တပည့်တော်လက်စွဲ THE DISCIPLE’S MANUAL
WILLIAM MacDONALD –  Editor: Kap Cin Thang – SOUTH EAST ASIA BIBLE COLLEGE
         (အသင်းတော်အတွင်းကန့်သတ်)
                    စကားချီး
        ကျွန်ုပ်တို့တယောက်စီ၌ ပါဝင်ရမည့်အပိုင်းတခုစီရှိသည်
We Each Have A part To Play  -by Jabe Nicholson
ဤစာအုပ်သည်စာရေးသူ၏အသိပညာပိုင်းဆိုင်ရာကိုသာမဟုတ်ကြောင်းကို သိတတ်မြင်တတ်သည့်စာဖတ်သူအတွက်ထင်ရှားလာမည်ဖြစ်သည်။ သူသည်ရာစုနှစ် ဝက်ကျော်ပတ်လုံးခရစ်ယာန်တပည့်တော်အနေနှင့်အ သက်ရှင်ခဲ့ပြီး၊ သူ၏အမှုတော်လုပ် ငန်း၌လည်းထိုအရာကိုသွန်သင်ခဲ့သည်။ဤစာအုပ်သည် တပည့်တော်နှင့်တပည့်တော်ဖြစ် စေသောသူနှစ်ယောက်စလုံးအတွက် လက်တွေ့ကျကျအထောက် အကူပေးရန်ရည်ရွယ်ပါ သည်။ ကြုံသလိုဖတ်ရှုရန်ရည်ရွယ်သောစာအုပ်ငယ်တအုပ်မဟုတ်ပါ။ပေါ့ပေါ့ပါးပါးပုံစံနှင့်တိုက်ရိုက်နည်းအားဖြင့်ရေးရသော်လည်း အချိန်ကုန်ခံ၍သေချာစဉ်း စားခြင်းနှင့်လက်တွေ့လုပ်ဆောင်ခြင်းလိုအပ်ပါသည်။
၄င်း၏ကျယ်ပြန့်သည့် သဘောသဘာဝကြောင့်အချို့သောသူတို့သည်ယုံကြည် ခါစသူတို့ကိုတပည့်တော်ဖြစ်စေသောအလုပ်၌ပါ ဝင်ရန် စိတ်ဓါတ်ကျသွားနိုင်သည်။ “ကျွန်တော်ကိုယ်တိုင်လက်တွေ့ မလုပ်ဆောင်သော ကြောင့် သူတပါးကိုမလေ့ကျင့်မသင်ကြားနိုင်သည့်အ ရာများရှိသည်” ဟု သင်ပြောကောင်းပြောနိုင်သည်။
  သင်၏ အရာရာတိုင်းမလုပ်ဆောင်နိုင်ခြင်းကိုတစုံတရာပြုလုပ်ရန်သင့် အားဆီးတားသောအရာ မဖြစ်ပါ စေနှင့်။ ကျောင်းသားတစ်ယောက်ကိုမူကြိုမှဘွဲ့ရသည်အထိတာဝန်ယူမည်ဟုမျှော်လင့်ရသည့်ဆရာ၊ ဆရာမတစ်ယောက်မှမရှိပါ။ အသင်းတော်ကဲ့သို့ရှုပ်ထွေးသောဆောက်လုပ်ရေးစီမံ ကိန်းတခုလုံး ကိုလက်မှု ပညာ တတ် မြောက်သူတဦးတည်းအား လွှဲအပ်မည်ဟုမျှော်လင့်၍မရပါ။ထိုစီမံကိန်း၌ လူတိုင်းပါဝင်စေရန် ဘုရားသခင်ကရည်ရွယ်ပါသည်။
  အသင်းတော်အားပေးသည့်ဆုကျေးဇူးအမျိုးမျိုးတို့ကို ပေါလုသည်ဖော်ပြပြီးနောက် “ဤအခွင့်ရှိသမျှတို့ကို တစ်ပါးတည်းသောဝိညာဉ်တော်သည်ပြုပြင်၍လူအသီးသီးတို့အား အသီးသီးခံရသောအခွင့်ကိုအလိုတော် ရှိသည်အတိုင်း ဝေငှပေးတော်မူ၏” (၁ ကော ၁၂း၁၁) ဟု ရေးပါသည်။ ကျွန်တော်တို့အယောက်စီတိုင်း သည်ဘုရားသခင်၏စီမံကိန်းတခုလုံး၌ပါဝင်ရမည့်အပိုင်းတခုစီကို ရရှိကြပြီဖြစ်သည်။
  ရန်သူသည် သင်၏နားထဲသို့ သင်မအောင်မြင်ခဲ့သည့်နေရာ၊ လုပ်ဆောင်ရန်သင်မပြင်ဆင်ရသေးသည့်အပိုင် းကို တိုးတိုးလာပြောမည်ဖြစ်သည်။ သို့သော်သူ၏ စ ကားကိုနားမထောင်ပါနှင့်။ ဘုရားသခင်သည် လုပ်စေလိုသောအရာအတွက်ခွန်အားနှင့်အစွမ်းကိုသင့်အား ပေးမည်ဖြစ်သည်။ “အကြောင်းမူကား၊သင်တို့သည် အလိုရှိခြင်းငှါ၎င်း၊ အကျင့်ကျင့်စေခြင်းငှါ၄င်း၊ သင်တို့အထဲ၌စေတနာတော် အားဖြင့်ပြုပြင်တော်မူသောသူကား၊ ဘုရားသခင်ပေတည်း”(ဖိလိပ္ပိ ၂း၁၃)။
      ထို့ကြောင့် တပည့်တော်ဖြစ်ခြင်းလုပ်ငန်းအတွက် သင်သည်မည်သည့်အရာအားဖြင့် အထောက်အပံ့ ပေးနိုင်ပါသနည်း။ ထာဝရကာလအတွက်မည်သည့်အပိုင်းကိုပြီးမြောက်စေရန်ဘုရားသခင်က မစနေသည်ဟု ယုံ ကြည်ပါသနည်း။သင်သည်စိတ်အားထက်သန်သည့်တပည့်ခံသူတယောက်အား လက်ဆင့်ကမ်းရန်ကို ယ်တော်ကသင့်အားမည်သည့်အရာသွန်သင်ခဲ့ပြီးပြီနည်း။
   ဖျားနာသောသူတို့အား သင်သွားရောက်လည်ပတ်ပါသလား။ မုဆိုးမများကို သင်အားပေးပါသလား။ လူ ငယ်တစ်ယောက်ကိုခေါ်၍ ယာကုပ်က “စစ်မှန်သောတရား” ဟုခေါ်သည့်အရာကို မြည်းစမ်းကြည့်ခိုင်းပါ။ ထိုသွားရောက်လည်ပတ်မှုသည်မင်္ဂလာရှိ၍ ဝိညာဉ်ရေးရာအကျိုးရှိအောင်ပြုလုပ်ပုံကို သူ့အားပြသပါ။
ကျမ်းညွှန်းစာအုပ် “Concordance” (သို့) ကျမ်းစာဆော့ဖ်ဝဲ(Software)ကိုအသုံးပြုပုံ၊ Vine ၏အဘိဓါန်စာအုပ်မှ စာလုံးတလုံး၏ အဓိပ္ပါယ်ဖော်ထုတ်ပုံစသည်တို့ကို လူငယ်တစ်ယောက်အား သင်သည်သွန်သင်နိုင်ပါသလား။ ထို့နောက်၊ တနင်္ဂနွေနေ့၌နေ့လည်စာကိုသူတို့နှင့်အတူစားပြီး၊ မီးဖိုချောင်စားပွဲပေါ်၌ ထိုစာအုပ်များကိုအတူတကွလေ့လာရန်ထားပါ။ ၄င်းသည် သူတို့ Jအတွက်အသက်တာပြောင်းလဲမှုတခုဖြစ်လိမ့်မည်။
   တေးဂီတ၌ဝါသနာပါသောလူငယ်အချို့တို့သည် သီ ချင်းသီဆိုခြင်းဆိုင်ရာလမ်းပြဦးဆောင်မှု၌ ကူညီရန်လိုအပ်သည်။ ယုံကြည် သူအသစ်အားလုံးတို့သည် သခ င်ဘုရား၏ပွဲတော်မင်္ဂလာ၌ သင့်တော်ကိုက်ညီသောဓမ္မသီချင်းများသီဆိုတတ်ရန်လိုအပ်သည်။
    ကျွန်ုပ်တို့၏လူငယ်များစွာတို့သည်အသင်းတော်၏ အပြင်ဘက်သို့စိတ်ရောက်တတ်ကြသည်။ သူတို့အား ဆင်းရဲသား သို့မဟုတ် အသက်ကြီးသူတို့အတွက်လုပ် ငန်းစီမံကိန်းတခုခု၌ပါဝင်စေခြင်းသည်ဘုရား သခ င် ၏အမှုတော်လုပ်ငန်း၌စိတ်ဝင်စားလာစေရန်နှင့် ကယ် တင်ရှင်အတွက်ရိုးသားသောအလုပ်ကို မြည်းစမ်းလာစေရန်ပြုလုပ်ပေးခြင်းဖြစ်သည်။
  တပည့်တော်ဖြစ်စေသောလူငယ်တယောက်က လူကြီးတယောက်၏ပရိဘောဂများကိုရွှေ့ပေးဘို့ကျွန်တေ ာ်၏ဆယ်နှစ်အရွယ်သားကိုခေါ်သွားသည်။နောက်ပိုင်းတွင်သူသည်တယ်လီဖုန်းမှတဆင့် “အဖေ၊ ဘုရားသခင်အတွက်ချွေးကျသည်မှာကောင်းသောအရာဖြစ် ကြော င်းကိုကျွန်တော်သိပါပြီ”ဟုပြောပါသည်။ မှန်ပါသည်။
   သင်၏အသင်းတော်၌တပည့်တော်ဖြစ်စေရန်လူငယ်များမရှိသလော။သင်သည် လူငယ်အချို့ တို့ကိုကူညီချင်သောဆန္ဒရှိပြီး သူတို့အတွက်တပည့်တော်ဖြစ်စေသည့်ကြီး မြတ်သော ယေရှုဘုရား အားဆုတောင်းပါက၊ သူသည် ဝမ်းမြောက်စွာဖြင့် သင်၏အလိုဆန္ဒပြည့်စုံစေမည်ဟု ကျွန်တော်ယုံကြည်ပါသည်။
မာတိကာ
စကားချီး – ကျွန်ုပ်တို့တယောက်စီ၌ပါဝင်ရမည့်အပိုင်း,
ရှင်းလင်းချက် -လုပ်ငန်းခွင်သင်တန်း
အပိုင်း ၁ – ခရစ်ယာန်တပည့်တော်ဖြစ်ခြင်း
၁။တပည့်တော်တယောက်အဖြစ်သို့
၂။ယေရှ၏ဆန့်ကျင်ပြောင်းလဲသည့်သွန်သင်ချက်များ
၃။ အခြေခံလေ့ကျင့်သင်ကြားခြင်း- အပိုင်း(၁)(လုကာ ၆း၁၂-၂၆)..က
၄။ အခြေခံလေ့ကျင့်သင်ကြားခြင်း- အပိုင်း(၂) (လုကာ ၆း၂၇-၃၈),
၅။ အခြေခံလေ့ကျင့်သင်ကြားခြင်း- အပိုင်း(၃) (လုကာ ၆း၃၉-၄၉),
၆။ လုံခြုံစိတ်ချရသည့်အနာဂတ်ရှိပါ (မဿဲ ၆း၁၉-၃၄). .
၇။ ကိုယ်တော်က “ရှိသမျှကိုစွန့်ပါ” ဟု မိန့်တော်မူ၏
(လုကာ ၁၄း၂၁-၃၅)
၈။ဘုရားသခင်နှင့်အပေး အယူမလုပ်ပါနှင့် (မဿဲ ၂၀း၁-၁၆)…
၉။ သင့်ငွေဖြင့် မိတ်ဆွေများရှာပါ (လုကာ ၁၆း၁-၁၅)
၁၀’မည်သူမျှဝန်ချတောင်းပန်ခြင်းမပြုသည့်အပြစ်
(၁တိ ၆း၆-၁၀၊ ၁၇-၁၉)
၁၁။ ဘုရားသခင်အတွက်အကောင်းဆုံး ေသာ
၁၂။ ၂ဝ/၂ဝ – အမြင်အာရုံ (၂ ကော ၅း၉-၂၁)
.
အပိုင်း ၂ – ခရစ်ယာန်အကျင့်စရိုက်
၁၃။ ယေရှုနှင့်တူအောင်ရည်ရွယ်ပါ
၁၄။ သင်၏မေတ္တာကြောင့် လူအများသိသောသူဖြစ်ပါ
၁၅။ သူတပါးအား သနားကြင်နာပါ .
၁၆။ သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝပါ (ဧဖက် ၅း၁၈).
၁၇။ နိမ့်သောနေရာယူပါ . ….
၁၈။ ကျွန်ုပ်အားချိုးဖဲ့ပါ၊ ဘုရား
၁၉။ သင်၏အသက်တာသန့်ရှင်းစေပါ
အပိုင်း ၃ – ခရစ်ယာန်အသက်တာ
၂ဝ။ လုံးလုံးဆက်ကပ်ခြင်း
၂၁။ သင်သည်သေချာကြောင်းသိနိုင်သည်
၂၂။ ထာဝရကယ်တင်ခြင်း
၂၃။ နှစ်ခြင်းခံပါ
၂၄။ သခင်ဘုရား၏ညစာ (ပွဲတော်မင်္ဂလာ)
၂၅။ ဘုရားသခင်၏လမ်းပြမှု
၂၆။ သင်၏သမ္မာကျမ်းစာအကြောင်းကိုသိပါ
၂၇။ လေ့လာပါ
၂၈။ မခြားမလပ်ဆုတောင်းကြလော့
၂၉။ ယေရှုနှင့်နေ့စဉ်အချိန်ယူခြင်း
၃၀။ ဝတ်ပြုကိုးကွယ်သူတစ်ဦးဖြစ်ပါ
၃၁။ ခရစ်တော်၏အသင်းတော်ကိုချစ်ပါ
၃၂။ ယာဉ်ကျေးသောကျင့်ထုံးကိုနာခံပါ
၃၃။ လိမ်လည်ရန်လွယ်ကူသောသူမဖြစ်ပါနှင့်
၃၄။ ဘယ်သောအခါမှ အရှုံးမပေးပါနှင့်
၃၅။ ရှင်သန်၍ထက်မြက်သောမိမိကိုယ်ကိုသိသည့်စိတ်ရှိပါ
၃၆။ အတတ်နိုင်ဆုံးလူအားလုံးတို့နှင့်သင့်မြတ်စွာနေထိုင်ပါ
၃၇။ အနစ်နာခံစွန် ့လွှတ်ခြင်းနှင့်အသက်ရှင်ပါ
၃၈။ သင်၏လျှာကို စောင့်ရှောက်ပါ
၃၉။ လက်ထပ်ထိမ်းမြားခြင်း
၄၀။ အုပ်ထိန်းခြင်း
၄၁။ ကျွန်ုပ်တို့၏နည်းမဟုတ်၊ ဘုရားသခင်၏နည်း
အပိုင်း ၄ – ခရစ်ယာန်အစေခံခြင်း
၄၂။ သင်၏ဆုကျေးဇူး (များ) ကိုသိပါ
၄၃။ လူတိုင်း၏အစေခံကျွန်တစ်ယောက်ဖြစ်ပါ
၄၄။ တစ်ဦးချင်းဧဝံဂေလိလုပ်ဆောင်ရန်စိမ်ခေါ်မှု- by David Dunlap
၄၅။ နှုတ်ကပတ်တော်ကိုဟောပြောပါ – အမှုတော်လုပ်ငန်း၏
ဘုန်းအသရေ .
၄၆။ ကောင်းကင်တမန်တို့ကိုအမှတ်မထင်ဧည့်ခံကြ၏
၄၇။ ယုံကြည်ခြင်းအသက်တာ
၄၈။ယေရှုအတွက်စိတ်အားထက်သန်သောသူဖြစ်ပါ
၄၉။ လူအများသိအောင်ပြုခြင်းကိုရှောင်ပါ . . . . .
၅၀။ဒေသန္တရအသင်းတော်၏အခွင့်အရေးများနှင့်တာဝန်များ
၅၁။ အသင်းတော်တည်ထောင်ခြင်း
၅၂။ ဧဝံဂေလိလုပ်ငန်းအားဖြင့် အသင်းတော်ကြီးထွားခြင်း
၅၃။ တစ်ဦးချင်းတပည့်တော်ဖြစ်စေခြင်း
၅၄။ ခေါင်းဆောင်သင်တန်း – by Rick Belles
၅၅။ အသင်းတော်နှင့်အပြိုင်အဖွဲ့အစည်းများ
၅၆။ ပို၍သေးငယ်သောအရာသည် ပို၍ကောင်းနိုင်သည်
အပိုင်း နိဂုံး
၅၇။အပိတ်လက်ဆောင်များ
နောက်ဆက်တွဲများ
က- ပြပါ၊ မတိုက်ပါနှင့်
ခ. ဧဝံဂေလိလုပ်ငန်းနှင့်အသက်ရှင်နည်း
ဂ.တပည့်တော်ဖြစ်ခြင်းနှင့်အသက်ရှင်နည်း –
ဃ-   အသင်းတော်များကိုကျွန်တော်ကြိုက် နှစ် သက်သည်။
င.  သင်းအုပ်ဆရာကိုငှါးရမ်းသင့်ပါသလား
စ.  ဘုရားသခင်စဉ်စားသကဲ့သို့စဉ်းစားခြင်း
ဆ.  ခရစ်ယာန်စာပေ- ဖြစ်နိုင်သောအရာများနှင့်ကန့်သတ်ချက်များ..
ဇ.  အခြေခံယုံကြည်ချက်၊ အရေးကြီးသောသွန်သင်ချက်နှင့်အရေးမပါသောပြဿနာများ
-အသင်းတော်၌ ကွဲပြားခြားနားခြင်းကိုဖြေရှင်းခြင်းအတွက်အကြံပေးသည့်နည်းတခု
ရှင်းလင်းချက်
          လုပ်ငန်းခွင်သင်တန်း
    On-The-Job Training
တပည့်တယောက်သည်ဤကဲ့သို့သောစာအုပ်တအုပ်ဖတ်ပါက၊အမှန်အကန်လေ့ကျင့်သင်ကြားပေးခြင်းခံရပြီဟုဆရာတယောက်ကယူဆရန်လွယ်ကူပါသည်။မှားပါ၏။ဤလက်စွဲစာအုပ်၌ပါသောအကြောင်းအရာတို့သည်အရေးကြီးသော်လည်းမလုံလောက်ပါ။၄င်း၌ခရစ်ယာန်တပည့်ဖြစ်ခြင်းအတွက်အဓိကဘာသာရပ်တချို့ပါရှိသော်လည်းထိုအလုပ်မည်သို့လုပ်ရမည်ဟူသောလက်တွေ့ကျသောအသိပညာပိုင်းပါရှိမည်မဟုတ်ပါ။
တပည့်တယောက်အား စာအုပ်နှင့်လေ့လာဖတ်ရှုခြင်းကိုပြုလုပ်စေသကဲ့သို့ လုပ်ငန်းခွင်သင်တန်း ကိုလည်းပေးရမည်ဖြစ်သည်။ သူ့အားခရစ်ယာန်အမှုတော်လု ပ်ငန်းခွဲအမျိုးမျိုးတို့နှင့်မိတ်ဆက်ပေးရမည်ဖြစ် သည်။ ထိုသို့ဆိုရာ၌သူ၏အသက်တာတလျှောက်လုံးတွင် ဤအရာအားလုံးတို့ကိုပြုလုပ်ရမည်ဟု မဆိုလိုပါ။ သို့ သော်၊ သူ၏ဆုကျေးဇူးသည် မည်သည့်ဆုကျေးဇူးဖြစ် သည်ကိုသိနိုင်ရန်ထို အရာကအကူ အညီပေးမည်ဖြစ် သည်။
 ဤအရာသည် သခင်ဘုရား၏နည်းလမ်းဖြစ်သည်။ သူသည်တစ်ဆယ့်နှစ်ပါးနှင့်အတူနေထိုင်ကာ စကားအာ းဖြင့်၄င်း၊ ပုံသက်သေအားဖြင့်၄င်း၊ သူတို့ကိုသွန် သင် ၏။ ထို့နောက် သာသနာလုပ်ငန်းခွင်သို့စေလွှတ်သည်။ ကိုယ်တော်၏နည်းစနစ်သည်အကောင်းဆုံးဖြစ်သည်။ သာ၍ကောင်းသောနည်းလမ်းရှိခဲ့ပါက၊ သူကိုယ်တိုင်ကျင့်သုံးခဲ့မည်ဖြစ်သည်။
အကြံကောင်းဉာဏ်ကောင်းပေးသူဖြစ်ခြင်းသည်လူတယောက်အတွက်ထိတ်လန့်စရာဖြစ်နိုင်သည်။သင်သည်မိမိကိုယ်ကိုဖော်ထုတ်၍၊သင်၏တပည့်သည်သင်မည်သူဖြစ်သည်ကိုသိရှိမည်ဖြစ်သည်။စိုးရိမ်ရန်မဟုတ်ပါ။
   လူငယ်တို့သည်စုံလင်ခြင်းကိုမမျှော်လင့်ကြပါ။ သူတို့သည်စိတ်ရင်းကောင်းခြင်းနှင့်ပွင့်လင်းမှုကိုသာလို လားကြသည်။ သင်၏လက်ရှိအခြေအနေအတိုင်း သင့်အားလက်ခံကြမည်ဖြစ်သည်။
U.S.ကမ်းတက်တပ်ဖွဲ့ အရာရှိတယောက်သည် သူ၏လူတို့ကိုတိုက်ပွဲ၌ဦးဆောင်သည်။ သူတို့ကိုကြီးကြပ်နေစဉ် နောက်တန်း၌မနေပါ။ သူတို့ရှေ့၌ချီတက်တိုက်ခို က်သည်။ သူတို့သည် အခြေခံလည်းကျ၊ လက်တွေ့လည်းကျသောသင်တန်းကိုတက်ခဲ့ကြသည်။ ယခုတွင် သူတို့သည်သူ၏စံနမူနာကိုယူသောအားဖြင့် လက်တွေ့လုပ်ဆောင်ကြသည်။
  ဤစံနမူနာအတိုင်းမလိုက်ခြင်းမှာ တပည့်တော်ဖြစ်သင်တန်းအစီအစဉ်များစွာတို့၏တွန့်ဆုတ်ရသည့်အ ကြောင်း (သို့) မအောင်မြင်ရသည့်အကြောင်းရင်းဖြစ်သည်။ ခေါင်းဆောင်တို့သည်စာအုပ်လေ့လာ ခြင်းကိုသွန်သင်မည့်ဓမ္မဆရာများရှာဖွေတွေ့ရှိရန်အခက် အခဲမရှိကြပါ။ သို့ရာတွင် စံနမူနာအနေနှင့် အသက်ရှင်နေထိုင်မည့်လူများကို သူတို့မတွေ့ ရှိကြပါ။ အချို့သေ ာဆရာများက ကဏ္ဍအမျိုးမျိုး၌အထူးကျွမ်းကျင်သူများကဲ့သို့ သူတို့မလုပ်နိုင်ပါဟု ငြင်းကောင်းငြင်းဆိုကြမည်
ဖြစ်သည်။ ကြိုတင်စဉ်းစားခြင်းနှင့်စီမံခြင်းလိုသော် လည်း ၄င်းကိုပြီးစီးအောင်လုပ်နိုင်ပါသည်။ နှစ်ရှည်လများအတွင်း၌အကြံပေးခဲ့သောသူတို့သည် သူတို့၏တပည့်များအား သိမှတ်ဘွယ်ရာများ စွာတို့ကိုဝေငှပြောပြခြင်းဖြင့်ကျေနပ်ကြသော်လည်း သူတို့အ လုပ်ကိုချောမွေ့ စွာနှင့်ထိရောက်စွာ မလုပ်နိုင်ကြဘဲ ပစ် ထားကြသည်။ ဤအရည်အချင်းမှာ လက်တွေ့ အတွေ့ အကြုံအားဖြင့်တဆင့် ပြီးတဆင့်ရရှိသည်။
အောင်မြင်သောအသင်းတော်တပါး၏တပည့်တော်ဖြစ်သင်တန်းတခုမှကျောင်းဆင်းသောလူတယောက်က သူ၏သာသနာပြုသည့်နေရာမှ “သင်တန်း၌လက်တွေ့ သင်တန်းမရှိခဲ့ပါက၊ ဤနေရာသို့ရောက်ရှိသော်လည်း ယခုငါဘာလုပ်ရမှာလဲ၊ ဟု မိမိကိုယ်ကိုမေးရလိမ့်မည်” ဟု စာရေးသည်။ ကျေးဇူးတော်ကြောင့် သူသည်သာ သနာနယ်သို့ရောက်သောအခါ ပြုရမည့်အရာကိုအ တိအကျသိသည်။ ထိုအမှုတော်လုပ် ငန်းသို့ခြေစုံပစ် ဝင်ကာ ဘုရားသခင်၏အုပ်စိုးမှုအောက်၌လုပ် ဆောင်ရမည့်အရာကို မှန်ကန်စွာဖြင့် မြင်နိုင်သည်။
ကောင်းသောအစပြုခြင်းမှာ နေ့စဉ်ဘုရားသခင်နှင့်တိတ်ဆိတ်စွာအချိန်ယူခြင်းဖြစ်သည်။ အကြံပေးဆရာက နှုတ်ကပတ်တော်ကိုမည်သို့ဖတ်ရမည်၊ သခင်ဘုရားထံမှလာသောစကားကို မည်သို့လက်ခံရရှိမည်၊ ထိရောက်(စွာမည်သို့ဆုတောင်းရမည်ကိုပြသရမည်။
အန္တရာယ်ကြိုတင် ခြိမ်းခြောက်ခြင်းမရှိသောသာသနာလုပ်ငန်းသို့သွားခြင်းသည် လိုလားနှစ်သက်သွယ်ရာဖြစ်သည်။ စစ်ဆေးရေးကောင်တာ၌၎င်း၊ အကောက် ခွန်ရုံး၌၄င်း၊ ဆရာ၏ဝေစာများပေးဝေပုံနှင့် အ ခြားလူတယောက်နှင့်ဆက်ဆံပုံတို့ကို တပည့်တယော က်ကမြင်သင့်သည်။ ထို့နောက် သူသည်လည်းဝေစာတချို့ကိုယူကာ ထိုနည်းတူပြုသင့်သည်။
သင်တန်းတက်ရောက်သောသူအယောက်တိုင်းသည် နှုတ်ကပတ်တော်ကိုလေးလေးနက်နက် လေ့လာခံယူသူဖြစ်ရန်အားပေးသင့်သည်။ ထိုသို့မဟုတ်ပါက၊ နှုတ်က ပတ်တော်မရဘဲထွက်ပြေးချင် မည်ဖြစ်သည်။ သူသည်စင်ကြယ်သောဩဝါဒကိုရရှိပြီး၊ ဝေဖန်သူတို့အားအ ဖြေပေးနိုင်ရန်အတွက် သမ္မာကျမ်းစာကိုသိကျွမ်းရမ ည်။ ဆရာသမားခင်ဗျား၊ ကျေးဇူးပြု၍နှုတ်ကပတ်တေ ာ်ဖတ်ရူလေ့လာပုံ ကိုသူ အားပြပါ၊ သို့မဟုတ် အခြားလူတယောက်ကိုပြုလုပ်စေပါ။
အစည်းအဝေးတခု၏အကြံပေးဆရာသည်ဟောပြောသောအခါ၊သင်တန်းသားများသက်သေခံကြရန်အား ပေးနိုင်သည်။ ကျွန်ုပ်တို့အားလုံးသည် တနေရာမှအ စပြုကြရန်ဖြစ်သည်။
     တပည့်သည်ရှက်တတ်သောသူဖြစ်ပါက အသင်းတော်၌ရှိသော တခါမှသူစကားမပြောဖူးသည့်လူတ ယောက်အား မိမိကိုယ်ကိုမိတ်ဆက်ရန် တနင်္ဂနွေနေ့တိုင်း၌တာဝန်ပေးနိုင်သည်။ ဤအရာက ဒေသန္တရအသင်းတော်အပြင်ဘက်၌ရှိသောလူစိမ်းတို့ကို ဧဝံဂေလိတရားဝေငှရန်လွယ်ကူစေမည်ဖြစ်သည်။
   ထို့နောက် ဧဝံဂေလိတရားကိုဟောပြောရန်ပြင်ဆင်နည်းနှင့်ဝေငှနည်းကိုလေ့ကျင့်ပေးသင့်သည်။ အဆုံးတွင်သူ၏အကြံပေးဆရာသည်မည်သို့တိုးတက်ရမည်ကိုအထောက်အကူပြုသည့်အကြံဉာဏ်ကိုပေး၍ အား ပေးရမည်။
    နုနယ်သောယုံကြည်သူသည်တိုးတက်လာသည်နှင့်အမျှ တနင်္ဂနွေကျမ်းစာသင်တန်း (သို့) အိမ်၌ပြုလုပ်သောကျမ်းစာသင်တန်း၌ သင်ကြားပေးရသည့်အခွင့်ကို လိုလားတောင့်တမည်ဖြစ်သည်။
 လေဟာပြင်၌ဟောပြောခြင်းသည် တန်ဘိုးမဖြတ်နိုင်သောသင်တန်းတခုဖြစ်သည်။ ၄င်းသည် အစပိုင်းတွင်အလွန်အမင်းရင်ခုန်ထိတ်လန့်စရာဖြစ်သော်လည်း ဧဝံဂေလိလုပ်ငန်းကိုအမှန် တကယ်ချစ်စေသည်။ ကြီး မားသောအကျိုးကျေးဇူးတရပ်မှာ ၄င်းသည်လူတယောက်အားအ သံလွှင့်ထုတ်ခြင်းအတတ်ကို သင်ပေးသည်။ ပရိသတ်ကြီးသည်သူ၏အသံကိုမကြားနိုင်ကြပါက၊ အာရုံပျံ့လွင့်သွားတတ်ကြသည်။ သူတို့၏စိတ်ဝင်စားမှုကိုထိန်းသိမ်းနိုင်ရန်လို သည်။သူတို့သည် အကျဉ်းသားပရိသတ်များမဟုတ်ကြပါ။
  အခြားသောသူများနှင့်အတူတကွဆုတောင်းခြင်းအားဖြင့် ဆုတောင်းခြင်းအကြောင်းကိုများ များသိရှိရသည်။ တပည့်တော်သင်ရိုးညွှန်းတမ်း၌နဂိုမူလဘာသ ာရပ်တခုဖြစ်သင့်သည်။ သင်တန်းပေးသောသူသည် သူ ၏ဆုတောင်းခြင်းအသက်တာကို ဝေငှသင့်သည်။
အိမ်လည်ခြင်းသည်အရေးကြီးသည်။ အကြံပေးဆရာတို့သည် လူအိုရုံများ၊ ဆေးရုံများနှင့် နလံထစခန်းများ သို့သွားကြရမည့်အချိန်ကို စီစဉ်ပေးရသည်။အိမ်  လည်ခြင်းသည် ဧဝံဂေလိဟောပြော သက်သေခံဘိုသို့ မဟုတ် ခ ရစ်ယာန်များကိုတည်ဆောက်ပေးရန် နှင့်နှစ်သိမ့်အားပေးသော အချိန်လည်းဖြစ်နိုင် သည်။အကြံ ပေးဆရာ သည်စကားပြော၍ သင်ယူသူသဟယာ   သည်ထိုင်၍နားထောင် ရသည်။စကားအပြန် အလှန်ပြောဆိုခြင်းမှဝိညာဉ်ရေးရာသို့ပြောင်းသွားရန်ပြုလုပ်ပုံကိုသူသည်သင်ယူရသည်။
သင်ယူသောသူသည် သူ၏ဆရာ သို့မဟုတ် သင်းအုပ်ဆရာ၏ဆွေးနွေးတိုင်ပင်ခြင်းကိုပြုလုပ်သောနေရာ၌ လာရောက်ထိုင်နိုင်ပါကအဖိုးတန်မည်ဖြစ်သည်။ လူများ၏အမျိုးမျိုးသောပြဿနာနှင့်လိုအပ်နေသောအ ကူအညီများစွာတို့သည် သူ့အားအံ့အားသင့်စေမည်ဖြစ်သည်။ တိုင်ပင်ဆွေးနွေးသောသူသည်မေးခွန်းတို့၏ အဖြေများအတွက်နှုတ်ကပတ်တော်အခြေပြုသည်ကိုမြင်၍စိတ်ဝင်စားလာမည်ဖြစ်သည်။ သမ္မာကျမ်းစာကိုနက်နဲစွာသိသောသူတို့သည်ဤ နေရာ၌ကြီးမားသောအခွင့်အရေးကိုရရှိကြသည်။
  မင်္ဂလာဆောင်ပွဲ သို့မဟုတ် ဈာပနအစီအစဉ်ရှိသေ ာအခါတွင် သင်တန်းသားတို့သည် မှတ်စု ယူ ၍မှတ်သားသင့်သည်။
တနေ့သောအခါ၌ ထိုတပည့်သည်အသင်းတော်တပါး ၌သင်းအုပ်တပါးဖြစ်လာနိုင်သည်။ ထိုအရာကိုကြည့်ပြီး အသင်းလူကြီးတို့၏လျှို့ဝှက်ကိစ္စမပါသောအစည်း အဝေးများ၌သူ့ အားပါဝင်ရသောအခွင့်ကိုပေးမည်ဆိုပါကအကောင်းဆုံးဖြစ်သည်။ ဤအရာကအဆင့်အတန်း မရှိသောစမ်းတဝါးဝါးပြသခြင်းမှ ပရိ သတ်ကြီးကိုချမ်း သာရာရစေမည်ဖြစ်သည်။
တပည့်တယောက်သည် အစည်းအဝေးတခု၌ပြုလုပ်မည့်အရာမျာူကိုြမင်၍ကိုယ်တိုင် ြပုလုပ် နိူင်ရန်သွန်သင် ြခင်းကိုခံသင့်သည်။ ထိုင်ခုံစီြခင်း၊သီချင်းစာအုပ် များကိုစီြခင်း၊ဒေ သနာများ ကိုအသံကူးယူြခင်းစသည့်အ ရာများရှိတတ်သည်။သင်တန်းသားတစ်ယောက် သည်အစေ ခံြခင်းအားြဖင့်သူ၏ြကီးြမတ်မှုကိုြပသရမည်။
ငယ်ရွယ်သောသူများကိုပင်  ပေး၍ရသည်။ ဧည့်သည်များကိုကြိုဆိုခြင်းနှင့်အစာစားသုံးမည့်နေရာကိုသူတို့
အတွက်စီစဉ်ပေးခြင်းတို့ကိုပြုလုပ်ပေးရန် အားပေးတိုက်တွန်း၍ရသည်။
 လူငယ်တို့သည် ယေရှုနာမတော်၌ကောင်းမြတ်သောအကျင့်တို့ကိုအားတက်သရောပြကြသည်ကို ကျွန် တေ ာ်မြင်လိုပါသည်။ ဤအကျင့်ကို တိုးတက်အောင်ပြုလုပ်နိုင်သည်။
အပိုင်း၁
ခရစ်ယာန်တပည့်တော်ဖြစ်ခြင်း
CHRISTIAN DISCIPLESHIP
တစ်
တပည့်တော်တယောက်အဖြစ်သို့
To Be A Disciple¹
     တပည့် တော်နှင့် တပည့်တော်ဖြစ်ခြင်း ဟူသောစ ကားလုံးတို့သည်အသုံးအနှုန်းများလွန်းသည်သာမ ဟုဘတ်ဘဲ အသုံးပြုသောသူ၏ဆိုလိုသည့်အတိုင်း၄င်းတို့ ၏ အဓိပ္ပါယ်ထွက်လာသည်။ ၄င်းတို့သည် ဥပုံသဏ္ဌာန်ဆောင်လူပုလေး(Humpty-Dumpty)၏ ဘုန်းအသ ရေ “glory” ဟူသောဝေါဟာ ရအသုံးပြုပုံကိုပြန်လည်သတိရစေသည်။ မည်သည့်အရာဆိုလိုသည်ကို အဲလိုင့်စ်(Alice)အားမေးသောအခါ “ကျွန်တော်စကားလုံးတ စ်လုံးအသုံးပြုသောအခါ၊ ၎င်းသည်ကျွန်တော်ရည် ရွယ် ၍ရွေးချယ်သည့်အဓိပ္ပါယ်ဖော်ဆောင်ပါသည်။ ထိုထက်မပိုပါ၊လျော့လည်းမလျော့ပါ” ဟုဆို၏။
 သို့ရာတွင် တပည့်တော်ဖြစ်ခြင်းနှင့်ပတ်သက်၍ သခင်ယေရှု၏သွန်သင်ချက် ကိုကျွန်ုပ်တို့နား လည်သိရှိလိုကြပါက အသုံးပြုသောဝေါဟာရအားဖြင့်ကိုယ်တော်ဆိုလိုသောအရာကို ကျွန်ုပ်တို့နားလည်ကြရမည်ဖြစ်သည်။ ယေရှု၏တပည့်တော်ဖြစ်ခြင်းနှင့်ပတ်သက်၍ပြောသောအရာသည် မည်သို့သဘောရှိသည်ကိုသိရှိရန်အ တွက် သူ၏ဆုံးမဩဝါဒစာတို့၌ပါရှိသောတပည့်တော် ဖြစ်ခြင်းအကြောင်းဖေါ်ပြချက်နှင့်တမန်တော်များ၏ အရေးအသားများအားဖြင့် ကျွန်ုပ်တို့လေ့လာစိစစ်ကြရမည်ဖြစ်သည်။
  ထိုသို့ပြုသောအားဖြင့် တပည့်တယောက်ဆိုသည်မှာ ကျောင်းသားတယောက်၊ သင်ကြားလေ့လာသူတယောက်ဖြစ်ကြောင်းကိုကျွန်ုပ်တို့တွေ့ရှိကြသည်။ တပည့်ဖြစ်ခြင်းဆိုသည်မှာ သူ၏ဆရာကတပည့်အား သူ၏ဩဝါဒနှင့်ကျင့်သုံးမှုကိုလိုက်နာရန် လေ့ကျင့်သင်ကြားပေးသည့်လုပ်ငန်းစဉ်တခုဖြစ်သည်။” ထိုအရာကို ကိုယ် တော်နှင့်အတူနေစေခြင်းငှါ၄င်း၊ တရားဟောရန်စေ လွှတ်ခြင်းအလိုငှါ၄င်း” (မာကု ၃း၁၄) ဟူသော သင်ခင်ယေရှုက တပည့်တော်ဆယ့်နှစ်ပါးတို့အားခန့်အပ်သည့်နည်းအားဖြင့်တွေ့ ရသည်။ ဤလူတို့သည်ကိုယ်တော်နှင့်အတူနေကြသည်။ ကိုယ်တော်၏ဆုံးမဩဝါဒကိုကြားကြသည်၊ သူ၏အသက်ရှင်ပုံရှင်နည်းကိုမြင်ကြသည်။ ထို့နောက် ကိုယ်တော်ဟောပြောသည့်သ တင်းစကားပြန့်နှံ့စေရန်သွားကြသည်။ ထိုအရာသည် လုပ် ငန်းခွင်သင်တန်းဖြစ်သည်။
ပေါလုက တိမောသေအားညွှန်ကြားရာ၌လည်း တပည့်ဖြစ်ခြင်းကိုမြင်ရသည်။ “သက်သေခံအများရှိသည်နှင့် ငါ့ထံ၌ကြားရပြီးသောအရာတို့ကို သစ္စာနှင့်ပြည့်စုံ၍ သူတပါးတို့ကိုသွန်သင်ခြင်းငှါ တတ်စွမ်းနိုင်သောသူတို့ ၌ အပ်ပေးလော့” (၂တိ ၂း၂)။
      ဤကျမ်းပိုဒ်၌ ပေါလု၊ တိမောသေ၊ သစ္စာရှိသောသူများ၊ အခြားသူများဟူ၍ ယုံကြည်သူအဆင့်လေးဆင့် ကိုတွေ့ ရသည်။ ခရစ်ယာန်ယုံကြည်ခြင်းတိုးချဲ့ပြန့်နှံ့လာရန်မှာ ဤပွါးများခြင်းလုပ်ငန်းစဉ်တွင်ယုံ ကြ ည်သူတိုင်းပါဝင်လှုပ်ရှားခြင်းအပေါ်၌မူတည်သည်။
 ဤလေ့ကျင့် သင်ကြားပေးခြင်းစနစ်သည်အကောင်းဆုံးသောနည်းဖြစ်သည်။ တပည့်တော်ဖြစ်ခြင်း၏ပ န်းတိုင်မှာ သင်ယူသောသူသည်သူ၏ဆရာနှင့်တူလာရန် ဖြစ်သည်။ “တပည့်သည်ဆရာကဲ့သို့၄င်း၊ ကျွန်သည်သခင်ကဲ့သို့၄င်းဖြစ်လျှင် သင့်လောက်ပေ၏ (မဿဲ ၁၀း၂၅)။
 ဆရာသည်သူ၏အရည်အချင်းကိုကျော်၍ သူ၏တပည့်ကိုခေါ်မသွားနိုင်ပါ။ “တပည့်သည်ဆရာထက်မသာ။ အပြီးသင်ပြီးသောတပည့်တိုင်းသည် မိမိဆရာကဲ့သို့ဖြစ် လိမ့်မည်” (လုကာ ၆း၄၀)။ “သင်မသိသောအရာကိုမသင်ပေးနိုင်ပါ။ သင်မသွားသောနေရာသို့ သင်မ ခေါ် သွားနိုင်ပါ။”
        စစ်မှန်သောယုံကြည်သူတိုင်းသည် သခင်ယေရှုခရစ်တော်၏တပည့်တော်တပါးဖြစ်သည်။ ဆယ့်နှစ်ပါးအပြင် ယေရှုနောက်သို့လိုက်ပြီး ယေရှုကတပည့်တော်အဖြစ်သိမှတ်သည့်လူများစွာရှိသည်။ ဤသူတို့အထဲတွင် တပည့်တော်အဆင့်ဆင့်ရှိသည်။ ဤအရာကိုသူတို့၏ယုံကြည်ခြင်းနှင့်နာခံခြင်းကအဆုံးအဖြတ်ပေး သည်။ “သင်တို့ ၌ယုံကြည်ခြင်းရှိသည်အတိုင်း သင်တို့ ၌ဖြစ်စေ”(မဿဲ ၉း၂၉)။ “သင်တို့သည်ငါ၏ဒေ သန ာ၌တည်လျှင် ငါ့တပည့်အမှန်ဖြစ်ကြ၏” (ယော ၈း ၃၁)။ခံကြ၏။
         တခါတရံ၊ မယုံကြည်သောသူတို့သည်ပင်လျှင် တပည့်တော်များဟုအခေါ်ယော၂း၂၃-၂၄ တွင် ကိုယ် တော်၏နာမတော်ကိုယုံကြည်သော်လည်းသူတို့သည်ဒုတိယမွေးခြင်းမခံကြသည်ကိုကိုယ်တော်သိသော ကြောင့် သူတို့ကိုမယုံကြည်ပါ။ ယောဟန် ၆း၆၆ ၌ တဖန် “တပည့်တော်အများတို့သည်ကိုယ်တော်နှင့်မပေါင်းဖေါ်ဘဲဆုတ်သွားကြ၏”ဟုဆို၏။ ဘုရားသခင်၏ သားတော်အားစွန့်ခွါသွားကြခြင်းအားဖြင့် ကိုယ်တော်နှင့်မဆိုင်ကြောင်းကိုသူတို့ပြကြသည်။ သူတို့၏တပည့် တေ ာ်ဖြစ်ခြင်းမှာ အပေါ်ယံသာဖြစ်သည်
(ယော၈း၃၁-၃၃)။
  သခင်ယေရှုသည် စစ်မှန်သောတပည့်တော်ဖြစ်သည်။ ဟေရှာယ ၅း၄-၅ ၌ “ ငါသည်ပင်ပန်းသောသူအားမစခြင်းငှါ စကားပြောတတ်မည်အကြောင်းအရှင်ထာဝရ ဘုရားသည် လူတတ်၏နှုတ်သတ္တိကိုငါ့အားပေးတော်မူပြီး နံနက်အစဉ်အတိုင်း ငါ့ကိုနှိုးဆော်တော်မူ၏။ စာ သင်သောသူ (တပည့်တော်) ကဲ့သို့နားထောင်စေမည် အကြောင်း ငါ့ကိုနှိုးဆော်တော်မူ၏” ဟု မိန့်တော်မူ၏။
ကိုယ်တော်သည်နံနက်တိုင်း၌ ထိုနေ့အတွက်ညွှန် ကြားချက်ကိုရရှိရန်အလိုငှါ၊သူ့ ခမည်းတော်၏ရှေ့တော်သို့ရောက်၏။
 ခရစ်ယာန်တပည့်တော်တယောက်၏သင်ရိုးညွှန်းတမ်းကိုသမ္မာကျမ်းစာ၏စာမျက်နှာများ၌တွေ့ ရသည်။ ရင့်ကျက်သောတပည့်တော်တယောက်ဖြစ်ရန်အတွက် လူတယောက်သည်သူ၏ကျမ်းစာကိုတတ်ကျွမ်း၍ ၄င်းပြောသည့်အတိုင်းနာခံရမည်။ ဓမ္မသစ်ကျမ်း၌အဓိကဖေါ်ပြထားသည့်အရာတစ်ခုမှာခရစ်ယာန်အကျင့်စရိုက်တိုးတက်မှုပင်ဖြစ်သည်။
  မဿဲ ၅း၁-၁၂-နိုင်ငံတော်နှင့်ထိုနိုင်ငံသားများ၏ စရိုက်လက္ခဏာကိုပြောြပသည်။
ယော ၁၅း၁-၁၇ ထိုအရာကိုတည်  ြကည်သောအသက်တာဟုခေါ်သည်။
ဂလာတိ ၅း၂၂-၂၃ ထိုအရာသည် ဝိညာဉ်တော်၏အသီးဖြစ်သည်။
ဧဖတ် ၆း၁၀- ၂ဝ၎င်းကိုဘုရားသခင်၏စစ်၀တ်စုံအ ြဖစ်ပြောသည်။
၂ ပေ ၁း၅-၁၁ကောင်းသောအကျ့်စရိုက်၏အရေးြကီးပုံအချို့တို့ကိုပြောြပသည်။
အကျင့်စရိုက်သည်အမှုတော်ဆောင်ရွက်ခြင်းထက်ပို၍ အရေးကြီးသကဲ့သို့ရှိသည်။ တပည့်တော်ဖြစ်ခြင်းသည်ဤစာအုပ်ကဲ့သို့သောစာအုပ်တစ်အုပ်ကိုဖတ်ခြင်းသက် သက်မကပါ။ ၄င်းသည် လုပ်ငန်းခွင်သင်တန်းဖြစ်၍၊
တပည့်သည်ဆရာနှင့်အတူအချိန်ယူကာ ခရစ်ယာန်အမှုတော်လုပ်ငန်း၌အတူလုပ်ကိုင်ခြင်းကိုဆိုလိုသည်။ ယောကျာ်းများအနေနှင့်တရားဟောခြင်း၊ သွန်သင်ခြင်း၊ တဦးချင်းသက်သေခံခြင်း၊ လေဟာပြင်တရား ဟော ခြင်း၊ ဆွေးနွေးတိုင်ပင်ခြင်းနှင့် အိမ်လည်ခြင်းစသည့်အမှုတော်လုပ်ငန်းများ၌တက်ကြွစွာဖြင့်၌ သွန်သ င်သည့်အတိုင်း ဆွေးနွေးတိုင်ပင်ခြင်းနှင့်အိမ်လည်ခြင်းကိုဆိုလိုခြင်းပါဝင်လာခြင်းကိုဆိုလိုခြင်းဖြစ်နိုင်သည်။ အမျိုးသမီးများအနေနှင့် တိတု၂း ၃-၅ဖြစ်နိုင်သည်။ တပည့်တယောက်သည် ဤလုပ်ဆောင်မှုများ၌မိမိကိုယ်ကိုဖေါ်ထုတ်သောအခါ၌ မိမိ၏ဆုကျေးဇူးများကိုမကြာမှီသိ၍၊ မိမိဆရာကိုအမှီမပြုဘဲ လွတ်လပ်စွာဖြင့်အမှုတော်ကိုဆောင်နိုင်မည်ဖြစ်သည်။ ထိုအခါမှသာ
သူသည် တပည့်ဖြစ်စေနိုင်မည့်လူငယ်တစ်ယောက် သို့မဟုတ် ထိုထက်များသောယုံကြည်သူများကို ရှာဖွေတွေ့ ရှိသင့်သည်။
   သင်ယူသောသူ၏တိုးတက်မှုသည်နှေးကွေးကောင်းနှေးကွေးမည်ဖြစ်သော်လည်း တပည့်ဖြစ်စေသောသူသည်တပည့်၏မိတ်ဆွေဖြစ်သင့်သည်။အကြံပေးဆရာသည် တိကျလွန်းသောသူ သို့မဟုတ် မရမကတောင်းဆိုလွန်းသောသူမဖြစ်သင့်ပါ။ နားထောင်ချိန်ထားသင့်သည်။ သူသည်သူစောင့်ရှောက်သည့်သူနှင့် လူမှုရေး သို့မဟုတ် အားကစားပွဲများ၌တွေ့ ဆုံ၍၊ အရေးကြီးသောအချိန်များ၌ကူညီရန်အသင့်ဖြစ်ခြင်းသည်ကောင်း၏။
  လူတစ်ယောက်စီ၏ပုံသေကားချပ်အစီအစဉ်အတိုင်းလိုက်မည့်အစားတပည့် ဖြစ်စေသောသူသည် လူတယောက်ချင်းအားလမ်းပြရန်အတွက်သန့် ရှင်းသောဝိညာဉ်တော်၏လမ်းပြမှုခံယူသင့်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် အချုပ်အခြာအာဏာပိုင်ဖြစ်သည်။ သူသည်တချိန်လုံးတပုံစံတည်းမလုပ်ပါ။
   လာမည့်အခန်းများ၌ သင်သည်အကြံပေးအနေနှင့်ဆောင်ရွက်သည့်ယုံကြည်ခါစလူငယ်တို့အား သင်ကြားပေးလိုမည့်ဘာသာရပ်များစွာတို့ကိုတွေ့ရှိမည်ဖြစ် သ ည်။ ထိုအချက်များ၌ထပ်မံဖြည့်စွက်နိုင်သည့်အချက်များရှိပါမည်။သို့သော်လည်း ဤအချက်များကိုအစပြုခြင်းတခုအဖြစ်အနည်းဆုံးသွန်သင်အသုံးြပုနိူ်င်ပါသည္။
တာတခုကိုထောက်ပြသည်။
   သခင်ယေရှုသည်တော်လှန်သောဘဝတခုဟု ပြောရမည့်အရာတခုကိုသွန်သင်တော်မူသည်။ လုကာ ၁၄း ၁၂-၁၄ တွင် ဤသို့မိန့်တော်မူခဲ့ပါသည်။
“သင်သည်နံနက်စာ၊ ညစာလုပ်ကျွေးသောအခါ အဆွေခင်ပွန်း၊ ညီအစ်ကိုအမျိုးသားချင်း၊ ငွေရတတ်သောအိမ်နီးချင်းများကိုမခေါ်ဖိတ်နှင့်။ ထိုသို့ခေါ်ဖိတ်လျှင်သူတို့သည်နောက်တဖန်သင့်ကိုခေါ်ဖိတ်၍ ကျေး ဇူးဆပ်ကြလိမ့်မည်။ သင်သည်ပွဲခံသောအခါ ဆင်းရဲသောသူ၊ အင်္ဂါချို့တဲ့သောသူ၊ ခြေမစွမ်းသောသူ၊ မျက်စိကန်းသောသူများကိုဖိတ်ခေါ်လော့။ ထိုသို့ခေါ်ဖိတ်လျှင်မင်္ဂလာရှိလိမ့်မည်။ အကြောင်းမူကား၊ ထိုသူတို့သည်ကျေးဇူးမဆပ်နိုင်သည်ဖြစ်၍ ဖြောင့်မတ်သောသူတို့သည်ပြန်ရှင်သည့်ကာလ၌ သင်သည်ကျေးဇူး
ဆပ်ခြင်းအကျိုးကိုခံရလတ္တံ့” ဟု မိန့်တော်မူ၏။
     သခင်ယေရှု၏ဤနှုတ်ထွက်စကားတို့သည် လူတို့ အကြား၌ယနေ့ခေတ်စားနေသောတဖန်ပြန်လည် ဖိတ်ခေါ်နိုင်မည့်သူများကို ဖိတ်ခေါ်တတ်သည့်စံနစ်ကိုထိုးနှက်ခြင်းဖြစ်သည်။ ယနေ့ခေတ်သစ်လူ့အသိုင်းဝိုင်းက
အရေးထားသည့်အရာသည် ဤအရာပင်ဖြစ်သည်။ သို့သော်လည်း ဧည့်သည်များကိုဖိတ်ခေါ် ရာ၌ ထိုသို့မပြုကြရန် သခင်ယေရှုမိန့်တော်မူ၏။ သင့်အားပြန်၍
မဆပ်နိုင်မည့်သူများကိုဖိတ်ခေါ်ပါက ဖြောင့်မတ်သူများပြန်ရှင်သောအချိန်၌သင်သည်ပေးဆပ်ခြင်းကိုခံရမည်ဖြစ်သည်။
     ထို့နောက် ကျွန်ုပ်တို့၏မြေကြီးပေါ်ဆက်ဆံရေးနှင့် ကျွန်ုပ်တို့အသက်တာအပေါ်၌ဆန့်ကျင်ပြောင်းလဲသည့်စိတ်ထားတခုရှိသင့်ကြောင်းကို သခင်ယေရှုကသွန်သင်တော်မူသည်။ လုကာ ၁၄း၂၆ ၌ ကိုယ်တော်က”အကြင် သူသည် ငါ့ထံသို့လာ၍ မိဘ၊ သားမယား၊ ညီအစ်ကို၊ နှမတို့ကို၎င်း၊ ထိုမျှမက မိမိအသက်ကို၎င်းမမုန်း၊ထိုသူသည် ငါ့တပည့်မဖြစ်နိုင်ရာ၊” ဟု မိန့်တော်မူသည်။ ကျွန်တော်တို့သည် ချစ်သောသူတို့အပေါ်၌ ရန်လိုမုန်း တီးသောစိတ်၊ ခါးသီးသောစိတ်နှင့်ရိုင်းပျသောစိတ် ထားရမည်ဟု သခင်ဘုရားဆိုလိုခြင်းမဟုတ်ဘဲ၊အ သ က်တာ၌ကိုယ်တော်သည်ပထမဖြစ်သောကြောင့် ထိုအရာနှင့်နှိုင်းယှဉ်ပါက၊ အခြားချစ်ရသောသူတို့ကိုမုန်း တီးရာရောက်သည်ကို ဆိုလိုခြင်းဖြစ်သည်။
    သို့ရာတွင် ဤအပိုဒ်၌ဆန့်ကျင်ရာအကျဆုံးသောအပိုင်းမှာ “မိမိအသက်ကို၄င်း”ဟူသောပြောပြချက်ဖြစ်သည်။ “အကြင်သူသည် ငါ့ထံသို့လာ၍. . . မိမိအ သက်ကိုမမုန်း၊ ထိုသူသည်ငါ့တပည့်မဖြစ်နိုင်ရာ” ကျွန်ုပ်တို့သည် မိမိ၏အသက်ထက်ခရစ်တော်၏အကျိုးကိုရှေ့ထားရမည်ဟု ဤအရာကဆိုလိုသည်။ ကျွန်ုပ်တို့ ၏ခန္ဓာကိုယ်နှင့်စိတ်ဝိညာဉ်တို့အား ဘုရားသခင်၏
ထယ်သွားအောက်၌ပစ်ချလိုသောစိတ်ရှိရမည်။ အခြားသောတနေရာ၌သခင်ဘုရားသည် မိမိအသက်ကိုချစ်သောသူသည်အသက်ဆုံးရှုံးလိမ့်မည်။သို့သော်လည်း ခရစ်တော်နှင့်ဧဝံဂေလိတရားအတွက် သူ၏အသက်ကိုမုန်းပါကအသက်ကိုတွေ့လိမ့်မည်ဟု မိန့်တော်မူ၏။
   ထို့နောက် မဿဲ ၆:၃၃ တွင် ကယ်တင်ရှင်ဘုရားကကျွန်ုပ်တို့၏ဖြစ်တည်နေရခြင်း၏ အဓိအကြောင်းရင်းမှာ ဘုရားသခင်၏နိုင်ငံတော်နှင့်သူ၏ဖြောင့်မတ်ခြင်းတရားကို ရှေ့ဦးစွာရှာကြရန်ဖြစ်ကြောင်းသွန်သင်သည်။”နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားကိုရှေ့ဦ းစွာရှာကြလော့၊ နောက်မှ ထိုအရာများကိုထပ်၍ပေးတော်မူလတ္တံ့” ဟု မိန့်တော်မူ၏။ ဤအရာသည် ဆန့် ကျင်ပြောင်းလဲရေးဖြစ်သည်။ လူအများက ဤကမ္ဘာပေါ်၌ မိလ္လာပြုပြင်သူများ၊ လျှပ်စစ်ပညာရှင်များ သို့မ ဟုတ် ဆရာဝန်များ သို့မဟုတ် ကျောင်းဆရာများသို့မ ဟုတ်သူနာပြုများ သို့မဟုတ် ဤကဲ့သို့သောအရာတခုဖြစ်ရန် မွေးဖွားလာကြသည်ဟုယူဆကြသော်လည်း ဘုရားအမှုတော်အတွက်ကျွန်ုပ်တို့ကို ခေါ်ခြင်းနှင့်
အလုပ်အကိုင်အကြား၌ခြားနားမှုတခုရှိသည်။ ဘုရာ းသခင်၏သားသမီးများအခေါ်ခံရခြင်းမှာ သခင်ယေရှုခရစ်တော်၏အစေကိုခံရန်ဖြစ်သည်။ သူ၏အလုပ်မှာ စားပွဲပေါ်၌ပေါင်မုန့်နှင့်ထောပတ်ကိုထားရန်ဖြစ်သော်လည်း ချမ်းသာရန် သို့မဟုတ် ၄င်း၌ပြည့်စုံမှုကိုတွေ့ ရှိရန်မဟုတ်ပါ။ ပေါလုသည် တဲရှင်ချုပ်သောသူတယောက်ဖြစ်သော်လည်း သူ၏ဩဝါဒစာများကိုအ စပြုရာ၌ “တဲရှင်ချုပ်ရန်အခေါ်ခံရသောပေါလု” ဟု တခါမှမပြောပါ။ “တမန်တော်အဖြစ်အခေါ်ခံရသောသူ ပေါလု” ဟု အစဉ်ပြောပါသည်။ သူ၏အခေါ်ခံရခြင်းမှာ တမန်တော်ရန် တဲရှင်ချုပ်ပါသည်။တပါးအဖြစ်အခေါ်ခံရခြင်းဖြစ်ပြီး၊ သူ၏လတ်တလောလိုအပ်မှုများကိုဖြည့်ဆည်း
  ထို့နောက် မဿဲ ၁၉း၁၉ သည် သခင်ယေရှု၏ ဆန့် ကျင်ပြောင်းလဲရေးအကျဆုံးသောပြောပြချက်တခုဖြစ် သည်ဟု လူအချို့ကယူဆရသည့်အရာတခုကိုမိန့်တော်မူ၏။ “ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်ရမည်”ဟုကိုယ်တော်မိန့်တော်မူ၏။ ယခု ကျွန်ုပ်တို့သည်ဤစကားလုံးများကိုအသုံးများလာသော်လည်း ၄င်းတို့၏အရေးကြီးပုံကိုအမှန်တကယ်သဘောပေါက်
ကြဟန်မတူပေ။ “ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်ပါ ” ဟူသောစကားကိုခဏစဉ်းစားကြည့်ပါ။ မိမိကိုယ်ကိုမည်မျှချစ်သည်ကိုစဉ်းစားကြည့်ကြပါ။ မိ မိ၏အလိုဆန္ဒကိုဖြည့်ဆည်းပုံ၊ ကျွန်ုပ်တို့၏စားသောက်ပုံ၊ သွားတိုက်ပုံစသည်ဖြင့်ကျွန်ုပ်တို့၏ခန္ဓာကိုယ်ဂရုစို က်ကြပုံကိုစဉ်းစားကြည့်ပါ။ ယေရှုက”ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်ပါ” ဟု မိန့်တော်မူ၏။ မည်သူသည်ကိုယ်နှင့်စပ်ဆိုင်သောသူဖြစ်ပါသနည်း။ ဆင်းရဲဒုက္ခရောက်သောသူဖြစ်သည်။ ကျွန်ုပ်နှင့်စပ် ဆိုင်သောသူကို ကျွန်ုပ်အမှန်တကယ်ချစ်ပါက၊ကမ္ဘာလုံး၌ရှိသောလူတို့အား ခရစ်တော်နှင့်မိတ်ဆက်မပေးမချင်း၊ သူတို့သည်ဘုရားသခင်၏နှုတ်ကပတ်တော်ကျမ်း စာအုပ်တစ်အုပ်စီမရှိမချင်း ကျွန်ုပ်ကျေနပ်နိုင်မည်မဟုတ်ပါ။
       ကျွန်ုပ်တို့၏သခင်ဘုရားသည် ကြီးမြတ်ခြင်းနှင့်ပတ်သက်၍ဆန့်ကျင်သောရှုထောင့်တစ်ခုကိုသွန်သင်သည်။ နိုင်ငံတော်တွင်ကြီးမြတ်ခြင်းဆိုသည်မှာကိုယ် တော်၏ပညတ်တို့ကိုစောင့်ရှောက်၍ သွန်သင်ခြင်း (မဿဲ ၅း၁၉)၊ အခြားသူတို့၏အကျိုးကိုဆောင်ခြင်း၊ ကျွန်ခံခြင်း (မဿဲ ၂၀း၁-၁၆။ လုကာ ၁၇း၇-၁၀။
၂၂း၂၆) နှင့် အနိမ့်ဆုံးသောနေရာကိုယူခြင်းစသည်တို့ဖြစ်သည် (လုကာ ၉း၄၈)။ဤအချက်သည် လောကီအမြင်နှင့်အလွန်ခြားနားလှသည်။ လောကီသားတို့တွင်
အကြီးဆုံးသောသူသည် မိမိ၏အာဏာကိုပြကာ၊ အမိန့်များထုတ်လျက် သူတပါးအပေါ်၌အုပ်စိုး၍ သခင်ပြု သည်။ နောက်ဆုံးတွင်၊ သခင်ယေရှုသည် အနာဂတ်
အတွက်လုံခြုံရေးနှင့်ပတ်သက်၍ လူအများ၏အမြင်ကိုဆန့်ကျင်ပြောင်းလဲသောရှုထောင့်တခုကိုသွန်သင်သည် ။ မဿဲ ၆း၁၉ ၌ ဤသို့ပြောပါသည် –
“သံချေးပိုးရွဖျက်ဆီး၍ သူခိုးထွင်းဖောက်ခိုးယူရာ မြေကြီးပေါ်မှာဘဏ္ဍာကိုမဆည်းဖူးကြနှင့်။ သံချေး၊ ပိုးရွမဖျက်ဆီး၍သူခိုးမထွင်းမဖေါက်မခိုးယူရာကောင်း ကင်ဘုံ၌ ဘဏ္ဍာကိုဆည်းဖူးကြလော့” ဟု ဆို၏။
ထို့နောက် ထိုအခန်း၏အပိုဒ်ငယ်-၂၅ တွင် ကိုယ်တော်က ” ထို့ကြောင့်ငါဆိုသည်ကား အဘယ်သို့စားသောက်ရမည်ဟု အသက်အဖို့မစိုးရိမ်ကြနှင့်။အဘယ်သို့ဝတ်ရမည်ဟု ကိုယ်အဖို ့မစိုးရိမ်ကြနှင့်။ အစာထက်အသက်မြတ်သည်မဟုတ်လော။ အဝတ်ထက်ကိုယ်မြတ်သည်မဟုတ်လော” ဟု မိန့်တော်မူ၏။ဤနေရာ၌သ ခင်ဘုရားသည်တပည့်တော်များအားမိုးရွာသောကြောင့် အလုပ်မလုပ်ဘဲအေးအေးဆေးဆေးနေရန်မိန့်မှာခြင်းမဟုတ်ပါ။ အမှန်စင်စစ် သူတို့အား”ငါ၏အကျိုးကိုပထမနေရာ၌ထားပါ။ သင်၏လတ်တလောလိုအပ်သည့်အရာများနှင့် မိသားစု၏လိုအပ်မှုများကိုထော က်ပံ့နိုင်ရန်အလုပ်ကြိုးစားလုပ်ကိုင်ပါ။ သခင်ဘုရ ား၏ အမှုတော်လုပ်ငန်းကိုအရာခပ်သိမ်းတို့၏အထက်၌
ထားပါ။ သင်၏အနာဂတ်ကို ငါ ကြည့်ရှုစောင့်ရှောက်မည်။ သင်၏လိုအပ်ချက်တို့ကိုပေးမည်။ ငါ့ကိုယုံကြ ည်၍အသက်ရှင်သည့်အသက်တာတခုထဲသို့ သင့်အား
ငါခေါ်သည်။ ဘုရားသခင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကိုသင်သည်ရှေ့ဦးစွာရှာပါက၊ ဤအရာတို့ကိုသင့်အားထပ်၍ပေးတော်မူမည်”ဟုမိန့်တော်မူခြင်းဖြစ်သည်။
  နောက်ဆုံးကျမ်းပိုဒ်တခုမှာ ယောဟန် ၃း၃ ဖြစ်သည်။ ယေရှက “ဒုတိယမွေးခြင်းကိုမခံသောသူသည် ဘုရာ းသခင်၏နိုင်ငံတော်ကိုမမြင်ရဟု ငါအမှန်အကန်ဆိုသ ည်” ဟုမိန့်တော်မူ၏။ ဘာသာရေးခေါင်းဆောင်တစ်ဦးဖြစ်သူ နိကောဒင်သည် သခင်ယေရှုထံသို့ည အချိ န်၌ လာရာ သခင်ယေရှုကလည်းဤဆန့်ကျင်ပြောင်းလဲသည့်သမ္မာတရားနှင့်သူ့အားရင်ဆိုင်သည်။ “နိကောဒင်၊ သင်သည်ဘုရားသခင်၏နိုင်ငံတော်ကိုမြင်ရန်အတွက် တဖန်မွေးဖွားဖို့လိုသည်။ အသစ်မွေးဖွားခြင်းသည်လုံးလုံးလိုအပ်သောအရာတစ်ခုဖြစ်သည်” ဟု မိန့်တော်မူခြင်းဖြစ်၏။ တပည့်တော်များ၏အသက်တာတို့သည်မကြံရွယ်ဘဲ ဤနေရာ၌အစပြုကြ၏။တပည့် တော်အသက်တာနှင့်အသက်ရှင်ခြင်းအားဖြင့် သင်သည်ခရစ်ယာန်တစ်ယောက်ဖြစ်မလာဘဲ၊ ခရစ်ယာန်တစ်ယောက်ဖြစ်လာပြီးမှတပည့်တော်အသက်တာ ၌အ သက်ရှင်ရခြင်းဖြစ်သည်။ အသစ်တဖန်မွေးဖွားခြင်းအားဖြင့် သင်သည်ခရစ်ယာန်တစ်ယောက်ဖြစ်သည်။
   “လူတယောက်သည် မည်သို့တဖန်မွေးဖွားနိုင်မည်နည်း”ဟူသောမေးခွန်းပေါ်ထွက်လာသည်မှာ အမှန်ဖြစ်သည်။ အဖြေမှာ၊ ပထမဦးဆုံးအနေနှင့် မိမိ၏ အပြ စ်များမှနောင်တရခြင်းအားဖြင့်ဖြစ်သည်။ ကယ်တင်ခြင်းရရန်အတွက်လူတစ်ယောက်ကမိမိသည်အပြစ်သားဖြစ်ကြောင်းနှင့်ငရဲသို့သွားရန်ထိုက်တန် သောသူဖြစ်ကြောင်းသိရှိရမည်။ သူသည်ထိုနေရာသို့ရောက်သောအခါသခင်ယေရှသည်ကရာနီလက်ဝါးကပ်တိုင်ပေါ်၌သူ့ကိုယ်စားအသေခံ၍ အပြစ်သား၏အပြစ်ဒဏ်ကိုပေးဆပ်ပြီဖြစ်ကြောင်း သဘောပေါက်ရမည်ဖြစ် သည်။ ထို့နောက် သေချာမှန်ကန်သောယုံကြည်ခြင်းအားဖြင့် သခင်ယေရှုခရစ်တော်ကို မိမိ၏ကယ်တင်ရှင်နှင့် သခင် အဖြစ်ယုံကြည်လက်ခံရမည်။ဤအခန်း၌ပင် သခင်ယေရှုက ” ဘုရားသခင်၏သားတော်ကိုယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက် ထာဝရအသက်ကို ရစေခြင်းငှါဘုရားသခင်သည် မိမိ၌တပါးတည်းသောသားတော်ကို စွန့် တော်မူသည့်
တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏” ဟု မိန့်တော်မူ၏ (ယော ၃း၁၆)။သင်သည် သေချာမှန်ကန်သောယုံကြည်ခြင်းအားဖြင့် အပြစ်သား၏ကယ်တင်
ရှင်ကိုယုံကြည်သည်နှင့်တပြိုင်နက်ကယ်တင်ခြင်းရရှိပြီဖြစ်ကြောင်း၊ တဖန်မွေးဖွားပြီဖြစ်ကြောင်း … ဘုရား သခင်နှုတ်ကပတ်တော်၏အခွင့်အာဏာနှင့်သိနိုင် သ ည်။ သခင်ယေရှု၏တပည့်တော်တယောက်အနေနှင့် ထိုလမ်း၌အစပြုမည်လော။ ထိုသို့ဖြစ်ပါက သင်သည်ကိုယ်တော်အားယုံကြည်၍ အားကိုးပါ။ကိုယ်တော်၏ ကောင်းမြတ်ခြင်းကိုဟောပြောရန်တကမ္ဘာလုံးသို့သွားပါ။ လာမည့်အခန်းတွင် သခင်ယေရှု၏အရင်းအမြစ်နှင့်ဆိုင်သောသွန်သင်ချက်အချို့တို့ကိုအသေးစိတ်ပို၍ လေ့လာကြမည်ဖြစ်သည်။
သုံး
အခြေခံလေ့ကျင့် သင်ကြားခြင်း- အပိုင်း၁
It’s Radical Training: Part 1
လုကာ ၆း၁၂-၂၆
               သခင်ယေရှုသည်အပြစ်သားများကိုယ်စား လက်ဝါးကပ်တိုင်ပေါ်၌မကြာမှီအသေခံရတော့မည်ဖြစ်သည်။ ကိုယ်တော်သည်လူသားအားလုံးအတွက်
ကယ်တင်ခြင်းလမ်းတစ်လမ်းကိုပြင်ဆင်ပေးသွားမည်ဖြစ်သည်။ တကမ္ဘာလုံး၌သတင်းကောင်းကြေညာခြင်းတခုရှိမည်ဟု ထိုအရာကဆိုလိုသည်။ လောကကြီး၌
ဧဝံဂေလိတရားကိုဟောပြောသက်သေခံရမည်ဖြစ် သည်။ ဤအရာကိုမည်သို့ပြုလုပ်နိုင်မည်နည်း။
        ကယ်တင်ရှင်၏နည်းဗျူဟာမှာ လူဆယ့်နှစ်ဦးကိုရွေးကောက်၍၊ နိုင်ငံတော်၏အခြေခံမူများနှင့်ဆိုင်သေ ာဩဝါဒကိုသူတို့အားသွန်သင်ပြီးမှ သတင်းကောင်းကိုကြေငြာရန်စေလွှတ်ဘို့ဖြစ်ပါသည်။ ကိုယ်တော်သည်သူ့အားစိတ်နှလုံးအကြွင်းမဲ့ချစ်သောသူ၊ အပြစ်ဒုစရိုက်ပြုမည်ကိုကြောက်၍ ကိုယ်တော်အားအကြွင်းမဲ့နာခံမည့်သူဆယ်နှစ်ဦးကိုတွေ့ရှိနိုင်ပါက လောကကြီးကိုမှောက်လှန်နိုင်မည်ဖြစ်သည်။
ကိုယ်တော်၏ပထမခြေလှမ်းမှာ တောင်ပေါ်တနေရာ ၌ဆုတောင်းခြင်းဖြင့် တညအချိန်ယူရန်ဖြစ်သည်။ မြေကြီးပေါ်၌ပြပ်ဝပ်၍ ခမည်းတော်၏အလိုတော်ကိုရှာသည့်ဘုရားသခင်၏သန့်ရှင်းတော်မူသောသားတော်ကို မြင်ယောင်ကြည့်ပါ။ကိုယ်တော်၏အဓိကဆုတောင်းချက်မှာ တပည့်တော်များရွေးချယ်မည့်အရေးဖြစ်သည်မှာ ယုံမှားစရာမရှိပါ။ ကိုယ်တော်သည်ဘုရား သခင် ၏လမ်းပြမှုအပေါ်၌အစဉ်အမှီပြု၍ စိတ်အားထက်သန်မှုနှင့်ကြာရှည်စွာဆုတောင်းခြင်းကိုပြုသည်။ကိုယ်တော်သည်ဆုတောင်းခြင်းကိုဦးစားပေးကြောင်း ဤအရာကပြသသည်။ကျွန်ုပ်တို့၏ဆုတောင်းခြင်ကင်းမဲ့မှုကို ကိုယ်တော်၏တညလုံးဆုတောင်းခြင်းကအပြ စ်တင်ဆုံးမပါသည်။
   နောက်တနေ့တွင် ကိုယ်တော်သည်သူ၏နောက်လိုက်များနှင့်တွေ့ကာတမန်တော်များဟု ကျွန်ုပ်တို့သိရသောဆယ့်နှစ်ပါးတို့ကိုရွေးထုတ်သည်မှာ မှတ်သားလောက်ပါသည်။ သူရွေးချယ်သောအရေအတွက်၊ သူတို့၏ အသက်အရွယ်၊သူတို့၏အရည်အချင်း၊ သစ္စာဖောက်မည့်သူတယောက်ကိုပါဝင်စေခြင်းစသည်တို့မှာမှတ်သ ားလောက်ပါသည်။ ပထမ- ရွေးချယ်သေအရေအတွက်သည်၁၂ဝဝဝ၊ ၁၂ဝဝ မဟုတ်၊ ၁၂၀ ပင်မဟုတ်ဘဲ ၁၂ ပါးသာရွေးချယ်ခြင်းဖြစ်သည်။အဘယ်ကြောင့်ထိုသို့သောလူစုငယ်ကိုရွေးချယ်ရပါသနည်း။ အကြောင်းမှာ၊
တပည့်တော်ဖြစ်ခြင်းသည်လူစုငယ်အားဖြင့်သာထိရောက်စွာဆောင်ရွက်နိုင်သောကြောင့်ဖြစ်သည်။ ထို့အပြင် အောင်မြင်ခြင်းကို သခင်ဘုရားကသာပိုင်ဆိုင်ရန်အ တွက် အရေအတွက်နည်းရမည်ဖြစ်သည်။
       တပည့်တော်တို့သည် ဤအချိန်၌အသက်နှစ်ဆယ်ပတ်ဝန်းကျင်ရှိကောင်းရှိကြမည်ဖြစ်သည်။သခင်ဘုရားကိုယ်တော်တိုင်မှာလည်း သုံးဆယ်ခန့်ရှိရာ၊ ယေဘုယျအားဖြင့် ဆရာသည်သူ့တပည့်များထက် အသက်ပိုကြီးလေ့ရှိသည်။လူငယ်သည်ပုံသွင်းရန်၊ ပြောင်းလဲပေးရန်နှင့် စိတ်ဝိညာဉ်ကိုမီးတောက်စေရန်အကောင်းဆုံးအခွ င့်အရေးဖြစ်ကြောင်းကိုလည်း သခင်ဘုရားသိတော်မူ၏။
တပည့်တော်တို့၏ အရည်အချင်းမှာ အထူးစွဲမှတ်ဘွယ်ရာမဟုတ်ပါ။သူတို့သည် သာမညလူများဖြစ်ကြသည်။ အထက်တန်းပညာကိုသင်ယူသောသူများမဟုတ်ကြချေ။ ဓမ္မပညာဘွဲ့ ရသောသူငာယောက်မှမရှိကြချေ။ ချမ်းသာကြွယ်ဝသောသူတယောက်မျှမရှိကြပါ။ Robert Coleman က “လူ့ယဉ်ကျေးမှုတခုခုနှင့်သူတို့အားခြုံ၍ကြည့်လျှင် သူတို့ခေတ်၏သာမညလူအဆင့်တခုကိုကိုယ်စားပြုကြသည်” ဟု ဖော်ပြသည်။ သူတို့နှင့်ပတ်သက်၍ ထူးဆန်းသောအရာတခုမှာ ယေရှုနှင့်ဆက်သွယ်နေကြခြင်းဖြစ်သည်ဟု ကျွန်ုပ်တို့ပြောနိုင်သည်။
ယုဒရှကာရုတ်ကိုရွေးချယ်ရာ၌ နက်နဲသောအရာတခုနှင့်ဆက်နွယ်သည်။ယုဒသည်သူ့အားသစ္စာဖေါက်အပ်နှံမည်ကို သဗ္ဗညုတဉာဏ်တော်ရှင်သခင်ဘုရားကသိတော်မူသော်လည်း သူ့အားရွေးကောက်ခဲ့သည်။ လျှို့ဝှက်ချက်ကိုအရှိအတိုင်းချန်ထားရမည်မှာ အ ကော င်းဆုံးဖြစ်ပါသည်။
        တပည့်တော်တို့သည် လုပ် ငန်းခွင်သင်တန်းကိုချက်ချင်းပေးအပ်ခြင်းခံကြရသည်။ သခင်ဘုရားသည်လူထုကြီးအားဆုံးမဩဝါဒပေးသေ ာအခါသူတို့သည်ကြည့်ရှုနားထောင်ကြသည်။ လူနာများ၏ရောဂါကိုငြိမ်းစေသောအခါ၌၄င်း၊ နတ်ဆိုးများကိုနှင်ထုတ်သောအခါ၌၄င်း၊ သူတို့သည်စောင့်ကြည့်နေကြသည်။ လူတို့သည်သခင်ဘုရားကိုတို့ထိနိုင်ရန် ရှေ့သို့တိုးဝှေ့လာကြသည်ကိုမြင်သောအခါ သူတို့သည်အလွန်စိတ်ဝင်စားကြသည်။ ဘုရားသခင်၏တန်ခိုးတော်သည် လူတယောက်အားဖြင့်စီးဆင်းသည်ဟု လူများပြောကြသည်ကိုသိရှိကြသည်။
ကယ်တင်ရှင်၏ဟောပြောချက်သည် မ ဿဲ၅-၇ ၌ရှိ သောတောင်ပေါ်ဒေသနာ၏တစိတ်တဒေသကို ပြန် ၍ပြောပြသကဲ့သို့ရှိသည်။ သို့သော်လည်း မတူကြပါ။ ဤဒေသနာကိုတောင်ပေါ်၌ဟောပြောခြင်းမဟုတ်ဘဲ မြေပြန့်ဒေသတခု၌ဟောပြောခြင်းဖြစ်သည် (ငယ် ၁၇)။ ထိုမင်္ဂလာတရားတို့သည်မတူကြဘဲ ခြာနား သ ည်။ မဿဲခရစ်ဝင်ကျမ်း၌မင်္ဂလာရှိသောသူတို့မှာ စိတ် နှလုံးနိမ့်ချသောသူနှင့်ဖြောင့်မတ်ခြင်းပါရမီကိုဆာငတ်သောသူများဖြစ်ကြသည်ဟုဆို၏။ လုကာခရစ်ဝင်ကျ မ်း၌ ထိုသူတို့သည်ကာယပိုင်း၌ဆင်းရဲ၍ ဆာငတ်သောသူများဖြစ်ကြသည်။ ဤဒေသနာကိုအဓိကအားဖြင့်တပည့်တော်များအားဟောပြောခြင်းဖြစ်ရာကျမ်း၌ထိုအရာတခုမျှ မပါပါ။(လုကာ ၆း၂၀)၊ တဆက်တည်းတွင် အမင်္ဂလာလေးမျိုးပါရှိသည်။ ရှင်မဿဲခရစ်ဝင်ကျမ်း ၌ ထိုအရာတစ်ခုမျှမပါပါ။
     ပထမအနေနှင့် ကျွန်ုပ်တို့၏သခင်ဘုရားသည် သူ၏ တပည့်တော်များဆင်းရဲသားများကဲ့သို့သွားကြရန်မိန့်တော်မူသည်။ အပိုဒ်ငယ်-၂၄ ၌”ငွေရတတ်သောသူတို့ သည် အမင်္ဂလာရှိ၏” ဟူသောမိန့်တော်မူချက်ကိုကြည့်ခြင်းအားဖြင့် ၎င်းသည်ဝိညာဉ်၌ဆင်းရဲသောသူကိုပြောခြင်းထက်အားကာယရေးရာ၌ဆင်းရဲသောသူကိုပြောခြင်းဖြစ်ကြောင်း ကျွန်ုပ်တို့သိရသည်။ဝိညာဉ်၌ကြွယ်ဝချမ်းသာသောသူဟု ကိုယ်တော်မပြောပါ။ ထိုသို့ပြောပါကအဓိပ္ပါယ်မဲ့နေမည်ဖြစ်သည်။ ကိုယ်တော်သည် ပြည့် လျှံကြွယ်ဝမှုမရှိခြင်း သို့မဟုတ်စည်းစိမ်းဥစ္စာမရှိခြင်းကိုရည်ညွှန်းခြင်းဖြစ်သည်။ သို့သော် ဆင်းရဲခြင်းသည်
ကောင်းကြီးမင်္ဂလာတခုဖြစ်ပါသလား။ တကမ္ဘာလုံး ၌ရှိသောလူတို့သည်ဆင်းရဲခြင်း၏ဖိစီးမှုကိုခံရကြသ ည်။ ထိုသူတို့အတွက်ဆင်းရဲခြင်းသည်ကောင်းကြီးမင်္ဂ လာမဟုတ်ဘဲ ကျိန်ခြင်းအမင်္ဂလာတခုဖြစ်သည်။ ထိုသို့ဆိုသော်၊ တပည့်တော်တို့ကို ဆင်းရဲခြင်းကမည်သည့်နည်းနှင့်ကောင်းကြီးဖြစ်စေမည်နည်း။ ၄င်း၏အဓိက
သော့ချက်ကိုအပိုဒ်ငယ် ၂၂ ၏အဆုံး၌ “လူသားကြေ ာင့်” ဟူ၍ တွေ့ရှိရသည်။သူတပါးသည်ဝိညာဉ်ရေးရာချမ်းသာကြွယ်ဝစေရန်အတွက် တမန်တော်ဆယ့်နှစ်ပါးတို့သည်မိမိတိူ့ကိုယ့်ကိုဆင်းရဲအောင် ြပုြကသည္။
ကိုယ်တော်သည်ဆုတောင်းခြင်းကိုဦးစားပေးကြောင်း ဤအရာကပြသသည်။ကျွန်ုပ်တို့၏ဆုတောင်းခြင်ကင်းမဲ့မှုကို ကိုယ်တော်၏တညလုံးဆုတောင်းခြင်းကအပြ စ်တင်ဆုံးမပါသည်။
   နောက်တနေ့တွင် ကိုယ်တော်သည်သူ၏နောက်လိုက်များနှင့်တွေ့ကာတမန်တော်များဟု ကျွန်ုပ်တို့သိရသောဆယ့်နှစ်ပါးတို့ကိုရွေးထုတ်သည်မှာ မှတ်သားလောက်ပါသည်။ သူရွေးချယ်သောအရေအတွက်၊ သူတို့၏ အသက်အရွယ်၊သူတို့၏အရည်အချင်း၊ သစ္စာဖောက်မည့်သူတယောက်ကိုပါဝင်စေခြင်းစသည်တို့မှာမှတ်သ ားလောက်ပါသည်။ ပထမ- ရွေးချယ်သေအရေအတွက်သည်၁၂ဝဝဝ၊ ၁၂ဝဝ မဟုတ်၊ ၁၂၀ ပင်မဟုတ်ဘဲ ၁၂ ပါးသာရွေးချယ်ခြင်းဖြစ်သည်။အဘယ်ကြောင့်ထိုသို့သောလူစုငယ်ကိုရွေးချယ်ရပါသနည်း။ အကြောင်းမှာ၊
တပည့်တော်ဖြစ်ခြင်းသည်လူစုငယ်အားဖြင့်သာထိရောက်စွာဆောင်ရွက်နိုင်သောကြောင့်ဖြစ်သည်။ ထို့အပြင် အောင်မြင်ခြင်းကို သခင်ဘုရားကသာပိုင်ဆိုင်ရန်အ တွက် အရေအတွက်နည်းရမည်ဖြစ်သည်။
       တပည့်တော်တို့သည် ဤအချိန်၌အသက်နှစ်ဆယ်ပတ်ဝန်းကျင်ရှိကောင်းရှိကြမည်ဖြစ်သည်။သခင်ဘုရားကိုယ်တော်တိုင်မှာလည်း သုံးဆယ်ခန့်ရှိရာ၊ ယေဘုယျအားဖြင့် ဆရာသည်သူ့တပည့်များထက် အသက်ပိုကြီးလေ့ရှိသည်။လူငယ်သည်ပုံသွင်းရန်၊ ပြောင်းလဲပေးရန်နှင့် စိတ်ဝိညာဉ်ကိုမီးတောက်စေရန်အကောင်းဆုံးအခွ င့်အရေးဖြစ်ကြောင်းကိုလည်း သခင်ဘုရားသိတော်မူ၏။
တပည့်တော်တို့၏ အရည်အချင်းမှာ အထူးစွဲမှတ်ဘွယ်ရာမဟုတ်ပါ။သူတို့သည် သာမညလူများဖြစ်ကြသည်။ အထက်တန်းပညာကိုသင်ယူသောသူများမဟုတ်ကြချေ။ ဓမ္မပညာဘွဲ့ ရသောသူငာယောက်မှမရှိကြချေ။ ချမ်းသာကြွယ်ဝသောသူတယောက်မျှမရှိကြပါ။ Robert Coleman က “လူ့ယဉ်ကျေးမှုတခုခုနှင့်သူတို့အားခြုံ၍ကြည့်လျှင် သူတို့ခေတ်၏သာမညလူအဆင့်တခုကိုကိုယ်စားပြုကြသည်” ဟု ဖော်ပြသည်။ သူတို့နှင့်ပတ်သက်၍ ထူးဆန်းသောအရာတခုမှာ ယေရှုနှင့်ဆက်သွယ်နေကြခြင်းဖြစ်သည်ဟု ကျွန်ုပ်တို့ပြောနိုင်သည်။
ယုဒရှကာရုတ်ကိုရွေးချယ်ရာ၌ နက်နဲသောအရာတခုနှင့်ဆက်နွယ်သည်။ယုဒသည်သူ့အားသစ္စာဖေါက်အပ်နှံမည်ကို သဗ္ဗညုတဉာဏ်တော်ရှင်သခင်ဘုရားကသိတော်မူသော်လည်း သူ့အားရွေးကောက်ခဲ့သည်။ လျှို့ဝှက်ချက်ကိုအရှိအတိုင်းချန်ထားရမည်မှာ အ ကော င်းဆုံးဖြစ်ပါသည်။
        တပည့်တော်တို့သည် လုပ် ငန်းခွင်သင်တန်းကိုချက်ချင်းပေးအပ်ခြင်းခံကြရသည်။ သခင်ဘုရားသည်လူထုကြီးအားဆုံးမဩဝါဒပေးသေ ာအခါသူတို့သည်ကြည့်ရှုနားထောင်ကြသည်။ လူနာများ၏ရောဂါကိုငြိမ်းစေသောအခါ၌၄င်း၊ နတ်ဆိုးများကိုနှင်ထုတ်သောအခါ၌၄င်း၊ သူတို့သည်စောင့်ကြည့်နေကြသည်။ လူတို့သည်သခင်ဘုရားကိုတို့ထိနိုင်ရန် ရှေ့သို့တိုးဝှေ့လာကြသည်ကိုမြင်သောအခါ သူတို့သည်အလွန်စိတ်ဝင်စားကြသည်။ ဘုရားသခင်၏တန်ခိုးတော်သည် လူတယောက်အားဖြင့်စီးဆင်းသည်ဟု လူများပြောကြသည်ကိုသိရှိကြသည်။
ကယ်တင်ရှင်၏ဟောပြောချက်သည် မ ဿဲ၅-၇ ၌ရှိ သောတောင်ပေါ်ဒေသနာ၏တစိတ်တဒေသကို ပြန် ၍ပြောပြသကဲ့သို့ရှိသည်။ သို့သော်လည်း မတူကြပါ။ ဤဒေသနာကိုတောင်ပေါ်၌ဟောပြောခြင်းမဟုတ်ဘဲ မြေပြန့်ဒေသတခု၌ဟောပြောခြင်းဖြစ်သည် (ငယ် ၁၇)။ ထိုမင်္ဂလာတရားတို့သည်မတူကြဘဲ ခြာနား သ ည်။ မဿဲခရစ်ဝင်ကျမ်း၌မင်္ဂလာရှိသောသူတို့မှာ စိတ် နှလုံးနိမ့်ချသောသူနှင့်ဖြောင့်မတ်ခြင်းပါရမီကိုဆာငတ်သောသူများဖြစ်ကြသည်ဟုဆို၏။ လုကာခရစ်ဝင်ကျ မ်း၌ ထိုသူတို့သည်ကာယပိုင်း၌ဆင်းရဲ၍ ဆာငတ်သောသူများဖြစ်ကြသည်။ ဤဒေသနာကိုအဓိကအားဖြင့်တပည့်တော်များအားဟောပြောခြင်းဖြစ်ရာကျမ်း၌ထိုအရာတခုမျှ မပါပါ။(လုကာ ၆း၂၀)၊ တဆက်တည်းတွင် အမင်္ဂလာလေးမျိုးပါရှိသည်။ ရှင်မဿဲခရစ်ဝင်ကျမ်း ၌ ထိုအရာတစ်ခုမျှမပါပါ။
     ပထမအနေနှင့် ကျွန်ုပ်တို့၏သခင်ဘုရားသည် သူ၏ တပည့်တော်များဆင်းရဲသားများကဲ့သို့သွားကြရန်မိန့်တော်မူသည်။ အပိုဒ်ငယ်-၂၄ ၌”ငွေရတတ်သောသူတို့ သည် အမင်္ဂလာရှိ၏” ဟူသောမိန့်တော်မူချက်ကိုကြည့်ခြင်းအားဖြင့် ၎င်းသည်ဝိညာဉ်၌ဆင်းရဲသောသူကိုပြောခြင်းထက်အားကာယရေးရာ၌ဆင်းရဲသောသူကိုပြောခြင်းဖြစ်ကြောင်း ကျွန်ုပ်တို့သိရသည်။ဝိညာဉ်၌ကြွယ်ဝချမ်းသာသောသူဟု ကိုယ်တော်မပြောပါ။ ထိုသို့ပြောပါကအဓိပ္ပါယ်မဲ့နေမည်ဖြစ်သည်။ ကိုယ်တော်သည် ပြည့် လျှံကြွယ်ဝမှုမရှိခြင်း သို့မဟုတ်စည်းစိမ်းဥစ္စာမရှိခြင်းကိုရည်ညွှန်းခြင်းဖြစ်သည်။ သို့သော် ဆင်းရဲခြင်းသည်
ကောင်းကြီးမင်္ဂလာတခုဖြစ်ပါသလား။ တကမ္ဘာလုံး ၌ရှိသောလူတို့သည်ဆင်းရဲခြင်း၏ဖိစီးမှုကိုခံရကြသ ည်။ ထိုသူတို့အတွက်ဆင်းရဲခြင်းသည်ကောင်းကြီးမင်္ဂ လာမဟုတ်ဘဲ ကျိန်ခြင်းအမင်္ဂလာတခုဖြစ်သည်။ ထိုသို့ဆိုသော်၊ တပည့်တော်တို့ကို ဆင်းရဲခြင်းကမည်သည့်နည်းနှင့်ကောင်းကြီးဖြစ်စေမည်နည်း။ ၄င်း၏အဓိက
သော့ချက်ကိုအပိုဒ်ငယ် ၂၂ ၏အဆုံး၌ “လူသားကြေ ာင့်” ဟူ၍ တွေ့ရှိရသည်။သူတပါးသည်ဝိညာဉ်ရေးရာချမ်းသာကြွယ်ဝစေရန်အတွက် တမန်တော်ဆယ့်နှစ်ပါးတို့သည်မိမိတိူ့ကိုယ့်ကိုဆင်းရဲအောင် ြပုြကသည္။
ထိုအရာကို ကျွန်ုပ်တို့မစဉ်းစားဘဲနေကြသောအခါ သူတို့သည်ဆင်းရဲကြရမည်မှာ အမှန်ဖြစ်သည်။ ထိုသူတို့သည်ငွေကိုတခါမှယူသွားခြင်းမရှိ၊ခေါင်းချစရာနေရာမရှိဟု အပြောခံရသည့်ဆင်းရဲသောဂျူးမိသားစုမှမွေးဖွားသည့်သူ၏ကိုယ်စားလှယ်များဖြစ်ကြသည်။ ထိုသူသည်ချမ်းသာသော်လည်း၊ကျွန်ုပ်တို့ကိုချမ်းသာစေရန်အတွက်ဆင်းရဲခြင်းကိုလိုလိုလားလားခံခဲ့သည်။
“သူတို့သည် ဤကမ္ဘာလောကကြီး၌ စုံလင်သောအ သက်တာနှင့်အသက်ရှင်ပြီး၊သူ၏ဝတ်လုံမှလွဲ၍ မည်သည့်အရာကိုမှမပိုင်ထားသောသူ၏တမန်များဖြစ်ကြ
သည်” (Denney)။
သူတို့သည် တန်ဖိုးကြီးသောအဝတ်အစားများဝတ်ဆင်ကြပြီး၊ လှလှပပဖီးလိမ်းပြင်ဆင်လျက်၊ တန်ဖိုးကြီး သော ရတနာများကိုဆင်ယင်ကြပါက ဆန့်ကျင်ခြားနားမှုတခုရှိခဲ့မည်ဖြစ်သည်။ ဤအရာတခုကိုမျှဂရုမစိုက်သောသူအတွက်ဤအရာတို့သည်စိတ်ဝင်စားဘွယ်ဖြစ်မည်မဟုတ်ပါ။ E.S.Jones က မွမ်းမံခြယ်သထားသော ကသီဒရဲလ်(Cathedral)ဘုရားကျောင်းတော်ကြီးသို့သွား၍အဖိုးဖြတ်၍မရသေကျောက်မျက်ရတနာများနှင့်ဆင် ယင်ထားသည့် သူငယ်တော်ယေရှု၏ပုံကြ ည့်ခဲ့သည့်အကြောင်းကိုပြောပြသည်။ ထို့နောက် လမ်း မကြီးပေါ်သို့ထွက်လာပြီး၊ ဆာလောင်မွတ်သိပ်မှု၏ ညှဉ်းဆဲခြင်းကိုခံရသည့်ကလေးများအားမြင်ရသည့်အကြောင်းကိုပြောပြသည်။ ထိုသူငယ်တော်ယေရှု၏ပုံ ဘမ်ဘီနို(Bambino) သည်သူ၏ကျောက်မျက်ရတနာများနှင့်ပျော်ရွှင်နေမည်လော၊သို့မဟုတ် မပျော်ရွှင်ဘဲရှိနေမည်လော၊” ဟု ကျွန်တော်စဉ်းစားမိသည်။ “သူသည် ပျော်ရွှင်နိုင်ပါက Bambino ၏အကြောင်းကိုအောက်မေ့စဉ်းစားခြင်းကိုကျွန်တော်ပျော်ရွှင်မည်မ ဟုတ်တော့ပါ”ဟုဆို၏။ သို့ရာတွင် နာမည်ခံအသင်းတော်များသည် ယေရှုအားရိုးစင်းသောအသက်တာနှင့် အသက်ရှင်သောဘုရားသခင်၏သားတော်ဟု လောကကြီးအားပြသမည့်အစား၊ အဖိုးများစွာထိုက်သောအရာနှင့်ဆင်ယင်ထုံးဖွဲ့ကြကာ စည်းစိမ်နှင့်အသက်ရှင်နေ ထိုင်သောချမ်းသာကြွယ်ဝသည့်လူတစ်ယောက်အဖြစ် လောကကြီးကိုပြသကြသည်။ တပည့်တော်တို့သည်ချမ်းသာကြွယ်ဝသောသူများအနေနှင့်သွားကြမည်ဆိုပါက၊ ဘဏ္ဍာရေးအကျိုးကိုရည်ရွယ်သော တပည့်များစွာတို့ကိုရရှိနိုင်ကြမည်ဖြစ်သည်။ လူတို့သည်ဆန်တပြည်ရရှိရန်အတွက်ဘာသာရေးနာမည်ခံ ြသော်လည်း သူတို့၏ကြီးမားသည့်လိုအပ်ချက်မှာဘုရားသခင်ဘက် ၌နောင်တရရှိကြရန်နှင့်ယေရှုခရစ်တော်ကိုမိမိတို့၏ သခင်နှင့်ကယ်တင်ရှင်အဖြစ်စစ်မှန်သောယုံကြည်ခြင်းနှင့်ယုံကြည်ကြရန်ဖြစ်သည်။
 တမန်တော်ဆယ်နှစ်ပါးတို့သည် ချမ်းသာကြွယ်ဝသောသူများအနေနှငထွက်သွားကြမည်ဆိုပါက၊ အောင်မြင်မှုဟူသမျှသည်ဘုရားသခင်၏တန်ခိုးတော်အားဖြင့်မ ဟုတ်ဘဲ ငွေကြောင့်ဖြစ်သည်ဟု ထင်မြင်ကြမည်ဖြစ် သည်။ ထိုမျှသာမကဘုရားသခင်၏အလိုတော်မဟုတ်သော ငွေအကုန်အကျများသည့်စီမံကိန်းများ၌ပါဝင်ဆောင်ရွက်လိုသောစိတ်ရှိကြမည်ဖြစ်သည်။ခရစ်ယာန်သာသနာလုပ်ငန်း၌ဆင်းဆင်းရဲရဲလုပ်ကိုင်ခြင်းသည် ဘုရားသခင်အပေါ်၌အမှီသဟဲပြုစေ၍ကိုယ်တော်စေခိုင်းသောအမှုတော်လုပ်ငန်းအတွက်လိုအပ်သောကုန်ကျ ငွေများကိုဘုရားလောက်မမည်ဟု စိတ်ချယုံ ကြည်စေသည်။
  တပည့်တော်တို့သည် ဆင်းရဲခြင်းနှင့်အလုပ်မလုပ်ခဲ့ကြပါက၊ သူတို့ပြုခဲ့သောအရာများပြီးစီးအောင်မြင်နိုင်ကြမည်မဟုတ်ကြောင်း ယုံမှားသံသယရှိစရာမဟုတ်ပါ။ ဆင်းရဲခြင်းသည်သူတို့အတွက်အကျိုးရှိသော် လည်း ချမ်းသာခြင်းသည်အားထားစရာတခုဖြစ်ခဲ့မည်ဖြစ်သည်။ ဤလူတို့သည်ချမ်းသာလိုပါကချမ်းသာနိုင်ကြသော်လည်း ထောင်ပေါင်းများစွာတို့သည်အစာငတ်ခြင်းကြောင့်သေဆုံး၍ ယေရှုနာမတော်ကိုလူများစွာကမသိရသေးသည့် လောကကြီးထဲတွင် ဆင်းရဲခြင်းကိုသူတို့ရွေးချယ်ကြသည်။
   တပည့်တော်တို့သည်ချမ်းသာကြွယ်ဝသောသူများအနေနှင့်မသွားကြဆာငတ်ခြင်း၏မင်္ဂလာကိုတွေ့ကြုံသိရှိခံစားကြရန်သွားကြသည်။ဆာငတ်ခြင်းသည်မ င်္ဂလာတပါးဖြစ်ပါသလား။ ဖြစ်ပါ၏။ သို့သော်လည်း
၎င်းသည် ခရစ်တော်၏နာမတော်အတွက်ဖြစ်မှသာ မင်္ဂလာဖြစ်ပါ၏။ တပည့်တော်တို့သည် အစားကောင်းအသောက်ကောင်းသုံးဆောင်ရန် ရွေးကောက်ခံရကြသည်မဟုတ်ပါ။ သူတို့သည်သူတို့၌ရှိသောပစ္စည်းဥစ္စာများကို ဧဝံဂေလိတရားပြန့်နှံ့စေရန်အတွက်အစွမ်းကုန်အသုံးပြု၍ ချွေတာစွာဖြင့်အသက်ရှင်နေထိုင်ကြမည်ဖြစ်သည်။
ထို့အပြင်၊ သူတို့၏သာသနာလုပ်ငန်းသည်ငိုကြွေးခြင်းသာသနာတခုဖြစ်ရမည်။ သို့သော် ဤအရာသည်လူတိုင်းခံစား၍ငိုကြွေးကြသည့်သဘောကို မရည်ညွှန်းပါ။ ဤအရာသည်လူသားကြောင့်ခံရသည့်အထူးဝမ်းနည်းခြင်းတမျိုးဖြစ်သည်။ သူတို့သည်လူတို့၏သေလုနီးပါးဖြစ်သောအသက်ဝိညာဉ်များအတွက်နာကျည်းသောမျက်ရည်များကျကြရန်ဖြစ်သည်။ သူတို့သည်အသင်းတော်၏ကွဲပြားသောအခြေအနေကြောင့် ငြီးတွားမြည် တမ်းကြရန်ဖြစ်သည်။ မိမိတို့၏အပြစ်များနှင့်မစုံလင်မှုများကြောင့်ဝမ်းနည်းကြရန်ဖြစ်သည်။ သူတို့သည်ကောင်းသောမျိုးစေ့ကိုယူ၍ငိုကြွေးခြင်းနှင့်ထွက်သွားကြပါက၊ ကောက်လှိုင်းများကိုဆောင်ယူလျက် ဝမ်း မြောက်ခြင်းနှင့်ပြန်လာကြမည်ဖြစ်သည် (ဆာလံ ၁၂၆ း၆)။ “စိတ်ဝိညာဉ်ကိုရသောသူတို့သည် ရှေ့ဦးစွာစိတ်ဝိညာဉ်များအတွက် ငိုကြွေးသောသူများဖြစ်ရပါမည်။”
သူတို့သည်ဆင်းရဲသောသူ၊ ဆာငတ်သောသူနှင့်ငိုကြွေးသောသူများဖြစ်ရုံသာမက၊ ခရစ်တော်အတွက်မပေါ် လွင်မထင်ရှားသောသူများဖြစ်ကြရပါမည်။ယေရှုနှင့်သစ္စာရှိရှိပေါင်းဖေါ်ခြင်းအားဖြင့် သူတို့သည်အမုန်းခံသောသူများ၊မောင်းထုတ်ခံသောသူများနှင့်အပြစ်တင်ခံရသောသူများဖြစ်ကြမည်ဖြစ်သည်။သို့ရာတွင် စိုးရိမ်စရာမဟုတ်ပါ။ ဤအရာသည်ကြီးမားသေဝမ်းမြောက်ခြင်းကိုဖြစ်စေမည်ဖြစ်သည်။ သူတို့သည်ဓမ္မဟောင်းသန့်ရှင်းသူပရောဖက်ကြီးများ၏အတွေ့ အကြုံများကိုဝေမျှခံစားကြပြီး ကောင်းကင်ဘုံ၌ကြီးမားသောဆုလာဒ်ကို အမှန်ရရှိကြမည်ဖြစ်သည်။
အချို့သောသူတို့က “ယေရှုသည် ထိုဆင်းရဲသားများ၊ ငတ်မွတ်သောသူများ၊ ငိုကြွေးပြီးအပယ်ခံရသောသူတို့နှင့်မည်သည့်အရာကိုလုပ်နိုင်မည်နည်း” ဟုမေးကောင်းမေးကြမည်ဖြစ်သည်။ အဖြေမှာ၊ ကိုယ်တော်သည် ထိုသူတို့နှင့်ကမ္ဘာလောကကြီးကိုမှောက်လှန်နိုင်သည်။ အမှန်တကယ်မှောက်လှန်ကြပါသည်။
မိမိကိုယ်ကိုငြင် းပယ်သောအသက်တာမှပြန်လှည့်၍ အသက်ဝိညာဉ်ကိုသတ်တတ်သောစည်းစိမ်ဥစ္စာ၊ ပ စ္စည်းဖက်သို့လှည့်မိသောအနာဂတ်တပည့်တော်များအ တွက် သခင် ဘုရ ားက အမင်္ဂလာလေးမျိုးကိုကြေ ငြာသည်။
ချမ်းသာကြွယ်ဝသောသူတို့သည် အမင်္ဂလာရှိ၏။ သူတို ့သည်”ဘုရားသခင်၏လူများအတွက် အရာတခုမှမကေ ာင်းပါ” ဟူသော ဆောင်ပုဒ်ကိုင်ထားသည့် တပည့်တော်နာမည်ခံများဖြစ်ကြသည်။ သူတို့သည် “ငါတို့ခံစား
လိုရာအလုံးစုံတို့ကို ကြွယ်ဝစွာပေးသနားတော်မူသည်” ဟူသော ၁ တိ ၆း၁၇-ခကိုစွဲကိုင်သော်လည်း ထိုသို့ခံစားနိုင်ရန်မှာနောက်အပိုဒ်၌ပြောသည့်အတိုင်းကော င်းသောအကျင့်ကိုကျင့်ခြင်း၊ သူတပါးအားကျေးဇူးပြုခြင်း၊ စွန့်ကြဲချင်သောစေသနာစိတ်ရှိခြင်းစသည်တို့အားဖြင့်ဖြစ်ကြောင်း သတိမရကြပါ။ သူတို့၏စည်းစိမ်ဥစ္စာကို ပျောက်ဆုံးသောသူတို့အတွက်အသုံးပြုနိုင်သော်လည်း ထိုစည်းစိမ်ဥစ္စာကိုစုဆောင်းသိုမှီးခြင်းသ ည် မည်မျှအပြစ်ကြီးသည်ကို မသိလို၊ မမြင်လိုကြပါ။ ဥစ္စာရတတ်သောသူသည် “ဘုရားသခင်၏နိုင်ငံတော်သို့ အလွန်ဝင်ခဲလှ၏။ ကုလားအုပ်သည်အပ်နဖါးကိုလျှိုလွယ်၏။ ငွေရတတ်သောသူသည်ဘုရားသ ခင်၏ နိုင်ငံတော်သို့ဝင်ခဲလှ၏” (လုကာ ၁၈း၂၄-၂၅)ဟူသော
မိန့်တော်မူချက်ကို မေ့လျော့ကြ၏။
       ဝစွာစားရသောသင်တို့သည် အမင်္ဂလာရှိကြ၏။ ဤသို့သောလူတို့သည်မိမိတို့၏အာသာရမ္မက်ပြေစေရန်အသက်ရှင်သည့်နာမည်ခံတပည့်တော်များဖြစ်ကြ
သည်။ အတ္တသည်မိမိတို့အသက်တာ၏ဗဟိုနှင့်အသက်ရှင်ရသောအကြောင်းဖြသည်။ သူတို့သည်ကြီးကျယ်ခမ်းနားသောစားသောက်ဆိုင်ကြီးများ၌ စားသောက်
ကြသည်။ အကောင်းဆုံးဟိုတယ်နှင့်ကလပ်တို့၌ ဇိမ်ခံကြသည်။ သူတို့၏ဘဝသည်မီးဖိုနှင့်စားသောက်ခန်းဖြစ်သည်။ သူတို့၏တံခါးအပြင်၌ရှိသော ဆာငတ်မွတ်သိပ်သည့်လာဇရုကို သူတို့သည်လုံးလုံးဂရုမစိုက်ကြပါ။
   ယခုရယ်တတ်သောသင်တို့သည် အမင်္ဂလာရှိကြ၏။ သူတို့၏အပြစ်မှာဟာသ၌ရယ်သောပျော်မွေ့ခြင်းကြောင့်မဟုတ်ဘဲ အရာရာတိုင်းသည်သူတို့အတွက် ဟာသဖြစ်သောကြောင့်တည်း။ သူတို့သည်အချိန်၏ အရေးကြီးပုံ၊သေလုဆဲဆဲရှိသောလူ အသက်များ၊ ငို ကြွေးနေကြသောလူများ၊ သို့မဟုတ်ထာဝရငရဲစသည်တို့ကိုအလေးမထားကြပါ။ ဝိညာဉ်ရေးရာ၌ပေါ့ပျက်သောသူများဖြစ်ကြသည်။ ဘဝသည်ပန်းခင်းသောလမ်းမဟုတ်ပါ။ သူတို့၏စိတ်ထဲ၌မည်သည့်အရာမျှမရှိပါ။ သူတို့ပြောသောစကားသည်အချည်းအနှီးစကား
ဖြစ်သည်။ သူတို့၏အသက်တာသည်လည်း အဓိပ္ပါယ်မရှိပါ။
       လူတို့သည် သင်တို့ကိုချီးမွမ်းကြသောအခါ သင်တို့၌အမင်္ဂလာရှိကြ၏။ သူတို့သညယေရှု၏ တပည့်တေ ာ်ဖြစ်ကြသည်ဟုပြောကြသော်လည်းအမှန်စင်စ စ်၌ သူတို့သည်ဂုဏ်ဒြပ်၏ကျွန်များဖြစ်ကြသည်။ သူတို့သည်ဘုရားသခင်၏ချီးမွမ်းခြင်းထက် လူ၏ချီးမွမ်းခြင်းကိုပို၍ခံလိုကြသည်။ သူတို့သည်သူတပါးထိခိုက်မည်ဆိုပါက အမှန်တရားကိုမကြောက်မရွံ့ဘဲ ရှင်းလင်းစွာပြောဆိုခြင်းကိုရှောင်ကြသည်။ ဤလူတို့သည်ပရိ သတ်၏အခြေအနေကိုကြည့်ပြီး ပြောင်းလဲဟောပြောသည့်ပုတ်သင်ညိုများဖြစ်ကြသည်။ သူတို့သည်
ပါးစပ်ဖျားမှနေ၍ အလိုအလျောက်ဟောပြောတတ်ကြသည်။ သူတို့သည်ဓမ္မဟောင်းမိစ္ဆာပရောဖက်များနှင့်အတူ အသရေမဲ့သောအတန်းအစားထဲ၌ရှိကြသည်။
       ထို့ကြောင့် တပည့်တော်တို့သည် ပြတ်သားသောရွေးချယ်မှုတခုကိုပြုလုပ်ကြရမည်ဖြစ်သည်။ တဘက်၌ ခရစ်တော်ကြောင့်ဆင်းရဲခြင်း၊ ငတ်မွတ်ခြင်း၊ မျက်
ရည်နှင့်ထင်ရှားကျော်ကြားမှုကင်းမဲ့ခြင်း စသည်တို့ရှိသည်။ အခြားတဘက်၌မူ၊ချမ်းသာကြွယ်ဝခြင်း၊ အစာ ရေစာပေါများခြင်း၊ ပျော်ရွှင်ခြင်းနှင့်လူ၏အ သိအ မှတ်ပြုခြင်းရှိသည်။ ဒုတိယအချက်ကိုရွေးချယ်သောသူတို့သည် နောက်ပိုင်းတွင်နောင်တကြီးစွာကြမည်ဖြစ် သည်။ ပထမအချက်ကိုရွေးချယ်သောကုတို့သည်နို င်ငံတော်နှင့်တကွ ၄င်းနှင့်တွဲဖက်တည့်ဝမ်းမြောက်ခြင်းအမွေကို ခံကြရမည်ဖြစ်သည်။
လေး
အခြေခံလေ့ကျင့် သင်ကြားခြင်း- အပိုင်း
It’s Radical Training: Part 2
လုကာ ၆း၂၇-၃၈
တပည့်တော်များသည်တိုက်ပွဲသို့ချီတက်သွားကြသေ ာအခါ၌ သူတို့၌သင့်တော်သောလက်နက်ရှိကြရန်အ ရေးကြီးသောကြောင့် ကယ်တင်ရှင်သည်ဘုရား သခ င်၏လက်နက်တိုက်မှလျှို့ဝှက်လက်နက်တခုကိုထု တ်ပေးသည်။ ၄င်းမှာချစ်ခြင်းမေတ္တာဖြစ်သည်။သူ၏ လ က်နက်မှာ မုန်းတီးသောလက်နက်မဟုတ်ဘဲချစ်ခြင်းမေတ္တာလက်နက်ဖြစ်သည်။ ကြမ်းတမ်းမှုမဟုတ်ဘဲ သနားကြင်နာသောလက်နက်ဖြစ်သည်။
     ဤချစ်ခြင်းမေတ္တာသည် ကမ္ဘာလောက၏သိသည့်အရာအားလုံးနှင့်ခြားနားသည်။ ၄င်းမှာ သဘာဝကိုကျော်လွန်သောချစ်ခြင်းမေတ္တာဖြစ်သည်။ ၄င်းသည်
မယုံကြည်သူများကစွမ်းဆောင်နိုင်သည့်လူ၏ချစ်ခြင်းမေတ္တာမျှသာမဟုတ်ပါ။၄င်းသည် ဘုရားသခင်နှင့်ဆိုင်သောအသက်တာကသာပြသနိုင်သည့်အရာတခုဖြစ် သည်။ ယုံကြည်သူများပင်လျှင်မိမိတို့၏အစွမ်းအားဖြင့်မပြသနိုင်ကြပါ။ သူတို့၏အထဲ၌ကျိန်းဝပ်တော်မူသည့် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးအားဖြင့်သာလျှင် ထိုအရာကိုပြသနိုင်သည်။
  ဤချစ်ခြင်းမေတ္တာ၌စိတ်ခံစားချက်များပါဝင်သည်မှာမှန်သော်လည်းစိတ်ခံစားချက်ထက်ပိုသည့်ကိစ္စတရပ်ဖြစ်သည်။ ၄င်းသည်စာချုပ်ချုပ်ဆိုရသည့်အရာတခုမ ဟုတ်ဘဲ ယေရှု၏ခြေတော်ရင်း၌ထိုင်ရင်းပြုစုပျိုးထေ ာင်ရသည့်အရာတခုဖြစ်သည်။ ၄င်းသည် ဟောလီဝုဒ်မှမလာဘဲ၊ ကောင်းကင်ဘုံမှလာသည်။အသွေးအသားတ ပ်မက်ခြင်းသည် ရယူရန်စိတ်ဆန္ဒစောနေသော်လည်း၊ ချစ်ခြင်းမေတ္တာသည် ပေးချင်သောစိတ်ဆန္ဒစောနေ သည်။
မပြောင်းလဲသေးသောလူတို့သည် ဤချစ်ခြင်းမေတ္တာမျိုးနှင့်ရင်ဆိုင်ကြသောအခါ တွေဝေသွားကြသည်။ လူ၏ချစ်ခြင်းကိုမည်သို့တုန့်ပြန်ရမည်ကို သူတို့သိကြကာ၊ ရန်ဘက်ပြုခြင်းကိုခံရသောအခါ၌လည်းပြန် ၍တို က်ခိုက်နိုင်ကြသည်။သို့သော်လည်း သူတို့၏ရိုင်းပြမှုတို့ကိုသနားကြင်နာခြင်းဖြင့်ပြန်လည်တုန့်ပြန်ခြင်းကိုခံကြသောအခါ၌ မည်သို့စဉ်းစားရမည်၊ ပြောဆိုရမည်သို့မဟုတ် ပြုရမည်ကိုမသိကြတော့ပါ။
အဓိကအချက်သည် ထိုအရာဖြစ်သည်။ တပည့်တော်တို့သည် ဇာတိအသွေးအသားကိုမကျော်လွန်ကြပါက ကမ္ဘာကြီးအပေါ်၌ဂယက်ရိုက်အောင်ပြုနိုင်ကြမည်မ ဟုတ်ပါ။ သူတို့သည်ချစ်ခြင်းမေတ္တာ၏ကြီးမားသောပေါက်ကွဲမှုကြောင့် လူတို့အားတုန်လှုပ်စေကြရန်ဖြစ်သည်။ အပိုဒ်ငယ် ၂၇ မှ ၃၁ အထိသည် ချစ်ခြင်းမေ တ္တာကသူတပါးအပေါ်ပြုစုပုံကိုပြောပြသည်။ ဥပမာ၊ ၄င်းသည်မိတ်ဆွေများအပေါ်၌သာမက ရန်သူများအပေါ်၌လည်းထားရှိသည်။ ၄င်းသည်ဇာတိသဘာဝမဟုတ်တော့ပါ။ ရန်သူကိုချစ်ခြင်းသည်လူ၏ သဘော သဘာဝကိုကျော်လွန်သည်။ မုန်းတီးမှုကိုသနားကြင်နာမှုနှင့်တုန့်ပြန်ခြင်းသည်လည်း လူ၏သဘာဝကိုကျော်လွန်သည်။ ကျွန်ုပ်တို့ကိုကျိန်ဆဲသောသူတို့အား ဘုရ ားသခင်ကောင်းကြီးပေးရန်ဆုတောင်းပေးခြင်းသည်လည်း လူ့သဘာဝကိုကျော်လွန်သည်။ကျွန်ုပ်တို့အပေါ်ညှဉ်းဆဲသောသူတို့အတွက်ဆုတောင်းပေးခြင်းသည်လည်းသဘာဝထက်ကျော်လွန်သည်။ ဤအရာသည် သခင်ဘုရားလျှောက်ခဲ့သောမဟုတ်ပါလော။လမ်းဖြစ်သည်။ သူ၏အစေခံကျွန်ုပ်တို့သည်လည်း ထိုခြေရာကိုလိုက်ရမည်မဟုတ်ပါလော။
ခရစ်ယာန်တို့သည်ရန်သူများကိုချစ်ပြီး သူတို့အားညှဉ်းပမ်းနှိပ်စက်သောသူများအတွက်ဆုတောင်းကြသော အ ခါ၌ လူတို့အပေါ် အမှန်တကယ်မေတ္တာပြရာရောက်ပါသလား။ ဇာတ်လမ်းတခုကိုပြောပြပါရစေ။ Mitsuo
Fuchida သည် ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလတွင် ပုလဲဆိပ်ကမ်းကိုတိုက်ခိုက်ရာ၌ဦးဆောင်သည့်စစ်လေ ယာ ဉ်မှူးဖြစ်သည်။ ထိုမစ်ရှင်၏လုံးလုံးအောင်မြင်မှုကိုကျေညာသည့် အနေနှင့် “တိုရား၊ တိုရား၊ တိုရား”ဟု တိုကျိုသို့ကြိုးမဲ့အသံလှိုင်းဖြင့် သတင်းပို့သောသူဖြစ်သည်။ သူသည် စစ်ပွဲအခြေအနေမပြောင်းလဲတိုင်းပြည်သည် အရှုံးပေး၍ လက်နက်ချခဲ့သည်။မီတိုင်အောင်၊အော င်မြင်ခြင်းကိုမူးယစ်သောသူဖြစ်သည်။ နောက်ဆုံးတွင် သူ၏တိုင်းြပည်သည်အရှုံးပေး၍လက်နက်ချခဲ့သည်။
ယခုတွင် Fucida မှာ စစ်ရှုံးခြင်း၏ဖိစီးမှုဒဏ်ကိုခံနေရရာ၊ အောင်မြင်သောသူတို့သည် အပြည်ပြည်ဆိုင်ရာစစ်ခုံရုံးတခုရှေ့၌စစ်ဆေးမှုကိုခံရမည်ဖြစ်သည်။ အ ထောက်အထားသက်သေကိုစုစည်းရန်အတွက် အမေရိကန်ပြည်ထောင်စု၌ စစ်အကျဉ်းသားများအဖြစ်အကျဉ် းချထားခြင်းခံရသည့်ဂျပန်၀န်ထမ်းများကိုလူတွေ စစ် ဆေးမေးမြန်းသည်။ ရက်စက်ယုတ်မာမှုအကြောင်း
များကိုကြားရမည့်အစား POW စခန်းသို့ရောက်လာပြီး၊သူတို့အပေါ်၌ကြင်နာမှုကိုပြကာ၊ခရစ်ယာန်စာအုပ်ဟုခေါ်သည့်ဓမ္မသစ်ကျမ်းစာအုပ်တစ်အုပ်ကိုသူတို့အားပေးသည့်အမျိုးသမီးတစ်ယောက်အကြောင်းကိုဆက်တိုက်ကြားနေရသည်။ရန်သူအကျဉ်းသားများအပေါ်အဘယ်ကြောင့်ထိုမျှလောက်ကောင်းရသည့်အကြောင်းကိုမေးကြသောအခါ၌သူမ၏မိဘတို့သည်ဖိလိပိုင်နိုင်ငံ၌သာသနာပြုများဖြစ်ကြပြီးဂျပန်များ၏သတ်ဖြတ်ခြင်းကိုခံကြသော်လည်းသူတို့မသေမှီဂျပန်များအတွက်ဆုတောင်ပေးကြသည်။သူတို့၏ဆုတောင်းပေးခြင်းကြောင့်ဆင်းရဲသောဂျပန်အကျဉ်းသားများကိုချစ်၍ဂရုစိုက်ပြုစုရန်ဆုံးဖြတ်ခဲ့သည်။
Mitsuo Fuchida သည် ထိုနက်နဲသောဆုတောင်းခြင်းအကြောင်းကိုစိတ်ထဲ၌နားမလည်နိုင်ပါ။ ၄င်းသည်သူ၏စိတ်ကိုအဆက်မပြတ်နှောင့်ယှက်သည်။သူသည်ဓမ္မသစ်ကျမ်း၏တစ်မျက်နှာကိုစတင်ဖတ်ရှုသည်။ လုကာ ၂၃:၃၄ သို့ရောက်သောအခါ ” အိုအဘ၊ သူတို့သ ည်ကိုယ်ပြုသောအမှုကိုမသိကြသောကြောင့်သူတို့ ၏အပြစ်ကိုလွှတ်တော်မူပါ” ဟူသောထိုဆုတောင်းချက်၏ အဓိပ္ပါယ်ကိုတွေ့ရှိလာသည်။ သူသည်ထိုအမေရိကန်အမျိုးသမီးနှင့်စစ်အကျဉ်းသားများ၏အကြောင်းကိုမစဉ်းစားတော့ဘဲ၊ လက်ဝါးကပ်တိုင်၌တင်သတ်ခြင်းကိုခံရသောကယ်တင်ရှင်၏ဆုတောင်းချက်ကြောင့် ဘုရားသခင်ကအပြစ်လွတ်ရန်ကြိုတင်ပြင်ဆင်ခြင်းခံရသောသူဖြစ်သည့် ခရစ်တော်၏ရန်သူတစ်ယောက်ဖြစ်ကြောင်းကိုစဉ်းစားလာသည်။ ထိုအချိန်အခိုက် အ တန့်၌ပင်လျှင် ခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့်အပြစ်လွှတ်ခြင်းနှင့်ထာဝရအသက်ကိုရရှိကြောင်းသိလာသည်။ MitsFuchida သည် ကျန်နေသေးသောသူ၏အသက်တာကိုခရစ်တော်၏ကြံ၍မမှီနိုင်သောကြွယ်ဝခြင်းကို တကမ္ဘာလုံး၌ဟောပြောခြင်းဖြင့်အသုံးပြုခဲ့သည်။
     ချစ်ခြင်းမေတ္တာသည် လက်စားမချေပါ။ သွားတစ်ချောင်းအစား သွားတစ်ချောင်းမချိုးပေးရပါ။ ထိုသို့ပြုရမည့်အစား ပါးတဘက်ရိုက်လျှင် အခြားသောပါးတဘက်ကိုခံရသည်။ “အခြားသောပါးတဘက်ကိုခံခြင်းအားဖြင့် သင်သည်ပါးတဘက်လှည့်ပေးသောကိုယ် ကျင့် တရားအားဖြင့် သူ၏စိတ်နှလုံးကိုထိုး၍ သူ၏
မုန်းတီးသောစိတ်ကိုပျောက်ကွယ်စေသည်။သင်၏ရ န်သူသည် မရှိတော့ပါ။ သင်၏မုန်းတီးသောစိတ်ကိုထွက်သွားစေခြင်းအားဖြင့် . သင်၏ရန်သူကိုသုတ်သင်ရှင်း လင်းရသည်။ ကမ္ဘာကြီးသည်ပြန်၍ထိုးနှက်သောလူ၏ ခြေအောက်၌မရှိဘဲပြန်၍မထိုးနှက်သောလူ၏ခြေအောက်၌ရှိသည်။ ၄င်းသည် အာဏာတန်ခိုး-အဆုံး စွန်သောအာဏာတန်ခိုးဖြစ်သည်” (E. Stanley Jones)။
      ချစ်ခြင်းမေတ္တာသည် ထိုသို့သောရုပ်ဝတ္ထုပစ္စည်းပိုင်ဆိုင်မှုအပေါ်တွင်ပေါ့ပေါ့ပါးပါးစဉ်းစားသော ကြေ ာင့် ဝမ်းမြောက်စွာဖြင့်တောင်းသည်ထက်ပို၍သည်။ ဤစံနမူနာအတိုင်းလိုက်နာရန် ကျွန်ုပ်တို့အတွက်ခက်ခဲသည့်အကြောင်းမှာ ကျွန်ုပ်တို့၌များစွာပိုင်ဆိုင်ပြီး ထိုအရာကကျွန်ုပ်တို့ကိုဆုပ်ကိုင်ထားသောကြောင့်
ဖြစ်သည်။
  ချစ်ခြင်းမေတ္တာသည် ပေးကမ်းခြင်းအားဖြင့်ထင်ရှားပေါ်လွင်သည်။
ချစ်ခြင်းမေတ္တာ ရှိခဲ့ပါမူ
အစဉ်ပေးကမ်း၊ ခွင့်လွှတ်နားလည်
ပေးကမ်းသောလက်၊ အမြဲဖွင့်လျက်
အသက်ရှင်စဉ်၊ ပေးသည်အစဉ်
ပေး၊ ပေး၊ ပေးကမ်းခြင်းသာ
မေတ္တာစစ်ရဲ့ အရည်အချင်းပါ။
တပည့်တော်များ၏အမှုဆောင်ရွက်သည့်လုပ်ငန်းမှာ ပေးကမ်းသောလုပ်ငန်းဖြစ်ကြောင်းကိုသိကြရန်လိုသ ည်။ “ကျွန်ုပ် မည်သို့ရရှိမည်နည်း” မဟုတ်ဘဲ”ကျွန်ုပ် ပို၍မည်သို့ပေးရမည်နည်း” ဟူ၍ဖြစ်သည်။ သူတို့သည် ရရှိရန်မမျှော်လင့်ကြဘဲ အဆုံးထိပေးရန်မျှော်လင့်ကြသည်။ သူတို့ကိုယ်တိုင်သည်ဆင်းရဲကြသော်လည်း အ မှန်တကယ်လိုအပ်မှုများကိုအစဉ်ရရှိကြရမည်ဖြစ်ရာ သူတို့သည်ပေးကမ်းနိုင်ကြမည်ဖြစ်သည်။ ပျင်းရိခြင်းကိုအားပေးခြင်း သို့မဟုတ် မကောင်းသောအကျင့်တခုကိုငွေကြေးထောက်ပံ့ခြင်းစသည်အားဖြင့် လူတစ်ယောက်ကိုထိခိုက်စေသောအရာအတွက် သူတို့သည်မပေးကမ်းကြပါ။ တပည့်တော်၌သံသယရှိပါက ကျေး ဇူးတော်အပိုင်း၌မှားယွင်းမည်ဖြစ်သည်။
    အခြေခံကျသောမူမှာ၊ ခရစ်တော်၏တပည့်တို့သည် သူတို့အပေါ်ပြုစေလိုသည့်အတိုင်း အခြားသောသူတို့အားပြုသင့်သည်ဟူ၍ဖြစ်သည်။ သူတို့သည် ယဉ်ကျေးပျူငှါရမည်၊ ရက်ရောကြရမည်၊ စိတ်ရှည်သည်းခံကြရမည်၊တကိုယ်ကောင်းမဆန်၊ မျက်နှာမလိုက်၊ အပြစ် လွှတ်သောသူ၊ ကူညီမစသောသူများဖြစ်ကြရမည်ဟု ဆိုလိုသည်။
ကျွန်ုပ်တို့၏အကျင့်သည်မယုံကြည်သောသူတို့ထက်ပို ၍ကောင်းရမည်ဟု ယေရှုကဆက်လက်၍မိန့်တော်မူသည် (ငယ် ၃၂-၃၅)။ ကျွန်ုပ်တို့၏ဆွေမျိုးများနှင့် မိတ် ဆွေများတို့ကိုသာချစ်သည်မှာ မလုံလောက်ပါ။ဆိုး သေ ာသူများသည်ပင်ထိုသို့ပြုကြသည်။ ကျွန်ုပ်တို့အ ပေါ် ကောင်းသောသူတို့ကိုသာကောင်းမြတ်ခြင်းကို
ပြခြင်းမှာမလုံလောက်ပါ။ လူအသက်ကိုသတ်သောသူများနှင့်မတရားမေထုန်ပြုသောသူများသည် ထိုအရာကိုပင်လုပ်နိုင်ကြသည်။ ပြန်ဆပ်မည်ဟူသောမျှော်လင့်ခြင်းနှင့်ချေးငှါးခြင်းသည် မလုံလောက်ပါ။ ငွေချေးငှါးသောသူတို့သည်ပင်ထိုသို့ပြုကြသည်။ ကျွန်ုပ် တို့သည် လောကီသားတို့၏အပေါ်၌ဩဇာသက်ရောက်လိုပါက လူ၏သဘာဝကိုကျော်လွန်၍ ဘုရာ းသခင်၏ သဘောတော်ကိုထင်ရှားပြသသည့်အ သက်တာ၌အသက်ရှင်ကြရန်ဖြစ်သည်။ ချစ်စရာမ ကောင်းသောသူအားချစ်ခြင်း၊ ဆိုးသောသူ၊ ကျေးဇူးမတင်တတ်သောသူကိုချစ်ခြင်းအားဖြင့်ဤအရာတို့ကိုကျွန်ုပ်တို့ပြုလုပ်နိုင်သည်။ ကောင်းသောအရာနှင့်မထိုက်တန်သည့်သူတို့အပေါ်ကောင်းမြတ်ခြင်း၊ ပြန်ရဘို့မျှော်လင့်ခြင်းမရှိဘဲချေးငှါးခြင်းအားဖြင့် ဤအရာကိုပြုလုပ်နိုင်သည်။ ဘုရားသခင်သည် ထိုသို့သောတပည့်တော်ဖြစ်သည့်လက္ခဏာကို ရက်ရောစွာဖြင့်ဆုချပေး၍ ကျွန်ုပ်တို့သည်လည်းအမြင့်ဆုံးသောသူ၏သားသမီးများဖြစ်ကြမည်ဖြစ်သည်။ ဤအရာသည်အမြင့်ဆုံးသောသူ၏သားသမီးများဖြစ်ရသောနည်းမဟုတ်ပါ။ ထိုသို့ဖြစ်ရန်တခုတည်းသောနည်းလမ်းမှာ ဘုရား သခ င်ဘက်သို့လှည့်လာပြီး နောင်တရရန်နှင့် ယေရှုခရစ် တော် ကိုယုံကြည်လက်ခံရန်ဖြစ်သည်။ ဤနည်းမှာ ဘု ရားသခင်၏သားသမီးများဖြစ်ကြောင်းလောကီသားတို့အား ကျွန်ုပ်တို့ပြသခြင်းဖြစ်သည်။ ကျေးဇူးမတင်တတ်သောသူနှင့်ဆိုးသောသူအပေါ်၌ မိသားစုကဲ့သို့သနားကြင်နာခြင်းကိုကျွန်ုပ်တို့ပြသကြသည်။
သခင်ဘုရား၏အမှုတော်ကိုဆောင်ရွက်ရာ၌ ဆယ့်နှစ်ပါးတို့သည် ဖျားနာသောသူ၊ မျက်စိကန်းသောသူ၊ နားလေ းသောသူ၊ အိုမင်းသောသူ၊ ထင်ရာလုပ်တက်လာသူ၊ ရူးသောသူ၊ နတ်ဆိုးစွဲသောသူ၊ အထီးကျန်သောသူ၊ ဆင်းရဲသောသူ၊ အိမ်ယာမဲ့သောသူစသောလူတို့၏ လိုအပ်မှုမျိုးစုံတို့နှင့်တွေ့ဆုံရင်ဆိုင်ခဲ့ကြမည်ဖြစ်သည်။ စိတ်မရှည်သောအချိန်များ၊ ပင်ပန်းနွမ်းနယ်၍စိတ်ကုန်ရသောအချိန်များ၊ ဆုံးရှုံးသောလူများအပေါ် ကြိမ်း မောင်းခံရသကဲ့သို့ ခံစားမည့်အချိန်များရှိခဲ့မည်ဖြစ် သည်။ သူတို့သည်ကောင်းကင်ဘုံရှင်အဘနည်းတူ သ နားခြင်းရှိကြရမည်ဖြစ်ကြောင်း သခင်ယေရှုကသတိ ပေးသည်။
“သူတပါး၏အမှု၌စစ်ကြောဆုံးဖြတ်ခြင်းကိုမပြုနှင့်။ မပြုလျှင် သင်တို့သည်စစ်ကြောဆုံးဖြတ်ခြင်းနှင့်ကင်း လွတ်ကြလိမ့်မည်။” သမ္မာကျမ်းစာ၏ကျန်သောအပိုင်းတို့ကိုနားမလည်သောလူများစွာတို့သည် ဤကျမ်းပိုဒ်ကိုသိကြပြီးဝေဖန်အပြစ်တင်ခြင်း သို့မဟုတ် အမှားပြင်ဆုံးမခြင်းတစုံတခုကိုတိတ်ဆိတ်သွားစေရန် ၎င်းကိုအသုံးပြုကြသည်။ ကျန်ရှိနေသောကျမ်းစာကိုလေ့လာ
ဖတ်ရှုကြပါက၊ စီရင်ရမည့်အချိန်နှင့်မစီရင်ရမည့်အချိန်များရှိသည်ကိုသိကြမည်ဖြစ်သည်။
     ဥပမာ၊ ကျွန်ုပ်တို့သည် ဆရာများနှင့်သူတို့၏ဆုံးမဩဝါဒကိုနှုတ်ကပတ်တော်နှင့်စစ်ကြောစီရင်ရပါမည် (၁ ကော ၁၄း၂၉)။ မတူညီသောထမ်းပိုးမထမ်းရန်
တားမြစ်ချက်ကိုနာခံနိုင်ရန်အတွက် စစ်မှန်သောယုံ ကြည်သူများကိုကျွန်ုပ်တို့စီရင်ရသည် (၂ ကော ၆း၁၄)။ ယုံကြည်သူများအကြား၌ဖြစ်သောငြင်းခုံခြင်းကိုကျွန်ုပ်တို့စီရင်ရသည် (၁ ကော ၆း၁-၆)။ မိမိကိုယ် တိုင်၏ အသက်တာ၌ရှိသောအပြစ်ကိုစီရင်ရသည် (၁ကော ၁၁း၃၁)။ ဒေသန္တရအသင်းတော်သည်ပြင်းထန်
သော အပြစ်တို့ကိုစီရင်ရသည် (၁ ကော ၅း၁၂)။ ဒေသန္တရအသင်းတော်သည်သင်းအုပ်နှင့်သင်းထောက်လူကြီးလုပ်မည့်သူများကိုအရည်အချင်းရှိ၊ မရှိစစ်ကြော
စီရင်ကြရ၏ (၁တိ ၃း၁-၁၃)။
သို့ရာတွင်ကျွန်ုပ်တို့မစီရင်ရမည့်အပိုင်းများလည်းရှိသည်။အခြားသောသူတို့၏စိတ်စေတနာကိုမစီရင်ရ၊အကြောင်းမှာသူတို့၏စိတ်ထဲ၌မည်သို့ဖြစ်မည်ကိုဘုရားသခင်တပါးတည်းသာလျှင်သိတော်မူ၏။သခင်ဘုရား၏အစေခံကျွန်များ၏လုပ်ဆောင်ချက်တို့ကိုမစီရင်ရ (၁ကော၄း၅)။သူတို့သည်ရွှေနှင့်ငွေ၊ကျောက်မျက်သို့မဟုတ်သစ်သား၊ကောက်ရိုး၊မြက်ခြောက်တို့နှင့်တည်ဆောက်နေခြင်းဖြစ်သည်၊မဖြစ်သည်ကိုသိသောသူတပါးတည်းသာရှိသည် (၁ကော၃း၁၂)။စိတ်ဓါတ်ရေးရာသို့မဟုတ်အရေးမကြီးသောအရာတို့၌ကျွန်ုပ်တို့နှင့်မတူသောသူများကိုမစီရင်ရ (ရောမ၁၄း၃-၄၊၁၃)။နောက်ဆုံးတွင်အပေါ်ယံကြောကိုမစီရင်ရ
(ယော ၇း၂၄)၊ သို့မဟုတ်ပါက မျက်နှာလိုက်သောသူဖြစ်မည် (ယာ၂း၁-၄)။
“သူတပါးကိုအပြစ်မစီရင်ကြနှင့်။ မစီရင်လျှင် သင်တို့သည်အပြစ်စီရင်ခြင်းနှင့်ကင်းလွှတ်ကြလိမ့်မည်။” တပည့်တော်တို့သည် သူတပါးကိုအပြစ်တင်၍စီရင်ကြပါက လူများတို့သည်ကယ်တင်ရှင်အပေါ်၌မှားယွင်းသောအမြင်ရှိကြမည်ဖြစ်သည်။ ယေရှုသည် အပြစ်စီရင်ခြင်းငှါကြွလာသည်မဟုတ်ဘဲကယ်တင်ခြင်းငှါကြွလာသည်။ သူ၏တပည့်များသည်အပြစ်တင်ဝေဖန်သောသူ၊အပြစ်မြင်သောသူများမဖြစ်သင့်ကြပါ။ သူတို့သည်ယုံကြည်ခြင်းကိုခုခံကာကွယ်ကြမည်မှာအမှန်ဖြစ်သော်လည်း ထိုအရာသည်အပြုသဘောမရှိသောလုပ်ငန်းတခုကိုအဆက်မပြတ်ရှိစေရန်မဟုတ်ပါ။ သူတပါးကိုအစဉ်အပြစ်တင်သောသူတို့သည် လူတို့ကိုသူတို့ကဲ့သို့ဖြစ်ရန်ဆွဲဆောင်ကြသည်။ ထိုသို့သောအသင်းတော်သည်ကွဲပြားခြင်းသို့ရောက်ရှိမည်ဖြစ်သည်။
“သူ့အပြစ်ကိုလွှတ်ကြလော့။ လွှတ်လျှင်ကိုယ်အပြစ် လွှတ်ကြလိမ့်မည်။” ဤအရာသည်မိဘ၏ခွင့်လွှတ်ခြင်းမျိုးဖြစ်၍ တရားဥပဒေ၏အပြစ်လွှတ်ခြင်းနှင့်ခြားန ားသည်။ အပြစ်သားတစ်ယောက်သည် ကယ်တင်ရှင်ကိုယုံကြည်သောအခါ သူသည်တရားစီရင်ခြင်းမှကင်းလွှတ်ခွင့်ရရှိသည်။ တရားသူကြီးဖြစ်သောဘုရားသခင်သည် သူ၏အပြစ်ဒဏ်ကိုအစဉ်ကင်းလွှတ်ခွင့်ပေ းသ ည်။သို့သော်၊ ခရစ်ယာန်တစ်ယောက်သည်အပြစ်လုပ်သောအခါ မိဘ၏ခွင့်လွှတ်ခြင်းမျိုးလိုအပ်သည်။ သူ ၏အပြစ်တို့ကိုဝန်ချတောင်းပန်သောအခါ၌ ဤအရာကိုသူရရှိသည် (၁ ယော ၁း၉)။ ဤအပြစ်လွှတ်ခြင်းသည်ချွင်းချက်ရှိသောအပြစ်လွှတ်ခြင်းဖြစ်သည်။အက ယ်၍ ယုံကြည်သူသည်နောင်တရသောညီအစ်ကို၏
အပြစ်ကိုမလွှတ်လိုပါက ဘုရားသခင်သည်ထိုအပြစ် လွှတ်ခြင်းကိုပေးမည်မဟုတ်ပါ။ဘုရား သခင်၏ သား သမီးတိုင်းသည် သန်းပေါင်းများစွာသောအပြစ်လွှတ်ခြင်းကိုခံရကြပြီးဖြစ်ရာ အနည်းငယ်သောအပြစ်တို့ကိုခွင့်လွှတ်လိုသောစိတ်ရှိရမည်ဖြစ်သည် (မဿဲ ၁၈း၂၃-၃၅)။
 တပည့်တော်များလေ့လာသင့်သောကနဦးသင်ခန်းစာတစ်ခုမှာ သူတို့သည် သခင်ဘုရားကိုကျော်လွန်၍ အ သက်မရှင်နိုင်ပါ ဟူသောအရာပင်ဖြစ်သည်။သူတို့သ ည်ရက်ရောစွာပေးကမ်းသောသူအမှန်ဖြစ်လိုကြပါက ရက်ရောနိုင်ရန်ဘုရားသခင်မစမည်ဖြစ်သည်။ သူတို့ သည်ပေးပါက ဘုရားသခင်သည်ပြန်၍ပိုလျှံအောင်ပေးမည်ဖြစ်သည်။ ဤအရာသည် အမှုတော်လုပ်ငန်းကိုဘဏ္ဍာရေးရာ၌လုံခြုံစေသောနည်းလမ်းအဖြစ်အ သုံးပြုခြင်းနှင့်ခြားနားပုံကိုသတိပြုပါ။ သမ္မာကျမ်းစာနည်းမှာ “ရနိုင်သမျှယူပါ” မဟုတ်ဘဲ “တတ်နိုင်သမျှပေးလှူပါ”ဟူ၍ဖြစ်သည်။
အခြားသောအရာအားလုံးဆုံးရှုံးသောအခါ ချစ်ခြင်းမေတ္တာသည်အနိုင်ယူသည်။ Aesop ၏ပုံပြင်တခုတွင် လူသည်မိမိ၏ အပေါ်အင်္ကျီ ချွတ်လာစေရန်မည်သူကတတ်နိုင်မည်ကို နေနှင့်လေတို့သည်ပြိုင်ကြသည်။ လေသည်ပို၍တိုက်လေ လူသည်မိမိကိုယ်ကိုအပေါ် အင်္ကျီ နှင့်ပို၍ပတ်လေဖြစ်သည်။ နေသည်သူ၏အပူဒါဏ်ကိုလူအပေါ်သို့ကျဆင်းစေသောအခါ ထိုလူသည်သူ၏အပေါ်အင်္ကျီကိုချွတ်သည်။ ထိုအခါ အပူဒဏ်ကအနိုင်ယူသွားသည်ဟုဆို၏။
တိုက်ရိုက်ပဲ့တင်သံကြားနေရသည့် ဂူတစ်ခုတွင်ကလေးငယ်တစ်ယောက်ကစားနေသည်။ “မင်းကိုငါမုန်းတယ်” ဟု အော်သောအခါ “မင်းကိုငါမုန်းတယ်”ဟူသောပဲ့တ င်သံပြန်လာသည်။ ပို၍အော်ဟစ်သောအချိန်တိုင်း၌ ပို၍ကျယ်လောင်သောအသံနှင့်ထိုစကားပြန်ကြား သည်။ သူသည်သူ့မိခင်ထံသို့ငိုပြီးပြေးသွားကာ “ကျွန်တော့ကိုမုန်းသည့်ကလေးတစ်ယောက် ဒီအနီးနားမှာရှိတယ်” ဟုပြောရာ၊ မိခင်ကလည်း သားအား “မင်းကိုငါချစ်တယ်” ဟု ပြောပါဟု လိမ္မာပါးနပ်စွာအကြံပေးသ ည်။ လုံလောက်ပါ၏။ “မင်းကိုငါချစ်တယ်” ဟု အော် ဟစ်သောအခါတိုင်း၌ “မင်းကိုငါချစ်တယ်” ဟူသောပဲ့တင်သံကိုကြားရသည်။
ကမ္ဘာလောကကြီးသည်ချစ်ခြင်းမေတ္တာဆာငတ်၍ သေ လုနီးပါးဖြစ်နေသည်။ သူတို့၏နှလုံးသားထဲ၌ သွန်း လောင်းသည့် ဘုရားသခင်၏ချစ်ခြင်းမေတ္တာနှင့် သွားကြရန် ခရစ်တော်သည်သူ၏တပည့်တော်များကို ခေါ်တော်မူသည်။
ငါး
အခြေခံလေ့ကျင့်ရေးသင်တန်း- အပိုင်း
It’s Radical Training: Part 3
လုကာ ၆း၃၉-၄၉
       ခရစ်ယာန်တပည့်တော်များ၏လုပ်ငန်းမှာ အကျင့် စာရိတ္တလုပ်ငန်းတခုြဖစ်သည်။ ဝိညာဉ်သဘောနှင့်ကိုယ်ကျင့်သိက္ခာတည်ကြည်မှုတို့သည် သူတို့၏အဓိကကျသောအရည်အသွေးဖြစ်သည်။ သူတို့ပြုသောအရာ သို့မဟုတ်ပြောသောအရာထက် သူတို့မည်သူဖြစ်သည်ဟူသောအရာသည် ပို၍ အရေးကြီးသည်။ အားကြီးသောခရစ်ယာန်အကျင့်စာရိတ္တရှိရန်ပြုစုပျိုးထောင်ခြင်းသည်အရေကြီးသည်။
အမှန်စင်စစ်၊ ဓမ္မသစ်ကျမ်း၌ပျောက်ဆုံးသောဝိညာဉ်များကိုရရှိရန်ကြိုးစားဘို့တိုက်တွန်းခြင်းအနည်းငယ်သာရှိသော်လည်း အသက်တာသန့်ရှင်းရန်တိုက်တွန်းခြင်းမှာ အကြိမ်ပေါင်းရာနှင့်ချီ၍ရှိပါသည်။ ယေရှုက “ငါ့နောက်သို့လိုက်လော့၊ လူကိုမျှားသောတံငါဖြစ်စေမည်” ဟု မိန့်တော်မူသောအခါ၊ပျောက်ဆုံးသောဝိညာဉ်များကိုရရှိရာ၌အောင်မြင်သောသူဖြစ်ဘို့ ခရစ်တော်
နှင့်တူသောအသက်တာ၌တိုးတက်မှုရှိရန် ပြောလိုခြင်းဖြစ်သည်။
ဤအရာကမည်သို့အလုပ်လုပ်သည်ကိုစံနမူနာအချို့ကျွန်တော်ပေးပါရကယ်တင်ခြင်းမရသေးသောသ င်္ဘောသားတစ်ယောက်သည် ခရစ်ယာန်မိတ်ဆွေတစ်ယောက်၏အကျင့်စရိုက်ကိုစိတ်ဝင်စားသည်။ ထိုခရ စ်ယာန်သည်မိမိကိုယ်ကိုချုပ်တီးသောသူ၊ ရိုးသားသောသူဖြစ်သည်။ သူသည် မရိုမသေသောစကားများအသုံးမပြုဘဲ စကားပြောဆိုဆွေးနွေးခြင်းကိုဆက် လ က်လုပ်နိုင်သည်။ တစ်ညတွင် Dick သည်သူ၏သူငယ်ချင်းအား “Bert, မင်းကတမူထူးြခားတယ်။ ငါ့မှာမရှိတဲ့အရ ာတခု မင်းမှာရှိတယ်။ ဘာလဲဆိုတာငါမသိပေမယ့် ငါလိုချင်တယ် ဟုဆို၏။ ထိုညတွင် ick အားသခင်ဘုရားထံသို့ပို့ဆောင် ရန် Bert အတွက်လွယ်ကူသွားသည်။
    တက္ကသိုလ်ကျောင်းသားတစ်ယောက်သည် အရက်အလွန်အကျွံသောက်သောကြောင့် ရွံ့စရာကောင်းလာသောအခါ သူ၏ မိတ်ဆွေတို့သည်သူ့ကိုထားခဲ့ကြ
သည်။ သူ၏အခန်းဖော်တို့သည် သူ့အားမောင်းထုတ်ကြသည်။ သူ့ကိုလိုလားသောသူတယောက်မှမရှိချေ။ နောက်ဆုံးတွင် ယုံကြည်သူတစ်ယောက်သည် သူ၏ အဖြစ်အပျက်ကိုကြားရာ သူ၏ အခန်း၌လာနေရန်ဖိတ်ခေါ်သည်။ ထိုအရက်သမားသည်စက်ဆုပ်ရွံရှာဘွယ်ဖြစ်သော်လည်း ထိုကောင်းသောရှမာနိုက သူ့အတွက်အစားအစာများကိုပြင်ဆင်ပေးကာ သူ၏အဝတ်အစားများကိုလျှော်ဖွပ်ပေးသည်။သူ၏ အန်ဖတ်များကို မကြာသုတ်အင်ရှင်းလင်းပေး၍၊ သူ့အားချိုးပေးကာ၊ အိပ်ယာပေါ်၌အိပ်စေသည်။
တနေ့တွင် ထိုသူသည်ဒေါသကြီးစွာဖြင့် “ဒီမှာကြည့်၊ မင်းဘာအတွက်ဒါတွေလုပ်တာလဲ၊ မင်းဘာလိုချင်လဲ” ဟုအော်ဟစ်သည်။ ထိုခရစ်ယာန်က“မင်းရဲ့အသက်ဝိညာဉ်နောက်ကိုလိုက်တာပါ” ဟုညှင်သာစွာပြန် ပြော သည်။သူ့ကိုရရှိသွားပါသည်။ သာသနာပြုဆရာ Dav id Livingtone ကိုရှာရန်အာဖရိကသို့သွားသော Sir Herry M. Stanley ၏ဇတ်လမ်းတခုရှိပါသည်။
နောက်ပိုင်းတွင် Stanley က ဤသို့ရေးသည်။
ကျွန်တော်သည်လန်ဒန်တွင် ဘာသာရေးကိုင်းရှိုင်းသည့်နေရာ၌ အဆိုးဆုံးတယောက်ဖြစ်ပြီး၊ ဘာသာရေးအပေါ်၌အာဃာတထားကာ ဆန့်ကျင့်တိုက်ခိုက်ရန်အတွက် အာဖရိကသို့ရောက်ရှိလာသည်။ စစ်ပွဲများ၊ လူထုအစည်းအဝေးကြီးများ၊ နိုင်ငံရေးအစည်းအဝေးများနှင့်သာကျင်လည်ခဲ့သည့်အတင်းထောက်တစ်ယောက်အနေနှင့် ထိုအရာအားလုံးကို သည်ပျောက်ကွယ်သွားသည်။ ကြာရှည်စွာစဉ်းစားရမည့်အရာတခုရောက်လာသည်။ ထိုနေရာ၌ ကျွန်တော်သည်တကိုယ်တည်းအထီးကျန်နေသည့်အသက်အိုမင်းသောပုဂ္ဂိုလ် (Livingtore) ကို ထိုနေရာ၌တွေ့ရှိရာ
“ကိုသို့သောနေရာ၌ အဘယ်ကြောင့်ဆူနေရသနည်း မည်သည့်အရာကသူ့ကိုနှိုးဆော်ပါသနည်း”ဟု မိမိကိုယ်ကိုမေးမိသည်။ကျွန်ုပ်တို့တွေ့ဆုံပြီး လအတန်ကြာသောအခါ၊ ကျွန်တော်လည်သူ့စကားကိုးနားအောင်လာသည်။ “အရာအားလုံးကိုစွန့်၍ ငါ့နောက်သို့လိုက်သောဟူသော နှုတ်ကပတ်တော်အတိုင်းအသက်ရှင်သော ထိုအသက်ကြီးသူကိုအံ့ဩခဲ့ရသည်။ သို့သော် သူ၏ဘုရားဝတ်၌မွေ့လျော်ခြင်း၊ ယဉ်ကျေးသိပ္ပံ
မွေ့ခြင်း၊ စိတ်အားကြီးခြင်း၊ စိတ်အားထက်သန်ခြင်း၊ မိမိအလုပ်ကိုမညည်းမတွားလုပ်ကိုင်ပုံတို့ကိုမြင်ပြီး ကျွန်တော့အသက်တာပြောင်းလဲရန်သူသည်တစုံတခုကိုမျှမကြိုးစားခဲ့သော်လည်း သူသည်ကျွန်ုပ်ကိုတဖြည် းဖြည်းပြောင်းလဲစေသည်ကိုအံ့ဩဘွယ်ရာတွေ့မြင်မိသည်။
        အပြင်လောကီသားတို့သည် သမ္မာကျမ်းစာကိုဖတ်သည်ထက် ကျွန်ုပ်တို့ကိုပို၍ ဖတ်ရှုကြသည်။ လူများက Edgar Guest ပြောသကဲ့သို့ “နေ့တိုင်း တရား
ဟောချက်ကြားသည်ထက် အသက်တာနှင့်ဟောခြင်းကိုတစ်ကြိမ်ဘဲဖြစ်ပါစေ၊ကျွန်ုပ်ပို၍ မြင်ချင်သည်” ဟုဆိုကြသည်။ “သင်၏ကျယ်လောင်စွာပြောသောအရာ
ကို ငါမကြားနိုင်ဘူး” ဟု လူတို့ပြောကြသည်။တရာ းဟောဆရာတစ်ယောက်သည်ပလ္လင်၌ရှိသောအခါ သူ၏ပရိသတ်ကထိုနေရာ၌အမြဲရှိစေလိုကြသည်။ ထိုနေရာမှထွက်လာသောအခါ ထိုနေရာသို့ပြန်မဝင်စေလိုကြပါ။ တရားဟောဆရာကြီးဖြစ်သော်လည်းသူ၏ အ သက်တာသည် သူ၏ဟောပြောချက်နှင့်မညီပါ။ ကျွန်ုပ်တို့အယောက်တိုင်းသည်လည်းသမ္မာကျမ်းစာအုပ်ဖြစ်နိုင်ကြသလို အသရေဖျက်သောသူလည်းြဖစ်နိူင်ပါသည်။
ကဗျာတပုဒ်ကကျွန်ုပ်တို့ကိုသတိပေးပါသည်
သင့်အသက်တာ၌ သတင်းကောင်းတပုဒ်
သင့်ရဲ့အပြုအမူ အပြောအဆိုများဖြင့်
အသင်ရေးမှတ် နေ့ရက်စဉ်တိုင်း
သင်ရေးသမျှ အကောင်းအဆိုး
တပါးသူဖတ်သော် သင့်အသက်တာအားဖြင့်
သတင်းကောင်းကို အဘယ်သို့အသင်
ဖေါ်ပြမည်နည်း။
သူ၏အကြိုက်ဆုံးသတင်းကောင်းသည်မည်သည့်အရာဖြစ်သည်ကိုလူတယောက်အားမေးသောအခါ၊ ထိုသူက “ကျွန်တော်၏မိခင်ပြောသည့်သတင်းကောင်းပါ” ဟုပြန်ဖြေ၏။ ထိုနည်းတူ John Wesley က ဥရောပ၌
ရှိသောသီအိုလိုဂျီပညာရှင်များအားလုံးထက် ခရစ် ယာန်ယုံကြည်ချက်အကြောင်းကိုသူ၏မိခင်ထံမှပို၍ သင် ယူသိရှိသည်ဟုဆို၏။
နာမည်ကျော်ကြားသည့်အမှုတော်ဆောင်တယောက်၌ ဆရာဝန်ညီအစ်ကိုတယောက်ရှိသည်။ တနေ့တွင် အ မျိုးသမီးတယောက်သည် ထိုအမှုတော်ဆောင်
၏အခ န်းတံခါးသို့ ရောက်လာသော်လည်း မည်သည့်နေရာ၌မည်သူနေထိုင်သည်ကိုမသိပါ။ တံခါးပေါက်သို့ရောက်သောအခါ ခွင့်လွှတ်ပါ၊ သင်သည်တရားဟော
သောဆရာဝန်လား သို့မဟုတ် လက်တွေ့ကျင့်သုံးသည့်သူလား” ဟုမေးသည်။ထိုမေးခွန်းသည်သူ့အားလန့်ဖျပ်သွားစေကာ၊ သူသွန်သင်သောအရာကိုလက်တွေ့
ဖြင့်ပို၍ အသက်ရှင်ရန်ဆုံးဖြတ်သည်။
ကုန်လွန်ခဲ့သောအချိန်တချိန်၌ ကျွန်တော့ကျမ်းစာအုပ်၏အရှေ့စာမျက်နှာ၌ ဤအရာကိုကျွန်တော်ရေးသားသည် –
အကယ်၍သာ သူတပါးက
ယေရှုခရစ်သာ ကြည့်ရှုခဲ့သော်
သင့်ရဲ့အထဲ ခရစ်တော်ကိုမြင်ကြမလား
MacDonald သူတို့ဘာကိုမြင်ကြပါသလဲ။
    လူများစွာတို့က ကယ်တင်ရှင်ကိုမြင်နိုင်ရန်ကျွန်ုပ်တို့သည်တခုတည်းသောကြည့်စရာများဖြစ်ကြသည်။ လုကာ ၆း၃၉-၄၉ တွင်ကျွန်ုပ်တို့၏သခင်ဘုရားသည်
တပည့်တော်များအားအကျင့်စရိုက်အကြောင်းနှင့် ၄င် း၏ အရေးကြီးပုံကိုပြောပြသည်။ ပထမဦးဆုံးအနေနှင့်ကျွန်ုပ်တို့သည်သူတပါးအားကူညီမစနိုင်မည့်အတို င်းအတာရှိကြောင်း ထောက်ပြသည်။ မျက်စိကန်းသောသူသည် မျက်စိကန်းသောသူကိုလမ်းပြ၍မရပါ။ ကျွန်ုပ်တို့အသက်တာ၌အစွန်းအကွက်များဖြစ်သောကျွန်ုပ်တို့မနိုင်သေးသည့်မကောင်းသောအကျင့်၊ နာမခံရသေးသည့်မိန့်မှာချက်အချို့ အကျင့်စာရိတ္တအားနည်းချက်အချို့ရှိနေပါက ၎င်းတို့အပေါ် အောင်မြင်နည်းကို သူတပါးတို့အားကျွန်ုပ်တို့ သင်ပေးနိုင်ကြမည်မဟုတ်ပါ။ ကျွန်ုပ်တို့ကြိုးစား၍ သင်ကြားမည်ဆိုပါက “ဆရာဝန်၊ ကိုယ့်ကိုယ်ကိုအရင်ကုပါဦး” ဟုအပြောခံရမည်ဖြစ်သည်။
ဆရာတယောက်သည် သူသိသည့်အတိုင်းအတာအထိ သူ၏တပည့်ကိုသင်ပေးနိုင်မည်ဖြစ်သည်။ သို့သော် သူ၏တပည့်သည် သူ့ကိုကျော်လွန်သွားနိုင်သည်ဟု မမျှော်လင့်နိုင်ပါ။ တပည့်တော်ဖြစ်ခြင်း၏ပန်းတိုင်မှာ တပည့်သည်သူ၏ဆရာနှင့်တူလာရန်ဖြစ်သည်။
ယေရှုသည်ဤအချက်ကိုပြောပြရာ၌ သေးငယ်သောအမှိုက်တခုနှင့်တံကျင်းဥပမာကိုအသုံးုပု၍ပြောြပသ ည်။ကျွန်ပ်တို့သည်ကောက်နယ်တလင်းနားဖြတ်သွားသောလူတယောက်ကို စိတ်ကူးထဲ၌မြင်ယောင်ကြပါစို့။ ရုတ်တရက်ဗွေတချက်တိုက်လိုက်ရာ၊ အမှိုက်တခုသည်သူ၏ဘယ်ဘက်မျက်စိထဲသို့ဝင်သွားသည်။ သူသည်မျက်စိကိုထပ်ခါတလဲလဲသုတ်သော်လည်းပို၍ဆိုးလာသည်။သူငယ်ချင်းများဝိုင်းလာကြကာ အမျိုးမျိုးကြို းစားကြသည်။ တယောက်သောသူက”အပေါ် မျက်ခွံကိုလှန်ပါ”ဟုဆို၏။ သို့သော်လည်း အကြောင်းမထူးပါ။ ထို့နောက်ကျွန်တော်သည်တယ်လီဖုန်းတိုင်ကြီးကို ကျွ န်တော်၏မျက်စိမှငေါထွက်ရင်းဖြင့်ကိုယ်ချင်းစာသောစိတ်နှင့်တစုံတခုကိုပြုသည်ဆိုပါစို့။ မည်သို့ဖြစ်မည်န ည်း။သူသည်ကျွန်တော့်ကိုနီရဲသောမျက်လုံးကြီးနှင့်ကြ ည့်ကာ “ထိုတိုင်ကြီးကိုသင်၏မျက်စိမှ သင်ထုတ်သင့်သည်မဟုတ်လား” ဟု ပြောမည်ဖြစ်သည်။
     ကျွန်ုပ်၌ကိုယ်ကျင့်သိက္ခာ သို့မဟုတ် ဝိညာဉ်ရေးရာပြဿနာတခုရှိမည်ဆိုပါက၊ ထိုသို့သောပြဿနာရှိ သောသူကို ကူညီမစနိုင်မည်မဟုတ်ပါ။ အထူးသဖြင့်
ကျွန်တော်၌ထိုပြဿနာကြီးကြီးမားမားရှိနေမည်ဆိုပါက၊ ကူညီမစနိုင်မည်မဟုတ်ပါ။ သူတပါးကိုမကူညီခင် ကျွန်ုပ်၏အသက်တာကိုဖြောင့်ဖြူးအောင်အရင်ပြု
သင့်ပါသည်။
လူသည်သူတပါးဖတ်နိုင်သောစာဖြစ်ကြောင်းကိုအဓိကထား၍ ပြောပြလိုသောကြောင့် ယေရှုသည်ကောင်း သောအပင်နှင့်မကောင်းသောအပင်၊ ကောင်းသောလူနှင့်မကောင်းသောလူ၊ လိမ္မာသောအိမ်ဆောက်သူနှင့်မိုက်မဲသောအိမ်ဆောက်သူစသည့်ဥပမာတို့ကိုအသုံးပြုတော်မူသည်။ ကောင်းသောအပင်သည်ကောင်းသောအသီးကိုသီးသည်။ ကျန်းမာသန်စွမ်းခြင်းမရှိသောအ ပင်သည် အနာရှိသောအသီး၊ ပိုးစားသောအသီးကိုသာသီးသည်။ အပင်ကိုအသီးအားဖြင့်သိရမသီးနိုင်ပါ။
သည်။ ဆူးပင်သည် သဖန်းသီးမသီးနိုင်ပါ။ ချုံပင်ငယ်လေးသည်လည်းစပျစ်သီးမသီးနိူင်ပါ။
လူတို့၌လည်းထိုနည်းအတိုင်းဖြစ်သည်။ ကောင်းသောလူသည်တည်ဆောက်ခြင်း၊ သက်သာခြင်းနှင့်ခွန်အားပေးသောစကားကို သူတပါးတို့အားပြောသည်။သူ၏ အသက်တာမှာသူနှင့်ဆက်နွ ယ်သောသူတို့အတွက်ကောင်းကျိုးကိုပေးသည်။ တဘက်၌ ဆိုးသောသူတ ယောက်သည် ညစ်ညမ်းသောစကား၊အကျိုးမပေးသောစကား၊ အချည်းနှီးသောစကာ းတို့ကို ပြောဆိုသည်။လူတယောက်အလုပ်၏ အရည် အချင်းကိုသူ၏အတွင်းဘက်၌ရှိသောအရာကအဆုံး အဖြတ်ပေးသည်။ အပြန်အလှန်စကားပြောခြင်းမှာ စရိုက်လက္ခဏာကိုသခင်”တိုင်းထွာသောကိရိယာ ဘာရိုမီတာဖြစ်သည်။ သခင်ယေရှုဘုရားသည်မြေပြန့်၌သူ၏ဒေသနာအဆုံး သတ်ခါနီးသောအခါ၌ အခြေခံကျပြီးဆန့်ကျင်ပြောင်း လဲသောအရာဖြစ်ကြောင်းကိုသဘောပေါက်ရာတပ ည့်တော်များကကြားရုံသာကြားပြီး နာမခံနိုင်အောင်နှောင့်ယှက်မှုရှိမည်ကိုကြိုမြင်သည်။ သူတို့သည် “သ ခင်၊ဟု သူ ့အားခေါ်ကြမည်ဖြစ်သော်လည်း မိန့်တော်မူသောအရာကိုပြုကြမည်မဟုတ်ပါ။ ထို့ကြောင့်လိမ္မာသောတပည့်တယောက်နှင့်မိုက်မဲသောတပည့်တယောက်အကြောင်းကိုပြောပြသည်။ ပညာရှိသောလူသည် ကိုယ်တော်မိန့်တော်မူသောစကားကိုကြား၍ နား ထောင် သည်။ ထိုလူ၏အသက်တာမှာခိုင်ခန့်သောအုတ်မြစ်ပေါ်၌တည်ဆောက်ထားသည်။ သူ၏အသက်တာ၌ မုန်တိုင်းတိုက်ခတ်လာသောအခါ သူသည်မပြိုမလဲဘဲတည်၏။ သူ၏အသက်တာမှာခရစ်ယာန်တပ ည့်တော်ဖြစ်ခြင်းနှင့်ဆိုင်သည့် သခင်ဘုရားသွန်သင်သော စင်ကြယ်သည့်နည်းဥပဒေသမျာအပေါ်၌တည်ဆောက်ထားသည်။
မိုက်မဲသောသူမှာ ကြားသော်လည်းနားမထောင်သောသူဖြစ်သည်။ သူသည်သူ၏ကိုယ်ပိုင်ဉာဏ်ပညာအပေါ် ၌အမှီသဟဲပြုသည်။ ကယ်တင်ရှင်၏အစီအစဉ်သည်ကျွန်ုပ်တို့ကဲ့သို့သောလောကီသားများအတွက်အဆ င်ပြေမည်မဟုတ်ပါဟု ဆင်ခြင်စဉ်းစားသည်။ ထို့ကြောင့် သူ၏အသက်တာကိုသဲတည်းဟူသောလောကီပညာအပေါ်၌တည်ဆောက်သည်။ မုန်တိုင်းတိုက်ခတ်သော အခါသူတည်ဆောက်ခဲ့သည့် ဘဝမှာ လေနှင့်အတူပါသွား၍ပျက်စီးတော့သည်။သူ၏ဝိညာဉ်သည်ကယ် တင်ခြင်းရကောင်းရမည်ဖြစ်သော်လည်း သူ၏အသက်
ဆုံးရှုံးရသည်။ အချည်းနှီးကုန်ဆုံးခဲ့ရသည့်နှစ်ကာလများအတွက် ပြစရာအရာတခုမှမရှိပါ။ ဘဝအသက်တာကိုအချည်းနှီးကုန်ဆုံးစေခြင်းမှာ အလွန်ဆိုးဝါးသောအရာတခုဖြစ်သည်။
ခြောက်
လုံခြုံစိတ်ချရသည့် အနာဂတ်ရှိပါ
Have A Secure Future
မဿဲ ၆း၁၉-၃၄
သခင်ယေရှုသည်သူ၏တပည့်တော်များအတွက် လုံခြုံစိတ်ချရသည့်အစီအစဉ်တခုရှိသည်။ ရုတ်တရက်ကြည့်သော် ဤအစီအစဉ်သည် လုံခြုံမှု၊ အမြော်အမြင်၊ အသိ ဉာဏ်စသည်တို့နှင့်ပတ်သက်၍ကျွန်ုပ်တို့အားသွန်သင်ခဲ့သည့်အရာအားလုံးတို့ကိုချိုးဖောက်သကဲ့သို့ရှိသည်။ လူ၏ အစီအစဉ်အားလုံးတို့သည်ဘေးအန္တရာယ်၊ ဆုံးရှုံးမှု၊ မလုံခြုံခြင်းနှင့်ပြည့်နှက်သော်လည်း ဘုရားသခင်၏
အစီအစဉ်မှာ ၁၀၀% လုံခြုံစိတ်ချရသည်။
 ပထမဦးဆုံးအနေနှင့်သခင်ဘုရားသည် ဘဏ္ဍာငွေကိုမြေကြီးပေါ်၌စုထားခြင်းကိုတားမြစ်သည်။ သူသည် မိုးကာလအတွက်စုဆောင်းထားရန်လိုသည်ဟူသောခံယူချက်ကိုဆန့်ကျင်၍ပြောနေခြင်းဖြစ်သည်။ “ပညာရှိသောပျားသည်ပျားရည်ကိုစုဆောင်း၍၊ ပညာ ရှိသောလူသည်ငွေကိုစုဆောင်းသည်” ဟူ၍ ကျွန်ုပ်
တို့သည်အစဉ်အမြဲသွန်သင်ခံနေကြသည်။ ကျွန်ုပ်တို့၏ ဘဝနောက်ဆုံးနှစ်များတွင်ငွေကြေးကိုအခက်အခဲမရှိသုံးစွဲနိုင်ကြမည်ဟုစဉ်းစား၍ကျေနပ်ကြသည်။ ကျွန်ုပ်
တို့၌လုံလောက်သောငွေသာရှိကြမည်ဆိုပါကအနာ ဂတ်ကိုမကြောက်မရွံ့ရင်ဆိုင်နိုင်ကြမည်ဟုကျွန်ုပ်တို့ယူဆကြသည်။ ရုပ်ဝတ္ထုများစွာပိုင်ဆိုင်ခြင်းသည်လုံခြုံစိတ်ချမှုကိုရရှိစေမည်ဟု ကျွန်ုပ်တို့ခံစားကြသည်။
  ယုံကြည်ခြင်းနှင့်အသက်ရှင်သောသူသည် စိတ်ပိုင်းဆိုင်ရာပျက်ပြားမှုတခုရရှိမည်ဟု အချို့သောသူတို့ကကန့်ကွက်စကားဆိုကြသည်။ ယေရှုကထိုသို့မိန့်တော်မမူပါ။ မြေကြီးပေါ်၌ဘဏ္ဍာစုထားခြင်းသည် စိတ်ပျက်ပြားခြင်းတခုတည်သာမဖြစ်စေဘဲ “သံချေး၊ ပိုးရွ၊ သူခို း” ဖျက်ဆီး၊ ခိုးယူခြင်းကိုခံရသည်။ သမ္မာကျမ်းစာရေးသည့်ကာလတွင် ချမ်းသာကြွယ်ဝခြင်း၏လက္ခဏာမှာ အဝတ်အစားဝတ်ဆင်ပုံနှင့်ငွေကြေးချမ်းသာမှုဖြစ်သ ည်။ အဝတ်အစားတို့ကိုပိုးရွဖျက်ဆီးသည်။ ငွေသည်ယိုယွင်းပျက်စီးတတ်သည်။ ၄င်းနှစ်ခုစလုံးမှာ သူခိုးခိုးနိုင်သည့်အန္တရာယ်အစဉ်ရှိသည်။
စစ်မှန်သောလုံခြုံမှုကိုရရှိသည့်နည်းမှာ ဘဏ္ဍာတို့ကိုကောင်းကင်၌စုထားခြင်းပင်ဖြစ်သည်။ ကျွန်ုပ်တို့၏အ သက်တာများကို မရေမရာမသေချာသည့်အနာဂတ်အတွက်ပျက်စီးတတ်သောစည်းစိမ်ဥစ္စာစုထားရမည့်အစား ကျွန်ုပ်တို့၏အကောင်းဆုံးစွမ်းရည်တို့ကို ထာဝရအတွက်ရင်းနှီးမြုပ်နှံသင့်သည်။ ကျွန်ုပ်တို့၏ငွေများကိုဘုရားသခင်၏အမှုတော်အတွက်ပေးလှူခြင်း၊ကိုယ် တော်၏အမှုတော်ကိုသစ္စာရှိစွာဖြင့် မမောမပန်းဆော င်ရွက်ခြင်းနှင့် အရာဝတ္ထုများအတွက်အသက်ရှင်သည်ထက်လူများအတွက်အသက်ရှင်ခြင်းစသည်အားဖြင့်ဤအရာကိုပြုကြရသည်။
ဆက်၍ မလေ့လာမှီ ဤကျမ်းပိုဒ်သည်ကျွန်ုပ်တို့၏ လ တ်တလောလိုအပ်သောအရာများကိုဘုရားသခင်ထောက်မခြင်းနှင့်မဆိုင်ကြောင်းကို အလေးထား၍
ပြောရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည်လတ်တလောလိုအပ်သောအရာများအတွက်နှင့်မိသားစု၏လိုအပ်မှုများအတွက် အလုပ်ကြိုးစားလုပ်ကြရမည်ဖြစ်သည်။ သို့ရာတွင် ဤလိုအပ်သောအရာများကိုရရှိသောအခါ ကောင်းကင်ဘဏ္ဍာ၌အရာအားလုံးကိုရင်းနှီးမြှုပ်နှံ၍ အနာဂတ်အတွက်ဘုရားသခင်ကိုယုံကြည်အားကိုးကြရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည်ထိုသို့ပြုကြပါကကျွန်ုပ်တို့၏ဘဏ္ဍာတို့သည် သံချေး၊ ပိုးရွ၊ သူခိုးတို့၏ဖျက်စီးဆုံးရှုံးစေခြင်းနှင့်ကင်းလွတ်မည်ဖြစ်သည်။
ကျွန်ုပ်တို့၏စိတ်နှလုံးသည်ကျွန်ုပ်တို့၏ဘဏ္ဍာရှိသည့်နေရာ၌ရှိမည်ဟူသောအချက်သည်ငြင်း၍မရပါ။ကျွန်ုပ်တို့၏အသက်တာ၌အဓိကအရာသည်မည်သည့်အရာဖြစ်သည်ကို ၄င်းကရည်ညွှန်းပါသည်။ ကျွန်ုပ်တို့သည်မြေကြီးပေါ်၌ဘဏ္ဍာစုထားရန်ရည်ရွယ်ပါက ၄င်းသည်ကျွန်ုပ်တို့၏အတွင်းပိုင်းကိုတရွေ့ရွေ့ကိုက်စားနေမည်ဖြစ်သည်။
၄င်းနှင့်ပတ်သက်၍ အမှားမလုပ်မိပါနှင့်။ ကျွန်ုပ်တို့သ ည် လောကစည်းစိမ်ဥစ္စာနှင့်ကောင်းကင်ဘဏ္ဍာနှစ်ခုစလုံးအတွက်တပြိုင်တည်းအသက်ရှင်၍မရပါ။ ဤအရာကိုယေရှုက လူ၏မျက်စိဥပမာနှင့်ရှင်းပြ၍ သွ န်သင်တော်မူ၏။ မျက်စိသည် ခန္ဓာကိုယ်၏အလင်းဖြစ် သည်။
အလင်းသည် မျက်စိမှတဆင့်ခန္ဓာကိုယ်ထဲသို့ဝင်ကာ ထိုပုဂ္ဂိုလ်အားလမ်းပြသည်။ အကယ်၍မျက်စိသည်ကြည်လင်ပါက၊ ထိုလူသည်မိမိသွားမည့်နေရာကိုကော င်းမွန်စွာမြင်နိုင်သည်။ မျက်စိသည်မကြည်လင်လျှင် ရှေ့၌ရှိသောလမ်းမှာ မှောင်၍ ရှင်းရှင်းလင်းလင်းရှိမည်မဟုတ်ပါ။
        ဝိညာဉ်ရေးရာဆိုလိုချက်မှာ ဤသို့ဖြစ်ပါသည်။ ကြည်လင်သောမျက်စိဆိုသည်မှာ ကောင်းကင်ဘဏ္ဍာတခုတည်းအတွက်အသက်ရှင်ရန် စိတ်ပြဋ္ဌာန်းခြင်းကိုဆိုလိုသည်။ မိမိ၏စည်းစိမ်ဥစ္စာတို့ကိုကောင်း ကင်ဘုံ ၌သိုထားသောသူသည်ဘုရားသခင်လမ်းပြမှုကင်းမဲ့နေမည်မဟုတ်ပါ။ မကောင်းသောမျက်စိသည်လောကနှင့်ကောင်းကင်နိုင်ငံအတွက်အသက်ရှင်ရန်နှင့် နှစ်နေရာစလုံး၌ဘဏ္ဍာသိုထားလိုသောစိတ်ရှိသည်။ စိတ်နှစ် ခွရှိသောသူသည် ဝိညာဉ်ရေးရာ၌မှောင်မိုက်ကိုခံစားတွေ့ကြုံမည်ဖြစ်သည်။ သူသည် ဘုရားသခင်ထံမှရှင်းလင်းသောညွှန်ကြားချက်ကိုရရှိမည်မဟုတ်ပါ။ သူ၏မှောင်မိုက်သည် အလင်းမရှိခဲ့သည့်လူတယောက်
၏မှောင်မိုက်ထက်ပို၍ကြီးမားသည်။ကယ်တင်ရှင်ဠ၏ ဘဏ္ဍာသိုထားခြင်းနှင့်ပတ်သက်သောသွန်သင်ချက်ကိုသိပြီးငြင်းပယ်သည်ထက် မသိသည်မှာပို၍ကောင်းသည်။ “အလင်းကိုပယ်ခြင်းသည် အလင်းကိုငြင်းခြင်းဖြစ်၏။” “အကြင်သူသည်ဆင်းရဲ၏။ သူ၌ရှိသမျှကိုပင်နှုတ်လိမ့်မည် “(မဿဲ ၂၅း၂၉ ခ)။
          လူတယောက်ကိုအခြားသူတယောက်ထက်ပို၍ ကြိုက်နှစ်သက်ခြင်းမရှိ၊တယောက်ပေါ်၌သစ္စာထား၍ တယောက်ကိုမငြင်းဘဲ သခင်နှစ်ဦး၏အစေကိုခံ၍မဖြစ်ပါ။ သခင်နှစ်ဦး၏စိတ်ဝင်စားမှုပဋိပက္ခဖြစ်လာမည်မှာ မလွဲဧကန်ဖြစ်သည်။ ရွေးချယ်မှုတခုကိုပြုလုပ်ရမည်ဖြစ်သည်။ ငွေအတွက်အသက်ရှင်မည်ဆိုပါက ဘု ရားသခင်အတွက်အသက်မရှင်နိုင်ပါ။ မြေကြီးဘဏ္ဍာနှင့်ကောင်းကင်ဘဏ္ဍာတခုခုကို ကျွန်ုပ်တို့ရွေးကြရမည်ဖြစ်သည်။
  အနာဂတ်လိုအပ်မှုများအတွက်ကျွန်ုပ်တို့မစိုးရိမ်၊ မပူပန်ရမည့်အကြောင်းရင်းခြောက်ခုကို သခင်ဘုရားပေးထားပါသည်။
ပထမ
– အရေးကြီးသောအရာတခုအပေါ်၌ မှားယွင်းစွာအ လေးပေးသည်။ အစားအစာ၊ အဝတ်အထည်တို့ သည် အသက်တာ၌အမှန်တကယ်အရေးကြီးသည့်အရာများအလား ၎င်းတို့အတွက်အသက်မရှင်သင့်ပါ။ဘုရား သခင်သည်ကျွန်ုပ်တို့အားဤလောက၌ စားခြင်း၊ သေ ာက်ခြင်းနှင့်ဝတ်စားဆင်ယင်ခြင်းတို့ထက်ပို၍ ကြီးမြ တ်သောအမှုအရာအတွက်ထားပါသည်။
ဒုတိယ – စိုးရိမ်ပူပန်ခြင်းဆိုသည်မှာ အနာဂတ်၌ဖြစ်နိုင်ခြေရှိသည့်အခက်အခဲများကိုစိတ်ပူပန်၍၊ ကျွန်ုပ်တို့ဖခင်ကကျွန်ုပ်တို့ကိုဂရုစိုက်စောင့်ရှောက်မည်ကိုယုံမှားသံသယရှိခြင်းဖြစ်သည်။ ဤနေရာ၌ကျွန်ုပ်တို့သည် ငှက်များထံမှသင်ခန်းစာတခုကိုရရှိနိုင်ကြောင်း သခင်ယေရှုကအကြံပေးထားပါသည်။ သူတို့သည် မျိုးစေ့လည်းမကြဲ၊ ရိတ်သိမ်းခြင်းလည်းမရှိဟု ကိုယ်တော်မိန့်တော်မူသည်။ ကျွန်ုပ်တို့သည် ထိုသို့စိုက်ပျိုး၊ ရိတ်သိမ်းခြင်းမပြုသင့်ပါဟု မဆိုလိုပါ။သူတို့သည် အပင်ကိုမစိုက်နိုင်၊ မရိတ်သိမ်းနိုင်ကြပါ။ ကျွန်ုပ်တို့သည်စိုက်ပျိုး၊ ရိတ်သိမ်းနိုင်ကြသည်။ သူတို့သည် နေ့စဉ်အစာအတွ က်နေရာတကာကိုယက်ကြ၍အနာဂါတ်အတွက်မစိုး ရိမ်၊ မပူပန်ကြပါ။ စာငှက်များသည်သူတို့၏ပြဿနာများ
ကြောင့် စိတ်ရောဂါကုဆရာဝန်များထံသို့မသွားကြပါ။ သူတို့သည် တနေ့စာအတွက်ကျေနပ်ကြပြီး၊ သူတို့၏ အနာဂါတ်မှာ သူတို့ကိုဖန်ဆင်းသောအရှင်၏လက်တော်ထဲ၌ရှိသည်။ စပါးကျီနှင့်၄င်း၊ အစာသိုလှောင်ရုံနှင့်၄င်း တွဲထားသည့်ငှက်သိုက်ဟူ၍မရှိပါ။ ရာစုနှစ်ပေါင်းများစွာကတည်းက ငှက်များသည် မရေရာမသေ ချာသည့်အနာဂတ်အတွက် အစာသိုလှောင်ခြင်းမရှိဘဲအသက်ရှင်နေကြရသည်။ ဘုရားသခင်သည်သူ၏ ငှက်များကိုစောင့်ရှောက်ဂရုစိုက်ပါက ကျွန်ုပ်တို့ကိုပို၍ ဂရုစိုက်ကြည့်ရှုမည်သာဖြစ်သည်။
စိုးရိမ်ပူပန်ခြင်းမရှိရန်တားမြစ်ရသည့် တတိယအကြေ ာင်းရင်းတခုမှာ၎င်းသည်အချည်းနှီးသက်သက်ဖြစ်သော ကြောင့်တည်း။ “အဘယ်သူသည်စိုးရိမ်ခြင်းအာ းဖြင့်မိမိအသက်တာကိုတတောင်ခန့်မျှ တိုးပွားစေနိုင်သနည်း။” တနည်းအားဖြင့် “မည်သူသည်စိုးရိမ်သောအားဖြင့် ဆယ်ရှစ်လက်မပို၍ကြီးထွားလာနိုင်ပါသန ည်း။” သို့မဟုတ် “စိတ်ပူပန်ခြင်းအားဖြင့် အသက်တ ထောင်ခန့်ပိုရှည်အောင်မည်သူလုပ်နိုင်သနည်း” ဟု ကယ်တင်ရှင်၏မေးခွန်းကို ဖတ်ရှု၍ရသည်။ ဤနေရာ
၌ဘဝအသက်တာကို မိုင်ပေါင်းများစွာဝေးသည့်ခရီးတခုအဖြစ်မြင်၍၊ “တနာဂါတ်အတွက်စိတ်ပူခြင်းအားဖြင့် မည်သူသည်ဆယ့်ရှစ်လက်မအသက်ပိုရှည်အောင်
ပြုနိုင်ပါသနည်း ဟုမေးခြင်းဖြစ်သည်။ ကြိုးစားခြင်းသည်အချည်းနှီးသက်သက်
ဖြစ်၏။ အမှန်တကယ်၌စိုးရိမ်ပူပန်မှုသည် အသက်ရှည်စေသည်လက်အသက်ကို
တိုစေ၏။
ကျွန်ုပ်တို့သည် ခဏတာစဉ်းစားကြမည်ဆိုပါက၊ ကျွန်ုပ်တို့၏အနာဂတ်အတွက်လုံခြုံမှုကိုကျွန်ုပ်တို့မပေးနိုင် သည်ကိုသိရှိသဘောပေါက်ကြမည့်အကြောင်းတခုမှာ ကျွန်ုပ်တို့မည်မျှကြာအသက်ရှင်ကြမည်ကို ကျွန်ုပ်တို့မသိကြခြင်းဖြစ်သည်။အနာဂတ်၌ငွေကြေးတန်ဘိုးမည်မျှရှိလာမည်ကိုမသိကြပါ။ မည်သို့သော ကုန်ဈေး
နှုန်းနှင့် ကျွန်ုပ်တို့ရင်ဆိုင်ရမည်ကိုကျွန်ုပ်တို့မသိကြပါ။ မိုးတွင်းကာလအတွက်အစီအစဉ်လုပ်နိုင်ရန် ကျွန်ုပ်တို့မသိသောအရာများစွာရှိသည်။ အဝတ်အတွက်စိုးရိမ်
ခြင်းသည် ဘုရားသခင်အားယုံကြည်မှုကင်းမဲ့ခြင်းဖြစ်ကြောင်း သခင်ယေရှုက
ပန်းများကိုညွှန်၍ပြောပြသည်။ သူသည် ပန်းအိုးထဲတွ င် အလှစိုက်သည့်တောနှင်းပန်းများကိုစဉ်းစားနေခြင်းမဟုတ်ဘဲ အစ္စရေးနိုင်ငံတောင်စောင်းများ၌ ပေါ က်ရောက်သောတောနှင်းပန်းများကိုဆိုလိုခြင်းဖြစ်သည်။ ဘုရာသခင်သည် ဤပန်းတို့ကိုလှပသောပုံစံဖြင့်ရေးဆွဲသည်။ ရှောလမုန်မင်းကြီးပင်လျှင်ထိုမျှလောက်တ င့်တယ်သောအဝတ်ကိုမဝတ်ပါ။ ယနေ့တွင် မြေမျက်နှာ
ပြင်ကိုအရောင်အဆင်းနှင့်တန်ဆာဆင်ထားသောထိုပန်းတို့သည် မနက်ဖြန်တွင် မြက်ရိတ်စက်ဖြင့်ရိတ်ကာ မုန့်ဖုတ်ရန်အတွက်မီးဖိုထဲသို့ချထားခြင်းခံရမည်ဖြစ် သည်။ ဘုရားသခင်သည် တောရိုင်းပန်းများကိုဤမျှ လောက်လှပတင့်တယ်အောင်ဆင်မြန်းပေးပါက၊ မိမိလူတို့အတွက်ပို၍သင့်တော်မည့်အဝတ်များကိုပို၍ပေးမည်ဖြစ်သည်။
John Stott က ဤသို့ပြောပါသည် –
ရုပ်ဝတ္ထုပစ္စည်းတို့သည် ကျွန်ုပ်တို့၏အာရုံကိုထိုသို့သေ ာအားဖြင့်ဆွဲဆောင်၍ ကျွန်ုပ်တို့၏အစွမ်းသတ္တိများကိုစုပ်ယူကာ စိုးရိမ်ပူပန်မှုများနှင့်ဝန်ထုပ်ဝန်ပိုးများကိုကျွ န်ုပ်တို့အပေါ်တင်ခြင်းသည် ခရစ်ယာန်ယုံကြည်ခြင်းနှင့်၄င်း၊ အသိဉာဏ်နှင့်၄င်း၊ ဆီလျော်မှုမရှိပါ။ ၄င်းသ ည် ကျွန်ုပ်တို့ကောင်းကင်ဘုံရှင်အဖအားစိတ်မချခြင်းဖြစ်၍၊ မိုက်မဲခြင်းသက်သက်လည်းဖြစ်သည်။
အစား၊အသောက်နှင့်အဝတ်အတွက်စိုးရိမ်ပူပန်ခြင်းမရှိရမည့် ပဉ္စမအကြောင်းရင်းမှာ- ၄င်းသည်သာသန ာပ လူများ၏ အသက်ရှင်ရသည့်အကြောင်းတခုဖြစ်၍ ထိုသာသနာပလူများနှင့်ကျွန်ုပ်တို့ကိုဘုရားသခင်မတူစေလိုပါ။သာသနာပလူတို့သည်ကာယခန္ဓာကိုယ်ကိုပထ မနေရာ၌ထားကြကာ၊ ၄င်းအတွက်အသက်ရှင်ကြသ ည်။ သူတို့သည် အသွေးအသားကိုသာဦးစားပေးသည့်
လောကီသား၊ မြေကြီးသားများဖြစ်ကြသည်။ဘုရား သ ခင်၏အသက်မပါဘဲအသွေးအသားကိုကျော်လွန်နိုင်မည်ဟုမျော်လင့်၍မရပါ။ သို့သော် ယုံကြည်သူများသည် ထိုသူတို့နှင့်ခြားနားရမည်ဖြစ်သည်။ သူတို့သည် ထာဝရတည်သောအရာအတွက် မိမိတို့၏အကောင်းဆုံးသောအသက်တာကိုပေးကြရမည်ဖြစ်သည်။
နောက်ဆုံးအကြောင်းရင်းမှာ၊ စိုးရိမ်ပူပန်ခြင်းသည် မလိုလားအပ်သောအရာဖြစ်သည်။ “ဤအရာအားလုံးသင်တို့အလိုရှိကြသည်ကို သင်တို့၏ ကောင်းကင်ဘုံရှင်အဘသည်သိတော်မူ၏။” ကိုယ်တော်သိသည်ဟူ သည်မှာ – ကိုယ်တော်သည်ကျွန်ုပ်တို့ကိုတာဝန်ယူချ င် ၍ယူလည်းယူနိုင်ကြောင်း အာမခံသည်ဟုဆိုလို·သည်။ ကျွန်ုပ်တို့၏အနာဂတ်အတွက်ထိုထက်ကောင်းသောအရာမရှိနိုင်တော့ပါ။
ယခုတွင် သခင်ယေရှုသည် တပည့်တော်များဖြစ်ကြ သ ည့်ကျွန်ုပ်တို့အားလုံးနှင့်ပဋိဉာဉ်တခုကိုဖွဲ့သည်။ ကျွန်ုပ်တို့သည်အနာဂတ်၌ပေးဝေနိုင်ရန်အတွက် နဂိုမူလ၌ အ ချိန်မရွေးရရှိနိုင်မည်မဟုတ်သည့်စည်းစိမ်ဥစ္စာတိုးပွါးခြ င်းအတွက် အလွန်မအားမလပ်ဖြစ်ကြမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ထာဝရကာလအတွက်တန်ဘိုးရှိသောရာတို့ကိုမြင်ပြီးအသက်ရှင်ရမည့်အစား ကျွန်ုပ်တို့အသ က်တာ၏အကောင်းဆုံးသောအချိန်ကို ငွေကိုရှာ၍ သို ဝှက်ထားနိုင်ရန်အသုံးပြုကြသည်။ ထို့ကြောင့်ကိုယ် တော်က “ငါ၏အကျိုးကိုပထမနေရာ၌ထားပါ။
သင်၏လတ်တလောလိုအပ်မှုများနှင့် သင်၏မိသားစုလိုအပ်မှုများအတွက်အလုပ်ကြိုးစားလုပ်ပါ။ ငါ၏ အ လုပ်ကိုထိုအရာတို့၏အထက်၌ထားပါ။သင်၏ အန ာဂတ်ကိုငါတာဝန်ယူမည်ဟု ငါကတိပေးပါ၏။ဘုရား သခ င်၏နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားကိုရှေ့ဦးစွာရှာပါက သင်၌အသက်တာအတွက်အမှန်တကယ်လိုအပ် သောအရာ တခါမှကင်းမဲ့နေမည်မဟုတ်ပါ”ဟု ကို ယ်တော်မိန့်တော်မူ၏။
       အချုပ်ဆိုရသော်၊ ကျွန်ုပ်တို့၏သခင်ဘုရားသည်အနာဂတ်အတွက်စိုးရိမ်ပူပန်၍ မိုးကျသောကာလအ တွက်သိုလှောင်ထားနိုင်ရန် ကျွန်ုပ်တို့အသက်တာကို
အသုံးမပြုကြဘို့တားမြစ်ထားသည်။ ကျွန်ုပ်တို့၏တ ာဝန်မှာ ယနေ့တွင် ကိုယ်တော်အတွက်အသက်ရှင်ရန်နှင့် အနာဂတ်သည်မိမိအနာဂတ်အတွက်ပူပန်ရန်ထားဘို့ဖြစ်သည်။ ယနေ့အလုပ်အပေါ်၌အာရုံစူးစိုက်ခြင်းသည် ယနေ့အတွက်လုံလောက်သည်။
လူတယောက်သည် မိုးကျသောကာလတွက်အသက်ရှင်ပါက ထိုကာလအတွက်အမှန်တကယ်ရရှိအောင် ဘု ရားသခင်ပြုမည်ဖြစ်သည်ဟု တစုံတယောက်ကပြော သည်။ Cameron Thompson က “မိမိလက်များ၌တစုံတရာမကပ်မည်ကိုစိုးရိမ်သည့် သူတို့အပေါ်၌ ဘုရား သခင်သည်မိမိ၏အကောင်းဆုံးသောကောင်းကြီးမင်္ဂလ ာများကိုသွန်းလောင်းသည်။ ယနေ့လောကြီး ၏ပြင်း ထန်သောဝေဒနာအထက်၌မိုးကျသောကာလကိုပို၍ တန်ဘိုးထားသောလူသည်ဘုရားသခင်ထံတော်မှ ကော င်းကြီးမင်္ဂလာတစုံတခုမျှရရှိမည်မဟုတ်ပါ” ဟုဆို၏။
ခုနှစ်
ကိုယ်တော်က “ရှိသမျှကိုစွန့်ပါ” ဟု
မိန့်တော်မူ၏
He Said, “Forsake All”
လုကာ ၁၄:၂၅-၃၅
ဤကျမ်းပိုဒ်တို့သည် သမ္မာကျမ်းစာ၌လူကြိုက်အ နည်းဆုံးကျမ်းပိုဒ်များ ြဖစ်နူိင်သည်။
“လူအစုအဝေးအပေါင်းတို့သည် နောက်တော်သို့လိုက်ကြသည်ကို ယေရှုသည်လှည့်ကြည့် တော်မူပြီးလျှင်၊ အကြင်သူသည်ငါ့ထံသို့လာ၍မိဘ၊သားမယား၊ ညီအစ် ကို၊ နှမတို့ကို၎င်း၊ ထိုမျှမက မိမိအသက်ကို၄င်းမမုန်း၊ ထိုသူသည်ငါ့တပည့်မဖြစ်နိုင်ရာ။ အကြင်သူသည်မိမိလက်ဝါးကပ်တိုင်ကိုထမ်း၍ ငါ့နောက်သို့မလိုက်၊ ထိုသူသည်ငါ့တပည့် မဖြစ်နိုင်ရာ။သင်တို့တွင်တယောက်သောသူသည်တိုက်ကိုတည်မည်ဟုအကြံရှိလျှင်ထိုတိုက် ပြီးအောင်ငွေလောက်မည်၊ မလောက်မည်ကိုသိခြင်းငှါ၊ ရှေ့ဦးစွာထိုင်၍ ကုန်စရိတ်ကိုမချင့်တွက်ဘဲနေမည်လော။ သို့မဟုတ် သိမြင်သောသူအပေါင်းတို့က ဤသူသည်တည်စပြု၍၊ အဆုံးမသတ်နိုင်ဟု ကဲ့ရဲ့ကြ
လိမ့်မည်။ တနည်းကား၊ တစုံတယောက်သောရှင်ဘုရင်သည် အခြားသောရှင်ဘုရင်နှင့် စစ်ပြိုင်မည်ဟုအကြံရှိလျှင် လူနှစ်သောင်းနှင့်ချီလာသောရှင်ဘုရင်ကို လူတ သောင်းနှင့်ခံနိုင်မည်၊ မခံနိုင်မည်ကိုရှေ့ဦးစွာထိုင်၍
မဆင်ခြင်ဘဲနေမည်လော။ မခံနိုင်သည်မှန်လျှင်၊ အ ခြား သောရှင်ဘုရင်ဝေးသေးသောအခါ သံတမန်ကို စေလွှတ်၍ စစ်ငြိမ်းမည်အကြောင်းတောင်းပန်တတ် သည်မဟုတ်လော။ ထိုနည်းတူ၊ သင်တို့တွင်အကြင်သူသည်မိမိ၌ရှိသမျှကိုမစွန့်ဘဲနေ၏၊ ထိုသူသည်ငါ့တပည့်မဖြစ်နိုင်ရာ။ ဆားမူကားကောင်း၏။ သို့သော်လည်းအ ငန်ပျောက်လျှင် ငန်သောအရာကိုအဘယ်သို့ပြန်ရမည်နည်း။ မြေဘို့မကောင်း၊ အမှိုက်ပုံဘို့မကောင်း၊ ထိုဆားကိုပြင်သို့ပစ်လိုက်တတ်ကြ၏။ ကြားစရာနားရှိသောသူမည်သည်ကား ကြားပါစေဟုမိန့်တော်မူ၏။”
အပိုဒ်ငယ် ၂၅။ “လူအစုအဝေးအပေါင်းတို့သည် နော က်တော်သို့လိုက်ကြသည်ကို ယေရှုသည်လှည့်ကြည့် ၍ . . …။” သခင်ယေရှုသည်ကယ်တင်ခြင်းရသောသူ၊ မရသောသူနှစ်မျိုးစလုံးပါဝင်သောအစုအဝေးကြီးကိုတရားဟောနေသည်။ ယေရှုသည်ကယ်တင်ခြင်းမရသေးသောသူများအတွက်ပင်လျှင် သူ၏ဒေသနာကို ရှင်းရှင်းလင်းလင်းဟောပြောသည်။ သူသည်နား ထေ ာင်အကောင်းဆုံးဒေသနာကိုမဟောပါ။ခရစ်တေ ာ်၏ သေချာစွာဆန်းစစ်သည့်နည်းစနစ်ကိုမှတ်သားပါ။ “ပ ထမတွင် ရရှိရန်ကြိုးစားပြီး၊ ထို့နောက်စစ်ထုတ်သည့်နည်းဖြစ်သည်” (G. Campbell Morgan)။ “သူသည်တပည့်တော်ဖြစ်စေခြင်း၌သွန်သင်စရာတခုမျှမထိန်ဝှက်ခဲ့ပါ။
     ပထမအပိုင်းသည် သတင်းကောင်းနှင့်ဆိုင်ပြီး၊ ဤအပိုင်းသည် အစေခံခြင်းနှင့်ဆိုင်သည်။ သူသည်တပ ည့်တော်များကိုအလိုရှိ၍၊ ဆုံးဖြတ်ချက်ကိုသာမလိုလားပါ။ အရည်အတွက်များသောစစ်သားများအလိုမရှိဘဲ၊ အရည်အချင်းရှိသောစစ်သားများအလိုရှိသည်။ ဂိဒေါင်၏တပ်ကို ၃၂ဝဝဝ မှ ၃၀၀ အထိလျှော့ချသည်ကိုသတိရပါ။
အပိုဒ်ငယ် ၂၆။ “အကြင်သူသည်ငါ့ထံသို့လာ၍ မိဘ၊ သားမယား၊ညီအစ်ကိုနှမတို့ကို၎င်း၊ ထိုမျှမက မိမိအသက်ကို၄င်းမမုန်း၊ ထိုသူသည် ငါ့တပည့်မဖြစ်နိုင်ရာ။” ၄င်း၏တွဲဘက်ကျမ်းပိုဒ်ဖြစ်သော မဿဲ ၁၀း၃၇ ၌ “အကြင်သူသည် ငါ့ကိုချစ်သည်ထက် မိဘကိုသာ၍ ချစ်၏၊ ထိုသူသည် ငါနှင့်မထိုက်မတန်။ အကြင်သူသည် ငါ့ကိုချစ်သည်ထက် သားမယားကိုသာ၍ချစ်၏၊
ထိုသူသည်ငါနှင့်မထိုက်မတန်” ဟုဆို၏။ “ငါထက်သာ၍” ဟုဆိုရာ၌ ယေရှုသည်နှိုင်းယှဉ်ချက်စကားတခုကို အသုံးပြုကြောင်းပြနေသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏အသက်တာတွင်ခရစ်တော်ကိုပထမနေရာ၌ထားခြင်းဆိုသည်မှာ အခြားသောအရာတို့ကိုမုန်းခြင်းဖြစ် သည်။ ခရစ်တော်သည် ပထမနေရာ၌လာရမည်၊ ဟု ၄င်းကဆိုလို၏။ ၄င်းနှင့်ယှဉ်ပါက အခြားသောအရာတို့ကိုမုန်းရမည်ဖြစ်သည်။
ဘုရားသခင်က “ယာကုပ်ကိုငါချစ်၏၊ဧသောကိုမုန် း၏” ဟုဆို၏ (ရောမ၉း၁၃)။ ယာကုပ်ကိုပို၍ချစ်ခြင်းကြောင့် ဧသောကိုမုန်းသည်မည်၏။မုန်းတီးခြင်းမဟုတ်ဘဲ ယာကုပ်အားရွေးချယ်ခြင်းကြောင့် ယာကုပ်ထက်ဧသောပေါ်၌ချစ်ခြင်းမေတ္တာပို၍ လျော့ခြင်းသာဖြစ် သည်။
C.T. Studd က သူနှင့်စေ့စပ်ထားသောသူသည် ယေရှုကိုချစ်သည်ထက်သူ့အားပို၍ချစ်မည်ကိုစိုးရိမ်သော ကြောင့် သူမ၏နေ့စဉ်အသက်တာ၌ ထပ်ခါတလဲလဲရွတ် ဆိုရန် ဤကဗျာလင်္ကာကို ရေးသည်။
                ကျွန်ုပ်ချစ်သည် ယေရှုကိုသာ
             Charilie ထက် ကိုယ်တော်ကိုသာ
              အစဉ်ချစ်စေပါ။
      ကဗျာလင်္ကာဆရာ Ruskin သည် ခရစ်ယာန် အ မျိုးသမီးတယောက်အားချစ်ရေးဆိုသောအခါ သူမက “ယေရှုခရစ်တော်ထက်ကျွန်မကိုပို၍ ချစ်ပါသလား”
ဟုမေးရာ၊ ချစ်ပါသည်ဟု ဝန်ခံသည်။ သူမက “ကောင်းပြီ၊ ထိုအကြောင်းကြောင့်ရှင့်အားကျွန်မလက်မထပ်နိုင်ပါ” ဟု ပြန်ပြော၏။ Ruskin သည် သူမရောဂါပြင်းထန်စွာခံစားသည့်အချိန်၌ပင် ထပ်၍ကြိုးစားသည်။ သူမ ၏အဖြေမှာအတူတူပင်ဖြစ်သည်။ မကြာမှီသူမ ကွယ် လွန်သွားသည်။ ခရစ်တော်သည် သူမ၏အသက်တာတွင်ပထမနေရာ၌ရှိနေသေးသည်။
အပိုဒ်ငယ်-၂၆ တွင် ကျွန်ုပ်တို့၏ကယ်တင်ရှင်သည် လူတယောက်၏ဇနီးအကြောင်းကိုဖေါ်ပြသည်။ မိမိတို့ ၏ ဇနီးများကမိမိတို့ကိုစိုးမိုးရန်အခွင့်ပေးသည့် ယော က်ျာ းကောင်းများစွာရှိသည်။ လူတယောက်သည်လောကီ
ဆန်သောဇနီးရှိပါက ထိုသူသည်တပည့်တော်ဖြစ်သောအသက်တာ၌အသက်ရှင်ရန်ခက်ခဲလှသည်။သို့သေ ာ်လည်း သူသည်ခရစ်ယာန်တယောက်ဖြစ်ပါကသူ၏ဇနီးသည်ဒုတိယနေရာ၌သာရှိရမည်ကို သူသိရှိရမည်ဖြစ် သည်။ Spurgeon၏ဇနီးသည်က ချားလ်စ်စပါဂျင် (Charles Spurgeon)၏အတ္ထုပ္ပတ္တိစာအုပ်ထဲ၌ စိတ်ဝင်စားဘွယ်ရာအကြောင်းအရာတခုကိုပြောပြသည် –
      Spurgeon သည်ငယ်ရွယ်သောအချိန်တွင် သူ ၏ တရားကိုနာမည့်လူထုကြီးဆန့်မည့် အဆောက်အဦးကြီးကြီးတခုကိုရှာရန် တနေရာမှတနေရာသို့သွားသ ည်။ ကမ်းနားလမ်း၌ရှိသောခမ်းမ၌တရားဟောသောအချိန်တွင်သူသည်အသက်နှစ်ဆယ်ကျော်ရုံမျှသာရှိ သေးသည်။ ထိုနေရာမှာ အစဉ်လူစည်ကားသည်။
   သူသည်ဆူဆန်သော်မဆင်(Susan Thompson) ဟုခေါ်သောအမျိုးသမီးတယောက်နှင့်လက်ထပ်ရန်စေ့ စပ်သည်။ တည၌ သူသည်သူမ၏အိမ်မှအစည်း အဝေးအတွက် Exeter ခန်းမသို့အတူတကွလာကြသည်။ထိုနေရာသို့ရောက်သောအခါ သူသည် မြင်းလှည်းပေါ်မှလျင်လျင်မြန်မြန်ဆင်းကာထွက်သွားသည်။ ထိုနေရ ာ၌လူအုပ်ကြီးကရှိနေသည်။ ရဲတို့သည်ထိုသို့သောအ ခြေအနေပြေလည်ရန်နှင့် လမ်းကြောင်းရှင်းသွားစေရန်
ကြိုးစားကြသော်လည်းအလွန်ခက်ခဲသည်။Spurgeon သည် ခန်းမဆောင်သို့ရောက်နိုင်ရန်အတွက် လူအုပ်ကြီးအကြား၌တိုးဝှေ့ကာသွားနေရသည်သူဧဝံဂေလိ ဟောရမည့် ပရိသတ်ကြီးအပေါ်၌အလွန်စိတ်ဝင်စားလှသောကြောင့် သူ့လုပ်ရမည့်တာဝန်မှအပ အရာရာတို့ကို သတိမရတော့ချေ။ထို့ကြောင့် သူသည်လူအုပ်ကြီးကိုတိုးဝှေ့ကာ၊ နောက်ဆုံးတွင်ဟောပြောရမည့်
စင် ပေါ်သို့ရောက်ရကာ၊ အစီအစဉ်ကိုဦးဆောင်ခဲ့သည်။
အစီအစဉ်ပြီးသောအခါ၌ တစုံတယောက်နှင့်အတူ ထိုခန်းမသို့သူလာခဲ့သည်ကိုသတိရသော်လည်း သူမနှင့်လုံးလုံးမတွေ့တော့ဘဲ သူမလုံးလုံးပျောက်သွားသည်ကိုသတိရသည်။ သူမကို ပရိသတ်ကြီးအထဲ၌တွေ့ခဲ့သည်၊
မတွေ့ ခဲ သည်ကိုစဉ်းစားကြည့်သည်။ သူမအားတွေ့ ခဲ့သည်ကိုပြန်၍ သတိရသည်။ အစည်းအဝေးပြီးသွားသောအခါ မြင်းလှည်းတစီးကို စီး၍Ms. Thompson အိမ်သို့အမြန်ပြေးတော့သည်။ ထိုနေရာသို့ရောက်သောအခါ သူ့ကိုမတွေ့လိုကြောင်း လူတယောက်က လာပြောသည်။ သူမသည်လူထုပရိသတ်ကြီးထက်များစွာအရေးပါသည်ဟု သူမထင်သည်။ သူမကိုတွေ့ ရန်အကြိမ်ကြိမ်တောင်းပန်ရာ နောက်ဆုံးတွင်သူမသည် အပေါ်ထပ်မှဆင်းလာသည်။
သူ့အတွက်သူမသည် မည်သည့်နေရာ၌ရှိသည်ကိုရှင်းပြသည်-“ငါတကယ်စိတ်မကောင်းပါဘူး၊ ဒါပေမဲ့၊ကျွန်တော်တို့နားလည်မှုပို၍ ရှိသင့်ပါသည်။ ငါသည်ပထမဦးဆုံးငါ့သခင်၏အစေခံကျွန်ဖြစ်သည်။ သူသည်
ပထမနေရာ၌ရှိရမည်။ သင်သည် ဒုတိယနေရာကိုယူလိုပါက ငါတို့သည်ပျော်ရွှင်စွာနေထိုင်အသက်ရှင်ကြမည်ဖြစ်သည်။ ငါ၏တာဝန်မှာ ကိုယ်တော်ကိုပထမနေရာ၌ထားဘို့ဖြစ်ပါသည်။
“နောက်ပိုင်းနှစ်များစွာတွင် ထိုအမှုတော်လုပ်ငန်းကြီးအဆုံးသတ်သောအခါ Spurgeon ၏ဇနီးက ထိုနေ့၌ သူမတခါမှမေ့၍မရသည့် သင်ခန်းစာကြီးတခုကိုရရှိခဲ့သည်။ သူမ၏ လင်ယောက်ျား၏အသက်တာ၌ ပထ မ နေရာကိုယူခဲ့သည့်လူတယောက်ရှိသည်ကို သူမ သိရှိခဲ့သည်။ သူမသည် ဒုတိယနေရာ၌ရှိသည်။ ထိုအရာသည်  အလွန်အဆင့်မြင့်သောအတန်းအစားတခုဖြစ် သည်မဟုတ်လား။ သို့သော် ထိုအရာမှာ သမ္မာကျမ်းစာ၏စံနှုန်းဖြစ်သည်။ ခရစ်တော်သည် ပထမနေရာကိုတောင်းဆိုသည်။
ဤအရာသည် မောရှေက လေဝိကိုပေးသည့်ကောင်းကြီးမင်္ဂလာ၏ဆိုလိုချက်ဖြစ်ဟန်ရှိသည်။ “ထိုသူသည် ကိုယ်မိဘဖြစ်သော်လည်း ငါမတွေ့မမြင်ဟုဆိုတတ်၏။ ကိုယ်ညီအစ်ကိုကိုလည်း မမှတ်တတ်။ ကိုယ်သားသမီးကိုလည်းမသိတတ်။ အကြောင်းမူကား၊ စကားတော်ကိုနားထောင်၍ ပဋိညာဉ်တရားတော်ကိုစောင့်ရှောက်တ တ်၏”(တရားဟောရာကျမ်း ၃၃း၉)။ အစ္စရေးလူတို့ သည်ရွှေနှင့်လုပ်သည့်နွားသငယ်ရုပ်ကိုကိုးကွယ်သော အခါ လေဝိ၏အမျိုးတို့သည်မိမိတို့၏ဆွေမျိုးသားချင်းတို့အားဖျက်ဆီးသောအားဖြင့် ဘုရားသခင်ဘက်၌ရှိကြသည် (ထွက် ၃၂း၂၆-၂၉)။
         ခရစ်တော်ကိုပထမနေရာ၌ထားသောသူသည် အကောင်းဆုံးသောလင်ယောက်ျားနှင့်ဖခင်ဖြစ်ကြသ ည်။ အပိုဒ်ငယ် ၂၆ သည် “မိမိအသက်ကိုပင်”ဟူသောစကားနှင့်အဆုံးသတ်သည်။ ကျွန်ုပ်အတွက် ဤအရာသည်ထိုကျမ်းပိုဒ်၏အခက်ခဲဆုံးသောအပိုင်းဖြစ်သည်။ ကျွန်ုပ်တို့သည်ခရစ်တော်ကို မိမိ၏အထက်၌ထာ းရမည်။ ပေါလုသည် ထိုနည်းအတိုင်းအတိအကျပြုခဲ့သည်။” သို့သော်လည်းဘုရားသခင်၏ကျေးဇူးတော်နှင့် ယှဉ်သောဧဝံဂေလိတရားကို သက်သေခံစေခြင်းငှါ သခင်ယေရှု၏လက်မှငါခံခဲ့ပြီးသောဓမ္မဆရာအမှုတည်းဟူသောငါဆောင်ရွက်ရသောအမှုကိုဝမ်းမြောက်ဟုပြောနိုင်သည်။စွာပြီးစီးစေမည်အကြောင်းကို ညှဉ်းဆဲခြင်းအမှုတစုံတခုကိုမျှ ငါသည်ပမာဏမပြု။ ကိုယ်အသက်ကိုနှမြောခြင်းမရှိ” (တမန် ၂၀း၂၄)ဟုပြောနိူင်သည္။
     ဗျာဒိတ် ၁၂:၁၁ ၌ ဘေးဒဏ်ကြီးကာလ၌ရှိသောသန့်ရှင်းသူများနှင့်ပတ်သက်၍ “အသေခံသည့်တိုင် အောင် ကိုယ့်အသက်ကိုမနှမြောကြ”ဟုရေးထားသည်။ ယော ၁၂း၂၄-၂၅ တွင် ကျွန်ုပ်တို့၏သခင်ဘုရားသည် ထိုအရာကို ရှင်းလင်းအောင်ပြောထားသည်။
“မြေ၌ကျသောစပါးစေ့သည် မပျက်လျှင်တခုတည်းနေ၏။ ပျက်လျှင်မူကား များစွာသောအသီးကိုသီးတ တ်၏။ မိမိအသက်ကိုနှမြောသောသူသည် အသက်ဆုံးလိမ့်မည်။ ဤလောက၌မိမိ၏အသက်ကိုမုန်းသောသူ
မည်သည်ကား ထာဝရအသက်ကိုစောင့်ရှောက်လျှက်ရှိ၏။
ကနဦးသာသနာပြုဆရာ T G. Ragland က ဤသို့ဆို၏–
ကျွန်ုပ်တို့သည်စပါးစေ့ကဲ့သို့မြေကြီးပေါ်သို့ကျ၍ ပျက်စီ းရန်ငြင်းပယ်လျှင်သော်၎င်း၊ ကောင်းသောအလာ းအလာများစွာကိုမစွန့်လွှတ်လျှင်သော်၎င်း၊ စရိုက်၊ ပစ္စည်းဥစ္စာနှင့်ကျန်းမာရေးတို့ကိုပါမစွန့်လွှတ်လျှင်
သေ ာ်၎င်း၊ ခရစ်တော်အတွက်အိမ်ထောင်မိသားစုကိုစွန့်လွှတ်၍ မိသားစုသံယောဇဉ်ကိုဖျက်ရန်အခေါ်ခံရသောအခါငြင်းပယ်လျှင်သော်၎င်း၊ကျွန်ုပ်တို့တယေ ာက်တည်းရှိကြမည်ဖြစ်သည်။ သို့သော် အသီးအပွင့်များ
စွာသီးရန်ဆန္ဒရှိကြပါက၊ စပါးစေ့ကဲ့သို့ပျက်စီးခြင်းအားဖြင့် ကျွန်ုပ်တို့၏မင်္ဂလာရှိသောသခင်ဘုရား ၏နေ ာက်သို့လိုက်ကြ၍အသီးများစွာသီးကြမည်ဖြစ်သည်။
အပိုဒ် ၂၇။ ” အကြင်သူသည်မိမိလက်ဝါးကပ်တိုင်ကိုထမ်း၍ငါ့နောက်သို့မလိုက်၊ ထိုသူသည်ငါ့တပည့်မဖြစ်နိုင်ရာ။” ဤနေရာ၌လက်ဝါးကပ်တိုင်မှာအဆစ်ရော င်၍ သုန်မှုန်သောလင်တယောက်ကိုမဆိုလိုပါ။အပယ် ခံခြင်း၊ အရှက်ကွဲခြင်း၊ ဝေဒနာခံစားခြင်း၊ အထီးကျန်ခြင်း၊ သစ္စာဖောက်ခံရခြင်း၊ ညှဉ်းဆဲစော်ကားခြင်း၊ စိတ်ပိုင်းဆိုင်ရာနာကျင်မှုဝေဒနာခံစားခြင်း၊ ခရစ်တော်အတွက်အသေခံခြင်းစသည့်လမ်းစဉ်ရွေးချယ်ခြင်းကိုဆိုလိုသည်။ သာသနာပြုမည့်လူတစ်ယောက်အား မိတ် ဆွေတစ်ယောက်က “မသွားနှင့်၊ သေလိမ့်မည်”ဟု
သတိပေးသောအခါ “ငါသေပြီးပြီ” ဟုပြန်ဖြေသည်။
U.S.ကမ်းခြေစောင့်တပ်၏သမိုင်းဝင်မှတ်တမ်းတခုတွင် CapeBatterne ဌာန၌တပ်စွဲသည့်တပ်ဖွဲ့ခေါင် းဆောင် ဗိုလ်ကြီးပတ်ဧသာရစ် (PatEtheridge) ၏ဇါတ်လမ်းပါရှိသည်။ ညတည၌ ပြင်းထန်သောဟာရီကိန်း
မုန်တိုင်းအကြား၊ ဆယ်မိုင်အဝေး၌သင်္ဘောတစ်စင်း ၏အန္တရာယ်အချက်ပြမီးတခုကိုလှမ်းမြင်ရာ၊ အ သ က်ကယ်လှေများသွားကြရန် အမိန့်ပေးသည်။အသက်ကယ်မည့်သူများထဲမှတယောက်သောသူက ” ဗိုလ်ကြီးပတ် ကျွန်ုပ်
တို့ထိုနေရာသို့ထွက်သွား၍ရသော်လည်း ပြန်လာ၍ရမည်မဟုတ်တော့ပါ”ကန့်ကွက်သည်။ “ရဲဘော်တို့ ၊ ငါတို့ပြန်လာရမှာမဟုတ်ဘူး” ဟူသောပြန်လည်ပြောကြ ားချက်မှာ သမိုင်းဝင်သည်။
သခင်ယေရှုသည်ကျွန်ုပ်တို့ချီတက်ရမည့် အမိန့်ကိုပေးပြီးပြီဖြစ်သည်။တကမ္ဘာလုံးတွင်ဧဝံဂေလိဟောပြောရမည်ဟု အမိန့်ထုတ်ပြီးဖြစ် သည်၊သူ၏စေတမန်များအား သက်တောင့်သက်သာရှိမည့်အချိန်များရရှိကြမည်ဟု ကတိမပေးပါ။ မိမိ၏တပ်စခန်းအိမ်သို့လုံခြုံစွာပြန်လာရမည့်အာမခံချက်ကိုသူ မပေးဘဲ “သွားပါ” ဟု မိန့်တော်မူ၏။
      အီတလီလူမျိုး မျိုးချစ်သူရဲကောင်းဂါရီဘာလ်ဒီ (Garibaldi)သည်ရောမ၌ရှိသောစိန့်ပီတာဘုရားကျော င်းကြီး၏လှေကား၌ရပ်ကာ၊ သူ့ပတ်ဝန်းကျင်၌စုဝေးလျက်ရှိသောလူတို့အား-
“သင်တို့ကိုအခကြေးငွေ၊ သို့မဟုတ် မစမှုတခုကိုမျှ ငါမပေးဘူး။ ဆာမွတ်ခြင်း၊ ရေငတ်ခြင်း၊ အတင်းချီတက်စေခြင်း၊ စစ်ပွဲနှင့်အသေခံခြင်းကိုသင်တို့အား ငါပေးသည်။ မိမိတိုင်းပြည်ကို နှုတ်ခမ်းဖျားနှင့်သာမချစ်ဘဲစိတ်နှလုံးနှင့်ချစ်သောသူကသာလျှင် ငါ့နောက်သို့လိုက်စေ”ဟုဆို ၏။
အန္တာတိတ်ဒေသကိုစူးစမ်းလေ့လာသောသူ ဆာအားနစ်ရှဲကလေတန်(Sir Earnest Shackleton) က လန် ဒန်သတင်းစာ၌ “လူတို့သည် အန္တရာယ်များသောခရီး၊ အအေးလွန်ကဲသောနေရာ၊ လပေါင်းများစွာအလင် းရောင်မရဘဲ မှောင်မဲသောနေရာ၊ အန္တရာယ်ထူပြော၍ အန္တရာယ်ကင်းရှင်းစွာပြန်လာဘို့မသေချာသောအရာကို ကြိုက်နှစ်သက်ကြသည်။ အောင်မြင်မှုကြောင့် ဂုဏ်ပြုခြင်း၊ အသိအမှတ်ပြုခြင်းကိုခံလိုကြသည်။” သူတို့အားလုံးသည်အသက်ရှင်လျက်ပြန်လာကြကာ၊ ဂုဏ်ပြုခြင်းနှင့်အသိအမှတ်ပြုခြင်းကိုခံကြသည်။
ကျွန်ုပ်တို့သည် အတ္တနှင့် မိမိကိုယ်ကိုဗဟိုပြုသည့်အသက်တာကိုသေစေသည့်အရာဖြစ်သော ဆင်းရဲဒုက္ခရောက်သည့်အခြေအနေများကို လိုလိုလားလား
လက်ခံသောအခါ၌ မိမိလက်ဝါးကပ်တိုင်ကိုထမ်းခြင်းဖြစ်သည်။ ဆင်းရဲဒုက္ခ၊အသက်တာ၏မှန်ကန်မှု၊ ဆင်းရဲဒုက္ခ၊ စုံစမ်းစစ်ဆေးခြင်းများခံရခြင်းသည်ခရစ်တော်နှင့် အတူလက်ဝါးကပ်တိုင်မှာရိုက်ထားခြင်းခံရသည့်အဆင့်သို့ ကျွန်ုပ်တို့ကိုပို့ဆောင်သည်။လက်ဝါ းကပ်တိုင်ကိုအကောင်းဘက်မှကြည့်၍၊ ၄င်းကိုထမ်းသောသူမှန်သမျှသည် ထိုသို့သောဝန်ကိုထမ်း၍ငှက်တကော င်၏တောင်ပံအလား ပေါ့ပါးသည်ကိုတွေ့ ရှိမည်ဖြစ်သည်။”
“တပည့်တော်ဖြစ်ခြင်းမှရရှိသည့်နာကျင်မှု၊ စွန့်လွှတ်မှုတို့ကိုရှောင်ရှားသည့်နည်းတို့ကို မကြာခဏတွေ့ ရှိခြင်းအတွက် ကျွန်ုပ်၏အပြစ်ကိုလွှတ်တော်မူပါဘုရား။ မည်သည့်အဖိုးအခကိုပေးပါရစေ၊ ကိုယ်တော်နှင့်အတူလျှောက်လှမ်းနိုင်ရန် ဤနေ့၌ခွန်အားပေးတော်မူပါ။ နာမတော်၌- အာမင်။ (Scripture Union၏နေ့စဉ်မှတ်စုများမှ)။
ခရစ်တော်သည်ဆင်းရဲ၏။ သူ၌အမာရွတ်များရှိ၏။ သူတပါးအတွက်သူအသက်ရှင်သည်။ သူသည်ပူဇော် သက္ကာအနေနှင့်အသေခံသည်။
အငယ် ၂၈-၃၂။ “သင်တို့တွင် တစ်ယောက်သောသူသည် တိုက်ကိုတည်မည်ဟု အကြံရှိလျှင် ထိုတိုက်ပြီးအောင်ငွေလောက်မည်၊ မလောက်မည်ကိုသိခြင်းငှါ၊ ရှေ့ဦးစွာထိုင်၍ ကုန်စရိတ်ကိုမချင့်တွက်ဘဲ နေမည်လော။ သို့မဟုတ် တိုက်မြစ်ကိုတည်၍တိုက်ကိုမပြီးနိုင်လျှင် သိမြင်သောသူအပေါင်းတို့က ဤသူသည် တည်စပြု၍အစမသတ်နိုင်ဟု ကဲ့ရဲ့ကြလိမ့်မည်။တနည်းကား၊ တစုံတစ်ယောက်သောရှင်ဘုရင်သည် အခြားသောရှင်ဘုရင်နှင့်စစ်ပြိုင်မည်ဟုအကြံရှိလျှင် လူနှစ်သောင်းနှင့်ချီလာသောရှင်ဘုရင်ကိုလူတစ်သောင်းနှင့်ခံနိုင်မည်၊ မခံနိုင်မည်ကို ရှေ့ဦးစွာထိုင်၍ မဆင်ခြင်ဘဲနေမည်လော။ မခံနိုင်သည်မှန်လျှင် အခြားသောရှင်ဘုရင်ဝေးသေးသောအခါ သံတမန်ကိုစေလွှတ်၍ စစ်ငြိမ်းမည်အကြောင်းတောင်းပန်တတ်သည်မဟုတ်လော။”
အစကောင်းရုံသာမလုံလောက်ပါ။ ကောင်းမွန်စွာပြီးစီးရန်အရေးကြီးပါသည်။ လူများစွာတို့သည်ဆန္ဒပြင်းပြကြသော်လည်း အနည်းငယ်သာလျှင်အောင်မြင်ကြသည်။ ကျွန်ုပ်တို့သည် ပေးရမည့်အဖိုးအခကို ရေတွက်ကြရန်လိုသည်။လောကီသားတို့သည် စိတ်နှစ်ခွရှိသောခရစ်ယာန်များကိုအထင်အမြင်သေးကြသည်။အ ဆောက်အဦးတခုသည်မပြီးစီးနိုင်ဘဲရှိသောအခါ လူတို့က ဆောက်သောသူအား မိုက်မဲသောသူဟုခေါ်ကြသည်။ တပည့်တော်၏အသက်တာမှာ အဆောက်
အဦးဆောက်လုပ်ခြင်းအစီအစဉ်တခုသာမဟုတ်ပါ။ စစ်တိုက်ခြင်းဖြစ်သည်။၄င်းသည် လုံးလုံးအပ်နှံခြင်း (သို့) ယုတ်ညံစွာအရှုံးပေးခြင်းဖြစ်သည်။
   အပိုဒ်ငယ် ၃၃။ “ထိုနည်းတူ သင်တို့တွင် အကြင်သူသည် မိမိ၌ရှိသမျှကို မစွန့်ဘဲနေ၏၊ ထိုသူသည် ငါ့တ ပည့်မဖြစ်နိုင်ရာ။” ရှိသမျှစွန့်သည် ဟုဆိုရာ၌မည်သို့ ဆို လိုပါသနည်း။ တစုံတယောက်သောသူကို မည်သူကမှနှုတ်တိုက်ချပေး၍မရပါ။ လူတယောက်စီအတွက် အ မျိုးမျိုးကွဲပြားခြားနားသည်။ လူတယောက်သည်ဘု ရားသခင်ရှေ့၌ရပ်၍ “လုကာ ၁၄း၃၃ သည်ကျွန်ုပ် ၏ အသက်တာအတွက် မည်သို့ဆိုလိုပါသနည်း”ဟု မေးရမည်။ ထို့နောက် ကိုယ်တော်သည်လုပ်ရမည့်အရာတို့ကို သူ၏လက်ညှိုးတော်နှင့်ပြပါလိမ့်မည်။
မောရှေသည်အရာခပ်သိမ်းတို့ကိုစွန့်ရာ၌စံနမူနာဖြစ်သည်။
အဲဂုတ္တု၏ထင်ရှားကျော်ကြားမှု (ဟေဗြဲ ၁၁း၂၄)
အဲဂုတ္တု၏ကာမဂုဏ်စည်းစိမ် (ဟေဗြဲ ၁၁း၂၅)
အဲဂုတ္တု၏စည်းစိမ်ဥစ္စာ (ဟေဗြဲ ၁၁း၂၆)
အဲဂုတ္တု၏နိုင်ငံရေး (ဟေဗြဲ ၁၁း၂၇)
အဲဂုတ္တု၏ဘာသာအယူဝါဒ (ဟေဗြဲ ၁၁း၂၈) စသည်တို့ကိုစွန့်လွှတ်သည်။
  အရာခပ်သိမ်းတို့ကို လွှတ်လိုသောစိတ်သည်မလုံ လောက်ပါ။ ကျွန်ုပ်တို့သည်အမှန်တကယ်လုပ်ရပါမည်။ “ကိုယ်တော်သည်ရှင်ဘုရင်ဖြစ်ပါက အရာခပ်သိမ်းလုပ်ပိုင်ခွင့်ရှိ၏”(Pilkington)။ ကျွန်ုပ်တို့သညကိုယ် တော်နောက်သို့မလိုက်ကြပါက၊ အရာခပ်သိမ်းတို့ကိုစွန့်လွှတ်သည်မှာမိုက်ရူးရဲဆန်သည်။လိုအပ်မှုအားလုံးကို ကိုယ်တော်ကတာဝန်ယူခြင်းဖြစ်သည်။ကိုယ်တော်က “ငါ့နောက်သို့လိုက်လော့” ဟု မိန့်တော်မူသောအခါ၊ ကျွန်ုပ်တို့၏လိုအပ်မှုအားလုံးကိုကိုယ်တော်ကတာဝန်ယူြခင်းြဖစ်သည္။
ကွန်မြူနစ်တို့သည်ရှိသမျှတို့ကိုစွန့်ကြသောကြောင့် ထိုအရာထူးဆန်းသည်ဟု ကျွန်ုပ်တို့မမှတ်ယူပါ။ အသင်းတော်သည် ရှိသမျှကိုစွန့်ကြမည်ဆိုပါကမည်သို့ဖြစ်လာမည်နည်း။ တကမ္ဘာလုံး၌ဧဝံဂေလိတရားပြန့်နှံ့သွားမည်ဖြစ်သည်။မည်သို့အလုပ်လုပ်မည်နည်း။ ခရစ်ယာန်တို့၏ဝေငှခြင်းအားဖြင့်ဖြစ်သည်။Ronald Sider သည်သူ၏စာအုပ် “Rich Christians in an Age of
GGHtunger” ၌ “ခရစ်ယာန်တို့၏လုံခြုံစိတ်ချမှုသည် တဦးတယောက်ချင်း၏ပစ္စည်းဥစ္စာပိုင်ဆိုင်မှုအပေါ်၌ အခြေမပြုဘဲ ဝိညာဉ်တော်၏အလိုတော်သို့လိုက်၍၊
အသစ်တွေ့ သောညီအစ်ကိုမောင်နှမများကိုမေတ္တာနှင့်ဂရုစိုက်ခြင်းအပေါ်၌အခြေပြုသည်။ ၄င်းကို ချစ်ခင်မျှဝေသောခရစ်ယာန်အသိုင်းအဝိုင်း” ဟု ခေါ်ဆို
ရေးသားသည်။
အပိုဒ်ငယ် ၃၄။ “ဆားမူကားကောင်း၏။သို့သော်လည်း အငန်ကင်းပျောက်လျှင် ငန်သောအရသာကိုအဘယ် သို့ ရပြန်မည်နည်း။” ကျွန်ုပ်တို့ထမင်းစားစားပွဲ၏ဆားသည်စင်ကြယ်၍၊ ၄င်း၏အငန်အရသာမပျောက်နိုင်ပါ။
သို့သော်လည်း သမ္မာကျမ်းစာအခြေခံရဒေသ၌ရှိသောဆားမှာ ထိုအချိန်၌မသန့်ရှင်း၊ မစင်ကြယ်ပါ။ထို့ကြေ ာင့် ဆားကျင်သောသူ၌ဆားရှိသော်လည်းအငန်အရသာမရှိသောဆားဖြစ်နိုင်သည်။
အပိုဒ် ၃၅။ “မြေတို့မကောင်း၊ အမှိုက်ပုံဘို့မကောင်း၊ ထိုဆားကိုပြင်သို့ ပစ်လိုက်တတ်၏။ နားရှိသောသူမည်သည်ကားကြားပါစေ။” မစင်`ကြယ်သောဆားသည်တန်ဘိုးမရှိပါ။ ၄င်းသည် မြေဩဇာအတွက်သော်၎င်း တစုံတရာအတွက်သော်၄င်းမကောင်းဘဲ၊ လမ်းခင်းရန်အတွက်သာဖြစ်သည်။ခရစ်ယာန်တပည့် တော်ဖြစ်ခြင်း၏အခြေခံမူများကိုမလိုက်နာသောအသက်တာမှာလည်း ထိုအတိုင်းပင်ဖြစ်သည်။
ရှစ်
ဘုရားသခင်နှင့် အပေးအယူမလုပ်ပါနှင့်
Don’t Bargain With God
မဿဲ ၂၀း၁-၁၆
ဤဥပမာစကားကိုပထမအကြိမ်ဖတ်သောသူသည် တရားမျှတခြင်းနှင့်ပတ်သက်၍ ကြီးမားသောမှားယွင်းချက်တခုရှိသည်ဟု ထင်မှတ်ခြင်းနှင့်ပတ် သ က်၍ ခွင့် လွှတ်၍ရနိုင်သည်။ သမ္မာကျမ်းစာ၌ပင်လျှင် မတရားသောအရာရှိသကဲ့သို့ဖြစ်သည်မှာ လူအများအံ့ဩကြသည်။ အဘယ့်ကြောင့်ဖြစ်သည်ကိုနားလည်ရန်အတွက် ထိုအကြောင်းအရာကိုပြန်၍ ကြည့်ကြပါစို့။
စပျစ်ဥယျာဉ်ပိုင်ရှင်သည်စပျစ်သီးခူးမည့်သူအချို့လိုအပ်သောကြောင့်နံနက်စောစောတွင်မြို့၏လမ်းမကြီးသို့သွား၍ (နံနက် ၆ နာရီဟုဆိုကြပါစို့) ဒေနာရိ
ထို့နေ့အတွက်လုပ်အားခဖြစ်သည်။တပြားအတွက် ထိုနေ့တွင်အလုပ်လုပ်ရန် လူအချို့နှင့်သဘောတူသည်။ ၄င်းသည်ထိုနေ့အတွက်လုပ်အားခ ြဖစ်သည္။
နံနက် ၉ နာရီတွင် အလုပ်ရှင်သည်အချို့သောသူတို့ကိုထပ်မံ၍ငှားရမ်း၊ သင့်တင့်သောအခငွေပေးမည်ဖြစ် ကြောင်းကိုပြောသည်။ နေ့လည်အချိန်နှင့်နေ့ခင်း ၃ နာရီတွင်လည်း စပျစ်ဥယျာဉ်ထဲသို့လူများကိုထပ်မံ၍ စေလွှတ်၍တော်လျော်စွာရကြမည်ဟု ကတိပေးသည်။ ညနေ ၅ နာရီ၌အပြင်ထွက်သောအခါ အလုပ်မရှိသောလူအချို့တို့ကိုတွေ့၍ တနေ့လုံးအလုပ်မလုပ်ဘဲအဘယ်ကြောင့်နေကြသည်ကိုမေးသည်။ သူတို့သည်ပျင်းရိသောသူများမဟုတ်ကြပါ။ဟု ကတိပေးသည်။
အလုပ်လုပ်ချင်ကြသော်လည်း သူတို့အားငှါးမည့်လူမရှိပါဟု ဆိုကြ၏။ ထို့ကြောင့်ထိုသူတို့ကိုစပျစ်ဥယျာဉ်ထဲသို့စေလွှတ်၍ တော်လျော်သောအခငွေကိုပေးမည်
ညနေ ၆ နာရီတွင် လုပ်ခပေးသောအခါ၌ တနေ့လုံးလုပ်ခငွေအပြည့်အဝကိုလူအားလုံးတို့အားပေးရမည်ဟု သူ၏မန်နေဂျာအားညွှန်ကြားသည်။ ထိုလူတို့ကိုလုပ်ခ ငွေပေးရာ၌ပြောင်းပြန်ပေးသည်။ နောက်ဆုံးငှါးရမ်းသည့်လူတို့အားပထမဆုံး လုပ်ခငွေပေးသည်။
ဆိုလိုသည်မှာ နံနက် ၆ နာရီသမားတို့သည် ညနေ ၅ နာရီသမားတို့နှင့်အခကြေးငွေအတူတူရရှိကြောင်းကိုမြင်သောအခါ သူတို့သည်မည်သို့တုန့်ပြန်ကြမည်ကို ကြိုတင်တွက်ဆ၍ရနိုင်သည်။ သူတို့က “ဟေ့၊ ဒါ မတရားဘူး။ ငါတို့ကနေပူထဲမှာ ဆယ့်နှစ်နာရီလုံးလုံးအလုပ်လုပ်ကြတယ်။ တနာရီသာအလုပ်လုပ်တဲ့ဒီလူတွေက ငါတို့နဲ့လုပ်ခငွေအတူတူရကြတယ်၊ ဒါကဘာအလုပ်မျိုးလဲမသိဘူး”ဟုဆိုကြ၏။
  ပွင့်ပွင့်လင်းလင်းပြောမည်ဆိုလျှင် မတရားသကဲ့သို့ဖြစ်သည်မဟုတ်လော။ရှင်းလင်းဖြေကြားချက်သည်အဘယ်နည်း။
ဤဥပမစကားကို ယခင်အခန်း၌ကျွန်ုပ်တို့တွေ့ ရသည့်ဥပမာစကား၏အဆက်ဖြစ်ပါသည်။ အပိုဒ်ငယ် – ၁ ၌ “အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် လူတယောက်နှင့်တူ၏. . . ” ဟု အစချီသည်ကိုသတိပြုပါ။
“အကြောင်းမူကား” ဟူသောစကားလုံးသည်အဆက် အစပ်ရှိသောစကားလုံးဖြစ်၍ အခန်းကြီးနှစ်ခန်းကိုဆက်ပေးပါသည်။ အမှန်စင်စစ်၌ ဤဥပမာသည်
“နောက် ကျသောသူအများတို့သည် အရင်ကျကြလိမ့် မည်။ အရင်ကျသောသူအများတို့သည် နောက်ကျကြလိမ့်မည်” ဟူသော အခန်းကြီး- ၁၉ ၏ နောက်ဆုံးအပိုဒ်ကိုရှင်းပြခြင်းတခုဖြစ်သည်။ ထိုဥပမာစကားသည်လည်း “နောက်ကျသောသူတို့သည် အရင်ကျကြလိမ့်မည်။ အရင်ကျသောသူတို့သည် နောက်ကျကြ
လိမ့်မည်” (၂၀း၁၆) ဟူသောစကားနှင့်ပင်အဆုံးသတ်သည်ကိုသတိပြုပါ။ယခုတွင်၊ ထာဝရအသက်ကိုအမွေ ခံရန်တစုံတခုလုပ်ချင်သော သူဌေးတယောက် ၏တွေ့ ဆုံသည့် အခန်း ၁၉း၁၆ သို့ပြန်သွားကြပါစို့။ ယေရှုသည် အချက်နှစ်ချက်အားဖြင့်သူ့ကိုစမ်းသပ်စစ် ဆေး သည်။ ပထမ- ဆရာသမားတစ်ယောက်အနေနှင့်
မဟုတ်ဘဲ၊ ဘုရားသခင်အနေနှင့်အသိအမှတ်ပြုရမည့်အခွင့်အရေးကို ထိုသူအားကိုယ်တော်ပေးသည်။ ဒုတိ ယအနေနှင့် အပြစ်ကိုဖေါ်ပြသည့်အရာတခုအဖြစ်
ပညတ်တရားကိုအသုံးပြုသည်။ ထိုလူသည် ထိုစ မ်းသပ်စစ်ဆေးချက်နှစ်ခုစလုံး၌မအောင်မြင်ဘဲ ဝမ်းနည်းစွာဖြင့်ပြန်သွားသည်။ ရှိရှိသမျှကိုစွန့်၍ ကိုယ်တော်
နောက်သို့လိုက်လိုသောဆန္ဒ သူ၌မရှိပါ။
         ထိုအရာကိုပြန်၍ သတိရကာ ပေတရုကသူနှင့်တပည့်တော်တို့သည် ထိုသူဌေးမလုပ်နိုင်သည့်အရာကိုပြုလုပ်ခဲ့ကြကြောင်း သခင်ဘုရားအားအသိပေ
သ ည်။ သူတို့သည်ရှိရှိသမျှကိုအမှန်တကယ်စွန့်၍ ကိုယ်တော်နောက်သို့လိုက်ကြပြီဖြစ်သည်။ ထို့နောက် “ကျွန်ုပ်တို့သည် ထိုအရာကြောင့် မည်သည့်အရာကိုရရှိ
ကြမည်နည်း”ဟူသောအရေးကြီးသည့်မေးခွန်းကို ပေတရု မေးသည်။
ဤဘဝ၌သာမက နောင်ဘဝ၌များပြားလှသည့်ဆုလာဒ်များကိုရရှိကြမည်ဟု သခင်ဘုရားကအာမခံသော် လည်း ဆက်လက်မိန့်တော်မူသည်မှ”ဘု ရားသခင်နှင့် အပေးအယူမလုပ်မိစေရန်သတိပြုကြပါ။ ဘုရားသခင်နှင့်အပေးအယူလုပ်ပါက သင်အပေးအ ယူလုပ်သည့်အရာကိုရရှိမည်ဖြစ်သော်လည်းဆုလာဒ်ပေးသော အ ခါ၌ သင်သည်နောက်ဆုံးလူဖြစ်ရမည်။ သင်၏အစေခံ
သောလုပ်ငန်း၌ ‘ငါ့အတွက်မည်သည့်အရာရှိမည်နည်း၊’ ဟုမမေးပါနှင့်။ ငါ့တာဝန်ထားပါ။ အမှန်အကန်ငါပြုပေးပါမည်။”
    ထို့နောက် သခင်ဘုရားသည် သူမိန့်တော်မူခဲ့သည့်အရာကိုရှင်းလင်းရန်အတွက် အလုပ်သမားများဥပမာကိုဆက်လက်ပြောပြသည်။ ပထမ၌ ငှါးရမ်းခြင်းကိုခံရသည့်အလုပ်သမားတို့သည် စပျစ်ဥယျာဉ်ပိုင်ရှင်နှင့်အ ပေးအယူလုပ်ကြသည်။ သူတို့သဘောတူခဲ့ကြသည့်အတိုင်း သူတို့ရရှိကြသည်။ ထို့ကြောင့် သူတို့သည် နော က်မှပေးချေရမည့်သူများဖြစ်ကြသည်။ အခြားသော သူအားလုံးတို့မှာလုပ်အားခနှင့်ပတ်သက်၍ သ ဘောတူညီမှုမရှိဘဲအလုပ်ရှင်၏တရားမျှတစွာပြုမူမှုကိုအားကိုး၍ လုပ်ငန်းခွင်သို့သွားကြသည်။ သူတို့သည်ထိုက်တန်သည်ထက်ပို၍ရကြသည်။
နံနက် ၆ နာရီမှစ၍အလုပ်လုပ်သောသူတို့က မတရားပြုခြင်းကိုခံရသည်ဟု အပြစ်တင်မြည်တမ်းကြသော အခါ၊ အလုပ်ရှင်က တရားမျှတမှုနှင့်ကျေးဇူးပြုခြင်း ၏ခြားနားမှုနှင့်ပတ်သက်သောသင်ခန်းစာကို သူတို့ထဲမှတယောက်အားပြောပြသည်။ သူတို့သည် တရက်အတွက်ဒေနာရိတပြားရရှိမည်ကို သဘောတူခဲ့ကြပြီး သူတို့ သဘောတူသည့် အတိုင်းအတိအကျရရှိခဲ့ကြပြီးဖြစ်သည်။ ၄င်းသည် တရားမျှတခြင်းဖြစ်သည်။ အခြားသောသူတို့သည်ထက်ပို၍ရရှိကြသည်။ ၄င်းသည် ကျေးဇူးတရားဖြစ်သည်။သခင်ကအမှန်အတိုင်းပြုမည်ဟု ယုံကြည်စိတ်ချကြရာ၊ ရထိုက်သောလုပ်အားခ
ထက်ပို၍ရရှိြကသည်။၎င်းသည်ကျေးဇူးတရားြဖစ်သည္။
     ကယ်တင်ခြင်းနှင့်အစေခံခြင်းနှစ်ခုစလုံး၌ ကျေးဇူးတရား (grace) သည်တရားမျှတခြင်း(justice)ထက်ပို၍ကောင်းသည်။ ကျွန်ုပ်တို့သည် တရားမျှတစွာရရှိမည်ဆိုပါက၊ ကယ်တင်ခြင်းမရဘဲ ကျွန်ုပ်တို့အားလုံးသည်ထာဝရကာလပျက်စီးကြမည်ဖြစ်သည်။ Mark Twain ပြောသကဲ့သို့ “ကုသိုလ်ကောင်းမှု
ကြောင့် ကောင်းကင်ဘုံသို့ရောက်မည်ဆိုပါက၊သင်၏ ခွေးသည်ကောင်းအောင်အာရောက်ပြီး၊ သင်သည် အပြင်မှာနေရမည်ဖြစ်သည်။” အခင်ဘုရား၏ အမှုတော်မြတ်ကိုထမ်းရွက်ရာ၌ တရားသည့်အတိုင်းရရှိကြမည်ဆိုပါက ကျွန်ုပ်တို့သည်အကျိုးမပေးနိုင်သောကျွန်များဖြစ်သောကြောင့် ကျွန်ုပ်တို့အားလုံးဆုံးရှုံးကြ
မည်ဖြစ်သည်။ ထိုအရာတို့၌ သခင်ဘုရားကို ကျွန်ုပ်တို့ယုံကြည်အားကိုးသောအခါကိုယ်တော်သည် ကျွန်ုပ်တို့ကြံစည်သည်တက်၎င်း၊ ကျွန်ုပ်တို့တောင်းသည်ထက်၎င်းပို၍များစွာပေးသည်ကို တွေ့ကြမည်ဖြစ်သည်။
ထိုအရာမှာ၊ သကြားလုံးချိုချဉ်ဆိုင်ကြီးသို့ ဖခင်ခေါ်သွားသည့်သမီးလေးနှင့်တူပါသည်။ သူကြိုက်နှစ်သက်သည့်ချိုချဉ်သကြားလုံးဘူးကြီးကိုလက်ညိုးတိုး
ပြ၍ တချို့ယူ၍ရမလားဟု ဖခင်အားမေးသည်။
“ရပါတယ်၊ သွား၍လက်တဆုပ်စာယူပါ” ဟု ဖခင်ပြောသည်။”အဖေပဲသွားပြီး လက်တဆုပ်စာယူပေးပါလား””ဘာဖြစ်လို့ ငါ့ကိုယူစေချင်သလဲ”
“အဖေရဲ့လက်က သမီးရဲ့လက်ထက်ပိုကြီးလို့ပါ။”
မှန်ပါသည်။ ဘုရားသခင်၏လက်တော်သည်ကျွန်ုပ်တို့၏လက်ထက်ပိုကြီးပါသည်။ မှန်သောအရာကိုကိုယ်တော်လုပ်မည်ဟူ၍သာ ယုံကြည်စိတ်ချပါ။
ကျွန်ုပ်တို့မျှော်လင့်သည်ထက် ကိုယ်တော်ပို၍များစွာပေးမည်ဖြစ်သည်။ ကျေးဇူးတရားကိုရွေးချယ်ပါ။
အလုပ်ရှင်၏ စေတနာနှင့် ရက်ရောစွာပေးကမ်းမှုကိုမှတ်သားသင့်သည်။” နောက်ဝင်သောသူတို့အားသင်နှင့်အညီအမျှပေးခြင်းငှါငါအလိုရှိ၏” (ငယ် ၁၄ခ)
ဟုဆို၏။ ဤသို့စဉ်းစားကြည့်ပါ။ ဤလူတို့သည်ပျင်းရိသောသူများမဟုတ်သည်ကိုသူသိသည်။ သူတို့သည်အလုပ်လုပ်လိုကြသော်လည်းမတွေ့နိုင်ကြသည်ကိုသူသိသည်။ သူတို့၌မိသားစုများရှိ၍ အစား အစာလိုအပ်သည်ကိုလည်းသိသည်။ ထို့ကြောင့် လုပ်သည့်နာရီအလိုက်သူတို့ကိုပေးသော်လည်း နောက်ဆုံးလူလေးမျိုးကိုမူ ဈေးဝယ်ရန်လုံလောက်မည့်အပိုငွေကိုပေးသည်။
သခင်ဘုရားသည်ထိုနည်းအတိုင်းဖြစ်၏။ သူသည်လိုအပ်သည့်အတိုင်းလိုချင်သည့်အတိုင်းမပေးပါ။ နံနက် ၆ နာရီသမားတို့သည်လိုအပ်မှုနှင့်မသွားဘဲလောဘနှင့်သွားကြသည်။ သူတို့သည်အခြားသောသူတို့က
မိသားစုအားကျွေးမွေးရန်လုံလောက်၊ မလုံလောက်သည်ကိုဂရုမစိုက်ကြပါ။ သူတို့ဂရုစိုက်သည့်တခုတည်းသောအရာမှာ မိမိကိုယ်ကိုသာလျှင်ဖြစ်သည်။ သူတို့အားဖြင့်ဂေါ်လီလုံးကစားနည်း၌အလွန်ကျွမ်းကျင်သောကလေး Ernest (အားနစ်)ပေးသော်လည်း
ကိုသတိရမိသည်။ သူသည်အိမ်နီးနားချင်းကလေးအားလုံးကိုအနိုင်ကစားနိုင်ပြီး၊ သူ၏ဆုများသည်စုံနီအိတ်တလုံးအပြည့်ရှိသည်။တရားဟောဆရာတယောက်သည် Emest ၏အိမ်သို့သွားလည်သော
အခါ သူ၏ရဲစွမ်းသတ္တိကိုသတိထားမိကာ – “မင်း ဂေါ်လီလုံးကစားရာ၌အမျှတကယ်တော်တယ်မဟုတ်လား”ဟု မေးရာ “ဟုတ်ကဲ့ ဆရာ၊ တော်ပါတယ်
“ဤကစားနည်းအတွက် ဆုတောင်းဘူးပါသလား၊ အးနဲ့၏။”
“ဟုတ်ကဲ့၊ ဆုတောင်းပါတယ်။ “
“ဘယ်လိုဆုတောင်းပါသလဲ။”
“အနိုင်ရဘို့တောင်းပါတယ်။”
ဟုဆို၏။
“သူငယ်ချင်းများကအနိုင်ရဖို့ဆုတောင်းပေးဘူးပါသလား။”
“ဆုမတောင်းဘူးပါဘူးဆရာ။
“ဘာဖြစ်လို့လဲ”
“ကျွန်တော်အနိုင်ယူချင်လို့ပါ။ ဂေါ်လီလုံးအားလုံးကို ကျွန်တော်ရချင်တယ်။”
“ထိုသူငယ်ချင်းတို့ကို သခင်ဘုရားအကြောင်းပြောဘူးပါသလား။””ဟုတ်ကဲ့ဆရာ၊ ပြောဘူးပါတယ်။ ဒါပေမယ့် သူတို့လုံးဝစိတ်ဝင်စားပုံမပေါ်ကြပါဘူး။”
“သူတို့ကိုငါအပြစ်တင်လို့မရဘူး၊ Emest။ သူတို့အားသင်ပြောပြသည့်သခင်ဘုရားသည် သင်အားဂေါ်လီလုံး အားလုံးရှိစေချင်ပြီး၊ သူတို့၌တလုံးမှမရှိစေချင်ပါ။ သူတို့သည် တခါတရံအနိုင်ယူကြဘို့ ဆုတောင်းပေးနိုငရန် ကြိုးစားပါ၊စစ်မှန်သောခရစ်ယာန်ဆိုသည်မှာ ထိုသို့ဖြစ်ပါသည်” ဟုဆို၏။
FE.Marsh က “များစွာသောကျွန်ုပ်တို့သည် လိုကလေးနှင့်တူကြပါသည်။ ကျွန်ုပ်တို့နိုင်သမျှကာလပတ်လုံး အဆင်ပြေပါသည်။ သို့ရာတွင် ရှုံးပါကစိတ်မကောင်းတော့ပါ။ ကျွန်ုပ်တို့သည်ခရစ်တော်အတွက်အသက်ရှင်ပြီးအလုပ်ခြင်းဖြစ်သည်ကိုသတိရကြရန်ဖြစ်သည်” ဟုထောက်ပြသည်။ကြိုးစားလုပ်နေကြပါက၊ ပထမဦးဆုံးသောအခြေခံမူမှာ မိမိ၏အလိုကိုငြင်းပယ်ကိုသတိရ ြကရန်”18ဟုထောက် ြ ပသည်။
ဥပမာကိုပြန်ဆင်ခြင်ကြပါစို့။ အလုပ်ရှင်က “ငါသည်ကိုယ့်ဥစ္စာကိုပြုလိုသမျှမပြုရာသလော” ဟုသူ၏အမှုကိစ္စအပေါ်ဖိဖိစီးစီးပြောသည်ကိုကြားရသည်။အဖြေမှာ “ဟုတ်ပါ၏” ဟူ၍သာဖြစ်သည်။ သူ၏ကိုယ်ပိုင်ငွေဖြစ်သည်။ လိုငွေနှင့်သူပြုလိုသောအရာမှန်သမျှကိုသူပြုနိုင်သည်။ ဤအရာက အချုပ်အခြာဂရုဏာရှင်ဘုရာ းသခင်၏အကြောင်းကို ကျွန်ုပ်တို့အားပြောခြင်းဖြစ်သည်။ သူပြုလိုသားအရာမှန်သမျှကို ကိုယ်တော်နိုင်သည်။ လူလိုသောရာသည်လည်းအစဉ်တရားသည်၊ မျှတသည်၊ သနားကြင်နာခြင်းနှင့်ပြု၍ကောင်းဖြစ်သည်။
ပြဿနာမှာ အလုပ်ရှင်ကပြဿနာမဟုတ်ဘဲ၊ နံနက် ၆ နာရီသမားများ၏ပြဿနာဖြစ်သည်။ ကိုယ်တော်သည်သဘောကောင်းသောကြောင့် သူတို့သည်မျက်မုန်းကျူးကြသည်ဟုကိုယ်တော်ဆို၏။ သူတို့သညကိုယ် တော်၏ကျေးဇူးပြုခြင်းကို ယုံကြည်လိုသောစိတ်မရှိကြဘဲ၊ အခြားသောသူတစုံတယောက်အားလည်း
မရစေလိုကြပါ။အချိန်သာကုန်သွားသော်လည်းပြော င်းလဲခြင်းမရှိပါ။ ကယ်တင်ခြင်းကိစ္စ၌ပင်လျှင် လူတို့သည်မထိုက်မတန်ဘဲရရှိသည့်ဘုရားသခ င်၏မျ က်နှာသာပေးခြင်းကိုမရလိုကြပါ။ အခြားသောသူများအပေါ် ကျေးဇူးပြုသည်ကိုလည်းမမြင်လိုကြပါ။
သူတို့သည်ကိုယ်တော်ကောင်းမြတ်ခြင်းကိုကျောခိုင်းကာ အခမဲ့ရသည်ထက် အဖိုးအခပေး၍ ရရှိရန်အချည်းနှီးပြုကြသည်။
“ထို့ကြောင့် နောက်ကျသောသူတို့သည်အရင်ကျကြလိမ့်မည်၊”” ကနဦးအသင်းတော်ကာလ၌အသက်ရှင်သောတပည့်တော်တို့သည် သခင်ဘုရားနှင့်အပေးအ ယူလုပ်သောစိတ်ထားကိုမွေးခဲ့ကြမည်ဆိုပါက ဆုလာဒ်ရရှိသောနေရာ၌နောက်ဆုံးဖြစ်ကောင်းဖြစ်ကြမည်ဖြ စ်သည်။ တဘက်တွင်၊ နောက်ဆုံးခေတ်ကာလ၌အသက်ရှင်သောသူတို့သည် ကိုယ်တော်နှင့် အပေးအယူလုပ်ရန်မကြိုးစားကြဘဲအစေခံကြမည်ဆိုပါက အရင်ကျသောသူများဖြစ်နိုင်ပါသည်။
ခရစ်တော်ကြွလာပြီးအနှစ်၂၀၀၀ အချိန်တွင်အသက်ရှင်သောကျွန်တော်တို့သည် အကောင်းဆုံးသောဆုလာဒ်အားလုံးကျန်ရှိတော့မည်မဟုတ်ဟု အလွယ်တကူစဉ် းစားတတ်ကြမည်ဖြစ်သည်။ ထိုသို့မဟုတ်ကြောင်းကို ဤဥပမာကသွန်သင်ပါသည်။ အထူးသ ဖြင့် ကျွန်ုပ်တို့သည်မိမိ၏အကျိုးအတွက်သခင်ဘုရား၏အမှုတော်ကိုဆောင်ရွက်ခြင်းမဟုတ်ပါကဖြစ်နိုင်ပါသည်။
နံနက် ၆ နာရီသမားတို့သည်အချိန်ကြာမြင့်စွာအလုပ်လုပ်သောကြောင့် ဆီလျော်သောအခငွေရသင့်သည်ဟု သင်ခံစားနေသေးပါက ဤနည်းနှင့်စဉ်းစားကြည့်ပါ။ သူတို့သည် ထိုသို့သောကြီးမြတ်သည့်သူဌေးအလုပ်ရှင်အတွက်အလုပ်လုပ်ရသောအခွင့်အတွက် ကျေးဇူးတင်သင့်သည်။ သူသည်မိမိ၏အကျိုးထက်သူ၏အလု ပ်သမားများအတွက်ပို၍စဉ်းစားပေးသည်။ ထိုသို့သောလူများများစားစားမရှိပါ။
ဤအရာသည်လည်းသူတော်ကောင်းယောင်ဆောင်မှုလည်းဖြစ်နိုင်ပါသည်။ယနေ့ဘုရားသခင်နှင့်အပေးအ ယူလုပ်ဘူးကြပါသလား။ သို့မဟုတ် ဤအရာသည်ပေတရု၏အသက်တာ၌ရှိသော အထီးကျန်သည့်သာဓကတခုလော။
အောက်ပါတို့ကိုစဉ်းစားပါ –
> ကိုယ်တော်နောက်သို့လိုက်ပါမည်၊ သို့သော် မင်္ဂလာဆောင်ပါရစေဦး၊
> ကိုယ်တော်သည် ကျွန်ုပ်၏အလုပ်ကို ဆက်လက်လုပ်ဆောင်ခွင့်ပေးပါက
ကျွန်ုပ်၏အသက်တာကို ကိုယ်တော်အားအပ်နှံပါမည်။
> သခင်၊ ကိုယ်တော်သည်ကျွန်ုပ်အားသာသနာပြုရန်မစေလွှတ်မချင်း
မည်သည့် အရာမဆို ကျွန်ုပ်လုပ်ပါမည်။
> အလုပ်မှအငြိမ်းစားယူသောအခါ၌ ကျွန်ုပ်၏အသက်ကိုလက်ခံပါ။ဤ “သို့သော်လည်း” နှင့် “အကယ်၍” အားလုံးတို့သည်ဘုရားသခင်နှင့်အပေးအယူလုပ်ခြင်းပုံစံများဖြစ်ကြသည်။ ၄င်းတို့ကို သတိထားရှောင်ကြဉ်ပါ။ သင်သည်ထိုနည်းအတိုင်းလိုက်ပါက ထိုထက်ပိုကောင်းသောအရာကိုဘုရားသခင်ကသင့်အတွက်ထားပေးသော်လည်း၊ သင်အပေးအယူလုပ်သည့်အရာကိုသာသင်ရရှိမည်ဖြစ်သည်။
  1. B. Meyer အောက်ပါအတိုင်း မှန်ကန်စွာပြောခဲ့သည်။
ကျွန်ုပ်တို့သည်မည်သည့်အရာကိုချန်မထားကြောင်း သိရှိရန်လိုသည်။ကိုယ့်အတွက်ချန်ထားသောအရာမရှိရပါ။ ဝိညာဉ်၊ စိတ်နှင့်ခန္ဓာကိုယ်တို့သည်ကြီးမြတ်သောစိုက်ပျိုးမွေးမြူရေးသမား၏လက်အောက်၌
အလိုအလျောက်ရှိရပါမည်။ ဘုရားသခင်၏ဘဏ္ဍာစိုးဖြစ်သောကျွန်ုပ်တို့သည် ကိုယ်တော်၏မှုမှ တဧကကိုမျှချန်မထားရပါ။ထွန်သွားနှင့်အပေးအယူမလုပ်ဘဲ၊ သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ဆောင်မှုမှတဧကမျှမချန်ထားရပါ။10
ကိုး
သင့်ငွေဖြင့် မိတ်ဆွေများရှာပါ။
Make Friends With Your Money
လုကာ ၁၆း၁-၁၅
အမှတ်တမဲ့ကြည့်ပါက ဤအရာသည်သမ္မာကျမ်းစာ၌မရှိသင့်သည့်ဇာတ်လမ်းတပုဒ်ကဲ့သို့ဖြစ်သည်။ ပြဿနာမှာ ထိုအရာသည်မရိုးသားမှုကိုချီးကျူးသကဲ့သို့ဖြစ်သ ည်။ ယုံကြည်သူများစွာတို့သည် သန့်ရှင်းမွန်မြတ်သောသမ္မာကျမ်းစာထဲ၌ ထိုအရာကိုထည့်သွင်းခြင်းအပေါ် စိတ်အနှောင့်အယှက်ဖြစ်ကြသည်။၄င်းကိုမဖတ်ကြပါက သူတို့၏အာရုံမှ၄င်းသည်ထွက်သွားလိမ့်မည်ဟု အချို့သောသူတို့ကမျှော်လင့်ကောင်းမျှော်လင့်ကြမည်ဖြစ်သည်။
သို့သော်လည်း စိုးရိမ်စရာမရှိပါ။ မှန်ကန်စွာနားလည်သောအခါ ၄င်း၏ဇာတ်လမ်းသည်အဓိပ္ပါယ်ကြွယ်ဝလှသည်။ ၄င်းသည် ကောက်ကျစ်ခြင်းကိုချီ းကျူးခြင်းမဟုတ်ပါ။ ဤကြိုမြင်တတ်သည့်မန်နေဂျာအပေါ် ကျွန်ုပ်တို့အကောင်းဘက်မှအတုယူရမည့်အရာတခုကို ၄င်းကသွန်သင်သည်။ ဇါတ်လမ်းကိုကြည့်ကြပါစို့။
မန်နေဂျာသည်သူ၏ငွေများကိုခိုးကြောင်း သူဋ္ဌေးကြားသောအခါမည်သို့တုန့်ပြန်မည်ကိုကြိုတင်ပြော ၍ရပါသည်။ ငွေအလွှဲသုံးစားပြုသောသူအပေါ်၌ အမျ က်ထွက်သော်လည်း သူထွက်မသွားမှီသူ၏ငွေစာရင်းအကုန်အစင်တင်ပြရန်တောင်းဆိုသည်။ အလုပ်ရှင်သည် မိမိ၏ဆုံးရှုံးနစ်နာမှုအတိုင်းအတာကိုသိလိုသည်မှာ သဘာဝဖြစ်သည်။
ဤအရာသည် သူခိုးအားတုန်လှုပ်စေပါသည်။ ယခုတွင် သူသည် ငွေရရှိနိုင်သည့်နည်းမရှိ၊ အနာဂတ်အတွက်လုံခြုံမှုလည်းမရှိပါ။ ကြမ်းတမ်းသောအလုပ်ကိုလုပ်ရန်မှာလည်း သူသည်အသက်အရွယ်ကြီးလှပြီဖြစ်သည်။ တောင်းစားရန်လည်းရှက်နေသည်။ မည်သို့ပြုရမည်နည်း။
ရုတ်တရက်ဉာဏ်အလင်းတခုကိုရသည်။ သူသည် အစဉ်အမြဲမိတ်ဆွေပျံရန်အတွက်စိတ်ချသည့်အရာတခုကိုပြုမည်။ သူ့အတွက်အစဉ်တံခါးဖွင့်ပေးသူ့ အားကြိုဆိုလျက် ကျွေးမွေးမည့်မိတ်ဆွေများရအောင်ပြုမည်။သူဌေး၏ဖေါက်သည်များအား တယောက်ပြီးတယောက်ခေါ်သည်။”သင်၌ အကြွေးမည်မျှရှိပါသနည်း”ဟု ပထမလူအား မေးသည်။”သံလွင်ဆီ အခွက် ၁ဝဝဝ လောက်အကြွေးတင်သည်” ဟုဆို၏။
“ကောင်းပြီ၊ သင်မည်သို့ပြုရမည်ကိုပြောပြမည်။ အခွက် ၅၀၀ ဘိုးပေးပါ” ဟုဆို၏။
ဒုတိယလူအား “သင်၌အကြွေးမည်မျှရှိပါသနည်း”ဟု မေးရာ၊”ဂျုံစပါးအတင်း ၁၀၀၀ ရှိပါသည်” ဟုဆို၏။
“သင်နှင့်အပေးအယူတ ပ်မည်။ အတင်းရှစ်ရာကိုပေးပါ ၊ အကုန်ပေးဆပ်ပြီဟု မှတ်ထားပေးမည်” ဟုဆို၏။
ထိုမန်နေဂျာသည်သူ၏ကောက်ကျစ်သောအကြံအ တိုင်းဆက်လက်လုပ်နေသေးသည်။ ထိုသို့သော အပေး အယူလုပ်ခွင့် သူ၌မရှိပါ။ ငွေသည် သူ၏အလုပ်ရှင်ပိုင်သောငွေဖြစ်ပြီး သူ၏ငွေမဟုတ်ပါ။ အပိုဒ်ငယ်- ၈ ၌ အလွန်ထူးဆန်းအံ့ဩဘွယ်ရာဖြစ်စေသောအရာမှာ ထိုအရာပင်ဖြစ်သည်။ “ထိုမတရားသောဘဏ္ဍာစိုးသည် လိမ္မာစွာပြုသည်ကို သခင်သည်ချီးမွမ်းလေ၏”” ဟု ၄င်းကဆို၏။ဤအချက်သည် မရိုးသားမှုကိုလျစ်လျူရှရုံသက်သက်မဟုတ်ဘဲ ချီးကျူးသကဲ့သို့ြဖစ်သည်။
ထိုအခက်အခဲကို ဖွင့်ပြသည့်အဓိကသော့ချက်နှစ်ခုရှိပါသည်။
သော့ချက် ၁။ ချီးကျူးခြင်းသည် မရိုးသားမှုကိုချီးကျူးခြင်းမဟုတ်ဘဲမတရားသောထိုဘဏ္ဍာစိုးသည်လိမ္မာစွာပြုသည်ကိုသခင်ချီးမွမ်းခြင်းဖြစ်သည်။သူ၏လိမ္မာစွာပြုသည့်နည်းမှာအနာဂတ် ၌မိတ်ဆွေရှိစေခြင်းငှါ စိတ်ချအောင်ပြုသောနည်းပင်ဖြစ်သည်။သော့ချက် ၂ ။ ခရစ်ယာန်၏အနာဂတ်မှာဤကမ္ဘာ၌မဟုတ်ဘဲ
ကောင်းကင်ဘုံ၌ဖြစ်သည်။ “လောကီသားတို့သည်မိမိတို့၏အမှုကိုဆောင်ရွက်ရာတွင်အလင်းသို့ရောက်သောသူတို့ထက်သာ၍လိမ္မာကြ၏။” တနည်းဆိုရသော်၊ မပြောင်းလဲသေးသောသူတို့သည် ယုံကြည်သောသူတို့ထက်ပို၍ ကြိုတင်မြင်တတ်ကြသည်ဟု ဆိုလိုသည်။ ထိုဥပမာ၌ရှိသောထိုလူနည်းတူ မယုံကြည်သောသူတို့ သည်အနာဂတ်၌ မိတ်ဆွေများရှိစေခြင်းငှါပြင်ဆင်ကြသည်။ မြေကြီး
ပေါ်၌ရှိသောသူတို့၏အနာဂတ်အတွက်ဖြစ်သည်။ ခရစ်ယာန်တို့သည်နောင်ဘဝကောင်းကင်ဘုံ၌မိတ်ဆွေရှိစေခြင်းငှါ ထိုသို့စိုးရိမ်ပူပန်မှုမရှိကြချေ။ယခုတွင် သခင်ယေရှုသည် ဤဥပမာကိုသူ၏တရားနာပရိသတ်များအားတိုက်ရိုက်ပြောတော့သည်။ “တဖန်သင်တို့အားငါဆိုသည်ကား၊ သင်တို့သည်စုတေ့သောအခါ အစဉ်အမြဲတည်သောဗိမာန်၌ သင်တို့ကိုလက္ခံလတ္တံ့ သောအဆွေရှိစေခြင်းငှါ၊ မမြဲသောလောကီစည်းစိမ်ကိုသုံးကြလော့” (ငယ် ၉)။ မဖြောင့်မတ်မတရားသောမာမွန်မှာ (unrighteous mammon) ငွေဖြစ်သည်။ ငွေတခုတည်းသည်ကောင်းလည်းမကောင်း၊ ဆိုးလည်းမဆိုးသော်လည်း ယေရှုသည် မတရားသောငွေဟုခေါ်ရခြင်းမှာ၊ ၄င်းသည်မရိုးသားမှုကိုမကြာခဏဖြစ်စေ၍ မတရားသောရည်မှန်းချက်အတွက်အသုံးပြုလေ့ရှိသေ ာကြောင့်ဖြစ်သည်။ သူကိုယ်တိုင်မှာလည်း မကြာမှီသော အချိန်၌ငွေအကျပ်သုံးဆယ်နှင့်ရောင်းစားအပ်နှံခြင်း
ကိုခံရတော့မည်ဖြစ်သည်။ ယနေ့၌ပင်လျှင် ကျွန်ုပ်တို့သည်ငွေကိုညစ်ညမ်းသောအရာအဖြစ်ပြောနေကြသည်။ ပေါလုက “ငွေကိုတပ်မက်ခြင်းသည်အပြစ်
ဒုစရိုက်မျိုးစုံ၏အရင်းအမြစ်ဖြစ်သည်” ဟု ကျွန်ုပ်တို့အားသတိပေးထားသည် (၁တိ ၆း၁၀)။
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ငွေနှင့်မိတ်ဆွေရအောင်ပြုနိုင်ပါသေးသည်။ဤအရာကိုမည်သို့ပြုနိုင်ကြမည်နည်း။ ဧဝံဂေလိပြန့်ပွါးရန်အသုံးပြုသောအားဖြင့်
ပြုနိုင်ကြသည်။ ကျမ်းစာထုတ်ဝေခြင်း၊ ကျမ်းပိုဒ်များကိုထုတ်ဝေခြင်း၌ပါဝင်ခြင်း၊သာသနာလုပ်ငန်းကိုထော က်ပံ့ခြင်းအားဖြင့်ပြုနိုင်ကြသည်။ တကမ္ဘာလုံးသို့
ဧဝံဂေလိအသံလွှင့်ခြင်းကို လှူဒါန်းပါဝင်ခြင်းအားဖြင့်ပြုနိုင်သည်။ အတိုချုပ်ဆိုရသော်၊ ဘုရားသခင်၏အမှုတော်မြတ်၌ရင်းနှီးမြုပ်နှံခြင်းအားဖြင့်ပါဝင်နိုင်သည်။ ဤနည်းအားဖြင့် ကယ်တင်ခြင်းရသောသူတို့သည်ထာဝရကာလအတွက်ကျွန်ုပ်တို့၏မိတ်ဆွေများဖြစ်လာကြသည်။
“သင်တို့သည်စုနေ့သောအခါ အစဉ်အမြဲတည်သောဗိမာန်တော်၌သင်တို့ကိုလက်ခံလတ္တံ့သော အဆွေရှိစေခြင်းငှါ. . . ။” ဤနေရာ၌ ကျမ်းပိုဒ်များခြားနားလျက်ရှိသည်။ တချို့က “သင်တို့သည်စုတေ့သောအခါ၊” အခြားသူတို့က”ထိုငွေကွယ်ပျောက်သောအခါ”ဟူ၍ ပြောကြသည်။ သို့ရာတွင် ထိုခြားနားမှုသည်အရေးမကြီးပါ။ အကြောင်းမှာ တပည့်တော်သည် သေလွန်သောအခါ သူ၏ငွေသည်လည်းသေသွားပြီဖြစ်သည်။ သူ့အတွက် အဖိုးမတန်တော့ချေ။ သူအသက်ရှင်နေစဉ်အသုံးပြုရမည်ဖြစ်ရာ၊ မသုံးပါက သုံး၍မရတော့ပါ။ သူသေသောအခါ၌သူမပိုင်တော့ပါ။
အစဥ္အ ြမဲရှိစေခြင်းငှါ ။” ဤနေရာ၌ “သူ”သည် သခင်ဘုရား၏အမှုတော်လုပ်ငန်း၌ ကျွန်ုပ်” အစဉ်အမြဲတည်သောဗိမာန်တော်၌ သင့်အား၏လက်ခံလတ္တံ့ သောသူတို့၏ငွေကိုအသုံးပြုသောအားဖြင့် ပြောင်းလဲသောသူများကိုဆိုလိုသည်။ အစဉ်အမြဲတည်သောဗိမာန်တော်ဆိုသည်မှာ ခမည်းတော်ဘုရား၏ အိမ်တော်၌ရှိသောအခန်းပေါင်းများစွာတို့ကိုဆိုလိုသည် (ယော ၁၄း၂)။ မတရားသောငွေနှင့်ကျွန်ုပ်တို့ရသောမိတ်ဆွေတို့သည် ဘုန်းကြီးသောတံခါးဝသို့ကျွန်ုပ်တို့ရောက်ရှိလာသောအခါ၌ ကြိုဆိုမည့် အဆွေများဖြစ်ကြသည်။ ထိုအရာသည် ဤမထင်ရှားသည့် ကဗျာလင်္ကာလေးတပုဒ်၏ဆန္ဒပြည့်ဝမှုဖြစ်သည်။
ကောင်းကင်အထက်အခန်းများ၌
ကယ်တင်ခြင်းရသူများ အကျွန်ုပ်နားမှာစုဝေးကြသော်
တစ်စုံတစ်ဦးထံမှ “အကျွန်ုပ်ကို ဤနေရာသို့ သင်ဖိတ်ခဲ့တာ”ချိုသာစကား ကြားချင်လှ၏။ (စာရေးသူမသိ)
ဤအရာအလုပ်ဖြစ်သည့်နည်းကို သရုပ်ဖေါ်ချက်တခုနှင့်ပြောပြပါရစေ။ဘုရားတရားကိုင်းရှိုင်းသည့်ခရစ် ယာန်တယောက်၏ အသက် (၈၀) ပြည့်မွေးနေ့
ရောက် လုနီးသောအခါ သူတကယ်ကြိုက်နှစ်သက်မည့်ပါတီပွဲတခုနှင့်လက်ဆောင်များကိုသားသမီးများက သူအံ့ဩစေခြင်းငှါ စီစဉ်ကြသည်။ သို့သော်၊ အဓိပ္ပါယ်ရှိ
မည့်လက်ဆောင်တခုဖြစ်ရန် မည်သည့်အရာကိုပေးရမည်ကိုမဆုံးဖြတ်နိုင်ကြပါ။အသက်ရှစ်ဆယ်ရှိသောလူတယောက်၌ မည်သည့်အရာလိုပါသနည်း။ နောက်ဆုံး
တွင်သူ့ထံသို့သွားကြကာ သူ၏မွေးနေ့တွင်မည်သည့်လက်ဆောင်ကိုကြိုက်နှစ်သက်ပါသနည်းဟုမေးကြ၏။ မိနစ်အနည်းငယ်ခန့်စဉ်းစားကာ “ယခင်၌တခါမှမရှိဘူးသေးသော ဘာသာစကားနှင့်ရေးထားသည့်ကျမ်းပိုဒ်တချို့ကိုြကည့်လိုသည်ဟုဆို၏။
သော်လည်း ပျော်စရာတခုဖြစ်သည်ဟုဆုံးဖြတ်ကြသည်။ ထိုကြောင့် သူတို့သည်
ထိုအရာသည် မိသားစုကစိတ်ထဲ၌တခါမှမစဉ်းစားဘူးသည့်အရာဖြစ်သမ္မာကျမ်းစာအသင်းတိုက်သို့သွားကြကာ သူတို့ဖခင်၏ထူးခြားသောတောင်းဆိုချက်ကိုပြောြကသည်။
ညွှန်ကြားရေးမှူးက “စိတ်ဝင်စားစရာကောင်းတယ်။ ရှင်ယောဟန်ခရစ်ပင်ကျမ်းကို အာဖရိကလူမျိုးတမျိုး၏ ဘာသာစကားနှင့်ပထမအကြိမ်ထုတ်ဝေရန်ကြည့်လိုပါသည်” ဟုဆို၏။ချက်ကိုပြောပြကြသည်။
ကျွန်တော်တို့ပြင်ဆင်နေကြပါတယ်” ဟုဆို၏။
သူတန်ဘိုးငွေမည်မျှပေးရမည်ကို မိသားစုများကမေးကြသောအခါ၊ ပထမ၌သူတို့သည်အံ့အားသင့်ကြသော် လည်း နောက်မဆုတ်ကြချေ။ သူတို့သည် စိတ်အား တက်ကြွစွာဖြင့်ငွေကိုစုကြကာ၊ သူတို့ဖခင်၏အနှစ် (၈၀) ပြည့်မွေးနေ့တွင်သမ္မာကျမ်းစာအသင်းအားပေးကြသည်။ ဖခင်ကြီးမှာအလွန်အားရကျေနပ်သည်။
၌မိမိကိုယ်ကိုထားကြည့်ကြပါစို့။ယခုတွင် ရှေ့လာမည့်အနှစ် ၁ဝဝတနေ့သောအခါ ဤဘုရားတရားကိုင်းရှိုင်းသည့်ခရစ်ယာန် (မအိုတော့ပါ) သည်ရွှေခင်းသောလမ်းပေါ်၌လျှောက်လာစဉ် ခရစ်တော်၌ညီအစ်ကိုတယောက်(ကောင်းကင်ဘုံ၌ လူစိမ်းဧည့်သည်မရှိပါ) ကိုတွေ့သည်။ သူတို့ ဤသို့အပြန်အလှန်စကားပြောကြသည်။
“ဤကောင်းကင်မြို့တော်သို့ ခင်ဗျားဘယ်လိုရောက်လ ာသလဲ။””ကျွန်တော်ပြောပြမယ်။ ကျွန်တော်အာဖရိကမှာနေထိုင်ပါတယ်။ ရုပ်တုကိုးကွယ်ခြင်း၌နစ်မြုပ်ခဲ့တယ်။ သို့ရာတွင် တစုံတယောက်သောသူက ကျွန်ုပ်တို့
စကားနှင့် ဘာသာပြန်ထားသည့်ရှင်ယောဟန်ခရစ်ဝင်ကျမ်းကို ကျွန်တော်နှင့်ကျွန်တော်၏လူများရရှိအောင်ပြုလုပ်ပေးတယ်။ ထိုခရစ်ဝင်ကျမ်းကျွန်ုပ်တို့ရွာ
သို့ရောက်ရှိလာသည့်နေ့ကို ကျွန်တော်တခါမှမေ့မှာမဟုတ်ပါ။ ကယ်တင်ရှင်၏ထူးဆန်းသည့်ချစ်ခြင်းမေတ္တာနှင့်ပတ်သက်သည့်အကြောင်းကို ကျွန်တော်ဖတ်သောအခါ၌ ကျွန်တော်ကိုးကွယ်သည့်ရုပ်တုတို့ကိုကျွန်တော်ဖျက်ဆီးပစ်ကျွန်ုပ်၏အပြစ်ကိုနောင်တရ၍
ယေရှုခရစ်တော်အားကောင်းကင်ဘုရောက်ရှိရန်အတွက်တခုတည်းသောမျှော်လင့်ချက်အဖြစ်လက်ခံခဲ့သည်” ဟုဆို၏။ အနှစ်ရှစ်ဆယ်မွေးနေ့လက်ဆောင်အားဖြင့် သခင်ဘုရားထံသို့ပို့ဆောင်ခြင်းကျေးဇူးတော်ခံစားသည့်ထိုလူကိုတွေ့သည့်ထိုသူ၏ဝမ်းမြောက်ခြင်းကို မည်သူပြောပြနိုင်မည်နည်း။ ဤစာကိုရေးသော အခါ၌ပင်လျှင် Wycliffe ကျမ်းစာဘာသာပြန်၏ စာတစောင်၌ “ဂါနာနိုင်ငံ၌ရှိသော ဘာသာစကားသုံးမျိုးနှင့်ဓမ္မသစ်ကျမ်းစာကိုထုတ်လုပ်ရန်အတွက် အသက် ၈၉ နှစ်ရှိစီးပွါးရေးသမားတယောက်ထံမှ ဒေါ်လာ ၈၃ဝဝဝ ကို ကျွန်တော်လက်ခံရရှိသည်။ သူ၏တူလေး
ပြောပြချက်အရ၊ ဤလူသည်မည်သည့်အစုရှယ်ယာ၊ မည်သည့်စာချုပ်စာတမ်းသူ့အားပေးအပ်ထားသည့်အရာကိုပေးလိုသည်။ တကမ္ဘာလုံး၌ဘုရားသခင်၏
နှုတ်ကပတ်တော်ကိုအမြန်ဝေမျှရန်လိုအပ်ကြောင်းကိုသူခံစားသည်” ဟုဆို၏။သို့မဟုတ်၊ အခြားသောပိုင်ဆိုင်ခွင့်တစုံတခုမျှမရှိသော်လည်း သခင်ဘုရားက
ဤလူသည်အိမ်တော်သို့ရောက်သောအခါ ကြိုဆိုခြင်းမည်မျှခံရမည်ကိုစဉ်းစားကြည့်ပါ။
   အပိုဒ်ငယ် ၁ဝ တွင်ကျွန်ုပ်တို့၏ငွေကြေးကိုင်တွယ်ပုံသည် အခြားသောကဏ္ဍများ၌လည်း သစ္စာရှိကြောင်းပြသည့်အတိုင်းအတာဖြစ်သည်ဟု သခင်ဘုရား
ကညွှန်ပြသည်။ သူသည် ငွေအကြောင်းကို “သေးငယ်သောအမှု” ဟုခေါ်သည်။ဤအရာသည် ယခုခေတ်လူများစဉ်းစားသည့်အရာနှင့်ဆန့်ကျင်ဘက်ဖြစ်သည်။
လူသည် ငွေကို “အကြီးဆုံးသောအရာ” ၌ထားသည်။ ကျွန်ုပ်တို့သည် ငွေကဲ့သို့်အရေးမကြီးသော အရာတခုကိုပြုလုပ်ရာ၌သစ္စာရှိကြမည်ဆိုပါက ဝိညာဉ်ရေးရာ
နှင့်ထာဝရတည်မြဲသောအရာတို့၌ သစ္စာရှိသည်ဟုမှတ်ခြင်းခံရမည်ဖြစ်သည်။ငွေ၌စိတ်မချရသည့် လူသည်စစ်မှန်သောစည်းစိမ်ဥစ္စာတို့၌ စိတ်ချရမည်မဟုတ်ပါ
(ငယ် ၁၁)။ ငွေနှင့်စစ်မှန်သောချမ်းသာကြွယ်ဝခြင်းကိုနှိုင်းယှဉ်ကာ၊ ဥစ္စာပစ္စည်းသည်လူတယောက်အားချမ်း သာကြွယ်ဝစေသည်ဟူသောယုံတမ်းစကား မှားယွင်း
ကြောင်း ကယ်တင်ရှင်ဖေါ်ပြသည်။ စစ်မှန်သောချမ်း သာကြွယ်ဝခြင်းဆိုသည်မှာခရစ်တော်၌ရှိသောကျွန်ုပ်တို့၏ ကောင်းကြီးမင်္ဂလာများဖြစ်သည့်တကမ္ဘာလုံး၌
ရှိသောဘုရားသခင်မိသားစု၏မိတ်ဿဟာယ၊ သခင် ဘုရား၏အစေခံရခြင်းအခွင့်၊ သမ္မာကျမ်းစာ၏ မြင့် မြတ်သောသမ္မာတရားစသောမင်္ဂလာများဖြစ်သည်။
         ” သူတပါး၏အမှု၌သင်တို့သည်သစ္စာမရှိလျှင်၊ အဘယ်သူသည်အပိုင်ပေးမည်နည်း” (ငယ် ၁၂)။ “သူတပါး၏အမှု” ဟူသောစကားသည် ကျွန်ုပ်တို့၏ငွေ
သည် အမှန်စင်စစ်၌ကျွန်ုပ်တို့၏ အပိုင်လုံးဝမဟုတ်ကြောင်းကို ကျွန်ုပ်တို့အားသတိရစေရန်ရည်ရွယ်သည်။ ထိုအရာသည် ဘုရားသခင်၏အပိုင်ဖြစ်၍ ကျွန်ုပ်တို့
သည်ဘဏ္ဍာစိုးများဖြစ်ကြကာ၊ ကိုယ်တော်အတွက်ထိုအရာတို့ကိုစီမံရန် တာဝန်ရှိသောသူများဖြစ်ကြသည်။ ကိုယ်တော်၏ငွေကိုအသုံးပြုရာ၌ လိမ္မာစွာသုံးသည်
ဟု ကျွန်ုပ်တို့အားစိတ်မချပါက၊ ကျွန်ုပ်တို့အားအပိုင် ပေးမည်ဟု ကိုယ်တော်အားမည်သို့မျှော်လင့်၍ရနိုင်မည်နည်း။ တနည်းဆိုရသော်၊ ကျွန်ုပ်တို့ဘဏ္ဍာစိုးလုပ်ခြင်းဖြင့် ရရှိမည့်မိတ်ဆွေများကိုအနာဂတ်အတွက် ကိုယ် တော်မည်သို့ပေးနိုင်မည်နည်း။ နှုတ်ကပတ်တော်မှနေ၍နက်နဲသောသမ္မာတရားတို့ကို ကိုယ်တော်သည်
အား မည်သို့ဆုလာဘ်ပေးနိုင်မည်နည်း။ကျွန်ုပ်တို့အားမည်သို့ပေးနိုင်မည်နည်း။ တရားစီရင်သောပလ္လင်တော်၌ကျွန်ုပ်တို့အားမည်သည့်ဆုလဒ်ကိုပေးနိူင်မည်နည်း။
ယေရှုသည်ခရစ်ဝင်ကျမ်း၌ ဘုရားသခင်အတွက်နှင့်ငွေအတွက် တချိန်တည်း၌အသက်ရှင်၍မဖြစ်နိုင်ပါဟု ဒု တိယအကြိမ်မိန့်တော်မူခဲ့သည်။ စိတ်ဝင်စာမှု၌ပဋိပက္ခဝင်ပြီး၊ သစ္စာစောင့်သိမှု၌လည်းတသမတ်တည်းမရှိနိုင်ပါ။ ကိုယ်တော်သည်အဆုံးသတ်ပြောသော်လည်း ခရစ် ယာန်တို့သည်ထိုသို့ပြုရန်ကြိုးစားနေကြသေးသည်။ ထူးဆန်းလှသည်။ ယေရှုသည်ငွေအပေါ်၌ အထင် အမြင်မကြီးသည်ကို ဖါရိရှဲတို့သည်ကြားကြသောအခါ ပြက်ရယ်ပြုကြသည်။ သူတို့ပို၍ သိသည်ဟုယူဆကြသည်။ သူတို့၏စည်းစိမ်းဥစ္စာသည် ဘုရားသခင်ကူညီစောင်မမှုသက်သေတခုအဖြစ်မြင်ကြသည်။ သူတို့ သည် ငွေကိုတပ်မက်ကြကာ ရနိုင်သလောက်လိုချင်
ကြသည်။ သူတို့သည် လောကီအရာ၌လိမ္မာကြသည်။ ထိုသူတို့သည်ဘာသာရေးကိုင်းရှိုင်းဟန်ဆောင်သောသူများဖြစ်ကြောင်း ယေရှုကထောက်ပြသည်။ သူတို့
သည်အခြားသောလူများရှေ့တွင် ဖြောင့်မတ်သောသူကဲ့သို့ဖြစ်ကြသော်လည်းအတွင်းဘက်၌မူ အကျင့်ပျက်ယိုယွင်းကြသည်။ သူတို့တန်ဘိုးထား၍ မြတ်နိုးသည့်ချမ်းသာခြင်းမှာ ဘုရားသခင်အတွက်ရွံရှာမုန်းတီးဘွယ်ရာဖြစ်သည်။ သူတို့သည်လောကရမ္မက်ကြီးသောဘာသာရေးသမားများဖြစ်ကြသော်လည်း ဝိညာဉ်ရေးရာ၌အလွန်ဆင်းရဲသောသူတောင်းစားများဖြစ်ကြသည်။ သူတို့သည်ထိုကောက်ကျစ်သည့်ဘဏ္ဍာစိုးကဲ့သို့သောနေရာ၌ရှိကြသည်။ အငယ်ဆုံးသောအရာ၌သစ္စာမရှိကြ၊ သူတပါး၏အမှု၌အားကိုး၍မရ၊ စစ်မှန်သောစည်းစိမ်ကိုရရှိရန်မထိုက်တန် ေကြပါ။
တစ်ဆယ်
မည်သူမျှ ဝန်ချတောင်းပန်ခြင်းမပြုသည့် အပြစ်
The Sin No One Confesses
တိမောတေ ၆း၆-၁၀။ ၁၇-၁၉
၁ တိမောတေ ၆း၃-၅တွင် ပေါလုသည်ခရစ်ယာန်သာ သနာလုပ်ငန်းကိုချမ်းသာကြွယ်ဝစေသည့်နည်းတခုအ ဖြစ်မြင်သည့် ခရစ်ယာန်ခေါင်းဆောင်အချို့အကြောင်းနှင့်ပတ်သက်၍ သတိပေးသည်။ ဤလူတို့က ဘုရားတရား၌မွေ့လျော်သည့်သူတို့၏အိတ်များကို ရွှေနှင့်ပြည့်စေရန်လွယ်ကူသောနည်းတခုဖြစ်သည်ဟုထင် မြင်ယူဆကြသည်။ အနုပညာပုံစံတခုအတွက်ငွေကောက်ခံပြီး၊ သိပ္ပံအတတ်တခုသို့သက်ရောက်စေသည့်ရေဒီယိုနှင့်တီဗွီစတားများတည်းဟူသော ၄င်းတို့၏သ ားစဉ်မြေးဆက်တို့သည် ကျွန်ုပ်တို့နှင့်အတူရှိနေသေးသည်။ လိမ္မာပါးနပ်သောစိတ်ပိုင်းဆိုင်ရာလှည့် ကွက်ကိုအသုံးပြုသောအားဖြင့် စိတ်တိမ်းညွှတ်လွယ်သောခ ရစ်ယာန်တို့၏နက်နဲသောစိတ်ခံစားမှုအပေါ် ၌ကစားကြသည်။ သူတို့၏ကျယ်ပြန့်သောအင်ပါယာကိုချဲ့ထွင်ရန်အတွက် စီမံကိန်းအသစ်တချို့ အစဉ်ရှိကြသည်။
သူတို့သည်အဆင့်မြင့်သောအိမ်များ၌နေထိုင်ကြသည်။ သူတို့သည်အဖိုးတန်သောအဝတ်အစားများနှင့်ကျော က်သံပတ္တမြားတို့ကိုဝတ်ဆင်ကြကာ၊ စိတ်ဆွဲဆောင်မှု
ရှိစေသည့်ပြကွက်များကိုပြသကြသည်။ ဤအရာအား လုံးတို့သည် နာဇရက်မြို့မှငွေကြေးမရှိသောမိတ်ဆွေကြီး၏နာမ၌ပြုကြသည်။
တမန်တော်ကြီးသည်တိမောသေအား ဤဘာသာရေးသမားတို့၏လေ့ကျင့်သောအရာများမှဝေးဝေးနေရန်သတိပေးသည်။ ဘုရားဝတ်၌မွေ့လျော်ခြင်းနှင့်ရောင့်ရဲကျေနပ်မှုကိုတွဲဖက်ခြင်းသည် စံနှုန်းဖြစ်သည်။ ရောင်ရမှုရှိကာ အကျင့်စာရိတ္တကောင်းမွန်၍လိုချင်တောင့်တမှုနည်းသည့်ဘုရားဝတ်၌မွေ့လျော်သောသူသည် ငွေကမဝယ်နိုင်သောအရာတခုသူ၌ရှိသည်။
သူ၏ဘဝ၌အပျော်ဆုံးသောအချိန်မှာ
      Malcolm Muggeridge oအခန်းကျဉ်းလေးတခု၊ စားပွဲတလုံး၊ ကုလားထိုင်တလုံး၊ ဖက်ရွက်ပေါ်၌ထမင်း
အနည်းငယ်စသည်တို့ဖြင့် ရိုးစင်းစွာနေထိုင်ရသည့်အ ချိန်ဖြစ်သည်ဟု သက်သေခံသည်။ ဤအရာတို့သည် သူတို့အားဝမ်းမြောက်ပီတိဖြစ်စေသည်။
ကမ္ဘာကြီး၌ကျွန်ုပ်တို့သည်တစုံတခုကိုမျှ ယူမလာကြပါ၊ ထိုနည်းအတူ မည်သည့်အရာကိုမျှယူ၍ထွက်သွားကြမည်မဟုတ်သည်မှာလည်းသေချာသည်။အသစ်မွေးလာသည့်ကလေးတို့သည်လက်ကိုဆုပ်ထားကြသော် လည်း မည်သည့်အရာကိုမျှကိုင်မထားကြပါ။ သူသည်နောင်တချိန်၌သေလွန်သောအခါ သူ၏လက်တို့ကိုဖြန့်ထားသော်လည်း မည်သည့်အရာမျှမရှိပါ။ မဟာအလ က်ဇန္ဒားကသူသေသောအခါတွင် သူ၏လက်တို့၌မည်သည့်အရာမျှမရှိကြောင်းကိုမြင်နိုင်အောင်ထားရမည်ဟု မိန့်မှာထားခဲ့သည်။ သူသည်တကမ္ဘာလုံးကိုအော င်မြင်သိမ်းပိုက်သော်လည်း လက်ချည်းဗလာနှင့်ကွယ် လွန်ခဲ့သည်။
ဒေါက်တာ James Dobson က သူ၏မိသားစုနှင့်အားကစားတခုကစားခြင်းအားဖြင့် ဤသင်ခန်းစာကိုသင်ယူသိရှိသည်။
 “ရှယ်လီနှင့်ကျွန်တော်တို့သည် ၁၉၆၀ ခုနှစ်တွင်လက် ထပ်ကြကာ၊ ကျွန်ုပ်တို့၌မည်သည့်ဘဏ္ဍာငွေကိုမျှမရှိကြသောကြောင့် ဘဏ္ဍာရေးနှင့်ဆိုင်သောပြဿနာမရှိခဲ့ကြပါ။ ထိုအချိန်မှစ၍ သခင်ဘုရားသည်ကျွန်ုပ်တို့ကို
ကောင်းကြီးပေးရာ၊အိမ်၊ကားနှင့်အခြားသောအရာများတည်းဟူသောပျော်ရွှင်စရာဟုလောကီသားများကထင်မှတ်သောအရာများကိုအနည်းအကျဉ်းမြည်းစမ်းကြသည်။သို့သော်လည်းပျော်ရွှင်ခြင်းကိုရုပ်ဝတ္ထုပိုင်းဆိုင်ရာ၌မရှိကြောင်းကိုကျွန်တော်ပို၍ပို၍သိရှိလာရသည်။ရုပ်ဝတ္ထုကိုဦးစားပေးသောဝါဒသည်အချည်းနှီးသာဖြစ်ကြောင်းသခင်ဘုရားကသွန်သင်ခဲ့သည်။မကြာမီအချိန်ကကျွန်တော်၏မိသားစုသည်Mono po ly (မိုနိပိုလီ)ကစားကြသည်။ဆယ့်ငါးနှစ်အတွင်းကျွန်တော်ပထမဦးဆုံးကစားခြင်းဖြစ်သည်။
   မကြာမှီအတွင်းတွင် ယခင်ကရှိနေခဲ့သောစိတ်လှုပ်ရှ ားမှုနှင့်ကြိုးစားအားထုတ်လိုမှုတခုပြန်ပေါ်လာသည်။ အထူးသဖြင့်ကျွန်တော်နိုင်သောအခါ၌ပေါ်လာသည်။ အရာရာတို့သည်ကျွန်တော်ဘက်မှနေ၍အနိုင်ရသောသူဖြစ်လာသည်။ ကျွန်တော်သည်ပန်းခြံကိုပိုင်ဆိုင်၍ နေရာတကာ၌အိမ်များနှင့်ဟိုတယ်များကိုလည်းပိုင် ဆိုင်သည်။ ကျွန်တော်၏
မိသားစုမှာစိတ်မချမ်းမသာဖြစ်ကြသည်။ ကျွန်တော်သည် ဒေါ်လာ၅ဝဝအောက်၌၄င်းထည့်ထားသည်။ ကစားပွဲသည် ရုတ်တရက်ပြီးသွားသည်ငွေလွှဲလက်မှတ်ကို ကျွန်တော်၏အိတ်ထဲ၌၄င်း၊ ပျဉ်ပြားအောက်၌၄င်း၊ ထိုင်ခုံကျွန်တော်အနိုင်ရပြီ။ ရှယ်လီနှင့်ကလေးတို့သည်အိပ်ယာဝင်သွားကြပြီး ကျွန်တော်သည်ပစ္စည်းများကိုဘူးထဲသို့ပြန်ထည့်သည်။ ထိုအချိန်၌စိတ်ထဲတွင်ဟာတာ တာတခုခံစားရသည်။ စောစောပိုင်း၌ ကျွန်တော်ခံစားခဲ့သည့်စိတ်လှုပ်ရှားမှုမျိုးမရှိတော့ပါ။ ကျွန်တော်အနိုင်ရခဲ့သည့်သူများထက်ကျွန်တော်ပို၍မပိုင်ဆိုင်ပါ။ အားလုံးတို့သည်ဘူးထဲသို့ရောက်သွားကြပြီဖြစ်သည်။
   မိုနိပိုလီကစားခြင်းအားဖြင့် သင်ခန်းစာတခုသင်ယူရန်ရှိကြောင်း သခင်ဘုရားကကျွန်ုပ်ကိုပြသသည်။ ကျွန်ုပ်သည်အသက်တာနှင့် ဆိုင်သောကစားပွဲကိုလည်း သက်သေခံခြင်းဖြစ်ကြောင်းသတိပြုသည်။ ကျွန်ုပ်တို့ သည်ရုန်းကန်လျက်စုဆောင်းကြသည်။ဝယ်ယူ၍ ပိုင် ဆိုင်ကြကာ၊ ထပ်၍ရှာကြသည်။ ရုတ်တရက်ဘဝအ သက်တာ၏အဆုံးသို့ရောက်လာကြကာအရာရာတို့ကဘူးထဲသို့ ပြန်၍ထည့်ရန်ဖြစ်လာသည်။ တပြားကိုမျှကျွန်ုပ်တို့ယူသွား၍မရပါ။ အရိပ်လွှမ်းမိုးသောချိုင့်ကိုဖြတ်ရာ၌ကျွန်ုပ်တို့နှင့်အဖော်ပြုမည့်ယာဉ်တစီးမှမရှိချေ။ သမ္မာကျမ်းစာက “စည်းစိမ်ရှိသော်လည်း၊ စည်း
ကျွန်တော်နားလည်ရ၏။စိမ်၌အသက်မတည်” (လုကာ
၁၂း၁၅)” ဟူ၍ပြောသောအချက်ကို ယခုကျနော်နားလည်ရသည်။
  အချို့သောတိုင်းပြည်များတွင် ဗူးသီးထဲ၌ဆန်ထည့်၍ မျောက်၏မည်သည့်အရာမျှမပါသောလက်ဆန့်ရုံသာအပေါက်ဖေါက်ခြင်းဖြင့် မျောက်များကိုထောင် ချောက်ထောင်လေ့ရှိကြသည်။ သူသည် ဘူးသီးအထဲကိုနှိုက်ကာ ဆန်ကိုလက်တဆုပ်စာဆုပ်ယူသောအခါ၌ သူ၏ လက်ကိုပြန်၍ နှုတ်ယူမရသော်လည်းသည်။ သူ၏ လောဘကြောင့် ထောင်ခြောက်မိသည်။ထိုဆန်ကိုလွှတ်မည်မဟုတ်ပါ။ လွှတ်မည်မဟုတ်သောကြောင့် ထောင်ခြောက်မိသည်။သူ၏လောဘကြောင့်ထောင်   ခြောက်မိသည်။
စောစောပိုင်း၌ပေါလူသည် ရောင့်ရဲကျေနပ်ခြင်းအကြေင်းကိုပြောခဲ့သည်။ယခုအပိုဒ်ငယ်- ၈ တွင်ရှိသော စားရန်၊ ဝတ်ရန်ရှိသမျှနှင့်ရောင့်ရဲတင်းတိမ်ခြင်းဖြစ်သည်ဟု ရှင်းပြသည်။ ” အုပ်ခြင်း” (covering) ဟူ၍ အ သုံးပြုသောစကားလုံးတို့၏အိမ်မိုးကိုဆိုလိုခြင်းလည်းဖြစ်နိုင်သည်။ ထို့ကြောင့် အသက်တာ၏အခြေခံလို အပ်ချက်များကို ၄င်းကဆိုလိုသည်။ ဤကျမ်းပိုဒ်နှင့်ကျွန်ုပ်တို့အလွန်ရင်းနှီးနေကြသော်လည်း ၄င်းသည်မည်မျှအခြေခံကျသည်ကို ကျွန်ုပ်တို့နားမလည်ကြချေ။ အစားအစာ၊ အဝတ်အထည်၊ နေစရာအိမ်နှင့်ကျေနပ်သည့်ယုံကြည်သူအနည်းငယ်ကိုကျွန်ုပ်တို့သတိရနေမည်ဆိုပါက၊ ၄င်းကအထောက်အကူပြုကောင်းပြုသွားမည်ဖြစ်သည်။ ခရစ်ယာန်အများစုအတွက်ထိုကျမ်းပိုဒ်သည်သမ္မာကျမ်းစာ၌မရှိသကဲ့သို့ဖြစ်သည်။
  အပိုဒ်ငယ်- ၉ ၌တမန်တော်ကြီးသည်ချမ်းသာကြွယ်ဝလိုသောသူတို့အကြောင်းကိုဆက်လက်၍ပြောပြသည်။ ဤနေရာ၌ တပ်မက်ခြင်းရှိသည့်ချမ်းသာသောသူနှင့်ဆင်းရဲသောသူများပါရှိသည်။ တပ်မက်ခြင်းဆိုသည်မှာ ပို၍ရရှိရန်အတွက်လောဘနှင့်အတင်းပြုခြင်း၊ ဘုရာ းသခင်အလိုတော်မရှိသော်လည်း ၄င်းကိုရရှိရန်စိတ်ရည်သန်ခြင်းကိုဆိုလိုသည်။ တပ်မက်သောသူသည် တစုံတခုကိုမရရှိပါက သို့မဟုတ် အနည်းဆုံး၄င်း၏ အစိ တ်အပိုင်းတခုကိုမရရှိပါက မပျော်ရွှင်နိုင်ပါ။
ဤအပြစ်သည် ကာမရာဂနှင့်ဆိုင်သောအပြစ်ဖြစ်နိုင်ပါသည် (“သင်၏အိမ်နီးနားချင်း၏ဇနီးကိုသင်သည်မတပ်မက်ရ”) သို့မဟုတ် ၁တိ၊ ၆ ၌ကဲ့သို့၄င်းသည် ရုပ်ဝ တ္ထုပစ္စည်းဖြစ်နိုင်ပါသည်။ ထိုအရာနှစ်ခုတို့မှာ ရုပ်တုကိုးကွယ်ခြင်းဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ၄င်းသည်ဖန်ဆင်းရှင်ထက်ဖန်ဆင်းသောအရာတို့ကိုကိုးကွယ်၍ အစေခံသောကြောင့်ဖြစ်သည်။
         ပြဿနာမှာ၊ ကျွန်ုပ်တို့သည်ဤအပြစ်ကိုယူ၍ ခရစ်ယာန်ဗတ္တိဇံနှင့်အတူရေထဲ၌နှစ်ကြခြင်းပင်ဖြစ် သည်။ ကျွန်ုပ်တို့သည်ထိုအရာကိုမြော်မြင်တတ်ခြင်း၊
နားလည်သိရှိတတ်ခြင်း၊ ဘဏ္ဍာရေးရာတာဝန်၊ ချွေ တာခြင်းနှင့်ကြိုတင်သိမြင်ခြင်းဟုခေါ်ကြကာ၊ ခရစ် ယာန်၏ဂုဏ်အသရေအဖြစ်သမုတ်ကြသည်။ “ထိုလူသည်မည်မျှတန်ဘိုးရှိသနည်း” ဟုကျွန်ုပ်တို့မေးသောအ ခါ၊ “သူ၌ငွေမည်မျှရှိပါသနည်း”ဟုဆိုလိုခြင်းဖြစ်သည်။ “လောက၌ ရတတ်ခြင်းမှာ” ရုပ်ဝတ္ထုပစ္စည်းတို့ကိုစုထား
ခြင်းကိုဆိုလိုသည်။ ကျွန်ုပ်တို့သည်တပ်မက်သောလူတို့အား “လူ့ အဆီအနှစ်မလိုင်များ” နှင့် “အထက်တန်းစားမျက်နှာဖုံးများ” ဟုခေါ်ကြသည်။ တပ်မက်ခြင်းသည်
ယေရှုအားငွေဒင်္ဂါးပြား ၃၀ နှင့်ရောင်းစားသည်ဟု တစုံတယောက်သောသူကထောက်ပြသည်။ ယေရှုအားလက်ဝါးကပ်တိုင်သို့ရောင်းစားပြီးနောက် နာမည်ခံ
အသင်းတော်သည်လက်ဝါးကပ်တိုင်ကိုပင်ရောင်းစားကြသည်။ ထို့နောက်ငရဲငယ်မှလွတ်မြောက်မည်ဟု က တိပေးသောလက်မှတ်အားဖြင့်ကောင်းကင်သိုသွားရာ လမ်းကိုရောင်းကြသည်။
တပ်မက်ခြင်းသည် ကျွန်ုပ်တို့ဖြစ်တည်ရခြင်း၏အမှန်တကယ်ရည်ရွယ်ချက်ကိုငြင်းပယ်သည်။ ကျွန်ုပ်တို့ သည် ငွေရှာခြင်း သို့မဟုတ် ကာမဂုဏ်ခံစားခြင်းထက်ပို၍ကြီးမားသောအလုပ်အတွက် ဤနေရာ၌ရှိကြသည်ကိုတွေ့ကြသည်။ကျွန်ုပ်တို့၏ငွေကိုအကောင်းဆုံးအသုံးပြုရာ၌ ဝိညာဉ်ရေးရာအတွက်အသုံးပြုခြင်းဖြစ် ကြောင်းကိုမေ့ကြသည်။ ၄င်းသည် လိမ်လည်လှည့်ဖြားမှုတခုဖြစ်သည်J. H. Jowett ကဤသို့ဆို၏
ချမ်းသာကြွယ်ဝခြင်းကပို၍ ကြီးမြတ်စေသည်ဟု လူတယောက်အားထင်မှတ်စေနိုင်သည်။သူ၏အရွ ယ်အစားကို သူ ၏ကျေးဇူးပြုတတ်ခြင်းနှင့်မတိုင်းဘဲ သူ ၏ဝင်ငွေနှင့်တိုင်းသည်။ ဝင်ပေါက်သည်ကျယ်လာသောအခါထွ က်ပေါက်သည်ကျုံ့သွားသည်။
၄င်းသည် ဆင်ခြင်တုံ တ ရားနှင့်ဆိုင်သည်။ ကျွန်ုပ်တို့မကြိုက်မ နှစ်သက်သည့်လူများစိတ်ဝင်စားစေရန်အ တွက် ကျွန်ုပ်တို့မလိုအပ်သည့်အရာများကိုရရှိရန် ကျွန် တော်တို့ကြိုးစားရုန်းကန်ကြသည်။ ဧဝံဂေလိတရားကြော်ငြာရာ၌အသုံးပြုနိုင်သည့်ငွေကိုသိုမှီးခြင်းအား ဖြင့် တက မ္ဘာလုံးဧဝံဂေလိလုပ်ငန်းအတွက်ဘုရား သ ခင် ၏ အ စီအစဉ်ကိုပျက်ပြားစေသည်။
      ၄င်းသည် လူတယောက်အားအသင်းတော်ခေါင်း ဆောင်အဖြစ် မသင့်တော်သောသူဖြစ်စေသည်။ သင်း အုပ်ဆရာသည် “ငွေကိုတပ်မက်သောသူမဖြစ်စေရ” (၁ တိ ၃း၃)၊ သို့သော် ထိုထက်ပို၍ဆိုးသည်မှာ ၄င်းသည်လူတယောက်ဘုရားသခင်၏နိုင်ငံတော်ထဲ၌မဝင်အောင် ပိတ်ပင်တားဆီးသည် (၁ကော၆း၁၀)။
 ကြွယ်ဝချမ်းသာလိုသောစိတ်သည်အပြစ်သွေးဆောင်ခြင်းသို့ရောက်တတ်ကြောင်း ပေါလုသည်တိမောသေအားဤကျမ်းပိုဒ်၌သတိပေးသည်။တပ်မက်သောသူသည်လိုချင်သောအရာကိုရရှိရန်အတွက် မတရားသောနည်းများကိုအားကိုးမည်ဖြစ်သည်။ ၄င်းသည်ထောင် ချောက်ရှိရာသို့ရောက်သွားစေသည်။ ၄င်းသည်ဓါတ်စီးသောလျှပ်စစ်ကြိုးကိုကိုင်မိသကဲ့သို့ လွှတ်၍မရတော့
ပါ။ သို့မဟုတ် ဆားငန်ရေကိုသောက်မိသကဲ့သို့ ပို၍ရေငတ်စေသည်။
    လူတယောက်က သူ၏မိတ်ဆွေအား “ကျွန်တော် ဒေါ်လာ ၅၀,၀၀၀ရှိသောအခါ၌ပျော်ရွှင်သည်။ ယခုတစ်သန်းရှိကာ ကျွန်တော်အလွန်စိတ်မချမ်းမသာဖြစ်ပါသည်” ဟုဆို၏။မိတ်ဆွေက “ပြဿနာမဟုတ်ပါဘူး၊ ဒေါ်လာ ၉၅,ဝဝဝ ကိုပေးပစ်၈၆လိုက်ပါ”ဟုပြောသည်။
သန်းကြွယ်သူဌေးက “မပေးနိုင်ပါဘူး” ဟု ညည်းသံနှင့်ပြန်ပြော၏။ကြွယ်ဝချမ်းသာလိုသောဆန္ဒသည် “များစွာသောမိုက်မဲမှုနှင့်အကျိုးယုတ်စေသောတပ်မက်ခြင်းသည် ပျက်စီးခြင်းနှင့်ဆုံးရှုံးခြင်းထဲသို့လူကိုဆွဲခေါ်
သွားသည်။” တပ်မက်ခြင်းသည်ထာဝရပျက်စီးခြင်းထဲသို့ပို့ဆောင်ကြောင်းပေါလုကသတိပေးသည်။ အလွန်ထူးဆန်းပါသည်။ ဘုရားသခင်က မညှာမတာရှုတ်ချသည့်အရာကို ခရစ်ယာန်တို့သည်သဘောကျလျက်ပြောကြပါကအံ့အားသင့်စရာကောင်းမည်ဖြစ်သည်။
ငွေကိုတပ်မက်ခြင်းသည်မကောင်းမှုဒုစရိုက်အားလုံး၏ အရင်းအမြစ်ဖြစ်သည်။ ဥပမာ၊ J, H Jowett က နယူးယောက်မြို့၌ရှိသောချမ်းသာသည့်လူတယောက်အား အလွန်အရေးကြီးသောအကူအညီတောင်းသည့်အ ကြောင်းကိုပြောပြသည်။
သူ၏မျက်နှာအနေအထားကကျွန်တော် ၏တော င်းဆိုချက်ကိုချက်ချင်းအဖြေပေးကာ၊ သူသည် အလွန်ဆင် းရဲသောလူတယောက်ကဲ့သို့ စကားပြောသည်။ “ကျွန်တေ ာ်ဒီထက်ပို၍အမှန်တကယ်မပေးနိုင်ဘူး”ဟု
ဆို၏။ သီတင်းပတ်အနည်းငယ်အတွင်းတွင် သူသေသွားသည်။ သူချန်ထားခဲ့သည် ငွေပမာဏမှာ သန်းခြောက်ဆယ်ကျော်ရှိသည်။ နောက်ဆုံးသောနေ့ရက်တွင် သခင်ဘုရား၏တမန်တော်က ထိုသူအား “အချင်း
လူမိုက်၊ ယနေ့ည၌ပင်သင်၏ဝိညာဉ်ကိုရုပ်သိမ်းရာအချိန်ရောက်လိမ့်မည်။ သို့ဖြစ်၍ သင်၏ပြင်ဆင်သိုမှီးထားသောဥစ္စာကိုအဘယ်သူပိုင်မည်နည်း”13 ဟု မိန့်တော်မူသကဲ့သို့ ကျွန်တော်အံ့ဩ၍သာနေခဲ့သည်။
ငွေကိုတပ်မက်ခြင်းသည် လိမ်လည်ခြင်း၊ ခိုးယူခြင်း၊ လူ့အသက်ကိုသတ်ခြင်းအထိဖြစ်စေသည်။ ၄င်းသည် အိမ်ထောင်ကိုကွဲစေ၍၊ ကလေးများကိုဖျက်ဆီးသည်။ ၄င်းသည် အာရုံနှင့်စိတ်ခံစားမှုများကိုအနှောင့်အယှက်ပေး၍၊ မိမိကိုယ်ကိုသတ်သေခြင်းဖြစ်စေသည်။ ချမ်း သာသောသူတို့သည် သူခိုးအခိုးခံရမည်ကို၄င်း၊
ပြန်ပေ းဆွဲခံရမည်ကို၎င်း၊ ငွေညှစ်ခံရမည်ကို၄င်း ကြောက်ကြသည်။ ငွေဖေါင်းပွခြင်းနှင့်ကုန်ဈေးနှုန်းကမောက်ကမဖြစ်မည်ကိုလည်းကြောက်ကြသည်။ သူတို့သည်စိတ်မငြိမ်မသက်ဖြစ်ခြင်း၊ စိတ်ပျက်ဘွယ်ရာအခြေအနေ၊ မကျေမနပ်မရောင့်မရဲဖြစ်ခြင်းနှင့်မနာလိုဖြစ်ခြင်းစသည်တို့ကိုခံစားကြသည်။ တခါတရံထောင်ထဲသို့ကျခြင်းနှင့်အရှက်တကွဲဖြစ်ခြင်းတို့ကို မိမိအပေါ်သို့ရောက်စေတတ် ြကသည်။
သူတို့၏ အသက်ရှင်ပုံရှင်နည်းကို သမ္မာကျမ်းစာကရွတ်ချသောကြောင့်သူတို့သည်အသက်တာပြောင်းလဲအော င်ပြုရမည့်အစား ယုံကြည်ခြင်းမှထွက်သွားများစွာသော ဝမ်းနည်းခြင်းများအားဖြင့် မိမိတို့ကိုယ်ကိုထိုးဖေါက်ကြသည်။သမ္မာကျမ်းစာကိုတလွဲဖြစ်အောင်ပြုကြကာ ပြန်၍ရေးကြသည်။ ထိုမျှသာမကကြသည်။ သူတို့၏ချမ်းသာကြွယ်ဝမှုကိုမှန်ကန်ကြောင်းပြရန်အတွ က် သူတို့သည်Howard Hughes သေသောအခါ ဒေါ် လာ၂. ၃ ဘီလီယံခန့်တန်မည်ဟု ခန့်မှန့်ရသော အိမ်ယာခြံမြေကြီးတခုကိုထားခဲ့သည်။ သို့ရာတွင် သတင် းစာကအောက်ပါအတိုင်းဖေါ်ပြသည်။
သူ၌ရှိသောဩဇာအာဏာအတွက် သူသည်နေကိုမမြင်၊ ဝမ်းမြောက်ခြင်းကင်းမဲ့ကာ၊ ရူးသွပ်မတတ်ဖြစ်သောအသက်တာ၌အသက်ရှင်ရသည်။ သူ၏စိုးရိမ်ခြင်းနှင့် အားနည်းချက်များကြောင့် နံရံကြီးကကာဆီးထားသောအချုပ်သားတယောက်အလား ဝမ်းမြောက်ပျော်ရွှင်ခြင်းကင်းမဲ့သောအသက်တာ၌အသက်ရှင်သည်။ တခါက ဖျတ်လတ်ထက်မြက်သောအဓိကရဖြစ်သူတ ယေက်ဖြစ်ခဲ့သော်လည်း သေသည်အထိသူ့ဘဝနောက်ဆုံးဆယ့်ငါးနှစ်အတွင်းတွင် သူ၏ကျန်းမာရေးကိုလျစ်လျူရှုကာ၊ သနားစဖွယ်တကိုယ်လုံးဖေါယောင်လာသည်။ သူသည် မူးယစ်ဆေးဝါး၏ကျွန်ခံရသည်။
သူ၏ရုပ်ဆင်းသဏ္ဍာန်မှာကြောက်မက်ဘွယ်ကောင်းလာသည်။ Hughesဆရာဝန်လေးယောက်တို့သည်တလှည့်စီပြုစုကုသကြသော်လည်းသူ၏ကျန်းမာရေးအခြေအနေမှာ ထိတ်လန့်ဘွယ်ကောင်းလာသည်။ သူ၏အဓိကပျော်ရွှင်ခြင်းသည်ရုပ်ရှင်ကြည့်ခြင်းဖြစ်သည်။ သူသည်စားမြဲအစာကိုတပတ်ပြီးတပတ်စားရသော်လည်း ၄င်းကို ချက်ပြုတ်ပြင်ဆင်ခြင်းနှင့်
ပြန်မွှေးရသည်။ 4ပတ်သက်၍ ဇီဇာများသည်။ သူသည်စွပ်ပြုတ်ရည်တဇွန်းလောက်သောက်ပြီးနောက် ရုပ်ရှင်ဘက်သို့ အာရုံစိုက်သည်။ ထိုစွပ်ပြုတ်ရည်ကိုပင် ဆယ့်နှစ်ကြိမ် ြပန်နွေးရသည်။
ဤအခန်းကိုအဆုံးသတ်ရာ၌ ပေါလုက တိမောသေအား ဤလောက၌ချမ်းသာသောသူတို့ကိုပညတ်ထားရမည်အကြောင်းပြောပြသည်။သူတို့သည်မာန်မာန ထောင်လွှား၍မဝင့်ဝါသင့်ကြပါ ထိုသို့သောစည်းစိမ်ဥစ္စာအပေါ်ယုံကြည်အားထားခြင်းမရှိသင့်ကြပါ။ သူတို့သည်အရာခပ်သိမ်းတို့ကိုခံစားရန်ကြွယ်ဝစွာပေးသည့် အသက်ရှင်သောဘုရားသခင်ကိုယုံကြည်အား ထားသင့်ကြသည်။ “ငါတို့ခံစားဘို့ရာအလုံးစုံတို့ကို ကြွယ်ဝစွာပေးသနားတော်မူသော”ဟူသည့်နောက်ဆုံးဖေါ်ပြချက်ကို စည်းစိမ်ဥစ္စာများစွာစုဆောင်းခြင်းအနေနှင့်အသုံးပြုလေ့ရှိကြသည်။ သို့သော် အောက်၌ရှိသောကျမ်းပိုဒ်က အရာရာတို့ကိုရှင်းပြသည်။ ငွေသည်ဘဏ်၌အိပ်နေသောအခါ၌ ကျွန်ုပ်တို့မခံစားကြရပါ။ ကောင်းသောအရာကိုပြုဘို့၊ ဆင်းရဲသားများကိုဝေငှ ဘို့နှင့်ကျွန်ုပ်တို့ထက်မရှိဆင်းရဲသားများကိုပေးကမ်းဝေငှရန်အတွက်ပြုသောအခါ၌သာခံစားရသည်။ ထိုနည်းအားဖြင့် နောင်ဘဝ၌ကြွယ်ဝသောဆုလာဒ်ကို ကျွန်ုပ်တို့စုဆောင်းထားကြကာ၊ စစ်မှန်သောအသက်တာကိုခံစားကြသည်။
နိဂုံးချုပ်သည်အဘယ်နည်း။ Ronald Sider က သူ၏ စာအုပ် “အဆာငတ်မွတ်ခေါင်းပါးသောကာလ၌ ကြွ ယ်ဝသောခရစ်ယာန်များ” (Rich Chris-tians in an Age of Hunger) ၌ ဤသို့ရေးသားထားသည်။
မိုက်မဲ သောသူဋ္ဌေးသည် တပ်မက်သောလူ၏ပုံစံဖြစ်သည်။ သူ၌မလိုအပ်သော်လည်း ပစ္စည်းများကိုပို၍ပို၍ရလိုသောလောဘရမ္မက်ကြီးခြင်းရှိသည်။ ပစ္စည်း၊ ဥစ္စာတို့ကိုပို၍ပို၍သိုမှီးရသည့် သူ၏အောင်မြင်မှုကရုပ်ဝတ္ထုပိုင်ဆိုင်မှုသည် သူ၏လိုအပ်တောင့်တမှုကို ကျေနပ်စေနိုင်သည်ဟုလွဲမှားစေပြီး၊ ဘုရားသခင်အားပြစ်မှားပြောဆိုခြင်းနှင့်အဆုံးသတ်နိုင်သည်။ ဘုရားသဘခင်၏အမြင်မှ ဤစိတ်သဘောထားမှာ လုံးလုံးမိုက်မဲခြင်းဖြစ်သည်။ သူသည်အလွန့်အလွန်မိုက်မဲသောသူဖြစ်သည်။’5
တစ်ဆယ့်တစ်
ဘုရားသခင်အတွက်အကောင်းဆုံးသာ
Only The Best For God
သမ္မာကျမ်းစာထဲ၌ ရွှေချည်မျှင်ကဲ့သို့ထပ်ခါတလဲလဲပြန်ပေါ်သောသမ္မာတရားမှာ ဘုရားသခင်သည်အဦ းဆုံးနှင့်အကောင်းဆုံးကိုကြိုက်နှစ်သက်သည်ဟူသောအချက်ပင်ဖြစ်သည်။ ကျွန်ုပ်တို့၏အသကတာ၌ပ ထမနေရာကိုကိုယ်တော်လိုချင်၍၊ ပေးလှူရာ၌လည်း အကောင်းဆုံးကိုကြိုက်နှစ်သက်သည်။
   သမ္မာကျမ်းစာက “အစအဦး၌ ဘုရားသခင်သည်. . . ” ဟူသောအချက်နှင့်အစပြုသည်။ ထိုစကားလုံးတို့သည်ကျွန်ုပ်တို့၏အသက်တာ၌မှန်ကန်သင့်သည်။ ဘုရား သခင်သည် ပထမဖြစ်သင့်သည်။ ပထမနေရာ၌ ထိုက် တန်သောသူသည် ၄င်းထက်လျော့သောနေရာ၌ကျေ နပ်မည်မဟုတ်ပါ။
ဘုရားသခင်သည်ပဿခါပွဲကိုအစပြုတည်ထောင်သော အခါ၊ ဣသရေလလူတို့အားအပြစ်အနာအဆာနှင့်ကင်းသောသိုးသငယ်တကောင်ကိုယူဆောင်လာကြရန်မိန့်တော်မူသည် (ထွက် ၁၂၅)။ ခြေဆွံ့သောတိရစ္ဆာ န်၊ မျက်ကန်းသောတိရစ္ဆာန်၊ ချို့တဲ့သောတိရစ္ဆာန်၊ အပြစ်အနာအဆာရှိသောတိရစ္ဆာန်တကောင်ကိုမျှမပူဇော်ရ (တရားဟော ၁၅:၂၁။ ၁၇း၁)။ ထိုအရာသည် ရွံရှာဘွယ်ဖြစ်သည်။
  ဘုရားသခင် သည်လူတို့ပူဇော်၍ရသမျှသောတိရစ္ဆာန်တကောင်ကောင်ကို အလိုမရှိကြောင်းရှင်းလင်းသည်။ တောတိရစ္ဆာန်ရှိသမျှတို့နှင့်တထောင်သောတောင်ပေါ်မှာရှိသောတိရစ္ဆာန်တို့သည်ကိုယ်တော်၏အပိုင်ဖြစ် သည်။ ထောင်ပေါင်းများစွာတောတောင်၌ရှိသောသိုးနွားတိရစ္ဆာန်တို့မှာကိုယ်တော်အပိုင်ဖြစ်သည် (ဆာလံ ၅၀း၁၀)။ အနာအဆာကင်းသောတိရစ္ဆာန်များကိုသာ လျှင် ကိုယ်တော်အားပူဇော်ရမည်ဟုအဘယ့်ကြောင့်ကိုယ်တော်ပြဋ္ဌါန်းပါသနည်း။ ကိုယ်တော်သည်သူ့အ တွက်မဟုတ်ဘဲ လူတို့၏ကောင်းကျိုးအတွက်ထိုသို့ပြုခြင်းဖြစ်သည်။ လူတို့သည်သူတို့၏အသက်တာ၌ မှန် ကန်သောနေရာကို ကိုယ်တော်အားပေးသောအားဖြင့် ဝမ်းမြောက်ခြင်း၊ ကျေနပ်ခြင်းနှင့် ပြီးစီးအောင်မြင်ခြင်းစသည့်အရာတို့ကိုတွေ့ နိုင်ရန် သမ္မာတရား၏အရင်းမူလကို သူ၏လူတို့အားသွန်သင်ခြင်းဖြစ်သည်။
     ထွက်မြောက်ရာ ၁၃း၂ တွင် သူ၏လူတို့သည်သူတို့ ၏သားဦးများနှင့်အဦးမွေးသောတိရစ္ဆာန်တို့ကို ကိုယ် တော်အတွက်သီးသန့်ထားပေးရမည်ဟု မိန့်တော်
မူသည်။ “လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ သားဦးအပေါင်းတို့ကို ငါအဘို့သန့်ရှင်းစေလော့။ ငါ့ဥစ္စာဖြစ်ကြသည်။” ရှေးခေတ်ဓလေ့ထုံးစံများတွင် သားဦးသည်အမြတ်
ဆုံးနှင့်အလေးစားရဆုံးသောနေရာ၌ရှိသည်။ထို့ကြေ ာင့် ယာကုပ်သည်သူ၏သားဦးဖြစ်သောရူဗင်အား “ငါ့အစွမ်းသတ္တိ၊ ငါ့ခွန်အားအစအဦး၊ ဘုန်းသတ္တိ၊တန်ခိုးအထွဋ်”ဟု ဆို၏ (ကမ္ဘာဦး ၄၉း၃)။ သခင်ယေရှုသည် ” ဖန်ဆင်းသောအရာမှန်သမျှတို့၏သားဦး” ဟုခေါ်ခြင်းခံရ၏ (ကော ၁း၁၅)။ ကိုယ်တော်သည်ဖန်ဆင်းသောသတ္တဝါအားလုံးတို့၏အထက်၌ အမြတ်ဆုံးနှင့်အမြင့်ဆုံးသောဂုဏ်အသရေရှိသောသူဟု ဆိုလိုခြင်းဖြစ် သည်။
သားဦးတို့ကိုမိမိအတွက်သန့်ရှင်းစေရမည်ဟုပြောရာ၌ သားဦးမှာမိဘများ၏စိတ်နှလုံးထဲ၌အချစ်ဆုံးသောနေရာ၌ရှိသည်ကိုခံစားသိရှိခြင်းကြောင့်ဖြစ်သည်။ သို့ရာတွင်၊ အောက်ပါအတိုင်းပြောနိုင်စေရန် သူတို့အားသွန်သင်ဖို့ထားခြင်းဖြစ်သည်။
အကျွန်ုပ်သိရှိသောအချစ်ရဆုံးအရာဘယ်အရာပင်ဖြစ်နေလည်း၊အကျွန်ုပ်နှလုံးသားပလ္လင်မှနုတ်ယူ၍
ကိုယ်တော်ကိုသာဝတ်ပြုစေပါ။(William Cowper)
အာဗြဟံသည်ဤသင်ခန်းစာကိုမောရိတောင်ပေါ်၌ သင်ယူခဲ့သည်(ကမ္ဘာဦး ၂၂)။ ယခုတွင်သူ၏သာ းစဉ်မြေးဆက်တို့သည်ဤသင်ခန်းစာကိုပင်သင်ယူကြသည်။
နောက်တခု – လယ်သမားများကသူတို့၏လယ်မြေမှအဦးသီးသောအသီးတို့ကို ထာဝရဘုရား၏အိမ်တော်သို့ယူဆောင်လာကြရမည်ဟု ဘုရားသခင်မိန့်မှာ
၉၁တော်မူ၏ (ထွက် ၂၃း၁၉)။ ကောက်ပဲသီးနှံတို့သည်ရင့်မှည့်လာကြသောအခါတပွေ့ ခန့်ရိတ်၍ ထာဝရ ဘုရားထံတော်၌ ပူဇော်သက္ကာအဖြစ်ဆက်သရမည်။
လယ်သမားသည်လယ်ကွင်းထဲသို့သွားပြီးလျှင် ပထမဦးဆုံးမှည့်သောအသီးအနှံကိုပထမဦးဆုံးရိတ်ရသောကောက်လှိုင်းစည်းမှာ ဘုရားသခင်သည်အသီးအနှံရိတ်
သိမ်းခွင့်ပေးသောသူဖြစ်၍ ထိုဝေစုကိုရရှိရမည်ဟုသိမှတ်ခြင်းဖြစ်သည်။ နောက်တဖန်ဘုရားသခင်၌ ကောက်ပဲသီးနှံမလိုသည်မှာအမှန်ဖြစ်သော်လည်း
ဘုရားသခင်သည်အဦးဆုံးနှင့်၄င်း၊ အကောင်းဆုံးနှင့်၄င်း၊ ထိုက်တန်သောသူဖြစ်ကြောင်း လူသည်အမြဲသတိရရန်လိုသည်။
ပူဇော်သည့်တိရစ္ဆာန်များကိုခုတ်ဖြတ်သောအခါ၊ အချို့သောအစိတ်အပိုင်းများကို ယဇ်ပရောဟိတ်တို့အားတခါတရံယူခွင့်ပေးကာ၊ ပူဇော်သောသူတို့အားအခြားသောအပိုင်းကိုစားရသောအခွင့်ပေးသော်လည်း၊ အဆီကိုမူ ထာဝရဘုရားအားအစဉ်ပူဇော်ရသည် (ဝတ် ၃း၁ ၆)။% အဆီသည်ထိုတိရစ္ဆာန်၏အကောင်းဆုံးအပိုင်းအဖြစ်မှတ်ရသောကြောင့် ထာဝရဘုရားပိုင်သည်။ ကိုယ်တော်အတွက်အကောင်းဆုံးသာလျှင်ဖြစ်ရမည်။
ဘုရားသခင်အားပထမနေရာ၌ထားသည့်တာဝန်သည် အသက်တာမှာဝတ်ပြုကိုးကွယ်သည့်နေရာ၌သာမကဘဲ မီးဖိုချောင်အစရှိသည့်အသက်တာ၏ကဏ္ဍအထိထားရမည်ဖြစ်သည်။ ဘုရားသခင်၏လူမျိုးတို့သည်ချီလွှဲရာပူဇော်သက္ကာအတွက် မုန့်စိမ်းမှလုပ်သောပထမဦးဆုံးသောမုန့်ကိုပူဇော်ကြရန်ညွှန်ကြားချက်ကိုခံကြရသည်။ ” သင်တို့အမျိုးအစဉ်အဆက်တို့သည် အဦးနယ်သောမုံ့စိမ်းထဲကချီးမြောက်ရာပူဇော်သက္ကာကိုထာ ဝရဘုရားအားဆက်ရကြမည်” (တောလည်၁၅း၂၁)။ မုန့်စိမ်းအချို့ကိုရောမွှေခြင်းသည် ဝိညာဉ်သဘောမရှိသည့်လောကီအလုပ်တခုကဲ့သို့ဖြစ်သည်။သို့သော် လည်း ထာဝရဘုရားအားပထမဦးဆုံးသောဂျုံမုန့်ကိုပူဇော်ရာတွင် ဘုရားတရားကိုင်းရှိုင်းသောဂျူးတစ်ယောက်က ဘုရားသခင်သည် သူ၏အသက်တာတခုလုံးတွင်ပထမနေရာ၌ရှိရမည်ဟုဝန်ခံခြင်းဖြစ်သည်။
သူသည် လောကီရေးရာနှင့်ဘုရားတရားရေးရာအကြ ား၌ ခြားနားမှုမရှိဟု ငြင်းခြင်းလည်းဖြစ်သည်။ဘုရား သခင်သည်မုန့်စိမ်းကိုအလိုမရှိကြောင်း ထိုသူသိသော်
ဝန်ခံရမည်ကို လည်း ထာဝရဘုရားအားလူတို့၏နေ့စဉ်အစားအစာပေးသောသူအနေနှင့်သူသဘောပေါက်သည်။
” ယေဟောဝါဘုရားသည် လေဝိလူတို့အား သင်တို့ခံရသမျှသောအလှူထဲမှအကောင်းဆုံးသောအဘို့၊ သန့်ရှင်းသောအဘို့ကိုနှုတ်ယူ၍ ထာဝရဘုရားအာ
ပူဇော်သက္ကာပြုရကြမည်” (တောလည် ၁၈း၂၉) ဟုမိန့်မှာသောအခါ၌ ဤလမ-၉၂ကြောင်းအတိုင်းပြောခြင်းဖြစ်သည်။ လူသည်မိမိကိုးကွယ်သောအရာအတိုင်းဖြစ်
လာသည်နှင့်အညီ ဘုရားသခင်အပေါ်၌မှန်ကန်သောချီးမွမ်းခြင်းတခုကိုပြုရန်အရေးကြီးလှသည်။ဘုရာ းသခင်နှင့်ပတ်သက်၍အထင်သေး၍စဉ်းစားခြင်းတို့မှာ
ပျက်စီးရာဖြစ်သည်။ ဖန်ဆင်းသောသတ္တဝါသည်ဖန်ဆင်းသောအရှင်အား သူနှင့်ထိုက်တန်သောနေရာပေးသောအခါ၌သာလျှင် အသွေးအသားကိုကျော်လွန်ကာသူပြင်ဆင်သည့်အရာအတွက်သိက္ခာကိုရရှိမည်ဖြစ်သည်။
ဓမ္မဟောင်းကျမ်းအားဖြင့်ဤချည်မျှင်အတိုင်း ကျွန်ုပ်တို့လိုက်သောအခါ၊ဇရတ္တဟုခေါ်သောအရပ်၌ရှိသည့်ဆင်းရဲမွဲတေသောမုဆိုးမတယောက်အပေါ်ဧလိယပြုသောသင်ခန်းစာကို ကျွန်ုပ်တို့ရရှိကြသည် (၃ ရာ ၁၇း၇-၁၆)။ သူသည်ထိုမုဆိုးမအားရေတခွက်နှင့်မုံ့တလုံးကိုတောင်းသည်။ သူမ၌ရှိသောအရာသည်သူနှင့်သူ၏သားမသေမှီ နောက်ဆုံးမုံ့လက်တဆုပ်စာနှင့်ဆီအနည်းငယ်သာဖြစ်ကြောင်း တောင်းပန်ပြောဆိုသည်။
ပရောဖက်ကြီးက “မစိုးရိမ်ပါနှင့်၊ ငါ့အဘို့မုန့်ပြားငယ်တပြားကိုအရင်လုပ်၍ယူခဲ့လော့။ နောက်မှသင်နှင့်သင်၏သားငယ်အဘို့လုပ်လော့” ဟုဆို၏။
  ၄င်းသည် တကိုယ်ကောင်းဆန်သောတောင်းဆိုမှုနှင့်တူသည်မဟုတ်၊ ထိုပရောဖက်သည် ခွင့်လွှတ်၍မရနိုင်သည့်မကောင်းသောအမူအကျင့်ရှိသကဲ့သို့ဖြစ်သည်။ အခြားသောသူတို့အားကျွန်ုပ်တို့ထက်အရင်အကျိုးဆေ ာင်ရွက်ပေးရသည်ဟု ကျွန်ုပ်တို့အစဉ်သွန်သင်ခြင်းခံကြသည်။ “ငါ့ကိုပထမဦးဆုံးကျွေးပါ”ဟုပြောခြင်းသည် ယဉ်ကျေးမှု၌မာကြောမှုတခုဖြစ်သည်။ သို့ရာတွင် ဧလိယသည်ဘုရားသခင်၏ကိုယ်စားလှယ်ဖြစ်သည်ကို ကျွန်ုပ်တို့နားလည်ရပါမည်။ သူသည်ဘုရားသ ခင်၏ နေရာ၌ရပ်နေသည်။ သူ၌တကိုယ်ကောင်းဆန်ပြီး ရိုင်း စိုင်းသည့်သဘောမရှိပါ။ သူက “ငါသည်ဘုရား သခင် ၏လူဖြစ်ပါ၏။ ငါ့ကိုအရင်ကျွေးခြင်းသည် ဘုရာ းသ ခင်အားပထမနေရာပေးခြင်းဖြစ်သည်။ ထိုအရာကို သင်ပြုသမျှအတွက်အသက်တာ၏လိုအပ်ချက်များပြည့်စုံမည်။ သင်၏ဂျုံမုန့်နယ်သောခွက်သည်အစဉ်ပြည့်၍ သင်၏ဆီအိုးသည်လည်းတခါမှမခမ်းရ” ဟုဆို၏။ ထိုသို့ပြောသည့်အတိုင်းအတိအကျဖြစ်၏။
ရှောလမုန်သည်ဘုရားသခင်၏ အဦးနေရာတောင်းဆိုမှုကို “သင်သည်ကိုယ့်ဥစ္စာနှင့်အဦးသီးသောအသီးအနှံရှိသမျှတို့ကို ထာဝရဘုရားအားပူဇော်လော့” (သုတ္တံ ၃း၉) ဟူသောစကားလုံးများဖြင့်ပြန်၍ထောက်ခံပေး သည်။ လုပ်ခရသောအခါတိုင်း၌ ထာဝရဘုရားသည်ပ ထမဦးဆုံးသောဝေစုရရှိစေရန်ဖြစ်သည်ဟု ဆိုလိုသည်။
ဓမ္မသစ်ကျမ်းသို့ရောက်သောအခါ၊ ဘုရားသခင်သည်ပထမနေရာ၌ရှိမည်ဟု သခင်ယေရှုက အလေးအနက်ပြောဆိုသည်။ “ဘုရားသခင်၏ နိုင်ငံတော်ထပ်၍ ပေးတော်မူလတ္တံ့ ” (မဿဲ ၆း၃၃)။ ဧလိယကမုဆိုးမနှင့်ပြောသောစကာသည် ထိုအရာပင်ဖြစ်သည်။ မိမိအသ က်တာ၌သခင်ဘုရားကိုအထွတ်အထိပ်နှင့်ဖြော င့်မတ်ခြင်းတရားတော်ကိုရှေ့ဦးစွာရှာကြလော့။ နောက် မှထိုအရာများကိုထားသောသူတို့သည် အသက်တာ ၏ အ ခြေခံလိုအပ်ချက်များအတွက်တခါစိုးရိမ်ပူ ပန်မည်မ ဟုတ်ပါ။
ကျွန်ုပ်တို့သည်သခင်ဘုရား၏ပဌနာတော်နှင့်ရင်းနှီးကောင်းရင်းနှီးကြမည်ဖြစ်သည် (မဿဲ ၆း၉-၁၃)။ သို့ရာတွင် ၄င်း၌ပါရှိသောအရာတို့၏အရေးကြီးပုံကိုမသိဘဲ နေကောင်းနေကြမည်ဖြစ်သည်။ ၄င်းသည် ဘုရ ားသခင်အားပထမနေရာ၌ထားရန် (“ကောင်း ျကင်ဘုံ၌ရှိတော်မူသောကျွန်ုပ်တို့၏အဘ ကိုယ်တော်နာ မတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော”) နှင့် ကိုယ်တော်ဖြစ်စေလိုသောအရာကို ပထမနေရာ၌ထားရန်သွန်သင်သည် (“နိုင်ငံတော်တည်ထောင်ပအလိုတော်သည်ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့မြေကြီးပေါ်မှာပြည့်စုံပါစေသော)။ ထိုသို့ပြုပြီးသောအခါမှသာ လျှင်၊ ကျွန်ုပ်တို့၏ ကိုယ်ပိုင်တောင်းဆိုချက်များတောင်းဆိုရန် ကျွန်ုပ်တို့ကိုဖိတ်ခေါ်ပါသည် (” အသက်မွေးလောက်သောအစာကိုနေ့ရက်စဉ်တိုင်း ပေးသနားတော်မူပါ .စေသော။စသည်ဖြင့်)။
ခမည်းတော်ဘုရားသခင်အားအထွတ်အထိပ်နေရာကိုပေးသကဲ့သို့သုံးပါးတစ်ဆူ၌တစ်ပါးဖြစ်တော်မူသော ယေရှုဘုရားကိုလည်းပေးရမည်ဖြစ်သည်။မူလအရင် းအမြစ်ဖြစ်၏” ဟုကျွန်ုပ်တို့ဖတ်ရသည်။ထို့ကြောင့် (ကောလောသဲ ၁း၁၈) ၌ “… အရာရာ၌ထူးမြတ်ခြင်းငှါ
ကယ်တင်သောအရှင်ကမိမိလူတို့၏သူ့အပေါ်ချစ်သောမေတ္တာသည်ဆိုသည်။ “အကြင်သူသည် ငါ့ထံသို့လာ၍ မိဘ၊ သားမယား၊အလွန်ကြီးမားသောကြောင့်အခြားသောအရာတို့ကိုမုန်းတီးခြင်းမည်သည်ဟုပြောညီအ စ်ကိုနှမတို့ကို၎င်း၊ ထိုမျှမက မိမိအသက်ကို၄င်းမမုန်း၊ ထိုသူသည်ငါ့တပည့်မဖြစ်နိုင်ရာ” (လုကာ၁၄း၂၆)။ ယေရှုသည် ကျွန်ုပ်တို့၏အဦးဆုံးချစ်ရမည့်သူဖြစ်ရမည်။
ယခုတွင်မူ သခင်ဘုရားသည်သူ၏လူများထဲမှပထမနေ ရာနှင့်အကောင်းအချိန်ရောက်သောအခါ လယ်သမားသည်မွေးမြူရန်အတွက်၎င်း၊ ရောင်းရန်ဆုံးကိုအမြဲမရရှိပါ။ မာလခိ၏ခေတ်ကာလ၌ ထာဝရဘုရားအားပူဇော်သောအတွက်၎င်း၊ အကောင်းဆုံးသောတိရစ္ဆာန်ကိုချန်ထား၍ ဖယ်ထားသောမကောင်းသည့်အရာကိုထာ၀ရဘုရားအားပေးသည်။ဘုရားသခင်အတွက်အရာရာတိုင်းကောင်းသည်ဟုသူပြောသည်။ ဈေး၌ အမြတ်ရရှိရန်မှာ ပထမဦးစားပေးဖြစ်သည်။ထိုအကြေ ာင်းကြောင့် မာလဓိက “မျက်စိကန်းသောအကောင်ကိုယဇ်ပူဇော်လျှင်အပြစ်ရှိသည်မဟုတ်လော။ ခြေဆွံ့သောအကောင်နှင့်နာသောအကောင်ကိုယဇ်ပူဇော်လျှင် အပြစ်ရှိသည်မဟုတ်လော။ မြို့ဝန်မင်းအားဆက်သပါလော့။ မင်း၏စိတ်ကိုတွေ့လိမ့်မည်လော” ဟု ဟိန်းဟောက်ရခြင်းဖြစ်သည် (မာလခိ ၁း၈)။
      မာလခိခေတ်ကာလ၌ထိုကဲ့သို့ဖြစ်ခဲ့သည်။ ယနေ့ ၌မည်သို့နည်း။ ထာဝရဘုရားအားပထမနေရာနှင့်အကောင်းဆုံးကိုမည်သို့ပေးရမည်နည်း။ အသက်တာ၌
လက်တွေ့ မည်သို့လုပ်နိုင်ကြမည်နည်း။ ကျွန်ုပ်တို့လုပ်ငန်းခွင်၌အုပ်စိုးသောသူတို့၏စကားကိုနားထောင်ခြင်းဖြင့် ထိုအရာကိုပြုနိုင်သည်။ လူအတွက်မဟုတ်ဘဲ
ထာဝရဘုရားအတွက်စိတ်နှလုံးပါလျက် အလုပ်လုပ်ခြင်းဖြင့်ပြုနိုင်သည် (ကော၃း၂၂-၂၅)။အလုပ်၏ တော င်းဆိုမှုသည်ခရစ်တော်၏တောင်းဆိုမှုထက် ဦးစား
ပေး မည့်နေရာသို့ရောက်ခါနီးပါက “တိုး၍မလွန်ရ။ ဤအရပ်၌သင်၏ထောင်လွှားသောလှိုင်းတံပိုးဆုံးရ၏”ဟုပြောရန်ပြင်ဆင်ကြမည် (ယောဘ ၃၈း၁၁)။
ကျွန်ုပ်တို့သည်ပူးပေါင်း၍ လုပ်ဆောင်ခြင်းတခုအတွက်ထက် ကယ်တင်ရှင်အတွက်ပို၍လုပ်ရန်ဆန္ဒရှိကြသင့်သည်။ကျွန်ုပ်တို့သည်မိသားစုထဲ၌ကျမ်းစာဖတ်၍ အ တူတကွဆုတောင်းခြင်းအားဖြင့် ၄င်းကိုပြုလုပ်နိုင် သ ည်။ ကလေးများကိုလောကီအတွက်မဟုတ်ဘဲ ထာ ဝရဘုရားအတွက်ပျိုးထောင်ရာ၌၄င်း၊ ငရဲအတွက်မဟုတ်ဘဲ ကောင်းကင်ဘုံအတွက်ပျိုးထောင်ရာ၌၄င်း၊ ထိုအရာကိုပြု၍ ရသည်။
သတင်းကောင်းကိုပြောရန် ပေးပါသင့်သားများ၊အရှိန်ကောင်းဖြင့်ပျံ့နှံ့ရန် ပေးပါဥစ္စာများ။ဆုတောင်းခြင်းဖြင့်အောင်မြင်ရန် သွန်းလောင်းပါသင့်စိတ်နှလုံး
သင်ပေးဆပ်ခဲ့သည့်အရာများ ပြန်ဆပ်လိမ့်မည် ယေရှုက။(Mary A. Thompson)
ခရစ်ယာန်မိခင်တဦးကမိမိသည်ခရစ်တော်ကိုပထမနေရာ၌ထားသည်ဟုစဉ်းစားသော်လည်း သူ၏သမီးသည်ကျမ်းစာကျောင်းမှပြန်လာသောအခါ “အမေ၊ ဘုရားသ ခင်ကကျွန်မကိုသာသနာပြုဘို့ခေါ်တယ်” ဟု ပြောရာ
ထိုမိခင်က “ငါသေပြီးမှသွားပါ” ဟုဆို၏။
အခြားသောမိခင်တဦးမှာ၊ တရားဟောဆရာတပါးနှင့်သူမ၏သားသည်ဧည့်ခန်းထဲ၌ထိုင်နေစဉ် သူမသည်မီးဖိုချောင်ထဲ၌တက်ကြွစွာအလုပ်လုပ်နေသည်။ တရာ းဟောဆရာက ဘုရားသခင်၏အမှုတော်လုပ်ငန်း၌ ဤလူငယ်တတ်ကျွမ်းမှုသည်အံ့ဩဘွယ်ရာအခွင့်အရေးဖြစ်ကြောင်းပြောသည်။ ထိုအခါမဟုတ်ပါဘူး” ဟူ၍ စူးရှကျယ်လောင်သောအသံတသံ မီးဖိုချောင်ထဲမှထွက်
လာသည်။
    Spurgeon သည်သူ၏သားအား “ငါ့သား၊ ဘုရား သခင်က သာသနာပြုတို့ခေါ်တယ်ဆိုပါက ရှင် ဘုရင်တပါးထံ၌တွေ့ကရာပြောနေတာကို ငါမြင်လိုမည်မဟုတ်ဘူးနော်” ဟုဆို၏။
ကျွန်ုပ်သည်ဒေသန္တရအသင်းတော်တပါး၌သစ္စာရှိစွာတက်ရောက်ခြင်းနှင့်စိတ်တက်ကြွစွာပါဝင်ခြင်းအား ဖြင့် ထိုအရာကိုပြုနိုင်သည်။ George Mallone
“မိမိ၏ညနေအချိန်၌လုပ်ရမည့်သင်းအုပ်အလုပ်ကြောင့် အိမ်ဖြူတော်မှသမ္မတ၏ညနေစာစားရန်ဖိတ်ခေါ်ချက်ကိုငြင်းပယ်ခဲ့သည်” ဟု ပြောသောသင်းအုပ်ဆရာတပါးအကြောင်းကိုပြောပြသည်။ Michael Faraday သည်သံလိုက်၏သဘာဝနှင့်ဂုဏ်သတ္တိများကိုအသေ းစိတ်ရှင်းလင်းဖေါ်ထုတ်ပြီးသောအခါ၌ ပရိသတ်ကြီးသည်ထိုအောင်မြင်ခြင်းအတွက်ဂုဏ်ပြုပွဲ ကျင်းပရန်
ဆုံးဖြတ်ကြသည်။ သို့သော်လည်း၊ Faraday သည် ၄င်းကိုလက်ခံရန် ထိုနေရာ၌မရှိပါ။ သူ၏အသင်းတော်၌ ဗုဒ္ဓဟူးနေ့ပြုလုပ်သောဆုတောင်းစည်းဝေးသို့
တိတ်တဆိတ်ထွက်သွားသည်။ ထိုအသင်းတော်သည်အသင်းသားဦးရေအယောက်နှစ်ဆယ်ထက် တခါမှမများပါ။
ကျွန်ုပ်တို့၏ရုပ်ဝတ္ထုပစ္စည်းများကိုထိန်းသိမ်းရာ၌ ဘု ရား သခင်အားပထမနေရာ၌ထား၍ရသည်။ ရိုးရိုးသားသားအသက်ရှင်နေထိုင်ခြင်းဖြင့် ထိုသို့သောအရာကိုကျွန်ုပ်တို့ပြုနိုင်သည်။ ထိုမှသာ ကျန်သောအရာတို့ သည် ဘုရားသခင်၏အမှုတော်အတွက်သုံးနိုင်မည်ဖြစ် သည်။ ဝိညာဉ်ရေးရာ၌၄င်း၊ ကာယပိုင်း၌၄င်း၊လိုအပ်မှုရှိသောသူတို့အားဝေငှပေးကမ်းခြင်းဖြင့် ထိုသို့သောအရာကိုကျွန်ုပ်တို့ပြုအနှီးမြုပ်နှံခြင်းအဖြစ် ထိုအရာကိုကျွန်ုပ်တို့ပြုနိုင်သည်။နိုင်သည်။ အတိုချုပ်ဆိုရသော်၊ ဘုရားသခင်နှင့်ထာဝရကာလအတွက် အရင်းသို့သော် ဘုရားသခင်အားပထမဦးစားပေးနိုင်သည့်အကြီးမြတ်ဆုံးသောနည်းမှာ ကျွန်ုပ်တို့၏အသက်တာကိုကိုယ် တော်ဘထံ၌အပ်နှံခြင်း၊ ကယ်တင်ခြင်းအတွက်သာမဟုတ်ဘဲ အမှုတော်ထမ်းရွက်ရန်အတွက်ပါကိုယ်တော်ထံ၌မိမိကိုယ်ကိုဆက်ကပ်ပေးအပ်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့အတွက်ကိုယ်တော်ပြုသောအရာ-အားလုံးတို့ကိုစဉ်းစားသောအခါ၌ ဤအရာထက်လျော့၍ပေးခြင်းမှာ မလုံလောက်ပေ။
ခရစ်ယာန်များအတွက်ယနေ့ခေတ်ပညအတွေးအခေါ်မှာ ငွေရှာရန်၊စည်းစိမ်နှင့်ဇိမ်ခံပြီးအငြိမ်းစားယူသည့်ကာလများကို ဘုရားသခင်အားပေးအပရန်ဖြစ်သည်။ ထိုအချိန်ရောက်သောအခါ သူတို့သည်အသုံးမဝင်ကြတော့ဘဲအချိန်အနည်းငယ်သာရရှိကြတော့သည်။ ပို၍ကြီးမြတ်သောပညာမှာ ခွန်အား၊ပါ။ချစ်ခြင်းမေတ္တာနှင့်ခွန်အားအပြည့်ဖြင့်အထွတ်အထိပ်သို့ရောက်သောအချိန်တွင်ခရစ်တော်ထံ၌မိမိကိုယ်ကိုလုံးလုံးအပ်နှံခြင်းဖြစ်သည်။ ဤသို့ပြုခြင်းသည်ကျွန်ုပ်တို့၏အားနည်းသည့်ဆန္ဒများ၊ ဆင်းရဲခြင်း၊ မီးအရှိန်ငြိမ်းခြင်း၊ စိတ်နှလုံပြာကျသွားခြင်းဟု Thomas Gill က ခေါ်သည့်အရာတို့ကို ကိုယ်တော်အားပေးခြင်းထက်ပိုကောင်းသည်။
ဘုရားသခင်သည် အဦးဆုံးနှင့်အကောင်းဆုံးကိုကြို က်နှစ်သက်သည်။ကိုယ်တော်သည်ထိုနှစ်ခုစလုံးနှင့်ထိုက် တန်သည်။ တခုတည်းသောမေးခွန်းမှာ -“ထိုအရာတို့ကိုကျွန်ုပ်ထံမှ ကိုယ်တော်ရရှိမည်လော” ဟူ၍ဖြစ်၏။
တစ်ဆယ့်နှစ်
၂ဝ/၂ဝ အမြင်အာရုံ
20/20 Vision
ကော ၅း၉-၂၁
ချို့ယွင်းချက်မပါသောအ ြမင်အာရုံရုံရှိသည့်သူတယေ ာက်မျှမရှိပါ။ သို့ရာတွင် အချို့သောသူတို့သည်အဝေးမှုန်သောကြောင့်မျက်မှန်တပ်ရသည်။ သူတို့သည်ကျွန် တော်ကဲ့သို့တစုံတရာဖြစ်ကြပါက သူတို့သည်စစ်ဆေးစမ်းသပ်မှုကိုခံရန်မျက်စိဆရာဝန်ထံသို့သွားကြသည်။
ကျွန်တော်သည်မျက်စိစမ်းသပ်ခန်း၌ထိုင်နေသည်။ ဆရာဝန်ဝင်လာကာ အလင်းနှင့်ထိုးပြီး “Mr. Mac Donald ဘယ်ဘက်မျက်စိကိုမှိတ်၍ဇရဲ့အပေါ်ဆုံးကိုဖတ်ပါ” ဟုဆို၏။ြ
   “ဆရာ၊ အာဇယားလဲ ‘ ရမယ်” ဟုဆို၏။
“ဟုတ်ပြီ၊ အခြေအနေဆိုးတယ်။ ခင်ဗျားရဲ့ မျက်မှန်ပါဝါတိုတိုးပေးကျွန်တော်၏ရှေ့၌မျက်လုံးနှင့်က,`ကပ်၍,ကြည့်ရန် အပေါက်နှစ်ခုရှိပြီး မဲနက်သည်။ ကျွန်တော်ထိုသို့ပြုသောအခါ မှန်ဘီလူးအသည်။ ကိရိယာရွေ့ ္ကလျားစေ၍ ညာဘက်အပေါက်မှကြည့်ရန်ကျွန်တော့အားပြောဘီးကိုလှည့်၍ “အခုဘာမြင်လဲ” ဟုမေးသည်။ကိုထိန်းထားသည့်
ကျွန်တော်စဉ်းစားနိုင်သည့်တခုတည်းသောအရာမှာ “လူများသည်သစ်ပင်ကဲ့သို့သွားနေကြသည်” ဟူသောကျမ်းပိုဒ်ပင်ဖြစ်သည်။ “ပို၍ကောင်းသော်လည်း မှုန် ဝါးဝါးဖြစ်နေသေးသည်” ဟုဆိုလိုခြင်းဖြစ်သည်။ ထို့နောက် မှန်ဘီလူးတို့ကိုဆတ်ကနဲပုတ်၍ “ဤတခုကအခြားတခုထက်ပိုကောင်းပါသလား” ဟုမေးသည်။ မကြာမှီ၊ ဇယားကွက်ပေါ်၌ရှိသောစာလုံးတို့သည်ရှင်းလင်းလာကာအမြင်အာရုံ မှာ ၂၀/ ၂ဝ သို့ရောက်သောအခါမှ သူကျေနပ်သည်။ ဝိညာဉ်ရေးရာအမြင်အာရုံစုံလင်သောသူတယောက်မှမရှိသည်မှာအမှန်ဖြစ်သည်။ အပြစ်သည်လောကသို့ဝင်သောအခါ လူ၏ဝိညာဉ်ရေးရာအမြင်ကိုထိခိုက်သည်။ ကျွန်ုပ်တို့
အားလုံးသည်လည်း မှန်ကန်သောမျက်မှန်ပါဝါလိုအပ်သည်။ ၂ ကော ၅:၉-၂၁၌ ကျွန်ုပ်တို့သည်ဘုရားသခင်မြင်သကဲ့သို့မြင်လိုပါက၊ တချိန်လုံးတပ်ဆင်ရမည့်
မှန်ကန်သောမျက်မှန်ပါဝါ (၇) မျိုးရှိပါသည်။
ငရဲနှင့်ပတ်သက်သောအမှန်တရားများ (၅း၁၁ က)
ပထမမှာ၊ ငရဲနှင့်ပတ်သက်သောအမှန်တရားဖြစ်သည်။ ပေါလုက”သခင်ဘုရားနှင့်ဆိုင်သောကြောက်မက်ဘွယ်သောအကြောင်းအရာတို့ကို ငါတို့သည်သိလျှင် လူများကိုနှိုးဆော်သွေးဆောင်ရသည်” ဟုဆို၏။ ကြောက်မက်
ဘွယ်သောအကြောညာင်းအရာဟူသည်မှာ နေရာ၌ချစ်ကြောက်ရှိသေခြင်းကိုဆိုလို၍ ဘုရားသခင်အားသန့် ရှင်းသောရိုသေမှုကိုပြုခြင်းဖြစ်သည်။ ကိုယ်တော်စိတ်
မချမ်းသာမည်ကိုစိုးရိမ်ကြောက်ရွံ့ခြင်းသည် တမန်တော်ကလူတို့ကိုအမှုတော်မြတ်၌သူ၏ရိုးသားဖြောင့် မတ်ခြင်းအတိုင်းဖြစ်ကြရန် တိုက်တွန်းသွေးဆောင်စေသည်။သို့သော် ဤကျမ်းပိုဒ်ကိုအခြားသောနည်းဖြင့်ကျွန်တော်အသုံးပြုလိုပါသည်။
ငရဲ၏ကြောက်မက်ဘွယ်ကောင်းခြင်းကို ပေါလုသိခြင်းက ထိုဝေဒနာပြင်းပြစွာခံစားရသည့်နေရာမှလွ တ်မြောက်ကြရန်အတွက် ခရစ်တော်ကိုယုံကြည်ကြဖို့
သွေးဆောင်စေခြင်းဖြစ်သည်ဟု ကျွန်တော်အနက်ဖွင့်ချင်ပါသည်။ ထို့ကြောင့်ကျွန်ုပ်တို့၏ဝိညာဉ်ရေးရာ၌ ငရဲ၏မီးလျှံကိုမှန်ကန်သောပါဝါနှင့်မြင်သင့်သည်။
ဤအရာက ကယ်တင်ခြင်းမရသေးသောကျွန်ုပ်တို့ ၏ ဆွေမျိုးသားချင်းများ၊မိတ်ဆွေများနှင့် အိမ်နီ းနားချင်းများတို့ကို အဆက်မပြတ်သတိရစေသည်။ဟုတ်ပါ သည်။ မယုံကြည်သူအားလုံးတို့သည်ဤကြောက်မက်ဘွယ်ကံကြမ္မာထဲသို့ကျရောက်အံ့ဆဲဆဲဘေးအန္တရယ်ရှိကြသည်။ ကျွန်ုပ်တို့နှင့်အဆက်အသွယ်ရရှိသောသူတို့အား ကယ်တင်ခြင်းသတင်းကောင်းကိုအမြန်ဝေငှရန် လိုအပ်သည်၄င်းကခံစားမှုတခုကိုဖြစ်ပေါ်စေမည်ဖြစ် သည်။ ၄င်းက ဧဝံဂေလိတရားပျံ့နှံ့၍ကျွန်ုပ်တို့၏ဥစ္စာ ပစ္စည်းများကိုမှန်ကန်စွာအသုံးပြုလိုသောစိတ်ဖြစ်စေမည်။
ငရဲသည်အမှန်တရားတခုဖြစ်သည်။ သခင်ယေရှုသည် ကောင်းကင်ဘုံအကြောင်းထက်ငရဲအကြောင်းကိုပို၍ ဟောပြောသည်။ ကောင်းကင်ဘုံရှိသကဲ့သို့ဖြစ်သည်။
ညှဉ်းပန်းနှိပ်စက်ခြင်းကိုခံရသောနေရာဖြစ်သည်။ ငရဲ၌အလင်းနှင့်ချစ်ခြင်းငရဲလည်းရှိသည်။ ထိုငရဲမှာ မယုံကြည်သူအားလုံးတို့၏ခရီးဆုံးဖြစ်သည်။ ၎င်းသည်
မေတ္တာမရှိပါ။ ၄င်းသည် ထာဝရကာလပတ်လုံးမျှော် လင့်ရာမဲ့သောနေရာဖြစ်ယေရှုခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့်လူတို့သည်ထိုနေရာမှလွတ်မြောက်
သည်။ ၄င်း၏ကြောက်လန့်စရာကောင်းပုံကို ကျွန်ုပ်တို့သည်ပို၍ သိလေလေရန် ပို၍ သွေးဆောင်လေလေဖြစ်မည်။
ခရစ်တော်၏ချစ်ခြင်းမေတ္တာ (၅း၁၄-၁၅)
ဒုတိယမျက်မှန်ပါဝါမှာ ခရစ်တော်၏ချစ်ခြင်းမေတ္တာဖြစ်သည်။ ကိုယ်တော်အတွက်ကျွန်ုပ်တို့၏ချစ်ခြင်းမေတ္တာမဟုတ်ဘဲ၊ ကျွန်ုပ်တို့အတွက်ကိုယ်တော်ရဲ့
ချစ်ခြင်းမေတ္တာဖြစ်သည်။ ကျွန်ုပ်တို့၏မျက်မှန်၌ဤပါဝါရှိပါက သွေးစွန်းသောလက်ဝါးကပ်တိုင်၊ ထိုလက် ဝါးကပ်တိုင်ပေါ်၌ ကျွန်ုပ်တို့အပြစ်အတွက်အသေခံသော ဘုရားသခင်၏သားတော်၊ ကျွန်ုပ်တို့ပေးဆပ်ရမည့်အဖိုးအခပေးနေသည်ကိုကျွန်ုပ်တို့တွေ့မြင်ကြမည်ဖြစ်သည်။ သူသည်လူတယောက်သာဖြစ်ပါက၊ ကျွန်ုပ်
တို့သည်သူ့ အပေါ်၌ အစဉ်အမြဲကျေးဇူးတင်သင့်ကြပါသည်။ သို့သော်လည်း၊ထိုသူသည်အသက်နှင့် ဘုန်းအသေရေ၏ သခင်ဖြစ်ကြောင်းနှင့် စကြာဝဠာကိုဖန် ဆင်းသောအရှင်နှင့်တည်စေသောအရှင်ဖြစ်ကြောင်းကိုသိသောအခါ၌ပို၍ကျေးဇူးတင်သင့်ပါသည်။
ထိုသို့သောချစ်ခြင်းမေတ္တာသည် ကျွန်ုပ်တို့ကိုအနိုင် အထက်သွေးဆောင်သည်။ လက်ဝါးကပ်တိုင်ပေါ် ၌ကို ယ်တော်၏လုပ်ဆောင်ချက်သည် ၄င်းနှင့်အဆက်အစပ်ရှိ၏။ ကိုယ်တော်သည်ကျွန်ုပ်တို့ကိုယ်စားအသေခံပါက ကျွန်ုပ်တို့သည်အပြစ်ဒုစရိုက်၌သေသောသူများဖြစ်သ ည်ဟုဆိုလိုသည်။ ကျွန်ုပ်တို့သည်ဝိညာဉ်ရေးရာ၌ အသ က်ရှင်၍ ကောင်းမွန်ခဲ့ကြပါက၊ ထိုအရာကိုကိုယ်တော်ပြုခဲ့သည်မဟုတ်ပါ။ သို့သော် ထိုမျှသာမကပါ။ ကျွန်ုပ်တို့သည်အပြစ်၌၄င်း၊ တကိုယ်ကောင်းဆန်ခြင်း၌၄င်း၊ အဓိပ္ပါယ်မဲ့သည့်အသက်တာများ၌၄င်း၊ ဆက်လက်
အသက်ရှင်ကြစေရန်ကိုယ်တော်သည်ကျွန်ုပ်တို့အတွ က်အသေခံသည်မဟုတ်ပါ။ယခုမှစ၍ ကျွန်ုပ်တို့သည်ကိုယ်တော်အတွက်အသက်ရှင်ရန် အသေခံခြင်းသာ
ဖြစ်သည်။ “ထိုအံ့ဩဘွယ်ရာချစ်ခြင်းမေတ္တာသည် ကျွန်ုပ်၏ဝိညာဉ်၊ အသက်၊အရာအားလုံးတို့ကိုတောင်းဆိုသည်” (Isaac Watts)။ ထိုနိဂုံးစကားသည်ရှောင်လွဲ၍မရနိုင်သောနိဂုံးဖြစ်သည်။
.စိတ်ဝိညာဉ်၏တန်ဘိုးနှင့်ထာဝရအဆုံးမရှိခြင်း(၅း၁၆)
သို့ဖြစ်လျှင်၊ ယခုမှစ၍ ငါတို့သည်ဇာတိအမျိုးကိုထော က်၍ အဘယ်သူကိုမျှမသိမမှတ်။ ဇာတိအမျိုးအားဖြင့်အထက်ကခရစ်တော်ကိုသိသော်လည်း၊ယခုမှစ၍ ထို သို့သောသိမှတ်ခြင်းမရှိ” (ငယ် ၁၆)။ ကျွန်ုပ်တို့ကယ် တင်ခြင်းရရှိသည်သူတို့၏ အပြင်ပန်းသဏ္ဍာန်၊ သူတို့ ၏ရုပ်ဆင်းအင်္ဂါ၊ သူတို့၏ချမ်းသာကြွယ်ဝသောအခါ၌ လူတို့ကိုခြားနားသောအမြင်နှင့်ကြည့်ကြသည်။ယခင်၌ ကျွန်ုပ်တို့မှအတိုင်းအတာအပေါ်၌စိတ်ဝင်စားကြသည်။
     သို့သော်၊ ယခုတွင် အရာရာတို့သည်ခြားနားပြီဖြစ် သည်။ ထိုသူတို့အားတော်ကကျွန်ုပ်တို့ကိုသွန်သင်ပါ သည်။ ကျွန်ုပ်တို့သည်ထိုသူတို့အား ထာဝရကာလခရစ် တော်အသေခံရသည့်တန်ဘိုးကြီးသောဝိညာဉ်များအ ဖြစ်မြင်ရန် ကျေးဇူးပတ်လုံး၌ဘုရားသခင်၏သိုးသငယ်အားကိုးကွယ်ရန်အလားအလာရှိသောသူများအဖြစ်မြင်သင့်သည်။ စိတ်ဝင်စားဘွယ်ရာမကောင်းဆုံးသောလူ၊ အတန်းအစားသတ်မှတ်၍မရသောလူတို့သည် ကမ္ဘာပေါ်၌ရှိသောရွှေ၊ ငွေ၊ ပလက်တီနမ်နှင့်စိန်အားလုံ းထက်ပို၍ အဖိုးတန်သောသူများဖြစ်ကြသည်ကို ကျွန်ုပ်တို့သဘောပေါက်သင့်သည်။ ကရာနီကုန်းပေါ်၌သခင်ယေရှုသည်လူတယောက်စီ၏တန်ဘိုးကိုသူ့အသက်သွေး၏တန်ဖိုးအတိုင်းသတ်မှတ်လိုက်သည်။
နာမည်မသိသောကဗျာလင်္ကာဆရာတစ်ဦးက ဤသို့ရေးသည်။
ဇာတိလူတို့အား ဝိညာဉ်လူလိုအောင်မြင်သင့်သူ၊ ရှင်ဘုရ င်ဖြစ်သင့်သူအဖြစ်အကျွန်ုပ်မြင်သည်။ထိုသူများသည် အချီးအနှီးဖြစ်သောရုပ်ဝတ္ထုများကိုဝမ်းနည်းဖွယ်ရာ မျှော်လင့်တတ်ကြသည်။ထိုသူများအတွက် ကြီးမားသောတောင့်တမှုနှင့်တံပိုးခေါ်သံကဲ့သို့ အကျွန်ု ပ်၌ဖြစ်ပေါ်လာသည်။ယခုပင် ထိုပျက်စီးယိုယွင်းသူများအားကယ်ချင်လွန်းလှသည်။ထိုသူများအတွက် အသေခံနိုင်သည်။
   ကျွန်ုပ်တို့၏မျက်မှန်၌မှန်ကန်သောပါဝါအတိအကျရှိသောအခါ လူတို့သည်အရေးကြီးသောသူများဖြစ် ကြောင်းကို သဘောပေါက်၍၊ ကျွန်ုပ်တို့၏အသက်တာကိုရုပ်ဝတ္ထုများစုဆောင်းခြင်းအတွက်အသုံးမပြုတော့ဘဲ၊ လူတို့ထာဝရကောင်းစားရေးအတွက်အသက်ရှင်ကြသည်။
ကျွန်ုပ်တို့ကိုဖန်ဆင်းရခြင်း၏ရည်ရွယ်ချက်(၅း၁၇)
အပိုဒ်ငယ် ၁၇ ၌ ပေါလှသည် “လူမည်သည်ကား ခရစ် တော်၌ရှိလျှင်အသစ်ဖန်ဆင်းသောသတ္တဝါဖြစ်၏” ဟုဆို၏။ ကျွန်ုပ်တို့သည်အသစ်ဖန်ဆင်သောသတ္တဝါများဖြစ်ကြပါက၊ ဖန်ဆင်းရခြင်း၏ရည်ရွယ်ချက်သည်အဘယ်နည်း၊ ဟူသောရှောင်လွှဲ၍မရသည့်မေးခွန်းပေါ် ထွက်လာသည်။ ကျွန်ုပ်တို့သည်ငွေရှာဘို့ဤနေရာ၌ရှိကြခြင်းဖြစ်ပါသလော။ ကမ္ဘာမြေပေါ်၌မိမိအတွက်
နာမည်တခုရရှိရန် ဤနေရာ၌ရှိကြခြင်းဖြစ်ပါသလား။ ပစ္စည်းဥစ္စာရှာဖွေစုဆောင်းရန်အတွက်လား။ ကောင် းသောအိမ်နှင့်ခြံကြီးများ၌ဇိမ်ခံနေထိုင်ရန်လား။ပျော်ပါးမှုကိုလိုက်ရန်အတွက်လား။ အသေးအဖွဲတို့၏ နောက် သို့လိုက်ရန်အတွက်လား။ ကျွန်ုပ်တို့၏စီမံချက်အားလုံးသည် သင်္ချိုင်း၌အဆုံးသတ်ဘို့လား။ ခုတ်လှဲရန်သတ် မှတ်သည့် သစ်ပင်ပေါ်၌အသိုက်အမြုံတခုကိုတည် ဆောက်သည်ထက် ပို၍ အဆင့်မြင့်သည့်ကံကြမ္မာသုခ ကျွန်ုပ်တို့၌မရှိပါသလော။
   အဖြေမှာ- ကျွန်ုပ်တို့သည်ဤနေရာ၌ရှိကြရခြင်းမှာ ဘုရားသခင်၏ဘုန်းတော်ထင်ရှားစေရန်နှင့်သခင်ယေရှုအကြောင်းကိုမြေကြီးပေါ်၌ပြောပြရန်ဖြစ်သည်။ ကျွန်ုပ်တို့သည်ဤနေရာ၌လောက၏ဆားနှင့်အလင်းအဖြစ်ရှိနေကြခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည်မှောင် မိုက်မှအံ့ဘွယ်သောအလင်းထဲသို့ခေါ်တော်မူသော
သူ၏ကြီးမြတ်တော်မူခြင်းကိုပြောပြရန်အတွက် ခေါ်တော်မူခြင်းကိုခံရကြ၏။ကျွန်ုပ်တို့သည်ကိုယ်တော်၏ သံတမန်များအနေနှင့် လူတို့အားဘုရားသခင်နှင့်
ပြန်လည်သင့်မြတ်ကြရန်တိုက်တွန်းကြရမည်ဖြစ်သည် ။ ကျန်သောအရာအားလုံးမဆီလျော်၊ မအပ်စပ်သောအရာများဖြစ်ကြသည်။တို့သည်စိတ်အာရုံလွင့်ပါးမှုသာဖြစ်သည်။ ကျန်သည့်အရာမှန်သမျှတို့သည်
ခရစ်တော်၏ရှင်းလင်းလွယ်ကူသောမိန့်တော်မူချက် (၅း၁၈)
သခင်ဘုရားသည် ပြန်လည်သင့်မြတ်ခြင်းအမှုတော်ကိုကျွန်ုပ်တို့အားအပ်နှံ သည်။ လူတို့သည်ဘုရားသခင်နှင့်မည်သို့ပြန်လည်သင့်မြတ်ရမည်ကိုပြောပြရန် ကျွန်ုပ်တို့အားစေလွှတ်သည်ဟုဆိုလိုသည်။ လက်ဝါးကပ်တိုင်ပေါ်၌ခရစ်တော်၏လုပ်ဆောင်ချက်သည် ဘုရားသခင်နှင့်လူများမှန်ကန်သောပေါင်းသင်းဆက်ဆံမှုကိုရရှိရန်အတွက် တခုတည်းသောလမ်းကိုပြသည်။ သို့သော်
သွားရမည့်တာဝန်ရှိသည်။သူတို့သည်ထိုသတင်းကိုကြား၍လက်ခံကြရန်ဖြစ်သည်။ သူတို့ကြားနိုင်ရန်တခုတည်းသောနည်းမှာ ကျွန်ုပ်တို့၏ပြောပြခြင်းသာဖြစ် သည်။ ကျွန်ုပ်တို့၌သွားရမည့်တာဝန်ရှိသည်။
  စစ်တပ်ထဲတွင်အကြီးဆုံးသောစစ်ဗိုလ်သည်သူ၏ဆန္ဒတခုကိုပြောပြသောအခါ သို့မဟုတ် တောင်းဆိုချက်တခုပြုသောအခါ သူ၏လက်အောက်၌ရှိသောသူတို့သည်ဤအရာကိုအမိန့်အနေနှင့်မှတ်ယူကြသည်။ ဒါဝိဒ်မင်းသည်ဗက်လင်စမ်းရေတွင်းမှရေကိုသောက်လိုက်သော အခါ ထိုစမ်းရေတွင်းသည်ရန်သူနယ်မြေထဲ၌ရှိသော် လည်း သူ၏လူတို့သည်ထိုအရာကိုအမိန့်အနေနှင့်ယူကြသည် (၂ရာ ၂၃း၁၅-၁၇)။ ကျွန်ုပ်တို့၏ဗိုလ်ချုပ်သည်ကျွန်ုပ်တို့အား “သင်တို့သည်လောကီနိုင်ငံ အရပ်ရပ်ရှိသမျှသို့သွား၍ ဝေနေယျသတ္တဝါအပေါင်းတို့အား
ဧဝံဂေလိတရားကိုဟောကြလော့” ဟူသော မဟာစေ ခိုင်းခြင်းကိုကျွန်ုပ်တို့အားပေးပြီးဖြစ်သည်။ ဤအချက်သည် တောင်းဆိုချက်တခု သို့မဟုတ် ထင်မြင်အကြံ ပေးခြင်းတခုမကပါ။ ဤအရာသည် တိုက်ရိုက်အမိန့်တခုဖြစ်၍ ဆွေးနွေးရန်နှင့်စဉ်းစားရန်ပေးခြင်းမဟုတ်၊ နာခံရန်အတွက်ပေးခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည်
သခင်ဘုရားနှင့်တွေ့ကြသောအခါ၌ “မဟာစေခိုင်းမှုကြီးကိုသင်မည်သို့ပြုခဲ့သနည်း” ဟူသော ကိုယ်တေ ာ် ၏မေးမြန်းခြင်းကိုခံကောင်းခံရကြမည်ဖြစ်သည်။
ထိုအဖြေကိုပိုင်ဆိုင်ရခြင်း၏တာဝန် (၅း၂၀)
   ကမ္ဘာလောကကြီးရှိပြဿနာများ၏ အဖြေသည် ခ ရစ် ယာန်တို့၌ရှိသည်ဟုပြောပါက ကြီးကျယ်လွန်းမည်မဟုတ်ပါ။ အပြစ်သည်လူသားတို့၏ပြဿနာကိုဖြစ်
စေသောအဓိကအကြောင်းဖြစ်သည်။ မည်သူတယော က်မှအပြစ်ကိုမဖြေရှင်းနိုင်သော်လည်း ခရစ်တော်သည်အပြစ်ကိုထိရောက်စွာဖြေရှင်းသည်။ အပြစ်ဒဏ်နှင့်
အပြစ်တန်ခိုးမှကယ်နုတ်သောအရာတခုမှမရှိသော် လည်း ကရာနီ၌ကိုယ်တော်၏လုပ်ဆောင်မှုသည် အ ပြစ်ဒဏ်နှင့်အပြစ်တန်ခိုးမှလူတို့အားကယ်နုတ်ခြင်းကိုပေးသည်။ ခရစ်တော်သည် အဖြေဖြစ်သည်။
 အဖြေ ရှိသော်လည်း ကိုယ်တော်အကြောင်းကိုမပြောပြခြင်းမှာ စိုးရွံ့ထိတ်လန့်ဘွယ်ကောင်းသောအရာတခုဖြစ်သည်။ ကင်ဆာရောဂါပျေက်ကင်းသည့်ဆေးတလုံးမီးလောင်သည်ကိုတွေ့သော်လည်း အချက်ပြဥဩမဆွဲခြင်း သို့မဟုတ် ၄င်း၌ရှိသော်လည်း ဖြန့်ဝေရောင်းချခြင်းမပြုဘဲ သိမ်းထားခြင်းနှင့်တူပေမည်။ အိမ်နေထိုင်သောသူတို့ကိုကယ်တင်ရန်အားမစိုက်ဘဲနေခြင်းနှင့်တူသည်။
ဧလိယအချိန်ကာလ၌ အစားအသောက်သိုလှောင်ရာကြီးမားသော
ဂိုထောင်တစ်ခုသို့အမှတ်မထင်ဝင်ရောက်လာသည့်အနူရောဂါသည်လေးယောက်ရှိသည်။ပထမဦးဆုံ၌ထိုသူတို့သည်အခြားသောလူတို့ကိုမစဉ်းစားဘဲ ငမ်းငမ်းတ က်စားကြသည်။ထိုနောက်မိမိတို့ကိုယ့်ကိုသိသောစိတ်သည်သူတို့ကိုပြင်းပြင်းထန်ထန်ထုးနှကြၽကသည်။သူတို့သည်အနီးအနား၌ရှိသောမြို့သူမြို့သားများအား ထိုသတင်းကောင်းကိုမပြောဘဲနေကြသည်။ ထို့ကြောင့် အစာခေါင်းပါးခြင်းပျောက်စေမည့်အစားအစာများစွာရှိ ကြောင်း မြို့ထဲသို့စကားပစ်လိုက်ကြသည်။ မြို့သူမြို့တို့သည်ထိုနေရာသို့ အစုလိုက်အပြုံလိုက်သွားကြရာ အစာငတ်ဘေးမှလွှတ်ကြသည်။
 အဓိပ္ပါယ်မှာ၊ ကျွန်ုပ်တို့သည်အစားအစာတွေ့ နိုင်မည့်နေရာကိုအခြားသောသူတို့အားပြောပြဘို့စေလွှတ်ခြင်းခံသည့်အနုရောဂါသည်များဖြစ်ကြသည်။ထာဝရက ာလ၌ “အဘယ်ကြောင့် ကျွန်ုပ်တို့ကိုမပြောသနည်း” ဟု ကယ်တင်ခြင်းမရသည့်လူတို့သည် ကျွန်ုပ်တို့အားမေးပါက ဖြေနိုင်ကြမည်မဟုတ်ပါ။ ကျွန်ုပ်တို့သည် ခရစ်တော် ၏သံတမန်များအနေနှင့်ကျွန်ုပ်တို့အိမ်နီးနားချင်းတို့၏ အသွေးအပေါ် ပြစ်မှားသောအပြစ်နှင့်မလွတ်နိုင်ကြပါ။
ခရစ်တော်၏တရားစီရင်ခြင်းပလ္လင်တော် (၅း၁၀)
နောက်ဆုံးမှန်ကန်သောမျက်မှန်ပါဝါ၌ ကျွန်ုပ်တို့သည်တရားစီရင်ပလ္လင်တခုကိုမြင်ရသည်။ သခင်ယေရှုသည် တရားသူကြီးဖြစ်သည်။ ကျွန်ုပ်တို့တယောက်စီသည်ထိုပလ္လင်ရှေ့၌ရပ်နေသည်။ ကျွန်ုပ်တို့သည်အပြစ်များအတွက်စစ်ဆေးမေးမြန်းခြင်းကိုခံရခြင်းမဟုတ်ပါ။ ထိုအပြစ်များသည် ကရာနီလက်ပါးကပ်တိုင်၌တရားစီရင်ခြင်းကိုခံရကြပြီး၊ အဖိုးအခအပြည့်အဝပေးပြီးဖြစ်
လုပ်ခပေးရန်အတွက်ကျွန်ုပ်တို့၏ အမှုတော်ဆောင်ခြင်းကိုစိစစ်ခြင်းဖြစ်သည်။၄င်းသည် ရာဇဝတ်သာ း၏ ခုံရုံးတခုထက်တိုင်းပြည်၏ဆုပေးပွဲတခုကဲ့သို့ဖြစ်သည်။
မသန့်ရှင်းသောစိတ်ထားနှင့်ပြုသမျှသောအရာသည်လောင်ကျွမ်း၍ မီးခိုးနှင့်
ဘုရားသခင်၏ ဘုန်းတော်အတွက်သော်၎င်း၊ သူ့လူတို့၏ကောင်းကြီးပြုသမျှသောအရာများအတွက် လုပ်ခ ပေးမည်ဖြစ်သည်။ တကိုယ်ကောင်းဆန်၍မင်္ဂလာအတွက် သော်၎င်း၊ အပြစ်သားများကယ်တင်ခြင်းအတွက်သော်၎င်းထွက်သွားကြမည်ဖြစ်သည်။စိတ်ရှည်သည်းခံခြင်း၊ သန့်ရှင်းသောအသက်ရှင်ခြင်း၊ သစ္စာရှိစွာဦးဆောင်မှု၊ ဝိညာဉ်များကိုရရှိခြင်း၊ သွေးဆောင်ခြင်းကိုဆီးတားခြင်း၊ ခရစ်တော်ပေါ်ထွန်းခြင်းကိုမျှော်လင့်ခြင်းစသည်တို့အတွက်အထူးဆုလာဒ်များရှိသည်။
    ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ရှေ့၌ရှိသောခရစ်တော်၏ တရားစီရင်ခြင်းပလ္လင်သည် မကြာမှီရောက်လာမည်ဟူသောအမြင်နှင့် နေ့စဉ်အသက်ရှင်သင့်ကြပါသည်။
အသက်ရှင်ရန် ကျွန်ုပ်တို့ကိုလှုံ့ဆော်မည်ဖြစ်သည်။၄င်းသည် ကျွန်ုပ်တို့အားမထိတ်လန့်စေဘဲ၊ ယခုလက်ရှိအချိန်ကိုထာ၀ရကာလအတွက်အသက်ရှင်ရန် ကျွန်ုပ်
၎င်းတို့ကိုစုစည်းပါ
ကျွန်ုပ်တို့၏ဝိညာဉ်ရေးရာမျက်စိမှုန်ခြင်းကိုပျောက်စေ၍ ၂ဝ/၂ဝ အမြင်အာရုံကိုပေးမည့်ပါဝါ (၇) မျိုး ဤနေရာ၌ရှိသည်။ ၄င်းတို့မှာ ငရဲနှင့်ပတ်သက်သောအ မှန်တရားများ၊ ခရစ်တော်၏ချစ်ခြင်းမေတ္တာ၊ စိတ်ဝိည ာဉ်၏တန်ဘိုးနှင့်ထာဝရအဆုံးမရှိခြင်း၊ ကျွန်ုပ်တို့ကိုဖန်ဆင်းရခြင်း၏ ရည်ရွယ်ချက်၊ ခရစ်တော်၏ရှင်းလင်းလွယ်ကူသောမိန့်တော်မူချက်၊ ထိုအဖြေကိုပိုင်ဆိုင်ရခြင်း၏တာဝန်နှင့်ခရစ်တော်၏တရားစီရင်ခြင်းပလ္လင်တော် စသည်တို့ဖြစ်သည်။ ဤအရာတို့ကိုဝတ်ဆင်ပါက အသက်တာကိုမှန်ကန်သောမြင်ကွင်း၌သင်မြင်ရမည်ဖြစ်သည်။၎င်းတို့မရှိပါက အသက်တာသည်မှေးမှိန်သွားမည်ဖြစ်သည်။
အပိုင်း
ခရစ်ယာန်အကျင့်စရိုက်
CHRISTIAN CHARACTER
တစ်ဆယ့်သုံး
ယေရှုနှင့်တူအောင်ရည်ရွယ်ပါ
Aim To Be Like Jesus
ကျွန်ုပ်တို့ရင်ဆိုင်ရသည့်ပြဿနာအများစု၏အဖြေမှာ သန့်ရှင်းခြင်းနှင့်ခရစ်တော်နှင့်တူခြင်းဖြစ်သည်။ ဥပမာ- ကျွန်ုပ်တို့၏တခုသောပြဿနာမှာ ဘုရားသခင် ၏အလိုတော်ကိုမည်သို့သိရမည်နည်းဟူသောအရာဖြစ်သည်။ ထိုမေးခွန်းကိုဖြေသောကျမ်းပိုဒ်အများစုမှာ ကျွန်ုပ်တို့၏စရိုက်လက္ခဏာနှင့်သက်ဆိုင်သည်
(သုတ္တံ ၃း၅-၆။ ဆာလံ ၂၅း၉)။ ဧဝံဂေလိလုပ်ငန်း၌မ ည်သို့ထိရောက်ရမည်ကိုကျွန်ုပ်တို့သိလိုကြသည်။ ၄င်း၏အဖြေမှာ သန့်ရှင်းခြင်း၌ရှိသည် (မဿဲ ၄း၁၉)။
ကျွန်ုပ်တို့သည် ထိရောက်သောဆုတောင်းသည့်အ သ က်တာရှိလိုကြပါကသခင်ဘုရားက ” သင်သည်ငါ၌ တည်၍ ငါ့စကားတို့သည်သင်၌တည်လျှင် တောင်း
ချင် သမျှတို့ကိုတောင်း၍ ရကြလိမ့်မည်” (ယော ၁၅း၇) ဟုဆို၏။ ကျွန်ုပ်တို့သည်စစ်သားများကဲ့သို့မိမိတို့၏ သခင်အတွက်တိုက်ခိုက်သည်ဖြစ်၍ ကျွန်ုပ်တို့၌အ ကွ ယ်အကာနှင့်ထိရောက်မှုလိုအပ်သည်။ ယုံကြည်သူ၏ စစ်ဝတ်တန်ဆာကိုဖြစ်သည်။ဧဖက် ၆း၁၁-၁၈ ၌တွေ့ရသည်။ ထိုအရာမှာ ခရစ်ယာန်၏အကျင့်စရိုက်ပင်
ခရစ်ယာန်အသက်တာကဏ္ဍအားလုံး၌လည်း ထိုနည်းအတိုင်းဖြစ်သည်။
   ဘုရားသခင်သည် လုပ်နည်းကိုင်နည်းဆယ်စုံတွဲကိုကျွန်ုပ်တို့အားမပေးပါ။ ကျွန်ုပ်အစဉ်လိုက်ဖြစ်သွားမည်ဖြစ်သည်။တို့၏အသက်တာကိုပို၍ အဓိကပြောပါသည် ။ ကျန်သောအရာတို့သည် သူ့အလိုလို”ကျွန်ုပ်တို့အား ခရစ်တော်နှင့်ပိုတူလာရန်နှင့် မိမိတို့နှင့်မတူလာစေရန်
ပြုတော်မူပါ” ဟု ကျွန်ုပ်တို့အစဉ်ဆုတောင်းသင့်သည်။ ကျွန်ုပ်တို့သည် ခရစ်တော်နှင့်ပို၍တူသင့်သည်ဟူသောအချက်၌ ငြင်းခုန်သောခရစ်ယာန်တယောက်မှမရှိပါ။
ထိုအရာသည်ပေးကမ်းသောအရာတခုဖြစ်သည်။ ခရစ် တော်နှင့်တူရမည့်အရေးထက်ပို၍မြင့်သောပန်းတိုင်၊ ပို၍အဆင့်မြှင့်သောအာသီသမရှိပါ။ ဘုရာသခင်ကသူ၏လူတို့အတွက် ထားသောကြီးမားသည့်ရည်ရွယ် ချက်တခုမှာသားတော်၏ပုံသဏ္ဍာန်အတိုင်းပြောင်းလဲလာရန်ဖြစ်သည်။ ကျွန်ုပ်တို့သည်ထိုကိစ္စကို ထိုထက်ပို၍ အတင်းအကြပ်ပြုစရာမလိုပါ။ဘုရားသခင် ၏ရည် ရွယ်ချက်မှာ ကျွန်ုပ်တို့အားယေရှုနှင့်တူအောင်ပြုဘို့ဖြစ်သည်။ ထိုအရာကို ဓမ္မသစ်ကျမ်းတခုလုံး၌သွန် သင်၍ ဒေသနာများ၌လည်းမကြာခဏကြားကြသည်။
သို့သော်၊ မေးစရာတခုရှိသေးသည်။ ၄င်းမှာ “မည်သို့နည်း” ဟူ၍ဖြစ်သည်။ ကျွန်ုပ်တို့၏သခင်ယေရှုနှင့်တူခြင်း၌တိုးတက်မှုကိုရရှိအောင် လက်တွေ့ကျကျမည်သို့ပြုလုပ်ရမည်နည်း။ မည်သည့်အရာပြုရမည်ကိုသိခြင်းသည်တနည်းမည်သို့ပြုရမည်မှာနောက်တခုဖြစ်သည်။
   “ဘုရားသခင်၏သဏ္ဍာန်တော်သည် ကျွန်ုပ်တို့ခန္ဓာ ကိုယ်ပုံစံမျိုး၌မတွေ့ရဘဲ၊ အသစ်ပြုပြင်သောဉာဏ်နှင့်စိတ်နှလုံး၌တွေ့ ရသည်။ သန့်ရှင်းခြင်း၊ ချစ်ခြင်း၊နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ သနားကြင်နာခြင်းနှင့်အပြစ် လွှတ်ခြင်းစသောအရာတို့သည်ဘုရားသခင်၏ အကျင့်စရိုက်ဖြစ်သည်” (Daily Notes of theScripture Union)”။
   ကျွန်ုပ်တို့သည်ကိုယ်တော်အားစေ့စေ့ကြည့်ခြင်းအား ဖြင့် ကိုယ်တော်၏သဏ္ဍာန်တော်အတိုင်းပြောင်းလဲကြသည်ဟု ပေါလုဆို၏ (၂ကော ၃း၁၈)။ ကျွန်ုပ်တို့သည်မြေကြီးပေါ်၌နေထိုင်သောလူတယောက်အနေနှင့်သော် ၎င်း၊ ဘုရားသခင်၏လက်ျာတော်၌ ကျွန်ုပ်တို့အတွက်ယခုအသက်ရှင်သောသူအနေနှင့်သော်၄င်း၊ ကိုယ်အကြောင်းကိုလေ့လာပြီးနောက်၊ ကိုယ်တော်အသက်ရှင်သည့်အတိုင်းအသက်ရှင်၍ကိုယ်တော်၏စံနမူနာအတိုင်းလိုက်ရန်ကြိုးစားခြင်းကိုဤအရာကဆိုလိုသည်။
   သခင်ယေရှုသည် ကျွန်ုပ်တို့စံနမူနာအဖြစ်လိုက်ဘို့ ပုံသက်သေဖြစ်ကြာင်းကိုပြသည့်ဓမ္မသစ်ကျမ်း၌ ရှင်း လင်းသောကျမ်းပိုဒ်နှစ်ခုရှိသည်။ ၄င်းတို့မှာယောဟန် ၁၃:၁၅- “ငါသည်သင်တို့၌ပြုသကဲ့သို့ သင်တို့သည်ပြုစေခြင်းငှါပုံသက်သေကိုပြခဲ့ပြီ”(ကိုယ်တော်သည် သူတို့၏ခြေကိုဆေးပေးသည်)၊၁ ပေ ၂း၂၁ – “ထိုသို့အလိုငှါ သင်တို့ကိုခေါ်တော်မူပြီ။ ခရစ်တော်သည်ငါတို့
အတွက်ခံတော်မူသည်ဖြစ်၍ ခြေရာတော်ကိုလျှောက်လိုက်စေခြင်းငှါ ပုံသက်သေကိုထားတော်မူပြီ” စသည်တို့ဖြစ်သည်။
ကျွန်ုပ်တို့သည် ဤလောက၌ကိုယ်တော်၏စုံလင်ခြင်း (သို့မဟုတ်) ဘုရားသခင်တပါတည်းသာပိုင်သည့်ထိုဂုဏ်အဂ်ါတို့ကိုခံစားရရှိမည်မဟုတ်ဟုပြောစရာမလိုပါ။ သို့ရာတွင် ပိုနေမြဲကျားနေမြဲအခြေအနေ၌ကျေနပ်ရောင့်ရဲသည်ဟူ၍သခင်တပါးတည်းသာပိုင်သည့် ထိုဂုဏ်အင်္ဂါတို့ကိုခံစားရရှိမည်မဟုတ်ဟု ပြောရန်အ တွက်ကြိုးစား၍ပြေးရန်လိုသေးသည်။
ခရစ်တော်ကိုယ်တော်တိုင်သည်ကျွန်ုပ်တို့၏ကြီး မြတ်သေ ာစံနမူနာသည်ကိုတွေ့ ရသောအခါ ကိုယ်တော်အားအတုယူနိုင်ရန် အဖိုးတန်သောသက်သေဖြစ်သော် လည်း ကိုယ်တော်လူတို့၏အသက်တာ၌ ကိုယ်တော်ထင်ဟပ်သင်ခန်းစာများ ကျွန်ုပ်တို့ရရှိတတ်ကြသည်။ တခါတရံကိုယ်တော်၏ကြီးမြတ်မှုအကြောင်းကို ကျွန်ုပ်တို့ဖတ်ရှုကြသည်မှာမှန်သော်လည်း ၄င်းတို့သည်ကျွန်ုပ်တို့၌မရှိသကဲ့သို့ဖြစ်သည်မဟုတ်လော။ သို့သော် ထူး ဆန်းသောနည်းတနည်းအားဖြင့်ခရစ်တော်နှင့်တူသောအရည်အချင်းတချို့ကိုပြသသည့်ယုံကြည်သူတဦးကို
ကျွန်ုပ်တို့တွေ့ရှိသောအခါ သမ္မာတရားသည်လူဖြစ်လာသည်ကို ကျွန်ုပ်တို့တွေ့ ရသည်။ ၄င်းသည်ဝေးလံသောအရာမဟုတ်၊ သီအိုရီမဟုတ်၊ လက်တွေ့မကျသောအရာလည်းမဟုတ်တော့ချေ။ ဥပမာ- သမ္မာကျ မ်းစာ၏ရှင်းလင်းသောမိန့်မှာချက်များကိုနာခံခြင်းအားဖြင့်အသက်ရှင်သောတပည့်တော်တယောက်ကိုမတွေ့မချင်း တပည့်တော်ဖြစ်ခြင်းသည် ရှင်သန်နိုင်မည်မဟုတ်ပါ။
ထိုကြောင့် ထိုအရာကအဓိကမေးခွန်းတခုကိုဖြစ်ပေါ်စေသည်။ ယေရှုသည်မည်သည့်အရာနှင့်တူပါသနည်း။ ကျွန်တော်သည်ကိုယ်တော်နှင့်မည်သို့ပို၍တူနိုင်မည်နည်း။ သူတပါးသည် ကျွန်ုပ်၏အထဲမှခရစ်တော်ကိုတွေ့မည်အကြောင်းကျွန်ုပ်မည်သို့အသက်ရှင်နိုင်မည်နည်း။ ကျွန်ုပ်သည်ကိုယ်တော်၏အကျင့်စရိုက်အပြု အမူနှင့်စကားပြောဆိုခြင်းတို့ကိုမည်သို့အတုယူနိုင်မည်နည်း။
ကိုယ် တော် သည် ထိုကျမ်းနှင့် အသက်ရှင်သောသူဖြစ်သည်။ခရစ်တော်၏စိတ်ဝိညာဉ်သည် နှုတ်ကပတ်တော်နှင့်ပြည့်ဝသည်။ အခွင့်အာဏာအဖြစ်နှုတ်ကပတ်တော်ကိုကိုးကား၍ အသုံးပြုသည်။ ကိုယ်တော်ကိုးကားသည့်ကျမ်းပိုဒ်တို့မှာ အချိန်အခါနှင့်ကိုက်ညီသောစကားလုံးများဖြစ်သည်။
ကိုယ်တော်သည်ဆင်ခြင်အောက်မေ့သောသူဖြစ်သည်။ ကိုယ်တော်သည်ဆာလံကျမ်းကပြောသည့် ထာဝရဘု ရား၏ပညတ်တော်၌မွေ့လျော်၍မင်္ဂလာရှိသောသူဖြစ် သည်။ ထိုပညတ်တော်ကိုနေ့ညမပြတ်ဆင်ခြင်အောက်မှသည်။ကိုယ်တော်သည်ဝတ်ပြုကိုးကွယ်သောသူဖြစ် သည်။ ကျွန်ုပ်တို့သည်ဘုရား၏ အကြီးမြတ်ဆုံးသောဝတ်ပြုကိုးကွယ်ခြင်းမှာ ခွေမည်းတော်၏အလိုတော်ကိုနာခံသောအားဖြင့် ကရာနီကုန်းပေါ်၌မိမိကိုယ်ကိုပူဇေ ာ်အသေခံခြဖြစ်သည်။
ကိုယ်တော်သည်လောကီပုံသဏ္ဍာန်ကိုမဆောင်ပါ။ တပည့်တော်များနှင့်ပတ်သက်၍ ကိုယ်တော်က “ကျွန်ုပ်သည် ဤလောကနှင့်မဆိုင်သကဲ့သို့သူတို့သည်လည်း ဤလောကနှင့်မစပ်ဆိုင်ကြပါ”(ယော ၁၇း၁၆)ဟု မိန့်တော်မူသည်မဟုတ်လော။ ကိုယ်တော်သည် လောကနှင့်လုံးဝမဆိုင်ပါ။
ကိုယ်တော်သည် ဇာတိအသွေးအသားလက်နက်များနှင့် မတိုက်ခိုက်ပါ။ ကျွန်ုပ်တို့သခင်ဘုရားသည် ပိလတ်မင်းရှေ့၌စစ်ဆေးမေးမြန်းခြင်းကိုခံရသောအခါ “ငါ ၏နိုင်ငံသည် ဤလောကနှင့်မစပ်ဆိုင်။ ငါ၏နိုင်ငံသည် ဤလောကနှင့်စပ်ဆိုင်လျှင် ငါသည်ယုဒလူတို့လက်သို့မရောက်စေခြင်းငှါ ငါ၏လူတို့သည်တိုက်လှန်ကြလိမ့် မည်။ ယခုမူကား ငါ၏နိုင်ငံသည် ဤဒေသအရပ်၌မစပ်
ဆိုင်”ဟု မိန့်တော်မူ၏ (ယော ၁၈း၃၆)။
ကိုယ်ကျင့်တရားပြည့်ဝစုံလင်ခြင်း။ သခင်ဘုရားသည် အပြစ်မလုပ်ဘဲ အသက်ရှင်ရုံသာမက၊ အပြစ်မသိဘဲ အသက်ရှင်ခဲ့သည်။ ကိုယ်တော်၌အပြစ်မရှိပါ။ ကိုယ် တော်သည် အပြင်ဘက်မှသွေးဆောင်ခြင်းခံပြီး၊ အ တွင်းဘက်မှသွေးဆောင်ခြင်းတခါမှမခံရပါ။ ကိုယ် တော်၌ဝန်ခံရမည့်အပြစ်တစုံတခုမှမရှိပါ။ကျွန်ုပ်တို့သ ည်လူဟောင်းနဲ့ မတူကိုယ်တော်ကဲ့သို့ဖြစ်ရန်အလို့ငှါ
ကျွန်ုပ်တို့အတွက်ကိုယ်တော်ရှင်သည်ရွံရှာဘွယ်ကောင် းသူအဖြစ်ခံယူလည်းအပြစ်မပြုခဲ့ပါ။
ကိုယ်တော်သည် မိမိ၏အတ္တဆန္ဒအတိုင်းတစုံတခုမှမပြု၊ ခမည်းတော်ဘုရားနှင့်ကင်း၍တခုမှမလုပ်ပါ။ ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး ၅ ၌ ကိုယ်တော်သည် မိမိအလိုအလျောက်အဘယ်အမှုကိုမျှမပြုနိုင်ကြောင်း နှစ်ကြိမ်ပြောပသည် (ငယ် ၁၉၊ ၃ဝ)။ ဤအရာကိုပြောရာ၌ သူ၌အနန္တတန်ခိုးရှိကြောင်းကိုငြင်း
၁၁၂ခြင်းမဟုတ်ဘဲ ခမည်းတော်နှင့်တန်းတူညီမျှဖြစ်ကြောင်းနှင့် သူ၏အလိုတော်နှင့်ခမည်းတော်၏ဘအလိုတော်တို့သည် တူနေကြောင်းအတည်ပြောဆိုခြင်းဖြစ်သည်။
J.B Watson သည် “အပြစ်မဲ့သောကယ်တင်ရှင်”(The Sinless saviorဟူသောသူ၏စာအုပ်၌အောက်ပါအတိုင်းရေးသားခဲ့ပါသည်။
နောင်တရသည့်ဝေဒနာကို ကိုယ်တော်သည်မခံစားဘူးပါ။ သူသည်အမှားပြုမိသည်ဟု တခါမှမခံစားပါ။ ရုပ်သိ မ်းပယ်ဖျက်ရမည့်စကားတခွန်းမှမရှိပါ။ သူ၏စကား သို့မဟုတ် လုပ်ဆောင်ချက်အတွက်ဝမ်းနည်းခြင်းကိုတခါမှမပြော။ အပြစ်ဝန်ခံခြင်းတခုမှလည်းမပြောပါ၊
သူသွားသည့်လမ်းကြောင်းနှင့်လုပ်ဆောင်ချက်ကိုပြောပြခြင်းသို့မဟုတ်ကြောင့် တစုံတယောက်ကိုမခံစားစေဘူးပါ။ ကိုယ်တော်သည်နေ့တိုင်းအလျင်အမြန်မလုပ်ဘဲ သူ၏အသက်တာ၌လုပ်ရန်ကျန်ခဲ့သည့်အလုပ်မရှိ
စေရန်အတွက် လုပ်ရန်အလုပ်တို့ကိုပြီးစီးစေသည်။ နေ့တိုင်းတွင် အစွန်းအပျောက်နှင့်ညစ်ပေသောအရာများကို မတွေ့ သောကြောင့် နေ့သစ်ကိုစိတ်ကျေနပ်ခြင်းနှင့်အစပြုသည်။
အခြားသူတယောက်က “ကိုယ်တော်သည် လူအနေနှင့်၄င်း၊ ဘုရားသခင်အနေနှင့်၄င်း၊ အနာအဆာကင်းမဲ့သောသူဖြစ်၏။ ကမ္ဘာမြေကြီးမစတင်မှီခမည်းတော်၏ အားရဝမ်းမြောက်မှုကိုနေ့တိုင်းရရှိ၍ ကမ္ဘာမြေကြီး ၏ညစ်ညမ်းမှုအလယ်၌ ဂုဏ်အသရေမမှေးမှိန်သောသူဖြစ်သည်” ဟုဆို၏။
ဝမ်းမြောက်ခြင်း။ ဘုရားသခင် သားတော်၏ဝမ်း မြော က်ခြင်းမှာခမည်းတော်၏အလိုတော်ကိုဆောင်ရန်နှင့် သားမျာစွာတို့ကိုဘုန်းအသရေထဲသို့ခေါ်ဆောင်လာရန်ဖြစ်သည်။ ထိုဝမ်းမြောက်ခြင်းကိုမြင်သောအားဖြင့် သူသည်လက်ဝါးကပ်တိုင်၌ခံ၍ အရှက်တကွဲဖြစ်ခြင်းကိုဥပက္ခာပြုသည်။ လူများက သူအပေါ်ပုံ၍တင်သည့် တရားစီရင်ခြင်းနှင့်ဝမ်းနည်းခြင်းတို့သည် သူ့ကိုမထိခိုက်ပါ။
ငြိမ်သက်ခြင်း။ ငြိမ်သက်ခြင်းနှင့်ဣန္ဒြေသိက္ခာရှိမှုတို့က ကယ်တင်ရှင်၏အသက်တာကိုထူးခြားစေသည်။ မည်သို့ဆန့်ကျင်တိုက်ခိုက်မှုသည် ကိုယ်တော်အားတိုက်ခိုက်သော်လည်း ကိုယ်တော်သည်ငြိမ်သက်၍ အေးချမ်းနေသည်။ကိုယ်တော်ဖန်ဆင်းသောသတ္တဝါတို့၏ခြိမ်းခြောက်မှုများနှင့်စော်ကားသောအမှုတို့သည်ကိုယ်တော်ကိုမတုန်လှုပ်စေပါ။
စိတ်ရှည်သည်းခံခြင်း။ ယေရှုသည် “ယုံကြည်ခြင်းမရှိသော ဖေါက်ပြန်သည့်အမျိုး(လု၉း၄၁  )ြဖစ်သောတပည့်တော်များအပေါ်၌စိတ်ရှည်သည်းခံြခင်းရှိသည်။ ကိုယ်တော်သည် ပျောက်ဆုံးသောလူသားများအပေ ါ်၌စိတ်ရှည်သည်းခံခြင်းရှိသည်။ “အဘယ်သူမျှ မပျက်စီ းဘဲ၊ ရှိသမျှတို့သည် နောင်တရစေခြင်းငှာအလိုတော်ရှိ၍ ငါတို့ကိုသည်းခံတော်မူ၏” (၂ ပေ ၃း၉)။
သနားကြင်နာခြင်း။ သခင်ယေရှု၏သနားကြင်နာခြင်းကို သူနှင့်ဆက်ဆံသောသူတို့အပေါ်၌ထားသည့်မေတ္တ ာ၊ ကိုယ်ချင်းစာမှု စသည်တို့၌တွေ့ရသည်။ သူတို့အား ကောင်းကြီးပေးခြင်း၊ ထိုအရာကိုလိုအပ်သောသူတို့အားသက်သာစေခြင်းစသည်တို့မှာ ကိုယ်တော်များစွာကျေနပ်ဝမ်းမြောက်သောအရာဖြစ်သည်။ ကိုယ်တော်နှင့်တွေ့သောသူတို့အပေါ်၌ ကိုယ်တော်၏စဉ်းစားပေး
ခြင်းသည် သူတို့အပေါ်ကိုယ်တော်ပို၍ ချစ်မြတ်နိုးစေသည်။
ကောင်းမြတ်ခြင်း။ မျက်နှာလိုက်ခြင်းမရှိဘဲ သနားကြင်နာခြင်းကိုပြနေသည့်ကိုယ်တော်သည် ကောင်းမြ တ်သောသူဖြစ်သည်ဟု ရန်သူများကပင်ယုံကြည်ကြသည်။ ကိုယ်တော်သည် “ကျေးဇူးပြုလျက်၊ မာရ်နတ်ညှဉ်းဆဲသောသူအပေါင်းတို့အားချမ်းသာပေးလျက် လှည့်လည်တော်မူ၏” (တမန် ၁၀း၃၈)။ကိုယ်တော်သည် မိမိအတွက်မစဉ်းစားဘဲ တခြားသောသူများအတွက် စဉ်းစားသည်။ သနားကြင်နာခြင်းကိုပြရာ၌ ကိုယ်တော်ကိုမှီမည့်သူတယောက်မျှမရှိပါ။အခြားသောသူများကောင်းစားစေရန် ကိုယ်တော်သည်ဆင်းရဲခံခဲ့သည်။
သစ္စာစောင့်ခြင်း။ ကိုယ်တော်သည် ကတိတော်ကိုစော င့်ရာ၌၄င်း၊တာဝန်ကိုလုပ်ဆောင်ရာ၌၄င်း၊ သူ၏လူတို့အားစောင့်ရှောက်ပြုစုရာ၌၄င်းသစ္စာစောင့်တော်မူ၏။ ကိုယ်တော်အားယုံကြည်အားကိုးရာ၌ ဆုံးရှုံးနစ်နာမှု
ဟူ၍မရှိပါ။ ကိုယ်တော်အားဖြင့် စိတ်မချမ်းသာသောသူတယောက်မျှ မရှိဘူးပါ။
နူးညံ့ သိမ်မွေ့ခြင်း။ ဤစကားလုံးသည် တပည့်တော်များကငယ်တို့ကို ကိုယ်တော်ထံမှမောင်းထုတ်လိုသည့်အချိန်ကို ပြန်၍ သတိရစေသည်။”သူငယ်များ ငါ့ထံသို့ လာပါလေစေ၊ မဆီးတားကြနှင့်၊ အကြောင်းမူကား
ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့အတွက်ပေတည်း” (မဿဲ ၁၉:၁၄) ဟုယေရှုမိန့်တော်မူ၏။
ကရုဏာသက်ခြင်း။ ခရစ်တော်သည် လူထုကြီးကိုကရုဏာသက်၍ကြီးကိုသနား၍ ၅ဝဝဝ သောသူတို့ကိုကျွေးမွေးသည် (မဿဲ ၁၄း၁၄)။ဆယ့်နှစ်ပါးတို့ကိုလယ်ကွင်းထဲသို့ စပါးရိတ်ရန်စေလွှတ်သည် (မဿဲ ၉း၃၆)။ လူထုကိုယ်တော်၏သနားကြင်နာမှုကြောင့် မျက်မမြင်နှစ်ယောက်တို့သည် မျက်စိကိုယ်တော်သည်လူအုပ်ကြီးကိုသနား၍ ၄ဝဝဝ တို့ကိုကျွေးပြန်၏ (မဿဲ ၁၅း၃၂)။မြင်ကြ၏ (မဿဲ ၂၀း၃၄)၊ အနူရောဂါသည်တစ်ယောက် အနာပျောက်၏ (မာကု၁း၄၁) နတ်ဆိုးဝင်သောသူထံမှနတ်ဆိုးမောင်းထုတ်၏ (မာကု ၅း၁၉)၊
ဝမ်းနည်းပူးဆွေးသောမုဆိုးမ၏သား အသက်ပြန်ရှင်သည် (လုကာ ၇း၁၃)။ကိုယ်တော်၏သနားကြင်နာမှုကို ကောင်းသောသိုးထိန်း (လုကာ ၁၅:၄-၇)ကောင်းသောရှမာရိလူ (လုကာ ၁၀း၃၃)၊ ပျောက်သောသား၏ဖခင် (လုကာ၁၅း၂ဝ) စသည်တို့ဖြင့်မြင်ရသည်။ လာဇရု၏ သင်္ချိုင်း၌ သနားကြင်နာသောကိုယ်တော်၏မျက်ရည်များကိုမြင်ရသည် (ယော ၁၁း၃၅)။ သံလွင်တောင်ပေါ်တွင်သနားကြင်နာသောကယ်တင်ရှင်ရှိသည်။ယေရုရှ လင်မြို့ အတွက်ငိုကြွေးရာ၌ တွေ့ရသည် (မဿဲ၂၃း ၃၇-၃၉)။ ကျွန်ုပ်တို့၌ဆုတောင်းရန်လိုအပ်သည်။
   ထိုသို့သောသနားကြင်နာခြင်းမျိုး ကျွန်ုပ်တို့လိုအပ်ပါသည်။ ဤသို့ဆုတောင်းရန်လိုအပ်သည်။
ကိုယ်တော်ပြုသကဲ့သို့ လူပရိသတ်များအားမျက်ရည်ပြည့်မျက်ဝန်း မှုန်ဝါးသည့်တိုင်၊အကျွန်ုပ်အား ကြည့်ရှုခွင့်ပေးပါ။ကိုယ်တော်၏ချစ်ခြင်းကဲ့သို့ လမ်းလွဲသိုးများအားသနားကြင်နာ၊ ချစ်ခြင်းများနှင့်အကျွန်ုပ်အား မြင်နိုင်ခွင့်ပေးပါ။ (စာရေးသူမသိ)
နူးညံ့သိမ်မွေ့ခြင်း။ သခင်ယေရှုနှင့်ပတ်သက်၍ စစ်မှန်သောသရုပ်ဖေါ်ခြင်းဟူသမျှတို့သည် နူးညံ့သိမ်မွေ့သောသူအနေနှင့်၄င်း၊ စိတ်နှလုံး၌နိမ့်သောသူအနေနှင့်၄င်း၊ သရုပ်ဖော်မည်ဖြစ်သည်။ “နူးညံ့သည်” ဟူသော စကာလုံးက ကျိုးပဲ့သည် ဟူသည့်သဘောရှိသည်။ ကြမ်းတမ်းခက်ထန်မှုကိုခံရ၍ သည်းခံခြင်းနှင့်ဖြည်းဖြည်းမှန်မှန်သွားနေသော အသက်ငယ်သည့်မြင်းတစ်ကောင်ကိုပြောပြရာ၌ အသုံးပြုသည့်စကားလုံးဖြစ်သည်။ ၄င်း၏ဦးခေါင်းသည် မော့လိုက်ငုံလိုက်ဖြစ်ပြီး ၄င်း၏မျက်စိတို့သည် ရှေ့ကိုတည့်တည့်ကြည့် သည်။
  ကျွန်ုပ်တို့၏နူးညံ့သိမ်မွေ့သောသခင်သည် သူ၏ထ မ်းပိုးကိုထမ်း၍သူ့ထံ၌နည်းခံကြရန် ကျွန်ုပ်တို့ကိုဖိတ်ခေါ်သည်။ ဤအရာက အလိုတော်ကိုမညည်းမတွားဘဲလက်ခံခြင်းကိုဆိုလိုသည်။ ကျွန်ုပ်တို့အပေါ်၌ ဆန့်ကျင်တိုက်ခိုက်သည့်အခြေအနေမျိုးရှိလာသောအခါ၌ “ထို သို့ အလိုတော်ရှိသောကြောင့် မှန်ပါအဘ” ဟု ကျွန်ုပ်တို့ပြောနိုင်ကြမည်ဖြစ်သည်။
ယေရှုသည်ဤလောက၏ဘုန်းအသရေတခုမှမဆောင်ဘဲ နိမ့်ချသောအားဖြင့်ဖွားမြင်သည်။ ကိုယ်တော်သည်အသက်ရှင်ခြင်း၌နှိမ့်ချ၍၊ မာန်မာနထောင်လွှားခြင်း သို့မဟုတ် ဝင့်ဝါခြင်းအစအနတစ်ခုမှမရှိပါ။ သူများထက်သာသည်ဟူသောစိတ်ထားလည်းမရှိပါ။ ကိုယ်တေ ာ်၏နိမ့်ချတော်မူခြင်းစံနမူနာတခုမှာ “အသေခံခြင်းတိုင်အောင်အစေကျွန်ခံ၍ ကိုယ်ကိုကိုယ်နိမ့်ချ
တော်မူ၏” (ဖိလိပ္ပိ ၂း၈) ဟူ၍ဖြစ်၏။
သိမ်မွေ့နိမ့်ချ အကျွန်ုပ်ကယ်တင်ရှင်ပိုးလောက်ပမာ အကျွန်ုပ်ဘဝအားနည်းမှုများ၊ အပြစ်နှင့်ပြည့်လျက် မသန့်ရှင်းခဲ့ပါအဘယ့်ကြောင့်ကျွန်ုပ်ဘဝအား ချီးမြှောက်မူလဲ။ (H. F. Lyte)
ကိုယ်တော်သည် အစေခံကျွန်တစ်ဦးဖြစ်ခဲ့သည်။ ယေရှုသည”ကျွန်ုပ်၏သခင်ကို ကျွန်တော်ချစ်ပါ၏၊ ထွက်မသွားလိုပါ” ဟုပြောသော ဣသရေလအမျိုး ကျွန်စစ်ကျွန်မှန်ဖြစ်သည် (ထွက် ၂၁း၅)။ ကိုယ်တော်၏သက်တော်စဉ်တခုလုံး၌ ဘုရားသခင်၏အမှုတော်ကို၎င်း၊ သူ၏အပေါင်းအဖော်တို့၏အမှုကို၎င်းဆောင်ရွက်ပေးဘသည်။ ထူးဆန်းအံ့ဩစရာကောင်းလှပါသည်။ စကြာဝဠာကိုဖန်ဆင်းသောအရှင်နှင့်တည်စေသောအရှင်သည် ကောင်းကင်ဗိုလ်ခြေများစွတို့၏အစေခံရာနေရာကိုစွန့်ပြီး လူများစွာတို့ကိုရွေးယူရန် အသက်တော်ကိုပေး၍အမှုတော်ကိုဆောင်ရွက်ဘို့ ဆင်းကြွလာသည်။ ကိုယ်တော်၏ မိမိကိုယ်ကိုနိမ့်ချမှတန်းတူညီမျှ သော်လည်း၊ တန်းတူညီမျှသည်ဟု စိတ်ထဲ၌ မခံစားပါ။ ကောင်းကင်၌အပေါ် ပေါလုက ပီပီပြင်ပြင်ဖေါ် ပြ သည်။ ကိုယ်တော်သည်ခမည်းတော်ဘုရားနှင့်
ထိုရာထူးကိုမယူဘဲ အစေခံကျွန်တစ်ယောက်ဖြစ်လာသည်။ ကိုယ်တော်က”ငါသည် သင်တို့တွင် လုပ်ကျွေးသောသူကဲ့သို့ဖြစ်၏” (လုကာ ၂၂း၂၅-၂၇)ဟုဆိုနိုင်၏။ “ခရစ်တော်သည် ဘ၀တလျှေ ာက်လုံး၌မိမိ၏အတ္တအတိုင်းပြုသောအရာတခုမှမရှိပါ။ ကိုယ်တော်သည် သူတစ်ပါး၏အစေကို အစဉ်ခံသည်။”
ကိုယ်တော်သည် ကျွန်တစ်ယောက်ကဲ့သို့ သဘက်ကိုပတ်၍ တပည့်တော်တို့၏ခြေကိုဆေးရန်ကုန်းနေသည်ကို ကျွန်ုပ်တို့ မြင်သောအခါ၌ ပြောစရာစကားကုန်နေသကဲ့သို့ဖြစ်သည်။
အံ့ဩဘွယ်ရာ နိမ့်ချစိတ်ထားသခင့်ပမာ အကျွန်ုပ်ရှိရန်နှစ်သက်လှ၏၊ငြိမ်သက်ချမ်းမြေ့ ရှာဖွေတွေ့ရှိ
သခင့်အသက်တာ လေ့လာခဲ့စဉ်ဘုရားသဏ္ဍာန် ပြည့်စုံမှုနှင့်ကြီးမြတ်သရဖူ ပိုင်ဆိုင်သော်လည်းဝမ်းနည်းခြင်းပြည့် ဤလူ့ဘဝ၌အစေခံကျွန်အဖြစ် လူဖြစ်လား (Joseph Stennett)
အထက်ခန်းမ၌ မိန့်တော်မူသည့် “ငါသည်သင်တို့၌ပြုသကဲ့သို့ သင်တို့သည်ပြုစေခြင်းငှါ ပုံသက်သေကိုပြခဲ့ပြီ” (ယော ၁၃း၁၅)ဟူသော စကားအတိုင်းယနေ့ ၌လ ည်းမိန့်တော်မူနေသေးသည်။
   ကျွန်ုပ်တို့သည်အစေခံရန်အတွက်ဦးညွှတ် ြကသော အခါ၌ ၄င်းသည်ကိုယ်တော်နှင့်တူသည့်အမှတ်လ က္ခဏာတစ်ခုဖြစ်သည်။
သည်းခံခြင်း။ ကျွန်ုပ်တို့၌ မဆပ်နိုင်သောအကြွေးတစ်ခုရှိသည်။ သခင်ဘုရားသည်ကျွန်ုပ်တို့အား အကြွေးဆပ်ပါဟု တောင်းမည့်အစား ထိုအကြွေးကိုအပြီးအစီးဆပ်ပေးသည်။ ထူးဆန်းအံ့ဩဘွယ်ကောင်းလှသောကယ် တင်ရှင်ပါတကား။
ခွင့်လွှတ်ခြင်း။ “အိုအဘ၊ သူတို့ပြုသောအမှုကိုသူတို့ သည် မသိကြသောကြောင့် သူတို့အပြစ်ကိုလွှတ်တော်မူပါ”ဟူသော ကိုယ်တော်၏စကားသည်ခေတ်ကာလအဆက်ဆက်ကိုကျော်ဖြတ်၍ အသံမြည်ပါသည်။ ကိုယ်တော်၏အပြစ်လွှတ်တတ်သောသဘောအတွက် မည်သည့်သက်သေလိုဦးမည်နည်း။
ပြော၍မမှီနိူင်သော ေ၀ဒနာများကိုခံစားရငိးကိုယိတော် သည်အပြစ်ကိုလွှတ်ဘို့ဆုတောင်းပေးသော ဘုရား-လူသား ဖြစ်ပါသည်။
ရန်သူများက မုန်းတီးကဲ့ရဲ့ ကျိန်ဆဲကြလည်းမိတ်ဆွေကတောင် သစ္စာဖောက်သည့်တိုင်သခင့်ရဲ့ချစ်ခြင်းပြည့်နှလုံးသား မေတ္တာတရားကမငြီးမငွေ့ခွင့်လွှတ်နားလည်နေဆဲပါ။ (Edward Denny)
သို့ရာတွင် ဤနေရာ၌ သတိပေးသည့်စကားလုံးတခုကို ထပ်မံဖြည့်စွက်မည်ဖြစ်သည်။ ကိုယ်တော်သည်မိမိအားတိုက်ခိုက်သူတို့အတွက် အပြစ်လွှတ်ခြင်ကိုတောင်းဆိုသောကြောင့် သူတို့သည်အလိုအလျောက်အပြစ်လွှတ်ခြင်းခံကြမည်ဟု မဆိုလိုပါ။ နောင်တနှင့်ဆုတောင်းခြင်း၏အကျိုးကြောင့် ယုံကြည်သောသူများသာလျှင် အပြစ်လွှတ်ခြင်းခံကြရမည်ဖြစ်သည်။ ယုဒသည်အပြစ် လွှတ်ခြင်းမရပါ။ အပြစ်လွှတ်ခြင်းမခံရမှီ နောင်တလိုသည်။ ယေရှုက တပည့်တော်တို့အား-
“သင်၏ညီအစ်ကိုသည် သင့်ကိုပြစ်မှားလျှင်သူ့ကိုဆုံး မလော့။ သူသည်နောင်တရလျှင် အပြစ်ကိုလွှတ်လော့။ တနေ့ချင်းတွင် ခုနှစ်ကြိမ်မြောက်အောင် သင့်ကိုပြစ်မှား၍၊ ခုနှစ်ကြိမ်မြောက်အောင် သင့်ထံသို့လှည့်၍
နောင်တရပါ၏ ဟုဆိုလျှင် သူ၏အပြစ်ကိုလွှတ်လော့” (လုကာ ၁၇း၃-၄) ဟု မိန့်တာ်မူ၏။
နောင်တရခြင်း၏နောက်၌အပြစ်လွှတ်ခြင်းကလိုက်လာသည်ကိုသတိပြုပါ။ ကျွန်ုပ်တို့အလွယ်တကူမေ့နိုင်သည့်အသေးအဖွဲ အမှားအချို့ရှိသည်။ ၎င်းတို့ကိုပြ ဿနာတစ်ခုအဖြစ်သတ်မှတ်လောက်အောင် အရေးမကြီးလှပါ။ သို့ရာတွင်ပြင်းထန်သောအပြစ် သို့မဟုတ် ပြစ်မှားခြင်းတစ်ခုအပေါ် နောင်တရခြင်းမရှိဘဲအပြစ်လွှတ်ခြင်းမှာ မမှန်ပါ။ ၄င်းသည် မကောင်းမှု၏အပြစ်ကိုအားပေးခြင်းသာဖြစ်သည်။
နောင်တအတွက်ကျွန်ုပ်တို့၏အပြစ်လွှတ်ခြင်းသည် အကန့်အသတ်မရှိဖြစ်၍၊ အနည်းငယ်သောပြားစေ့ကို လွှတ်ချင်သောစိတ်ရှိကြရမည်ဖြစ်သည်။”အပြစ်လွှတ်ခြင်းသည် နင်းချေသောသူ၏ခြေထောက်ပေါ်တွင် ပစ်ခုစေရ၊ ကျွန်ုပ်တို့သည်သန်းပေါင်းများစွာသောအပြစ်များမှလွှတ်ခြင်းခံခဲ့ကြပြီးသော နင်းချေခြင်းခံရသည့်ပန်း၏မွှေးကြိုင်သောအနံ့ဖြစ်သည်” ဟူသော အဆိုမှာ
မှန်ကန်လှသည်။
ရဲရင့်မှု။ ယေရှု၏ ယေရုရှလင်နောက်ဆုံးခရီးစဉ်နှင့် လက်ဝါးကပ်တိုင်ပုံတို့ကို ကျွန်တော်ကြိုက်နှစ် သက်သည်။ လုကာက “ရှေ့၌ကြွ၍” (လုကာ၁၉:၂၈) ဟုဆို၏။ ကိုယ်တော်သည်ကျွန်ုပ်တို့၏ကယ်တင်ခြင်းအမှုပြီးစီးစေရန်အတွက် ရှေ့သို့ တည့်တည့်သွားသည်။ တပည့်တော်တို့သည်နောက်၌ကျန်ရစ်၍ခြေထောက်များလေးလံနေသည်။ သူတို့သည်ရှေ့သို့သွားရန်စိတ်လေးကြသည်။
ဖြောင့်မတ်ခြင်း။ ယေရှု၏ကိုယ်ကျင့်တရားစုံလင်ခြင်း ၏အစိတ်အပိုင်းတခုမှာ သူ၏ဖြောင့်မတ်ခြင်းဖြစ် သ ည်။ ကိုယ်တော်သည်တရားမျှတ၍ဖြောင့်မတ်သည်။ မရိုးသားသောအရာ၊ သံသယရှိဘွယ်သောအရာ၊ မေး မြန်းစရာဖြစ်ဘွယ်သောအရာများ၌ တခါမှအောက် ကျို့ မခံပါ။ သူ၏ဆုံးဖြတ်ချက်တို့သည်ဖြောင့်မတ်
သကဲ့သို့ သူ၏လုပ်ဆောင်မှုများမှာလည်းဖြောင့်မတ်သည်။
အတ္တကင်းမဲ့ခြင်း။ ကျွန်ုပ်တို့၏သခင်နှင့်ကယ်တင်ရှင်သည် လောက၌အသက်ရှင်နေထိုင်ဖူးသောသူအားလုံးထဲ၌ အတ္တအကင်းဆုံးသောလူသားဖြစ်သည်။ သူ၏ အလုပ်မှာ သူ၏အမှုအရာထက်အခြားသောသူတို့ ၏ အကျိုးကိုရှေ့ထားခြင်းဖြစ်သည်။ နိမ့်ချသောစိတ်နှင့် မိမိထက်သူတပါးအားပို၍ ကောင်းသည်ဟု ဆို၏ (ဖိလိပ္ပိ ၂း၃)။
တသမတ်တည်းဖြစ်ခြင်း။ လောက၏ကယ်တင်ရှင်သည် အစဉ်မပြောင်းမလဲရှိ၏။ ကိုယ်တော်၏အပြုအမူသည်၊ ဆုံးမဩဝါဒပေးသောအရာနှင့်တညီတည်းဖြစ် သည်။ သူ၌ ရိုင်းစိုင်းသောစိတ်နေစိတ်ထား ကင်းစင်၏။ကိုယ်တော်သည်အမျက်ထွက်သောအခါ (မဿဲ ၂၃း၃၃) သို့မဟုတ် ဝမ်းနည်းအနေကဖိတ်ခေါ်ခြင်းကြောင့်ဖြစ်သည်။သောအခါ (ယော ၁၁း၃၅) စိတ်ခံစားမှုသက်သက်ကြောင့်မဟုတ်ဘဲအခြေနေကနေဖိတ်ခေါ် ြခင်းကြောင့်ြဖစိ်သည်။
 အခြေစိတ်တခုတည်းရှိခြင်း။ ယေရှု၌ ရည်ရွယ်ချက်တစ်ခုတည်းသာရှိသည်။၎င်းမှာ ပျောက်သောသူကိုရှာရန်နှင့်ကယ်တင်ရန်ဖြစ်သည်။ ကိုယ်တော်က“ဗတ္တိဇံတခုကိုလည်းငါခံစရာရှိ၏။ ထိုဗတ္တိဇံကိုမခံမှီတိုင်အောင်ငါသည် အလွန်ငြီးငွေ့သောစိတ်ရှိ၏” (လုကာ၁၂း၅ ၀)ဟု မိန့်တော်မူသည်မဟုတ်လောကိုယ်တော်သည်လောက၏အပြစ်အတွက် ဂေါလဂေါသ၌အသေခံ၍ ဗတ္တိဇံခံရမည့်အရာကိုရည်ညွှန်းခြင်းဖြစ်သည်။
    အဆင့်အတန်း။ ယေရှု၌ အဆင့်အတန်းရှိသည်ဟု ကျွန်ုပ်တို့ပြောသောအခါ၊ သူသည်ယဉ်ကျေးသိမ်မွေ့စွာကျင့်ကြံပြုမူ၍ သာမန်အားဖြင့် မျှော်လင့်သည့်အရာထက် အဆပေါင်းများစွာသာသည်ဟု ဆိုလိုသည်။ ကိုယ်တော်သည်အရာခပ်သိမ်းတို့ကိုသိ၍ လူ၏စဉ်းစားခြင်းတို့ကိုသိနိုင်သော်လည်း ၄င်းတို့ကိုမလိုအပ်ဘဲ မနှောင့်ယှက်ပါ။ ကိုယ်တော်အတွက် လူတိုင်းသည်အရေးကြီး၍လေးစားထိုက်သောသူအဖြစ်ပြုမူရမည့်သူများဖြစ်သည်။
    ယဉ်ကျေးသောအပြုအမူ။ ယဉ်ကျေးခြင်းသည် သ ာယာကြည်နူးမှုပေးခြင်း (charm) ဝေါဟာရနှင့်နီးစပ် သည်။ သခင်ယေရှုသည်ယဉ်ကျေး၍ ဘယ်သောအခါမှမရိုင်းစိုင်း၊ မကြမ်းတမ်းပါ။ သူသည် သင့်တင့်လျောက် ပတ်၍ စုံလင်သောသဘောရှိသည်။ ကိုယ်တော်၏ စကားနှင့်လုပ်ဆောင်မှုတို့သည် ကိုယ်တော်အားအနှေ ာင့်အယှက်တခါမှ မဖြစ်စေဘူးပါ။ ကိုယ်တော်သည် အစဉ်အမြဲလူကြီးလူကောင်းတစ်ယောက်ဖြစ်သည်။ ဤနေရာ၌ ကျွန်ုပ်တို့အားလုံးကကြိုးစား၍တုယူနိုင်မည့်ထူးခြားမှုတခုရှိသည်။ ယဉ်ကျေးသောလူယောက်ကို ဆီးတားရန်ခက်ခဲသည်။ သနားကြင်နာသောလု ပ်ဆောင်မှု၊ ဆီလျော်သင့်တော်သောစကားတို့သည် ကျွန်ုပကိုယ်စားပြုရသည့်သူ (သခင်ယေရှု) အား လေးစားခြင်းကိုခံစေသည်။
  ငွေကိုတပ်မက်ခြင်းနှင့်ကင်းသည်။ အိမ်မရှိ၊ ဆင်းရဲသောကျွန်ုပ်တို့၏သခင်ဘုရားသည် ငွေကိုတခါမှယူမသွားသည်မှာ ထင်ရှားသည်။ ထိုအရာနှင့်ပတ်သက် ၍ ဖော်ပြမထားသည်မှာ အမှန်ဖြစ်သည်။ ကိုယ်တော်သည်ဝိညာဉ်ရေးရာကိုသင်ကြားရန် ဒင်္ဂါးပြားတခုလိုသောအခါ ပေတရုအားပထမဦးဆုံးဖမ်းသည့် ငါး
ပါးစပ်မှယူရန်မိန့်မှာခဲ့သည် (မဿဲ ၁၇း၂၇)။ကိုယ် တော်၏ပိုင်ဆိုင်မှုအပေါ်မည်သည့်အရာကိုမျှ ကိုယ် တော်ချန်မထားခဲ့ပါ။မနာလိုဖြစ်သည့်လူတယောက်မျှ မရှိဘူးပါ။ သူဝတ်ဆင်ထားသော ဝတ်ရုံမှအပတော်ကိုဆောင်ခြင်း၌ ကျေနပ်ဝမ်းမြောက်သည်ဟုရေးသားထား၏ (ဆာလံ ၄၀၈။
နာခံခြင်း။ ကျမ်းချက်တချက်၌ ကိုယ်တော်သည်ခမည်းတော်၏အလိုတော်ကိုဆောင် ြခင်း၌ဟေဗြဲ ၁၀း၇)။
ဝိညာဉ်များအတွက် ပြင်းပြသောစိတ်။ သိုးထိန်းကြီးသည်ပျောက်သောသိုးတစ်ကောင်ကို မတွေ့မချင်းရေနက်ကြီးကိုကူး၍၊ ကန္တာရတောကြီးကိုဖြတ်ကျော်ကာ၊ မတ်စောက်သည့်တောင်ကိုတက်သည် (လုကာ ၁၅း၁၇)။
အပြစ်သားများ၏မိတ်ဆွေ။ ဤနာမည်သည် ကဲ့ရဲ့စော် ကားခြင်းတစ်ခုအဖြစ်ရည်ရွယ်သော်လည်း ချစ်စရာအ ကောင်းဆုံးဖြစ်သည် (လုကာ ၇း၃၄)။ယေရှုသည် စွန့် ပစ်ခံသောသူများ၊ အထင်အမြင်သေးခံသူများနှင့် အချိန်ယူသည်။သခင်ဘုရားသည် နိမ့်ကျသောသူတို့ထံသို့သွားကာ အစားအစာကိုဝေမျှပေးကမ်းသည်။ သူ့ အားကူညီမစပါဟု အပြစ်သားများကိုတောင်းဆိုသည်။ ဤအရာအားလုံးကို ရင်းနှီးချစ်ခင်သောနည်းဖြင့်ကိုယ် တော်ပြုလုပ်သည်။ ထိုသူတို့သည်ကိုယ်တော်နှင့်အတူနေ၍ ကိုယ်တော်နှင့်ပေါင်းဖေါ်ခြင်းကိုပျော်မွေ့ကြသည်။
ရောင့်ရဲတင်းတိမ်မှု။ ကယ်တင်ရှင်သည် ကြီးမားသောမယုံကြည်မှုကိုတွေ့သောအခါ ဘုရားသခင်၏အစီအစဉ်တော်အပေါ်၌ ရောင့်ရဲတင်းတိမ်လျက်”ထိုသို့အလိုတော်ရှိသောကြောင့် မှန်ပါ၏ အဘ” ဟုဆို၏ (မဿဲ ၁၁း၂၆)။
စိတ်ရှည်ခြင်း သို့မဟုတ် သည်းခံခြင်း။ ဟေဗြဲသြဝါဒစာကိုရေးသောသူသည် အပြစ်သာများ၏ကြီးမားသောရန်ဘက်ပြုခြင်းကို ကိုယ်တော်ခံရပုံကိုပြန်၍ပြောပြ သည် (ဟေဗြဲ ၁၂း၃)။ စာတန်၊ နတ်ဆိုးများနှင့်လူများက ကိုယ်တော်အပေါ်ပြုသည့်အဆိုးဆုံးသောအရာ သ ည် ကိုယ်တော်အားကရာနီလမ်းမှလွဲသွားစေရန်မြပုနိူင်ပါ။
စိတ်အားကြီးခြင်း။ စိတ်အားကြီးခြင်းသည် ယေရှု၏ အ သက်တာနှင့်ဆက်စပ်၍ တကြိမ်တခါတည်းသာတွေ့ ရသည့်စကားလုံးတလုံးဖြစ်သည်။ထိုအချိန်မှာ ငွေလဲသောသူတို့အားဗိမာန်တော်ဝင်းထဲမှနှင်ထုတ်သောအချိန်၌ဖြစ်သည်။ ထိုအချိန်၌ မေရှိယနှင့်ပတ် သက်၍ ဒါဝိဒ်၏ပရောဖက်ပြုချက်တစ်ခုသည် တ ပည့်တော်များ၌ပြည့်စုံလာသည်။ “ကိုယ်တော်အိမ်တော်အတွက်စိတ်အားကြီးခြင်းသည် ကျွန်ုပ်ကို စားပါ ၏ ” (ယော၂း၁၇)။ တနည်းဆိုရသော်ဘုရားသခ င်၏ အရာများအတွက်ဆန္ဒပြင်းပြသောစိတ်သည် သူ့အားစားပါ၏ဟုကိုယ်တော်ဆိုလိုသည်။
သို့ရာတွင် ဤတနေရာတည်း၌သာ ဆန္ဒပြင်းပြသည်မဟုတ်ပါ။ သူ၏ဘကြိမ်းမောင်းသောအခါ “အကျွန်ုပ်သည် အဘအိမ်၌နေရသည်ကို မသိလျှောက်သည်။ ယေရုရှလင်၌ကျန်ရစ်ခဲ့ခြင်းအတွက် မိဘတို့သည် သူ့အားဆုပူသလော” (လုကာ ၂း၄၉) ဟု မိန့်တော်မူ၏။
ကျေးဇူးတင်ခြင်း။ စိတ်ထဲတွင် ချက်ချင်းဝင်လာသောကျမ်းပိုဒ်မှာမ ၁၁း၂၅ ဖြစ်သည်။ ကိုယ်တော်သည် မကြာမီအချိန်၌ ခေါရာဇိန်မြို့ဗက်ဇဲဒမြို့၊ ကပေရနောင်မြို့များအပေါ်၌သက်ရောက်မည့်အမင်္ဂလာများကို
ကျေညာခဲ့သည်။ ထိုနေရာ၌ ထူးဆန်းအံ့ဩဘွယ်ရာနိမိတ်လက္ခဏာများစွာပြုခဲ့ပြီးဖြစ်သော်လည်း ကိုယ် တော်ကိုလက်မခံဘဲ ငြင်းပယ်ခဲ့ကြသည်။
သူတို့၏မယုံကြည်ခြင်းသည် အမြင့်ဆုံးအဆင့်သို့ရော က်ကြလင့်ကစား၊ခမည်းတော်ဘုရားအပေါ်၌ကျေ းဇူးတင်၏။ အကြောင်းမှာ ကိုယ်တော်သည်”ဤအရာတို့ကို ပညာအလိမ္မာနှင့်ပြည့်စုံသောသူတို့အား ထိမ်ဝှက်ကွယ်ထားလျက်သူငယ်တို့အားပြတော်မူသောကြောင့်ဖြစ်သည်။” ဤအရာသည် ကျွန်ုပ်တို့အတွက်သင်ခ န်းစာတရပ်ဖြစ်သည်။ ကျွန်ုပ်တို့အသက်တာတွင် အရာရာတို့သည်အခက်ထန်ဆုံးသို့ရောက်သောအခါ ထိုအခြေ အနေများ၏အထက်သို့တက်၍ခမည်းတော်ထံ၌ကျေးဇူလးတင်သောစိတ်နှလုံးနှင့်အသံများကိုလွှင့်သင့်သည်။
Fanny Crosby သည် ပေါ့ဆသောသမားတော်တစ်ယောက်ကြောင့်အသက်သုံးနှစ်တွင်မျက်စိကွယ်ရသည် ။ နှစ်များကြာပြီးနောက် ထိုအခြေအနေအကြောင်းကို မေးမြန်းကြသောအခါ သူမက-
သမားတော်ဘက်မှအလွဲ လွဲအချော်ချော်ကဲ့သို့ဖြစ်သော်လည်း ဘုရားသခင် ၏ အပိုင်း၌မူ အမှားမရှိပါ။ ကျွန်မသည်ကာယပိုင်းတွင်မှောင်မိုက်၌အသက်ရှင်ရမည်မှာ ကိုယ်တော်၏ ရည်ရွယ်ချက်ဖြစ်သည်ဟု ကျွန်မအမှန်တကယ်ယုံကြည်ပါသည်။ ကိုယ်တော်အားချီးမွမ်းသီချင်းများကိုသီဆိုရန်နှင့် အခြားသောသူတို့သည်လည်း ထိုသို့ပြုကြရန်လှုံ့ဆော်သောသူအဖြစ် ပြင်ဆင်ပေးခြင်းဖြစ်သည်။ ဤသို့မဖြစ်ပါက၊ ကျွန်မသည် ဓမ္မသီချင်းထောင်ပေါင်းများစွာတို့ကိုရေးနိုင်မည်မဟုတ်ပါ” ဟုဆို၏။
ဒုတိယတန်းတတ်းတယောက်သည် ကျောင်းကားပေါ်မှ
လမ်းလင်းနှင့်ဦးခေါင်းဆောင့်ခြင်းဖြင့် တနေ့တာနက်ခင်းအချိန်ကိုအစပြုရသည်။ ဦးခေါင်း၌ သုံးချက်ချုပ်ရသည်။ ရီးဆိုင် His) နှင့်ကြားတစ်ယောက် မျက်နှာ ချင်းဆိုင်ပြေး၍တိုက်ကြရာ သူ၏သွားနှစ်ချောင်းကျိုး၍နှု တ်ခမ်းကွဲသွားသည်။ ညနေပိုင်းတွင်ချော်လဲ၍လက်ကျိုးသွားလည်း တစုံတခုထပ်ဖြစ်သောကျောင်း အုပ်ဆရာကြီးက သူက အိမ်ပြန်ခေါ်သွားရန် ချက်ချင်းဆုံးဖြတ်လိုက်သည်။ သူတို့သည် ထိုကလေး၏ အိမ်သို့သွားရာတွင် တောလမ်းတလျှောက် ကားမောင်းကြသည်။ထိုအချိန်တွင် ထိုကလေးသည်နတခုကို သူ၏လ က်၌ထုပ်ထားသည်ကိုလက်ပြုမိကြသည် “ဘာကိုင်ထား
” ဟု ဆရာ ကယ်က“ရမတ်” ဟု ဆို၏။”ဘယ်က ရတာလဲ”
“ကစားစရာတွင်းထဲမှာ တွေ့တယ်” ဟု ကလေးကရှင်းပြသည်။ ထို့နောက်စိတ်လှုပ်ရှားသည့်အသံနှင့် “မစ္စတာချပ်မင်း၊ ကျွန်တော်တခါမှ တစ်မတ်ကောက်ဖူးသေးဘူး။ ကျွန်တော်လံကောင်းသည့်နေ့ပဲ၊ သိလား”ဟုပြောပြသည်။
ထို့ကြောင့် နေ့ရက်သည် ကျွန်ုပ်တို့အတွက်မည်သို့ဖြစ်သည်အပေါ်၌မတည်ဘဲ ကျွန်ုပ်တို့ကမည်သို့မြင် သည်အပေါ်၌သာတည်၏။ အချို့သောလူတို့သည် ကျိုးပျက်နေသည့်ခြံစည်းရိုးနောက်၌ရှိသောနှင်းဆီပန်းကိုမမြင်ကြပါ။ နေ့တိုင်း၌ ပြဿနာဟူသည်မှာရှိသော် လည်း ယုံကြည်ခြင်းသည်ထိုအရာတို့ကိုကောင်းကြီးမင်္ဂလာအဖြစ်သို့ ပြောင်းစေနိုင်သည်။ လိပ်ပြာအားလုံးသည်အစ၌မလှသော်လည်း နေ့ရက်တစ်ရက်ကအကြီ းအကျယ်ပြောင်းလဲအောင်ပြုသည်။
   ကျွန်ုပ်တို့သည် မှတ်ဉာဏ်၊ အရသာခံစားတတ်ခြင်း၊ အမြင်အာရုံ၊ နားကြားခြင်း၊ ကျန်းမာရေး၊ စိတ်သန့်ရှင်းခြင်း၊ မြေကြီးပေါ်၌ သခင်ယေရှုမရခဲ့သည့်စည်းစိမ်ချမ်းသာ၊ မွေ့ယာ၊ ရေပူရေအေး၊ ရေခဲသေတ္တာ၊ မော်တေ ာ်ကားစသည်တို့အတွက် ကျေးဇူးတော်ကိုချီးမွမ်းသင့်သည်။
ကိုယ်တော်သည် ယောက်ျားပီသသည်။ ခေတ်သစ်ပန်း ချီကားအများစုသည် ယေရှုကိုယောက်ျားမပီသသည့်တပါးအမျိုးသားတယောက်အဖြစ်ရေးဆွဲကြသည်။ ထိုသို့မဟုတ်ပါ။ ကိုယ်တော်သည်စုံလင်ပီသသည့်လူသား၏နမူနာပုံစံဖြစ်သည်။
ကိုယ်တော်သည် ဆုတောင်းသောသူဖြစ်သည်။ စဉ်းစားကြည့်ပါ။အမှီသဟဲပြုသောလူတယောက်အနေနှင့်ကိုယ်တော်ဆုတောင်းသည်။ အနန္တတန်ခိုးရှင် အ ြဖစ်ကိုယ်တော်သည်လူတို့၏ဆုတောင်းခြင်းအဖြေကိုပေ
သူ့အားဗတ္တိဇံပေးသောအခါ၌ သူဆုတောင်းသည်
(လုကာ ၃း၂၁)။ တမန်တော်ဆယ့်နှစ်ပါးတို့ကိုမရွေးမှီ တစ်ညလုံးဆုတောင်းသည်(လုကာ ၆း၁၂)။ လူထုကြီး၏အနာရောဂါငြိမ်းစေပြီးနောက် ဆုတောင်းသည်
(လုကာ ၅း၁၆)။ ကပေရနောင်မြို့၌အနာရောဂါငြိမ်းစေ၍ နတ်ဆိုးများကိုနှင်ထုတ်ပြီးနောက်ဆုတော င်းသည် (မာကု ၁း၃၅)။ လာဇရု၏သင်္ချိုင်းဂူရှေ့၌ဆုတေ ာင်းသည် (ယော ၁၁း၄၁-၄၂)။ လူငါးထောင်တို့ကိုကျွေးပြီးမှ ဆုတောင်းရန်အချိန်ယူသည် (မဿဲ ၁၄း၂၁ ၊၂၃)။ ကယ်တင်ရမည့်သူများ၏မယုံကြည်ခြင်းဖြင့်ငြင်းပယ်ခြင်းနှင့်ရင်ဆိုင်ရသောအခါ ကြီးမြတ်တော်မူသောဘုရားသခင်၌ဆုတောင်းခြင်းနှင့်ခိုလှုံသည်(မဿဲ ၁၁း၂၅-၂၆)။ သူ၏လူတို့သည် မကောင်းသောအမှုမှထိန်းသိမ်းစောင့်ရှောက်ခြင်းကိုခံရ၍ လောကီရေးရာမှသီးသန့်နေထိုင်ကြကာ၊ တာဝန်အတွက်အရည်အချင်းပြည့်၍ ကောင်းကင်သို့လုံခြုံစွာပို့ဆောင်ခြင်းကိုခံကြရမည်အကြောင်း ယဇ်ပရောဟိတ်မင်းအနေနှင့် ဆု တောင်းသည် (ယော ၁၇)။ ပေတရု၏ယုံကြည်ခြင်းမပျက်ရမည့်အကြောင်း ဆုတောင်းသည်(လုကာ ၂၂:၃ ၂)။ ဂေသရှေမာနေ၌ဆုတောင်း၍ ခမည်းတော်၏အလိုတော်အတိုင်းဖြစ်ရန်ဆက်ကပ်သည် (လုကာ ၂၂:၄၁ -၄၄)။ လက်ဝါးကပ်တိုင်၌၂၃း၃၄။ မ ၂၇း၄၆။ လုကာ ၂၃း၄၆)။နောက်ဆုံးပြောသောစကားသုံးခွန်းတို့မှာ ဆုတောင်းချက်ဖြစ်သည် (လုကာ၂၃း၄၆)။
ကိုယ်တော်သည် သွင်ပြင်လက္ခဏာကိုကြည့်၍မစီရင်ဘဲ ဖြောင့်မတ်သောစီရင်ခြင်းနှင့် တရားစီရင် သည်။ မုဆိုးမ၏အလှူငွေ ဒေနာရိတပြားကိုကျော်လွန်၍ ၄င်း၏ကြီးမားသောဆက်ကပ်မှုကို ကိုယ်တော်တွေ့မြင်
သည် (လုကာ၂၁း၁-၄)။ အပြစ်ရှိသောအမျိုးသမီးတစ်ယောက်၏ နောင်တပါသောချစ်ခြင်းမေတ္တာနှင့် မိမိကိုယ်ကိုဖြောင့်မတ်သည်ဟုမြင်သောဖါရိရှဲတယော က်၏အေးစက်သောဥပက္ခာပြုမှုကို ပိုင်းခြားသိမြင်သည် (လုကာ၇း၃၆-၄၈)။ ကိုယ်တော်သည် မာသ၏ စိတ်တိုပူပန်တတ်သောအစေခံခြင်း၌ စိတ်မဝင်စားဘဲ၊ မာရိ၏တိတ်တဆိတ်ဝတ်ပြုကိုးကွယ်ခြင်း၌စိတ်ဝင်စား
သည် (လုကာ ၁၀:၄၁-၄၂)။ အပြင်ပန်းသဏ္ဍာန်အား ဖြင့် ဖါရိရှဲတို့သည်ဖြောင့်မတ်သကဲ့သို့ရှိသော်လည်း အတွင်းပိုင်း၌မူ သူတို့သည်ဟန်ဆောင်၍တရားမဲ့ခြင်းနှင့်ပြည့်ဝသည် (မဿဲ ၂၃)။ လူတစ်ယောက် သို့မဟုတ် အရာဝတ္ထုတခုလှပခြင်းမှာ ကောင်းသောကြောင့်ဖြစ် သည်ဟု သဘာဝအတိုင်းစဉ်းစားတတ်ခြင်းကိုကျော်လွန်၍ စဉ်းစားသည်။ “လင်းလက်သောအရာမှန်သမျှသည်ရွှေမဟုတ်” ဟူသောအရာကို ကိုယ်တော်ကောင် းမွန်စွာသိ၏။ ကိုယ်တော်သည်ကာယပိုင်းသွင်ပြင်လက္ခဏာထက် အတွင်းပိုင်း၏အရည်အသွေး၌ ပို၍စိတ်ဝင်စားသည်။ ဧလျာဘနှင့်ပတ်သက်၍ ရှာမွေလအားထာဝရဘုရား၏မိန့်တော်မူချက်ကို ကျွန်ုပ်တို့မစဉ်းစား၍ မနေနိုင်ပါ။ “သူ၏မျက်နှာ၊ သူ၏အရပ်ကိုမကြည့်ရှုနှင့်။ သူ့ကိုငါပယ်ပြီ။ ထာဝရဘုရားသည် လူမြင်သကဲ့သို့မြင်တော်မူသည်မဟုတ်။လူသည် အဆင်း သဏ္ဍာန်ကိုကြည့်ရှုတတ်၏။ထာဝရဘုရားမူကား နှလုံးကိုကြည့်ရှုတတ်သည် (၁ရာ ၁၆း၇)။
ကိုယ်တော်သည်အချိန်ကိုအကျိုးရှိအောင်သုံးသည်။ သခင်ဘုရားသည်အချိန်ကိုမဖြုန်းပါ။ အချိန်တိုင်း၊ နာရီတိုင်းသည် ကိုယ်တော်အတွက်အဖိုးတန်သည်။ “ငါ့ကိုစေလွှတ်တော်မူသောသူ၏အမှုကို နေ့အချိန်ရှိစဉ်တွင်ရငါပြုရမည်။ အဘယ်သူမျှ အမှုမပြုနိုင်သောအချိန်တည်းဟူသော ညအချိန်လာသေး၏”ဟုပြောသ ည်မဟုတ်လော။ နေ့တိုင်း လုပ်စရာအလုပ်ရှိ၏။ နှောင့်ယှက်ခြင်းကဲ့သို့သောအရာများသည်ပင်လျှင် ကိုယ် တော်အတွက်ခမည်းတော်၏အလိုတော် တစိတ်တဒေသဖြစ်နိုင်သည်။
ယေရှုသည် နိမ့်ကျသောလူတို ့အပေါ်၌တန်းတူဆက်ဆံသည်။ကိုယ်တော်သည် နောက်ဆုံးသောလူ၊ အငယ်ဆုံးသောလူ၊ အနိမ့်ကျဆုံးသောလူအပေါ်၌ အစဉ်စိတ်မအေးဖြစ်နေသည်။ ကိုယ်တော်အတွက် အတန်းအစား
ခွဲခြားခြင်းမရှိပါ။ ကိုယ်တော်သည် ဆင်းရဲသောသူ၊ အားနည်းသောသူ၊ အခြေခံလူတန်းစားများနှင့်အပယ် ခံလူများကို အထူးသဖြင့်ချစ်တော်မူ၏။
ကိုယ်တော်သည် သည်းခံသည်။ ကိုယ်တော်သည် အပြစ်သားများ၏ရန်ဘက်ပြုခြင်းကိုခံရသည် (ဟေဗြဲ ၁၂း၃)။ ပြန်လှည့်ရန် အနည်းအကျဉ်းကိုမျှမစဉ်းစားဘူးပါ။ သည်းခံခြင်းသည် အခြေနေကိုမတော်တဆလက်ခံခြင်း
မဟုတ်ဘဲ၊ အဆုံးထိတိုင်အောင်တည်တည်တန့်တန့် ဆက်လက်၍ လုပ်ဆောင်ခြင်းဖြစ်သည်။ ကယ်တင်ရှင် ၏ပြောပြချက်ကို ကျွန်ုပ်တို့စဉ်းစားရန်ဖြစ်သည်။
ဤကဏ္ဍ၌ ကိုယ်တော်ထံမှမည်သည့်အရာကိုကျွန်ုပ်တို့သင်ယူသိရှိနိုင်မည်နည်း။
ကျွန်ုပ်တို့ပြောသောစကားများအားဖြင့် ခရစ်တော်နှင့်မည်သို့ ပိုတူနိုင်ကြမည်နည်း။ကိုယ်တော် ပြောသောစကားတို့သည် ပွင့်လင်းရိုးသားသည်။ကိုယ်တော်၏ ခနှုတ်၌ မုသာမတွေ့ပါ။ ကိုယ်တော်သည် တခါမှမုသာမပြော၊သမ္မာတရားကိုမဖုံးပါ။ အကျယ်ချဲ့လွန်းခြင်း၊ မြှောက်ပင့်ပြောဆိုခြင်းကို တခါမှမပြုပါ။
သူ၏စကားတို့သည် ပွင့်လင်းသည်။ တခါ၌ အမျိုးသမီးတယောက်အား “သင်၌ လင်ငါးယောက်ရှိဘူးပြီး။ ယခုသင်နှင့်နေသောသူသည် သင်၏လင်မဟုတ်” (ယော ၄း၁၈) ဟု မိန့်တော်မူ၏။ နောက်တကြိမ်တွင် ဖါရိရှဲတယောက်အား”သင်၏အိမ်၌ ငါဝင်သော် သင်သည်ခြေဆေးရေကိုမပေး၊ သင်သည်ငါ့ကိုမနမ်း။ သင်သည် ငါ့ကိုဆီနှင့်မလောင်း” (လုကာ ၇း၄၄-၄၆) ဟု မိန့်တော်မူ၏။
ကိုယ်တော်၏ဟောပြောချက်သည်ကရုဏာပါသည်။ နာဇရက်မြို့တရားဇရပ်၌တရားဟောသောအခါ လူတို့သည်ကိုယ်တော်၏နှုတ်မှထွက်သောကရုဏာစကားများကိုအံ့ဩချီးမွမ်းကြသည် (လုကာ ၄း၂၂)။ ထိုအချိန်မှစ၍ရှိကြသည်။ကျမ်းစာအတိုင်းဟောပြောသည်ကို လူတို့သည်ကြားကြသောအခါ၌ အံ့ဩခြင်းရှိြကသည်။
ကိုယ်တော်သည် ညည်းတွားမြည်တမ်းခြင်းမပြုပါ။ ညည်းတွားခြင်းသည် ခမည်းတော်ဘုရား၏ မစခြင်းကိုစော်ကားခြင်းဖြစ်ကြောင်း သခင်ဘုရားသိတော်မူ၏။ ကိုယ်တော်ပြုနေသောအရာကို သူမသိဟုဆိုလိုခြင်းဖြစ်သည်။၄င်းသည် အမှား(သို့)အပြစ်ရှိသော စီရ င်ချက်ဖြစ်သည်။ကျွန်ုပ်တို့သည် အပြစ်တင်လိုသောစိတ်ဖြစ်လာတိုင်း ထိုအရာကိုသတိရသင့်သည်။ ထိုစိတ်ထ ားကိုရပ်ခြင်း သို့မဟုတ် မျိုချခြင်းကိပြု၍”ထာဝ ရဘု ရားစီရင်သောအမှုသည်စုံလင်၏” (ဆာလံ ၁၈း၃ဝ) ဟုပြောခြင်းသည် သာ၍ကောင်း၏။ထိုမျှမက၊ ကျွန်ုပ်တို့သခင်ဘုရားသည်၊ အရာရာတို့ကို အကောင်းလုပ်သည်။
ကိုယ်တော်၏စကားသည် တည်ဆောက်ခြင်းကိုဖြစ်စေသည်။တခါတရံ တိုက်ရိုက်ပြောပြ၍၊ တခါတရံမေးခွန်းများကိုမေးခြင်းဖြင့် တည်ဆောက်ခြင်းအမှုပြုပါသည်။ ဝိညာဉ်ရေးရာသင်ခန်းစာတို့ကို နေ့စဉ်အ သက်တာ၌တွေ့ကြုံသောအရာများနှင့်သဘာ ဝတရားတို့ဖြင့် သွန်သင်သည်။
ကိုယ်တော်ပြောခဲ့ မြက်ပင်၊ လေ၊ မိုး၊သဖန်းပင်များ၊ ရာသီဥတုအစရှိသည့်ဖန်ဆင်းပြုလုပ် ကောင်းကင်မြေကြီးထိုအရာများက ဝမ်းမြောက်စေခဲ့ ကိုယ်တော်ရှင်အားတောနှင်းပန်းများ၊ စပျစ်ပင်များ၊ ဂျုံအကြောင်းအပြင်စာငှက်ကလေးနှင့်ကျီးအ အကြောင်းများကိုဟောပြောပုံမှာ၊အလွန်သဘာဝကျလျက် ပညာအလိမ္မာ ပြည့်စုံလွန်းလှလူတို့နှလုံးသားပေါ်၌ စွဲထင်သည်။
တဆေးနှင့်မုန့်၊ ဂုံလျှော်ပင်နှင့်အဝတ်အထည်ဥအမျိုးမျိုး၊ ငါးကလေးများ မီးခွက်များကိုကြည့်ရှုခဲ့သော် ကမ္ဘာလောကတစ်ခုလုံးကိုယ်တော့လက်ရာတော်နှင့် ကိုင်တွယ်ပုံကိုမြင်နိုင်ပါသည်။ (စာရေးသူမသိ)
ကိုယ်တော်ပြောသောစကားသည် အဖိုးတန်၏။ ကိုယ်တော်သည်အရေးကြီးသောအရာတို့ကိုပြောသ ည်။ အချည်းနှီးသောစကားမပါပါ။ဤဘဝနှင့်နောင်ဘဝအတွက်အထောက်အကူပြု၍ အရေးကြီးသောစကားကိုသာပြောသည်။ ကိုယ်တော်သည် တခါမအတင်းအ ဖျင်းမပြောပါ။
 ကိုယ်တော်၏စကားသည်ဆီလျော်၏။ ကိုယ်တော်၏ စိတ်သည်နှုတ်ကပတ်တော်နှင့်ပြည့်၍ အခြေအနေနှင့် ကိုက်ညီအောင်ပြောသည်။ဥပမာ- တောထဲ၌စာတန်၏ စုံစမ်းသွေးဆောင်ခြင်းကို တရားဟောရာကျမ်းမှကျမ်းပိုဒ်သုံးပိုဒ်နှင့်ဖြေသည်။
ကိုယ်တော်၏အဖြေတိုင်းသည် မှန်ကန်စုံလင်၏။ ကိုယ်တော်တိတ်ဆိတ်စွာနေသောအချိန်သည် ဟောပြောသောအချိန်ထက် ပို၍ထိရောက်သည်(မဿဲ ၂၆း၆၂-၆၃။ ၂၇:၁၂။ မာကု ၁၅:၄-၅။ လုကာ ၂၃း၉)။
နိဂုံး
မသိသည့်စာရေးဆရာတယောက်သည် ဤလေးနက်သောစာကြောင်းကို ကျွန်တော့အားထားခဲ့သည်။
ကိုယ် တော်အားရှာသောသူတို့အတွက် ခရစ်တော် ၏အရည်အသွေးတို့ကိုကျွန်ုပ်တို့ပုံဖေါ်နိုင်သည်ဟုစဉ်း စားရသည်မှာ ပျော်ရွှင်စရားကောင်းလှသည်။တပည့် တော်တို့သည် ပုံသက်သေကောင်း များနှင့်အသက်ရှင်သောအားဖြင့်သူတို့သခင်အား အခြားသူများအတွက်စိတ်ဝင်စားဘွယ် ရာဖြစ်စေကြသည်။ပေါလုသည် တိတုထံသို့ ရေးသောသူ၏ဩဝါဒစာတွင် ကျွန်များအနေနှင့်
သခင်တို ကျေနပ်အောင်လုပ်ဆောင်ကြမည်အကြောင်း တိုက်တွန်းသည်။” ထိုအကြောင်းကြောင့် သူတို့သည်ကျွန်ုပ်တို့၏ကယ်တင်ရှင်ဘုရားသခင်၏ဩဝါဒကိုစိတ်ဝင်စားဘွယ်ရာဖြစ်အောင်ပြုကြမည်” (တိတု ၂း၁၀)။
လူတို့သည်သမ္မာတရားကိုကြားရုံသာမကြားဘဲ၊ အသ က်တာများ စံပြအတုယူသင့်သည်ကိုလည်း တွေ့မြင်သင့်ကြသည်။ ထိုအပိုဒ်၌ ပေါလုအသုံးပြုသောစကာ းလုံးကို KJV ၌ “တန်ဆာဆင်” (adorn) ဟုအနက်ပြန်သည်။”ဩဝါဒကို အရာရာ၌တန်ဆာဆင်သည်။” ဟုအနက်ပြန်ထားသည်။ထိုစကား လုံးကိုမိမိ၏အလှကို အကောင်းဆုံးပြသနိုင်သည့် နည်းဖြင့်ကျောက်မျက်တို့ကိုစီသည်ဟူသော သဘောနှင့်အသုံးပြုသည်။ ဤအချက်သည် ကျွန်ုပ်တို့၏အခွင့်အရေးဖြစ်သည်။
အိုဘုရားသခင် -ကျေးဇူးတရားနှင့်လှပမှုများ ထင်ရှားခဲ့သည်ခြေတော်ရင်း၌သည်းခံမေတ္တာမြင်တွေ့နိုင်ခဲ့၊ သခင့်အသက်တာနှင့်အသေခံခြင်း၌လေးလံသည့်စိတ်နှင့်ဝမ်းနည်းသူများ အစဉ်ပြည့်နှက်နှလုံး သားထဲသိမ်မွေ့ညှင်သာ မြည်တမ်းစကားမဆိုနိုင်ဘဲ၊ နုတ်ဆိတ်နေခဲ့လူများမုန်းတီး အထင် သေးခံ ကျိန်ဆဲခံကာ သစ္စာဖောက်ခံရလည်းသည်းခံခွင့် လွှတ် … ချစ်နေဆဲပါ။ကိုယ်တော့ပမာ ချစ်တတ်သော နှလုံးသား.. အကျွန်ုပ်အားပေးသနားပါထိုသူများ၏ အပြစ်အတွက် ဝမ်းနည်းတတ် သောနှလုံးသား ပေးတော်မူပါ၊ကိုယ်တော်နှင့်ပေါင်းစည်းခြင်း၌ တလုံးတဝတည်း ဖြစ်ခြင်းမှစီးထွက်လာသောသိမ်မွေ့မှုနှင့် ကျေးဇူးတော်ကိုအတူခံစားရလျက်လူတိုင်းအမြင်၌ ညီအစ်ကိုမေ ာင်နှမဖြစ်စေမူပါ။(Edward Denny)
ကိုယ်တော်လျှောက်ခဲ့ . မျက်ရည်ချိုင့်ဝှမ်း ခက်ခဲနှစ်များတွေးကာကြည့်သော် ကိုယ်တော်မေတ္တာပြောပြနေခဲ့။ အပြစ်မဲ့သူဖြစ်လင့်ကစား ဝေဒနာခံ၊ သည်းခံခြင်းများစဉ်းစားမိသော် ကိုယ်တော်ကိုအသစ်တဖန် ချစ်မြတ်နိုးလျက်ခြေရာတော်ကို တဖန်လိုက်လျှောက်လိုသည်။(စာရေးသူမသိ)
အို. . . အသစ်သောမင်္ဂလာ၊ အခမဲ့ဂရုဏာတော်ထိုအရာများဖြင့် … ရှင်သန်ကြီးထွားရင့်ကျက်ပြည့်စုံ … ခရစ်တော်ပမာ။(စာရေးသူမသိ)
အို. . . ခန္တီတော်နှင့်ပြည့်စုံ၊ အပြစ်ကင်းမဲ့သူအကျွန်ပ် နှလုံး နူးညံ့ခြင်းရရှိရန်နည်းခံလျက် သင်ယူစေပါ။
(C. A. Bernstein)
တစ်ဆယ့်လေး
  သင်၏မေတ္တာကြောင့် လူအများသိသောသူဖြစ်ပါ
Be Known For Your Love
ချစ်ခြင်းမေတ္တာသည်စိတ်ခံစားချက်မဟုတ်ဘဲ ဆန္ဒတခုဖြစ်သည်။ ၄င်းသည်စိတ်ကူးယဉ်အတွေးတခု မဟုတ်ဘဲ လုပ်ဆောင်ရန်စိတ်ပြဋ္ဌါန်းထားသည့်အရာတခုဖြစ် သ ည်။ “ချစ်ခြင်းမေတ္တာသည် ကျွန်ုပ်၏ အလိုဆန္ဒမှဖြစ် လာသောဆုံးဖြတ်ချက်တခုဖြစ်သည်။ ကျွန်တော်သည် ချစ်ရန်ရွေးချယ်နိုင်သည်။ ကျွန်တော်ယခုအစပြုနိုင် သည်- အိမ်ထောင်၌အစပြုနိုင်သည်။” (စာရေးသူမသိ)။
၄င်းသည် ပေးကမ်းခြင်းအားဖြင့်ထင်ရှားသည်။ “သားတော်ကိုစွန့်သည့်တိုင်အောင် လောကီသား တို့ကိုချစ်တော်မူ၏” (ယော ၃း၁၆)။ “သားတော်သည်ငါ့ကိုချစ်၍ ငါ့အဘို့ ကိုယ်ကိုစွန့်တော်မူ၏” (ဂလာတိ ၂း၂၀)။ “ခရစ်တော်သည်အသင်းတော်ကိုချစ်၍ ထိုအသင်းတော် အဘို့အလိုငှါ မိမိကိုယ်ကိုစွန့် တော်မူ၏”(ဧဖက် ၅း၂၅)။ ရယူခြင်းထက် ပေးကမ်းခြင်း၌မင်္ဂလာရှိသောကြောင့် သခင်ဘုရားသည် ပို၍မင်္ဂလာရှိသောအရ ာ၌ အစဉ်အခွင့်အရေးယူတော်မူ၏။
ထိုအရာသည်ခရစ် ယာန်တို့၏အမှတ်တံဆိပ်ဖြစ်သည်။ “သင်တို့သည်အချင်းချင်းချစ်ကြလျှင်၊ လူအပေါင်းတို့သည်ထိုမေတ္တာကိုထောက်၍ သင်တို့သည်ငါ၏တပည့်ဖြစ်သည်ကိုသိရကြလိမ့်မည်” (ယော ၁၃း၃၅)။
ချစ်ခြင်းမေတ္တာသည်ချစ်စရာကောင်းသောသူအားချစ်သည့်အတိုင်းချစ်စရာမကောင်းသောသူကိုလည်းချစ်သည်။ ရုပ်ချောသောသူကိုချစ်သကဲ့သို့ရုပ်ဆိုးသောသူကိုလည်းချစ်သည်။ ၄င်းသည် မယဉ်ကျေးသောအပြုအမူမှန်သမျှကို ထောက်ထားညှာတာမှုနှင့်တုန့်ပြန်သည်။
ခရစ်ယာန်အစေခံခြင်းသည်ချစ်ခြင်းမေတ္တာမပါပါက အချည်းအနှီးဖြစ်သည်။ ချစ်ခြင်းမေတ္တာသည် အထူးခြားဆုံးသောဝိညာဉ်တော်ဆုကျေးဇူးထက်ပို၍ကောင်းသည် (၁ကော ၁၃း၁-၃)။ ကျေးဇူးတော်သည်ဆုကျေးဇူးထက် ပို၍အရေးြကီးသည်။
  သဘောထားကွဲလွဲသောကိစ္စများ၌ ထိုဇာတ်လမ်း ၏ရှု ထောင့်နှစ်ဘက်စလုံးကိုမသိမချင်း ချစ်ခြင်းမေတ္တာကဆုံးဖြတ်ချက်မချပါ (သုတ္တံ ၁၈း၁၃)။
ချစ်ခြင်းမေတ္တာသည် စီရင်သောသဘော၊ အပြစ်ရှာတတ်သောသဘောမရှိပါ။ ဝိညာဉ်ရေးရာမအောင်မြင်မှုတခုကဲ့သို့သောအရာကြောင့် လူတယောက်သည် အ ခြားသောလူတယောက်ကိုအပြစ်တင်ရှုတ်ခါသော အခါ ၌ HarryTranside သည် Adelaide Proctor ၏စာ ကြောင်းတို့ကိုကိုးကားသည်။
သူ့ဦးနှောက်၏လုပ်ဆောင်မှုများနှင့်သင်မမြင်နိုင်သောသူ၏စိတ်နှလုံးကို မစီရင်ပါနှင့်။သင်၏မှုန်သောမျက် စိ၌စွန်းထင်ခြင်းကဲ့သို့ဖြစ်သောအရာသည်ဘုရားသခ င်၏သန့်ရှင်းသောအလင်း၌ အမာရွတ်တခုသာ ဖြစ်နိုင်သည်။
ချစ်ခြင်းမေတ္တာသည်အခြေအနေ အထောက်အထား သက်သေတခုတည်းကိုအခြေပြုသည့်အပြစ်စီရင် ခြင်းကိုရှောင်ကြဉ်သည်။အခြားသောသူအပေါ်၌မကောင်ဘးသောစကားပြောခြင်းနှင့်ဝေဖန်ပြစ်တင်ခြင်းကိုရှောင်ကြဉ်သည်။
ချစ်ခြင်းမေတ္တာသည်ခိုင်ခံ့မြဲမြံနိုင်သည်။ အပြစ်ကိုရှုတ်ချ၍နာမခံမှုကိုဒဏ်ခတ်သည် (သုတ္တံ ၁၃း၂၄)။ ဤအရာကို ခိုင်ခန့်သည့်မေတ္တာဟုခေါ်သည်။
၁ကော ၁၃ သည် မေတ္တာအကြောင်းရေးသားသောအ ခန်းဖြစ်သည်။ထိုနေရာ၌ ချစ်ခြင်းမေတ္တာသည်ခရစ် တော်၏အသက်တာ၌တွေ့ ရ၍ ကျွန်ုပ်တို့သည်လည်း ထိုအရာကိုလက်တွေ့ကျင့်သုံးသင့်သည်ဟု ရှင်ပေါလု က ပြောပြသည်။အခန်းကြီးတခုလုံး၏ရည်ရွယ်ချက်မှာ ချစ်ခြင်းမေတ္တာသည်မိမိအကျိုးကိုစဉ်း စားသည်ထက် သူတပါး၏အကျိုးကိုစဉ်းစားသည်ဟူသောအရာဖြစ် သည်။
ချစ်ခြင်းမေတ္တာသည် သည်းခံတတ်၏။ ၎င်းသည်သည်းမခံသောအရာသို့မဟုတ် စိတ်တိုတတ်သောအရလည်းမဟုတ်ပါ။
၄င်းသည် ထောက်ထားစာနာသည်။ အသေးအဖွဲကိစ္စ ၌ပင်လျှင် “ငါဂရုစိုက်သည်” ဟူ၍ ပြရမည့်နည်းကိုအ စဉ်ရှာသည်။
၄င်းသည် မနာလိုမဖြစ်ပါ။ သူတပါးအပေါ်၌ မနာလိုမဖြစ်ပါ။ ချစ်ခြင်းမေတ္တာရှိသောသူသည် တစုံတယောက်နှင့်တူလိုသောစိတ်မရှိ၊ အခြားလူပိုင်ဆိုင်သောအရာကိုလည်း မပိုင်ဆိုင်လိုပါ။
မာန်မာနထောင်လွှားဝါကြွားခြင်းနှင့်ဟန်မပြပါ။၎င်း သည် မမြှောက်ပင့်တတ်ပါ။ ခရစ်တော်၏ မေတ္တာတန်ခိုးမရှိလျှင် လူ့မေတ္တာနှင့် ထိုမျှလောက်ချစ်နိုင်မည်မဟုတ်ကြောင်းသိသည်။
ချစ်ခြင်းမေတ္တာသည် ရိုင်းစိုင်းစွာမပြုမူပါ။
“မိမိ၏အကျိုးကိုမရှာပါ။” ထိုသို့ဆိုရာ၌ မိမိ၏နေရာ၊ မိမိ၏အာဏာကျော်ကြားမှု၊ စည်းစိမ်ဥစ္စာနှင့်အဆင့် အ တန်းတို့ကို ဆိုလိုခြင်းဖြစ်နိုင်သည်။မေတ္တာသည် တကိုယ်ကောင်းမဆန်ပါ။
အမျက်ဒေါသ မထွက်ပါ။ မကောင်းသောအရာကို မစဉ်းစားပါ။ကိုနှစ်သိမ့်သောသူများနှင့်မတူပါ။
,,,,အပြစ်၌ကျင်လည်ပျော်မွေ့ခြင်းမရှိပါ။ လူတို့သည်မတရားပြုခြင်းခံရသောအခါ၌ဝမ်းမသာပါ။
အမှားကိုရေတွက်၍ စုမထားပါ (ငယ် ၅)။သမ္မာတရား၌ဝမ်းမြောက်သည်။ သမ္မာတရားသည်အနိုင်ယူအော င်မြင်သောအခါတိုင်း၌ မည်သူကအကျိုး အမြတ်ရသည်ဖြစ်စေ ဝမ်းမြောက်၏။
အရာခပ်သိမ်းတို့ကိုသယ်ပိုးဆောင်ရွက်တတ်သည်။ ဤနေရာ၌အခြားသောသူတို့၏ဝန်ထုပ် ဝန်ပိုးနှင့် မိမိ၏ဝန်ထုပ်ဝန်ပိုးကို ဆိုလိုခြင်းဖြစ်နိုင်သည်။ချစ်ခြင်းမေတ္တာသည် စုံစမ်းစစ်ဆေးခြင်း၊ ညှဉ်းပမ်းနှိပ် စက်ခြင်းနှင့်ဝမ်းနည်းခြင်းတို့ကိုအရှုံးမပေးဘဲ သည်းခံသည်။
အရာခပ်သိမ်းတို့ကို ယုံကြည်သည်။ ဆန့်ကျင်ဘက်မှန်သည်ကိုအထောက်အထားက မပြမချင်း၊ အရာရာတို့၌အကောင်းဆုံးအပြုသဘောနှင့်လုပ်ဆောင်သည်။ ထိုသို့ဆိုရာ၌ ချစ်ခြင်းမေတ္တာသည်လှည့်စားရန်လွ ယ်ကူပြီး၊ ရိုးအသည်ဟု မဆိုလိုပါ။
အရာခပ်သိမ်းတို့ကိုမျှော်လင့်တတ်သည်။ ပစ္စုပ္ပန် ၌ အ ခက်အခဲများနှင့်စိတ်ဓါတ်ကျစရာများရှိလင့်ကစား၊ ကောင်းသည့်အဖြေရမည်ဟု မျှော်လင့်သည်။
မေတ္တာသည် မဖောက်ပြန်ပါ။ ၄င်း၏အစွမ်းတန်ခိုးနှင့်ထိရောက်မှုသည်ချွတ်ယွင်းခြင်းမရှိဘဲ ဆက်လက်ရှိနေသည်။ နောက်ဆုံးတွင် မေတ္တာကအနိုင်ရသည်။
ချစ်ခြင်းမေတ္တာသည် ကျွန်ုပ်တို့အားမုန်းတီးသည့်ရန်သူကိုပင်ချစ်သည်။ကျွန်ုပ်တို့အားကျိန်ဆဲသောသူတို့ကို ကောင်းကြီးပေး သည်။ ကျွန်ုပ်တို့အပေါ်၌အာဃာ တထားသောသူတို့အတွက် ဆုတောင်းပေးသည်။ အရိုက်ခံသောအခါ၌ပါးတဘက်ကိုလှည့်ပေးသည်။ တောင်းသောအရာထက်ပိုများသောအရာကိုပေး၍ ပြန်၍ ပေး ဆပ်မည်ဟုမျှော်လင့်ခြင်းမရှိဘဲချေးငှါးသည်။
ချစ်စရာမကောင်းသောသူကိုချစ်ရာ၌၄င်း၊ မကောင်း သောသူအပေါ်၌ကောင်းသောအရာပြုခြင်း စသည့်တို့၌၄င်း၊ သဘာဝထက်လွန်သောအပြုအမူရှိသည်။ ဤအရာသည် အမြင့်ဆုံးသောဘုရား၏သားသမီးများဖြစ်လာသည့်နည်းမဟုတ်ဘဲ ထိုသို့သောသူဖြစ်ကြောင် း ထင်ရှားစေသည့်နည်းဖြစ်သည်။
ဘုရားသခင်သည် အပြစ်ဒဏ်နှင့်ထိုက်တန်သောသူကို အပြစ်ဒဏ်မပေးဘဲသနားတတ်၏။ ကျေးဇူး မသိတတ်သောသူနှင့်ဆိုးသောသူအပေါ်၌ သနားညှာတာသည်။ ထိုမေတ္တာသည် အပြစ်စီရင်ရာ၌နှေးကွေးပြီး၊ အပြ စ်လွှတ်ရာ၌ လျန်မြန်သည်။ မေတ္တာသည် နှစ်လိုဘွယ်မကောင်း သောယုံကြည်သူများ အထဲ၌ပင် လျှင်ယေရှုကိုတွေ့မြင်နိုင်ရန် ကြိုးစား၍ ရှာဖွေသည်။
  ကျွန်ုပ်တို့၏သခင်ဘုရားသည် ချစ်ခြင်းမေတ္တာဖြစ် သည် ။ လူ့ဇာတိကိုခံလာသောချစ်ခြင်းမေတ္တာဖြစ်သ ည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ချစ်ခြင်းမေတ္တာကိုထုတ်ဖော်နိုင်သည့်ဝေါဟာရ လိုအပ်သည်။ ကျွန်ုပ်တို့၏အဘိဓါန်သည်မပြည့်စုံပါ။ပြည့်စုံလုံလောက်သည့် နာမဝိသေသနမရှိပါ။ ကျွန်ုပ်တို့၏ ဘာသာစကားမှာမကြွယ်ဝပါ။ စကားလုံးတို့သည်မပြည့်စုံဘဲ ရှက်စရာကောင်းလှသည်။ နောက်ဆုံးတွင် “တဝက်မျှပင် မပြောနိုင်သေးပါ” ဟု ပြောရန်သာရှိသည်။ ထိုမေတ္တာသည် ဘာသာ စကားအားလုံးကို ကုန်ခမ်းစေသည်။ကိုယ်တော်၏မေတ္တာသည်ထာဝရမေတ္တာဖြစ်သည်။ အစမရှိသောမေတ္တာဖြစ်သည်။ ၄င်းသည်ခေတ်အဆ က်ဆက်တည်ရှိ၍ အဆုံးမရှိပါ။ ကာလအစဉ်တည်၍ လေးနက်သည်။ ထိုမေတ္တာကို ကျွန်ုပ်တို့၏ဉာဏ်သည် နားမလည်မမှီနိုင်ပါ။
  ၄င်းသည် တိုင်း၍မမှီနိုင်သောမေတ္တာဖြစ်သည်။ ၄င်း ၏အမြင့်၊ အနက်၊အလျား၊ အနံတို့သည် အကန့်အ သတ်မရှိပါ။ ထိုသို့သော အလွန်ကြီးကျယ်မှုကိုတခြားမည်သည့်နေရာ၌မှ မရှိပါ။ ကဗျာလင်္ကာဆရာတို့သည် ၄င်းကိုဖန်းဆင်းသောအရာထဲ၌ အကျယ်ပြန့်ဆုံးသောအရာအဖြစ်အမွှမ်းတင်၍ ပြောကြသော်လည်း ထိုစက ားတို့သည်၄င်း၏သဘောကို မဖော်မပြနိုင်ကြပါ။
ကျွန်ုပ်တို့အပေါ်ကိုယ်တော်ထားသည့်မေတ္တာမှာ အရာတခုကဖြစ်စေပြီး၊လှုံ့ဆော်ပေးသောမေတ္တာမဟုတ်ပါ။ ကိုယ်တော်သည်ကျွန်ုပ်တို့၌ ချစ်စရာကောင်းသောအရ  ာတခု၊ ကုသိုလ်ကောင်းမှုတခုကိုမျှမတွေ့ မမြင်သော် လည်း ကျွန်ုပ်တို့အပေါ်၌ အစဉ်မပြောင်းလဲဘဲ ချစ်တော်မူ၏။ သူသည် ထိုသို ့သောသူဖြစ်သောကြောင့် ထိုသို့ပြုသည်။
  သူတပါးအပေါ် ကျွန်ုပ်တို့ထားသည့်မေတ္တာသည် အ သိဉာဏ်ကင်းမဲ့သည့်အရာပေါ်၌အခြေပြုလေ့ရှိသည်။ သူတပါးသည်မည်သို့သောသူဖြစ်သည်ကိုကျွန်ုပ်တို့မသိသောကြောင့်သာချစ်ကြသည်။ ထိုသူတို့ကို ကျွန်ုပ်တို့ပို၍ သိလာလေပို၍မနှစ်သက်လေဖြစ်လာကြ၏။ ကျွန်ုပ်တို့၏အပြစ်၊ ကျွန်ုပ်တို့လုပ်မည့် အရာအားလုံးကိုကိုယ်တော်သိသော်လည်း ကျွန်ုပ်တို့ကို ကိုယ်တော်ချစ် သည်။ ကိုယ်တော်၏အရာ အားလုံးသိသည့်ဉာဏ်တော်က မေတ္တာတော်ကိုမဖျက်ပါ။
ကမ္ဘာပေါ်၌လူဦးရေခြောက်ဘီလီယံကျော်ရှိသည်။ ထိုကြီးမားသောမေတ္တာသည် တဦးချင်းကိုချစ်နိုင်မည်လော။
များလှစွာသောလူများအား ကိုယ်တော်ဂရုစိုက်နိုင်မည်လော။နေရာတကာ၌တဦးချင်းကို ချစ်နိုင်မည်လော။
ဟုတ် ပါ၏။ ကိုယ်တော်အတွက်အရေးမပါသောလူဟူ၍ မရှိပါ။ ကမ္ဘာပေါ်၌ရှိသောလူတိုင်းအတွက် ကိုယ် တော်၏ချစ်ခြင်းမေတ္တာသည်စီးဆင်းနေ၏။
ထိုသို့သောမေတ္တာသည် မည်သည့်အရာနှင့်မှနှိုင် းယှဉ် ၍  မရပါ။ လူတိုင်းသည် မိခင်၏မေတ္တာကို ခံစားသိရှိကြသည်။ကိုယ်ကျိုးမရှာသောမယားယောက် ၏သစ္စ ာရှိသောမေတ္တာကို လူအများကခံစားသိ ရှိကြသည်။ သို့ရာတွင် ဘုရားသခင်မေတ္တာနှင့်ယှဉ်၍ ရသည့်အရာတစုံတခုကို ခံစားသိရှိသောလူ တယောက်မှမရှိပါ။ဓမ္မသီချင်းတပုဒ်က “ယေရှုကဲ့သို့ ကျွန်ုပ်ကိုဂရုစိုက်သည့် လူမရှိပါ” ဟု ဆို၏။
ရောမအခန်းကြီး – ၈ တွင် ကိုယ်တော်၏ချစ်ခြင်းမေတ္တာနှင့်ယုံကြည် သူကိုကွာစေနိုင်သည့် အရာတစုံတခုမှမရှိ သော်လည်း ကိုယ်တော်သည်ဗလာနတ္ထိနှင့်ကြွလာသည်ဟုဆို၏။ သေခြင်း၊ အသက်ရှင်ခြင်း၊ ကောင်းကဘင်တမန်များ၊ အထွတ်အထိပ်များ၊ အာဏာတန်ခိုးများ၊ ယခုအရာနှင့် နောင်လာမည့်အရာများ၊ အမြင့်၊အနိမ့်တို့သည် ယုံကြည်သူကို ထိုမေတ္တာနှင့်မကွာစေနိုင်ပါ ဟုဆို၏။
အနန္တတန်ခိုးရှင်ဘုရားသခင်သည် ယခုအချိန်၌ကျွန်ုပ်တို့ကိုချစ်သည့်အတိုင်းအတာထက် ပို၍မချစ်နိုင်ကြော င်းကိုသိခြင်းသည် အံ့ဩဝမ်းမြောက်စရဖြစ်ပါသည်။ ၄င်းသည် အဆီးအတားမရှိ၊ သီးသန့်ဖယ်ထား သောမေတ္တာဖြစ်သည်။
 အစဉ်အမြဲပြောင်းလဲသောလောကကြီးထဲတွင် ခရစ်တေ ာ်၏ချစ်ခြင်းမေတ္တာတည်းဟူသော မပြောင်းလဲသည့်အရာတခုကိုတွေ့ ရှိခြင်းသည် ယုံကြည်စိတ်ချစရာဖြစ်သည်။ ကျွန်ုပ်တို့၏ချစ်ခြင်းမေတ္တာသည် စက် ဝိုင်း၌လည်နေသည်။၎င်းသည် စိတ်ခံစားချက်ပိုင်းဆိုင်ရာ ချားရဟက်တခုဖြစ်သည်။ ကျွန်ုပ်တို့သခင် ဘု ရား၏မေတ္တာမှာ ထိုသို့မဟုတ်ပါ။ ကိုယ်တော်၏မေတ္တာသည် မောပန်းခြင်း သို့မဟုတ် ပြောင်းလဲခြင်းမရှိပါ။
၎င်းသည် သူကိုယ်ကောင်းဆန်ခြင်း၊ မမှန်ကန်သော အပေးအယူ၊ သို့မဟုတ် အဖိုးမလန်းသောစိတ် ထားနှင့်ကင်းစင်သော ဖြူစင်သည့်ချစ်ခြင်းမေတ္တာသက်သက်ဖြစ်သည်။ ၄င်းသည် အနံ့အသက်ကင်းမဲ့၍ ညစ်ညမ်းခြင်းမရှိပါ။
ကိုယ်တော်၏ချစ်ခြင်းမေတ္တာသည်ကျေးဇူးတော်နည်းသူ အခမဲ့ဖြစ်သည်။ဤအကြောင်းကြောင့် ကျွန်ုပ်တို့သည်အစဉ်ထာဝရကျေးဇူးတင်ကြ၏။ အကြောင်းမှာ၊ ကျွန်ုပ်တို့သည် ဆင်းရဲခဲ့လေ သောသူ ၊သူတောင်း စားများ၊ လူမွဲစာရင်းဝင်သောအပြစ်သားများဖြစ်ကြသောကြောင့်ဖြစ်သည်။ လောက၌ ရှိသောစည်းစိမ်ဥစ္စာဟူသမျှကိုကျွန်ုပ်တို့ပိုင်ဆိုင်ကြမည်ဆိုပါကလည်း လိုချစ်ခြင်းမေတ္တာ ကိုဘယ် သောအခါမှ ဝယ်နိုင်ကြမည်မဟုတ်ပါ။
  ဤအရာသည် မျက်နှာမလိုက်သည့်ချစ်ခြင်းမေတ္တာဖြစ်သည်။ ဤအရာသည် လူဆိုးနှင့်လူကောင်းအပေါ်၌ ညီတူညီမျှ နေလိုသာစေသည်။ ခွဲခွဲခြားခြားမရှိဘဲ လူ အပေါင်းတို့အပေါ်၌ မိုးရွာစေရန်အမိန့်ပေးသည်။
ဤအရာနှင့်ပတ်သက်၍ အုံ့ဩစရာအကောင်းဆုံးမှာ စွန့်လွှတ်ပူဇော်ခြင်းနှင့်ဆိုင်သောအရာဖြစ်ခြင်းတည်း။ ပေးရမည့်အဖိုးအခကို မကြည့်ပါ။ ထိုမေတ္တာသည်  အ ကြီးဆုံးသောအရာကိုပြသရန် ဘုရားသခင်၏သန့်ရှင်းသောသားတော်ကိုကရာနီကုန်းပေါ်သို့ ပို့ဆောင်သည်။
သခင်ရဲ့အသက်စွန့်သည့်တိုင်ချစ်သည့်မေတ္တာအစဉ်အမြဲတည်လျက်ဆုံးရှုံးမှုနှင့်ရှက်ဖွယ်သောသေခြင်းအားဖြင့်ရန် သူတိုင်းကိုအောင်မြင်၍အားကြီးသောသူ၏တန်ခိုးကိုချိုးဖဲ့သည်။ . (H. L. Rossier)
လက်ဝါးကပ်တိုင်၌ကျွန်ုပ်တို့သည်သေခြင်းထက်ပို၍အားကြီးသောချစ်ခြင်းမေတ္တာတခုကိုတွေ့မြင်ကြရသည်။ ထိုအရာကို ဘုရားသခင်၏အမျက်တော်လှိုင်းလုံးကြီးများကပင် မကျဆင်းစေနိုင်ပါ။
ဤတမူထူးခြားသောမေတ္တာတော်သည် အသိဉာဏ်ကိုကျော်လွန်၍ပြောဆိုနိုင်သည့်အစွမ်းတို့ကို ပျက်စီးစေ သည်။ ၄င်းသည်ကြီးမြတ်၍ အနှိုင်းမရှိ၊ချစ်ခြင်းမေ တ္တာအပေါင်းတို့၏ အထွတ်အထိပ်ဖြစ်သည်။
ကျွန်ုပ်တို့သည် သခင်ဘုရား၏ချစ်ခြင်းမေတ္တာကိုရှင်းပြရန်အတွက်ပိုကောင်းသာ အဘိဓါန်တခုကို ရှာကောင်း ရှာကြမည်ဖြစ်သည်။ သို့သော်အချည်းနှီးသာဖြစ်သည်။ ကောင်းကင်ဘုံသို့ရောက်၍ ချစ်မေတ္တာ ပုဂ္ဂိုလ် တော်ကို မြင်အခါ၌သာ ကျွန်ုပ်တို့သခင်ယေရှခရစ်တော် ၌ရှိ သောဘုရားသခင်၏မေတ္တာ တော်ကို ပို၍ ရှင်းလင်းစွာမြင်ကာ၊ နားလည်ကြမည်ဖြစ်သည်။ မင်္ဂလာရှိသော သယေရှု၊ ထိုနေ့ကို အမြန်ရောက်စေတော်မူပါ။
ကျွန်ုပ်တို့သည်ချစ်ခြင်းမရှိပါက ခရစ်တော်နှင့်တူနိုင်ကြမည်မဟုတ်ပါ။ကျွန်ုပ်တို့၏အစွမ်းရှိသမျှ၊ ခံစားချက်ရှိသမျှ ဉာဏ်ရှိသမျှနှင့်ဘုရားသခင်ကိုချစ်ကြရန် မိန့်မှာထားသည်။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်ကြရန်ဖြစ်သည်။ လင်ယောက်ျားသည်မယားကိုချစ်၍၊ မယားသည်လည်း လင်ယော က်ျားကိုချစ်ရန်ဖြစ်သည်။ ယုံကြည်ခြင်းအိမ်သားများ၊ ပျောက်ဆုံးသောလောကီသားများနှင့် ကျွန်ုပ်တို့ ၏ရန်သူများသည်ပင်လျှင် ကျွန်ုပ်တို့၏မေတ္တာကိုရရှိသောသူများဖြစ် သင့် သည်။
   သူတပါး၏အမှုကိုထမ်းရွက်ရန် မိမိကိုယ်ကိုအပ်နှံသောအခါ၌ ကျွန်ုပ်တို့သည် ချစ်ခြင်ရှိကြသည်။ အမှန်တကယ်လိုအပ်သောသူများအား ကျွန်ုပ်တို့၏ငွေကိုပေးသောအခါ၌ ချစ်ခြင်းမေတ္တာဖြစ်သည်။ အမှန်စင်စစ်တွင် ယောဟန်သည်ကျွန်ုပ်တို့ငွေနှင့်လုပ်သောအရာနှင့် ကျွန်ုပ်တို့၏ချစ်ခြင်း မေတ္တာကို စစ်ဆေးရာ”အကြင်သူသည် လောကီစည်းစိမ်ဥစ္စာရှိလျက်ပင် မိမိညီအစ်ကိုဆင်းရဲခြင်းကိုမြင်၍ သနားခြင်း ဂရုဏာကိုချုပ်တီး၏။ ထိုသူ၌ ဘုရားသခင်မေတ္တာတော်သည်အဘယ်သို့ တည်မည်နည်း” (၁ယော ၃း၁၇) ဟုဆို၏။
စစ်မှန်သောမေတ္တာသည် ညီအစ်ကိုများအတွက်မိမိအသက်ကိုအလိုအလျောက်စွန့်ခြင်းဖြစ်ကြောင်း သူကဆက်လက်၍အခိုင်အမာပြောဆိုသည်(၁ ယော ၃း၁ ၆)။  ထိုထက်ပို၍ ကြီးမားသောမေတ္တာမရှိပါ (ယော ၁၅း၁၃)။ဤအရာသည် လက်ဝါးကပ်တိုင်လမ်းဖြစ်သည်။
သခင်ဘုရားကကျွန်ုပ်တို့အပေါ်ချစ်သည့်မေတ္တာသည် မိခင်၏မေတ္တာကိုကြီးမားစွာထင်ဟပ်စေပါသည်။ ခရစ် ယာန်မိခင်တယောက်သည် သေလုနီးပါးဖြစ်နေသောသူ၏သားအား ကျောက်ကပ်တဘက်ပေးရန်အတွက် တူရကီနိုင်ငံမှလေယာဉ်စီးလာသည်။ ထိုသို့ပြုရာ၌ အသက်ပင်သေမည်ဟု သူစဉ်းစားထားပြီးဖြစ်သည်။ ဆရာဝန်က “Kenan အတွက် သင်၏ကျောက်ကပ်တဘက်အမှန်တကယ်ပေးလိုပါသလား” ဟုမေးသော အခါ “ကျွန်မရဲ့ကျောက်ကပ်နှစ်ဘက်စလုံးပေးချင်ပါ သည်” ဟုပြန်ဖြေသည်။
   မေတ္တာသည်အပြစ်ဒုစရိုက်များစွာတို့ကိုဖုံးအုပ်ပေး သည်။ ဤသို့ဆိုရာ၌ အပြစ်ဒုစရိုက်တို့ကို ဤနည်းအားဖြင့်ဖြေသည်ဟု မဆိုလိုပါ။ ချစ်ခြင်းမေတ္တာသည် သူတပါး၏အမှားများနှင့်ဆုံးရှုံးမှုများအပေါ်၌ သနားကြင်နာစွာဖြင့်ဖုံးအုပ်ထားပေးသည်ဟုသာဆိုလိုသည်။
သို့ရာတွင်၊ မေတ္တာသည်မယိမ်းမယိုင်ဘဲရှိနိုင်သည်။ အမှားပြင်ခြင်းလိုအပ်သောအခါ၌ ၄င်းသည်မလုပ်ဘဲမနေပါ (သုတ္တံ ၁၃း၂၄)၊ ပန်းသီးထည့်ထားသောဇလုံကိုလှမ်းပေးသောအခါ မေတ္တာသည်အခြားတယောက်မယူမိစေရန်အနာပါသောပန်းသီးကို မိမိအတွက်ရွေးယူလိုက်သည်။
၎င်းအပြင် မေတ္တာသည်မည်သည့်အရာကိုပြုပါသနည်း။
* ချစ်ခြင်းမေတ္တာသည် အသုံးပြုပြီးသောလင်ပန်းနှင့်ရေစည်တို့ကိုဆေးကြောသည်။* ချင်းခြင်းမေတ္တာသည် အသုံးပြုပြီးသောအိမ်သာကိုဆေးကြောသည်။ချစ်ခြင်းမေတ္တာသည် အသုံးမပြုသောမီးတို့ကိုပိတ်ပေးသည်။
* ချစ်ခြင်းမေတ္တာသည် ပြီးစီးသင့်သောအလုပ်ကိုမြင်တတ်၍၊ မခိုင်းသော်လည်း လုပ်သည်။▲ ချစ်ခြင်းမေ တ္တာသည် ကြမ်းပြင်ပေါ်ရှိအမှတ်တမဲ့ပစ်ချသောအရာတို့ကိုကောက်သည်။* မေတ္တာသည် အမှိုက်ကိုသွန်သည်။ ကားဂက်စ်နှင့်ဆီတို့ကိုထည့်၍ ပေးသည်။
* ချိန်းချက်သောနေရာ၌ အချိန်အတိအကျရောက်သည်။* ထမင်းစားပွဲ၌အစားအစာကိုသူတပါးထံသို့လက်ဆင့်ကမ်းပေးသည်။* အခြားသောသူတို့ကို ရယ်စ ရာမောစရာမပြုပါ၊ သို့မဟုတ် ပြတ်သားထက်မြက်သည့်မှတ်ချက်များမပြုပါ။* ဆူညံခြင်းကိုပြုသည့်က လေးအား အခြားသောသူတို့ကိုမနှောင့်ယှက်စေရန် အ ပြင်သို့ခေါ်သွားသည်။▲ သူတပါးအားပေးရန်ရှိစေခြင်းငှါ ငွေရဘို့အလုပ်လုပ်သည်(ဧဖက် ၄း၂၈)
# ချစ်ခြင်းမေတ္တာသည်နားလေးသောသူများကြားနိုင်စေရန်အသံကျယ်ကျယ်စကားပြောသည်။
မေတ္တာသည်ခွင့်လွှတ်၍ ဒေါသဆက်မထားပါ။ George Washington
Carver သည် လူမဲတယောက်ဖြစ်သောကြောင့် ကော လိပ်ကျောင်းတကျောင်း၌ဝင်ခွင့်မရချေ။ နှစ်များကြာသောအခါ၌ တစုံတယောက်သောသူကထိုကောလိပ်
ကျောင်းနာမည်ကိုမေးသောအခါ၌ “အရေးမကြီးပါဘူး” ဟု ပြန်ဖြေသည်။
တစုံတယောက်သောသူက Clara Barton အား”မင်းအကြောင်းကိုမနှစ်မြုပ်ဘွယ်ရာကောင်းအောင် ဟိုအ မျိုးသမီးကပြောခဲ့တာ မင်းမမှတ်မိဘူးလား” ဟု မေးသောအခါ “ကျွန်မ မမှတ်မိရုံသာမက၊ လုံးဝမေ့သွားတာကိုဘဲသတိရတယ်” ဟု ပြန်ပြောသည်။
မေတ္တာသည်သူတပါး၏အပြစ်ကြောင့်ဝမ်းမြောက်ခြင်းမရှိပါ (၁ကော၁၃း၆)။ ချစ်ခြင်းမေတ္တာသည်မိဘကိုရို သေ၍ စကားနားထောင်ပြီး၊ သူတို့အိုမင်သောအချိန် ၌ဂရုစိုက်ကြည့်ရှုပြုစုသည်။ အပြင်လူများအပေါ်၌ ကော င်းပြီး မိဘအပေါ်၌မကောင်းသောသူ မဟုတ်ပါ။
ချစ်ခြင်းမေတ္တာသည် ဆင်ခြင်စဉ်းစားမှုနှင့်ထောက် ထားခြင်းရှိသည်။ ၄င်းသည် ကျေးဇူးတင်စာကိုရေးပြီး၊ တနည်းနည်းဖြင့်အထူးကျေးဇူးတင်ရှိကြောင်းဖေါ်ပြတတ်သည်။ မေ့လျော့ခြင်းခံရသောသူတို့ထံသို့ လက် ဆောင်များကိုပို့ပေးသည်။
အနည်းငယ်သော မေတ္တာအတွက်လောကကြီးသေဆုံးနေသည်ကို . သင်သိရဲ့လား။အနည်းငယ်သော မေတ္တာအတွက်သူတို့ငိုကြွေးသံကို နေရာတိုင်း သင် ကြားနေရတယ်၊ချစ်ခြင်းမေတ္တာက သီချင်းများကိုယူဆောင်လာပေးတယ်။ဒါ့ကြောင့်၊ အနည်းငယ်သောမေတ္တာရဖို့
သူတို့ကြာရှည်စွာ စောင့်ကြတယ်။ (စာရေးသူမသိ)
တစ်ဆယ့်ငါး
သူတပါးအားသနားကြင်နာပါ
Have Compassion For Others
ခရစ်တော်နှင့်သနားကြင်နာခြင်းသည်တွဲနေသည်၊ ခွဲ၍မရပါ။ ကျွန်ုပ်တို့သည်ဝမ်းနည်းဘွယ်အခြေအ နေ၌ ရှိသောသူတို့၏ အနား၌ရပ်နေ၍ အားပေးလျက်၊မျှော် လင့်ချက်များကိုပေးခြင်းအားဖြင့် ကိုယ်တော် နှင့်တူနိုင် သည်။ ယေရှသည် ဤအရာကိုပြုသည်(ဟေဗြဲ ၁၃း ၅-၆)။ ကိုယ်တော်သည်ညီအစ်ကိုတယောက် ထက်ပို ၍ တွယ်တာသောသူ၏မိတ်ဆွေဖြစ်သည် (သုတ္တံ၁၈း၂၄)။
လူအားလုံးတို့သည်တန်းတူညီမျှဖန်ဆင်းခြင်းကိုခံကြသည်ဟု ကျွန်ုပ်တို့မှားယွင်းစွာစဉ်းစားကြကာ၊ တန်းတူညီမျှခြင်း၏ဆိုလိုချက်နှင့်ပါတ်သက်၍ကျွန်ုပ်တို့၏အမြ င်နှင့်မကိုက်ညီသော သူတို့ကိုအထင် သေးချင်ကြသည်။ အမှန်မှာ လူအားလုံးတို့သည်တန်းတူညီမျှဖန်ဆင်းခံကြ ခြင်းမဟုတ်ပါ။အချို့သော သူတို့သည်အခြားသောသူတို့ထက်ပို၍ ဉာဏ်ပညာမြင့်မားကြသည်။ ကာယပိုင်း ရုပ်သွင်သဏ္ဍာန်ဆွဲဆောင် မှုလည်းမတူကြပါ။အစွမ် းသတ္တိ၌လည်းမတူကြပါ။အချို့သောသူတို့၌ မွေးရာပါညံ့ဖျင်းအား နည်းမှု များရှိကြသည်။
ကျွန်ုပ်သည်သနားကြင်နာတတ်သောသူဖြစ်ပါက၊ဤခြားနားချက်ကိုခွင့်ပြုမည်ဖြစ်သည်။ကျွန်ုပ်၏စိတ်နှလုံးသည် သူတပါးအထင်အမြင်သေးသောသူများထံသို့ရောက်ရှိမည်ဖြစ်သည်။ ကျွန်ုပ်သည်လောကီ သားများကဲ့ သို့ လူတို့အားအဆင့်အတန်းမခွဲခြားဘဲ မွန်မြတ် သေ ာသူများ၊ ဘုရားသခင်အသေခံရသည့်သူများ အ ဖြစ် မြင်နေမည်ဖြစ်သည်။ ဘုရားသခင်ကသူတို့ကိုတန်ဘိုးထားသကဲ့သို့ ကျွန်ုပ်သည်လည်း တန်ဘိုး ထားမည်ဖြစ်သည်။
ဧဝံဂေလိဆရာတယောက်သည် ဗြိတိန်နိုင်ငံသို့ပြန်သွားသောအခါ အမေရိကန်ပြည်ထောင်စု၌သူသည် မည် သည့်အရာကို စိတ်အဝင်စားဆုံးဖြစ်သနည်းဟု တစုံတ ယောက်သောသူကမေးရာ သူက “သန်းကြွယ်သူ ဌေး ၏သားြဖစိသူwilliam Bordenကြမို့ြပ သာသနာ City Mission၌ကလေကချေတယောက်အားဖက် သည်ကိုမြင်ရခြင်းမှာ စိတ်ဝင်စားဘွယ်အကောင်းဆုံးဖြစ်သည်ဟု ဆို၏။
Fred Elliotသည်မုဆိုးမထံသို့သွားြပီးလျှင်အမိုှက်သွန်သူကိုရွှင် ြမူးစွာကြိုဆိုရန်အတွက် သူ၏နံနက် ခင်းဝတ် ပြုခြင်းကိုဖျက်ရသည်။ သူ့အတွက်ပို၍သန့်ရှင်းမြ င့်မြတ်သည့်အခြား လုပ်ဆောင် မှုမရှိပါ။
Jack Wyrizen သည် နွေရာသီကျမ်းစာဆွေးနွေးပွဲတခုတွင် မိမိလက်နှင့်အစာမစားနိုင်သောကြောင့် အခြားသောသူများကရှောင်သည့်မသန်မစွမ်းတယောက်နှင့်အတူအစာစားသည်။ အစားအစာအချို့တို့သည် အော က်၌ခံထားသောသတင်းစာအပေါ်၌ကျ၍ ပြန့်ကျဲနေလသည်။
  J.N Darby သည် ဂုဏ်သရေရှိ၍ တင့်တယ်သောအိ မ်၌တည်းခိုရမည့်အစား အိုမင်းသောလင် မယားတို့နှင့်အတူအိမ်ငယ်လေးတခု၌တည်းခိုရန်ရွေးချယ်သည်။
သနားကြင်နာတတ်သောတပည့်သည်အသက်ကြီးသူနှင့် အချုပ်သားများထံသို့ဖုန်းဆက်သည်။ သူသည် ဖျားနာသောသူများနှင့်ဒဏ်ရာရသောသူများထံသို့သွားရောက်လည်ပတ်သည်။ နှုတ်ဆက်သည့် ကဒ်ပြားမရဘူးသောသူများထံသို့ ကဒ်ပြားများကိုပို့ပေးသည်။ အလုပ်မရှိသောအိမ်များနှင့် မသာအိမ်များသို့ အစား အစာကိုပို့ပေးသည်။ တွန်းလှည်းနှင့်နေသောအရွယ် ရောက်စမိန်းကလေးတယောက်အား စကားပြောရန်သွားသည်ကိုသင်တွေ့ရှိမည်ဖြစ်သည်။ ရောဂါရှိသည့်ကလေးမလေးကိုဖက်သည်။ ဆင်းရဲ၍လျစ်လျူရှုခြင်းခံရသောသူ၊ အထီးကျန်သောသူ၊ ဝမ်းနည်းသောသူအားလုံးတို့သည် သူ၏ဂရုစိုက်မှုကိုသိကြသောကြောင့်သူ အားချစ်ကြသည်။
   Paul Sandberg သည် သူ၏သခင်နောက်သို့အချည် းနှီးလိုက်သည်မဟုတ်ပါ။ တနေ့သောအခါ၌ သူသည် ကော်ဖီဆိုင်တဆိုင်သို့ဝင်ကာ Freddieဟုခေါ်သောလူတယောက်၏အနီး၌ရှိသောခွေးခြေထိုင်ခုံတလုံးပေါ်၌ထိုင်သည်၊Paul သည် Fred အားသစ္စာရှိစွာဖြင့်သက်သေခံရာ၊ မကြာမှီ Fred သည် အသစ်မွေးဖွားခြင်းအားဖြင့် ဘုရားသခင်၏နိုင်ငံတော်ထဲသို့ဝင်သည်။
   နောက်ပိုင်းတွင် Fred သည် ကင်ဆာရောဂါ၏ဖိစီးနှိပ်စက်ခြင်းကိုခံရသောအခါ Paul သည် သူ့ထံသို့ပုံမှန်သွားရောက်လည်ပတ်သည်။ ထို့နောက်အဆင့်နိမ့်သောပုဂ္ဂလိကဆေးခန်းတခု၌ သူနာပြုများပြုရမည့်တာဝန်များကိုထမ်းရွက်၍ပြုစုသည်။ ired သေဆုံးသောညတွင် Paul သည် သူ ့အားဖက်ထားရင်း၊ ကျမ်းပိုဒ်များကိုသူ့အားရွတ်ပြသည်။ ထိုအရာကို သနားကြင်နာခြင်းဟု ကျွန်တော်ခေါ်၏။
Michigan ပြည်နယ်အနောက်ပိုင်း၌ အသက်ဆယ့်ငါးနှစ်သာရှိသေးသည့်လူငယ်တယောက်သည် ကင်ဆာရောဂါကုသခံနေသည်။ ဆရာဝန်သည်အခိုက်အတန့်တခုအတွင်းကူညီပြုစုသော်လည်း ယခုတွင်ပျို့အန်ချင်လာသည်။၄င်း၌အခြားအကျိုးဆက်တခုရှိသည်။ ၄င်းသည် သူ၏ဆံပင်ကိုကျွတ်စေသည်။သူ၏ရောဂါအခြေ အနေမှာ မရေရာမသေချာသည့်အပြင် ကျောင်းသို့ပြန် လာသောအခါ၌လည်း ခေါင်းကိုအဝတ်စဖြင့်ဖုံးအုပ်၍ ပြန်လာရမည်ဖြစ်သည်။
သို့သော် ပထမနေ့တွင်သူသည်အံ့အားသင့်ဘွယ်သောအရာတခုကိုတွေ့ရှိသည်။ သူ၏သူငယ်ချင်းကျောင်း သားများစွာတို့သည် ခေါင်းပြောင်ကြသည်။ သူတို့သ ည်မိမိတို့၏ခေါင်းများကိုရိတ်ထားကြသည်။ ဤအရွ ယ်ရောက်ခါစလူငယ်တို့သည် ပညာနှင့်တီထွင်ဖန်တီတတ်သည့်သနားကြင်နာမှုကြောင့်သူတို့သူငယ်ချင်း၏ ဝေ ဒနာသက်သာရန်နှင့်ပြန်လည်ကျန်းမာရန် နည်းတခုကိုစဉ်းစားခဲ့ကြခြင်းဖြစ်သည်။
ထိုသို့သောသနားကြင်နာမှုကို ကျွန်ုပ်တို့၌အလွန်လိုအပ်သည်။ ကျွန်ုပ်တို့အဘယ်သို့ဆု တောင်းရန်လို အပ်ပါသနည်း။ကိုယ်တော်ပြုသကဲ့သို့ . လူပရိသတ်များအားမျက်ရည်ပြည့်မျက်ဝန်း မှုန်ဝါးသည့် တိုင်၊အကျွန်ုပ်အား ကြည့်ရှုခွင့်ပေးပါ။ကိုယ်တော်၏ချစ်ခြင်းကဲ့သို့ လမ်းလွဲသိုးများအားသနားကြင်နာ၊ ချစ်ခြင်းများနှင့်အကျွန်ုပ်အား မြင်နိုင်ခွင့်ပေးပါ။ (စာရေးသူမသိ)
တစ်ဆယ့်ခြောက်
သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝပါ
Be Filled With The Holy Spirit
ဧဖက် ၅း၁၈
များစွာသောသူတို့အတွက် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝခြင်သည် ဇဝေဇဝါဖြစ်စရာတခု၊ နက်နဲ သောအရာတခုဖြစ်သည်။ ၄င်းသည် လူတို့အသိစိတ်ထဲတွင်မရှင်းလင်းမပြတ်သားပါ။ ထို့အပြင် ဝိညာဉ် တော်၏ လုပ်ဆောင်မှုနှင့်ပတ်သက်၍ မှားယွင်းသောသွန်သင်မှုများစွာရှိသေးသည်။ ခရစ်ယာန် များမရှင်း မလင်းရှုပ်ထွေ းကြသည်မှာ အံ့ဩဘွယ်ရာမဟုတ်ပါ။
ပထမဦးဆုံးအနေနှင့်ပြည့်ဝခြင်းကို ဝိညာဉ်တော်၏ အ ခြားလုပ်ဆောင်ချက်များနှင့်ခွဲခြား၍ သိသင့်သည်။ ပြည့်ဝခြင်းဆိုသည်မှာ အောက်ဖေါ်ပြပါအချက်များနှင့်မတူပါ။
ကိန်းဝပ်ခြင်း။ သုံးပါးတစ်ဆူဘုရား၌ ထိုတတိယပုဂ္ဂိုလ်သည် ယုံကြည်သူတိုင်း၏ခန္ဓာကိုယ်ထဲ၌ အမှန်တကယ်အသက်ရှင်နေထိုင်သည်။ ကျွန်ုပ်တို့၏ခန္ဓာကိုယ်သည် ဝိညာဉ်တော်၏ဗိမာန်တော်ဖြစ်သည်။
ဗတ္တိဇံ။ ဗတ္တိဇံမှာ လူတဦးသည်ခရစ်တော်ကိုမိမိကယ်တ င်ရှင်နှင့်သခင်အဖြစ်ယုံကြည်လက်ခံသောအချိန်၌ ခရစ်တော်၏ခန္ဓာကိုယ်ထဲသို့ ဝိညာဉ်တော်သွတ်သွင်းသည်။ ၎င်းသည် ဝိညာဉ်တော်၏လုပ်ဆောင်မှုဖြစ် သည်။ သူသည်တကမ္ဘာလုံးနှင့်ဆိုင်သောအသင်းတေ ာ်၏အသင်းသားတယောက်ဖြစ်လာသည်။
တံဆိပ်ခတ်ခြင်း။ တံဆိပ်သည်ပိုင်ဆိုင်မှုနှင့် လုံခြုံမှု၏ သင်္ကေတတစ်ခုဖြစ်သည်။ ယုံကြည်သူတယောက်အား သခင်ဘုရားပိုင်ဆိုင်သူဖြစ်ကြောင်း၊စကြဝဠာနှင့်ဆိုင်သောအသင်းသားတဦးဖြစ်ကြောင်းနှင့်၊ ကိုယ်တော်ကလုံခြုံစွာစောင့်ထိန်းကြောင်း ဝိညာဉ်တော်သည်အမှတ်လက္ခဏာဖြစ်သည်။
စရံ။ ဤအရာသည် ကြိုတင်ပေးခြင်း သို့မဟုတ် အာ မခံခြင်းကိုဆိုလိုသည်။ အချို့သောသူတို့က စေ့စပ်လက် စွပ်နှင့်တူသည်ဟုဆိုကြ၏။လူတယောက်သည် ဝိညာဉ်တော်ရှိသည်မှာသေချာသလောက် တနေ့သောအခါ၌ လည်း အမွေကို အပြည့်အ၀ခံစားရမည်မှာသေချာသည်။
ဘိသိက်ပေးခြင်း။ ဓမ္မဟောင်းကျမ်း၌ ရှင်ဘုရင်များနှင့်ယဇ်ပရောဟိတ်များအား အခမ်းအနားဖြင့် ဆီ လောင်းရသည်။ ထိုနည်းအတူ ဝိညာဉ်တော်သည်ကျွန်ုပ်တို့ အားစည်းစိမ်ရှိသောယဇ်ပရောဟိတ်အနေနှင့် ဆီလောင်းဘိသိက်ပေးသောသူဖြစ်သည်။ ၁ယော ၂း၂၇ ၌ ဆီလောင်းဘိသိက်ပေးခြင်း၌ နောက်ထပ်ဆို လိုချက်တခုရှိသည်။ ဝိညာဉ်တော်၏သွန်သင်ခြင်းလုပ်ငန်းသည် သမ္မ ာတရားနှင့်အမှားကို ပိုင်းခြား တတ် စေသည်။
ဤဝိညာဉ်တော်၏လုပ်ဆောင်မှုအားလုံးတို့သည် လူတယောက်ကယ်တင်ခြင်းရသောအချိန်၌အ လိုအလျေ ာက်ဖြစ်လာခြင်းဖြစ်သည်။ ယုံကြည်သူအသစ်ဘက်မှပူးပေါင်းလုပ်ဆောင်မှုတခုမျှမလိုပါ။ ထိုသို့ဖြစ် ရန်အတွက်ချွင်းချက်မရှိပါ။၎င်းတို့သည် တကြိမ်တခါသာဖြစ်ရသည့်အတွေ့ အကြုံဖြစ်သည်။
 ဝိညာဉ်တော်နှင့်ပြည့်ဝခြင်းမှာ တမူခြားနားသည်။ အမှန်စင်စစ်တွင်ဓမ္မသစ်ကျမ်း၌ပြည့်ဝခြင်းနှစ်မျိုးရှိသည်။
ပထမမှာ၊ သီးသန့်အလုပ်တခုအတွက်ယုံကြည်သူတ ယောက်၏ဝိညာဉ်တော်နှင့်ပြည့်ဝခြင်းဖြစ်သည်။ ဗတ္တိဇံဆရာယောဟန်သည်သူ့မိခင်၏ဝမ်းထဲ၌သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသည်ဟု ကျွန်ုပ်တို့ဖတ်ရ၏ (လုကာ၁း၁၅ ခ)။ ဤနည်းအားဖြင့် ဘုရားသခင်သည် သူ ့အားမေရှိယ၏ ရှေ့တော်ပြေးဖြစ်စေရန်ကြိုတင်ပြင် ဆင်ပေးသည်။ ဤစကားလုံးသည် တမန်တော်ဝတ္ထု၌ မကြာခဏ သုံးသည့်စကားလုံးဖြစ်ကောင်းဖြစ်နိုင် သည်။ ထို့ကြောင့် တပည့်တော်တို့သည် ပင်တေကုတ္တေနေ့၌ဝိညာဉ် တော်ဆင်းသက်ရန်ကြိုတင်ပြင်ဆင်၍စောင့်နေကြစဉ် သန့်ရှင်းသော ဝိညာဉ်တော်နှင်ပြည့် ဝသည်( တမန်၄း၈) ။ပေတရုယောဟန်တို့သည် နတ်ကပတ်တော်ကိုရဲဝံ့စွာ ဟောပြောရန်အတွက် ဝိညာဉ်တော် နှင့်ပြည့် ၀ ြက သည် (တမန် ၄း ၃၁)။ ရှောလုသည်ဒမသက်မြို့၌ခရစ် တော်အကြောင်း ကိုဟောပြော ရန်အတွက်ဝိညာဉ်တော်နှင့်ပြည့်ဝ သည်(တမ န်၉း၁၇ -၂၂)။နောက်ပိုင်းတွင် ရှောလုသည် နတ်ဝိဇ္ဇာအတတ် သမားဧလုမအားရှုတ်ချရန်အတွက် ဝိညာဉ်တော်နှင့ပြည့််ဝသည်  (တမန် ၁၃း၉)။ ဤပြည့်ဝခြင်း တို့မှာယာယီသာြပီထိုသို့ြဖစ်ရန်ချွင်းချက်မရှိပါ။
ထို့နောက် ချွင်းချက်ပါသောပြည့်ဝခြင်းတခုရှိသည်။ ဤအရာကို (ဧဖက်၅း၁၈၌ကျွုပ်တို့တွေ့ရသော အရာဖြစ်သည်။ ဤအရာသည် ဆုတောင်း၍ရသောအရာတခုမဟုတ်ပါ။ ၄င်းမှာ နားထောင်ရ မည့်အမိန့် တခုဖြစ် သည်။ ၄င်းသည် ဓမ္မသစ်၏နဂိုမူလဘာသာစ ကား ၌ရှင်းရှင်းလေးဖြစ်သည်။ အဓိပ္ပါယ်မှာ”အဆက် မပြတ်ပြည့်ဝခြင်းရှိပါ” ဟူ၍ဖြစ်သည်။ ၄င်းသည်အဆက်မ ပြတ်ဖြစ်ရမည့်အရာတခုဖြစ်သည်။ ကြိုးစားလုပ် ဆေ ာင်၍ ရသည့်အရာတခုမဟုတ်ပါ၎င်းသည် စိတ်ခံစားမှုဆိုင်ရာအတွေ့ အကြုံတခုမဟုတ်ဘဲ၊ သန့်ရှင်းသော အသက်တာ၌တည်ကြည်ခြင်းဖြစ်သည်။
ပေါလုက “စပျစ်ရည်နှင့်ယစ်မူးခြင်းကိုရှောင်၍ ဝိညာဉ်တော်နှင့်ပြည့်၀လျက်ရှိကြလော့” ဟု ရေးသည်။ သို့သေ ာ် မကောင်းသောအရာတခုဖြစ်သည့်ယစ်မူးခြင်းနှင့်ဝိညာဉ်တော်နှင့်ပြည့်ဝခြင်းကို အဘယ်ကြောင့် တွဲ၍ပြောပါသနည်း။ အဘယ်ကြောင့်ဆိုသော် တချို့သောနေရာ၌တူ၍၊ တချို့နေရာ၌သိသာ ထင်ရှားသည့် ခြားနားမှုရှိသောကြောင့်ဖြစ်ကောင်းဖြစ်နိုင်သည်။ ပထမတူညီချက်ကိုကြည့်ပါမည်။ ထိုအရာနှစ်ခုစလုံး၌ ကာယကံရှင်သည်အပြင်ဘက်မှချုပ်ကိုင်မှုအောက်၌ရှိသည်။ အရက်မူးရာတွင် သူသည်အရက်သေစာချုပ်ကို င်မှုအောက်၌ရှိသည်။ ပြည့်ဝခြင်းဆိုသည်မှာ သူသည်ဝိညာဉ်တော်၏ချုပ်ကိုင်မှုအောက်၌ရှိသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ထိုအရာနှစ်ခုစလုံးကာယကံ ရှင်၏အဘသက်တာလျှောက်လှမ်းခြင်းကိုကြည့်၍ သင်ပြောနိုင်သည်၊အရက်သမားသည်ဖြစ်ကတတ်ဆန်းအသက်ရှင်သည်။ ဝိညာဉ်တော်နှင့်ပြည့် သောပုဂ္ဂိုလ်သည်အ ပြစ်နှင့်၄င်း၊ လောကကြီးနှင့်၄င်း၊ တသီးတခြားအသက်ရှင်သည်။ ထိုအရာနှစ်ခုစလုံးတွင် လူတယောက် စကာ းပြောနည်းကိုကြည့်၍ သင်ပြောနိုင်သည်။ အရက်သမားပြောသောစကားသည် ပလုံးပထွေးဖြစ်ပြီးညစ်ညမ်း သည်။ ယုံကြည်သူပြောသောစကားမှာ ခရစ်တော်ကိုချီးမြှောက်သော မတူညီမှုနှစ်ခုလည်းရှိသည်။ အရက်မူးသောအခါ၌ မိမိကိုယ်ကိုထိန်းစကားနှင့် တည်ဆောက်ခြင်းကို ပေးသောစကားဖြစ်သည်။
 မတူညီမှု၂ခုလည်းရှိသည်။အရက်မူးသောအခါ၌မိမိကိုယ်ကိုထိန်းသိမ်းနိုင်ခြင်းမရှိပါ။ ဝိညာဉ်တော်နှင့် ပြည့်ဝခြင်း၌ မိမိကိုယ်ကိုထိန်းသိမ်းနိုင်မှုဝိညာဉ်တော်နှင့်ပြည့်ဝခြင်းမှာ အပြစ်ကိုဆီးတားနိုင်မှုမြင့် မားသည်။ကင်းမဲ့ခြင်းမရှိပါ။ အရက်မူးခြင်းသည် အပြစ်ကိုဆီးတားရာ၌အားနည်းသည်။ဝိညာဥ္တော်နှင့် ြပည့်ဝအ ြပစ်ကိုတားဆီနိူင်မှု ြမင့်မားသည်။
“စပျစ်ရည်နှင့်ယစ်မူးခြင်းသည်အပြစ်ဖြစ်ပါက ဝိညာဉ်တော်နှင့်မပြည့်ဝခြင်းမှာ ပို၍ကြီးမားသော အပြစ်တခုဖြစ်သည်” ဟူသော James Stewart ၏ထိမိသောစကားကို ကျွန်တော်သတိရသည်။
ပြောပြခဲ့သည့်အတိုင်း ဝိညာဉ်တော်နှင့်ပြည့်ဝခြင်းသည်သန့်ရှင်းသောအသက်တာဖြစ်သည်။ ထိုအရာကို ဤကျမ်းပိုဒ်များ၌အမျိုးမျိုးအလှဆင်သည်ကိုတွေ့ရသည်။>၄င်းသည် နိုင်ငံတော်သားတယောက်၏ စရိုက်လက္ခဏာဖြစ်သည်(မဿဲ ၅း၁-၁၆)။> ၎င်းသည် တည်သောအသက်ဖြစ်သည် (ယော ၁၅း၁-၁၇)။> ၄င်းသည် မေတ္တာအသက်ဖြစ်သည် (၁ကော ၁၃)။> ၄င်းသည် ခရစ်ယာန်စရိုက်လက္ခဏာ၏ အသက်ဖြစ်သည် (၂ပေ၁း၅-၁၁)။
အရေအောက်ပါတို့သည်ဝိညာဉ်တော်နှင့်ပြည့်ဝခြင်းအတွက် မရှိမဖြစ်အရေးးကြီးသောအရာအချို့ဖြစ်သည်-
 သင်၏အပြစ်ကိုသိသည်နှင့်တပြိုင်နက် ဝန်ခံ ၍စွ န့်ပစ်ပါ (၁ယော၁း၉။ သုတ္တံ ၂၈း၁၃)။> သခင်ဘုရား၏ အုပ်စိုးမှုကိုတချိန်ပြီးတချိန်နာခံပါ (ရောမ ၁၂း၁-၂)။
> ဘုရားသခင်၏နှုတ်ကပတ်တော်နှင့်မိမိကိုယ်ကိုပြည့်ဝအောင်လုပ်ပါ(ယော ၁၇း၁၇)။သင်၏ အထဲ၌ခရစ်တော်၏နှုတ်ကပတ်တော်သည်ကြွယ်ဝစွာမတည်လျှင် သန့်ရှင်းသောဝိညာဉ်တော်နှင့် သင်ပြည့်ဝ၍ မရပါ (ကော ၃း၁၆)။> ဆုတောင်းခြင်းနှင့်ဝတ်ပြုကိုးကွယ်ခြင်းအတွက် အချိန်များစွာအသုံး ပြုပါ(ရောမ ၈း၂၆။ ၂ ကော၃း၁၈)။
– ခရစ်ယာန်မိတ်သဟာယနှင့်နွေးနွေးထွေးထွေးနေပါ။ လောကီအရေးအခင်းများ၌ ရှပ်ထွေးရော ယှက်ပါဝင်မှုကိုရှောင်ပါ (ဟေဗြဲ ၁၀:၂၅၊ ၂ တိ ၂း၄)။
* သခင်ဘုရားအတွက်အလုပ်ကို မအားမလပ်လုပ်ပါ (ဒေသနာ ၉း၁ဝ)။
> တရားဥပဒေကခွင့်မပြုသောအသွေးအသာ း၏တ ပ်မက်မှုကိုဆီးတားပါ(   ရောမ၆း၁၁)။ကြောက်မက်ဖွယ်ရာသွေးဆောင်ြခင်းခံရသောအခါ၌ထာ၀ရဘုရားကိုခေါ်ပါသုတ္တံ၁၈း၁၈း၁၀)။အ ြပစ်ဒုစရိုက်ဟူသမျှကိုရှောင်ပါ(  မဿဲ၁၈း၈ )ြပိုလဲရမည့်အစားထွက်ပြေးပါ (၂ တိ ၂း၂၂)။ တိုက်လှန်၍ထွက်ပြေးသောသူသည်နောက်ရက်၌တိုက်လှန်ရန်အသက်ရှင်သည်။
> သင်၏စဉ်းစားခြင်းကိုထိန်းချုပ်ပါ (သုတ္တံ ၂၃း၇။ ဖိ ၄း၈)။> ခရစ်တော်အားဗဟိုပြုပါ၊ မိမိ၏အလိုဆန္ဒကိုဗဟိုမပြုပါနှင့် (ယော၁၆း၁၄)။
ယခု သင်၏အလုပ်သို့သွား၍ သန့်ရှင်းသောဝိညာဉ်တော်အုပ်စိုးသည်ကိုယုံြကည်ပါ။
   ဝိညာဉ်တော်နှင့်ပြည့်ဝခြင်းသည် မည်သည့်အရာနှင့်တူမည်နည်း။အသက်တာ၏အများစုမှာ လုပ်နေကျခက်ခဲသောအလုပ်ဖြစ်ကောင်းဖြစ်မည်၊တခါတရံမြင့်မားခက်ခဲခြင်း၏အထွတ်အထိပ်ရှိလာမည်ဖြစ်သည်။ အသက်တာ၏အများစုအချိန်သည် လုပ်ရိုးလုပ်စဉ်ခက်ခဲသောလောကီ အလုပ်ဖြစ်ကောင်း ဖြစ်နိုင်သည်။ သို့ရာတွင် သာမန်ဖြစ်ပျက်ခြင်းမရှိသောအရာများဖြစ်သည့်ဘဝပိုက်ကွန်၏ဂီယာတို့ကို သင်သည်သတိပြုမည်ဖြစ်သည်။ ထာဝရဘုရားသည်သင်၌၄င်း၊ သင့်အား ဖြင့်၄င်း၊ အလုပ်လုပ်နေ သည်ကိုသင်သည်သိရှိခံစားလာ မည်ဖြစ်သည်။ သင်၏အသက်တာသည် သဘာဝထက်လွန်၍ ထူးခြား သောအရာတို့ နှင့်အရောင်တောက်နေကာ၊ သူတပါးနှင့် သင်သည်တို့ထိသောအခါ၌ ဘု ရားသခင် အတွက်တစုံတရာဖြစ်ပျက်လာမည်ဖြစ် သည်။
တန်ခိုးလည်းရှိလာမည်ဖြစ်သည် (လုကာ ၂၄း၄၉။ တမန် ၁း၈)၊ ရဲရင့်ခြင်း (တမန် ၄း၁၃၊ ၂၉၊ ၃၁)၊ ဝမ်းမြောက်ခြင်း (တမန် ၁၃း၅၂)၊ ချီးမွမ်းြခင်း(လုကာ ၁း၆၇-၇၅။ ဧဖက် ၅း၁၉-၂ဝ) နှင့်အုပ်စိုးမှုအောက်၌ရှိခြင်း (ဧဖက်၅း၂၁)စသည်တို့လည်းရှိလာမည် ြဖစ်သည်။
နောက်ဆုံးသတိပေးချက်တခု။ ဝိညာဉ်တော်နှင့်ပြည့်ဝသောလူတယောက်သည် သူ့ကိုယ်သူပြည့်ဝ သည်ဟုတခါမှမပြောပါ။ ဝိညာဉ်တော်၏အလုပ်မှာ ယုံကြည်သူကိုချီးမြှောက်ရန်မဟုတ်ဘဲ ခရစ်တော် ကိုချီးမြောက်ရန်ဖြစ်သည်။ မိမိအောင်မြင်သည်ဟုထောင်လွှားခြင်းမှာ မာန်မာနဖြစ်သည်။
တစ်ဆယ့်ခုနှစ်
နိမ့်သောနေရာယူပါ
Take The Low Place
မာန်မာနသည်အပြစ်ဖြစ်လာရာအရင်းအမြစ်ဖြစ် သ ည်။ ကောင်းကင်ဘုံ၌လူစီဖါသည်သူ့ကိုဖန်ဆင်း သောအရှင်ဘုရားသခင်အား နန်းချရန်ကြိုးစားသည့်အချိ န်၌အစပြုသည်။ သူသည်မာန်မာနနှင့်ဝင့်ကြွားသော ကြောင့်စီရင်ခြင်းထဲသို့ကျရောက်သည် (၁ တိ ၃း၆)။ Christopher Marlowe က”ကောင်းကင်မျက်နှာ ပြင်မှဘုရားသခင်၏ပစ်ချခြင်းခံရလောက်အောင် ပြင်းထန်သည့်မာန်မာနနှင့်မထီမဲ့မြင်ပြုသောသူဖြစ်သည်” ဟုဆို၏။ ၄င်း၏ ဆိုးကျိုး တဦးတည်းခံရသည်ကိုမကျေ နပ်ဘဲ အားလုံးမျှဝေခံစားစေရန်အတွက် အာဒံနှင့်ဧဝ တို့ကိုအပြစ်ဒုစရိုက်ထဲသို့သွေးဆောင်သည်။ ထို့ ကြော င့် မာန်မာနသည်လူ၏ဗီဇသဘာဝထဲသို့ဝင်ရာ၊ ၄င်း၏ ဝမ်းနည်းဘွယ်သောဆိုးကျိုးမှာ လူတိုင်းသည်ထိုမာန်မာ နထဲသို့အလျင်အမြန်နစ်မြုပ်သွားရခြင်းပင်ဖြစ် သည်။
  1. Oswald Sandersကမာန်မာနကို အတ္တကိုးကွယ်ခြင်းဟုခေါ်သည်။ “မိမိကိုယ်ကိုထင်သည့်အတိုင်းထက်ပို ၍ထင်ခြင်းဖြစ်သည်။ ဘုရားသခင်သာပိုင်ဆိုင်သည့်အရာကို မတန်မရာတောင်းဆိုခြင်းဖြစ်သည်။
သခင်ယေရှုပုံသဏ္ဍာန်တော်ကိုအမှန်တကယ်ရေးဆွဲရာ၌ နူးညံ့သိမ့်မွေ့၍နိမ့်ချသောသဘောရှိသောသူအဖြစ် ပေါ်လွင်စေမည်ဖြစ်သည်။ “နူးညံ့သိမ်မွေ့သည်” ဟူသောဝေါဟာရသည် “ကြေကွဲခြင်း” ဟူသောသ ဘော ရှိသည်။၄င်းသည် ကြမ်းတမ်းမှုကိုခံ၍ကြိုးစားကာ ခေါင်းမော့လိုက်၊ ငုံလိုက်နှင့် မျက်စိသည်ရှေ့တည့် တည့်ကြည့်သောမြင်းတကောင်အကြောင်းကိုပြောပြရာ၌ အသုံး ြပုသောစကားလုံးဖြစ်သည်။
ကျွန်ုပ်တို့၏နူးညံ့သိမ်မွေ့သောသခင်ဘုရားသည်သူ၏ထမ်းပိုးကိုတင်၍ထမ်းြကရန်နှင့်ကိုယ်တော်နင့်တူရန်အတွက်နည်းခံြကရန်ကျွန်ပ်တို့ကိုဖိတ်ခေါ်သည်။ဤအရာကမငြီးတွား၊မမြည်တမ်းဘဲကိုယ်တော်၏အလိုတော်ကိုလက်ခံခြင်းဟုအဓိပ္ပါယ်ရမည်ဖြစ်သည်။
အခြေမဟန်သောအခြေအနေများကျွန်ုပ်တို့အပေါ်သို့ကျလာသောအခါ “ထိုသို့အလိုတော်ရှိသောကြောင့် မှန်ပါ၏ဟုပြောနိူင်ရမည် ြဖစ်သည်။ယေရှုသည်ဤလောက၏ဘုန်းအသရေတခုမှမဆောင်ဘဲ နိမ့်ချခြင်းတခုမှမတွေ့ရပါ။ ကိုယ်တော်၏နိမ့်ချ တော်မူခြင်းစံနမူနာတခုမှာ အသေခံခြင်းတိုင်အောင်အစေခံ၍ ကိုယ်ကိုကိုယ်နိမ့်ချတော်မူခြင်းဖြစ်သည် (ဖိ ၂း၈)။
သိမ်မွေ့ နိမ့်ချ – အကျွန်ုပ်ကယ်တင်ရှင်ပိုးလောက်ပမာ … အကျွန်ုပ်ဘဝအားနည်းမှုများ၊ အပြစ်နှင့်ပြည့်လျက် မသန့်ရှင်းခဲ့ပါအဘယ့်ကြောင့်ကျွန်ုပ်ဘဝအား ချီး မြှောက်မူလဲ။ (H. F. Lyte)မွေးဖွားခဲ့သည့် နွားစာခွက်မှ အသေခံသည့် ကရာနီထိတိုင်ကိုယ်တော်နိမ့်ချစွာဖြင့် .. အသက်ရှင်ခဲ့သည်။မာနထောင်လွှား နိမ့်ကျသော အကျွန်ုပ်ကိုသခင်သွန်သင်တော်မူပါ။(စာရေးသူမသိ)
ကျွန်ုပ်တို့သည် မိမိ၏အရွယ်အစားအမှန်ကို သိကြရန်ကောင်း၏၊George Washington သည် အစေခံကျွန်အလုပ်တခုကိုလုပ်နေစဉ် မိတ်တယောက်က “ဗို လ်ချုပ်ခင်ဗျား၊ အဲဒါလုပ်ဘို့ ဗိုလ်ချုပ်ကကြီးမြတ်လွန်းပါတယ်ဟုပြောသောအခါ “ကျွန်တော် မကြီးမြတ်ပါဘူး။ ကျွန်တော့အဆင့်နှင့်အတေဘဲ’ဟုဖြေသည်။
ခရစ်တော်ပုံရိပ်မဖြစ်ခဲ့ ကျွန်ုပ်အသက်တာအထံတော်ပါး၌ အလွန်မှီးမှိန်လွန်းခဲ့သည်။သခင့်ရဲ့နှိမ့်ချမှု သိမ် မွေ့ခြင်းနှင့်နူးညံ့ခြင်းများကျွန်ုပ်ပိုင်ဆိုင်ချင်လွန်းလှသည်။ကျွန်ုပ်အသက်တာ ပြသနိုင်မည်ချီးမွမ်းခြင်းနှင့်
အသက်ရှင်နိုင်မည် ကိုယ်တော်အတွက်သာ။
  စစ်မှန်သောနိမ့်ချခြင်း၌ မိမိကိုယ်ကိုအလွန်ဆိုးသည်ဟုထင်မှတ်ခြင်းမပါပါ။ ထိုအရာကိုစဉ်းစားရန် ကျွန်ုပ်သည်ထိုက်တန်ခြင်းမရှိပါ။ ကျွန်ုပ်လိုအပ်သောအရာမှာ မိမိကိုယ်ကိုမေ့ပျောက်၍ ကျွန်ုပ်၏ စဉ်းစားထင်မြင်ခြင်းဟူသမျှနှင့် အမှန်ထိုက်တန်သောဘုရားသခင်ကိုကြည့်ရန်ဖြစ်သည်။ (William Kelly)Isaac Newton သည် သူ၏ခေတ်ကာလအချိန်၌အလွန်ထက်မြက်
သည့်စဉ်းစားဉာဏ်အရှိဆုံးသူများထဲမှတယောက်ဖြစ် သည်။ သူသည် ကျွန်တော်တို့၏ခေတ် ကာလအတွက် လည်း အထင်ရှားဆုံးသောပါရမီရှင်များထဲမှတဦးဖြစ်သည်။ သို့သော်လည်း Newton က မိမိကိုယ်ကို ဤသို့ဆို၏-
ကျွန်ုပ်သည် လောကီသားများအမြင်၌ မည်သို့ဖြစ်မည်ကိုကျွန်တော်မသိပါ။သို့သော်၊ သမုဒ္ဒရာမျှကျယ်ဝန် းသော မဖော်ထုတ်ရသေးသောသမ္မာတရားကျွန်ုပ် ၏ ရှေ့၌ရှိ၍၊ ကျွန်ုပ်သည် ပင်လယ်ကမ်းခြေ၌ ကစားနေသောကလေးတယောက်အနေနှင့်၄င်း၊ ပို၍ချောသည့်ကျောက် သို့မဟုတ် ပို၍လှပသောခရုခွံများကို တွေ့ ရှိရန်အတွက် ဟိုဟိုသည်သည်သွားနေသည့် ကလေးတယောက်အလား မိမိကိုယ်ကိုမြင်သည်။
Oscar Wilde ၏ နယူးယောက်မြို့ အကောက်ခွန်ရုံး၌ “ကျွန်ုပ်၏ပါရမီထူးချွန်မှုမှအပ ကျွန်ုပ်၌ပြစရာဘာမျှမရှိပါ” ဟူ၍ပြောသော ခနဲ သောစကားနှင့်ထိုအရာကိုယှဉ်ကြည့်ပါ။
  1. B Meyer သည် Dwight L, Moody နှင့်ပါတ်သက်၍ “Moodyသည် မိမိအကြောင်းကိုတခါ မှမကြားဘူးသော လူတယောက်ကဲ့သို့ဖြစ်သည်။ဘုရားသခင်သည်သူ အားအံ့ဩဘွယ်ရာအသုံးပြုသည်မှာ အံ့ဩစရာမဟုတ်ပါ”ဟုဆို၏။
  ယခင် Keswick တရားဟောဆရာတယောက်က “ဘုန်းတော်ကိုမထိအောင်ကျွန်ုပ်တို့၏ လက်များကိုဖယ် ထားပါက၊ ဘုရားသခင်မတတ်နိုင်သည့်အရာမရှိပါ” ဟုဆို၏။ အခြားသောတရားဟောဆရာတဦးက “သင် သည်လူများ၏ ချီးမွမ်းခြင်း၌မကျေနပ်မချင်း အဆင်ပြေနေမှာပါ” ဟုဆို၏။
လူများစွာတို့ကိုခရစ်တော်၌ဝန်ခံခြင်းမပြုစေသောအရာမှာ မာန်မာန ြဖစ် ြပီး၄င်းသည်သူတို့အား ထာဝရငရဲထဲသို့ပို့ပေးသည်။ ခရစ်ယာ န်တို့သည်တစုံတစ်ယောက်အားပြစ်မှားသော အခါ၌ တောင်းပန် ရန်ခက်ခဲစေသောအရာမှာမာန်မာန ြဖစ်သည်။ဘုရားသခင်သည် ကျွန်ုပ်တို့အားအသုံးပြု၍ မရနိုင်အောင် ြဖစ်စေ သောအရာမှာမာန်မာနဖြစ်သည်။၎င်းသည် ဝိညာဉ်တော်တန်ခိုးနှင့်နှင့်သက်သေကို မစီးဆင်းစေ ရန်ပိတ်စေသည်။ တဘက်၌၊ ကျွန်ုပ်တို့သည်ကိုယ်တော်အသုံးမပြုနိုင်ရန်အလွန်သေးငယ် သောသူများ မဖြစ်နိုင်ကြပါ။
“J. N Darby ကမည်သည့်အရာမှမပိုင်ဆိုင်ခြင်းနှင့် မည်သို့သောသူမျှမဖြစ်ရခြင်း၊ အသက်ရှင်သောခ ရစ်တော်၏ဘုန်းတော်ကိုမြင်ရခြင်ကိုယ်တော် ၏စိတ်ဝင်စ ားသည့်အရာမှအပ မည်သည့်အရာကိုမျှ ဂရုမစိုက်ခြင်းဝမ်းမြောက်မှုသည် ထူးဆန်းလှ၏” ဟုဆို၏။
Robert Chapman သည် မာန်မာနကိုအဘက်ဘက်မှတိုက်ခိုက်သောအပြစ်အဖြစ်သိမှတ်လျက်၊ စည်းစိမ်ဥစ္စာ နှင့်လူနေမှုအဆင့်အတန်းတို့ကိုစွန့်၍ပြွတ်သိပ်ညစ်ညမ်းသောသူတောင်းစားများနေထိုင်ရာဒေသသို့ပြောင်းရွှေ့သည်။ သူက ကျွန်ုပ်၏မာန်မာနကို ထိုအရာကမသွေးဆောင်နိုင်ပါဟုဆို၏။
  ကျွန်ုပ်တို့သည်မာန်မာနကိုသန္ဒိဋ္ဌာန်နှင့်ဖြေရှင်းကြရမည်ဖြစ်သည်။William Law က “မာန်မာနသည် သင် ၏အထဲ၌မသေပါက ကောင်းကင်နှင့်ဆိုင်သောအရာတ စုံတခုသည် သင်၏အထဲ၌မရှိနိုင်ပါ။ မာန်မာနကို စိတ်နေစိတ်ထားနှင့်မလိုက်ဖက်သောအရာတခုအဖြစ်နှင့်သာမကြည့်ပါနှင့်။ နိမ့်ချခြင်းကိုလည်းအကျင့်သီလ ကောင်းခြင်းတခုအဖြစ်နှင့်သာမကြည့်ပါနှင့်။ တခုသည်ငရဲမှ၄င်း၊ နောက်တခုမှာ ကောင်းကင်ဘုံမှ၄င်းဖြစ်သည်” ဟု ရေးသည်။
ဂျာမဏီကိုင်ဇာမင်းတပါး၏အဝတ်အစားလျှော်ဖွပ်ပေးသည့် သူက”ကျွန်ုပ်၏ သခင်သည်အချည်းနှီးဖြစ် သည်ကို ငြင်း၍မရနိုင်ပါ။ သူသည် အရာခပ်သိမ်းတို့၏ဗဟိုပြယုဂ်ဖြစ်လိုသည်။ သူသည် ရေဖျန်းမင်္ဂလာ တခုသို့သွားပါကကလေးငယ်လေးဖြစ်ချင်သည်။ မင်္ဂလာဆေ ာင်ပွဲတခုသို့သွားပါက သတိုးသမီးဖြစ်ချင် သည်။ ဈာပနအခမ်းအနားတခုသို့သွားပါက အသုဘအလောင်းဖြစ်ချင်သည်” ဟုဆို၏။
Rabbi Simone Ben Jochai က “ကမ္ဘာ၌ဖြောင့်မတ်သောသူနှစ်ယောက်တည်းရှိပါက၊ ကျွန်တော်နှင့်ကျွန် တော်၏သားသည်ထိုနှစ်ယောက်ဖြစ်မည်။ တယောက်တည်းရှိပါက ထိုသူသည်ကျွန်ုပ်ဖြစ်၏” ဟုဆို၏။
ထိုအရာကို F.B. Meyer က မိမိကိုယ်ကိုပြောသည့်အရာနှင့်နှိုင်းယှဉ်ချင်သည်။ ဈာပနအခမ်းအနားတခု သို့သွားပါက အသုဘအလောင်းဖြစ်ချင်ကျွန်ုပ်သည် သာမညလူတဦးသာဖြစ်သည်။ ကျွန်ုပ်၌ သီးသန့်ဆု ကျေးဇူးမရှိပါ။ ကျွန်ုပ်သည် စကားပြောကောင်းသူမဟုတ်ပါ။ ပညာရှင်တယောက်မဟုတ်ပါ။ နက်နဲသောအတွေးအခေါ် သမားလည်း မဟုတ်ပါ။ ကျွန်ုပ်သည်တစုံတရာကိုခရစ်တော်နှင့်ကျွန်ုပ်၏ ခေတ် ကာလ၌ရှိသောမျိုးဆက်များအတွက်ပြုခဲ့ပါက ကျွန်ုပ်သည်မိမိကိုယ်ကိုခရစ်တော်ယေရှုထံသို့ပေးအပ်၍ ကျွန်ုပ်အား ပြုစေလိုသောမည်သည့်အရာမဆိုပြုရန်ကြိုးစားသောကြောင့်ဖြစ်သည်။
ခရစ်ယာန်များ၌ရှိသင့်သောလိုအင်ဆန္ဒမှာ -ခရစ်တော်ကသာချစ်၍ ချီးမွေးရန်လူတွေမသိသူ၊ အငယ်ဆုံးသောသူဖြစ်စေပါ။(Charles Wesley)
ကျွန်ုပ်တို့သည် ဘဝအသက်တာ၌နာမည်ဝှက်ထားပြီး ကြိုးစားလျှောက်လှမ်းသင့်သည်။ အမှန်စင်စစ်၌ ကျွန်ုပ်တို့တွင်ဝါးကြွားရမည့်အရာတခုမှမရှိပါ။ကြီးမြတ်ခြင်း ၏အစသည်သေးငယ်ခြင်း (နိမ့်ချခြင်း) ဖြစ်၍၊ ကြီးမြတ် မှုတိုးပွါးခြင်းမှာ သာ၍သေးငယ်ခြင်းဖြစ်သည်။ ကြီးမြတ်မှု၏စုံလင်ခြင်းမှာ မည်သည့်အရာမှမ ဟုတ်ခြင်းဖြစ်သည်။ Darby သည် ဤအချက်နှင့်ပတ်သက် ၍ ဤသို့အခိုင်အမာပြောဆိုသည်။ “စစ်မှန်သော ကြီးမြတ်ခြင်းမှာ မမြင်ရဘဲ အစေခံခြင်းနှင့်သတိရခြင်းမခံရဘဲအလုပ်လုပ်ခြင်းဖြစ်သည်” ဟုဆို၏။
ကျွန်တော်၏ဖိုင်ထဲတွင်စိတ်ဝင်စားဘွယ်ကောင်းသော စိတ်ကြီးဝင်သောအမျိုးသမီးတယောက် ထိုင်နေ သည့်ပုံတပုံရှိသည်။ မှန်ချပ်ကြီးတချပ်သည်သူ၏ စွဲမက်ဘွယ်သောရုပ်ကိုထင်ဟပ်ပြသည်။ ထိုပုံကိုအလှ ပြင်ပစ္စည်းများ၊မွှေးအကြိုင်များနှင့်ပြင်ဆင်၍ခြယ်သထားသည်။ သို့သော်လည်း အနီးကပ်၍သေချာစူးစိုက် ကြည့်သော အခါ ၄င်းတို့သည်ကွယ်ပျောက်သွားပြီး ဦးခေါင်းခွံပုံကြီးတခုပေါ်လာသည်။
  ဤမာနထောင်လွှားခြင်းနှင့်ပတ်သက်၍ မိမိကိုယ်ကိုပြန်၍ သုံးသပ်ရန်ကောင်းသည်။
ကောင်းကင်ဘုံမှပေးတော်မမူလျှင် လူသည်မည်သည့်အရာကိုမျှမရနိုင်ပါ  ယော( ၃း၂၇)။ ငါနှင့်ကွာလျှင် သင်တို့သည်အဘယ်အမှုကိုမျှမတတ်နိုင်(ယော ၁၅း၅)။ စိုက်ပျိုးသောသူမတတ်နိုင်၊ ရေလောင်းသော သူလည်း(၁ ကော ၃း၇)၊ သူတပါးလက်မှမခံမယူဘဲ အလိုအလျောက်ရသောအရာ မတတ်နိုင်၊ ကြီးပွား စေတော်မူသောဘုရားသခင်သာလျှင်တတ်နိုင်တော်မူ၍တစုံတခုမျှသင်၌ရှိသလော (၁ ကော ၄း၇)။ ကြီးမြတ်လိုပါသလား။ကြီးမြတ်လိုလျှင်နိမ့်ချစွာအစေခံပါ။ အပေါ်ကိုတက်လိုပါသလား။အောက်ကိုဆင်းပါ။ သို့ သော် သင်၌ဆန္ဒရှိသမျှဖြင့် နှိမ့်ချခြင်းနှင့်သွားပါ။
အမြင့်ဆုံးသောဘုရားသခင်သည် နိမ့်ချစွာဖြင့်သွားပါသေးသည်။
တစ်ဆယ့်ရှစ်
ကျွန်ုပ်အားချိုးဖဲ့ပါ၊ ဘုရား
Beak Me, Lord
  ထာဝရဘုရားသည် ကျိုးပဲ့သောစိတ်ရှိသောသူတို့နှင့် နှလုံးကြေကွဲသောသူတို့ ကိုနီးတော်မူ၏ (ဆာလံ ၃၄း ၁၈)။ ဘုရားသခင်နှစ်သက်တော်မူသောယဇ်မူကား၊ ကျိုးပဲ့သောစိတ်ပေတည်း။ ထိုဘုရားသခင်ကိုယ် တော် သည် ကျိုးပဲ့ကြေမွသောနှလုံးကိုငြင်းပယ်တော်မမူတတ်ပါ (ဆာလံ ၅၁း၁၇)။
  ထောင်လွှားစော်ကားသောသူတို့ကို ဘုရားသခင်ဆီး တားတော်မူ၏။စိတ်နိမ့်ချသောသူတို့အား ကျေးဇူးပြုတော်မူ၏ (ယာကုပ် ၄း၆)။
သမ္မာကျမ်းစာ၌ ကျိုးပဲ့ကြေမွခြင်းဟူသောစကားပြည့်နေသည်ဟုပြောပါက မှန်မည်မဟုတ်ပါ။ ခရစ်ယာန်အသက်တာ၌ အရေးကြီးသောဘာသာရပ်တခုဖြစ်သ ည်ဟု ယုံကြည်နိုင်ရန်အတွက် လုံလောက်သည့်ဖေါ်ပြ ချက်များရှိသည်။ ထိုအရာအချို့တို့ကို ပြန်လည်ကြည့်ရှုကြပါစို့။
> ယာကုပ်သည် ဝိညာဉ်တန်ခိုးမပြည့်ဝမှီ ကာယခွန် အားချို့ဖွဲ့ခြင်းခံရသည်(ကမ္ဘာဦး ၃၂း၂၂-၃၂)။
  မြေအိုးတို့ကိုခွဲ၍မီးအလင်းလင်းရာ ရန်သူများကြောက်ရွံ့ထိတ်လန့်ကြသည် (တရားသူကြီး ၇း၁၈ -၁၉)။
မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်ကိုချိုးဖဲ့၍လူအများကြွေးသည် (မဿဲ၁၄း၁၉)။
အိမ်အမိုးကိုဖျက်၍ကိုယ်သေသောသူသည်အပြစ်လွှတ်ခြင်းခံပြီး အနာရောဂါပျောက်သည် (မာကု ၂း၁-၁၂)။
> ဘူးကိုခွဲ၍၊ နံ့သာဆီသွန်းလောင်းရာအိမ်သည် ဆီမွှေးနံ့နှင့်ပြည့်သည်(ယော ၁၂:၃-၅။ မာကု ၁၄း၃)။
> ကယ်တင်ရှင်၏ခန္ဓာကိုယ်သည်ချိုးဖဲ့ခံရ၍ လူများစွာတို့သည်ကယ်တင်ခြင်းသို့ရောက်ကြသည် (၁ကော၁၁း၂၄)
“ယေရှ၏ခန္ဓာကိုယ်သည် ဆူးများ၊ သံမှိုများနှင့်လှံများအားဖြင့်ချိုးဖဲ့ခံရသော အခါကယ်တင်ခြင်းသည် ကြည် လင်သောစမ်းရေအလားစီးထွက်ကာ၎င်းသည်အ ြပစ်သားကိုဆေးကြော၍အသက်ကိုပေးသည်။”
ကျွန်ုပ်တို့၏မြေကြီးခန္ဓာကိုယ်တို့သည်ကျိုးပဲ့မှသာလျှင် ကောင်းချီးမင်္ဂလာသည်အခြားသော သူများထံသို့စီး ဆင်းသွားမည်ဖြစ်သည် (၂ကော ၄း၇)။ဘုရားသခင်သည်လုံးလုံးကျိုးပဲ့ သောလူများ နှင့်အရာဝတ္ထုတို့ကို မိမိ၏ဘုန်းအသရေတော်အတွက်အသုံးပြုသည်။
ကျိုးပဲ့ခြင်း၏အစ
စစ်မှန်သောပြောင်းလဲခြင်းသည်ကျိုးပဲ့ခြင်း၏ပုံစံတခုဖြစ်သည်။ သဘာဝအားဖြင့် ကျွန်ုပ်တို့သည် မြင်းရိုင်းများဖြစ်ကြပြီး အသုံးခံရန်အတွက်မသင့်တော်သောသူများဖြစ်ကြသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ကျွန်ုပ်တို့၏အပြစ်ကိုဖေါ်ပြ၍ နောင်တလမ်းသို့ခေါ်ဆောင်ကာ၊ ကျွန်ုပ်တို့သည် အောက်ပါအတိုင်း မပြောမချင်းအသုံးတော်မခံနိုင်ပါ။
အရှုံးနဲ့တွေ့ကာ လက်ချည်းဖြစ်လျက်အကျွန်ုပ်ဆက် လက် မရပ်တည်နိုင်လည်း ရာမှာ မင်းကသခင့်ရဲ့အသေ ခံသော မေတ္တာ၌နှစ်မြုပ်ကာအောင်မြင်သူသခင်က အကျွန်ုပ်ပိုင်ဆိုင်သည်။
  ယေရှုသည် သူ၏ထမ်းပိုးကိုတင်၍ထမ်းရန် ကျွန်ုပ်တို့ကိုဖိတ်ခေါ်သည်(မဿဲ ၁၁း၂၉)။ လယ်တော၌ရှိသောထမ်းပိုးတို့သည် ယဉ်ပါးသောတိရစ္ဆာများအတွက်ဖြစ်သကဲ့သို့ ယေရှု၏ထမ်းပိုးမှာလည်းကျိုးပဲ့သောသူတို့အတွက်ဖြစ်သည်။ သို့သော် ကိုယ်တော်၏ထမ်းပိုးသည် မပွန်းရှစေဘဲ၊ ချစ်ခြင်းမေတ္တာနှင့်တွဲနေသည်။
သခင်ဘုရားက “ငါသည်နူးညံ့သိမ်မွေ့သောသဘော ရှိ၏” ဟု မိန့်တော်မူသောအခါ၌ စပိန်ဘာသာဖြင့် ‘manso” ဖြစ်၏။ “manso” စကားလုံးကိုယဉ်ပါးသောမြင်းတကောင်ကိုပြောရာ၌အသုံးပြုသည်။ ၄င်းသည် “ယဉ်ပါး”သည်ဟု ဆိုလိုသည်။ကျိုးပဲ့ခြင်း၏ဝိသေသလက္ခဏာအချို့ ဝန်ချတောင်းပန်ခြင်း။စစ်မှန် သောကျိုးပဲ့ခြင်းကို ဘု ရားသခင်၌ဝန်ချခြင်း၌၄င်း၊ ကျွန်ုပ်တို့ပြစ်မှားသောသူ တစုံတယောက်အား အပြစ်ဝန်ချ တောင်းပန်ရန်အသင့်ဖြစ်ခြင်း၌၄င်း တွေ့ရသည်။ ဆာလံ ၃၂ နှင့် ၅၁ တို့တွင်တွေ့ရသောဒါဝိဒ် ၏အပြစ်ဝန်ချခြင်းတို့မှာ စစ်မှန်သောဝန်ချတောင်းပန်ခြင်းသည်မည်သို့နည်းဟူသေ ာအရာကိုပြသည့် ဂန္တဝင်များဖြစ်ကြသည်။ ထိုအချိန်သည် သူ၏ဘဝ၌အဆိုးဆုံးသောနေ့ရက်ကာလများဖြစ်သည်။
၁။ဝန်ချတောင်းပန်မှုကိုအမြန်ပြုသင့်သည်။
စစ်မှန် သောဝန်ချတောင်းပန်ခြင်းသည် အပြစ်ထိမ် ဝှက်ခြင်းမရှိဘဲ၊ ၄င်းကိုကုစား၍ ပျောက်ကင်းရန်အချိန်စောင့်ရသည်။ ဒါဝိဒ်သည် တနှစ်စောင့်ခဲ့သည်။
    နှစ်များစွာကြာမြင့်သောအချိန်၌ Edinburgh တ က္က သိုလ်၏ခရစ်ယာန်ပါမောက္ခ Stuart Blackie သည် ကျောင်းသားများကိုအသံထွက်ဖတ်ခိုင်း၍နား ထောင်နေသည်။ လူငယ်တယောက်သည်နှုတ်ထွက် မြွတ်ဆိုခြင်းကိုအစပြုရန်ထသောအခါသူ၏စာအုပ်ကိုမကိုင်ရမည့်လက်နှင့်ကိုင်သည်။ပါမောက္ခ”သင်၏စာအုပ်ကိုညာဘက်လက်နှင့်ကိုင်ပြီးထိုင်ပါ” ဟု ဟိန်းဟောက်သည်။ဤကြမ်းတမ်းသောအပြစ်တင်မှုကြောင့် ထိုကျော င်းသားသည်သူ၏ညာဘက်လက်မောင်းကိုဆုပ် ကိုင်သည်။ သူ၌ညာဘက်လက်ဖဝါးမရှိပါ။ အခြားသောကျောင်းသားတို့သည်မိမိတို့၏ထိုင်ခုံများ၌မသက်မသာပြန်ထိုင်ကြသည်။ပါမောက္ခကြီးသည်အခိုက် အ တန့်အတွင်း ချီတုံချတုံဖြစ်သွားသည်။ ထို့နောက်ထိုကျောင်းသားထံသို့သွားပြီး သူ့အားဖက်ကမျက် ရည်များစီးကြလျက် “ငါမသိခဲ့ဘူး၊ ကျေးဇူးပြု၍ ငါ့ကိုခွင့် လွှတ်ပါ” ဟုဆို၏။ သူ၏နိမ့်ချသောတောင်း ပန်မှုသည်ထိုလူငယ်၏စိတ်ကိုရိုက်ခတ်ခဲ့သည်။
နောက်ပိုင်းတွင် ထိုအကြောင်းကိုယုံကြည်သူများစုဝေးသောနေရာ၌ပြောကြသည်။ အစည်းအဝေးပြီးသွား သောအခါလူတယောက်သည်ရှေ့သို့လာပြီး ပရိသတ်ဘက်သို့လှည့်ကာ၊ လက်ကောက်ဝတ်၌ပြတ်သည့်ညာ ဘက်လက်ကိုမြှောက်ပြသည်။ “ကျွန်တော်က ထိုကျောင် းသားပါ။ ပါမောက္ခ Blackieက ကျွန်တော့ကိုခရစ် တော်ထံသို့ပို့ဆောင်ခဲ့ပါသည်။ သို့သော် သူသည်အမှန်ကိုမပြုခဲ့ပါက ကျွန်ုပ်အားခရစ်တော်ထံ သို့ပို့ဆောင် မည်မဟုတ်ပါ” ဟုဆို၏။
၂။ အပြစ်ဝန်ချတောင်းပန်ခြင်းကိုတဦးချင်းပြုရမည်ဖြစ်သည်။
ကျွန်ုပ်တို့မဟုတ်ဘဲ ကျွန်တော်၊ ကျွန်မဟူ ၍ဖြစ်သည်။ “အိုအဘ၊ ကျွန်ုပ်တို့သည်တစုံတခုအမှားကိုပြုကြပါက” ဟူသည်မှာ အစစ်အမှန်မဟုတ်ပါ။
၃။စစ်မှန်သောအပြစ်ဝန်ချတောင်းပန်ခြင်းသည်ပြည့်စုံပြီးဖြောင့်မတ်သည်။
နယူးယောက်မြို့ သား ပြည်နယ် အုပ်ချုပ်ရေးမှူး D’Amatoသည် ဂျပန်အသံထွက်တခုကိုဟန်လုပ်၍တရားသူကြီး အီတိုး (Ito)အားပြက်ရယ် ပြုသည်။ နောက်ပိုင်းတွင် သူက လူထုရှေ့၌ “ဝမ်းနည်းစရာဇာတ်လမ်းတခုဖြစ်ပါတယ်။ လုံးလုံးမှားပါတယ် ။ညံ့ဖျင်းသည့်ဟာသတခုဖြစ်ပါတယ်။တရားသူကြီးအီတိုးအပေါ်၌ကျွန်ုပ်၏မှားယွင်းမှုအတွက် ကျွန်တော်ဝမ်း နည်းပါတယ်။ ကျွန်တော်ရိုးရိုးသားသားတောင်းပန်ပါတယ်” ဟု ဆို၏။
၄။ ၄င်းသည် အသေးစိတ်တိကျရမည်။
 ပြုခဲ့သည့် အ ပြစ်ကိုနာမည်နှင့်ခေါ်ပါ။ အတင်းပြောသည်၊ စိတ်ဆိုး သည်၊ နှစ်ဘက်စလုံးထံမှမကြားမှီစီရင်သည်၊ ဝေဖန်အပြစ်တင်သောစိတ်နှင့်လူငယ်တို့ကိုမောင်ထုတ်သည်၊
စသည်ဖြင့် ဝန်ချတောင်းပန်ပါ။
၅။ ချွင်းချက်မဲ့ဖြစ်ရပါမည်။
 “ကျွန်ုပ်သည်တစုံတခုအ မှားပြုပါကအပြစ်လွှတ်ခြင်းကိုခံလိုပါသည်” သို့မဟုတ် “သင်သည် ကျွန်ုပ်ကိုခွင့်လွှတ်ပါက၊ ကျွန်ုပ်ကလည်း သင့်ကိုခွင့်လွှတ်မည်” စသည်ဖြင့် မဟုတ်ပါ။၄င်း သည်အပြစ်ဒုစရိုက်ကို သာမန်ကာလျှံကာမဖြစ်စေသင့်ပါ။ “ကျွန်ုပ်၏အပြုအမူမှာ မသင့်တော်ပါ။””ကျွန်ုပ် ၏အ ပြုအမူမှာ မမှန်ကန်ပါ။” “ကျွန်ုပ်အပြုအမူ မှားပါတယ်” စသည်ဖြင့် အချို့သောသူတို့သည်သူတို့ ၏အပြစ်ကိုအ သေးအဖွဲ သို့မဟုတ် သာမန်ကာလျှံကာအပြစ်ဟုခေါ်ကြသည်။
၇။အပြစ်ကိုစွန့်လွှတ်လိုသောစိတ်နှင့်တွဲသင့်သည်။
လူတယောက်သည်သူ၏မသန့်သောစိတ်က ပြည်တွင်းအကောက်ခွန်ရုံးသို့စာတစောင်ကိုအမြန်ပို့စေသည်။ ထိုစာ၌ “ယခင်နှစ်၌ကျွန်ုပ်၏ ဝင်ငွေအခွန်ပုံစံကိုဖြည့်စွ က်သောအခါ ကျွန်ုပ်၏ဝင်ငွေကိုအမှားပြမိသော ကြောင့်အိပ်မပျော်နိုင်ပါ။ ကျွန်တော် ဒေါ်လာ ၁၅၀ ချက်လက်မှတ်ကိုထည့်ထားပါသည်။ ကျွန်တော်အိပ်မပျော်နိုင်သေးပါက ကျန်သည့်ငွေကိုပို့ပေးပါမည်” ဟု ရေးထားသည်။”
အသက်ကြီးလှသော Joe သည် Jim နှင့်စကားများခဲ့သည်ကိုသတိရကာ၊သေခါနီးသောအခါ၌ထိုကိစ္စကိုပြေလည်အောင်ဖြေရှင်းလိုသည်။ Jimအားသူ၏ကုတင်ဘေးသို့ခေါ်ကာသူ၏အမှားဝန်ချတောင်းပန်ခြင်းမရှိဘဲထာဝရကောင်းကင်နိုင်ငံသို့သွားရမည်ကိုကြောက်ကြောင်း၊အရာရာကိုအဆင်ပြေစေလိုကြောင်းပြောပြသည်။သို့သော် Jim ထွက်သွားသောအခါ၊ Joe က”ဒါပေမယ့်ငါပြန်ကောင်းလာလျှင်ယခုပြောခဲ့သည့်အရာများသည်အတည်မဟုတ်တော့ဘူးဆိုတာသိထားပါ” ဟုပြောသည်။
၈။ဆင်ခြေမပေးသင့်ပါ။
“နတ်ဆိုးက ငါ့ကိုလုပ်ခိုင်းတယ်။” “ငါ့ ရဲ့ဇာတိကြောင့်ဘဲ” ဟု မပြောသင့်ပါ။ ဒေါက်တာ Ironside က အောက်ပါအကြောင်းအရာကို မိမိကိုယ်တိုင်ပြောပြသည်-ကျွန်တော်လက်ထပ်ပြီးမကြာမှီ၊ လူငယ်တရားဟောဆရာတဦးဆိုသည်မှာစည်းစိမ်ရှိရှိနေနိုင်ရန် စိတ်အ လိုလိုက်ခွင့်ရှိသည်ဟု သဘောတခုရရှိခဲ့သည်။ အခြားသောသူတို့သည်ထိုသို့ပြုကြသည်ကို ကျွန်တော်မြင်ခဲ့သည်။ကျွန်တော်သင်ခန်းစာတခုရရှိသည်။ ကျွန်တော်သည် ဆန်ဖရန်စစ္စကိုမြို့၌တရား ဟောခဲ့ရာ၊ တနေကုန်ခဲ့သည်။ နံနက်စောစောကျွန်တော်သွားပြီး ၉းဝ၀နာ ရီ၌ တခါအစည်းအဝေးလုပ် သည်။ ထို့နောက် ၁၁းဝဝနာရီ ပွဲတော်မင်္ဂလာတခု၌ပါဝင်သည်။ ထို့နောက် ညနေခင်းအစည်းအဝေးတခုရှိသည်။ နောက်တွင်လေဟာပြင်အစည်းအဝေး၊ ထို့နောက်အိမ်တွင်းအစ ည်းအဝေးတခုစသည်ဖြင့် ငါးကြိမ်တရားဟောသည်။ အိမ်ပြန်လာသောအခါ ကျွန်တော်ခြေကုန်လက် ပမ်းကျနေသည်။ ကျွန်တော်သည် လူများပြွတ်သိပ်နေသည့်ဘတ်စ်ကားဒေါင့်တနေရာ၌ ကြပ်တည်းစွာရပ်သည်။ ကျွန်တော့်ဇနီးက တစုံတခုကိုကျွန် တော်အားပြောသ ည်။ မည်သည့်အရာပြောသည်ကို ကျွန်တော်မမှတ်မိပါ။ ကျွန်တော်သည် လင်ယောက်ျားတယောက်၏နည်းနှင့်သူမအားပြန်၍ ဖြေကြားသည်။
သူမကကျွန်တော်ဘက်သို့လှည့်ကာ “အစည်းအဝေးကပြန်လာပြီးမကြာမှီ ထိုကဲ့သို့ကျွန်မကို မာဆတ်ဆတ် ပြောတာ ဘာအဓိပ္ပါယ်လဲ။ရှင်ကပလ္လင်ပေါ်မှာမတ်တပ်ရပ်ပြီး အလွန်သန့် ရှင်းမြင့်မြတ်သလိုလိုရှိတယ်။သင် ၏စကားသည်ချိုသာချောမွေ့သော်လည်း အိမ်အပြန်လမ်းမှာ ကျွန်မကိုမာဆတ်ဆတ်ပြောတယ်။ အဲဒီလိုအ ပြောခံဘို့ တစုံတခုမျှကျွန်မ မပြုပါကျွန်မမေးခွန်း ရိုးရိုးလေးတခုကိုသာမေးတာပါ။ ယခုရှင်ရဲ့ အသင်းတော် ကရှင့်ကိုဘယ်လိုစဉ်းစားမလဲ” ဟုဆို၏။
 ကျွန် တော်ချက်ချင်းစိတ်လျှော့ကာ နိမ့်ချသည်။ “အ ချစ်၊ ငါမှားပါတယ်။ မင်းကိုခပ်ဆတ်ဆတ်ပြောဘို့မရည် ရွယ်သော်လည်း ငါလုံးဝခြေကုန်လက်ပမ်းကျနေတယ်ဆိုတာ မင်းသိပါတယ်ကွာ။ ဒီကနေ့ ငါ ငါးကြိမ်တိုင်တိုင် တရားဟောတယ်၊ ငါစိတ်မခိုင်တော့ဘူး” ဟု ကျွန်တော်ဆို၏။
ကျွန်တော့ဇနီးက “ကျွန်မလည်းရှင်ရဲ့တရားဟေ ာချက်ကို ငါးကြိမ်စလုံးနားထောင်တာပဲ၊ ရှင်လိုပဲ ကျွန်မလည်း ပင်ပန်းပါတယ်။ ကျွန်မကစိတ်ချမ်းချမ်းသာသာနှင့်နေနိုင်ပါက ရှင်လည်းနေနိုင်မှာပါ” ဟုဆို၏။
    ကျွန်တော်တောင်းပန်းခဲ့သည်။ စိတ်ဆိုးသည်ကိုအ ကြောင်းမပြဘဲ၊”စိတ်မခိုင်ခြင်း” ဟု မခေါ်ဘို့ကျွန်တော်သင်ခန်းစာရသည်။”၊
၉။ ကျွန်ုပ်တို့သည် မိမိကိုယ်ကို မကာကွယ်သင့် ပါ။
 သမ္မတကလင်တန် (Clinton) က သူ၏အပြစ်ကို”ဟုတ်ကဲ့၊ မှားပါတယ်” ဟု ဝန်ခံသော်လည်း “ကျွန် တော်တို့သည် အားသွန်ခွန်စိုက်ခုခံကာကွယ်သွားပါမည်”ဟုဆက်ပြောသည်။
၁၀။ အပြစ်ကို ဖေါ်ပြသည့် သူ့ကို မတိုက်ခိုက်သင့်ပါ။ မစ္စစ်ကလင်တန် (Mrs. Clinton) သည် သူမ၏လင်ယောက်ျားအတွက်ခုခံပြောဆိုကာ “ဟုတ်ကဲ့။ ထိုအရာသည် သင့်လျော်သောအရာမဟုတ်ပါ။ သို့သော်လည်းထိုသို့စုံစမ်းစစ်ဆေးခြင်းသည်လက်ျာဂိုဏ်းအစွန်း ရော က်သူတို့၏ပူးပေါင်းကြံစည် မှုတခု၏ရလာဒ်ဖြစ်သည်” ဟုဆို၏။
George Whitefield ပြုသကဲ့သို့ အခြေအနေကိုကိုင် တွယ်ဖြေရှင်းရန်ပို၍ ကောင်းသည်။ သူ၏အမှုတော်လုပ်ငန်းလုပ်နေစဉ်အမှားလုပ်ရပ်ကြောင့်အပြစ်တင်သောရန်လိုမုန်းတီးသည့်စာတစောင်ကိုလက်ခံရရှိသည်။သူ၏ပြန်စာမှာတိုတောင်းပြီးယဉ်ကျေးပျူငှါသည်။ “ခင်ဗျားရဲ့စာကြောင့် စိတ်နှလုံးအကြွင်း မဲ့ကျေးဇူးတင်ပါသည်။ ခင်ဗျားနှင့်ကျွန်တော်၏ အခြားသောရန်သူတို့က ကျွန်တော်အားဆန့်ကျင်တိုက်ခိုက် သည်နည်းတူ မိမိ၏ပို၍ ဆိုးသောအရာများကိုကျွန်တော်သိပါပါ သည်။ ခရစ် ေတာ္၌ခ်စ္လျက်၊ George Whitefield”ပါရှိသည်။??
အပြစ်ဝန်ချတောင်းပန်ရာ၌ကျိုးပဲ့ခြင်း၏နမူနာများ
တမန်တော်ပေါလုသည် ယဇ်ပုရောဟိတ်မင်းအားထုံး ဖြူသုတ်သည့်အုတ်ရိုးဟုခေါ်၍ အပြစ်တင်သော်လည်း ထိုအရာအတွက်သူသည်အပြစ်တင်ခံရသောအခါ၌ “ညီအစ်ကိုတို့ သူသည်ယဇ်ပရောဟိတ်မင်းဖြစ်သည်ကို အကျွန်ုပ်မသိ။ သင်၏အမျိုးအုပ်စိုးသောမင်းအား သင်သည်မကဲ့ရဲ့ရ၊ ဟု ကျမ်းစာလာသည်” (တမန် ၂၃း၃-၅) ဟုဆို၏။
Dr. Donald Grey Barnhouse အစည်းအဝေးအ ဆုံးသတ်သည့်ညတညတွင် “ကျွန်ုပ်တို့သည် နောက်ဆုံးဓမ္မသီချင်းကိုဆိုနေကြစဉ် တကိုယ်ကောင်းဆန်သောလူအားလုံးတို့သည် လူအုပ်ကြီးရှေ့ သို့အရင်ရောက်ရန် အတွက် အမြန်ထွက်သွားကြမည်။ တကိုယ်ကောင်းမဆန်သောလူတို့သည်မိနစ်အနည်းငယ် အတွင်းကောင်းကြီးပေး ခြင်းအထိရှိနေကြမည်” ဟုဆို၏။ရှေ့တန် း၌ ရှိသောလူအချို့တို့သည်စတင် ၍ထွက်ကြသောအခါ သူတို့၌သီချင်းဆိုခြင်းမှအပအခြားမရှိပါDr.Barnhouse သည် ဝိညာဉ်တော်၌ တရားဟောနေသော်လည်း နော က်ဆုံးအချက်ကိုဇာတိနှင့်ပြောခဲ့ကြောင်းသဘော ပေါက်သည်။ သူ၏မစဉ်းစားမဆင်ခြင်သည့်ညှာတာမှုကင်းမဲ့သောအပြစ်မှဆေးကြောခြင်းခံရန်အတွက် သခ င်ဘုရားထံ၌အလျင်အမြန်ဆုတောင်းသည်။ ထို့နောက်အော်ဂင်တီးသမားအား နောက်ဆုံးအပိုဒ်၌ အချက်ပြကာ တစုံတယောက်သောသူက ထွက်သွားပြီးဖြစ်သောသူတို့အား သူ၏တောင်းပန်ခြင်း ကိုတဆင့်ပြောပေးမည်ဟုမျှော်လင့်ခြင်းနှင့် လူထုပရိသတ်ကြီးကိုတောင် းပန်သည်။
အင်္ဂလီကန်အသင်းတော်က Canon Bill Butler အား သင်းအုပ်ဆရာသင်တန်းတက်နေသူများအားသွန်သင်ရန် ရဝမ်ဒါနိုင်ငံသို့စေလွှတ်သောအခါ၊ သူသည် လီဘယ်ရယ်လ်သီအိုလော်ဂျီ (Liberal Theology) ကိုသင်ကြား ကာ ယုံမှားသံသယဖြစ်ခြင်း၊ ငြင်းခုံခြင်းနှင့်ပေါက်တတ်ကရများကိုသွန်သင်၍ မျိုးစေ့ကြဲသည်။ “ဒုတိယမွေးဖွားခြင်းခံသောအဖွဲ့” (abalokele)တဖွဲ့ သည်နံနက်လေးနာရီတိုင်းတွင် ထိုကျောင်းဝင်းထဲ၌ သူ အတွက်ဆုတောင်းပေးနေကြသည်ဟု ကြားသောအခါ ဒေါသထွက်သည်။ တနေ့တွင် သူသည် ခေါင်းဆောင်ကိုခေါ်၍ သူ့အားအပြင်းအ ထန်တိုက်ခိုက်တော့သည်။ ထိုတိုင်းရင်းသားခေါင်း ဆောင်သည် “ဆရာက အမှန်တကယ်အကူအညီလိုတာပါ” ဟုဂရုဏာသက်သာစွာြဖင့်ြပန်ပြောသည်။
ဘုရားသခင်သည် Bill ၏အသက်တာ၌ စတင်အလုပ်လုပ်တော့သည်။သူသွန်သင်ခဲ့သောအရာတို့သည် အမှ ားဖြစ်ကြောင်းကိုသဘောပေါက်လာသည်။Bishop ထံသို့သွား၍ သူဆက်၍ မလုပ်နိုင်တော့ကြောင်းကို ပြောပြသောအခါBishop က ခေါင်းကိုလက်နှစ်ဘက်နှင့်အုပ်ကာ “အို၊ Bill ခင်ဗျားဘယ်တော့မှBishop ဖြစ်လာမှာမဟုတ်တော့ဘူး” ဟုဆို၏။ Bill က “Praise the Lorဟု ဆို၏။
 ထို့နောက် ရဝမ်ဒါသို့သွားပြီးတောင်းပန်ရမည်ဖြစ် ကြေ ာင်းသဘောပေါက်သည်။ ဤအင်္ဂလီ ကန်အသင်းတော်ဘုန်းကြီးသည် မိမိကိုယ်ကိုသိက္ခာကျအောင်မည် ရွေ့မည်မျှပြုပါသနည်း။ သူသည်ကားထဲသို့ဝင်ပြီး၊ ပြောရမည့်အရာအားလုံးကိုကြိုတင်ပြင်ဆင်ထားသ ည်။ ထိုတိုင်းရင်း သားခေါင်းဆောင်က တခါကိုဖွင့်၍ Bill Butler တွေ့သောအခါ “ဟာလေလုယာ” ဟုဆို သည်။
ထို့နောက် အသစ်တဖန်မွေးဖွားခြင်းခံသောသူတို့သည် Bill အားသူတို့၏ နံနက် ၄းဝဝ နာရီအစည်း အဝေးသို့ဖိတ်ခေါ်ကြသည်။ သူသည်အကြောင်းပြချက်များစွာတို့ကိုပြောပြသည်။ သူတို့က “ကောင်းပြီ၊ တပတ်လေ ာက်လာနိုင်အောင်ကြိုးစားပါ” ဟု ဆိုကြ၏။ သူသည် တပတ်လောက်လာပြီး စိတ်ပါ လက်ပါပါဝင်သည်။
ထိုအကြောင်းကို အာဏာပိုင်များကြားသိကြသောအခါ Bill ကိုအခြားကျမ်းစာကျောင်း သို့ပြောင်းရွှေ့ စေကြကာ၊ နံနက် ၇းဝဝ နာရီမတိုင်မှီပြုလုပ်သောအစည်း အဝေးများသို့မ တက်ရန် တားမြစ်ကြသည်။ တိုင်း ရင်းသားများက ဘုရားသခင်၏စကားနားထောင်ရမည်ဖြစ်ကြောင်း စိတ်ထဲ၌ခံစားကြသည်။ ရလာဒ်မှာ သူတို့သည်ဘွဲ့ မယူမီအချိန်လေးတွင် ကျောင်းမှထုတ်ပယ်ခြင်း ခံကြရသည်။
နောက်ပိုင်းတွင် သူတို့သည် Bill နှင့်အဆက်အသွယ်ပြုကြ၍ Bill သည်Bishop ထံသို့သွားကာ ဒေါသအမျက်များနှင့်မကောင်းသောစိတ်ထားများအတွက် တောင်း ပန်သင့်ကြောင်းပြောပြကြသည်။
တနေ့တွင် Dr. Alexander Whyte ၏အသင်းသားတယောက်သည်ရုံးခန်းသို့လာကာ မိမိတို့မြို့ သို့လာသော တရားဟောဆရာက Dr. Whyleအမှုတော်၌ လက်တွဲဘက်တယောက်သည် ခရစ်ယာန်တ ယောက်ပင်မဟုတ် သည်ပြင်းထန်စွာမခံမရပ်နိုင်ဖြစ်ကာ သခင် ဘုရား၏သစ္စာရှိသော အစေခံကျွန်ကြောင်း လူထုရှေ့ ၌ပြောခဲ့ သည်ဟူသောသတင်းယူဆောင်လာသည်။ Dr. Whyteတယောက်အပေါ်၌ ထိုသို့သောစွပ်စွဲချက် များမပြုသင့် ပါဟု ဒေါသအမျက်ထွက်သည်။ သူရွေးချယ်ထားသောစကားအနည်းငယ်ဖြင့် ဤအပြစ်ပြုသော သူအပေါ်၌ သူ၏အမျက်ထွက်ခြင်းကိုဖေါ်ပြသည်။
ဘုရားကျောင်းဝင်း၌နေထိုင်သူက “ထိုမျှသာမကဘူး၊ ခင်ဗျားလည်းယုံကြည်သူအစစ်အမှန်မဟုတ် ဘူးဟုပင် ပြောသည်” ဟုဆက်ပြောသည်။ ထိုDr. Whyte မှာ အရုပ်ကြိုးပြတ်သကဲ့သို့ဖြစ်ပြီးထာဝရဘုရားရှေ့ တော် ၌စစ်ဆေးနိုင်ဘို့ကျေးဇူးပြုစကားလုံးကိုကြားသော အ ခါ၌”ကျွန်တော်၏စိတ်နှလုံးကို၍ ရုံးခန်းမှထွက် သွားပေးပါ” ဟုဆို၏။ထိုအရာသည် ကျိုးပဲ့ခြင်းဖြစ်သည်။
 Festo Kiven ge re က လူဖြူများမနှစ်သက်ကြောင်း၊ သူ၏နိုင်ငံကိုအုပ် ချုပ်နေသည့် ဗြိတိသျှတို့ကိုမကြိုက် မနှစ်သက်ကြောင်းကိုဝန်ခံသည်။ထာဝရဘုရားက ဗြိတိသျှသာသ နာပြုဆရာထံသို့သွားပြီး သူနှင့်အဆင်ပြေ အောင်လုပ်ပါ၊ ဟုသူ ၏စိတ်နှလုံးထဲ ၌ နှိုး ဆော်တော်မူ၏။ “ထိုလူဖြူအင်္ဂ လိပ်လူမျိုးနှင့်လူအားလုံးတို့သည် သင်၏ညီအစ်ကိုများဖြစ်ကြသည်” ဟုမိန့်တော်မူ၏။ခွင့်လွှတ်ပေးရန်တော င်းပန်ဘို့ မိုင်ငါးဆယ် ခရီးကိုစက် ဘီး  နှင်းလာခဲ့သည်။”ကျွန်တော်၏ညီအစ်ကိုကိုတွေ့ တယ်။ ယေရှုချစ်တော်မူ သည့်လူတယောက် ကျွန်တော့ ရဲ့ရှေ့မှာ မတ်တတ်ရပ်နေတယ်။ ကျွန်တော်တို့သည်အံ့ဩစရာကောင်းသည့်အချိန်ကိုရရှိခဲ့ကြတ ယ်။ ကျွန်တော်သည် အာဖရိကလူမျိုး၏ထုံစံအတိုင်း သူ့အားကြိုဆို၍ဖက်သည်။ မည်သည့်အရာဖြစ်သည်ကို သူမသိနားမလည်ပါ။ ကျွန်တေ ာ်တို့သည်ထိုနေ ရာ ၌ရပ်ကြပြီးလျှင် ခွင့်လွှတ်ပေးဘို့ကျွန်တော် တောင်း ဆိုပါသည်။ ကျွန်တော်တို့နှစ်ယော က်သည် လွတ်ခြင်းအခွင့်ကိုပေးတော်မူသည့်သူ၏ ရှေ့ ၌မတ် တတ်ရပ် ကြကာ၊ အင်္ဂလိပ်တယောက်အ ေနှင့် ၄င်း၊ အာဖရိကလူမျိုးတယောက်အနေနှင့်၄င်း နှလုံး သားတို့သည် မခုန်ဘဲဘု ရားသခင်သားတော်၏လွှတ်ခြင်းအခွင့်ကိုရသည့် အ သစ်တဖန်မွေးဖွားသေ ယုံကြည်သူများ အနေနှင့် နှလုံးတို့သည်သံစဉ်နှင့်မှန်မှန်ခုန်နေကြ သည်။ကျွန်တော်တို့စကားပြောကြသည်၊ ဆုတော င်းကြသည်၊ သီချင်းဆိုကြသည်၊ခွဲခွါကြသည်။ ယခုအ နှစ်သုံးဆယ်ရှိပြီဖြစ်သော်လည်း သူ့ကိုကျွန်တော်အ လွန်ချစ်နေသေးသည်” ဟု ဆို၏။”မေတ္တာမစီးထွက်သောအခါ မင်္ဂလာလည်းရပ်သွားပါသည်။
ကျွန်ုပ်တို့အပြစ်ကိုဝန်မခံသောအခါ၌ မည်သည့် အရာဖြစ်ပါသနည်း။
၁။ ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ခြင်းပြတ်သွားသည်။
 ဘုရားသခင်သည် ကျွန္ပ္တို့၏အဖေ ြဖစ္ေ နေသာ္လည္းသူနှင့်မိတ်သဟာယဖွဲ့ခြင်းမှာအနှောက်အယှက်ပြု ခြင်းခံရသည်။
၂။ ယုံကြည်သူများနှင့်မိတ် သဟာယဖွဲ့ခြင်းပြတ်သွားသည်။
၃။ဘုရားသ ခင်၏က ယ်တင်ခြင်းနှင့်ယှဉ်သော ဝမ်း မြောက်ခြင်း ဆုံးရႈံးသည္။
၄။ ကျွန်ုပ်တို့၏အစွမ်းတန်ခိုးဆုံးရှုံးသည်။
၅။ ထိရောက်သောသက်သေခံခြင်းဆုံးရှုံးသည်။ ကျွန်ုပ်တို့၏ နှုတ် ခမ်းများအပိတ်ခံရသည်။ ယေရှ၏ကုသိုလ်ကောင်းမှုကြောင့် ကျွန်ုပ်တို့သည်ကယ်တင် ခြင်းရနေသေးသော် လည်း မြေကြီးပေါ်၌အမှုတော်ဆောင်ဘို့မသင့်တော်ကြပါ။
၆။ အပြစ်သည် လူ အများသိ သောအပြစ်ဖြစ်ပါက ယေရှု၏နာမတော်ကိုအရှက်တကွဲဖြစ်စေကာ ကယ် တင်ရှင်၏ရန်သူများ၏ အပြစ်တင်စရာဖြစ်စေသည်။
၇။ ကျွန်ုပ်တို့သည် မုသာနှင့်အသက်ရှင်နေကြခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏အ သက်တာပြောင်းလဲခြင်းကို ကျွန်ုပ်တို့၏လက်တွေ့ အသက်ရှင်ခြင်းက ယုံမှားသံ သယဖြစ်စေသည်။ ၈။ဘုရားထံ၌ဆုတောင်းခြင်းနှင့်တိုးဝ င်ခြင်းအခွင့် ဆုံးရှုံးကြသည်။
၉။ ကျွန်ုပ်တို့၏ဝိညာဉ်သည် မီးလောင်ကျွမ်းဆုံးရှုံးခြင်းမရှိသော်လည်းအလုပ်မှာလောင်ကျွမ်းမည်ဖြစ်သည်။
၁၀၊ ကျွန်ုပ်တို့သည် မိမိတို့အသက်တာ ၏သဘောပျက်ရမည့်အန္တရာယ်၌ရှိနေကြသည်။ ဖေါက်ပြန်ရွေ့လျော့သည့်သူတယောက် ၏ ဆုံးဖြတ်ချက်အမှားတခုသည် သူ၏အသက်တာတ လျှောက်လုံး၌ ဝန်ထုပ်တခုဖြစ်စေနိုင်သည် ။
၁၁။ခန္ဓာကိုယ် အသက်ဆုံးရှုံးနိုင်သည်။
၁၂။ ခရစ်တော် ၏ တရားစီရင်ခြင်းပလ္လင်တော်၌ ကျွန်ုပ်တို့ရရှိ မည့်ဆုလဒ် များဆုံးရှုံးနိုင်သည်။
၁၃။ ကျွန်ုပ်တို့သည် အပြစ်၏ မဘကောင်းမှုကိုဆိုးဝါးစွာခံစား၍ အသက်ရှင်ကြသည်။ Steve Farrarကသူ၏စာအုပ် Finishing Strong စာအုပ်ထဲ၌ဤသို့ပြောပါသည်။
ကျွန်ုပ်တို့တွင် အချို့သောသူတို့သည် တိုင်၌သံကြိုးနှင့် ချည်ထားသည့်ဆပ်ကပ်ပြသည့် ဆင်တကောင်အလားချည်နှောင်ခြင်းခံကြသည်ကိုတွေ့ကြရသည်။ ဤအရာသည် ခရစ်ယာန်များဆုံးရှုံးစေရန်နှင့် အားကြီးစွာဖြင့်အဆုံးမသတ်နိုင်စေရန် အတွက် ရန်သူ၏မူလက်နက်နှင့် အကြံအစည်တခုဖြစ်သည်။ ရန်သူကမည်သို့ပြုပါသနည်း။ သူသည် ကျွန်ုပ်တို့မှမှတ်ညဏ်၏နက်နဲမှုများကို မိုင်းခွဲရန်ဖြစ်သည်။ ကျွန်ုပ်တို့၏အတိတ်ဖြစ်ရပ်များနှင့်ကျွန်တော်တို့ကိုပစ်ပေါက်သည်။ ၄င်းသည် ကျွန်ုပ်တို့၏အတိတ်ကာလ၏အဓိကအပြစ်ကြီးတခုဖြစ်ပြီး၊ ၄င်းအပေါ်၌ဝမ်းနည်းစိတ်နာ၍ရှိနေနိုင်ကြ သေး သည်။ ကျွန်ုပ်တို့သည် အပြစ်လွှတ်ခြင်းခံရပြီးဖြစ်သည်။ ကျွန်ုပ်တို့သည်ခရစ်တော်၏အပိုင်ဖြစ်ကြသော် လည်း သခင် ဘုရား၌အရေးကြီးသောအရာတခုကိုပြုရန် ကြိုးစား၍ လှုပ်ရှားသည့်အခါတိုင်း၌ ၄င်းသည် ကျွန်ုပ်တို့၏စိတ်ထဲ၌ပြန်ပေါ်လာတတ်သည်။ ကျွန်ုပ်တို့သည်တိုင်၌ချည်ထားသောလိုဆင်နှင့်တူကြသည်။ ထိုငုတ်တိုင်သည် ထိုအကောင်ကြီးကိုလုံးဝ မဆီးတားနိုင်ပါ။ ၄င်းသည် ထိုငုတ်တိုင်ကိုမြေကြီးမှ နှုတ်နိုင်သည့်အင်အားရှိသည်။သို့ရာတွင် ထိုဆင်သည်ချုပ်ထားခံရသည်ဟု စိတ်ထဲ ၌အမြဲစွဲနေသည်။ များစွာသောကျွန်ုပ်တို့မှာလည်း ထိုနည်းအတူဖြစ်ကြသည်။
ထိုအပြစ်သည် မတရားသောမေထုန်ဖြစ်ကောင်းဖြစ်နိုင်သည်။သို့မဟုတ် အလုပ်ရရှိရန်လိမ်ညာခြင်း လည်းဖြစ်နိုင်သည်။ သို့မဟုတ်ကြင်နာကင်းမဲ့မှုဖြစ်နိုင်သည်။ သို့မဟုတ် လျစ်လျူရှုမှုဖြစ်နိုင်သည်။ သို့မဟုတ် သစ္စာပျက်ခြင်း၊ သို့မဟုတ်ဘုရားသခင်အပေါ်ကတိပျက်ခြင်းဖြစ်နိုင်သည်။ မည်သည့်အရာပင်ဖြစ်ပါစေ၊ ရန်သူသည်ထိုအပြစ်တခုခုနှင့် သင့်ကိုအမြဲ ပစ်နေမည်ဖြစ်သည်။ ရန်သူသည်ထိုအရာကိုသင်အား နည်းစေ ရန်၊မပူမအေးအလယ်အလတ်၌နေစေရန်အသုံးပြုမည်ဖြစ်သည်။ သို့သော်လည်း စာတန်သည် သင်၏ကယ် တင်ခြင်းကိုနှုတ်ယူ၍မရပါ။ သင်၏ဝမ်းမြောက်ခြင်းကိုလုယူနိုင်သ ည်။ သူလုပ်မည့်တခု တည်းသောအရာမှာ ထိုအတိတ် ၏အပြစ်ကိုပြခြင်းပင်ဖြစ်သည်။*
အပြစ်ချုပ်နှောင်သောကြိုးနှင့်ပတ်သက်၍ Farrar သည် RobertHeller ပြောသောစကားကို အောက်ပါအတိုင်းကိုးကားသည့်-
အဖိုးနှင့်အဖွားတို့၏ လယ်တောထဲသွားရောက်လည် ပတ်သည့်တယောက်ရှိသတဲ့။ သစ်တောထဲ၌ ကစားရန်အတွက်သူ့အား လောက်လေးခွတလက်ကိုပေးထား သည်။ သစ်တောထဲ၌လေးခွပစ်ခြင်းကို သူလေ့ကျင့်သော်လည်းပြန်လာနေစဉ်အဖွားမွေးထားသောဘဲကိုတွေ့သည်။ စိတ်ရူးထပြီးပစ်လိုက်ရာပစ် မှတ်ကိုတခါမှမထိပါ။ စိတ်ဓါတ်ကျကာ တဲသို့ညစာစားရန်ပြန်လာသည်။ တဲသို့ထိုဘဲ၏ခေါင်းကိုထိ၍ သေသွားသည်။ သူသည်စိတ်ခြောက်ခြားကာ ဝမ်းနည်းသည်။ထိတ်လန့်တုန်လှုပ်သောကြောင့် ထိုဘဲကို သစ်ပုံထဲ၌ဝှက်ထားသည်။ သူ့အားစောင့်ကည့်နေသော သူ၏ညီမတယော က်တည်းကမြင်သည်။ Sally သည်အဖြစ်အပျက်”Sally ပန်းကန်ဆေးရအောင်။ဒီနေ့ မီးဖိုချောင်မှာကူညီချင်တယ်လို့ အလုံးစုံကိုမြင် သော်လည်း လုံးဝမပြောဘဲနေ ၏။
ထိုနေ့ နေ့လည်စာစားပြီးနောက်၊ အဖွားကSallyပန်ကန်ဆေးရအောင်ဟုပြောရာ Sally က “အဖွား၊ Johny ကကျွန်မကိုပြောတယ်၊ ဟုတ်တယ်မဟုတ်လား Johnny ” ဟုဆို၏။ ထို့နောက် Johnnyနားကိုကပ်ကာ “ဘဲကိုသတိရနော်” ဟု တိုးတိုးလေးပြောလိုက်သည်။
ထို့ကြောင့် Johnny သည် ပန်းကန်များကိုဆေးရသ ည်။နောက်တကြိမ်တွင် အဖိုးသည်ကလေးများ ငါးမျှားတို့သွားလို၊ မသွားလိုမေးရာ၊ အဖွားက “ညစာကူချက်ပေးဘို့ကျွန်မ Sally လိုအပ်ပါတယ်” ဟုဆို၏သို့သော် Sally သည်ပြုံးကာ “Johnny က ကူညီလိုတယ်ပြောလို့ပြဿနာမရှိပါဘူး” ဟု ဆို၏။ ထို့နောက် “ဘဲကိုသ တိရနော်” ဟု တဖန် တိုးတိုးလေးနှင့်ပြောပြန်၏။ Sally သည်ငါးမျှားရန်ထွက်သွားကာ၊ Johnny ခမျာအိမ်၌ ကျန်နေခဲ့ရသည်။
Johnny သည်သူ၏အလုပ်နှင့် Sally ၏အလုပ်နှစ်ခုစလုံးကိုရက်အတန်ကြာလုပ်ပြီးနောက်မခံနိုင်တော့ချေ။သူ၏အဖွားထံသို့သွားကာဘဲကိုသူသတ်ကြောင်းအပြစ်ဝန်ချတောင်းပန်သည်။အဖွားသည်ဒူးထောက်ချကာသူအားဖက်ပြီးလျှင်”ငါ့မြေး၊အဖွားသိပါတယ်။ငါပြတင်းပေါက်ဘေးမှမတ်တတ်ရပ်ပြီးအကုန်မြင်ပါတယ်။ငါ့မြေးကိုငါချစ်လို့ခွင့်လွှတ်ပါတယ်။ဒါပေမဲ့ Sally ကငါ့မြေးကိုဘယ်လောက်ကြာကြာကျွန်ဖြစ်စေမည်ကိုငါကြည့်နေတာပါ” ဟုဆို၏။
ထာဝရဘုရားသည် ကျွန်ုပ်တို့အပြစ်လုပ်တိုင်းမြင်တော်မူ၏။ ကျွန်ုပ်တို့အပြစ်ကိုဝန်မခံဘဲ အပြစ်၏ကျေ းကျွန်အဖြစ်မည်ရွေ့မည်မျှနေမည်ကို ကိုယ်တော်သည်စောင့်ပြီးကြည့်နေသည်။ အပြစ်ဝန်ချတောင်းပန်ခြင်း၏ စဘက်ဝိုင်းသည်အပြစ်စက်ဝို င်းလောက်ကျယ်ပြန့်သင့်ပါ၏။ အသက်ကြီးသူတဦးက ကျွန်တော်ထံသို့ဤသို့စာရေးခဲ့ပါသည်။
မနက်က ဆုတောင်းစည်းဝေး၌ ညီအစ်မတယောက်သည် ထိုနေရာ၌မရှိသောညီမတယောက်အကြောင်းကို မရိုမသေသောသဘောနှင့်ပြောသည်။သူမသည် ထိုညီအစ်မအား ဤအရာများကိုတိုက်ရိုက်ပြောပြပါရန် ကျွန်တော်တိုက်တွန်းသည်။ သို့သော်လည်း ကျွန်တော်က ဤသူများ၏ရှေ့၌ဖွားမပါဘဲဖြစ်သည်။ သူမသည် ငိုပြီးအပြင်ထွက်သွားသည်။ ယခုတွင် ကျွန်တော်သည်အားပေးတိုက်တွန်းခံရမည့်အလှည့်ဖြစ်လာသည်။ ကျွန်တော်သည်လူအများရှေ့တွင် သူမအား ဤသို့ကြမ်းတမ်းသောနည်းဖြင့် မပြောသင့်ကြောင်းပြော ကြသည်။ ကျွန်တော်သည်  အရှက်တကွဲခံစားရကာ သူမ များသည့်နေရာသို့သွားကာ ကျွန်တော်အခွင့် လွှတ်တို့တောင်းဆိုသည်။ သို့သော်လည်းအခြားသောသူအား လုံးရှေ့တွင် သခင်ဘုရားထံ၌ကျွန်တော်၏ အပြစ်မ တောင်းပန်မချင်း၊ ကျွန်တော်ဆုတောင်း၍မရနိုင်ပါ။ ဤသို့သောအရာသည် ကျွန်တော်၌တခါမှမ ဖြစ်ခဲ့ဘူးပါ။ နာရီဝက်ကြာသောအခါ သူမနှင့်ကျွန်တော်တို့သည်ပြန်၍သင့်မြတ်သွားကြသည်။ ကျွန်ုပ်တို့၏ ပေါင်းသင်းဆက်ဆံရေးကို ယခင်အတိုင်းပြန်လည်ရရှိကြသည်။
  1. B, Meyer က တနင်္ဂနွေည သူတရားမဟောမီ ၁၅ မိနစ်အလို၌ အသင်းတော်ဝန်ထမ်းတယောက်နှင့် စိတ်ဆိုးပုံကိုပြောပြသည်။ သူသည်ပလ္လင်ပေါ်မတက်မီ သူ၏လက်ထောက်အချို့တို့သည် သူနှင့်အတူဆု တေ ာင်းတို့လာကြသည်။ သူသည်မိတ်သဟာယဖျက်နေပြီး ထိုကိစ္စအမှန်အတိုင်းဖြစ်စေသည်အထိ ဧဝံဂေလိတရားဟောနိုင်မည်မဟုတ်ကြောင်း သူသိသည်။ထို့ကြောင့် ထိုအသင်းတော်ဝန်ထမ်းကိုခေါ်ကာ သူ၏ စိတ်ဆိုးခြင်းအတွက်တောင်းပန်သည်။ “ထိုလူသည် ဝမ်းသာရမည့်အစား လန့်ဖြန့်သကဲ့သို့ရှိ သော်လည်းအရေးမကြီးပါ။ ကျွန်တော်သည်မှန်သောအရာကိုပြုခဲ့ရာ ကျွန်တော်၏စိတ်ဝိညာဉ်မှာ လည်းဘုရား သခင် ၏ကောင်းကင်ဘုံကို တဖန်တိုးဝင်သွားသည်။ဘုရားသ ခင်သည်အပြစ်ဝန်ချသည့်အထိ ကျွန်တော့ကိုပို့ဆောင်ခဲ့ပြီဖြစ်သည်။”
ပေးလျော်ခြင်း
ဇကွဲသည်အတိတ်ကအမှားများအတွက်ပေးလျော်ခြင်း၌ ဓမ္မသစ်ကျမ်းတွင်စံနမူနာတယောက်ဖြစ်သည် (လုကာ ၁၉း၈)။ ဤအရာကို သခင်ယေရှု၏နာမတေ ာ်၌အမြဲပြုသင့်သည်။ ထိုမှသာ ကိုယ်တော်သည် ဘုန်းတော်ထင်ရှားမည်ဖြစ်သည်။
W .P Nicholson သည် ကုန်လွန်ခဲ့သောအချိန်၌ အိုင်ယာလန်နိုင်ငံမြောက်ပိုင်းတွင် ရှေးရိုးမဆန်သောရဲရဲ တောက်သည့်တရားဟောဆရာတဦးဖြစ်သည်။ တကြိမ်၌ သူသည်လူရာပေါင်းများစွာကယ် တင်ခြင်း ရရှိနိုင်လောက်အောင် တန်ခိုးနှင့်တရားဟောသည်။ သူတို့အသစ်ရရှိသည့်ကယ်တင်ခြင်းသည် ကုန်လွန် ခဲ့သောအချိန်၌သူတို့ခိုးယူခဲ့ကြသည့်ပစ္စည်းကိရိယာများကိုအလျင်အမြန်ပြန်ပေးစေသည်။ ပစ္စည်းကိရိယာ များစွာပြန်လာပေးကြသော်ကြောင့် စက်ကိရိယာရောင်းသည့် ဆိုင်ရှင်တို့သည် ထိုပစ္စည်းများထားရန်အတွက် တဲများဆောက်ကြသည်။ နောက်ဆုံးတွင်ကုမ္ပဏီများသည် စက်ပစ္စည်း ကိရိယာများကိုထပ်မပို့ကြရန်တောင်း ဆိုသည့် ကျေညာချက်တခုထုတ်ပြန်သည်။ ၄င်းတို့ကို ထားရန် နေရာလပ်မရှိတော့ပါ။ပေးလျော်ခြင်းပြု၍ မရသည့် အမှုကိစ္စများရှိသည်။ ခရစ်ယာန်က လုပ်နိုင် သည့်ကောင်း ဆုံးမှာ အပြစ်များကိုဝန်ချတောင်းပန်၍၊ ကျန်သည့်အရာ ကိုသခင်ဘုရားအားအပ် နှံရန်သာဖြစ်သည်။
အပြစ်လွှတ်ခြင်း
ကျိုးပဲ့ကြေမွခြင်း၌ ခွင့်လွှတ်ရန်တောင်းဆိုခြင်းတခုတည်းမဟုတ်ဘဲသင့်အားတယောက်သောသတောင်း ပန်သောအခါ၌ အပြစ်လွှတ်ခြင်းလည်းပါဝင်သည်။ ဤအရာနှင့်ပတ်သက်၍ Corrie Ten Boom က အ ကောင်းဆုံးသောရှင်းပြချက်တခုကိုပေးသည်။ ဒုတိယကမ္ဘာစစ်ကြီးပြီးနောက်၊ ဂျာမဏီ၌အသင်းတော်အစဘည်းအဝေးတခုတွင် ခွင့်လွှတ်ခြင်းအကြောင်းဟောပြောသောအခါ၊ Corrie သည် သုံ့ပန်းစခန်း၌အရက်စက်ဆုံးသောအစောင့်တယောက်ကိုပရိသတ်ထဲ၌တွေ့ မြ င်သည်။ ထိုနေရာ၌ သူမ၏အစ်မသည်သေဆုံး၍ သူမကိုယ်တိုင်မှာလည်း ပြော၍မရသည့် အရှက်ခွဲခြင်း နှင့်ဝေဒနာ များကို ခံစားခဲ့သည်။အစည်းအဝေးပြီးသွားသောအခါ သူသည်သူမထံသိုချဉ်းကပ်လာပြီး” ကျွန်တော် ခရစ်ယာန် တယောက်ဖြစ် လာပြီ။ ဘုရားသခင်က ကျွန်တော့ရဲ့အပြစ်ကိုလွှတ်ပြီးဖြစ်သည်။ ခင်ဗျားကကော ကျွန်တော့ အပြစ်လွှတ်မည်လား” ဟုဆို၏။
ထို့နောက် Corrie သည် ကုန်လွန်ခဲ့သောအချိန်ကိုပြန်သတိရသည်။သူမ၏လက်တို့ကိုအိတ်ထဲမှ မနည်းထုတ်နေရသည်။ နောက်ဆုံးတွင် ကျေးဇူးတော်အနိုင်ရသည် ။ သူမသည် နောင်တရသည့် အစောင့်၏လက်ကိုကို င်သည်။”ကျွန်မ ခွင့်လွှတ်ပါတယ်၊ ညီအစ်ကို၊ ကျွန်မရဲ့ စိတ်နှလုံးအကြွင်းမဲ့ပါ” ဟုဆို၏။
အပြစ်လွှတ်ခြင်း၌ တိကျပြတ်သားသာအစဉ်လိုက်တခုရှိသည် –
၁ ။ပထမဦးဆုံးအနေနှင့် သင်သည်ပြစ်မှားခြင်းကိုခံရသောအခါ သင်၏စိတ်နှလုံး၌ခွင့်လွှတ်သင့်သည် (ဧဖက် ၄း၃၂)။ သို့ရာတွင် ဤအဆင့်၌ပြစ်မှားသောသူအား အပြစ်လွှတ်ကြောင်း သင်မပြောရပါ။
၂။ သူသည် နောင်တရပါက အကြိမ်ကြိမ်ခွင့်လွှတ်ကြောင်း စကားနှင့်ပြောသင့်သည် (လုကာ ၁၇း၄)။ သူ ့အားသင်ခွင့်လွှတ်ကြောင်းပြောပြပါ။သူပြုခဲ့သောအရာကို အသေးစိတ်မပြောပါနှင့်။ သူ့ အားခွင့်လွှတ်ကြောင်း သင်၏ပြောသံကိုသူကြားလိုပါသည်။
ဘုရား သခင်သည်ခွင့်မလွှတ်တတ်သောစိတ်ကိုမုန်း တီးသည်။ J. N.Darby နှင့် George Muller အကြားတွင် ပြင်းထန်သောစိတ်ဝမ်းကွဲမှုကြီးတခုပေါ်ပေါက်ရာ နှစ်အတန်ကြာခဲ့သည်။ နောက်ဆုံးတွင် Darby သည်
Muller စီမံအုပ်ချုပ်သည့်မိဘမဲ့ဂေဟာသို့သွားကာ သူ့အားတွေ့လိုကြောင်းတောင်းဆိုသည်။ တံခါးစောင့်က “Muller အပေါ်ထပ်မှာရှိတယ်၊ ဒါပေမယ့်ကျွန်မခေါ်ပေးမယ်”ဟု ဆို၏။ Muller အောက်သို့ဆင်းလာသော အခါDarby အား “ငါ ဆယ်မိနစ်ဘဲအချိန်ရတယ်။ ခင်ဗျားက ဒီကိစ္စတခုလုံးမှာယုတ်မာစွာပြုခဲ့တယ်။ ထို့ကြောင့် ကျွန်တော်တို့နှစ်ယောက်ပြန်လည်မပေါင်းစည်းမီ အရင်ကြည့်ဘို့အရာများစွာရှိတယ်”” ဟုဆို၏။ Darby သည် ထပြီးပြန်သွား၏။ ထိုကြမ်းတမ်းသည့်ဒေါသသည် ပြန်လည်ပြေလည်ရန်မျှော်လင့်ချက်ကို ဆုံးခန်းတိုင်သို့ရောက်စေသည်။ ထိုအချိန်သည်ထိုလူနှစ်ယောက်မြေကြီးပေါ်၌တွေ့ဆုံရသည့် နောက်ဆုံးအကြိမ်ဖြစ်သည်။
 အသင်းတော်၏ကနဦးအချိန်တွင် လူတယောက်သည်မိမိ၏ယုံကြည်ခြင်းကြောင့် သေဒဏ်စီရင် ခြင်းကိုခံရသည်။ သူ့ အားအဆုံးစီရင်ရမည့်နေရာသို့အစောင့်များကခေါ်လာစဉ် သူ့အပေါ်၌ပြစ်မှားခဲ့ သည့်အခြားခရစ် ယာန်တယောက်သည်သူရှေ့၌ဒူးထောက်ကာ ခွင့်လွှတ်ရန်တောင်းဆိုသည်။ ထိုအချုပ်သားသည် သူ့အားဘေးသို့ဖယ်ချကာ တိုင်ပေါ်၌မီးရှို့ခံဘို့ဆက်သွားသည်။ထိုလူ၏နာမည်သည် ခရစ်ယာန်မာတုရများစာရင်းထဲတွင် တခါမှမတွေ့ရပါ။”ငါ၏ကိုယ်ခန္ဓာကိုမီးရှို့စေခြင်းငှါအပ်သော်လည်း မေတ္တာမရှိလျှင် ငါ၌အကျိုးမရှိ” (၁ ကော ၁၃း၃)။
လက်စားချေခြင်းမရှိဘဲ အမှားကိုသည်းခံခြင်း
သခင်ယေ ရှုသည်လက်စားချေခြင်းတခါမှမပြုသည်ကို သင်သ တိပြုပါသလား (၁ ပေ ၂း၂၃)။ အပြစ်ရှိ၍ သေတတ်သောကျွန်ုပ်တို့အတွက် ၄င်းသည်ကျွန်ုပ်တို့ျပုုအရာဖြစ်သည်။ ကျွန်ုပ်တို့သည် သွားတချောင်း အစား တချောင်းနှင့်လက်စားချေလိုကြသည်။ သို့သော် ကျေး ဇူးတရားကျေးဇူးတရား သည်ကျွန်ုပ်တို့ အားလက်စားမချေဘဲအမှားကိုလက်ခံနိူင်စေသည်။(၁ပေ၂း၁၉-၂၀)။
အဆိုးအကောင်းနှင့်တုန့်ပြန်ခြင်း
ယုံကြည်သူတို့သည်အမှားအားလုံးကိုထောက်ထားညှာတာခြင်းနှင့်ဆပ်ပေးရန် ရွေးကောက်ခြင်းခံသော သူများဖြစ်ကြသည် (ရောမ ၁၂း၁၇၊၂၀-၂၁)။ အိန္ဒိယလူမျိုးတယောက်သည်တုံဘေမြို့လမ်းမကြီးပေါ်၌ သူ ၏ဆင်ကိုပို၍လျင်မြန်အောင်မောင်းသည်။ သူသည် သတ္ထုနှင်တံတခုကိုအ သုံးပြုသည်။ထိုနှင်တံသည်ရုတ် တရက်လမ်းဘေးသို့ကျကာ ကျယ်လောင်စွာဖြင့်အသံပြည်သည်။ ထိုဆင်သည်ပြန်လှည့်ကာ ထိုနှင်တံကို သူ၏နှာမောင်းနှင့်ကောက်ယူပြီးသူ၏သခင်အားလှမ်းပေးသည်။ကျိုးပဲ့ကြေမွခြင်းကိုပြသည့်လူတယောက်အား လော ကီ သားတို့သည်မြင်သောအခါ၌ နှုတ်ဆိတ်နေက ြသည်။
မိမိထက်သူတပါးကိုချီးမြှောက်ခြင်း
ကျိုးပဲ့ကြေမွခြင်း၏အခြားသက်သေတခုမှာ ကျွန်ုပ်တို့ထက်သူတပါးပို၍ကောင်းသည်ဟု ချီးမွမ်းခြင်းဖြစ် သည် (ဖိ ၂း၃)။ ဤနေရာ၌သူတို့သည်ကျွန်ုပ်တို့ထက် ပိုကောင်းသည့်အကျင့်သီလရှိသည်ဟု မဆိုလိုချေ။ ကျွန်ုပ်တို့၏အကျိုးထက်သူတို့၏အကျိုးကိုပို၍ဦးစ ားပေးကြသောအခါ ကျွန်ုပ်တို့သည်သူတို့ကိုတန် ဘိုးထားခြင်းဖြစ်သည်။ အာဗြဟံနှင့်လောတတို့သည် အီဂျစ်ပြည်မှ ဗေသလမြို့ အနီးပတ်ဝန်းကျင်သို့ ရောက်ကြသောခါ သူတို့နှစ်ယောက်စလုံး၏တိရစ္ဆာန်များအတွက်စားကျက်ခင်းမလုံလောက်တော့ပါ။ ထို့ကြောင့် အာဗြဟံကလောတအားသူကြိုက်နှစ်သက်သောအပိုင်းကိုရွေးပါရန်နှင့် ကျန်သောအပိုင်းကိုသူ (အာဗြဟံ) က ယူမည်ဖြစ်ကြောင်းပြောသည် (ကမ္ဘာ ၁၃း ၁-၁၃)။ သူသည်မိမိထက် လောတအားပို၍ တန်ဘိုးထားသည်။တစုံတယောက်သောသူသည် H. A Ironside အား အရေးမကြီးသောကိစ္စ တရပ်နှင့်စွပ်စွဲ ရန်ကြိုးစားသော အခါ သူက “ကောင်းပြီ၊ ညီအစ်ကို၊ကျွန်တော်တို့နှစ်ယောက် ကောင်းကင် ဘုံသို့ရောက်တဲ့ အခါ တယောက်ယောက်သူသည် သူတပါးကိုသူ၏ရှေ့၌ထားသည်။ တော့မှားမှာဖြစ်တယ်။ မှားတဲ့လူက ကျွန်တော်ဖြစ်ကောင်းဖြစ်မှာပါ” ဟုဆို၏။သူသည်သူတပါး ကိုသူ၏ရှေ့၌ထားသည်။
အမှုတော်ဆောင်တချို့သည် ချိန်းချက်သောအချိန်၌ ပလ္လင်သို့လာရန်စောင့်နေရသောအခန်း၌နေကြသည်။ ထူးဆန်းစွာဖြင့် မေတ္တာနှင့်ရိုသေလေးစားခြင်းကို ခံသောလူ တယောက် သည် ထို အခန်းမှထွက်လာသော အခါပရိသတ်ကြီးကသူ့ အားလက်ခုပ်ဩဘာတီးသော အခါ ထိုလက်ခုပ်ဩဘာတီးခြင်းသည်ပူ၏ဘေး၌ရှိ သော တခြားအမှုဆောင်များအတွက်ဖြစ်စေရန်ဟူသောခံစားချက် မရှိစေလိုသောကြောင့်ဖြစ်သည်။ သူသည်အခန်းထဲသို့လျင်မြန်စွာပြန်ဝင်သွားသည်။ သူတို့သည် ချစ်ခြင်းမခံရပါဟူသောခံစား ချက်မရှိစေလို သောကြောင့် ဖြစ်သည်။
ချက်ချင်းနာခံမှု
ကျိုးပဲ့ခြင်းကို ဘုရားသခင်၏အလိုတော်ကိုလျင်မြန်စွာလက်ခံခြင်းနှင့်နာခံခြင်း၌တွေ့မြင်နိုင်သည် (ဆာလံ ၃၂း၉)။ ယောနကသင်ယူခဲ့သည့် ခက်ခဲသောသင် ခန်းစာမှာ ဤအချက်ပင်ဖြစ်သည်။ ယေရုရှလင်မြို့ ထဲသို့ဝင်ရာ၌သခင်ယေရှုစီးသောမြည်းမှာ ဘုရားသခင်အသုံးပြု၍ ရသည့်ကျိုးပဲ့ခြင်းပုံစံတခုဖြစ်သည် (လု၊ ၁၉:၂၉-၃၅)။
ျွကျွန်ုပ်တို့သည် အိုးထိန်းသည်ဖြစ်သောဘုရားသခင် ၏ လက်ထဲ၌ရှိသည့်မြေနှင့်တူကြသောအခါ ကိုယ်တော်သည်ကျွန်ုပ်တို့ကိုပုံသွင်း၍ အလိုတော်နှင့်အညီလုပ်နို င်သည်။
လူအများ၏ထင်မြင်ယူဆချက်ကိုလုံးဝနားမထောင်ပါနှင့်ကျွန်ုပ်တို့သည်လောကီသားများ၏ဩဘာပေးခြင်း သို့ မဟုတ် မျက်နှာရှုံ့မဲသောအခြေအနေကို လုံးဝဂရုမစိုက်သည့်အဆင့်သို့ရောက်ရှိကြရမည်ဖြစ်သည်။ W. P. Nicholson သည် ငယ်ရွယ်သောယုံကြည်သူတယော က်ဖြစ်နေချိန်တွင် ကယ်တင်ခြင်းတပ်နှင့်အတူ အမှုတော်ထမ်းရွက်ရန်ဆက်ကပ်သည်။ထိုနေရာ၌ကြီးကြပ်သောသူတို့သည် “လူအများ၏ထင်မြင်ယူဆချက် ကိုလုံးဝနားမထောင်နှင့်” ဟူသော မုံ့ကြော်ငြာဆိုင်းဘုတ်တခုနှင့် သူအားစေလွှတ်ကြသည်။ သူသည် ထိုနေ့၌အလွန်ကြီးမားသောသင်ခန်းစာတခုကိုရရှိသည်ဟုဆို၏။ သူသည်ဘုရားသခင်ကိုအလွန်ကြောက် ရွံ့ပြီး၊ လူတို့အားမကြောက်ရန်ဟူသောသင်ခန်းစာရရှိသည်။
အလွန်အရေးကြီးသောအချိန်၌အေးဆေတိတ်ဆိတ်စွာနေခြင်းကျိုးပဲ့ကြေမွသောအသက်တာသည်အရေးကြီးသောအချိန်၌ ဣန္ဒြေသိက္ခာရှိခြင်းနှင့်စိတ်တည်ငြိမ်ခြင်းကိုပြသသည်။ နော က်ကျခြင်း၊ အနှောင့်အယှက်ခံခြင်း၊ စက်ပိုင်းဆိုင်ရာပျက်စီးခြင်းနှင့်မတော်တဆထိခိုက်ခြင်းအစီအစဉ်ပြော င်းခြင်း၊ စိတ်မချမ်းမသာဖြစ်ခြင်းစသည်တို့သည် သူ့အတွက်ဘုရားသခင်စိတ်ချောက်ခြားခြင်း သို့မဟုတ် တည်ငြိမ်မှုအနှောင့်အယှက်ဖြစ်ခြင်းစသည်တို့စီစဉ်သည့်အရာများဖြစ်သည်။ ကမူးရှူးတိုးဖြစ်ခြင်း၊ အထိ တ်တလန့် ဖြစ်ခြင်း၊ခြင်းနှင့်ချက်ချင်းတုန့်ပြန်သင့် သည်။ ပြားသောတာယာသည်ရုပ်ဖျက်ရာ၌မရှိသင့်ပါ။ ဤသဘောကို စိတ်မရှည်ခြင်းဖြင့်ပြန်၍ တုန့်ပြန်မည့်အစား၊ ငြိမ်သက်မင်္ဂလာတစ်ပါးဖြစ်နိုင်ပါသည် (ရောမ ၈း၂၈)။
အနှောင့်အယှက်ပြုခြင်းအပေါ်ကိုင်တွယ်နည်းနှင့်ပတ်သက်၍ အကြံပေးချက်တချို့ကိုပေးလိုပါသည်။ ပထမအချက်မှာ Reader’s Digest မှ ဖြစ်သည်။
အနှောင့်အယှက်ပြုခြင်းက သင့်အားဒေါသထွက်စေ သောအခါ၊ ထိုသို့အကြိမ်ကြိမ်ပြုခံရခြင်းသည် သင့်အသက်တာ၏တန်ဘိုးကိုညွှန်ပြခြင်းဖြစ်သည်ကိုသ တိရပါ။ မစလိုသောစိတ်နှင့်ပြည့်သောသူ သို့မဟုတ် ခွန် အားနှင့်ပြည့်ဝသောသူများသာလျှင် အခြားသောလူတို့၏လိုအပ်မှုအတွက်ဝန်တာဖြစ်သည်။ ကျွန်ုပ်တို့အား ထက်မြက်စေရန်ပွတ်တိုက်ပေးသည့်အနှောင့်အယှက်တို့သည် ကျွန်ုပ်တို့၌မရှိမဖြစ်သောလိုအ ေမှု၏သက်သေများဖြစ်သည်။ တစုံတယောက်အတွက် ဘေးသင့်နိုင်သည့်အကြီးဆုံး သောအပြစ်စီရင်ခြင်း နှင့်အန္တရယ်ရှိ သောကြောင့် စောင့်ရှောက်ရမည့်အရာတခုမှာ မည်သူကမှမနှောင့်ယှက်နိုင်သောကြောင့် တယောက်တည်းမသက်မသာရှိလောက်အောင် လွတ်လပ်လွန်းခြင်း၊ အ ထောက်အကူမဖြစ်ခြင်း ပင်ဖြစ်သည်။အသက်ကြီးပြီးအလုပ်များသည့် သူတယောက်ကပြ ဿ နာကိုအောင်မြင် သည့်နည်း နှင့်ပါတ်သက်၍ ဒုတိ ယအကျိုးရှိသည့်အကြံကိုပေးသည် –
“ကုန်လွန်ခဲ့သောအချိန်တချိန်အထိ အနှောင့်အယှက်များက ကျွန်တော့ကိုဘက်မှတ ကိုယ်ကောင်းဆန် ခြင်းပုံစံတခုဖြစ်သည်။ လူတွေက “ကောင်းပြီ၊အစဉ်စိတ်မချမ်းမသာဖြစ်စေ သည်။ ၄င်းမှာ အမှန်တကယ် ၌ကျွန်တော့ကျွန်တော်နှစ်နာရီသာအချိန်ရတယ်၊ ကျွန်တော်လာပြီး တွေ့မယ်’ဟုဆိုတတ်ကြ၏။ ထိုအရာက ကျွန်တော့ကို အနှောင့် အ ယှက်ပေးလေ့ရှိ သည်။ထိုဘုရားသည်လည်း လူတို့ကိုကျွန်ုပ်တို့ထံသို့ စေလွှတ် ကြောင်း ကျွန်ုပ်တို့အားသိစေသည်။ ကိုယ်တော်သည်ဖိလိအား အဲသယောပိအမတ်ဟံသို့ စေလွှတ်သည်။ ကိုယ်တော်သည်တာရှမြို့သားရှောလုထံသို့သွားလည်ရန်ဗာနာကိုစေလွှတ်သည်။ ယနေ့တွင်လည်း ထိုနည်းအတိုင်းလက်တွေ့အသုံးပြုသည်။ ဘုရားသခင်သည် လူတို့ကိုကျွန်ုပ်တို့ထံ သို့စေလွှတ်သည်။
ထို့ကြောင့် တစုံတယောက်သောသူသည် ဝင်လာသော အခါ’ဘုရားသခင်သည် သင့်ကိုဤနေရာ သို့ပို့ဆောင်ခြင်းဖြစ်ရမည်။ အဘယ်ကြောင့် သင့်အားစေလွှတ်သည်ကိုသိအောင် အဖြေရှာကြပါစို့။ ထိုအရာအတွက်ဆုတောင်းကြပါစို့” ဟုကျွန်တော်ပြောလေ့ရှိသည်။
ကောင်းပြီ၊ ဤအရာက အရာနှစ်ခုကိုပြု သည်။ ဤအမှု၌ဘုရားသခင် ပါသောကြောင့် မေးမြန်းခြင်းကိုခြားနားသောအဆင့်အလိုက်ပြုရမည်။ ၄င်းသည် ယေ ဘုယျအားဖြင့်မေးမြန်းခြင်းကို တိုစေပါ သည်။
လူတဦးက ဤနေရာ၌သူရောက်ရှိရခြင်အကြောင်းရင်းကို ဘုရားသခင်၏အုပ်စိုးမှုအောက်၌ သင် ရှာဖွေနေ သည်ကိုသိပါက၊ သူ၌အကြောင်းရင်းတခုမျှမရှိခဲ့သော် သာ၍ကောင်းသောရေကြည်ရာ၊ မြက်နုရာသို့ လျင်မြန်စွာထွက်ခွါသွားပါမည်။ ထို့ကြောင့် ဘုရားသခင်ထံတော်မှဆီးတားနှောင့်ယှက်မှုများကိုရယူပါ။ နိုးကြားသောခရစ်ယာန်တယောက်အတွက် ဆီးတားနှောင့် ယှက် မှုများသည် ဘုရားသခင်ထည့်ပေး ထားသောအခွ င့်အရေးများဖြစ်သည်။
ကျွန်တယောက်အနေနှင့်အသက်ရှင်နေထိုင်ခြင်း(လု၊ ၁၇း၇-၁၀)Roy Hession သည် သူ၏စာအုပ် “ကရာနီလမ်း ” (The Calvary Road) တွင် ကျွန်တယောက်သည် သူ၏ကျွန်ဘဝအပေါ်၌ထားရမည့် မှန်ကန်သည့်စိတ် ထားကိုရှင်းပြသည်။ သူသည် မိမိ၏အထက် ၌အခြားသူကို တင်လိုသောစိတ်ရှိရမည်။ ဤသို့ပြုသောအားဖြင့် သူသည်ကျေးဇူးတင်ခံလိုသောစိတ်မရှိရပါ။ ဤအရာအားလုံးပြုပြီးမှ သူသည်အခြားသောသူတို့အား တကိုယ်ကောင်းစိတ်နှင့်မစွပ်စွဲရပါ။ ထိုအရာအားလုံးတို့ကိုပြုလုပ်ပြီးမှ သူ၌ဂုဏ်ယူဝါကြွားရန်သို့မဟုတ် ဝမ် းမြောက်ရန်အကြောင်းမရှိဘဲ မထိုက်တန်သောကျွန်များဖြစ် ကြောင်းဝန်ခံရမည်။ ဆိုလိုသည်မှာ ကျွန်ုပ်တို့သည် ဘုရားသခင်အတွက် နှင့်လူအတွက်အသုံးမဝင် သောသူများဖြစ်ကြသည်ဟု ဆိုလိုခြင်းဖြစ်သည်။ အတ္တ၏ အောက်ခြေကိုပဉ္စမနှင့်နောက် ဆုံးအဆင့်က အလဲထိုးသည်။ နူးညံ့သိမ်မွေ့ခြင်းႏွင့္၎င်း၊ နိမ်ချွခင်းနှင့်၎င်းပ ြု ခြင်းသည္ ကျွန်ုပ်တို့ပြု ရမည့်တာ ဝန်ထက်မပိုပါ၊ဟုဝန်ခံခြင်းဖြစ်သည်။
ကျိုးပဲ့ကြေမွခြင်း၏မဆိုလိုသောအရာကျိုးပဲ့သောသူသည် ကျောရိုးမရှိသောကော်ငါးမျိုး၊ အစွမ်းမဲ့သော သုညအဆင့်၊ မိမိပတ်ဝန်းကျင်အပေါ် ၌ဩဇာမရှိသောသူတယောက်မဟုတ်ပါကျိုးပဲ့ကြေမွ သောသူ တို့မှာဩဇာအရှိဆုံးသောသူများဖြစ်ကြသည်။
နူးညံ့သိမ်မွေ့ခြင်းမှာ အားနည်းခြင်းမဟုတ်ပါ။ ၄င်းမှာ၊ ထိန်းချုပ်မှုအောက်၌ရှိသောအင်အားဖြစ်သည်။
နူးညံ့သိမ်မွေ့သောသူသည် ဘုရားသခင်၏အလိုတော်ကိုမခံမရပ်နိုင်မဖြစ်ဘဲ လက်ခံသောသူဖြစ်သည်။ သူ၏အတွင်းပိုင်းအင်အားကြောင့် ယဉ်ကျေးခြင်း၊ နူးညံ့သိမ်မွေ့ခြင်းနှင့်အသက်ရှင်နိုင်သောသူဖြစ်သည်။ သူသည်ဘုရားသခင်၏အုပ်စိုးမှုအောက်၌လုံးလုံးရှိနေသောသူဖြစ်သည်။
ကျိုးပဲ့သောသူသည် လုံးဝအမျက်မထွက်နိုင်သောသူဖြစ်သည်ဟု မဆိုလိုပါ။ ယေရှုသည် ဗိမာန်တော်ရ င်ပြင်၌ငွေလဲလှယ်သောသူတို့အားအမျက်ထွက်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏အရာ၌ ခြင်္သေ့ဖြစ် သင့်၍၊ မိမိ၏အရာ၌မူကား သိုးသငယ်ဖြစ်သင့်သည်။
ကျိုးပဲ့ကြေမွခြင်းအဆင့်ဆင့်
မေးခွန်းမှာ- “ကျွန်တော်သည် အမှန်တကယ်ကျိုးပဲ့ကြေမွသောသူမည်သို့ဖြစ်နိုင်မည်နည်း”ဟူ၍ဖြစ်သည်။
၁.”သခင်ဘုရား၊ ကျွန်ုပ်ကိုချိုးဖဲ့ပါ” ဟု ဆုတောင်းပြီး၊ အမှန်တကယ်လည်းပြုပါ။
၂။ ကုန်လွန်ခဲ့သောအချိန်၌ပြုခဲ့သောအမှားများထဲမှ မမှန်သေးသည့်အရာတို့ကိုစဉ်းစားရှာဖွေပါ။ မကောင်း သောစကားလုံးများ၊ ဇာတိနှင့်ပြောခဲ့သောစကားများကိုပြန်လည်ဆန်းစစ်ပါ။ထို့နောက် သင်ပြစ်မှားသော သူအား ဝန်ချတောင်းပန်ပါ။၃။ ပထမဦးဆုံးထိုအရာများကို ဘုရားသခင်ထံ၌ဝန်ချ တောင်းပန်၍ပြောပြပါ။ ၄။ သင်၏နိမ့်ချသောအတွေ့အကြုံများကို အခြားသောသူတို့ အားသစ္စာမရှိသောလင်နှင့်ဇနီးတို့သည် အချင်းချင်းတောင်း ပန်ကြရန်လိုအပ်သည်။ အခြားသောအမျိုး သမီးတယောက်ကြောင့် မိမိ၏ဇနီးကိုပစ်ထား ခဲ့သည့်အသက်ကြီးသူတယောက်သည် ဤအသနားခံစာကိုရေးသည်-
 ထိန်းမရ၊ သိမ်းမရသည့်ဘဝ၌ နှစ်ပေါင်းနှစ်ဆယ်အသက်ရှင်နေထိုင်ခဲ့ပြီးနောက်၊ ဘုရားသခင် ထံသို့ကျွန် တော် ပြန်လာ၍ ထိုအပြစ်ဒုစရိုက်နှင့်အရှက်တကွဲအသက်ရှင်ခဲ့သောနှစ်များအတွက် ကိုယ်တော် အပြစ်လွှတ် ဘို့ကျွန်တော်တောင်းပန်သည်။ ကိုယ်တော်သည် သူ၏ကရုဏာနှင့်မေတ္တာ၌ မိမိကိုယ်တိုင်နှင့် သားတော် ယေရှုခရစ်တော်၏မိတ်သဟာယသို့ပြန်လည်ဆွဲခေါ်ခဲ့သည်။ကျွန်တော်နှစ်ပေါင်းများစွာမခံစားခဲ့သည့်ငြိမ်သက်ခြင်းနှင့် ကောင်းကျိုးချမ်းသာကိုခံစားရသည်။ နာ မတော်ကိုချီးမွမ်းပါ၏။ (ဆာလံ ၃၂ နှင့်၅၁) ၌ရှိသော ဒါဝိဒ်၏စကားတို့သည် ကျွန်တော့အတွက်အဓိပ္ပါယ်အသစ်နှင့် ဝမ်းမြောက် စရာဖြစ်လာသည်။ “အပြစ်မှ လွှတ်ခြင်း ၊ ဒုစရိုက်အပြစ်ကိုဖုံးအုပ်ခြင်းသို့ရောက်သော သူသည်မင်္ဂလာရှိ၏။ ထာဝရအပြစ် တင်တော်မူ ခြင်း နှင့်လွှတ်၍ . . . မင်္ဂလာရှိ၏။” အကျွန်ုပ်သည် ကိုယ်အပြစ်ကိုရှေ့တော်၌ဝန် ချပါ၏။ ပြုမိသောဒုစ ရိုက်ကို ဝှက်၍မထားပါ။ ငါလွန်ကျူးသောအရာကို ထာဝရဘုရားအားဘော်ပြတောင်း ပန်မည်ဟုပြော ဆိုသောအခါ ကိုယ်တော်သည်အကျွန်ုပ် ပြစ်မှားခြင်း အပြစ်ကိုလွှတ်တော်မူ၏” (ဆာလံ ၅၁ ) ၌လည်း “ကယ်တင်ခြင်းနှင့်ယှဉ် သောဝမ်းမြောက် ခြင်းအခွင့်ကို ကျွန်ုပ်အားပြန်၍ပေးသနားတော်မူ” ဟုဆို၏။ က ျွန်တော်သည် ကိုယ်တော်၏ကျေးဇူးတော်ကိုခက်ခဲ စွာဖြင့်နားလည်ရပါသည်။
သင်နှင့်တကွခရစ်တော်၌ရှိသောညီအစ်ကို မောင်နှမအပေါ်ကျွန်တော်ပြုသည့်အရှက် ရစေခြင်းနှင့်ထိခိုက် စေမှုများအတွက် တောင်းပန်လိုပါသည်။ ကျွန်တော် ၏အပြစ်အတွက် ကျွန်တော်ဝမ်းနည်းပါသည်။ ၄င်းကို ထွက်သွားစေမည့်နည်း ကျွန်တော်ရလိုသော်လည်း ကျွန်တော်မလုပ်နိုင်ပါ။ ထိုအချည်းနှီးကုန် လွန်ခဲ့သော နှစ်များသည် လာမည့်နှစ်များတွင် ကျွန်တော့အားခြိမ်း ခြောက်မည်ဟု ထင်ပါသည်။ သင်တို့သည်ကျွန် တော့အတွက်ဆုတောင်းနေကြသည်ကို ကျွန်တော်သိပါ၏။ “သင်တို့သည်ဆု တောင်းသဖြင့် ၄င်း၊ ယေရှုခရ စ်၏ ဝိညာဉ်တော်သည် မစသဖြင့်၄င်း၊လွှတ်ပြီးဟု (ဖိလိပ္ပိ ၁း၁၈ခ-ပါသည်။၁၉)တွင်ကျွန်တော် စကား ပြေပြန်ရေးပါသည်။
ကျွန်တော့မိသားစုအားလုံးထံသို့ ကျွန်တော်စာရေးပြီး အပြစ်လွှတ်ဘို့တောင်းပန်ရာ၊ ဘုရားသခင်သည်ဆု တောင်းခြင်းကိုအဖြေပေးခြင်းအတွက်သူတို့အားလုံးနှင့်အတူဝမ်းသာနေကြသည်။
ယခု ကျွန်တော်သည် ခရစ်ယာန်မိတ်သဟာယတခုသို့တက်ရောက်ပြီးအပတ်စဉ်သမ္မာကျမ်းစာလေ့လာခြင်း ၌ပါဝင်နေသည်။ ခရစ်ယာနမိတ်သဟာယလိုအပ်မှုကိုကျွန်တော်ခံစားပြီး ဤအခွင့်အရေးများအတွက် ကျွန်တော် ကျေးဇူးတော်ချီးမွမ်းပါသည်။
ကျိုးပဲ့ကြေမွခြင်းကို စီးပွါးရေးလုပ်သည့်လူ့အသိုင်း အဝိုင်း၌လက်တွေ့အသုံးပြုလျှင် မည်သည့် အရာဖြစ်မည်ကိုစဉ်းစားကြည့်ပါ။ ခရစ်ယာန်အလုပ်ရှင်တစ်ယောက်သည် အလုပ်သမား များထံသို့ အောက်ပါအ တိုင်းစာရေးသည် -ကျွန်တော်၏ခွန်အားနှင့် ကျွန်တော်၏ဦးစားပေးမှုကို ကျွန်တော်၏လုပ် ငန်းတိုးတက်ရန်နှင့်အပျော်အ ပါး လိုက် စားရန်အတွက် အများဆုံးအသုံးပြုပါသည်။ ကျွန်တော်သည် သမ္မာကျမ်းစာကို တခါမှမဖတ်ဘူးပါ ကျွန်တော်၏စဉ်းစားခြင်းနှင့်ပြုမူခြင်းနှစ်ခုစလုံး၏ အ ပြစ်မှာ နက်ရှိုင်းလွန်းလှသည်။ ဘုရားသခင်၏အမှု တော်အတွက် ကျွန်တော်ပေးသည့်၁ဝ % မှာစွန့်လွှတ်သော ပေးကမ်းခြင်းနှင့်ယှဉ်ကြည့်ပါက ပြက်ရယ်ပြု စရာဖြစ်ပါသည်။ ကျွန်တော်သည် အလုပ်ရှင်တယောက် အနေနှင့်တောင်းဆိုမှကိုပြု၍ ဝေဖန်အပြစ်တင် ခြင်းလည်းပြုသည်။ ကျွန်တော်သည်လင် ယောက်ျားတ ယောက် အနေနှင့် ကြမ်းတမ်းပြီးမေတ္တာမရှိပါ။ ကျွန်တော်သည်ဘုရားကျောင်းကိုတခါမှမတက်ပါ။
သူတို့သည် ကျွန်တော့ကို ချီးမွမ်းကြသောအခါက လိမ်ကျသောလူတယောက်အလား ကျွန်တော်ခံစား ရသည်ကို သင်မြင်နိုင်ပါသည်။ထို့ကြောင့် ကျွန်တော်သည်မည်မျှစိတ်ပျက်စရာကောင်းသည့် ခရစ်ယာန်တယောက်ဖြစ်သည်ကို ရှက်ကြောက်ခြင်းနှင့်ဖွင့်ပြရန်ကောင်းသည်ဟုခံစားရခြင်းဖြစ်ပါသည်။ တပါးသောသူ (ဘုရား)မှအပ မည်သူကိုမျှမချီးမွမ်းပါနှင့်။ ဤစာကို သူ၏ကက်သလော့ (Catalog) ကိုရရှိသည့်လူပေါင်း ၁၅ သန်းထံသို့ပို့သည်။
ခရစ်ယာန်အချိန်ပြည့် အမှုတော်ဆောင်တို့သည် ကျိုးပဲကြေမွခြင်းကိုလက်တွေ့ကျင့်သုံးသည် အာဖရိက၌ သာသနာပြုဆရာဖြစ်သော Bob Young သည် သူ၏လုပ်ဖေါ်ဆောင်ဖက်တချို့ နှင့်သဘောထားကွဲလွဲသည်။ ထို့နောက် သူနှင့်သူ့ဇနီးတို့သည် ကလေးများ၏ပညာရေးအတွက် အမေရိကသို့ပြန်လာကြသ ည်။နောက် ပိုင်းတွင် အာဖရိကပြန်သွားရန်ဘုရားသခင်လမ်းဖွင့်ပေးသည်ဟု သူတို့ခံစားကြသည်။ သို့သော် သူ၏ဇနီးက ထိုနေရာသို့မသွားမီ အခြားသာသနာပြုဆရာများထံသို့စာရေးပြီး ဩဝါဒပြဿနာနှင့်ပတ် သက်၍ သူတို့၏ ကိုင်တွယ်ခဲ့ပုံကိုတောင်းပန်ရန်အကြံ ပေးသည်။ သူတို့သည်တကယ့်တကယ်တောင်းပန် စာတစောင်ကိုရေး သည်။ သာသနာပြုဆရာများက “ဤလူသည် ကျွန်တော်တို့အလုပ်အတူလုပ်လိုသည့်လူစားမျိုးဖြစ်ပါသည်” ဟု စာပြန်ရေးကြသည်။
သာသနာပြုဆရာလင်မယားစုံတွဲတို့သည် အာဖရိကသို့ပြန်လာကြရာ၊ယခင်ထက်ထိုဘာသာ စကား၌ပို ၍ကျွမ် းကျင်ကြသည်ကို သတိပြုမိကြကာသူတို့သွားသည့်နေရာတိုင်း၌လည်း ကောင်းကြီးမင်္ဂလာ ကိုတွေ့မြင်ကြသည်။
Oswald Sanders တရားဟောနေစဉ် သင်းထောက်တဦးသည်ထပြီး သူစကားပြောနိုင်မလားဟုမေးသော ကြောင့် သူ၏တရားဟောခြင်းကိုအဆုံးသတ်လိုက်သည်။ ထိုသင်းထောက်က-“ဘုရားသခင်သည် ဤည၌ ကျွန်တော်အားစကား ပြောသ ည်။ လူအများကကျွန်တော့ကိုသိကြသည်။ ကျွ န်တော် အမှားဝန်ချ တောင်းပန် ခြင်းတခုလုပ်လိုပါသည်။ ကျွန်တော်သည် ခင်ဗျားတို့နှင့်အတူရှိသောအခါ၌ ပျော်တတ်၊ ရွှင်မြူးတတ်သော် လည်း အိမ်၌မူကားတမျိုးတဖုံဖြစ်သည်။ အပြင်၌နတ်သမီးတပါး၊ အိမ်၌ နတ်ဆိုးတပါး ဖြစ်သည်။ ကျွန်ုပ်သည် စိတ်ဆိုး၍ဇနီးနှင့်မိသားစုများအား ဆိုးဝါးသောအချိန်များပေးခဲ့သည်။ ကျွန်တော်အား အပြစ်လွှတ်ရန်နှင့် လူထုရှေ့၌ပေါ်လာသည့်အခါ၊ ကြိုးစား၍ ပြသောပုံစံထက်ပို၍ ကောင်းအောင်ပြုဘို့ ဘုရားသခင်အားဆုတောင်းသည်”ဟုဆို၏။”31
ကျွန်ုပ်တို့၏အသင်းတော်များ၌အမှားအားလုံးကိုအမှန်ပြုပါက မည်သို့ဖြစ်မည်နည်း။ လိုအပ်သောနေရာတိုင် း၌တောင်းပန်ခြင်းကိုပြုနိုင်ပါက မည်သို့ဖြစ်မည်နည်း။ မကျေနပ်ချက်များကိုအဆုံးသတ်ပါက မည်သို့ ဖြစ်မည်နည်း။
သားသမီးတို့သည် မိခင်၏ပိုက်ဆံအိတ်ထဲမှပိုက်ဆံခိုးခြင်း၊နာမခံသည်ကိုမိသောအခါ၌လိမ်ညာခြင်း၊ မိဘများအားပြန်ပြောခြင်းတို့အတွက်မိဘများကိုတော င်းပန်ကြရန်လိုအပ်သည်။
မိဘများသည် သားသမီးများအပေါ်၌မတရားသောဆုံးမခြင်း သို့မဟုတ်အလွန်အကျွံဆုံးမခြင်းအတွက် တခါတရံတောင်းပန်ရမည်ဖြစ်သည်။ မကောင်သော ပုံ သက်သေအတွက်၎င်း၊ အမျက်ထွက်၍ ပေါက်ကွဲခြင်းအတွက်၄င်းကတောင်းပန်ရပါမည်။
အသစ်သောဝမ်းမြောက်ခြင်း၊တန်ခိုးနှင့်အောင်မြင်ခြင်းနှင့်ထိရောက်မှုရှိလာမည်ဖြစ်သည်။အံ့ဩဘွယ်ရာစိတ်ဓါတာတက်ကြွခြင်းလည်းရှိလာမည်ဖြစ်သည်။ ယခင်ကရှိခဲ့သည့်ပေါင်းသင်းဆက်ဆံခြင်းထက် ပိုကောင်းသည်ဆက်ဆံခြင်းရှိလာမည်ဖြစ်သည်။
တစ်ဆယ့်ကိုး
သင်၏အသက်တာသန့်ရှင်းစေပါ
Keep Yourself Pure
မှတ်ချက်။ ဤအခန်း၌ကာမရာဂနှင့်ဆိုင်သောပြဿနာများကိုပွင့်လင်းစွာဆွေးနွေးထားသည်။ ဤကိစ္စနှင့် ရုန်းကန် နပန်းလုံးသောသူများဖတ်သင့်ပါသည်။
ခရစ်ယာန်အမှုတော်လုပ်ငန်း၌ ကာမရာဂကြောင့်ကျော်မကောင်းကြားမကောင်း ပျက်စီးနေသောသူများနှင့် ရှုပ်ထွေးနေသည်။ သူတို့သည်အပြေးပြိုင်ပွဲကိုယုံပျက်စီးနေသောသူများနှင့် ရှုပ်ထွေးနေသည်။ သူတို့ သ ည်အပြေးပြိုင်ပွဲကိုယုံကြည်စိတ်ချမှုနှင့်၄င်း၊အား ကြိုးမာန်တက်သောစိတ်နှင့်၄င်း၊အစပြုကြသော်လည်း နောက်ဆုံးတွင်အရှုံးပေးသည့် အထိတို င်အောင်တားမြစ်ထားသောအပျော်အပါးတို့၌စိတ်ကူးယဉ်ကြသည်။
ဒေါက်တာ Howard Hendricks က အချိန်ပြည့်အမှုတော်ဆောင်အဖြစ်အစပြုပြီး ၂ နှစ်အတွင်းတွင် ကိုယ် ကျင့်တရားပျက်ပြားမှုကိုတွေ့ကြုံခံစားနေရသောအမျိုးသား ၂၄၆ ယောက်ကိုရေတွက်မိသည်။ အမျိုး သား ၂၅ဝနီးပါးတို့သည်၂၄ လအတွင်းတွင်ယုံကြည်ခြင်းသင်္ဘောပျက်ကြသည်။ တစ်လလျှင်ဆယ်ယောက်တို့သည် ဥပဒေကားမြစ်ထားသောလိင်ကိစ္စကြောင့် ဖယ်ရှားခံရခြင်းဖြင့်အဆုံးသတ်ကြသည်။ ဒေါက်တာ Paul Beck က ခရစ်ယာန်အမှုတော်လုပ်ငန်း၌အသက်နှစ်ဆယ့်တနှစ်တွင်အစပြုသည့်သူများ၏တစ်ဆယ်ပုံတစ်ပုံသည် အသက်ခြောက်ဆယ့်ငါးနှစ်အထိခရ စ်တော်အကြောင်းကိုဟောပြောနေသေးသည်ဟု ခန့်မှန်းသည်။ တစ်ဆယ်ထဲတွင်ကိုးယောက်တို့မှာပြိုလဲကြသည်။ သူတို့သည် ကိုယ်ကျင့်တရား၊ စိတ်ဓါတ်ကျဆင်းခြင်းနှင့် လီဘရယ်လ်သီအိုလိုဂျီ (Liberal Theology) တို့၏ဖျက်ဆီးခြင်းခံကြရသည်။ သူတို့သည်ငွေရရှိရန်ကိုသာ စိတ်စွဲလန်းကြသည်။”
ကျွန်ုပ်တို့တွင် ကောင်းကင်ဘုံသို့မရောက်မချင်း ပြိုလဲခြင်းအန္တ ရယ်နှင့်ကင်းသောသူတယောက်မှမရှိပါ။
ကာမရာဂသည်ဘုရားသခင်၏လက်ဆောင်တခုဖြစ်ပြီး မျိုးပွားရန်၊ပျော်ရွှင်သာယာမှုကိုခံစားရန်နှင့် စင်ကြယ်ရန်အတွက်ရည်ရွယ်သည်။ ၄င်းကိုလင်မယားနှစ်ဦး ဆက်ဆံခြင်း၌သာအသုံးပြုတို့ဖြစ်သည်။ (၁ ကော ၆း၁၂- ၂၀)၌ ရှင်ပေါလုချမှတ်ထားသည့်အထူးသဖြင့် “ကိုယ်ခန္ဓာ” နှင့် “ကိုယ်ခန္ဓာများဟူသောမူများ ရှစ်ကြိမ်တိတိအထပ်ထပ်အခါခါဖေါ်ပြသည်ကိုသတိပြုပါ။
အပိုဒ်ငယ် ၁၂။ ဘုရားသခင်၏လက်ဆောင်များမှာ မိမိအတွက်သော်၄င်း၊ သူတပါးအတွက်သော်၄င်း ထိခိုက်ရန်မရည်ရွယ်ပါ။ လူတယောက်ကိုကျွန်ခံစေရန်လည်းမရည်ရွယ်ပါ။
အပိုဒ်ငယ် ၁၃။ အစားအစာ၌အာသီသနှင့်ကာမရာဂဆိုင်ရာစိတ်ဆွဲဆောင်ခြင်းနှစ်ခုအကြား၌ ခြားနားမှု တခုရှိသည်။ အစားအစာနှင့်ဝမ်းမှာဖျက်ဆီးခြင်းခံရမည်။ ၄င်းတို့မှာ ယာယီသာဖြစ်သည်။ ကိုယ်ခန္ဓာမှာ ထာဝရဖြစ်သည်။ ကိုယ်ခန္ဓာသည် မတရားသောမေထုန်အ တွက်မဟုတ်ဘဲ ဘုရားသခင် အတွက်ဖြစ်သည်။ ဘု ရားသခင်သည် ကိုယ်ခန္ဓာအတွက်ဖြစ်သည်။ ကိုယ်တော်သည် ခန္ဓာကိုယ်၏ကောင်းစားခြင်းနှင့် သန့်ရှင်းခြင်းကိုစိတ်ဝင်စားသည်။
အပိုဒ်ငယ် ၁၄။ ဘုရားသခင်သည် သခင်ယေရှုကိုသေခြင်းမှထမြောက်စေတော်မူသကဲ့သို့ ခန္ဓာကိုယ်ကိုထ မြောက်စေခြင်းအားဖြင့်ခန္ဓာကိုယ်ကိုစိတ်ဝင်စာ ကြောင်းပြသတော်မူ၏။အပိုဒ်ငယ် ၁၅။ ကျွန်ုပ်တို့၏ခန္ဓာ ကိုယ်များသည်ခရစ် တော်၏အင်္ဂါများဖြစ်ကြသည်။ ခရစ်တော်၏အင်္ဂါ ကိုယ်ကိုပြည့် တန်ဆာနှင့်ဆက် ဆံစေခြင်းသို့မဟုတ်လင် မယ ား၏အပြင်ဘက်၌ရှိ သောအခြားလူ တယောက်နှင့်ဆ က်ဆံခြင်း၌ ခန္ဓာကိုယ်ကိုအလေးမထားသည့်အမှုကိုစဉ်းစားကြည့်ပါ။
အပိုဒ်ငယ် ၁၆-၁၇။ ပြည့်တန်ဆာမတယောက်နှင့် ကာ မရာဂဆက်ဆံခြင်းမှာ ပြည့်တန်ဆာနှင့် တသားတ ကိုယ်တည်းဖြစ်ခြင်းဖြစ်သည်။ သခင်ဘုရားနှင့်တသား တကိုယ်တည်းဖြစ်ခြင်းမှာမူ ဝိညာဉ်နှစ်ခု၏တသား တကိုယ်တည်းဖြစ်ခြင်းဖြစ်ရာ တသားတကိုယ်တည်းဖြစ်ခြင်းအားလုံးတို့၌ အနက်နဲဆုံးဖြစ်သည်။ ယုံကြည် သူတယောက်သည်ခရစ်တော်၌ရှိ၍ ခရစ်တော်သည်လည်းထိုယုံကြည်သူ၏အထဲ၌ရှိသည်။
အပိုဒ်ငယ် ၁၈။ ကာမရာဂဆိုင်ရာ၌ ကိုယ်ကျင့်တရားပျက်ပြားခြင်းသည်အသေးအဖွဲကိစ္စတခုမဟုတ်ပါ။ ကျွန်ုပ်တို့သည် ထိုအရာမှထွက်ပြေးသင့်သည်။ ၄င်းမှာ ခန္ဓာကိုယ်၏အဆိုးဆုံးသောအပြစ်ဒုစရိုက်ဖြစ်၍၊ ခန္ဓာ ကိုယ်၌ဆိုးကျိုးများရရှိခံစားစေသည်။
အပိုဒ်ငယ် ၁၉။ ကျွန်ုပ်တို့၏ခန္ဓာကိုယ်များမှာ သန့်ရှင်းသောဝိညာဉ်တော်၏ဗိမာန်တော်ဖြစ်သည်။ ကိုယ်တော်သည်ကျွန်ုပ်တို့၏အထဲ၌အမှန်တကယ်ကိန္းဝပ္ေတာ္မူသည္။ ဘုရားသခင်ကကျွန်ုပ်တို့အား ကိုယ္ေတာ္ကိုေပးသနားခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ခန္ဓာကိုယ်သည် ကျွန်ုပ်တို့ပျော်သ လိုပြုရမည့် အရာမဟုတ်ပါ။
အပိုဒ်ငယ် ၂၀။ ခရစ်တော်၏မွန်မြတ်သောအသွေးတော်နှင့်အဖိုးအခပေးပြီး ကျွန်ုပ်တို့ကိုရွေးငယ်သည်။ ကျွန်ုပ်တို့၏ခန္ဓာကိုယ်နှင့်စိတ်ဝိညာဉ်တို့ကိုပိုင်ဆိုင်သောသူ၏ဘုန်းတော်ထင်ရှားစေရန် အသုံးပြုသင့် သည်။ ကာမရာဂတွန်းပို့မှုသည်လူ၏ခန္ဓာကိုယ်အထဲ၌အားအကြီးဆုံးတွန်းပို့မှုတခုဖြစ်သည်။ ဤအရာကြောင့် တကိုယ် တည်းသမားနှင့်အိမ်ထောင်ရှိသောယောက်ျားအချို့တို့သည် လက်ဖြင့်ကာမဆန္ဒစိတ် ကိုဖြေ ဖျောက် လေ့ရှိကြသည်။၎င်းသည် ကာမရာဂဆက်ဆံခြင်းမရှိဘဲ ကာမရာဂစိတ်ဖြေစေရန် မိမိကိုယ်ကိုစိတ် ဖြေသည့် နည်းတခုဖြစ်သည်။ ကျန်းမာသောလူငယ်တိုင်းသည် တခါမဟုတ်တခါပြု ကောင်းပြုကြ မည်ဖြစ် သည်။ ဤသို့ပြု လုပ်ခြင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာကမည်သို့သွန်သင်ပါသနည်း။
ဤအကြောင်းအရာနှင့်ပါတ်သက်၍ သမ္မာကျမ်းစာကသီးသန့်မဖြေရှင်းသည်မှာ ထူးဆန်းသည်။ ဤသို့ပြုမူခြင်းကိုဘုရားသခင်မကျေနပ်ကြောင်းထုတ်ဖော်သော အခါ၌ ကမ္ဘာဦးကျမ်း ၃၈း၁-၁၁ ၌ပါသော ဩနန် ၏ အကြောင်းကိုမကြာခဏအသုံးပြုလေ့ရှိသည်။ . ဩနန်၏ အစ်ကိုသေသောအခါ သူ၏မိန်းမမုဆိုး မကိုလက် ထပ်ပြီး သေလွန်သောအစ်ကိုအတွက်သားသမီးများကိုမွေးပေးရမည်ဟု ထိုခေတ်ထိုအချိန်၏ အိမ်ထောင်ထိမ်းမြားခြင်းဥပဒေကတောင်းဆိုသည်။ ထိုကလေးတို့သည် သူ၏သားသမီးများ ဖြစ်လာ မည်မဟုတ်သောကြောင့် ဩနန်သည်သူ၏သုတ်ရည်ကိုအပြင်သို့ထုတ် သည်။ ဤနာမခံမှုကြောင့် ထာဝရ ဘုရားသည်သူ့ ကိုကွပ်မျက်တော်မူ၏။ သူသည် မိမိရာဂစိတ်ဖြေစေရန် ကိုယ့်ကိုကိုယ်ပြုသော ကြောင့် မဟုတ်ဘဲ နာမခံသော ကြောင့်သာဖြစ်သည်။သူ၏အပြစ်မှာ ကာမရာဂဆိုင်ရာအပြစ်မဟုတ်ဘဲ တကိုယ် ကောင်းဆန်သောအပြစ်၊ အတ္တအပြစ်ဖြစ်သည်။
ဤလုပ်ဆောင်မှုနှင့်ပါတ်သက်၍ တိုက်ရိုက်ပြောပြသည့်ကျမ်းပိုဒ်မရှိသော်လည်း ဩတ္တပ္ပစိတ်နှိုးဆော်ရာလိုက်တတ်သောယုံကြည်သူအတွက်ညွှန်ကြားချက်ပေးသည့်ကျမ်းပိုဒ်များစွာရှိပါသည်။ အောက်တွင်တချို့ရေးထားပါသည်။
“ထို့ကြောင့် သင်တို့၏သေတတ်သောကိုယ်ခန္ဓာ ၏တပ် မက်ခြင်းအလိုသို့လိုက်ရသည့်တိုင်အောင် အပြစ်တရားသည်ကိုကိုယ်ခန္ဓာ၌အစိုးမရ နှင့်။ သင်တို့၏ကိုယ်အင်္ဂါများကိုလည်း သုစရိုက်လက်နက်ဖြစ်စေ၍ဘုရားသခင်အားဆက်ကြလော့။ သင်တို့သည်ပညတ်တရားလက် ၌မရှိ၊ကျေးဇူးတရားလက်၌ရှိသောကြောင့် အပြစ်တရားသည် သင်တို့ကိုမအုပ်စိုးရ” (ရောမ ၆း၁၂-၁၄)။
ဤနေရာ၌အဓိကပြောသောအရာမှာ ကျွန်ုပ်တို့၏ အင်္ဂါတို့ကိုထာဝရဘုရားအားမရိုမသေပြုသောနည်းဖြင့် အသုံးပြုမည့်အစား ဖြောင့်မတ်ခြင်းလက်နက်အဖြစ်အသုံးပြုသင့်သည်ဟူ၍ဖြစ်၏။
“သခင်ယေရှုကိုယူတင်ဝတ်ဆင်ကြလော့။ ကိုယ်ကာယတပ်မက်ခြင်းအလိုငှါ မကြံစည်ကြနှင့်” (ရောမ ၁၃း ၁၄)။ဤဘဝ၌ကျွန်ုပ်တို့၏အမှန်တကယ်ရည်မှန်းချက်မှာ မိမိကိုယ်ကိုသခင်ယေရှုထံ၌ဆက်သ၍ ကာမရာဂ ၏ အလိုသို့မလိုက်ဘို့ဖြစ်သည်။သင်တို့၏ကိုယ်ခန္ဓာသည် ဘုရားသခင်ပေးသနားတော်မူသောဝိ ညာဉ်တော်တည်းဟူသောသင်တို့အထဲ၌ ကျိန် းဝပ်၍ သန့်ရှင်းသောဝိညာဉ်တော်၏ဗိမာန်တော်ဖြစ် ကြောင်းကို၄င်း၊ မိမိတို့ကိုယ်ကိုမပိုင်ကြောင်းကို၄င်း၊မသိကြသလော။သင်တို့သည်အဘိုးနှင့်ဝယ်တော်မူသော သူဖြစ်သောကြောင့်ဘုရားသခင်ပိုင်တော်မူသောသင်တို့၏ကိုယ်ခန္ဓာနှင့်စိတ်ဝိညဉ်အားဖြင့်ဘုရားသ ခင်၏ဂုဏ်တော်ကိုထင်ရှားစေကြလော့ (၁ ကော ၆း၁၉-၂ဝ)။
သုံးပါးတစ်ဆူဘုရား၏တတိယပုဂ္ဂိုလ်သည် ယုံကြည်သူတိုင်း၏ကိုယ်ခန္ဓာထဲ၌အမှန်တကယ်ကိန်းဝပ်သည်။ ကိုယ်တော်တချိန်လုံးရှိနေသည်ကိုသိခြင်းကထိုသို့တန်ဘိုးမရှိသည့်လုပ်ဆောင်ချက်များထဲသို့ ခေါင်းငုံ့၍ဝင်ရမည့်ဘေးမှကာကွယ်ပေးသည်။မိန်းမသည်မိမိကိုယ်ကိုမပိုင်၊ လင်သည်ပိုင်၏။ ထိုနည်း တူ ယောက်ျား၊သည်လည်းမိမိကိုယ်ကိုမပိုင် မယားသည်ပိုင်၏ (၁ ကော ၇း၄)၊
ဤနေရာ၌ပြောလိုသည့်အဓိကအချက်မှာ၊ တယောက်သောသူက ကာမဆက်ဆံရန်ဆန္ဒရှိပါက တယောက် ကမငြင်းပယ်သင့်ပါဟူ၍ဖြစ်သည်။ ထိုမျှသာလူတယောက် သည်မိမိ၏ခန္ဓာကိုယ်ကို မပိုင်ကြောင်းကို သိခြင်းအားဖြင့်ထိုသို့မိမိအကျိုးတခုတည်းအတွက်ပြုလုပ်သည့်အပြုအမူကိုပယ်ရသည်။
“ထို့ကြောင့် ချစ်သူတို့၊ ထိုကတိတော်များနှင့်ငါတို့သည်ဆိုင်ကြသည်ဖြစ်၍ ကိုယ်ခန္ဓာ၏အညစ်အကြေး၊ စိတ်ဝိညာဉ်၏အညစ်အကြေးရှိသမျှတို့နှင့်ကိုယ်ကိုကိုယ်ကင်းစင်လျက် ဘုရားသခင်ကိုကြောက် ရွံ့၍သန့်ရှင်း ခြင်းပါရမီနှင့်ပြည့်စုံကြကုန်အံ့” (၂ကော ၇း၁)။ လက်ဖြင်ကာမဆန္ဒစိတ်ကိုဖြေဖျောက်ခြင်းသည် ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်နှစ်ခုစလုံးညစ်ညမ်းမှုတခုဖြစ်ရာ ကျွန်ုပ်တို့သည်ထိုအရာမှကင်းစင်သင့်ကြသည်။
“သင်တို့အပေါင်းသည်သန့်ရှင်းခြင်း၊ အသရေတင့် တ ယ်ခြင်းနှင့်မိမိတန်ဆာကိုမိမိထိန်းတတ်စေခြင်းငှါ’ (၁ သက် ၄း၄-၅)။ “တန်ဆာ” ဟူသောစကားလုံးမှာ လူ ၏ကိုယ်ခန္ဓာကိုဆိုလိုခြင်းဖြစ်နိုင်သည်။ ဤနေရ ာ၌ ကျွန်ုပ်တို့သည် ထိုအရာကိုသန့်ရှင်းခြင်းနှင့် အသရေတင့်တယ်ခြင်းအတွက်သာအသုံးပြုသင့်သည်ဟု ၄င်းကဆိုလို၏။
“ကိလေသာစိတ်ကိုကြဉ်ရှောင်လော့။ ဖြောင့်မတ်ခြင်း၊ သစ္စာရှိခြင်း၊ချစ်ခြင်း၊ စင်ကြယ်သောစိတ်ရှိ၍” (၂ တိ ၂း၂၂)။ “ချစ်သူတို့ဝိညာဉ်နှင့်စစ်ပြိုင်တတ်သော ကို ယ်ကာယတပ်မက်ခြင်းတို့ကိုရှောင်မည်အကြောင်း၊ ဧည့်
သည်အာဂန္တုကဲ့သို့သောသင်တို့ကိုငါတောင်းပန်၏”(၁ ပေ၂း၁၁)။ ထိုသို့သောတပ်မက်ခြင်းတို့သည် လူငယ်များနှင့်တွဲပါလာသော်လည်း လူငယ်များကိုပိတ်လှောင်ထားရန်မဟုတ်ပါ။ ထိုအရာမှထွက်ပြေး၍
ပို၍ကောင် းမွန်သည့်ပန်းတိုင်သို့လိုက်ပါဟု သမ္မာကျမ်းစာကဆို၏။ ဤလုပ်ဆောင်မှုသည် မသန့်ရှင်းသောစိတ်ကူးများနှင့် ၄င်း၊ ပြင်းပြသောရမ္မက်နှင့်ဆက်လေ့ရှိသောကြောင့် မ၅:၂၇-၂၈ အတိုင်းရှောင်သင့်သည်။ အပြစ်ကိုစဉ်းစားခြင်းသည်လုပ်ဆောင်ခြင်းနှင့်ထပ်တူထပ်မျှ  ဖြစ်   ကာင်းထိြေနေရာ၌ယေရှုမိန့်တော်မူ၏။ အပြစ်သည်စိတ်ထဲမှအစပြုသည်။ ကျွန်ုပ်တို့သည် ထိုအရာကိုကြာရှည်စွာစဉ်းစားကြမည်ဆိုပါက၊ နောက်ဆုံးတွင်ထိုအရာကိုကျူးလွန်ကြမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် စိတ်စင် ကြယ်ခြင်းနှင့်ထိုအရာကိုအကောင်းဘက်မှစဉ်းစား သင့်သည်။”စင်ကြယ် သောအကျင့်ရှိသမျှတို့ကို. . . နှလုံး သွင် းကြလော့” (ဖိ ၄း၈)။
ဖေါ်ပြခဲ့သည့်အတိုင်း သမ္မာကျမ်းစာ၏ယေဘူယျသွန်သင်ချက်အရကာမရာဂကိုမှန်ကန်စွာအသုံးပြုခြင်းမှာ လင်မယားဆက်ဆံခြင်း၌သာဖြစ်သင့်သည်။ လက်ဖြင့်ကာမဆန္ဒကိုဖြေဖျောက်ခြင်းသည် ဤလိုအပ်ချက် ကိုဖြည့်ဆည်းနိုင်သောကြောင့်ဘုရားသခင် ပေးသည့်အလေ့အထကိုအလွဲသုံးခြင်းဖြစ်သည်။
မိမိတကိုယ်တည်းကာမရာဂဆန္ဒဖြေဖျောက်ခြင်း၏အဓိကန္တရယ်မှာမိမိကိုယ်ကိုသေလေးစားမှု၊ မိမိကိုယ်ကိုထိန်းတတ်မှု၊အားကြီးသောဆုံးဖြတ်နိူင်သညိ့အစွမ်းနှင့်ကျန်းမာရေးတို့ကိုမထီမဲ့မြင်ပြုသည်ကိုတွေ့ရသည်ဟုစုံလယောက်ကပြောပါသည်။ ထိုသို့ပြုမူလေ့ရှိသည့်အကျင့်သည် ခရစ်ယာန်အစေခံလုပ် ငန်း၌လူတစ်ယောက်အား အားနည်းစေသည်။ မိမိစိတ်မလုံခြင်းနှင့် ညစ်ညမ်းခြင်းတို့ကို မကြာခဏ ဖြစ်စေသည်။
ကျွန်ုပ်တို့သည် ထိုသို့ပြုမူခြင်း၏ဆိုးဝါးမှုကိုဝန်ခံသောအားဖြင့် ထိုကိစ္စကို ချိန်ခွင်ညီမျှအောင်ပြုသင့်သည်။ ထိုအရာသည် ကာမရာဂဆိုင်ရာစွမ်းအားချဲ့ခြင်း၊ ရူးသွပ်ခြင်းနှင့်ခံစားမှုမရှိတော့ခြင်းစသည်တို့ကို ဖြစ်စေကြောင်းအသင်းတော်ခေါင်းဆောင်များပင်လျှင်သတိပေးချက်များထုတ်ပြန်ခဲ့ကြသည်။ဤဖေါ်ပြချက်တို့ကို ကျန်းမာရေးဆိုင်ရာအထောက်အထားများက ကောင်သည်ဟု မ  ေ ထာက်ခံပါ။
ဤတိုက်ပွဲမှာ လူငယ်ယုံကြည်သူတယောက်အတွက် ဆန့်ကျင်တိုက်ခိုက်ရန်အခက်ခဲဆုံးတခုဖြစ်သည်။ သူ၏ယတိပြတ်ဆုံးဖြတ်ထားသောအရာသည် နော က်ဆုံး၌မအောင်မြင်မှုနှင့်အဆုံးသတ်သည်။ သူ၏အရေး ပေါ်ဆုတောင်းချက်တို့သည် အဖြေမရသကဲ့သို့ဖြ စ်သည်။ ထိုသို့ရန်းကန်ခြင်းသည် အချည်းနှီးကဲ့သို့ဖြစ် သည်။ တိုးတက်အောင်မြင်ရန်မျှော်လင့်ချက်မရှိပါဟုကျွန်ုပ်တို့မပြောရပါ။ သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့အောင်မြင်နိုင်စေရန် တန်ခိုးမရှိပါဟုဆိုလိုခြင်းမဟုတ်ပါ။ ကျွန်ုပ်တို့၌အောင်မြင်နိုင်သော အစွမ်းတန်ခိုးမရှိကြသော်လည်း ဘုရားသခင်၌ရှိပါသည်။ မအောင်မြင်သောအခါ ထိုအကျင့်ကိုဝန်ချတောင်း ပန် ၍ စွန့်ပစ်ခြင်းအားဖြင့် အပြစ်လွှတ်ခြင်းနှင့်ဆေးကြောခြင်းရှိသည်ကို ကျွန်ုပ်တို့သတိရသင့်သည(၁ ယော ၁း၉။ သုတ္တံ ၂၈း၁၃)။
ျမ်းချက်ကို ကျွန်ုပ်တို့ပို၍ အလွတ်ကျက်ပြီး ဘုရား သ ခင်၏နှုတ်ကပတ်တော်ကို ဆင်ခြင် အောက် မေ့ကြလေ၊ ဤကဏ္ဍ၌ကျွန်ုပ်တို့ပို၍ အောင်မြင်ကြောင်းတွေ့ကြုံမည်ဖြစ်မည်။ ထိုအကျင့်သည် တခါမှမလုပ် တော့သည့်အထိတစတစလျော့သွားမည်ဖြစ်သည်။လူ၏အတွင်း၌အောင်းနေသောအပြစ်၏ တန်ခိုးမှလွတ် မြောက်ရန်နည်းများမှာ အောက်ပါအတိုင်းဖြစ်သည်။
“ သင်၏ခန္ဓာကိုယ်ကိုအသက်ရှင်သောယဇ်အနေနှင့်နေ့ ရက်စဉ်တိုင်းသခင္ဘုရားအားဆက္ကပ္ပါ (ေရာမ ၁၂း၁-၂)။ဘုရားသခင်၏နှုတ်ကပတ်တော်အတွက်အချိန်များများအသုံးပြုပါ။”ကိုယ်တော်ကိုမပြစ်မှားဘဲနေနိုင်မည်အကြောင်း ဗျာဒိတ်တော်ကိုနှလုံးထဲမှာသိုထားပါ၏” (ဆာလံ ၁၁၉း၁၁)။
> အချိန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ဆုတောင်းပါ။ ဤနေရာ၌ဆုတောင်းချက်နှင့်ပတ်သက်သော အကြံပေးချက်တချို့ကိုပေးထားပါသည်။- ကျွန်ုပ်အားအပြစ်ဒုစရိုက်မှ စောင့်ရှောက်တော်မူပါ။ မတရားမေထုန်ပြုသောအားဖြင့် သခင်ယေရှု၏ နာ မ တော်အပေါ်မရိုသေ၊မလေးစားမှုမျိုးတခါမှမဖြစ်စေရန် မစပါ။ပြိုလဲသည်ထက်ကောင်းကင်အိမ်တော်သို့ကျွန်ုပ်အားခေါ်တော်မူပါ။အပြစ်သွေးဆောင်ခြင်းနှင့်အပြစ်ဒုစရိုက်ပြုမည့်အခွင့်အရေးမကြုံကြိုက်ပါစေနှင့်။- ကျွန်တော်အပြစ်လုပ်လိုသော်လည်း မလုပ်နိုင်ရန်စောင့်ရှောက်တော်မူပါ။
 > ကိုယ်ကျင့်တရား၊ စာရိတ္တ သို့မဟုတ် ဝိညာဉ်ရေးရာ ၌သာ၍မြင့်သောလမ်းကြောင်းများသို့ ကာယပိုင်းမောင်းနှင်ခြင်းအားဖြင့်ပို၍ မြင့်မြတ်မှုကိုလေ့ကျင့်ပါ။ ဤအရာကိုဘုရားသခင်အတွက် မအားမလပ်လုပ်ဆေ ာင်သောအားဖြင့်သင်ပြုလုပ်နိုင်သည်။ အိပ်လွန်းခြင်းသည် မည်သည့်အကျိုး ကိုမျှမပေးပါ။ ပို၍ကောင်းသည့်မူမှာ မိမိဇာတိအကြိုက်ကိုငြင်းပယ်ပြီးမှ ခရစ်တော်အတွက်အသက် ရှင်ရန်ဆုတောင်းခြင်းဖြစ်သည်။ အကြီးဆုံးသောသွေးဆောင်ခြင်းခံရသည့်အချိန်များမှာ အလွန် အကျွံစားသောအချိန်နှင့် အလွန်အကျွံအိပ်သောအချိန်များဖြစ်သည်။ ဒါဝိဒ်မင်းသည် မဟာဆန်ခြင်း ကိုမကျင့်သုံးပါ။ သူသည်စစ်ပွဲ၌ရှိသင့်သောချိန်၌ အသွေးအသားဆန္ဒကိုလိုက်စားသည် (၂ ရာ ၁၁း၁ -၂၇)။
(၁ ကော ၉း၂၇) ၌ ပေါလုက တားမြစ်သောနည်းဖြင့်သူသည်အောင်မြင်မှုအဘယ်သို့ရသည်ကိုဝေငှသည်။ “သူတပါးကိုဆုံးမပြီးမှ ကိုယ်တိုင်ရုံးသောသူမဖြစ်ရမည် အကြောင်း၊ ကိုယ်ကိုထိုး၍နှိပ်စက်လေ့ရှိ၏” ဟုဆို၏။
တနည်းဆိုရသော်၊ သူသည် သူ၏ခန္ဓာကိုယ်ကိုအစား အစာ၊ အနားယူခြင်းနှင့်အပန်းဖြေခြင်းစသည် တို့နှင့်အလို မလိုက်လှပါ။ နေ့အချိန်တွင် အပြစ်ဒုစရိုက်လုပ် ဆောင်မှုများနှင့်ကာမရာဂစိတ်ကူးယဉ်မှု များမလုပ် ဘဲ ဘုရားသခင်အတွက်မအားမလပ်အလုပ်လုပ်သည်။ မောပန်းသောကြောင့် သူအိပ်ရာဝင်သော အခါ၌လည်း လျင်မြန်စွာအိပ်ပျော်သည်။
> စိတ်ကူးသည့်အသက်တာကိုထိန်းချုပ်ပါ။ ကာမရာဂအပြစ်ဒုစရိုက်တို့ကို အားပေးသည့်ရုပ်မြင်သံ ကြားအစီအစဉ်၊ ညစ်ညမ်းသောစာအုပ်များနှင့်မဂ္ဂဇင်းတို့မှာ ကိုယ်ကျင့်တရားဘက်၌ဆုံးရှုံးရန်ဖွင့်ထား သောတံခါးဖြစ်သည်။> ခရစ်တော်၏လွှမ်းမိုးမှုကိုခံပါ (၂ ကော ၃း၁၈)။> ရက်စက်သောသွေးဆောင် ခြင်းလာသည့်အချိန်၌ ထာဝရဘုရား၏နာမတော်ကိုခေါ်ပါ (သုတ္တံ ၁၈း၁ဝ)။
အပိုင်း
ခရစ်ယာန်အသက်တာCHRISTIAN LIFE
နှစ်ဆယ်
လုံးလုံးဆက်ကပ်ခြင်းTotal Commitment
ကရာနီလက်ဝါးကပ်တိုင်ပေါ်၌ ခရစ်တော်၏အပြစ်ဖြေလွှတ်ခြင်းအမှုမှာအလွန်ကြီးမား၍၊ အလွန်အရေးပါအဖိုးတန်လှသောကြောင့် ကိုယ်တော်၏တပည့်တော်တို့သည်ကိုယ်တော်၌ဆက်ကပ်ကြရန် ထိုအရာကတောင်းဆိုသည်။ဆက်ကပ်ရန်လိုအပ်ခြင်းနှင့်ပတ်သက်၍မေးခွန်းထုတ်စရာမရှိပါ။ ထိုအရာမှာ ထင်ရှားသိသာသောအဆုံးသတ်မှုတစ်ခုနှင့် အများလက်ခံသောအရာတစ်ခုဖြစ်သည်။ သို့ရာတွင် မဖြေရသေးသည့်မေးခွန်းနှစ်ခုရှိသည်။၎င်းတို့မှာမည်သည့်အတိုင်းအတာအထိကိုယ်တော်ထံသို့ကျွန်ုပ်တို့ဆက်ကပ်သင့်ပါသနည်း။ နေ့စဉ်အသက်တာ၌ ဤအရာသည်မည်သို့အလုပ်လုပ်နိုင်ပါသနည်းဟူဖြစ် သည်။
ကျွန်ုပ်တို့သည် လုံးလုံးဆက်ကပ်သင့်ပါသည်။ ကျွန်ုပ်တို့၏ဝိညာဉ်၊စိတ်နှင့်ခန္ဓာကိုယ်တို့ကိုလုံးလုံးပူဇော်ခြင်းသည် ကျွန်ုပ်တို့အတွက်ကိုယ်တော်၏ပူဇော်ခြင်းကို ထိုက်တန်စွာတုန့်ပြန်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ဓမ္မသီချင်းများစွာတို့သည် ဤအရာကိုကောင်းမွန်ပီသစွာဖော်ပြသည်။ “ကျွန်ုပ်၏နှလုံး၊အသက်၊ အရာအားလုံးတို့ကို တောင်းဆိုသည့်အံ့ဘွယ် ဘုရားမေတ္တာ။”
“ကိုယ်တော်သည် ကျွန်ုပ်အတွက်ပြုသောအရာအားလုံးတို့ကြောင့် ကျွန်ုပ်၏အကောင်းဆုံးထက်လျော့၍ မည် သို့ပေးနိုင်မည်နည်း။ ကိုယ်တော်အတွက်လုံးလုံးအ သက်ရှင်ဖို့ထက် လျော့၍မည်သို့အသက်ရှင်နိုင်မည်နည်း။” “ယေရှုသည်သူ၏အရာအားလုံးပေးနေသည့်အချိန်မှာ ပို၍နည်းသောစွန့် လွတ်ခြင်းကိုကျွန်ုပ်အ ဘယ်သို့ပြုနိုင်မည်နည်း။
သို့သော်လည်း ယုံကြည်သူတစ်စုံတစ်ယောက်သည် ကယ်တင်ရှင်ထံသို့မိမိကိုယ်ကို “လုံးလုံးဆက်ကပ်ဖူးခြင်း” ရှိ၊ မရှိ၊ မေးခွန်းတစ်ခုရှိနိုင်ပါသည်။တမန်တော်ရှင်ပေါလုပင်လျှင် ထိုအရာကိုရရှိ၍စုံလင်နေပြီဟု ဝန်မခံခဲ့ပါ(ဖိလိပၸိ ၃း၁၂)။ ကျွန်ုပ်တို့၏အပြစ်များ၊ ဆုံးရႈံးမႈမ်ား၊ အတၱဆန္မႈမ်ား၊ရှုပ်ထွေးရောယှက်သည့်စိတ်ထားများစသည်တို့ကို ကျွန်ုပ်တို့စဉ်းစားသောအခါ၊ သခင်ဘုရာ းထံတော်၌ကျွန်ုပ်တို့၏ဆက်ကပ်ခြင်းမှာ ျဖစ္သင့္ျဖစ္ထိုက္သောအတိုင်း အတာဖြစ်သည်ဟု ကျွန်ုပ်တို့ပြောရန်စိတ်လေးနေကြသည်။
သို့သော်လည်း ထိုအရာသည်ကျွန်ုပ်တို့ထားသည့် စံနှုန်းအတိုင်းကြိုးစား၍သွားခြင်းကိုရပ်တန့်စေရန်မလိုပါ။ ကျွန်ုပ်တို့မရောက်ခဲ့သော် လည်း ထိုပန်းတိုင်သို့ကြိုးစ ားပြီးပြေးနိုင်ပါသည်။ ကျွန်ုပ်တို့သည် “ရှိသမျှစွန့်၍ လက်တော်သို့အပ်မည်” ဟူ၍ လက်တွေ့ မဆိုနိုင်ကြသော်လည်စိတ်နှလုံး၏ပန်းတိုင်အဖြစ်သီဆိုနိုင်ပါသည်။
ထို့ကြောင့် ထိုအရာက သမ္မာကျမ်း၌ရှိသောဆက်ကပ်မှုကဏ္ဍတစ်ခုလုံးကို ကျွန်တော်တို့စစ်ဆေးရန်ဖြစ်စေ သည်။ ဆက်ကပ်မှုဆိုသည်မှာအဘယ်နည်း။ ဆက်ကပ်မှုဆိုသည်မှာ သခင်ဘုရားကအလိုတော်ရှိ သည့်အတိုင်းပြုလုပ်နိုင်ရန် သင်၏အသက်ကိုပေးခြင်းဖြစ်သည်။ ၄င်းမှာ ကာယကံရှင်ကမိမိ၏ အလိုဆန္ဒ အစားခရစ်တေ ာ်၏ အလိုဆန္ဒကို ကောင်းမွန်စွာစဉ်းစားသောအားဖြင့်ရွေးချယ်၍ လုပ်ဆောင်သော အရာတစ်ခုဖြစ် သည်။ ကိုယ်တော်အတွက်သော်၄င်း၊ ဧဝံဂေလိတရားအတွက်သော်၎င်း၊ သင်၏အသက် ကိုဆုံးရှုံးခြင်းဖြစ် သည်။ ကိုယ်တော်အားသင်၏စိတ်နှလုံးနှင့်ဆက်ကပ်၍ သင်၏စိတ်နှလုံးနှင့် ချစ်ခြင်း ဖြစ်သည်။
ဖျားနာသည်ဖြစ်စေ၊ ကျန်းမာသည်ဖြစ်စေ
ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ
အိမ်၌နေသည်ဖြစ်စေ၊ ခရီးထွက်သည်ဖြစ်စေ
လူလွတ်ဖြစ်စေ၊ အိမ်ထောင်သည်ဖြစ်စေ
မထင်ရှားသောသူဖြစ်စေ၊ ထင်ရှားသောသူဖြစ်စေ
အသက်တာတိုသည်ဖြစ်စေ၊ ရှည်သည်ဖြစ်စေ
ယူပါသခင်၊ အကျွန်ုပ်ရှိသည့်အတိုင်း
ပြုပြင်ပါသခင်၊ သခင်အပိုင်ပဲမို့
အကျွန်ုပ်နှလုံးသားအား သခင့်နန်းတော်
သခင့်ပလ္လင်တော် ဖြစ်စေမူပါ။ (စာရေးသူမသိ)
“ထိုသို့မဟုတ်ပါသခင်။” “ကျွန်ုပ်အရင်ဖြစ်ပါရစေ။” “ယခုမဟုတ်ဘူး၊နောက်မှ” စသည်တို့သောစကား လုံးများသည် ဆက်ကပ်ခြင်းဝေါဟာရ၌မရှိပါ။ဆက်ကပ်ခြင်းနှင့်ပတ်သက်၍ စဉ်းစားချင့်ချိန်မှု ယေရှုခရစ်တော်ထံ၌လုံးလုံးဆက်ကပ်ခြင်းအတွက် လေးနက်သောအကြောင်းရင်းများရှိသည်။
၁။ ဘုရားသခင်၏ဂရုဏာတော်သည် ထိုအရာကိုတောင်းဆို၏။”ပိုက်ဆံနှစ်ပြားမျှဖြစ်သောကျွန်ုပ်တို့၏ အရာအားလုံးကို ကိုယ်တော်အားမပေးေသာ္လည္း ကိုယ်တော်ကိုချစ်သည်ဟုပြောခြင်းမှာ ကျွန်ုပ်တို့အတွက်အရာအားလုံးကိုပေးသည့်ထိုမေတ္တာကိုစော်ကားခြင်းဖြစ်သည်။ ကိုယ်တော်၏ အရာခပ်သိမ်းမှာကောင်းကင်၊ မြေကြီး၊ ထာဝရကာလ၊ သူကိုယ်တိုင်ဖြစ်သည်။သူ့ကို လုံးလုံးချစ်ရပါမည်။ နွေးရုံသာရှိသည်ထက် အေးခြင်းသည်ပိုကောင်း၏(Lady Powerscourt)။
“ကယ်တင်ခြင်းအတွက် ထာဝရအသက်ဝိညာဉ်ကိုဘု ရားသခင်အားပေးသော်လည်း သေတတ်သော အသက်တာကိုမပေးဘဲနေခြင်းမှာ ရိုးသားမှုမရှိပါ။ ကျွန်ုပ်တို့အားငရဲမှ ကယ်တင်၍ကောင်း ကင်သို့ခေါ် ဆောင်သည်ဟုကိုယ်တော်အားယုံကြည်ကြသော်လည်း ကျွန်ုပ်တို့၏အသက်တာများ ကိုကိုယ်တော်အားမအုပ်စိုးစေကြပါ” (R. A. Laidlaw)။
၂။ ဘုရားသခင်၏သားတော်သည် ကျွန်ုပ်အတွက်အ သေခံသည်ဟူသောအချက်မှာ လက်ခံသင့်သည့် တစ်ခုတည်းသောတုန့်ပြန် မှုဖြစ်သည်။ ထိုအရာသည် ဘုရား သခင်၏ဂရုဏာတော်ကိုထောက်ထားရန် တစ်ခုတည်းပြုအပ်သောဝတ်ဖြစ်သည်။ ကိုယ်တော်ကျွန်ုပ်တို့အတွ က်အသေခံပါက ကျွန်တော့အနေ နှင့်အနည်းဆုံးပြုနိုင်သည့်အရာမှာ ကျွန်ုပ်အသက်တာကို ကိုယ်တော်အ တွက်ပေးခြင်းဖြစ်သည်။ “ယေရှုခရစ်တော်သည်ဘု ရားသခင်ဖြစ်၍ ကျွန်ုပ်အတွက်အသေခံပါက၊ ကိုယ်တော်အတွက် စွန့်လွတ်ခြင်းမှန်သမျှသည် ကြီးမားလွန်းမည်မဟုတ်ပါ” (C. T. Studd)။
“လက်ဝါးကပ်တိုင်သည် သင်အားအံ့အားသင့်စေ၍ သင်၏အသက်တာ၌အရေးကြီးဆုံး သောအရာ မဖြစ်မချင်း သင့်အတွက်အဓိပ္ပါယ်ရှိမည်မဟုတ်(Harold St. John)။
၃။ ၄င်းသည် ဘုရားသခင်၏လမ်းပြမှုကိုသိရန် သေချာသည့်နည်းဖြစ်သည်။
၄။ ကျေးဇူးသိတတ်ခြင်းက တောင်းဆိုသည်။
၅။ ကျွန်ုပ်တို့သည် မိမိကိုယ်ကိုမပိုင်ကြပါ။ သခင်ယေရှုသည်ကရာနီလက်ဝါးကပ်တိုင်ပေါ်၌ တန်ဖိုးမဖြတ်နိုင်သောအဘိုးနှင့်ကျွန်ုပ်တို့ကိုဝယ်ယူသည်။ ကျွန်ုပ်တို့ကိုကိုယ်တော်ပိုင်သည်။ ကျွန်ုပ်တို့သည်မိမိတို့၏အသက်တာကိုမိမိကြိုက်နှစ်သက်သည့် အတိုင်းအသုံးပြုကြမည်ဆိုပါက ကျွန်ုပ်တို့သည်သူခိုးများဖြစ်ကြသည်။
ကျွန်ုပ်သည် ကျွန်ုပ်၏ကိုယ်စားအသေခံသည့်ယေရှုအကြောင်းကိုသိခဲ့သော်လည်း ကိုယ်တော်သည်ကျွန်ုပ်အတွက်အသေခံပါက ကျွန်ုပ်သည် မိမိကိုယ်ကိုမပိုင် သည်ကိုတခါမှနားမလည်ခဲ့ပါ။ ကယ်တင်ခြင်းဆိုသည်မှာ ပြန်လည်ရွေးဝယ်ခြင်းဟုဆိုလိုသောကြောင့် ကျွန်ုပ်သည်ကိုယ်တော်ပိုင်သည်ဆိုပါကျွန်ုပ်သည်ကျွန်ုပ်၏ အ ပိုင်မဟုတ်သောအရာကိုယူသောသူခိုးတစ်ယောက်ဖြစ်ခဲ့မည်ဖြစ်သည်။ သို့မဟုတ် အရာခပ်သိမ်းတို့ကိုဘုရ ားသခင်အားပေးရမည်ဖြစ်သည်။ ယေရှုသည်ကျွန်ုပ်အတွက်အသေခံသည်ကိုကျွန်ုပ်သိသောအခါ ကိုယ်တေ ာ်အတွက်အရာရာတို့ကိုစွန့်လွှတ်ပေးကမ်းခြင်းမှာခက်သည်ဟု မထင်တော့ပါ (C. T. Studd)။
.ရွာတရွာ၌ရှိသောအော်ဂင်တီးသမားတစ်ယောက်သည် အသင်းတော်၌လာရောက်လည် ပတ်သောလူတစ်ယောက်အား အသင်းတော်၏အော်ဂင်တီးခွင့်ကိုနှစ်ကြိမ်တိုင်တိုင်မပေးဘဲငြင်းပယ်သည်။ နောက်ဆုံးတွင် သူသည်လက်လျှော့ပြီး ဧည့်သည်ကတီးသည်။ ဘုရားကျောင်းတခုလုံးသည် ကောင်းကင်တေးသံစဉ်နှင့်ပြည့်နေသကဲ့သို့ဖြစ်သည်။ အော်ဂင်သမားက “သင်ဘယ် သူလဲ” ဟု မေးရာ၊
ထိုဧည့်သည်က ဣန္ဒြေရရနှင့် “ကျွန် တော်၏နာမည်မှာMendelssohnဖြစ်ပါတယ်” ဟု ပြန်ဖြေသည်။ ထိုသူက၊ “ဘာ၊” အော်ဂင်တီးခွင့်ကိုကျွန်တော်ငြင်းဆန်ခဲ့ပါသလား”” ဟု အရှက်တကွဲဖြစ်ခြင်းနှင့်ပြော၏။ ဘုရားသခင်သည်ကျွန်ုပ်တို့၏အော်ဂင်ကိုပို၍ ကောင်းအောင်တီးသည့်နည်းကိုသိသော ကြောင့်ကျွန်ုပ်တို့ သည်ဘုရားသခင်အားယုံကြည်စိတ်ချမှုကိုပေးသင့်သည်။
၆။ ယေရှုသည် သခင်ဖြစ်၏။ ကိုယ်တော်သည်သခင်ဖြစ်ပါကသူ သည်လူအားလုံးအပေါ်၌အခွင့်အရေးရှိ သည်။ “ခရစ်တော်သည်သေသောသူတို့ကို၄င်း၊ရှင်သောသူတို့ကို၎င်း အစိုးရသောအရှင်ဖြစ်လိုသောငှါ အသေခံ၍၊ ခံပြီးမှအသက်ရှင်ပြန်တော်မူ၏” (ရောမ ၁၄း၉)။
၇။ ကိုယ်တော်သည် ကျွန်ုပ်တို့အတွက်အကောင်းဆုံးဖြစ်မည့်အရာကိုကျွန်ုပ်တို့ထက်ပို၍သိသည်။ ကိုယ္ေတာ္သည္ ကျွန်ုပ်တို့မသိနားမလည်ခြင်းနှင့်ရွေးချယ်သောအရာတို့ကိုသိသည်။
၈။ ကိုယ်တော်သည်ပျက်စီး၍သိမ်ဖျင်းသောဘဝမှကျွန်ုပ် တို့ကိုကယ်တင်သည်။ ကိုယ်တော်သည်စစ် ရေးပြသောနေ့၌ ပူစီဖေါင်းရောင်းသည့်ဘဝ၊နေကြတ်သောနေ့ရက်များ၏မှောင်မိုက်သောအချိန်များ၌ အချည်းနှီးလုပ်ဆောင်သည့်လူများဖြစ်နေခြင်းမှ ကျွန်ုပ်တို့ကိုကယ်တင်သည်။ သို့မဟုတ် တိုင်တန်းနစ်သ င်္ဘောပေါ်တွင်ခုံများကိုပြန်၍စီနေခြင်း သို့မဟုတ် မီးလောင်နေသောအိမ်တ အိမ်၏နံရံများအပေါ်၌ ရုပ်ပုံများကိုစနစ် တကျပြန်စီခြင်းမှကယ်တင်သည်။တနေ့သ၌ Apple ကွန်ပျူတာ၏အကြီးအကဲဖြစ်သူ Steve Jobs သည် Pepsi-Cola ၏ ဥက္ကဋ္ဌဖြစ်သူ John Scully နှင့် စကားပြောနေသည်။ Scullyသည် ကွန်ပျူတာစက်ရုံကိုတိုးပွားစေရာ၌ သူ၏အရည်အချင်းကိုပို၍အသုံးပြုနိုင်မည်ဟု စိတ်ထဲ၌ခံစားသည်။ Jobs က Scully အား “ရေကိုချိုစေသည့်အရာရောင်းခြင်းကိုရပ်စဲ၍ ကမ္ဘာကြီးကိုပြောင်းလဲ စေမည့်အရာတခု ကိုပြုလုပ်ပါ”ဟုဆို၏။ Scully သည် ထိုစိန်ခေါ်မှုကိုလက်ခံသည်။
ယေရှုရှင်ပြန်ထမြောက်ပြီးနောက် ပေတရုသည်အခြားတပည့်တော်တို့အား “ငါ၊ ငါးဖမ်းသွားမယ်” (ယော ၂၁း၃) ဟု ပြောသည်မှာ မယုံနိုင်စရာပါ။သူ၌ကမ္ဘာ့ကယ်တင်ခြင်းသတင်းရှိသည်။ ပေတရုသည် ငါးဖမ်းရန်သွားသည်။
၉။ ခရစ်တော်၏ချစ်ခြင်းမေတ္တသည် ငါတို့ကို အနိုင် အထက်သွေးဆောင်သည် (၂ ကော ၅း၁၄-၁၅)။ David Livingstone က “ကျွန်တော်တို့ကိုအကြပ်ကိုင်သည်” ဟုဆို၏။
၁ဝ။ ခရစ်တော်သည်အရေးကြီးသောအရာအပေါ်၌ အသစ်တန်ဖိုးထားတတ်ခြင်းတစ်ခုကို ကျွန်ုပ်တို့အား ပေးသည်။
လူတစ်စုံတစ်ယောက်သည်ခရစ်တော်၏မျက်စိတော်ကိုကြည့်၍ ကိုယ်တော်၏အသက်ရှင် နည်း၏စွဲ ဆောင်မှုအားခံစားသောအခါ၊ ခရစ်တော်မရောက်မှီ စုံလင်ပြည့် စုံသကဲ့သို့ရှိသော လောကီစံနှုန်းအဆင့် များနှင့်ကျေနပ်ခြင်းမရှိတော့ပါ။ ခရစ်တော်သည်ဖျက်စီးပစ်သည်။ တန်ဘိုးထားခြင်းနှင့်ဆိုင်သော အဟောင်းစံ နှုန်းတို့မှာ မီးသွေး၊ ပြာနှင့်အမှိုက်ဖြစ်ကြပြီ။ ထိုအရာအတွက်ဘုရားသခင်ကိုကျေးဇူးတင်ပါ၏။
Haddon Robinsonကစာအုပ်သမာကျမ်းနှင့်အညီဟောပြောခြင်း” (Biblical Preaching) တွင်Earne stCam pbell ၏စကားကိုကိုးကားသည်။
မိမိအသက်တာ၏အလုပ်နှင့်ပတ်သက်၍ Leonard Woolf အမြင်အပေါ်ကျွန်တော်အလဲထိုးခံရသည်။ သူက ဤသို့ပြောခဲ့သည်- “ကျွန်တော်သည်လက်တွေ့၌ မည်သည့်အရာတခုမှမရသည်ကို ရှင်းလင်းစွမြင်သည်။ ယနေ့ကမ္ဘာနှင့် လွန်ခဲ့သော ၅ – ၇ နှစ်ရှိသည့်လူ့သမိုင်းမှာ ကော်မီတီထိုင်၍စာအုပ်များ နှင့်မှတ်တမ်များရေး မည့် အစား ပင်ပေါင် (Ping-Pong)ချည်းသာကစားခဲ့မည်ဆိုပါက ဘယ်အရာမှမပြောင်း လဲဘဲ ရှိရင်းအတိုင်း ဖြစ်နေမည်။ ထို့ကြောင့် ကျွန်တော်သည် ထိုနှစ်ရက်ကာလ အတွင်းနာရီပေါင်း ၁၅၀,၀၀၀ နှင့် ၂၀၀,၀၀၀ အကြား အကျိုးမရှိဘဲဖြုန်းတီးကြောင်းကို ရှက်ဘွယ်ရာဝန်ခံရပါမည်။”
လက်ဝါးကပ်တိုင်သည် ထိုသို့အရေးကြီးရာ၊ ထိုအ ကြောင်းကိုသိရှိနားလည်သောယုံကြည်သူအတွက် အရာရာဖြစ်နိုင်သည် သို့မဟုတ် မည်သည့်အရာမျှမဟုတ်သောအရာတခုဖြစ်နိုင်သည်။
ကျွန်ုပ်တို့၏ အသက်ကိုခရစ်တော်ထံသို့မဆက်ကပ်ခြင်းမှာ ကိုယ်တော်အားပျင်းရိစေသကဲ့သို့ဖြစ်သည်။ ကိုယ်တော်အား “ကိုယ်တော်က ကျွန်ုပ်၏အသက်တာကိုစီမံဆောင်ရွက်ပေးခြင်းသည် ကျွန်ုပ်၌ကောင်း မှုတစ်ခုမျှမရှိပါ”ဟု ပြောနေခြင်းဖြစ်သည်။
ဆက်ကပ်ခြင်းနမူနာများ
ခရစ်တော် (ဟေရှာယ ၆။ ဟေဗြဲ ၁း၇)။ ကျွန်ုပ်တို့ သခင်ဘုရားသည်ခမည်းတော်၏အမှုကိစ္စအတွက် စိတ်အားကြီးခြင်းကလွှမ်းမိုးသည်။ သူ၏တခုတည်းသောလိုအင်ဆန္ဒမှာ ခမည်းတော်ဘုရား ကျေနပ် စေရန်ဖြစ်သည်။
အာဗြဟံ (ကမ္ဘာဦး ၂၂း၁-၁၉)။ ဤပုဂ္ဂိုလ်သည် ဘုရား၏စကားနားထောင်ရာ၌အချစ်ဆုံးတဦးတည်းသောသား ဣဇက်၏အသက်ကိုပူဇော်သည်အထိဖြစ်စေသော်လည်း ဘုရားသခင်၏စကားနားထောင်ရန်တွန် ့ဆုတ်ခြင်းမရှိပါ။
မီးရှို့ရာယဇ်(ဝတ်ပြုရာ ၁း၁၃)။ မီးရှို့ရာယဇ်၏အထင်ရှားဆုံးသောအရာမှာ ဘုရားသခင်အတွက်လုံး လုံးအသုံးပြုခံခြင်းဖြစ်သည်။ ထိုပူဇော်သက္ကာကိုပူဇော်သောသူသည် ကိုယ်တော်အတွက်လုံးလုံး အသက်ရှင်ရမည်ဟူသောဆန္ဒကိုဖော်ပြသည်။
ဟေဗြဲလူမျိုးကျွန် (ထွက် ၂၁:၂-၆။ တရားဟော ၁၅း၁၁-၁၈)။ဟေဗြဲကျွန်တယောက်သည် ကျွန်ဘဝ မှလွတ်မြောက်ဘို့ ရွေးချယ်ရန်ရှိသောအခါ သခင်၏ကျွန်အစဉ်အမြဲဖြစ်ဘို့ရွေးချယ်ခွင့်ရှိသည်။
ၡသ (ရုသ ၁း၁၆-၁၇)။ တပါးအမျိုးသားလုံမပျိုသည် မပျောက်ပျက်သောစကားများ အားဖြင့်သူမ ၏ဆက်ကပ်မှုကိုဖော်ပြသည် –
ကျွန်မသည်ကိုယ်တော်ကိုမစွန့်ပါရစေနှင့်၊ နောက်တော်သို့မလိုက်ဘဲပြန်သွားစေခြင်းငှါမပြုပါနှင့်။ ကိုယ်တော်သွားလေရာရာသို့ ကျွန်မလိုက်ပါမည်။ ကိုယ်တော်အိပ်လေရာရာ၌ ကျွန်မအိပ်ပါမည်။ ကိုယ်တော်အမျိုးသည်ကျွန်မအမျိုး၊ ကိုယ်တော်ဘုရားသည်ကျွန်မဘုရားဖြစ်ပါစေ။ ကိုယ်တော်သေရာအရပ်၌ကျွန်မသေ၍သင်္ဂြိုဟ်ခံပါမည်။ သေခြင်းမှတပါးအခြားသောအမှုကြောင့် ကိုယ်တော်နှင့်ကျွန်မကွာလျှင် ထာဝရဘုရားသည်ကျွန်မ၌ထိုမျှမကပြုတော်မူပါစေသော။
ရှာဒရက်၊ မေရှက်၊ အဘိနဂေါ (ဒံယေလ ၃း၁၇-၁၈)။ ဘုရားသခင်အပေါ်၌သူတို့၏သစ္စာစောင့်ခြင်းအားဖြင့် သူတို့၏ယုံကြည်ခြင်းကိုအပေးအယူလုပ်မည့်အစား မီးလျှံကိုမကြောက်ဘဲနေသည်အထိဖြစ်စေသည်။ ထိုအချိန်၌ရှိသောလောကီမင်းအား ကျွန်ုပ်တို့ကိုးကွယ်သော ဘုရားသခင်သည် မီးလောင်လျက်ရှိသောမီးဖိုထဲမှ အကျွန်ုပ်တို့ကိုကယ် နိုင်တော် မူ၏။ ကိုယ်တော်၏လက်မှလည်းကယ်လွှတ်တော်မူလိမ့်မည်။ ထိုသို့ကယ်လွှတ်တော် မမူပါက လည်း အရှင်မင်းကြီးကိုယ်တော်၏ဘုရားတို့ကို အကျွန်ုပ်တို့သည်ဝတ်မပြုပါ။ တည်ထားတော်မူ သောရွှေရုပ် တုကိုလည်းမကိုးကွယ်ပါဟုပြောကြ၏။Thomas Cranmer.နှင့်ယုံကြည်ခြင်းစွန် လွှတ်ရန်လက် မှတ်ထိုး သည့်လက်။ အားနည်းနေသောအခိုက်အတန် ့တွင် Bishop Cranmer သည်သူ၏ယုံကြည်ခြင်းကို စွန် ့လွှတ်ကြောင်းလက်မှတ်ထိုးခဲ့သည်။ သို့သော်နောက်ပိုင်း၌ပြန်၍ စဉ်းစားသည်။ သစ်တိုင်၌ မီးရှို့မခံရမှီ ဆိုးယုတ်သောစာချုပ်၌လက်မှတ်ထိုးသည့်သူ၏လက်ကိုမီးထဲသို့ပစ်ချ၍ “ဤတန်ဘိုးမဲ့သည့်လက်
ပျက်စီးပါစေ” ဟုဆို၏။ မိမိကိုယ်အင်္ဂါများထဲမှလက်ကိုမီးနှင့်လောင်စေချင်သည်။
John Nelson Darby ၊ Darby သည်သူ၏စိတ်ဓါတ်မကျဘဲဆက်ကပ်သောအချိန်နှင့်အမှုတော်လုပ်ငန်း၌ဖြစ်ထွန်းအောင်မြင်သောအချိန်ကာလတွင်လက်ဆွဲအိတ်တခုတည်းရှိသည်။တနေ့သောအခါသူသည်ဈေးပေါသည့်အီတလီဘော်ဒါဆောင်တစ်ခု၏အထဲ၌ထိုင်၍ “ယေရှု၊အရာအားလုံးကိုစွန့်၍မိမိလက်ဝါးကပ်တိုင်ကိုထမ်းကာ၊နောက်တော်သို့လိုက်ပါသည်” ဟုသီချင်းဆိုသည်။မှန်ပါသည်။
  1. H. Spurgeon။ တရားဟောဆရာများ၏မင်းသားက ဤသို့ရေးသည်-
“ကျွန်တော်သည်ကယ်တင်ရှင်ထံ၌ မိမိအလိုအလျောက်အညံခံရသောထိုနေ့တွင် ကျွန်ုပ်၏ခန္ဓာကိုယ်၊ စိတ်၊ ဝိညာဉ်တို့ကိုကိုယ်တော်အားပေးသည်။ကျွန်ုပ်၌ရှိသောအရာအားလုံး၊ ဤဘဝနှင့်နောင်ဘဝ၌ရှိဦးမည့် အရာအားလုံးကို ကိုယ်တော်အားပေးသည်။ ကျွန်ုပ်၏အစွမ်း၊ ပညာ၊ မျက်စိ၊ နား၊ ခြေလက်၊စိတ်ခံစားချက်၊ ဆုံးဖြတ်ချ က်၊ ဘဝတခုလုံး၊ ၄င်းမှဖြစ်လာမည့် အရာအားလုံးကို ကိုယ်တော်အားကျွန်ုပ်ပေးပါ၏” ဟုရေးသည်။
  1. T. Pierson က Spurgeon နှင့်ပတ်သက်၍ “သူ၌ရှိသမျှသောဉာဏ်နှင့်ဘု ရားသခင်ပေးသောအခွင့်အရေးရှိသမျှတို့ကို သူသည်အားလုံးနီးပါးလုပ်သည်” ဟုဆို၏။
William Borden ။ ဤလူချမ်းသာကသူ၏ဆက်ကပ်ခြင်းကို ဤသို့ပြောသည်- “သခင်ယေရှု၊ ကျွန်တော်သည်မိမိအသက်အတွက်ကျွန်ုပ်၏လက်ကိုဖယ်ရှာ းသည်။ ကျွန်ုပ်၏စိတ်နှလုံး ပလ္လင်ပေါ်၌ကိုယ်တော်ကိုထားပါ၏။ကိုယ်တော်ရွေးချယ်တော်မူသည့်အတိုင်း ကျွန်ုပ်ကိုပြောင်းလဲစေပြီး၊ သန့်ရှင်းစေ၍အသုံးပြုတော်မူပါ။ကိုယ်တော်၏သန့်ရှင်းသောဝိညာဉ်တော်၏ပြည့်ဝသောတန်ခိုးကိုကျွန်ုပ်ယူပါ၏။ ကိုယ်တော်ကိုကျေး ဇူးတင်ပါ၏။”
Betty Stam။သမာကျမ်းစာအုပ်၏ရှေ့မျက်နှာ၌ Betty ရေးသောစာကအောက်ပါအတိုင်းဆိုလိုသည်-“သခင်ဘုရား၊ ကျွန်မ၏ရည်ရွယ်ချက်နှင့်အစီအစဉ်များ၊ ဆန္ဒများ၊ မျှော်လင့်ချက်များ၊ အာသီသ များတို့ ကိုစွန့်လွှတ်၍ ကျွန်မ၏အသက်တာအတွက်ကိုယ်တော် ၏အလိုတော်ကိုလက်ခံပါ၏။ ကျွန်မ သည် မိမိကိုယ်ကို၄င်း၊အလုံးစုံတို့ကို၎င်း၊ ထာဝစဉ်ကိုယ်တော်၏အပိုင်ဖြစ်ဘို့ ပေးပါ၏။ ကျွန်ုပ်၏မိတ်ဆွေများ၊ အချစ်များအားလုံးကို ကိုယ်တော်အားလွှဲအပ်ပါ၏။ ကျွန်မချစ်သည့် လူအားလုံးတို့သည် ကျွန်မ၏ စိတ်နှလုံးထဲ၌ ဒုတိယနေရာသာဖြစ်ပါ၏။ ကိုယ်တော်၏အလိုတော်အားလုံးကို ကျွန်ုပ်၏အထဲ ၌ အလုပ် လုပ်စေပါ။ ကျွန်မသည် ခရစ်တော်အတွက်အသက်ရှင်ပါမည်။”
George Muller ။Arthur T. Pierson on George Mullerအား “ဆရာရဲ့ကြီးမြတ်တဲ့လုပ်ငန်း၏လျှို့ဝှက်ချက်ကဘာလဲ၊ဆရာအားဖြင့်ဘုရားသခင်ပြုတဲ့အံ့ဩဘွယ်ရာများကဘာလဲ” ဟုမေးသောအခါ Muller သည်ခဏမော့ကြည့်ပြီး၊သူ၏ခေါင်းကိုဒူး ခေါင်းနှစ်လုံးကြား ထဲဝင်သည် အထိနိမ့်သထက်နိမ့်အောင်ညွှတ်သည်။
သူသည်ခဏအခိုက်အတန့်အတွင်းငြိမ်သက်တိတ် ဆိတ် ပြီးနောက်”လွန်ခဲ့သောနှစ်ပေါင်းများစွာအချိန်၌ George Muller သေသည့်နေ့တနေ့ရောက်လာတ ယ်။ လူငယ်တစ်ယောက်အနေနှင့်ဖြစ်လိုသောရ ည်မှန်းချက်များစွာရှိခဲ့တယ်။ ဒါပေမဲ့၊ ထိုအရာအားလုံးမှသေရသောနေ့တနေ့ရောက်လာရာ၊ ကျွန်တော်က “သခင်ယေရှုဘုရား၊ ယခုမှစ၍ ကျွန်တော်၏အလိုအတိုင်းမဖြစ်စေဘဲ ကိုယ်တော်၏အလိုတော်အတိုင်းဖြစ်စေပါ” ဟု ပြောခဲ့သည်။ ထိုနေ့မှစ၍ ဘုရားသခင်သည်ကျွန်တော့ အထဲ၌အလုပ် လုပ်ပြီး ကျွန်တော်အားဖြင့်လည်းအလုပ်လုပ်ပါသည်” ဟု ဆို၏။
General Booth ။ ကယ်တင်ခြင်းတပ် (Salvation Army)ကို စတင်တည်ထောင်သူက “ကျွန်တော်အသက်တ ဆယ့်ခုနှစ်နှစ်အရွယ်လူပျိုလေးတယောက်ဘဝ၌ William Booth၌ရှိသမျှကိုဘုရားသခင် ပိုင်သင့်သည် ဟုစိတ်ဆုံးဖြတ်ခဲ့သည်” ဟုဆို၏။
Bishop Taylor Smith ။ သူသည် နံနက်တိုင်းသူ၏ကုတင်ဘေး၌ဒူးထောက်လျက် “သခင်ယေရှု၊ ဤကုတင် သည်ကိုယ်တော်၏ယဇ်ပလ္လင်၊ကျွန်တော်ကိုယ်တိုင်မှာလည်း အသက်ရှင်သောယဇ်ဖြစ်သည်” ဟု ဆုတောင်း လေ့ရှိသည်။ကျွန်ုပ်တို့၏ဆက်ကပ်မှုကိုဆီးတားသောအရာများ
၁။ အလိုတော်ရှိသည်အတိုင်းဘုရားသခင်တောင်းဆိုမည့်အရာကိုကြောက်ရွံ့ခြင်း။ လူတို့၏စိတ်ထဲသို့ ဝင်လာသည့် ပထမဦးဆုံးသောအရာမှာသာသနာမြေဖြစ်သည်။ မြွေ၊ ကင်းမြီးကောက်၊ ပင့်ကူ၊ ရွှံ့နွံ၊ အသက်မရှူနိုင်လောက်အောင်ပုသည့်အပူရှိန်၊ စွတ်စိုထိုင်းမှိုင်းခြင်းစသည်တို့ဖြစ်သည်။ သို့သော်ဘုရား သခင်၌ သူ၏ လူများအတွက်အလိုတော်အမျိုးမျိုးရှိသည်။ သူ၏အလိုတော်မှာလည်း ကောင်းမြတ်၍နှစ် သက်ဖွယ်ဖြစ်ကာ စုံလင်၏။ အဆုံးမရှိသည့်မေတ္တာနှင့်ပညာရှိသောဘုရားသခင်သည် သူ၏လူများ အတွက်အကောင်းဆုံးကိုသာဖြစ်စေလိုသည်။
ငယ်ရွယ်သောအမျိုးသမီးတယောက်က Graham Scroggie အား”ကျွန်မ ခရစ်တော်ကိုသခင်နေရာ၌ ထားရမှာကြောက်တယ်၊ ကျွန်မအပေါ်တောင်းဆိုမည့်အရာကိုကြောက်ရွံတယ်” ဟု ဆို၏။ ဒေါက်တာ Scr oggie ကယုပေမြို့၌ပေတရု၏အကြောင်းကိုလိမ္မာပါ းနပ်စွာဖြင့်ပြောပြသည်။ သခင်ဘုရားက ပေတရုအား ထ၍စားပါဟုပြောသည်။ ပေတရုက “မဖြစ်နိုင်ပါ၊ သခင်” ဟု သုံးကြမ်တိုင်တိုင်ငြင်းသည်။ Scroggie က ” ‘မဖြစ်နိုင်ပါဟုငြင်းနိုင်တယ်၊ ဒါမှမဟုတ် ‘သခင်’ ဟု ခေါ်နိုင်တယ်၊ သို့သော် ‘မဖြစ်နိုင်ပါ သခင်’ ဟု သင်ပြော ၍မရပါ။ ကျွန်ုပ်၏သမ္မာကျမ်းစာအုပ်နှင့်ဤဘောပင်ကိုထားခဲ့မယ်။ အခြားအခန်းတခန်းသို့သွားပြီး “မဖြစ် နိုင်ပါ (သို့) “သခင်”ဟူသောစကားလုံးကို”ကြက်ခြေ ခတ်လိုက်ပါ” ဟု ယဉ်ကျေးသိမ်မွေ့စွာပြော ပြသည်။ ထိုအမျိုးသမီးမှာငိုယိုပြီးတိတ်ဆိတ်စွာပြန်လာသည်။ သူမပခုံးပေါ်မှကျော်၍ကြည့်သောအခါ “မဖြစ်နိုင်ပါ၊ ဟူသောစကားလုံးတို့ကိုခြစ်ပစ်သည်ကိုမြင်သည်။ သူမက “ကိုယ်တော်သည် သခင်၊ ကိုယ်တော်သည်သခင်” ဟု ရွတ်ဆိုနေသည်။ ထိုသို့သောအရာမှာ သန့်ရှင်းသောနာခံခြင်းဖြစ်
ကိုယ်တော်သည် အင်တင်တင်လုပ်သောသူတို့ကိုအ တင်းမဆွဲပါ။ အလိုအလျောက်လုပ် သောသူများ ကိုအလိုရှိသည်။ ကိုယ်တော်သည်ကျွန်ုပ်တို့၏အထဲ၌အ လိုရှိစေခြင်းငှါ၄င်း၊ အကျင့်ကျင့် စေခြင်းငှါ၄င်း အလုပ်လုပ်သည်(ဖိ ၂း၁၃)။
၂။ ဘုရားသခင်ယူမည့် အရာကို ကြောက်ရွံ့ခြင်း။ ဤအရာမှာလုံးလုံးအခြေအမြစ်မရှိပါ။ ကျွန်ုပ်တို့၏ဘုရား သခင်သည် ယူဘို့လာခြင်းမဟုတ်ဘဲ၊ ပေးဘို့လာခြင်းဖြစ်သည်။ မည်သည့်အရာမှမလိုပါ။ ကိုယ်တော်၏ အလိုတော်သည် ကောင်းမြတ်၍နှစ်သက်ဘွယ်ကောင်းကာ၊ စုံလင်၏။ ၄င်းကိုကြောက်ရွံ့ခြင်းမှာ ကောင်းကြီးမင်္ဂလာကိုကြောက်ရွံ့ခြင်းဖြစ်သည်။
၃။ ဘုရားသခင်ငြင်းပယ်မည်ကို ကြောက်ရွံ့ခြင်း။ ကျွန်ုပ်တို့အိမ်ထောင်ပြုမည်ကို ကိုယ်တော်မ ကြိုက်မှာကြောက်ရွံ့ကြသည်။ (ထိုသို့မဟုတ်ပါ။ အိမ်ထောင်ပြုခြင်းမှာ လူသားတရပ်လုံးနီးပါး အတွက်ကိုယ်တော် ၏ အလိုတော်ဖြစ်သည်။ ကိုယ်တော်သည် သင့်အားတ ယောက်တည်းရှိစေလိုပါက သင်သည်မသင့် တော်သောလူတယောက်ကိုလက်ထပ်သည်ထက် တယောက်တည်းနေခြင်းက ပိုကောင်း ကြောင်း၊ ၄င်းအတွက် ကိုယ်တော်သည်သင့်အား ကျေးဇူးတော်ကိုပေး သင်သိရှိမည်ဖြစ်သည်)။ ကိုယ်တော် ၏အလိုတော်သည် အကျိုးအမြတ်များသည့်ကျွန်ုပ်တို့၏ အသက်မွေး ဝမ်းကျောင်းအလုပ်၌ ကျွန်ုပ်တို့၏ အခွင့်အရေးနှောင့် ယှက်မည်ကိုကျွန်ုပ်တို့စိုးရိမ်ကြသည်။ ဆိတ်ငြိမ်ရပ်ကွက်၌ရှိ သည့်လှပ သောအိမ်၊ သားသမီးများ နှင့် ကားနှစ်စီးစသည့် အခွင့် အရေးနှောင့်ယှက်မည် ကိုကြောက် ရွံ့ကြသည်။ ကျွန်ုပ်တို့၏ အငြိမ်းစားယူသည့်နှစ်များကို ကိုယ်တော်အားပေးခြင်းသည် လုံလောက်ပါမည်လော။
ကျွန်ုပ်တို့၏အသက်တာနောက်ဆုံးအပိုင်းကို ကိုယ် တော်မလိုချင်ပါ။ကိုယ်တော်က အကောင်းဆုံးကိုလိုချင်သည်။
သခင်၊ ကျွန်ုပ်ခွန်အားရှိသမျှဖြင့်
ခိုင်ခန့်ပါမည် သခင်အတွက်၊
ဝမ်းမြောက်မှုများ ကျော်နင်းဖြတ်ချိန်
အကျွန်ုပ်၏သီချင်းများ မချိုမြိန်သော်လည်း။
အကျွန်ုပ်နှလုံးသား လောကမမက်
သခင့်ချစ်ခြင်းအား အစဉ်ဝန်ခံလျက်၊
ခွန်အားကုန်ဆုံး ထင်မှတ်ခြင်းမရှိ
သခင့်အမှုတော် ထမ်းဆောင်ပါမည်။
လောက၏စေခိုင်းမှုကြောင့် အလျင်မလိုဘဲ
အထက်ကောင်းကင်သို့ ပင်ပန်းသောခြေ၊
နှေးကွေးစွာဖြင့် မှန်မှန်လှမ်းမည်။
အကျွန်ုပ်၏အားနည်းခြင်းများ၊ ဆင်းရဲနိမ့်ကျခြင်းများသခင်အတွက် မဟုတ်ပါ။အကျွန်ုပ်၏ကုန် ခမ်းနေသော မီးစာ၊ ပြာနှင့်ပြည့်နှလုံးသားသခင်အတွက်မဟုတ်ပါ။ရွှေကဲ့သို့အဖိုးတန်သော အကျွန်ုပ်အချိန်တွင် ရွေးချယ်မူပါ . အကျွန်ုပ်အား၊ဦးထိပ်ထားမည် အကျွန်ုပ်နှလုံးသားနှင့် အကျွန်ုပ်သခင်အား၊ (Thomas H. Gill)
၄။ လွတ်လပ်မှုပျောက်ဆုံးမည်ကိုကြောက်ရွံ့ခြင်း။ ကိုယ်တော်၏အလိုတော်သည် ကျွန်ုပ်တို့၏ကိုယ်ပိုင် အရာများအားချစ်ခြင်းနှင့်မိမိ၏နည်းအတိုင်းပြုလုပ်ခြင်းတို့ကို နှောင့်ယှက်မည် ကိုစိုးရိမ်ခြင်းဖြစ်သည်။ ဤအရာသည် လောကအားအကောင်း ဆုံးအသက်တာ ကိုပေးခြင်းနှင့် ခရစ်တော်၏အသွေးတော် နှင့်စွန်းကွက် သောလက်များသို့ပေးခြင်းဖြစ်သည်။
၅။ မသိသောအရာကိုကြောက်ခြင်း။ အာဗြဟံသည် ထာဝရဘုရား၏စကားကိုနားထောင်၍ အိမ်မှထွက် သွားသောအခါ၊ တဦးတည်းအလင်း၌လျှောက်သည်ထက် ဘုရားသခင်နှင့် အတူမှောင်မိုက်၌လျှောက် ခြင်းသည်ပို၍ကောင်းသည်ဟုသိရှိသည်။ မိမိ၏အမြင်ထက် ဘုရားသခင်၏အမြင်ကိုယုံကြည် အားကိုး ခြင်းသည်ပို၍ကောင်း၏ဟုသိရှိသည်။
၆။ လုံခြုံမှုပျောက်ဆုံးမည်ကိုကြောက်ရွံ့ခြင်း။ ကျွန်ုပ်တို့သည်ထောက်ပံ့မှု အကောင်အထည်ကို မမြင်နိုင် ကြသောကြောင့် ဖူလှုံမှုပျောက်ဆုံးမည်ကိုကြောက်ကြသည်။ ဘုရားသခင်သာ လျှင်ကျွန်ုပ် တို့၏လုံခြုံမှုဖြစ် သည်ဟုသိ၍ ကိုယ်တော်အားပထမနေရာ၌ထားသောအချိန်မှသာလျှင် လိုအပ်သောအရာ များတခုမှလို မည်မဟုတ်ပါ။
၇။ အခက်အခဲများကို ကြောက်ရွံ့ခြင်း။ ကြွယ်ဝမှုဆုံးရှုံးသွားမှာကိုကြောက်ရွံ့ခြင်းဖြစ်သည်။ လုံးလုံး လျားလျားအညံ့ခံပေးဆပ်ခြင်းသည် ကြွယ်ဝမှုဆုံးရှုံး ခြင်းဖြစ်သည်ဟု ကျွန်ုပ်တို့ယူဆကြသည်။ ကျွန်ုပ်တို့ သည် အပြင်လောကအရာတို့နှင့်ကြမ္မာဆိုးဝင်ခြင်းခံရမည်ဟုထင်မှတ်ကြသည်။ ကျွန်ုပ်တို့သည် နေ့တိုင်းဇိမ် နှင့်နေနိုင်မည်မဟုတ်ဟု ယူဆကြသည်။ ကျွန်ုပ်တို့သည်အဝတ်ဟောင်းများကို ဝတ်ပြီး၊ ပရိဘောဂနှင့်တကွ အခြားသောအရာတို့ကိုလည်းအဟောင်းကိုသာသုံးကြမည်ကိုစိုးရိမ်ကြသည်။ ထိုသို့ကြောက်ရွံ့မှုတို့ သည်ရီစရာဖြစ်ပါသည်။
၈။မပြည့်စုံမလုံလောက်မှုကိုကြောက်ရွံ့ခြင်း။ လူတို့က “ကျွန်ုပ်သည်ဘုရားသခင်အသုံးပြုရန်အတွက် အစွမ်းရှိသောသူမဟုတ်ပါ။ ကျွန်ုပ်သည်သီးသန့်အစွမ်းရှိသောသူမဟုတ်ပါ” ဟု ဆိုကြ၏။ ဘုရားသခင်သည်မလိမ္မာသောသူ၊ အားနည်းသောသူ၊ အောက်တန်းစားနှင့်အ ထင်သေးခံရသောယုံ ကြည်သူများ အားအသုံးပြုလိုသည် ကို ဤလူများက သတိမရကြပါ (၁ ကော၁း၂၆-၂၈)။ ဤအရည် အချင်းတခုခုမှီလျှင်ဘုရား သခင်အသုံးပြုနိုင်ပါသည်။ဘုရားသခင် အတွက်တခုခုဖြစ် လာသောအခါ၌ ထိုအရာအားဖြင့်ဘုရားသခင်၏ဘုန်းအသရေထင်ရှားပါသည်။
၉။ အဆင့်အတန်းဆုံးရှုံးမည်ကိုကြောက်ရွံ့ခြင်း။ ကျွန်ုပ်တို့သည်ခရစ်ယာန်အမှုတော်လုပ်ငန်းအတွက်ကြီးမြတ်လွန်းသည်ဟု မိမိကိုယ်ကိုထင်ကြသည်။ လူမှုရေးလှေကားအထက်မှအောက်သို့ဆင်းခြင်းဖြစ်သည်ဟု မှတ်ယူကြသည်။ ဤအရာသည် ပုပ်သိုး၍ အနံ့ဆိုးလှသောမာန်မာနသာဖြစ်သည်။အောက်ပါအချက်ကိုစဉ်းစားကြည့်ပါ။ ကျွန်ုပ်တို့သည် အောင်မြင်ခြင်းလှေကားသို့တက်၍ ထိပ်ဆုံးသို့ရောက်သောအခါ ထိုလှေကားသည်မမှန် သောအခြားနံရံတခု၌ မှီနေသည်ကိုတွေ့နိုင်သည်။ကျွန်ုပ်တို့သည်ဘုရားသခင်၏အကောင်းဆုံးကို ဒုတိယအကောင်းဆုံးနှင့်လဲလှယ်မိနိုင်သည်။လုံးလုံးအရှုံးခံ (surrender) သည့်အသက်တာအပြင် အခြားရွေးစရာမည်သည့်အရာများရှိပါသေးသနည်း။
သိမ်ဖျင်းသောအရာများအတွက်အသက်ရှင်သည့်အသက်တာကယ်တင်ခြင်းရသောဝိညာဉ်နှင့်အသက်ရှုံးခြင်း လက်ချည်းသက်သက်ဖြင့်ကောင်းကင်ဘုံသို့ဝင်ခြင်းမပြင်ပေးကြပ်O Cornelius Plantinga Jr. ကဤသို့ရှင်းပြသည်။ “ကုန်တိုက်ကြီးများ၌လျှောက်သွားခြင်း၊ အချိန်ဖြုန်းခြင်း၊ အဓိပ္ပါယ်မရှိသောစ ကားပြောခြင်း သင်၏မိသားစုအကြောင်းကိုသိသည်ထက် TV အစီအစဉ်များကိုကြည့်ခြင်းအားဖြင့် မကောင်း သောအကျင့်စရိုက်များကိုသိမြင်ကာ၊ ဤနည်းဖြင့် သင်သည်အဓိပ္ပါယ်မရှိသော အလုပ်တခုလုပ် နေသည်။
အနာအဆာရှိသောဆက်ကပ်မှုဓမ္မသစ်ကျမ်း၌အနာအဆာရှိသောဆက်ကပ်မှုနှင့် ပတ်သက်၍ အနည်းဆုံး နမူနာသုံးခုရှိပါသည်။
၁။ အာနနိနှင့်ရှဖိရေ (တမန် ၅း၁-၁၁)။ သူတို့သည်အားလုံးပေးလှူသည်ဟုဟန်ဆောင်ကြ သော်လည်း မိမိတို့အတွက်တပိုင်းကိုချန်ထားကြသည်။
၂။ ပေတရု၏သုံးကြိမ်ငြင်းပယ်မှု (မဿဲ ၁၆း၂၂။ ယော ၁၃း၆-၈။ တမန်၁၀း၁၃-၁၄)။ တမန်တော်ကြီးက “မဖြစ်နိုင်ပါ သခင်” ဟု ဆို၏။ သင်သည်”မဖြစ်နိုင်ပါ” ဟု ပြော၍ရသည် “သခင်” ဟုလည်း ပြော၍ရသော်လည်း”မဖြစ်နိုင်ပါ သခင်” ဟု ပြော၍မရပါ။
၃။ “ငါသာပထမ” (လုကာ ၉း၅၇-၆၂) ဟု ပြောသောလူ။လူသုံးယောက်တို့သည် ခရစ်တော်၏နောက်သို့ လိုက်လိုကြောင်းပြောကြသော်လည်း သူတို့၏အကျိုးကိုကိုယ်တော်၏ရှေ့၌ထားကြသည်။
အပြည့်အဝအရှုံးခံခြင်းထိုအရာသည်အလွန်အရေးကြီးသောအရာတခုဖြစ် သည်။ ကျွန်ုပ်တို့၏အသက် တာများကိုလုံးလုံးဆက်ကပ်မှုနှင့်ယဇ်ပလ္လင်ပေါ်၌ပထမဦးဆုံးတင်ထားရသည့်အ ချိန်တခုရှိခဲ့ရမည်ဖြစ်သည်။ တိုက်ခိုက်ရုန်းကန်စရာများစွာရှိနိုင်ပါသည်။ “ပြင်းထန်သောဝေဒနာကိုခံလျက် အထူးသဖြင့်ကြိုးစား၍ ဆုတောင်းတော်မူ၏။ ချွေး ထွက်တော်မူသည်ကား၊ မြေပေါ်၌ကျသောသွေးစက်ကဲ့သို့ဖြစ်သတညိး။
“သင်၏အရာအားလုံးကို ကိုယ်တော်အားပေးပါ။ တဝက်မပေးပါနှင့်၊ အကျိုးအပဲ့များကိုမပေးပါနှင့်၊ မိမိအတွက် ချန်မထားပါနှင့်။ တဝက်ကိုချန်ထားပြီး ထိုတပိုင်းသည်အကုန်လုံးဖြစ်သည်ဟုဟန်မဆောင်ပါနှင့်။ စိတ်ဝင်စားဘွယ်ကောင်းသည့်စည်းလုံးညီညွတ်မှုနှင့်ရိုးစင်းမှုမှာ အသိစိတ်နှင့် မေတ္တာရှိ၍ဘုရားသခင် ကိုစိတ်နှလုံး အကြွင်းမဲ့အစေခံခြင်းဖြစ်။ထိုသို့သောအ သက်တာသည် ရှေးဦးမေတ္တာမှအလွယ် တကူလျော့သွား မည်မဟုတ်ပါ”(စာရေးသူမသိ)။
“လူငယ်များသည်ကယ်တင်ရှင်၏ခြေတော်ရင်း၌ချထားရန် သင့်လျော်သည့်အစွမ်းနှင့်အလား အလာများရှိ ကြသည်” (စာရေးသူမသိ)။
 စိတ်ခံစားချက်ပိုင်းဆိုင်ရာ၌ အတွေ့ အကြုံများမလို အပ်ပါ။ စိတ်အာရုံထဲ၌ အလင်းရောင်၊ အသံနှင့်တုန် လှုပ်ခြင်းများတွေ့ကြုံခံစားရန် မလိုအပ်ပါ။သို့သော်၊ သင်သည်လောကအရာများကိုချစ်ခြင်းမှ ရပ်တန့် ကြောင်းကိုစိတ်ထဲ၌သိမည်ဖြစ်သည်။
David Livingst က “ကျွန်ုပ်၌ထပ်၍ပေးရန်မရှိခြင်းသည်သနားစရာဖြစ်သည်” ဟု ဆို၏။ဆင်းရဲခြင်းသည် ပူဇော်သက္ကာပင်အထက်မှဖွင့်ပြချက်သာဖြစ်သည်။ကျွန်ုပ်တို့မထိန်းနိုင်သည့်အရာမချစ်တော့သည့်အရာများ ကျွန်ုပ်တို့ပေးလှူကြ။
Isaac Watts က ဤသို့ရေးသည်။ခရစ်တော်ဘုရား အသေခံခြင်းကြောင့်ရရှိခဲ့သော ကယ်တင်ခြင်းမှ အပအခြား အရာ၌ မဝါကြွားစေခြင်းငှါဆီးတားတော်မူပါ။အကျွန်ုပ်ကိုစွဲဆောင် အချည်းနှီးသော အရာအားလုံး သခင့်အသွေးတော်၌ အကျွန်ုပ်ပူဇော်ပါ၏။
Homer Grinnes က မေး၍၊ သူကပဲဤသို့ဖြေဆို သည် -ကျွန်ုပ်အတွက်အသေခံခဲ့သူ သခင်အားအကျွန်ုပ် မည်သည့်အရာပေးရမည်နည်း။အကျွန်ုပ်ပိုင်ဆိုင်မှု အလုံးစုံကိုပေးရမည်လောအနည်း ငယ်သာပေးရမည် လော။ယေရှ အကျွန်ုပ်သခင် ကယ်တင်ရှင်ကျွန်ုပ်အတွက် အလုံးစုံကိုပေးအပ်ခဲ့ ပြီ။မပြည့်စုံသော နှလုံးသားနှင့်မဟုတ်ဘဲလျက်စိတ်နှလုံးအကြွင်းမဲ့ဖြင့်အကျွန်ုပ်၏ အရာခပ်သိမ်းကိုပေးအပ်ပါမည်။
Charlotte Elliott ဤသို့ပြော၏ရှိသည့်အတိုင်း၊ မေတ္တာတော်ပင်ဆီးတားသမျှ၊ ပယ်ရှင်းခဲ့ပြီ။ ကိုယ်တော်ဘို့သာ၊ ဖြစ်မည်အစဉ်ချဉ်းကပ်ပါပြီ၊ သိုးငယ်ဘုရား။E. H. Swinstead က ဟုတ်ကဲ့ ဟုဖြေသည်
သည် -ယေရှုဘုရား၊ ကျွန်ုပ်သခင်၏မေတ္တာတရားအောက်သခင့်အလိုတော်အတိုင်း အကျွန်ုပ်ဝန်ခံမည်။ စာတန်ချုပ်နှောင်ခြင်းမှလွတ်မြောက်လျက်သခင့်အတွက်အစဉ်အမြဲ ကျွန်ုပ်အဆင်သင့်ရှိသည်ယခုမှစ သခင့်ရည်မှန်းချက်အလုံးစုံအားအစဉ်ပြည့်စုံစေ ကျွန်ုပ်အသက်တာ၌။Cecil J. Allen ကဤနည်းအားဖြင့် လုံးလုံးအရှုံးခံခြင်းကိုဖော်ကျူးသည်-ကိုယ်တော်လက်တော်၊ ခြေရာတော်နှင့်နှလုံးသားအား ထိုးဖောက်ခြင်းခံ ကရာနီပေါ် အကျွန်ုပ်အတွက်နှင့်။အကျွန်ုပ်၏လက်၊ ခြေနှင့်နှလုံးသားအားယခုပင် သခင် အကျွန်ုပ်ယူဆောင်လာ၍ လက်ခံမူပါ။
  1. Sidlow Baxter လုံးလုံးဆက်ကပ်ခြင်း၏ကျိုးကြောင်းဆီလျော်မှုကိုမြင်ခဲ့သည်-
အို. . . ခရစ်တော်သခင့်ရဲ့သွေးယိုစီးသောလက်နှင့်ခြေအားပူဇော်ပေးဆပ်ခဲ့ အကျွန်ုပ်အတွက်နှင့်၊ဒဏ်ချက်တစ်ခုစီ၊ မျက်ရည်တစ်စက်စီကကိုယ်တော်အတွက် ကျွန်ုပ်အသက်ကိုပူဇော်သက္ကာအဖြစ်တောင်းဆို၊
Baxter က အောက်ပါအတိုင်းလည်းရေးသည် .
လက်ဝါးကပ်တိုင်၊ သင့်ရဲ့ခေါ်သံအကျွန်ုပ်ကြားရချိန်ဝယ်၊ ငြင်းပယ်နိုင်စွမ်းမရှိခဲ့ပါ။အကျွန်ုပ်နှလုံးသား၊ အလုံးစုံကိုသိမ်းပိုက်မူပါသခင့်မေတ္တာ စော်ကာနိုင်စွမ်းမရှိခဲ့ပါ။Frances Havergal m မိမိကိုယ်ကိုခရစ်တော်အပိုင်ဖြစ်စေရန်ပေးအပ်၏ -ကျွန်ုပ်ချစ်ခြင်း လက်ခံပါခြေတော်ရင်းမှာ ချထားပါ။ ကျွန်ုပ်ကို ယူတော်မူလျှင်ကိုယ်တော်ဖို့ဖြစ်မည်အစဉ် Frances သည် အခြားသောလင်္ကာတပိုဒ်၌ ဤသို့ပြော ပြသည်။ဝမ်းမြောက်ခြင်းနှင့်အကျွန်ုပ်ဘဝအား ကိုယ်တော်လက်သို့အပ်နှံမည်ကိုယ်တော်သာလျှင် အလုံးစုံနှင့် တစ်ဆူတည်းဘုရား၊ ထာဝရအရှင်အကျွန်ုပ်ဘဝကို အကျွန်ုပ်ချစ်သောဘုရားသားတော်အတွက် အလုံးစုံပေး အပ်ကာယခုမှစ၍ သခင့်အပိုင်ဖြစ်သည်။Thomas O. Chisholm သည်လည်း သူ၏အသက်ကို ယေရှူတပါး တည်းအတွက် ဆက်ကပ်ခဲ့သည်။
အို• • • ယေရှု အကျွန်ုပ်ဘုရား၊ အကျွန်ုပ်သခင်အကျွန်ုပ်ဘဝပူဇော်ပါမည် သခင့်အတွက်အကျွန်ုပ်အတွက် ကိုယ်တော်အသေခံခဲ့ကိုယ်တော်အမြင် အခြားသခင်အကျွန်ုပ်၌မရှိပါ။အကျွန်ုပ်နှလုံးသာ၌ အစဉ်ကိန်းဝပ် လျက်ယခုမှစ၍ အကျွန်ုပ်ဘဝအား ပေးဆပ်အသက်ရှင်သခင့်အတွက်။Betty Daasvand ၏အတွေးအခေါ်က ဤသို့ရေးသားရန်တွန်းပို့သည်။အကျွန်ုပ်အတွက်အလုံးစုံကို သခင်ပေးဆပ်ခဲ့ပြီးနောက် အကျွန်ုပ် အစွမ်းရှိသမျှထက် လျော့နည်းစွာဘယ်လိုမှမပေးရက်ပါ။ အကျွန်ုပ်အတွက်အလုံးစုံကို သခင်ပေး ဆပ်ခဲ့ပြီးနောက်၊သခင့်အတွက်သာလုံးလုံး အသက်ရှင်တော့မည်။
Isaac Wats သည် ကရာနီ၏မေတ္တာအပေါ်မှန်ကန်သည့်တခုတည်းသောတုန့်ပြန်မှုမှာ လုံးလုံး ဆက်ကပ် ခြင်းဖြစ်သည်ဟုမြင်သည်။အကျွန်ုပ်၏ရှက်သွေးဖြာသောမျက်နှာ ဖုံးကွယ်သွား မည်ကိုယ်တော်၏လက် ဝါးကပ်တိုင်ပေါ်ထွန်းချိန်ဝယ်၊ ကျေးဇူးတရားနဲ့ပြည့် နှလုံးသားနှင့်အရည်ပျော်သွား ကျွန်ုပ်မျက်ရည်များ ။ဝမ်းနည်းခြင်းပြည့် မျက်ရည် များကထို မေတ္တာအကြွေးအား မဆပ်နိုင်ခဲ့၊ချစ်ရ သောသခင်၊ ကျွန်ုပ်ဘဝအား ပေးဆပ်ပါ မည်သခင့်အတွက်နဲ့ တစ်ခုတည်းသော ထိုအရာကိုသာ အကျွန်ုပ် တတ်နိုင်လို့ပါသခင်။
Avis B.Christiansen ဤသို့ဆို၏-
အကျွန်ုပ်ဘုရား ကျွန်ုပ်ဘဝကိုလက်ခံပေးရန်တောင်းလျှောက်ပါ၏။မခြွင်းမချန်အရာ ခပ်သိမ်း၌ သခင့် စကားနာခံပါမည်။အလုံးစုံပေးဆပ်ခဲ့ သခင့်အတွက်အကျွန်ုပ်ဘဝအား အချိန်တိုင်းမှာအသုံးပြုမူပါ။
ဤကဗျာလင်္ကာအားလုံးတို့သည် “သင်၏အနာဂတ်ကိုကြံစည်စီမံမည့်အစား ဘုရားသခင်၏ လမ်းညွှန်မှု ကိုရှာ ပါ။ အကြောင်းမှာ ကိုယ်တော်၏အလိုတော် သည်အဆုံးမရှိသော မေတ္တာနှင့်ဉာဏ်ပညာ အပေါ်၌ အခြေပြု ပါသည်။ သင်၏အမြင့်ဆုံးသောဝမ်းမြောက် မှုနှင့်အကြီးဆုံးသော အောင်မြင်မှု တို့သည် ကိုယ်တော် ပြုစေလိုသောအရာကိုပြုခြင်းအားဖြင့်ဖြစ်ကြောင်းသေချာစွာသင်တွေ့မြင်မည်ဖြစ်သည်” ဟုရေးသော Henry Bosch ၏သဘောနှင့်အတူတူဖြစ်သည်။လုံးလုံးဆက်ကပ်ခြင်းသည် အရေးကြီး သောအရာ တခုနှင့် ပထမ ဦးဆုံးအတွေ့အကြုံတခုသာမဟုတ်ပါ။ ၄င်းသည် ဆက်လက်လုပ် ဆောင်ရမည့် အရာတခု ဖြစ်သည်။ ကျွန်ုပ်တို့သည်နေ့စဉ်ရက်ဆက် အသစ်တဖန်ဆက်ကပ်ရပါမည်။ထို့နောက် ကျွန်ုပ်တို့ လုပ် ရမည့် အရာကို လုပ်ကြရမည်ဖြစ်သည်။ ကျွန်ုပ်တို့သည်အလုပ်နှင့်မိမိကိုယ်ကိုသတ်ကြသည်။ ထို့နောက်  ဆုတောင်း၍ အသက်ပြန်ရှင်ကြသည်။ ကျွန်ုပ်တို့လှုပ်ရှားသောအချိန်တွင် ဘုရားသခင်ကကျွန်ုပ် တို့ကိုလမ်း ပြသည်။ ကိုယ်တော်သည် ပုံစံအလုံးစုံကိုတခါတည်းမပြပါ။ ၄င်းသည် ဖြန့်ထား သည့်ကျမ်း လိပ်တခုဖြစ်သည်။
ကျွန်ုပ်တို့သည်နှုတ်ကပတ်တော်နှင့်နီးကပ်စွာအသက်ရှင်ကြရမည်။သမ္မာကျမ်းစာကိုအဓိကနေရာမှာထား၍ ခရစ်တော်ထံ၌ဆက်ကပ်ကြရမည်။ရေးသားထားသောသမ္မာကျမ်းစာ၌ ကျွန်တော်သည်ဆက်ကပ် ခြင်းမရှိ ပါက  ၊နှုတ်ကပတ်တော်၌အချိန်ယူခြင်းက ပြပါသည်။ ထိုအရာကို နှုတ်ကပတ်တော်ဖတ်ရှု အသက် ရှင် သော နှုတ် ကပတ်တော်၌ ဆက်ကပ်၍မရပါ။ ဤဆက်ကပ်မှုကိုလေ့လာခြင်း၊ အလွတ်ကျက်ခြင်း၊ ဆင်ခြင် အောက် မေ့ခြင်းနှင့်ဖတ်သောနှုတ်ကပတ်တော်အတိုင်းနာခံခြင်းစသည်တို့အားဖြင့်လည်းပြရသည်။သခင်၏နှုတ်ကပတ်တော်သည် ကျွန်ုပ်တို့၏စိတ်နှလုံးထဲ၌ရှိလာမည်။ကျွန်ုပ် တို့၏သားသမီးမျာကို သွန်သင် ကြ မည်။ အိမ်၌ထိုင် နေကြစဉ်၌၄င်း၊ ခရီးသွားသောအခါ၌၄င်း၊ အိပ်သော အ ခါ၌၄င်း၊ ထသောအခါ၌ ၄င်း၊ လက်၌လက္ခဏာသ က်သေအနှင့်ချည်ထားကြမည် (လက်တွေ့လုပ်ဆောင်ခြင်း)။ မျက်စိကြား၌ သင်း ကျန် ကဲ့သို့ထားကြရမည် (ကျွန်ုပ်တို့၏တောင့်တသောဆန္ဒ)။ ကျွန်ုပ်တို့၏တံခါးတိုင်များ တံခါးဝများ၌ ရေး ကြရမည်(တရားဟော၆း၆-၉ ကိုကြည့်ပါ)။ တနည်းဆိုရသော်၊ သမ္မာကျမ်းစာသည် ကျွန်ုပ်တို့၏အသက် တာကဏ္ဍတခုလုံးသို့ စိမ့်ဝင်ပြန့်နှံ့ရမည်ဖြစ်သည်။
ရှုပ်ထွေးသောကျွန်ုပ်တို့၏ကမ္ဘာကြီးတွင် သမ္မာကျမ်းစာကိုစနစ်တကျလေ့လာနိုင်ရန် လူမှုရေးကဏ္ဍ တောင်းဆိုမှုများကိုကျောခိုင်း၍၊ ရုပ်မြင်သံကြားလမ်းညွှန်နှင့် TV. အဝေးထိန်းခလုတ် (Remote control) တို့ကိုဖယ်ရှားရပါမည်။ အမြင့်ဆုံးသောဘုရားသခင်အား ကျွန်ုပ်တို့၏ အလုံးစုံကိုပေးအပ်ရာတွင်၄င်းတို့သည် ပေးဆပ်ရမည့်အဘိုးအခ၏တစိတ်တဒေသဖြစ်ပါသည်။
 ကျွန်ုပ်တို့သည် ဆုတောင်းချိန်များစွာယူကြရမည်ဖြစ်သည်။ ဆက်ကပ်သည့်တပည့်တော်သည်ဆု တော င်း သောသူတယောက်ဖြစ်သည်။ ဆက်ကပ်ခြင်း၌ သဟာယဖွဲ့ခြင်းပါဝင်သည်။ သဟာယဖွဲ့ခြင်းဆိုသည်မှာ ကျွန်ုပ်တို့ချစ်ရသောပုဂ္ဂိုလ်တော်နှင့်အချိန်ယူခြင်းဖြစ်သည်။ ကယ်တင်ရှင်နှင့်ကျွန်ုပ်၏ ဆက်ဆံရေးမှာ အခါအားလျော်စွာဆက်ဆံခြင်း၊ ပြတ်တောင်းသောဆက်ဆံခြင်း၊ တိုတောင်းသော ဆက်ဆံခြင်းနှင့် အလော တကြီးဆက်ဆံခြင်းဖြစ်ပါက ကျွန်ုပ်၏အသက်တာ၌ ကယ်တင်ရှင်သည် ပထမနေရာမရပါ။ တဘက်၌ ကိုယ်တော်ကိုကျွန်တော်ပို၍ချစ်လေ၊ ကျေးဇူးတော်ပလ္လင်၌ကိုယ်တော်နှင့်မိတ်သဟာယဖွဲ့ချင်လေဖြစ်မည်။ “ကျွန်ုပ်သည် ဆုတောင်းချိန်မည်မျှယူရမည်နည်း” ဟူသောမေးခွန်းအတွက်တိတိ ကျကျဖြေရမည့်အဖြေ မရှိပါ။ ၄င်းသည် ကျွန်ုပ်တို့၏အလုပ်အချိန်ဇယား၊ အိမ်တာဝန်၊ ဆုတောင်းချိန်အကြာအရှည်၊ကျွန်ုပ်တို့၏စိတ် နှလုံးအပေါ်၌သခင်ဘုရားတင်ပေးထားသည့် ဆု တောင်းခြင်းဝန်တာစသည်တို့အပေါ်၌တည်ပါသည်။ ပုံမှန်ဆုတောင်းချိန်အပြင် အခါအားလျော်စွာ ဆုတောင်းချိန်ယူရန်လည်းအကျင့်လုပ်ထားနိုင်သည်။ အိပ်မပျော်သောအချိန်သည်ပင်လျှင် ဆုတောင်းရန်အတွက်အချိန်ကောင်းတခုဖြစ်နိုင်သည်။အကျွန်ုပ်သခင် ကြွမြန်းပြင်ဆင်ကျွန်ုပ်နှလုံးသားအား ကိန်းဝပ်ဖို့ရန်ဖြူစင်သန့်ရှင်း၊ အတ္တနှင့်ကင်း သခင်ဘုရားအကျွန်ုပ်ဘဝ ဖြစ်ချင်လွန်းလှလိုအပ်ချိန်များ စသိချိန်မှတိတ်ဆိတ် သောနံနက်တိုင်း ဆိတ်ငြိမ်အခန်းထဲအကျွန်ုပ်ဆန္ဒ အပ်နှံသခင့် ထံကရုဏာကြီးစွာအစဉ်လက်ခံ သွန်သင်ပြသ သဘောတော် အားကြုံတွေ့ရမည့် နေ့ရက်တိုင်းနှင့ လုပ်ငန်းတာဝန်များအားရင်ဆိုင်ဖို့ရန် အသင့်ရှိပြီအကျွန်ုပ်၏ဝါသနာများ မကောင်းမှုများအားထို ကဲ့သို့ပင် သခင် ဘုရားက စောင့်ထိန်းကွယ်ကာ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တနေ့တာကုန် ဆုံးချိန်တိုင်း သခင်နှင့် တွေ့ဆုံ ဆန္ဒများဖလှယ်ကာမိတ်သ ဟာယ ပြုခြင်းကြောင့်တည်း။(Anne Grannis)
Harold Wildish သည် ဤအကြံကိုသူ၏ကျမ်းစာအုပ်၏ရှေ့ဆုံးမျက်နှာ၌ကပ်ထားသည်။ သင်၏အပြစ် အလုံးစုံ ၏ဝန်ထုပ်ကြီးကိုစွန့်၍ ခရစ် တော်၏ပြီးစီးခဲ့သောလုပ်ဆောင်မှုအပေါ်၌အမှီပြုသကဲ့သို့ သင့်ဘဝ ၏ဝန်ထုပ်ကြီးနှင့်သင့်အမှုဆောင်ခြင်း၏ဝန်ထုပ်ကြီးကိုထားခဲ့၍ သန့်ရှင်းသောဝိညာဉ် တော်၏ယခု လုပ် ဆောင်နေခြင်းအပေါ်၌အမှီပြုပါ။ တနံနက်ပြီးတနံနက်သန့်ရှင်းသောဝိညာဉ်တော်၏ဦး ဆောင်မှုရရှိရန် မိမိ၏ အတ္တကိုစွန့်ပယ်၍ ချီးမွမ်းခြင်းနှင့် ချီတက်၍သင်နှင့်သင်၏ နေ့ရက်ကိုကိုယ် တော်စီမံ ရန်ထားခဲ့ပါ။ ကိုယ်တော် အပေါ်၌အမှီပြုခြင်း၊ စကားနားထောင်ခြင်း၊ လမ်းပြမည်ဟုမျှော်လင့်ခြင်း၊ အလင်းပေးရန်၊ အပြစ်ဖေါ်ပြရန်၊ သွန်သင်ရန်အသုံးပြုရန်နှင့်အလိုတော်ရှိသည့်အတိုင်း သင်၏အထဲ၌ အလုပ် လုပ်၍၊ သခင်နှင့်အတူအလုပ်လုပ်မည်ဟု ဝမ်းမြောက်စွာတနေ့တာဖြတ် ကျော်ရသည့်အကျင့် လုပ်ထားပါ။ မျက်စိအမြင်နှင့်စိတ်ခံစားမှုကိုပယ်၍ကိုယ်တော် ၏လုပ်ဆေ ာင်မှုကို အမှန်တရားတခု အဖြစ်ရေတွက်ပါ။ သန့်ရှင်းသောဝိညာဉ်တော်အား အသက်တာအုပ်ချုပ်သောသူ
အဖြစ် ယုံကြည်၍နာခံကာ၊ မိမိကိုယ်ကိုစီမံလိုသည့်ဝန်ထုပ်ကြီးတမ်းခြင်းမှရပ်တန့်ပါ။ ထိုအခါမှသာ ဝိညာဉ်တော်၏အသီးသည် ကိုယ်တော်အလိုတော်ရှိသည့်အတိုင်း ဘုရားသခင်၏ ဘုန်းတော် အတွက်ထင်ရှားလာမည်ဖြစ်သည်။
သင်၏အသက်တာကိုသခင်ဘုရားအုပ်စိုးရန်ပေးသော အခါ၌ဘဝသည်သည်မည် သည့်အရာနှင့် တူလာမည်နည်း။ ဘဝလည်ပတ်နေသည်ကိုသင်သတိပြုမိမည်ဖြစ်သည်။ ဘဝသည်သဘာဝ ထက်လွန် သောထူးဆန်းသည့်အရာများနှင့်တောက်ပနေမည်ဖြစ်သည်။ ထူး ဆန်းသောအခြေအနေများ စုပေါင်းနေ မည်ဖြစ်သည်။ သင်သည် ဘုရားသခင်၏အလိုတော်ထဲ၌ရှိသည်ကိုခံစား၍ အခြားမည်သည့်နေရာမှမနေလို၊ မည်သည့်အရာကိုမျှမလုပ်ချင်တော့သည်ကိုခံစားမည်ဖြစ်သည်။ သင်သည် သန့်ရှင်းသောဝိညာဉ်တော် နှင့်အတူ ရော င်ခြည်တော်ကိုထုတ်လွှင့်မည်ဖြစ်သည်။ ဘုရားသခင်သည်သင်၏အထဲ၌၄င်း၊ သင်အားဖြင့်၄င်း အလုပ်လုပ်နေ သည်ကို သင်သိရှိလာမည်ဖြစ်သည်။ အခြားသောသူတို့နှင့်တွေ့ထိသောအခါ၌လည်း ဘုရားသ ခင်အဘို့တစုံတခုဖြစ်လာသည်ကိုသင်သိရှိမည်ဖြစ်သည်။ သို့သော် ၄င်းသည် သင့်အတွက် ဝါကြွားစရာ ဖြစ်စေ မည်မဟုတ်ပါ။
အခါအားလျော်စွာ အထွတ်အထိပ်သို့ရောက်သောအတွေ့အကြုံများရှိမည်ဖြစ်သော်လည်း၊ အများအားဖြင့် အသက်တာသည်ပုံမှန်အစဉ်အတိုင်းဖြစ်၍ တခါတရံငြီးငွေ့ဘွယ်ကောင်းလာမည်။ဘုရားသခ င်၏စီမံချက်သည် တလှမ်းပြီးတလှမ်း၊ လှမ်းနေမည်ဖြစ်သည်။
ဆက်ကပ်ခြင်း၏စိမ်ခေါ်မှုWestminster Abbey တွင် John Stott သည် ဘုရင်တပါး၏ဘိသိတ်အခမ်း အနားနှင့်ပတ်သက် ၍စိတ်လှုပ်ရှားရဆုံးသောအချိန်မှာ ဘိသိတ်အခမ်းအနားမတိုင်မီအချိန်ကလေး၊ သရဖူမဆောင်းစေမီအချိန်ကလေးပင်ဖြစ်သည်ဟုဖော်ပြထားသည်။ Canterbury ဂိုဏ်းချုပ်ကြီးက Abbey ဘုန်းကြီး ကျောင်း၌ရှိသည့်ပရိသတ်များအား “ဂုဏ်အသရေရှိလူကြီးမင်းများခင်ဗျား၊ နိုင်ငံတော်၏ ရှင်ဘုရင် ကိုသင်တို့ထံသို့ ကျွန်ုပ်ခေါ်ဆောင်လာပါပြီ။ သူ ့အား ဂါရဝပြုကြမည်လော” ဟူ၍ လေးကြိမ်တိုင်အဆို ပြုပါသည်။ ထိုသို့လေးကြိမ်တိုင်အဆိုပြုပြီးမှသရဖူကိုယူလာ၍ခေါင်းပေါ်၌ဆောင်းစေကြသည်။ ဂုဏ်အသရေရှိလူကြီးမင်းများခင်ဗျား၊ သခင်ယေရှုခရစ်တော်ကိုသင်၏သခင်နှင့်ကယ်တင်ရှင်အဖြစ် သင့်အားငါပေးပါ၏။ သင်၏အသက်တာကိုသူ့ အားပေးအပ်ခြင်းအားဖြင့် ဂါရဝပြုလိုပါသလား။ လူတိုင်း၌ခရစ်တော်ကခေါ်သည်ဟူသော အာရုံခံစားချက်တခုရရှိကြကျွန်ုပ်တို့သည်အကြောင်းတခုခုကြောင့် သူ ့နောက် သို့လိုက်ရန်ငြင်းကျွန်ုပ်တို့ကဲ့သို့ကောင်းသော (သို့မဟုတ်) သာ၍ကောင်းသောသူတို့ အား၊ကိုယ် တော် ရရှိသွားမည်ဖြစ်သည်။ သို့ရာတွင် အမှုတော်ထမ်းရွက်ဘို့အတွက် ပိုကောင်းသောခရစ် တော်ကို ကျွန်ုပ်တို့ရရှိကြမည် မဟုတ်တော့ပါ။
မြောက်ကယ်ရိုလိုင်းနားပြည်နယ်၊ ဘင်လစ်ပင်မြို့ အစည်းအဝေးကြီးတခု၌ အမျိုးသမီးငယ်တယောက် သည် သူမ၏ဘုရားသခင်ရွေးကောက်တော်မူခြင်းနှင့်ပတ်သက်၍ သက်သေခံခဲ့သည်။ သူပြောနေစဉ် စာရွက် လွတ်တရွက်ကိုကိုင်ကာ ၄င်း၌သူမ၏အသက်တာအတွက် ဘုရားသခင်အလိုတော်ပါရှိသည်ဟု ဆို၏။ ၄င်းအပေါ်၌ရေးထားသည့်တခုတည်းသော အရာမှာအောက် ဆုံး၌ရေးထိုးထားသည့် သူမ၏ လက် မှတ်ပင် ဖြစ်သည်။ ထို့နောက်သူမက ‘ ဘုရားသခင်၏ အလိုတော်သည် မည်သည့်အရာဖြစ်သည်ကိုမသိဘဲ ကျွန်မ လက် ခံသည်။ အထက်၌ကိုယ်တော်ရေးလိုသောအရာကိုရေးရန်ချန်ထားပါသည်’ ဟုဆို၏။ သူမသည် တပည့်တော်အစစ်အမှန်တစ်ဦးဖြစ်၍လုံခြုံသောနေ ရာ၌ရှိနေသည်။ ထိုသို့နာခံနိမ့်ချသောဆန္ဒနှင့် အသက် တာလျှော က်လှမ်းသောအခါ သန့်ရှင်းသောဝိညာဉ်တော်သည် သူမ၏ဉာဏ်ပိုင်းဆိုင်ရာ ၌လမ်း ပြနိုင်သည်။*
Theodore Monod ကသူ၏အသက်တာနှင့်ဖွင့်ပြခံရသည့် အတိုင်းလုံးလုံးအရှုံးပေးသည့် လမ်းစဉ်ကိုဖေါ်ပြသည် – အို၊ ခါးသီးသောရှက်ရွံ့မှု၊ ဝမ်းနည်းခြင်းများကြုံတွေ့ရသည့် တချိန်ချိန်၌ကယ်တင်ရှင်၏ သနားခြင်းကရုဏာတန် ဘိုးမထား ဝါကြွားဆိုခဲ့။”ထိုအတ္တများ ကိုယ်တော်၏ပုံရိပ်၌ရှိမနေခဲ့သခင်နှင့်အတွေ့ အကျွန်ုပ်ကြည့်မြင်ကျိန်ခြင်းခံ သစ်တိုင်ပေါ်မှာ၊သွေးယိုစီးသော အကျွန်ုပ်သခင်အကျွန်ုပ်ကြားခဲ့ သခင့်ဆုတောင်းသံအို အ ထိုသူများ၏ အပြစ်ကိုလွှတ်တော်မူပါ”ညှိုးနွမ်းနေသော အကျွန်ုပ်နှလုံးသား တိုးတိတ်ညည်းဆိုအတ္တရှိလည်းကိုယ်တော့်ပုံရိပ်ဖြစ်ချင်နေခဲ့အနေပြီးတနေ့.. အခင့်ဂရုဏာတော်နဲ့အနာ ငြိမ်းခြင်း၊ မစခြင်းနဲ့ အစဉ်ပြည် လွတ်လပ်မှုတွေချိုမြိန်ခြင်း၊ ကြီးထွားရင့်ကျက် သည်းခံခြင်းနဲ့အတူနိမ့် ချစွာဖြင့် … လေပြေစကားဆို”အတ္တတွေလျော့ .. ကိုယ်တော့်ပုံရိပ်ပိုပီပြင်ချင်ခဲ့။”အမြင့်ဆုံးကောင်းကင်ထက် – သာ၍မြင့်သောအနက်ရှိုင်းဆုံးပင်လယ်ထက် .. သာ၍နက်သောသခင့်မေတ္တာက … အဆုံးမှာတော့ အောင်ပွဲခံလျက်” အတ္တကင်းစင် . ကိုယ်တော်သာအလုံးစုံ အကျွန်ုပ်ဘဝတွင် “နှစ်ဆယ့်တစ် သင်သည်သေချာ ကြောင်းသိနိုင်သည်You Can Know For Sure
 လူတစ်ယောက်သည်အခြား သောလူတစ်ယောက်အား တပည့်တော်ဖြစ်စေရန်မစွန့်စားမီ မိမိကိုယ်တိုင်ကယ် တင်ခြင်းစိတ်ချမှုရှိပြီး၊ အဘယ်သို့စိတ်ချမှုရရှိသည်ကိုရှင်းပြတတ်ရမည်။ ဘုရားသခင်သည် သူ၏လူတို့ အားမိမိတို့၏ကယ်တင်ခြင်းအတွက်ဝမ်းမြောက်ပျော်ရွှင်ရန်အလိုရှိသော်လည်း သင်သည်ထိုကယ်တင် ခြင်းရရှိသည်ကိုမသိပါက ဝမ်းမြောက်နိုင်မည်မဟုတ်ပါ။ ထိုစိတ်ချမှုအာမခံချက်ကို အခြားသောသူ တို့အားကျမ်း စာနည်းဖြင့်ရှင်းပြတတ်မည်မဟုတ်ပါ။
ပေါလုသည်မိမိကယ်တင်ခြင်းရသည်ကိုသိ၏ (၂တိ ၁း၁၂)။ ဧဖက်ယုံကြည်သူများက သိကြသည် (ဧဖက် ၂း၈)။ ယောဟန်နှင့်ပေတရုတို့သည်လည်းသိကြ၏ (၁ယော ၃း၂။ ၁ပေ ၁း၃-၅)။ ကျွန်ုပ်တို့သည်လည်းသိသင့်သည်။အဓိကပြောလိုသည့်အချက်မှာ၊ ကယ်တင်ခြင်းစိတ်ချမှု သည်ဘုရား သခင်၏နှုတ်ကပတ်တော်အားဖြင့် ပထမဦးဆုံးနှင့်အရင်ဆုံးလာသည်။ ဥပမာ၊ယော ၅း၂၄ ၌ သင်သည်နှုတ်ကပတ်တော်ကိုကြားနာ၍ စေလွှတ်တော်မူသောသူကိုယုံကြည်လျှင် ထာဝရအသက် ကိုရ၏ဟုဆို၏။ သင်သည်တရားစီရင်ခြင်းမခံရ၊ သေခြင်းမှအသက် ရှင်ခြင်းသို့ကူးမြောက်သောသူဖြစ်၏ဟု ရေးထားသည်။
ဤနေရာ၌ ပြောသောသူသည်မည်သူနည်း။ယေရှုဖြစ်၏ (ငယ် ၁၉ ကြည့်ပါ)။သူလိမ်ညာ နိုင်မည်လား။ မလိမ်နိုင်ပါ။သူလှည့်ဖြားနိုင်မည်လား။မလှည့်ဖြားနိုင်ပါ။သူအားလှည့်ဖြား၍ ရပါသလား။မရပါ။သူပြောပါက အမှန်ဖြစ်ပါသလား။ဖြစ်ပါ၏။ကောင်းပါပြီ။ ” ငါ့စကားကိုကြား၍” ဟု ကိုယ်တော်ပြောပါသည်။ ဤအရာ သည် နားနှင့်ကြားခြင်းသာမကပါ။ ကြား၍တုန့်ပြန်ခြင်းကိုဆိုလိုသည်။ကြား၍ ယုံ ကြည်ခြင်းကို ဆိုလိုသည်။ ထို့ကြောင့် ယေရှုအားနှုတ်က ပတ်တော်သွန်သင်သည့်အတိုင်းကျွန်ုပ်၏ကယ် တင်ရှင်နှင့်သခင် အဖြစ်ယုံကြည်ပြီလားဟု မိမိကိုယ် ကိုမေးပါ။
သင်က “ဟုတ်ကဲ့” ဟု ဖြေပါ၏။ယေရှုက မည်သို့ပြောသေးသနည်း။ကိုယ်တော်ကိုစေလွှတ်သောသူကို ယုံကြည်ရမည်ဟုဆို၏။ယေရှုကို မည်သူစေလွှတ်ပါသနည်း။ခမည်းတော်ဘုရားက စေလွှတ်သည်။အဘယ် ကြောင့် ကိုယ်တော်ကိုစေလွှတ်ပါသနည်း။ကျွန်ုပ်၏အပြစ်ဒါဏ်များကို ပေးဆပ်ရန်စေလွှတ်သည်။ကို အရာကို သင်ယုံကြည်ပါသလား။”ဟုတ်ကဲ့။”သခင်ဘုရားက နောက်ဘာပြောပါသေးသနည်း။” ထာဝရအသက်ကိုရ၏” ဟု ပြော၏။သင်သည်ထာဝရအသက်ရရှိပါသလား။ဤနေရာ၌ အချို့သောသူများက “မရပါ” ဟု ပြောကြလိမ့်မည်။အဘယ်ကြောင့် မရပါဟုပြောပါသနည်း။ထူးခြားချက်တစုံတရာကို မခံစားသောကြောင့်ဖြစ်သည်။ကျမ်းပိုဒ်ကိုပြန်ဖတ်ပါ။သင်သည်ထာဝရအသက်ရသည်ကိုစိတ်ထဲ၌ခံစားမည်ဟုပြောပါသလား။ မပြောပါ။မည်သို့ ပြောပါသနည်း။”ထာဝရအသက် ရ ၏” ဟု ဆို၏။သင်ထာဝရ အသက်ရပါသလား။ဟုတ်ကဲ့။မည်သို့သိပါသနည်း။ ယရှေကသမ္မာကျမ်းစာထဲ၌ ထိုသို့ပြောသော ကြောင့်ဖြစ် သည်။၎င်းသည် ကြားနာခြင်း၊ ယုံကြည်ခြင်း၊ ရရှိခြင်းဖြစ်သည်။ ဘုရားသခင်သည် စကြာဝဠာ တခုလုံး၌ အသေချာဆုံးဖြစ်သည့်နှုတ်ကပတ်တော်အပေါ်၌ ကျွန်ုပ်တို့၏ ကယ်တင်ခြင်းကို အခြေပြုရန် အလိုတော်ရှိ သည်။ ကယ်တင်ခြင်းစိတ်မှုသည်စိတ် ခံစားချက်မှမလာပါ။ မော်မွန် (Monom)အသင်းသား များက”ကျွန်ုပ်၏ ရ င်ထဲ၌တောက်လောင်ခြင်းတခုရှိသောကြောင့် ၄င်းသည် မှန်ပါ၏” ဟုဆိုကြသည်။ သို့ရာတွင် ထိုသို့သောစိတ်ခံစားချက်တို့မှာ အားထား၍မရပါ။စိတ်ခံစားချက်တို့မှာပြောင်းလဲလွယ်၍ ပြောင်းလဲနိုင်သည်။ ၄င်းတို့ကိုမာရ်နတ်ကကြိုးကိုင်နိုင်သည်။သစ်တိုင်ပေါ်၌ဆွဲထားသောသူခိုးအား- သင်ကယ်တင်ခြင်းရပါသလား၊ ဟု မေးပါ။ဟုတ်ကဲ့။သင်ကယ်တင်ခြင်းရသည်ဟု ခံစားပါသလား။မခံစားပါ။ ဝေဖနာတခုတည်းကိုသာ ကျွန်တော်ခံစားသည်သင်ကယ်တင်ခြင်းရသည်ဟု သိပါသလား။သိပါ သည်။မည်သို့သိပါသနည်း။သခင်ယေရှုက ” ယနေ့ငါနှင့်အတူ ပါရဒိသုဘုံ၌ရှိမည်” ဟုပြောသည်ကို ကျွန်တော်ကြားသည်။သူသည် ယေရှုပြောသောစကားအားဖြင့်သူ၏ ကယ်တင်ခြင်းစိတ်ချမှုကိုရရှိသည်။ ယနေ့စာနှင့်ရေးသောနှုတ်ကပတ်တော်အားဖြင့် ၄င်းကိုကျွန်ုပ်တို့ရရှိကြသည်။
နာမည်မသိသည့်စာရေးဆရာတယောက်က ဤသို့ပြောပါသည် -ကျွန်ုပ်စိတ်ထဲ၌ အလွန်ခံစားသောကြောင့် “ဘုရားသခင်ကိုကျေးဇူးတင်ပါ၏” ဟု ပြောရန် ဘုရားသခင် မတောင်းဆိုပါ။သို့သော်၊ နောက်တနည်းဖြစ် သည့်ယေရှုနှင့်နှုတ်ကပတ်တော်ကိုကြည့်ပါ ဟုဆို၏။
မာတင်လူသာအားသူနှင့်သိကျွမ်းသောလူတယောက်က၊ သူ၏အပြစ်များလွှတ်ပြီဖြစ်ကြောင်း ခံစားရပါ သလား၊ ဟုမေးသောအခါ၊ “မခံစားရပါ။သို့သော်လည်း ကောင်းကင်၌ဘုရားရှိသည်ကို သေချာသလောက် သေချာပါသည်။ဟု ပြန်ဖြေ၏။
ပေါ်လိုက်ပျောက်လိုက် ထင်ယောင်ထင်မှားခံစားမှုများကြားနှုတ်ကပတ်တော်သာ အကျွန်ုပ်အာမခံချက်ပါ။ အခြားအရာများယုံကြည်ဘို့ရန် မထိုက်တန်လို့ပါ။အကျွန်ုပ်နှလုံးသား စီရင်ခြင်းခံသင့်လည်း လိုအပ် မှုများစွာတို့ အတွက်၊ သေချာမှုတစ်ခု သင်သိနိုင်သည်ထိုအရာမူကား အကျွန်ုပ်နှလုံးသားထက် ကြီးမြတ် သောသူ ထိုသူ့စကားမပျက်စီးနိုင်။ခန္ဓာစိတ်တွေ နာကျင်သည့်တိုင်ပြေင်းလဲခြင်းမရှိ . သခင့်စကား ကိုယုံကြည်နေမည်၊အရာခပ်သိမ်း ကွယ် ပျောက်သွားမည်နှုတ်ကပတ်တော်ကား အစဉ်အမြဲတည်ရှိနေမြဲ။
“ကျွန်ုပ်ပျော်ရွှင်မှုကိုခံစားနေသောကြေ ာင့်ကျွန်တော်ကယ်တင်ခြင်းရကြောင်းမသိရသော်လည်း၊ ကျွန်တော်ကယ်တင်ခြင်းရသည်ဟုသိရသောကြောင့်ကျွန်တော်ပျော်ရွှင်ပါသည်” ဟု ဒေါက်တာ Ironside ကပြောပါသည်။
Dr. C. I Scofield က “ဖြောင့်မတ်စေခြင်းမှာ ယုံကြည်သူ၏အာရုံခံစားချက်မဟုတ်ဘဲ ဘုရားသခင်၏ စိတ်တော်၌ရှိသည်” ဟုဆို၏။ ကျွန်ုပ်တို့ယုံကြည်သောအခါ ဘုရားသခင်သည် ဖြောင့်မတ်သောသူ အဖြစ် မှတ်သည်။ကျွန်ုပ်တို့သည်ထိုအရာကိုမခံစားကြသော်လည်း သမ္မာကျမ်းစာကပြော သောကြောင့် သိကြ သည်။ လုံခြုံခြင်း၊ သေချာခြင်း၊ ပျော်ရွှင်ခြင်း ဟူသောစာအုပ်ကိုရေးသားသူ George Cutting က “ကျွန်ုပ်တို့အားလုံခြုံစေသောအရာမှာအ သွးတော်ေဖြစ်သည်”
အသွေးတော်ဖြစ်သည်။ ကျွန်ုပ်တို့အားသေချာစေသောအရာမှာ နှုတ်ကပတ်တော်ဟုေျပာျခင္းသည္ ကျွန်ုပ်တို့အားအထောက်အကူပြုပါသည်။Jolin Wesley က အောက်ပါအတိုင်းရေးပါသည်။
အတက်အကျရှိ စိတ်ဓါတ်နှင့်ခံစားချက်များဘယ်ခါမှသင့်ကယ်တင်ရှင်မဖြစ်နိုင်၊အရာခပ်သိမ်းနားလည်ဘို့ရန် ခရစ်တော်၌သာနည်းခံပါ။ဖြစ်လာသမျှနားလည်ခံစား၊ယေရှုသည် သင်၏ကယ်တင်ရှင်ဖြစ်နေဆဲ။
ဣဇက်သည်ဧသော၏အမွှေးထူသောလက်ကိုတို့ထိခံစားမိသည်ဟုယုံကြည်သော်လည်း ယာကုပ်၏ လက် သာဖြစ်သည်။ သူသည် အလိမ်ခံရသည်။
စိတ်ချမှုသည်နှုတ်ကပတ်တော်မှတဆင့်ပထမဆုံးနှင့်အရင်ဦးဆုံးလာသည်ဟုစောစောပိုင်း၌ကျွန်ုပ်တို့ပြောကြသည်။ ထို့အပြင်၊ လူတယောက်သည်ခရစ်ယာန်အသက်တာ၌ကြီးထွားလာသည်နှင့်အညီ သူ၏စိတ် ချမှုကိုနည်းများစွာတို့ကအတည်ပြုပေးသည်။ ဘုရားသခင်သည် သူ၏အထဲ၌ ပြောင်းလဲမှု တို့ကိုဖြစ် ပေါ်စေသည်ကို သူသိရှိသည်။
> သူသည်ဘုရားသခင်၏စကားကိုနားထောင်လိုသည် (၁ယော ၂း၃-၆၊ ၁၇)။
> သူ၏အသက်တာသည် မှန်ကန်ဖြောင့်မတ်လာသည် (၁ယော ၂:၂၉)၊
> သူသည် သန့်ရှင်းခြင်း၊ ကောင်းမြတ်ခြင်းနှင့်သမ္မာတရားတို့ကိုဆာငတ်ခြင်းရှိလာသည် (ဂလာတိ ၅း၂၂-၂၄)။
> သူသည် ညီအစ်ကိုတို့ကိုချစ်သည် (၁ယော ၃း၁၃၊ ၁၄)။` သူသည် အလိုလိုဆုတောင်းသည် (ဂလာတိ ၄း၆)။> သူသည် ဘုရားသခင်၏နှုတ်ကပတ်တော်ကိုချစ်သည် (၁ပေ ၂း၂)။အပြစ်ကိုမုန်းသည် (ဆာလံ ၉၇း၁ဝ)။> သူသည် သူ၏ယုံကြည်ခြင်းကို တခြားသူတို့အားဝေငှလိုသည် (တမန်၄း၂၀)။> သူသည် စုံးစမ်းသွေးဆောင်ခြင်းနှင့်ဆန့်ကျင်ဘက်ပြုခြင်းကိုသတိ ထားသည် (၁ကော ၁၀း၁၃။ ၁ယော ၃း၁၃)။
၂၁၅> သူသည်စိတ်ရှည်စွာဖြင့်သည်းခံသည် (ဟေဗြဲ ၁၀း၃၆။ ၁၂:၅-၁၁)၊“သူသည် ကောင်းသော အကျင့်ကို စွဲလန်းသည် (တိတု ၂-၁၄။ ယာကုပ်၂:၁၄-၂၆)။လူတယောက်သည် ကယ်တင်ခြင်းရသည် ဟုပြောခြင်းမှာ ယူဆချက်တခုဖြစ်ပါသလား။ ကယ်တင်ခြင်းသည်အကျင့်အားဖြင့်ဖြစ်ပါက၊ ယူဆချက် ဖြစ်ပါမည်။ ထိုသို့ဆို သော်၊ ကယ်တင်ခြင်းသည်အဖိုးအခပေး၍ရခြင်း သို့မဟုတ်ထိုက်တန် ၍ရခြင်းဖြစ် ပေလိမ့်မည်။ သို့သော် လည်း ကယ်တင်ခြင်းသည်အခမဲ့ပေးသောလက်ဆောင်ဖြစ်သည်။ ထိုလက်ဆောင် ကိုယုံကြည်ခြင်း ဖြင့်လက် ခံခြင်း၌ လူ၏ကုသိုလ်ကောင်းမှုသို့မဟု တ် ကြိုးစားလုပ်ဆောင်ခြင်း စသည်တို့မပါ ဝင်ပါ။ ဝါးကြွားစရာအခွင့်လည်းမရှိပါ။
ယူဆချက်သည် ဘုရား သခင်အားမုသားစကားပြောသောသူဖြစ်စေသည်(၁ယော ၅း၁၀)။ “ဘုရားသခင်က သားတော်ကိုရသောသူသည်အသက်ကိုရ၏” ဟုမိန့်တော်မူ၏ (၁ယော ၅း၁၂)။ ဤကျမ်းပိုဒ်ကို မယုံကြည် ခြင်းသည်ဘုရားသခ င်ကအမှန်ကိုမပြောပါဟု ပြောနေခြင်းဖြစ်သည်။ဤနေရာ၌ တစုံတယောက် သောသူက ကျွန်တော်မှန် ကန်သောနည်းဖြင့်ယုံကြည်ခဲ့ပြီးဖြစ်ကြောင်းမည်သို့သိရမည်နည်းဟု မေးကောင်း မေးနိုင်ပါ သည်။ အဖြေသည်လွယ်ပါ၏။ သင်၏ထာဝရကယ်တင်ခြင်းအတွက်သခင် ယေရှုခရစ်တော် ကိုယုံကြည် ခြင်းသည် သင်၏တခုတည်းသောမျှော်လင့်ချက်ဖြစ်ပါက သင်သည်မှန်ကန် သောနည်းဖြင့် ယုံကြည်ပြီး ဖြစ်ရာ ဘုရားသခင်ပြုပေးသည့်အတိုင်း ကယ်တင်ခြင်းရရှိပြီဖြစ်သည်။
အခြားပြဿနာတခု။ ခရစ်တော်ကို ကျွန် တော်ပထမဦးဆုံးကြည်လက်ခံသည့်နေ့နှင့်နာရီကိုကျွန်ုပ်မသိပါ။ ဖြစ်နိုင်ပါ၏။ အချို့သောလူတို့သည် သခင်ယေရှုကိုပထမဦးဆုံးလက် ခံသည့်အချိန်အတိအကျကို ပြောပြနိုင်ကြသည်။ ကျွန်တော်အပါအဝင်အခြားသောသူတို့သည်မသိကြပါ။အရေးကြီးကရာနီကုန်းပေါ်၌ အသေခံပြီး သင်၏ကယ်တင်ရှင်နှင့်သခင်အဖြစ် သင်ယုံကြည်သောအချက်မှာ ဤအချိန်အခိုက်အတန့်၌ ယေရှုသည်သင်၏အပြစ်အတွက်နေခြင်းပင်ဖြစ်သည်။ သင်သည်ခရစ်တော် ၏ ဝတ်ရုံပန်းပွားကိုလက်လှမ် း၍တို့သည့်အချိန်ကို ဘုရာ းသခင်သိပါသည်။ သို့သော် သင်သည် မသိပါက၊ ခေါ်ဖိတ်လက်ခံလိုလျှင် ယခုအဘယ်ကြောင့်မခေါ်ဖိတ် မလက်ခံပါသနည်း။
စိတ်ထိခိုက်လွယ်သောသူက “ကျွန်ုပ်ကယ်တင်ခြင်းရပါက အကောင်းကိုပဲစဉ်းစား၊ ပြောဆို၊ ပြုလုပ်ပါ မည်လား” ဟုမေးသည်။ ကျွန်ုပ်တို့ကယ်တင်ခြင်းရပြီးနောက် လူဟောင်း၏သဘာဝရှိသေးသည်။ ၄င်း သည်တိုး တက်မှုမရှိပါ။ဝိညာဉ်တော်ကျွန်ုပ်တို့၌ရှိသည်။ ယခင်ထက် အထဲ၌ရှိနေသော အပြစ်ကို ပို၍ကျွန်ုပ် တို့၏အထဲ၌ အပြစ်အားလုံး၏မျိုးစေ့ဗီဇရှိကြသည်။ သို့သော် ကိန်းဝပ်သော ပြုလုပ်နိုင်သော် လည်းထို အရာများကိုမကျူးလွန်စေသည့်တန်ခိုးကျွန်ုပ်တို့၌သိရသောအခွင့်ကိုကိုယ်တော်ပေးသည်။ ကျွန်ုပ်တို့သည် အပြစ်ဒုစရိုက်အားလုံးကိုရှိသည်။ ကျွန်ုပ်တို့သည်အပြစ်မဲ့သူများမဟုတ်ကြသော်လည်း သာ၍နည်း သောအပြစ်လုပ်ကြသည်။ ကျွန်ုပ်တို့၏ကယ်တင်ခြင်းနှင့် ပတ် သက် ၍ စာတန်သည်ယုံမှားသံ သယမျိုးစေ့ ကိုကြလေ့ရှိသည်။ ထိုသို့သောအချိန်၌ ယေရှုသည်တောထဲ၌စုံစမ်း ခြင်းခံရသော အချိန်၌ပြု သကဲ့သို့ ကျွန်ုပ်တို့သည်နှုတ်ကပတ်တော်ကိုကိုးကားရန်ဖြစ်သည်။
နောက်ဆုံးမေးခွန်းတခု။ ကျွန်ုပ်သည်ခရစ်တော်ကိုယုံကြည်ပြီးဖြစ်သော်လည်း ဝိညာဉ်တော်၏ သက်သေကျွန်ုပ်၌မရှိပါ။ ဝိညာဉ်တော်၏သက်သကိုကျွန်ုပ်၌မရှိသင့်ပါသလား။ ဟုတ်ပါ၏။ သင်၌ရှိသင့်ပါသည်။ သို့သော်လည်း ဝိညာဉ်တော်၏သက်သေကိုသင်မည်သို့ယူဆပါသနည်း။ သင်သည်၎င်းကိုထူးဆန်းနက်နဲသောခံစားချက်က သင့်ကိုလွမ်းမိုးခြင်း၊ ခေါင်းလောင်းတီးသံ
များကိုကြားခြင်း၊ အလင်းရောင်လင်းလက်ခြင်း၊ သင်၏အာရုံ၌စပ်ဖျင်းဖျင်းခံစားခြင်းတခု ဖြစ်သည်ဟုသင် ယူဆပါက သင်၏အခက်အခဲကိုကျွန်တော်သိပါသည်။ သန့်ရှင်းသောဝိညာဉ်တော်၏သက်သေမှာ စိတ်ခံစားမှုတခုမဟုတ်ပါ။သူသည်ဘုရားသခင် ၏နှုတ်က ပတ်တော်အားဖြင့်သက်သေခံသည်။
၁ယော ၅း၁၃ အားဖြင့်ရှင်းပြပါရစေ။”ဘုရားသ ခင်၏ သားတော်ကိုယုံကြည်သောသင်တို့သည် ထာဝရအသက်ကိုကိုယ်တိုင်ရသည်ဟုသိစေခြင်းငှါ၊ဤအရာများကိုသင်တို့အားငါရေး၍ပေးလိုက်၏” စာလုံးတခုပြီးတခုကြည့်ပါ။
“ဤအရာများ-” ယောဟန်သည် သူ၏ပထမဩဝါဒစာကိုရည်ညွှန်းခြင်းဖြစ်သည်။
“ငါရေး၍ ပေးလိုက်၏” ” ငါ ” သည် တမန်တော်ကြီးယောဟန်ဖြစ်၏။သို့သော်လည်း ပို၍ကျယ်ပြန့်စွာပြောပါက ဘုရားသခင်သည်ကျမ်းစာကိုမှုတ်သွင်းသော ကြောင့် စာရေးသူသည်ဘုရားသခင်ပင်ဖြစ်သည်။ ထို့ကြောင့် “ဤအရာများကိုငါရေး၍ ပေးလိုက်၏” ဟု ကျွန်ုပ်တို့ဖတ်ရသောအခါ၌ ဘုရားသခင်သည်သမ္မ ာကျမ်းစာရေးသောသူဖြစ်ကြောင်းဆိုလိုသည်ကို ကျွန်ုပ်တို့သိနိုင်သည်။
“ဘုရားသခင်၏သားတော်ကိုယုံကြည်သောသင်တို့သည် “” ဤအချက်ကိုကျွန်ုပ်တို့ဖတ်သောအခါ၌ “ကျွန်တော်သည်ဘုရားသခင်၏သားတော်ကိုယုံကြည်ပြီးလား” ဟု မိမိကိုယ်ကိုမေးသည်။ “ဟုတ်ကဲ့၊ ကျွန်တော်သည်ထာဝရအသက်အတွက်ခရစ်တော်၏ ကောင်းမှုကုသိုလ်ကိုသာယုံကြည်အားကိုးနေပါသည်” ဟု ကျွန်ုပ်တို့ဖြေကြသည်။
“ထာဝရအသက်ကို ကိုယ်တိုင်ရကြောင်းသိစေခြင်းငှါ -” ဤအရာသည်စိတ်ခံစားမှုမဟုတ်ပါ။ “သင်တို့သည်ခံစားရမည်အကြောင်း” ဟု မပြောပါ။ထာဝရအသက်ပိုင်ဆိုင်ခြင်းမှာ သင်သိနိုင် သည့်အရာတခုဖြစ်သည်။ သင်သည်ယုံကြည်ပြီးပြီဖြစ်သောကြောင့် သင်သည်ထာဝရအသက် ရရှိကြောင်းကိုဘုရားသခင်နှုတ်ကပတ်တော်အားဖြင့် ဝိညာဉ်တော်သည်သင့်အားသက်သေခံသည်။ တနည်းဆိုရသော်၊ ဝိညာဉ်တော်သည် မမှားနိုင်သောဘုရားသခင်၏နှုတ်က ပတ်တော်ဖြစ်သည့်သမ္မာ ကျမ်းစာအားဖြင့်သက်သေခံသည်။
နှစ်ဆယ့်နှစ်
ထာဝရကယ်တင်ခြင်း
Eternal Salvation
 သင်၏တပည့်သည်အမှန်တကယ်ကယ်တင်ခြင်းရပါက သူသည်ထာဝရအစဉ်ကယ်တင် ခြင်းရရှိကြောင်း သိသင့်သည်။ ထိုမျှသာမက ဤအရာကိုသမ္မာကျမ်းစာမှသက် သေပြနိုင်ရမည်ဖြစ်သည်။ ပထမဦးဆုံး အနေနှင့် ဤအကျိုးဆက်အပေါ်၌ အ ကောင်းဘက်မှပြောပြချက်များရှိပါသည်။ နမူနာအနေနှင့်(ယော၁၀း၂၇-၂၉) ကိုယူပါ။
ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကိုငါသိ၏။ ထာဝရအသက် ကိုလည်းငါပေး၏။ ထိုသိုးတို့သည်ပျက်စီးခြင်းနှင့်အစဉ်ကင်းလွတ်ကြလိမ့်မည်။ အဘယ်သူမျှထိုသိုးတို့ကို ငါ့လက်မှမနှုတ်မယူရာ။ ထိုသိုးတို့ကိုငါ၌အပ်ပေးတော်မူသောခမည်းတော်သည် ခပ်သိမ်းသောသူတို့ ထက်ကြီးမြတ်တော်မူသည်ဖြစ်၍ အဘယ်သူမျှထိုသိုးတို့ကိုငါ့ခမည်းတော်၏လက်မှ မနှုတ်မယူရာ။
 သူ၏သိုးတကောင်မျှပျက်စီးမည်မဟုတ်ဟု ယေရှုမိန့်တော်မူ၏။ မမှန်သောအရာတခု ကိုယေရှုမိန့်တော်မူ ပါက ထိုနေရာ၌ယေရှုသည်ဘုရားသခင်မဟုတ်ဘဲ၊ ကျွန်ုပ်တို့၏ယုံကြည်ခြင်း မှာလည်းအချည်း နှီးဖြစ်မည်ဖြစ်၏။ကျွန်ုပ်တို့၏ကယ်တင်ခြင်းသည်ထာဝရဖြစ်ကြောင်းကိုပြောသည့်အခြားကျမ်းပိုဒ်များစွာရှိပါသည်။ ၄င်းတို့အနက်အချို့သောကျမ်းပိုဒ်များမှာ-ဘုရားသခင်၏သားတော်ကိုယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှါဘုရားသခင်သည်မိမိ၌တပါးတည်းသောသားတော်ကိုစွန့်တော်မူသည့်တိုင်အောင် လောကီသာတို့ကိုချစ်တော်မူ၏ (ယော ၃း၁၆)။
သားတော်ကိုယုံကြည်သောသူသည်ထာဝရအသက်ကိုရ၏။ သားတော်ကိုမယုံကြည်သော သူမူကားအသက် ကိုမတွေ့ရ၊ ဘုရားသခင်၏အမျက်တော်သည် ထိုသူ၏အပေါ်၌တည်၏ (ယော ၃း၃၆)။ ယေရှုကလည်းဤရေကိုသောက်သောသူသည် ရေငတ်ခြင်းနှင့်အစဉ်ကင်းလွတ်လိမ့်မည်။ ငါပေးသောရေသည် ထိုသူ၌ထာဝရအသက်ရှင်ခြင်းအလိုငှါ ထွက်သောစမ်းရေဖြစ်လိမ့်မည်ဟုမိန့်တော်မူ၏ (ယော ၄း ၁ ၃-၁၄)။
ငါအမှန်အကန်ဆိုသည်ကား၊ ငါ့စကားကိုနားထောင်၍၊ ငါ့ကိုစေလွှတ်တော် မူသောသူကိုယုံကြည် သောသူသည် ထာဝရအသက်ကိုရသည်ဖြစ်၍ အပြစ်စီရင်ခြင်းကိုမခံရ။ သေခြင်းမှအသက်ရှင်ခြင်းသို့ ကူးမြောက်သောသူဖြစ်၏(ယော ၅း၂၄)။
ငါအမှန်အကန်ဆိုသည်ကား၊ ငါ့ကိုယုံကြည်သောသူသည်ထာဝရအသက်ကိုရ၏ (ယော ၆း၄၇)။
ထာဝရအသက်ဟူမူကား၊ မှန်သောဘုရားသခင်တဆူတည်းဖြစ်တော်မူသောကိုယ်တော်ကို၄င်း၊ စေလွှတ်တော်မူသောယေရှုခရစ်ကို၄င်း သိကျွမ်းခြင်းတည်း (ယော ၁၇း၃)။
 ကျွန်ုပ်တို့သည်ပျက်စီးခြင်းနှင့်ထာဝရကင်းလွတ်ကြောင်းကို သိရှိနိုင်သည့်အခြားနည်းလမ်းများရှိပါ သည်။ ကျွန်ုပ်တို့ကယ်တင်ခြင်းရသည်နှင့်တပြိုင်နက်သန့်ရှင်းသောဝိညာဉ်တော်၏တံဆိပ်ခတ်ခြင်းကိုခံရကြသည် (ဧဖက် ၁:၁၃ခ)။သန့်ရှင်းသောဝိညာဉ်တော် သည်ထိုတံဆိပ်ဖြစ်ပြီး၊ ပိုင်ဆိုင်ခြင်းနှင့်လုံခြုံစိတ်ချမှု အတွက် အမှတ်လက္ခဏာ (သို့) အာမခံဖြစ်သည်။ ထို့အပြင်၊ကောင်းကင်ဘုံသို့ရောက်သည် အထိရွေးနှုတ်ရာ နေ့ရက်တိုင်အောင် ကျွန်ုပ်တို့၏တံဆိပ်ဖြစ်သည်(ဧဖက် ၄း၃ဝ)။
သန့်ရှင်းသောဝိညာဉ်တော်ကို အာမခံတခုအနေနှင့် ကြှနျုပျတို့အားပေးခြင်းဖြစ်သည်။ တခါတရံ ၄င်းကို စရံ ဟုခေါ် သည် (ဧဖက် ၁း၁၄)။ “ပိုင္ထိုက္ေတာ္မူသောသူတို့သည် ဘုန်းတော်ကိုချီးမွမ်းခြင်း အကြောင်း နှင့်ရွေးနှုတ်တော်မူခြင်းသို့မရောက်မှီကာလပတ်လုံးကို ဝိညာဉ်တော်သည်ငါတို့အမွေ၏ စရံဖြစ်တော် မူ၏။ ကျွန်ုပ်တို့သည်သန့်ရှင်းသောဝိညာဉ်တော်ရရှိသည်မှာ သေချာသလောက်တနေ့သောအခါ ဘုန်းကြီးသော ခန္ဓာကိုယ်အပါအဝင် ထိုအမွေကိုအပြည့်အဝရရှိကြမည်မှာလည်းသေချာကြောင်း ဤကျမ်းချက်ကဆို လိုသည်။
 ကျွန်ုပ်တို့၏ထာဝရလုံခြုံမှုနှင့်ပတ်သက်၍ အခြားသက်သေတခုရှိပါသည်။ ကျွန်ုပ်တို့သည် “ခရစ်တော်၌” ရှိကြသည်။ ဘုရားသခင်သည်ကျွန်ုပ်တို့ကို “ခရစ် တေ ာ်၌” ရှိသောသူအနေနှင့်မြင်ပြီး၊ ကျွန်ုပ်တို့ဖြစ်နေသည့်အရာကိုမကြည့်ဘဲ “ကိုယ်တော်၌” ရှိသည်ကိုကြည့်ပြီး ကျွန်ုပ်တို့ကိုလက်ခံသည်။
ဘုရားသခင်သည်ကျွန်ုပ်တို့အားအပြစ်မစီရင်မီ အပြစ်အချို့နှင့်မစုံလင်ခြင်းအချို့ တို့ကိုခရစ်တော်၌ မြင်ရမည်မှာလုံးဝမဖြစ်နိုင်ပါ။ ကျွန်ုပ်တို့သည်ခရစ်တော်ခန္ဓ ာကိုယ် ၏အင်္ဂါများလည်းဖြစ်ကြသည် (၁ ကော ၁၂ း၁ ၃)။ခရစ်တော်သည်ထာဝရကောင်းကင်၌ အင်္ဂါမစုံဘဲနေရမည်မှာ စဉ်းစား၍မရနိုင်ပါ။
သို့သော် “ခရစ်ယာန်တစ်ယောက်အပြစ်လုပ်သော အ ခါ၌ မည်သို့ဖြစ်မည်နည်။ သူ၏ကယ်တင် ခြင်းကို ဆုံးရှုံးပါသလား၊” ဟူသောမေးခွန်းကိုကျွန်ုပ်တို့ရင်ဆိုင်ဖြေရှင်းရပါမည်။ ထိုအဖြေကိုရရှိရန်အတွက် အောက်ပါအချက်တို့ကိုစဉ်းစားပါ။
ကျွန်ုပ်တို့ကယ်တင်ခြင်းရရှိကြသောအခါ ကျွန်ုပ်တို့အပြစ်အားလုံး၏ထာဝရဒါဏ်မှ လွှတ်ခြင်းခံကြသည်။ အတိတ်၊ ပစ္စုပ္ပါန်၊ အနာဂတ်အပြစ်များအားလုံးပါဝင်သည်။ ထိုအပြစ်အားလုံးတို့သည် သခင်ယေရှု ကျွန်ုပ်တို့အတွက်အသေခံစဉ်က အနာဂတ်ဖြစ်သည်။ဘုရား သခ င်သည် ထိုအပြစ်များကိုအောက် မေ့တော့မည်မဟုတ်ပါ။
 ထိုအချိန်တွင် အသစ်သောတော်စပ်မှုကိုရရှိမည်ဖြစ် သည်။ ကျွန်ုပ်တို့သည်ယေရှုကိုယုံကြည်ခြင်းအာ းဖြင့် ဘုရားသခင်၏သားသမီးများဖြစ်လာကြသည်။ ထိုတော်စပ်မှုကိုဖျက်ဆီးနိုင်မည့်အရာတခုမှမရှိပါ။ သင်သည် လောကီဖခင်၏သားသမီးအဖြစ်မှရပ်စဲ၍မရနိုင် သည်နည်းတူ၊ သင်၏ကောင်းကင်ဘုံ၌ရှိသောဖခင် ၏ သားသမီးအဖြစ်မှရပ်စဲ၍ မရပါ။
 ကျွန်ုပ်တို့အပြစ်လုပ်သောအခါ ဘုရားသခင်နှင့်မိတ် သဟာယပျက်ပြားသွားပါသည်။ သို့သော် တော်စပ်မှုမပျက်ပါ။ တော်စပ်မှုမှာ မပြတ်နိုင်သောကွင်းဆက်တခုဖြစ်သော်လည်း မိတ်သဟာယမှာမူ ပြတ်လွယ်သောချည်မျှင်ကြိုးတစ်မျှင်ကဲ့သို့ဖြစ်သည်။ ကျွန်ုပ်တို့၏အ ပြစ်ဝန်မချမချင်း ပျော်ရွှင်သောမိသားစုစိတ်အာရုံမှာ ပျက်ပြားနေဆဲဖြစ်သည်။
 ဤအရာကိုသေချာစွာသတိပြုပါ။ ကျွန်ုပ်တို့သည် သခင်ယေရှုခရစ်တော်ကိုယုံကြည်သောအခါ၌ ကျွန်ုပ်တို့၏ အပြစ်ဒုစရိုက်များကြောင့်ထာဝရအပြစ်ဒါဏ်ခံရခြင်းမှ အပြစ်လွှတ်ခြင်းကို ရရှိကြသည်။ ၄င်းသည်တကြိမ်တခါတည်းနှင့်အပြီးရရှိခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည်ယုံကြည်သူအနေနှင့် အပြစ်ဝန်ချတောင်းပန်ပြီးစွန့်လွှတ်သောအခါ၌ အပြစ်လွှတ်ခြင်းကိုရရှိကြသည် (၁ယော၁း၉)။ ၄င်းသည် ခရစ်ယာန်အသက်တာ၌ပုံမှန်ဖြစ်ပေါ်သည်။ယော ၁၃း၁ဝ ၌အသစ်တဖန်မွေးဖွားခြင်းအားဖြင့် တစ်ကြိမ်တစ်ခါသာရေချိုးခြင်းရှိသော်လည်းဆေးကြောခြင်းများစွာရှိသည်ဟု ယေရှုသွန်သင်သည်။
အခါအားလျော်စွာပြုမိသည့်အပြစ်နှင့်အပြစ်၌ ကျင် လည် ခြင်း၏အကြား၌ ခြားနားချက်တခုရှိသည်။ ကျွန်ုပ်တို့အားလုံးသည်အပြစ်ပြုကြသည်(၁ ေယာ ၁း၈-၁ဝ။၂း၂)။ သို့သော်လည်း အပြစ်၌မကျင် လည်ကြပါ။ကျွန်ုပ်တို့သည်အပြစ်မဲ့သောသူများမဟုတ်ကြသော် လည်း သာ၍နည်းသောအပြစ် လုပ်ကြ သည်။ အပြစ်သည် အပြစ်သားတစ်ယောက်၏ဘဝကိုစိုးမိုးသည် (၁ ယော၃:၄-၉)။ ဤအပိုဒ်၌ ယောဟန် သည်တဆက်တည်းဖြစ်သည့် ပစ္စုပ္ပန်ကာလပြပုဒ်(presentcontinuous tense) အနေနှင့်အသုံးပြုသည်။ ဤသို့ဖတ်ကြည့်ပါ။ “အပြစ်၌ကျင်လည်သောသူသည် တရားမဲ့ခြင်း၌ကျင်လည်သောသူဖြစ်သည်။ ကိုယ်တော်၌တည်နေသောသူသည် ဆက်၍အပြစ်မလုပ်ပါ။ အပြစ်၌ကျင်လည်သောသူသည် ကိုယ်တော်ကိုမမြင်ရ၊ သိလည်းမသိရပါ။ ဖြောင့်မတ်ခြင်းတရားကိုကျင့်သောသူသည်ဖြောင့်မတ်၏။ အပြစ်၌ကျင်လည်သောသူသည်မာရ်နတ်နှင့်ဆိုင်၏။ အကြောင်းမှာ မာရ်နတ်သည်အစအဦးမှစ၍ အပြစ်ပြုသောသူဖြစ်၏။ ဘုရားသခင်ဖြစ်ပွားစေတော်မူသောသူသည်အပြစ်၌မကျင်လည်ပါ။ သေချာစွာကြည့်ပါက ယုံကြည်သူတစ်ယောက်ကယ် တင်ခြင်းဆုံးရှုံးနိုင်သည်ဟုယုံကြည်ခြင်းမှ လူတစ်ယောက်အားကာကွယ်ရန်အလို့ငှါ သမ္မာကျမ်းစာက ခြားနားခြင်းများကိုပြောပြပါသည်။ စစ်မှန်သောယုံကြည်သူနှင့်ယုံကြည်ဟန်ဆောင်သောလူတယောက်အကြား၌ ခြားနားချက်ရှိသည်။ လူတစ်ယောက်သည်အသစ်မွေးဖွားခြင်းမခံဘူးသော်လည်း ခရစ်ယာန်ဖြစ်သည်ဟုပြောနိုင်ပါသည်။ တောပင်နှင့်စပါးပင်ဥပမာ၌ (မဿဲ ၁၃း၂၄-၃ဝ) စပါးပင်တို့သည် စစ်မှန်သောယုံကြည်သူများကို ပုံဆောင်ပြီးတာပင်တို့သည်ယုံကြည်သူဟန်ဆောင်သူများဖြစ်ကြသည်။ တောပင်တို့သည်စပါး ပင်နှင့်တူသော်လည်း တူနေသ ရွေ့သာဖြစ်သည်။ ဖေါက်ပြန်သောသူနှင့်ယုံကြည်ခြင်းမှလမ်းလွဲသောသူသည်မတူပါ။ ရွေ့လျော့ဖောက်ပြန်သူဆိုသည်မှာဘုရား သခင်ဘုရားသနှင့်မိတ်သဟာယပြုခြင်းမရှိသောဘုရားသခင်၏သားကိုဆိုလိုသည်။ယုံကြည်ခြင်းမှလမ်းလွဲသောသူဆိုသည်မှာ တခါကယုံ ကြည်သကဲ့သို့ဟန်ဆောင်ခဲ့သော်လည်း ခရစ်ယာန်ယုံကြည်ခြင်းကိုလုံး လုံးစွန့်သော သူကိုဆိုလိုသည်။ ပေတရုသည်ရွေ့လျော့ဖေါက်ပြန်သောသူဖြစ်သော်လည်း ယုဒမှာမူယုံကြည် ခြင်းမှလမ်းလွဲသောသူဖြစ်သည်။ယုံကြည်ခြင်းမှလမ်းလွဲသောသူနှင့်ပတ်သက်၍ပြောပြသည့်ကျမ်းပိုဒ်လေးပိုဒ်တို့မှာ ဟေဗြဲ ၆း၄- ၈။ ၁၀:၂၆-၃၁။ ၁ယော ၂း၁၈-၂၈။ ၅း၁၆ တို့ဖြစ်ကြသည်။
ပြန်လည်ပြုပြင်ခြင်းနှင့်အသစ်မွေးဖွားခြင်း၌ခြ ားနားချက်တခုရှိသည်။ပြန်လည်ပြုခြင်းနှင့်ပတ်သက်၍ ပြောပြသည့် ကျမ်းပိုဒ်နှစ်ပိုဒ်တို့မှာ (မဿဲ ၁၂း၄၃-၄၅။ ၂ပေ ၂း၁၈-၂၂) တို့ဖြစ်သည်။
ကျွန်ုပ်တို့သည်ကယ်တင်ခြင်း၏အရင်းအမြစ်နှင့်အသီးကို ပိုင်းခြားတတ်တို့သတိပြုရပါမည်။ ယုံကြည်ခြင်း သည် အရင်းအမြစ်ဖြစ်သည်။ ကျွန်ုပ်တို့သည်ခရစ် တော်ကိုယုံကြည်ခြင်းအားဖြင့်ကယ် တင်ခြင်းရရှိကြ သည်။ကောင်းသောအကျင့်သည်အသီးဖြစ်သည်။လူများစွာတို့သည် အတည်မရှိသော “အကယ်၍” သို့မဟုတ် “လျှင်’ဟူသောစကားလုံး၏အနှောင့်အယှက်ပေးခြင်းကိုခံရကြသည်။
ထိုသခင်နှင့်အတူဆင်းရဲဒုက္ခခံလျှင်၊ ခရစ်တော်နှင့်အတူဘုန်းဝင်စားကြမည် (ရောမ ၈း၁၇)။ညီအစ်ကိုတို့ ငါသည်သင်တို့အားဟောပြောဘူသည်နှင့်အညီ၊ သင်တို့သည်ခံယူ၍မှီဝဲဆည်းကပ်သောဧဝံဂေလိတရားကို သင်တို့အားတဖန်ငါကြားယလိုက်၏။ အထက်ကဟောပြောသည့်အကြောင်းများကို သင်တို့သည်အကျိုးမဲ့ မယုံကြည်ဘဲစိတ်စွဲလန်းလျှင်၊ထိုဧဝံဂေလိတရားအားဖြင့်ကယ်တင်တော်မူခြင်းသို့ရောက်ကြ၏ (၁ကော ၁၅း၁-၂)။
ယခုတွင်မြဲမြံစွာယုံကြည်ကြလျှင်သင်တို့ကိုကိုယ်တော်သည်ပြန်လည်ရန်ငြိမ်းစေ၍ဧဝံဂေလိတရား၏မျှော်လင့်ခြင်းမှမရွေ့လျော့ဘဲနေကြမည်(ကော၁း၂၁၊၂၃)။အထက်ပါကျမ်းပိုဒ်များ၌ပါသော “အကယ်၍” သို့မဟုတ် “လျှင်”သည်စစ်မှန်သောယုံကြည်သူများသည်အဘယ်သို့သောသူများဖြစ်ကြသည်ကိုဖော်ပြခြင်းဖြစ်၍၊သူတို့သည်မည်သို့ဒုတိယမွေးခြင်းခံခဲ့သည်ကိုဖော်ပြခြင်းမဟုတ်ပါ။သို့ရာတွင်ယာကုပ်ကကျွန်ုပ်တို့သည်အကျင့်အားဖြင့်ဖြောင့်မတ်ခြင်းရသည်ဟုမပြောပါသလော။ပြောပါသည် (ယာကုပ်၂း၂၄)။သို့သော်သူသည်ယုံကြည်ခြင်းမဟုတ်ဘဲအကျင့်ဖြစ်သည်ဟုဆိုလိုခြင်းမဟုတ်ပါ။ယုံကြည်ခြင်းနှင့်အကျင့်ပေါင်းခြင်းပင်ဆိုလိုခြင်းမဟုတ်ပါ။ကျွန်ုပ်တို့သည်ကောင်းသောအကျင့်ကိုဖြစ်စေသည့်ယုံကြည်ခြင်းတစ်မျိုးအားဖြင့်ကယ်တင်ခြင်းရကြသည်ဟုအခိုင်အမာပြောနေခြင်းဖြစ်သည်။ယုံကြည်ခြင်းသည်မမြင်နိုင်သောအရာဖြစ်သည်။အကျင့်သည်ထိုအရာကိုမြင်နိုင်အောင်ပြုသည်။အာဗြဟံ၏ကောင်းသောအကျင့်မှာသူ၏သားကိုသတ်လိုသောဆန္ဒရှိခြင်းဖြစ်သည်။ရာခပ်၏ကောင်းသောအကျင့်မှာသူမ၏မြို့ကိုသစ္စာဖေါက်လိုခြင်းဖြစ်သည်။၄င်းတို့သည်သူတို့၌ရှိပြီးသားစစ်မှန်သောယုံကြည်ခြင်းကိုပြသခြင်းအားဖြင့်သာလျှင်အဖိုးတန်ကြသည်။
ယုံကြည်ခြင်းမရှိလျှင် လုပ်ဆောင်ချက်များသည်ဆိုးသေ ာအမှုဖြစ်မည်။ထိုနောက် ကျမ်းပိုဒ်တပိုဒ်သည် ကယ်တင်ခြင်းကိုပြောနေသလား သို့မဟုတ် အစေခံခြင်းကိုပြောနေသလား၊ ကျွန်ုပ်တို့ခွဲခြားတတ်ကြရမည်။ ၁ကော ၉း၂၇ တွင်ပေါလုသည်အမှုတော်ဆောင်ခြင်းကိုပြောနေခြင်းဖြစ်သည်။ “သူတပါးကိုဆုံးမပြီးမှ ကိုယ်တိုင်ရှုံးသောသူမဖြစ်ရမည်အကြောင်း ကိုယ်ကိုကိုယ်ထိုး၍နှိပ်စက်လေ့ရှိ၏” (၁ကော ၉း၂၇)။
သူသည် ကယ်တင်ခြင်းဆုံးရှုံးမည်ကိုမစိုးရိမ်သော် လ ည်း အရည်အချင်းမပြည့်သော သခင်ဘုရား၏ ကျွန်တစ် ယောက်ဖြစ်မည်ကိုစိုးရိမ်သည်။ သူသည်အဖယ်ခံသောသူတစ်ယောက်မဖြစ်လိုပါ။
ကယ်တင်ခြင်းနှင့်အသီးသီးခြင်းတို့၏ခြားနားမှုကိုသိဘို့လိုအပ်ပါသည်။ယောဟန် ၁၅:၁-၈ ၏နောက်ပိုင်းတွင် ယောဟန်ကအသီးသီးခြင်းကိုပြောသည်။ အပိုဒ်ငယ်-၈ ကိုသတိထားဖတ်ပါ။ ဘုရားသခင်သည် မတည် သောအသက်မရှင်သောခရစ်ယာန်တစ်ယောက်ကိုအထင်သေးကြသည်။ သူတို့သည်ခရစ် ယာန်တစ်ယောက် ကိုမီးထဲသို့ပစ်ချသည်ဟု မပြောပါ။ ၄င်းသည် မတိကျသောစကားအသုံးအနှုန်းနှင့် “သူတို့” (they) ဟုဆို၏။ တနည်းဆိုရသော်ထိုအရာကိုလူများလုပ်ကြ၏။ လောကီသားများသည် တည်မြဲသော အသက်တာ၌အသက် မရှင် သာခရစ်ယာန်တစ် ေယာက်ကိုအထင် သေး သြည်။သူတို့ သည်ထိုသို့သော လူတစ်ယောက် ၏ပုံသက်သေကိုယူ၍ မီးထဲသို့ပစ်ချကြသည်။
ကယ်တင်ခြင်းနှင့် တပည့် တော်ဖြစ်ခြင်း၏ခြားနားမှုကိုသတိပြုပါ။တပည့်တော်တစ်ယောက်သည်နိုင်ငံ တော် ၌ရှိသောအစေခံလုပ်ငန်းအတွက် သောအစေခံလု ပ်ငန်းအတွဘဲနေနိုင်သော်လည်း (လုကာ ၉း၆၂) သခင်ယေရှု၏ကောင်းမှုကုသိုလ်များအားဖြင့် ကောင်းကင်အတွက် သင့်တော်နိုင်သည်။ အောက်ပါကျမ်းပိုဒ် တို့ သည် ကယ်တင်ခြင်းထက်တပည့်တော်ဖြစ်ခြင်းနှင့်ပို၍ ဆိုင်ပါသည် – လုကာ ၉:၂၃။ ၁၄:၂၆-၃၃။ ယော ၁၂:၂၅။
ဂလာတိဩဝါဒစာ၌ ပေါလုက “ဇာတိပကတိ၌မျိုးစေ့ကြဲသောသူသည်ဇာတိပကတိ အားဖြင့်ပုပ်ပျက် ခြင်းအသီး အနှံကိုရိတ်ရလိမ့်မည်။ ဝိညာဉ်ပကတိ၌မျိုးစေ့ကြဲသောသူသည် ဝိညာဉ်ပကတိအားဖြင့်ထာဝရအ သက်ရှင်ခြင်းအသီးအနှံကိုရိတ်ရလိမ့်မည်” ဟု ရေးသည်။ ခရစ်ယာန်တစ်ယောက်သည် ကယ်တင်ခြင်း ဆုံးရှုံးနိုင်သည်ဟု ဤအရာကသွန်သင်ပါသလား။ လုံးဝမသွန်သင်ပါ။ဤနေရာ၌ လာဝရအသက်ရှင် ခြင်းဆိုသည်မှာ ပြည့်စုံသောအသက်တာကိုဆိုလိုသည်။ လာမည့်အနာဂတ်၌လာဝရအသက်နှင့်ပတ်သက်၍ ဝမ်းမြောက်ခြင်းအဆင့်ဆင့်ရှိမည်ဖြစ်သည်။ လူတိုင်းသည်ဝမ်းမြောက်ကြမည် ဖြစ်သော်လည်းအချို့သော သူတို့သည် အခြားသောသူတို့ထက်ကောင်းကင် ဘုံ၌ ပို၍ဝမ်းမြောက်ကြမည်ဖြစ်သည်။ငွေရေး ကြေးရေ း၌သစ္စာရှိသောဘဏ္ဍာစိုးဖြစ်ခြင်းသည်ထိုအတိုင်း အတာကိုရည်မှန်းသည့်နည်းတစ်နည်းဖြစ်သည်။
 ထာဝရလုံခြုံစိတ်ချမှုဘာသာရပ်ကိုကိုင်တွယ်ရာ၌ ယုံကြည်သူသည်ထာဝရအသက်ရှင်သည့်အသက်ရရှိ၍ မပျက်စီးနိုင်တော့ပါဟူသောရှင်းလင်းသည့်အဆိုများကိုစုစည်းရန် ပထမဦးဆုံးအရေးကြီးသည်။ စကားလုံးများစွာနှင့်မပြောသော်လည်း ထာဝရလုံခြုံမှုလိုအပ်ကြောင်းကိုပြောသည့်ကျမ်းပိုဒ်များစွာရှိသည်။ နောက်ဆုံးအနေနှင့်အငြင်းပွါးစရာကျမ်းပိုဒ်များကိုသိရှိနားလည်ရန်ရေးကြီးဆုံးဖြစ်သည်။ ကျွန်ုပ်တို့သည် လူ ၏အတွေ့ အကြုံအပေါ်၌အခြေပြု၍ကျွန်ုပ်တို့ ၏ ယုံ ကြည်ခံယူချက်ကိုမတည်ဆောက်ရပါ။ ဘုရားသခင် ၏နှုတ်ကပတ်တော်သည် ကျွန်ုပ်တို့၏ အခွင့်အာဏာဖြစ်သည်။
ဤဘာသာရပ်နှင့်ပတ်သက်၍ ပို၍လေးနက်စွာသိနိုင်ရန်အတွက်တပည့်တစ်ယောက်သည် ဤစာရေးသူရေးသားသော “တကြိမ်တခါခရစ်တော်၌ခရစ်တေ ာ်၌ထာဝရပါ” (Once in Christ, In Christ Forever) ဟူသောစာအုပ်ကိုကိုးကားသင့်သည်။
နှစ်ဆယ့်သုံး
နှစ်ခြင်းခံပါ
Be Baptized
အခြားလူတစ်ယောက်ကိုတပည့်တော်ဖြစ်စေရာ၌ နှစ်ခြင်း၏အနက်အဓိပ္ပါယ်ကိုကောင်းမွန်စွာနားလည်ပြီးမှ နှစ်ခြင်းခံခဲ့ပြီးသူဖြစ်ကြောင်းသေချာပါစေ။ အောက်တွင်ဖေါ်ပြသောမေးခွန်းများနှင့်အဖြေများအတိုင်း သူအာတဆင့်ပြီးတဆင့်လမ်းညွှန်သင့်ပါသည်။နှစ်ခြင်းဆိုသည်မှာအဘယ်နည်း။
ခရစ်ယာန်နှစ်ခြင်းသည်ယုံကြည်သူအသစ်တစ်ဦးကသခင်ယေရှုခရစ်တော်၏နောက်လိုက်တစ်ဦးဖြစ်ပါမည်ဟု လူအများရှေ့မှောက်၌ကြေငြာခြင်းဖြစ်သည်။ သူသည်သူ၏ဘဝဟောင်းကိုနှုတ်ဆက်ခြင်းလည်းဖြစ် သည်။ထို့အပြင်၊ သူသည်ခရစ်တော်နှင့်အတူသေ၍၊ အတူသင်္ဂြိုဟ်ခြင်းခံပြီး အသစ်သောအသက်တာ၌ လျှောက်လှမ်းရန် ခရစ်တော်နှင့်အတူထမြောက်ပြီဖြစ်ကြောင်းကိုသက်သေခံခြင်းလည်းဖြစ်သည်။
နှစ်ခြင်းခံခြင်းသည်ယေရှုကိုမိမိ၏သခင်အနေဖြင့် သစ္စာစောင့်ထိန်းရန်ကတိသစ္စာပြုခြင်းဖြစ်သည်။ လူဟောင်းကိုသင်္ဂြိုဟ်ခြင်းပုံဆောင်သကဲ့သို့ခရစ်တေ ာ်၏စကားနားထောင်ရန် အသက်တာဆက်ကပ်အပ်နှံခြင်းလည်းဖြစ်သည်။
မည်သူနှစ်ခြင်းခံသင့် သနည်း။
ခရစ်တော်ကိုမိမိကယ်တင်ရှင်နှင့်သခင်အဖြစ်ယုံကြည်လက်ခံခြင်းအားဖြင့် ဒုတိယမွေးဖွားခြင်းခံသောယုံ ကြည်သူတိုင်းခံသင့်သည်။ ဤနှစ်ခြင်းမင်္ဂလာသည် လူတစ်ဦးကယ်တင်ခြင်းအမှန်တကယ်ရရှိကြောင်း အာမခံပေးသည့်အရာမဟုတ်ပါ။ ကယ်တင်ခြင်းအမှန်ရရှိကြောင်းကို အသက်တာပြောင်းလဲခြင်း ၏အပြင်သက် သေအထောက်အထားများကပေါ်လွင်စေပါမည်။ နှစ်ခြင်းမင်္ဂလာသည်။ လူတစ်ယောက် မိမိ၏ကယ်တင်ခြင်းအတွက် ခရစ်တော်ကိုယုံကြည်ကိုးစားခြင်းအပေါ်၌အခြေပြုပါသည်။
ဘယ်အချိန်တွင် နှစ်ခြင်းခံယူသင့်သနည်း။
ဓမ္မသစ်ကျမ်းစာထဲ၌ အသင်းတော်သည် ခရစ်တော်ကိုမိမိကယ်တင်ရှင်နှင့်သခင် အဖြစ်ယုံကြည်လက် ခံသောသူတိုင်းကို ချက်ချင်းနှစ်ခြင်းမင်္ဂလာပေးလေ့ရှိပါသည်။ အချိန်ကာလတစ်ခုအထိ စောင့်ဆိုင်း ခြင်း မရှိပါ။မည်သူက နှစ်ခြင်းပေးသင့်သနည်း။မဟာစေခိုင်းခြင်း၌ (မဿဲ ၂၈း၁၉) သခင်ယေရှုက သူ၏ တပည့် တော်များအား ခရစ်ယာန်ယုံကြည် ခံယူချက်ကိုယုံကြည်နှလုံးသွင်းသော သူများအားနှစ် ခြင်းပေးရန် သွန် သင်ခဲ့ပါသည်။ လူတို့၏သိက္ခာ တင်ပေးသောသိက္ခာတော်ရဆရာများ ကသာလျှင် ဤအမှု ဆော င်ရွက် နိုင်သည်ဟု သမ္မာကျမ်းစာ ကအရိပ်အမြွက်မျှပင်မပြပါ။
အဘယ်သို့ဆောင်ရွက်သင့် သနည်း။
ကနဦးအသင်းတော်က ရေနှစ်ခြင်းကိုကျင့်သုံးခဲ့သည်။ ဤသို့လုပ်ဆောင်ရာတွင် ရေနှစ်ခြင်းမင်္ဂလာ ခံယူသူ အား (တကိုယ်လုံး) တခဏမျှရေထဲ၌နှစ်၍၊ ချက်ချင်းပြန်ထူမရသည်။ နောက်ပိုင်းတွင်၊ အသင်းတော် တချို့တို့သည်လိမ်းကျံခြင်း၊ ဖြန်းခြင်း (သို့) ခေါင်းပေါ်၌ ရေ လောင်းချခြင်းစသည်တို့ကိုကျင့်သုံးကြသည်။
သခင်ယေရှု၏တပည့်တော်များက အဲနုန်အရပ်၌ ရေများသောကြောင့်ဗတ္တိဇံကိုပေးကြသည် (ယော ၃း၂၃။ ၄း၁-၂)။ ဖိလိက အဲသယောပိအမတ်နှင့်တကွရေထဲသို့ဆင်း၍၊ ဗတ္တိဇံကိုပေးပြီး ရေထဲမှပြန်တက်ကြ၏ (တမန် ၈း၃၈-၃၉)။ ရေထဲ၌နှစ်ခြင်းကသာလျှင်နှစ် ခြင်းမင်္ဂလာ၏စစ်မှန်သောအဓိပ္ပါယ်ဖြစ်သည့် လူဟောင်း ကိုသင်္ဂြိုဟ်ခြင်းနှင့်ခရစ်တော်၌ရှိသောလူသစ်ထမြောက်ခြင်းကိုဖေါ်ဆောင်ပါသည် (ရော ၆၄)။ ရေ ၌နှစ်ခြင်းကသာလျှင် အသေခံတော်မူခြင်း၏ ပုံသဏ္ဍာန်ကိုဆောင်၍၊ ထိုသခင်နှင့်အတူ ငါတို့သည်စိုက် ပျိုးလျက် ရှိကြောင်းကို အထိမ်းအမှတ်ပြုပါသည် (ရော ၆း၅)။
ကလေးသူငယ်များ နှစ်ခြင်းခံသင့်ပါသလား။
 ကလေးသူငယ်များအား နှစ်ခြင်းပေးခြင်းနှင့်ပတ်သက်သောကျမ်းပိုဒ်များရှာပါက၊ အချည်းအနှီးသက် သက်ဖြစ်ပါမည်။ ဤအကြောင်းနှင့်ပတ်သက်၍သမ္မာကျမ်းစာက လုံးဝမသွန်သင်ပါ။ အသင်းတော် တစ်ချို့၏ထုံ းနည်းများကနှစ်ခြင်းမင်္ဂလာပေးခြင်းဖြင့် ကလေးသူငယ်အားခရစ်တော်၏အသင်းဝင်နှင့် ဘုရားသခင်၏ နိုင်ငံ တော်အမွေခံသူဖြစ်စေသည်ဟု သွန်သင်ပါသည်။ သမ္မာကျမ်းစာနှ င့်မကိုက်ညီ သောဤသွန်သင်ချက်သ ည် စစ်မှန်သောဧဝံဂေလိတရားကိုငြင်းပယ်ခြင်းဖြစ်ရုံသာမက၊ ကလေးသူ ငယ်အရွယ်၌နှစ်ခြင်းမင်္ဂလာခံယူခဲ့ကြသောသူတို့၏နောက်ဆက်တွဲအသက်တာများက ဤသွန်သင် ချက်မှားယွင်းကြောင်းကိုထင်ရှားစေပါ သည်။
နှစ်ခြင်း မရှိမဖြစ်လိုအပ်ပါသလား။
ကယ်တင်ခြင်းရရန်အတွက် မရှိမဖြစ်မလိုအပ်ပါ။ သခင်ယေရှုနှင့်သူ၏လုပ်ဆောင်ချက်ကို ယုံကြည်ကိုးစား သောသူတို့အတွက် ကယ်တင်ခြင်းသည်အခမဲ့လက်ဆောင်ဖြစ်သည်ဟု အကြိမ် (၁၅၀) မက ဓမ္မသစ်ကျမ်း စာထဲ၌ ဖေါ်ပြထားပါသည်။
.အကယ်၍နှစ်ခြင်းမင်္ဂလာသည် ကယ်တင်ခြင်းအတွက် မရှိမဖြစ်လိုအပ်ပါက၊ အဘယ်ကြောင့် သခင် ယေရှုက  တစ်ဦးတလေမျှနှစ်ခြင်းမပေးခဲ့ဖူးပါသနည်း (ယော ၄း၁- ၂)။ သို့မဟုတ်၊ အဘယ့်ကြောင့် ရှင်ပေါ လုက အနည်းငယ်မျှသောလူတို့ကိုသာနှစ်ခြင်းပေးခဲ့သော ကြောင့် ဝမ်းမြောက်ပါသနည်း (၁ကော၁း၁၄-၁၆)။ ခရစ်တော်ဘုရားနှင့်အတူအသေသတ်ခြင်းခံသောသူခိုးတစ်ယောက်သည် ရေနှစ်ခြင်းမခံပဲ ကောင်းကင်ဘုံသို့ အဘယ်သို့ရောက်ပါသနည်း (လု ၂၃-၄၃)။ ခရစ်တော်ဘုရားက ကျွန်တော်တို့ကယ်တင်ခြင်းအတွက် မရှိမဖြစ်လိုအပ်သောလုပ်စရာအားလုံးပြီးစီးခဲ့ပြီဆိုလျှင် (ယော ၁၉း၃၀) အဘယ့်ကြောင့် သူ၏ပြီးစီးလုပ်ဆေ ာင်ခဲ့သောအမှု၌ နှစ်ခြင်းမင်္ဂလာကို မရှိမဖြစ်ထပ်၍ ပေါ င်းရပါသနည်း။ ကောနေလိနှင့်အိမ်သူအိမ်သားအား လုံးတို့သည် ယုံကြည်၍သန့်ရှင်းသောဝိညာဉ်တော်ရရှိကြကာ ကယ်တင်ခြင်းသို့ရောက်ကြ၏။ ထို့နောက် ထိုလူတို့သည် ရေနှစ်ခြင်းမင်္ဂလာကိုခံယူကြသည် (တမန် ၁ဝး၄၄)။
သို့ရာတွင်၊ နာခံခြင်းအတွက်နှစ်ခြင်းမင်္ဂလာ မရှိမဖြစ်လိုအပ်ပါသည်။ရှင်မဿဲခရစ်ဝင်ကျမ်း၌ ထိုသို့ပြုရန်မိန့် မှာထားပြီး၊ တမန်တော်ဝတ္ထုထဲ၌ကျင့်သုံးကာ၊ ရောမအခန်းကြီး ၆ ထဲ၌ ၄င်း၏အဓိပ္ပါယ်ကိုရှင်းလင်း စွာဖေါ်ပြထားပါသည်။ ခရစ်ယာန်အသင်းတော်ကျင့်သုံးမည့်မင်္ဂလာနှစ်ပါးထဲမှ တစ်ခုကြီးပါသည်။ လူတစ်ယောက် နှစ်ခြင်းမခံပဲ ကောင်းကင်သို့ရောက်နိုင်ပါသည်။(အခြားတစ်ခုမှာ ပွဲတော်မင်္ဂလာဖြစ်ပါသည်) ဖြစ်သောကြောင့် အရေးသို့ရာတွင် ထိုသူသည်ထာဝရ ကာလပတ်လုံးနှစ်ခြင်းမခံသောသူဖြစ်လိမ့်မည်။နှစ် ခြင်းမင်္ဂလာခံယူခြင်းသည်ကောင်းကင် ဘုံ၌ကျွန် တော်တို့လုပ်၍မရတော့သည့်အရာကို လောက၌အ သက်ရှင်စဉ် ခရစ်တော်၏နှလုံးသားဝမ်မြောက်စေရန်လုပ်ဆောင်ခြင်းဖြစ်ပါသည်။
ကယ်တင်ခြင်းအတွက်နှစ်ခြင်းလိုအပ်သည်ဟု သွန် သင် သောသူတို့၏အခြေပြုသည့် ကျမ်းပိုဒ်များမှာအဘယ်သို့နည်း။
ယော ၃း၅ – “ယေရှုကလည်း၊ရေနှင့်ဝိညာဉ်တော်မမွေးသောသူမည်သည်ကား၊ ဘုရားသခင် ၏နိုင်ငံ တော်သို့မဝင်ရ၊ ဟု ငါအမှန်အကန်ဆို၏။” ဤကျမ်းပိုဒ်ထဲတွင် နှစ်ခြင်းအကြောင်းမဖေါ်ပြပါ။ တစ်ခါ တစ်ရံတွင် ရေကို နှုတ်ကပတ်တော်နှင့်သန့်ရှင်းသောဝိညာဉ်တော်၏ အ မှတ်လက္ခဏာအဖြစ် အသုံးပြုတတ် သော်လည်း၊ နှစ်ခြင်းအတွက် မသုံးဖူးပါ။ ထိုကာလ၌ ဂျူးလူမျိုးတို့သည်ယု ဒဘာသာ သို့ကူးပြောင်းလာသော တပါးအမျိုးသားများ (Gentiles) အား ဘာသာပြောင်းနှစ်ခြင်းမင်္ဂလာကို (Proselyte baptism) ပေးကြသည်။ သို့ရာတွင် နိကောဒင်သည်ယုဒဘာသာသို့ကူးပြောင်းလာသောတစ်ပါးအမျိုးသားမဟုတ်ပါ။ သူသည်ဂျူးလူမျိုးစစ်စစ်ဖြစ်ရုံသာမက၊ အုပ်ချုပ်သူတစ်ဦးဖြစ်သည်။ခရစ်တော်သည် ခရစ်ယာန်တို့၏ နှစ်ခြင်းအကြောင်းကိုလည်းပြောရန်မဖြစ်နိုင်ပါ။ အဘယ့်ကြောင့်ဆိုသော်၊ ခရစ်ယာန်အသင်းတော်သည် ပင်တေကုတ္တေနောက်ပိုင် း၌စတင်တည်ရှိသည်။ဧဖက် ၅း၂၆-၂၇ – “ထိုအသင်းတော်သည် သန့်ရှင်းလျက် အပြစ်ကင်းလပ်သဖြင့်၊ အသရေတင့်တယ်လျက်ရှိသောအသင်းတော်ကို ခရစ်တော်သည် မိမိလျက်ရှိ သည်ဖြစ်၍၊ အညစ်အကြေးတင်ခြင်း၊ အရေတွန့်ခြင်းမှစသည်တို့နှင့် လွတ်သန့်ရှင်းစေမည်အကြောင်း၊ ထိုအသင်းတော်အဘို့အလိုငှါ ကိုယ်ကိုကိုယ်စွန့်တော်အားဆက်သအံ့သောငှါ နှုတ်ကပတ်တော်ရှေ့၌ဆေး ကြောခြင်းအားဖြင့် စင်ကြယ်မူ၏။” ဤကျမ်းပိုဒ်တွင် နှစ်ခြင်းအကြောင်းဖေါ်ပြခြင်းမရှိပါ။ ရေနှင့်ဆေး ကြောခြင်းသည် နှုတ်ကပတ်တော်အားဖြင့်ဖြစ်၍၊ နှစ်ခြင်းခံခြင်းအားဖြင့် မဟုတ်ပါ။ တိတု ၃း၅ “ဝါတို့ကျင့် သောဖြောင့်မတ်ခြင်းအကျင့်အားဖြင့်မဟုတ်ဘဲ၊ မိမိသနားခြင်းကရုဏာတော်နှင့်အညီ ဒုတိယမွေးခြင်း နှင့်ဆိုင်သောဆေးကြောခြင်းအားဖြင့်၄င်း၊ သန့်ရှင်းသောဝိ ညာဉ်တော်၏အသစ်ပြုပြင်ခြင်းအားဖြင့် ၄င်းငါတို့ကိုကယ်တင်တော်မူ၏။ ” ဤကျမ်းပိုဒ်တွင် နှစ်ခြင်းအကြောင်းမဖေါ်ပြပါ။ ဒုတိယမွေးခြင်းနှင့်ဆိုင်သောဆေးကြောခြင်းသည် အသစ်ဖွားမြင်ခြင်းအားဖြင့်ဖြစ်ပေါ်သော ဆေးကြောခြင်းကိုဆိုလိုပါသည်။
မာကု၁၆း၁၆ – “ယုံကြည်၍ ဗတ္တိဇံကိုခံသောသူသည် ကယ်တင်တော်မူခြင်းသို့ရောက်လတံ့။ မယုံကြည် သောသူမူကား၊ အပြစ်စီရင်ခြင်းကိုခံရလတ္တံ့။ဤနေရာတွင် နှစ်ခြင်းသည်ကယ် တင်ခြင်း ရရန်လိုအပ် သောအရာမဟုတ်ပါ။သို့သော်လည်း ကယ်တင်ခြင်းရပြီးနောက်တွ င်ပြုရမည့်အရာဖြစ်သည်။ ဤကျမ်းပိုဒ် ၏တစ်ဝက်က ယုံကြည်ခြင်းတစ်ခုတည်းသာလျှင် ကယ်တင်ခြင်းရရန်နည်းလမ်းဖြစ်သည်ဟု ရှင်းလင်းစွာဖေါ်ပြပါသည်။
တမန် ၂း၃၈- “ပေတရုကလည်း၊ သင်တို့၏အပြစ်ကိုလွတ်စေခြင်းငှါနောင်တရ၍ တယောက်မျှမကြွင်း၊ ယေရှုခရစ်၏နာမ၌ဗတ္တိဇံကိုခံကြလော့။ သို့ပြုလျှင် သန့်ရှင်းသောဝိညာဉ်တော်တည်းဟူ သောဆုကျေးဇူး တော်ကိုခံရကြလိမ့်မည်။” ဤကျမ်းပိုဒ်သည် အစ္စရေးလူမျိုးများအားပြောသောစကားဖြစ်၍ (တမန်၂:၂၂)၊ ထိုလူမျိုးသည် အထူးသဖြင့်ဘုရားသခင်၏သားတော်အသေခံခြင်းအတွက် အပြစ်ရှိသောသူများဖြစ် ကြသည် (တမန် ၂း၂၃)။ ယုံကြည်သောဂျူးလူမျိုးတို့သည်နှစ်ခြင်းခံခြင်းအားဖြင့် အပြစ်ရှိသောထိုလူမျိုးထဲ မှကိုယ့်ကိုကိုယ်ခွဲခွါကြသည်။ သူတို့သည် သဘောဖြောင့်သောဤအမျိုးမှ ကိုယ့်ကိုကိုယ်ကယ်တင်ကြသည် (တမန် ၂း၄၀)။ ထိုသို့ပြုကြသောအခါ၊ ဘုရားသခင်သည်သန့်ရှင်းသောဝိညာဉ်တော်ကို သူတို့အပေါ်၌ သက် ရောက်စေခဲ့သည်။
ဤအချက်ကို (တမန်တော် ၂၂:၁၆) ၌လည်းတွေ့ရသည်။ တာရှမြို့သားရှောလှသည် ခရစ်ယာန်တစ်ဦးအ နေနှင့်ရေနှစ်ခြင်းမင်္ဂလာခံခြင်းအားဖြင့်ခရစ် တော် ၏သေခြင်း၊ သူ၏လူမျိုးများအားညှဉ်းဆဲခြင်းနှင့်ဆ က်နွယ်သောသူ၏အပြစ်များကိုဆေးကြောခဲ့သည်။ ဂျူးလူမျိုးများကိုသာအပြစ်မှလွတ် ငြိမ်းခွင့်ရရန်အတွက် နှစ်ခြင်းခံရန်ပြောဖူးပါသည်။
တမန် ၂း၃၈ သည်လည်း ဤသို့အဓိပ္ပါယ်ရှိနိုင်ပါသည် ” သင့်နောင်တ၏အကျိုးဆက်အနေဖြင့် သင်၏အပြစ် များကိုလွှတ်ပြီ၊ ထို့ကြောင့် နှစ်ခြင်းမင်္ဂလာခံယူပါ” “လူသတ်မှုအတွက်အလိုရှိသည်” (Wanted for murder) ဟုကြော်ငြာတစ်ခုကျွန်ုပ်တို့တွေ့သောအခါ၊ လူသတ်မှုကျူးလွန်ရန်အလိုရှိသည်ဟု မဆိုလိုပဲ၊ လူသ တ်မှုကျူး လွန်သောကြောင့် အလိုရှိသည်ဟုအဓိပ္ပါယ်ရှိပါသည်။ အခန်းငယ် ၃၈ ၌ပါသော စကားလုံး “အတွ က်” (for) သည်”သောကြောင့်” ဟူသောအဓိပ္ပါယ်ရှိနိုင်သည်။
၁ ပေ ၃း၂၁ – “ထိုသို ့သောဥပမာအတိုင်း၊ ယခုတွင်ဗတ္တိဇံသည်ယေရှုခရစ်ထမြောက်တော်မူသောအားဖြင့်၊ ငါတို့ကိုကယ်တင်တတ်၏။ဗတ္တိဇံဟုဆိုသော်၊ ကိုယ်က ာယ၏အညစ်အကြေးဆေးကြောခြင်းကိုမဆိုလို။ ကိုယ်ကိုကိုယ်သိသောစိတ်ကြည်လင်၍၊ ဘုရားသခင့်ရှေ့၌ဝန်ခံခြင်းကိုဆိုလိုသတည်း။” နောဧနှင့်မိသာ းစု၏ရေလွှမ်းမိုးခြင်းမှလွတ်မြောက်ခြင်းသည် ကျွန်ုပ်တို့၏ကယ်တင်ခြင်းကိုပုံဆောင်သည်။ အောက်တွင် ဖေါ်ပြသောအချက်များကိုသိမှတ်ပါ။ သဘော်သည်ခရစ်တော်ကိုပုံဆောင်၍၊ ရေလွှမ်းမိုးခြင်း သည်ဘုရား သခင်၏တရားစီရင်ခြင်းကိုပုံဆောင်သည်။ သင်္ဘောသည်ဘုရားသခင် ၏တရားစီရ င်ခြင်း မှလွှတ်မြောက် နိုင်ရန် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။ သင်္ဘောသည် ရေထဲ၌နှစ် သည်။ သင်္ဘောထဲ၌ရှိသော သူတို့သည် ရေထဲ၌သင်္ဘောနှစ်ခြင်းအား ဖြင့်ကယ်တင်ခြင်းရကြသည်။ ရေထဲ၌ရှိသောသူတို့သည်ပျက်စီး ဆုံး ရှုံးကြသည်။ခရစ် တော်သည် ဘုရားသခင်၏တရား စီရင်ခြင်းမှ လွတ်မြောက်ရန် တစ်ခုတည်းသော လမ်းဖြစ်သည်။ သူသည် ဘုရားသခင်၏အမျက်ဒေါသရေထဲ၌ နှစ်ခြင်းခံခဲ့ သည်။ သူ၏အသေခံခြင်းသည် နှစ်ခြင်းခံခြင်းကို ပုံ ဆောင်သည်။ရှင်လုကာ ၁၂:၅၀။ “ပတ္တိဇံတခုကိုလည်း ငါခံစရာရှိ၏။ ထိုဗတ္တိဇံကိုမခံမှီ တိုင်အောင် ငါသည်အလွန်ငြီးငွေ့သောစိတ်ရှိ၏။” (ဆာလံ ၄၂း၇ နှင့် မ ၂၀း၂၂တို့ကိုလည်းဖတ်ပါ)။
ခရစ်တော်၏အထဲ၌ရှိသောသူသည် သူ့ကိုယုံကြည်လက်ခံသောသူများဖြစ်၍ ကယ်တင်ခြင်းရကြသည်။ ရေလွှမ်းမိုးသောအချိန်တွင် ရေထဲ၌နှစ်ခြင်းခံသောသူတို့သည်ပျက်စီးကြသည်။ ထို့ကြောင့်၊ ဤကျမ်းပိုဒ် များကိုနှစ်ခြင်းမင်္ဂလာခံခြင်းဖြင့်ကယ်တင်ခြင်းရသည်ဟုသွန်သင်ရာ၌ အခြေပြုကိုး ကား၍မရပါ ။ကျွန်ုပ်တို့ သည် ရေနှစ်ခြင်းမင်္ဂလာခံခြင်းဖြင့်ကယ်တင်ခြင်းမရနိုင်ပဲ၊ ကရာနီကုန်းပေါ်တွင် ခရစ်တော်၏ သေခြင်း၌နှစ် ခြင်းခံယူခြင်းအားဖြင့်သာလျှင်ရပါသည်။
နှစ်ခြင်းမင်္ဂလာခံခြင်းဖြင့်ကယ်တင်ခြင်းရသည်ဟုသွန် သင်သောအခါအခြေပြုကိုးကားသည့်အနည်းငယ်မျှ သောကျမ်းပိုဒ်များက ယုံကြည်ခြင်းအားဖြင့်သာလျှင်ကယ်တင်ခြင်းရသည်ဟု သွန်သင်သည့်များ ပြားလှသော ကျမ်းပိုဒ်များကိုဆန့်ကျင်ဘက်ပြု၍မရပါ။
Spurgeon ၏ရေးသားချက်မှာမှန်ပေသည် –
သင်သည်လူတစ်ယောက်ကိုမကုန်ခမ်းနိုင်သောရေဖြင့်လောင်း၍ ရသော်လည်း ထိုသို့ပြုခြင်းဖြင့်သူ့ကို “ခရစ် တော်၏အသင်းသား” မဖြစ်စေနိုင်ပါ။သို့မဟုတ်၊ သင်သည်သူ့ကိုအတ္တလန္တိတ်သမုဒ္ဒရာထဲ၌ဆွဲချ၍ နှစ် သော် လည်း သူသည်စိုးစိမျှပိုကောင်းလာမည်မဟုတ်ပါ။ ကယ်တင်ခြင်း၏တံခါးဝမှာ ရေနှစ်ခြင်းမင်္ဂလာ မဟုတ်ပဲ ခရစ်တော်ဖြစ်ပါသည်။ သင်သည် ခရစ်တော်ကိုယုံ ကြည်လျှင်၊ ခရစ်တော်အသင်းတော် ၏အသင်း ဝင်တစ်ဦးဖြစ်သည်။ သင်သည် ဘုရားသခင်၏ကြီးမြတ်သောကယ်တင်ခြင်းလမ်းတည်းဟူသော ခရစ်တော်ကိုယုံကြ ည်ကိုးစားပါက၊ ဘုရားသခင်ကသင့်အားကမ္ဘာ မတည်မရှိမီ ရွေးကောက်ခဲ့သည့် အထောက်အထားသင်၌ရှိပါသည်။ သင်၏ယုံကြည်ခြင်းက နှုတ်ကပတ်တော်ထဲ ၌ယုံကြည်သူများအတွက်ခရစ်တော် ကတိပေးခဲ့သော အခွင့်အရေးအားလုံးကို သင့်အားပိုင်ဆိုင်စေပါသည်။နှစ်ဆယ်လေ၊သခင်ဘုရား၏ညစာ (ပွဲတော်မင်္ဂလာ)The Lord’s Supper(လုကာ ၂၂း၇ -၂၀။၁ကော၁၁း ၂၃-၃၄ )
ရန်သူလက်သို့အပ်နှံခြင်းကိုခံသောညမှာ သခင်ယေရသည်လူတို့အတွက် သူ၏အသေခံခြင်းကိုပြုစွာအောက် ရောက်ရန် နောင်တွင်သခင်ဘုရား၏ညစာ ဟုသိမှတ်ကြမည့် မေတ္တာနှင့်စပ်ဆိုင်သောပွဲတော်မင်္ဂလာကိုအ စပြုတည်ထောင်ခဲ့သည်။ မုန့်နှင့်စပျစ်ရည်ကိုမှီဝဲသုံး ဆောင်ခြင်းအားဖြင့်သူတို့၏ ရွေးနှုတ်ကယ်တင်ခြင်း အတွက်သားတော်ဘုရားကလူ၏ကိုယ်ကိုပေးအပ်ခြင်းနှင့်အထွေးတော်သွန်းလောင်းခြင်းကိုအောက်မေ့သတိကြသည်။
ဤအရာသည် ကယ်တင်ရှင်ဘုရား၏ ရှင်းလင်းသောတောင်းဆိုမှုကိုနာခံခြင်းဖြစ်သည်။ “ငါ့ကိုအောက်မေ့ ဘို့ရာ ပြုကြလော့” (၁ ေ   ကာ၁၁း၂၅)။ဤသို့ပြုခြင်းသည် ယခုဘဝ၌ကိုယ်တော်ဘုရားအား ဝမ်းမြောက်စေနိုင်သည့်နည်းလမ်းတစ်ခုဖြစ်ပါသည်။ သူ့ကိုအောက် မေ့ကိုရန်ဤကဲ့သို့စုပေးသော အခါရှင်မဿဲ ၁၈း၂၀ ၌ဖေါ်ပြသည့်အတိုင်း သူသည် ကျွန်ပ်တို့နှင့်အတူရှိပါသည်။ဤအရာသည် ကျွန်ုပ်တို့အတွက်အကြီးမားဆုံးသောအခွင့်အရေးတစ်ခုဖြစ်ပါသည်။ သူသည် ကျွန်ုပ်တို့နှင့်အတူရှိကြောင်း ကိုယုံကြည်ခြင်းဖြင့် သိရှိခံစားနိုင်သည်။ Vernon Schlief ကသူ့စာအုပ်ယုံကြာ်ခြင်းအားဖြင့်ကျွန်ပ် တို့်၏စွန့်စားခြင်း” (Our Great Adventure in Faith) ထဲ၌အောက်ပါအတိုင်းလှပဖြ င့်ပုံဖေါ် ရေးသားခဲ့ပါသည်။
သခင်ဘုရားနေ့နံနက်ခင်း၌ ကိုယ်တော်ကိုကောက်ရေတို့ရန် အရစ်ယာန်များစုရုံးနေစဉ် ကျွန်တော်၏ အမူားသည်သူတို့ ၏ပါတီမီးလောင်နေသည်ကိုပြူတင်းပေါက်မှလှမ်းမြင်မိသည်။ ထိုအခါ၊ သူ့ခင်ပွန်း၏ အနားကိုကပ်လျက်”ဂျွန်၊ကျွန်မတို့ရဲ့စပါးကျီမီးလောင်နေတယ်” ဟု တီးတိုးပြောလိုက် သည်။သူ၏  ခင်ပွန်းသည်ခေါင်းတော င်မမော့ဘဲ “တိတ်တိတ်နေပါ၊ ကျွန်တော်တို့ဟာ ဘုရားရှေ့မှာရှိနေတာ” ဟု လေသံနှင့်ပြန်ပြောလိုက်သည်။
သခင်ဘုရားကိုအောက်မေ့ခြင်းသည် ကိုးကွယ်ခြင်း၊ ကျေးဇူးတော်ချီးမွမ်းခြင်းနှင့် ဂုဏ်တော်ချီးမွမ်း ခြင်းများကို မလွှဲမသွေလုပ်ဆောင်စေပါသည်။ ထိုကဲ့သို့သောအချိန်သမယတွင် လူတစ်ဦးသည်သူ ၏အမြင့်ဆုံးသောအခြေအနေသို့ရောက်သည်။ ၄င်းမှာ ဘုရားကိုကိုးကွယ် ခြင်းဖြစ်သည်။ သူသည် ကိုးကွယ်သောသူတို့အတွက်ဘုရားသခင်တောင့်တသောအရာကိုပြည့်စုံစေသည် (ယော ၄း၂၃)။ သူသည် ကျေးဇူး တင်စကာ းပြောရန် ခရစ်တော်ထံသို့ပြန်မလာသည့် အနူရောဂါပျေက်ကင်းသော သူများနှင့် မတူပါ (လုကာ၁၇း ၁၂- ၁၉)။ပွဲတော်မင်္ဂလာကို တစ်လမှာဘယ်နှစ်ကြိမ်ပြုလုပ်ရမည်ဟု ကျမ်းစာကမပြောပါ။ ယေရှုက “လုပ်သောအခါခါ ” (၁ကော ၁၁း၂၆) ဟုပြောပါသည်။တပည့်တော်တို့သည် သခင်ဘုရား ၏နေ့ရက် တိုင်းတွင်ပြုလုပ်ကြပါသည် (တမန်၂၀း၇)။ သူတို့၏စံနမူနာအတိုင်းလိုက် လျှောက်ခြင်းအား ဖြင့် ခရစ် တော်အတွက်ကျွန်ုပ်တို့ ၏ချစ်ခြင်းပမာဏကိုပြသနိုင်ပါသည်။ ကရာနီကုန်းပေါ်မှ မကုန်ဆုံးနိုင် သောကြည် ညိုကိုးကွယ်ရခြင်း၏ အကြောင်းရင်းပြသပါသည်။
 ပွဲွဲတော်မင်္ဂလာ၌သစ္စာရှိစွာဖြင့် မှန်မှန်ပါဝင်ခြင်းကယုံကြည်သူ၏အသက်တာ၌ သန့်ရှင်းသောအသက် တာရှိစေပါသည်။ သူသည်ပွဲတော်မဝင်မီသိရှိသည့်ကျူး လွန်ခဲ့သောအပြစ်များအတွက်ဝန်ချ၍၊ စွန့်ပစ်ရသည် (၁ကော ၁၁း၂၇-၃၂)၊ မုန့်နှင့်စပျစ်ရည်မှီဝဲသုံးဆောင်ခြင်းဖြင့်ကိုးကွယ်သူသည် သူ၏အပြစ်ကြောင့်ကယ်တ င်ရှင်ယေရှအသက်စွန့်ရကြောင်းကိုသတိရစေကာ၊ အပြစ်ဆက်၍မလုပ်ရန်တန်ခိုး ကြီးသောဟန့်တား မှုကိုဖြစ်စေပါသည်။ ဝတ်ပြုကိုးကွယ်သောအခါကိုယ်တော်အားစေ့စေ့ကြည့်ရှုလေလေ၊ ငါတို့သည်ဘုန်း အသရေ တိုးပွား၍၊ပုံသဏ္ဍာန်တော်နှင့်အညီပြောင်းလဲခြင်းရှိလေလေဖြစ်သည် (၂ကော ၃း၁၈)။ ကျွန်ုပ်တို့ သည် သခင်ဘုရားနှင့်ချိန်းဆိုထားသည်ဖြစ်၍၊ ကျွန်တော်တို့ပျက်ကွက်သောအခါ သူသည်ကျွန်ုပ် တို့ကိုသတိရသည်။ ဤကဲ့သို့သောအဖြစ်ကိုလုကာ ၇း၄၅-၄၆ ၌တွေ့ရသည်။ သူသည် ဖါရိရှဲ၏အနမ်းနှင့် ခြေကိုဆီမွှေးနှင့်လိမ်းခြင်းကိုမျှော်လင့်သည်မှန်လျှင်၊ သူ့ အားများပြားစွာပေးနိုင်သော မေတ္တာကိုကျွန် တော်တို့ကမပေးသောအခါ၊ သူသည်ဧကန်မုချမျှော် လင့်မည်ဖြစ်သည်။
နှစ်ဆယ့်ငါး
ဘုရားသခင်၏လမ်းပြမှု
Now Concerning Guidence
လူတစ်ဦး၏ဝိညာဉ်ရေးအတွက် အရေးကြီးဆုံးသော အချက်မှာ ဘုရားသခင်၏လမ်းပြမှုကိုပိုင်းခြားသိမြင် တတ်ခြင်းဖြစ်ပါသည်။ လမ်းမှာသွားလျက်ရှိသောအ ကျွန်ုပ်ကို ထာဝရဘုရားသည် အကျွန်ုပ်သခင်၏ ညီအ စ်ကိုတို့အိမ်သို့ပိုဆောင်တော်မူပါသည် တကားဟု မြွက်ဆို၏(ကမ္ဘာ၂၄း၂၇)။ နှိမ့်ချလျက်ရှိသောသူတို့ကို တရားလမ်း၌သွေးဆောင်တော်မူ၏။ နှိမ့်ချလျက်ရှိ သောသူတို့အား ခရီးတော်တို့ကိုသွန်သင်တော်မူ၏ (ဆာလံ ၂၅း၉)။
ထာဝရဘုရားကိုစိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကို ယ်ဉာဏ်ကိုအမှီမပြုနှင့်။ သွားလေရာရာ၌ထာဝရ ဘု ရားကိုမျက်မှောက်ပြုလော့။ သို့ပြုလျှင်သင်၏လမ်းခရီးတို့ကိုပဲ့ပြင်တော်မူမည် (သုတ္တံ ၃း၅-၆)။ ညီအစ်ကိုတို့၊ အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ၊ ဘုရားသခင်နှစ်သက်တော်မူဘွယ်သောလ က္ခဏာနှင့်ပြည့် စုံသောယဇ်ကို သင်တို့သည်ပူဇော်၍၊ မိမိကိုယ်ခန္ဓာကိုဘုရားသခင်အားဆက်ကပ်ခြင်းတည်း ဟူသော သင်တို့ပြုအပ်သောဝက်ကိုပြုမည်အကြောင်း၊ ဘုရားသခင်၏ကရုဏာတော်ကိုထောက်ထား၍၊ သင်တို့ကိုငါတိုက်တွန်းနှိုးဆော်ပေ၏။သင်တို့သည် လောကီပုံသဏ္ဍာန်ကိုမဆောင်ကြနှင့်။ ကောင်းမြတ်သော အရာ၊နှစ်သက်ဘွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင်အလို တော်ရှိသောအရာသည် အဘယ်အရာဖြစ်သည်ကိုသင်နိုင်မည်အကြောင်း၊ စိတ် နှလုံးကိုအသစ်ပြင်ဆင်၍ ပုံသဏ္ဍာန်ပြောင်းလဲခြင်းသို့ရောက်ကြလော့ (ရော ၁၂း၁-၂)။
ဤကျမ်းပိုဒ်များက သင်သည်ဘုရားသခင်၏လမ်းပြမှုကိုရှင်းလင်းစွာပိုင်းခြားသိမြင်နိုင်ရန် သူနှင့် နီးကပ်စွာအသက်ရှင်ဘို့လိုအပ်ကြောင်းသွန်သင်ပါသည်။ သခင်ယေရှု၏ရင်ခွင်တော်၌ လဲလျောင်းခဲ့သောတပည့်တော်အားဘုရားသခင်က ယေရှုခရစ်တော်၏ဗျာဒိတ်ကိုပေးခဲ့သည်။ ခရစ်တော်၌တည်သောသူတို့အားသူ၏သ ဘော တော်နှင့်အလိုတော်ကိုဖွင့်ပြပါသည်။
ဘုရားသခင်သည် ကျွန်တော်တို့၏အသက်တာ အ သီးသီးအတွက်အကြံအစည်ရှိပါသည်။ ကျွန်တော်တို့က မိမိတို့ကြို က်နှစ်သက်သည့်အကြံအစည်များမထားရပါ။ ကျွန်တော်တို့ဘက် မှလုပ်ဆောင် ရမည့်အရာမှာ၊ ဘုရ ားသခင်၏ အကြံအစည်ကိုရှာဖွေကာ၊ ၄င်းအတိုင်းလုပ် ဆောင်ခြင်းဖြစ်သည်။ ဘုရားသခင်၏ လမ်းပြမှုကိုရှာရာ၌အရေးကြီးသောအချက်များကို အောက်တွင် ဖေါ်ပြထားပါသည် –
၁။ ဘုရားသခင်၏အလိုတော်ကိုသိဘို့ရန် စိတ်အားထက်သန်စွာဖြင့်တောင့်တပါ။ ဘုရားသခင်သည်သူ ၏အလိုတော်ကို ဝိညာဉ်ရေးရာဝါသနာပါသူများနှင့်အပေါ်ယံမျှသာစိတ်ဝင်စားသူများအားမဖွင့်ပြပါ။
၂။  အဘယ်လမ်းသို့သွားမည်ကို သင်မသိကြောင်းဝန်ခံပါ။ “အို၊ ထာဝရဘုရား၊ လူသည်မိမိသွားရာ လမ်းကိုအစိုးမရ။ သွားစဉ်အခါ မိမိခြေရာတို့ကိုမစီရင်တတ် သည်ကို အကျွန်ုပ်သိပါ၏” (ယေရမိ ၁၀း၂၃)။ သုတ္တံ ၃း၆ ၌တွေ့သည့်အတိုင်း ကျွန်တော်တို့သည် ကိုယ့်ဉာဏ်ကိုအမှီမပြုရပါ။
၃။ ဤအမှုကိစ္စအတွက် ဘုရားသခင်ကိုအပြည့်အဝကိုးစားပါ။ သူသည်သူ၏အလိုတော်ကိုဖွင့် ပြမည်ဟု ပေးခဲ့ပါပြီ။ ပေးသည့်အတိုင်းပြုမည်ဟု ယခုယုံကြည်ပါ။ “သင်တို့တွင်အဘယ်သူသည် ထာဝရဘုရားကိုကြေ ာက်ရွံ့သနည်း။ထိုသူသည် ကိုယ်တော်ကျွန်၏စကားသံကိုနားထောင်ပါစေ။ အဘယ်သူသည်အလင်းမရှိဘဲ မှောင်မိုက်၌သွားလာသနည်း။ ထိုသူသည်ထာဝ ရဘု ရား၏နာမတော်ကိုခိုလှုံ၍၊ မိမိဘုရားသခင် ကိုအမှီပြုပါစေ” (ဟေရှာယ ၅၀း၁၀
။ဘုရားသခင်၌သင်ကြံစည်ခဲ့ဖူးသမျှထက်သာလွန်ကောင်းမွန်သောအကြံအစည်သင့်အတွက်ရှိပါသည်။ သူသည် သင်ကြံစည်၍မရ သေ ာရွေးချယ်စရာများကိုလည်းသိသည်။
၄။ ဘုရားထံတော်ပါး၌ အကြွင်းမဲ့ဆက်ကပ်ပါ (ရောမ ၁၂း၁- ၂)။ ဤအချက်သည် သင်၏လိုအင်ဆန္ဒမပါဘဲ လုံးဝဥဿုံဆက်ကပ်ခြင်းဖြစ်သည်။နှမြောခြင်းမရှိ။ ဤအချက်သည် သင်အားဘုရားသခင်အတွက် အကျိုးရှိအောင်လူတစ်ဦးကဤသို့ပြောခဲ့ဖူးပါသည် “ချန်ထားခြင်းမရှိ၊ နောက်ဆုတ်ခြင်း မရှိ၊အသုံး တော်ခံဖြစ်စေ သည်။
၅။ သင်၏အသက်တာ၌လုပ်မိသော အပြစ်များကိုသိသည်နှင့်ချက်ချင်းဝန်ချတောင်းပန်ပါ (၁ယော ၁း၉)၊ ဤသို့ပြုခြင်းဖြင့် သင်၏အသက်တာသန့်ရှင်းပါမည်။ သင်သည်ဘုရားအတွက် အဆင်သင့်ဖြစ်ပြီး၊ အသက်တာသန့်ရှင်းပါက သင်အားသူ၏အလိုတော်ကိုဖွင့်ပြရန် ဘုရားသခင်၌တာဝန်ရှိပါသည်။
၆။ သူ၏အလိုတော်ကို သင့်အားဖွင့်ပြရန်မခြားမလပ်ဆိုတောင်းပါ။”အို၊ ထာဝရဘုရား၊ ကိုယ်တော်၏ လမ်းကိုအကျွန်ုပ်အားပြသသွန်သင်တော်မူပါ၊ အကျွန်ု ပ်၏ ရန်သူတို့ကြောင့် ဖြောင့်သောလမ်း ထဲ၌အကျွန်ုပ် ကိုပို့ ဆောင်တော်မူပါ” (ဆာလံ ၂၇း၁၁)။ အရေးကြီးသောအမှုကိစ္စ များအတွက် ဘုရားသခင် ၏လမ်းပြမှုကို သက် သေနှစ်ဦး (သို့) သုံးဦးတို့၏နှုက်ပါးစပ်အားဖြင့်အတ ည်ပြုပေးရန် ကျွန်တော်ဆု တောင်းသည် (မဿဲ ၁၈ း၁၆)။ အကယ်၍၊ သူသည်ကျွန်ုပ်အား သေချာသောအထောက် အထားနှစ်ခု (သို့) သုံးခုပေးပါက၊သူ၏အလိုတော်နှင့်လုံးဝမလွှဲတော့ပါ။
၇။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို အချိန်များများပေး၍ဖတ်ရှဆင်ခြင်ခြင်းအားဖြင့် သူ၏လမ်းပြမှုကိုခံ ယူရန်အသက်ရှင်ပါ။ “နှုတ်ကပတ်တော်သည်အကျွ န်ုပ်ခြေရှေ့မှာမီးခွက်ဖြစ်၍၊ အကျွန်ုပ်လမ်းခရီး ကိုလင်းစေပါ၏” (ဆာလံ ၁၁၉း၁ဝ၅)။
၈။ခြားနားသောဖြစ်နိုင်ချေများရှိပါက၊တစ်ခုစီ ၏အ ကြောင်းကိုတတ်နိုင်သမျှစုစည်းပါ။ သတင်းများများရလေလေ၊ ဘုရားသခင်၏လမ်းပြမှုသိရန်လွယ်ကူလေလေဖြစ်ပါသည်။ အဆိုနှင့်အချေ (Pros amd Cons) များကို စာရွက်ပေါ်၌ရေးချပါ။ ဤသို့ပြုခြင်းသည် တခါတရံတွင်အာရုံ စူးဆိုက် မှုဖြစ်စေပါသည်။
၉။သင်လေးစားကြည်ညိုသောဝိညာဉ်သဘောနှင့်ပြည့်ဝသည့်သင်းအုပ်ဆရာများနှင့်ရင့်ကျက်သောယုံကြည်သူများ ထံမှအကြံဉာဏ်တောင်းယူပါ။သင်ကြားချင်သောအကြောင်းကိုသာပြောတတ်သောသူတို့၏ကြံဉာဏ်ကိုသင်၏ကိုယ်ပိုင်လမ်းပြမှုပြုလုပ်စေ တတ်သည့်စုံစမ်းခြင်းကိုခုခံမတောင်းပါနှင့်။
၁၀။သင်၏ကိုယ်ပိုင်လမ်းပြမှုပြုလုပ်စေတတ်သည့်စုံစမ်းခြင်းကိုခုခံဆန့်ကျင်ပါ။မီးကိုညှိ၍ မိမိတို့ကိုမီးပွါးတို့ နှင့်ဝန်းရံစေသောသူအ ပေါင်းတို့၊ သင်တို့မီး၏အလင်း၌၄င်း၊ သင်တို့ပြုစုသောမီးစများ၌၄င်း သွားလာကြ လော့။ငါ့လက်၌ခံရသောအကျိုးဟူမူကား၊ သင်တို့သည်ဝမ်းနည်းလျက်အိပ်ရကြလိမ့်မည် (ဟေရှာယ ၅၀း၁၁)။
၁၁။ စောင့်မျှော်ချင်သောဆန္ဒရှိပါ။ ဤအချက်သည်အခက်ခဲဆုံးဖြစ်ပါသည်။ လမ်းပြမှုသေချာသည်အထိ စောင့်ပါ။ စိတ်မရှည်နိုင်ပါက၊ အနှစ်သုံးဆယ်တိုင်တိုင်နာဇရက်မြို့၌အချိန်ကုန်လွန်စေသော သခင်ယေရှုကို သတိရပါ။ “ထိုကျောက်ကိုအမှီပြုသောသူသည်ပြေးရသောအကြောင်းမရှိ” (ဟေရှာ၂၈း၁၆)။ ဘုရားသခင်သည် အလျင်စလိုလုပ်ခဲ့ပါသည်။ သင်သည်သူ့ကိုအမှန်တကယ်ကိုးစားပါက၊ အလျင်စ လိုမပြုလုပ်သင့်ပါ။ C. I. Scofield ကဤသို့ပြောခဲ့ပါသည်- “ဘုရားသခင်သည် စောင့်မျှော်နေသောသားက ကြားနိုင်အောင် အသံကျယ်ကျယ်နှင့်ပြောသကဲ့သို့၊ ယုံကြည်ခြင်းသည်သေချာသော အာမခံချက်အပေါ် ၌ရပ်တည်ပါသည်။” ကျွန်ုပ်တို့၏တာဝန်မှာ လမ်းပြမှုသေချာသည်အထိ တိတ်ဆိတ်စွာစောင့် မျှော်ရန် ဖြစ်သည်။
သင်သည်လမ်းပြမှုအတွက်ဆုတောင်းလျက်နှင့် လမ်းပြမှုမရသေးပါက၊သင့်အတွက် ဘုရားသခင်၏လမ်း ပြမှုမှာ ယခုလက်ရှိအခြေအနေတိုင်း သင်ရှိသောနေရာ၌ ဆက် လက်၍ စောင့်မျှော်ရန်သာဖြစ်ပါသည်။ ဆက်သွားရန်အမှောင်ကျနေဆဲဖြစ်ပါက၊ ဆက်နေသည်မှာအလင်းဖြစ်ကြောင်းသိမှတ်ပါ။ ထွက်မြောက်ရာ ကျမ်း ၄ဝး၃၆ ၌ရှိသောမိုးတိမ်ကိုသတိရပါ။ မိုးတိမ်ရွေ့သော အခါမှသာလျှင်ရွေ့ပါ။ လမ်းပြမှုစောင့်မျှော် နေစဉ်တွင် ဘုရားအတွက်မအားမလပ်အသက်ရှင်လုပ်ဆောင်ပါ။ “ဆောင်ရွက် စရာအမှုရှိသမျှကို ကြိုးစား အားထုတ်၍ ဆောင်ရွက်လော့ ” (ဒေသ နာ ၉းဝဝ)။ “ကျွန်ုပ်တို့၏ တာဝန်ကိုလုပ်ဆော င်ခြင်းသည် ကျွန်ုပ်တို့၏တာဝန်ဖြစ်သည်။ ဤရိုးရှင်းသောအချက်က အသက်တာ၏အမှုရေးရာ အားလုံးကို ဖြေရှင်းပေးသောကြောင့် သာ၍ကြီးမားသော အခြားလမ်းပြမှုကိုရှာရန်မလိုပါ” (J. Oswald Sanders)။ ယခုတွင်၊ နောက်တစ်ဆင့်တက်လှမ်း၍၊မေးခွန်းတစ်ခု၏အဖြေကိုရှာကြစို့။
 ဘုရားသခင်သည် အဘယ် သို့လမ်းပြပါသနည်း။
၁။ သူသည် သမ္မာကျမ်းစာအားဖြင့်လမ်းပြပါသည်။ ဘုရားသခင်၏အထူးထူးအပြားပြားသောအလိုတော်ကို သန့်ရှင်းသောသမ္မာကျမ်းစာထဲ၌ရေးသားထားပါသည်။ သူသည် သမ္မာကျမ်းစာနှင့်ဆန့်ကျင်သောလမ်းဖြင့် ဘယ်သောအခါမှလမ်းပြမည်မဟုတ်ပါ။ သို့သော်၊ သူသည်ကျမ်းတစ်ပိုဒ်အားဖြင့်မကြာခဏ စကားပြောပါ သည်။ သင်သည်နှုတ်ကပတ်တော်ဖတ်သောအခါ၊ ဘုရားသခင်သည်သူ၏နှုတ် ပါးစပ်နှင့် ကျမ်းပိုဒ်တစ်ပိုဒ် အားဖြင့် သင့်ကိုစကားပြောသကဲ့သို့ဖြစ်နိုင်သည်။ အခြားသူတစ်ဦးအတွက် မရှင်းလင်းသလိုဖြစ်သော်လည်း သင့်အတွက်ဘုရားသခင်၏အလိုတော်ကိုတိကျစွာဖွင့်ပြသောကျမ်းပိုဒ်ဖြစ်သည်။
၂။ ဘုရားသခင်သည် အခြားသူများ၏အကြံပေးခြင်းအားဖြင့်လည်းလမ်းပြသည်။ “နောက်ဆုံးသောကာ လ၌ပညာရှိဖြစ်လိုသောငှါ၊ ဆုံးမသောစကားကိုနား ထောင်၍ နည်းဥပဒေသကိုခံယူလော့” (သုတ္တံ၁၉:၂၀) ။အကောင်း ဆုံးသောအကြံအဉာဏ်သည် အများအားဖြင့်ဝိညာဉ်ရေးရာ၌ အရည်အချင်းပြည့်မီသော သန့်ရှင်းသူများအားဖြင့်လာပါသည်။ သို့သော်လည်း၊ မယုံကြည်သူ၏အကြံဉာဏ်ကိုလုံးဝပစ်ပယ်ပါဟု၊ မဆိုလိုပါ။ သင်၏လမ်းပြမှရှာဖွေနေခြင်းကိုမသိသော်လည်း၊ မစဉ်းစားပဲသူပြောသောစကားသည် သင်၏ရှုပ်ထွေးမှုကိုအဖြေပေးသည့်မှန်ကန်သောစကားဖြစ်တတ်သည်။
ဤနေရာတွင် သတိပေးချင်ပါသည်။ ဘုရားသခင်က လူတစ်ဦးကိုခေါ်သောအခါ၊ စိတ်ဓါတ်ကျစရာ ပြောဆိုမှုများရှိတတ်သည်။ ဘုရားသခင်ခရစ်ကက်ချန်ပီယံ C. T. Studd အား သာသနာပြုရန်ခေါ် သောအချိန်၌ သူ၏သူငယ်ချင်းတစ်ချို့က “ခရစ်ကက်ကစားခြင်းကိုပစ်ထားကာ၊ သာသနာပြုဆရာလုပ် မည့်အရူးကောင်၊ ခရစ်ကက်ကစားတဲ့အရွယ်လွန်တဲ့အထိ၊ မစောင့်နိုင်ဘူးလား။ ခရစ်ကက်က စားသမား အနေနှင့်ဘုရားအတွက်သာ၍မလုပ်ဆောင်နိုင်ဘူးလား။ ဘာကြောင့် ခရစ်ကက်ကစား ခြင်းကိုမကြား ခဲ့ဖူးသောနိုင်ငံသို့သာ သနာပြုဆရာအနေနှင့်သွားရမှာလဲ” စသည်ဖြင့်တအီအီအော် မြည်ပြီးပြောကြသည်။ ဘုရားသခင်ကသင့်ကိုအမှန်တကယ်စကားပြောပါက၊ ထိုလူတို့၏ပြောဆိုခြင်းကို ပေါက်တတ်ကရ စကားအဖြစ်မှတ်ယူရပါမည်။
၃။ ဘုရားသခင်သည် ပတ်ဝန်းကျင်အခြေအနေစုစည်းဖြစ်ပေါ်လာမှုအားဖြင့် တခါတရံစကားပြောတတ် သည်။ ဥပမာ – စာတစ်စောင်ရောက်လာခြင်း (သို့) ဖုန်းနှင့်ခေါ်ဆိုခြင်း။
၄။ ဘုရားသခင်သည် စိတ်နှလုံးထဲ၌သန့်ရှင်းသောဝိညာဉ်တော်၏သက်သေအားဖြင့်စကားပြောတတ် သည်။ သူသည်သင်၏အသိဉာဏ်၊ စိတ်ခံစား.မှုနှင့် ဆန္ဒအပေါ်၌အလုပ်လုပ်နိုင်ပါသည်။ ထိုသို့ပြုခြင်းဖြင့်သင်သည် ဘုရားသခင်၏အလိုတော်ကိုကြည်လင်စွာသိမြင်နိုင်မည်။ ဘုရားသခင်၏လမ်းပြမှုသည်စိတ် ထဲ၌ဝိညာဉ် တော် ၏သက်သေအားဖြင့်ဖြစ်ပါက၊ သ တိထား၍ပိုင်းခြားတတ်ဖို့လိုအပ်ပါသည်။ သို့ရာတွင် ဘု ရားသခင် သည်ကျွန်ုပ်တို့၏အတွေးအခေါ်နှင့်လိုအင်ဆန္ဒများကိုပုံသွန်းခြင်းအားဖြင့်သော်လည်းကောင်း၊ ကျွန်ုပ်တို့ ၏နှလုံးသားထဲ၌ဝန်တာချပေးခြင်းအားဖြင့် သော်လည်းကောင်း၊ စကားပြောတတ်ပါသည်။ “အကြောင်း မူကား၊ သင်တို့သည် အလိုရှိစေခြင်းငှါ၄င်း၊ အကျင့်ကျင့်စေခြင်းငှါ၄င်း၊ သင်တို့အထဲ၌ စေတနာတော်အားဖြင့် ပြုပြင်တော်မူသောသူကား ဘုရားသခင်ပေတည်း” (ဖိ ၂း၁၃)။ လူတစ်ဦးကဤသို့ပြောခဲ့ဖူးပါသည်-“နှလုံးသားမှငြိမ်းချမ်းရေးဂျိုးငှက်ပြန်သွားပြီးနောက်စတင်လုပ်ဆောင်ခြင်းသည်မိုက်မဲရာကျပါသည်။”
၅။ ဘုရားသခင်သည်အတားအဆီးများအားဖြင့်လမ်းပြတတ်သည်ကိုသိမှတ်ပါ။မုသိပြည်သို့ရောက်၍၊ ဗိသုန်ပြည်သို့သွားမည်ပြုကြစဉ်၊ ဝိညာဉ်တော်သည်အခွင့်ပေးတော်မမူသော ကြောင့် ၊ မုသိပြည် အနားမှာရှောက်၍ဘရောမြို့ သို့ရောက်ကြ၏ (တမန် ၁၆း၇-၈)။လမ်းပြခြင်းဖြစ်ပါသည်။ မည်သည့်လမ်းပြခြင်းမျိုးဖြစ်ပါသနည်း။ အတားအဆီးများအားဖြင့်သာသနာလုပ်ငန်း၏တံခါးပိတ်ခြင်းဖြစ် သည်။ တမန်တော်ရှင်ပေါလုသည် “မိတ်ဆွေများ ” (Quakers) အဖွဲ့က “စိတ်ထဲ၌ရပ်ဆိုင်းခြင်းတစ်ခု” (a stop in the mind) ဟုခေါ်ဆိုသောအရာနှင့်ကြုံတွေ့ သည်။ သူ၏အကြံအစည်မှာ ခုခံခြင်းခံ၍၊ လွတ်လပ်မှုမရှိချေ။ သူ၏ရည်ရွယ်ချက်ကို မကျော်လွှားနိုင်သောအတားအဆီးများ၏တိုက်ခိုက်မှုခံသည်ဟု ခံစားသည်။ ဝိညာဉ်ရေးရာ၌လွတ်လပ်မှုမရှိကြောင်းကို ထိုအတားအဆီးများအားဖြင့် သိနိုင်သည်။ထို့ ကြောင့် သူသည်သူ၏ခရီးစဉ်ကိုဘုရားကတားမြစ်ထားသည်ဟုရှုမြင်သည်။” ဘုရားသခင်၏ ကောင်းက င်တမန်သည်တားဆီးရန်လမ်း၌ရပ်ခဲ့သည်။”ပိတ်ထားသောတံခါးသည်သူ၏အလိုတော်ကိုဖေါ်ပြခြင်းဖြစ် သည်။ ကျွန်တော်အချက်ကိုအလေးထားပြောဆိုရန်အထူးလိုအပ်သည်ဟုထင်မြင်ပါသည်။ တခါတရံ တွင်ဘုရားသခင်သည်ငြင်းဆန်သောသဘောဖြင့်လမ်းပြပို့ဆောင်ပါသည်။တို့သည်သွားရန်အတင်းကြိုးစားသည်။ သို့သော်၊ ဝိညာဉ်တော်ကခွင့်မပြုပါ။
၆။ နောက်ဆုံးအနေဖြင့်၊ ဘုရားသခင်သည်ခရစ် တော် ၏စံနမူနာအားဖြင့်လမ်းပြတတ်ပါသည်။ ခရစ်တော်ဘုရား ဘာလုပ်မည်နည်း။ “ဘုရားသခင်သည်ခရစ် တော်၏အကျင့်စာရိတ္တ (သို့) သွန်သင်ချက်နှင့်မကိုက်ညီသောလမ်းသို့ဘယ်သောအခါမှလမ်းပြပို့ဆောင်မည်မဟုတ်ပါ” (J. O. Sanders)။လူတစ်ချို့တို့သည် ဘုရားအလိုတော်ရှာရာ၌ ဂိဒေါင်ကဲ့သို့သိုးမွေးကိုအပြင် ၌ထားခြင်းမျိုးကို ပြင်းထန်စွာဆန့်ကျင်ကြသည် (သူကြီး ၆း၃၇-၄၀)။ကိုယ်စီစဉ်ထားသောအရာတစ်ခုမဟုတ်တစ်ခုအားဖြင့် အလိုတော်ဖွင့်ပြပါဟုဘုရားသခင်အားတောင်းလျှောက်ခြင်းမျိုးဖြစ်ပါသည်။ ဤနည်းအားဖြင့် ဘုရား၏ အလိုတော်ရှာခြင်းသည်အန္တရာယ်အမြဲရှိနိုင်ပါသည်။ သို့ရာတွင်၊ လူတစ်ဦးသည်ဘုရားအလိုတော် ကိုဝန်ခံ၍၊ ရိုးသားစွာဖြင့်လုပ်ဆောင်ချင်သောဆန္ဒရှိပါဘုရားသခင်ကိုဘောင် ခတ်၍မထားချင်ပါ။ သူသည်ကျွန် တော်တို့၏အား နည် းချက်နှင့်ညီညွတ်လျော်ကန်အောင်ပြုတတ်ပါသည်။ သူသည် ကျွန်တော့အတွက် ထိုသို့ပြုခဲ့ဖူးပါသည်။
ရှေးခေတ်တရားဟောဆရာတစ်ဦးက လူငယ်များအား “ယဇ်ကောင်ပေါ်သို့ရေလောင်းပါ” ဟုအကြံပြုတတ်ပါသည်။ သူသည် ဧလိယကကောင်းကင်မှမီးကျရန်ခေါ်သောနေ့ကိုစဉ်းစားမိသည်။ ဧလိယကမီးကိုမခေါ်မီ၊ သူ၏လူတို့အားယဇ်ကောင်နှင့်ထင်းများပေါ်၌ရေ အိုးလေးလုံးကို လောင်းခိုင်းသည်။ဤသို့ဖြင့် ရေကိုသုံးကြိမ်တိုင်တိုင်လောင်းခိုင်းပါသည်။ ဧလိယသည်ထိုယဇ်
ကောင်ကိုမီးပွားလေးတစ်ပွားဖြင့် မီးစွဲလောင်စေသည့်အခွင့်အရေးမျိုးမကြိုက်ပါ။ သူသည်မီးကျသောအခါ၊ ဤအမှုသည်ယေဟောဝါဘုရားကသာပြုနိုင်သောအမှုဖြစ်သည်ဟု ထင်ရှားနိုင်ရန်ထိုသို့ပြုခြင်းဖြစ်ပါသည်။ ထို့ကြောင့်၊ဘုရားသခင်၏လမ်းပြမှုရှာရာတွင် လမ်းပြမှုသည်ဘုရားသခင် ၏နှုတ်ကပတ်တော် သာလျှင်ဖြစ် စေရန် ကျွန်ုပ်တို့သည်ကြိုတင်စီစဉ်ထားသင့်ပါသည်။
တခါတရံတွင်၊ လမ်းပြမှုသည် ရှင်းလင်းထင်ရှားပါသ ည်။ တခါတရံတွင်၊မသေချာမရေရာဖြစ်တတ်သည်။ ဘုရားသခင်သည်တစ်ချိန်တွင် ခြေလှမ်းတစ်လှမ်းချင်းလမ်းပြပို့ဆောင်ပါသည်။ တစ်ချိန်တည်းတွင် အားလုံးမဖွင့်ပြပါ။သို့ရာတွင်၊ ဘုရားသခင်၏လမ်းပြမှုကိုပြင်းပြသော ဆန္ဒနှင့်မလိုချင်သောသူတို့သည် ထိုလမ်းပြမှုကိုရကြမည်မဟုတ်ပါ။
သူ၏အလိုတော်သည်ကောင်းမြတ်၍၊ လက်ခံဘွယ်ရာဖြစ်ပြီး၊ ပြည့်စုံပါသည်။ ဤအရာသည် လူတချို့ ထင်သလိုအန္တာရာယ်ရှိသောအရာ၊ မနှစ်သက်ဖွယ်ရာနှင့် ကျွန်တော်တို့မလုပ်ချင်သောအရာမဟုတ်ပါ။
နှစ်ဆယ့်ခြောက်
သင်၏သမ္မာကျမ်းစာအကြောင်းကိုသိပါ
Know Your Bible
ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍ ဘုရားသခင်၏လူသည်စုံလင်သောသူ၊ ကောင်းသောအမှု အမျိုးမျိုးတို့ကိုပြုစုခြင်းအလိုငှါပြင်ဆင်သောသူဖြစ်မည်အကြောင်း၊ ဩဝါဒပေးခြင်း၊ အပြစ်ကိုဖော်ပြခြင်း၊ ဖြောင့်မတ်စွာပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်းကျေးဇူးများကိုပြုတတ်၏(၂တိ ၃း၁၆-၁၇)။
ကျမ်းစာအုပ်၏အံ့ဩဘွယ်ရာအကြောင်းကို စဉ်းစားပါ။ ဆင်ခြင်ပါ။ ဤအရာသည်ဘုရားသခ င်၏နှုတ် ကပတ်တော်ဖြစ်ပါသည်။ ကျွန်ုပ်တို့ပိုင်ဆိုင်သောလောကအရာများထဲတွင် တန်ဖိုးအကြီးဆုံးသောအရာမှာ သမ္မာ ကျမ်းစာအုပ်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည်ဤကဲ့သို့ခံယူချက်ရှိသောသူများဖြစ်သင့်သည်။ ယနေ့တွင်၊ သမ္မာ ကျမ်းစာအကြောင်းကို မတင်မကျပြောဆိုခြင်းအလွန်များပြားပါသည်။ဘာ သာရေးအသင်းတော် များတွင်ရှိသောလူတို့ သည် ကျမ်းစာအကြောင်းကိုလျှာနှစ်ခွဖြင့်ပြောကြသည်။ သူတို့သည်သမ္မာကျမ်း စာ၏သြဇာအာဏာအကြောင်းကိုပြောကြသော်လည်း၊ ဘုရား သ ခင် “မှုတ်သွင်း” သောနှုတ်ကပတ်တော် ဖြစ်ကြောင်းကိုမပြောကြပါ။ ကျွန်တော်တို့သည် သမ္မာကျမ်းစာနှင့်ပတ်သက်၍ကိုယ် ယုံကြည်သောအချက် ကိုသိသောသူ၊ ခံယူချက်ရှိသောသူ၊ ၄င်းအတွက်ရပ်တည်သောသူများဖြစ်ရပါမည်။
သမ္မာကျမ်းစာသည်ဤလောကတွင် ကျွန်ုပ်တို့၌ရှိသည့်အနည်းငယ်သောအရာများထဲမှတခုဖြစ်၍၊ ၄င်းကိုကောင်းကင်ဘုံ၌လည်းရှိမည်ဖြစ်သည်။အံ့ဩဘွယ်ကောင်းသည်မဟုတ်လော။ “အို၊ ထာဝရဘုရား၊ နှုတ် ကပတ်တော်သည်ကောင်းကင်ဘုံ၌အစဉ်အမြဲတည်ပါ၏”(ဆာလံ ၁၁၉၈၉)။  ကောင်းကင်နှင့်ေျမႀကီးမတည္ေသာ္ လည္း ငါ့စကားတည္လိမ့္မည္” (မႆဲ ၂၄း၃၅)။ သမၼာကျမ်းစာ၏မူရင်းအမှန်မှာ ကောင် းကင်ဘုံ၌ထ ာဝရတည်ရှိနေပါသည်။
ဤကျမ်းစာထဲတွင် ကျွန်တော်တို့အတွက်သမ္မာတရားရှိသည်။ သခင်ယေရှုက”ကိုယ်တော်၏သမ္မာတရားအာ းဖြင့် သူတို့ကိုသန့်ရှင်းစေတော်မူပါ။ကိုယ်တော်၏နှုတ်ကပတ်တော်သည်သမ္မာတရားဖြစ်ပါ၏” (ယော ၁ ၇း ၁၇) ဟုပြောပါသည်။ ဤကျမ်းချက်ကို ကျွန်တော်တို့သည်ကြိမ်ဖန်များ စွာကြားခဲ့ပြီးဖြစ် သော်လည်း အ ကျိုးသက်ရောက်မှုရှိသင့်သလောက်မရှိလှပါဟု တခါတရံတွင်ကျွန်တော်ထင်မြင်ပါသည်။
ဆာလံ ၁၁၉ ကိုရေးသောဆရာကဘုရားသ ခင်၏နှု တ်ကပတ်တော်ကောင်းမြတ် ခြင်းအကြောင်း ကိုအချက်ပေါင်း (၁၇၆) ချက်ခန့်ဆင်ခြင်ရေတွက်ပြောဆိုနိုင်ခဲ့သည်။ ခင်ဗျားနှင့်ကျွန်တော်ကအချက် ပေါင်းမည်မျှဆင်ခြင်ရေတွက်နိုင်ပါမည်နည်း။ ဤအရာသည်စိန်ခေ ါ်မှုတစ်ခုပင်မဟုတ်ပေဘူးလား။ ဆာလံဆရာသည်သူ့ အကြောင်းကိုမပြောဘဲ၊ သူ့အတွက်တန်ဖိုးကြီးလှသောနှုတ်ကပတ်တော်၏ ကောင်းမြတ်ခြင်းအကြောင်းကိုပြောပါသည်။
သမ္မာကျမ်းစာ၏မှုတ်သွင်းခြင်းကို အပြည့်အဝခံယူဆက်ကပ်သောသူများဖြစ်ကြပါစို့။ “ထိုကျမ်းစာရှိ သမျှ သည် ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ် ၏။” ကျမ်းစာရေးသောသူတို့ သည်ဘုရား သခင် ၏ ဝိ ညာဉ်တော်ကြီးကြပ်ကွပ်ကဲမှုအောက်တွင်ရေးသားကြသည်။ ဘုရားသခင်၏အသေး စိတ်လုပ်ဆောင် ချက်ကိုကျွန်တော်တို့မသိပါ။ သိဘို့လည်းမလိုအပ်ပါ။ သမ္မ ာကျမ်းစာသည် ဩဇာအာဏာ ရှိရုံသာမကဘဲ၊ ဘုရားမှုတ်သွင်းသောနှုတ်ကပတ်တော်ဖြစ်ကြောင်းသိပါက လုံ လောက်ပါသည်။
ကျွန်တော်တို့သည် သမ္မာကျမ်းစာ၏အထွေထွေမှုတ်သွင်းခြင်း (generalinspiration) ကိုယုံကြည်သည့်အပြင်၊ ထိုကျမ်းစာ၌ပါသောနှုတ်ကပတ်တော်တစ် လုံးချင်းစီကိုမှုတ်သွင်းခြင်း (verbal inspiration) ကိုလည်းယုံကြည်ရပါမည်။ ၁ကော၊ ၂ ထဲတွင် ရှင်ပေါလုက ကျွန်တော်တို့အားအချက် (၃) ချက်သွန်သင်ပါ သည်။ အငယ် (၁ဝ) တွင်ဖွင့်ပြခြင်းအကြောင်း (revelation) ၊ အငယ် (၁၃-က) တွင် မှုတ်သွင်းခြင်းအကြောင်း (inspiration) နှင့်၊ နောက်ဆုံးအငယ် (၁၃-ခ) တွင် အလင်းပေးခြင်းအကြောင်း (illuminat ion) စသည်ဖြင့်ပါရှိပါသည်။အငယ်(၁၃)ကိုဖတ်ပါ။ မှုတ်သွင်းခြင်းနှင့်ပတ် သက်၍ရေးသားဖော်ပြရာတွင်၊ ရှင်ပေါလုသည်သင်နှင့်ကျွန်ုပ်၏အကြောင်းကိုမပြောဘဲ၊ သူ့ အကြောင်းကိုပြောပါသညျ။ သူသည် ပထမရာစုနှစ်ကာလ၌ဓမ္မသစ်ကျမ်းကိုရေးသားသောသူကိုယ် တိုင်၊ အခြားတမန်တော်များနှင့်ပရောဖက်များ ၏အကြောင်းကိုပြောပါသည်။ ” ဘုရားသခင်ပေးတော်မူသောအရာတို့ကို ငါတို့သည်လူပညာကိုအမှီပြု၍ နား လည်သောစကားနှင့်မဟော။ သို့သော်၊ သန့်ရှင်းသောဝိညာဉ်တော်သည်ဝိညာဉ်နှင့်စပ်ဆိုင်သောအရာကို ဝိ ညာဉ်တော်အားဖြင့်ဖွင့်ပြ၍ ပဲ့ပြင်တော်မူသောစကားနှင့်ငါတို့သည်ဟောကြ၏။”
ဤကျမ်းပိုဒ်က သမ္မာကျမ်းစာ၌ရှိသောနှုတ်ကပတ်တော်တစ်လုံးစီတိုင်းသည် ဘုရားမှုတ်သွင်း သည်ဟု ဖေါ်ပြပါသည်။ ဘုရားသခင်ကပရောဖက်ဟေရှယ၊အား”ဟေရှာယ ဒီမှာအရေးကြီးတဲ့အချက်တွေ ငါပေးထားတယ်၊ အကောင်းဆုံးဖြစ်မည်ဟု သင်ထင်သည့်အတိုင်းပြည့်စုံအောင်ဆက်ရေးလိုက်ပါ”ဟု မပြောပါ။ ဟေရှာယသည် ဘုရားသခင်ကဝိညာဉ်တော်အားဖြင့် သူ့အားဖွင့်ပြသောအရာ အားလုံးကို ရေးသားသည်။
ထို့နောက်၊ ရှင်ပေါလုက အလင်းပေးခြင်း(illumina tion) နှင့်ပတ်သက်၍ရေးသားပါသည်။ “ထိုဝိညာဉ် အရာကိုဝိညာဉ်အားဖြင့်သာပိုင်းခြား၍ . . . ။” ထိုနှုတ်ကပတ်တော်ကိုဝိညာဉ်တော်၏ အလင်းပေးခြင်း ဖြင့်နားလည်သဘောပေါက်နိုင်ပါသည်။ ဘုရားသခင်သည်ဝိညာဉ်ရေးဆိုင် ရာဩဝါဒများ ကိုသူ၏မှုတ်သွ င်းထားသောနှုတ်ကပတ်တော်အားဖြင့်သွန်သင်ပါသည်။ သမ္မာကျမ်းစာရှိ နှုတ်ကပတ်တော်တစ် လုံးစီတိုင်း သည်ဘုရားမှုတ်သွင်းခြင်း (verbalinspiration) ကိုယုံ ကြ ည်ခံယူသောသူများဖြစ်ကြပါစို့။
သမ္မာကျမ်းစာတစ်အုပ်လုံး (၆၆ အုပ်) မှုတ်သွင်းခြင်း (plenaryinspiration) ကိုလည်း ယုံကြည်ခံယူ သောသူများဖြစ်ကြပါစို့။ ဤသမ္မာကျမ်းစာကို ကမ္ဘာဦးကျမ်းမှဗျာဒိတ် ကျမ်းအထိဘုရားသခင်မှုတ် သွင်းသည်။ သခင်ယေရှုက၊ နှုတ်ကပတ်တော်တစ်လုံးချင်းစီမကဘဲ၊ အက္ခရာအဆက်တစ်ခုချင်းစီကို လည်းမှုတ်သွင်းသည်ဟု ပြောသည်။ အက္ခရာအဆက်ဟူသည်အက္ခရာတစ်ခု (သို့) စကားလုံးတစ်ခုကို မဆိုလိုဘဲ၊ အက္ခရာတစ်လုံးပြည့်စုံရန်လိုအပ်သောအဆက်ကိုဆိုလိုသည်။ ဥပမာတစ်ခုပြောမည်ဆိုလျှင်၊ အင်္ဂလိပ်အက္ခရာ “F” သည်”E” ၏အောက်ဆုံးအကြောင်းကလေးမရှိပါ။ တစ်ခုနှင့်တစ်ခုနီးစပ်သော် လည်းလုံးဝခြားနားပါသည်။ သခင်ဘုရားက အငယ်ဆုံးသောစာလုံးဗိန္ဓုတစ်လုံး မျှပြည့်စုံမည်ဟု ပြောခဲ့ပါသည်။
တစ်ခုတည်း (singular) ကိုဖေါ်ပြသောနာမ်နှင့်အများကို ဖေါ်ပြသော(plural) တို့၏ခြားနားမှုများကို လည်းမှုတ်သွင်းသည်။ ဂလာတိ ၃း၁၆ တွင်ရှင်ပေါလုကအ မျိုးအနွယ် (seed) နှင့် အမျိုးအနွယ်များ (seeds) အကြားခြားနားမှုကိုခွဲခြားသည်။”ကတိတော်တို့ကိုအာဗြဲဟံနှင့်သူ၏အမျိုးအနွယ်၌ထားတော်မူသည်မဟုတ်။ သင်၏အမျိုးအနွယ်(Seed)ဟု တစ်ယောက်သောသူကိုရည်မှတ်၏။ အမျိုးအနွယ်များ(seeds) ဟု အများသောသူတို့ကိုရည်မှတ်၍ မိန့်တော်မူ၍မိန့်တော်မူ၏။ ထိုတစ်ယောက်သောသူကား ခရစ်တော်ဖြစ်သတည်း။”
 ကျွန်ုပ်တို့သည် သမ္မကျမ်းစာမှုတ်သွင်းခြင်းသာမက၊ ၄င်းသည်ဘုရားသခင်က လူသားများအားနောက် ဆုံးဖွင့်ပြခြင်းဖြစ်ကြောင်းကိုလည်း ယုံကြည်ခံယူသောသူ များဖြစ်သင့်ပါသည်။ ရှင်ယုဒသည် သူ၏ဩဝါ ဒစာအ ငယ်-၃တွင်ဤသို့ပြောပါသည်။ “သန့်ရှင်းသူတို့ ၌အ ထက်ကအပ်ပေးခဲ့ပြီး သောယုံ ကြည်ခြင်းတရား. . . . ။” ထို့ကြောင့် ထိုသမ္မာကျမ်းစာကိုထပ်ဖြည့်၍မရပါ။
ကျွန်ုပ်တို့သည်သမ္မာကျမ်းစာ၏ပြည့်စုံမှုကိုလည်း ယုံ ကြည်ခံယူသောသူများဖြစ်ရပါမည်။ ရှင်ပေတရုကဤ အကြောင်းကို ၂ပေ ၁း၃ ၌ သတိပေးထားပါသည် “ထိုသို့နှင့်အညီ ငါတို့ကိုဘုန်းတန်ခိုးတော်နှင့် ခေါ်တော်မူသော ဘုရားကိုသိသောဉာဏ်အားဖြင့် ငါတို့အားအသက်ရှင်ခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်းနှ င့်စပ်ဆိုင်သောအရာရှိသမျှတို့ကို ဘုရားတန်ခိုးတော်သည်ပေးသနားတော်မူပြီ။” “အသက်ရှင်ခြင်း၊ ဘုရားဝတ်၌မွေ့ လျော်ခြင်းနှင့်စပ်ဆဘုရားသောအရာရှိသမျှ” ဟူသောဖေါ်ပြချက်ကို သိမှတ်ပါ။
ကျွန်ုပ်တို့သည်ဘုရားနှုတ်က ပတ်တော်၏ပြည့်စုံမှုကိုယုံကြည်သည်။ဘုရားသခ င်၏နှုတ်ကပတ်တော်အပြင် မော်မွန်စာအုပ် (the Book ofMomon)၊ သိပ္ပံနှင့်ကျန်းမာရေးဆိုင်ရာသမ္မာကျမ်းစာ၏သော့ချက် (Scienceand Health with the key to the Scriptures)၊ ရိုမင်ကာသိုလိပ်ထုံးတမ်းစဉ်လာများ (သို့) ခေတ်သစ်ရိုးရာယဉ် ကျေးမှု၊ အတွေ့အကြုံ၊ ယုံကြည်သူ၏သမ္မာကျမ်းစာအနက်ဖွင့်ကျမ်း၊ စိတ် ပ ညာ (သို့) အတွေးအခေါ်ပညာ (သို့) ဤအရာများထဲ မှတစ်ခုခုနှင့်သမ္မာကျမ်းစာကိုတန်းတူမထားရ၊ မယုံ ကြည်ရပါ။ သမ္မာကျမ်းစာ၏ ပကတိသည် ပြည့်စုံပြီးဖြစ်သည်။ ၂တိ ၃း၁၇ ၌ဖေါ်ပြသောအချက်ကိုကျွန်တော်အလွန်မြတ်နိုးပါသည်- “ဘုရားသခင်၏လူသည် စုံလင်သောသူဖြစ်မည်အကြောင်း။” “စုံလင်” ဟူသောစကားလုံး၏အဓိပ္ပါယ်မှာ “ပြည့်စုံ” သည်ဟုအဓိပ္ပါယ်ရပါသည်။ အံ့ဩစရာမကောင်းပေဘူးလား။ ဘုရားသခင်၏နှုတ်ကပတ်တော် ကိုဖတ်ရှုလေ့လာ၊ ဆင်ခြင်၊ အလွတ်ကျက်မှတ်၍ နာခံလိုက်လျှောက်သောသူသည် ပြည့်စုံသောသူဖြစ်သည်။
ထို့နောက်၊ ကျွန်ုပ်တို့သည် သမ္မာကျမ်းစာအမှားနှင့်ကင်းခြင်းကို ယုံကြည်ခံယူရပါမည်။ သခင်ယေရှု ယော ၃-၃၂ ၌ ဤသို့ပြောပါသည်- “သင်တို့သည်ငါ၏ ဒေသ နာ၌တည်လျှင်ငါ့တပည့်အမှန်ဖြစ်၏။ သမမာတရားကို လည်းသိကြ၏” သမ္မာကျမ်းစာအနက်ဖွင့်ခြင်းဆိုင်ရာ သိပ္ပံနှင့်နည်းပညာအသစ် များသည်မှန်ကန်သောအနက် ဖွင့်နည်းနှင့်ဘယ်သောအခါမျှ ဆန့်ကျင်ဘက်ဖြစ်မည်မဟုတ်ပါ။ ထိုသူတို့သည်ထိုသို့ပြု၍မရပါ။ အဘယ့်ကြောင့်ဆိုသော်သမ္မာကျမ်းစာကို ရေးသားသောသူအမှန်မှာ ဘုရားသခင်ကိုယ်တိုင်ဖြစ်ပါ သည်။သူသည်သမ္မာကျမ်းစာကိုရေးသားသောသူဖြစ်သလို စစ်မှန် သောသိပ္ပံအတတ်ကိုဖြစ်စေသော သူလည်းဖြစ်သည်။ ယခုခေတ်ကာလတွင် လူတစ်ချို့တို့သည်ဤ အကြေ.ာင်းနှင့်ပတ်သက်၍ လှောင်ပြောင် မှုပြုကြသည်ကိုပင်လျှင် ကျွန်တော်တို့ကြားရသည်။ အမေရိကန်ပြည် ထောင်စု၌ရှိ သောဧဝံဂေလိအဖွဲ့ အစည်းနှင့်ဆိုင်သောဓမ္မတက္ကသိုလ်များမှ ဓမ္မကထိကတစ်ဦးကဤသို့ပြော သည် – “သမ္မာကျမ်းစာ၌ အမှားပါရှိကြောင်းကျွန်တော်တို့သိပါသည်။ သခင်ယေရှုက၊ မုန့်ညှင်းစေ့သည်အရေအားလုံးထဲမှအသေးငယ်ဆုံးဖြစ်သည်ဟုပြောပါသည်။ မုန့်ညှင်းစေ့သည်အစေ့ အားလုံးထဲမှ အသေးငယ်ဆုံးမဟုတ်ကြောင်းကျွန်တော်တို့သိပါသည်။ ထို့ကြောင့် သမ္မ ာကျမ်းစာထဲ၌ အမှားပါသည်။” ခရစ်တော်သည်မုန်ညှင်းစေ့နှင့်ပတ်သက်သောသိပ္ပံအတတ်ကိုအဓိ က ဟောသကဲ့သို့ခံ ယူသောထိုဓမ္မတက္ကသိုလ်ကထိကသည်သနားစရာကောင်းလှပါသည်။ ထိုအရာသည်အဓိက အချက်မဟုတ် ပါ။ လူတို့သည်ဈေးသို့သွားကာ၊ ရောင်းရန်ခင်းကျင်း နေသောဟင်းခတ် အမွှေးအကြိုင်များကို ကြည့်ကြသော အခါ၊ သို့မဟုတ်ကြောင်အိမ် ထဲ၌ရှိသောဟင်း ခတ်အမွှေးအကြိုင်များကို တစ်ခုပြီးတစ်ခု ကြည့် သောအခါ မုန့်ညှင်းစေ့ သည်အသေး ငယ်ဆုံးဖြစ်ပါ သ ည်။ ထိုကလိက၏ပြော ပုံအရဆိုလျှင်၊ ယေရှုခရစ်တော်သည် မမှန်မကန်ပြောတတ်သောသူဖြစ်စေပါသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တော် အမှားနှင့်ကင်းခြင်း နှင့်ပတ်သက်၍ ယုံကြည်ခံယူချက်အပြည့်အဝရှိကြပါစို့။
တစ်ခါက၊ B.H.Carrollပြောသောစကားကြောင့် ကျွန် တော်ရယ်မောမိပါသည်။ သူက ဤသို့ပြောပါသည် – “ကျွန်တော်ကလေးဘဝက၊ သမ္မာကျမ်းစာထဲ၌တစ်ခုနှင့်တစ်ခုဆန့်ကျင်သောအချက်တစ်ထောင်တွေ့ခဲ့ရာ၊ ၄င်းတို့ကိုမှတ်သားခဲ့ပါသည်။ ယခုတွင်မူ သမ္မာကျမ်းစာထဲမှမိမိကိုယ်ကိုကျေနပ်စေ လောက်အောင် မရှင်းပြနိုင် သောအချက် ဒါဇင်ဝက်မျှရှိပါသည်။ သို့သော်လည်း အချက်တစ်ထောင်ထဲမှ ကိုးရာကိုးဆယ့် လေးချက်တို့ သည်ကြိုးနှစ်ပင်ပူးတွဲသကဲ့သို့ညီညွတ်သည်။” သူဆက်လက်၍ပြောသည်မှာ- “အကယ်၍ ကျွန်တော့မှာအသိဉာဏ်ရှိပါက ကျွန်တော်မရှင်းပြတတ်သော ထို (၆)ချက်ကိုလည်း ဆီ လျော် အောင်ပြုနိုင်မည် ဟုစဉ်း စားလာပါသည်။ ၎င်းသည် မှန်ကန်သောခံယူချက်ဖြစ်ပါသည် ။ ဘုရားသခင်၏နှုတ်ကပတ်တော်အမှားကင်းလွတ်ခြင်းကိုခံယူကြပါစို့။
ဘုရားသခင်၏နှုတ်ကပတ်တော်ကိုဖက်ရှရန် အသက်တာအသီးသီးဆက်ကပ်ကြပါစို့။ ကျမ်းစာဖတ်ခြင်း သည် အလွန်အရေးကြီးပါသည်။ဖတ်ရ ှု့သောသူတို့အတွက် အထူးကောင်း ကြီးမင်္ဂလာကို ကျမ်းစာထဲ၌ဖေါ်ပြထားပါသည်။ ဤကောင်းကြီးမင်္ဂလာသည် အထူး သ ဖြင့် ဗျာဒိတ်ကျမ်းအတွက် ရေးထားသော် လည်းသမ္မာ ကျမ်းစာတစ်အုပ်လုံးအတွက်ဖြစ်ပါသည်။ “ကာလအချိန်ရောက်လုနီးပြီဖြစ်၍၊ ဤအနာဂတ္တိကျမ်းစကားကိုကြည့်ဖတ်ရွတ်၊ နားထောင်၍ရေးထားသမျှတို့ကိုစောင့် ရှောက်သောသူတို့သည် မင်္ဂလာရှိကြ၏။ (ဗျာ ၁း၃)။
သမ္မာကျမ်းစာအုပ်သည် ထာဝရကာလ၏ဖတ်စာအုပ်ဖြစ်သည်မှာမှန်ပါသည်။ ထာဝရကာလတွင် လူတိုင်းဝမ်းမြောက်မည်ဖြစ်သော်လည်း၊ လူတစ်ချို့တို့သည်အခြားလူတစ်ချို့ထက် ပို၍ဝမ်းမြောက်မည်ဖြစ် ကြောင်းသိရပါသည်။လူတိုင်း၏ခွက်သည်ပြည့်လျက်ရှိမည်ဖြစ်သော်လည်း၊ လူတစ်ချို့တို့သည်အခြားလူ တစ်ချို့ထက်ပို၍ကြီးသောခွက်များရှိကြမည်။ လူတိုင်းသည်ခရစ်ညတော်ကြောင့်ဝမ်းမြောက် မည်ဖြစ်သော်လည်း၊ လူတချို့တို့သည်အခြားသူများထက် ခရစ်တော်ကြောင့်ပို၍ဝမ်းမြောက်ရခြင်း အကြောင်းရှိမည်။ ထိုကဲ့သို့ပို၍ဝမ်းမြောက်ခြင်းသည် ဤလောက၌အသက်ရှင်စဉ်တွင် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ကျွန်တော်တို့သည်အဘယ်သို့ပြုခဲ့ကြသည်ဟူသောအချက်က အဆုံးအဖြတ်ပေးမည်ဖြစ်သည်။ ကျွန်တော်တို့အားလုံးသည် ကောင်းကင်ဘုံ၌ပျော်ရွှင် စွာနေကြမည်ဖြစ်သော် လည်း ယခုဘဝတွင်နှုတ်ကပက်တော်ကိုအပတ် တကုပ်ဖတ်ရှုလေ့လာ ဆင်ခြင်ခြင်းအားဖြင့် ကောင်းကင်းဘုံ၏ဘုန်းအာနုဘော်ကိုပိုမိုခံစား၍ ဝမ်းမြောက်နိုင်ပ ါသည်။ ဤအရာကိုကျွန်ုပ်တွေ့မြင်သောအခါလောက ၏ချည်နှောင်ခြင်းမှထွက်၍ သာ၍မြတ်သော လမ်းသို့စတင်လျှောက်လှမ်းခဲ့ပါသည်။ ဤအရာသည်သင့်အတွက်စိန်ခေါ် မှုတစ်ရပ်ဖြစ်မည် ဟုမျှော်လင့်ပါသည်။
လူတစ်ချို့၏တွေးတောခံစားချက်ကိုကျွန်တော်သိပါ သည်။ ဘော်လုံးကစားခြင်း (သို့) TV ကြည့်ရှုခြင်းသည် ကျမ်းစာလေ့လာခြင်းထက်သာလွန်၍စိတ်ဝင်စားစရာကောင်းပါသည်။ သို့သော် ဇာတိမျက်စိဖြင့်ကြည့်သော ကြောင့်သာ စိတ်ဝင်စားဘွယ်ကောင်းသည်ဟုတင်ရသည်။ ယုံကြည်ခြင်းပျက်စီဖြင့်ကြည့်တတ်ပါက၊ ကျမ်းစာသည်တာဝရကာလအတွက် ဖတ်စာအုပ်ဖြစ်သောကြောင့် သာ၍အရေးကြီးပါသည်။ သင်၏ ယုံကြ ည်ခြင်းမျက် မှန်ကိုတပ်၍ကြည့်ကြည့်ပါ။ ယုံကြည်ခြင်းမျက်စိဖြင့် မြင်တတ်ပါက၊ ဘုရားသခင်၏နှု တ်ကပတ်တော်သည်ထာဝရတည်သောအရာဖြစ်ကြောင်းကို သင်သိလာပါလိမ့်မည်။ ဘော်လုံးပွဲ၏ အောင်မြင်ခြင်းသည် မကြာမီအချိန်တွင်ရေပျောက်ကြမည်ဖြစ်သည်။
ဂုဏ်အသရေရှိသောရည်မှန်းချက်ပန်းတိုင်မှာ၊ လုံ့လရှိသောဘုရားသခင်၏နှုတ်ကပတ် တော်ကျောင်းသား ဖြစ်ရန်နှင့် ကျမ်းစာအုပ်ကိုတတ်မြောက်အောင် လေ့ လာတတ်သောသူဖြစ်ရန်ဖြစ်ပါသည်။ တစ်ရက်တွင် ကျမ်းပိုဒ်အနည်းငယ်သာလေ့လာနိုင်ပါက အားမလျော့ဘဲ၊ တတ်နိုင်သလောက် ဆက်လက်ကြိုး စား၍လေ့ လာပါ။မကြာမီသင်၏တိုးတက်မှုကိုသင်ကိုယ်တိုင်မြင်တွေ့ပါလိမ့်မည်။ ကျမ်းစာလေ့လာရာတွင် အထောက်အကူပြုစာအုပ်များကိုအသုံးပြုပါ။
ဘုရားသခင်၏နှုတ်ကပတ်တော်လေ့လာရာ၌ တတ်နိုင်သမျှကျမ်းစာပြောသည့်အတိုင်းတိုက်ရိုက်ခံယူပါ။ ကျွန်တော်တို့သည်သမ္မာကျမ်းစာပြောသည့်အတိုင်းတိုက်ရိုက်အနက်ဖွင့်ခြင်းကိုယုံကြည်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည်ဘေးဒဏ်ကြီးကာလမတိုင်မီတွင် ချီဆောင်ခြင်း (Rapture) ရှိမည်ဟုလောကသို့ ကြွလာခြင်း ကိုယုံကြည်သည်။ အဘယ်ကြောင့်ဆိုသော်၊ သမ္မ ာကျမ်းယုံကြည်ရသည်။ ထို့ကြောင့် အနှစ်တစ်ထောင် ကာလမတိုင်မီတွင်ခရစ်တော်စာကရှင်းလင်းတိကျစွာဖြင့်ဖေါ်ပြသောကြောင့် အခြားအနက်ဖွင့်ဆိုချက်မလို တပ်တော့ပါ။ ဤအချက်သည် ကျမ်းစာအနက်ဖွင့်ရ ာ၌လိုက်နာရမည့်စည်းမျဉ်းဖြစ်ပါသည်။
သင်နားမလည်သောခက်ခဲ့သည့်ကျမ်းပိုဒ်များကိုအ နက်ဖွင့်ရန်မကြိုးစာပါနှင့်။ ဤသို့ပြုခြင်းသည် စုံစမ်းခြင်းတစ်မျိုးဖြစ်သွားတတ်သည်။ ဓမ္မသစ်ကျမ်းစာထဲတွင်နားလည်ရန်ခက်ခဲသော ခရစ်တော်၏ နှုတ်ထွက်စကားအများအပြားရှိပါသည်။ ထိုသို့သောကျမ်းပိုဒ်များနှင့်ရင်ဆိုင်သောအခါ ရှင်းပြရန်ကြိုး စားပါက၊ မဟုတ်မမှန်ဘဲအနက်ဖွင့်ရန်သွေးဆောင်ခံရခြင်းဖြစ်ပါသည်။ ဥပမာ၊”ယဉ်ကျေးမှုဆိုင် ရာငြင်း ခုံခြင်း။” တစ်ချို့က “ဒါဟာ၊ ထိုခေတ်ကလူတို့ရဲ့ယဉ်ကျေးမှုပါ” ဟု ပြောသံမကြာခဏကြားရပါသည်။
D.L.oody အသင်းတော်မှ ဆရာကြီးတစ်ပါးဖြစ်သော lirwin Lutzer က ဤသို့ရေးသားခဲ့သည် “ကျွန်ုပ်တို့သည်ယနေ့ခေတ်သစ်စိတ်ထား၏ဖမ်းစားခြင်းကိုခံရလျက်၊ နောက်ဆုံးပေါ် ခေတ်ကာလ ၏အရောင်နှင့်ရောစပ်ရန် ပုတ်တင်ညိုကဲ့သို့ အရောင်ပြောင်းတတ်ကြသည်။” လိင်တူချင်းအိမ်ထောင် ဖက်ပြုခြင်အခွင့်အရေးအတွက်လှုပ်ရှားသောသူတို့က လင်တူဆက်ဆံခြင်းသည်ကာမနှင့်ပတ်သက်၍ မိမိကြိုက်နှစ်သက်ရာကိုရွေးချယ်ခြင်းသာဖြစ်သည်ဟု ပြောကြသည်။ ဝမ်းနည်းစရာကောင်းသည်မှာ ဧဝံဂေလိအသင်းတော်များထဲမှလူတစ်ချို့က ထိုသို့ပြောဆိုမှုကိုထောက်ခံအားပေးနေသည်ကိုတွေ့ ရသည်။သူတို့က သမ္မာကျမ်းစာသည် လိင်တူဆက်ဆံခြင်းကိုအပြစ်မတင်ပါဟုပြောကြသည်။
အမျိုးသမီးနှင့်အမျိုးသားတို့သည်ခြားနားမှုမရှိဘဲ ရင်ဘောင်တန်းတူညီကြသည်ဟု လူတစ်ချို့ကတောင်းဆို ကြသောအခါ၊ ခရစ်ယာန်တရားဟောဆရာတစ်ချို့က အမျိုးသမီးများနှင့်ပတ်သက်၍ ရှင်ပေါလုပြောခဲ့ သောအချက်များကိုသူပြောသည့်အတိုင်း အနက်ကောက်ယူရန်မဟုတ်ကြောင်းရှာဖွေတွေ့ရှိရေးအတွက် ဓမ္မသစ်ကျမ်းစာကိုပြန်၍လေ့လာကြသည်။ ထိတ်လန့်စရာကောင်းသည်မှာ ဧဝံဂေလိဂိုဏ်းတစ်ခုက အမျိုးသမီးများ နှင့်ပတ်သက်၍ ရှင်ပေါလု၏သွန်သင်ချက်မျာ းသည်လုံးဝမှားယွင်းသည်ဟု နိဂုံးချုပ်ကြခြင်း ပင်ဖြ စ်သည်။ဤသို့ဖြင့် များစွာသောခရစ်ယာန်တို့သည် ထိုမှားယွင်းသောဩဝါဒ ကိုသမ္မာကျမ်း စာနှင့်မကိုက်ကိုက်အောင်အတင်းညှိယူကြသည်။ ကျွန်တော်တို့သည်ခေတ်သစ် ယဉ်ကျေးမှုထဲ၌ နစ်မြုပ်ကာ၊ သမ္မာတရားသွန်သင်ချက်အပေါ်၌ရပ်တည်ခြင်းမှာ တဖြေးဖြေးပျောက်ကွယ် သွားပါသည်။ ကျွန်ုပ်တို့သည် မှားယွင်းသောဩဝါဒနှင့်သမ္မာတရားကိုရောစပ်၍ ခံယူကျင့်သုံးသောအခါ အခြားတဘက်၌ရှိသောခရစ်ယာန်ယုံကြည်ခံယူချက်ကိုတိုက်ခံသောရန်သူတို့၏အင်အားတိုးစေပါသည်။
ယဉ်ကျေးမှုဆိုင်ရာငြင်းခုံခြင်း (CulturalArgarment) နှင့်ပတ်သက်၍ပို၍ဝမ်းနည်းစရာကောင်းသောအဖြ စ်အပျက်တစ်ခုပြောချင်ပါ သည်။- အမေရိကန်ပြည် ထောင်စု New Jersey ပြည်နယ်၊ Newark မြို့ ၌ ရှိသောEpiscopal Bishop (ဂိုဏ်းချုပ်) John Spong က “ထုံးတမ်းစဉ်လာအရခံယူသောသခင်ယေ ရှု၏ ရှင်ပြန်ထမြောက်ခြင်း၊ ကောင်းကင်ဘုံသို့တက်ကြွခြင်းနှင့် လိင်တူဆက်ဆံခြင်းကိုပြစ်တင်ရှုံ့ချသော ဓမ္မဟောင်းကျမ်းထဲမှကျမ်းပိုဒ်များသည် ယခုခေတ်က ာလ ၌ရှိသောကျွန်တော်တို့နှင့်တိုက်ရိုက်မဆိုင်ဘဲ၊ ထိုကျမ်းပိုဒ်များရေးခဲ့စဉ်က အသက်ရှင်နေထိုင်သောလူတို့နှင့်သာဆိုင်သည်ဟုပြောပါသည်။ သမ္မကျမ်းစာ သည် ခေတ်ကာလအားလုံးနှင့်ရိုးရာယဉ်ကျေးမှုအားလုံးတို့အားစကားပြောပါသည်။ “အို၊ ထာဝရဘုရား၊ နှု တ်ကပတ်တော်သည်ကောင်းကင်ဘုံ၌အစဉ်အမြဲတည်ပါ၏ ” (ဆာလံ ၁၁၉:၈၉)၊ “ယဉ်ကျေးမှုဆိုင်ရာ ငြင်းခုံခြင်း” ၏ထိုးနက်ခြင်းကြောင့် မယိမ်းယိုင်ပါနှင့်။
“ထုံးတမ်းစဉ်လာနှင့်ဆိုင်သောငြင်းခုံခြင်း” (Tradition Argument)ကြောင့်မယိမ်းယိုင်ပါနှင့်။ ခရစ်ယာန်တစ်ချို့က “ကျွန်တော်တို့ကထိုသို့မလုပ်ခဲ့ဖူးပါ” ဟု ပြောတတ်ကြသည်။ ခရစ်တော်ဘုရား လောက၌သက်ရှင်စဉ်က၊ ထိုကဲ့သို့သောတွေးခေါ်မှုကိုအပြစ်တင်ခဲ့သည်။ အလွန်ဆင်းရဲမွဲတေပြီး အသက်ကြီးသောဂျူးလူမျိုးဖခင်တစ်ဦးရှိပါသည်။ တနေ့တွင်၊ သူသည်စီးပွားရေးအောင်မြင်၍ ငွေ၊ ဥစ္စာပစ္စည်းများဖြင့်အလွန်ချမ်းသာ ကြွယ်ဝသောသူ၏သားဆီ သို့သွားကာ”သား၊ အဖေက မင်းကိုပြုစုပျိုးထောင်းခဲ့တယ်၊ အခု ငါအသက်ဆုံးခါနီးပြီ။ဒါပေမယ့် အဖေ့မှာဘာတစ်ခုမှမရှိဘူး” ဟုပြောပါသည်။ ထိုအခါ၊ သားကဂျူးလူမျိုးထဲ၌ကျင့် သုံးသည့်ထုံးတမ်းစဉ်လာအတိုင်းဖခင်အား “ခိုဘန်”(Corban) ဟု ပြန်ပြောပါသည်။ ထိုသို့ပြန်ပြောခြင် ဖြင့်ဖခင်အပေ ါ်၌သူပြုအပ်သည် တာဝန်ဝတ္တရားအားလုံးမှလွတ်မြောက်သည်ဟုယုံကြည်ကြသည်။ “ခိုအားလုံးတို့ကိုဗိ မာန်တော်၌ ဆက်ကပ်ပြီးပြီ” ဟု အဓိပ်ပါယျရပါ သည်။ ထိုသို့ပြောဘန်”ဟူသောစကားလုံးသည် “ကျွန်ုပ်အားဖြင့်သင် ခံစားရမည့်အကျိုးကျေးဇူးသော်လည်း ဗိမာန်တော်၌ထိုသူ၏အလှူငွေ အမှန်တကယ်ရောက်သွားသည်ဟု မဆိုလိုပါ။ ၄င်းသည်လူတို့၏ထုံးတ မ်းစဉ်လာသာဖြစ်၍၊ နှုတ်ပါးစပ်ဖြင့်သာပေးလှူခြင်းဖြစ် သည်။
နောက်ပြီး၊ “ကျမ်းစာပြောသည့်အတိုင်းအဓိပပါယ်မယူရ ၊  ဟုငြင်းခုံခြင်း”(Non-literal Argument) ရှိပါ သည်။ လူတစ်ချို့က “သခင်ယေရှုက သူသွန်သင်သည့်အတိုင်း အနက်အဓိပ္ပါယ်ကောက်ရမည်ဟု မဆိုလိုပါ” ဟုပြောကြသည်။”ထိုနည်းတူ၊ သင်တို့တွင်အကြင်သူသည် မိမိ၌ရှိသမျှကိုမစွန့်ဘဲနေ၏၊ ထိုသူသည်ငါ့တ ပည့်မဖြစ်နိုင်ရာ” (လုကာ ၁၄း၃၃)။ တစ်ချို့ကသူပြောသည့်အတိုင်းအတိအကျအနက်အဓိပ္ပါယ်ဆောင်ရန် သခင်ယေရှုကိုယ်တိုင်ခံယူမည်မဟုတ်၊ကျွန်တော်လောက၌အသက်ရှင်စဉ်တွင် ဥစ္စာ၊ ပစ္စည်းလိုအပ်မှန်း သူသိသည်မဟုတ်လောဟုပြောကြသည်။ တခါက၊ လူငယ်တစ်ယောက် Spurgeon ထံသို့လာကာ၊ ခရစ် တော်၏တောင်းဆိုချက်ကိုဘဝင်မကျဘဲ “ကျွန်တော်လောကမှာအသက်ရှင်စဉ် ဥစ္စာ၊ ပစ္စည်းတွေလို အပ်မှာပဲမဟုတ် လား” ဟုမေးရာ၊ Spurgeon”ကျွန်တော်ကအဲဒီလိုမမှတ်ယူပါဘူး။ ကျွန်တော်တို့ က ဘုရားစကားနား ထောင်ရမယ်” ဟု ပြန်ပြောပါသည်။ လူ၏သဘောထားနှင့်ဆန့်ကျင်စေကာမူ၊ ဘုရားစကားနားထောင်ရပါမည်။
“ခြွင်းချက်ဆိုင်ရာငြင်းခုံခြင်း” (Exception Argumen t) ၏ထိုးနက်ခြင်းကြောင့် မယိမ်းယိုင်ပါနှင့်။ ဤသို့ပြောဆိုခြင်းကို ကျွန်တော်မကြာခဏကြားရပါသည်။ ခရစ်ယာန်တစ်ချို့သည် “ကျမ်းစာ၏ ဆိုလိုချက်ကိုကျွန်တော်သိပါတယ်၊ဒါပေမယ့် ကျွန်တော်အမှုကိစ္စမှာ ဘုရားကခြွင်းချက်တွေထားစေ ချင်တယ်” ဟုပြောတတ်ကြသည်။ ဤသို့ပြောဆိုခြင်းကို သင် ကြားဖူးပါသလ ား။ ဤသို့ပြုခြင်းသည် ဘုရာသခင်၏မိန့်မှာချက်ကိုဖျောက်ဖျက်ပစ်ခြင်းဖြစ်သည်။ ဘုရားသခင်ကသူ၏ နှုတ်ကပတ်တော်ကို ကြောက်ရွံ့ ရိုသေ၍၊ တုန်လှုပ်ချောက်ချားမည့်သူများကိုရှာဖွေနေပါသည်။ ထိုသူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုချစ်မြတ်နိုး၍ “ဘုရားသခင်ပြောပါက၊ ကျွန်တော်နာခံပါ့မည်” ဟု စိတ်သဘောထားရှိသောသူများဖြစ်ကြသည်။
ဧမောက်ဓမ္မကောလိပ်၌ နှုတ်ကပတ်တော်ပညာဆည်း ပူးခဲ့ဖူးသောကျောင်းသာတစ် ယောက်၏အကြောင်း ကိုပြောချင်ပါသည်။ သူ့ကိုယ်သူဧမောက်ဓမ္မကောလိပ်၏ ဓလေ့ထုံးစံမှနှုတ်ထွက်သူဟုခေါ်သည်။ သူကဲ့သို့ နှုတ် ထွက်သူအများအပြားရှိစေချင်ပါသည်။ သူသည် ရိုးစင်းသောယုံကြည်ခြင်းရှိသည်။ သူကယ်တင်ခြင်း မရမီအချိန်ကအလွန်အတ္တဆန်ပြီး တခြားသူများနှင့်စကာ းမပြောပါ။ နောက်ပိုင်း တွင်သူ သည် North Carolina ပြည်နယ်ရှိFayetteville မြို့၌ကယ်တင်ခြင်းစိတ်ချမှုရကာ၊ ဘုရားသခင် အတွက်အံ့ဩဘွယ် ရာအသုံးတေ ာ်ခံတစ်ဦးဖြစ်လာသည်။ သူက “ဘယ်သူမှမလုပ်ချင်ရင် လည်းငါမမှုပါ ဘူး။ ဘုရားသခင်ပြော စကားဖြစ်ပါက ကျွန်တော်ကနာခံခြင်းနှင့်လုပ်ဆောင်မှာပဲ” ဟု ပြောခဲ့သည်။ ကျွန်တော်သည်ထိုလူငယ်နှင့်ပြင်သစ်နိုင်ငံ၌အတူနေခဲ့ဖူးသည်။ သူသည်ပြင်သစ်စကားကိုရေရေ လည်လည်ပြောတတ်ကာ၊တစ်အိမ်ပြီးတစ်အိမ်သွား ရောက်၍ ဧဝံဂေလိတရားဟောကြားသည်။ သူသည်ဂျာမနီနိုင်ငံ၌လည်း လေဟာပြင်တရားဟောပွဲများပြု လုပ်ခဲ့သည်။ သူသည်အိန္ဒိယနိုင်ငံ၌ ရှိသောတိုင်းရ င်းသားတစ်ချို့၏ဘာသာစကားကိုလည်းသင်ယူခဲ့သည်။ သူသည်ပိုလန်စကားကို ကောင်းစွာပြောတတ်ပြီး၊ ရုရှားစကားကိုလည်းအနည်းငယ်ပြောတတ်သေးသည်။ သူကဘယ်လို နည်းဖြင့်ထိုသို့ပြုနိုင်သနည်း။ဦးနှောက်ထက်မြက်သောကြောင့်မဟုတ်ဘဲ “ဘုရားနှုတ်ကပတ် တော်ကလုပ်စေချင် သောအရာကိုကျွန်တော်လုပ်ချင်ပါသည်” ဟူသော စိတ်သဘောထား ရှိခြင်းကြောင့် ဖြစ်ပါသည်။
ပညာသတိရှိခြင်း” (သို့) “ဝေဖန်ပိုင်းခြားသတ်ခြင်းဆိုင်ရာငြင်းခုံခြင်း”(Common Sense Argument) လည်းရှိပါသည်။ သခင်ယေရှကဤသို့ပြောပါသည်-သံချေး၊ ပိုးရွဖျက်ဆီး၍သူခိုးထွင်းဖေါက် ခိုးယူ ရာမြေကြီး ပေါ်မှာ ဘဏ္ဍာကိုမဆည်းဖူးကြနှင့်။ သံချေး၊ ပိုးရွမဖျက်ဆီး၍သူခိုးမထွင်း မဖေါက်မခိုးမ ယူရာကောင်းကင်ဘုံ၌ ဘဏ္ဍာကိုဆည်းဖူးကြလော့ (မဿဲ ၆း၁၉၊ ၂၀)။လူအများက ခင်ဗျားရဲ့ဝေဖန်ပိုင်းခြား တတ်တဲ့အ သိဉာဏ်ကိုသုံးရမည်မဟုတ်လား။ မိုးရွာတဲ့နေ့တွင်ထီးအဆင်သင့်ထားရမည်မဟုတ်လား။ ဒါတွေဟာကိုယ့်မှာရှိတဲ့ပိုင်းခြားတတ်တဲ့ဉာဏ်ကိုအသုံးချတာမဟုတ်လား၊ စသည်ဖြင့်ပြောကြသည်။ ပိုင်းခြားတတ်သောဉာဏ်ထက်သာလွန်၍ကောင်းမွန်သောဘုရား သခင်၏ဖွင့်ပြခြင်းရှိပါသည်။ အကယ်၍၊ ကျွန်ုပ်တို့သည်ပိုင်းခြားတတ်သောဉာဏ်ဖြင့်လျှောက်လှမ်းခဲ့ပါက၊ ဘုရားသခင်၏ကျေးဇူးတော်ဖြစ်သော ဧဝံဂေလိတရားကိုဘယ်သောအခါမှရရှိကြမည်မဟုတ်ပါ။ ဘုရားသခင်၏သမ္မာတရားသည်ပညာသတိရှိခြင်း (သို့) ဝေဖန်ပိုင်းခြားတတ်ခြင်းထက်သာလွန်ပါသည်။ သခင်ဘုရားကမြေကြီးပေါ်မှာ ဘဏ္ဍာကိုမဆည်းဖူး ကြနှင့်ဟုပြောသောအခါ၊ သူပြောသည့်အတိုင်းနာခံရန်အလိုတော်ရှိပါသည်။
 George Verwer ကယ်တင်ခြင်းရခါစတွင် Dale Rhoton ကသူ့ကိုဝိညာဉ်ရေးရာ၌ပြုစုပျိုးထောင်ခဲ့သည်။ Dale ကနားလည်ရန်ခက်ခဲသောကျမ်းပိုဒ်များနှင့်ထိတွေ့သောအခါတိုင်းတွင် “George,ဒီကျမ်းပိုဒ်ကဘာ ကိုဆိုလိုတာလဲ” ဟု မေးတတ်ပါသည်။ Ge or ge က”ကျမ်းစာပြောတဲ့အတိုင်းခံယူရမလား(သို့) ဘေးချိတ်ထားမလား” ဟု ပြန်ဖြေတတ်သည်။ ဤကဲ့သို့သောစိတ်သဘောထားကိုဘုရားအားရနှစ်သ က်၍ချီးမြှောက်ပါသည်။ ဤကျောင်းသားနှစ်ဦး တို့ သည် ထိုမူများအတိုင်းအသက်ရှင်ခြင်းအားဖြင့် ကမ္ဘာတစ်လျှောက်တွင်ခရစ်တော်၏အလင်းရောင်ပြန်ဟပ်စေကြပါသည်။
Belgium နိုင်ငံရှိမြို့ကလေးတစ်ခု၌ Ray Lentzsch နှင့်အတူတကွဆုတောင်းခြင်းကိုသတိရပါသေးသည်။ သူက “ဘုရားသခင်၊ ပိုင်းခြားတတ်တဲ့အသိဉာဏ်ဟာ၊ ကြွက်သတ်ဆေး (အဆိပ်) နှင့်တူပါ၏” ဟုပြောပါ သည်။သူပြောသည့်အချက်မှန်ပါသည်။ သမ္မာကျမ်းစာကိုအနက်ဖွင့်သောအခါ၊ ပိုင်းခြားတတ်သောအသိ ဉာဏ်ကိုကျော်လွန်၍ ဆင်ခြင်ပါ။ နှုတ်ကပတ်တော် သည်ဘုရားသခင်၏ဖွင့်ပြခြင်း (Revelation) ဖြစ် သည်။
“သူတစ်ပါးအားထိခိုက်စေခြင်းကိုရှောင်ခြင်း ဆိုင်ရာငြင်းခုံခြင်း” (NeverOffend Argument) လည်းရှိပါသည်။ လူတစ်ချို့က၊ သင်ပြောသည့်စကားကသူ တစ်ပါးကိုထိခိုက်မည်ဆိုပါက၊ မပြောတော့ဘဲ ရှောင်တယ်မဟုတ်လားဟုဆိုကြ၏။ မိတ်ဆွေတို့၊ ကျွန်တော်တို့ခရစ်ယာန်များ အနေဖြင့်လုပ်ဆောင် သမျှကသူတ စ်ပါးကိုထိခိုက်စေသလိုမျိုးဖြစ်ပါသည်။ ဧဝံဂေလိတရားက လူတစ်ယောက်မတ်တပ်ရပ်ရန် ခြေတစ်ချောင်းပင်လျှင်မချန်ဘဲ၊ ဖြတ်တောက်သကဲ့သို့ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော်၊ ဧဝံဂေလိ တရားကလူသည်သုံးမရ သောအပြစ်သားဟူ၍၄င်း၊ သူ၏အကောင်းဆုံးအကျင့်သည် အဝတ်စုတ် နှင့်တူသည်ဟူ၍၄င်း၊ ပြောပါသည်။ သင်သည်သူ၏အကြောင်းကိုအဆိုးဆုံးပြောနိုင်သည်မှာ”သူသည်မိမိ၏ဘုရားကိုသတ်သည်”ဟူ၍ဖြစ်သည်။ ထို့ကြောင့် ဤငြင်းခုံမှုမျိုးကြောင့်မယိမ်းယိုင်ပါနှင့်။ သူတစ်ပါးအားထိခိုက်သည်ဖြစ်စေ၊ မထိခိုက်သည်
ဖြစ်စေ၊ သမ္မာကျမ်းစာကပြောလျှင် ပြောသည့်အတိုင်းကျွန်တော်တို့ကလုပ်ရပါသည်။
တခါက၊ ချီကာဂိုမြို့၌ပြုလုပ်သောဈာပနအခမ်းအနားတခု၌ ဦးဆောင်သူအမျိုးသမီးက ကျွန်တော့ကိုတရား ဟောရန်ဖိတ်ခေါ်ပါသည်။ သူက “ကျွန်မရဲ့ညီမတ ယောက်ဟာဂျူးအမျိုးသားတစ်ယောက်နှင့် ထိမ်းမြှား တယ်။ ညီတယောက်ဟာ Roman Catholic ဘာသာဝင်တယောက်နှင့်လက်ထပ်တယ်။ ကျွန်မတို့မိသားစုဟာ Lutheran အသင်းတော်ကဖြစ်ပါတယ်။ ဒါကြောင့်၊ ခင်ဗျားတရားဟောတဲ့အခါ ဘယ်သူ့ ကိုမှမထိခိုက်စေချင်ဘူး” ဟု ကျွန်ုပ်အားပြောပါသည်။
ကျွန်တော်ကလည်း “ဒါဆိုရင်၊ တရားဟောဘို့ရန်အ ခြားလူတယောက်ကိုခိုင်းလိုက်ပါ” ဟုပြန်ပြောသည်။
သူက “မဟုတ်ဟူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး၊ ကျွန်မတို့က ခင်ဗျားကိုယ်တိုင်ဟောစေချင်တယ်။”
“ဒေသနာက သူတစ်ပါးကထိခိုက်မိမယ်လို့စိုးရိမ်ရင် အခြားတစ်ယောက်ကိုခိုင်းလိုက်ပါ။” ကျွန်တော်တို့က ဧဝံဂေလိတရားကိုဟောပါသည်။ဘယ်သူ့ကိုမှမထိခိုက်စေပါဟု ကျွန်တော်မပြောနိုင်ပါ။
“အစွန်းရောက်ခေတ်ကာလပိုင်းခြားဆိုင်ရာငြင်းခုံခြင်း” (Hyper-dispensational Argument) ကိုလည်းသတိ ထားသင့်သည်။ ကျွန်တော်သည်ခေတ်က ာလပိုင်းခြားခြင်းကိုယုံကြည်လက်ခံသောသူတစ်ဦ း(Dispen-sationalist) ဖြစ်ပါသည်။ ခေတ်ကာလပိုင်းခြားခြင်းကိုမမြင်တတ်ပါက၊ သမ္မာကျမ်းစာကိုကျွန် တော်နားလည် နိုင်မည်မထင်ပါ။ ကျွန်တော်သည် ခေတ်ကာလပိုင်းခြားခြင်းကိုယုံကြည် ခံယူသောသူ မဖြစ်ခဲ့ပါက၊ တိရစ္ဆာန်နှင့် ယဇ်ပူဇော်ခြင်းကိုဆက်လက်ကျင့်သုံးပါမည်။ အမှန်မှာ၊ ခေတ်ကာလပိုင်းခြားခြင်း (Dispen-sationalism) ကိုတိုက်ခံသောသူတို့သည်လည်း ထိုခေတ်ကာလပိုင်းခြားခြင်းကို ယုံကြည်ခံယူ သောသူများ (Dispensationalists) ပင်ဖြစ်ကြပါသည်။အဘယ့်ကြောင့်ဆိုသော်၊ ထိုသူတို့၌ခေတ် ကာလနှစ် ခုဖြင့် ခွဲခြား၍ ရေးသားသောဓမ္မဟောင်းနှင့်ဓမ္မသစ်ကျမ်းစာအုပ်ရှိကြသည်။ သို့ရာတွင်၊အစွန် းရောက် ခေတ်ကာ လပိုင်းခြား ခြင်းကို ယုံကြည်ခံယူသောသူတို့သည် ရှင်ပေါလု၏အကျဉ်းထောင် မှရေးသားသေ ာဩဝါ ဒစာများသာခံယူကျင့်သုံး၍၊ တောင်ပေါ်ဒေသနာ၊ ခရစ်ဝင်ကျမ်းအားလုံးနှင့် ကျန်ရှိသော ကျမ်းစာ အား လုံးတို့ကိုငြင်းပယ်ကြသည်။ ဤခံယူချက်ကိုကျွန်တေ ာ်မနှစ်သက်ပါ။ ဘုရားသခင် ၏နှုတ်ကပတ် တော်အားလုံးတို့မှပျားရည်ကိုကျွန်တော်စုပ်ယူချင်ပါသည်။ ထို့ကြောင့် ခေတ်ကာ လပိုင်းခြားခြင်း ကိုစွဲစွဲမြဲမြဲ ယုံ ကြည်ခံယူ၍၊ သို့ရာတွင် အစွန်းရောက်ခေတ်ကာလ ပိုင်းခြားခြင်းကိုရှောင်ကြဉ်ပါ။
“မိတ်ဖက်ခြင်းကိုအခြေပြု၍ငြင်းခုံခြင်း” (Friendship Argument)ကိုလည်းသိရှိထားရန်လိုအပ်ပါသည်။ B. J. Carnell က “The Case forOrthodoxy” ဟု ခေါ်သောစာအုပ်ကိုရေးခဲ့ပါသည်။ အမှန်မှာ၊ ထိုစာအုပ် သည်သမ္မာကျမ်းစာအတိုင်းယုံကြည်ခံယူသောခရစ် ယာန်ခံယူချက်များကိုတိုက်ခိုက်သည့်စာအုပ်ဖြစ်သည်။ သူသည် “အာဒံ၏ခန္ဓာကိုယ်သည်မျောက်လွဲကျော်မှဆင့်ကဲဖြစ်လာခြင်းဖြစ်သောကြောင့် ကမ္ဘာဦးကျမ်း ၌ပါသောဖန်ဆင်းခြင်းအကြောင်းသည်အမှန်ဖြစ်ရပ်မဟု တ်သည့်အပြင် သိပ္ပံပညာနှင့် လည်းကိုက် ညီမှုမရှိပါ” ဟုရေးသားသည်။ ထိုစာအုပ်သည်သမ္မာကျမ်းစာအတိုင်းခံယူခြင်း (Fundamentalism )နှင့်သမ္မာကျမ်းစာအမှ ားအယွင်းနှင့်ကင်းရှင်းခြင်းကိုတိုက်ခံသည်။
Indiana ပြည်နယ်တွင်ရှိသော Grace Seminary (ဂရေ စ် ဓမ္မတက္ကသိုလ်) ၏ကျောင်းအုပ်ဖြစ်သူ John Whitcomb သည် George EldenLadd ထံသို့သွား၍ Camell ရေးသောစာအုပ်ကိုဝေဖန်လိုက်သည်။ ထိုအခါဆရာကြီး Ladd က “Canell ကိုကျွန်တော်ရင်းနှီးသလောက် ခင်ဗျားရင်းနှီးမှာမဟုတ်ပါဘူး။ သူဟာ တကယ်ယဉ်ကျေးသိမ်မွေ့တဲ့ဘုရားသခင်ရဲ့လူပါ။ပြန်ပြောသည်။
“ဒီအကြောင်းနှင့် သူ့ရဲ့ ယဉ်ကျေးသိမ်မွေ့ခြင်းကဘာဆိုင် လို့လဲ”ဟုကျွန်တော့စိတ်ထဲ တွင်မေးခွန်းထုတ် မိပါသည်။ သူသည်သမ္မာကျမ်းစာ၏မှတ်သွင်းခြင်းကိုငြင်းပယ်နေပါသည်။ လူအများကဂုဏ်အသရေရှိ သောသူအဖြစ်သိမှတ်ရန်ယဉ်ကျေးသိမ်မွေ့စွာအသက်ရှင်ခြင်းနှင့် သမ္မာကျမ်းစာ၏အမှားအယွင်းကင်းရှင်း ကြောင်းကိုငြင်းပယ်ခြင်းလုံးဝမဆိုင်ပါ။ ဤအချက်က လက်သမား၏ဆိုင်ရှေ့တွင်”အလိမ်အကောက်များကို ဤနေရာ၌ပြုလုပ်သည်” ဟုတပ်ဆင်ထားသောဆိုင်းဘုတ်ကိုသတိရစေပါသည်။
ကျွန်ုပ်တို့၏မိသားစုနှင့်ဒေသန္တာရအသင်းတော်၌ တဦးတယောက်ကိုအရေးယူရန်ဖြစ်လာသောအခါ၊ ထိုအပြ စ်ရှိသူကိုအပြစ်လွတ်နိုင်ရန် နှုတ်ကပတ်တော်ကိုလှည့် ပတ်၍ အနက်အဓိပ္ပါယ်တစ်မျိုးဖြင့်ဖွင့်တတ်ကြသည် မှာအံ့ဩဘွယ်ကောင်းပါသည်။ အသွေးသည်ရေထက်ပို၍ပျစ်ပါသည်။ ကျွန်တော်တို့မိသားစုဝင် တစ်ဦးတစ် ယောက်အား နှုတ်ကပတ်တော်နှင့်ညှိစွန်းပါက၊ ထို သူအားအပြစ်လွတ်နိုင်ရန်ကျမ်းပိုဒ် တစ်ချို့ ကိုကိုးကားပြီး လှည့်ပတ်၍လိုရာဆွဲကာ အနက်ဖွင့်တတ်ကြသည်။ ဘုရားသခင်၏နှုတ်ကပတ် တော်သည် ကျွန်တော်တို့၏ မိသားစုဝင်မဟုတ်သောသူများအတွက်သာမဟုတ်ဘဲ၊ လူတိုင်းအတွက်ဖြစ်ပါသည်။
“သိပ္ပံအတတ် (သို့) ဆည်းပူးရရှိသောပညာဆိုင်ရာငြင်းခုံခြင်း(Science or Scholarship Argument) ကိုလည်းသိထားရန်လိုအပ်ပါသည်။ မကြာသေးခင်က လူငယ်တစ်ယောက်ကျွန်ုပ်ထံသို့လာကာ “သမ္မာကျမ်း စာကိုသိပ္ပံအတတ်နှင့်ကိုက်ညီအောင်ညှိယူသောအခါ၊ အခက်အခဲကြုံရပါသည်”ဟုပြောပါသည်။ သူက သိပ္ပံ ပညာသည်မှန်ကန်သောကြောင့် သမ္မာကျမ်းစာကိုသိပ္ပံအတတ်နှင့် ကိုက်ညီအောင်ညှိယူရပါမည်ဟု ပြောပါသည်။ အဘယ့်ကြောင့်သူသည် ဤသို့ပြောပါသနည်း။ တခါတရံတွင်၊ ဤအရာသည် ပညာတတ်သော(သို့) ပညာရှိပီသသောဂုဏ် အသရေရှိခြင်းကိုတောင့်တခြင်းဖြစ်သည်။ ၄င်းသည်ဘုရားသခင်၏နှုတ် ကပတ်တော်ကိုကိုင် တွယ်ရာ၌ သေစေတတ်သောအရာဖြစ်တတ်ပါ သည်။
“ဘုရားသခင် ကောင်းမြတ်လွန်းသည်ဟုငြင်းခုံခြင်း ” (God IsToo Good Argument) လည်းရှိပါသည်။ “ဘုရားသခင်သည်ကောင်းမြတ်လွန်းသောကြောင့် ငရဲဖန်ဆင်းမည်မဟုတ်ပါ” ဟု လူတစ်ချို့ ပြောကြသည်။ ယနေ့ဧဝံဂေလိအဖွဲ့အစည်းများထဲတွင်များစွာသောလူတို့သည်ဆိုးညှစ်သောသူတို့အပေါ်ကျရောက်မည့်ထာ ဝရညှဉ်းဆဲခြင်းကိုခိုင်မာစွာငြင်းပယ်ကြသည်။ သမ္မာကျမ်းစာကငရဲအကြောင်းရှင်းလင်းစွာသွန်သင်ပါ သည်။ “ညဉ်းဆဲခြင်းမီးခိုးသည်ကမ္ဘာအဆက်ဆက်တက်လျက်ရှိ၏” (ဗျာ၁၄ း၁ ၁)။ “ပိုးမသေ၊ မီးမငြိမ်း
ရာငရဲအတွင်း မငြိမ်းနိုင်သောမီးထဲသို့” (မာကု ၉း၄၄)။ သို့သော်လည်း၊ လူတို့သညျ ဘုရားသခင်ကောင်းမြတ်လွန်းသောကြောင့်ငရဲဖန်ဆင်းမည်မဟုတ်ပါဟုပြောကြသည်။ သူတို့သည် လူ့ဇာတိကိုခံယူသောသူက လူသားများကိုအပယ်ငရဲမှကယ်တင်ရန်အသေခံခဲ့သည့် အ ကြောင်းကို မေ့လျော့ ကြသည်။ ဘုရားသခင်သည်အ ပြစ်လွတ်ခြင်းဖြင့် လူသားများသည်ကယ်တင် ခြင်းသို့ရောက်၍ကောင်း ကင်ဘုံသို့ပို့ဆောင်ရန်လုပ်ဆောင်ခဲ့သည်ကို ထိုသူတို့ကနားမလည်ကြချေ။ အပြစ်သားတစ်ယောက်သည် နောင်တရ၍ သခင်ယေရှုခရစ်တော်ကို မိမိ၏ကယ်တင်ရှင်အဖြစ်ယုံ ကြည်လက်ခံပါက၊ ဘယ်သောအခါမှ အပယ်ငရဲသို့သွားရတော့မည်မဟုတ်ပါ။
ကျွန်တော်တို့သည်နှုတ်ကပတ်တော်ကိုစေ့စေ့မြေ့မြေ့ လေ့လာရုံသာမကပဲ၊ အလွတ်ကျက်မှတ်ရန်ဆက် ကပ်သောသူများဖြစ်သင့်ပါသည်။လူပျိုသည်မိမိသွားသောလမ်းကို အဘယ်သို့သန့်ရှင်းစေနိုင်ပါမည်နည်း ဟူမူကား၊ နှုတ်ကပတ်တော်အတိုင်းသတိပြုရမည်။ ကိုယ်တော်ကိုမပြစ်မှားဘဲနေနိုင်မည် အကြောင်း၊ ဗျာဒိတ်တော်ကိုနှလုံးထဲမှာသိုထားပါပြီ (ဆာလံ၁၁၉ း၉ -၁၁)။ကြုံတွေ့ ရသောအခြေအနေများ ၌ဝိညာဉ် တော် သွန်သင်မှုနားလည်နိုင်ရန် ကျမ်းပိုဒ်များကိုအလွတ်ကျ က်မှတ်ရပါသည်။ ဘုရားသခင်၏နှုတ် ကပတ်တော် သည်ဝိညာဉ် တော်ဓါးဖြစ်ပါသည်။ ဤနေရာတွင်၊ ကြုံ တွေ့နေရသောအဖြစ်အပျက် နှင့်ကိုက်ညီ သည့်ကျမ်းပိုဒ်ကိုဆိုလိုပါသည်။ သို့ရာတွင်၊ကျွန်တော်တို့၏နှလုံးသားထဲ၌ နှုတ်ကပတ်တော် မသိုမှီးထားပါက၊ ဝိညာဉ်တော်ကအလုပ်မလုပ်နိုင်ပါ။
နှုတ်ကပတ်တော်ကိုဆင်ခြင်အောက်မေ့ရန်ဆက်ကပ်ရပါမည်။ ဆင်ခြင်အောက်မေ့ခြင်းသည်ပျောက် ဆုံး သွား သောအတတ်ပညာဖြစ်သွားမည်ကိုစိုးရိမ်ကြောင့်ကြမိပါသည်။ ကျွန်တော်တို့သည်လွန်စွာ မအားမ လပ်ဖြစ်ကြပါသည်။ သို့သော် “သူ၏ခြေရင်း၌ထိုင်ဘို့ရန်အချိန်မပေးနို င်လောက်အောင်ဘုရားက ကျွန်တော် တို့အားအလုပ်မလုပ်ခိုင်းပါ။ နှုတ်ကပတ်တော်ကိုဆင်ခြင်အောက်မေ့ခြင်းသည် သူ၏အလိုတော်ကို ပြီးပြည့်စုံစွာဆောင်ခြင်းဟုမှတ်ယူပါသည်။” သင်သည်အဘယ်သို့ဆင်ခြင်ပါမည်နည်း။
ကျမ်းတစ်ပိုဒ်ကိုဖတ်ပြီးသောအခါ၊ နွားသည်အစာကိုဝါးပြီးစားမြုံ့ပြန်သကဲ့သို့ ပြန်၍ဆင်ခြင်ရပါမည်။ ဥပမာ – ကျွန်တော့အိပ်ယာရှေ့တည့်တည့်နံရံပေါ်တွင်ကျမ်းပိုဒ် (ဗျာ ၅း၁၂) ကိုရေးထားပါသည်။ “ထိုသူတို့က လည်းအသေသတ်ခြင်းကိုခံခဲ့ပြီးသောသိုးသငယ်သည်၊ တန်ခိုး၊ စည်းစိမ်၊ ပညာ၊အစွမ်းသတ္တိ၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်၊ ကောင်းကြီးမင်္ဂလာကိုခံထိုက်တော်မူ၏ဟု၊ ကြီးသောအသံနှင့်ပြောဆိုကြ၏။” ဤကျမ်းပိုဒ်ကကျွန်တော့စိတ်ရှုပ်ထွေးစေပါသည်။ ခရစ်တော်သည်သူ၌ပြည့်စုံစွာရှိပြီး သောထိုအရာ မျာအပြင် ၄င်းတို့ကိုထပ်၍ အဘယ်သို့ရရှိနိုင်ပါမည်နည်း။”စည်းစိမ်”အသေသတ်ခြင်း ကိုခံသောသိုးသငယ် သည်တန်ခိုးကိုခံထိုက်တော်မူ၏ ။ သူသည်တန်ခိုးအာဏာရှိသမျှရပြီးဖြစ်ပါသည်။ ထိုထက်ပိုသောတန်ခိုး အဘယ်သို့ရနိုင်မည်နည်း”စည်းစိမ်”- သူသည်တစ်ထောင်သောတောင်ပေါ်မှာ ရှိသည့်တိရစ္ဆာန်တိိုပိုင်ဆိုင် ပါသည်။ သို့ဖြစ်၍၊ ယခုပိုင်ဆိုင်သောစည်းစိမ်အဘယ်သို့လက်ခံနိုင်မည်နည်း၊ ဟူ၍ကျွန်တော်နား မလည်နိုင်ပါ။  ထို့နောက်“ပညာ၊ အစွမ်းသတ္တိ၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်နှင့်ကောင်းကြီးမင်္ဂလာကို ပါသည်။ သို့သော်၊ ဤကျမ်းပိုဒ်ကိုစကားလုံး တစ်လုံးပြီးတစ်လုံးအချိန်ယူ၍ ဆင်ခြင်ခံထိုက်တော်မူ၏” ဟုဖေါ်ပြပါသည်။ ကျွန်တော်နားမလည်ဘဲပို၍စိတ်ရှုပ်သွားသောအခါ၊ သူသည်ကျွန်ုပ်၏တန်ခိုး(အစွမ်းသတ္တိ )၊ စည်းစိမ် (လောက၌ကျွန်ုပ်ပိုင်ဆိုင်သောဘဏ္ဍာ၊ ဥစ္စာများ)၊ ပညာ (ကျွန်ုပ်၏အကောင်းဆုံးအသိပညာ)၊ ခွန်အား၊ ကျွန်ုပ်၏ချီးမွမ်းခြင်းနှင့်ကိုးကွယ်ခြင်းတို့ကိုခံယူရရှိနိုင်ကြောင်းနားလည်သဘောပေါက်ပါသည်။ အတိုချုံးပြောရလျှင်၊ သူသည်ကျွန်ုပ်၏ခန္ဓာ၊ စိတ်၊ ဝိညာဉ်နှင့်ပိုင်ဆိုင်သမျှအားလုံးတို့ကိုခံယူရရှိထိုက်သည်။ သူသည် ကျွန်ုပ်၏အလုံးစုံကိုခံယူရရှိထိုက်သောသူဖြစ်သည်။ ကျွန်တော်သည်မင်္ဂလာရှိသောသူ၏ ခြေ ရင်းသို့သွား၍၊ ကျွန်ုပ်၏အလုံးစုံတို့ကိုချထားနိုင်ပါသည်။ ဤသို့နားလည်သဘောပေါက်သောအခါ၊ ကျွန်ုပ်အတွက်ဤကျမ်းပိုဒ်ကဤကျမ်းပိုဒ်၏ မှန်ကန်သောအနက်ဖွင့်ခြင်းဖြစ်သည်ဟု မဆိုလိုပါ။ သို့ရာတွင် ဆန်းသစ်သောအနက်အဓိပ္ပါယ်ဖော်ဆောင်ပါသည်။ဤသို့ပြောခြင်းသည်ဤကျမ်းပိုဒ်ကိုကျွန်တော်ဆင်ခြင်သောအခါ၊ အထက်ပါအတိုင်းကျွန်ုပ်အားပြောပါသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဆင်ခြင်အောက် မေ့ရန်ဆက်ကပ်ကြပါစို့။
ဘုရားသခင်၏နှုတ်ကပတ်တော်ကိုနာခံရန်ဆက်ကပ်ကြပါစို့။ ဘုရားသခင်၏နှုတ်ကပတ် တော်ကို နာခံရန်အလွန်ဆန္ဒပြ  င်းပြသော ဂျာမဏီနိုင်ငံမှာရှိသည့် ကျွန်ုပ် ၏မိတ်ဆွေ Larry Smith အကြောင်း ပြောခဲ့ပြီးပါပြီ။ နာခံခြင်းသည်ဝိညာဉ်ရေးဆိုင် ရာအသိပညာ၏အင်္ဂါဖြစ်ပါသည်။
နာခံခြင်းသည်ဝိညာဉ်ရေးဆိုင်ရာအသိပညာ၏အင်္ဂါဖြစ် သည့်အကြောင်းစဉ်းစားကြည့်ပါ။ သမ္မာကျမ်း စာအကြောင်း ကိုပို၍သိချင်ပါသလား။အမှန်တကယ်ပို၍ သိချင်ပါက၊ သင်သိပြီးသား နှုတ်ကပတ်တော် အတိုင်းနာခံလိုက်လျှောက်ပါ။ ထိုသို့ပြုပါက၊ ဘုရားသခင်ကပို၍နား လည်ရသော အခွင့်ပေးပါမည်။ ဘုရားကဤအတိုင်းအလုပ်လုပ်ပါသည်။ ဤသို့ပြုရင်းဖြင့် အတိုင်းအတာတစ်ခုအထိရောက်သောအခါ၊ ရပ်တန့်သည့်အချိန်ရှိတတ်သည်။ ထိုသို့ဖြစ်ရခြင်းမှာ သင်မနာခံချင်သောကျမ်းပိုဒ်တစ်ချို့ ရှိတတ်သည်။ ထိုအချိန်တွင်သင်သည်အဟန့်အတားတစ်ခုနှင့်ပက်ပင်းတိုးသလိုမျိုး (သို့) အသက်တာကျဆင်း သလိုမျိုးဖြစ်တ တ်သည်။ “အကြင်သူသည်ရတတ်၏၊ ထိုသူအားပေးဦးမည်။ကြင်သူသည်ဆင်းရဲ၏၊ ထိုသူ၌ရှိသမျှကိုပင်နှုတ်လိမ့်မည်” (မာ ၄း၂၅)။ဘုရားသခင်၏စကားကိုနာခံရန်ဆက်ကပ်ကြပါစို့။
“ဤအရာအလုံးစုံတို့သည် ငါ့ကိုယ်တိုင်ဖန်ဆင်းသော ကြောင့်ဖြစ်ကြ၏။စိတ်နှိမ့်ချခြင်း၊ နှလုံးကြေကွဲခြင်း၊ ငါ့စကားကြောင့်တုန်လှုပ်ခြင်းရှိသောသူကိုသာငါ ကြည့်ရှုမည်” (ဟေရှာ ၆၆း၂)။ သခင်ယေရှုကလည်း ဤသို့ပြောပါသည်”ထိုအခါ၊ ယေရှုက၊ သင်တို့သည် ငါ၏ဒေ သနာ၌တည်လျှင်ငါ့တပည့်အမှန် ဖြစ်ကြ၏ ။သမ္မာတ ရားကိုလည်းသိကြသဖြင့်၊ ထိုတရားသည်သင်တို့ကိုလွှတ်လိမ့်မည်ဟု၊ ယုံကြည် သောယုဒလူတို့အားမိန့်တော်မူ၏” (ယော ၈း၃၁-၃၂)။
ဘုရားသခင်၏နှုတ်ကပတ်တော်ကိုသွန်သင်ရန်နှင်ဟော ပြောရန်ဆက်ကပ်ကြပါစို့။ “နှုတ်ကပတ် တော်ကို ဟောပြောလော့။ အချိန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ကြိုးစားအားထုတ်လော့။ အပြစ်ကိုဘော်ပြ လော့။ ဆုံးမခြင်းကိုပြုလော့။ အလွန်ရှည်ထောင်တ်နှင့်ဩဝါဒမျိုး ကိုး၍တိုက်တွန်း သွေးဆောင်တော့(၂ ၄း၂)၊ စိတ် ပညာ၊ အတွေးအခေါ် ပညာ၊ ကိုယ့်သိက္ခာကိုကိုယ်ရိုသေခြင်းကျန်းမာခြင်းနှင့်ကြီးပွားခြင်းစသည့်အ ကြောင်းအရာများကိုဟောပါဟုမပြောဘဲ၊ “နှုတ်ကပတ်တော်ကိုဟောပြောပါ” ဟုပြောပါသည်။ ဘုရားနှုတ်က ပတ်တော်၌တန်ခိုးရှိပါသည်။ ငြင်းခုံခြင်းအချက်တစ်ထောင်ထက် ကျမ်းတပိုဒ်ပို၍တန်ဘိုးရှိပါသည်။ သင်၏နှလုံးသားမှတဆင့် ထိုတရားဒေသနာ၏အသံကိုပြည်စေပါ။ နှုတ်ကပတ်တော်ကိုဟောပြောပါ။ လူ့သမိုင်း တလျှောက်လုံးတွင်ဘုရားသခင်၏နည်းစနစ်၌ သူ၏နှုတ်ကပတ်တော်ဟော ပြောခြင်းမပါဝင် သော အချိန်ကာလဘယ်သောအခါမှရှိမည်မဟုတ်ပါ။
ကျွန်ုပ်တို့သည် အရာရာတိုင်းကို ဘုရားသခ င်၏နှုတ် ကပတ်တော်ဖြင့်စစ်ဆေးရန်ဆက်ကပ်သင့်ပါသည်။ ကျွန်တော်သည်မကြာသေးခင်က လူငယ်တစ်ဦးထံမှစာတစ်စောင်ရပါသည်။ ထိုစာထဲတွင်သူက “ခင်ဗျားပြောတဲ့အကြောင်းကို အဘယ်ကျမ်းပိုဒ်၏သြဇာအာဏာနှင့်ပြောပါသနည်း” ဟုမေးပါသည်။ “ဒီလူငယ်လေးအ တွက်ဘုရားကိုချီးမွမ်းတယ်” ဟု ကျွန်တော်ပြောပါသည်။ သူသည် ဗေရီမြို့သား (တမန် ၁၇း၃ဝ) တစ်ဦးဖြစ်သည်။ သူသည်ကျွန်တော်ပြောခဲ့သောအ ကြောင်းတရားအတွက် ကျမ်းစာနှင့်ကိုက်ညီမှုရှိမရှိသိချင်သည်။ ကျွန်ုပ်တို့သည် ဤလူငယ်ကဲ့သို့ဖြစ်သင့်ပါသည်။ “တရားတော်ကို၎င်း၊ သက်သေခံတော်မူချက်ကို၄င်းနားထောင်ကြကုန်။ သူတို့ပြောသောစကားသည်နှုတ် ကပတ်တော်နှင့်မညီလျှင် သူတို့၌အာရုဏ်မတက်သေး” (ဟေရှာ၈း၂၀)၊ ကျွန်တော်သည်သူ၏သဘော ထားနှင့် ရပ်တည်ချက်အတွက်ချီးကျူးစာတစ်စောင်ရေးသားပေးပို့လိုက်သည်။ အရေးကြီးဆုံးစစ်ဆေးချက်
မှာ “ကျမ်းစာကဘာပြောသလဲ” ဟူ၍ဖြစ်ပါသည်။ အရာရာတိုင်းကိုနှုတ်ကပတ်တော်နှင့်စစ်ဆေးပါ။ သမ္မာကျမ်းစာသည်ဘုရားသခင်၏နှုတ်ကပတ်တော်မဟုတ်ပါက၊ကျွန်တော်တို့သည်အချည်းအနှီးဖြစ်မည်။ သို့ရာတွင်၊ သမ္မာကျမ်းစာသည်ဘုရားသခင် ၏နှုတ် ကပတ်တော်ဖြစ်၍၊ သူသည်နှုတ်ကပတ်တော်အား ဖြင့်ကျွန်ုပ်တို့အတွက်လိုအပ်သောအသက်နှင့် ဘုရားတရာ းရှိသေလေးစားခြင်းအကြောင်းကိုပြောပါသည်။ သမ္မာကျမ်းစာသည်ဘုရားသခင်၏နှုတ်ကပတ်တော်မဟုတ်ပါက၊ ခရစ်တော်သည်မထမြောက်ဘဲ၊ ဧဝံဂေလိ တရားသည်လည်းမသေချာ၊ မရေရာဖြစ်သွားမည်။ သို့ရာတွင်၊ သမ္မာကျမ်းစာသည်ဘုရားသခင်၏နှု တ်ကပတ်တော်ဖြစ်သည်။
ဗြိတိသျှနန်းတက်မင်္ဂလာအခမ်းအနား၌တင်မြှောက်ခြင်းခံသောဘုရင်(သို့) မိဖုရားထံသို့ သမ္မာကျမ်းစာအုပ်တစ်အုပ်ကို အောက်ဖေါ်ပြပါစာသားများနှင့်အတူအပ်နှင်းကြသည်။  “ကျွန်ုပ်တို့သည်ကမ္ဘာကပေးနိုင်သည့်အထဲမှတန်ဘိုးအရှိဆုံးဖြစ်သောဤကျမ်းစာအုပ်ကိုသင့်အားလက် ဆောင်အဖြစ်ပေးပါသည်။ ဤကျမ်းစာအုပ်ထဲ ၌ ပညာ၊ မင်း (မိဖုရား) တို့နှင့်ဆိုင်သောဥပဒေသများပါရှိ၍၊ ဘုရားသခင်၏အသက်ရှင်သောနှုတ်တော်ထွက်စကားများဖြစ်ပါသည်။”
ကျွန်တော်ကလည်း သင့်အားဤအတိုင်းပြောပါသည်- “ကျွန်တော်သည်ကမ္ဘာကပေးနိုင်သည့် တန်ဘိုးအရှိဆုံးဖြစ်သော ဤကျမ်းစာအုပ်ကိုသင့်အားလက် ဆောင်အဖြစ်ပေးပါသည်။ ဤစာအုပ်ထဲ၌ ပညာ၊ မင်း (မိဖုရား)တို့နှင့်ဆိုင်သောဥပဒေသများပါရှိကာ၊ ၄င်းတို့သည်ဘုရားသခင်၏အသက်ရှင်နှုတ် တော်ထွက်စကားများဖြစ်ပါသည်။” အယောက်တိုင်း ဤကျမ်းစာကိုဖတ်၍၊ဘုရားသခင်၏နှုတ် ကပတ်တော်ကိုနာခံရန်ဆက်ကပ်ပါ။ ဘုရားသခင်၏နှုတ်ကပတ်တော်ကိုယုံ ကြည်ခံယူလျက်၊ ဆုတ်ယုတ်ခြင်းနှင့်ငြင်းပယ်ခြင်းခံသောနေ့ရက်များတွင် ဘုရားသခင်၏နှုတ်ကပတ်တော်အတွက် ခိုင်မြဲစွာရပ်တည်ပါဟုတိုက်တွန်းချင်ပါသည်။
နှစ်ဆယ့်ခုနှစ်
လေ့လာပါ
Study To Be Approved
ယုံကြည်သူအယောက်တိုင်းကျမ်းစာဖတ်ရှုလေ့လာသောသူဖြစ်သင့်ပါသည်။ မြောက်များစွာသောခရစ် ယာန်တို့သည် သန့်ရှင်းမြင့်မြတ်သောသမ္မာကျမ်းစာကိုလေးလေးနက်နက်လေ့လာခြင်းသည် သူတို့၏သင် းအုပ်ဆရာနှင့်အမှုတော်ဆောင်များအတွက်သာဖြစ် သည်ဟု မှတ်ယူကြသည်။ ဤအချက်သည်အလွန်ကြီး မားသောအမှားဖြစ်ပါသည်။ ဘုရားသခင်၏သားသမီးအယောက်တိုင်းသည်လုံ့လဝီရိယရှိစွာဖြင့် နှုတ်ကပတ်တော်ကိုသူ့အပိုင်ဖြစ်စေသင့်သည်။
 ဒုတိယအမှားတစ်ခုမှာ၊ ကျမ်းစာကျောင်းတက်မှသာ လျှင်နှုတ်ကပတ်တော်လေ့လာနိုင်မည်ဟူသော ခံယူချက်ဖြစ်ပါသည်။ ဤခံယူချက်သည် မှားပါသည်။ Charles Haddon Spurgeon, G. Campbell Morgan နှင့်Harry A. Ironside တို့သည်ကျမ်းစာကျောင်းမတက်ဖူးကြပါ။
သူတို့သည်ဆက်ကပ်မှုအားကြီးသော နှုတ်ကပတ်တော်ကျောင်းသားများဖြစ်ကြကာ၊ အချိန်နာရီမြောက် များစွာနက်နဲသောနှုတ်ကပတ်တော်ကိုလေ့လာဆင်ခြင်၍ ဆုတောင်းကြသည်။ ကြွယ်ဝသောအသက် တာသို့သွားရန်ပထမခြေလှမ်းမှာ ဝိညာဉ်ရေးရာအသိပညာဖြစ်သောဘုရား သခင်၏နှုတ်ကပတ်တော်ကို သိကျွမ်းခြင်းအားဖြင့် ဘုရားအလိုတော်ထဲ၌ဖွံ့ဖြိုးတိုးတက်ခြင်းဖြစ်ပါသည်။၊
စိတ်အနှောင့်အယှက်မရှိဘဲ ကျမ်းစာကိုလေ့လာနိုင်ရန်အချိန်နှင့်နေရာကိုတိတိကျကျသတ်မှတ်ပါ။ များစွာသောခရစ်ယာန်တို့သည်နံနက်စောစောပိုင်းကိုအကေ ာင်းဆုံးအချိန်ဖြစ်ကြောင်းတွေ့ မြင်ခံ စားကြသည်။ သတ်မှတ်ထားသည့်အချိန်၌နှုတ်ကပတ်တော်လေ့လာတိုင်းတွင် ဤအလေ့အ ကျင့်ကို အားတက်စေပြီး၊ ပျက် ကွက်သည့်အချိန်တိုင်းတွင်အားလျော့စေပါသည်။
သင်၏အချိန်ပိုများကိုအသုံးချခြင်းဖြင့် ကျမ်းစာလေ့ လာခြင်းကိုရပ်ထားသည့်နေရာမှပြန်စ၍ ဆက်လေ့လာပါ။လှုံ့ဆော်ခြင်းသည်အလွန်အရေးကြီးပါသည်။ သမ္မာကျမ်းစာကိုလေ့ လာရခြင်း ၏အကြီးဆုံးမက်လုံးမှာ ၄င်းသည် “ဘုရားသခင်၏နှုတ်ကပတ်တော်ဖြစ်ခြင်း” ဖြစ်ပါသည်။ ဘုရားက ထိုနှုတ်ကပတ်တော်အားဖြင့်သင့်ကိုစကားပြောပါသည်။ သင်သည် ဤသို့သိမြင်ပါက၊ နှုတ်ကပတ် တော်လေ့လာခြင်းသည် တာဝန်မဟုတ်ဘဲ ပျော်စရာဖြစ်လာပါမည်။
အခြားလှုံ့ဆော်ခြင်းတခုမှာ၊ Sunday School အချိန် (သို့) ကျမ်းစာလေ့လာရမည့်အချိန်သတ်မှတ်ခြင်းဖြစ်ပါသည်။ သင်သည်ကျမ်းစာလေ့လာခြင်း (သို့) Sunda y School ၌ကျမ်းပိုဒ်တပိုဒ်ကိုရှင်းလင်းရန် (သို့) အမေ းအဖြေလုပ်ရန်ရှိကြောင်းသိသောအခါ၊ အားတက်သွားမည်ဖြစ်သည်။ အတန်းတခုတွင်နှုတ်ကပတ်တော်သင် ပေးရန်အခွင့်အရေးရပါက၊သင့်ကိုသင်မင်္ဂလာရှိသောသူဖြစ်သည်ဟု မှတ်ယူပါ။
ကျမ်းစာလေ့လာချင်အောင်လှုံ့ ဆော်ပေးသောအခြားအတွေ့ အကြုံတစ်ခုမှာမယုံကြည်သူများ၊ အထူးသဖြင့်အယူဝါဒလွဲမှားသောသူများ (Cults)အားသက်သေခံခြင်းဖြစ်ပါသည်။ သူတို့သည်ကျွန်တော်တို့မဖြေနိုင်သောမေးခွန်းများကိုထုတ်၍ အခြေအတင်ပြောတတ်ကြသည်။ ထိုအခါ ကျွန်ုပ်သည်စိတ်ကျဉ်းကျပ်ပြီးအိမ်သို့ပြန်သွားကာ၊ သူတို့မေးခဲ့သောမေးခွန်းများ၏အဖြေကိုမတွေ့ မချင်းကျမ်းစာကိုလေ့လာပါသည်။ ဤအဖြစ်ပျက်မျိုးတွင် မိစ္ဆာအယူဝါဒသမားများ (Cultists) သည် ကျွန်ုပ်တို့၏မိတ်ဆွေများဖြစ်ကြပါသည်။ သက်သေခံသောခရစ်ယာန်များသည် နှုတ်ကပတ်တော်အ သိပညာသိကျွမ်းခြင်း၌လျင်မြန်စွာတိုးတက်ကြပါ သည်။
ကျမ်းစာလေ့လာခြင်းသည်လွယ်ကူမည်ဟု သင်မစဉ်းစာ းသင့်ပါ။ နှုတ်ကပတ်တော်ကိုတူးဖော်ဘို့၊ ရှာဖွေဘို့၊ နှိုင်းယှဉ်ဘို့နှင့်သုတေသနပြုဘို့ရန်ပြင်ဆင်ထားပါ။ဆုတောင်းခြင်းဖြင့်အစပြုပါ။ ကျမ်းစာဖတ်သောအခါ၊ဝိညာဉ်တော်ကသင့်အားနှုတ်ကပတ်တော်အားဖြင့်စကားပြောရန်တောင်းလျှောက်ပါ။ ဘုရားသခင် ၏ နှုတ်ကပတ်တော်ထဲမှအံ့ဘွယ်သောအရာများကိုဖွင့်ပြဘို့တောင်းလျှောက်ပါ (ဆာ ၁၁၉း၁၈)။ ဝိညာဉ်တော်ကိုသင်၏ဆရာအဖြစ်ထား၍ ဆက်ကပ်ပါ။
ထို့နောက် ကျမ်းစာ (၆၆) အုပ်ထဲမှ အဘယ်ကျမ်းစာအုပ်စတင်လေ့လာရမည်ကိုဆုံးဖြတ်ပါ။ ဤဆုံးဖြတ် ချက်သည် သင်၏ခရစ်ယာန်အသက်တာပေါ်၌မူ တည်ပါမည်။ သင်သည်ယုံကြည်သူအသစ်လား (သို့) ကျမ်း စာနှင့်ပတ်သက်၍သင်သည်အတွေ့ အကြုံရှိသူလား။တစ်ချိန်တည်းတွင် ကျမ်းပိုဒ်များများမလေ့လာပါနှင့်။ အခန်းကြီးတစ်ခုလုံးလေ့လာပြီး၊ ခဏလေးနှင့်မေ့လျေ ာ့ခြင်းထက် ကျမ်းပိုဒ်အနည်းငယ်သာလေ့လာကာ၊ ၄င်းတို့ထဲမှအရေးကြီးသောသွန်သင်ချက်များကိုထုတ်ဖေါ်ခြင်းကပို၍ကောင်းပါသည်။ ယေဘူယျအားဖြင့် ပြောမည်ဆိုလျှင်၊ တချိန်တည်း၌အခန်းကြီးတစ်ခုလုံးလေ့လ ာခြင်းသည်များလွန်းပါသည်။
ကျမ်းပိုဒ်တစ်ပိုဒ်ကိုအကျွမ်းဝင်သည်အထိအကြိမ်ကြိမ်ဖတ်၍ ဆင်ခြင်ပါ။ သမ္မာကျမ်းစာထဲ၌ရှိသောနှုတ်က ပတ်တော်တစ်လုံးချင်းစီနှင့်အကျွမ်းတဝင်ရင်းနှီး ခြင်းသည်တန်ဖိုးမဖြတ်နိုင်သောအရာဖြစ်သည်။
သင်နားမလည်သောအချက်များအတွက် မေးခွန်းများကိုရေးချပါ။ လူတွေက “ခင်ဗျား ကျမ်းစာဘယ်လိုလေ့ လာပါသလဲ၊” ဟု မေးသောအခါ၊ ကျွန်တော်က “အပြန်ပြန်စဉ်းစားဆင်ခြင်ရန်မေးခွန်းများကိုရေးချသည်” ဟု ပြန်ပြောပါသည်။ ဤသို့ဆိုသော်၊ နှုတ်ကပတ်တော် ၏မှန်ကန်မှုနှင့်ပတ်သက်၍ မေးခွန်းထုတ်ခြင်းမဟုတ်ဘဲ၊ “ဤကျမ်းပိုဒ်က ဘာကိုဆိုလိုပါသလဲ” ဟု မိမိကိုယ်ကိုမေးခြင်းဖြစ်သည်။ Disciples Are Made – not Born စာအုပ်ထဲတွင် ဆရာကြီးWalter A. Henrich sen က အောက်ပါအတိုင်းရေးသားခဲ့ပါသည်။
“ကျွန်တော်နားမလည်ဘူး” ဟုပြောသောအခါ၊ ဘာကိုဆိုလိုသနည်း။ သင်လေ့လာသောကျမ်းပိုဒ်၌ သင်မသိနားမလည်သောအချက်များကိုရေးချခြင်းဖြစ်သည်။ ကျမ်းစာလေ့လာခါစ၌နားမလည် သောအချက်နည်းလေလေ၊နားလည်သောအချက် များလေလေဖြစ်သည်ဟု ကျွန်တော်ထင်ခဲ့ပါသည်။ သမ္မာကျမ်းစာကိုပို၍လေ့ လာလေလေ၊ နားမလည်သည့်အချက်များလေလေဖြစ်ကြောင်းသိရသည်။ ကျမ်းပိုဒ်ကိုနက်နဲစွာဖြင့်နှို က်နှိုက်ချွတ်ချွတ်လေ့လာသောအခါ၊ နားမလည်နိုင်သောအချက် ပို၍များလေ လေဖြစ်ပါသည်။ ၎င်းသည်အခန်းတစ်ခုထဲ၌ပါသောကျွန်တော်သဘောပေါက်ခဲ့သည့် အချက်များ သည် ကျွန်တော်နားမလည်သောအချက်များဖြစ်ပါသည်။”
ကျမ်းတစ်ပိုဒ်စီအတွက် သင်၏ကိုယ်ပိုင်အနက်ဖွင့်ချက်ကိုရေးချပါ။ နားလည်လွယ်သောဝေါယာ ရစကားလုံးများနှင့်ရိုးရိုးလေးဖြင့်မရှင်းပြဟုတ်သေးသရွေ့ သင်သည်သင်လေ့လာသော ကျမ်းပိုဒ်၏ဆို လိုချက်ကိုမဆုပ်ကိုင်သေးကြောင်းသိမှတ်ပါ။ ရည်မှန်းချက်ပန်းတိုင်အတွက် ကြိုးစားအားထုတ်ပါ။ဆရာကြီး Russell I.Ackof က ဤသို့ရေးသားခဲ့ပါသည်။
“တစ်ခါက၊ အလွန်ညဏ်ထက်သောကျွန်ုပ်၏ကျော င်းသား (ယခုတွင်ထင်ရှားသောပါမောက္ခဖြစ်သည်) တစ်ဦးက ပညာရပ်ဆိုင်ရာဝေါဟာရစာလုံးများဖြင့် စာလမ်း (Thesis) ပြုစုရေးသားခဲ့သည်။ ကျွန်တော့်ကို သာမန်လူ တစ်ယောက်လိုမှတ်ယူပြီး၊ ခင်ဗျားရဲ့ စာတမ်းကိုရှင်းပြပါ” ဟုခိုင်းပါသည်။ သူသည်သင်ပုန်းရှိရာ သို့သွားကာ၊ သင်္ချာသင်္ကေတများနှင့်သူ၏စာလမ်း (Thesis) ကိုခြုံ၍ရှင်းလင်းရန်အစပြုလိုက်ပါသည်။ သူ့ကိုသတိပေးတို့ရန်ဏေရပ်ခိုင်းပြီး၊ ကျွန်တော်ကသာမန်လူဖြစ်တယ်၊သင်္ချာပညာရှင်မဟုတ်ဘူး။ သူသည် အတန်ကြာတိတ်ဆိတ်နေပြီးမှ“ကျွန်တော်ပြုစုခဲ့တဲ့စာလမ်းကိုသာမန်လူနားလည်အောင်ရှင်းလင်းရန်ကျွန်တော် ကောင်းမွန်ရွာနားမလည်ဘူး” ဟု ပြောပါသည်။
လူတို့သည် သူတို့ပြောချင်သောအကြောင်းကိုသာမန်အင်္ဂလိပ်စကားဖြင့်မရှင်းလင်းတတ်သေးသရွေ့၊ သူတို့ပြောသည့်အကြောင်းကိုသူတို့ကိုယ်တိုင်နားမလည်ကြသေးပါ။အားကိုးထိုက်သောကျမ်းစာအနက်ဖွင့်စာအုပ်များ၊ကျမ်းစာအဘိဓာန်များ၊ စွယ်စုံကျမ်းများ၊ စိတ်ချရသောကျမ်းစာအုပ်များ၊စကားပြေပြန် ဆိုရေးသားသည့်ကျမ်းစာအုပ်များ၊ ဝေါဟာရရှင်းလင်းသည့်စာ အုပ်များနှင့် အခြားမှီငြမ်းကိုးကား၍ ရသောစာအုပ်များမှအကူအညီရယူပါ။ကျွန်တော်သည် အကျိုးရှိသေ ာအကူအညီကိုမည်သည့် နေရာ၌မဆိုရယူသည်။သင့်မေးခွန်း၏အဖြေကိုမရမချင်းရှာဖွေပါ။ သင်၏မေးခွန်းတစ်ချို့၏အဖြေကဲ့သို့ သင်လေ့လာနေသောကျမ်းပိုဒ်များထဲမှသော်လည်းကောင်း၊ အချို့ကိုသင်နှင့်ဆွေးနွေးတိုင်ပင်သော အခြားသူများထံမှသော်လည်းကောင်း၊ တွေ့ နိုင်ပါသည်။ သို့ရာတွင်တစ်ချို့မှာမူ၊ ဘယ်သော အခါမှပြည့်စုံ သောအဖြေရနိုင်မည်ဖျက်ချားက သမ္မ ာကျမ်းစာကိုနားလည်နိုင်ရန်အလင်းပေးတတ်သည်။ အကျဉ်းစခန်း၌ ကျဘူးသောယုံကြည်သူများသည်ခြားသူများမမြင်ဖူးသော ရတနာတိုက်စားသောအကျိုးရလဒ်များကို သူတပါးအားဝေငှရသောအခွင့်အရေးများကိုသမ္မာကျမ်းစာထဲမှတွေ့ကြသည်။ သင်၏ ကျမ်းစာလေ့လာခြင်း မှရရှိကြိုဆိုပါ။ ဤသို့ပြုခြင်းဖြင့် ကောင်းကြီးမင်္ဂလာသည်ပျံ့နှံ့၍၊ သင့်ကို သင်သေးင ယ်သောကမ္ဘာထဲ မှလွှတ် မြောက်စေလိမ့်မည်။
နှစ်ဆယ့်ရှစ်
မခြားမလပ်ဆုတောင်းကြလော့
Praying Always
လူတစ်ယောက်သည် သခင်ယေရှု၏နာမတော်၌ဆု တောင်းခြင်းဖြင့်သာလျှင် အနန္တတန်ခိုးရှင်ထာဝရ ဘုရားထံတော်ပါးသို့ ချဉ်းကပ်ခွင့်ရပါသည်။အမှန်ပြောရလျှင် လူသည်ဤလောက၌သာမက၊ကောင်းကင် ဘုံ ၌ဘယ်သောအခါမှအနန္တတန်းခိုးရှင်မဖြစ်နိုင်ပါ။ သို့ ရာတွင် သူသည်သခင်ယေရှု၏နာမ၌ဆုတောင်းသေ ာအခါ၊ သခင်ယေရှုကိုယ်တော်တိုင်သူ၏ခမည်းတော်ဘုရားထံတော်သို့တောင်းဆိုခြင်းပြုသကဲ့သို့ဖြစ်ပါ သည်။ ထို့ကြောင့် ဆုတောင်းသောသူ၏ဆုတောင်းခြင်း၌ထူးကဲကြီးမြတ်သောတန်ခိုးပါရှိသည်။
ဆုတောင်းခြင်းသည်အရာရာကိုပြောင်းလဲစေသည်။ သက်ကြီးဝါရင့်အင်္ဂလိပ်လူမျိုးဂိုဏ်းချုပ် (bishop) တစ်ဦးက “ကျွန်တော်ဆုတောင်းသောအခါပြောခဲ့ဖူးပါသည်။အဖြေများရကာ၊ ဆုမတောင်းသောအခါ ဘယ်အရာမျှဖြစ်မလာပါ” ဟုခရစ်ယာန်တို့သည် ဤလောက၌တန်ခိုးတော်၏ချိန်ခွင် ကိုကိုင်ဆောင် သောသူများဖြစ်ကြသည်။ သူတို့သည်အကူအညီကင်းမဲ့သောလူနည်း စုကဲ့သို့ဖြစ်ကောင်းဖြစ်ကြမည်။ သို့သော် ဘုရားသခင်နှင့်အတူလူမျိုးအပေါင်းတို့အားလွှမ်းမိုးနိုင်ကြသည်။ အောက်ဖော်ပြပါအချက် အလက်များကိုဆင်ခြင်ပါ။
ဆုတောင်းခြင်းသည် ပင်လယ်နှစ်ခြမ်းခွဲ၍၊ မြစ်ရေကိုဆန့်ကျင်ဘက်အရပ်သို့လိမ့်စေသည်။ မီးခတ်ကျောက်တုံးများမှစမ်းရေကိုစီးဆင်းစေသည်။မီးလျှံကိုငြိမ်းစေ၍ခြင်္သေ့များ၏နှုတ်ကိုပိတ်သည်။ မြွေပွေးနှင့်အဆိပ်အတောက်တို့၏အစွမ်းကိုပြယ်စေသည်။ လကိုရပ်စေ၍၊ နေကို ၄င်း၏ပြေးလမ်း၌ဖမ်းချုပ် ခဲ့သည်။ သံတံခါးများကိုရုတ်တရက်ပွင့်လင်းစေသည် ။ခွန်အားအကြီးဆုံးနတ်ဆိုးကိုအောင်မြင်၍၊ ထောင်ပေါင်းများစွာသောခြင်းသည် လူသားများ၏ပြင်းထန်သောအမျ က်ဒေါသကိုထိန်းချုပ်သည် ။ကောင်းကင် တမန်တို့ကိုကောင်းကင်မှဆင်းချရန်အမိန့်ပေးသည်။ ဆုတောင်းမာနနှင့်ရဲ့ဝံ့စွာဝါကြွားသော များပြားလှသည့်သာ သနာပစစ်သားများကိုထွက်ပြေးစေကာဖျက်ဆီးခဲ့သည်။ ဆုတောင်းခြင်းသည် လူတစ်ဦးကိုပင်လယ်အောက်ကြမ်းပြင်မှကယ်နှုတ်၍၊ အခြားတစ်ဦးအား မီးလျှံရထားဖြင့်ကောင်း ကင်ဘုံသို့ခေါ်ဆောင်သွားသည်။ ဆုတောင်းခြင်းဖြင့် မဖြစ်နိုင်သောအရာရှိပါသလား။5
အကောင်းဆုံးဆုတောင်းချက်သည် အတွင်းနက်ကျကျအမှန်တကယ်လိုအပ်မှုများမှထွက်ပေါ်ပါသည်။ ကျွန်ုပ်တို့၏အသက်တာ၌အေးချမ်းငြိမ်သက်သည့်အချိန်တွင် ဆုတောင်းရန်မလိုဟု ခံစားတတ်ကြသည်။ သို့ရာတွင် ကျွန်ုပ်တို့သည်ကြံရာမရဘဲ ဆုံးခန်းတိုင်အောင်ဘေးကြပ်နံကြပ်ဖြစ်သောအခါမှသည်းခံ၍ မရမနေတောင်းလျှောက်ခြင်းဖြင့် ကောင်းကင်တံခါးများဖွင့်စေပါသည်။ “ဤသို့ဆုတောင်းခြင်းသည် စိတ်အားထက်သန်စွာဖြင့်ဆုတောင်းခြင်းမျိုးဖြစ်၍ ဘုရားသခင်၏ပလ္လင်တော်သို့ ရောက်ပါသည်။”
အေးတိအေးစက်သောဆုတောင်းချက်သည် ထိပ်ဖူးမပါသောမြှားကဲ့သို့ဖြစ်၍မထိုးဖောက်နိုင်။ အသွားမပါသေ ာဓါးကဲ့သို့ဖြစ်၍ မဖြတ်နိုင်။အတောင်မပါသောငှက်ကဲ့သို့ဖြစ်၍ ကောင်းကင်သို့မပျံနိုင်ပါ။ အေးတိအေးစက်သောဆုတောင်းချက်သည် ကောင်းကင်သို့မရောက်မီအမြဲအေးခဲသွားပါသည်။ (Thomas Brooks ) ဆုတောင်းချက် အကြိမ်ပေါင်းဘယ် လောက်တောင်း သည်၊ ဘယ်လောက်ကောင်းသည်၊ ဘယ်လောက်ကြာသည်၊ ဘယ်လောက်ချိုမြိန်သည်ဘယ်လောက်စနစ် ကျသည်၊ ဘယ်လောက်သမ္မာတရားနှင့်ကိုက်ညီသည်စသည်တို့ကို ဘုရားသခင်ကဂရုမစိုက်ပါ။ စိတ်အားထက်သန်စွာဆုတောင်းချက်များကသာလျှင် အကျိုးသက်ရောက်မှုရှိပါသည်။ (Bishop Hall)
ဤအရာကိုဆင်ခြင်ပါ။ ဘုရားသခင်သည် ဆုတောင်းခြင်းကိုအဖြေပေးခြင်းမှအပအခြား သောအရာများ ကိုရှားပါးစွာပြုတတ်ပါသည်။ ဤအချက်ကို Spurgeon ကသဘော တူလက်ခံသည်။
 ဆုတောင်းခြင်းသည် ဂရုဏာတော်၏ရှေ့ပြေးဖြစ် သည်။ သမိုင်းကိုပြန်ကြည့်ပါက ဆုတောင်းခြင်း မရှိပဲကြီးမြတ်သောဂရုဏာတော်သည်ဤလောကသို့ရှားပါးစွာသက်ရောက်ခဲ့ပါသည်။ ဆုတောင်းခြင်း သည်အစဉ်ဘဲကောင်းကြီးမင်္ဂလာ၏ရှေ့ပြေးဖြစ်ပါသည်။
R.A. Matthews က ဤအချက်မှန်ကန်ကြောင်းကို သူ၏သက်သေခံချက်ဖြင့်ဖြည့်စွပ်ပါသည်။%
ဘုရားသခင်သည် သူ လူတို့၏ဆုတောင်းချက်များကိုအကန့်အသတ်ဖြင့်တုန့်ပြန်၍ အဖြေပေးပါသည်။ သူတို့သည်ဆုမတောင်းပါက ဘုရားသခင်လှုပ်ရှားမည်မဟုတ်ပါ။ ဘုရားသခင်သည်အရာတစ်ခုခု ဖြစ်ရန်ဆန္ဒရှိသော်လည်း၊ ထိုသို့ဖြစ်ရန်မြေကြီးပေါ်မှအစပြု၍ ထိုဆန္ဒရှိရန်နှင့်ဆုတောင်းရန်မျှော်လင့် စောင့်ဆိုင်းနေပါသည်။ မြေကြီးပေါ်မှာရှိသောလူ၏ဆန္ဒကိုပယ်ဖျက်ပြီး (သို) လျစ်လျူရှုပြီး ဘုရားသခင်၏ အလိုတော်ဆန္ဒမပြည့်စုံနိုင်ပါ။တဘက်တွင်၊ ဘုရားသခင်သည် ဤအခြေနေ(သို့) အမှုအတွက် “ကိုယ်တော်၏ အလိုတော်အတိုင်းဖြစ်ပါစေ” ဟု ဆုတောင်းမည့်သူတစ်ဦးတစ်ယောက်ကိုရှာဖွေနေစဉ်တွင် သူ၏လက်တော်ကိုခေတ္တခဏရပ်ထားသည်။Dr. Moberly m ဤသို့ပြောပါသည်-“လူ၏ဆုတောင်းခြင်းကိုစောင့်မျှော်ရန် ဘုရားသခင်ကသူ၏အလုပ်ကိုးခေတ္တခဏရပ်ဆိုင်းသည်။”
ဆုတောင်းခြင်းသည် ဆု းတောင်းမှသာပြုသည့် အရာများကိုပြုရန်ဘုရားသခင်အားလှုပ်ရှားစေပါသည်။ ဤအချက်ကို ယာကုပ် ၄း၂ နှင့် ၅း၁၆၌ရှင်းလင်းစွာဖေါ်ပြပါသည်။ “သင်တို့သည် မရကြ၊ အကြောင်းမူကား သင်တို့သည်ဆုမတောင်းဘဲနေကြ၏။” “သူတော်ကောင်းဆုတောင်း၍ အရှိန်ကြီးသောပဌနာ သည်အလွန် တန်ခိုးပါ၏။”
ဤအချက်များကိုကြည့်ခြင်းအားဖြင့် ကျွန်ုပ်တို့ဆု တောင်းသောအခါမှသာလျှင် ဘုရားသခင်ပြုသောအ မှု အရာများရှိကြောင်းထင်ရှားပါသည်။
ကျွန်ုပ်တို့၌ ဘုရားသခင်၏ဉာဏ်ပညာ၊ မေတ္တာနှင့်တန်ခိုးရှိပါကကျွန်ုပ်တို့အဖြေပေးချင်သကဲ့သို့၊ သူသည်ဆုတောင်းခြင်းကိုအစဉ်အမြဲအဖြေပေးပါသည်။ တခါတရံတွင် ကျွန်ုပ်တို့ဆုတောင်းသည့်အတိုင်း တိကျသောအဖြေရပါသည်။ တခါတရံတွင်မူ ဘုရားသခင်က”စော င့်ပါ” ဟုပြောပါသည်။တခါတရံတွင် “ဒါက မင်းအ တွက်ကောင်းမှာမဟုတ်ဘူး” ဟု ပြောကာ၊ အဖြေမပေးပါ။ တစ်ချို့ကငြင်းဆိုကောင်းငြင်း ဆိုမည် – “ချစ်ခင်သူတို့ ရဲ့ ကယ်တင်ခြင်းအတွက်ဆုတောင်းပေး တာဘယ်လိုလဲ။” ကျွန်တော်တို့က သူတို ့အတွက်ဆုတောင်းပေးတယ်၊ ဒါပေမယ့် သူတို့ကကယ်တင် ခြင်းမရကြဘူး။” မယုံကြည်သူတစ်ဦး အတွက်ကျွန်တော်ဆုတောင်းသော အခါ ဘုရားသခင်ကနည်းလမ်းတစ်ခုခုဖြင့် သူ့အားစကားပြောသည်ဟု ကျွန်တော်ယုံကြည်ပါသည်။ လူတစ်ဦးတစ်ယောက်က သူ့အားကယ်တင်ခြင်းအ ကြောင် းရေးသားသောဝေစာလေးတစ်စောင်ကိုပေးမည်၊ (သို့) ကယ်တင်ခြင်းအကြောင်းကိုပြောမည်။ သို့မဟုတ်သူသည် ခရစ်ယာန်အစီအစဉ်ကို TV နှင့် ရေဒီယိုမှတဆင့်ကြားသည်။ သို့မဟုတ်ဘုရား သခင်ကထိုသူ၏ ဩတ္တပ္ပထဲ၌လေးနက်စွာစကားပြောလျက် အလုပ်လုပ်ပါသည်။
 သို့ရာတွင် သူသည်ထိုသူတို ့၏ စိတ် ဆန္ဒကိုဆန့်ကျင်ကျော်လွန်၍မကယ်တင်ပါ။ လူတို့အားမိမိတို့၏ဆန္ဒ အတိုင်းရွေးချယ်ခွင့်ပေးသည်။ သူသည်ကောင်းကင်နိုင်ငံသို့မရောက် ချင်သောသူများအား အတင်းအဓမ္မပို့ဆောင်မည်မဟုတ်ပါ။ ဘုရားသခင်၏အမှုတော်ကို အခြားသောနည်းလမ် းများထက်ဆုတောင်းခြင်းဖြင့်ပို၍ ပြီးစီးပါသည်။ ဤအချက်နှင့်ပတ်သက်၍ R.A. Matthewsရေးသားပြုစုသောအနက်ဖွင့်ကျမ်းစာကိုကူးကားရပါမည်။”
ဆုတောင်းခြင်းသည် ဘုရားသခင်အတွက်လုပ် ဆောင်ချက်ဟူသမျှ၏အဆုံးအဖြတ်ဖြစ်သည်။ ဆုတောင်းခြင်းသည်အမှုတော်ဖြစ်၍ ဝိညာဉ်ရေးရာလုပ်ငန်းတော်အတွက်တန်ခိုးဖြစ်ပါသည်။ ၄င်းသည် အချက်အချာကျသောတွန်းအားဖြစ်သင့်သည်။ အသင်းတော်တစ်ပါး (သို့) သာသနာလုပ်ငန်းတစ် ခု၏ဝိညာဉ်ရေးရာလုပ် ဆောင်ချက်သမိုင်းရေးသားရာ၌ ၄င်းတို့၏ဆုတောင်းခြင်းအသက် တာသည်ပဓာန အကျဆုံးကဏ္ဍ၌ပါပါသ ည်။ အသင်းခြင်းအသက်တာနက်နဲမှုဖြင့်တိုင်းတာရပါသည်။ တရားဟောခြင်း၊ သွန်သင်အဖွဲ့တစ်ခု၏ ရှ င်သန်မှုကိုစာရင်းအင်းဖြင့်မတိုင်းတာပဲ၊၄င်း၏ဆုတောင်းခြင်း၊ အစေခံခြင်း၊ စီမံကိန်းရေးဆွဲထားခြင်း၊ ၂၁ ရာစုခေတ်ပေါ် နည်းဗျူဟာများကိုခံယူကျင့်သုံးခြင်းနှင့် အုပ်ချုပ်စီမံရေးဆိုင် ရာနှီးနှောဖလှယ်ခြင်းများသည် ကောင်းသောအရာ များဖြစ်ပါသည်။ သို့ရာတွင်၊ ၄င်းတို့သည် ဘုရားသခင်၏အမှုတော်မြတ်၌ထိရောက်မှုနှင့် အောင်မြင်မှုရှိလာဘို့ရန်ဆုတောင်းခြင်းကိုလိုအပ်ပါသည်။
ဆုတောင်းခြင်းသည် ကျွန်ုပ်တို့အတွက်ဝမ်းမြောက်စရာအကြောင်းတစ်ခုဖြစ်သင့်သည်။ တမန်တော်ကြီး ရှင်ပေါလုအတွက်ထိုသို့ဖြစ်ခဲ့ပါသည်။ဖိ၊ ၁း၄ တွင် သူကဤသို့ပြောပါသည်-“ဝမ်းမြောက်သောစိတ်နှင့် သင်တို့ရှိသမျှအဘို့ကိုအစဉ်ဆုတောင်းပဌနာပြု၏။” Dona ld English ကအောက်ပါအတိုင်းပြောပါသည်။
ဆုတောင်းခြင်းအကြောင်းရေးသားသောစာအုပ်အများအပြားထဲတွင်ခြားနားသောအမြင်အမျိုးမျိုးရှိပါသည်။ တစ်ချို့က ဆုတောင်းခြင်းသည်တာဝန်၊ စည်းကမ်း၊ လုပ်ရိုးလုပ်စဉ်နှင့်ဝတ်ရွတ်စဉ်စသည်ဖြင့်ခံယူကြသည်။ ရှင်ပေါလုက “ဝမ်းမြောက်သောစိတ်နှင့်ဆုတောင်း သ ည်” ဟု ပြောပါသည်။ဆုတောင်းခြင်း၌ ဝမ်းမြောက် ခြင်းသည်မှားနေပါသလား။ စည်းကမ်းရှိရမည့်အချိန်နှင့်လုပ်ရိုးလုပ်စဉ်ဖြစ်ရမည့် အရာများရှိတတ်ကြောင်း ကျွန်တော်သိပါသည်။ သို့ရာတွင်၊ ဝမ်းမြောက်စွာဖြင့်ဆုတောင်းတတ်ရန် ကျွန်ုပ်တို့သည်သန့်ရှင်းသော ဝိညာဉ်တော်၏နွေးထွေးမှုရရှိနိုင်ပါသည်။
ဆုတောင်းခြင်းသည် လူတစ်ဦးအားအလွန်မြင့်သောအခြေနေသို့ပို့ဆောင်သည်။ ၄င်းသည် မဖြစ်နိုင်သောအရာကိုပင်လျှင်ဖြစ်မြောက်ပြီးစီးစေပါသည်။
ဆုတောင်းခြင်းကအမှောင်ထုတွေလွင့်ပျောက်သွားစေ။ယာကုပ်မြင်ခဲ့လှေကားလိုဘဲ .. အထက်သို့ တက်လှမ်းပါမနှေး။ယုံကြည်ခြင်းနှင့် ချစ်ခြင်းကို တိုးပွားစေတာဆုဆောင်းခြင်းပါ၊ ကောင်းကြီးများ အထက်မှ ယူဆောင်လာပေး ဆုတောင်ခြင်းဘဲ။ဝိညာဉ်တိုက်ပွဲရပ်တန့်ကာ အကျွန်ုပ်အားယူဆုတောင်းလျှင်၊ ခရစ်ယာန် လက်နက်တောက်ပစေခဲ့။အားအနည်းဆုံးခရစ်ယာန်ဒူးထောက်ဆုတောင်းနေသည်ကိုစာတန်တွေ့က ခြောက်ချားတုန်လှုပ်။လူတစ်ယောက်က ဤသို့ပြောခဲ့ဖူးသည်။ “ကျွန်ုပ် ၏ ထိရောက်မှုကိုကျွန်တော်ဆု တောင်းပေးသောလူအရေအတွက်နှင့် ကျွန်ုပ်အတွက်ဆုတောင်းပေးသောလူ အရေအတွက်ဖြင့်တိုင်း တာပါသည်။”
ဆုတောင်းခြင်းသည် သားတော်အားဖြင့် ခမည်းတော်ဘုရားထံသို့ရောက်ရှိပါသည် (ဧဖက် ၂း၁၈)။ ဗျာဒိတ် ၈း၁-၄ ၌ သခင်ယေရှုကိုရွှေလင်ပန်းကိုင်သောကောင်းကင်တမန်တစ်ပါးအဖြစ်တွေ့မြင်ရပါသည်။ ကျွန်ုပ် တို့၏ဆုတောင်းချက်များသခင်ယေရှု၏အထံတော်သို့ရောက်သောအခါ သူသည်နံ့သာ ပေါင်းများဖြင့် ဖြည့်ကာ၊ ပလ္လင်တော်ရှေ့၌ရှိသောရွှေယဇ်ပလ္လင်ပေါ်၌ဇော်သည်။ ထိုနံ့ ့သာပေါင်းသည် သူ၏ပုဂ္ဂိုလ်နှင့် အမှုတော်၏အမွှေးအကြိုင်ဖြစ်သည်။ ကျွန်ုပ်တို့၏ဆု တော င်းခြင်းများဘုရားသခင်ထံ တော်သို့ရောက် သောအခါ၊ မသန့်ရှင်းသောအရာများအားလုံးတို့သည် ဖယ်ရှားခြင်းသို့ရောက်ပြီး၊ ဆုတောင်းချက် များသည် လုံးဝစုံလင်သွားပါသည်။
ဆုတောင်းခြင်းသည် အမှုတော်ဆောင်ရွက်ခြင်းထက်ပို၍ အရေးကြီးပါသည်။ “ဘုရားသခင်သည် အမှုတော်ထက်ဆုတောင်းခြင်းနှင့်သူနှင့်မိတ်သဟာယဖွဲ့ခြင်းကိုပို၍တန်ဖိုးထားပါသည်။ ကောင်းကင်ဘုံသတိုးသားသည် ဇနီးတဦးလိုက်ရှာကာ၊ အစေခံတဦးငှားဘို့ရှာ သည်မဟုတ်ပါ။” (အမည်မသိစာရေးသူ)
 ကျွန်ုပ်တို့သည်ကြီးမားသောဆုတောင်းချက်များအာ းဖြင့် ဘုရားသခင်အားချီးမြောက်သည်။ သူတောင်းစားတစ်ယောက်က အလက်ဇန္ဒာဘုရင်မင်းမြတ်(Al exan der the Great ) ထံသို့လာကာ သူ့အတွက်မွေးမြူ ရေးခြံတစ်ခု၊ သမီးအတွက်လက်ဖွဲ့တစ်ခုနှင့် သူ ့သာ း၏ ပညာရေးအတွက် တောင်းလျှောက်ခဲ့သည်။ သူ၏ ကိုယ်ရန်တော်များက ထိုတောင်းလျှောက်ခြင်းများ
အတွက်ကဲ့ရဲ့ပြစ်တင်သောအခါ၊ အလက်ဇန္ဒာဘုရင်မင်းမြတ်က “ရွှေဒင်္ဂါးတစ်ပြားသာတောင်းလျှောက် ရန်လာသောသူများကြောင့်ငါမောပန်းလှပြီ။ ဤရဲဝံ့သောသူတောင်းစားက ငါ့ကိုရှင်ဘုရင်ကဲ့သို့ဆက် ဆံတယ်၊ ကြီးမားသောအရာကိုတောင်းလျှောက်တယ်” ဟု ပြောပါသည်။ ကျွန်ုပ်တို့သည်လည်းကြီးမားသော အရာကိုတောင်းလျှောက်သင့်သည် -ကြီးမားသောတောင်းလျှောက်မှုနဲ့ရှင် ဘုရင်ထံသို့အသင်ခစားနေ စဉ်အရှင့်ရဲ့ချစ်ခြင်း၊ တန်ခိုးကြီးမားလွန်း၍အသင်တောင်းဆိုချက်များ မပြောပလောက်ပါ။(J. Newton)အောက်ဖော်ပြပါကဗျာ၌တွေ့သည်နည်းဘူ၊ ကျွန်ုပ်တို့ ၏ဆုတောင်းချက်များသည် မကြာခဏအလွန် သေးငယ်လွန်းပါသည်။သခင်ခရစ်တော် လူ့လောက၌အသက်ရှင်ခဲ့စဉ် အသင်နဲ့ခရစ်တော်တွေ့ဆုံခဲ့သော်၊သင့်အတွက်ဘာလုပ်ပေးရန် တောင်းလျှောက်မည်နည်း။ ကျောက်ခဲလေးပေးရန် တောင်လျှောက်မည်လော၊ကလေးငယ်ကတွေးတောပြောဆို၊”နေ့စဉ်ဘဝ အကျွန်ုပ်အား လမ်းပြဘို့အလို့ငှါသံကြိုးနဲ့ခွေး သံသယမရှိတောင်းလျှောက်ခဲ့သည်”အကျွန်ုပ်အသက်တာ ယုံကြည်ခြင်းကင်းမဲ့ခါတရံဝယ်သံကြိုးနှင့်ခွေးကိုသာ တောင်းလျှောက်ခဲ့မိကြောင်း၊အကျွန်ုပ်တို့မျက်စိပွင့်မှ အံ့ဩဘွယ်သောရှက်ရွံ့မှုနှင့်အကျွန်ုပ်တို့သိခဲ့ရသည်။ကောင်းကင်ဘုံ သို့ ရောက်သောအခါ၊ ကျွန်ုပ်တို့သည် လောက၌အသက်ရှင်စဉ်တွင်ကြီးမားသောအရာများမတောင်းလျှောက်ခဲ့ခြင်းအတွက်နောင်တရကြမည်ဖြစ်သည်။
နှစ်ဆယ့်ကိုး
ယေရှုနှင့်နေ့စဉ်အချိန်ယူခြင်း
Your Daily Time With Jesus
Quiet Time ဟုလည်းသိရသည့် နေ့စဉ်တိတ်ဆိတ်စွာနေရသောအချိန်မှာ ယုံကြည်သူတစ်ယောက်သည်ကျမ်း စာဖတ်ခြင်းနှင့်ဆုတောင်းခြင်းအားဖြင့် ဘုရာ းသခင်နှင့်နေ့စဉ်မိတ်သဟာယဖွဲ့ရသော တိကျသည့် အချိန်တချိန်ဖြစ်သည်။ သူသည်မရှိမဖြစ်လိုအပ်သည့်ဘုရားသခ င်၏မုန့်တည်းဟူ သောသမ္မာကျမ်းစာကိုစာ း၍ အနန္တတန်ခိုးရှင်ဘုရားသခင်နှင့်မိတ်ဆွေချင်းကဲ့သို့ ဝင်ရောက်တွေ့ဆုံသည်။၄င်းကိုပထမဦးဆုံး သောအရာအဖြစ် နံနက်တိုင်း၌ အ ချိန်မှန်ပြုလုပ်လေ့ရှိသည်။ အကြောင်းမှာ ထိုအချိန်သည်တနေ့တာ ၏အကောင်းဆုံးသောအချိန်နှင့်ဘုရားသ ခင်ပိုင်သည့်အကောင်းဆုံးအချိန် အဖြစ်မှတ်ယူသေ ာကြောင့်ဖြစ် သည်။ သို့သော်လည်း အကြောင်းတခုခုကြောင့်ထိုသို့ပြုရန် မဖြစ်နိုင်ပါက၊တရား သေတခုအနေနှင့်မတွက် ဘဲ၊ တနေ့လုံးစိတ်မချမ်းမသာဖြစ်ရန်မလိုပါ။ တနေ့တာ၏နောက်ပိုင်း ၌ပြုလုပ်ခြင်းကိုဆန့် ကျင်သည့် ဥပဒေမရှိပါ။
 တိတ်ဆိတ်သောအချိန်ယူခြင်းနှင့်ပတ်သက် ၍အကေ ာင်းဆုံးသောနည်းဟူ၍မရှိပါ။ လူတယောက်စီသည်သူ အတွက်မည်သည့်နည်းစနစ်သည်အကောင်းဆုံးဖြစ် သည်ကိုဆုံးဖြတ်ရမည်။ မည်သို့ပင်ဖြစ်စေ၊ အောက်ပါတို့သည်အထောက်အကူပြုမည့်အကြံပေးချက်များဖြစ်ပါသည်။ အခြားသောအကျင့်များနည်းတူ ထိုအရာကိုသင်ပြုသေ ာအချိန်တိုင်း၌ထိုအကျင့်ကိုသင်သည်အားကြီးစေ သ ည်။ သင်လက်လွတ်သောအခါတိုင်း၌ထိုအကျင့်ကိုအားနည်းစေပါသည်။ အနှောင့်အယှက်မှကင်းဝေးစေရန် အတွက် အချိန်နှင့်နေရာကိုသတ်မှတ်ခြင်းသည်အကောင်းဆုံးဖြစ်သည်။ ထိုနေ့တွင်သင်ပြုလုပ်မည့်အရာတခုခုကသင်၏ စိတ်ကိုနှောင့်ယှက်ပါက၊ စာရွက်တရွက်ပေါ်၌ရေးသားပြီး၊ ထို့နောက်နှုတ်ကပတ်တော်ကိုဆက်လက်၍ ဖတ်ရှုဆင်ခြင်ပါ။
ဝတ်ပြုခြင်း၌ဖြစ်စေ၊ ညွှန်ကြားခြင်း၊ သက်သာစေခြင်း၊ အမှားပြင်ပေးခြင်း သို့မဟုတ် လမ်းပြခြင်းတို့၌သခ င်ဘုရားသည်နှုတ်ကပတ်တော်အားဖြင့်စကားပြောပါမည်အကြောင်း ဆုတောင်းခြင်းနှင့်တောင်းဆိုပါ။
သမ္မာကျမ်းစာတပိုဒ်ကိုသာဖတ်ရှုဆင်ခြင်ပါ။ အခန်းတခန်းလုံးကိုဖတ်ပြီးမည်သည့်အရာကိုမှမရမည့်အစား ကျမ်းပိုဒ်ငါးပိုဒ်ကိုဖတ်၍တစုံတခုကိုရခြင်းကပိုကောင်းသည်။ ယုံကြည်သူတချို့ သည် ကျမ်းပိုဒ်များစွာတို့ကိုဖတ်ရှုဆင်ခြင်ကြကာ၊ မကြာခဏစိတ်ပျက်ပြီး ရပ်တန့်လေ့ရှိကြသည်။
 ထိုနေ့အတွက်သင်၏ကျမ်းပိုဒ်ကိုဖတ်ရှုပြီးနောက် အောက်ပါမေးခွန်းများအားဖြင့် မိမိကိုယ်ကိုမေးပါ။ ဤကျမ်းပိုဒ်၌ သခင်ယေရှုအကြောင်းတစုံတခုရှိပါသလား။ကျွန်တော်နာခံရန်အမိန့်တစုံတရာရှိပါသလား။> ဝန်ခံရမည့် /ရှောင်ရမည့်အပြစ်တစုံတရာရှိပါသလား။> တောင်းဆိုရမည့်ကတိတစုံတရာရှိပါသလား။> ကျွန်တော်နားမလည်ဘဲ အဖြေကိုရှာသင့်သည့်ခက်ခဲသောကျမ်းပိုဒ်သို့မဟုတ် စာပိုဒ်ရှိပါသ လား။ (ဝန်ခံခြင်း – ကျွန်တော်နားမလည်သောအရာတခုကိုပျော်ရွှင်ခံစားနိုင်ရန် ခက်ခဲကြောင်း ကျွန်တော်ကိုယ်တိုင်တွေ့ ရှိသည်)။> ချီးမွမ်းခြင်းနှင့်ဝတ်ပြုကိုးကွ ယ်ခြင်းအဖြစ်သို့ ကျွန်တော်ပြောင်းနိုင်မည့်အရာ တစုံတခုရှိပါ သလား။ကျွန်တော်ဆုတောင်းရန်သတိပေးသည့်အရာတစုံတခုရှိပါသလား။ကျွန်တော်ကျက်မှတ်ရမည့်ကျမ်းပိုဒ်တခုရှိပါသလား။ကျွန်တော်ကျေးဇူးတော်ချီးမွမ်းရမည့် ဝိညာဉ်ရေးရာကောင်း ကြီးမင်္ဂလာတစုံ တခုရှိပါ သလား။
အချို့သောသူတို့သည် သူတို့၏ အထင်အမြင်များကိုမှတ်စုစာအုပ်တအုပ်၌မှတ်ထားခြင်းသည် အကျိုးရှိသည်ကိုတွေ့ရှိကြသည်။
ထိုကျမ်းပိုဒ်ကိုသေချာစွာသင်ဖတ်ရှုလေ့လာပြီးနောက်သင်၏ပြဿနာများအတွက်အဖြေရရန် အနက်ဖွင့်ကျမ် းတကျမ်းကိုအမြန်ရှာ၍ဖတ်ပါ။ သို့မဟုတ်ထိုကျမ်းပိုဒ်များအပေါ်၌ အသစ်သော အလင်းရရှိရန်ရှာပါ ။တိတ်ဆိတ်သောအချိန်ယူရန် အခြားနည်းလမ်းများရှိပါသည်။တခုမှာ “နေ့စဉ်အသက်တာ အတွက် နေ့စဉ်အလင်း” (Daily Lighton the Daily Path)ဖြစ်သည်။ ၄င်းကိုရေးသားပြုစု သည့် Bagster Familyဤသို့ရေးသည်။ကျမ်းပိုဒ်တပိုဒ်ကိုနံနက်နှင့် နောက်တပိုဒ်ကိုညနေ အချိ န်၌ဖတ်၍ တနှစ်လုံးလုံးနေ့တိုင်းဖက်ရန်အတွက် သမ္မာ ကျမ်းစာထဲမှလက်ရွေး စင်ကျမ်းပိုဒ်များကိုစု ထားသည့် စာအုပ်ဖြစ်သည်။ စာမျက်နှာထိပ်ဆုံး ၌ရှိသောခေါင်းစဉ်ကျမ်းပိုဒ်သည် ၄င်း၏ဦးတည် ချက်ကိုပြောပြသည်။ ထို့နောက် အခြားသောကျမ်းပိုဒ်များမှနေ၍ ထိုကျမ်းပိုဒ်ကိုဆက်လက်ဖွင့်ပြ၍ အလင်းပေးရန်အတွက်ဘုရား သခင်၏မွန်မြတ်သောစကားများကို စုစည်းထားသည်။ထိုလက်ရွေးစင်ကျမ်းပိုဒ်များသည် ခရစ်ယာန်များ၏ လိုအပ်ချက်တို့နှင့်အံ့ဩဘွယ်ရာကောင်းစွာဖြင့် အံကို က်ဖြစ်သည်။ တကမ္ဘာလုံး၌ရှိသောခရစ်ယာန်ရာပေါင်း၊ ထောင်ပေါင်းများစွာတို့သည်သက်သာခြင်းရရန်အတွက်သော်၎င်း၊ အထောက်အကူပြုရန်အတွက်သော်၄င်း ထိုကျမ်းပိုဒ်ကိုနေ့တိုင်းဖတ်ရှုကြသည်။Bagster မိသားစုသည်ထိုကျမ်းပိုဒ်တိုင်းကို ၄င်းအထဲ ၌မထည့်မီစိတ် ပါလက်ပါဆုတောင်းကြသည်။အခြားဝတ်ပြုခြင်းဆိုင်ရာအကောင်းဆုံးသောစာအုပ်တအုပ်မှာ C. H.Spurgeon ၏ “နံနက်နှင့်ညနေအချိန် ၌ဖတ်ရှုလေ့လာစရာများ” (Morningand Evening Readings) ဖြစ်သည်။ သမ္မာကျမ်းစာ၏ကျမ်းပိုဒ်များအပေါ်၌သူ၏အနက်ဖွင့်ခြင်းမှာ မှတ်သားဘွယ်၊ စိတ်ဝင်စားဘွယ် ဖြစ်၍ တခါတရံရယ်ရွှင်ဘွယ်ဖြစ်သည်။ သူသည် ကျွန်ုပ်တို့တခါမှမသိ ခဲ့ဘူးသည့် သမ္မာတရားတို့ ကိုရှင်းပြသည်။
နေ့တိုင်းဖတ်စရာနှင့်ပူးတွဲသောအခြားစာအုပ်များ၊ စာအုပ်ငယ်များနှင့်ပြက္ခဒိန်များရှိသည်။ ၄င်းတို့သည် ယခုမှအစပြုသူများအတွက်အထောက်အကူပြုပြီး၊ ရင့်ကျက်ပြီးသောသူတို့အတွက်ပျော်မွေ့ နိုင်မည့်အရာဖြစ်သည်။
ဆုတောင်းခြင်း၊
သင်ရရှိသည့်သင်ခန်းစာများအတွက်ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်နာခံနိုင်မည့်ခွန်အားကိုတောင်းဆိုခြင်းစသည်တို့အားဖြင့် သင်၏ဘုရားသခင်နှင့်တိတ်ဆိတ်စွာအချိန်ယူခြင်းကိုအဆုံးသတ်ပါ။ထိုနေ့အတွင်း၌ပင် သင်၏ဆင်ခြင်စဉ်းစားခြင်းမှရရှိသည့်အရာတို့ကိုထဲ၌ပို၍နက်နဲစွာစိုက်ဝင်စေပြီး၊ ထိုကောင်းကြီးမင်္ဂလာ များကိုအခြားသောသူအခြားသူတို့အားဝေငှပြောပြပါ။ ဤအရာသည် သင်ခန်းစာများကိုသင်၏စိတ် တို့အားဝေ ငှရန်အခွင့်ပေးသည် (မာလခိ ၃း၁၆)။
Stephen Olford က “ဘုရားသခင်နှင့် အတူအချိန်ယူခြင်းသည်ဝိညာဉ်သဘော၊ အောင်မြင်ထိရောက်မှု၊ ချစ်ခြင်းမေတ္တာထားတတ်မည့်အသက်တာအတွက်အလွန်အရေးကြီးသည်” ဟု ဆို၏။ ထိုအရာကိုစဉ်းစား
ကြည့်ပါ။
သုံးဆယ်
ဝတ်ပြုကိုးကွယ်သူတစ်ဦးဖြစ်ပါ
Be A Worshiper
ကျွန်ုပ်တို့ဖြစ်တည်ရခြင်း၏အကြောင်းရင်ရှိပါသည် … ထိုအရာမှာဘုရားသခင်ကိုကိုးကွယ်ရန်ဖြစ်သည်။ ခမည်းတော်သည်သူအားနံဝိညာဉ်နှင့်၎င်း၊ သစ္စာနှင့်၄င်း၊ ဂါရ၀ပြုမည့်ဝတ်ပြုကိုးကွယ်သောသူတို့ကိုရှာသည်။ ဤအရာက သူတို့၏ဝတ်ပြုကိုးကွယ်ခြင်းသည် အခမ်းအနားတချို့ကိုပြုလုပ်ခြင်းနှင့်ပြင်ဆင်ထားသောဆုတောင်းချက်တို့ကိုရွတ်ဆိုခြင်းမဟုတ်ကြောင်းကိုဆိုလိုသည်။ ၄င်းသည် နံဝိညာဉ်၌ပြုလုပ်ရသည်။ ဆိုလိုသည်မှာ ဝိညာဉ်တော်ကအသက်သွင်း၍၊ ဝိညာဉ်တော်ကတန်ခိုးကိုပေးသည်ဟုသာ ဆိုလိုသည်။ ၄င်းသည်သစ္စာ၌ပြုရသည်၊ ရိုးသား၍ စိတ်နှလုံးမှပြုလုပ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။
ဝတ်ပြုကိုးကွယ်ခြင်းမှာ ကိုယ်တော်နှင့်ကိုယ်တော် ၏လုပ်ဆောင်ချက်အတွက် ချီးမွမ်းခြင်းကိုသွန်းလော င်းခြင်းဖြစ်သည်။ ကိုယ်တော်အတွက်၄င်း၊ကိုယ်တော်ပြုခဲ့သည့်အရာများအတွက်၄င်း၊ ကိုယ်တော်သည်ကိုးကွယ်ရန်လိုက်တန်သည်ဟု မှတ်ယူခြင်းဖြစ်သည်။ ၄င်းအထဲ၌ လေးစားချစ်ခင်မှုနှင့်ကျေးဇူးတော်ချီးမွမ်းခြင်းပါဝင်နိုင်သည်။ ၄င်းသည် သုံးပါးတစ်ဆူဘုရားကိုစပ်ဆိုသည့်မေတ္တာသီချင်းတပုဒ်ဖြစ်သည်။ စစ်မှန်သောဝတ်ပြုကိုးကွယ်ခြင်းတွင် ကိုယ်တော်သည်ကျွန်ုပ်တို့အားစောင့်ရှောက်သည့်အံ့ဩစရာများကိုပြောပြသောအခါ၌အတ္တကင်းခဲ့သည်။
သမ္မာကျမ်းစာ၌ဝတ်ပြုကိုးကွယ်ခြင်းနှင့်ပတ်သက်၍ ပထမဦးဆုံးဖော်ပြသည်မှာ အာဗြဟံသည်သူ၏သားဣဇက်အားမီးရှို့ရာယဇ်အဖြစ်ပူဇော်ရန်ခေါ်သွားသောအချိန်ဖြစ်သည် (ကမ္ဘာ ၂၂း၅)။ ဓမ္မသစ်ကျမ်း၌ဝတ်ပြုခြင်းနှင့်ပတ်သက်၍ အဓိကလုပ်ဆောင်ခြင်းမှာသန့် ရှင်း၍၊ နှစ်သက်ဘွယ်သောအသက်ရှင်သည့်ယဇ်အဖြစ် မိမိ၏ခန္ဓာကိုဘုရားသခင်ထံ၌ဆက်သခြင်းဖြစ်သည်။
တရားဟောခြင်းသည်ဝတ်ပြုကိုးကွယ်ခြင်းမဟုတ်ပါ။ နားထောင်လူတယောက်ထံသို့သတင်း သယ်ဆောင်လာခြင်းဖြစ်သည်။ တဖန်၊ သက်သေခံသောသူများအားဝတ်ပြုကိုးကွယ်ရန်နှိုးဆော်နိုင် သော်လည်းတရားဟောခြင်းမှာနှိုးဆော်နိုင်သည်။ ဝတ်ပြုကိုးကွယ်ခြင်းသည် ဘုရားသခင်ကိုတိုက်ရိုက်ဦး တည်ခြင်း သည်လည်း ဝတ်ပြုကိုးကွယ်ခြင်းမဟုတ်၊ ဝတ်ပြုကိုးကွယ်ရန် ၄င်းကပြောနေခြင်းဖြစ်သည်။
သမ္မာကျမ်းစာထဲ၌ဝတ်ပြုကိုးကွယ်ခြင်းသည် ခမည်းတော်နှင့်သားတော်ကို ရည်ညွှန်းသော် လည်း၊ အကြောင်းတချို့ ကြောင့်သန့်ရှင်းသောဝိညာဉ်တော်ဦး တည်ရည်ညွှန်းခြင်းတခါမှမရှိပါ။ သမ္မာကျမ်း စာကိုဝေဖန်သူတို့သည် ဘုရားသခင်ကဝတ်ပြုကိုးကွယ်ခံလိုခြင်းမှာတကိုယ် ကောင်းဆန်ခြင်း ဖြစ်သည် ဟုစဉ်းစားကောင်းစဉ်းစားကြမည်ဖြစ်သည်။သူတို့နားမလည်ကြပါ။ ၄င်းသည်ကျွန်ုပ် တို့၏ကော င်းကျိုးအတွက်ဖြစ်သည်၊ ဘုရားသခင်အတွက်မဟုတ်ပါ။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ကိုးကွယ် သောအရာနှင့်တူလာကြသည် (၂ ကော ၃း၁၈)။ငါတို့ရှိသမျှသည် မျက်နှာဖုံးကိုဖွင့်လျက်မှန်ကိုကြည့်သကဲ့သို့ ဘုရားသခင်၏ဘုန်းအသရေတော်ကိုကြည့်မြင် ၍ ဝိညာဉ်တော်တရား၏အရှင်သည်ရောင်ခြည်တေ ာ်ကိုလွှတ်တော်မူသည်အတိုင်း၊ ငါတို့သည်ဘုန် အသရေတိုးပွါး၍ ပုံသဏ္ဍာန်တော်နှင့်အညီ ပြောင်းလဲ ခြင်းရှိရကြ၏။
ဝတ်ပြုကိုးကွယ်ခြင်းကို အဘယ်သို့နိုးကြားတက်ကြွအောင်ပြုနိုင်မည်နည်း။
ဆာလံကျမ်းသည်ဝတ်ပြုကိုးကွယ်ခြင်းအတွက် ခွန်အ ားများစွာကိုပေးသည်။ ဘုရားသခင်၏ဂုဏ်အင်္ဂါတို့ နှင့်တကွ ရာဇဝင်ကျမ်းနှင့်အနာဂတ္တိကျမ်း၌ပါရှိသော ထာ ဝရဘုရား၏ကာကွယ်စောင့်ရှောက်မှုတို့သည် ကြိုက် နှစ်သက်စရာအကောင်းဆုံးသောအရာများဖြစ်သည်။ အာဗြဟံ၏ဣဇက်ကိုပူဇော်ခြင်း ၌ပုံဆောင် သည့်အတို င်း ဘုရားသခင်သည်သူ၏သားတော်ကိုပေးခြင်းကိုစဉ်းစားဆင်ခြင်သောအခါ၌ ကျွန်ုပ်တို့၏ စိတ်နှလုံးကိုချီး မွမ်းခြင်းနှင့်မြှင့်တင်ပေးခြင်းဖြစ်သည်။ကိုယ်တော် ၏ လူ့ဇာတိခံယူခြင်း၊ မြေကြီး ပေါ်ရှိစုံ လင်သောသူ၏အ သက်အပြစ်ဖြေခြင်းအတွက်ကိုယ်တော်၏ ပူဇော်သ က္ကာ၊ ကိုယ်တော်၏ ရှင်ပြန်ထ မြောက်ခြင်း၊ ကောင်းကင်ဘုံသို့တက်ကြွသွားခြင်းနှင့် ဘုရားသခင်၏ လက်ျာတော် ဘက်၌လက်ရှိ အမှု ဆောင်ရွက် ခြင်း၊ တဖန်ကြွလာခြင်းနှင့်ကိုယ်တော်အား ဖြင့်စီးဆင်းလာသည့် ကောင်းကြီး မင်္ဂလာများ စသော ကယ်တင်ရှင်၏အသက်တာနှင့်လုပ်ဆောင်ခြင်းတို့မှာ အစဉ်မပြတ်ချီးမွ မ်းနိုင်စေ သည့်ခွန် အားများဖြစ်သည်။
ဆာလံကျမ်းကိုရေးသောဒါဝိဒ်နှင့် အခြားသူတို့မှာ ဝတ် ပြုကိုးကွယ်သောသူများဖြစ်ကြသည်။ သူတို့သည်ဘု ရားသခင်၏ကြီးမြတ်ခြင်းကိုအောက်မေ့စဉ်းစားကြသည်။ ကိုယ်တော်၏အံ့ဩမိန်းမောဘွယ်ရာ ဖန်ဆင်းခြင်းကြောင့်သူတို့သည်ရွှင်လန်းဘွယ်ရာသီချင်းများနှင့်ပျော်ပါးကြသည်။ ကိုယ်တော်၏ကြီးမြတ် ခြင်း၊ကောင်း မြတ်ခြင်းနှင့်ကျေးဇူးတော်တို့ကို သူတို့သည်စဉ်းစားကြသောအခါ အားလုံးတို့ကိုနားလည်နိုင် ရန်ကြိုးစားကြသည်။ သူတို့သည် ကိုယ်တော်အားထောက်ပံ့ပေးသူနှင့်ထိန်းချုပ် သူအဖြစ်မြင်ကြ ကာအံ့ဩ၍ မဆုံး ၊ မိန်းမောတွေဝေကြသည်။
နောက်ဆုံးဆာလံကျမ်းကိုရေးသောသူသည်ထာဝ ရဘုရ ားကိုချီးမွမ်းဘို့သက်ရှိသက်မဲ့အားလုံးတည်း ဟူသော ဖန်ဆင်းခံသတ္တဝါအပေါင်းတို့ကိုဖိတ်ခေါ်သည်။ ကြီးသေ ာသူ၊ ငယ်သောသူ၊ အသက်ကြီးသူ နှင့်ငယ်ရွယ် သောသူရှင်ဘုရင်များနှင့်မင်းသားများ၊ကောင်းက င်တမန်များအားလုံး၊ သားရဲ၊ ငှက်တိရစ္ဆာန် နှင့်တွားတတ်သောတိရစ္ဆာန်အားလုံးတို့ဖြင့် စင်္ကြာဝဠာတခုလုံးသံစုံတခုဖွဲ့စည်းသင့်သည်။ တူရိယာအမျိုးမျိုးတည်းဟူသေ ာစောင်း၊ တံပိုး၊ ပတ်နှဲ၊ လင်ကွင်း၊ အော်ဂင်စသည်တို့ကို လည်းထည့်သွင်းသည်။ သူသည် နေ၊လနှင့်ကြယ်တို့သည် ထိုသီချင်းကြီးကိုသီဆိုရာ၌ပါဝင်ကြဘို့ဆင့် ခေါ်သည်မှာလည်းအံ့ဩဘွယ်ရာဖြစ်သည်။ ကောင်း ကင်၊ မြေကြီး၊ သမုဒ္ဒရာ၊ တောင်ကုန်းတောင် တန်းများနှင့်ရေတို့သည်တိတ်ဆိတ်စွာမနေရ။ မီး၊ မိုးသီး၊ နှင်းနှင့်လေပြင်းမုန်တိုင်းတို့သည်လည်း သူတို့ကဏ္ဍနှင့်သူတို့ရှိကြသည်။ ထာဝရဘုရားသည်ဝတ်ပြုကိုးကွယ်ရန် လုံးလုံးထိုက်တန်ကြောင်းကို ပြောသည့်ထိုအကြောင်းအရာသည် အသက်ရှူမှားလောက်အောင်အံ့အားသင့်စရာဖြစ်ပါသည်။
သို့သော်၊ ဤဆာလံဆရာတို့၌ သမ္မာကျမ်းစာအုပ်မရှိကြပါ။ ဘုရားသခင်၏သားတော်သည်ကမ္ဘာဂြိုလ်သို့ မည်သို့ဆင်းသက်လာပြီးနွားစာခွက်ထဲ၌မွေးဖွားလာမည်ကိုသူတို့မသိကြပါ။ ပညာရှိတို့သည် သူတို့၏လူ့ဇာတိကိုခံယူသောဘုရားကိုဖူးတွေ့မည့်အကြောင်းကိုမသိကြပါ။ ကြယ်၊ လ၊ နက္ခတ်တာရာ နှင့်ပြည့်သည့်ကော င်းကင်ပြင်ကြီးကိုတည်ဆောက်သောအရှင်သည် ထိုနွားစာခွက်ထဲ၌လဲလျောင်းမည် ကိုလည်း သူတို့မသိကြပါ။ သူတို့မသိဘဲဝှက်ထားသောလအရာမှာ “ထိုနွားစားခွက်ထဲ၌ရှိသော ကလေးငယ်သည် လောကီသားတို့ကိုစကားပြောသည့်ထာဝရနှုတ်ကပတ်တော်ဖြစ်ကြော င်းပင်ဖြစ်သည်။ ဤသနားစဘွယ်ကလေးငယ်၏သေးငယ်လှသောလက်တို့သည်က်များဖြစ်သည်ကိုလည်း သူတို့မသိကြချေ။
စကြဝဠာကို အုတ်မြစ်ချသည့်ကိုသူတို့မသိကြပါ။ ကိုယ်တော်သည်လက်တော်နှင့်ပြုလုပ်သောကမ္ဘာကြီး၌
စကြဝဠာ၏ဗိသုကာအတတ်ပညာရှင်နှင့်ဖန်ဆင်းရှင်မှာ တနေ့သောအခါတွင်နာဇရက်ဟုခေါ်သောမြို့၌ လက်သမားတစ်ယောက်၏အဝတ်ဝတ်မည်လူစိမ်းဧည့်သည်တစ်ယောက်အနေနှင့်လှည့်လည်သွားလာမည်ကိုလည်းသူတို့မသိကြပါ။ ဘုရားသခင်သည်ခေါင်းချစရာနေရာမရှိ၊ တပည့်တော်များမိမိတို့အိမ်သို့ပြန်သွ ားကြသောအခါ ကြယ်များအောက်၌တခါတရံအိပ်ရသည်။ငြိမ်းစေမည်၊ မျက်စိကန်းသောသူတို့အား မျက်စိမြင်စေမည်၊ ခြေမသန်သောဘုရားသခင်သည် မြေကြီးပေါ်သို့ အမှန်တကယ်ကြွလာ၍ အနာရောဂါသူ တို့အားခြေပြန်ကောင်းစေမည်၊ နတ်ဆိုးများကိုနှင်ထုတ်မည်၊ သေသောသူတို့ကိုပြန်၍ ထမြော က်စေမည် စသည်တို့ကိုသူတို့သဘောပေါက်ကြပါသလား။ သူသည်မည်မျှပင် သနားကြင်နာလင့် က စား စော်ကားခြင်း၊ ပြောင် လှောင်ခြင်းနှင့်မြို့ပြင်သို့နှင်ထုတ် ခြင်းခံရမည်ကိုသူတို့သိကြပါသလား။ အရာခပ်သိမ်းတို့အပေါ်၌ တရားစီရင်မည့်သူသည် မိမိ၏လူတယောက်ကသစ္စာဖေါက်အ ပ်နှံ၍ဖမ်းဆီးခြင်းခံကာအမှုစစ်ဆေး ခံရမည်မှာ သူတို့အတွက်မယုံနိုင်ဘွယ်ရာဖြစ်မည်ဖြစ်သည်။ အာဏာပိုင်များက ကိုယ်တော်သည်အပြစ်ကင်း စင်ကြောင်း သိကြသော်လည်း ကိုယ်တော်၏ကျောပြင်ကိုထွန်ရေးထွန် ကြောင်းကဲ့သို့ဖြစ်လာသည်အထိ၊ သူ့အားလူတယော က်အနေနှင့်မမှတ်မိနိုင်ကြတော့သည့်အချိန်အထိရိုက်နှက်ခြင်းခံမည်ဖြစ်သည်။
ကရာနီဟုခေါ်သည့်နေရာတခု၌ လူတို့သည်သစ်သားလက်ဝါးကပ်တိုင်၌ သူတို့၏ဘုရားသခင်အားရိုက် ထားကြမည်ကို ယနေ့ကျွန်ုပ်တို့သိရသကဲ့သို့ ထိုဆာလံကျမ်းရေးသည့်သူများမသိကြပါ။
 ဤဓမ္မဟောင်းကဗျာလင်္ကာတို့မှာ သူတို့အတွက်စဉ်း စား၍မရနိုင်စရာဖြစ်သည်ဘုရား သခင်၏ထွန်း တောက်သောဘုန်းအသရေ၊ ကိုယ်တော်၏ပုံသဏ္ဍာန်တော်ကိုဖေါ်ပြသောသူ၊ စကြဝဠာကို ဖန်ဆင်း၍ထောက်မသောအရှင်သည် လူတို့၏ အပြစ်ကိုဆေးကြောရန်အတွက် လက်ဝါးကပ်တိုင်ပေါ်၌ တင်သတ်ခြင်းခံရမည်ကိုစဉ်းစ ား၍မရဘဲ ခေါင်းခါကြမည်ဖြစ်သည် (ဟေဗြဲ ၁း၁-၃)။ ချည့်နဲ့သောဖန်ဆင်းခြင်းခံလူတို့သည်မြင့်မြတ်၍ဘုန်းအသရေတော်နှင့်ပြည့်စုံသောသူအား ရှက်ကြောက်စရာတိုင်ပေါ်၌တင်ထားကြမည်ကိုလည်းစဉ်းစား၍မချုပ်ထားနိုင်ပါ။ သို့သော် လည်းကိုယ်တော် သည်သံမှိုများဖြင့်ချုပ်ထားခြင်းရကြမည်မဟုတ်ပါ။ ကောင်းကင်တို့၏အထွဋ် ကောင်းကင်သည် ကိုယ်တော်ကိုခံရ၏။
အောက်ဖေါ်ပြပါ Charles Wesley ၏သီချင်းစာသားအတိုင်းသီးဆိုနိုင်ကြမည်ဆိုပါက၊ ဆာလံဆရာ၏ကယ် တင်ခြင်းသို့ရောက်သောသူတို့၏ကောင်းကင်သံစုံသီ ချင်းသီဆိုသံသည်လည်း မည်မျှမြင့်တက်မည်ကိုစဉ်း စားကြည့်ပါ။
ကျွန်ုပ်ဘုရား၊ ကျွန်ုပ်အတွက်သေခံ
အံ့ဘွယ်မေတ္တာ၊ လွန်ထူးဆန်းလှ။
Isaac Watts ၏သီချင်းစာသားကိုစဉ်းစားကြည့်ပါ။
ခရစ်တော်ဘုရား အသေခံခြင်းကြောင့်ရရှိခဲ့သော ကယ်တင်ခြင်းမှအပအခြားအရာ၌ မဝါကြွားစေခြင်းငှါ ဆီးတားမူပါ။သူတို့သည်မပီပြင်သောမှန်နှင့်ကြည့်မြင်ကြသည်။ မည်သည့်အရာဖြစ်လာမည် ကိုမှုန်မှုန်ဝါးဝါး နှင့်အကြိမ်ကြိမ်မြင်ကြသော်လည်း အပြည့်အစုံဖွင့်ပြခြင်းမှာ သူတို့အတွက်မဟုတ်ပါ။ သူတို့သည် သူတို့၌ရှိ သောအသိညဏ်အကန့်အသတ်နှင့်ထိုသို့သောချီးမွမ်းခြင်း၊ ဝတ်ပြုခြင်း၊ ဂါရဝပြုခြင်းစသည်တို့ ကိုသွန်း လောင်းနိုင်ကြပါက၊ ကရာနီအကြောင်းနှင့် ကျွန်ုပ်တို့အတွက်အသေခံသောသူ၏ အကြောင်းကိုသိ သည့်ကျွန်ုပ် တို့သည် ကိုယ် တော်အားမည်မျှပို၍ ချီးကျူးသင့်ကြသင့်ကြသနည်း။
ကျွန်ုပ်တို့၏ဘု ရားသခင်သည် ကျွန်ုပ်တို့အတွက်ပြုခဲ့သည့်အရာကိုကျွန်ုပ်တို့ဆုပ်ကိုင်မိသည်နှင့်ကျွန်ုပ်တို့ သည်အလို အလျောက်ဝတ်ပြုကိုးကွယ်သောသူများဖြစ်ကြမည်ဖြစ်သည်။ ထာဝရဘုရားကိုချီးမွမ်းရန်အတွ က် ကွန်ပတို့အားတစုံတယောက်သောသူသည်ချော့ မော့မည်မဟုတ်ပါ။ ကျွန်ုပ်တို့၏လျှာသည် စာရေးဆရာ တယောက်၏အသင့်ပြင်ထားသောကလောင်သွားဖြစ်မည်ဖြစ်သည်။ ကျွန်ုပ်တို့၏အသက်တာမှာ အဆုံးမရှိ သောကိုယ်တော်အားမွမ်းသောသူဖြစ်ဘို့တည်း။ Charles Wesley ရေးသောစာသားထဲတွင်”.
ကျွန်ုပ်တို့ သည်နှလုံးသားများကိုကျေးဇူးတော်ချီးမွမ်းခြင်း၌ပျော်ဝင်စေ၍အံ့ဘွယ်သောအရာ၊ ချစ်ခြင်းမေ တ္တာနှင့်ချီးမွမ်းခြင်း၌နစ်မြုပ်ပါမည်။” “နက်နဲမျက်စိများကိုလည်းမျက်ရည်၌အရည်ပျော်စေရန်ဖြစ်သည်။ ကျွန်ုပ်တို့သည်သောချစ်ခြင်းမေတ္တာထဲ၌ လုံးဝနစ်မြုပ်ရန်ဖြစ်သည်” ဟု ဆို၏။ ဆာလံဆရာကဲ့သို့ကျွန်ုပ် တို့အားမှောင်မိုက်ထဲမှကိုယ်တော်၏ထူးဆန်းသောအလင်းထဲသို့ခေါ်တော်မူသောကိုယ်တော်၏ကြီးမြတ်ခြင်းကို သီဆိုချီးမွမ်းရာ၌ သတ္တဝါအားလုံးပါဝင္ၾကရန္ ကျွန်ုပ်တို့ဖိတ်ခေါ်ကြမည်ဖြစ်သည်။
ကျွန်ုပ်အတွက်မူ၊ကရာနီလက်ဝါးကပ်တိုင်ပေါ်၌အ သေခံသောသူသည်ကျွန်ုပ်ကိုဖန်ဆင်းသောအရှင်နှင့် စကြ ဝဠာကြီးကိုတည်စေသောသူဖြစ်သည်ဟူသောအချက်မှာ ဝတ်ပြုကိုးကွယ်သောသူဖြစ်စေသည့် အရာဖြ စ်သည်။တနင်္ဂနွေနေ့သခင်ဘုရားပွဲတော်အတွက်ပြင်ဆင်သည့်အနေနှင့် စနေညတွင်ကျမ်းစာနှင့် ဓမ္မသီချင်း စာအုပ်နှင့်အတူ တိတ်ဆိတ်ချိန်ယူခြင်းကိုကျွန်တော်
ကြိုက် နှစ်သက်ပါသည်။ ကျွန်တော်လုပ်နိုင်သမျှထက် ကရာနီ၏အံ့ဘွယ်ရာတို့ကိုဓမ္မသီချင်း ဟောင်းများစွာကပြောပြပြီး၊ ဆုတောင်းခြင်းအတွက်ခွန်အားများစွာပေးပါသည်။ ထို့အခါ ဧဝံဂေလိလုပ်ခြင်းနှင့်အစေခံခြင်းသည်လည်းဝတ်ပြုကိုးကွယ်ခြင်း၏အကျိုးဆက်တခုဖြစ်လာပါသည်။
သုံးဆယ့်တစ်
ခရစ်တော်၏အသင်းတော်ကိုချစ်ပါ
Love Christ’s Assembly
စစ်၍မကုန်နိုင်သော ခရစ်တော်၏ ကြွယ်ဝပြည့်စုံခြင်း၏ဧဝံဂေလိတရားကို တပါးအမျိုးသားတို့အားဟောပြောခြင်းငှါ၎င်း၊ အလုံးစုံတို့ကို ယေရှုခရစ်အားဖြင့် ဖန်ဆင်းတော်မူသောဘုရားသခင်၌ ရှေးကပ်ကာလပတ်လုံးငှက် ထားလျက်ရှိ သောထိုနက်နဲသောအရာနှင့်စပ်ဆိုင်သောသာသနာသည်အဘယ်သို့ဖြစ်သည်ကို လူအပေါင်းတို့အားထင် ရှားစေခြင်းငှါ၄င်း၊ သန့်ရှင်းသူအပေါင်းတို့တွင်အငယ်ဆုံးသောသူထက် သာ၍ငယ်သောငါအားထို ကျေးဇူးတော်ကိုပေးတော်မူပြီ။ အဘယ်ကြောင့်နည်းဟူမူကား၊ ငါတို့သခင်ယေရှုခရစ်ကို အကြောင်းပြု၍ ထာဝရအကြံတော်ရှိသည်နှင့်အညီ၊ကောင်းကင်အရပ်တို့၌အထွဋ်အမြတ်အာဏာ စက်တို့သည်၊ ဘုရားသခင်၏ထူးဆန်းသောပညာတော်ကို အသင်းတော်အားဖြင့် ယခုသိရကြမည်အကြောင်းတည်း (ဧဖက် ၃း၈-၁၁)။
အသင်းတော်သည်ဘုရားသခင်၏စိတ်ထဲ၌၄င်း၊ သူ၏ နှုတ်ကပတ်တော်၌၄င်း၊ အလွန်အမင်းအရေးကြီးပါ သည်။ ၄င်းနှင့်ပတ်သက်၍ အနည်းငယ်ကိုသာဖေါ်ပြပါရစေ။၄င်း၏အရေးကြီးရသည့် အကြောင်းမှာ၊ အမြဲထာဝရတည်မည်ဟုဘုရားကတိပြုခဲ့သည့်မြေကြီးပေါ်၌ရှိသော တခုတည်းသောအဖွဲ့အစည်းဖြစ်သည်။ ယေရှုက “ဤကျောက်ပေါ်၌ငါ့အသင်းတော်ငါတည်မည်၊ မရဏာနိုင်ငံတံခါးတို့သည်လည်း ၄င်းကိုမနိုင်နိုင် ရာ” ဟု  မိန့်တော်မူ၏။ ဤကျမ်းချက်သည်အခြားသောအဖွဲ့အ စည်းတစုံတခုနှင့်မဆိုင်ပါ။ အသင်းတော်၏အရေးကြီးပုံကို ဓမ္မသစ်ကျမ်း ၌အ ထင်ကရနေရာကိုပေးခြင်း၌တွေ့မြင်ရသည်။ ၄င်းနှင့်ပ တ်သက်၍ဓမ္မသစ်ကျမ်း၌ပါဝင်မှုအရေအတွက်အားဖြင့် ၎င်း၏အရေးကြီးပုံကိုတွေ့ရသည်။ များစွာသောကျမ်းပိုဒ်တို့သည်ဤဘာသာရပ်နှင့်ဆက်နွယ်သည်။ (ဧဖက် ၁း၁၉-၂၃) တွင် ပေါလုကဤသို့ရေးသည်။
ယုံကြည်သောငါတို့၌ပြတော်မူသော အလွန်ကြီးလှစွာသောတန်ခိုးတော်ကား အဘယ်မျှလောက်ကြီး သည်ကို၎င်း၊ သင်တို့သည်သိစေခြင်းငှါ၊ သင်တို့၏ဉာဏ်မျက်စိကိုလင်းစေပါမည် အကြောင်းဆုတောင်း ပဌနာပြု၏။ ထိုတန်ခိုးတော်ကားခရစ်တော်ကိုသေခြင်းမှထမြောက်စေတော်မူ၍ ခရစ်တော်၌ပြုပြင် သောမဟာတန်ခိုးအာနုဘော်အရှိန်ကဲ့သို့ဖြစ်၏။ ခပ်သိမ်းသော
အထွတ်အမြတ်၊ အာဏာစက်တန်ခိုးအစိုးရခြင်းမှစ၍ ယခုဘဝနောင်ဘဝ၌ခေါ်ဝေါ်သမုတ်သောဘွဲ့ နာမအလုံးစုံတို့အထက်ကောင်းကင်အရပ်၌မိမိလက်ျာတော်ဘက်မှာအလွန်မြင့်မြတ်သောနေရာကိုခရစ်တော်အား ပေးတော်မူ၍၊ ခြေဖဝါးတော်အောက်၌အလုံးစုံးတို့ကိုချထားသဖြင့် အသင်းတော်အဘို့အလို ငှါသူ့ကိုအစုံးတို့၏အချုပ်အခြာဦးခေါင်းဖြစ်စေတော်မူ၏။ထိုအ သင်းတော်ကား၊ အလုံးစုံးတို့ကို အလုံးစုံးတို့နှင့်ပြည့်စုံစေတော်မူသောသူ၏ပြည့်စုံခြင်းတည်းဟူသော ခရစ် တော်၏ကိုယ်ဖြစ်သတည်း။
ကိုယ်တော်၏ခန္ဓာကိုယ်သည် အလုံးစုံတို့ကိုအလုံးစုံတို့နှင့်မည်သို့ပြည့်စုံစေပါသနည်း။ ကျွန်တော်သည် လက်ထဲ၌ ၃”x ၅” ရှိသောကဒ်ပြားလေးတခုကိုကိုင်ထား၏။ ၄င်းကိုရှင်းပြရန် အတွက်ထိုကဒ်ကိုနှစ်ပိုင်းဖြဲလို က်မည်ဖြစ်သည်။တပိုင်းသည်သခင်ယေရှုခရစ်တော်ကိုကိုယ် စားပြုသည်။ အခြားတပိုင်းသည်ခရစ်တော် ၏ကိုယ်ဖြစ်သောအသင်းတော်ကိုကိုယ်စားပြုသည်။ ယခုတွင် ၄င်းနှစ်ခုကိုကျွန်တော်အတူတူကိုင်ထားသည်။ တနည်းအားဖြင့် အသင်းတော်သည်ခရစ်တော်ကိုပြည့်စုံအောင်ဖြည့်ဆည်းပေးသောအရာဖြစ်သည်။ ခရစ်တော်သည်ခန္ဓာကိုယ်ဖြစ်သောအသင်းတော်မပါဘဲပြည့်စုံသည်ဟု မိမိကိုယ်ကိုမစဉ်းစား သကဲ့သို့ဖြစ်သည်။ ကိုယ်တော် ၏ခန္ဓာကိုယ်သည် လောကီသားများရှေ့၌မိမိကိုယ်ကိုထုတ်ဖော်ရန် မြေကြီးပေါ်၌ရှိသော သူ၏ကိုယ်စားလှယ်ဖြစ်သည်။ ဤအရာကိုကျွန်တော်မြင်သောအခါ၌ သင်းတော်အရေးကြီးပုံကိုသဘောပေါက်သည်။အသင်းတော်အရေးကြီးပါသည်။ ၄င်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့၌ခိုင်မာသောယုံကြည်ခံယူချက်ရှိရပါမည်။ ထိုအရာနှင့်ပတ်သက်၍ ကျွန်ုပ်တို့သည်စိတ်အားထက် သန်ခြင်းရှိသင့်ကြသည်။ ဤဘာသာရပ်၏အကြောင်းဆွေးနွေးကြသောအခါ၌ အချို့တို့သည်ချီတုံချတုံဖြစ် ကြမည်ကိုကျွန်တော်စိုးရိမ်သည်။ ၄င်းနှင့်ပတ်သက်သောသမ္မာတရားဖွင့်ပြောရမှာကို ကျွန်ုပ်တို့စိုးရိ မ်ကြသည်။
အသင်းတော်ကိုကောင်းကင်တမန်များအတွက် သင်ခ န်းစာတစ်ရပ်အနေနှင့်ပြောသည်။ ထိုအရာကို ဧဖက် ၃း၁ဝ ၌ ဤသို့ဖတ်ရသည်။ကောင်းကင်အရပ်တို့၌အထွတ်အမြတ်အာဏာစက်တို့သည် ဘုရားသခင်၏ ထူးဆန်းသောပညာတော်ကို အသင်းတော်အားဖြင့် ယခုသိရကြမည်အကြောင်းတည်း။ ကောင်းကင် တမန်တို့သည်မြေကြီးပေါ်ကိုငုံကြည့်၍ အသင်းတော်အပေါ် ဘုရားသခင်၏လုပ်ဆောင်မှုတို့ ကိုမြင်ကြ သည်ဟုစဉ်းစားကြည့်ပါ။ကိုယ်တော်သည်ယုံကြည်သောဂျူးလူမျိုးများနှင့် ယုံကြည်သော တပါးအမျိုး သားတို့ကိုအတူတူခေါ်ဆောင်လာသည်။ ခြား နားသောပင်ကိုယ်စရိုက်အမျိုးမျိုး၊အား နည်းချက်အမျိုးမျိုး ရှိသောသူတို့ကိုအတူတူခေါ်ဆောင်လာကာ၊ သူတို့အထဲမှလူသစ်တစ်ယောက် ကိုဖန်ဆင်းခဲ့သည်။
Jonathan Lamb သည် အင်္ဂလန်နိုင်ငံတွင်ကျင်းပ သော Keswickညီလာခံ၌တရားဟောနေစဉ် အောက်ပါကိုးကားချက်ကိုဖတ်သည်။လူအမျိုးမျိုးတို့သည်ဘုရားသခင်နှင့်သော်၎င်း၊ အချင်းချင်းတို့နှင့်၎င်း၊ ရန်ငြိမ်းစေရန် ခရစ်တော်သည်အသေခံ၏။ ခရစ်ယာန်ဘာသာ၏ပါရမီမှာ အချင်းချင်းသည်းမခံနိုင်သောလူတို့၏အကြားတွင် ရှင်သန်နေသည့်မိတ်သဟာယ
ကိုဖြစ် စေအောင်ပြုသည်။ ခရစ်တော်သည်ခြံအလု ပ်သမားများ၊ သူပုန်များကြောင့်ငိုကြွေးသောသူများ၊ လူမဲများ၊ အင်ဒီးယန်းများ၊ ဂျူးများ၊ လူဖြူများနှင့်အသစ်သောလူ့အဖွဲ့အစည်းတခုကိုရရှိ၍ ထိုသူတို့သည်စိတ်အားထက်သန်စွာဖြင့် အတူတကွဆုတောင်းကြသည်။ အတူတကွစီမံကြသည်၊ ပြဿနာများကိုအတူတကွဝေငှပြောပြကြသည်။ လူ့ အဆင့်အတန်း၊ စီးပွါးရေး၊ လူမျိုးရေး၊ ပညာရေး၊ နိုင်ငံရေး၊ အသက်အရွယ်ကွာဟမှု၊ ဝါသနာမတူသောအရာများကခွဲခြားသည့် လောကကြီးတွင် ခရစ်တော်တပါးတည်းသာလျှင်ပြိုင်ဘက်ကင်း သောကွန်ယက်တခုကိုပြုလုပ်နိုင်သည်။
ကျွန်တော်ဟိုင်ဖါမြို့၌ရှိသည့်အချိန်၊ နှစ်အတော် အတ န်ကုန်လွန်ခဲ့သောအချိန်တွင် ဤအရာသည် အရှိန်အ ဟုန်ကြီးစွာဖြင့် ကျွန်တော့ထံသို့ရောက်ရှိလာသည်။ ဟိုင်ဖာ၌အသင်းတော်တပါးရှိရာ၊ ထိုအသင်းတော်၌ယုံ
ကြည်သူဂျူးများနှင့်ယုံကြည်သူအာရပ်တို့သည်အတူ တကွမုန့်ခဲ့ကြသည်။ ထိုအရာမှာဘုရားသ ခင်၏နှုတ် ကပတ်တော်၌ပါသည့်အလွန်လှပသောထုတ်ဖေါ်ပြသမှုတခုဖြစ်သည်။ ကောင်းကင်တမန်တို့သည်ငုံ့ကြ ည့်၍ ဘုရားသခင်၏ပညာတော်အပေါ်၌အံ့ဩကြသည်။
ပေါလုသည်အသင်းတော်၏သမ္မာတရားကို ကျမ်းစာဖွင့်ပြချက်မှတ်ကျောက်တခုဖြစ်သည်ဟုပြောသည်။ (ကောလောသဲ ၁း၂၆) တွင် “ဘုရားသခင် ၏နှုတ်ကပ တ်တော်ကိုအကုန်အစင်ဟောပြောစေခြင်းငှါ၊ သင်တို့အကျိုးကိုထောက်၍ငါ့အားအပ်ပေးတော်မူသော ဘု ရားသခင်၏သာသနာတော်နှင့် အညီငါသည်အသင်းတော် ၌ဓမ္မဆရာ၏အဖြစ်သို့ရောက်လေပြီ”ဟူ၍ရေး သားသည်။
ဘုရားသခင်၏နှုတ်ကပတ်တော်ပြည့်စုံဘို့ရန်ဆိုသည်မှာအဘယ်နည်း။အမှန်စင်စစ်တွင် ကောလောသဲဩဝါဒစာသည်ဓမ္မသစ်ကျမ်းကိုဖြည့်စွက်ရန်နောက်ဆုံးကျမ်းမဟုတ်ပါ။ သို့သော်လည်း အရေးကြီးသောဩဝ ါဒတို့တွင် ၄င်းသည်ကျမ်းစာဖွင့်ပြချက်၏မှ တ်ကျော က်ဖြစ်သည်။ အထူးသဖြင့်အသင်းတော်နှင့်ပတ်သက် ၍ဖွ င့်ပြ ရာ၌မှတ်ကျောက်ဖြစ်သည်။
၁တိ၃း၁၅ တွင် အသင်းတော်သည်ယုံကြည်ခြင်းကိုဖြန့်ချီရန်ဘုရားသခင်ကရွေးကောက်သည့်မြေကြီးပေါ်ရှိလူစုဖြစ်သည်ဟု ကျွန်ုပ်တို့ဖတ်ရှိရသည်။ “ငါသည်နောက်ကျလျှင်၊ သင်သည်ဘုရားသခင်၏အိမ်တေ ာ်၌အဘယ်သို့ကျင့်ကြံပြုမူရမည်ကိုသိစေခြင်းငှါ၊ ဤ သို့ငါရေး၍ပေးလိုက်၏။ ထိုအိမ်တော်ကား၊ အသက်ရှင်တော်မူသောဘုရားသခင်၏အသင်းတော်ဖြစ်၏။ ထိုအသင်းတော်ကား သမ္မာတရား၏အမှီတကဲဖြစ်၏။ သမ္မာတရား၏တည်ရာလည်း ဖစ်၏။ သမ္မာကျမ်းစာခေတ်၌ သတင်း သို့မဟုတ် ကျေညာချက်တို့ကိုကပ် ထားရန်အတွက် တိုင်တို့ကိုအသုံးပြုလေ့ရှိသည်။ဘုရားသခင်သည် အသင်းတော်ကိုချစ်သည်။ ဘုရား သခင်သည်ထာဝရကာလကတည်းက ဤနက်နဲသောအရာကိုစိတ်ထဲ၌ထား၍၊ အချိန်ကာလပြည့်စုံသောအ ခါအသစ်သောလူ့ ဘောင်ကြီးတခုကိုတည်ထောင်သွားရန်ဖြစ်သည်။ထို့ကြောင့်တန်ဖိုးဖြတ်၍မရသည့်အဖို းအခနှင့် သတိုးသမီးကိုရှာရန်ဤလောကသို့သားတော်ကိုစေလွှတ်ဘို့ဖြစ်သည်။
တခါက၊ ဤကောက်နှုတ်ချက်ကို ChoiceGleanings ပြက္ခဒိန်ပေါ်၌ကျွန်တော်တွေ့ရှိသည်။ ဤလောက ၌သခင်ယေရှုအချစ်ဆုံးသောအရာမှာ သူ ၏အသင်းတော်ဖြစ်သည်ကိုကျွန်ုပ်တို့ သဘောပေါ က်နိုင်ကြပါက၊ ကျွန်ုပ်တို့သည်အပေါ်ယံလုပ်ဆောင်မှုများနှင့် ကိုယ်ရေးကိုယ်တာကိစ္စများ၌သာ၍ နည်း သောအချိန် သုံးကြမည်ဖြစ်သည်။ ထိုအခါမှသာလျှင်ကျွန်ုပ်တို့မိတ်သဟာယဖွဲ့ သောဒေ သန္တရအ သင်းတော်တည် ဆောက်ခြင်း၌သာကြိုးစားအားထုတ်လိုကြမည်ဖြစ်ကာ၊ ကျွန်ုပ်တို့၏ ချစ်ခြင်းသည် လည်ကိုယ် တော်၏ အင်္ဂါတိုင်းသို့သက်ရောက်မည်ဖြစ်သည်။ ထိုကြောင့်ကျွန်ုပ် တို့သည်လောက၌ ကိုယ် တော်၏အချစ်ဆုံး သောအရာကိုဂရုစိုက်စောင့်ရှောက်ကြမည်ဖြစ်သည်။
ဘုရားသခင်သည် အသင်းတော်ကိုချစ်သည်။ခရစ် တေ ာ်သည် အသင်တော်ကိုချစ်သည်။ တမန်တော်ပေါလုသည် အသင်းတော်ကိုချစ်သည်။ ဧဖက်၃း၈၉ ၌ ဤသို့ပြောသည် -စစ်၍မကုန်နိုင်သောခရစ်တော်၏ကြွယ်ဝပြည့်စုံခြင် း၏ဧဝံဂေလိတရားကို တပါးအမျိုးသားတို့အားဟော ပြောခြင်းငှါ၄င်း၊ အလုံးစုံတို့ကိုယေရှုခရစ်အားဖြင့်ဖန်းဆင်တော် မူသောဘုရားသခင်၏ရှေးကပ်ကာပတ်လုံး ဝှက်ထားလျက်ရှိသော ထိုနက်နဲသောအရာနှင့်စပ်ဆိုင်သောသာသနာသည်အဘယ်သို့ဖြစ်သည်ကိုလူအပေါင်း တို့အားထင်ရှားစေခြင်းငှါ၊ သန့်ရှင်းသူအပေါင်းတို့တွင် အငယ်ဆုံးသောသူထက် သာ၍ငယ်သောငါအား ထိုကျေးဇူးတော်ကိုပေးတော်မူပြီ။
နုနယ်သောယုံကြည်သူအချို့ အတွက် ထိုအရာသည်ပလုံးပထွေးစကားတခုကဲ့သို့ဖြစ်ကောင်းဖြစ်နိုင်သေ ာ်လည်း ၄င်းကိုပို၍နားလည်လွယ်အောင်ရှင်းပြပါရစေ။ ဤနေရာ၌ ပေါလုသည်လုပ်ငန်းနှစ်ခုရှိသည်ဟု ပြောနေခြင်းဖြစ်၏။သင်မြင်နိုင်ပါသလား။ တမန်တော်ပေါလု၏လုပ်ငန်းသည်မည်သည့်အရာနည်း။ ပထမအနေနှင့် “စစ်၍မကုန်နိုင်သောခရစ်တော်၏ကြွယ်ဝပြည့်စုံခြင်း ကိုတပါးအမျိုးသားတို့အားဟော ပြောရန်” ဖြစ် သည်။ ၄င်းသည် ဧဝံဂေလိတရားမဟုတ်ပါသလော။ သို့သော် ထိုနေရာ၌သူရပ်မသွားပါ။ “မိတ်သဟာယနှင့်စပ်ဆိုင်သောနက်နဲသောအရာသည် မည်သည့်အရာဖြစ်သည်ကို လူအပေါင်းတို့အား သိစေခြင်းငှါ၊ ” ဟု ဆို ၏။ ထိုအရာမှာ အသင်းတော်ဖြစ်သည်။ ကိုယ်တော်သည် ထိုအရာနှစ်ခုအနက်တခုကိုပိုချစ်သည်ဟု ကျွန် တော်မပြောနိုင်ပါ။ ထိုအရာတို့ကိုညီတူညီမျှထားသည်။
ကျွန်တော်တို့သည် ဒေသန္တရအသင်းတော်နှင့်ပတ် သက် သောအရာထက်ဧဝံဂေလိလုပ်ငန်း၌ပို၍စိတ် အားထက်သန်ကြသည်ဟု တခါတရံကျွန်တော်စဉ်းစားမိ သည်။ ပေါလုသည်ထိုသို့မဟုတ်ပါ။ ဧဝံဂေလိတရားကိုဟောပြောရန်၊ လူများကယ်တင်ခြင်းရသည်ကိုမြင်ရန်၊ ပေါလု၏ကြီးမားသောဆန္ဒမှာ ဒေသန္တရအသင်းတော်၏ မိတ်သဟာယထဲသို့ခေါ်ဆောင်ရန်နှင့်ဆင့်ပွားခရစ်ယာန်များဖြစ်လာကြဘို့ ဝိညာဉ်ရေးရာ၌ကြီးထွားလာကြရန်ဖြစ်သည်။ ထိုအရာသည်ကြီးမားသောရူပါရုံမ ဟုတ်ပါလော။ သင့်ကိုကျွန်တော်စိမ်ခေါ်လိုပါ၏။ဤလုပ်ငန်းနှစ်ခုအနက် မည်သည့်နေရာ၌ သင်ရပ်နေပါသနည်း။ သင်သည်ဝိညာဉ်များကိုခရစ်တော်ထံသို့ပို့ဆောင်သောသူတယောက်ဖြစ်ကောင်းဖြစ်နိုင်ပ ါသည်။ ထိုအရာအတွက် ဘုရားသခင်ကိုကျွန်တော်ကျေ းဇူးတင်ပါ၏။ ၄င်းသည်အံ့ဩဘွယ်ဖြစ်သော် လည်း ထိုနေရာ၌ရပ်မသွားပါနှင့်။ တမန်တော်ကြီးပေါလု၌ရှိသေ ာလုပ်ငန်းနှစ်ခုကို သင်၌လည်းရှိစေပါ။
ဘုရားသခင်သည်အသင်းတော်ကိုချစ်သည်။ ခရစ်တေ ာ်သည်အသင်းတော်ကိုချစ်သည်။ ပေါလုသည်အသင်းတော်ကိုချစ်သည်။ “ကျွန်တော်လည်းအသင်းတော်ကိုချစ်သည်” ဟု ပြောဆိုနိုင်မည်လား။ ၄င်းသည်ကျွန်ုပ် ၏မိခင်ဖြစ်သည်။ တနည်းဆိုသော် ကျွန်တော်သည်ဒေသန္တရအသင်း တော်အပေါ်၌အရာရာ တို့ကိုအကြွေး တင်သည်။ ကျွန်တော်ဧဝံဂေလိတရားဟောသည်ကိုကြားရသည်မှာ ထိုအသင်းတော်မှဖြစ် သည်။ဘုရား၏ သန့်ရှင်းသောဝိညာဉ်တော်က ကျွန်တော်၏အပြစ်ဖေါ်ပြသည့်နေရာမှာ ထိုအသင်းတော်ဖြစ်သည်။ထိုအသင်းတော်၌ကျွန်တော့ကိုဘုရားသခင်၏နှုတ်ကပတ်တော်သင်ပေးသည်။၄င်းသည် အပြင်လူများအမြင်၌ခမ်းနားထယ်ဝါမှုမရှိပါ။ ၄င်းသည် ဝတ္ထုမဆန်ပါ။ယုံကြည်သူတို့ သည်ဝိုင်းထိုင်ကြကာ ကျမ်းစာကိုအပြန်အလှန်ဖတ်သည့်စာအုပ်များကိုကိုင်လျက် ကျမ်းစာကိုတ ကျမ်းပြီးတကျမ်းလေ့လာကြသည်။ ငယ်ရွယ်စဉ်ကကျွန်တော် မမေ့နိုင်သည့်ပထမဦးဆုံးအပြန်အလှန်ဖတ်ရသည့်ကျမ်းမှာဟေရှာယအနာဂတ္တိကျမ်းဖြစ်သည်။ စဉ်းစားကြည့်ပါ။ လေးနက်သည့်ကျမ်းဖြစ်ပါသည်။ ကျွန်တော် ၏နောက်ခံမှာထိုသို့ဖြစ်သည်။ ကျွန်တော်၏သင်တန်းမှာထိုနေရာဖြစ်သည်။ ထိုအရာအတွက်ဘုရားသခင်အပေါ်၌ ယနေ့ကျွန်တော်ကျေးဇူးတင်သည်။ ကျွန် တော်အသင်းတော်ကိုချစ်သည်။ အမှန်တကယ်ချစ်ပါသည်။ ထိုအရာ၌ကျွန်တော်စိတ်အားထက်သန်ပါ သည်။
နှုတ်ကပတ်တော်၌တွေ့ ရသည့်အသင်းတော်နှင့်ပတ် သက်သောသမ္မာတရားအချို့တို့ကို သင်သေချာစစ် ဆေးစေလိုပါသည်။ အသင်းတော်၏ထူးခြားချက်တစုံတရာမရှိသင့်ပါဟု ကျွန်တော်ပြောပါရစေ။ ဤသို့ပြော ဆိုခြင်းကသင့်ကိုတုန်လှုပ်စေပါသလား။ ကောင်းပြီ။ ထိုသို့တစုံတရာမရှိသင့်ပါ။ အမှန်မှာ၊ ၎င်းသည်ဘုရာ းသခင်၏လူအားလုံးအတွက်မဟုတ်ပါသလား။ သမ္မ ာကျမ်းစာထဲ၌ထိုသွန်သင်ချက်အားလုံးရှိသည်။ ထူးခြားချက်ရှိစေသည့်တခုတည်းသောအရာမှာ အချို့သောယုံကြည်သူတို့သည်ထိုကျမ်စာသွန်သင်ချက်များကို လက်တွေ့ကျင့်သုံးပြီး၊ အချို့ကမကျင့်သုံးကြခြင်းပင်ဖြစ်သည်။ သို့သော်လည်း ဘုရားသခင်၏လူအားလုံးတို့သည်ယုံကြည်၍လက်တွေ့ ကျင့် သုံးရန်အတွက်အခြေခံမူများမှာ သမ္မာကျမ်းစာထဲ၌ရှိသည်။
ခန္ဓာကိုယ်တကိုယ်
ကျွန်တော်ကြိုက်နှစ်သက်သည့်ပထမအခြေခံမူမှာ ခန္ဓာ ကိုယ်တကိုယ်တည်းဟူသောမူဖြစ်သည်။ (ဧဖက် ၄း၄၊ ၅) ၌ရှိသည့် “သင်တို့ကိုခေါ် တော်မူခြင်းနှင့်စပ်ဆိုင်သောမျှော်လင့်ခြင်းတပါးထဲသို့ ခေါ်သွင်းတော်မူသ ည်နှင့်အညီကိုယ်တကိုယ်၊ ဝိညာဉ်တဝိညာဉ်တည်းရှိ၏။ သခင်တပါး၊ ယုံကြည်ခြင်းတပါး၊ဗတ္တိဇံတပါး . . . ။”ဗတ္တိဇံတပါး . . . ။” ဤအရာသည်ဂိုဏ်းဂဏဝါဒ၏ အ သု ဘခေါင်းလောင်းထိုးသံဖြစ်သည်။ ကျွန်တော် သည်ဂိုဏ်းဂဏနှင့်ဆိုင်သောနာမည်များကိုမုန်းတီးသည်၊ စက်ဆုပ်ရွံရှာသည်၊ အထင်သေးသည်။ ၄င်းကိုကျွန် တေ ာ်မကြိုက်ပါဟုပြောသောစကားသည် ယဉ်ကျေးသိမ်မွေ့သောပြောဆိုနည်း တခုသာဖြစ် သည်။ပလီမစ် ညီအစ်ကိုများ (PlymouthBrethren) ဟူသောနာမည်ကိုကျွန်တော်မကြိုက်ပါ။ ညီအစ်ကိုမောင် နှမများ (Bret hren) သည် တကမ္ဘာလုံးနှင့်ဆိုင်ပြီးPlymouth မှာဒေသနှင့်ဆိုင်သည်။ ၄င်းက ရိုမင်ကာသိုလိပ် (Roman Catholic)ကို ကျွန်တော်စဉ်းစားရန်ဖြစ်စေသည်။ ကာသိုလိပ်သည်တ ကမ္ဘာလုံးကိုဆိုလိုပြီး၊ရိုမင် (Roman) မှာတကမ္ဘာလုံးနှင့်ဆိုင်သည်ဟု မဆိုလိုပါ။ ထိုနာမည်တို့ကိုကျွန်တော်မကြိုက်ပါ။ “Christia nBrethren” (ခရစ်ယာန်ညီအစ်ကိုမောင်နှမများ) ဟူသောနာမည်ကိုပင်ကျွန်တော် မကြိုက်ပါ။အကြောင်း မှာဘုရားသခင်၏လူအားလုံးတို့သည် ခရစ်ယာန်ညီအစ်ကိုမောင်နှမများဖြစ်၍၊ ကျွန်တော်အားကျွန်တေ ာ်မကြိုက်ပါ။အခြားသောခရစ်တော်ခန္ဓာကိုယ်၏ အင်္ဂါများနှင့်ခွဲခြားသည့် အရာတစုံတခုကို ကျနော်မ ကြိုက်ပါ။
  1. A. Ironside အားမည်သည့်ဂိုဏ်းဂဏနှင့် ဆိုင်သည်ကိုမေးကြေသာအခါ၊ သူသည် (ဆာလံ ၁၁၉း၆၃) ၌ရှိသည့် “ကိုယ်တော်ကိုကြောက်ရွံ သောသူ၊ ပေးတော်မူသောဩဝါဒကိုနားထောင် သောသူရှိသမျှတို့နှင့် အ ကျွန်ုပ်ချစ်စရာမကောင်းပေဘူးလား။ ၄င်းသည် သက် ဆိုင်ရမည့်ဂိုဏ်းအမှန် ဖြစ်သည်။ပေါင်းဘော်တတ်ပါ၏” ဟူသောစကားများနှင့်ပြန်ဖြေသည်။ သူ၏အဖြေသည်တစုံတံယောက် သောသူသည်သင့်ထံသို့လာ၍ “သင် မည်သည့်ဂိုဏ်းဂဏနှင့်သက်ဆိုင်ပါသနည်း” ဟု မေးပါက “ပေါလုနှင့်အတူတူပါ” ဟု ပြောပါ။ ပေါလုသည်မည်သည့်ဂိုဏ်းဂဏနှင့်သက်ဆိုင်သည်ကိုသိနိုင်ရန်အတွက် သူသည်ဘုရားသခင်၏နှုတ်ကပတ်တော်ကိုရှာတော့မည်ဖြစ်သည်။ ၄င်းသည်သူ၏မျက်စိတို့ကို ဖွင့်ပေးမည်ဖြစ်သည်။ ၄င်းသည် ကြီးကျယ်မြင့်မြတ်သောသမ္မာတရားတခုဖြစ်သည်။ ထိုသမ္မာတရားမှာ ယေရှုခရစ် တော်၌ရှိသောစစ်မှန်သောယုံကြည်သူများနှင့်ဖွဲ့စည်း သည့်ဤမြေကြီးပေါ်၌ရှိသော ခန္ဓာကိုယ် တကိုယ် ပင်ဖြစ်သည်။
သို့သော် လူတို့သည်သင်အား ငှက်လှောင်အိမ်ထဲသို့ထည့်လိုကြမည်ဖြစ်သည်။ သူတပါးအားစိတ်မသက်မသာဖြစ်စေလိုပါက”ခင်ဗျားဘယ်ဂိုဏ်းကလဲ” ဟု မေးသောအခါ ဤသို့သာဖြေလိုက်ပါ။
“ကျွန်တော် ခရစ်ယာန်တယောက်ပါ။””ဟုတ်ပါတယ်၊ ကျွန်တော်တို့အားလုံးခရစ် ယာန်ပါ။” ခင်ဗျားဘယ်ဂိုဏ်းကလဲ။””ကျွန်တော် သခင်ယေရှုရဲ့တပည့်တ ယောက်ပါ။ “”ခင်ဗျားသခင် ယေရှုရဲ့တပည့်တယောက်ဖြစ်မှန်း ငါသိပါတယ်။ ဒါပေမယ့် ဘယ်အသင်းတော်ကလဲ။”
တယ်။”
ကျွန်တော် ခရစ်တော်ရဲ့ ကိုယ်ဖြစ်သည့်အသင်းတော်နှင့်သက်ဆိုင်ပါတယ်သူတို့သည်ဂိုဏ်းဂဏနှင့်ဆိုင် သောအပေါက်ကျဉ်းတခုထဲ၌ သင်အားမထည့်မချင်းကျေနပ်ပျော်ရွှင်ကြမည်မဟုတ်ပါ။
ခရစ်တော်သည် ဦးခေါင်းနှင့် စုဝေးခြင်း၏အလယ်ဗဟို
ခရစ်တော်သည်အသင်းတော်၏ ဦးခေါင်းဖြစ်သည်။ “အကြောင်းမူက ခရစ်တော်သည်အသင်းတော်အပေါ်၌ ဦးခေါင်းဖြစ်သကဲ့သို့ ယောက်ျားသည်မိမိခင်ပွန် း၏ အပေါ်မှာဦးခေါင်းဖြစ်၏။ ခရစ်တော်သည် မိမိကိုယ်ကိုကယ်တင်သောသူဖြစ်တော်မူ၏” (ဧဖက် ၅း၂၃)။ အသင်းတော်၏ ဦးခေါင်းသည်ပုပ်ရဟန်းမင်း၊ သာ သနာဂိုဏ်းချုပ် (Bishop)၊ ဥက္ကဋ္ဌမှစ၍ မည်သည့်လူတ ယောက်မှမဟုတ်ပါ။ သင်းအုပ်ဆရာများသည်ပင် လျှင် အသင်းတော်၏ဦးခေါင်းမဟုတ်ပါ။ခရစ်တော် တစ်ပါးတည်းသာလျှင် ဦးခေါင်းဖြစ်သည်။
ခရစ်တော်သည်အသင်းတော်၏ဦးခေါင်းသာမဟုတ်ဘဲ သူ့လူတို့၏စည်းဝေးရာဗဟိုဖြစ်သည်။ ဤအရာသည်ထူးဆန်းသောသမ္မာတရားတခုဖြစ်သည်။ ၄င်းကို ယ နေ့ပို၍သင့်လျော်စေလိုသည်။ ကျွန်ုပ်တို့သည်စည်းဝေးကြသောအခါ လူတယောက်ထံ၌စည်းဝေးကြခြင်းမ ဟုတ်ပါ။ ကျွန်ုပ်တို့သည်ဂိုဏ်းဂဏသဘောအနေနှင့် အသင်းတော်တပါး၌မစည်းဝေးကြပါ။ ခရစ်တော်
ထံသို့ကျွန်ုပ်တို့စည်းဝေးကြသည်။ ခရစ်တော်သည်စည်းဝေးရခြင်း၏ဗဟိုဖြစ်၍ သခင်ယေရှုသည်ထိုနေရာ၌ရှိသည်ဟု ကျွန်တော်တို့ယုံကြည်သောကြောင့်
ထိုနေရာသို့ကျွန်ုပ်တို့သွားကြသည်။ ကျွန်ုပ်တို့သည်ယုံကြည်ခြင်းဖြင့်ခွဲခြားသတ်မှတ်ထားသည်။ အဘယ် ကြောင့်ဆိုသော် ကိုယ်တော်က “အကြင်အရပ်၌လူနှစ်ဦးသုံးဦးတို့သည်ငါ၏နာမကိုအမှီပြု၍စည်းဝေးကြသည်ရှိသော် ထိုအရပ်၌သူတို့အလယ်မှာငါရှိ၏” ဟု မိန့်တော်မူ၏။ ကျွန်တော်ကိုယ်တော်ကိုမမြင်ပါ၊ကိုယ် တော် ရှိသည်ကို မသိရှိ၊ မခံစားရပါ၊ ဟု သင်ဆို၏။ ကောင်းပြီ။ တခါတရံသင်သည်ဝတ်ပြုအစည်းအဝေးများသို့သွားသည်။ ကောင်းကင်သည်အလွန်နိမ့်စွာဆင် းလာကာ ဘုရားသခင်၏ဘုန်းတော်ကြောင့် ယဇ်ပရေ ာဟိတ်တို့သည်တရားမဟောနိုင်ကြချေ။ ထိုအချိန်များတွင် ကျွန်တော်သည်ထိုနေရာ၌နေလိုသည်။ သင်သည်လည်းနေလိုသည်မဟုတ်လော။ ခရစ်တော်သည်သူ၏လူများစုဝေးခြင်း၏အလယ်ဗဟိုဖြစ်သည်။
ယုံကြည်သူအားလုံးတို့သည် ခရစ်တော်၏ခန္ဓာကိုယ်အင်္ဂါဖြစ်ကြသည်(၁ကော ၁၂း၁၂-၁၃)။
ဥပမာကား၊ ကိုယ်တခုတည်း၌အင်္ဂါများရှိသည်ဖြတ်၍ ထိုတခုတည်းသောကိုယ်အင်္ဂါအပေါင်းတို့သည် များလျက်နှင့်ကိုယ်တခုတည်းဖြစ်သကဲ့သို့ထိုနည်းတူခရစ်တော်ဖြစ်၏။ အကြောင်းမူကား၊ ယုဒလူဖြစ်စေ၊ ဟေလသလူဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လူလွတ်ဖြစ်စေ၊ ငါတို့ရှိသမျှသည်ဝိညာဉ်တော်အားဖြင့်တကိုယ် တည်းထဲသို့ဗတ္တိဇံကိုခံကြ၏။ ငါတို့ရှိသမျှသည်တစိတ်တဝိညာဉ်တည်းထဲသို့လည်းသောက်ကြ၏။
အပိုဒ်ငယ်-၁၂ အဆုံး၌ရှိသောအရာတခုကိုသတိပြုစေလိုပါသည်။ကိုယ်အင်္ဂါအပေါင်းတို့သည်များလျက်နှင့်တစ်ခုတည်းဖြစ်သကဲ့သို့ခရစ်တော်ဖြစ်၏။ဤနေရာ၌ခရစ်တော်ဟူသောစကားလုံးကို သုံးနေကျ နေရာ၌ရှိခြင်းဖြစ်သည်။ ဦးခေါင်းဖြစ်သော ခရစ်တော်နှင့် ခန္ဓာကိုယ်နှစ်တောင်းတော်ကိုပေါင်း၍ရေးထားသည်။ အံ့ဩစရာမ ကောင်းဘူးလား။ဤကျမ်းပိုဒ်တို့သည်မည်မျှစိတ်လှုပ်ရှားစရာကောင်းသည်ကိုမသိတဲ့တခါတကျွန်တော်တို့အသုံးပြုတတ်ကြသည်။ဘုရားသခင်၏ဝိညာတော်သည်းခေါင်းဖြစ်သောခရစ်တော်နှင့် ခန္ဓာကိုယ်ဖြစ်သောအသင်းတော်ကိုရှင်းပြရန်အတွက် “ထိုခရစ်တော်” (the Chris t) ဟူသောစကားလုံးကို အသုံးပြုသည်မှာစဉ်းစား ၍ မရနိုင်ဖြစ် သည်။ ယုံကြည်သူအာ းလုံးတို့သည် အင်္ဂါများဖြစ်ကြသည်။
ယုံကြည်သူအားလုံးကို သခင်ယေရှ၌ ကျွန်တော်ချစ်ပါ၏။ မွန်မြတ်သောအသွေးတော်ကရွေးနှုတ်ကယ်တင်သောသူအားလုံးကို ကျွန်တော်ချစ်သည်။ခရစ်တေ ာ်၌ ခန္ဓာကိုယ်၏အင်္ဂါအချင်းချင်းဖြစ်သောညီအစ် ကိုမော င်နှမများစွာရှိသည်။ သူတို့တယောက်စီထံမှ တစုံတခုကိုကျွန်တော်သင်ယူရရှိနိုင်သည်။ကျွန်တော်သင်ယူ၍ မရသည့်ယုံကြည်သူဟူ၍ ခရစ်တော်၌မရှိပါ။ ထိုမျှသာမကကျွန်တော်၏ဒေသန္တရအသင်းတော်၌ရှိသောယုံ ကြည်သူများသာမက ယုံကြည်သူအားလုံးတို့အတွက်ကျွန်တော်ဆုတောင်းပေးသည်။ အဘယ်ကြောင့်ဆိုသော်ကျွန်ုပ်တို့သည်ထိုခန္ဓာကိုယ်၏ အင်္ဂါအချင်းချင်းဖြစ်ကြသောကြောင့်တည်း။ သူတို့သည်ခရစ်တော်၏ အကြောင်းကိုဟောပြောကြသောအခါ ကျွန်တော်ဝမ်းမြောက်ရမည်ဖြစ်သည်။ သူတို့၏နည်းစံနစ်တချို့တို့ကိုကျွန်တော်သဘောမတူသော်လည်း (ဖိလိပ္ပိ ၁း၁၈) ၌ ရှင်ပေါလုပြောသကဲ့သို့ ခရစ်တော်အကြော င်းကိုဟောပြောကြသဖြင့် ကျွန်တော်ဝမ်းမြောက်သည်။
သို့ရာတွင် သူတို့ပြုနိုင်သောအရာတိုင်းကိုကျွန်တော်ပြုနိုင်သည်ဟုမဆိုလိုပါ။ ဤအရာသည်ကျွန်ုပ်တို့သတိပြုရမည့်အရာဖြစ်သည်။ သူတို့ကိုကျွန်တော်ချစ်နိုင်သည်။ သူတို့ထံမှကျွန်တော်သင်ယူနိုင်သည်။ ကျွန်တော်သည်စိတ်အားကြီးမှု၊ ချစ်ခြင်းမေတ္တာနှင့် သခင်ယေရှု၌ဆ ည်းကပ်ခြင်းစသည်တို့ကိုလူသားနည်းတူ ကျွန်တော် ၏မိမိကိုယ်ကိုသိသောစိတ်သည် မာတင်လူသာကဲ့သို့သင်ယူနိုင်သော်လည်း သူတို့ပြုသည့်အရာများစွာတို့ကိုကျွန်တော်မပြုနိုင်ပါ။နှုတ်ကပတ်တော်၌ချုပ်ထားရမည်။ ကျွန်တော်သည်နှုတ်ကပတ်တော်သင်ပေးသည့် အတိုင်းအသက်ရှင်ရန်ဖြစ်သည်။ ဥပမာ-တရာ းဟောပွဲ၌ပြောင်းလဲခရစ်တော်ဖြစ်၏။သောလူတို့ကို သမ္မာတရားမှလမ်းလွဲသည့်အသင်းတော်တပါးသို့ပြန်ပို့သောအခြားယုံကြည်သူများနှင့် ကျွန်တော်ပူးပေါင်းပါဝင်သည်ဟု မဆိုလိုပါ။ ၄င်းက”အသက်ရှင်သောကြက်ကလေးတို့ကို သေနေသောကြက်မ၏အတောင်အောက်၌ကျွန်တော်မထားနိုင်ပါ” ဟူ၍ Moody ပြောသောစကားကိုကျွန်တော်အားသတိရစေပါသည်။ ထိုသို့ပြောရာ၌ သူမှန်ပါ၏။
ယုံကြည်သူတိုင်းယဇ်ပရောဟိတ်အမျိုး
ယုံကြည်သူအားလုံးတို့သည်ယဇ်ပရောဟိတ်များဖြစ်ကြသည်။ ကျွန်ုပ်တို့သည်သန့်ရှင်းသောယဇ်ပရေ ာဟိတ်များ၊ မင်းစည်းစိမ်ရှိသောယဇ်ပရောဟိတ်များဖြစ်ကြသည်။လူတို့ပယ်ထား၍ ဘုရားသခင်ရွေးချယ် တော်မူသောအသက်ကျောက်မြတ်တည်းဟူသော ထိုသခင်ထံသို့သင်တို့သ ည်ရောက်၍ အသက်ကျောက် များ ကဲ့သို့အဆင့်ဆင့်အထပ်ထပ်တည်ဆောက်လျက်ရှိသဖြင့် ဓမ္မတိုက်ဖြစ်ကြ၏။ ယေရှုခရစ်အားဖြင့် ဘုရားသခင်နှစ်သက်တော်မူရာ ဓမ္မယဇ်ကိုပူဇော်သောသန့်ရှင်း သောယဇ်ပရောဟိတ် မျိုးလည်းဖြစ်ကြ၏ (၁ပေ ၂း၄)။
သင်တို့မူကား မှောင်မိုက်မှအလင်းတော်သို့ခေါ်သွင်းတော်မူသောသူ၏ဂုဏ်ကျေးဇူးများကိုဘော်ပြစေခြင်းငှါ ရွေးချယ်တော်မူသောအမျိုးဖြစ်ကြ၏။ မင်းစည်းစိမ်ရှိသောယဇ်ပရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး၊ ပိုင်ထိုက်တော်မူသောအပေါင်းအသင်းလည်းဖြစ်ကြ၏ (၁ပေ ၂း၉)။
ယုံကြည်သူအမျိုးသားတို့သည် ယဇ်ပရောဟိတ်များဖြစ်ကြသည်။ ယုံကြည်သူအမျိုးသမီးတို့သည်ယဇ်ပရောဟိတ်များဖြစ်ကြ၏။ ယုံကြည်သူအားလုံးတို့ သည်ဖြစ်ကြ၏။ ယုံကြည်သူအားလုံးသည်မိမိကိုယ်ကို၎င်း၊ ပိုင်ဆိုင်သောအရာများကို၎င်း၊ သူတို့၏ချီးမွမ်းခြင်းကို၄င်း၊ သူတို့၏အမှုဆောင်ရွက်ခြင်းကို၄င်း၊ဘုရားသခင်ထံ၌ပူဇော်မည့်တာဝန်ရှိကြသည်။ သို့သော်  ယဇ်ပရောဟိတ်မျိုးတို့၏လူထုရှေ့၌လုပ်ဆေ ာင်ခြင်းကို ဘုရားသခင်၏ဝိညာဉ်တော်က ထိန်းချုပ်ထားသည်။ ထိုအရာအတွက်ကျွန်ုပ်တို့မအံ့ဩသင့်ကြပါ။ အသင်းတော်၌အခြားသော ဘာသာစကားပြောခြင်းအပေါ်၌ ဝိညာဉ်တော်၏ထိန်းချုပ်မှုကိုစဉ်းစားကြည့်ပါ (၁ကော ၁၄)။ တယာက်သောသူကအခြားသောဘာသာစကားနှင့်ပြောပါက၊ အနက်ပြန်သူရှိရပါမည်။ အစည်းအဝေးတခု၌အများဆုံး သုံးယောက်ကပြောနိုင်သည်။ တကြိမ်တွင်တယောက်ပြောရမည်။ သူတို့ပြောသောအရာသည်တည်ဆောက်စရာဖြစ်ရမည်။ အမျိုးသမီးတို့သည်တိတ်ဆိတ်စွာနေရမည်။ အရာခပ်သိမ်းတို့ကိုတင့်တယ်လျောက်ပတ်စွာအစဉ် အတိုင်းပြုလုပ်ရမည်။ ယုံကြည်သူ၏ ယဇ်ပရောဟိတ်အမျိုးဖြစ်ခြင်းနှင့်ဆိုင်၍ အသုံးပြုခြင်းသည်လည်း ထိုနည်းတူပင်ဖြစ်သည်။” “အရပ်ရပ်၌ယောက်ျားတို့သည်..ဆုတောင်းစေခြင်းငှါ ငါအလိုရှိ၏” (၁တိ ၂း၈)။ “မိန်းမသည်ဆုံးမဩဝါဒပေးခြင်း၊ ယောက်ျားကိုအစိုးတရပြုစေခြင်းအခွင့်ကိုငါမပေး၊ သူသည်တိတ် ဆိတ်စွာနေအပ်၏” (၁တိ ၂း၁၂)။ ဤထိန်းချုပ်မှုများအပေါ်၌ ကျွန်ုပ်တို့အံ့သြခြင်းမရှိသင့်ပါ။ ဘုရားသ ခင်၏ဝိညာဉ်တော်သည်အသင်းတော်၌ဆုကျေးဇူးများကိုအသုံးပြုခြင်းအပေါ်၌ချုပ်ကိုင်နိုင်ပါက၊ ယုံကြည်သူယဇ်ပရောဟိတ်များအပေါ်၌အဘယ်ကြောင့်မချုပ်ကိုင်နိုင်ဘဲနေမည်နည်း။အသင်းလူကြီးအများဖြစ်ခြင်းနှင့် သန့်ရှင်းသူများတာဝန်ထမ်းဆောင်ခြင်ဒေသန္တရအသင်းတော်တပါးကိုသန့်ရှင်းသူများ၊ အသင်းလူကြီးများ၊သင်းထောက်လူကြီးများနှင့်ဖွဲ့စည်းထားသည်။ (ဖိလိပ္ပိ ၁း၁) က ဤအရာကို ရှင်းလင်းစွာပြောပြသည်။ “ယေရှုခရစ်၏ကျွန်ဖြစ်သော ပေါလုနှင့်တိမော တေသည် ဖိလိပိုမြို့၌ရှိသော သန့်ရှင်းသူများ၊ အသင်းလူကြီးများ (elders) နှင့်သင်းထောက်လူကြီးများ (deacons) အပေါင်းတို့ကို ကြားလိုက်ပါ၏။”ဖိလိပ္ပိ၌ရှိသောအသင်းတော်ကိုဤသို့ဖွဲ့စည်းသည်။ သူတို့သည်တမန်တော်များ ၏ဆုံးမဩဝါဒကိုခံခြင်း၊ အပေါင်းအသင်းဖွဲ့ခြင်း၊ မုံ့ဖဲ့ခြင်းနှင့်ပဋ္ဌနာပြု ခြင်းအလိုငှါစည်းဝေးကြ၏ (တမန် ၂း၄၂)။ ဤကျမ်းပိုဒ်များကိုစုစည်း၍လေ့လာပါက၊ ဒေသန္တာရအသင်းတော်တပါးကိုဆိုလိုသည်။
အသင်းတော်၌ဘုန်းကြီးစနစ်စသောအရာမရှိပါ။ တယောက်တည်းတာဝန်ယူဆောင်ရွက်ခြင်းမဟုတ်ပါ။ ဤအရာသည် ဂုဏ်ကျက်သရေနှင့်ပြည့်စုံသောသမ္မာတရားတခုဖြစ်သည်။ အမှုတော်ဆောင်ရွက်ရသည့်အ လုပ်ကိုလုပ်မည့်သူမှာသန့်ရှင် းသူများဖြစ်သည်။ ဆုကျေးဇူးများကို “ခရစ်တော် ၏ကို ယ်ကိုတည်ဆေ ာက် ၍၊ သန့်ရှင်းသူတို့ကိုပြင်ဆင်  ြခင္းအလိုငွါ၊ (ဧဖက္ ၄း ၁၂) ေပးထားသည်။ ဤနှုတ်ကပတ်တော်တပိုဒ်ကြောင့်အသင်းတော်တပါး၌ ယနေ့ကျွန်တော်မိတ်သဟာယဖွဲ့ခြင်းဖြစ်သည်။ ကျွန်တော် Honolulu ကျွန်း၌ရောက်နေစဉ်ဘုရားသခင်၏ဝိညာဉ်တော်က ကျွန်ုပ်၏စိတ်နှလုံးထဲ၌ မေးပါသည်။ “အဘယ့်ကြောင့်အသင်းတော်တပါး၌ ပါဝင်ပါသနည်း။ ဂိုဏ်းဂဏတခု၌ပါဝင်ခြင်းကြောင့် ဝမ်းသာနေပါသလား။ သို့မဟုတ်သမ္မာကျမ်းစာယုံကိုကြည်သောအ သင်းတော်၌ပါဝင်ခြင်းကြောင့်ဝမ်းသာနေ ပါသလား။ သင်၏အဖေသည်အသင်းတော်၌ရှိ သောကြောင့် သင်လည်းပါဝင်နေပါသလား။
သင်းတော်
ဘုန်းကြီးစနစ်၌နှစ်ရာပေါင်းများစွာကျင်လည်နေရ သောကြောင့်အသင်းတော်၌လူတယောက်တည်းနှင့် တရားဟောခြင်း၌အများဆုံးလုပ်ဆောင်နေခြင်းမှာ ဓမ္မသစ်ပုံစံမဟုတ်ကြောင်းယုံကြည်ရန်ခက်ခဲဟန်ရှိသည်။ သို့ရာတွင် တန်းတူညီမျှသောညီအစ်ကိုများအထဲ၌ ဘုန်းကြီးနှင့်သာမန်လူအကြားကွဲပြားခြင်းရှိသည်ဟူ သောသဘောမှာ ကျမ်းစာ၏ထောက်ခံမှုလုံးဝမရှိပါ။
၄င်းသည်ဓမ္မသစ်ကျမ်းနှင့်အဆက်အစပ်မရှိပါ။ “ကျွန်ုပ်၏သင်းအုပ်ဆရာ” ဟု၍ တစုံတယောက်ကပြောရန် သို့မဟုတ် တရားဟောဆရာတပါးက “ငါ့အဟု ပြောဆိုနိုင်ရန်ကျမ်းစာ၏အာမခံချက်မရှိပါ။ ၄င်းကိုဘုရား သခင် ၏နှုတ်ကပတ်တော်၌မတွေ့ ရပါ။ အသင်းတော်တွင်တဦးတည်းသောအမှုတော် ဆောင်ဟူ သည့်ရည်ညွှန်း ကိုးကားချက်ကို ဓမ္မသစ်ကျမ်း၌မည်သ ည့်နေရာတွင်မှမတွေ့ရ ပါ။အသင်းတော် တစ်ပါဘုန်း ကြီးရာထူးကိုစွဲကိုင်နေသည့်သူများစွာတို့ထံမှကိုးကားချက်အချို့တို့ကို ကျွန်တော်ဖတ် ပြသွားမည်ဖြစ် သည်။သူတို့အားလုံးသည်တခုတည်းကိုသာပြောပြမည်ဖြစ်သည်။ ၄င်းသည်မမှန်ပါ။
နာမည်ထင်ရှားသည့်ကျမ်းစာအနက်ဖွင့်သူ Barnes က ဤသို့ရေးသည်။
အသင်းလူကြီးများနှင့်သင်းထောက်လူကြီးများထက် တစုံတယောက်ပို၍ကြီးမြတ်သည်ဟူသောဖေါ် ပြချက်မရှိပါ။ ရှင်ပေါလုသည်အသင်းတော်၌အဆင့် အတန်းမြင့် သည့်ဂိုဏ်းချုပ်ဘုန်းတော်ကြီး တပါးရှိသင့်သည်ဟုထင်မြင်ယူဆပါက သူတို့နှင့်ပတ်သက်၍ရည်ညွှန်းချက်ဖော်ပြမည်ဖြစ်သည်။ အဘယ်ကြောင့်သူတို့၏အရည် အချင်းနှင့်ပတ်သက်သောဖေါ်ပြချက်မရှိပါသနည်း။ အကယ်၍တိမောတေကိုယ်တိုင် သည်ဂိုဏ်းချုပ်ကြီးတပါးဖြစ်ပါက ထိုရာထူးကို အခြားသောသူများ ထံသို့လွှဲပေးရန်တာဝန်မရှိဘဲနေမည်လော။ ဘုန်းကြီးတပါးဖြစ်နိုင်ရန်အတွက်လို အပ်သောအရည် အချင်းများကို အဘယ့်ကြောင့်မဖော်ပြပါသနည်း။ တိမောတေသည်ဂိုဏ် းချုပ်ဘုန်းတော်ကြီး တပါးဖြစ်ခဲ့ပါက၊ ရှင်ပေါလုသည်ထိုဂိုဏ်းချုပ်အတွက်လိုအပ်သော အရည်အချင်းများ ကိုရေးသားပြု စုရန်သင့်လျော်သောသူဖြစ်သည်မဟုတ်လော။ ထိုသို့သောအရာများ ဘာတခုမှမရေးထားပါ။။
လူများက “ပေါလုကိုယ်တိုင်သည် အမှုတော်ဆောင်တပါး (ဘုန်းကြီးတပါး) ဖြစ်ပါသည်” ဟု ဆိုကြ၏။ နား ထောင်ပါ။ ရှင်ပေါလုအနေနှင့်တနေရာ၌အကြာဆုံးနေရသည့်နေရာမှာ ဧဖက်မြို့၌နှစ်နှစ်နေထိုင်ချိန်ဖြစ် ပါသည်။ သူ၏အမှုတော်ဆောင်ကာလတလျှောက်လုံး ထိုနေရာ၌နေရသည့်အချိန်စုစုပေါင်းမှာသုံးနှစ်ဖြစ်သ ည်။ သို့သော် လိုနေရာ၌ဆက်တိုက်နေခဲ့သောကာလမှာ နှစ်နှစ်ဖြစ်သည်။ သူ၏နည်းဗျူဟာမှာ လူများကယ် တင်ခြင်းရရှိကြရန်၊ ယုံကြည်ခြင်း၌တည်ဆောက်ခြင်းရှိကြရန်နှင့် ပြီးမှတခြားနေရာသို့ပြောင်းရွေ့ ရန်ဖြစ်သည်။အသင်း တော်၏ဆုကျေးးတခုအနေနှင့် မိမိကိုယ်ကိုစဉ်းစားသည်။
်မောတေနှင့်ပတ်သက်၍မည်သို့နည်း။ သူသည်ဘုန် းကြီးတပါးလော။ သူသည်ဧဖက်မြို့၌ရှိသော အသင်းတော်၌ပထမဦးဆုံး bishop ဖြစ်သည်ဟု ကျမ်းစာအုပ်အဟောင်းများ ၏ဖြည့်စွက်သောအပိုင်း ၌ပြောသည်။
ယခုတွင်လိုအရာကိုတိမောတေဩဝါဒစာမှပယ်ကြပြီဖြစ်၍ ဘုရားသခင်အားကျေးဇူးတင်ပါသည်။ တိမောတေသည်အသင်းတော်တပါး၌ဘုန်းကြီးမဟုတ်ပါ။ သူသည်တမန်တော်ပေါလုကိုယ်စား ပြဿနာဖြေရှင်း သည့်နယ်လှည့်ဆရာတယောက်ဖြစ်သည်။ အသင်းတော်တပါး၌အတည် တကျနေသော ဘုန်းကြီးတပါး မဟုတ်ပါ။ ဓမ္မသစ်ကျမ်းက အသင်းလူကြီးအများဖြစ်ကြောင်း သွန်သင်သော်လည်း ဘုန်းကြီးတပါးတည်းဖြစ်ကြောင်းမသွန်သင်ပါ။
Alexander Maclaren က ဤသို့ရေးသည်။
အသင်းတော်သည်ပရိသတ်သွန်သင်ဆုံးမဩဝါဒပေးခြင်း၌တာဝန်ရှိသောသူများအတွက်ကန့်သတ်သည့် ယနေ့ကျင့်သုံးသောအရာသည် ဒုက္ခပေးသည်ဟု ကျွန် တော်မယုံကြည်ဘဲမနေနိုင်ပါ။ လူတယောက်သည်အ စဉ်ဟောပြော၍၊သွန်သင်နိုင်သောလူရာပေါင်းများစွာတို့သည်တချိန်လုံးအဘယ့်ကြောင့်တိတ်ဆိတ်စွာနေကြပါသနည်း။ ကျွန်တော်သည်အတင်းအကြပ်လုပ်သောတော်လှန်ရေးကိုမုန်းသည်။ နိုင်ငံရေးဖြစ်စေ၊ အသင်းတော်ကျွန်တော်အယုံအကြည်မရှိပါ။ သို့သော်ဝိညာဉ်ရေးရာအသက်တာ၏ပိုင်ဆိုင်ရာ၌ဖြစ်စေ၊ သုတ်သင်ရှင်းလင်းရန်အတွက်အကြမ်းဖက်မှုကိုမျက်နှာပြင်သည်ကျွန်ုပ်တို့အထဲ၌တက်လာပါက “ငါ၏ ဝိညာဉ် တော်ကိုလူမျိုးတကာတို့အပေါ်သို့သွန်းလောင်းမည်။ ငါ၏အမှုကိုဆောင်ရွက်သောယောက်ျား မိန်းမတို့အပေါ်သို့ ငါ ၏ဝိညာဉ်တော်ကိုငါသွန်းလောင်း၍သူတို့ သည် ပရောဖက်ဉာဏ်နှင့် ဟောပြော ရကြလိမ့် မည်” ဟူသည့်ခရစ် ယာန်ဘာသာ၏ကြီးမားသောအခြေခံမူမှနေ၍ အသစ်သောပုံ စံများထွက်လာမည်ဟုကျွန်တော်ယုံ ကြည်သည်။
  1. I, Packer သည် သူ၏သက်သေခံချက်ကိုအောက်ပါအတိုင်း ထပ်မံဖြည့်စွက်ရာသည် -ဘုန်းကြီးဝါဒအားဖြင့် ဝိညာဉ်ရေးရာလုပ်ငန်းဟူသမျှသည် ပရိသတ်၏တာဝန်မဟုတ်ဘဲ သူ၏တာဝန်ဖြစ်သည်။ အခြေခံမူနှင့်ဝိညာဉ်အရှိန်ကိုငြိမ်းစေသောအရာတခုဟု မှတ်ယူရသည်။ John R.W. Stott ကသူ၏ “God’s New Society” ဟူသောစာအုပ်၌ ဤသို့ဆိုသည် –
ထိုသို့ဆိုသော် ကျွန်ုပ်တို့၏စိတ်ထဲ၌အသင်တော်၏မည်သည့်ပုံစံကိုထားရမည်နည်း။ အစဉ်အလာပုံစံမှာ၊ သင်း အုပ်ဆရာသည်မိမိ၏အသင်းတော်၌Pope အငယ်စားတယောက်အလားအထွတ်အထိပ်၌ရှိ၍ သူ၏အောက် ၌သာမန်အသင်းသားများစွာရှိသည်။ အဆင့် အနေနှင့်ပိရမစ်ပုံဖြစ်သည်။ ၄င်းသည် သမ္မာကျမ်းစာနှင့်လုံးဝမညီသောပုံစံတခုဖြစ်သည်။အကြောင်းမှာ၊ သမ္မာကျမ်းစာသည် ယဉ်ပါးသောသိုးစုတစုနှင့်သိုးထိန်းတပါးတည်းပုံကိုမမြင်ယောင်ဘဲ၊ ကြီးကြပ်သူအများနှင့်အ သင်းသားတိုင်း၌လုပ်ငန်းရှိသည့်ပုံစံကိုမြင်ယောင်သည်။*
ဤအရာကိုဘုန်းကြီးစနစ်ဆန့်ကျင်သည့်တစုံတယော က်ကရေးသားခြင်းမဟုတ်ပါ။ ထိုသူမှာအင်္ဂလီကန်အ သင်းတော်၏ဘုန်းကြီးတပါးကရေးသားခြင်းဖြစ် သ ည်။ဖိလဒဲလ်ဖီးယားမြို့၌ရှိသော Presbylerian အသင်းတော်၏ဒဿမမြောက်သင်းအုပ်ဆရာဖြစ်သည့် Domaid Gray Harhouse ွဤသို့ပြောပါသည်။
ပထမရာစုနှစ်ကုန်ပိုင်းတွင် ပေတရုကသတိပေးခဲ့သော် လည်း မိမိကိုယ်ကိုလွှမ်းမိုးချုပ်ကိုင်သည့်နေရာ၌ ချီးမြေ ာက်ခြင်းအားဖြင့် သာမန်အသင်းသားအပေါ်၌ အော င်မြင်မှုကို ရရှိသည့် အသင်းတော် အတွင်း၌ပါတီတခုရှိသည်။ ဗျာဒိတ်ကျမ်းအခန်းကြီး ၂ တွင်ဧဖက်မြို့၌ ရှိ သောအသင်းတော်သို့ ရေးသောစာ၌တွေ့မြင်ရသည့်အတိုင်း ပထမရာစုအချိန်၌နိကော လတပည့်များဟုခေါ်သော ပါတီတပါတီရှိသည်။ ဂရိဘာသာ၌သူတို့၏ နာမည်ကညွှန်ပြသည့်အတိုင်း အသင်းသားများအ ပေါ် ၌တန်ခိုးအာဏာကြီးစိုးမှုကိုရရှိခဲ့ကြသည်။ ခရစ် တော် ၏ခန္ဓာကိုယ်အတွင်း၌ အခြားသောသူများအပေါ်ရှေ့ နေလိုက်၍ အတင်းအကျပ်အုပ်ချုပ်သောသူတို့၏ လုပ် ဆောင်မှုကိုအနန္တတန်ခိုးရှင်ဘုရား သခင်ကမုန်း တီးကြောင်း ထိုနေရာ၌ဖေါ်ပြထားသည်။“ဧဝံဂေလိဆရာ Leighton Ford က “Christian Persuader”စာအုပ်၌ “ဓမ္မသစ်ပုံစံကိုစတင် ၍လေး နက်စွာဖြင့် အမှန်တကယ်ခံယူကြမည်ဆိုပါက၊ ကျွန်ုပ်တို့၏အသင်းတော်လုပ်ဆောင်မှုနှင့်ပတ်သက်၍ အသုံ းပြုသော ဝေါဟာရမှာပြောင်း လဲသွား မည်ဖြစ်သည်” ဟု ရေးသားသည်။ ထို့နောက်Richard Halverson ၏စကားကို သူကဤသို့ကိုးကားသည်။
“သင်၏အသင်းတော်၌အမှုတော်ဆောင်မည်မျှရှိသန ည်း” ဟု ကျွန်ုပ်တို့မေးသောအခါ အစဉ်အလာဖြေနေကြသောအရာမှာ လစာပေးသောဝန်ထမ်းအရေအတွ က်ပေါ် မူတည်၍ တယောက်၊ သို့မဟုတ် နှစ်ယောက်သို့မဟုတ် ငါးယောက်စသည်ဖြင့်ဖြေကြသည်။ အဖြေမှန်မှာ အသင်းသားများ အပေါ်၌မူတည်၍ နှစ်ရာ သို့မ ဟုတ် နှစ်ထောင်စသည်ဖြင့်ဖြစ်သည်။ ယုံကြည်သူတိုင်းသည်အမှုတော် ဆောင်ဖြစ်သည်။ အထူးကျွမ်းကျင်သောသူများ၊ သင်းအုပ်များနှင့်ဧဝံဂေလိဆရာများအ ပေါ်၌အမှီပြုရခြင်း အားဖြင့်၎င်း၏သာသနာလုပ်ငန်းကိုပိတ်ဆို့သည့် အသင်းတော်မှာ ဦးခေါင်း၏ရှည်ရွယ်ချက်နှင့်ကနဦး ခရစ်ယာန်တို့၏တည်ကြည်သောပုံစံနှစ်ခုစလုံးကိုချိုးဖောက်ခြင်းဖြစ်သည်။*
အိန္ဒိယ၌ မက်သဒစ်အမှုတော်ဆောင်တပါးဖြစ်သော E. StanleyJones ကဤသို့ဆို၏ အန္တိအုတ်မြို့၌ရှိသော အသင်းတော်သည် သာမန်အ သင်းသားများက စတင်တည်ထောင်ကာ သာမန်အ သင်းသားများကဆက် လက်ကြည့်ရ၍ ကမ္ဘာတဝှမ်း လုံး၌သာမန်အသင်းသားများဖြင့်ပြန့်နှံ့သည်။ ယနေ့အသင်းတော်ပြန် လည်တည်ဆောက်ခြင်း၌ဤအရာအရေးကြီးသည်။ ဝိညာဉ်ရေးရာနိုးထမှုကြီးတခုမှာလည်း သာမန်အသင်းသားများအားဖြင့်ရောက်ရှိလာမည်။ ယခုအချိန်အထိအမှုတော်ဆောင် (ဘုန်းကြီး) အပေါ်၌အရာရာတို့သည်ဗဟိုပြုနေသည်။ ယခုတွင် ဆွဲငင်အားဗဟိုသည် သာမန်အသင်းသားများသို့ပြေ ာင်းရွှေ့သွားသည်။ ဘုန်းကြီးများ၊ သာသနာပြုများနှင့်ဧဝံဂေလိဆရာများဖြစ်သောကျွန်ုပ်တို့သည် လောကကြီးကိုရရှိရန်တခါမှမသွားကြပါ။ ထိုအရာကိုပြုလုပ်ရန်ကျွန်ုပ်တို့အရေအတွက် နည်းလွန်းကြသည်။အကယ် ၍လုပ်နိုင်ပါကလည်း ကောင်းမည်မဟုတ်ပါ။ အကြေ ာင်းမှာ ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ဝေငှခြင်းအားဖြင့် ဖြစ်လာသည့် ဝိညာဉ်ရေးရာကြီးထွားမှုနှင့် တိုးတက်မှုကို သာမန်အသင်းသားများထံမှယူသွားမည်ဖြစ်သော ကြောင့်တည်း။ သို့သော်လည်း သာမန်အသင်းသားအား”လာပါ၊ သင်းအုပ်ဆရာကိုလာကူညီပါ” ဟု ပြောခြင်းဖြင့် ခရစ်ယာန်လှုပ်ရှားမှုနှင့် ၄င်း၏ပြန့်နှံ့မှုတာဝန်ကိုယူဘို့ သာမန်အသင်းသားတို့အားရရှိမည်မဟုတ်ပါ။ သူတို့၏စိတ်ပိုင်းဆိုင်ရာနှင့် တခါတရံအပြင်ဘက်ပိုင်းဆိုင်ရာတုန့်ပြန်မှုမှာ “အဘယ့်ကြောင့် ငါတို့လုပ်ရမည်နည်း၊ သူ၏အလုပ်ပဲ။ ထိုအရာအတွက်ငါတို့လ ခ ပေးတာပဲ” ဟူ၍ဖြစ်သည်။
သာမန်အသင်းတော်ဖွဲ့စည်းပုံသည် အမည်မဖော်ပြဘဲ အမှုတော်၌ပါဝင်မည့်သူများမွေးထုတ်ရ န်ရည်ရွယ်သည်။ လူထုသည်တိတ်ဆိတ်စွာနေ၍နားထောင်ကာ၊ သင်းအုပ်ဆရာသည်အပြင်ထွက်၍ ကြိုးစားလုပ်ကိုင်ရမည်ဟု ယူဆသည်။ ထိုအရာက ပွဲကြည့်သူနှင့် ပါဝင်ကပြသူကိုပေါ်ပေါက်စေသည်။ ထိုသို့ဖွဲ့စည်းပုံအားဖြင့်နောက်ဆုတ်သောသူ၊ မကြီးထွားသောသူ၊အကျိုးမပေးသော သူနှင့်လူကပ်ပါးတို့ကိုမွေးထုတ်ပေးသည်။ သီတ င်းပတ်အတွင်းတွင်အယူအဆပုံသွင်းသူများ၊ စိုးရိမ်ပူပန်မှုကြီးများ၏ညွှန်ကြားရေးမှူးများ၊ ကံကြမ္မာညွှန်ကြားရေးမှူးများဖြစ်ကြသည်။ သူတို့သည်၃ဝဝတ န င်္ဂနွေနေ့တွင်လုံးဖြူသုတ်ထားသောသူများဖြစ်ကြသည်။ သူတို့၌အနည်းငယ်သာတု န့်ပြန်စရာရှိသည်။”တာဝန်မရှိ၊ ထို့ကြောင့် “တရားဟောချက်ခွန်အားရတယ်” ဟု ပြောရသည်မှအပတုန့်ပြန်မှုမရှိပါ။ သူတို့သည် အနည် းငယ်သာလုပ်ကြသောကြောင့် အနည်းငယ်သာတုန့်ပြန်စရာရှိသည်။
အသင်းသားအားလုံးတို့သည် ပွဲကြည့်ပရိသတ်အဖြစ်သာနေကြ၍ ဘုန်းကြီးသည်ကွင်းထဲ၌ကစားနေသည်။ ဘုန်းကြီးသည်ဂိုးကိုကန်သွင်းပါက”ကောင်းတဲ့သင်း အုပ်၊ ကြာရှည်ခံမယ်လို့မျှော်လင့်တယ်” ဟုဩဘာ ပေးခံရသည်။ ထိုပုံစံကိုပြောင်းပေးရမည်။ အသင်းသားသည်ပွဲကြည့်ပရိသတ်အဖြစ် မှထွက်လာကာ ကစာ းသမားများအဖြစ်ကွင်းထဲသို့ဆင်းရမည်။ဘုန်းကြီးသည် ကွင်းထဲကစား သမားဘဝမှထွက် လာကာအသင်း ၏ နည်းပြအနေနှင့်ကွင်းဘေး၌နေရာယူရမည်။ ထိုဘုန် းကြီးတို့သည်လမ်းညွှန်သောသူများ၊ နိုးကြားအောင် လှုံ့ဆော်သောသူများ၊ အသင်းသားများ၏လှုပ်ရှားမှုကို
ဝိညာဉ်သဘောဖြစ်ရန်လုပ်ပေးသောသူများဖြစ်ရမည်။ ၄င်းတို့ကို အထင်သေးခြင်းလား။ မဟုတ်ပါ၊ မြှင့်တင်ပေးခြင်းဖြစ်ပါသည်။ အကြောင်းမှာ၊ကစားသမားတယောက်ဖြစ်ခြင်း ထက်နည်းပြဆရာတယောက် ဖြစ်ခြင်းကပိုကောင်းသောကြောင့်ဖြစ်သည်။ လူဆယ်ယောက်၏အလုပ်ကိုလုပ်သည်ထက် အလုပ်လုပ် မည့်လူဆယ်ယောက်ရခြင်းသည်ပိုကောင်း၏။
ဤလူများစွာတို့သည်ဘုန်းကြီး၊ အသင်းသားနှင့်အမှုတော်ဆောင်များ၏အကြောင်းကို သီးသန့်ဖြစ်သော သဘောနှင့်ပြောနေကြသေးသည်ကို သင်သတိထားမိမည်ဖြစ်သည်။ ဤအရာတို့သည်ကျမ်းစာနှင့်မညီသော အသုံးအနှုန်းများဖြစ်သည်ကိုသဘောမပေါက်ကြပါ။ သို့သော်လည်း ဘုန်းကြီးစနစ်၏အားနည်းချက်ကို ခံစာ းသိရှိကြသည့် အတွက် သူတို့အားအမှတ်ပေးပါ။Bryan Green က “ခရစ်ယာန်ဘာသာ၏အနာဂတ်နှင့်ကမ္ဘာ့ ဧဝံဂေလိလုပ်ငန်းမှာ သာမညလူတို့၏လက်ထဲ၌ရှိသည်။ ထိုလခစားအမှုတော်ဆောင်များအပေါ်၌မတည်ပါ” ဟု ဆို၏။
“အသင်းတော်သည် ရောမအင်ပါယာအစောပိုင်းအချိ န်၌ကြီးမားသောအောင်မြင်မှုရရှိသော အခါတရား ဟောဆရာများ သို့မဟုတ် ဓမ္မဆရာများ သို့မဟုတ် တမန်တော်များအားဖြင့်ရရှိသည်မဟုတ်ဘဲ ထုံးတမ်းမကျ သောသာသနာပြုများအားဖြင့်၄င်း၊ နေရာတကာသို့သွား၍ဧဝံဂေလိကိုဟောပြော သည့်လူများအားဖြင့်၄င်း၊ ရရှိခြင်းဖြစ်သည်” ဟု Harnack က ပြောပါသည်။
 Phil Parshallက”New Paths in Muslim Evangelism”စာအုပ်ထဲ၌ ဤသို့နှိုးဆော်သည်။ခရစ်ယာန်အသိုင်း အဝိုင်း၌ “အမှုတော်လုပ် ငန်း ”  (ministry) ဟူသောစကားလုံးသည် လခစားအမှုတော်ဆောင်ကို ရည်ညွှန်းသော်လည်းဓမ္မသစ်ကျမ်း၌မူ အမှုတော်လုပ်ငန်းမှာ လူ အတန်းအစားတခု၏တာဝန်မဟုတ်ပါ။ ၄င်းမှာ ယုံကြည်သူအားလုံးလုပ်ရမည့်အလုပ်ဖြစ်သည်။ (၁ကော၁၂:၄-၃ဝ) တွင် ရှင်ပေါလုက သန့်ရှင်းသောဝိညာဉ်က ဆုကျေးဇူးအထူးထူး အထွေထွေ (ငယ် ၅) ကိုအမျိုးမျိုးသောအစေခံခြင်း အနေနှင့်ပြောကာယုံကြည်သူအားလုံး ကိုကိုယ်ခန္ဓာထဲ၌ပါဝင်သည်၏ဆို၏။ ဓမ္မသစ်ကျမ်းသည် ဒေသန္တရအသင်းတော် ၌ရှိသောခေါင်းဆောင်တဦးအပေါ်၌အာရုံမစိုက်ပါ။ အသင်းတော်တို့သည်အိမ်များ၌စည်းဝေးကြကာ အသင်းလူကြီးများကလမ်းပြကြသည်။ (တမန် ၂၀း၁၇-၃၈) က ဧဖက်မြို့မှအသင်းလူကြီးများနှင့် ပေါလု၏အပြန်အလှန်လုပ်ဆောင်ချက်အကြောင်းကိုပြောပြသည်။ ဤအပိုဒ်တွင်ခေါင်းဆောင်တဦးအပေါ်၌ အာ ရုံစူးစိုက်ခြင်းမပါဝင်ပါ။
David Gooding  သဘောတူ၍ဤသို့ရေးသည် –
အသင်းတော်တပါးသည်၄င်း၏စုဝေးခြင်းကို မည်သည့်ပုံစံနှင့်လုပ်သည်ဖြစ်စေ၊ မပြုရမည့်အရာတခုရှိရာ၊ ထိုအရာမှာ အသင်းသားတဦးသာလျှင်တရားဟောခြင်း၊ သင်ကြားခြင်း၊ ဧဝံဂေလိဟောပြောသက်သေခံခြင်း၊
ဝိညာဉ်ရေးရာလုပ်ငန်းစသည်တို့ကိုအဆက်မပြတ်လုပ်ခြင်းပင်ဖြစ်သည်။၄င်းသည် ခရစ်တော်ကိုယ်ခန္ဓာ ၏ ကြီးထွားမှုကိုဆိုးရွားစွာနစ်နာစေသည်။ဤနေရာ ၌ကျွ န်ုပ်တို့သည် ဓမ္မသစ်ပုံစံမှထွက်ခွာသွားနေကြသည်။ နောက်ဆုံးတွင် J. A. Stewart ပြောသည့်အရာကိုဖတ်စေချင်သည်။”ဒေသန္တရအသင်းသားတယောက်စီသည် တဦးချင်းအနေနှင့်ခရစ်တော်အတွက်လူများကိုရရှိရန်ထွက်သွား၍ အသစ်မွေးဖွားသောဝိညာဉ်ကလေးသစ် များကိုဤဒေသန္တရအသင်းတော်များသို့ခေါ်ဆောင်လာကာ ထိုနေရာ၌ထိုသူတို့အားကယ်တင်ရှင်ကိုယုံ ကြည်ခြင်း၌ ဝါးထွန်သင်၍ မိုင်ခန့်ဝင်ကြသည်။သူတို့လည်းဆန်ထိုကဲ့သို့ပြုရန်ထွက်သွားကြသည်” ဟု ဆို၏။ sewartသည် အခြားတနေရာ၌ ကျွန်ုပ်တို့၌ ဘုန်းကြီးဝါဒရှိနေသရွေ့ ဘုရားသခင်ရှယ်ထားသည့်ပုံစံအတိုင်း လောကကြီးအား လိုဟောပြောသက်သေခံမဟုတ်ပါဟု ဆို၏။** အလွန်မှန်ပေသည်။
ဧဝံဂေလိဦးစားပေးသည့် ခရစ်ယာန်များစွာတို့သည် ဘုန်းကြီးစနစ်မှထွက်သွားသောအချိန်၌မဆင်းတော် များ၌ရှိသောလူများစွာတို့မှာတုန်းကြီးဖြစ်သို့ရှေ့သွားနေကြသည်။သူတို့အတွက်ဘာသာရေးလုပ်ငန်းများကိုလုပ်ဆောင်မည့် လူတယောက်ကိုအခနှင့်ငှါးလိုကြသည်။ သူတို့သည်အဖိုးကြီးစွာဝယ်ပြီးဈေးနည်းနည်းနှင့်ရောင်း ကြသည်။ သူတို့၏ဟစ်အော်သောအသံမှာ အခြားသောအသင်းတော်များနည်းတူ အမှုတော်ဆောင်တပါးကိုပေးပါ” ဟူ၍ဖြစ်သည်။ “သူတို့သည် လောကီအသက်မွေးဝမ်းကျောင်းအလုပ်လုပ်သောသူတို့သည်ပြင်းထန်သောဝေဖန်ရေးဝါဒလမ်းကြောင်းအောက်၌  ရှိနေသည်ဟူ၍စဉ်းစားသည့်လူမှုရေးသိပ္ပံသမားများနှင့်တူကြသည်။ ၄င်းသည်ဖြည်းညှင်းစွာမောင်းနှင်သောတီးဝိုင်းယာဉ်ပေါ်သို့တက်ထိုင်နေခြင်းသာဖြစ်သည်။”“ထိုအရာသည် ယနေ့ဖြစ်ပျက်နေသောအရာဖြစ်သည်။
ဘုန်းကြီးစံနစ်၏ အကျိုးယုတ်ခြင်းသည်မည်သည့်အ ရာနည်း။ ၄င်း သည် မင်္ဂလာရှိသောသခင်ယေရှုခရစ် တော်ထံသို့လူများကိုစုဝေးစေမည့်အစားလူတယောက်ထံ၌စုဝေးစေခြင်း၏အန္တရာယ်အစဉ်ရှိ၏။ ၄င်းသည်အသင်းသားတို့ ၏ဆုကျေးဇူးတို့ကိုပိတ်ဆို့သည်။ ဆုံးမဩဝါဒပေးခြင်းတခုလုံးကို လူတယောက်ကပြုသော အခါ၌လည်း အန္တ ရာယ်တခုအစဉ်ရှိသည်။ သမ္မာ တ ရားအပေါ်၌တဦးတည်းလက်ဝါးကြီးအုပ်၍မရပါ။ ဘုရားသခင်၏ဝိညာဉ်တော်သည်လူအမျိုးမျိုးတို့ကိုခေါ် ပြီး သူတို့အားဖြင့်စကားပြောခြင်းကိုကြိုက် နှစ် သက်သည်။ လူတို့သည် လူတယောက်အားသူတို့၏ ဆရာအဖြစ်ကြည့်သော အ ခါ၌အမှားကိုမိတ်ဆက်ပေးရန်ပို၍ လွယ်ကူသည်။
ဘုန်းကြီးစနစ်သည် ဆုကျေးဇူးများကိုပေးရသည့်ရည်ရွယ်ချက်ကိုဥပက္ခာပြုသည်။ သူတို့အားဓမ္မဆရာအမှုကိုပြုတတ်ခြင်းအလိုငှါ၊ သန့်ရှင်းသူတို့ကိုပြင်ဆင်ခြင်းအလိုငှါ ထိုအရာတို့ကိုပေးသည်။ သန့်ရှင်းသူတို့မှာအမှုတော်လုပ်ငန်းကိုလုပ်မည့်သူများဖြစ်ကြသည်။
ဘုန်းကြီးစနစ်၌လခစားစနစ်တခုအစဉ်ရှိသည်။ ဤအရာသည်ဘုရားသခင်၏လုပ်ငန်းတော်၌ ကျိန်ခြင်းအမင်္ဂလာတခုဖြစ်သည်။ လူတယောက်အားအသင်းတော်တပါး၏ အရွယ်အစားနှင့်ကြီးထွားမှုအားဖြင့် စီရ င်ဆုံးဖြတ်သည့်အခါ အဆင့်ကိုပို၍နိမ့်သည်ဟူသောစုံစမ်းခြင်းမှာ ကြီးမားသောအန္တရာယ်ဖြစ်သည်။ ပလွေမှုတ်သူကို အခပေးသောသူတို့သည်အသံကိုဖိတ်ခေါ်သည်။
ဝတ်ပြုကိုးကွယ်ခြင်း၏အလယ်ဗဟို
ဓမ္မသစ်အသင်းတော်နှင့်ပတ်သက်၍ အခြားအရေးကြီးသောသမ္မာတရားတခုမှာ “ဝတ်ပြုကိုးကွယ်ခြင်း၏ အ လယ်ဗဟို” ဖြစ်သည်။ အသင်းတော်တပါး၌နှစ်ပေါင်းများစွာမိတ်သဟာယဖွဲ့ပြီးနောက်ထွက်သွား၍ နေ ရာတကာသို့သွားသောလူများစွာတို့သည် “မုံ့ဖဲ့ခြင်းကိုအ လွန်သတိရသည်” ဟု ပြောကြသည်။ “အဘယ့်ကြောင့်ထွက်သွားပါသနည်း” ဟု ကျွန်တော်မေးလိုသည်။ဝတ်ပြုခြင်းသည်ဗဟိုချက်မဖြစ်သည်။ သင်သည်ဝတ် ပြုကိုးကွယ်ခြင်းကိုမကြိုက်နှစ်သက်ပါက၊ ကောင်းက င်ဘုံကိုကြိုက်နှစ်သက်မည်မဟုတ်ပါ အဘယ့်ကြောင့်ဆိုသော်၊ ဝတ်ပြုကိုးကွယ်ခြင်းသည်ကောင်း ကင်ဘုံ ၏ အ ဓိကလုပ်ငန်းဖြစ် သောကြောင့် ဖြစ်သည်။
ယုံကြည်သူတို့သည်ဆုကျေးဇူးတခုသို့မဟုတ် ဆုကျေး ဇူးတချို့ရှိကြသည်။ ဤအရာကိုကျွန်ုပ်တို့ယုံကြည် ကြရာဆုကျေးဇူးများကိုအသင်းတော်၌အသုံးပြုရန်အ တွက်လွတ်လပ်ခွင့်ရှိသင့်သည်။ ဤဆုကျေးဇူးတို့မှာ ခရစ်တော်၏ခန္ဓာကိုယ်အကျိုးအတွက်ပေးသည်။ ကိုယ်ကျိုးအတွက်ပြသခြင်းမဟုတ်ဘဲခန္ဓာကိုယ် ၏အ ကျိုးအတွက်ဖြစ်သည်။ ဧဝံဂေလိလုပ်ငန်းနှင့်ဧည့်ဝတ်ပြုခြင်းကဲ့သို့သောဆုကျေးဇူးအချို့တို့သည် ယုံကြည်သူများ၏ အကျိုးကိုပြုစုရာ၌အကန့်အသတ်မရှိပါ။
အခြေခံမူများနှင့် တန်ခိုးတော်
ဤအရာကို ကျွန်တော်အလေးပေးပြောလိုပါသည်။ ဓမ္မသစ်အခြေခံမူသည်ဓမ္မသစ်တန်ခိုးကိုလိုအပ်သည်။ ဝိညာဉ်သဘောရှိခြင်းကိုအစားထိုးရန်မရှိပါ။ လူများကိုဝိညာဉ်သဘောမရှိဟုမြင်သည်ထက် ပို၍ဆိုးဝါးသော အရာမရှိပါ။ ဘုရားသခင်သည်သူနှင့် နီးကပ်စွာအဆ က်အသွယ်ရှိသော၊ တနေ့ပြီးတနေ့ ဝိညာဉ် တော်၌ အ သက်ရှင်လျှောက်လှမ်းသော၊ သခင်ယေရှုခရစ်တော်နှင့်မိတ်သဟာယ ဖွဲ့သောသူများကို အလိုရှိသည်။ မှန်ကန်သောဩဝါဒရှိရုံဖြင့်မလုံလောက်ပါ။ ကျွန်ုပ်တို့သည် မှန်ကန်သောဝိညာဉ်သဘောလည်း ရှိရမည်။ယနေ့ဓမ္မသစ်အသင်းတော်နှင့်ပတ်သက်သောသမ္မာတရား၌ရပ်တည်ခြင်းနှင့်ပတ်သက်၍ အပြစ်တင်ခြင်းတခုရှိသည်။ ထိုအပြစ်တင်ခြင်းကိုသင်မခံလိုပါက သင်သည်အမှန်တကယ်ရေစုံမျှော ပါသွားမည်ဖြစ်သည်။ သင်သည်အသိုင်းအဝိုင်း၌အစက် အပြောက်များပါ သေ ာငှက်တကောင်ကဲ့သို့ အစဉ်ဖြစ်ဓမ္မသစ်နှင့်ပတ် သက်သောသမ္မာတရား၌စွဲမြဲနေပါက၊ ဧဝံဂေလိဦးစားပေးသောနေမည်ဖြစ်သည်။ ထိုအရာနှင့်ပတ်သက်၍ ဥပမာတခုပြီးတခုပေးနိုင်သည်။သို့သော် ဤအရာကိုကျွ န်တော်စဉ်းစားမိသည်။ Anaken Janz သည် အသတ်ခံ ရသည့်နေ့မတိုင်မှီတရက်တွင် သူမ၏အရွယ်မရောက် သေးသောသားငယ် ထံသို့ဤစာကိုရေးသည် –
လောကီလူသားတို့ကအထင်သေး၍အပယ်ခံရသည့်ဆင်းရဲသားရှိသည်ဟုသင်ကြားသောနေရာသို့သွား၍ သူတို့နှင့်ပေါင်းပါ။ အကြောင်းမှာ လက်ဝါးကပ်တိုင်ရှိသောနေရာ၌ခရစ်တော်ရှိသည်။ကုန်လွန်ခဲ့သောအချိန်၌ Alfred Mace သည်ကျွန် တော်အား “Bill,သင်သည် ဘုရားသခင်၏မူများကိုရရှိသောအခါ စွဲကိုင်ထားပါ” ဟု ပြောသည်။ထိုအဆိုသည် ကျွန်တော့စိတ်ထဲ၌စွဲမြဲနေသည်။ ထိုအတိုင်းလိုက်နာရန်ကျွန်တော်ရှာကြံခဲ့သည်။ သင်သည် ဘုရားသခင်၏မူများကိုရရှိသောအခါ စွဲကိုင်ထားပါ။၄င်းတို့ကိုအပေးအယူမလုပ်ပါနှင့်။ ၄င်းတို့ထံမှထွက်မသွားပါနှင့်” ဟု ဆို၏။သူသည် အရာတခုကိုကျွန်တော်အားပြောသေးသည်။ ဘုရားသခင်၏မူများအတွက် မည်သူတစုံတယောက်၏ဆုကျေးဇူးသည်မကြီးလွန်းပါ။ ကျွန်ုပ်ဆုကျေးဇူးသည် သေးငယ်သောအမှုများအတွက်ကြီးလွန်းသည်ဟု စဉ်းစား၍အသင်းတော်ကိုအထင်သေးကောင်း သေးမိနိုင်သည်။ ထိုသို့မဟုတ်ပါ။ ဘုရားသခင်၏မူများအတွက် မည်သူတစုံတယောက် ၏ဆုကျေးဇူးသည်မကြီးလွန်းပါ။နိဂုံးအနေနှင့် အသင်းတော်၌ဆက်ကပ်အပ်နှံပါ။ ထိုအရာကိုစွဲလမ်းပါ။အသင်းတော်ခုန်ကျော်သူမဖြစ်ပါနှင့်။ ဘာသာရေးလိပ်ပြာမဖြစ်ပါနှင့်။ “သင်သည်ငါစုံစမ်းနှောင့်ယှက်ခြင်းခံရသောအချိန်၌ငါနှင့်အတူနေသည်။ သင့်အား နိုင်ငံတနိုင်ငံပေးမည်” ဟု ခရ စ်တော်ပြောနိုင်ရမည့်သူဖြစ်ပါ။
ဘုရားသခင်လူတို့၌အငယ်ဆုံးနှင့်အားအနည်းဆုံးသော အသင်းတော်သည် ကမ္ဘာပေါ်၌ရှိသောအကြီးဆုံး အင်ပါယာထက် ဘုရားသခင်အတွက်ပို၍အဓိပ္ပါ ယ်ရှိပါသည်။ ဘုရားသခင်သည်အင်ပါယာအကြောင်း ပြောသောအခါရေပုံးတပုံး၌ရှိသောရေစက်တစက်နှင့်နှိုင် းယှဉ်သည်။ အသင်းတော်နှင့်ပတ်သက်၍ ထိုသို့တခါမှမပြောပါ။ အသင်းတော်သည် ခရစ်တော်၏ခန္ဓာကိုယ်နှင့်သတိုးသမီးဖြစ်သည်။ စဉ်းစားကြည့်ပါ။ အသင်းတော်တပါး၌ ဘုရားဝတ်၌မွေ့လျော်သောအ သင်းလူ ကြီးတပါးသည် နိုင်ငံတခု၏ ရှင်ဘုရ င်ထက်ဘုရားသခင်အတွက်ပို၍အဓိပ္ပါယ်ရှိသည်ကိုသတိရပါ။ ဓမ္မသစ်ကျ မ်း၌ သမ္မတတဦး သို့မဟုတ်  ရှင်ဘုရင်တပါး၏အလုပ်ထက် အသင်းလူကြီးတပါး၏ အလုပ်နှင့်ပတ်သက် ၍ နေရာပို၍ပေးသည်။ ဤခိုင်မာသောယုံ ကြည်ခြင်းကိုယူပါ။ ၄င်းတို့သည် သင်၏အသက်တာကို ပုံသွင်းစေ၍၄င်းတို့၏အလင်းထဲ၌ အသက်ရှင်ပါ။
သုံးဆယ့်နှစ်
ယဉ်ကျေးသောကျင့်ထုံးကိုနာခံပါ
Obey The Cour tesy Code
အထွေထွေအကြံပေးချက်အချို့ သန့်ရှင်းသပ်ရပ် သောအဝတ်များကိုဝတ်ပါ။ အခြားသောသူများအတွက်ပုံသက်သေဖြစ်ပါ။ “မသပ်မရပ်အဝတ် ဝတ်ခြင်းမှာ သန့်ရှင်းသောဝိညာဉ်တော်ကိုစော် ကားခြင်းတခုဖြစ်သည်” ဟူသော Oswald Cham bers ပြောစကားများကိုသတိရပါ။ ချိန်းချက်သောအချိန်များ၌နောက်မကျပါနှင့်။ နော က်ကျခြင်းသည် မကောင်းပါ။ သင်၏အချိန်သည်အရေ းကြီးပြီး အခြားသောသူ၏အချိန်သည်အရေး မကြီးပါဟူသောအဆိုရှိသည်။ သင်နောက်ကျမည်ကိုသိလျှင် ဖုန်းဆက်၍ရှင်းပြပါ။ လူတချို့သည်ဆုတောင်း စည်းညဝေးသို့နောက်ကျပြီးရောက်လာသောအခါ Mrs, Wetherell Johnson က ထိုသို့နောက်တဖန်မဖြစ် စေရန်သတိပေးသည်။ “သန့်ရှင်းသောဝိညာဉ်တော်၏ကြီးမြတ်ခြင်းကိုမစော်ကားပါနှင့်” ဟုသူမက ပြောသည်။ခန္ဓာကိုယ်၌အနံ့ထွက်ခြင်းနှင့်ဆိုးဝါးသောအသက်ရှူခြင်းကိုရှောင်ပါ။အပုပ်နံ့ပြယ်သောဆေးကိုအသုံးပြု၍ သင်၏သွားကိုပုံမှန်တိုက်ပါ။ ပင်စိမ်းမျိုးသည်အသုံးဝင်သည်။ အတင်းအကြပ်ပြောသောသူမ ဖြစ်ပါနှင့်။ စကာ းနည်းသောသူအတွက်ပျင်းစရာဖြစ်သည်။ကောင် းကောင်းနားထောင်သောသူတ ယောက်ဖြစ်ပါ။ သင်မည်မျှသင်ယူနိုင်သည်ကိုသင်အံ့ဩလိမ့်မည်။ သူတပါး၏စိတ်ခံစားချက်ကိုသိ တတ်သောသူဖြစ်ပါ။ သူတို့၏အဝတ်အစား၊ ဆံပင်ညှပ်ပုံ၊ ရုပ်ဆင်းသဏ္ဍာန်နှင့်အစွမ်းသတ္တိစ သည်တို့နှင့်ပတ်သက်၍ရယ်စရာမပြုနှင့်၊ မကောင်းသည့်မှတ်ချက်လည်းမပြုပါနှင့်။ ဒေသ၏ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံကိုနားလည်ပိုင်းခြားပါ။ အတတ်နိုင်ဆုံး၄င်းနှင့်အံကိုက်ဖြစ်အောင်ပြုပါ။ ဤအရာကို အထူးသဖြင့် အဝတ်ဝတ်ရာ၌အသုံးပြုပါ။ အစည်းအဝေးတခု၌တရားဟောရန်သင့်အား ဖိတ်ခေါ်သောအခါ ခေါင်းဆော င်များဝတ်ပုံဆင်ပုံကိုကြည့်၍ သူတို့၏နမူနာအတိုင်းလိုက်ပါ။
မိတ်ဆက်သောအခါ၌ ယောက်ျားသည် ယောက်ျားနှင့်နှုတ်ဆက်ရသည်။ယောက်ျားတယောက်ကိုမိန်းမတ ယောက်နှင့်မိတ်ဆက်ပေးသောအခါ၌ သူမလက်မဆန့်မှီစောင့်သင့်သည်။ အဖွဲ့ထဲ၌ရှိသော လူစိမ်းများကို မိတ်ဆက်ပေးရန်မမေ့ပါနှင့်။ မတ်တတ်ရုပ်သည့် အမျိုးသမီးအားစကားပြောရန်အတွက် အမျိုးသားသည် အစဉ်မတ်တတ်ရပ်ရသည်။ ပို၍အသက်ကြီးသောသူရှေ့၌ရပ်ခြင်းသည်လည်း ကောင်းသည့်သ ဘောတခုဖြစ်သည်။အခြားသူများစကားပြောနေကြစဉ် ဝင်မနှောင့်ယှက်ပါနှင့် ။လူတယောက် စာဖတ်နေသော အချိန် သို့မဟုတ် အလုပ်များသောအချိန်၌ မနှောင့်ယှက်ပါနှင့်။ဆုတောင်းနေကြစဉ် သို့မဟုတ် ကျမ်းစာဖတ်နေကြစဉ် အခန်းထဲသို့မဝင်ပါနှင့်။ စောင့်ပါ။လူတယောက်၏ကားကိုအသုံးပြုသော အခါ၌ သင်သုံးသည့်ဓါတ်ဆီကိုအစားထိုးထည့်ပေးပါ။အအေးမိသောအခါ၌တစ်သျှူးမပါဘဲ နပ်မညှစ်ပါနှင့်။အစေခံကျွန်စိတ်ရှိပါ။ အခြားသောသူတို့အားအစေခံရမည့် နည်းများကိုတွေ့အောင်ရှာပါ။ တံပိုးခရာမှု တ်၍မ ကြော်ငြာဘဲလုပ်ပါ။ လုပ်ရမည့်အရာများကိုသိမြင်တတ်၍ ပြီးစီးအောင်လုပ်ပါ။ သင်သည်တစုံတယောက်သောသူကို စားသောက်ဆိုင်သို့ခေါ်ပါကကုန်ကျစရိတ်ကိုရှင်းရန် သင်၏တာ ဝန်ဖြစ်သည်။ သို့သော် သင်ခေါ်သည်ဖြစ်စေ၊မခေါ်သည်ဖြစ်စေ၊ ရယူသည့်ဘက်၌အမြဲမနေပါနှင့်။ ကုန်ကျငွေပေးရမည့်တာဝန်ကို မျှယူပါ။သင်သည်အဖွဲ့နှင့်စကားပြောသောအခါ စာဖတ်ပြီးသီးသန့် မနေပါနှင့်။ သူတို့ပြောသည့်စကားနားထောင်လောက်အောင်တန်ဘိုးရှိသည်ဟုမယူဆပါ၊ ဟု သင်အား ထင်မြင်စရာဖြစ်နိုင်သည်။ ထို့အပြင်၊ ထိုသို့ပြုမူခြင်းသည်ရိုင်းပျမှုတခုဖြစ်သည်။
သင်သင်သည်အခြားလူတို့နှင့်အခန်းတခန်း၌ရှိနေကြစဉ်၊ အရင်ထွက်သွားရမည့်အကြောင်းရှိပါက၊ အခွင့်တောင်း၍နှုတ်ဆက်စကားပြောပါ။ မည်သည့်အရာမှမပြောဘဲတိတ်တဆိတ်မသွားပါနှင့်။ လက်ဆောင်များ၊ အလှူငွေများရရှိသည့်အခါ၊ ရရှိ ကြော င်းကိုအလျင်အမြန်အသိပေးပါ။ သင်ရေးသောစာသည် အခြားသောသူတို့အားဝိညာဉ်ရေးရာ၌အကျိုး ပေးသည့်အခွင့်အရေးတခု အနေဖြင့်အသုံးပြုပါ။ ရှင်ပေါလုသည်ဖိလိပ္ပိလူတို့ထံစာရေးသောအခါ ထိုနည်းကိုအသုံးပြုသည်။
မေးခွန်းတခုကိုဖြေဆိုရာ၌ “ဟုတ်တာပေါ့” ဟု မပြောပါနှင့်။ ၄င်းမှာနှိမ်သည့်စကားဖြစ်သည်။ “ဟုတ်တာပေါ့ အစုတ်ပလုတ်ရေ” ဟု ပြောသကဲ့သို့ဖြစ်သည်။သင်၏လက်ကိုင်ဖုန်းကိုအသုံးပြုရာ၌စည်းကမ်းရှိပါ။ စားပွဲဝိုင်း၌၄င်း၊ ကုမ္ပဏီထဲ၌၄င်း၊ လူအများကြား၌၎င်း မပြောပါနှင့်။ အစည်းအဝေးတက်သော အချိန်၌ပိတ်ထားပါ။ သင်သည် နောက်မှခေါ်သောသူနှင့်စကာ းပြောနိုင်ရန်အတွက် အရင်ပြောသောသူအား ခဏကိုင်ထားပါဟု မပြောပါနှင့်။ ထိုသို့ပြုခြင်းသည် မယဉ်ကျေးရာကျပါသည်။
အိမ်တအိမ်၌ဧည့်သည်အဖြစ်နေသောအခါသင်သည် သခင်ဘုရား၏လုပ်ငန်းတော်၌ အချိန်ပြည့်အမှုတော် ဆောင်ဖြစ်မည်ဆိုပါက သင်သည် ဘုရား သခင်သားသမီးများ၏အိမ်၌ဧည့် သည်တယောက်ဖြစ် လာမည်ဖြစ်သည်။ ဧည့်သည်အနေဖြင့်မည်သို့ပြုမူရမည်ကိုသင်သိဘို့အရေးကြီးပါသည်။ သင်သည် ရိုင်းပျသောလူတယောက်ဖြစ်လိုမည်မဟုတ်ပါ။ သင်ပြန်ရောက်မည့်အချိန်နှင့်ခရီးစဉ်ကို အိမ်ရှင်နှင့်အိမ်ရှ င်မကိုယအသိပေးပါ။ လေကြောင်းနှင့်သွားမည်ဆိုပါက လေဆိပ်နာမည်၊ လေကြောင်းနာမည်၊ ပျံသန်းမည့်လေယာဉ်နံပါတ်နှင့်အချိန်ကိုပြောပြပါ။ တခါတရံတွင် ဒေသတခု၌လေဆိပ်နှစ်ခုရှိတတ်ရာ မည်သည့်လေဆိပ်ဖြစ်သည်ကိုသေချာပြောပါ။ကြိုတင်စီစဉ်မှုမရှိဘဲအခြားသောသူများကိုခေါ်မလာပါနှင့်။ သင်၏ဇနီးနှင့်အတူလာမည်မှာ အများအားဖြင့်လက်ခံနိုင်စရာဖြစ်သော်လည်း ကြိုတင်အသိပေးရန်လိုသည်။ စည်းစနစ်မရှိသော Mr. Buchman က Mrs. Hibbenကိုနှုတ်ဆက်ရင်း -ဤလူသုံးယောက်ကိုလည်း ညစာစားပွဲသို့ခေါ်သွားဘို့ ဘုရားသခင်ကကျွန်တော့ကိုပြောတယ်” ဟုဆို၏။ငွေ”အိုး .. ကျွန်မ မထင်ပါဘူး”
ထုထ;”ဘာဖြစ်လို့လဲ””ဘုရားသခင်က လူကြီးလူကောင်းပါ” Mrs.Hibbenဟုပြောပါသည်။  အိမ်တအိမ်၌ဧည့်သည်အဖြစ်နေသောအခါ၊ မိသားစု ၏အချိန်ဇယားနှင့်တတ်နိုင် သလောက်ကိုက် ညီအောင်လုပ်ပါ။ ကိုယ့်ကြောင့်အိမ်သုံးပစ္စည်းများအပျက်အစီးမရှိအောင်သတိထားပါ။ သန့်စင်ခန်းကို အရမ်းကာရောမလုပ်ပါနှင့်။ အစာစားသောအချိန်၌နောက်မကျပါနှင့်။ အတော်အသင့်လောက် သာအနားယူပါ။ ရေချိုးကန်နှင့်လက်ဆေးဇလုံတို့ကိုအသုံးပြုပြီးသောအခါတိုင်း၌ဆေးကြောပါ။ တယောက်ယောက်ကဆက်၍ အသုံးပြုမည်ဖြစ်သည်။ သူတပါး၏ သွားတိုက်ဆေး၊ အနံ့ဆိုးပျောက်ဆေး . . . စသည့်အရာတို့ကို မိမိအလိုအလျောက်မသုံးပါနှင့်။ ခွင့်ပြုချက်မရဘဲတယ်လီဖုန်းကိုမသုံးပါနှင့်။ ခွင့်ပြုချက်ရပါက၊ ထွက်မသွားမှီဖုန်းဆက်ခကိုထားခဲ့ပါ။သင်၏အိပ်ယာကိုနံနက်၌သေချာခင်းထားပြီး သင်၏ အခန်းကိုသန့်ရှင်းစွာထားခဲ့ပါ။
ပန်းကန်များကိုဆေးကြောခြင်းနှင့် အခြောက်လှမ်းခြင်းစသည့်အိမ်အလုပ်များကိုကူညီပါ။ သင်သည်သူ့အတွက်မကောင်းသည့်စံနမူနာထားခဲ့သည်ဟု အိမ်ရှင်သည်သဘောကောင်းနှင့်အပြစ်တင်ပါက မစိုးရိမ်ပါနှင့်။သင့်အိမ်ရှင်၏ဖိုင်တွဲများ၊ ကြောင်အိမ်နှင့်အံဆွဲများကိုဖွင့်၍ မကြည့်ပါနှင့်။သင်ထွက်မသွားမှီ အိမ်ရှင်နှင့်အိမ်ရှင်မတို့အားကျေးဇူးတင်ကြောင်းပြောပြီး၊သူတို့၏ဧည့်ဝတ်ကျေပြွန်မှုအတွက်ကျေးဇူးတင်စာကို အမြဲပို့ပါ။
ထမင်းစားပွဲ၌
အိမ်ရှင် သို့မဟုတ် အိမ်ရှင်မ၏အချက်ပြခြင်းတခုမရှိမချင်း ထိုင်ပြီးစောင့်နေပါ။ အမျိုးသားတယောက်သည် အမျိုးသမီးကိုသူ၏လက်ျာဘက်၌ထိုင်စေသင့်သည် (သူ၏ယောက်ျားသည်စားပွဲ၏တဘက်၌မရှိပါက)။ အိမ်ရှင် သို့မဟုတ် အိမ်ရှင်မက မစားမချင်း၊ မစားပါနှင့်။ ဤအချက်ကိုအစာစားသည့်အချိန်နှင့်အခြား သောအချိန်များ ၌လည်းအသုံးပြုရပါမည်။
ဟင်းလျာများကိုအခြားသောသူများလည်းရရှိကြပါစေ။ ဟင်းခွက်တခုခုကိုကမ်းပေးရန်တောင်းဆိုသော အခါ မိမိအတွက်အရင်မယူပါနှင့်။အားလုံးကို သင်၏ရှေ့၌မပုံစေပါနှင့်။ စိတ်အနှောင့်အယှက်ဖြစ်စေမည့်စကား ပြောခြင်းကိုရှောင်ပါ။လက် တတောင်ဆစ်ကိုစားပွဲပေါ်၌မတင်ပါနှင့်။မသင့်တော်သည့်အပြုအမူကိုရှောင်ပါ။ သင်၏စားချင်လွန်းသည့်စိတ်ကိုထိန်းချုပ်ပါ။
ဣန္ဒြေရရစားပါ၊ သင်နှင့်အတူစားသောသူတို့အတွက်သေချာစွာလုံလောက်အောင်ပြုပါ။ လိုက်ပွဲစားခြင်း မှာလက်ခံဘွယ်ရာဖြစ်ပါသည်။ သို့သော်လည်း အစားကြီးသောသူမဖြစ်အောင်သတိထားပါ။
ကြိုက်ရာရွေး၍နှိုက်စားသောသုမဖြစ်ပါနှင့်။ “ဩတ္တပ္ပစိတ်ကိုထောက်သောကြောင့် သင်တို့ရှေ့၌ထည့်သမျှကို မစစ်ကြောမမေးမြန်းဘဲစားကြလော့”(၁ကော ၁၀း၂၇)။ ထိုအရာသည် သာသနာပြုသင်တန်း ကောင်းတခု ဖြစ်သည်။ပို၍ကောင်းသောအိမ်ကိုရရှိရန်အတွက်မရှာပါနှင့်။ သင့်အားကြိုဆိုသည့်အိမ်၌တည်း၍ တအိမ်မှတအိမ်သို့မကူးဘို့ သခင်ယေရှုမိန့်တော်မူသည်မဟုတ်လော (လုကာ ၁၀:၅-၇)။ဧဖက် ၄း၂၉ သည် ခရစ်ယာန်များစကားပြောရာတွင်လိုက်နာရမည့်စည်းကမ်းတခုဖြစ်သည်။ “ညစ်ညမ်းသောစကား တခွန်းကိုမျှသင်တို့နှုတ်ထဲမှမထွက်စေနှင့်။ ကြားနာသောသူတို့၏ အကျိုးပြုစုစေခြင်းငှါ၊တည် ဆောက်စရာဘို့ကောင်းသောစကားကိုသာသုံးကြလော့ ။” ဤနေရာ၌ “ညစ်ညမ်းသော”ဟူသည်မှာ စာရိတ္တယို ယွင်းခြင်း၊ မူမမှန်ခြင်း၊ ယုတ်မာညစ်ညမ်းခြင်း၊ တန်ဖိုးမရှိသည့်အချည်နှီးစကားတို့သာမကပါ။ ကျွန်ုပ်တို့သည်အသေးအဖွဲစကားပြောခြင်းမပြုဘဲ နားထောင်သောသူတို့ကိုတည်ဆောက်စရာဖြစ်စေသည့် စကားပြောဆိုရ န်ဖြစ်သည်။
သခင်ဘုရား၏အစေခံကျွန်တယောက်သည် အပေါင်းအဖေါ်တို့နှင့်အတူနေသောအခါ သူတို့သည်ဧဝံဂေလိ တရားကိုဟောပြောရာ၌အောင်မြင်မှုရရှိပုံနှင့် သူ၏ အမှုတော်လုပ်ငန်း၌အဖြစ် အပျက်များကိုကြား လိုကြသည်။ သူသည်ဝိညာဉ်ရေးရာအဆင့်တခုအပေါ်၌ သူ ၏စကားပြောခြင်းကိုအခြေပြုသင့်သည်။
ကလေးများနှင့်စကားနည်းသောသူတို့သည် “ဘေးဖယ်ခံရသည်” ဟုစိတ်ထဲ၌မခံစားကြစေရန်အတွက် သူတို့ကိုပါဝင်စေပါ။ လေးနက်မှုမရှိလွန်းခြင်းကိုရှောင်ပါ။ ဟာသလူရွှင် တော်တယောက်အနေနှင့် အသိအမှတ်ပြုခြင်းကိုမခံပါနှင့်။ ခရစ်ယာန်ယုံကြည်ခြင်း၏ပြဿနာမှာလေးနက်သည်။ တရားဟော ဆရာများစွာတို့သည် အဆက်မပြတ်ရယ် စရာပြောခြင်းအားဖြင့် လူငယ်များနှင့်နီးစပ်မှုရနိုင်သ ည်ဟု ယူဆကြသည်။ လူငယ်အများစုသည် သူတို့ထံမှနက်နဲပြီးအဖိုးတန်သည့်အရာတချို့ကိုမျှောင်လင့်ကြသည်။
တစုံတယောက်အားစိတ်အနှောင့်အယှက်ဖြစ်စေမည့် တစုံတရာကိုမပြောပါနှင့်။ တရားဟောဆရာယောက်သည် ဥပမာတခုကိုပြောသောအခါပရိသတ်ထဲ၌ရှိ သောလူတယောက်က ထိုအကြောင်းအရာမကြိုက်ကြော င်းပြီးသွားသောအခါ တယောက်သောသူက အ ဘယ်ကြောင့်ရပ် လိုက်ရသနည်းသဏ္ဍာန်ထင်ဟပ်လာသောအခါပြောရင်းနှင့်ရပ်လိုက်သည်။ အစည်းအဝေးဟုမေးရာ၊ သူက “လူကောင်းတယောက်ကိုထိခိုက်သ ည်ထက် ဇါတ်လမ်းကောင်းတပုဒ်ကိုဖျက်ဆီးသည်မှာ ပို၍ကောင်း၏” ဟု ဆို၏။
သင်၏ဇနီး
ခရစ်တော်သည်အသင်းတော်ကိုချစ်သည်နည်းတူ သင် ၏ဇနီးကိုချစ်ပါ(ဧဖက် ၅း၂၅)။ ထိုသို့သော ယောက်ျားတယောက်၏စကားနားထောင်ရာ၌အမျိုးသမီးတယော က်မှစိတ်အနှောင့်အ ယှက်ဖြစ် မည်မဟုတ်ပါ။သင်၏ဇနီးအားဂုဏ်အသရေရှိအမျိုးသမီးတယောက်အလားပြုမူပါ။သူမ ဝင်ရန်နှင့် ထွက်ရန်အတွက် ကားတံခါးကိုဖွင့်ပေးပါ။ လမ်းဘေးလူသွားလမ်း၊လမ်း ဘေးပလက်ဖေါင်းပေါ်၌ သူနှင့်အတူလမ်းလျှောက်ပါ။
သူ့ကိုမဝေဖန်ပါနှင့်။ သူမနှင့်ဆန့်ကျင်ပြီးမပြောပါနှင့်။ လူထုရှေ့၌မနှိမ်ပါနှင့်။ လူရှေ့သူရှေ့၌ချီးမွမ်းခြင်းနှင့်ကျေးဇူးတင်စကားပြောခြင်းသည်ထုံးနည်းလုပ်စဉ်နှင့်မဆန့်ကျင်ပါ။
အချုပအခြေအနေတခုခု၌ သင်သည်ယုံမှားသံသယရှိခဲ့ဘူးပါက သင့်အပေါ်၌ပြုစေလိုသည့်အတိုင်း သူတို့အပေါ်သို့ပြုပါ။ သင့်ထက်သူတပါးကို ကောင်းသည်ဟုထင်မြင်ခြင်းမှာ ယဉ်းကျေးသောအပြုအမူဖြစ်သည်။ ၎င်းသည်အချင်းချင်းကိစ္စ၌ သခင်ယေရှုကိုအတုယူခြင်းဖြစ်သည် ။ ယဉ်ကျေးခြင်းသည် အသက်ကိုပို၍ချောမွေ့ အောင်လည်ပတ်စေ၍ စိတ်အနှောင့် အယှက်မှကင်းစေကာ အသက်တာ၌စိတ်ချမ်းမြေ့မှုကိုပေးပါသည်။
သုံးဆယ့်သုံး
လိမ်လည်ရန်လွယ်ကူသောသူ မဖြစ်ပါနှင့်
Don’t Be Gullible
ခရစ်ယာန်တို့သည်အညာမိလွယ်ကြသည်။ မေတ္တာသည်အရာခပ်သိမ်းတို့ကိုယုံတတ်သောကြောင့် အရာခပ်သိမ်းတို့ကိုယုံကြည်သင့်သည်ဟု ယူဆကြသည်။ ဘတ်စ်ကားမောင်းသူနှစ်ယောက်တို့သည် ကမ္ဘာလှည့်ခရီးသည်များကြည်နူးနိုင်ကြစေရန် ရှုခင်းသာတနေရ ာ၌ကားရပ်ပေးကြသည်။
ကားမောင်းသမားတယောက်က နောက်တယောက်အား”ငါ့မှာခရစ်ယာန်တဖွဲ့ရှိတယ်။””ဟုတ်လား၊ သူတို့က ဘာယုံကြည်ကြသလဲ” ဟု မေးရာ၊”ငါပြောသမျှကို ယုံကြည်ကြတယ်” ဟု ပြန်ဖြေ၏။ကျွန်ုပ်တို့ခရစ်ယာန် ဖြစ်လာသောအခါ အရာရာကိုယုံကြည်ရန်ဘုရားသခင်အလိုတော်မရှိပါ။ ကျွန်ုပ်တို့ကိုပိုင်းခြားတတ်သော သူဖြစ်စေလိုသည်။ကောင်းသောအရာ၊ မကောင်းသောအရာ၊ မှန်သောအရာနှင့်မှားသောအရာ၊ သန့်ရှင်းသောအရာနှင့်မသန့်ရှင်းသောအရာတို့ကိုပိုင် းခြားစေလိုသည်။ ထိုအရာကို သမ္မာကျမ်းစာ၌ မကြာ ခ ဏတွေ့ ရသည်။သင်သည်မြတ်သောအရာနှင့် ယုတ်သောအရာပိုင်းခြားခွဲထားလျှင် ငါ့နှုတ်ကဲ့သို့ဖြစ်ရလိမ့်မည် (ယေရမိ ၁၅း၁ ၉ ခ)။
ငါ၏လူတို့သည် သန့်ရှင်းသောအရာ၊ မသန့်ရှင်းသောအရာတို့ကို၄င်း၊စင်ကြယ်သောအရာ၊ မစင်ကြယ်သောအရာတို့ကို၎င်း၊ ပိုင်းခြား၍ သိစေခြင်းငှါ၊ သွန်သင်ကြရမည် (ယေဇ ၄၄း၂၃။ ဝတ် ၁ဝး၁ဝ နှင့်ယှဉ်ကြည့်ပါ)။ဇာတိပကတိလူသည်ဘုရားသခင်၏ဝိညာဉ်တော်အရာတို့ကိုမခံမယူ။ဝိညာဉ်အားဖြင့်သာပိုင်းခြား၍နားလည်သောကြောင့် ဇာတိပကတိလူသည်ထိုအရာတို့ကို မိုက်မဲ့သောအရာဖြစ် သည်ဟုထ င်တတ်၏။ ထိုအရာတို့ကိုနားမလည်နိုင် (၁ ကော ၂း၁၄)။
ကောင်းသောအကျိုးအလိုငှါသာ ဝိညာဉ်တော်ကိုလူအသီးသီးတို့အာထင်ရှားစွာပေးတော်မူလျှက်ရှိ၏။ တယောက်သောသူအား စိတ်ဝိညာဉ်တို့ကိုပိုင်းခြား၍ သိနိုင်သောအခွင့်ကိုပေးတော်မူ၏ (၁ကော ၁၂း၇၊ ၁ဝ)။
သင်တို့သည် ဉာဏ်အရာ၌သူငယ်မဖြစ်ကြနှင့်၊ ဉာဏ်အရာ၌အသက်ကြီးသောသူဖြစ်ကြလော့ (၁ကော ၁၄း၂၀)။
ငါသည်အဘယ်သို့ဆုတောင်းသနည်းဟူမူကား သင်တို့သည်ခြားနားသောအရာတို့ကိုပိုင်းခြားစေခြင်းငှါ၊ ဉာဏ်ပညာအမျိုးမျိုးရှိလျှက် မေတ္တာပါရမီတိုးပွါး၍ ပြည့်စုံမည်အကြောင်း (ဖိ ၁း၉)။
…ခပ်သိမ်းသောအရာတို့ကိုစုံဝမ်းစစ်ဆေး၍၊ ကောင် းသောာအရာတို့ကိုအမြဲကိုင်စွဲကြလော့ (၁သက် ၅း၂၁)။
နို့ကိုသာသုံးဆောင်သောသူမည်သည်ကား၊ သူငယ်ဖြစ်သောကြောင့်ဖြောင့်မတ်ခြင်းတရား၌လေ့လာခြင်းမရှိ။ ကောင်းကျိုး၊ မကောင်းကျိုးကိုပိုင်းခြား၍ သိနိုင်သောဉာဏ်ပေးတတ်သောအကြားအမြင်၊ အတွေ့ အစမ်းများသောသူတည်းဟူသောစုံလင်သောအရွယ်ရှိသောသူတို့မူကား၊ကြေခဲသောအစာအာဟာရကိုသုံးဆောင်ကြ၏ (ဟေဗြဲ ၅း၁၃-၁၄)။
ချစ်သူတို့ ခပ်သိမ်းသောစိတ်ဝိညာဉ်တို့ကိုမယုံကြည်နှင့်။ စိတ်ဝိညာဉ်တို့သည်ဘုရားသခင်နှင့်စပ်ဆိုင်သည်၊ မစပ်ဆိုင်သည်ကိုစုံစမ်းကြလော့အကြောင်းမူကား မိစ္ဆာပရောဖက်များတို့သည်ဤလောကသို့သွားကြပြီ
(၁ယော ၄း၁)။
ကျွန်ုပ်တို့သည်ပိုင်းခြားတတ်ရန်လေ့လာရမည်သမ္မာကျမ်းစာသည် ခွဲခြားပိုင်းခြားခြင်းအပေါင်းတို့၏ အခြေခံရာဖြစ်သည်။တရားတော်ကို၎င်း၊ သက်သေခံတော်မူချက်တို့ကို၎င်း၊ နားထောင်ကြကုန်။သူတို့ပြော သောစကားသည် နှုတ် ကပတ်တော်နှင့်မညီလျှင် သူတို့၌အာရုဏ်မတက်သေး (ဟေရှာ ၈း၂၀)။ ကောက်သောမျဉ်းကြောင်းတကြောင်းကို သင်မည်သို့သိမည်နည်း။၎င်းသည်မဖြောင့်သောအရာတခုဖြစ် သည်။ အဝတ်သည်ညစ်ပတ်ကြောင်းသင်သည်မည်သို့သိမည်နည်း။ သန့်ရှင်းသောအဝတ်တခုနှင့်ယှဉ်ကြ ည့်ပါ။ကျွန်ုပ်တို့သည် ပိုင်းခြားတတ်မှုကိုလေ့ကျင့်နိုင်ရန်လိုအပ်သည့်နမူနာများရှိပါသည်။
ကျွန်ုပ်တို့သည်ခရစ်ယာန်စာပေပုံနှိပ်ထုတ်ဝေသူများထဲမှအားထားနိုင်သည့်သူများကိုဆုံးဖြတ်ရွေးချယ်ကြသည်။ အားထားရဆုံးသောသူအချို့တို့သည် ကိုယ့်တန်ဘိုးကိုအလေးမထားဘဲစွန့်ပစ်တတ်ကြသည်။ ကျွန်ုပ်တို့သည် ဓမ္မကောလိပ်နှင့်ဓမ္မတက္ကသိုလ်များကိုယုံကြည်ခြင်း၌တည်ကြည်ကြသည်၊ မတည်ကြည်ကြတော့ပါ၊ စသည်ဖြင့်စီရင်လေ့ရှိကြသည်။သို့ရာတွင် များစွာသော၄င်းတို့မှာ ” ဘုန်းအသရေထွက်သွားပြီ” ဟု ပြောရမည်ဖြစ်သည်။
ခရစ်ယာန်မိဘတို့သည် သူတို့၏ သားသမီးတို့အား ဒေါက် တာ Spock၏စာအုပ် Baby and Child Care အတိုင်း နှစ်ပေါင်းများစွာပျိုးထောင်ကြသည်။ ထိုကလေးတို့သည် ကလေးများ၏စည်းကမ်းနှင့်ပတ် သက်၍သမ္မာကျမ်းစာအထူးသဖြင့် သုတ္တံကျမ်း၏ သွန် သင်ချက်ကို နားထောင်ကြမည့်အစား၊ စည်းကမ်း
ကိစ္စ များကိုပေါ့ဆစွာချဉ်းကပ်သည့် ဒေါက်တာ Spock ၏သွန်သင်ချက်အတိုင်းလိုက်ကြသည်။
နှစ်များအတော်ကြာပြီးနောက် ဒေါက်တာ Spock က “ယနေ့မိဘများ၏ အများဆုံးသောအခက် အခဲပြဿနာမှာ ခိုင်မြဲစွာမရပ်တည်တတ်ခြင်းပင်ဖြစ်သည်ဟု ကျွန် တော်ယူဆသည်” ဟု ဆို၏။ သူသည် ကလေးစိတ်ရောဂါကိုဆရာဝန်များ၊ စိတ်ပိုင်းဆိုင်ရာပညာသည်များ၊ ဆရာများ၊ လူမှုဝန်ထမ်းများ နှင့်ကလေးအထူးကုဆရာဝန်များစသည့်ကျွမ်းကျင်သူတို့အပိုင်းမှကလေးဆန်ခြင်းမိဘတို့၏သဘောထား  ကောင်းလွန်းမှုကလေးများအား စိတ်အနှောင့်အယှက်ဖြစ်စေသောသူများ၊ ပို၍ပို၍တောင်းဆို တတ်သော သူများသာဖြစ်ရန်အာ းပေး၍၊ တဘက်မှမိဘများကိုလည်းဒေါသထွက်စေသည်။ နောက်ဆုံးတွင် အမျက်ဒေါသ ပေါက်ကွဲသည်အထိဖြစ်လာကာ၊များသည်လည်း ဘက်ကန်တတ်သော သူများဖြစ်စေသည်ဟု နိဂုံးချုပ်သည်။
“တနည်းဆိုရသော်၊ မိဘ၏သဘောထားကောင်းလွန်းခြင်းသည်စိတ်မချမ်းသာစရာများနှင့်မလွတ်ပါ။ ၄င်းကို မလွဲမရှောင်သာအောင်ဖြစ်စေသည်” ဟု ဒေါက်တာ Spock က ပြောပါသည်။
ဗေရီမြို့သားခရစ်ယာန်များကဲ့သို့ (တမန် ၁၇း၁၀-၁၁) အောက်ပါတို့ကိုချင့်ချိန်နိုင်ရန်လေ့လာသင့်သည်-ယနေ့ခေတ်ပေါ် ပညာမှာ အရေးပါသောလူဖြစ်ခြင်းသည် အောင်မြင်ခြင်းဖြစ်သည်ဟူ၍ဖြစ်၏။ အသင်းတော်ကြီးထွားမှုနည်းဗျူဟာက အသင်းသားလူများလာခြင်းကို အဓိကထားသည်။ အသင်းတော်၏ညအရွ ယ်အစားသည်မှတ်ကျောက်လား သို့မဟုတ် အသင် းသားများ၏သန့်ရှင်းခြင်းသည်မှတ်ကျောက်လား။
> ခရစ်ယာန်ဂိုဏ်းအားလုံးစည်းလုံးညီညွတ်မှုကိုရှေးရှုသောလှုပ်ရှားမှု(Ecumenical Movement) က “ဩဝါဒသည်ကွဲပြားစေ၍၊ အစေခံခြင်းသည်စည်းလုံးညီညွတ်စေ၏” ဟုဆို၏။ ထိုအရာကို သင်မည်သို့ဖြေမည်နည်း။
> ပင်တေကောစ်တဲလ် (Pentecostal ) နှင့် ခရိစ်မက်တစ် (Char-ismatic) အစည်းအဝေးများစွာတို့၌ တရားဟောဆရာသည်လူတယောက်ကိုလက်နှင့်တို့၍ သူသည် ဝိညာဉ်တော်၌အသတ်ခံခြင်း” ဖြစ်ရာ ကြ မ်းပြင်ပေါ်သို့လဲကျသွားသည်။ ဤနေရာ၌ ပိုင်းခြားတတ်ခြင်း လိုပြန်သည်။ ထိုအရာကို ကျမ်းစာထဲ၌မည်သည့်နေရာတွင် သင်တွေ့ ပါသနည်း။
> ဤအရာအပြင်၊ရုပ်မြင်သံကြားဧဝံဂေလိဆရာများကခြေထောက်များကိုနဂိုအတိုင်းပြန်၍ရှည်အောင်ပြုခြင်း၊ကင်ဆာရောဂါမှကယ်နှုတ်ခြင်း၊အခြားကာယပိုင်းဆိုင်ရာပြဿနာများကိုဖြေရှင်းပေးခြင်းစသည့်အနာရောဂါငြိမ်းခြင်းအစည်း အဝေးများပြုလုပ်ကြသည်။ဘုရားသခင်၏အနာရောဂါငြိမ်းခြင်းကိုကျွန်ုပ်တို့ယုံကြည်ကြသည်မဟုတ်သလော။. ဟုတ်ကဲ့၊ယုံကြည်ကြပါ၏။သို့ရာတွင်ယုံကြည်ခြင်းနှင့်အနာရောဂါငြိမ်းစေသောသူတို့သညအနာရောဂါငြိမ်းစေသကဲ့သို့ဟန်လုပ်၍ကလိန်ဉာဏ်ဆင်သည့်နည်းစနစ်များလိုက်စားကြသည်ကိုကျွန်ုပ်တို့သိကြသည်။
> ဘုရားသခင်သားမှန်လျှင် ချမ်းသာကြွယ်ဝရမည်ဟူသောဩဝါဒသည်ဓမ္မဟောင်းကျမ်း၌ပါရှိသောာ ရှင်ဆိုင်ရာများကြပတ်သက်သည့်ကတ်တော်များကိုယူ၍ ယနေ့အား အသုံးပြုကြသည်။ဤသို့ပြုခြင်းသည် မှန်ပါသလား။
အံ့ဩဘွယ်နီဖိတ်လက္ခဏာများလူ ရှားရှားကိုက်ဖြတ်ရာ၌ပိုင်းခြားတတ်ခြင်း၊ကျွန်ုပ်တို့၌လိုအပ်သည်။ ၄င်းသည် အာလူအရာနှင့်ကိုက်ညီမှုရှိပါသလား။
– ယုံကြည်သူများစွာတို့က ကာလကြာရှည်စွာရင်းပိုင်းတွေ့ရသောပြဿနာမှာ အမျိုးမျိုးသောကာသာ (5) ပြင်းသနှုတ်ကပတ်တော်အတိုင်း မှန်၊ မမှန်ကိုစစ်ကြောစီရင်ခြင်းဖြစ်သည်။ သင်မည်သို့ပြောပါသနည်း။
အမျိုးသမီးများသည် အသင်းတော်၌တရားဟောခြင်း သို့မဟုတ်ခေါင်းဆောင်နေရာယူခြင်းသည် မှန်ပါ သလား။> ဝိညာဉ်ရေးရာ၌ကျွန်ုပ်တို့၏စိတ်ခံစားချက်သည် မည်သည့်အတိုင်းအတာအထိ ယုံကြည် သင့်ပါသနည်း။> မိမိကိုယ်ကိုမချစ်ပါက သင်သည်ဘုရား သခင်ကိုမချစ်နိုင်ပါဟူသည်မှာ ခေတ်စား သည့်သွန်သင်ခြင်းဖြစ်သည်၊ မှန်ပါသလား။> အခြားသောဩဝါဒတခုမှာ ခရစ်ယာန်တယောက် သည်မိမိအဖြစ်ကိုကို၀န်ချမတောင်းပန်ရပါ။ သူသည် အပြစ်လွှတ်ခြင်း ခံရပြီဖြစ်သောကြောင့် ဘုရားသခင် အားကျေးဇူးတင်ရုံသာရှိသည်ဟု သွန်သင်ကြသည်။> ခရစ်ယာန်အမျိုး သမီးတယောက်သည် မကြာမီကအသက်ခံပြီးသူမအားသတ်သောသူသည် ယခုထောင်ထဲ၌ရှိသည်။ ထိုအမျို းသမီး၏မိခင်သည် ထိုထောင်သို့သွားကာ ထိုလူသတ်သမားအားခွင့်လွှတ်ကြောင်းစိတ်ချရန်ပြောသည်။ ဤသို့ပြုခြင်းသည် ဖြောင့်မတ်ခြင်းလော။
ဓမ္မဆရာတချို့က ကျွန်ုပ်တို့ဆုတောင်းသောအခါ၌ “အလိုတော်ရှိပါက” ဟူ၍မပြောသင့်ပါ။ ၄င်းသည် ယုံကြည်ခြင်းမရှိသည်ကိုဖေါ်ပြသည်ဟုဆိုကြ၏။ သင်သဘောတူပါသလား။> “အရာရာတိုင်းအတွက် ဘုရာ းသခင်ကိုချီးမွပါ” ဟူသောစာအုပ်မှာသမ္မာကျမ်းစာတွင် “အရာရာ၌ကျေးဇူးတော်ချီးမွမ်းကြလော့” ဟုပြောသည်အုပ်ရေတောင်ပေါင်းများစွာရောင်းရသောစာအုပ်ဖြစ်သည်။ ထိုမျှသာမက၊- အိမ်၌ယောက်ျားဦးဆောင်မှုကို ဆန့်ကျင်သောသူတို့သည် လင်နှင့်မဟုတ်လော။မျာခန့်ညားသောအားဖြင့် အချင်းချင်းတယောက်အောက်တယောက်နိမ့်ချကြလော့” ဟူသည့် (ဧဖက် ၅း၂၁) ကို ကိုးကားကြသည်။ ဤအရာကို ကျွန်ုပ်တို့ဖြေနိုင်ရမည်ဖြစ်သည်။
> အယူလွဲသမားတယောက်သည် ကျမ်းစာအုပ်တအုပ်နှင့်ဘာသာရေးအရာရာ၌မှန်ကန်ကြမည်ဟု လူတို့ကထင်မှတ်ကြသည်။ ကျွန်ုပ်တို့သည် သူတို့၏ဩဝါဒပေးခြင်းကို ကျမ်းစာအားဖြင့်စစ်ကြောနိုင်ရမည်ဖြစ်သည်။
> အညာလွယ်သောခရစ်ယာန်များကိုကျေနပ်စေသည့်အထောက်အထားမခိုင်လုံသောအကြောင်းအရာတို့ကို အလျင်အမြန်မယုံကြည်သင့်ပါသူတို့သည် ထိုအရာများကိုယုံကြည်လိုကြသည်။
> Darwin သည်သေခါနီးကုတင်ပေါ်၌ ခရစ်တော်ကိုဝန်ခံသည်ဟုပြောသည့်ဝေစာတစောင်ရှိသည် ထိုပြော ဆိုချက်မှာ နောက်ပြောင်လှည့်စားခြင်းတခုဖြစ်သည်။ တယောက်က Nikita Khrushchev သည် ဘုရား သ ခင်ထံတော်သို့ပြောင်းလဲလာရာ ဆိုဗီယက်ပြည် ထောင်စု၌ သူ၏အာဏာမှဖယ်ရှားခံရခြင်းမှာ ထိုအကြောင်းကြောင့်ဖြစ်သည်ဟု ဆို၏။ ကျွန်တော်ကလေးဘဝ၌ Indiana ထုံးကျောက်ဖြင့်ပြုလုပ်ထားသောဗိမာန်တော်အတွက်ကျောက်များကိုနယူးယောက်ကုန်လှောင်ရုံထဲ၌သိုထားကာ အစ္စရေးနိုင်ငံသို့သင်္ဘောဖြင့်ပို့ရန်အသင့်ဖြစ်သည်ဟု လက်ကမ်းစာစောင်တခု၌ ကျွန် တော်ဖတ်ရသည်။> ခရစ်ယာန်ခေါင်းဆောင်တဦးက Jim Elliot အား “ညီလေး၊ ငါတို့ခရစ်တော်စိုးစံရမည့်အနှစ်တထောင်ထဲတွင်ယခုအနှစ်လေးဆယ်ပြည့်နေပြီ။ ၄င်းမှာ တိကျ သေ ာခန့်မှန်းချက်ဖြစ်သည်” ဟု ပြောသည်။ ထိုနေ့မှာ ဇန္နဝါရီ၂။ ၁၉၅၆ ဖြစ်သည်။
» ဖြန့်ချီသောအစီရင်ခံစာတခုက၊ ဘယ်လ်ဂျီယံ၌ရှိ သောကွန်ပျူတာတလုံးသည် ယောရှုအခန်းကြီး ၁ဝ ၌ရှိသော ကြာရှည်သည့်နေ့ကိုရေတွက်သည်(နပ်နေသည့်အချိန်) ဟု ဆိုသည်။ ထိုကွန်ပျူတာ သည် ၆၆၆ ဟု သိရမည့်ကွန်ပျူတာနှင့်အတူတူဖြစ်နိုင်သည်။> ယေရှုသည်ရုတ်တရက်ကြွလာတော့မည်ဖြစ်ကြောင်း ကားပိုင်ရှင်နှင့်ဇနီးအား ကားကြုံစီးသောသူကပြောသ ည်။ မိနစ်အနည်းငယ်ကြာသောအခါကားမောင်းသောသူသည်ကား၏နောက်ခန်းကိုရုတ်တရက် လှမ်းကြည့်ညသည်။ထိုကားသည် တနာရီမိုင် ၆၅ နှုန်းနှင့်ပြေးနေသော်လည်း ကားကြုံစီးသောသူမှာ
ပျောက်သွားသည်။
ကျွန်တော်တို့သည်ရေဒီယိုအားဖြင့်၄င်း၊ TV ဧဝံဂေလိဆရာများ၏အလှူငွေတောင်းဆိုမှုကို  ကြားသောအခါ ပိုင်းခြားတတ်ကြရမည်ဖြစ်သည်။သူတို့သည် အဝတ်များ၊ ကောင်းချီးမင်္ဂလာများ၊ ဂျော်ဒန်မြစ်မှ  သန့်ရှင်း သောရေ၊ သန့်ရှင်မြင့်မြတ်သောလက်ဝါးကပ်တိုင်စသည် တို့ကိုပို့ပေးမည်ဖြစ်ကြောင်းကမ်းလှမ်း ကြသည်။ အချို့သောသူတို့က အလှူရှင်အတွက်နေ့စဉ်ဆု တောင်းပေးမည်ဟု ကမ်းလှမ်းကြသည်။ ခရစ်ယာန်တို့သည်ဘာသာရေး၊ ဆရာတု၊ဆရာယောင်များ၏ လိမ်လည်မှုကြောင့် ငွေသန်းနှင့်ချီ၍ဆုံးရှုံးကြသည်။ Ponziစီမံကိန်း၊ ပိရမစ်စီမံကိန်းနှင့်ကံစမ်းမဲများစသည် တို့ဖြင့်လူ၏ပင်ကိုယ်သဘာဝ၌ရှိသောလောဘအတွက် အပူတပြင်းတောင်းဆိုသည်။ ခရစ်ယာန်များသတိထားကြပါ။ အခမဲ့ရသောအရာမရှိပါ။
စစ်မှန်သော ဧဝံဂေလိသတင်းကောင်း
ကျွန်ုပ်တို့သည် သမ္မာကျမ်းစာအပေါ်၌စွဲမြဲစွာရပ်တည်သောသူများဖြစ်ကြဘို့ရန် ပထမဦးဆုံးအ ရေးကြီးသ ည်။ ကျွန်ုပ်တို့သည်သမ္မာကျမ်းစာကိုဖတ်ရှုလေ့လာကာ အလွတ်ကျက်မှတ်၍၊ ဆင်ခြင်စဉ်းစားကာ၊ နာခံ၍ ထိုကျမ်းစာနှင့်အရာခပ်သိမ်းတို့ကိုစစ်ကြောသင့်သည်။
ယနေ့လူတို့သည် သမ္မာကျမ်းစာနှင့်ပတ်သက်၍ မသိနားမလည်သောသူများပြားလာသည်။ မှားယွင်းသောသွန်သင်ချက်များအလွယ်တကူပျံ့နှံ့ရခြင်းမှာ ထိုအရာကြောင့်ဖြစ်သည်။
 ကျွန်ုပ်တို့သည် ဘုရားသခင်၏စစ်မှန်သောသတင် းကောင်းဖြစ်သည့်ဤဝက်ဘွယ် ရာကျေးဇူးတော်ကိုရှင်းလင်းစွာသိကြရပါမည်။ အတိုချုပ်မှာဤသို့ဖြစ်သည်။
တကမ္ဘာလုံး ၌ဘာသာတရားနှစ်ခုသာရှိသည်။ ၄င်းတို့မှာ အကျင့်အားဖြင့်ကယ်တင်ခြင်းနှင့်ယုံ ကြည်ခြင်းအားဖြင့် ကျေး ဇူးတော်ကြောင့်ကယ်တင်ခြင်းတို့ဖြစ်သည်။ စစ်မှန်သေ ာခရစ်ယာန်ယုံကြည်ခြင်းတခုတည်းကဒုတိယအချက်ကိုသွန်သင်သည်။ ၄င်းမှာ သီးသန့်သ တင်းကောင်းတခုဖြစ်သည်။
> အပြစ်သားများသာလျှင် ကယ်တင်ခြင်းရနိုင်သည်။
> ခရစ်တော်တပါးတည်းသာ ကယ်တင်နိုင်သည်။
> ကိုယ်တော်တပါးတည်းသာလျှင် အပြစ်သားများအတွက်ကိုယ်စားအသေခံသည်။>
ကိုယ်တော်၏အသွေးတော်ကသာလျှင် အပြစ်များကိုဆေးကြောနိုင်သည်။> ကိုယ်တော်အားကယ်တင်ရှင်နှင့်သခင်အဖြစ်ယုံကြည်ခြင်းသည်သာလျှင် ကျွန်ုပ်တို့ကိုကယ်တင်နိုင်သည်။> ကောင်းကင်သို့ရောက်ရမည့်လူတို့မှာ ခရစ်တော်၏အသွေးတော်အားဖြင့်ရွေးနှုတ်ကယ်တင် သောအပြစ်သားများသာဖြစ်သည်။ အချုပ်အားဖြင့်ဆိုရသော်ကမ္ဘာလှည့်ခရီးသည် တင်ဘားစ်ကားမောင်းသမားပြော သမျှတို့ကိုယုံကြည်သည့် ထိုဘားစ်ကားပေါ်က ခရစ်ယာန်များ ကဲ့သို့မဖြစ်ပါနှင့်။
သုံးဆယ်လေ
ဘယ်သောအခါမှ အရှုံးမပေးပါနှင့်
Never Give Up
ထို့ကြောင့်များစွာသောသက် သေ အ ပောင်းတို့သည်ငါတို့ကိုဝိုင်းဝန်လျက်ရှိသည်ဖြစ်၍၊ ငါတို့သည် ခပ်သိမ်း သောဝန်တို့ကို၎င်း၊ နေှာင့်ရှက်တတ် ဒေစရိုက်ကိုပယ်ပိုင်း၍၊ ငါတို့မျက်နေသောပန်းလုံးတိုင်သို့ ရောက်ခြင်းငှါ လျော့ပြေကုန်ကို ယုံကြည်ခြင်းကိုသာဦးစီရင်၍ စုံလင်စေတော်မူသောအခင်ယေရပ်ကို ရေသက်ရှူကြ ကုန်လုံး လိုသခင်သည် မိမိရှေ့၌ထားသောဝမ်း မြောက်ခြင်းအကြောင်းကြောင့် ရှက်ကြောက်သောအရာကိုမမှတ်ဘဲ လက်ဝါးကပ်တိုင်၌ပြီးမှာ ဘုရားသ ခင်၏ပလ္လင်တော်လက်ျာဘက်၌ ထိုင်နေတော်မူ၏။ အပြစ်ရှိသောသူတို့လက်တွင်း ထိုမျှလောက်ကြီးစွာသောဆီး တာနှောင့်ရှက်ခြင်း ကိုခံတော်မူ သောသခင်ကို ထောက်ရှုဆင်ခြင်သောအားဖြင့်၊အလျှော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်ကိုသောငှါကြိုးစားကြလော့၊ သင်တို့သည်ရိုက်အပြစ်ကိုတိုင်ပြိုင်တိုက်လှန်၍ကိုယ်အ သွေးထွက်သည်တိုင်တောင်ခံရကြသေ။ ထိုမှတပါး ပါ သား၊ ထာဝရဘုရားဆုံးမတော်မူခြင်းကိုမှတ်ဘဲ   မနေနှင့်။ သင်၏အပြစ်ကိုစစ်ဆေးတော်မူသောအခါစိတ် ပျက်နှင့်၊ထာဝရဘုရားသည်ချစ်တော်မူသောသူ ကိုဆုံးမတော်မူတတ်၏။ လက်ခံတော်မူသမျှသောသားတို့ကိုလျော့ကြသလော (ဟေဗြဲ ၁၂၉၆)၊
အဓိပ္ပါယ်ဖွင့်ဆိုချက်
သည်းခံခြင်းသည် စုံစမ်းစစ်ဆေးခြင်းနှင့် ဆင်းရဲက္ခကိုလက်ခံခြင်းတခုတည်းသာမဟုတ်ဘဲ၊ ၄င်းကိုအော င်မြင်အနိုင်ယူခြင်းဖြစ်သည်။ ၎င်းမှာကံကြမ္မာအပေါ် ၌သည်းခံစိတ်ရှည်ခြင်းမဟုတ်၊ အရာရာတို့ကိုအော င်မြင်သည့်စိတ်ရှည်သည်းခံခြင်းဖြစ်သည်။ သည်းခံခြင်းသည် အထဲမှလာသောစိတ်ပျက်အားလျော့မှုနှင့်
အ ပြင်ဘက်မှလာသောဆန့်ကျင်တိုက်ခိုက်ခြင်းတို့ကိုရပ်တန့်စေခြင်းမဟုတ်ပါ။ ၄င်းသည် နောက်ဆုံးတွင်အောင်မြင်သည့်အထိတိုင်အောင်ဆက်လက်လုပ် ဆောင်သည့်တည်ကြည်မြဲမြံမှုဖြစ်သည်။ သည်းခံခြင်းသည်ဖြစ်လာသည့်အခြေအနေအပေါ်၌ ကံကြမ္မာကိုလက်ခံခြင်းမဟုတ်ဘဲ၊ အဆုံးထိတိုင်အောင် တည်ကြ ည်မြဲမြံစွာလုပ်ဆောင်ခြင်းဖြစ်သည်။
“အဆုံးတိုင်အောင်တည်ကြည်သောသူသည် ကယ်တင်ခြင်းသို့ရောက်လတ္တံ့” (မဿဲ ၂၄း၁၃) စသည့်ကျမ်းပိုဒ်တပိုဒ် (သို့) နှစ်ပိုဒ်တို့မှာ သည်းခံခြင်းသည်ကယ်တင်ခြင်းရရှိရန်နည်းလမ်းဖြစ်သည်ဟုပြောသကဲ့သို့ရှိသော် လည်းကယ်တင်ခြင်းရရှိရန်နည်းမဟုတ်ပါ။ ဤကျမ်ချက်က ဘေးဒဏ်ကြီးကာလကိုပြောသည်။ ကယ်တင်ခြင်းသည် ရန်သူအားအနွံအတာခံခြင်းအပေါ်၌မူတည်
သည်ဟုယုံကြည်သူများမစဉ်းစားသင့်ပါ။ အနှစ်တထေ ာင်ဝင်ရမည့်သူများမှာ အဆုံးတိုင် အောင်တည်ကြည်သောသူများဖြစ်ကြသည်။ “ထွန်ကိုင်းကိုကိုင်လျက် နောက်သို့လှည့်၍ကြည့် သောသူမည်သည်ကားဘုရာ းသခင်၏နိုင်ငံတော်နှင့်မထိုက်မတန်” (လုကာ ၉း၆၂)။ ဤနေရာ၌ပြော သောအရာသည် ကယ်တင်ခြင်းမ ဟုတ်ဘဲ အစေခံခြင်းဖြစ်သည်။ ရပ်တန့်သောသူတို့သည် အစေခံကျွန်နှင့်မထိုက်တန်ပါ။
ကျွန်ုပ်တို့သည်းခံရမည့် ကဏ္ဍများ
ကျွန်ုပ်တို့သည်မိသားစု၌၄င်း၊ ကလေးများကိုပျိုး ထောင် ရာ၌၄င်းထိုအရာလိုအပ်သည်။ ပညာသင်ယူရာ ၌လည်းလိုအပ်သည်။ အ”သာမန်အခြေအနေ. . . ခက်ခဲမှုဖြစ်သော” ဒေသန္တရအသင်းတော်၌ထိုအရာ ကျွန်ုပ်တို့လိုအပ်သည် (J. Alexander Clarke)။ အချင်းချင်းပဋိပက္ခဖြစ်သောသာသနာနယ်မြေ၌ ထိုအရာလိုအပ်သည်။ စိတ်ဝိညာဉ်၌ဆန္ဒရှိသော်လည်းကာယပိုင်း၌အားနည်း၍ ဖျားနာသည့်နေ့ ရက်များနှင့်မစွမ်းဆောင်နိုင်သည့်နေ့ရက်များ၌ ထိုအရာလိုအပ်သည်။ “ခရစ်ယာန်အသက်တာသည် နာတာရှည်အားနည်းခြင်းကလိုက်လာသည့် အကြောတက်ခြင်းတခုလိုမဖြစ်ရပါ။”
လူတို့ကိုလက်လျှော့၊ နောက်ဆုတ်သွားစေသောအရာများ
> မှားယွင်းသောချစ်ခြင်းမေတ္တာ သို့မဟုတ် ကောင် းကင်၌ပြုလုပ်ပေးခြင်းမဟုတ်သောအိမ်ထောင်။
> အသက်တာ၌ရှိသောအပြစ်- “လူသည်မိုက်သောသဘောကြောင့်လမ်းလွဲ၍ စိတ်ထဲမှာထာဝရဘုရားကိုကဲ့ရဲ့ပြစ်တင်တတ်၏” (သုတ္တံ ၁၉း၃)။Today’s English Version m”အချို့သောလူတို့သည် မိမိတို့၏မိုက်မဲသောလုပ်ဆောင်မှုတို့ကြောင့် မိမိတို့ကိုယ်ကို ဖျက်ဆီး၍၊ ထို့နောက် ထာဝရဘုရားကိုအပြစ်တင်ကြ၏” ဟု ဆို၏။
> မဿဲ ၁၃ ၌ရှိသော မြေကြီးလေးမျိုးတွင်တွေ့ ရသည့် မှားယွင်းသောသက်ဝင်ယုံကြည်မှု။ လမ်းဘေ း၌ကျသောမျိုးစေ့၊ ကျောက်ပေါသောမြေ၌ကျသောမျိုးစေ့၊ ဆူးပင်ကြား၌ကျသောမျိုးစေ့စသည်တို့မှာ မှားယွင်းသောသက်ဝင်ယုံကြည်သူများဖြစ်သည်။ အသီးသီးသောမျိုးစေ့တမျိုးတည်းသာလျှင် အစစ်
အမှန်ဖြစ်သည်။ ယနေ့လူတို့သည် ရုပ်ဝါဒ၊ တပ်မက်မှု၊ မှားယွင်းသောမျှော်လင့်ခြင်း၊ လူတို့ကိုကြည့်၍ စိတ်မချမ်းသာခြင်း၊ စိတ်ဓါတ်ကျဆင်းခြင်းနှင့်ညှဉ်းဆဲနှိပ်စ က်ခြင်းစသည်တို့ကြောင့် နောက်လှည့်သွားကြသည်။ အဖိုးအခကြီးမားလွန်းလှသည်။
သည်းခံခြင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာ၏နမူနာများ ယောဘသည်သမ္မာကျမ်းစာထဲ၌ရှိသော လူအားလုံး ထက် တနေ့တည်းတွင်ရုပ်ဝတ္ထုပစ္စည်းဆုံးရှုံးမှုပိုမျာ းသည်။ သူသည် အစဉ်စိတ်မရှည်သော် လည်း သည်းခံသည်။
ပေါလု၏ဒုက္ခဝေဒနာများ၊ အန္တရယ်များ၊ ညှဉ်းဆဲနှိပ်စက်ခံရခြင်းနှင့်ခရစ်တော်ကြောင့် ဆင်းရဲခံရခြင်း အကြောင်း (၂ကော ၁၁း၂၃-၂၈) ကိုဖတ်သောအခါ၌ ကျွန်ုပ်တို့ကိုယ်တိုင်ခရစ်ယာန် များဖြစ်ရခြင်း ကြောင့်အံ့ဩရသည်။
ယေရှုသည်သည်းခံခြင်း၏အဓိကစံနမူနာဖြစ်သည် (ဟေဗြဲ ၁၂း၁-၄)။နတ်ဆိုးများနှင့်လူများကကိုယ်တော်အပေါ်၌စုပုံထားသည့်အဆိုးဆုံးသောစုံစမ်းခြင်းသည် လက်ဝါးကပ်တိုင်သို့သွားခြင်းကိုမဆီးတားနိုင်ပါ။
ကာယပိုင်းသည်းခံခြင်းနှင့်ဆိုင်သောနမူနာများ
Robert Bruce သည် စကော့တလန်နိုင်ငံလွတ်လ ပ်ရေးရရှိရန်ကြိုးစားမှု၌ ခြောက်ကြိမ်တိတိစစ်ရှုံးသည့် ဒဏ်ကိုခံစားခဲ့သည်။ ဂူတဂူ၌ပုန်းနေစဉ်ပင့်ကူမျှင်ကိုတနေရာမှတနေရာသို့ဆက်ရန်ကြိုးစားနေသော ပင့်ကူတကောင်ကိုတွေ့ရှိသည်။ခြောက်ကြိမ်တိုင်တိုင် မအောင်မြင်ပါ။သို့သော်လည်းခုနှစ် ကြိမ်မြောက် တွင်အောင်မြင်သည်။ ဤအရာက Bruce ကိုစကားပြောပြီး ဆက်၍ကြိုးစားရန်အားပေးသည်။ ဤတကြိမ်တွင်အောင်မြင်သည်။
ကိုစတာရီကာနိုင်ငံမှတံငါသည်ငါးယောက်တို့သည် မုန်တိုင်းမိကြသည်။ သူတို့၏လှေမှာ ဆိုးဝါးစွာပျက်စီးသွားသည်။ လှေထဲ၌ရေဝင်သောကြောင့်အဆက်မ ပြတ်ပက်ထုတ်ရန်လိုသည်။ ရေဒီယိုပျက်သွားသည်။ ရက်များကြာသောအခါ အစာနှင့်ရေပြတ်သွားသည်။ ဆီသယ်သည့်သင်္ဘော တစီးသည်သူတို့ထံသို့တခါချဉ်းကပ်လာကာ သူတို့ကိုရေပေးပြီးနောက်ဆက်ထွက်သွားသည်။ နောက်ဆုံးတွင် သူတို့အားလာရောက်ကယ်တင်သောအခါ ပင်လယ်၌မျှောပါသည့်ကမ္ဘာ့စံချိန်ကိုချိုးကြသည်။ သူတို့သည် ရေ၊ ငါးနှင့်ခန့်မှန်းခြေ လိပ်အကောင်ရေ ၂၀ဝ ကိုသတ်စားကြကာ၊ ၁၄၂ ရက်လုံးလုံး မသေဘဲအသက် ရှင်ကြသည်။ သူတို့သည် မိုင်ပေါင်း ၃၆၀၀ ကျော်ခရီးသွားကြပြီး၊ ကမ္ဘာ့ဇုံများကိုလေးကြိမ်တိုင် တိုင်ဖြတ်ကျော်ကြသည်။
Mark Wellman သည် ကိုယ်အောက်ပိုင်းနှစ်ခြမ်းလုံးသေသော်လည်း ကမ္ဘာ၏အကျယ်ဆုံးသောကျောက် ဆောင်ဖြစ်သည့် El Capitan ကိုတက်သည်။ ပေ ၃ဝဝဝ အမြင့်ကိုတက်ရာ၌ တကြိမ်လျှင်ခြောက်လက္မတက်လှမ်းခုနှစ်ရက်နှင့်လေးနာရီကြာသည်။ တခါတရံတွင် ပြင်းထန်သောလေသည်ကျောက်ဆေ ာင်၏မျက် နှာပြင်မှ ဆယ်ပေအထိတိုက်ထုတ်သွားသည်။ထို့နေ ာက် သူသည် Half Dome မျက်နှာပြင်နှင့် Yosemite အမျိုးသားဥယျာဉ်သို့တက်သည်။ အမြင့်ပေပေါင်း ၂၂ဝဝ တက်ရာ၌ သီတင်းနှစ်ပတ်နီးပါးကြာသည်။
 ဤလူတို့သည်ရိုက်တံဖြုတ်သော်လည်း နာရီသံဆက် လက်မြည်သောTimex နာရီများကဲ့သို့ဖြစ်ကြသည်။ ခရစ်ယာန်အသက်တာသည် ကိုက်တရာတဟုန်ထိုးပြေးခြင်းမဟုတ်ဘဲ မာရသွန်ပြေးခြင်းဖြစ်သည်။ “လုံးဝအလျော့မပေးနှင့်။ ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ ကျယ်သည်ဖြစ်စေ၊ ကျဉ်းသည်ဖြစ်စေ၊ ဂုဏ်ယူစရာကောင်းသည့် သဘောရှိမည်ကိုသဘောပေါက်နား လည်သည်မှအပ၊ ဘယ်သောအခါမှ လုံးဝ၊ လုံးဝ၊ လုံးဝ၊ လုံးဝ၊ အလျှော့မပေးပါနှင့်” ဟူသော Winston Churc hill ပြောစကားကိုသတိရပါ။
Coleman Cox က “သစ်တောက်ငှက်သည်ပင်လျှင် အစပြုခဲ့သည့်အလုပ်ကိုပြီးစီးသည်အထိ ဦးခေါင်းကိုအသုံးပြုကာ၊ ဆက်လက်၍နှုတ်သီးနှင့်ထိုးခြင်းအား ဖြင့်အောင်မြင်မှုကိုရရှိသည်” ဟု ဆို၏။
ထင်ရှားသောခေါင်းဆောင်တယောက်က “လူအများစုသည်အောင်မြင်ခြင်းရခါနီးတွင်အရှုံးပေးကြသည်။ သူတို့သည် ရောက်ခါနီးအတိုက်အလိုတွင်ရပ်ကြသည်။ သူတို့သည် ကစားပွဲ၏နောက်ဆုံးမိနစ်၊ ခြေတလှမ်းအလို၌အရှုံးပေးကြသည်” ဟု ပြောသည်။
ကိုယ်အလိုမဖြစ်၊ အဆင်မပြေဖြစ်ချိန်တောင်တက် လမ်းပမာ၊ ခက်ခဲကြမ်းတမ်းသင့်မရီးလမ်းစိုးရိမ်မှုနဲ့ စိတ်ဖိစီးမှုခံရချိန်အနားယူလျက် … မရပ်တန့်နဲ့။ထိုသို့ခရီးရှေ့ဆက်ခဲ့သော်၊ အားနည်းတွန့်ဆုတ် သူများတွေထက်ပန်းတိုင်သို့ပို၍ နီးသည်အောင်မြင်မှုဖလား ရရှိခါနီးရှန်းကန်ရင်းနဲ့ အရှုံးပေးတတ် လည်းရှေ့သို့ ချီလျက် ကြိုးစားနေလော့။
(စာရေးသူမသိ)
စီးပွါးရေးလုပ်ငန်း၌မအောင်မြင်သောလူတယောက်ရှိသည်။ သူသည်ဥပဒေပြုအဖွဲ့၌တ နေရာရအောင်ကြိုးစားသော်လည်း မအောင်မြင်ပါ။ ထို့နောက် အခြားသောလုပ်ငန်းတခု၌ အရေးမလှရှုံးနိမ့်သည်။ နောက်ဆုံးတွင်ထိုဥပဒေပြုအဖွဲ့သို့ရွေးချယ်ခံရသော်လည်း စိတ်ကျ ရောဂါခံစားသည်။ နောက်ဆယ်နှစ်အတွင်းတွင် လွှတ်တော်သဘာပတိ၊ မြေယာအရာရှိ၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ကွန်ဂရက်လွှတ်တော်အမတ် စသည်တို့အတွက် ရွေးကောက်ပွဲ၌ မအောင်မြင်ပါ။ နောက်ဆုံးတွင် ကွန်ဂရက်လွှတ်တော်၌ အရွေးခံရသော်လည်း ပြန်လည် ရွေးကောက်ခြင်း၌ရှုံးသည်။ သူသည် U.S.A ဆီးနိတ်လွှတ်တော်အမတ်အဖြစ်အ ရွေးခံရန်ကြိုးစားသော်လည်းရှုံးသည်။ နောက်တနှစ်ကြာသောU.S.A ဆီးနိတ်လွှတ်တော်အမတ်နေရာသို့ရောက်ရန် ကြိုးစားမှုမအောင်မြင်အခါ၊ ဒုတိယသမ္မနေရာပြိုင် သော်လည်းမအောင်မြင်ပါ။ နောက်တခါပါ။ နောက် ဆုံးတွင် ဤအရာအားလုံးပြောင်းပြန် ဖြစ်လာပြီးနောက်မှအမေရိကန်ပြည်ထောင်စု၏သမ္မတအဖြစ်အရွေးခံရသည်။ သူ၏နာမည်မှာAbraham Lincoln ဖြစ်သည်။
သခင်ယေရှုသည် မပြောနိုင်လောက်အောင်များပြားသည့်အပြစ်သားတို့၏ဆန့်ကျင်ဘက်ပြုခြင်းကိုခံရသည် (ဟေဗြဲ ၁၂း၃)။ သူသည်လက်ဝါးကပ်တိုင်ပေါ်၌အရှက်တကွဲအကျိုးနည်းခြင်းခံသည် (ဟေဗြဲ ၁၂း၂)။ သူသည်ခမည်းတော်ပေးသည့် အလုပ်ကိုပြီးစီးစေသည် (ယော ၁၇:၄)။ ပြန်လည်နောက်ဆုတ်ရန် အနည်းအကျဉ်းပင်စဉ်းစားခြင်းမရှိပါ။ ဘုရားသခင်ပေးသောအလုပ်ကိုပြီးစီးစေခြင်းသည် ယေရှုအတွက်စားစရာကဲ့သို့ဖြစ်သည်။
ကျွန်ုပ်တို့သည် ယေရှုနှင့်တူရန်အတွက်သည်းခံရပါမည်။ ကျွန်ုပ်တို့သည် Amy Carmichael ၏စိတ် သ ဘောထားရှိရပါမည်။
အကျွန်ုပ်လက်တို့ ထွန်တုံးကိုင်လည်းအကျွန်ုပ်ရှေ့ရှိ မြေရှိသမျှ မထွန်ယက်သေး၊ကြမ်းကြုတ် မှုနှင့်လူသူအရောက်နဲ၊ အထီးကျန်တောထဲထွန်တုံးကိုင်သော အကျွန်ုပ်လက်များမျက်ရည်များဖြင့် စွတ်စိုနေလျက်၊သံချေးတက်သောထွန်သွားများ ပျက်စီးနေလည်းကွင်းပြင်ထဲဝယ် ဇက်ကြိုးများအားလျော့ရဲခွင့်မပေးဘဲ၊အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရားနောက်ပြန်လှည့်ခြင်းမှ ကွယ်ကာပါ။
သုံးဆယ့်ငါး
ရှင်သန်၍ထက်မြက်သော မိမိကိုယ်ကိုသိသည့်စိတ်ရှိပါ
Have A Conscience Live And Keen
လူတိုင်းသည်မိမိ၏ဩတ္တပ္ပစိတ်ကိုတကြိမ် သို့မဟုတ် နောက်တကြိမ်ချိုးဖေါက်ရန်စုံစမ်းခြင်းခံသည်။ သင်၏အလုပ် သည် မည်သည့်အလုပ်ဖြစ်နေပါစေ၊ ၄င်းတို့သည် စာရိတ္တနှင့်ဆိုင်သောပြ ဿနာများနှင့်ထိုးထွင်းဆောက်လုပ်ထားသည်။ ကားဟောင်းများကိုရောင်းသောသူတို့သည် အဖိုးမတန်သောအဟောင်းပစ္စည်းမှန်းသိကြသော်လည်း ကားတစီးကိုအလွန်အမင်းချီးမွမ်းလိုကြသည်။ ဆရာဝန်တို့သည် ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် ဖျားနာခြင်းအမှန်တကယ်မဖြစ်သော် လည်းထိခိုက်ဒဏ်ရာရခြင်း၊ ဖျားနာခြင်းတို့အတွက်အာမခံငွေကိုလျှောက်ပေးရန်တောင်းဆိုခြင်းခံရကြသည်။ သို့မဟုတ် မူးယစ်ဆေးစွဲခြင်းအတွက်ဆေးညွှန်းများပေးရန်တောင်းဆိုခံရသည်။ ရှေ့နေများကအပြစ်မဲ့လူတို့ကိုသိုး၏ဦးချိုကဲ့သို့ကောက်နေကြသည်ဟုလျှေ ာက်လဲကြသည်။ မြေနှင့်အဆောက်အဦးပွဲစားတို့သည် သမ္မာတရားကိုဟန့်တားရာ၌၄င်း၊ ဖေါက်လွဲဖေါက်ပြန်လုပ်ရာ၌၄င်း၊ ကျွမ်းကျင်သူများဖြစ်လာနိုင်ကြသည်။ ရဲအရာရှိတို့သည်ဥပဒေညှိစွန်းသည့်အခါတိုင်း၌ အကူညအညီပေးမည်ဟုမျှော်လင့်သောလူတို့ထံမှမျက်နှာသ ာပေးခြင်းကိုရရှိကြသည်။ ကန်ထရိုက်တို့သည် လိုအပ်သည့်ခွင့်ပြုချက်များမရသည့်အခါ၌၄င်း၊ အမျိုးအစားညံ သောပစ္စည်းများကိုအသုံးပြုသောအခါ၌၄င်း၊ သူတို့၏ အမြတ်ငွေကိုတိုး အောင်ပြုနိုင်ကြသည်။ လေယာဉ်စက်ပြင်သမားတို့သည် မပြီးသေးပဲ၊ ပြီးပြီဟုလက်မှတ်ထိုးကြသည်။ ဤသို့ပြုခြင်းအားဖြင့်သူ၏ လေယာဉ်ပျံများစောင့်ရှောက်မှုမှတ်တမ်းကိုအထော က်အကူပြုသည်။ ကုန်ပစ္စည်းရောင်းသောသူတို့နှင့်လုပ် ငန်းပိုင်ရှင်များကအခွန်မပေးချင်ကြသောကြောင့် ချက် လက်မှတ်လက်မခံဘဲငွေသားဖြင့် ပေးချေရန်တောင်းဆိုကြသည်။ အလုပ်သမားများသည် အဖွား၏ဈာပနကိုမသွားချင်ကြသော ကြောင့်ဖျားနေကြသည်ဟုဖုန်းဖြင့်ပြောကြသည်။ သို့သော် သူတို့ကိုဘောလုံးကစားပွဲ၌တွေ့ရမည်ဖြစ်သည်။
ခရစ်ယာန်တို့သည်လိမ်လည်သောစကားကိုပြောရန် အစဉ်စုံစမ်းခြင်းခံကြသည်။ အခွန်ပေးရန် အချိန်ရောက်သောအခါ၌ ဝင်ငွေကိုအပြည့်အစုံမဖေါ်ပြဘဲ ငွေသုံးစွဲမှုတို့ကိုများအောင်လုပ်ကြသည်။ ဿသနာပြုတို့သည်အကောက်ခွန်ဝန်ထမ်းတို့ကိုလာဘ်ထိုး၍၊ ရဲတို့၏လက်ထဲသို့ငွေထည့်ပေး ပါကသူတို့၏အလုပ်ပို၍ လျင်မြန်စွာပြီးစီးနိုင်သည်။ အိမ်ရှင် မသည်ကုန်တိုက်ကြီး၌ပိုက်ဆံအကြွေ များစွာရရှိသော်လည်း ထိန်းသိမ်းရန်ဆုံးဖြတ် သည်။ ဧဝံဂေလိဆရာတို့သည် သူတို့၏တရား ဟောပွဲတက်ရောက်သူဦးရေနှင့် ခရစ်တော်ကိုလက်ခံရန်ဆုံး ဖြတ်ချက်ချသောအရေအတွကိုဖော်ပြရာ၌ ပို၍ များ ပြားစေခြင်းသည်အထောက်အကူဖြစ်ကြောင်းတွေ့ရှိကြသည်။ ကျောင်းသူကျောင်းသားတို့သည် စာမေ းပွဲ၌မရိုးသားသောနည်းဖြင့်အခွင့်အရေးယူလိုသည့်စိတ်ကိုအစဉ်ရင်ဆိုင်ကြရသည်။ ကုမ္ပဏီ၌အလုပ်လုပ်သည့်အချိန်တွင်ခရစ်တော်အတွက်သက်သေခံရန်စိတ်အားထက်သန်သောခရစ် ယာန်များမှာ ထိုအရာအတွက်လစာပေးခြင်းမဟုတ်ပါ။ ကားကိုအဝေးပြေးလမ်းမ ပေါ်တွင်အရှိန်နှင့်မောင်းနေစဉ် ခေါင်မိုးပေါ်တွင်ဝက်ခြံရှိသောကားအစီးကလိုက်လာသည်ကိုမြင်သောအခါ အဘယ့်ကြောင့်ကား ကိုအရှိန်လျှော့မောင်းကြပါသနည်း။ ၄င်းသည် ရဲကားတစီးအလားစိတ်မချမ်းသာစရာတွေ့ ရသောကြောင့်ဖြစ်သည်။ သူတောင်းစားသည်ငွေတောင်းရာ ကျွန်ုပ်တို့က “မရှိပါ” ဟု ပြောကြသည်။ သို့မဟုတ် ရုံး၌ဖုန်းဝင်လာသောအခါ အတွင်းရေ းမှူးက “သူမရှိပါဘူး” ဟု ဆို၏။ သို့သော်လည်း
သူရှိနေသည်။ အပေါ်၌တံဆိပ်ရာမထင်သည့်တံဆိပ်ခေါင်းကိုသင်အသုံးပြုပါသလား။ ကျွန်ုပ်တို့သည်ကက်ဆက်ခွေ၊ ဗီဒီယိုခွေများကိုတရားမဝင်ပြန်ကူး၍အသုံးပြုကြသည်။ ကလေးတို့သည်ပြဿနာများကို အစဉ်ရင်ဆိုင်နေကြသည်။ မိခင်၏ပိုက်ဆံအိတ်ထဲမှပိုက်ဆံခိုးကြသည်။ ထို့နောက် ဒါဏ်မခံရစေရန်အတွက်လိမ်ပြောကြသည်။ ညီအစ်ကိုမောင်နှမတို့ကိုအပြစ်တင်စွပ်စွဲ၍ ပါဝင်ပတ်သက်မှုဟူသမျှတို့ကိုငြင်းကြသည်။
ဤအရာအချို့တို့သည်အသေးအဖွဲကဲ့သို့ဖြစ်သော်လည်းစပျစ်ခြံတခုလုံးကိုဖျက်ဆီးသည့်မြေခွေးကလေးများဖြစ်ကြသည်။ကိုယ်ကျင့်တရားဖေါက်သားရဲ၏တံဆိပ်ခတ်ခြင်းကိုခံခြင်း၌တရားသည်ဟုဆိုနိုင်ရန်အသုံးပြုနိုင်သည်။ဖျက်ခြင်းကိုတရားသည်ဟုပြောဆိုရန်အတွက်အသုံးပြုလေ့ရှိသည့်အရာကိုကြည်သူတယောက်သည်သူ၏အိမ်၌ခရစ်ယာန်ဘာသာကိုတည်ဆောက်ခြင်းယွင်းသည့်ခေတ်ကာလတခုတွင်ဘုရားသခင်အတွက်စကားပြောသည်။
ရှင်သန်၍ထက်ထက် မြက်မြက်ရှိသောဩတ္တပ္ပစိတ် သည် ပျက်စီးယိုအားဖြင့်ဂုဏ်အသရေရှိသည်။ စီးပွါးရေးသမားတယောက်သည် သူ၏ပြိုင်ဘက်ဖြစ်သောခရစ်ယာန်တယောက်နှင့်ပတ် သက်၍ “သင်သည်သူ့ထံမှ ကန်ထရိုက်လူကြီးတယော က်က “ကျွန်တော်သည် Tommy Walker ကစားနေ သည့်စာချုပ်ချုပ်စရာမလိုပါ။ သူပြောတာနှင့်လုံလောက်ပြီ” ဟု ဆို၏။ ဘော်လုံးဒို င် ပွဲတပွဲ၌ဒိုင် လူကြီးဆောင်ရွက်နေစဉ်တွင်စောင့်ကြည့်ရမည့်လူ နှစ်ဆယ့်တယောက်သာရှိသည် ကိုကျွန်တော်သိသည်။ အဘယ့်ကြောင့်ဆိုသော် Tommy သည်ညစ်ညမ်းသည့်အရာတခုမှလုပ် မည်မဟုတ်ကြောင်းကို ကျွန်တော်သိသောကြောင့်ဖြစ်သည်” ဟု ဆို၏။ ဘော်လုံးကစားခြင်းအပေါ်၌ Tommy ၏ခရစ်ယာန်ဖြစ်ခြင်းက အကျိုးသက်ရောက်မှုရှိစေသည်။
အလုပ်သမားတယောက်သည် မည်သူမျှမသိသောအ ကျိုးတူလုပ်ငန်းမှရသောဝင်ငွေများအကြောင်းကို သူ ၏အခွန်နှင့်ပတ်သက်သောအကြံပေးပုဂ္ဂိုလ်အားပြောပြသောအခါ၊ ထိုသူက -“ထားလိုက်ပါ၊ အစိုးရကသိမှာမဟုတ်ဘူး” ဟု ပြော သည်။ ထိုအလုပ်”ကျွန်တော်ထားလိုက်လို့မရဘူး၊ ကျွန်တော်ခရစ်ယာန်တယောက်ပါ”ဟုပြန်ပြောသည်။
အထက်ဖေါ်ပြပါအချက်များသည် လက်တွေ့ ကျသောဖြောင့်မတ်ခြင်းနှင့်ပတ်သက်၍ နမူနာများဖြစ်ပါသည်။ မရိုးမသားဟုထင်စရာကောင်းသောလုပ်ဆောင်ချက်နှင့်ရင်ဆိုင်ရသောအခါ၌”တနင်္ဂနွေနေ့ အတွက်ပါ၊ ဗုဒ္ဓဟူးနေ့အတွက်ပါ” ဟု ပြောသောခရစ်ယာန်နာ မည်ခံနှင့်သူတို့ကိုနှိုင်းယှဉ်ကြည့်ပါ။
ကိုယ်ကျင့်တရားပျက်ပြားမှု၌ဆက်လက်ရှိနေသောသူသည်ဩတ္တပ္ပစိတ်၌သိမ်ငယ်သွားသည့်   ဆိုးကျိုးတခုရှိသည်။ ရော်ဘာကြိုးပြားနည်းတူ ၄င်းကိုသမားက -ပို၍ဆွဲဆန့်လေ၊ ရုန်းကန်တတ်သောဂုဏ် သတ္တိပျောက် ဆုံးလေဖြစ်သည်။
လွယ်ကူသောနည်းမှာ၊ အဘယ်သူမျှမသိပါဟုဩတ္တပ္ပစိတ်ကိုလှည့်ဖြားခြင်းဖြစ်သည်။ သို့ရာတွင်၊ ဘုရားကသိပါသည်။ အရာခပ်သိမ်းတို့သည် ကိုယ်တော်ရှေ့၌ဖွင့်ထားလျက်ရှိသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့၏ လု ပ်ဆောင်ချက် များကိုသာကြည့်သည်မဟုတ်ဘဲကျွန်ုပ်တို့၏စဉ်းစား ခြင်းနှင့်စိတ်နှလုံး၏ အကြံအစည်တို့ကိုဖတ်ရှုသည်။
ဩတ္တပ္ပစိတ်ထဲ၌ပြစ်မှားခြင်း၏ရလာဒ်သည် အပြစ်ဒုစရိုက်တစုံတခု၏ရလာဒ်နှင့်အတူတူပင်ဖြစ်သည် –
> ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့ခြင်းပျက်ပြားသည် (၁ယော ၁း၆)။> ကယ်တင်ခြင်းနှင့်ယှဉ်သည့် ဝမ်းမြော က်ခြင်းဆုံးရှုံးသည် (ဆာလံ၅၁း၁၂)။
> ထိရောက်သည့်သက်သေခံချက်ဆုံးရှုံးကာ(ကမ္ဘာ၉း၁ ၄)၊ ဝိညာဉ်ရေးရာအစွမ်းတန်ခိုးယိုထွက်သွားသည်။ အပြစ်လုပ်ပြီး ၄င်းမှလွတ်၍မရပါ။၄င်း၏အခကို ကျွန်ု ပ်တို့အပေါ်၌တောင်းသည်။ ကျွန်ုပ်တို့သည် ယခင်အတိုင်းထိရောက်အောင်မြင်နေဆဲဖြစ်သည်ဟုထင်ရသော်လည်း ဘုရားသခင်သည်ကျွန်ုပ်တို့၏လုပ်ငန်းအပေါ်၌ကောင်းကြီးမပေးပါ။ လှည်းဘီးသည် လေးထန်စွာဒရွတ်ဆွဲနေရသည်။
> ဘုရားသခင်၏နာမတော်အပေါ်၌ အရှက်ရစေသည် (၂ရာ ၁၂:၁၄)၊> သူတပါးအတွက်ထိမိလဲစရာဖြစ်စေ သည် (ယော ၁၇း၂၁)။> ဆုတောင်းခြင်းနှင့် ဘုရား သခင်ထံတော်သို့တိုးဝင်ရသည့်အခွင့်ဆုံးရှုံးသည် (ဆာလ ၆၆း၁၈)။> ၄င်းသည် ကယ်တင်ရှင်အားလက်ဝ ါးကပ်တိုင်ပေါ်၌တင်သတ်သည့် အပြစ်များမှတခုဖြစ် သည်။ဆုံးဖြတ်ချက်ချစေရန်တံခါးဖွင့်ပေးသည်။
> ဘုရားသခင်၏နှလုံးတော်ကိုကြေကွဲကျိုးပဲ့စေသည်။
>၄င်းသည်လူတယောက်အားသွေးဆောင်ခြင်းနှင့် မကောင်းသော>၄င်းသည်ဘုရား သခင်၏ဆုံးမဒါဏ် ခတ်ခြင်းကိုခံရသည် (ဟေဗြဲ၁၂း၆)။
အပြစ်ဝန်ချတောင်းပန်၍ စွန့်မပစ်ပါက ခရစ်တော် ၏ တရားစီရင်သောပလ္လင်တော်၌ ဆုလဒ်များဆုံးရှုံးမှုကိုခံစားရမည်ဖြစ်သည် (၁ကော ၃း၁၁-၁၅)။
ဆုံးရှုံးမှုရှိသောနေရာတိုင်း၌ ပြန်လည်နလံထရမည့်နည်းအစဉ်ရှိသည်။ထိုအရာကို (၁ယော ၁း၉) ၌တွေ့ ရသည်။ ကျွန်ုပ်တို့သည် ထိုစက်ဆုပ်ဘွယ်ရာမကောင်းမှုကိုမဖုံးကွယ်ဘဲ ဝန်ချတောင်းပန်ရပါသည်။ ထိုသို့ပြုသောအခါဘုရားသခင်သည်သစ္စာတရားနှင့်၄င်း၊ ဖြော င့်မတ်ခြင်းတရားနှင့်၎င်း၊ ပြည့်စုံတော်မူ၍ ကျွန်ုပ်တို့၏ အပြစ်ကိုလွှတ်ကာ၊ ဒုစရိုက်ရှိသမျှနှင့်ကင်းစင်စေ သည်။
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဦးစားပေးမှုများကိုထားကြရမည်ဖြစ်ထုတ်လုပ်မှု၊ လူ၊ အခြေခံမူစသည်ဖြင့်စီထားရမည်လော။ဤအ ရာကိုသင်အစဉ်လိုက် မည်သို့စီထားရမည်နည်း။ အကျိုးအမြတ်၊ဘုရားသခင်၏နှုတ်ကပတ်တော်သည်ဩတ္တပ္ပစိတ်၌ပညာတတ်စေ၍၊စကားနား ထောင်လွယ်သောခရစ်ယာန်များအတွက် ထိုအရာသည် တခါတရံအဖိုးအခကြီးမားလှသည်။ ဝတ္ထုပစ္စည်းများနှင့်၄င်းတို့၏တန်ဘိုးနှင့်ပတ်သက်၍ မိမိ၏ဖေါက်သည်များအားမဟုတ်မမှန်ပြောရန် လူငယ်ယုံကြည်သူတယောက်အမိန့်ပေးခြင်းခံရသည်။ သူသည် မိမိ၏ဇနီးနှင့်အတူ မည်သို့ပြုလုပ်သင့်သည်ကိုဘုရားသခင်အားဆုတောင်းကြသည်။ နောက်တနေ့တွင် သူသည်ဖေါက်သည်အားလိမ်မည်မဟုတ်ကြောင်း ကြီးကြပ်ရေးမှူးကိုသွားပြောသည်။ ထိုသောကြာနေ့တွင်သူသည်အလုပ်မှ ထုတ်ဖယ်ခြင်းခံရသည်။ အဘယ့်ကြောင့်ထိုသို့ဖြစ် သည် ကိုသူသိသည်။
“ကျွန်ုပ်သည် ယနေ့တိုင်အောင် ဘုရားဝတ်ပြုခြင်းအမှုမှာ ကိုယ်စိတ်နှလုံးသည် ကိုယ်၌အပြစ်တင်ခွင့်နှင့်ကင် းလွတ်လျက်ပြုပါသည်” (တမန် ၂၃း၁)ဟု ပေါလုနှင့်အတူပြောနိုင်ရန် အာသီသထား၍ကျွန်ုပ်တို့၏ဝမ် းမြောက်ခြင်းလည်းဖြစ်သင့်သည်။ ကျွန်ုပ်တို့၏ဩတ္တပ္ပစိတ်ကိုဘုရားသခင် ၏နှုတ်ကပတ်တော် သည်လမ်းပြပါက ကျွန်ုပ်တို့ကိုအပြစ်ဒုစရိုက်မှရွေးနှုတ် ကယ်တင်ရုံသာ မလိုအပ်သောအသေး အဖွဲကိစ္စမှလည်းကင်းလွတ်စေမည်ဖြစ်သည်။
အပြစ်ကိုသိမြင်၊ နာကြင်မှုများခံစားတတ်လို့ငှါမနာလိုမှုနှင့်ဘုရားကြောက်ရွံ့ခြင်းမူဝါဒများ အကျွန်ုပ်စိတ်ထဲရှိစေချင်၊မာနနှင့်ပြင်းပြတောင့်တမှုများဦးစွာခံစားလျက်မရေရာဆန္ဒနောက် လိုက်ဖမ်းရင်းနှင့်ငြိမ်းသတ်သွားခဲ့ ကြင်နာခြင်းမီး၊ဇာတိနှလုံးသားနူးညံ့သွားကာ၊ ကိုယ်တော်နှင့် မခွဲမခွာဘဲသခင်အားနောက်ထပ်ဝမ်းမနည်းစေတော့ပါ။အို ဘုရားသခင်၊ အကျွန်ုပ်၏ မှားယွင်းသော အကြည့်တချက်ကြောင့်အပြစ်ပြုမိလျက် အကျွန်ုပ်ဝိညာဉ်အားလျော့ပါ၏၊အို ဘုရားသခင်၊ အကျွန်ုပ်လမ်းလွဲသော် ဆုံးမတော်မူပါ၊အကျွန်ုပ်ဘဝ၏မှားယွင်းမှုများအတွက် ဝမ်းနည်းငိုကြွေးခွ င့်ပြုတော်မူပါ၊အသေးငယ်ဆုံးလျစ်လျူရှူမှုက အကျွန်ုပ်ဝိညာဉ်နာကြင်စေသောကြောင့်အကျွန်ုပ်အား သခင့်အသွေးတော်နှင့်နီးစေလျက်၊အကျွန်ုပ်ဒါဏ်ရာအလုံးစုံကို ကင်းပျောက်စေတော်မူပါ။
သုံးဆယ့်ခြောက်
အတတ်နိုင်ဆုံးလူအားလုံးတို့နှင့်သင့်မြတ်စွာနေထိုင်ပါ
Live Peaceably With All – Whenever Possible
ဤအခန်း၏ခေါင်းစဉ်မှာ “သူတပါးနှင့်အဆင်ပြေအောင်နေပါ”ပြောခြင်းသာဖြစ်ပါသည်။ ဤအရာသည် ခရစ်ယာန်အသက်တာ၌အကြီးမားဆုံးသောပြဿနာတခုဖြစ်သည်။ ၄င်းသည် အိမ်၌၄င်း၊ အသင်းတော်၌ ၄င်း၊ပြည်ပသာသနာ၌၄င်း၊ ကြီးမားစွာဘွားကနဲပေါ်လာသည်။ ၄င်းမှာ လူမျိုးအားလုံး၊နိုင်ငံအားလုံး နှင့်ယဉ်ကျေးမှုအားလုံး၌ ပြဿနာတခုဖြစ်သည်။ “ကမ္ဘာ၏ပြဿနာမှာ လူဖြစ်သည်” ဟု Will Rogers ပြောသောအရာမှာ ထိုအရာပင်ဆိုလိုသည်။
ကျွန်ုပ်တို့သည်ဤအခန်းတခန်း၌အခြေပြုချက်အား လုံးကို ခြုံမိနိုင်မည်မဟုတ်ပါ။ ခြုံမိနိုင်ရန်တယ်လီဖုန်း လမ်းညွှန်စာအုပ်လောက်ထူမည်ဖြစ်သည်။
အခြားသောသူတို့နှင့်ဆက်ဆံရာတွင် သူတို့၏အာ းနည်း ချက်များထက်သူတို့၏ကောင်းသောအရည် အချ င်းများကိုစဉ်းစားပါ။ သူတို့သည်ယုံကြည်သူများဖြစ်ပါက သူတို့အထဲ၌ရှိသောယေရှုကိုကြည့်ပါ။ အင်ဒီယန်းလူမျိုးတို့၏တမန်တော်ဖြစ်သော မီနီဆူးတားပြည်နယ် Bishop Whipple က “ငါနှင့်မတူသောလူတို့၌ ခရစ် တော်၏မျက်နှာတော်ကိုမြင်နိုင်ရန် အနှစ်သုံးဆယ်လုံးလုံးကျွန်တော်ကြိုးစားခဲ့သည်” ဟုဆို၏။
ကိုယ်အလိုမဖြစ်၊ အဆင်မပြေဖြစ်ချိန်တောင်တက်လ မ်းပမာ၊ ခက်ခဲကြမ်းတမ်း သင့်ခရီးလမ်း၊စိုးရိမ်မှုနဲ့ စိတ်ဖိစီးမှုခံရချိန်အနားယူလျက် မရပ်တန့်နဲ့။ထိုသို့ခရီး ရှေ့ဆက်ခဲ့သော်အားနည်းတွန့်ဆု တ်သူများတွေ ထက်ပန်းတိုင်ခရီး ပို၍နီးသည်။အောင်မြင်မှုဖလား ရခါနီးရုန်းကန်ရင်းနဲ့ အရှုံးပေးတတ်လည်းရှေ့သို့ချီလျက် ကြိုးစားနေလော့။လူတို့၏အားန ည်းချက်ကိုအဓိကထားမည့်အစားသူတို့၏ကောင်းသော
(Ella Wheeler Wilcox)
လူတို့၏အားနည်းချက်ကိုအဓိကထားမည့်အစားသူတို့ ၏ကောင်းသောအလားအလာကိုအာရုံစိုက်သင့်သည်။ ယခုသူတို့သည်မည်သူဖြစ်သည်ထက်မည်သူဖြစ်လာမည်မှာပို၍ အရေး ကြီးသည်။ကျွန်ုပ်တို့အားလုံး ၌အမှာ းနှင့်ရှုံးနိမ့်ခြင်းများရှိကြသည်ကိုကျွန်ုပ်တို့သတိရကြရမည်။ ကျွန်ုပ်တို့ကိုယ်တိုင်မှာလည်းစုံ လင်ခြင်းမရှိနိုင်သရွေ့ အခြားသောသူတို့ထံမှလည်းမမျှော်လင့်ရပါ။ ယေရှုသည်သူ၏တပည့်တော် များကိုအရှိအတိုင်းလ က်ခံ၍ ထိုအခြေအနေမှတည်ဆောက်ပေးသည်။ ကိုယ် တော်သည် သူတို့နှင့်အတူမလုပ်မီ သူတို့အားဝိညာဉ်ရေးရ ာ ၌အင်အားကြီးမားသောသူများ ဖြစ်ကြရန်မတောင်းဆို ပါ။မိမိတို့၏လုပ်ဆောင်ချက်များကိုထ င်ရှားပြသခြင်းမရှိဘဲ လူကိုလူအနေနှင့်ကျွန်ုတို့လက်ခံနိုင်ပါသည်။ Dale E. Galloway က ဤသို့ပြောသည် -များစွာသောကျွန်ုပ်တို့သည် အပြုအမူအတည်ပြုခြင်းနှင့် လူကိုလက်ခံခြင်းအကြားခြားနားချက်ကို တခါမှမသင်ယူဘူးကြပါ။ လူတယောက်အားအကြွင်းမဲ့ လက်ခံခြင်းအကြောင်းကို ကျွန်တော်ပြောသောအခါ၌သူတပါး၏စိတ်ထား၊ သို့မဟုတ် လုပ်ဆောင်ချက်များကိုအ တည်ပြုရမည်ဟု ကျွန်တော်ဆိုလိုခြင်းမဟုတ်ပါ။ လူတယောက်၌အား နည်းချက်များရှိသော်လည်းသင်ပြုရမည်မှာ သူဖြစ်သည်အတိုင်းချစ်ရန်ဖြစ်သည်။
လူတို့၏နောက်ခံသမိုင်း၊ အစွမ်းအမျိုးမျိုးရှိခြင်းနှင့်အတွေ့ အကြုံမတူခြင်း၊ ဝိညာဉ်ရေးရာရင့်ကျက်မှုအ ဆင့်ခြားနားခြင်းစသည်တို့အတွက်အခွင့်ပေးခြင်းမှာကောင်းသည်။ ကျွန်ုပ်တို့၏သူတို့အပေါ်ဝေဖန်အပြစ် တင်ခြင်းကိုလျှော့ချခြင်းအားဖြင့်၄င်း၊ သို့မဟုတ် နောက်ဆုတ်၍သော်၎င်း၊ သူတို့အတွက် အခွင့်အရေးပေးကြသည်။ တခါတရံ လူတို့သည်ကျွန်ုပ်တို့အားမှား ယွင်းသောနည်းဖြင့်တိုက်ခိုက်ကြသည်။ ထိုသို့ပြုကြခြင်းမှာ သူတို့ဖြတ်ကျော်သည့်ခက်ခဲ သောအချိန်ကာလကြောင့်ဖြစ်သည်။ ၄င်းသည် သည်းခံရန်နှင့်ကိုယ်ချင်းစာရန်အတွက် အဖိုးအခပေးခြင်းဖြစ်သည်။
ဘုရားသခင်က သူ၏လူများ၌ပြုလုပ်ပေးသည့် မတူညီမှုကိုကျွန်ုပ်တို့တန်ဘိုးထားသင့်သည်။ခရစ်တေ ာ်၏ ကိုယ်တည်းဟူသောခန္ဓာကိုယ်တခုတည်းရှိသော်လည်းအင်္ဂါများစွာရှိရာ၊ ထိုအင်္ဂါတို့သည် တခုနှင့်တခုမတူကြပါ။ ထိုအင်္ဂတခုစီသည် သင်နှင့်ထပ်တူထပ်မျှတူကြလျှင် ဤကမ္ဘာသည်မည် မျှပျင်းရိငြီးငွေ့စရာဖြစ်မည်ကိုမြင်ယောင်ကြည့်ပါ။ ဤအရာက လူတိုင်းကိုသင်၏ပုံစံအတိုင်း ပုံသွင်းရန်ကြိုးစားခြင်းမှ သင့်ကိုလွတ်ကင်းစေမည်။
ကျွန်ုပ်တို့သည် လူ၏အပေါ်ယံပုံသဏ္ဍာန်ကိုကြည့်ပြီးစီရင်လိုကြသည်သူတို့သည်ရုပ်ချောပါက ကောင်းမည်ဟုအလိုလိုထင်မြင်ယူဆကြသည်။ JamesDobsonကလှပမှုသည်လူ့တန်ဘိုး၏ရွှေဒင်္ဂါးဖြစ်သည်ဟုဆို၏။ ၄င်းမှာဖြစ်သင့်သည့်နည်းမဟုတ်သော်လည်း ထိုနည်းအတိုင်းမကြာခဏဖြစ်လေ့ရှိသည်ဟု ဆက်၍ရှင်းပြသည်။
Mozart ကိုလက်ထပ်ရန်စီစဉ်သည့်မိန်းမငယ်တယောက်သည်သူအပေါ်၌စိတ်စွဲလမ်းခြင်းရှိမလာတော့ပါ။ အဘယ့်ကြောင့်ဆိုသော် သူသည်အရပ်ပုသည်။ ထိုမျှသာမက သူမသည်အရပ်ရှည်၍ဆွဲ ဆောင်မှုရှိ သောရုပ်ချောသည့်အခြားယောက်ျားတယောက်ကိုတွေ့ရှိသော ကြော င့်ဖြစ်သည်။ Mozartနာမည် ထင်ရှားလာသော အခါ သူမ၏ဆုံးဖြတ်ချက်ကြောင့်ဝမ်းနည်းသည်။”ကျွန်မအနေနှင့် Mozart ၏ကြီးမြတ်သည့်ပါရမီနှင့်ပတ်သက်၍ တစုံတခုမျှမသိခဲ့ပါ။ သူ့အားလူသေးသေးလေး တယောက် အနေနှင့်သာ ကျွန်မမြင်သည်” ဟုဆို၏။”
ကျွန်ုပ်တို့သည်ဆုံးဖြတ်ချက်မချမီ သိသင့်သောအရာများလေ့လာသင့်သည်။ အလျင်စလိုဆုံးဖြတ်ခြင်း သည်အန္တရယ်ကြီးလှသည်။ ကျွန်ုပ်တို့သည် အမှားဖြစ်သည်။လုပ်မိစရာရှိပါက ကျေးဇူးတရားဘက်မှ သတိထား၍ပြုခြင်းသည်အကောင်းဆုံးဖြစ်သည်။
ကျွန်ုပ်တို့သည်အချက်အလက်အားလုံးကိုမသိဘဲ ဆုံး ဖြတ်ချက်မချသင့်ပါ။ John Wesley သည်လူတယောက်အားကပ်စေးနှဲသည်ဟုမြင်သောကြောင့် ထိုလူအပေါ်၌အကောင်းမမြင်ပါ။ တနေ့သောအခါ ထိုလူသည်ငွေအနည်းငယ်ကိုအလှူထည့်သည်ကိုသတိပြုသောအခါ ထိုဆင်းရဲသားကိုပွင့်ပွင့်လင်းလင်းဝေဖန်အပြစ်တင်ခဲ့သည်။
နောက်ပိုင်းတွင် ထိုလူက ရွက်စားမုန်လာနှင့်ရေနှင့်သာအသက်မွေးရကြောင်း Wesley ကိုပြောပြသည်။ ကယ် တင်ခြင်းမရမီအကြွေးများစွာတင်ခဲ့ဟန်ရှိသည်။ ယခုတွင်အကြွေးရှင်များကိုအကြွေးဆပ်ရန်အတွက် သူသည်ခြိုးခြံချွေတာ၍ငွေစုနေသည်။ “ခရစ်တော်သည် ကျွန်ုပ်ကို ရိုးသားသောသူတယောက်ဖြစ်စေတယ်။ ဤအကြွေးများကိုဆပ်နေရသောကြောင့် ဆယ်ဘို့တဘို့အပြင် သျှီလင် (ပဲနီ) အနည်းငယ်ကိုသာကျွန် တော်ပေးနိုင်တယ်။ ကျွန်တော်သည် မယုံကြည်သူအိမ်နီးနားချင်းတို့အားအကြွေးဆပ်၍၊ တခါကမရိုးသားသည့်လူတ ယောက်၏စိတ်နှလုံးအထဲ၌ဘုရားသခင်၏ ကျေးဇူးတော် ကပြုနိုင်သည့်အရာကိုပြသသည်” ဟု ဆို၏။ Wesley အနေနှင့်မတရားစွာဖြင့်ဝေဖန် အပြစ်တင်ခဲ့သည့်ထိုလူအပေါ်၌ တောင်းပန်ရုံမှအပမည်သည့်အရာမျှမလုပ်နိုင်ပါ။
လူတို့အားကျွန်ုပ်တို့၏အကျိုးအတွက်ပြုမူဆက်ဆံသ ည်ထက် သူတို့၏ကောင်းသောအရာကို ကြည့်၍ပြုမူခြင်းမှာပိုကောင်းသည်။ ကျွန်ုပ်တို့သည် လူတို့ကို “အ သုံးမချ” သင့်ပေ။ ဆိုလိုသည်မှာ သွေးစုပ်ခြယ်လှယ်ခြင်း၊ လိမ္မာပါးနပ်စွာကိုင်တွယ်အသုံးပြုခြင်း၊ ကျွန်ုပ်တို့၏အကျိုးအတွက်အသုံးပြုခြင်းစသည်တို့ဖြစ်သည်။ လူတို့ကိုချစ်၍ အရာဝတ္ထုတို့ကိုအသုံးပြုရန်ဘုရားသ ခင်သည်ကျွန်ုပ်တို့ကိုဖန်ဆင်းသည်။ ကျွန်ုပ်တို့၏ပြ ဿနာမှာ အရာဝတ္ထုတို့ကိုတပ်မက်၍လူတို့ကိုအသုံးချခြင်းပင်ဖြစ်သည် (စာရေးသူမသိ)။
ကျွန်ုပ်တို့သည် စရိုက်လက္ခဏာအားဖြင့်ဆက်ဆံရန်ခက်ခဲသောလူတို့အပေါ်၌စိတ်ရှည်ခြင်းရှိရန် ဘုရား သခင်အားဆုတောင်းပါ။ သင်သည်ချောမွေ့စွာဖြင့် ယအလုပ်အတူမလုပ်နိုင်သည့်လူတချို့ ရှိကောင်းရှိနိုင်သည်ကိုလည်းပေါက်ပါ။ ပေါလုနှင့်ဗာနဗတို့သည်ပင်လျှင် သခင်ဘုရား၏အမှုတော်၌အတူမလုပ်နိုင်ဘဲ ကွဲသွားကြသည်။
ကျွန်ုပ်တို့သည်သူတပါးကို ကျွန်ုပ်တို့ထက်သာသည်ဟု မှတ်ယူရမည့်အကြောင်းရှင်ပေါလုပြောပါသည်။ ထိုသို့ဆိုရာ၌ လူတိုင်းသည်ကျွန်ုပ်တို့ထက်စရိုက်ပို၍ကောင်းသည်ဟုမဆိုလိုပါ။ ကျွန်ုပ်တို့သည် မိမိအတွက်ထက်သူတပါးအတြက္အသက္ရွင္သင့္သည္ဟူ၍လည္းမဆိုလိုပါ။ ကျွန်ုပ်တို့သည် မိမိ၏အကျိုးထက်သူတို့၏အကျိုးကိုပို၍ ဦးစားပေးကာ၊ သခင်ယေရှုက ကျွန်ုပ်တို့အပေါ်ပြုသည့်နည်းတူ သူတို့အားပြုသင့်သည်ဟု ဆိုလိုသည်။
ကျွန်ုပ်တို့သည် လူတို့နှင့်တွေ့ဆုံရသောအခါ၌ ကျွန်ုပ်တို့အတွက်အဓိပ္ပါယ်ရှိသောအတွေ့ အကြုံတခုဖြစ်သည့်အကြောင်း သူတို့ခံစားစေရန်ပြုသင့်သည်။ကျွန်တော်၌လူစိမ်းများကိုပင် ထိုသို့သောနွေးထွေးမှုနှင့်၄င်း၊ စိတ်အားထက်သန်စွာဖြင့်၄င်း ကြိုဆိုသည့်မိတ်ဆွေတယောက်ရှိသည်။ ထိုအရာသည် သူတို့၏ နေ့ရက်ကိုလက်တွေ့ကျစွာဖြင့် အသုံးပြုစေနိုင်သည်။
ကျွန်ုပ်တို့သည်လူစိမ်းသူစိမ်းတို့ကိုတွေ့နိုင်ရန်ကြံဆသင့်သည်။ ထိုသို့ပြုရန်ခက်ခဲပါက မိမိကိုယ်ကိုအတင်း လုပ်ခိုင်းရမည်ဖြစ်သည်။ မိမိကိုယ်ကိုအလျင်အမြန်မိတ်ဆက်၍ အမှန်တကယ် အကျိုးဖြစ်သည့်မေးခွန်းများ ကိုမေးပါ။ ယေရှုသည် ရှမာရိအမျိုးသမီးအားမေး ခွန်းများကိုမေးသောအားဖြင့် မိမိကိုယ်ကိုမိတ်ဆက်သည် (ယော ၄း၇)။
အခြားသောသူများအပေါ်၌ကျွန်ုပ်တို့၏စိတ်ဝင်းစားမှုကိုသက်သေပြနိုင်ရန်သေချာသောနည်းမှာ သူတို့၏နာမည်ကိုမှတ်မိခြင်းဖြစ်သည်။ Elisabeth Elliot က ဤသို့ရေးသည်
ကျွန်ုပ်၏နား၌အချိုသာဆုံးသောအသံမှာ မိမိ၏ နာ မည်ခေါ်သံဖြစ်သည်။လူထုဆက်ဆံရေး အလုပ်၌လုပ်သောသူတို့သည် လူတယောက်၏နာမည်အသုံးပြုခြင်း၏ အရေးကြီးပုံကိုနားလည် သိရှိကြသည်။ လူတို့ကိုနာမည်နှင့်ခေါ်ခြင်း မည်သည့်နာမည်ကိုအသုံးပြုခြင်းစသည်တို့မှာ နက်နဲစွာအဓိပ္ပါယ်ရှိလှပြီး၊ လူတ ယောက်အားမိမိ၏စိတ်ထားကိုဖေါ်ပြခြင်းတခုဖြစ် သည်။
ကျွန်ုပ်တို့သည် “နာမည်များကိုမမှတ်မိနိုင်ဘူး” ဟု ညည် း၍မိမိကိုယ်ကိုခွင့်လွတ်တတ်ကြသည်။ ကျွန်ုပ်တို့သည် မှတ်မိနိုင်ရန်အရေးကြီးသည်ဟုသောနည်းမှာ ၄င်းတို့ကိုရေးမှတ်ခြင်းပင်ဖြစ်သည်။ စဉ်းစားသောအရာကိုမှတ်မိကြသည်။ နာမည်များကိုမှတ်မိနိုင်ရန်အလွယ်ကူဆုံးကျွန်ုပ်တို့သည် Oliver Cromwell ၏ “သင်သည်မှားနိုင်သည်ဟုကြံစည်စိတ်ကူးခြင်းရှိရန် ခရစ် တော်၏ဂရုဏာတော်၌သင့်ကိုငါ တောင်းပန်၏ဟူ သောအကြံပေးခြင်းကိုသတိရသင့်ကြသည်။ ထိတ်လန့်တုန်လှုပ်ဘွယ်ရာများမကြာခ ဏဖြစ်တတ်သည်။ ထိုသို့ရှိသောအခါ၌ “ငါမှားပါတယ်၊ ကျွန်တော်ဝမ်းနည်းပါတယ်။ ကျေးဇူးပြု၍ခွင့် လွှတ်ပါ” ဟု မပြောနိုင် လော က်အောင် မာနထောင်လွှားခြင်းမရှိသင့်ပါ။ လူတို့သည်ထင်ယောင်ထင် မှားဖြစ်ခြင်းကိုရှောင်ကြဉ်ကြသည်။အသိပညာမစုံလင်၊ အမှားလုပ်တတ်သောသူများဖြစ် သည်ဟုဝန်ခံ သောသူတို့နှင့်လူတို့သည်ပို၍ စိတ် သက် သာရာရကြသည်။
တစုံတယောက်သောသူက ကျွန်ုပ်တို့ကိုတောင်းပန်ပါက သူ့အားခွင့်လွှတ်ကြောင်းကျွန်ုပ်တို့ပြောသင့်သည်။ ကျွန်ုပ်တို့သည် တောင်းပန်စရာမလိုသကဲ့သို့အမှုမဲ့အ မှတ်မဲ့မဖြစ်သင့်ပါ။ ၄င်းသည် နောင်တရခြင်းသို့ရော က်ရှိနိုင်ရန်အတွက်ရက်ရှည်လများခက်ခဲစွာရုန်းကန်ရသည့်အရာတခုဖြစ်ကောင်းဖြစ်နိုင်ပါသည်။ယခုတွင် ခွင့်လွှတ်ခြင်းခံရပြီဖြစ်ကြောင်းကြားချင်ပြီဖြစ်သည်။
ကျွန်ုပ်တို့သည်ပြူးကြောင်ကြောင်ကြည့်ခြင်းမပါဘဲ မျက်စိအားဖြင့်စကားပြောခြင်းကိုပြုသင့်သည်။ လူတယောက်ကိုစကားပြောသောအခါကျွန်ုပ်တို့သည် ရောက်တတ်ရာရာကိုကြည့်နေကြမည်ဆိုပါက ကျွန်ုပ်တို့၏စိတ်သည်လည်းထိုနည်းအတိုင်းဖြစ်မည်ဖြစ် သည်။ သို့သော်လည်း သူ့အားမျက် လုံးမလွဲဘဲစူးစိုက်ကြည့်လွန်းခြင်းသည် ကျွန်ုပ်တို့စကားပြောနေသည့်လူအား ကြောင် တောင်တောင်ဖြစ်စေသည်။
ယနေ့စာအုပ်များစွာတို့က လက်ဆွဲနှုတ်ဆက်ခြင်း၊ ဖက်ခြင်း၊ သို့မဟုတ်နမ်းခြင်း၊ ထိတွေ့ခြင်းအားဖြင့်ဖြစ်လာသည့်နွေးထွေးမှုနှင့်ခင်မင်မှုကိုအလေးပေးဖေါ်ပြနေကြသည်။ ဤအရာသည် မှန်ပါ၏။ ပေါလုသည်ကောရိန္ဒုမြို့၌ရှိသောယုံကြည်သူတို့အား “သန့်ရှင်းသောနမ်းခြင်းဖြင့် အချင်းချင်းနှုတ်ဆက်ကြလော့” (၁ကော ၁၆း၂၀) ဟု တောင်းဆိုသည်။ သို့သော်လည်း ထိတွေ့မှုသည်မသန့်ရှင်းပါက ကာမရာဂနှင့်ဆိုင်သောအပြစ်နှင့်အား ကြီးသောသွေးဆောင်ခြင်းတ ခုသို့ပို့ဆောင်နိုင်သည် ဟူသောအချက်ကို ကျွန်ုပ်တို့မှတ်ထားကြ ရမည်ဖြစ်သည်။ အချို့ သင့်လျော်သည့်ထိတွေ့ မှုသည် ကျွန်ုပ်တို့၏ပတ်ဝန်းကျင်ရှိလူ့အဖွဲ့ အစည်းအတွက်မကောင်းသော သွင်ပြင်လက္ခဏာရှိနိုင်သည်ကိုမှတ် ၍ ရှောင်သင့်သည် (၁သက် ၅း၂၂)။
အခြားသောသူတို့နှင့်တွေ့ ဆုံရာတွင် ကျွန်ုပ်တို့သည်အလွန်စိတ်ထိခိုက်တတ်သောသဘောမရှိသင့်ပါ။ အ ချို့သောသူတို့သည် စိတ်ထိခိုက်ခြင်း၊ရယ်စရာများကိုမခံယူနိုင်ကြပါ။ ခရစ်ယာန်တယောက်သည် ကြုံကကောင်၏ဒေါသဖြစ်ခြင်းကို မျက်နှာပေါ်၌မသိမသာထင်ရှားစေကြသည်။ သူတို့သည်လျှို့ဝှက်ချက်ကိုရှိနိုင်ရန်သင်ယူသင့်သည်။
အကျွန်ပ်လက်သည် ထွန်တုံးကိုင်လည်းအကျွန်ပ်  ရေှ့ရှိ   ေ မြရှိသမျှမထွန်ယက် းေသး၊ကြမ်း ကြုတ်မှုနှင့် လူသူအရောက်နဲ့ အထီးကျန်က  ေ တာထဲထွန်တုံးကိုင်သော အကျွန်ပ်လက်များမျက် ရည်များဖြင့်  စွတ်စိုနေလျက်သံချေးတက်သောထွန်းသွားများ ပျက်စီးနေလည်းကွင်းပြင်ထဲဝယ် ဇက်ကြိုးများအားလျော့ရဲခွင့်မပေးဘဲအကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ နောက်ပြန်လှည့်ခြင်းမှ ကွယ်ကာပါ။ (စာရေးသူမသိ)
ဝေဖန်အပြစ်တင်ခြင်းအပေါ် ကျွန်ုပ်တို့ခံယူသည့်နည်းမှာ ကျွန်ုပ်တို့၏အကျင့်စာရိတ္တနှင့်ရင့်ကျက်ခြင်း ၏မက်ကာဖြစ်သည်။ ကျွန်ုပ်တို့၌ဟိတ်ဟန်လုပ်သည့်အ မူအရာ၊ ထူးခြားသောအပြုအမူနှင့် သူတပါးကို စိတ်အနှောင့်အယှက်ဖြစ်စရာများရှိ မရှိသဘောပေါက်သင့်သည်။ ကျွန်ုပ်တို့၌ရေတွက်၍မရနိုင်သော အမှားနှင့်ရှုံးနိမ့်ခြင်းများရှိကြသည်။ ကျွန်ုပ်တို့သည် ဝေဖန်အပြစ်တင်မူကိုနိမ့်ချစွာဖြင့်ခံယူ၍ ထိုအရာမှအကျိုးကိုရရှိ အောင်ပြုသင့်သည်။ “ကောင်းပြီးညီအစ်ကို ကျွန်ုပ်အကြောင်းကိုဒီထက်ပို၍ မသိတဲ့အတွက်ဝမ်းသာပါတယ်။ဘာ့ကြောင့်လဲဆိုတော့၊ မင်းသိပါက၊ ဒီလက်ပိုများတဲ့အပြစ်တင် ဝေဖန်စရာရှိမှာသေချာတယ်” ဟု ကျွန်ုပ်တို့ပြောသင့်သည်။
တခါတရံတွင် အပြစ်တင်ဝေဖန်ခြင်းသည် မမှန်ကန်ကြောင်းထင်ရှားသည်။ ထိုသို့သောအခါများ၌ ကျွန်ုပ်တို့သည်စိတ်ရှည်စွာဖြင့်နားထောင်ပြီး၊ထိုစကားကိုဘုရားသခင်စီရင်ရန်အပ်ထားပါ။ ကျွန်ုပ်တို့ သည်အေးစက်မာကြောမလာမိစေရန်၊ နာကြည်းမိစေရန်နှင့် လှောင်မပြုံးမိစေရန်ကာ ကွယ်မည်အကြောင်း ကိုယ် တော်ကိုကျွန်ုပ်တို့တောင်းဆိုသင့်သည်။ ထိုသို့ပြုရန် ကိုယ်တော်သည်အစဉ်အလိုတော်ရှိသည်။
လူတို့သည်အကောင်းမြင်သောမိတ်ဆွေများကို ကြို က်နှစ်သက်ကြသည်။ညှိုးငယ် သောသူတယောက် မဖြစ်ပါနှင့်။ အခန်းတခန်းကိုဝင်လာသောအခါကြည်လင် တောက်ပသည့်လူတို့ကိုကျွန်တော်သိခဲ့သည်။ ၄င်းသည် အလင်းဝင်လာသကဲ့သို့ထင်ရ ကာ၊နမူနာယူလိုက်သောပုံသက်သေကောင်းတခုဖြစ်သည်။
အခြားသောသူတို့နှင့်ဆက်ဆံရာတွင် အကြီးဆုံးပြစ်မှုကျူးလွန်သောအရာမှာလျှာ ဖြစ်သည်။ ဤအကြောင် းရာကို သင်၏လျှာကိုစောင့်ရှောက်ပါနေရာသို့ယူ သယ်အဖွဲ့ဝင်လည်းဝန်ကိုထမ်းဆောင်သောအခါ၌ထပ်၍ ရှင်းပြရန်မလိုတော့ပါ။
အသင်းလူကြီး၊ သင်းထောက်လူကြီး၊ ဘုတ်အဖွဲ့ညွှန်ကြားရေးမှူးဂေါ်ပကသို့မဟုတ်ကော်မီတီ အဖွဲ့ဝင်တဦးတာဝန်ကိုထမ်းဆောင်ဗာအခါ၌အချင်းချင်းဆိုခြင်းလိုအထူးဂရုစိုက်ရန်လိုအပ်သည်။ အဓိကအရေးကြီးသောကိစရပ်တို့၌ တစိတ်တဝမ်းတည်းရှိကြရမည်။ ခရစ် ယာန်အခြေခံယုံကြည်ခြင်း နှင့်ဆိုင်သောသြဝါဒတို့မှာ စေ့စပ်ပြောဆို၍မရပါ။ အမှန်နှင့်အမှားကိစ္စရပ်များကိုလည်းစေ့စပ်၍မရပါ။ သေးငယ်သောသာမညကိစ္စမျာ း၌ အ ပေးအယူအတိုင်းတစ်ခုအထိရှိရမည်ဖြစ် သည်။ ထိုသို့သောကိစ္စများ၌အပေးအယူဟူသည်မှာ မကောင်း သောစကားလုံးလလုံးမဟုတ်ပါ။ဆွေးနွေးလိုခြင်း၊ စေ့ စပ်လိုခြင်းတစ်ခုရှိရမည်။ နောက်ဆုံးတွင်အဖွဲ့ တ သ သောတည်းရှိရမည်။
တချိန်လုံးတွင်မိမိနည်းအတိုင်းသွားသောသူ သို့မဟုတ် သူ၏ဆုံးဖြတ်ချက်သည်မမှားနိုင် သောဆုံးဖြတ်ချက်ဖြစ်သည်ဟုထင်မှတ်သည့် လူတစုံတယောက်သည်စီမံအုပ်ချုပ်နည်းရေး ဆွဲသူများနှင့်အတူ အလုပ်လုပ်ရန်သဘောတူမည်မဟုတ်ပါ။ သူသည် ခက်ထန်ကြမ်းလမ်းစွာဖြင့် အကြံပေးခြင်းနှင့်ခေါင်းမာစွာ ဖြင့်စကားနားမထောင်ခြင်းအားဖြင့် ဘုရားသခင်၏အလုပ်ကိုပျက်စီး စေနိုင်သည်။ ဒေသန္တရအသင်းတော်တပါးကိုဖျက်စီးသောသူအား ဘုရားသခင်ဖျက်မည်ဟု ပေါလုသတိပေးသည် (၁ကော ၃း၁၆-၁၇)။
သခင်ယေရှုသည် သင့်မြတ်တတ်သောသူ၊ လက်တွဲ၍ရနိုင်သောသူနှင့်ဖော်လှူပါသေးသူဖြစ်သည်။ သူသည်ကျွန်ုပ်တို့၏စံနမူနာဖြစ်သည်။ ကျွန်ုပ်တို့သည်ကိုယ်လော်နှင့်ပို၍ တူလေ၊ အခြားသောသူများ နှင့်အဆင်ပြေနိုင်သည့်အတတ်ပညာကိုပို၍ သိကြလေဖြစ်သည်။ငြိမ်သက်ခြင်းကိုထိန်းသိမ်းနိုင်ရန် အထောက်အကူပြုသည့်လမ်းညွှန်ချက်သုံးခုနှင့်အဆုံးသတ်ပါရစေ- ကျွန်ုပ်တို့သည် စကြာဝဠာ၏ အထွေထွေမန်နေဂျာအဖြစ်မှနှုတ်ထွက်သင့်သည်။ ထိုအရာကို ဘုရားသခင်ကစီမံအုပ် ချုပ်ပါစေ။ “ကျွန်ုပ်တို့သည် အခြားသောသူတို့၏ အသက်တာ၌သူတို့အတွက်အသက်မရှင်နိုင်ကြပါ။ မကြိုးစားပါနှင့်။ အကြံကင်းမဲ့ခြင်းကိုမမေးသော အကြံပေးခြင်းကဲ့သို့မကြိုဆိုပါ။သင့်အားမေးလာသည်အထိစောင့်ပါ။
သုံးဆယ့်ခုနှစ်
အနစ်နာခံစွန့်လွှတ်ခြင်းနှင့်အသက်ရှင်ပါ
Live Sacrificially
ပေးကမ်းခြင်းသည်အခွင့်အရေးတခုဖြစ်သည်။ ကျွန်ုပ်မည်မျှပေးမည်နည်းဟူသည်မှာ မေးရမည့်မေးခွန်းမဟုတ်ပါ။ မည်မျှစွန့်လွှတ်နိုင်ရမည်နည်းဟူ၍မေးရမည်ဖြစ်သည်။ ကျွန်ုပ်တို့၏ဘဏ္ဍာရေးဆိုင်ရာဘဏ္ဍာစိုးနှင့်ပတ်သက်၍စဉ်းစားရာ၌ ကျွန်ုပ်တို့သည်ဘုရားသ ခင်၏ဝေစုကိုပေးခြင်းနှင့်အစပြုရမည်ဖြစ်သည် (သုတ္တံ ၃း၉-၁ဝ။ မာလခိ ၃း၁ဝ)။
> ကျွန်ုပ်တို့သည် ပုံမှန်ပေးရပါမည်(သီတင်း ပတ်၏ ပထမနေ့၌ ၁ကော၁၆:၂)။> တဦးချင်းပေးရပါမည် (အသီးသီးတို့သည် – ၁ကော ၁၆း၂)။> စိတ်ထဲ၌ဆုံ းဖြတ်၍(တချို့ကိုဖယ်ထားကြပါ – ၁ကော ၁၆း၂)။
> အချိုးကျစွာပေးရမည် (အသီးသီးကောင်းစားသည့်အတိုင်း- ၁ကော၁၆း၂)။> ရက်ရောစွာဖြင့်ပေးလှူရပါမည် (စွန့်ကြဲပေးကမ်းခြင်းစည်းစိမ် -၂ကော ၈း၂။ ၉း၁၃)။> အလိုအလျောက်စွန့်ကြဲခြင်းနှင့်ပေးလှူရမည် (တတ်နိုင်သမျှထက်၂ကော ၈း၃)။
 -> မိမိကိုယ်ကိုလှူခြင်းနှင့်တွဲ၍ ပေးလှူရပါမည် (သူတို့သည်ရှေ့ဦးစွာသခင်ဘုရား၌ မိမိတို့ကိုယ်ကိုပေးလှူကြ၏ – ၂ကော ၈း၅)။> အလိုအလျောက်ပေးလှူကြသည် (ဆန္ဒရှိသောစိတ် – ၂ကော ၈:၁၂ပညတ်ချက်ကြောင့်မဟုတ် – ၂ကော ၈း၈)။> ရိုးသားစွာဖြင့်ပေးလှူရမည် (သင်တို့၏မေတ္တာကိုစုံစမ်းသောအား၃၄ဝဖြင့် – ၂ကော ၈း၈)။၂ကော ၉း၇)။
> တမင်တကာပေးလှူရပါမည် (စိတ်ထဲ၌ရည်ရွယ်သည့်အတိုင်း -နှမြောတွန့်တိုခြင်းမရှိဘဲ ပေးလှူရမည် (၂ကော ၉း၇)၊ဘုရားသခင်နှစ်သက်တော်မူ၏ – ၂ကော ၉း၇)၊>စေတနာစိတ်နှင့်လှူရမည် (စေတနာစိတ်နှင့်လှူသောသူကိုသာ> မထင်ရှားစွာပေးလှူရမည် (ရှေ့၌တံပိုးအသံမပေးပါနှင့် – မဿဲ ၆း၂၊အခြားသောအခြေခံစည်းမျည်းတခုမှာ – သင်၏လတ်တလောလိုအပ်မှုသင့်လက်ျာ လက်လုပ်နေသောအရာကို လက်ဝဲဘက်မသိစေနှင့် – မဿဲ ၆း၃)။များနှင့်သင့်မိသားစု၏လိုအပ်မှုအတွက် အလုပ်ကြိုးစားလုပ်ပါ (၂သက် ၂၀၁၀၊၁တိ ၅း၈)၊ သခင်ဘုရား၏အမှုတော်၌ကောင်းကင်ဘဏ္ဍာဆည်ဖူးပါ (မ၆း၁၉)၊ အနာဂတ်အတွက်ဘုရားသခင်ကိုယုံကြည်ကိုးစားပါ (မဿဲ ၆း၃၃။ ၂ကော၅း၇)၊ ခရစ်ယာန်လင်မယားစုံတွဲသည်သူတို့၏စား၊ ဝတ်၊ နေရေးအတွက်ကျေနပ်နိုင်မည့်စံနှုန်းတခုကို ဘုရားသခင်ရှေ့တော်၌ဆုံးဖြတ်သင့်သည်။ ထိုမှသာထိုအရာထက်ကျော်လွန်သမျှသောအရာတို့ကို ဘုရားသခင်၏အမှုတော်အတွက်အသုံးပြုနိုင်မည်ဖြစ်သည်။ပေးရမည့်အသုံးစရိတ်များကိုလျင်မြန်စွာပေးချေနိုင်ရန်အတွက်သော်၄င်း၊ အကြွေးစာရင်းသည်လည်း ကောင် းသောပုံသက်သေတခုဖြစ်နိုင် ရန်အတွက်သော်၄င်း၊ လတ်တလောလိုအပ်ချက်တို့အတွက် သင့်တော်သည့်ဘဏ်စာရင်းတခုလိုအပ်သည်။ ဤအရာသည် မြေကြီးပေါ်၌ဘဏ္ဍာဆည်းဖူးခြင်းကိုမဖြစ်စေပါ။
ယေဘုယျသဘောနှင့်ပြောရသော်၊ အကြွေးယူခြင်းကိုရှောင်သင့်သည်။ ချေးငှါးသောသူသည်ချေးသော သူ၏ကျွန်ဖြစ်သည် (သုတ္တံ ၂၂း၇)၊အတိုးနှုန်းကြီးစွာနှင့်ဆပ်ရမည်ဆိုပါက၊ သို့မဟုတ် ပြန်ဆပ်နိုင်ဘို့အလား
အလာမရှိပါက၊ မချေးငှါးပါနှင့်။ ထိုနည်းအားဖြင့်ကျွန်ုပ်တို့သည် မည်သူ့ကိုမျှအကြွေးမတင်သင့်ပါ (ရောမ ၁၃း၈)။ တခါတရံတွင် အိမ်ငှါးခြင်းလက်အိမ်ဝယ်ခြင်းမှာပို၍ကောင်းတတ်သည်။ အာမခံထားခြင်းသည်ထိုအိမ်ကိုဘေးကင်းလုံခြုံစေသောကြောင့် နည် းမှန်လမ်းမှန်တခုဖြစ်သည်။ သင်မဆပ်နိုင်ပါက၊ချေးငှါးသောသူသည် ထိုအိမ်ကိုအပိုင်သိမ်းသည်။
သင်သည်ဆုတောင်းပြီး၊ လိုအပ်သောငွေကိုဘုရား သခ င်မပေးမချင်းမဝယ်ပါနှင့်။ သင်ဝယ်မည့်အရာထက်ပို၍ ကောင်းသောအရာတခုကို ဘုရားသခင်ကပေးနိုင်ဘသည်။ မဆင်မခြင်အရမ်းကာရောမဝယ်ပါနှင့်။သင်၏ လိုအ ပ်ချက်များကိုစာရင်းတခုလုပ်ပြီး၊ ထိုစာရင်းအတိုင်းကန့်သတ်ပြီးဝယ်ပါ။
ဇိမ်ခံပစ္စည်းများကိုဝယ်ခြင်း သို့မဟုတ် မလိုအပ်သည့်အရာများဝယ်ခြင်းကိုရှောင်ပါ။ Rolex နာရီတလုံးသည် ၁၅ ဒေါ်လာတန် Casio တလုံးထက်အချိန်ပို၍မမှန်ပါ။
တပြည်လုံးကြော်ငြာသည့်အမှတ်တံဆိပ်များပါသောပစ္စည်းများကိုပင်းရင်းဌါန၌ဝယ်ပါက ပိုက်ဆံသက်သာသည်။ တပြည်လုံးကြော်ငြာလုပ်ငန်းအတွက် မည်သူကပိုက်ဆံပေးသည်ကိုမှန်းကြည့်ပါ။
ဈေးနှုန်းသက်သာသည်ဟုလှည့်ဖြားခြင်းမခံရစေရန် အလေးချိန်ကိုယှဉ်ကြည့်ပါ။ တန်ဘိုးနှင့် အရည်အချင်းကို ချင့်ချိန်ကြည့်ပါ။ ဈေးပေါသောဘိနပ်ဝယ်သည်ထက် အရေအသွေး ကောင်းသောဘိနပ်ဝယ်ခြင်းသည်ပို၍ကောင်း၏ဈေးကြီးလွန်းသောစားသောက်ဆိုင်၌ စားခြင်းကိုရှောင် ထိုငွေဖြင့်ဟင်းချက်ဘို့သင်မည်မျှဝယ်နိုင်မည်ကိုစဉ်းစားကြည့်ပါ။
သုံးပစ်လိုက်ပါ၊ ဝတ်ပစ်လိုက်ပါ၊ လုပ်ပစ်လိုက်ပါ၊ ဟူသေ ာအရာမှာဘုရားသခင်အတွက်သူတို့ငွေ အသုံးဝင်မှုကိုအမြင့်ဆုံးဖြစ်စေလိုသူတို့အတွက်အခန့်မသင့်သည့်ပုံသေနည်းတခုဖြစ်သည်။ဖြုန်းတီးမှုကိုရှောင်ပါ။ယေရှုသည်လူငါးထောင်တို့ကိုကျွေးသောအခါ၌မစားရသည့်အကြွင်းအကျန်မုန့်နှင့်ငါးများကိုပြန်ကောက်ကြရန်အမိန့်ပေးသည်။တခါတရံတွင် အထူးသဖြင့်အရောင်းအဝယ်လုပ်သူသည် ခရစ်ယာန်တယောက်ဖြစ်ပါကမော်တော်ကားကဲ့သို့သောသုံးပြီးသောပစ္စည်းများကိုဝယ်သည်မှာပို၍ကောင်းသည်။ ထိုသို့မဟုတ်ပါက သင်သည်အခြားလူတယောက်၏ဒုက္ခကိုဝယ်ယူခြင်းဖြစ်နိုင်သည်။ ဈေးပေါသောဆိုင်များ၌ဖေါက်သည်မယူလောက်အောင် မာနမကြီးလွန်းပါနှင့်။ သင်သည်သေချာစေ့စပ်စွာဖြင့်ဈေးဝယ်ပါက ဈေးဆစ်၍ ရသည့်အရာများစွာရှိသည်။
သင်၏ငွေကိုမဆုံးရှုံးလိုပါက သင်၏ဆွေမျိုးများပင်ဖြစ်လင့်ကစာသူတပါးအတွက် အာမမခံပါနှင့် (သုတ္တံ ၆း ၁-၅။ ၁၁း၁၅။ ၁၇း၁၈။ ၂၀း၁၆။အာမခံဖြစ်လာသ ည်။ တံခါးပေါက်၌ပိုက်ဆံဝင်လာသောအခါ မေတ္တာသည်၂၂-၂၆။ ၂၇း၁၃)။ သမ္မာကျမ်းစာအရ ၄င်းမှာတစုံတယောက်သောသူအတွက်ပြတင်းပေါက်မှမကြ ာခဏထွက်သွားသည်။
သင်ပြန်မရသော်လည်း အနှောင့်အယှက်မပေးဘဲမနေနိုင်ပါက အခြားသောခရစ်ယာန်တယောက်အား ချေးငှါးခြင်းမပြုပါနှင့်။ ငွေကိုပြန်ဆပ်ဘို့အတွက်ရုံးကိုမသွားပါနှင့်။ သွားပါက၊ သင်သည်လည်းထိုအမှုကိုရင်ဆိုင်ဖြေရှင်းရပါမည်။
အချို့သောအာမခံလုပ်ငန်းတို့သည်တာဝန်ကျေသော် လည်း အာမခံလုပ်ငန်းနှင့်ဆင်းရဲသောသူမဖြစ်ပါနှင့်။ ဘုရားသခင်သည် သင်နှင့်သင်၏မိသားစုကိုဂရုစိုက်စောင့်ရှောက်မည်ဟု ယုံကြည်စိတ်ချပါ။
သင်၏ပိုင်ဆိုင်သောအရာများကို အခါအားလျော်စွာစစ်ဆေး၍ သင်မလိုအပ်သောအရာတို့ကိုရောင်းလိုက် ပါ (သို့) သူတပါအားပေးလိုက်ပါ။ အမျိုးသမီးတယော က်ကသူမအိမ်ထောင်ပြုပြီး၂၅နှစ်အထိပစ္စည်း များကိုစုဆောင်းထားကာ နောက်နှစ်ဆယ့်ငါးနှစ်၌ထိုအရာတို့ကိုစွန့်လွှတ်သည်ဟုပြောပါသည်။
ယေဘုယျအားဖြင့် သင်၏ရင်းနှီးမြုပ်နှံမှုသည်အစဉ်သန့်ရှင်း၍ အများဆုံးဖြစ်စေရန်အတွက် တော်ရုံတန်ရုံမျှဖြင့်ရိုးရိုးသားသားအသက်ရှင်နေထိုင်ပါ။ရိုးစင်းသောအသက်ရှင်နေထိုင်ခြင်းသည် အကောင်းဆုံးဖြစ်သည်
၁ ။၄င်းကိုနှုတ်ကပတ်တော်၌သွန်သင်သည် (၂ကော ၈း၉)။ မဿဲ ၆း၁၉နှင့် ၁တိ ၆း၈ တို့ကိုလည်းကြည့်ပါ။ “အသက်မွေးလောက်သောအစာကိုယနေ့ပေးသနားတော်မူပါ။”
၂။၄င်းသည်ပိုက်ဆံမရှိသောကျွန်ုပ်တို့၏နာဇရက်မိတ်ဆွေကိုမှန်ကန်သောနည်းဖြင့်ကိုယ်စားပြုခြင်းဖြစ်သည်။Soren Kierkegard သည် တခါကဤသို့ပြောပါသည်။
ကျွန်တော်ဘုရားကျောင်းထဲသို့ဝင်ကာ နူးညံ့သောပရိသတ်ထိုင်ခုံ၌ထိုင်သည်။ မှန်ပြတင်းပေါက်မှ နေ၍နေအလင်း လာသည်ကိုကြည့်နေသည်။ နူးညံ့ သောဝတ်စုံကိုဝတ်သည့်ဘုန်းကြီးတပါးသည် ရွှေရောင်သမ္မာကျမ်းစာအုပ်ကိုဖွင့်ကာ ငွေရောင်ကဒ်တခုကိုညှပ်၍မှတ်သားပြီး၊ “ငါ၏နောက်သို့လိုက် လိုသောသူမူကား မိမိကိုယ်ကိုငြင်းပယ်၍၊ သူ၌ရှိသမျှကိုရောင်းကာ၊ ဆင်းရဲသောသူကိုပေး၍ မိမိလက်ဝါး ကပ်တိုင်ကိုထမ်းကာ ငါ့နောက်သို့လိုက်ရမည်”ဟုဆို၏။ ကျွန်တော်အနီးအနားကိုလှည့်ကြည့်ရာ မည်သူမျှမရယ်ကြပါ။”
၃။ ၄င်းသည် ကျွန်ုပ်တို့၏ဝိညာဉ်အသက်ကိုနက်နဲစေ၍၊ ဘုရားသခင်အပေါ်၌ဝန်ထုပ်တို့ကိုပို၍ချစေကာ၊ ဆုတောင်းခြင်း၌ပို၍ စိတ်အားထက်သန်စေသည်။
၄။ ၄င်းသည် အပျော်ရွှင်ဆုံး၊ စိုးရိမ်ပူပန်မှုအကင်းဆုံးအသက်တာဖြစ်သည်။
၅။ ကမ္ဘာကြီး၏လိုအပ်မှုတို့သည် ထိုအရာကိုတောင်းဆိုသည်။ ထိုအရာကိုမကြားသေးသောသန်းပေါင်းများစွာတို့သည် မကြားဘဲရှိနေကြသေးသည်။
Hudson Taylor William Burnsနှင့်ပတ်သ က်၍ဤ သို့ဆို၏။
သူသည်ရိုးစင်းသောအသက်ရှင်ခြင်းကိုကြိုက်နှ စ်သက်သည်။ သူသည်တိတ်ဆိတ်ခြင်း နှင့်ဂရုစိုက်ရမည့်အရာ အနည်းငယ်ရှိခြင်း၏စည်းစိမ်ကိုကြိုက်နှစ်သက်သည်။ ခရစ်ယာန်တယောက်အတွက် မြေကြီးပေါ်၌အ ပျော်ရွှင်ဆုံးသောအဆင့်မှာ လိုချင်မှုအနည်းငယ်သာရှိခြင်းဖြစ် သည်။” လူတယောက်၏စိတ်နှလုံးထဲ၌ခရစ်တော်ရှိပါက၊ ကောင်းကင်ဘုံကိုမြင်တတ်ကာ၊ ယာယီကောင်း ကြီးမင်္ဂလာကိုဘဝတလျှောက်လုံးလုံခြုံရန်လိုအပ်
သလောက်သာသုံးရန်ဖြစ်သည်။ ထို့နောက် ဝေဒနာနှင့်ဝမ်းနည်းခြင်းသည်မပြောပလောက် သောအရာများဖြစ်သည်။ နေနှင့်ဒိုင်းလွှားနှစ်ခုစလုံးဖြစ်သည့်ကိုယ်တော်နှင့်ပေါင်းစည်းခြင်းသည် ကောင်းကင်ဘုံသို့မရောက်မီဆင်းရဲသားတယောက်ပျော်ရွှင်စေရန်အ တွက် သူ၏တောင်းဆိုမှုအားလုံးကိုနားလည်သ ဘောပေါက်ပေးသည်။
သုံးဆယ့်ရှစ်
သင်၏လျှာကိုစောင့်ရှောက်ပါ
Guard Your Tongue
ခရစ်ယာန်တယောက်၏စကားပြောခြင်းသည် သူ၏ အကျင့်စရိုက်ကိုတိုင်းတာသောကိရိယာတခုဖြစ်သည်ကိုသိရှိသောသူတိုင်းအံ့ဩခြင်းရှိမည်မဟုတ်ပါ။ “စိတ် နှလုံးအပြည့်ရှိသည်အတိုင်း နှုတ်မြွကတတ်သည် ” (မဿဲ ၁၂၊၃၄)။ လူတယောက်ပြောသောစကားကိုနား ထောင်ရုံနှင့် သူ၏ဝိညာဉ်ရေးအခြေအနေကိုသင်ပြောပြနိုင်သည်။ယာကုပ်သည်ကျွန်ုပ်တို့အတွေ့ အကြုံအားဖြင့် သိရှိခဲ့ပြီးဖြစ်သည့်အရာကို ပြန်လည်ပြောပြသည်။ လျှာသည်သေးငယ်သောအရာ ဖြစ်သော်လည်း ကြီးမား ၍ကောင် းသောအရာနှင့်မကောင်းသောအရာကိုကြီးမားစွာလုပ်နိုင်သည်။ လူသည်လောက၌ရှိသောရိုင်းစိုင်းသည့်သ တ္တဝါအပေါင်းတို့ကိုယဉ်ကျေးအောင်ပြုနိုင်သော်လည်း လျှာကိုယဉ်ကျေးအောင်ပြုနိုင်သောလူတယောက်မှမရှိပါ။ “၄င်းသည်ထိမ်းသိမ်းရခက်သောမကောင်းမှု၊ သေစေတတ်သောအဆိပ်နှင့်ပြည့်ဝသည့်အရာတခုဖြစ် သည်။” သဘာဝ၌အခြားသောအရာတို့နှင့်မတူဘဲ လျှာသည်အချိုနှင့် အခါး၊ ကောင်းကြီးမင်္ဂလာနှင့်အမင်္ဂလာစသည့်ဆန့်ကျင်ဘက်တို့ကိုထွက်စေတတ်သည် (ယာကုပ် ၃း၁-၁၂)၊
လျှာကိုယဉ်ပါးအောင်ကျွန်ုပ်တို့မလုပ်နိုင်သော်လည်း ဘုရားသခင်ပြုနိုင်သောကြောင့် ကိုယ်တော်အပေါ် ၌ အစဉ်ကျေးဇူးတင်သင့်သည်။ဝိညာဉ်တော်၏တန်ခိုးအားဖြင့် ထက်မြက်သည့်လျှာကိုရည်မွန်သောလျှ ဖြစ်စေနိုင်ပြီး၊ အတင်းအဖျင်းပြောသည့်လျှာကိုတည် ဆော က်စရာလျှာဖြစ်စေနိုင်သည်။
ကျွန်ုပ်တို့ပြောသောစကား၏ထူးခြားချက်ကို ဖေါ်ပြမည့်အရည်အချင်းအချို့ရှိသည်။ ၄င်းတို့မှာ
မှန်ကန်ရမည် – ကျွန်ုပ်တို့၏သခင်ဘုရားသည်ရိုးသားဖြောင့်မတ်သည်။ သူသည်တခါမှမုသားစကား မပြောဘူးပါ။ အမှန်တရားကိုမဖုံးကွယ်ပါ။ပုံကြီးချဲ့လွန်းခြင်း၊ မြှောက်ပင့်၍ ပြောဆိုခြင်းမျိုးတခါမှမပြုဘူးပါ။ “ထို့ကြောင့်မုသားစကားကိုပယ်ရှား၍ မှန်သောစကားကိုသာအချင်းချင်းပြောဆိုကြလော့၊အကြောင်းမူကား၊ ငါတို့သည်အချင်းချင်းအင်္ဂါချင်းဖြစ်ကြ၏” (ဧဖက် ၄း၂၆)ဘုရားသခင်သည်မုသားမပြောနိုင်သောကြောင့် တစုံတယောက်ကိုမုသားစကားပြောရန်ခွင့်ပြုချက်မပေးနိုင်ပါ။ ဤအရာသည် မဟုတ်မမှန်ပြောခြင်း၊ ရိုးရိုးလေးနှင့်လိမ်ခြင်း၊ ပုံကြီးချဲ့လွန်းခြင်း၊ မြှောက်ပင့်ပြောဆိုခြင်း၊ ကတိပျက်ခြင်းစသည် တို့ကိုလက်မခံဘဲပယ်ချသည်။ ခရစ်ယာန်သာသနာလုပ်ငန်း၏အစီရင် ခံစာများကိုဖြစ်ရပ်မှန်ထက်ပို မို၍ချဲ့ကားပြီးမတင်သင့်ပါ။ သူဌေးသည်အထဲ၌ရှိနေစဉ်၊ မရှိပါဟု အတွင်း ရေးမှူးကမပြောရပါ။ ကလေးတို့ကိုမကြိုဆိုသောဧည့် သည်တယောက်အားလိမ်ပြောရန်မတိုက်တွန်းရပါ။
လူတယောက်သည်ဖြောင့်မတ်ရိုးသားပါက သူ၌ ကော င်းသောမှတ်ဉာဏ်ရှိရန်မလိုပါ။ E.Stanley Jones က “သင်သည် လိမ်လည်သောစကားတခွန်းပြောပါက၊ ထိုစကားကိုဖုံးအုပ်ရန်အတွက် ကောင်းမွန်စွာ မှတ်မိရန်လိုသည်။သို့သော် တချိန်လုံးမှန်သောစကားကိုသင်ပြောပါက၊ သင်၌ကောင်းမွန်စွာမှတ်မိရန်မလိုပါ။ အမှန်ကိုသာပြောပါ။ ၄င်းမှာလွယ်ကူပါသည်” ဟုဆို၏။
၄င်းသည်အဖိုးတန်ရမည် “သင်၏နှုတ်ထဲကညစ်ညူးသောစကားတခွန်းကိုမျှမထွက်စေနှင့်” (ဧဖက် ၄း၂၉)။ ဤနေရာ၌ “ညစ်ညူးသော” ဟူသောစကားမှာ ညံ့ဖျင် းသောအရည်အချင်း၊ အသုံးပြုရန်မသင့်လျော်၊ အဖိုးမတန်ဟုဆိုလိုသည်။ အသံသွင်းစက်ပထမဦးဆုံးပေါ် လာသောအခါ တခုကိုဖုံးကွယ်ထား၍ စားပွဲဝိုင်း၌စက ားအပြန်အလှန်ပြောသည့် အရာကို သွင်းယူသည်။ ၄င်းသည်အပျော်ကစားစရာတခုဖြစ် သည်။ တိတ်ခွေကိုပြန်၍ဖွင့်သောအခါ၊သူတို့ပြောခဲ့သောစကားသည်အ ကျိုးမဲ့သောစကားများသာ ဖြစ်ခြင်းကြောင့်ပြောသောသူတို့သည် မကြာခဏစိတ်အနှောင့်အယှက်ဖြစ် ကြသည်။ “ယေရှုကလူ တို့သည်အကျိုးမဲ့သောစကားပြောသမျှအတွက် တရားဆုံးဖြတ်သောနေ့၌စစ်ကြော ခြင်းကိုခံရကြလတ္တံ့” (မဿဲ ၁၂း၃၆) ဟု မိန့်တော်မူ၏။ ထို့ကြောင့်အက်ိဳးမဲ့ေသာစကားကိုအျပစ္အေနႏွင့္ဝန္ခံၿပီး ကျွန်ုပ်တို့၏အသက်တာမဖယ်ရှားပစ်ရန်ဖြစ်သည်။
U.S ရေတပ်ဗိုလ်ချုပ်ကြီး Hyman Rickover က “ကြီးမြတ်သောစိတ်သည် အထင်အမြင်များကို ဆွေး နွေးသည်။ သာမန်စိတ်သည် အဖြစ်အပျက်များကိုဆွေးနွေးသည်။ သေးငယ်သောစိတ်သည် သူပါး၏ ကိုယ်ရေးကိုယ်သာကိစ္စဆွေးနွေးသည်”ဟု ဆို၏။ အကြီးမြတ် ဆုံးသောစိတ်သည် ထာဝရသမ္မာတရား ကိုဆွေးနွေ းသည်ဟု သူထပ်မံဖြည့်စွက်နိုင်သည်။
တည်ဆောက်စရာဖြစ်သင့် သည် – ” တည်ဆောက်စရာဘို့ကောင်းေသာစကားကိုသာအသုံးျပဳေလာ့” (ဧဖက် ၄း၂၉)။ တနည်းအားဖြင့် ကျွန်ုပ်တို့ပြောသောစကားအားဖြင့် အခြားသောသူတို့ကိုတည်ဆောက် ပေးရန်အဆက်မပြတ်ရှာကြံသင့်သည်။ H. A Ironside သည် အပြန်အလှန်စကားပြောခြင်းကိုတည် ဆောက်စရာစကားဖြစ်စေရန် အစဉ်လမ်းကြောင်းခင်းပေးသည်။ သူက”ဤအပိုဒ်ကမည်သည့်အရာ ဆိုလိုသည်ဟုထင်ပါသလဲ”၊ ဟုမေးပြီး၊ ခက်ခဲသောကျမ်းပိုဒ်တပိုဒ်ကိုပြောပြသည်။ ထိုလူသည်မသိပါက၊ Ironside ကပျူငှါစွာဖြင့် “ဤသို့ဆိုလိုသည်ဟုထင်ပါသလား” ဟု ထင်မြင်ယူဆချက်ကိုပြောသည်။ သူ၏ရှင်းပြချက်တို့မှာ မေ့၍မရနိုင်တော့ပါ။
ကျွန်တော်၏မိတ်ဆွေတယောက်သည် အခြားသောလူတယောက်အကြောင်းနှင့်ပတ်သက်၍ မကောင်းသည့်အရာတခုကိုစတင်၍ပြောသည်။ ၄င်းသည် အတင်း အဖျင်းပြောသည့်အသံကဲ့သို့ဖြစ်သည်။ သို့သော် သူသည် ဝါကျ၏အလယ်၌ရပ်ကာ “အဲဒါ တည်ဆောက်စရာဖြစ်မှာမဟုတ်ဘူး” ဟုဆို၏။ ထိုအချိန်မှစ၍ ကျွန် တော်သည် စပ်စုခြင်း၌အသေဖြစ်သော်လည်း လျှာကိုထိမ်း သိမ်းပုံနှင့်ဆိုင် သောတန်ဘိုးကြီးသည့်သင်ခန်းစာတခုကိုရရှိသည်။ ကျွန်ုပ် တို့ ပြောသောစကားသည် အကျိုးရှိသောစကားဖြစ်ရမည် -“ညစ်ညူးသောစကားတခွန်းကိုမျှ သင်တို့ ၏နှုတ်ထဲကမထွက်စေနှင့်၊သောစကားကိုသာသုံး ဆေ ာင်ကြလော့” (ဧဖက် ၄း၂၉)။ ကျွန်ုပ်တို့၏သခင်ဘုရားကြားနာသောသူတို့၏ အကျိုးကိုပြုစုစေခြင်းငှါ၊ တည်ဆောက်စရာဘို့ကောင်း ကျမ်းပိုဒ်သုံးခုနှင့်အဖြေပေးသည်။ သူ့အချိန်နှင့်အလျောက် မှန်သောအရာကိုသည် ကန္တာရတောထဲ၌စာ တန်၏စုံစမ်းနှောင့်ယှက်ခြင်းကို တရားဟောရာကျမ်းမှပြောနိုင်ခြင်းမှာ ကြီးမား သောဆုကျေးဇူးတခုဖြစ် သည်။ သေခါနီးသောသန့်ရှင်းသူတယောက်၏အိပ်ယာ၌မှီ၍ “တောထဲမှထွက်လာ၍ သူမ၏ချစ်သူအပေါ်၌မှီ သည့်ဤသူသည်မည်သူနည် း” (ရှောလမုန်သီချင်း ၈း၆)ဟု ရွတ်သောဘုရားဝတ်၌ မွေ့လျော်သည့်အသက် ကြီးသူတယောက်နှင့်တူသည်။ စိတ်ဓါတ်ကျသောတရားဟောဆရာတယောက်ထံသို့ “ငါကလည်း အကျိုးမရှိဘဲငါလုပ်ဆောင်ရပြီ။ အချည် းနှီးသက်သက်ငါ့ခွန်အားကုန်ရပြီး။ သို့သော်လည်း ငါ့အမှုသည် ထာဝရဘုရားရှေ့တော်၌ရှိ၏။ ငါခံရသောအခလည်း ငါ၏ဘုရားသခင်လက်တော်၌ရှိသည်” (ဟေရှာယ ၄၉း၄) ဟူ၍ သူ၏စာအဆုံး၌ရေးသောခရစ် ယာန်အမျိုးသမီးကဲ့သို့ဖြစ်သည်။
ဖတ်ရှုဆင်ခြင်ခဲ့သည့်”  Dr. Alexander Whyte
သည်ရှေ့နေတယောက်၏ရုံးခန်းထဲသို့ဝင်သောအခါ “အသက်ကြီးသည့်အပြစ်သားတယောက် အတွက်သတင်းပါလာ ပါသလား” ဟူသော မေးခွန်းကစိတ်အကြီးအကျယ်ထိခိုက်စေသည်။ သူသည်ဖတ်ရှ့ဆင် ခြင်ခဲ့သည့် ထာဝရဘုရားသည် ဂရုဏာ၌မွေ့လျော်၏” (မိက္ခာ ၇း၁၈)ကျမ်းပိုဒ်ကိုရွတ်ပြသည်။ ရှေ့နေ သည်သူ့အားစိတ်သက်သာရာရစေသည့်တခုတည်းသော ထိုစကားကြောင့် သူ့ကိုကျေ းဇူးတင်သည်။ ဤစကားတို့သည်ထိုအချိန်၏လိုအပ်ချက်ဖြစ်သည်။ ထို့ကြောင့် “လျောက်ပတ်သောစကားသည် ငွေအပြောက်မှာ စီချယ်သောရွှေရှောက်ချိုသီးနှင့်တူ၏ (သုတ္တံ ၂၅း၁၁)။ အချိန်တန်၍ပြောသော စကား သည်လည်း အလွန်လျောက်ပတ်ပေ၏”(သုတ္တံ ၁၅း၂၃)။
တင့်တယ်လျောက်ပတ်ရမည် – ကျွန်ုပ်တို့၏စကားသည်အကျိုးရှိသောစကားဖြစ်ရုံသာမက တင့်တယ်လျောက်ပတ်ရပါမည်။ “သင်၏စကားသည်တင့်တယ်လျောက်ပတ်ပါစေ” (ကော ၄း၆ခ)။ ကျွန်ုပ်တို့သခ င်ဘုရား၏နှုတ်ထွက်စကားသည်တင့်တယ်လျောက်ပတ်သောကြောင့် လူတို့သည်အံ့ဩချီးမွမ်းကြသည် (လုကာ ၄း၂၂)။ အထင်အမြင်သေးခံရသောရှမာရိအမျိုးသမီး ထံမှသောက်ရေတောင်းသည့် ဂျူးတယောက်အတွက် ဂရုဏာမဟုတ်ပါသလော (ယော ၄း၇)။ မတရားသောမေထုန်ပြုစဉ်၌ဖမ်းမိသည့်အမျိုးသမီးတယောက်အား “ငါသည်လည်း သင်၏အမှုကိုမစီရင်” ဟုပြောသည်မှာ ဂရုဏာမှအပ မည်သည့်အရာဖြစ်ပါသနည်း (ယော ၈း၁၁)။ ကျွန်ုပ်တို့သည်နာကျည်းစေသောစကား၊ ပြ တ်သားသောမှတ်ချက်၊ ထောက်ထားညှာတာမှုကင်းသော
စကား၊ စောင်းပြောသောစကားစသည်တို့ကိုရှောင်ရန် လိုအပ်သည်။Lady Astor က “Sir Winston ရှင်၊ ကျွန်မသည်ရှင်ရဲ့ဇနီးဖြစ်ပါက၊ရှင်ရဲ့ကော်ဖီထဲ၌အဆိပ်ထည့်ပြီ” ဟုဆို ၏။ ထိုအရာကို Mr. Churchill က”Lady Astor ခင် ဗျား၊ ငါသည်သင်၏ယောက်ျားဖြစ်ပါက၊ ၄င်းကော်ဖီကိုငါသောက်ပြီ” ဟု ပြန်ဖြေ၏။ ရယ်စရာအလွန်ကောင်းသောလည်းတင့်တယ်လျောက်ပတ်သည့်စကားဖြစ်သည်။
ကျွန်ုပ်တို့၏စကားသည် ဆားကဲ့သို့ငန်ရမည် “သင်တို့၏စကားသည် ဆားအားဖြင့်ငန်သောအရ သာနှင့်ပြည့်စုံပါစေ”  (ကော ၄း၆)။ထိုသခင်ကပင် “သောက်ဘို့ရေပေးပါ” “သင်၏လင်ကိုသွားခေါ် လော့”(ယော ၄း ၁၆) ဟုလည်းပြော၏။ “ငါသည်လည်း သင့်အပြစ်ကိုမစီရင်” ဟုပြောပြီးနောက် “သွားလော့၊ နောက်တဖန်ဒုစရိုက်မပြုနှင့်” ဟု ထပ်ပြောသည်။ထိုစကားတို့သည် သူတို့အတွက်ထက်မြက်ခြင်းရှိရာ၊ သူတို့သည်စိတ် ဝင် စားခြင်းရှိကြ၏။ ဆားသည်ပျက်စီးယိုယွင်းခြင်းမှထိမ်းသိမ်းကာကွယ်နိုင်သည်။ ဆားသည်ရေငတ်ခြင်းကိုဖြစ်စေသည်။ ထိုနည်းတူစွာ၊ ကျွန်ုပ်တို့၏စကားအားဖြင့် ကိုယ်ကျင့်တရားစံနှု န်းများကို ကျွန်ုပ်တို့ထိမ်းသိမ်းကာကွယ်၍ ခရစ်တော်ပေးသောအသက်ရေကိုငတ်သည့်စိတ်ကို နှိုးဆော်သင့်သည်။
ယုံကြည်သူ၏စကားသည် သန့်ရှင်းစင်ကြယ်ရမည် – “မတရားသောမေထုန်၌မှီဝဲခြင်း၊ အမျိုးမျိုးသောကိ လေသာညစ်ညူးခြင်း၊ လောဘလွန်ကျူးခြင်းအမှုတို့ကို သန့်ရှင်းသူတို့သည်ရှောင်သင့်သည့်အတိုင်း စကားဖြင့်မျှမဆက်ဆံကြနှင့်။ မတော်မလျော်သောညစ်ညူးပြ က်ပြယ်သောစကားများကိုလည်းပယ်၍ ကျေးဇူးတော်ချီးမွမ်းခြင်းစကားကိုသုံးကြလော့” (ဧဖက် ၅:၃-၄)။ ကျွန်ုပ်တို့သည်အပြစ်ဒုစရိုက်နှင့် မတရားသောမေထုန်အကြောင်းကိုလွတ်လပ်စွာပို၍ပြောလေလေ၊ ကျွန်ုပ်တို့အတွက်သော်၄င်း၊ ကျွန်ုပ်တို့ပြောသောစကားကိုကြားသောသူတို့အတွက်သော်၄င်း ပို၍လေးနက်မှုကင်းလေလေဖြစ် သည်။သူတို့သည်ထိုအပြစ်ဒုစရိုက်များနှင့်ယ ဉ်ပါးလိုကြသည်။ ၄င်းဒုစရိုက်တို့ကကျွန်ုပ်တို့ကိုထိ တ်လန့် စေခြင်းမရှိတော့ချေ။ သမ္မာကျမ်းစာသည် ကော က်ကျစ်ယုတ်မာသောအပြစ်ဒုစရိုက် များကို ဆွေးနွေး သည်မှာမှန်သော်လည်း ၄င်းတို့ကိုလာစေရန်ပြုသည့်သဘောမဟုတ်ဘဲ ၄င်းတို့ကို စက်ဆုပ်ရွံရှာလာစေရန် ပြုသောအပြစ်မယူ၊ လျစ်လျူရှုသောနည်းသို့မဟုတ်၊ ၄င်းတို့ကို ကျူးလွန်လိုသောစိတ်ဖြစ် နည်းဖြင့်ဆွေးနွေးသည်။
သန့်ရှင်းသောရယ်စရာဟာသအချိန်အတွက်မည်သူ့ကိုမျှမကန့်ကွက်သော်လည်း လေးနက်မှုမရှိ လွန်းခြင်းသည် ဝိညာဉ်တန်ခိုးယိုထွက်ခြင်းကိုဖြစ်စေသည်။ ရယ်မောစရာတို့ကိုအဆက် မပြတ်ပြော ခြင်းအားဖြင့်အစည်းအဝေးများ၌ဝိညာဉ်တော်၏အရှိန်ကိုငြိမ်းစေ သည်။ ပါးစပ်ရာဇဝင်နှင့် ဖျော်ဖြေခြင်းသည်ဧဝံဂေလိတရား၏လေးနက်မှုကိုဖယ်ရှားပစ် သည်။ ကျွန်ုပ်တို့သ ည် ဟာသပြဇါတ်ကိုထောက်ခံရန်မဟုတ်ပါ။PGEကျွန်တော်တို့၏စကားစမြည်ပြောခြင်းကိုကျ မ်းကျိန်ခြင်းနှင့်အတည်မပြုသင့်ပါ “ကောင်းကင်ကိုတို င်တည်၍မချိန်ရ မြေကြီးကိုတိုင်တည်၍မကျိန်ရ။ ကိုယ်ဦးခေါင်းကိုတိုင်တည်၍ မကျိန်ရ။ သင်၏ကားသည်ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကို မဟုတ်ဖြစ်စေလော့။ ဤထက်လွန်”ငါ့ညီအစ်ကိုတို့၊ ခပ်သိမ်းသောအမှုအရာတို့တွင် ကျိန်ဆိုခြင်း ကိုသာ၍ရှောင်သေ ာစကားသည်မကောင်း သောအရာနှင့်စပ်ဆိုင်၏” (မဿဲ ၅း၃၄-၃၇)။ကြလော့။ ကောင်းကင်ဘုံကိုတိုင်တည်၍ မကျိန်ကြနှင့်။ မြေကြီးကိုတိုင်တည်၍မကျိန်ကြနှင့်။ ထိုမှတပါး အဘယ် အချိန်အားဖြင့်မျှ မကျိန်ကြနှင့်။ အပြစ်စီရင်ခြင်နှင့်ကင်းလွတ်မည်အကြောင်း။ သင်တို့စကားမှာ ဟုတ်သည် ကိုအဟုတ်၊ မဟုတ်သည်ကိုမဟုတ်ဖြစ်စေကြလော့” (ယာ ကုပ် ၅း၁၂)။ ခရစ်ယာန်တ ယောက်၏ပြော သောစကားမှာ ကျိန်ဆိုခြင်းနှင့်အတ ည်ပြုရန်မလိုအပ်လောက်အောင် အစဉ်ဖြောင့်မတ်ရိုး သားသင့်သည်။ “ကျိန်ဆိုခြင်းတို့သည်အသုံးမဝင်ပါ။ ကောင်းသောလူတယောက် သည်ကျိန်ဆိုခြင်းတခုမျှ မလိုအပ်ပါ။ ဆိုးသောလူတယောက်သည်ကျိန်ဆိုခြင်းတစ်ခုမျှဂရုစိုက်မည်မဟုတ်ပါ” ဟု တစုံတယောက်ကဆို၏။
ကောင်းပြီ။ ရုံး၌ကျိန်ဆိုခြင်းကိုပြုခြင်းသည်အဘယ်နည်း။ ကျွန်ုပ်တို့၏သခင်ဘုရားသည်တရားရုံး၌စစ် ဆေးသောအခါ၊ ယဇ်ပရောဟိတ်မင်းက “သင်သည် ဘုရားသခင်၏သားတော်ခရစ်တော်ဖြစ်ပါက၊ သင်ပြောသည့်အသက်ရှင်သောဘုရားသခင်အားဖြင့် သင်ကျိန်ဆို၍ပြောပါ” ဟုဆို၏။ ပညတ်တော်အောက်
၌ ရှိသောဂျူးတယောက်အနေနှင့် ကျိန်ဆိုခြင်းနှင့်သက်သေခံရန်ယေရှုကိုတောင်းဆိုကြ၏ (ဝတ် ၅း၁)။ ကိုယ်တော်သည်လည်းထိုသို့ပြုပါသည်။ ဤအရာကခရစ်ယာန်များစွာတို့၏အရေးကိစ္စကိုပြေလည်စေ သည်။ အမေရိကန်ပြည်ထောင်စု၌တရားဝင်ကျိန်ဆိုခြင်းကိုမကြိုက်သည့်စိတ်ရှိသေးပါက အခိုင်အမာ အ တည်ပြုပြောဆိုခြင်းအားဖြင့် သက်သေပြုရန်အ ခွင့်ပေးသည်။ ဤအရာကဘုရားသခင်အားမကျိန်ဆိုဘဲ မေးခွန်းများဖြေဆိုခြင်း သို့မဟုတ် အထောက်အထားသက်သေပေးခြင်းတို့ကိုဆိုလိုသည်။
ထာဝရဘုရား၏ နာမတော်ကိုအချည်းနှီးစော်ကားခြင်းမှာ ပြစ်မှားခြင်းဖြစ်သည်ကို ကျွန်ုပ်တို့အားလုံးသိကြသည်။ သို့သော် မသုံးသင့်သည့်တဲ့တိုးစကားအစား ယဉ်ယဉ်ကျေး ကျေးသုံးသည့်စကားတို့သည် အဘယ်နည်း။ ဥပမာဘုရားသခင်ကိုတိုင်တည်၍ ကျိန်ဆဲရာ၌ ဘုရားသခင်အစား “gosh” နှင့် “golly”ယေရှုကိုယ်စား “gee” သို့မဟုတ် “geez” ၊ ယေရှုခရစ်တော်ကိုယ်စား “jeepers Creepers ငရဲheckစသည်တိုကိုအသုံးပြုခြင်းများဖြစ်သည်။ဤအရာတို့သည်  ကျမ်းစာကို မ ထီလေးစားပြုခြင်းဖြစ်သည်မှာသေချာထင်ရှားသည်။
ကျွန်ုပ်တို့ပြောသောစကားသည် ရိုသေလေးမြတ်သောစကားဖြစ်ရမည်- ကျွန်ုပ်တို့သည်ဘုရားနှင့်ပတ်သက်၍ သန့်ရှင်းမြင့်မြတ်သောအရာတို့ကိုပေါ့ပေါ့ဆဆ သို့ မဟုတ် မရိုမသေမပြောသင့်ပါ။ ကျမ်းပိုဒ်များကို ရယ်ရာတခုအနေနှင့်မပြောရပါ။ ဘုရားသခင်နှင့်ပတ်သက်သော အရာတို့ကိုကျွန်ုပ် တို့သည်လေး နက်စွာထားသင့်သည်။
ခရစ်တော်၏အစေခံကျွန်တို့သည် ခနဲ့သောစကားတို့ကိုရှောင်သင့်သည်။ စကားပြောသည့်နေရာတိုင်း၌ အတင်းဝင်စွကပြောဆိုခြင်းသည် ဝိညာဉ်သဘောမရှိသည့်အပြင်၊ သူတပါး၏ လေးစားမှုလျော့ပါးစေသည်။
ကျွန်ုပ်တို့၏စကားသည်ညည်းညူခြင်းနှင့် ကင်းရမည် – ညည်းသူခြင်းသည် ဘုရားသခင်၏မစမှုကို စော်ကားခြင်းဖြစ်သည်။ ကိုယ်တော်သည်သူလုပ်သောအရာကိုမသိပါဟု ဆိုလိုခြင်းဖြစ်သည်။ ကိုယ်တော် သည် အမှားဆုံးဖြတ်ချက်ချသည်ဟု စွပ်စွဲခြင်းဖြစ်သည်။ ကိုယ် တော်သည် သေသေချာချာမလုပ် ဟုဆိုခြင်းဖြစ်သည်။ ကျွန်ုပ်တို့သည် ညည်းညူလိုသောစိတ်ရှိလာသောအခါ ထိုသို့စဉ်းစားခြင်းကိုရပ်၍၊ ထိုပြောမည့်စကားတို့ကိုမျိုချကာ၊ “ဘုရားသခင်စီရင်သောအမှုသည်စုံလ င်၏ ” (ဆာလံ ၁၈း၃ဝ) ဟု ပို၍ပြောသင့်သည်။ကျွန်ုပ်တို့ ပြောသောစကားသည် တို၍ အချက်ကျကျဖြစ်သင့်သည် – ” စကားများသောအားဖြင့် အပြစ်ပါတတ်၏။ မိမိနှုတ်ကိုချုပ်တည်းသောသုမူကားပ ညာရှိ၏” (သုတ္တံ ၁၀း၁၉)။ တနည်းဆိုရသော်၊ ပို၍ စကာ းပြောလေအပြစ်ပိုများလေဖြစ်သည်။ တခုခုကိုအမြဲပြောလိုသော စိတ်ကိုဆီး တားခြင်းဖြင့် ဤမလျင်မြန်စေနှင့်။ ဘုရားသခင်ရှေ့တော်၌ စကားပြောခြင်းငှါ သင် ၏စိတ်နှလုံးအန္တရယ်ကို ကျွန်ုပ်တို့ရှောင်ရှားနိုင်သည်။ “သင်၏နှုတ်သည်စကားပြောခြင်းငှါမလျင်မမြန်စေနှင့်။ ဘုရားသခင်သည် ကောင်းကညင်ဘုံ၌ရှိတော်မူ၏။ သငျသညျမြေကြီးပေါ်မှာရှိ၏။ ထို့ကြောင့် သ င်၏စကား မများစေနှင့်”  (ဒေသနာ ၅း၂)။ဤအရာသည် ဘုရားသခင်နှင့်ကျိန်ဆိုခြင်းကို ပြောလို သော်လည်း ယေဘုယျသဘောဖြင့် အသုံးပြုခြင်းသည်ကောင်း၏ ဟုအကြံပေးပါ၏။ အမှန်မှာ၊စကားမပြော ဘဲမနေနိုင်သောသူမှာ ပျင်းရိငြီးငွေ့စရာကောင်းသောသူဖြ စ်သည်။သူတဦးတည်းစကားပြောကာ၊ အခြားမည်သူမျှစကားပြောရန်အခွင့်အရေးမရပါ ။သူသည် စကားစ မြည်ပြောတိုင်း၌သ နားစရာကောင်းသောနားထောင်သူ၏အချိန်နှင့်အာရုံစိုက်မှုကိုတညီတည်းသိမ်းပိုက်သည်။
လျှာသည်စဉ်းစားခြင်းနောက်လိုက်ရမည်ဦးမဆောင်သင့်ပါ။ လူအများတို့သည်တိတ်ဆိတ်စွာနေသည်ထက် စကားပြောသောအခါ၌နောင်တရကြသည်။ ပြောသောသူသည်မျိုးစေ့ကြဲသော်လည်း နားထောင်သောသူကရိတ်သိမ်းရသည်။
.
အတင်းပြောခြင်းကို မလိုက် စားသင့် ပါ- တခါက၊ အတ္တလန္တာဂျာနယ်၌အောက်ပါတို့ကိုဖတ်ရသည်။
ဗုံးဆံကြဲအမြောက်တလက်၏အသံစူးရှစွာမြည်ခြင်းထက် ကျွန်တော်ပို၍ရန်ငြိုးကြီးသည်။ ကျွန်တော်သည် မသတ်ဘဲအနိုင်ရသည်။ အိမ်ထောင်တို့ကိုကျွန်တော်ဖြိုဖျက်သည်။ စိတ်နှလုံးတို့ကိုခွဲချေပစ်သည်။ သူတပါး၏အသက်တာကိုဖျက်စီးသည်။ ကျွန်တော်သည် မိမိစိတ်ကြိုက်အသက်ရှင်ခဲ့ သည်။အပြစ် လုပ်ခြင်းမှာ ကျွန်တော့အတွက်ကြောက်စရာမလိုပါ။ ကျွန်တော်သည်သမ္မာတရားကိုဂရုမ စိုက်ပါ။ တရားမျှတမှုကိုလည်းမလေးစားပါ။ အကာအကွယ်မဲ့သောသူတို့ကိုမသနားပါ။ ကျွန်တော်၏သားကောင် တို့မှာ ပင်လယ်သဲများလောက်များပြားသည်။ ကျွန်တော်သည် ဘယ်သေ ာအခါမှမမေ့ဘဲခွင့်လွတ်ခဲပါ သည်။ ကျွန်တော်၏နာမည်မှာ အတင်းပြောခြင်းဖြစ်သည်။ (Choice Gleanings)
ယာကုပ်သည် “ငါတို့ရှိသမျှသည် အများသော အားဖြင့်မှားတတ်ကြ၏။ စကားအားဖြင့်မှားခြင်း မရှိသောသူမည်သည်ကား စုံလင်သောသူဖြစ်၏။မိမိတကိုယ်လုံးကို ချုပ်တည်းနိုင်သောသူဖြစ်၏ “(ယာကုပ် ၃း၂) ဟုရေးသောအခါ အတင်းပြောသောအပြစ်ကိုအထူးသဖြင့်စဉ်းစားနေခြင်းဖြစ်သည်။
အတင်းပြောခြင်းသည် သဘာဝကျပြီး၊ အတင်းပြောရန်လည်းအလွန်လွယ်ကူပါသည်။ ထို့ကြောင့် ထိုအ ကျင့်ကိုနှင်ထုတ်ရန်ခက်ခဲသည်။ အတင်းပြောဆိုခြင်းမှာအဘယ်နည်း။Wm.R.Marshallကမပြောဘဲချန် ထားသည့်အရာတခုမှမရှိအောင် အချည်းနှီးစကားပြောသည့်အတတ်ပညာဖြစ်သည် ဟု ဆို၏။ Bill Gothard က “ပြဿနာ သို့မဟုတ် ၄င်းကိုဖြေရှင်းရာ၌မပါဝင်သည့် လူတယောက်အားဝေငှပြောပြခြင်းဖြစ် သည်”ဟုဆို၏။ ၄င်းသည်မရှိသောလူတယောက်အကြောင်းကို ဂုဏ်သိက္ခာထိခိုက်ကျဆင်းစေသောနည်းဖြင့် ပြောနေခြင်းဖြစ်သည်ဟုအနက်ဖွင့်ခြင်းကိုအကျယ်ချဲ့နိုင် သည်။ အတင်းပြောခြင်းသည် အပြောခံသောသူကို မကြိုက်မနှစ်သက်သည့်နေရာ၌ထားသည်။မထောက် ထားမညှာတာ၊ တည်ဆောက်စရာ မဖြစ် သို့မဟုတ် မလိုအပ်သောအရာတို့ကိုပြောသည်။ လူတယောက်ကိုမျက်နှာချင်းဆိုင်ရင်ဆိုင်ရမည့်အစား သူ၏နောက် ကွ ယ်မှမကောင်းကြောင်းပြောခြင်းဖြစ်သည်။ ၄င်းမှာ အကျင့်စရိုက်ကိုလုပ်ကြံသတ်ဖြတ်ခြင်းဖြစ်သည်။
ထိုအရာနှင့်ပါတ်သက်ပြီး သုတ္တံကျမ်းရေးသောသူက “လျှာသည်အသက်၏သေခြင်းနှင့်ရှင်ခြင်းကိုအစိုးရ၏။ လျှာကိုနှစ်သက်သောသူသည် လျှာ၏အသီးကိုစားရ၏” ဟု ဆို၏(သုတ္တံ ၁၈း၂၁)။ “သူ့ အသရေပျက် သောစကားကိုကြားပြောခြင်းငှါ ကိုယ့်အမျိုးသားချင်းတို့တွင်မလှည့်လည်ရ” (ဝတ် ၁၉း၁၆)။”လည်၍ စကားများစွာပြောတတ်သောသူသည် လျှို့ဝှက်အပ်သောအရာကိုဖေါ်ပြတတ်၏။ သစ္စာစောင့်သော သူမူကား ဝှက်ထားတတ်၏” (သုတ္တံ ၁၁:၁၃။၂၀း၁၉ ကိုလည်းကြည့်ပါ)။ “သဘောကောက်သောသူသည် ရန်မျိုးစေ့ကိုကြဲတ တ်၏။ ကုန်းတိုက်သောသူသည်လည်း မိတ်ဆွေတို့ကိုကွဲပြားစေတတ်၏”(သုတ္တံ ၁၆း၂၈)။ “ကုန်းတိုက်သောသူ၏စကားသည် မြိန်သောခဲဘွယ်စားဘွယ်ကဲ့သို့ဖြစ်၍ ဝမ်းအတွင်းသို့ဝင်တတ်၏” (သုတ္တံ ၁၈း၈)။ “ထင်းမရှိလျှင်မီးသေတတ်သကဲ့သို့ ရန်တိုက်သောသူမရှိလျှင်ရန်ငြိမ်းတတ်၏” (သုတ္တံ ၂၆း၂၀)။
ရောမ ၁း၂၉ တွင် ပေါလုသည် အတင်းပြောသောသူများကို လူသတ်သောသူများ၊ အကျင့်ပျက် သောသူများနှင့်တွဲထားသည်။ တခါတရံ ဆုတောင်းချက်ကိုဝေငှပြောဆိုသကဲ့သို့ ဟန်ဆောင်သောအားဖြင့် အ တင်းပြောခြင်းကိုသင်ဆုတောင်းပေးနိုင်အောင် ဒီတခုတည်းကိုသာ ကျွန်တော်ပြောပြတာပါ။ဒါပေမဲ့၊ ဒီအ ကြောင်းကိုသိပါသလား” ဟု ရုပ်ဖျက်ရန်ကျွန်ုပ်တို့ကြိုး စားကြသည်။ သို့မဟုတ် ၄င်းကိုစိတ်ချလက် ချပြောသောအားဖြင့် ကျွန်ုပ်တို့သည်ပြစ်မှားခြင်းကိုရှောင်သည်ဟု ထင်ကြသည်။ ရလဒ်မှာ အောက်ပါ အရာများဖြစ်တတ်သည်Brooklyn ၌ အမျိုးသမီးနှစ်ယောက်စကားပြောကြသည်။”သူမကိုမပြောပါနှင့်လို့ ကျွန်မပြောသည့်လျှို့ ဝှက်ချက်ကို ရှင်က တီလီ(Tillie) ကိုပြောတယ်လို့ Tillie ကကျွန်မကိုပြောတယ်။ “သိမ်ဖျင်းလိုက်တာ။” Tillie အားကျွန်မပြောတယ်လို့ ရှင့်ကိုမပြောဘို့ ကျွန်မပြောတယ်””ကောင်းပြီး၊ သူပြောသည့်အရာကို ရှင့်ကိုကျွန်မပြောမည်မဟုတ်ဘူးလို့ တီလီကို ပြောတယ်။ ဒါကြောင့် ကျွန်မပြော သည့်အရာကိုသူမအားမပြောနှင့်။
Charles Swindoll သည် Seasms ofLile ဟူသော သူ၏စာအုပ်၌အတင်းပြောခြင်းအကြောင်းကိုဖေါ်ပြသည်။ သူပြောသည်မှာ ဤသို့ဖြစ်သည်-
အတင်းပြောခြင်းနှင့်သာအသက်ရှင်သောသူတို့သည် သေးငယ်၍ယုံမှားသံသယရှိသောစိတ်ရှိကြသည်။ သူတို့သည် မီးရောင်မှိန်မှိန်သာထွန်းသည့်လမ်းကြိုလမ်းကြားတို့၌သွားလာခြင်းကိုကျေနပ်ကြသည်။ ထင်မြင်ယူဆချက်တို့ကို လျှပ်စီးလက်စေခြင်းအားဖြင့် သူတပါး၏စိတ်ထဲတွင်ပေါက်ကွဲမည့် လျှို့ဝှကနက် နဲသောဗုံးများကိုချသည်။ သူတို့သည် မသေချာသောအကြောင်းကြားချက်၏ အပြစ်မဲ့သောကူးလူး ဆက်သွယ်ရေးတခုဖြစ်ခြင်းအပေါ်၌သာစိတ်ချမ်းသာရာရကြသည်။ “သူတို့ပြောသည်”သို့မဟုတ် “ကြားပြီးပြီလား” သို့မဟုတ် “သူတပါးထံမှ ငါသိရသည်မှာ”စသည်တို့မှာ ကောလဟာလပြန့်နှံ့စေသော အရာများဖြစ်ကြသည်။”Hysterical Concret Memorial Church ကွဲတော့မည့်ဆဲဆဲဖြစ်သည့်အကြောင်း ကြားပြီးပြီလား။””ပါဒီနန်နှင့်ဖလူးတို့ကွဲနေကြတယ်၊ သူမသစ္စာပျက်နေတယ်လို့ပြောကြတယ်” ပါဒီနန်ရဲ့မိဘသည် ပိုက်ဆံချမ်းသာကြတယ်လို့ သူတို့ပြောကြတယ်”သင်းအုပ်ဆရာ Elphinstonsky မှာ သူ၏ယခင်အသင်းတော်မှထွက်သွားခိုင်းကြတယ်ဆိုတာ ကြားပါသလား။တယောက်ပြော ပြတယ်။”သူတို့လက်ထပ်တော့မယ်လို့ တယောက်ကပြောတယ်။”“သူတို့သားက မူးယစ်ဆေးဝါး သုံးနေတယ်၊ အလစ်သုတ်နေတယ်” လို့“သူက အလွန်အကျွံသောက်တယ်လို့ တယောက်ကပြော ပြတယ်။“သူမသည် တွေ့သမျှယောက်ျားတိုင်းကိုပြီတီတီ လုပ်တယ်လို့ကြားတယ်သူ့ကိုကြည့်နေပါ။”
“နောက်ဆုံး ထိပ်ဆုံးရောက်အောင် ကောက်ကျစ်ပြီးအကြံထုတ်တယ်။ ‘”သူကစိတ်ချလို့မရဘူးဆိုတာ လူများစွာတို့၏စိုးရိမ်ပူပန်စရာဖြစ်တယ်။” ။
အတင်းပြောခြင်းနှင့်ကောလဟာလတို့သည် တယောက်မှတယောက်ထံသို့သွားရာ၌ကြီးထွားလာပုံကို ကျွန်ုပ်တို့အားလုံးသိကြသည်။နောက်ဆုံးအကြောင်းသည်နဂိုမူလအကြောင်းအရာနှင့်အနည်းအကျဉ်းသာတူလာသည်အထိ လူတယောက်စီသည်မကောင်းသည့်ဘက်မှ ထပ်မံဖြည့်စွက်ကြသည်။
ပေါလုသည် ဟုမေနဲနှင့်အာလေဇန္တု(၁တိ ၁း၁၉-၂ဝ)၊ ဖုဂေလုနှင့်ဟေရမောဂင် (၂တိ ၁း၁၅) နှင့် ပန်းတိမ်သမား အာလေဇန္ဒြ (၂တိ ၄း၁၄) တို့၏အကြောင်းကိုအသည်းအသန်ဝေဖန်ပြောဆိုသည်ဟု အချို့ကကန့် ကွက်ပြောဆိုကြသည်။ ယောဟန်သည်လည်း ၁ယောတရပ် (၃ယော ၉-၁၀) ကို ချမ်းသာမပေးပါ။ ဤသက် သေခံချက်သည်မှန်ပါ၏။ သို့သော် ရည်ရွယ်ချက်မှာ ဤလူတို့နှင့်ပါတ်သက်၍ ယုံကြည်သူတို့ကိုသတိပေးရန်ဖြစ်သည်။ ဆဲရေးတိုင်းထွာလျက် တိုက်ခိုက်ဘို့မဟုတ်ပါ။
ဆုံးမခြင်းနှင့်အမှားပြင်ပေးရန်လိုအပ်သောအခါ၌ တယောက်ချင်းကိုဆွေးနွေးရန်လိုအပ်သည်။ သို့သော် ဤအရာသည်ပါဝင်သောပုဂ္ဂိုလ်အား ကူညီမစရန်ရည်ရွယ်ပြီး၊ ပြစ်တင်ဝေဖန်ရန်မဟုတ်ပါ။ ဤအရာသည် အတင်းပြောခြင်းနှင့်မတူပါ။
အတင်းပြောခြင်းကိုဖြေရှင်းကိုင်တွယ်ရာ၌ ကျွန်ုပ်တို့သည်အကောင်းဘက်မှ လုပ်ရမည့်အရာ အဆင့်ဆင့်ရှိသည်။ပထမ – အကြောင်းရင်းကိုပြောပြရန် ထိုပုဂ္ဂိုလ်အားကျွန်ုပ်တို့တောင်းဆိုနိုင်သည်။ ပေါလုသည် “အကြော င်းမူကား၊ ငါ့ညီအစ်ကိုတို့၊ သင်တို့သည်အချင်းချင်းမသင့်၊ ရန်တွေ့ခြင်းရှိသည်ကို ခလောက္က၌အိမ်သားအချို့တို့သည်ပြောကြ၏” ဟူ၍ (၁ကော ၁း၁၁) ၌ ပုံသက်သေကိုကျွန်ုပ်တို့အတွက်ထားပေးသည်။
ဒုတိယ – ကျွန်ုပ်တို့ဆွေးနွေးခြင်းခံသည့်သူအား “သင် ယခုပြောသည့်သူ့အကြောင်းကိုသူ အားကျွန်တော်ပြောပြပါက ခင်ဗျားစိတ်အနှောင့်အယှက်ဖြစ်မလား” ဟူ၍ ပြောခွင့်ပေးရန်တောင်း ဆိုနိုင်ပါသည်။”အို၊ ကြောက်စရာကြီးပါလား။ မလုပ်ပါနှင့်။ ငါတို့ခင်မင်ရင်နှီးမှုအဆုံးသတ်သွား ပါလိမ့်မယ်။”ကျွန်ုပ်တို့သည် အတင်းပြောစကားကိုနားမထောင်ဘဲငြင်း၍ ရပါသည်။ငါတို့သည် ထိုအရာကိုမကြားခဲ့ပါဟုယဉ် ကျေးစွာပြောခြင်းအားဖြင့်ပြုနိုင်ပသည်။ သို့မဟုတ် ကျွန်ုပ်တို့၏စကားပြော ဆိုခြင်းကို ပို၍တည်ဆောက်စရာလမ်းကြောင်းသို့ပြောင်းသွားအောင်ပြုနိုင်ပါသ ည်။ “အတင်းပြောခြင်းကိုနား ထောင်သောသူတယော က်မျှမရှိပါက၊ ထိုအရာကိုပြောမည့်သူတယောက်မျှ ရှိမည်မဟုတ်ပါ။ ကြားနာသူပရိသတ်ကိုနားမကြားသောသူဖြစ်စေ၍၊ အတင်းပြောသောသူကို စကားအ
းအသောသူဖြစ်စေပါ” (Wm. R. Marshall)။ တူရကီလူမျိုးတို့၏ပညာရှိစကားတခုက “သင့်ထံ၌အတ င်းပြောသောသူသည် သင်နှင့်ပတ်သက်၍ အတင်းပြောမည်ဖြစ်သည်” ဟု ကျွန်ုပ်တို့ကိုသတိပေးသည်။ နောက်ဆုံး၌အတိုချုပ်၏အနှစ်သာရတခုကို ကိုးကားပါရစေ။ မည်သူရေးသည်ကိုကျွန်တော်မသိသော်လည်း ထိုသူတယောက်ဖြစ်လိုပါသည်။ခရစ်ယာန်တယောက်သည် သူ၏လျှာနှင့်မည်သည့်အရာကိုပြု သင့်ပါသနည်း။ သူ၏လျှာကိုထိန်းချုပ်၍ စကားစမြည်ပြောခြင်းကိုလွှမ်းမိုးရန်မရှာကြံသင့်ပါ။ ပြောရမည့် အရာထက်လျှော့၍ ပြောရန်လေ့ကျင့်သင့်သည်။ သူသည် မှားယွင်းသောအရာ၊ တဝက်မှန်သောအရာ၊ မလိုတမာစိတ်ဓါတ်၊ ခေါင်းညိတ်ပြောသောစက ား၊ သရော်သောစကား၊ ညစ်ညမ်းသောစကာသို့မဟုတ် အချည်းနှီးသောစကားစသည်တို့ကိုမသုံးသင့်ပါ။ သက်သေခံရန်ဖိတ်ခေါ်သောနေရာ၊ ဝန်ချတောင်းပန်ခြင်း သို့မဟုတ် အားပေးစကားပြောခြင်းစသည်တို့အတွက် အခြေအနေကဖိတ်ခေါ်သောနေရာ၌ ထိုအရာတို့ ကိုအစဉ်အသုံးပြုသင့်သည်။ အကယ်၍ သူသည် “ကျေးဇူးတင်ပါသည်” ဟု ပြောရန်ခက်ခဲသည့်စိမ်း ကားသောလူတယောက်ဖြစ်ပါကထိုစကားတို့ကို ပြောတတ်ရန်လျှာကို လေ့ကျင့်ပေး၍၊ ထိုအရာတို့ ကိုဆီးတားသည့် မာန်မာနကိုဖြေရှင်းဘို့လေ့ကျင့်ပေးသင့်သည်။
သုံးဆယ့်ကိုး
လက်ထပ်ထိမ်းမြားခြင်း
Marriage
အောက်ပါအချက်အလက်အချို့တို့ကို ယခင်အခန်းများ၌ထိတွေ့ခဲ့ပြီးဖြစ်သည်။ ထပ်ပြီးပြောပြရန်ကောင်း ပါသည်။ ကျွန်တော်တို့ကထိုအရာကိုလေးလေးနက်နက်ဖြစ်စေရန်ထပ်ပြောခြင်းဟု ခေါ်ကြပါသည် ။ဘုရားသခင်သည်လောကကြီးထဲသို့ အပြစ်မဝင်မှီဧဒင်ဥယျာဉ်၌လက် ထပ်ထိမ်းမြားခြင်းကို စတင်တည် ထောင်ခဲ့သည် (ကမ္ဘာဦး ၂း၂၁-၂၄)။ထို့ကြောင့် ဟေဗြဲဩဝါဒစာကိုရေးသောသူက “ခပ်သိမ်း သောသူတို့၌ မင်္ဂလာ  ဆောင်ခြင်းအမှုနှင့် သစ္စာသံဝါသပြုခြင်းကိုအသရေရှိစေကြလော့”(ဟေဗြဲ ၁၃း၄ က) ဟု ကျွန်ုပ် တို့ကိုသတိပေးသည်။ လက်ထပ်ထိမ်းမြားခြင်း၏ဂုဏ်သိက္ခာကို ကျဆင်းစေ သည့်ရယ်စရာ စကားတို့သည် သင့်တော်ပါ။ ၄င်းသည်ရိုသေလေးမြတ်စရာနှင့် စင်ကြယ်သောပေါင်း သင်းဆက်ဆံမှုတခုဖြစ်သည်။
မင်္ဂလာဆောင်ရာ၌ယောက်ျားနှင့်မိန်းမတည်းဟူသောလူနှစ်ယောက်တို့သည်တဦးတည်းဖြစ်လာကြ၏(ကမ္ဘာဦး ၂း၂၄။မ ဿဲ၁၉း၅။ဧဖက္ ၅း၃၁၊ ၃၃)။ဤတလုံးတဝဖြစ်ခြင်းသည်တသက်လုံးခိုင်မြဲရန် ဘုရားသခင် ရည်ရွယ်သည်(မဿဲ ၁၉း၆ခ။ ၁ကော ၇း၃၉)။ လင်ယောက်ျား သို့မဟုတ် ဇနီးမပါသောအိမ်ထောင် သည်သည် မစုံလင်ပါ။ တယောက်တည်းအထီးကျန်သည်။ဘုရားသခင်သည် တသက်လုံးတကြိမ်တည်းအိမ်ထေ ာင်ပြုခြင်းဖြစ်စေရန်ရည်ရွယ်သည် (၁ကော ၇း၂)။ ဤအရာသည် မယားနှစ်ယောက် သို့မဟုတ်လင်နှစ်ယော က်ယူခြင်း၊ မိန်းမတယောက်ထက်ပို၍ယူခြင်းတို့ကို ဖယ်ရှား ပစ်သည်။ဘုရားသခင်သည်ဤပုံမှန်မဟုတ်သောအရာတို့၏အထောက်အထားတို့ကိုမှတ်တမ်းတင်သော်လည်း ၎င်းတို့ကိုတခါမှမထောက်ခံပါ။မင်္ဂလာဆောင်ရခြင်း၏ ရည်ရွယ်ချက် ငါးခုရှိပါသည်။ “၄င်းသည်တယောက်တည်းမနေကောင်း (ကမ္ဘာ ၂း၁၈ )။ ထိုအရာသည် မျိုးပွါးနည်းပေါင်းဖော်ခြင်း၏ လိုအပ်မှုကိုရောင့်ရဲကျေနပ်စေသည်။ ယောက်ျားသည်ဖြစ်သည်။ “များပြားစွာမွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ၍ နိုင်ကြလော့။(ကမ္ဘာဦး ၁း၂၈)။ ၄င်းသည် ကိုယ်ကျင့်တရားစင်ကြယ်မှု ကိုတိုးမြှင့်ရန်အတွက်ရည်ရွယ်သည်။ “မတရားသောမေထုန်နှင့်ကင်းလွတ်ရမည့်အကြောင်း၊ ယောက်ျားတိုင်း မိမိမယားရှိစေလော့။ မိန်းမတိုင်းမိမိလင်ရှိစေလော့” (၁ကော ၇း၂)၊ထောက်အမကိုသူဘို့ငါလုပ်ဦးမည်” (ကမ္ဘာ ၂း၁၈)ဘုရာ းသခင်၏စကားနားထောင်သောအသက်တာ၌ အသက်ရှင်သောအခါ၊ ၄င်းမှာ ဝမ်းမြောက်ခြင်းနှပီတိဖြစ်ခြင်းတို့ဖြစ်လာရာ အရင်းအမြစ်ဖြစ်သည် (သုတ္တံ၅း၁၈ -၁၉)။
လင်မယားဆက်ဆံခြင်း၌ ယောက်ျား၏ကဏ္ဍမှာ ဦး ဆောင်ဦးရွက်ပြုခြင်းဖြစ်သည် (ဧဖက် ၅း၂၃)။ ဤပညတ်ချက်ကို အစဉ်လိုက်ဖန်ဆင်းခြင်း (၁တိ၂၁၃)၊ ဖန်ဆင်းပုံ (၁ကော ၇း၈) နှင့် ဖန်ဆင်းခြင်း၏ ရည် ရွယ်ချက် (ဧဖက်၅း၂၂) စသည်တို့ဖြင့်ဖွဲ့စည်းတည်ထေ ာင်သည်။ မိန်းမသည်ယောက်ျား၏စကား ကိုနားထောင်ရန်ဖြစ်သည်။ ဧဝသည် ဦးဆောင်မှုကိုသိမ်းယူ၍ ကမ္ဘ ာ၌အပြစ်၏ထိတ်လန့်စရာကောင်း သောဆိုးကျိုးတို့ကိုဝင်လာစေသည် (ကမ္ဘာ ၃း၁-၆)၊သို့သော် အာဒံသည်လူသားတရပ်လုံး၏ဦးခေါင်း ဖြစ်သောကြောင့်ထိုအပြစ်ဒုစရိုက်ကို အာဒံ၏အပေါ်၌တင်သည်။ “အပြစ်တရားသည်တယောက် သောသူအားဖြင့်ဤလောကသို့ဝင်၍. . . ” (ရောမ ၅း၁၂)။
ဇနီးသည်လင်ယောက်ျား၏စကားနားထောင်ရန် သင့်တော်သည်၊အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်ကမိန့်တော်မူသောကြောင့် (ကော ၃း၁၈)ကိုယ်တော်ကိုကျေနပ်စေသောကြောင့်ဖြစ်သည်။ သူမသည်ခင် ပွန်းသည်ထက်စွမ်းဆောင်နိုင်၍ ဝိညာဉ်ရေးရာ၌ အရ ည်အချင်းရှိသော်လည်း အိမ်၌ဦးဆောင်မှုကိုမိမိကိုယ် တိုင်တာဝန်ယူမည့်အစား ယောက်ျားကိုအားပေးသင့်သည်။
ခရစ်တော်သည်အသင်းတော်ကိုချစ်သကဲ့သို့ ယော က်ျားသည်လသမီးတယောက်ကဲ့သို့ ပြုမူဆက်ဆံရမည်။ ထိုမျှသာမက၊ မိမိကိုယ်ကိုချစ်သကဲ့သို့မိမိ၏ဇနီးကိုချစ်ရမည် (ဧဖက် ၅း၂၄)။ သူသည် သူမကိုအသရေရှိသောအမျိုးသူမအားချစ်သင့်သည် (ဧဖက် ၅း၂၈၊ ၃၃က)။ တစုံတယောက်သောသူက”ခရစ်တော်သည်အသင်းတော်ကိုချစ်သကဲ့သို့ မိမိဇနီးကိုချစ်သောသူတယောက်၏စကားနားထောင်မည့်အရေးကို စိတ်အနှောင့်အယှက်ဖြစ်မည့် ဇနီးတယောက်မှရှိမည်မဟုတ်ပါ ဟုဆို၏။သူမသည် သခင်ဘုရား၌ရှိရမည်။ ယုံကြည်သူ တယောက် ဖြစ်ရမည်ဟုဆိုလိုခြင်းျဖစ္သည္ (၁ေကာ ၇း၃၉။ ၂ေကာ ၆း၁၄)။ သို့သော် ထိုအရာ သည်မလုံလောက်ပါ။ နှစ်ဦးစလုံးတို့သည် သမ္မာကျမ်းစာကိုယုံကြည်ခြင် း၌အတူတူဖြစ်ရမည်။သူတို့သည် တူသောဘဝ ပန်းတိုင်ရှိကြရမည်။ “လူနှစ်ဦးသည်သဘောမတူလျှင်ပေါင်း ဖော်၍ ခရီးသွားနိုင်သလော” (အာမုတ် ၃း၃)။
အိမ်ထောင်ပြုခြင်းမှာလူသားတရပ်လုံးအတွက် ဘုရားသခင်၏ယေဘုယျပညတ်ချက်တခုဖြစ်သည်။ မဿဲ ၁၉း၁၂ ၌ ကောင်းကင်နိုင်ငံတော်အဘို့မိန်း မလျှာဖြစ်သောသူအချို့ရှိသည်ဟူသောချွင်းချက်တခုကိုတွေ့ ရသည်။ဤလူတို့သည်သခင်ဘုရား၏ အမှုတော်လုပ်ငန်းအပေါ်၌ အနှောင့်အယှက်မဖြစ်စေရန် အိမ်ထောင်ပြုခြင်းကိုစွန့်လွှတ်လိုကြသည်။
ငယ်ရွယ်သောတပည့်တော်တယောက်သည် ဘုရားသခင်အတွက်သူ၏စိတ်အားထက် သန်မှုကြောင့် အိမ်ထောင်မပြုရန် အဓိဋ္ဌါန်ပြုနိုင်သည်။ သူသည်ဘုရားသခင်၏အမှုတော် လုပ်ငန်းကိုအနှောင့်အယှက် မဖြစ်စေဘဲ မိမိကိုယ်ကိုပေးလိုသည်။ သူ၏စိတ်ထားသည်ကောင်းသော်လည်း အဓိဋ္ဌါန်မပြုခြင်းသည်ပို၍ ကောင်းနိုင်ပါသည်။ သူမည်သို့သိပါသနည်း။ သူသည်တနေ့တနေ့ကို ဘုရားသခင်ဦးဆောင်ခိုင်း၍ အသက်ရှင်ခြင်းမှာအကောင်းဆုံးဖြစ်သည်။ လာမည့်တနေ့နေ့မှာအိမ်ထောင်ပြုရမည်မှာ ဘုရားသခင်၏ အလိုတော်ဖြစ်ကောင်းဖြစ်နိုင်သည်။တမန်တော်ကြီးပေါလုက ” မယားရှိသောသူသည် မ ယားမရှိသကဲ့ သို့ဖြစ်ရမည် (၁ကော ၇း၂၉) ဟု ဆို၏။ ခရစ်တော်သည်ကျွန်ုပ်တို့၏ဦးစားပေး များထဲတွင် ပထမဖြစ်ရမည်ဟု ဤကျမ်းပိုဒ်ကဆိုလိုသည်။ မယားသည်ဒုတိယနေရာ၌ရှိရမည်။ မယားတို့သည်လျစ်လျူရှုခြင်းခံရမည်ဟု ဤကျမ်းပိုဒ်ကဆိုလိုပါသလား။ မဆိုလိုပါ။ ခရစ်တော်ကိုပထမနေရာ၌ထား သောလင်ယောက်ျား သည်မှန်ကန်သောအမျိုးအစားဖြစ်သည်ဟု ဆိုလိုပါသည်။ ယောက်ျားတယောက်သည်အိမ်ထောင်ပြု သောအခါ သူ၏ဖခင်နှင့်မိခင်တို့ကိုထားခဲ့၍ မိမိ၏ဇနီးထံ၌မှီဝဲဆည်းကပ်ရမည် (ဧဖက် ၅း၃၁)။ သူမသည်လင်ယောက်ျာ း၏မိဘများထက်ဦးစားပေးခြင်းကိုယခုရရှိသည်ဟု ဆိုလိုသည်။သို့သော်၊ သူ သို့မဟုတ် သူမ၏အသက်တာ၌တစုံတယောက်သောသူကပထမနေရာရရှိမည်ဖြစ်သည်။ ထိုသူမှာ သခင်ယေရှုဖြစ်၏။ ယောက်ျားနှင့်မယားတို့သည်ကိုယ်တော်၏နောက်၌ ဒုတိယနေရာရရှိကြရမည်ဖြစ်သည်။
၁ကော ၇း၄-၇ ၌ရှိသောညွှန်ကြားချက်တို့ကိုလိုက်နာကြသောအိမ်ထောင်များစွာတို့သည် လုံခြုံ၍ဘေးကင်း ကြ၏။ ထိုကျမ်းပိုဒ်ကပြောသောအရာမှာတယောက် သောသူသည်လင်မယားဝတ် ဆက်ဆံရန်ဆန္ဒပြင်း ပြပါက ထိုဝက်ကိုပြုရမည်ဟူ၍ဖြစ်သည်။ လင်ယောက်ျားသည်သူ၏ မယားခန္ဓာကိုယ် ကိုတရားဝင် တောင်းဆိုပိုင်ခွင့်ရှိသည်။ မယားကလည်းထိုနည်းအတူ ယောက်ျားအပေါ်၌တောင်းဆိုပိုင်ခွင့်ရှိသည်။ ၄င်းမှာ ယေဘုယျပညတ်ချက်တခုဖြစ်သည်။ သို့သော်လည်း တယောက်သောသူသည်အစာရှောင်၍ ဆုတောင်းရန်ဆန္ဒရှိသောအခါ၌ချွင်းချက်တခုကိုထားရမည်ဖြစ်သည်။ တယောက်သောသူသည်သူ အဖေါ်ကာယပိုင်းနှင့်စိတ်ခံစားမှုပိုင်း၌ မတူညီမှုများကိုသိရှိခံစားမည်မှာအမှန်ဖြစ်သည်။ နှစ်ယောက်စလုံးတို့သည် မိမိ၏ခန္ဓာကိုယ်ကိုထိန်းချုပ်ခြင်းအားဖြင့်လက်နက်တခုအဖြစ်အသုံးမပြုသင့်ပါ။
လင်ယောက်ျားသည်သူ၏ဇနီးအတွက် နာကျည်းစရာတယောက်မဖြစ်သင့်ဘဲ (ကော ၃း၁၉)၊ အသက်ရှင်ခြင်းကျေးဇူးတော်ကိုဆက်ဆံ၍ အမွေခံရသောသူချင်းကဲ့သို့ သတိပညာနှင့်လျော်စွာသူ မနှင့်အတူနေထိုင်သင့်သည် (၁ ပေ၃း၇)။ သူတို့သည်အတူတကွ ဆုတောင်းကြသောအခါ ဤအရာသည်လွတ်လပ်ခြင်း၏အာမခံချက်ဖြစ်လာမည်ဖြစ်သည်။ပျော်ရွှင်သောအိမ်ထောင်တခုဖြစ်ရန် အတွက် ပထ မ တောင်းဆိုသောအခြေခံမူတခုမှာ ကျိုးပဲ့ကြေမွခြင်းဖြစ်သည်။ တယောက်သောသူသည် အခြားသောသူအပေါ်၌မှားယွင်းသောအခါ သူ သို့မဟုတ် သူမသည်တောင်းပန်ကာခွင့်လွှတ် ရန်တောင်းဆို ရမည်။ ဤသို့ပြုရန်မှာ စိတ်ထိခိုက်စရာဖြစ်သော်လည်းအေးစက်သောပြုမူခြင်း ကိုသည်းခံခြင်းထက် ပို၍ကောင်းသည်။ သင် ၏မာန်မာနကို လာရောက်ထိခိုက်မည်ဖြစ်သော်လည်း နေမဝင်မှီဝန်ချတောင်းပန်ပါ။
လင်မယားတို့သည်ဘုရား၏လမ်းပြမှုကိုစောင့်နေရင်းဆုံးဖြတ်ရမည့်အရာများရှိသည်။ ကလေးမွေးခြင်း ကိုထိမ်းချုပ်မှုပြုသင့်ကြပါသလော။ သူတို့မိသားစုဦးရေမည်မျှရှိသင့်ပါသနည်း။ ဤမေးခွန်းနှင့်ပတ်သက်၍ အဖြေအတိ အကျမရှိပါ။ မိသားစုတိုင်းသည်ဘုရား သခင်ထံတော်မှလမ်း ပြမှုရရှိခြင်း၌မူတည်ပါသည်။ အခြားခရစ်ယာန်တို့သည် ထိုသူတို့အားစီရင် ခြင်းမပြုသင့်ကြသလိုမိမိ၏တယူ သန်ခံယူချက်ကိုကျင့် သုံးရန်ဖိအားမပေးသင့်ပါ။
အိမ်ထောင်ပြုခြင်းအတွက်စံနှုန်းမှာ”သေခြင်းကခွဲသည်အထိ” ဖြစ်သည်။သို့ရာတွင် တယောက် သောသူကသစ္စာပျက်သောအခါ၌ လင်မယားကွာရှင်းပြတ်စဲခွင့်အတွက် ကြိုတင်ပြင်ဆင်ထားသည် (မဿဲ ၁၉း၉)၊ ကွာရှင်းပြတ်စဲရန်အမိန့်ပေးခြင်းမဟုတ်ဘဲ ခွင့်ပြုခြင်းဖြစ်သည်။ ထိုသို့သောကိစ္စ၌အပြစ် မရှိသောသူသည်နောက်ထပ်အိမ်ထောင်ပြုနိုင်သည်။ (မာကွာရှင်းပြတ်စဲရန်အမိနဘုရားသခင် သည်လင်မယားကွာရှင်းပြတ်စဲခြင်းကိုမုန်းသည်။ အကြောင်းမှာဣသရေလသည်သစ္စာပျက်သောကြောင့် ဘုရားသခင်ကကွာရှင်းပြတ်စဲခြင်းဖြစ်ရာ၎င်းသည် ကျမ်းစာနှင့်မညီသောကွာရှင်းပြတ်စဲခြင်းဟူ၍ အဓိပ္ပါယ်ရှိနိုင်သည်။
သာသနာပြုဆရာ Carl Knott သည် လက်ထပ် ထိမ်းမြ ားခြင်းနှင့်ပတ်သက်သည့် လိုရင်း(၁၀)ချက်ကိုပြောပြရန်တောင်းဆိုခြင်းခံရသောအခါအောက်ပါတို့ကိုအကြံပေး၍ ပြောပြသည်။ဦးစားပေးခြင်းကိုမှန်ကန်အောင်လုပ်ပါ။ အရာခပ်သိမ်းတို့၌ဘုရားသခင်ကို ပထမနေရာ၌ထားပါ။ အစပြုသည့်အချိန်မှစပြီး သင်၏အိမ်ထောင်ပြုခြင်းကိုဘုရားသခင်ထံသို့ အပ်နှံပြီးသင်၏အိမ်ထောင်၌သူသခင်ဖြစ် ကြော င်းကိုသိမှတ်ပါ။သံလိုက်အိမ်မြောင်မပါဘဲ မမောင်းပါနှင့်။ သမ္မာကျမ်းစာကိုနေ့တိုင်းဖတ်ပါ။ ထိုအရာတို့ကိုဆွေးနွေးပါ။ ထိုအကြောင်းတို့ကိုပြောပြပါ။ ထိုအရာပြောသည့်အတိုင်းနာခံပါ (တရားဟော ၆း၆-၉။ ယာကုပ် ၁း၂၂)။
အချင်းလင်ယောက်ျား၊ သင်သည်ယောက်ျားဖြစ်၏။ ဘုရားဝတ်၌မွေ့လျော်ပါ။ လောကီပုံသဏ္ဍာန်မဆောင်ပါနှင့်။ မိသားစု၏ဦးဆောင်မှုတခုလုံးကိုခရစ်ယာန်နည်းနှင့်တာဝန်ယူပါ (ကမ္ဘာ ၃း၁၆။ ၁၈း၁၉။ ကော ၃း၁၈)။ သင်၏မယားနှင့်သားသမီးများအတွက် ပုံသက်သေတခုကိုထားပါ။
အချင်းမယား၊ သင်သည်အမျိုးသမီးတယောက်ဖြစ် သည်။ ဘုရားသခင်ကသင့်ကိုပေးသည့်အလုပ်နှင့် သင်အလုပ်လုပ်သည့်နေရာမှာ အိမ်၌ဖြစ်သည်(တိတု ၂း၃ -၅)။ သင်၏လင်ယောက်ျားနှင့်ကိုက်ညီအောင်နေပြီးထောက်မပါ။
သင်၏အိမ်၌၄င်း၊ သင်၏အိမ်အားဖြင့်၄င်း ဘုရား သခင်၏အစေကိုခံပါ (သုတ္တံ၃၁)။ ဖြစ်နိုင်ပါက သူများရှေ့တွင်သင်၏ယောက်ျားနှင့်မငြင်းခုံပါနှင့်။ သင်၏ယောက်ျားကိုသူတပါးရှေ့၌အပြစ်မတင်ပါနှင့်။ အပြ စ်တင်ခြင်းကိုလည်းနားမထောင်ပါနှင့်။ လိုအပ်သောအရာမှန်သမျှတို့ကိုပြေလည်စေရန် ဘုရားဝတ်၌မွေ့လျော်သောနည်းနှင့်သီးသန့်လုပ်ရမည်။
သင်မိသားစု၏ဘဏ္ဍာငွေများကို ဘုရားသခင်ကကိုင် တွယ်ပါစေ။ ဘဏ္ဍာငွေတို့ကိုမြေကြီးပေါ်၌မထားပါနှင့် (မဿဲ ၆း၁၉)။ သင်၌ရှိသောအရာနှင့်ရက်ရောပေး ကမ်းပါ၊ သခင်ဘုရားသည်ရက်ရောစွာဖြင့်ပေး သောသူဖြစ်သည်။သူတပါးကိုဂရုစိုက်၍ ထိုအရာကိုသက်သေ ပြရန်သင်၏အိမ်ကိုအသုံးပြုပါ
တံခါးဖွင့်ထားသည့်စနစ်ထားပါ။ ဧည့်ဝတ်ကျေပါဟုဆိုလိုခြင်းဖြစ်သည်။သင်၌မရှိသောအရာနှင့်ပတ် သက်၍ မစိုးရိမ်ပါနှင့် (၂ကော ၈း၁၂)။ဒေသန္တရအသင်းတော်ကိုထောက်ပံ့ဘို့ အတူတကွအလုပ်လုပ်ကြပါ။ခရစ်တော် အတွက်နှင့်ဧဝံဂေလိသတင်း ကောင်းအတွက် သူတပါးထံသို့သွား၍သူတို့၏ အမှုကိုထမ်းရွက်ပေးပါ (မာကု ၁း၂၈-၃၄။ လုကာ ၁၈း၂၈-၃၀။ တမန်၁၈၂၄-၂၆)။
ဆုတောင်းသောမိသားစုဖြစ်ပါ။ သင်သွားနေသောအချိန်၌ဆုတောင်း၍ဆုတောင်းသောအခါ၌လည်းသွားပါ။ ဆုံးဖြတ်ချက်မချမီဆုတောင်းပါ။ ပြဿနာပေါ်လာသောအခါ၌ဆုတောင်းပါ။ အရာရာအဆင်ပြေသောအချိန်၌လည်းဆုတောင်းပါ။
သင်၏လင်မယားဆက်ဆံရေးကိုတိုးတက်အောင်ပြုပါ။ အိမ်ထောင်သည် ပေါင်းသင်းဆက်ဆံခြင်း၊ မိတ်သဟ ာယဖွဲ့ခြင်းနှင့်ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်သည်။ အချို့သောသူတို့သည် မိမိ၏ကြင်ဖေါ် နှင့်အတူနေမည့်အစား သူတို့၏အလုပ်ကိုပို၍အာရုံစိုက်ကြသည်။ အချိန်ကုန်လွန်လာသည် နှင့်အမျှသာ၍ချစ်မြတ်နိုးသောမိတ်ဆွေများဖြစ်ကြပါ။ နှစ်ဦးတည်းနေရသည့်အချိန်ကိုယူပါ။ အပြင်ထွက်စားကြပါ။ အတူတူလမ်းလျှောက်ပါ။ အဆင်ပြေသောနေရာဒေသတခုသို့တရက်အချိန်ယူ၍ သွား ရောက်ပြီးစိတ်ထဲ၌ရှိသောအရာများကိုပြောကြပါ။အိမ်ထောင်ပြုရန်စိတ်အားထက်သန်သော်လည်း အ ကြောင်းတခုခုကြောင့်မဖြစ်နိုင်သောခရစ်ယာန်တို့၌ ပြဿနာအမြဲ ရှိတတ်သည်။ သူတို့သည်သခင်ယေရှုနှင့်သူ၏လူတို့အတွက်အစေခံရန် ဆက်ကပ်အသက်ရှင်ကြသည်။ အိမ်ထောင်မပြုဘဲတယောက်တည်းနေခြင်းအားဖြင့် အကျိုးဖြစ်ထွန်းသောစံနမူနာအသက်တာတို့မှာ Amy Carmichal, John Nelson Darby, GladysAylward, Corrie ten Boon နှင့် Fanny Crosby တို့ဖြစ်ကြသည်။ ဘုရာသခင်၏အစီအစဉ်တော်ထဲမှပယ်ထုတ်ခံရပြီဟု တယောက်မျှစိတ်ထဲ၌ ခံစားရန်မလိုပါ။ သခင်ယေရှုအတွက်သွန်းလောင်းသည့် အသက်တာတခု၌ စစ်မှန်သောအောင်မြင်ပြီးစီးမှုကို ယုံကြည်သူတိုင်းတွေ့ရှိနိုင်သည်။
လေးဆယ်
အုပ်ထိန်းခြင်း
Parenting
ဤအခန်းအတွက်ကျွန်ုပ်တို့၏ရွှေကျမ်းချက်မှာ သူငယ်ကိုယူသွား၍ငါဘို့ထိန်းလော့၊ အခကိုငါပေးမည်” (ထွက် ၂း၉) ဖြစ်သည်။ ထိုအဓိကစကားတို့သည်ယုံကြည်သူမိအများအတွက်ဖြစ်သည်။ ကျွန်ုပ်တို့၏ကလေးများကိုခရစ်တော်အတွက်ပျိုးထောင်ပေးရန်ကျွန်ုပ်တို့ကို စေ ခိုင်းသည်။ လောကအတွက်မဟုတ်ဘဲ သခင်ဘုရားအတွက်ပျိုးထောင်ရန်ဖြစ်သည်။ ငရဲအတွက်မဟုတ်ဘဲ ကောင်းကင်ဘုံအတွက်ပျိုးထောင်ပေးရန်ဖြစ်သည်။
ဤလမ်းစဉ်၌အရေးကြီးသောအဆင့်တခုမှာ ဘုရ ားသခင်၏နှုတ်ကပတ်တော် ကိုအိမ်၌သွန် သင်ရန်ဖြစ်သည်။
“ယနေ့ ငါမှာထားသောစကားကိုနှလုံးသွင်းရမည်။ ထိုစကားကိုသင်၏သားသမီးတို့အားကြိုးစား၍ သွန်သင်ရမည်။ အိမ်၌ထိုင်လျက်နေသည်ဖြစ်စေ၊ ခရီးသွားသည်ဖြစ်စေ၊ အိပ်လျက်၊ ထလျက်ရှိသည်ဖြစ်စေ၊ ထိုစကားကိုပြောရမည်။ထိုစကားကိုသင်၏လက် ၌လ က္ခဏာသက်သေဘို့ရာ၄င်း၊ သင်၏မျက်စိကြားမှာသင်း ကျစ်ကဲ့သို့၄င်းချည်ထားရမည်။ အိမ်တံခါး၊ မြို့တံခါးတို့၌လည်းရေး ထားရမည် “(တရား ၆၆-၉)။မိဘများကသားသမီးများအားပေးရန် သမ္မာကျမ်းစာ ၏ခိုင်ခန့် သောအုတ် မြစ်ထက် သာ၍ကောင်းသည့်အမွေမရှိပါ။ကလေးတယောက်၏ပညာရေး၌ ဆုတောင်းခြင်း သည်အဓိကနေရာ ရရှိသင့်သည်။ သူဖတ်သမျှသောစာအုပ်များထက် ပုံသက်သေတခုအားဖြင့် ထိုပညာကိုပို၍ သိရှိလေ့လာ နိုင်မည်ဖြစ်သည်။ အသက်တာ၌မှတ်မိသည့်အမွန်မြတ်ဆုံးသောအရာတခုမှာ မိခင်သည်သူ ၏သားသမီး များအတွက်စူးထောက်ဆုတောင်းခြင်းပငိဖြစ်သည်။အုပ်ထိန်းခြင်းအလုပ် အပိုင်းမှာ ပညာနေဖြစ်သည်။ Aတိုင်းသည် မိခင်နှင့်မခင်ကိုရိုသေတတ်ရန်၊ အုပ်ထိန်းမှုကိုနားလည်တတ်ရန်အပေါင်ပေါ် ကောင်းချယ်တက် ရန်၊အပြစ်သွေးဆောင်ခြင်းကိုဆီးတားတက်ရန်နှင့်အလုပ်ကြိုးစားခြင်းနှင့်ရိုးစင်းသောယဉ်ကျေးသိမ်မွေ့မှုစသည်တို့ကို သင်ယူသင့်သည်။
မိဘများ၏စကားနားထောင်ခြင်းမှာမလွဲမသွေလုပ်ရမည့်အရာဖြစ်သည်။သင်သည်အမိန့်ကိုတခါတည်းသာပေးသည်ကိုနားလည်စေပါ။ တစ်ခါတစ်ခါပြောပါက၊ နာခံမှုအားနည်းစေသည်။ ရိုင်းစိုင်းစွာပြန်လည်ချေပ ပြောဆိုခြင်းမပြုပါစေနှင့်။
အပ်စိုးသောသူတို့၏စကားနားထောင်ခြင်းတွင်ကျောင် း၊ အလုပ်၊အစိုးရနှင့်အသင်းတော်စသည်တို့အကြုံး ဝင်သည်။ အဖွဲ့အစည်းတိုင်း၌ ခေါင်းဆောင်မှုနှင့်ခေါင်းဆေ ာင်၏စကားနားထောင်ခြင်းရှိရမည် (ဤနာခံခြင်းသည် ခရစ်တော်၌သစ္စာစောင့်ခြင်းကို မချိုးဖေါက်ပါက)၊ ဤသို့မဖြစ်ပါက၊ စည်းမဲ့ကမ်းမဲ့ဖြစ်သွားမည်။ ကလေးတို့သည်ဤအရာကိုစောစောစီးစီးသင်ယူသင့်သည်။
ကလေးများအမျက်ထွက်အောင်မနှိုးဆော်မိစေရန် မိဘများသတိထားရမည် (ဧဖက် ၆း၄)၊ ဖခင်တယောက်က ကလေးကိုမသိကျိုးကျွန်ပြုခြင်း၊မလျော်ကန်သောတော င်းဆိုချက်များကိုတောင်းဆိုခြင်း၊ ကလေးနှင့်ပတ်သက်၍မကောင်းသောအရာတို့ကိုပြောခြင်း၊ သိုမဟုတ် သိမ်ငယ်မှုကိုခံစားစေရန် မိမိ၏သာလွန်သောဉာဏ်ကို အသုံးချခြင်းစသည်တို့အားဖြင့် ကလေး ၏ အမျက်ကိုနှိုးဆော်နိုင်သည်။
မိခင်တယောက်၏ က လေးအလိုလိုက်ခြင်းသည် ကလေးကိုဖျက်ဆီးရာကျပါသည်။ မည်သည့်အရာက ပိုဆိုးပါသနည်း။ ကလေးတို့သည်ကောင်းသောအပေါ င်းအသင်းကိုမည်သို့ရွေးချယ်ရမည်ကိုသင်ယူရမည်။ မိဘများက”သူအပေါင်းအဖေါ် မှားတယ်” ဟု မျက်ရည်နှင့်မကြာခဏဝန်ခံတတ်ကြသည်။
မိဘတို့သည်သားသမီးများနှင့် အပြစ်သွေးဆောင်ခြင်း၊ အထူးသဖြင့်ကာမရာဂပိုင်းဆိုင်ရာတို့၌သွေး ဆောင်ခံခြင်းအကြောင်းကိုဆွေးနွေးရန် တာဝန်ရှိသည်။ ထိုသို့မဆွေးနွေးပါကသူတို့သည်တည့်ဆုံးသောလူတန်းစားအဆင့်၌သင်ယူသိရှိကြမည်ဖြစ်သည်။ ယနေ့လူငယ်တို့သည် ကာမရာဂ၌စွဲလန်းသောညစ်ညမ်းသောစာ၊ ရုပ်ရှင်၊ ဗီဒီယိုများနှင့်ပြည့်သောလော ကကြီး၌နေထိုင်အသက်ရှင်ကြသည်။ သူတို့သည် TV ၏ အဝေးထိန်းခလုတ်ကိုအသုံးပြုခြင်း၌ကျွမ်း ကျင်ကြရမည်။ သူတို့ သည် လောက၏ဆွဲဆောင်မှုနှင့် အသွေးအသား၏ မကောင်းသောအရသာခံ စားမှုမျိုးတို့ကို ငြင်းပယ်နိုင်ရန်သင်ယူကြရမည်။
အိမ်ပတ်ဝန်းကျင်၌ လူငယ်များအလုပ်လုပ်ရန်လေ့ကျင့်ပေးခြင်းမှာကောင်းမြတ်သည့်အရာတခုဖြစ်သည်။ သူတို့ကိုသဘာဝအလျောက်ဝါသနာပါသည့်အရာတို့၌ အ ထူးသဖြင့်အားပေးနိုင်သည်။ မိမိ၏သားသမီးများအ တွက်အရာခပ်သိမ်းတို့ကိုလုပ်ပေးသည့် ဖခင်၊ မိခင်တို့သည်၎င်းတို့၏ တိုးတက်မှုကိုတားမြစ်ပိတ်ပင်သောသူများဖြစ်ကြသည်။
သားသမီးတို့သည်ယဉ်ကျေးသိမ်မွေ့ခြင်းရှိ၊ မရှိသည်ကို မိဘများကအကဲဖြတ်ရမည်။ သူတပါးကို ထောက် ထား၍ဝေငှပေးကမ်းသည့် အပြင်မိမိထက်သူတပါးကိုဦးစားပေးတတ်သောလူငယ်တို့သည် လူမှုအကျင့် သိက္ခာကောင်းသောသူများဖြစ်ကြသည်။ တသက်လုံး၌ထိုအရာတို့သည် အထောက်အကူပေးသွားမည် ဖြစ်သည်။”ညနေစာသိပ်ကောင်းတာပဲ၊ အမေ’ ဟု သားသမီးတယောက်ကညနေစာစားပြီး ပြောသည်ကို ကြားရသည်မှာ စိတ်ထဲ၌နွေးထွေးခြင်းတခုဖြစ်သည်။သို့သော်ကျေးဇူးတင်တတ်ခြင်းမှာ  မွေးရာပါမဟုတ်ပါ။ သင်ယူရမည်ဖြစ်သည်။
လူတို့သည်ဤအရာများကို သင်ယူခဲ့ပြီးသောကလေးများနှင့်အတူနေခြင်းကိုကြိုက်နှစ်သက်ကြသည်။ စ ကားနားမထောင်၊ ထိန်း၍မရသည့်ကလေးတို့ကို သူတို့သည်မနှစ်သက်ကြပါ။
.ကလေးတို့သည်အမှားပြင်ခြင်း (ဆုံးမခြင်း) လိုအပ်မည်ဖြစ်သည်။”မိုက်သောသဘောသည် လူငယ်စိတ်ထဲ ၌ ထုပ်ထားလျက်ရှိ၏။ သို့သော်လည်းဆုံးမသောကြိမ်လုံးသည်ထိုသဘောကိုဝေးစွာနှင်ထုတ်၏” (သုတ္တံ ၂၂း၁၅) ဟုပြောသည်မဟုတ်လော။ ဆုံးမရခြင်း၏ အကြေ ာင်းရင်းကိုရှင်းပြသင့်သည်။အမျက်ဒေါသနှင့်မပြုရပါ။ ၄င်းသည်နာမခံခြင်းနှင့်ကိုက်ညီရမည်ဖြစ်သည်။ ပြီးသွားသောအခါ၌ မိဘသည်ကလေးကိုချစ်ကြောင်းပြန်၍ အတည်ပြုသင့်သည်။မိဘတို့သည်ကလေးကိုငြင်းပယ်ခြင်းမဟုတ်ဘဲ သူ၏ အပြုအမူကိုငြင်းပယ်ခြင်း ဖြစ်ကြောင်း ဤအရာကပြသသည်။ ဆုံးမခြင်း၏ ရည်ရွယ်ချက်မှာ နာခံရန်သွန်သင်ခြင်းဖြစ်သည်။ ကလေး တယောက် ကိုဆုံးမခြင်းသည် ချစ်ခြင်းမေတ္တာဖြစ်၍၊ထိုသို့မပြုခြင်းမှာ မုန်းတီးခြင်းဖြစ်သည် (သုတ္တံ ၁၃း၂၄)။
မိဘတို့သည်ဆုံးမခြင်းကိုပြုရာ၌ တစိတ်တဝမ်းတည်းရှိကြရမည်။ကလေးများသည် မိဘများဘက်မှအားနည်း ချက်တခုခုကိုထောက်လှမ်းရာ၌ကျွမ်းကျင်ကြသည်။ သူတို့သည် တခုမဟုတ်တခုဆန့်ကျင်ကြသည်။
မိဘများသည်ကလေးများ၏ပြောစကားကိုနားထောင်ကြမည်ဟူသောစိတ်ချမှုနှင့်မိဘများထံသို့အချိန်မရွေးလာကြစေရန် အားပေးသင့်သည်။သင်သည်သူတို့အားအမှန်တကယ်ချစ်သည်ကို သိစေပါ။ သူတို့ကိုဖက်သည်မှာ ဝိညာဉ်သဘောမဆန်သောအရာမဟုတ်ပါ။ လူငယ်များက “ငါ့အဖေကငါ့ကိုချစ် တယ်လို့ တခါမှမပြောဘူးဘူး ဟု ပြောသည်ကိုမကြာ ခဏကြားရသည်။ နောက်မကျမှီသူတို့အားပြောပြပါ။
ကလေးတယောက် သည် အဖွဲ့လိုက်ကစားသောအာ းကစားအဖွဲ့၌ပါဝင်ရန်ကောင်းသည်။ ၄င်းသည် အဖွဲ့လိုက်အလုပ်လုပ်ခြင်းနှင့်အားကစား၌ကျင်လည်ခြင်းကိုသွန်သင်သည်။ လူငယ်တယောက်သည် တူရိယာပစ္စည်းတခုတီးမှုတ်ခြင်းအတတ်ကိုသင်ယူပါက ပူးပေ ါင်းလုပ်ဆောင်လိုသောစိတ်နှင့်ကြွက် သားကိုတိုးတက်စေ၍ တေးဂီတ၌တတ်ကျွမ်းကြောင်း ချီးမွမ်းခြင်းခံရမည်ဖြစ်သည်။
သား သို့မဟုတ် သမီးသည်ခရစ်တော်ကိုလက်ခံရန်အတွက် အတင်းဖိအားပေးမှုကို မိဘများကရှောင်ရမည်။ သူတို့သည်မှားယွင်းသောဝန်ခံမှုပြုနိုင်သည်။ သူတို့နိုင်ငံတော်ထဲသို့ဝင်ရန် ဆုတောင်းပေးခြင်း သည်ပို၍ကောင်း၏။ကလေးတို့ သည် သူတို့၏စောစောပိုင်းအသက် အရွ ယ် ၌ပင်လျှင်ခရစ် တော်နှင့်သမ္မာတရားအတွက်ရ ပ်တည်ရန် ပုံသွင်း၍ ရသည်။ သူတို့သည်မွန်မြ တ်သောအရာနှင့် အချည်းအနှီးဖြစ်သောအရာကိုခွဲခြားတတ်ရန် လေ့လာသင်ယူနိုင်ကြသည် (ယေရမိ ၁၅း၁၉)။ သူတို့သည် ယုံကြည်ခြင်း၌တိုးတက်ပြီး၊ပြောင်လှောင်ခြင်းနှင့်ဆန့်ကျင်တိုက်ခိုက်ခြင်းကိုရင်ဆိုင်ရာ၌ ထိုအရာကြသည်။ သူတို့အား ခရစ်ယာန်မာတုရတို့၏ရာဇဝင်ကိုပြောပြရန်အကောင်းဆုံးဖြစ်သည်။
မိဘတို့သည်အကျိုးပြုသောခရစ်ယာန်စာပေများနှင့် မိမိ၏အိမ်ကိုပြည့်စေသင့်သည်။ Hudson Taylor ၏မိခင်သည် ဝေစာတစောင်ကိုဧည့်ခန်းစားပွဲပေါ်၌ထ ားခဲ့ပြီး အနီးအနားတနေရာသို့ထွက်သွားသည်။ Hudson ွကထိုဝေစာကိုဖတ်ပြီးခရစ်တော်ကိုယုံကြည်လက်ခံခဲ့သည်။ တရုတ်ပြည်မကြီးကိုဧဝံဂေလိဟော ပြောရန် ဘုရားသခင်သည်သူ့ အားအသုံးပြုသည်။
လေးဆယ့်တစ်
ကျွန်ုပ်တို့၏နည်းမဟုတ်၊ ဘုရားသခင်၏နည်း
God’s Ways, Not Our Ways
ရောမ ၁၂၁-၂ တွင်တမန်တော်ပေါလုက ကျွန်ုပ်တို့သည်မိမိတို့၏ခန္ဓာကိုယ်ကိုအသက်ရှင်သောယဇ် အနေနှင့်ပူဇော် သည် သာမဟုတ်ဘဲ “. . .စိတ်နှလုံး အသစ်ပြင်ဆင်၍ ပုံသဏ္ဌာန်ပြောင်းလဲခြင်းသို့ရောက် ကြလော့” ဟုကျွန်ုပ်တို့ကိုသတိပေးသည်။ ကျွန်ုပ်တို့ သည် လောကီနည်းနှင့်စဉ်းစားခြင်းကိုစွန့်၍သခ င်ဘု ရားစဉ်းစားသည်နည်းတူစဉ်းစားတတ်ရန်သင်ယူတို့ ဤအရာကဆိုလိုသည်။ ဘုရားသခင်၏စဉ်းစားပုံကို သမ္မာကျမ်းစာကသွန်သင်ပါသည်။ကောင်းကင်သည်မြေကြီးထက်ပို၍မြင့်သကဲ့သို့ ကို ယ်တော်၏အကြံသည် လူ၏အကြံထက်ပို၍မြင့်ကြောင်း ထာဝရဘုရားကိုယ်တိုင်ကရှင်းလင်းစွာ ပြောပြသည် (ဟေရှာယ ၅၅း၈ ၉)။ ထိုခြားနားချက်မှာ အခြေခံကျ သည်။
ဥပမာ – ဧဝံဂေလိတရားကိုစဉ်းစားကြည့်ပါ။ လူသည်ယေဘုယျအားဖြင့်ကောင်းသောစရိုက်နှင့်ကောင်း သောအကျင့်အားဖြင့် ကောင်းကင်ဘုံသို့ရောက်သည်ဟု ယုံကြည်၏။ ဘုရားသခင်က “ထိုသို့မဟုတ်ပါ၊ ကောင်းကင်သို့ရောက်သောသူများမှာ မထိုက်တ န်သောသူများဖြစ်သော်လည်းသခင်ယေရှုကိုမိမိ၏ သခင်နှင့်ကယ်တင်ရှင် အဖြစ်လက်ခံသောသူသာလျှင်ရောက်ရှိသည်။ ၄င်းသည်အကျင့်ကောင်းခြင်း နှင့်မဆိုင်ဘဲ ယုံကြည်ခြင်းကိစ္စသာဖြစ်သည်” ဟု ဆိုသည်။
ဧဝံဂေလိတရားသည်လူအတွက် မိုက်မဲရာဖြစ်သည်။ ၄င်းသည်အလွန်လွယ်ကူသည်။ ယုံကြည်ခြင်းနှင့်သာထိုအရာကိုရရှိသည်ဟူသည်မှာ အဓိပ္ပါယ်မရှိပါ။ သို့ သော် ဘုရားသခင်၏မိုက်မဲခြင်းသည် လူထက်ပိုလိမ္မာသည်။ ဘုရားသခင်၏နည်း စနစ်အားဖြင့် မည်သူမဆိုကယ်တင်ခြင်းရရှိနိုင်သည်။ လူ၏နည်းစနစ်အားဖြင့် မည်သူမျှကယ်တင်ခြင်းမရနိုင်ပါ။
ဤနေရာ၌ကျွန်ပ်တို့စဥိးစားခြင်းကိုညှိရမည့်အခြားနည်းလမ်းအချို့ရှိသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ ၏ရုပ်ရည်နှင့်တရားမစီရင်ပါ။ ကိုယ်တော်သည်တော က်ပသောအရာအားလုံးရွှေမဟုတ်သည်ကိုသည်။ လူသည် အပြင်သဏ္ဍာန်ကိုကြည့်သော်လည်း ဘုရားသခင်သည်စိတ်နှလုံးကို ကြည့်တော်မူ၏(၁ ရာ၊ ၁၆း၇)။
ကိုယ်တော်သည် ကိုယ်ကာယပိုင်းလှပမှုကိုစိတ်မဝင်စားပါ။ “ယဉ်ကျေးသောအရာသည်လှည့် စားခြင်းနှင့်ယှဉ်တတ်၏။ လှသောအဆင်းသည်လည်းအ ချည်းနှီးဖြစ်၏။ ထာဝရဘုရားကို ကြောက်ရွံ့သောမိန်းမမူကား၊ ချီးမွမ်းခြင်းကိုခံရလိမ့်မည်”(သုတ္တံ ၃၁:၃၀)။ ရဲစွမ်းသတ္တိသည်လည်း  ကိုယ်တော်ကိုဆောင်နိုင်ပါ။ ”လူ၏လျင်မြန်ခြင်းကိုအားရနှစ်သက်တော်မူ (ဆာလံ ၁၄၇း၁၀)။ ကြောက်ရွံ့သောသူနှင့် ကရုဏာတော်ကိုမျှော်လင့်သောသူတို့ကို ထာဝရဘုရားနှစ်သက် တော်မူ၏” (ဆာလံ ၁၄၇း၁၁)။
ဇာတိလူတို့သည် ချမ်းသာသောသူ၊ ထင်ရှားကျော်ကြားသောသူတို့နှင့်စကားစမြည်ပြောလိုကြကာ၊ အဆင့်မြင့်၍အားကြီးသောသူတို့၏နာမည်များကိုမှတ်သားလိုကြသည်။ ကျွန်ုပ်တို့၏သခင်ဘုရားနှင့် ခြားနားလွန်းလှသည်။ကိုယ်တော်သည်ပညာအဆင့်မြင့်သောသူများ၊ တန်ခိုးအာဏာရှိသောသူများနှင့်အထက်တန်းစားလူများထဲမှများများမခေါ်ပါ။ ထိုသို့ပြုမည့်အစား မိုက် မဲသောသူ၊ အားနည်းသောသူနှင့်မည်သူ့ကိုမျှအမှီမပြုသောသူတို့ကို ကြီးမားသောအရာတို့ကိုပြီး မြောက်စေရန်အတွက်အသုံးပြုသည် (၁လော ၉၂၆-၂၇)။သခင်ဘုရားသည် ဦးဆောင်မှုနှင့်ပတ်သက် ၍ခြားန ားသောခံယူချက်တခုရှိသည်။ လူတို့သည် ဦးဆောင်မှုနှင့်သခင်ဖြစ်ခြင်းကို တန်းတူစေကြသည်။ သို့သော်လည်း ဘုရားသခင်၏အမြင်၌စစ်မှန်သောခေါင်းဆောင်တယောက်သည် အစေခံကျွန်တယောက် ဖြစ်သည်။ နိုင်ငံတော်၌ကြီးမြတ်သောသူသည်အစေခံသောသူဖြစ်သည် (မဿဲ ၂၀း၂၅-၂၇)။ ကိုယ်တော်သည် ဝတ္ထုချမ်းသာခြင်း၌ စိတ်မဝင်စားပါ (လုကာ ၁၈း၂၄-၂၇)။ လူသည်အခြားသောသူတို့၏ တန်ဖိုးကိုစည်း စိမ်ဥစ္စာနှင့်တိုင်းသည်။ သူတို့မည်မျှအဖိုးတန်ကြပါသနည်း။
ဝိညာဉ်ရေးရာ၌ချမ်းသာခြင်းသည် စစ်မှန်သောချမ်း သာခြင်းဖြစ်သည်။ပိုက်ဆံသိုဝှက်ဆုဆောင်း ထားခြင်း သည် လူတယောက်အားကောင်းကင်ဘုံအပြင်ဘက်၌ရှိ စေသည်။ ဘုရားသခင်သည် အရေအတွက် နှင့်မဆုံး ဖြတ်ပါ (တရားသူ၇း၂)။ Voltair ပြောသောအရာနှင့်ဆန့်ကျင်လျက် ဘုရားသခင်သည်ကြီးမားသော တပ်ဘက်၌မရှိပါ။ ဂိဒေါင်၌စစ်သားများစွာရှိသည်။ ထာ ဝရဘုရားသည်သူ၏တပ်ကို ၃၂ဝဝဝ မှ ၃ဝဝ အထိ လျှော့ ချပြီး၊ သူသည်စစ်ပွဲကိုအနိုင်ရသည်။ ဘုရားသခင်ပါရှိပါက အနည်းငယ်သည်များပြား၏။
စစ်ပွဲသည် အားကြီးသောသူတို့အတွက်မဟုတ်ပါ။ အပြေးပြိုင်ခြင်းသည်လျင်မြန်သောသူတို့ အတွက်မဟုတ်ပါ။ Eric Liddell ၏ပြေးပုံပြေးနည်းသည်တင်ခဲ့သည်။ သူသည် တနင်္ဂဠနေ တွင်ပြေးရန်ငြင်းပယ်ခြင်းအားဖြင့်ဘုရားကြည့်မလှသော်လည်း ၁၉၂၄ ခုနှစ် အိုလံပစ်အားကစားပွဲ၌ ကမ္ဘာ့စံချိန်သစ်ကိုသခင်ကိုဂုဏ်ပြုရာ၊ ဘုရားသခင်ကလည်း သူ့ကိုတဖန်ဂုဏ်ပြုပြန်သည်။(ယာ ၂း၃)။ ကျွန်ုပ်တို့သည် ကိုယ်တော်စဉ်းစားသကဲ့သို့စဉ်းစားလာကြသောကျွန်ုပ်တို့၏ သ ခင်ဘုရားသည် ဆင်းရဲသားများအားသီးသန့်ချစ်တော်မူ၏အခါ၌ ထိုသူတို့ကိုရွေးချယ်ကြရမည်ဖြစ်သည်။ ကိုယ်တော်သည် လိုအပ်သည့်အတိုင်းပေးကာ၊ လောဘလိုချင်သည့်အတိုင်းမပေးပါ။
ဤအရာကို စပျစ်ဥယျာဉ်ထဲ၌အလုပ်လုပ်သောသူမျာ း၏ဥပမာ၌ပြသသည် (မဿဲ ၂၀း၁-၁၆)။ မြေပိုင်ရှင်သည် ပထမဦးဆုံးငှါးသောအလုပ်သမားများကိုကတိအတိုင်းပေးသည်။ သူတို့သည်တရားမျှတ စွာရရှိကြသည်။အခြားသောသူအားလုံးတို့သည်လည်းအလုပ်ရှင်ကအမှန်အတိုင်းပြုမည်ဟုယုံကြည်ကြသည်။ သူတို့သ ည် ကျေးဇူးပြုခြင်းကိုခံစားရရှိကြသည်။ သူတို့သည်
မိသားစုအတွက်ငွေလိုမည်ကိုသူသိသောကြောင့် သူတို့၌လိုအပ်သည်ဟုခံစားသည့်အတိုင်းပေးသည်။ ပထမငှါးရမ်းသည့်အလုပ်သမားတို့သည် လိုအပ်သည့်အတိုင်းမသွားဘဲ လောဘနှင့်သွားသောကြောင့်အပြ စ်တင်ကြသည်။ သူသည်အောင်မြင်မှုနှင့်မသွားဘဲ၊ သစ္စ ာစောင့်ခြင်းနှင့်သွားသည် (မဿဲ ၂၅း၂၁၊၂၃)။ကျွန်ုပ်တို့အားလုံးသည်သစ္စာရှိနိုင်သော်လည်း အောင်မြင်ခြင်းမှာမူသူ့ထံမှလာသည်။
သူသည် အလိုဆန္ဒနှင့်တကွပြီးစီးမှုအတိုင်းပေးသည်။ ဒါဝိဒ်သည်ဗိမာန်တော်ကိုသူကိုယ်တိုင်မဆောက် လုပ်ခဲ့သော်လည်း၊ စိတ်နှလုံးထဲမှတောင့်တသောကြောင့် ဘုရားသခင်ကသူ့အား ကောင်းသောအမှုကိုပြုပြီဟု
ပြောပါသည်(၃ရာ ၈း၁၈)။ နောက်ဆုံးတွင် ဆော က်လုပ်သောသူမှာ သူ၏သားရှောလမုန်ဖြစ်သည်။ ဘုရားသခင်၏အမြင်၌မင်္ဂလာရှိသောသူတို့မှာ လော ကီသားတို့၏အထင်သေးခံရသောသူများဖြစ်ကြသည် (မဿဲ ၅း၃-၁၀)။ ကိုယ်တော်သည် စိတ်မနှံ့သောသူဖြစ်သည်ဟု သူ၏မိသားစုတို့ကထင်ကြသည် (မာကု ၃း၂၁)၊ ပေါလူအားဝေဖန်သူတို့က သူသည်အရူးဖြစ် သည်ဟု ဆို၏ (၂ကော ၅း၁၃)။ ကျွန်ုပ်တို့သည်
ခရစ်တော်နှင့်တူကြပါက လောကီသားတို့သည်အရူးဖြစ်သည်ဟုစဉ်းစားကြမည်ဖြစ်သည်။
လူ့အသက်ကိုသတ်ခြင်းနှင့်မတရားသောမေထုန်ပြုခြင်းသည် စိတ်နှလုံး၌အစပြုသည် (မဿဲ ၅း၂၁-၂၂၊ ၂၇-၃၀)။လူ အသက်ကို သတ်ခြင်းသည်မုန်းတီးခြင်းမှအစပြုကာ၊ မတရားသောမေထုန်မှာတပ်မက်သော အကြည့်နှင့်ကြည့်ခြင်းဖြင့်အစပြုသည်။ ညစ်ညမ်းမှုသည် အထဲမှလာ၏ (မဿဲ ၁၅း၁၁)။
လူတို့သည် အပြစ်ကိုရောဂါအနေနှင့်အနက်ဖွင့်ကြသည်။ သူတို့သည်မည်သူတို့ကိုလှည့်စားနေကြပါသ နည်း။ ဘုရားသခင်သည် လူတို့ကိုရောဂါတခုခုကြေင့်ငရဲသို့မပို့ပါ။လောကီသားတို့သည်ရှိတ်စပီးယားနှင့်အတူ “မင်းကို ယ်တိုင်မှန်ပါစေ။ဟုပြောကြ၏။ ပေါလုသည် ဘုရား သခင်၏အသက်သွင်းပေးသော အားဖြင့်”သူတပါးသည် မိမိထက်သာသည်ဟု လူတိုင်းထင်မှတ်စေ” (ဖိ ၂း၃) ဟုဆို၏၊
ဘုရားသခင်သည် သနားခြင်းကရုဏာကိုအလိုရှိ၍ ယဇ်ပူဇော်ခြင်းကိုအလိုမရှိပါ (မဿဲ ၉း၁၃)။ ကျွန်ုပ်တို့ သည် ဖြောင့်မတ်ခြင်း၊ ကရုဏာနှင့်ယုံကြည်ခြင်းကိုဥပက္ခာပြုကြပါက ဆယ်ဘို့တဘို့ ပေးခြင်းသည်မလုံ လောက်ပါ (မဿဲ၂၃း၂၃)။နိုင်ငံတော်၌ကြီးမြတ်ခြင်းမှာ ကလေးငယ် တယောက်နှင့်တူခြင်းဖြစ်သည်(မဿဲ ၁၈း၄)။
လူတို့သည် ဂုဏ်ထူးဆောင်နာမည်များကိုကြိုက်နှ စ်သက်ကြသည်။ဘုရားသခင်ကသာ ထိုအရာတို့ကိုရသင့်သည် (မဿဲ ၂၃း၉-၁၀)။ လူတို့သည်သန့်ရှင်းမြင့်မြတ်ခြင်းအဆင့်တချို့ သို့မဟုတ် ဘာသာရေးရာထူးတချို့ကိုဖေါ်ပြသည့်အထူးဝတ်လုံများကိုလည်း ကြိုက်နှစ် သက်ကြသည် (မဿဲ ၂၃း၅)။ခရစ်တော်သည် ဂုဏ်အသရေနှင့်မဆိုင်အောင်နေသည်။
ဗိမာန်တော်ကိုသန့်ရှင်းစေသောအရာမှာ ရွှေမဟုတ်ပါ ၊ရွှေကိုသန့်ရှင်းစေသောအရာမှာ ဗိမာန်တော်ဖြစ်သည် (မဿဲ ၂၃း၁၈-၂၂)။ ဗိမာန်တော်ကိုတန်ဘိုးရှိစေသောအရာမှာ ထိုရွှေမဟုတ်ပါ။ ဘုရားသခင်၏အိမ်တော်၌ အသုံးပြုခံရခြင်းမှာ ထိုရွှေအတွက်အထူးအခွင့်အရေးတခုဖြစ်သည်။ရွှေကိုအထူးဂုဏ်အသရေရှိသည့်နေ ရာ၌သီးသန့်ထားသည့်အရာမှာ ထိုဗိမာန်တော်ဖြစ်သည်ထိုနည်းတူ၊ ယဇ်ပလ္လင်ပေါ်၌တင်ထားသော အရာကို သန့်ရှင်းစေသည်မှာ ထိုယဇ်ပလ္လင်ပင်ဖြစ်သည်။
အတက်လမ်းသည် အဆင်းဖြစ်သည်။ မိမိကိုယ်ကိုနိမ့်ချသောသူသည်ချီးမြှောက်ခြင်းခံရမည် (မဿဲ ၂၃း၁၂)။´ဘုရားသခင်၏ချစ်ခြင်းနှင့်ပတ်သက်သောအနက်ဖွင့်ဆိုချက်မှာ ရန်သူအထိရောက်ရန်ဖြစ်သည် (လုကာ ၆း၂၇)။ လောကီသားတို့သည် သူတို့ကိုချစ်သောအခြားသူတို့အားချစ်ကြသည်။ ဘုရားသခင်သည်ဖြောင့် မတ်သောသူ၊ မဖြောင့်မတ်သောသူအပေါ်၌နေကိုသာစေတော်မူ၏။ တရားသောသူ၊ မတရားသောသူတို့အပေါ်၌မိုးကိုရွာစေတော်မူ ၏(မ၅း၄၅) ကျွန်ုပ်တို့သည် ကိုယ်တော်၏မျက်နှာမလိုက်ခြင်းကို အတုယူသင့်သည်။ဤအရာတို့သည် ဘုရားသခင်၏ အကြံတော်နှင့်လူ့အကြံခြားနားသည့်နမူနာတခုသာဖြစ်သည်။ ကျွန်ုပ်တို့သည်ကိုယ်တော်စဉ်းစား သကဲ့သို့စဉ်းစားနိုင်ရန်အတွက် ဤအရာတို့သည်နှိုးဆော်၍ အကျိုးပြုသင့်သည်။ သမ္မာကျမ်းစာသည်ဘုရားသခင်၏အကြံအစည်အပြည့်အဝဖွင့်ပြခြင်းတခုဖြစ်သည်။ဤဘာသာရပ်နှင့်ပတ်သက်၍ပို၍ပြည့်စုံစွာသိလိုပါက နောက်ဆက်တွဲ ‘စ’ (စာမျက်နှာ ၄၉၀) ကို ကြည့်ပါ။
အပိုင်း
ခရစ်ယာန်အစေခံခြင်း
CHRISTIAN SERVICE
လေးဆယ့်နှစ်
သင်၏ဆုကျေးဇူး(များ)ကိုသိပါ
Know Your Gift(s)
ပြောင်းလဲသည့်အချိန်၌ဖြစ်သည့် သန့်ရှင်းသောဝိညာဉ်တော်၏လုပ်ဆောင်ချက်တခုမှာ ဆုကျေးဇူးများဟု အများသိရသည်။ ဝိညာဉ်ရေးရာအထူးစွမ်းမယုံကြည်သူတယောက်သည်တီထွင်သူတယောက်၊ အနုပညာရှင်တယောက်၊ရည်များကိုရရှိခြင်းဖြစ်သည်။ ဤအရာတို့သည် သဘာဝစွမ်းရည်များနှင့်မတူပါ။သင်္ချာပညညာရှင်တယောက်၏စွမ်းရည်ကိုရရှိနိုင်သည်။ ဤအရာသည် ဆွေမျိုးစဉ်ဆက်ဗီဇအနေနှင့်ဆက်ခံနိုင်သည်။
ဝိညာဉ်တော်၏ဆုကျေးဇူးတို့မှာခြားနားသည်။ ၄င်းတို့သည်အသစ်ကဖန်မွေးဖွားသောသူအပေါ်၌သာ ဝိည ာဉ်တော်ကပေးနိုင်သောအထူးဆုကျေးဇူးများဖြစ် သညည်။ ၄င်းတို့သည် လူတယောက်က နဂိုမူလ၌ မလုပ်နိုင်သောအရာတို့ကိုလုပ်နိုင်စေသည်။ ၄င်းတို့သည် သူ၏သဘာဝအစွမ်းသတ္တိနှင့် ကွာခြားလွန်း သောကြောင့် သူ့အားဖြင့်အလုပ်လုပ်နေသူမှာဘုရား သခင်ဖြစ်ရမည်ဟု လူများမှတ်ချက်ချကြ ရသည်။ C.H.Spur geon သည် လူထုရှေ့၌တရားဟောသည်ကိုအလွန်ကြောက်ရာ ပလ္လင်ပေါ်မတက်မှီ၌ သွေးအန်လေ့ရှိသည်ဟု ကျွန်တော်ဖတ်ဘူးသည်။ အချို့တို့သည်ဆိုးဝါးစွာ စကားထစ်ကြသော်လည်း စကားပြောသောအခါ မိမိ၏စကားလုံးတို့ ကိုပီပြင်စွာထိန်းသိမ်ပြောနိုင်သည်။ ကျွန်ုပ်တို့သည်မိမိတို့၏ ဆုကျေးဇူးများကိုအသုံးပြုသောအခါ၊ ၄င်းမှာ ထိုခရစ်ယာန်အားဖြင့်မဟုတ်ဘဲ ဘုရားသခင်၏တန်ခိုး တော်ကအလုပ်လုပ်သည်ဟု လူများကမှတ်ချက်ချကြမည်ဖြစ်သည်။
ရောမ ၁၂း၃-၈။ ၁ကော ၁၂း၇-၁၁၊ ၂၈ နှင့် ဧဖက် ၄း၁၁ တို့၌ ဆုကျေးဇူးများကိုရေးထားသည်။ ဤကျမ်းပိုဒ်တို့၌မဖေါ်ပြသည့်အခြားဆုကျေးဇူးများလည်းရှိနိုင်သည်။ မတ်ဩဝါဒာ၌ရှိသော ဆုကျေးဇူးတို့မှာ အစေခံခြင်းနှင့်ဆိုင်သောကျေးမှုများဖြစ်တန်ရှိပြီး၊ ငွေသစ်အသင်းတော်အစ ပြုခြင်းနှင့်မမ္မသအသင်းတော်များစတင်တည်ထောင်ခြင်းနှင့်ဆိုင်ပါသည်။ တမန်တော်များနှင့်ရောဖက်တို့မှာ မှုတ်သွင်းခြင်းအားဖြင့်မူသစ်ကျမ်းကိုရရှိသောသူများဖြစ်ကြပြီ။ ကျွန်ုပ်တို့ “သန့်ရှင်းသူတို့အား ယုံကြည်ခြင်းကိုတခါတည်းအပြီးသတ်သည်” (ယုဒ၁း ၃)။ ထိုစကား၏နဂိုမူလသဘောအရ ထိုဆုကျေးဇူးနှစ်ခုတို့သည်ကျွန်ုပ်တို့နှင့်အတူမရှိကြတော့ပါ။ ကျွန်ုပ်တို့သည် မမ္မသစ်ကျမ်း၌
ထိမ်းသိမ်းထားသည့် သူတို့၏လုပ်ငန်းရှိသောကြောင့် ၎င်းတို့ကို ကျွန်ုပ်တို့မလိုအပ်တော့ပါ။ ဒုတိယအဓိပ္ပါယ်မှာ၊ တမန်တော်တပါးသည် သတင် းကောင်းဟောပြောရန်နှင့် ဒေသန္တရအသင်း တော်များကိုတည်ထောင်ရန်အတွက် ဘုရားသခင်လွှတ်သောသူဖြစ်သည်။ အခြားတခုမှာ၊ ပရောဖက်တပါးဟူသည် ဘုရားသခင်နှုတ်ကပတ်တော်၏အဓိပ္ပါယ်ကိုရှင်းလင်းဖေါ်ပြ၍ ကြားနာသူပရိသတ်တို့အားလက်တွေ့ ကျင့် သုံးစေသောသူဖြစ်သည်။
တချို့သောဆုကျေးဇူးတို့ကို နိမိတ်လက္ခဏာဆုကျေးဇူးများဟုသိရသည်။ အမျိုးမျိုးသောဘာသာစကားသည် နမူနာတခုဖြစ်သည်။ ဤဆုကျေးဇူးကိုအလွဲသုံးစားပြုသောကြောင့် သန့်ရှင်းသောဝိညာဉ်တော်ကအသင်း တော်၌ဘာသာစကားအသုံးပြုခြင်းအပေါ်ထိန်းချုပ်ခြင်းခုနှစ်မျိုးကိုချမှတ်ထားပေးသည်။ ၄င်းတို့မှာ
၁။ အမျိုးမျိုးသောဘာသာစကားပြောခြင်းကိုမတာ းမြစ်နှင့်(၁ကော ၁၄း၃၉)။၂။ အကယ်၍ တစုံတယောက်သောသူသည် အခြားသောဘာသာစကားကိုပြောပါက၊ အနက်ပြန်သောသူ တယောက်ရှိရပါမည် (၁ကော ၁၄း၁၃၊၂၇-၂၈)။၃။ အစည်းအဝေးတခု၌သုံးယောက်ထက်မပိုဘဲ အမျိုးမျိုးသောဘာသာစကားပြောနိုင် သည် (၁ကော ၁၄း၂၇)။၄။ တကြိမ်လျှင်တယောက်ပြောရမည် (၁ကော ၁၄း၂၇)။၅။ သူတို့ပြောသောအရာသည် တည်ဆောက်စရာဖြစ်ရမည် (၁ကော ၁၄း၂၆)။၆။ အမျိုးသမီးတို့သည်ယောက်ျားများဦး ဆောင်သောအသင်းတော်အစည်းအဝေးများ၌ တိတ်ဆိတ်စွာ နေကြရမည် (၁ကော ၁၄း၃၄)။(၁ကော ၁၄၄၀)။၇။ အရာခပ်သိမ်းတို့ကို တင့်တယ်လျောက်ပတ်စွာဖြင့် အစဉ်အတိုင်းပြုရမည်ယုံကြည် သူတိုင်း၌အနည်းဆုံးဆုကျေးဇူးတခုရှိသည်။ ယုံကြည်သူတချို့တို့သည် ထိုထက်ပို၍ ရှိကြသည်။ ဖေါ်ပြခဲ့သည့်အတိုင်းလူတယောက်သည်ကြသည်။ ဆုကျေးဇူးတခုရရှိရန်အတွက် ဆုတောင်းခြင်းသည်အသုံးမဝင်ပါ။ခရစ်တော်ကိုလက်ခံသောအခါ၌ ထိုဆုကျေးဇူးများကို အလိုအလျောက်ရရှိ
ပေါလုက “အကောင်းဆုံးသောဆုကျေးဇူးတို့ကိုအလိုရှိကြလော့” ဟုပြောသောအခါ၌ တယောက်ချင်းကိုပြောသည်မဟုတ်ဘဲ ကောရို့န္တ၌ရှိသောအသင်းတော်ကိုပြောခြင်းဖြစ်သည်။ “သင်”ဟူသောစကားမှာ တခုကိန်းကိုဆိုလိုခြင်းမဟုတ်ဘဲ၊ အများကိန်းကိုဆိုလိုသည်။ အင်္ဂလိပ် စာ၌ထိုအရာသည် မရှင်းလင်းပါ။ အသင်းတော်အတွက်အထူးလိုအပ်သော ဆုကျေးဇူးရှိ သည့်သူတယောက်ပြတ်လပ်နေသည်ကို အသင်းတော်ကခံစားနိုင်သည်။ ထိုနေရာ၌သခင်ဘုရား သည်ထိုလိုအပ်မှုကိုဖြည့်စွက်ပေးရန်အတွက် တစုံတယောက်ကိုစေလွှတ်မည့်အကြောင်း သန့်ရှင်းသူတို့သည်ဆုတောင်းသင့်သည်။
လူအားလုံးတို့၏အကျိုးအတွက် ဆုကျေးဇူးများကိုပေးသည် (၁ကော၁၂း၇)။ တယောက်တည်းတည် ဆောက်ရန် သို့မဟုတ် ချီးမြှောက်ခြင်းခံရန်အတွက်ပေးခြင်းမဟုတ်ပါ။ ၄င်းတို့ကို သန့်ရှင်းသောဝိညာဉ် တော်ကအလိုရှိသည့်အတိုင်းအလိုရှိသောသူတယော က်စီအားဝေမျှသည် (၁ကော ၁၂း၁၁)။သူတပါးထက် သာသည်၊ သူတပါးထက်ငယ်သည်ဟူသောခံစားချက်များမရှိသင့်ပါ (၁ကော ၁၂း၂၇)။ လူတိုင်းသည်တူညီသောဆုကျေးဇူးတခုရှိကြရန်သခင်ဘုရားကမရည်ရွယ်ပါ။ ခန္ဓာကိုယ်၌ရှိသောအင်္ဂါ များကဲ့သို့ ကွဲပြားခြားနားခြင်း၌ စည်းလုံးညီညွတ်မှုရှိသည် (၁ကော၁၂း၂ ၉- ၃၀)။
ထိုဆုကျေးဇူးများကို မေတ္တာနှင့်အသုံးပြုသင့်သည် (၁ကော ၁၃)။ ချစ်ခြင်းမေတ္တာသည်မိမိကိုမစဉ်းစားဘဲ သူတပါးကိုစဉ်းစားပေးသည်။ အစည်းအဝေးယတခု၌စကားပြန်မပါဘဲ ပြည်ပရပ်ခြားဘာသာစကားတခုနှင့် စကားပြောခြင်းသည်အခြားသောသူတို့ကိုမထောက်ထားခြင်းဖြစ်သည်။ စကားပြန်ခြင်းမရှိသောအခြားသော ဘာသာစကားပြောခြင်းထက်ပရောဖက်ပြုခြင်းသည်ပို၍ကောင်းသည့် အကြောင်းမှာ ပြောနေသည့် အရာကိုလူများ ကသိရှိကြသောကြောင့်ဖြစ်သည်။
လလူတယောက်ကသူ၏ဆုကျေးဇူးသည် မည်သည့်ဆုကျေးဇူးဖြစ်သည်ကိုမည်သို့သိနိုင်မည်နည်း။ ပထမဦးဆုံးထိုအရာကို ဆုတောင်းခြင်းကိစ္စတရပ်ဖြစ်စေသင့်သည်။ သူသည် ဆုကျေးဇူးတို့ကိုလေ့လာသင့် သည်။ ထို့နောက် သူသည်ဤဆုကျေးဇူးများနှင့်ဆက် စပ်မှုရှိသောအ မှုတော်လုပ်ငန်းအမျိုးမျိုး၌ပါဝင်သင့် သည်။ အချို့သောဆုကျေးဇူးတို့သည် သူ့အတွတ်ဝန်ထုပ်ဝန်ပိုးကဲ့ သို့ဖြစ်မည်။ “အခြားဆုကျေးဇူးတို့သည် အမြင့်ဆုံးအောင်မြင်ထိရောက် မှုနှင့်အနိမ့်ဆုံးပင်ပန်းနွမ်းနယ်ခြင်း ဖြစ်စေကြမည်ဖြစ်သည်” (Bill Gothard)စိတ်ဝိညာဉ်ပိုင်းခြားတတ် သောခရစ်ယာန်တို့သည် သင်၏ ဆုကျေးဇူးကိုသင့်အာပြောပြ ခြင်းအားဖြင့်အတည်ပြုနိုင်ပါသည်။ဘုရားသခင်ပေးသည့် ခွန်အားရှိသမျှနှင့် ကျွန်ုပ်တို့၏ ဟုကျေးဇူးများကိုအသုံးပြုသင့်ကြသည်။ တချိန်တည်းမှာပင်လျှင် ထိုခြားနားသောဆုများအတွက် သခင် ဘု ရားကိုကျေးဇူးတင်ပါ။
‘ဘုရားသခင်အတွက် မည်သူ၏ဆုကျေးဇူးမျှမကြီးလွန်းပါ”(AlfredMace)၊ ဘုရားသခင်၏နှုတ်ကပတ် တော်အတိုင်း နာခံခြင်းနှင့်လိုက်လျှောက်ရန်ကြိုးစားသည့်မိ တ်သဟာယငယ်လေးတခုနှင့် အတူ ဆက်လက်ရှိနေလောက်အောင်အစွမ်းကြီးလှသည်ဟု တရားဟောဆရာတယောက်ကထင်နိုင်ပါ သည်။သူသည်ရောထွေးသောဩဝါဒရှိသည့်အသင်းတော်ကြီးတပါးသို့ အခေါ်ခံရသည်ဟုစိတ်ထဲ၌ခံစား သည်။ ဘုရားသခင်၏အခြေခံမူများ၌စွဲကပ်ပြီး၊ သူ၏ပရိသတ်မည်မျှကြီးမည်ကိုဘုရ ားသခင်အားဆုံးဖြတ်ခိုင်းခြင်းမှာ အကောင်းဆုံးဖြစ်သည်။
လေးဆယ့်သုံး
လူတိုင်း၏အစေခံကျွန်တစ်ယောက်ဖြစ်ပါ
Be A Servant of All
ကျွန်ုပ်တို့မြင်ခဲ့ပြီးသည့်အတိုင်း ယေရှုသည်စစ်မှန်သောကျွန်တယောက်ဖြစ်၍ “ငါ့သခင်ကိုငါချစ်တယ်၊ ငါ လွတ်ငြိမ်းချမ်းသာခွင့်မယူဘူး” ဟုပြောသောသူဖြစ်သည်။အဖမ်းမခံမီအထက်ခန်း၌ “ငါသည်သင် တို့၌ပြုသကဲ့ သို့ သင်တို့သည်ပြုခြင်းပါပုံသက်သေပြခဲ့ပြီ” ဟု ပြောသော အချိန်တွင် ထိုအရာကို ပြောခြင်းဖြစ်သည် (ယော ၁၃း၁၅)။ယေးလ် (Yale)လက္ကသိုလ်ကျောင်းသား Borden သည် ထိုပုံသက်သေအတိုင်းလိုက်နာအသက်ရှင်သည်။ သူသည်ချမ်းသာသောသူ၏သားတယောက်ဖြစ်သော် လည်း သာသနာလုပ်ငန်းတခု၌တခါတရံ ပန်းကန်များဆေးကြောနေသည်ကိုတွေ့ ရသည်။
ဓမ္မကောလိပ်တခု၏ပါမောက္ခတဦးသည် ကျောင်းသားများအတန်းတက်နေချိန်တွင် ရေဝပ်နေသောအိမ်သ ာ ၏ကြမ်းကိုတိုက်သည်။အစေခံကျွန်ဖြစ်ခြင်းနှင့်ပတ်သက်၍ ရယ်စရာကောင်းသည့်ကျွန်ုပ်တို့ ၏တုန့်ပြန်ပုံကို  Steve Farar က ပြောပြသည်။ သူရေးသားသောစာအုပ်ထဲ၌ဤသို့ဖေါ်ပြ သည်-
သင့်အားမေးခွန်းတခုကိုမေးပါရစေ။ သင်ပြောင်းလဲလိုသောစိတ်ရှိပါသလား။ အစေခံကျွန်တယောက်ဖြစ် လိုပါသလား။ ကျွန်ုပ်၏ထင်မြင်ချက်မလွဲပါက၊ အစေခံခြင်းသည်သင့်အတွက် အလိုအလျောက်ဖြစ် လာမည်မ ဟုတ်ပါ။ထိုအရာသည်သင်၏အ သက်တာချက်ချင်းတုန့် ပြန်ရမည့္အေျခအေနျဖစ္သည္မဟုတ္ပါ။ ကျွန်ုပ်အသက်တာ၌ ထိုသို႔မဟုတ္ပါ။သို့သော် မည်သည့်အ ရာဖြစ်သည်ကို သင်သိပါသလား။ ကျွန်ုပ်၌ရွေးစရာဟူ၍အမှန်တကယ်မရှိပါ။ ထိုအရာကိုပြုတို့ ကျွန်တော်အခေါ်ခံရသည်။
Farrar က ဤသို့ဆက်ရေးသည်။
ဘုရားသခင်၌တာသည်ဤရှိသည်ဟု သင်ယုံကြည်ပါသလား။ သူ၌ရှိသည်ဟုကျွန်တော်အာမခံနိုင်သည်။ သင့်ကိုသက်သေပြပါရစေ။ အထက်ကစာပိုဒ်၏နောက်ဆုံးဝါကျကိုသင်မြင်ပါသလား။ ထိုဝါကျက “ထိုအရာကိုပြုလုပ်ရန်ကျွန်တော်အခေါ် ခံရသည်” ဟုဆို၏။ ဤနောက်ဆုံးပါကျကိုရေးပြီးသည်နှင့်”အဖေ အဖေ” ဟူသော နွမ်းနယ်သည့်အသံနှင့်ခေါ်သံကို ကျွန်တော်ကြားသည်။ သူ၏အိပ်ခန်းနှင့် မျိုးခန်းအကြားလမ်း ၌အန်နေသောကျွန်တော့သားကိုသွားကြည့်ရန်စုံခန်းထဲမှ ကျွန်တော်ထွက်လာသည်။ သားနှင့်ကျွန်တော်တို့နှစ်ယောက်တည်းရှိကြရာ အစေခံရသည့်အလုပ်သည်ကျွန်တော့ အပေါ်သို့ကျလာသည်။ကျွန် တော်ရေးသောစာအုပ်၏ဤအခန်း(chapter)ကိုကျွန်တော်ပြီးစီးရမည့် ကုန်လွန်ခဲ့သည့်မိနစ်ကိုးဆယ်တွင်သားကိုသန့်ရှင်းရေးလုပ်ပြီး သူ၏အိပ်ယပေါ်၌အိပ်စေသည်။ ကောဇောပေါ်မှာပေနေသည့် အန်ဖတ်များကိုရှင်းလင်းကားဂိုဒေါင် သို့ သွားပြီးကော်ဇောဆေး သည့်ရှမ်ပူနှင့်ကော်ဇောကိုလိုက်သည်။ ပြောလိုသည့်အရာကိုသင်သိပါသည်။
ယခု ည ၉း၄၈ ရှိပါပြီ။ ပြီးစီးသည့်အခန်း(later)သည်ည ၁ဝ၃ဝတွင်အမြန်ချောပို့ FedEx ရုံးသို့အရောက် ပို့ရန်လိုသည်။FedExရှုံးပိတ်ရန် လေးဆယ့်နှစ်မိနစ်သာလိုသည်။ ကျွန်တော်သားဝန်ချသော အခါ ကျွန်တော် ထမဦးဆုံးခွန်းမှာ “မရီဘယ်မှာ” ဟူ၍ဖြစ်သည်။ အမှန်၌ ထိုသို့မဟုတ်ပါ။ အမှန်မှာ၊ မရီတယ်မှာ ကျွန်တော် တို့မင်္ဂ လာဆောင်အချိန်၌ နာသည်ဖြစ်စေ၊ ကျန်းမာသည်ဖြစ်စေ၊ သစ္စာရှိပါမည်။သတိပေးခဲ့သည်။ အခုကိစ္စ က  ဖျားနာခြင်းဖြစ်သည်” ဟူ၍ဖြစ်သည်။ကျွန်တော် အသံထွက်ပြီး မပြောပါ။ စဥ်းစားခြင်းသာဖြစ်သည်။
ယောရှ ကို ကျွန်တော် ဆေးကြောသန်ပြီး အိပ်ယာ ပေါ် ၌ အိပ်စေပါသည်။ ထို့နောက် ကျွန်တော့်နာရီကြ ည့် သောအခါအချိန်လျင်မြန်စွာလွန်သွားသည်ကို သ တိ ြပုမိသည်။”ထိုအမျိုးသမီးဘယ်မှာလဲ၊ ဘာလုပ် နေသလဲ၊ ဒီအန် ဖတ်များကိုရှင်းလင်းဘို့ငါ့မှာ အချိန်မရှိဘူး။ ဤအ ခန်း (hapter)ကိုပြီးအော င်ငါလုပ်ရမယ်။ အစေခံခြင်းအ ကြောင်းရေးထားသည့်ဤအခန်းကိုပြီးမှသာလျှင် စာဖတ်သူတို့သည် ဘုရားသခင်ဖြစ် စေလိုသည့် သူများဖြစ်ကြမှာ။သူမဘ ယ်ရောက်နေသလဲ။ ဤအန်ဖတ်များကိုကော် ဇောပေါ်မှသုတ်သင် ပြီးမှငါကိုယ်တိုင်လည်းအောကန်တော့မှာ၊ ဤကော်ဇောပေါ်မှ ဟော့ပေါ့ဖတ်တွေ၊ ငရုတ်သီးဖတ်တွေကို သုတ်သင်ရှင်းလင်းမည့်အစား ဘုရားသခင်နိုင်ငံတော်အတွက်အရေး ကြီးသည့်အရာ တခုကိုလုပ်ချင် တယ်”ဟု စဉ်းစားတော့သည်။
မည်သည့်နေရာအထိရောက်ပြီကိုကြည့်ရန် ကျွန်တော်ထိုင်သောအခါ ကျွန်တော်ရေးသည့်နောက်ဆုံးစာပိုဒ်ကို သတိပြုမိသည်။ သင့်အားမေးခွန်းတခုကိုမေးပါရစေ။ သင်ပြောင်းလဲလိုပါသလား။ ပြောင်းလဲလို သောစိတ်ရှိပါသလား။ အစေခံကျွန်တယောက်ဖြစ်လိုပါသလားကျွန်ုပ်၏ထင်မြင်ချက်မလွဲပါက၊ အစေခံခြင်းသည် သင့်အတွက်အလို အ လျောက် ဖြစ်လာမည်မဟုတ်ပါ။ ထိုအရာသည် သင် ၏အသက် တာ၌ချက်ချင်းတုန့် ပြန်ရမည့်အခြေ အနေဖြစ်မည်မဟုတ်ပါ။ ကျွန်ုပ်အသက်တာ၌ ထိုသို့မဟုတ်ပါ။ သို့သော် မည်သည့်အရာဖြစ်သည်ကို သင်သိပါသ လား။ကျွနု်ပ်၌ရွေးစရာဟူ၍ အမှန်တကယ် မရှိပါ။ ထိုအရာကိုပြုဘို့ ကျွန်တော်အခေါ်ခံရသည်။ကျွန်တော်တို့အစေခံရန်အစပြုသည့်အခါ၌ ထိုအရာသည် ခရစ်တော်နှင့်တူသည့်အမှတ်လက္ခဏာတခုဖြစ် သည်။
လေးဆယ့်လေး
တဦးချင်းဧဝံဂေလိလုပ်ဆောင်ရန်စိမ်ခေါ်မှု
The Challenge of Personal Evangelism by David Dunlap
ခရစ်တော်အတွက်သက်သေခံခြင်းမှာ အသက်ရှင်ခြင်းနည်းတခုဖြစ်သည်။ လူတယောက် သည်ခရစ်ယာန်ဖြစ်ပါက သူသည်ခရစ်တော်အတွက်သက်သေဖြစ်သည်။ ကျွန်တော်သည်ကော င်းသောသက်သေခံတယောက်ဖြစ်ကောင်းဖြစ်နိုင်သည်၊ သို့မဟုတ် မဖြစ်ဘဲနေနို င်သည်။ သို့ဖြစ်သော်လည်းကျွန်တော်သည် သက်သေတယောက်ဖြစ်သည်။ “ယေရှုက သင်တို့သည်ငါ၏သက် သေဖြစ်ကြလိမ့် မည်”ဟု မိန့်တော်မူ၏ (တမန် ၁း၈)။ ကျွန်ုပ်တို့၏သက်သေခံခြင်းသည်အရေးကြီး၏။ ကျွန်ုပ်တို့သည် ခရစ်တော်ကိုမသိသောသူများအပေါ်၌စိတ်ဝင်စားမှုအတော်အတန်ရှိနိုင်ကြသည်။ မည်သည့်အချိန်၊ မည်သည့်နေရာ၌သက်သေခံရမည်မှာ ပြဿနာမဟုတ်ပါ။ ကျွန်ုပ်တို့သည် ခရစ်ယာန်များဖြစ်ကြပါကသက်သေများ ဖြစ်ကြသည်။ သို့ရာတွင်၊ ကျွန်ုပ်တို့သည်ဧဝံဂေလိ တရားကိုဆက်သွယ်ပေးသောသူများ မည်သို့ဖြစ်လာနိုင်ကြမည်နည်း။ ထိရောက်သောသက် သေခံတယောက်ဖြစ်ရန်အတွက်သမ္မာတရားကိုသိရန်အရေးကြီးသည်။သင်တို့သည်သမ္မာတရားကိုလည်းသိကြသဖြင့် ထိုသမ္မာတရားသည် သင်တို့ကိုလွှတ်လိမ့် မည်” (ယော ၈း၃၂)။ ကျွန်ုပ်တို့သည်နည်းစနစ်ခေတ်စ ာ းသောခေတ်ကာလ၌ အသက်ရှင်နေထိုင်ကြသည်။ ကျွန်ုပ်တို့၏ဧဝံဂေလိလုပ်ငန်းသည် နည်းစနစ်ကိုဗဟိုပြုသည့်လုပ်ငန်းဖြစ်လာပြီး၊ လူအများတို့သည်ပိုကောင်းသည့်ဧဝံဂေလိနည်းစနစ် ကိုသင်ပေးသည့်သင်တန်းများသို့တက်ရောက်ကြသည်။သို့ရာတွင်၊ တချိန်တည်းမှာပင် အသင်းတော်သည်ထိုသတင်း၌ပါသောအချက်များကိုနားလည်ရန်နှင့် ထိုသတင်းကောင်းကိုပြောပြနိုင် သည့်အစွမ်း၌အားနည်းလာသည်။ “ဧဝံဂေလိလုပ်ခြင်း” ကို သတင်းကောင်းပြောပြခြင်း၊ ထုတ်ဖေါ် ပြောပြ
ပါသွားကြပြီး “သတင်း” ၏ အနက်အဓိပ္ပါယ်အရင်းမှာ ပါဝင်သောအကြောင်းအရာ” ဟူ၍ဖြစ်သည်။ ကယ် တင်ခြင်းမရသေးသောသူတို့ထံ၌တင်ဆက်ပြောပြမှုမှန်သမျှသည် သမ္မာကျမ်းစာကိုအခြေ ပြုသည့် အကြောင်းအရာဖြစ်ရမည်။ဘုရားသခင် – သန့်ရှင်းမြင့်မြတ်သောမေတ္တာတော်ရှင်နှင့်ဖန်ဆင်းရှင် ယနေ့လူတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ မှန်ကန်သောခံယူချက်ရှိကြသည်ဟု ကျွန်ုပ်တို့ယူဆ၍မရပါ။ ကိုယ်တော်သည် သူတို့၏အသက်တာများအပေါ်တွင် လုံးဝဥဿုံတောင်းဆိုမှုတခုရှိသည်ကို သူတို့မြင်နိုင်ရန်ပြုရမည်။ကျွန်ုပ်တို့တယောက်စီကို ဘုရားသခင်ပိုင်သည်ဟူသောခံယူချက်ကို ကျွန်တော်တို့ထွက်သွင်းလိုပါသည်။ မည်သည့်အရာမှမရှိသည့်အထဲမှအရာခပ်သိမ်း တို့ကိုဖြစ်စေ သောကြီးမြတ်သည့် ဖန်ဆင်းရှင်၊ ကျွန်ုပ်တို့သည် အကိုယ်တော့အပေါ် အမှီသဟဲပြုနိုင်ရန်အတွက် အလိုတော်အတိုင်ဖန်ဆင်း၍ တည်စေသောဘုရားအကြောင်းကို ကျွန်ုပ်တို့ပြောပြသင့်သည် (ကမ္ဘာ၁ -၂။ တမန် ၁၇:၂၅။ ဟေရှာယ ၄ဝး ၂၈။ အာလံ ၁ဝဝး၃)။ ဤအုတ်မြစ်မှကိုယ်တော် ၏ ကြီးမြတ်သော သမ္မာ တရားနှစ် ခုပေါ်ထွက်လာသည်။ ၄င်းတို့မှာအလင်းနှင့်ချစ်ခြင်းမေတ္တာဖြစ်သည်။ အလင် းသည် ဘုရားသခင်၏ ကြီးမြတ်မှု၊သစ္စာရှိမှုနှင့်သန့်ရှင်းခြင်းအကြောင်းကိုပြောပြသည် (၁ယော ၁း၅။ ၁တိ ၆း၁၅-၁၆။ သို့သော် ကျွန်ုပ်တို့၏ဘုရားသခင်သည် မေတ္တာတော်ရှင်ဘုရားလည်းဖြစ်တော်မူ၏။ ကိုယ် တော်သည်သူ၏ ချစ်ခြင်းမေတ္တာဖြင့်ကျွန်ုပ်တို့ကိုသဏ္ဍာန်တော်အတိုင်းဖန်ဆင်းတော်မူ၏။ ထို့ကြောင့်ကျွန်ုပ်တို့သည်ကိုယ်တော်နှင့်မိတ်သဟာအဖွဲ့နိုင်သောအခွင့်ရကြ၏။ ထို့ကြောင့် ဝတ်ပြုကိုးကွယ်ခြင်းမှာ တခုတည်းသောဆီလျော်သည့်တုန့်ပြန်မှုဖြစ်သည်တရား ဟော ၆း၄-၅)။
လူအပြစ်နှင့်ပြည့်သောသတ္တဝါ
လူသည်ဘုရားသခင်၏ စကားနားမထောင်ဘဲ ပုန်ကန်လိုသည်။ သမ္မာကျမ်းစာကတိုအရာကိုအပြစ်ဟုခေါ် သည်။ ကျွန်ုပ်တို့သည် အပြစ်နှင့်ပျောက်ဆုံးသော ေလာကအပေါ်၌ကျရောက်သည့် ဆိုးကျိုးအခြေအနေကို ရှင်းပြရမည်ဖြစ်သည်။ အဖြစ်၌ (၂) ပိုင်းပါဝင်သည်။ ပထမမှာ – ကျွန်ုပ်သာလျှင် ဘုရားဖြစ်၍ဘုရားသခင် မရှိသကဲ့သို့သောစိတ်ထားနှင့်အသက်ရှင်ခြင်း။ရောမ ၁း ၂၁သည်ဤစိတ်ထားကိုပုံဖော်သည်။ ထိုနေရာ၌အပြစ်သည် ဘုရားသခင်အား မကိုးကွယ်ခြင်းဖြစ်ကြောင်းရှင်းပ ြခဲ့သည်။ ဘုရားသခင်သည် သူ၏အကြောင်းကိုကျွန်ုပ်တို့အားဖွင့်ပြသည့် အရာများကိုကျွန်ုပ်တို့ငြင်း ဆိုသည်။ ဒုတိယမှာ အပြစ်သည်ဘုရားသခင်ကိုဆန့် ကျင်ပုန်ကန်ခြင်းတည်းဟူသော ပညက်တော်ကိုချိုးဖောက်ခြင်းဖြစ်သည်။ ဧဝံဂေလိလုပ်ရာ၌ပညတ်တော်ဆယ်ပါးကိုပြောပြခြင်းသည်အပြစ်၏မကောင်းမှုကိုလူများခံစားစေရန်အထောက် အကူပြုပြီး ခရစ်တော်တပါးတည်း၌သာရရှိနိုင်သည့်အပြစ်လွှတ်ခြင်းကို လို ချင်တောင့်တမှုတခု ဖန်တီးပေးသည် (ရောမ ၃း၁၂။ ယာကုပ် ၂း၁၀။ယေရမိ၁၇း၉။
အပြစ်၏အခသည်သေခြင်းဖြစ်၏။ သမ္မာကျမ်းစာက သေခြင်းကိုဝိညာဥ်နှင့်ကိုယ်ခန္ဓာခွဲခွါခြင်းဖြစ်သည်ဟု ပြောပြသည်။ ဤအရာနှစ်ခုဆက်သောအခါအသက် ၏အနှစ်သာရဖြစ်လာသည်။ ကာယပိုင်းသေခြင်းမှာ ခန္ဓာကိုယ်မှထွက်သွားခြင်းဖြစ်သည်။ အနာရောဂါနှင့်ကာယပိုင်းဝေဒနာခံစားခြင်းသည် ကာယပိုင်းသေခြင်း နှင့်နီးနေပြီဖြစ်ကြောင်းကိုပြသည်။ ဝိညာဉ်သေခြင်းမှာမူ ဘုရားသခင်နှင့်ထာဝရကာလ ပတ်လုံးခွဲခွါခြင်းဖြစ် သည်။ ဤသေခြင်း၏လက္ခဏာတို့မှာ မုန်းတီးခြင်း၊ ရန်ဖြစ်ခြင်း၊ စိမ်းကားခြင်း၊ ရည်ရွယ်ချက်မဲ့ခြင်း၊ အ ပြစ်ရှိကြောင်းခံစားခြင်းနှင့်စိတ်ပျက်ခြင်းတို့ဖြစ် သည် (ဟေရှာယ ၅၉း၂။ ဖက် ၂း၁)။
ခရစ်တော် – ကရုဏာကြွယ်ဝသောကယ်တင်ရှင်ဓမ္မဟောင်းကျမ်းကိုသင်ဖတ်သောအခါ ယေရှုခရ စ်တော်သည်တာဝန်သုံးခုကိုပြည့်စုံစေရန်ကြွလာခြင်းဖြစ်ကြောင်း ရှင်းလင်းစွာမြင်ရမည်ဖြစ်သည်။ထိုသုံးခုတို့မှာ ပရောဖက်၊ ယဇ်ပရောဟိတ်နှင့်ရှင်ဘုရင်တို့ဖြစ်သည်။ ကုန်လွန်ခဲ့သည့်ရာစုနှစ်များတွင် ဧဝံဂေလိတရားဟောပြောခြင်း၌ကယ်တင်ရှင်အနေနှင့်ကို ယ်တော်၏ကဏ္ဍတခုတည်းကိုသာဟောပြောကြသည်။ ဤအရာက လူများစွာတို့ကို “ခရစ်တော်အတွက် အ ပေါ်ယံဆုံးဖြတ်ရန်” ဖြစ်စေသည်။ စုံလင်သောအသက်တာ၊ ပူဇော်သည့်အသေခံခြင်း၊ အောင်မြင်ခြင်းနှင့်ထ မြောက်ခြင်းစသည့်ခရစ်တော်၏ကဏ္ဍသုံးခုစလုံးအား ဖြင့် ခရစ်တော်အကြောင်းကိုဟောပြောတင်ဆက်ရန် ဖြစ်သည်။ကိုယ်တော်သည် ပရောဖက်အနေနှင့်သူ၏သွန်သင်ခြင်း၊ သူ၏အသက်တာအားဖြင့် ဘုရားသခင်ကိုထင် ရှားစွာထုတ်ဖေါ်ပြသခဲ့သည် (တရားဟော၁၈း၁၅ -၁၉။ယော၁း ၁၄- ၁၈ ။၇း၁၆- ၂၄)သူ၏စုံလင်သောအသက်တာသည်ကျွန်ုပ်တို့အတွက်ကိုယ်စာအသေခံရန်အရည်အချင်းပြည့်စေသည်။
  1. CW) IDS – ၇၆- ၂၄) သူလာသယဇ်ပရောဟိတ်သည် ဘုရားသခင်ထံ၌လူတို့ကိုကိုယ်စားပြုသည်၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏ချစ်ခြင်းမေတ္တာကိုထင်ရှားစွာသရုပ်ပြခြင်းတခုအနေနှင့် လက်ဝါးကပ် တိုင်ကိုမတင်ဆက်တဲ့ဘုရားသခင်သည်တကမ္ဘာလုံး၏အပြစ်ကိုဖြေရှင်းခြင်းဖြစ်သည်ဟုတင်ဆက်ရမည်ဖြစ်သည်။ ဘုရားသခင်သည်ဖြောင့်မတ်၍ သန့်ရှင်းတော်မူသော်လည်း ကျွန်ုပ်တို့၏ အပြစ်များကိုယူ ဆောင်သွားသောခရစ်တော်အားဖြင့်ကျွန်ုပ်တို့ကိုချစ်နေသေးသည် (၁ပေ ၂း၂၄။ ဟေဗြဲ၇:၂၇။၁၀း၁၀)။
ကျွန်ုပ်တို့သည် ရှင်ဘုရင်ဖြစ်သောကိုယ်တော်အကြေ ာင် းကိုပြောပြရမည်။ဓမ္မသစ်ကျမ်းက “ယေရှုခရစ် တော်သည် ကယ်တင်ရှင်” ဖြစ်သည်ဟု နှစ်ဆယ့်လေးကြိမ်ပြောသော်လည်း သခင်အနေနှင့် ၆၉၄ ကြိမ် ခေါ်ဆိုသောကြောင့် နှစ်ဆယ့်ရှစ်ဆထက်မက ခေါ်ခြင်းဖြစ်သည်။ ယေရှုကိုကယ်တင်ရှင်အနေနှင့်ရရှိ သောသူအားလုံးတို့သည် ရှင်ဘုရင်အနေနှင့်ရရှိသောသူများဖြစ်သင့်သည်။ ယေရှုသည်သူ၏လူတို့ကို ချစ်ခြင်းမေတ္တာနှင့်၄င်း၊ သမ္မာတရားနှင့်၄င်း အုပ်ချုပ်ရန်အတွက်ယခုအသက်ရှင်နေသည် (မဿဲ ၂၅:၂၄။ တမန် ၂း၃၆။ ဗျာဒိတ် ၅)။
ကယ်တင်ခြင်းအတွက်တုန့်ပြန်ရန်လိုအပ်ချက်
လူ၏တခုတည်းသောမျှော်လင့်ချက်မှာ ခရစ် တော် ၏ ပြီးစီးစေခဲ့သောအမှုအားဖြင့်ကယ်တင် ခြင်းရရန်ဖြစ်သည်နှင့်အညီ လူသည်ခရစ်တော်ကိုကယ်တင်သောအရှင်အနေနှင့်မည်သို့သိနိုင်မည်နည်း။ ကယ်တင်ခြင်းမရသောသူတို့သည်ဘုရားသခင်ရှေ့တော်၌ အပြစ်သားတယောက်အနေနှင့်ရပ်ပြီး တရားစီရင်ခြင်းနှင့် ထိုက်တန်သောသူများဖြစ်ကြောာင်းကို ဉာဏ်နှင့်၎င်း၊ စိတ်နှလုံးနှင့်၎င်းအသိအမှတ်ပြုကြရန်တိုက်တွန်းကြရမည်ဖြစ်သည်။ သူတို့သည် ကိုယ်တော်အားပုန် ကန်နေခြင်းဖြစ်ကြောင်း၊ ပြန်လာ၍ ခရစ်တော်၏ ကယ်တင်ခြင်းလုပ်ဆောင်မှု ကိုယုံကြည်စိတ်ချ ရန်လိုကြောင်း သူတို့သိမှတ်ကြရမည်ဖြစ်သည်။ သူတို့သည် မည်သည့်အရာကိုမျှမလုပ်နိုင်ကြောင်း သူတို့သဘောပေါက်ရမည်။ သူတို့သည် မိမိတို့ကိုကိုယ်ကိုဘုရားသခင်၏ရှေ့တော်၌လက်ခံနိုင်စရာဖြစ်အောင် မည်သည့်အရာကိုမျှမလုပ်နိုင်ကြောင်းကို သဘောပေါက်ကြရမည်ဖြစ် သ ည်။ ထို့နောက် ခရစ်တော်ကို ယုံကြည်၍ကယ်တင်ရှင်အနေနှင့်ကိုယ်တော်အပေ ါ်၌ အမှီသဟဲပြုရန် သူတို့ကိုဖိတ္ေခၚပါ (ေယာ ၁း၁၂။ ၃း၁၆။ ဧဖက္ ၂း၈-၉)။
မှတ်သားရမည့် အဓိကသော့ချက်အချို့
သင်၏ကျမ်းစာအုပ်ကိုအသုံးပြုပါ – ထိုလူကိုယ်တိုင်ကျမ်းပိုဒ်ကိုဖတ်စေ၍ နားလည်သည့်အတိုင်း သင့်ကိုရှင်းပြခိုင်းပါ။ဤသို့ပြုစေခြင်းသည်ဧဝံဂေလိပြောပြရာ၌ကြီးစွာပြောင်းလဲစေသောအစိတ်အပိုင်းတခုဖြစ်သည်။၎င်းသည် စိတ်ပျံ့လွင့်မှုတို့ကိုကာကွယ်၍ ဘုရားသခင်၏ အခွင့်အာဏာနှင့်၄င်းတို့ကို ရင်ဆိုင် တိုက်ခိုက်သည်။ကျမ်းပိုဒ်များကိုအလွတ်ကျက်မှတ်ပါ – ထိုပုဂ္ဂိုလ်အားဆီလျော်သောနှုတ်ကပတ်တော်ကိုပေးနိုင်ရန်အတွက် ကျမ်းပိုဒ်တို့နှင့်ကျမ်းညွှန်းများ ကိုအလွတ်ကျက်ပါ။ဆုတောင်းပါ – ကျွန်ုပ်တို့ပြောသည့်သတင်းသည် ခရစ်ယာန်မဟုတ်သောသူတို့ အတွက်မိုက်မဲရာကဲ့သို့ဖြစ်နိုင်သော်လည်း သန့်ရှင်းသောဝိညာဉ်တော်ကသ ာလျှင် သူတို့အား တုန့်ပြန်စေမည်ဟု ကျွန်ုပ်တို့သည်ယုံ ကြည်ကြမည်ဆိုပါက၊ အပြစ်သားထံ၌ခရစ်တော်အ ကြောင်းကို မပြောပြမီ၊ ပြောပြနေသောအချိန်နှင့်ပြောပြီးသောအချိန်၌ကျွန်ုပ်တို့ဆုတောင်းကြရမည်ဖြစ် သည်။
ပြောပြပါ – သမ္မာကျမ်းစာ၏သွန်သင်ချက်ကို ရှင်းလင်းစွာပြောပြပါ။ထိုမှသာ ထိုသူသည်မိမိ၏စိတ် ကူးစိတ်သန်းတို့ကို ထိုကျမ်းပိုဒ်များထဲသို့မထည့်ဘဲနေမည်ဖြစ်သည်။ သင်သည် သမ္မာတရားတခု ကိုအကြွင်းမဲ့ပြောနေခြင်းဖြစ်ကြောင်းနှင့် သင်၏ထင်မြင်ယူဆချက်တခုကိုပြောပြ နေခြင်းမဟုတ် ကြောင်းရှင်းပြရန်သ တိပြုပါ။ ဘုရားသခင်သည် “စုံလင်သောသတင်း” ရရှိနိုင်ရန်အတွက် အသံဖမ်း စက်ကိုမစေလွှတ်ကြောင်းခွန်အားယူပါ။ သင်သည် လူအများနည်းတူအမှားပြုမိမည်ဖြစ်သည်။ သို့သော်လည်း ဘုရားသခင်အပေါ်၌၄င်း၊ သူ၏တရားတော်အပေါ်၌၄င်း၊ သင်သည်သစ္စာရှိလိုပါက သူသည်လုပ်ငန်းခွင်၌ပင် သင့်ကိုသွန်သင်မည်ဖြစ်သည်။
အလုပ်ကြိုးစားလုပ်ကိုင်ပါ” ငါတို့သည်အားမလျော့စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကိုကျင့်ကြကုန်အံ့။ ထိုသို့တည်ကြည်၍ကျင့်လျှင် အချိန်တန်သောကာလ၌ အသီးအနှံကိုရိတ်ရကြလိမ့်မည် “(ဂလာတိ ၆း၉)။ ခရစ်ယာန်များစွာတို့သည်ဧဝံဂေလိလုပ်ငန်း၌လျင်မြန်စွာလက်လျှော့အရှုံးပေးကြသည်။ သူတို့သည်အချိန်ကာလအနည်းငယ်အတွင်း အပြင်သို့ထွက်ကြကာ စနေ၊ တနင်္ဂနွေနေ့ များတွင်တံ ခါးခေါက်၍ ပြောပြကြသည်။ အနည်းငယ်သောအ ဆက်အသွယ်ရရှိကြသောအခါ မိမိတို့ကိုယ်ကို”ဤအရာ က ငါ့အတွက်မဟုတ်ပါ။ ထိုအရာသည် ငါ့အ တွက်မကိုက်သေးဘူး”ဟုပြောကြသည်။ ထိုအရာနှင့်ကိုက်ညီသည့် မည်သူတယောက်မျှမရှိပါ။ ၄င်းသည်ခက်ခဲသောအလုပ်ဖြစ်သည်။ စာတန်သည်ခြေလှမ်းတိုင်း၌တိုက်ခိုက်မည်ဖြစ်သည်။ ဆက်လက်ကြိုးစားပါ။ ဆုတောင်းပါ။ မျိုးစေ့ကိုကြဲပါ။ ဘုရားသခင်သည်တိုးပွါးခြင်းကိုပေးမည်ဖြစ်သည်။
ဩဇာရှိသောသူဖြစ်ပါ
သူတို့သည် သခင်ယေရှုနှင့်ပတ်သက်၍ ” ကျမ်းပြုဆရာနည်းတူမဟုတ်၊အစိုးရသောသူ နည်းတူဆုံးမ ဩဝါဒပေးတော်မူ၏” (မာ ၁း၂၂) ဟု ပြောကြသည်။ သက်သေခံသူတယောက်သည်ဩဇာအာဏာရှိရမည်။ အပေါ်စီးမလုပ်ရ။ အချို့သောခရစ်ယာန်တို့သည် တောင်းပန်သောပုံစံနှင့်ပြုကြသည်။အများအားဖြင့် ဤချဉ်းကပ်နည်းအသုံးပြုခြင်းကြောင့်အကျိုးများစွာမမြင်ရပါ။မယုံကြည်သူသည် မသေမချာ၊ မပြတ်သား သောသတင်းတခုအပေါ်၌စိတ်ချမှုရှိမည်မဟုတ်ပါ။ သူတို့သည် “ထာဝရဘုရားမိန့် တော်မူသည်ကား” ဟူသောဩဇာအာဏာသံမျိုးလိုအပ်သည်။
တံခါးအမြဲဖွင့်ထားပါသက်သေခံရသည့်လူသည် လက်ခံရန်ပန်လေးသောသူဖြစ်ပါက အတင်းမတိုက် တွန်းပါနှင့်။ ထိုသူသည်မကောင် းသောမှတ်ချက်ပေးပါက၊ မကောင်းသောမှတ်ချက် ကိုပြန်မပေးပါနှင့်။ ဤအရာက သင်ရရှိသည့်တိုးတက် မှုအားလုံးသို့မဟုတ် အနာဂတ်၌အခြားသော သူများရရှိနိုင်မည့် အခွင့်အရေးများပျက်စီးစေနိုင်သည်။ မငြင်းခုံပါနှင့်။ “သခင်ဘုရား၏ကျွန်သည် ရန်မဖြစ်ရ”(၂တိ ၂း၂၄)။ သင်သည် အငြင်းအခုံ၌အနိုင်ရလျှင်ရမည်ဖြစ်သည်။ သို့သော်လည်း ခရစ်တော်အတွက်လူတ ယောက်ဆုံး ရှုံးသည်။ သက်သေခံခြင်း၏အခြေအနေသည်တင်းမာလာပါက ရပ်ပါ။ တောင်းပန်ပါ။ သင်သည် ငြင်းခုံရန် အလိုမရှိကြောင်းကို ထိုသူကသိပါစေ။ သင်ပြောခဲ့သည့်အရာအတွက်သော်၎င်း၊ ပြစ်မှား
အောင်ပြုခဲ့သည့်အရာအတွက်သော်၄င်း၊ ဝမ်းနည်းကြောင်းသိစေပါ။ ထိုသူကဧဝံဂေလိ သတင်း ကောင်းကိုတိုက်ခိုက်ပါက ထိုသို့ရှိပါစေ။ သို့သော်လည်းကျွန်တော်ကထိုသူကိုတိုက်ခိုက်ပါက ကျွန်တော်အမှားပြင်ရမည်ဖြစ်သည်။ခက်ခဲသောသီအိုလိုဂျီဆိုင်ရာဝေါဟာရများကိုမ သုံးပါနှင့် သက်သေခံသောသူသည်ကယ်တင်ခြင်းမရသောသူစဥ်းစားသည့်အတိုင်းစဥ်းစားရမည်။သူတို့စဥ်းစားသည့်အတိုင်းစဥ်းစားပါ။လူများစွာတို့သည်“တဖန်မွေးဖွားခြင်း ဟူသောအသုံးအနူန်းဝေါဟာရကိုကြားခဲ့သော်လ ည်းဆိုလိုချက်ကိုသိကြချေ။ “အပြစ်ဖြေခြင်း နှင့်ဖြောင့် မတ်သောသူကဲ့သို့မှတ်ခြငိးစသည့်ဝေါ ဟာရတို့သည် ကြားနာသောသူကိုရှုပ်ထွေးစေ သ ည်။သူတို့ သည် “အပြစ် “အပြစ်လွှတ်ခြင်းကောင်း ကင်ဘုံ “ငရဲ” နှင့် “တရားစီရင်ခြင်းစသောအသုံးအနှုန်းဝေါ ဟာရများကိုနားလည်ကြမည်ဖြစ်သည်။ လွယ်ကူရိုးစင်း သောဝေါ ဟာရများကိုသုံးပါ။
ဖိတ်ခေါ်ပါ
သမ္မာတရားသည်အသိပေးရုံသာကေ အသွင်ပြောင်းလဲစေသည်။လူအများတို့လည်ပေးန ေသောအခါ ၌ကမ်းလှ မ်းချက်ကိုယူကြမည်ဖြစ်သည်။သူတို့အားပြန်လည်တုန့်ပြန်ရန်အခွင့်အရေးကိုပေးပါ။ ဆုံးဖြတ်ရန်အတင်းအဓမမ တိုက်တွန်းပါနှင့်။ ကယ်တင်ခြင်းခံရသောသူသည် ဘုရားသခင်အားလက် ခံရမည့်အခွင့်ကိုပေးပါ။ လူ၏ စိတ်နှလုံးကိုသင်မသိပါ။ လူတယောက်သည်အချက်ပြခြင်းမရှိဘဲ သို့မဟုတ် အပေါ်ထံ၌စိတ်လှု ပ်ရှားမှုမရှိဘဲ အတွင်းပိုင်းယုံကြည်ခြင်းနှင့်ပြည့်လှုံ့နိုင် သည်။ သင်သည်ဧဝံဂေလိတရားကို ရှင်းပြပြီးငြင်းဆိုခြင်းများနှင့်ရေးခွန်းများကိုရှင်းပြီးနောက် “ယနေ့ညတွင်ခ ရစ်တော်ကိုလက်ခံလိုပါသလား ဟု သင်သည် ရိုးရိုးလေးပြောလိုမည်ဖြစ်သည်။ သမ္မာကျမ်းတတ် ၏ပုံစံမှာ၊ ဧဝံဂေလိတရားကိုတင်ဆက် ပြီးနောက် ကြား နာသောလူများကအဖြေပေးရန်ဖိတ်ခေါ် ရမည်ဖြစ် သည်။ ပေါလုက သင်တို့သည် အချည်းနှီးသောအရာတို့ကိုပယ်ကြ၍ … အသက်ရှင်တော်မူသောဘုရားသခင်ထံ သို့ပြောင်းလဲ`ရကြမည် အကြောင်း . . ဟောပြောကြ၏။ (တမန် ၁၄း၁၅။ပေတရုက”ထိုကြောင့် သင်တို့၏ အပြစ်များကိုပြေစေခြင်းမှ နောင်တရ၍ စိတ်ပြောင်းလဲခြင်းသို့ရောက်ကြလော့ (တမန် ၃း၂၀ ဟု ဆို၏။
ကွေ့ပတ်ပြောဆိုခြင်းကိုရှောင်ပါ
အကြောင်းရင်းမှသွေဖည်စေနိုင်သော ကွေ့ပတ်ပြော ဆိုခြင်းကိုရှောင်ပါ။စာတန်သည်သင့်ကိုမနိုင်နိုင်ပါက သူသည်သင့်အားလျှောက်ပြောဆိုစေရန်ကြိုးစားလိမ့် မည်။ လူတယောက်သည်ဆွေး နွေးသေအကြောင်း ရင်းနှင့်မဆိုင်သောမေးခွန်းတခုကိုမေးပါက ကယ်တင်ခြင်းအကြောင်းကို ပထမဦဆုံးပြီးအောင်ပြော ဆိုတို့အကြံ ပေးပြီး၊ ပြီးမှမေးခွန်းကိုဖြေပါ။ အခြားအသင်းနာမည် ထင်ရှားသောရုပ်မြင်သံကြားတရား ဟောဆရာများနှင့်ကျမ်းစာဘာသာတော်များ၏ယုံကြည်ခံယူချက်အ ကြောင်းကိုမဆွေးနွေးပါနှင့်၊ သို့မဟုတ်ပြန်အမှားများအကြောင်းကို မဆွေးနွေးပါနှင့်။ အဓိကအချက်မှာ၊ ဧဝံဂေလိတရားဝေငှရာ၌ အဓိကအချက်ကိုအဓိကအဖြစ်ထားရမည်ဟူသောအချက်ပင်ဖြစ်သည်။
အပြစ်၏ပြဿနာကိုပြောပြပါ
သူတို့၏အသက်တာ၌ရှိသောအပြစ်၏ပြဿနာကို ရှင်းလင်းစွာနှင့်ရဲဝံ့စွာဖြင့်ပြောပြရမည် (ရောမ ၆း၂၃)။ ကျွန်ုပ်တို့သည် ဘုရားသခင်၏မေတ္တာ၊ကျေးဇူးတော်နှင့်ကရုဏာတော်ကိုပြောပြသော်လည်း အပြစ်တရားစီရင်ခြင်းနှင့်အပြစ်၏ဆိုးကျိုးတို့ကိုပြောပြရမည်ဖြစ်သည်။ ဤအရာသည် ကျမ်းစာ၏နည်းဖြစ်သည်။ ပေတရုက “သန့်ရှင်းဖြောင့်မတ်တော်မူသောသခင်ကိုငြင်းပယ်၍၊ လူ့အသက်ကိုသတ်ခြင်းအပြစ်ရှိသောသူတယောက်ကိုရမည်အကြောင်းတောင်းပန်သဖြင့် အသက်ရှင်ခြင်းသို့ပို့ဆောင်တော်မူသောအရှင်ကို ကွပ်မျက်ကြပြီတကာဘး” (တမန် ၃း၁၄-၁၅) ဟု ဟောသည်။
မိမိ၏သက်သေခံချက်ကိုပြောပြပါ
သင်၏ကယ်တင်ခြင်းရရှိပုံကို အတိုချုံးနှင့်အရှင်းလင်းဆုံးမည်သို့ပြောပြရမည်ကိုလေ့လာပါ။ အပြစ်ကြောင့်ကယ်တင်ခြင်းလိုအပ်ပုံနှင့် ပြောင်းလဲပြီးနောက်သ င်၏ အသက်တာကိုအဓိကပြောပြပါ။ “ကျွန်တော့အသက်တာ၌ဖြစ်ပျက်ဘူးတဲ့ အံ့ဩဘွယ်သောအရာကို ခင်ဗျားကို ပြောပြ၍ ရမလား။ ခဏကြာပြီးနောက် “ကျွန်တော့အပြစ်လွှတ်ပြီး၊ ကောင်းကင်သို့ရောက်မည်ကိုအခြားသူတို့ အားပြောပြရန်ရှိသည်ဟု ပြောပြီးနောက်”ခင်ဗျား ကောင်းကင်သေချာစွာသိရသည်မှာ အလွန်အံ့ဩဘွယ်ကောင်းလှသည်။ ထိုအကြောင်းကိုရောက်မည်မှာသေ ချာပါသလား” ဟု ဆက်လက်၍မေးနိုင်ပါသည်။
ဘုရားသခင်၏နှုတ်ကပတ်တော်ကို အသုံးပြုပါ
တောထဲ၌စာတန်၏စုံစမ်းနှောင့်ယှက်ခြင်းကိုတုန့်ပြန့်ရာ၌ ခရစ်တော်သည်သမ္မာကျမ်းစာကိုအသုံးပြုသည်။ တမန်တော်ဝတ္ထုတွင် တမန်တော်ကြီးဟောပြောရာ၌ ဓမ္မဟောင်းကိုအသုံးပြုသည်။ ယေရမိက”ငါ၏နှုတ် ကပတ်တော်သည်မီးကဲ့သို့၎င်း၊ ကျောက်ကိုထုချေသောသံတကဲ့သို့၎င်း၊ ဖြစ်သည်မဟုတ်လောဟု ထာဝရဘုရားမေးတော်မူ၏” (ယေ ၂၃း ၂၉) ဟု ပြောပါသည်။
လူများစွာတို့သည် ဘုရားသခင်၏ကယ်တင်ခြင်းကို ကြီးမားသောအောင်မြင်ခြင်းနှင့်ဟောပြောရာတွင် အသုံးပြုသည့်နည်းစနစ်များကိုအသုံးပြုကြသည်။ လူသိအများဆုံးတခုမှာ “ရောမဩဝါဒကိုအခြေပြု သောနည်းဖြစ်သည်” – ရောမ ၃း၁၀၊ ၃း၂၃။ ၅:၈။ ၆း၂၃။ ၁၀း၉ တို့ဖြစ်သည်။ လူအများကဤနည်းကို အသုံးပြုကြ သော်လည်း အခြားနည်းအမျိုးမျိုးတို့ကိုလည်းဖြည့်စွက်ကြသည်။ ရှင်းလင်းစွာရှင်းပြနိုင်ရန် အတွက်အဓိကအချက်များကိုကြိုတင်ရှိကားသင့်သည်။ထိုအခါမှသာလျှင် တယောက်စီ၏လိုအပ်မှုနှင့် ကိုက်ညီသောအခြားကျမ်းပိုဒ်တို့ကို ဖြည့်စွက်နိုင်သည်။ကြီးမားသောအမှားတခုမှာ အပြစ်တင်တတ်ခြင်းဖြစ် သည်။ “မင်းအပြစ်သားဆိုတာ မင်းသိဘို့လိုတယ်။” သူတို့သည်လက်ခံစဉ်းစားသည်ထက် ခုခံလေ့ရှိကြသည်။ ထိုသို့ဖြစ်မည့်အစား “ဖြောင့်မတ်သောသူမရှိ၊ တယော က်မျှမရှိ”(ရောမ ၃း၁၀)။ “လူအပေါင်းတို့သည်ဒုစစိုက်ကိုပြုကြ၍ ဘုရားသခင်ရှေ့တော်၌အသရေပျက်ကြပြီ” (ရောမ ၃း၂၃) တို့ကိုဖတ်ခိုင်းပါ။ ထို့နောက် “ငါတို့အားလုံးဒုစရိုက်ပြုကြပြီ မဟုတ်လား၊” ဟု မေးပါ။
လေးဆယ့်ငါး
နှုတ်ကပတ်တော်ကိုဟောပြောပါ
အမှုတော်လုပ်ငန်း၏ဘုန်းအသရေ
Preach The Word – The Glory of The Ministry
ယခင်၌အသင်းတော်ကိုညဉ်းပန်းနှိပ်စက်သောသူဖြစ်သည့် တမန်တော်ပေါလုသည် ခရစ်တော်၏ဘုန်းအသရေဖြစ်သောဧဝံဂေလိတရားကို သူ့အားအပ်ထားသည်ဟူသောအချက်ကိုမမေ့ပါ။ ကျွန်ုပ်တို့သည်လည်း မမေ့သင့်ကြပါ။ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုဟောပြောခြင်း၏ အံ့ဩဘွယ်သောအခွင့်အရေးနှင့် ဘုန်းအသရေနှင့်ပတ်သက်၍ သူရေးသားချက်များအတွက် J. HJowett အပေါ်၌ကျွန်တော်ကျေးဇူးတင်ရှိပါသည်။ ရွေးချယ်ထားသောစာပိုဒ်အနည်းငယ်ကို ဝေငှပါရစေ။
ဘုရားသခင်၏ခေါ်တော်မူခြင်းကြောင့် အမှုတော်ထဲသို့ဝင်လာသောလူတယောက်သည်သူ၏ခေါ် တော်မူခြင်း၏ ဂုဏ်အသရေတော်ကို အမှန်တကယ်သိရှိမည်ဖြစ်သည်။ သူသည်အဆက်မပြတ်အံ့ဩပြီး သူ၏အံ့ဩခြင်းမှာ ကိုယ်ကျင့်တရားဆိုင်ရာဆေးတမျိုးကဲ့သို့ဖြစ်၍၊ “ခရစ်တော်၏ကြံ၍မမှီနိုင် သောချမ်းသာကြွယ်ဝခြင်း” ကိုဖေါ်ပြသည့်ကျေးဇူးတော်ဘဏ္ဍာ၌သူသည်အစေခံကျွန်အနေဖြင့်ခန့်အပ်ခြင်းကိုခံရသည်။ သင်သည် တမန်တော်ပေါလု၏အသက်တာ၌ ထိုအံ့ဩဘွယ်ရာကို ရှောင်ဖယ်၍ မရနိုင်ပါ။သူ့ကယ်တင်ရှင် ၏ အဆုံးမရှိသောချစ်ခြင်းမေတ္တာနှင့်အံ့ဩဘွယ်ရာဘုန်းအသရေနှင့် ပြည့်စုံသောသူ၏က ယ်တင်ခြင်းပြီးမှနေ ာက်တခုမှာ သူ၏အမှုတော်ထဲသို့ခေါ်တော်မူခြင်း၏ ဘုန် းအသရေတော်သည်သာလွန် ၍ ကောင်းမွန်ခြင်းဖြစ် သည်။ သူ၏ခေါ်တော်မူခြင်းသည်အမှုတော်ထဲ၌ပျေ ာက်မသွားပါ။ အခွင့်အရေး ၏အလင်းသည်တာဝန်ထမ်းဆောင်ရာ၌ အင်ထွန်းလင်းသည်။သူ၏အလုပ်သည်အလင်းနက်ဝန်း များကျောင်သူ၏လမ်းမှာလည်း သာ မညလမ်းနှင့်ပွဲမြောက်မြောက် ရှိသောလမ်း အခါဖြစ်မလာပါ။ သူ၏သာသနာလုပ်ငန်းအကြောင်းကိုစဉ်းစားတိုင်းအကြ ပြီကံဆိုး မိုးမှောင်ကျနေစဉ်တွင်ပင် ကုန်းအသရေသည်ပို၍များပြားသေးသည်။ထို့ကြောင့်၊ ဤအရာသည် သူပြောင်းလဲသည့်အချိန်မှစ၍ ခေါ်တော်မူခြင်ခံသည့်အထိ အဆက်မပြတ်တွေ့ရသည့်တေးဂီတနှင့် ကြားနာရသသီချင်းမျိုးဖြစ်သည်။ “ငါသည်ခရစ် တော်၏ဆပ်၍မကုန်နိုင်သောအရာကိုသာသနာပတို့အားဟောပြောစေခြင်းငှါ သန့်ရှင်းသူအပေါင်းတို့တွင်အငယ်ဆုံးထက်သာ၍ ငယ်သောငါ့အား ထိုကျေးဇူးတော်ကိုပေးတော်မူပြီ။” ဤအာမေဋိတ်သံ၌သန့်ရှင်းခြင်း၊ ထူးဆန်းသည့်အတွယ်ရာ၊ သူခေါ်တော်မူခြင်း၌ သန့်ရှင်းခြင်း၊ ဂုဏ်ယူဘွယ်ပျော်ရွှင်ဝမ်းမြောက်ခြင်း၊ဘိသိတ်ပေးသည့်လက်သည်သူ့အပေါ်၌နားရသည့်တိုင်အောင် ကိုရှိနေသည့်အံ့ဩဘွယ်ရာနိမ့်ချခြင်းစသည်တို့ကို သင်၏စိတ်ထဲ၌ခံစားမိပါသလား။ ထိုရှိနေသည့် အံ့ဩဘွယ်ရာတို့သည် သူ၏တမန်တော်နှင့်ဆိုင်သောလက်နက်ကိရိယာအပိုင်းဖြစ်၍ အခေါ်ခံရခြင်းနှင့်ဆိုင် သော ဘုန်းအသရေတော်သည်လည်း ရွေးနုတ်ကယ်တင်ခြင်းကျေးဇူးတော်ကျေညာခြင်း၏ ဘုန်းအသရေတော်ကိုကြွယ်ဝစေသည်။ ကျွန်ုပ်တို့သည် မဟာစေခိုင်းခြင်း၏အံ့ဩဘွယ်ရာအနှစ်သာရတို့ ကိုလက်လွတ်ဆုံးရှုံးကြပါက ကျွန်ုပ်တို့သည်ဈေးထဲ၌ အ ပေါစားဈေးရောင်းသူများနှင့် တူလာကြ မည်ဖြစ်သည်။
ကျွန်ုပ်တို့သည် အမှုတော်လုပ်ငန်း၌နှိမ့်ချနေကြစဉ်တွင် ဤကြီးမြတ်သည်ဟူသောခံစားချက်သည် အံ့အားသင့်စေ၍ ကျွန်ုပ်တို့အားလည်းကြီးမြတ်စေမည်ဖြစ်သည်။ ၎င်းသည် ခဏတာမျှဖြစ်သောလုပ် ငန်း၌သေးငယ် သောအရာရှိများဖြစ်လာခြင်းမှကာကွယ်မည်ဖြစ် သ ည်။ ၎င်းသည်ကျွန်ုပ်တို့အား အမှန်တကယ်ကြီးမြတ်စေပြီး၊ ကျွန်ုပ်တို့၏နေ့ရက်တို့ကိုအလဟသကုန် လွန်စေခြင်းမှလည်း ကယ်တင်မည်ဖြစ်သည်။ မြင့်မြတ်၍ အ ထွတ်အထိပ်၌အလုပ်လုပ်ကာ၊ အမှုတော်နှင့်ပတ် သ က်၍အံ့ဩဘွယ်စိတ်ကူးစိတ်သန်းရှိသည့် ဧဝံဂေလိတရားကို ဟောသောသူတို့သည်သိမ်ဖျင်း၍ လေးလေး စားစားမရှိလှသောနေရာ၌ ကြီးမြတ်သောအပြုအမူတို့ကိုရယူကြမည်ဖြစ်သည်။
ကျွန်တော်သည်ခရစ်ယာန်အမှုတော်လုပ်ငန်း၌ အနှစ်နှစ်ဆယ်ကျော်ရှိနေပြီဖြစ်သည်။ ကျွန်တော်၏ အခေါ်ခံရခြင်းကိုကြိုက်နှစ်သက်ပါသည်။အလုပ္တခုစီ၌ေက်နပ္မႈကိုခံစားပါသည္။ ကျွန်ုပ်၏ခွန်အား နှင့် သစၥာေစာင့္သိခြင်း၌ ပြိုင်ဆိုင်သောပုံစံနှင့်အနှောင့်အယှက်တခုမှမရှိပါ။ ကျွန်တော် ၌နှစ်သက် စွဲလမ်းခြင်းတခုရှိရာ၊ ၄င်းအတွက်ကျွန်တော်အသက်ရှင်ခဲ့၏။၎င်းကို ပင်ပန်းတကြီး လုပ်ဆောင်ရသော်လည်း ကျွန်ုပ်တို့သခင်ယေရှုခရစ်တော်၏ကျေးဇူးတော် နှင့် မေတ္တာတော် အကြောင်းကို ကျေညာဟောပြော ခြင်းပင်ဖြစ်သည်။”၊
Ian Macpherson m Jowett ၏စိတ်ခံစားမှုတို့ကိုပြောပြသည်။”တရားဟောခြင်းဆိုသည်မှာ ဂုဏ်ကျက် သရေနှင့်ပြည့်စုံသော၊ မြင့်မြတ်သော၊ရိုသေလေးစားမှုကိုဖြစ်ပေါ် စေသောအရာတခုဖြစ်သည်။ ခရစ်တော်အားဖြင့်ပုဂ္ဂိုလ်တဦးထံမှတဆင့်လူအများထံသို့ပေးပို့ရသည်။ သဘာဝထက်လွန်သော လုပ်ဆောင်ချက်ဖြစ်သည်” ဟု ဆို၏။”
အမှုတော်လုပ်ငန်းအတွက် ကိုယ်တိုင်ကြိုတင်ပြင်ဆင်ခြင်း
အမှုတော်လုပ်ငန်းအတွက်ကြိုတင်ပြင်ဆင်ရာ၌ အ ဆက်မပြတ်အပြစ်ဝန်ချခြင်းနှင့် သိသမျှသောအပြစ် အားလုံးကိုစွန့်လွှတ်ခြင်းလိုအပ်သည်။ “ထာဝရဘုရား၏အဆောက်အဦးတို့ကို ဆောင်ရွက်သောသူတို့ သန့်ရှင်းခြင်းရှိကြလော့” (ဟေရှာယ ၅၂း၁၁)။
အပြစ်၌ကျင်လည်အသက်ရှင်သော်လည်း တရားဟောသည့်အခါ လူများကယ်တင် ခြင်းရကြ သည့်လူတယော က်အကြောင်းကိုသင်သိသည်ဟု သင်ပြောကောင်းပြောနိုင်သည်။ ဖြစ်နိုင်ပါသည်။ သတင်းသည် သတင်းယူဆောင်လာသောသူထက်အစဉ်ပို၍ကြီးမြတ်သည်။
ဘုရားသခင်သည်သူ၏နှုတ်ကပတ်တော်ကိုချီးမြှေ ာက်သည်။ သို့သော်တည်သော အသီးကိုသင်အလိုရှိပါက (ယော ၁၅:၁၆) သင်သည် ခရစ်တော်၌အစဉ်တည်ရ မည်ဖြစ်သည်။
ကျမ်းပိုဒ်တပိုဒ်ပြီးတပိုဒ်အစဉ်လိုက်ဖေါ်ထုတ်သောတရားဟောချက်သံသယမရှိ၊ အကောင်းဆုံးသောနည်း စနစ်မှာ ကျမ်းစာကိုတပိုဒ်ပြီးရဲ့ဟောပြောသည့်နည်းဖြစ်သည်။ ၄င်းသည် ခရစ်တော်၏ခက်ခဲသော သွန်သင်တပိုဒ်ဖေါ်ထုတ်ခြင်းပင်ဖြစ်သည်။ ၄င်းမှာ သမ္မာတရားကိုအကေ ာင်းဆုံးအကြွင်းချက်များနှင့် ရင်ဆိုင်စေသည်။ကျွန်ုပ်တို့သည်ဘုရားသခင်၏အလိုတော်ကိုအကုန်အစင်သွန်သင်ရန်အခေါ်ခံရသောသူများဖြစ်ကြသည် (တမန် ၂ဝး၂၇)။
ထာဝရဘုရား၏အစေခံကျွန်တယောက်အား တရား ဟောရန်မည်သို့ပြင်ဆင်သည်ကိုမေးသောအခါ၊ “ကျမ်းစာကိုဖတ်သောအခါ၊ ငါ၌မည်သည့်အရာမျှမရှိသကဲ့သို့ မိမိကိုယ်ကိုထင်မှတ်တယ်၊ ကိုယ့်ကိုယ်ကိုဆင်ခြင်တယ်၊ရှင်းလင်းအောင်ရေးတယ်၊ အပူတပြင်းဆုတောင်းတယ်၊” ဟု ပြန်ဖြေသည်။
ဆုတောင်းခြင်းနှင့်အစပြုပါ။
ကျမ်းပိုဒ်၌စိတ်အာရုံနှစ်ထားပါ။ အကောင်းဆုံးသောတရားဟောချက်မှာကျမ်းစာအပေါ်၌အမှီပြု၏။ ဘုရားသခင်သည် နှုတ်ကပတ်တော်ကိုကောင်းကြီးပေးမည်ဟု ကတိပေးခဲ့ပြီးဖြစ်သည်။ ခရစ်တော် အကြောင်း ကိုဟောပြောပါ။ ယုံကြည်ရသည့်အရာအဖြစ်သော်၎င်း၊ ပြဿနာတို့၏အဖြေ အဖြစ်သော်၄င်း၊ ကိုယ်တော်ကိုမိတ်ဆက်၍ပြောပြပါ။ဝိ ညာဉ်တော်နှင့်ပြည့် ဝသည့်ဒေသနာဆိုသည်မှာ ကယ်တင်ရှင် အကြောင်းနှင့်ပြည့်ဝသည့်ဒေသနာဖြစ်သည်။
ပြဿနာများနှင့်အခက်အခဲများကိုရင်ဆိုင်ပါ။ အဖြေကိုမသိပါက၊ မသိကြောင်းဝန်ခံပါ။ သင်၏တရားနာပရိသတ်ကို လိမ်ညာရန်မကြိုးစားပါနှင့်။ခိုင်လုံသောအနက်ဖွင့်ဆိုချက် နှစ်ခု သို့မဟုတ် ထိုထက်ပိုပါက ပြောပြပါ။ထို့နောက်၊ မည်သည့်အနက်ဖွင့်ဆိုချက်ကိုသင်သည်ပို၍ကြိုက်နှစ် သက်၍အဘယ်ကြောင့်ကြိုက်နှစ်သက်ကြောင်းကိုသူ့အားပြောပြပါ။ရရှိနိုင်မည့်နေရာမှနေ၍ အကူအညီယူပါ။ ကျမ်းစာဘာသာပြန်ချက်အမျိုးမျိုးကိုအသုံးပြုပါ။ ကျမ်းစာအဘိဓါန်၊ အနက်ဖွင့်ကျမ်းများနှင့်ကျမ်းစာသွန်သင်သည့်ဓမ္မဆရာများစသည်တို့၏အကူအညီရယူပါ။ထိုကျမ်းပိုဒ်ကိုလက်တွေ့ကျင့်သုံးပါ (ဧဖက် ၂း၁၄-၁၈)။ ဥပမာ- ခရစ်တော်သည်ယုံကြည်သောဂျူးများနှင့် တပါးအမျိုးသားများ အကြား၌ရှိသောအုတ်တံတိုင်းကြီးကိုဖြိုချသည်။ ကျွန်ုပ်တိုသည်ကျွန်ုပ်တို့သည် လူမျိုးနွယ်စုနှင့်လူအုပ်စုအမျိုးမျိုးတို့        ကျွန်ုပ်တို့သည်လူမျိုးနွယ်စုနှင့်လူ အုပ်စုအမျိုးမျိုးတို့အကြားတွင်အုတ်တံတိုင်းမတည်ဆောက်သင့်ပါ။
ခေါင်းစဉ်တခုကို အခြေပြုသောဒေသနာကိုပြင်ဆင်ခြင်း
လူတို့၏လိုအပ်ချက်ကိုသိရန် ဆုတောင်းပါ။ ဒေသနာကိုတန်ခိုးနှင့်ပြည့်စေရန် ဝိညာဉ်တော်ကိုတောင်းဆိုပါ။ ခရစ်တော်အကြောင်းကိုဟောပြောရန် ကျွန်ုပ်တို့ အခေါ်ခံရသည်။ဒေသနာတိုင်းသည်ကိုယ်တော် ကိုမလွှဲ မသွေညွှန်ပြသင့်သည်။ “ဘုရားသခင်သည်အခြားဂြိုလ်များအတွက်အခြားစာလုံးရှိနိုင်သော်လည်း ဤကမ္ဘာဂြိုလ်အထွက်စကားလုံးမှာ ယေရှု ဖြစ်သည်။။
ကျယ်ကျယ်ပြန့်ပြန့်ပြယ်သ၍ပြောပါ။ သင်သည်ထူးဆန်းသည့်အလုပ်လုပ်ရန်အတွက် ပလ္လင်၌ရှိနေခြင်းဖြစ်သည်။ ထိုနေရာတွင် အဓိကတာဝန်အပေါ်ကြောင်းကို ဟောပြောပါအာရုံစည်းပါ။ အဓိကအချက်အပေါ် ၌ဆင်ခြင်စဉ်းစား၍ အားပါး ခရစ်တော်ကျွန်ုပ်တို့ သည် ကိုယ်တော်ကိုယုံကြည်ခြင်းအားဖြင့် ရရှိသည့် ကယ်တင်ခြင်းသတင်းကောင်းဟောပြောရန် အခေါ်ခံရကြသည်။ ကျွန်ုပ်တို့၌သတင်းဟူသမျှတို့တွင် အကောင်းဆုံးသောသတင်းပြောပြရန်ရှိသည်။ ကျွန်ုပ်တို့သည်သတင်းပေးလိုသော်လည်း ပေးရန်သတင်းမရှိသည့်လူနှင့်မတူရန်ဖြစ်သည်(၂ ရာ ၁၈း၂၂)။
ဒေသနာတိုင်းသည် စည်းလုံးညီညွတ်မှု၊ ရှင်းလင်းပြတ်သားမှုနှင့်ကလေးပေးပြောဆိုမှုရှိသင့်သည်။ ဒေသနာသည် တခုတည်းသောရည်ရွယ်ချက်ကြောင့်ဒေသနာတခုလုံး၌ပေါ်လွင်ထင်ရှားမှုရှိရန်လိုအပ်သည်။ အပိုဒ်တပိုဒ်စီ၌လည်းသိသာမြင်သာသည့်စည်းလုံးမှုရှိရမည်။ အဆက်အစပ်ရှိရမည်ဆိုသည်မှာ စဉ်းစားခြင်းချောမွေ့ နိုင်စေရန် တပိုဒ်နှင့်တပိုဒ်အဆက်ရှိမည်ဟု ဆိုလိုသည်။ သင်၏တရားနာပရိသတ် သည်သိ၍ သိသည့်အတိုင်းပြုစေလိုသောသူများဖြစ်စေလိုသည့်အရာအပေါ်၌ ယုံမှားသံသယမရှိဘဲအဆုံး စွန်အထိတည်ဆောက်နိုင်ရန် အလေးထား၍ ပြောပြရမည်။
ဒေသနာအဖွင့်
ဘဝမဂ္ဂဇင်း (Life Mingazine) ရေးသောသူဖြစ်သည့် Paul O’Neilက”ပထမစာပိုဒ်၌ စာဖတ်သောသူ၏ လည်ချောင်းကိုဖမ်းကိုင်၍၊ ဒုတိယအချီတွင်သင်၏ လက်မကိုသူ၏လည်ချောင်းထဲသို့ထိုးထည့်ကာ၊ တွဲလောင်းဆွဲသည်အထိ နံရံ၌မှီ၍ကိုင်ထားပါ”ဟု ဆို၏။ ဤအချက်ကို O’ Neil ၏ ဥပဒေဟုသိကြသည်။
ဒေသနာဝေငှခြင်း
စိတ်အားထက်သန်စွာဟောပြောသင့်သည်။ ဘုန်းကြီးသောဒေသနာကိုအချက်အလက်ကိုပြောသည့် ပုံစံနှင့်တင်ဆက်ဟောပြောခြင်းသည် အပြစ်တခုဖြစ်သည်။ “ဘုရားသခင်အတွက်တောက်လောင်ပါ။ လောကီသားများသည်
လာ၍ သင်လောင်ကျွမ်းသည်ကိုတွေ့မြင်ကြမည်၊”ဟု Spurgeon ကပြောပါသည်။ သူ၏ “Lectures to My Students” စာအုပ်ထဲ၌”ကောင်းကင်ဘုံအကြောင်းပြောသောအခါ၌ သင်၏မျက်နှာသည်လင်းထိန်ပါစေ။ သင်၏ မျက်စိတို့သည် ဘုန်းအသရေထင်ဟပ်၍ တောက်ပပါစေ။ ငရဲအကြောင်းပြောသောအခါ၌ သင်၏နဂိုမျက်နှာအဆင်ပြေမှာပါ” ဟူ၍လည်းပြောသည်။ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ကိုနောက်ခံ သမိုင်း၌တည်နေသင့်သည်။James Denney က “တရားဟောရာ၌ သင်သည်လိမ္မာကြောင်းနှင့် ခရစ်တော်သည်အံ့ဩဘွယ်ကောင်းကြောင်းနှစ်ခုစလုံးစိတ်ဝင်စားမှုရှိစေရန်သင်မလုပ်နိုင်ပါ” ဟု ဆို၏။သခင့်ကယ်တင်ခြင်းအခမဲ့ရကြောင်း … ပြောကြားနေစဉ်အကျွန်ုပ်စိတ်နှလုံးကိုယ်တော်၌သာ ..အာရုံစွဲကပ်နေစေပါ။အကျွန်ုပ်နှလုံးသားနှင့်စိတ်၊ နှုတ်ကပတ်တော်လွမ်းမိုးမှုအောက်ဦးညွှတ်နေလျက် နစ်ဝင်ခဲ့သည်။ကွယ်ကာဝှက်ထား အကျွန်ုပ်အားသခင့်ကားတိုင်တော်နောက်၌။
(စာရေးသူမသိ)
မိမိလုပ်ဆောင်ချက်များကိုအမွှမ်းတင်ပြောဆိုခြင်း၊ ကြိုးစားလုပ်ဆောင်ခြင်းများနှင့်စွမ်းအားများအတွက် ကိုယ့်ကိုယ်ကိုအထင်ကြီးလွန်းခြင်းစသည်တို့ကိုရှောင်ရှားရပါမည်။ ကျွန်ုပ်တို့၏အမှုတော်လုပ်ငန်းကို ဘဝင်မြင့်ခြင်းကဖျက်ဆီးသောအခါ ကျွန်တော်တို့၏ လုပ်ဖော်ဆောင်ဘက်များက သိလာကြသည်။ မိမိ နာမည်ကျော်ကြားအောင် အများရှေ့၌ပြုလုပ်ခြင်းကြောင့်ကျွန်ုပ်တို့၏အမြဆုံးသောအစွမ်းတန်ခိုးများသည် ဆုတ်ယုတ်ညိုးနွမ်းသွားပါသည်။ မာရ်နတ်သည်ကျွန်ုပ်တို့အားမိမိကိုယ်ကိုထုတ်ဖော်ချင် လာအောင်သွေးဆောင်နိုင်သောအခါ၎င်း၏ခွန်အားနှင့်လှပမှုသည်လည်း လျင်မြန်စွာပျောက်သွားသည်။ ထိုအရာကိုကျေနပ်ဝမ်းသာသည်။ ထိုအစွမ်းတန်ခိုးများသည်အလင်းမဆောင်နိုင်တော့ဘဲရှောင်ရန် ကျွန်တော်တိုက်တွန်းချင်ပါသည်။ ဘယ်သောအခါမှ သူတပါးအားကျွန်ုပ်တို့သည်မိမိကိုယ်ပိုင် တံပိုးကိုမှုတ်သောအခါ၌ လူတို့သည် “ဘုရားသခင်၏မိမိကိုယ်ကိုအမွမ်းတင်စကားမပြောပါနှင့်။ ကျွန်ုပ်တို့သည်မိမိကိုယ်ကိုဖော်ထုတ်အမွမ်းတင်သောအခါ သခင်ဘုရားကိုနောက် ကွယ်၌ဝှက်ထား ကြသည်။ကျွန်ုပ်တို့သည်မိမိကိုယ်ပိုင်တံပိုးကိုမှုတ်သောအခါလူတို့သည်ဘုရားသခင်၏ညင်သာသောအသံကို ကြားကြမည်မဟုတ်ပါ။”
ဒေသနာကိုနိဂုံးချုပ်ခြင်း
သင်သည်အရေးကြီးသောအရာများမပြောတော့သောအချိန်၌ အဆုံးမသတ်နိုင်ဘဲဆက်လက် ၍စကားမပြောပါနှင့် ။ ယောဘဝတ္ထုကိုတရားနာပရိသတ်အယောက် ၈ဝဝနှင့်အသေးစိတ်ရှင်းလင်းခြင်းကိုအစပြုကာ ၈ ယောက်နှင့်သာအဆုံးသတ်သည့် ပျူရီတန် (Puritan) တယောက်အကြောင်းကို ကျွန်တော်ဖတ်ဘူးသည်။ “တရားနာပရိသတ်၏သည်းခံခြင်းမှာ မိမိအတွေ့ကြုံကိုအလွန်ကြာရှည်စွာအကျယ်ချဲ့ပြောပြသော ရှေးလူကြီးတယောက်၏ တရားနာပရိသတ်များနှင့်မတူပါ။ အရာခပ်သိမ်းတို့သည် တစုံတခုနှင့်ပတ်သက်၍ သူ့ကိုသတိပေးသည်” (Wm. R. Marshall)။ အခြားသောတရားဟောဆရာတယောက်မှာအဆုံးမရှိသောဝါကျများနှင့် ငြီးငွေ့ ဘွယ်ရာပြောသောနည်းရှိခဲ့သည်ဟုပြောကြသည်။စစ်ပွဲပြီးသောအခါမိန်းကလေးတယောက်သည်သူမ၏မိခင်နှင့်အတူအသင်းတော်ဝတ်ပြုအစီအစဉ်တခု၌တက် ရောက်ကြသည်။ ကြာရှည်စွာ လေမှုတ်သောတရား ဟောဆရာသည် တနာရီခွဲလုံးလုံးတဝီဝီမြည်နေသည်။ ထိုမိန်းကလေးသည် နားမထောင်တော့ဘဲ အသင်းတော်အဆောက်အဦးဝန်းကျင်ကိုလှည့်ကြည့်သည်။ အလံများတန်းစီစိုက်ထူထား၍ ထိုအလံတခုစီ၏အောက်၌ကြေးဝါပြားတခုစီရှိသည်ကို သူတွေ့မြင်သည်။ “အဲဒီအလံတွေကဘာလဲ၊ အမေ” ဟု မေးရာ၊မိခင်သည်သမီးလေးအငြိမ်မနေခြင်းအတွက် ကိုယ်ချင်းစာသနားကာ”Service (အမှုတော်ထမ်းဆောင် ရာ)၌သေသောသူများကိုအထိမ်းအမှတ်ပြုကြတာပါ”ဟုပြော၏။ ထိုမိန်းကလေးက ၉းဝဝနာရီ အစည်းအဝေးလား၊ ၁၁းဝဝနာရီ အစည်းအဝေးလား။ ဘယ်အစည်းအဝေးလဲ၊ ဟု မေးသည်။
အထွေထွေအကြံပေးချက်များ
ကျွန်ုပ်တို့ဟောပြောသောအရာနှင့်သင်ပေးသောအရာတို့ကို မည်သည့်အတိုင်းအတာအထိကျွန်ုပ်ကိုယ် တိုင်ကျမ်းစကားနားထောင်သည်၊ နားမထောင်သည်မှာ အကန့်အသတ်ရှိသည်။ ကျွန်ုပ်ကိုယ်တိုင်၌ရှိသည့်အရာကိုကျော်လွန်၍သူတပါးကိုဟောပြောသွန်သင်၍မရပါ။ ထိုသို့ဖြစ်ရန်ကြိုးစားပါက၊ သူတို့ကသမားတော်၊ မိမိကိုယ်ကိုကျန်းမာအောင်ကုပါအုံး” ဟုပြောကြမည်ဖြစ်သည်။ကျွန်ုပ်တို့သည် သခင်ဘုရားအတွက် စိတ်အားထက်သန်မှု တောက်လောင်ရန်လိုသည်။လောင်ရန်လိုသည်။ အနတရာယ်မှာ စိတ်အာထက်သန်မှုသည် အချိန်နှင့်အတူဆုက္ယုက္သြား မည္၊ ဝိညာဥ်ရေးရာ၌ အစဥ္ ေတာက်လောင်ပါ (ရောမ၁၂း၁၁Moffatt ၏ဘာသာပြန်ချက်)။ကျွန်ုပ်တို့၏စိတ်နှလုံးသည်မီးအစဉ်တောက်လောင်နေရာပလင်ဖြစ်ရပါမည်။
ပလ္လင်ထက်၌ရှိသောမီးသည် အစဉ်တောက် လောင်ရမည်။ မငြိမ်းစေရ (ဝတ်၆း၁၂)။
ထိရောက်သောဒေသနာဆိုသည်မှာ ညဏ်ရည်ညဏ်စွမ်းကိုဆွဲဆန့်၍၊စိတ်နှလုံး နွေးထွေးမှု ပေးကာ၊ ဟန် ဆောင်ခြင်းကိုရိုက်နက်၍၊ ဆန္ဒကိုနှိုးဆော်သည်။ ၎င်းသည် တရားနာပရိသတ်များက ဒေသနာကောင်း တခုပါ”ဟုပြော စေသည့်အမျိုးအစားမဟုတ်ပါ။ ထိုသို့ပြောမည့်အစား သူတို့သည်ထွက်သွား၍ “ငါလုပ်ရမယ်” ဟု ပြောကြသည်။သင်၏စိတ်နှလုံးကိုတရားဟောပါ။ ထိုသို့ပြုပါက၊ စိတ် နှလုံးမည်မျှရိုက်ခတ်သွားသည်ကိုတွေ့၍ သင်အံ့ဩသွားလိမ့်မည်။ကျမ်းစာကိုဆင်တူရိုးမှားဖြစ်အောင် လိုရာမဆွဲပါနှင့်။အသုံးပြုရာ၌သတိပြုပါ။ လူတို့သည် ဒေသနာထက် သင်ပြောသည့်ယာသက်ပို ၍ကြာကြာမှတ်မိကြ မည်ဖြစ် သည်။ Vance Havnerကဤသို့ပြောပါသည်။ ကျမ်းစာ၌ပါရှိသောဘုရားသခ င်၏လူတို့သည်ယနေ့ခေတ်တည်ခြင်းကိုပြုခြင်း၊ အကျင့်ပျက်ပြားမှုကိုသန့် ရှင်းစေခြင်းအမျိုးမျိုး စိတ်ကိုနောက်စေသည့်ရယ်စရာများ၊ တခါတရံယုံမှားသဲသယများကိုပြု လုပ်ရန်အကြံမပြုပါ။ သန့်ရှင်းသောသမ္မာကျမ်းစာအပေါ် ရယ်စရာလုပ်ခြင်းတို့ကိုရန်အကြံမပေးကြပါ။
“မြင့်မြတ်သောအရာတို့ကိုအရှိန် အောင်လုပ်ခြင်း” ကိုတိုက်ခိုက်ပါ။
J.H. lowell ရေးသည့်အရာတခုကိုကိုးကား၍ အ ဆုံးသတ်ပါရစေ။
အစေခံကျွန်းတယောက်သည် မူလကတည်းကသနားကြင်နာတတ်သောစိတ်သဘော၌တ္တိမခံပါက သူ၏သ ာသနာလုပ်ငန်းသည် အဘယ်သို့အောင်မြင်မည်ကိုကျွန် တော်မသိပါ။ ကျွန်ုပ်တို့သည် မခံစားရသည့်လိုအပ် ကို ကုသနိုင်ပါ။ မျက်ရည်မကျသောစိတ်နှလုံးတို့သည် သနားကြင်နာသောစိတ်၏ရှေ့တော်ပြေးမဖြစ်နိုင်ပါ။ ကျွန်ုပ်တို့သည် ကယ်တင်သောအသွေးတော်၏အမှုတော်ကိုထမ်းရွက်သောသူများဖြစ်ကြမည်ဆိုပါက၊ ကျွန်ုပ်တို့သည်အသွေးထွက်ရမည်ဖြစ်သည်။
မှန်ပါ၏။ လူတို့ကိုခရစ်တော်ထံသို့ပို့ဆောင်သောသူတို့သည် ပထမဦးဆုံးပျောက်ဆုံးသောဝိညာဉ်များအ တွက်ငိုကြွေးသောသူများဖြစ်ရမည်။ မျက်ရည်ခန်း ခြောက်သည့်ခရစ်ယာန်တယောက်၏ကျိန်ခြင်းမှ ကျွန်ု ပ်တို့ကိုရွေးနှုတ်ကယ်တင်တော်မူပါ ဘုရား။
လေးဆယ့်ခြောက်
ကောင်းကင်တမန်တို့ကို အမှတ်မထင်ဧည့်ခံကြ၏
Entertain Angels Unawares
စစ်မှန်သောတပည့်တော်တယောက်၏ အမှတ်လက္ခ ဏာမှာဧည့်ဝတ်ပြုတတ်ခြင်းပင်ဖြစ်သည်။ သူ ၏ အိ မ်သည် ယုံကြည်ခြင်း၏အိမ်သူအိမ်သားများနှင့်ခရစ် ယာန်မဟုတ်သောသူများအတွက်တံခါးဖွင့်ထားသည်။ ၄င်းသည် ခရစ်ယာန်မေတ္တာကိုပြသနိုင်သည့်နည်းလမ်းတခုဖြစ်သည်။
လာဇရု၊ မာရိ၊ မာသတို့သည် ဧည့်ဝတ်ပြုရာ၌ ေကာင်းသောသူများဖြစိ ကြသည်။ သူတို့၏အိမ်သည် ခရစ်တေ ာ်ကိုယ်တိုင်နေချင်သည့်နေရာဖြစ်သည်။ခရစ်ယာန်တိုင်း၏အိမ်သည် ထိုကဲ့သို့ဖြစ်နိုင်သည်။ ကျွန်ုပ်တို့သ ည်တစုံတယောက်သောသူကို ကိုယ်တော်၏ နာမ၌ ဧည့်ခံလျှင် ကိုယ်တော်ကို င်းနှင့်အတူတူပင်ဖြစ်သည်။
တခါက၊ အင်္ဂလိပ်အမျိုးသမီးတယောက်သည် ယေရှူပြန်ကြွလာသောအခါ လ္ဘက်ရည်တစ်ခွက်တိုက်နိုင် ရန်အတွက် သံလွင်တောင်းပေါ်၌အိမ်တလုံးဝယ်ခဲ့သ ည်။ ထိုသို့ပြုမည့်အစား သူသည်ကိုယ်တော် ၏နော က်လိုက်တပည့်တယောက်ယောက်ကို နေ့တိုင်းလျှက်ရည်တိုက်သင့်ပါသည်။ သို့သော် ယခုတွင် သူမကွယ်လွန်သွားပြီး ယေရှုကြွမလာသေးပါ။
ကျွန်ုပ်တို့သည် ဆွေမျိုးသားချင်းများနှင့်ဆွေများကိုသာဧည့်မခံသင့်ပါ။ ယေရှုသည်ကျွန်ုပ်တို့အားလုံး ၏လုပ်လိုသောအရာကိုဖေါ်ထုတ်သည် -သင်သည်ညနေစာနှင့် ညစာလုပ်ကျွေးသောအခါ အ ဆွေခင်ပွန်း၊ ညီအစ်ကိုဆွေမျိုးသားချင်း၊ ငွေရတတ်သောအိမ်နီးချင်းတို့ကိုမခေါ် မဖိတ်နှင့် ။ထိုသို့ခေါ်ဖိတ်လျှင် သူသည်နောက်တဖန်သင့်ကိုခေါ် ဖိတ်၍ ကျေး ဇူးဆပ်ကြလိမ့်မည်။သင် သည်ပွဲခံသောအခါ ဆင်းရဲသောသူ၊ အင်္ဂါချို့တဲ့သောသူ၊ ခြမစွမ်းသောသူ၊ မျက်စိကန် းသောသူများကိုခေါ်ဖိတ် လော့။ ထိုသို့ခေါ်ဖိတ်လျှင်မင်္ဂ လာရှိလိမ့်မည်။ ထိုသူသည်ကျေးဇူးမဆပ်နိုင်သည်ဖြစ်၍ ဖြောင့်မတ်သောသူတို့သည်ထမြောက် သည့်ကာလ၌သင်သည် ကျေးဇူးဆပ်ခြင်းအကျိုးကိုခံရလိမ့္မည္ (လုကာ ၁၄း၁၂-၁၄)။
ကျွန်ုပ်တို့သည်ကိုယ်တော်အပေါ်၌ပြုမူသကဲ့သို့ ဧည့်သ ည်တိုင်းကိုမူသင့်သည်။ ၎င်းသည်မြင့်သောအဆင့် အ တန်းဖြစ်သည်။
အရှေ့အလယ်ပိုင်းဒေသ၌နေထိုင်သောလူတို့၏ အစ ဉ်အလာအရအိမ်ရှင်သည်ဧည့်သည်အားမကြိုက် မနှစ်သက်သော်လည်း ဧည့်သည်၏လုံခြုံဘေးကင်းခြင်းအ တွက်တာဝန်ရှိသည်။ ထိုအချက်ကို (ဆာလံ ၂၃) ၌ “ရန် သူများရှေ့၌ ငါ့အတွက်စားပွဲခင်းတော်မူ၏” ဟူ၍ရှင်းပြသည်။ ရန်သူတို့သည်အဝေး၌ရပ်နေကြ၍ ဧည့်သည်ကိုရန်မူလိုသောအကြည့်နှင့်ကြည့်နေကြသော်လည်းသူသည်သိုးထိန်း၏စောင့်ရှောက်မှု၌ လုံခြုံဘေးကင်း လျက်ရှိသည်။
ဧည့်သည်သည်မည်သို့ပင်ပြုမူခဲ့သော်လည်း သူပြန် သွာ းပြီးနောက်တွင်သူ၏မကောင်းကြောင်းကို မပြောခြင်းမှာ ယဉ်ကျေးသောအပြုအမူတခုဖြစ်သည်။ သခင်ဘုရား၏အမှုတော်မြတ်၌နယ်လှည့်အမှု တော်ဆောင်တို့အားသခင်ယေရှုကြောင့်ဘုရားသခ င်၏သ နားကြင်နာခြင်းကို အများအားဖြင့်ပြလေ့ ရှိကြသည်။  ထိုသူတို့သည်အမြဲရယူခြင်းအပေါ်၌စိတ်သက် သာခြင်းရှိလာကြသည်။သို့သော်၊ ဤလူတို့သည် လည်း ဧည့်ခံခြင်း၌စံပြများဖြစ်သင့်ကြသည်။ သူတို့၏အိမ်များကိုလည်း သခင်ဘုရား၏ လူများအတွက် တံခါးဖွင့်သင့်ကြသည်။
သန့်ရှင်းသူတယောက်စီအတွက် မှန်ကန်သောအရာသည် အသင်းတော်များအတွက်ပါမှန်ကန်သင့်သည်။ အသင်းတော်တပါးသည် ဝတ်ပြုစည်းဝေးသို့ပထမဆုံးအကြိမ်တက်ရောက်လာသောဧည့်သည်များအားကြို ဆို၍ တယောက်သောသူ၏အိမ်၌ (သို့) စားသော က်ဆိုင်၌ ညစာစားရန်ဖိတ်ခေါ်ရခြင်းမှာအံ့ဩဘွယ် ရာအခွင့် အရေးတခုဖြစ်ကြောင်း ကျွန်တော်စဉ်းစားလေ့ရှိသည်။ ဧည့်သည်တို့သည် ထိုအရာကိုမမေ့နိုင် သည့်လုပ်ဆောင်ချက်တခုဖြစ်သည်။ သူတို့၌အခြားသောအစီအစဉ် များရှိကြသော်ငြားလည်း ထိုသို့သောမေတ္တာပြခြင်း၌နွေးထွေးသောစိတ်ခံစားမှုကိုပေးသည်။ ယနေ့တွင်လူများစွာတို့သည် အသင်းတော်ထဲ၌ရှိနေရခြင်းမှာ အနာဂတ္တိကျမ်းများ သို့မဟုတ်အသင်းတော်အကြောင်းနှင့်ပတ်သက်သောသွ န် သင်ချက်များကြောင့်မဟုတ်ဘဲ သူတို့သည်ပထမဦးဆုံးလာသည် အချိန်၌ဧည့်ခံကြိုဆိုခြင်း ကိုခံကြသောကြောင့်ဖြစ်သည်။
ဇတ်ညွှန်းနှစ်ခုပြပါရစေ။
ဇါတ်ညွှန်း ၁။Tom နှင့် Fan တို့သည် မကြာသေးမီအချိန်ကအိမ်နီးနားသို့ပြောင်းရွှေ့ကြသည်။ တနင်္ဂနွေမနက်ရောက်လာပြီး ကောင်းသောအသင်းတော်တပါးကိုရှာရန်ဆုံးဖြတ်ကြသည်။ ထို့ကြောင့် နံနက် ၁၀း၄၅ အချိန်တွင် ဘုရားကျောင်းတကျောင်းအထဲသို့ဝင်ကြသည်။ အနည်းငယ်ထိတ်လန့်ကြသည်။ လူတို့သည် အသင်းတော်များသို့သွားရောက်လည်ပတ်ခြင်းဖြင့်အ လုပ်များကြသည်။ လူတယောက်သည်သူ တို့ကိုကြို ဆို၍နှုတ်ဆက်ကာ၊ ရာသီဥတုသာယာခြင်းအပေါ် ၌အကျယ်ချဲ့ပြောပြသည်။ သူတို့သည်လူထုကိုရှော င်တိမ်း ၍ထိုင်မည့်နေရာကိုရရှိအောင် ဘုရားကျောင်း၏ အနောက်ဘက်သို့ လာ၍ရှာကြသည်။ အစီအစဉ်သည် သီချင်းကောင်း၊ တရားဟောကောင်းတို့ဖြင့်ဆက်လက်သွားနေသည်။ ၁၂ နာရီထိုးသောအခါ အဆုံးသတ်ဆု တောင်းကြသည်။ လူတို့သည်အပြင်သို့ထွက်သွားရန်ထ ကြသည်။ ယုံကြည်သူအချို့တို့သည် ” ထိုလူစိမ်း
တွေက ဘယ်သူသည်လဲ” ဟု တိုးတိုးမေးမြန်းပြောဆိုကြသည်။ သူတို့သည်ကျူးကျော်ဝင်ရောက်သူများသ ဖွယ်ဖြစ်ကြသည်။ အခြားသောသူတို့သည်သူတို့၏မိ တ်ဆွေများထံသို့တက်ကြွစွာသွားရောက်လည် ပတ်ကြကာတပတ်အတွင်းသတင်းများကိုရယူကြသည်။ အ သင်းလူကြီးတယောက်သည် “ယနေ့လာ ကြလို့ဝမ်းသာပါတယ်။ မင်းတို့ပြန်လာမယ်လို့မျှော်လင့်ပါတယ်” ဟု Tom နှင့် Iran ကို ကြိုဆိုသော အချိန်တွင်သူတို့နှစ်ယော က်သည်တံခါးဝ၌ရပ်နေကြသည်။ သူတို့သည်အ နီးအနားရှိမက်ဒေါနယ် လ်ဆိုင်သို့ဟမ်ဘာဂါစားရန်ထွက်သွားကြသည်။
ဇတ်ညွှန်း ၂။ Ron နှင့် Ruth တို့သည်သူတို့၏ပထမကလေးမွေးဖွားခြင်းအပေါ်၌ဝမ်းသာကြည်နူးကြရာအ သင်းတော်သို့စတင်၍ သွားသင့်သည်ဟုဆုံးဖြတ်ကြ ၏။ သူတို့၏သားကိုဘုရားမဲ့တရားမဲ့ဘဝနှင့် ကြီးပြင်းလာမည်ကိုမနှစ်သက်ကြချေ။ သူတို့သည် ဘုရားကျော င်း၏တံခါးကိုစိုးရိမ်စွာဖြင့် ချဉ်းကပ်ကြသည်။ နေရာချပေးသောသူတယောက်သည် သူတို့ကိုနွေးထွေးစွာကြိုဆို၍၊ကလေး ထိန်းလုပ်ငန်းအကြောင်းကိုရှင်းပြကာ သူတို့အားညစာစားရန်ဖိတ်ခေါ်မည်ဖြစ်ကြောင်းပြောပြသည်။ ထိုအကြောင်းကိုသူတို့မသိကြသော်လည်းရှိသည်။ အစည်းအဝေးမစမှီပင်လျှင်ဝမ်းသာကြည် နူးနေသောလင်မယားတို့သည်အသင်းတော်၌ဧည့်သည်အာ းလုံးကိုဖိတ်ခေါ်ရမည်ဟူသော စည်းကမ်းချက်တခုဖိတ်ခေါ်ကြသည်။ Ron နှင့် Ruth တို့သည် ဤအသင်းတော်အပေါ်၌စိတ်ချမ်း သာမိမိတို့ကိုယ်ကိုမိတ်ဆက်ကြကာ၊ အသစ်လာသောသူများကို အိမ်၌အစာစားရန်ကြ ၍ နွေးထွေးမှုတခုကိုခံစားကြသည်။ ယခင်၌ဤသို့မဖြစ်ခဲ့ဖူးပါ။
ညစာစားပွဲ၌အိမ်ရှင်သည်အစားအစာအတွက်ကျေးဇူးတော်ချီးမွမ်းသည်။ စကားစမြည်ပြော ခြင်းသည်ရင်းနှီးမှုရရှိစေသောအချိန်တချိန်ဖြစ်သည်။Ron နှင့် Ruth တို့သည်ခရစ်ယာန်များဖြစ်ကြ သော်လည်း နှစ်ယောက်စလုံးသည်ယုံကြည်သူများမဟုတ်ကြကြောင်း ထိုအရာကိုပေါ်ထွက်စေသည်။ ထိုလည်ပတ်ခြင်းသည် အေးစက် မာကြောခြင်းကိုထုချေသကဲ့ သို့သောအကျိုးရှိသည်။အသစ်လာ သောသူများကသူတို့သည်လူကိုဂရု စိုက်သောလူအချို့တွေ့ စိတ်ထဲခံစားကြသည်။
မေးခွန်း – မည်သည့်လင်မယားသည်အသင်းတော်သို့ပို၍ပြန်လာမည့်ပုံရှိသနည်း။
အဖြေ Tom နှင့် Fran တို့သည်ပြန်မလာကြတော့ပါ။ Ron နှင့်Ruth တို့သည် ယခုကယ်တင်ခြင်းရရှိကြကာ၊ မိတ်သဟာယ၌ပျော်မွေ့ကြသည်။ရလာဒ်သည်သူတို့အတွက်စကားပြောပါသည်။
ဧည့်သည်များကိုဧည့်ဝတ်ပြုခြင်းသည် ကုန်လွန်ခဲ့သောကာလများ၌အလွန်အကျိုးပေးသည်ကို သိလျက်နှင့်အဘယ်ကြောင့်ဧည့်ခံရန်နှေးကွေးနေကြပါသနည်း။ စိုးရိမ်ကြောက်ရွံ့ခြင်းသည်အဓိက အကြောင်းရင်းတခုဖြစ်ကောင်းဖြစ်နိုင်သည်။ မသိကျွမ်းသောသူတို့ကိုကြော က်ခြင်း၊ အခြေအနေ သစ်ကိုကြောက်ခြင်း၊လူသစ်တို့ကိုကြောက်ခြင်း၊ မည်သည့်အရာပြုရမည်၊ မည် သို့ပြုရမည်ကိုမသိဘဲ နေမည်ကိုကြောက်ခြင်းစ သည်တို့ဖြစ်သည်။ မည်သို့ပြောရမည်ကိုမသိဘဲနေမည်ကိုကြောက်ခြင်း၊ ဝိညာဉ် သဘောမဆန်မည်ကိုကြောက်ခြင်း၊ ထိရောက်စွာသက်သေမခံနိုင်ရမည်ကိုကြောက်ခြင်းစသည်တို့ဖြစ်သည်။
ဒုတိယအကြောင်းရင်းမှာ၊ ကျွန်ုပ်တို့၌တနင်္ဂနွေည နေခင်းပိုင်းအတွက်အခြားအစီအစဉ်များရှိရာ အိမ်သို့ဧည့်သည်များခေါ်ခြင်းသည်ထိုအစီအစဉ်များအတွက်အနှောင့်အယှက်ဖြစ်စေနိုင်သည်။
ထို့နောက် အိမ်သန့်ရှင်းရေး၊ ညစာပြင်ဆင်ခြင်း၊ ညစာစားပြီးနောက်အိုး၊ ခွက်၊ ပန်းကန်များဆေး ကြောရင်းနှင့်ဧည့်သည်များကိုဧည့်ခံရမည်စသည့်လုပ်ရမည့်အရာကိုလိုကျွန်ုပ်တို့ စဉ်းစားခဲ့ကြသည်။
ဧည့်ခံခြင်းသည်အကုန်အကျများနိုင်သည်။ ဤအရာက ဘက်ဂျက်ကန့်သက်၍ ငွေအသုံးပြုသောသူတို့အားစိတ်ဓါတ်ကျစေနိုင်သည်။ဧည့်ဝတ်ကျေခြင်းကိုမပြသရသည့်နောက်ဆုံးအကြော င်းရင်းကခုမှာ၊အသင်းတော်ထဲ၌ရှိသော လူအနည်းငယ်သာလျှင် လိုလာဝန်ကိုတချိန်လုံးလုပ် ဆောင်နေကြသည်။ သူတို့သည်သာ လျှင်ထိုအရာကိုလုပ်ကြကာ၊ မကြာမှီအချိန်တွင်ရိုးအီနေပြီဖြစ်သည်။
ပထမငြင်းပယ်ရခြင်း၏အဖြေမှာ၊ စိုးရိမ်ကြောက်ရွံ့ ရန်လုံးဝမလိုပါ။ကျွန်ုပ်တို့၌ဖြစ်နေသည့်အတိုင်း လူများကိုမြင်စေရန်ကျွန်ုပ်တို့လုပ်သင့်သည်။ သူတို့ဧဝံဂေလိကိုအတင်းပြောရန်မလိုပါ။ အစာစားပြီးနောက်ကျေးဇူးတော်ချီးမွမ်းခြင်း၊ သက်သေခံချက်ကိုပြောပြခြင်း သို့မ ဟုတ် ကျမ်းပိုဒ်များကိုဖတ်ပြခြင်းသည် လုံလောက်ပါသည်။
ကျွန်ုပ်တို့သည်ဧည့်ဝတ်ကျေလိုကြပါက၊ ကျွန်ုပ်တို့၏ တ နင်္ဂနွေအစီအစဉ်များအားနှောင့်ယှက်နိုင် မည်မှာအမှန်ဖြစ်သည်။ ဤအရာသည် ကျွန်ုပ်တို့၏ဦးစားေးတခုဖြစ်ရမည်ဟု ကြိုတင်ဆုံးဖြတ် ကြရမည်ဖြစ် သ ည်။ဧည့်ခံခြင်း၌အလုပ်လုပ် ရန်အဆင်မပြေမှုတို့ သည်ပါဝင်မည်ဖြစ်သော်လည်း ကျွန်ုပ်တို့အတွက်တန်ဘိုးမရှိသောအရာကို သခင်ဘုရားအားမပူဇော်သင့်ပါ။ နာမတော်၌ ပြုသောအရာသည်ကိုယ်တော်အပေါ်၌ပြုခြင်းဖြစ် ကြောင်း ကျွန်ုပ်တို့သတိရကြရမည်ဖြစ်သည်။ ယေရှုကိုအိမ်၌တနင်္ဂနွေညနေစာကြွေးခြင်းဖြစ်သည်ဟု စဉ်းစားကြည့်ပါ။
ဧည့်ခံရာ၌အကုန်အကျများရန်မလိုပါ။ သဘောကျသည့်အစားအစာများကိုချက်ကျွေးရန်မလိုပါ။ ကျေနပ်ရမည့်ရိုးရိုးအစားအစာမျိုးလုံလောက်ပါသည်။ဧည့်ခံသောအလုပ်ကိုအသင်းတော်ထဲ၌ရှိသည့်လူတ ယောက်၊ နှစ်ယောက်တည်းနှင့်ပစ်မထားသင့်ပါ။ ထိုအလုပ်ကိုမိသားစုများကတာဝန်ယူကြမည်ဆိုပါက၊ တစုံတယောက်ကိုဝန်မပိစေဘဲဧည့်သည်အားလုံးကိုဧည့်ခံနိုင်ကြမည်ဖြစ်သည်။အသင်းတော်အချို့တို့သည်ဧည့်ခံခြင်းဖြင့်မည်သို့တိုးပွားလာကြသည်ကိုလက်တွေ့ကျသော အချက်အချို့ရှိသည်။
အသင်းလူကြီးများနှင့်ဇနီးတို့သည်လာရောက်သောဧည့်သည်များအားသူတို့၏ အိမ်သို့အစဉ်ဖိတ် ခေါ်ကြသည်။ ဧည်သည်မများပါက တနည်းမဟုတ်တနည်းအကျိုးပြုနိုင်ရန် သန့်ရှင်းသူအချို့တို့ ကိုဖိတ်ခေါ်ကြသည်။ အသင်းလူကြီးတို့၏ စံနမူနာသည်အခြားယုံ ကြည်သူတို့အားစကားပြောမည်မှာ ပြောစရာမလိုပါ။အခြားအသင်းတော်တပါး၌ ကောင်းကင်တမန်တော်မတီတခုရှိသည်။တနဂ်နေ့တိုင်းတွင် လင်မယားစုံတွဲနှစ်တွဲတို့သည်ထမင်းနှင့်ဟင်းလျာများယူလာကြရန် တာ ဝန်ပေးခြင်းခံရသည်။ နေရာချပေးသောသူတို့သည် မနက်ပိုင်းဝတ်ပြုအစီအစဉ်ပြီးဆုံးသောအခါ၌ နံနက် စာစားရမည့် ထမင်းစားခန်းသို့ခေါ်ဆောင်ကြသည်။ ထို့ကြောင့်သန့်ရှင်းသူတို့သည်မသိမမှတ်ဘဲကောင် းကင်တမန်တို့ကိုဧည့်ခံကျွေးမွေးကြရာ သူတို့ကော်မီတီလိုနာမည်ကောင်းရစေကြသည်။ တဖန်၊ ဧည့်သည်မများပါက၊ အိမ်ရှင်တို့သည် ဘုရားကျောင်းထဲ၌ရှိသော ဧည့်သည်တို့ကိုလွတ်လွတ်လပ် လပ်ဖိတ်ခေါ်ကြသည်။
အသင်းတော်များစွာတို့သည် တနင်္ဂနွေနေ့ ၌လာရော က်လည်ပတ်မည့်ဧည့်သည်များကို နေရာချပေးသည့်အိမ်ရှင်မတယောက်ရှိကြသည်။ အဓိကမှာပထမဦးဆုံးလာသောသူ တို့ကိုသိရှိခင်မင်ရန်ဖြစ်သည်။
မိတ်သဟာ ယအများစုသည်လာ ရောက်ဟောပြောသည့်ဆရာကို အိမ်တအိမ်၌အစာစား ရန်ဖိတ်ခေါ်ကြသည်။ သူတို့သဘောမပေါက်သည့် အရာမှာဧည့်သည်များကို အသင်းတော် ကဂရုစိုက်ဧည့်ခံနေသည်ကို ထိုတရား ဟောဆရာသိပါက ဤအခွင့်အရေးကိုပို၍ စွန့် လွှတ်လိုမည်ဖြစ် သည်။အကယ်၍ မိသားစုတ စုသည် အကျိုးရှိသောစကား စမြည်ပြောခြင်းကိုပြုလုပ်ရန်ကြောက်ပါက တရားဟောဆရာ နှင့်အတူ ဧည့်သည် များကိုဖိတ်ခေါ်ရန်စဉ်းစားစေပါ။
ခရစ်ယာန်တို့ သည်လူစိမ်းဧည့် သည်များအားဖိတ်ခေါ်ရန်ကြောက်ကြပါက၊ ဧည်သည်များသည်လည်းနေရာသစ်တခုသို့ဝင်ရန်ကြောက်ရွံ့နေကြသည်ကိုလည်းသတိပြုသင့်သည်။ ဧည့်သည်တို့သည်လည်း အခြားသောအစီအစဉ်ရှိသောကြောင့်လက်မခံနိုင်ကြသည်မှာများပါသည်။ သို့သော် သူတို့သည်ဖိတ်ခေါ်ခြင်းခံရသည်ဟူသောအချက်က နွေးထွေးမှုတခုနှင့်လက်ခံကြိုဆိုသည် ဟူသောခံစား ချက်ကိုသူတို့အားရရှိစေသည်။
ယနေ့အသင်းတော်ထဲ၌ရှိသောလူများစွာတို့သည် ဓမ္မသစ်အသင်းတော်အစီအစဉ်များ၊ တရားဟောချက်များ သို့မဟုတ် သွန်သင်ချက်များကြောင့်မဟုတ်ဘဲ မိမိတို့ပထမဦးဆုံးလာသည့်အချိန်တွင် သူတို့အားကြိုဆို ဧည့်ခံခြင်းကြောင့် ဤအသင်းတော်သို့ရောက်ရှိခြင်းဖြစ်ြောင်းသက်သေခံကြမည်ဖြစ်သည်။
အသင်းတော်၏တိုးတက်မှုကို ကျွန်ုပ်တို့ကြိုးစားရာ၌ ကျွန်ုပ်တို့သည်အအောင်မြင်ဆုံးသော နည်းစနစ်တခု ကိုကျော်လွှားနေကြပါသလား။
လေးဆယ့်ခုနှစ်
ယုံကြည်ခြင်းအသက်တာ
The Life of Faith
ခရစ်ယာန်တို့သည်ယုံကြည်ခြင်းအားဖြင့်အသက်ရှင်ကြရန်ခေါ်ခြင်းခံသောသူများဖြစ်ကြသည်။ “ယနေ့အတွက်အသက်မွေးလောက်သောအစာကိုကျွန်ုပ်တို့အားပေးသနားတော်မူပါ” (မဿဲ ၆း၁၁) ဟူသောပဌနာက ကျွန်ုပ်တို့သည်ဘုရားသခင်၏မစခြင်းအပေါ် ၌ အစဉ်အမှီပြု၍ အသက်ရှင်ပါသည်ဟုဆိုလိုသည်။
လောကီအလုပ်ရှိသောသူတို့သည် ပုံမှန်ဝင်ငွေရှိကြသည်။ သူတို့အတွက်ငွေသည်မည်သည့်နေရာမှ လာမည်မှာပြဿနာမဟုတ်သော်လည်း ၄င်းကိုရရှိသည့်အခါ မည်သို့အသုံးပြုရမည်မှာ ပြဿနာဖြစ်သည်။ သူတို့အတွက်ယုံကြည်ခြင်း၏အသက်တာသည်သူတို့ ၏ လတ်တလောလိုအပ်မှုနှင့်မိသား စု၏လိုအပ်မှု အတွက် အလုပ်ကြိုးစားလုပ်၍၊ အရာခပ်သိမ်းကိုဘုရားသခင် အမှုတော်လုပ်ငန်း၏ အထက်၌ထားကြကာ၊ အနာဂတ်အတွက်ဘုရားသခင်ကိုယုံကြည်ကိုးစားကြသည်။မည်သို့ပင်ဖြစ်စေ၊ ဘုရားသခင်အတွက်အချိန်ပြည်အမှုတော်ဆောင်သောသူအတွက်ယုံကြည်ခြင်းအသက်တာမှသူ၏လိုအပ်ချက်များ အားလုံးရရှိရန် ထာဝရဘုရားအပေါ်၌အမှီပြုခြင်းဖြစ်သည်။ ဘုရားသခင်သည်သူအားခေါ်တော်မူ၍ တောင်းဆိုသောအရာအတွက်ဘုရားသခင်ပေးသည်ကို သူယုံကြည်သည်။ဘုရာ းသခင်၏နည်းအတိုင်းပြုသည့်ဘုရားသခင်၏အလုပ်သည် ဘုရားသခင်မစခြင်းနှင့်မကင်းသည်ကို သူသိသည်။ သူသည်သူတပါးထံမှ ငွေကိုအသနားခံတောင်းလျှောက်ရန်မလိုပါ။ ဘုရားသခင် မစမည်ဖြစ်သည်။
ဤဓမ္မသစ်ပုံစံကိုယနေ့ခရစ်ယာန်အသိုင်းအဝိုင်း၌ ငြင်းပယ်ကြသည်မှာဝမ်းနည်းစရာဖြစ်သည်။ အဆင့်မြင့်မြင့်စည်းရုံးထားသည့်အဖွဲ့အစည်း၏ကောင်းဆိုသောအရာမှာ စည်းမျဉ်းဥပဒေဖြစ်ပြီး ချွင်းချက်မရှိပါ။ ၄င်းသည် လောကီသားတို့သည်ကြည့်၍ “အသင်းတေ ာ်၏တခုတည်းသောလိုအပ်မှုမှာ သင်၏ဘဏ္ဍာဖြ စ်သည်” ဟု ဆိုသည့်အခြေအနေသို့ရောက်သည်။
ဤကျင့်စဉ်နှင့်ပတ်သက်၍ ပထမဦးဆုံးနှင့်အရင်ဦးဆုံးငြင်းဆိုချက်မှာ၊၄င်း၌ကျမ်းစာ၏ထုံးတမ်းစဉ်လာ သို့ မဟုတ် ထောက်ခံမှုတစုံတခုမျှမရှိပါဟူ၍ ဖြစ်သည်။ တမန်တော်တို့သည်သူတို့၏လိုအပ်ချက် တို့ကို အခြားသောသူတို့အားတခါမှ မသိစေကြပါ။ အခြားသောသူတို့၏လိုအပ်ချက်တို့ကို ပြောပြကြ သည်။ဥပမာ၊ ပေါလုသည်ယေရုရှလင်မြို့၌ရှိသောဆင်းရဲသော ယုံကြည်သူတို့၏လိုအပ်ချက်တို့ကို ကျေညာသည် (၂ကော ၈ း၁ ဝ-၁၅)၊ သို့သော်လည်း သူတို့၏လိုအပ်မှုများအတွက်ဘုရား သခင်ကို သာမျှော်လင့်ကြသည်။
ဘာသာရပ်တခုလုံးသည်ယုံကြည်ခြင်းအသက်တာနှင့်လည်းဆက်နွယ်သည်။ ဘုရားသခင်သည် သူတပါးတည်းကိုသာမျှော်ကြည့် စေလိုသည်။ကိုယ်တော်အ ပေါ်၌ဝန်ချထားလေ၊ ကိုယ်တော်သည်ဘုန်း အသရေရရှိလေဖြစ်သည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ကံကြမ္မာကိုကိုင်တွယ်လေလေ၊ ဂုဏ်အသရေ သည်ကိုယ်တော်အတွက်နည်းလေလေ၊ မိမိကိုယ်တိုင်အတွက်ပို၍များလေလေဖြစ်သည်။ G H. Lang သည် ယုံကြည်ခြင်းအသက်တာနှင့်ပတ်သက်၍တန်ဘိုးကြီးသောထိုးထွင်းသိမြင်ချက်အချို့တို့ကိုပြောပြသည်
“ယုံကြည်ခြင်းသည်ကိုယ်တော်၏ သဘောတူလက်ခံခြင်းရရှိစေနိုင်သည့်ကိုယ်ကျင့်တရားနှင့်ခွဲ၍ မရသောအရည်အသွေးဖြစ်သောကြောင့် ကျွန်တော်တို့၌၄င်း၊ ပြောင်းလဲသောသူတို့၌၄င်း၊ ယုံကြည်ခြင်း၏ အကျင့်ကိုတိုးတက်စေသည့်ထိုနည်းစနစ်တို့သည်မှန်ကန်၍ မင်္ဂ လာရှိသောတခုတည်းသောနည်းစနစ် များဖြစ်ကြသ ည်။ ထို့ကြောင့် ယုံကြည်ခြင်းကိုဆီးတားခြင်းမှာ မာရ် နတ်၏အရေးပါဆုံးသောရည် မှန်းချက်ဖြစ်လာသည်။သူ၏အခြားသောထောင်ခြော်များအထဲတွင်ဤအရာသည်အထိရောက်ဆုံးတခုဖြစ်သည်။ အရာခပ်သိမ်းတို့၌၄င်း၊ တချိန်လုံး၌ယုံကြည်ခြင်းကို၎င်းတို့မတောင်းဆိုသော်လည်း ကောင်းသောရလာဒ်ရရှိမည်ဟု၄င်းဘုရားသခင်အပေါ် အားထားခြင်းစသေအလွန်အမင်းအရေးပါသည့်မှားယွင်းစွာကတိပေးသည့်နည်းစနစ်ရွေ့ထားရန်ကျွန်ုပ်တို့ကိုသွေးဆောင်သည်။အဖွဲအစည်းများ၌တန်ခိုးအာဏာရှိကြသည်မှာအမှန်ဖြစ်သည်။၎င်းတို့မှာ၊ အလုပ်သမားများနှင့်သူတို့၏ လို အပ်မှုတို့ကို စေတနာစိတ်ရှိသောသူတို့အား သိစေသည့်မဂ္ဂဇင်းများ၊ မိမိအကြောင်းကိုပြောပြသည့်အလုပ် သ မားများ၏စာရင်းများ၊ သူတို့၏ဝင်ငွေနှင့်ဝေမျှခြင်းကို ကျေညာသည့် များစွာသောငွေများစသည်တို့ဖြစ်သည်။ ထိုသို့သောနည်းစနစ်တို့သည် ရည်ရွယ်ချက်အချို့ တို့ကို အကျိုးပြု၊ မပြု မည်သူမှမေးခွန်းမထုတ်ကြချေ။ သို့သော် အသက်ရှင်သောဘုရား သခင်၌စွဲမြဲ၍၊ အားရှိသည့်တိုက်ရိုက်ယုံကြည်ခြင်းတခုကို သူတို့မတောင်းဆိုကြပါ။ လောကီသားတို့ သည်မိမိတို့၏ရည်ရွယ်ချက်အတွက် ၄င်းတို့ကိုအသုံးချတတ်ကြသည်။ အသုံလည်းချကြသည်။ သူတို့၏စိတ်နှလုံးတို့သည် ဘုရားသခင်ထံတော်မှမိမိတို့ထံသို့ ထွက်သွားစေကြသည်။ ပထမဦးဆုံးအနေနှင့်ကိုယ်တော်နှင့်သူတို့အကြား၌ရှိသောအာရုံစိုက်ခြင်းကိုကွဲပြားစေသည်။ နောက်ဆုံးတွင် စိတ်ဝိညာဉ်နှင့်ကိုယ်တော်အကြား၌ကြားဝင်သည်။ ထိုစနစ်အားလုံးတို့ကို အချို့သောသူတို့က ဆန့်ကျင်ကြရသည့်အကြောင်းရင်းများရှိသည်။ သခင်ဘုရားသည်ထိုစနစ်တို့ကိုလက်မခံမကျင့်သုံးရသည့်အကြောင်း ရှိသည်။ Groves နှင့် Millerစသောလူတို့သည် မယုံကြည်သောလောကီသားတို့နှင့်မယုံကြည်သောအသင်းတော် အားဘုရားသခင်၏ပြည့်စုံခြင်း၊ ယုံကြည်ခြင်းနှင်ဆုတောင်းခြင်း၏တန်ခိုးနှင့် လုံလောက်မှုတို့ကို အသစ်တဖန်သက်သေပြနိုင်ရန်အလို့ငှါ၊ ဤနည်းစနစ်များကိုကျောခိုင်းကြသည်။”79
အကယ်၍ ကျွန်တော်သည်ဘုရားသခင်တပါးတည်းအပေါ်၌သာအမှီသဟဲပြုမည်ဆိုပါက ကျွန်တော်လုပ်သည့်အလုပ်သည်ကိုယ်တော်၏အလုပ်ဖြစ်နေသရွေ့ကာလပတ်လုံး ကိုယ်တော်သည်တာဝန်ယူ၍ မစသွားမည်ဖြစ်သည်။ကိုယ်တော်သည်အလုပ်တခုကိုရပ်တန့်စေလိုသောအခါ ထောက်ပံ့မှုကိုလည်းဖြတ်တောက်မည်ဖြစ်သည်။ ဝိညာဉ်တော်စွန့်သွားပြီးနောက် စိတ်ဆင်းရဲခြင်းနှင့်ကျန်ရစ်မသွားစေရန် အလုပ်လုပ်သောသူကိုဤသို့ကယ်တင်သည်။ သို့သော်လည်းဘုန်းတော်ထွက်သွားပြီးနောက် ကျွန်ုပ်တို့သည်အသနားခံခြင်းနှင့်အကူအညီတောင်းဆိုခြင်းအားဖြင့် အလုပ်တခုကိုဆ က်လက်၍ လုပ်နိုင်သည်။
သင်သည်အသနားခံခြင်းနှင့်အကူအညီတောင်းဆိုခြင်းကိုအစပြုသည်နှင့်တပြိုင်နက် အမှုတော်လုပ်ငန်းထဲသို့အသစ်သောအောင်မြင်မှုအတိုင်းအတာငွေအရဆုံးသောသူဖြစ်သည်။ ဖိအားပေးခြင်းခံရသည့်ရံပုံငွေကော က်ခံခြင်းတခုကိုမိတ်ဆက်ခြင်းဖြစ်သည်။ လူထုဆက် ဆံရာ၌အလိမ္မာဆုံးသောသူသည်က မနာလိုမှု၊ ပြိုင်ဆို င်မှုနှင့်ကွဲပြားမှုတို့ကိုဖြစ်ပေါ်စေကာ၊အမှုတော်လုပ် ငန်းတချို့ အခက်ကြုံစေပါသည်။ သင်သည ်ဆု တောင်းခြင်းတခုတည်အပေါ်၌အမှီသဟဲ ပြုသောအခါမည်သို့ဖြစ်ပါမည်နည်း။ဘုရားသခင်သည်ကဏ္ဍတိုင်း၌အနန္တတန်ခိုးရှင် ဘုရားဖြစ်သည်။ သူသည်နည်းအမျိုးမျိုးဖြင့်အရာရာတို့ကိုပြုနိုင်သော်လည်း သူအလုပ်လုပ်သည့်နည်း တနည်းမှာ လူတို့၏ စိတ်ထဲ၌ ‘ လှုပ်ရှားနှိုးဆော်ခြင်း’ ဖြစ်သည်။ ဘုရားသခင်သည်လူတယောက်၏စိတ်ထဲ တွင်အကြံ တခုထားနိုင်သည်။ ကိုယ်တော်သည်တစုံတယောက်ကပြင်းထန်သော ‘တိုက်တွန်းမှု’ တခု သို့မဟုတ် တခုခုကိုပြုလုပ်ရန်စိတ်ထဲ၌ ‘ဖော်ပြခြင်း ‘ ကိုခံစားစေသည်။ ထို့ကြောင့် ငွေအရေအတွက်အချို့ကိုရရှိရန် ကျွန်တော်တို့ ဆုတောင်းကြသောအခါ ဘုရားသခင်သည်တစုံ တယောက်သောသူအားချက်လက်မှတ် ကိုရေးစေ၍ ထိုငွေကိုပို့စေသည်သို့မဟုတ်ကိုယ်တော်သည်ထိုငွေအ ရေအတွက်ကိုလူများစွာတို့ကိုခွဲဝေပြီး ပို့ခိုင်းကာထိုအ ရာအတွက်အတိအကျရရှိစေသည်။ ဤအရာကို ကိုယ် တော်ပြုသည်ကိုသင်မယုံ ဘဲနေကောင်းနေမည်ဖြစ်သော်လည်း ငွေအတွက်ဆုတောင်းခြင်းနှင့်ပတ်သက်ပြီးကျွန်တော်ပြောသောအခါ ကျွန်တော်ဆိုလိုသည်မှာ အထက်၌ဆိုခဲ့ပြီးသည့်အတိုင်းဖြစ်ပါသည်။’
လိုအပ်မှုများကို သူတပါးမသိစေဘဲ ဆုတောင်းချက် ၏ အဖြေကိုအချိန်အတိအကျနှင့်ငွေပမာဏအတိ အကျဖြင့်ဘုရားသခင်ပေးသည်ကိုမြင်၍နက်နဲသောပီတိဖြစ်ခြင်းကိုတွေ့ကြုံခဲ့ဖူးသည့်သူများသာလျှင် ထိုအ တွေ့အကြုံ၏အရသာကိုခံစားနိုင်ကြသည်။
ဘုရားသခင်၏အလုပ်သည် လူ၏အကူအညီတောင်းခံခြင်းအပေါ်၌အမှီပြုသောအခါ ထိရောက်မှုဆုံးရှုံးလေ့ ရှိသည်။ လူတို့သည်ထိုတောင်းခံသူတို့အပေါ်၌တာဝန်ကင်းမဲ့သည့်စိတ်ရှိလာကြသည်။ ထိုအခါ အကူအညီတောင်းခံခြင်းတို့မှာလည်း တောင်းဆိုထားသည့်အဖြေကိုရရှိရန်အတွက် ပို၍အသံကျယ်အခြေ အနေမျိုး၌ နေ ထိုင်ကြပါသည်။ ဖိလိပ္ပိ ၄း၆-၇ ၏ခေတ်သစ်ဘာသာပြန်လောင်ကာ၊ ပို၍အာရုံစိုက်လာကြ သည်။ ယနေ့ ကျွန်ုပ်တိုသည်ဤကဲ့သို့သောအကူအညီတောင်းခံစာများအားဖြင့်၄င်း၊ သင်၏တောင်းဆိုချက်များကိုလူအများချက်မှာ “အရာရာတိုင်း၌ ကြော်ငြာခြင်းဖြင့်၄င်း၊ အကျယ်ချဲ့ရေးသား ထားသည့်များသည် သင်၏နှလုံ းသားနှင့် စိတ်တို့ကိုမတင်မကျဖြစ်စေတော်မူမည်”သိ ကြပါစေ။ သည်းခံခြင်းမှန် သမျှကိုကျော်လွန်သည့် မသေချာသောဘဏ္ဍာငွေဟူ၍ဖြစ်သည်။
ကျွန်တော်သည် အကြောင်းကြားခြင်းနှင့်တောင်းဆိုခြင်းအကြား၌ခြားနားချက်တခုကိုပြုသည်။ လူတို့အားဘုရားသခင်ပြုနေသောအရာကိုအကြောင်းကြားခြင်းမှာ နည်းမှန်၊ လမ်းမှန်ဖြစ်သည်ဟုခံစားသည်။ သို့ သော် လည်းကျွန်ုပ်တို့၏ စိတ်သည်စင်ကြယ်ရန်လိုအပ်သည်။ ကျွန်ုပ်တို့သည်ဘုရားသခင်ထက်ကို တိတ်ဆိ တ်စွာဖြင့်၄င်း၊ သွယ်ဝိုက်နည်းဖြင့်၄င်း မကြည့်ရပါ။
ယုံကြည်ခြင်းက “ကို၊ ငါ့ဝိညာဉ်၊ ထာဝရဘုရားအားမျှော်လင့်လော့။အကြောင်းမှာ ငါ၏မျှော်လင့်ခြင်းသည်
ကိုယ်တော်ထံမှဖြစ်သောကြောင့်လည်းဟုဆို၏။ ကျွန်ုပ်၏လိုအပ်ချက်များကိုတိုက်ရိုက်နည်း သို့မဟုတ် သွယ်ဝိုက်နည်းဖြင့်လူတယောက်အားသိစေခြင်းသည် ယုံကြည်ခြင်းအသက်တာမှထွက်သွာခြင်းနှင့်ဘုရားသ ခင်အားမရှိမသေပြုခြင်းပင်ဖြစ်သည်။ အမှန်စင်စစ်၌ ကိုယ်တော်ကိုသစ္စာဖေါက်ခြင်းဖြစ်သည်။ ၄င်းသည် ဘုရားသခင်ကကျွန်ုပ်အပေါ် ပျက်ကွက်သောကြောင့် ကူညီမစခြင်းကိုရရှိရန် အတွက် ကျွန်ုပ်၏မိတ်ဆွေလို့ကိုတောင်းဆိုမည်ဟု ပြောဆိုခြင်းဖြစ်သည်။ ၎င်းမှာ အသက်စမ်းရေကိုစွန့်၍ ပေါက်ကွဲသည့်ရေလှောင်ကန်ဘက်သို့သွားနေခြင်းဖြစ်သည်။ ၄င်းသည်ကျွန်ုပ်၏ရှိ၏ဝိညာဉ်နှင့် ဘုရားသခင်အကြား၌ ဖန်ဆင်းသောအရာကိုထားခြင်းဖြစ်၍၊ကျွန်ုပ်စိတ် ဝိညာဉ်၏ကြွယ်ဝသောမင်္ဂလာကိုလု ယူခြင်း၊ ဘုရားသခင်၏ဘုန်းအသရေတော်ကိုလုယူခြင်းဖြစ်ပါသည်။၊
ဘုရားသခင်သည် ရံပုံငွေကောက်ခံသည့်အဖွဲ့ များစွာတို့ကိုအသုံးပြုသည်မှာ ယုံမှားစရာမရှိပါ။ သို့သော် လည်း သူတို့သည်များစွာသောအရာတို့ကိုလက်လွှတ်ကြသည်ဟု ကျွန်တော်ယူဆပါသည်။ ပို၍ကောင်းသောနည်းလမ်းတခုရှိပါသည်။ စစ်မှန်သောယုံကြည်ခြင်းအသက်တာသည် အမှန်တကယ်ဖြင့်သည်။ ဘုရား သ ခင်သည်လိုအရာကိုနှစ်သက်ကာ၊ လိုအရာအားဖြင့်ကိုယ် တော်သည်ဘုန်းတော်ထင်ရှားခြင်းရှိသည်။ ကိုယ်တော်ကိုကျေနပ်စေ၍ ဘုန်းတော်ထင်ရှားစေသေ ာယုံကြည်ခြင်းအသက်တာကဲ့သို့သောအရာတခုမှ တကမ္ဘာလုံး၌မရှိပါ။
Hudson Taylor ၏စကားတို့သည် မှတ်သားဘွယ်ကောင်းလှသည်-မှားယွင်းစွာထားသည့်ငွေနှင့် မမှန်သောစိတ်ထားနှင့်ပေးသည့် ငွေ၂ခုစလုံတို့သည် အလွန်ထိတ်လန့်ဘွယ်ရာဖြစ်၏။ ဘုရားသခင်ပေးရန်ရညထားသည့်အတိုင်း ကျွန်ုပ်တို့၌ရရှိခွင့်ရှိသော်လည်း မရငွေများကိုရရှိခွင့်မရှိပါ။ ဘုရားသခင်ကိုစေ့  ေစ့ကြရန်ကျွန်ုပ်တို့သည် ကိုယ်တော်၏လမ်း၌လျှောက်၍ ကြီးသောအရာ ငယ်သောအ ရာခပ်သိမ်းတို့၌ ကိုယ်တော်ကိုဝမ်းမြောက်စေရန်နှင့် ဘုန်းတော်ထင်ရှားစေရ န်ရှာကြံကြပါစို့။”ဘု ရားသခ င်၏နည်းဖြင့်လုပ်သောဘုရားသခ င်၏အမှုတော်လုပ် ငန်းသည် ဘယ်သောအခါမှဘုရာ းသခင်၏မစမှု ကင်းမည်မဟုတ်ပါ” ဟူသောအရာပေါ် ၌အားထား၍ အမှီပြုပါ။ Corrie Ten Boom က “ကျွန်မသည်လောကသားတို့၏တံခါးဝ၌တောင်းစားသူတယောက်ဖြစ်သည်ထက် ချမ်းသာကြွယ်ဝသောအဖဘုရားသခင်ကိုယုံကြည်အားကိုးသည့်ကလေးတယောက်ဖြစ်ခြင်းသည်ပို၍ကောင်
တစုံတယောက်သောသူကရှင်ဘုရင်၏သားတို့သည်မာရ်နတ်၏သူတောင်းစားများကဲ့သို့မပြုမူကြပါဟုဆို၏။
လေးဆယ့်ရှစ်
ယေရှုအတွက်စိတ်အားထက်သန်သောသူဖြစ်ပါ
Be Zealous For Jesus
စိတ်အားထက်သန်သောသူဆိုသည်မှာ အခြားလူတယောက် သို့မဟုတ်အရေးအကြောင်းတခုခု၌ စိ တ်အားကြီးစွာဖြင့်ဆက်ကပ်သောသူကို ဆိုလိုသည်။ သူသည်နားထောင်မည့်လူတိုင်းအားသူ၏ အာရုံစွဲလန်းသည့်အကြောင်းကိုပြောသည်။ အသက်တာသည်ဤဗဟိုအပေါ်၌လည်ပတ်နေသည်။
တယူသန်သမားတို့မှာ တမူထူးခြားနားသည်။ သူတို့သည် သာမန်ပုံသွင်းခြင်းနှင့်မသင့်တော်ကြပါ။ သူတို့သည်ဗုံသမားအမျိုးမျိုးတို့၏ဗုံသံနှင့်ချီတက်ကြသည်။ သူတို့သည်စိတ်ပိုင်းဆိုင်ရာ၌မမှန် သောသူဖြစ်သည်ဟု လူများကထင်ကြသော်လည်း ထိုအရာကသူတို့ကိုမဟန့်တားပါ။ သူတို့သည် ချီးမွမ်းခြင်း သို့မ ဟုတ်အပြစ်တင်ခြင်းအရာ၌အခြားသောသူတို့နှင့်မခြားနားပါ။
ခရစ်ယာန်တယောက်ကို မည်သည့်အရာကစိတ်အားထက်သန်သောသူဖြစ်စေပါသနည်း။ မသိမမှတ်သောအချိန်တွင်ကြီးမားသောသမ္မာတရားနှစ်ခုသည်သူ၏ စိတ်ဝိညာဉ်မှအစပြုထွက်ပေါ်သည်။ ကရာနီလက်ဝ ါးကပ်တိုင်၌အသေခံသောသူသည်ကောင်းကင်နှင့်မြေ ကြီးကိုဖန်ဆင်းသောအရှင်၊ ထာဝရဘုရားဖြစ်ကြောင်းနားလည်သဘောပေါက်ခြင်းက သူ့ကိုလွှမ်းမိုးသည်။ သူ့အားဆုပ်ကိုင် သည့်အံ့အားသင့်ဘွယ်ဒုတိယဖွင့်ပြခြင်းမှာ၊ သားတော်ဘုရားသည်အရင် အသက်တာနှင့်မတူတော့ဘဲ၊ ထူးခြားသွားပါသည်။ အမှန်စင်စစ်ဆိုသော်အပြစ်သားဖြစ်သောသူ့ အတွက်အသေခံခြင်းပင်ဖြစ်သည်။ အသက်တာသည်သူက ဤသို့ပြောပါသည်-
ရူပါရုံတခုကိုငါမြင်သည်၊ငါသည်မိမိအတွက်အသက်မရှင်နိုင်ပါ။အရာအားလုံးကိုငါမပေးပါက၊ ဘဝသည်တန်ဘိုးမရှိသောအရာထက်ပို၍ ဆိုးပါ၏။ သခင်ယေရှုသည်စိတ်အားထက်သန် သောပုဂ္ဂိုလ် တပါးဖြစ်သည်။ ယခင်အခန်း၌ကျွန်ုပ်တို့မြင်ခဲ့ကြသည့်အ တိုင်း ငွေလဲသောသူတို့သည် ဗိမာန်တော် ရင္ပြင်အားမရိုမသေပြုကြသည်ကိုမြင်တော်မူသောအခါဘုရား သခင်အတွက်စိတ်အားထက်သန်ခြင်းကသူ အားလွှမ်း မိုးသည်။
  1. Mackintosh Mackay က ကယ်တင်ရှင်၏စိတ်အားထက်သန်မှုကိုအကျယ်ချဲ့၍ ပြောသည် –
အမှုတော်အတွက်စိတ်အားအလွန်ထက်သန်လှရာ၊ အစာစားရန်ပင်အချိန်မရဘဲနေလေ့ရှိသည်။ တခါက၊ မယ်တော်နှင့်ညီတော်တို့သည် သူ့အားအိမ်သို့ခေါ်သွားလိုကြသည်။ အဘယ့်ကြောင့်ဆိုသော် “သူသည်စိတ်မမှန် တော့ပါ” ဟု ထင်နေကြသောကြောင့်ဖြစ်သည်။ သူတို့က “သူသည်စိတ်အစိုးမရသော သူဖြစ်သည်” ဟုဆိုကြ၏။
သို့သော်၊ ထိုအချိန်၌ယေရှုသည်စိတ်တည်ငြိမ်သောသူဖြစ်သော်လည်းညီတော်တို့ကထိုသို့မဟုတ်ကြပါ။ အကြော င်းမှာ စိတ်အားထက်သန်ခြင်းသည် သတင်းဖြန့်ချီခြင်း၌ရှိသောအရာတခုဖြစ်ပြီး၊ ထိုအရာမပါလျှင် တိုးတက်မှုကိုသင်မပြုနိုင်ပါ။ ရာဇဝင်သမိုင်းတို့ကိုစိတ်အားထက်သန်သောလူတို့က ရေးကြသည်။ မီးတောင်အားလုံးတို့သည် အထဲ၌တောက်လောင်သော မမြင်ရသည့်မီးကဖြစ်ပေါ် စေသည်။”
တမန်တော်ပေါလုသည်စိတ်အားထက်သန်သောလူတယောက်ဖြစ်သည်။လူတို့သည်သူ့အားစိတ်ပိုင်းဆိုင် ရာမမှန်သောသူဖြစ်သည်ဟုစွပ်စွဲကြသည်။ သူသည် “ငါတို့သည်သူရူးဖြစ်လျှင် ဘုရားသခင်အဘို့သူဌေးဖြစ်ကြ၏။(၂ကော ၅း၁၃) ဟု ဆို၏။ ယုံကြည်သူတယောက်အနေနှင့်အသက်ရှ င်ရသည့်သူ့ဘဝမှာ မောပန်းနွမ်းနယ်စွာခရီးသွားရခြင်း၊ ဆာလောင်မွတ်သိပ်ခြင်း၊ညှဉ်းပန်းနှိပ်စက်ခြင်း၊ တိုက်ခိုက်ခြင်း၊ သင်္ဘောပျက်ခြ င်း၊ ထောင်ထဲ၌အချုပ်ချခံရခြင်းနှင့်စုံစမ်းစစ်ဆေးခြင်းတို့ကိုသည်းခံ၍ ရပ်တည်သည့်ဘဝဖြစ်သည်။
John Wesley သည် စိတ်အားထက်သန်သောသူတယောက်ဖြစ်သည်။
သူသည်မြင်းနှင့် မိုင်ပေါင်း ၂၅၀,၀၀၀ ခရီးသွားရာ၊ တနေ့လျှင်ပျမ်းမျှမိုင်နှစ်ဆယ်နှုန်းဖြင့်နှစ်ပေါင်းလေး ဆယ်ခရီးသွားခဲ့သည်။ သူသည်ဒေသနာပေါင်း ၄ဝ,ဝ ဝဝ ကိုဟောပြော၍၊ ရာပေါင်းများစွာသော စာအုပ် ထုထုတ်ဝေကာ၊ ဘာသာစကား (၁၀)မျိုးသိသည်။ အသက် ရှစ်ဆယ့်သုံးနှစ်တွင်သူသည်တနေ့လျှင် (၁၅)န ာရီထက်ပို၍ စာမရေးနိုင်သောကြောင့် စိတ်မကောင်းဖြစ်သည်။ အသက်(၈၆) တွင် တနေ့လျှင်နှစ် ကြိမ် တရားမဟောနိုင်သောကြောင့်ရှက်သည်။ နံနက် ၌ ၅း၃၀ အထိ အိပ်ယာပေါ်၌အိပ်သည့် ထုံးစံပို၍ဖြ စ်လာရသည်ဟု သူ၏ဂျာနယ်ထဲ၌အပြစ်တင်မြည်တမ်းသည်။
C.T.Studd မှာ စိတ်အားထက်သန်သောသူတယောက်ဖြစ်သည်။သူသည် “အချို့သောသူတို့သည် ဘုရားကျောင်း နှင့်နီးသောနေရာ၌နေထိုင်လိုကြသည်။ ကျွန် တော်သည် ငရဲနှင့်တကိုက်အကွာ၌ ကယ်တင်ခြင်းဈေ းဆိုင်တခုဖွင့်လိုသည်” ဟု ရေးသည်။
Jim Elliot ၏စိတ်အားထက်သန်မှုမှာ သတိရစရာဖြ စ်သည်။ “ကိုယ်တော်သည်သူ၏အမှုတော်ဆောင်တို့အား မီးလျှံဖြစ်စေသည်” ဟူသောကျမ်းပိုဒ်ကိုဆင်ခြင်သော အခါ၌ သူ၏နှလုံးခုန်သံကိုနားထောင်ပါ။
ကျွန်ုပ်သည်မီးတောက်၍ ရပါသလား။ ဘုရားသခင်သည်ကျွန်ုပ်အား”အခြားသော အရာများ”၏ ကြောက်စရာကောင်းသည် မီးခံကျောက်ပြားမှရွေးနှုတ်ကယ် တင်သည်။ ကျွန်ုပ်သည် တောက်လောင်နိုင်စေရန်အတွက်ဝိညာဉ်တော်တည်းဟူသောဆီနှင့်ပြည့်စေသ ည်။ သို့သော် မီးလျှံဆိုသည်မှာခေတ္တခဏသာဖြစ်လေ့ရှိသည်။ ကျွန်ုပ်၏အထဲ၌ဝိညာဉ်တော်ကျိန်းဝပ်နေသည်။ “ဘုရားသခင်အတွက်ကျွန်ုပ်၏စိတ်အားထက်သန်မှုကို ဘုရားသခင်မီးလျှံ၏လောင်စာဆီဖြစ်စေပါ။”54
ကျွန်ုပ်တို့သည်စိတ်အားထက်သန်သောအမျိုးသား၊ အမျိုးသမီးများဖြစ်သင့်ကြသည်။ ခရစ်တော် သည်ကျွန်ုပ်တို့၏သခင်ဖြစ်ကြောင်းနှင့် ကိုယ်တော်သည်ကျွန်ုပ်တို့အတွက်အသေ ခံကြောင်းကိုသိ၍၊ မျှော်လင့်ခြင်း မရှိဘဲသေနေသောသည်မည်သို့ကျေနပ်ရောင့်ရဲနိုင်ကြမည်နည်း။
လောကသားများရှိကြသည်ကိုနားလည်သဘောပေါက်ကြသောအခါ၌ ကျွန်ုပ်တို့လောကကြီး သည်အားကစားပွဲများနှင့်နိုင်ငံရေးစည်းဝေးပွဲများ၌ မယုံနိူငိလောက်အောင် စိတ်အားထက် သန်ခြင်းရှိကြ သည်။ ထိုသူတို့ သည်နွားသားရေနှင့်လုပ်သောဘော်လုံးတလုံးနှင့်ယှဉ် ပြိုင်သောအသင်းတို့ကို အပူအအေးဒါဏ်ခံ၍ကြည့်ရှုကြရန်အလွန်ကြီးမားသောကွင်း၌ အလွန်ကြီးမားသောအဖိုး အခကိုပေးကြသည်။ သို့မဟုတ် ထိုအရာသည်နိုင်ငံရေးဆိုင်ရာအစည်းအဝေးပွဲကြီးတခုဖြစ်ပါက သူတို့၏ကိုယ်စားလှယ်လောင်းသည်အချည်းနှီးသော ကတိစကားများနှင့်ဧည့်ခံပြောဆိုသောအခါ အသံအက်ကွဲလောက်အောင်အော်ဟစ်ကြသည်။ သူတို့သည် ခဏမျှသာဖြစ်သောဂုဏ်အသရေအပေါ်၌ အလွန်စိတ်လှုပ်ရှားနိုင်ကြပါက၊ထာဝရအရာများအပေါ်၌မည်မျှစိတ်လှုပ်ရှားသင့်ပါသနည်း။
လွန်ခဲ့သောအချိန်ကာလ၌ကျင်းပပြုလုပ်သည့် Kes wick ညီလာခံတခု၌ Bishop John Taylor ပြောသောအရာကိုကျွန်တော်ကြိုက်နှစ်သက်သည်လူငယ်များ၊ သင်တို့သည် ခရစ်တော်ကိုကြိုက်နှစ် သက်ကြသည့်အတိုင်းအရူးတယောက်ကဲ့သို့ဖြစ်ပါ။ အကြော င်းမှာ၊ သင်လူပျို၊ အပျိုပေါက်စဖြစ်သော အချိန်တွင် သင်တို့သည်စိတ်အားထက်သန်ခြင်းမရှိပါက၊ အသက်လေးဆယ်ရှိသောအခါ မွန်းကြပ်လာကြမည်ဖြစ်သည်။ ထိုသို့ဖြစ်မည့်အစား၊ပွင့်ပွင့်လင်းလင်းပြောမည်ဆိုလျှင် လမ်းလွဲစေနိုင်သည့်စိတ်အားထက်သန်မှုကို ကျွန်တော်ပို၍ကြိုက်နှစ်သက်မည်ဖြစ်သည်။% သမ္မာကျမ်းစာသည်မှန်ကန်၍၊ ကျွန်ုပ်တို့၏ရွေးနုတ်ကယ်တင်ခြင်းမှာလည်းအလွန်အံ့အားသင့်စရာဖြစ်ပါက ယေရှုနှင့်ပတ်သက်၍ အယူသည်းသောသူတို့သည် မှန်သောသူများဖြစ်ကြသည်ဟု ကျွန်တော်ယုံကြည်သည်။
လေးဆယ့်ကိုး
လူအများသိအောင်ပြုခြင်းကိုရှောင်ပါ။
Avoid Publicity
လူအများသိအောင်ပြုခြင်းမှာ ဘုရားသခင်၏အမှုတော်မြတ်၌မကောင်းသောအရာတခုဖြစ်သည်။ “သင်သည်ကြီးစွာသောအရာတို့ကို ကိုယ့်အဘို့ရှာသလော။ မရှာနှင့်” (ယေရမိ ၄၅း၅)။ ခရစ်တော်သည်ထိုသို့မပြုပါ။ဘုရားသခင်၏သားတော်သည် လက်သမားတယော က်၏ဆိုင် ၌အဘယ်ကြောင့်ထိုနှစ်ရက်ကာလတို့ကိုကုန်ဆုံးစေပါသနည်း။ အဘယ်ကြောင့်ကမ္ဘာ့အချက် အချာမြို့ကြီးများဖြစ်သော ရောမ၊ အေသင်နှင့်အလက်ဇန္ဒြားမြို့များသို့သွားပြီးမသွန်သင်ပါသနည်း။ အဘယ့်ကြောင့်သူ့ဘဝ၏အများဆုံးအချိန်ကိုလက်သမားဆရာတယောက်အနေဖြင့် ကုန်ဆုံးစေပါသနည်း။လူတို့သည်ခေါင်းကြီးပိုင်းစာမျက်နှာ၌ပါစေရန်နှင့်ရုပ်မြင်သံ ကြာ း၌ပြသရန်အတွက်နေပူထဲ၌ပြုကြသည့်မေဒီယာခေတ်၌ကျွန်ုပ်တို့၏သေးငယ်သောကွန်ပျူတာများအပေါ်၌ ၄င်းကိုထပ်မံဖြည့်စွက်ကြမည်မဟုတ်ပါ။ကျွန်ုပ်တို့၏သခင်ယေရှုဘုရားသည် အရွယ်ရောက်ပြီးအနေ ဖြင့်တကမ္ဘာလုံးသို့ခရီးသွားသောသူနှင့် တက္ကသို လ်ကထိကတပါးအဖြစ်လောကသို့ကြွလာပါက၊ ကိုယ် တော်အတွက် သတင်းမီဒီယာများက ဘာလုပ်နိုင်မည်ကိုစဉ်းစားကြည့်ပါ။ ကိုယ်တော်သည် နိမိတ်လက္ခဏာတခုပြုသောအခါ”မပြောပါနှင့်” ဟုမိန့်တော်မူသည်။ သူ့ညီများက လက်သမားအလုပ် မှထွက်ပြီးလမ်းမကြီးပေါ်သို့ သွားရန်တိုက်တွန်းကြသည်။ သူ၌ပုံနှိပ်တိုက် လုပ်ငန်းကိုယ်စားလှယ်တခုလို အပ်သည်။ သူသည်နိမိတ်လက္ခဏာတို့ကိုပြု၍တခါမှမကြော်ငြာပါ။ ယနေ့တွင် ကျွန်ုပ်တို့သည်ကြော် ငြာကြသော်လည်း၄င်းတို့ ကိုမလုပ်နိုင်ကြပါ။ (Vance Havner) တန်ခိုးကိုကြီးမားသောပမာဏတခုအဖြစ်မြင်သော အခါကျွန်ုပ်တို့ပြုခဲ့ဖြစ်ကြောင်းကို ပြသရန် ကြိုးစ ားသောအားဖြင့် ကျွန်ုပ်တို့၏ အမှတ်သည့်အရာအတွက် ဂရုစိုက်လိုကြသည်။ ကျွန်ုပ်တို့သည်အရေးပါ သောသူလက္ခဏာများကိုပေါ်လွင်အောင်ပြကာ၊ ကြော်ငြာလုပ်ငန်းကိုဆက်လက်၍ဆောင်ရွက်ကြသည်။ ကျွန်ုပ်တို့မစောင့်ထိန်းနိုင်သောအရာတခုမှာ ဘုရားသခင် ၏ကြီးမားသောအမှုတော်ကို လုပ်ဆောင်ရာ၌သတိပြုခြင်းမခံဘဲမနေနိုင်ခြင်းပင်ဖြစ်သည်။ (Richard Foster)
Malcom Muggeridge က သူ၏စာအုပ် “ခရစ်တော်နှင့်မေဒီယာ”(Christ and the Media) ထဲတွင် ခရစ် တော်သည်တောထဲ၌ ယနေ့စုံစမ်းနှောင့်ယှက်ခြင်းမျိုးတွေ့ကြုံပါက၊ စာတန်သည်ရုပ်မြင်သံကြားပေါ်၌ ပေါ် လွင်စေခြင်းဖြင့် စတုတ္ထစုံစမ်းခြင်းကိုထပ်မံဖြည့်စွက်မည်ဖြစ်သည်။ သူသည်သူ၏”ယေရှု၊ အသက်ရှင်သောလူသား” (Jesus, the Man who Lives) စာအုပ်၌ဤသို့ရေးသားသည်။
ယေရှုသည်သူ့အပေါ်၌မကောင်းသောအရာမကျရောက်စေရန် ဘုရားသခင်ကသူ၏ကောင်း ကင်တမန်တို့ ကိုစေလွှတ်မည်ဟုစိတ်ချ၍ ဗိမာန်တော်၏အထွတ်အထိပ်မှခုန်ချမည်ဆိုကြပါစို့။ တုန်လှုပ်စရာမည်သို့ဖြစ် စေမည်နည်း။ သတင်းစာအားလုံး၏သတင်းထောက်များနှင့် တီဗွီလုပ်ငန်းအား လုံးတို့သည် မိမိကိုယ်ကိုထိ ခိုက် ခြင်းမရှိဘဲ ဗိမာန်တော်ထိပ်မှခုန်ချသောသူကိုတွေ့ဆုံမေး မြန်းရန်အတွက်  ယေရုရှလင် မြို့ သို့သွားကြမည် ဖြစ်သည်။ နေရာတိုင်း၌ယေရှုအကြောင်းကိုပြောကြကာ၊ တကမ္ဘာလုံး ၌သူ၏စကားနားထောင်ရန်အသင့်ဖြစ်သောပရိသတ်ရှိမည်ဖြစ်သည်။ ဟေရုဒ်၊ ပိလတ်နှင့် ဧကရာဇ်ယေရှုအားမြှင့်တင်ပေးရန်လုံးဝမဟုတ်ပါ။ သို့သော်လည်း၊ သူ၏စကားသည်မင်း Tiberias သည်ပင်လျှင် စိတ်ဝင်စားကြသည်။ ဤအရာအားလုံးသည်ဂါလိလဲနယ်၌ရှိသော အညတရလူတန်းစား များထံသို့ရောက်သွားသည်ထက်ရောမအင်ပါယာကြီးတခုလုံး၌ပဲ့တင့်ထပ်မည်မှာသေချာသည်။“C. A. Coates သည် ဘုရားသခင်၏အမှုတော်လုပ်ငန်း၌ကြော်ငြာခြင်း၏ အန္တရယ်များကိုသတိပေးသည်ကျွန်ုပ်တို့ သည် လက်ရှိအစေခံခြင်း၏ဂုဏ်အင်္ဂါနှင့်မညီသည့်နေရာ၌ မိမိကိုယ်ကိုထားချင်လာသေ ာအခါ မှားယွင်းသွားပါသည်။ သခင်ဘုရားသည်လူအများသိအောင်ကြော်ငြာပေးခြင်းမပြုပါ။ ၄င်းသည် သနားဘွယ်သောအရာဖြစ်သည်။ အကြောင်းမှာ၊ ၄င်းသည်ကျွန်ုပ်တို့၏ပင်ကိုယ်သဘာဝနှင့်ဆန့်ကျင်ဘ က်ဖြစ်သည်။ ကျွန်ုပ်တို့သည် ပင်ကိုယ်သဘာဝအရလူအများသိအောင်ပြုခြင်းကိုကြိုက်နှစ်သက်ကြသော် လည်း မာကုခရစ်ဝင်ကျမ်း၌သခင်ဘုရားသည် ငါးနေ ရာ သို့မဟုတ် ခြောက်နေရာတို့၌အနာရောဂါငြိမ်း သောသူတို့သည်ထိုအကြောင်းကိုမပြောပြကြရန် ကြပ်တည်းစွာအမိန့်ပေးသည်။ ကျွန်ုပ်တို့သည် ရရှိနိုင်သည့်အစေခံခြင်း၏အခွင့်အရေးအနည်းငယ်နှင့်ရောင့်ရဲသင့်၍၊ မိမိကိုယ်ကိုအများသိ အောင်ကြော်ငြာခြင်းမပြုသင့်ကြပါ။ မိမိကိုယ်ကိုအများသိအောင် ကြော်ငြာခြင်းသည် အပျက်စီးဆုံး သောအရာတခုဖြစ်သည်။ အများသိအောင်ကြော်ငြာခြင်း၏ပမာဏကြီးလေ၊ လူသိမများအောင် လုပ်ခြင်းပို၍လိုလေဖြစ်သည်။ အကြောင်းမှာ၊အစေခံကျွန်သည်မျက်ကွယ်၌ရှိပြီး၊ မိမိအလုပ်ကိုလုပ်ကာ၊ မိမိအကြောင်းကိုမပြောပါ။ စစ်မှန်သောအစေခံသည်မိမိအလုပ်ကိုလုပ်ကာ၊ ထိုအကြောင်းကိုမပြောလိုပါ။ သူသည် ဤသို့ဆက်လက်ဖြစ်စေချင်သည်။”
Darby ၏အုတ်ဂူပေါ်၌ “မထင်ရှားသောသူကဲ့သို့ဖြစ်သော်လည်းထင်ရှားသောသူ” ဟူသောစာမှာစိတ်ဝင်စားဘွယ်ရာဖြစ်သည်။ ဤအရာသည်ဘုရားသ ခင်၏ အလုပ်ဖြစ်သည်။ လူသည်ပုန်းကွယ်သင့်၍ ဘုရား သခင်သည်ဘုန်းတော်ထင်ရှားသင့်သည်။ ဘုရား သခင်၏အရာတို့၌လူသိအောင်ကြော်ငြာခြင်းသည် မကောင်းပါ” ဟု ပြောသောသူနှင့်အတူတူပင်ဖြစ် သည်။
နှစ်ခြင်းဆရာယောဟန်သည်လူသိထင်ရှားအောင်မကြိုးစားပါ။ သူသည်မည်သည့်ကြီးမြတ်ခြင်းမဆိုငြင် းပယ်သည်။ သူသည် မေရှိယ၏ခြေနင်းကြိုးကိုပင်ချည်ရန်မသင့်တော်ပါ။ သူသည်တော ထဲ၌ဟစ် ကြော်သောအသံသာလျှင်ဖြစ်သည်။တမန်တော်ကြီးတို့သည်လူအများသိအောင်မပြုကြပါ။ သူတို့၏ ဘုရားသခင်ရှေ့တော်၌ မိမိတို့ကိုယ်ကိုအသုံးမရသောလေ့လာသင်ယူသူများအဖြစ်မြင်ကြသည်။ ပေါလုက “ငါဖြစ်လျှင်ငါတို့သခင်ယေရှုခရစ်၏လက်ဝါးကပ်တိုင်တော်မှာ ဤလောကသည်ငါ့ အဘို့ရိုက် ထားခြင်းခံလျက်ရှိ၏” (ဂလာ၆း၁၄) ဟု ဆို၏။
အများသိအောင်ကြော်ငြာခြင်းသည်အလင်းကိုမမှန်သောလူအပေါ်၌ထွန်းလင်း၏။ဘုရားသခ င်၏စီရ င်ချက်မှာ ကယ်တင်ရှင်ကသာလျှင်အရာခပ်သိမ်းတို့ ၌အကောင်းဆုံးရလိုက်သည်ဟူ၍ဖြစ်၏။ ဒူးထောက်၍ သခင်ဖြစ်သည်ဟုဝန်ခံကြမည်။ မိမိကိုယ်ကိုထင်ရှားအောင်ကြော်ငြာခြင်းသည် အခြားအမှုတော်ဆောင် များအကြား တွင် မနာလိုမှုကိုဖြစ်ပေါ်စေသည်။ ၄င်းသည်ဝိညာဉ်ကယ်တင်ရာ၌ တဦးထက်တဦးသာလွန် အောင်ကြိုးစားကြကာ၊ ပရိသတ်များကွင်းပြည့်စေပြီး ငွေရိတ်သိမ်းကြသည်။
ဘုရားသခင်သည်သူ၏ဘုန်းအသရေတော်ကို သူတပါးအားဝေမျှမည်မဟုတ်ပါ (ဟေရှာယ ၄၂း၈)။ သူသည် ရှိသမျှသောဘုန်းအသရေ၏မာနကိုအရှက်ခွဲမည် (ဟေရှာ ၂၃း၉)။ ဦးဆောင်မှုကိုတပ်မက်သောတပည့်တော် သည်မိမိကိုယ်ကိုအရှက်ရရှိစေသည်။ မိမိကိုယ်ကိုကြော်ငြာခြင်းသည် စာတန်တိုက်ခိုက်ခံရစေရန် မိမိကိုယ်ကိုဖေါ်ထုတ်ခြင်းဖြစ်သည်။
လူတယောက် သို့မဟုတ် သူလုပ်ဆောင်နေသောသာသနာလုပ်ငန်းသည်သတိပြုလိုက်လာသောအခါ အန္တရယ်အများဆုံးဖြစ်သည်။ သခင်ယေရှုကိုယ်တော်တိုင်အပေါ်၌အာရုံမစိုက်ဘဲ၊ တစုံတယောက်အပေါ် ၌အာရုံစိုက်သောအခါ၊ စာတန်သည်တိုက်ခိုက်တော့မည်ကို သူသိနိုင်သည်။ထိုအမှုတော်ကိုအရိုးစင်းဆုံးနှင့် အစပြုမည်ဖြစ်သော်လည်း အမှုတော်ဆောင်ဘက်မှသေချာမစောင့်ကြည့်ခြင်း၊ ဝိညာဉ်သဘောမရှိခြင်းကြောင့်သူကိုယ်တိုင်သော်၄င်း၊ သူ၏သာသနာလုပ်ငန်းသော်၄င်း၊ စာတန်၏ထောင်ချောက်ထဲသို့ကျဆင်းသွားနိုင်သည်။ စာတန်၏အဆက်မပြတ်ဆန့်ကျင်မှုမှာ သခင်ယေရှုကိုဂုဏ်အသရေရွတ်ချခြင်းပင်ဖြစ်သည်။ သူသည်ဤအရာကို ခရစ်ယာန်အစေခံခြင်းနှင့်တူသောအရာအားဖြင့်ပြုနိုင်မည်ဆိုပါက၊ ထိုအချိန်၌ပို၍ ကြီးမာ းသောအောင်မြင်မှုရရှိပြီးဖြစ်သည်။
(C.H.Macintosh)
၄င်းသည် လူတို့အားသမ္မာတရားကိုပုံကြီးချဲ့ရန်မသွေးဆောင်သည်။
နိမ့်ချစွာဖြင့် အစေခံစေပါထိုအရာပြင်အကျွန်ုပ်မကောင်းဆိုပါဘုရားဘုန်းတော်ထင်ရှားပါးနေရာ
ကျေနပ်နေမည်၊ အစဉ်အမြဲ (စာရေးသူမသိ)Charles Wesley ၏ဆုတောင်းချက်သည် ကျွန်ုပ်တို့၏ဆု တောင်းချက်ဖြစ်သင့်သည်။ ကမ္ဘာမြေကြီးပျက်စီး ခြင်းခွင့်မပေးဘဲကြီးမားသောပင်လယ်ကွေ့ကာစီးထား လျက်၊မည်သူမျှမသိ အငယ်ဆုံးသောသူအဖြစ်ထား ကာချစ်ခြင်းများနဲ့အောင်မြင်မှု ပေးမည်မှန်သည် ဘုရားထံမှ။
ငါးဆယ့်တစ်
အသင်းတော်တည်ထောင်ခြင်း
Assembly Planting
Honolulu ကျွန်း၌ရှိသောဟိုတယ်တခု၏မျက်နှာ စာ၌ညောင်ပင်ကြီးပင်ရှိပါသည်။ ကျွန်တော့အတွက် ပထမဆုံးတွေ့သည့် ညောင်ပင်ဖြစ်ပါသည်။ဤသစ်ပင်၏အကိုင်းတို့သည်ဖြာထွက်သောကြောင့် ၎င်းတို့သည်အညွန့်များကိုမြေကြီးပေါ် အထိ ရောက်ရှိ အောင်ပြုကြ၍ အမြစ်လွယ်စေကြကာ၊ နောက်ထပ်အပင်ဆင်ဖြစ်အောင်လုပ်ကြသည်။ ဤအရာသည်အသင်းတော်တိုးပွါးခြင်းအတွက် စံနမူနာတခုဖြစ်ညကြောင်း ကျွန်တော်အမြဲခံစားရသည်။ ၄င်းသည် အသင်းတော်ပွါးများရန်နည်းတခု ဖြစ်ကြောင်းပုံဖေါ်ပေးသည်။ ဒေသန္တရမိတ်သဟာယသည်ကြီးထွားလာသည်နှင့်အမျှ အသင်းတော်သစ်များကိုဖြစ်ပေါ်လာစေရန်အတွက် ၄င်းနှင့်နီးစပ်ရာဒေသများ၌ လူတည်းဟူသော”အညွှန့်များ”ကိုစေလွှတ်ရမည်ဖြစ်သည်။
ဤအရာသည် စိတ်ကူး၍မြင်ယောင်သောအရာဖြစ်သော်လည်းကျွန်ုပ်တို့သည် စိတ်ကူး၍ပြင်ယောင် သောကမ္ဘာတခု၌ မနေထိုင်ကြပါ။ခေါင်းဆောင်တို့သည် အသင်းတော်တည်ဆောက်ခြင်းလုပ်ငန်း၌ အများအားဖြင့်နှုတ်ဖျားနှင့်သာပြောကြသော်လည်း ၄င်းကိုအကောင်အထည်ဖော်နိုင်မည့် အခါတိုင်း၌သူတို့၏ဆီးထားမှုကိုပြကြသည်။ ထိုအရာသည်ကြိုက်နှစ်သက်စရာရွေးချယ်မှု မဟုတ်သည့်အကြောင်းနှင့် အချိန်မရောက်သေးသည့်အကြောင်းစသည်ဖြင့် အကြော င်းပြကြသည်။ အရာခပ်သိမ်းတို့သည်ချောမွေ့စွာရှိနေသည့်အချိန်တွင် အနှောင့်အယှက်ပြုမည့်အရာများကို သူတို့မမြင်လိုကြပါ။သူတို့သည် ရနိုင်သမျှသောအ ကူအညီ၊ မစမှုများကိုလိုချင်ကြသည်။ သူတို့သည်လုပ်ငန်းသစ်အတွက်အရည်အချင်းလုံလောက်သည့် ဦးဆောင်မှုမရှိပါ။အသက် အလိုက်အခန်းခွဲ၍ထားခြင်းသည်ဘ ဏ္ဍာရေးပိုင်းကုန်ကျငွေအတွက်အိမ်၌အခြေပြု သောအသင်း တော်ကပေးချေရန်ပို၍ခက်ခဲမည်။ အသင်းတော်တည်ထောင်ခြင်းလုပ်ငန်းအစပြုသောနေရာ ၌ရှိ သောကလေးများနှင့်လူငယ်အခွင့်အရေးမျိုးမရရှိကြပါ။ ခေါင်းဆောင်တို့သည်တနေ့သောအခါ၌ အသင်းတော်တို့သည်အသင်းတော်ကြီးများ၌ရရှိသော ရွယ်တူများနှင့်မိတ်သဟာယဖွဲ့သည့်သဘောတူက ြသော် လ ည်း ယခုတွင်သဘောမတူကြသေးပါ။ အခြားဧဝံဂေလိအသင်းတော်များမှာဤသို့တွေးတောခံယူခြင်းက မဟန့်ထားဘဲ၊ ပုံမှန်တိုးတက်ကြီးထွားနေကြသည်။ အယူလွဲသောအသင်းတော်ခေါင်းဆောင်တို့သည် အသင်းတော်တည်ထောင်ခြင်းလုပ်ငန်းကိုစတင်လုပ်ဆောင်ရန်အားပေးမည်ဖြစ်ကြောင်းအသစ်တည်ထောင်ခြင်း လုပ်ငန်းလုပ်ဆောင်လျှင်ဝန်ထုပ် ဝန် ပိုးဖြစ်သွားမှာကိုစိုးရိမ်ကြသောကြောင့် ၎င်းလုပ်ငန်းကိုလုပ်ဆောင်ရန်အားသန်သောသူတို့ကိုအဖျက်သမားအုပ်စုကဲ့သို့မြင်ကာ အပြစ်တင်ကြသည်။
ကျွန်ုပ်တို့သည် “အသီးသီးခြင်း မရှိသောသစ္စာရှိခြင်း” သို့မဟုတ်”ကြီးထွားခြင်းမရှိသောသမ္မာတရား” ဟူသေ ာစွပ်စွဲချက် နှင့် ကင်းလိုပါကတုန့်ဆိုင်းမှုကိုအလိုမလိုက်ဘဲ ကျွန်ုပ်တို့၏ သဘာဝနှေးကွေးမှုကိုစွန့်ကာ၊ မည်သည့်အဖိုးအခကိုပင်ပေးပါစေ၊ အသင်းတော်တည် ထောင်ခြင်းလုပ်ငန်းအတွက်မိမိကိုယ်ကိုဆက်ကပ် ရန် ဘုရားသခင်ရှေ့တော်၌ဆုံးဖြတ်ကြရမည်ဖြစ်သည်။အသင်းတော်အသစ်မည်သို့မွေးဖွားမည်နည်း။ ၎င်းမှာ၊ ယုံကြည်သူတယောက် သို့မဟုတ် ထိုထက်များသောယုံကြည်သူတို့၏ စိတ်နှလုံး၌ဘုရား သခင်ပေးသောရူပါရုံနှင့် အစပြုသင့်သည်။ စွဲမြဲသောဝန်တာရှိလျက်၊ ဘုရားသခင်ဦးဆောင်နေသည် ဟူသောအဆက်မပြတ်သိရှိမှုတခုရှိသင့်သည်။ သန့်ရှင်းသောဝိညာဉ်တော် သည် ထိုစိတ်ကူးစိတ်သန်းကို ထည့်ပေးကာ လူတို့၏စိ တ်ဆန္ဒ၌အဖြေပေးခြင်းတခုကိုဖန်တီးပေးသည်။
ထိုရူပါရုံအတွက်ဆုတောင်းရပါမည်။ ဤနည်းအားဖြင့် ကျွန်ုပ်တို့သည်မှန်ကန်သောဆုံးဖြတ်ချက်ကို မပြုနိုင်ကြောင်းကို၎င်း၊ ၎င်းအတွက်ကိုယ်တော်၏ဉာဏ် တော်အပေါ်၌လုံးလုံးအမှီပြုကြောင်းကို၎င်း၊ ကျွန်ုပ်တို့သိရှိကြသည်။ထိုမျှမက၊ ခရစ်တော်သည်အသင်းတော် ၏ ဦးခေါင်းဖြစ်၍၊ ဦးခေါင်းကသာ လျှင်ဆုံးျဖတ္ပိုင္ခြင့္ရွိသည္ကို သိကြမည်ဖြစ်သည်။ ကျွန်ုပ်တို့သည်ဆု တောင်းသော ကခါထိုရူပါရုံကို ပို၍ပို၍အာရုံစိုက်လာစေသည်။ ပထမ၌ဝန်တာဖြစ်သောအရာ သည်အသင်းတော်သစ်တည် ထောင်ခြင်း စတင်မည့်နေရာ၊ အစီအစဉ်နှင့်ဦးဆောင်မှုစသည်တို့၌ တဖြည်းဖြည်းပြတ်သားလာသည်။
,အားကြီးသောဝိညာဉ်ရေးရာဦးဆောင်မှုရှိရပါမည်။ ထိုအရာမပါဘဲထိုလုပ်ငန်းတော်သည်က နဦးအခြေအနေသို့ပြန် လည်ရောက်ရှိသွားနိုင်သည်။အနည်းဆုံး လင် မ ယားစုံတွဲနှစ်တွဲ သို့မဟုတ် သုံးစွဲပါသည့် အသင်းတော်တည်ထောင်သောအဖွဲ့ရှိသင့်သည်။ တယောက်တည် း ၏ကြိုးစားမှုသည် ကောင်းသည့်မှတ်တမ်းမရှိပါ။ သခင်ယေရှုသည်အပည့်တော်ဆယ့်နှစ်ပါးနှင့်အတူအလုပ်
လုပ်ပါသည်။ ပေါလုသည်အဖွဲ့နှင့်သွားကာ အသင်းတော်များကိုတည်ထောင်ခဲ့သည်။ ၄င်းသည် ဘုရားသ ခင်၏ပုံစံဖြစ်ဟန်တူသည်။
ထိုလုပ်ငန်းအသစ်သည်ရှိနေသည့်အသင်းတော် သို့ မဟုတ် အသင်းတော်များမှသီးသန့်တခုဖြစ်ပါက နည်းပရိရာယ်၊ ချစ်ခြင်း၊ စည်းလုံးခြင်းနှင့်ရှေ့ဆက်လုပ် ဆောင်ရန်အရေးကြီးသည်။ ရှိနေသည့်အသင်း တော်များမှအဖိုးတန်သောအသင်းသားများထွက်သွားစေသည့်တုံ့ဆိုင်းခြင်းနှင့်၊ စိတ်မပါခြင်းရှိတတ် သည်။အသင်းလူကြီးတို့သည်သူတို့၏ အသင်းသားဦးရေလျော့ သွားမည်ကိုစိုးရိမ်လေ့ ရှိကြသည်။ သာသနာလုပ်ငန်းသစ်၌ပါဝင်လာရန်အတွက် ခေါင်းဆောင်တို့၏ စိတ်နှလုံးကိုဘုရား တို့ထိရန် ဆုတောင်းခြင်းနှင့်မျှော် လင့်ခြင်းလိုအပ်သည်။
အသင်းတော်တည်ထောင်သောအဖွဲ့သည် အခြေခံပြဿနာအချို့တွင်သဘောတူကြပြီး၊ အခြေခံကျသော စည်းမျဉ်းစည်းကမ်းအချို့တို့ကိုလည်း ခံယူလိုကြမည်ဖြစ်သည်။ ဥပမာ၊ သူတို့သည်ယုံကြည်ခြင်း ကျေညာချက်ကိုရေးဆွဲကြရမည်ဖြစ်သည်။ ထိုမျှသာမက၊ သ ဘောတူသည့်အောက်ပါအခြေခံကျ သောစည်းမျဉ်း၊ စည်းကမ်းများကိုစဉ်းစားကြရမည်ဖြစ်သည်။
၁။ ခရစ်ယာန်အခြေခံယုံကြည်ချက်များအပေါ်၌ လုံး လုံးသဘောတူညီခြင်းရှိရပါမည်။ ဤအခြေခံသမ္မာတရားမှသွေဖည်ခြင်းကိုလက်မခံရပါ
၂။ ဒုတိယအရေ းကြီးသောကိစ္စရပ်များ၌ အသင်းတော်သည်အသင်းသားအများစု၏ သဘောတူညီမှုကိုနာခံကြရမည်ဖြစ်သည်။
၃။အသင်းတော်တည်ထောင်သောအဖွဲ့သည် ရာသက်ပန်တည်သောဦးဆောင်မှုကိုမဖွဲ့စည်းရပါ။ သူတို့သည်အနည်းဆုံး တနှစ်ပါဝင်လုပ်ဆောင်ကြမည်ဖြစ်သည်။ ထိုသက်တမ်းကုန်ဆုံးသောအခါ၌ ဘုရားသခင်သည် အသင်းလူကြီးများအဖြစ် မည်သူတို့အားချီးမြှောက်သည်ကိုသေချာ စေရန် အတွက်အသင်းတော် သည်တိုင်ပင်ဆွေးနွေးရပါမည်။ ထိုအခါမှသာ လျှင် ဤဦးဆောင် မှုအတွက် လူထု၏အသိအမှတ်ပြုခြင်းရှိ၍ အသင်းတော်တည်ထောင်သောအဖွဲ့မှာလည်း သက်တမ်းကုန် ဆုံးခြင်းသို့ရောက်ရှိမည်ဖြစ်သည်။
၄။ အသင်းတော်သည် အသင်းသားဦးရေ၁ဝဝ နှင့် ၁၅၀ အကြားတိုးပွားလာသောအခါ၊ အခြားသာသနာလုပ်ငန်းတခုအတွက်ဖွဲ့စည်းမှုအဆင့်ဆင့်လုပ်ဆောင်ကြရမည်ဖြစ်သည်။၅။ အခြားအသင်းတော်များမှပြောင်းရွှေ့လာခြင်းအားဖြင့် အသင်းသားဦးရေတိုးပွားရန်ကြိုးစားခြင်းမပြုရပါ။ ထိုသို့ပြုရမည့်အစား ပန်းတိုင်မှာလာသောယုံကြည်သူအသစ်များကိုတပည့်ဖြစ်စေရန်၊ ဗတ္တဇံခံစေရန်နှင့်ကယ်တင်ခြင်းမရသေးသောသူများထံသို့သွား၍ဧဝံဂေလိဟောရန်၊ ပြောင်းလဲ အသင်းတော်မိတ်သဟာယထဲသို့ခေါ်လာရန်ဖြစ်သည်။အသင်းတော်တည်နေရာနှင့်ပတ်သက်၍ဆုံးဖြတ်ချက်တခုကိုချရန်ဖြစ်သည်။ အသစ်ရောက်လာသည့် အိ မ်နီးနားချင်းတို့သည် အကောင်းဆုံးဖြစ်သော်လည်း၊ ရှိနေပြီးသောဧဝံဂေလိအသင်းတော်တပါး၏ဘုရားကျောင်းရှေ့၌အသင်းတော်သစ်တပါးစတင်ရန်မှာ နှစ်သက်စရာကောင်းသောအရာမဟုတ်ပါ။ ပထမဦးဆုံး၌ အသင်းတော်သည်အိမ်၌စည်းဝေးနိုင်သည်။ ထို့နောက်လူများ၍ အိမ်၌မဆန့်တော့သောအခါ၌ အိမ်တအိမ်ငှါးပြီးပြောင်းရွှေ့နိုင်သည်သို့မဟုတ် မထယ်ဝါလှသည့်အိမ်တအိမ်ကိုဝယ်နိုင်သည်။ သို့မဟုတ်ဆောက်လုပ်နိုင်သည်။ တခါတရံနယ်မြေကသတ်မှတ်သည့်ဥပဒေများနှင့် ကားရပ်နားခြင်းဆိုင်ရာစည်းကမ်းဥပဒေတို့သည် အိမ်၌စည်းဝေးခြင်းကိုပိတ်စို့တတ် သ ည်။ခေါင်းဆောင်လုပ်သောသူသည် အကျိုးအပြစ်ကိုချင့်ချိ န်ရမည်ဖြစ်သည်။စည်းဝေးခြင်း၏သဘောသဘာဝနှင့်အစီအစဉ်သည် ယေဘုယျအားဖြင့်ဆုံးဖြတ်ရန် လွယ်ကူသည်။ ဦး ဆော င်အဖွဲ့က ဝတ်ပြုကိုးကွယ်ခြင်းသည်အဓိက ဗဟိုဖြစ်သည့်အကြောင်း၊ စုပေါင်းဆုတောင်းခြင်း၏အရေးကြီးပုံ၊ သိုးစုအတွက်လိုအပ်သည့်ဝိညာဉ်အစာစ သည်တို့ကို ထည့်သွင်းစဉ်းစားသင့်သည်။
ကလေးတယောက်မွေးဖွားလာသောအခါ၌ဝမ်းမြောက်ရသကဲ့သို့အသင်းတော်သစ်တပါးကိုတည်ဆောက်ခြင် း၌ နက်ရှိုင်းသောကျေနပ်ဝမ်းမြောက်မှုတခုရှိသည်။ ယုံကြည်သူတို့သည် မိတ်သဟာယ၏အသစ်သော နွေးထွေးမှု၊ အသင်းတော်တိုးပွါးရန်စိတ်အားထက် သန်စွာဖြင့်အတူတကွကြိုးစားမှု၊ ကြီးမားသော အသင်းတော်တပါး၌ထိမ်ဝှက်ထားသည့်ဆုကျေးဇူးများကိုအသုံးပြုရာ၌ကျေနပ်မှုစသည်တို့ကိုယုံကြည်သူများ ကတွေ့ကြုံခံစားကြရသည်။
သားသမီးများသည်လက်ထပ်ထိမ်းမြားကြ၍ အိမ် ထောင်ကို အစပြုလည်းအသင်းတော်သစ်များကိုပြု စုစောင့်ရှောက်ရသောအခွင့်နှင့် ၎င်းတို့သည်ကြသော အခါ၊ မိသားစုများဝမ်းမြောက်ပျော်ရွှင်သကဲ့သို့ အ သင်းတော်များသည်ကိုယ်ပိုင်အုပ်ချုပ်သောအသင်းတော်များအဆင့်သို့ရောက်လာကြခြင်းကိုတွေ့မြင်ရသောအခွင့်ကြောင့် ပျော်ရွှင်ဝမ်းမြောက်သင့်ကြသည်။
အသင်းတော်တည်ထောင်ခြင်းသည်ဘုရားသ ခင်၏ အလိုတော်ဖြစ်သည်။အလိုတော်ကိုပြီးစီးစေရာ၌ ကိုယ် တော်နှင့်အတူအလုပ်လုပ်သောသူတို့သည်မင်္ဂလာရှိကြ၏။
ငါးဆယ့်နှစ်
ဧဝံဂေလိလုပ်ငန်းအားဖြင့် အသင်းတော်ကြီးထွားခြင်း
Church Growth Through Evangelism
ကြီးထွားလိုသောအသင်းတော်တိုင်းသည် ဤအချက်ကိုရင်ဆိုင်တွေ့ကြုံရမည်ဖြစ်သည်။ ၈၀% နှင့် ၉၀% “အကြားရှိအသစ်ပြောင်းလဲသောသူတို့မှာအလုပ်၌ဖြစ်စေ၊ ကျောင်း၌ဖြစ်စေ၊ အိမ်နီးနား၌ဖြစ်စေ သူတို့၏ နေ့စဉ်အသက်တာ၌ယုံကြည်သူတဦးချင်းနှင့်ဆက်သွ ယ်သောသူများဖြစ်ကြသည်။ ဤနည်းသည်ဧဝံဂေ လိလုပ်ငန်း၏အခြားသောနည်းစနစ်များကို ပို၍မသေးငယ်စေသော် လည်းတဦးချင်းဧဝံဂေလိလုပ်ခြင်းက အခြားသောနည်းအားလုံးအထက်၌သာ၍မြင့်ကြောင်း ၄င်းကပြသပါသည်။
ကျွန်ုပ်တို့မအံ့ဩသင့်ပါ။ ဤအရာသည် ကနဦးအသင်းတော်ကာလ၌ယုံကြည်ခြင်းပြန့်နှံ့ သည့်နည်းဖြစ်သည်။ ခရစ်ယာန်တို့သည်ရှင်ပြန်ထမြောက်သည့်ကယ်တင် ရှင်၏ “သင်တို့သည် ငါ၏သက်သေဖြစ်က ြလိမ့် မည် “(တမန် ၁း၈) ဟူသောစကားကို နက်နဲစွာခံယူကြသ ည်။ “သူတို့သည်နေရာတကာသို့သွား၍ နှုတ်ကပတ်တော်ကို ဟောပြောကြ၏” (တမန် ၈း၄)။ ကမ္ဘာတဝှမ်းသို့အခြားသောနည်းဖြင့်မည်သည့် အခါမှဧဝံဂေလိတရားပျံ့နှံ့စေနိုင်မည်မဟုတ်ပါ။
ကယ်တင်ခြင်းမရသေးသောသူတို့အား တရားဟောဆရာကဧဝံဂေလိတရားကိုဟောပြော၍ ခရစ်တော်ထံသို့ပို့ဆောင်နိုင်ရန်အတွက်အစည်းအဝေးသို့တက်စေရန်မှာယုံကြည်သူ၏လုံးလုံးတာဝန်ဖြစ်သည်ဟူ၍ အများအားဖြင့်မှားယွင်းစွာခံယူချက်ကိုကျွန်ုပ်တို့စွန့်ကြရမည်ဖြစ်သည်။ ယုံကြည်သူတိုင်း သည်ဧဝံဂေလိဆရာအလုပ်ကိုလုပ်သင့်သည်။ သူနှင့်အဆက်အသွယ်ရှိ သောသူတို့အားကယ်တင် ခြင်းရရှိသည့်နည်းကိုပြောပြနိုင်ရမည်ဖြစ်သည်။ ထို့နောက်သန့်ရှင်းသောဝိညာဉ်တော်သည် သူတို့၏ အပြစ်ကိုမှန်ကန်စွာဖေါ်ပြနေ သည်ကိုသိရှိခံစားသောအခါ၌ သူတို့၏ ကောင်းကင်ဘုံသို့ရောက်မည်ဟူသော တခုတည်းသောမျှော်လင့်ချက်ဖြစ်သည့်ခရစ်တော်ထံသို့သူတို့ကိုပို့ဆောင်နိုင်ကြမည်ဖြစ်သည်။
ဤသို့ဆိုရာ၌ ကျွန်ုပ်တို့၏ဝံဂေလိလုပ်ငန်းသည်ဒေသရအသင်းကိုနှင့်မပတ်သက်သင့်ပါဟု မဆိုလိုပါ။ ကျွန်ုပ်တို့၏အဓိကပန်းတိုင်မှာ လူတို့ကိုခရစ်တော်ထံသို့ပို့ ဆောင်ရန်သာမက၊ သူတို့ကိုအသင်းတော်၌ဝင် စေရန်ဖြစ်သည်။ သူတို့ထံသို့ကျွန်ုပ်တို့ပေးခဲ့သည့်သက် သေကို အတည်ပြုရန်အတွက်ကယ်တင် ခြင်းမရသေးသောသူတို့ကို အစည်းအဝေးသို့ခေါ်လာကြခြင်းဖြစ်သည်။သို့မဟုတ်၊ အကယ်၍ကျွန်ုပ် တို့သည်ထိုသူတို့အားခရစ်တော်ထံသို့ပို့ဆောင်ခဲ့ပြီးဖြစ်ပါက၊ မဟာစေခိုင်းခြင်းနှင့်ကိုက်ညီစေရန် သူတို့အားတပည့်တော်ဖြစ်စေရေးအတွက် အသင်းတော်သို့ကျွန်ုပ်တို့ခေါ်ဆောင်ကြခြင်းဖြစ်သည်။
ဧဝံဂေလိလုပ်သောအသင်းတော်သည် ဆုတောင်းသောအသင်းတော်ဖြစ်သည်။ အစပြုရမည့်အရာမှာ ဆု တောင်းခြင်းဖြစ်သည်။ အမှုတော်အောင်မြင်ခြင်းသည်ဆုတောင်းခြင်းအပေါ်၌တည်နေပါသည်။ သန့်ရှင်းသူတို့သည်ကယ်တင်ခြင်းမရသေးသောဆွေမျိုးများ၊ မိတ်ဆွေများနှင့် အိမ်နီးနားချင်းများ အတွက်ဘုရာ းသခင်အားပြင်းပြစွာဆုတောင်းပေးရန်ဖြစ်သည်။ အခြားအစီအစဉ်တို့သည်ဆုတောင်း ခြင်းကိုအစားမထိုးနိုင်ပါ။ ကျွန်ုပ်တို့သည်ဝိညာဉ်တိုက်ပွဲတခု၌ရှိကြရာ၊ ဝိညာဉ်ရေးရာလက်နက် များဖြင့်တိုက်ခိုက်ရမည်ဖြစ်သည်။
ဧဝံဂေလိလုပ်သောအသင်းတော် သည် သန့်ရှင်းသောအသင်းတော်ဖြစ်သည်။ ထိရောက်သောသက် သေခံခြင်းနှင့်သန့်ရှင်းသောအသက်တာကိုခွဲခွါ၍မရပါ။ သစ်ပင်တပင်ကသီးသောအသီးသည် အပင်၏ အ ခြေအနေကိုထင်ဟပ်ခြင်းဖြစ်သည်။ ကျန်းမာသောအပင်သည်ကောင်းသောအသီးသီးသည်။ဘုရားသခ င်၏အ သုံးတော်ခံတန်ဆာပလာဖြစ်သောသူတို့သည်သန့်ရှင်းရမည်ဖြစ်သည်။
ဧဝံဂေလိလုပ်သောအသင်းတော်သည် မေတ္တာရှိသောအသင်းတော်ဖြစ်သည်။ ၎င်းသည်နွေးထွေး၍ကြိုဆို လက်ခံသည့်သဘောထားရှိသည်။၄င်းသည် လူစိမ်းများ၊ ဒုက္ခရောက်သူများနှင့်လိုအပ်မှုရှိသောသူများ ထံသို့သွားရောက်၍မေတ္တာပြသည်။ ၎င်းမှာ လူကိုအ လေးထားခြင်းဖြစ်သည်။ ၎င်းသည်ဧည့်ဝတ်ပြုခြင်း အားဖြင့်မေတ္တာကိုပြသသည်။ ၎င်းသည် အတွင်း၌ကြီးထွားခြင်းမဟုတ်ဘဲ၊ အတွင်းနှလုံးသားမှထွက် လာသောမေတ္တာဖြစ်၍ သူတပါးကိုဂရုစိုက်သည်။
ဧဝံဂေလိလုပ်သောအသင်းတော်သည် စည်းလုံးညီညွှတ်သောအသင်းတော်ဖြစ်သည်။ သန့်ရှင်းသူတို့သည်လူများကယ်တင်ခြင်းသို့ရောက်စေရန်အတွက်စိတ်အားထက်သန်စွာဖြင့် စည်းလုံးညီညွတ်ကြသည်။ သူတို့သည်ဆုတောင်းခြင်းနှင့်မျှော်လင့်ခြင်း၌စည်းလုံးညီညွတ်ကြသည်။ လူများပြောင်းလဲသောအခါ သူတို့သည်တစိတ်တဝမ်းတည်းနှင့်ဝမ်းမြောက်မှုကိုဝေမျှခံစားကြသည်။
လူသစ်များနှင့်ဆက်သွယ်ရာ၌အထိရောက်ဆုံးသောနည်းမှာ ယုံကြည်သူတို့၏နေ့စဉ်သက်သေခံ ခြင်းပင်ဖြစ်သည်ဟု ကျွန်ုပ်တို့ဖေါ်ပြခဲ့ပြီးဖြစ်သည်။သို့သော်၊ ဖော်ပြသင့်သည့်အခြားနည်း စနစ်များလည်းရှိသည်။ ဥပမာ၊ တအိမ်ပြီးတအိမ်သွားရောက်လည်ပတ်ခြင်းရှိသည်။ ဤသို့ပြုခြင်းသည် အသင်းတော်ရှိနေသည့်အကြောင်းကိုလူအများကသိစေပါသည်။ နောက်ပိုင်းတွင် ခရစ်တော်ကိုယုံကြည် လာမည့်သူတို့အတွက်ဩဝ ါဒပိုင်းဆိုင်ရာအုတ်မြစ်ကိုချရာ၌အဆင်ပြေသည့်အိ မ်၌ကျမ်းစာလေ့လာခြင်း များရှိသည်။ ဘုရားသခင်နှင့် အသင်းတော်အတွက်လူငယ်များ ကိုရရှိနိုင်သည့်နည်း လမ်းကောင်းတခုဖြစ် သော တက္ကသိုလ်ဧဝံဂေလိလုပ် ငန်းရှိသည်။ စာပေလုပ်ငန်းလည်းရှိရာ၊ ၄င်းအားဖြင့်ဖြစ်နိုင်သည့်အရာတို့သည်အလွန်ထူးဆန်းလှသည် (နောက်ဆက်တွဲ ‘ဆ’ ကိုကြည့်ပါ)။ ဘိသိက်ပေးခြင်းကိုခံရသူဦးဆောင် ဟောပြောသောအထူးဧဝံဂေလိတရား ဟောပွဲများလည်းရှိသည်။ အချို့နေရာ၌ ဤအရာသည်ထိရောက်စွာအကျိုးရှိသော်လည်း အချို့သောနေရာတို့၌မထိရောက်သည်မှာ ဝမ်းနည်းဘွယ်ဖြစ်သည်။ဝတ်ပြုစည်းဝေးအစီစဉ်များကိုကြော်ငြာနိုင်သည်။ ဘုရားသခင်သည် ဤစနစ်ကိုအသင်းတော်တပါးသည် မိမိတို့၏ဒေသန္တ ရသတင်းစာ၌အသင်းတော်၏ အထီး ကျန်သောလူတို့အားဝတ်ပြုစည်းဝေးသို့ပို့ဆောင်ရန်အသုံးပြုသည်။ထို့နောက် အထူးအစီအစဉ်များ၊ ဓမ္မဗီဒီယိုခွေများပြသခြင်းနှင့်ဓမ္မတေးဂီတအစီအစဉ်များရှိသည်။
အသင်းတော်တပါးကိုပထမဦးဆုံးအချိန်တက် ရောက်ခြင်းကိုဆီးတားသည့်အရာကိုချိုးဖျက်ရန်အတွက် အ ချို့သောအသင်းတော်တို့သည်ပုံသေစနစ်တို့ကိုလျှော့ချကြသည်။ ပျော်ပွဲစားထွက်ခြင်း၊ ဘေစ်ဘော ကစားခြင်း သို့မဟု တ်ဘော်လီဘောကစားခြင်းနှင့်အိမ်၌ဧည့်ဝတ်ပြုခြင်း စသည်တို့ကို လုပ်ဆောင်ကြသည်။ ထိုအရာတို့ကိုတက်ရောက်ခြင်းအားဖြင့် လူတို့သည်ဒေသအ တွင်း၌ရှိသောခရစ် ယာန်များနှင့်ခင်မင်ကြကာ ဝတ်ပြုစည်းဝေးများသို့ အလွယ်တကူတက်ရောက်ရန်ဖြစ်စေသည်။
ယုံကြည်သူတို့သည်အသင်းတော်၏ဝတ်ပြုစည်းဝေးများသို့ သူတို့၏အသိများကိုခေါ်ဆောင်ရာ၌စိတ် အားထက်သန်နိုင်ကြရန်အတွက်အသင်းတော်၏ဝိညာဉ်ရေးရာလုပ်ဆောင်မှုတို့သည်အရည်အချင်းမြင့်မားကြောင်းကို သေချာစွာသိရန်လိုအပ်သည်။ ဤအချက်သည်အသင်းလူကြီးတို့အား နှုတ်ကပတ်တော်ကိုသင် ကြားပေးရန်အစီအစဉ်ရေးဆွဲသော သူတို့နှင့်ပတ် သ က်၍ ဘုရားသခင်၏ရှေ့တော်၌အရာရောက် သောသူဖြစ်စေသည်။ ခရစ်ယာန်တို့သည် ထိမိ၍လဲစရာဖြစ်စေသည့်ဒေသနာများကိုကြား နားစေရန်မိတ် ဆွေများကိုခေါ်မလာရချေ။သူတို့သည်ဧဝံဂေလိတရားကိုရိုးရိုးသားသားဟောပြောခြင်းနှင့် ယုံကြည်ပြီးသော သူတို့အတွက် ခိုင်မာသည့်သွန်သင်ခြင်းကို လိုလားကြမည်ဖြစ်သည်။
ဤသို့ဆိုရာ၌ ဟောပြောသောသူသည်ဓမ္မတက္ကသိုလ်မှလေ့ကျင့်ပေးသောသူ သို့မဟုတ်ပညာ ရေး၌လက်မှတ်ရသောသူများဖြစ်ရမည်ဟုဆိုလိုပါသလား။ လုံးဝ မဆိုလိုပါ။ နက်နဲသောဝိညာဉ် သဘောမရှိဘဲ ပညာထူးချွန်ခြင်းသည်ပျင်းရိစရာနှင့်ငြီးငွေ့စရာဖြစ်သည်။ အသိပညာသည် မောက်မာသော်လည်းမေတ္တာသည်တည်ဆောက်ခြင်းကိုဖြစ်စေသည်။ ပညာနှင့်ဟောပြောခြင်း သည်စိတ်နှလုံးထဲသို့မရောက်ဘဲ ခေါင်းကိုသာရောက်ရှိမည်ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်က တန်ခိုးနှင့်ပြည့်စေသည့်အမှုတော်လုပ်ငန်း၊ ဘိသိတ်ပါသောအမှုတော်လုပ်ငန်း၊ အပြစ်ဖေါ်ပြခြင်း၊ နောင်တ ရစေခြင်း၊ ပြောင်းလဲခြင်းနှင့်ဆက်ကပ်ခြင်းစသည် တို့ကိုဖြစ်စေသော အမှုတော်လုပ်ငန်းများလိုအပ်သည်။
ဘုရားသခင်သည် ဘုန်းအသရေအားလုံးသူ့အတွက်ဖြစ်စေခြင်းငှါ ၊ ဤအမှုတော်လုပ်ငန်းအတွက် လေ့ကျင့်သင်ကြားပေးခြင်းကိုမခံရသည့် သာမန်လူများကိုအသုံးပြုလေ့ရှိသည်။ပျောက်ဆုံးသော ဝိညာဉ်များပုံမှန်ပြောင်းလဲခြင်းမြင်တွေ့နိုင်ရန်အသင်းတော်အတွက်ကောင်းသည့်အရာများရှိပါသည်။ ဤအရာက သားဖွားခန်းတခုအလား ပီတိဖြစ်စရာများကိုဖြစ်ပေါ်စေသည်။ ၄င်းသည် ဓမ္မသစ်ဧဝံဂေ လိလုပ်ငန်း၌မိမိကိုယ်ကိုဆက်ကပ်လိုသည့်အသင်းတော်တပါးပါး၏အတွေ့ အကြုံဖြစ်နိုင်ပါသည်။ သို့သော် ပြောင်းလဲသောသူတယောက်မှမရှိဘဲ အချိန်တနှစ်ပြီးတနှစ်ကုန်ဆုံးသွားပါက ထိတ်လန့်တုန်လှုပ်ခြင်းရှိကြ ရန်လိုသည်။ နည်းစနစ်ဟောင်းတို့သည်ထိရောက်မှုမရှိသောအခါ၌ နည်းစနစ်သစ်တို့ကိုအသုံးပြုလိုကြရမည်ဖြစ်သည်။
ငါးဆယ့်သုံး
တစ်ဦးချင်းတပည့်တော်ဖြစ်စေခြင်း
One-On-One Discipleship
ပြီးခဲ့သည့်အခန်း၌ ဝိညာဉ်တော်ဦးဆောင်သည့်ဝံဂေလိလုပ်ငန်းအားဖြင့် အသင်းတော်ကိုးပွါးခြင်းအကြောင်း ကို ကျွန်ုပ်တို့ပြောကြသည်။ ယခုမေးခွန်းမှာအသစ်ပြောင်း လဲသောသူတို့အတွက် မည်သည့်အရာကိုပြုကြမည် နည်း။ ဝိညာဉ်ရေးရာရင့်ကျက်ခြင်း သို့ကြီးထွားလာစေရန် မည်သည့်နည်းသည် စိတ်အချရဆုံးသောနည်းဖြစ်ပါသနည်း” ဟူ၍ဖြစ်သည်။
အများအားဖြင့် သွန်သင်ကြသည်မှာ ယုံကြည်သူအသ စ်သည်အသင်းတော်၏ဝတ်ပြုစည်းဝေး တိုင်း၌သစ္စာရှိစွာဖြင့်တက်ရောက်ပြီး၊ အသင်းတော်၏သွန်သင်မှုကိုခံယူရန်အားပေးတို့ဖြစ်သည်။ သို့သော် ဤနည်းစန စ်၌ အားနည်းချက်များရှိသည်။ ၄င်းသည်အလွန်နှေးကွေးလွန်း၍ ခုနှစ်များစွာကြန့်ကြာ သည်။၄င်းသည်မစုံလင်ပါ။ အရေးကြီးသည့်ဘာသာရပ်အားလုံးကိုခြုံ၍ သွန်သ င်မည်ဟူသောအာမခံ ချက်မရှိပါ။ ၎င်းသည် ပြောင် းလဲသောသူတို့အားလက်တွေကျသောခရစ်ယာန်အမှုတော်လုပ်ငန်း၌ မည်သို့ပါဝင်လုပ်ဆောင်မည်ကို မသွန်သင်ပါ။ သခင်ယေရှုသည်ဩဝါဒတခုတည်းကိုသာမသွန်သင်ပါ။ တပည့်တော်များကိုအပြင်သို့ခေါ်သွား၍ အမှုတော်မည်သို့လုပ်ဆောင်ရမည်ကိုသူတို့အားပြသသည်။
တစုံတယောက်သောသူသည်ကယ်တင်ခြင်းရသည်နှင့်တပြိုင်နက်ဝိညာဉ်ရေးရာ၌ရင့်ကျက်သောယုံကြည်သူတဦးသည် သူ့အားတပည့်ဖြစ်စေရမည့်အမျိုးသ မီးငယ်တယောက်ဖြစ်ပါက၊ အသက်ကြီးသောညီ အစ်တယော က်သည်ဝန်ကိုယူသင့်သည်။ ထိုပြောင်းလဲသောသူမှာ အမျိုးသမီးကြီးတယောက်(သို့) သူ့အတွက်ဆရာမဖြစ်သင့်သည် (တိတု ၂း၃-၅ ကြည့်)။
တယောက်စီအတွက်တူညီသောအစီအစဉ်ပုံစံကိုကျင့် သုံးမည့်အစားတပည့်တော်ဖြစ်စေခြင်းလုပ်ငန်းကို လုပ်သောသူသည် တယောက်စီအတွက်သန့်ရှင်းသောဝိ ညာဉ်တော်၏ လမ်းပြမှုကိုမျှော်လင့်သင့်သည်။ ထို့နောက် ထိုသူသည် ပြောင်းလဲသောသူသည်အခြေနိုင်ရန်အတွက် မည်သည့်ဘာသာရပ်များကို သွန်သင်ရမည်နည်း” ဟု မိမိကိုယ်ကိုပေးရမည်။ အောက်ပါတို့ သည်အကောင်းဆုံးအစဉ်လိုက်တခု ဖြစ်နိုင်သည်။ ကယ်တင်ခြင်းစိတ်ချမှု၊ ထာဝရလုံခြုံမှု၊ တာမင်္ဂလာ၊ ဝတ်ပြုကိုးကွယ်ခြင်းနှင့်ပွဲတော်၊ နေ့စဉ်ဘုရားသခင်နှင့်အချိန်ယူခြင်း၊ သန့်ရှင်းသောအသက်တာ၊ ကျမ်းစာဖတ်ရှုလေ့လာခြင်း၊ကောင်းခြင်း၊ လမ်းပြခြင်း၊ ကျမ်းစာအလွတ်ကျက်မှတ်ခြင်း၊ အချိန်ကိုအသုံးချတက်ခြင်း၊ အစွမ်းသတ္တိများ၊ ငွေ၊ တဦးချင်းဧဝံဂေလိလုပ်ငန်းစသ ည်တို့ဖြစ်သည်။ ဤအရာအားလုံးတို့ကို ကျမ်းစာကိုစနစ်တကျ အစဉ်လိုက်ဖက်မှလေ့လာခြင်းကဖြည့်စွ က်ရမည်ဖြစ်သည်။
ပြောင်းလဲသောသူနှင့်တပတ်တခါပုံမှန် တနာရီထက်မနည်းသည့်အချိန်ယူကြရန်အရေးကြီးသည်။ ဤနေ ရာ၌သွန်သင်သောသူက ယုံကြည်သူ၏ဗတ္တိဇံတခုတည်းကိုမသွန်သင်ဘဲ၊ နာခံခြင်းခြေလှမ်းကိုလှမ်းရန် တပည့်တော်အားအသိပေးတိုက်တွန်းသင့်သည်။ ဤနေရာ၌သွန်သင်သောသူသည် “မုံ့ရဲ့ခြင်း”အစီ အစဉ်အကြောင်းကိုရှင်းပြ၍၊ “ငါ့ကိုအောက်မေ့သောအးဖြင့်ပြုကြပါ” ဟူသော ကယ်တင်ရှင်၏တောင်းဆို ချက်ကို လိုက်နာရန်အားပေးရမည်။ မွေးခါစခရစ်ယာန်တယောက်အား သူနှင့်အတူဆုတောင်းခြင်းအားဖြင့် ဆုတောင်းခြင်းကိုသင်ကြားပေးရမည်။ ရရှိနိုင်သောကျမ်းများကို (ကျမ်းညွှန်း၊ အဘိဓါန်ကျမ်း ၊အနက်ဖွင့်ကျမ်း)  အသုံးပြုခြင်းအားဖြင့် ကျမ်းစာလေ့လာပုံကိုသွန်သင်ရမည်။ သူ၏ကိုယ်ပိုင်စာ ကြည့်တိုက်အတွက်စာအုပ်ရွေးချယ်ရာ၌လမ်းပြသင့်သည်။အခါအားလျော်စွာဖြစ်ပေါ်လာသည့်မေးခွန်းများကိုဖြေပေးရပါမည်။ သူ၏ကြုံတွေ့နေသည့်ပြဿနာများကိုကူညီမစ၍၊ တိုးတက်မှုရှိသောအ ထောက်အထား လိုင်း၌ချီးကျူးကာ၊ ဂရုစိုက်ရန်လိုအပ်သည်။ ခရစ်ယာန်၏စရိုက်လက္ခဏာ နှင့်ပတ်သက်သောကာ များကိုဆွေးနွေး ပြောပြရပါမည်။
ဆရာသည် သက်သေခံရန် အပြင်သို့ထွက်သောအခါ ၌သော်၎င်းလူနာထံသို့သွားသောအခါ၌သော်၎င်း တ ပည့်ကိုခေါ်သွားရမည်။ သူ၏အိမ်ကိုအစဉ်ဖွင့်ထားကာ၊ ခရစ်ယာန်အိမ်ထောင်၊ ခရစ်ယာန်မိသားစု၊ ကလေးများကိုပေးရပါမည်။ သူ၏အသက်တာကိုသူကိုယ်တိုင်လေ့ကျင့်သင်တန်းပေး မည့်သူနှင့်အတတ် နိုင်ဆုံးဝေမျှအသက်ရှင်သည်
ယနေ့ဝိညာဉ်မီးအရှိန်တောက်လောင်နေသည့် အသင်းတော်များကဝတ်ပြုစည်းဝေးများမှယုံကြည်သူရရှိ သောလေ့ကျင့် သင်ကြားပေးခြင်းများအပြင်၊ ယုံကြည်သူတယောက်စီကိုဂရုစိုက်ရန်အရေးကြီး ကြောင်းကိုသိကြသည်။၄င်းသည်အဖိုးအခများသော်လည်း ထိရော က်သည်။ ၎င်းသည်သခင်ဘုရားအသုံး ပြုခဲ့သည့်နည်းစနစ်ဖြစ်သောကြောင့် အကောင်းဆုံးသောနည်းဖြစ်ရမည်ဖြစ်သည်။
ငါးဆယ့်လေး
ခေါင်းဆောင်သင်တန်း
Leadership Training by Rick Belles
ဧဝံဂေလိတရားဟောခြင်းသည်အသင်းတော် ၏သာ သ နာလုပ်ငန်း၌အရေးကြီးသကဲ့သို့ ကျွန်ုပ်တို့၏ရူပါရုံသည်လူများကယ်တင်ခြင်းရသည်ထက်ပို၍အဆင့်မြင့်လာအောင်စိတ်မပါပါဘဲ၊ ကျွန်ုပ်တို့၏ပန်းတိုင်သည်လည်း မယုံကြည်သူများပြောင်းလဲ၍ သစ္စာရှိစွာဖြင့်ဝတ်ပြုစည်း ဝေးသို့တက်ရောက်သောသူများဖြစ်စေရန်မဟုတ်ပါက ကျွန်ုပ်တို့သည်အဝေးမှုန်သောသူများဖြစ်၍၊ နောက်ဆုံးတွင်ဝိညာဉ်ရေးရာအားနည်းမှုနှင့်ကြုံသောအသင်းတော်ဖြစ်သွားမည့် အရာကို
ရင်ဆိုင်ကြရမည် ဖြစ်သည်။
ကျွန်ုပ်တို့သည် “ငါ၏အသင်းတော်ကိုငါတည်ဆောက်မည်” ဟူ၍ကျေညာသောသူ၏ရူပါရုံကို ဝေငှပြောပြ မည့်သူ များမှန်ပါက၊ အသင်းတော်၏ခေါင်းဆောင်ဖြစ်ရန်အလားအ လာရှိသောမရင့်ကျက်သေး သည့်ယုံကြည်သူများ၏အသက်တာရင့်ကျက်ပြောင်းလဲခြင်းကိုသာ ကျွန်ု ပ်တို့ရှုမှတ်ကြရမည်ဖြစ်သည်။ အမှန်စင်စစ်၌ ကိုယ် တော်၏ရှင်သန်နေသောရည်ရွယ်ချက်ကိုအာမခံသည့်အဓိကအချက်မှာ ခေတ်တခေတ်မှတခေတ်သို့ဝိညာဉ်ရေးရာခေါင်းဆောင်များကိုမွေးထုတ်ရန်ဖြစ်သည်။ ထိုအရာမှာ မေရှိယကိုယ်တိုင်ကပြုလုပ်သည့်နည်းဗျူဟာတခုဖြစ်သည်။
သို့သော်လည်း၊ ကျွန်ုပ်တို့သည်အသင်းတော်ဦးဆောင်မှုအတွက်သခင်ယေရှု၏ရူ ပါရုံကိုဝေငှပြောပြမည့်သူ များဖြစ်ပါက၊ ၎င်းကိုအောင်မြင်နိုင်ရန်အတွက်ကိုယ်တေ ာ် ၏နည်းစနစ်ကိုကျင့်သုံးရပါမည်။သူ၏နည်း စနစ်မှာ လူအချို့တို့ကိုသူနှင့်အတူရှိနေစေရန်ရွေးချယ်သ ည်။ တဦးချင်းတပည့်တော်ဖြစ်စေသည့်နည်းဖြစ် သည်။ ကယ်တင်ရှင်ကိုယ်တော်တိုင်သည် ဤလူတို့ကို သုံးနှစ်ပတ်လုံးဂရုစိုက်၍ ကြည့်ရှုခြင်းဖြင့် သွန်သင်လေ့ကျင့်ခဲ့ပါက၊ကျမ်းစာသင်တန်းနှင့်ပလ္လင်ပေါ်မှတရားဟောခြင်းအပေါ်၌သာအားထားခြင်းအားဖြင့် ထိရောက်အောင်မြင်သောခေါင်းဆောင်များပေါ်ထွက်လာစေရန် မည်သို့မျှော်လင့်နိုင်ပါမည်နည်း။
သခင်ဘုရား၏နည်းစနစ်နှင့်ပတ်သက်၍ သာဓကတခုကိုပေတရုနှင့်အလုပ်လုပ်ခြင်း၌တွေ့ရသည်။ ကိုယ် တော်သည်ပေတရုအားပြောပြသည့်အရာများနှင့်မေ းခွန်းများကိုလေ့လာပါ။ ထိုသို့ပြုပါက ပေတရုနှင့်သူ၏ အကြား၌ရှိသောဆက်ဆံမှုကိုသင်သည်သိရှိလာမည်ဖြစ်သည်။ ကယ်တင်ရှင်သည်သူ၏တပည့် တော်နှင့်ထိပ်တိုက်ရင်ဆိုင်တွေ့ဆုံခြင်း၊ စိမ်ခေါ်ခြင်းနှင့်အာ းပေးခြင်းစသည့်အလုပ်လုပ်သည်ကို သင်တွေ့မြင်လာမည်ဖြစ်သည်။ ကြမ်းတမ်းသောစရိုက်ရှိ၍ပညာမတတ်သောတံငါသည်တယောက်သည် ဘုရားသခင်သိုးတော်စု၏သစ္စာရှိသောသိုးထိန်းအဖြစ်သို့ပြောင်းလဲသွားသည်။ ကယ်တင်ရှင်၏စနစ်သည် တပည့်တော်တစ်ဆယ့်တစ်ပါးတို့၏စနစ်နှင့်မခြားနားပါဟုကျွန်ုပ်တို့ယူဆနိုင်သည်။လေ့ကျင့်သင်ကြားပေးခြင်းသည်ပြည့်စုံခြင်းသို့ရောက်သောအခါ သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝသောတပည့်တော်တို့ကို ကမ္ဘာကြီးပြော င်းပြန်လှန်ပစ်ရန်အတွက်ပျိုးထောင်ခဲ့ပြီးဖြစ်သည်။
ကျွ န်ုပ်တို့၏အသက်တာ၌ ဤနည်းဗျူဟာအတိုင်းလုပ်ဆောင်ရန်ရည်ရွယ်ချက်လည်း ရှိကောင်းရှိ ကြမည်ဖြစ်သည်။ သင်တန်း၌ ပို၍များပြားသောအရေ အ တွ က်သည်အဆုံး၌ပို၍များပြားသောအရေ အတွက်ကိုမွေးထုတ်နိုင်မည့်ဟန်ရှိသည်ဟုကျွန်ုပ်တို့မှတ်ဟူကြသည်။ ထို့ကြောင့် သင်တန်းသားများ သောအခန်းများ၌သ င်ကြားပို့ချခြင်းနှင့်များစွာသောလူတို့အားဟောပြောခြင်းကို ကျွန်ုပ်တို့ပို၍ကြိုက် နှစ်သက်ကြပြီး၊ တချိန်တည် း၌ပို၍များပြားသောလူ များအတွက်အကျိုးရှိမည် ဟုမျှော်လင့်ကြသည်။ သို့သော်၊ ရလဒ်မှာလေးနက်မှုမရှိသောခရစ်ယာန် ကျွန်ုပ်တို့၏အချိန် ကိုပုံမှန် အသုံးချရန်ရွေးချယ်ခြင်းကို စဉ်းစားသောအခါ၌ပေါင်းများစွာတို့ကိုရရှိခြင်းပင်ဖြစ်သည်။ သင်သည် လူထုကြီးကိုတပည့်တော် မဖြစ်စေနိုင်ပါ။ သို့သော်၊ အဓိကလူတယောက် သို့မဟုတ် နှစ်ယောက်တို့နှ င့်သည်လူထုကြီးအတွက် စဉ်းစား၍လုပ်ဆောင်ခြင်းကိုပို၍ ကြိုက် နှစ်သက်တတ်”အဘယ့်ကြောင့် ဤသို့အချိန်ဖြုန်းရပါသနည်း” ဟု စဉ်းစားမိကြကာ၊ ကျွန်ုပ်တို့ကြသည်။ သို့သော်လည်း၊ ဤအရာသည်ခိုင်ခန့်သောခေါင်း ဆော င်များနှင့်ပတ်သက်၍ အမွေထားခဲ့ရန်အတွက် သခင်ဘဘုရား၏နည်းစနစ်မဟုတ်ပါ။
ကျွန်ုပ်တို့သခင်၏နည်းစနစ်နှင့်ပတ်သက်၍လက်ခံကျင့်သုံးမှုကိုအောင်မြင်ရန်အခြားအခက်အခဲတခုမှာ အသက်တာဖြင့်လက်တွေ့ပြသောအဖိုးအခပင်ဖြစ် သည်။ ကျွန်ုပ်တို့သည်အတန်းထဲ၌သော်၄င်း၊ ပလ္လင်ပေါ်မှ သော်၄င်း မရနိုင်သည့်တပည့်တော်များ၏ သိ ကျွမ်းခြင်းခံရမည့်စွန့်စားမှု၌လှုပ်ရှားကြသည်။ သ ခင်ဘုရား သည်ထိုရင်းနှီးမှုရရှိရန်နောက်မဆုတ်ဘဲ ဆယ့် နှစ်ပါးတို့သည်သုံးနှစ်ပတ်လုံးနေ့တိုင်း သူ့ကိုမြင်စေ သည်။ သူပြောသောစကားကိုကြားစေ၍၊ စီမံဆော င်ရွက်ခဲ့သည်။ အချိန်ကာလအဆုံးသို့ရောက်သောအခါ တပါးမှအပ၊ ကျန်သောသူအားလုံးတို့သည်ကိုယ် တော် ၏အသက်တာ၌ တွေ့ရှိခံစားခဲ့ကြသည့် သူတပါးအပေ ါ်ကိုယ်ကျိုးမဖက်ချင်သည့် မေတ္တကို ရရှိကြသည်။ ဝိညာဉ်တော်ဆုကျေးဇူး အထူးရှိသောသူတို့နှင့်ကြည်ညိုဘွယ်ကောင်းသောသူတို့သည် လူထု၏အကျိုးပြုခြင်းတခုတည်း အားဖြင့်သူတပါးတို့၏အသက်တာအပေါ်တွင် ပြင်းထန်သောဩဇာသက်ရောက်မှုမရှိနိုင်ပါဟု ဤရာကမဆိုလိုပါ။ သို့ရာတွင် ထိုသို့သောလူတို့သည်ခရစ်တော်ခန္ဓာကိုယ်၏သေးငယ်သော ရာခိုင်နှုန်းတခုကိုကိုယ်စားပြုကြကာ၊ ဤနည်းစနစ်သည်အသင်းတော်ဦးဆောင်မှု၌ အဓိကနည်းစနစ် ဖြစ်သည်ဟုမျှော် လင့်ခြင်းမှာ သမ္မာကျမ်းစာနှင့်မညီ၊လက်တွေ့ လည်းမကျပါ။ ဤစနစ်၏ရလာဒ်မှာလူ တယောက်ကထိရောက် စွာလုပ်ဆောင်သည့်အချိန်အတွင်း၌ကြီးပွါးတိုးတက်ပြီး၊ သူမရှိတော့သောအခါ ၌မှေးမှိန်သွားသည်။ အကြေ ာင်းမှာ၊ သူ၏နေရာ၌ သစ္စာရှိသောသူများဆက်လက်လုပ် ဆောင်ရန်လိုအပ်သောကြောင့်ဖြစ်သည်။သခ င်ဘုရားကပေတရုကိုမှာထားသည့်စကား (ယော ၂၁း ၁၅)၊ ပေါလုက တိမောတေကိုမှာထားသောစကား (၂တိ ၂း၂) နှင့် ဤအခြေအနေတို့ကိုနှိုင်းယှဉ်ကြည့်ပါ။
တဦးချင်းတပည့်ဖြစ်စေခြင်းလုပ်ငန်းထိရောက်ရန်အတွက် အထူးဆုကျေးဇူးရရှိသောသူများ သို့မဟုတ် ကြည်ညိုဘွယ်ကောင်းသောခေါင်းဆောင်များမလိုပါ။ ၄င်း၏အောင်မြင်မှုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်ကိုယ်တော်၏လူများကိုချစ်ပြီး၊ မိမိ၏အသက်တာကို သူတပါးအတွက်ကောင်း ကြီးဖြစ်စေလိုသော ဝိညာဉ်တော်နှင့်ပြည့်ဝသည့်လူအပေါ်၌အမှီပြုသည်။ ဤအရာကိုမဟာဗျူဟာ အဖြစ်သတ်မှတ်လျှင် နည် းဗျူဟာမှာရိုးစင်း၍လွယ်ကူသည်။
> ကျမ်းစာလေ့လာရန်နှင့်ဆုတောင်းရန်အတွက် မကြာခဏတွေ့ဆုံပါ။> ပုံသက်သေဖြင့်သွန်သင်ပါ။ သင်၏တပည့်သည် သင်၏ဘုရားတရာကိုင်းရှိုင်းသောအသက်တာနှင့် လူများအတွက်ဝန်တာ ဖြစ်ခြင်းကိုမြင်ပါစေ။သခင်ယေရှုကထိုသို့ပြုခဲ့ပါသည်။
အတွေ့အကြုံအားဖြင့် သွန်သင်ပါ သန့်ရှင်းသူများထံသို့သွားရောက်လည်ပတ်သောအခါ ၄င်းကယ်တင်ခြင်းမရသောသူများအားသက်သေခံသောအခါ၌၄င်းသင်၏တပည့်များကိုသင်နှင့်အတူခေါ်သွား၍၊ သင်ပြုသောအရာန ှင့်အဘယ့်ကြောင့် ထိုသို့ပြုမည်ကို နောက်ရှင်းပြပါ။ သခင်ယေရှုကထိုသို့ပြုခဲ့သည်။
အကျင့်စာရိတိုးတက်အောင်လုပ်ပါ။ ပေတရု၏စိ တ်လိုက်မာန်ပါပြုလုပ်ခြင်းနှင့် မိမိကိုယ်ကို ယုံကြည်စိ တ်ချခြင်းအပေါ်၌ သခင်ဘုရားကအဆက်မပြတ်သတိပေ းခဲ့ကိုစဉ်းစားကြည့်ပါ။ သင်၏တပည့်သည် သန့်ရှင်း၍ အပြစ်တင်ခွင့်နှင့်ကင်းလွတ်ခြင်း” ကို လက်တွေ့အသက်ရှင်ခြင်း၌တားဆီးသောအရာ သည်မည် သည့်အရာဖြစ်ပါသနည်း။
) သူ့အားနှုတ်ကပတ်တော်အားဖြင့်တိုက်တွန်းအားပေး ၍ သူအတွက်ဆုတောင်းပါ။ သခင်ယေရှုက ထိုသို့ပြုခဲ့သည်။တစုံတယောက်သောသူက အသင်းတော်ကြီးထွားရန်ရူပါရုံတခုရှိပါကထို အရာကိုပေးသောသူမှာ မိမိကိုယ်ကိုအသင်းတော်အတွက်စွန့်သည့် သခင်ယေရှပင်ဖြစ် သ ည်။ ကျွန်ုပ်တို့သည် ထိုရူပါရုံကိုကိုယ်တော်နှင့်အတူလုပ်ဆောင်ပါကပျောက်ဆုံးသောင်ညာဉ်များကိုကယ် တင်တင်ခြင်းသို့ရောက်စေသည့်အပြင်၊အခြားသောသူတို့ကိုလည်း သွန်သင်နိုင်သည့် ထိုးစုတော်ဦးဆောင်မည့်သူများမွေးထုတ်ပေးသည့်အထိတွေ့ရမည်ဖြစ်ပြီး၊ ကျွန်ုပ်တို့သည်လည်း ကိုယ်တော်၏နည်းစနစ်ကိုမိမိကိုယ်ပိုင်စနစ်အဖြစ်ကျင့်သုံးကြရမည်ဖြစ်သည်။ဘုရားသခ င်၏သားတော်ကိုယ်တိုင်သည် သစ္စာရှိသည့်အ နည်းင ယ်သောလူတို့အပေါ်၌အာရုံစိုက်ရန်လိုအပ်သ ည်ဟုမြင်ပါက၊ ကျွန်ုပ်တို့သည်မည်မျှပို၍ အာရုံစိုက်သ င့်ပါသနည်း။
ငါးဆယ့်ငါး
အသင်းတော်နှင့် အပြိုင်အဖွဲ့အစည်းများ
Parachurch Organizations
အသင်းတော်နှင့်အပြိုင်အဖွဲ့အစည်းမှာ အသင်းတော်နှင့်တွဲ၍အလုပ်လုပ်သောအမှုတော်လုပ်ငန်းတခုဖြစ် သည်။ ၄င်းကိုကော်ပိုရေးရှင်းလုပ်ငန်း(Corp oratio n)တခုအနေနှင့်ဖွဲ့စည်း၍ ဗတ္တိဇံမင်္ဂလာနှင့်သခင်ဘုရာ း၏ပွဲတော်မင်္ဂလာစသောလုပ်ဆောင်မှုများမရှိပါ။ ဤအဖွဲ့အစည်းများ၌အငြင်းပွါးမှုများစွာတို့သည် မွှေ နှောက်သည်။ ခရစ်ယာန်အသိုင်းအဝိုင်း၌ သူတို့အ တွက်နေရာတခုရှိပါသလား၊ သို့မဟုတ် အသင်းတော် သည်ကိုယ်တော်၏အမှုတော်ကိုထမ်းဆောင်ရန်အတွက် သီးသန့်ကိုယ်စားလှယ်တခုဖြစ်ပါသလား။ အကောင်းဆုံးသောချဉ်းကပ်မှုမှာ ထိုငြင်းခုံချက်တို့ကိုထောက်ထားစဉ်းစားပြီး၊ ၎င်းတို့ကိုဆန့်ကျင် ခြင်းပင်ဖြစ်သည်။
အားသာချက်
၁။ အသင်းတော်နှင့်အပြိုင်အဖွဲ့အစည်းတို့သည် အသင်းတော်မလုပ်နိုင်သည့်အမှုတော်လုပ် ငန်းများကိုလုပ် ဆောင်ကြ၏။ ဥပမာ – ဘာသာပြန်လုပ်ငန်း၊စာ ပေပုံနှိပ်ထုတ်ဝေခြင်း၊ ရေဒီယို၊ တီဗွီအသံ လွှင့်လုပ် ငန်း၊ အကျဉ်းထောင်လုပ်ငန်း၊ဧဝံဂေလိလုပ်ငန်း၊ တ ပည့်တော်ဖြစ်စေခြင်း၊ တဦးချင်းဆွေးနွေးတိုင် ပင်ခြင်း..စ သည်တို့ ဖြစ်သည်။ ယခုတွင် သမ္မာကျမ်းစာအသင်းကိုင် တွယ်နေသည့် အလုပ်ကိုဒေသန္တရမိတ် သဟာယတခုကလုပ်နိုင်ရန်ခက်ခဲသည်။
၂။ ၄င်းတို့သည် အသင်းတော်များကလက်လှမ်းမမှီသော များစွာသောလူအသီးသီးတို့ထံသို့ရောက်ရှိကြသည်။ ၄င်းတို့အားဖြင့်လူသန်းပေါင်းများစွာတို့သည်ဧဝံဂေလိတရားကိုကြားကြကြောင်း ငြင်း၍မရနိုင်ပါ။
၃။ အသင်းတော်နှင့်အပြိုင်အမှုတော်လုပ်ငန်းများသည် အသင်းတော်ကပြန်လှည့်စေသည့်လူများစွာတို့ထံသို့ ထိရောက်စွာရောက်ရှိနိုင်ကြသည်။ ၎င်းတို့မကြာခဏကြားရသည့်အရာကိုရှောင်ရှားလိုကြသကဲ့သို့ရှိသည်။
၄ “အသင်းတော်၏တခုတည်းသောလိုအပ်ချက်မှာ သင်၏ငွေဖြစ်သည်” ဟု၊ သာသနာလုပ်ငန်းများ၊ လူမှုရေးလုပ်ငန်းများ၊ ဧဝံဂေလိလုပ်ငန်းနှင့်အသင်းတော်တည်ထောင်ခြင်းစသည်တို့၌ အသင်းတော်နှင့်အပြိုင်အဖွဲ့အစည်းများသည် ဦးဆောင်မှုနေရာကိုယူကြသည်။ ၄င်းတို့သည် အသင်းတော်များအားဘုရားသခင်၏အလုပ်၌ပို၍အားကြီးရန်နှိုးဆော်ကြသည်။
၅။အသင်းတော်သည်အချိန်ပြည့်အမှုတော်ဆောင်များအတွက်ထုံးစံအတိုင်းပြုလုပ်သည့်သင်တန်းများလိုအပ်သော်လည်း၊ အသင်းတော်နှင့်အပြိုင်အဖွဲ့အ စည်းတို့မှာ သာမန်အသင်းသားများကိုလေ့ကျင့်သ င်ကြား၍ အလုပ်လုပ်စေကြသည်။
၆။ သူတို့သည်ခရစ်ယာန်များကဒေသန္တရအသင်းတော်များ၌မတွေ့ကြသည့် အမှုတော်လုပ်ငန်းများကိုစီစဉ်ပေးကြသည်။ အသင်းတော်ကမှေးမှိန်စေသည့်ပျင် းရိသောခရစ်ယာန်တို့သည် မိမိတို့၏အာသီသနှင့်အစွမ်းအတွက်နေရာရရှိကြသည်။
၇။ သူတို့သည် အချို့သောသူတို့အတွက်ဂုဏ်သိက္ခာနှင့်လခစားအလုပ်ကိုရရှိစေကြသည်။ ၎င်းသည် မိသ ားစု၏အခြေခံဝင်ငွေတခုဖြစ်သည်။
၈။ သူတို့သည် ထိရောက်စွာဖြင့်အသီးသီးကြသည်။ ဘုရားသခင်သည်သူတို့ကိုကောင်းကြီးပေးနေသည်။ ဥပမာ – ဂိဒေါင်ကျမ်းစာဖြန့်ဝေခြင်းလုပ်ငန်းသည် ဟိုတယ်များ၌ထားခဲ့ကြသည့်သမ္မာကျမ်းစာအုပ် များအားဖြင့် ကယ်တင်ခြင်းရရှိသည့်ထောင်ပေါင်း များစွာသောလူတို့၏ အထောက်အထားပြနိုင်ကြသည်။
၉။ အသင်းတော်များသည် သာသနာလုပ်ငန်းများထက်အဆောက်အဦးအသုံးပြုသောငွေများကို ဧဝံဂေလိစာပေများဖြန့်ဝေခြင်း၌သုံးပါက၊ ပို၍ဆောက်လုပ်ခြင်းကိုအလေးထားလိုကြသည်။ အုတ်ခဲများ၊ ကွန်ကရစ်များ၌အသင်းတော်များသည်ပြောင်းလဲမှုပြုလုပ်ရန်ခက်ခဲပြီး၊ ခုခံတတ်ကောင်းနိုင်သည်။ ခက်ခဲခြင်းအတွက်အဖြေတခုဖြစ်သည်။ ဤအချက်များသည်သူတို့၏အားသာကြသည်။ အသင်းတော်နှင့် အပြိုင်အဖွဲ့အစည်းတို့မှာ ဤပြောင်းလဲမှုပြုလုပ်ရန်ချက်များဖြစ်သည်။ အသင်းတော်နှင့်အပြိုင်အမှု တော်လုပ်ငန်းများနှင့်ဆက်စပ်သည့် ပြဿနာအချို့ကိုယခုစဉ်းစားကြပါစို့။
အားနည်းချက်
အသင်းတော်နှင့်အပြိုင်အဖွဲ့အစည်းများနှင့်ပတ် သက်၍ ကျမ်းစာ၌မပြောပါ။ ၄င်းကို တမန်တော် ဝတ္ထုမှစ၍ဓမ္မသစ်ကျမ်း၌မတွေ့ရချေ။ အသင်းတော်သည် ယုံကြည်ခြင်းကိုဖြန့်ဖြူးရာ၌ ကမ္ဘာပေါ်ရှိဘုရ ားသခင် ၏တခုတည်းသောအရာ(ယူနစ်)ဖြစ်သည်။ တမန်တော်တို့သည် သွားသည့်နေရာ တိုင်း၌အသင်း တော်ကိုတည်ထောင်ကြသည်။ ကျွန်ုပ်တို့သည်သွားသည့်နေရာတိုင်း၌ အသင်းတော်နှင့်အပြိုင်အဖွဲ့အစည်း များကို တည်ထောင်ကြသည်။
၂။ လူတို့၏အချိန်နှင့်အစွမ်းတို့ကိုဒေသန္တရအသင်းတော်၏ဦးတည်ချက်မှလမ်းလွှဲစေသည်။ တရားဟောဆရာများ၊ ဓမ္မဆရာများနှင့်ခေါင်းဆောင်တို့သည် သူတို့၏နဂိုမူလအမှုတော် လုပ်ငန်းမှထွက်ကြကာ စီမံအုပ်ချုပ်သောသူများအနေနှင့်စားပွဲနောက်၌ထိုင်နေကြသည်။
၃။ ငွေကိုဒေသန္တရအသင်းတော်မှလွှဲဖယ်သော်လည်း ဤအဖွဲ့အစည်းတို့သည် မိမိတို့၏ထောက်ပံ့ကြေးအတွ က်အသင်းတော်များအပေါ်၌အမှီသဟဲပြုကြသည်။
၄။ အသင်းတော်နှင့်အပြိုင်အဖွဲ့ အစည်းများ၌ အလုပ်လုပ်နေကြသောလူတို့သည် “သင်တို့အားပေးသမျှ သောအရာတို့ကို စောင့်ရှောက်စေခြင်းငှါဆုံးမဩ ဝါဒပေးကြလော့” ဟူသော မဟာစေခိုင်းချက်ကြီးကိုမထမ်းရွက်နိုင်ကြပါ။
အကြောင်းမှာ၊ သူတို့သည်ထောက်ပံ့မှုအတွက် အသင်းတော်များကိုအမှီပြုကြရာ
ဘုရားသခင် ၏အလိုတော် ကိုအကုန်အစင်မထုတ်ဖေါ်၊ မပြောပြနိုင်ကြပါ။ အသင်းတော်များစွာတို့နှင့်ဆက် ဆံရန်ကြိုးစားရာ၌ မိမိတို့၏ခံဩဝါဒခံယူချက်ကိုအားနည်းစေကြသည်။
၅။ အုပ်စုတိုက်ပွဲများ၊ မနာလိုခြင်းနှင့်ယှဉ်ပြိုင်သောအမှုတော်လုပ်ငန်းများစွာရှိသည်။ အဖွဲ့အစည်းတို့ သည်မိမိတို့ပြီးစီးစေသောအရာများကိုထုတ်ဖေါ်၍ အောင်မြင်မှုများအပေါ်ဝါကြွားလေ့ရှိကြသည်မှာ မလွဲမရှောင်သာသောအရာဖြစ်သည်။
၆။ သူတို့သည် တစုံတယောက်အပေါ်၌တာဝန်မရှိဘဲ မိမိတို့သာလျှင်တာဝန်ရှိ သောသူဖြစ်ကြသည်။ သူတို့၏ခေါင်းဆောင်များစွာတို့သည်လွှတ်ထားသောစက်သေနတ်ကဲ့သို့ဖြစ်ကြကာ၊ ဤအရာကကိုယ်ကျ င့်တရား၊ အလုပ်နှင့်ယုံကြည်ခံယူချက်ပိုင်းဆိုင်များ၌ ပြဿနာဖြစ်စေနိုင်သည်။
အချို့သောအသင်းတော်နှင့်အပြိုင်အဖွဲ့အစည်းများမှလူတို့သည်အသင်းတော်ကိုဆန့်ကျင်တိုက်ခိုက်သော သူများဖြစ်ကြသည်။ သူတို့၏အလုပ်နှင့်သူတို့အဖွဲ့အ စည်း၏အလုပ်ကိုပို၍ကြီးမြတ်သည့် အလုပ်အဖြစ် ရှုမှတ်ကြသည်။
၈။အသင်းတော်နှင့်အပြိုင်အဖွဲ့အစည်းစိတ်ဓါတ်ရှိသောသူတို့သည်ဒေသန္တရအသင်းတော်တပါး၏ မိတ်သဟာယနှင့်လိုက်လျောညီထွေမှုဖြစ်အောင်ပြုပြင်ရာ၌ အခက်အခဲတွေ့ လေ့ရှိကြသည်။ အသင်းတော်အများစု၌တွေ့လေ့ရှိသည့်လူမျိုးစုံနှင့်အလုပ်လုပ်ရန်အခက်အခဲတွေ့ကြသည်။ သူတို့သည် မိမိတို့ကိုယ်ကိုလက်ရွေးစင် လူစုတစုအနေနှင့်ထင်မှတ်ကြသည်။
၉။ သူတို့သည်အသင်းတော်နှင့်ဆိုင်သောလုပ်ငန်းများနှင့်တာဝန်များကိုကျူးကျော်သိမ်းယူကြသည်။
၁၀။ ပြောင်းလဲလာသောသူတို့ကိုဒေသန္တရအသင်းတော်ထဲ၌ပြုစုပျိုးထောင်ရမည့်အစား၊ အဖွဲ့အစည်းသည် လူတို့၏အသက်တာ၌အသင်းတော်၏နေရာကိုယူကြသည်။ သူတို့သည်အသင်းတော်၏ဝတ်ပြုစည်းအဝေးများမှ ဝေးကွာစေနိုင်သောတာဝန်များကိုအပေးခံရကြသည်။
၁၁။ သူတို့သည်အတူတကွပူးပေါင်းလုပ်ဆောင်ခြင်းလှေကသကိုတက်ကြကာ၊ အသက်မွေးဝမ်းကျောင်းစနစ်ကိုမြှင့်တင်ပေးကြသည်။အသင်းတော်နှင့် အပြိုင်အဖွဲ့ အစည်းများအား ငြင်းဆိုချက်တချို့ရှိပါသည်။ ၎င်းတို့သည်အသင်းတော်များအတွက်လည်းမှန်ကော င်းမှန်နိုင်ပါသည်။
၁။ သူတို့သည် အလွယ်တကူမမှေးမှိန်တတ်ကြပါ။ သို့သော် သူတို့၏အသုံးဝင်မှုအဆုံးသတ်ပြီးနောက်မှာ အစဉ်အမှတ်ရအောင်ပြုလေ့ရှိသည်။
၂။ ဆုကျေးဇူးရှိသောခေါင်းဆောင်ကိုအာရုံစိုက်၍ ပုဂ္ဂိုလ်နှင့်ဆိုင်သောမှားယွင်းသည့်အယူဝါဒတခုကိုတည်ဆောက်မည့်အန္တရယ်ရှိသည်။
၃။ သူတို့သည် လူတို့၏လိုအပ်ချက်အားလုံးကို မဖြည့်ဆည်းပေးနိုင်ကြပါ။
၄။ တခါတရံတွင် သူတို့သည် အခြားသောသူတို့နှင့် အလုပ်လုပ်ရန်မစွမ်းဆောင်နိုင်သော သူများဖြစ်တတ်ကြ ကာ၊ လွတ်လပ်နိုင်မည့်နေရာ၌ ဤအကြောင်း၏နိဂုံးသည်အဘယ်နည်း။ လုကာ ၉း၄၉-၅၀ ၌ ကျွန်ုပ်တို့ အလုပ်တခုကိုစိတ်ပျက်ခြင်းနှင့်အစပြုတတ်ကြသည်။သည်ထိုအရာကိုတွေ့ ကောင်းတွေ့ နိုင်ပါသည်။ တနေ့သ၌တပည့်တော်တို့သည်ယေရှုအား “ကိုယ်တော်၏နာမကိုအမှီပြု၍ နတ်ဆိုးတို့ ကိုနှင်ထုတ်သော သူကယောက်ကို အကျွန်ုပ်တို့တွေ့ ပါ၏။ သူသည်အကျွန်ုပ်တို့နှင့် အတူလိုက်သောကြောင့် အကျွန်ုပ်တို့မြစ် တားကြပါ၏ဟုဆိုကြသော်၊မမြစ်တားကြနှင့်။သခင်ဘုရားက ထိုသူကိုသင်တို့ရန်သူဘက်၌မရှိသောသူသည် သင်တို့ဘက်၌ရှိသည်ဟု ဖြေပါသည်။ဧဝံဂေလိအသင်းတော်များနှင့်အပြိုင်အဖွဲ့အစည်းများသည် ကျွန်ုပ်တို့ကဲ့သို့ ထိုဝိညာဉ်ရေးရာစစ်ပွဲ ၌တို က်ပွဲဝင်ကြသည်။ သူတို့ကိုကျွန်ုပ်တို့ မတားမြစ်သင့်ပါ။ သူတို့သည်ကျွန်ုပ်တို့ဘက်၌ရှိသောသူများဖြစ်က ြသည်။
ငါးဆယ့်ခြောက်
ပို၍သေးငယ်သောအရာသည်ပို၍ကောင်းနိုင်သည်
Smaller May Be Better
လူ့အသိုင်းအဝိုင်းထဲတွင်ကြီးမားခြင်းကိုအလေးပေးပြောဆိုကြရာသေးငယ်သောအရာသည်ပို၍ကောင်းနိုင်သည် ဟုစဉ်းစား၍ မရနိုင်လောက်အောင်ဖြစ်ပါ သည်။ အရေအတွက်နှင့်တိုင်းတာသည့်ကမ္ဘာ၏ အေ ာင်မြင်ခြင်းလက္ခဏာသည်အသင်းတော်ကိုလွှမ်းမိုးသည် ။ သို့သော် အရေအတွက်နှင့်ပတ်သက်သည့် အမှန်တ ရားသည်အဘယ်နည်း။ ကြီးမားခြင်းသည်လှပ၍၊၎င်းသည် ဘုရားသခင်၏ပန်းတိုင်ဖြစ်သည်ဟူ သောအတွေးအခေါ်သည်ကျမ်းစာနှင့်လွဲရုံသာမက၊ ဆန့်ကျ င်ဘက်ဖြစ်သည်။
၁။ လူများစွာတို့သည်ရေလွှမ်းမိုးသောအချိန်၌ပျက်စီးကြသည်။ လူရှစ်ယောက်သာလျှင်အသက်ရှင်ကြသည်။ ၂။ အောင်မြင်ခြင်းသည် ဘုရားသခင်အားဖြင့်သာဖြစ်ကြောင်းပြောနိုင်စေရန်အတွက် ဂိဒေါင်၏တပ်ကိုလူ ၃၂ဝဝဝ မှ ၃ဝဝ အထိလျှော့ချရသည်။
၃။ ယေရှုသည် တပည့်တော်တသောင်းနှစ်ထောင်မရွေးဘဲ ဆယ့်နှစ်ပါးကိုရွေးခဲ့သည်။
၄။ ဘုရားသခင်သည်ကြီးမားသောတပ်ဘက်မှနေသည်ဟူသောVoltaire ၏အယူအဆမှာ လောကီပညာကိုကိုယ်စားပြုသည်။ ဤအရာသည်အယူမှားခြင်းတခု၏ပညာဖြစ်သည်။
၅။ သမ္မာကျမ်းစာတွင် အရေအ တွက်ထက်အရည်အချင်းကို ပို၍အလေးထားပြောပါသည်။
၆။ ခေတ်ကာလအဆက်ဆက်တွင် ဘုရားသခင်သည်အနည်းငယ်သောသူ တို့၏ပုံသက်သေ အားဖြင့်အလုပ်လုပ်သည်။ခေတ်ကာလအဆက်ဆက်၌ရှိသော ခရစ် ယာန်အသင်းတော်အများစု မှာသေးငယ်သောအသင်းတော်များဖြစ်ပြီး၊ ယနေ့တကမ္ဘာလုံးတွင်လည်း ထိုအတိုင်းဖြစ်နေသေးသည်။ ထိရောက်သောဦးဆောင်မှုမလုပ်နိုင်သည့်ကြီးမားသောအသင်းတော်သည် အသင်းတော်တခုလုံး ကိုတဦးချင်းစောင့်ရှောက်ကြည့်ရှုရန်ခက်ခဲသည်။ကြီးမားသောအ သင်းတော်၌ယုံကြည်သူအ ချင်းချင်းသိကြရန်နှင့် ဝမ် းမြောက်ခြင်း၊ဝမ်းနည်းခြင်းအတူတူဝေမျှခံစားရန်ပို ၍ ခက်ခဲသည်။ လူစိမ်းများနှင့်သာ(သို့)အသိအကျွမ်းများနှင့်သာစုစည်းဖွဲ့စည်းသည့်အသင်းတော်သည် စစ်မှန်သောအသင်းတော်မဟုတ်ပါ၊ ဟူသောအဆိုရှိခဲ့သည်။ကြီးမားသောအသင်းတော်တွင် သန့်ရှင်းသူအများစုတို့သည်မိမိတို့၏ဆုကျေးဇူးများကိုအသုံးပြုရန်အ ခွင့်အရေးမရရှိကြပါ။
အရွယ်အစားကြီးမားခြင်းသည်ပန်းတိုင်ဖြစ်လာပါက၊ ဧဝံဂေလိဟောပြောရန်ဖိအားပေးခြင်း၊ ခရစ်ယာန်တိုင်းတပည့်တော်ဖြစ်ရန်တောင်းဆိုခြင်း၊အသက်တာသ န့်ရှင်းခြင်းအတွက်တိုက် တွန်းခြင်းနှင့်သခင်ယေရှု ၏ခက် ခဲသောမိန့်မှာချက်များကိုနာခံရန်သွန်သင်ချက်များပျော့ပျောင်းလာသည်။ အရွယ်အစားကြီးမားခြင်းသည်ပန်းတိုင်ဖြစ်လာပါက၊ စည်းကမ်းကိုမသိကျိုးကျွန်ပြုသည့်သွေးဆောင် ခြင်းကြီးမားလာသည်။ အသင်းသားများမဆုံးရှုံးစေသည့်နည်းတနည်းကို ဂရုစိုက်လာကြသည်။ သို့သော် အသင်းတော်၏စစ်မှန်သောအောင်မြင်မှုကိုအသင်း သားအရေအတွက်၌မတွေ့ ရဘဲ၊ သူတို့၏သန့်ရှင်းသောအသက်တာ၌တွေ့ရသည်။ကြီးမားသောအသင်းတော်တို့သည် လူ၏ချီမွမ်းခြင်းကိုလိုလားကြပြီး၊အသင်းတော်အတွက်ထက်ဦးဆောင်မှုအတွက် ပို၍ ရပ်တည်ကြသည်ဟု စဉ်းစား၍ရသည်။
ညဉ်းဆဲနှိပ်စက်ခြင်းနှင့်ဖိနှိပ်ချုပ်ခြယ်ခြင်းခံရသောခါ သေးငယ်သောအသင်းတော်တို့သည် မြေအောက်လျှို့ ဝှက်အသင်းတော်ဖြစ်ရန်ပို၍လွယ်ကူသည်။ကြီးမားသောအသင်းတော်များ၌လူအများဆုတောင်းခြင်းမှာမတော်တဆထိမိစရာဖြစ်လေ့ရှိတတ်သည်။
သေးငယ်သောအသင်းတော်၏သေးငယ်ရခြင်းမှာ ဧဝံဂေလိမလုပ်ခြင်း၊လျစ်လျူရှုခြင်း (သို့) ပျက်ကွက်ခြင်းစသည်တို့၏ရလာဒ်ဖြစ်ပါက၊ သေးငယ်သောအသင်းတော်သည်ဂုဏ်အသရေမရှိပါဟု ပြောခဲ့ပြီးဖြစ်သည်။သေးငယ်သောအသင်းတော်တို့သည်ကြီးထွားတိုးတက်သောအသင်းတော်များဖြစ်သင့်သည်။သို့သော်၊ ကြီးမ ားသောအသင်းတော်များဖြစ်လာရမည့်အစား အသင်းတော်သစ်များကိုမွေးဖွား၍ စောင့်ရှောက်သင့်သည်။ အသင်းတော်တပါးသည်အရွယ်အစားတခုသို့ရောက်သောအခါ၊ ခေါင်းဆောင်မှုကို ထိုအတိုင်းအတာနှင့်ကိုက်ညီအောင်စီစဉ်သင့်သည်။
ကြီးမားသောအသင်းတော်များကိုအများအားဖြင့်တိုးတက်စေသည့်အရာများနှင့်ပတ်သက်၍ ထင်မြ င်ချက်တို့သည် မည်သည့်အရာများဖြစ်ပါသနည်း။
> ပိုကောင်းသည့်အသုံးအဆောင်များရှိနိုင်သည်။
> ပို၍ကျယ်ပြန့်သည့်အမှုတော်လုပ်ငန်းအမျိုးမျိုးရှိနိုင်သည်။
> ပို၍များပြားသောလူတို့သည်ဘုရားသခင်၏အမှုတော်လုပ်ငန်းအတွက် ပို၍များပြားသောငွေကိုပေးလှူကြသည်။
> ရိုးရာဓလေ့ထုံးစံကို ပို၍လက်ခံသည်။
>ကလေးများနှင့်လူငယ်များသည် ရွယ်တူအချင်းချင်းအတူနေနိုင်သည့်အခွင့်အရေး ပို၍ရရှိကြသည်။
> ကြီးမားသောအသင်းတော်တပါးသည် ကြီးမားသောသာသနာလုပ်ငန်းတခုရှိနိုင်မည့်အခွင့်အရေးကိုဖြစ်စေသည်။
> ပို၍အရည်အချင်းရှိသည့်သွန်သင်မှုကို ၄င်းကပေးသည်။
ဤဖော်ပြချက်အချို့တို့သည်အတိုင်းအတာတခုအထိမှန်ကန်နိုင်ပါသည်။ အချို့တို့မှာ လုံးဝမမှန်ပါ။ ဤအချက်အားလုံးကိုနှုတ်ကပတ်တော်မှအထော က်အထားယူ၍မရနိုင်ပါ။
ထိုအကြောင်းနှင့်ပတ်သက်၍ဂုဏ်အသရေရှိ ခရစ် ယာန်ခေါင်းဆောင်တချို့၏သက်သေခံ ချက်ကိုပြောပြပါရစေ။ပထမလူမှာ၊ ထိုးထွင်းသိမြင်၍ပီပီသသပြောတတ်သည့် အမေရိကန် ပြည်ထောင်စုတောင်ပိုင်း တရားဟောဆရာ Vance Havner ဖြစ်သည်။ သူကဤသို့ရေးသည် –
အသင်းတော်သည်အရွယ်အစားကိုအလေးပေးရာ၌ ဥမင်လိုက်ခေါင်းမှအားကစားကွင်းသို့ပြောင်းခဲ့သည်။ ကျွန်ုပ်တို့သည်ကြီးမားခမ်းနားမှုကိုပြသကြသည်။ ကျွန်ုပ်တို့သည် ထင်ရှားကျော်ကြားသောသူတို့ကိုစင် ပေါ်၌တင်၍ ခရစ်တော် ၏ အလံကိုတိုးမြင့်စေရန် ကဲသာ(Caesar) ဘုရင်ထံမှအတုယူၾကသည္။ ကျွန်ုပ်တို့သည်များပြားမှုအ ပေါ်၌အရူးအမူးဖြစ်ကြသည်။
အမှန်စင်စစ်၌ ကျွန်ုပ်တို့သည် ထူထဲသည်ထက် ပါး လွှာသောအရာတခုလိုအပ်ကြသည်။ ကြီးထွားနေသည့်ပြောင်းဖူးနှင့်ဝါပင်တို့သည် ပိန်ပိန်ရှည်ရှည်ဖြစ်ရမည်ကိုကာလကြာရှည်သောအချိန်မှစ၍ ကျွန်တော်သိရှိခဲ့ပြီးဖြစ်သည်။ ကျွန်ုပ်တို့သည်အရည်အချင်းတိုးတက်ရန်အတွက် အရေအတွက်ကို လျှော့ချကြသည်။ ဂိဒေါင်သ ည် သူ၏တပ်ကိုလျှော့ချရသည်။ ထိုသို့သောလုပ်ထုံး လုပ်နည်းမှာ ယနေ့ဘုရားသခင်၏တပ်တော်ကို အ ထောက်အကူဖြစ်စေမည်ဖြစ်သည်။ ရှင်ယောဟန်ခရစ်ဝင်အခန်း (၆) ၌ရေးသားသည့်အတိုင်းယေရှုသည်သူ၏ပရိသတ်ကြီးကို နည်းပါးအောင်လုပ်သည်။ အခြားသောအ ဖြစ်အပျက်များစွာရှိမည်မှာ သံသယရှိစရာမလိုပါ။ ယနေ့တွင် ညဉ်းဆဲခံသောလူနည်းစုမှာ လူကြိုက်များ သောလူအများစုဖြစ်လာကြသည်။
ယခုခေတ်ကာလသည်စဉ်းလဲခြင်း၊ ဟန်ပြခြင်း၊ ကြံဖန်ပြုလုပ်ခြင်းနှင့်လိမ်လည်ခြင်းစသည်တို့ဖြင့် “ယခုမြင်၊ ယခုပျောက်” ခေတ်ကာလဖြစ်ပါသည်။ အရာခပ်သိမ်းတို့ကို မည်မျှကြီးသည်၊ မည်မျှအသံကျယ် သည်ဟူသောအရာများမြင့်တိုင်းတာ၏။ အရာခပ်သိမ်းတို့သည်ကြီးမားရမည်။ မူးယစ်ဆေးအသစ်တို့သည် “ထူး ဆန်းသောမူးယစ်ဆေးများ” ဖြစ်ကြသည်။ ၎င်းကိုသင်သည်သုံးပြီးလျှင် နောက်၌မည်သည့် အရာဖြစ်မည်ကို သင်အံ့ဩရသည်။ထိုသို့သောအချိန်အခါသမယတခု၌ ရှေးယုံကြည်ခြင်းနှင့်နာခံခြင်း အပေါ်လူများစိတ်မဝင်စားကြချေ။ ခရစ်ယာန်များပင်လျှင် အသင်းတော်၌ဖျေ ာ်ဖြေပေးရမည်ဖြစ်သည်။ သမ္မာတရား၏အလင်းကိုကြည့်ကြသော်လည်း၄င်း၌ မလျှောက်လှမ်းကြ၊ ကြားသောသူများဖြစ်ကြသော် လည်း ကျင့်သောသူများမဖြစ်ကြ၊ လူတို့ကိုပိုမိုလွန်ကဲသောအလင်းက မျက်စိကန်းစေသည်။များလွန်းသော အလင်းသည် မလုံလောက်သောအလင်းနည်းတူ မျက်စိကန်းစေသည်။Ralph Shallis က “ယခုမှစ၍” (From Now On) ဟူသောစာအုပ်၌ဤသို့အကြံပေးသွားသည်။
သမ္မာကျမ်းစာအပေါ်၌သစ္စာရှိ၍၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်လည်းပြည့်ဝသည့်အသင်းတော်တပါးကိုရွေးပါ။ ယေရှုအမှန်တကယ်ရှိနေသည့်လူစုအဖွဲ့ကိုပြောလိုသည်။ ၄င်းသည် သေးငယ်သည် သို့မဟုတ်ဆင်းရဲ သည်မှာအရေးမကြီးပါ။ ခရစ်တော်သည်ထိုနေရာ၌ရှိပါက၊ ကမ္ဘာ၌ရှိသောဘဏ်အားလုံးပေါင်းသည်ထက် သင်သည်ပို၍ချမ်းသာကြွယ်ဝသည်။ ထိုမျှသာမက၊သေးငယ်သောအသင်းတော်တပါး၌ သင်သည်အသက်ရှင်ရခြင်း၏ရည်ရွယ်ချက်ကို သင်တွေ့ရှိရမည်ဖြစ်သည်။ သင်သည်အဖိုးတန်၍အရေးပါသောမိသားစုဝင်တ ယောက်ဖြစ်လာမည်။ သင်သည်ထိုသို့ပြုရန် စစ်မှန်သေ ာအထောက်အကူတခုဖြစ်လာမည်။ တဘက်၌ သင်သည်အလွန်ကြီးမားသောအသင်းတော်တပါး၌ရှိပါက၊ သင်မသိသည့်လူထုကြီးထဲ၌နစ်မြုပ်ကောင်းနစ် မြုပ်နေမည်ဖြစ်သည်။ ၄င်းသည် သင်၏ဝိညာဉ်ရေးရာကျန်းမာကြံ့ခိုင်ရန်အတွက် အလွန်ဆိုးသောအရာတခုဖြစ်သည်။ သင်သည်ပျင်းရိ၍အသုံးမဝင်သောသူဖြစ်လာမည် သို့မဟုတ် အချည်းနှီးဖြစ်လာပေမည်။
Francis Schaeffer သည် ဤထက်မြက်သောစကားများဖြင့် သူ၏သက်သေခံချက်ကိုဖြည့်စွက်သည်။
ဘုရားသခင်၏အမြင်၌အရေးမပါသောလူဟူ၍မရှိသောကြောင့် အရေးမကြီးသောနေရာဟူ၍လည်းမရှိပါ။ အမေရိက၌ရှိသောခရစ်ယာန်တို့သည်ထိုသို့သောနှစ်ဆယ်ရာစုခေတ်၏ အရွယ်အစားကိုဦးစားပေးသော လက္ခဏာရှိကြသည်။ အရွယ်အစားသည်အောင်မြင်ခြင်းကိုပြသည်။ ကျွန်တော်သည်အာရုံစူးစိုက် ခြင်းခံရပါက ပရိသတ်များလာကာ၊ ငွေအမြောက်အများရှိလာမည်ဟုစဉ်းစားကြသည်။ ဤအရာသည် မဟုတ်ပါ။ ဘုရားသခင်သည်အရွယ်အစားနှင့်ဝိညာဉ်တန်ခိုးသည်ဒွန်တွဲသည်ဟု မပြောရုံသာဤ အရာကိုပြောင်းပြန်လှန်ကာ (အထူးသဖြင့်ယေရှု၏သွန်သင်မက၊ချက်များ၌) ကျွန်ုပ်တို့အတွက် အလွန်ကြီးသောနေရာကိုမယူကြရန်ပြောသည်။ ကျွန်ုပ်တို့သည် ကြီးမားသောအလုပ်နှင့်ကြီးမား သောနေရာတို့ကိုအလေးပေးလိုကြသော်လည်း ထိုသို့သောအလေးပေးမှုသည်ဇာတိ အသွေးအသားနှင့်သာဆိုင်၏။  ထိုသို့စဉ်းစားခြင်းသည် မပြောင်းလဲသေးသောလူဟောင်း၏ အကျင့်ဖြစ်သည့် အတ္တ “ငါ” ကို ဗဟိုပြုသောဇာတိဘက်သို့ပြန်လှည့်ခြင်းဖြစ်သည်။ လောကမှရသောဤစိတ်သဘော ထားများမှာဇာတိ ပျော်ရွှင်မှထက်ခရစ်ယာန်များအတွက်ပို၍ အန္တ ရယ်များသည်။၄င်းမှာ ဇာတိပကတိဖြစ်သည်။”James S. Stewart သည် သဘောတူ၍ ဤသို့ရေးသည်။
ဘုရားသခင်၏နည်းဗျူဟာမှာ အရေအတွက်အပေါ် ၌အမှီမပြုပါ။ ကျွန်ုပ်တို့သည်အရေအတွက် ကိုကြည့်ကြသည်။ ဘုရားသခင်သည်ထိုသို့မပြုပါ။ဘုရားသခင်သည်စိတ်နှလုံးကိုရေတွက်သည်။ ကျွန်ုပ်တို့သည်နိုင် ငံတော်ကိုချဲ့ထွင်ခြင်းနှင့် ပို၍များသောတပည့်တော်မွေးထုတ်ခြင်းအကြောင်းကိုပြောကြသည်။ ဘုရားသခင်သည်  နိုင်ငံတော်အရှိန်အဟုန်ကြီးစေရန်နှင့်ပို၍ ကေ ာင်းသောတပည့်တော်များကိုမွေးထုတ်ရန်ရည်ရွယ်သ ည်။ ကျွန်ုပ်တို့သည်အဆင့်မြင့်သောအသင်းတော် (High Church)၊ အဆင့်နိမ့်သောအသင်းတော် (Low Church)၊ ကြီးမားသောအသင်းတော်အကြောင်းမျာ းကိုကျွန်ုပ်တို့ပြောဆိုကြသော်လည်း ဘုရားသခင်မြင် လိုသောအရာမှာနက်နဲသောအသင်းတော်ဖြစ်သည်။ “လူအလုံးအရင်းပါသောအသင်းတော်ကို ကျွန်ုပ်အားမပေးပါနှင့်။ အပြစ်မှအပ မည်သည့်အရာကိုမျှ မကြောက်၊ဘုရားသခင်မှအပမည်သည့်အရာ ကိုမျှမချစ်တတ်သည့်လူအယောက်တစ်ရာကိုသာပေးပါ။ မရဏာနိုင်ငံတံခါးများကို ငါလှုပ်မယ်” ဟု JohnWesley က ပြောသည်။ ထိုစိတ်သဘောထားကို Wesley သည် မည်သည့်နေရာ၌သင်ယူပါသနည်း။ လောကီတိုက်ပွဲနှင့်ပတ်သက်၍ ဘုရားသခင်၏နည်းဗျူဟာကိုသခင်ယေရှုထံမှသင်ယူခြင်းဖြစ်သည်။ ဤနည်းဗျူးဟာ၏ဆိုလိုချက်မှာ၊ ခရစ်တော်သည် လူအများထဲမှ မသိနားမလည်၊ တိမ်းညွှတ်လွယ်သော ၉၅% ထက် တ ည်ကြည် ၍ ဆင်းရဲသည့်လူ ၅% နှင့်အတူအလုပ်လုပ်လိုသည်။
တရားသူကြီးမှတ်စာအနက်ဖွင့်ကျမ်း၌ Samuel Ridout က ဤသို့ဆိုသည်။
ကျွန်ုပ်တို့အားလုံး၌အရေအတွက်များစေလိုသည့်ဆန္ဒတောင့်တချက်တခုရှိကြသည်။ တန်ခိုးသည်အရေ အ တွက်၌ရှိသည်ဟု လူသည်မစဉ်းစားပါကအဘယ်ကြော င့်ပြောင်းလဲသည့်အရေအတွက်၊ အသင်းသားအရေ အတွက်စသည့် စာရင်းဇယားများကိုလိုလားကြပါသ နည်း။ သမ္မာကျမ်းစာသည်ထိုအရာနှင့်ဆန့် ကျင်သည့်ဥပမာများစွာတို့နှင့်ပြည့်နေသည်မဟုတ်လော။အရေအတွက်သည် ပျက်စီးခြင်း၏အရင်ရောက် လာသည့်မာနထောင်လွှားခြင်းဖြစ်ရန် အခြေအနေတခုဖြစ်လေ့ရှိသည်။ တပည့်တော်များ၏အရေအတွက် သည်လိုးလာသည်နှင့် ညည်းဟူးခြင်းအစပြုသည်။ ကျွန်ုပ်တို့သည်အရေအတွက်ကိုငြင်းပယ်ရမည်ဟု မစဉ်းစားပါနှင့်။ကျွန်ုပ်တို့သည်ကောင်းကြီးမင်္ဂလာခံစားသည့်လူများအတွက်ဝမ်းမြောက်သင့်ပါသည်။သို့ရာတွင်၊ ထိုများစွာသောလူတို့ကိုမကြည့်ဘဲဘုရားသခင်ကိုသာကြည့်ကြရမည်ဖြစ်သည်။
အထူးသဖြင့် ဆုတ်ယုတ်ကျဆင်းသောအချိန်၌ဘုရ ားသခင်သည်သူ၏သမမာတရားသက်သေခံရန် လူအနည်းငယ်တို့ကိုပေါ်ထွန်းစေသောအချိန်၌ဤအရာသည် မှန်၏။ အရေအတွက်သည်သက် သေခံခြင်း ကိုလေးလံစေသည်။ ဘုရားသခင်ကိုယ်တော်တိုင်က စစ် ဆေး၍စုံစမ်းသည့်လူအနည်းငယ်တို့ သည်အရေအ တွ က်အားဖြင့် လောကီသားတို့၏မျက်စိထဲ၌ရှိသေစရာ ကောင်းသည့်လူအများကြီးထက် အဆပေါင်းများစွာပိုကောင်း၏။”
  1. Stanley Jones က “လူအများအား အတ္တသို့ပို့ ဆောင်နေသည့်ဤလူအရေအတွက်ရရှိရန်ကြိုးစားမှုကို ကျွန်တော်စိတ်မပါပါ” ဟု ဆို၏။နောက်ဆုံးတွင် Charles Bing က “လူအတန်းအစားအသီး သီး၌ရှိသောလူထုကြီးသည် တောက်ပြောင်မှုနှင့်ပြာကိုဘဲဖြစ်စေသည်” ဟု သူ၏ထင်မြင်ချက်ကို ပြောပြသည်။အကြီးဆုံးသော Protestant ဂိုဏ်းတဂိုဏ်းသည် အ သင်းသားဦး ရေများပြားလာရန် အားစိုက်သောအခါ၌ “၁၉၈၄ ခုနှစ်၌ လူပေါင်းတစ်သန်းကျော်ရှိရမည်” ဟုကြွေးကြော်ချက်တခုထား ကြသည်။ စိတ်အာရုံ၌စွဲထားသောအရာကိုကျေညာသောအခါ၌ ဘုန်းကြီးတပါးသည်အခြားသော ဘုန်းကြီးတပါးအပေါ်၌မှီကာ “ယခု ငါတို့၌ရှိသည့်အသင်းသားများ အပြင်တစ်သန်းထပ်ရှိပါက ငါတို့တော့သွားပြီ၊” ဟု တီးတိုးပြောသည်။
ဘုရားသခင်၏ဘုန်းတော်အတွက် အရေအတွက်လိုချင်သည်မှာကောင်းပါ၏။ သို့သော်လည်း ခွန်အားအကွက်ထိုအရာအပေါ်၌အမှီပြုခြင်းမှာ မှားပါ၏။၄င်းတို့အ တွက်ဂုဏ်ယူဝံ့ကြွားခြင်းသည်မှား၏။ ၄င်းတို့ကို ရရှိရန်အတွက်အဆင့်အတန်းနိမ့်အောင်ပြုခြင်းမှာ မှားပါ၏။ ဘုရားသခင်ကိုသိကျွမ်းခြင်း ထက်အောင်မြင်မှုရရှိ၍ ဝေစုရရှိရန်အတွက်ဆိုပါက မှားပါသည်ဟု Vance Havnerက အကြံပေးသည်။ ကြီးမား၍ထိန်းမရ၊ သိမ်းမရသောအသင်းတော်များထက်သေးငယ်ပြီးကြီးထွာ း၍ဝိညာဉ်သဘောရှိသောအသင်းတော်များပိုကောင်း၏။
အပိုင်း နိဂုံးCONCLUSION
ငါးဆယ့်ခုနှစ်
အပိတ်လက်ဆောင်များ
Closing Tip
သင်သည် ယခုတွင်ခရစ်ယာန်တပည့်ဖြစ်ခြင်းနှင့်ပတ် သက်၍ အဓိကကျသောအပိုင်းအချို့တို့ ကိုလေ့လာပြီးဖြစ် သည်။ ကျွန်တော်က “အချို့” ဟုဆိုသည်ကိုသတိပြုပါ။ ပို၍များသောအရာ များရှိသေးသည်။ ဤအကြော င်းအရာနှင့်ပတ်ဆက်၍တခုတည်းသောပြည့်စုံသည့်စာအုပ်မှာ ဓမ္မသစ်ကျမ်းစာဖြစ်သည်။
ဤစာအုပ်၌ပါသောအရာတို့ကို ခေါင်းနှင့်သိခြင်းသ ည်မလုံလောက်ပါ။၎င်းတို့ကိုတပည့် တော်၏အသက် တာ၌ လက်တွေ့ အသုံးချရမည်။ သူသည်ပြောသောအရာအတိုင်းကျင့်ကြံ၍၊ သခင်ယေရှု၏ဆက်ကပ် သောတပည့်တော်တယောက်ဖြစ်ကြောင်း သက်သေပြရပါမည်။ သူတပါးသည်သခင်ယေရှု ကိုသူ့အ သက်တာ၌မြင်ရပါမည်။
အရေးကြီးသောအရာတခုရှိသေးသည်။ အကြံပေးသွ န်သင်သူဆရာသည်သူ၏တပည့်အား ခရစ်ယာန်အ စေခံခြင်းအမျိုးမျိုးတို့ကိုပြသရမည်။
တပည့်သည်လည်း သူ၏ဆရာနှင့်အတူသွား၍ ကယ်တ င်ခြင်းမရသောသူတို့အားသက်သေခံပုံ၊ ခရစ်ယာန်တို့ ကိုသွန်သင်ပုံ၊ ဧဝံဂေလိတရားဟောပြောပုံ၊လမ်းညွှန်မှုလိုသည့်သူတို့အားဆွေးနွေးပုံ၊ လက်ထပ်မင်္ဂလာ ဆောင်ခြင်း၊ ဈာပနအခမ်းအနားစသည်တို့၌ဦးဆောင်ပုံ၊ လူ နာထံသို့သွာ းရောက်လည် ပတ်ပုံတို့ကိုကြည့် မြင်လိုသေ ာဆန္ဒရှိရပါမည်။ တပည့်သည်ဒေသန္တရအသင်းတော်ပါး၌ရှိ သောသင်းအုပ်ဆရာလုပ် သည့်အရာအား လုံးနှင့်လုပ်ကိုင်ပုံကို လေ့လာသင်ကြားရပါမည်။
တမန်တော်ပေါလုက ဤသို့ပြောပါသည် –
ခရစ်တော်အားဖြင့် လူတိုင်းစုံလင်ခြင်းသို့ရောက်၍ လူခပ်သိမ်းတို့ကိုဆက်သအံ့သောငှါ၊ ငါတို့သည်လူခပ် သိမ်းတို့ကိုသတိပေး၍ ပညာအမျိုးမျိုးနှင့်ဆုံးမသွန် သ င်လျက်၊ ခရစ်တော်၏တရားကိုဟောပြောကြ၏။ ထိုသို့အလိုငှါငါသည် အမှုဆောင်ရွက်၍၊ ငါ၌တန်ခိုးတော်ပြုပြင်အားထုတ်တော်မူသည်အတိုင်း ကြိုးစားအား ထု တ်လေ့ရှိ၏ (ကော ၁း၂၈-၂၉)။
ဤအရာကိုပြောရာ၌ သူသည်တပည့်တော်တယောက် ၏ဂုဏ်အသရေနှင့်တင့်တယ်သောပုံစံတခုကို ကျွန်ုပ်တို့အတွက်ထားခဲ့ပေးသည်။
တပည့်တော်တယောက်သည်မိမိအသက်တာ၏ပုံစံထဲသို့သွင်း၍ကောင်းမွန်စွာလုပ်ဆောင်ရမည့် အရာများနှင့်ပတ်သက်ပြီးအကြံပေးချက်အနည်းငယ်နှင့်ကျွန်ုပ်တို့အဆုံးသတ်မည်ဖြစ်သည်။
> နေ့တိုင်းသနားကြင်နာခြင်းနှင့် နှစ်လိုဘွယ်ကောင် းသောအရာတို့ကိုပြုပါ။ ၄င်းသည် ထူးဆန်းသောသက် သေခံရသည့်အခွင့်အလမ်းတခုကိုလမ်းဖွင့်ပေးနိုင်ပါသည်။
> နေ့တိုင်းအားပေးသောစကားတခွန်းကိုပြောပါ။ တစုံတယောက်သောသူကထိုအရာကိုလိုအပ်နေသည်။
> အပြစ်မတင်ပါနှင့်။ ၁ကော ၁၀ ၊ ကို သင်ဖတ်ပါက ဘုရားသခင်သည်အပြစ်တင်ခြင်းကိုမကြိုက်ကြောင်း သင်တွေ့ ရမည်ဖြစ်သည်။
>Andrew Bonar ကဲ့သို့ဆုတောင်းပါ။ သင်သည် “အဆုံးထိတိုင်အောင်ကောင်းမွန်စွာလုပ်ဆောင်သွားမည်” ဖြစ်သည်။ ပေါက်ကွဲ၍ပြာအဖြစ်သို့ကြွေကျသော ရောမဖယောင်းတိုင်ကဲ့သို့ ဒေါသမထွက်ပါနှင့်။
> နှစ်လိုဘွယ်သောအမူအရာရှိပါ။ ဤအရာအတွက်ဘုရားသခင်သည်သင်အားချမ်းသာပေးမည်ဖြစ်သ ည်။ . Franz Joseph Haydn က “ဘုရားသခင်သည် ကျွန်ုပ်အားနှစ်လိုဘွယ်သောစိတ်နှလုံးကိုပေး သည်။ ကိုယ်တော် အားရွှင်လန်းခြင်းနှင့်အစေခံမည်ဆိုပါက အမှန်တကယ်ချမ်းသာပေးတော်မူမည်”ဟုပြောပါသည်။ ဆာလံဆရာက “ထာဝရဘုရား၏အမှုတော်ကိုဝမ်းမြောက်စွာဆောင်ရွက်ကြလော့” ဟုပြောသည်မဟုတ်လော။
> သင်သည် ကတိပေးပါက၊ ကတိအတိုင်းတည်ပါ။ သင်မတည်ပါကကတိမပေးပါနှင့်။ကောင်း သောအရာတခုကိုပြုလုပ်ရန် စိတ်နှလုံးထဲမှတွန်းအားပေးပါက မငြင်းဘဲလျင်မြန်စွာပြုပါ။ပြုသည့်အပေါ်၌ အံ့ဩ စေမည်ဖြစ်သည်။ ……
> ကျေးဇူးသိတတ်ပါ။ ကောင်းကြီးရေတွက်ပါ။ ၄င်းက ဘုရားသခင်အချိန်ကိုမဖြုန်းပါနှင့်။ ဘုရားသခင်အတွ က်မအားမလပ်အလုပ်ဖျားနာသောသူ၊ အသက်ကြီးသောသူနှင့်ငိုကြွေးမြည်တမ်းသောသူတို့ထံသို့သွားရေ ာက်လည်ပတ်ပါ။ ထိုသို့ပြုခြင်းက သင်သည်သူတို့ကိုဂရုစိုက်ကြောင်းပြပါသည်။
> ယေရှုခရစ်တော်၏တရားစီရင်ခြင်းပလ္လင်တော်ကိုကြည့်၍ နေ့တိုင်းအသက်ရှင်ပါ။ ကျွန်ုပ်တို့သည် မန က်ဖြန်တွင်ထိုနေရာ၌ရှိကြမည်ဖြစ်သည်။မည်သည့်မနက် ဖြန်ဖြစ်မည်ကိုသာ မသိကြခြင်းဖြစ်သည်။
လုပ်ပါ။
> သင်၏လျှာကိုစောင့်ရှောက်ပါ။ ကောင်းမွန်စွာနား ထေ ာင်တတ်သောသူတယောက်ဖြစ်ပါ။ သင်ကြားခံယူသမျှအတွက် သင်သည်အံ့အားသင့်နိုင်သည်။
> အခြားသောသူများ၏အသက်တာကို ကျော်လွှားနိုင်ရန်မကြိုးစားပါနှင့်။ စကြာဝဠာ၏အထွေထွေမန်နေဂျာအနေနှင့်သည်းခံပါ။
> သင်၏ဝေဒနာခံစားမှုတို့ကို မကျေညာပါနှင့်။ လူတိုင် း၌လုံလောက်သောဝေဒနာရှိကြ၏။
> အခြားသောယုံကြည်သူများအထဲ၌ ခရစ်တော်ကိုမြင်နိုင်ရန်ကြိုးစားပါ။ ၎င်းကသူအပေါ် သင်၏စိတ် သဘေ ာထားကောင်းလာရန်ပြုပြင်ပေးမည်။
> လူငယ်များအပေါ်၌ ဘုရားနှင့်စပ်ဆိုင်သောစိတ် ဝင်စ ားမှုကိုထားပါ။ဘုရားသခင် သည်သူတို့ ကိုချစ်သည်။
> စိတ်ပိုင်းဆိုင်ရာနှင့်ကာယပိုင်းဆိုင်ရာ၌ချို့တဲ့သောသူတို့အား မိတ်ဆွေဖွဲ့ပါ။ သူတို့အယောက်စီတိုင်းသည် ဘုရားသခင်အတွက်အဖိုးတန်သောသူများဖြစ်ကြသ ည်။
“သက်သေခံအများရှိသည်နှင့် ငါ့ထံ၌ကြားပြီးသောအ ရာတို့ကိုသစ္စာနှင့်ပြည့်စုံ၍ သူတပါးတို့ကိုသွန်သင်ခြင်းငှါ၊ တတ်စွမ်းနိုင်သောသူတို့၌အပ်ပေးလော့” (၂တိ ၂း၂)။
ဤလက်စွဲစာအုပ်၌ ဆွေးနွေးထားသောဘာသာရပ်များ၏နောက်ဆက်တွဲကို ဤစာရေးသူ၏အောက်ပါစာအုပ်များ၌တွေ့နိုင်သည်။
True Discipleslip – စစ်မှန်သောတပည့်တော်ဖြစ်ခြင်းThe Forgotten Command၊ Be Holy – မေ့ပျောက်ခံရသောမိန့်မှာချက် – သန့်ရှင်းပါ
Chirst Loved the Church – ခရစ်တော်ချစ်သောအသင်းတော်. My Heart, My Life, My All – ကျွန်ုပ်၏စိတ်နှလုံး၊ အသက်၊အရာခပ်သိမ်းOnce in Christ, In Christ Forever – တကြိမ်တခါခရစ် တော်၌ခရစ်တော်၌ထာဝရပါ
စာအုပ်ငယ်များ
Think of Your Future – သင်၏အနာဂတ်ကိုစဉ်းစားကြည့်ပါ။
ကိုယ်တော် ကျွန်ုပ်ကိုချိုးဖဲ့ပါ။Lord, Break Me
The Day Jesus Came to My House – ယေရှု ကျွန်ုပ်အိမ်သို့ကြွလာသည့်နေ့
Grasping for Shadows – အရိပ်ကိုဖမ်းကိုင်မိခြင်း
Does it Pay to Pray? ဆုတောင်းရန်အခပေးရပါသလား။
Singleness — A Male Perspective – တဦးတည်းဖြစ်ခြင်း…ယောက်ျား၏အမြင်
နောက်ဆက်တွဲများ  Appendixee
နောက်ဆက်တွဲ – ကပြပါ၊ မတိုက်ပါနှင့်Show It, Don’t Blow It ခရစ်တော်ကို တွေ့ သော်လည်းမိဘများကို ဆုံးရှုံးသည့် လူငယ်တဦး၏ဇါတ်လမ်းလူ ငယ်တို့၏စိ တ်အားထက်သန်ခြင်းသည် အသက်ကြီး တိုက်ခိုက်ခြင်းကဲ့သို့ဖြစ် လေ့ရှိသည်။ လူငယ်တဦးသည်အသစ်စက်စက်ခရစ် ယာန်ဖြစ်ပြီးခရစ်တော်အတွက်ပြင်းပြသောအခါ၊ အသက်ကြီးသောသူတို့သည် သူတို့၏ဘာသာတရားကိုခြိမ်းခြောက်ခြင်းခံနေသည်ဟု ခံစားကြကာထိုအချိန်တွင် လူငယ်၏သက်သေခံချက်မှာ မထိရောက်ဘဲရှိနိုင်သည်။
ထိုအသက်ကြီးသူတို့သည် ထိုလူငယ်၏မိဘများဖြစ်သောအခါ၌ ၄င်း၏ရလာဒ်သည်ဘေးဥပုဒ်တခု ဖြစ်နိုင်သည်။ Greg ၏အတွေ့ အကြုံသည်အရေးကိစ္စတခုဖြစ်သည်။ Greg သည်သူ၏စိတ်အား ထက်သန်မှုကို ချစ်ခြင်းမေတ္တာနှင့်၄င်း၊ ပညာနှင့်၄င်း ပြုမည်ဆိုပါက ထိုဘေးဒုက္ခသည်အောင် မြင်ခြင်းသို့ပြောင်းသွားနိုင်သည်။
ပထမအနေနှင့် Greg ကသူ၏ဇါတ်လမ်းကိုပြောခိုင်းကြပါစို့။ ကျွန်တော်တိုက်ခိုက်ဖူးပါသည်။ကျွန်တော်ကယ် တင်ခြင်းရပြီးနောက်အိမ်သို့ပြန်ကာ ဧဝံဂေလိတရားကိုကျွ န်တော့မိသားစုယုံကြည်စေရန် တုံးတိတိပြောပြ သည်။ သူတို့သည်ကျွန်တော်အားကြမ်း တမ်းစွာဖြင့်တိုက် ခံကြရာ ကျွန်တော်လည်းရန်လိုသောစကား နှင့်ပြန်လည် တုန့်ပြန်သည်။ ထိုအကြောင်းကြောင့် ကျွန်တော်တိုက်ခိုက်သည်ဟုပြောရခြင်းဖြစ်သည်။
နောက်ကြောင်းရာဇဝင်ကိုအနည်းငယ်ပြောပါရစေ။ ကျွန်တော်သည်ဘာသာတရားကိုင်းရှိုင်း သည့်မိသားစုမှကြီးပြင်းခဲ့သည်။ ကျွန်တော်တို့ကလေးများသည် အမေးအဖြေနည်းဖြင့် ဘာသာရေးသင်ကြား ပို့ချချက်များကိုသင်ယူကြကာ၊ အာပတ်ဖြေကြ၍၊ အသင်းတော်ဝတ်ပြုစည်းဝေးသို့ပုံမှန်တက်ကြသည်။ အချိန်တန်သောအခါ ကျွန်တော်သည်ပွဲတော်စားသောသူဖြစ်လာသည်။ ယခုကျွန်တော်ပြောနိုင်သင် သလောက်ပြောပြမည်ဆိုပါကကျွန်ုပ်တို့၏ဘာသာတရားသည်ပွဲလမ်းသဘင်များကျင်းပခြင်းပါဝင်သော်လည်း ကျွန်တော်တို့တယောက်မျှ ဒုတိယမွေးဖွားခြင်းမခံကြပါ။
အထက်တန်းတွင်ကျွန်တော်သည် မူးယစ်ဆေးဝါးသုံးစွဲသည့်အကျင့်ကြောင့် သူတပါး၏ဥစ္စာကို စခိုးလာသည်။ ဖခင်သည်အချုပ်မှသုံးကြိမ်တိုင်တိုင်အာမခံဖြင့် ကျွန်တော့ကိုထုတ်ယူသည်။ ထိုအချိန်နောက်ပိုင်း၌ ပင်လျှင် အလုပ်လုပ်ခြင်းအားဖြင့်မဟုတ်ဘဲ ခိုးယူခြင်းအားဖြင့်ပိုက် ဆံရယူရန်ပို၍လွယ်ကူသည်။
သို့သော်၊ ဤအချိန်တွင်ကျွန်တော်သည် ကာမရာဂဆက်ဆံရေး၌ကျွံဝင်နေပြီဖြစ်သည်။ မိန်းကလေးများရရှိရန်အခက်အခဲမရှိပါ။ ကျွန်တော်သည်မိမိကိုယ်ကို Mr. Macho အဖြစ်မြင်သည်။
ကျွန်တော်သည် မိတ်ဆွေများ၏ကြိုဆိုလက်ခံခံခြင်းကို ခံစားပျော်မွေ့သည်။ ကျွန်တော်၏ရိုင်း စိုင်းသောဘဝသည်လည်း အမှန်တကယ်အဆင့်မြင့်မှုတခုကိုပေးသည်ဟုခံစားမိသည်။ ကျွန်ုပ်ကိုငြိမ် ဝပ်စေသည့်ပထမဦးဆုံးသောအရာမှာ ကျွန်တော်၏အရင်းနှီးဆုံးသူငယ်ချင်းတယောက်သည် လေယာဉ်ပျက်ကျခြင်းကြောင့်သေရသောအချိ န်၌ဖြ စ်သည်။ ၄င်းနောက် မကြာမီအချိန်၌ကျွန် တော်သည်မူး ယစ်ဆေးဝါးကြောင့်အချုပ်ထဲကျရသည်။ အချုပ်မှလွတ်လာသောအခါသွေး ကင်ဆာရောဂါဟု သံသယဖြစ်ရသည့်ရောဂါနှင့် ဆေးရုံသို့ရောက်ရှိသည်။ဆေးရုံသို့ရောက်သောအခါ ကျွန်တော်ပထမဦးဆုံးမှတ်မိသောအရာမှာ “အို၊ ဘုရားသခင်၊ ဘုရားသခင်အမှန်တကယ်ရှိပါက ကျွန်တော့အားကိုယ်တိုင်ထင်ရှားပြသပါ” ဟု ဆုတောင်းခြင်းဖြစ်သည်။
တနာရီကြာသောအခါ၊ အထက်တန်းကျောင်းသားဘဝ၌သူငယ်ချင်းတယောက်သည် ကျွန်ုပ်ဘေး၌ အိပ်နေသောလူနာထံသို့လာရောက်လည်ပတ်သည်။ ကျွန်တော့ကိုမြင်၍အံ့အားသင့်ပြီးနောက် သူသည်ခရ စ်ယာန်တယောက်ဖြစ်ကြောင်း၊ သူ၏အသက်တာသည်ခရစ်တော်၌ပြောင်းလဲခဲ့ပြီးဖြစ်ကြောင်း ကျွန်တော့ကိုပြောပြသည်။ ခရစ်တော်၌အသက်သစ်နှင့်အစပြုနိုင်မည့်နည်းတခုကိုကျွန်တော့အား သေချာစွာရှင်းပြသည်။
ကျွန်တော်အစဉ်သင့်ဖြစ်သည်နှင့် အတူတကွဆုတေ ာင်းကြသည်။ကျွန်တော်သည် သခင်ယေရှုအားကျွန်ုပ် ၏ကိုယ်စားအသေခံသောသူ၊ကျွန်ုပ်၏သခင်နှင့်က ယ်တင်ရှင်အဖြစ်သိရှိလာသည်။
ကျွန်တော်၏အသက်တာသည်အောက်ခြေမှစ၍ ပြောင် းလဲသွားသည်။ ဘုရားသခင်သည်အ သစ်သောစကားကိုပေးသည်။ ညစ်ညမ်းသောစကားနှင့်အချ ည်းနှီးသောစကားတို့ကိုမပြောတော့ပါ။ ကျွန်တော်သည်မူးယစ်ဆေးဝါးနှင့် မတရားသောမေထုန်၌ကျင်လည်သောအသက်တာမှပြောင်းလဲလာသည်။ ကျွန်တော်၏ မိတ်ဆွေအဟောင်းတို့သည်ကျွန်တော့အားစွန့်ခဲ့ကြသည်။ တယောက်သောသူက “ဟေ့လူ၊ မင်းသေပြီ” ဟုပြော၏။
ကျွန်တော်၏မိဘများသည် ကျွန်တော်၏ပြောင်းလဲမှုကြောင့်အားရပီတိဖြစ်ကြမည်ဟု ကျွန်တော်မျှော် လင့်သည်။ သူတို့အား ဧဝံဂေလိတရားကိုဝေငှသောအခါ၌ သူတို့သည်ယခုပင်ကယ်တင်ခြင်းရလိုကြမည်ဟု ကျွန်တော်ယူဆသည်။ သူတို့သည်ကျွန်တော်လောက်မဆိုးကြသည်မှာအမှန်ဖြစ်သော်လည်း ကယ်တင်ခြင်းရကြရန်လိုနေသေး၏။ ထို့ကြောင့်သူတို့အားစိတ်အားထက်သန်စွာဖြင့်သက်သေခံ၏။
ကျွန်တော်သည်တအံ့တဩအဖြစ်ခံရပါသလား။ သူတို့သည်ကျွန်တော်၏အသက်တာပြောင်းလဲခြင်းကြော င့် စိတ်အားထက်သန်လာမှုကိုလက်မခံကြပါ။ သူတို့ သည် အိမ်၌ဘာသာရေးအယူသည်းတယောက်ထက် မူးယစ်ထုံထိုင်းသောလူတယောက်ပို၍ရှိစေလိုသည်ဟု ပြောကြသကဲ့သို့ရှိကြသည်။
ကျွန်တော်၏မိခင်သည် သူ၏ဘာသာကိုကျွန်တော်စွန့်သည်ဟုငိုကာ၊ ကျွန်တော့အား သစ္စာဖေါက်သူနှင့်ဘာသာရေးအယူလွဲသူဟုခေါ်သည်။ သူတို့ သည်နောက် တဖန်မွေးဖွားရန်လိုကြသည်ဟူသောကျွ န်တော်၏အကြံပေးချက်အ ပေါ်၌ဒေါသထွက်ကြသည်။ သူတို့သည်မွေးစကလေးအရွယ်၌ဗတ္တိဇံခံသောအချိန်တွင်အသစ်တဖန်မွေးဖွားကြပြီဖြစ်ကြောင်းကျွန်တော့ အားသိစေလိုကြသည်။ ယခုတွင် ကျွန်တော်သည်မိ သားစုစည်းလုံးညီညွတ်မှုကိုပျက်ပြားစေသည်ဟု သိစေလိုကြသည်။
သူတို့အားဧဝံဂေလိတရားကိုပို၍ပြောပြလေ၊ သူတို့ သည်ပို၍ရန်လိုလာကြလေဖြစ်သည်။ သူတို့သည်အော်ဟစ်ခြင်း၊ ခြိမ်းခြောက်ခြင်းနှင့်စော်ကားမော်ကားပြုကြသည်။ ကျွန်တော့မိသားစုနှင့် ကျွန်တော့အကြားတွင်နက်ရှိုင်းသည့်ချောက်ကြီးတခုရှိနေပြီဟု ကျွန် တော်ခံစားသည်။ သူတို့၏စိတ်ထားနှင့်အပြုအမူအပေ ါ်၌ကျွန်တော်သည်ပို၍ပို၍ဒေါသဖြစ်လာကာပို၍ ပို၍ လက်လျှော့လာသည်။ နောက်ဆုံးတွင်တခါအော်ဟစ်ပြီး ဒေါသနှင့်အိမ်မှထွက်လာသည်။
ကျွန်တော်သည်တိုက်ခိုက်သည်ဟုပြောရခြင်းမှာ ထိုအကြောင်းကြောင့်ဖြစ်သည်။ သူတို့အားခရစ်တော်ထံသို့ခေါ်လာရမည့်အစား သူတို့ကိုနှင်ထုတ်ရာ၌ကျွ န်တော်အောင်မြင်ခဲ့သည်။ သူတို့ကိုကျွန်တော်အမှန်တကယ်ချစ်ပါ၏။ ထို့ကြောင့် သူတို့ကိုကယ်တင်ခြင်းရရှိစေလို၏။ ထို့ကြောင့် သူတို့ကိုဧဝံဂေလိနှင့်ထုနှက်နေခြင်းဖြစ်သည်။ ၄င်းသည်အသိဉာဏ်မဲ့သောအာ းကြီးမှုဖြစ်သည်ဟု ကျွန်တော်ယူဆသည်။ ယခုတွင် ကျွန်တော်သည်သူတို့နှင့်မိတ်ပျက်ပြီး၊ စိတ်ဓါတ်ကျနေရသည်။ အတိတ်၏အမှားများကို အမှန်ပြုနိုင်မည့်အရာ တစုံတခုရှိပါသလား။
Greg၏အတွေ့အကြုံသည်လူတိုင်းတွေ့ကြုံရသောအရာတခုဖြစ်သည်။အသစ်ပြောင်းလဲလာသောလူငယ်များစွာတို့သည် ခရစ်တော်နှင့်ဆွေမျိုးသားချင်းများအ ပေါ်၌သစ္စာရှိရန်ကြိုးစားကြသော်လည်း သူတို့၏ သ က်သေခံချက်ကိုထိုသို့နည်းဖြင့်လုပ်ဆောင်လေ့ရှိကြသည်။ ကျွန်တော်တို့သည် သူတို့အားမည်သည့်အရာကိုပြောပြရမည်နည်း။
ယေရှုက သူကြွလာခြင်းအားဖြင့်မိသားစုအတွင်း ၌ရ န်ဘက်ပြုခြင်းနှင့်ကွဲပြားခြင်းကိုဖြစ်စေမည်ဟု ရှင်းလင်းပြတ်သားစွာဟောပြောသည်။ ဥပမာ “အဘနှင့်သား၊ အမိနှင့်သမီး၊ယောက္ခမနှင့်ချွေးမအချင်းချင်းကွဲပြားစေခြင်းငှါ ငါလာသတည်း။ ကိုယ်အိမ်သူအိမ်သားတို့သည်လည်း ကိုယ်ရန်သူဖြစ်ကြလိမ့်မည်” ဟုကိုယ်တော်မိန့်တော်မူ၏ (မဿဲ ၁၀း၃၅-၃၆)။
ကိုယ်တော်ကြွလာခြင်းသည် မိသားစုအတွင်း၌ရန်လိုခြင်းကိုဖြစ်စေမည်ဟု တိုက်ရိုက်ဆိုလိုခြင်းမဟုတ်ဘဲ၊ တခါတရံ မလွဲမရှောင်သာသောရလာဒ်ဖြစ်စေဧည် ဟူ၍ ပြောလိုခြင်းဖြစ်သည်။ လူတို့သည် ကိုယ်တော် နောက်သို့လိုက်သောအခါတိုင်း၌ ဆွေမျိုးများနှင့်မိတ် ဆွေများထံမှပြင်းထန်သော ဆန့်ကျင်တိုက်ခိုက် မှုခံရနိုင်သည်ဟု ကြိုတင်တွက်ထားနိုင်သည်။ ကိုယ်တော်သည် “ငြိမ်သက်ခြင်းကိုစေလွတ်အံ့သောငှါ လာသည်မဟုတ်၊ ဓါးကိုစေလွတ်အံ့သောငှါ လာ၏”(ငယ်၃၄)။
သို့သော် ဤကျမ်းချက်၌ပါသောတစုံတခုသည် Greg ၏မိသားစုအပေါ်ခရစ်တော်နှင့်ဆက်နွယ်ခြင်းကြောင့် ပြောင်လှောင်ခြင်း၊ ညှဉ်းဆဲခြင်းနှင့်စော်ကားခြင်းခံရပါက၊ ၎င်းတို့သည် ဘုရားသခင်ဝမ်းမြောက်စေပါသည်။ ကျွန်ုပ်တို့၏မိုက်မဲအမျက်ဒေါသဖြစ်ခြင်းသည် မှန်က န်သည်ဟုမဆိုပါ။ ကျွန်တော်တို့သည်မှု၊ ဇာတိဆန်မှုနှင့်မေတ္တာမပါဘဲလုပ်ဆောင်မှုကြောင့်ခံရပါကောင်းကျိုးမရှိပါ။
အရာရာဆုံးရှုံးပြီးဟု Greg ခံစားရန်မလိုပါ။ ယခု သူလုပ်ရန်လိုသောအရာမှာ ခရစ်တော်သည်သူ၏အသက်တာ၌အပြောင်းအလဲတခုလုပ်ပြီဟု ဆွေမျိုးတို့ကိုပြရန်ဖြစ်သည်။ သူလုပ်နိုင်သည့်ပထမဦးဆုံးသောအရာမှာ သူတို့ထံသို့ပြန်သွားကာ သူ၏အမျက်ဒေါသနှင့်ရိုင်းစိုင်းမှုအတွက် သူတို့ကိုတောင်းပန်ရန်ဖြစ်သည်။ နှိမ့်ချခြင်းသည်ခက်ခဲသော်လည်းသူပြုရမည်။” ကျွန်တေ ာ် တစုံတရာမှားပါက ဝမ်းနည်းပါတယ်” ဟု ပြောရုံဖြင့်ထိရောက်မှုရှိမည်မဟုတ်ပါ။ ထိုသို့ပြုမည့်အစား “ကျွန်တော်မှားပါတယ်၊ ဝမ်းနည်းပါတယ်။ ကျေးဇူးပြု ၍ ခွင့်လွှတ်ပါ” ဟု ပြတ်ပြတ်သားသားပြောရမည်ဖြစ်သည်။
ဤအရာက သူ၏မိဘများနှင့်ညီအစ်ကိုမောင်နှမများအားထိရောက်စွာစကားပြောမည်ဖြစ်သည်။ “Greg က အရင်ဤသို့မတောင်းပန်ဖူးပါ။ ကျွန်တော်တို့မှားသည့်အခါမှာလည်း ထိုသို့မပြုဖူးကြပါ” ဟု သူတို့စဉ်းစားလာကြမည်ဖြစ်သည်။
Greg သည် ဧဝံဂေလိတရားကိုသူတို့အား အတင်းဝေငှမည့်အစားထိုအကြောင်းအရာ ကိုရှင်းလင်းအောင် တဖြည်းဖြည်းပြောပြ၍ ပျော့ပျောင်းစွာကိုင်တွယ်သင့်သည်။ သူတို့သည်အများအားဖြင့် မပြောင်းမလဲရှိကြ မည်ဖြစ်သည်။ထိုသို့ပြုခြင်းသည် Greg အား ဖိအားမပေးဘဲအဖြေပေးမည့်အခွင့်ကိုပေးကြမည်ဖြစ်သည်။
မိသားစုကဖိတ်ခေါ် ပါက Greg အနေနှင့်အိမ်သို့ပြန်သွားလျှင် ကောင်းမည်ဖြစ်သည်။ အိမ်အလုပ် များကိုခိုင်း စရာမလိုဘဲ ပြီးစီးအောင်ကူညီသင့်သည်။သူ၏အခန်းကိုလည်း ယခင်ကစိတ်ပျက်စရာဖြစ်နေရာမှ သန့်ရှင်းအောင်ထားသင့်သည်။
Greg သည် ကုန်လွန်ခဲ့သောအချိန်၌ရှိခဲ့သည့်အကျင့်စရိုက်မျိုးမဟုတ်သည့် သနားကြင်နာမှုနှင့်ဆိုင်သော အပြုအမူတို့ကိုပြသင့်သည်။ ဤအရာ၌မွေးနေ့များနှင့် အခါလည်နှစ်များ၊ အခြားနေ့ထူးနေ့မြတ်များကို သတိရခြင်း၊အခြားရည်ရွယ်ချက်မပါဘဲ မေတ္တာကိုပြသည့်လက်ဆောင်ပေးခြင်းများ ပါဝင်သည်။ သူသည် ဆုတောင်းပြီး၊ သနားကြင်နာမှုကိုအသစ်ပြသသင့်သည်။
Greg သည် မိဘများ၏အုပ်စိုးမှုကို ရိုသေလေးစားရပြီး သူတို့၏ အကြံပေးချက်သည် ဘုရားသခင်၏စကားနားမထောင်ခြင်းဖြစ်စေသည့်တိုင် သူတို့၏စကားကိုနားထောင်သင့်ပါသည်။ ထို့နောက် မမြင်နိုင်အောင်တိတ်ဆိတ်စွာဖြင့်ငြင်းရမည်ဖြစ်သည်။
ကျေးဇူးတင်စာရေးသားခြင်းသည် မိဘများအားတန်ဘိုးထားခြင်းကိုအစဉ်ပြသခြင်းဖြစ်သည်။ အကြောင်းမှာ သူတို့ပြုသောအရာအတွက်ကျေးဇူးတင်ခြင်းကိုမခံဘူးကြသောကြောင့်ဖြစ်သည်။ မိခင်၏မွေးနေ့ (သို့) မိခင်များနေ့တွင်ချောကလက်တဗူးလုံးကိုပေးရမည့်အစား ဤကဲ့သို့လက်နှင့် ရေးသောစာကိုတန်ဘိုးထားခြင်းပို၍ ခံရမည်ဖြစ်ကြောင်း Greg ကတွေ့ ရှိမည်ဖြစ်သည်။
အမေ
ဤနေ့တွင်အမေကိုအထူးအစီအစဉ်ဖြင့် ဂုဏ်ပြုရန်စီစဉ်ထားပါသည်။ သား၏အသက်တာ၌အမေပြုလုပ် ခဲ့သည့်အရာများအတွက်ကျေးဇူးတင်ကြောင်းထုတ်ဖော်ပြောကြားလိုပါတ ဤလောကကြီးထဲ သို့လူတယောက်ဖြစ်လာရန်ခေါ်လာခဲ့သူမှာအမေပါ။ အမေအနေနှင့်နာကျင် မှုဝေဒနာခံစားမည်ကို ယနေ့ကျွန်တော်သိရှိနားလည်ပါသည်။ သို့သေ ာ် အမေအနေနှင့်သားတ ယောက်ရရှိသည့်အတွက်ကြောင့် ထိုအရာအားလုံးကိုလျင်မြန်စွာမေ့ပျောက်လျက် ဝမ်းသာပျော်ရွှင်ခဲ့ ပါသည်။ ကျွန်တော်ကြီးပြင်းလာသောအခါ ကျွန်တော့အားကျွေးမွေးသုတ်သင်၊ ပဲ့ပြင်ဆုံးမရန်အတွက် အမေပေးခဲ့သည့် နေ့ရက်၊လနှင့်နှစ်များကို ကျွန်တော်ပို၍ သဘောပေါက်လာပါသည်။ ကျွန်တော်ဖျားနာ သောအခါ သို့မဟုတ် မတော်တဆထိခိုက်မှုခံရသောအခါ၊ အမေသည်တညလုံးမအိပ်ဘဲ စိုး ရိမ်ပူပန်ခြင်းနှင့်စောင့်နေသည်။ ကလေးများထဲတွင် တယောက်သောသူအား သေမင်းကခေါ်သွားမည့်ကဲ့သို့ရှိ သောအခါ၌တင်ကြောင်းကို ထုတ်ဖော်ပြော ကြားလိုပါသည်။ အမေ၏တယောက်တည်းအထီး ကျန်ပြုစုခြင်းအတွက် ကျွန်တော်အမေ့အပေါ်၌ ကျေး ဇူးဆပ်နိုင်မည်မထင်ပါ။ ကျွန်တော်တို့နှင့်အမေရဲ့ချက်ပြုတ်ကျွေးမွေးခြင်း၊ အဝတ်လျှော်ပေးခြင်း၊ အဝတ်အစားများချုပ်ပေးခြင်း၊ ဖာထေးပေးခြင်း၊ အိမ်သန့်ရှင်းရေးလုပ်ပေးခြင်းစသည့်အရာအားလုံးအတွက် ကျေးဇူးတင်ပါသည်၊ အမေ။ထိုက်တန်သည့် ဆုံးမခြင်းအတွက်လည်းကျေးဇူးတင်ပါ၏။ မေတ္တာနှင့်ပြု လုပ်သည်ကို ကျွန်တော်တို့သိကြပါ၏။
ကျွန်တော်လိုထက်မကပြောစရာများစွာရှိသော်လည်းကျွန်တော့အပေါ်ပြုခဲ့သမျှအတွက်ကျွန်တော်ဘယ် လောက်တန်တိုးတာ၊၍မြတ်နိုးသည်ကိုဤစာကလေးကအမေ့ကို သိစေမည်ဟု ကျွန်တော်ထင်ပါတယ်။
အမေကြောင့် ကျွန်တော်ဘုရားသခင်ကိုကျေးဇူးတင်ကြောင်း၊ကျွန်ုပ်တို့၏မိသားစုသည်လည်း ဤဘဝ၌သာမက၊ နောင်ဘဝ၌ပါ မကွဲပြားတစည်းတလုံးတည်းရှိရန် ဆုတောင်းပေးကြောင်းပြောပြလိုပါသည် ။အ မေ Greg
ဤကဲ့သို့သောစာသည်အခြားလက်ဆောင်ပစ္စည်းများထက် အမေအတွက်ပို၍ အဓိပ္ပါယ်ရှိမည်ဖြစ်သည်။ Greg သည် ထိုကဲ့သို့သောစာတစောင်ကိုဖခင်များနေ့၌ရေးသင့်သည်။ ဖခင်သည်ထိုစာကိုဖတ်သောအခါ သူ၏စိတ်ကိုနက်ရှိုင်းစွာထိခိုက်မည်ဖြစ်သည်။
မိဘတို့သည်သားသမီးများ အရွယ်ရောက်သည့်တို င်အောင် လာရောက်တိုင်ပင်ရန်လိုလားတောင့် တကြသည်။ ၎င်းသည် Greg က သူ၏မိဘများအားရိုသေလေးစားနိုင်ရန် အခြားနည်းတနည်းဖြစ်သည်။
Greg ၏အသက်တာပြောင်းလဲမှုသည် သူ့မိဘများ၏နှလုံးကိုဆုပ်ကိုင်မည်မဟုတ်ပါ။ သို့သော်လည်း သူတို့သည်အခြားစိတ်ထိခိုက်စရာတခုဖြစ်ပေါ်စေကြပါက ယေရှု၏မေတ္တာဖြင့်အနိုင်ယူမည်ဖြစ်သည်။Greg အတွက်နောက်ဆုံးစကားတခွန်း။ သင်၏မိဘတို့သည်မေးခွန်းများကိုမေးသောအခါ၊ သို့မဟုတ် သင်၏အသက်တာ၌ရောက်ရှိလာသောပြောင်းလဲခြင်းအတွက် ချီးမွမ်းသောအခါ ကယ်တင်ရှင် အကြောင်းကိုပြောရန်အခွင့်အရေးတခုအဖြစ်အသုံးပြုပါ။ ၄င်းသည် သင်မဟုတ်ဘဲ၊ သင်၏အထဲ၌ရှိသောယေရှုဖြစ်ကြောင်းကိုသဘောပေါက်အောင်ပြောပြပါ။
ဘုရားသခင်သည်မိသားစုများကယ်တင်ခြင်းရရှိစေလိုပါသည်။. Greg,သင်သည်ခရစ်တော်၏အသက်တာ ကိုသူတို့ရှေ့၌တနေ့ပြီးတနေ့ပြသသောအားဖြင့်ကိုယ်တေ ာ်နှင့်အတူသင်လုပ်ဆောင်နိုင်ပါသည်။ သင်သည် ဆူပူကြိမ်းမောင်းပြီး၊ အတင်းတိုက်တွန်းခြင်းမပါဘဲ ဆု တောင်းခြင်းနှင့်ကော င်းသောအကျင့်အားဖြင့် သူတို့အားရရှိနိုင်ပါသည်။ ဘုရားသခင်ကောင်းကြီးပေးပါစေ။
နောက်ဆက်တွဲ
ဧဝံဂေလိလုပ်ငန်းနှင့် အသက်ရှင်နည်း
Lifestyle Evangelism …by Andreas Lindner
သတင်းကောင်းကိုတစုံတယောက်အားတန်ခိုးကြီးစွာဖြင့်ပြောပြသောအခါ၌ ဧဝံဂေလိလုပ်ငန်းကိုသာသနာလုပ်ငန်းတခု၊ အဖြစ်အပျက်တခုအနေနှင့်မြင်လေ့ ရှိကြသည်။ သို့သော် အနည်းငယ်သောသူတို့သာလျှင် နားထောင်လိုကြ၍၊ သာ၍နည်းသောသူတို့သည်တုန့်ပြန်ကြသည်။ သူတို့သည်စိတ်မဝင်စားကြဘဲ၊ဧဝံဂေလိတရားသည်သူတို့အသက်တာနှင့်စပ်ဟပ်မှုရှိသည်ဟု မမြင်ကြပါ။မည်သို့ပြုရမည်နည်း။
.”ငါသည်ခရစ်တော်၏နက်နဲသောအရာကြောင့် အချည်အနှောင်ခံရသည်ဖြစ်၍၊ ထိုနက်နဲသောအရာကိုဟေ ာပြောခြင်းငှါ၊ ဘုရားသခင်သည်တရားဟောရာတံခါးကိုငါတို့အားဖွင့်တော်မူမည်အကြောင်းကို၎င်း၊ ထိုနက် နဲသောအရာကို ဟောပြောအပ်သည်နှင့်အညီ ငါဖော်ပြမည်အကြောင်းကို၎င်း၊ငါတို့အဘို့လည်း ဆုတောင်းကြလော့ . . . “(ကော ၄း၂-၄)။ ပေါလု၏ဆုတောင်းချက်တင်ပြသည့်အထဲတွင် သူအလုပ်လုပ်ပုံကိုကျွန်ုပ်တို့မြင်ရသည်။သူသည်နေရာအသစ်တခုသို့သွား၍ ဧဝံဂေလိကိုဟောကြားကာ ဝိညာဉ်ရိတ်သိမ်းမည်ဖြစ်သည်။ ဤဧဝံဂေလိလုပ်ငန်းအတွက် နှုတ်ကပတ်တော်ဟောရသည့်တံခါးဖွင့်ရန်လိုအပ်သည်။ သူသည်နေရာတက ာ၌ထိုသတင်းတော်အတွက်ပြင်ဆင်ထားသောသူများကိုတွေ့ရန်ကြိုးစားသည်။ သူသည် တရားဇရပ်တွင်ဓမ္မဟောင်းသတင်းအားဖြင့်ဘုရားသခင်ပြင်ဆင်ထားသောသူတို့ကိုတွေ့ ရှိမည်ဖြစ်သည်။(တမန် ၁၆:၁၃။ ၁၇း၁-၃)။ သခင်ဘုရားသည်နှုတ်ကပတ်တော်ကိုခံယူရန်ဝအသင့်ဖြစ်သောသူတယောက်စီထံသို့ တမန်တော်ကြီးကိုလမ်းညွှန်ခဲ့သည် (တမန်၁၆:၃၀)။ ထို့နောက် ပေါလုသည်ယုံကြည်သူအသစ်တို့ကို သွန်သင်မည်၊အသင်းတော်တပါးကိုတည်ထောင်ပြီးနောက် နောက်တနေရာသို့သွားမည်။ယုံကြည်သူအသစ်တို့သည် ဧဝံဂေလိလုပ်ငန်းအပါအဝင် အမှုတော်ကို ဆက်လုပ်ရန်သင်ယူသင့်ကြသည်မှာ မှန်၏။ သို့သော် သူတို့သည်မည်သို့သာသနာပြုကြပါသနည်း။
“ပြင်ပလူတို့၏မျက်နှာကိုထောက်လျက် ပညာနှင့်ကျင့်ဆောင်၍ကာလအချိန်ကိုရွေးနှုတ်ကြလော့။ လူအသီးသီးတို့အားအဘယ်သို့ပြန်ပြောရမည်ကိုသိနိုင်မ ည်အကြောင်းသင်တို့စကားသည် ဆားအားဖြင့်ငန်သောအရသာနှင့်ပြည့်စုံလျက် အစဉ်မပြတ်တင့်တယ်လျော က်ပတ်ပါစေ (ကော ၄း၅-၆)၊ စိတ်နှလုံးတံခါးကိုဖွင့်သောသူအားလုံးတို့သည် ယုံကြည်သူများဖြစ်လာသေ ာကြောင့်ပေါလု ကသူ၏ဧဝံဂေလိလုပ်သည့်နည်းစနစ်ကိုအသုံးပြုသောအားဖြင့် သူ၏ပုံသက်သေအတိုင်းလိုက်ကြပါဟု မပြောပါ။ သူတို့သည်တရားဇရပ် သို့မ ဟုတ်ဈေး၌ဟောပြောကြရန်သူတို့အားမတောင်းဆိုပါ။ ဤအရာသည် ပေါလုအတွက်ထိရောက်၍ ရိတ်သိမ်းခြင်းလည်းဖြစ်ခဲ့ပြီဖြစ်သည်။ ကြိုတင်ပြင်ဆင်သောသူတို့သည် သူတို့၏အသက်တာကိုဘုရားသခင်အားပေးကြသည်။ ယခုတွင် ဧဝံဂေလိဆက်လက်၍ဟောခြင်းငှါ၊ မျိုးစေ့ကြဲခြင်းနှင့် တဖန်အစပြုရန်လို အပ်သည်။ သူတို့လျှောက်လှမ်းပုံနှင့်ပတ်ဝန်းကျင်၌ ရှိသောလူတို့အားစကားပြောပုံသည်အရေးကြီးသည်။ ဤအရာက သူတို့ကိုသိလိုသောစိတ်ပြင်းပြစေ၍ စဉ်းစားကြကာ၊မေးခွန်းများကိုမေးရန်ဖြစ်စေမည်ဖြစ်သည်။ ဆားသည်သူတို့အားရေငတ်စေ၍အတွက် အထောက်အကူတခု သို့မဟုတ် အဆီးအတားတခုဖြစ်နိုင်သည်။သူတို့သည်ပို၍သိရှိလိုကြမည်ဖြစ်သည်။ ကျွန်ုပ်တို့၏ အသက်တာ သည် သူတပါးထို့ကြောင့် ကျွန်ုပ်တို့သည် နေ့စဉ်လျှော က်လှမ်းသောအသက်တာနှင့် စကားပြေခြင် း၌ ပညာလိုအပ်ကြသည်။
ဧဝံဂေလိလုပ်ခြင်းသည်ယုံကြည်သူအားလုံးတို့၏ အ သက်ရှင်ပုံရှင်နည်းသောအခါ အဖြစ်အပျက်တခုအနေ နှင့်မကြည့်သင့်ကြဘဲ၊ အသက်ရှင်နည်းဖြစ်လာသင့်သည်။ သူတို့သည် ဧဝံဂေလိဆရာတပါးကတရားဟော ပွဲလုပ်တခုအဖြစ်မြင်သင့်ကြသည်။ ပတ်ဝန်းကျင်လူတို့ကိုအပြည့်အဝချစ်သည့်အသက်တာတခုသည် သူတို့အားဘုရားသခင်အတွက်ကမ်းလှမ်းသည်။ ကျွန်ုပ်တို့ပတ်ဝန်းကျင်၌ဘုရားသခင်ထားသောလူတို့သည် လ က်လှမ်းရန်အလိုတော်ရှိသောသူများဖြစ်ကြသည်။ ဤအရာသည်ကျွန်ုပ်တို့၏ မိသားစု၊ အိမ်နီးချင်းများ၊ လုပ်ဖေါ်ဆောင်ဖက်များ သို့မဟုတ် ထပ်ခါတလဲလဲကျွန်ုပ်တို့တွေ့သည့်သူများဖြစ်နိုင်ပါသည်။ နတ်ဆိုးစွဲရာမှ ကောင်းသွားသောလူတယောက်ကဲ့သို့ ကျွန်ုပ်တို့သည် သူတို့ထံသို့ပြန်သွားကြရန်လိုအပ်သည် (လုကာ၈း ၃၉။ ပရောဖက်တပါးသည် မိမိ၏မြို့နှင့်မိသားစု ၌အရို အသေပြုခြင်းမခံရသောကြောင့် (မဿဲ ၁၃း၅၇)၊ ကျွန်ု ပ်တို့သည်ပရောဖက်တပါ၊ သို့မဟုတ် စဝံဂေလိတရားတောဆရာတယောက်အနေနှင့်မပြုဘဲ မိသားစုဝင်တယောက်၊ အသင်းသားတယောက်(သို့)လူစုထဲမှတယောက်အနေနှင့်သာပြုမူရန်လိုအပ်သည်။ ကျွန်ုပ်တို့သည်သူတို့အပေါ်၌သည်းခံစိတ်ရှည်၍ရင်းနှီးစွာ သူတို့၏အကျိုးကိုထမ်းရွက်ပေးခြင်းအားဖြင့် ချစ်ခြင်းမေတ္တာကိုပြသနိုင်ပါသည်။ ဤအရာသည်လိမ္မာပါးနပ် သောစကားပြောခြင်းကလိုက်လာပြီး ၊သူတို့ပြောသောအရာသည်မှားယွင်းသော်လည်း သူတို့၏ထင်မြင်ယူ ဆချက်ကိုရိုသေလေးစားခြင်း ဖြစ်သည်။  တခါတရံ ကျွန်ုပ်တို့နှင့်အလွန်ရင်းနှီးသောသူတို့ကိုရရှိလိုပါက တိတ် ဆိတ်စွာနေခြင်းသည်ပို၍ ကောင်းပါသည် (၁ပေ၃း ၁ ၂)၊မိတ်ဆွေများနှင့်ဆွေမျိုးတို့သည်ပို၍နားထောင်ချင်စိတ်ရှိလာသည်အထိ အချိန်ယူရမည်ဖြစ်သည်။
ထို့ကြောင့်၊ သခင်ဘုရားက ဧဝံဂေလိလုပ်ငန်းသည်အချိန်ယူပြီးလုပ်ရသည့်လုပ်ငန်းတခုဖြစ်သည်ဟု ရှင်းပြသည်။ ခြံ၌လုပ်ရသည့်အလုပ်နှင့်၄င်းကို
နှိုင်းယှဉ်ထားသည် (ယော ၄း၃၅-၃၈)။ ရိတ်သိမ်းနိုင်ရန်အတွက်လယ်သမားသည်မြေကြီးကိုထွန်၍ မျိုးစေ့ကိုကြဲပြီး ရေလောင်းရသည်။ မြက်ပင်များကိုနုတ်ပစ် ရသည်။ ထိုသို့လုပ်ငန်းစဉ်၌အချိန်ယူစောင့် ရသည်။ ဂျုံစပါးမှည့်သောအခါ၌ လယ်သမားသည်ရိတ်ရသည်။ ရိတ်သိမ်းပြီးသောအခါ မျိုးစေ့ကြဲခြင်း နှင့်ရိတ်သိမ်းခြင်းကိုအစဉ်လိုက်ပြန်၍ အစပြုရသည်။
ဤနေရာ၌ သင်ခန်းစာများစွာတို့ကိုကျွန်ုပ်တို့ရရှိနို င်သည်။ သတင်းကောင်းပြောပြသက်သေခံခြင်းသည် ဧဝံဂေလိလုပ်ငန်း၌နောက်ဆုံးအဆင့်တခုသာဖြစ်သည်။ ရိတ်သိမ်းခြင်းနှင့်တူပါသည်။ ဝိညာဉ်ရိတ်သိမ်းပွဲရှိနိုင်ရန်အတွက်ထွန်ယက်ခြင်း၊ မြက်ပင်များနုတ်ခြင်း၊ ရေလောင်းခြင်းစသည်တို့လိုအပ်သည်။.၄င်းအတွက်အချိန်ယူရမည်ဖြစ်သည်။
ထိုလုပ်ငန်းစဉ်၌ကျွန်ုပ်တို့ပါဝင်နိုင်သည်။ ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်၌ရှိသောလူတို့ကိုကြည့်၍ သူတို့ပြောသောအရာတို့ကိုနားထောင်ခြင်းဖြင့် သူတို့၏ဝိညာဉ်ရေးအခြေအနေကို ကျွန်ုပ်တို့သိနိုင်သည်။ သူတို့သည်ဘုရားမရှိဟူ၍၄င်း၊ရှိသည်ဟု ယုံကြည်ကောင်းယုံ ကြည်နိုင်ကြသည်။ တချို့သောသူတို့က ဘုရားသခင်သို့မဟုတ် သဘာဝ၏နောက်ကွယ်၌ပို၍တန်ခိုးကြီးမားသည့်စွမ်းအားတခုရှိသည်ဟု ယုံကြည်ကြတာ၊ သူတို့သည်ထိုဘုရားအပေါ်၌တာဝန်ရှိကြသည်ဟူ၍၎င်။ ထင်မှတ်ကြ သည် ။ အချို့တို့သည် ထိုထက်ပို၍ သိကောင်းသိကြမည်ဖြစ်သည်။သူပြုခဲ့သော အရာတို့အတွက် အပြစ်ရှိသည်ဟု ခံစားကြ၏။ သူတို့သည်အပြစ်ပြုလာကြမည်ဖြစ်သည်။ ထို့နောက်ကယ်တင်ခြင်းလိုအပ်ကြောင်းကို၎င်း၊ ကယ်တင်ခဲ့ကြပြီးပျောက် ဆုံးသောသူများဖြစ်ကြပြီဖြစ်ကြောင်း နောက်ပိုင်းတွင် နားလည်သည်။ သူတို့သည် ဘုရားသခင် ဘက်သို့တဖြည်းဖြည်းနီးစပ်စေရန်နှင့် မြေတလှမ်းဆက်၍လှမ်းရန်အတွက်ဧဝံဂေလိ လုပ်ငန်းသည်သူတို့အားကူညီပေးရန်ဖြစ်သည်။
ဧဝံဂေလိလုပ်ငန်းစဉ်၌ပါဝင်ရမည့်နည်းလမ်းကောင်းတခုမှာ၊ သူတပါးနှင့် လေးနက်သည့် ဆက်ဆံခြင်ကိုတိုးတ က်ရန်ပြုလုပ်ခြင်းဖြစ်သည်။ တမန်တော်ပေါလုသည် ဧဖက်မြို့၏ဘာသာ ရေးခေါင်းဆောင်များအထဲတွင် အလွန်ရင်းနှီးသည့်မိတ်ဆွေများရှိသည် (တမန် ၁၉ :၃၁)။ သူ၏ပန်းတိုင်မှာ လူတကာတို့ကိုဧဝံဂေလိတရားကြားစေရန်ဖြစ်သည် (၁ကော ၉း၁၉)။ ထိုသို့ပြုလုပ်နိုင်ရန်အတွက် အတတ်နိုင်ဆုံးရင်းနှီးနိုင်ရန်၊ ဂျူးလူမျိုးအတွက်ဂျူးဖြစ်လာရသည် (၁ကော ၉း ၂၀-၂၃) ။ သူသည်လောကီ မိတ်ဆွေတယောက်အနေဖြင့်မဟုတ်သော်လည်း သူတို့၏မိတ်ဆွေဖြစ်နိုင်သည်။ သခင်ယေ ရှုသည် အပြစ်သားတို့၏မိတ်ဆွေဖြစ်သည်။အခြားသောသူတို့က အပြစ်တင်လာသည့်အထိ သူတို့နှင့်အ ချိန်ယူသည်။ သခင်ဘုရားက“ကျန်းမာသောသူတို့သည်ဆေးသမားကိုအလိုမရှိကြ၊ ဖျားနာသောသူများသာ လျှင် အလိုရှိကြ၏” ဟု မိန့်တော်မူ၏ (မဿဲ ၉း၁၂)၊ ဖျားနာသောသူတို့သည်ကူးစက်တတ်သောရောဂါရှိလျှင်လည်း ဆရာဝန်သည်ထိုလူနာထံသို့သွားရန်လိုသည်။ သူတို့သည် ဆရာဝန်လိုအပ်ကြသည်။ ထိုသူတို့ထံသို့သွားရန်မှာလည်း သူ၏တာဝန်ဖြစ်သည်။ သို့ သော် လူနာထံသို့သွားသောအခါ ထိုရောဂါမကူးစက်စေရန် လိုအပ်သောအရာများလုပ်ရသည်။ သူသည်ကျန်းမာရေး နှင့်ညီညွှတ် သောအသုံးအဆောင်အမျိုးမျိုးတို့ကို အသုံးပြုသည်။ ထိုနည်းတူ၊ကျွန်ုပ်တို့သည်လည်း အပြစ်သားများထံသို့သွားကြရန်လိုအပ်သည် (မဿဲ ၂၈း၁၉)။သူတို့၌သခင်ယေရှုလိုအပ်ကြသည်။ ထိုသို့သွားရာ၌ အပြစ်ဒုစရိုက်ထဲသို့ကျဆင်းမသွားစေရန် လိုအပ်သောအရာများကိုကျွ န်ုပ်တို့ပြုကြရန်လိုအပ်သည်။ကျွန်ုပ်တို့ပတ်ဝန်းကျင်၌ရှိသော မယုံကြည်သူတို့သည် ကျွန်ုပ်တို့၏အသက်တာကိုမြင်၍ကျွန်ုပ်တို့ပြောသောစကားများကိုကြားနိုင်စေရန်အတွက် သူတို့နှင့်ရင်းနှီးရန်လိုအပ်သည်။ ဘုရားသခင်နှင့်ကျွန်ုပ်တို့၏မိတ် သဟာယဖျက်မသွားစေရန်အတွက် မယုံကြည်သူတို့နှင့်စိတ်ခွါကြရန်လိုသည်။ ကျွန်ုပ်တို့သည် ဒုစရိုက်အကျင့်များရှိကြပါ က ကျွန်ုပ်တို့၏ပုံသက်သေကောင်းကိုဆုံးရှုံးကြသည်။
ယခုတွင် လက်ရှိပေါင်းသင်းဆက်ဆံခြင်းကိုပို၍လေး နက်စေရန်နှင့်မိတ်ဆွေသစ်များနှင့် ဆက်ဆံရေးတည် ဆောက်ပေးနိုင်သည့် အကြံပေးချက်အချို့ကိုဖော်ပြပါမည်။ ထိုမိတ်ဆွေသစ်နှင့် အချိန်ယူခြင်းကို ဦးစားပေးပါ။နှစ်ယောက်စလုံးကြိုက်နှစ်သက်သည့်အရာတခုကို အတူတကွပြုကြပါ။ သင်ယုံကြည်သောအရာ၊ တန်ဘိုးထားသောအရာနှင့် အခက်အခဲများအကြောင်းကိုပြောပြီး သူ့စကားကိုလည်းနားထောင်ပေးပါ။ ဘဝအသက်တာအပေါ်၌သူ၏အမြင်ကိုနားလည်ရန်ကြို းစားပါ။ မည်သို့ပြုရမည်၊ မည်သို့ပြောရမည်ကိုလမ်းပြရန် ဘုရားသခင်အားဆုတောင်းပါ။
သင်၏မိတ်ဆွေတို့သည်စိတ်ဝင်စားကြသောအခါ ခရစ်ဝင်ကျမ်းကိုအတူတူဖတ်၍ သခင်ယေရှု၏အသက်တာနှင့်သွန်သင်ချက်တို့ကိုသိရှိနားလည်စေရန်အတွက် သူတို့ကိုဖိတ်ခေါ်နိုင်ပါသည်။ သို့မဟုတ် သူတို့သည် ဧဝံဂေလိတရားကိုကြား၍ သခင်ဘုရားကိုပို၍ သိရှိနိုင်ကြစေရန်အတွက်သင့်တော်မည့်အစည်းအဝေးတခုသို့ သူတို့ကိုဖိတ်ခေါ်ပါ။
သင်၏ပတ်ဝန်းကျင်၌ရှိသောလူတို့သည် သခင်ယေရှုကိုသိရှိနိုင်ကြရန်အတွက် ဤအချက်တို့သည်သင်ပြင် ဆင်နိုင်မည့်နည်းလမ်းအချို့ဖြစ်ပါသည်။
နောက်ဆက်တွဲ
တပည့်တော်ဖြစ်ခြင်းနှင့် အသက်ရှင်နည်း
Lifestyle Discipleship .by Andreas Lindner
သခင်ယေရှုသည် ပေတရု၊ ယောဟန်နှင့်အခြားတပည့်တော်တို့ကိုခေါ်သောအခါ၌ သူတို့၏အလုပ်ကိုထားခဲ့၍ ကိုယ်တော်နောက်သို့လိုက်ကြ၏ (မာ၊၁း၂၀)။ တပည့်တော်တို့သည်ကိုယ်တော်နှင့်အတူအများဆုံးနေထိုင်ကြ၍၊ကိုယ်တော်အလုပ်လုပ်နေသည်ကိုမြင်ကြကာ၊ သူ့ထံမှသင်ယူခဲ့ကြသည်။ သူတို့၏အကျင့်စရိုက်တို့သည်ပြုပြင်ခြင်းသို့ရောက်၍ သူတို့၏ အစွမ်းသတ္တိများကိုလည်းရယူကြ၏။ သူ တို့သည်ကိုယ်တော်၏အမှုတော်မြတ်၌ပါဝင်ကြ၍ တရားဟောရန်ထွက်သွားကြ၏။ ဤအရာအားလုံးတို့မှ သူတို့၏ အနာဂတ်အမှုတာ်လုပ် ငန်းအတွက် ပြင်ဆင်ကြသည်။
ကျွန်ုပ်တို့သည်အများအားဖြင့် မိသားစုများကိုထားခဲ့၍ ဤနည်းအတိုင်းအတိုင်းအမှုတော်ကိုမဆောင်ကြပါ။ သို့သော်လည်း ကျွန်ုပ်တို့၏တပည့်တော်ဖြစ်ခြင်းသည် အားလပ်သောရက်များ သို့မဟုတ် ညနေခင်း အချိန်များ၌နားနေချိန်ကိုလျော့နည်းစေပါသလား။ မလျော့ နည်းစေပါ။ ကျွန်ုပ်တို့သည်နေ့စဉ် အသက် တာအတွေ့ အကြုံ၌ တန်ဘိုးရှိသောအရာများစွာတို့ကိုသင်ယူနိုင်ကြသည်။
ကျွန်ုပ်တို့သည်သခင်ဘုရားထံတော်မှမည်သို့သင်ယူပြီး၊ ပို၍ကြီးမားသောတာဝန်များ အတွက် မည်သို့ပြင်ဆင်နိုင်ကြမည်နည်း။တနေ့သောအခါ၌ သခင်ဘုရားက ပေတရု၏လှေကိုလူထုကြီးအား ကရားဟောရန် တရားဟောစင်အဖြစ်အသုံးပြုသည်။ ထို့နောက် ပေတရုအား “ရေနက်ရာအရပ်သို့ချသော့၊ ပိုက်ကွန်ကိုး၍ ငါကိုအုပ်စမ်းလှေ” ဟု မိန့်တော်မူ၏(လုကာ ၅၄)။ ပေတရုသည်အောင်မြင်မည်ဟု မမျှော်လင့်ပါ၊ “သခင်၊ အကျွန်ုပ်တို့သည်တည်လုံးကြိုးစားသော်လည်းတကောင်မျှမရကြပါ။ သို့ရ ာတွင် အမိန့်တော်ရှိလျှင် ပိုက်ကွန်ကိုချပါမည်” ဟုဆို၏။ ဤသည် သခင်ဘုရား၏ တောင်းဆိုမှုကြောင့် ပေတရုကပထမဦးဆုံးသူ၏နေ့စဉ်အလုပ်ကိုလုပ်ခြင်ဖြစ်သည်။ပေတရုကကိုယ်တော်၏စကားနားထောင်၍ပြုသော အခါ ဖြစ်လာသောအရာများစွာရှိပါသည်။ ကျွန်ုပ်တို့ ၏နေ့စဉ်အလုပ်ကို ကိုယ်တော်၏အစေကိုခံသကဲ့သို့ပြုကြသောအခါ ကျွန်ုပ်တို့အသက်တာ၌ထိုအရာများဖြစ်လာမည်ဖြစ်သည်။
၁။ ပေတရုနှင့်သူ၏လူတို့သည် ငါးများစွာတို့ကိုဖမ်းမိကြသည်။ သခင်ဘုရားက ပေတရုကိုဆုချသည်။ ကျွန်ု ပ်တို့အယောက်တိုင်းသည် မိမိတို့၏အသက်တာကိုသခင်ဘုရားဘက်သို့လှည့်၍ ကိုယ်တော်မည်သည့်အ ရာပြုစေလိုသည်ကိုမေးကာ ကိုယ်တော်အတွက်ပြုသင့်ကြသည်။ သခင်ဘုရားအတွက်ကျွန်ုပ်တို့လုပ်သည့် အလုပ်တွင် မိမိ၏အသက်မွေးဝမ်းကျောင်းအတွက်အလုပ်လုပ်ခြင်း (၂ သက်၃း၁၂) နှင့် မိမိ၏အိမ်ထောင်စီမံခြင်းများပါဝင်မည်ဖြစ်သည် (၁တိ း၅၁၄)၊တပည့်တော်တယောက်သည်သခင် ဘုရား၏အလုပ်ကိုလုပ်သကဲ့သို့ မိမိ၏နေ့စဉ်အလုပ်ကိုလုပ်သောအခါ၌ သခင်ဘုရားကသူကို ဆုချမည်ဖြစ်သည်။ထိုဆုလဒ်မှာ ပေတရုကဲ့သို့လုပ်ငန်း၌အစဉ်အောင်မြင်ခြင်းဖြစ်မည်မဟုတ်ပါ။သို့သော်၊ သူ၏အစေကိုခံသည့်အနေဖြင့်ကျွန်ုပ်တို့လုပ်ဆောင်သမျှသောအရာရာတိုင်းအတွက်ထာဝရဆုလာဒ်ရှိမည်ဖြစ်သည် (ကော ၃း၂၄)။
၂။ သခင်ဘုရားသည်မည်သူဖြစ်သည်ကို ပေတရုသိ သောကြောင့်ရှေ့တော်၌ပြပ်ဝပ်သည်။ သခင်ဘုရားသည်ဤငါးများကိုပိုက်ကွန်ထဲသို့ ဝင်သွားရန်အမိန့်ပေးခြင်းကြောင့် ဖန်ဆင်းသော အရှင်၏တန်ခိုးတော်ကိုပေတရုတွေ့မြင်သည်။ ဘုရားသခင်၏သန့်ရှင်းမြင့်မြတ်ခြင်း ပါရှိသည်ကို ပေတရုခံစားသောကြောင့်”ကျွန်တော့ထံမှထွက်သွားပါ” ဟု ဆို၏။ သခင်ဘုရားသည်အစာကို ထောက်ပံ့ခြင်းအားဖြင့် သူ၏ချစ်ခြင်းမေတ္တာနှင့်ဂရုစိုက်မှုကိုပြသကာ၊ “မစိုးရိမ်နှင့်” ဟူသောစကား နှင့်နှစ်သိမ့်သည်။
၃။မိမိသည်အပြစ်သားတယောက်ဖြစ်ကြောင်းကို ပေတရုသိမြင်လာသည်။ သူသည် ဒေသနာကိုနား ထောင်သောအချိန်၌ ဤအရာကိုမသိသော်လည်းသခင်ဘုရားမိန့်တော်မူသည့် အတိုင်းလုပ်နေသော အချိန်၌သိရှိရသည်မှာမှတ်သားဖွယ်ဖြစ်သည်။ ကျွန်ုပ်တို့သည်မည်သူဖြစ် သည်ကိုပို၍နားလည်လေ၊ မိမိကိုယ်ကိုအားမကိုးဘဲ သခင်ဘုရားကိုယုံကြည်အားကိုးလေဖြစ်သည်။
၄။ နောက်ဆုံးတွင် ပေတရုသည် သခင်ဘုရားကပြုစေလိုသည့်အခြားအလုပ်၏အကြောင်းကိုသိလာသည် “ယခုမှစ၍ သင်သည်လူကိုဖမ်းသောသူဖြစ်မည် (လုကာ ၅း၁၀)။ ပေတရုသည် သူ၏နေ့စဉ်အလုပ်ကို သခင်ဘုရားအတွက်ပြုလုပ်နေသောအချိန်၌ အခြားအစေခံရမည့်ကဏ္ဍတခုသို့ အခေါ်ခံရသည် ။ပေတရုသည်တံငါသည်တယောက်အနေနှင့် သိရှိရသည့် အရာများစွာတို့ကိုလူကိုမျှားသော တံငါအနေဖြင့်အသုံးပြုနိုင်မည်ဖြစ်သည်။ ဥပမာ – တံငါသည်သည်ငါးရှိသောနေရာသို့သွားသကဲ့သို့ ဧဝံဂေလိဆရာတို့သည်လူရှိသောနေရာသို့သွားရမည်ဖြစ်သည် (မဿဲ ၂၈း၁၉)။ တံငါသည်နှင့် ဧဝံဂေလိဆရာနှစ်ဦးစလုံးတို့သည် စိတ် ရှည်ရန်၊ အလုပ်ကြိုးစားလုပ်ရန်နှင့် မိမိတို့၏ပန်းတိုင်ကိုစိတ်စွဲကာ ငါးရရှိရန်အတွက်နည်းပေါင်းစုံတို့ကိုအသုံးပြုရမည်။ထိုနည်းအတိုင်း သခင်ဘုရားသည်ကျွန်ုပ်တို့၏ အနာ ဂတ်အမှုတော်လုပ်ငန်းများအတွက်ကျွန်ုပ်တို့ကိုလေ့ကျင့်ပေးရန် ကျွန်ုပ်တို့၏နေ့စဉ်အလုပ် ကိုအသုံးပြုမည်ဖြစ်သည်။ ကျွန်ုပ်တို့သည်ဤမြေကြီးပေါ်၌ရှိနေကြသရွေ့ သခင်ဘုရားသည် ကျွန်ုပ်တို့အတွက်ပြင်ဆင်ပေးသည်။သို့မဟုတ် သစ္စာရှိသောအစေခံများအတွက် သခင်ဘုရားပြင် ဆင်ပေးသည့်အခြားသောအလုပ်ကိုပြင်ဆင်ပေးသည် (လုကာ ၁၉း၁၇)။ ဒါဝိဒ်သည်သိုးများကိုထိန်းခဲ့စဉ်က ဤအရာသည်”စိုးစံရသောအချိန်အတွက်သင်တန်းကာလ” ဖြစ်သည်ကိုမသိပါ။ ရှင်ဘုရင်တပါးအနေနှင့် သူသည်ဘုရားသခင်လူတို့အတွက်စစ်မှန်သောသိုးထိန်းတပါးဖြစ်သည်။သူသည်ဖခင်၏သိုးများကိုထိန်းကျောင်းနေစဉ်တွင် ဘုရင့်အရိုက်အရာအတွက်သင်ခန်းစာများစွာတို့ကို လေ့လာသင်ယူခဲ့သည်။ “ကျွန်ုပ်တို့သည်သည်းခံပါကထိုသခင်နှင့်အတူစိုးစံကြမည်ဖြစ်သည်” (၂တိ ၂း၁၂)။
ငါးဖမ်းခြင်းအလုပ်သည်ခက်ခဲ၍ လောကီအလုပ်ဖြစ်သည်။ ပေတရုသည်အကြောင်းအမျိုးမျိုးကြောင့်မ ကြာခဏ ငါးဖမ်းသွားရသည်။ ဤတကြိမ်တွင်သခင်ဘုရား၏စကားနားထောင်ခြင်းအားဖြင့် ငါးဖမ်းခြင်းဖြစ်သည်။ ၄င်း၏ရလာဒ်အနေနှင့် သခင်ဘုရားကသူ့အလုပ်ကိုလုပ်ရန် သူအားစေ လွှတ်ခြင်းလည်းဖြစ်သည်။ သင်၏နေ့စဉ်အလုပ်သည်ကိုယ်တော်၏အမိန့်အားဖြင့် ကိုယ်တော် အတွက်ဖြစ်ပါသလား။ ဤပုံစံသည်တပည့်တော်တယောက်၏အသက်ရှင်သည့်ပုံစံဖြစ်သည်။
ပေတရုသည်ဤအရာကိုအလွန်စိတ်ဝင်စားပြီး သူ၏ ဩ ဝါဒစာ၌အများအားဖြင့်ဤအကြောင်းကိုထည့် သွ င်းရေးသားသည်။ ယုံကြည်သူအားလုံးတို့သည်ယဇ်ပ ရောဟိတ်များ၊ မင်းစည်းစိမ်ရှိသောယဇ် ပရောဟိတ်အမျိုးများဖြစ်ကြောင်းကိုသိစေသည် (၁ပေ ၂း၉)။ ယုံကြည်သူတို့သည်သူတို့၏ ယဇ်ပရော ဟိတ်ဖြစ်ခြင်းကိုမည်သို့ပြုရန်လိုအပ်ပါသနည်း။ သူတို့၏အလုပ်ကိုပြော င်းလဲရန် လိုအပ်ပါ သလား။ မလိုအပ်ပါ။ သူတို့သည်ယုတ်မာသောသခင် သို့မဟုတ် မယုံကြည်သော လင်ရှိကြသော် လည်း သူတို့အလုပ်လုပ်သည့်နေရာ၌အစေခံအနေဖြင့် သို့မဟုတ် အိမ်ရှင်မ အနေဖြင့်ဆက် လက် ရှိ နေကြရန် သခင်ဘုရားအလိုတော်ရှိသည်။ ဤအလုပ်၌ယဇ်ပရောဟိတ်များအနေနှင့် မည်သို့ပြုမူရမည်ကို သူတို့အားညွှန်ကြားချက်ပေးထားသည် (၁ပေ ၂း၁၈ – ၃၊ ၆)။
.
ကျွန်ုပ်တို့သည်ဘုရားသခင်ကိုချစ်၍ ပထမနေရာ၌သူ့ကိုထားပါက ကျွန်ုပ်တို့၏အသက်တာကိုမဖြုနးတီးတေ ာ့ပါ။ ဘုရားသခင်သည်အရာခပ်သိမ်းတို့ကိုကျွန်ုပ်တို့၏ ကောင်းကျိုးအတွက်အသုံးပြုမည်ဖြစ်သည် (ရောမ ၈း၂၈)။ ကျွန်ုပ်တို့သည်ကျွန်ုပ်တို့၏ပုံမှန်အလုပ်တည်းဟူသော အစာစားခြင်းစသောနေ့စဉ်ပြုသည့် အရာတို့ကိုပင် ဘုရားသခင်၏ဘုန်းတော်အတွက်ပြုကြမည်ဖြစ်သည် (၁ကော၁၀း၃၁)။
ဤနေရာ၌အရေးကြီးသောခြေလှမ်းတခုမှာ ဘုရား သ ခင်ကိုပထမနေရာ၌ထားခြင်းဖြစ်သည်။”ဘုရား သခ င် ၏နို င်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကိုရှေ့ဦးစွာရှာကြလော့။ နောက်မှထိုအရာများကိုထပ်၍ ပေးတော်မူလတံ့” (မဿဲ၆:၃၃)။
ခရစ်ယာန်အချို့တို့က “ကျွန်တော်၏နေ့စဉ်အလုပ်မှာ ကျွန်တော်၏စားဝတ်နေရေးကိုရရှိရန်အတွက်သာဖြ စ်သည်။ ဘုရားသခင်အတွက်အမှန်တကယ်ကျွန် တော်လုပ်သည့်အရာမှာ ရုံးဆင်းသွားပြီးနောက် ဝေစာဝေခြင်း၊ ကျမ်းစာလေ့လာသောအဖွဲ့တဖွဲ့ကိုသင်ကြားပေးခြင်း. . . စသည်တို့ဖြစ်သည်” ဟု စဉ်းစားကောင်းစဉ် းစားကြမည်ဖြစ်သည်။ မယုံကြည်သူတို့သည်ငွေရရန်အလုပ်လုပ်ကြသည် (မဿဲ ၆း၃၁-၃၂)။ အလုပ်နှင့်ပတ်သက်၍ ကျွန်ုပ်တို့သည်စိတ်ထားတမျိုးကိုထားသင့်သည်။ ကျွန်ုပ်တို့၏နေ့စဉ်အလုပ်၌ ဘုရားသခင်ကိုပထ မနေရာ၌မထားကြပါဟု ကျွန်တော်တို့စဉ်းစားတတ်ကြသည်။ ရုံးချိန်ပြီးမှ ဘုရားသခင်၏အမှုတော်ကိုထမ်းရွက်ခြင်းသည်ကောင်းပါသည်။ ကျွန်ုပ်တို့၏နေ့စဉ်အလုပ် ကိုဘုရားသခင်ကျေနပ်စေရန်အတွက် ရုံးချိန်အတွင်း ၌လည်းအဘယ့်ကြောင့်မလုပ်ဘဲနေရမည်နည်း။
ကျွန်ုပ်တို့သည် တပည့် တော်တယောက်၏အသက်ရှင်ပုံရှင်နည်းအတိုင်းအသက်ရှင်ပြီး၊ ကိုယ်တော်အတွက်ကျွန်ုပ်တို့၏နေ့စဉ်အလုပ်ကိုလုပ်ကြမည်ဆိုပါက ကျွန်ုပ်တို့သည်ကိုယ်တော် ၏ဖြောင့်မတ်ခြင်းတရားတော်ကိုရှာနေကြခြင်းဖြစ်သည်။ ဘုရားသခင်သည်ဖြောင့်မတ်တော်မူ၏။ ကျွန်ုပ်တို့သည်ကိုယ်တော်၏သဏ္ဍာန်တော်အတိုင်း ပြောင်းလဲကြရန်ကိုယ်တော်အလိုတော်ရှိ၏
(ရောမ ၈း ၂၉)။ ကျွန်ုပ်တို့၏နေ့စဉ်အလုပ်၌ဖြောင့်မတ်ကြရန် ကျွန်ုပ်တို့သင်ယူ၍ရသည်။ ခက်ခဲခြင်းနှင့်စုံစမ်းခြင်းအမျိုးမျိုးတို့သည် စံပြသင်တန်းစခန်းဖြစ်နိုင်သည်။ ဤအရာ၌ဘုရားသခင်ကသန့်ရှင်းသောဝိညာဉ်တော်ဖြင့်ယူဆောင်လာမည့်ထူးခြားသောအခြားစရိုက်လက္ခဏာ တခုလည်းအကျုံးဝင်သည် (ဂလာတိ ၅း၂၂)။လုပ်ငန်းခွင်၌ကျွန်ုပ်တို့သည် စိတ်ရှည်ခြင်းကိုသင်ယူရသည်။ ခက်ခဲသောအခြေအနေများ၌ဖောက်သည်များနှင့်ရင်းနှီးခင်မင်ရန်စိမ်ခေါ်မှုများကြုံနိုင်ပါသည်။အလုပ်သမားခေါင်းဆောင်နှင့် ဆက်ဆံရာ၌စကားနားထောင်ခြင်းနှင့်နူးညံ့သိမ်မွေ့ခြင်းကိုသင်ယူကြမည်ဖြစ်သည်။ အကြံပေးခြင်းကိုနားထောင်ခြင်း၊ အပြစ်များကိုဝန်ခံခြင်း၊ မိမိထက်သူတပါးတို့ကိုပို၍ကော င်းမြတ်သည်ဟုထင်ခြင်းစသည်တို့ကို သင်ယူနိုင်သည်။
တစုံတယောက်သောသူကဘုရားသခင်၏အမှုတော်ကိုထမ်းရွက်ရန်အတွက်ကျွန်ုပ်၏နေရာကိုပြောင်းရမည်။ ငါကျွန်တယောက်လိုခံစားရသည်၊ ဟုစဉ်းစားကောင်းစဉ်းစားနိုင်သည်။ တမန်တော်ပေါလုသည်ကျွန်များထံသို့စာရေးရာ၌ “ခေါ်တော်မူခြင်းကျေးဇူးကိုခံရသောသူသည် အကြင်အမှုကိုလုပ်နေ၏။ ထိုသို့ လူတိုင်းလုပ်နေစေ။ အစေခံကျွန်ဖြစ်၍ ခေါ်တော်မူခြင်းကျေးဇူးကို တကယ်ကျွန်တယောက်မျှမရှိကြသော်လည်း ယခုလက်ရှိတွင်ပြောင်းလဲ၍ခံရလျှင် စိုးရိမ်ခြင်းမရှိနှင့်” (၁ကော ၇း၂၀-၂၁) ဟုဆို၏။ ကျွန်ုပ်တို့၌အမှန်မရသည့်အခြေအနေ၌ရှိနိုင်ကြသည်။ ကျွန်ုပ်တို့၏ လက်ရှိအခြေအနေသည်ဘုရားသခင်အတွက်အမှုတော်ထမ်းရွက်ရာ၌အဆီးအတားတခုဖြစ်နိုင်သည်။လင်ယောက်ျားတယောက်သည်ရုံး၌ရှိသောကုလာ းထိုင်၏ချည်နှောင်ထားခြင်းမိခင်တယောက် သည်သူ၏ ပန်းကန်ဆေးအလုပ်၌မအားမလပ်ဘဲရှိနေနိုင် သည်။ခံရသည်။ ကျောင်းသားတယောက်သည်မိမိ ၏ဓါတ်ခွဲခန်းနှင့်၄င်း၊ ကွန်ပျူတာနှင့်၄င်း၊ မအားမလပ်ဖြစ်နေနိုင်သည်။ သို့ရာတွင်၊ ကျွန်ုပ်တို့သည်နေ့စဉ် အသက်တာကိုဘုရားသခင်ဘက်သို့လှည့်၍ ကျွန်ုပ်တို့၏အလုပ်ကိုကိုယ်တော်အတွက်လုပ်နိုင်သည်။ ပေတရုသည် “ကိုယ်တော်အမိန့်တော်ရှိလျှင် ပိုက်ကွန်ကို ချပါမည်” ဟု ပြောသည့်အတိုင်း ကျွန်တော်တို့ပြောနိုင်သည်။
ကျွန်ုပ်တို့သည်တခြားသောနည်းတနည်းအားဖြင့် ဘု ရားသခင်၏အမှုတော်ကိုပို၍ဆောင်ရွက်နိုင်သည့်အ ခွင့်အရေးရရှိနိုင်သည်။ သူတပါးတို့သည် အကူအညီလိုကြသည်။ ဧဝံဂေလိတရားလိုအပ်ကြသည်။ ကျွန်ုပ်တို့သည် ဧဝံဂေလိတရားကိုဟောပြောခြင်းအားဖြ င့် ၄င်း၊ အခြားသောသူတို့ကိုမစခြင်းအားဖြင့်၄င်း၊ ဘုရာ းသခင်၏နှုတ်ကပတ်တော်ကိုပြန့်နှံ့စေနိုင်ကြသည်။ ကိုယ်တော်သည်တပည့်တော်တို့အား သူနှင့်အတူအချိန်ပြည့်အမှုတော်ဆောင်ရန်ခေါ်သောအခါသူတို့သည်တံငါသည်အလုပ်ကိုထားခဲ့ကြသည်။ ကျွန်ုပ်တို့သည် မိခင် သို့မဟုတ်အိမ်ရှင်မအနေနှင့် သော်၎င်း၊ ဆိုင်တဆိုင် သို့မဟုတ် ဆောက်လုပ် ရေးလုပ်ငန်းခွင်တခု၌အလုပ်လုပ်ကြသောအခါ၌သော်၎င်း၊ ဘုရား သ ခင်အတွက၄င်းကိုလုပ် ၍ရသည်။ ဤအလုပ်တာဝန်များမှကျွန်ုပ်တို့လွတ်ကင်းပါက၊ ဤလွတ်လပ်ခြင်းကို ဘုရားသခင်နှင့်သူ၏ နိုင်ငံတော်အတွက်အသုံးပြုနိုင် သည်။
သခင်ယေရှုသည်လက်သမားအလုပ်လုပ်သောအချိန်ကာလ၌ ဘုရားသခင်၏အလိုတော်ကိုဆောင် ရွက်ခြင်းသည် တရားဟောရန်လှည့်လည်သည့်အချိန်ကာလ အလိုတော်ကိုဆောင်ရွက်ခြင်းထက်ပို၍မ လျော့ပါ။ ကိုယ်တော်သည်လူထုအားဟောပြောသောအချိန်မတိုင်မီ ဝိညာဉ်သဘောရှိ၍ သန့်ရှကိုယ် တော်မြတ် သ ည်။ ကျွန်ုပ်တို့သည်နေ့စဉ်အလုပ်လုပ်ရာတွင် ဤအရာကိုသတိရကြပါစို့။
သာသနာပြုဆရာတယောက်၏ဇနီးသည် သူမ၏ ယော က်ျားတရားဟောရ န်လှည့်လည်နေသောကြောင့်၊ သူမသည်ဘုရားသခင်၏အမှုတော်ကိုဆောင်ရွက်ရသည့်အခွင့်နည်းသကဲ့သို့ရှိသောအခါ စိတ်ပျက် ခြင်းကိုခံစားတတ်သည်သူမသည် သားသမီးများနှင့်အိမ်၌ရှိနေကြပြီး၊ လာသည့် ဧည့်သည်အားလုံး အတွက်အစားအစာကိုပြင်ဆင်ပေးရသည်။ တနေ့သောအခါ၌ ဘုရားသခင်သည်ဤအရာတို့ကိုပြုစေလိုကြောင်းသဘောပေါက်လာသည်။ ထိုနေ့မှစ၍ သူသည်မဟုတ်ဘဲ၊ သူမအတွ က်အသက်ရှင်နည်းတခုဖြစ်လာသည်။ ထို့နောက် မီး ဖိုချောင်၌အလုပ်ကိုဘုရားသခင်အတွက် စတင်လုပ် ဆောင်သည်။ တချိန်တခါတည်းသာ”ဤနေရာ၌ဘုရား သခင်၏အစေကို တနေ့သုံးကြိမ်ထမ်းရွက်နေသည်” ဟူသောစာကိုကပ်ထားသည်။
နောက်ဆက်တွဲ
အသင်းတော်များကိုကျွန်တော်ကြိုက်နှစ်သက်သည်
I Like the Assemblies
ခွင့်လွှတ်ပါ။ ကျွန်တော်သည်အသင်းတော်များကိုကြိုက်နှစ်သက်လာအောင်ဖြစ်ရပါသည်။ ဤသို့ပြောခြင်းသည်ယဉ်ကျေးမှုကိုတန်ပြန်တိုက်ခိုက်သကဲ့သို့ဖြစ်သည်။ အသင်းတော်များ ၏မှားယွင်းသောအရာများနှင့်လစ်ဟင်းမှုများအပေါ်၌ဝေဖန်ချက်များစွာရှိသည်။ တယောက် သောသူကရှေ့သို့တက်လာကာ၊ ၄င်းတို့နှင့်ပတ်သက်၍ ကောင်းသောအရာ ကိုပြောဘို့ အချိန်ဖြစ်နိုင်ပါ သည်။ကျွန်တော်သည်ထိုပုဂ္ဂိုလ်ဖြစ်လိုပါသည်။ ၄င်းတို့ကိုကျွန်တော်ကြိုက် နှစ်သက်ရသည့် အကြောင်းကိုပြောပါရစေ။
ကျွန်တော်သည်မုန့် ဖဲခြင်းအားဖြင့် အပတ်စဉ်တိုင်းသခင်ဘုရားအားအောက်မေ့ခြင်းကိုကြိုက်နှစ် သက်သည်။ ကျွန်တော်သည် ပွဲတော်စားပွဲ၌တနင်္ဂနွေနေ့တိုင်းတွင် သခင်ဘုရားကိုအောက် မေ့ရန်အနှစ်ငါးဆယ်လုံးလုံးပါဝင်ခဲ့ပြီဖြစ်သော်လည်း ၄င်း၏နက်နဲမှုသည်ကျွန်တော့အတွက် တခါမှပျက်ပြယ်မသွားဘူးပါ။ကျွန်ုပ်တို့ချစ်ရသည့်သခင်သည် တခုတည်းသောအာရုံစိုက်စရာနှင့်အဓိက ဝတ်ပြုကိုးကွယ်ရသည့်ထိုဝတ်ပြုစည်းဝေးခြင်းသည်ထူးခြားမှုရှိပါသည်။ လူတို့သည်အခြားသောမိတ်သ ဟာယအစည်းဝေးပုံစံတခုကိုပိုနှစ်သက်၍ အသင်းတော်ကိုစွန့်ကြသောအခါ၊ “ကျွန်ုပ်သည်ဝတ်ပြုစည်း ဝေးကိုသတိရသည်”ဟု ပြောကြသည်။သူတို့ထွက်သွားရခြင်း သည်ကျွန်ုပ်ကိုဝမ်းနည်းစေပါသည်။
ဧဖက် ၄း၁၂ ကိုကျင့်သုံးသည်ကိုကျွန်တော်မြင်သော ကြောင့် အသင်းတော်ကိုကျွန်တော်ချစ်မြတ်နိုးသည်။ ဆုကျေးဇူးတို့သည်အမှုတော်လုပ်ငန်းအတွက်သန့်ရှင်းသူတို့အားတည်ဆောက်ရန် ပေးခြင်းဖြစ်သည်။ ကျွန်တော်သအပြစ်ဖေါ်ပြနိုင်သည့်ဝိညာဉ်တန်ခိုးနှင့်ဧဝံဂေလိတရား ကိုဟောပြောသည့်စာမတတ်သည့် ရင့်ကျက်သောလူတို့ကို ကျွန်တော်တွေ့မြင်ခဲ့သည်။ ဘုရားသခင်လူတို့၏ဦးဏှောက်အထိသာမဟုတ်ဘဲ စိတ်နှလုံးအထိယုံကြည်အောင်အမှုတော်ဆောင် သောရိုးစင်းလှ သည် လူတို ့ကို ကျွန် တော် မြင် သည် ။ သားသမီးတို့ကိုပြုစုပျိုးထောင်ခြင်း၌သာမက အခြားသောအမျိုးသမီးများနှင့်ကလေးများကိုသွန်သင်ခြင်း၊ လင်ယောက်ျားတို့၏ အမှုတော်လုပ်ငန်း၌ပူးတွဲ၍ဆောင်ရွက်ခြင်း၊ အနီးအဝေးသာသနာပြုဆရာများ ၏လုပ်ငန်းကိုထောက်ပံ့ကူညီခြင်း၊ ဖျားနာသောသူများနှင့်ရောဂါဝေဒနာခံစားသောသူတို့ထံသို့သွားရောက် လည်ပတ်ခြင်း၊ သန့်ရှင်းသူများနှင့်လူစိမ်းဧည့်သည်များအား တန်းတူဧည့်ဝတ်ပြုခြင်းစသည်တို့၌တာဝန် ကျေသည့်အမျိုးသမီးများကိုလည်း ကျွန်တော်မြင်သည်။သာမန်အသင်းတော်၌တခါမှမဖြစ်ဘူးသည့် နည်းဖြင့်သူတို့၏ဆုကျေးဇူးများကိုအသုံးပြုရန်တိုက်တွန်းခြင်းခံရသည့်လူငယ်များကိုကျွန်တော်မြင်ခဲ့သည်။ဧဖက် ၄း၁၂ ကိုလက်တွေ့မကျင့်သုံးဘဲ နှုတ်နှင့်သာပြောသည့်ထင်ရှားသောဧဝံဂေလိအသင်းတော်ခေါင်းဆေ ာင်တို့ကို ကျွန်တော်မြင်ခဲ့သည်။ ထိုသူအချို့တို့သည်၎င်းကိုလက်တွေ့ ကျင့်သုံးသည့် အသင်းတော်များ ကိုချီးကျူးကြသည်။
အသင်းတော်များ၏ ဘုန်းအသရေတခုမှာ တန်းတူညီမျှရှိသောညီအစ်ကိုမောင်နှမဖြစ်ခြင်းကို ဘုန်းကြီးလူတန်းစားနှင့်သာမန်အသင်းသားလူတန်းစားဟူ၍ မခွဲရန် အမြဲငြင်းနေကြခြင်းဖြစ်သည်။ ဝိညာဉ်ဆုကျေးဇူးနှင့်ဟောပြောသောသူထံ၌စုဝေးသည်ထက်ခရစ်တော်ထံ၌စုပေးခြင်းမှာ နှုတ်ကပတ် တော်၏အခြေခံမူအား ဖြင့်၄င်း၊ ကျင့်ထုံးအားဖြင့်၄င်း ကိုက်ညီသည်။ ဓမ္မသစ်ကျမ်းကသင်း အုပ်အများ ဖြစ်သည်ဟုသွန်သင်ပြီး၊ တဦးတယောက်၏လုပ်ငန်းဖြစ်သည်ဟုမသွန်သင် ပါ။ သို့သော်၊ ဤအရာကို ဟောပြော၍လက်တွေ့ ကျင့် သုံးသောအသင်းတော်တို့သည်ခရစ်ယာန်အသိုင်း အဝိုင် း၌အစွန်းအကွက် ရှိသကဲ့သို့မြင်ကြသည်။ ဤပုံစံရှိသောအသင်းတော်တပါး၌ရှိနေခြင်းသည် အပြစ်တင်ခံရသည့်အတိုင်း အတာတခုရှိမည်ဖြစ်သည်။ သို့သော် အသင်းတော်များ၌ရှိရန်ဆုံးဖြတ်သောသူတို့သည် ၄င်းကိုခံနိုင်ရန် ပြင်ဆင်ပါကကောင်းသည်။
အသင်းတော်တပါးစီသည် မိမိကိုယ်ကိုအုပ်ချုပ်ခြင်း၊ သခင်ဘုရားတပါးတည်းအပေါ်၌သာတာဝန်ရှိခြင်း ဟူသောအချက်ကို ကျွန်တော်ကြိုက်နှစ်သက်သည်။ မြေကြီးပေါ်၌ဌါနချုပ်မရှိပါ။ လူကဘိသိတ်ပေး သောအဆင့်ဆင့်အာဏာပိုင်မရှိပါ။ ဦးခေါင်းနှင့်ခန္ဓာကိုယ်အကြား ဝင်လာသည့်အဖွဲ့ အစည်းဟူ၍မရှိပါ။ ဤအရာသည်အသင်းတော်များကိုလွဲမှားစေနိုင်သော လီဘဲရဲလ်အယူဝါဒ(ikralism) ကွဲပြားသောဩဝါဒများနှင့် အာဏာရှင်စံနစ်တို့ကိုတားဆီးသည်။
အသင်းတော်များ၏ဘဏ္ဍာရေးပေါ်လီစီမှာ ချီးကျူးထိုက်ပေသည်။ မိတ်သဟာယအများစု၌ တပတ်လျှင်တခါအလှူငွေကောက်ခြင်းနှင့်ပေးလှူခြင်းတကြိမ်
သာရှိ သည်မှာထူးခြားသည်။ အလှူခံခြင်း သို့မဟုတ် အသနားခံတောင်းရမ်းခြင်းမျိုးမရှိဘဲ၊ တခါပေးလှူခြင်းသည်ဒေသန္တရအသင်းတော်အတွက်သော်၎င်း၊ရပ်နီးရပ်ဝေးရှိခရစ်ယာန်သာသနာများကိုထောက်ပံ့ရန်လုံလောက်သည်။အစဉ်အလာအရ အချိန်ပြည့်အမှုတော်ဆောင်များသည်မိမိတို့၏ လိုအပ်ချက်များကို မကျေညာဘဲ ဘုရားသခင်ကိုသာမျှော်ကြည့်ကြသည်။ လောကီသားများ က”အသင်းတော်အားလုံး၏တခုတည်းသောလိုချင်သောအရာမှာ သင်၏ငွေဖြစ်သည်” ဟု ခရစ်ယာန် လောကကြီးအားပြောသည့်အရာကို ဤအသင်းတော်များနှင့်ပတ်သက်၍ မပြောနိုင်ပါ။
အသင်းတော်များသည်ဘုရားသခင်ခေါ် တော်မူသည့်အတိုင်း ဝိညာဉ်သဘောရှိသောစည်းကမ်းကိုအသုံးပြု လိုခြင်းရှိသည်ဟူသောအချက်ကို ကျွန်တော်တန်ဘိုးထားသည်။ ထိုသို့ပြုလုပ်ပါကလည်း ကြီးမားသောအသင်းတော်ကြီးများဖြစ်လာမည့်အခွင့်အရေးများကိုကန် သတ်ကြမည်ဖြစ်သည်။ သူတို့သည်မိမိတို့၏မိတ် သဟာယကိုအရွယ်အစားဖြင့်မတိုင်းတာဘဲ၊ အသင်း သားများ၏အသက်တာသန့်ရှင်းမြင့်မြတ်ခြင်းနှင့်တိုင်းတာခြင်းဖြင့်ရောင့်ရဲကြသည်။
အသင်းတော်များ၏စာပေလုပ်ငန်းမှာ ထင်ရှားကျော်ကြ ားသည်။ ဤအရာသည်ဧဝံဂေလိရှုထောင့်မှ အ ဓိကပေးလှူခြင်းဖြစ်ကောင်းဖြစ်နိုင်သည်။ Darby, Kelly, Mackintosh, Vine နှင့်အခြားသောလူများစွာတို့ရေးသောစာတို့သည်နက်နဲ၍ အကျိုးရှိစွာတကမ္ဘာလုံးသို့ပျံ့နှံ့ သည်။ ကုန်လွန်ခဲ့သောနှစ်အချို့တွင် ခရစ်ယာန်ကောလိပ်ကျောင်းတကျောင်း၏စာကြည့်တိုက်မှူးက ညီအစ်ကိုအသင်းတော်များမှ စာရေးဆရာတို့ ၏ရေးသားပြုစုသောစာအုပ်စာရင်းများကိုစုဆောင်း ရေးသားပြုစုရန်ကြိုးစားခဲ့ရာ၊ သူသည်နောက်ပိုင်းတွင် မပြီးနိုင်ဘဲလက်လျှော့ခဲ့သည်။ အသင်းတော်များနှင့်တွဲသည့် သာသနာပြုလှုပ်ရှားမှုအကြောင်းကိုဖေါ်ပြရမည်ဖြစ်သည်။ ၄င်းသည် ဒေသ န္တရပသင်းတော်များ၏ ထောက်ပံ့ခြင်းဖြင့်လုပ်ဆောင်ရသောသာသနာပြုလုပ်ငန်းဖြစ်သည်။
အချို့သောလူတို့သည်အသင်းတော်များကိုကြိုက် နှစ်သ က်ရခြင်း၏အခြားအကြော င်းရင်းများရှိကြသည်။ အချို့တို့မှာမမျှော်လင့်ရပါ။ ဥပမာ၊အသင်းတော်ကိုနှစ်အတန်ကြာစွန့်ခွာပြီးနောက် မိတ်သဟာ ယထဲသို့ မကြာမီ အချိန်၌ပြန်ရောက်လာသည့်ညီအစ်မတယောက်က သူမသည်အမျိုးသားအ မျိုးသမီး များသည် ယောက်ျားများနှင့်တန်းတူဖြစ်ရမည်ဟူသောခေတ်ကာလ၌ ဦးဆေ ာင်မှုအောက်၌ရှိရခြင်းကို နှစ်သက် မွေ့လျော်သည်ဟုဆို၏။ ၄င်းမှာ၊ထူးဆန်းသည့်မှတ်ချက်တခုဖြစ်သည်။
အနည်းငယ်သောလူစုတို့သည်မိမိကိုယ်ကိုဝေဖန်ခြင်းကိုပြုကြသည်။၎င်းသည်အလွန်အမင်းအကျယ်ချဲ့လွန်း၍ စိတ်တိမ်းညွှတ်လွယ်သောလူတို့အားမလိုအပ်ဘဲမကျေမနပ်ဖြစ်စေကာထွက်သွားစေတတ်သည်။ ဝေဖန်ခြင်းကိုချီးမွမ်းခြင်း၏နောက်မှပြုရန်အကောင်းဆုံးဖြစ်သည်။ ကျွန်ုပ်တို့သည်ထိုနှစ်ခုကို ချိန်ခွင်မျှ စေရန်ပြုလုပ်ရမည်ဖြစ်သည်။
အထက်တွင်ဖေါ်ပြချက်အရ ကျွန်တော်သည်ပိုနေမြဲကျားနေမြဲစနစ်နှင့်ကျေနပ်သည်ဟု မဆိုလိုပါ။ အသင်းတော်၌ဧဝံဂေလိလုပ်ငန်းနှင့်ခေါင်းဆောင်မှုတို့၌ တိုး တက်ရန်လိုအပ်သည့်ကဏ္ဍများရှိသည်ကို ကျွန်တော်မှတ်မိသည်။သမ္မာကျမ်းစာမူမှာမပြောင်းမလဲရှိသော် လည်း နည်းစနစ်များကိုတချိန်ပြီးတချိန် လိုအပ်သလိုပြောင်းလဲရန်လိုအပ်သည်ကို ကျွန်တော်သိရှိဝန်ခံပါ သည်။လူငယ်များအပါအဝင်ကျွန်ုပ်တို့၏ လူအချို့တို့သည်မှန်သောစိုးရိမ်ပူပန်မှုများစွာရှိကြရာ၊ ၎င်းတို့ကိုနားထောင်အရေးယူပေးရန်လိုအပ်သည်ကို ကျွန်တေ ာ်သဘောတူသည်။
သို့ရာတွင်၊ ပျက်စီးနေသည့်သင်္ဘောပေါ်၌ရှိသောသင်္ဘေ ာသားတို့ကိုလှမ်းခေါ်မည့်အစား၊ ကျွန်ုပ်တို့၏ အင်္ကျီလက်များကိုခေါက်၍ပြသာနာများကိုကိုင်တွယ်ဖြေရှင်းကြရန်လိုအပ်သည်။ ကျွန်ုပ်တို့အားအသင်းတော်ကိုဆီးတားမည့်ကုလားထိုင်ပေါ်၌ထိုင်သည့်အကြီးအမှူးများကိုပေးမည့်အစား အပြုသဘောဆောင်သည့်အလုပ်ကိုမည်သို့လုပ်ရမည်ကိုပြမည့်လူတို့ကိုပေးပါ။ အသင်းတော်မှမိမိ၏ထောက်ပံ့ကြေးကိုရယူသောသူတို့သည် ” ကျွေးမွေးသည့်လက်ကိုကိုက်ခြင်း”
မျိုးကိုရှောင်ရှား၍ သစ္စာစောင့်သည့်အတိုင်းအတာတခုပြသင့်သည်၊
နောက်ဆက်တွဲ
သင်းအုပ်ဆရာကိုငှါးရမ်းသင့်ပါသလား
Should We Hire A Pator?
အသက်မွေးဝမ်းကျောင်းအလုပ်၌လခသည်ဆီလျော်သည့် စနစ်တခုဖြစ်သော် လည်း နှုတ်ကပတ် တော်ကိုဟောကြား၊ သင်ကြားသည့်အမှုတော်ဆောင်များအတွ က် ၄င်းနှင့်ဆက်စပ်၍ အန္တရယ်များ ရှိသည်။ ထိုအကြောင်းကြောင့်လခစားအမှုတော်လုပ်ငန်းသည် ဓမ္မသစ်ကျမ်းနှင့် မဟပ်စပ် သည်မှာ ယုံမှားစရာမရှိပါ။ သခင်ယေရှုသည် ” အလုပ်လုပ်သောသူသည်အခခံထိုက်သည်”(လုကာ ၁၀း၇) ဟု တိကျစွာသွန်သင်၍၊ ပေါလုသည်လည်း
“ဧဝံဂေလိတရားကိုဟောသောသူတို့သည် ဧဝံဂေလိတရားကိုအမှီပြု၍ အသက်မွေးရမည်”(၁ကော ၉း၁၄) ဟုအတည်ပြုသော်လည်း ဤလူတို့သည်လစဉ်လတိုင်းသတ်မှတ်ထားသည့်ငွေပမာဏကိုရသင့်သည်ဟု ထင်မြင်ယူဆစရာမရှိပါ။
ဖြစ်နိုင်ဘွယ်ရာအလား အလာရှိသောပြဿနာတခုမှာ၊ လစာချုပ်ကိုင်သောသူတို့သည်တရားဟောခြင်းကို မကြာခဏချုပ်ကိုင်လေ့ရှိကြသည်။ ပလွေမှုတ်သောသူကိုအခပေးသောသူတို့သည် ပုလွေသံကိုချုပ်ကိုင် ခွင့်မရှိပါ။ သို့ရာတွင်သူတို့သည် အသံအအမျိုးမျိုးပြောင်းမှုတ်ရန် တောင်းဆို တတ်ကြသည်။ပိုက်ဆံ အိတ်ကိုင်သောသူတို့သည် ဆိတ်ထီးများကဲ့သို့ဇာတိဆန်နိုင်ကြ ကာ၊သူတို့နှင့်မဆီလျော်သည့် တရားဟောခြင်း တစုံတခုကိုဆီးတားနိုင်ကြသည်။
လစာပေးသောသူတို ့သည် အောင်မြင်မှုအတိုင်းအတာတခုကိုအခြားသောအသင်းတော် မှပြောင်း ရွှေ့လာခြင်းအားဖြင့်ဖြစ်စေ၊ အသင်းသားတောင်းဆိုတတ်ကြသ ည်။ ဥပမာ၊ သူတို့သည် ပြောင်းလဲ ခြင်းအားဖြင့်ဖြစ်စေ၊ဦးရေပိုမိုများပြားရေးလိုလားကြမည်ဖြစ်သည်။ ဤအရာက အရေအတွက်အား ဖြင့်များပြားလာစေရန်အတွက် ဘုရားသခင်၏အစေခံများအပေါ်၌မသိမသာ ဖိအားပေးမှုတခု ကိုထားကောင်းထားနိုင်သည်။ သူ၏အစွမ်းတန်ခိုးအားဖြင့်စစ်မှန်သောပြောင်းလဲမှုကို မဖြစ်စေဘဲ၊ ဘုရားသခင်ကသာလျှင်တိုးပွါးမှုကိုပေးသည်။ သို့ရာတွင် သူသည်နှစ်ပတ်လည်အစီရင် ခံစာ၌ အမြင်ကောင်းသည်တိမ်ဖျင်းသောတင်ပြမှုကိုပြုနိုင်သည်။ သူသည်စည်းကမ်းနှင့်ပတ်သက် သောကိစ္စ ရပ်များ၌လည်း တစုံတယောက်လွတ်မသွားစေရန်နူးညံ့သိမ်မွေ့စွာပြောနိုင်သည်။
သူတပါးထံမှမလာသော်လည်း ဆရာများအတွက်စုံစမ်းခြင်းတခုရှိသည်။၄င်းမှာ၊ သမ္မာတရားကိုပျော့ပျောင်း စေခြင်းအားဖြင့်မိမိ၏အသင်းတော်လူထုကိုနစ်နာစေခြင်းပင်ဖြစ်၏။ အကယ်၍ လူတို့သည်ချမ်းသာကြွယ် ကြပါက “မြေကြီးပေါ်မှာဘဏ္ဍာကိုမဆည်းဖူးကြနှင့် (မဿဲ ၆း၁၉) သို့မဟုတ် “ဤဘဝ၌ငွေရတတ်သော သူတို့သည် မာန်မာနစိတ်နှင့်ကင်း၍၊ မမြဲသောစည်းစိမ်ကိုမကိုးစားဘဲငါတို့ခံစားဘို့ရာ အလုံးစုံတို့ကိုကြွယ် ဝစွာပေးသနားတော်မူသော၊ အသက်ရှင်တော်မူသောဘုရ ားသခင်ကိုကိုးစားရမည်အကြောင်း ပညတ်ထားလေ ာ့(၁တိ၆း၁၇) ဟူသောအရာကိုပြောဘို့ ၄င်းသည်ဆီလျော်သည်ဟုစဉ်းစာမည်မဟုတ်ပါ။ တရားဟောသောသူသည် ဘုရားသခင်၏ အလိုတော်ကိုလွတ်လွတ်လပ်လပ်ကျေညာရမည်။ ဘုရားသခင်၏ ကိုယ်စား လွတ်လပ်စွာပြောသောသူဖြစ်ရမည်။ဘုရားသခင်၏ ကိုယ်စားဖြေကြားသူ အနေနှင့်လွတ်လပ် စွာပြောရမည်။ ဤအရာကိုဆီးတားသည့်အရာတစုံတခုသည် ဘုရား သခင်၏လုပ်ငန်းတော် ၌ကြီးမားသော ဝမ်းနည်းစရာတခုဖြစ်သည်။
ဆုတ်ယုတ်သောအချိန်နှင့်အယူလွဲမှားသောအချိန်များ၌တရားဟောဆရာတို့သည်အခြေခံယုံကြည်ချက်နှင့် စပ်ဆိုင်သောမူရင်းဩဝါဒအပေါ်၌ရပ်တည်မည့်အစား သူ၏ငွေရေး၊ကြေးရေးကိုကိုင်တွယ်သည့် သူတို့ဘက် ၌ရပ်တည်လေ့ရှိကြသည်။ ယခုတွင် Liberal အယူဝါဒနှင့် အယူလွဲမှားသောဝါဒ(Apostasy) တို့နှင့် ဆန်ခါချ သည့်ဂိုဏ်းတဂိုဏ်းနှင့်ပတ်သက်၍ David  Beale က “Convention” များကွဲပါက လစထုတ်ပေး သည့်ဘုတ်အဖွဲ့၏ နောက်သို့ကျွန်တော်လိုက်သွားပါမည်” ဟူ၍ရေးသည်။ ထိုဘုတ်အဖွဲ့မှာထို အင်ပါယာ၏ အုတ်တံတိုင်းကဲ့သို့ဖြစ်သည်။ ဘဏ္ဍာရေးရာစဉ်းစားခြင်းသည် ဘုရားသခင်၏နှုတ်ကပတ်တော်အပေါ် သ စ္စာရှိမှုဦးစားပေးခြင်းကိုလွဲချော်စေနိုင်သည့်စွမ်းအားကြီးတခုဖြစ်သည်။
လစာပုံသေသတ်မှတ်ခြင်းသည် ယုံကြည်ခြင်းအသက်တာကို အားနည်းစေနိုင်သည်။ ဘုရားသခင်၏အစေခံကျွန်သည် အမြင်နှင့်အသက်မရှင်ဘဲ၊ယုံကြည်ခြင်းနှင့်အသက်ရှင်ကာ၊ သူတပါးအအတွက်ပုံသက်သေတခုဖြစ်သင့်သည်။ သူ၏အသက်တာသည်ဘုရားသခင်အပေါ် အမှီပြုခြင်း၌ အမှတ်တရတခုဖြစ်စေသင့်သ ည်။G. H. Lang ကသူ၏သက်သေခံချက်ကိုဤသို့ပြောပြသည်-ကျွန်တော်သည်အနှစ်ငါးဆယ်ပတ်လုံး တိုင်းနိုင်ငံများစွာတို့၌နေထိုင်၍ဧဝံဂေလိဟောပြောသော သူတို့နှင့်ပျော်ရွှင်စွာမိတ်သဟာယဖွဲ့ခဲ့ပြီးအာမခံချက်တခု သို့မဟုတ် ပုံမှန်ဝင်ငွေတခုကြောင့်ကျေနပ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော်၊ ယာယီထောက်ပံ့မှုများသည်ဘုရားသခင်အပေါ် အစဉ်မပြတ်ယုံကြည်ခြင်းကိုလ က်လွတ်စေသည်။ ၄င်းသည် အမှန်တကယ်၌ဝိညာဉ်ရေ းရာဆုံးရှုံးမှုတခုဖြစ်သည်။”2
သာသနာလောကကြီး၌လူတို့သည်ပို၍များပြားသည့် လစာရရှိရန်အတွက်အများအား ဖြင့်လုပ်ဆောင် ကြသည်။ သူတို့သည်ဘုရားသခင်၏လမ်းပြမှုကိုရုပ်ဝတ္ထုပစ္စည်းရရှိခြင်းအပေါ်၌အမှီပြုလျက် အမှားလုပ်ကြသည်။ စိတ်ဝင်စားဖွယ်ကောင်းသည့်လစာတခုသည် ဘုရားသခင်ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း ညွှန်ပြချက်ဖြစ် သည်ဟုဆုံးဖြတ်ရန် အားလုံးအတွက်လွယ်ကူသည်။ဓမ္မဟောင်းကျမ်း၌ကျွန်တယောက်သည် ငွေနှင့်ငှါးသောကျွန်တယောက်ထက်နှစ်ဆအဖိုးတန်သည် (တရားဟော ၁၅း၁၈)။ တနည်းဆိုရသော်၊ သခင်ပိုင်သောကြောင့် အစေခံသောသူသည်အဖိုးအခရရှိရန်အလုပ်လုပ်သော သူထက်ပို၍အဖိုးတန်သည် ဟုဆိုလိုခြင်းဖြစ်သည်။ ဤအချက်သည် ယနေ့ကျွန်ုပ်တို့အတွက်အဓိပ္ပါယ်ရှိသောသတင်းတခုဖြစ်ပါသလား။
“အခအားဖြင့်မဟုတ်လျှင် ဘုရားသခင်၏အစေခံကျွန်တယောက်ကိုမည်သည့်နည်းဖြင့်ထောက်ပံ့မည်န ည်း”ဟုမေးစရာပေါ်လာမည်မှာအမှန်ဖြစ်သည်။
ပထမဦးဆုံးအနေနှင့်ယုံကြည်သူသည်ဘုရားကအချိ န်ပြည့်အမှုတော်ဆောင်ရန်သူအား ခေါ်ကြောင်းလုံးလုံးယုံကြည်စိတ်ချမှုရှိရပါမည်။ ဤအရာကိုချဲ့ထွင် ၍မ ပြောရပါ။ သူသည် စိတ်ချရုံသာမက၊ဘုရားသ ခင်၏ တာဝန်ပေးခြင်းခံရသည်ဟူသောဝိညာဉ်လမ်းပြမှု အပေါ်၌စိတ်ချမှုရှိ ရပါမည်။ အရေးကြီးသောအချက်တခုမှာ၊ မိမိ၏ဆုကျေးဇူးအပေါ်၌အမှားမပါဘဲဆုံးဖြတ် တတ်သည့်စုံလင် သောသူတယောက်မှမရှိပါ။ဒုတိယအနေနှင့် သူသည် Hudson Taylor ပြောသ ကဲ့သို့ ဘုရားသခင် ကလုပ်ခိုင်းသည့်အရာအပေါ် ၌ အခပေးသည်ဟူ၍ သူသည်စိတ်ချယုံကြည်ခြင်းရှိရမည်။ ထိုအခါမှသာ သူသည်မြင်နိုင်သည့်ထောက်ပံ့မှုတစုံတခုမပါသော်လည်းဘုရားသခင်သည်ဘုန်းအာ နုဘော်၌စံပယ် တော်မူသောစည်းစိမ်ရှိသည်အတိုင်းသူ၏လိုအပ်မှုအားလုံးတို့ကို ယေရှုခရစ်အား ဖြင့်ပေးတော်မူ မည်ဟူ၍ မသိမ်းပိုင်သောယုံကြည်ခြင်းအားဖြင့် ရှေ့သို့တိုးနိုင်မည်ဖြစ်သည်။ ၎င်းသည်အမှန်တကယ်လုံ လောက်မည် ဖြစ်သည်။
ဘုရားသခင်ကဤအရာကိုမည်သို့ပြုမည်နည်း။ ကိုယ် တော်သည် သူ၏လူများအားဖြင့်ပြုသွားမည် ဖြစ်သည်။ တစုံတယောက်သောသူက ထိုလမ်းစဉ်ကိုအောက်ပါအတိုင်းပြောပြသည်
ဘုရားသခင်သည်လူတယောက်၏စိတ်ထဲ၌ စိတ်ကူ းစိတ်သန်းတခုထည့်ပေးနိုင်သည်။ တစုံတယောက် သောသူသည် ပြင်းထန်စွာ”တိုက်တွန်းခြင်း၊ခံရသည်ဟုခံစားစေရန် ကိုယ်တော်ပြုနိုင်သည်။ ထို့ကြောင့် ကျွန်တော်တို့သည်ငွေပမာဏအချို့ကိုတောင်းလျှောက်သေ ာအခါ၌ ဘုရားသခင်သည် လူတယောက်အား မျက်လက်မှတ်ရေးစေ၍တိုငွေပမာဏကိုပို့စေနိုင်သည်။သို့မဟုတ် လူအများတို့သည်ထိုလိုအပ် သောငွေပမာဏကိုပြည့်မှီစေရန်တယောက်လျှင် အစိတ်အပိုင်းတခုစီပို့စေသည်။ ဘုရားသခင်သည် ဤသို့ပြုသည်ကိုသင်မယုံကြည်ဘဲနေနိုင်သော်လည်း ငွေအတွက်ဆုတောင်းသည့်အကြောင်းကို ကျွန်တော်ပြောသောအခါ၌ဤအရာကိုဆိုလိုသည်။”
လိုအပ်မှုတိုးသည်နှင့်အမျှ၊ ဝင်ငွေတိုးခြင်းသည်ယုံကြ ည်ခြင်းအသက်တာ၏ပီတိဖြစ်ရသည့်အပိုင်းဖြစ် သည်။ တဘက်တွင်၊ မလိုအပ်သည့်အခါ၌လည်းဝင်ငွေကျ ဆင်းသည် ကျွန်တော်သည်ဘုရားသခင်၏အလုပ်ကိုလုပ်နေသရွေ့ကျွန်တော်ဘက်မှလိုအပ်မှုများကိုမကျေညာဘဲ ကိုယ်တော်မစထောက်ပံ့သွားမည်ဖြစ်ကြောင်း ကျွန်တော်သိသည်။ ကျွန်တော်၏စိတ်တိုင်းကျွန်တော်အစေခံနေခြင်းဖြစ်ပါက၊ ဘုရားသခင်သည်သူမခိုင်းသောအရာတခုအတွက်လိုအပ်သောအရာများပေးမည်ဟု မျှော်လင့်၍မရနိုင်ပါ။
Echoes မဂ္ဂဇင်း၌ Ray Williams က ဤသို့ရေးသားသည် –
ဤအရာသည် နည်းလမ်းဖြစ်ကြောင်းကျွန်တော်ယုံကြည်သည်။ မဟုတျပါကကိုယ်တော်လမ်းပြမှု အပေါ်မည်သို့အားထားနိုင်မည်နည်း။ ကျွန်ုပ်သည် မိမိကိုယ်ကို “ငါဤအရာကိုပြုလိုသည်” ဟုပြောပြီး၊ မိတ်ဆွေတို့အား”ဤအလုပ်ကိုလုပ်ဘို့ငွေပေးနိုင်မည်လော” ဟုပြောသောအခါ ကျွန်တော်လုပ်လိုပြီး၊ သူငယ်ချင်းကကူညီလိုသော်လည်းဘုရားသခင်၏အလိုတော်ဖြစ်သည်၊ မဖြစ်သည်ကို ကျွန်တော်သိမည် မဟုတ်ပါ။ အကယ်၍ ကျွန်တော်သည် ဤအရာကိုလုပ်လိုကြောင်း ဘုရားသခင်တပါး တည်းကိုပြောပါ ကဘုရားမှတပါးအခြားတစုံတယောက်မှမသိသည့် ဘဏ္ဍာရရှိလာမည် ဖြစ်သည်။ ထိုအခါမှ ဤအရာသည် ဘုရားသခင်က ကျွန်ုပ်အတွက်အလိုတော်ရှိသည်ကို ကျွန်တော်သိရသည်။4
Silas Fox ၏သက်သေခံချက်ကိုနားထောင်ကြည့်ပါ .
၁၉၂၆ ခုနှစ်တွင် ထောက်ပံ့ငွေအတွက်သီးသန့် အ စည်းအဝေးတခုမှရောက်လာမည့်အရာကိုမမျှေ ာ်လင့်ဘဲ ဘုရားသခင်အားတိုက်ရိုက်ကြည့်ခြင်းသည်ပို၍ ကောင်းလိမ့်မည်ဟု စိတ်ထဲ၌ခံစားရင်း ဇနီးနှင့်ကလေးငါးယောက်နှင့်အတူ ဘုရားသခင်၏ဘုန်းတော်အတွက်ထွက်သွားကြရာ ၂၅နှစ်ကြာပြီးနောက် ကျွန်တော့ကိုထောက်ပံ့သည့် သာသနာပြုအဖွဲ့မရှိ၊ ကျွန်ုပ်တို့၏လိုအပ်မှုကိုကိုယ်စားအကြောင်း ကြားပေးမည့်အတွင်းရေးမှူးမရှိ၊ တောင်းဆိုမှုမပြု၊ ကျွန်တော်တို့ဘက်မှအလှူငွေကောက်ခံခြင်းမရှိ၊ အလှူငွေလိုအပ်သောစာရင်းထဲ၌ကျွန်တော်၏နာမည်မပါသော်လည်း ဘုရားသခင်သည်သစ္စာရှိစွာဖြင့် ဤနှစ်ဆယ့်ငါးနှစ်လုံးလုံးအတွင်းလိုအပ်မှုအားလုံးတို့ကိုအံ့ဩဘွယ်ကင်းစွာဖြင့်ထောပ်ပံ့၍၊ ကိုယ်တော်ကိုချီးမွမ်းကြကြောင်းသက်သေခံချက်ကိုပြောပြသည်။
နောက်ဆုံးတွင် Dan Crawford က သူ၏ဝိညာဉ်ရေးရာထိုးထွင်းသိမြင်မှုကို ထပ်မံပြောပြသည် –
အသင်းအဖွဲ့တခု၏သာသနာပြုဆရာမိတ်ဆွေတယောက်သည် အိမ်ထောင်ရှိသည့်ယောက်ျား အနေနှင့်သတ်မှတ်ထားသောလစာကိုမတောင်းခြင်းနှင့်ပတ် သက်၍ ကျွန်တော့အားအပြစ်တင်ပြောဆိုသည်။ ထိုအချိန်တွင်ဘုရားသခင်သည်နှုတ်ကပတ်တော်အားဖြင့်ကျွန်တော့အားစကားဘုရားသခင်၏သမ္မာတရားအ တိုင်းလိုက်နာခြင်းပင်ဖြစ်သည်။ “ကတိတော်ပြောနေသည့်အချိန်ဖြစ်သည်။ ထိုကိစ္စကိုပြေလည်သွားစေသည့်အရာမှာသည်သေချာဖြစ်လာစေရန်အတွက် ယုံကြည်ခြင်းအားဖြင့်ဖြစ်သည်။”သေချာသောအရာတခုမှာ ယုံကြည်ခြင်းဖြစ်သည်။*
နောက်ဆက်တွဲ
ဘုရားသခင်စဉ်းစားသကဲ့သို့စဉ်းစားခြင်း
Thinking As God Does
ခရစ်ယာန်တယောက်သည် ဘုရားသခင်စဉ်းစားသည့်အတိုင်း စဉ်းစားနိုင်ရန် သင်ယူသင့်သည်။ ဤနေရာ၌ လောကီသားတို့၏စံနမူနာကိုငြင်းပယ်ပြီး၊ကောင်းကင်နိုင်ငံတော်သားတို့၏စံနမူနာများကို ယုံကြည်လက်ခံကျင့်သုံးခြင်းပါဝင်သည်။ ထိုမျှသာမက၊ တစုံယောက်အတွက်တခုတည်း သောစမ်းသပ်စစ်ဆေးသောအရာမှာ သခင်ယေရှုအမြင်၌မည်သို့ဖြစ်မည်နည်းဟူသောအရာဖြစ်သည်။ လောကသားများ၏တန်ဘိုးထားသည့်အရာတို့သည် ခရစ်တော်၏စိတ်ထဲ၌တန်ဘိုးထားသော အရာတို့နှင့်ဆန့်ကျင်ဘက်ဖြစ်သည်ယေရှု၏နှုတ်ထွက်စကားမှာ “လူသဘောအားဖြင့် အမြတ်ထားသောအရာသည်ဘုရားသခင်ရှေ့တော်၌ စက်ဆုပ်ရွံရှာဘွယ်ဖြ စ် ၏” (လုကာ ၁၆း၁၅)။
ဆင်းရဲသောသူ။ ကျွန်ုပ်တို့သခင်ဘုရားသည် ပညာ ရှိ သောသူ၊ အားကြီးသောသူနှင့်ဂုဏ် အသရေရှိသောသူများများ မခေါ်ပါ။ ကိုယ်တော်၏ရည်ရွယ်ချက်များကိုပြီးပြည့်စုံစေရန်အတွက် ဆင်းရဲသားတို့ကိုအသုံးပြုသည်။ ရှောလမွန်က”ငွေသည်အရာခပ်သိမ်းတို့၏အဖြေဖြစ်သည်” ဟူသောလောကီသားတို့၏အ မြင်ကိုဆန့်ကျင်သောသင်ခန်းစာပေးပါသည်။ သင်၌လုံလောက် သောငွေရှိမည်ဆိုပါက သင်သည်အရာခပ်သိမ်းတို့ကိုပြုနိုင်၏။ ဤသဘောသည် အသင်းတော်ထဲသို့တိတ် တဆိတ်ဝင်လာသည်။ ယနေ့ ဘုရားသခင်၏လုပ်ငန်းတော်၌အကြီးမားဆုံးသောလို အပ်ချက်မှာငွေဖြစ်သည် ဟု ကျွန်တော်တို့အားပြောကြသည်။ သို့သော် ဤပြောဆိုခြင်းသည် မှားပါသည်။ ဘုရားသခင်သည်ဆင်းရဲ မွဲတေသူမဟုတ်ပါ။ ကိုယ်တေလာ်သည် သူလုပ်ခိုင်းသောအရာအတွက်လို အပ်သောအရာများကို မျက်ရည်ကျ၍ အသနားခံစရာမလိုဘဲပေးပါသည်။ ဆင်းရဲသားတို့သည်ယေရှုအတွက်ကြီးမားသော စွန့်စားမှုကိုပြုကြသောအခါ၌ဘုရားသခင်သည်ဂုဏ်ပြုခြင်းနှင့်ဘုန်းအသရေကိုရရှိသည်။ Hudson Taylorကျွန်ုပ်တို့အလွန်ကြောက်ရွံ့ရမည့်အရာမှာငွေအနည်းငယ်သာရှိခြင်းမဟုတ်ဘဲ၊ ဘုရားအတွက်လှူဒါန်းရန်ရည်စူးခြင်းမရှိသည့်များပြားသောငွေဖြစ်သည်ဟုဆိုသည်မှာ မှန်ပါသည်။
အားနည်းသောသူ။ အားနည်းခြင်း၌ဘုရား သခင်၏ ခွန်အားသည်ပြည့်စုံတတ်၏။ လက်များနှင့်ခြေများ ကိုလက်ဝါးကပ်တိုင်၌သံနှင့်ရိုက်ထားခြင်းခံရသောလူတယောက်ထက် မည်သည့်အရာသည်ပို၍အားနည်း နိုင်မည်နည်း။သို့သော်၊ ထိုအားနည်းခြင်းအားဖြင့်ထာဝရအပြစ် စီရင်ခြင်းမှကယ်တင်ခြင်းရသည့်လူသန်း ပေါင်းများစွာတို့ကိုစဉ်းစားကြည့်ပါ။ ထိုကဲ့သို့သော ဝိရောဓိမျိုးကိုWhitlock Gandy က ဤသို့ဖေါ် ပြထားသည်။
အားနည်းမှုနဲ့ချို့တဲ့မှုကြောင့်ဘုန်းကြီးသရဖူဆွတ်ခူးခဲ့။သူ၏ရန်သူအားလုံးကိုသူ့ခြေအောက်၌နင်းချေထားလျက်။စာတန်တန်ခိုးအောက်သို့ချကာအပြစ်ကိုချေ ဖျက်၊ သင်္ချိုင်းဦးညွှတ် ဖျက်ဆီးပစ်သည်သေခြင်းကိုသတ် သူ့အသေခံခြင်းဖြင့်အနိုင်ယူခဲ့သည် ထိုသေခြင်းကို။
ဇာတ်နိမ့်သောသူ။ ဤသူတို့သည်ဇာတ်နိမ့်သောသူများဖြစ်သည်။ သူတို့သည်လူနေမှုလှေကား၏ အောက်ဆုံးထပ်၌ရှိကြသည်။ John Bunyan သည်ခြေသလုံးအိမ်တိုင်သမားဖြစ်သည်။ သို့သော်၊ ဘုရားသခင်သည်သူ့အားအာဂန်တု “အာရှဧည့်သည်ခရီးသွားခြင် း”(Pilgri m’s Progress)ကိုရေးသားရန် ချီးမြှောက်ခဲ့သည်။ ၎င်းသည် နှစ်ပေါင်းများစွာအတွင်းသမ္မာကျမ်းစာအုပ်ပြီးနောက် ဒုတိယအ ရောင်းရဆုံးစာအုပ်ဖြစ်သည်။ တနေ့တာအလုပ်ပြီး၍အိမ်သို့ပြန်လာက ြ ကာ ညနေစာစားပြီကျမ်း စာဖတ်ရှု့လေ့လာသည့်စာမတတ်ပေမတ တ်သောစကော့ (Scottish)လူမျိုး ကျောက်မီးသွေးတွင်းတူး သမားများ၏ အကြောင်းကိုကျွန်ုပ်တို့ဖတ်ကြခြင်းဖြစ်သည်။ ထိုသူတို့သည်ဘုရားသခင်၏တန်ခိုး တော်နှင့်ဧဝံဂေလိသတင်းကိုဟောပြောကြကာ၊ ဘုရာ းသခင်ပြုသောအံ့ဩဘွယ်ရာများကို ပညာတတ်များထက်မြင်တွေ့ကြကာ၊ အံ့ဩဘွယ်ကောင်းလောက်အောင်သခင်၏ ဘုန်းတော် ကိုထင်ရှားစေကြသည်။
အပယ်ခံသူ။ မြို့ထဲ၌ “သင်၏ဘုရားသခင်နှင့်တွေ ဘို့ပြင်ဆင်ထားပါ။ဟူသော သတိပေးချက်ရေးထားသော ပျဉ်ပြားချပ်များကိုကိုင်သည့်မထီလေးစားပြုခြင်းခံသောခရစ်ယာန်တချို့ရှိသည်။ ဖြတ်သွားသောလူအချို့ ကပြက်ယယ်ပြုကြကာ၊ အချို့ကသနားကြသည်။ ကောလိပ်ကျောင်းဝင်းတခုအတွင်း၌နယ်လှည့် ဧဝံဂေလိဆရာတဦးတရားဟောနေသည်။ သူ၏သွားတချို့ကျိုးနေသည်။ရှင်ပေါလုနည်းတူ”သူ ၏ကိုယ်၌ သခင်ယေရှု၏အမှတ်လက္ခဏာများပါရှိသည်။”
သူ့ကိုမကဲ့ရဲ့ပါနှင့်။ သူသည်မိမိ၏ဘုန်းအသရေကိုမရှာဘဲ သခင်ယေရှု၏ဘုန်းအသရေကိုသာရှာသော သ ခင်ဘုရားရွေးချယ်သည့်အစေခံကျွန်တယောက်ဖြစ်သည်။
ဧည့်ခံထဲ၌၄င်း၊ တည်းခိုဆောင်ခန်းထဲ၌၄င်း၊ ငှါးရမ်းသောဂိုဒေါင်ရှေ့၌၄င်း၊ ပြုလုပ်သည့်ခရစ်ယာန်အစ ည်းအဝေးကိုကျွန်တော်မြင်ခဲ့သည်။ သူတို့ကိုလူများကရယ်စရာလုပ်ကြသည်။ ထိုနေရာ၌ အော်ဂင်၊ မှန်ပြ တင်းပေါက် သို့မဟုတ်ပရိသတ်ထိုင်ခုံဟူ၍မရှိပါ။ သို့သော် သခင်ဘုရားသည်ထိုနေရာ၌ရှိ၍ သန့်ရှင်းသောဝိညာဉ်တော်သည်လည်း တန်ခိုးနှင့်အလုပ်လုပ်သည်။
မဟုတ်သည့်အရာများ။ လောကီသားများကအသုံးမဝင်သောအရာဟုစဉ်းစား၍ လူမဟုတ်သကဲ့သို့အ ထင်သေးခံရသည်ဟုယူဆသည့်လူတို့ကိုအသုံးပြုရာ၌ ဘု ရားသခင်သည်အထူးဝမ်းသာကျေနပ်သည်။ ထိုသူတို့မှာ Spurgeons,Tozers နှင့် Ironsides တို့ကဲ့သို့သောသူများဖြစ်ကြသည်။ ထင်ရှား သည့်ဘွဲ့ထူး၊
ကျွန်တော်ဟောပြောသည်။ Charles Wesley ကဲ့သို့ဆုတောင်းသောသူဂုဏ်ထူးမရှိသောသူ၊ အကျယ်ချဲ့၍ မိတ်ဆက်ခြင်းမခံဘူးသည့်သူများအကြောင်းကိုများစွာရှိသည်။
ခရစ်တော်၏ချစ်ခြင်းနှင့် ချီးမွမ်းခြင်းရနိုင်ရန် လူတွေမသိသူ၊အငယ်ဆုံးသော သူဖြစ်စေပါ။မိုက်မဲမှု။လူများ အတွက်ဧဝံဂေလိတရားသည်အဓိပ္ပါယ်လုံးဝမရှိပါ။လူတယောက်သည်ကောင်းသောအကျင့်လုံးဝမလိုဘဲ ခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့်ကယ် တင်ခြင်းရနိုင်သည်ဟူသောအရာမျိုးသည် ပြောင် လှောင်သရော်ဖွယ်ဖြစ်သည်။
အမှန်မှာ၊ သတင်းကောင်းသည် ဘုရားသခ င်၏ဉာ ဏ်ပညာတော်ဖြစ်သည်။ မိုက်မဲသောအရာမှာ လောကီ ပညာဖြစ်သည်။ သတင်းကောင်းဆိုသည်မှာအပြစ်သားများကိုပြောင်းလဲစေသည့် ဘုရားသခင်၏တန်ခိုးတေ ာ်ဖြစ်သည်။ဘုရားသခင်၏မိုက်မဲမှုနှင့်တူသောအရာသည် ယုံကြည်သောသူတို့ကိုကယ်တင်ရာ၌ အမှန်တကယ်အလုပ်လုပ်သည်။ မိုက်မဲခြင်းနှင့်တူသောအရာသည်လူတို့ထက်ပို၍ပညာရှိကာ၊ အားနည်းဟန်ရှိသောအရာသည်လူတို့ထက်ပို၍အားကြီးသည်။
ယုံကြည်ခြင်းနှင့်အမြင်သည် ဆန့်ကျင်ဘက်ဖြစ်သည်။ ဘုရားသခင်သည်လောကီသားများထက် တမူထူးခြားစွာစဉ်းစားရသည့်အခြားနည်းတခုရှိသည်။လောကီ သားများက “တွေ့မြင်ခြင်းသည်ယုံကြည်ခြင်းဖြစ်သ ည်” ဟု ဆိုကြ၏။ဘုရားသခင်က “ယုံကြည်ခြင်းသည်တွေ့မြင်ခြင်း ဖြစ်သည်” ဟုဆို၏။
ယေရှုက မာသအား “သင်သည်ယုံလျှင်ဘုရား သခ င်၏ ဘုန်းအာနုဘော်တော်ကိုမြင်ရလိမ့်မည်၊ ငါပြောပြီမဟုတ်လော” (ယော ၁၁း၄၀) ဟုမိန့်တော်မူ၏။
လက်ဝါးကပ်တိုင်အနီး၌ လူတို့သည် “ငါတို့သည်မြင်၍ ယုံကြည်စေခြင်းငှါဣသရေလရှင်ဘုရင် တည်းဟူသောခရစ်တော်သည် လက်ဝါးကပ်တိုင်မှယခုဆင်းပါလေစေ” ဟု ဟစ်ကြော်ကြသည် (မာကု ၁၅း၃၂)။ သို့သော် ကိုယ်တော်သည်သေခြင်းမှထမြောက်သည်တိုင်အောင် သူတို့ယုံကြည်ကြမည် မဟုတ်ကြောင်းယေရှုသိတော်မူ၏ (လုကာ ၁၆း၃၁)။
နောက်ပိုင်းတွင် ထမြောက်သည့်သခင်ဘုရားက Thomas အား”သင်သည်ငါ့ကိုမြင်သောကြောင့် ယုံ ကြည်၏။မမြင်ဘဲလျက်ယုံကြည်သောသူတို့သည်မင်္ဂလာရှိကြ၏” ဟုမိန့်တော်မူ၏ (ယော ၂၀း၂၉)၊
ကျွန်ုပ်တို့သခင်သည် မျက်စိဖြင့်မြင်တွေ့ ရန်လိုလားသောယုံကြည်ခြင်းမျိုးကိုစိတ်တော်နှင့်မတွေ့ပါ။
ဘုရားသခင်သည်လူနှင့်ခြားနားစွာစဉ်းစားသည့်အခြားတုန်လှုပ်ဘွယ်နည်းတခုကို ဦးဆောင်မှုကိစ္စ၌တွေ့ရ သည်။ ထိုခြားနားချက်နှင့်ပတ်သက်သည့်သခင်ဘုရားရှင်းပြပုံကို ဤနေရာ၌တွေ့ ရသည်။
သင်တို့သိသည့်အတိုင်း လောကီမင်းတို့သည်အစိုးတရပြုတတ်ကြ၏။ အကဲအမှူးတို့သည်အာဏာ ထားတတ်ကြ၏။ သင်တို့မူကား ထိုသို့မပြုကြနှင့်၊လူသားသည်သူတပါးကိုစေစားခြင်းငှါမလာ၊ သူတပါးကိုအစေခံခြင်းငှါ၄င်း၊ မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှါ၄င်း၊ ကြွလာသည် (မဿဲ၂၀:၂၅-၂၈)။
ခရစ်တော်၏သွန်သင်ချက်အတိုင်း ခရစ်ယာန်အသက်တာလိုက်လျှောက်ခြင်း၌လူတို့ သည်အပြစ်တင်ကြ မည်ဖြစ်သည်။ လူတို့သည် သင့်ကိုသူစိမ်းဖြစ်သည်ဟုမှ တ်ယူကြမည်။ သင်သည်သူတို့နှင့်မတူသောကြောင့် သူတို့သည်သင့်ကိုမကြိုက်ကြပါ။ သင်သည်သူတို့လု ပ်ဆောင်သောအရာတိုင်း၌မပါဝင်သော ကြောင့်စိတ် ဆိုးကြသည်။ သူတို့သည် သင့်အားလှောင်ပြောင်ကြမည်ဖြစ်သည်။ ဤအရာသည် သင့်အနေနှင့် “ထိုသခင်နှင့်အတူကဲ့ရဲ့ခြင်းကိုခံ၍ တပ်ပြင်၊ အထံတော်သို့ထွက်သွားစေရန်”(ဟေဗြဲ ၁၃း၁၃) ကြီးမားသေ အခွင့်အရေးဖြစ်သည်။ဘုရားသခင်စဉ်းစားသကဲ့သို့စဉ်းစားပါ။
နောက်ဆက်တွဲ
ခရစ်ယာန်စာပေဖြစ်နိုင်သောအရာများနှင့်ကန့်သတ်ချက်များ
Christian Literature – The Possibilities And Limitations
ယနေ့လောကီအသိုင်းအဝိုင်း၌ ကမ္ဘာတွင်အပြင်းထန်ဆုံးသောပေါက်ကွဲမှုသည်ညူ ကလီးယားလက်နက် များမဟုတ်ဘဲ ပုံနှိပ်စက်၏မှင်ဖြစ်သည်ကိုဝန်ခံကြ၏။အဘယ့်ကြောင့်နည်း။ အက္ခရာစကားလုံး ဖြစ်လာ သည့်အရာသည် လူတို့၏စဉ်းစားဉာဏ်ကိုအရှိန်အဟုန်တခု နှင့်လှုပ်ရှားစေနိုင်လောက်အောင် စိတ်ကူးစိတ်သန်းတို့ကိုဖေါက်ခွဲနိုင်သည်။ ၄င်းသည်အနုမြူတလုံး၏လေဗွေထက်ပို၍ပြင်းထန်ကြီးမားသည်။ ပုံနှိပ်စက်၏မှင်သည် ကောင်းသောအရာနှင့်မကောင်းသောအရာများကိုရေးသော်လည်း အကောင်းဘက်၏ သက်သေအ ထောက်အထားမှာ မကောင်းသောအရာထက်ပို၍အဖိုးတန်သည်။ အကြောင်းမှာ၊ လူတယောက် ၏မြင့်မြတ်သောကံကြမ္မာနှင့် ပတ်သက်၍လူတယောက်၏ရူပါရုံသည်စာရွက် နှင့်တို့ထိ သောအခါ  မဲသောအရာသည်လော က၏အလင်းကိုဆောင်၏။”
ဒေါက်တာ Oswald Smith က ဤသို့ရေးသည်။
ကျွန်တော်သည်အနှစ်သုံးဆယ်ကျော်ပတ်လုံး “မျိုးဆ က်တဆက်အတွင်း၌ကမ္ဘာကြီးကို ဧဝံဂေလိမည်သို့လုပ်နိုင်ကြမည်နည်း”ဟူသောပြသာနာကိုဆုတောင်းခြင်းနှင့်စဉ်းစားခဲ့သည်။ ကြာရှည်သောကာ လမှစ၍ ကျွန်ုပ်တို့သည်လုံလောက်သောသာသနာပြုများကို တခါမှမစေလွတ် နိုင်ကြောင်းကျွန်တော်သဘောပေါက်သည်။ သို့သော်လည်း နည်းတနည်းရှိရမည်။ နိုင်ငံပေါင်း ၅၃ နိုင်ငံသို့သွားရောက်လေ့လာပြီးနောက် မဟာစေခိုင်းမှုကြီးကို ထမ်းရွက်နိုင်မည့် တခုတည်းသောနည်းမှာ စာ ပေလုပ်ငန်းကိုစနစ်တကျ အသုံးပြုခြင်းဖြစ်ကြောင်း ကျွန်တော်အဆုံးသတ်မှတ် ချက်ချခဲ့သည်။ ထိုနည်းလမ်းတခုအားဖြင့် ကျွန်ုပ်တို့သည်အိမ်တိုင်းသို့ဝင်ကာ ဧဝံဂေလိတရား နှင့်တယောက်စီ ထံသို့ရောက်ရှိနိုင်ကြမည်ဖြစ်သည်။ ကမ္ဘာကြီးသည်လျင်မြန်စွာဖြင့်စာ တတ်လာသည်။ အပတ်တိုင်း၌သန်းနှင့်ချီသည့်အသစ်သော စာကြည့်ပရိသတ်တို့သည် စာပေအားဖြင့်ဧဝံဂေလိလုပ် ငန်းအတွက်အဖိုးတန်သည့်အခွင့်အရေးကိုကျွန်ု ပ်တို့အားယေဟောဝါ သက်သေခံတို့သည် သူတို့၏ယုံကြည်ခြင်းသတင်းကိုကမ္ဘာတဝှမ်းသို့ရောက်ရှိရန်စာပေအားဖြင့်လုပ်ဆောင်ကြသည်။ခရစ်ယာန်အသင်းတော်သည်မနိုးထသေးပါ။မကြာမီအချိန်တွင်အလွန်နောက်ကျတော့မည်ဖြစ်သည်။ ယခုသည်ကြိုးစားလုပ်ဆောင်ရမည့်အချိန်အခါဖြစ်သည်။8ဧဝံဂေလိတရားအတွက်ပုံနှိပ်စာမျက်နှာ၏အ ကျိုးကျေ းဇူးတို့သည် အံ့အားသင့်ဘွယ်ဖြစ်သည်။
> စာနှင့်ရေးသောစကားသည် ကြောက်ရမှန်း၊ လန့်ရမှန်းမသိပါ။ လူ၏မျက်နှာကိုမထောက်ပါ။
> ၄င်းသည်ချမ်းသာသောသူနှင့်၊ ဆင်းရဲသောသူ၊ ရှင်ဘုရင်နှင့်သာမညလူတန်းစားတို့အား ထိုသတင်းကိုပင်ဟောပြောသည်။
> တခါမှ အမျက်မထွက်၊ ဒေါသနှင့်ပြန်မပြောပါ။မည်ဖြစ်သည်။
> ရှုတ်ချမှု၊ လှောင်ပြောင်မှု၊ စော်ကားမော်ကားပြုခြင်းတို့ကိုဂရုမစိုက်ပါ။
` ၄င်းသည် မောပန်းခြင်းမရှိပါ။ ကျွန်ုပ်တို့အိပ်နေစဉ်နှင့်အနားယူနေစဉ်၌ပင်လျှင် တနေ့လျှင် ၂၄ နာရီအလုပ်လုပ်သည်။
> ၄င်းသည် စိတ်ဓါတ်မကျဘဲ ထိုအကြောင်းကိုထပ် ခါထပ်ခါပြောပြမည်ဖြစ်သည်။
>၄င်းသည်လူတယောက်အား လူအများကဲ့သို့လို လို လားလားစကားပြောပြီး၊ လူအများကိုလည်းလူတယောက်ကဲ့သို့စိတ်ပါစွာဖြင့်ပြောသည်။
> ၄င်းသည်လူတယောက်အားလက်ခံရန်ဝန်မလေးသည့်မှန်ကန်သောစိတ်ထားနှင့်အစဉ်တွေ့ဆုံသည်။
အကြောင်းမှာ၊ ၄င်းသည် နားထောင်နိုင်မည်ဟုရွေး ချယ်သောအရာကိုသာပြောပြသည်။
> ၎င်းကိုလျှို့ဝှက်စွာလက်ခံနိုင်သည်၊ ဖတ်နိုင်သည်၊ လေ့လာနိုင်သည်။
၎င်း သည် တိတ်ဆိတ် သောအချိန် များ၌ မခွဲခြားသောဂရုစိုက်မှုကိုရရှိသည်။
၄င်း၌နားမလည်ရသည့်အသံနေအသံထားမပါပါ။အစာနှင့်ရေးသောစကား သည် လူ၏အသံထက်ပို၍မြဲမြံသည်။>၄င်း၌အပေးအယူမရှိ၊ ၄င်း၏သတင်းကိုလည်းဘယ်သောအခါမှမပြောင်းပါ။ ဒီနည်း
>အသံနှင့်ပြောသောစကားတို့ကိုမေ့ပျောက်ပြီးပျောက်ဆုံးသွားသော်လည်း၊ ၄င်းသည်ဆက်လက်၍ဟောပြောကာ ထိုသတင်းကိုရှင်းလင်းစွာပြောပြနေသည်။
၄င်းကို တိုင်းနိုင်ငံလူမျိုးတိုင်းက တန်ဘိုးထားကြသည်။၎င်းသည် ရောဂါဟူသမျှတို့မှ ကင်းလွတ်သည်။
အသေးငယ်ဆုံးသောဝေစာသည် ဒါဝိဒ်လောက်လွဲ၏ကျောက်ခဲဖြစ်နိုင်သည်။ခရစ်တော်၏လက်တော်မှနေ၍ ၄င်းသည် ကြီးမားသောလူတယောက်ကိုခေါ်လာနိုင်သည်။ (Robert Murray M’Cheyne)
စာရေးသူကမဟောနိုင်သည့်အချိန်၊ မဟောပြောသည့်အချိန်နှင့်မပြောရဲသောအချိန်များတွင် စာအုပ်များကဟောပြောမည်ဖြစ်သည်၊ဟုတ်ပါ၏။ စာရေးသူမရှိတော့သောအခါ၌ ၎င်းက ပို၍လုပ်ပါသည်။
(Thomas Brooks)
စာပေလုပ်ငန်းလောက်နက်နဲစွာဖြင့်ထိုးဖေါက်သော၊ စွဲစွဲမြဲမြဲဖြင့်တည်ကြည်သော၊ ရဲ့ဝံ့စွာဖြင့်သက်သေခံသေ ာ၊ ဆီးတား၍မရနိုင်အောင်လွှမ်းမိုးသောလုပ်ငန်းဟူ၍မရှိပါ။ (Samuel Zwemer)
စာပေလုပ်ငန်းသည်သမ္မာတရားပြန့်နှံ့ ရာ၌အံ့ဩဘွယ်သောအလားအလာရှိသည်ဟုကျွန်ုပ်တို့ယုံကြည်သော် လည်း၊ ၄င်းသည် တခုတည်းသောနည်းလမ်း သို့မဟုတ် အကောင်းဆုံးသောနည်းလမ်းဖြစ်သည်ဟု ကျွန်ုပ်တို့ သည်မယူဆရပါ။ သာသနာပြုလုပ်ငန်းချဲ့ထွင်ရာ၌ ၄င်းသည်သာသနာပြုသောသူတွက်အံဩ ဘွယ် ကောင်းသောအထောက်အကူတခုဖြစ်သော်လည်း သာသနာပြုဆရာ၏နေရာကို၄င်း ကဘယ် သောအခါ မှအစားထိုးမည်မဟုတ်ပါ။
စာပေလုပ်ငန်းအကန့်အသတ်ရှိသည်ကို ပွင့်လင်းစွာဖြင့်ဝန်ခံကြပါစို့။
၁။ လူတို့သည် စာဖတ်နိုင်ကြမည်ဟု ကြိုတင်မှန်း ဆ သော်လည်း မဖတ်တတ်သေးသောသူ သန်းပေါင်းများစွာရှိသေးသည်။ အခြားသောနည်းဖြင့်သူတို့ကိုလက်လှမ်းမှီအောင်ပြုရမည်ဖြစ်သည်။
၂။ စာပေသည် လူတယောက်၏စိတ်ထဲ၌ ပေါ်လာသောမေးခွန်းတို့ကိုအစဉ်အဖြေမပေးပါ။ ၎င်းကို အပြ န်အလှန်ဆွေးနွေးခြင်းအားဖြင့်ထိရောက်စွာလုပ်နိုင်သည်။
၃။ သခင်ဘုရားကသမ္မာတရား၏ပုံသက်သေအဖြစ်အသက်ရှင်မည့်တပည့်တော်များကိုစေလွှတ်သည်။ သန့်ရှင်းသောအသက်တာသည် ထိရောက်မှုရှိကြေ ာင်းငြင်းခုံစရာမရှိပါ။
၄။ ဧဝံဂေလိလုပ်ငန်းအားလုံးသည်ကယ်တင်ခြင်းကို ကျော်လွန်၍ပြောင်းလဲလာသောသူတို့သည် သမ္မာတရား၌အခြေချလာကြရန်နှင့်အသင်းတော်ကိုတ ည်ဆောက်လာသည်အထိရည်ရွယ်သင့်သည်။ စာပေသည်ယုံကြည်ခါစလူတို့အားဒေသန္တရအသင်းတော်အကြေ ာင်းကိုသင်ပေးနိုင်သော်လည်း လူပုဂ္ဂိုလ်(သာသနာပြုဆရာ၊ တရားဟောဆရာ သို့မဟုတ် သင်ကြားပေးသောဆရာ) ကသာလျှင်သမ္မာတရား၌သူတို့ကိုဦး ဆောင်ရန်လိုအပ်မည်မှာဧကန်မလွဲဖြစ်သည်။
Navigators တို့၏ယခင်ဥက္ကဋ္ဌဖြစ်သည့် Dawson Trotman ကဤသို့ပြောလေ့ရှိသည်။
အဖြေမှာ၊ ရုပ်ဝတ္ထုမဟုတ်ဘဲလူဖြစ်သည်။ ယနေ့အကြီးဆုံးသောပြဿနာမှာ နှုတ်မှနားသို့၎င်း၊ စိတ် နှလုံးမှစိတ်နှလုံးသို့သွားသင့်သည့်အရာကိုစာပေထဲ၌ထည့်ရန်ကြိုးစားကြခြင်းပင်ဖြစ်သည်။ ရုပ်ဝတ္ထုတို့သည်လက်နက်များဖြစ်သည်။ ၄င်းလက်နက်တခုတည်းသည်အသုံးမဝင်ပါ။ ဆေးဝါးနှင့်ပတ်သက်၍စတင်လေ့လာသည်လူငယ်တယောက်သည်ခွဲစိတ်ရန်လိုအပ်သည့်ကိရိယာအစုံရှိသော်လည်း၊ ဓါးသွားတခု၊ သာမန်ချုပ်တပ်နှင့်အပ်ချည်သာရှိသောဝါရင့်ဆရာဝန်တယောက်ရှိပါက ကိရိယာအစုံရှိသောဤလူငယ်ထက် ထိုဝါရင့်ဆရာဝန်ထံ၌ ကျွန်တော့်ကိုကျွန်တော်အပ်ပါမည်။ ကိရိယာသာမဟုတ်၊ မိမိလက်ထဲ၌ကိရိယာကိုင်သော ထိုလူသည်အရေးကြီး၏
နောက်ဆက်တွဲ
အခြေခံယုံကြည်ချက်၊အရေးကြီးသောသွန်သင်ချက်နှင့်အရေးမပါသောပြဿနာများ
Fundamental, Important, and Non-essential Issues
အသင်းတော်၌ကွဲပြားခြားနားခြင်းကိုဖြေရှင်းခြင်းအတွက်အကြံပေးသည့်နည်းတခုလုံးလုံးအခြေခံကျသည့် ခရစ်ယာန်ယုံကြည်ခြင်းနှင့်ဆိုင်သောဩဝါဒတချို့ရှိပါသည်။ ၎င်းတို့သည် ပထမအရေးကြီးဆုံးဖြစ်သည်။ ၄င်းတို့နှင့်ပတ်သက်၍ခံယူချက်၌ခြားနားမှုမရှိနိုင်ပါ။ ယုံကြည်သူတို့သည်ဤခြေခံယုံကြည် ချက်များအပေါ် ၌တလုံးတဝတည်းဖြစ်ကြရမည်။
အခြေခံယုံကြည်ချက်မဟုတ်သော်လည်း သမ္မာကျမ်းစာသွန်သင်ချက်ဖြစ်၍နာခံရန်ဖိတ်ခေါ် သည့်အရေ းကြီးသောအခြားအကြောင်းများရှိသည်။
အရေးမပါသည့်အခြားသာမညအကြောင်းအရာများလည်းရှိသေးသည်။ ၄င်းတို့သည် အမှန်လည်းမဟုတ်၊ အမှားလည်းမဟုတ်ပါ။ လူတိုင်းသည်မိမိ၏စိ တ်ကူးဉာဏ်အတိုင်းပြုလုပ်နိုင်သည့် အခွင့်ကိုဘုရား သခင်ပေးထားသည်။
၁။အခြေခံယုံကြည်ချက်ဆိုသည်မှာ မည်သည့်အရာများဖြစ်ပါသနည်း။
အခြေခံယုံကြည်ချက်အကြောင်းကို ကျွန်ုပ်တို့ပြောသောအခါ၌အောက်ပါတို့ကို ကျွန်ုပ်တို့ဆိုလိုခြင်းဖြစ်သည် –
– သမ္မာကျမ်းစာမှုတ်သွင်းခြင်း။ သမ္မာကျမ်းစာသည်ဘုရားသခင်၏နှုတ်ကပတ်တော်ဖြစ်သည်။
>သုံးပါးတစ်ဆူ။ ဘုရားတစ်ဆူတည်းရှိ၍သုံးပါးအနေဖြင့်ထာဝရတည်ရှိသည်။ ယေရှုခရစ်တော်သည် ဘုရားသခင်ဖြစ်သည်။
> လူ့ဇာတိခံယူခြင်း။ ယေရှုသည်လူစင်စစ်လည်းဖြစ်သည်။
> ကရာနီ၌ခရစ်တော်၏ကိုယ်စား အသေခံခြင်း။ ကိုယ်တော်သည်အပြစ်သားများကိုယ်စား အသေခံတော်မူသည်။
သင်္ဂြိုဟ်ခြင်း၊ ရှင်ပြန်ထမြောက်ခြင်းနှင့် ကောင်း ကင်ဘုံသို့တက်ကြခြင်း။ ကိုယ်တော်သည်သင်္ဂြိုဟ်ခြင်း ကိုခံ၍ သုံးရက်မြောက်သောနေ့ ၌ဘုန်းတန်ခိုးနှင့်ပြည့်ဝသောကိုယ်ခန္ဓာနှင့် တဖန်ထမြောက်ကာ၊ ခမည်းတော်ဘုရား ၏လက်ယာတော်သို့တက်ကြွသွားသည်။
> သတင်းကောင်း။ ကယ်တင်ခြင်းသည်အကျင့်မပါဘဲ၊ ယုံကြည်ခြင်းအားဖြင့်ကျေးဇူးတော်ကယုံကြည်ခြင်း
> ဒုတိယအကြိမ်ကြွလာခြင်း။ ခရစ်တော်သည်တဖန်ကြွလာမည်။ကိုယ်တော်၏ပြန်ကြွလာခြင်းနှင့်ပတ် သက်၍ အသေးစိတ်အချက်အလက်အပေါ်၌အားလုံးတို့သည်သဘောမတူနိုင်ကြသော်လည်း၊ ပြန်ကြွလာခြင်းသည် အခြေခံယုံကြည်ချက်ဖြစ်သည်။
> ကယ်တင်ခြင်းရသူတို့၏ထာဝရကောင်းကြီးမင်္ဂလာခံစားရရှိခြင်း။
> မယုံကြည်သူတို့၏ထာဝရပြစ်ဒဏ်ခံရခြင်း။အထက်ဖော်ပြပါဩဝါဒတို့မှာ အလျှော့ပေး၊ ညှိယူ၍မရပါ။ ၄င်းတို့အပေါ်၌ ကျွန်ုပ်တို့သည်မားမားမတ်မတ်ရပ်တည်ရပါမည်။ ဤခြေခံယုံကြည်ချက်များကိုသ မ္မာကျမ်းစာက ရှင်းလင်းစွာသွန်သင်ထားပါသည်။ ဧဝံဂေလိအသင်းတော်များက ဤခံယူချက်များကို ခေတ်အဆက်ဆက်ယုံကြည်ကိုင်စွဲကြပါသည်။အယူလွဲသောသူတို့ကဤအခြေခံယုံကြည်ချက်များကိုငြင်းပယ်ကြသည်။ ယုံကြည်သူတို့သည် ဤတန်ဖိုးကြီးလှသောသမ္မာတရားအတွက်အသေခံဝံ့ကြသည်။ ဤအခြေခံယုံကြည်ချက်များကိုကျွန်ုပ်တို့သည်အပေး အယူလုပ်၍မရသလို၊ငြင်းပယ်သော သူတို့နှင့်မညီ သောထမ်းပိုးကိုမတင်နိုင်ကြပါ။
၂။ အခြေခံယုံကြည်ချက်မဟုတ်သော်လည်းအရေးကြီးသောသွန်သင်ချက်များ ဒုတိယမှာ၊အခြေခံယုံကြည်ချက်များ၌မပါသော်လည်းသမ္မာကျမ်းစာကဩဇာအာဏာအပြည့်နှင့်သွန်သင်ထား သောအရေးကြီးသည့် အကြောင်းများရှိသည်။ ယေရှုသည်ဖါရိရှဲတို့အား “သင်တို့သည် ပင်စိမ်း၊ စမွတ်၊ ဇီယာ၊ အသီးအရွက်တို့ကို ဆယ်ဘို့တဘို့လှူကြသော် လည်း တရားသဖြင့်စီရင်ခြင်း၊ သူတပါးတို့ကိုသနားခြင်း၊ သစ္စာစောင့်ခြင်းတည်းဟူသောပညတ်တရားတွင်လေးသောအရာတို့ကိုကား လှပ်၍ထားကြ၏” (မဿဲ ၂၃း၂၃) ပြောသောအခါ၌ ထိုသို့သောခြားနားချက်ကိုရည်မှတ်၍ဆိုသည်။ တနည်းဆိုရသော် ပညတ်တရားအချို့တို့သည်အခြားပညတ်များထက်ပို၍ အရေးကြီး ၏။ “အရင်ဆိုသောအရာတို့ကိုမလှပ်မထား၊နောက်ဆိုသောအရာတို့ကိုကျင့်ရမည်” ဟူ၍ သေးငယ်သောပညတ်တရားများကိုလည်းနာခံခြင်းဖြင့်စောင့်ထိန်းရန်ယေရှုသတိပေးခြင်းဖြစ်သည်။
ထို့ကြောင့်ဓမ္မသစ်ကျမ်း၌အခြေခံယုံကြည်ချက်မဟုတ်သော်လည်းနာခံခြင်းကိုတောင်းဆိုသည့်ကိစ္စရပ် များရှိပါသည်။ ဤအရာတို့သည် သမ္မာကျမ်းစာကပြောပြသည့်အချက်များဖြစ်သည်။ အချို့သောအရာတို့ကိုသခင်ဘုရား၏ပညတ်ဟုဖေါ်ပြသည် (၁ကော ၁၄း ၃၇)။ ထိုအရာတို့ကိုကျွန်ုပ်တို့က အရေးမကြီးသောသွန်သင်ချက်များဟုမခေါ်ရ၊ ပစ်ပယ်မထားရပါ။
ဤကိစ္စရပ်များ၌ ဗတ္တဇံ၊ လင်မယားကွာရှင်းနှင့်ပြန် လည်အိမ်ထောင်ပြုခြင်း၊ အနာဂတ်ဖြစ်ရပ်များနှင့်ဆိုင်သောအဓိကအချက်များ၊ ယုံကြည်သူ၏ထာဝရလုံခြုံမှု၊ အမျိုးသမီးများ၏ခေါင်းအုပ်ခြင်း၊ အသင်းတော်၌ အ မျိုးသမီးများ၏ အမှုတော်လုပ်ငန်း၊ ဝိညာဉ်တော်ဆုကျေးဇူးများ၊ ကယ်လ်ဗင်အယူဝါဒ(Calvinism) ငါးချက်၌ပါသောအကြောင်းအရာများ စသည်တို့ပါဝင်သည်။
ပြဿနာမှာ၊ ဤကိစ္စရပ်များနှင့်ပတ်သက်၍ခရစ်ယာန်တို့သည် ရှထောင့်အမျိုးမျိုးရှိနေကြခြင်းပင်ဖြစ်သည်။ မှန်ကန်သောအနက်ဖွင့်ချက်တခုသာရှိသော်လည်း ထိုအနက်ဖွင့်ဆိုချက်ပေါ်တွင်ယုံကြည်သူအားလုံးတို့သည် သဘောတူညီမှုမရရှိကြချေ။ ဘုရားတရား၌မွေ့လျော်သောယုံကြည်သူတို့သည် အမြင်ချင်းမတူကြပါ။ အောက်ဖော်ပြပါအချက်များသည် အခြေခံယုံကြည်ချက်များအဖြစ်တခါမှမရှုမြင်ခဲ့ဘူးသော်လည်း၊ အ ရေးကြီးသောအရာများအဖြစ်သမ္မာကျမ်းစာကသွန်သင်ပါသည်။ ခံယူချက်မတူသောအချက် တချို့ကို ကြည့်ကြပါစို့။
ဗတ္တိဇံ
ခရစ်ယာန်အသင်းတော်၌ဗတ္တိဇံပုံစံနှင့်ဆိုလိုချက်အ ပေါ်သဘောထားမတူညီမှု အတော်အသင့်ရှိပါသည်။ အချို့တို့သည် ဗတ္တိဇံကိုရေနှစ်ခြင်းဖြင့်ပြုကြသည်။ အချို့တို့သည် သုံးကြိမ်နှစ်ကြသည်။ အချို့တို့က ရေဖြန်းကြသည်။ အချို့တို့သည် ဗတ္တိဇံမင်္ဂလာကို ခရ စ်တော်နှင့်အတူသေခြင်း၊ သင်္ဂြိုဟ်ခြင်းနှင့်ရှင် ပြန်ထမြောက်ခြင်းကိုထပ်တူထပ်မျှပြုခြင်းအနေနှင့်မြင်ကြသည်။ အချို့တို့ကဝိညာဉ်တော်ဆင်း သက်လာ ခြင်းပုံဆောင်သည်ဟုမြင်ကြသည်။
စစ်မှန်သောယုံကြည်သူများထဲတွင် ဖော်ပြပါအမြင်အမျိုးမျိုးရှိကြသည်။ဤအရာသည် မိတ်သဟာယ ဖွဲ့ခြင်းကိုတားဆီးသည့်ကန့်လန့်တန်းတခုမဖြစ်သင့်ပါ။ သို့သော်လည်း အသင်းတော်တပါးသည် အမြင်တခုကိုလက်ခံကျင့်သုံးသောအခါ၌ အခြားအမြင်ကအတင်းတိုက် တွန်းခြင်းအားဖြင့်ဒု က္ခမဖြစ်စေသင့်ပါ။လူတယောက်သည်ဗတ္တိဇံခံခြင်းအားဖြင့် အသစ်တဖန်မွေးဖွားသည်ဟူ၍ သော်လည်းကောင်း၊ ကယ်တင်ခြင်းရရှိရန်အတွက်ဗတ္တိဇံခံရခြင်းဖြစ်သည်ဟူ၍သေ ာ်လ ည်းကောင်း၊ ကလေးငယ်တယောက်ကိုဗတ္တိဇံပေးခြင်းအားဖြင့်ခရစ်တော်၏အသင်းသားတယောက်ဖြစ်စေ သည် သို့မဟုတ် ဘုရားသခင်၏နိုင်ငံတော်ကိုအမွေခံသောသူဖြစ်စေသည်ဟူ၍သော်လည်းကောင်းယုံကြည် သောအခါ၊ မတူညီသည့်ကိစ္စတရပ်ဖြစ်သည်။ ဤအရာသည်မှားယွင်းသောဧဝံဂေလိတရား၊ ယုံကြည်ခြင်း တခုတည်းအားဖြင့်ကယ်တင်ခြင်းရရှိသည်ဟူသည့်သမ္မာတရားကိုငြင်းပယ်သောတရားဖြစ်သည်။ အကြောင်းမှာ၊ ၎င်းသည်အခြေခံယုံကြည်ချက်နှင့် ဆန့်ကျင့်ဘက်ဖြစ်၍၊ သမ္မာတရားကိုယုံကြည် သောခရစ်ယာန်တို့ ၏ မိတ်သဟာယ၌ပါဝင်၍မရပါ။
လင်မယားကွာရှင်းခြင်းနှင့်ပြန်လည်အိမ်ထောင်ပြုခြင်း
အချို့က “မကွာရှင်းရ” ဟုဆိုကြ၏။ အချို့က”ကွာရှင်းနိုင်သည်၊ သို့သော်အိမ်ထောင်ပြန်မပြုရ” ဟုဆိုကြ၏။ အချို့ သောသူတို့က “သစ္စာမဲ့ခြင်းကြောင့်ကွာရှင်းနိုင်သည်၊ သို့သော် ပြန်၍ အိမ်ထောင်မပြု”ဟုဆိုကြ၏။ အချို့တို့သည်သစ္စာမဲ့ခြင်းကြောင့်ကွာခြင်းနိုင်ပြီး၊ ပြန်လည်အိမ်ထောင်ပြုနိုင်သည့်အခွင့်ဤသည်” ဟုပြောကြသည်။ အချို့က “စွန့်ပစ်ခြင်းကြောင့် ကွာရှင်းပြတ်စဲသည်”ဟုပင်ဆိုကြ၏။ အမျိုးမျိုးသော ရှုထောင့် တို့သည်အဆုံးမရှိဖြစ်နေသည်။ ကျွန်ုပ်တို့သည်ဤက မ္ဘာမြေကြီးပေါ်၌ရှိနေသရွေ့ ကာလပတ်လုံး ဤအကြောင်းအရာအပေါ်၌တစိတ်တဝမ်းတည်းရှိကြမည်မဟုတ်ပါ။
ဒေသန္တရအသင်းတော်တိုင်းသည် ဘုရားသခင်ကြော က်ရွံ့ခြင်းကိုအဃြေံ၍၄င်းကိုအနှေးနှင့် အမြန်ကျင့်သုံးကာထိုရပ်တည်မှုအပေါ်၌တည်   ြဲမကြရမည်ဖြစ်သည်။ တယောက်စီ တို့သည် အခြားနည်းဖြင့်အနက်ဖွင့်ကြမည်ဖြစ်သော်လည်း သူတို့၏အမြင်သည်ကွဲပြားမှုကို ဖြစ်စေ လောက် သည့်အထိ ဖိအားမပေးရချေ။
အသင်းတော်တပါးသည်ရပ်တည်မှုတခုကိုယုံကြည်လက်ခံကျင့်သုံးပြီးနောက် အသင်းလူကြီးတို့သည်လိုကိစ္စတခုစီကိုသီးသန့်စဉ်းစားခန်းဝင်နေသေးရန်လိုသည်။ ယနေ့ထိုသို့ရှုပ်ထွေးသောအခြေအနေမှာ လင် မယားဆက်ဆံရေး၌ပေါ်ပေါက်နေပြီး မည်သည့်တိုင်းညနိုင်ငံ၏စည်းသည်ထိုကိစ္စတိုင်းအတွက်လုံလောက်မည်မဟုတ်ပါ။
အနာဂတ်ဖြစ်ရပ်များနှင့် ဆိုင်သောအဓိကအချက်များ
အချို့ယုံကြည်သူတို့သည် အနှစ်တထောင်မတိုင်မီခရစ်တော်ကြွလာမည်(Premillennial)၊ အချို့တို့မှာအနှစ်တထောင်ပြီးမှခရစ်တော်ကြွလာမည်(Postmil lennial)၊ အချို့တို့မှာအနှစ်တ ထောင်ကာလဟူ၍မရှိ (Amillennial)ဟုယုံကြည်ကြသည်။ အနှစ်တထောင်မတိုင်မီခရစ်တော်ကြွလာမည်ဟု ယုံကြည်ခံယူသောသူများ(Premillennialists)ထဲ၌ အဓိကရှုထောင့်လေးခုရှိသည်။၄င်းတို့မှာ၊ ချီဆောင်ခြင်းသည်ဘေးဒါဏ်ကြီးမတိုင်မီရောက်လာမည် (Pre-tribu-lation)၊ ဘေးဒါဏ်ကြီးအလယ်၌ရောက်လာမည် (Mid-tribulation)၊အမျက်တော်ခွက်ဖလားမတိုင်မီရောက်လာမည် (Pre-wrath)၊ ဘေးဒဏ်ကြီးပြီးမှရောက်လာမည် (Post-tribulation) စသည်တို့ဖြစ်ကြသည်။ ဤခံယူချက်တခုစီနှင့်ဆက်စပ်၍ပြသာနာများရှိပါသည်။ လူတယေ ာက်သည်ဤရှုထောင့်တခုခုကိုစွဲကိုင်ပြီး ခရစ်ယာန်ကောင်းတယောက်ဖြစ်နိုင်ပါသေးသည်။
လူတိုင်းသည်သူယုံကြည်သောအရာကိုသိ၍ ၄င်း၌ပျေ ာ်မွေ့ကြသည်မှာသည့်ရိုးသား သောယုံကြည်သူများရှိသည်ကို ကျွန်တော်တို့သတိရကြရန်မှာလည်းသဘာဝကျပါသည်။ သို့ရာတွင်၊ ဘုရားတရားကိုင်းရှိုင်း၍ အခြားသောရှုထောင့်ရှိသဘာဝကျပါသည်။ ဤရိုးသားသောမတူညီမှုတို့သည် အတူတကွမုံ့ဖဲရန်အဆီးအတားမဖြစ်သင့်ပါ။ တဘက်တွင်၊ တခုနှင့်တခုအကြာ း၌ ခံယူချက်ရှိသော သူတို့သည်အသင်းတော်တပါး ၏ခံယူရပ်တည်ချက်ကိုလေးစားသင့်သည်။ အငြင်းအခုံဖြစ်စေနိုင်သော သူတို့၏အမြင်ကိုအတင်းဖိအားမပေးသင့်ပါ။ တစုံတယောက်သောသူသည် သူ၏သာမန် အမြင်နှင့် တယောက်စီ၏အမြင်တူရမည်ဟု တိုက်တွန်းပါက၊ ဒုက္ခပြသာနာ ဖြစ်ရန်ဦးတည်နေခြင်းဖြစ်သည်။
ယုံကြည်သူ၏ထာဝရလုံခြုံမှု
လူတယောက်သည်အမှန်တကယ်တဖန်မွေးဖွားသေ ာအခါ သူ၏ကယ်တင်ခြင်းကိုဘယ်သောအခါမှမရှုံးဆုံး တော့ပါဟု ခရစ်ယာန်များစွာတို့ကယုံကြည်ကြသည်။ ယုံကြည်သူ၏ထာဝရလုံခြုံမှုရှိခြင်းကိုမယုံကြည် ဘဲငြင်းခြင်းသည်ခရစ်တော်၏လုံလောက်သောလုပ်ဆောင်မှုကိုသံသယရှိပြီး၊ ယုံကြည်ခြင်းနှင့် အကျင့်တို့ကို ရော ထွေးနေခြင်းဖြစ်သည်ဟု သူတို့ကယုံကြည်ကြသည်။ သခင်ဘုရားကိုချစ်သော်လည်း ခရစ်ယာန်တို့သည်အပြစ်အားဖြင့်သူတို့၏ကယ်တင်ခြင်းဆုံးရှုံးနိုင်သည်ဟု ရိုးသားစွာ ယုံကြည်သောသူများလည်းရှိကြသည်။ ဤသန့်ရှင်းသူတို့နှင့်မိတ်သဟာယဖွဲ့ရန်ငြင်းခြင်းသည် John Wesley နှင့်ဝိညာဉ်ရေးရာ၌ထိုသို့ခံယူသူတို့နှင့်သင်မုံ့မဖို့လိုပါဟုဆိုလိုရာရောက်သည်။
အသင်းတော်တပါးစီတို့အားကျွန်ုပ်တို့တဖန်ပြောလိုပါသည်။ “သင်ယုံကြည်သောအရာနှင့်အဘယ် ကြောင့်ယုံကြည်သည်ကိုသိပါ။ ၄င်းကိုအသင်းတော်၏တ ရားဝင်စံနှုန်းအဖြစ်ခံယူပါ။” အခြားခံယူချက်ရှိသောသူတို့အား “သင်သည်အခြားခံယူချက်ကိုခံယူနိုင်ပါသည်။ သို့ရာတွင်၊ ၄င်းကိုလူထုအား၌၄င်း၊ တဦးချင်းအား၄င်း၊ မသင်ပါနှင့်။ ၄င်းကိုသင်ဆွေးနွေးလိုပါက သင်းအုပ်ဆရာများနှင့်အရင်တိုင်ပင်ပါ” ဟုပြောပါ။
အမျိုးသမီးများခေါင်းအုပ်ခြင်း
တဘက်၌ပေါလု၏ခေါင်းအုပ်ခြင်းနှင့်ပတ်သက်သည့်ညွှန်ကြားချက်တို့ မှာသူတို့နေထိုင်သည့်နေရာ၊ ဒေသ ၏ယဉ်ကျေးမှုဓလေ့ထုံးစံသာဖြစ်သည်ဟု ခံယူသောသူများရှိသည်။ အခြားသောသူများက ၄င်းသည်သခင်ဘုရား၏မိန့်မှာချက်ဖြစ်ပြီး၊ ပေါလုကဖန်ဆင်းခြင်းအစီအစဉ်နှင့်ရည်ရွယ် ချက်အပေါ်၌အခြေပြုသည်။ ” ကောင်းကင်တမန်များကြောင့်” လုပ်ရမည်ဖြစ်သောကြောင့် ပေါလုခေတ်၏ယဉ်ကျေးမှုအတွက်မ ဟုတ်ဘဲ၊ တချိန်လုံးအတွက်ဖြစ်သည်ဟုအခိုင်အမာပြောကြသည်။ ခေါင်းအုပ်ခြင်းသည်အသင်းတော်အစည်းအဝေးများအတွက်သာဖြစ်သလော၊ ဟူသောမေးခွန်းထွက်ပေါ် လာသည် (ထိုသို့ဖြစ်ပါက၊ အသင်းတော်၏အစည်းအဝေးဆိုသည်မှာအဘယ်နည်း)၊ မှန် ကန်သောခေါင်းအုပ် ခြင်းကမည်သည့်သဘောသက်ရောက်ပါသနည်း။
အသင်းတော်တပါး၏ သင်းအုပ်ဆရာများသည် ထိုအကြောင်းနှင့်ပတ်သက်၍ ခံယူချက်တခုခုကိုမကျင့် သုံးကြပါက ရှုပ်ထွေးမှုဖြစ်နိုင်ပါသည်။သူတို့သည်ကျမ်းစာသင်သည့်အရာ၌ မည်သို့ယုံကြည်သည်ကိုသန့်ရှင်းသူတို့အားရှင်းလင်းစွာပြောပြရန်တာဝန်ရှိကြသည်။
အမျိုးသမီးများ၏အမှုတော်လုပ်ငန်း
အသင်းတော်၏ဝတ်ပြုစည်းဝေးတခု၌ အမျိုးသမီးတယောက်သည် မည်သည့်အချိန်၌သီချင်း ဆိုနိုင်ပါသနည်း၊ သို့မဟုတ် စကားပြောနိုင်ပါသနည်း။ဤမေ းခွန်းနှင့်ပတ်သက်၍ယနေ့ပေးသည့်အဖြေ များပြားလှသည်။ အသင်းလူကြီးတို့သည် သမ္မာကျမ်းစာကိုနာခံရန်လိုချင်တောင့်တ၍ ရှင်းလင်းပြီး၊ မကွဲပြားသည့်အခြေအနေကိုလက်ခံကျင့်သုံးသင့်သည်။ ဤအရာကို ဆုတောင်းခြင်းဖြင့်ဆင်ခြင် သုံးသပ်၍နိဂုံးချုပ်ခြင်းသည် အသင်းတော်၏ခံယူကျင့်သုံးမှုဖြစ်လာသည်။
နမိတ်လက္ခဏာဆုကျေးဇူးများ
ပြဿနာရှိရန်အလားအလာရှိသည့်အခြားတခုမှာ ဆုကျေးဇူးနှင့်ဆိုင်သောမေးခွန်းဖြစ်သည်။ အမျိုးမျိုးသောဘာသာစကားပြောခြင်း၊ အနာရောဂါငြိမ်ခြင်းနှင့်ပရောဖက်ပြုခြင်းစသည်တို့သည် အငြင်းပွါးရဆုံးသောဆုကျေးဇူးများဖြစ်သည်။ ဆုကျေးဇူးကိုအထူးဦးစား ပေးသောသူတို့ (Charismatics) ၏အထဲ၌ပင်လျှင် မြောက်များစွာသောအမြင်မတူမှုရှိသည်။
ဤဆုကျေးဇူးများနှင့် ပတ်သက်၍ ကျွန်ုပ်တို့နှင့် သ ဘောမတူသောခရစ်ယာန်တို့ကိုကျွန်ုပ်တို့ချစ်နိုင်ရမည်။ ချစ်လည်းချစ်ကြရမည်ဖြစ်သည်။ သို့သော်လည်း၊ ကွဲပြားမှုဖြစ်စေမည့်ပြဿနာကိုကျွန်ုပ်တို့ခွင့်မပြုရပါ။ ထို့ကြောင့် သမ္မာကျမ်းစာကဤအရာပေါ်၌ မည်သို့အမှန်တကယ်သွန်သင်သည်ကိုအသင်းတော်က
ဆုံး ဖြတ်ရမည်ဖြစ်သည်။ သင်းအုပ်တို့သည်အသင်းတော်၏ငြိမ်သက်ခြင်းကိုပဋိပက္ခဖြစ်စေလျက်၊ ခြိမ် းခြောက်၍ သွန်သင်သောသူတို့ကိုမငဲ့ညှာဘဲ ဆက်ဆံဖြေရှင်းဘို့အခွင့်အရေးနှင့်တာဝန်ရှိကြသည်။
ကယ်လ်ဗင်အယူဝါဒ (Calvinism) ငါးချက်
Calvin အယူဝါဒကိုယုံကြည်ခံယူသူတို့က လူ၏လုံးလုံးဆိုးဝါးယုတ်ညံ့ခြင်း၊ ဘုရားသခင်၏ချွင်းချက်မဲ့ရွေး ကောက်ခြင်း၊ အကန့်အသတ်နှင့်အပြစ်ဖြေခြင်း(ဥပမာ – ရွေးကောက်သောသူများအတွက်သာ) တွန်း လှန်၍မရသောကျေးဇူးတရားနှင့်သန့်ရှင်းသူတို့၏စွဲစွဲမြဲမြဲရှိခြင်း စသည်တို့ကိုယုံကြည်ကြသည်။ ဉာဏ်နှင့်မဆုံးဖြတ်မှီ ဤအသုံးအနှုန်းဝေါဟာရနှင့်ပတ်သက်၍ စုံလင်တိကျသောအဓိပ္ပါယ်ဖွင့်ဆိုချက် သည်အရေးကြီးသည်။
ယုံကြည်သူများစွာတို့သည် ခရစ်တော်၏ စွဲစွဲမြဲမြဲရှိခြင်းဟုခေါ်သည်ကိုပို၍ကြိုက်နှစ်သက်ကြသည့်ပဉ္စမအ ချက်ကိုလက်ခံကြသည်။ ကျန်အချက် (၄) ချက်ကိုသဘောမတူသောသူတို့သည် ခရစ်တော်၏အပြစ်ဖြေလွတ်ခြင်းသည်လူအားလုံးအတွက်ဖြစ်သည်ဟု အ ခိုင်အမာပြောဆိုကြသည်။ ခရစ်တော်သည် လူများ၏ကယ်တင်ခြင်းအမှု၌ လူ၏ဆန္ဒကိုအဆက်မပြတ်တောင်းဆိုနေစဉ် Calvin ဝါဒကလူ၏လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကိုချုပ်ကိုင်သည်ဟုထောက်ပြကြ၏။
ဝိညာဉ်သဘောရ၍ ဝိညာဉ်ကယ်တင်ခြင်းအမှုတော်လုပ်ဆောင်နေသောခရစ်ယာန်တို့ကို ဤပြဿ နာ၏ နှစ်ဘက်စလုံး၌တွေ့ ရသည်။ ကြိုဆိုလက်ခံခြင်းမရရှိဘဲ လူတယောက်သည်မိမိ၏ကိုယ်ပိုင်အမြင်ကိုအ ခိုင်အမာပြော၍တွန်းအားပေးသောအခါ၌သော်၄င်း၊ အ ကြောင်းရင်းတခုသည်သာလျှင်သမ္မာကျမ်းစာထဲ၌ ရှိသောတခုတည်းသောဩဝါဒဖြစ်သည်ဟု ထပ်ခါတလဲလဲပြောသောအခါ၌သော်၄င်း၊ ပြဿနာအစပြုသည်။ တိတ်ဆိတ်သွားသောအခါ၌သူသည်အသင်းတော်ကိုထားခဲ့ကာ အခြားသောသူတို့သည်လည်း သူနှင့်အတူထွက် သွားစေရန်ပြုလုပ်သည်။
ဉာဏ်ပညာ၏လမ်းစဉ်မှာ ထိုအကြောင်းရင်းပေါ်၌ မိမိ၏ယုံကြည်ခြင်းအတွက်ပျော်မွေ့သော်လည်း ၄င်းသည်သမ္မာတရားတခုလုံးကိုကိုယ်စားပြုသကဲ့သို့သူတို့ကိုအတင်းမတိုက်တွန်းပါ။
အခြေခံယုံကြည်ချက်မဟုတ်သော်လည်းအရေးကြီးသည့်ဤအကြောင်းရင်းအားလုံးတို့ကို အသင်းတော်တပါးကသင်းအုပ်ဆရာများ၏ဦးဆောင်မှုအောက် ၌ရှ င်းလင်းသည့်ရပ်တည် ချက်တခုကိုယုံကြည်လက်ခံသင့်သည်။ ဤအရာကိုသေချာလေ့လာဖတ်ရှု၍ သု တေသနပြုပြီး၊ များစွာဆုတောင်းပြီးမှသော်၎င်း၊သမ္မာ ကျမ်းစာ၌အနီးစပ်နိုင်ဆုံးဆ ည်းကပ်လိုသည့် စေတနာစိတ်နှင့်ပြုလုပ်ရသည်။အသင်းတော်တပါးသည် ကျမ်း စာနှင့်မညီသောအယူဝါ ဒတခုကိုယုံကြည်ပါကယုံကြည်သူအချို့သည် ၄င်းအသင်းတော်မှထွက်သွားလိုကြမည်ဟု ယူဆနိုင်သည်။ ထိုသို့ဖြစ်ပါက၊ သူတို့သည်အခြားသူများကို သူတို့နှင့် အတူထွက်သွားရန်မဆွဲဆောင်ဘဲ၊ မင်္ဂလာရှိစွာဖြင့်ထွက်သွားသင့်သည်။
ကျွန်ုပ်တို့သည်ဤအရေးကြီးသောကိစ္စများအပေါ်၌ ကျွန်ုပ်တို့နှင့်သဘောချင်းမတိုက်ဆိုင်သည့်သူများအား မေတ္တာစိတ်ထားသင့်သည်။ ခရစ်ယာန်ကယောက်ဖြစ်ပြီးညံ့ဖျင်းစွာသွန်သင်ခြင်းခံရသည်မှာမဖြစ်နိုင်ပါ။ ကျွန်ုပ်တို့သည်မိမိကိုယ်ကိုဘုရားသခင်၏စုံလင်ခြင်းနှင့်ယှဉ်၍မြင်နိုင်ကြပါက၊ ပညာသည်ကျွန်ုပ်တို့နှင့်အတူသေမည်မဟုတ်သည်ကို သဘောပေါက်ကြမည်ဖြစ် သည်။ ကျွန်ုပ်တို့သည်ဘုရားသခင်၏ရှေ့တော်၌နိမ့်ချစွာအသက်ရှင်သင့်ကြသည်။
အရေးမပါသောပြဿနာများ
အထက်ပါအကြောင်းများအပြင် အရေးမပါသောအရာဟုသတ်မှတ်နိုင်သည့်သာမညအရာတချို့ရှိသည်။ ဤကိစ္စရပ်များဖြစ်လာသောအခါ၌ ရန်ပွါးခြင်းနှင့်ကွဲပြားခြင်းမရှိဘဲ လွတ်လပ်စွာဖြင့်သဘောမတူ ဘဲရှိသင့်သည်။ ဤနေရာ၌အောက်ဖော်ပြပါပုံသေနည်း၏ ဒုတိယစာကြောင်းကိုအသုံးပြုသင့်သည်။
အခြေခံယုံကြည်ချက်၌ စည်းလုံးညီညွှတ်ခြင်းအရေးမပါသောသာမညကိစ္စ၌ လွတ်လပ်ခြင်း အရာခပ်သိမ်းတို့၌ ချစ်ခြင်းမေတ္တာ။အရေးမပါသောအရာများအထဲတွင် ဓမ္မသစ်ကျမ်းကအထူး မပြဋ္ဌါန်းသော်လည်း အချို့သောသူတို့ကအရေ းကြီးသောမူများအဖြစ် ရုပ်လုံးဖေါ်လိုသောစိတ်ရှိကြသည်။ ၄င်းတို့မှာ မဲပေးခြင်းနှင့်စစ်မှုထမ်းခြင်း၊ ပွဲတော်မင်္ဂလာ၌ စပျစ်ဝိုင်သို့မဟုတ် စပျစ်ရည်၊ ခွက်တခုတည်း သို့မဟုတ် အယောက်စီတိုင်းခွက်တခုစီ၊အသင်းတော်အစီအစဉ်များ၌တူရိယာပစ္စည်းအသုံးပြုခြင်း စသည်တို့ဖြစ်သည်။
မဲပေးခြင်းနှင့် စစ်မှုထမ်းခြင်း
ဤကိစ္စ၌တယောက်စီတို့သည် ဘုရားသခင်ထံသို့သွားကာ မိမိအတွက်ကိုယ်တော်၏ အလိုတော်ကိုရှာရန်ဖြစ်သည်။ လူတယောက်စီသည်မိမိ၏စိတ်အလိုအတိုင်းဖြစ်ရမည်။ ၄င်းအရာပြီးစီးသွားသောအခါ၌ သူသည်မိမိ၏လမ်းပြမှုကိုနာခံပြီး၊ အခြားသောသူတို့သည်လည်း ထိုအတိုင်းပြုလုပ်ရန်အခွင့်ပေးရမည်ဖြစ်သည်။သခင်ဘုရား၏ပွဲတော်၌ စပျစ်ဝိုင်လား၊ စပျစ်ရည်လား၄င်းကိုရင်ဆိုင်ကြစို့။ နှစ်ခုစလုံးအတွက် အချေအတင်ပြောစရာရှိပါသည်။ သောမုံ့နှင့် ကစော်ဖောက်သည့်ဝိုင်ကိုအသုံးပြုသည် (ထိုအချိန်တွင် မဖောက်ပြန်အောင်ပိုးသတ်နိုင်သည့်အထိ စပျစ်ရည်မရသေးပါ)။ သို့သော်၊ စပျစ်ဝိုင်သည်သခင်ဘုရားသည်ညစာစားပွဲကိုအစပြုတည်ခင်းသောအခါ၌ သူသည်တစေးမပါအရက်နှင့်ပြဿနာရှိသောလူတို့အား ခလုတ်တိုက်စေပြီး၊ ကျွန်ုပ်တို့သည်လည်းသူတပါး တို့အားထိမိလဲစရာဖြစ်စေမည့် အရာကိုမပြုလုပ်သင့်ပါ (၁ကော ၈း၁၃)၊ ကမ္ဘာပေါ်၌စပျစ်ရည်မရနိုင်သည့် နေရာများစွာရှိသည်။ အရေးကြီးသည်မှာမုံ့နှင့်စပျစ်ဝိုင်မဟုတ်ပါ။ ကျွန်ုပ်တို့သည်၄င်းကိုကျော်လွန်၍ သခင်ဘုရားထံတော်သို့ရောက်ရှိရန်ဖြစ်သည်။
ခွက်တခုတည်း သို့မဟုတ် အယောက်စီတိုင်းခွက်တခုစီဤကိစ္စ၌နှစ်ဘက်နှစ်တန်းရှိသည်။ တဘက်၌ခွက်ဖလားတခုတည်းကခရစ်တော်ခန္ဓာကိုယ်၏တလုံးတဝတည်းဖြစ်ခြင်းကိုပုံဆောင်သည်။ သို့သော်အသင်းတော်တပါး၌လူများလာသောအခါ ခွက်နှစ်ခု၊ သုံးခု၊ လေးခုအထိအသုံးပြုပါသည်။ အကယ်၍ လေးခုမလုံလောက်ပါက၊ အဘယ့်ကြောင့် လေးဆယ်မသုံးပါသနည်း။ အယောက်စီတိုင်းခွက်တခုစီသုံးရန်လိုအပ်ကြောင်းစကားအချေအတင်ပြောဆိုချက်မှာ၊ စပျစ်ဝိုင်သည် ရောဂါပိုးမွှားများကိုသေစေနိုင်သည့်လုံ လောက်သောအရက်(Alcoholic) မပါသောကြောင့် ခွက်တခုတည်းကိုအသုံးပြုခြင်းအားဖြင့်ရောဂါပြန့်နှံမည့်အန္တရယ်ရှိနိုင်သည်။ မည်သို့ဆိုစေ၊ ၄င်းသည် အခြေခံယုံကြည်ချက်နှင့်အရေးကြီးသည့်သွန်သင်ချက်တခုမဟုတ်ပါ။ ၄င်းသည် ကျွန်ုပ်တို့နှင့် သဘောမတူနိုင်သောသူတို့အားမေတ္တာပြရန်နှင့် စဉ်းစားပေးခြင်းကိုပြရန်အခွင့်အရေးတခုဖြစ်သည်။
တူရိယာပစ္စည်းများကိုအသုံးပြုခြင်း
အသင်းတော်တပါးသည်မိမိ၏ယုံကြည်လက်ခံသည့်အတိုင်းကျင့်သုံးရန်အတွက် လွတ်လပ်ခွင့်ရှိရပါမည်။ တူရိယာပစ္စည်းသည်အခြေခံယုံကြည်ခြင်းတခုနှင့်တွဲဖက်သည်ဟု မည်သည့်ခရစ်ယာန်ဘာ သာအဓိကအယူဝါဒက မသွန်သင်ပါ။ ကျွန်ုပ်တို့သည် ၄င်းတို့အပေါ်၌အကြမ်းဖက်ပြုခြင်းမရှိဘဲ ပေါလု၏စကားတို့ကိုဤသို့စကားပြေရေးနိုင်ပါသည်။ “ယေရှုခရစ်၌အော်ဂင်တလုံးရှိခြင်းသည်အကျိုးမရှိ၊ မရှိဘဲနေခြင်းသည်လည်းအကျိုးမရှိ၊ သတ္တဝါအသစ်ဖြစ်ခြင်းသာအကျိုးရှိ၏” (ဂလာတိ ၆း၁၅)။
ဝတ်ပြုစည်းဝေးအချိန်
သခင်ဘုရားသည်ဤဝတ်ပြုစည်းဝေးချိန်အတွက် ဒေသန္တရအသင်းတော်သို့မဟုတ် ၄င်း၏ခေါင်းဆောင်များကဆုံးဖြတ်ရန်ထားခဲ့သည်မှာရှင်းပါသည်။တခါတရံတွင် ဒေသအခြေအနေအပေါ်အမှီပြုပြီး၊ တခါတရံ အပြောင်းအလဲများပြုလုပ်ရပါမည်။ ကယ်တင်ခြင်း မရသည့်သူတို့အားတနေရာ၌ဧဝံဂေလိတရားဝေငှရန်အကောင်းဆုံးအချိန်မှာ အခြားတနေရာအ တွက်အကောင်းဆုံးအချိန်ဖြစ်မည်မဟုတ်ပါ။ အ စဉ်အလာအရအသုံးပြုသောအချိန်များမှာ သန့်ရှင်း၍ ဘုရားနှင်ဆိုင်သောအချိန်မဟုတ်ပါ။ ပြောင်းလဲရန်လိုအပ်ကြောင်းထင်ရှားသောအခါ၌ အပြောင်းအလဲပြုလုပ်ရန်အတွက်ကျွန်ုပ်တို့အသင့်ဖြစ်ရကြမည်။
Thou သို့မဟုတ် You
အသက်ကြီးသောခရစ်ယာန်တို့သည်ဘုရားသခင်အားခေါ်ရန် ရိုသေသောသဘောအားဖြင့် “Thee” နှင့် “Thou” ကိုအသုံးပြုရန်ပို၍ကြိုက်နှစ်သက်ကြသည်။ ငယ်ရွယ်သောယုံကြည်သူတို့က ရင်းနှီးသောသဘောနှင့် “You” ကို အသုံးပြုရန်ပို၍ကြိုက်နှစ်သက်ကြသော်လည်း အရိုအသေကင်းသည့်သဘောမဟုတ်ပါ။ ၎င်းသည်ကျမ်းစာနှင့်ပတ်သက်သည့်ပြဿနာမဟုတ်ပါ။ ဓမ္မသစ်ကျမ်း၏မူရင်းဘာသာ၌ ဝေါဟာရ “you” နှင့် ၎င်းနှင့်အနီးစပ်ဆုံးအခြားဝေါဟာရတခုအကြားအဓိပ္ပါယ်ခြားနားမှုမရှိပါ။ သို့သော် KJV ကျမ်းစာအုပ်ပုံနှိပ်ထုတ်ဝေသောအခါလူတို့သည်အချင်းချင်းတို့ကို “thou” (တခုကိန်း) နှင့် “ye” (အများကိန်း)နှင့်ခေါ် ကြသည်။ သခင်ယေရှုသည်ယုဒကိုပြောပါသည်။ “လူသားကိုသစ္စာဖေါက် အပ်နှံသောသင် (thou) သည်နမ်းပါသလော” ဟု KJV ၌ကိုးကားထားသည်။ ၄င်းသည်ရိုသေလေးစားခြင်းနှ င့်ဆိုင်သောဘာသ ာစကား လုံးဝမဟုတ်ပါ။ ဤအရာကိုအဘယ် သို့ပြုသင့်သနည်းဆိုသော် အသင်းတော် သည်ပတ်ဝန်းကျင်ခြိမ်းခြောက်ခြင်းတခုကိုမဖန်တီးဘဲ၊ သို့မဟုတ်လူတို့ကိုမောင်းထုတ် ခြင်းမပြုဘဲထိုအသုံးအနှုန်းနှစ်ခုစလုံးကိုခွင့်ပြုနိုင်ရန်စိတ်သဘောထားကြီးသင့်သည်။
ကျမ်းစာဘာသာပြန်ချက်များ
ယခုခေတ်ကာလ၌ရှိသောများပြားသည့်ကျမ်းစာဘာသာပြန်ချက်များ၏ရလာဒ်တခုအနေနှင့် ပြဿနာဖြစ် ပေါ်စေပြီးဖြစ်သည်။ အချို့သောယုံကြည်သူတို့က ဘုရားသခင်၏သမ္မာတရားသည်မှေး မှိန်နိုင်သည့် အန္တရာယ်နှ င့်ရင်ဆိုင်နေရသည်ဟု ရိုးသားစွာယုံကြည်ကြသည်။ တချို့က ဘာသာပြန်ခြင်း ၌ခြား    နားချက်တို့မှာ အသေးအဖွဲကိစ္စဖြစ်ပြီး၊ ယုံကြည်ခြင်းနှင့်ဆိုင်သောဩဝါဒ တစုံတခုကိုမထိခိုက်ပါဟု ထောက်ပြကြသည်။
အင်္ဂလိပ်ဘာသာပြန်ကျမ်းစာတစုံတခုကို ကျွန်ုပ်တို့ကြိုက်နှစ်သက်သလောက် ၄င်းသည်မှန်ကန်သည့်တမျိုး တည်းသောကျမ်းစာအုပ်ဖြစ်သည်ဟုကျွန်တော်တို့အခိုင်အမာပြော၍မရနိုင်ပါ။ ဘာသာစကားအ သီးသီးဖြင့်ပြန်ဆိုသောကျမ်းစာအုပ်တမျိုးစီတို့၌အားနည်း ချက်အနည်းနှင့်အများရှိပါသည်။
ခရစ်ယာန်တယောက်စီကို မိမိတို့ကြိုက်နှစ်သက်သည့်ကျမ်းစာအုပ်သုံးရသောအခွင့်ကိုပေးသင့်သည်။ လူတယောက်သည်လူထုရှေ့၌တရားဟောသောအခါ သူဖတ်သည့်ကျမ်းစာအု ပ်၏နာမည် ကိုပြောပြ သင့်သည်။ ဤအရာသည်လွယ်ကူရိုးစင်းသောယဉ်ကျေးမှုအပြု အမူတခုဖြစ်သည်။
စားခြင်း၊ သောက်ခြင်းနှင့် နေ့ရက်များကို စောင့်ခြင်း
ဤအရာတို့သည်ကျင့် ဝတ်ဆိုင်ရာအရေးမကြီးသောအရာများဖြစ်သည်။ ၄င်းတို့သည် မှန်လည်းမမှန်၊ မှားလည်း မမှားသည့်လုပ်ဆောင်ချက်များဖြစ်ကြသည်။ ၄င်းမှာ ပေါလှရေးသည့်အရေးမ ပါသောသာမညကိစ္စအကြောင်းများဖြစ်သည်။
“လူတိုင်းမိမိစိတ်သဘောကျသည်အတိုင်းဖြစ်ပါစေ” (ရောမ ၁၄:၅ ခ)သူသည်ဤအကြောင်းကိုအခြေခံယုံကြည်ချက်ဖြစ်သည်ဟုမပြောဘဲ အရေးမကြီး
သောကျင့်ဝတ်ကိစ္စများ၌ လူတိုင်းသည်မိမိ၏စိတ် သဘောကျသည့် အတိုင်းအပြည့်အဝခံယူကျင့်သုံးနိုင်ရန်လွတ်လပ်မှုရှိသည်။
“ခပ်သိမ်းသောအမှုအရာကိုပြုနိုင်သည်” (၁ကော ၆း၁၂၊ ၁၀း၂၃)။
ဤအရာသည် ဘုရားသခင်၏နှုတ်ကပတ်တော်ကမတားမြစ်သည့်ကျင့်ဝတ်နှင့်ဆိုင်သောအရေးမပါသည့် သာမညအချို့ကိုဖော်ညွှန်းသည်။ ဘုရားသခင်၏
နှုတ်ကပတ်တော်ကတားမြစ်သောအရာများကိုပြုနိုင်သည်ဟု မဖော်ညွှန်းပါ။
“အစာအမျိုးမျိုးတို့သည် စင်ကြယ်၏” (ရောမ၁၄း၂၀)။
“စင်ကြယ်သောသူတို့အတွက် အရာရာတို့သည်စင်ကြယ်၏”(တိတု ၁း၁၅)။ဤအချက်သည်အရာခပ်သိမ်းတို့ကိုလုံးလုံးဆိုလိုခြင်းမဟုတ်ဘဲ၊ မှန်လည်းမမှန်၊မှားလည်းမမှားသောအရာခပ်သိမ်းတို့ကိုဆိုလိုခြင်းဖြစ်သည်။
“အဘယ်အစာမျှပကတိအတိုင်း မညစ်ညူးကြောင်းကို ငါသည်သခင်ယေရှုကိုအမှီပြုလျက် အမှန်သိ၏ ” (ရောမ ၁၄း၁၄)။ ဤနေရာ၌ အစားအစာကိုပြောခြင်းဖြစ်သည်။ ဓမ္မဟောင်းကာလ၌အစား အစာအချို့တို့သည် မသန့်ရှင်းကြပါ။ ကျေးဇူးတော်ကာလ၌မူ ဤသန့်ရှင်းသောအစာနှင့်မသန့်ရှင်းသောအစာတို့၏အကြားခြားနားမှုမရှိတော့ပါ (မာကု ၇း၁၉)။
ဤကျမ်းပိုဒ်တို့၌ပေါလုသည် ကျင့်ဝတ်ဆိုင်ရာအရေးမပါသော သာမညကိစ္စတို့ကိုဖြေရှင်း နေခြင်းဖြစ်သည်။ သူသည်ဘုရာသခင်၏လူတို့အကြား၌ရှိသောအမြင်ခြားနားမှုတို့ကိုအခွင့်ပေးသည်။ သို့ရာတွင် ဤအရေးမပါသောကိစ္စရပ်များကြောင့်ပြင်းထန်သောကွဲပြားခြင်း မကြာခဏဖြစ်လေ့ရှိသည်။ ကျွန်ုပ်တို့သည် အဓိကကျသောအရာနှင့် အရေးမပါသောသာမညဖြစ်သည့်အရာ တို့၏ခြားနားချက်ကိုလေ့လာ ကြရမည်ဖြစ်သည်။
နိဂုံး
ယခုအတိုချုံးကြပါစို့။
အခြေခံယုံကြည်ချက်များနှင့်ပတ်သက်၍ ခရစ်ယာန်အသင်းတော်တိုင်း၌တစိတ်တဝမ်း တည်းရှိရပါမည်။
ယုံကြည်ချက်မဟုတ်သော်လည်း အသင်းတော်တိုင်းသည်ဘုရားသခင်အားကြောက်ရွံ့သောစိတ်နှင့် ယုံကြည်လက်ခံကျင့်သုံးသင့်သည်။ လူအများနှင့်ဖြစ်စေ၊တယောက်တည်းနှင့်ဖြစ်စေ၊ ရန်ဖြစ်ခြင်းနှင့်ကွဲခြားခြင်းကိုဖြစ်စေမည့်မှားယွင်သောသွန်သင်ချက်တစုံတခုကိုမျှခွင့်မပြုသင့် ပါ။ လူတယောက်သည်အသင်းတော်၏ရပ်တည်ချက်အပေါ် သဘောမတူ၊ ဘုရားသခင်အပေါ် ၌သစ္စာစောင့်သိမှုဖြင့်အသင်းတော်မှထွက်သွားရမည်ဟုခံစားပါက တိတ်ဆိတ်စွာနှင့်ငြိမ် သက်စွာဖြင့် ပြုသင့်ပါသည်။ အရေးမပါသောသာမညကိစ္စရပ်များနှင့်ပတ်သက်၍ စည်းလုံးရေးနှင့် တည်ငြိမ်အေးချမ်း ရေးအတွက် အတိုင်းအတာတခုအထိအလျှော့အတင်းနှင့်ညှိယူမှုလုပ်သင့်ပါသည်(ဧဖက် ၄း ၁-၆)။ ကျွန်ုပ်တို့သည် ထိုကဏ္ဍတို့၌ပြင်းထန်သောယုံကြည်ချက်ရှိကောင်းရှိကြမည်ဖြစ်သော်လည်း ကျွန်ုပ်တို့နှင့် သဘောထားချင်းမတူညီသောသူများထဲတွင်ခရစ်တော်ကဲ့သို့သောစိတ်သဘောထားရှိသည့် လူများရှိသည်ကို ကျွန်ုပ်တို့သိရန်လိုသည်။ ဤအကြောင်းကြောင့်သမ္မာကျမ်းစာအရအရေးကြီးသောအရာများနှင့် ပတ်သက်၍ အခြေခံ- “သင်သည် မှားယွင်းနိုင်ကြောင်း စဉ်းစားမိစေရန် ခရစ်တော်၏ဂရုဏာတော်ကျွန်ုပ်တို့သည် တဘက်စွန်းသောတယူသန်ဝါဒကိုရှောင်သင့်သည်။ Cromwellကိုထောက်၍ သင်တို့ကိုငါတောင်းပန်ပါ၏” ဟုဆို၏။ တစုံတယောက်သောသူသောအခါ “ကောင်းပြီ၊ ညီအစ်ကို၊ ငါတို့ကောင်းကင်ဘုံရောက်သော အတဲ့မှာသည်အရေးမကြီးသောကိစ္စနှင့်ပတ်သက်၍ Dr. Ironside အားအပြစ်ရှာလိုငါတို့တယောက်ယောက်မှား နေမှာဖြစ်တယ်။ ငါဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဟုဆို၏။ Dr Ironside သည် ထိုစကားကိုအရှိန်တက်လာစေရန်မပြောသောကြောင့် ထိုသူငြိမ်ကျသွားသည် (သုတ္တံ ၂၆း၂၀ ကိုကြည့်ပါ)။
ကျွန်ုပ်တို့ဆွေးနွေးခဲ့သည့်ခေါင်းစဉ်အားလုံး၌ အသင်းတော်တပါးသည်တိကျရှင်းလင်း သောရပ် တည်ချက်တခုရှိသင့်သည်ဟု ကျွန်ုပ်တို့ဆွေးနွေးခဲ့ပြီးဖြစ်သည်။ ထိုသို့မပြုခြင်းသည် ရှပ်ထွေးမှု ကိုဖြစ်ပေါ်စေမည်ဖြစ် သည်။ ယုံကြည်သူတို့သည် ယေဘုယျအားဖြင့်လိုက်ရမည့်လမ်းညွှန်ချက်တို့ကိုလိုလားကြသည်။ခေါင်းဆောင်လုပ်သောသူသည် ဘုရားသခင်အားကြာရှည်စွာစောင့်သည့်အနေအထားကိုလက်ခံကျင့်သုံး၍၊ သူတို့၏ ဆုံးဖြတ်ချက်ကိုကောင်းကင်ဘုံ၌အတည်ပြုသည်ဟူသော သိမြင်ခံစားသောအခါ၌ (မဿဲ ၁၆:၁၉၊ ၁၈း၁၈)၄င်းသည် ကျမ်းစာ၏ပညတ်ချက် သို့မဟုတ် ကျမ်းစာ၏မူကိုချိုးဖေါက်ခြင်းမဟုတ် ကြောင်းထော က်မ၍ သိမြင်စေသည်။
အရေးမပါသောသာမညကိစ္စရပ်တခုကြောင့် အသင်းတော်တပါးမှထွက်သွားခြင်းသည် အတုယူထိုက်သောအရာမဟုတ်ပါ။ ဤခေါင်းစဉ်များအပေါ်၌အကု န်အစင်သဘောတူညီမှုမရှိဘဲ မိတ်သဟာယရှိနိုင်ပါသည်။ ချစ်ခြင်းမေတ္တာနှင့်ကျိုးပဲ့ကြေမွသောစိတ်၊ ဆုတောင်းခြင်းနှင့်စိတ် ရှည်ခြင်း၊ နှိမ့်ချခြင်းနှင့်သည်းခံခြင်းရှိ သောနေရာ၌ မတူညီမှုများမှာ မိတ်သင်္ဂသဘောထားဖြင့်သင့်မြတ်စွာ ငြိမ်းသွားမည်ဖြစ်သည်။ ယုံကြည်သူတို့သည် မနှစ်လိုဘွယ်သောအရာမပါဘဲ သဘောမတူဘဲ နေ၍ရသည်။
ထွက်ခွါရန်ပိုကောင်းသည့်တခုတည်းသောအချိန်မှာ လူတယောက်သည်ထိုနေရာ၌ရှိနေခြင်း အားဖြင့်ဘုရားသ ခင်အပေါ်၌သစ္စာမရှိခြင်း၊ သို့မဟုတ်အသင်းတော် ၏ငြိမ်သက်ခြင်းကို အနှောင့်အယှက်မပေးဘဲမနေနိုင်ဟုသိရှိခံစားသောအချိန်ပင်ဖြစ်သည်။ ထိုအချိန်၌ပင်လျှင် “အရာခပ်သိမ်းတို့၌မေတ္တာနှင့်ပြုပါ”ဟူသောကျွန်ုပ်တို့၏တတိယစာကြောင်းပါပုံသေနည်းကို ကျင့် သုံးရမည်ဖြစ်သည်။
Leave a Reply
Your email address will not be published. Required fields are marked *