြန်၍ ဆင်းသွားပြီး၊ နောက် တုတ်ချောင်းတစ်ချောင်းပေါ်သို တက်ပြန်သည်။ ထိုတုတ်ချောင်း ၏ ထိပ်သို ရောက်သည်အထိတက်ပြီး ဟိုဟိုသည်သည် ကြည့်ပြန် သည်။ ဘာမျှမတွေ့ရလျှင် ပြန်ဆင်းပြီး နောက်တုတ်ချောင်းတစ် ချောင်းပေါ်သို့ ထပ်မံတက် ကြည့်နေပြန်သည်။ တုတ်ချောင်းတစ် ချောင်းပြီး တစ်ချောင်းပေါ်သိုတက်နေသော ထိုခူကောင်ကို ကြည့် ရှုနေခဲ့သည့် ဓမ္မဆရာတစ်ဦးက သင်ခန်းစာတစ်ခုကို ဖော်ထုတ်ခဲ့ သည်။
လူသည် ထိုခူကောင်နှင့်တူသည်ဟုဆို၏။ ဥစ္စာရွှေငွေပစ္စည်းများ ရလိုရငြား အထက်သို့ တက်လှမ်းကြည့် သည်။ ဥစ္စာပစ္စည်း ရပြန်သောအခါ တန်ခိုးအာဏာ ရရှိလာရန် နောက်တစ်နေရာသို တက်လှမ်းပြန်သည်။ တန်ခိုးအာဏာရ ပြန်သောအခါ လောကီ အပျော်အပါးအတွက် တစ်နေရာသို့ တက် လှမ်းကြည့်ပြန်သည်။ အထက်သို့ရောက်ခဲ့ပြီး လိုအပ်သမျှကို ခံစား ရသောအခါ သူ၏ စိတ်ထဲ၌ ကျေနပ်နှစ်သိမ့်မှု မရသေးပါ။ လော ဘနှင့် အာသာရမက်တိုကို မဖြည့်စွမ်းနိုင်သေးကြောင်း တွေ့ရပြန် သဖြင့် တုတ်ချောင်းတစ်ချောင်းပြီးတစ်ချောင်းကို လိုက်လံ၍ တက် ကြည့်နေဆဲ ဖြစ်နေတတ်သေးသည်။
သို့သော် ဘယ်သောအခါမျှ ပျက်သုဉ်းသွားလိမ့်မည်မဟုတ်ဘဲ ဘဝလုံခြုံမှုနှင့် ဝမ်းမြောက်မှုကို ပေးနိုင်သည့် တုတ်ချောင်းမှာကား ဘုရားသခင်စိုက်ပေးထားသည့် တုတ်ချောင်းပေတည်း။ လူသည် ထိုတုတ်ချောင်းပေါ်သို သာ တက်သင့်သည်။ ထိုတုတ်ချောင်းအားဖြင့်သာ ဘုရားသခင်နှင့် ထိတွေ့လာနိုင် ပြီး ပူလောင်ပြင်းပြသည့် လောဘ၊ ဒေသ၊ မောဟမီးတိုကို ငြိမ်း သတ်နိုင်လာ၍ စိတ်၏ ငြိမ်သက်ချမ်းသာခြင်းကို အတိုင်းမသိ ခံ စားလာစေနိုင်ပါလိမ့်မည်။
ဘုရားသခင်နှင့် ထိတွေ့လာရန် အထက်သို တက်လှမ်းခြင်း သည်သာလျှင် ဘဝအတွက် အမှန်ဆုံးသော လမ်းစဉ်ဖြစ်ပါ၏။
၁၀၂။ လူသည် သခင်နှစ်ဦး၏ အစေကို တစ်ပြိုင်တည်း မခံ နိုင်ပါ။
ဘုရားသခင်၏ အစေကိုခံလျက် စာတန်၏ အစေကို မခံနိုင်။ နှစ်ဦးစလုံး၏ အစေကိုခံလျှင် ထိုသူ၏ စိတ်အတွင်း၌ ရုန်းကန်မှု အပြည့်ဖြင့် ဒုက္ခရောက်ပါလိမ့်မည်။
သူဌေးကြီးတစ်ဦးက “ဘုရားဆိုသည်မှာ မလိုပါ။ ငွေရှိလျှင် အရာခပ်သိမ်းကိုဖြစ်နိုင်သည်” ဟု ဆို၏။ သို့ သော် ဓမ္မဆရာတစ်ဦးက “ကလေးတစ်ဦး၏ အပြုံး၊ ကောင်းမြတ်သော မေတ္တာနှင့် ဘုရားသခင်၏ ကောင်းကင်နိုင်ငံကို ဖြင့် မဝယ်နိုင်ပါ။ ငွေမည် မျှပင် ရှိသော်လည်း ထိုအရာများကို ရရှိနိုင်မည်မဟုတ်”ဟု ကို သတိပေးခဲ့ရဘူးပါသည်။ ။
၁၀၃။ လန်ဒန်မြိုရှိ ဝက်(စ်)မင်နစ်စတာ ကျောင်းဆောင်ကြီး ၌ မြုပ်နှံသဂြိုလ်ရန် ကမ္ဘာကျော် သာသနာပြုဆရာကြီး လစ်ပစ် စတုန်း၏ အလောင်းကို အာဖရိကမှ ယူလာခဲ့စဉ်၊ လူအများသည် လမ်းမကြီးများတစ်လျှောက်၌ တန်းစီ၍ ကွယ်လွန်သူ ကိုသာသနာ ပြု ဆရာကြီးအား ဂါရဝပြုကြသည်။
လမ်းမတိုင်း၌ လူများ ကြိတ်ကြိတ်တိုးနေသည်။ လူတိုင်းက မျက်ရည်ကျလျက် ဦးညွတ် အလေးပြုနေကြသည်။ ထိုလူအုပ်ထဲမှ လူတစ်ဦးသည် ရှိက်ကြီးတငင်ငိုနေသည်။ ထိန်းမနိုင်သိမ်းမရဖြစ် နေ၍ ဓမ္မဆရာများ၊ ရဲများက သူ့အား ချော့မော့ကာ ဘုရားရှိခိုး ကျောင်းထဲသို ခေါ်ဆောင်သွားကြရတော့သည်။
သူ့အား အကြောင်းစုံကို မေးမြန်းသောအခါ “ကျွန်တော် ငယ် စဉ်တုန်းက ဆရာကြီးလစ်ဗစ်စတုန်းဟာ ကျွန်တော်ဆီရောက်လာ ပြီး၊ အာဖရိကတိုက်မှာ သူနဲ့ အတူ သာသနာပြုဖို့ ခေါ်ခဲ့ပါတယ်။ ကျွန်တော်က သူ့ကို ပြက်ရယ်ပြုပြီး ငြင်းဆန်ခဲ့ပါတယ်။ ကျွန်တော့် ရဲ့ အမှားကို အခုမှ မြင်လာရပြီ။ ကျွန်တော်ဟာ အခု အသက် ကြီးပြီး အိုမင်းမစွမ်း ဖြစ်နေပါပြီ။ အချိန်လည်း နောက်ကျသွား ပါပြီ။ လူ့အကျိုးပြု လုပ်ငန်းကို အင်တိုက်အားတိုက် ဆောင်ရွက်ဖို့ ဆရာကြီးက အခွင့်ပေးခဲ့ပါရက်နဲ့ လောကရဲ့ အပျော်အပါးကို လိုက်နေမိကြောင်းကို အခုမှ သတိရလို ဝမ်းနည်းကြေကွဲမိတာပါ”ဟု ပြောပြလေတော့၏။
သူသည် ဘုရားသခင်ကို မရှာဘဲ၊ လောက၏ အပျော်အပါးကို သာ ဦးစားပေးရှာခဲ့ လေပါတကား။ ။
၁၀၄။ ဘင်ဂျမင်ဖရန်ကလင်သည် မိုးကြိုးလွဲကို တီထွင်ပြီး နောက် မြင့်မားသော တိုက်အိမ် အဆောက်အဦ အများအပြားပေါ် ၌ ထိုမိုးကြိုးလွဲများ တက်ဆင်လာကြသည်။
တစ်နေ့တွင် ဘင်ဂျမင်ဖရန်ကလင်က ဘုရားရှိခိုးကျောင်းကြီး တစ်ခု၏ မြင့်မားသော ပြာဒ်သာဒ်ချွန်ပေါ်၌ မိုးကြိုးလွဲကို တပ်ဆင် ရန် အသင်းတော်လူကြီးများအား အကြံပေးရာတွင် ထိုလူကြီးများ က ခါးခါးသီးသီး ငြင်းဆိုကြသည်။
“မဟုတ်တာဗျာ။ ဘုရားရှိခိုးကျောင်းကို မိုးကြိုးပစ်ပါ့မလား။ ဘုရားသခင်က သူ့ကို ဝတ်ပြုကိုးကွယ်တဲ့ အဆောက်အဦပေါ် မိုးကြိုးပစ်ချစေမတဲ့လား”ဟု ဆင်ခြေပေးနေကြသည်။
ဘင်ဂျမင်ဖရန်ကလင်က “ဘုရားသခင်ဟာ ကျောသားရင် သား မခွဲခြားတတ်ပါဘူးဗျာ။ သူ့ရဲ့ လျှပ်စီးဓါတ်အားကို မြေကြီး ပေါ်သို ပစ်ချပေးရာမှာ ဘက်လိုက်ခြင်းမရှိပါဘူးဆိုတာယုံပါ”ဟု ပြောလိုက်ရတော့၏။
ဘုရားသခင်သည် ဖြောင့်မတ်မှန်ကန်သည်ဖြစ်သောကြောင့် ကျောသားရင်သား မခွဲခြားတတ်ပါ။
GOAL ရည်မှန်းချက်ပန်းတိုင်
၁၀၅။ ပြေးသူတိုင်းပန်းတိုင်ကိုရောက်လေ့မရှိပါ။
ထို့ပြင် ပြေးသူထဲမှ တစ်ဦးသာလျှင် အနိုင်ရလေ့ရှိသည်။ အ နိုင်ရခြင်းသည် ပဓာနမဟုတ်၊ ဝင်ရောက် ယှဉ်ပြိုင်ခြင်းသည်သာလျှင် အရေးကြီးပါသည်။
ရေတပ်ဗိုလ်ချုပ်ကြီး ဘာ့(ဒ်)ဆိုသူသည် ကမ္ဘာကြီး၏ တောင် ဝင်ရိုးစွန်းရေခဲပြင် ဒေသတစ်ခုလုံးကို စုံစမ်း ရှာဖွေဖြစ်ခြင်းကြောင့် ကမ္ဘာကျော်ဖြစ်ခဲ့သည်။
သူသည် ငယ်ရွယ်စဉ်ကတည်းက နေရာဒေသသစ်များကို စူး စမ်းရှာဖွေလိုစိတ် ပြင်းပြခဲ့သည်။ တစ်နည်းဆိုရလျှင် ငယ်ရွယ်စဉ် ကတည်းက ထိုပန်းတိုင်ကို ရင်ထဲ၌ သိုမှီးထားခဲ့သည်ဟု ဆိုရပေ မည်။
သို့သော် တက္ကသိုလ်ကျောင်းသားဘဝ၌ ခြေထောက်မှ အရိုး တစ်ချောင်းကျိုးပြီ ခြေစစ်ရိုးကျေ သွားခဲ့သည်။ ရေတပ်ထဲတွင် အရာရှိငယ်တစ်ဦးဖြစ်ခဲ့သော်လည်း အသက် (၂၈)နှစ်အရွယ်တွင် ထိုခြေထောက်ရောဂါကြောင့် အငြိမ်းစားယူခဲ့ရသည်။
သို့သော် သူ့၌ ရည်မှန်းချက်ပန်းတိုင်သာမရှိခဲ့လျှင် သူသည် ယခုကဲ့သို အောင်မြင်မှုကို ဆွတ်ခူးရရှိခဲ့လိမ့်မည် မဟုတ်ပါ။ သူ သည် ရေတပ်လေယာဉ်မောင်းသူအဖြစ်နှင့် ရေတပ်ထဲသို့ ပြန် လည် ဝင်ရောက်ခဲ့ပြန်သည်။ ရေတပ် လေသူရဲစစ်စစ်တစ်ဦး မဖြစ် ခဲ့သော်လည်း လေထက်ပေါ့ပါး သော လေယာဉ်ပျံများနှင့် ပတ် သက်၍ သုတေသနပြုရသည့် ပါရဂူတစ်ဦးဖြစ်ခဲ့ရသည်။
သူသည် ကံကြမ္မာဆိုးကို ဆက်လက်ရင်ဆိုင်ခဲ့ရပြန်သည်။
သူ၏ လေယာဉ်ကို ပျက်ကျခဲ့ရပြန်သည်။ မြောက်ဝင်ရိုးစွန်း ရေခဲပြင်များကို စူးစမ်းရှာဖွေကြမည့် လေယာဉ်များထဲမှ တစ်စီးကို မောင်းနှင်ခွင့် တောင်းခဲ့သော်လည်း အခွင့်မရခဲ့။ ပို၍ ဆိုးသည်က သူ၏ ခြေထောက်ရောဂါကြောင့် ရေတပ်မှ ဒုတိယအကြိမ် အငြိမ်စား ယူခဲ့ရပြန်သည်။ အရပ်သားဘဝဖြင့်ပင် လျှင် သူသည် လှည့်လည် အလှူခံပြီးလျှင် မြောက်ဝင်ရိုးစွန်းသို စူးစမ်းရှာဖွေရန် ငွေ စုဆောင်းခဲ့သည်။ အခက်အခဲပေါင်းများစွာ နှင့် ကြုံတွေ့ခဲ့ရသော်လည်း သူသည် အတ္တလန်တိတ်သမုဒ္ဒရာကို ဖြတ်ပြီး မြောက်ဝင်ရိုးစွန်း၌ အလံတိုင် စိုက်ထူနိုင်ခဲ့သည်။ ထိုတွင် သာမက တောင်ဝင်ရိုးစွန်းရှိ ရေခဲပြင် ဒေသသို စူးစမ်းရှာဖွေပြီး ထိုနေရာ၌ အလံကို စိုက်ထူနိုင်ခဲ့ပြန်၏။
ထိုအောင်မြင်မှုများကြောင့် အမေရိကန် ရေတပ်က သူတို၏ ရေတပ်မှ နှစ်ကြိမ်တိုင်တိုင် အငြိမ်းစားယူခဲ့ရသော အရာရှိတစ်ဦး ဖြစ်သည့် ရစ်ချတ်အီးဘာ့(ဒ်)အား ရေတပ် ဗိုလ်ချုပ်ကြီး (Admiral) ရာထူးကို အပ်နှင်းခဲ့တော့၏။
ကျွန်တော်တို အားလုံးသည် ကြီးမားသော အောင်မြင်မှုများ မရနိုင်စေကာမူ ရည်မှန်းချက်ပန်း တိုင်တစ်ခုကိုဖြင့် အမြဲသိုမှီးထား နိုင်ကြပါ၏။ ရှင်ပေါလုကလည်း “ယေရှုခရစ်အားဖြင့် ဘုရားသခင် သည် အထက်အရပ်မှ ခေါ်တော်မူခြင်းနှင့်ဆိုင်သော ဆုကို ရခြင်း ငှါ “ပန်းတိုင်” သို ငါလိုက်ပြေး၏” ဟု ဆိုခဲ့ပါသတည်း။
၁၀၆။ တစ်ခါက တီထွင်ကြံဆသူ ပုဂ္ဂိုလ်ကြီးတစ်ဦးသည် Jigsaw Puzzle ခေါ် ရုပ်ပုံများကို အစိတ်စိတ် အမွှာမွှာထားပြီး ပြန်လည်ဆက်ပေးရသည့် ကစားစရာများကို တီထွင်ခဲ့သည်။ သူ သည် ကမ္ဘာမြေပုံကို သစ်သားပါးပေါ်တွင် ရေးဆွဲပြီး အစိတ်အပိုင်း များ ဖြတ်သည်။ ထိုအစိတ်အပိုင်းများကို တစ်နေ့အတွင်း ပြန်လည် ဆက်ပေးနိုင်ပါက ဆုငွေအဖြစ် အင်္ဂလိပ်ငွေ စတာလင် နှစ်ပေါင်း ပေးမည်ဟု သူ၏ သားအားပြောသည်။ နှစ်ရက်ကြာမှ ဆက်နိုင်ပါက ဆုငွေတစ်ပေါင်သာ ပေးမည်ဟု ဆို၏။
ခဏအကြာတွင် သူ၏သားသည် အစိတ်စိတ်အမွှာမွှာ ဖြစ်နေ ၍ အလွန်ခက်ခဲလှသော ကမ္ဘာ့မြေပုံကို လွယ်ကူစွာ ပြန်လည်ဆက် ပေးနိုင်သည်ကို အံ့သြစွာ တွေ့ရတော့၏။ အကျိုးအကြောင်း မေး ကြည့်ရာ သူ့သားက
“ဒီလိုပါ အဖေ၊ ဒီမြေပုံကြီးကို အဖေက အစိတ်စိတ် မဖြတ် လိုက်ခင်က သစ်သားပြားရဲ့ နောက်ပိုင်းမှာ ခရစ်တော်ရဲ့ ပုံတော်ပါ နေတာကို ကျွန်တော် သတိထားမိခဲ့တယ်။ ကျွန်တော့် အနေနဲ့ မြေပုံကို ပြန်ဆက်ပေးဖို မလွယ်ပေမယ့် နောက်ကျောမှာ ရှိနေတဲ့ ခရစ်တော်ရဲ့ ပုံတော်ကို ပြန်ဆက်ပေးလိုက်တာနဲ့ လွယ်လွယ်ကူကူ နဲ့ပဲ အောင်မြင်သွားတာပါ”ဟု ဖြေလိုက်ပါတော့သည်။
ခရစ်တော်ကို ကောင်းစွာ ရှုကြည့်အာရုံထားနေပါက အစိတ် စိတ်အမွှာမွှာဖြစ်နေတာ ကမ္ဘာကြီးကို ပြန်လည် ဆက်ပေးနိုင်ပါလိမ့် မည်။ အရေးကြီးဆုံးမှာ ခရစ်တော်ကိုသာ ရှုကြည့်ပြီး ရည်မှန်းချက် ပန်းတိုင်အဖြစ်ထားပါက အရာခပ်သိမ်းသည် ပြေပြစ်ညီညာသွားပါ လိမ့်မည်။
၁၀၇။ ဒုတိယ ကမ္ဘာစစ်အတွင်းက ကုန်တင်ပင်လယ်ကူး သ င်္ဘောအုပ်စုကြီးတစ်စုသည် အင်္ဂလန်ပြည်သို ဦးတည်ခုတ်မောင်း နေသည်။
သူတို၏ ရှေ့တည့်တည့်၌ ရွက်လှေလေးတစ်ဦးသည် ရေယာဉ် အုပ်စုရှိရာသို့ ဦးတည်ရွက်လွှင့် လာနေသည်ကို တွေ့ရ၏။ အနီးသို ရောက်လာသော်လည်း ထိုရွက်လှေကလေးသည် ဦးတည်လမ်း ကြောင်းကို မပြောင်း၊ ကုန်တင်ယာဉ်များ ရှိရာသို တည့်တည့်မတ်မတ်သာ လာနေသဖြင့် ရေယာဉ်များ ကသာ ရှောင်တိမ်းပေးလိုက်ရ သည်။
ထိုရွက်လှေပေါ်၌ ရေတပ်သားတစ်ဦးပါလာသည်။ ကုန်တင် သင်္ဘောသားများက အော်ဟစ်ကြသော်လည်း သူသည် ဂရုမစိုက် ဘဲ တက်မကိုသာ ကိုင်ရင်း ဆက်လက် ရွက်လွှင့်သွားနေ သည်ကို တွေ့နေရတော့၏။
ထိုကြောင့် ကုန်တင်ရေယာဉ်များပေါ်က သက်ကယ်လှေများ ချ၍ ထိုရွက်လှေအနီးသို့ ချည်းကပ်စုံစမ်းကြရာ ရွက်လှေကလေး ပေါ်ရှိ ထိုရေတပ်သားသည် သေဆုံးနေသည်ကို တွေ့ရတော့၏။ ထိုရွက်လှေ၌ အိမ်မြှောင်မပါ၊ ရေပုံမပါ၊ သောက်ရေမပါ၊ ရွက်များ ပင် စုတ်ပြတ်နေသည်။ သိုသော် ထို လူသေ၏ လက်သည် တက်မ ကိုသာ မြဲမြဲဆုပ်ကိုင်ထားနေကြောင်းကို တွေ့ရ၏။ နေ့ရက်ပေါင်း များစွာ ပင်လယ်တွင်း၌ ရွက်လွှင့်နေသော်လည်း ကမ်းခြေကိုသာ ကျောပေးထားနေပြီးမှ အဆုံးမရှိသော ပင်လယ်ပြင်ကြီးထဲသို့ သာ အဓိပ္ပါယ်မရှိ ရွက်လွှင့်နေခြင်း ဖြစ်ပါ၏။
ဘဝ အသက်တာ၌ တစ်ခါတစ်ရံ ထိုသို ဖြစ်တတ်သည်။
ရည်မှန်းချက်ပန်းတိုင်သို ရှေ့ရှုသွားစေမည့် တက်မကို ကိုင် ထားသူမှာ လူသေ ဖြစ်နေတတ်သည်။
ဘဝအသက်တာ၏ အောင်မြင်မှုကို ကျောပေးကာ အဆုံးမရှိ သော ပင်လယ်ပြင်နှင့်တူသည့် အဓိပ္ပါယ်မဲ့ ဘဝလမ်းခရီးကိုသာ ဦးတည်၍ သွားနေတတ်ကြပါ၏။
တက်မကို ကိုင်ထားသော ထိုလူသေ၏လက်ကို ရုပ်သိမ်းလိုက် ၍ သခင်ခရစ်တော်ကိုသာ ထိုတက်မကိုကိုင်စေပြီး ကိုယ်တော်၏လမ်းပြပဲ့ပြင်မှုကို ခံသင့်ပါ၏။
GIVING
ပေးကမ်းလှူဒါန်းခြင်း
၁၀၈။ အလှူဒါနပေးရာ၌ ရက်ရောလှသော လူကြီးတစ်ဦး၊ အား အဘယ်ကြောင့် ထိုကဲ့သို ရက်ရောစွာ လှူဒါန်းနေနိုင်ကြောင်း မေးရာ သူက “ဒီလိုပါ၊ ဘုရားသခင်က ကျွန်တော့်အပေါ် ကောင်း ချီးမင်္ဂလာများကို ဂေါ်ပြားနဲ့ ဖဲ့ပေးနေသလို ကျွန်တော်ကလည်း အဲဒီကောင်းချီးမင်္ဂလာများကို အလှူအနေနဲ့ သူတစ်ပါးကို ပြန်ပြီး ထုတ်ပေးနေပါတယ်။ ဘုရားသခင်က ပေးနေသလောက် ကျွန် တော်က ပြန်ထုတ်ပေးနေရတာပဲ။ ဒီလိုမှ မလုပ်ရင် ကျွန်တော့်အ ပေါ်မှာ ချပေးနေတဲ့ ကောင်းချီးမင်္ဂလာတွေ စုပုံပြီး နစ်မွန်းသွားမှာ စိုးရိမ်ရတယ်။ ဒါပေမယ့် ပေးလှူလေလေ များများပြန်ရလေလေ ပဲ။ ဘုရားသခင်ရဲ့ ဂေါ်ပြားက ကျွန်တော့်ရဲ့ ဂေါ်ပြားထက် ကြီးနေ တာကိုး”ဟု ဖြေလိုက်သော ဟူ၏။
၁၀၉။ ကပ်စေးနှဲလှသော အိမ်ထောင်တစ်အိမ်ထောင်ရှိသည်။
ဝတ်ပြုစည်းဝေးကို မှန်မှန်တက်သော်လည်း၊ အလှူငွေထည့်ဖို အလွန်ပင် ကပ်စေးနှဲကြသည်။ ထိုသို ဖြစ်နေသည်ကို သားငယ် ကလေးက မကြိုက်ခဲ့။ အလှူငွေထည့်ရန် မိဘများထံမှ ပိုက်ဆံ တောင်း ရာ (၅)ပြားထက် ပိုမပေးသဖြင့် အမြဲလိုလို ပူဆာခဲ့သော် လည်း ထိုထက်ပို မရခဲ့။
တစ်နေ့တွင် ဝတ်ပြုစည်းဝေးက ပြန်အရောက်တွင် အဖေက တရားဒေသနာသည် ညံ့လှသည်ဟု ဆို၏။ အမေက ကွိင်ယာက လည်းမကောင်း၊ အော်ဂင်တီးသူကလည်း မကြာခဏ မှားသည်ဟုပြစ်တင်ပြန်သည်။ တပင်တိုင် ဓမ္မသီချင်း သီဆိုသူ၏ အသံက လည်း ကွဲအက်နေသည်ဟု အစ်ကိုက ဆိုပြန်သည်။
ထိုအခါတွင် အလှူငွေ ပိုတောင်းလေ့ရှိသော သားငယ်က “ဒါ ပေမယ် ထည့်လိုက်တဲ့ အလှူငွေ ငါးပြားနဲ့ စာကြည့်ရင်တော့ ဒါ ဟာ တန်ပါတယ်ဗျာ”ဟု ပြောလိုက်ရာ၊ အားလုံး တိတ်ဆိတ်ငြိမ် သက်သွားရသောဟူ၏။
GOSPEL
ကယ်တင်ခြင်း တရားတော်
၁၁၀။ သဘာဝအကြောင်းကို လေ့လာနေသူ တစ်ဦးက ပုရွက် ဆိတ်များအကြောင်း ပျားပိတုန်းကောင် များ နကျည်ကောင်များအ ကြောင်းကို ပြောပြနေသည်။ ထိုအခါ ထိုသတ္တဝါကလေးများ၏ ထူးခြားသော ဂုဏ်အင်္ဂါများထဲမှတစ်ခုကို လူတိုက အတုခိုးဖို သင့် ကြောင်း ပြောလေ၏။
ထိုသတ္တဝါကလေးများသည် လှည့်လည်သွားလာရင်း အစာကို တွေ့ကြလျှင် မိမိတို့ ခိုအောင်း ရာ အရပ်သို ချက်ချင်းပြန်ပြီး ထို သတင်းကောင်းကို ကျန်ရှိနေသမျှသော မိမိ၏ မိတ်တွေသင်္ဂဟများ ကို ပြောပြလေ့ရှိသည်ဟု ဆို၏။
ခရစ်တော်က ပေးနေသော ကယ်တင်ခြင်း တရားတော် သ တင်းကောင်းကို ကျွန်တော်တိုက လည်း သူတစ်ပါး ဝေငှပြောပြသင့် သည်။
ရှမာရိမိန်းမသည် မေရှိယကိုတွေ့ရသည်နှင့် နေအိမ်သို ချက် ချင်းပြန်ပြီး လူအပေါင်းကို ကျေညာပြောပြသလို ကျွန်တော်တို က – ကယ်တင်ခြင်းအကြောင်း သတင်းကောင်းကို အခြားသူများ ကို ပြောပြသင့်ကြပါ၏။
၁၁၁။ ဓမ္မဆရာတစ်ဦးသည် လေလွှင့်ဆိုးပေနေသော လူငယ် များကို လိုက်လံကယ်ဆယ်ပြီး လမ်းမှန်သို ရောက်ရန် ကူညီနေခဲ့၍ အလွန်ပင် အောင်မြင်နေလေသည်။
တစ်နေ့တွင် သူသည် အိမ်တစ်အိမ်သို အလည်ရောက်သွားရာ ၌ ထိုအိမ်ရှင် မိဘနှစ်ပါးက မျက်ရည်များကျလျက် ဓါတ်ပုံတစ်ပုံကို ထို ဓမ္မဆရာအား ပြသတော့သည်။
“ဆရာ့အနေနဲ့ လူဆိုးလူတေတွေကို လိုက်လံကယ်ဆယ်နေရင်း ဒီဓါတ်ပုံထဲမှာ မြင်ရတဲ့ ကျွန်မတို့ သားကလေးကိုများ တွေ့ရရင်း မင်းရဲ့ မိဘနှစ်ပါးဟာ မင်းအိမ်ကိုပြန်လာဖို အမြဲ စောင့်နေကြ တယ်လိုသာ ပြောပေးပါတော့ ဆရာရယ်” ဟု တောင်းပန်ရှာတော့၏။
ကယ်တင်ခြင်းတရားတော်ဆိုသည်မှာ ထိုသို့ ပင် ဖြစ်ပါ၏။ ပျောက်လွင့် ထွက်ပြေးနေသော သားသမီးများကို နေအိမ်သို ပြန် လာရန် အဖခမည်းတော်သည် အမြဲပင် စောင့်ဆိုင်းနေကြောင်း ဖော်ပြနေသော “သတင်းကောင်း” ပင် ဖြစ်ပါ၏။
၁၁၂။ ၁၉၂၆ ခုနှစ် မတိုင်မီ သွေးအားနည်းရောဂါရှိလျှင် သေဆုံးရန် သေချာသလောက် ဖြစ်သည်။ သို သော် ၁၉၂၆ ခုနှစ် နောက်ပိုင်းတွင်မှ ဆေးသိပ္ပံပညာရှင်တစ်စု၏ သုတေသနပြုချက် အရ ထိုရောဂါကို နှိမ်နင်းလာနိုင်ပြီ ဖြစ်သည်။ ဆေးသိပ္ပံပညာ ထွန်းကားတိုးတက်လာသည်နှင့်အလျောက် ကျောက်ရောဂါ၊ ပုလိပ်ရောဂါ၊ အဆုတ်နာ ရောဂါအစရှိသည်တို့ ကို တစစ အောင်မြင်နိုင် နင်းလာနိုင်ခဲ့ ၍ လူများသေပျောက်ခြင်း မရှိသလောက် ဖြစ်လာရပါ၏။
ယခုခေတ်တွင် ကင်ဆာရောဂါသည် ကုသ၍ မရသော ရောဂါ ဖြစ်နေသေးသည်။
၁၉၇၃ ခုနှစ်၊ မတ်လ (၁၉)ရက်နေ့ထုတ် တိုင်း(မ်)မဂ္ဂဇင်းကို ကြည့်ပါ။ ဆေးသိပ္ပံ ပညာရှင်တစ်ဦးဖြစ်သူ ရောဘတ်ဂွတ်(ဒ်) ဆို သူက ကင်ဆာရောဂါကို ကာကွယ်ကုသနိုင်မည့် (Immunology) ခေါ် ရောဂါ မစွဲကပ်နိုင်အောင် ကာကွယ်သည့် နည်းလမ်းများကို ရှာဖွေတွေ့ စပြုပြီဖြစ်ကြောင်း ဆောင်းပါးရှင်တစ်ဦးက စုံလင်စွာ ရေးသားထားသည်ကို တွေ့ရပါလိမ့်မည်။
များမကြာမီပင် ကင်ဆာရောဂါသည် လူတို အား မသေ ပျောက်စေတော့ဘဲ ဆေးသိပ္ပံ ပညာအားဖြင့် ထိုရောဂါမှ ကာကွယ် ပေးလာနိုင်ပေတော့မည်ဖြစ်ကြောင်း သတင်းကောင်းကို ကြားနိုင် လာရပေတော့မည်။
ခရစ်တော်၏ ကယ်တင်ခြင်း တရားတော်သည်လည်း ထိုနည်း တူပင်ဖြစ်သည်။
လူတို့၏ ဝိညာဉ်ကို မသေစေဘဲ အသက်ဆက်ပေးနိုင်သည့် သတင်းကောင်းပင် ဖြစ်၏။ ကယ်တင်ခြင်း တရားတော်သည် အ သက်ကယ်နိုင်ရုံမက ထာဝရအသက်ကို ပေးနိုင်သော တရားတော် သတင်းကောင်းပေတည်း။
GRACE ကျေးဇူးတော်
၁၁၃။ ကျေးဇူးတော်ဆိုသည်မှာ မထိုက်တန်ဘဲ မခံစားသင့်ဘဲ ခံစားရသော ကျေးဇူးသက်သက်ပင် ဖြစ်သည်။
ကျေးဇူးတော်ဆိုသည်မှာ မိမိဖာသာ ကျင့်ကြံပြုမူ၍ရခြင်း မဟုတ်၊ ဘုရားသခင်၏ မေတ္တာတော်အားဖြင့် အဖိုးအခ မပေးဘဲ မထိုက်မတန်ဘဲ ခံစားရကြောင်းကို ကောင်းစွာ နားလည်သော သူတော်စင်တစ်ဦးက ယခုကဲ့သို ဆုတောင်းခဲ့ဖူးပါသည်။ သူကွယ် လွန်ပြီးမှ သူကိုယ်တိုင် ရေးသားထားခဲ့သော ဤဆုတောင်းကို ရှာ ဖွေတွေ့ခဲ့ရခြင်း ဖြစ်ပါသည်။
“အို အဖဘုရားသခင်၊ ကျွန်တော်မျိုးသည် ကိုယ်တော်၏ ကျေး ဇူးတော်ကို လိုအပ်လှကြောင်း သိသာလာစေရန် ကျေးဇူးတော်ကို လိုအပ်လှကြောင်း သိသာလာစေရန် ကျေးဇူးတော်ကို ချပေးတော် မူပါ။ ထိုကျေးဇူးတော်ကို လက်ခံတတ်နိုင်သော်လည်း ကျေးဇူးတော် ကို ချပေးသနားတော်မူပါ။ အို ဘုရားသခင် ကျေးဇူးတော် ပေးသ နားတော်မူပါဘုရား” ဟူသတည်း။
၁၁၄။ ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရသူတစ်ဦး၏ အရည်အသွေးမှာ သူတစ်ပါးထက် ထူးခြားလာသည်ကို တွေ့ရပါလိမ့်မည်။ ။
ထိုသူသည် မညည်းညူတတ်ဘဲ ဘုရားသခင်ကို အမြဲ ကျေးဇူး တင်နေတတ်သော စိတ်ထား ရှိနေလိမ့်မည်။ ဒုက္ခဝေဒနာ ခံစားရ သည်ဖြစ်စေ၊ အန္တရာယ်နှင့် ရင်ဆိုင်ရသည်ဖြစ်စေ၊ ရဲရင့်ခြင်းနှင့် သတ္တိကို ပိုင်ဆိုင်သူတစ်ဦး ဖြစ်နေပေလိမ့်မည်။ အမှန်တရားဘက် က ကြံ့ကြံ့ခံရပ်တည်နေနိုင်ရန် ရဲစွမ်းသတ္တိ ရှိနေပေလိမ့်မည်။ မိမိကိုယ်ကိုလည်း စည်းစနစ်ကျကျ ကြပ်မတ်ထားနိုင်ပေလိမ့်မည်။ မှန်ကန်သော သစ္စာစကားကိုသာ ပြောဆိုနေပေလိမ့်မည်။ အလှူ ဒါန၌ ရက်ရောနေသူ ဖြစ်နေလိမ့်မည်။ အလျင်စလိုမဖြစ်ဘဲ ငြိမ် ဝပ်တိတ်ဆိတ်စွာနေနိုင်တတ်လိမ့်မည်။ သူ့ကို အမှားပြုသူတိုင်းအား အပြစ်လွှတ်နိုင်တတ်သည့် စွမ်းရည်ရှိနေပေလိမ့်မည်။ အား နည်းသူများအပေါ် ကြင်နာတတ်သူ ဖြစ်လိမ့်မည်။
ဆုတောင်းခြင်းဝတ်ကို စွဲစွဲမြဲမြဲ ကျင့်သုံးနေသူ ဖြစ်နေလိမ့်မည်။ ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရသူတစ်ဦးသည် ထိုကျေးဇူး တော်ကို အထက်ဖော်ပြ ကျင့်ဝတ်များအားဖြင့် ရောင်ပြန်ဟပ် ပြနေပါလိမ့်မည်။ –
၁၁၅။ ယခု ဤစာမူကို ကျွန်တော်ရေးသားပြုစုနေချိန်သည် နွေဥတုရာသီ ဖြစ်ပါသည်။ ဘုရားသခင်၏ ကျေးဇူးတော်အ ကြောင်းကို စာရှုသူများက သဘောပေါက်နားလည်၍ ကျန် တပည့် တော်များကို ရှင်းပြနိုင်လာစေရန် ကျွန်တော့်အနေဖြင့် အတန်ကြာ စဉ်းစားနေခဲ့မိပါသေးသည်။
ထိုစဉ်တွင် အိမ်ရှေ့မှ ဖရဲသီးသည်တစ်ဦး အော်ဟစ်ဖြတ်သန်း သွားသည်ကို မြင်လိုက်ရပါသည်။ ထိုဖရဲသီးကို ကြည့်ခြင်းအားဖြင့် ဘုရားသခင် ကျေးဇူးတော်ကို သိသာထင်ရှားစွာ မြင်လာနိုင်လိမ့် မည်ဟု ကျွန်တော် ထင်လာသည်။
ဖရဲသီးတစ်လုံးကို ယူကြည့်ပါ။
ထိုဖရဲသီး အစေ့များကို ယူ၍ ချိန်ခွင်တွင် ချိန်ကြည့်ပါ။ အစိတ် သားခန့်ရရန် ဖရဲသီးအ စေ့ပေါင်း ၅၀,၀၀၀ ကျော်ကို လိုမည်ကို တွေ့ရပါလိမ့်မည်။ အကယ်၍ ဖရဲသီးတစ်လုံးထဲရှိ အစေ့ပေါင်းကို ရေတွက်ကြည့်ပါက အစေ့ပေါင်း ထောင်သောင်းချီ၍ ရှိနေပါလိမ့် မည်။
အစေ့လေးတစ်စေ့ကိုသာယူ၍ မြေကြီးထဲတွင် စိုက်ကြည့်ပါ။ မကြာမီ ထိုအစေ့က လေးမှတစ်ဆင့် အပင်တစ်ပင် ကြီးထွားရင့်သန်လာပြီ ဖရဲသီးပေါင်းများစွာ သီးလာပါလိမ့်ဦးမည်။ ထိုသေး ငယ်လှသော အစေ့ကလေးမှ တစ်ဆင့် ထပ်မံသီးလာသော ဖရဲသီး များကို ပြန်လည်ချိန် ကြည့်ပါက ထိုအစေ့ကလေးတစ်စေ့၏ အလေး ချိန်ထက် အဆပေါင်း (၂သိန်း)မျှရှိသော ဖရဲသီးများကို ထပ်မံသီး လာစေခဲ့သည်ကို တွေ့ပါလိမ့်မည်။
အပေါ်ယံက အစိမ်းရောင်၊ ထိုမှတစ်ဆင့် အဖြူရောင် အလွှာ ပိုင်း၊ ထို နောက် အနီရောင်ရှိသော အူလယ်ပိုင်းတွင် ထောင်သောင်းများစွာ အစေ့များဖြင့် ပြည့်နေပါလိမ့်ဦးမည်။ ထိုအစေ့များ က ဖရဲသီးပေါင်း မြောက်မြားစွာ ထပ်မံပေါ်ထွက် ပေါက်ရောက် လာစေပါလိမ့်ဦးမည်။
အပြင်ဘက်၌ ပူပြင်းလှသော နေရောင်ကြောင့် အပူရှိန် ဒီဂရီ မည်မျှပင်မြင့်မားနေပါလေစေ၊ ဖရဲသီးတွင်းရှိ အစိတ်အပိုင်းသည် ထိုပူပြင်းလှသော ရာသီတွင်း၌ပင် အေးစိမ့်၍ နေပါလိမ့်ဦးမည်။ ထိုဖရဲသီးကို မည်သူစီမံ ဖန်တီးထားခဲ့သနည်း။ ထိုအရောင်မျိုးစုံကို မည်သည့်နေရာက ရယူပါသနည်း။ ဖရဲသီးထဲရှိ ချိုစိမ့်သော အရ သာကို မည်သူက ထည့်သွင်းပေးထားပါသည်။ အလိုအလျောက် သူ့ဖာသာသူ ဖြစ်လာပါသလား။ သဘာဝကြီးကသာ ဖရဲသီးကို ဖန်တီးပေးခဲ့သည်ဟု ဆိုပါမည်လား။ သိုဆိုလျှင် ထိုသဘာဝ လော ကသည် အထိန်းအကွပ်မရှိဘဲ သူ့ဖာသာ ဖြစ်နေပါသလား။ သ ဘာဝကြီးသည် သူ့ဖာသာ အလိုအလျောက် မတော်တဆ ဖြစ်ပေါ် လာသည်ဟု ကျွန်တော် ဘယ်နည်းနှင့်မျှ မယုံနိုင်ပါ။ သိုဆိုလျှင် ထိုသဘာဝကြီးကို မည်သူက ဖန်တီးပေးခဲ့ပါသနည်း။ ။
ဖရဲသီးအကြောင်းကို စဉ်းစားလျှင် ဘုရားသခင်၏ အနန္တတန်ခိုးတော်ကို မြင်လာပါလိမ့်မည်။ ဘုရားသခင်၏ “ကျေးဇူးတော်”နှင့် တန်ခိုးတော်သာ ဤလောက၌ မရှိပါက၊ လောက၌ ဖရဲသီးများပင် လျှင် မရှိနိုင်ပါ။
ခရစ်ယာန်တစ်ဦးအနေဖြင့် ဖရဲသီးတစ်လုံးကို မြင်တိုင်း ဘုရား သခင်၏ “ကျေးဇူးတော်”ကို မြင်လာသင့်ပါသည်။
၁၁၆။ အနောက်နိုင်ငံ၌ ပစ္စည်းများ ရောင်းကောင်းအောင် ကြော်ငြာပေါင်း မြောက်မြားစွာ ရှိပါသည်။
ဥပမာတစ်ခုကိုပြရလျှင် ဆိုင်ကြီးတစ်ဆိုင်မှ ကြော်ငြာတစ်ခုကို ကြည့်ပါ။ စွတ်ပြုတ်သံဗူး ၆ ဗူးကိုယူ၍ လှည့်လည်ရောင်းချပေးပါ။ ထိုသို ရောချပေးနိုင်လျှင် ဝက်ပေါင်ခြောက် သံဗူးငယ်တစ်ဗူး “အခမဲ့” လက်ဆောင်အဖြစ် ရရှိမည်ဟု ဆိုသည်။
ထို ဝက်ပေါင်ခြောက် သံဗူးငယ်တစ်ဗူး၏ ဈေးကို စုံစမ်းစစ် ဆေးကြည့်လိုက်လျှင် မြန်မာငွေ ၂ ကျပ်မျှသာ တန်သည်ကို တွေ့ရ ပါလိမ့်မည်။ အဆိုပါ စွတ်ပြုတ် ၆ ဗူးကို လိုက်လံ ရောင်းချပါက ရက်ပေါင်းများစွာ ကြာပါလိမ့်မည်။
ရက်ပေါင်းများစွာ အကုန်မခံပါမှ ၂ ကျပ်တန် ဝက်ပေါင် ခြောက် သံဗူးတစ်ဗူး ရရှိမည်ကို စဉ်းစားလိုက်လျှင် ထို “အခမဲ့” “လက်ဆောင်” ဆိုသော စကားများမှာ အမှန်ဆိုလျှင် “အခမဲ့” စင်စစ် မဟုတ်ကြောင်း တွေ့ရပါလိမ့်မည်။
ဘုရားသခင်၏ ကျေးဇူးတော်ကို စဉ်းစား ဆင်ခြင်ကြည့်ပါ။
ဘုရားသခင်သည် ကျွန်တော်တို၏ အသက်ကို “အခမဲ့” ပေး သည်။ ရှူရှိက်ရန်လေ၊ နေရောင်ခြည်၊ သောက်ရေ အစရှိသည့် တိုကို လူတိုင်းအား “အခမဲ့” ပေးနေပါသည်။ ကြွယ်ဝသော အသက်တာ ရလာနိုင်ရန် သားတော်ကိုပင် ပေးခဲ့သည်။ ကိုယ်တော်က ဘာမျှပြန်၍ မတောင်းခံပါ။ ထိုသားတော်၏ ထာဝရအသက်ပါသော စကားတော်ကို နားထောင်ခိုင်းရုံမျှသာ ဖြစ်ပါသည်။ ဘုရား သခင်၏ “ကျေးဇူးတော်” ကြောင့်သာလျှင် ထိုထာဝရအသက်ကို ကျွန်တော်တို ရရှိလာနိုင်သည် မဟုတ်ပါလား။ ။
GUIDANCE လမ်းပြပဲ့ပြင်မှု
၁၁၇။ ကျွန်တော် ငယ်ရွယ်စဉ်က မြင်းလှည်းစီးလျှင် မြင်း လှည်းကို ကိုယ်တိုင်မောင်း ကြည့်ချင်တတ်သည်။ ထိုအခါမျိုးတွင် မြင်းလှည်းသမားက အလိုလိုက်ကာ မြင်းကိုထိန်းသည့် ကြိုးများပေး ၍ ကိုင်ခိုင်းလေ့ရှိသည်။ လမ်းရှင်း၍ ဖြောင့်ဖြောင့်သွားစေရမည့် အချိန်တွင် ကျွန်တော့်ဖါသာ မောင်းနှင်စေတတ်ပါသည်။
တွေ့ရန်အချိန်ရောက်လျှင်လည်းကောင်း၊ မော်တော်ကားများ နှင့် ရင်ဆိုင်ရသည့်အခါတွင်လည်းကောင်း၊ လမ်းရှုပ်လာသည့်အခါ တွင်လည်းကောင်း၊ ကျွန်တော်၏ လက်ကို ထိုမြင်းလှည်းဆရာက ဆုပ်ကိုင်ပြီး သူ့ကိုယ်တိုင် မြင်းလှည်းကိုထိန်းကာ မောင်းနှင်ပေး တတ်ပါသည်။
ဝိညာဉ်ရေးရာ၌ ရင့်ကျက်သော ခရစ်ယာန်တစ်ဦးသည် မိမိ၏ ဘဝအသက်တာကို မိမိဖာသာ ရှေ့ရှုချုပ်ကိုင်၍ အသက်မရှင် တတ်ပါ။ ခက်ခဲ၍ အန္တရာယ်များသော အချိန်များတွင် မိမိ၏ ဘဝကို ဘုရားသခင်၏ လက်တော်သို အပ်ကာ ကိုယ်တော်၏ လမ်း ပြပဲ့ပြင်မှုကို အမြဲခံယူတတ်သူတစ်ဦး ဖြစ်ရပါ၏။
၁၁၈။ ဘုရားသခင်က သူ့ကို ယုံကြည်ကိုးစားသော လူအများ ၏ ဘဝအသက်တာကို အမြဲ လမ်းပြပဲ့ပြင် ပေးနေတတ်ပါသည်။ ဘုရားသခင်၏ ကယ်တင်လမ်းပြပဲ့ပြင်မှု ရှိ၊ မရှိကို သိလိုလျှင် မိမိ၏ အတိတ်ဘဝကို ပြန်၍ လှည့်ကြည့်ပါ။ ကိုယ်တော် ပြုတော် မူခဲ့သော ကျေးဇူးတော်တို့ကို “အံ့သြစွာ တွေ့ရပါလိမ့်မည်။
ကမ္ဘာကျော် တရားဟောဆရာ “အက်(ဖ်)ဒဗလျူ ရောဘတ် ဆင်” ဆိုသည့် ပုဂ္ဂိုလ်ကြီး တစ်ဦးရှိခဲ့သည်။ သူ ကွယ်လွန်သွားသော အခါမှ သူရေးသားထားခဲ့သော စာတစ်စောင်ကို လူအချို့က တွေ့ကြရခဲ့သည်။
ထိုဆရာကြီးသည် ကြည်းတပ်မတော် အရာရှိမျိုးရိုးမှ ဆင်း သက်လာသောကြောင့်လည်း ကြည်းတပ်သို့ သာ ဝင်လိုစိတ်ဖြစ်ခဲ့ သည်။ တစ်ချိန်တည်းမှာပင် ဓမ္မတက္ကသိုလ်သို့ ဗိုလ်လောင်းအဖြစ် တက်ရောက်ရန် လျှောက်လွှာတင်ခဲ့သည်။ ထို အပြင် ဓမ္မတက္က သိုလ်သို့ တက်ရောက်ရန်ကိုလည်း လျှောက်လွှာကို တင်ထားလိုက် ပြန်သေးသည်။
များမကြာမီ စစ်တက္ကသိုလ်ကလည်းကောင်း၊ ဓမ္မတက္ကသိုလ်က လည်းကောင်း၊ သူ့အား အစစ်ဆေးခံရန် လာရောက်ဖို့ ပြန်စာရ လာခဲ့သည်။ သူသည် အဘယ်အရာကို ရွေးချယ်ရ မည့်အကြောင်း ဝေခွဲရန် မရနိုင်ဘဲ ဖြစ်နေခဲ့သည်။
တစ်ညတွင် သူသည် ဒူးထောက်ဆုတောင်းပြီး ဘုရားသခင်၏ လမ်းပြပဲ့ပြင်မှုကို တောင်းခံသည်။
ဆုတောင်းပြီးသည့်အခါ သူ၏ခွေးလိမ္မာကြီးက တံခါးပေါက်မှ ပြေးထွက်၍ လမ်းမပေါ်ရှိ အမျိုးသမီးနှစ်ဦးအား ကျယ်လောင်စွာ ဟောင်သဖြင့် ထိုနှစ်ဦးမှာ အလွန်ကြောက်ရွံသွားပြီး အော်ဟစ်မိ ကြသည်။ မစ္စတာ ရောဘတ်ဆင် ကိုယ်တိုင်က အိမ်ရှေ့သို့ထွက်ပြီးတောင်းပန်သည်။ စကားပြောရာမှ တစ်ဆင့် ထိုအမျိုးသမီးနှစ်ဦးနှင့် မိတ်ဆွေ ဖြစ်သွားသည်။
ထိုအမျိုးသမီး နှစ်ဦးမှာ သားအမိဖြစ်သည်။ ထိုသားအမိက သူ့အား အိမ်သို အလည်ခေါ်သည်။ ထိုကြောင့် သူတို အိမ်ရှိ အိမ်ထောင်ဦးစီးယောက်ျားဖြစ်သူ ပုဂ္ဂိုလ်ကြီးနှင့် မိတ်ဆွေဖြစ်သွား သည်။ ထိုပုဂ္ဂိုလ်ကြီးမှတစ်ဆင့် ဓမ္မဆရာကြီးတစ်ဦးနှင့် မိတ်ဖွဲ ပေးခဲ့ပြန်သည်။
ထို ဓမ္မဆရာကြီးနှင့် ဆွေးနွေးစကား ပြောခဲ့ရသောကြောင့် ဓမ္မတက္ကသိုလ်သို တက်ရောက်ရန် နောက်ဆုံး၌ ဆုံးဖြတ်ခဲ့ပါတော့ ၏။ နှစ်ပေါင်းများစွာကြာသော်လည်း သူသည် ကမ္ဘာကျော် ဓမ္မ ဆရာကြီးတစ်ဦး ဖြစ်လာခဲ့တော့သည်။
အကယ်၍သာ ထိုညက သူ၏ ခွေးကြီးကသာ မဟောင်ခဲ့လျှင် ထို အမျိုးသမီးနှစ်ဦးနှင့် တွေ့ဆုံရမည် မဟုတ်။ ထိုသို မတွေ့ဆုံ လျှင် အိမ်ထောင်ဦးစီးဖြစ်သူ ထိုပုဂ္ဂိုလ်ကြီးနှင့် မိတ်ဆွေဖြစ်ရမည် မဟုတ်၊ ထိုပုဂ္ဂိုလ်ကြီးနှင့် မိတ်ဆွေမဖြစ်ခဲ့ရလျှင် ထိုဓမ္မဆရာကြီးနှင့် တွေ့ဆုံရမည် မဟုတ်၊ ထိုဓမ္မဆရာကြီးနှင့် မတွေ့ဆုံခဲ့ရလျှင် သူသည် ဓမ္မတက္ကသိုလ်သို ရောက်လိမ့်မည် မဟုတ်။ ထိုသို ဓမ္မ တက္ကသိုလ်သို မတက်ရောက်ခဲ့ပါလျှင် ယခုကဲ့သို ကမ္ဘာကျော် အမှုတော်ဆောင်ကြီး ဖြစ်လာလိမ့်မည် မဟုတ်။
သူ၏ ဘဝအသက်တာ တစ်လျောက်လုံးကို ဘုရားသခင်က လမ်းပြပဲ့ပြင်မှု မရှိခဲ့ဟူ၍ မည်သူက ဆိုရဲပါမည် နည်းဟူသော သူကိုယ်တိုင် လှိက်လှဲစွာ ခံစားချက်တစ်ရပ်ကို ရေးသားထားခဲ့သော စာကလေးတစ်စောင်ပင်တည်း။
HEAVEN ကောင်းကင်နိုင်ငံ
၁၁၉။ ဓမ္မဆရာတစ်ဦးက အသက် (၁၁) နှစ်အရွယ်ရှိ အ သားမဲ ကပ္ပလီ လူကလေးတစ်ဦးကို မေးသည်။
“ကောင်းကင်နိုင်ငံမှာ အသားမဲကပ္ပလီတွေများ ရှိမယ်ထင် သလား”
“ဟင့်အင်း … ကောင်းကင်နိုင်ငံမှာ အသားဖြူဖွေပဲ ရှိ နေမှာပဲ ထင်တယ်”ဟု ဖြေရာ ဓမ္မဆရာက အလွန် အံ့သြသွား တော့သည်။
“ဘယ်လိုကြောင့် မင်းက ဒီလိုပြောနိုင်ရတာလဲကွ၊ ဒီလိုဆိုရင် မင်းကကော ကောင်းကင်နိုင်ငံကို မရောက်တော့ဘူးလို ထင်သ လား”
“ဒီလိုပါ ဆရာ၊ ကောင်းကင်နိုင်ငံကို ကျွန်တော်ရောက်သွားမှာ သေချာပါတယ်၊ ဒါပေမယ့် ရောက်သွားတဲ့ ကပ္ပလီအသားမဲတွေကို ခရစ်တော်ရဲ့ အသွေးတော်နဲ့ ဆေးကြောလိုက်လို့ အားလုံးဟာ အသားဖြူနေကြမှာပေါ့”ဟု ဖြေလိုက်သော ဟူ၏။
၁၂၀။ သင်းအုပ်ဆရာတစ်ပါးသည် “ကောင်းကင်နိုင်ငံ” အ ကြောင်း တရားဒေသနာတစ်ပုဒ်ကို ဟောပြောခဲ့လေသည်။
နောက်တစ်နေ့တွင် သူ၏ အသင်းတော်မှ အလွန်ခေါင်းမာလှ သော သင်းထောက်ကြီးတစ်ဦးကို လမ်းပေါ်၌ တွေ့ရတော့သည်။ သင်းထောက်ကြီးက “ဆရာ၊ မနေ့က ဆရာဟာ ကောင်းကင်နိုင်ငံ ကြောင်း ဟောသွားတာ သိပ်ကောင်းတာပဲ ဆရာ၊ ဒါပေမယ့် တစ်ခု ပဲ ကျန်သွားပါတယ်။ ကောင်းကင်နိုင်ငံဟာ ဘယ်မှာရှိတယ်ဆိုတာ ဆရာပြောဖို မေ့နေခဲ့ပါတယ်”ဟု ဆို၏။
“ကဲ … ကောင်းကင်နိုင်ငံဟာ ဘယ်မှာရှိတယ်ဆိုတာ ဒီနေ့ မနက်ပြောဖို့ အခွင့်ရတာ ဆရာလည်း သိပ် ဝမ်းသာပါတယ်။ ဆရာလည်း ဟိုနားက ပြန်လာတယ်။ ဟိုတောင်ကုန်းလေးပေါ်က ပြန်လာခဲ့တာပေါ့။
အဲဒီ တောင်ကုန်းလေးပေါ်မှာရှိတဲ့ တဲစုတ်ကလေးထဲမှာလေ။ အင်မတန် ဆင်းရဲနွမ်းပါးလှတဲ့ ဒို့အသင်း သားတစ်ဦးရှိလေရဲ့။ သူဟာ မုဆိုးမတစ်ဦးပဲ။ အဲဒီ အမျိုးသမီးကြီးဟာ အဖျားတက်ပြီး အိပ်ရာထဲမှာ လဲနေတယ်။ ခင်ဗျားဟာ အခုမြိုထဲသွားပြီး ငွေ ၁၅ ကျပ်ဖိုးလောက် အဖျားကျဖို ဆေးတို့ ၊ လူမမာစားဖို့ အစာတို့ ဝယ်သွားပြီး ဟိုအိမ်ကို သွားပါ။ ဟိုရောက်တော့ သခင်ဘုရားရဲ့ မျက်နှာကို ထောက်ပြီး ဒီဟာတွေ ဝယ်လာပါတယ်လို့ ပြောပါ။ ပြီးတော့ သမ္မာကျမ်းစာကိုတောင်းပြီး ဆာလံ (၂၃) ကို ဖတ်ပြပါ။ ပြီးတော့ သူ့ရဲ့ ကုတင်ဘေး ဒူးထောက်ပြီး ဆုတောင်းပေးပါ။ အဲ ဒီအခါကျတော့မှ ကောင်းကင်နိုင်ငံကို ခင်ဗျား မတွေ့မြင်ရရင် အဲဒီ ၁၅ ကျပ်ကို ဆရာ ပြန်လျော်ပါမယ့်ဗျာ”ဟု ဆိုလေ၏။
နောက်တစ်နေ့ မနက်တွင် သင်းအုပ်ဆရာသည် ထိုသင်း ထောက်ကြီးကို ပြန်တွေ့သောအခါ သင်းထောက်ကြီးက “ဆရာရေ၊ မနေ့ကလေ၊ ကောင်းကင်နိုင်ငံကို ကျွန်တော်မြင်ခဲ့ရပါပြီဗျာ၊ အဲဒီ ကောင်းကင်နိုင်ငံမှာ ကျွန်တော်ဟာ တစ်နရာရီလောက်တောင် နေခဲ့ပါတယ် ဆရာရယ် …”ဟု ပြောလိုက်လေတော့၏။
၁၂၁။ ရှင်ယောဟန်သည် ကောင်းကင်နိုင်ငံအကြောင်းကို အလွန်ပင် ဖွဲနွဲ ရေးသားဖော် ပြထားခဲ့သည်။ အချို့က ကောင်းကင် နိုင်ငံသည် အလွန်ပင် လှပသည်ဟု ထင်ကြသည်။ သူတို အဘယ်ကဲ့သို သိကြပါသနည်း။
ကောင်းကင်နိုင်ငံ အကြောင်းကို ကလေးသူငယ်များထက် လူ ကြီးများက ပို၍ မသိနိုင်ကြပါ။
တနင်္ဂနွေတစ်ညတွင် မိသားစုတစ်စုသည် ဘုရားရှိခိုးကျောင်း မှ နေအိမ်သို လမ်းလျှောက် ပြန်လာကြသည်။ ထိုမိသားစုသည် ကြယ်ပွင့်ကလေးများ ဝင်းလက်နေသော ကောင်းကင်ကို မော် ကြည့်လာမိကြသည်။ ကမ္ပလာအနက်ကြီးတစ်ခုပေါ်တွင် စိန်ပွင့် ကလေးများ ကြဲဖြန့်ထားသကဲ့သို ထင်ကြရသည်။
(၁၀)နှစ်အရွယ် သားငယ်ကလေးက “မေမေရာ၊ ကောင်းကင် နိုင်ငံဟာ အောက်က နေကြည့်တာတောင် ဒီလောက်လှနေရင် အပေါ်ရောက်ရင် ဘယ်လောက်များ လှလိုက်မလဲနော်” ဟု ရိုး စင်းစွာ ပြောလိုက်သောဟူ၏။
HELL အပယ်ငရဲ
၁၂၂။ လူငယ်တစ်ဦးက သင်းအုပ်ဆရာ ထံရောက်လာပြီး “ဆရာအပါယ်ငရဲမှာအခု ဘဝရဲ့ ဒုစရိုက်အပြစ်တွေကြောင့် အပြစ် ဒဏ်ခံရမယ်ဆိုတာကို ကျွန်တော်နည်းနည်းမှ မယုံနိုင်ဘူး။ အဲဒီ ကိစ္စနဲ့ ပက်သက်ပြီး ဆရာနဲ့ ငြင်းချင်တယ်ဆရာ။ ဒီကိစ္စကို ဒီနေ့ ဆရာနဲ့ အပြတ်ရှင်းမှဖြစ်လိမ့်မယ်” ဟု ဆိုလေ၏။
သင်းအုပ်ဆရာက “ ဒီကိစ္စ မင်းနဲ့ ဆရာ ရှင်းဖို့ မလိုဘူးထင်ပါ တယ်ကွာ။ ရှင်မဿဲ အခန်းကြီး ၂၅ ငယ် ၄၆ ကို ဖတ်ကြည့်ပါ။ အဲဒါ ခရစ်တော်မိန့်ခဲ့တဲ့စကားပါ။ အဲဒီတော့ ဆရာအကြံကို ပေး ချင်တာက ခရစ်တော်ထံကို မင်းကိုယ်တိုင်ပဲ ဒီနေ့သွားပြီးသူနဲ့သာ အပြတ်ရှင်းပါတော့ကွာ” ဟု ပြုံး၍ဆိုလိုက်ပါတော့၏။
HERO အာဇာနည် သူရဲကောင်း
၁၂၃။ ကမ္ဘာကျော် ပန်းချီဆရာကြီး လီယိုနာဒိုဒါဗင်ချီသည် “နောက်ဆုံးသော ညစာ” ဟူသော ပန်းချီကားချပ်ကို ရေးဆွဲပြီး သူ၏ ပန်းချီပညာသင် တပည့်များကို ပြသခဲ့လေသည်။
တပည့်များထံမှ “ဟို” “ဟင်” “ဟူသော အာမေဋိတ်သံများ ထွက်ပေါ်လာသည်။
ပန်းချီဆရာကြီးက တပည့်များကို သေချာစွာလေ့လာကြည့်ရှု နေမိသည်။ တပည့်များက ပန်းချီကားချပ်ကို ဝေဖန်နေကြသည်။ သူတိုက နောက်ဆုံးသော ညစာစားရာ စားပွဲပေါ်ရှိစားပွဲခင်းကို အနားကွပ်ထားသည့်ဇာ၏ အလှကို ချီးကျူးနေကြခြင်းဖြစ်သည်။ စားပွဲခင်းကသာ ပန်းချီကားချပ်၏ အလှကို တန်ဆာဆင်ထားသည် ဟု ဆိုနေသဖြင့် ပန်းချီဆရာကြီးက စုတ်တံကို ချက်ချင်း ဆွဲယူပြီး အနားကွပ်ဇာကို ဖျက်ပစ်လိုက်တော့၏။
“ ဒီနောက်ဆုံးသော ညစာ” ရဲ့ အရေးကြီးဆုံး ပုဂ္ဂိုလ်ဟာ ခရစ်တော်ပဲ တပည့်တို့ ရာ၊ ခရစ်တော်ပဲကွ။ ပန်းချီကားချပ်ကြီး တစ်ခုလုံးရဲ့ အဓိက ပုဂ္ဂိုလ်ဖြစ်တဲ့ ခရစ်တော်၊ ထာဝရအသက်ကို သွေးတော်နဲ့ ပဋိညာဉ်ပြုခဲ့တဲ့ အာဇာနည် သူရဲကောင်းကြီးကို အာရုံမစိုက်စေတဲ့ အနားကွပ်ဇာကို ငါဖျက်ပစ်လိုက်ပါပြီကွာ” ဝမ်းနည်းစွာ ဆိုလိုက်တော့၏။
၁၂၄။ ဘုရားသခင်သည် လောကကို ဖန်ဆင်းနေစဉ် အသက် မျိုးစေ့များ တစ်ခုပြီးတစ်ခုတို့ သည် ဘုရားသခင်ထံတော်မှောက် သို့ ရောက်လာသည်။
ကိုယ်တော်က “ကဲ မင်းတို ဘယ်လိုသတ္တဝါမျိုး ဖြစ်ချင်ကြတယ်ဆိုတာ ငါ့ကိုပြောကြ။ မင်းတို ဖြစ်ချင်ကြတဲ့ အတိုင်း ငါ ဖန်ဆင်းပေးမယ်”ဟု ဆိုလေ၏။ အသက်မျိုးစေ့တစ်ခုက “ကျွန်တော်မျိုးဟာ ဆူးတောင်ကို လိုချင်ပါတယ်။ အဲဒီ ဆူးတောင်တွေနဲ့ ရေထဲမှာ ကူးချင်ပါတယ်”ဟု ဆိုသဖြင့် ငါးအဖြစ် ဖန်ဆင်းပေးခဲ့ သည်။ ဒုတိယ အသက်မျိုးစေ့က “ကျွန်တော်မျိုးကို အတောင်ပံတွေ ပေးပါ ကိုယ်တော်။ အဲဒီတော့မှ လေထဲမှာ ပျံ့ဝဲနေနိုင်မှာပါ၊ ရေ ထက် လေဟာ ပိုပြီးများနေတော့ လေထဲမှာပဲ နေချင်ပါတယ်”ဟု ပန်ကြားသဖြင့် သူ့အား ငှက်ဖြစ်စေခဲ့သည်ဟု ဆို၏။
တတိယ အသက်မျိုးစေ့ကမူ ငြိမ်လျက်နေသည်။ “ဟေ့ ငြိမ်လှချည့်လားကွ၊ ပြောလေ။ မင်းကကော ဘာလိုချင် သလဲ” ဟုဆိုရာ “ကိုယ်တော်ဟာ ကျွန်တော်မျိုးရဲ့ မျက်စိမှာ အာ ဇာနည် သူရဲကောင်းကြီးပါ။ ကိုယ်တော်နဲ့ တူချင်ပါတယ်။ ကိုယ်တော့်ရဲ့ သဏ္ဌာန်တော်မျိုးနဲ့ ဖန်ဆင်းပေးပါ”ဟု တောင်းပန်ရာ သူ့ကို “လူ” အဖြစ် ဖန်ဆင်းပေးခဲ့သည်ဟု ဆို၏။
လူတိုင်းသည် ခရစ်တော်ကို အာဇာနည် သူရဲကောင်းအဖြစ် မြင်ပြီး ခရစ်တော်နည်းတူ အသက်ရှင်မည်ဆိုပါက ခရစ်တော်က ပေးနေသော ကြွယ်ဝသည့် အသက်တာကို ခံစားရပါလိမ့်မည်။
၁၂၅။ ခရစ်ယာန် သူတော်စင်တစ်ဦးဖြစ်သူ “တိုယိုတီကိုက ဂါဝါသည် ခရစ်ယာန်အဖြစ် ပြောင်းလဲပြီးခဲ့သည့် အချိန်ကစပြီး လူ့အကျိုးပြု လုပ်ငန်းများကိုသာ အသက်စွန့်ကြိုးပမ်း ဆောင်ရွက် ခဲ့သည်။
၁၉၁၂ ခုနှစ်တွင် ဂျပန်ပြည်ရှိ ဆိပ်ကမ်းအလုပ်သမား လူတန်း စားများအတွက် အမှုတော်ကို ဆောင်ခဲ့သည်။ ဆိပ်ကမ်း လုပ်သားပေါင်း ၃၅,၀၀၀ တို့ သည် သပိတ်မှောက်တော့မည် အပြုတွင် “ကဂါဝ” က အကြီးအကျယ် တောင်းပန်ခဲ့သည်။
ရဲများကလည်း တစ်ဘက်တွင် စောင့်ကြပ်ကာ အကြမ်းဖက် တားဆီးရန် အသင့်စောင့်နေသည်။ သွေးထွက်သံယို အဓိက ဂိုဏ်း ကြီးဖြစ်တော့မည်ကိုသိ၍ လုပ်သားများကို တောင်းပန်သော်လည်းမရ။
လုပ်သားထုကြီးက ချီတက်လာသည်။ ရဲများက သေနတ်များ ကို အသင့်ပြင်ကြသည်။ တကယ်ပင် သွေးထွက် သံယိုဖြစ်တော့မည် ကို ကဂါဝါကမြင်၍ လုပ်သားထုကြီးရှေ့သို့ ပြေးလာသည်။ တံတား တစ်ခုရှေ့သို ရောက်လျှင် ထိုတံတားထိပ်တွင် ရပ်လိုက်သည်။
လုပ်သားထုကြီး၏ ဘက်သို ရပ်၍ ကြည့်နေပြီးလျှင် ခဏ အကြာတွင် ထိုတံတားထိပ်တွင်ပင် ဒူးထောက်၍ ဆုတောင်းနေ လေတော့သည်။ မျက်လုံးကိုစုံမှိတ်ပြီး ဒူးထောက်ဆုတောင်းနေသော “ကဂါဝါ” ကိုသာ လုပ်သားထုကြီးက ရပ်၍ကြည့်နေသည်။ အသံဗလံများ ငြိမ်သက် တိတ်ဆိတ်သွားသည်။ လုပ်သားထုကြီး သည် အလွန်ကြာအောင် တန့်နေသည်။ အတော်ကြာသွားသော အခါ လုပ်သားထုကြီးသည် စကားတစ်ခွန်းမျှ မပြောဘဲ၊ တိတ်ဆိတ် ငြိမ်သက်စွာ တစ်ဦးချင်း တစ်ယောက်ချင်း နောက်ပြန်လှည့်၍ ထွက်သွားကြတော့၏။
ထိုသူတော်စင်ကြီး အမြဲတန်းမျှော်ကြည့်နေခဲ့သော အာဇာနည် သူရဲကောင်းကြီးမှာ ခရစ်တော်ပင်ဖြစ်သည်ဟု သူကိုယ်တိုင်ဝန်ခံခဲ့ ပြီး၊ သူ့အနေဖြင့် အမြဲတစေ တောင်းလျောက်လေ့ရှိသော ဆု တောင်းတစ်ခုမှာကား “အို ဘုရားသခင်၊ ကျွန်တော်မျိုးအား ခရစ်တော်ကဲ့သို သာ ဖြစ်စေပါ” ဟူသတည်း။
HOME (ခရစ်ယာန်) အိမ်ထောင်
၁၂၆။ ခရစ်ယာန် အိမ်ထောင်ကို ခရစ်တော်၏ ညွှန်ကြားချက် အတိုင်း ပြုစုပျိုးထောင်ရန် အလွန် အရေးကြီးလှသည်။
တစ်ခါက အိမ်ထောင်တစ်ခု၌ ကလေးငယ်တစ်ဦး ရှိသည်။ သူသည် အသက်တစ်လမျှ ရှိစဉ်ကတည်းက မိဘများအား သူ့အား ကလေးထိန်း နာနီနှင့် ပစ်ထားကြသည်။ အသက် (၂)နှစ်အရွယ် ရောက်လာသောအခါ သူ့အား ကောင်းဘွိင် အဝတ်အစားများ ဝတ်ဆင်ပေးပြီး ခြောက်လုံးပူးတစ်လက်ကိုပါ ဝယ်ပေးခဲ့သည်။ “ဒိုင်းညှောင့် … ဒိုင်း ညောင် …”ဟူ၍ သေနတ်ပစ် ကစား သောအခါ မိဘများက သူ့အား လက်ခုပ်တီး သြဘာပေးကြသည်။ အသက် (၈) နှစ်အရွယ်ရောက်သောအခါ၊ လေသေနတ် ဝယ်ပေး ပြီး စာကလေးများကို ပစ်သတ်ရန် သင်ပေးသည်။ သူတစ်ပါးတို၏ အိမ်ရှိမှန်များ ကွဲသွားသောအခါတွင်လည်း သူ့ကို အကာအကွယ် ပေး၍ အိမ်နီးချင်းတို နှင့် ရန်ဖြစ်ပေးလေ့ ရှိသည်။
အသက် (၁၃)နှစ်အရွယ်ရောက်သောအခါ၊ ကျောင်းပြေးတတ် သည်ကို သိသော်လည်း အနည်းငယ် ဆူပူလိုက် ရုံမှလွဲ၍ အေးဆေး စွာ လွှတ်ထားကြသည်။
အသက် (၁၅) နှစ်အရွယ် ရောက်လာသောအခါ ဂီတာ ဝယ် ပေးထားသည်။ ဆံပင်ရှည်ထား သည်ကို တွေ့သော်လည်း “ ဒါမှ ခေတ်မှီသည်” ဟုဆို၏။ ဆေးလိပ်သောက်တတ်သည်ကို မြင်သော် လည်း “ ဒါဟာ လူငယ်တိုင်း လုပ်နေတတ်ကြတာပဲလေ” ဟူ၍ ပြောပြီး မိမိကိုယ်ကို နှစ်သိမ့်ခဲ့ကြသည်။
(၁၇) နှစ်အရွယ် ရောက်လာသောအခါ ဂျိမ်း(စ်)ဘွန်း ရုပ်ရှင် ကားများ ကြည့်စေပြီး ဂျိမ်း(စ်)ဘွန်းကဲ့သို အရက်သောက်တတ်လာ သည်ကို တွေ့ရသောအခါမှ အနည်းငယ် အံ့သြလာမိကြသည်။
များမကြာမီ ရဲကားတစ်စီးသည် သူတို၏ အိမ်ရှေ့သို ရောက် လာသည်။
သူတို၏ သားသည် သူ၏ လမ်းသရဲအုပ်စုနှင့် အခြားလမ်း သရဲအုပ်စုတို့ ရန်ဖြစ်ကြရာတွင် ဝင်ပြီး လူငယ်တစ်ဦးကို ဓါးဖြင့် ထိုးသတ်ခဲ့ကြောင်း သူ့အား လူသတ်မှုနှင့် အရေးယူထားပြီး ချုပ် ထားကြောင်းကို ပြောသောအခါ “ငါ့သားဟာ ဒီလို မဟုတ်ပါဘူး ကွာ၊ မဖြစ်နိုင်ပါဘူးကွာ” ဟု ခါးခါးသီးသီး ငြင်းဆိုကြသော ဟူ၏။
မိမိတို့၏ အိမ်ထောင်ရှိ သားသမီးများကို ခရစ်ယာန် အိမ် ထောင်တစ်ခုတွင် ရှိသင့်သည့် စည်းကမ်းထုံးတမ်း အစဉ်အလာ အတိုင်း ပြုစုပျိုးထောင်နေကြပါရဲ့လား။
၁၂၇။ တစ်ခါက အင်ဒရူးကာနယ်ဂျီဆိုသော ပုဂ္ဂိုလ်ကြီးသည် မိမိ၏ အိမ်ရှေ့ခန်းရှိ မီးလင်းဖိုအုတ်နံရံ၌ “ခရစ်တော်သည် ဤ အိမ်ထောင်၏ ဦးခေါင်းဖြစ်တော်မူ၏” ဟူသော ကမ္ပည်းထိုးထွင်း ပေးစေရန် ပန်းရံသမားများကို ခေါ်ခဲ့သည်။
ပန်းရံသမားများက မီးလင်းဖိုအား ကြည့်ရှု စစ်ဆေးပြီး ထို ကမ္ပည်းကို ထွင်းရမည်ဆိုလျှင် မီးလင်းဖိုကို ချဲ့ရမည်ဟုဆို၏။ အင် ဒရူးကာနယ်ဂျီက “ချဲ့ပါ”ဟု အခွင့်ပေးသည်။ မီးလင်းဖိုအား ချဲ့လျှင် အိမ်ရှေ့ခန်းကိုပါ ချဲ့ရမည်ဟု ဆိုပြန်ရာ “ချဲ့ပါ”ဟု ဆိုပြန်၏။ အိမ်ရှေ့ခန်းကို ချဲ့ရလျှင် “အခြား အခန်းတွေ ပြုပြင်ဖို ပြောမနေ နဲ့၊ တစ်အိမ်လုံး ဖြိုပြီး အသစ်ပြန်ဆောက်ဖိုလိုရင် ပြန်သာဆောက်ပါ။ အဲဒီ ကမ္ဗည်းကိုတော့ ဒီအိမ်မှာ ထွင်းဖြစ်အောင် ထွင်းရမှာဘဲ” ဟု ဆိုလိုက်လေ၏။
ခရစ်တော်အား ကျွန်တော်တို့၏ အိမ်ထောင်၏ ဦးခေါင်းဖြစ် စေလိုလျှင် ချဲ့ထွင် ပြုပြင်စရာ အများအပြား လိုလာပါလိမ့်မည်။ ထိုတွင်သာမက၊ အကယ်၍ တစ်အိမ်ထောင်လုံးကို ဖြိုဖျက်ပြီး အသစ်ပြုပြင် ပြန်လည် တည်ဆောက်ရန် လိုအပ်ပါကလည်း ထိုသို ပင် ပြုရပေလိမ့်မည်။
ခရစ်တော်သည် ခရစ်ယာန်အိမ်ထောင်တိုင်း၏ ဦးခေါင်းဖြစ်ရ ပါလိမ့်မည်။
၁၂၈။ အိမ်ထောင် ဆိုသည်မှာ ပြင်ပလောကတွင် စားဝတ်နေ ရေးအတွက် ပင်ပန်းကြီးစွာ အလုပ်လုပ်ကိုင်ရာမှ ပြန်လာပြီး အ နားယူရာ နေရာလည်း ဖြစ်သည်။
မိမိ၏ နေအိမ်၌ပင်လျှင် လွတ်လပ်သည်။ အင်္ကျီလက်ပြတ်ဖြင့် နေ၍ ရသည်။ စွတ်ကျယ်စုတ်ဖြင့်ပင် နေ၍ရသည်။ ခြေပစ်လက် ပစ်ကြမ်းပေါ်တွင် အိပ်၍ အနားယူ၍လည်းရသည်။ ဆာလျှင် သန်ကောင်ကျော် အချိန်ကြီး ဖြစ်ပါလေစေ ဟင်းအိုးထဲမှ ခူးခပ် နှိက်စား၍ လည်းရသည်။ ရေချိုးရင်း သီချင်းတကျော်ကျော် အော် ဆိုနေ၍ ရသည်။ နေအိမ်သည်လူတစ်ဦးအဖို “အလွတ်လပ်ဆုံး သောနေရာ” ဖြစ်သည်။ ပင့်သက်ကြီး မှုတ်ထုတ်ပြီး ပက်လက် ကုလားထိုင်ပေါ်၌ ပစ်ထိုင်ကာ၊ အမောပြေ နားနေနိုင်သော နေ ရာဖြစ်၏။ ၊
သို့သော် ထိုလွတ်လပ်မှုသည် “တာဝန်ကင်းမဲ့သော လွတ်လပ် မှု မျိုး မဟုတ်ပါ။
အိမ်ထောင်သားတစ်ဦးစီ၌ တာဝန်ရှိကြသည်။ “တာဝန်ရှိ သော လွတ်လပ်မှု” ဟူ၍လည်း တစ်မျိုး ခေါ်ဆိုနိုင်သည်။
အိမ်ရှေ့နှင့် ခြံဝင်းထဲရှိ အမှိက်သရိုက်၊ သစ်ရွက်ခြောက်များ လှည်းကျင်းပစ်စရာ တာဝန်ရှိသည်။ မိုးယိုနေသည်ကို တက်ရောက် ဖာထေးရန်လိုသည်။ ကြမ်းပြင်ကို လှည်းကျင်းအရောင်တင်၊ ကြမ်း တိုက်ပေးရဦးမည်၊ ညစ်ပတ်ပေရေနေသော ပန်းကန်ခွက်ယောက် များကို ဆေးကြောရပေဦးမည်။
ထိုတာဝန်များကို အသီးသီး ထမ်းဆောင်ကြပါမှ ပျော်စရာ ကောင်းသော အိမ်ထောင် ဖြစ်လာလိမ့်မည်။ အိမ်ထောင်ကို ခရစ် ယာန်ပီသစွာ ပြုစုပျိုးထောင်လာပါမှ ကလေးသူငယ်များကို ကောင်းမွန်သော အကျင့်ဓလေ့များကို သွန်သင်ပေးလာနိုင်သည်။ ကလေးများသည် မှန်ကန်သောနည်းလမ်းဖြင့် ကြီးပြင်းလာပေ လိမ့်မည်။
နိုင်ငံ့သားကောင်းရတနာများအဖြစ် မွေးထုတ်ပေးနိုင်မည့် နေရာမှ အိမ်ထောင်များပင် ဖြစ်သည်။ မိမိတို့၏ အိမ်ထောင်ကို ခရစ်ယာန်ပီသစွာ ပြုစုပျိုးထောင်ပေးပါမှ အသင်းတော်တိုင်းပြည် နှင့် လူမျိုးအတွက် အကျိုးကို သည်ပိုးဆောင်ရွက်နိုင်မည့် ရလဒ်ကို ခံစားလာရပေလိမ့်မည်။
၁၂၉။ အိမ်ထောင်တိုင်းကို သင်ရောက်၍ ကိန်းအောင်းရန် ခရစ်တော်သည် အစဉ် တံခါးခေါက်လျက် ရှိသည်။ တံခါးကို ဖွင့် ပေးလျှင် ကိုယ်တော်သည် ထိုအိမ်ထောင်အတွင်းသို ဝင်ရောက် လာပြီး ကောင်းချီးပေးပါလိမ့်မည်။
အချို့သော အိမ်ထောင်များက ခရစ်တော်ကို ဝင်ခွင့် မပေးဘဲထားနေကြသည်။
တစ်ခါက အိမ်ထောင်တစ်ခု၏ ဇနီးမောင်နှံနှစ်ဦး ကတောက် ကဆဖြစ်၍ အိမ်ထောင်ပြိုကွဲမတတ် ဖြစ်နေသည်ကို ကြားရသဖြင့် သင်းအုပ်ဆရာသည် ထိုအိမ်ထောင်ကို လိုအပ်သမျှ အကူအညီပေး ရန် သွားရောက်၍ တံခါးခေါက်သည်။
အိမ်တွင်း၌ လူရှိနေသော်လည်း မည်သူကမှ တံခါး ဖွင့်မပေး။ ၊ အိမ်ထဲမှ လူတစ်ဦးက အိမ်ရှေ့ခန်းသို ထွက်လာသံကြားရသော်လည်း တံခါးကို ဖွင့်မပေးခဲ့။ အတန်ကြာအောင် သင်းအုပ်ဆရာက တံခါးကို ခေါက်နေသော်လည်း တံခါးဖွင့်မပေးသောကြောင့် ( နောက်ဆုံး၌ ပြန်သွားရလေတော့သည်။
လပေါင်းများစွာကြာသော် ထိုအိမ်ရှင်က “ကျွန်တော်တို အိမ်ထောင်ဒုက္ခရောက်နေတုန်းက ဆရာ့ကို မျှော်နေခဲ့ကြတယ်။ ဆရာ လာပြီး အကူအညီပေးရင်း အားလုံး အဆင်ပြေသွားမှာပဲလေ” ဟု ဆိုလေ၏။ ဆရာက “ဆရာ လာသားပဲ။ တံခါးခေါက်လိုက်တာမှ အကြာကြီးပဲ။ ခင်ဗျားတို ကမှ တံခါးမဖွင့်ပေးပဲကိုး”ဟု ဖြေလိုက်သောအခါ၊ ထိုသူက အံ့အားသင့်စွာကြည့်ပြီး “အဲဒီတုန်းက လာတဲ့ လူဟာ ဆရာလား၊ ကျွန်တော်က အိမ်ရှင်လာပြီး အိမ်လခ တောင်း တယ်မှတ်လို့ တံခါးမဖွင့်ပေးဘဲ နေခဲ့တာပါ ဆရာရယ်”ဟု ဝမ်း နည်းစွာ ပြောလိုက်တော့၏။
တံခါးခေါက်နေသော ခရစ်တော်ကို ဝင်ခွင့်ပေးခြင်းအားဖြင့် ကောင်းချီးမင်္ဂလာ ခံစားရပြီး အားလုံး အဆင်ပြေသွားရသော အိမ်ထောင်ပေါင်း များလှပါပြီ။
၁၃၀။ ဗိုလ်ချုပ်ကြီး ဒေါက်ကလပ်(စ်)မက်အာသာ၏ “ဆုတောင်း” တစ်ခုသည် ကျွန်တော်၏ စိတ်ထဲ၌ အစွဲမြဲဆုံးပင် ဖြစ်ပါ သည်။ ထိုဆုတောင်းကို မက်အာသာသည် သူ၏ လက်ရေးဖြင့် ကိုယ်တိုင်ရေးသားထားခဲ့ပါသည်။ ၄င်းကို ဖတ်ရှုမီကတည်းက ကျွန်တော်၏ စိတ်ထဲ၌ လှုပ်ရှားသွားပြီး ထိုဆုတောင်း၏ စကားလုံးများ သည် စိတ်ထဲ၌ အမြဲ စွဲမြဲနေခဲ့ပါသည်။ သူ၏ ဆုတောင်းကလေး မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
“ကျွန်တော်ရဲ့ အလုပ်အကိုင်ကို ပြောရရင် ကျွန်တော်ဟာ စစ်သားတစ်ဦးပါပဲ။ ဒီလို နိုင်ငံတော်ရဲ့ စစ်သည်တော်ဖြစ်ရတာကို လည်း ဂုဏ်ယူမိလို မဆုံးပါဘူး။ ဒါပေမယ့် အဲဒီထက် ဂုဏ်ယူစရာ ဝါကြွားစရာတစ်ခု ရှိပါသေးတယ်။
ကျွန်တော်ဟာ တခြားဟာတွေထက် ဂုဏ်ယူမိလို မဆုံးနိုင်တဲ့ အချက်ဟာ ဘာလဲဆိုရင် ကျွန်တော်ဟာ အိမ်ထောင်တစ်ခုရဲ့ ဖခင် တစ်ဦးဖြစ်နေတဲ့ အချက်ပါပဲ။
စစ်သားဆိုတာဟာ တည်ဆောက်ပေးဖို ဖျက်ဆီးပစ်ရတယ်။ ဖခင်ဆိုတာဟာ ဘယ်တော့မှ မဖျက်ဆီးဘူး။ အမြဲ တည်ဆောက် ပေးနေသူတစ်ဦး ဖြစ်ပါတယ်။ ဖခင်ဆိုတာဟာ ဘဝအသက်တာ လေး တစ်ခုကို တည်ဆောက်ပေးနေသူ တစ်ဦးပါပဲ။
စစ်သားဆိုတာဟာ သေခြင်းကို အမြဲဖြစ်ပွားနေစေသူ ဖြစ် ပေမယ့် ဖခင်ဖြစ်သူဟာ ဖန်တီးပေးနေသူ၊ အသက်ရှင်မှုကို ပျိုး ထောင်ပြုစုပေးနေသူ ဖြစ်ပါတယ်။
ဖျက်ဆီးပစ်တတ်တဲ့ လူစုဟာ များလှပေမယ့် အသက်ရှင်မှုကို ပေးနိုင်တဲ့ လူစုရဲ့ တန်ခိုးအာနိသင်ဟာ သူတို ထက်ပိုပြီး ထက် မြက်ပါတယ်။ စွမ်းအားရှိပါတယ်။
ကျွန်တော်ဟာ ဒီလောကကြီးက သေဆုံးသွားပြီး ကွယ်ပျောက် သွားရင် ကျွန်တော့်ရဲ့ သားဟာ ကျွန်တော့်ကို အမြဲ သတိရနေစေ ချင်တယ်။
ကျွန်တော်ရဲ့ စစ်ဗိုလ်ချုပ်ကြီးဘဝ၊ စစ်ပွဲများကို ကျွန်တော် အောင်မြင်ခဲ့ပုံတွေကို သတိရနေခြင်းမျိုး မဟုတ်။ ကျွန်တော်တို ရဲ့ အိမ်ထောင်မှာ သူနဲ့အတူ ကျွန်တော်တို နှစ်ဦး ဒူးထောက်ပြီး “ကောင်းကင်ဘုံ၌ ရှိတော်မူသော ကျွန်ုပ်တို၏ အဖ …”ဆိုတဲ့ – ပဌနာတော်ကို ဆိုလေ့ရှိပုံကိုသာ ကျွန်တော့်ရဲ့ သားဟာ အမြဲသတိရနေရင် တော်ပါပြီ။ အဲဒီလိုဖြစ်ဖိုလည်း မျှော်လင့်နေပါ တယ်”ဟူ၍ ဖြစ်ပါ၏။
ခရစ်ယာန် အိမ်ထောင်ဆိုသည်မှာ ထိုသိုသော အိမ်ထောင်မျိုး ပေတည်း။
HONESTY ရိုးသားဖြောင့်မတ်ခြင်း
၁၃၁။ တရုတ်ပြည်၏ အုတ်တန်တိုင်းကြီးမှာ ဗိသုကာလက်ရာ အတွက်သော်လည်းကောင်း၊ သမိုင်းအရသော် လည်းကောင်း၊ သူ တို၏ နိုင်ငံကို ကာကွယ်ရေးအတွက်သော်လည်းကောင်း၊ အလွန် ပင် နာမည်ကြီးခဲ့သော အုတ်တန်တိုင်းကြီးတစ်ခု ဖြစ်ခဲ့သည်။
ထိုအုတ်တန်တိုင်းကြီးသည် မိုင်ပေါင်း ၁၅၀၀ ရှည်လျားပြီး အောက်ခြေအုတ်မြစ်၌ ၂၅ ပေ ထု ရှိခဲ့သည်။ တောင်ကုန်းများ၊ ချိုင့်ဝှမ်းများကို ဖြတ်သန်းပြီး သူတို၏ နိုင်ငံကို ဝိုင်းရံထား၍ ရန်သူများ မဝင်ရောက်နိုင်ရန် ကာကွယ်ပေးထားသည်။ မည်သည့် ရန်သူကမှ အုတ်တန်ကြီးကို ကျော်ဖြတ်၍ မဝင်နိုင်ဟူ၍လည်း ၊ အလွန် ယုံကြည်စိတ်ချ နေခဲ့ကြသည်။ သိုသော် ထိုအုတ်တန်တိုင်းကို တည်ဆောက်ခဲ့သူများက တစ်စုံတစ်ခုကို သတိမေ့နေသည်။ ထိုတစ်စုံတစ်ခုမှာ “လူ” ပင် ဖြစ်ပါသည်။ “ အုတ်တန်တိုင်းကြီးသည် မည်မျှကြီးမားနေစေကာမူ၊ လူတို့၌ ရိုးသားဖြောင့်မတ်မှု မရှိလျှင် အပြင်မှ ရန်သူများကို ကာကွယ်နိုင် စွမ်းရှိမည် မဟုတ်ကြောင်းကို သတိမေ့နေကြသည်။
ထိုအုတ်တိုင်းကြီးသည် တည်ဆောက်ပြီးသည့် နှစ်အနည်းငယ် အတွင်းတွင် ရန်သူများက အတွင်းသို့ ငါးကြိမ်တိုင်တိုင် ဝင်ရောက် တိုက်ခိုက်လာနိုင်ခဲ့ကြသည်။ ထိုအုတ်တန်တိုင်းကို ဖြိုဖျက်၍ ဝင် ရောက်လာနိုင်ကြခြင်း မဟုတ်ပါ။ ထိုအုတ်တန်တိုင်းကို စောင့်ကြပ် နေကြသော လူများကို လပ်ထိုးပြီး ဝင်ရောက်လာခဲ့ခြင်းသာ ဖြစ်၏။ ထိုကြောင့် ဥစ္စာပစ္စည်းများ ကုန်ဆုံးလျှင် ဘာမျှ မဆုံးရှုး ကျန်းမာ ရေးကို ဆုံးရှုးလျှင် အနည်းငယ်မျှ ဆုံးရှုးသည်။ သိုသော် လူတစ်ဦး ၏ အကျင့်သီလ သိုမဟုတ် “ရိုးသားဖြေင့်မတ်မှု’ ဆုံးရှုးလျှင်ကား အားလုံး ဆုံးရှုးသွားပြီဟု ဆိုစမှတ် ပြုလာကြရပါတော့၏။
၁၃၂။ မြို့ကြီးတစ်မြို့၏ မျှော်စင်နာရီကြီး တစ်ခုမှာ (၂) နာရီ (၁၆) မိနစ်တွင် ရပ်လျက်ရှိသည်။
ချွတ်ယွင်းမှုကို မပြင်ဆင်ကြ၍လည်း နေ့ရက်ပေါင်းများစွာ ထိုကဲ့သိုပင် ရပ်လျက်ရှိ၏။ မြိုတွင်းရှိ လူအများကဖြင့် ထို မျှော် စင်နာရီကြီးသည် ရပ်လျက်ရှိကြောင်း သိကြသဖြင့် ဘာမျှ အကြောင်းမထူးသော်လည်း ထိုမြိုသို လာရောက်လည်ပတ်ကြသော လူစိမ်းဧည့်သည်များအဖို့ မကြာခဏ ဒုက္ခရောက်ကြရလေ သည်။
သူတို့ သည် ထိုနာရီက ညွှန်ပြနေသာ အချိန်သည် မှန်သည်ဟုထင်ပြီး မီးရထားအချိန်မှီရန် ပြေးလွှားသွား ကြလေ့ရှိသည်။ သို့သော် ထိုမျှော်စင်နာရီကြီးသည် မှားယွင်းနေကြောင်း ဘူတာ ရောက်မှ သိကြရ၍၊ ငိုအားထက် ရယ်အားသန်ခဲ့ကြရသည်။
ဤကိစ္စ၌ သင်ခန်းစာတစ်ရပ် ရှိပါသည်။
မိမိတို့၏ ဩတ္တပ္ပစိတ်၊ မိမိတိုအား သွန်သင်လမ်းပြနေသော အကျင့်သီလရေးရာ၊ မိမိတို နေထိုင်ပြုမူပုံတို သည် ရပ်နေခြင်း ရှိ၊ မရှိ (ဝါ) မှားယွင်းနေခြင်း ရှိ၊ မရှိကို မကြာခဏ ပြန်လည် စစ်ဆေးသင့်သည်။
အကယ်၍ ဖါရိရှဲများကသာ သူတို့၏ ပညတ်၊ ထုံးတမ်း၊ အကျင့်သီလတိုကို မကြာခဏရပ်၍ စစ်ဆေးဆင်ခြင်ကြည့်ပါက သမိုင်းသည် တစ်မျိုးတစ်ဖုံ ဖြစ်သွားပါလိမ့်မည်။
၁၃၃။ နှစ်ပေါင်းများစွာက တရုတ်ပြည့်ရှင် ဘုရင်အတွက် သီးသန့်ဖျော်ဖြေ တီးမှုတ်ရသော တီးဝိုင်းကြီး တစ်ခု ရှိသည်။
လူတစ်ဦးသည် ထိုတီးဝိုင်းထဲ၌ မြွေကို မှုတ်ရသည်။ အမှန်ဆိုရ လျှင် သူသည် မြွေကို လုံးဝပင် မမှုတ်တတ်၊ သိုသော် ထိုနေရာကို ရရန် လပ်ထိုးခဲ့ရသည်။
တီးဝိုင်းကြီး တီးမှုတ်တိုင်း သူသည် မိမိနေရာတွင် ထိုင်ကာ ပြွေမှုတ်သယောင်နေလေ့ရှိသည်။ သိုသော် ထိုပြွေကို လေဖြင့် တစ်ချက်မျှမမှုတ်၊ ဟန်ဆောင်၍ ညာနေခဲ့ခြင်း ဖြစ်သည်။ ထိုသို သော အလုပ်ကြောင့် အခကြေးငွေရပြီး၊ ကျေနပ်နေခဲ့သည်။
တစ်နေ့တွင် ဘုရင်ကြီးက ထိုတီးဝိုင်းကြီးကို အလွန်သဘော ကျပြီး တီးဝိုင်းရှိလူတိုင်းက မိမိတို ပါဝင်တီးမှုတ်ရသော တူရိယာ ကို တစ်ဦးချင်း တီးမှုတ်ပြရမည်ဟု အမိန့်တော် မှတ်လေတော့သည်။
ထိုပြွေမှုတ်သမားသည် အလွန်ပင် တုန်လှုပ်ချောက်ချားသွား တော့သည်။ ထိုကြောင့် နည်းပြဆရာတစ်ဦးထံ ပြေး၍ ပြွေမှုတ်နည်း သင် တော့သည်။ သူ့အနေဖြင့် ပါရမီလုံးဝမရှိခဲ့၍လည်း ပြွေမှုတ်ခြင်း အတတ်ကို လုံးဝ မတတ်မြောက်ဘဲ ဖြစ်နေခဲ့ရသည်။ ဘုရင်ကြီး ရှေ့တွင် တီးမှုတ်ပြရမည့်နေ့ရက် နီးကပ်လာလေလေ သူသည် ပိုမို ချောက်ချားလာခဲ့ရသည်။
ထိုကြောင့် သူသည် မကျန်းမမာလေသယောင် ဟန်ဆောင် ပြန်တော့သည်။ ဘုရင့်နန်းတော်မှ သမားတော်ကြီး စေလွှတ်၍ ဘုရင်ကြီးက ဆေးကုခိုင်းတော့သည်။ ဆေးဝါး ကုသခြင်းခံရပြီး သည့်အတွက် သူတစ်ဦးတည်း တီးမှုတ်ပြရမည့် နေ့ရက်ရောက်လာသောအခါ၊ ထိုမြွေဆရာမှာ အဆိပ်သောက်၍ မိမိကိုယ်ကို သတ် သေသွားခဲ့ပါတော့၏။
ထိုဖြစ်ရပ်ကြောင့် တရုတ်စကားလုံးပုံတစ်ခု ပေါ်ပေါက်လာခဲ့ သည်။
အင်္ဂလိပ်စကားဖြင့် ပြန်ဆိုရသော် “He Dare Not Face The Music” ဟူ၍ ဖြစ်ပြီး သူသည် မိမိ၏ ဂီတကို မရင်ဆိုင်ရဲ (ဝါ) “သူသည် အမှန်တရားကို မရင်ဆိုင်ရဲ”ဟူသော စကားပုံ ဖြစ် သတည်း။
HOSPITALITY ဧည့်ဝတ်ကျေပွန်ခြင်း
၁၃၄။ ဒုတိယ ကမ္ဘာစစ်အတွင်းက ရေတပ်အရာရှိငယ်လေး တစ်ဦးသည် နယူးရောက်မြိုတွင်း၌ ယောင်လည်လည် ဖြစ်နေသည်။
သူ၏ စစ်ရေယာဉ်သည် ထိုမြို၌ လွန်းတင်ပြင်ဆင်နေရချိန် ဖြစ်၍ ခေတ္တအနားရနေသော ချိန်ခါဖြစ်၏။
သူသည် မြိုတွင်းသို့ တစ်ဦးတည်းလျှောက်နေရင်း အဖော်မဲ့ ပျင်းရိနေပုံရသည်။
တစ်နေ့လယ်တွင် ပန်းခြံတစ်ခုတွင်း၌ထိုင်ပြီး သူ၏ အထီး ကျန် ဘဝကို စိတ်ပျက်ညှိးငယ်နေလျက် ရှိသည်။ ထို အခြင်းအရာ ကို သက်ရွယ်ကြီး ဇနီးမောင်နှံနှစ်ဦးက ရိပ်စားမိလာသည်။ ထိုကြောင့် သူ့အား ဖိတ်ခေါ်ကာ သူတို၏ နေအိမ်၌ ညစာကျွေး သည်။ ကောင်းစွာ ဧည့်ခံပြုစုသည်။ ။
ထိုအရာရှိကလေးကား ညစာစားချိန်တွင် ထိုအဘိုးအို ဇနီး မောင်နှံတို၏ ညစာစားရာ ဇွန်းခရင်း ပန်းကန်ခွက်ယောက်တိုမှာ အလွန်ဟောင်းနွမ်းနေကြောင်းကို ရိပ်မိလိုက်သည်။
နှစ်ပတ်မျှကြာသော် ထိုအရာရှိကလေး၏ စစ်ရေယာဉ်သည် ပယ်လယ်သို ထွက်ခွာသွားခဲ့ရတော့သည်။
တစ်နေ့တွင် ထိုအရာရှိ ကလေးထံမှ ကျေးဇူးတင်စာတစ်စောင်နှင့် ကြီးမားသော အထုပ်တစ်ထုပ် ရောက်လာသည်။ ထိုအထုပ်ထဲ၌ အလွန်ပင် တောက်ပ၀င်းလက်နေသာ ဇွန်းခရင်း ၊ ပန်းကန်ခွက်ယောက် အသစ်များ ပါလာသည်ကို တွေ့ရတော့ သည်။
ကျေးဇူးတင်ကြောင်း ရေးသားထားသည့် စာထဲတွင် အဝတ် အစား၊ အထည်အလိပ်များ သည်လည်း များမကြာမီ ရောက်လာပါ ဦးမည်ဟူ၍လည်း ပါရှိပြီး အောက်တွင် ရေးထိုးထားသည့် လက်မှတ်မှာကား “မာရှယ်ဖီးလ်(ဒ်)” ဟူ၍ ဖြစ်ကာ ဈေးဆိုင်ပေါင်းမြောက်မြားစွာ ပိုင်ဆိုင်သူ သန်းကြွယ်သူဌေးကြီး၏ သားဖြစ်နေ သည်ကို ထိုအခါမှ သိရှိ ကြရလေသတည်း။ ။
“ငါသည် မွတ်သိပ်သောအခါ သင်တိုသည် ကျွေးကြ၏။ ငါ သည် ဧည့်သည်ဖြစ်သောအခါ သင်တို သည် ဧည့်သည်ဝတ်ကို ပြုကြ၏ …” (မဿဲ ၂၅း၃၅)။
၁၃၅။ တစ်ခါက ဘတ်(စ်)ကား လက်မှတ်ရောင်းသူတစ်ဦး သည် ခရီးသည်များကို အလွန်ပင် ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံ နေတတ်သည်ကို လူအများက သတိထားမိကြသည်။ ခရီးသည်များ အပေါ် ရိုင်းပြစွာ ဆက်ဆံနေတတ်သော ဘတ်(စ်)ကား လက်မှတ်ရောင်းတို့၏ စပ်ကြားတွင် ထိုသူသည် ထူးခြားနေသဖြင့် သူ့အား လူကြီးတစ်ဦးက မေးမြန်းစုံစမ်းကြည့်ရာ
“ဒီလိုပါ၊ တစ်ခါက ဘတ်(စ်)ကား လက်မှတ်ရောင်းတစ်ဦးဟာ အလွန် ယဉ်ကျေးသိမ်မွေ့စွာ ဆက်ဆံလို သန်းကြွယ်သူဌေးကြီး တစ်ဦးဟာ သိပ်ကျေနပ်ပြီး သူသေဆုံးသွားတော့ ဒေါ်လာ တစ် သောင်းကို အဲဒီ လက်မှတ်ရောင်းကို ပေးဖို့ သေတမ်းစာ ရေးခဲ့ ပါတယ်။
ကျွန်တော်လည်း အဲဒီလို အမွေကလေးများ ရမလားလို ခရီး သည်တိုင်းကို ကောင်းကောင်း မွန်မွန် ဆက်ဆံခဲ့ပါတယ်။ ယဉ်ကျေး စွာ ပြုမူခဲ့တယ်။ ဒါပေမယ့် အဲဒီလိုလုပ်ရင်း သူတစ်ပါးကို ယဉ်ကျေး စွာ ဆက်ဆံတာ၊ လက်ခံပြုစု ရတာဟာ အင်မတန် စိတ်ချမ်းသာ ပျော်စရာ ကောင်းတာနဲ့ အမွေအနေနဲ့ ဒေါ်လာတစ်သောင်း မရချင်ရင်နေတော့ ဒီအတိုင်းပဲ လူတိုင်းကို ဆက်ဆံပြုစုရတာ သိပ်သဘောကျလာပါတယ်။ ဒါကြောင့် ဘယ်သူ့ကိုမဆို ကိုယ့်ရဲ့ ဧည့်သည်လိုပဲ သဘောထားပြီး ဆက်ဆံနေခဲ့ပါတယ်”ဟု ဖြေလိုက် သော ဟူ၏။
HOPE မျှော်လင့်ခြင်း
၁၃၆။ ဗျာဒိတ်ကျမ်းတစ်စောင်လုံးသည် ခရစ်ယာန်တို မျှော် လင့်ခြင်းကို ဖော်ပြနေသည်။
ဗျာ ၂၁း၁ တွင် “ထိုအခါမှစ၍ သမုဒ္ဒရာမရှိ” ဟူသော ကျမ်း စကားသည် ဂျူးလူမျိုးတို အဖို အလွန်ပင် အဓိပ္ပါယ် လေးနက်လှ သည်။
ဂျူးလူမျိုးတို အနေဖြင့် ပင်လယ်သမုဒ္ဒရာကို မုန်းသည်။ ကြောက်ရွံသည်။ ဗာဗုလုန်နိုင်ငံသားတို အနေဖြင့်လည်း ပင်လယ် ပြင် သမုဒ္ဒရာဆိုသည်မှာ ဖျက်ဆီးခြင်းကိုဖြစ်စေတတ်သော နတ် ဘုရား “တီးယားမက်” နေထိုင် ကိန်းအောင်းရာ အရပ်ဟု ယုံကြည် နေခဲ့ကြသည်။
ဖျက်ဆီးခြင်း သေခြင်းကို ဖြစ်စေတတ်သော သမုဒ္ဒရာမရှိသော အရပ်ကို ခရစ်ယာန်အပေါင်းတို့ ကလည်း မျှော်လင့်နေကြခြင်းဖြစ် သည်။
မျက်ရည်၊ နာကျင်ခြင်း၊ ဝမ်းနည်းကြေကွဲခြင်း၊ မှောင်မိုက်ခြင်း မရှိသော အရပ်၊ ထိုအနိဌာရုံများ ကင်းမဲ့ရာဒေသကို မျှော်လင့်ခြင်း သည် စိတ်ကူးယဉ် အိပ်မက်မျှသာလော။ လောကရှိ နာကျင်ခြင်း မှန်သမျှကို သက်သာရာရစေရန် စွမ်းဆောင်ပေးနေသည့် ခရစ်တော်သည် ထိုစိတ်ကူးယဉ် အိပ်မက်ကို အကယ်ပင် အကောင် အထည် ဖော်ပေးနေခြင်း ဖြစ်သည်။
မျှော်လင့်ခြင်းဆိုသည်မှာ ဖေါ့နှင့်တူသည်။
မိမိတို့၏ စိတ်ပျက်အားလျော့နေခြင်းထဲသို မနစ်မြုပ်စေဘဲ။ ရေပေါ်၌ ပေါ်လာစေတတ်သည်။ ကြောက်ရွံခြင်းသည် ခဲနှင့် တူသည်။ ရေထဲသို စုံစုံမြုပ်သွားစေတတ်သည်။ မျှော်လင့်ခြင်း သည် ဘဝမုန်တိုင်းထဲ၌ လွင့်မပါ သွားစေရန်၊ မြဲမြဲ ချုပ်ကိုင်ထား ပေးသော ကျောက်စူးနှင့်လည်း တူသည်။ ရေနက်ထဲ၌ မနစ်မြုပ် သွားစေရန် သက်ကယ်ဖော့နှင့်လည်း တူပါ၏။
၁၃၇။ တစ်ခါက အနောက်နိုင်ငံရှိ မြိုကလေးတစ်မြိုကို ဖြတ် သန်း၍ မီးရထားလမ်း ဆောက်လုပ်ရန် အစိုးရ အာဏာပိုင်များက ဆိုင်းပြင်းနေကြသည်။
ထိုမြိုကလေးမှဖြတ်ပြီး မီးရထားဖေါက်လျှင် ထိုမြိုကို ပြောင်း ရွှေ့ပေးရတော့မည်။ ထိုမြိုကလေးသည် ကွယ်ပျောက်သွားရတော့ မည့်အရေးကို မကျေနပ်၍ မြိုနေလူထုက အာဏာပိုင်များအား မေတ္တာရပ်ခံကြသော်လည်း မရဘဲ ဖြစ်နေသည်။
ထိုသို အတိုက်အခံ လုပ်နေစဉ်အတွင်းတွင် ထိုမြိုရှိ လမ်းများ၊ အဆောက်အဦများ ပျက်စီးသော်လည်း လူတိုက ပြင်ဆင်မှုများ မပြုကြတော့။ ပန်းခြံဥယျာဉ်များကို ယုယစွာ စိုက်ပျိုးခြင်း၊ ရေ လောင်းခြင်းပင် မပြုကြ။ သစ်ပင်များ၊ ပန်းမာန်များသည်လည်း တစနှင့်တစ သေကျေပျက်စီးလာကြကုန်သည်။
မြိုကလေးသည် တဖြည်းဖြည်း ပျက်စီးလာ၍ “သေ” သကဲ့သို ဖြစ်လာတော့၏။ ထိုမြို့ကို မဖျက်စီးရသေးမီကပင် အဆိုပါ သတင်း စကားတို့ကြောင့် ထိုမြိုကလေးသည် အလိုလို ပျက်စီးသွားခဲ့ရတော့ သည်။
လူဆိုသည်မှာလည်း ထိုနည်းတူပင် ဖြစ်သည်။
မျှော်လင့်ခြင်းမရှိတော့သော လူတစ်ယောက်သည် အသက်ရှင် လျက်ပင် သေနေသောသူနှင့် တူသည်။ လူသည် မျှော်လင့်ခြင်းကင်း မဲ့လာလျှင် ဇီဝိန်ချုပ်၍ အသေကဲ့သို ဖြစ်လာတတ်ပါ၏။
၁၃၈။ ဂျွန်ဟာရှီဆိုသည့် စာရေးဆရာတစ်ဦးက “အာဒါနိုမြို အတွက် ခေါင်းလောင်း” ဟူသော ဝတ္ထုတစ်ပုဒ်ကို အဖြစ်မှန် တစ် ရပ်ပေါ်၌ မူတည် ရေးသားခဲ့ပါသည်။
ဒုတိယ ကမ္ဘာစစ်အတွင်းက ထိုမြိုကလေးသည် စစ်ဘေးဒဏ် ကို ပြင်းထန်စွာ ခံစားခဲ့ရသည်။
မဟာမိတ်တပ်များ ဝင်ရောက်လာသောအခါ ထိုမြို၌ အစာ ရေစာ ငတ်ပြတ်နေကြသည်။ သို့သော်လည်း ထိုမြိုသူမြိုသားများ က ဝင်ရောက်လာသော စစ်တပ်မှ အစာရေစာကို အရင်မတောင်း၊ ဆေးဝါးပစ္စည်း မရှိသလောက် ဖြစ်နေသော်လည်း သူတို က ဆေးဝါးပစ္စည်းများကို မတောင်း၊ သူတို့၏ နေအိမ်များသည် ပျက်စီးယိုယွင်းနေသော်လည်း၊ ၄င်းတို့ ကို ပြန်လည်ပြုပြင်ရန် ဆောက်လုပ်ရေး ပစ္စည်းများကို မတောင်း၊ သူတို၌ ပိုက်ဆံကြေးငွေ ဟူ၍ လုံးဝ မရှိသော်လည်း၊ ပိုက်ဆံကြေးငွေကို မတောင်း၊ သူတို အနေဖြင့် အရင်ဆုံးတောင်းခံသည့် အရာတစ်ခုကား၊ မြိုလယ်ရှိ ဘုရားရှိခိုးကျောင်းမှ ပျက်စီးနေခဲ့သော ခေါင်းလောင်းတစ်ခုပင် တည်း။ ။
မဟာမိတ်တပ်များက ခေါင်းလောင်းတစ်ခုကို ခဲခဲယဉ်းယဉ်းရှာ ဖွေ၍ ဘုရားရှိခိုးကျောင်း၌ တပ်ဆင်ပေး လိုက်သောအခါမှ ထို ခေါင်းလောင်းကိုတီးခတ်၍ မြိုသူမြိုသားများက ကခုန် ပျော်ရွှင်ကြတော့၏။ ဘုရားရှိခိုးကျောင်းမှ ခေါင်းလောင်းသံသည် ဘုရားသခင် ၏ ရှိခြင်း၊ ဘုရားသခင်၏ မျှော်လင့်ခြင်းကို ဖြစ်စေသဖြင့် သူတို သည် ထိုအခါမှ ဝမ်းသာအရ ပျော်ရွှင်မြူးထူးနိုင်ခြင်း ဖြစ်ပါ၏။ ဘုရားသခင်ထံမှရသော မျှော်လင့်ခြင်းသည် အစာရေစာ၊ ဆေးဝါး ပစ္စည်း၊ ပိုက်ဆံကြေးငွေ၊ ရုပ်ပိုင်းပစ္စည်းတိုထက် အဆပေါင်းများစွာ အဖိုးထိုက်တန်လှပါတကား . . . ။
HUMILITY စိတ်နှိမ့်ချခြင်း
၁၃၉။ တရုတ်ပြည်သို သာသာနာပြုအဖြစ် သွားရောက် အမှု တော်ဆောင်ခဲ့သော ရောဘတ်မော်ရစ်ဆင် ဆိုသူက သူ့အတွက် အကူအညီအဖြစ် လက်ထောက်သာသနာပြုတစ်ဦးကို စေလွှတ် ပေးပါမည့်အကြောင်း အင်္ဂလန်ပြည်ရှိ သူ၏ မိတ်ဆွေများထံ စာ ရေးခဲ့သည်။ သူတိုကလည်း ကော်မီတီဖွဲပြီး၊ သာသနာပြုအဖြစ် ဆောင်ရွက်လိုသူများကို ခေါ်ယူစစ်ဆေးခဲ့၏။
လူငယ်တစ်ဦးသည် အလွန်ပင် စိတ်အားထက်သန်သော်လည်း ပညာမတတ်၊ စာမတတ် ဖြစ်နေသည့် အတွက် “ခင်ဗျားကိုတော့ လွှတ်ချင်ပါတယ်။ ပညာမတတ် စာမတတ်ဖြစ်နေတော့ သာသနာ ပြုအဖြစ်နဲ့ မလွှတ်နိုင်ပါဘူး။ တစ်ခုပဲရှိပါတယ်။ ဆရာကြီး မောရစ် ဆင်ရဲ့ အစေခံအဖြစ်နဲ့ သွားမယ်ဆိုရင်တော့ ခင်ဗျားကိုပဲ လွှတ် ပါ့မယ်” ဟု ဆိုလေ၏။
ထိုသူက အလွန် စိတ်နှိမ့်ချစွာ ထိုအစေခံ အလုပ်ကို လက်ခံခဲ့ လေသည်။ သူသည် တရုတ်ပြည်သို ရောက်သောအခါ ထင်းခုတ်၊ ရေခပ်၊ အလုပ်ကြမ်းမျိုးစုံကို လုပ်ဆောင်ခဲ့သည်။ သိုသော်လည်း သူသည် ခရစ်ယာန်သမိုင်းတွင် အထူးနာမည်တွင် ကျန်ရစ်ခဲ့ရုံမက ဒေါက်တာမီး(လ်)ဆိုသော သာသနာပြုကြီး တစ်ဦး ဖြစ်ခဲ့ပါတော့၏။
၁၄၀။ ကွယ်လွန်သူ “ဘီသိုဗင်” ခေါ် ကမ္ဘာကျော် ဂီတပညာ ရှင်ကြီး၏ နေအိမ်ဖို လူအပေါင်း လှည့်လည် ကြည့်ရှုနေကြသည်။ အခန်းတစ်ခန်းထဲတွင် ဆရာကြီးဘီသိုဗင်တီးခဲ့သော စန္ဒယားတစ် လုံးရှိလေရာ၊ လှည့်လည်ပြသနေသူက အလွန်ပင် ရိုသေကိုင်းရှိင်း
သော ဟန်အမူအရာဖြင့် စန္ဒယား၏ အဖုံးကို ဖွင့်ပြပြီး “ဒါဟာ ဆရာကြီး ဘီသိုဗင်ရဲ့ စန္ဒယားပါပဲ”ဟု ပြောလိုက်၏။ ဧည့်သည်များထဲမှ မိန်းမပျိုတစ်ဦးသည် ချက်ချင်းပင် ထို စန္ဒ ယားရှေ့ရှိ ကုလားထိုင်၌ ထိုင်ကာ စန္ဒယားကို တီးခတ်နေလေတော့ ရာ၊ လှည့်လည်ပြသသူက ရုတ်တရက်ကြောင်၍ တိတ်ဆိတ်ငြိမ် သက်စွာသာ ရပ်၍ ကြည့်နေမိသည်။ ထိုမိန်းမပျိုက လှည့်၍ “ဆရာ ကြီး ဘီသိုဗင်ရဲ့ စန္ဒယားကိုဖြင့် လူတွေတော်တော် များများလာပြီး တီးကြည့်မှာပဲနော်”ဟု ဟန်ဝင့်စွာ ပြောလိုက်ရာ လှည့်လည်ပြသ သူက “တစ်ခါတုန်းက “ပါဒရူးစကီး” လာရောက်ခဲ့ပါတယ်။ (ပါဒ ရူးစကီး” ဆိုသူမှာ အလွန်ပင် နာမည်ကြီးလှသော ကမ္ဘာကျော် ဂီတပညာရှင်ကြီးတစ်ဦး ဖြစ်ပါသည်။) သူ့ရဲ့ မိတ်ဆွေများက ဒီ စန္ဒယားကို တီးပြဖို တောင်းပန်ကြတဲ့အခါ “ဒီစန္ဒယားကို တီးကြည့် ဖိုတောင် ကျွန်တော်ဟာ မထိုက်မတန်ပါဘူးဗျာ” လို စိတ်နှိမ့်ချပြီး ပြောခဲ့တာပဲ မိန်းကလေးရေ”ဟု ဖြေလိုက်ပါတော့၏။
ဘဝင်မြင့်နေသော ထိုမိန်းကလေးသည် ထိုအခါမှ ရှက်သွား ကာ ထိုစန္ဒယားထိုင်ခုံမှ ထသွားခဲ့ရပါတော့၏။
၁၄၁။ အမေရိကန်ပြည် လွတ်လပ်ရေးရပြီးနောက် ဖွဲစည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲရေးအတွက် အစည်းအဝေးများ ကျင်းပနေကြသည်။ ရက်သတ္တပတ်ပေါင်းများစွာ ကိုယ်စားလှယ် များ ငြင်းခုံနေသောကြောင့် စည်းမျဉ်းရေးဆွဲရေးသည် မတိုးတက် ဘဲ ဖြစ်နေခဲ့ရသည်။
ထိုအစည်းအဝေးများတွင် ဂျော့ဝါရှင်တန်က သဘာပတိ အဖြစ် ဆောင်ရွက်နေပြီး ဘင်ဂျမင်ဖရင်ကလင်ကလည်း အဖွဲ ဝင်အဖြစ် ပါဝင်နေသည်။ ထိုအခါ အငြင်းပွားနေမှုကြောင့် ဘာမျှ မတိုးတက်သည်ကို တွေ့နေရသော ဘင်ဂျမင်ဖရန်ကလင်က မတ် တတ်ထ၍ “သဘာပတိခင်ဗျား၊ ဒီနေ့အထိ ကျွန်တော်တို ရဲ့ အစည်းအဝေးများဟာ ဘာမှ တိုးတက်မှု မရှိခဲ့ပါဘူး။ ဒီလို မတိုး တက်တာဟာ အဖွဲဝင်များအနေနဲ့ မိမိရဲ့ ပင်ကိုယ်ဉာဏ်ပေါ်မှာ မူတည်ပြီး စဉ်းစားဆင်ခြင်နေလို တစ်ဦးနဲ့တစ်ဦး ငြင်းခုံနေကြ ခြင်း ဖြစ်ပါတယ်။ အခု အချိန်ကစပြီး ကျွန်တော်တို ရဲ့ ဉာဏ်စွမ်း ထက် ဘုရားသခင်ရဲ့ ကြီးမြတ်တဲ့ အနန္တဉာဏ်တော်ကို အားကိုးဖို အချိန်ရောက်ပါပြီ။ ဒါကြောင့်မို ဒီနေ့ကစပြီး စည်းဝေးကျင်းပ ခါနီးတိုင်း အလွန်နှိမ့်ချတဲ့ စိတ်ထားနဲ့ ဘုရားသခင်ကို ဆုတောင်း ၊ ခြင်းအားဖြင့် စည်းဝေးကို အစပြုပါလို ကျွန်တော် အဆို တင်သွင်း ပါတယ်”ဟု ဆိုခဲ့ရပါတော့၏။
၁၄၂။ “မာ့(ခ်)ဘွန်း” ဆိုသည့် ကမ္ဘာကျော်စာရေးဆရာကြီး တစ်ဦးသည် အလွန်ကြိုးပမ်းရုန်းကန် လုပ်ဆောင်ခဲ့သဖြင့် တစနှင့် တစ နိုင်ငံတွင် နာမည်ကြီးလာရုံမက ကမ္ဘာတစ်ဝှမ်းလုံး ထင်ရှား ကျော်စောသွားခဲ့သည်။
ဥရောပနိုင်ငံသို လှည့်လည်ခဲ့စဉ်က ဘုရင်ဧကရာဇ်မင်းများကသူ့ကို ဂုဏ်ပြုကြသည်။ တက္ကသိုလ်ပေါင်း မြောက်မြားစွာကလည်း သူ့အား ဘွဲထူးဂုဏ်ထူးများ ချီးမြှင့်ကြသည်။ အမေရိကန်ပြည်သို ပြန်လာနေစဉ် စာရေးဆရာကြီးက သူ့အား ဂုဏ်ပြုခဲ့သည့် ဘုရင် မင်းမြတ်များ၊ တက္ကသိုလ်များမှ ပါမောက္ခကြီးများ၊ လူကုံထံကြီးများ ၏ အမည်စာရင်းများကို မိသားစုအား ဖတ်ပြနေစဉ်၊ သူ၏ သမီး လေးက အတန်ကြာ တွေဝေစဉ်းစားနေပြီးမှ “ဒီလိုဆို ရင် အဖေ ရယ် .. အဖေဟာ ကမ္ဘာကျော်ဖြစ်နေလို လူတိုင်းကို သိနေပြီ ပေါ့။ မကြာခင် အဖေဟာ ဘုရားသခင်ကလွဲပြီး ကမ္ဘာပေါ်ရှိနေတဲ့ လူအားလုံးကို သိနေတော့မှာပဲနော်”ဟု ရိုးစင်းစွာ ပြောလိုက်ပါ တော့၏။
ကလေးငယ်တစ်ဦးက ပြောလိုက်သော မှတ်ချက်ကလေးတစ်ခု က လူတစ်ဦး၏ စိတ်နှိမ့်ချခြင်းအတွက် တန်ဖိုးမဖြတ်နိုင်သော စကားလုံးများပင် ဖြစ်နေပါတော့သတည်း။ ။
၁၄၃။ အဆိုကျော် “ဘီးတဲ(လ်)များ”ဟု ဆိုလိုက်လျှင် လူငယ် တိုင်းလိုလိုက သိကြသည်။ သူတို၏ ဂီတများတွင် ယဇ်မူးခဲ့ကြ သည်။ သူတို သည် ကမ္ဘာကျော်သွားပြီး လူငယ်တိုင်း၏ စိတ်ကို ဆွဲဆောင်နိုင်ခဲ့သည်။ ဆံပင်ရှည်ကြီးများထားလျက် ဘောင်းဘီ ဖင်ကျပ်၊ အဝတ်အစားကိုးရိုးကားယား ဝတ်ဆင်ခဲ့ရာ၊ လူငယ်များ ကလည်း အဟုတ်မှတ်၍ လိုက်လံ အတုခိုးခဲ့ကြသည်။
သူတို့၏ ဓါတ်ပြားများကို သန်းချီ၍ ရောင်းချနိုင်ခဲ့ကြသည်။ သူတို၏ အရှိန်ဩဇာသည် ကမ္ဘာပေါ်ရှိ လူငယ်တိုင်းအပေါ် ပျံ့နှံ ခဲ့ကြသဖြင့် ဘဝင်မြင့်ရောဂါ စွဲကပ်လာခဲ့သောကြောင့်လည်း “ကျွန် တော်တို တတွေဟာ ယေရှုခရစ်တော်ထက်တောင် ရေပန်းစားပေါ်ပြူလာ ဖြစ်တဲ့လူတွေပါ” ဟု ပြောခဲ့သည်အထိဖြစ်ခဲ့သည်။
ယခုဆိုလျှင် ထိုဘီးတဲ(လ်)တို့၏ အခြေအနေမှာ မည် ပေနည်း။
သူတို့ ထဲမှတစ်ဦးမှာ “ဘိန်းဖြူ နှင့် “ဆေးခြောက်”များ မှောင် ခိုသွင်း သုံးစွဲခဲ့သဖြင့် တရားရုံးတော်က အပြစ်ဒဏ်ပေးခြင်း ခံခဲ့ရ သည်။
တစ်ဦးမှာ လူတိုင်းက နှာခေါင်းရှုံ့လာကြရသော အချစ် ပြ ဿနာကြီးကြောင့် နာမည်ပျက်ခဲ့ရသည်။
တစ်ဦးမှာ ယနေ့တိုင်အောင် ပျောက်ခြင်းမလှ ပျောက်ကွယ် နေသည်။ သူတို၏ အဖွဲမှာ ယခုဆိုလျှင် တိမ်ကော ပျောက်ကွယ် သွားကြကုန်လေပြီ။ စိတ်နှိမ့်ချခြင်း မရှိသူတို၏ သွားရာလမ်းကို သူတိုလည်း ရောက်သွားကြပြီ မဟုတ်ပါလား … ။ –
၁၄၄။ ကမ္ဘာပေါ်ရှိ ကြီးမြတ်အောင်မြင်သူများ မှန်သမျှသည် စိတ်နှိမ့်ချသူများသာ ဖြစ်ခဲ့ကြသည်။ သူတိုသည် ဘယ်သောအခါမှ မိမိတိုကိုယ်ကို မချီးမြှောက် ၊ မဝါကြွား၊ မိမိတို ထက် ဘုရားသခင် ကိုသာလျှင် မှီခိုအားထား သူများသာ ဖြစ်ကြသည်။
မောရှေကိုကြည့်ပါ။
“ဖာရောဘုရင်ထံတော်ရှေ့မှောက်သို ဝင်နိုင်ရန် ကျွန်တော်မျိုး၊ သည် အဘယ်သိုသောသူ ဖြစ်ပါသနည်းဟူ၍ စိတ်နှိမ့်ချစွာ ဘုရား သခင်အား ပြန်၍ မေးလျှောက်သည်။ လော့(ဒ်)ကယ်(လ်) အား ဂုဏ်ပြုညစာစားပွဲကြီး၌ ထိုပုဂ္ဂိုလ်ကြီးက ထ၍ “ကျွန်တော်ကိုသာ ခင်ဗျားတို ဂုဏ်ပြုနေကြပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ လုပ် ငန်းတွေကို ပြန်လှည့်ကြည့်ရင် အောင်မြင်မှုထက် ဆုံးရှုးမှုတွေ များပါတယ်ဗျာ”ဟု ဆိုခဲ့ပြန်ပါသည်။
ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်းက “ကျွန်တော့်ရဲ့ ဘဝရပ်တည်ရေးအတွက် လုပ်ကိုင်ပေးနေကြတဲ့ မြောက်မြားစွာသော လုပ်သားကြီးများ၊ ရဲဘော်ရဲဘက်ကြီးများကို သတိရပြီး ကျေး ဇူးတင်နေမိပါတယ်။ ကျွန်တော့်ရဲ့ အောင်မြင်မှုတွေက သူတို ဝိုင်း ဝန်းကူညီ လုပ်ဆောင်ပေးလိုသာ ဖြစ်ပါတယ်ဗျာ။ ဒါကြောင့်မို ကျွန်တော် ခံစား စံစားနေရတဲ့ ဒီဂုဏ်ထူးဘွဲထူးတွေ၊ နာမည် ကျော်ကြားမှုတွေကိုပဲ ဒီပုဂ္ဂိုလ်တွေကိုပဲ ပြန်ပေးဖိုလိုပါတယ်။ သူတို ကို ဒီလိုပြန်ပြီး ကျေးဇူးဆပ်ဖိုကိုလည်း မနားမနေ ကြိုးစားနေပါ တယ်”ဟု နှိမ့်ချစွာ ပြောခဲ့ပါသည်။
အေဘရာဟင်လင်ကွန်း သမ္မတအဖြစ် အရွေးကောက်ခံရ သောအခါ၊ ရွေးကောက်ပွဲ၌ ရှုးနိမ့်သွားရသူများအပေါ် မဝါကြွား ခဲ့ရုံမက “အမေရိကန်ပြည်ထောင်စုကြီးရဲ့ သမ္မတဖြစ်ဖိုရာ၊ ကျွန် တော်ဟာ မထိုင်တန်ပါဘူးဗျာ”ဟူ၍ ရိုးစင်းစွာ ပြောခဲ့ပါ၏။ သို့သော် မာန်မာန ဝင်ကြွားခဲ့သော ကဲသာဘုရင်၊ အလက်ဇန္ဒာ၊ ဂင်ဂျစ်(စ်)ခန်း၊ နပိုလီယံ၊ ဟစ်တလာတိုကို ကြည့်ပါ။ သူတို တ တွေ၏ အဖြစ်သည် သမိုင်းတွင် မည်ကဲ့သို ကျန်ရစ်ခဲ့ပါသနည်း။
၁၄၅။ ဟော်လန်ပြည့်ရှင် ဘုရင်မကြီး ဖြစ်ခဲ့သူ ပီ(လ်)ဟယ် မီးနားအား တစ်နေ့တွင် ဘုရင်မဖြစ်လာရေးအတွက် ငယ်စဉ်က တည်းက သွန်သင် ဆုံးမပဲ့ပြင်လာခဲ့ကြသည်။ သူသည် ဘုရင်မကြီး ‘ ဖြစ်လာသောအခါ၊ စိတ်နှိမ့်ချမှု ပျောက်ကွယ်ခဲ့သည်။
တစ်နေ့တွင် သူ၏ မယ်တော်ရှိရာ အဆောင်တော်ရှေ့သို ရောက်၍ တံခါးခေါက်ရာ၊ မယ်တော်က အဆောင်တော်အတွင်းမှ“ဘယ်သူလဲ” ဟု မေးလေသည်။ “ဟော်လန်ပြည့်ရှင် ဘုရင်မပါ”ဟု ဖြေလေရာ၊ မယ်တော် ဖြစ်သူက တံခါးကို ဖွင့်မပေးခဲ့။ သူမသည် တံခါးကို ထပ်ခါထပ်ခါ ခေါက်ပြန်သည်။ “ဘယ်သူလဲ” ဟု မေးသံ ကြားရ ပြန်ရာ “ဟော်လန်ပြည့်ရှင် ပီ(လ်)ဟယ်မီးနာပါ”ဟု ဖြေပြန် လေရာ၊ မယ်တော်က တံခါးမဖွင့်ပေးဘဲ နေပြန်၏။
တတိယအကြိမ် တံခါးခေါက်ပြန်ရာ မယ်တော်၏ အဆောင် တော်တွင်းမှ ဘာသံမှ မထွက်ပေါ်လာ။ ယခုအကြိမ် သူမက “မယ် မယ့်ရဲ့ သမီးလေးပါ မယ်တော်ရယ်”ဟု ဆိုလိုက်သောအခါမူ၊ မယ် တော်ဖြစ်သူက တံခါးဖွင့်ပေးလိုက်သောဟူ၏။
၁၄၆။ ခရစ်ယာန် သူတော်စင်ကြီး ဖြစ်ခဲ့၍ ကမ္ဘာတွင် နာမည် ကျော်ကြားခဲ့သူ အစီစီမြိုက ရှင်ဖရန်စစ်အား လူတစ်စုက သူ၏ ဆောင်ရွက်မှုများသည် အဘယ်ကြောင့် ဤမျှအောင်မြင်ခဲ့ရပါ သနည်းဟု မေးရာ၊ သူက “ဘုရားသခင်ဟာ ကောင်းကင်ဘုံကနေ လောကကြီးကို ငုံကြည့်ပြီး၊ အင်မတန်သေးဖွဲ့တဲ့ အညတြ အောက် တန်းစား လူတစ်ယောက် ဘယ်မှာရှိမလဲလို ရှာကြည့်တော့ ကျွန် တော့်ကို တွေ့တာပဲဗျာ။ အဲဒီတော့ ဘုရားသခင်က ဒီလောက်တောင် အသုံးမကျတဲ့ အောက်တန်းစား အညတြလူမျိုးကို ငါသုံး မယ်။ အဲဒီတော့မှလည်း သူ့ရဲ့ အောင်မြင်မှုကို ဒီလူဟာ ကြားနေ မှာ မဟုတ်ဘူး။ ဘုရားရှင် ကိုယ်တော်မြတ်က အသုံးပြုလိုသာအောင်မြင်နေတာပါကလားလို သူ့ဖာသာ သိလာလိမ့်မယ်လို ဆို ပြီး ကျွန်တော့်ကို အသုံးပြုခဲ့လိုပါပဲဗျာ”ဟု ဖြေလိုက်ပါ၏။
HYPOCRISY သူတော်ကောင်းယောင်ဆောင်ခြင်း
၁၄၇။ ဓမ္မဆရာကြီး “ဘီချာသည် ဟန်ဆောင်မှု၊ သူတော်ကောင်း ယောင်ဆောင်မှုကို အလွန်ရွံရှာ မုန်းတီးခဲ့သည်။ တစ်ခါက သူ၏ ဘုရားရှိခိုးကျောင်းတွင်းရှိ နာရီသည် မကြာခဏ မြန်လိုက် နှေးလိုက်ဖြစ်နေ၍ အချိန်မှန်ကို ဘယ်သောအခါမျှ မပြခဲ့သဖြင့် မကျေမနပ် ဖြစ်လျက်နေသည်။
ထိုနာရီသည် အမှန်ကို ဘယ်သောအခါမျှ မပြဘဲ၊ မှားယွင်းစွာ ဖေါ်ပြနေသည်ကို ကြည့်ပြီး ဆရာကြီးက သင်ခန်းစာတစ်ရပ်ကို ဖော်ထုတ်ခဲ့သည်။ ထိုကြောင့် တစ်နေ့တွင် ထိုနာရီ၏ အပေါ် ပိုင်း၌ စက္ကူကပ်ပြားတစ်ခုကပ်၍ စာရေးထားလိုက်သည်။
“ဤနာရီသည် အမှန်ကို ဘယ်သောအခါမျှ အချိန်မှန်ကို မပြ ပါ။ သူ၏ အချိန်ပြ လက်တံများကို အပြစ်မတင်ပါနှင့်။ ထိုသို ဖြစ်နေရခြင်းမှာ နာရီ၏ အတွင်းထဲ၌ ဖြစ်နေသော ချွတ်ယွင်းချက် ကြောင့်သာ ဖြစ်ပါ၏” ဟု ရေးထားလိုက်သည်။
ကျွန်တော်၏ စိတ်နှလုံးဝိညာဉ် အတွင်း၌ ချွတ်ယွင်းနေပါလျှင် မိမိတို့ သွားလာပြော ဆိုနေထိုင်ပြုမူပုံတို သည် အမှန်အတိုင်း မဟုတ်တော့ဘဲ၊ ဟန်ဆောင်မှု အမှားကိုသာ လုပ်ဆောင်နေတတ်မှု၊ မမှန်သော စကားကို ပြောဆိုနေမှု၊ မှားယွင်းသော တွေးတော ဆင်ခြင်နေမှုတိုကိုသာ ဖြစ်စေတတ်ပါ၏။
အပြစ်ဒုစရိုက်သည် စိတ်နှလုံး၏ အတွင်းထဲသိုဝင်၍ နက်ရှိင်း စွာ ဖျက်ဆီးနေတတ်ပါသဖြင့် သူတော်ကောင်း ယောင်ဆောင်မှု များကို ဖြစ်ပွားစေတတ်ပါ၏။
၁၄၈။ အချိုသော နိုင်ငံ၌ ထူးခြားသော သစ်ပင်တစ်မျိုး ပေါက်ရောက်တတ်သည်။ ထိုသစ်ပင်သည် လှည့်စားတတ်သော ကြောင့် “ယုဒရှကာရုတ်သစ်ပင်” ဟူ၍ အချိုက အမည်ပေးထား သည်။
ထိုသစ်ပင်၌ ကြက်သွေးရောင်ပန်းပွင့်ကြီးများ ဖူးပွင့်နေတတ် သည်။ အဝေးကကြည့်လျှင် အလွန်ပင် လှပ တင့်တယ်လွန်းလှ သဖြင့် ပျားပိတုန်းကောင်များ၊ ပိုးကောင်ကလေးများက ဝတ်မှုမှ ဝတ်ရည်တိုကို စုတ်ယူရန် ချဉ်းကပ်လေ့ရှိသည်။ ပိုးကောင်ကလေး များသည် ထိုပန်းပွင့်များ၏ ဝတ်ရည်ကို စုတ်မိသည့် တစ်ပြိုင်နက် ထိုဝတ်ရည်တိုမှာ အဆိပ်ရည်များ ဖြစ်နေသဖြင့် ချက်ချင်း သေ ဆုံးပြီး အောက်သို ကျသွားကြရရှာသည်ကို တွေ့ရတတ်ပါ၏။
လှည့်စားတတ်ခြင်း၊ ဟန်ဆောင်ခြင်းတို၏ ကြီးမားလှသော အန္တရာယ်ကို ထိုသစ်ပင်က ကွင်းကွင်းကွက်ကွက် ဖော်ပြနေသည်။ ပျားပိတုန်းကောင်ကလေးများကို ဖြားယောင်းသွေးဆောင် ခေါ်ယူ ပြီး ချက်ချင်းဆိုသလို သေကြေပျက်စီး စေတတ်ပါသဖြင့် သူတော် ကောင်း ယောင်ဆောင်ခြင်းသည် အလွန်ပင် ကြောက်စရာ ကောင်းလှပေ၏။
၁၄၉။ ဟန်ဆောင်၍ သူတော်ကောင်းယောင်ဆောင်သူများ သည် ခရစ်တော်၏ တရားတော်တို ကို အပေါ်ယံက အားဖြင့်သာ လိုက်နာကြသောသူများသာ ဖြစ်ပါ၏။
တစ်ခါက သင်္ဘောသား တစ်ဦးရှိသည်။
သူ၏ မိခင်ကွယ်လွန်ခါနီးတွင် သူ့အား သမ္မာကျမ်းစာအုပ်ကို ပေးပြီး၊ ထိုသမ္မာကျမ်းကို ဘယ်သောအခါမျှ မပျောက်သွားစေရန် မှာကြားခဲ့လေသည်။
ထိုသင်္ဘောသားသည် အဆိုပါ သမ္မာကျမ်းကို သွားလေရာ၌ ယူဆောင်သွားလေ့ရှိသော်လည်း ထိုသမ္မာကျမ်းကို ဖတ်လည်း မဖတ်၊ ထိုသမ္မာကျမ်းထဲရှိ မွန်မြတ်သော တရားတော်တို့ကို လိုက်နာ ခြင်းလည်း မရှိခဲ့။
တစ်နေ့တွင် ထိုသမ္မာကျမ်းသည် ပျောက်ဆုံးသွားခဲ့သည်။
ထန်သီးကြွေခိုက်၊ ကျီးနင်းခိုက်ဆိုသလို သင်္ဘောသားသည် ကံ ကြမ္မာဆိုးများကို ဆက်တိုက် ခံစားလာရသဖြင့် သမ္မာကျမ်းစာအုပ် ကြီး ပျောက်ဆုံးသွားသောကြောင့် ဖြစ်ရမည်ဟု ထင်လာသည်။ ထိုသမ္မာကျမ်း၏ နောက်ကျော အဖုံးတွင် ပဌနာတော်ကြီးကို ရွှေ မင်ဖြင့် ရေးသားထားသည်ကို သတိရသဖြင့် ထိုပဌနာတော်ကို သူ၏ နောက်ကျော၌ ဆေးမင်ရေစုတ်ထိုးခိုင်းတော့သည်။
ပဌာနာတော်ကြီး တစ်ခုလုံးကို စုတ်ထိုးရသဖြင့် သူ့ခမျာ အလွန်ပင် နာကျင်စွာ ခံစားရသောဟူ၏။
သူတော်ကောင်းယောင်ဆောင်သူများသည် ထိုနည်းတူပင် ဖြစ်သည်။
ခရစ်တော်၏ တရားတော်တိုကို စိတ်နှလုံး၏အတွင်း၌ မမှတ် ကျုံး၊ မလိုက်နာဘဲ၊ အပြင်ဘက် ၌သာ (ဝါ) အပေါ်ယံအားဖြင့်သာ လိုက်နာနေကြသူများသာ ဖြစ်ပါ၏။
၁၅၀။ တစ်ခါက ဆိပ်ကမ်းမြိုကြီးတစ်မြိုတွင် အလွန်ပင် ခန့် ညားထယ်ဝါသော ရေတပ်စစ်သင်္ဘောကြီး နှစ်စင်း ကျောက်ချပ် နားနေသည်ကို ကမ္ဘာလှည့်ခရီးသည်များက မြင်တွေ့ကြရသည်။ ထိုစစ်သင်္ဘောကြီးများ၏ ခန့်ညားမှု၊ ထယ်ဝါမှုတိုက လူတိုင်း၏ စိတ်ကိုဆွဲဆောင်နိုင်သဖြင့် ခရီးသည် အများအပြားက အနီးသို ကပ်ပြီး ဓါတ်ပုံများ ရိုက်ယူကြသည်။ ထိုအခါတွင် ခရီးသည်တင် သင်္ဘောမှ မာလိန်မှူးက ဓါတ်ပုံရိုက်နေကြသည့် ထိုသူများကို ရယ်မော၍ ရှင်းပြခဲ့ရသည်။
“စစ်သင်္ဘောကြီးတွေဟာ အပြင်ပန်းက ကြည့်လိုက်ရင် အလွန် အားရစရာ ကောင်းလှပါတယ်ဗျာ။ အမှန်ဆိုရရင် အဲ့ဒီ သင်္ဘော နှစ်စင်း ကျောက်ချ ရပ်နားထားတာဟာ (၁၅) နှစ်လောက်ရှိပါပြီ။ | အလှပြ သဘောပါပဲ။ သူတို ရဲ့ အမြောက်ကြီးတွေဟာလည်း ပစ်လို မရပါဘူး။ သင်္ဘောရဲ့ အတွင်းမှာလည်း ဘာမှမရှိဘဲ ဟောင်းလောင်းကြီး ဖြစ်နေပါတယ်။ တကယ်ဆိုတော့ ဒီသင်္ဘောကြီးနှစ်စင်းဟာ ဟန်ပြသဘောနဲ့ပဲ သံချေးတက်နေပါပြီ” ဟူ၍ ပြောခဲ့ရပါတော့၏။
သူတော်ကောင်းယောင်ဆောင်သူများသည် အပြင်မှ ကြည့် – လျှင် ခရစ်ယာန် ကောင်းများသဖွယ် ဖြစ်နေသော်လည်း အတွင်းရှိ စိတ်နှလုံးထဲ၌ ဘာမျှမရှိ ဟောင်းလောင်းကြီးများသာ ဖြစ်နေတတ် ပါ၏။
INCARNATION လူ့ဇာတိတို ကို ခံယူခြင်း
၁၅၁။ လန်ဒန်မြို၌ ထရာဖော်(လ်)ဂါစကွဲယား (Trafalgar Square) ခေါ်သော ဒေသတစ်ခုရှိသည်။ ထိုနေရာ၌ အင်္ဂလိပ် ရေတပ်ဗိုလ်ချုပ်ကြီးနယ်(လ်)ဆင်၏ ကျောက်ရုပ်တစ်ခု စိုက်ထူ ထားပါ၏။
ထိုကျောက်ရုပ်တိုင်ကြီးသည် အလွန် ရှည်လျားမြင့်မားလှ သဖြင့် ဗိုလ်ချုပ်ကြီး၏ ကျောက်ရုပ်ကို ကြည့်လိုသောသူများသည် အမြင့်သိုမော့၍ ကြည့်ရှုကြရသည်။ သိုသော် ကျောက်တိုင်ကြီးမှာ မြင့်မားလှသောကြောင့် ဗိုလ်ချုပ်ကြီး နယ်(လ်)ဆင်၏ ရုပ်ထုကို လူအများက ကောင်းစွာ မမြင်နိုင်ကြရပါ။
သိုသော် ၁၉၄၈ ခုနှစ်တွင် ပြုလုပ်ခဲ့သော ရေတပ်ပြပွဲတစ်ခု တွင် အင်္ဂလန်ပန်းချီဆရာတစ်ဦးက ထိုကျောက်တိုင်ထိပ်ရှိ ဗိုလ် ချုပ်ကြီး နယ်(လ်)ဆင်၏ ပုံတူကို ရေးဆွဲပြီး ထိုကျောက်တိုင်၏ ခြေရင်း၌ အဆိုပါ ပန်းချီကားချပ်ကို ထောင်ထားလိုက်ပါတော့၏။ လူပရိသတ်တို အနေဖြင့် ယခင်က မော့၍ မမြင့်တမြင် ကြည့်နေ ကြရသော ဗိုလ်ချုပ်ကြီး နယ်(လ်)ဆင်၏ ပုံသဏ္ဌာန်မှာ ထို အတိုင်း ‘ ပင် ဖြစ်ပါတကားဟူ၍ ယခုမှ ကောင်းမွန်စွာ မြင်တွေ့လာကြရပါ တော့၏။
အေးချမ်းလှသော ညတစ်ညတွင် ဗက်လင်မြို၌ သူငယ်တော် တစ်ဦး ဖွားမြင်ခဲ့သည်။
နွားစာခွက်တွင်းသို လူအများကလာ၍ ကြည့်ရှုကြသောအခါ၊ ထိုသူငယ်တော်အားဖြင့် ကောင်းကင်ဘုံ၌ရှိတော်မူသော ဘုရား သခင်ကို မြင်တွေ့ကြရပါတော့၏။
ဘုရားသခင်သည် ခရစ်တော်အားဖြင့် လူ့ဇာတိကို ခံယူခြင်း သည် အထက်အရပ်၌ရှိနေသော ဘုရားသခင်ကို လူအပေါင်းက မျက်ဝါးထင်ထင် မြင်တွေ့လာနိုင်စေရခြင်းငှာ လောကထဲသို ဆင်းသက်ကြွလာခြင်းပင် ဖြစ်ပါသတည်း။ ။
၁၅၂။ “ဘုရားသခင်သည် လူ့ဇာတိကို ခံယူသည်” ဟူသော စကားကို လူအများက ကောင်းစွာ နားမလည်နိုင်ကြပါ။
အလွန်ပင် ကောင်းမွန်လှသော ဥပမာတစ်ခုမှာ အောက်ပါ အတိုင်းပင် ဖြစ်ပါ၏။
အနောက်နိုင်ငံတစ်နိုင်ငံ၌ ဆောင်းတွင်းချိန်ခါကြီးဖြစ်၍ ဖွေး ဖွေးဖြူ၊ မိုးပွင့်များ ကျဆင်းနေသည်။
အိမ်ရှင်မတစ်ဦးသည် ငှက်ကလေးများကို အစာကျွေးရန်၊ သစ်သားအိမ်ကလေးတစ်ခုကို သူ၏ ခြံထဲ၌ ဆောက်လုပ်ပေးထား သည်။ အစာထည့်ပေးထားသည့် သစ်သားအိမ်ကလေးတွင် အမိုး ရှိသဖြင့် ငှက်စာများကို ဖုံးလွှမ်းသွားစေပါ။
တစ်မနက်တွင် ထိုအိမ်ရှင်မက ပြတင်းပေါက်က ကြည့်နေစဉ်၊ အလွန်ပင် တုန်ခိုက်ချမ်းအေး၍ ဆာငတ်နေပုံရသော ငှက်ကလေး တစ်ကောင်သည် ခြံထဲရှိ မြေပြင်ပေါ်၌ လာရောက်နားနေသည်ကို တွေ့ရသည်။ သူ့ခမျာ အစာငတ်၊ ရေငတ် ဖြစ်နေပုံရသည်။ မြေ ကြီးပေါ်ရှိ မိုးပွင့်များအတွင်း၌ကိုသာ သူ၏ နှုတ်သီးကလေးကို မြုပ်၍ အစာရှာဖွေနေသည်။
ထိုအခြင်းအရာကို မြင်တွေ့နေရသော အိမ်ရှင်မက မချင့်မရဲ ဖြစ်နေရှာသည်။ ခြံထဲ၌ စိုက်ထူထားသော ငှက်စာသစ်သား အိမ် ကလေးရှိကြောင်း ထိုသစ်သားအိမ်ထဲ၌ ငှက်စာများထည့်ထား ကြောင်း ယခုကဲ့သို မြေပြင်ပေါ်ရှိ မိုးပွင့်များကြားထဲ၌ ပင်ပန်းကြီး စွာ အစာရှာနေရန် မလိုကြောင်းကို ငှက်ကလေးကို ပြောပြချင်လှ သည်။ အကယ်၍ ပြတင်းပေါက်ကို ဖွင့်လိုက်လျှင် ထိုငှက်ကလေး သည် လန့်ဖျပ်၍ ပျံသွားတော့မည်မှာ သေချာနေပါသည်။
ထိုအခါ ထိုအိမ်ရှင်မက စဉ်းစားနေမိ၏။ အကယ်၍ သူသည် အလားတူ ငှက်ကလေးတစ်ကောင်သာ ဖြစ်ပါက၊ ထိုအစာငတ် ချမ်းအေးနေရှာသော ငှက်ကလေးအနားသို ပျံဝဲသွားပြီး၊ သူ့ကို ချစ်ကြောင်း ကရုဏာထားကြောင်း ပြောရုံမက ငှက်စာအိမ် က လေးရှိရာသို ညွှန်ပြနိုင်ပေလိမ့်မည်ဟု သတိရမိပါတော့၏။ ဘုရားသခင်သည်လည်း ဆာငတ်မွတ်သိပ်၊ အပြစ်ဒုစရိုက်တွင်း၌ နစ်မွန်းနေပြီး ဒုက္ခရောက်နေကြသော လူသားတိုကို ကြည့် ပြီး ထိုသို ဖြစ်နေပေလိမ့်မည်။
ကိုယ်တော်၏ မေတ္တာတော်နှင့် လူတိုကို ဂရုတစိုက် ကြင်နာ ကြောင်းကို ပြသလိုသဖြင့်၊ တစ်ပါးတည်းသော သားတော်ခရစ် တော်အားဖြင့် လူ့ဇာတိကို ခံပြီး၊ လူသားနှင့် “လက်ရေတစ်ပြင် တည်း” ဖြစ်စေခဲ့သည်။ ကိုယ်တော်သည် လူသားကို ချစ်ကြောင်း၊ အပြစ်လွှတ်လိုကြောင်း၊ ထာဝရအသက်ရှိရာသို ညွှန်ပြရန် ကယ် တင်လမ်းပြနိုင်ရေး အလိုငှါ လူ့ဇာတိကို ခံခဲ့ခြင်း ဖြစ်ပါသည်။ ဘုရားသခင်သည် လူ့ဇာတိကိုခံသော ခရစ်တော်အားဖြင့် ဤ ကဲ့သို ဆောင်ရွက်ခဲ့ပါသည်။
INFLUENCE အရှိန်ဩဇာ သက်ရောက်စေခြင်း ၊
၁၅၃။ တစ်ခါက အမေရိကန်ပြည် သမ္မတကြီး ဝပ်ဒရိုဝီ(လ်) ဆင်သည် ဆံပင်ညှပ်နေသည်။ ထိုဆံပင်ညှပ်ဆိုင်ထဲသို လူတစ်ဦး ထပ်မံဝင်ပြီး သူ၏ နံဘေးရှိ ကုလားထိုင်တွင်ထိုင်ကာ ဆံပင်ညှပ်နေ ပြန်သည်။ မစ္စတာ(လ်)ဆင်သည် ထိုသူအား လှည့်၍ မကြည့်ခဲ့။ သိုသော် ထိုပုဂ္ဂိုလ်နှင့် ဆံပင်ညှပ်သူတို ပြောနေသော စကားကို သာ ကြားနေရသည်။
သမ္မတကြီးသည် ဆံပင်ညှပ်ပြီးသည့်အခါတွင် သူသည် ဧဝံ ဂေလိတရားတစ်ပုဒ်ကို ကြားနေခဲ့ရသဖြင့်၊ စိတ်ထဲ၌ လှုပ်ရှားမှု၊ ပြောင်းလဲမှုများစွာ ဖြစ်ခဲ့သည်ဟု မိမိကိုယ်ကို မှတ်ချက်ချမိသည်။ သူ၏ နံဘေး၌ထိုင်ပြီး ဆံပင်ညှပ်ရင်းနှင့် စကားပြောနေခဲ့သူမှာ အခြားမဟုတ်၊ ဧဝံဂေလိတရားဟော ဆရာကြီး ဒွိက်အယ်(လ်)မူးဒီပင် ဖြစ်နေသောကြောင့်တည်း။
ခရစ်ယာန်တစ်ဦး၏ ပြောဆိုပြုမူပုံတိုသည် မသိလျှက်ဖြင့်ပင် သူတစ်ပါးအပေါ်၌ အရှိန်ဩဇာ သက်ရောက်နေစေတတ်သည်ကို အမြဲ သတိပြုနေသင့်ပါ၏။
၁၅၄။ ကမ္ဘာကျော်နာမည်ကြီး တရားဟော ဆရာကြီး မာတင် နီယင်မိုးလားသည် ဟစ်တလာ၏ အလိုကို ဒူးထောက်အရှုးမပေး ဘဲ ဆန့်ကျင်နေခဲ့သဖြင့် ထောင်သွင်း အကျဉ်းချခံခဲ့ရသည်။
ထောင်မှူးဖြစ်သူက အဆိုပါ ဓမ္မဆရာကြီးကို အလွန်မုန်းနေသည်။ သူ၏ ယုံကြည်ခြင်းကို ဖျက်ဆီးပစ်ရန် ကြိုးစားသည်။ ထိုကြောင့် ဘုရားမဲ့ဝါဒီ တစ်ဦးဖြစ်သည့် ထောင်သားတစ်ဦးကို ထိုဓမ္မဆရာ ကြီးနှင့် အခန်းချင်းကပ်လျက် နေရာချလိုက်သည်။
ထိုဘုရားမဲ့ဝါဒီသည် ပညာအလွန်တတ်သည်။ စကားအငြင်း အခုံပြုရာတွင်လည်း ကျွမ်းကျင်လှပြီး စကားပြောဆိုရာတွင် လိမ္မာ ပါးနပ်သည်။ ထိုကြောင့် ထိုအကျဉ်းသမားနှစ်ဦးကို ယှဉ်တွဲလျက် တစ်နေ့လျှင် နာရီဝက်ခန့်အတူ လမ်းလျှောက်စေသည်။
ဓမ္မဆရာကြီး မာတင်နီယင်မိုးလားသည် ခရစ်ယာန်တို့၏ ယုံ ကြည်ခြင်း ပျက်ပြားသွားပါက ထိုဘုရားမဲ့ဝါဒီအား ဆုလပ်များပေး ပြီး အကျဉ်းထောင်ထဲ၌ နေရာကောင်းပေးကာ သက်တောင့်သက် သာထားမည် စသည်တိုဖြင့် လှည့်ဖြားသွေးဆောင်တော့သည်။ ဘုရားမဲ့ဝါဒီ ပညာတတ်ကြီးကလည်း အစွမ်းကုန်ကြိုးစားမည်ဟု ကတိပြုခဲ့သည်။
သို့သော် ထိုသို ကြိုးစားရခြင်းမှာ လေးရက်မျှသာ ခံသည်။ ဘုရားမဲ့ဝါဒီကြီးသည် ဆရာကြီး မာတင်နီယင်မိုးလားထံမှ သမ္မာကျမ်းကို တောင်း၍ ဖတ်ရှုလေ့လာနေသည်ကို တွေ့လာရတော့ သည်။ ပဉ္စမနေ့တွင်မူကား ထောင်မှူးက ထိုဘုရားမဲ့ဝါဒီကြီးကို စိတ်ပျက်ပြီး အကျဉ်းခန်း ပြောင်းရွှေ့လိုက်ခဲ့ရပါတော့၏။
၁၅၅။ ဥပုသ်စာဖြေကျောင်း ဆရာမတစ်ဦးသည် သူ၏ အတန်းထဲရှိ ကလေးအုပ်စုကို ထိန်းမနိုင်သိမ်းမရ ဖြစ်၍ ထို အလုပ်တာဝန်ကို မဆောင်ရွက်နိုင်တော့ကြောင်း ဥပုသ်စာဖြေကျောင်း တာဝန်ခံအား ပြောပြသဖြင့် တာဝန်ခံကလည်း ဝမ်းနည်း စွာ ထိုဆရာမအား နှုတ်ထွက်ခွင့် ပေးလိုက်ရတော့သည်။
တစ်နေ့တွင် ထိုသင်တန်းမှ သင်တန်းသားများက အခြား သင်တန်းသားများနှင့် အငြင်းအခုံ ဖြစ်နေသည်။ ယောနနှင့် ဝေလ ငါးကြီးအကြောင်း ငြင်းခုံနေကြခြင်း ဖြစ်သည်။
ယောနနှင့် ဝေလငါးကြီး ကိစ္စသည် မဖြစ်နိုင်၊ ယုတ္တိမရှိဟူ၍ ငြင်းခုံနေကြရာတွင် အလုပ်တာဝန်မှ နှုတ်ထွက်သွားခဲ့သော ဆရာ မ၏ သင်တန်းသားတစ်ဦးက “အေး … မင်းတို့ ကသာ ဒီကိစ္စကို မယုံကြည်ကြတာဘဲ။ ငါတို့ ကို အရင် သင်ပေးခဲ့တဲ့ ဆရာမပြောပုံ ကို မင်းတို့ မကြားဘူးသေးလို ပါကွာ။ သူပြောပြပုံ မင်းတို့ နား ထောင်ကြည့်ပါ။ မင်းတို့ အဲဒီတော့မှ မယုံကြသေးဘူးဆိုရင် ငါ လည်ပင်း အဖြတ်ခံမယ်”ဟု ပြောလိုက်သံကို နားနှင့် ဆတ်ဆတ် ကြားလိုက်ရပါတော့၏။
ထိုသတင်းကို ကြားရသောအခါ နှုတ်ထွက်သွားခဲ့သော သင် တန်းဆရာမသည် ထိုသင်တန်းကို ချက်ချင်းပင် ပြန်လည် လက်ခံ လိုက်ပါတော့၏။ “ကျွန်မရဲ့ သင်ကြားပြသနေမှုက ဒီလောက် အရှိန်ဩဇာ သက်ရောက်နေခဲ့မိကြောင်း အစက မသိခဲ့လိုပါရှင်” ဟူ၍ ဥပုသ်စာဖြေ ကျောင်း တာဝန်ခံအား ပြောပြလိုက်ပါတော့၏။
၁၅၆။ တစ်ခါက ပုဂ္ဂိုလ်ကြီးတစ်ဦးသည် အရိုးရောဂါကြောင့် အနည်းငယ် ခါးကိုင်းနေခဲ့သည်။ သူ၏ ထိုရောဂါကို မည်သိုမျှ ကုသ၍ မရနိုင်ခဲ့။
တစ်နေ့တွင် ပန်းပုဆရာကြီးတစ်ဦးအား ပိုက်ဆံကြေးငွေပေး ပြီး သူ၏ ပုံတူရုပ်တုတစ်ခုကို ထုခိုင်းသည်။ ထိုရုပ်တုအား သူ၏ ပင်ကိုယ်အတိုင်း မဟုတ်စေဘဲ ခါးကို မတ်မတ်ဖြစ်ရန် ထုပေးရန် ပြောကြားခဲ့သည်။ ထိုရုပ်ထုကို ထုနေစဉ် အတွင်းသာမက၊ ရုပ်တု ပြီးစီးသွားသည့်အထိ နေ့စဉ် ဂရုတစိုက် လာကြည့်နေမိသည်။ နေ့စဉ်မပြတ် ထိုရုပ်တု၏ ပုံအတိုင်း ခါးသည် မတ်လာပြီး၊ ခါးကိုင်း ရောဂါလည်း ပျောက်သွားသော ဟူ၏။
၁၅၇။ ကဲသာဘုရင်နှင့် ခရစ်တော်ကို နှိုင်းစာကြည့်ပါ။
ကဲသာဘုရင်သည် သူ၏ အင်အားကြီးမားလှသော တပ်မတော် ကြီးများ ခြံရံလျက်၊ ဥစ္စာပစ္စည်းများကိုလည်း ရေတွက်မကုန်နိုင် လောက်အောင် ချမ်းသာကြွယ်ဝလှသည်။ သူ၏ အောင်မြင်မှုများ၊ သူပိုင်ဆိုင် သိမ်းပိုက်ခဲ့သော နယ်မြေဒေသတို ကိုလည်း ကြည့်ပါ။ သိုသော် ခရစ်တော်ကို ကြည့်ပါဦး။
သူ့ကို ခြံရံနေသူများမှာ တံငါသည်များ ဟောင်းနွမ်းညှိးမှိန် လှသော အဝတ်အစားများ ဝတ်ဆင်ထားသော အောက်တန်းကျ ဆင်းရဲသား လူတန်းစားများသာ ဖြစ်ခဲ့သည်။ ခရစ်တော်၏ ဆင်းရဲ မွဲတေလှပုံကိုလည်း ကြည့်ပါဦး။
ရောမစစ်သားများက သူ့အား ရိုက်နှက်ကြသည်။ ပြက်ရယ်ပြုကြသည်။ သူ၏ ပိုင်ဆိုင်ခဲ့သည့် တစ်ခုတည်းသော ဝတ်ရုံကလေး ကိုပင် ရောမစစ်သားများက အံစာပစ်လောင်းကစား၍ ယူလိုက် ခြင်း ခံခဲ့ရရှာသည်။
ကဲသာဘုရင်နှင့် ခရစ်တော်ကို ယှဉ်ကြည့်လိုက်ပါက အရှိန် ပြင်းစွာ မောင်းနှင်လာသော သံမဏိ တင့်ကားကြီး တစီးအား၊ ဆွေးမြေ့နေသော သစ်တိုင်ကလေး တစ်ခုဖြင့်သာ ခရစ်တော်က ကြားကန်၍ တန့်ခံနေရသည်နှင့် တူလှသည်။ သိုသော် ခရစ် တော်၏ ဘဝအသက်တာအားဖြင့် ထားရစ်ခဲ့သော အရှိန်ဩဇာ သည်ကား ကမ္ဘာကုန်သည့်တိုင်အောင် ကုန်အံ့မည် မထင်ပါ။ ကဲ သာဘုရင် အနေဖြင့် ဤလောက၌ ထားပစ်နိုင်ခဲ့သော အရှိန် ဩဇာမှာ အဘယ်မျှလောက် ရှိပါသနည်း။
လူအများက ကဲသာဘုရင်ကို ကောင်းစွာပင် သတိမရကြ တော့ပါ။ ထိုကြောင့် အထက်ဖော် ပြပါဖြစ်ရပ်များကို သေသေချာ ချာ နှိင်းယှဉ် ဆင်ခြင်ကြည့်ပါ။ လူတစ်ဦးက နောက်တစ်ဦး ကို ပေးနိုင်သော အရှိန်ဩဇာသည် အဘယ်အရာပေါ်၌ မူတည်ပါ သနည်း။
၁၅၈။ တစ်ခါက နာမည်ကျော်ကြားခါစဖြစ်သော ပန်းချီဆရာ လူငယ်တစ်ဦးရှိသည်။
သူ့၌ အစွမ်းအစလည်း ရှိသဖြင့် သူ၏ကိုယ်တိုင် ပန်းချီဌာန တစ်ခုဖွင့်ပြီး သူ့ဖာသာ တစ်ကိုယ်တည်း လုပ်ငန်း စတင်ရန်၊ မိတ် ဆွေများက တိုက်တွန်းလာကြသည်။ ထိုသို ပြုလျှင် နာမည်ကြီးလာ ပြီး ပိုက်ဆံကြေးငွေနှင့် ဂုဏ်အရှိန်တက်လာမည်ဟု ဆိုကြသည်။ ထိုအခါ ထိုပန်းချီဆရာလေးက “မဟုတ်ပါဘူး မိတ်ဆွေတို့၊ ငါ့ရဲ့ဆရာဖြစ်တဲ့ ရေဖီယယ်(လ်) ရှိနေသေးတယ်။ သူ့ရဲ့ သင်ကြားပြသ မှုကို ဆက်လက် ခံယူရပေဦးမယ်။ သူ့အနားမှာ အမြဲကပ်နေပြီး သူ့ရဲ့ အနုပညာကို ဆက်လက် ခံယူသင်ကြားရပါဦးမယ်။ သူ့ရဲ့ ခြေရာကိုလိုက်ပြီး နင်းနိုင်ဖို သူနဲ့ အတူ လုပ်ကိုင်ပြီး ပညာကို ဆက်လက်ခံယူဖို အများကြီး ရှိပါသေးတယ်”ဟု ဖြေခဲ့ပါ၏။
ထိုသို့သော သဘောသည် ခရစ်ယာန်တိုင်း၌ ရှိသင့်သည့် သ ဘောမျိုးဖြစ်သည်။
ကျွန်တော်တို သည် ခရစ်တော်၏ အနီး၌ အမြဲနေပြီး ကိုယ် တော်၏ အရှိန်ဩဇာကို ခံယူနေကြရန် အမြဲ ဂရုတစိုက် နေသင့်ပါ ၏။
၁၅၉။ ဇနီးမောင်နှံနှစ်ဦးသည် အနောက်နိုင်ငံတစ်နိုင်ငံ၌ ည ကြီးမိုးချုပ် မော်တော်ကားဖြင့် ခရီးသွားနေသည်။ ညဉ့်နက်နေပြီ ဖြစ်၍လည်း လမ်းတစ်လျှောက်လုံး အလွန်တိတ်ဆိတ်၍ လမ်းပေါ် ၌ လူများပင် ပြတ်လျက် ရှိနေပေပြီ။
ထိုအခါတွင် သူတို၏ မော်တော်ကားသည်၊ ရွံဗွက်ချိုင်ကြီး တစ်ခုထဲသို ကျပြီး ပြန်တက်၍ မရဘဲ ဖြစ်နေတော့သည်။ စက်ကုန် မောင်းပြီး ကြိုးစားရုန်းထွက်သော်လည်း မရခဲ့။ ကူညီမည့်သူလည်း အနား၌မရှိ။ ထိုည၌ မော်တော်ကားပေါ်တွင်သာ အိပ်စက်ပြီး၊ မိုးလင်းလာသည်အထိ စောင့်ရပေတော့ မည်ဟု စိတ်ပျက်အား ၊ လျော့ နေခဲ့ကြသည်။
ထိုစဉ် ကားတစ်စင်း ဖြတ်မောင်းလာသည်။
ထိုကား မောင်းသူသည် ဆရာဝန်တစ်ဦးဖြစ်ပြီး လူနာတစ်ဦး အား ညကြီးသန်ကောင် မိုးချုပ်လှသည်အထိ ပြုစုပေးပြီးမှ ပြန်လာသူတစ်ဦး ဖြစ်သည်။
သူက ချက်ချင်း ကားကိုရပ်လျက် အကူအညီပေးသည်။ ထိုဇနီး မောင်နှံ၏ ကားဘီးတွင် ရစ်ပတ်ရန် ချိန်းကြိုးကို ထုတ်ပေးသည်။ ဘီးတွင် ချိန်းကြိုး ရစ်ပတ်ပေးလိုက်သောကြောင့် ချိုင့်ထဲမှ ရုန်း ထွက်၍ ရလာသည်။ သိုသော် ထိုချိန်းကြိုးကြောင့် ထိုဇနီးမောင်နှံ ၏ကားရှိ ရွှကာမတ်ကပ်သည် အပေါက်ကြီးများဖြစ်သွားရုံမက ရွံကာ သည်သုံးမရတော့အောင် ပျက်စီးသွားခဲ့သည်။ ထိုဇနီး မောင်နှံသည်လည်း ပြုံးချိုသောမျက်နှာဖြင့် ချိန်းကြိုးကို ထို ဆရာ ဝန်အား ပြန်ပေးသည်။ ကျေးဇူးတင်စကားပြောသည်။ ပဲ့ရွဲ ပျက်စီးသွားသော ရွှကာကို အနည်းငယ်ဖြောင့်ပြီး ဆက်လက်
မောင်းသွားရန်အပြုတွင် ထိုဆရာဝန်က “ခင်ဗျားတိုနှစ်ဦးဟာ ခရစ်ယာန်တွေနဲ့ တူတယ်” ဟု ဆိုလိုက်သည်။ “ဘယ့်နဲ့လို ဒီလိုပြောနိုင်ရတာလဲ” ဟု ပြန်မေးလိုက်ရာ “အို – ခင်ဗျားတို တတွေ ဒီလိုဒုက္ခမျိုးစုံရောက်၊ ဒီလို ဒုက္ခ အခက်အခဲတွေနဲ့ တွေ့ရပေမယ့် ခင်ဗျားရဲ့ ယောက်ျားဆီက ဆဲဆိုတဲ့ စကားတစ်လုံးမှ မထွက်လာလို ပါ”ဟု ဆို လိုက်လေ၏။ ‘
ခရစ်ယာန်ပီသစွာ ပြောဆိုပြုမူ၊ နေထိုင်ပုံတို့က သူတစ်ပါး အပေါ် မသိမသာ အရှိန်ဩဇာသက်ရောက်နေ စေတတ်သည်ကို သတိထားမိကြပါရဲ့လား။
၁၆၀။ မောရှေသည် ဘုရားသခင်နှင့် မိတ်သဟာယဖွဲ၍ သိ နာတောင်ပေါ်မှ ပြန်၍ဆင်းအလာတွင် သူ၏ မျက်နှာသည် အရောင်တောက်ပစွာ ကွန့်မြူးနေခဲ့ကြောင်း သမ္မာကျမ်းတွင် ဖော် ပြသည်။
ဖင်နလုံဆိုသည့် ခရစ်ယာန်သူတော်စင်တစ်ဦး၏ မျက်နှာသည် လည်း ဘုရားသခင် ဂုဏ်ရောင်ခြည် ကွန့်မြူးနေပြီး ကျက်သရေ ရှိလှသည်ဟု ဆိုလေ့ရှိသည်။
တစ်ခါက လေ့(ဒ်)ပီတာဘာရိုဆိုသည့် ဘုရားမဲ့ဝါဒီ တစ်ဦး သည် ဧည့်ဂေဟာတစ်ခု၌ အမှတ်မထင် ထိုသူတော်စင်ကြီးနှင့် တစ်ညတာ တည်းခိုခဲ့ရလေသည်။ နောက်တစ်နေ့မနက်တွင် ဘုရားမဲ့ဝါဒီကြီးက “ကျွန်တော် ဒီဂေဟာက မြန်မြန်ထွက်သွားမှ ဖြစ်လိမ့်မယ်။ အဲဒီလူကြီးနဲ့ ကျွန်တော်ကြာကြာနေရင် ကျွန်တော် ပါ ဘုရားကို ယုံလာမိလိမ့်မယ်” ဟူ၍ ပြောပြီး ချက်ချင်း ပြောင်းရွှေ့ သွားခဲ့သော ဟူ၏။
၁၆၁။ သောမတ်(စ်)ကွတ်(ခ်) ဟူသည့် ဧဝံဂေလိတရားဟော ဆရာကြီးတစ်ဦးသည် မြိုတစ်မြိုသို လာရောက်ဟောပြောတော့ မည်ဖြစ်၍ ထိုမြိုရှိ ခရစ်ယာန်အများက သူ့ကို ဧည့်ခံကြိုဆိုရန် ပြင်ဆင်မှုများ ပြုလုပ်နေကြသည်။
ထိုဆရာကြီး တည်းခိုမည့်နေအိမ်မှ အစေခံမကလေးတစ်ဦးက ပြင်ဆင်မှုများ ပြုလုပ်နေရသည်မှာ ပင်ပန်းလာသဖြင့် “ကြီးကျယ် လိုက်တာရှင် တကတည်းမှာပဲ။ သူတို လုပ်နေကြတာက ခရစ်တော်ကိုယ်တော်တိုင် ကြွလာတော့မယ့် အတိုင်းပဲ”ဟုဆိုကာ ညည်းညူ လိုက်လေသည်။
ထိုဓမ္မဆရာကြီးသည် တစ်နေ့တာမျှ တည်းခိုပြီး အခြားမြို့သို့ ထွက်ခွာသွားလေတော့သည်။
နောက်တစ်နေ့တွင် ထိုညည်းညူုခဲ့သော အစေခံမကလေးက မျက်လုံးကလေး ကြောင်လျက် “ဟိုတစ်နေ့က ခရစ်တော် ကိုယ်တော်တိုင် ကြွလာတော့မယ့် အတိုင်းပဲလို ကျွန်မ ညည်းခဲ့တယ် မဟုတ်လား” ဟူ၍ ပြောရာ၊ အနီးရှိ လူတစ်ဦးက “ဟုတ်တယ်လေ။ မင်းဟာ ဒီအတိုင်းပဲ ပြောခဲ့တာပဲ“ဟု ဖြေသည်။
ထိုအခါတွင် အစေခံမကလေးက “အင်း … ခရစ်တော် ကိုယ်တိုင် ကြွလာသွားခဲ့ပါပြီရှင်”ဟု အေးဆေးတည်ငြိမ်သော အသံဖြင့် ပြောလိုက်လေတော့သတည်း။
JOY ဝမ်းမြောက်ရွှင်လန်းခြင်း ၊
၁၆၂။ လူငယ်တစ်ဦးသည် ခရစ်တော်ကို ယုံကြည်ပြီး ခရစ် ယာန် ဖြစ်လာခဲ့သည်။
သူသည် ယခင်က ဘတ်(စ်)ကက်ဘော ကစားသည်။ ထိုအား ကစားဘက်၌ ထူးချွန်ခဲ့သည်။ သိုသော် သူသည် ယခုဆိုလျှင် ဘတ်(စ်)ကက်ဘော မကစားတော့။ သူသည် ယခင်က ပျော်ပျော် ပါးပါးနေတတ်သည်။ ယခုဆိုလျှင် ကျမ်းစာအုပ်ကိုပိုက်ပြီး တည်ငြိမ်သော အိန္ဒြေဖြင့်သာ သွားလာလှုပ်ရှားနေတော့သည်။ သူသည် ခရစ်ယာန်ဖြစ်လာ၍ တည်ငြိမ်သော သမာဓိရှိလာရန် ကြိုးစားနေ ခြင်း မှန်သော်လည်း မျက်နှာထားသည် သုန်သုန်မှုန်မှုန် ဖြစ်နေ သည်။
သူသည် ခရစ်တော်၏ အကြောင်းကို လိုက်လံသက်သေခံနေ သည်။ သိုသော် သူ၏ သက်သေခံမှု အပေါ်၌ မည်သူကမျှ စိတ်ဝင် စားမှု မရှိကြ။
သူ၏ မိတ်ဆွေများက သူ့အား ဘတ်(စ်)ကတ်ဘော ပြန်ကစား ရန် တောင်းပန်ကြသည်။ သူက ခေါင်းခါ ငြင်းဆိုလိုက်သည်။ သူ၏ မိတ်ဆွေအများက သူ၏ သက်သေခံမှုကို နေ့စဉ်ရက်ဆက်ကြားနေ ရပါလျက် “ခရစ်ယာန် ဘာသာဆိုတာ ဒါမျိုးဆိုရင် ဒို့တတွေ ဘယ်တော့မှ ခရစ်ယာန် မဖြစ်ချင်တော့ဘူးပေါ့”ဟု ဆိုလိုက်ကြ တော့၏။
ခရစ်ယာန်ဖြစ်လာရခြင်း၏ ဝမ်းမြောက်ရွှင်မြူးခြင်း၊ အားရ ပျော်ရွှင်ရခြင်းကို ကျွန်တော်တို က မဖော်ပြနေပါက မည်မျှပင် သက်သေခံလိုက်လံ တရားဟောပြောနေပါသော်လည်း အချည်း နှီးပေတည်း။
၁၆၃။ ခရစ်ယာန် မိန်းမပျိုကလေးတစ်ဦးရှိသည်။
သို့သော် သူသည် တစ်ကိုယ်ကောင်းဆန်၍ အတ္တပဓာန စိတ် ထားဖြင့်သာ အသက်ရှင်ခဲ့သည်။ မျက်နှာထားမှာ အမြဲသုန်သုန် မှုန်မှုန်ဖြစ်ပြီး နှုတ်ခမ်းကလည်း စူးထားသကဲ့သို ဖြစ်နေတတ် သည်။ သူ့အတွက် အကောင်းဆုံးသော အင်္ကျီ၊ လုံချည်၊ အဝတ် အစားများ၊ အလှပြင်ရန် ပစ္စည်းများ ဝယ်ပေးခဲ့ရသော မိဘများက ပင်လျှင် မွဲမတတ် ဖြစ်ခဲ့ရသည်။
တစ်နေ့တွင် သူသည် နွေရာသီကျမ်းစာသင်တန်းတစ်ခုသို တက်ရောက်ခဲ့မိ၍ ခရစ်တော်နှင့် တွေ့ထိလာပြီး စိတ်ထားပြောင်း လဲလာခဲ့သည်။ သူ၏ တစ်ကိုယ်ကောင်းစိတ်ထားသည် ပျောက် ကွယ်သွားခဲ့သည်။ အလှအပပြင်ရာတွင် အဖိုးတန် ပစ္စည်းများကို ပင် အသုံးမပြုတော့ဘဲ သနပ်ခါးလေးဖြင့်သာ ယဉ်ယဉ်လေး ပြုပြင် ပြင်ဆင်လာတော့သည်။
သူသည် သွေးလှူရှင်လည်း ဖြစ်လာသည်။ သွေးလှူချိန်ပေါင်း များလာသဖြင့် ဆရာဝန်များကပင် တားမြစ်ယူရသည်။
ကြက်ခြေနီအသင်းသို့ လည်း ဝင်သည်။ သူ၏ မျက်နှာထားသည် အမြဲပင် ပြုံးချိုလာခဲ့သည်။ ခရစ်ယာန် ဖြစ်လာ၍ ခရစ်တော် ထံမှ ရရှိလာသော ဝမ်းမြောက်ပျော်ရွှင်ခြင်းသည် ထိုသိုပင် ဖြစ် သည် မဟုတ်ပါလား။ ။
၁၆၄။ ခရစ်ယာန်ဘာသာဆိုသည်မှာ ဝမ်းနည်းစရာ၊ ကြေကွဲ စရာကောင်းသော ဘာသာမျိုး မဟုတ်ပါ။ အရုဏ်ဦးနှင့်တူသော ဘာသာ၊ နံနက်ခင်း၏ မြူးထူးပျော်ရွှင်ခြင်းမျိုးကို ခံစားနေကြရ ကြောင်းကို သက်သေ ထင်ရှားနေစေရမည်။
ခရစ်ယာန်ဘာသာဆိုသည်မှာ ချုပ်တည်းမှု၊ စိတ်မသာ ညည်း တွား ဖွယ်ရာမဟုတ်၊ လေးလံသော ဝန်ထုပ်ကြီးကို ထမ်းဆောင်နေ ရသကဲ့သို မဟုတ်။ အနှုတ်လက္ခဏာမျိုးမဟုတ်၊ အားရရွှင်မြူးရ ခြင်းတည်းဟူသော အပေါင်းလက္ခဏာကို ဖေါ်ပြနေရမည်။
ခရစ်ယာန်ဘာသာဆိုသည်မှာ စိတ်ပျက်အားလျှော့နေသော နှလုံးသားများကို အားသစ်လောင်းပေးနိုင်သော ဘာသာမျိုး ဖြစ် ရမည်။ ညှိးနွမ်း၊ ခြောက်သွေ့နေသော ပန်းပင်ကလေးများကို ရေလောင်းပေးလိုက်သဖြင့် လန်းဆန်းသစ်လွင် လာရခြင်းမျိုးနှင့် တူ ရမည်။
ခရစ်ယာန်ဘာသာဆိုသည်မှာ၊ ပညတ်ပေါင်းများစွာဖြင့် မတို နှင့်၊ မကိုင်နှင့်၊ မမြည်းနှင့်ဟူသော တားမြစ်ချက်များ အတိရှိ နေသော ဘာသာမျိုး မဟုတ်။ ဝိညာဉ်စိတ်အားထက်သန်မှုနှင့် ခံနိုင်ရန်၊ သစ္စာရှိမှု၊ လုံလဝိရိယ အစရှိသော ပါရမီများကို ထပ်ဆင့် လောင်း အားပေးနေသော ဘာသာမျိုး ဖြစ်ရမည်။
ခရစ်ယာန်ဘာသာဆိုသည်မှာ ဘဝအသက်တာကို ဝင်းလက် လာစေသော ဝမ်းမြောက်ခြင်းမျိုးကို ပေးရမည်။ အသက်တာတွင်နေရောင်ခြည်ကလေး ဖာလာနေသကဲ့သို ဖြစ်စေရမည်။ စိတ် နှလုံး၏ အတွင်းကျကျ နက်ရှိင်းသောနေရာထဲမှ မဖေါ်ပြနိုင် လောက်အောင်ပင် ဖြစ်နေသော အားရရွှင်မြူးမှုကို ပေးနေရမည် တည်း။ ။
၁၆၅။ အစီစီမြိုက ရှင်ဖရန်စစ်သည် တစ်ခါက အပျော်အပါး လိုက်စားခဲ့သည့် သူဌေးသားတစ်ဦး ဖြစ်ခဲ့သည်။
ခရစ်ယာန် သူတော်စင်ကြီးတစ်ဦးဖြစ်ခဲ့သော ရှင်ဩဂင် စတင်းသည် အပျော်အပါးလိုက် စားခဲ့သော လူငယ်တစ်ဦးဖြစ်ခဲ့ သည်။
သူတိုနှစ်ဦးစလုံးသည် ပြောင်းလဲလာပြီး ခရစ်ယာန်ဖြစ်လာ ကြသည်။ ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်များ ဖြစ်လာကြ သည်။ ထိုအချိန်အခါမျိုး၌ သူတို သည် အိန္ဒြေကြီးဖြင့် မျက်နှာထား သုန်သုန်မှုန်မှုန် ဖြစ်လာကြပါသလား။ မဟုတ်ပါ။ သူတို သည် အ ပျော်အပါး၊ လောကီ၏ ပျော်ရွှင်မှုမှန်သမျှကို စွန့်လွှတ်နိုင်ခဲ့ကြ သော်လည်း မပျော်ရွှင် မမြူးတူးဘဲ နေခဲ့ကြပါသလား။ ထိုသို မဟုတ်ပါ။
ယခင်က သူတိုသည် လောကီအပျော်အပါးကိုသာ လိုက်စားခဲ့ ကြသည်။ ခရစ်ယာန်ဖြစ်လာသောအခါ ခရစ်ယာန်တို၏ ဝမ်း မြောက်ရွှင်မြူခြင်း၊ အားရပျော်ရွှင်၊ လန်းဆန်းကြည်ရွှင်မှုကို သေ သည်အထိ မပြတ်မလပ် ခံစားနိုင်ခဲ့ကြသည်။ အပျော်အပါးနှင့် ခရစ်ယာန်တို၏ ဝမ်းမြောက်ရွှင်လန်းမှုဆိုသည်မှာ ခြားနားလှပါ၏။
၁၆၆။ ခရစ်ယာန်တို့၏ ဝမ်းမြောက်ရွှင်လန်းခြင်းဆိုသည်မှာအဘယ်နည်းဟူ၍ လူတစ်ဦးက ဓမ္မဆရာကို မေးသည်။
“ဒီလိုပြောရင် ကောင်းမယ် ထင်တယ်။ ဆိုကြပါစိုဗျာ။ လမ်း ပျောက်နေတဲ့ မိန်းကလေးတစ်ဦးက ဆရာ့ကို လမ်းမှန်ကို မေး တယ်။ ဆရာက ပြပေးလိုက်တယ်။ သူသွားလိုတဲ့လမ်းမှန်ကို တွေ့ရ တော့မှ သီချင်းလေးတစ်ကျော်ကျော်နဲ့ ဆက်ပြီး လမ်းလျှောက်သွား တဲ့ သဘောမျိုးပေါ့”ဟု ဥပမာ ပေးခဲ့ဖူးပါသည်။ ။
ခရစ်ယာန်တို၏ ဝမ်းမြောက်ခြင်းဆိုသည်မှာ လမ်းခရီး ဖြစ် သော ခရစ်တော်နှင့် တွေ့ဆုံပြီး၊ လမ်းမှန်ပေါ်သို ရောက်ကာ၊ သီချင်းလေးတစ်ကျော်ကျော်ဖြင့် ဘဝအသက်တာကို ဆက်လက် လျှောက်သွားနေရသူတစ်ဦး၏ ခံစားရသော ဝမ်းမြောက်ရွှင်လန်းမှု နှင့် တူရမည် ဖြစ်ပါ၏။
၁၆၇။ အစီစီမြိုက ရှင်ဖရန်စစ်သည် “ဝမ်းနည်းကြေကွဲစရာ ရှိသမျှကို စာတန်မာရ်နတ်လက်ထဲ ပုံအပ်လိုက်ပါစို”ဟု ဆိုပြီး၊ တုတ်ချောင်းကလေးနှစ်ချောင်းကို ယူလျက် တစ်ချောင်းကို ပုခုံး ပေါ်တင်ကာ ကျန်တစ်ချောင်းဖြင့် တယောထိုးသကဲ့သို လမ်းမကြီး ပေါ်၌ သီချင်းဆိုရင်း လမ်းလျှောက် သွားခဲ့သည်။
တေးသီချင်းဆိုတတ်သော ငှက်ကလေးများရှေ့တွင် ရပ်၍ စကားပြောသည်။ တေးသံကျူး အေးတတ်သော ငှက်ကလေးများကို ထောင်ချောက်ဖြင့် ဖမ်းဆီးသတ်ဖြတ်နေသူများကို တရားစွဲဆိုရန် ဧကရာဇ်မင်း ရှေ့တော်မှောက်သို့ ဝင်ရန် ကြိုးစားခဲ့သည်။ ရောမ အင်ပါယာ တစ်ခုလုံး၌ ငှက်များထောင်၍ ဖမ်းဆီးခြင်းကို တားမြစ် သည့် ဥပဒေ ထုတ်နိုင်ရန် ကြိုးစားဆောင်ရွက်ခဲ့သည်။ ခရစ္စမတ် အချိန်လာလျှင် (Lark) ဟုခေါ်သော “ဘီလုံးငှက်”များကို လူတိုင်းက အစာကျွေးကြရန် ဆော်ဩခဲ့ဖူးသည်။
ရှင်ဖရန်စစ်သည် ဧကရာဇ်မင်း၏ ရှေ့တော်မှောက်သို့ မ ရောက်ခဲ့ရပါ။ သို သော် ခေါင်းလောင်း သံလေး ကြားရသည့်အခါ တိုင်း ငှက်ကလေးများကို အစာကျွေးလေ့ရှိသည့် မြိုကလေးတစ်မြို မှာကား ရှင်ဖရန်စစ်၏ ဇာတိမြိုဖြစ်သော အစီစီမြို့ကလေးပေ တည်း။
တစ်ခါက ရှင်ဖရန်စစ်က ငှက်များတစ်ပြုံလုံးကို တရား ဒေ သနာ ဟောကြားနေသည်။ တေးသီချင်း သီဆိုနိုင်သော ပါရမီကို ပေးထားသည့် ဘုရားသခင်၏ ကျေးဇူးတော်ကို ငှက်ကလေးများက ချီးမွမ်းရန် တိုက်တွန်းနှိးဆော်သော ဒေသနာပင်တည်း။
သူသည် ထောင်ချောက်ထဲသို ကျရောက်နေသော တိရန် မှန်သမျှကို လိုက်လံလွှတ်ပစ် လေ့ရှိသည်။
တစ်ခါက ယုန်ကလေးတစ်ကောင်သည် ထောင်ချောက်ထဲတွင် မိနေခဲ့သဖြင့် သူက လွှတ်ပစ်ခဲ့သည်။ ထောင်ချောက်ဒဏ်ကြောင့် ထိုယုန်ကလေးမှာ နှုတ်ခမ်းကလေး ပဲ့သွားခဲ့ရသည်။ ထိုအခါ သူက ထိုယုန်ကလေးကို “နှုတ်ခမ်းပဲ့နေတဲ့ ညီကလေး”ဟု အမည်ပေး ခဲ့သည်။ ထိုယုန်ကလေးကို သူက မွေးစားခဲ့သည်။
ငါးမျှားချိန် တန်းလန်းဖြစ်နေသာ ငါးကလေးများကို တွေ့ရ လျှင် ချက်ချင်း ဆွဲတင်ပြီး ငါးမျှားချိတ်ကို ဖယ်ရှားကာ ရေထဲသို ပြန်လွှတ်လေ့ရှိသည်။
ဈေးထဲတွင် ရောင်းချရန် ခေါ်ဆောင်လာသော သိုးများကို တစ်ခါက တွေ့ရရာ၊ သူ၏ တစ်ခုတည်းသော ဝတ်ရုံကုတ်အင်္ကျီကို ရောင်းချပြီး ထိုသိုးများကို ဝယ်ယူလွှတ်ပစ်ခဲ့သည်။
ခူကလေးတစ်ကောင်ကို သူများက တက်နင်းမိမည်စိုး၍ လမ်း မကြီးပေါ်က ယူကာ လမ်းဘေးသို ရွှေ့ပေးသည်။
ပန်းပွင့်ကလေးများကို မြင်ရလျှင် စိတ်ထား လန်းဆန်းကြည် ရွှင်လာရသောကြောင့် ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းလေ့ရှိသည်။ တစ်ခါက ပန်းပွင့်ကလေးများရှေ့တွင် ထိုင်၍ သူတို ပိုင်ဆိုင်ကြရသော သဘာဝ အလှအတွက် ဘုရားသခင်၏ ကျေးဇူး တော်ကို ချီးမွမ်းကြဖို တရားဟောပြောခဲ့ဖူးသည်။
ရှင်ဖရန်စစ်ကို အရူးတစ်ယောက်ဟူ၍ ခေါ်ဆိုကြမည်လား။
ကျွန်တော်ကတော့ ဘယ်သောအခါမျှ ထိုသို ပြောလိမ့်မည် မဟုတ်ပါ။
၁၆၈။ တစ်ခါက ဓမ္မဆရာကြီးတစ်ဦးသည် အီဂျစ်ပြည်သို အလည်သွားခဲ့သည်။ ခရစ်ယာန်ဖြစ်ခါစ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံရ သည်။ သူတို သည် ခရစ်ယာန်ဖြစ်ခါစဖြစ်၍ ကောင်းစွာ သီချင်း မဆိုတတ်ကြသေးသော်လည်း အားရပါးရ မတတ်တတတ်ဖြင့်ပင် သီချင်းဆိုကြသည်။ နွမ်းပါးသော အဝတ်အစားများ၊ ပေရေနေ သော မျက်နှာထားများနှင့် မျက်ရည်ချောင်းများ စီးဆင်းလာကြ သည်အထိ သီချင်းဆိုကြသည်။ သို သော် ဂီတသင်္ကေတကိုလည်း နားမလည်ကြ၍လည်း သံကြောင်၊ သံကြားများ ထွက်ပေါ်လာနေ သည်။ အသံနိမ့်အသံမြင့်များ ရောထွေးလျက် တစ်ယောက် တစ် ပေါက် မတူမညီ သီဆိုနေကြသည်။
ထိုသူတို သီချင်းဆိုကြပြီးသောအခါ ထိုဓမ္မဆရာကြီးက မတ် တတ်ရပ်လျက် “ ဒီလောက်ကောင်းတဲ့ သီချင်းဆိုပုံမျိုးကို တစ်ခါမျှ မကြားရသေးပါဘူးဗျာ”ဟူ၍ အကယ်ပင် လှိက်လှဲသော အသံဖြင့်မှတ်ချက်ချခဲ့သည်။
မည်မျှ အသံကြောင်၊ အသံဆိုးများ၊ ဂီတ မပီသဘော အသံများ ဖြစ်နေပါလေစေ ကျွန်တော်တို အတွက် အသက်ပေးခဲ့သော သခင် ဘုရားက ခရစ်ယာန်တို၏ ဝမ်းမြောက်ရွှင်လန်းစွာ သီချင်းဆိုခြင်း ကို အမြဲတစေ ပြုံးရွှင်စွာ လက်ခံနေလိမ့်မည်သာတည်း။
၁၆၉။ တစ်ခါက ဓမ္မဆရာကြီး “ရေနီ”ဆိုသူက တစ်နေ့လုံး သူ့ အဖို ပျော်ရွှင်မြူးတူးစွာ အသက်ရှင်ခဲ့ရသဖြင့်၊ ညတိုင်းလိုလို ကောင်းကင်နိုင်ငံသို ရောက်သွားရသည်ဟု အိပ်မက်မက်လေ့ရှိ သည်ဟု ဆိုသည်။
“ခရစ်ယာန်တို့ ရဲ့ ဝမ်းမြောက်ရွှင်လန်းမှုဆိုတာဟာ ဒီလိုပဲ ဗျ”ဟု ဆိုသည်။
“ကျွန်တော်တိုရဲ့ စိတ်နှလုံး ဝိညာဉ်ဟာ ရဲတိုက်ကြီး တစ်ခုနဲ့ | တူတယ်။ ဘုရင်မင်းမြတ်ဟာ အဲဒီရဲတိုက်ထဲမှာ စံနေတဲ့အခါမျိုးမှာ | ရဲတိုက်ထိပ်မှာ အလံလွင့်ထူထားရလေ့ရှိပါတယ်။ ခရစ်တော်ဟာကျွန်တော်တို ရဲ့ စိတ်နှလုံးထဲမှာ စံမြန်းနေရင် ကျွန်တော်တို မျက် နှာထားများက အဲဒီလို ကွန့်မြူးစွာ လွှင့်ထူထားတဲ့ အလံနဲ့ တူနေ ရပါတယ်”ဟု သူက ရှင်းပြခဲ့ဘူးပါ၏။
၁၇၀။ ကမ္ဘာကျော် ကဗျာဆရာကြီး ဘရောင်းနင်းက ကဗျာ တစ်ပုဒ်စပ်ဆိုခဲ့ဖူးသည်။ ထိုကဗျာမှာ ခရစ်ယာန်တို ခံစားရသော ဝမ်းမြောက်ရွှင်လန်းခြင်းအကြောင်းပင်တည်း။ အဓိပ္ပါယ်မှာ အောက်ပါအတိုင်းပင် ဖြစ်ပါ၏။
မိန်းမပျိုကလေးတစ်ဦးသည် ပိုးချည်မျှင်စက်တွင် အလုပ်လုပ် နေခဲ့ရပြီး တစ်ရက်တွင် အနားရခဲ့၍ အပျော် ခရီးထွက်သွားခဲ့သည်။ ထိုနေ့တွင် ထိုမိန်းကလေးသည် မြိုကလေးတစ်မြိုကို ဖြတ် သွားရင်း သီချင်းဆိုသွားသည်။ တကယ်ပင် ဝမ်းမြောက်ဝမ်းသာ ရွင်မြူးလှသော လှိက်လှဲသံဖြင့် သီချင်းဆိုသွားခြင်း ဖြစ်သည်။ ထိုအသံကို ကြားရသူတိုင်းက ပြတင်းပေါက်က ထွက်ကြည့်ကြရ သည်။
သူ၏ သီချင်းသံလေးက အပြစ်ဒုစရိုက်အတွင်း နစ်မွန်းသူ နှစ်ဦးကို နောင်တတရား ရသွားစေသည်။ စိတ်ဆိုးနေသော ပန်းချီ – ဆရာတစ်ဦး၏ဒေါသကို ပြေငြိမ်းသွားစေခဲ့သည်။ ဘုရင်ကြီးအား လုပ်ကြံသတ်ဖြတ်ရန် ကြံရွယ်နေသော လူသတ်ကောင် တစ်ဦးကို ပြန်လှည့် ထွက်သွားစေခဲ့သည်။ ဘဝ၏ အမှောင်တွင်း၌ ကျရောက် နေသော သူများ၏ အသက်တာတွင်း၌ အလင်းရောင်ကလေး ဝင်း လက်လာစေခဲ့သည်ဟူသော ကဗျာပေတည်း။ ။
ခရစ်ယာန်တို၏ ဝမ်းမြောက် ရွှင်လန်းခြင်းမျိုးသည် ထိုသို ဖြစ် ရပေလိမ့်မည်။
၁၇၁။ တစ်ခါက ဓမ္မဆရာကြီးနှစ်ဦးသည် အလုပ်တာဝန်များ ကို ပင်ပန်းစွာလုပ်ဆောင်ခဲ့ကြပြီး လယ်ကွင်းထဲသို အနားယူလမ်းလျှောက်ရန် ထွက်သွားခဲ့ကြသည်။ သဘာဝ၏ အလှများကို မြင် တွေ့ရပြီး သူတို သည် ကျောင်းမှ ဆင်းလာခါစဖြစ်သော ကျောင်း သားကလေးများကဲ့သိုပင် ပျော်ရွှင်မြူးတူးစွာ ပြောဆိုနေကြသည်။ တဝါးဝါးရယ် ကြသည်။ အားရပါးရ ဟစ်အော်ရယ် မောကြသည်။ ထိုစဉ် ဆရာကြီးက ထူးခြားသောအဆိုတစ်ခုကိုပြုလိုက်သည်။
“သူငယ်ချင်း၊ ဒို့ တတွေကို ရယ်မောပျော်ရွှင်အောင် ပြုလုပ် ပေးတဲ့ ဘုရားသခင်ရဲ့ ကျေးဇူးတော် ချီးမွမ်းကြရအောင်” ဟုဆိုသဖြင့်၊ သူတိုနှစ်ဦးသည် မြက်ခင်းကမ္ပလာပေါ်၌ ဒူးထောက် ကာ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းကြသည်။
ထိုသူနှစ်ဦးမှာ ကမ္ဘာပေါ်တွင် အကျော်ကြားဆုံးခရစ်ယာန် သူတော်စင်နှစ်ဦးဖြစ်သော သီအိုဒို၊ ကိုင်လာနှင့် ချားလ်(စ်)စပါဂျင် ဆိုသူတို့ပေတည်း။
သူတို့၏ ကျေးဇူးတော်ချီးမွမ်းမှုကို သတိရတိုင်း ခရစ်ယာန်တို့ ၏ ဝမ်းမြောက် ရွှင်လန်းမှုဆိုသည်မှာ ဘုရားသခင်၏ ဆုကျေးဇူး များ ဖြစ်သည်ကို သတိရနေကြပါစိုလား … ။
JUDGMENT
တရားစီရင် ဆုံးဖြတ်ခြင်း ၊
၁၇၂။ တစ်ခါက လူသတ်တရားခံအမျိုးသမီးတစ်ဦးကို ကြိုး ပေးရမည့်မနက်ဖြစ်၍ တာဝန်ကျ ထောင်အရာရှိများက သူ့အား အိပ်ရာမှနှိးရန် အချုပ်ခန်းသို သွားကြရာ၊ ထိုတရားခံသည် နှစ်ခြိုက် စွာ အိပ်ပျော်နေသည်ကို တွေ့ကြရသည်။
သို့သော် ထူးခြားသည်က သူ၏ မျက်နှာထားမှာ ပြုံးရွှင်၍ နေသည်ကို တွေ့ရသဖြင့် အံ့ဩနေကြသည်။ မကြာမီပင် အသက် ထွက်သွားရတော့မည် သူ၏ ပြုံးရွှင်စွာ အိပ်ပျော်နေခြင်းကို မနှိး ရက်ဘဲ နေခဲ့ကြသည်။ ထိုကြောင့် နာရီဝက် ဆက်လက် အိပ်ပျော် ခွင့်ပေးခဲ့ကြသည်။
နာရီဝက်ကြာသောအခါ ပြန်လာကြသော်လည်း ထိုတရားခံ အမျိုးသမီးသည် ပြုံးရွှင်သော မျက်နှာထားဖြင့်ပင် အိပ်ပျော်နေ သေးသည်ကို တွေ့ကြရပြန်သဖြင့် နောက်ထပ် နာရီဝက်ခန့် ပေး လိုက်ကြပြန်သည်။ စုစုပေါင်း တစ်နာရီကြာပြီးသောအခါ အိပ်ရာမှနှိုးရန် လာကြပြန်သောအခါ ထိုအတိုင်းပင် အိပ်ပျော်နေသေးသည် ကို တွေ့ရပြန်သော်လည်း မတတ်နိုင်ဘဲ အိပ်ရာက နှိုးလိုက်ရတော့ သည်။
မျက်လုံးများပွင့်လာပြီး တာဝန်ကျထောင်အရာရှိများကို ထို တရားခံအမျိုးသမီးက တွေ့လိုက်ရလျှင် ငိုကြွေးလေတော့သည်။ သူ့အား ကြိုးပေးရန် ခေါ်ကြသောအခါ ငိုယို တောင်းပန်သည်။ ရုန်းကန်သည်၊ အော်ဟစ်ငိုကြွေးသည်။
မကြာသေးမီက သူသည် ပြုံးချိုသော မျက်နှာထားဖြင့် အိပ် ပျော်နေကြောင်းကို ပြောပြသောအခါ ထိုတရားခံ အမျိုးသမီးက အိပ်မက်မက်နေသည်ဟု ဆို၏။
သူ၏ ငယ်စဉ်တောင်ကြေး ဘဝက သူ၏ရွာ၌ ပျော်ရွှင်ချမ်းမြေ့ စွာနေခဲ့ရပုံ၊ သူ၏ မိဘမောင် ဖွားများ၊ မိတ်ဆွေသူငယ်ချင်းများနှင့် အတူ ပျော်ရွှင်စွာနေထိုင်ခဲ့ပုံများကို အိပ်မက်နေခဲ့သည်ဟု ရှင်းပြ ခဲ့တော့၏။
ထိုကြောင့် အပြစ်မဲ့ သာယာချမ်းမြေ့သော ထိုနေ့ရက်တို ကို အိပ်မက်မက်နေခဲ့သဖြင့် ထိုသို ပြုံးချိုသော မျက်နှာထားမျိုး ရှိနေခဲ့ ခြင်းဖြစ်သော်လည်း ရုတ်တရက်လှုပ်နှိးခြင်း ခံလိုက်ရသောအခါ သူရင်ဆိုင်ရတော့မည် ကြိုးဒဏ်ကို သတိရ ရိပ်စားမိလာသော ကြောင့် အော်ဟစ်ငိုကြွေးလိုက်ခြင်း ဖြစ်၏။
သူ၏အပြစ်ဒုစရိုက်၊ ရှက်ကြောက်စရာဖြစ်အင်၊ ခံစားရတော့ မည့် အပြစ်ဒဏ်ကို ရင်ဆိုင်လိုက်ရသောအခါ ပြုံးချိုရွှင်မြူးသော အနေမှ ရင်ပတ်စည်းတီး အော်ဟစ်ငိုကြွေးရသည့်အဖြစ်၊ ကျေနပ် ရွှင်ပျနေရသောအဖြစ်မှ ကြောက်လန့်ရုန်းကန်ရသောအဖြစ်သို့တစ်မဟုတ်ခြင်း ပြောင်းလဲခဲ့ရ တော့သည်။
ဘုရားသခင်၏ တရားစီရင်ဆုံးဖြတ်ခြင်းကလည်း ထိုသို့ ဖြစ် လိမ့်စေပါမည်။ ။
အပြစ်ပြုမူနေသူတစ်ဦးသည် အပြစ်ဒဏ်ကို စီရင်တော့မည့် ဘုရားသခင်နှင့် ရုတ်တရက် ရင်ဆိုင်ရသည်နှင့် ထိုသို ဖြစ်လာ ကြပါလိမ့်မည်။ ထို ကြောင့်လည်း ဗျာဒိတ်ကျမ်း ၆း၁၅-၁၇ တွင် ရှင်ယောဟန်က “ထိုသူတိုသည် မြေတွင်း၌လည်းကောင်း၊ တောင် ပေါ်မှာရှိသော ကျောက်များ၌ လည်းကောင်း၊ ပုန်းရှောင်လျက်နေ ၍ ထိုတောင်များ၊ ကျောက်များတို ကိုခေါ်လျက် ငါတို အပေါ်သို ကျကြပါ။ ပလ္လင်ပေါ်မှာ ထိုင်တော်မူသော သူ၏ မျက်နှာနှင့် သိုး သငယ်၏ အမျက်တော်ကို ကွယ်ကာ၍ ငါတို ကို ဖုံးအုပ်ကြပါ။ အမျက်တော် ထင်ရှားသောနေ့ကြီး ရောက်ပါပြီတကား။ အဘယ် သူသည် ခံရပ်နိုင်မည်နည်း ”ဟု ပြောဆိုကြလိမ့်မည်ဟု သတိပေး ထားပါ၏။
၁၇၃။ ဓမ္မဆရာကြီးတစ်ဦးသည် တရားဟောပြောပြီးနောက် အပြစ်ဒုစရိုက်ထဲတွင် နစ်မွန်းနေသော သူတစ်ဦးက သူ့ထံသို ရောက်လာပြီး ထိုတရားဒေသနာနှင့် ပတ်သတ်၍ အငြင်းပွား တော့သည်။
“ကျွန်တော်ကတော့ ဆရာ့ရဲ့ ကျမ်းချက်ကို မကျေနပ်ဘူး၊ သမ္မာကျမ်းတစ်ခုလုံး မှန်တယ်လို့ ဝန်မခံနိုင်ဘူး”
“သမ္မာကျမ်းက လူသည် တစ်ခါတည်းသေ၍ ထိုနောက်တွင် တရားစီရင်ခြင်းကို ခံရကြမည်” လို (ဟေဗြဲ ၉း၂၇) မှာ အတိ အလင်း ဆိုထားသားပဲ။ ဆရာ့ရဲ့ တာဝန်ဟာ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဟောပြောဖို ပဲ၊ အငြင်းပွားဖို့ မဟုတ်ပါဘူး” ဟု ဆရာက ဖြေရှင်းရှာသည်။
“ဒါကို ကျွန်တော် မယုံနိုင်ဘူး”ဟု ထိုလူငယ်က ဆက်၍ ငြင်း နေပြန်သည်။
“လူတွေဟာ သေကြေကြရမှာ အမှန်ပဲ၊ သေပြီးတဲ့အခါ တရားစီရင်ဆုံးဖြတ်ခြင်း ခံကြရမှာ လည်း အမှန် ဖြစ်တယ်လို ကျမ်းစာတော်မြတ်က ဆိုထားပါတယ်ကွာ”
ဆရာက ထပ်မံဖြေကြားပြန်သည်။ “ဆရာဟာ ကျွန်တော်ရဲ့ ငြင်းဆိုချက်၊ ချေပချက်ကို ဘာမှ ပြန်ပြီး အဖြေမပေးနိုင်ဘူး၊ သမ္မာကျမ်းနဲ့ပဲ ကိုင်ပေါက်နေတာပဲ” ဟုဆိုပြီးလှည့်ထွက်သွားခါနီးအပြုတွင် ဆရာက “လူသည် တစ်ခါ တည်းသေ၍ ထိုနောက်တွင် တရားစီရင် ဆုံးဖြတ်ခြင်းကို ခံကြရ မည်” ဟူသော စကားကိုပင် ပြန်လည် ရွတ်ဆိုပြလိုက်ပါတော့၏။ ထိုအချိန်မှစပြီး “တရားစီရင်ဆုံးဖြတ်ခြင်း” “အပြစ်ဒုစရိုက်များကို တရားစီရင်ဆုံးဖြတ်ခြင်း” ဟူသော ကျမ်းစကားများသည် ထို လူငယ်၏ နားထဲ၊ ဦးနှောက်ထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။
နောက်တစ်နေ့တွင် ထိုလူငယ်သည် ဓမ္မဆရာရှိရာသို ရောက် လာပြီး “ဆရာရယ်၊ ကျွန်တော်ရဲ့ အပြစ်ဒုစရိုက်၊ အကုသိုလ်တွေ အတိုင်း ဘုရားသခင်ဟာ တရားစီရင်ဆုံးဖြတ်တော့မယ်ဆိုတဲ့ ကျမ်း စကားတွေဟာ ကျွန်တော့်ရဲ့ ရင်ထဲနားထဲမှာ တစ်ချိန်လုံး ပဲ့တင် ထပ်နေလို တစ်ညလုံး ကျွန်တော် မအိပ်ခဲ့ရပါဘူး။ ဒီလို တရား စီရင် ဆုံးဖြတ်ခြင်းနဲ့ အပြစ်ဒဏ်စီရင်ခြင်းက လွှတ်ရအောင် ကျွန် တော် ဘာလုပ်ရမလဲ ဆရာ” ဟု မေးသောအခါမှ၊ ဆရာက “နောင်တရပါ။ အပြစ်များ ဝန်ချတောင်းပန်ပါ။ ခရစ်တော်ကိုလက်ခံပြီး အသစ်တစ်ဖန်မွေးဖွားပါ” ဟူသော ဆုံးမစကားကို ပြောခဲ့ ရပါ တော့၏။ ထိုလူငယ်သည် ထိုနေ့မှစ၍ ပြောင်းလဲသွားခဲ့ပါတော့သည်။
၁၇၄။ ၁၉၂၅ ခုနှစ်က လန်ဒန်မြို၌ တကယ်ပင်ဖြစ်ပွားခဲ့ သော ဖြစ်ရပ်မှန်တစ်ခုက ဘုရားသခင် ၏ တရားစီရင်ဆုံးဖြတ်ခြင်း အကြောင်းကို ကျွန်တော်တို အား သတိပေးနေသည်။
မစ္စတာဂျော့ဝေး(လ်) ဆိုသည့် ဘုရားမဲ့ ဝါဒီအသင်း၏ ဥက္ကဌ ကြီးတစ်ဦးက ထမင်းစားပွဲ တစ်ခု၌ မိန့်ခွန်း မြွက်ကြားနေသည်။ ခရစ်ယာန်ဘာသာကို အတိအလင်း တိုက်ခိုက်ပုတ်ခတ်ပြီး ပြက် ရယ်ပြုနေသည်။
“သန့်ရှင်းသော ဝိညာဉ်တော်လို ပဲ ပြောပြော၊ ဘုရားရဲ့ အလင်းပဲ ပြောပြော၊ အဲဒီအလင်းကြီးဟာ နှစ်ပေါင်း ၂၀၀၀ နီးပါး ကစပြီး ခရစ်ယာန်အသင်းတော်ကို လမ်းပြနေခဲ့တယ်လို ခရစ် ယာန်တွေက ဆိုနေကြတယ်။ တကယ့် ဟာသကြီးပါပဲဗျာ။ အဲဒီ အလင်းရောင်ကြီးဟာတော့ အခုထက်ထိ ဒီကို မရောက်လာသေး တာတော့ အမှန်ပဲ။ အခု ရောက်လာရင်လည်း ခပ်ကောင်းကောင်း ပဲလေ။ အင်း ရောက်လာခဲ့ရင်လဲ ဒမာသက်မြို့ကို သွားနေခဲ့တဲ့။ ရှင်ပေါလုရဲ့ မျက်စိများ ပြာဝေပြီး တုန်လှုပ်ချောက်ချားသွားစေခဲ့တဲ့ အလင်းရောင်မျိုး ဖြစ်မှာပဲ ဆိုပါတော့။ အဲဒီ အလင်းရောင်ခြည်ကြီး ဟာ ဘယ်လောက်များ ထိန်ထိန်ညီအောင် တောက်ပနေမလဲဆိုတော့ ရှင်ပေါလုဆိုတဲ့ လူတစ်ဦးဟာဖြစ် အဲဒီအလင်းရောင်ကြီးကို မြင်လိုက်ရတဲ့အချိန်ကစပြီး ရူးသွပ်သွပ် ယောင်တောင်တောင်၊ပေါချာချာ ဖြစ်ခဲ့သွားရသလို၊ ဖြစ်မှာပေါ့ဗျာ ဟဲ – ဟဲ – ဟဲ”ဟု ဆိုလိုက်ရာ၊ ဧည့်သည်ပေါင်း (၂၁၇) ယောက်တို့က ဝါးကနဲ ပွဲကျ သွားကြသည်။
ထိုစဉ် ထမင်းစားခန်းတစ်ခုလုံး ဗြုန်းကနဲ တိတ်ဆိတ်ငြိမ်သက် သွားတော့သည်။
သူတို့၏ မျက်နှာထားများသည် ကြောင်အမ်းသွားသည်။ မိန့် ခွန်းပြောကြားနေသော မစ္စတာဝေး(လ်)သည် သူ၏ ကုလားထိုင် ပေါ်သို ပုံလျက်သား လဲကျသွားသောကြောင့်တည်း။
ဆရာဝန်များက သူ၏အနားသို့ ပြေးသွားကြသည်။ သူ့အား ထုပင့်ပြီး အနီးရှိ အခန်းတွင်းမှ ခေါ်ဆောင် သွားကြသည်။
ထမင်းစားပွဲကြီးပြီးလျှင် အရက်သေစာ ဆက်လက်သောက် စားကြပြီး ဆက်၍ကျင်းပမည့် ပွတ်သဘင်ကပွဲကြီးကိုလည်း ဖျက် သိမ်းလိုက်ကြရသည်။ ညစာစားပွဲကြီးကိုလည်း ရုပ်သိမ်းလိုက် ကြရ သည်။ ကောင်းမွန်စွာလှပစွာ ဝတ်စားဆင်ယင်ထားသူများက လည်း တိတ်ဆိတ်ငြိမ်သက်စွာ အလျှိလျှိ အိမ်သို ပြန်သွားကြရပါ တော့၏။
သူတို့၏ ဥက္ကဌကြီးဖြစ်သူ မစ္စတာဝေး(လ်)သည် ရုတ်တရက် ကွယ်လွန်အနိစ္စ ရောက်သွားခဲ့ သောကြောင့်တည်း။ ။
(၁၉၂၅ ခုနှစ်၊ မေလ (၅)ရက်နေ့ထုတ် “လန်ဒန်ဒေလီးအိပ် ပရက်(စ်) သတင်းစာနှင့် ၁၉၂၅ ခုနှစ်၊ ဇွန်လထုတ် “အရုဏ်ဦး” ဂျာနယ်သတင်းမှ ကောက်နုတ်ဖော်ပြအပ်ပါသည်) ၊
၁၇၅။ ရာဇဝတ်ကောင်တစ်ဦးသည် သူ၏ ပြစ်မှုကြောင့် ရုံး တော်၌ တရားစီရင်ခြင်း ခံရခါနီးတွင် သူကြားလိုက်ရသော သတင်းတစ်ခုကြောင့် ဝမ်းသာသွားသည်။
သူ့အား တရားစီရင်မည့် တရားသူကြီးသည် ယခင်ကသူ၏ ရာဇဝတ်မှုတစ်ခုတွင် လိုက်လံခုခံ ကာကွယ်ပေးခဲ့သော ရှေ့နေတစ် ဦးဖြစ်နေသည်ဟူသော သတင်းကို ကြားလိုက်ရသောကြောင့် တည်း။
သို့သော် အမှုကို စတင်စစ်ဆေးသောအခါ ထိုတရားသူကြီးက “အရင်တုန်းက ကျွန်တော်ဟာ ခင်ဗျားဘက် ကနေပြီး ရှေ့နေလိုက် ခဲ့ပါတယ်။ ခင်ဗျားကို ခုခံကာကွယ်ပေးခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ တုန်းက ကျွန်တော်ဟာ ရှေ့နေတစ်ဦးဖြစ်ခဲ့ပေမယ့် အခုဆိုရင် ရှေ့နေမဟုတ်တော့ပါဘူး။ တရားသူကြီးတစ်ဦးဖြစ်နေပါပြီ။ အခု ကျွန်တော်ရဲ့ တာဝန်ဟာ ခင်ဗျားကို ခုခံကာကွယ်ဖို မဟုတ်တော့ ဘူး။ တရားစီရင် ဆုံးဖြတ်ပေးဖိုပါပဲ။ အဲဒါဟာ ကျွန်တော်ကိုယ် တိုင် ကျမ်းသစ္စာကျိန်ဆိုပြီး အခုထမ်းဆောင်နေရတဲ့ တာဝန်ကြီး တစ်ရပ်ပါပဲ” ဟု ဆိုလိုက်လေတော့၏။
ခရစ်တော်သည် ကယ်တင်ရှင်ဖြစ်၍ လောကသို ကြွလာခဲ့ သည်။ ခမည်းတော်ထံပါ၌ ယနေ့တိုင်အောင် ကျွန်တော်တို အပြစ် သားများအတွက် လျှောက်လဲ အသနားခံပေးနေသည်။
သို့သော် တစ်နေ့တွင် ထိုသခင်သည် တရားသူကြီးအဖြစ် ပြန်လည် ကြွရောက်လာပါလိမ့်မည်။
ထိုအခါမျိုးတွင် ကိုယ်တော်သည် တရားစီရင်ဆုံးဖြတ်၍ အပြစ် ဒဏ်ပေးမည့် တရားသူကြီး၏ တာဝန်ကို ထမ်းဆောင်နေပါလိမ့် မည်။
၁၇၆။ သင်းအုပ်ဆရာက လူအများကို နှစ်ခြင်းပေးပြီးသည့်တစ်ပတ်ခန့်အကြာတွင် ဆိုးသွမ်း သည် လူငယ်တစ်ဦးက “သင်း အုပ်ဆရာလောက်တော့ ငါလည်း နှစ်ခြင်းပေးတတ်တာပေါ့” ဟု ပြက်ရယ်ပြုပြီး၊ သူ့ကလည်း သိုးတစ်ကောင်ကို မြစ်ကမ်းတစ်ခု၌ နှစ်ခြင်းပေးရန် စီစဉ်သည်။
မြစ်ကမ်းပါးတစ်လျှောက်သည် ပြေပြေကလေး ဆင်းသွားသ ဖြင့် ရေနစ်ရန် များစွာ မစိုးရိမ်ရ။ သူ၏ သူငယ်ချင်းသုံးဦးက အနားကရပ်၍ ကြည့်နေစဉ် ထိုသူငယ်က သိုး၏ ရှေ့လက်နှစ် ချောင်းကို ကိုင်ကာ သုံးပါတစ်ဆူ နာမတော်ကို ရေရွတ်ရင်း ရေထဲ သို နှစ်လိုက်လေသည်။
ထိုအခါ သိုးသည် ကြောက်အား လန့်အားဖြစ်ကာ လွတ်နေ သော ကျန်နောက်ခြေနှစ်ချောင်း ဖြင့် ထိုလူငယ်အား ကန်လိုက်ရာ၊ ထိုလူငယ်သည် ရေနက်ထဲသို လွင့်စင်ကျသွားပြီး ရေနစ်သွားလေ တော့၏။
၁၇၇။ အာဖရိကတိုက်ရှိ အလွန် ရိုင်းစိုင်းလှသော လူမျိုးတစ် မျိုးတွင် တရားစီရင် ဆုံးဖြတ်မှုနှင့် ပတ်သက်သော သုတေသန အရာရှိတစ်ဦးက စုံစမ်းစစ်ဆေး ကြည့်နေသည်။ လူကြီးနှင့်တူသူ တစ်ဦးအား “မကောင်းတဲ့ အမှု၊ မတရားတဲ့ အမှုဆိုတာ ဘယ်ဟာ မျိုးကို ဆိုလိုတာလဲ”ဟု မေးရာ “မတရားတဲ့ အမှုဆိုတာဟာ၊ တစ်စုံ တစ်ယောက်က ကျွန်တော့်ရဲ့ ကျွဲတွေ၊ နွားတွေ လာရောက်ခိုးယူ တာမျိုးကို ပြောတာပေါ့” ဟု ဆိုသည်။ “ ဒါဖြင့်ရင် ကောင်းတဲ့အမှု၊ တရားတဲ့အမှုဆိုတာကကော။” ဟု မေးမြန်းရာ “အို … ဒါက လွယ်ပါတယ်။ ကျွန်တော်က သူတစ်ပါးရဲ့ ကျွဲတွေ၊ နွားတွေ သွား ခိုးတာပေါ့” ဟု ပြောလိုက်သောဟူ၏။
ရုတ်တစ်ရက် ထိုစကားမျိုးကို ကြားလိုက်ရသောအခါ ရယ် စရာ ကောင်းနေပါလိမ့်မည်။
သို့သော် ကျွန်တော်တို့၏ အသက်ရှင်ပုံမျိုးက ထိုကဲ့သို ဖြစ် နေတတ်ပါသည်။ သူတစ်ပါး၏ အမှုတိုကို မတရားသောအမှု၊ အပြစ်ရှိသော အမှုဟူ၍ စီရင်ဆုံးဖြတ်နေလေ့ရှိသော်လည်း မိမိတို က အလားတူ အပြစ်များ ပြုလုပ်နေသောအခါ၊ ဆင်ခြေအမျိုးမျိုးပေး၍ “မှန်ကန် သည်၊ တရားမျှတသည်” ဟု ခုခံ ပြောဆိုနေတတ်ကြသည် မဟုတ်ပါ လား။
၁၇၈။ ယခုခေတ်တွင် ဟိုနိုလူလူကျွန်းသို အလည်အပတ်သွား ခဲ့ပါက ပုလဲကျွန်းရှိ ပင်လယ်ပြင် တစ်နေရာကို တွေ့ရလျှင် လွန်ခဲ့သော ဒုတိယ ကမ္ဘာစစ်က ဂျပန်တို့ သည် ထိုပုလဲကျွန်းရှိ အမေရိ ကန် ရေတပ်ကို အလစ်ဝင်ရောက် တိုက်ခိုက်ခဲ့သည့်အကြောင်း သတိရမိလာစေပါလိမ့်မည်။
အမေရိကန်ရေတပ်မှ နစ်မြုပ်ခဲ့ရသော စစ်သင်္ဘောကြီး အချို့ ၏ ရွက်တိုင်များသည် ရေပေါ်၌ ထိုထောင်ထွတ်နေ၍ ညနေ၊ နေဝင်သည့်အခါတိုင်း ရေတပ်ခရာတပ်သားများက ကြွေကွဲစွာ ခရာမှုတ်၍ အလေးပြုလေ့ ရှိကြသည်ကို တွေ့ရပေလိမ့်မည်။
“ပုလဲကျွန်းတိုက်ပွဲ” အကြောင်းစုံစမ်းရေး ကော်မီရှင်၏ အစီ ရင်ခံစာထွက်လာခဲ့သောအခါက အမေရိကန်ပြည် တစ်ပြည်လုံးက အံ့အားသင့်ခဲ့ရသည်။
ထိုအချိန်က ပုလဲကျွန်းရှိ တာဝန်ခံ ရေတပ်ဗိုလ်ချုပ်ကြီးတစ်ဦး နှင့် ကြည်းတပ်ဗိုလ်ချုပ်ကြီး တစ်ဦးကို ဂျပန်များ၏ တိုက်ခိုက်မှုအတွက် အသင့်မရှိခဲ့ကြသည်ကို ဖတ်ရှုခဲ့ကြရသောကြောင့်တည်း။
အမှန်ဆိုရလျှင် ထိုစဉ်က အမေရိကန်ပြည် တစ်ပြည်လုံးသည် စစ်ပွဲ စင်နွှဲရန် အဆင်သင့် မဖြစ်သေးကြောင်း၊ မိမိတို စီမံရေးဆွဲထားခဲ့ ကြသည့် လုံခြုံရေးကိုသာ အထင်ကြီးပြီး ကျေနပ်ရောင့် ရဲနေခဲ့ကြ ကြောင်းကို တွေ့ရှိရပါလိမ့်မည်။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂၄ ကို ဖတ်ရှုပါလျှင် ဘုရား သခင်၏ တရားစီရင်ဆုံးဖြတ်မှုသည် အချိန်မရွေး ဖြစ်နိုင်ကြောင်း ပြောဆိုထားပါသဖြင့် ကျွန်တော်တိုသည်လည်း ကိုယ်တော်၏ စီရင် ဆုံးဖြတ်မှုကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်ကြရန် မည်မျှအသင့်ဖြစ်နေကြပါ သနည်း။ ။
၁၇၉။ ၁၉၀၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် အီတလီ ပြည်ရှိ မက်(စ်)စီနာခေါ် မြို့ကလေးသည် မြေငလျင်ဒဏ်ကြောင့် လုံးဝပျက်စီးခဲ့ရပြီး လူပေါင်း ၈၄,ဝဝဝ သေဆုံးခဲ့ရလေသည်။
ထိုမြေငလျင်ကြီး မလှုပ်မီ ရက်ပိုင်းကလေးတွင် အတွင်း၌ မက်(စ်)စီနာမြိုမှ ပုံနှိပ်ထုတ်ဝေသည့် “အီ(လ်)တယ်လီဖိုးနီး” ခေါ် ဂျာနယ်တစ်စောင်တွင် ဘုရားသခင်အား တကယ်ပင် စိမ်ခေါ် ထားသည့် ဆောင်းပါးတစ်စောင်ကို ယခုမှ တွေ့ကြရသည်။ –
ထိုမြို့ရှိ လူအများက “အနန္တတန်ခိုးရှင် ဘုရားသခင်ဆိုသည် မှာ တကယ်ပင်ရှိလျှင် သူရှိကြောင်းကို မြေငလျင်အားဖြင့် ဖော်ပြ ပါ” ဟူ၍ လူထုအစည်းအဝေးပွဲတစ်ခု၌ တစ်ခဲနက် ဆုံးဖြတ်ချက်ချ ခဲ့ကြောင်း ရေးထားလေသည်။ ထိုသို သော ဆုံးဖြတ်ချက်ချပြီး သုံး ရက်အကြာတွင် မြေငလျင်ကြီး တကယ်ပင် လှုပ်ခဲ့ခြင်း ဖြစ်ပါ၏။ ဤကား အဖြစ်မှန်တစ်ရပ်ပေတည်း။
KINDNESS ကြင်နာသနားခြင်း
၁၈၀။ ခရစ်ယာန်တို၏ ကြင်နာသနားမှု၊ ကရုဏာပြရခြင်း သည် ‘လိုသည်ထက်ပို’ ရသည်။
ခွဲစိတ်ကုသခြင်းခံရသော လူနာတစ်ဦးသည် ပြင်းပြသော ဝေ ဒနာ ခံစားနေရစဉ် အနီးရှိ သူနာပြုဆရာမအား ခေါင်းအုံးကို အနည်းငယ်ရွှေ့၍ ပြုပြင်ပေးရန် ပြောကြားသောအခါ၊ ထိုဆရာမ ခေါင်းအုံး အပိုတစ်လုံးကို ပါယူလာ၍ လူနာသက်သာမှုရစေရန် စီစဉ်ပေးတော့သည်။ ထိုသို နေ့စဉ်ရက်ဆက် ထိုဆရာမအား မေတ္တာရပ်ခံသည့်အခါတိုင်း ဆရာမက လူနာကစေခိုင်းသည်ထက် ပိုမို၍ လုပ်ဆောင်ပေးခဲ့ကြောင်းကို သတိပြုမိလေသည်၊ ထိုသို ပြုပေး သည့်အခါတိုင်းလည်း ပြုံးရွှင်ချိုသာစွာ ပြုစုပေးသည်ကို တွေ့ရ သည်။ .
ထိုလူနာက မေးမြန်းကြည့်သောအခါတွင်မှ ခရစ်ယာန်တို၏ “ဒုတိယမိုင်” သွားရခြင်းအ ကြောင်းကို ဆရာမက ရှင်းပြလေတော့ သည်။
ခရစ်ယာန်တစ်ဦးသည် သူတစ်ပါးတိုအပေါ် လိုအပ်သည် ထက် ပိုမို၍ “ဒုတိယမိုင်” တည်းဟူသော ကြင်နာသနားမှု၊ ကရု ဏာကို ပြကြရပေလိမ့်မည်။
၁၈၁။ မိခင်တစ်ဦးက (၆)နှစ်အရွယ် သမီးငယ်အား “ကြင်နာ မှုကရုဏာ” ဆိုသည်ကို အဘယ်သို နားလည်သနည်းဟု မေးရာ၊ ထိုသမီးငယ်က “လွယ်ပါတယ် မေမေ။ သမီးပေါင်မုန့် ထောပတ် သုတ် တစ်ချပ်တောင်းလို မေမေကပေးရင် အဲဒါဟာ သာမန်ကြင်၊ နာမှုတစ်ခုပါပဲ။ ဒါပေမယ့် အဲ့ဒီ ထောပတ်သုတ်ပေါင်မုန့်ပေါ်မှာယိုထပ် တည့်ပေးလိုက်ရင်၊ ကြင်နာမှုပေါ်မှာ ကရုဏာထပ်ဆင့်ပေး လိုက်တာနဲ့ အတူတူပဲပေါ့” ဟု ပြန်ဖြေလိုက်လေ၏။
၁၈၂။ ငှက်ကလေးများ၏ ဘဝကို လေ့လာဖူးပါသလား။ အထူးသဖြင့် သပိတ်လွယ်များကို လေ့လာကြည့်ပါ။
သူတို့ အထဲမှ တစ်ကောင်ကောင်သည် ဒုက္ခရောက်နေလျှင် ကျန်ရှိသမျှသော သပိတ်လွယ် များက ဝိုင်းဝန်း ကူညီလေ့ရှိသည်ကို တွေ့ရပါလိမ့်မည်။
အကယ်၍ မိခင်သပိတ်လွယ်ကြီးသည် သူ၏ ကလေးများ အတွက် အစာရှာထွက်ရင်း သေဆုံးသွားပါက၊ ငှက်ငယ်ကလေးများ သည် အစာငတ်၍ မသေဆုံးကြရပါ။ ကျန်သပိတ်လွယ် မိခင်ငှက်မ များက သူတို၏ ငှက်ကလေးများအပြင် ထိုမိတဆိုးကလေးများကို ပါ ကျွေးမွေးစောင့်ရှောက်လေ့ ရှိကြပါ၏။
တစ်ခါက ငှက်ကလေးတစ်ကောင်သည် သစ်ပင်တစ်ပင်၏ ပင်စည်ထဲသို ရောက်နေပြီး ရက်ပေါင်းများစွာ ထွက်၍မရ ဖြစ်နေ သည်။ ကြင်နာသနားတတ်သော လူကြီးတစ်ဦးက ကူညီ၍ ထွက် ပေါက် လုပ်ပေးသည့်အခါ ထိုငှက်ကလေးမှာ အစာငတ်ပြတ်ပြီး ပိန်ချုံးနေခြင်းမရှိ၊ ကျန်းမာဝဖြိုး၍ပင်နေသည်ကို တအံ့တဩ တွေ့ ရတော့သည်။ အခြားသော ငှက်များက သူ့အား အစာရေစာ ချ ပေးနေသောကြောင့် ဖြစ်၏။
ငှက်ကလေးများ မျက်စိကန်း၍သော်လည်းကောင်း၊ ခြေကျိုး၍ သော်လည်းကောင်း၊ မပျံနိုင်ဘဲ ဖြစ်နေရလျှင်သော်လည်းကောင်း၊ သူ့အား အခြားသော ငှက်များက ကူညီမစလေ့ရှိသည်။
ငှက်ကလေးများကပင်လျှင် ဤသိုသော ကူညီယိုင်းပင်းမှု ကြင်နာယုယမှုများ ပြနိုင်ကြလျှင်၊ သဏ္ဌာန်တော်နှင့်အညီ ဖန်ဆင်းထား ခြင်း ခံကြရသော ကျွန်တော်တို လူများက ထိုထက်ပင် ကြင်နာမှု ကရုဏာ ပိုမိုရှိသင့်သည် မဟုတ်ပါလား။ ။
၁၈၃။ ဘတ်(စ်)ကားသည် ထုံးစံအတိုင်း လူပြည့်ကျပ်လျက်နေ သည်။
ထုံးစံအတိုင်းပင် လက်မှတ်ရောင်းသူက “နေရာမရှိရင် မလိုက် နဲ့၊ နောက်ကားကို စောင့်ပြီးစီး” ဟူ၍သာ တွင်တွင်အော်နေသည်။ မိန်းမပျိုလေးတစ်ဦးက အပေါက်ဝမှ ခုန်ဆင်းလိုက်သည်။ သူရပ် နေခဲ့သော နေရာရောက်အောင် အမေကြီးအား တွဲ၍ တင်ပေး လိုက်သည်။ ထိုနောက် ထိုင်ခုံလက်တန်းကို မြဲမြဲဆုပ်ကိုင်ထားရန် မှာကြားရင်း ထိုမိန်းကလေးသည် အောက်ဆင်း၍ နေခဲ့သည်။
မည်သူကမျှ တုတ်တုတ်မလှုပ်။ ။
ဘတ်(စ်)ကားသည် အရှိန်ပြင်းပြင်းဖြင့် ဆောင့်၍ ထွက်သွား သည်။ သူ့နေရာကို အဘွားကြီးတစ်ဦးကို ပေးခဲ့ပြီး ဘတ်(စ်)ကား ဆိပ်၌ ရပ်၍ ကျန်ရစ်ခဲ့သည့် ထိုမိန်းကလေးသည်လည်း အလုပ် ခွင်သို့ အချိန်မီ သွားလိုစိတ်ရှိမည်မှာ သေချာသည်။ သို့သော် သက်ရွယ်ကြီးရင့်သော ထိုအဘွားအိုအတွက် မိမိ၏ နေရာကလေး ကို ဖယ်ပေးခဲ့သည့် ကြင်နာမှုကလေးကို လူတိုင်းက မြင်ကြရသည်။
သို့သော် မည်သူကမှ တုတ်တုတ်မျှ မလှုပ်ခဲ့သော်လည်း၊ ထို ဖြစ်ရပ်ကလေးကို မြင်တွေ့ခဲ့ကြရသော ဘတ်(စ်)ကားစီး ခရီးသည် များ၏ ဩတ္တပ္ပစိတ်များကိုဖြင့် လှုပ်ရှားသွားစေခဲ့သည်ကို ကျွန် တော် ကောင်းကောင်းကြီး ယုံပါသည်။ တကယ် မြင်တွေ့ခဲ့ရသော ကျွန်တော်၏ ဩတ္တပ္ပစိတ်သည်လည်း လှုပ်ရှားသွားခဲ့ရပါသည်။ ထိုသို့သော ဖြစ်ရပ်ကလေးများ ကို ဘတ်(စ်)ကားစီး ခရီးသည်များ နေ့စဉ်နှင့်အမျှ မြင်တွေ့နေရပါ သည်။
အမှန်ဆိုရလျှင် ထိုသိုသော ကြင်နာမှု ကရုဏာများကို ကျွန် တော်တို ခရစ်ယာန်များက နေ့စဉ်နှင့်အမျှ ပြုနေကြရမည့် ကိစ္စ တစ်ရပ် မဟုတ်ပေဘူးလား။
၁၈၄။ “ ဒီမိန်းကလေးဟာ ဘာကြောင့်တာလောက်တောင် စိတ်သဘောထားကောင်းရသလဲ မသိဘူးနော်” ဟူ၍ အခြား မိန်း ကလေးတစ်ဦးက မှတ်ချက်ချသည်။ အနီးရှိ မိန်းကလေးက ပြန်၍ ဖြေသည်။
“သူ့ကို ကျွန်မသိပါတယ်။ အစကဆိုရင် သူဟာ စိတ်သိပ်တိုပြီး ဇတ်ဇတ်ကြဲ ပြန်ပြောတတ်တဲ့ သူပေါ့။ ဒါပေမယ့် တစ်နေ့ကျတော့ လူတစ်ဦးကို အဲဒီလို ကက်ကက်လန်ပြန်ပြီး ရန်တွေ့လိုက်ပြီးတာနဲ့ သူ့ရဲ့ စိတ်ထဲမှာ မကောင်းဘဲ ဖြစ်သွားတယ်။ သိပ်အားနာသွား တယ်။ ဒါကြောင့် ညနေအိပ်ရာဝင် ခါးနီးတိုင်း ဒီနေ့ ငါဟာ ဘယ်သူ့ကို စိတ်မချမ်းသာအောင် ပြုခဲ့ပါသလဲ၊ ဘယ်သူ့အပေါ်မှာရက်စက်ကြမ်းကြုတ်စွာ ဆက်ဆံမိပါသလဲလို အမြဲတန်း ပြန်ပြီး ဆင်ခြင်သုံးသပ်ဖို အကျင့် လုပ်ထားခဲ့သတဲ့” ဟု ပြောပြလိုက်သည်။
“နောက်ပြီး တစ်နေ့လုံး သူရဲ့ ပြုမှု၊ ကျင့်ကြံပုံတိုဟာ ဘုရား သခင်ရဲ့ အလိုတော်နဲ့ညီပါစေလိုဆိုပြီး ဆာလံကျမ်းထဲက ကျမ်းပိုဒ် တစ်ပိုဒ်ကို ဆောင်ပုဒ်အနေနဲ့ အမြဲ ရွတ်ဆိုနေလေ့ရှိသတဲ့”
“ အဲဒီ ဆာလံကျမ်းက ဘာကျမ်းလဲကွယ်”
“ဆာလံ ၁၉၄၁ ပါတဲ့ရှင်” ဟု ဖြေလိုက်ပါတော့၏။
ထိုဆာလံကျမ်းပိုဒ်မှာကား “အကျွန်ုပ်ပြောသော စကားနှင့် စိတ်နှလုံး၏ အကြံအစည်တိုသည် ရှေ့တော်၌ နှစ်သက်ဖွယ်ဖြစ်ပါ စေသော။ အို ထာဝရဘုရား၊ အကျွန်ုပ်၏ ကျောက်၊ အကျွန်ုပ်ကို ရွေးနုတ်တော်မူသော ဘုရား”ပင် ဖြစ်ပါသတည်း။
LIGHT အလင်း:
၁၈၅။ တစ်ခါက နော်ဝေးကမ်းခြေရှိ မီးပြတိုက်တစ်ခု၌ မီးပြ စောင့်တစ်ဦးသည် သူ၏ တာဝန်ကျနေရာသို သမီးနှင့် သားငယ် ကလေး အဖော်အဖြစ်ခေါ်ထားသည်။
တစ်နေ့တွင် သူတို၏ ဖခင်ဖြစ်သူသည် တစ်ဘက်ကမ်းရှိ ကျွန်းပေါ်သို လှေငယ်ကို လှော်သွားပြီး စားစရာ ပစ္စည်းများ သွားရောက်ဝယ်ယူသည်။
ထိုစဉ်အတွင်း မုန့်တိုင်းတစ်ခုကျရောက်လာသည်။ သားငယ် နှင့် သမီးငယ်က သူတို ဖခင် ကိုယ်စား မီးပြကို ထွန်းညှိရမည်ကို ချက်ချင်း သတိရမိသည်။ သိုသော်လည်း သူတိုနှစ်ဦးသည် အလွန် ပင် ငယ်လှသေးသဖြင့် မီးစာရှိရာသို မမှီမကမ်းဘဲ ဖြစ်နေရသည်။ ထိုကြောင့် ကုလားထိုင် တစ်လုံးကို ဆွဲယူပြီး တက်ကြပြန်သော် လည်း မမှီဘဲ ဖြစ်နေရပြန်သည်။
ထိုစဉ် မောင်ကလေးက အကြံတစ်ခုရသည်။
“ဒီလိုလုပ်၊ နင်က ငါ့ရဲ့ ပုခုံးပေါ် တက်ပြီးတော့ မီးစထွန်းပေ တော့” ဟု ဆိုသည့်အတိုင်း သူ၏ အစ်မက ပြုလုပ်ခဲ့သည်။
မောင်ငယ်၏ ပုခုံးပေါ်သို တက်ပြီး မီးညှိပေးသဖြင့် ထိုမီး၏ မီးရောင်သည် ပေါ်ထွက်လာ တော့၏။ ထိုစဉ် အစ်မဖြစ်သူက သတိရမိပြီး သူ၏ ခြေဖဝါးအောက်တွင်ရှိသော မောင်ငယ်အား လှမ်းမေးလိုက်သည်။ “နာသလား မောင်လေး” ဟုဆိုရာ “နာတော့ နာပေါ့အစ်မရာ”ဟု ဖြေလိုက်ရှာပါ၏။
ကျွန်တော်တို အားလုံးသည် ထိုသို အနာခံလျက် ဘုရား သခင်၏ အလင်းတော်ကို ကမ္ဘာတဝှမ်းလုံးက မြင်နိုင်ရအောင် ထွန်းညှိပေးနေကြပါရဲ့လား။
၁၈၆။ တစ်ခါက မီးရထားလမ်းနှင့် ကားလမ်းဖြတ်ရာ နေရာ တစ်ခု၌ ညကြီးမိုးချုပ်အချိန် မော်တော်ယာဉ် တစ်စင်းကို မီးရထား ကတိုက်မိပြီး ထိုမော်တော်ယာဉ် ပျက်စီးသွားရုံမက ယာဉ်မောင်းပါ သေဆုံးခဲ့ရသည်။
မီးရထားလမ်းတွင် အချက်ပြမီး တာဝန်ကျ လုပ်သားအား ရုံးတင် စစ်ဆေးသည်။ တရားသူ ကြီးနှင့် ရှေ့နေတိုက အပြန်အ လှန် မေးခွန်းထုတ်သော်လည်း ထိုလုပ်သားကြီးက မတုန်မလှုပ်ဘဲ တစ်ခုတည်းသော အဖြေကိုသာ ပေးနေခဲ့သည်။
သူသည် ထိုမော်တော်ယာဉ်ကို အချက်ပြမီးနီလှုပ်ရမ်းပြနေခဲ့ သည်။ ထိုမီးနီကို မနားမနေ လှုပ်ရမ်းပြနေခဲ့သည်။ ထိုမီးနီကို မ နားမနေ လှုပ်ရမ်းပြနေသော်လည်း ထိုမော်တော်ယာဉ်က တဇွတ် ထိုး ရှေ့သို့ သာ မောင်းနှင်လာ၍ ဤသို တိုက်မိခြင်းဖြစ်သည်ဟု ဆို၏။
နောက်ဆုံး၌ မော်တော်ယာဉ်မောင်းသူ၏ အပြစ်ပင် ဖြစ်သည် ဟုဆိုကာ အမှုပိတ်လိုက် လေတော့သည်။
ထိုလုပ်သားကြီး၏ အထက်အရာရှိက ကျေနပ်ကာ ထိုလုပ် သားကြီးသည် တာဝန်ကျေပွန်ပါ ပေသည်ဟု ချီးကျူးလေသည်။ ထိုစဥ်အဆိုပါ လုပ်သားကြီးက “ကျွန်တော်ကတော့ အချက်ပြမီးနီ
ကို အတွင်သာ လှုပ်ပြနေတာတော့ အမှန်ပဲ၊ ဒါပေမယ့် တရားသူ ကြီးနဲ့ ရှေ့နေတို့က မမေးလို ကျွန်တော် မဖြေခဲ့တာ တစ်ခုပဲ ရှိ တယ်” ဟု ဆိုလေရာ၊ မီးရထားအရာရှိက အံ့အားသင့်လျက် “ဘာ မေးခွန်းမိုလဲ” ဟု ဆိုလိုက်၏။
“အို အချက်ပြမီးနီ လှုပ်ပြရဲ့ လားလိုမေးတော့ လှုပ်ပြပါတယ် လို ပြောတာပေါ့၊ ဒါပေမယ့် အဲဒီအချက်ပြမီးမှာ မီးထွန်းထားရဲ့ လားလိုမှ မမေးဘဲ။ မမေးတော့ မီးမထွန်းထားမိတာကို မဖြေလိုက် ဘူးပေါ့” ဟု ဆိုလိုက်လေသတည်း။
ကျွန်တော်တို၏ စိတ်နှလုံး ဝိညာဉ်အတွင်းရှိ မီးကိုလည်း ထွန်း ညှိထားပါရဲ့ လား။ ။
၁၈၇။ မြိုကြီးတစ်မြိုရှိ ဘုရားရှိခိုးကျောင်းတစ်ကျောင်း၌ တနင်္ဂနွေနေ့ ဝတ်ပြုစည်းဝေး ပြုလုပ်နေသည်။ ကလေးမလေး တစ်ဦးသည် ဘုရားရှိခိုးကျောင်းအနီး၌ ဖြတ်သန်းသွားစဉ် တရား ဟောပြောနေသည်ကို တွေ့ရသဖြင့် ဘုရားရှိခိုးကျောင်းထဲသို ဝင် ကာ သင်းအုပ်ဆရာ၏ ဓမ္မဒေသနာကို နားထောင်နေမိသည်။ ဆရာ၏ အဓိက ကျမ်းချက်မှာ “ငါသည် လောက၏အလင်းဖြစ်၏” ဟူ၏။
ဝတ်ပြုစည်းဝေး ပြီးဆုံးသွားသောအခါ ကလေးမလေးက သင်း အုပ်ဆရာအနီးသို လျှောက်သွားပြီး “ဆရာဟာ လောကရဲ့ အလင်း လား” ဟု မေးရာ၊ “မဟုတ်ပါဘူးကွယ်၊ ခရစ်တော်ဟာ လောက ရဲ့ အလင်းပါ၊ ဆရာဟာ ခရစ်တော်ရဲ့ မီးလုံးတစ်လုံးပါ” ဟု ဖြေ လိုက်လေသည်။
ထိုအခါ ကလေးမက “အဲဒါတော့ ကျွန်မ နားမလည်ဘူး၊ ကျွန်မတို့ ဆင်းရဲသားရပ်ကွက်ရဲ့ လမ်းပြမီးတိုင် မီးပျက်နေတာ ကြာလှ ပြီ၊ မှောင်မည်းနေတာပဲ၊ ဆရာလာပြီး လင်းအောင်လုပ် ပေးပါလား” ဟု ဆိုလိုက်သော ဟူ၏။
ကျွန်တော်တို၏ အလင်းသည် မှောင်မိုက်သော နေရာတို၌ အလင်းပေးနိုင်လျှင် အဘယ်မျှ အကျိုးရှိပါလိမ့်မည်နည်း။
၁၈၈။ အလင်းရောင်မိုင်နှုန်းနှင့်အသံလှိင်းတို၏ မိုင်နှုန်းတို သည် များစွာ ကွာခြားလှပါသည်။
ဥပမာနေမှ နေရောင်ခြည်သည် ကမ္ဘာသို ရောက်ရန် (၈) မိနစ်မျှသာ ကြာသည်။ သို သော် ထိုနေရာမှ စကားတစ်ခွန်းပြော လိုက်လျှင် ထိုအသံလှိင်းတွန့်သည် ကမ္ဘာသို ရောက်လာရန် ၁၉၃၆ မိနစ် ကြာပေလိမ့်မည်။ ။
ခရစ်ယာန်တို သည် “စကားပြောနေခြင်း” ထက် မိမိတို၏ “အလင်းကိုလင်းပြ နေမှသာလျှင် ပိုမိုထိရောက်မှု ရှိပါလိမ့်မည်။
၁၈၉။ ဒုတိယ ကမ္ဘာစစ်အတွင်းက ဂျားဗားပင်လယ်တွင် ဂျ ပန်နှင့် အမေရိကန်ရေတပ်တို တိုက်ပွဲဖြစ်၍ အမေရိကန်ဖျက် သင်္ဘောတစ်စင်းသည် နစ်မြုပ်သွားခဲ့သည်။ ရေတပ်သားပေါင်း ၁၁၆ ယောက်တို သည် ပင်လယ်ထဲ၌ ကူးခတ်နေရသည်။ နီးရာ သစ်သားစများ၊ ရေထဲတွင် ပေါ်နေသော သစ်တုံးများကို ခိုတွဲ၍ နေကြရသည်။ တိုက်ပွဲကလည်း ပြင်းထန်လှသဖြင့် သူတို၏ အော် သံကို မည်သူကမျှ မကြားကြရ။ သိုသော် စစ်သင်္ဘော တစ်စင်းက သူတို အနီးသို ရောက်လာပြီး သက်ကယ်အင်္ကျီတိုင်း၌ မီးလုံးက လေးများပါသည်။ ထိုမီးရောင်ကလေးများကြောင့်သာ တိုက်ပွဲပြီးစီး သွားသည့်အခါ သူတို ရှိရာသို စစ်သင်္ဘောတစ်စင်းသည် ဦးတည်ခုတ်မောင်း ရောက်ရှိလာနိုင်ပြီး သင်္ဘောသားတစ်ယောက်မကျန် ကယ်ဆယ်နိုင်ခဲ့၍ အသက်ချမ်းသာရာ ရခဲ့ပါ၏။
ခရစ်တော်၏ အလင်းသည် အသက်ကို ပေးနိုင်စွမ်းရှိပါ၏။
ထိုကြောင့်လည်း ရှင်ယောဟန်က ခရစ်တော်ကို ရည်စူးပြီး “ထို နှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထို အသက်သည်လည်း လူတို၏ အလင်းဖြစ်၏” ဟူ၍ ယော ၁း၁၄ တွင် ရေးသားဖော်ပြခဲ့ ပါသတည်း။
LOVE မေတ္တာ
၁၉၀။ ပထမကမ္ဘာစစ်အတွင်းက ကြားနေနိုင်ငံဖြစ်သော ဆွီ ဒင်နိုင်ငံ သံအမတ်ကြီးသည် ရုရှားနိုင်ငံ၌ အမှုထမ်းဆောင်နေခဲ့ သည်။ ထိုသံအမတ်ကြီး၏ သမီးဖြစ်သူက ဂျာမန်စစ်သုံပန်းများ မြို့တွင်း၌ လမ်းလျှောက်သွားနေရသည်ကို မြင်လိုက်ရသဖြင့် အလွန်သနားသွားပြီး သူနာပြုအတတ်ကို သင်ကာ ထိုစစ်သုံပန်း စခန်းများ၌ ဝင်ရောက်ကူညီပေးခဲ့သည်။
စစ်သုံပန်း စခန်းများအတွင်း၌ ရက်စက်ကြမ်းကြုတ်ခြင်း၊ မုန်းတီးရွံရှာခြင်း၊ ဆာငတ်မွတ်သိပ်ခြင်း၊ ညစ်ပတ်ပေရေခြင်း၊ ဖျား နာခြင်းတိုကို ကိုယ်တိုင်တိုက်ဖျက်ပြီး စစ်သုံပန်းများအား အစား ၊ အစာ၊ သောက်ရေ၊ ဆေးဝါးတို သာမက မျှော်လင့်ခြင်းနှင့် ချစ်ခြင်း ၊ မေတ္တာကို ပေးဝေနိုင်ခဲ့၏။
စစ်ကြီးပြီးဆုံးသွားသောအခါ သူသည် ဂျာမန်ရုရှား မိဘမဲ့ ကလေးများကို ပြုစုစောင့်ရှောက်ရေးတွင် အားတက်သရော ဆောင်ရွက်ခဲ့ပြန်သည်။ ထိုနောက် အမေရိကန်ပြည်သို လာရောက်ပြီး ဥရောပမှ ထွက်ပြေးလာသော စစ်ပြေးဒုက္ခသည်များအား ကူညီခဲ့ပြန်သည်။
သူသည် ထိုလုပ်ငန်းများကို မပြုလုပ်ဘဲ နေနိုင်ပါသည်။ သူ သည် ကြားနေနိုင်ငံမှ ဖြစ်ရုံမက၊ သံအမတ်ကြီး တစ်ဦး၏ သမီး လည်း ဖြစ်ပါသည်။
ကမ္ဘာကျော် ဓမ္မပညာရှင်ကြီးတစ်ဦးဖြစ်သူ ဒေါက်တာပေါ(လ်) တစ်လစ်(ခ်)က “အဲဒီ အမျိုးသမီးရဲ့ ရင်တွင်းမှာရှိတဲ့ မေတ္တာကို ကျွန်တော်ကိုယ်တိုင်မြင်ခဲ့ရပါတယ်။ သူနဲ့ ကျွန်တော်တို တွေ့တဲ့ အခါတိုင်း ဓမ္မပညာအကြောင်း၊ သီဩလော်ဂျီအကြောင်း တစ်ခွန်းမှ မပြောဘူးပါ။ ပြောဖိုလည်း မလိုပါဘူး။ ဘုရားသခင်ရဲ့ မေတ္တာတော်ကို ရောင်ပြန်ဟပ်နိုင်တဲ့ လူတိုင်းအဖို ဘယ် “သီဩလော်ဂျီ” မှ မလိုပါဘူးဗျာ” ဟု ဆိုခဲ့ပါတော့၏။
၁၉၁။ တစ်ဦးကိုတစ်ဦး မေတ္တာပြရာတွင် လူ့အတန်းအစား လူ့အလွှာ ခွဲခြားခြင်း မရှိရပါ။ မေတ္တာဆိုသော ဝေါဟာရစကား၌ အသားရောင်၊ ကိုးကွယ်သည့်ဘာသာ၊ လက်ခံ ယုံကြည်နေသည့် သဘောထားနှင့် ခံယူချက်စသော အုတ်တန်တိုင်းများ မရှိပါ။
တစ်ခါက ခြေလက်သေနေသော လူကြီးတစ်ဦးသည် မိမိ၏ လက်တွန်းလှည်း၏ ဘီးကို သူ့ဖာသာ တွန်းလှိမ့်၍ လမ်းဘေး ပလက်ဖောင်းပေါ်၌ တဖြည်းဖြည်းချင်း သွားနေသည်။ ထိုစဉ် မိုးသေးမိုးဖွဲကလေးများ ရွာလာသည်။ ခြေလက်သေနေသောသူ သည် သူ၏လက်တွန်းလှည်းဘီးကို ခပ်မြန်မြန် လှိမ့်တွန်းနေသည်။ သိုသော် စွတ်စိုနေသော လမ်းပေါ်၌ မကြာခဏ ချော်နေသည်။ သူ၏ ကိုယ်တစ်ကိုယ်လုံးသည်လည်း တဖြည်းဖြည်း စိုရွှဲလာနေ သည်။ နံဘေးရှိ လမ်းလျှောက် ခရီးသွားနေ သူများကလည်း ထိုသူအား ဂရုမစိုက်နိုင်ဘဲ သူတို မိုးလွတ်ရန်သာ ခတ်သုတ်သုတ် ဖြတ် ကျော်တက်သွားနေ၏။
ထိုစဉ်လူတစ်ဦးရောက်လာပြီး ထိုလက်တွန်းလှည်းကို နောက် ကနေ၍ တွန်းပေးလိုက်သည်။ ခြေလက်သေ နေသူခမျာမှာ အံ့သြ သွားပြီး လှည့်ကြည့်လိုက်သည်။
သူ လုံးဝ မသိသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေသည်။ “ခင်ဗျား ဘယ်ကိုသွားချင်သလဲ”ဟု တွန်းနေသော ပုဂ္ဂိုလ်က မေးရာ၊ ခြေလက်သေနေသူက “ဟိုအရှေ့က ဘူတာရုံကို ရောက်ရင် တော်ပါပြီဗျာ။ မိုးခိုနေချင်လိုပါ”ဟု ဖြေလိုက်၏။ ထိုသို လက်တွန်း လှည်းကို တွန်းပေး နေစဉ် ခြေလက်သေနေသူက “ခင်ဗျားက အစိုးရ အမှုထမ်းလား” ဟု မေးရာ၊ ထိုသူစိမ်းက ဟုတ်ကြောင်း ဖြေသည်။
“ဘယ်မှာ အလုပ်လုပ်ပါသလဲ” “ဟိုနားက ဟိုက်ကုတ်တရားလွှတ်တော်မှာပါ”
“အဲဒီမှာ ခင်ဗျားက ဘာလုပ်ပါသလဲ၊ တံမြတ်စီးများ လှည်း သလား၊ ရုံးလုလင်များလား”
“မဟုတ်ပါဘူးဗျာ၊ ကျွန်တော်က တရားစီရင်ရသူပါပဲ”ဟု ဖြေ လိုက်သည်။
ခြေလက်သေနေသူက အံ့အားသင့်ပြီး သေသေချာချာ မော့ ကြည့်လိုက်သောအခါမှ ထိုသူမှာ အခြားမဟုတ် “နိုင်ငံတော်ရှေ့နေ ချုပ်ကြီး ဟယ်ရယ်(လ်)ဘာတင်” ဆိုသူ ဖြစ်နေပါတော့သတည်း။
၁၉၂။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်စစ်သုံ့ပန်း စခန်း တစ်ခုတွင် ဖြစ်သည်။
အင်္ဂလိပ်စစ်သုံပန်းများသည် ယိုးဒယား မြန်မာ မီးရထား လမ်းကို ဖောက်လုပ်နေကြရသည်။ ပူအိုက်၊ ပင်ပန်း ခဲယဉ်းလှသော တစ်နေ့တာ အလုပ်သိမ်းချိန်တွင် စစ်သုံပန်းများ အားလုံးကို တန်း စီ၍ ဂျပန်စစ်သားများက လူအရည်အတွက် မှန်သဖြင့် “ညာလှည့် ချီတက်” အမိန့်မပေးမီ၊ ဂျပန်တပ်ကြပ်ကြီးတစ်ဦးသည် တန်းစီရာ သို အူယားဖားယား ရောက်လာသည်။
မြေကြီးတူး ဂေါ်ပြားတစ်ခု ပျောက်နေသည်ဟု ဆို၏။ စစ်သုံပန်း တစ်စုံတစ်ယောက်က ခိုးယူပြီး အနီးရှိ ယိုးဒယား အရပ်သားများထံ ရောင်းစားခဲ့ခြင်း ဖြစ်ရမည်ဟု စွပ်စွဲသည်။
ထို တပ်ကြပ်ကြီးသည် တန်းစီနေသော စစ်သုံပန်းများ၏ ရှေ့ တွင် ခေါက်တုံခေါက်ပြန်လျှောက် ရင်း ခိုးယူသည့် စစ်သုံပန်းသည် ဝန်ခံလျှင် ယခု ဝန်ခံပါ။ သို့မဟုတ်လျှင် အားလုံးကို အပြစ်ပေး မည်ဟု ကြိမ်းမောင်းနေသည်။
သူ၏ မျက်နှာမှာလည်း နီမြန်းနေသည်။ ဒေါသထွက်နေသည်။ တစ်စုံတစ်ယောက်ကမှ ဝန်မခံသဖြင့် ပိုမို ဒေါသထွက်လာသည်။ “အားလုံးကို သတ်ပစ်မယ်”ဟု မပီကလာပီကလာ အင်္ဂလိပ်စကား ဖြင့် အော်ဟစ်နေပြန်သည်။ တစ်စုံတစ်ယောက်မျှ ရှေ့သိုထွက်လာ ပြီး ဝန်ခံခြင်း မပြုပါ။
(၂) မိနစ် အချိန်ပေးသည်။ မည်သူကမျှ ဝန်ခံခြင်းမရှိ။ (၂) မိနစ် ပြည့်သောအခါ ထိုတပ်ကြပ်ကြီးသည် လကျာ်ဘက် ဒေါင့်စွန်း စီ စစ်သားတစ်ဦးအား ရှေ့သိုဆွဲထုတ်ခိုင်းပြီး ပစ္စတိုဖြင့် ပစ်သတ် လိုက်လေသည်။ ထိုစစ်သားကလေးမှာ ပွဲချင်းပြီး သေဆုံး သွားရှာ တော့သည်။
ဂေါ်ပြားခိုးယူသွားသော စစ်သုံပန်းသည် ယခုထက်ထိ ရှေ့သို ထွက်၍ ဝန်မခံသေး။
ထိုကြောင့် တန်းစီနေသာ စစ်သားများထဲမှ အနီးဆုံး စစ်သုံ ပန်းတစ်ဦးကို ထပ်မံ ဆွဲထုတ်ခိုင်းလိုက်ပြီး ထိုပစ္စတိုဖြင့်ပင် ဦးခေါင်း ကို ချိန်တွယ် ပစ်သတ်လိုက်ပြန်သည်။
ထိုစဉ် စစ်သုံပန်းတစ်ဦးသည် တန်းထဲမှ ရှေ့တလှမ်းတက်၍ “ကျွန်တော် ခိုးခဲ့ပါတယ်”ဟု ဆိုလိုက်လေသည်။
ထိုစစ်သုံပန်းအား ဂျပန်စစ်သားအားလုံးက ဝိုင်းဝန်းရိုက်နှက်၊ သေနက်ဒင်ဖြင့်ဆောင့်၊ ဘွတ်ဖိနပ်ကြီးများဖြင့် ကန်ကြသည်။ ထို သူ၏ ခေါင်း၊ မျက်နှာနှင့် ပါးစပ်မှ သွေးများ ယိုစီးလာသည်။ နောက်ဆုံး၌ ဂျပန်တပ်ကြပ်ကြီးသည် ထိုစစ်သည်တော်အား ဒူး ထောက်ခိုင်းသည်။ ပစ္စတိုသေနတ်ကို သူ၏ ခေါင်းတွင်တေ့၍ မောင်းဖြုတ်ချ လေတော့သည်။
ထိုနေရာတွင်ပင် သူ့ခမျာလည်း ပွဲချင်းပြီး သေဆုံးသွားလေ တော့သည်။ အလောင်းများကို အင်္ဂလိပ်စစ်သုံပန်းများကိုပင် သူတို့ အားလုံးကို တန်းစီ ချီတက်သွားစေတော့၏။
စစ်သုံပန်းစခန်းသို ရောက်လျှင် ဂေါ်ပြားများကို နောက်တစ် ကြိမ် ထပ်မံရေတွက်ကြပြန်သည်။
သို့ သော်ဂေါ်ပြား တစ်ချောင်းမျှ ပျောက်ဆုံးခဲ့ခြင်း မရှိ ကြောင်းကို တွေ့ကြရပါတော့သည်။ “ကိုယ်အဆွေတို့ အဘိုလိုငှာ ကိုယ့်အသက်ကို စွန့်ခြင်း မေ တ္တာထက်သာ၍ မြတ်သောမေတ္တာမရှိ” (ယောဟန် ၁၅း၁၃)။
၁၉၃။ ၁၉၁၄ ခုနှစ်၊ ဒီဇင်ဘာ (၂၄)ရက်နေ့ ညနေ၌ သူသည်တိုကျိုမြိုရှိ ဆင်းရဲသားရပ်ကွက်သို့ ပြောင်း ရွှေ့နေထိုင်ခဲ့သည်။ သူသည် သူဌေးသားတစ်ဦးဖြစ်သည်။ သိုသော် ချမ်းသာကြွယ်ဝသော သူ၏မိဘများကို စွန့်ကာ ထိုဆင်းရဲသားရပ်ကွက်သို ကိုယ် တိုင်ကိုယ်ကျလာရောက်နေထိုင်ပြီး ထိုဆင်းရဲသားများကို ကျေးဇူး ပြုသည်။
သူသည် ရှိရှိသမျှကို ပေါင်နှံရောင်းချပြီး ထိုဆင်းရဲသားများကို ကျေးဇူးပြုသည်။ ဆင်းရဲသားများ ထမင်းစားရစေခြင်း အလိုငှါ သူသည် ထမင်းအငတ်ခံသည်။ ထိုဆင်းရဲသားထဲမှ လူသတ်သမား တစ်ဦးသည် ထောင်ကျခဲ့ပြီး ထောင်မှ လွတ်လာသည့်အခါ အရက်သောက်ရန် သူ့ထံ ပိုက်ဆံလာတောင်းသည်။ ထိုအခါတွင် သူက ပိုက်ဆံ မထုတ်ပေးသဖြင့် ထိုးကြိတ်ရိုက်နှက် ခြင်းခံရသည်။ သွေး များထွက်ပြီး သူ၏သွားများ ကျွတ်ထွက်သွားရသည်။ သူသည် ထို ရာဇဝတ်ကောင်ကို မည်သိုမျှ ပြန်လည်မတုံပြန်သည့်အပြင် သူ့ အတွက် ပြင်ဆင်ထားသော နေ့လည်စာ ထမင်းဟင်းကိုပင် ချ၍ ကျွေးမွေးလိုက်သေးသည်။
အလုပ်သမားများကို လိုက်လံပြုစုရင်း သူသည်လည်း အလုပ် သမားတိုကြောင့်ပင် ထောင်ကျခံခဲ့ရသည်။ ထောင်မှ လွတ်လာ သောအခါတွင် ထိုဆင်းရဲသားရပ်ကွက်၌ပင် ပြန်လည်နေထိုင်ခဲ့ သည်။ (၆)လခန့်အကြာတွင် တိုကျိုမြိုရှိ အလုပ်သမားရုံးက သူ့ အားအလုပ်သမားများ သက်သာချောင်ချိရေး တာဝန်ခံအရာရှိ အဖြစ် အလုပ်ခန့်သည်။
သူ၏ လစာကို ဆင်းရဲသားများကို ခွဲဝေပေးသည်။ ကျေးဇူးပြု ခြင်းခံရသော ဆင်းရဲသားများကပင်လျှင် တစ်ခါတစ်ရံ သူ့အားရိုက်နှက်ကန်ကျောက်တတ်ကြသေးသည်။ သိုပင်ဖြစ်လင့်ကစား ထိုသူတို အပေါ် မေတ္တာမပျက် ဆက်လက် ကျေးဇူးပြုသည်။ ယနေ့ သူသည် ဂျပန်ပြည်၌ နာမည်အကြီးဆုံးသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေ သည်။ သူ၏ စာအုပ်များမှာ သန်းချီ၍ ရောင်းရသည်။ ထိုစာအုပ် များမှ ရသောငွေများကို ဆင်းရဲသားများအား ဝေငှခဲ့သည်။ ဆင်းရဲ သားများကသာမက သူ၏ ရန်သူများကပင် သူ့ကို ချစ်ကြသည်။ အထက်ဖေါ်ပြပါ ဖြစ်ရပ်များသည် အားလုံး အဖြစ်မှန်များပင် ဖြစ်သည်။ ဂျပန်ပြည်၌ သူ၏ နာမည်ကို လူတိုင်းကသိသည်။
အဘယ်ကြောင့်ဆိုသော်၊ ထိုသူမှာ ဂျပန်အမျိုးသားခရစ်ယာန် သူတော်စင်ကြီး မေတ္တာရှင်ကြီးတစ်ဦးဖြစ်သည့် “ကဂါဝါ” ဆိုသူပင် တည်း။ ။
၁၉၄။ သားသမီး မြောက်မြားစွာရှိပြီး၊ ဆင်းရဲလှသော အိမ် ထောင်ဦးစီးတစ်ဦးသည် ခြေထောက်ကျိုးသွားသည်။ အလုပ်မဆင်း နိုင်ပဲ နေရသဖြင့် အိမ်ထောင်စု တစ်ခုလုံး ဒုက္ခရောက်နေကြသည်။
အသင်းတော်တစ်ပါး၏ ဆုတောင်းစည်းဝေးတစ်ခုတွင် ထိုအိမ်ထောင်အတွက် ဆုတောင်းပေးရန် တစ်စုံတစ်ယောက်က ထ၍ မေတ္တာရပ်ခံသည်။ ထိုအခါတွင် ဆုတောင်းစည်းဝေးတက် နေသူ ခရစ်ယာန်တစ်ဦးက “ဒီကိစ္စမျိုးမှာ ဆုတောင်းနေလို မပြီး ဘူး” ဟုဆိုကာ၊ ထို ဆုတောင်းစည်းဝေးမှ ထွက်သွားပြီး နေအိမ်သို ပြန်သွားသည်။ သူ၏ နေအိမ်မှ စားစရာ သောက်စရာများ ယူဆောင်သွားပြီးလျှင် ထိုဆင်းရဲသူ၏ နေအိမ်သို သွား၏။ အစား ၊ အစာများ ပေးရုံမက၊ ပိုက်ဆံပါပေးခဲ့ပြီး သူ၏ နေအိမ်သို ပြန်သွား ခဲ့လေတော့သည်။
မေတ္တာပြခြင်း၌ ဆုတောင်းပေးနေရုံမျှထက်မက, ရပါ။ လက် တွေ့လည်း ဆန်ရပါသည်။
၁၉၅။ ပင်လယ်ပြင်တွင် မုန်တိုင်းက ထန်လွန်းသဖြင့် ပင်လယ် ကူး သင်္ဘောတစ်စင်းသည်၊ ကျောက်ဆောင်နှင့်တိုက်ပြီး နစ်မြုပ် သွားသည်။ သက်ကယ်လှေတစ်စင်းဖြင့် သင်္ဘောသားများ လွတ် မြောက်လာသည်။ သူတို ထဲမှ လူတစ်ယောက် ပျောက်နေသည်ဟု ကမ်းစပ်သို ရောက်သောအခါ ပြောပြသဖြင့်၊ ထိုကမ်းခြေရှိ လူ အများက သက်ကယ်လှေတစ်စင်းကို ရေချပြီး ထိုလူအား ရှာရန် ပြင်ဆင်ကြသည်။
သက်ကယ်လှေလှော်ရန် လူတစ်ယောက် လိုနေသဖြင့်၊ သက် ကယ်လှေဦးစီးက ရပ်ကြည့်နေ ကြသော လူအုပ်ထဲမှ လူတစ် ယောက်လာရန် ဖိတ်ခေါ်လိုက်တော့သည်။ လူတစ်ယောက်က ထွက်လာပြီး သူလိုက်မည်ဟုဆိုရာ ထိုသူ၏ မိခင်က ဝင်ရောက်တား မြစ်လေတော့သည်။
“မသွားပါနဲ့ သားရယ်။ မင်းရဲ့ အဖေကလည်း သင်္ဘောသား တစ်ဦးဖြစ်ပြီး၊ ဒီလိုမုန်တိုင်းမျိုးမှာပဲ နစ်မြုပ် သေဆုံးခဲ့ရတယ်။ မင်းရဲ့ အစ်ကိုဟာလည်း သင်္ဘောလိုက်သွားတာ အခုထက်ထိ ပြန် မလာတော့ဘူး။ သူလည်း သင်္ဘောနစ်မြုပ်ပြီး သေဆုံးသွားပြီဆိုတာ သေချာပါတယ်။ မေမေ့မှာ ဒီသားတစ်ယောက်ပဲ ကျန်ပါတော့ တယ်ကွယ်။ မသွားပါနဲ့ သားရယ်” ဟု တားမြစ်နေရှာသည်။
သို့သော် ထိုသားက “မဖြစ်ဘူး မေမေ၊ လူတစ်ယောက် ပင် လယ်ထဲမှာ သေလုမြောပါး ဖြစ်နေတယ်။
ကျွန်တော်က အခုလို အချိန်မျိုးမှာ ခေါင်းရှောင်ရင်၊ သူရဲဘောကြောင်တဲ့လူ ဖြစ်သွားမှာပေါ့။ ဘုရားသခင် ရှိပါတယ် မေမေရယ်၊ မပူပါနဲ့”ဟု ဆိုပြီး အတင်း ဇွတ်ထွက်သွား၏။
ပျောက်ဆုံးနေသော ထိုသင်္ဘောသားသည် သစ်သားပြားတစ်ခု ကို တွယ်ထားရင်း ပင်လယ်ထဲ၌ မျောနေသည်ကို တွေ့ရသဖြင့် ကယ်ဆယ်ကာ ထိုသက်ကယ်လှေသမားများ ပြန်လာခဲ့ကြသည်။ ကမ်းခြေသို့ ရောက်လာသောအခါ ထိုလူငယ်က သူ၏ မိခင်ထံသို လူလွှတ်၍ အကြောင်း ကြားခိုင်းလိုက်သည်။
“ကျွန်တော် ကောင်းကောင်းမွန်မွန် ပြန်ရောက်ပြီလို မေမေ့ကို ပြောပေးပါ။ ပြီးတော့- ပြီး တော့ – ကျွန်တော်တို ကယ်လာခဲ့လူဟာ တခြားလူ မဟုတ်ဘူး၊ ကျွန်တော့်အစ်ကို ဖြစ်နေတယ်လို လည်း ပြောလိုက်ပါဗျာ” ဟူသတည်း။
၁၉၆။ ဖခင်ဖြစ်သူသည် အရက်သမား ယစ်ထုတ်ကြီး ဖြစ်နေ သဖြင့် သမီး မိန်းမပျိုကလေး သည် ရှက်၍ အိမ်ကဆင်းလာသည်။ သင်းအုပ်ဆရာ၏ နေအိမ်၌ အတန်ကြာနေထိုင်စဉ် ဆရာက ဘုရားသခင်၏ မေတ္တာတော်အကြောင်းကို သွန်သင်ဟောပြောနေ ခဲ့လေသည်။
များမကြာမီ ထိုမိန်းမပျိုလေးသည် ဘုရားသခင်၏ မေတ္တာ တော်ကို ကွင်းကွင်းကွက်ကွက် မြင်လာပြီး နေအိမ်သို ပြန်ရန် ဆုံးဖြတ်လိုက်လေတော့၏။ သူ၏ သူငယ်ချင်းများက သူ့ကို တား မြစ်ကြသည်။ “မင်းရဲ့ အဖေက အရင်လိုလိုက်ပြီး အပြစ်ရှာကြိမ်း မောင်းနေရင် မင်း ဘယ်လိုလုပ်မလဲ” ဟု မေးရာ၊ မိန်းမပျိုက “အရင်ကထက် သည်းခံဖို ပိုပြီး ကြိုးစားမှာပေါ့”ဟု ဖြေ၏။
“ဟုတ်ပါပြီ၊ မင်းက ဘယ်လောက်ပဲ သည်းခံပေမယ့် မင်းရဲ့အဖေက ဒေါသထွက်ပြီး ပိုပြီး မူးရမ်းနေရင် ဘယ်လိုလုပ်မလဲ” ဟု သူငယ်ချင်းများက မေးမြန်းပြန်ရာ “အဖေ့အတွက် ပိုပြီး ဆု တောင်းပေးမှာပေါ့”ဟု ဖြေပြန်၏။
“ဟုတ်ပါပြီ၊ ဒါပေမယ့် မင်းကို အရင်လိုပဲ ရိုက်နှက်နေရင် ဘယ်လိုလုပ်မလဲ”ဟု မေးမြန်းရာ “အဖေ့ကို ပိုပြီး ချစ်ခြင်းမေတ္တာ ပြမှာပေါ့” ဟု ပြန်ဖြေလိုက်လေတော့၏။
ဘုရားသခင်၏ မေတ္တာတော်ကို သဘောပေါက်နားလည်သူ တိုင်းသည် သူတစ်ပါးအပေါ်၌ မေတ္တာပြရန် မခက်တော့ပါ။
MOTHER မိခင်
၁၉၇။ ကျောက်မီးသွေးဖြင့် မောင်းနှင်ရသော မီးရထားခေါင်း တွဲများမှ တစ်ခါတရံ မီးခိုးသာမက မီးပွားကလေးများပင် ထွက်လာ တတ်သည်။
တစ်နေ့တွင် မီးရထားခေါင်းတွဲတစ်ခုမှ မီးပွားများကျလာပြီး အနီးရှိ စပါးကျီနှင့် ကောက်ရိုးပုံတစ်ခု မီးလောင်သည်။ မီးလောင် ရာ လေကလည်းပင့်သဖြင့် ရွာတန်းကို မီးစွဲလောင်သည်။ မီးလောင်ပြီးနောက် ရွာသူ ရွာသားများက မီးလောင်ပြင်သို လှည့် လည်ကြည့်ရှုကြရာ မီးကျွမ်းနေသော ကြက်မကြီးတစ်ကောင်ကို တွေ့ရလေတော့သည်။
ထိုကြက်မကြီးသည် မီးလောင်ပြင်မှ ပြေးပေါက်မရှာတတ် သဖြင့် မီးလောင်သေဆုံးသွား ရသည်ဟု အများထင်သော်လည်း ထိုမီးလောင်ကျွမ်းနေသော ကြက်မကြီးကို တွန်းလှဲလိုက်ရာ ထိုကြက်မကြီး၏ ရင်အုပ်အောက်မှ ကြက်ငယ်ပေါက်စကလေးများ (၆)ကောင် အသက်ရှင်ပြေးထွက် လာသည်ကို တွေ့ရလေတော့၏။
ထိုကြက်မကြီးသည် အသေခံ၍ သူ၏ ကြက်ကလေးများကို ကယ်ဆယ်ခဲ့ခြင်း ဖြစ်သည်ကို တွေ့ရပါ၏။
မိခင်တို့၏ မေတ္တာကို နေရာတိုင်း သတ္တဝါတိုင်း၌ပင် တွေ့နေ ရပါတကား။
၁၉၈။ ဆရာမတစ်ဦးက သူ၏ အတန်းသားဖြစ်သူ ကျောင်း သားငယ်တစ်ဦးအား သင်္ချာသင်ပေးနေသည်။
အပိုင်းဂဏန်း သင်ပေးနေခြင်း ဖြစ်သည်။ “ဆိုကြပါစို၊ မင်းရဲ့ အမေက ကိတ်မုန့်တစ်ခု ဖုတ်တယ်၊ မင်း တို အိမ်ထောင်မှာ လူခုနစ်ယောက်ရှိတယ်၊ မင်းရဲ့ အဖေရယ်၊ အမေရယ်၊ မင်းတို ညီအစ်ကိုမောင်နှမ ငါးယောက်ရှိတယ်၊ အဲဒီ ကိတ်မုန့်ကို ညီတူမျှတူ ဝေမျှရင် မင်းဟာ အဲဒီကိတ်မုန့်ရဲ့ ဘယ် နှစ်ပုံတစ်ပုံရမလဲ”ဟု မေးရာ၊ ကျောင်းသားကလေးက “ခြောက်ပုံ တစ်ပုံရမယ် ဆရာမ”ဟု ဆိုလေသည်။
“ဘယ်နဲ့လဲကွဲ မဟုတ်တာ၊ လူခုနစ်ယောက် ရှိတယ်လေ။ ညီတူမျှတူဝေရင် တစ်ယောက်ကို ခုနစ်ပုံတစ်ပုံ ရမှာပေါ့”ဟု ဆိုပြန် ၏။
ကျောင်းသားကလေးက “မဟုတ်ဘူး ဆရာမ၊ ကျွန်တော်တို အားလုံးဟာ ခြောက်ပုံတစ်ပုံရမှာ သေချာတယ်”ဟု ဖြေနေပြန် သဖြင့် ဆရာမသည် ဒေါသထွက်လာ၍ ကျောက်သင်ပုန်းပေါ်၌ ရေးသားပြုပြီး သင်ပြလေရာ၊ ကျောင်းသားကလေးက “ဆရာမ ကျွန်တော်ဟာ အပိုင်းဂဏန်း တတ်ပါတယ်။ သာမန်အတိုင်းဆိုရင် ကျွန်တော်တို အားလုံးဟာ ခုနစ်ပုံတစ်ပုံ ရကြမှာပါ။ ဒါပေမယ့် မေမေက သူ့အတွက်ရမယ့် အပိုင်းကို ကျွန်တော်တို့ အားလုံးအတွက် ခွဲဝေပေးမှာပါပဲ။ ဆရာမက ကျွန်တော့်ရဲ့ အမေအ ကြောင်းမှ မသိဘဲ” ဟု ဆိုလိုက်လေတော့၏။
၁၉၉။ ဖခင်ဖြစ်သူက သုတေသနအရာရှိတစ်ဦးဖြစ်သည်။ သူဝါသနာပါလှသော အလုပ်ဖြစ်၍လည်း မကြာခဏ သင်္ချာကိန်း ကဏန်း မြောက်မြားစွာ ရေးသားပြုစုနေတတ်သည်။ တစ်နေ့တွင် မိခင်ဖြစ်သူ ဈေးသွားမည်ဖြစ်၍ အိမ်ကလေး များအား ကြည့်ရှုရန် မှာထားခဲ့လေသည်။ မိခင်ဖြစ်သူ ပြန်လာသောအခါ ဖခင်ဖြစ်သူသည် မောဟိုက်နေသည်ကို တွေ့ရပြီး ခေါင်းတခါခါ ဖြစ်နေသည်။ စားပွဲပေါ်ရှိ စာရွက်ပေါ်တွင် စာရွက် တစ်ရွက်ကိုယူပြီး မိခင်ဖြစ်သူအား ပေးလိုက်သည်။ ထိုစာရွက်ပေါ် ၌ ရေးမှတ်ထားသည်မှာကား
“ကလေးတွေ နှပ်ချေးသုတ်သင်ပေးရသည့် အကြိမ်ပေါင်း (၁၄)ကြိမ်၊ သူတို ရှုပ်ပွခဲ့သော ကြမ်းပြင်ကို တံမြက်စည်းလှည်းခဲ့ရ သည်မှာ (၁၆)ကြိမ်၊ သောက်ရေခပ်ပေးခဲ့ရသည့်မှာ (၁၂)ကြိမ်၊ သွားရည်စာ ဝယ်ပေးခဲ့ရသည်မှာ (၃) ကြိမ်၊ ဗူဘောင်း(၃)လုံးစီ ဝယ်ပေးရသော်လည်း ဗူဘောင်းတစ်လုံး၏ ပျမ်းမျှသက်တမ်းမှာ ၁၁ ဒသမ ၅ စက္ကန့်၊ အိမ်ပြင်မထွက်ရန် တားမြစ်ခဲ့ရသည်မှာ (၁၀)ကြိမ်၊ ကလေးများကို ရိုက်နှက်ရန် ခြိမ်းခြောက်ခဲ့ရသည်မှာ (၇)ကြိမ်၊ အဝတ်များစိုရွှ၍ လဲလှယ်ပေးရသည်မှာ (၆)ကြိမ်၊ နောင် တွင် ဖခင်အနေဖြင့် ဤသို ကလေးထိန်းလုပ်ပေးမည့် အကြိမ်မှာ (သုည) ဟူ၍ ရေးမှတ်ထားသည်ကို တွေ့လိုက်ရပါတော့သတည်း။
၂၀၀။ မိခင်တစ်ဦးသည် သူ၏ ဆိုးသွမ်းတေပေနေသော သား ငယ်အတွက် အမြဲ ဆုတောင်း ပေးနေလေ့ရှိသည်။ သို့သော် ထိုသားသည် ဆက်လက် ဆိုးသွမ်းလေလွင့်နေဆဲပင် ဖြစ်၏။
တစ်နေ့တွင် သားငယ်က နောက်တစ်နေ့ ထွက်မည့် သင်္ဘော ဖြင့် ဒီတလီပြည်သို့ သွားမည်ဖြစ်ကြောင်း ပြောရာ၊ မိခင်က အ တန်တန်တားမြစ်ရှာသည်။ သားငယ်ဖြစ်သူသည် ထိုသို မထွက်ခွာ သွားမည့်အကြောင်း တစ်ညလုံး မအိပ်ဘဲ ဆုတောင်းနေခဲ့သည်။ နံနက် မိုးလင်းသောအခါ၊ ငယ်သည် မိခင်အား နှုတ်ဆက်ရန် ကြည့်လိုက်ရာ မိခင်ကြီးသည် မျက်ရည်များရွှဲလျက် ကုတင်ဘေး၌ ဒူးသောက်ဆုတောင်းနေသေးသည်ကိုတွေရ၍ အလွန်စိတ်ထိခိုက် သွားသည်။ ယင်းဖြစ်ရပ်ကို ထိုသားငယ်က ဘယ်တော့မှ မမေ့နိုင် ခဲ့။ နောင်ကြီးပြင်းလာသောအခါ သူသည် ထိုဖြစ်ရပ်ကလေးကို စာရေး၍ မှတ်တမ်းတင်ခဲ့ပါ၏။
နောင်အခါ၌ ထိုမိခင်ကြီး၏ ဆုတောင်းသည်လည်း ပြည့်စုံခဲ့ လေသည်။ အကြောင်းမှာ ထိုမိခင်ကြီးသည် “မော်နီကာ” ဆိုသည့် နာမည်ကြီး ခရစ်ယာန်အမျိုးသမီးကြီးဖြစ်ပြီး၊ ထိုဆိုးသွမ်းလေလွင့် နေသော သားမှာ ခရစ်ယာန် သူတော်စင်ကြီးဖြစ်ခဲ့သည့် “ရှင်ဩဂါ စတင်း” ပေတည်း။ ။
၂၀၁။ မိန်းမပျိုလေးတစ်ဦးသည် လေလွင့်ပျက်စီးပြီး အိမ်က ထွက်သွားခဲ့သည်။ နေ့ရက်များ ကုန်လွန်ခဲ့ပြီး နောက်ဆုံး၌ သူ၏ ဘဝသည် ပြန်၍ပင် ကယ်ဆယ်၍ မရနိုင်လောက်အောင် ဖြစ်ခဲ့ သည်။ ထိုကြောင့် မိမိကိုယ်ကို သတ်သေရန် ဆုံးဖြတ်လိုက်သည်။ သိုသော် သူငယ်စဉ်တောင်ကြေး ကလေးဘဝက နေထိုင်ခဲ့သော ဇာတိမြိုနေအိမ်နှင့် ပတ်ဝန်းကျင်ကို တစ်ခေါက်လောက်ဖြင့် ပြန်၍ ကြည့်ဦးမည်ဟု စိတ်ပိုင်းဖြတ်ကာ၊ ဇာတိမြိုသို တိတ်တဆိတ် ပြန်လာခဲ့သည်။
ထိုည၌ သူ၏ နေအိမ်သို လှမ်းကြည့်လိုက်ရာ၊ မီးခွက်ကလေး ထွန်းထားသည်ကို မြင်ရသည်။ အိမ်ရှေ့တံခါးပေါက်ကလည်း ပွင့် နေသည်။ ခြေဖျားထောက်၍ အိမ်တွင်းသိုပင် ဝင်လာရာ၊ ကုလား ထိုင် တစ်ခု၌ ငုတ်တုတ်ထိုင်နေသော မိခင်ကြီးကိုတွေ့ ရတော့ သည်။
“အမေ၊ မီးလည်း ထွန်းထားပြီး အိမ်ရှေ့တံခါး ပွင့်နေတာတွေ့ တာနဲ့ ကျွန်မ ဝင်လာတာပါ” ဟု ပြောလေရာ၊ မိခင်ကြီးက “သမီး ရယ်၊ သမီးအိမ်က ထွက်သွားကတည်းက အိမ်ကို ပြန်လာဖို့ အမြဲ ဆုတောင်းနေခဲ့တယ်။ သမီး အိမ်လာရင် ဝင်လာဖို့ တံခါးကို အမြဲ ဖွင့်ထားခဲ့တယ်။ ညညဆိုရင် ဒီမီးခွက် ကလေးထွန်းပြီး အိမ်ရှေ့ ထုတ်ထားခဲ့တယ်။ သမီး အိမ်ပြန်လာဖိုအတွက် အမေဟာ တစ်ချိန် လုံး ထိုင်စောင့်နေတာကို သိရအောင်ပေါ့ သမီးရယ်”ဟု ဆိုလေ တော့၏။
မိခင်ကြီး၏ မေတ္တာနှင့် ခွင့်လွှတ်ခြင်းကို ခံစားရ၍ ထိုမိန်းမ ပျိုကလေးသည် မျက်ရည်များကျကာ မိမိကိုယ်ကို သတ်မသေတော့ ဘဲ မိခင်ကြီးနှင့် တစ်သက်လုံး နေထိုင်ခဲ့ပါတော့၏။
၂၀၂။ ကမ္ဘာကျော် တရားဟောဆရာကြီးဖြစ်သူ ရစ်ချက် (လ်)ဆိုသူသည် ဘုရားမယုံရန် ကြိမ်ဖန်များစွာ ကြိုးစားခဲ့ဘူး သည်။ ဆင်ခြင်တုံတရားမျိုးစုံ၊ ဝါဒပေါင်းမျိုးစုံ၊ အတွေးအခေါ် မျိုးစုံဖြင့် ဘာသာရေးကို ချင့်ချိန် ဆန်းစစ်ကြည့်သည်။
သို့သော် သူမဖြေနိုင်သော ကိစ္စတစ်ခု ရှိခဲ့သည်။ ထိုကိစ္စတစ်ခု မှာ ဘာသာရေး ကိုင်းရှိင်းလှ သော မိခင်ကြီး၏ ဘဝအသက်တာပင်ဖြစ်သည်။
ခရစ်ယာန်ပီသလှသော သူ၏ မိခင်ကြီး၏ အသက်တာ ကြောင့် သူသည် တရားမဲ့ဝါဒီဖြစ်ရန် ကြိုးစားခဲ့သော်လည်း မ အောင်မြင်ခဲ့။
ဒေါက်တာ နယူမင်းဟော(လ်)ဆိုသည့် ဓမ္မဆရာကြီးသည် လည်း ထိုနည်းတူ ဘုရားအပေါ်၌ သံသယစိတ်များ ဖြစ်ခဲ့ဘူး သည်။ သိုသော် ဘာသာရေးကိုင်းရှိင်း၍ ခရစ်ယာန်ပီသလှသော သူ၏ မိခင်ကြီးကို အမြဲမြင်ယောင်လာသောအခါ၊ ဘုရားသခင်၏ ဘက်သို အမြဲ ပြန်လှည့်လာခဲ့ရသည်ဟု သက်သေခံခဲ့ပါ၏။
လူအပေါင်းတို့ အတွက် ဘုရားသခင်က စေလွှတ်ထားခဲ့သော ကောင်းကင်တမန်မှာ မိခင်များပေတည်းဟူ၍ ကျွန်တော် ရေးခဲ့ သော ဝတ္ထုတိုပေါင်းချုပ် (ဒုတိယတွဲ) တွင်လည်း ကြည့်ပါ။
NATURE သဘာဝလောက
၂၀၃။ သိပ္ပံပညာရှင်ကြီးဖြစ်သူ ဒေါက်တာအက်ဒဝင်ဟစ်ဘီ ဆိုသူက မောင့်(လ်)ဆင်ခေါ် နက္ခတ်ဗေဒ စူးစမ်းရေးဌာနမှ အောက်ပါတိုကို သုတေသနပြုပြီး မှတ်ချက်ချခဲ့ပါသည်။ စကြ ဝဠာကြီးသည် “အလင်းနှစ်ပေါင်း” ၅ဝ,ဝဝ, ဝဝ,ဝဝဝ ကျယ်ဝန်း သည်ဟု ခန့်မှန်းရသည်။ အလင်းရောင်သည် တစ်စက္ကန့်လျှင် ၁၈၆,၀၀၀ မိုင်နှုန်းရှိရာ၊ အလင်းနှစ် တစ်နှစ်သည် မိုင်ပေါင်း ၆ဝ,ဝဝ,ဝဝ,ဝဝ,ဝဝ,ဝဝဝ နှင့် ညီမျှသည်။ ယခုအထိ စူးစမ်း လေ့လာနိုင်သော စကြဝဠာကြီး၏ အကျယ်အဝန်းမှာ အလင်းနှစ်ပေါင်း ၁ဝ,ဝဝ,ဝဝ,ဝဝ,ဝဝ,ဝဝဝ ခန့်သာရှိသေးသည်။ ထိုနေရာဒေသ၌ ကြယ်တာရာစုံပေါင်း ၁,ဝဝ,ဝဝ,ဝ၀, ၀၀၀ စုရှိသည်။ ကြယ်တာတစ်စုနှင့်တစ်စုသည် အလင်းနှစ်ပေါင်း ၂ဝ,ဝဝ,ဝဝဝ မျှ ကွာဝေးသည်။ စကြဝဠာကြီးကို မျှော်ကြည့်လိုက်ပါ။
လူတို့၏ ဦးနှောက်နှင့် မမှီနိုင်လောက်အောင် စူးစမ်းရှာဖွေ၍ ကုန်ဆုံးနိုင်လိမ့်မည် မဟုတ်ပါဟူ ၍ ရေးသားခဲ့ပါ၏။
ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီးဖြစ်သူ အိုင်းစတိုင်းကလည်း “စကြဝဠာကြီးအကြောင်း ကျွန်တော်တိုသည် လာမျှ မသိရသေးပါ ကလား” ဟူ၍ ဆိုခဲ့ပါ၏။ ထိုစကြဝဠာကြီးသည် အလိုအလျောက် ဖြစ်လာခဲ့မည်ဟု မည်သူက ပြောရဲပါ မည်နည်း။ ထိုကြောင့်လည်း ပရောဖက် ဟေရှာယက “အထက်သို မျှော်ကြည့်ကြလော့။ ထို အရာတိုကို အဘယ်သူ ဖန်ဆင်းသနည်း။ ထိုသူသည် သူတို အလုံး အရင်းကို အရေအတွက်အားဖြင့် ထုတ်ဆောင်တော်မူ၏။ အလုံးစုံ တို၌ နာမည်ဖြင့် ခေါ်တော်မူ၏။ ခွန်အားကြီး၍ တန်ခိုးနှင့် ပြည့်စုံတော်မူသောကြောင့် တစ်စုံတစ်ခုမျှ မပေါ်ဘဲ မနေရ” ဟူ၍ ရေး သားခဲ့ပါ၏။ စကြဝဠာကြီးနှင့် ဤလောကသဘာဝကို ဖန်ဆင်းခဲ့ သည့် ဘုရားသခင်သည် အနန္တတန်ခိုးတော်ရှင် ဖြစ်ပါတကား။
၂၀၄။ နံနက် အိပ်ရာကထတိုင်း တေးသံကျူးရင့်သော ငှက် ကလေးများ၏ အသံကို ကြားမိကြပါလိမ့်မည်။ သိုသော် ထိုတေးသံ ကလေးများမှတစ်ဆင့် ဘုရားသခင် ဖန်ဆင်းတော်မူခဲ့သော သ ဘာဝကြီးကို ထိုးထွင်း သိမြင်ကြပါသလား။
ဂီတပညာရှင်ကြီးတစ်ဦးသည် နိုင်းဂရာရေတံခွန်သို အလည် သွားခဲ့သည်။ ပထမအကြိမ် သွားရောက်ခဲ့စဉ် ကတည်းက ဂီတ အသံရင်း (Keynote) တစ်ခုကို သတိထားမိသည်။
ထို ကြောင့် တိတ်ကျွန်းသို့ သွားရောက်နားထောင်ပြန်သည်။ ထိုနောက် လူနာကျွန်းသို သွားပြန်သည်။ ထိုနောက် ညီအစ်မ သုံးဖော်ကျွန်းသွားပြန်သည်။ ထိုနေရာ အားလုံး၌ ဂီတသံတို ကို ပေါင်းစပ်ကြည့် အသံရင်းမှာ “ဂျီ” သံပေါက် (Key-G) (One Sharp) ဖြစ်နေသည်ကို တွေ့ ရပါတော့၏။
လူတို့ က ဂရုတစိုက်၍ နားသောတဆင်ကြည့်ပါက သဘာဝ ကြီးထဲတွင် ဘုရားသခင်က တည့်သွင်းပေးထားသော ဂီတသံကို ကြားမိရပါလိမ့်မည်။
၂၀၅။ ဒေါက်တာဘော်နယ်(လ်)ဆိုသည့် သိပ္ပံပညာရှင်ကြီး သည် လူတို မရောက်ပေါက်သေး ဘူးသော ဒေသများကို လိုက်လံ စူးစမ်းရှာဖွေကြည့်သူ တစ်ဦးဖြစ်သည်။
သူ၏ လုပ်ငန်းမှာ အလွန်ပင်ပျင်းစရာ ကောင်းလိမ့်မည်လား ဟု လူတစ်ဦးက မေးခဲ့ရာ “ဘယ်ကလာ ပျင်းစရာ ကောင်းလိမ့်ပေါ့ မလဲကွာ။ မှန်ပြောင်းကိုကိုင်လိုက်ပြီး အဝေးအရပ်ကို မျှော်ကြည့် လိုက်တိုင်း ဘုရားသခင်ရဲ့ လက်ရာတော်ကို တစ်ခုပြီးတစ်ခု တွေ့ နေရလို အံ့မခန်းဖြစ်နေရတာ မဆုံးနိုင်ပါဘူး” ဟူ၍ ပြောခဲ့ဘူး ပါ၏။
NEGLECT ပေါ့ဆမှု၊ လျစ်လျူရှုမှု
၂ဝ၆။ ကျွန်တော့်အနေဖြင့် မှားယွင်းသော အမှုဟူ၍ တစ်စုံ တစ်ခုမျှ မလုပ်ခဲ့ပါ။ သိုသော် ကျွန်တော့်ကြောင့် အသက်ပေါင်းများ စွာ သေဆုံးခဲ့ရသည်။ မီးရထားများ တိုက်ခိုက်ပျက်စီးခဲ့ရသည် သင်္ဘောများ နစ်မြုပ်ခဲ့ရသည်။ မြိုရွာများမှ မီးလောင်ဆုံးရှုးခဲ့ရ သည်။ စစ်ပွဲကြီးများ ဆုံးရှုးခဲ့ရသည်။
ကျွန်တော့်အနေဖြင့် လူတစ်ဦးအား မရိုက်နှက်၊ ကြင်နာမှု ကင်းမဲ့သော စကားတစ်ခွန်းမျှ မပြောခဲ့ရှိမှန်သော်လည်း ကျွန််တော့်ကြောင့် အိမ်ထောင်များ ပြိုကွဲကြရသည်။ မိတ်ကောင်းများ ပက်ရသည်၊ ကလေးသူငယ်တို၏ အပြုံးပန်းကလေးများ ပျက် ပြယ်ခဲ့ရသည်၊ ဇနီးသည် ပေါင်းများစွာ၏ မျက်လုံးများမှ မျက်ရည် များ ယိုစီးကျခဲ့ရသည်၊ ညီအစ်ကို မောင်နှမများ တစ်ဦးကိုတစ်ဦး သူစိမ်းပမာ ဖြစ်လာခဲ့ရသည်။ ဖခင်မိခင်များအနေဖြင့် စိတ်နှလုံး ၊ ကြေကွဲစွာဖြင့် သေဆုံးခဲ့ရသည်။
ကျွန်တော်သည် မကောင်းမှုကို မရည်ရွယ်ခဲ့သော်လည်း ကျွန် တော့်ကြောင့်လူတို၏ အစွမ်းအစများ၊ ပျက်သုဉ်းခဲ့ရသည်။ လူ တော်လူကောင်းများသည်လည်း အရှုးနှင့်ရင်ဆိုင်ခဲ့ရသည်။ အောင် မြင်မှုနှင့် ပျော်ရွှင်မှုတို အစား ဝမ်းနည်းကြေကွဲမှုများသာ ကျွန် တော့်ကြောင့် ဖြစ်ပေါ်ခဲ့ရသတည်း။
ကျွန်တော့်ကို လူအများက သိပါသည်။
ကျွန်တော်၏ အမည်မှာ ‘ပေါ့လျော့မှု၊ သိုမဟုတ် လျစ်လျူရှုမှု ပင် ဖြစ်ပါ၏။
၂၀၇။ စိတ္တဇ ဆေးရုံတစ်ရုံ၌ လူတစ်ဦးသည် “နောက်ကျသွား ပြီ၊ နောက်ကျသွားပြီ” ဟု အော်ဟစ်နေလေ့ရှိသည်။
ထိုသူအကြောင်း မေးကြည့်ရာ ထိုသူမှာ မီးရထားလုပ်သား ကြီးတစ်ဦးဖြစ်ကြောင်း၊ နှစ်ပေါင်းများစွာက မီးရထားရုံတစ်ရုံ၌ အချက်ပြတာဝန်ခံ ဖြစ်ခဲ့သည်ဟု ဆို၏။
တစ်နေ့တွင် အမြန်ရထားတစ်စီးလာနေသော်လည်း အေး ဆေးပေါ့ဆစွာသာ နေခဲ့သည်။ ထို အမြန်ရထားကို ရင်ဆိုင်လာနေသည့် ရထားကို မြင်လိုက်ရတော့မှ သူ၏ “ပေါ့လျော့မှုကို သတိရ မိတော့သည်။ အချက်ပြ မီးခလုတ် ရှိရာသို အပြေးအလွှား သွားခဲ့သော်လည်း နောက်ကျသွားခဲ့ချေပြီ။ ထိုမီးရထားတိုက်မှု၌ လူ ပေါင်းမြောက်မြားစွာ သေဆုံး ဒဏ်ရာရခဲ့သည်။
ထိုအချိန်မှစပြီး သူသည် ရူးသွပ်ပြီး “နောက်ကျသွားပြီ၊ နောက် ကျသွားပြီး”ဟု အော်နေခြင်းသာ ဖြစ်ပါ၏။
၂၀၈။ စာတန်မာရ်နတ်သည် သူ၏ နှစ်ပတ်လည် စည်းဝေး ကြီးကို ကျင်းပနေသည်။
သူ၏ ကိုယ်စားလည်တော်များ စုံညီတက်ရောက်ပြီး အစီရင် ခံစာများ တင်သွင်းနေသည်။ တစ်ဦးက “ခရစ်ယာန် တွေစီးလာတဲ့ မြင်းရထားတွေကို တိုက်ခိုက်ဖို့ ကျွန်တော်က တောရိုင်းတိရစ္ဆာန် တွေ အုပ်လိုက် လွှတ်ပေးခဲ့ပါတယ်။ သူတိုတစ်တွေရဲ့ အရိုးတွေဟာ အခုဆိုရင် သဲကန္တာရထဲမှာ ပြန့်ကြဲနေတာပဲ” ဟု အစီရင်ခံလိုက် သည်။ – စာတန်မာရ်နတ်က “ဒါပေမယ့်လေ၊ သူတို့ ရဲ့ ဝိညာဉ်တွေက တော့ ကောင်းကင်နိုင်ငံမှာ ရှိနေလေရဲ့” ဟု ဆိုလေသည်။
နောက်တစ်ဦးက “ခရစ်ယာန်တွေ စီးလာတဲ့ သင်္ဘောကြီး နှစ် မြုပ်သွားအောင် ကျွန်တော်ဟာ လေပြင်းမုန်တိုင်း တိုက်ခတ်ပေးခဲ့ ပါတယ်။ အခုဆိုရင် ခရစ်ယာန်ပေါင်း မြောက်မြားစွာဟာ ပင် ၊ လယ်ရေအောက်ထဲမှာ နစ်မြုပ်သေဆုံး သွားကုန်ကြပါပြီ”ဟု အစီ ရင်ခံလေရာ၊ စာတန်မာရ်နတ်က “ဒါပေမယ့်လေ သူတို ရဲ့ ဝိညာဉ် တွေဟာ ကောင်းကင်နိုင်ငံမှာ ရောက်လေရဲ့” ဟု ဆိုပြန်လေ၏။ နောက်တစ်ဦးက “ခရစ်ယာန်တွေကို အေးအေးဆေးဆေးနေပြီး သက်သောင့်သက်သာ နေလာကြစေဖို ကျွန်တော်အမျိုးမျိုး ကြိုး စားခဲ့ပါတယ်။ သူတို တစ်တွေဟာ ကယ်တင်ခြင်းကိုရပြီဆိုပြီး ကျေနပ် ရောင့်ရဲလာကြတဲ့အတွက် ပေါ့ပေါ့ဆဆ နေလာကြပါတယ်။ ခရစ်ယာန်တွေ အဲဒီလိုဖြစ်လာကြဖို့ ကျွန်တော် ကြိုးစားလာခဲ့တာ အောင်မြင်ခဲ့ပါတယ်”ဟု အစီရင်ခံလေရာ၊ စာတန်မာရ်နတ်က “အောင်ပြီး အောင်ပြီ”ဟု ကြွေးကြော်လိုက်လေသတည်း။
OBEDIENCE စကားတော် နားထောင်ခြင်း
၂၀၉။ ပဲရစ်မြိုတော်ကို “ပရပ်ရှင်း” လူမျိုးများက တိုက်ခိုက်နေ ကြသော အချိန် ဖြစ်သည်။
ထိုအချိန်၌ ပီရီဘာလော့ဆိုသည် အမြောက်တပ်သားကလေး သည် အထက်ကပေးသည် အမိန့်အတိုင်း သူ၏ အမြောက်ကို ပစ်ခတ်နေသည်။
ဗိုလ်ချုပ်ကြီး နိုဝဲ(လ်)ဆိုသည့် တပ်မှူးတစ်ဦးသည် မြင်းစီး၍ အနီးသို ရောက်လာသည်။ ခပ်လှမ်းလှမ်းရှိ တံတားတစ်ခုဘက်သို မှန်ပြောင်းဖြင့်ကြည့်ပြီး “ရဲဘော်၊ ဟိုတံတားကို မြင်လား၊ အဲဒီ တံတားရဲ့ ဘယ်ဘက်နားက အိမ်တစ်လုံးကို မြင်လား”ဟု မေးရာ ထိုတပ်သားက မြင်ကြောင်းကို ဖြေသည်။ “အဲဒီအိမ်ထဲမှာ ရန်သူရှိ နေတယ်ပေါ့၊ အဲဒီအိမ်ကို သေသေချာချာ ချိန်ပြီး ပစ်စမ်း” ဟု အမိန့်ပေးလိုက်သည်။
ထိုတပ်သားလေး၏ မျက်နှာတစ်ခုလုံး ဖြူဖတ်ဖြူလျော် ဖြစ် သွားသည်။ “ပထမ တစ်ထောင့် ကို ပစ်ပြစမ်း” ဟု အမိန့်ပေး ပြန်ရာ၊ အမြောက်တပ်သားကလေးခမျာမှာ မျက်နှာပျက်သွားလေ သည် သိုသော် အမြောက်ကို သေချာစွာ ချိန်ရွယ်၍ ပစ်ခတ်ပြလိုက်လေသည်။ အမြောက်ကျည်သည် ထိုအိမ်ကို တိုက်ရိုက် ထိမှန်သွား ၊ သည်။
ဗိုလ်ချုပ်ကြီးသည် အလွန်သဘောကျသွားပြီး “နောက်ထပ် (၆)ထောင့် ဆက်တိုက်ပစ်”ဟု အမိန့်ပေးလိုက်ပြန်သည်။ အမြောက်တပ်သားသည် မျက်နှာပျက်ပျက်ဖြင့် (၆)ထောင့် ဆက်တိုက် ပစ်လိုက်ရာ ထိုအိမ်တစ်အိမ်လုံး ပြိုကွဲ ပျက်စီးသွားတော့၏။
အမြောက်တပ်သားလေး၏ ပါးပြင်ပေါ်တွင် မျက်ရည်ယိုစီးနေ သည်ကို တွေ့ရသဖြင့် ဗိုလ်ချုပ်က မေးမြန်းရာ “အဲဒီအိမ်ဟာ ကျွန်တော့်ရဲ့ အိမ်ကလေးပါ ဗိုလ်ချုပ်၊ ဒီလောကမှာ ကျွန်တော် ပိုင်ဆိုင်သမျှဟာ ဒီအိမ်ကလေးပဲ ရှိပါတယ်ခင်ဗျာ” ဟု ဖြေလိုက် လေတော့သတည်း။ ။
၂၁၀။ တစ်ခါက ဘုရင်ကြီးတစ်ပါးသည် သူ့အတွက် အလွန် သစ္စာရှိ၍ စကားနားထောင်တတ် သော ကျွန်ယုံတော် တစ်ဦးကို ရွေးချယ်လိုသဖြင့် လူနှစ်ဦးကို စမ်းသပ်ကြည့်သည်။
သူတို နှစ်ဦးစလုံးကို တစ်နေ့တာအတွက် လစာပေးပြီး ရေ တွင်းတစ်ခုမှ ရေခပ်ခိုင်းသည်။ ခပ်၍ ရသော ခြင်းကြားကြီး တစ်ခု စီထဲသို အသီးသီး လောင်းထည့်စေ၏။ ထိုနောက် ထိုလုပ်ငန်းကို တစ်နေ့လုံး လုပ်ရမည်ဖြစ်ကြောင်း ညနေကျမှ သူကိုယ်တော်တိုင် လာရောက်စစ်ဆေးမည်ဖြစ်ကြောင်း ပြောကြားပြီး ထွက်ခွာသွား လေသည်။
ပထမလူသည် ရေတစ်ပုံးနှစ်လုံးကို ဆွဲခပ်ပြီး ခြင်းကြားထဲ လောင်းချရာ ရေသည် အပြင်သို ယိုစီးထွက်သွားတော့သည်
“ဒီဟာ အရူးအလုပ်ပဲကွ၊ အချိန်ကုန်ရုံ သက်သက်ပဲ၊ ဒီခြင်းကြားထဲ ရေလောင်းချနေသမျှ ကာလပတ်လုံး ရေတွေပြန်ထွက် သား နေမှာပဲ၊ ငါတော့ မလုပ်တော့ဘူး” ဟု ဆိုပြီး တခြားသို့ ထွက်သွားလေ၏။
ဒုတိယလူမှာ ဘုရင်ကြီးက မှာကြားထားသည်ကို နား ထောင်ပြီး တစ်နေ့လုံး ထိုသို ရေခပ်ပြီး ခြင်းထဲသို့ လောင်းချနေ သည်။ ညနေပိုင်းရောက်သောအခါ ရေတွင်းထဲရှိ ရေရှိသမျှသည် ကုန်ခမ်းသွားတော့သည်။
ထိုအခါ၌ ရေတွင်း၏ ရွှနွံထဲ၌ လက်နေသော အရာတစ်ခုကို တွေ့ရသဖြင့် ခပ်ယူကြည့်လိုက်ရာ စိန်လက်စွပ် တစ်ကွင်း ဖြစ်နေ သည်ကို တွေ့ရတော့၏။
“ဘုရင်ကြီးက ဒီလိုခိုင်းသွားတာ အလကားမဟုတ်ဘူး။ ရေ တွင်းထဲက ရေမခမ်းခင် အဲဒီ စိန်လက်စွပ်ဟာ ရေပုံးထဲမှာ ပါလာ နိုင်တာပဲ။ ခြင်းထဲကို ရေလောင်းချလိုက်တဲ့အခါ ရေတွေသာ ထွက် သွားပေမယ့်၊ စိန်လက်စွပ်ကဖြင့် ခြင်းထဲမှာ ကျန်နိုင်ခဲ့မှာပဲ၊ ဘုရင် ကြီးခိုင်းတာ အလာကား မဟုတ်ပါလား” ဟု သတိရမိလေတော့၏။
ခရစ်တော်ကလည်း ကျွန်တော်တို အား အလဟဿ ခိုင်းစေ နေသည် မဟုတ်ပါ။ အကြောင်းရှိ၍ စေခိုင်းခြင်းသာ ဖြစ်သည်။ ကျွန်တော်တို၏ တာဝန်မှာ ကိုယ်တော်၏ စကားတော်ကို နား ထောင်ဖို့သာ ဖြစ်သည်။ ထိုအခါမှသာ အကျိုးကျေးဇူးကို ခံစားရ ပါလိမ့်မည်။
၂၁၁။ တစ်ခါက ဆိုင်ရှင်တစ်ဦးက သူ၏ဆိုင်၌ ခိုင်းစေရန် လူငယ်တစ်ဦးကို လိုသဖြင့် သတင်းစာထဲမှ ကြေညာလိုက်သည်။ အလုပ်လာလျှောက်ကြသည့် လူငယ်ပေါင်း များပြားလှသဖြင့် ဆိုင်ရှင်က မရွေးတတ်နိုင်အောင် ဖြစ်နေရသည်။ ထိုအခါ၌ ဆိုင်ရှင်က အကြံတစ်ခုရပြီး သတင်းစာ၌ ထပ်မံကြေငြာခဲ့သည်။
လူငယ်တစ်ဦး အလိုရှိသည်။ ထိုလူငယ်သည် သူ့မိခင် စကား ကို အမြဲတစေ နားထောင်နေခဲ့သူ ဖြစ်ရမည် ဟု ရေးလိုက်လေရာ အလုပ်လျှောက်သည့် လူငယ်နှစ်ဦးသာ တွေ့ရသည်။
ထိုသို့ သော အရည်အချင်းမျိုးကို ယခုခေက်ရှိ လူငယ်များ၌ သည်။ ပို၍လိုသည်ဟု ကျွန်တော်ထင်ပါသည်။
၂၁၂ ။ ငယ်တစ်ဦးသည် အိမ်နောက်ရှိ သစ်ပင်ကြီး အအနီး၌ ကစားနေသည်။ သူ၏ ဖခင်က ရပ်၍ ကြည့်နေရင်း စိတ်ထဲ ၌ တုန်လှုပ်ချောက်ချားသွားသည်။ “တခါတည်း မှောက်ချလိုက် ယခုချက်ခြင်း မှောက်ချလိုက်” ဟု အော်လိုက်ရာ ထိုလူငယ်လေးက ချက်ခြင်း ြစကားကိုနားထောင်၍ ဖခင်ပြသည့်အတိုင်း လုပ် ဆောင်လိုက်လေသည်။
“အခု အဖေ့ဆီကို တွားပြီး ဖြည်းဖြည်းလာဟု အော်ပြန်ရာ – သားငယ်က လာမျှ ငြင်းဆိုနေခြင်းမရှိဘဲ ချက်ချင်းနားထောင် လိုက်နာခဲ့ပြန်သည်။ သားငယ်သည် ဖခင်ပြောဆိုသည့်အတိုင်း တသွေမတိမ်း နားထောင်ပြီးသွား၍လာကာ အနီးသို ရောက်လာ သည်နှင့် အဖေက သူ့အား ကောက်ယူပွေ့ချီလိုက်လေတော့၏။
ထိုနောက်မှ သစ်ပင်ဘက်ဆီသို ပြန်လှည့်ကြည့်မှာ ကြီးမား လှသာ မြွေကြီးတစ်ကောင်သည် သူ ကစားနေခဲ့သော နေရာ၌ ရစ်ပတ်ခွေလျက် သူ့အားပေါက်ရန် အသင့်ဖြစ်နေခဲ့သည်ကို အခါ တွေ့ ရလေတော့၏။
‘ ဘာမျှဆင်ခြေပေးမနေဘဲ ဖခင်၏ စကားကို နားထောင်လိုက် ခြင်းအားဖြင့် ထိုသူငယ်၏ အသက်ချမ်းသာခဲ့ရပါသည်။
ထိုနည်းတူ သံသယစိတ်မရှိဘဲ ခရစ်တော်၏ စကားတော်ကို နားထောင်ပါက အသက်ချမ်းသာရာ ရနိုင်ပါ၏။
OPPORTUNITY အခွင့်အရေး
၂၁၃။ ဣသရေလလူမျိုးတို သည် ခါနန်ပြည်သို့ ရှေ့ရှုသွား နေစဉ် ယေရိခေါလမ်းပေါ်သို့ ရောက်လာကြသည်။ ဘုရားသခင်၏ ညွှန်ကြားချက်အတိုင်း ယေရိခေါမြို့ကို ဝိုင်းထားပြီး တိုက်ခိုက်ကြ ‘ သောကြောင့် ထိုမြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။
ထိုလမ်းပေါ်၌ပင် ဇက္ခဲသည် သဖန်းပင်ပေါ်သို တက်ပြီး ခရစ်တော်ကို ကြည့်ရှုခဲ့သည်။ ထိုကြောင့်လည်း ခရစ်တော်၏ ပြုပြင် ‘ ပြောင်းလဲမှုကြောင့် ကယ်တင်ခြင်းကို ခံစားခဲ့ရ၏။
ပရောဖက် အမျိုးသားများသည် ယေရိခေါ လမ်းပေါ်တွင် _ သစ်ခုတ်နေစဉ် သူတို့ ငှားရမ်းထားသော ပုဆိန်သည် ရေထဲသို ကျသွားခဲ့၏။ ထိုအခါတွင် ဧလိရှဲက ထိုပုဆိန်ကို ထူးဆန်းသော တန်ခိုးတော်ဖြင့် ပြန်လည်ဆယ်ပေးခဲ့ရသည်။ (၄ရာ ၆း၁-၇) ကို ကြည့်ပါ။
ထိုယေရိခေါ လမ်းမပေါ်၌ ခရစ်တော် လျှောက်သွားစဉ် မျက် စိကန်းသော လူနှစ်ဦးက ကိုယ်တော့်ကို အော်ဟစ် အကူအညီ တောင်းသောကြောင့် မျက်စိ၏အလင်းကို ပြန်ရခဲ့သည်။
ထိုယေရိခေါ် လမ်းမပေါ်၌ပင်လျှင် ကောင်းသော ရှမာရိက လူတစ်ဦးကို အကူအညီ ပေးခဲ့ရပါ၏။
ယေရခေါလမ်းသည် “အခွင့်အရေးများ ပေးနေသောလမ်းဟူ၍ ခေါ်ဆိုနိုင်သည်။
ထိုလမ်းမျိုးသည် ကျွန်တော်တို၏ အိမ်ရှေ့ရှိ လမ်းမျိုးလည်း ဖြစ်သည်။ ရုံးရှေ့ရှိ လမ်းမျိုးလည်း ဖြစ်သည်။ မြိုတိုင်းရွာတိုင်း၌ ရှိနေသော လမ်းမျိုးနှင့်လည်း တူသည်။ သူတစ်ပါးကို အကူအညီ ပေးရန်၊ ဘုရားသခင်အလိုတော်လိုက်ရန်၊ ဘုရားသခင်၏ စကားတော်လိုက်နာရန် အခွင့်အရေးပေးနေသမျှသော လမ်းဟူသမျှကို “ယေရိခေါလမ်း ဟူ၍ ခေါ်ဆိုသင့်ပါ၏။
၂၁၄။ အိမ်နီးချင်းတစ်ဦးက လူပျင်းတစ်ဦး၏ အိမ်သို သွားပြီး အလုပ်လုပ်ရန် ဖျောင်းဖျပြောဆိုနေသည်။ “ဒီအလုပ်မျိုးလုပ်တဲ့ အခါ အတော်ကြိုးစားမှုတော့ ရှိရလိမ့်မယ်”ဟု ဆိုသော် လူပျင်းက မနှစ်သက် ဖြစ်နေသည်။
“ဟုတ်တယ်၊ အိပ်ပျက်တဲ့အခါလည်း ရှိမယ်။ ပင်ပန်းတဲ့အခါ လည်း ရှိမယ်။ ဒါပေမယ့် အင်မတန်မှ ကြီးပွားတိုးတက်နိုင်ပါလိမ့် မယ်” ဟု ဆိုလေ၏။
လူပျင်းက “ပင်ပန်းတဲ့အလုပ်မျိုးကိုဆိုရင် ကျွန်တော် မလိုချင် ဘူးဗျာ။ ကျွန်တော်က တစ်ချက်တည်းနဲ့ သူဌေးဖြစ်နိုင်မယ့် အခွင့် အရေးမျိုးကို ရှာနေတာ” ဟုဆို၏။
ထိုအခါ အိမ်နီးချင်းဖြစ်သူက စိတ်ပျက်ပြီး ပြန်ထွက်သွားတော့ မည်အပြု လူပျင်းက မေးလိုက်သည်။ “အော် ဒါနဲ့ ခင်ဗျားရဲ့ နာ မည်က ဘာလဲ” ကျွန်တော့်ရဲ့ နာမည်က “အခွင့်အရေး” လို ခေါ်ပါတယ်ဟု ဖြေလေရာ “အို – ကျွန်တော်က အခွင့်အရေးဆို တာမျိုးဟာ သက်တောင့်သက်သာနဲ့ အေးအေးလူလူ လုပ်ရတဲ့ အလုပ်လို ထင်နေတာ။ အခုတော့ အခွင့်အရေးဆိုတာ လုံလဝီရိယနဲ့ ကြိုးစားလုပ်ရတဲ့ အလုပ်မျိုးပါလား”ဟု ညည်းတွားလိုက် လေတော့၏။
လူတို့ သည် လုံလဝီရိယ စိုက်ထုတ်လုပ်ကိုင်ရသော အလုပ်မျိုး ကို မိမိ၏ ကြီးပွားတိုးတက်မှုအတွက် “အခွင့်အရေး”ဟူ၍ မမြင် တတ်ပါး
“အခွင့်အရေး” ဆိုသည်မှာ ဖြတ်လမ်း မဟုတ်ပါ။ ကြိုးစား လုပ်ကိုင်ကြရသော အလုပ်အကိုင်မျိုး မှန်သမျှသည် မိမိ၏ အောင် မြင်မှုအတွက် “အခွင့်အရေး” ဟူ၍ မြင်သင့်ပါ၏။
၂၁၅။ နာမည်ကြီးလှသော တီးဝိုင်းကြီးတစ်ခုသည် တောင် အမေရိကန်တိုက် ဘရာဇီး(လ်)နိုင်ငံ၌ တီးမှုတ်ဖြေဖျော်တော့မည် ဖြစ်သည်။ ထိုတီးဝိုင်းခေါင်းဆောင်သည် ဂီတပညာရှင်တစ်ဦးဖြစ် သည် မှန်သော်လည်း ထိုတီးဝိုင်းကို တစ်ခါမျှ ခေါင်းမဆောင်ဘူး၍ ကြောက်ရွံ တုန်လှုပ်နေသည်။
တီးဝိုင်းစလျှင်စခြင်း အမှားအယွင်းများ ပြုလုပ်နေသည်။ တီး မှုတ်သူများကလည်း ထိုသူ၏ ခေါင်းဆောင်မှုတွင် မတီးမှုတ်တတ် သလို ဖြစ်နေကြသည်။
ပထမသီချင်းတစ်ပုဒ် ပြီးဆုံးသွားသည်နှင့် နောက်တစ်ပုဒ်ကို ဆက်၍ ခေါင်းဆောင်ရန် မဝံ့မရဲဖြစ်ကာ ထွက်ပြေးသွားတော့ သည်။ တီးဝိုင်းသမားများသည်လည်း ခေါင်းဆောင်မရှိသဖြင့် အခက်အခဲ တွေ့နေကြတော့သည်။
ထိုစဉ် ဆယ်လို” တယောကြီး တီးသူက ထိုတီးဝိုင်းသမားများ ချက်ခြင်း စုစည်းလိုက်သည်။ သူ၏ ဖခင်သည် ရွာတစ်ရွာရှိ ပ်သမားဖြစ်ပြီး သူ၏ မိခင်မှာလည်း သာမန်အပ်ချုပ်သည် မျှသာ ဖြစ်သည်။ သူသည် နှစ်ပေါင်းများစွာ ကိုယ်တိုင် ဂီတ လေ့ ကျင့်လာခဲ့သူဖြစ်၍ ထိုတီးဝိုင်းကို ခေါင်းဆောင်ရန် လက်မနှေးခဲ့။ ထိုအခွင့်အရေးကို ချက်ချင်းအရယူပြီး ခက်ခဲလှသော “ကွန်ရှဲတိုး” တီးလုံးတစ်ပုဒ်ကို ခေါင်းဆောင်တီးမှုတ်သွားနိုင်ခဲ့တော့၏။
နှစ်ပေါင်းများစွာ လေ့ကျင့်ထားခဲ့ရသော သူ၏ ဂီတပညာ စွမ်းရည်ကို အသုံးပြုရန် အခွင့်အရေးကို မြင်တတ်၍ အသုံးပြုခဲ့ သူမှာ အခြားသူ မဟုတ်ပါ ကမ္ဘာကျော် ဂီတပညာရှင်ကြီး “တော် စကာနီနီ”ပင် ဖြစ်ပါသတည်း။ ။
၂၁၆။ လူငယ်တစ်ဦးသည် ဉာဏ်အလွန် ထက်မြက်လှသည်။ သိုသော် သူသည် ပညာကို မကြိုးစား ပေါ့ဆစွာ နေထိုင်ခဲ့ပြီး ကျောင်းနေချိန်၌လည်း သူတစ်ပါးကို နောက်ပြောင်ရင်းနှင့် အချိန် ကုန်ခဲ့သည်။ သူ့အား ကျောင်းနှစ်ကျောင်းမှ ထုတ်ပယ်ခြင်းခံရ သည်။ ဆယ်တန်းကိုလည်း လိုအပ်သော အမှတ်များမရဘဲ “ခ” စာရင်းမျှသာ အောင်ခဲ့၍ တက္ကသိုလ်သို မသွားနိုင်ခဲ့။
ထိုအခါ၌ “က” စာရင်းဖြင့် အောင်မြင်ရန် ကြိုးစားခြင်းလည်း မရှိဘဲ (၃)နှစ်မျှ လေလွင့်ရှာနေခဲ့သည်။
ထိုစဉ်သူသည် အသက်(၂၅)နှစ်ရှိပြီဟု သတိရပြီး ဖခင်ထံသို သွားပြီး “အဖေ၊ ကျွန်တော် နောင်တရပါပြီ တက္ကသိုလ်သွားနိုင်ရေး အတွက် “က” စာရင်းနဲ့ အောင်ဖို ကြိုးစားပါတော့မယ်”ဟု ဆိုလေ ၏။ ထိုအခါတွင် ဖခင်ဖြစ်သူက “မင်းတက္ကသိုလ်သွားဖို ငါတို ကြိုးစားပမ်းစား စုဆောင်းထားသမျှငွေဟာ ကုန်သလောက်ရှိနေပါ ပြီကွာ၊ ငါမှာလည်း အိုမင်းမစွမ်းဖြစ်လို အငြိမ်းစား ယူရတော့မယ်၊ မင်းကို ပေးခဲ့တဲ့ အခွင့်အရေးတွေကို မင်းဟာ အလွှသုံးစား လုပ်ခဲ့တယ်။ အခုတော့ အဲဒီအခွင့်အရေးတွေဟာ လက်လွတ် ဆုံးရှုးရ ပါပြီ။ တက္ကသိုလ်သွားဖို မဖြစ်နိုင်တော့ဘူး၊ ရသမျှ အလုပ်ကိုသာ လုပ်ပေတော့” ဟု ဝမ်းနည်းစွာ ပြောလိုက်ရပါတော့၏။
PEACE ငြိမ်သက်ခြင်း
၂၁၇။ “ငြိမ်သက်ခြင်းကို သင်တို၌ ငါထားခဲ့၏။ ငါ၏ ငြိမ် သက်ခြင်းကို သင်တိုအား ငါပေး၏။ လောကီသားတို ပေးသကဲ့သို ငါပေးမည်မဟုတ်၊ သင်တို စိတ်နှလုံး ပူပန်ခြင်း၊ စိုးရိမ်တုန်လှုပ်ခြင်း မရှိစေနှင့်” (ယော ၁၄း၂၇)။
ခရစ်တော်သည် အသေခံတော်မမူမီ အထက်ပါ စကားတော် ကို မိန့်ကြားတော်မူခဲ့သည်။
ထိုစကားများသည် ကျွန်တော်တို အတွက် ကိုယ်တော်ပေးခဲ့ သော အမွေအနှစ်ပင် ဖြစ်၏။ ကိုယ်တော်သည် သူခိုး၊ ပိုးရွ၊ သံချေး တက်နိုင်သော ရွှေငွေဥစ္စာများကို ကျွန်တော်တို အတွက် မထားခဲ့ ပါ။ သိုသော် ကိုယ်တော်သည် ကျွန်တော်တို အတွက် သူ၏ ငြိမ် သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို ပေးတော်မူခဲ့ပါ၏။
ကိုယ်တော်သည် သူ၏ ခန္ဓာတော်ကို အရိမဿာမြိုသား ယော သပ်အတွက် ထားခဲ့သည်။ သူ၏ မိခင်ကို ရှင်ယောဟန်ကို ပေးအပ် ခဲ့သည်။
သိုသော် ကိုယ်တော်ကို ယုံကြည်သူတိုင်းအား ပေးခဲ့သော အမွေအနှစ်တစ်ခုမှာကား၊ လူတို၏ ဉာဏ်ဖြင့် မမှီနိုင်စွမ်းသော ငြိမ်သက်ခြင်းပေတည်း။
၂၁၈။ ပင်လယ်ပြင်ပေါ်၌ မုန်တိုင်းများ တိုက်ခတ်လာသော အခါ ကြီးမားသော လှိုင်းတန်ဖိုးတို့ သည် အုံကြွလှုပ်ရှား ဆူပွက်နေတတ်သည်။ သို့ သော် ပင်လယ်ပြင်၏ ရေပြင်ပေါ်တွင် အဘယ်မှ ပင် မုန်တိုင်းထန်စေကာမူ၊ အနည်းငယ်လေးမျှ ဆူပွက်လှုပ်ရှားလေ မရှိသော နေရာတစ်နေရာရှိသည်။
ထိုနေရာသည် ပင်လယ်ပြင်၏ နက်ရှိင်းလှသော ရေနက်ရာ ဒေသပင်တည်း။ ။
ရေငုပ်သင်္ဘောများသည် ရေပြင်ပေါ်၌ ခုတ်မောင်းနေစဉ် မုန် တိုင်းနှင့် ကြုံတွေ့ရလျှင် ချက်ချင်း အောက်သို ငုပ်လျှိး၍ ခုတ်မောင်းသွားရသောအခါ၊ လှိင်းလေပုတ်ခတ်မှုတိုကို စိုးစိလေးမျှ ‘ မခံစားရဘဲ တည်ငြိမ်လှသော ရေအောက်ထဲ၌ အေးဆေးစွာ ခုတ် မောင်းသွားနိုင်ရတတ်သည်။ ။
ရေအောက်မြေပြင်ထဲရှိ သစ်ပင်များ၊ သင်္ဘောပျက်များ၊ ငါး၊ သတ္တဝါများ၏ အရိုးစုများကို ဆွဲငင်ဖော်ယူပြီး စီစစ် ကြည်သည့် အခါ ထိုအရာများသည် မုတ်တိုင်း သိုမဟုတ် တစ်စုံတစ်ခုသော အရာများကမှ နှောင့်ယှက်ဖျက်ဆီးခြင်းကို ရာစုနှစ်ပေါင်းများစွာ မခံရကြောင်း တွေ့ရပါလိမ့်မည်။
ခရစ်တော်က ပေးနေသော ငြိမ်သက်ခြင်းဆိုသည့်မှာ အပေါ် ယံက ဘဝမုန်တိုင်း မည်မျှခံစားရပါလေစေ၊ နက်ရှိင်းသော အတွင်း စိတ်ကို လှုပ်ရှားအုံကြွနိုင်မှုမရှိခြင်းကို ဆိုလိုပါ၏။
ငြိမ်သက်ခြင်းဆိုသည်မှာ နက်ရှိင်းသော စိတ်နှလုံးအတွင်း၌ သာ ရှိနေတတ်သော ပါရမီတစ်ပါးပေတည်း။
၂၁၉။ အမေရိကန်ပြည် လူနီအိန္ဒိယန်းတစ်ဦးသည် ခရစ် ၊ ယာန်ဖြစ်လာပြီးမှ စိတ်၏ ငြိမ်သက်ခြင်းကို ခံစားလာရသည်ဟုဆို၏။
အဘယ်ကြောင့် ထိုသို ဖြစ်လာရသနည်းဟု မေးမြန်းကြသော အခါ ဤကဲ့သို ဖြေကြားခဲ့ဘူးသည်။
“အို … ဒီလိုပါ။ အရင်တုန်းက ကျွန်တော့်ရဲ့ စိတ်အတွင်းမှာ ခွေးနှစ်ကောင်ရှိတယ်။ တစ်ကောင်က အမဲရောင်၊ တစ်ကောင်က အဖြူရောင်ပါ။ ဒီနှစ်ကောင်ဟာ အမြဲတမ်း ရန်ဖြစ်နေကြတယ်။ ခွေးမဲက ကျွန်တော့်ကို အပြစ်ပြုဖို တိုက်တွန်းနေပြီး၊ ခွေးဖြူက အမြဲ တားမြစ်နေတယ်။ သူတိုက အမြဲရန်ဖြစ်နေကြလို ကျွန်တော့် ရဲ့ စိတ်နှလုံး မငြိမ်မသက် ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ခရစ်ယာန် ဖြစ်လာတော့ တစ်မျိုးဖြစ်လာတာပေါ့။ ခရစ်တော်ရဲ့ သွန်သင်ဩဝါ ဒတွေကြောင့် ခွေးဖြူက အားသန်လာတယ်။ ခွေးမဲကို ကျွန်တော်က တစ်နေ့ထက်တစ်နေ့ အစာငတ်ခံခိုင်းထားလာတာနဲ့ တစ်နေ့ တခြား အင်အားနည်းပြီး ပိန်ချုံးလာတာပေါ့။ အခု အချိန်ဆိုရင် ခွေးဖြူက သိပ်အားကောင်းလာပြီ ဖြစ်တော့၊ ခွေးမဲက အရှုးပေး လိုက်ရပြီလေ။ အခုမှပဲ ဒီနှစ်ကောင်ဟာ ကျွန်တော့်ရဲ့ စိတ်အတွင်း ထဲမှာ ရန်ဖြစ်မနေတော့ဘူး။ အဲဒီတော့မှလည်း စိတ်ရဲ့ ငြိမ်သက် ချမ်းသာမှုကို ခံစားလာရပါတော့တယ်” ဟု ရိုးစင်းစွာ ဖြေလိုက် သော ဟူ၏။
၂၂၀။ ရှေးအခါက ရန်သူများ၏ တိုက်ခိုက်မှုဒဏ်ကို ခံနိုင်ရန် ရဲတိုက်ကြီးကို ဆောက်လုပ် ထားလေ့ရှိသည်။
သိုသော် ထိုရဲတိုက်ကြီးအတွင်းသုံးရန် သောက်ရေကို အပြင်မှ ရေပိုက်များဖြင့် သွယ်ထားသည့်အခါ ရန်သူများက ထိုရေသွယ်ပိုက် ကို ဖျက်ဆီးပစ်လိုက်လျှင် ရဲတိုက်အတွင်းရှိ `ခံစစ်ဆင်နွှဲသူများ ဒုက္ခရောက်ရလေ့ရှိသည်။
ထိုကြောင့် သောက်ရေကို ရဲတိုက်အတွင်း၌မှသာရရန် ရေ တွင်းများ တူးထားကြရလေ တော့သည်။
ပြင်ပ ပတ်ဝန်းကျင်မှသာ ရှာနေသော ငြိမ်သက်ခြင်း၊ စိတ်၏ ငြိမ်းချမ်းခြင်းသည် မတည်မြဲပါ။ ပြိုပျက်သွားနိုင်တတ်သည်။
သို့သော် စိတ်နှလုံးအတွင်းထဲရှိ ခရစ်တော်က ပေးနေသော ငြိမ်သက်ခြင်းမျိုးကို ပြင်ပ ပတ်ဝန်းကျင်က ဘယ်သောအခါမျှ မ ဖျက်ဆီးနိုင်ပါ။ ဒုက္ခကြုံတွေ့လာသည်အခါ စိတ်နှလုံးတွင်းရှိ ခရစ်တော်၏ သက်စမ်းရေတွင်းက စိတ်၏ ငြိမ်သက်ခြင်းကို အမြဲပေး နိုင်ပါ၏။
၂၂၁။ စိတ်ပူပန်ခြင်း၊ စိတ်လှုပ်ရှားသောက ရောက်နေသော လူတစ်ဦးသည် ဂျွန်ဝက်စလီထံ အကြံဉာဏ်တောင်းရန် ရောက်ရှိ လာသည်။ သူတိုနှစ်ဦးသည် လမ်းအတူလျှောက်သွားကြသည်။ တောလမ်းတစ်ခုတွင်းသို ရောက်သောအခါ နွားတစ်ကောင်သည် အုတ်နံရံတစ်ခုကို ခေါင်းကျော်၍ အပြင်သို လှမ်းကြည့်နေသည်ကို တွေ့ရသဖြင့် ဂျွန်ဝက်စလီက “ဟိုအုတ်နံရံကိုကျော်ပြီး အပြင်ကို ကြည့်နေဆဲ နွားကိုတွေ့သလား”ဟု မေးလိုက်ရာ၊ ထိုလူက မဆီ မဆိုင်သော အရာများကို ပြောနေသည်မှတ်ပြီး ဂျွန်ဝက်စလီကို စိတ်ဆိုးသွားခဲ့သည်။
“အဲဒီနွားဟာ ဘာကြောင့် အုတ်နံရံပေါ်ကို ကျော်ကြည့်နေရ သလဲဆိုတာ သိရဲ့လား”ဟု မေးမြန်းရာ၊ ထိုပုဂ္ဂိုလ်က ပို၍ စိတ်ဆိုး သွားပြန်၏။
ထိုအခါမှ ဂျွန်ဝက်စလီက “ဒီနွားဟာ အုတ်နံရံကို ဖောက် ထွင်းပြီး မမြင်နိုင်လို အပေါ်ကကျော် ပြီး ကြည့်နေတာပေါ့။ သောကဝေဒနာတိုကို အောင်နိုင်တဲ့ စိတ်ရဲ့ ငြိမ်သက်ခြင်းမျိုးရအောင် အဲဒီလိုပဲ လုပ်ရတယ်။ ဘာမှ ကြုံတွေ့နေရတဲ့ စိတ်လှုပ်ရှားမှု၊ သောကပူပင်မှုတိုကို ဖောက်တွင်းပြီး မကြည့်နိုင်ရင် အဲဒါတွေကို ကျော်ပြီး အထက်ကို ကြည့်ရတယ်။ အဲဒီတော့မှ စိတ်ရဲ့ ငြိမ်သက် ခြင်းကို ရလာလိမ့်မယ်”ဟု ဖြေလိုက်ပါ၏။
၂၂၂။ ဗိုလ်ချုပ်ကြီး မဟာအလက်ဇန္ဒားသည် သူ၏ စစ်တပ် ကြီးနှင့်အတူ ပါရှားနိုင်ငံသို ချီတက် တိုက်ခိုက်နေသည်။ လမ်းတစ်လျှောက်လုံး တိုက်ခိုက်သိမ်းပိုက်လာခဲ့သမျှသော မြိုရွာများမှ သူ၏ စစ်သားများသည် ရွှေ၊ ငွေ၊ ဥစ္စာ ပစ္စည်းများကို လုယက်လာကြ သည်။ ထို ပစ္စည်းဥစ္စာ၊ ရွှေ၊ ငွေများက လေးလံလှသဖြင့် သူ့စစ် တပ်ကြီး၏ ချီတက်မှုသည် နှေးကွေးနေသည်။ စစ်သားများအားလုံး သည်လည်း မောဟိုက်ပန်းလျနေသည်။ ထို ကြောင့် အလက်ဇန္ဒာ သည် ထိုရှိသမျှသော ပစ္စည်းများကို စုပုံပြီး မီးရှိစေလိုက်သည်။ သူ၏ စစ်သားများက ပထမတွင် အလွန် စိတ်ဆိုးကြတော့သည်။ သိုသော် ထိုအရာများမရှိသောအခါမှ သူ၏ တပ်ကြီးသည် ပေါ့ပါး လျင်မြန်လာသည်။ လေးလံသော ပစ္စည်းများကို ဆက်လက်မသယ်ဆောင်နေကြရတော့သဖြင့် လန်းဆန်းလာကြသည်။ ထိုကြောင့် လည်း ပါရှားနိုင်ငံကို လွယ်လင့်တကူ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြ သည်။
လောကီ ဥစ္စာပစ္စည်းများ စုဆောင်းထားသိုနေခြင်းအားဖြင့် စိတ်၏ ငြိမ်သက်ပေါ့ပါးမှု၊ လန်းဆန်းမှုကို မရစေရုံမက လေးလံ ထိုင်းမှိင်းနေစေတတ်သည်။ ထိုအရာတိုကို မှီခိုအားကိုးနေခြင်း အားဖြင့် ဘဝခရီး၏ သွားနှုန်းကို နွေးထွေးစေတတ်သည်။
စိတ်၏ ပေါ့ပါးလန်းဆန်းမှုနှင့် ငြိမ်သက်ချမ်းသာမှုကို ရရန် အတွက် ပြင်ပလောကီ စွဲလမ်းမှုတိုကို ခွာချပြီး ခရစ်တော်ကို ဆွဲကိုင်ထားခြင်းအားဖြင့်သာ ရနိုင်သည်။
PERSEVERANCE ဇွဲရှိခြင်း
၂၂၃။ ရှင်ပေါလုသည် ထောင်ထဲ၌ အကျဉ်းခံနေရစဉ် ဩဝါဒစာမြောက်မြားစွာကို ရေးသားပြုစုခဲ့သည်။ သူ့အနေဖြင့် ခရစ်တော်၏ အမှုတော်ကို ထမ်းဆောင်ခဲ့ရာတွင် အရှုးနှင့် ရင်ဆိုင် ရလေပြီဟု တစ်ခါတစ်ရံ ထင်မိ ကောင်းပါလိမ့်မည်။ သိုသော် ကိုယ်တော်သည် သူနှင့်အတူ အစဉ်အမြဲ ရှိနေခြင်းကြောင့် သူ၏ စွဲမြဲသော သန္နိဌာန်၊ ဇွဲနှင့် ခံနိုင်ရည်တိုသည် သူ၏စာများ၌ အမြဲ ပေါ်လွင်ထင်ရှားနေခဲ့သည်။ သိုသော် ရှင်ပေါလုသည် နောက်ဆုံး၌ အရှုးနှင့် ရင်ဆိုင်ခဲ့ရလေသလား။
ကျွန်တော်တိုသည် ကမ္ဘာကျော်၍ အောင်မြင်ထင်ရှားခဲ့သူများ ၏ အတ္ထုပ္ပတ္တိများကို ပြန်လည် ဆန်းစစ်ကြည့်ရုံမျှနှင့် ဇွဲရှိခြင်း၊ တစ်စုံတစ်ခုကို စွဲစွဲမြဲမြဲ မလျော့သော လုံလဖြင့် ပြုမူခဲ့ခြင်းကြောင့် နောက်ဆုံး၌ အောင်မြင်ခဲ့ကြောင်းကို အထင်အရှား တွေ့မြင်ရပါ လိမ့်မည်။
“သောမတ်အယ်ဒီဆင်” သည် မီးရထားပေါ်၌ သတင်းစာ လိုက်လံ ရောင်းချခဲ့သူတစ်ဦး ဖြစ်သည်။ လပ်ဂိတ် ကုန်တွဲတစ်ခု၌ အက်စစ်များ ဖိတ်စင်သွားစေခဲ့ခြင်းကြောင့် ထိုကုန်တွဲသည် မီးထ လောင်ခဲ့သည်။ ထိုကြောင့် အလုပ်မှ ထုတ်ပစ်ခြင်းခံခဲ့ရသည်။ ထို နောက်မှ သူသည် ကြေးနန်းနှင့် သိပ္ပံပညာသုတေသနလုပ်ငန်း၊ သို ကူးပြောင်းခဲ့ခြင်းကြောင့် ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး ဖြစ်ခဲ့ရသည်။
– “အေဘရာဟင်လင်ကွန်း” သည် ရှေ့နေလုပ်ငန်းဖြင့် အသက် မွေးမြူရန် ကြံဆခဲ့ရသည်။ အသက် (၄၆)နှစ် ရှိသည့်တိုင်အောင် အလုပ်အကိုင် မယ်မယ်ရရ မရှိ။ အရှုးနှင့် ရင်ဆိုင်ရသယောင် ဖြစ်သော်လည်း နိုင်ငံရေးလုပ်ရန် ပိုင်းဖြတ်ခဲ့သည်။ ထိုကြောင့် လည်း သမိုင်းတွင် ထင်ရှားခဲ့သော သမ္မတကြီးဖြစ်ခဲ့ရသည်။
“ဂျွန်ဝက်စလီ” သည် သာသနာပြုတစ်ဦးဖြစ်ရန် ကြိုးစားခဲ့ သည်။ အမေရိကန်ပြည် ဂျော်ဂျီယာနယ်သို လာ၍ လူနီအိန္ဒိယန်း များကို သာသနာပြုခဲ့သည်။ အရှုးနှင့်ရင်ဆိုင်ခဲ့ရသယောင်ရှိ၍ အင်္ဂလန်သို သွားခဲ့သည်။ သို သော် မလျော့သော ဇွဲကြောင့် မက် သဒစ်အသင်းတော်ကို တည်ထောင်ခဲ့သူ ဖြစ်လာရသည်။
“ဒေါက်တာ အေဂျေကရိုနင်” သည် ဆရာဝန်တစ်ဦးအဖြစ် အသက်မွေးရန် ကြံဆခဲ့သော်လည်း ကျန်းမာရေး အခြေအနေကြောင့် ထိုအလုပ်ကို စွန့်လွှတ်ခဲ့ရသည်။ သို့သော် စိတ်မပျက်ဘဲ ဇွဲ၊ လုံလဖြင့် ဝတ္ထုများ ဆက်တိုက် ရေးသားခဲ့ခြင်းကြောင့် ကမ္ဘာ ကျော် စာရေးဆရာကြီးတစ်ဦး ဖြစ်လာသည်။
နာမည်ကျော် ပန်းချီဆရာကြီးတစ်ဦးဖြစ်သူ “ပီစလာ” သည် စစ်သားတစ်ဦး ဖြစ်လိုခဲ့သည်။ ဝက်(စ်)ပွိင့် စစ်တက္ကသိုလ်၏ အစမ်း စာမေးပွဲ၌ ကျရှုးခဲ့ရသော်လည်း စိတ်မပျက်ဘဲ ပန်းချီလုပ်ငန်းကို စွဲမြဲမြဲ လုပ်ကိုင်ခဲ့သောကြောင့် ကမ္ဘာကျော်ပန်းချီဆရာကြီးတစ်ဦး ဖြစ်လာသည်။
“ဗစ်စတာဟူးဂိုး” သည် (၄၈)နှစ်အရွယ်တွင် ပြင်သစ်ဘုရင်က ပြည်နှင်ဒဏ်ပေးခဲ့၍ “ဂန်ဆီ”ဆိုသော ကျွန်း၌ အနှစ် (၂၀) နေထိုင်ခဲ့ရသည်။ ပျင်းရိခြောက်သွေ့သော ဘဝကို တစ်ကိုယ်တည်း ရင်ဆိုင်ပြီး မလျော့သော လုံလဖြင့် ဝတ္ထုများ ရေးသား ကမ္ဘာကျော် စာရေးဆရာကြီး ဖြစ်ခဲ့ပါသတည်း။
၂၂၄။ ကမ္ဘာကျော် စာရေးဆရာကြီး “နသန်နီယယ်(လ်)ဘော် သုန်” သည် အကောက်ခွန် အရာရှိတစ်ဦး ဖြစ်ခဲ့သည်။ သိုသော် အမှားတစ်စုံတစ်ခုကို ပြုလုပ်ခဲ့၍ အလုပ်ထွက်ခဲ့ရသည်။
နေအိမ်သိုပြန်၍ ဇနီးသည်ဖြစ်သူအား ထိုသတင်းဆိုးကြီးကို ဝမ်းနည်းကြေကွဲစွာ ပြောပြလေရာ၊ ဇနီးဖြစ်သူက “ကဲ ဘာမှ မ ပူနဲ့တော့၊ ရှင်ရေးချင်လှတယ်ဆိုတဲ့ အဲဒီစာအုပ်ကို ရေးပေတော့”ဟု ဆိုလေရာ “အဲဒါကတော့ ဟုတ်ပါပြီ၊ ဒိုဘာနဲ့ ထမင်းစား ကြမလဲ”ဟု မေးသောအခါ ဇနီးဖြစ်သူက သူ၏ စုဗူးကို ဖွင့်ပြလိုက် လေတော့သည်။
ဇနီးသည်က တိတ်တဆိတ် စုဆောင်းထားသော ငွေများဖြင့် နေထိုင်ပြီး ကမ္ဘာကျော် ဝတ္ထုရှည်ကြီးဖြစ်သော “ကြက်သွေးရောင် စာတစ်စောင်” (The Scarlet Letter) ဆိုသည့် ဝတ္ထုကို ရေးသား နိုင်ခဲ့ပါသတည်း။ ။
၂၂၅။ ဝီလျံတင်း(န်)ဒေးလ်သည် သမ္မာကျမ်းကို အင်္ဂလိပ် ဘာသာစကားဖြင့် ပြန်ဆိုနေစဉ်၊ အဠမမြောက် ဟင်နရီဘုရင်က သူ့ကို ဖမ်းဆီးခဲ့ပြီး ထောင်ထဲ၌ (၅)နှစ် အကျဉ်းချထားခဲ့သည်။ ဟင်နရီဘုရင်က သူ့အား သတ်ပစ်ရန် အပြင်းအထန် လိုလားခဲ့ သည်။ ၁၅၃၆ ခုနှစ်တွင် တင်း(န်)ဒေးလ်အား သစ်တိုင်၌ ချည်နှောင်ပြီး၊ မီးရှိသတ်ဖြတ်လိုက် လေတော့သည်။ သိုသော် တင်းဒေး (လ်) ၏ သေခါနီး နောက်ဆုံးစကားများမှာကား “အို ဘုရားသခင် အင်္ဂလန်ပြည့်ရှင် ဘုရင်မင်းမြတ်၏ မျက်လုံးများကို ဖွင့်ပေးတော်မူ ပါ ဘုရား” ဟူသတည်း။
အသက်ခံရပြီး နောက်တစ်နှစ်အကြာတွင် ထိုဘုရင်၏ အမိန့် ဖြင့်ပင် သမ္မာကျမ်းကို အင်္ဂလန်ပြည်တစ်ပြည်လုံး၌ ဖြန့်ဝေစေပြီး လူတိုင်းက ဖတ်ရှုကြစေရန် အမိန့်တော်မြတ်ပင် ထုတ်ပြန်ခဲ့ရလေ သတည်း။
၂၂၆။ ဇွဲ၊ လုံလ ဝိရိယ မရှိသူများသည် ဘယ်သောအခါမှ အောင်မြင်မှု ရရှိမည်မဟုတ် ဆိုသည်မှာ မြေကြီး လက်ခတ် မလွဲ ပင် ဖြစ်ပါသည်။ ယခုစာမူ၏ ဤအပိုင်းကို ရေးနေစဉ် စတုတ္ထ အကြိမ်မြောက် စာရေးနည်းသင်တန်း ကျင်းပ ပြီးစီးခါစ ဖြစ်ပါ သည်။
စာရေးဆရာ ဖြစ်လိုသူ၊ စာရေးခြင်း အတတ်ကို အကယ်ပင် တတ်မြောက်လိုသူတစ်ဦးသည် စာများများ ဖတ်ပါ။ စာများများ ရေးပါဟူ၍ ကျွန်တော်က တဖွဖွ ဟောပြောခဲ့သည်။
ထိုစဉ်ပင် လူငယ်တစ်ဦးက သူသည် စာရေးဆရာတစ်ဦး အ လွန်ဖြစ်ချင်သော်လည်း စာဖတ်ရန် ဝါသနာမပါ၊ စာရေးဖို အလွန် ပျင်းလှသည်ဟုဆိုရာ၊ ကျွန်တော့်အဖို အလွန် ဝမ်းနည်း ကြေကွဲခဲ့ရ သည်။ ထိုလူငယ်ကြောင့် ပုံသာဓက တစ်ခုကို သွား၍ သတိရမိ သည်။
ကမ္ဘာကျော် တရားဟော ဆရာကြီးဖြစ်သူ ဟင်နရီဘီချာထံ လူငယ်တစ်ဦးက စာရေးလိုက်သည်။
သူလည်း ထို ဆရာကြီးကဲ့သို နာမည် ကျော်ကြားလိုသည်ဟု ဆိုသည်။ သို့သော် သူသည် အနည်းငယ် အပျင်းထူ တတ်သည်ဟုဆို၏။ ဖြစ်နိုင်လျှင် “ဖြတ်လမ်း” ဖြင့် ထင်ပေါ် ကျော်ကြားသူတဦး ဖြစ်လာနည်းကို ပြောပြပါရန် ပန် ကြားလေသည်။
ထိုဆရာကြီးက အောက်ပါအတိုင်း စာရေးပြန်ကြားခဲ့သည်။ “မင်းအနေနဲ့ အယ်ဒီတာ အလုပ်တော့ မလုပ်ပါနဲ့ကွာ။ စာပေ တွေ တည်းဖြတ်ရတာ ပင်ပန်းလှပါတယ်။ ရှေ့နေလည်းမလုပ်နဲ့၊ ဥပဒေ စာအုပ်ကြီးတွေက သိပ်ထူတာပဲလေ။ ဆရာဝန်လည်း မ လုပ်ပါနှင့်၊ ဆေးစာအုပ်တွေ၊ ဆေးပညာတွေက ခက်ပါတယ်။ လက် သမား သိုမဟုတ်၊ စစ်သား သိုမဟုတ်၊ သင်္ဘောသားလည်း မလုပ် ပါနဲ့၊ ဒီအလုပ်တွေဟာ ပင်ပန်းလှပါတယ်။ လယ်သမားလည်း မလုပ် ပါနဲ့၊ ကုန်သည်လည်း မလုပ်ပါနဲ့၊ ဒီအလုပ်တွေကလည်း သိပ်မလွယ် လှဘူး။ တစ်ခုပဲ ရှိတယ်။ “ဖြတ်လမ်း” နဲ့ အလွယ်ဆုံးနည်းနဲ့ မင်းရဲ့ နာမည်ဟာ သမိုင်းမှာ ကမ္မည်းထိုး ကျန်ရစ်ခဲ့ချင် ရင်တော့ သင်္ချိုင်း မှာ သွားအိပ်လေပေတော့ ငါ့လူရေ” ဟူသတည်း။ ။
၂၂၇။စိတ်ပျက် အားလျှော့နေသူ တစ်ဦးရှိလျှင် အောက်ဖေါ်ပြ ပါ ဖြစ်ရပ်မှန်လေးတစ်ခုကို ပြောပြပါ။ အရှုးနှင့် ရင်ဆိုင်ခဲ့ရသော် လည်း ဇွဲနှင့်လုံလကို မလျှော့ခဲ့သူတစ်ဦး၏ အကြောင်းပင် ဖြစ်ပါ သည်။
၁၈၃၁ ခုနှစ်တွင် သူသည် ကုန်သည် အလုပ်မှ အရှုံးပေး ထွက်ခွာလာခဲ့ရသည်။ ၁၈၃၂ ခုနှစ်တွင် သူသည် အောက်လွှတ် တော်အမတ်အဖြစ် အရွေးခံခဲ့သော်လည်း ရှုံးခဲ့သည်။
၁၈၃၃ ခုနှစ်တွင် ကုန်သည် ပြန်လည် လုပ်ကိုင်ခဲ့သော်လည်း အရှုံးပေး ထွက်ခွာခဲ့ရပြန်သည်။ ကုန်သည်လုပ်၍ ဆုံးရှုံးခဲ့ရသော ကြေးငွေများကို (၁၇) နှစ်တိုင်တိုင် ပေးဆပ်နေခဲ့ရသည်။
ထိုနောက် မိန်းမလှလေးတစ်ဦးနှင့် ချစ်ကြိုက်ခဲ့ပြီး လက်စွပ်လဲ ခဲ့သည်။ သိုသော် ထိုမိန်းမပျိုလေးမှာ သေဆုံးခဲ့ရ ပြန်ရှာသည်။ များမကြာမီ အိမ်ထောင်ပြုခဲ့သော်လည်း ထိုဇနီးသည် သူ့အတွက် ဝန်ထုပ်ကြီးတစ်ခုသဖွယ် ဖြစ်ခဲ့ရသည်။
၁၈၃၈ ခုနှစ်တွင် အောက်လွှတ်တော် အမတ်အဖြစ် ဝင် ရောက် အရွေးခံခဲ့သော်လည်း ရှုံးခဲ့ရပြန်သည်။
၁၈၄၀ ခုနှစ်တွင် ထိုကဲ့သို ထပ်မံယှဉ်ပြိုင် အရွေးခံခဲ့သော် လည်း ရှုံးခဲ့ရပြန်သည်။ ၁၈၄၃ ခုနှစ်တွင် အထက် လွှတ်တော် အမတ်အဖြစ် အရွေးခံခဲ့ရသည်။ ၁၈၅၅ ခုနှစ်တွင် ပြည်နယ် အ မတ်အဖြစ် ထပ်မံအရွေးခံခဲ့ပြန်ရာ ရှုံးခဲ့ရပြန်သည်။ ၁၈၅၆ ခုနှစ် တွင် ဒုတိယ သမ္မတအဖြစ် ယှဉ်ပြိုင် အရွေးခံပြန်သော်လည်း ရှုံး ရပြန်သည်။ ၁၈၅၈ ခုနှစ်တွင် ပြည်နယ်အမတ်အဖြစ် ဝင်ရောက် အရွေးခံခဲ့သော်လည်း ရှုံးရပြန်သည်။ ၁၈၆၀ ခုနှစ်တွင်မှ သူသည် နိုင်ငံတော် သမ္မတအဖြစ် အရွေးခံခဲ့ရပြီး သမိုင်းတွင် ထင်ရှားကျန် ရစ်သော အမေရိကန်သမ္မတကြီး ဖြစ်ခဲ့ပါတော့၏။
သူ၏ အမည်မှာ အခြား မဟုတ်ပါ။ “အေဘရာဟင်လင်ကွန်း ပင် ဖြစ်ပါသတည်း။
၂၂၈။ ဖခင်တစ်ဦးနှင့် သားငယ်တစ်ဦး လမ်းဖြတ်ကူးသွားနေ သည်။
လမ်းမသည် လူရှုပ်ထွေးနေရုံမက၊ မိုးရေကြောင့် စိုစွတ်ထိုင်း မှိင်းနေသည်။
သားငယ်သည် ချော်လဲမည်ကိုကြောက်၍ ဖခင်၏ လက်ကို ကိုင်ထားသည်။ တစ်ချိန်တွင် သားငယ်သည် ရုတ်တရက် ခြေချော်၍ နောက်ပြန်လဲမတတ်ဖြစ်သွားသည်။ ဖခင်က သားကို မြဲမြံစွာ ဆုပ်ကိုင်ထားသဖြင့် ဘာမှမဖြစ်ဘဲ ဆက်လက် ကျော်ဖြတ်သွားနိုင် ခဲ့သည်။ လမ်းတစ်ဖက်သို ရောက်သောအခါ သားငယ်က “ဖေဖေ ရဲ့ လက်ကို ကျွန်တော်က ကိုင်ထားလို မလဲသွားတာပေါ့နော်” ဟုဆိုရာ ဖခင်က ပြုံး၍သာနေခဲ့သည်။
အမှန်ဆိုရလျှင် သားငယ်သည် လဲမတတ် ဖြစ်သွားခဲ့စဉ်က တောင့်တောင့်ခံ ဆုပ်ကိုင်ထားခဲ့သူမှာ ဖခင်သာလျှင် ဖြစ်ခဲ့ပါ၏။ ကျွန်တော်တို သည်လည်း ဘဝတွင် အရှုးမျိုးစုံဖြင့် ရင်ဆိုင်ကြရ မည်။ မကြာခဏ လဲကျမတတ် ဖြစ်ကြရမည်မှာ မလွဲပင် ဖြစ် သည်။
သို့သော် ကျွန်တော်တို့က ဘုရားသခင်ကို ဖက်ရမ်း၍ ဆုပ် ကိုင်ထားကြသည်ထက် ဘုရားသခင်က အရင်ဆုံး ထိန်း၍ ဆုပ်ကိုင် ထားပေးနေတတ်သည်ကိုလည်း သတိပြုမိကြပါရဲ့လား။
PRAYER ဆုတောင်းခြင်း
၂၂၉။ တစ်ခါက အမျိုးသမီးကြီးတစ်ဦးသည် နေအိမ်၌ က လေးငယ်တစ်ဦးအား စာသင်ပေးနေသည်။ အများအားဖြင့် ထို သူငယ်လေးသည် စာသင်ရာ၌ အမြဲ စူးစိုက်နား ထောင်လေ့ရှိသော် လည်း ထိုနေ့တွင် ကဏှာမငြိမ် ဖြစ်နေ သည်။ ထိုနောက် သူက “ခဏနေပါဦး အန်တီ၊ စာဆက်မသင်ခင် ကျွန်တော် ဆုတောင်းပါ ရစေဦး” ဟုဆိုရာ အဒေါ်က ခေါင်းညိတ် အခွင့်ပေးလိုက်လေ သည်။ ထိုကလေးသည် “အို ဘုရားသခင်၊ ပျောက်သွားတဲ့ ကျွန်တော့် ဂေါ်လီလုံး ကို ပြန်ပြီး ရှာတွေ့နိုင်စေပါ”ဟု ဆုတောင်းလိုက် ပြီးမှ သင်ခန်းစာများကို စိတ်ဝင်စားစွာ နားထောင်နေလေတော့သည်။
နောက်တစ်နေ့တွင် စာသင်ရန် ပြင်ဆင်ကြပြန်ရာ၊ အဒေါ် ဖြစ်သူက သူ၏ “ဂေါ်လီလုံးပြန်၍ တွေ့ပြီလား”ဟု မေးရဲအောင်ပင် ဖြစ်နေခဲ့သည်။
အကယ်၍ ဂေါ်လီလုံး ပြန်မရခဲ့ပါက ထိုကလေးသည် ဘုရား သခင်အား ဆုတောင်းလျှင်လည်း အလကားပင် ဖြစ်သည်ဟု ထင်မှတ်ပြီး ယုံကြည်ခြင်း ပျက်သွားမည်ကို စိုးရိမ်၍ ဖြစ်သည်။
သို့သော် ထိုကလေးသည် အိန္ဒြေမပျက်ဘဲ စာကို စူးစိုက် နား ထောင်နေသောကြောင့် ဂေါ်လီလုံးကို ပြန်၍ ရှာတွေ့ပြီလားဟု မေးရာ “အို ဂေါ်လီလုံးကိုတော့ ပြန်ပြီး မတွေ့တော့ပါဘူး။ ဒါ ပေမယ့် ဂေါ်လီလုံးကို အင်မတန် မက်မောနေတဲ့ ကျွန်တော့်ရဲ့ စိတ်ကို ဘုရားသခင်က ဖျောက်လိုက်ပါပြီ။ အန်တီ” ဟု ပြောလိုက် လေတော့၏။
ကျွန်တော်တို ဆုတောင်းခဲ့သည့်အတိုင်း မဖြစ်လာတတ်သော် လည်း ဘုရားသခင်သည် ကျွန်တော်တို၏ ဆုတောင်းကိုအမြဲ နား ညောင်းပါသည်။ တစ်ခါတစ်ရံ တောင်းသည့်အတိုင်း မဖြစ်ဘဲ ကျွန် တော်တိုနှင့် သင့်တော်သမျှကို ပေးနေသည်ကို သတိရနေကြပါစို။
၂၃၀။ ဘုရားသခင်သည် ဆုတောင်းတစ်ခုကို အဖြေ (၄)မျိုး ပေးတတ်သည်ဟု တစ်စုံတစ်ယောက်က ပြောဖူးသည်။ ထိုအဖြေ (၄)ခုမှာ “ကောင်းပြီ” ဟူ၍လည်းကောင်း၊ “မပေးနိုင်ဘူး” ဟူ၍ လည်းကောင်း၊ “စောင့်ဦး” ဟူ၍ လည်းကောင်း၊ “အကယ်၍ သင် သည် ကြိုးစား၍ လုပ်ဆောင်နေခဲ့လျှင် ငါသည် ကူညီမစမည်” ဟူ၍လည်းကောင်း ပြောတတ်သည်။
တစ်ခါတစ်ရံ ဆင်းရဲနွမ်းပါးနေသူများအတွက် ဆုတောင်းနေရုံ နှင့်မပြီး သင်က ထိုသူများကို ကူညီမစခဲ့လျှင် ငါသည် သင့်အတွက် လိုအပ်သမျှကို ပေးမည်ဟူ၍လည်း ဆိုတတ်ပါသေးသည်။
၂၃၁။ လယ်သမားကြီးတစ်ဦးသည် အလုပ်ခွင် လယ်ပြင်သို သွားခါနီးတိုင်း ဘုရားရှိခိုးကျောင်းတွင်းသို ဝင်၍ ခဏ ထိုင်နေလေ့ ရှိသည်။ အလုပ်မှ ပြန်လာလျှင်လည်း ထိုနည်းတူ ခဏတာမျှထိုင်၍ ပလ္လင်ဘက်သို မျှော်ကြည့်နေ တတ်သည်။ ထို နောက်မှ အိမ်သို ပြန်သွားလေ့ရှိ၏။
သင်းအုပ်ဆရာက တစ်နေ့တွင် သူ့အား မေးမြန်းကြည့်ရာ “ဒီလိုပါ၊ ဒီမှာ ခဏလာထိုင်ပြီး ကိုယ်တော့်ကို မော်ကြည့်နေမိတာ ပါ၊ အဲဒီအခါ ကိုယ်တော်ကလည်း ကျွန်တော့်ကို ပြန်ကြည့်နေတတ် ပါတယ်၊ ဒါပါပဲ ဆရာ” ဟု ဖြေလိုက်လေ၏။
ထိုသို ဆုတောင်းခြင်းသည်လည်း ဆုတောင်ခြင်းတစ်မျိုး ဖြစ် ပါသည်။ ဆုတောင်းခြင်းဆိုသည်မှာ ဘုရားသခင်ကို မော်၍ကြည့် ခြင်းလည်း ဖြစ်ပါ၏။
၂၃၂။ လူငယ်တစ်ဦးသည် ဘုရားရှိခိုးကျောင်းအတွင်းသို နေ့ စဉ် ပြေးဝင်ပြီး ပလ္လင်တော်ဘက်သို လှည့်၍ ခေါင်းညွတ်အလေးပြု ကာ ခတ်သုတ်သုတ် ပြန်ထွက်သွားလေ့ရှိသည်။
ထိုသို နေ့စဉ်ပြုလုပ်နေလေ့ရှိသည်ကို သင်းအုပ်ဆရာက သတိပြုမိသည်။ တစ်နေ့တွင် ထိုလူငယ်လေးသည် ပလ္လင်တော်သို ခေါင်းညွတ်အလေးပြုပြီး သင်းအုပ်ဆရာကို တွေ့ရသဖြင့် ဆရာ နှင့် ခဏ စကားပြောသည်။
သူသည် အခြားမြိုတစ်မြိုသို ပြောင်းရွှေ့ရတော့မည်ဖြစ်ကြောင်း ဆရာအား ပြောပြလိုက်လေတော့၏။ ထိုအခါ ဆရာက “နေစမ်းပါဦးကွ၊ မင်းဟာ နေ့တိုင်း ဒီလိုခဏလေးမှာ ဘာများ ဆုတောင်းနိုင်လို လဲ။ ဆုတောင်းဖို အချိန်ရပါရဲလားကွာ” ဟု မေးရာ၊ ထိုလူငယ်ကလေးက ပြုံးသည်။ “ဒီလိုပါဆရာ” အကြာ ကြီး ဆုတောင်းချိန်တော့ မရပါဘူး၊ ဒါပေမယ့် ကျွန်တော် တိုးတိုး လေး ရွတ်ဆိုလိုက်တာက “ ယေရှုဘုရား၊ ကျွန်တော်ပါ၊ ဂျင်မီပါ ဘုရား” လို ပဲပြောပြီး “ထွက်သွားနိုင်တာပဲ”ဟုဖြေလိုက်လေ၏။
ထိုလူငယ်သည် အခြားမြိုသို့ ပြောင်းရွှေ့သွားသည်။ များမ ကြာမီ ထိုမြိုမှ သင်းအုပ်ဆရာနှင့် ထိုဆရာတို စကားစပ်မိကြရင်း ဂျင်မီ၏ အကြောင်းကို ရောက်သွားရာ ထိုလူငယ်လေး ဂျင်မီသည် ကွယ်လွန်သွားပြီဖြစ်ကြောင်း “ဂျင်မီ” အသက်ထွက်ခါနီးမှာလေ “ဂျင်မီ၊ ငါပါ။ ယေရှုပါ ဂျင်မီရယ်” ဆိုတဲ့ အသံကို နားနဲ့ ဆတ်ဆတ် ကြားလိုက်ရသလိုပဲဗျာ”ဟု ထိုသင်းအုပ်ဆရာက ပြောပြလိုက်လေ တော့၏။ ။ စကားလုံး အနည်းငယ်လေးမျှ ဖြစ်စေကာမူ၊ ဘုရားသခင်နှင့် နေ့စဉ် ထိုသို့ ဆက်သွယ်ကူးလူး ဆက်ဆံနေခြင်း သည်ပင်လျှင် ဆုတောင်းခြင်း မည်ပါ၏။
၂၃၃။ နံနက် အိမ်ထောင် ဝတ်ပြုစည်းဝေးတွင် ဖခင်ဖြစ်သူက ပတ်ဝန်းကျင်ရှိ ဆင်းရဲငတ်မွတ်နေသောသူများ အကြောင်းအမြ ဆုတောင်းပေးလေ့ ရှိသည်။
တစ်နေ့တွင် သားအငယ်ဆုံးက “ဖေဖေ့ရဲ့ ပန်းကန်ပြားထဲက မုန့်တွေကို ကျွန်တော် လိုချင်လိုက်တာ”ဟု ဆိုလေရာ၊ ဖခင်က အံ့အားသင့်၍ အကျိုးအကြောင်းကို ပြန်မေးလေသည်။
ထိုအခါ သားငယ်က “ ဒီလိုပါ ဖေဖေက ပတ်ဝန်းကျင်မှာရှိတဲ့ ဆင်းရဲငတ်မွတ်နေသူများကို အစာကျွေးမွေးဖို နေ့တိုင်းဆုတောင်း ပေးနေတယ် မဟုတ်လား၊ ဖေဖေရဲ့ အရှေ့မှာရှိတဲ့ မုန့်ပန်းကန်ကို ကျွန်တော်ကယူပြီး အဲ့ဒီ ငတ်မွတ်နေတဲ့ လူတွေကို သွားပေးလိုက် ရင် ဖေဖေ့ရဲ့ ဆုတောင်းပြည့်သွားမှာ မိုလိုပါ”ဟု ဖြေလိုက်ပါတော့၏။
၂၃၄။ တစ်နေ့တွင် ဖခင်နှင့် သားဖြစ်သူမှာ ခရီးသွားရင်း လေပြင်းမုန်တိုင်းတစ်ခုနှင့် တွေ့ရသဖြင့် အနီးဆုံး အိမ်တစ်အိမ်သို ဝင်ရောက် တည်းခိုခဲ့လေသည်။
သူတို၌ ပိုက်ဆံအတော်များများ ပါလာခဲ့သည်။ ထိုကြောင့် သူတို တည်းခိုသော အိမ်ရှင်က ထိုပိုက်ဆံများကို ခိုးယူသွားမည်ကို
ကြောက်ရွံသဖြင့် သားနှင့် ဖခင်တို သည် တစ်ညလုံး တစ်လှည့်စီ အိပ်၍ ပိုက်ဆံများကို သတိဖြင့် စောင့်ရှောက်ရန် တိုင်ပင်ကြလေ သည်။ ဖခင်ဖြစ်သူအား အရင် အိပ်ရန်ပြောပြီး သားငယ်က စောင့် နေခဲ့လေသည်။
ဖခင်ဖြစ်သူ တစ်ရေးနိုးလာသောအခါ သားဖြစ်သူမှာ စိတ်ချ လက်ချ အိပ်ပျော်နေသည်ကို တွေ့ရသဖြင့် လှုပ်နိုး ပြီး “ဘယ်လိုလဲ၊ မင်းနဲ့ငါနဲ့ တစ်လှည့်စီ စောင့်ကြမယ်ဆို၊ အခုတော့ မင်းက အေး အေးဆေးဆေး အိပ်နေလိုပါ လား” ဟု မေးလိုက်ရာ၊ သားငယ်က “ဖေဖေ အိပ်သွားပြီး မကြာခင် ဟိုအခန်းထဲက အိမ်ရှင်တို ဘုရား ဝတ်ပြုသံကို ကြားရတယ်။ ပြီးတော့ သူတို ဆုတောင်းသံကိုလည်း ကြားရတယ်။ အဲဒါကြောင့် ကျွန်တော်ဟာ သူတို ကို စိတ်ချပြီး အေးအေးဆေးဆေး အိပ်လိုက်နိုင်တာပေါ့”ဟု ဖြေလိုက်လေ၏။ ထိုအခါမှ ဖခင်က “မင်းမှန်တယ်ကွာ၊ ဘုရားသခင်ကို အမြဲ ဆုတောင်းနေတတ်သူတိုင်းဟာ ဘယ်သူ့ကိုမှ ဒုက္ခမပေးတတ်ပါ ဘူး”ဟု ဖြေလိုက်ပါ၏။
၂၃၅။ ကမ္ဘာကျော် ဧဝံဂေလိတရားဟော ဆရာကြီးသည် အတ္တလန်တိတ် သမုဒ္ဒရာကို ဖြတ်ကျော်ပြီး ပင်လယ်ခရီး သွားနေ စဉ် မုန်တိုင်းနှင့် ကြုံတွေ့ရရုံမက ထိုသင်္ဘောတွင်း၌ မီးလောင်နေ သည်ကို တွေ့ရလေသည်။
ထိုအခါ ဆရာကြီး၏ တပည့်တစ်ဦးသည် အလွန်ကြောက်၍ “ဆရာကြီး သင်္ဘောမြုပ်တော့မယ် ထင်တယ်။ ဆုတောင်းပေးပါ။ လာပါ၊ ဟိုအခန်းထဲတွင် ဝင်ပြီး ဆုတောင်းပေးပါ” ဟုဆိုလေရာ၊ ဆရာကြီးက ခေါင်းခါပြီး “ဟင့်အင်း မင်းနဲ့ငါနဲ့ ဒီမှာ ရပ်ပြီး၊ မီး သတ်ဖို ရေပုံးကူသယ်ပေးကြမယ်။ ရေပုံးကို လက်ဆင့်ကမ်း ကူညီ နေရင်း နိုတစ်တွေ စိတ်ပါလက်ပါ ဆုတောင်းကြတာပေါ့”ဟု ဖြေ လိုက်သောဟူ၏။ ဆုတောင်းခြင်းနှင့် လက်တွေ့ လုပ်ဆောင်ရခြင်း တို အမြဲ ဒွန်တွဲနေရပါ၏။
၂၃၆။ (၁၂)နှစ်အရွယ် ကလေးမတစ်ဦးသည် ဆောင်းပါးပြိုင် ပွဲ တစ်ခုသို ဝင်၍ ရေးသားလေသည်။ သူသည် ပထမဆုကို ဆွတ်ခူးခဲ့သဖြင့် သူ၏ မိခင်က “သမီးက ပထမဆုရဖို ဆုတောင်း မှာပဲနော်”ဟု မေးရာ၊ သမီး ခေါင်းခါပြီး “ကျွန်မ ဆုတောင်းပါ တယ်။ ဒါပေမယ့် ကျွန်မဟာ ပထမဆုရပါစေဘုရားလို ဆုမတောင်းပါဘူး။ ဆောင်းပါးရေး သူတွေထဲက အတော်ဆုံးလူဟာ ပထမဆုရပါစေဘုရားလိုသာ ဆုတောင်းခဲ့ပါတယ်”ဟု ဖြေလိုက် ၏။
၂၃၇။ လူတစ်ဦးသည် ပင်လယ်ကမ်း၌ ရွက်လှေတစ်စီးဖြင့် အပျော် ရွက်တိုက်သွားနေသည်။ သူထွက်လာစဉ်က ရေပြင်လေ သည် အတော်လေး ကောင်းနေသဖြင့် ကမ်းခြေနှင့် ခပ်လှမ်းလှမ်း သို ရောက်နေခဲ့သည်။ ထိုစဉ်လေသည် ငြိမ်သက်သွားတော့၏။
လေမလာတော့သဖြင့် ကမ်းစပ်သို ပြန်၍ ရွက်တိုက်ရန် မဖြစ် နိုင်တော့ဘဲ ရေစီးဖြင့် မျောနေတော့၏။ ထိုအခါ သူသည် လေကျ လာရန် ဘုရားသခင်ထံ ဆုတောင်းလေတော့၏။ တစ်နာရီလုံးလုံး ဆုတောင်းသော်လည်း လေမလာဘဲ ရေပြင်သည် ငြိမ်သက်မြဲ ငြိမ် သက်နေ၏။ ထိုစဉ် လှေတစ်စီးသည် သူရှိရာသို လှော်ခတ်လာ သည်ကို တွေ့ရ၏။ ထိုသူ မှာ ပင်လယ်ကမ်းနားတွင် နေထိုင်သော တံငါသည် တစ်ဦးဖြစ်၏။ ထိုရွက်လှေသည် ရေစီးဖြင့် မျောနေသည် ကို မြင်မိ၍ တစ်စုံတစ်ယောက်တော့ ဒုက္ခဖြစ်နေပြီကိုသိ၍ လာ ရောက် ကယ်ဆယ်ခြင်း ဖြစ်၏။ ရွက်လှေကလေးကို ကြိုးဖြင့် ချည် ပြီး ကမ်းခြေအထိ ပြန်လည်လှော်ခတ်၍ အကူအညီပေးခဲ့တော့ သည်။
ထိုသူအဖို့ အလိုနေဆုံးသော အရာမှာ ပင်လယ်ထဲ၌ မျောနေ ခြင်းမှ ကယ်ဆယ်ခြင်းခံရရန်ပင် ဖြစ်သည်။ သို့ သော် သူဆုတောင်းခဲ့သည့် အရာမှာကား၊ လေတိုက်ခတ်လာဖို့ အရေးပင် ဖြစ်ခဲ့သည်။ သူဆုတောင်းခဲ့သော လေပြေကို ဘုရားသခင်က မ ပေးခဲ့ပါ။ သိုသော် သူ့အတွက် အလိုအပ်ဆုံး၊ အသင့်တော်ဆုံး ဖြစ်သော “ပင်လယ်တွင်း၌ မျောနေရာမှ ကယ်ဆယ်ခြင်းကိုသာ ဘုရားသခင်က ပေးခဲ့ပါ၏။
ဆုတောင်းခြင်း၌ တစ်ခါတစ်ရံ ထိုသို့ ဖြစ်တတ်ပါ၏။
ကျွန်တော်တိုက မိမိလိုမည်ထင်သည့်အရာကိုသာ တစာစာ ဆုတောင်းနေတတ်သော်လည်း ဘုရားသခင်က သူ၏ အနန္တ ဉာဏ်တော်ဖြင့် ချင့်ချိန်ပြီး ထိုဆုတောင်းကို ငြင်းပယ်လျက် ကျွန် တော်တို အတွက် အလိုအပ်ဆုံးသော အရာကိုသာ ချပေးသနား တော်မူတတ်ပါ၏။
၂၃၈။ ဆုတောင်းခြင်းသည် ဆုတောင်းသူနှင့် ဘုရားသခင်ကို ကူးလူးဆက်ဆံမှု၊ ဆက်သွယ်မှု ဖြစ်သည်။ ဘုရားသခင်နှင့် မိတ် သဟာယဖွဲခြင်းသာမက ကိုယ်တော်၏ အကြံတော်ထဲတွင် ကိုယ် တိုင်ကိုယ်ကျ ပါဝင်လာနိုင်ရေးအတွက် အသင့်ပြင်ဆင်စေခြင်း လည်း ဖြစ်ပါသည်။
ထိုသိုဆိုလျှင် တစ်စုံတစ်ယောက်က မေးနိုင်ပါသေးသည်။ ဘုရားသခင်၏ အကြံတော်ထဲ၌ ကျွန်တော်တို သည် တစ်စိတ်တစ် ဒေသ ပါဝင်နေပြီးဖြစ်သဖြင့် ဆုတောင်းရန် ဘာများလိုပါသနည်း ဟု မေးပါက အကောင်းဆုံး ဥပမာ တစ်ခုကို ပြပါရစေ။ ။
ရှင်ယောဟန် ၁၀း၂၇-၂၉ ကို ဖတ်ကြည့်ပါ။ “ငါ့သိုးတို သည် ငါ့စကားသံတို ကို နားထောင်၍ ငါ့နောက်သို လိုက်ကြ၏။ ထိုသို တိုကို ငါသိ၏။ ထာဝရအသက်ကိုလည်း ငါပေး၏။ ထိုသိုးတို သည် ပျက်စီးခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မည်။ အဘယ်သူမျှ ထိုသိုးတိုကို ငါ့လက်မှ နှုတ်မယူရာ” ဟူ၍ ခရစ်တော်၏ စကား တော်ကို တွေ့ရပါလိမ့်မည်။
ထိုကျမ်းစကားများကို ကြည့်လျှင် ခရစ်တော်၏ နောက်တော် သို လိုက်နေကြသော သိုးတိုသည် ပျက်စီးခြင်းသို မရောက်၊ ခရစ် တော်တည်းဟူသော သိုးထိန်းကြီး၏ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ကာကွယ်ခြင်းကို ခံရမည်ဖြစ်ကြောင်း ကိုယ်တော်က ပြောပြပြီး ဖြစ်သည်။
သို့သော် ရှင်ယောဟန် အခန်းကြီး (၁၇)ကို ဖတ်ကြည့်ပါဦး။ ထိုသိုးတို တည်းဟူသော တပည့်တော်တို အတွက် ကိုယ်တော်က ထပ်မံဆုတောင်းပေးနေပြန်သည်ကို တွေ့ရပါလိမ့်မည်။ သူတို အား ထိန်းသိမ်းစောင့်ရှောက်ပါမည့် အကြောင်း ကိုယ်တော်သည် (၇) ကြိမ်တိုင်တိုင် ဆုတောင်းခဲ့ပါ၏။ ထိုသိုးတို ထိန်းသိမ်းစောင့်ရှောက် ခြင်း ခံရမည့်အကြောင်း၊ ပျက်စီးခြင်းမှ ကင်းလွတ်မည့်အကြောင်း ကိုယ်တော်တိုင် သိနေပါလျက် အဘယ့်ကြောင့် ထပ်မံ ဆုတောင်း နေရပါသနည်း။ ။
အမှန်မှာ ကိုယ်တော်သည် ဆုတောင်းခြင်း ဥပမာကိုပြ၍ ၄င်း ၏ နက်ရှိင်းသော အဓိပ္ပါယ်ကို ဤနေရာ၌ ဖေါ်ပြ နေခြင်းလည်း ဖြစ်ပါ၏။
ဆုတောင်းခြင်းသည်ဆိုမှာ ဆုလဒ်တော်များကို ရရန်သာ တောင်းလျောက်နေခြင်းမျှသာ မဟုတ်ပါ။ မိမိလိုသော ဆုကို ရရန် သာ ဆုတောင်းနေလျှင် ဆုတောင်းခြင်း၏ သဘောသည် ကျဉ်း မြောင်းနေပါလိမ့်မည်။ ဘုရားသခင်နှင့် အမြဲတန်း ဆက်သွယ်ရန်၊ ကိုယ်တော်နှင့် ဆုတောင်းသူတို ကူးလူးဆက်ဆံနေခြင်းလည်း မည်ပါ၏။ အထက်အရပ်ရှိ ဘုရားသခင်၏ လက်တော်ကိုလှမ်း၍ ဆုပ်ကိုင်လိုက်ခြင်းလည်း မည်၏။ ဆုတောင်းခြင်းသည် ဘုရားနှင့် လူတို ဆက်သွယ်ရာ နည်းလမ်းတစ်ခုဖြစ်ပါ၏။ ဆုတောင်းခြင်း၊ အားဖြင့်သာ အမြဲ ဆက်သွယ်နေသင့်ကြောင်း ဖေါ်ပြနေပါ၏။
RRIDE မာန်မာန
၂၃၉။ ခရစ်ယာန်တစ်ဦးသည် ဈေးထဲ၌ ဖိနပ်တစ်ရံ ဝယ် သည်။ သူနှင့် သင့်တော်သော ဖိနပ်ကို ဝယ်ယူပြီး အိမ်ပြန်သွားသည်။
တစ်ပတ်ခန့်ကြာသောအခါ သူသည် ထိုဖိနပ်ကို မကြိုက်၍ လာရောက်လဲလှယ်တော့သည်။ ဆိုင်ရှင်က စိတ်ဆိုး ပြီး “ခင်ဗျားနဲ့ မတော်လို့လား၊ ခင်ဗျားကိုယ်တိုင် သေသေချာချာ ရွေးယူပြီး ကျေ နပ်လို့ ဝယ်သွားတာပဲ မဟုတ်လား” ဟု မေးရာ၊ ထိုခရစ်ယာန်က “ဖိနပ်က တော်ပါတယ်၊ ကျွန်တော်နဲ့လည်း အံကိုက်ပါပဲ။ ဒါပေမယ့် တကျွိကျွိ အသံမမြည်လို့ပါ” ဟု ဖြေလိုက်သည်။
ဆိုင်ရှင်က အံ့အားသင့်စွာ ကြည့်နေစဉ် ထိုခရစ်ယာန်က ဆက်လက်ရှင်းပြသည်။
“ကျွန်တော်က ခရစ်ယာန်ဆိုတော့ တနင်္ဂနွေနေ့တိုင်း ဘုရားရှိ ခိုးကျောင်းတက်ပါတယ်။ ဘုရားရှိခိုးကျောင်းထဲ ဝင်တော့ ဖိနပ်က တကျွိကျွိမြည်ရင် လူတိုင်းက ကျွန်တော့်ဘက်ကို လှည့်ကြည့်ကြပါ လိမ့်မယ်။ အဲဒီတော့မှ ကျွန်တော်ဟာ ဘုရားရှိခိုးကျောင်းကို မှန်မှန် တက်တယ်။ ဘုရားတရား ကြည်ညိုတယ်။ လူတော်လူကောင်းဖြစ် တယ်ဆိုတာ လူတိုင်း သိရအောင်လိုပါ” ဟု ဖြေလိုက်၏။
ဤသို့သော် ကိစ္စသည်လည်း မာန်မာန တစ်မျိုးပင် ဖြစ်သည် မဟုတ်ပါလား။ ။
၂၄၀။ သားငယ်က မိခင်ထံသို ဝမ်းသာအားရပြေးလာပြီး ပြောသည်။
“မေမေ၊ ကျွန်တော်ရဲ့ အရပ်ဟာ (၉) ပေတောင်ရှိတယ် မေမေ ရဲ့” ဟု အော်ဟစ်၍ ပြောနေလေသည်။
မိခင်က ပြုံးနေသည်။
“တကယ်ပြောတာပါ၊ မယုံရင်ကြည့်လေ” ဟု ပြောကာ သူ၏ လက်ထဲမှ ပေတံတစ်ချောင်းကို ပေးလိုက်သည်။ မိခင်က ထိုပေတံ ကို ကိုင်ကြည့်ကာ စစ်မှန်သော ပေတံတစ်ချောင်းနှင့် ယှဉ်၍ တိုင်း ပြလိုက်သည်။
“မင်းတိုင်းတဲ့ ပေတံက တကယ်ဆိုတော့ (၁၂)လက်မရှည်တဲ့ ပေတံမှ မဟုတ်ဘဲ၊ (၄)လက်မသာ ရှိတာကိုး၊ အဲဒီ ပေတံလေးနဲ့ သာတိုင်းရင် မင်းကိုယ်မင်း (၉)ပေ ထင်နေတာပေါ့ကွယ်။ တကယ် စစ်မှန်တဲ့ ပေတံနဲ့ တိုင်းမှ ကိုယ်ရဲ့ အရပ်အမောင်း အမှန်ကို သိမှာပေါ့” ဟု ရှင်းပြလိုက်ရပါတော့၏။
ကျွန်တော်တို့၏ ကိုယ်ကိုလည်း အဘယ်သိုသော ပေတံမျိုးနှင့် တိုင်းကြည့်နေကြပါသနည်း။ မိမိ စိတ်တိုင်းကျ ကိုယ်ထင်သည့်အ တိုင်း မိမိကိုယ်ကို ချိန်တွယ်တိုင်းဆနေကြပါသလား။ ခရစ်တော် တည်းဟူသော စစ်မှန်သော ပေတံဖြင့် တိုင်းကြည့်မှသာ မိမိတို့၏ အဖြစ်မှန်ကို မြင်တွေ့နေရပြီး၊ မာန်မာနရှိနေခြင်း၊ ဘဝင်မြင့်ခြင်း တို ပျောက်ကွယ် သွားပါလိမ့်မည်။
၂၄၁။ တောတွင်း၌ တောကောင်သတ္တဝါများကို ကျော့ကွင်း ထောင်ဖမ်းလေ့ရှိကြသူတိုကို လေ့လာကြည့်ပါ။
တိရစ္ဆာန်များကို တစ်စုံတစ်ခုနှင့် မျှား၍ ကျော့ကွင်းကို ထောင် ထားလေ့ရှိသည်။ သိုသော် ထိုကျော့ကွင်းအနီးသို တိရစ္ဆာန်တစ်ကောင်သည် ပထမအကြိမ်ရောက်လာတိုင်း ချက်ချင်း ဖမ်းလေ့ မရှိ။ ထိုကျော့ကွင်း၏ အနီးသို ထပ်ခါထပ်ခါ လာစေသည်။ ထို အခါတွင် ဖမ်းဆီးခံရမည့် တိရစ္ဆာန်သည် တဖြည်းဖြည်း ရဲရင့်လာသည်။ သံသယစိတ်ကင်း၍ ရဲရဲဝံ့ဝံ့ ဖြစ်လာသောအခါမှ ကျော့ ကွင်း သို့မဟုတ် ထောင်ချောက်ကို ဆွဲဖြုတ်လိုက်လေ့ရှိပါ၏။
ထို တိရစ္ဆာန်ကို သေချာစွာ ဖမ်းမိနိုင်လောက်သည့် အခြေရှိမှ မိမိရရ ဖမ်းလိုက်ခြင်း ဖြစ်သည်။
လူတိုသည် အောင်မြင်မှု တစ်စနှင့်တစ်စရလာလျှင် တဖြည်း ဖြည်း ရဲရင့်လာသည်။ လက်မထောင်လာသည်။ ဘဝင်မြင့်လာ သည်။ မိမိကိုယ်ကို အထင်ကြီးလာသည်။ မိမိ၏ ဘဝအသက်တာ တွင်းသို ရဲရဲရင့်ရင့် သွေးနားထင်ရောက်ပြီး ဟန်ဝင့်လျှောက်လာ သောအခါမှ စာတန်မာရ်နတ်က သူ၏ ထောင်ချောက် သို မဟုတ် ကျော့ကွင်းကို ဖြုတ်ချလိုက် တတ်ပါ၏။
၂၄၂။ မာန်မာနသည် ခရစ်ယာန်တို၏ ပါရမီကောင်းကို ဖျက် ဆီးပစ်တတ်သည်။
အလွန်ပင် ကြောက်စရာကောင်းသော အရာတစ်ခု ဖြစ်သည်။ မိမိသာလျှင် ဖြောင့်မတ်သည်၊ သန့်စင်မြင့်မြတ်သည်ဟု ထင်လာသူ သည် လူ့ဘောင်လောက၏ အပြင်သို ရောက်လာတတ်သည်။ သူသာလျှင် ကျင့်ဝတ်သီလ ခိုင်မြဲသည်ဟု ထင်လာလျှင် ဝင့်ဝါသူ ဖြစ်လာသည်။ ဖါရိရှဲတိုနှင့် တူလာသည်။
လူမှုရေးသိပ္ပံပညာရှင်များက တစ်ခါတွင် လူ့ကျင့်ဝတ်နှင့် ပတ်သက်၍ သုတေသန ပြုလုပ်လိုသဖြင့် အလယ်တန်း ကျောင်း တစ်ကျောင်းသို သွား၍ မေးခွန်းများ ထုတ်သည်။ ထိုမေးခွန်းများ ထဲမှ တစ်ခုမှာ “ဤအတန်းထဲ၌ အဘယ် သူသည် စိတ်အနှိမ့်ချဆုံး ဖြစ်ပါသနည်း”ဟု မေးရာ၊ ကလေးမတစ်ဦးသည် ချက်ချင်း လက် ညှိးထောင်၍ ဤအတန်းထဲတွင် သူသာလျှင် စိတ်အနှိမ့်ချဆုံး၊ဘဝင်မမြင့်ဆုံး၊ မာန်မာန မရှိဆုံး ဖြစ်သည်ဟု ထ၍ ပြောလေသည်။ အမှန်မှာ မိမိကိုယ်ကို “စိတ်နှိမ့်ချသည်”ဟူ၍ ပြောပြီး “ကြွားဝါနေ ခြင်း” သာ ဖြစ်သည်။ ခရစ်ယာန်တို သည်လည်း “ငါသည် အလွန် ပင် စိတ်နှိမ့်ချသောသူ ဖြစ်ပါတကား” ဟု ပြောပြီး မာန်မာန မတက်ဖို အလွန် အရေးကြီးသည်။
ထိုသို သော သဘောမျိုးကို Pride of Humility ဟု ခေါ်ပါ၏။
၂၄၃။ လိပ်ကြီးတစ်ကောင်သည် အထက်ဝေဟင်၌ ပျံသန်းနေ ကြသော ငှက်ကလေးများကို ကြည့်ပြီ သူလည်း လေထဲ၌ ပျံသန်းလို စိတ် ဖြစ်လာသည်။ ထိုကြောင့် လင်းယုန်ငှက် တစ်ကောင်ကိုခေါ်၍ သူ့ကို လေထဲသို ခေါ်ဆောင် သွားပါမည့်အကြောင်း တောင်းပန် လေသည်။ လင်းယုန်ငှက်က မဖြစ်နိုင်ကြောင်း ပြောသော်လည်း သူက “လေထဲသာ ငါရောက်သွားရင် တော်ပါပြီ၊ လေထဲမှာ အရှိန် ရလာတဲ့အခါ မင်းတို ထက်တောင် ငါက အရှိန်ပြင်းပြင်းနဲ့ ပျံသန်း ပြလိုက်ဦးမယ်” ဟု ဆိုလေသည်။
လင်းယုန်ငှက်သည်လည်း နောက်ဆုံး၌ မတတ်နိုင်တော့ဘဲ လိပ်ကြီးကို သူ၏ ကျောကုန်းပေါ်သို တင်ပြီး လေထဲသို ပျံသွားခဲ့ သည်။ အမြင့်သို ရောက်သောအခါ မိမိ၏ ကျောကုန်းပေါ်မှ လိပ် ကြီးကို ခါချလိုက်ရာ ထိုလိပ်ကြီးမှာ မြေပြင်သို တောက်လျှောက် ထိုးကျသွားပြီး သေဆုံးသွားခဲ့ပါတော့၏။
မိမိ၌ အမှန်တကယ်ရှိနေသည့် စွမ်းရည်ထက် ပိုမိုအထင်ကြီး ပြီး မာန်မာနတက်တတ်သူတို၏ သွားရာလမ်းမှာ ထိုအတိုင်းပင် ဖြစ်ပါ၏။
၂၄၄။ ပန်းချီဆရာကြီး “မြူရဲ၏ ပန်းချီကားခပ်တစ်ခု၌ မီးဖိုချောင်တစ်ခုကို ရေးဆွဲထားပါသည်။ ထိုမီးဖိုချောင်၌ ကောင်းကင် တမန်တိုသည် ထမင်းဟင်းချက်၊ ပန်းကန်များ ဆေးနေသည်ကို ရေးဆွဲထားခြင်း ဖြစ်သည်။ ဘုရားသခင်၏ အလိုတော်ကို ဆောင် ရွက်ရန်မှာ မာန်မာနဖြင့်မဟုတ်၊ စိတ်နှိမ့်ချမှုမျိုးဖြင့်သာ ဆောင် ရွက်ရမည့် အရေးကို သတိပေးနေလို၍ ဖြစ်သည်။ ထိုကြောင့်လည်း ခရစ်တော်က “သူတစ်ပါးသည် မင်္ဂလာပွဲသို သင့်ကိုခေါ်ဖိတ်သော အခါ မြင့်မြတ်သောနေရာ၌ မလျောင်းနှင့် (လုကာ ၁၄း၈) ဟုဆို ရာ၌ လူ့သဘောနှင့် သဘာဝကို သတိရ၍ မိန့်တော်မူလိုက်ခြင်း ဖြစ်သည်။
ကျွန်တော်တို့ အားလုံးသည် စားပွဲထိပ်၌ ထိုင်လိုသည်။ ပွဲလမ်း သဘင်သို သွားလျှင် လူမြင်ကွင်း၌ ထိုင်လိုသည်။ ကျွန်တော်တို သည် အစစအရာရာ၌ နံပါတ်တစ် ဖြစ်လိုကြသည်။
ဤစိတ်သဘောမျိုးမှာကား မာန်မာန၏ အခြေခံသဘောပေ တည်း။ ။
REPENTANCE နောင်တရခြင်း ၊
၂၄၅။ နောင်တရခြင်းမရှိလျှင် အပြစ်လွတ်ခြင်း မရှိနိုင်ပါ။
တစ်ခါက လူသတ်သမားတစ်ဦးသည် အပြစ်ရှိကြောင်း ပေါ် လွင်နေသည်ဖြစ်၍ ကြိုးမိန့်ကို စောင့်ဆိုင်းနေရသည်။ ထိုလူသတ် သမား၏ ညီဖြစ်သူက နိုင်ငံ၏ သူရဲကောင်းတစ်ဦးဖြစ်ရာ၊ ဘုရင်ခံ ထံ အခစားဝင်ပြီး သူ၏ အစ်ကို လွတ်မြောက်ရေးအတွက် အသနား ခံသည်။
လွတ်ငြိမ်းချမ်းသာခွင့်ကိုရလာပြီး ထိုစာရွက်ကို အိတ်ထဲ၌ ထည့်ကာ အစ်ကိုဖြစ်သူထံ ဝမ်းသာအားရ ပြေးသွားသည်။ သို့သော် လွတ်ငြိမ်းချမ်းသာခွင့်ရကြောင်း အစ်ကိုအား ချက်ချင်း မ ပြောသေးဘဲ မေးခွန်းတစ်ခုကို အရင် မေးကြည့်မိသည်။
“အစ်ကိုဟာ လွတ်ငြိမ်းချမ်းသာခွင့်ရလို ဒီအမှုက တရားသေ လွတ်သွားရင် ပထမဆုံး ဘာလုပ်မလဲဟင်” ဟု မေးရာ အစ်ကိုဖြစ် သူက “ငါ့ကို ကြိုးပေးတဲ့ တရားသူကြီးဆီကို အရင်ဆုံးသွားပြီး သေနတ်နဲ့ ပစ်သတ်မယ်၊ ပြီးတော့ ငါ့အမှုမှာ အရေးကြီးဆုံး သက် သေဖြစ်တဲ့ ဟိုအကောင့်ဆီ သွားပြီး လည်မျို ညှစ်သတ်မယ်” ဟု ပြောလေရာ၊ ထိုညီငယ်သည် အစ်ကိုအား ဝမ်းနည်းကြေကွဲသော မျက်နှာဖြင့်ကြည့်ပြီး ထိုအတိုင်းပင် အိမ်သို ပြန်လာခဲ့တော့၏။ မိမိ၌ အပြစ်ရှိပါလျက် ထိုအပြစ်ကို နောင်တမရဘဲ လူသတ်မှုများ ကို ဆက်လက်ကျူးလွန်ရန် ကြံစည်နေသေးသော အစ်ကိုအား လွတ်ငြိမ်းချမ်းသာခွင့် မပေးဘဲထားလျှင် ပို၍ ကောင်းမည်ဟု ယူဆသောကြောင့်တည်း။ ။
၂၄၆။ လူတစ်ဦးသည် တောထဲသို ထင်းခုတ်ရန် သွားခဲ့သည်။ သေနေ၍ ခြောက်သွေ့ ညှိးနွမ်းနေသော အပင်တစ်ပင်ကို တွေ့ရ သဖြင့် ထင်းအဖြစ် အသုံးပြုရန် ခုတ်လှဲလေတော့သည်။
ထိုအပင်ကို ခုတ်လှဲနေရင်း မိမိကိုယ်ကို သတိရမိလာသည်။
သူ၏ အသက်တာသည်လည်း အသေနှင့်တူနေသဖြင့် ခုတ်လှဲ ပြီး မီးထဲပစ်လိုက်ရန်သာ ဖြစ်နေသောကြောင့် နောင်တစိတ်ချက် ချင်းရလာသည်။ ထိုကြောင့် ချက်ခြင်းနေအိမ်သို ပြန်သွားပြီး နောင်တရကာ ခရစ်တော်၏ ရှေ့တော်မှောက်၌ မိမိ၌ ရှိသမျှသော အပြစ်တိုကို ဝန်ချတောင်းပန်လေတော့၏။
၂၄၇။ ကလေးငယ်တစ်ဦးသည် နောင်တစိတ်အကြောင်းဖေါ်ပြသော ဖြစ်ရပ်မှန်တစ်ခုရှိသည်။
၁၈၉၅ ခုနှစ်၊ စက်တင်ဘာလတွင် ကလေးငယ်တစ်ဦးက အမေရိကန် သမ္မတကြီးတစ်ဦးဖြစ်သူ ကလိ(ဖ်)လင်းထံ စာတစ် စောင်ရေးခဲ့ဖူးသည်။
“သမ္မတကြီး ခင်ဗျား၊ ကျွန်တော်ရဲ့ လိပ်ပြာဟာ မသိုးမသန့် ဖြစ်ပြီး အိပ်မနိုင် စားမရ ဖြစ်နေပါတယ်၊ ဒါကြောင့် စာရေးပြီး ဒီအပြစ်ကို ဝန်ချတောင်းပန်လိုပါတယ်။ ကျွန်တော်ဟာ တစ်ကြိမ် မဟုတ် နှစ်ကြိမ်တိုင်တိုင် အသုံးပြုပြီး သားဖြစ်တဲ့ အစိုးရတံဆိပ်တော်ခေါင်းများကို ခွာပြီး စာထည့်နေခဲ့ဖူးပါတယ်။ ဒီကိစ္စမျိုးဟာ တိုင်းပြည်ကို ညာတာ လိမ်တာဖြစ်နေပါတယ်။ ကျွန်တော် မှားပါပြီ။ အဲဒီအချိန်တုန်းက ကျွန်တော်ဟာ (၁၃)နှစ်ပဲ ရှိသေးလို မသိနားမ လည် မှားမိတာပါ၊ နောင်တရပါပြီ။ ဒါကြောင့်မို ဒီစာထဲမှာ တံဆိပ် ခေါင်းသစ်သုံးလုံး ထည့်ပေးလိုက်ပါတယ်။ အဲဒီ တံဆိပ်ခေါင်းသုံး လုံးကို သမ္မတကြီးကိုယ်တိုင် ကြိုက်သလို အသုံးပြုပါ ခင်ဗျား” ဟူသတည်း။ နောင်တရခြင်းသည် ဘယ်သောအခါမျှ နောက်မကျပါ။
၂၄၈။ တရားရုံးတစ်ရုံး၌ ဖြစ်ပွားခဲ့သော အမှုနှစ်ခုအကြောင်း က နောင်တရခြင်း၏ အကျိုးကျေးဇူးကို ဖေါ်ပြနေသည်။
တရားခံတစ်ဦးမှာ မိန်းမပျိုလေးတစ်ဦး ဖြစ်သည်။ သူသည် မိမိ၏ သူငယ်ချင်းဖြစ်သူ မိန်းကလေးတစ်ဦးအား ဓါးမြှောင်တစ်ချောင်းဖြင့် ထိုးလိုက်သဖြင့် ထိုမိန်းကလေးခမျာမှာ ပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီး မသေရုံတမယ် ခံစားခဲ့ရ၏။ အပြစ်ဒဏ် မချမှတ်မီ တရားသူကြီးက ထိုမိန်းမပျိုကလေး အနေဖြင့် မည်သို ပြောလိုသေးသနည်းဟုမေးရာ၊ ဘာမျှမပြောဘဲ ခေါင်းခါလိုက်လေသည်။ တရား သူကြီးက “မင်းဟာဒီပြစ်မှုကို တကယ်ပဲ ကျူးလွန်ခဲ့ကြောင်း ထင် ရှားနေတယ်။ အင်မတန် ဆိုးဝါးလှတဲ့ ပြစ်မှုလည်းဖြစ်တယ်။ ခုနက မင်းကို စကားပြောခွင့် ပေးတုန်းက မင်းဟာ “ကျွန်မ မှားသွားပါ ပြီ” လို စကားတစ်ခွန်းသာပြောလိုက်ရင် မင်းကိုငါက အပြစ်ဒဏ် များ လျော့ပေါ့ပေးမယ်၊ ဒါမှမဟုတ် သတိပေးပြီး လွတ်ငြိမ်းခွင့်ပေး မယ်လို့တောင် စိတ်ကူးထားတယ်။ ဒါပေမယ့် မင်းဟာ နောင်တ စိတ် လုံးဝမပြတဲ့ အတွက် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၇)နှစ်ကျ ပေတော့”ဟု ပြောလိုက်လေ၏။
တရားခံ နောက်တစ်ဦးမှာကား ခါးကိုညွတ်ကိုင်း၍ အလွန်ပင် မျက်နှာညှိးငယ်နေရှာသော လူကြီးတစ်ဦး ဖြစ်သည်။ သူ၏ နား ထင်၌ ဆံပင်များဖြူနေပြီး မျက်နှာအိုမင်းရင့်ရော်နေရှာသည်။ သူ ၏ မျက်လုံးအိမ်ထဲ၌ မျက်ရည်များ ပြည့်နေသည်။ အပြစ်ဒဏ် မချမှတ်မီ သူ့အား စကားပြောခွင့်ပေးရာ၊ သူက “တရားသူကြီး ခင်ဗျား၊ ကျွန်တော်ဟာ အပြစ်ရှိသူတစ်ဦး ဖြစ်ပါတယ်။ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ လည်း မထိုက်တန်ပါဘူး၊ တရားသူကြီးမင်းပေးတဲ့ အပြစ်ကိုပဲ ဝမ်းနည်းကြေကွဲစွာ ခံပါတော့မယ်”ဟု တုန်လှုပ်သော အသံဖြင့် ပြောလိုက်လေ၏။
“ခင်ဗျားဟာ ယောက်ျားပီသပါပေတယ်၊ ၁၅ နှစ်လောက်တုန်း က ခင်ဗျားဟာ ပြစ်မှုကလေးတစ်ခုကို ကျူးလွန်ခဲ့တယ်၊ အဲဒီ အပြစ်ကြောင့် ထောင်ကျခဲ့တယ်၊ ထောင်ထဲမှာနေစဉ် ခင်ဗျားဟာ စံပြအကျဉ်းသားတစ်ဦး ဖြစ်ခဲ့တယ်၊ ဒါပေမယ့် ထောင်က ထွက် ပြေးဖို အခွင့်အရေးရခဲ့တော့ အဲဒီ အခွင့်အရေးကိုယူပြီး ထွက်ပြေးသွားခဲ့တယ်၊ ဒါပေမယ့် အပြင်မှာနေခဲ့တဲ့ ၁၄ နှစ်လုံးလုံးမှာ ခင် ဗျားဟာ စံပြတိုင်းရင်းသားတစ်ဦး ဖြစ်ရုံမက ဖခင်ကောင်း၊ ခင်ပွန်း ကောင်းလည်း ဖြစ်ခဲ့တာကို ကျွန်တော်သိရတယ်။ နောက်ထပ် ဘာအပြစ်မှလည်း ထပ်မံကျူးလွန်ခဲ့တာကိုလည်း မတွေ့ရဘူး၊ ဒါကြောင့် ခင်ဗျားဟာ ရာဇဝတ်သား မဟုတ်ဘူး၊ ပြစ်မှုတစ်ခုကို ကျူးလွန်ခဲ့တဲ့ “လူမိုက်” တစ်ဦးသာ ဖြစ်ခဲ့တယ်၊ ခင်ဗျားဟာ ယော ကားပီသခဲ့တဲ့အတွက် ခင်ဗျားကို ယောက်ျားပီပီပဲ ကျွန်တော် ဆက် ဆံပါ့မယ်၊ ကဲ အခုအချိန်က စပြီး ခင်ဗျားကို ကျွန်တော်ဟာ တရား သေလွတ်လိုက်ပါပြီ၊ အမှုလည်း ပိတ်လိုက်ပါပြီ”ဟု အမိန့်ချမှတ် လိုက်၏။
၁၄၉။ သူတော်ကောင်းယောင်ဆောင်သူ (Hypocrite) ဆို သည့်စကား၏ မူလအရင်းအမြစ်မှာ “ဇာတ်စင်ပေါ်၌ သရုပ်ပြ ဇာတ်ဆောင်များ ဝတ်ဆင်ကြလေ့ရှိသည့် မျက်နှာဖုံး”ဟူသော ဝေါ ဟာရစကားမှ ဆင်းသက်လာသည်။
ခရစ်တော်က ထိုသူများကို ရှုတ်ချခဲ့သည်။ ထိုသူများသည် ရာဇဝတ်ကောင်များ၊ အပြစ်သားများ မဟုတ်ပါ။ ဘာသာရေး ကိုင်း ရှိင်းသော လူကြီးလူကောင်းများဖြစ်သည်။ ပညတ်တော်များကို တသွေမတိမ်း စောင့်ရှောက်သော ဖါရိရှဲ တိုကဲ့သိုသော လူများသာ ဖြစ်ခဲ့သည်။
သိုသော် သူတို၏ အကြီးဆုံးပြစ်မှုကား “မိမိသာလျှင် ဖြောင့် မတ်သည် ဟု ထင်နေမှု၊ အတ္တပဓါနစိတ်ထား လွှမ်းမိုးနေသော သူများ၊ သူတစ်ပါးကို ရှုတ်ချပြီ မိမိကိုယ်ကိုသာ အမွှန်းတင်နေကြ သော သူများသာလျှင် ဖြစ်ကြသည်။ သူတို၏ အကြီးဆုံးသောပြစ်မှုတစ်ရပ်မှာ ထိုသိုသော စိတ်ထားမျိုးမှ နောင်တမရနိုင်ကြ သည့် အပြစ်ကြီးပေတည်း။
၂၅၀။ တစ်ခါက ဖခင် လယ်သမားဖြစ်သူက သူ၏ သားငယ် ကို နွားကျောင်းခိုင်းထားခဲ့သည်။
သူသည် နွားကျောင်းနေရာမှ ခြင်းလုံး ခတ်နေသူများကို စိတ် ပါဝင်စားစွာ ကြည့်နေရင်း ဖခင်၏ ပျိုးခင်းထဲ၌ ထို နွားများက ဝင်ရောက်စားသောက်နေသည်ကို သတိမထားမိလိုက်ပဲ ဖြစ်ခဲ့ သည်။ နောက်မှ ထိုနွားများကို ချက်ချင်း မောင်းနှင်ထုတ်ခဲ့သည်။ ဖခင်ဖြစ်သူ ပြန်လာလျှင် သူ၏ ပေါ့လျော့မှုကြောင့် အရိုက်ခံရမည် စိုးသဖြင့် နွားများ၏ ခြေရာများကို မြေကြီးဖြင့် လိုက်လံဖိုသည်။ ဖျက်ပစ်သည်။ နွားခြေရာများကို တပင်တပန်း လိုက်လံဖျက်ပစ် ခဲ့ပြီး ကျေနပ်နေမိ၏။
သို့သော် ဖခင်ဖြစ်သူ ပြန်လာသောအခါ သူသည် အရိုက်ခံရ လေ၏။ ဖခင်က “မင်းဟာ နွားတွေရဲ့ ခြေရာတွေ ဖျက်ခဲ့ပေမယ့်၊ မင်း မေ့ကျန်ခဲ့တဲ့ အချက်တစ်ခုက မင်းရဲ့ ခြေရာကိုလည်း လိုက် ဖျက်ပစ်ဖို ကိစ္စပဲ၊ နွားတွေရဲ့ ခြေရာ မရှိတော့ပေမယ့် မင်းရဲ့ ခြေရာတွေ ကျန်နေခဲ့တယ်၊ မင်းရဲ့ ခြေရာတွေဟာ မြေကြီးပေါ်မှာ ထင်းနေတာပဲ”ဟု ဆိုလေတော့၏။
သူတစ်ပါး၏ ပြစ်မှုထက် မိမိ၏ ပြစ်မှုကို အရင်ဆုံး သတိရပြီး နောင်တရဖို လိုပါ၏။ မိမိ၏ အပြစ်ဒဏ်ကို နောင်တမရသော သူမှာ မိမိ၏ခြေရာကို ပြန်ပြီး မဖုံးပစ်တတ်သော ထိုသူငယ်လေးနှင့် ၊ တူပါ၏။
၂၅၁။ တောင်တက်သမားနှစ်ဦးသည် ကျောက်ဆောင်များပေါလှသော တောင်ပေါ်သို တက်ရင်း သိပ်သည်းထူ ပိန်းသော နှင်းမြူများ အုံဆိုင်းလာသောကြောင့် လမ်းပျောက်နေခဲ့တော့သည်။
သူတို၏ ပြန်လမ်းကို ရှာမတွေ့နိုင်ဘဲ ဖြစ်ခဲ့ရသဖြင့် တောင် စောင်းတစ်နေရာ၌ တစ်ညတာ တည်းခိုနေခဲ့ရသည်။ ညသည် ချမ်းအေးလွန်းလှသဖြင့် သူတို သည် ခိုက်ခိုက်တုန် သွေးခဲမတတ် ဒုက္ခဝေဒနာ ခံစားခဲ့ရပါ၏။ တစ်ညလုံး မအိပ်နိုင်ဘဲ ဒုက္ခရောက်ခဲ့ ကြရ၏။
နောက်တစ်နေ့မနက်တွင် သူတို၏ လမ်းပြ၏ အော်ခေါ်သံကို ကြားလိုက်ရ၏။ လမ်းပြ ရောက်လာပြီး ပြန်လည် ခေါ်ဆောင်သွား သောအခါ သူတို ၏ တည်းခိုဂေဟာကလေးမှာ ထိုညက သူတို တစ်ချိန်လုံး ဒုက္ခခံနေရသော တောင်စွန်းနှင့် သုံးပေမျှသာ ကွာဝေး သောနေရာ၌ ရှိနေသည်ကို အံ့သြစွာ တွေ့ခဲ့ရ၏။
“ခင်ဗျားတို နှစ်ဦးဟာ တလှမ်းနှစ်လှမ်းသာ ဆက်လျှောက် လိုက်ရင် ဒီဧည့်ဂေဟာကို ချက်ခြင်းတွေ့ပြီး တစ်ညလုံး နွေးနွေး ထွေးထွေး အနားယူနေရမှာပဲ”ဟု လမ်းပြက ပြောလိုက်ပါတော့၏။
နောင်တမရနိုင်သူသည် မိမိ၏ အတ္တပဓါန စိတ်ထား နှင်းမြူ များဖြင့် အုပ်ဆိုင်းခြင်း ခံနေရသူနှင့်တူသည်။ နောင်တရခြင်းတည်း ဟူသော ခြေတစ်လှမ်းမျှဖြင့် ကောင်းကင်နိုင်ငံစည်းစိမ်ချမ်းသာသို့ရောက်နိုင်ကြရမည့်သူများ ဖြစ်ပါ၏။ မာန်မာန နှင်းမြူများကို ဖယ်ရှားပြီး စစ်မှန်သော နောင်တရရန် အလွန် အရေးကြီးလှပါ၏။
၂၅၂။ “ယေရိခေါနှင်းဆီ” ဟု ခေါ်တွင်လေ့ရှိသည့် ပန်းတစ် မျိုးမှာ ပင်လယ်သေ သိုမဟုတ် ရေငံအိုင် (Dead Sea) အနီး၌ ပေါက်ရောက်လေ့ရှိသည်။
ထိုပန်းသည် ရွက်လှဖြူများရှိပြီး ထိုအရွက်များ၌ ဝတ်ဆံ ကလေးများ ရှိသည်။ အချိန်ကြာညောင်းသောအခါ အရွက်များ သည် သွေ့ခြောက်လာ၍ အောက်သို ကြွေကျလာလေ့ ရှိသည်။ သိုသော် ဝတ်ဆံကလေးများက ထိုနှင်းဆီပန်း၏ အခက်အလက် ကလေးများထဲတွင် ငြိတွယ် ကျန်ရစ်နေခဲ့တတ်သည်။ ထိုရိုးတံမှ အရွက်ကလေးများသည် လိပ်လာ၍ ထိုဝတ်ဆံကလေးများကို သို ဝှက်ပေးထားပေးပြီး သဲကန္တာရ၏ နေပူရှိန်ဓါတ်မှ ကာကွယ်ပေး ထားသည်။
နွေအချိန်ကျလာလျှင် ထိုရိုးတံနှင့် အရွက်ခြောက်ကလေးများ ကလည်း လေနှင့် လွင့်ပါးသွားတတ်ပြန်သည်။ ထို ရိုးတံကလေးများ ကို ရုတ်တရက်ကြည့်လိုက်လျှင် သစ်ကိုင်းခြောက်၊ ကောက်ရိုး ခြောက်ကလေးများ နှင့်တူနေတတ်သည်။
သို့သော် ထိုရိုးတံကလေးများသည် ရေရှိရာ ဒေသ၊ စွတ်စို ထိုင်းမှိင်းသော အရပ်သို ရောက်လာလျှင် ထိုရိုးတံ ကလေးများမှ အရွက်ခြောက်ကလေးများသည် လိပ်နေရာမှ ပွင့်အာလာကြသည်။ အတွင်းရှိ ဝတ်ဆံကလေးများ အပြင်သို ထွက်ကျလာကာ၊ စွတ်စို ထိုင်းမှိင်းသော မြေကြီးပေါ်မှာ အပင်ပေါက်လာပြီး ကြီးထွား ရင့် သန်လာပါတော့၏။
“ယေရိခေါနှင်းဆီပန်း”နှင့်တူသော လူများရှိတတ်သည်။
သူတို၏ ဘဝသည် ခြောက်သွေ့နေသော သစ်ခက်များနှင့်တူ သော်လည်း စိုစွတ်အေးမြသော ရေစင်ပေါက်ကလေးများနှင့် ထိ တွေ့လျှင် ချက်ခြင်းနုပျိုလန်းဆန်းလာနိုင်ကြသကဲ့သို ခရစ်တော်ကို လက်ခံပြီး နောင်တရသော သဘောမျိုးကို ပိုင်ဆိုင်လာကြပါလျှင်“သေ” နေရာမှ “ရှင်သန်ကြီးထွားလာနိုင်ပါ၏။
၂၅၃။ သင်းအုပ်ဆရာက အသင်းတော်သားသစ်တစ်ဦးကို အဘယ်ကြောင့် ထိုအသင်းတော်သို ဝင်လာရသနည်းဟု မေးနေ သည်။
“ကျွန်တော်ဟာ ကယ်တင်ခြင်းခံရတဲ့ အပြစ်သားတစ်ယောက် ဖြစ်လာမှန်း လူတွေကို သက်သေခံချင်လိုပါ” “မင်းကိုယ်မင်း ကယ်တင်ခြင်းရပြီလို တကယ်ပဲ ထင်သလား” “သေချာပါတယ်၊ ခရစ်တော်နဲ့ ကျွန်တော်တို နှစ်ဦးရဲ့ လုပ် ဆောင်မှုကြောင့် ကယ်တင်ခြင်းကို ခံစားလာရပါတယ်” “ခရစ်တော်နဲ့ မင်းတိုနှစ်ဦးကြောင့် ကယ်တင်ခြင်းခံရတယ်ဆို တာ ဘယ်လိုလဲ”
“အို ရှင်းပါတယ်၊ ကျွန်တော်က နောင်တရလာပါတယ်၊ ကျန်တဲ့ ကိစ္စကို ခရစ်တော်က ဆက်လုပ်သွားတာပါ”ဟု ဖြေလိုက်လေ၏။ ဟုတ်ပါသည်။ ။
နောင်တရခြင်းသည် နှစ်လမ်းသွား ဖြစ်ပါ၏။ တစ်ဦးတည်းနှင့် မဖြစ်နိုင်ပါ။ တစ်ဦးက အကယ်ပင် နောင်တရမှ ခရစ်တော်က ကယ်တင်ခြင်းကို ပေးပါ၏။
၂၅၄။ ဥပုသ်စာဖြေကျောင်းဆရာမက နောင်တရခြင်းအ ကြောင်း သင်ကြားပေးနေသည်။
ထိုစဉ် မိန်းကလေးတစ်ဦးအား ဆရာမက နောင်တရခြင်းအ ကြောင်း သူနားလည်သမျှ အတန်းကို ရှင်းပြရန် ပြောလိုက်ရာ ထိုမိန်းကလေး အတန်ငယ် စဉ်းစားပြီးမှ “အရင်တုန်းက ကျွန်မ ဟာ၊ အပြစ်ဒုစရိုဏ်အတွက် ဝမ်းနည်းတဲ့ စိတ်လည်းမဖြစ်၊ ကိုယ့် အတွက်သာ အသက်ရှင်နေခဲ့တယ်၊ ကိုယ့်ရဲ့ စိတ်ချမ်းသာအောင် သာ နေခဲ့တယ်၊ နောင်တရ ပြီး ခရစ်တော်ကို လက်ခံလိုက်တော့ ပြောင်းပြန် ဖြစ်သွားတယ်၊ ကျွန်မထက် ခရစ်တော်ကိုသာ စိတ်ချမ်း သာအောင် လုပ်ချင်လာတယ်၊ ခရစ်တော် စိတ်မကောင်းအောင် မလုပ်လိုတော့ဘူး၊ အဲဒါက နောင်တရခြင်းရဲ့ သဘောပါပဲ”ဟု လိုက်လေ၏။
PESURRECTION
သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်း
၊ ၂၅၅။ ဥပုသ်စာဖြေကျောင်းမှ ဆရာမက သင်တန်းသား က လေးငယ်တို သည် အမှောင်ကို ကြောက်ရန်မလိုကြောင်း၊ သူတို သည် ဘယ်သောအခါမှ တစ်ကိုယ်တည်း မဟုတ်ကြောင်း၊ ခရစ်တော်သည် သူတို နှင့် အမြဲရှိကြောင်း စသည်တိုကို သင်ကြားပေး နေသည်။
“မင်းတို တစ်တွေဟာ ဘယ်သွားသွား ဘယ်လာလာ၊ ဘယ် တော့မှ တစ်ယောက်တည်း မဟုတ်ဘူး၊ ခရစ်တော်ဟာ မင်းတိုနဲ့ အတူ အမြဲရှိနေတယ်”ဟု ဆိုသည်။
“ခရစ်တော်ဟာ နေရာတိုင်းမှာ ရှိသလားဆရာမ”ဟု ကလေး တစ်ယောက်ကမေးရာ “နေရာတိုင်းမှာရှိတာပေါ့” ဟု ဖြေလိုက် သည်။
ထိုစဉ် ကလေးတစ်ယောက်က “ခရစ်တော်မရှိတဲ့ နေရာတစ်ခု ကို ကျွန်တော်သိတယ်”ဟု ရုတ်တရက် ပြောလိုက်ရာ၊ ဆရာမက အံ့အားသင့်သွားရသည်။
“ဆိုစမ်းပါဦး၊ ခရစ်တော်မရှိတဲ့ နေရာဟာ ဘယ်မှာလဲ”
“ကိုယ်တော်ရဲ့ သင်္ချိုင်းထဲမှာပေါ့”ဟု ဖြေလိုက်ပါတော့၏။
ဟုတ်ပါသည်။ ကိုယ်တော့်အား မြှုပ်နှံခဲ့သော အရိမဿဲမြို့ သား ယောသပ်၏ သင်္ချိုင်းထဲတွင် ကိုယ်တော်သည် မရှိဘဲ မိန့် တော်မူခဲ့သည့်အတိုင်း သုံးရက်မြောက်သောနေ့တွင် သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့သည် မဟုတ်ပါလား။ ။ –
၂၅၆။ မိခင်တစ်ဦးသည် သူ၏ သားငယ်ကို ပင်လယ်ကမ်းစပ် သို ခေါ်သွားသည်။
ရေစပ်သို ရောက်လျှင် သားငယ်အား ထိုရေစပ်ထဲ၌ လမ်း လျှောက်ခိုင်းသည်။ သားငယ်က လျှောက်ကြည့်သည်။ လှိင်းလုံးက လေးများသည် သူ၏ ခြေထောက်ကလေးများကို ပုတ်ခတ်လာ သောအခါ မိခင်ကို ကုတ်ကပ်၍ ကြောက်ရွံလျက် ရင်ခွင်ထဲသို ပြန်တက်သည်။ မိခင်က အားပေးစကားပြောပြီး ထိုရေစပ်၌ ပြန်၍ လျှောက်စေပြန်သည်။ မကြာခဏ ထိုသို လုပ်ပေးသဖြင့် သားငယ် သည် ရဲဝံ့လာကာ ကမ်းစပ်၌ လမ်းလျှောက်ရဲလာတော့သည်။ ထို နောက် မိခင် မပါဘဲ သူတစ်ဦးတည်းပင် လျှောက်ရဲလာပါတော့၏။
မိတ်ဆွေတစ်ဦးက ထိုအဖြစ်ကို မြင်ခဲ့ရ၍ မိခင်ဖြစ်သူအား မေးကြည့်ရာ “သားက ပင်လယ်ကမ်းစပ်က လှိင်းလုံးကလေးတွေကြောက်တတ်တယ်။ အဲဒီ ကြောက်စိတ်ကို ပျောက်သွားအောင် တမင်တကာ လေ့ကျင့်ပေးနေတာ” ဟု ဖြေလိုက်၏။
ခရစ်တော်ကလည်း ကျွန်တော်တို့ အား ထိုနည်းတူ လေ့ကျင့် ပေးခဲ့ပါသည်။
သေခြင်းနှင့်တူသည့် ပင်လယ်ကမ်းစပ်အထိ ကျွန်တော်တို အား ခေါ်ဆောင်သွားခဲ့ပြီးနောက်၊ ကိုယ်တော်တိုင် ရှင်ပြန်ထမြောက်ခြင်းကို ဖော်ပြထင်ရှားခဲ့ခြင်းကြောင့် သေခြင်းကို အောင် မြင်နိုင်သော မျှော်လင့်ခြင်းကို ညွှန်ပြလျက်နေပါ၏။
၂၅၇။ ဓမ္မဆရာတစ်ဦးက ခရစ်တော်၏ သေခြင်းမှ ရှင်ပြန် ထမြောက်ခြင်းအကြောင်းကို တပည့်တော်များအား သွန်သင် ဟော ပြောနေသည်။
“ဆိုကြပါစို ၊ ခင်ဗျားတိုထဲက တစ်ယောက်ယောက်ဟာ ခရီး သွားနေရင်း၊ လမ်းပျောက်လုနီးနီးဖြစ်နေတုန်း လမ်းဆုံလမ်းခွတစ် ခုကို ရောက်လာတယ်ဆိုပါတော့။ အဲဒီ လမ်းဆုံမှာ လူနှစ်ယောက်ဟာ အိပ်နေတယ်။ တစ်ယောက်က သေနေတယ်။ တစ်ယောက်က အသက်ရှင်နေတယ်။ အဲဒီတော့ လမ်းမှန်ကိုမေးချင်ရင် သေနေတဲ့ လူကို မေးမလား၊ အသက်ရှင်နေတဲ့ လူကိုမေးမလား”ဟု ဆိုရာ၊ အားလုံးက “အသက်ရှင်နေတဲ့လူကို မေးမှာပေါ့”ဟု ဖြေကြလေ သည်။
“အဲဒီအတိုင်းပဲ၊ ကျွန်တော်တို တစ်တွေဟာ သေခြင်းတည်းဟူ သော လမ်းဆုံလမ်းခွကို တစ်နေ့ကျရင် ရောက်ကြမှာပဲ။ အဲဒီတော့ သေခြင်းရဲ့ ဟိုဘက်မှာရှိတဲ့ လမ်းကို သိချင်ရင် သေခြင်းက ရှင်ပြန် ထမြောက်ခဲ့ရုံမက၊ ဒီနေ့တိုင်အောင် အသက်ရှင်နေတဲ့ ခရစ်တော် ကိုမေးပြီး ကိုယ်တော် လမ်းညွှန်လိုက်ရာ လက်ခံပြီး လိုက်လျှောက် သွားဖိုဟာ ပိုပြီး သဘာဝ မကျပေဘူးလား”ဟု ရှင်းပြလိုက်ပါတော့ ၏။
၂၅၈။ တစ်ခါက ကလေးမကလေးတစ်ဦးသည် နေအိမ်မှ ဈေး ထဲသို သွားရန် သင်္ချိုင်းကုန်းတစ်ခုကိုဖြတ်ပြီးမှ သွားရလေ့ရှိသည်။ အပြန်တွင်လည်း ထိုနည်းတူ သင်္ချိုင်းကိုဖြတ်ပြီးမှ အိမ်ကိုပြန်လာရလေ့ရှိသည်။ ထိုကလေးမလေးသည် တစ်ခါတစ်ရံ ညနေစောင်း၍ မှောင်နေသောအချိန်၌ပင်လျှင် ထိုသချိုင်းကိုဖြတ်ပြီး ရဲဝံ့စွာ ပြန် လာလေ့ရှိသဖြင့် လူအများက အံ့ဩနေကြသည်။
မိန်းမကြီးတစ်ဦးက “ဟေ့ သင်္ချိုင်းကိုဖြတ်ပြီး အိမ်ကိုပြန်လာရ တာ မင်းက မကြောက်ဘူးလား”ဟု မေးရာ “ဟင့်အင်း ကျွန်မအဖို့ မကြောက်ပါဘူး။ ဒီသင်္ချိုင်းက လွန်သွားရင် ကျွန်မတို့ ရဲ့ အိမ်ရှိနေ တာကိုသိနေတော့ ဘာ ကြောက်စရာလိုလဲ”ဟု ဖြေလိုက်ပါ၏။ ခရစ်ယာန်တို့သည်လည်း ထိုနည်းတူ ဖြစ်ရမည်။
သေခြင်းမှလွန်လျှင် ခရစ်ယာန်တို့ အတွက် နေစရာ အိမ်ခန်း များကို သခင်ခရစ်တော်က တည်ဆောက်ထားပေးပြီးဖြစ်၍ သေ ခြင်းတည်းဟူသော သင်္ချိုင်းကို ကြောက်စရာ မလိုတော့ပါ။ သင်္ချိုင်း ၏ အလွန်တွင် ကျွန်တော်တို အတွက်ဖြစ်သော “နေအိမ်’ ရှိနေပါ သည်။
၂၅၉။ ဂီတတီးဝိုင်းခေါင်းဆောင်တစ်ဦးသည် ကမ္ဘာကျော်တေး သီချင်းတစ်ပုဒ်ဖြစ်သည့် “မေရှိယ”ကို သီဆို လေ့ကျင့်ပေးနေသည်။ သံစုံသီချင်းသည်များသည် အားရပါးရ သီဆိုနေကြသည်။ ထိုစဉ် “ငါတို၏ ရွေးနှုတ်ရှင်သည် အသက်ရှင်နေကြောင်း ငါတို သိ သည်”ဟူသော အပိုဒ်သို့ ရောက်လာသောအခါ၊ တပင်တိုင် သီဆို ရသည်။ အသံကောင်းလှသည့် မိန်းကလေးတစ်ဦးတည်းက ထို သီချင်းသားများကို သေချာစွာ သီဆိုလိုက်သည်။
အသံသည် မှန်သည်၊ ကောင်းလည်းကောင်းသည်၊ စကားလုံး များ ပီသလှသည်။ ထိုအပိုဒ်ကို သီဆိုပြီးသွားသည့်အခါ၊ တီးဝိုင်း ခေါင်းဆောင်ဖြစ်သူက ခေါင်းညိတ်အားပေးမှုကို သံစုံသီချင်းသည် များက မျှော်မှန်းထားခဲ့ကြသည်။
သို့သော် တီးဝိုင်းခေါင်းဆောင်ကြီးက ခေါင်းခါလိုက်သည်။ မကျေနပ်သည့် ဟန်အမူအရာကိုပြသည်။ တပင်တိုင် သီဆိုလိုက် သော ထိုမိန်းကလေးရှိရာအနီးသို လျှောက်သွားသည်။ ထိုနောက် ထိုမိန်းကလေးအား စူးစိုက်ကြည့်ပြီး “ဒီမှာ မိန်းကလေး၊ ငါတို့ ရဲ့ ရွေးနှုတ်ရှင်ဟာ တကယ်ပဲ အသက်ရှင်နေတယ်ဆိုတာ မင်းအ ဟုတ်ပဲ ယုံကြည်ရဲ့ လား”ဟု မေးလိုက်သည်။
“ယုံပါတယ်ဆရာ”ဟု ထို မိန်းကလေးက ဖြေလိုက်၏။
“ ဒီလိုဆို မင်းဟာ တကယ်ပဲ ယုံကြည်တဲ့အတိုင်း စိတ်ပါလက် ပါ အားရပါးရ ဆိုပြစမ်းပါ။ မင်းဟာ အဲဒီလိုပဲ ယုံကြည်နေကြောင်း ကို နားသောတဆင်နေကြမယ့် လူအများကိုလည်း သိသွားပါစေ ကဲ တစ်ခေါက် ပြန်ဆိုကြမယ် ဟေ့”ဟု ပြောပြီး ထိုတေးသီချင်းကြီး ကို တကျော့ ပြန်ဆိုစေပြန်၏။
ထိုတစ်ကြိမ်တွင် တပင်တိုင်သီဆိုရသည့် မိန်းကလေးက သူ၏ နှလုံးသားထဲ၌ လှိက်လှဲစွာ ခံစားချက်အတိုင်း အားရပါးရ သီဆို လိုက်လေတော့၏။ တီးဝိုင်းခေါင်းဆောင်ကြီး ကိုယ်တိုင်ကပင်လျှင် မျက်ရည်များ ဝိုင်းလာလျက် “အေး ငါတို ရဲ့ ရွေးနှုတ်ရှင်ဟာ တ ကယ်ပဲ အသက်ရှင်နေတယ်ဆိုတာ မင်းယုံကြည်ကြောင်း ငါသိရပါ ပြီး၊ နားသောတဆင်ကြမယ့် သူများဟာလည်း ဒီအတိုင်း ယုံကြည် သွားရအောင် အားရပါးရ ပျော်ပျော်ကြီး ဆိုပြလိုက်စမ်းပါ ကွာ”ဟု ပြောလိုက်လေတော့၏။
ကျွန်တော်တို့၏ ရွေးနှုတ်ကယ်တင်ရှင်သည် သေခြင်းမှ ရှင် ပြန်ထမြောက်ပြီး အကယ်ပင် အသက်ရှင်နေကြောင်း ကျွန်တော်တိုသည် ယုံကြည်ကြပါရဲ့လား။ ထိုသိုဆိုလျှင် ကျွန်တော်တို ၏ ယုံကြည်ချက်၊ စိတ်ထဲ၌ လှိက်လှဲစွာ ခံစားရချက်တိုကိုပါ သူတစ်ပါး တို အား အသိပေးရန် မသင့်ပေဘူးလား။ “
၂၆၀။ ဖိနပ်ချုပ်သမားကြီးတစ်ဦးသည် ပင်လယ်ကမ်းစပ်ရှိ တဲအိမ်လေးတစ်အိမ်ထဲ၌ တစ်ကိုယ်တည်း နေထိုင်လျက် ရှိသည်။ သူ၏ အခန်းကလေးသည် ကျဉ်းကျပ်လှလျက် ဖိနပ်များ၊ သားရေ များနှင့် ပြည့်လျက်ရှိသည်။
ဓမ္မဆရာတစ်ဦးက သူ့ထံ မကြာခဏ အလည်သွားပြီး “တစ်ခါ တစ်လေ ဒီအခန်းလေးထဲမှာပဲ အလုပ်လုပ်နေရတော့ စိတ်မကျဉ်း ကျပ်ပေဘူးလား”ဟု မေးရာ၊ သူက “ဟင့်အင်း၊ စိတ်ကျဉ်းကျပ်လာ တဲ့အခါ ပြတင်းပေါက်ကို ဖွင့်ပြီး၊ အပြောကျယ်လှတဲ့ ပင်လယ်ပြင် ကြီးကို ကြည့်နေမိပါတယ်။ အဲဒီတော့ စိတ်ဟာ ရှင်းလင်း အေးမြ သွားပါတယ်” ဟု ဖြေလိုက်ပါ၏။
အီစတာနေ့ နံနက်သည် ကျဉ်းကျပ်နေသော လူတို၏ စိတ် နှလုံးတံခါးများကို ဘုရားသခင်က ဖွင့်ပေးလိုက်သည် နှင့်တူသည်။
မိမိတို၏ ကျဉ်းမြောင်းသော အမြင်ကလေးမှ တံခါးပွင့်ထွက် သွားပြီး ဘုရားသခင်၏ အနန္တတန်ခိုးတော်၊ အကြံအစည်တော်၊ သေခြင်းကို အောင်နိုင်သော စွမ်းအားနှင့် တန်ခိုးအာနိသင်တိုကို ကိုယ်တော်က ဖော်ပြလိုက်ခြင်း ပေတည်း။
၂၆၁။ ကွေကာဂိုဏ်းဝင် ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဒေါက်တာ ရူဖတ်(စ်)ဂျုံသည် သူ၏ (၁၁)နှစ်အရွယ် သားငယ်က လေး ဆုံးပါးသွားပြီးချိန်၌ အလွန်ပင် စိတ်ပျက်အားလျော့နေသည်။ ထိုကြောင့် တစ်နေ့တွင် တစ်ကိုယ်တည်း လမ်းလျှောက်ထွက်သွားသည်။
အိမ်တစ်အိမ်မှ ကလေးမလေးတစ်ဦးသည် အိမ်၏ခြံဝင်း ဝမှ ထွက်လာပြီးလျှင် ထိုသံတံခါးသည် အလိုအလျှောက် ပြန် သားသည်ကို တွေ့ရသည်။ ကလေးမလေးသည် ခြံဝင်းတွင်း ပြန်ဝင်လိုသော်လည်း ထိုသံတံခါးကို အပြင်မှနေ၍ ဖွင့်၍ မရနိုင်ဘဲ ဖြစ်နေရသည်။ ထိုကြောင့် အော်ဟစ်၍ ငိုသည်။ ခြံဝင်းထဲမှ မိခင် ဖြစ်သူက ပြေးထွက်လာကာ သမီးငယ်ကို ပွေ့ချီပြီ နမ်းရှုလိုက် သည်။
“မေမေ လာမှာပေါ့ သမီးရယ်၊ ဘာကြောင့် ငိုနေတာလဲ”ဟု ဆိုကာ သမီးကို ချော့မြူပြီး ခြံဝင်းထဲသို ပြန်ဝင်သွားသည်ကို တွေ့လိုက်ရတော့၏။ ဒေါက်တာ ဂျုံးသည် ထိုအဖြစ်ကိုမြင်ပြီး ကြီးစွာသော နောင်တရခဲ့သည်။
မေတ္တာသည် ပိတ်နေသော တံခါးများကို ပွင့်စေသည်။ “တံခါး ၏ တစ်ဖက်တွင် မေတ္တာတော်ရှင်ရှိနေသမျှ ကာလပတ်လုံး ဘာမျှ ဝမ်းနည်းကြေကွဲနေစရာမလို”ဟု သူက မြင်လာသည်။
ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းသည် ထိုမေတ္တာတော်ကို ဖော်ပြနေသည်။ ဘုရားရှင်၏ အနန္တမေတ္တာတော်သည် သေခြင်း၏ တံခါးကိုပင် ပွင့်လာစေသည် မဟုတ်ပါလား။
၂၆၂။ ဖခင်နှင့် သားဖြစ်သူ နှစ်ဦးတို သည် ပင်လယ်ထဲ၌ သင်္ဘောပျက်၍ သစ်သားအပိုင်း အစတစ်ခုကို တွယ်ထားနေကြရ သည်။
လှိုင်းလုံးတို့သည် ကြီးမားလှသဖြင့် ကုတ်တွယ်ထားသော သားသည့် ထိုလှိင်းလုံးများနှင့်အတူ မျောပါသွားသည်။ ဖခင်ဖြစ်သူလည်း မေ့မြောသွားခဲ့ပြီး နောက်တစ်နေ့ မနက်တွင် ကယ် ဆယ်ခြင်းကို ခံရသည်။
ပင်လယ်ကမ်းစပ်ရှိ တံငါအိမ်တစ်အိမ်၌ ဖခင်ဖြစ်သူသည် ပြန် လည် သတိရလာသည်။ မျက်လုံးများ ပွင့်လာသောအခါ၊ အိပ်ရာ တစ်ခုပေါ် ရောက်နေကြောင်း မိမိကိုယ်ကို တွေ့ရသည်။ သူ၏ သားငယ်ကို ချက်ချင်းသတိရမိပြီး ဘေးသို ခေါင်းငဲ့ကြည့်လိုက်ရာ သူ၏ သားသည်လည်း သူ၏နည်းတူ ကုတင်တစ်လုံး၌ လဲလျောင်း နေသည်ကို တွေ့လိုက်ရပါတော့၏။ – သေခြင်းသည်လည် ထိုနည်းတူ ဖြစ်သည်။ ။
ကျွန်တော်တို သည် အချိန်အခါ အားလျော်စွာ လှိင်းလုံးများ ပုတ်ခတ်၍ တစ်ယောက်ပြီးတစ် ယောက် သေခြင်း ဝဲသြဃထဲသို့မျောပါသွားကြမည်သာ ဖြစ်သည်။ သိုသော် ခရစ်တော်၏ ရှင်ပြန် ထမြောက်ခြင်းက ကျွန်တော်တို အား အာမခံချက်ပေးနေသည်။
တစ်နေ့တွင် မျက်လုံးများ ပြန်ပွင့်လာ၍ ပြန်လည်နိုးထလာ သောအခါ၊ ကျွန်တော်တို၏ ချစ်သူများသည်လည်း နံဘေး၌ ရှိနေ ကြသည်ကို တွေ့မြင်ကြရပါလိမ့်မည်။
၂၆၃။ လူတစ်ဦးက ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းကို ငြင်းဆိုနေသည်။ ဆင်ခြေ အမျိုးမျိုးပေး၍ ကန့်ကွက်ချေပနေသည်။
“ခရစ်တော်မှလား။ ကျွန်တော်ကလည်း “ငါသည် ထမြောက် ခြင်းအကြောင်း၊ အသက်ရှင်ခြင်းအကြောင်း ဖြစ်၏” လို ကြွားလုံး ထုတ်နိုင်တာပဲ”ဟု ဆိုလေရာ၊ ဘေးရှိလူတစ်ဦးက “ဟုတ်ပါတယ်။ ခင်ဗျားအနေနဲ့ ဒီလို ကြွားလုံး ထုတ်နိုင်ပါတယ်။ လူအများကို ဒီလိုပြောနိုင်ပါတယ်။ ဒါပေမယ့် လူအများက အဲဒီစကားကို တကယ် ပဲ ယုံကြည် သက်ဝင်သွားရအောင် လုပ်နိုင်ပါ့မလား” ဟု မေးလိုက် ရာ တွေဝေငေးမောသွားခဲ့တော့၏။
ခရစ်တော်သည် ရှင်ပြန်ထမြောက်ခြင်းအကြောင်း၊ အသက် ရှင်ခြင်းအကြောင်း မိန့်တော်မူခဲ့ရုံမက၊ လူအများက ထိုစကား တော်ကို ယုံကြည်စိတ်ချလာကြစေရန်” သက်သေပြနိုင်ခဲ့သောကြောင့်လည်း ခရစ်ယာန်အသင်းတော်သည် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ မှ ယခုထက်တိုင် သက်ရှင်ရပ်တည်နေနိုင်ခြင်းပင် မဟုတ် ပေဘူးလား။
၂၆၄။ ဓမ္မဆရာကြီးတစ်ဦးသည် ကွယ်လွန်ခါနီးဖြစ်နေသော သူ၏ ဇနီး ကုတင်ဘေး၌ ထိုင်လျက်နေသည်။ ဇနီးဖြစ်သူကလည်း သူ့အနေဖြင့် ဆုံးပါးတော့မည်ကိုသိနေ၍ “မပူပါနဲ့ တစ်နေ့ကျရင် ဒိုတစ်တွေ ပြန်တွေ့ကြမှာပေါ့နော်”ဟု နှစ်သိမ့် စကားပြောခဲ့ပြီး နောက် ကွယ်လွန်သွားခဲ့သည်။ တစ်လကျော်ကြာသောအခါ ထိုဓမ္မဆရာကြီး၏ သားငယ်သည်လည်း သေခါနီးဆဲဆဲ ဖြစ်နေပြန်သည်။ ဓမ္မ ဆရာကြီးသည် လည်း သေဆုံးခါနီးဖြစ်နေသော သားငယ်၏ ကုတင်ဘေး၌ ထိုင် လျက်နေသည်။ သူ၏ စိတ်နှလုံးသည်လည်း ကြေကွဲလျက်ရှိသည်။ ထိုစဉ် သားငယ်က ပြောလိုက်သည်။ “ဖေဖေ ကျွန်တော်လေ။ အလင်းရောင်ကြီးတစ်ခုကို မြင်လာရတယ် ဖေဖေရယ်။ အဲဒီ အလင်းရောင်ဟာ အနီးကို လာနေပြီ ဖေဖေ၊ လာနေပြီ။ ပြီးတော့ ပြီးတော့ မေမေ့ကိုလည်း တွေ့ရတယ်။ ဟုတ်ပါတယ် ဖေဖေ အ လင်းရောင်နဲ့ အတူ မေမေလည်း ပါလာတယ်။ ကျွန်တော့်ကို မတားနဲ့ တော့ ဖေဖေ၊ မေမေ့ဆီကို ကျွန်တော် သွားမယ် တစ်နေ့ကျ ကျွန်တော်တို အားလုံး ပြန်တွေ့ကြမှာ ပေါ့နော်”ဟု ပြောကာ ကွယ်လွန်သွားရှာတော့၏။
ရှင်ပြန်ထမြောက်ခြင်း၏ တန်ခိုးတော်သည် ယုံကြည်သူများ လေးကို သေခြင်း၏ တစ်ဘက်ကမ်း၌ ပြန်လည် စုံစည်းပေးနေပါ၏။
RICHES ပစ္စည်းဥစ္စာကြွယ်ဝခြင်း
၂၆၅။ ၁၉၂၃ ခုနှစ်က အမေရိကန်ပြည်ချီကာဂိုမြို၌ သန်း ကြွယ်သူဌေးကြီးများသည် စည်းဝေးတစ်ခု ကျင်းပကြသည်။
တစ်ဦးမှာ သံမဏိစက်ရုံများ ပိုင်ရှင်တစ်ဦးဖြစ်သည့် “ချားလ် (စ်)ခွက်(ပ်)” ဆိုသူ ဖြစ်သည်။ နောက်တစ်ဦးမှာ ဂျုံစပါးလယ်ပိုင် ရှင်ကြီး “အာသာကပ်တင်းဆိုသူ ဖြစ်သည်။ နောက်တစ်ဦးမှာ နယူး ရောက်မြိုရှိ စီးပွားရေး “ စတောက်” အစုရှယ်ယာလဲလှယ်ရောင်းချ သည့် ပွဲစားများအသင်း (Stock Exchange) ၏ ဥက္ကဌဖြစ်သူ ‘ရစ်ချတ်ဝစ်တနီ” ဆိုသူ ဖြစ်သည်။
နောက်တစ်ဦးမှာ သန်းကြွယ်သူဌေးဖြစ်ရုံမက သမ္မတ၏ ဝန် ကြီး အဖွဲဝင်လည်းဖြစ်သည့် “အယ်(လ်)ဘတ်ဖဲ (လ်) ဆိုသူ ဖြစ် သည်။ နောက်တစ်ဦးမှာ “စီးပွားရေး ဝက်ဝံကြီး” ဟူ၍ပင် အခေါ်ခံ ရသော သူဌေးကြီး “ဂျက်စီလီဗာ မိုး” ဖြစ်သည်။ နောက်တစ်ဦးမှာ ဘဏ်တိုက်များပိုင်ရှင်သူဌေးကြီး “လီရွန်ဖရေဇာ” ဆိုသူဖြစ်သည်။ နောက်တစ်ဦးမှာ သန်းကြွယ်သူဌေးကြီး ဖြစ်သူ “အိုင်ဗင်ဟရူးဂါး ဆိုသူ ဖြစ်၏။
သူတို့ အားလုံး၏ ပစ္စည်းဥစ္စာများကို စုပေါင်းလိုက်လျှင် အမေရိကန်ပြည်အစိုးရ ငွေတိုက်ကြီးများ၌ ရှိသမျှသော ဘဏ္ဍာ ထက်ပင် များနေသည်ဟူ၍ပင် ဆိုနိုင်သည်။
သတင်းစာ ဆရာများ၊ စာနယ်ဇင်းလောကမှ ပုဂ္ဂိုလ်များက လည်း ထိုသူတို အကြောင်းကို ချီးကျူးမြှောက်စား ရေးသားကြပြီး “ဤလောကတွင် အလွန်အောင်မြင်သော ပုဂ္ဂိုလ်များ” ဟူ၍ပင် ဂုဏ်ပြုရေးသားကြသည်။ လူတိုင်း လူတိုင်းက ထိုသူများ၏ ခြေရာ သို လိုက်သင့်သည် ဟူ၍လည်း တိုက်တွန်းကြသည်။
ဤလောကတွင် အရေးကြီးဆုံးသောအရာမှာ ဥစ္စာပစ္စည်းပင် ဖြစ်၍ လောက၌ အရာခပ်သိမ်းကို တတ်နိုင်သည်ဟု သူတိုက လည်း ဟစ်ကြွေးကြသည်။
(၂၅)နှစ်အကြာ ၁၉၄၈ ခုနှစ်တွင် ထိုသူများ၏ အခြေအနေ အားလုံးကို ပြန်၍ စီစစ်ကြည့်ကြပါစို။
သံမဏိ သူဌေးကြီး “ချား(စ်)ဆွက်(ပ်)သည် သေခါနီး နောက် ဆုံးသော ငါးနှစ်၌ လူအများထံမှ ပိုက်ဆံများ ချေးယူနေခဲ့ရပြီး ပိုက်ဆံတစ်ပြားတစ်ချပ်မျှ မရှိဘဲ ဆင်းရဲနွမ်းပါးသူတစ်ဦးအနေဖြင့် သေဆုံးသွားခဲ့ ရရှာ၏။
ဂျုံလယ်ယာပိုင်ရှင် “အာသာကပ်တင်”သည် နိုင်ငံခြားတွင် မျက်နှာမွဲဖြင့် သေဆုံးခဲ့ရသည်။
အစုရှယ်ယာ ပွဲစားများအသင်းဥက္ကဌကြီး “ရစ်ချတ်ဝစ်တနီ” သည် “ဆင်းဆင်း” ဟုခေါ်သည့် ထောင်ထဲတွင် ကြာမြင့်စွာ အ ကျဉ်းခံနေရပြီးမှ လွတ်လာပြီး ဆင်းရဲနွမ်းပါးစွာ သေဆုံးခဲ့ရသည်။
သမ္မတ၏ ဝန်ကြီးအဖွဲ့ဝင်လည်းဖြစ်သည့် သန်းကြွယ်သူဌေး ကြီး “အယ်(လ်)ဘတ်ဖေါ(လ်) သည် နေအိမ်၌ သေပါရစေ” ဟူ၍ အစိုးရအာဏာပိုင်များအား ပန်ကြားချက်ကြောင့် ထောင်ထဲမှ သူ့ ကိုလွတ်လိုက်သဖြင့် သူ၏ နေအိမ်၌ပင် မျက်နှာမွဲဖြင့် သေဆုံးသွား ခဲ့ရသည်။
စီးပွားရေး ဝက်ဝံကြီး “ဂျက်စီလီဗာမိုးသည် မိမိကိုယ်ကို သတ် သေသွားခဲ့သည်။
ဘဏ်တိုက်များပိုင်ရှင် သူဌေးကြီး “လီရွန်ဖရေဇာသည် မိမိ ကိုယ်ကို သေနတ်ဖြင့် အဆုံးစီရင်သွားခဲ့ပါ၏။
ဤ အကြောင်းအရာအားလုံးသည် တကယ့်ဖြစ်ရပ်မှန်များပင် ဖြစ်သည်။
ပစ္စည်းဥစ္စာ ဓနအပေါ်၌ “မဏ္ဍိုင်ပြု အသက်ရှင်နေကြခြင်း၏ ရလဒ်မှာ ထိုသိုပင်တည်း။ ၊
ထိုကြောင့်လည်း ခရစ်တော်က “သံချေး၊ ပိုးရွဖျက်ဆီး၍ သူခိုး ထွင်းဖောက်ခိုးယူရာ မြေကြီးပေါ်၌ ဘဏ္ဍာကို မဆည်းပူးကြနှင့်။ သံချေး၊ ပိုးမဖျက်ဆီး၊ သူခိုးမထွင်းဖောက် မယူနိုင်သော ကောင်း ကင်နိုင်ငံ၌သာ ဘဏ္ဍာကို ဆည်းပူးစုဆောင်းထားကြလော့”ဟူ၍ မိန့်တော်မူခဲ့ခြင်း ဖြစ်ပါ၏။
၂၆၆။ တစ်ခါက အလွန်ပင် ဆင်းရဲနွမ်းပါးလှသော ဓမ္မဆရာ ကြီးတစ်ဦး၏ အသုဘကို လိုက်လံပိုဆောင်သူများမှာ မိုင်ပေါင်းများ စွာ ရှည်လျားသည်။ ထိုဆရာကြီး အသက်ရှင်ခဲ့စဉ် ဆင်းရဲချမ်းသာ သူမရွေး၊ လူမျိုး၊ လူတန်းစားမရွေး လိုက်လံကျေးဇူးပြုခဲ့သူတစ်ဦး ဖြစ်ခဲ့၍လည်း တစ်မြိုလုံးက သူ့ကို ချစ်ခင်လေးစားမြတ်နိုးကြ သည်။ သူ၏ အသုဘကိုလိုက်လံပိုဆောင်သူများမှာ အောက်တန်း စာ တံမြတ်စီးလှည်းသူ၊ ဆိုက်ကားသမား၊ မြင်းလှည်းသမားများမှအစ သူဌေးသူကြွယ်ကြီးများအထိ ပါကြသည်။
သင်္ချိုင်းသိုရောက်သည့်အခါ သဂြိုဟ်ပေးသည့် ဓမ္မဆရာ အလွန်မွန်မြတ်လှသော စကားတစ်ခွန်းကို ဆိုလိုက်သည်။
“ ဒီနေ့မှာ ကျွန်တော်ဟာ အလွန်ချမ်းသာကြွယ်လှပတဲ့ ပုဂ္ဂိုလ် ကြီးတစ်ဦးကို သဂြိုဟ်နေခြင်း ဖြစ်ပါသည်။ ဘာဖြစ်လိုလဲဆိုတော့ သူ့ရဲ့ ကြွယ်ဝလှတဲ့ ပစ္စည်းဥစ္စာများကို လူများလို ဒီလောကမှာ မထားပစ်ခဲ့ရဘဲ သူနဲ့ အတူယူ ဆောင်သွားနိုင်တဲ့ ပုဂ္ဂိုလ်ကြီးဖြစ် လို ပါပဲ”ဟု ဟောပြောလိုက်ခဲ့ပါ၏။
၂၆၇။ ဆင်းရဲနွမ်းပါးလှသော ဓမ္မဆရာတစ်ဦးအား အမြတ် ခွန် အရာရှိက စစ်ဆေးနေသည်။
“ကျွန်တော်ဟာ အင်မတန် ချမ်းသာကြွယ်ဝတဲ့လူပါ” ဟု ဆရာ က ပြောလေရာ၊ အမြတ်ခွန်အရာရှိက အံ့ဩပြီး သူပိုင်ဆိုင်သမျှကို စာရင်းပြုစုခိုင်းလေသည်။
“ကျွန်တော့်မှာ တန်ဖိုးမဖြတ်နိုင်တဲ့ ကယ်တင်ရှင်တစ်ပါးကို ပိုင်ဆိုင်ပါတယ်။ အဲဒီကယ်တင်ရှင်ကြောင့် ထာဝရအသက်ကို ပိုင် ဆိုင်နေပါတယ်” ဟု ဆိုရာ၊ အမြတ်ခွန် အရာရှိက ပြုံးပြီး ဆက် ပြောခိုင်းသည်။
“အင်း၊ နောက်တခုက၊ ကျွန်တော့်မှာ အင်မတန်သတ္တိရှိပြီး၊ ဒုက္ခမျိုးစုံကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်တဲ့ ဇနီး တစ်ဦးကိုလည်း ပိုင်ဆိုင်ပါ သေးတယ်”ဟု ဆိုပြန်၏။
“နောက်ပြီး၊ ကျန်းမာ လန်းဆန်းပြီး၊ အင်မတန်လိမ္မာကြတဲ့ သားသမီးများလည်း ပိုင်ဆိုင်ပါသေးတယ်”ဟု ဆက်ပြော၏။ “ဒါတင် မကသေးဘူး၊ ကျွန်တော့်မှာ လောကနဲ့ဘဝကို ပျော်ပျော်ရွှင်ရွှင်၊ ဝမ်းမြောက်ကြည်နူးစွာ ရင်ဆိုင်စေတဲ့ နှလုံးသားကို လည်း ပိုင်ဆိုင်ပါသေးတယ်” ဟု ဆိုပြန်၏။
ထိုအခါအမြတ်ခွန်အရာရှိက သူ၏စာအုပ်ကို ပိတ်လိုက်သည်။ “ဆရာဟာ အင်မတန် ချမ်းသာတဲ့လူပဲ။ ခက်တာက အဲဒီ ပစ္စည်းဥစ္စာတွေပေါ်မှာ ကျွန်တော် အမြတ်ခွန်ကောက်လို မရပါ ဘူးဗျာ”ဟု ပြောပြီး ထွက်သွားပါတော့၏။
၂၆၈။ လူတစ်ဦးက အခြားသူများကို တွေ့တိုင်း “ခင်ဗျားဟာ ဘယ်လောက်တန်ဖိုးရှိသလဲ” ဟု မေးကတ်ရာ၊ လူအများက သူတို ၏ ဥစ္စာပစ္စည်းများကိုသာ ပြောပြလေ့ရှိသည့်အတိုင်း သူကခေါင်း ခါလေ့ရှိသည်။
သူ၏အဖြေမှာကား “လူတစ်ဦးရဲ့ တန်ဖိုးဟာ ပစ္စည်းဥစ္စာအ ပေါ်မှာ မရေတွက်ရဘူး။ သူရဲတန်ဖိုးကို ချိန်ဆဘို သုံးမျိုးရှိတယ်။ အဲဒါကသူဟာ ပတ်ဝန်းကျင်လောက၊ ရပ်ရွာ၊ မြိုနယ်၊ တိုင်းပြည် အတွက် သူဟာ ဘယ်လောက် တန်ဖိုးရှိသလဲလို မေးပြီး သုံးသပ် ကြည့်ရတယ်။ နောက်တစ်ခုကတော့ သူ့ရဲ့ မိတ်ဆွေတွေဟာ သူ့ကို ဘယ်လို တန်ဖိုးထားကြသလဲလို မေးရတယ်။ နောက်ဆုံးကတော့ ခရစ်တော်ရဲ့ အသင်းတော်အတွက် သူဟာ ဘယ်လောက် တန်ဖိုးရှိ သလဲလို မေးရတယ်။ လူတစ်ယောက်ရဲ့ တန်ဖိုးဟာ အဲဒါတွေအ ပေါ်မှာ မူတည် ဆုံးဖြတ်ရတယ်” ဟုပြောလေ့ရှိပါ၏။
၂၆၉။ အလွန်ပင် ချမ်းသာကြွယ်ဝသော်လည်း အလှူဒါန မပြုဘဲ၊ တကိုယ်ကောင်းဆန်ဆန် အသက်ရှင်နေသော တပည့်တော်တစ်ဦးကို ဆုံးမပဲ့ပြင်လို၍ ဓမ္မဆရာတစ်ဦးက ထိုသူ့ထံသို သွားသည်။ ထိုသူ၏ရှေ့တွင် သမ္မာကျမ်းကို ဖွင့်ပြီး ကျမ်းစာပိုဒ်များကို မဖတ်ပြ။ သို သော် “ဘုရားသခင်” ဟူသော စကားတစ်လုံးကို လိုက်ရှာ၍ တွေ့သောအခါ ထို စကားကို ပြသလေသည်။
“ခင်ဗျား အဲဒီစကားလုံးကို မြရရဲလား” ဟု မေးရာ၊ ထိုသူက ခေါင်းညိတ်သည်။ “မြင်ရပါတယ် “ဘုရားသခင်” လို ရေးထားပါ တယ်” ဟု ဖြေ၏။
ထိုနောက်ဆရာ၊ ပိုက်ဆံအကြွေတစ်ပြားကိုယူပြီး ထိုစကားလုံး ပေါ်၌ တင်ပြလိုက်သည်။ အဲဒီ “ဘုရားသခင်” ဆို တဲ့ စကားလုံးကို မြင်ရသေးလား” ဟု မေးရာ၊ ထိုသူက မမြင်ရတော့ကြောင်း ဖြေ၏။
ဓမ္မဆရာသည် ကျမ်းစာအုပ်ကိုပိုက်ပြီး အိမ်ပြန်လာတော့၏။
ထိုသူဌေးကြီးသည် ချက်ခြင်း သဘောပေါက် သွားသည်။ “ပိုက်ဆံကြေးငွေသည် ဘုရားသခင်ကို ဖုံးကွယ်ထား နိုင်ပါတကား” ဟူသော သင်ခန်းစာကို ရခဲ့ခြင်းပေတည်း။
၂၇၀။ အလွန်ကပ်စေးနဲ၍ ပိုက်ဆံပစ္စည်းဥစ္စာကို အလွန်အ မင်း တပ်မက်မောလှသော သူဌေးကြီးတစ်ဦး ရှိသည်။
သူ၏နေအိမ်မြေအောက်ခန်းထဲ၌ ရွှေ၊ ငွေများကို သိုဝှက်ထား သည်။ ရွှေဒင်္ဂါးများကို သေတ္တာကြီးများထဲ၌ ထားပြီး နေ့စဉ်လိုလို သွားရောက်ရေတွက်လေ့ရှိသည်။ ရွှေဒင်္ဂါးပြားများ ဆုပ်ပြီး မြှောက် ကိုင်ကာ သူ၏ လက်ချောင်းများ ကြားမှ ပြန်၍ ကျလာလျှက် ထွက်ပေါ်လာသော တချွင်ချွင် အသံများကို နားထောင်၍မဝ ဖြစ် နေတတ်သည်။ “ငါးရဲ့ ရွှေတွေ၊ ငါ့ရဲ့ ငွေတွေ” ဟူ၍လည်း ပါးစပ်မှ တတွတ်တွတ် ရွတ်နေတတ်သေးသည်။
တစ်နေ့တွင် မြေအောက်ခန်းထဲ၌ ရွှေငွေများကို ထုံးစံအတိုင်း ရေတွက်နေစဉ်၊ မြေအောက်ခန်း၏ တံခါးဝှက်သည် မတော်တဆပိတ်သွားသည်။ တံခါး၏ စပရင် သံချိတ်သည် လည်းအလိုအ လျှောက် ချိတ်မိပြီး၊ မြေအောက်ခန်းတွင်းမှ ထိုတံခါးကို ဖွင့်၍မရဘဲ ဖြစ်သွားတော့၏။
သူ၏ မြေအောက်ခန်းထဲမှ အောဟစ်နေခဲ့သော်လည်း အပြင် ဘက်မှ တစ်စုံတစ်ယောက်မှ မကြားနိုင်ခဲ့။
နှစ်ပေါင်း များစွာကြာသော် သူ၏ ရွှေပုံငွေပုံများကြား၌ သူ၏ အရိုးများကိုသာ လူအများက တွေ့ကြရပါတော့၏။
၂၇၁။ လူငယ်ကလေးတစ်ဦးသည် လိပ်ပြာကလေးတစ်ကောင် ကို ပိုက်ကွန်ကလေးဖြင့် လိုက်လံဖမ်းနေသည်။ ထို လိပ်ပြာလေးကို မရမနေ လိုက်လံဖမ်းနေရင်းနှင့် လမ်းပျောက်သွားခဲ့သည်။
ပြန်လမ်း ရှာမတွေ့၍ တစ်နေ့နှင့် တစ်ည အစာရေစာငတ် ကာ ပျောက်ဆုံးနေခဲ့သည်။
လိပ်ပြာကဲ့သို သော တတ်မက်မောစရာတစ်ခုကို မရမနေ လိုက်လံ ဖမ်းစီးနေရင်း ကျွန်တော်တို သည်လည်း ဘဝ အသက် တာထဲ၍ ပျောက်သွားနိုင်တတ်ပါသည်။ ထွက်ပေါက်မရှိသော လမ်း ဆုံးသို ရောက်သွားနိုင်သည်။ ကျွန်တော့်ကို မရမနေ လိုက်လံဖမ်း စီးနေသော လိပ်ပြာကလေးမှာ လောကီဥစ္စပစ္စည်းများ ပေလား။ တန်ခိုးအာဏာ၊ ရာထူးဌာနန္တရ ဂုဏ်ပကာသန အစရှိသည်တို့များ ပေလား။
၂၇၂။ ခရစ်တော်က သူဌေးသူကြွယ် ပိုက်ဆံကြွယ်ဝချမ်းသာ သူတိုကို ရှုတ်ချပြီး ဆင်းရဲသူတိုကို မြှောက်ပင့်ပေးနေခြင်း မဟုတ် ပါ။ ကိုယ်တော်က ပိုက်ဆံပစ္စည်းများကို တပ်မက်မောနေတတ် သော စိတ်မျိုးကိုသာ သတိပေး ဆုံးမနေခြင်း ဖြစ်သည်။ ဘုရားသခင်က ပေးအပ်ထားသော ပိုက်ဆံကြေးငွေတို့ ကို စစ်သုံးစွဲပြီး ဆင်းရဲနေသူ၊ ငတ်ပြတ်နေသူ၊ နွမ်းပါးနေသူတို ကို တင် နိုင်သမျှ အလှူဒါနပြုရေးနှင့် ပိုက်ဆံကြေးငွေတို ကို အလွန်အမင်း စွဲလမ်းတပ် မက်စေသော စိတ်မျိုးကို ဆုံးမပဲ့ပြင်နေခြင်းသာ ဖြစ်ပါ သည်။
ပိုလန်ပြည်သား ကမ္ဘာကျော် စန္ဒယားဝိဇ္ဇာ ဂီတပညာရှင်ကြီး ‘ မှာ “ပဒရူးစကီး” ဆိုသူ ဖြစ်ခဲ့သည်။
သူသည် ကမ္ဘာကိုလှည့်၍ သူ၏ ဂီတပညာစွမ်းရည်ကို ပြသနေ ခဲ့သည်။ တစ်ခါက လေလန်စတင်ဖို့ တက္ကသိုလ်မှ ဆင်းရဲနွမ်းပါး သော ကျောင်းသား (၂) ဦးအား ကျောင်းလခ အကူအညီပေးရေး အတွက် ဂီတ ဆည်းဆာပွဲသဘင်တစ်ခုကို ကျင်းပပေးရန် သဘော တူခဲ့သည်။ ထိုလူငယ်နှစ်ဦးကလည်း လိုအပ်သမျှကို စီစဉ် ပြင်ဆင် ပေးခဲ့ကြသည်။ သိုသော် ဂီတပညာရှင်ကြီး၏ မန်နေဂျာက သူ၏ ဆရာအတွက် ဒေါ်လာ (၂၀၀၀) ရမှ ဖြစ်မည်ဟု ထိုကျောင်းသား နှစ်ဦးအား ပြောထားခဲ့သည်။
ထိုကျောင်းသားနှစ်ဦးသည် အလွန်ပင် ကြိုးစားခဲ့သော်လည်း ထိုဂီတပွဲ၏ ဝင်ငွေမှာ ဒေါ်လာ (၁၆၀၀) သာ ဖြစ်ခဲ့သည်။ သူတို သည် ထိုဒေါ်လာ (၁၆၀၀) ကို ပဒရူးကီးအား အကုန်ပေးအပ်ခဲ့ပြီး ကျန်သော ဒေါ်လာ (၄၀၀)ကို အကြွေးအနေဖြင့် ထားပါရန် ပန် ကြားကြသည်။ ထိုဒေါ်လာ (၄၀၀) ကို နောင်မှ ပေးပါမည့်အကြောင်း ကတိခံဝန်ချက် ရေးကာ ပေးလိုက်ပြန်သည်။ ပဒရူးစကီး သည် ထိုခံဝန်ချက်ကို ဆွဲထုတ်ပစ်လိုက်ပြီး ဒေါ်လာ (၁၆၀၀)ကို လည်း ကျောင်းသားနှစ်ဦးအား အလှူအဖြစ် ပေးခဲ့လေတော့သည်။
ပထမကမ္ဘာစစ်ကြီး ဖြစ်ပွားခဲ့ပြီး ပိုလန်ပြည်တွင် စစ်ဘေးဒုက္ခကို အများက ခံစားကြရသည်။ ပဒစကီးသည် ပိုလန်ပြည်၌ ငတ် တ်ပြတ်ပြတ်ဖြစ်နေသော စစ်ပြေးဒုက္ခသည်များကို ကူညီမစနေ ရင်း အကူအညီ ထပ်မံ လိုအပ်လာသောအခါ အမေရိကန် သမ္မတ “ဟားဘတ်ကူးဗားထံ စာရေး၍ အကူအညီတောင်းလေသည်။
ချက်ချင်းပင် တန်ချိန်ပေါင်း မြောက်မြားစွာသော ရိက္ခာတို သည် ပိုလန်ပြည်သို့ ရောက်လာ သည်။ “ပဒရူးစကီး” သည် ပဲရစ်မြို သို ကိုယ်တိုင်သွားကာ သမ္မတကြီးအား ကျေးဇူးတင်စကား ပြော ကြားခဲ့သည်။
သမ္မတကြီးက “ကိစ္စမရှိပါဘူး ဆရာကြီးရယ်၊ ကျွန်တော့်မှာ တူညီနိုင်တဲ့ အခြေအနေ ရှိနေလာလို့ပါ။ ဒါပေမယ့် ဆရာကြီး သတိရသေးလား။ ကျွန်တော် တက္ကသိုလ် ကျောင်းသား ဘဝတုန်းက အက်အခဲတွေ့နေတဲ့ အခါမျိုးမှာ ဆရာကြီးက ကျွန်တော့်ကို ကူညီဆောင် မခဲ့ဘူးတာလေ”ဟု ပြောပြလိုက်သောအခါမှ၊ ထိုဆင်းရဲ နွမ်းပါးသော တက္ကသိုလ်ကျောင်းသားနှစ်ဦးကို ဆရာကြီး ပဒရူး စကီးက ပြန်၍ သတိရမိခဲ့ပါ၏။
ဂီတပညာရှင်ကြီး “ပဒရူးစကီးသည် သူ၏ ဂီတပညာစွမ်းရည် ကြောင့် ပိုက်ဆံ ချမ်းသာကြွယ်ဝခဲ့သော်လည်း ထိုပိုက်ဆံကြေးငွေ တိုကို စွန့်ကြဲပေးကမ်း လှူဒါန်းနေခဲ့သူ ဖြစ်ပါသတည်း။
SACRIFICE စွန့်လှူပူဇော်ခြင်း ၊
၂၇၃။ အလွန် နာမည်ကြီးလှသည့် ကမ္ဘာကျော် တရားဟော ဆရာကြီးတစ်ဦးသည် ခရီးသွားနေသည်။ သူ့ကို တတိယတန်းတွင် တွေ့ရ၍ လူများက အံ့ဩနေကြသည်။ သူသည် ဆေးရုံ၌ ခွဲစိတ်ကုသခြင်းခံရပြီး နာလန်ထခါစ ဖြစ်နေသေးသည်။
“ဘာကြောင့် တတိယတန်းက စီးနင်းလိုက်ပါလာပါသလဲ” မေးရာ “စတုတ္ထတန်း မရှိလို့ ပေါ့”ဟု ဖြေလိုက်သော ဟူ၏။
ထိုဆရာကြီးနှင့် ဇနီးတို သည် အလွန်ပင် ချွေတာ ခြိုးခြံစွာ နေထိုင်ခဲ့ပြီး ငွေများကို စုဆောင်းနေခဲ့သည်။ စုဆောင်း၍ ရသမျှသော ငွေများဖြင့် ဆင်းရဲနွမ်းပါးသူ လူငယ်များကို ကျောင်းထား ပေးသည်။ အမှုတော်လုပ်ငန်းများအတွက် အလှူငွေ ရက်ရောစွာ ထည့်သည်။ သူတို၏ စွန့်လှူပူဇော်မှုသည် ဘုရားသခင်၏ အမှုတော်အတွက်ပင် ဖြစ်ပါ၏။ မိမိတို့၏ အသက်တာအလုံးစုံကို စွန့် လှူပူဇော်ခြင်းလည်း မည်ပါ၏။
၂၇၄။ ခရစ်တော်သည် ကားတိုင်ထက်၌ ဝေဒနာ ခံစားနေရ စဉ် လူအများက “သူတစ်ပါးကို ကယ်တင်မည့်သူ ဟူ၍ ဟောပြော ကျေညာနေသော်လည်း သူ့ကိုယ်သူပင် မကယ်နိုင်ပါတကား”ဟု အော်ဟစ် လှောင်ပြောင်ကြသည်။ အမှန်မှာ ထိုစကားများသည် ပြက်ရယ်ပြုသော စကားများ ဖြစ်သော်လည်း ကိုယ်တော့်အား လှောင်ပြောင်ရှုတ်ချနေခြင်း မဟုတ်၊ ကိုယ်တော့်ကို ချီးကျူးပြောဆို နေခြင်းသာ ဖြစ်သည်။
မိမိကိုယ်ကိုသာ ကယ်တင်နေသူသည် သူတစ်ပါးကို မကယ် နိုင်ပါ။ သူတစ်ပါးကို ကယ်တင်သောသူသည် မိမိကိုယ်ကို မကယ် တင်နိုင်ပါ။
ဓမ္မဆရာကြီးတစ်ဦး၏ သင်္ချိုင်းဂူတစ်ခုတွင် ဖယောင်းတိုက် ပုံစံတစ်ခုကို ထွင်းထားသည်။ သို့ သော် ဖယောင်းတိုင်၏အောက် တွင် အောက်ပါအတိုင်း ကမ္မည်းထိုးထားသည်။
“သူသည် သူတစ်ပါးကို အလင်းပေးနေရင်းနှင့် သူ့ကိုယ်သူ လောင်ကျွမ်းခြင်းခံခဲ့ ရရှာသည်” ဟူသတည်း။
၂၇၅။ တူရကီပြည်၌ သာသနာပြုသော တရားဟောဆရာကြီး တစ်ဦးကို သူ၏ အစိုးရက တာဝန်ခံသံမှူးအဖြစ် ခန့်အပ်လို၍ စကားကမ်းလှမ်းခဲ့သည်။ ရရှိမည့် လာစာမှာလည်း သူ၏ လက်ရှိ သာသနာပြုလစာထက် အဆပေါင်း များစွာပင် ဖြစ်သော်လည်း သူက ငြင်းပယ်ခဲ့သည်။ အကြောင်းအရင်းကို မေးသောအခါ “ခရစ် တော်ရဲ့ သံအမတ် ကြီးအဖြစ်နဲ့ အမှုထမ်းဆောင်နေရာက အစိုးရ ရဲ့ သာမန်သံမှူးအဖြစ်နဲ့ ရာထူးအချခံပါ့မလားကွာ” ဟု ဖြေလိုက် လေ၏။
၂၇၆။ အသားမဲ ကပ္ပလီငွေဝယ်ကျွန်ကြီးတစ်ဦးသည် သူ၏ | လွတ်ငြိမ်ချမ်းသာခွင့်ကို တစ်သက်လုံး စောင့်မျှော်နေခဲ့ရှာသည်။ ထိုနေ့ရက်အတွက် ရသမျှသော ပိုက်ဆံကလေးကို စုဆောင်းခဲ့ သည်။ တစ်နေ့တွင် သူသည် ကျွန်အဖြစ် လွတ်ငြိမ်းချမ်းသာခွင့်ကို ရတော့မည်။ ထိုအခါ ဝါရှင်တန် ဂျော်ဂိုယာနယ်သို ပြန်ရန် မီးရ ထားခရီးစရိတ်အတွက် နေ့စဉ် မူးစုပြားစုဖြင့် နေခဲ့ရသည်။
တစ်နေ့တွင် ထိုကျွန်ကြီးသည် လွတ်ငြိမ်းချမ်းသာခွင့်ရလာ၍ ဝါရှင်တန်မြိုမှ ပြန်ရပေတော့မည်။ ကျွန်ဘဝက လွတ်မြောက်လာ ရန်ကိုပင် တစ်သက်လုံးလိုလို စောင့်ဆိုင်းခဲ့ရ၍ ဆံပင်များပင် ဖြူနေပေပြီ။ သူ၏ ဖိနပ်မှာလည်း ဖုံမှုန့်များ အလိမ်းလိမ်းကပ်နေ သည်။ ရပ်ဝေးမှ ထိုဝါရှင်တန် ဘူတာကြီးသို ခြေလျင်ခရီး လျှောက် လာခဲ့ရကြောင်းကို ထိုဖိနပ်များက ဖော်ပြနေသည်။
ဂျော်ဂိုယာနယ်သို သွားသည့် မီးရထား၌ ထိုင်စရာပင်မရှိသဖြင့် မတ်တတ်ရပ်လိုက် လာခဲ့ရသည်။ – မီးရထားလက်မှတ်စစ်ရောက်လာပြီး လက်မှတ်များကို လိုက် လံ စစ်နေသည်။ ထိုစဉ် မျက်နှာဖြူ အမျိုးသမီးတစ်ဦးတွင် လက် မှတ်မပါလာကြောင်းကို တွေ့ရတော့သည်။ ထိုအမျိုးသမီးက မျက် ရည်များဖြင့် လက်မှတ်စစ်အား ရှင်းပြ နေလေသည်။ “
“ကျွန်မရဲ့ ယောက်ျားဟာ အဆုတ်နာရောဂါစွဲနေခဲ့လို ပူတဲ့ ဒေသဖြစ်တဲ့ ဂျော်ဂျီယာနယ်ကို ပိုခဲ့ရပါတယ်။ ကျွန် မ ရှိသမျှကို ရောင်းချပေါင်းနှံပြီး ရလာတဲ့ငွေကို သူရဲ့ ခရီးစရိတ်နဲ့ သူရဲ့ ဆေး ဖိုးဝါးခအတွက် ပေးလိုက်ရပါတယ်။ မနေ့က သူဟာ သေခါနီးပြီ လို ကြေးနန်းရလို အခုချက်ချင်း လိုက်ခဲ့ရပါတယ်။ ကျွန်မမှာ ပိုက်ဆံတစ်ပြားမှ မရှိပါဘူးရှင်” ဟု မျက်ရည်လည်ရွှဖြင့် ရှင်းပြနေ ရှာ လေတော့သည်။
လက်မှတ်စစ်က ခေါင်းခါသည် “မီးရထားဌာနရဲ့ ဥပဒေအ တိုင်း လိုက်နာရမှာပဲ။ နိုမဟုတ်ရင် ကျွန်တော်ပါ အလုပ်ပြုတ်သွား မှာပါ။ အဲဒီတော့ နောက်ဆိုက်မဲ့ဘူတာမှာ ခင်ဗျား ဆင်းရပါလိမ့် မယ်”ဟု ပြတ်ပြတ်သားသားဆိုသည်။
ထိုအခါ ကပ္ပလီငွေဝယ်ကျွန်ကြီးသည် အနီးသို လျှောက်လာ သည်။
“ ဒီမှာ လက်မှတ်စစ်ဆရာကြီး၊ ကျွန်တော့်မှာ ဂျော်ဂျီယာနယ် အထိ သွားနိုင်တဲ့ လက်မှတ်ပါလာပါတယ်။ ဒါပေမယ့် ဒီလက်မှတ် ကို ဒီမှာထိုင်နေတဲ့ အမျိုးသမီးကြီးကို ပေးလိုက်ပါတယ်။ မီးရထားကို ရပ်ပေးပါတော့၊ ဒီနေရာကနေပြီး ဂျော်ဂျီယာနယ်အထိ ကျွန်တော် ပဲ လမ်းလျှောက်သွားပါတော့မယ်”ဟု ပြောလိုက်ပါတော့၏။
ရထားသည် ရပ်သွားလေပြီ။ အသားမဲ ကပ္ပလီကျွန်ကြီး သည် ထိုနေရာမှနေ၍ မိုင်ပေါင်းများစွာ ဝေးလှသော ဂျော်ဂျီယာ နယ်သို့ ခြေလျင်လျှောက်သွားရန် မီးရထားမှ ဆင်းသွားပါတော့ ၏။
စံတင်ထားလောက်သည့် “စွန့်လှူပူဇော်မှုကြီး” တစ်ရပ် ဖြစ်ပါ သည်တကား။
၂၇၇။ ဥပုသ်စာဖြေကျောင်းတွင် သင်ပြနေသော ဆရာတစ်ဦး သည် သူ၏ သင်တန်းတွင် လူငယ်လေးများစွာ တက်ရောက်ရန် လိုက်လံခေါ်နေသည်။
ဆင်းရဲနွမ်းပါးလှသော လူငယ်လေးတစ်ဦးက “ကျွန်တော်က ဥပုသ်စာဖြေကျောင်းကို တက်ချင်ပါရဲ့၊ ဒါပေမယ့် ကျွန်တော်မှာ ကုတ်အင်္ကျီမရှိလိုပါ”ဟု ဆိုလေရာ၊ ထိုဆရာက သူ၏ ကုတ်အင်္ကျီကို ချွတ်ပြီး လူငယ်လေးအား ပေးလိုက်ကာ သင်တန်းသို ခေါ်ဆောင် သွားလေတော့သည်။ နှစ်ပေါင်းများစွာကြာသော် ထိုလူငယ်လေး သည် ဓမ္မဆရာတစ်ဦး ဖြစ်လာ၏။
“ကျွန်တော်ဟာ အဲဒီ ဆင်းရဲတဲ့ လူငယ်လေးပါပဲ။ ကျွန်တော့်အ တွက် ကုတ်အင်္ကျီကို ချွတ်ပေးလိုက်တဲ့ ဆရာကတော့ တခြားလူ မဟုတ်ပါဘူး။ အခု ကမ္ဘာကျော်ဆရာကြီးတစ်ဦးဖြစ်နေတဲ့ ဒေါက် တာ ဂျွန်နသန်ပါပဲ။ အဲဒီလို မွန်မြတ်တဲ့ စွန့်လှူပူဇော်မှုကို အမြဲ သတိရနေခဲ့ပါတယ်။ အဲဒီကိစ္စကြောင့်လည်း ကျွန်တော်ဟာ ဓမ္မ အမှုတော်ဆောင် တစ်ဦး ဖြစ်လာတာပါပဲဗျာ”ဟု ပြောပြလိုက်ပါ၏။
၂၇၈။ ကိုးရီးယားပြည်၏ ဆွန်ချွန်ဒေသရှိ အနူရုံတွင်း ဘုရား ရှိခိုးကျောင်းကို အရက်မူးယစ်ရမ်းကားသော လူတစ်စုက မီးရှိဖျက်ဆီးပစ်ခဲ့ကြသည်။ အနှုများသည် တတ်အားသရွှေ့ မီးသတ် သော်လည်း မနိုင်နင်းခဲ့။ ထိုဘုရား ရှိခိုးကျောင်းကို ပြင်ရန် ဒေါ်လာ ၁၂၅ဝ ကုန်မည်ဟု သိရသည်။ ထိုငွေကိုရရန် အနူတို့ သည် တစ် ပတ်လျှင် တနင်္ဂနွေနေ့တိုင်း ညစာမစားဘဲ (၂)နှစ်တိုင်တိုင် နေခဲ့ ပြီး ထိုငွေကို ပြန်၍ စုဆောင်းသော ထိုဘုရားရှိခိုးကျောင်းကို ပြန်လည် တည်ဆောက်ခဲ့ကြ ပါတော့၏။ ဘုရားသခင်၏ ဗိမာန်တော်အတွက် အနူများကပင်လျှင် စွန့်လှူပူဇော်ခဲ့ကြသော အဖြစ် မှန်လေး တစ်ရပ်ပေတည်း။ ။
SALVATION ကယ်တင်ခြင်း ၊
၂၇၉။ အသင်းတော်၏ ဥပုသ်စာဖြေကျောင်း၏ ကလေးများ ၏ သင်တန်းဆရာမသည် နေမကောင်းဖြစ်နေ၍ လူကြီးတစ်ဦး အား ထိုအတန်းကို သင်ကြားပေးရန် ပန်ကြားသည်။
အတန်းထဲသို ဝင်သွားပြီး ထိုနေ့ အတွက် သင်ခန်းစာမှာ ဖော ရှာယ အနာဂတ္တိကျမ်း အခန်းကြီး (၅၅)ကို အခြေပြုထားသည်ကို တွေ့ရသဖြင့် သူ့အဖို အခက်ကြုံသွားရှာတော့သည်။ ကလေးတစ် ဦးကို ထိုအခန်းကြီး၏ အခန်းငယ် (၁) ကိုထ၍ “အိုရေငတ်သော သူအပေါင်းတို့၊ ရေရှိရာသို့ လာကြလော့။ ငွေမရှိသောသူတို့၊ လာ ကြ၊ ဝယ်၍ စားသောက်ကြလော့။ ငွေမပါဘဲ အဖိုးကို မပေးဘဲ လာ၍ စပျစ်ရည်နှင့် နို့ ကို ဝယ်ကြလော့” ဟူသော ကျမ်းကို ဖတ် လိုက်၏။
ထိုကျမ်းကို အရေးကြီးဆုံးသော စကားဖြစ်သည့် “ငွေမပါဘဲ” “အဖိုးအခကို မပေးဘဲ ဝယ်ကြလော့” ဟူသော စကားများကို မည်သို ရှင်းပြရမည်ကို စဉ်းစားနေမိသည်။ လူကြီးများဆိုလျှင် အရေးမကြီး၊ ငယ်ရွယ်သော ကလေးများကို “ပိုက်ဆံမပါဘဲ၊ တန်ဖိုး မပေးဘဲ ဝယ်ယူခြင်း ကို မည်သို ရှင်းပြရန် သူ့ခမျာမှာ ဒုက္ခတွေ့နေခဲ့တော့၏။
ထိုစဉ် သူသည် ကျမ်းပိုဒ်တစ်ပိုဒ် ချက်ခြင်းပြန်၍ သတိရမိ သည်။ ထိုကျမ်းပိုဒ်မှာ ဟေရှာယ ၁၁း၆ ဖြစ်သော “သူငယ်ကလေး တစ်ဦးသည် သူတိုကို (လမ်းပြ) ပိုဆောင်လိမ့်မည်” ဟူသော ကျမ်းစကားဖြစ်၍ ထိုကျမ်းစကားများ၏ ပုစ္ဆာကို ကလေးငယ်လေး တစ်ဦးကပင်လျှင် အဖြေပေးနိုင်လိမ့်မည်ဟု သတိရ၍ “ကဲ “ငွေ မပါဘဲ အဖိုးအခကို မပေးဘဲ ဝယ်ယူကြပါ”ဆိုတဲ့ စကားကို မင်းတို ဘယ်လို နားလည်ကြသလဲ” ဟူ၍ ထိုလူကြီးက မေးလိုက်ရာ၊ ကလေးတစ်ဦးက ထ၍ “ဒီလိုဖြစ်မှာပေါ့ လမ်းထိပ်က ဈေးဆိုင်ကို ကျွန်တော်သွားပြီး ပစ္စည်းဝယ်ရင်၊ ပိုက်ဆံမပါဘဲ ဝယ်လိုရတယ် ဆရာ၊ အမေက နောက်မှလာပြီး ကျသမျှကို ရှင်းပေးလေ့ရှိပါ တယ်”ဟု ဆိုလိုက်လေ၏။
ထိုအခါမှ ဆရာက “အေး ကယ်တင်ခြင်းဆိုတာ ငွေမပါဘဲ ဝယ်လို ရတယ်ဆိုတဲ့ အဓိပ္ပါယ်ဟာ ဒီအတိုင်းပဲ။ ဘာဖြစ်လိုလဲဆိုတော့ ကယ်တင်ခြင်းအတွက် ပေးရမယ့် အဖိုးအခကို ခရစ်တော် က ကားတိုင်ပေါ်ကနေ ပေးဆပ်ပြီးပြီကိုး”ဟု ရှင်းပြ လိုက်နိုင်ခဲ့ တော့၏။
၂၈၀။ မိန်းမပျိုလေးတစ်ဦးသည် သူ၏အိမ်နှင့် ပတ်သတ်၍ စိတ်ပျက်နေသည်။
အိမ်က သူ့အား အမြဲ ဆူပူကြိမ်းမောင်းနေသည်။ သူ့ကို အပြစ် လိုက်ရှာနေသည်ဟု ထင်နေ၏။ မိဘများက အ မြဲ ဆုံးမပဲ့ပြင်နေသောကြောင့် စိတ်ညစ်နေသည်။ စိတ်ပျက်နေသော သူ၏ မျက်နှာ ကို လူကြီးတစ်ဦးက တွေ့ရှိရာ “ဟေ့ မင်းတို အိမ်က အခြေအနေက ဘယ်လိုလဲဟေ့ အားလုံး နေကောင်းကြရဲ့လား”ဟု မေးရာ၊ “အိမ် ကလူတွေ အားလုံး နေကောင်းကြပါတယ်၊ အစစအရာရာဟာ လည်း အဆင်ပြေနေပါတယ်။ ထူးခြားနေတာကတော့ ကျွန်မပါပဲ ဦးလေး”ဟု ဖြေလိုက်လေ၏။
သေချာစွာ ပြန်စဉ်းစားလျှင် ထိုမိန်းကလေး၏ စကား၌ အဓိ ပ္ပါယ်များစွာ ရှိနေပါသည်။ ကယ်တင်ခြင်း ခံစားရစေရန် လူတစ်ဦး သည် ထူးခြားနေပေလိမ့်မည်။ ထူးခြားသော စိတ်ထားရှိလာရမည်။ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ကျွန်တော်တို သည် ခရစ် တော်အားဖြင့် “ထူးခြားသော လူများ” (ဝါ) “အသစ်သော သတ္တဝါ များ” ဖြစ်လာ ကြရပေလိမ့်မည်။ ကယ်တင်ခြင်းတရားတော်သည် လည်း ကျွန်တော်တို အတွက် ထူးခြားမှုမရှိပါက ထိုတရားတော် သည် အချည်းနှီးဖြစ်နေပါလိမ့်မည်။
၂၈၁။ လူငယ်တစ်စုတိုသည် သမိုင်းဝင် ဘုရားရှိခိုးကျောင်း တစ်ကျောင်းတွင်းသို ဝင်ရောက် ကြည့်ရှု လေ့လာလိုကြသည်။
ဘုရားရှိခိုးကျောင်းစောင့်ထံ ခွင့်တောင်းသဖြင့် ထိုအစောင့်က သော့ကိုပေးလိုက်သည်။ တံခါးဖွင့်ပြီး အထဲသို ဝင်နှင့်ကြရန် နောက်မှ သူလိုက်လာမည်ဖြစ်ကြောင်းကို ပြောလိုက်သည်။
ထိုလူငယ်တို့သည် ဘုရားရှိခိုးကျောင်း၏ တံခါးကြီးကို ဖွင့် သော်လည်း ဖွင့်၍မရဖြစ်နေသည်။ သော့ကို ဝဲယာမျိုး စုံလှည့်ပြီး ကြိုးစားဖွင့်ကြည့်သည်။ မည်သိုမျှဖွင့်၍ မရဘဲဖြစ်နေကြစဉ် အ စောင့်ရောက်လာသည်။ တံခါးဖွင့်၍ မရကြောင်း ပြောကြသဖြင့် အစောင့်ကိုယ်တိုင်က ဖွင့်ကြည့်တော့ မှ အဖြေသိရသည်။
“စိတ်မရှိပါနဲ့ မောင်ရင်တို့၊ ဒီတံခါးကြီး ဖွင့်လို့မရတဲ့ အ ကြောင်းအရင်းက ဘာမှ မဟုတ်ဘူး၊ အမှန်ဆိုရင် တံခါးဟာ မပိတ် ထားဘဲ ပွင့်နေပါတယ်။ မင်းတို့ဟာ ကြိုးစားပြီး တံခါးဖွင့်ဖို့တောင် မလိုဘူး၊ တံခါး ကန့်လန့်ကို လှည့်ပြီး အသာလေး ဝင်သွား ရုံပါပဲကွာ”ဟု ဖြေရှင်းပြလိုက်ရပါတော့၏။ – မိမိတိုဖာသာ ကယ်တင်ခြင်းရစေရန် ကြိုးစားနေကြသူ အများ အပြား ရှိနေပါသည်။ သိုသော်လည်း ကယ်တင်ရှင်ခရစ်တော်က ကယ်တင်ခြင်း တံခါးဝကို ဖွင့်ထားပေးပြီး ဖြစ်သည်။ ကန့်လန့်ကို အသာလေးလှည့်ခြင်းတည်းဟူသော “ယုံကြည်ခြင်း”အားဖြင့် ဝင် သွားရုံသာ ဖြစ်ပါ၏။
၂၈၂။ ဒုက္ခသည်များအား ကယ်တင်ရေးနှင့် သာသနာပြု စခန်းသို စိတ်ပညာပါရဂူကြီးတစ်ဦး အလည်ရောက်ရှိ သွားခဲ့သည်။
ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ပြောင်းလဲလာသူတို၏ သက်သေခံချက်များကို တစ်ခုပြီးတစ်ခု ကြားနာနေခဲ့သည်။ ထိုသူ တို၏ သက်သေခံချက် အသီးသီးကို ကြားနာခဲ့ပြီးနောက် စိတ် ပညာပါရဂူကြီးက တစ်စုံတစ်ခုကိုပြော ရန် အခွင့်တောင်းပြီး ထ၍ စကားပြောတော့သည်။
“ ဒီလူတွေကိုကြည့်ပြီး ကျွန်တော် ဘာပြောရမလဲဆိုတာတောင် ဇဝေဇဝါ ဖြစ်နေရပါတယ်။ ခုနက သက်သေခံ သွားကြတဲ့ လူအချို ကို ကျွန်တော်သိပါတယ်။ ကျွန်တော် ကိုယ်တိုင်ပဲ သူတိုကို စိတ် ပညာနဲ့ ကုသပြီး လက်လျော့ထား ခဲ့ရသူများပါ။ သူတို တစ်တွေ ဟာ စိတ်ပညာနဲ့ ဖြစ်ဖြစ်၊ သိပ္ပံပညာနဲ့ ဖြစ်ဖြစ် ကုသလို မရမယ့်လူတွေပါပဲ။ တစ်ခုပဲ ပြောနိုင်တာက ဆေးကုလို မရနိုင် အောင် ဖြစ်နေတဲ့ လူတွေကို ပြောင်းလဲလာပြီး ဒီလို ပျော်ပျော ရှင် ကျန်းကျန်းမာမာပြန်ဖြစ်လာစေတဲ့ တရားတော်မျိုးကို လ ကို နေရာတိုင်းမှာ ဟောပြောဖို သင့်ပါတယ်လိုသာ မှတ်ချက် လိုက်ပါတယ်”ဟု ပြောလိုက်ပါတော့၏။
၂၈၃။ ဆရာဝန်ကြီးတစ်ပါးက လူငယ်တစ်ဦးအား ရှင် ဟန် ၃း၁၆ ကို ဖတ်ပြနေသည်။ “တစ်ပါးတည်းသော သားတော် စွန့်တော်မူသည်တိုင်အောင်”ဟူသော ကျမ်းစကားများကို သေသေ ချာချာ ရှင်းပြနေလေသည်။
ခရစ်တော်သည် လူတို အား ဘုရားသခင်က ပေးကမ်းစွန့်ကြ လိုက်သော ဆုကျေးဇူး လက်ဆောင်တစ်ပါး ဖြစ်သည်ကိုလည်း ထပ်ခါထပ်ခါ ပြောနေခဲ့သည်။
“ပြီးတော့ လူတစ်ယောက်ဟာ ပစ္စည်းတစ်ခုကို မင်းဆီကို ပေး လိုက်တယ်ဆိုတာနဲ့ မင်းရဲ့ ပစ္စည်းဖြစ်သွားရောလား”ဟု မေးလိုက် သည်။ လူငယ်လေးက “ပေးလိုက်ပေမယ့် ကျွန်တော်က လက်ခံယူ လိုက်ဦးမှကိုး”ဟု ဖြေလိုက်သည်။
“အဲဒီအတိုင်းပဲ၊ ဘုရားသခင်က ပေးလိုက်ပေမယ့် လက်မခံပဲ နေရင် အလကားပဲ။ အခုကြည့် ငါဟာ ဆရာဝန်ကြီးတစ်ပါးပဲ။ ဒါပေမယ့် မင်းရဲ့ ဆရာဝန်လား။ မဟုတ်သေးဘူးကွဲ၊ မင်းရဲ့ ဆရာ ဝန်ဖြစ်လာရအောင်ဟာ မင်းက ငါ့ကို လိုလိုချင်ချင် လက်ခံပြီး မင်းကို ဆေးဝါးကုသဖို အခွင့်ပေးဦးမှ မင်းရဲ့ ဆရာဝန် ဖြစ်လာ မှာပေါ့။ ခရစ်တော်ဟာ ကယ်တင်ရှင်ဖြစ်တယ်။ ဒါပေမယ့် ခရစ် တော်ကို ယုံကြည်လက်ခံမှသာ ကိုယ်တော်ဟာ ကယ်တင်နိုင်မှာပါကွာ”ဟု ရှင်းပြလိုက်ပါ၏။
၂၈၄။ လူ့ သဘာဝသည် ကွဲအက်နေသော ခေါင်းလောင်း တစ်ခုနှင့် တူသည်။
၎င်းကို ပြုပြင်ဖို နည်းလမ်းနှစ်မျိုးရှိသည်။
“ပထမနည်းလမ်းမှာ တိုကွဲအက်နေသော နေရာများတွင် အ သားဖို့ပြီး ပြန်လည် ဂဟေဆက်ဖြစ်သည်။ သို့သော် ကလည်း ကောင်းမွန်စွာ ထွက်လာည် မဟုတ်ရုံ သာမက မကြာမီ ပြန်လည် ကွဲအက်သွားမည် ဖြစ်သည်။
ဒုတိယနည်းလမ်းဖြစ်သော အကောင်းဆုံးနည်းလမ်းမှာ ခေါင်းလောင်းကို ပြန်လည် အရည်ကျိုပြီး အသစ်ပြန်လည် ပုံ လောင်းခြင်းပင်ဖြစ်၏။ သို့မှသာ ကြည်လင်လာသော ထွက်လာပါလိမ့်မည်။ ခေါင်းလောင်းမှာလည်း အသစ်ဖြစ်ပြီး ပြန်လည်ပျက်စီးသွားတော့မည် မဟုတ်ချေ။
ဧဒင်ဥယျာဉ်မှ အစပြုပြီး လူတို၏ ည်းဟူသော ခေါင်းလောင်းသည် ကွဲအက်သွားခဲ့သည်။ ၄င်းကို ပြုပြင်ရန် ပထမနည်းလမ်းမှာ ပညတ်များ၊ သတ်များ၊ ဥပဒေများ၊ စည်း မျဉ်းဥပဒေများဖြင့် ထိုကွဲအက်နေသော နေရာကို ပတ်ခြာဝိုင်း အားဖြည့်လိုက်ခြင်းပင်ဖြစ်ခဲ့သည်။ သိုသော် ကြာကြာလည်း မခံ၊ သာယာကြည်လင်သော အသံလည်း မထွက်လာနိုင်ပါ။
အကောင်းဆုံးသော နည်းလမ်းမှာ ပြန်လည် အရည်ကျိုပြီး အသစ် ပုံလောင်းရန်ပင် ဖြစ်၏။ ထိုသို ပြုရန်မှာ ကယ်တင်ခြင်း တရားတော်တည်းဟူသော ဝမ်းမြောက်ဖွယ်ရာ သတင်းစကားအား ဖြင့်သာ ဖြစ်ပါ၏။ ခရစ်တော်၌ရှိကြလျှင် လူတိုသည် အသစ်သောသတ္တဝါ” ဖြစ်လာကြမှသာ ကယ်တင်ခြင်းကို ခံကြရမည်သာတည်း။
၂၈၅။ လူတို့ အား ကယ်တင်ရေးအတွက် အပေါ်ယံကသာ ပြုပြင်၍မရ နက်ရှိင်းသောနေရာရှိ အတွင်းနှလုံးသားကို ပြုပြင်မှ ရပေလိမ့်မည်။ ဆုတောင်း စည်းဝေးတစ်ခု၌ လူတစ်ဦးက “အို ဘုရားသခင်၊ အကျွန်ုပ်၏ ညစ်ထေးနေစေသော စိတ်နှလုံးတွင်းရှိ ပင့်ကူအိမ်များကို ဖယ်ရှင်းပေး တော်မူပါ” ဟု ဆုတောင်းလိုက်လေ သည်။
ထိုအခါ နောက်တစ်ဦးက ပထမဆုတောင်းလိုက်သူ၏ နောက် မှချက်ချင်းလိုလိုပင် ထလျက် “အိုအဖ၊ ကျွန်ုပ်တို့၏ စိတ်နှလုံးတွင်း မှ ပင့်ကူအိမ်များကို ဖယ်ရှင်းရုံမျှသာမဟုတ်ပါ၊ အတွင်းရှိပင့် ကူကြီး များကိုပါ သုတ်သင် ဖျက်ဆီးပစ် တော်မူပါ ဘုရား” ဟု ဆက်လက် ဆုတောင်းလိုက်ပါသည်။
ဟုတ်ပါသည်။ ကယ်တင်ခြင်းရရေးအတွက် စိတ်နှလုံးအတွင်း ရှိ ပင့်ကူအိမ်များကို သုတ်သင်ရှင်းလင်း နေရုံမျှနှင့် မပြီးပါ။ အ လွန်ကြောက်မက်ဖွယ်ရာကောင်းသော ပင့်ကူကြီးကိုပါ သုတ်သင် ရှင်းလင်းလိုက်ရန် လိုပါ၏။
SELFISHNESS တစ်ကိုယ်ကောင်းစိတ်ထား
၂၈၆။ မိမိကိုယ်ကို စိတ်မသာ ညည်းတွား၍ စိတ်ဆင်းရဲအောင် ပြုလုပ်သလား။
လွယ်ပါသည်။ မိမိအတွက်ကိုသာလျှင် ပဓါနထား၍ စဉ်းစား နေပါ။ ဘယ်အရာမျိုးမဆို မိမိကိုယ်ကိုသာလျှင် ဦးစားပေးပါ။ မိ မိဘာကိုလိုချင်သည်ကိုသာလျှင် စိတ်ကူးနေပါ။ လူအများက မိမိ အား အဘယ်သို ပြုပေးသင့်သည်၊ အဘယ်သို ပြုစုယုယစေလိုသည်ကိုသာ စဉ်းစား၍ ထိုသို ဖြစ်လာရန် ကြိုးစားဆောင်ရွက်နေ ပါ။
အရာရာ၌ မိမိကိုယ်ကိုသာလျှင် ဦးစားပေးပါ။ ဤလောကကြီး ၌ သူတစ်ပါးထက် မိမိသာလျှင် အရေးကြီးကြောင်း သတိရနေပါ။ ထိုသိုဖြစ်လျှင် သင်သည် သူတစ်ပါး၏အကျိုးကို ဖျက်ဆီးလာတတ် ပေလိမ့်မည်။ သင်ပြုလေ သမျှတို သည် မအောင်မြင်ဘဲ အမြဲ ဆုံးရှုးနေလိမ့်မည်။ သူတစ်ပါးကိုသာ မက သင်သည်ပင်လျှင် စိတ် ဆင်းရဲလာလိမ့်မည်။ ထိုအတ္တပဓါန စိတ်ထားကပင်လျှင် သင့်ကို ဤလောက၌ စိတ်အဆင်းရဲဆုံးသော လူတစ်ဦး ဖြစ်လာစေပါလိမ့် မည်။
၂၈၇။ ကျောင်းတစ်ကျောင်းရှိ ဘတ်စကတ်ဘောအသင်းသား များသည် စကားများလျက် တစ်ဦးနှင့်တစ်ဦး အကြီးအကျယ် ငြင်း ခုံနေကြသည်။
ပြဿနာမှာ အခြားမဟုတ်၊ ထိုအသင်း၏ ခေါင်းဆောင်မည် သူ ဖြစ်သင့်သနည်းဟူသော အချက်ပင် ဖြစ်၏။ ထိုအသင်းရှိ လူ တိုင်းက ခေါင်းဆောင်ဖြစ်လိုကြ၍ ဤသို ပြဿနာ ဖြစ်နေကြခြင်း ဖြစ်၏။ သိုသော် ထိုအသင်းထဲမှ လူငယ်တစ်ဦးသည် မိမိဖါသာ ဘတ်စကက်ဘောကွင်းထဲသို သွားရောက် လေ့ကျင့်နေသည်။ ကျန်လူငယ်များက အငြင်း ပွားလျက်ရှိဆဲပင်ဖြစ်၏။
ထိုစဉ် အဆိုပါ ဘတ်စကက်ဘောအသင်းကို သွန်သင်ပြသပေး နေသည့်ဆရာ ရောက်လာသည်။ အသင်းခေါင်းဆောင် မည်သူဖြစ် သင့်သနည်းဟူသော ပြဿနာကို သူက ဖြေရှင်းဖို နည်းလမ်းတစ် ခုကို ပေးလိုက်သည်။ အသင်းသားတိုင်း ဘက်စကက်ဘောကွင်းထဲသို့ သွားပြီး ဆယ်ကြိမ်စီဘောလုံး ဂိုးသွင်းပြရမည်ဖြစ်ကြောင်း၊ အများဆုံး ဂိုးသွင်းနိုင်သူအား အသင်းခေါင်းဆောင် ခန့်မည်ဖြစ် ကြောင်းကို ပြောလိုက်၏။
အငြင်းပွား၍ အချိန်ဖြုန်းနေခဲ့သူများက ကောင်းစွာ ဂိုးမသွင်း နိုင်ခဲ့။ အငြင်းပွားမနေဘဲ ဘောလုံးကွင်းထဲ၌ တစ်ဦးတည်း လေ့ ကျင့်နေခဲ့သည့် လူငယ်လေးက ဂိုးအများဆုံးသွင်းနိုင်ခဲ့သဖြင့် ထို လူငယ်အား ခေါင်းဆောင် တင် မြှောက်ခဲ့ရပါတော့၏။
၂၈၈။ တစ်ကိုယ်ကောင်းဆန်သော လယ်ယာသမားတစ် ယောက်အကြောင်း ဒဏ္ဍာရီတစ် ပုဒ်ရှိခဲ့ပါသည်။ ။
သူသည် ခြံမြေတစ်ဧကခန့်ကို အမွေရခဲ့သည်။ မိုးခေါင်ရေရှား ဒေသတစ်ရပ် ဖြစ်၍လည်း အနီးအပါးရှိ ဆည်မှ ရေကို အားကိုးနေ ကြရသည်။ ထိုဆည်မှ ရေကိုသွယ်၍ သူသည် စိုက်ပျိုးထွန်ယက်သ ဖြင့် သူ၏ မြေမှ သီးနှံပေါင်းများစွာ ထွက်ခဲ့ရသည်။ ထိုရေသည် သူ၏ ခြံမြေသာမက အနီးအပါးရှိ သူတစ်ပါးတို၏ ခြံမြေများ အတွက်ကိုပင် ရေရနိုင်ခဲ့၍ ပတ်ဝန်းကျင်ရှိ တောင်သူလယ်သမား များပါ ဝမ်းသာအားရ ဖြစ်ခဲ့သည်။
သို့သော် တစ်ကိုယ်ကောင်းဆန်သူ ထိုလယ်သမားက ပတ်ဝန်း ကျင်ရှိ လူအများကပါ ထိုရေကို အသုံးပြုနေကြခြင်းကို မနှစ်မြိုသ ဖြင့် ထိုသူများ ရေမရစေရန် အပေါက်ရှိသမျှကို လိုက်လံ ပိတ်ဆိုခဲ့ တော့သည်။ သူတစ်ဦးတည်းသာ ရေရပြီး သူတစ်ပါးတို၏ ခြံမြေ များတွင် ရေမရတော့သည်မှာ မှန်သော်လည်း သူ၏ ခြံမြေထဲတွင် ရေများစွာဝပ် နေခဲ့သဖြင့် ရွံနွံများဖြစ်ပေါ်လာပြီး သူ၏ သီးနှံရှိ သမျှတို့ပါ ပျက်စီးခဲ့ရသောဟူ၏။
ထိုကြောင့်လည်း ရှင်ပေါလုက “ကိုယ်၏ အမှုကိစ္စကိုသာ မရှု မမှတ်ဘဲ သူတစ်ပါးတို၏ အမှုကိစ္စများကိုလည်း ရှုမှတ်ကြလော့” ဟူ၍ သတိပေးခဲ့ပါ၏။ (ဖိလိပ္ပိ ၂:၄)။
၂၈၉။ တစ်ခါက လူတစ်ဦး၏ နေအိမ်၌ ကလေးများ ဆူညံစွာ အော်ဟစ်ငိုကြွေးနေကြသည်။ အိမ်နီးချင်းတစ်ဦးက ကြားရသဖြင့် “ဘာဖြစ်နေလိုလဲ” ဟူ၍ မေးရာ၊ ထိုအိမ်ရှိ လူကြီးက “ကိစ္စကတော့ တခြား မဟုတ်ပါဘူး၊ ဟောဒီ ကမ္ဘာလောကကြီးထဲမှာ ဖြစ်နေကျ ကိစ္စ၊ အမြဲလိုလို ရင်ဆိုင်နေရတဲ့ ပြဿနာတစ်ရပ်ပဲပေါ့ဗျာ”ဟု ဖြေလေ၏။ အိမ်နီးချင်း ဖြစ်သူက နားမလည်သဖြင့် ထပ်မံမေး သောအခါမှ သူက “ဒီလိုပါဗျာ၊ ကျွန်တော့်ဆီမှာ လိမ္မော်သီး (၃)လုံး ပဲ ရှိပါတယ်။ ဒီကလေး (၂)ယောက်က တစ်ယောက်ကို (၂)လုံးစီ လိုချင်တယ်ဆိုပြီး လုနေကြတဲ့ ကိစ္စပဲပေါ့”ဟု ဖြေလိုက်လေ၏။
SERVICE (ဘုရားသခင်အား) အစေခံခြင်း ၊
၂၉၀။ တစ်ခါက ဓမ္မဆရာကြီးတစ်ပါးသည် သူ၏ တပည့် တော်တစ်ဦး၏ နေအိမ်သို အလည်သွားရာ၊ ထိုအိမ်ရှင်မသည် မီးဖိုထဲ၌ ငိုကြွေးနေသည်ကို တွေ့ရသည်။
အကြောင်းကိုမေးရာ “ဒီလိုပါ ဆရာရယ်၊ ကျွန်မဟာ ဒီအ သက်အရွယ်အထိ သခင်ဘုရားအတွက် ဘာမှ မလုပ်ခဲ့ရသေးပါ ဘူး။ သခင်ဘုရားရဲ့ အမှုတော်ကို ဆောင်ချင်ပေမယ့် အိမ်မှာပဲ အဝတ်လျှော်၊ ထမင်းချက်၊ တံမြတ်လှည်း၊ သုတ်သင်ရှင်းလင်း၊ အိမ် မှုကိစ္စ လုပ်နေရတာနဲ့ ဘုရားသခင်ရဲ့ အမှုတော်ကို ဘာမျှမဆောင် ရသေးပါကလားဆိုတာ သတိရပြီး ဝမ်းနည်းလို့ ငိုနေတာပါ”ဟု ဖြေလေ၏။
ဓမ္မဆရာက ပြုံးပြီး မေးခွန်းများကို မေးသည်။
“ခင်ဗျားမှာ သား (၄)ယောက်ရှိတယ် မဟုတ်လား၊ သူတို အခု ဘယ်မှာလဲ”
“ဪ သားအကြီးဆုံး မာကုကတော့ မြို့မှာ သင်းအုပ်ဆရာ လုပ်နေတယ်လေ လက်တင်တောင် ရနေပါပြီ ဆရာရယ်”ဟု ဖြေ လေသည်။ ။
“ဒါဖြင့် ဒုတိယသားဖြစ်တဲ့ လုကာ ကကော”
“ဪ လုကာက မြို့မှာ သင်းအုပ်ဆရာ လုပ်နေပါတယ်။ ဟိုတစ်နေ့က သူ့ဆီက စာရတယ်။ သူ့ အသင်းတော်ဟာ အင်မ တန် နိုးကြားထကြွနေလို ဝမ်းသာအားရ ဖြစ်နေရတဲ့အကြောင်း ရေးပြောပါတယ်”ဟု ဆိုပြန်လေ၏။
“ဒါဖြင့် တတိယသားဖြစ်တဲ့ ယောဟန်ကကော”
“ယောဟန်ကတော့ ကျမ်းစာကျောင်းမှာ ဆရာလုပ်နေလေရဲ့၊ သူ့အနေနဲ့ ကျမ်းစာကျောင်း ပိတ်ပေမယ့်၊ လူငယ် နွေရာသီ သင် တန်းတွေမှာ လိုက်ပြီး ကျမ်းစာသင်ရမှာမို ဒီနွေမှာ အိမ်မပြန်လာ နိုင်ဘူးလို စာရေးပြောခဲ့ပါတယ် ဆရာ” ဟု ဆိုပြန်၏။
“ဒါဖြင့် သားအငယ်ဆုံး မဿဲကကော” “မဿဲက အထက်ဗမာပြည်ဘက်မှာ လိုက်လံသာသနာပြုနေ တဲ့အတွက် အသင်းတော်တွေ အများကြီးပဲ တိုးပွားလာနေတယ်လို့ စာရေးပြောပါတယ် ဆရာရယ်”ဟု ဖြေလိုက်ပါ၏။
ထိုတွင် ဓမ္မဆရာကြီးက “ဒီလိုနဲ့ ခင်ဗျားဟာ အိမ်မှာနေပြီး ပန်းကန်ဆေး၊ အဝတ်လျှော်၊ ထမင်းချက်ခဲ့ရတဲ့ နှစ်ပေါင်းများစွာ ကို ဖြုန်းတီးနေခဲ့တယ်များ ထင်သလား။ ခင်ဗျားဟာ ဒီလို အမှုတော်ဆောင်တွေကို ကျွေးမွေးသုတ်သင် ပြုစုပျိုးထောင်ပေးခဲ့တာ ဟာ ဘုရားသခင်ရဲ့ အမှုတော်ကို ဆောင်နေခဲ့တာပဲ မဟုတ်လား” ဟု သတိပေးလိုက်ရတော့၏။
၂၉၁။ သခင်ဖြစ်လိုသောသူသည် အစေခံကျွန် ဖြစ်ရ၏။ ချီးမြှောက်ခြင်း ခံလိုသောသူသည် နှိမ့်ချခြင်းကို ခံရ၏။ များစွာ ရရှိလိုသောသူသည် များစွာ ပေးကမ်းရ၏။ ချမ်းသာလိုသောသူသည် ဆင်းရဲခံရ၏။ အသက်ရှင်လိုသောသူသည် မိမိကိုယ်ကို အသေခံရပါ၏။
၂၉၂။ တစ်ခါက အလွန်ပင် နားထိုင်းသော အမျိုးသမီးကြီး တစ်ဦးသည် ခရစ်တော်အတွက် တစ်စုံတစ်ခုကို လုပ်ဆောင်လိုသ ဖြင့် သင်းအုပ်ဆရာထံ သွားပြီး မိမိအား တစ်ခုခုကို စေခိုင်းပါမည့် အကြောင်း ပန်ကြားလေသည်။ သူသည် အလွန် နားထိုင်းသဖြင့် အလုပ်လုပ်ရန် အခက်အခဲ ရှိနေသည်။
ထိုအချိန်တွင် ဧဝံဂေလိ တရားဟောပြောပွဲများ ကျင်းပနေ ချိန်လည်း ဖြစ်သဖြင့် ဆရာက အကြံတစ်ခုရလာသည်။
တရားဟောပွဲသို လာရောက်နားထောင်လူတိုင်းအား တံခါးဝ မှနေ၍ ပြုံးပြီး ကြိုဆိုစေ၍ ပြန်ထွက်သွားကြသောအခါတွင် ပြုံး၍ နှုတ်ဆက်ပါရန် သူ့အား စေခိုင်းခဲ့ပါတော့၏။ သူသည် ကိုယ်အင်္ဂါ ချွတ်ယွင်းနေခဲ့သော်လည်း သူ၏ ချိုသာသော အပြုံးဖြင့် ခရစ်တော် ကို အစေခံနိုင်ခဲ့ပါ၏။
၂၉၃။ တစ်ခါက ကမ္ဘာကျော် ဂီတတီးဝိုင်းခေါင်းဆောင်တစ် ဦးဖြစ်သည့် “ဆာမိုက်ကယ် တော့(စ်)တာ”သည် သူ၏ တီးဝိုင်းကို လေ့ကျင့်ပေးနေသည်။ ကြီးမားလှသော တီးဝိုင်းဖြစ်ရုံမက သံစုံသီချင်းသည်များက ဦးရေတစ်ရာကျော်မျှ ရှိသည်။ ထိုတီးဝိုင်းထဲ၌ “ပစ်ကိုလို”ခေါ် ပြွေပလေးကို မှုတ်ရသူတစ်ဦးလည်း ပါသည်။
တယောများ၊ လေမှုတ်တူရိယာများ၊ ဆယ်လိုကြီး၊ တယောကြီး များ အစရှိသော တူရိယာပေါင်း မြောက်မြားစွာ တို ထဲတွင် ပြွေက လေးကို မှုတ်ရသူခမျာမှာ အားငယ်လျက် ရှိသည်။ သူ၏ တီးမှုတ်ရ မှုသည် ထိုတီးဝိုင်းထဲ၌ အဖိုး မတန်သကဲ့သို ဖြစ်နေသည်။ ထိုကြောင့် တီးဝိုင်းကြီး လေ့ကျင့်နေချိန်တွင် သူသည် အပြင်သို ထွက်၍ ထိုင်နေသည်။ တူရိယာသံစုံပေါင်း မြောက်မြားစွာထဲတွင် သူ၏ပြေသံလေးမရှိလျှင် ဖြစ်လည်း ဖြစ်နိုင်သည်။ တီးဝိုင်းခေါင်း ဆောင်ကလည်း သိလိမ့်မည် မဟုတ်ဟု ထင်နေသည်။
တီးဝိုင်းကြီးစတင် တီးမှုတ်လိုက်သည့် တစ်ပြိုင်နက် ခေါင်း ဆောင်ဖြစ်သူက ချက်ချင်းဆိုသလို တီးဝိုင်းကို ရပ်ပစ်ရန် အချက်ပြ လိုက်သည်။ “ပစ်ကိုလို” ပြွေသမား ဘယ်ရောက်သွားသလဲ၊ သူ့ရဲ့ ပြေသံကို မကြားရပါလား”ဟု ချက်ချင်း မေးလိုက်လေတော့သည်။
ခြိမ့်ခြိမ့်သဲသဲ ဆူဆူညံ့ညံ့ တီးမှုတ်နေကြသူ မြောက်မြားစွာ ကြားထဲ၌ပင်လျှင် ပြေသံ သေးသေးကလေး ပျောက်ဆုံးနေသည် ကို တီးဝိုင်းခေါင်းဆောင်က ရိပ်မိနိုင်သကဲ့သို ဘုရားသခင်ကလည်း ချက်ခြင်းသိရှိနိုင်ပါ၏။ ကျွန်တော်တို ဆောင်ရွက်နေသော လုပ် ငန်းသည် မည်မျှပင်သေးဖွဲသော လုပ်ငန်းကလေး ဖြစ်ပါလေစေ၊ ဘုရားသခင် ကိုယ်တော်တိုင်က သိရှိပြီး ကိုယ်တော့်အတွက် တန်ဖိုး ကြီးလှသော လုပ်ငန်းတစ်ရပ် ဟူ၍လည်း မှတ်ယူလေ့ရှိပါ၏။
၂၉၄။ “အာဗေလ၊ သင်၏ လက်ထဲ၌ ဘာရှိသနည်း”ဟု ဘုရား သခင်က မေးသောအခါ “သိုးငယ်လေးသာ ရှိပါ၏”ဟု ပြန်ဖြေခဲ့သော်လည်း အာဗေလ၏ ပူဇော်သက္ကာကို ဘုရားသခင်က နှစ်သက် တော်မူခဲ့သည်။
မောရှေအား “သင်၏ လက်ထဲ၌ အဘယ်အရာ ရှိသနည်း” ဟု မေးသောအခါ “လှံတံရှိပါ၏” ဟု ပြန်ဖြေခဲ့၏။ ထိုလှံတံအားဖြင့် ဘုရားသခင်က ကြီးစွာသော တန်ခိုးတော် မြောက်မြားစွာကို ပြသ ခဲ့ပါ၏။
ယုပွေမြိုမှ ဒေါ်ကာဆိုသည့် အမျိုးသမီးကြီးအား “သင်၏ လက်၌ ဘာရှိသနည်း”ဟု မေးပြန်သောအခါ “ကျွန်မ လက်၌ အ ဝတ်ချုပ်အပ်ကလေးမျှသာ ရှိပါ၏ ဘုရား” ဟု ဖြေသော်လည်း ထိုအဝတ်ချုပ်အားဖြင့် အမျိုးသမီးတို့၏ ဝတ်စုံများကို ချုပ်စေပြီး ကိုယ်တော်၏ အမှုတော် လုပ်ငန်းတွင် တစ်တပ်တအား ပါဝင်စေခဲ့ ပါ၏။
မိမိတို့၌ ပေးအပ်ထားသော တစ်စုံတစ်ခုဖြင့်ပင် ဘုရားသခင် ၏ အမှုတော်လုပ်ငန်းတွင် ကျွန်တော်တို သည် အစေခံ နိုင်ကြပါ
SIN အပြစ်ဒုစရိုက်
၂၉၅။ ခွဲစိတ်ကုသရေး ပါရဂူ ဖြစ်သည့် ကမ္ဘာကျော်ဆရာဝန် ကြီး ဆာဂျွန်ဆင်(မ်)စင်အား လူငယ်လေးတစ်ဦးက လာရောက်၍ “ဆရာကြီးရဲ့ နောက်ဆုံး “တွေ့ရှိချက်ဟာ ဘာပါလဲ”ဟု မေးရာ “ငါ့ရဲ့ နောက်ဆုံး တွေ့ရှိချက် တစ်ခုကတော့ သိပ္ပံပညာ၊ ဆေးပညာ ဆိုင်ရာ တွေ့ရှိချက်တော့ မဟုတ်ဘူး၊ ငါဟာ အပြစ်သားတစ် ယောက်ပါလား၊ သခင်ခရစ်တော် ငါရဲ့ ကယ်တင်ရှင်ပါကလား ဆိုတဲ့ တွေ့ရှိချက်တစ်ရပ်ပါပဲ”ဟု ဖြေလိုက်သောဟူ၏။
၂၉၆။ ဓမ္မဆရာကြီးတစ်ဦးသည် အပြစ်တရားနှင့် အပြစ်ဒုစ ရိုက်အကြောင်းကို အဓိကထားပြီး တရားဟောနေခဲ့သဖြင့် အသင်း တော်မှ သင်းထောက်တစ်ဦးက အပြစ်အကြောင်း သိပ်မဟောပါ မည့်အကြောင်း၊ အပြစ်အကြောင်း ပိုမိုသိလာလေလေ၊ လူငယ် လူရွယ်တို က အပြစ်ကို ပိုမို ပြုမူလာမည်ကို စိုးရိမ်ရကြောင်း၊ ထိုကြောင့် အပြစ်ဒုစရိုက် အကြောင်းကို လျော့ပေါ့စွာ ဟောပြော သင့်ကြောင်း အကြံပေးလေသည်။
ဆရာကြီးက အဆိပ်ရည်တစ်ပုလင်းကို ထုတ်ယူလာပြီး “ဒီပု လင်းမှာ ဘာတံဆိပ်ကပ် ထားသလဲ”ဟု မေးရာ သင်းထောက်ကြီးက “အဆိပ်ရည်”ဟူ၍ တံဆိပ်ကပ်ထားကြောင်း ဖြေလေသည်။ “ကောင်းပါပြီ၊ ဒီပုလင်းရဲ့ တံဆိပ်ကိုခွာ ပြီး လိမ္မော်ရည်”လို ကပ် ထားစေချင်သလား”ဟု မေးလိုက်လေ၏။
အပြစ်ဒုစရိုက်သည် လွန်စွာ ပြင်းထန်သော အဆိပ်ဖြစ်သော် လည်း လျော့ပေါ့စွာ ဟောပြော သွန်သင် ဆုံးမနေခြင်းအားဖြင့် ထိုအဆိပ်ကို အဖြေနိုင်ပါ။
၂၉၇။ တစ်ခါက ဓမ္မဆရာတစ်ဦးက တနင်္ဂနွေနေ့၏ သမရိုး ကျ ဝတ်ပြုစည်းဝေးကို အသုဘဝတ် ပြုစည်းဝေးသဖွယ် ပြောင်းလဲ ပစ်လိုက်လေသည်။
အသင်းတော်၏ ပလ္လင်တော်အရှေ့နား၌ အသုဘသေတ္တာတစ် ခုကို တင်ထားသည်။ ကွယ်လွန်သွားသော သူ၏ ကောင်းကြောင်းကို ချီးကျူးလေ့ရှိသည်မှာ ထုံးစံဖြစ်သော်လည်း ဆရာက ထိုကွယ်လွန် သူအား ပြင်းထန်စွာ ရှုတ်ချနေလေသည်။
ထိုသူသည် ဒုစရိုက်ပေါင်းများစွာကို ပြုခဲ့၍ အပယ်ငရဲသို့ လားမည်ဖြစ်ကြောင်း၊ ထိုငရဲတွင် အံသွားခဲကြိတ်ရခြင်း၏ အကြောင်းကို သေချာစွာ ဟောပြောနေခဲသည်။ တရားနာ ပရိသတ်ကလည်း ငရဲ၏ ကြောက်မက်ဖွယ်ရာကောင်းကြောင်းကို မြင်လာပြီး အထူး ပင် ကြောက်ရွံ ထိတ်လန့်ကြသည်။
တရားဟောချက် ပြီးဆုံးသွားလျှင် တရားနာပရိသတ်အားလုံး ရှေ့သိုလာပြီး အသုဘသေတ္တာ ထဲသို ငုံကြည့်ကြရန် ဖိတ်ခေါ်လိုက် သဖြင့် ဤမျှ ဆိုးဝါးလှသော အပြစ်ဒုစရိုက်သားကိုကြည့်ရန် အား လုံး ရောက်လာကြတော့သည်။
အသုဘသေတ္တာကို ဖွင့်ပြီးကြည့်သောအခါ ထိုသေတ္တာထဲ၌ မှန်တစ်ချပ်ကိုသာ မြင်ရပြီး ငုံ့ကြည်သူတိုင်းက သူတို၏ မျက်နှာကို ပြန်၍ မြင်ကြရလေတော့သတည်း။
၂၉၈။ ပန်းသီး၏ အတွင်းထဲ၌ စားနေလေ့ရှိသည့် ပိုးသည် ပန်းသီး၏ အပြင်ဘက်မှ လာပါသလား။ အတွင်းထဲတွင် အစက တည်းက ရှိပါသလားဟု မေးလျှင် ထိုပိုးသည် ပန်းသီး၏ အပြင် ဘက်မှလာကြောင်း လူအများက ဖြေကြမည်သာ ဖြစ်၏။
သို့သော် အမှန်ဆိုရလျှင် ပန်းသီးတွင်းရှိ ပိုးသည် အပြင်မှလာ ခြင်းမဟုတ် ပန်းသီးအတွင်းထဲ၌ အလိုအလျောက် ဖြစ်ပေါ်လာ ခြင်းသာတည်း။
ပန်းသီးအဖြစ်သို မရောက်လာမီ အပွင့်ဘဝ၌ရှိစဉ်ပင် ထိုပိုးဥ တို သည် တည်ရှိနေခဲ့ပြီး ပန်းသီးဖြစ်လာသောအခါ ပိုးဥဘဝမှ ပိုးကောင်များ ဖြစ်လာခဲ့သည်။ ထိုနောက်မှ ပန်းသီး၏ အတွင်း၌ တရိရိစားကာ အပြင်သို ထွက်လာခြင်းသာ ဖြစ်ပါ၏။
အပြစ်ဒုစရိုက်သည်လည်း ထိုနည်းတူပင် ဖြစ်သည်။
လူတို့၏ စိတ်နှလုံးအတွင်း၌ ဖြစ်ပေါ်ပြီး အတွင်းစိတ်ဝိညာဉ် ကို တရိရိစားလျက် အပြင်သို ထွက်လာခြင်းသာ ဖြစ်ပါ၏။
ထိုကြောင့်လည်း ခရစ်တော်က ညစ်ညူးသော အရာတိုသည် အပြင်မှ အတွင်းသို လာခြင်း မဟုတ် (ဝါ) ပြင်ပ၌ ဖြစ်သောအရာ မဟုတ်၊ စိတ်နှလုံးအတွင်း၌ဖြစ်ပြီး အပြင်သို ထွက်လာရသော အရာ များဖြစ်ကြောင်း မိန့်တော်မူခဲ့ပါ၏။
၂၉၉။ “အပြစ်ဒုစရိုက်ရဲ့ ဝန်ထုပ်ဟာ အင်မတန်လေးလံလှ တယ်လို ဆရာက ဟောပြောနေပါတယ်၊ ဘယ်လောက်များ လေး ပါသလဲဆရာ၊ ပေါင်ရှစ်ဆယ်လား၊ ပေါင်တစ်ရာလား၊ ကျွန်တော့် အဖိုတော့ ဘာမှ မလေးလှပါ လား”ဟု လူငယ်တစ်ဦးက ဆရာ့ အား နောက်ပြောင်သလို မေးလေသည်။
“ငါမေးပါရစေကွာ မင်းဟာ ပေါင်ချိန် (၄၀၀) လောက်ရှိတဲ့ ခဲလေးတစ်ခုကို ရုပ်ကလာပ် အလောင်းတစ်လောင်း ပေါ်တင်ရင် အဲဒီ ရုပ်ကလာပ်ဟာ အလေးချိန်ကို ခံနိုင်ပါ့မလား”ဟု မေးရာ အလောင်းဆိုသည်မှာ သေဆုံးနေသူဖြစ် ၍ အလေးချိန်ကို ဘာမျှ ခံစားရမည် မဟုတ်ကြောင်း ဖြေလေရာ “မင်းလည်း ဒီအတိုင်းပါပဲ အမှန်ဆိုရင် မင်းရဲ့ ဝိညာဉ်ဟာ သေနေလို အပြစ်ဒုစရိုက်ရဲ့ ဝန်လေးကို ဘာမှ မခံစားရတာပဲပေါ့”ဟု ဖြေလိုက်လေ၏။
၃ဝဝ။ “ဒုစရိုက်ကိုပြုခြင်း၌ အပြစ်ရှိသကဲ့သို “သုစရိုက်ကို မပြုခြင်း သည်လည်း အပြစ်ရှိပါ၏။
ခရစ်တော်၏ ဥပမာတော်များကို ကြည့်ပါ။
ဆီကုန်နေခဲ့သော သတို သမီးတို့ သည် မင်္ဂလာဆောင်ကို မ နှောင့်ယှက်ခဲ့ပါ။ မင်္ဂလာဆောင်ပွဲရှိ ပစ္စည်းများကို မခိုးယူခဲ့ပါ။ သူတို့၏ ဆီမီးခွက်ထဲ၌ ဆီမရှိသည်ကို သတိမရနိုင်လောက်အောင် တာဝန်မဲ့ခဲ့ခြင်းကြောင့် ဖြစ်ပါ၏။
ငယ်သားတို့ထံ ပစ္စည်းများကို ပေးအပ်ထားခဲ့သော သူဌေးကြီး ဥပမာကို ကြည့်ပါဦး။
အခွက်တစ်ဆယ်ကို ခံသောသူသည် ထိုငွေကို အလွဲသုံးစား မပြုခဲ့ပါ။ အကျိုးဖြစ်ထွန်းစေရန် ဘာမှ မပြုခဲ့ဘဲ မြေထဲ၌သာ မြှုပ်နှံထားခဲ့သောကြောင့် အပြစ်ရှိသူတစ်ဦး ဖြစ်ခဲ့ပါ၏။
တရားစီရင်သော နေ့၌ မင်းကြီး၏ လက်ဝဲဘက်၌ ထိုင်ကာ ကျိန်ခြင်းကို ခံရသောသူများမှာ ဆင်းရဲသားတိုထံမှ လုယူခိုးဝှက်သော သူများ မဟုတ်။ ဖျားနာသူ၊ ထောင်ထဲ၌နေရသောသူများကို မတရား ညှဉ်းဆဲသော သူများ မဟုတ်။ အငယ်ဆုံးသော သူတစ်ယောက်အပေါ် “ပြုသင့်သမျှကို မပြုခဲ့သူများပင် ဖြစ်ပါ၏။ အပြစ် ကို မပြုသော်လည်း ပြုသင့်သမျှကို မပြုခြင်း၊ တာဝန်မဲ့ခြင်း၊ လျစ် လျူရှု၍ နေသူများသည်လည်း အပြစ်ဒုစရိုက်ကို ပြုသူများနှင့် အတူတူပင် ဖြစ်ပါ၏။
၃၀၁။ မျက်နှာနီရဲသွားခြင်း၊ မျက်နှာပျက်သွားခြင်း၊ ရှက်၍ မျက်နှာနီသွားကြခြင်း၏ အရင်းခံ အကြောင်းအရင်းမှာ အဘယ် နည်း။
ပြင်သစ် ဆရာဝန်များသည် တစ်ခါက ထိုသို မျက်နှာပျက် သွားခြင်း၏ အကြောင်းအရင်းကို ဆေးသိပ္ပံပညာအားဖြင့် စူးစမ်း နေကြစဉ် ခရစ်ယာန်တစ်ဦးက ကျမ်းစာကို ထောက်ပြခဲ့ဖူးလေ သည်။ သူထောက်ပြလိုက်သော ကျမ်းချက်မှာကား ယေရမိ ၈း၁၂ ဖြစ်သည်။
သူတို သည် ရွံရှာဘွယ်သော အမှုကိုပြုပြီး ရှက်ကြသလော။ အလျင်း မရှက်ကြ။ မျက်နှာ မပျက်တတ်ကြ။ ထိုကြောင့် တစ်ယောက်နောက်တစ်ယောက် လဲကြလိမ့်မည်။ ငါစစ်ကြောသော အခါ နှိမ့်ချခြင်းကို ခံရလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏” ဟူသည့် ကျမ်းချက်က ဖော်ပြနေသည့် အရင်းခံ အဓိပ္ပာယ်မှာ ရှက်ခြင်း၊ မျက်နှာပျက်ခြင်း၏ အကြောင်းရင်းသည် ရွံရှာဖွယ်သော အမှု၊ အပြစ်ဒုစရိုက်ပြုခြင်းကြောင့်သာ ဖြစ်သည်ဟု ဆိုနေခြင်း ဖြစ်သည်။
ရွံရှာဖွယ်သော အမှုကိုပြုပြီး မျက်နှာမပျက်ရန် ဟန်ဆောင်နေ သော်လည်း ဘုရားသခင်က သိနေပါ၏။ မျက်နှာပျက်ရခြင်း၏ အရင်းခံ အကြောင်းမှာ အပြစ်ဒုစရိုက်သာလျှင် ဖြစ်ပါ၏။ အပြစ် မပြုခဲ့သောသူသည်သာလျှင် ဘုရားသခင်က စစ်ကြောမေးမြန်း သောအခါ၊ မျက်နှာနီရဲခြင်း၊ မျက်နှာပျက်ခြင်း မရှိတတ်ပါ။
၃၀၂။ ခြင်္သေ့များကို ယဉ်ပါးလာစေရန် သွန်သင်ပြသနေသည့် ဆရာတစ်ဦးက ဤသို ဆိုဖူးပါသည်။
“ခြင်္သေ့များရဲ့ စိတ်ဟာ မတည်ငြိမ်ပါဘူး။ ဒီနေ့ ခြင်္သေ့တစ် ကောင်ကို သင်ကြားပြီး လက်ကို ထိုးပေး၊ သူ့ရဲ့ ပါးစပ်ထဲမှာ ခေါင်းကိုထည့်ပေးပေမယ့်၊ စိတ်ကောင်းရှိနေသေးလို မကိုက်ဘဲ ထားချင်ထားမှာ။ ဒါပေမယ့် မနက်ဖြန်ကျ ဒီခြင်္သေ့ဟာ တစ်မျိုးဖြစ် ချင်ဖြစ်မှာပဲ။ အဲဒီလို အရမ်းသွားလုပ်လိုက်ရင်၊ သူဟာတစ်ခါတည်း ကိုက်စားဝါးမျိုး ပစ်ချင်ပစ်မှာပဲ၊ ယုံရတာ မဟုတ်ဘူး။ ကျွန်တော် တိုဟာ ခြင်္သေ့နဲ့ ကစားနေရင်း အသက်ကို ဖက်ရွက်နဲ့ ထုပ်ထား နေရတဲ့ သူတွေပါ”ဟု ဆိုသည်။
လူတို့၏ စိတ်ထားသည်လည်း ထိုနည်းတူ ဖြစ်ပါ၏။
မိမိ၏ စိတ်နှလုံးတွင်းရှိ အပြစ်ပြုလိုသော စိတ်ထားများကို အတင်းအဓမ္မချိုးနှိမ်၍ထားသော်လည်း စိတ်မချရပါ။ စိတ်ထားကို ပြောင်းလဲသွားစေမည့် နူးညံ့သိမ်မွေ့သော ကယ်တင်ခြင်းတရားတော်ဖြင့် ယဉ်ပါးသွားအောင် ပြုမှ သာလျှင် လူတို၏ စိတ်သည် နူးညံ့ပျော့ပြောင်းလာနိုင်ပါ၏။
SMALL THINGS သေးဖွဲသော အရာများ
၃၀၃။ သင်းအုပ်ဆရာကြီးတစ်ဦးသည် အလွန်ပင် စိတ်ပျက် အားလျော့လျက်နေ၍ တစ်နေ့တွင် ဘုရားရှိခိုးကျောင်းသို အစော ကြီး လာရောက်ကာ တစ်ဦးတည်း ဆုတောင်းနေသည်။ သင်း ထောက်များ ရောက်လာသောအခါ သူ၏ စိတ်ထဲ၌ ရှိသမျှကို ရင်ဖွင့်ခဲ့တော့သည်။
“ကျွန်တော့်ရဲ့ စိတ်ထဲမှာ သိပ်မကျေမနပ် ဖြစ်နေပါတယ်၊ စိတ်ပျက်အားလျော့ပါတယ်၊ ဒီတစ်နှစ်လုံးမှာ ကျွန်တော် တရားဟောပြောခဲ့လေသမျှဟာ “ခဲလေသမျှ သဲရေကျ” ဆိုတဲ့အတိုင်းပါပဲ။ တစ်နှစ်လုံးဟောနေပြီးမှ ကျွန်တော်တို အသင်းတော်က ပြောင်းလဲ လာသူ တစ်ဦးတည်းရပါတယ်၊ ပြီးတော့ သူကလည်း လူငယ်လေး တစ်ဦးပါပဲဗျာ”ဟု ဆိုလေ၏။
ဆရာသည် ထိုနေ့က ဓမ္မဒေသနာကို စိတ်ညှိးနွမ်းနယ်သော အသံမျိုးဖြင့်သာ ဟောပြောခဲ့သည်။ သူ၏ စိတ်ပျက်အားလျော့ခြင်း ကြောင့် သင်းထောက်များကလည်း ဝမ်းနည်းနေခဲ့သည်။
သို့ သော် နှစ်များစွာကြာသော် ထိုသေးသိမ်သော လူငယ်လေး သည် သာသနာပြုတစ်ဦး ဖြစ်လာခဲ့သည်။ ထို သာသနာပြုသည်သာမန် သာသနာပြုတစ်ဦးသာမဟုတ် ခရစ်ယာန်လောကနှင့် ကမ္ဘာတစ်ဝှမ်းလုံး၌ ကျော်ကြားခဲ့သော သာသနာပြုကြီးတစ်ဦး ဖြစ်ခဲ့ပါ၏။ ထိုလူငယ်လေးမှာ အခြားသူမဟုတ် နာမည်ကြီးလှ သော သာသနာပြု ဆရာကြီး တစ်ဦးဖြစ်ပြီး လူပေါင်းများစွာကို ပြောင်းလဲစေခဲ့သည့် “ဒေါက်တာ ရောဘတ်မောဖက်” ဆိုသူ ဖြစ်ပါ သတည်း။
၃၀၄။ ဘုရားသခင်သည် သေးဖွဲသော သူများကို ရွေးချယ်၍ အသုံးပြုလေ့ရှိသည်။
မီးရထားအလုပ်ရုံမှ သာမန်လုပ်သားတစ်ဦးဖြစ်သည့် “မာတင် လူသာ” ကို ခရစ်ယာန်ခေါင်းဆောင်ကြီး အဖြစ်သို ပြောင်းလဲလာ စေခဲ့သည်။ သာမန်အောက်တန်းကျ အလုပ်သမားတစ်ဦး၏ သား ဖြစ်သူ “လစ်ဗင်းစတုန်း” ကို ကမ္ဘာကျော် သာသနာပြုကြီး တစ်ဦး ဖြစ်လာစေခဲ့သည်။
ကျောမွဲလူတန်းစားတစ်ဦး၏ သားတစ်ယောက်ကို ပညာရှင် ကြီး “အင်ဒရူးကာနယ်ဂျီ” ဖြစ်လာစေခဲ့သည်။ ချုံပုတ်ထဲတွင် စွန့် ပစ်ထားခြင်းခံခဲ့ရသော ကလေးငယ်တစ်ဦးကို “မောရှေ ဖြစ်လာ စေခဲ့သည်။ လူအများက ရှာမုန်းတီးခဲ့သော ဖါရိရှဲတစ်ဦးကို “ရှင် ပေါလု ဖြစ်လာစေခဲ့သည်။ လေလွင့်တေပေနေခဲ့သော သူတစ်ဦးကို နိုင်ငံခေါင်းဆောင်ကြီး “ဘင်ဂျမင်ဖရင်ကလင်” ဖြစ်လာစေခဲ့သည်။
ဘုရားမဲ့ဝါဒီ ဆရာဝန်ကြီးတစ်ဦးဖြစ်သည့် ဂရင်းဖဲ(လ်)ကို ကမ္ဘာကျော် သာသနာပြုကြီးတစ်ဦး ဖြစ်လာစေခဲ့သည်။ မျက်စိ ကန်းနေခဲ့သော သူတစ်ဦးကို ကမ္ဘာကျော် ကဗျာဆရာကြီး “မီ(လ်) တန်” ဖြစ်လာစေခဲ့သည်။ နားပင်း၊ ဆွံအ၊ မျက်စိကန်းနေခဲ့သော မိန်းကလေးတစ်ဦးဖြစ်သည့် “ဟဲလင်ကဲ လား” ကို ယုံကြည်ခြင်း၏ သူရဲကောင်းတစ်ဦး ဖြစ်လာစေခဲ့သည် မဟုတ်ပါလော။
၃၀၅။ မှန်သွေး၍သာ အသက်မွေးဝမ်းကျောင်း ရှာဖွေခဲ့ရသူ ကမ္ဘာကျော် အတွေးအခေါ် ပညာရှင်ကြီး “စပင်နိုဇာ” သည် သူ၏ ဖီလိုဆိုဖီ အတွေးအခေါ်များကို နေအိမ်အထက်ထပ်ခိုးကလေး၌ သာ ရေးသားပြုစုနေခဲ့စဉ်၊ ထိုအချိန်က သန်းကြွယ် သူဌေးကြီးတို သည် အဘယ်သူများပေနည်း။ မသိရတော့ပါ။ သမိုင်းတွင် နာမည် ပင် မကျန်ရစ်ခဲ့ပါ။
အစီစီမြိုက “ရှင်ဖရန်စစ်” သည် ဆင်းရဲသားများကို လိုက်လံ ပြုစု ကျွေးမွေးနေစဉ် ထိုစဉ်က စိုးစံခဲ့သော ပုပ်ရဟန်းမင်းကြီးသည် မည်သူများပေနည်း မသိပါ။ မမှတ်မိရတော့ပါ။
“အယ်လီဇဘတ်ဖရိုင်း”ဆိုသည့် သူတော်စင် အမျိုးသမီးကြီး သည် လန်ဒန်မြိုရှိ အကျဉ်းထောင်များကို လိုက်လံ ကြည့်ရှုခဲ့ပြီး တရားဒေသနာများ ဟောကြားနေစဉ် ထိုစဉ်က လန်ဒန်မြို့ရှိ မြို တော်ဝန်သည် မည်သူများပေနည်း မမှတ်မိတော့ပါ။
ကြီးကျယ် ကျော်ကြားသော ပုဂ္ဂိုလ်များသည် သမိုင်းတွင် နာ မည်မကျန်ရစ်ခဲ့သော်လည်း ဘယ်သောအခါမျှ နာမည်မသေတော့ ဘဲ သမိုင်းတွင် ကျန်ရစ်ခဲ့သော သူများကား သေးဖွဲသော အည တရများပေတည်း။ ။
၃၀၆။ တစ်ခါက အာဖရိကပြည် သာသနာပြုကြီးဖြစ်သူ ဒေါက်တာအယ်(လ်)ဘတ်ဆွိက် ဇာသည် မြေကြီးကို ပေါက်တူး ပေါက်နေစဉ်၊ လူငယ်တစ်ဦး လျှောက်လာစေခဲ့သည်။ သူ့အား ကူညီပါရန် မေတ္တာရပ်ခံသောအခါ “အောင်မာ ပေါက်တူးပေါက်ရအောင်ဟာ ကျုပ်ကိုဘာထင်လို လဲ၊ ကျုပ်ဟာ ပညာတတ်ပုဂ္ဂိုလ် တစ်ဦးပဲ”ဆိုပြီး စိတ်ဆိုးလျက် ထွက်သွားခဲ့ဖူးလေသည်။
ထိုပညာတတ်လူငယ်ကို ယနေ့ မမှတ်မိတော့ပါ။ သို့သော် ကမ္ဘာတွင် ဥဒါန်းမကျ၊ သမိုင်းတွင် ကျန်ရစ်ခဲ့သူမှာကား ပေါက် တူးပေါက်နေခဲ့သော အတွေးအခေါ် ပညာရှင်ကြီး၊ ဂီတပညာရှင် ကြီး၊ ဓမ္မပညာရှင်ကြီးနှင့် ဆေးသိပ္ပံ ပညာရှင်ကြီး “ဒေါက်တာ အယ်လ်ဘတ်ဒွိက်ဇာ”ပင်တည်း။ ။
၃၀၇။ အနောက်နိုင်ငံရှိ ရဲများကို ရွေးချယ်ရာတွင် အရပ် (၆)ပေကျော်၊ ပေါင်ချိန် (၂၀၀)နီးပါး၊ အားခွန်ဗလဖြင့် ပြည့်စုံနေ သောသူများကိုသာ ရွေးချယ်လေ့ရှိသည်။ လူဆိုးသူဆိုး ရာဇဝတ် ကောင်များကို ဖမ်းဆီးရာတွင် ဗလကြီး၍ အားရှိသူများ လိုအပ် သည်ဟုဆိုပြီး ဤသို ထွားထွားကြိုင်ကြိုင် ပုဂ္ဂိုလ်များကိုသာ ရွေး ချယ်ခဲ့သည်။
တစ်နေ့တွင် ဂျပန်လူပုကလေးတစ်ဦးသည် ရဲဌာနတစ်ခုသို အလည်ရောက်သွားသည်။ သူ၏ အလေးချိန်မှာ ပေါင် ၁၀၀ ကျော်မျှပင်ဖြစ်သည်။ သိုသော် ထိုပေါင် ၁ဝဝ ကျော်မျှပင် ရှိနေ သော ဂျပန်လူငယ်လေးက ထိုဗလကြီးများ တစ်ယောက်ပြီးတစ် ယောက်ကို ဂျူဒိုပညာဖြင့် ကိုင်ပေါက်ပြလိုက်လေသည်။ ခွန်အား ဆိုသည်မှာ ကြီးမားခန့်ထယ်သော ဗလ ကိုယ်လုံးကိုယ်ထည် အ ရွယ်အစားပေါ်၌သာ မူမတည်ပါ။
SORROW AND SUFFERING
ဝမ်းနည်းကြေကွဲခြင်းနှင့် ဒုက္ခခံစားရခြင်း
၃၀၈။ အမှောင်ဆုံးသော ညမျိုး၌သာ ကြယ်ပွင့်ကလေးများ၏အရောင်များမှာ ပိုမို ဝင်းလက်လာသည်။ ဒုက္ခ အရောက်ဆုံးအချိန် ၌သာလျှင် ခရစ်တော်ကပေးနေသော ငြိမ်သက်ခြင်း၏ အရသာကို ပိုမို ခံစားလာနိုင်သည်။ ကျွန်ုပ်တို အားနည်းနေသောအခါမှ ကိုယ်တော်၏ ခွန်အားကို ပိုမို ရိပ်စားမိလာရသည်။ ဝန်လေး၍ ပင်ပန်း နေသောအခါမှ ကိုယ်တော်က ပေးနေသော ချမ်းသာသုခကို ပိုမို ခံစားနိုင်ကြပါသည်။
၃၀၉။ တစ်ခါက ခွန်အားဗလကြီးသော စစ်သားတစ်ဦးရှိ၍ သူ့ကို လူတိုင်းက ကြောက်နေကြရသည်။ စိတ်ဆိုးလာလျှင် သူ၏ ဗလဖြင့်လူများကို စိတ်ထင်တိုင်းကိုင်ပေါက်၍ လက်သီးဖြင့် ထိုးလေ့ရှိသည်။ သိုသော် တစ်နေ့တွင် သူသည် ခရစ်ယာန်ဖြစ်လာ၍ စိတ်ပြောင်းလဲ လာပြီး နူးညံ့သိမ်မွေ့သူ ဖြစ်လာသည်။
ယခင်က သူ့ကို ကြောက်ရွံနေသူများက ယခုအခါဆိုလျှင် သူ့ကို နောက်ပြောင်ကြသည်။ ခရစ်ယာန် ဖြစ်သွားရခြင်းအတွက် ပျက်ရယ်ပြုကြသည်။ သိုသော် သူသည် ယခင်ကကဲ့သို မဟုတ် သည်းခံ၍ ပြုံးနေခဲ့သည်။
တစ်နေ့တွင် သူ့အား ရဲဘော်တစ်ဦးက ရေနွေးပူဖြင့် ပက် လိုက်လေသည်။ တပ်ခွဲတစ်ခွဲလုံးက ဆိတ်ငြိမ်လျှက် ကြောက်ရွံ နေ ကြသည်။ ရေနွေးပူဖြင့် ပက်သူအား စိစိညက်ညက်ချေမွ၍ သတ် ပစ်လိုက်တော့မည်လား ဟူ၍ ထိတ်ထိတ်လန့်လန့် စောင့်ဆိုင်းနေ ကြခြင်း ဖြစ်သည်။
ထိုအခါ သူသည် ရှပ်အင်္ကျီကို ချွတ်လိုက်သည်။ ကြီးမားကျယ် ပြန့်၍ ကြွက်သားများ ခုံးထစ်နေသော ရင်ပတ်ကြီးကို လူအများက မြင်လာရသည်။ သိုသော် သူ၏ ရင်ပတ်ရှိ ရေနွေးပူကြောင့် မီးလောင်ဘုကြီးများ အပြိုင်းပြိုင်း ထနေသည်။ သူ့အား ကြည့်နေသူ များအား ထိုဒဏ်ရာကို လှည့်ပြလိုက်ပြီး “ဒုက္ခဝေဒနာကို ကြံ ကြံ့ခံနိုင်ရေးဟာ ခရစ်ယာန်တစ်ဦးရဲ့ ပါရမီတစ်ခုပါကွာ၊ ဟော ဒီမှာကြည့်” ဆိုပြီး သူ၏ ဒဏ်ရာကို ပြကာ ရေနွေးပူနှင့် ပက်လိုက် သူအား အပြစ်လွှတ်ကြောင်း ပြောပြလိုက်လေ၏။
ထိုနေ့မှစပြီး သူ့အား မည်သူကမျှ ပြက်ရယ် မပြုကြတော့ပါ။
၃၁၀။ ညအခါ၊ လသာချိန်များ၌ ကျွန်တော်တို လမ်းလျှောက် ကြသည့်အခါ ပန်းရနံ့များကို ရှုရှိက်မိတတ်ကြသည်။ ည၏ သာယာ လှပခြင်းကို ထိုရနံ့များက ဖြည့်စွက် အားပေးလျှက် ရှိတတ်သည်။
အချို့သော ပန်းများ၊ နှင်းဆီများသည် ညအခါများ၌သာ သူ၏ မွေးရနံ့ကို ရာခိုင်နှုန်း (၃၀)မှ (၄၀) အထိ “ပိုမို” မွှေးပျံ့ သင်းကြိုင် စေကြသည်ဟု သိပ္ပံပညာရှင်များက ယခု ဖော်ပြနေကြပါသည်။
ညအချိန်နှင့်တူသော ဘဝ၏ အမှောင်တွင်း၌သာ ခရစ်ယာန် တို၏ သင်းပျံ့သော ပါရမီကောင်း မွှေးရနံ့များကို ဖော်ပြနိုင်ပါ၏။ ဒုက္ခရောက်သောအခါမှ ခရစ်ယာန်တစ်ဦး၏ သည်းခံခြင်း၊ မေတ္တာ ကရုဏာနှင့် အပြစ်လွှတ်နိုင်ခြင်း၊ ခံနိုင်ရည် ဇွဲသတ္တိတို ကို ပိုမို ထင်ရှားလာစေနိုင်ပါ၏..
၃၁၁။ ဓါတ်ပုံ ဖလင်လိပ်များကို ဆေးရာတွင် အမှောင်ခန်း တွင် အသုံးပြုရကြောင်း လူတိုင်းက သိရှိပြီး ဖြစ်ပါသည်။
ကင်မရာဖြင့် ဓါတ်ပုံရိုက်စဉ်ကလည်း ကင်မရာ မှန်ဘီလူးရှေ့ရှိ အရာဝတ္ထု တစ်စုံတစ်ခု၏ အလင်းကို ဖလင်လိပ် ထဲသို ဖမ်းယူစွဲမြဲ ထင်ဟပ်သွားစေခဲ့ရသည် ။
သို့သော် ဓါတ်ပုံရိုက်ခဲ့သော ထိုရုပ်သဏ္ဌာန်သည် မပေါ်လွင်လာသေးပါ။ ထိုဖင်လိပ်ကို အမှောင်ခန်းထဲသို ယူသွားပြီး ဆေးကြောလိုက်သောအခါမှ ထိုရုပ်ပုံများ ထင်ရှားစွာ ပေါ်ထွက်လာနိုင် ပါ၏။
လူ့ဘဝသည်လည်း ထိုနည်းတူ ဖြစ်ပါသည်။
ခရစ်တော်၏ သဏ္ဌာန်တော်သည် ကျွန်တော်တို၏ ဘဝတွင်း ၌ ထင်ဟပ်၍ လူအများ၏ ရှေ့တွင် ပေါ်လွင် ထင်ရှားလာစေလိုပါ က ကျွန်တော်တို သည်လည်း ဘဝ၏ အမှောင်ခန်းထဲသို ဝင်ကြရ လိမ့်မည်။ ထိုအခါမှ ကိုယ်တော်၏ သဏ္ဌာန်တော်သည် ကျွန်တော် တို၏ ဘဝတွင်း၌ စွဲမြဲထင်ဟပ်လာပြီး ထို နောက်မှ ပေါ်လွင် ထင်ရှားလာနေပါလိမ့်မည်။
၃၁၂။ ကမ္ဘာစစ်အတွင်းက စစ်သည်တော်တစ်ဦးကို အလွန် ပင် အရေးကြီးလှသော အထူးတာဝန်ဖြင့် သူ၏တပ်က စေခိုင်းခဲ့ သည်။
ပထမတွင် သူသည် အန္တရာယ်ရှိသော မြစ်ကြီးတစ်ခုကို ဖြတ် ကူးရလိမ့်မည်ဟု ဆိုသည်။ ထိုနောက် သားရဲ တိရစ္ဆာန်များ ပေါ များသော တောနက်ကို ဖြတ်ရလိမ့်ဦးမည်။ ထိုနောက် ပြတ်လု ဆဲဆဲဖြစ်နေသော ကြိုးတံတားတစ်ခုကို တွေ့လိမ့်မည်။ ထိုတံတား ကို အလွန်သတိထား၍ ဖြတ်ရလိမ့်မည်ဟု သူ၏ အရာရှိက သေ သေချာချာ ပြောပြနေလေသည်။ ၊ ရဲစွမ်းသတ္တိရှိလှသော ထိုစစ်သားက “အင်း… အဲဒီ မြစ်ကြီး တို၊ သားရဲတိရစ္ဆာန်ပေါလှတဲ့ တောကြီးတို၊ ပြတ်လုဆဲဆဲ ဖြစ်နေတဲ့ တံတားတို့ ကို ကျွန်တော် တွေ့မြင်လာရတာနဲ့ တစ်ပြိုင်နက် ကျွန် တော်ဟာ သွားရမယ့်လမ်းကို ရောက်နေကောင်း သိရမှာပဲ” ဟုဆိုလိုက်လေ၏။
ခရစ်တော်ကလည်း “သင်တိုသည် ဤလောက၌ ဆင်းရဲဒုက္ခ မျိုးကို ခံကြရလိမ့်မည်”ဟု ဆိုခဲ့သည်။ ထိုသိုသော ဆင်းရဲဒုက္ခမျိုး တွေ့ကြုံနေရလျှင် ခရစ်ယာန်တို လျှောက်သွားရမည့်လမ်းမှန်သို ရောက်နေကြောင်း သိသာနိုင်ပါသည်။
သိုသော် ကိုယ်တော်က “စိတ်ပူပန်ခြင်း မရှိနှင့်၊ ငါသည် ကပ် ကမ္ဘာကုန်သည့်တိုင်အောင် သင်တိုနှင့် အစဉ်မပြတ် ရှိမည်” ဆို သည့် စကားက ကျွန်တော်တို အတွက် အကြီးမြတ်ဆုံး ခွန်အား ဖြည့်စွမ်း အပေးနိုင်ဆုံးသော ကတိတော် စကားများပင် မဟုတ်ပါ လား။
၃၁၃။ ပန်းချီဆရာကြီးတစ်ဦးသည် သူ၏ အလွန်ကြီးကျယ် ခန်းနားလှသော ပန်းချီကား့ ချပ်တစ်ချပ်ကို ရေးဆွဲပြီး ဝေဖန်ချက် ပေးရန် မိတ်ဆွေတစ်ဦးအား ဖိတ်ကြားခဲ့လေသည်။ ထိုမိတ်ဆွေ ရောက်လာသည်နှင့် ပန်းချီဆရာကြီးအား အမှောင်ခန်းတစ်ခုထဲ၌ ၁၅ မိနစ်ခန်က ထိုင်နေစေသည်။
ထိုအခါတွင် မိတ်ဆွေဖြစ်သူက အံ့ဩ၍မေးရာ “ဒီလိုပါ၊ ခင် ဗျားဟာ လမ်းမကြီးပေါ်က လာခဲ့သူပါ၊ လမ်းမကြီး တစ်ခုလုံးက ထိန်ထိန်ညီအောင် လင်းနေခဲ့တယ်၊ အဲဒီ အလင်းရောင်ကြောင့် ခင်ဗျားဟာ ကျွန်တော့်ရဲ့ ပန်းချီကားချပ်ရဲ့ အရောင်စုံတွေကို ချက်ချင်းကြည့်လို ကောင်းမှာ မဟုတ်ဘူး၊ ခင်ဗျားရဲ့ မျက်စိကို အရင်ဆုံး ကျင့်သားရလာရအောင် အမှောင်ခန်းထဲမှာ ခဏ နေစေတာပါ”ဟု ရှင်းပြခဲ့လေတော့၏။
တစ်ခါတစ်ရံလည်း ဘုရားသခင်က ကျွန်တော်တိုအား ဘဝအမှောင်ထဲ၌ ခေတ္တထိုင်နေစေ တတ်ပါသည်။
မျက်မှောက်လောက၏ ပျော်ရွှင်မှု၊ သာယာမှု၊ အောင်မြင်မှု များတွင် ကြာမြင့်စွာနေလာ ရပါလျှင် ဘုရားသခင်၏ တန်ခိုးတော်၊ မေတ္တာတော်ရောင်ခြည်ကို ကောင်းစွာ မမြင်နိုင်ဘဲ ဖြစ်နေတတ် ပါ သည်။ အမှောင်ခန်းထဲတွင် ခေတ္တ ထိုင်နေပြီးသောအခါမှ ကိုယ် တော်၏ မေတ္တာတော်နှင့် ကရုဏာ တော် ရောင်ခြည်ကို ပိုမို ထင် ရှားစွာ မြင်လာရပါလိမ့်မည်။
၃၁၄။ အမျိုးသမီးတစ်ဦးသည် ပန်းကန်ခွက်ယောက်များ ပြု လုပ်သည့် ဒေသတွင် နှစ်ပေါင်း များစွာ နေခဲ့သောကြောင့် ထို အလုပ်ရုံသို မကြာခဏ သွားရောက်ကြည့်ရှု လေ့လာလေ့ရှိသည်။
တစ်နေ့တွင် အင်္ဂလန်ပြည် ဘုရင်မပွဲတော်တည်ရန် ပန်းကန် ခွက်ယောက်များ ပြုလုပ်နေ သည်ကို တွေ့ရသည်။ ထိုပန်းကန်များ ကို အလွန်ပင် သေသပ်လှပစွာ ပြုလုပ်ခဲ့ရသည်။ သိုသော် တစ်ချိန် တွင် လုပ်သားကြီးတစ်ဦးက ပန်းကန်များ၏ အနားသား၌ ဆေးမဲ များသုတ်နေသည်ကို တွေ့ရသည်။ ထိုကြောင့် ထိုအမျိုးသမီးက “အဲဒီနေရာတွေမှာ ရွှေရောင်သုတ်ရမယ်ဆို၊ အခုတော့ အမည်း ရောင်တွေပဲ သုတ်နေပါလား”ဟု မေးရာ၊ ထိုလုပ်သားကြီးက “မီးဖို ထဲကို ရောက်သွားရင် မီးရဲ့ အပူရှိန်ဓါတ်က အဲဒီအမည်းရောင်ဆို လောင်ကျွမ်းသွားစေပြီး ရွှေရောင်တွေ စွဲထင်လာစေပါ လိမ့်မယ်” ဟု ဖြေလိုက်ပါ၏။
ဘုရားသခင်၏ ရွှေနှုတ်မေတ္တာတော်၏ သန့်စင်စစ်ချောမှုကို ပြုပြင်စေခွင့်ပေးပါက ကျွန်တော်တို၏ ဘဝ တစ်သက်တာများ တွင်လည်း ရွှေရောင်များပေါ် ဝင်းလက်လာစေပါလိမ့်မည်။
နှစ်ပေါင်းများစွာက အာဖရိက ကျောက်တွင်းအတွင်းမှ ကမ္ဘာ့သမိုင်းတွင် အလှပဆုံးသော စိန်တုံးတစ်တုံးကို တူးဖေါ် ရရှိခဲ့ သည်။ ထိုစိန်ကြီးကို သရဖူတွင်တပ်၍ ဆောင်းစေရန်အတွက် အင်္ဂ လန်ပြည့်ရှင်ဘုရင်ထံ ဆက်သခဲ့သည်။ ဘုရင်ကလည်း ထိုစိန်တုံးကို ကျောက်သွေးပါရဂူများရှိသည့် ဆွီဒင်ပြည်သို ပိုလိုက်လေသည်။ ကျောက်သွေး ပါရဂူများထဲမှ အတော်ဆုံးသော ပုဂ္ဂိုလ်ထံသို ထို စိန်ရိုင်းကို ပိုခဲ့သည်။
ထိုပါရဂူကြီးက ထိုစိန်ကြီးပေါ်၌ ချိုင့်တစ်ခု ထွင်းလိုက်လေ သည်။ သူ၏ ကိရိယာတစ်ခုကို ချိုင့်ထဲသိုထည့်ပြီး အရှိဖြင့် ထုလိုက် ရာ စိန်တုံးကြီးမှာ နှစ်ခြမ်းကွဲ ထွက်သွားရလေသည်။
ထိုသို အရမ်းထုလိုက်ခြင်းအားဖြင့် ထိုစိန်တုံးကြီးသည် ပျက်စီး သွားပေတော့မည်ဟု ထင်စရာ ရှိပါသည်။ မဟုတ်ပါ။ ယင်းသို ထုလိုက်ခြင်းအားဖြင့် ကွဲအက်သွားသော အကြောင်းများ၊ အက်ရာ များကို အသေးစိတ် လေ့လာပြီး ပုံစံ အမျိုးမျိုး ရေးဆွဲကြည့်ရလေ သည်။ လေ့လာမှုကို လပေါင်းများစွာ ပြုရလေသည်။
ထိုသို သော လေ့လာမှုကြောင့် စိန်တုံး၏ အရည်အသွေးညံ့ ဖြင်းမှုများ ပေါ်လွင်လာသည်။ ထိုစိန်၏ အက်ကြောင်းများကို လေ့လာပြီးမှ ထိုအက်ကြောင်းများပေါ် မူတည်ပြီး သွေးယူခဲ့ရ သည်။ ထိုသို ထုနှက်ခြင်းအားဖြင့်သာ အလွန် လှပ အဖိုးတန်လှ သော စိန်တုံးနှစ်တုံးကို သွေးယူနိုင်ခဲ့ပါတော့၏။
ကျွန်တော်တို့ သည်လည်း ဘုရားသခင်၏ အဖိုးတန် စိန်တုံး များဖြစ်ပါသည်။ သို သော် အဖိုးတန်၍ လှပသာ စိန်များအဖြစ် သို မရောက်ကြသေးပါ။
ကမ္ဘာပေါ်တွင် အကြီးမြတ်ဆုံးသော စိန်သွေးသူ ဘုရားသခင် က ထုရိုက်သောအခါ ကျွန်တော်တို၏ အရည်အသွေးနှင့် တန်ဖိုး တို ပေါ်လာသည်။ ထိုမှတစ်ဆင့် တန်ဖိုး မဖြတ်နိုင်သော စိန်တုံး များအဖြစ် ကိုယ်တော်က သွေးယူပါလိမ့်မည်။
လောကရှိ စုံစမ်းခြင်း၊ နှောင့်ယှက်ခြင်းတို့မှာ ကျွန်တော်တို၏ ပါရမီကောင်းနှင့် မွန်မြတ်သော အရည်အသွေး ပေါ်လာစေရန် ထုနှက်နေသော အရာများအဖြစ် မြင်လာဖို လိုပါ၏။
၃၁၆။ ခရစ်ယာန်များသည် ညှင်းပန်းနှိပ်စက်ခြင်း၊ ရက်စက် စွာ သတ်ဖြတ်ခြင်းကို အလွန်အမင်း ခံခဲ့ရသည်။
ရောမမြိုရှိ နီရိုဘုရင်လက်ထက်၌ ခြင်္သေ့စာကျွေးခြင်း၊ အစာ ငတ်ပြတ်နေကြသော ခွေးများအား ကိုက်ဖြတ်စား သောက်စေခြင်း၊ သစ်တိုင်၌ မီးရှိခြင်း၊ ကားတိုင်၌ ရက်ပေါင်းများစွာတင်၍ အစာ ရေစာ အငတ်ခံစေပြီး သတ်ဖြတ်ခြင်း အမျိုးမျိုးကို ခံခဲ့ရသည်။
အားကစားကွင်းကြီး အလယ်သို့ သူတို အား ခေါ်လာပြီး အား ခွန်ဗလကြီးမား၍ သတ်ဖြတ်တိုက်ခိုက်ရေးအတွက် အထူးတလည်
လေ့ကျင့်ပြီးသားဖြစ်သည့် “ဂလေးဒီရေးတား” စစ်သည့်တော်များ နှင့် တိုက်ခိုက်စေသည်။ အစာရေစာ ရက်ပေါင်းများစွာ မစားရဘဲ အင်အားချည့်နဲ့နေသော ခရစ်ယာန်များမှာ မတိုက်ခိုက်နိုင်ဘဲ လဲကျနေစဉ် ဝိုင်းဝန်းရှုစားနေကြသော ပရိသတ်များက ပြက်ရယ် ပြုကြသည်။
ထိုအခါ “ဂလေးဒီးရေးတား” စစ်သည်တော်ကြီးက ရှုစားနေ သော ကဲသာဘုရင်ကို မော့၍ ကြည့်သည်။ ကဲသာဘုရင်က လက်မ ကို အောက်စိုက်ပြလိုက်လျှင် ထိုစစ်သည်တော်ကြီးက လဲကျနေသော ထိုခရစ်ယာန်ဦးခေါင်းကို ဓါးဖြင့် ဖြတ်လိုက်သည်။ ခေါင်း ပြတ်ကြီးကို ဆံပင်မှဆွဲပြီး ပရိသတ်အား လှည့်လည်ပြသရသည်။ ပရိသတ်ကလည်း သူ့အား သူရဲကောင်းကြီးပမာ လက်ခုပ်ဩဘာ ပေးကြသည်။
သို့သော် ထိုသို့ သော ညှင်းပန်းနှိပ်စက်မှုကြားမှ ထွက်ပေါ်လာ လေ့ရှိသော သီချင်းသံများ၊ ဓမ္မတေးသံများက လူအပေါင်းကို အံ့ ဩစေသည်။ အံ့ဩစေရုံမက ထိတ်လန့်တုန်လှုပ်ချောက်ချားသွား စေသည်။ ။
အမှန်ဆိုရလျှင် ရက်စက်စွာ သတ်ဖြတ်နေသည့် စပ်ကြား၌ ခရစ်ယာန်များ သီဆိုလေ့ရှိကြသော ဓမ္မသီချင်းသံများကြောင့် ရှု စားနေကြသော လူအများကို စိတ်ပြောင်းလဲလာစေခဲ့ပါသည်။ သူ တို၏ သီချင်းသံများကြောင့် ညှင်း ပန်းနှိပ်စက် သတိဖြတ်နေသည့် လူအများကိုပင်လျှင် ခရစ်ယာန်အဖြစ်သို ပြောင်းလဲလာစေခဲ့ ကြောင်း သမိုင်းတွင် တွေ့ရှိခဲ့ရပါသတည်း။
၃၁၇။ တစ်ခါက အမျိုးသမီးတစ်ဦးသည် ဆွစ်ဇာလန်ပြည်သို အလည်အပတ်သွားခဲ့ရာ သိုးများရှိရာသို့ ရောက်ခဲ့သည်။ သိုးတစ်ကောင်သည် ခြေကျိုးနေသည်ကို တွေ့ရသဖြင့် သိုးထိန်းအား မေး မြန်းရာ ထိုခြေထောက်ကို သိုးထိန်းကိုယ်တိုင်က ချိုးခဲ့ကြောင်း ရှင်းပြသဖြင့် အလွန် အံ့သြသွားမိရသည်။
“ဒီလိုပါ၊ ဒီသိုးဟာ ကျွန်တော့် နောက်ကို မလိုက်ဘူး၊ ခေါ်ရင် လည်း မလာဘူး၊ သူ့ဖာသာ တစ်ကောင်တည်း လျှောက်ထား တော့ အန္တရာယ်ရှိတဲ့ နေရာတွေကို တစ်ကိုယ်တည်း လေလွင် ဝက်သားနေတတ်ပါတယ်၊ ဒါကြောင့် သူ့ရဲ့ ခြေထောက်ကိုကျွန်တော်ချိုးလိုက်ရပါတယ်၊ ဒီလိုမှ မလုပ်ရင် မဖြစ်လွန်းလို ချိုး လိုက်ရတာပါ၊ ဒီခြေထောက်ကို ကျွန်တော်ကိုယ်တိုင် ပြန်ဆက်ပေး ထားရပါတယ်၊ ပြီးတော့ ခြေထောက်တစ်ခုလုံး ပြန်ကောင်းတဲ့အထိ ကျွန်တော်က ပြုစုယုယပေးနေရပါတယ်။ ဒီခြေထောက်ကောင်း သွားပြီးတဲ့နောက်မှာ ဒီသိုးဟာ တစ်ကောင်တည်း လေလွင့်လျှောက် သွားနေတော့မှာ မဟုတ်ဘူး၊ ကျွန်တော့်နောက်ကို အမြဲလိုက်နေပါ လိမ့်မယ်၊ ကျွန်တော် ခေါ်ရင် လာပါလိမ့်မယ်၊ သိုးကို သင်ပြပေးဖို ဒီနည်းလမ်းဟာ အကောင်းဆုံး နည်းလမ်းပါပဲ”ဟု ရှင်းပြခဲ့လေ၏။ ကျွန်တော်တို သည်လည်း သိုးများနှင့်တူသည်။
တစ်ခါတစ်ရံကောင်းသော သိုးထိန်း၏ နောက်သို မလိုက်ဘဲ လေလွင့်လျှောက်သွားနေ တတ်သည်။ သိုးထိန်းကြီးက ကျွန်တော် တိုအား သွန်သင်ဆုံးမလိုသောအခါ ခြေထောက်ကို ချိုးပစ်ရပါလိမ့် မည်။ ထို နောက်မှ ကျွန်တော်တို သည် သိုးထိန်း၏ နောက်သို လိုက် ခြင်း၊ သိုးထိန်းက ခေါ်လျှင်လာပြီး စကားကို နားထောင်လာပါ လိမ့်မည်။
၃၁၈။ တစ်ခါက လျှပ်စစ်ဓါတ်အားပေးဌာနမှ လုပ်သားကြီး များသည် ဓါတ်မီးတိုင်များ လိုက်လံ စိုက်ထူနေသည်။ ဓါတ်တိုင်များ ကို တူးပြီးသား တွင်းများထဲ၌ စိုက်ထူပေးနေရသည်။ ဓါတ်တိုင်ကို ကရိန်းစက်အားဖြင့် မယူပြီး တွင်းထဲသို စိုက်ထူပေးနေရာတွင် လူတစ်ဦးက ထိုဓါတ်တိုင်၏ အရင်းပိုင်ကိုကိုင်ရင်း တွင်းဝနှင့်တည့် ရန် ထိန်းပေးနေသည်။ ။
ထိုစဉ် လုပ်သားတစ်ဦးက ပြေးလာပြီး ဓါတ်တိုင် အရင်းပိုင်းကို ကိုင်ပြီး ထိန်းပေးနေသူ၏ ရင်ဝကို သူ၏ ဦးခေါင်းဖြင့် ဆောင့်လိုက်တော့သည်။ နှစ်ဦးသားသည် ထွေရာလုံးကာ နဘေးသို လဲကျသွား သည်။ ခေါင်းဖြင့် ဆောင့်ခြင်း ခံရသူက အလွန်ပင် စိတ်ဆိုးပြီး ရန်ဖြစ်မည် တကဲကဲ လုပ်နေစဉ် ထိုသို ဆောင့်လိုက်သူက အပေါ် သို လက်ညှိး ညွန်ပြလိုက်သည်။
အသစ်စိုက်ထူနေသော ဓါတ်တိုင်သည် ရေစိုနေသည်။ လမ်းမ ကြီးတစ်ခုလုံးသည်လည်း ရေစိုနေသည်။ ရေစိုနေသဖြင့် လျှပ်စစ် ဓါတ်အားလိုက်ရန် အလွန် အန္တရာယ်ရှိနေသည်။ ဓါတ်တိုင်ကို မ နေစဉ်တိုင်၏ ဦးပိုင်းသည် ခပ်လှမ်းလှမ်းရှိ ဓါတ်အားကြိုးလိုင်းနှင့် မတော်တဆ ထိသွားသည်။ ထိုဓါတ်ကြိုးလိုင်းတွင် လျှပ်စစ်ဓါတ် အားဖို ပေါင်း ၃၃,ဝဝဝ ရှိနေသဖြင့် ရေစိုနေသော ဓါတ်တိုင် အ ရင်းပိုင်းကို ကိုင်နေသူမှာ ဓါတ်လိုက်ပြီး ချက်ခြင်း သေဆုံးသွားနိုင် ပါ၏။
ပြေးလာ၍ ခေါင်းဖြင့် ဆောင့်တွန်းလိုက်သူကြောင့် အသက် ချမ်းသာရခဲ့ခြင်းဖြစ်သည် ကိုတွေ့ရပါတော့၏။
တစ်ခါတစ်ရံ ဘုရားသခင်က အပြစ်ဒုစရိုက် ပြုနေသူကို ထိုကဲ့ သိုပင် ဆောင့်၍ တွန်းဖယ်လိုက်တတ်ပါသည်။ ရှင်ပေါလုကိုလည်း ဒမာသက်လမ်းပေါ်၌ ထိုနည်းတူ တွန်းလှဲခြင်း ခံခဲ့ရဖူးပါသည်။
ကိုယ်တော်က ထိုသို ပြုလိုက်ခြင်းမှာ ကျွန်တော်တိုအား ချစ်၍ ကျွန်တော်တို မဆုံးရှုး မသေကြေစေရန် ပြုလိုက်ခြင်းသာတည်း။
TEMPTATION TESTING
စုံစမ်းနှောင့်ယှက်ခြင်းနှင့် စစ်ဆေးခြင်း ၊
၃၁၉။ တစ်ခါက တောင်ကြားနှစ်ခုစပ်ကြား၌ တံတားကြီး တစ်ခုကို တည်ဆောက်ခဲ့ကြသည်။ ထိုတံတားကို တည်ဆောက်ပြီးသည့် တပြိုင်နက် မီးရထားတစ်စင်း၏ ခေါင်းတွဲနှင့်နောက်တွဲများ ကို မောင်းနှင်လာစေပြီး တံတားကိုဖြတ်ကျော် မသွားစေဘဲ တံတား ကို ဖြတ်ကျော် မသွားစေဘဲ တံတား၏အလယ်တွင် တမင်တကာ ရပ်နား ထားစေခဲ့သည်။ တံတားကြီးတစ်ခုလုံးသည် မီးရထား၏ အလေးချိန်ကြောင့် တုန်ခါ၍နေသည်။ ထိုမီးရထားကို နာရီပေါင်း များစွာ ယင်းကဲ့သို ရပ်ထားစေခဲ့သည့် အကြောင်းမှာ ထိုတံတား၏ ခံနိုင်ရည် စွမ်းအားကို စမ်းသပ်ခြင်းပင်ဖြစ်ပါ၏။
ခရစ်ယာန်တို့၏ ယုံကြည်ခြင်းကိုလည်း ဘုရားသခင်က ထိုကဲ့ သို မကြာခဏ စမ်းသပ်လေ့ ရှိပါသည်။ ခရစ်တော် ကိုယ်တိုင်ပင် စုံစမ်းသွေးဆောင်ခြင်းကို ခံစားခဲ့ပြီးမှ အမှုတော်ကိုဆောင်ရွက်ရန် အသင့်ရှိခဲ့ပါ၏။
၃၂ဝ။ ခေါင်းလောင်းသစ်များ ပြုလုပ်သောသူများသည် ခေါင်းလောင်းပုံကို သွန်းလောင်းပြီလျှင် ပြီးချင်း ခေါင်းလောင်း၏ ပတ်ပတ်လည်တွင် တူဖြင့် လိုက်လံ ထုကြည့်ရလေသည်။ တူဖြင့်ကျေနပ် အားရလောက်အောင်ထုပြီးမှ ထိုခေါင်းလောင်းကို ရောင်း ချစေလေ့ရှိပါ၏။
ထိုနည်းတူ ခရစ်တော်က ကျွန်တော်တို အား ပြုလုပ်လေ့ရှိပါ သည်။ လူတစ်ဦးကို ကောင်းကင်နိုင်ငံသို ချက်ခြင်း မပိုပါ။ သူ့ အား စုံစမ်းနှောက်ယှက်ခြင်း၊ သွေးဆောင်ခြင်း၊ စမ်းသပ်ခြင်း
အမျိုးမျိုးဖြင့် တူထုကြည့်တတ်ပါသေးသည်။ ကျေနပ်အားရပြီးမှ သာ ထိုသူ့ကို ကိုယ်တော်က ရွေးချယ်လေ့ရှိပါ၏။
၃၂၁။ တစ်ခါက လေသူရဲတစ်ဦးသည် လေယာဉ်မောင်းနေ စဥ် သူက လေယာဉ်ပျံထဲ၌ ကြွက်ကြီးတစ်ကောင်ကို တွေ့ရလေတော့သည်။ ထိုကြွက်ကြီးသည် လေယာဉ်မောင်း၏အခန်းထဲ၌ လျှောက်သွားနေပြီး သူ၏ထက်မြက်သော သွားများဖြင့်လိုက်လံ ကိုက် ဖြတ်နေသည်။ များမြောင်လှသော ဝိုင်ယာကြိုးများ၊ ကိရိယာ တန်ဆာပလာများကို ဖြတ်တောက်လိုက်ပါလျှင် လေယာဉ်ချွတ် ယွင်း၍ ပျက်ကျသွားနိုင်ကြောင်း ချက်ခြင်းသတိရလေသည်။
ထိုကြွက်ကို လိုက်လံဖမ်းရန်လည်း အခက်ကြုံနေစဉ် သူသည် အကြံဉာဏ်တစ်ခုကို ရခဲ့သည်။ ကြွက်များသည် ဝေဟင်အမြင့်သို ရောက်လျှင် အသက်ရှုရ ကျပ်လာတတ်သည်ကို သတိရ၍ လေ ယာဉ်ကို အမြင့်သို ထိုးတက်စေခဲ့သည်။
အမြင့်သို့ ရောက်လာလေလေ၊ ထိုကြွက်သည် အသက်ရှုရ ကျပ်လာပြီး ငြိမ်လာခဲ့တော့၏။ လေယာဉ်ကို အနိမ့်သို ပြန်ဆင်း လာ၍ လေယာဉ်ကွင်းသို ဆင်းသက်လိုက်သောအခါ ထိုကြွက် သည် သေဆုံးနေသည်ကို တွေ့ရပါတော့၏။
တစ်ခါတစ်ရံ စုံစမ်းနှောင့်ယှက်ခြင်း၊ ဘေးအန္တရာယ်တို နှင့် ရင်ဆိုင်လာရသောအခါ ကျွန်တော်တို သည် အဖဘုရားသခင်ရှိရာ အထက်ဝေဟင်သို မြင့်နိုင်သမျှမြင့်အောင် တက်ရောက်ဖို လို သည်။ ထိုအခါမှ နှောင့်ယှက်မှု အမျိုးမျိုးသည် ဘုရားသခင်၏ တန်ခိုးတော်ကြောင့် ပျောက်ကွယ်လျက် ပျက်စီးသွားပါလိမ့်မည်။
၃၂၂။ တစ်ခါက လူငယ်လေး တစ်ဦးအား ဥပုသ်စာဖြေ ကျောင်းမှ သူ၏ ဆရာမက ကျမ်းစာတစ်ပိုဒ်ကို သင်ပေးခဲ့လေ သည်။ ထိုကျမ်းပိုဒ်ကို သင်ပေးခဲ့လေသည်။ ထိုကျမ်းပိုဒ်သည် ယော ၅း၂၄ ဖြစ်၏။ “ငါ အမှန်အကန်ဆိုသည်ကား၊ ငါ့စကားနား ထောင်၍ ငါ့ကို စေလွှတ်တော်မူသောသူကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရသည်ဖြစ်၍ အပြစ်စီရင်ခြင်းကို မခံရ၊ သေ ခြင်းမှ အသက်ရှင်ခြင်းသို ကူးပြောင်းသူ ဖြစ်၏” ဟူသော ခရစ် တော်၏ စကားတော်ပင် ဖြစ်၏။
ဆရာမ ထိုကျမ်းစကားကို အလွတ်ကျက်ထားရန် မှာကြား သည်။ ထိုကျမ်းစကားသည် အလွန်မှန်ကန်သည်ဖြစ်၍ ခြွင်းချက် မရှိ ယုံကြည်ရန်ကိုလည်း ထိုလူငယ်အား မှာကြားခဲ့လေသည်။
ထိုလူငယ်သည် နေအိမ်သို ပြန်လာပြီး ထိုင်နေစဉ် ထိုကျမ်း စကားအပေါ်၌ သံသယဖြစ်လာ သည်။ ခရစ်တော်ကို ယုံကြည်လျှင် တကယ်ပင် ကယ်တင်ခြင်းကို ခံစားရပါမည်လားဟူ၍ သံသယဖြစ် လာသည်။ နောက်ဆုံး၌ ထိုသံသယ စိတ်သည် ပြင်းထန်လာသဖြင့် စာတန်မာရ်နတ်ကိုယ်တိုင်က စုံစမ်းနှောင့်ယှက်နေသည်ဟု သူက သတိရ ရိပ်စားမိလာသည်။ သိုသော်လည်း သူသည် ကျမ်းစာကို ကောင်းစွာမတတ်၍ စာတန်မာရ်နတ်ကို မည်ကဲ့သို ပြန်လည် ဖြေရှင်းရ မည်ကို မသိဘဲ ဖြစ်နေသည်။
နောက်ဆုံး၌ သူသည် ကျမ်းစာအုပ်ကို ဖွင့်လိုက်သည်။ ထိုကျမ်း ပိုဒ်ကို မျဉ်းတားလိုက်ပြီး စားပွဲပေါ်သို တင်လိုက်ကာ “ကဲ စာတန် ကြီး၊ ကျွန်တော့်ကိုတော့ လိုက်ပြီ မနှောင့်ယှက်နေနဲ့တော့၊ ကျမ်းစာ ထဲမှာ ဒီလိုပဲ အတိအလင်း ရေးထားတာပဲ ကျွန်တော်တော့ ခင်ဗျား ကို မရှင်းပြတတ်ဘူး၊ ဒါပေမယ့် ခင်ဗျား မယုံရင် ကိုယ်တိုင် ဖတ် ကြည့်ပေတော့” ဟု ပြောပြီး ထွက်သွားလေတော့၏။
ထိုအချိန်မှစ၍ အဆိုပါ ကျမ်းစကားနှင့် ပတ်သက်ပြီး သူ၏ စိတ်ကို စာတန်၏ စုံစမ်းနှောင့် ယှက်ခြင်း မခံရတော့ချေ။
THANKSGIVING ကျေးဇူးတော်ချီးမွမ်းခြင်း
၃၂၃။ အလွန်ပင် ခိုက်ခိုက်တုန် ချမ်းအေးလှသော မနက် ဖြစ်သည်။ လူအများက ညည်းတွားလျက်နေကြစဉ် လူတစ်ဦးက “ကျွန်တော်ကတော့ ကျေးဇူးတော်ချီးမွမ်းပါတယ်” ဟု ဆိုလိုက်လေ သည်။ လူအများက သူ့ကို အံ့သြစွာ ကြည့်နေစဉ် သူက ရှင်းပြလေ သည်။
“ကမ္ဘာဦးကျမ်း ၈း၂၂ ကို ဖတ်ကြည့်ပါလား၊ ဘုရားသခင်က “မြေကြီးမကုန်မီတိုင်အောင် မျိုးစေ့ကြဲရသော ကာလ၊ အသီးအနှံကို သိမ်းရသော ကာလ၊ ချမ်းအေးသော ကာလ၊ ပူသောကာလ၊ နွေ ကာလ၊ ဆောင်းကာလ မပြတ်ရ” လို မိန့်တော်မူခဲ့တယ် မဟုတ် လား၊ အခုလို ရာသီဥတုတွေ အဆက်မပြတ်ပဲ ဖြစ်နေတာကို တွေ့ မြင်နေရတော့ ဘုရားသခင်ရဲ့ ကတိတည်တော်မူတယ်လိုဆိုပြီး ကျွန်တော်က ကျေးဇူးတော်ချီးမွမ်းနေတာပါ”ဟု ဆိုလိုက်လေ၏။
၃၂၄။ လူတစ်ဦးသည် တောင်ပေါ်မှ ကားမောင်း၍ ဆင်းလာ သည်။ တောင်ဆင်းတစ်လျှောက် လုံးတွင် ကားကို ဘရိတ်ဖြင့် ထိန်း ၍ မောင်းလာခဲ့သည်။ လမ်းတစ်ဝက်သို ရောက်သောအခါ ကား၏ ဘရိတ်ပေါက်သွားသည်ကို တွေ့ရသည်။ ဂီယာဖြင့်ပင် ကားကိုထိန်း ၍ မောင်းလာခဲ့ရသည်။ တောင်အောက်သို ချောချောမောမော ရောက်လာသဖြင့် ကျေးဇူးတော်ကို အလွန် ချီးမွမ်းလိုခဲ့သည်။ ထို ကြောင့် တောင်အောက်ရှိ သင်းအုပ်ဆရာ၏ နေအိမ်သို ချက်ခြင်း သွားခဲ့လေသည်။ သင်းအုပ်ဆရာကို အကျိုးအကြောင်း ပြောပြပြီးကျေးဇူးတော် ချီးမွမ်းစေသည်။ သင်းအုပ်ဆရာကလည်း သူ၏ ပန်ကြားချက်အတိုင်း ကျေးဇူးတော်ကို ချီးမွမ်းပေးသည်။
ဆုတောင်းပြီးသောအခါ သင်းအုပ်ဆရာက “ကဲ ဒီတစ်ခါ ခင်ဗျားက ကျွန်တော့်အတွက် ကျေးဇူးတော် ချီးမွမ်းပေးပါ။ ကျွန်တော် လည်း မနေ့က အဲဒီတောင်ပေါ်က ကားနဲ့ ဆင်းလာခဲ့တယ်”ဟု ဆိုသည်။
“ဟာ ဆရာရဲ့ ကားဟာလည်း ဘရိတ်ပေါက်သွားခဲ့လိုလား” ဟု မေးရာ၊ ဆရာက ပြုံးပြီး ခေါင်းခါသည်။
“ဘရိတ်မပေါက်ခဲ့ပါဘူး။ ခင်ဗျားက ဘရိတ်ပေါက်သွားလို ကျေးဇူးတော်ချီးမွမ်းခဲ့တယ်။ ကျွန်တော်က ဘရိတ် မပေါက်သွားလို ကျေးဇူးတော် ချီးမွမ်းချင်လိုပါ”ဟု ပြောလိုက်လေတော့၏။
ကျွန်တော်တိုသည်လည်း ကောင်းစားသည့်အခါ ကျေးဇူးတော် ချီးမွမ်းသလို ဒုက္ခရောက် သည့်အခါလည်း ကျေးဇူးတော်ကို ချီးမွမ်း တတ်ရန် လိုပါ၏။ နေရာတိုင်း၊ အချိန်တိုင်း၊ အရာခပ်သိမ်းအတွက် ကျေးဇူးတော် ချီးမွမ်တတ်ရန် ကြိုးစားသင်ပါ၏။
၃၂၅။ လူတစ်ဦးသည် ဗုံးခိုကျင်းထဲမှ ထွက်လာပြီး ဗုံးဒဏ်ဖြင့် လုံးဝရစရာမရှိအောင် ပျက်စီးသွားရသူ၏ နေအိမ်ကို ကြည့်နေ သည်။
သူ၏ မိသားစုကို လှည့်ကြည့်လိုက်ပြီး “ဒိုတစ်တွေရဲ့ ရှိရှိသမျှ တော့ ကုန်ပြီလို၊ လူတချိုက ပြောနေကြတယ်။ အဲဒါ မှားတာပဲ။ ငါ့မှာ မင်းတိုတတွေ ရှိသေးတယ်။ ငါ့ကိုချစ်ပြီး အမြဲ ခွန်အားဖြည့် စွမ်းပေးနေတဲ့ ဘုရားသခင် ရှိသေးတယ်။ ငါတို ရဲ့ ယုံကြည်ခြင်း ဟာ မပျက်စီးဘဲ ရှိသေးတယ်။ ငါတို ရဲ့ မိသားစု အတွင်းမှာ ချစ် ခြင်းမေတ္တာ ရှိသေးတယ်။ ရှိရှိသမျှ ဘယ်လိုလုပ် ကုန်ရပါ့မလဲကွာ။ မဟုတ်တာ ဒို့အဖို့ ကျေးဇူးတော်ချီးမွမ်းစရာတွေ အများကြီး ရှိပါ သေးတယ်”ဟု ပြောလိုက် လေတော့၏။
၃၂၆။ လူငယ်လေးတစ်ဦးသည် ခွဲစိတ်ကုသခြင်း ခံရခါနီးဆဲ ဆဲ ဖြစ်နေသည်။ သူ၏ လျှာ၌ ကင်ဆာရောဂါ ဖြစ်နေ၍၊ ဖြတ် တောက်ပစ်ရတော့မည် ဖြစ်ပါ၏။ ခွဲစိတ်ကုသမည့် ဆရာဝန်ကြီးက သူ့အား မေ့ဆေး မပေးမီ “ကဲ မောင်ရင် မင်းဟာ ပြောစရာရှိတာ အခုပြောပါ။ အခုပြောလိုက်မယ့် စကားဟာ မင်းရဲ့ နောက်ဆုံး စကားပဲ။ မင်းရဲ့ လျှာကို ဖြတ်ပြီးနောက် မင်းဟာ စကားပြောနိုင် တော့မှာ မဟုတ်ဘူး။ ဒါပေမယ့် လျှာကို ဖြတ်လိုက်တဲ့အတွက် အသက် မသေတော့ဘဲ ရှိနေဦးမှာပဲ” ဟု ဆိုလေသည်။
လူငယ်လေးသည် ကြောင်၍ နေပေးသည်။ သူ့ကို ဝိုင်း၍ ကြည့်ရှုနေသူများကို ဖြည်းညှင်းစွာ လှည့်ပတ်ကြည့်နေသည်။
သူတို့ ကလည်း သူ၏ နောက်ဆုံးစကားများသည် မည်သို ဖြစ် မည်ကို သိလို၍ ရင်တမမဖြင့် ငံ့လင့်နေကြသည်။ လူငယ်လေး၏ နှုတ်ခမ်းသည် နောက်ဆုံး၌ ပွင့်အာလာသည်။
နောက်ဆုံးအနေဖြင့် သူပြောလိုက်သော စကားများမှာကား “ကျေးဇူးတော် ကြီးလှပါ၏ သခင်ခရစ်တော် ဘုရား” ဟူသတည်း။
၃၂၇။ သင်းအုပ်ဆရာတစ်ဦးက အသင်းတော် ကြော်ငြာသင် ပုန်းတွင် “ပင်လယ်ထဲ၌ လူကိုးဦး ပျောက်သွားခြင်း” ဟူသော သတင်းတစ်ခုကို ကပ်ထားလိုက်လေသည်။
အသင်းသူ၊ အသင်းသားများက စုတ်တသတ်သတ်ဖြစ်ပြီး အကျိုးအကြောင်းကို မေးရာ သင်းအုပ်ဆရာက “ဪ ဒီအသင်း တော်က အသင်းသား (၁၁)ဦးဟာ ပင်လယ်ထွက်ရတော့မှာမို့ သူတို့ အတွက် ဆုတောင်းပေးပါလိုဆိုပြီး ဆရာ့ဆီကို လာခဲ့ကြ တယ်။ သူတို အားလုံးဟာ ကောင်းမွန်ချော မောစွာ ပြန်ရောက်ကြလို့ သတင်းကို ကြားပေမယ့် (၂)ဦးကသာ ဆရာ့ဆီကို ပြန်လာပြီ ကျေးဇူးတော် ချီးမွမ်းပေးပါလို ဆိုကြတယ်။ ကျန်တဲ့ (၉) ယောက် ဟာ ကျေးဇူးတော်ချီးမွမ်းဖို သတိတောင် မရကြဘူး။ ဒါကြောင့် ဒီ (၉)ယောက်ဟာ ပင်လယ်ထဲမှာတင် ပျောက်သွားပြီလို ဆရာ က ဆိုလိုက်ရတာပေါ့”ဟု ဖြေလိုက်၏။
ဘေးအန္တရာယ်နှင့် တွေ့ကြုံရခါနီးတွင် ဆုတောင်းဖို သတိရ တတ်ကြသော်လည်း ထိုအန္တရာယ်မှ ကျော်လွန်လာခဲ့သောအခါ လှိက်လှဲစွာ ကျေးဇူးတော်ချီးမွမ်းရန် မကြာခဏ သတိမေ့လျော့ တတ်ပါ၏။
၃၂၈။ ဓမ္မဆရာကြီးတစ်ပါး၏ ပစ္စည်းလေးရှိသမျှကို သူခိုးက ခိုးယူသွားခဲ့သည်။ ရှိရှိသမျှသည် ကုန်သွားလောက်အောင်ပင် အခိုး ခံခဲ့ရပါသည်။ သိုသော် ထိုဓမ္မဆရာကြီးသည် သူ၏ ဒိုင်ယာရီထဲ၌ အောက်ပါစကားများကို ရေးသားခဲ့လေသည်။
“ဘုရားသခင်ကို ကျေးဇူးတော်ချီးမွမ်းရန် အများကြီးရှိပါ သည်။ ပထမအချက်မှာ ကျွန်တော်သည် ယခင်က တစ်ခါမျှ သူခိုး ခိုးခံခဲ့ရခြင်း မရှိခဲ့ပါ။ ယခုအကြိမ်မှာ ပထမဦးဆုံးအကြိမ် ဖြစ်ပါ၏။ ထိုကြောင့် ကျေးဇူးတော်ချီးမွမ်းပါ၏။
ဒုတိယအချက်မှာ သူခိုးက ကျွန်တော်၏ ပိုက်ဆံအိတ်နှင့် ပစ္စည်းများကိုသာ ယူသွားပြီး ကျွန်တော်၏ အသက်ကို မသတ်ဖြတ် သွားခြင်းအတွက် ကျေးဇူးတော်ချီးမွမ်းရပါမည်။ တတိယအချက်မှာ သူသည် ရှိရှိသမျှ အကုန်လုံးနီးပါးကို ခိုးယူသွားခဲ့သော်လည်း အ နည်းငယ်မျှလောက်ကိုဖြင့် ချန်ထားပေးခဲ့သောကြောင့် ဖြစ်ပါ၏။ နောက်ဆုံးအချက်မှာ ပစ္စည်းခိုးသွားသူမှာ ထိုသူခိုးသာဖြစ်ပြီး ကျွန်တော်သည် သူခိုးတစ်ဦး မဟုတ်သောကြောင့် ကျေးဇူးတော်ချီးမွမ်း ပါ၏”ဟု ရေးသားမှတ်တမ်းတင်ခဲ့သည်။
ထိုကဲ့သိုသော မှတ်တမ်းတင်ချက်ကို ထိုဓမ္မဆရာကြီး ကွယ် လွန်သွားသောအခါမှ လူအများက ဖတ်ရှုမိခဲ့ရပါ၏။ •
၃၂၉။ ခရစ်ယာန်တို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို အမြဲချီးမွမ်းရန် သတိရဖို လိုပါသည်။ လူအများသည် ကျေးဇူး မသိတတ်ကြပါ။ ကျေးဇူးမသိတတ်ခြင်းသည် ခရစ်ယာန်ကောင်း မပီသခြင်းကို ဖေါ်ပြနေသည်။
ရှေ့နေကြီးတစ်ဦးသည် လူပေါင်း (၇၉)ဦးကို ကြိုးဒဏ်ခံရခြင်း မှ ကယ်ဆယ်ခဲ့ဖူးသည်။ ကျေးဇူးတင်ကြောင်း (၁၀) ဦးသာ လာ ရောက်၍ ပြောဆိုသည်။
ထိုရှေ့နေကြီးက စာအုပ်ပေါင်း ၅ဝဝဝ ကို အခမဲ့ လှူဒါန်းခဲ့ဖူး သည်။ ကျေးဇူးတင်ကြောင်း ပြေပြသူများကို ရေတွက်ကြည့်သော အခါ ဆယ်ပုံတစ်ပုံပင် မပြည့်ခဲ့ကြောင့် တွေ့ခဲ့ရသည်။
အာဏာရှိသော ပုဂ္ဂိုလ်တစ်ဦးက လူတစ်ဦးကို ကူညီမစခဲ့သော် လည်း ထိုသူသည် ကျေးဇူးများ ခံစားရပြီး နောက်ပိုင်းတွင် ကျေးဇူး ကန်းခဲ့သည်။ ထိုကြောင့် ထိုသူ့အား ၄င်းအရာရှိက “ခင်ဗျားကို ရာထူးကောင်းတစ်ခုရဖို ကျွန်တော် လုပ်ပေးခဲ့တယ်။ ခင်ဗျားရဲ့ သမက်ကိုလည်း အလုပ်ကိုင်ကောင်း ရအောင် ကျွန်တော် လုပ်ပေး ခဲ့တယ် မဟုတ်လား။ ဒါတောင် ခင်ဗျားက ကျွန်တော့်ကို ပြန်ပြီး အန္တရာယ် ပြုနေရသေးသလားဗျာ”ဟု မေးရာ “အဲဒါတွေတော် ထားလိုက်ပါတော့။ အခုလောလောဆယ် ခင်ဗျားက ကျွန်တော့်အ တွက် ဘာများ လုပ်ပေးလိုလဲ”ဟူ၍ပင် စိတ်ဆိုးမာန်ဆိုးဖြင့် ဖြေခဲ့ဖူးပါသည်။ –
ကားမှောက်၍ ကားအောက်တွင် ပိနေသော လူတစ်ဦးကို လူအချိုက ပင်ပန်းကြီးစွာ ဆွဲထုတ်ခဲ့ရသည်။ ထိုသူ လွတ်မြောက် လာသောအခါ သူ့ကို ကယ်ဆယ်သူများကိုပင် ပြန်၍ ရန်တွေ့ပြီး သူ၏ ဖေါင်တိန်ပျောက်သွားခဲ့သည့်အတွက် အပြစ်တင်နေခဲ့ဖူးပါ သည်။ . ကျေးဇူးကန်းခြင်းသည် လူ့ သဘာဝပင် ဖြစ်နေပါသလား။
UNITY စည်းလုံး ညီညွတ်မှု (သို မဟုတ်) တစ်လုံးတစ်ဝတည်းဖြစ်ရေး
၃၃၀။ အမေရိကန်ပြည်ရှိ သန်းကြွယ်သူဌေးကြီး တစ်ဦးဖြစ်သူ ဒေါက်တာ ဒဗလျူစမော(လ်) ကွယ်လွန်ခဲ့ပြီးနောက် သူ၏ သေ တမ်းစာကို ဖတ်ရာတွင် ဒေါ်လာပေါင်း ၇၀,၀၀၀ ကို ခရစ်ယာန် သာသနာအတွက် အသုံးပြုရန် လှူဒါန်းခဲ့ကြောင်း တွေ့ကြရလေ သည်။
သိုသော် သေတမ်းစာထဲတွင် ရေးသားထားသော စကားလုံး များမှာ “ခရစ်ယာန်တို၏ အခြေခံယုံချက်များအတိုင်း လိုက်နာ ဆောင်ရွက်ပြီး ထိုယုံချက်များကို လိုက်လံဟောပြော ကျေညာနေသူ များအတွက် အသုံးပြုရမည်” ဟု ဖေါ်ပြထားလေသည်။
ထိုအခါတွင် တရားသူကြီးက ခရစ်ယာန်ဂိုဏ်းဂဏခေါင်း ဆောင်များကိုခေါ်ပြီး ခရစ်ယာန်တို၏ အခြေခံယုံချက် ဆိုသည်မှာ အဘယ်နည်း။ ထိုယုံချက်များအတိုင်း တသွေမတိမ်း လိုက်နာ ဆောင်ရွက်ပြီး ထိုယုံချက်များကို ဟောပြော ကျေညာနေသည့် ဂိုဏ်းဂဏ သို့မဟုတ် အသင်းအဖွဲများမှာ အဘယ်သူများ ဖြစ် ပေသနည်း ဟူ၍ မေးခဲ့သည်။
ရှေးဦးစွာ တရားသူကြီးက ခရစ်ယာန်တို၏ အခြေခံယုံချက် များကို သူ့အား ရှင်းပြစေရာ၊ ထိုယုံချက်များ အပေါ်၌ ဂိုဏ်းဂဏ ခေါင်းဆောင်များထဲတွင် သဘောထားကွဲလျက်ရှိနေကြသည်ကို တွေ့ရလေ၏။ အခြေခံယုံချက်ဆိုင်ရာ သီဩလော်ဂျီအပေါ်၌ ဂိုဏ်း ဂဏခေါင်းဆောင်များက ပြင်းထန်စွာ ငြင်းခုံနေကြသဖြင့် မပြီးနိုင် အောင် ဖြစ်ခဲ့ရသောကြောင့် တရားသူကြီးက စီရင်ချက် မချနိုင်ဘဲ ဖြစ်နေခဲ့ရသည်။
ဂိုဏ်းဂဏပေါင်းစုံက တညီတညွတ်တည်း လက်ခံကြသင့် သော အခြေခံယုံချက် သီဩလော်ဂျီအပေါ်၌ သဘောထား ကွဲနေ ကြသေးသဖြင့် ထိုဒေါ်လာ ၇ဝ,ဝဝဝ ကို တရားသူကြီးက ဆင်းရဲ သားများအား နောက်ဆုံး၌ လှူဒါန်း လိုက်ရသော ဟူ၏။
ဂိုဏ်းဂဏဆိုင်ရာ “အစွဲ” များကြောင့် ခရစ်ယာန်တို့၏ တစ် လုံးတစ်ဝတည်း ဖြစ်လာရေးကို အဟန့်အတားများ ဖြစ်နေကြပါ သလား။
၃၃၁။ သီရိလင်္ကာကျွန်း (သီဟိုဠ်ကျွန်း)မှ ကွယ်လွန်သူ ဒေါက် တာ ဒီတီနိုင်းလ်(စ်)က သူ၏ အတွေ့အကြုံတစ်ခုကို ပြောပြခဲ့ဖူး ပါသည်။
သူသည် အိန္ဒိယပြည်အတွင်း မီးရထားဖြင့် ခရီးသွားနေစဉ် သူ၏ ရထားထဲတွဲထဲ၌ လူတစ်စုကို တွေ့ရသည်။ သူတို သည် လမ်း ခရီး၌ ထမင်းဝယ်စားရာတွင်လည်းကောင်း၊ မုန့်၊ လက်ဖက်ရည် အစရှိသည်တိုကို စုပေါင်းဝယ်ယူ စားသုံးကြရာတွင်လည်းကောင်း
ပိုက်ဆံရှင်းခါနီးတိုင်း လူတစ်ဦးက ငွေ (၂ဝ)တန်ကို အမြဲ ထုတ်ပေး လေ့ရှိသည်။ ဈေးသည်က အကြွေပြန်မအမ်းနိုင်သဖြင့် အကြွေရှိ သူတို့ က တစ်ဦးပြီး တစ်ဦး အလှည့်ကျစီ ငွေပေးချေ သွားနေခဲ့ရသည်။
တစ်စုံတစ်ခုကို ဝယ်၍ စားသောက်တိုင်း ထိုပုဂ္ဂိုလ်က ငွေ (၂၀)တန်ကို ထုတ်ပေးနေလေ့ရှိ သဖြင့် အကြွေ မအမ်းနိုင်သော ကြောင့် ထိုပုဂ္ဂိုလ်မှာ ကုန်ကျစရိတ် မခံရဘဲ ငွေသက်သာနေခဲ့ သည်ကို တွေ့ခဲ့ရသည်။
ဓမ္မဆရာများသည် စည်းလုံးညီညွတ်မှု၊ ဂိုဏ်းဂဏချင်းတစ်လုံး တစ်ဝတည်း ဖြစ်ရေးအတွက် ဆွေးနွေးကြသည့် အခါတိုင်း သူတို အိတ်တွင်းရှိငွေ (၂၀)တန်ကို ထုတ်ပြနေလေ့ရှိသည်ဟု ဒေါက်တာ နိုင်းလ်(စ်) က ဆို၏။ ထိုငွေ (၂၀) တန်မှာ မိမိတို၏ ဂိုဏ်းဂဏ ဆိုင်ရာ ယုံချက်များ၊ သီဩလော်ဂျီများ၊ ဂိုဏ်းဂဏအစွဲအလမ်းများ နှင့်တူပြီး စည်းလုံး ညီညွှတ်ရေးအတွက် လင်ငင်း အသုံးမဝင်ဘဲ ဖြစ်နေသည်ဟု ဆို၏။ အသုံးဝင်သော အရာများမှာ ပိုက်ဆံအကြွေ များသာ ဖြစ်သည်ဟု ဆို၏။
ထိုအကြွေများမှာ “ဘုရားသခင်သည် လူကို ဖန်ဆင်းသည်။ လူတို ကို ချစ်သည်။ ခရစ်တော်သည် လူတို ကို ကယ်တင်သည်။ ခရစ်တော်ကို ယုံကြည်သောသူသည် ကယ်တင်ခြင်းကို ခံစားရ သည်” စသော အခြေခံ ယုံချက်များပင် ဖြစ်သည်ဟု ဆို၏။
ဂိုဏ်းဂဏတိုင်းအတွက်လည်း အသုံးဝင်သည်။ စည်းလုံးရေး၊ တစ်လုံးတစ်ဝတည်း ဖြစ်ရေးအတွက်လည်း အသုံးကျသည်ဖြစ်၍ ကြီးကျယ်လှသော ငွေ (၂၀)တန်များအစား အကြွေများကိုသာထုတ်ပြကြပါစို့ လားဟူ၍ ပြောခဲ့ဖူးပါ၏။
VISION ရှုပါရုံ
၃၃၂။ ဆိုင်တစ်ဆိုင်ရှေ့တွင် ဆိုင်းဘုတ်တစ်ခု ကပ်ထားသည်။ “ဆိုင်ရှင်အပေါ်ထပ်တွင်နေသည်” ဟူသော ဆိုင်းဘုတ်ဖြစ်၏။
ဆိုလိုရင်းမှာ ထိုဆိုင်ရှင်သည် အပေါ်ထပ် အခန်းတွင် နေထိုင် လျက်ရှိကြောင်း၊ အကယ်၍ ဆိုင်ပိတ်ထားသည်ကို တွေ့ရသော် လည်း အပေါ်ထပ်သို တက်လာပြီး သူ့ကို ခေါ်ငင် ဝယ်ယူနိုင် ကြောင်း ဖေါ်ပြထားခြင်း ဖြစ်ပါ၏။
ကျွန်တော်တို့ သည် သာမန်နေ့စဉ် လုပ်ငန်းများကို ဆောင် ရွက်နေလျက် ရှိရသော်လည်း စိတ်နှလုံးအတွင်းရှိ ရူပါရုံနှင့် ရည် မှန်းချက်တိုမှာ “အပေါ်ထပ်” တွင် အမြဲရှိနေရန် လိုအပ်သည်။ နေ့စဉ် သေးဖွဲသော လုပ်ငန်းများကို ဆောင်ရွက်နေစဉ်ပင် အမြဲ မျှော်မှန်းထားနေရသော ရူပါရုံသည် ဘုရားသခင်ရှိရာ မြင့်သော အရပ်၌ ရှိနေဖို သင့်ပါ၏။
၃၃၃။ အားကစားကွင်းတစ်ခုထဲ၌ လူငယ်တစ်ချိုတို သည် လိုင်းဖြူများ တားနေသည်။ လူငယ်အချို တားနေသော လိုင်းတိုမှာ ကွေ့ကောက်နေပြီး လူငယ်တစ်ဦးတားနေသော လိုင်းဖြူမှာ ဖြောင့် တန်းနေသည်ကို တွေ့ရ၍ မေးမြန်းကြည့်ရာ “ကျွန်တော်က လိုင်း တားနေတဲ့အခါ ရှေ့တည့်တည့်ကိုသာ ကြည့်နေရင်း လိုင်းသွား ခဲ့လို ပါ။ ခင်ဗျားတို က ရှေ့တည့်တည့် မကြည့်ဘဲ အောက်ကိုသာ ငုံကြည့်နေလို လိုင်းဟာ မဖြောင့်ဘဲ ဖြစ်နေရတာပေါ့”ဟု ရှင်းပြ လိုက်၏။ ခရစ်တော်တည်းဟူသော ရူပါရုံပန်းတိုင်ကို တည့်တည့်ကြည့် ဘဝလမ်းခရီးကို လျှောက်သွားပါလျှင် ဖြောင့်မှန်သော အသက် စာလမ်းကို လျှောက်သွားနိုင်ကြပါလိမ့်မည်။
၃၃၄။ ကမ္ဘာကျော် ပန်းချီဆရာကြီးတစ်ဦးက ထင်ရှားလှသော ပန်းချီကားတစ်ခုကို ရေးဆွဲထား သည်။ ထိုပန်းချီကားချပ်မှာ အောက်ပါအတိုင်း ဖြစ်သည်။
မှောင်မည်းအုံဆိုင်းနေသော ကောင်းကင်ပြင်ကြီးတွင် ကြယ် လေးတစ်လုံးသာ ဝင်းလက်နေသည်။ လူတစ်ဦးသည် လှေကို တစ် ဦးတည်း လှော်ခတ်နေသည်။ ပတ်ဝန်းကျင်၌ မုန်တိုင်းထန်နေ သဖြင့် လှိင်းတန်ဖိုးများသည် လှေ၏ ပတ်ဝန်းကျင်၌ အုံကြွနေ သည်။ ထိုကြယ်ကလေးကိုသာ လှေလှော်နေသူက စိုက်ကြည့်ပြီး လှော်ခတ်နေသည်။ ထိုကြယ်ကိုသာ မျှော်ကြည့်လှော်ခတ်နေရ၍ အဆိုပါကြယ်သည် သူ၏ လမ်းပြကြယ် ဖြစ်နေသည်။ ပန်းချီကား ချပ်၏ အောက်၌ကား စာတစ်ကြောင်း ရေးသားထားသည်။ “ထို ကြယ်ပျောက်သွားလျှင် ဦးတည်ရာ လမ်းကြောင်းလည်း ပျောက် သွားပါလိမ့်မည်” ဟူသတည်း။ ။
ခရစ်ယာန်တိုင်း၌ အထက်အရပ်မှ ဝေးနေသော ဝိညာဉ်ရေး ရာ ရူပါရုံ ရည်မှန်းချက်ရှိရမည်။ ထိုရူပါရုံကို ဦးတည်၍ ဘဝလမ်း၊ ခရီးကို လျှောက်သွားနေမှ လမ်းမပျောက်ဘဲ ဖြစ်နေပါလိမ့်မည်။
၃၃၅။ ကမ္ဘာစစ်ကြီးအတွင်း၌ မှောင်ချထားရစဉ် လူအများ သည် စိတ်အားငယ်နေလေ့ ရှိတတ်သည်။ သိုသော် ကောင်းကင်ရှိ ကြယ်များကို မြင်ရလျှင် ဘုရားသခင်၏ အလင်းမှာ တောက်ပ ထွန်းလင်းလျက်ရှိကြောင်း၊ ဘုရားသခင်သည် ကမ္ဘာလောကကို မိုးမိုးလျက်ရှိကြောင်း သတိရ၍ အားတက်နိုင်ကြသည်။ ခရစ်တော်က “ငါသည် ထွန်းတောက်သော မိုးသောက်ကြယ်ဖြစ်၏”ဟူ၍ ပြောနေသယောင် ဖြစ်ပါ၏။ (ဗျာ ၂၂း၁၆)။
၃၃၆။ အမျိုးသမီးတစ်ဦး၏ မျက်စိသည် တစ်နေ့တစ်ခြား မှုန်လာသဖြင့် မျက်စိစမ်းသပ်နေ သည်။ မျက်စိပါရဂူက ထိုမျက်စိ သည် တစ်နေ့တစ်ခြား မှုန်လာပြီး ကွယ်သွားနိုင်စရာအကြောင်းကို သိနေရသော်လည်း ထိုအမျိုးသမီးအား မပြောရက်နိုင်အောင် ဖြစ် နေရသည်။ ထိုစဉ် အမျိုးသမီးကြီးက ထိုအကြောင်းကို ရိပ်စားမိပုံ ရသည်။ ထိုကြောင့် သူ၏ မျက်လုံးများ ကွယ်သွားသော်လည်း သူသည် မကြောက်ကြောင်း၊ သခင်ဘုရား၏ ကျေးဇူးတော် အ ပေါင်းကို တစ်ခုပြီးတစ်ခု ပြောဆိုနေသဖြင့် မျက်စိပါရဂူကြီးက “ခင်ဗျားဟာ မျက်စိကောင်းကောင်း မမြင်ရတော့ပေမယ့် ဘုရား သခင်ရဲ့ ရူပါရုံကိုတော့ အမြဲမြင်နေရမှာပါပဲဗျာ”ဟု ဆိုလေ၏။ မှန်ပါသည်။ မျက်လုံးက ကောင်းစွာ မမြင်ရတော့စေကာမူ ဘုရား သခင်က လင်းပြနေသော ရူပါရုံကို အမြဲ မျက်ခြေမပြတ်ဖို လိုပါ ၏။
၃၃၇။ “ငါ့ကို မစခြင်းအကြောင်းသည် ပေါ်ထွက်ရသော တောင်ရိုးသို ငါမျှော်ကြည့်၏” ဟူသော ဆာလံစကားက ကျွန်တော် တိုအား အထက်သို အမြဲမျှော်ကြည့်ဖို သတိပေးနေသည်။ ကောင်း ကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူသော ဘုရားသခင်ထံမှ ပေါ် ထွက်လာသော ရူပါရုံနှင့် မျှော်လင့်ခြင်းကို အမြဲ မျှော်ကြည့်ဖိုလို ကြောင်း ဖော်ပြနေပါ၏။
ကမ္ဘာလောကကြီးရှိ လောကီအရာများကိုသာ ကြည့်မနေဘဲ အထက်အရပ်မှ ပေါ်ထွက်လာနေ သော မျှော်လင့်ခြင်းနှင့် ရူပါရုံသည်သာလျှင် ခရစ်ယာန်တစ်ဦးအား ဘဝကို ကြံ့ကြံ့ခံ ရပ်တည် ရင်ဆိုင်စေနိုင်ပါလိမ့်မည်။ –
၃၃၈။ တစ်ခါက လူငယ်လေးတစ်ဦးသည် လမ်းပေါ်တွင် ငွေ (၅)ကျပ်ကို ကောက်ရခဲ့ဖူးသည်။ ထိုအချိန်မှစပြီး သူသည် အောက် ကိုသာကြည့်ပြီး လမ်းလျှောက်နေခဲ့သဖြင့် နှစ်ပေါင်းများစွာ ကြာသော် ကြယ်သီးပေါင်း ၂၅၅၁၉ လုံး တွယ်အပ်ပေါင်း ၅၄၁၇၂ ချောင်း၊ ပြား ၅ဝ၊ ခါးကိုင်းရောဂါနှင့် ဥစ္စာပစ္စည်းကိုသာ တပ်မက် မောသည့်ရောဂါ စွဲကပ်လာခဲ့သည်။
အောက်သို့ သာ စိုက်ကြည့်နေသော မျက်စိများကြောင့် နေ ရောင်ခြည်၊ ကြယ်ပွင့်ကလေးများ လှပသော ပန်းမာန်များ၊ မိတ် ဆွေများ၏ အပြုံး၊ ကောင်းကင်ပြာနှင့် ဘုရားသခင်၏ ကျေးဇူး တော်ကို မေ့လျော့လာခဲ့ပါသတည်း။ ။
WILL OF GOD ဘုရားသခင်၏ အလိုတော်
၃၃၉။ လူတစ်ဦးသည် သူ၏ ကျန်းမာရေးအတွက် ပင်လယ် ခရီးသွားရန် စီစဉ်ခဲ့သည်။ သိုသော် ထိုသို စီစဉ်နေရင်းပင် ပြန် လည်ဖျားနာလာသဖြင့် ထိုပင်လယ် ခရီးစဉ်ကို ဖျက်သိမ်းလိုက်ခဲ့ရ သည်။ ဘုရားသခင်အလိုတော်ကို နားမလည်ဘဲ ညည်းညူနေခဲ့ သည်။ သိုသော် များမကြာမီ သတင်းစာထဲ၌ ထိတ်လန့်စရာ သ တင်းတစ်ခုကို ဖတ်လိုက်ရ သည်။ သူစီးနင်းလိုက်ပါမည့် သင်္ဘောမှာ ကျောက်ဆောင် နှင့်တိုက်ပြီး နစ်မြုပ်သွားခဲ့သော သတင်းပေတည်း။
၃၄၀။ သင်္ဘောတစ်စင်း၏ ကပ္ပတိန်တစ်ဦးသည် ပင်လယ် ကမ်းခြေနားတွင် သင်္ဘောခုတ်မောင်းနေသည်။ မှောင်မိုက်နေ သော ညဖြစ်၍ မည်ကဲ့သို လမ်းကြောင်းမှန်ကို ရှာတွေ့နိုင်သနည်းဟု ခရီးသည်တစ်ဦးက မေးရာ “ဟိုကမ်းခြေမှာ ပြနေတဲ့ မီးပြတွေရဲ့ မီးသုံးမျိုးကို မြင်ရတယ် မဟုတ်လား၊ အဲဒီ မီးပြရဲ့ မီးသုံးလုံးဟာ တစ်တန်းတည်းဖြစ်နေရအောင် ကြည့်နေရတယ်။ အဲဒီမီးသုံးလုံး ဟာ တညီတည်းဖြစ်နေရင် သင်္ဘောရဲ့ ဦးတည်လမ်းကြောင်းဟာ ဘေးအန္တရာယ်မရှိဘဲ လမ်းမှန်ရောက်နေကြောင်း သိရတာပေါ့”ဟု ဆို၏။
ဘုရားသခင်သည်လည်း သူ၏ အလိုတော်လမ်းကို နည်းသုံးမျိုး ဖြင့် ဖော်ပြနေတတ်သည်။ ၄င်းတိုမှာ ကျွန်တော်တို၏ စိတ်အတွင်း ရှိ ဩတ္တပ္ပစိတ်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ဖြစ်ပေါ်လာ သော အခြေအနေမျိုးစုံထဲမှ အလိုတော်ပင် ဖြစ်ပါ၏။ ကိုယ်တော် သည် ဩတ္တပ္ပစိတ် အတွင်းထဲမှလည်းကောင်း၊ နှုက်ကပတ်တော် အားဖြင့်လည်းကောင်း၊ အခြေအနေမျိုးစုံထဲမှ လည်းကောင်း မိမိ၏ အလိုတော်လမ်းကို အမြဲ ဖော်ပြနေတတ်ပါ၏။ ထိုအရာသုံးမျိုးစလုံး က တစ်ပြေးတည်းညီနေလျှင် “အလိုတော် လမ်းကြောင်းထဲသို မိမိရောက်နေကြောင်း သိရှိလာရပါလိမ့်မည်။
YOUTH လူငယ်
၃၄၁။ ပန်းပုဆရာကြီးတစ်ဦး၏ အလုပ်ရုံထဲတွင် သံဖြင့် ပုံ သွန်းထားသော ဦးခေါင်းပုံနှစ်ခုကို မြင်ကြရသည်။
ဦးခေါင်းတစ်ခုမှာ အလွန်တင့်တယ်သည်။ အပြစ်အနာအဆာ မရှိဘဲ ရိုးသားဖြောင့်မတ်သော မျက်နှာထားနှင့် နှစ်မြိုဖွယ်ရာ ကောင်းသော ပုံပန်းသဏ္ဌာန်ကို ပေါ်လွင်နေသည်။
နောက်ခေါင်းတစ်လုံးမှာ မျက်နှာပုံသဏ္ဌာန်ပေါ်လွင်သော် လည်း ချောမွတ်ခြင်းမရှိ။ အဖုအထစ်များနှင့် အရုပ်ဆိုးလှသောပုံသဏ္ဌာန်ထွက်ပေါ်နေသည်။ –
ပန်းပုဆရာကြီးက ဤသို ရှင်းပြသည်။ “အရုပ်ဆိုးလှတဲ့ ဒုတိ ယ ဦးခေါင်းကို ပုံကြမ်းလောင်းပြီးတဲ့အခါ အပူရှိန်ရှိနေတုန်း ပန်းပု မထုမိဘဲ အပူရှိန်အေးသွားခဲ့အခါကျမှ ပန်းပုထုခဲ့မိ လို ဒီလိုဖြစ် သွားရတာပါ”ဟု ဆို၏။
လူငယ်များ၏ ဘဝအသက်တာကို ပုံလောင်းရာတွင်လည်း ပူနွေးနေသည့် အချိန်အခါမျိုး၌ လိုအပ်သည့် သဏ္ဌာန်ကို ပုံသွင်း စေရပါမည်။ ထိုအခြေအနေထက်လွန်ပြီး အသက်ကြီးရင့် အေး စက်သွားသောအခါဆိုလျှင် အချိန်နှောင်းသွားပြီဖြစ်ပြီး လိုအပ် သည့် သဏ္ဌာန်မျိုးရရန် ပြုပြင်ထုထွင်းပေးရေးအတွက် ခက်ခဲသွား စေတတ်သည်။ အချိန်ရှိတုန်းတွင် လိုအပ်သည့် ပုံကို သွန်းလောင်း ပြုပြင်ထားသင့်ပါ၏။ ထိုကြောင့်လည်း “သံချောင်းပူနေစဉ် တူကို ထုပါ”ဟူသော စကားပုံ ရှိခဲ့ရပါ၏။
၃၄၂။ လူငယ်များအတွက် ခေါင်းဆောင် သင်တန်းတွင်မည် သိုသော ကျမ်းစာကို သင်ပေးသင့် သနည်း။ သင်တန်းချိန်မှာ သုံး ပတ်တာမျှ ရှိသဖြင့်ကျမ်းစာကို မည်သို ခွဲခြား၍ သင်ပေးသင့်ပါ သနည်းဟု ဆရာကြီးတစ်ပါးကို မေးကြည့်ရာ “ပထမ အပတ်မှာ ခရစ်တော်ရဲ့ သက်တော်စဉ်ကို သင်ပေးပေါ့” ဟုဆိုသည်။ “ဒုတိယ အပတ်ကျတော့ကော” ဟုမေးပြန်ရာ “ခရတော်ရဲသက်တော်စဉ်ကို ဆက်သင်ပေါ့” ဟုဆိုသည်။ “တတိယ အပတ်ဆိုရင်ကော” ဟု မေးပြန်ရာ “ခရစ်တော်ရဲသက်တော်စဉ် ဘဲ သင်ပေးပါကွာ” ဟု ဖြေလိုက်ခဲ့ဘူးပါ၏။
ခရစ်တော်၏ သက်တော်စဉ်သည် လူငယ်များအား လမ်းညွှန်ပဲ့ပြင်ပေးရန် အကောင်းဆုံးသော သင်ခန်းစာပေတည်း။
၃၄၃။ ခရစ်ယာန် လူငယ်ကောင်းတစ်ယောက် ဖြစ်လာရေး အတွက် မိမိ၏ ကလေးငယ်အား မည်သိုသော သင်ခန်းစာများနှင့် မည်သည့်အချိန်ကစပြီး သင်ပေးရမည်နည်းဟု ဓမ္မဆရာကြီး တစ် ဦးကို မိခင်တစ်ဦးက မေးသည်။
“ခင်ဗျားရဲသားက အသက်ဘယ်လောက်ရှိပြီးလဲ” ဟုမေးရာ “ငါးနှစ် ရှိပါပြီဆရာကြီး” ဟု ဖြေ၏။ “ဟာ ဒီလိုဆိုရင် ခင်ဗျားဟာ အိမ်ကို မြန်မြန်ပြန်ပြီး သားကို သမ္မာကျမ်း သင်ပေးပေတော့ ခင်ဗျားဟာ ငါးနှစ်တောင် နောက်ကျသွားပြီ” ဟူ၍ပင် ပြောလိုက် ပါသတည်း။ ။
ZEAL စိတ်အားထက်သန်ခြင်း ၊
၃၄၄။ ငါးနှစ်အရွယ် လူငယ်ကလေးတစ်ဦးသည် သူ၏ ညီ မလေးကို အလွန်ချစ်သည်။ တစ်နေ့တွင် ညီမလေးဖြစ် သူအား ခွဲစိတ်ကုသရန် လိုအပ်လာသဖြင့် သွေးလှူရှင်ကို ရှာကြသည်။ သိုသော် ထိုလူငယ်ကလေးက သူ၏ သွေးကို ပေးလိုကြောင်း ပြော ၍ သူ၏ သွေးကို စစ်ဆေးကြည့်ရာ သွေးအမျိုးအစားချင် တူသဖြင့် သူ၏ သွေးကိုပင်ယူရန် ဆုံးဖြတ်ကြသည်။
ထိုလူငယ်ကလေးထံမှ သွေးဖေါက်ရန် နေစဉ် သူ၏ မျက်နှာ သည် ဖြူပတ်ဖြူလျော် ဖြစ်လာသည်ကို တွေ့ရသဖြင့် ဆရာဝန်က “ဟေ့ မင်း နေကောင်းရဲ့လား”ဟု မေးရာ “ကောင်းပါတယ်၊ ဒါ ပေမယ့် ကျွန်တော်ဟာ သေဖို အချိန်ကို စောင့်နေတာပါ”ဟု ဖြေ လေသည်။
သွေးတစ်ပုလင်း လှူရုံမျှနှင့် မသေနိုင်ကြောင်း ဆရာဝန်ကပြောပြရာ သူက အံ့အားသင့်သွားသည်။ “သွေးလှူရင် မသေဖူးလို့ ဆိုတာ မှန်ရဲ့လား ဆရာရယ်။ ကျွန်တော် ကြားဖူးနေတာက သွေး လှူလိုက်ရင် သေတတ်တယ်လို သူငယ်ချင်းတွေက ပြောထား တယ်။ ညီမလေးအတွက် ကျွန်တော်သေဖို့ အခုစောင့်နေတာ ပါ”ဟု ပြောလိုက်လေ၏။
ညီမလေးကို ချစ်လှသည့် မေတ္တာကြောင့် သေရန်ကိုပင် မ ကြောက်ဘဲ ညီမလေးအတွက် “စိတ်အားထက်သန်စွာ သွေးလှူနေ သော ထိုသူငယ်လေး၏ ဥပမာကိုကြည့်ပြီး ကျွန်တော်တို သည် လည်း ခရစ်တော်ကို ချစ်ရိုးမှန်လျှင် ယခုထက်ပင် “စိတ်အားထက် သန်စွာ ကိုယ်တော့်အတွက် အမှုတော် ဆောင်ရွက်ရန် မသင့်ကြ ပေဖူးလား။
၃၄၅။ ဧရာဝတီမြစ်ရေစီးဆင်းနေပုံကို လေ့လာကြည့်ပါ။နွေဥ တုများတွင် ရေနည်းပါးလှပြီး ရေစီးနှုန်းမှာလည်း အလွန်ပင် နှေး ကွေးနေတတ်သည်ကို တွေ့ရပါလိမ့်မည်။
မိုးတွင်းချိန်ခါများတွင် ပြန်၍ကြည့်ပါ။မြစ်တစ်ပြင်လုံး၌ ရေ သည် ပြည့်နေပြီး ရေစီးနှုန်းသည်လည်း တစ်ရှိန်ထိုး မြန်ဆန် လျက်နေသည်ကို တွေ့ရပါလိမ့်မည်။
အဘယ်ကြောင့် ထိုသို ခြားနားနေရပါသနည်း။
မိုးတွင်းချိန်ခါ၌ မိုးသဲသဲရွာနေခြင်းကြောင့် ဖြစ်သည်ကားမှန် ပါ၏။ သိုသော် ထိုထက်အရေးကြီးသည့် အချက်တစ်ချက်မှာ ဧရာ ဝတီမြစ်၏ မြစ်ဖျားခံရာ အရင်းခံဒေသဖြစ်သော ချင်းတွင်းရှိ တောင်တန်းများတစ်ဝိုက်တွင်လည်းကောင်း မြစ်ကြီးနား၊ ဗန်းမော် နှင့် ၄င်းတို့၏ အထက်ဘက်ရှိ ဒေသတစ်ဝိုက်တွင်လည်းကောင်းမိုးများရွာသွန်းနေခဲ့ တောင်ပေါ်မှ စီးဆင်းလာသော “ကြောင်က ရေ များကြောင့် ရေသည်ပြည့်ဖြိုးနေပြီး ရေစီးနှုန်းသည်လည်း မြန်နေခြင်း ဖြစ်ပါ၏။
ကျွန်တော်တို၏ အသက်တာများသည်လည်း ထိုနည်းတူပင် ဖြစ်ပါသည်။
ကျွန်တော်တို အများသည် မြေပြန့်လွင်ပြင်တွင် အသက်ရှင် နေကြသည်။ နေ့စဉ်ရက်ဆက် သမရိုးကျ လုပ်ငန်း များထဲတွင် ရုန်းကန်နေကြရပြီး တစ်ခါတစ်ရံ စုံစမ်းနှောင့်ယှက်ခြင်းများ၊ လောကီအလုပ်၏ ပင်ပန်းခဲယဉ်းမှုများနှင့် ရင်ဆိုင်နေကြရသည်။
ကျွန်တော်တို အသက်တာများ၏ မူလအရင်းခံဖြစ်သော စိတ် နှလုံး ဝိညာဉ်များထဲ၌ ဝိညာဉ်တော် အချိန် တန်ခိုး မိုးရေရွာသွန်း ခြင်း မရှိလျှင် ရေနည်းပြီး ရေစီးနှုန်း နှေးကွေးသကဲ့သို ဝိညာဉ်ရေး အသက်တာ၌ ဖျက်လတ်နိုးကြားမှု စိတ်အားထက်သန်မှု နည်းပါး နေတတ်ပါသည်။ ။
သို့သော် ကျွန်တော်တို ဘဝအသက်တာများ၏ ‘မြစ်ဖျားခံရာ သို မဟုတ် “မူလအရင်းခံ” ဖြစ်သော စိတ်နှလုံး ဝိညာဉ်များ၌ ညာဉ်တော် အချိန်တန်ခိုး မိုးရေ၊ ကျေးဇူးတော် မိုးရေ၊ သဲသဲမဲမဲ ဖြိုင်ဖြိုင်ကြီး ရွာသွန်းနေပါက ကျွန်တော်တို၏ ဘဝအသက်တာ များတွင် ကာယနှင့် ဝိညာဉ်အင်အား ပြည့်ဖြိုးနေပါလိမ့်မည်။ စိတ် ထား ထက်မြက်၍ ဖျတ်လတ်နိုးကြားနေပေလိမ့်မည်။ “စိတ်အား ထန်သန်မှု” အရှိန်အဟုန်သည်လည်း ပြင်းထန်စွာ တက်ကြွနေပါ။ လိမ့်မည်တည်း။ ။
* * * * * * * * * * * * *