ဆရာမင်းလွင်၏တရားဟောချက်များ ( အပိုင်း ၃ )

၄၃။မရေရာသော အချိန်တွင်သတိရမည့် အချက် ( ၄ )ချက်

လွန်ခဲ့သော (၁၅) နှစ်ခန့် ကျွန်တော်သည် ခရစ်တော်ကို ယုံကြည်လက်ခံခဲ့သဖြင့် မိသားစုနှင့် အဆွေအမျိုးများမှ ကျွန်တော့်ကို အိမ်မှ နှင်ချ လိုက်ပါသည်။ ထိုအခါ ကျွန်တော့်အတွက် ကြီးမားသော ပြဿနာ အခက်အခဲ ရှိခဲ့သည်မှာ နေရေးထိုင်ရေး နှင့် စားရေး သောက်ရေး လိုအပ်ချက် များအတွက် လမ်းဘေး တစ်နေရာတွင် ငိုကြွေး ခဲ့ရပါသည်။ လမ်းစ ပျောက်နေသလို ခံစား နေရပါသည်။ ဘယ်သွားလို့ ဘယ်လာရ မှန်းမသိ။ ဘာလုပ်လို့ ဘာကိုင် ရမှန်းမသိ၊ ဖြစ်နေခဲ့ပါသည်။ ခရစ်တော်ကို ယုံကြည် လက်ခံစ ဖြစ်သောကြောင့် အသက်တာကလည်း မရင့်ကျက်သေး သောကြောင့် ဝမ်းနည်း ကြေကွဲ နေရုံမျှအပ ဘာမျှ မတတ်နိုင်။ မိမိကိုယ်မိမိ ခရစ်တော်ကို လက်ခံမိသည်မှာ မှားနေပြီလား ဟု သံသယပင် ရှိလာ ခဲ့ပါသည်။

ထိုအချိန်တွင် ကျွန်တော်ကို ခရစ်တော်နှင့် မိတ်ဆက်ပေး ခဲ့သော ကချင် မိခင်ကြီး တစ်ဦးက နှုတ်ခပတ်တော်နှင့် ခွန်အားပေး နှစ်သိမ့်ခဲ့သဖြင့် စိတ် သက်သာရာ ရခဲ့ပါသည်။ ထိုအချိန်မှ စတင်ကာ ခရစ်တော်နောက် တစ်စိုက် မတ်မတ် လိုက်ခဲ့သည်မှာ ယခု အချိန်ထိ အောင်ပင် ဖြစ်ပါသည်။ လွန်ခဲ့သော ကာလများ အတွင်း ပြဿနာ အခက်အခဲများ ရှိခဲ့သော်လည်း နှုတ်ခပတ်တော် ဖြင့် အသက်တာကို တည်ဆောက်ခဲ့ပါသည်။

ယာကုတ်သည် အိမ်မှု ထွက်လာပြီးနောက် မရေရာသော အနာဂတ်ကို ရင်ဆိုင်ခံစားနေရပါသည်။ ယခုအခါ သူသည် ဘာမျှ မသေချာ၊ မရေရာ ဖြစ်နေပါသည်။ ဇနီး တစ်ယောက် ရဘို့လည်း မသေချာ၊ အလုပ်ရ ဘို့လည်း မသေချာ၊ နေစရာလည်း မသေချာ၊ အိပ်စရာပင် မရှိဖြစ်နေသော အချိန်သို့ ရောက်နေပါသည်။ အထီးကျန် ဘဝကို ရင်ဆိုင်နေရပါသည်။ အိမ်ထဲတွင် မိခင်နှင့် နေခဲ့ရသူမို့ စာသောက်စရာဘို့ မုဆိုးလုပ်ရန်ပင် အတတ် ပညာမရှိ သောကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရပါသည်။ ယာကုတ်သည် မသေချာ မရေရာ ဖြစ်နေပါသည်။ သူသည် ဘုရားသခင်ထံမှ သေချာမှုနှင့် ခွန်အားပေးမှု အမှန်တကယ် ရမှ ဖြစ်ပေတော့မည်။ သို့သော် ဘုရားသခင်သည် ယာကုတ်ကို ပစ်ပယ်မထားပါ။ ဘုရားသခင်၏ မေတ္တာတော်နှင့် ဂရုဏာတော် သည်ကား ဘုရားသခင်ကို မျှော်လင့်နေသော သူတိုင်းအတွက် ကြီးမားသော တန်ခိုးတော်ပင် ဖြစ်ပေတော့သည်။

ကျွန်တော် ကြုံတွေ့ခဲ့ရသလို သမ္မာကျမ်းစာထဲတွင် ယာကုတ်သည်လည်း တွေ့ကြုံခဲ့ဘူးကြောင်း နှုတ်ခပတ်တော်က ဖော်ပြထား ပါသည်။

ယာကုပ်သည် ဗေရရှေဘရွာမှထွက်၍၊ ခါရန်ပြည်သို့ခရီးသွားစဉ်တွင်၊ တစုံတခုသောအရပ်သို့ ရောက်၍၊ မိုဃ်းချုပ်သောကြောင့်၊ ညဥ့်ကိုလွန်စေမည် အကြံရှိသည်နှင့်၊ ထိုအရပ်၌ ကျောက်ကိုယူ၍ ခေါင်းအုံးဘို့ထားပြီးလျှင် အိပ်လေ၏။ ၁၂မြင်ရသောအိပ်မက်ဟူမူကား၊ မြေကြီးပေါ်၌ လှေခါးထောင်လျက် အဖျားသည် မိုဃ်းကောင်းကင် တိုင်အောင် မှီ၏။ ဘုရားသခင်၏ ကောင်းကင်တမန်တို့သည်၊ ထိုလှေခါးဖြင့် ဆင်းလျက်တက်လျက် ရှိကြ၏။ (ကမ္ဘာ ၂၈း၁၀-၁၂)

ယာကုတ်သည် မိုင် ၄၅၀ ခန့် သွားရမည့် ဟာရန်မြို့ ခရီးစဉ်တွင် မိုင် (၇၀) ခန့် သွားပြီးသောအခါ၊ နေရာ တစ်ခုသို့ ရောက်သော် အနားယူရန် လိုအပ် လာပါသည်။ ထို့ကြောင့် နေရာ တစ်ခုတွင် စခန်းချကာ အနား ယူလိုက်သည်။ ထိုနေရာမှာ မှတ်သား ထားရန်ပင် ထိုက်တန်သော နေရာ တစ်ခု မဟုတ်ခဲ့ပါ။ အဘယ်ကြောင့် ဆိုသော် ထိုအချိန်အထိ နာမည်ပင် မရှိသေး သောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ နေရာတစ်ခု ဖြစ်ကြောင်းလည်း မည်သူမျှ မသိကြပါ။ ထိုနေရာသည် သန့်ရှင်းရေး လုပ်ထားသော နေရာတစ်ခုလည်း မဖြစ်ခဲ့ချေ။ သာမာန် ကျောက်တုံးများနှင့် ပြည့်နေသော နေရာတစ်ခု သို့မဟုတ် သစ်ရွက်ခြောက်များဖြင့် ရှိနေသော နေရာ တစ်ခုမျှသာ ဖြစ်ပေ လိမ့်မည်။ ထိုကြောင့် ယာကုတ်သည် ထိုနေရာတွင် ဘာမျှ မျှော်လင့် ထားလိမ့်မည် မဟုတ်ချေ။ ထို့နောက် ကျောက်ခဲ တစ်လုံးကို ယူပြီးနောက် ခေါင်းအုံးကာ အိပ်လိုက်ပါသည်။ ထို့အချိန်တွင် ယာကုတ်ထံသို့ ဘုရားသခင်က အိပ်မက် ထဲတွင် လာရောက် ဆက်သွယ် ပါလေတော့သည်။

ဘုရားသခင်သည် သူ၏ လူများထံသို့ မမျှော်လင့်သော အချိန်၊ မမျှော်လင့်သော နေရာတွင် တစ်ခါတစ်ရံ ဖေါ်ပြတတ်ပါသည်။ တစ်ခါတစ်ရံ ရေချိုး နေစဉ်လည်း ဖြစ်နိုင်သလို၊ ကားမောင်း နေသည့်အချိန်တွင် (သို့) ထမင်း၊ ဟင်း ချက်နေသည့်အချိန် လည်းဖြစ်နိုင်ပါသည်။ ဘုရားသခင်သည် နေရာတိုင်းတွင် ရှိသော ဘုရားဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ အသက်တာတွင် ထူးခြားသော အရှင်ဖြစ် သောကြောင့် ကျွန်ုပ်တို့ကို ဆက်သွယ်သည့် အခါတိုင်း ထူးခြားမှုများဖြင့် ဆက်သွယ်မှု ပြုသည် ဆိုသည်ကို သိထားရမည် ဖြစ်သည်။ ဘုရားသခင်ထံတွင် လူတို့ကို အထူးဖေါ် ပြရန်အတွက် ဘုရားကျောင်း တွင်သာ လာရောက် ဆက်သွယ်မှု ပြုမည် မဟုတ်ပေ။ နေရာတိုင်း တွင် ဖြစ်နိုင်ပါသည်။ ယာကုတ် အတွက် လမ်းဘေးတွင် အိပ်စက် မှုပြုနေချိန်တွင် အိပ်မက်ထဲမှာ လာရောက် ဆက်သွယ်ခဲ့ပါသည်။

အိပ်မက်ထဲတွင် ယာကုတ်မြင်မက်သည်မှာ မြေပြင်မှ လှေကား တစ်ခုသည် ကောင်းကင်သို့တိုင်အောင် ထောင်ထားလျှက် ကောင်းကင်တမန်တို့သည် တက်လိုက် ဆင်းလိုက် ရှိနေသည်ကို မြင်တွေ့ရလေသည်။ ထိုလှေကား၏ ထိပ်တွင် ဘုရားသခင် ရှိနေသည်ကို တွေ့ရလေသည်။ ယာကုတ်သည် ထိုအိပ်မက်၏ အဓိပ္ပါယ်ကို ချက်ခြင်း နားခြင်းနားလည်လိုက်သည်မှာ ထိုနေရာသည် ဘုရားသခင်ကို ဆက်သွယ် ရမည့် နေရာဖြစ်ကြောင်း ချက်ခြင်း သိရှိ လိုက်လေသည်။ အိပ်မက်၏ အဓိက အချက်မှာ ယာကုတ်သည် မိမိကိုယ်မိမိ ဘုရားသခင်၏ ရှေ့တွင် ရှိနေကြောင်း မသိသည့် အချိန်တွင် ဘုရားသခင်က ယာကုတ်ကို အသိအမှတ်ပြုနေကြောင်းကို (က ၂၈း၁၆) အရ သိလိုက်ရပါသည်။ ကျွန်တော်တို့ အများစုသည်လည်း ယာကုတ်ကဲ့သို့ ထူးခြားသည့် အိပ်မက်မျိုး မရှိနိုင် သော်လည်း နှုတ်ခပတ်တော် သမ္မာတရားအားဖြင့် ကျွန်ုပ်တို့ကို အားနည်း နေသည့်အချိန်များတွင် ဆက်သွယ်မှု ပြုလျှက် ရှိနေပါသည်။

ထိုအခြေအနေမှ ကျွန်ုပ်တို့ သင်ယူနိုင်သည့် ဝိညာဉ်ရေးရာ သင်ခန်းစာများ ရှိနေပါသည်။ ပထမ အချက်အနေဖြင့် ဘုရားသခင်သည် မမျှော်လင့် သည့်အချိန်နှင့် မမျှော်လင့်သည့် နေရာများတါင် ကျွန်ုပ်တို့ကို တခါ တစ်ရံတွင် ဆက်သွယ် နိုင်ပါသည်။ ဒုတိယ အချက်အနေဖြင့် ကျွန်ုပ်တို့ ဝိညာဉ် ရေးရာတွင် အားနည်း နိုးကြားမှု မရှိသော အချိန်များတွင် ဘုရားသခင်၏ မျက်မှောက်တော် ထဲတွင် ရှိနေကြောင်း သိထားရပါမည်။

ထာဝရဘုရားသည် လှေခါးထက်၌ ရပ်တော်မူလျက်၊ ငါသည် သင်၏အဘ အာဗြဟံ၏ ဘုရား၊ ဣဇာက်၏ ဘုရား တည်း ဟူသော ထာဝရဘုရားဖြစ်၏။ သင်အိပ်သောမြေကို သင်နှင့်သင်၏အမျိုးအနွှယ်အား ငါပေးမည်။ သင်၏ အမျိုးအနွှယ်သည် မြေမှုန့်ကဲ့သို့ များပြားလိမ့်မည်။ အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ လေးမျက်နှာ အရပ်တို့သို့ နှံ့ပြားကြလိမ့်မည်။ သင်နှင့် သင်၏ အမျိုးအနွှယ်အားဖြင့် လူမျိုး အပေါင်းတို့သည် ကောင်းကြီး မင်္ဂလာကို ခံရကြလိမ့်မည်။ ငါသည် သင့်ဘက် မှာရှိ၏။ သင်သွား လေရာရာ၌ ငါစောင့်မမည်။ ဤပြည်သို့ တဖန် ဆောင်ခဲ့ဦး မည်။ ဂတိထားသည် အတိုင်း မပြည့်စုံမှီ၊ သင့်ကို ငါမစွန့် ဟု မိန့်တော်မူ၏။ (က ၂၈း၁၃-၁၅)

အထက်ပါ အတိုင်း အရှင်ထာဝရဘုရားသည် ယာကုတ်ကို စကားပြောခဲ့ပါသည်။ ကျွန်ုပ်တို့၏ မသေချာ မရေရာသော အချိန်များတွင် ထိုစကားထဲမှ ကျွန်ုပ်တို့အတွက် သင်ယူစရာ အချက် (၄) ချက်ကို အောက်ပါအတိုင်း တွေ့ရှိရ ပါသည်။

မထမအချက် (သတိရနေရမည့် ကတိတော်)

ပထမ အချက်နေဖြင့် ဘုရားသခင်က ယာကုတ်၏ ဘိုးဘေးများကို ထားရှိခဲ့သော ကတိတော်ကို ပြန်လည် ဖေါ်ပြခဲ့ ပါသည်။ ဘုရားသခင်က အဓိက ဖေါ်ပြခဲ့သည့် အရာမှာ “မင်းရဲ့ ဘိုးဘေးတွေဖြစ်တဲ့ အာဗြဟံနဲ့ ဣဇတ်တို့နဲ့ ငါပြုထားတဲ့ ကတိတော်တွေ ရှိပါတယ်။ အခုမင်းအိပ်နေတဲ့ နေရာမြေကြီးကို ငါပေးမယ်လို့ ပြောထားတာ ရှိပါတယ်။ ကမ္ဘာကြီး တစ်ခုလုံးဟာ မင်းနဲ့ မင်းအမျိုး အနွယ်တွေအားဖြင့် ကောင်းကြီးမင်္ဂလာ ဖြစ်စေဘို့ ငါ ကတိပြုထားပါတယ်။ အဲဒီအရာကို ငါ အမှန်တကယ် လုပ်ဆောင်မှာ ဖြစ်ပါတယ်။” လို့ ဘုရားသခင်က ယာကုတ်ကို ပြောဆိုခဲ့လေသည်။ ဤနေရာတွင် ယာကုတ် အတွက် အမှန်တကယ် ခွန်အားဖြစ်စေနိုင်သည့် စကားလုံးများကို ဘုရားသခင်က ပြောဆိုခဲ့လေသည်။ သူသည် ယခုအခါ ကတိတော်မြေကို စွန့်ခွာကာ အဝေးသို့ သွားရတော့မည်။ ဘယ်အချိန်တွင် ပြန်လာရမည်ကို သူအမှန်တကယ်မသိ။ ယာကုတ်တွင် မျိုးဆက်လည်း ယခုအချိန်အထိ လုံးဝမရှိသေး။ သို့သော် ဤပြည်သို့ တစ်ဖန်ဆောင်ခဲ့ဦးမည်။ သင်၏ အမျိုး အနွယ် စသည့် စကားလုံးများသည် ယာကုတ်ကို အမှန်တကယ် ခွန်အားဖြစ်စေခဲ့ပါသည်။

မရေရာသော မိမိအသက်တာ၏ အချိန်များတွင် ဘုရားသခင်၏ ကတိတော်များကို အောက်မေ့ပါ။

ဤနေရာတွင် ယာကုတ်တစ်ဦးတည်ကိုသာ ပြောဆိုလိုသည်မဟုတ်။ ကျွန်ုပ်တို့အားလုံးပင် ခွန်အားယူစရာ ရှိနေပါသည်။ ကျွန်တော် တို့သည် ခက်ခဲသောအချိန် မရေရာသောအချိန်ျများကို ရင်ဆိုကြုံတွေ့ပါက သမ္မာ ကျမ်းစာမှ ဘုရားသခင်၏ ကတိတော်များကို သန့်ရှင်းသော ဝိညာဉ်တော်၏ အကူအညီဖြင့် ဖေါ်ပြပါလိမ့်မည်။ ထိုအခါ သင့်၏ အသက်တာလမ်းမှ စိုးရိမ်မှု၊ ပြဿနာ နှင့် အခက် အခဲ များကို ဘုရားသခင်၏ နှုတ်ခပတ်တော်ဖြင့် သင့်ကို တည်ဆောက်၍ သင့်ကို အားဖြည့် ပေးပါလိမ့်မည်။

ဒုတိယအချက်ကို ဆက်လက် လေ့လာကြည့်ကြပါစို့။

၂။ ဒုတိယအချက် ( သတိရနေရမည့် ဘုရားသခင်၏ မျက်မှောက်တော်)

 

ကျွန်ုပ်တို့ သိရမည်မှာ ကျွန်ုပ်တို့ ဘဝတွင် မရေရာသော အခြေအနေနှင့် အကြောက်တရားများ ကြီးစိုးနေချိန်တွင် ဘုရားသခင်သည် ကျွန်ုပ်တို့နှင့် အတူရှိသော ဧမာနွေလ ဘုရားသခင်ဖြစ်ပါသည်။ ယာကုတ် ကိုယ်တိုင်လည်း ထိုအရာကို သိဘို့လိုကြောင်း သတိရစေရန် မိန့်မြွတ် အသိပေးခဲ့ ပါသည်။ “ငါသည် သင့်ဘက်မှာရှိ၏” (က ၂၈း၁၅)။ ယခုအခါ ယာကုတ်သည် တစ်ဦးတည်း အထီးကျန်သကဲ့သို့ ခံစားနေရချိန်တွင် ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်ပါသည်။ ယာကုတ် ကဲ့သို့ပင် ကျွန်ုပ်တို့သည်လည်း ဘယ်သောအခါမျှ တစ်ဦးတည်း အထီးကျန် နေမည်မဟုတ်ပါ။ ဘုရားသခင်သည် ကျွန်ုပ်တို့ နှင့် အတူရှိနေပါသည်။ ဘုရားသခင်၏ မျက်မှောက်တွင် ကျွန်တော်တို့သည် အသက်ရှင်နေရသူများ ဖြစ်ပါသည်။

ရှင်ဘုရင်ကြီး ဒါဝိတ်က ပြောခဲ့သည်မှာ “အကယ်၍ သေမင်း၏ အရိပ်လွှမ်းမိုးသော ချိုင့်ထဲ ရောက်သွားရသော်လည်း ဘေးအန္တရာယ်ကို မကြောက်ပါ။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်နှင့် အတူရှိတော်မူသည်ဖြစ်၍ လှံတံတော်နှင့် တောင်းဝှေးတော်သည် အကျွန်ုပ်ကို ချမ်းသာစေပါ၏။” (ဆာလံ ၂၃း၎)

ယေရှုကိုယ်တော်တိုင်ကလည်း သူ၏ တပည့်တော်များကို အားပေးခဲ့သည်မှာ “ငါသည် ကပ်ကမ္ဘာကုန်သည့်တိုင်အောင် သင်တို့နှင့် အတူရှိမည်။” (မဿဲ ၂၈း၂၀) ဟု မိန့်ကြားခဲ့ပါသည်။

ဟေဗြဲ ၁၃း၅ တွင်လည်း “ငါသည် သင့်ကိုမစွန့်၊ အလျှင်းပစ်၍မထား” ဟု ဖေါ်ပြထားပြန်ပါသည်။ ယာကုတ်ကို အတူရှိမည်ဟု ပြောသကဲ့သို့ အထက်ပါ ကျမ်းစကားများ အတိုင်း ကျွန်တော်တို့ကို ပစ်ထားမည် မဟုတ်ကြောင်း ဖော်ပြထား ပါသည်။ ထိုအရာသည် ကျွန်တော်တို့ကို အသက်တာထဲတွင် မုန်းတိုင်းမှ လွတ်မြောက်စေမည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ မရာ မသေချာသော အချိန်များတွင် မျက်မှောက်တော်တွင် ရှိနေသည် ဟူသောအသိက ကျွန်တော်တို့ကို ယုံကြည် စိတ်ချမှုနှင့် ငြိမ်သက်မှုများကို ဆောင်ကျဉ်းပေးပါသည်။

ဥပမာ။ ။ တစ်ခါတစ်ရံ ကျွန်တော်၏ သားသမီးများမှာ မိုးကြိုးမုန်းတိုင်းများ ရှိသည့်အချိန်များတွင် အလွန်ကြောက်ရွံ့ကြပါသည်။ ထိုအခါမျိုးတွင် မှောင်နက်မဲမဲ အချိန်နာရီများတွင် ကလေးများ အားကိုးသော ဖခင်ဖြစ်သူ ကျွန်တော်ရှိနေသည်ကို သူတို့သည် သိနေသဖြင့် အကြောက်တရား ကင်းမဲ့စွာ ပျော်ရွှင်နေလေ့ရှိကြပါသည်။ ထိုမှောင်နေသည့် အချိန်များတွင် “မကြောက်နဲ့၊ အဖေမင်းတို့နဲ့အတူ ရှိနေတယ်” ဟူသော အားပေးစကား များကြောင့် သူတို့ သည် စိုးရိမ်းမှု မရှိတော့ဘဲ၊ အကြောက်တရားမှ လွတ်မြောက်နေ ကြပါတော့သည်။ သူတို့သည် ကျွန်တော့်ကို အမှောင်ထဲတွင် မမြင်သော်လည်း အသိတရားထဲတွင် ကျွန်တော်ရှိကြောင်း သိနေကြသောကြောင့် စိုးရိမ်စိတ် မရှိကြတော့ပါ။

အလားတူပင် ကျွန်တော်တို့သည် ကောင်းကင်ဘုံရှင် အဖဘုရားသခင်၏ မျက်မှောက်တော်ထဲတွင် အသက်ရှင်နေသည် ဟူသော အသိတရားက ကျွန်တော်တို့ကို ခွန်အားဖြစ်စေပါသည်။

ယခုအခါ မရေရာသော အချိန်တွင် တတိယအချက်ကို ဆက်လက် ကြည့်ပါဦးမည်။

၃။ တတိယအချက် (သတိရနေရမည့် ဘုရားသခင်၏ ကွယ်ကာခြင်း)

 

ဘုရားသခင်၏ ကွယ်ကာခြင်းသည် ယာကုတ်နှင့် အတူ ရှိနေကြောင်း ဘုရားသခင်က ထပ်မံ အသိပေး ပြောကြားခဲ့ပါသည်။ (က ၂၈း၁၅) တွင် ထပ်မံ ပြောကြား ထားသည်မှာ သင်သွားလေရာရာ၌ ငါစောင့်မမည်။ (စောင့် ကြည့်မည်။) ဟု ထပ်မံပြောကြား ထားပါသည်။ အခြား စကားလုံးအားဖြင့် အဓိပ္ပါယ် ဖွင့်ဆို ကြည့်မည် ဆိုလျှင် ဤခရီး စဉ်တွင် “သင့်ကို ငါကွယ်ကာ စောင့်ကြည့်မည်” ဟု ရေးသား ထားပါသည်။ ဤအရာမှာ ယာကုတ်ကို လမ်းခရီးတွင် ဒုက္ခ တစ်စုံ တစ်ရာ အဆိုးများ လုံးဝ တွေရလိမ့် မည်မဟုတ် ဟု မဆိုလိုပါ။ အသီးအပွင့်များ ကြီးမား များပြားစွာ ခံစားရမည်ဟုလည်း မဆိုလိုပါ။ အကို ဧသော၏ ဘေးအန္တရာယ် မှလည်းကောင်း၊ သားရိုင်းဘေးမှ လည်းကောင်း၊ ဒါးပြ၏ ဘေးမှ လည်းကောင်း ကွယ်ကာမည် (သို့) စိတ်ပူ စရာမလိုပါ ဟု ပြောကြားထားခြင်း ဖြစ်ပါ သည်။ ဘုရားသခင်မှ ထိုအရာများကို အပြည့်အဝ အကာအကွယ်ပေးမည်ဟု ပြောခြင်းသာ ဖြစ်ပါသည်။

အလားတူပင် ကျွန်တော်တို့၏ အသက်တာထဲတွင် အကြမ်းဖက်မှု၊ ရောဂါ၊ ပြစ်မှုများနှင့် ဆိုသွမ်းသူတို့၏ ဘေးအန္တရာယ် အခက်အခဲ ပြဿနာများနှင့် ကြုံတွေ့ရပြီဆိုပါက ဘုရားသခင်က အပြည့်အဝ အကာအကွယ်ပေးမည်ဖြစ်ကြောင်း သတိရပါ။

မရောသောအချိန်တွင် ဘုရားသခင်၏ ကွယ်ကာမစခြင်း အပြည့်အဝ ရှိနေပါသည်။

ကျွန်တော်တို့သည် အခြားလူတစ်ဦးအားဖြင့် ဒုက္ခအခက်အခဲ ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ ရောဂါဝေဒနာ ရှိကောင်း ရှိနိုင်ပါ သည်။

ဤအခြေအနေကို နားလည်နိုင်ရန်မှာ ဘုရားသခင်၏ကွယ်ကာခြင်းကို ကျွန်တော်တို့၏ အသက်တာတွင် အပြည့်အဝ နားလည် သဘောပေါက် အသိအမှတ်ပြုဘို့ လိုပါလိမ့်မည်။ ဥပမာ – ကျွန်တော်နှင့် မိသားစုသည် ခရီးတစ်ခု သွားသည် ဆိုပါစို့။ ထိုခရီးစဉ်တွင် သေနတ်သမား တစ်ဦးက လုပ်ကြံခဲ့သည်ဆိုပါက ကျွန်တော်တို့သည် ထိကောင်း ထိနိုင်ပါသည်။ ဆေးရုံလည်း ရောက်နိုင်ပါသည်။ လူတစ်ချို့ သေပင်သေနိုင်ပါသည်။ သို့သော် ထိုအရာအားဖြင့် ဘုရားသခင်၏ ဘုန်းတော် ကို ထင်ရှားစေနိုင်ပြီး အခြားတစ်ဘက်မှ ကျွန်တော်တို့ကို ကောင်းကြီးများပင်လျှင် ဖြစ်စေနိုင်မည် ဖြစ်ပါသည်။

နောက်ထပ် အားနည်း နေချိန်တွင် သတိရနေရမည့် အခြား စတုတ္ထတစ်ချက်ကို ထပ်မံ ကြည့်ပါစို့

ယခု သတိရနေရမည့် အခြားတစ်ချက်မှာ ဘုရားသခင်၏ ထောက်ပံ့ မစခြင်းဖြစ်ပါသည်။

စတုတ္ထအချက် (သတိရနေရမည့် ဘုရားသခင်၏ မစခြင်း)

က ၂၈း၁၅ တွင် “သင့်ကို ငါစောင့်မမည်” ဟူသောအ အခြား အဓိပ္ပါယ် တစ်ခုမှာ “လိုသမျှ ထောက်ပံ့ပေးမည်” ဟူသော အခြား အဓိပ္ပါယ် တစ်ခုလည်း ဖြစ်နေပါသည်။ ဟေဗြဲစကားလုံးဖြင့် ပထမဦးဆုံး ထိုစကားလုံးကို အသုံးပြုသည့် နေရာမှာ ကမ္ဘာဦင်္း ၂း၁၅ ဖြစ်ပါသည်။ အာဒံကို အေဒင်ဥယျာဉ်ကြီးကို “ပြုစု စောင့်ရှောက်ရန်” ဟူသော စကားလုံးကို အသုံးပြုပြီး အာဒံ ကို အေဒင်ဥယျာဉ်တွင် ထားရှိခဲ့ပါသည်။ အလားတူ စကားလုံးဖြင့် ယခု ယာကုတ်ကိုလည်း ပြဿနာ ဒုက္ခတွေထဲက ကွယ် ကာမည်ဟူသော ရည်ရည်ရွယ်ချက်ဖြင့် ပြောဆိုခဲ့ခြင်း ဖြစ်ပါသည်။ ယာကုတ်က ရှင်းလင်းစွာ နားလည်ပါသည်။ အဘယ်ကြောင့်ဆိုသော် ယခု သွားရမည့် ခရီးစဉ်တွင် သူ့အတွက် လိုအပ်နေသော စားစရာ၊ သောက်စရာ နှင့် အဝတ်အထည်များကို ကိုယ်တော်ရှင်က အမှန်တကယ် မစမည်ဟု အပြည့်အဝ ယုံကြည်ခဲ့ခြင်း ဖြစ်သည်။ (အငယ် ၂၀ ကိုကြည့်ပါ။)

ဘုရားသခင်သည် သူရွေးကောက်သော လူမျိုးတော် အတွက် ကူညီမစမည်ဟူသော ကတိတော် ရှိနေပါသည်။ သခင် ယေရှု ကိုယ်တော်တိုင် ပြောဆိုခဲ့သည်မှာ ကောင်းကင်ဘုံရှိ ဘုရားသခင်သည် ကျွန်တော်အတွက် ထိုအရာများကို လိုအပ်လျက် ရှိကြောင်း သိထားပါသည်ဟု ပြောကြား ခဲ့သည်။ ထိုအရှင်သည် ထိုအရာများကို မစမည် ဖြစ်သည်။

ဥပမာ။ ။လွန်ခဲ့သော (၁၀) နှစ်ခန့်က ကျွန်တော်၏ အမျိုးသမီးမှာ ချောင်းဆိုး ဖျားနာနေသဖြင့် သက်ဆိုင်ရာ ဆေးခန်းသို့ သွားရောက်ပြသရာ တီဘီ ရောဂါ ဖြစ်နေကြောင်း သိခွင့်ရခဲ့ပါသည်။ ယခုခေတ်တွင် တီဘီရောဂါမှာ စိုးရိမ်ကြောက်ရွံ့စရာ မလိုသော်လည်း ကျွန်တော်တို့ မိသားစုမှာ စားဝတ်နေရေး အလွန်ကျပ်တည်းသောကြောင့် ကြီးမားသော စိတ်ခံစားမှု ရရှိခဲ့ပြီး အမြဲတမ်း ကြေကွဲဝမ်းနည်းခဲ့ရပါသည်။ ထိုအရာအတွက် နေရက်တိုင်း ဘုရားသခင်ကို ကိုးစားပြီး ဆုတောင်းခြင်းဖြင့် ကျော်ဖြတ်ခဲ့ရပါသည်။ ငွေကြေး မပြည့်စုံသောကြောင့် နေ့ရက်အစဉ်တွင် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြင့် ကျော်ဖြတ်ကာ ဆုတောင်းခြင်းဖြင့် ငိုးကြွေး ဆုတောင်း ခဲ့ရပါသည်။ များမကြာမီ ဆေးစစ်ချက် ထွက်ပေါ်လာသောအခါ ဆေးပင် မသောက် လိုက်ရတော့ဘဲ ပျောက်ကင်းသွားပြီ ဖြစ်ကြောင်း သိလိုက်ရပါသည်။ ဘယ်ဆရာဝန်၏ အစွမ်းအစမှ မဟုတ်။ အသက်ရှင် တော်မူသော ဖန်ဆင်းရှင် ဘုရားသခင်၏ ကျေးဇူးတော် ကြောင့်သာ ထိုကျေးဇူးကို ခံစားရသည် မဟုတ်ပါလော။

ကျွန်တော်တို့ပြဿနာရှိသောအချိန်၊ မရေရာသောအချိန်များတွင် အောက်ပါ အချက် လေးချက်ကို သတိရနေရမည် ဖြစ်ပါသည်။

ဘုရားသခင်၏ ကတိတော်

ဘုရားသခင် မျက်မှောက်တော်

ဘုရားသခင်၏ ကွယ်ကာခြင်း

ဘုရားသခင်၏ မစခြင်း အစရှိသည်တို့ ဖြစ်ပါသည်။

ယခုအခါ ဘုရားသခင်အပေါ်တွင် ယာကုတ်၏ တုန့်ပြန်မှုကို လေ့လာကြည့်ကြပါစို့။

ယာကုတ်၏ တုန့်ပြန်မှု

ကမ္ဘာဦး ၂၈း၁၆-၂၂ ကို ဖတ်ပါ။

ယာကုပ်သည် အိပ်ပျော်ရာမှ နိုးလျင်၊ အကယ်စင်စစ် ထာဝရဘုရားသည် ဤအရပ်၌ ရှိတော်မူ၏။ ရှိတော်မူကြောင်းကို ငါမသိ။ ဤအရပ်ကား၊ အဘယ် မျှလောက် ကြောက်မက်ဘွယ် ဖြစ်သည်တကား။ ဤအရပ်ကား၊ အခြားမဟုတ်၊ ဘုရားသခင်၏ ဘုံဗိမာန်၊ ကောင်းကင်တံခါးဝ ဖြစ်သည်တကားဟု၊ ကြောက်ရွံ့ခြင်းသို့ ရောက်၍ဆို၏။

နံနက်စောစော ယာကုပ်သည်ထ၍၊ ခေါင်းအုံး သောကျောက်ကို ယူသဖြင့်၊ မှတ်တိုင်ဖြစ်စေလျှက် ထူထောင်ပြီးလျှင်၊ ကျောက်ထိပ်ဖျားအပေါ်၌ ဆီကိုလောင်းလေ၏။ ထိုအရပ်ကိုလည်း၊ ဗေသလအမည်ဖြင့် မှည့်လေ၏။ ထိုမြို့၏ အမည်ဟောင်းကား၊ ဥလံလုဇဟူသတည်း။ ထိုအခါ ယာကုပ်က၊ ဘုရားသခင်သည် ငါဘက်၌ ရှိလျက်၊ ငါယခုသွားရာလမ်းမှာ၊ ငါ့ကိုစောင့်မ၍ စားစရာအစား၊ ဝတ်စရာအဝတ်ကို ပေးသနား တော်မူလျှင်၎င်းး၊ ငါသည်တဖန် အဘ၏အိမ်သို့ ငြိမ်ဝပ် စွာပြန်ရောက်၍၊ ထာဝရဘုရားသည် ငါ၏ဘုရားဖြစ်တော်မူလျှင်၎င်း၊ မှတ်တိုင် ပြု၍ ငါထူထောင်သော ဤကျောက် သည်လည်း၊ ဘုရားသခင်၏ ဗိမာန်ဖြစ်ရမည်။ ပေးသနား တော်မူသမျှတို့ကို ဆယ်ဘို့တဘို့ ပူဇော်ပါ မည်ဟူ၍ သစ္စာပြုလေ၏။ (ကမ္ဘာဦး ၂၈း၁၆-၂၂)

အခန်ငယ် ၁၆ ကို ဖတ်ရှုသောအခါ ယာကုတ်သည် ဘုရားသခင်နှင့် ထိတွေ့ရသော လက်ရှိအခြေအနေ အပေါ်တွင် ချက်ခြင်း တုန့်ပြန်မှု ပြုခဲ့သည်ကို တွေ့ရလေသည်။ ချက်ခြင်းပင် ခေါင်းအုံးနေသော ကျောက်တုံးကို ယူပြီး အမှတ်အသားပြုကာ ချက်ခြင်း ဝတ်ပြုကိုးကွယ်မှု ပြုခဲ့သည်ကို ရှင်းလင်းစွာ တွေ့မြင်ရလေသည်။

အခန်းငယ် ၂၀-၂၂ သို့ရောက်လျှင် ချက်ခြင်းပင် အဓိဌာန်ပြုကာ ဘုရားနှင့် ထိတွေ့ခဲ့ပါသည်။ ဘုရားသခင်က ကတိတော် အတိုင်း သူ့အပေါ်တွင် ပြုလုပ်မည်ဆိုပါက ချက်ခြင်းပင် ကိုယ်တော်၏ နောက်သို့ လိုက်ပါမည် ဟု ဆိုခဲ့ပါသည်။ ကျွန်တော်တို့လည်း ယာကုတ်ကဲ့သို့ အမြဲပင် တုန့်ပြန်သင့်ပါသည်။ ဘုရားသခင်ကို ဆက်ကပ်၍ မိမိအသက်တာကို အပ်နှံ အသက်ရှင်သင့်ပါသည်။

နိဂုံး

ကျွန်တော်တို့ တစ်ယောက်စီတိုင်းသည် မရေရာ မသေချာသည့် အနာဂတ်ကို ရင်ဆိုင်နေရပါက အထက်ပါ အချက် (၄)ချက်သည် ကျွန်တော်တို့ကို ခွန်အားနှင့် ရစ်ပတ်လွှမ်းခြုံလျက် ရှိနေပါသည်။ မိတ်ဆွေ အားမငယ်ပါနှင့်။

 

ဘုရားသခင်၏ ကတိတော်

ဘုရားသခင် မျက်မှောက်တော်

ဘုရားသခင်၏ ကွယ်ကာခြင်း

ဘုရားသခင်၏ မစခြင်း တို့ကို မျှော်လင့် ယုံကြည် အားကိုးလျက် အသက်ရှင်ပါဟု တိုက်တွန်း နှိုးဆော်လိုက် ပါသည်။

ဘုရားသခင် ကောင်းကြီးပေးပါစေ။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

၄၄။ထူးခြားစွာဆုတောင်းခဲ့သော ယာဗက်

ယာဗတ်၏ ဆုတောင်းကို ဖတ်ပါ။

ထိုအဆွေ အမျိုး၌ ယာဗက်သည် ထူးဆန်းသော သူဖြစ်၏။ သူ၏အမိက၊ ငါသည် ပြင်းစွာသော ဝေဒနာကိုခံ၍ ဤသားကို မြင်ရပြီဟု ဆိုလျက်၊ ယာဗက်အမည်ဖြင့် မှည့်၏။ ယာဗက်ကလည်း၊ ကိုယ်တော်သည် အကျွန်ုပ်ကို အစဉ် ကောင်းကြီးပေး၍၊ ကျွန်ုပ်နေရာကို ကျယ်ဝန်းစေ တော်မူပါ။ အကျွန်ုပ်သည် ဘေးဥပါဒ် အနှောက် အရှက်နှင့် ကင်းလွတ်ပါမည် အကြောင်း၊ လက်တော်သည် အကျွန်ုပ် ဘက်၌ နေ၍ ကွယ်ကာ စောင်မ တော်မူပါဟု ဣသရေလ အမျိုး၏ ဘုရားသခင်အား ဆုတောင်းတတ်၍၊ တောင်းသောဆုကို ဘုရား သခင် ပေးသနား တော်မူ၏။ (၁ရာချုပ် ၄း၉-၁၀)

 

လူတိုင်းမှာ သက်သာခြင်း ဆိုတဲ့ နေရာလေး တစ်ခုတော့ ရှိကြ စမြဲပါ။ မိမိနှစ်သက်တဲ့ အပူချိန်တစ်ခု ရှိတတ်ကြပါတယ်။ မိမိအသက်တာ ထဲမှာ အခက်အခဲက လွတ်မြောက်နိုင်တဲ့ နည်းစနစ်တွေကိုလည်း လူတွေဟာ အမြဲတစ်စေ လေ့လာနေ တတ်ကြပါတယ်။ လူအုပ် ကြီးထဲမှာ လူတွေဟာ သက်သာတဲ့ နေရာ တစ်ခုကို အမြဲတစ်စေ ရှာဖွေနေလေ့ ရှိကြပါတယ်။ ကျွန်တော်တို့ဟာ အဲဒီလိုနဲ့ မှားယွင်းနေတဲ့ လူအုပ်ကြီးထဲကို ရောက်သွားပြီ ဆိုရင် ကျွန်တော်တို့တွေဟာ အခြေအနေမှား၊ နေရာမှား၊ လုပ်ဆောင်ချက်မှားတွေနဲ့ မသက်မသာ ဖြစ်ကြ ရပါတယ်။ ကျွန်တော်တို့ဟာ သက်သာခြင်း ဆိုတဲ့ နယ်မြေလေးရဲ့ အပြင်ဘက်ကို ရောက်သွားရင် အနည်းငယ် မသက်မသာ ဖြစ်လာ ပါတယ်။ အဲဒီနေရာ မှာ အမှားအယွင်းတွေတော့ ရှိမနေပါဘူး။ ဒါပေမဲ့ မသက်မသာတော့ ခံစားရမှာ ဖြစ်ပါတယ်။

လူတွေဟာ သက်သာ ကျေနပ် မှုတွေကို ရှာဖွေနေ ကြတယ်။ ဘယ်နေရာမှာ ကျေနပ်မှု ရနိုင်မလဲ။ ကျွန်တော်တို့ရဲ့ လူနေမှု အဆောက် အဦးတွေကို ပိုမို ကောင်းမွန်အောင် သက်သာအောင် လုံခြုံအောင် ဆောင်ရွက် ပြုလုပ်နေ ကြပါတယ်။

အလားတူပါဘဲ ကျွန်တော်တို့ရဲ့ ဝိညာဉ်ရေးအသက်တာတွေ ပိုမိုကောင်မွန် ပြည့်စုံဘို့ လုပ်ဆောင်သင့်သည် မဟုတ်ပါလော။

သင့်ရဲ့ လုပ်ငန်းခွင်ထဲမှာ အမှား အယွင်းမဖြစ်တာ ရှိနိုင်ပါတယ်။ အလုပ်တွေကိုလည်း ကျေကျေ နပ်နပ် လုပ်နိုင်တယ် ဆိုပါစို့။ သို့သော်လည်း သင်ရဲ့ ကျေနပ် မှုတွေထဲမှာ ဘုရားနဲ့ တော့ မှားယွင်း နေတာကို တွေ့နိုင်ပါလိမ့်မယ်။ သင်ရဲ့ အိမ်မှာ လုပ်ငန်းခွင်မှာ အဆင်ပြေ နေသော်လည်း သင်ဟာ ဘုရားသခင်နဲ့ အသက်ရှင်မှု မရှိဘူးဆိုရင်တော့ တစ်စုံတစ်ရာ အမှားရှိတယ်လို့ ဆိုနိုင်ပါလိမ့်မယ်။ ကျွန်တော် တို့ဟာ ဘုရားသားဆိုတဲ့ အခြေအနေမှာ အခြား ကျေနပ်မှုတွေနဲ့ အစား မထိုးသင့်ပါဘူး။ အစား မထိုးနိုင်ပါဘူး။ ကျွန်တော်တို့ဟာ ကျေနပ်မှု တွေနဲ့ ခြောက်သွေ့နေတဲ့ ပတ်ဝန်းကျင်ကို သက်သေခံလို့ မရပါဘူး။

ကျွန်တော် တို့တွေဟာ ဝိညာဉ်ရေးရာ ကျေနပ်မှုများရှိတဲ့ နေရာတစ်ခုကို လှမ်းနေတယ်ဆိုသည့်တိုင်အောင် ကျေနပ်မှုတွေ မရနိုင်ဘဲ ဆက်လက် ချီတတ်နေ သူတစ်ယောက် ကတော့ ရှင်ပေါ်လုပါ။ ဖိလိပ္ပိ ၃း၁၂-၁၄ မှာ အဲဒီအကြောင်းကို ရှင်းပြထားပါတယ်။

ထိုသို့ ဆိုသော် အကျိုးကို ခံရပြီ၊ စုံလင်ခြင်း သို့ရောက်ရပြီဟု ငါမဆိုလို။ အကြင် အကျိုးကို ပေးခြင်းငှါ ခရစ်တော်သည် ငါ့ကိုကိုင်ဘမ်း တော်မူ၏။ ထိုအကျိုးကို ကိုင်မိခြင်းငှါ ငါပြေး၍ လိုက်သေး၏။ ညီအစ်ကိုတို့၊ ငါကိုင်မိပြီဟု ကိုယ်ကိုကိုယ် မထင် သော်လည်း၊ ငါပြုသော အမှုတခု ဟူမူကား၊ နောက်ကျ သောအရာတို့ကို မမှတ်ဘဲ၊ ရှေ့၌ရှိသော အရာတို့ကို လှမ်းကမ်း၍၊ ယရှုခရစ်အားဖြင့် ဘုရားသခင်သည် အထက် အရပ်မှ ခေါ်တော်မူခြင်းနှင့် ဆိုင်သော ဆုကိုရခြင်းငှါ၊ ပန်းတုံးတိုင်သို့ ငါလိုက်ပြေး၏။ (ဖိလိပ္ပိ ၃း၁၂-၁၄)

တစ်ယောက် ချင်းစီရဲ့ ဝိညာဉ်ရေးရာ သက်သာမှုကို မျှော်လင့် တောင့်တသည်သာမက အသင်းတော် တစ်ခုလုံးရဲ့ သက်သာမှုကိုပါ တောင့်တ အသက်ရှင် နေသူတစ်ဦးပါ။ ဘုရားကျောင်း တတ်ခြင်းတွေ၊ အလှူငွေ ပါဝင်ခြင်းတွေ တိုးတက် ကောင်းမွန်နေ သည့်တိုင်အောင် ကျွန်တော်တို့ရဲ့ အသက်တာမှာ အခြားစုံစမ်း ခြင်းတွေရဲ့ ကြားမှာ အသက်ရှင်ရတဲ့ အခြေအနေတွေ ရှိနေပါတယ်။ အသင်းတော် အတွက် ဆုတောင်း သင့်တာကို ဆုတောင်း မပေးတာတွေလဲ ဖြစ်နိုင်တယ်။ အခြားလူတွေကို အသင်းတော်ကို ခေါ်လာသင့်ပါလျှက် ခေါ်မလာတာတွေ၊ လုပ်သင်တဲ့ လုပ်ဆောင်မှု တွေမလုပ် တာတွေ၊ ဖြစ်ပါတယ်။ တကယ်တော့ အဲဒါတွေ လုပ်ဆောင်ဘို့ ခက်ခဲလှတာ တော့မဟုတ်ပါဘူး။ မိမိတို့ အတွက်တော့ အသင်းတော်ထဲမှာ ကျေနပ်စရာ ဖြစ်နေပေမဲ့ အဲဒီအထဲမှာ အသင်းတော်ဟာ ကျဆင်းနေပါ တယ်။ အချိန်တွေ ကြာလာရင်တော့ အဲဒီ အသင်တော်ဟာ သေဆုံးသွားမှာ ဖြစ်ပါတယ်။ အသင်းတော်ဟာ ဝိညာဉ်ရေး တိုးတက်မှုတွေဟာ အသင်းသား တွေရဲ့ တိုးတက် ကြီးထွားမှု တစ်ခုပါ။ အသင်တော်တစ်ခုရဲ့ ပြဿနာဟာ ကျေနပ်မှု တစ်ခုပေါ်မှာ တည် ဆောက်ထားတဲ့ အခြေအနေပါ။

ကျေနပ် သက်သာမှု တွေထဲက ဖောက်ထွက်ဘို့ လိုအပ်ပါတယ်။ ဒါကြောင့် ဒီအကြောင်း အရာကို လေ့လာဘို့ ယာဗက်ရဲ့ ဆုတောင်းထဲက အကြောင်း အရာလေး တွေကို ဖတ်ကြည့် ကြပါစို့။ ဒီနေ့ ဟောပြောမှုမှာ တစ်ယောက်ခြင်း စီတိုင်းကော၊ အသင်းတော်ကော ပါဝင်နေတယ် ဆိုတာကို ပြောပါရစေ။ ကျေနပ်မှု တွေထဲကနေ ဖောက်ထွက် ကြပါစို့။

(ဒီပုဂ္ဂိုလ် (ယာဗတ်) နှင့် ပတ်သက်ပြီး မှတ်သားစရာ အချို့ ရှိနေပါတယ်။ ယာဗတ်၏ အခြေအနေ၊ သူ၏ ဆန္ဒ ဘုရားသခင်နှင့် လျှောက်လှမ်းမှု အခြေအနေ များကို ဖော်ပြထား ပါတယ်။)

ယာဗတ်၏ အခြေအနေ (အခန်းငယ် ၉)

က။ သူ့ဘဝအသက်တာထဲက သူ့နေရာအနေအထား

၅ရာ ၁း၁ ကနေ ၄း၈ အထိ ကြည့်မယ်ဆိုရင် ဆွေစဉ်မျိုးဆက်ဇယားကို တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ ယာဗတ်အကြောင်းကို ဖော်ပြထားပါတယ်။ ယာဗတ်ဟာ သူတို့လူမျိုးတွေထဲမှာ ထူးခြားစွာ မွေးလာကြောင်း ဖော်ပြထားပါ တယ်။ ယာဗတ်ဟာ အခြေအနေက သူ့ကို အမြင့်ကို ပို့ဆောင် ပေးလိုက်ပါ တယ်။ သူဟာ ကျမ်းစာထဲမှာ ရေးသားဖော်ပြချက် အရ အမှန် တကယ် ထူးခြားတဲ့သူပါ။

အပေါ် ထိပ်ကို ရောက်ရှိလာတဲ့သူတွေ ဟာ အနည်းစုပါ။ သူတို့ဟာ ထူးခြားတဲ့ သူတွေပေါ့။ အများ စုကတော့ ကျွန်တော်တို့ လို သာမန် လူတွေပါဘဲ။ သို့သော်လည်း သင်ဟာ အဲဒီအတွက် ဝမ်းနည်းစရာမလိုပါဘူး။ လူဟာ မွေးဖွားလာမယ်၊ ပြီးရင် သေဆုံးသွားတယ်ဆိုတာ ဓမ္မတာပါဘဲ။ အများ အားဖြင့်တော့ သူတို့ရဲ့ မှတ်တိုင်တွေဟာ သင်ချိုင်းက မှတ်တိုင်တွေပါဘဲ။

အချို့ လူတွေဟာ သေဆုံး သွားပေမဲ့ သူတို့ရဲ့ နာမည် တွေဟာ ထပ်ကာ တစ်လဲလဲ ပြန်လည်ဖော်ပြခံရတယ်။ ဒါပေမဲ့ အချို့ဟာ တော့ တစ်ခါထဲ ပြီးသွားကြ ပါတယ်။ နောက်ထပ် (၁၀) နှစ်ကြာရင် ကျွန်တော်တို့ဟာ ဒီနေရာမှာ ရှိမရှိဆိုတာ မသေချာပါဘူး။ ဒီလောက ကြီးထဲက ထွက်ခွာသွား ကြတဲ့အခါ လူအချို့သာ မှတ်တိုင်လေးတွေ ချန်ထားခဲ့ကြပါတယ်။ အဲဒီအထဲက အနည်းဆုံးလူတွေသာ ထာဝရကအတွက် အမှတ်တရ အချို့ကို ထားနိုင် ကြတာပါ။

ကျွန်တော်တို့ဟာ ဘယ်တော့်မှ ကျေနပ်မနေသင့်ပါဘူး။ ဘုရားသခင်ဟာ ကျွန်တော်တို့ကို အံ့သြဘွယ်ရာ ခေါ်ဆောင်ခဲ့တယ်။ ထူးခြားတဲ့ လက်ဆောင် တွေကို ပေးသနားတော်မူခဲ့တယ်။ ၁ကော ၁၂း၇-၂၆ ကိုဖတ်ကြည့်ပါ။ ကိုယ်တော် ပေးအပ် သောအရာဟာ ကျွန်တော်တို့ဟာ လူတွေရဲ့ အပေါ်မှာ ဘုရားသခင်ရဲ့ ဘုန်းတော် အဖို့အလို့ငှါ အသက်ရှင်ဘို့ ဖြစ် ပါတယ်။ အချို့လူတွေဟာ ခြားနားစွာ ရပ်တည်ခွင့်ရကြပါတယ်။ သင်ဟာ ဘယ်လိုဘဲ ရပ်တည်နေပါစေ၊ ဘုန်းတော် အတွက် ဖြစ်စေပါ။

ခ။ သူ့ဘဝထဲက ပြဿနာ

သူ့ကို သူရဲ့ အမေက ယာဗတ်လို့ နာမည်ပေးခဲ့ပါတယ်။ အဓိပ္ပါယ်ကတော့ “ငါဝမ်းနဲမှု၊ နာကျင်မှု၊ ဒုက္ခထဲက မွေးဖွား လာတဲ့သား၊ သူဟာ “နာကျင်မှု ခံစားရမည့်သား” လို့ အဓိပ္ပါယ်ရပါ တယ်။ နာမည်တွေဟာ အခြေအနေကို ဖော်ပြနေ တာကို သိကြမယ်လို့ ထင်ပါတယ်။ သူတို့ရဲ့ အသက်ရှင်မှုကို မြင်ရလို့ ပတ်ဝန်းကျင် ကနေ အလိုလို နာမည် ကင်ပွန်းတပ်ပြီး သားဖြစ် တတ်ကြ ပါတယ်။

ကျွန်တော်တို့ရဲ့ နာမည်ဟာ ဘယ်လိုဖြစ်ခဲ့ သည်ဖြစ်စေ အရေးမကြီးပါဘူး။ အခုချိန်မှာ သင်တို့ဟာ ခရစ်တော်နဲ့ အသက်ရှင် နေပြီဖြစ်လို့ အရာရာကို ကျော်လွှားနိုင် တော့မယ်ဆိုတာ ယုံကြည်ထား စေချင်ပါတယ်။ အတိတ်က ချည်နှောင် မှုတွေကို ချေဖြတ် နိုင်ဘို့ အတွက် ခွန်အား တန်ခိုးတွေ ရှိနေပါပြီ။ ယခင်က ကျွန်တော်တို့ဟာ မည်ကဲ့သို့ အသက်ရှင်ခဲ့ သည်ဖြစ်ပါစေ။ မိသားစု မည်ကဲ့သို့ ဖြစ်သည် ဖြစ် ပါစေ၊ ကျွန်တော် တို့ဟာ ထိပ်ကို တတ်လှမ်းဘို့ သေချာနေပါပြီ။ ကျွန်တော်တို့အတွက် သေချာတဲ့ ဂုဏ်သတင်းတွေ ရှိနေပါပြီ။ ကျွန် တော်တုို့ဟာ ဘယ်တော့မှ နောက်ကျန်နေမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ အစွမ်း သတ္တိတွေ ရှိနေပါပြီ။ ဒါဟာ ဘုရားသခင်ရဲ့ တန်ခိုး တော် ဖြစ်ပါတယ်။ (၁ကော ၁၅း၁၀) ငါ့အထဲမှာ ရှိတဲ့ ဘုရား တန်ခိုးတော်က လုပ်ဆောင် တယ်လို့ ပြော ပါတယ်။

ဘုရားသခင်ဟာ သူကြိုက်တဲ့သူကို သူကြိုက်သလို ဖြစ်စေချင်သလို လုပ်ဆောင်နိုင်တဲ့ဘုရား ဖြစ်ပါတယ်။ ဥပမာ ယာကုတ်ကို ကြည့်ပါ။ အဓိပ္ပါယ်ကတော့ လိမ်လည်လှည့်ဖျားသူ လို့အဓိပ္ပါယ်ရပါတယ်။ ဒါပေမဲ့ သူရဲ့ နာမည်ကို ဣသရေလ ဟူသော အမည်ကို ပြောင်းလဲ စေခဲ့ပါတယ်။ အဓိပ္ပါယ် ကတော့ ဘုရားသခင်နှင့် အတူရှိတဲ့ မင်းသားလေး ပါလို့ အဓိပ္ပါယ် ရပါတယ်။

ဂ။ သူ့ဘဝထဲက နေထိုင်မှုပုံစံအသွင်

ယာဗတ်ဟာ ထူးဆန်းသော သူတစ်ဦး ဖြစ်တယ်။ သူဟာ ညီအကို ဆွေမျိုးတွေက လေးစားအတု ယူရသူ တစ်ဦးဖြစ်တယ်။ ယာဗတ်ဟာ ဘာလဲဆိုတာ ကျမ်းစာမှာ ရှင်းလင်းစွာ ဖေါ်ပြထားခြင်း မရှိပါဘူး။ ဒါပေမဲ့ သူဟာ ဆုတောင်း တတ်သောသူ တစ်ဦးဖြစ်တယ်ဆိုတာ ဖေါ်ပြထားပါတယ်။ ဒါကြောင့် သေချာတာကတော့ ယာဗတ်ဟာ ဘုရားရဲ့ လူမှန် တစ်ဦးပါ။ သူဟာ ဘုရားသခင် အတွက် အသက်ရှင် နေသူ တစ်ဦး ဖြစ်ကြောင်း သိနိုင်ပါတယ်။ သူဟာ ဘုရား အတွက် အမြဲတစ်စေ ယဇ်ပူဇော် နေသူတစ်ဦးပါ။ (ရောမ ၁၂း၁-၂)

ယာဗတ်၏ဆုတောင်း

ယာဗတ်က ချမ်းသာ ကြွယ်ဝဘို့ အမြဲတမ်း ဆုတောင်းပါတယ်။ ယာဗတ်ဟာ အချက်နှစ်ချက်ကို ဆုတောင်းပါတယ်။ ပထမအချက်က ကောင်းကြီးရဘို့ ဆုတောင်းပါတယ်။ ဒုတိယအချက်က နယ်မြေကျယ်ဝန်းစေဘို့ ဆုတောင်းပါတယ်။ ယာဗတ်ဟာ ရှိတဲ့ အခြေအနေကို ကျေနပ်နေတဲ့သူ တစ်ဦးမဟုတ်ပါဘူး။ ယာဗတ်ဟာ အချက်နှစ်ချက်ကို လိုချင်ပါတယ်။

ယာဗတ်က ဘုရားသခင်အတွက် အကောင်းဆုံးဖြစ်ဘို့ ဆုတောင်းပါတယ်။

ယာဗတ်က ဘုရားကောင်းကြီး ခံစားရဘို့ ဆုတောင်းပါတယ်။

ယာဗတ်က တန်းခိုးခံစားဘို့ ဆုတောင်းပါတယ်။

ယာဗတ်ဟာ ဘုရားသခင်ရဲ့ ကွယ်ကာမှုရဘို့ ဆုတောင်းပါတယ်။

ယာဗတ်နှင့် ဘုရားသခင်၏ ပံ့ပိုးမစမှု

ယာဗတ်၏ ဆုတောင်းကို ဘုရားသခင်က ပေးတတ်သည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်အတွက် အသက်ရှင်သောကြောင့် ဖြစ်သည်။ (ယာကုတ် ၄း၂-၃)

သင်တို့သည် တပ်မက်၍ မရကြ။ လူအသက်ကိုသတ်၍၄င်း၊ အလွန်လိုချင်သော လောဘစိတ်ရှိ၍၄င်း၊ အလို မပြည့်စုံနိုင်ကြ။ ရန်တွေ့ခြင်း၊ စစ်တိုက်ခြင်း ကိုလည်း ပြု၍ မရကြ။ အကြောင်းမူကား၊ ဆုမတောင်းဘဲ နေကြ၏။ ဆုတောင်းလျှင်လည်း ကာမဂုဏ် ခံစားစရာဘို့ ရှိစေခြင်းငှါ၊ အလွဲ တောင်းသောကြောင့် မရကြ။ (ယာကုတ် ၄း၂-၃)

ကျွန်တော်နဲ့ ခင်ဗျားတို့ ဟာ ယာဗတ်မဟုတ်ကြပါဘူး။ ဒါပေမဲ့ ယာဗတ်လို ကျေနပ်မှုမရှိဘဲ ကျော်လွှားဘို့တော့ ဘုရားသခင်က လိုချင်ပါတယ်။

အသင်းတော်ရဲ့ အခြေအနေကို ကျေနပ်နေသလား။

လက်ရှိအခြေအနေကို ကျေနပ်နေပါသလား။

ပိုမိုပြီး ကောင်းကြီးမင်္ဂလာ ခံစားရစေဘို့ လက်ရှိ အခြေ အနေထက် ပိုမိုပြီး ဝမ်းမြောက်စရာ ခံစားရစေဘို့ ယာဗတ်ကဲ့သို့ ကြိုးစား ဆုတောင်း၍ အောင်မြင် မှုကို ရယူကြပါစို့။

ဘုရားသခင် ကောင်းကြီး ပေးပါစေ။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

၄၅။ကိုယ်တော်နှင့်လျှောက်လှမ်းရန်ယုံကြည်ခြင်းသင့်မှာရှိပါသလား။

ကျမ်းပိုဒ် = မာကု ၅း၂၁-၄၃ ကို ဖတ်ပါ။

၂၁ ယရှုသည် ကမ်းတဘက်သို့ ကူးပြန်၍ အိုင်နားမှာရှိတော်မူစဉ်၊ များစွာသော လူအပေါင်း တို့သည် အထံတော်၌ စုဝေးကြ၏။ ၂၂ ထိုအခါ ယာဣရု အမည်ရှိသော တရားစရပ်မှူးသည် လာ၍ ကိုယ်တော်ကို မြင်လျှင်၊ ခြေတော်ရင်း၌ ပြပ်ဝပ်လျက်၊ အကျွန်ုပ်၏ သမီးငယ်သေ လုပါပြီ။ ၂၃ သို့သော်လည်း ကိုယ်တော်သည် ကြွ၍ သူ့ကိုကယ်တင်ခြင်းငှါ သူ၏အပေါ်၌ လက်ကို တင်တော်မူလျှင် အသက်ရှင် ပါလိမ့်မည်ဟု များစွာ တောင်းပန်၏။ ၂၄ ကိုယ်တော်သည် သူနှင့်အတူသွား၍ များစွာသော လူအပေါင်း တို့သည် ကိုယ်တော်ကို ခြံရံလျက် ထိခိုက် တိုက်မိကြ၏။

၂၅ ထိုအခါ တဆယ်နှစ်နှစ်ပတ်လုံး သွေးသွန်အနာစွဲသောကြောင့်၊ ၂၆ များစွာသော ဆေးသမားတို့ လက်၌ အလွန်ခံရ၍၊ ဥစ္စာ ရှိသမျှ ကုန်သော်လည်း သက်သာ မရသည်သာမက၊ အနာ တိုးသော မိန်းမ တယောက်သည်၊ ၂၇ ယေရှု၏ သိတင်းတော်ကို ကြားသည် ရှိသော်၊ ၂၈ ငါသည် အဝတ်တော် ကိုသာတို့လျှင် ချမ်းသာရမည်ဟု ဆိုသည်နှင့်၊ လူအစု အဝေးထဲ၌ နောက်တော်သို့ လာ၍ အဝတ်တော်ကို တို့လေ၏။ ၂၉ ထိုခဏခြင်းတွင် အသွေး စုဝေးရာ ခမ်းချောက်သည် ဖြစ်၍၊ ထိုရောဂါ နှိပ်စက်ခြင်းနှင့် ကင်းလွတ်ပြီဟု မိမိကိုယ်၌ သိလေ၏။ ၃ဝ ယေရှုသည် မိမိကိုယ်မှ တန်ခိုးထွက်သည်ကို ချက်ခြင်း သိတော်မူလျှင်၊ လူအစုအဝေး၌ နောက်သို့ လှည့်၍၊ ငါ့အဝတ်ကို အဘယ်သူ တို့သနည်းဟု မေးတော်မူ၏။ ၃၁ တပည့် တော်တို့က၊ လူအစု အဝေးသည် ကိုယ်တော်အား ထိခိုက် ကြသည်ကို မြင်လျက်ပင်၊ ငါ့ကို အဘယ်သူ တို့သနည်းဟု မေးတော် မူပါသည် တကားဟု လျှောက်ကြ သော်လည်း၊ ၃၂ ကိုယ်တော်သည် ထိုသို့ ပြုသောသူကို မြင်ခြင်းငှါ ပတ်လည်သို့ ကြည်ရှုတော်မူ၏။ ၃၃ ထိုမိန်းမသည် ကိုယ်၌ အဘယ်သို့ ဖြစ်သည်ကို သိသောကြောင့် ကြောက်ရွံ့ တုန်လှုပ်လျက် အထံတော်သို့ လာပြီးလျှင်၊ ပြပ်ဝပ်၍ အထိုအကြောင်း ရှိသမျှကို အဟုတ်အမှန် ကြားလျှောက် လေ၏။ ၃၄ ကိုယ်တော် ကလည်း၊ ငါ့သမီး၊ သင်၏ ယုံကြည် ခြင်းသည် သင့်အနာကိုငြိမ်းစေပြီ။ ငြိမ်ဝပ်စွာ သွားလော့။ ရောဂါ နှိပ်စက် ခြင်းနှင့် ကင်းလွတ်စေဟု မိန့်တော်မူ၏။

၃၅ ထိုသို့ မိန့်တော် မူစဉ်တွင် တရားစရပ်မှူးအိမ်မှ လူလာ၍၊ ကိုယ်တော်၏ သမီးသေပါပြီ။ အဘယ်ကြောင့် ဆရာ ကိုနှောင့်ရှက် သေးသနည်း ဟု ဆိုကြ၏။ ၃၆ ထိုစကားကို ယေရှုသည်ကြားလျှင်၊ မကြောက်ကြနှင့်။ ယုံကြည်ခြင်း စိတ်တခုသာ ရှိစေလော့ဟု တရားစရပ်မှူး အား ချက်ခြင်း မိန့်တော်မူ၏။ ၃၇ ပေတရု၊ ယာကုပ်၊ ယာကုပ်၏ညီ ယောဟန်မှတပါး အဘယ်သူကိုမျှ မလိုက်စေဘဲ၊ ၃၈ တရားစရပ်မှူး အိမ်သို့ရောက်၍ အုန်းအုန်း သဲသဲပြုကြသည်ကို၎င်း၊ အလွန် ငိုကြွေး မြည်တမ်းသော သူတို့ကို၎င်း၊ မြင်တော်မူလျှင်၊ ၃၉ အတွင်းသို့ဝင်၍ သင်တို့သည် အဘယ်ကြောင့် အုန်းအုန်းသဲသဲပြု၍ ငိုကြွေးကြသနည်း။ သူငယ်သေသည်မဟုတ် အိပ်ပျော်သည် ဟု မိန့်တော်မူသော်၊ ၄ဝ ထိုသူတို့သည် ပြက်ယယ်ပြုကြ၏။ ထိုသူ ရှိသမျှတို့ကို ပြင်သို့ထွက်စေပြီးမှ သူငယ်၏ မိဘတို့ကို၎င်း၊ ကိုယ်တော်နှင့် ပါသောသူတို့ကို၎င်း ခေါ်ပြီးလျှင်၊ သူငယ်လျောင်းရာ အရပ်သို့ဝင်၍၊ ၄၁ သူငယ်၏ လက်ကို ကိုင်တော် မူလျက်၊ တလိသကုမိဟု မိန့်တော်မူ၏။ အနက်ကား၊ မိန်းမငယ် ထလော့ ငါဆို၏ဟု ဆိုလိုသတည်း။ ၄၂ ထိုခဏခြင်းတွင် မိန်းမငယ်သည် ထ၍ လှမ်းသွား၏။ သူသည် တဆယ်နှစ်နှစ်အရွယ်ရှိ၏။ ထိုသူတို့သည် အလွန် မိန်းမောတွေဝေခြင်းသို့ ရောက်ကြ၏။ ၄၃ ထိုအမှုအရာကို အဘယ်သူမျှ မသိစေမည် အကြောင်း၊ ထိုသူတို့ကို ကျပ်တည်းစွာပညတ်တော်မူ၍၊ သူ့အား စားစရာ ပေးလော့ဟု မိန့်တော်မူ၏။ (မာကု ၅း၂၁-၄၃)

ဤတရား ဟောချက်ထဲတွင် စိန်ခေါ်မှုများအတူ စိတ်လှုပ်ရှားစရာ ကျမ်းပိုဒ်များ ပါဝင် နေပါသည်။ ဤအထဲတွင် မတူညီ သီးခြားစီ ရပ်တည် နေကြသော အဖြစ်အပျက် နှစ်ခု ပါဝင်ပါသည်။ သို့သော်လည်း ထိုအဖြစ် အပျက် နှစ်ခုသည် တစ်နေရာ တည်းတွင် နဖူးတွေ့ ဒူးတွေ့ တွေ့ကြုံ ကြရလေသည်။ ထိုနှစ်ခု အကြားတွင် သခင် ယေရှုနှင့် တွေ့ကြုံ ဆက်နွှယ်နေသည့် အခြေအနေများကို ရှင်းလင်းသွားပါမည်။

ပထမဦးစွာ ယာဣရုနဲ့ မိတ်ဆက်ပေးလိုပါသည်။ သူသည် တရားဇရပ်မှူး တယောက် ဖြစ်ပါသည်။ တနည်းအားဖြင့် အမှုတော်ဆောင် တစ်ဦးဖြစ်သည်။ သူ၏ လူမျိုးစုများအကြားတွင် အလွန် အလုပ်များပြီး အလွန် ကြီးမား များပြားသော တာဝန်များကို ထမ်းဆောင် နေရသည်။ နှုတ်ခပတ်တော်ကို ယုံကြည် လေးစား အားကိုးသော ဘုရားသခင်၏ သန့်ရှင်းသူ တစ်ဦးဖြစ်ပါသည်။ အမှုတော် အတွက် မိမိ အသက်တာကို ဆက်ကပ် ထားသော ယုံကြည်သူ တဦးဖြစ် ပါသည်။ အထူးသဖြင့် ထာဝရ ဘုရားကို ယုံကြည် ကိုးစားသောသူ တစ်ဦး ဖြစ်ပါသည်။

သူသည် နေ့တိုင်းအစဉ် တပါးသူများ၏ ပြဿနာများကို ကူညီ နေရသူ တစ်ဥိး ဖြစ်ပါသည်။ တရား ဇရပ်တွင် နာမကျန်းသူများ၊ မေတ္တာ ငတ်နေသူများဖြင့် အလုပ် ရှုပ်နေသူ တစ်ဦးဖြစ်သည်။ ပြဿနာရှိသူ၊ ဒုက္ခ ခံစားနေရသူများအကြားတွင် အမှုတော် ထမ်းဆောင်ရန် ဘုရားသခင်က ရွေးကောက်ထားသည်။ အမှုတော် ဆောင် တစ်ဦး ဖြစ်သောကြောင့် အိမ်တွင်လည်း ဧည်သည်များနှင့် အမြဲ ပြည့်နေသူ တစ်ဦးဖြစ်သည်။

ဤမျှ လေးစားစရာ ကောင်းသော အမှုတော်ဆောင် တစ်ဦး ဖြစ်သည့် ယာဣရုသည် သူကိုယ်တိုင် ပြဿနာ တစ်ခုကို ရင်ဆိုင် ကြုံတွေ့ရ လေတော့သည်။ သူတပါး ကျန်းမာလာဘို့ ဆုတောင်းပေး ရလေ့ ရှိသော အမှုတော် ဆောင်ကြီး ယာဣရုသည် သမီးဖြစ်သူ၏ ကျန်းမာရေး ဆိုးရွားမှုကို တွေ့ကြုံ ခံစားလာရသည်။ ဘခင် တစ်ဦး အနေဖြင့် မည်သို့မျှ ဖြေသိမ့်၍ မရနိုင်ပါ။ အလွန် ငယ်ရွယ်သေးသည့် သမီးငယ်တွင် ဆရာဝန်၏ ဆေးစစ်တမ်း အရ မကြာမီ သေဆုံးရတော့မည်။ တတ်နိုင် သလောက် ကြိုးစား ကုသ ခဲ့သော်လည်း ဆရာဝန် ၏ နောက်ဆုံး အဖြေကြောင့် တုန်လှုပ် ချောက်ခြား ရပါတော့သည်။ မိဘ အချို့တို့သည် ဤကဲ့သို့ အခြေအနေ တွေ့ကြုံ လာပါက ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကာ စိတ်ခံစားမှု များပြားလွန်းသဖြင့် ဘာလုပ်၍ ဘာကိုင်ရမှန်း မသိ ဖြစ်နေလေ့ ရှိကြသည် မဟုတ်ပါလား။ အချို့က ဘုရားသခင်ကို အပြစ်တင်မည်။ တချို့က မိမိကိုယ်ကို မိမိ အပြစ် တင်မည်။ မည်မျှ ကြီးမားသော စိတ်ခံစားမှု များနှင့် နဘမ်းလုံး နေမည်ကို သင်ကိုယ်တိုင် စိတ်ထဲတွင် မြင်ယောင် ကြည့်ပါ။

နောက်ဆုံးတော့ ဘုရားသခင်သည် သူ့ကို လမ်းပြလိုက်သည်။ သူသည် တစ်စုံတစ်ရာကို သတိရ မိလိုက်သည်။ တရားဇရပ်တွင် ဂျူးလူမျိုး ယုံကြည်သူများ အကြား ပြောဆိုနေသော လူငယ် တရားဟော ဆ၇ာ လေးလား၊ ပရောဖတ်လားမသိ။ ထိုတစ်ယောက်ကို သတိရ လိုက်သည်။ ထိုယေရှု ဆိုသော လူငယ် လေးသည် တရား ဇရပ်များတွင် ရဲဝင့်စွာ တရား ဒေသနာများ ဟောပြော နေဟု ကြားနေရသည်။ အချို့ မြို့များတွင် တရားဟောသ ည့်အခါ တစ်မြို့လုံး ကုန်မတတ် သွားကြသည်ကို ကြားဘူးသည်။ အထူးသဖြင့် ထိုလူငယ်လေး သည် ကျန်းမာခြင်းကို ပေးကြောင်း ကြားသိနေရသည်။ သူ့အားဖြင့် ကျန်းမာ သွားကြသော လူများ အလွန်များ ပြားလှကြောင်း ကြားသိဘူးပါသည်။

ယေရှုသည် မွေးကတည်းကပင် ခြေလက် သေနေသူများကို အကောင်း ပကတိ ပြန်လည် ဖြစ်စေသည်။ သင်းချိုင်းမှာ နတ်ဆိုးစွဲနေသော သူကိုလည်း ပြန်လည် ကောင်းမွန်စေသည်။ မင်္ဂလာဆောင်မှာလည်း ရေကို စပျစ်ရည်ဖြစ်စေခဲ့သည်။ ကြားသိ သလောက် ပြန်လည် သုံးသပ် ရသော် သေအံ့ ဆဲဆဲ ဖြစ်သော သမီး အတွက် ကူညီနိုင်သောသူ ဖြစ်နိုင်ချေရှိသည်။ တရားဇရပ်မှူး သိလာခဲ့သည်မှာ ဤမြို့ကလေးသို့ သခင်ရောက်လာမည်။ သူကိုယ်တိုင် သွားရောက် ပင့်ဖိတ်လိုက်မည်ဟု ပြင်ဆင်နေပါသည်။

သခင်ယေရှုသည် လှေပေါ်မှ ဆင်းလျှင် များပြား လှသော လူအုပ်ကြီးသည် ကိုယ်တော်ကို စောင့်နေ လျှက် ရှိပါသည်။ ကျမ်းစာ ထဲတွင် အလွန် များပြား သော လူအုပ်ကြီးဟု ဖေါ်ပြထားပါသည်။ ကျမ်းစာ ထဲတွင် သခင်ယေရှု အနားသို့ ယာဣရု ရောက်ရှိနေပါပြီ။ လူအုပ်ကြီးသည် ကိုယ်တော်၏ အနားတွင် တိုးကြိတ် လျှက် ရှိပါသည်။ သူသည် ကိုယ်တော် သခင်ယေရှုထံ ၀င်ရောက်ကာ “သခင် အားပါသလား၊ အားလျှင် ကျွန်တော်၏ အိမ်သို့ ကျေးဇူးပြု၍ လိုက်ပေးပါ။” စသည်ဖြင့် မေးမြန် ခြင်းမပြုတော့ဘဲ အိမ်သို့ လိုက်လာပါရန် အတင်း တောင်းဆိုခဲ့သည်ဟု ယူဆရပါသည်။

ဘခင်ဖြစ်သော တရားဇရပ်မှူးက မည်မျှပင် ခေါ်ဖိတ်နေပါစေ၊ ကိုယ်တော်သည် သူ၏ ယုံကြည်ခြင်း ကိုတော့ စမ်းသပ် လိုပါသေးသည်။ သူ၏ တောင်းဆိုမှုကို ကိုယ်တော်က မည်သို့မျှ ပြန်လည် တုန့်ပြန်မှု မပြူခဲ့ချေ။ သို့သော် သူခေါ်ရာသို့ ချက်ချင်း လိုက်ပါ ခဲ့ကြောင်း ကျမ်းစာတော် မြတ်တွင် ဖေါ်ပြထားသည်။ သခင် ယေရှုသည် ဘခင်၏က တောင်းဆို လွန်းအား ကြီးသောကြောင့် လိုက်လာ ခဲ့သည့်တိုင် သူ၏ ယုံကြည်ခြင်း ကို မည်သို့မျှ မှတ်တမ်းတင် ထားခြင်း မရှိချေ။ ကျမ်းစာကို ပြန်လည် လေ့လာ ကြည့်ပါ။ အခန်းငယ် (၂၄)တွင် “ကိုယ်တော်သည် သူနှင့်အတူ သွား၍…..” ဟူသော အသုံးအနှုံးကို တွေ့ရပါသည်။ ကိုယ်တော်သည် ကောင်း၏ ဆိုး၏ မည်သို့မျှ ပြန်လည်တုန်ပြန်မှု မပြုဘဲ ချက်ခြင်းလိုက်လာခဲ့သည်ကို မြင်တွေ့ ရပါသည်။

ထိုအချိန်တွင် ရောဂါသည် အမျိုးသမီး တစ်ဦးသည် လှို့ဝှက်စွာ လာ၍ ကိုယ်တော်၏ အ၀တ်တော်ကို တို့ထိ လိုက်သည်။ ထိုအမျိုးသမီးသည် ယုံကြည်ခြင်းဖြင့် တို့ထိ လိုက်သည် ဟု သမ္မာကျမ်းစာ တွင် အတိအလင်း ဖေါ်ပြ ထားပါသည်။ သခင်သည် ပတ်ဝန်းကျင်ကို လှည့်ကြည့် ပြီးနောက် တရားခံကို ရှာဖွေ လိုက်သည်။ မေးခွန်း တစ်ခု မေးလိုက်သည်မှာ “ငါ့ကို ဘယ်သူ ထိသနည်း”။ တပည့်တော်များက အလွန် များပြားသော လူအုပ်ကြီး၏ တိုးဝှေ့ နေမှုကို တွေ့မြင်ပါလျှက်နှင့် ယခုကဲ့ သို့ မေးမြန်လာသော မေးခွန်းကို ကျေနပ် အားရပုံ မရကြချေ။ သို့သော် ကိုယ်တော်က ပြန်လည် ပြောဆိုလိုက် သည်မှာ “မဟုတ်ဘူး။ ငါ့ကိုယ်က တန်ခိုးထွက်တယ်” ဟူ၍ ပြန်လည် တုန့််ပြန်ခဲ့ပါသည်။

ယခု ဖခင်တဦး၏ ခံစားချက်ကို တခါပြန်လည်ကြည့်ကြပါဦးစို့။ သူသည် မိမိ၏ တစ်ဦးတည်းသော သမီးလေး သေမင်းတံခါးဝသို့ ရောက်ခါနီး ဆဲဆဲတွင် ကြံရာမရ စိတ်ဂယောင်ခြောက်ခြား ဖြစ်ကာ သခင် ယေရှုထံ သို့ အတင်း လူအုပ်ကြီးကို ဖြတ်ပြီး တောင်းပန်မှုပြုခဲ့ရသည်။ သူသည် ကိုယ်တော်ကို အလျှင်အမြန် အိမ်သို့ ခေါ် သွားချင်သည်။ ခဏလေးတောင်မှ အချိန် မဖြုန်းချင်ပါ။ အိမ်ကို မြန်မြန်ရောက်ဘို့ လိုသည်။ သမီးလေး အသက် မသေမီ ကိုယ်တော်က ကြိုတင်ရောက်မှ ဖြစ်လိမ့်မည်။ သမီးလေး၏ အခြေအနေမှာ အချိန်မရွေး သေဆုံး သွားနိုင်သည်။ ကြည့်ပါ။ အမျိုးသမီးတစ်ဦးသည် လမ်းခရီးတွင် ခိုးကြောင်ခိုးဝှက် ရောက်လာကာ ယုံကြည်ခြင်းဖြင့် တို့ထိသည်ဟု ဆိုကာ သခင်ထံမှ သခင်၏ စွမ်းရည်များကို တိတ်တခိုး ယူဆောင်လေသည်။ ထိုသို့ သူမ၏ လုပ်ဆောင်မှုကို ကိုယ်တော်ကလည်း သဘောကျ နှစ်ခြိုက်နေပုံ ရပါသည်။ ထိုအရာများ အားလုံးကို ယာဣရု မြင်တွေ့နေရပါသည်။ စိတ်မရှည်နိုင်တော့ပါ။ သူ့ကိစ္စက ပိုအရေးကြီးသည် မဟုတ်ပါလော။ စိတ်ထဲတွင် တွေးနေသောအရာ များစွာ ရှိနေပေလိမ့်မည်။ လမ်းခရီးတွင် ကြန့်ကြာနေရသည်ကို စိတ်မရှည်နိုင် ဖြစ်နေလိမ့်မည်ဟု ထင်ပါသည်။

ယခုကဲ့သို့ ကြန့်ကြာ နေခြင်းကို သင်မည်ကဲ့သို့ ထင်မြင်ပါသနည်း။ ကျွန်ုပ်တို့ ထံတွင် ထိုကဲ့သို့ ကြန့်ကြာမှု များအတွက် ကျေးဇူးတော် ချီးမွမ်းစရာများ ရှိနေပါသည်။ ထိုကြန့်ကြာမှုထဲတွင် သင်ယူစရာပေါင်း မြောက်များစွာ ရှိနေပါသည်။ ရာထူးတတ်ဘို့ တစ်စုံတစ်ခုသော အချိန်ကို စောင့်ရသည် မဟုတ်လော။ ကျန်းမာ ခြင်းဆိုတာကို ရနိုင်ဘို့ တစ်စုံတစ်ရာသော အချိန်ကို စောင့်ရသည် မဟုတ်ပါလော။ ပြဿနာတွေ ပြေလည်ဘုိ့ ကာလ အချိန်တစ်ခုကို စောင့်ဆိုင်းရသည် မဟုတ်ပါလော။ ထိုကဲ့သို့ စောင့်ဆိုင်းရသည့် (နှောင့်နှေး နေရသည့်) အချိန် ကြုံလာတိုင်း မိမိ၏ အခြေအနေ များကို ပြန်လည် သုံးသပ် ရနိုင်သည် မဟုတ်ပါလော။ လူတို့၏ စိတ်သဘော အရ ပြဿနာ၊ အဆင်မပြေမှုများ ကြုံတွေ့လာပါက အလျှင်အမြန် ပြေလည်ချင်သည်။ ထိုသို့ မပြေလည် သည့်တိုင်အောင် ဘုရားသခင်၏ ကျေးဇူးတော်သည် လုံလောက်လျှက် ရှိပါသည်။

ယခုကဲ့သို့ စောင့်ဆိုင်း နေရသော ယာဣရု၏ ဘ၀ထဲတွင် သူ၏ ယုံကြည်ခြင်းကို တစ်ဆင့် မြင့်လာ နိုင်မည့် အခြေအနေကို တွေ့ကြုံခွင့် ရပါသည်။ သူ၏ ပုံမှန် ဖြစ်ရမည့် အစီအစဉ်ထဲတွင် တစ်ဆယ် နှစ်နှစ် ပတ်လုံး သွေးသွန် ရောဂါစွဲနေသည့် မိန်းမက ၀င်ရောက် နေရာ ယူသွားသည်။ ထိုမိန်းမသည် ငွေကုန်ပြီး ဆေးသမားစုံ နေသော်လည်း ရောဂါက ပျောက်ကင်းသွားခြင်း မရှိချေ။ ကျမ်းစာကပြောသည်မှာ ရောဂါ ပိုဆိုးလာသည်ဟု ဆိုပါသည်။ ဤနေရာတွင် သခင်ယေရှုသည် တန်ဘိုးရှိလှသော အချိန်များကို သေအံ့ ဆဲဆဲ ဖြစ်သော သမီးဖြစ် သူအတွက် အသုံးပြုရမည့်အစား ပညတ်တော်အရ အပြစ်ရှိပြီး ပယ်ထားရမည့် အမျိုးသမီး တစ်ယောက် အတွက် အသုံးပြုနေသည်။

  • ဤနေရာတွင် သခင်ယေရှုသည် လူပုဂ္ဂိုလ်များကို အားနာမှု လုံးဝမရှိကြောင်း သက်သေပြလျှက် ရှိပါသည်။
  • ကိုယ်တော်သည် ချမ်းသာကြွယ်ဝသူများ၊ အရာရှိများကိုလည်း ဘုရားသခင်ကို ယုံကြည်စေရန် ကြည့်ရှုသည်။ ဂရုစိုက်သည်။
  • ကိုယ်တော်သည် ဆင်းရဲနွမ်းပါးသူများ၊ အပယ်ခံများကိုလည်း ဘုရားသခင်ကို ယုံကြည်လာစေရန် ကြည့်ရှုသည်။ ဂရုစိုက်သည်။
  • ကိုယ်တော်သည် ယာဣရု၏ ယုံကြည်ခြင်းကိုလည်း တုန့်ပြန်မှုပြုသလို၊ ဆင်းရဲသား အပယ်ခံ မိန်းမတစ်ဦး၏ ယုံကြည်ခြင်းကိုလည်း ဂရုစိုက်ခဲ့သည်။
  • ကိုယ်တော်သည် ချမ်းသာကြွယ်ဝသောသူများ သက်သက်ကိုသာမကြည်ဘဲ အခြေအနေအားလုံး အတွက် ကြည်ရှုပေးသည်မှာ သေချာလေသည်။
  • လုံလောက်သော ယုံကြည်ခြင်း ရှိသောသူတိုင်းကို ရှာဖွေ ကြည့်ရှု ပေးလျှက် ရှိပါသည်။

ယာဣရုအကြောင်း ဆက်လက် ကြည့်ကြပါစို။ သူသည် အလွန် ၀မ်းမြောက်ခြင်း ခံစားနေရမည်မှာ သေချာ ပါသည်။ သူအားကိုး မြှော်လင့် ယုံကြည်သော ခရစ်တော်၏ အစွမ်းအစကို မြင်သောအခါ အလွန်အားရ ကျေနပ်လျှက် ရှိသည်။ သူ၏ ၀ိညာဉ်သည် လေထဲမှာ ၀ဲလွှင့် ပျံသန်းနေသယောင် ပေါ့ပါး လန်းဆန်း နေလိမ့်မည်။ သူ့ကိုယ် သူလည်း သခင်၏ ကျန်မာခြင်း တန်ခိုးတော်နှင့် ပတ်သတ်ပြီး သက်သေခံလျှက် ရှိနေသည် ဟုခံစားပါသည်။ ယခုအခါ မိမိသမီး၏ ကျန်မာရေး အတွက် စိတ်ချမှု အပြည့် ရှိသွားပါပြီး။ သို့သော် စာတန်သည် သတင်းကောင်း အတွက် ၀မ်းမြောက်လျှက် ရှိသောသူတို့ကို ကြာကြာ ၀မ်းမြောက်နိုင်သော အခွင့် မပေးခဲ့ချေ။ သတင်းစကား တစ်ခု ရောက်လာခဲ့ပါသည်။ ထိုသတင်း စကားကြောင့် ကျောက်တုံကဲ့သို့ ခိုင်ခန့်နေသော သူ၏ ကမ္ဘာလေးသည် ရုတ်တရက် ဆပ်ပြာ ဘူဘောင်းလေးပမာ လွှင့်စင် ပျောက်ပျက် သွားခဲ့လေသည်။

ထိုသတင်း စကားမှာ “ကိုယ်တော်၏ သမီး သေဆုံး သွားပါပြီး။ သခင့်ကို ဒုက္ခ မပေးပါနဲ့တော့။” ထိုသတင်း စကားကို သခင်ယေရှု ကိုယ်တိုင်လည်း ကြားခဲ့လေသည်။ ထိုအခါ တုန်လှုပ် ချောက်ခြားနေသော ဘခင်ဘက်သို့ လှည်ပြီးနောက် ရုတ်တရက် ပြောလိုက်သော စကားသည်ကား “မကြောက်ပါနဲ။ ယုံကြည်ခြင်း တခုသာ ရှိပါလော့” ဟူ၍ ဖြစ်သည်။ အဓိပ္ပါယ်မှာ “လုံးဝ မတုန်လှုပ်ပါနှင့်။” ဟု ဆိုလိုခြင်း ဖြစ်ပါသည်။ ထိုစကား ကို သခင်ယေရှုသည် သတင်းဆိုးကို ရုတ်တရက် ကြားလိုက်သည့် ခဏခြင်းတွင် ပြောလိုက်ခြင်း ဖြစ်ကြောင်း သမ္မာ ကျမ်းစာက ပြောဆိုထားပါသည်။

ကျွန်ုပ်တို့သည် မကောင်းသော သတင်းတစ်စုံ တစ်ရာကို ကြားပြီ ဆိုပါက ကျွန်ုပ်တို့၏ ယုံကြည်ခြင်း သည် အမြဲတမ်း ကျဆင်း သွားလေ့ရှိသည်။ သို့သော် သခင်သည် ကျွန်တော်တို့၏ ယုံကြည်ခြင်းကို အနည်းငယ် မျှပင် လျော့နည်းရန် အလိုတော် မရှိချေ။ သတင်းဆိုး ကြားသည်နှင့် တပြိုင်နက် ကိုယ်တော်သည် ချက်ခြင်း တုန့်ပြန် လိုက်သည်မှာ “မကြောက်နှင့်။ ယုံကြည်ခြင်း တခုသာ ရှိစေလော့။” ဟူ၍ ချက်ခြင်း တုန့်ပြန် ခဲ့လေသည်။ ထို့ကြောင့် သတင်းဆိုးကြားသည်နှင့် တပြိုင်နက် နှုတ်ခပတ်တော်က ဘာပြောသလဲ ဆိုသည်ကို ချက်ခြင်း ရှာဖွေဘို့ လိုအပ်ပါသည်။ ပြဿနာ ဖြစ်ပွားသည့် အမြင့်ဆုံး အနေအထားတွင် သခင် ယေရှုထံမှ နှုတ်ခပတ်တော် အားဖြင့် ခွန်အား ယူကြမည်။ မည်သို့ပင် ဖြစ်စေ သခင် ယေရှုထံတွင် ကျွန်တော်တို့အတွက် ၀မ်းမြောက်စရာ သတင်းစကားနှင့် နှစ်သိမ့်ခြင်း စကားများ ရှိနေပါသည်။

ယာဣရု အနေဖြင့် သခင်ယေရှုနှင့် ပတ်သတ်ပြီး ခံစားမိသော ယုံကြည်ခြင်းတရား အချို့ ရှိနေပါ သည်။ သေခြင်းတရား ဆိုသည်မှာ ဖျားနာခြင်း ဆိုသောအရာထက် ပိုမို စိမ်ခေါ်နေသော အချက် တချက် မဟုတ်ချေ။ သခင့်ထံတွင် တန်ခိုးရှိနေသည် ဆိုခြင်းကြောင့် ထွက်ခွာသွားသော အသက်ကိုလည်း ပြန်လည် ပေးစွမ်းနိုင်ပါသည်။ ယုံပါသည်။ သခင့်ထံတွင် ထိုအစွမ်းတန်ခိုးများ ရှိနေသည် မိမိ၏ သမီးကို ပြန်လည် အသက် ရှင် စေမည်။ ထို့ကြောင့် သခင်ယေရှုက “မတုန်လှုပ်ပါနှင့်” ဟု ပြောလာသော စကားကို ယုံကြည်သည်။ ထိုစကား ကို ယာဣရုက ယုံကြည်သည့် နည်းတူ သင့်ကိုလည်း ကိုယ်တော်ကို ယုံကြည်ခြင်း အားဖြင့် ပြဿနာ အသီးအသီးတွင် သူနှင့် အတူ လျှောက်လှမ်းရန် တောင်းဆိုနေပါသည်။ ကိုယ်တော်နှင့် အတူ လျှောက်လှမ်းရန် လုံလောက်သော ယုံကြည်ခြင်း ရှိနေပါသလား။”

ဤနှုတ်ခပတ်တော် ဆင်ခြင်မှုအရ ကျွန်ုပ်တို့ကို သခင်က မေးနေသည်မှာ ကိုယ်တော်နှင့်အတူ လျှောက်လှမ်းရန် လုံလောက်သော ယုံကြည်ခြင်း ရှိနေပါသလား။”။ ယာဣရု၏ နှလုံးသားနှင့် စိတ်ခံစားမှုများကို သတင်းဆိုး မကြားမီကပင် ကြီးမားသော ယုံကြည်ခြင်းနှင့် တို့ထိ ခံစားပြီး ဖြစ်သောကြောင့် နောက်ထပ် ဖြစ် ပျက်လာမည့် အရာတို့အတွက် ကြိုတင် ခံစား ယုံကြည်ပြီး ဖြစ်ပေတော့မည်။ ကျွန်ုပ်တို့ သိရှိရမည့်အချက်တခုမှာ သခင်ယေရှုသည် မည့်သည့်အခါမျှ ဈာပန အစီအစဉ်များကို မပြုလုပ်ခဲ့ချေ။ သခင်ယေရှု၏ အစီအစဉ် ဇယား ထဲတွင် သေခြင်းဆိုသည်မှာ မရှိချေ။ ယခု ယာဣရု၏ အိမ်သို့ သွားရောက်သည့် အစီအစဉ်သည် ဈာပန အစီအစဉ် ပြုလုပ်ရန်မဟုတ်ကြောင်း နားလည်ထားပါ။ ဖခင် ကိုယ်တိုင်လည်း သိမည်ဟု ထင်ပါသည်။ သခင် အိမ်သို့ လိုက်လာခဲ့ခြင်းမျာ အသုဘ အစီအစဉ် ပြုလုပ်ရန် မဟုတ်ကြောင်း သိရှိနေပါသည်။

ကိုယ်တော်နှင့် အတူ လျှောက်လှမ်းနေသ၍ “ကျွန်ုပ်တို့တွင် အချိန်နှောင်းသွားပြီ” “နောက်ကျသွားပြီ” “လွန်သွားပြီ” ဆိုသည့် စကားလုံးများ မရှိပါ။ ယာဣရု ကြားသိရသော သတင်းစကားသည် သတင်းဆိုး ဖြစ်သော်လည်း ကိုယ်တော်ကို ယုံကြည်သောသူတို့အတွက် အဆိုးထဲတွင် အကောင်းများ အစဉ်လွှမ်းမိုးလျက် ရှိသည်။ ကိုယ်တော်သည် အခြေအနေ အမျိုးမျိုးတွင် တတ်နိုင်သော အရှင်ဖြစ်သည် မဟုတ်ပါလော။ ကိုယ်တော်သည် ယာဣရု၏ အိမ်သို့ ရောက်သောအခါ သေဆုံးသွားသော သမီးငယ်၏ အခန်းသို့ ၀င်ရောက်ကာ သမီးငယ်၏ လက်ကို ဆွဲကိုင်လျှက် “မိန်းမငယ်၊ ထလော့” ဆိုသည်နှင့် သေဆုံးနေသော မိန်းမငယ်လေးသည် ပြန်လည်ထမြောက်လာကြောင်း တွေ့ရှိရပါသည်။ သင်ကိုယ်တိုင် ခံစားကြည့်ပါ။ ယာဣရုသည် ခံစားရသော ကောင်းကြီးမင်္ဂလာအတွက် မည်မျှ ကျေနပ် ၀မ်းမြောက်နေပါမည်နည်း။

သင်၏ ဘ၀ အသက်ရှင်မှု ထဲတွင် ထိုကောင်းကြီး မင်္ဂလာကို ရယူ ခံစားနိုင်ပါသည်။ ယာဣရုသည် ဖြစ်ပျက်သမျှ အရာများကို ပြန်လည် စဉ်စားကြည့်လိုက်တိုင်း ကျေနပ်အားရ ၀မ်းမြောက်ခြင်းကို ခံစားရပေ လိမ့်မည်။ မည်မျှပင် ပြဿနာ ဆိုးရွား ကြီးထွားနေစေကာမူ ကိုယ်တော်နှင့် လျှောက်လှမ်းလိုသော စိတ်နှလုံး အပြည့်အ၀ ရှိနေပါသည်။ ထိုစိတ်နှလုံးသည် ကိုယ်တော်နှင့်အတူ လျှောက်လှမ်းလိုသည့် ယုံကြည်ခြင်း ပင်ဖြစ် သည်။ ယာဣရုတွင် လုံလောက်သော ယုံကြည်ခြင်း ရှိနေပါသည်။ ကျွန်ုပ်မေးပါရစေ။ သင့်မှာ ကိုယ်တော် နှင့်အတူ လျှောက်လှမ်းရန် လုံလောက်သော ယုံကြည်ခြင်း ရှိနေပါသလား။ သခင်ယေရှုက သင့်ကို မေးနေပါသည်။ ယနေ့ပင် အဖြေပေးလိုက်ပါ။ ကိုယ်တော်နှင့် အတူ လျှောက်လှမ်းရန် လုံလောက်သော ယုံကြည်ခြင်း သင့်မှာ ရှိပါသလား။

 

၄၆။ဘုရားသခင်ရဲ့အိမ်မက်ထဲမှာပျံသန်းခြင်း

ငါတို့ တောင်းပန်ကြံစည်သမျှထက် တတ်နိုင်တော်မူသောအရှင် (ဧဖက် ၃း၂၀)

မေးခွန်းလေးတစ်ခုနဲ့ အစပြုချင်ပါတယ်။ ဘုရားသခင်ဟာ ကျမ်းစာထဲက လူပု၈္ဂိုလ်တွေကို လွယ် ကူတဲ့ အလုပ်တွေ ပေးဘူးပါသလား။ ကျွန်တော် ရိုးသားစွာနဲ့ ပြောချင်ပါတယ်။ သင်ဒီအရာကို စဉ်းစား စေချင်ပါတယ်။ ဘုရားသခင်ဟာ ခေတ်အဆက်ဆက်မှာ ယုံကြည်သူတွေကို တစ်စုံတစ်ရာပြောဆို စေခိုင်း တဲ့အခါ အချိန်မယူရပါဘူး။ မခက်ခဲပါဘူး လို့တော့ ဘယ်တော့ ဘယ်တော့မှ မပြောခဲ့ပါဘူး။ မှန်ပါတယ်။

ကလေးဖြစ်စေ၊ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ လူတိုင်း တစ်ယောက်ချင်းစီတိုင်းကို ခေါ်တဲ့အခါ ဘုရားသခင်ရဲ့ အလွန်ကြီးမားတဲ့ ခေါ်သံနဲ့ပါ။ လူ့အမြင်၊ လူ့အတွေးများနဲ့ ကြည့်မယ်ဆိုရင်တော့ အမှန်တကယ်တွေ့နိုင်ဘို့ အရမ်း ခက်ပါ လိမ့်မယ်။

နောဧ သိကျွမ်းခွင့် ရခဲ့တဲ့ ဘုရား

နာဧထံကို ဘုရားသခင်လာတဲ့အခါ “နောဧ ငါရဲ့ အိပ်မက်ကို ဖြစ်မြောက်အောင် မင်းအ ကောင်အထည် ဖော်ပေးရမယ်။ လူသားမျိုးနွယ် တစ်ခုလုံးနဲ့ ပတ်သတ်ပြီး ငါ့မှာ အကြံအစည် တစ်ခုရှိတယ်။ အဲဒီအလုပ်ကို မင်းနဲ့ဘဲ ငါလုပ်ချင်တယ်။ အခုအခါမှာ မင်းဟာ ကြီးမားတဲ့ လှောင်ပြောင်သရော် မှုတွေကို ခံစားရမယ်။ ရန်လိုမှုတွေကို ခံစားရမယ်။ ဒါပေမဲ့ အဲဒါတွေကို မေ့ထားလိုက်ပါ။ ငါက မင်းကို မဖြစ်နိုင်တာတွေကို လုပ်စေချင်တယ်။ တိရစ္ဆာန်တွေထဲက အကောင်တွေကို ရွေးချယ်ပါ။ အိမ်ထဲမှာ ထားပါ။ အစာကြွေးပါ။ စောင့်ရှောက်ပါ။ အဲဒါကို မင်းရဲ့ မိသားစုနဲ့ အစပြုလုပ်ဆောင်ပါ။ မင်းရှိနေတဲ့ လူမှု အဖွဲ့အစည်းကြီးထဲကနေ ထွက်လိုက်ပါ။ ငါမင်းကို ကတိပေးတယ်။ အဲဒါတွေ အားလုံးကို မင်းတစ်ယောက်ထဲ လုပ်ရမှာ မဟုတ်ဘူး။ ငါလည်း မင်းနဲ့ အတူရှိနေမယ်။ ငါမင်းကို လက္ခဏာ သက်သေပေးမယ်။ မင်းထံမှာ ငါ့ရဲ့ ကတိတွေရှိနေပြီး၊ ငါ့ရဲ့မျက်မှောက်တော်မှာဘဲ အသက်ရှင် လုပ်ဆောင် နေရတယ် ဆိုတာကို သတိ ရထားပါ။ နောဧအတွက် ရရှိတဲ့ ပဋိညာဉ် လက္ခဏာ သက်သေကတော့ သန့်တန့်ပါဘဲ။ နောဧက ပြန်ပြော ပါတယ်။ ဟုတ်ကဲ့ပါ။ ကျွန်တော် ဘာမှ နားမလည်ပါဘူး။ ဒါပေမဲ့ ကျွန်တော့် ကိုယ်တော်အတွက် လုပ်ပေးပါမယ်။ ကျွန်တော့်ကို အသုံးပြု တော်မူပါ။

အာဗြဟံ သိကျွမ်းခွင့်ရခဲ့တဲ့ ဘုရား

အာဗြဟံ ငါ့ထံမှာ မင်းအတွက် အိမ်မက် တစ်ခုရှိတယ်။ အဲဒီအစီအစဉ်ကို မင်းတာဝန် ယူရမယ်။ အခု ငါ ဣသရေလဆိုတဲ့ လူမှု အသိုက်အဝန်းကြီး တစ်ခုကို တည်ဆောက်ချင်တယ်။ မင်းရဲ့ မိသားစုထဲကနေ ထွက်လိုက်ပါ။ မင်းရဲ့အိမ်တွေ၊ မင်းရဲ့ ယဉ်ကျေးမူတွေ မင်းရဲ့ ချမ်းသာ ကြွယ်ဝမှုတွေနဲ့ အရာရာကို စွန့်လွှတ်လိုက်ပါ။ မင်းတစ်ခါမှ မမြင်ဘူးသေးတဲ့ နယ်မြေတစ်ခုထံကို သွားပါ။ မင်းကို မင်းမသိကြွမ်းတဲ့ လူတွေကြားမှာ ငါအသက် ရှင်စေမယ်။ မင်းကို ငါလမ်းပြမယ်။ ဒါပေမဲ့ မင်းကို ငါကတိ တစ်ခုပေး ပါမယ်။ မင်း တစ်ယောက်ထဲ သွားရမှာ မဟုတ်ပါဘူး။ ငါလည်း မင်းနဲ့ အတူရှိမှာပါ။ မင်းဟာ ငါ့ရဲ့ ကတိထဲမှာ ရှိနေပြီး ငါ့ရဲ့ မျက်မှောက်တော်မှာဘဲ အသက်ရှင်ရမှာ ဖြစ်ပါတယ်။ အာဗြဟံရတဲ့ လက္ခဏာ ပဋိညာဉ်ကတော့ အရေ ဖျားလှီးခြင်းပါဘဲ။ အာဗြဟံက ဘာမျှ ပြန်မပြောခဲ့ပါ။ ဟုတ်ကဲ့ပါ ကိုယ်တော်။ ကျွန်တော်နားလည်ပါပြီး။ ကျွန်တော်ကို အသုံးပြုတော်မူပါ။

မောရှည် သိကျွမ်းခွင့် ရခဲ့တဲ့ ဘုရားသခင်

မာရှည် ငါတော့ ငါ့လူတွေကို ဖာရောဘုရင်ရဲ့ လက်ထဲကနေ လွှတ်မြောက်စေချင်ပြီ။ ဒါ ကြောင့် အလွန်တရာ တန်ခိုး ကြီးလှတဲ့ ဖာရော ဘုရင်ထံ သွားပါ။ သူ့ကို အာခံမှု ပြုပြီးတော့ ပြောလိုက်ပါ။ “ငါ့ လူတွေကို အ မြန်ဆုံး လွှတ်ပေးပါလို့” မောရှည်က ပြန်ပြော လိုက်တယ်။ ကိုယ်တော် ကျွန်တော့်မှာ စကားလည်း နှေးပါတယ်။ အစွမ်းလည်း မရှိပါဘူး။ ဒါပေမဲ့ ကိုယ်တော် ကျွန်တော့် ကို အသုံးပြုနိုင်ပါတယ်။ ကျွန်တော့်ကို အသုံးပြုတော်မူပါ။

ဒီလို အခြေအနေမျိုးတွေ ကျမ်းစာထဲမှာ အများကြီးရှိပါတယ်။ ဘုရားသခင်က ယောက်ျား၊ မိန်းမ မည်သူမဆို မတူညီတဲ့ အိမ်မက် ကလေးတွေ၊ ပုံမှန် မဟုတ်တဲ့ အိမ်မက် ကလေးတွေကို ပေးတွေ့စေပါတယ်။

နေဟမိကို ကြည့်ပါ။ ယေရုရှလင်မြို့ရိုးကြီးကို ပြန်လည်ပြင်ဆင်ရပြီး၊ သူ့လူမျိုးတွေ အတွက် မျှော်လင့်ချက် တွေကို ရှင်သန်စေခဲ့တယ်။ ဒါဝိတ်ဟာ လူ့ဘီလူးကြီး ဂေါလျက်ကို ရင်ဆိုင်ခဲ့ပြီး သူ့လူတွေကို ကယ်တင် စေခဲ့တယ်။ ဧသတာဟာ သူ့လူမျိုးတွေ ပြဿနာရှိပြီး အသက် အန္တရယ်နဲ့ ရင်ဆိုင် နေရချိန်မှာ ရှင်ဘုရင်ရဲ့ စိတ်ကို ပြောင်းလဲသွားအောင် လုပ်ဆောင်ပေး ခဲ့ရတယ်။ ယောသပ်ဟာ ငြိုငြင်ခံရပြီး ထောင်ကျကာ လူမျိုးတော် အတွက် ဘုရားသခင် သတ်မှတ်ထားတဲ့ နေရက်မှာ သူ့လူမျိုးတွေ အတွက် အစား အစာကို ရရှိစေဘို့ ပြင်ဆင်ပေးရတဲ့သူ ဖြစ်ခဲ့တယ်။ ဒံယေလဟာ ခြင်္သေ့တွင်း ထဲမှာ ပစ်ချခံရပြီး ဆိုးညစ်တဲ့ လူတွေ အကြားမှာ ယုံကြည်ခြင်းတရားကို ပြသဘုိ့ ဘုရားသခင်က ရွေးချယ်ခဲ့တယ်။

အထက်ပါ လူပုဂ္ဂိုလ်တွေအားလုံးဟာ ဘုရားသခင်နောက်ကို တစိုက်မက်မက် လိုက်ခဲ့ပြီး ခက်ခဲ မှုပြဿနာတွေကို ရင်ဆိုင်ရကာ သူတို့ရဲ့ အသက်တာမှာ ယုံကြည်ခြင်း တရားကို မြင်သာ စေရန် အသုံး ပြုခံခဲ့ရတဲ့ သူတွေ ဖြစ်တယ်။

ဘုရားသခင်ဟာ အိပ်မက်တွေကို ပေးတဲ့ ဘုရားဖြစ်ပါတယ်။ သူဟာ အိပ်မက် အမျိုးအစားပေါင်း များ စွာကို ဖန်ဆင်းပြီး သင့်တော်ရာ လူတွေထံကို ပို့ဆောင်နေပါတယ်။

သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ အလုပ်ကတော့ ကျွန်တော်တိုရဲ့ အသက်ရှင်မှုမှာ ရူပါရုံတွေ၊ အိပ်မက်တွေ ပေးဘို့ပါဘဲ။ ဘုရားသခင်ဟာ မြေပြင်ပေါ်က အိပ်မက်တွေအားဖြင့် ကောင်းသောအရာ တွေကို ခံစားလျက် ရှိပါတယ်။ လူတိုင်းဟာ အိပ်မက်တွေ ရှိနေတာ၊ ရူပါရုံတွေ ရှိနေတာတွေဟာ ကောင်း သော အမှုအရာတွေပါ။ အိပ်မက်တွေ ကနေ သင်ရယူနိုင်တဲ့ အရာ (၄)ခုကို ကျွန်တော် ပြောပြချင်ပါတယ်။

(၁) အိပ်မက်ဟာ သင့်ကို လမ်းညွှန်မှု ပြုလုပ်ပေးပါတယ်။

ယောသပ်သည် အိပ်မက်ကို မြင်ရ၍ အကိုတို့အား ပြန်ပြောသဖြင့် သူတို့သည် သာ၍မုန်းကြ၏။ (ကမ္ဘာ ၃၇း၅)

ယောသပ်ဟာ အိပ်မက်ကို ဘုရားသခင်ထံက ရရှိထားတာ ဖြစ်ပါတယ်။ အဲဒီ အိပ်မက်သည်ပင်လျှင် ယောသပ်ဖြစ်ရမယ့် လမ်းကြောင်း ဖြစ်နေပါတယ်။ အဲဒီ အိပ်မက်ကဘဲ သူ့မိသားစုထဲမှာ သူ့ကို ပြဿနာ ဖြစ်စေခဲ့ပါတယ်။ ရောင်းစား ခံရတာ၊ စုံစမ်နှောင့်ယှက် ခံရတာ၊ စွတ်စွဲခံရတာ၊ ထောင်ကျတာနဲ့ ပြန်လည် လွှတ်မြောက်ပြီး ဘုရားသခင်ရဲ့ဘုန်းကို ဆောင်နိုင်တဲ့နေရာကို ရောက်ရှိလာတာ တွေအားလုံးဟာ အိပ် မက်ကြောင့်ပါဘဲ။

သင်ဟာ ယေရှုခရစ်တော်ကို အသက်တာထဲမှာ မရသေးဘူးဆိုရင် သင်အတွက် ဖြစ်ရမယ် လမ်းညွှန် အိပ်မက်မျိုးကို ရရှိနိုင်မှာမဟုတ်ပါဘူး။ ယေရှုခရစ်တော်ဟာသင့်ကို မိမိဟာဘယ်လိုပုဂ္ဂိုလ် လူမျိုးဖြစ်တယ်ဆိုတဲ့ သက်သေလက္ခဏာပါ။ အဲဒီလိုသက်သေရမှ သင်ဟာ ဘယ်လိုမျိုး အသက်ရှင်ရမယ် ဆိုတဲ့ လမ်းညွှန်မှုကို ရရှိမှာ ဖြစ်ပါတယ်။

သင် ယေရှုခရစ်တော်ကို ရရှိပြီးပါလား။

  • သခင်ယေရှုနဲ့ ဆက်သွယ်မှု ရရှိခြင်းဟာ သင့်အတွက် ကောင်းကြီးမင်္ဂလာပါ။
  • မိမိရဲ့ အဖြစ် (Identity) နဲ့ အဆက်အသွယ် ပြုလုပ်ပါ။
  • မိမိရဲ့ အိပ်မက် နဲ့ အဆက်အသွယ်ပြုလုပ်ပါ။
  • မိမိရဲ့ အသက်တာထဲက လမ်းညွှန်မှုနဲ့ အဆက်အသွယ်ပြုလုပ်ပါ။

သင့်အသက်တာထဲက ရည်ရွယ်ချက်ကို အမှန်တကယ် ဖြစ်ချင်တယ်ဆိုရင် သင့်ရဲ့ဘုရားသခင်ပေးထားတဲ့ အိပ်မက်ကို တန်ဘိုးထားပါ။ အဲဒီအရာကို တန်ဘိုးထား ဆောင်ရွက်ရင် အဲဒီအိပ်မက်က သင့်ကို အမှန် တကယ် ပံ့ပိုးပေးပါလိမ့်မယ်။

(၂) အဲဒီအိပ်မက်က သင့်ရဲ့ ဖြစ်နိုင်ချေသော့ကို ဖွင့်ပေးပါလိမ့်မယ်။

ကျွန်တော်တို့ဟာ အိပ်မက်မရှိရင် အခြေအနေ တစ်ခုရဲ့ သော့ခတ်ခြင်းကို ခံရပါလိမ့်မယ်။ ကျွန်တော်တို့ လမ်းကြောင်းပေါ်ကို ရောက်လာတဲ့ အရာတွေကို သာမန်တုန့်ပြန်ရုံ မျှလောက်သာ ဖြစ်ပါ လိမ့်မယ်။ သင့်မှာ အိပ်မက် သို့မဟုတ် ရည်ရွယ်ချက် သို့မဟုတ် ရူပါရုံ မရှိခဲ့၇င် မည်သို့မျှ လန်းဆန်း တက် ကြွမှုကို မဖြစ်စေနိုင်ပါ။ အခြေအနေ တစ်ခုကို ရအောင် ဖန်တီးလိုစိတ် ရှိမည် မဟုတ်ပါ။ အဲဒီအရာက ကျွန် တော်တို့ကို နောက်သို့ ပြန်စေနိုင်တဲ့ အရာဖြစ် လာပါတယ်။ သင့်မှာ ဘုရားသခင်ရဲ့ အိပ်မက် သို့ ရည်ရွယ် ချက်တစ်ခု ရှိနေပြီးဆိုရင် အဲဒီအရာကို တန်ဘိုးထားပြီး စတင် လုံးပန်း ကြိုးစားအားထုပ် လာမှာ ဖြစ်ပါတယ်။ အရင်က ရှိခဲ့ဘူးတဲ့ သတ္တိတွေထက် ပိုမို ရဲဝန့်လာမှာဖြစ်ပါတယ်။

ကျမ်းစာက ပြောထားပါတယ်။ ကျွန်တော်တို့ဟာ ရည်ရွယ်ချက်နဲ့ အညီ ဖန်ဆင်းခံထားရကြောင်း ပြောပါတယ်။

ယေရမိ ၂၉း၁၁ မှာ ပြောထားတာက

တစ်ဖန်မိန့်တော်မူသည်ကား ငါသည် သင်တို့ကို အကျိုးနည်းစေခြင်းငှါ ကြံစည်သော အကြံမ ဟုတ်ဘဲ၊ သင်တို့သည် မျှော်လင့်သော အကျိုးကို ရမည့်အကြောင်း ငြိမ်ဝပ်စေခြင်းငှါသာ သင် တို့အဖို့ ကြံစည်သော အကြံတို့ကို ငါသိ၏။ (ယေရမိ ၂၉း၁၁)

အိပ်မက်တွေဟာ သင့်ရဲ့ ဖြစ်နိုင်တဲ့အရာဟူသမျှကို တန်ခါးဖွင့်ပေးပါလိမ့်မယ်။

(၃) အိမ်မက်များက အနာဂတ်အတွက် သင့်ကို စည်းကမ်းတွေ ပြုလုပ်ပေးပါလိမ်မည်။

အိပ်မက် (ရူပါရုံ) မရှိရင် သင်ဟာ ထိုင်နေရုံမျှသာ ပြုနေတဲ့သူပါ။ အနာဂတ်အတွက် ဘာမျှ လုပ်ဘို့လည်း မကြိုးစား တဲ့သူပါ။ နောက်ကို ပြန်လှည့်နေတဲ့သူပါ။ အဲဒီ အိပ်မက်တွေက ကျွန်တော်တို့ကို ပုံစံတွေ သွင်းပေးနေတယ်။ ကျွန်တော်တို့ရဲ့ နေထိုင်မှုကို ပြုပြင်စေတယ်။ အိပ်မက်ဟာ သင့်ကို တိုးတက်စေပါတယ်။

အဲဒီအိပ်မက်ကို အကောင်အထည်ဖော်ဘို့ ပြုလုပ်ရင် သန့်ရှင်းသော ဝိညာဉ်တော်က လမ်းပြပါဝင်လုပ် ဆောင် ပါလိမ့်မယ်။

(၄) အိပ်မက်တွေက သင့်ကို ဘုရားသခင်ထံမှာ ဆွဲခေါ်သွားပါလိမ့်မယ်။

အိပ်မက်တွေ ဖြစ်မြောက်ဘို့ ဘုရားသခင်က ကျွန်တော်တို့ကို ဖန်ဆင်းထားတာဖြစ်ပါတယ်။ အဲဒီအိပ်မက်အစစ်အမှန်တွေက ကျွန်တော်တို့ကို ယုံကြည် ခြင်းတရားထဲမှာ ဆွဲခေါ်သွားမှာ ဖြစ်ပါတယ်။

ယောသပ်ဟာ အသက်တာထဲမှာ ဘုရားသခင်ထံက ရရှိထားတဲ့ အိပ်မက်ဟာ နှစ်ပေါင်းဘယ်လောက် ကြာသည်ဖြစ်စေ သူဟာ မေ့နိုင်တော့မှာ မဟုတ်ပါဘူး။ အဲဒီ အိပ်မက်ဟာ ဘုရားသခင်က ကိုယ်တိုင် ခံစားထားတဲ့ အိပ်မက်ဖြစ်ပြီး ဣသရေလ အမျိုးသားအားလုံးအပေါ်မှာ ဘုရားသခင် ထားရှိ တဲ့ အိပ်မက်ပါ။ အဲဒါကို ယောသပ်ကလည်း ဘုရားသခင်ရဲ့ အကြံအစည် တော်ထဲက လုပ်ငန်းစဉ် တစ်ခု ဖြစ်တယ်ဆိုတာ မနော အာရုံ ထဲက ခံစားပြီး ထားတာကြောင့် သူ့အတွက် ပြဿနာ အမျိုးမျိုး တွေ့ကြုံ ရပေမဲ့ ဘယ်သောအခါမှ အခြေနေပေါ်မှာ အသက် မရှင်တော့ပါ။ ဘုရားသခင်ရဲ့ အကြံ အစည်တော်နှင့် အသက်တာ ထဲမှာ ကိုဆက်ကပ်ပြီး အသက်ရှင် ပါတော့သည်။

နောက်ဆုံးနေဖြင့် မိတ်ဆွေကို အားပြောချင်ပါတယ်။

နောဧဟာ ဘုရားသခင် ထားရှိတဲ့ အိပ်မက်ကို အကောင် အထည် ဖေါ်ပေး ခဲ့ရပါတယ်။ ဘုရားသခင် ပြောတဲ့အတိုင်း ပြုလုပ်ပြီးတော့ ဘုရားသခင်က လူတို့အတွက် ပြုလုပ်လိုတဲ့ အပြစ်တရား ရှင်းလင်းရေး လုပ်ငန်းစဉ်မှာ ပါဝင် လုပ်ဆောင် ပေးခဲ့ရ ပါတယ်။

အာဗြဟံဟာ ဘုရားသခင်ရဲ့ လူမျိုးတော် တည်ထောင်ရေး အစီအစဉ် တစ်ခုမှာ ပါဝင် အသုံးတော် ခံပေးခဲ့ရပါတယ်။ ဣဇတ်၊ ယာကုတ် တို့ဟာလည်း ယောသပ် မမွေးဖွားခင်မှာ ဘုရားသခင်ရဲ့ ရူပါရုံ အိပ်မက်တွေကို မိမိတို့ရဲ့ သက်ဆိုင်ရာ အခန်းကဏ္ဍတွေမှာ ပါဝင် လုပ်ဆောင် အသုံးတော် ခံပေးခဲ့ရပါတယ်။ ယောသပ် လက်ထက် ရောက်လာတဲ့အခါ ဣသရေလလူမျိုးတွေကို အဲဂုတ္တုပြည်မှာ ကျွန်အဖြစ် ထားရှိမယ့် အနှစ် (၄၀၀) အစီအစဉ်ကို ယောသပ်က အကောင်အထည် ဖေါ်ပေးပြီး အသုံးတော် ခံခဲ့ရပါတယ်။

အဲဒီလိုဘဲ မောရှည်၊ ယောရှုတို့က အစ ခေတ်အဆက်ဆက်မှာ တရားသူကြီးတွေ၊ ပရောဖတ်တွေ၊ ရှင်ဘုရင်တွေဟာ ဘုရားသခင် ထားရှိတဲ့ ရူပါရုံ အိပ်မက်တွေကို အကောင်အထည် ဖော်ပေး ခဲ့ရပါတယ်။

ယနေ့ သင့်ကို ဘုရားသခင်ရဲ့ ရူပါရုံ အိပ်မက်တွေကို အကောင်အထည် ဖေါ် ပေးနိုင်ဘို့ ဘုရားသခင်က အသုံးပြုလိုပါတယ်။ သင်ကိုယ်တိုင် ဘုရားသခင်ရဲ့ အိပ်မက်တွေထဲမှာ ၀ဲပြန် နေဘို့လိုပါတယ်။ သင့်ကို ဘုရားသခင်က ချီးမြှောက် ချင်ပါတယ်။ သင်ကိုယ်တိုင် ဘုရားသခင် အတွက် အကောင်းဆုံး အသက်ရှင် ခြင်းအားဖြင့် ဘုရားသခင်ရဲ့ လူအဖြစ် အသက်ရှင်ဘို့ တိုက်တွန်းလိုက် ပါရစေ။

အထက်တွင် ဖေါ်ပြခဲ့သော “အိပ်မက်” ဆိုသည်မှာ ဘုရားသခင်က သင့်ကို ပေးထားသော သင်လုပ်ဆောင်ရမည့် “ရူပါရုံ” (သို့မဟုတ်) “လမ်းညွှန်ချက်များ” ကို ဆိုလိုပါသည်။

 

 

 

 

 

 

 

 

 

 

၄၇။ဘုရားသခင်ရဲမျက်မှောက်တော်ထဲအသက်ရှင်ခြင်း

ကျွန်တော်တို့သည် အသင်းတော်သို့ အခြေအနေ အမျိုးမျိုးတွင် သွားကြသည်။ အဆင်ပြေသည့်အခါ၊ အဆင်မပြေ သည့်အခါ၊ ကျေးဇူးတော် ချီးမွမ်း လိုသည့်အခါ၊ တနင်္ဂနွေ ဘုရားကျောင်းသို့ သွားလိုသည့်အခါ သွားကြပါသည်။ ကျွန်တော်တို့ ပြန်လည် စဉ်းစား သင့်သည်မှာ ထိုသို့ သွားသည့် အခါတိုင်း ဘုရားသခင်၏ မျက်မှောက် တော်သို့ အမှန်တကယ် ရောက်ရှိသွားမည်ဟူသော ခံစားချက်တခု သင့်မှာ အမှန် တကယ် ရှိပါသလား။

ကျွန်တော်တို့သည် ဘုရားသင်၏ တန်ခိုးတော်ကို အချိန်တိုင်းတွင် အလိုရှိသလောက် ရနိုင်ပါသည်။ သို့သော် ကျွန်တော်တို့သည် ကိုယ့်ခွန်အားကို အသုံးပြုပြီး အသက်ရှင်ရန် နေ့စဉ် အသက်တာတွင် ကြိုးစား အားထုပ် နေကြပါသည်။ ကျွန်တော်တို့သည် လျှပ်စစ်မီးကို လိုချင်သလောက် ကြိုက်သလောက် သုံးစွဲနိုင်ပါလျှက် သုံးစွဲ ရန် စိတ်မကူ၊ သုံးစွဲလိုစိတ် မရှိသော သူတစ်ဦးနှင့် တူပါသည်။

လျှပ်စစ်မီး၏ အောက်တွင် ကျွန်တော်တို့ ရှိနေသောအခါ အလင်း၏ တန်ခိုးကို ခံစားရသကဲ့သို့ ဘုရားသခင်၏ မျက်မှောက်တွင် နေသောအခါ ဘုရား သခင်၏ တန်ခိုးကို ခံစားရပါသည်။ အကယ်၍ ကျွန်တော် တို့သည် ဘုရားသခင်၏ မျက်မှောက်တော်မှ ထွက်လိုက်ပါက ဘုရား တန်ခိုး တော်ကိုလည်း အလိုလို ဖယ်ရှားပြီး ဖြစ်ပေတော့မည်။

ထိုအကြောင်းအရာနှင့် ပတ်သတ်ပြီး ထွက်မြောက်ရာကျမ်း ၃၃း၁၂-၂၃ တွင် ရှိသော အကြောင်းအရာလေး တစ်ခုကို ဖတ်ရှုဝေငှလိုပါသည်။

မျက်မှောက်တော်တွင် အသက်ရှင်ခြင်း (ထွက်မြောက် ၃၃း၁၂-၁၄)

မောရှေကလည်း၊ ဤလူတို့ကို ပို့ဆောင်လော့ဟု ကိုယ်တော် မိန့်တော်မူသည်တွင် အကျွန်ုပ်နှင့်အတူ အဘယ်သူကို စေလွှတ် တော်မူသည်ကို အကျွန်ုပ်မသိရ။ သို့သော်လည်း ကိုယ်တော်က၊ သင့်ကို သင်၏နာမဖြင့် ငါသိ၏။ သင်သည် ငါ့ရှေ့၌ မျက်နှာ ရပြီဟု အကျွန်ုပ်အား မိန့်တော်မူပြီ။ သို့ဖြစ်၍ အကျွန်ုပ်သည် ရှေ့တော်၌ မျက်နှာ ရလျှင် မျက်နှာ ရကြောင်းကို အကျွန်ုပ် သိပါမည် အကြောင်း၊ ကိုယ်တော်၏ လမ်းကို ပြတော်မူပါ။ ဤလူမျိုး သည် ကိုယ်တော်၏ လူဖြစ်ကြောင်းကို ဆင်ခြင်တော်မူပါ၊ အကျွန်ုပ် တောင်းပန်ပါ၏ဟု ထာဝရ ဘုရားအား လျှောက်ဆို၏။ ငါကိုယ်တိုင်သွား၍ ငြိမ်ဝပ်ခြင်းချမ်းသာကို ပေးမည်ဟု မိန့်တော်မူ၏။ (ထွက် ၃၃း၁၂-၁၄)

ဘုရားသခင်သည် လူသားနှင့် နက်ရှိုင်းသော ဆက်ဆံရေး (A deep personal relationship) ရှိရန် လူသားကို ဖန်းဆင်း ခဲ့သည်။ ဘုရားသခင်သည် အာဒံနှင့် ဧ၀ တို့နှင့်တကွ အေဒင် ဥယာဉ်ကြီးထဲတွင် အမှန် တကယ် လမ်းလျှောက် ခဲ့ဘူးပေမည်။ ထိုအဖြစ် အပျက် သေချာစွာ စဉ်းစား ကြည့်ပါ။ ဘုရား သခင်သည် အာဒံ၊ ဧ၀ တို့နှင့် အတူတကွ စကားပြော နေမည်။ လမ်းလျှေက် နေမည်။ ကမ္ဘာဦး လူသား နှစ်ဦးသည် ဘုရား သခင်၏ မျက်မှောက်တွင် အမှန်တကယ် ပျော်ရွှင်နိုင်စွမ်း ရှိသောသူများ ဖြစ်ခဲ့ပေလိမ့်မည်။ ထိုကဲ့သို့ပင် ဘုရား သခင်သည် သင်နှင့် လေးနက်သော ဆက်ဆံရေး တည်ရှိရန် ဆန္ဒရှိနေပါသည်။ ဘုရား သခင်သည် သင့်ကို သူ၏ မျက်မှောက် တော်ထဲတွင် ရှိနေစေ ချင်ပါသည်။

အထက်တွင် ဖော်ပြထားသော ကျမ်းပိုဒ်ထဲတွင် မောရှေသည် ဘုရားသခင်နှင့် စကားပြောရာတွင် ဘုရားသခင် ပြုတော်မူခဲ့သော ကတိတော်နှင့် ပတ်သတ်ပြီး သတိပေးခဲ့ပါသည်။ မောရှေက အဘယ်ကြောင့် ထိုသို့ ပြုလုပ်ခဲ့ပါသနည်း။ ဘုရားသခင်က ပြုတော်မူခဲ့သော ကတိတော်နှင့် ပတ်သတ်ပြီး မေ့လျော့ နေသောကြောင့် မဟုတ်ပါ။ ဘုရားသခင်သည် သူ၏ မျက်မှောက်တော်မှ ဣသရေလ လူမျိုးတို့ကို ဖယ်ရှားခဲ့သောကြောင့် ဖြစ်ပါသည်။ ထိုသို ပြုလုပ် လိုက်ခြင်းဖြင့် ဣသရေလ လူမျိုးတို့သည် ဘုရားသခင် ပတ်သတ်သော ဓမ္မအာရုံကို ဘယ်သော အခါမျှ ခံစားရတော့မည် မဟုတ်ပါချေ။

ကျွန်တော် တို့သည် ဘုရားသခင်ကို ရှာဖွေခြင်း မပြုကြ။ ကျွန်တော်တို့သည် ဘုရားသခင် ရှေ့တွင် ဂုဏ်ပကာ သန အတွက်၊ (သို့) လူအထင် ကြီးဘို့ အတွက်သာ ရပ်နေကြသည် ဆိုလျှင် ဘုရားသခင်ထံမှ ဓမ္မအာရုံကို မည်သို့ ခံရပါ မည်နည်း။ ကျွန်တော် တို့သည် ဘုရားသခင်နှင့် အတူ လျှောက်လှမ်း သည့် အတွေ့ အကြုံ မရှိပါလျှင် မည်သို့မျှ ကြီးထွား ရင့်ကျက် နေပါသည်ဟု ပြောဆို၍ မရနိုင်ချေ။

မောရှေသည် ဘုရားသခင်၏ မျက်မှောက်တော်တွင် စိတ်အားထက်သန်မှု အပြည့်ဖြင့် တောင်းဆု ပြုနေသည်ကို တွေ့ရပါသည်။ ဘုရားသခင်၏ မျက်မှောက်တော်တွင် ဒူးထောက်လျှက် ရှိနေပါသည်။ စိတ်နှလုံးသား အကြွင်းမဲ့ ဖြင့် ဆုတောင်းနေသည်။ ယနေ့ ယုံကြည်သူများ (အသင်းတော်)တွင် အကြီး မားဆုံး ပြဿနာမှာ ဘုရား သခင်နှင့် နက်ရှိုင်းသော ဆက်ဆံရေး (A Deep Relationship with God) မရှိခြင်းပင် ဖြစ်သည်။ ဆုတောင်း ရန်အတွက် အဖိုးအခ မပေးလိုကြချေ။ ဘုရားသခင်နှင့် ရင်းနှီးသော ဆက်ဆံရေး အဖြစ် တည်ရှိလာရန် ကြိုးစား အားထုပ်မှု မရှိကြချေ။ တစ်ညတာ မျှပင် အချိန်မပေး လိုကြ။

မောရှေသည် ဘုရားသခင်ကို ပြောဆို တောင်းပန်သော အမှုကို ထွက် ၃၃း၁၃ တွင် မြင်တွေ့နိုင်ပါသည်။ သူ့ကို ဘုရားသခင်က နှစ်သက် မျက်နိုးပါလျှင် အချက် (၃) ချက်ကို ရရှိလို ပါကြောင်း လျောက်ထား လေသည်။

သို့ဖြစ်၍ အကျွန်ုပ်သည် ရှေ့တော်၌ မျက်နှာရလျှင် မျက်နှာရ ကြောင်းကို အကျွန်ုပ် သိပါမည် အကြောင်း ကိုယ်တော်၏ လမ်းကို ပြတော်မူပါ။ ဤလူမျိုး သည် ကိုယ်တော်၏ လူဖြစ်ကြောင်းကို ဆင်ခြင်တော်မူပါ၊ အကျွန်ုပ် တောင်းပန်ပါ၏ ဟု ထာဝရဘုရားအား လျှောက်ဆို၏။

ရှေ့တော်တွင် မျက်နှာရ ချင်သည်။ ။ဘုရားသခင်ကို သိကျွမ်းသောသူ အစစ်အမှန်ဖြစ်ပါက ဘုရား သခင်ထံမှ မျက်နှာတော် ရချင်သည်။ ဘုရားသခင်၏ အလိုတော်နှင့် အကြံ အစည်တော် ထဲတွင်သာ အသက်ရှင်ချင်သည်။ ဘုရားသခင် ငြိုငြင်မှာကို အရမ်း စိုးရိမ်သည်။ သင် ကိုယ်တိုင် လည်း ဘုရားသခင်ကို အမှန်တကယ် သိကျွမ်းပါက ဘုရားသခင်၏ ရှေ့တွင် မျက်နှာရချင်သော နှလုံးသားဖြင့် အသက် ရှင်ချင် လာပါလိမ့်မည်။

ကျွန်ုပ် သိပါမည် (သိချင်သော နှလုံးသား ရှိသည်)။ ။မောရှေသည် ဘုရားသခင်နှင့် တိုက်ရိုက် ဘုရား သခင်ကို သိကျွမ်းခြင်းဖြင့် ဆက်သွယ်သည်။ ဘုရားသခင်၏ သဘောတော်ကို အစဉ်အမြဲ သိချင်သော နှလုံးသား ရှိသည်။ သိပါရစေဟု တောင်းလျှောက်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ နှုတ်တော် ထွက် စကားတော်များကို သိနားလည်ခြင်း မရှိလျှင် ဘုရားသခင်ကို သိသည်ဟု သင်မပြောနိုင်ပါ။ ကျွန်ုပ် တို့သည် ဘုရားသခင်ကို အမှန်တကယ် သိရှိလာပြီဆိုပါက ဘုရားသခင်၏ လူတစ်ယောက် ဖြစ် ကြောင်း အသိအမှတ်ပြုနိုင်ပါသည်။

ကိုယ်တော်၏ လမ်းကို ပြတော်မူပါ။ ။မောရှေသည် ဘုရားသခင်၏ လမ်းတော်ကို အမှန်တကယ် သိချင်သော နှလုံးသား ရှိနေပါသည်။ အဘယ်ကြောင့် ဆိုသော် ထိုလမ်းတွင် အမှန် တကယ် အသက်ရှင် လျှောက်လှမ်း လိုသောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ လမ်းတော်ကို သိမှသာ ဘုရားသခင်၏ နောက်တော်သို့ အမှန်တကယ် လိုက်သော သူတစ်ဦး ဖြစ် လာမည်။

ကျွန်ုပ်တို့သည် အထက်ပါ အချက် (၃)ချက်ကို လုပ်ဆောင်နေ သည်ဆိုပါက ဘုရားသခင်၏ မျက် မှောက်တော်တွင် အသက်ရှင်နေပြီ ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ လမ်တော်နှင့် ဘုရားသခင်ကို သိကျွမ်းရမည်ဖြစ်သည်။ ထိုအခါ ဘုရားသခင်သည် သူ၏ ကောင်းကင် တံခါး ပေါက်ကြီးများ ကိုဖွင့်ကာ သင့်ကို မျက်နှာသာ ပေးမည်ဖြစ်သည်။

ကျေးဇူးတော် ၀မ်းမြောက်ခြင်းထဲမှာ အသက်ရှင်ခြင်း (ထွက် ၃၃း၁၅-၁၇)

တဖန် မောရှေက ကိုယ်တော်တိုင် မသွားလျှင် အကျွန်ုပ် တို့ကို ဤအရပ်မှ ပို့တော်မမူပါနှင့်။ အကျွန်ုပ်နှင့် ကိုယ်တော်၏လူတို့သည် ရှေ့တော်၌ မျက်နှာရသော အကြောင်းသည် အဘယ်သို့ ထင်ရှားပါ မည်နည်း။ အကျွန်ုပ်တို့နှင့် ကြွသွားတော်မူသော အားဖြင့် သာ ထင်ရှားပါမည် မဟုတ်လော။ ထိုသို့ အကျွန်ုပ်နှင့် ကိုယ်တော်၏ လူတို့သည် မြေကြီးပေါ်မှာ ရှိသမျှသော လူတို့နှင့် ခြားနား ရပါမည်ဟု လျှောက်ဆိုလျှင်၊ ထာဝရဘုရားက၊ သင်လျှောက်သည်အတိုင်း ငါပြုမည်။ သင်သည် ငါ့ရှေ့၌ မျက်နှာရပြီ။ သင့်ကိုသင်၏ နာမဖြင့် ငါသိ၏ ဟု မောရှေအား မိန့်တော်မူ၏။ (ထွက် ၃၃း၁၅-၁၇)

မာရှေက ဘုရားသခင်ကို ဆက်လက် တောင်းလျှောက် ခဲ့သည်မှာ ဘုရားသခင်၏ သစ္စာ တရားကို သက်သေထူရန် တောင်းလျှောက် ခဲ့သည်။ ဘုရားသခင်၏ မျက်မှောက်တော်ဟု ဆိုရာတွင် အမှန်တကယ် ရှိနေ သော ဘုရားသခင်၏ အားရ၀မ်းမြောက်ခြင်းနှင့် စပ်ဆက်ဖြစ် တည်နေသည်။ ဘုရားသခင်သည် ကျွန်တော်တို့၏ အသက်ရှင် လုပ်ဆောင်မှုကို အားမရ မနှစ်သက်ခဲ့ သည် ရှိသော် ဘုရားသခင်ကိုယ် တိုင်ပင် ကျွန်တော်တို့ ထံတွင် ရှိနိုင်မည် မဟုတ်ပေ။ ဘုရားသခင်၏ ယုံကြည်သူများနှင့် ကျန်သည့် လောကလူသားများအကြား ခွဲခြားမှုပြုရာတွင် ဘုရားသခင်၏ မျက်မှောက် တော်တွင် အသက်ရှင် ခြင်းသောသူများအား သူ၏ အားရ ၀မ်းမြောက် ခြင်းကို ပြသ ခဲ့သည်။

ယုံကြည်သူ (အသင်းတော်)သည် ဘုရားသခင်၏ မျက်မှောက် တော်တွင် မရှိခဲ့ပါလျှင် သူတို့ ကိုယ်တိုင် လည်း ဘုရားသခင်ကို အားရ ၀မ်းမြောက်မည် မဟုတ်ချေ။ ဘုရားသခင်၏ သစ္စာတရားကို ဘုရားသခင်၏ မျက် မှောက်တော်တွင် တိုး၍ အသက်ရှင် သောသူတိုင်းအား သက်သေ ထူလျှက် ရှိပါသည်။ ဘုရားသခင်သည် ကျွန်တော်တို့၏ မျက်မှောက်တွင် မရှိပါဟုဆိုလျှင် ကျွန်ုပ်တို့ ကိုယ်တိုင် ဘုရားသခင်ကို မနှစ်သက် သောကြောင့် ဖြစ်ပါသည်။ ဘုရားသခင် အားရကျေနပ် သောသူဖြစ်ရန် မည်ကဲ့သို့ ကျွန်ုပ်တို့ အသက် ရှင်နိုင်ပါမည်နည်း။

1) ဘုရားသခင်ကို ချစ်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ဘုရားကို ၀မ်းမြောက်စေနိုင်ပါသည်။ (မဿဲ ၂၂း၃၇-၃၈) ကျွန်ုပ်တို့ ပထမ ဦးစားပေးသည် ဘုရားသခင်ကို မြတ်နိုးရန်သာ ဖြစ်သည်။ ဘုရားသခင်ကို အမြင့်ဆုံးနှင့် အကြီးမားဆုံး ချစ်ရန်အတွက် ခေါ်ယူခြင်း ခံရသည်။ ဘုရား သခင်ကို ပထမ နေရာ (အဓိက နေရာ) ထားရန် ဘုရားသခင် ဆန္ဒရှိပါသည်။

2) ဘုရားသခင်ကို ယုံကြည်ခြင်းအားဖြင့် ဘုရားကို ၀မ်းမြောက်စေနိုင်သည်။ (ဟေဗြဲ ၁၁း၆) ယုံကြည်ခြင်း မရှိလျှင် ဘုရားသခင်၏ စိတ်တော်နှင့် မတွေ့နိုင်။ ကျွန်တော်တို့သည် ဘုရားသခင်ကို မယုံကြည်နိုင်လျှင် ဘယ်သောအခါမျှ ဘုရားသခင်၏ စိတ်တော်နှင့် တွေသောသူ ဖြစ်ရန် အခြား နည်းလမ်း မရှိနိုင်ပါချေ။ ကျွန်တော်တို့သည် ဘုရားသခင်ကို လုံးလုံး အားကိုးသော သူဖြစ်ပါက ဘုရားသခင်ကို ယုံကြည်ခြင်းထား သောသူ ဖြစ်ပါသည်။

3) ဘုရားသခင်ကို နာခံခြင်းအားဖြင့် ဘုရားကို ၀မ်းမြောက်စေနိုင်သည်။ (ယော ၁၅း၁၄)။ သခင် ယေရှုခရစ် တော်က နာခံခြင်းရှိလျှင် ငါ၏အဆွေ ဖြစ်လာမည်ဟု ပြောဆိုထားပါသည်။ ကျွန်တော်တုိ့၏ နာခံခြင်းသည် ဘုရားသခင်နှင့် ဘယ်လောက် မိဿဟာရ နက်ရှိုင်းမှုရှိသည် ကို ဖော်ပြပေးနေပါသည်။

4) ဘုရားသခင်ကို ချီးမွမ်းခြင်းဖြင့် ဘုရားကို ၀မ်းမြောက်စေနိုင်ပါသည်။ (ဆာ ၁၅၀း၁-၂)။ ဘုရားသခင်သည် ကျွန်ုပ်တို့ တစ်ဦးခြင်းစီတိုင်း၏ ချီးမွမ်းခြင်းကို ခံထိုက်သောသူဖြစ်သည်။ ချီးမွမ်းခြင်းဆိုသည်မှာ ဘုရားသခင်ကို ကောင်းကြီး သြဘာ ပေးနေခြင်းဖြစ်ပြီး ဘုရားက သင့်ကို မည်သည့် အရာများ မဆို ပြန်လည် ပေးနိုင်သော အရာဖြစ်ပါသည်။ ဤအကြောင်း ကို ယခုပင် ခေတ္တမျှ စဉ်းစားကြည့်ပါ။ ဘုရားသခင်ကို ချီးမွမ်းရန် အချက် (၃) မည်သည့် အရာ ရှိပါသနည်း ဟူ၍ ချက်ခြင်း တွေးကြည့်လိုက်ပါ။

5) အမှုတော် ထမ်းဆောင်ခြင်းသည် ဘုရားသခင်ကို ၀မ်းမြောက် စေသည်။ (ယေရမိ ၄၈း၁၀)။ အမှုတော်ကို ကျိုးစား မဆောင်သော သူသည် ကျိန်ဆဲခြင်းကို ခံစေ။ ဘုရားသခင်သည် သင့်၏ အသက်တာ ဘ၀ တစ်ခုလုံးကို အမှုတော် ထမ်းဆောင် ခြင်းဖြင့် ပါဝင်စေလိုသည်။ အဓိပ္ပါယ်မှာ တနင်္ဂနွေ ဘုရားကျောင်း တက်ရုံထက် ပိုမို၍ ဘုရားသခင် မျှော်လင့်နေ ပါသည်။

ဘုရားသခင်၏ ဘုန်းတော်ထဲတွင် အသက်ရှင်ခြင်း (ထွက် ၃၃း၁၈-၂၃)

တဖန်တုံ ကိုယ်တော်၏ဘုန်းကို အကျွန်ုပ်အား ပြတော်မူပါ။ အကျွန်ုပ် တောင်းပါ၏ဟု လျောက်လျှင်၊ ထာဝရဘုရားက ငါ၏ ကောင်းမွန်ခြင်းရှိသမျှကို သင့်ရှေ့၌ ငါရှောက် သွားစေမည်။ ထာဝရဘုရား၏ နာမတော်လည်း သင့်ရှေ့၌ ငါကြွေးကြော်မည်။ ငါသည် ကျေးဇူး ပြုလိုသော သူကို ကျေးဇူးပြုမည်။ သနားလိုသော သူကို သနားမည်။ ၂ဝသို့ရာတွင် သင်သည် ငါ့မျက်နှာကို မမြင်နိုင်ရာ။ ငါ့မျက်နှာကို မြင်လျှင် အသက်ရှင် ရသောသူ တစုံတယောက်မျှ မရှိဟူ၍၄င်း၊ ငါ့အနားမှာ နေရာတခုရှိ၏။ သင်သည် ကျောက်ပေါ်မှာ ရပ်ရမည်။ ငါ့ဘုန်း ရှောက်သွားသောအခါ သင့်ကို ကျောက်ကြား၌ ငါသွင်းထား၍ ငါကြွသွားသည် အခိုက်၊ သင့်ကို ငါ့လက်နှင့် ဖုန်းအုပ်မည်။ ငါ့လက်ကို ရုပ်သိမ်းသောအခါ၊ ငါ့ကျောကိုသာ မြင်ရမည်၊ ငါ့မျက်နှာကို မမြင်ရဟူ၍၄င်း မိန့််တော်မူ၏။ (ထွက် ၃၃း၁၈-၂၃)

ဘုရားသခင်၏ ဘုန်းတော်သည် ဘုရားသခင် ထံတွင်ရှိသော သာလွန်ထူးကဲ မြင့်မြတ်သည့် အရာများ နှင့် မည်သည့် အခါမျှ ကုန်ဆုံးနိုင် ခြင်း မရှိသည့် ဘုရားသခင်၏ ဘုန်း အသရေတော် များကို ဖော်ပြလျက်ရှိပါ သည်။ ဘုရားသခင်၏ ဘုန်း အသရေတော်သည် ကျွန်ုပ်တို့နားလည် သဘောပေါက် ခံယူထားသော အရာခပ် သိမ်း၏ အခြား တစ်ဖတ်တွင် ရှိနေသော အရာဖြစ်ပါသည်။

ဘုန်းတော်ဟု ဆိုရာတွင် ဟီဘရူး ဘာသာ စကားအားဖြင့် “Kabod” ဟု ခေါ်ပြီး အဓိပ္ပါယ်မှာ သိသာ ထင်ရှားစွာ အရိုအသေ ပေးခြင်း၊ အကြီမြတ် ဆုံးသော နာမည် ဂုဏ်အသရေတော်ဖြစ်ခြင်း၊ အမြင့်ဆုံးသော ကြည်ညို လေးစားဖွယ်ဖြစ်ခြင်း ဟု ဆိုလိုပါသည်။ အမှန်တကယ် အနေအထား တွင် မောရှေသည် ဘုရားသခင်၏ ထည်ဝါမှု အားလုံး၊ ဘုရားသခင်၏ ကြီးမြတ်မှုအားလုံး၊ ဘုရားသခင်၏ တန်ခိုး အစွမ်းသတ္တိ အားလုံးနှင့် ဘုရား သခင်၏ ဖြစ်ခြင်း အားလုံးကို မြင်တွေ့နိုင်ရန် တောင်းလျှောက်နေပါသည်။ မောရှေသည် ဘုရားသခင်ကို အတားအဆီး အကွယ် အကာမရှိ မြင်တွေ့ချင်ပါသည်။ မောရှေသည် ဘုရားသခင်၏ ဖြစ်ခြင်း၊ ဖြစ်သမျှအားလုံးကို မြင်တွေ့နေချင်သူ ဖြစ်ပါသည်။ သင့်ကို လည်း မေးခွန်းတခု မေးပါရစေ။ ဘုရားသခင်၏ ခမ်းနားထယ်ဝါ မှုများကို သင်ကိုယ်တိုင် မြင်တွေ့ချင်သူ အမှန်တကယ် ဖြစ်ပါသလား။ ဘုရားသခင်ကို အတားအဆီး၊ အကွယ်အကာမရှိ မြင်တွေ့ ချင်သူ အမှန်တကယ် ဖြစ်ပါသလား။ ဘုရားသခင်၏ ဘုန်းအသရေတော်အားလုံးကို မြင်တွေ့ ချင်သူ ဖြစ်ပါသလား။

မာရှေသည် ဘုရားသခင်၏ မျက်နှာတော် မှတပါး အားလုံးကို မြင်တွေ့နိုင်ခဲ့ပါသည်။ ဘုရားသခင် သည် သူ၏ မျက်နှာတော်ကို မြင်တွေ့နိုင် ရန် အခွင့် မပေးခဲ့ချေ။ အဘယ်ကြောင့် ဆိုသော် လူနှင့် ဘုရားသခင် အကြားတွင် ခြားနားမှု များရှိရန် လိုအပ်နေ သေးသောကြောင့် ဖြစ်သည်။ ဘုရားသခင်နှင့် အရင်းနှီးဆုံး မိသဟာရ ရှိနေသည့် တိုင်အောင် ကွာဟမှုများကို စေ့စပ်ပေးနိုင်ရန် မဖြစ်နိုင်သေးချေ။ ထိုအကြောင်း အရာကပင် သခင် ယေရှု ခရစ်တော်ကို လူ့လောက ဌာနီသို့ ပို့ဆောင်ရန် အခြေအနေ တစ်ခု ဖြစ်လာတော့သည်။ ထိုကြောင့် သခင်ယေရှု ခရစ်တော်ကို လူ့လောကသို့ လာရောက်ခြင်းဖြင့် ကျွန်ုပ်တို့နှင့် အတူရှိသော ဘုရား ဧမာနွေလ “Immanuel” ဖြစ်လာခဲ့သည်။ ဘုရားသခင်၏ မျက်မှောက်တော်တွင် ကျွန်ုပ်တို့သည် အတူရှိနေကြပါသည်။ အဘယ်ကြောင့်ဆိုသော် သခင်ယေရှုသည် အသက်ရှင်နေသောကြောင့် ဖြစ်ပါသည်။

သခင်ယေရှုသည် လက်ဝါးကားတိုင်ပေါ်တွင် အသေခံချိန်တွင် ဗိမ္မာန်တော်မှ ကလားကာကြီး နှစ်ခြမ်း ကွဲသွားခဲ့သည်ကို သတိရပါ။ ထိုကလားကာ ကြီးမှာ လူနှင့် ဘုရားအကြားမှ ခြားနားချက်များကို ဖယ်ရှင်းပေး လိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် ယေရှုခရစ်တော်၏ လုပ်ဆောင်မှုအားဖြင့် ကျွန်ုပ် တို့သည် ဘုရားသခင်၏ မျက်မှောက်တော်တွင် ဘုရားသခင်နှင့် အတူရှိသော အတွေ့အကြုံသစ်ကို ခံစားနိုင် ပြီဖြစ်သည်။ ကျွန်ုပ်တို့အ သက်ရှင် နေထိုင်မှု ဘ၀ထဲတွင် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှား ပြသနိုင်ရန် အချက်နှစ် ချက် တင်ပြလို ပါသည်။

  1. ကျွန်ုပ်တုိ့သည် နေ့စဉ်အသက်ရှင်မှုတွင် ဘုရားသခင်၏ မျက်မှောက်တော်ထဲတွင်သာ အသက် ရှင်သင့်ပါသည်။ ကျွန်ုပ်တို့၏ အသက်ရှင်မှု ထဲတွင် ဘုရားသခင်၏ မျက်မှောက် တော်ကို ရှာဖွေရန်နှင့် ဘုရားသခင်နှင့်သာ အသက်ရှင် ချင်သော ဆန္ဒရှိ ဘို့လိုအပ် ပါသည်။

သင်သည် ဘုရားသခင်ကို ရှာဖွေနေပါသလား။ (သို့မဟုတ်) အာဒံကဲသို့ ဘုရားသခင်ကို ရင်မဆိုင်ရဲသော ကြောင့် ပုန်းအောင်းနေသောသူလား။

  1. ကျွန်ုပ်တို့သည် နေ့စဉ်ဘ၀ အသက်ရှင်မှု ထဲတွင် ဘုရားသခင် နှစ်သက်စေရန် အသက်ဘို့ လိုအပ်ပါ သည်။ ဘုရားသခင်ကျွန်ုပ်တုိ့၏ ကြိုးပမ်းမှု ဟူသမျှသည် ဘုရားသခင် နှစ်သက်စေရန်သာ ပြုမူလုပ် ဆောင်ဘို့ လိုအပ်ပါသည်။

သင်၏ အသက်ရှင်မှုသည် ဘုရားသခင် နှစ်သက် စေပါသလား။

နိဂုံး

(၁) သင်သည် ဘုရားသခင်၏ မျက်မှောက်တော်ထဲတွင် အသက်ရှင်နေပါသလာ။

(၂) သင်သည် ဘုရားသခင် နှစ်သက်စေရန် အသက်ရှင်နေပါသလား။

(၃) သင်သည် ဘုရားသခင်၏ ဘုန်းတော်ထဲတွင် အသက်ရှင်နေပါသလား။

ဤနေ့သည် ဘုရားသခင်နှင့် သင့်အကြားတွင် နက်ရှိုင်းသော မိသဟာရ ဆက်ဆံရေး အတွေ့ အကြုံ တစ်ခုရရှိလာရန် သင့်ကို ဘုရားသခင်က ဆွဲကိုင် ခေါ်ယူချင်နေပါသည်။ သင့်ကိုယ်တိုင် ဘုရား သခင်ကို ပိုမိုသိကြွမ်းပြီး သူ၏ မျက်မှောက်တော် ထဲတွင် အသက်ရှင် လိုသော နှလုံးသားကို သင့် အထဲတွင် ထည့်ပေး ခြင်ပါသည်။ သင်ကိုယ်တိုင် ဘုရားသခင်၏ မျက်မှောက် တော်တွင် ပိုမိုအသက် ရှင်လိုပါလျှင် ဘုရားသခင်၏ ပလ္လင်တော် ခြေရင်းဆီသို့ လှမ်းလျှောက်လာပြီး ဘုရား သခင်ထံတွင် သင် အလိုရှိသော အရာများကို တောင်းလျှောက်ကာ ပျော်ရွှင် ချမ်းမြေ့သော ဘ၀တစ် ခုကို တည်ဆောက် နိုင်ပါစေ။

၄၈။စမုရအသင်းတော်သို့ အမှာစာပါးခြင်း

ဗျာဒိတ်ကျမ်း ၂း၈-၁၀ တွင် ရေးသားထားသည်မှာ

“စမုရနမြို့၌ရှိသော အသင်းတော်၏ တမန်ကို ဤသို့ရေး၍ မှာလိုက်လော့။ အဦးဆုံး သောသူ၊ နောက်ဆုံးသောသူ တည်းဟူသော အရင်သေ၍ အသက်ရှင်လျက်ရှိသော သူ၏အမိန့်တော်ကား သင်အကျင့်ကျင့်ခြင်း၊ ဒုက္ခခံခြင်းကို ငါသိ၏။ သို့သော် လည်း သင်သည် ကြွယ်ဝ ပြည့်စုံခြင်းရှိ၏။ ယုဒလူ ဖြစ်ယောင်ဆောင်၍ ယုဒလူမှန် မဟုတ်။ စာတန်၏ အပေါင်းအသင်း ဖြစ်သော သူတို့၏ ကဲ့ရဲ့ ခြင်းကိုလည်း ငါသိ၏။ သင်သည်ခံရမည့်အရာ တစ်စုံတစ်ခုကိုမျှ မကြောက်နှင့်။ သင်တို့သည် စုံစမ်းခြင်းကို ခံရမည်အကြောင်း မာန်နတ်သည် သင်တို့တွင် အချို့ကို ထောင်ထဲ၌ လှောင်ထား၍ သင်တို့သည် ဆယ်ရက်ပတ်လုံး ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်။ သေသည်တိုင်အောင် သစ္စာစောင့် လော့။ သို့ဖြစ်လျှင် အသက် သရဖူကို ငါပေးမည်။” (ဗျာဒိတ် ၂း၈-၁၀)

ရှင်ယောဟန်၏ အမှုတော် ဆောင်ခြင်းကို မနှစ် သက်သော ရောမလူမျိုး အာဏာပိုင်တို့က သူ့ကို တစ်သက် တစ်ကျွန် ပြစ်ဒါဏ်ချကာ ပတ်မုကျွန်သို့ ပို့ဆောင် လိုက်သည်။ သို့သော် ရှင်ယောဟန်၏ အမှုတော် ဆောင်ခြင်းကို ဘုရားသခင်က ပိုမို၍ ကျေးဇူးပြု တော်မူခဲ့သည်။ ထိုကျွန်တွင် ဗျာဒိတ် ကျမ်းကို ရေးသား နိုင်ခဲ့လေသည်။ ထိုအထဲတွင် အသင်းတော် ခုနှစ်ပါးကို ပြောဆိုသော အကြောင်း အရာများသည် လက်ရှိ အသင်းတော် များ၏ အခြေအနေကို ကိုယ်စားပြု ပြောဆိုနေ ခဲ့သဖြင့် အလွန်ထင်ရှား ခဲ့ပါသည်။ ထိုအထဲမှ ယနေ့ဝေငှချက်ကို အခြေပြုလိုသည့်မှာ စမုရနမြို့ အသင်းတော် သို့ ပြော ဆိုခဲ့သော အကြောင်းအရာပင် ဖြစ်ပါသည်။

စမုရန မြို့တော်ဟောင်းပုံ

စမုရနဆိုသော အဓိပ္ပါယ်မှာ ဂရိဘာသာစကားအရအလွန် အဓိပ္ပါယ်ရှိလှပါသည်။ “စမုရန” ဆိုသည်မှာ “အမွှေး နသာ” သို့ “ရနံ မွှေးသော” ဟူသည့် အဓိပ္ပါယ်ဖြစ်သလို ဟေဗြဲဘာသာစကား တွင်လည်း “မာရ” (ခါးသီးသော) ဟူသည့်အဓိပ္ပါယ်လည်း ရှိနေပါသည်။ မည်သို့ပင်ဖြစ်စေ ထို စမုရနမြို့အတွက် သော်လည်းကောင်း၊၊ ယုံကြည် သူများ အတွက်သော်လည်ကောင်း အလွန်အဓိပ္ပါယ်ရှိသော အမည် နာမ ဖြစ်ပါသည်။

ယုံကြည်သူဆိုသည်မှာ ဘုရားသခင်၏ရှေ့တော်တွင် မွှေးကြိုင်သော ရနံ့ဖြစ် နေပါသည်။ စမုရနမြို့သည် ခရစ် တော်၏ နာမတော်ကြောင့် ခံစားခဲ့ရသည့် ဒါဏ်ရာချက် များမှာလည်း အလွန်ခါး သီးကောင်း ခါသီးနိုင်ပါသည်။ ထိုစမုရနမြို့သို့ အရှင်ပြောကြား ဗျာဒိတ်ထား တော်မူသော အချက်တို့ ဖြင့် ခွန်အားယူ ကြည့်ကြပါစို့။

စမုရနမြို့ ခံစားရသော ခါးသီးခြင်းမှာ သူတို့၏ စီးပွားရေး လူမှုရေးများ ကြောင့်မဟုတ်ဘဲ၊ ခရစ်တော်ကို ယုံကြည်ခြင်းကြောင့် ဖြစ်နေပါသည်။ ထိုမြို့သို့ ခရစ်တော်က ခွန်အားပေးခဲ့သည်မှာ “အဦးဆုံးသောသူ၊ နောက်ဆုံးသောသူ တည်းဟူသော အရင်သေ၍ အသက်ရှင်လျက်ရှိသော သူ၏ အမိန့်တော်ကား” ဟူသော စကားလုံးဖြင့် အစပြု ထားပါသည်။ ကိုယ်တော်ရှင်သည် အဦးဆုံးသောသူ ကမ္ဘာမရှိမီကပင် ရှိနှင့်သောသူ ဖြစ်သည်။ စကြဝဠာကြီးနှင့် ကမ္ဘာကို ဖန်းဆင်းသော ကြီးမြတ်သည့် အရှင်ဖြစ်ကြောင်း ကိုယ်တော်တိုင် ဖွင့်ပြထား ပါသည်။ အဆုံးဖြစ်သည် ဟုဆိုရာတွင် အဆုံးတိုင်အောင် ရှိနေမည့် အရှင်ဖြစ်ကြောင်း ဖော်ပြထားခြင်း ဖြစ်ပါသည်။ ဒုက္ခကြီးစွာ ခံနေသောကြောင့် မစိုးရိမ်ပါနှင့်။ အစအဦး ဖြစ်သူနှင့် အဆုံး တိုင်အောင် ရှိနေမည့် ကိုယ်တော်သည် သင်နှင့်အတူ ရှိနေပါသည်။ ထိုအရှင်သည် ကိုယ်တိုင်လည်း ဒုက္ခဝေဒနာကို ခံစားဘူး သောသူ ဖြစ်ပြီး သေခြင်း ဝေဒနာကို ကိုယ်တော် တိုင်လည်း ခံစားဘူးသောသူ ဖြစ်ပါသည်။ သို့သော် ရှင်ခြင်းဆိုသော ထမြောက်ခြင်း တန်ခိုးကို ကိုယ်တော်တိုင် ခံစားဘူးသော အရှင်ဖြစ် နေသောကြောင့် ထိုအရှင်သည် ကျွန်တော်တို့နှင့် အတူ ရှိနေပါက မည်သည့် အရာကိုမျှ ကြောက်စရာမလိုပါ။ ထိုကြောင့် ဒုက္ခခံစား နေရသော စမုရနမြို့ အသင်းတော်ကို ထိုကဲ့သို့ မိန့်ကြား ထားခြင်းဖြစ်ပါသည်။

ယနေ့လူတို့သည် သေရမည်ကို အလွန်ကြောက် ကြပါသည်။ သေခြင်းဆိုသည်မှာ အပြစ်တ ရားကြောင့် ခံစား ရသော အရာဖြစ် နေပါသည်။ ယနေ့ ကျွန်တော် တို့သည် သေခြင်းကို အောင်မြင် ထားသော အရှင်၏ အမိန့်တော် အောက်တွင် အသက်ရှင် ဘို့သာ အရေးကြီးပါသည်။ ကိုယ်တော်သည် ထိုကျမ်း ပိုဒ်တွင် ဆက်လက် ဖော်ပြထားသည်မှာ “သင်အကျင့်ကျင့်ခြင်း၊ ဒုက္ခခံခြင်းကို ငါသိ၏။ ” ဟူ၍ ဖြစ်ပါသည်။ ကျွန်တော်တို့၏ အသက်ရှင်မှုကို ကိုယ်တော်က သိရှိပြီး ဖြစ်ပါသည်။ ကျွန်တော်တို့သည် အသက်တာ ထဲတွင် ကိုယ်တော်၏ နာမတော်ကြောင့် ခံစားရသော နှလုံးသား ဝေဒနာများ ကိုယ်စီ ရှိနေကြသည် မဟုတ် မဟုတ်ပါလား။ သို့သော် ဘုရားရှင် ကတော့ ကျွန်တော်တို့၏ အသက်တာမှ ကျင့်ဆောင် မှုများနှင့် နာကျည်းမှု နှလုံးသား ဝေဒနာများကို ကိုယ်တော်ရှင်က အကြွင်းမဲ့ သိရှိတော်မူကြောင်း ဤကျမ်းပိုဒ် တွင် ဖော်ပြထား ပါသည်။ ဂရိဘာသာ စကားတွင် သိခြင်းဆိုရာ၌ နှစ်မျိုး ရှိပါသည်။ ဤနေရာတွင် “ဥနောက်အသိတရား” ဖြင့် သိခြင်းမဟုတ်ဘဲ “လက်တွေ့သိခြင်း” ဆိုသည့် စကားလုံးဖြင့် ရေးသား ထားပါသည်။

သတေဖန် ခဲနှင့်ပေါက်သတ်ခံရချိန်ကို ကောင်းကင်က ကိုယ်တော်မြင်နေသည်။ သိနေသည်။ တမန်တော်ကြီး ရှင်ရှောလု ဒမာသက်မြို့သို့ သွားသောလမ်းတွင် ကိုယ်တော်က “ငါဟာ သင်ညှင်းဆဲသော ယေရှု” ဖြစ်သည် ဟု ပြောဆိုခဲ့ပါသည်။ ယုံကြည်သူများ ခံစားရသော ဒုက္ခ ဝေဒနာသည် ကိုယ်တော် ခံစားနေသော ဝေဒနာ ပင်ဖြစ်ပါသည်။ ထို့ကြောင့် သင်ခံစားရသော ဝေဒနာ ကြောင့် အားငယ်စိတ်ပျက်မှု မဖြစ်ပါနှင့်။ ကိုယ်တော်သည် သင်ဒုက္ခဝေဒ နာကိုသိနေပါသည်။

ယနေ့ယုံကြည်သူများ ဆင်းရဲ ဒုက္ခရောက်ကြပါသည်။ ခက်ခဲကြပါသည်။ အဆင်မပြေ ဖြစ် ကြပါသည်။ သို့သော် လည်း ကိုယ်တော်က ကျွန်တော်တို့ကို ကြည့်နေပါကြောင်း ထပ်လောင် အတည်ပြု ပြောကြားလိုပါသည်။ ကျမ်းပိုဒ်တွင် ထပ်မံ၍ “သို့သော်လည်း သင်သည် ကြွယ်ဝပြည့် စုံခြင်းရှိ၏။ ” ဟုထပ်မံဖော်ပြထားပါသည်။ ဘုရားသခင်၏ အမြင်တွင် ကြွယ်ဝသော သဘောဖြင့် မြင် ပါသည်။ ဘုရားသခင်သည် လူမြင် သကဲ့သို့ မြင်သော ဘုရား မဟုတ်ပါ။ ယုံကြည်သူ ဆိုသည်မှာ ဘုရားသခင်၏ အမြင်နှင့် ထပ်တူ ကြည့်တတ်ဘို့ လိုပါသည်။ ဝိညာဉ် သဘောအရ ဘုရားသခင် ၏ အမြင်တွင် ယုံကြည်သူ တို့သည် ကြွယ်ဝသော လက္ခဏာရှိပါသည်။ ဇာတိသဘော ကြွယ်ဝခြင်း မဟုတ်။ ဝိညာဉ်ရေးတွင် ကြွယ်ဝသူများ ဖြစ် သည်။ နှုတ်ခပတ် တော်နှင့် ပတ်သည့် အရာတွင် လည်းကောင်း၊ အမှုတော်နှင့် ပတ်သတ်သည့် အရာတွင် လည်းကောင်း မည်မျှပင် ဆင်းရဲ ဒုက္ခခံနေရ သည် ဖြစ်ပါစေ၊ ဘုရားသခင်က ကြွယ်ဝသော သူအဖြစ် မြင်နေပါသည်။

ယနေ့ အသင်းတော်တွင် လူမှန် မဟုတ်သော သူများက အမှုတော်ကို အမှန်တကယ် ဆောင်ရွက်သလိုနှင့် အမှုတော်ကို ဖျက်ဆီးနေသူ၊ တနည်း အားဖြင့် ယုံကြည်သူတို့ကို ဖျက်ဆီးနေသော လူများ အသင်းတော် များတွင် ရှိနေပါသည်။ ထိုသူတို့၏ အကြောင်းကို ဖော်ပြရာတွင် ယုဒလူမျိုးအ သွင် မိမိကိုယ်ကို အယောင်ဆောင်သည့် လူများဟု ဖော်ပြပါသည်။ ဆိုလိုသည်မှာ စာတန်၏ ၀ါးမျို မှုကို ခံနေရပြီး ယုံကြည်သူ ကဲ့သို့ အသင်းတော် ထဲတွင် အတွင်း သူလျှို အနေဖြင့် လုပ်ဆောင်နေသူ များကို ဖော်ပြလိုခြင်း ဖြစ်ပါသည်။ အသင်းတော်တွင် အပြင်မှ ဖိအား မည်မျှပင် များစေကာမူ တည်ကြည်မှုဖြင့် အသက်ရှင်ရန်လွယ်ကူသော်လည်း အတွင်းရန်သူဖြစ်သည့် မိမိတို့အချင်းချင်၊ ဆရာများ၊ ညီအကိုများ၊ လုပ်ဖော်ဆောင်ဖက်များ စသည်တို့မှ အမှုတော်လုပ်ငန်းကို ဖိအားပေး တိုက်ခိုက်နေပါ က အမှန်တကယ် စိတ်ဓါတ် ကျဆင်း သွားနိုင်ပါသည်။ ထိုသူတို့ကို ငါသိသည်ဟု ကိုယ်တော်က ရှင်းလင်စွာ မိန့်ကြားထားပါသည်။

“သင်သည် ခံရမည့်အရာ တစ်စုံတစ်ခုကိုမျှ မကြောက်နှင့်” ဟု ရှင်းလင်းစွာ ဖော်ပြ ပြောဆိုမှု ကိုလည်း ထပ်မံ ဖော်ပြထားပါသေးသည်။ လူ၏ အကြောက် တရားမှာ အပြစ်တရားမှ ဖြစ်ကြောင်း အထက်တွင် ဖော်ပြပြီး ဖြစ်သည်။ အာဒံနှင့် ဧဝသည် အပြစ်လုပ်ပြီး သောအခါ အကြောက်တရား စိုးမိုးလာပါသည်။ ခရစ်တော်ကို ယုံကြည်လက်ခံပြီးပါက အပြစ်တရားကို အောင်မြင်ပြီးမှုရပြီး ဖြစ် သဖြင့် မည်သည့် စိုးရိမ်မှုကိုမျှ အသက်တာတွင် ရှိရန်မလိုအပ်တော့ပါ။ မယ်တော် မာရိထံသို့ လာ ရောက်ခဲ့သော ကောင်းကင်တမန်က “မကြောက်ပါနှင့်” ဟူ၍ ပြောခဲ့သလို အသင်းတော်ထဲ တွင် ရှိနေကြသော ယုံကြည်သူ များအားလုံးကို ပြောနေသည်မှာ မကြောက်ပါနှင့် ခွန်အားပေးထား ပါသည်။

အထက်ပါ ကျမ်းပိုဒ်တွင် စုံစမ်းမှုကို ခံစားရရန် အတွက် ထောင်ထဲ ထည့်ခြင်း၊ ဆင်ရဲဒုက္ခတို့ ကို ခံစားရခြင်း တို့ကို ခံစားရ မည်ဖြစ်ကြောင်း ဖော်ပြ ထားပါသည်။ အသင်းတော်ရှိ ယုံကြည်သူများ ခံစားရမည့် အရာကို ကြိုတင် ပြောဆို ထားခြင်း ဖြစ်ပါသည်။ ထိုသို့ ခံစား ရသော်လည်း အသင်းသားများ က သစ္စာရှိ ရန်သာ အရေးကြီးပါသည်။ ထိုအရာတို့ ခံစားရသော်လည်း ယုံကြည် သူများက သစ္စာနှင့် တုန့်ပြန်ဘို့ လိုအပ်ပါသည်။

စမုရနမြို့ အသင်းတော်မှ သင်းအုပ်ဆရာကြီးမှာ ပေါ်လီကပ် (Polycup) ဖြစ်သည်။ ရောမ အာဏာ ပိုင်များက “အသင်းတော်နှင့် ဘုရားသခင်ကို ကျိန်ဆဲလျှင် ဖမ်းဆီးထားခြင်းမှ လွှတ်မည်” ဟု ပြောခဲ့သော်လည်း ဘုရားသခင်ကို သစ္စာရှိခဲ့သည်။ အသင်းတော်ကို သစ္စာမဖောက်ခဲ့ပါ။ သူ့ ကို ရောမလူများက လာရောက်၍ အမှုတော်မဆောင်ရန် အသင်းတော်တွင် မနေပါက လိုသမျှကို ပေးပါမည် ထပ်မံကမ်းလှမ်း ခဲ့သော်လည်း မိမိ အသက်တာ တစ်လျှောက်လုံး (၈၆) နှစ် တိုင်တိုင်း မိမိအပေါ်တွင်ကောင်းမြတ်သော ဘုရားသခင်ကို သစ္စာမဖောက်နိုင်ပါဟု ဆက်လက်ငြင်း ဆန်နေ ခဲ့ပါ သည်။ နောက်ဆုံးတွင် ကိုယ်တိုင် မာတုရအဖြစ် အသေခံခဲ့ပါသည်။ ထိုသင်းအုပ် ဆရာကြီးမှာ ဗျာဒိတ်ကျမ်းကို ရေးသားသော တမန်တော်ကြီး ရှင်ယောဟန်၏ တပည့်အရင်း တစ်ယောက် ဖြစ်ပါသည်။

ကျွန်တော်တို့သည် လောကတွင် အသက်ရှင်ရာ၌ အဆင်မပြေ ခက်ခဲမှုများရှိနေကြသည်။ သို့သော် ထိုအရာတို့ကို ကျော်ဖြတ်ရာတွင် ဘုရားသခင် အပေါ်တွင် သစ္စာရှိခြင်းဖြင့် ဖြတ်သန်းသင့် ပါသည်။ အချိန်မည်မျှ သစ္စာရှိရမည်နည်းဟု မေးလာသော် “သေသည့်တိုင်အောင် သစ္စာရှိရမည်” ဟုဖေါ် ပြထား ပါသည်။ ထိုသို့ သစ္စာရှိသော် ဘာရမည်နည်း။ “အသက်သရဖူကို ငါပေမည်” ဟု ရှင်း လင်းစွာဖော်ပြထားပါသည်။

ယနေ့လူများသည် မိမိတို့မည်သည့်အကျိုးကို ခံစားရမည်နည်းဟု ဆိုရာတွင် လက်ရှိဘ၀ အသက်ရှင်မှုမှ ကောင်းကြီး မင်္ဂလာများကိုသာ မျှော်လင့် တတ်သော်လည်း ဘုရားသခင် ပေးလိုသည် မှာ “အသက်သရဖူ” ဟူသည့် တမလွန်တွင် ခံစားရမည့် ကောင်းကြီးမင်္ဂလာကိုသာ ကိုယ်တော်ရှင် ကပေးလိုပါသည်။ ထိုသို့ အသက်ရှင်ရန် ကိုယ်တော်ရှင် ကိုယ်တိုင်က အမိန့်ပေးနေပါသည်။ သင်မ လုပ်လိုလျှင်လည်း လုပ်ရပါမည်။ ဤသည်မှာ အမိန့်ဖြစ်ပါသည်။

ထိုသို့ အမိန့်ပေး ပြောဆိုသူမှာ “အောင်မြင်သောသူ” ဟုခေါ်သည့် ခရစ်တော် ကိုယ်တိုင် ဖြစ်သည်။ တမန်တော်ကြီး ရှင်ပေါ်လုက ထိုဒုက္ခ ပြဿနာ များသည် ကျွန်တော်တို့၏ သရဖူ ဖြစ်သည် ဟုပြောဆိုခဲ့ပါသည်။ ထို့ကြောင့် ကျွန်တော်တို့၏ အသက်တာကို စမုရန အသင်းတော်ကို ပြောဆိုခဲ့ သကဲ့သို့ သစ္စာ ရှိခြင်းဖြင့် အသက်ရှင် ကြပါစို့ဟု တိုက်တွန်းဝေငှလိုက်ပါသည်။ ဘုရားသခင် ကောင်း ကြီးပေးပါစေ။

 

 

 

 

 

 

 

 

 

၄၉။အဲဂုတ္တုပြည်မှကပ်ဘေးကြီး ( ၁၀ )ခုနှင့် တန်ခိုးကြီးသောထာဝရဘုရား

မောရှေသည် ဘုရားသခင်က ကြီးစွာ အသုံးပြုခဲ့သော ပရောဖတ်ကြီး တစ်ပါးဖြစ်သည်။ ဘုရားသခင်၏ အသုံးတော်ခံ၊ ဘုရားသခင်၏ တန်ဆာ ပလာအဖြစ် အသုံးတော် ခံခဲ့သည်။ သူသည် နိမိတ် လက္ခဏာ များဖြင့် အသုံးတော် ခံခဲ့သည် သာမက ဘာသာ အသီးသီး (ဂျူး၊ အစ္စလမ်၊ ခရစ်ယာန်) က တန်ဘိုး ထားကာ မြတ်နိုးစွာ ဖတ်ရှုလျက် ဘုရားသခင်၏ လမ်းပြမှုကို ယနေ့တိုင် ခံယူနိုင်ရန် ကျမ်းစာအုပ်များ ကိုလည်း ရေးသားခဲ့သည်။ ဆာလံသီချင်း များကို လည်း ရေးသား ခဲ့သည်။ နိမိတ် လက္ခဏာ အနေဖြင့် အံ့သြစရာများကို အီဂျစ်ဘုရင် (အဲဂုတ္တုမင်း) နှင့် တိုင်းသူ ပြည်သားများကို ပြသ ခဲ့သည်။ အီဂျစ် လူမျိုးများ ထံမှ ဣသရေလ လူများကို လွတ်မြောက်စေခဲ့သည်။ ထိုသို့ လွတ်မြောက် စေရန် နိမိတ် လက္ခဏာများ ပြုလုပ်ရာတွင် အဲဂုတ္တု နတ်ဘုရားများကို နှိပ်ကွပ် ဒဏ်ခတ်လိုက်ခြင်းဖြင့် ထာဝရဘုရားသည် အမြင့်ဆုံးသော ဘုရားဖြစ်ကြောင်း သက်သေ ထူလိုက်ပါသည်။ တန်ခိုး ကြီးသော ဘုရား၊ မှန်သော ဘုရား ဖြစ်ကြောင်း သက်သေ ထူလိုက် သည်ကို အထင်အရှား မြင်တွေ့ခွင့် ရခဲ့ပါသည်။

ထိုနိမိတ် လက္ခဏာများ အားဖြင့် အီဂျစ်နတ်ဘုရားများနှင့် နတ်ဘုရားမများသည် ထိုနှိင်ငံထဲတွင် ကန့်သတ်မှုများ၊ တားဆီးမှုများ၊ နှိပ်ကွပ်မှုများ ပြုလုပ် ခံခဲ့ရ သည်မှာ အထင်အရှားပင် ဖြစ်သည်။

ကျမ်းစာထဲတွင် နံပါတ် (၁၀) ဂဏန်းသည် စုံလင်၊ ထူးခြားသော ဂဏန်းဖြစ်သည်။ ထိုဂဏန်းသည် အရေအတွက် ပြည်စုံခြင်းကို ကိုယ်စားပြုပါသည်။ ထိုနိမိတ်လက္ခဏာ (၁၀) ခု ပြုလုပ်ရခြင်း၏ အဓိပ္ပါယ်မှာ ပြည့်ဝ စုံလင်စွာ ပြုလုပ်ပြီး ဖြစ်ကြောင်း သက်သေထူပါသည်။

ဥပမာအားဖြင့် ပညတ်တော် (၁၀) ပါးသည် ဘုရားသခင်၏ ပညတ်အလုံးစုံကို ကိုယ်စားပြုသော ပညတ်တော်များ ဖြစ်လာ ခဲ့ပါသည်။ ထိုပညတ်တော် (၁၀) သည် အခြား ပညတ်တော် များကိုလည်း ကိုယ်စားပြု သကဲ့သို့ ဖြစ်လာပါသည်။

အီဂျစ်ပြည် (အဲဂုတ္တု) တွင် များပြားလှသော နတ်ဘုရားများ၊ နတ်ဘုရားမများကို ကိုးကွယ် ယုံကြည်ကြသည်။ သို့သော် ဘုရားသခင်က မောရှေ အားဖြင့် ပြုလုပ်သော နိမိတ် လက္ခဏာ (၁၀) ခုသည် အီဂျစ်ပြည်မှ နတ်ဘုရားများ အားလုံးကို ဆုံးမ ပြီးသား၊ ဒဏ်ခတ်ပြီးသား ဖြစ်သွားခဲ့သည်။

နတ်ဘုရားများကို ကိုးကွယ်သော ဖာရောဘုရင်နှင့် တိုင်းသူပြည်သားများကို ဘုရားသခင်က မောရှေကို အသုံးပြုပြီး (၁၀) ကြိမ်တိုင်တိုင် ထိုသူတို့၏ နတ်ဘုရားများကို တစ်ပါးချင်းစီး ချွေနှုတ်ယူကာ သူတို့ထံမှ ထွက်ခွာသွားစေခဲ့သည်။ ထို (၁၀) ကြိမ်စလုံးတွင် အီဂျစ် တိုင်းပြည်မှ လူများအားလုံးကို ဖာရော ဘုရင်၌ မနာခံခြင်း၏ အကျိုးဆက် မည်သို့ဖြစ်သည်ကို ထင်ရှား စေခဲ့သည်။ ငြင်းပယ်ခြင်းနှင့် မာနသဘောကို (၁၀) ကြိမ်တိုင်တိုင် ထင်ရှားစေ ခဲ့သည်။ နိမိတ် လက္ခဏာအားဖြင့် သူ၏ မာနကို ချိုးဖဲ့လိုက်သည်။

ဘေးဒဏ် (၁၀)ခုသည် ဘုရားသခင်၏ တန်ခိုးနှင့် ကယ်တင်မှုကို သက်သေခံနေသည်။

ဘုရားသခင်သည် မောရှေနှင့် အာရုန်ကို ဘုရားသခင်၏ စေတမန်များအဖြစ် ဖာရောဘုရင်ထံ စေလွှတ်ခဲ့သည်။ ဟေဗြဲလူများကို ဘိုးဘေးတို့၏ ထာဝရ ဘုရားထံ သွား၍ ဝတ်ပြု ကိုးကွယ်ခွင့် ပြုရန် တောင်ဆို ခဲ့သော်လည်း ဖာရောဘုရင်က “ထိုဘုရားက အဘယ် သူနည်း၊ ထိုဘုရားကို ငါမသိ။ ဣသရေလ အမျိုးသားတို့ကို ငါမလွှတ်” (ထွက် ၅း၂) တွင် တုန့်ပြန်ခဲ့ သည်။

အထက်ပါကဲ့သို့ တုန့်ပြန်ခဲ့သော ဖာရောဘုရင်ကို မကြာမီမှာပင် ထာဝရဘုရားက တစ်ဆင့်ခြင်း သိမြင်လာရန် ဆောင်ရွက် ခဲ့လေ တော့သည်။ သူကိုးကွယ်သော နတ်ဘုရား၊ နတ်ဘုရား များထက် ထိုဘုရားသည် တန်ခိုးကြီး သာလွန်ကြောင်း သိရှိ သွားလေတော့သည်။

ထိုနိမိတ်လက္ခဏာများသည် ဣသရေလ (ဟေဗြဲလူများ)၊ ဖာရော ဘုရင်နှင့်တကွ အီဂျစ် တိုင်းသူပြည်သားများကို ဘုရား သခင်၏ တန်ခိုးတော်ကို ပြသ ကြော်ငြာရုံ သက်သက်သာ မဟုတ်ပါချေ။ ကမ္ဘာ လောကကြီး တစ်ခုလုံးနှင့် နောက်ထပ် မျိုးဆက် အားလုံးကိုပါ တန်ခိုးကြီးမား ကြောင်းသက်သေ ထူလိုက်ခြင်းပင် ဖြစ်ပါသည်။

အဲဂုတ္တုပြည်တွင် ပြုတော်မူသော နိမိတ်လက္ခဏာနှင့် ကပ်ဘေး ဆိုးကြီးများသည် မည်သည့် ရည်၇ွယ်ချက်ဖြင့် ပြုလုပ်ကြောင်း ဤဆောင်းပါးတွင် အဓိက ဖေါ်ပြလိုပါသည်။

ပထမ ကပ်ဘေးဆိုးကြီး (ရေကို သွေးဖြစ်စေခြင်း) (ထွက် ၇း၁၉-၂၀)

ဖာရောဘုရင်သည် ရေဆိပ်တွင် ရေလာရောက် ချိုးသော အချိန်တွင် ဖြစ်ပါသည်။ အာရုံသည် မောရှေ၏ ကိုယ်စားလှယ် အဖြစ်နှင့် ဖာရောဘုရင်၏ ရှေ့တွင် တောင်ဝှေးဖြင့် နိုင်းမြစ်ကြီးကို တို့ထိ လိုက်သည့်အခါ နိုင်းမြစ်ကြီးသည် အသွေးရောင် လွှမ်းမိုးသွားခဲ့ပါသည်။ ရေထဲတွင် ရှိသော ရေနေ သတ္တဝါများ သေဆုံးသွားခဲ့ပါသည်။

သို့သော် ထိုနိမိတ် လက္ခဏာမျိုးကို ဖာရောဘုရင်၏ အနီးတွင် ခစားနေသော အဲဂုတ္တု နတ်ဝိဇ္ဇာများ ကလည်း လိုက်လံ တုပကာ ဆောင်ရွက် ပြသနိုင် သဖြင့် ဖာရော ဘုရင်က မောရှေနှင့် အာရုံကို မောင်းထုပ်ခဲ့ပါသည်။

သို့သော် ထိုနိမိတ် လက္ခဏာဖြင့် အဲဂုတ္တု နတ်ဘုရား တစ်ပါးကို စီရင်ခဲ့ပါသည်။ အဲဂုတ္တုလူများသည် ထိုကပ် ဘေးကြောင့် သောက်သုံးရန် ရေမရှိသည့် ဒုက္ခ ပြဿနာ ခံစားခဲ့ရသည်။

နိုင်မြစ်ကြီးသည် အဲဂုတ္တုလူများကို အဖက်ဖက်က ကောင်းကျိုးများ ရရှိစေခဲ့သည်။ စိုက်ပျိုးရေး သော်လည်းကောင်း၊ သယ်ယူ ပို့ဆောင်ရေး သော် လည်းကောင်း၊ ကုန်သွယ်ရေး လုပ်ငန်းများ တွင်လည်းကောင်း အရေးပါသော အနေအထားတွင် ရှိနေ ပါသည်။ ထိုနတ်ဘုရားသည် ကျရောက် လာသော ကပ်ဆိုးကြီးကြောင့် အရှက် တကွဲ အကျိုးနည်း ဖြစ်ခဲ့ကြသည်။ ထို နိုင်းမြစ်ကြီးနှင့် ပတ်သတ်သော နတ်ဘုရားများ ရှိပါသည်။ ၎င်းတို့အနက် ထင်ရှားသော နတ်ဘုရားများမှာ အောက်ပါ အတိုင်း ဖြစ်သည်။

ပထမဦးစွာ Hapi နတ်ဘုရား ဖြစ်သည်။ ထိုနတ်ဘုရားကို နိုင်းမြစ်ကြီး၏ ဝိညာဉ်ဖြစ်သည်ဟု ယုံကြည် ကာ ကိုးကွယ်မှု ပြုကြသည်။ ထိုနတ်သည် အဲဂုတ္တု တိုင်းပြည်တွင် အကြီးမားဆုံး လှုပ်ရှားသော နတ်ဘုရားဖြစ်သည်။

နောက်ထပ် နတ်ဘုရားတစ်ပါးမှာ Khnum ဖြစ်သည်။ ထိုနတ်ဘုရားသည် နိုင်းမြစ် ကြီးကို စောင့်ရှောက်သော နတ်ဘုရား အဖြစ် အသိအမှတ်ပြု ကိုးကွယ် ကြပါသည်။ ထိုဘုရားသည် လူဦးခေါင်းနှင့် သိုးထီး ဦးခေါင်းရှိသော ရုပ်တု အဖြစ် သတ်မှတ် ထုလုပ် ထား ကြသည်။

 

အဓိ နတ်ဘုရားမှာ Orisis ဖြစ်သည်။ ထိုနတ် ဘုရားသည် မြေအောက်ကမ္ဘာ၏ နတ်ဘုရား တစ်ပါးဖြစ်သည်။ သေခြင်းကို စိုးပိုင်သော နတ် ဘုရား လည်း ဖြစ်သည်။ ထိုဘုရားသည် ကမ္ဘာ ကြီး၏ အောက်တွင် ရှိပြီး နိုင်မြစ်သည် ထို ဘု၇ား၏ အသွေးဖြစ်သည်ဟု သတ်မှတ် ထား ကြသည်။

ထို့အပြင် နိုင်းမြစ်နှင့် ပတ်သတ်သော နတ် ဘုရားများမှာ Nu နှင့် Tauret တို့ဖြစ်ကြ သည်။

 

ဒုတိယ ကပ်ဘေး (ဖားများဖြင့် ဒဏ်ခတ်ခြင်း) (ထွက် ၈း၁-၁၅)

 

 

ဒုတိယမြောက် နိမိတ်လက္ခဏာမှာ အာရုန်၏ တောင်ဝှေးကို ဆန်ု့လိုက်သော အခါ ဖားများသည် တိုင်းပြည် တစ်ခုလုံးသို့ နေရာ အနှံ့အပြားတွင် တတ်ရောက်လာ ခဲ့သည်။ ထိုဖားများသည် အဲဂုတ္တု လူမျိုးတို့၏ အိပ်ရာများ၊ စားစရာများ၊ အဝတ်အစားများ၊ အသုံး အဆောင်များ စသည်တို့တွင် တက်ရောက် လာသောကြောင့် တိုင်းပြည် တစ်ခုလုံး တုန်လှုပ် ချောက်ခြားခဲ့ရသည်။ ဖားများနှင့် လွတ်သော နေရာမရှိပေ။ ဖာရောဘုရင်၏ ရေချိုးခန်း နှင့် အိပ်ရာ ထက်ထိ ဝင်ရောက် လာခဲ့ပြီး နေရာအနှံ ရှိနေသောကြောင့် အဲဂုတ္တု လူမျိုးများ စိတ်အနှောင့် အယှက် ဖြစ်ခဲ့ကြသည်။

အဲဂုတ္တု နတ်ဝိဇ္ဇာ တို့သည် မောရှေနှင့် အာရုန် ကဲ့သို့ ပြုလုပ်ကာ ဖားများကို ဣသရေလ တိုင်းပြည်တွင် ဆောင်ယူ ခဲ့ကြသည်။ သို့သော် ထိုဖားများကို ဖယ်ရှင်းခြင်းငှါ မစွမ်းဆောင် နိုင်ကြချေ။ ထို့ကြောင့် ထိုဖားများကို ဖယ်ရှင်းရန် အတွက် မောရှေနှင့် အာရုန် ကို ခေါ်ဖိတ်ကာ ထိုဖား များကို ရှင်းလင်းစေ ခဲ့သည်။

ထိုသို့ ပြုလုပ်ရခြင်းသည် အဲဂုတ္တုနတ်ဘုရားမကို ဒဏ်ခတ်ခြင်းသာ ဖြစ်သည်။ ထိုနတ်ဘု၇ားမမှာ Heket ဆိုသော နတ်ဘုရားမ ဖြစ်သည်။

အဲဂုတ္တု လူမျိုးများသည် ဖားဦးခေါင်းနှင့် မိန်းမကိုယ်လုံး ပုံရှိသော နတ်ဘုရား ရုပ်တုကို ကိုးကွယ်ကြပါသည်။ ထိုနတ်ဘုရားမ နှင့် ပတ်သတ်ပြီး အဲဂုတ္တု လူမျိုးတို့၏ အယူအဆမှာ ကမ္ဘာကြီးကို ဖန် ဆင်းသော နတ်ဘုရား၏ ဇနီးမယားအဖြစ် ယူဆထားကြသည်။

တတိယ ကပ်ဘေး (ခြင်များဖြင့် ဒဏ်ခတ်ခြင်း) (ထွက် ၈း၁၆-၂၁)

ဖာရော ဘုရင်သည် နိမိတ် လက္ခဏာ များကို မြင်တွေ့ခဲ့ရသော်လည်း ဘုရားသခင်၏ တန်ခိုးတော် ကို အသိအမှတ် မပြုလဲ ငြင်းဆန် ခဲ့သည်။ ဣသရေလ လူများကို လွှတ်ပေးရန် အခွင့် မပေးဘဲ ခေါင်းမာမြဲ ခေါင်းမာ လျက် ရှိနေသည်။ ထို့ကြောင့် ဘုရားသခင်က တတိယ ကပ်ဘေးကြီး ပို့လွှတ်ကာ နိမိတ် လက္ခဏာကို ထပ်မံ ပြသခဲ့သည်။

ဘုရားသခင်သည် မောရှေအား ထပ်မံ၍ အာရုန်အား တောင်ဝှေးကို ကိုင်ပြီး မြေမှုန့်များကို ရိုက်နှက်ရန် မှာကြား လေသည်။ ထိုသို့ ပြုလုပ် လိုက်သည့် အခါ အဲဂုတ္တုပြည် တစ်ပြည်လုံတွင် ခြင်ကောင်များဖြင့် ပြည့်နှက်လေတော့သည်။ ထိုခြင်များသည် အဲဂုတ္တုလူများသာမက တိရစ္ဆာန် များပါ ဒုက္ခ ခံစားရလေသည်။ ထိုကဲ့သို့ နိမိတ် လက္ခဏာမျိုး နတ်ဝိဇ္ဇာတို့ လိုက်လံတုပ လုပ်ဆောင် ကြသော်လည်း မစွမ်းနိုင် ကြတော့ချေ။

နောက်ဆုံးတွင် ဖာရောဘုရင်၏ နတ်ဝိဇ္ဇာများမှာ အရှက်ကွဲသွားလေတော့သည်။ ဘုရားသခင်သည် တန်ခိုးအရာတွင် အလွန်ကြီးမားကြောင်း ယခုအခါ ဝန်ခံရလေတော့သည် (ထွက် ၈း၁၉)။ အာရုန်သည် ဤနိမိတ်လက္ခဏာ လုပ်ဆောင်ပြီး နောက် ထပ်မံပြီး နိမိတ်လက္ခဏာများ ပြုလုပ်သောအခါ မပါဝင်တော့ချေ။

ဤနတ်ဘုရားကို Geb ဟုခေါ်ပြီး မြေနတ်ဘုရား (Earth of god) ဟု သတ်မှတ်ထား ပါသည်။ အာရုန်သည် မြေကို ရိုက်နှက်လိုက်သောအခါ ထိုမြေသည် ခြင်ကောင်များ ဖြစ်လာခဲ့သည်။ ထိုနတ်ဘုရားကို ပူဇော်ပသနေသော အဲဂုတ္တုလူတို့ထံ ပြန်လာကာ အဲဂုတ္တုလူ တို့ကို ဒုက္ခပေးခြင်းဖြင့် အဲဂုတ္တုလူတို့ကို စိတ်ပျက်စေသည်။ လုံးဝပူဇော်ပသမှု မပြုချင် လောက် အောင် ဖြစ်သွားသည်။ ထိုမြေနတ်ဘုရားသည် ထာဝရ ဘုရားသခင်၏ လက်ထဲတွင် ရှိနေကြောင်း သက်သေထူခဲ့သည်။

စတုတ္ထမြောက် ကပ်ဘေးဒဏ် (ယင်ရဲများဖြင့် ဒဏ်ခတ်ခြင်း) (ထွက် ၈း၂၀-၃၂)

ဤကပ်ဘေးကို ကျရောက်သည့်အခါ အဲဂုတ္တုလူများနှင့် ဣသရေ လလူများကို ခြားနားမှု ပြုလုပ်ကာ ဒဏ်ခတ်ခဲ့ပါသည်။ ယင်ရဲတို့သည် အလွန်ကြမ်း တမ်းသောကြောင့် “အဂုတ္တုပြည် ပျက်လေ၏” (ထွက် ၈း၂၄) ဟု ဖေါ်ပြထားပါသည်။

ဒီတစ်ကြိမ်တွင် ဖာရောဘုရင် ကိုယ်တိုင် ထာဝရဘုရား၏ တန်ခိုးတော်ကို အသိအမှတ် ပြုခဲ့ပါ သည်။ ထို့ကြောင့် မောရှေကို ခေါ်ယူကာ အပေးအယူ လုပ်ကာ စေ့စပ်ဆွေးနွေးရသော အဆင့် သို့ ရောက်ရှိလာပါသည်။ ထိုယင်ရဲများကို ဖယ်ရှားပေးရန် ကိုယ်တိုင် တောင်းဆို လေတော့ သည်။ ထို့ပြင် ဣသရေလ လူများကို သွားခွင့် ပြုပါမည်ဟု ပြောရသည်။ သို့သော် “ဝေးဝေး မသွားပါနှင့်” ဟု ကန့်သတ်ထားလေသည်။

ဤတစ်ကြိမ်တွင် Khepri ဟူသော အင်ဆက် နတ်ဘုရားကို ဒဏ်ခတ်လိုက်ခြင်း ဖြစ်သည်။ ပုံတွင် ဖော်ပြပုံမှာ သိပ်ပြီး မရှင်းလင်းလှချေ။ ဖြစ်နိုင်ချေ ရှိသည်မှာ ယင်ကောင်း ဦးခေါင်း ဖြစ်နိုင်ပါသည်။ ယင်ကောင် ဖြစ်သော်လည်း အလွန်ကြီးသော အကောင်မျိုးဖြစ်သည်။ နွား များကို ကိုက်သောအခါ နာကျင်ပုံရသည်ဟု ကြားဘူးပါသည်။ လူကိုဆိုလျှင် အဘယ် ဆိုဘွယ်ရာ ရှိလိမ့်မည်နည်း။ ထို သတ္တဝါ ယင်ကောင်သည် ဘယ်သောအခါမျှ တင်းတိမ်ခြင်း မရှိဟု သိရပါသည်။ ထို့ကြောင့် ထိုယင်ရဲများဖြင့် အဲဂုတ္တု လူတို့ အလွန် ဒုက္ခရောက်ခဲ့ပါသည်။ Khepri နတ်ဘုရားကို “ယင်ကောင် များတို့၏အရှင်” (lord of flies) ဟု ခေါ်ကြပါသည်။ ထိုနတ်ဘုရားသည် ဖန်ဆင်းခြင်းနှင့်ဆိုင်သော နတ်ဘုရားအဖြစ် သိမှတ်ခံယူကြပါသည်။ ယခင်က နေနတ်ဘုရား ဖြစ်ပြီး ပြန်လည် မွေးဖွားမှုခံယူကာ ဖန်ဆင်းခြင်းနှင့် ဆိုင်သော နတ်ဘုရားဖြစ်လာသည်ဟု ယုံကြည်ကြသည်။ ထိုနတ်ဘုရား သည်လည်း ဘုရားသခင်၏ ဒဏ်ခတ်ခြင်းကို ခံစားရကာ လူတို့၏ စိတ်တွင် ကိုးကွယ်လိုစိတ် ပျောက်ဆုံး သွားခဲ့ပါသည်။

 

ပဉ္စမမြောက် ကပ်ဘေးဒဏ် (တိရစ္ဆာန်များကို ဒဏ်ခတ်ခြင်း) (ထွက် ၉း၁-၇)

ဟေဗြဲလူတို့ကို မလွှတ်သေးဟု ဆိုပါက မနက်ဖြန်နေ့တွင် တိရစ္ဆာန်များကို အနာရောဂါ ဘေးဒဏ်ဖြင့် ဒဏ်ခတ်မည် ဖြစ်ကြောင့် ဖာရောမင်းထံ ကြိုတင် အကြောင်းကြား စေလွှတ်ခဲ့ပါသည်။ မနက်ဖြန်နေ့ရောက်သောအခါ အမှန်တကယ် ပြောသည့်အတိုင်း လုပ်ဆောင်ခဲ့သည်။ ဟေဗြဲလူတို့၏ တိရစ္ဆာန် များသည် တစ်ကောင်မျှ မသေသော်ဘဲ အဲဂုတ္တုလူတို့ ၏တိရစ္ဆာန်များသာ သေဆုံးကြောင်း သိရသောအခါ ပိုမို၍ စိတ်နှလုံး ခိုင်မာခဲ့သည်ဟု သမ္မာ ကျမ်းစာ က ဖော်ပြထား ပါသည်။ (ထွက် ၉း၇)

ဤနိမိတ်လက္ခဏာမှာ အီဂျစ်လူမျိုးတို့၏ နတ်ဘုရား တစ်ပါးဖြစ်သော Hathor နတ်ဘုရားမကို ဒဏ်ခတ်ခြင်းဖြစ်သည်။ ထိုနတ်ဘုရားမသည် ကျွဲနွားတို့၏ ဦးခေါင်းနှင့် မိန်းမကိုယ်ခန္ဓာ ရှိပါသည်။ ထိုနတ်ဘုရားမှာ ချစ်ခြင်းမေတ္တာနှင့်သော်လည်း ကောင်း၊ ကွယ်ကာမှုသော်လည်းကောင်း ပြုလုပ်ပေးသော နတ်ဘုရားမ ဖြစ်သည်ဟု ယုံကြည်ကြပါသည်။

ဤနိမိတ်လက္ခဏာကြောင့် အဲဂုတ္တုတိုင်းပြည်တွင် အလွန်ပင် အထိနာခဲ့ပါသည်။ ထိုကျွဲ၊ နွား၊ မြင်း စသည်တို့နှင့် အခြား တိရစ္ဆာန်များသည် စီးပွားရေး၊ စစ်တပ်တွင် သယ်ယူပို့ဆောင်ရေးနှင့် စားရိက္ခာ၊ စိုက်ပျိုးရေးတို့ အပြင် အခြား ဆက်စပ်လုပ် ငန်းများအားလုံး ထိခိုက်နစ်နာခဲ့သည်။ မည်သို့ပင်ဖြစ်စေ အဲဂုတ္တုလူတို့၏ နတ်ဘုရားတစ်ပါးကို ထာဝရဘုရားက နှိပ်ကွပ် လိုက်ခြင်းသည် မှန်သော ဘုရားကို သိကျွမ်းလာစေရန်သာဖြစ်တော့သည်။

ဆဌမမြောက် ကပ်ဘေး (အနာဆိုးများဖြင့် ဒဏ်ခတ်ခြင်း) (ထွက် ၉း၈-၁၂)

ဤတစ်ကြိမ်တွင် ဘုရားသခင်သည် ကြိုတင် အကြောင်းကြား ပြောဆိုခြင်းမရှိဘဲနှင့် ဤနိမိတ် လက္ခဏာ ပြုလုပ်ခဲ့သည်။ ဤတွင် မောရှေသည် မီးဖိုမှ ပြာကိုယူပြီး ကောင်းကင်တွင် ပစ်လိုက်ရာ အဲဂုတ္တုပြည် တစ်လျှောက်လုံးသို့ ထိုပြာသည် ရောက်ရှိသွားပြီး လူတိုင်းကို အနာဆိုးများ ဖြစ်စေခဲ့သည်။ လူများသာမက တိရစ္ဆာန်များတွင်လည်း ထိုအနာဆိုးများက နှိပ်စက် လေတော့သည်။ ဖာရောဘုရင်၏ ဘေးတွင် အမြဲ ရှိနေခဲ့သော နတ်ဝိဇ္ဇာ များပင်လျှင် ဒဏ်မခံ နိုင်ကြ။

ဘုရားသခင်သည် သူ၏ လူမျိုးတော်ဖြစ်သော ဟေဗြဲလူတို့ကိုမူကား ထိုအနာဆိုး ရောဂါများ၏ ဘေးဒဏ်မှ ကင်းလွတ်စေရန် ကွယ်ကာမှု ပြုလုပ်ပေးခဲ့သည်။ (ထွက် ၉း၁၁)

အဲဂုတ္တုလူမျိုးများသည် သန့်ရှင်းမှုကို ဦးစားပေးကြသည်။ သူတို့ကိုယ်သူတို့ အမြဲတမ်း သန့်ရှင်းမှု ရှိသည်ဟု တွေး ထင်ကြ သည်။ ယခင်က ရောဂါ ဖြစ်လျှင် မသန့်ရှင်း သောကြောင့် ဖြစ်ရသည်ဟု တွေးထင်လေ့ ရှိသော်သည်။ ဤရောဂါ ကပ်ဆိုး အားဖြင့် အဲဂုတ္တုလူများ အားလုံးသည် ဘုရားသခင်၏ ရှေ့တော်တွင် မည်သူမျှ မသန့် ရှင်းကြောင်း ဘုရားသခင်က သက်သေ ထူလိုက်သည်။

Isis နတ်ဘုရားမသည် ငြိမ်းချမ်းရေးကို ထိန်းသိမ်းစောင့်ရှောက်သူအဖြစ်လည်းကောင်း၊ ဆေးဝါးများကို စောင့်ရှောက်သူ၊ ဆေးဝါးများ၏ အစွမ်းကို ထိန်းချုပ်သူ အဖြစ်လည်းကောင်း၊ အသက်ကို ပေးသော အရှင် အဖြစ်လည်းကောင်း၊ သိမှတ် ယုံကြည် ကြသည်။ ဤနိမိတ်လက္ခဏာ ကပ်ဆိုးကြီး ကြောင့် ထိုနတ် ဘုရားမ သည်လည်း အစွမ်းတန်ခိုး မရှိကြောင်း သိရှိ သွားခဲ့ ကြသည်။

သတ္တမမြောက် ဘေးဒဏ် (မိုးသီးမိုးဖြင့် ဒဏ်ခတ်ခြင်း) (ထွက် ၉း၂၂-၃၅)

ဤနိမိတ်လက္ခဏာ ဘေးဒဏ်မှာ အခြား ကပ်ဘေးများနှင့် မတူ၊ တစ်မူထူးခြားခဲ့သည်။ အဲဂုတ္တုလူများအားလုံးသည် ရွေးချယ် ခွင့်ရရှိခဲ့သည်။ နှုတ်ခပတ်တော်ကို ယုံကြည်သော အဲဂုတ္တုလူများအားလုံး ပြင်ဆင်ခွင့် ရရှိခဲ့ကြသည်။ ယုံကြည်သောသူများ အားလုံးသည် အမိုးအကာအောက်သို့ သွားရောက် ခွင့် ရှိခဲ့သည်။

မိုးသီး၏ အရွယ်အစားမှာ မည်မျှလောက် ကြီးမားသည်ကို မသိနိုင်သော်လည်း ပျက်စီး စေနိုင်လောက်သည့် အရွယ်အစား ဖြစ်ကြောင်း သိရလေသည်။ ထိုမိုးသီးသည် မြေပေါ်သို့ ကျရောက်သောအခါ မီးအသွင် ပြောင်းလဲ လောင်မြိုက်လေသည်။

ဤတစ်ကြိမ်တွင် ဖာရောဘုရင်သည် မိမိတို့မှာ ပြစ်မှားသူဖြစ်ကြောင်း ဝန်ခံခဲ့သည်ကို အထင်အရှား တွေ့ရပါသည်။ (ထွက် ၉း၂၇-၂၈)။ ဘုရားသခင် သည် ဖြောင့်မက် ကြောင်းကိုလည်း ဝန်ခံ ပြောကြားခဲ့လေသည်။

ဤနိမိတ်လက္ခဏာသည်ကား မိုးကောင်းကင် နတ်ဘုရားမ ဖြစ်သော Nut ကို ရည်ရွယ် နှိပ်ကွပ်လိုက်ခြင်းဖြစ်သည်။ ဤနတ်ဘုရားမသည် အဲဂုတ္တုလူတုိ့၏ စိုက်ပျိုးရေးလုပ်ငန်းအတွက် အလွန် အားကိုးလေးစားပြီး ကိုးကွယ်မှု ပြုကြသော နတ်ဘုရားမ ဖြစ်ပါသည်။ Nut နတ်ဘုရားမ၏ ခင်ပွန်းမှာ Geb (မြေနတ်ဘုရား) ဖြစ်ပါသည်။ ထိုနတ်ဘုရား နှစ်ပါးစလုံးကို ဤဘေးဒဏ်ဆိုး ကျရောက်ခြင်းဖြင့် ဒဏ်ခတ်လိုက်ပါသည်။ ကောက်ပဲသီးနှံကို စောင့်ရှောက်သော နတ်ဘုရားမှာ Seth ဖြစ်ပါသည်။ ထိုနတ်ဘုရားကိုလည်း တစ်ပါတည်း ဆုံးမ ဒဏ်ခတ် လိုက်သည်ကို တွေ့ရ ပါသည်။

ဤနိမိတ်လက္ခဏာ၏ ထူးခြားချက်မှာ အဝတ်ရက်လုပ်သော လျှော်ပင်များကိုသာ ထိခိုက်ပျက်စီးစေပြီး အစားအသောက် အတွက် စိုက်ပျိုးထားသော ဂျုံစပါးနှင့် ကောက်ပင်များကိုမူကား မပျက်စီးဘဲ ချန်ပေးထားခဲ့သည်။ ဘုရားသခင်သည် အမျိုး မျိုးသော အရာတိုင်းကို ထိန်းချုပ်နိုင်ကြောင်း သက်သေ ထူခဲ့သည်။

ဘုရားသခင်ကို ယုံကြည်နိုင်ရန် အခွင့်ပေးထားကြောင်း သိနိုင်ပါသည်။ ထာဝရဘုရားသခင်သည် အသက်ရှင်၍ တန်ခိုးနှင့် ပြည့်ဝစုံလင် တော်မူသော ဘုရားဖြစ်ကြောင်း သက်သေထူခဲ့ပါသည်။

အဌမမြောက် ကပ်ဆိုးဘေး (ကျိုင်းကောင်းများ စေလွှတ်ခြင်း) (ထွက် ၁၀း၁-၂၀)

 

ဖာရောဘုရင်သည် ထာဝရဘုရား၏ သတိပေးသော နှုတ်ခပတ်တော်ကို အသိအမှတ်မပြုဘဲ လစ်လျူရှုနေဆဲဖြစ်သည်။ သူသည် ယခင်ကတည်းက ယုံကြည်သော နတ်ဘုရားများနှင့် နတ်ဘုရားမများကို မှီခိုနေဆဲဖြစ်သည်။

ယခု ကျိုင်းကောင်များဖြင့် ဒဏ်ခတ်ခြင်းမှာ သတ္တမမြောက်ဖြစ်သော မိုးသီးဖြင့် ဒဏ်ခတ်ခြင်း၏ အဆက်ဖြစ်သည်။ မိုးသီးကျရောက်ချိန်က မပျက်စီးဘဲ ကျန်နေသေးသော ကောက်ပဲသီးနှံများကို ဖျက်စီးရန် ဆက်လက် လုပ်ဆောင်ခြင်း ဖြစ်သည်။

မောရှေနှင့် အာရုံသည် ဖာရောဘုရင်ထံ ဝင်ရောက်ကာ ယခင်အတိုင်း ဟေဗြဲလူများကို လွှတ်ပေးရန် တောင်းဆိုခဲ့ပါသည်။ သို့သော်လည်း ဖာရော ဘုရင်၏ ခေါင်းမာမှုကြောင့် ဘုရားသခင်က ပြောသည့်အတိုင်း ကျိုင်းကောင်များကို စေလွှတ်ခဲ့ ပါသည်။

ဤနိမိတ် လက္ခဏာသည် အဲဂုတ္တုနတ် ဘုရားတစ်ပါးဖြစ်သော မုန်တိုင်းကို အစိုးရသည် သာမက ကောက်ပဲ သီးနှံများ ကိုလည်း စောင့်ရှောက်သော Seth နတ်ဘုရားကို ဆုံးမ ဒဏ်ခတ် လိုက်ပါသည်။

နောက်ထပ် နတ်ဘုရား တစ်ပါးမှာ Senehem ဖြစ်ပါသည်။ ထိုနတ်ဘုရားသည် ကျိုင်းကောင်၏ ဦးခေါင်းနှင့် လူကိုယ်ခန္ဓာ ရှိသော နတ်ဘုရား တစ်ပါးဖြစ်ပါသည်။ ကောက်ပဲသီးနှံများကို ဖျက်စီးတတ်သော အကောင်များကို အကာအကွယ်ပေး သည့် နတ်ဘုရား ဖြစ်ကြောင်း သိမှတ် ယုံကြည်ကြပါသည်။

ဤနိမိတ်လက္ခဏာသည် လူတို့၏ အသက်သွေးကြောဖြစ်သော အစားအသောက်ကို အမှန်တကယ် ပေးမည့်သူ၊ ကျွေးမွေးမည့်သူ၊ မစပံ့ပိုးမည့်သူမှာ ထာဝရ ဘုရားသခင်သာ လျှင်ဖြစ်ကြောင်း သက်သေထူခဲ့ပါသည်။

နဝမအကြိမ် ကပ်ဘေးဆိုး (မှောင်မိုက်ဖြင့် ဒဏ်ခတ်ခြင်း) (ထွက် ၁၀း၂၁-၂၃)

 

ဤတစ်ကြိမ် တွင်လည်း ကြိုတင် ကြော်ငြာခြင်း မပြုဘဲနှင့် အဲဂုတ္တုပြည် တစ်လျှောက်လုံးတွင် ထူထပ်သော မှောက်မိုက်ကျ ရောက်စေသည်။ ထိုမှောင်မိုက်မှာ နာရီအနည်းငယ် မျှသာ မဟုတ်။ (၃) ရက် တိုင်တိုင် မှောင်မိုက် လွှမ်းသွားသည်ကို တွေ့မြင် ရပါသည်။ သို့သော် ဟေဗြဲလူတို့ နေရာ တွင် ထိုသို့မဟုတ်။ အလင်းပုံမှန် ရရှိခြင်းဖြင့် ထိုနိမိတ် တန်ခိုးကို ထာဝရဘုရား သခင် ပြုလုပ် ကြောင်း ထင်ရှား စေပါသည်။

အဲဂုတ္တုပြည်တွင် အများဆုံး ကိုးကွယ်မှု ပြုကြသည်မှာ Ra နတ်ဘုရား ဖြစ်သည်။ နေနတ် ဘုရားဟု လူတို့က အသိအမှတ် ပြုကြသည်။ အလင်းရောင်ကို ပေးသည့် နတ်ဘုရား ဖြစ်သည်။ ဤ နတ်ဘုရားသည် နေနှင့် အလင်းကို အမှန်တကယ် အစိုးရသူမဟုတ်ဘဲ စာတန် ဘက်တော်သား မှောင်မိုက်၏ အရှင် တစ်ဦးသာဖြစ်ကြောင်း ထာဝရဘုရားက ရှင်းလင်းစွာ ဖော်ပြလိုက်သည်။

Ra သည် ဖာရောဘုရင်များ အားလုံး၏ ဖခင်ဖြစ်ပါသည်။ ဖာရော ဘုရင် ကိုယ်တိုင် ပင်လျှင် နတ် ဘုရားနှင့် နတ်ဘုရားမ တို့၏ အရှင်အဖြစ် လူတို့က ယုံကြည် နေကြပါသည်။

ဟီဘရူး ဘာသာစကားအားဖြင့် Ra ဆိုသည်မှာ မှောင်မိုက် ဖြစ်ပါသည်။ သို့သော် သူ့ကိုယ်သူ အလင်း၏ အရှင်ဟု ဆိုကာ လူတို့ကို လိမ်လည် လှည့်ဖြားထားခြင်း ဖြစ်ကြောင်း သက်သေ ထူလိုက်ပါသည်။

မှောင်မိုက်ဆိုသည်မှာ သေခြင်းကိုလည်းကောင်း၊ စီရင်ခြင်းကိုလည်းကောင်း၊ မျှော်လင့်ချက်မဲ့ခြင်းကိုလည်းကောင်း ကိုယ်စားပြုနေခြင်းဖြစ်ပါသည်။ ဤသုံးရက်တာ မှောင်မိုက် ကာလအတွင်းတွင် အလွန်ပင် ကြောက်မက်ဘွယ်ရာ ကာယ ရေးရာနှင့် ဝိညာဉ်ရေးရာတို့၏ အားပြိုင်မှုကို အကြီးအကျယ် ခံစားရမည်မှာ မြေကြီး လက်ခတ် မလွဲပင် ဖြစ်ပေ လိမ့်မည်။

ဒဿမအကြိမ် ကပ်ဆိုးဘေး (သားဦများကို ဒဏ်ခတ်ခြင်း) (ထွက် ၁၁ နှင့် ၁၂)

 

ဖာရောသည် မှောင်မိုက် ကျသည့် ကပ်ဘေးကြီကို ကျော်လွန်ရန်အတွက် မောရှေနှင့် အာရုန်ကို ဟေဗြဲ လူမျိုးများအား လွှတ်ပေး ပါမည်ဟု ကတိပေးခဲ့ပါသည်။ သို့သော် ယဇ်ပူဇော်ရန် သိုးနွားများကို သယ်ယူခွင့် မပြုခဲ့ချေ။ မှောင်မိုက်ကို ရှင်းလင်း ဖယ်ရှားပြီးသောအခါ တစ်ဖန်ပြန်လည်၍ ခေါင်းမာကာ မလွှတ်ဘဲ နေပြန်လေသည်။ ထိုမျှမက နောက်တဖန် မတွေ့ မမြင် လိုဟု ပြောဆို၍ တွေ့လျှင် သတ်ပစ်မည် ဟူ၍ ခြိမ်းခြောက် ပြောဆိုခဲ့လေသည်။

ဤနိမိတ် နောက်ဆုံး လက္ခဏာ ကပ်ဆိုးကြီးမှာ ဖာရော ဘုရင်ကို ဒဏ်ခတ်ခြင်းပင် ဖြစ်သည်။ ဖာရော ကိုယ်တိုင် ပင်လျှင် အဲဂုတ္တု ပြည်၏ နတ်ဘုရား တစ်ပါး ဖြစ်သည်ဟု တိုင်းသူ ပြည်သား များက ယုံကြည်ကြသည်။ ဖာရော ဘုရင်၏ သားဦသည် ဖာရောဘုရင် ၏ ထီးနန်ကို ဆက်ခံကာ အဲဂုတ္တု တိုင်းပြည်၏ နတ်ဘုရား တစ်ပါး အဖြစ်သို့ ခံယူလိမ့်မည် မဟုတ် ပါလား။

အဲဂုတ္တုပြည်မှ သားဦးများနှင့် တိရစ္ဆာန် သားဦး များသည် မကြာခဏ ယဇ်ပူဇော် ခံရလေ့ ရှိသည်။ ဖာရော ဘုရင်သည် Ra နေ နတ်ဘုရားနှင့် Osiris အသက် ပေးသော နတ်ဘုရား ဝင်စားသည်ဟု လူတို့က ယုံကြည် သတ်မှတ် ထားသည်။ ထို့ကြောင့် ဖာရော ဘုရင် သည်လည်း နတ်ဘုရား တစ်ပါး ဖြစ်ပေသည်။

ဤနိမိတ် ကပ်ဆိုးကြီးသည် အဲဂုတ္တု လူမျိုးအားလုံး အပေါ်သို့ ကျရောက်စေကာ ထိုလူမျိုး အားလုံးကို နှိပ်ကွပ် လိုက်လေ တော့သည်။ အဘယ်ကြောင့် ဆိုသော် ဟေဗြဲလူမျိုးများကို မညှာမတာ ရက်ရက် စက်စက် စေခိုင်းကာ ကျွန်ပြုခဲ့ သောကြောင့် ဖြစ်သည်။

ဘုရားသခင်သည် ထိုနိမိတ် လက္ခဏာ ပြုလုပ်မည့် နောက်ဆုံးညတွင် ဟေဗြဲလူတို့ အတွက် ပဿခါ ပွဲတော်ကို စီရင် ကျင်းပ စေခဲ့သည်။ ထို့နောက် ပဿခါ သိုးငယ်၏ အသွေးကို အိမ်တံခါး တိုင်များတွင် သုတ်လိမ်းကာ ဘုရားသခင်ကို ယုံကြည် ကြောင်း သက်သေ ထူခိုင်းခဲ့သည်။ ထိုသို့ သက်သေ မထူသော သူများ ပဿခါ ပွဲတော်ကို မယုံကြည် သောသူများကို စီရင်ရန် ကောင်းကင် တမန်သည် ထိုနေ့ညတွင် အဲဂုတ္တု တစ်နိုင်ငံလုံးသို့ ထုပ်ခြင်းခပ် ဖြတ်သန်း သွားပြီးနောက် ထိုမယုံကြည်သော အဲဂုတ္တု အမျိုးသားများ၏ သားဦးများကို သုတ်သင် ဖျက်စီး လိုက်လေတော့သည်။

ထိုနေ့ ညတွင် ဟေဗြဲ အမျိုးသားများ အားလုံးသည် လွတ်မြောက်ခွင့် ရရှိခဲ့ကြပြီး အိမ်နီးချင်းများမှ လက်ဝတ် ရတနာများ ကို စိတ်လို လက်ရ ထုပ်ပေးခဲ့ ကြသည်။ မြန်မြန် ထွက်သွား ရန်လည်း နှင်ထုပ်ခဲ့ကြသည်။ ဤသို့ဖြင့် အဲဂုတ္တု ပြည်မှ ထွက်ခွင့် ရရှိခဲ့ ကြလေသည်။

ဘုရားသခင်သည် အဲဂုတ္တုပြည်မှ ဘုရားများကို အထက်ပါအတိုင်း ဒါဏ်ခတ် စီရင်လိုက်ခြင်းဖြင့် လောကကြီး တစ်ခုလုံးကို ဖန်ဆင်းရှင်နှင့် တန်ခိုး ကြီသော အရှင်ဖြစ် ကြောင်း သက်သေ ထူခဲ့လေသည်။

ဤဆောင်းပါးကို အောက်ပါ website များကို လေ့လာဖတ်ရှုပြီး မှီငြမ်းရေးသားထားပါသည်။

http://www.thejoshlink.com/article198.htm

http://www.davidicke.com/forum/showthread.php?p=1061253341

http://www.ancientegyptonline.co.uk/nut.html

shellsstory.wordpress.com/2012/06/03/1821/

http://www.nccg.org/lev20110414.html

http://www.newlife.org/pastors-blog?page=7&tid=28

http://www.aelives.com/gods.htm

inthedoghouse.hubpages.com/hub/Ten-Plagues-For-Ten-Gods

predestination.co.za/bible-study-aids/

http://www.churchofchrist-cg-az.com/Islam-Bible-Archaeology-Law.html

နာမတော်မြတ်၌

Rev. ဦးမင်းလွင်

 

 

၅၀။ဗျာဒိတ်ကျမ်းထဲမှကောင်းကင်နိုင်ငံတော်အကြောင်း

ကောင်းကင်နိုင်ငံတော်နှင့် ပတ်သတ်ပြီး လေ့လာစရာ၊ သိမှတ်စရာ မြောက်များစွာ ရှိနေပါသည်။ သင့် အနေ ဖြင့် ကောင်းကင်နိုင်ငံတော် အကြောင်းကို မည်မျှလောက် စဉ်းစားခဲ့ပါ သနည်း။ ကောင်း ကင် နိင်ငံတော် အကြောင်း မည်မျှလောက် သင်သိရှိပြီးပါပြီလဲ။ ကျွန်တော်တို့သည် ထာဝရ နာ ကျင်ခြင်းနှင့် ဝမ်းနည်းခြင်း တို့ ကင်မဲ့ရာနေရာ၊ အပြစ်တရားနှင့် သေခြင်းတရား ကင်းမဲ့ရာ နေရာ၊ ပျော် ရွင်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ ပြည့်စုံရာနေရာ အကြောင်းကို သင်မည်မျှ လောက် သိရှိပြီး ပါပြီလဲ။

ကျွန်တော်သည် အမှုတော်ဆောင် တစ်ဦးအနေဖြင့် မကြာခဏ ခရီးထွက် ရပါသည်။ ထိုသို့ ခရီးမထွက် ခင်ကပင် အချိန်အနည်းငယ် ယူပြီး ထိုဒေသ အကြောင်း၊ ရာသီဥတု၊ စီးပွားရေး အခြေအနေ၊ လူတို့၏ စရိုက် သဘော၊ အခြေအနေအမျိုးမျိုးကို ကြိုတင်လေ့လာကာ ခရီစဉ်အတွက် ပြင်ဆင်လေ့ ရှိပါသည်။ယခု ကျွန်တော်တို့ သွားရမည့် နေရာသည် ခဏတာ အလည်အပတ်အပတ် ခရီးမဟုတ်။ ထာဝရ ကာလနေ ထိုင်ရမည့် နေရာ ဖြစ်သောကြောင့် ပိုမို လေ့လာ သင့်သည်ဟု ထင်ပါသည်။ သမ္မာကျမ်းစာတွင် ကျွန်တော် တို့၏ နာမည်များသည် ထိုနေရာတွင် ရှိနေပြီး ဖြစ်သည်ဟု ရေးသားထားပါသည်။ ထိုနေရာ သည် ကျွန်တော်တို့၏ အမွေခံရာ တိုင်ပြည်နှင့် နိုင်ငံသားများပင် ဖြစ်သည် မဟုတ်ပါလော။ ထိုနေရာသည် ကျွန်တော်တို့ သိရှိထားသည့် ကောင်းကင်နိုင်ငံတော်ပင် ဖြစ်ပေတော့သည်။ ကျွန်တော်အနေဖြင့် ထိုနေရာအကြောင်းကို လေ့လာနိုင် သလောက် များစွာ လေ့လာလိုပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော် ထာဝရ ကာလနေထိုင်ရမည့် နေရာဖြစ်သောကြောင့် ဖြစ်ပါသည်။ထိုနေရာကို လေ့လာနိုင်ရန် ထိုနေရာကို မြင်တွေ့ခဲ့ရသူကိုယ်တိုင် ပြောပြသော အကြောင်းအရာများကို ပိုမို ဦစားပေး ရမည်ဖြစ်ပါသည်။ ထိုနေရာကို မည်သူ ရောက်ရှိ မြင်တွေ့ခဲ့ပါသနည်း။ သခင်ခရစ်တော်၏ ဗျာဒိတ်ကျမ်းကို ရေးသားသော စာရေးဆရာက ပြောခဲ့သည်မှာ

“သန့်ရှင်းသော မြို့တည်း ဟူသော ယေရုရှ လင် မြို့သစ်သည် မိမိခင်ပွန်းဘို့ တန်ဆာဆင်သော မင်္ဂလာဆောင် သတို့သမီး ကဲ့သို့ ပြင်ဆင်လျက် ဘုရားသခင် အထံတော်၊ ကောင်းကင်ဘုံမှ ဆင်သက် သည်ကို ငါမြင်၏” (ဗျာဒိတ် ၂၁း၂)

ဟု ပြောဆို ရေး သားခဲ့ပါသည်။ ဤနေရာတွင် ထိုသူသည် ပထမဦးဆုံး မျက်စိနှင့် ကိုယ်တိုင်မြင်တွေ့ပြီး စာအဖြစ် ရေးသား မှတ်တမ်းတင်ခဲ့သည်ကို ထင်ရှားစွာ တွေ့မြင် ခဲ့ရပါသည်။ ကျွန်တော်တို့သည် ကောင်း ကင်နိုင်ငံတော် အကြောင်းကို သိရှိနိုင်ရန် ထိုသူရေးသား ထားသော ဗျာဒိတ်ကျမ်းမှ အကြောင်း အရာများဖြင့် ကောင်းစွာ လေ့လာသိရှိနိုင်ပါသည်။

ကျွန်တော်တို့သည် ကောင်းကင်နိုင်ငံတော်ကို လေ့လာမည်ဆိုရာတွင် ပထမဦးစွာ ကောင်းကင်နိုင်ငံတော် သည် အမှန်တကယ် ရှိနေကြောင်း လက္ခံ ယုံကြည်ဘို့ လိုအပ်ပါသည်။ ကောင်းကင်နိုင်ငံတော် သည် နေရာဒေသ တစ်ခု ဖြစ်သည်။ နေထိုင်ရန် နေရာတစ်ခု လည်း ဖြစ်သည်။

ကောင်းကင်နိုင်ငံတော် ဆိုတာ အမှန် တကယ် ရှိပါတယ်။

ဗျာဒိတ်ကျမ်းတွင် တမန်တော် ရှင်ယောဟန်က ပြောခဲ့သည်မှာ

“ကောင်း ကင် သစ်နှင့် မြေကြီးသစ်ကို ငါမြင်ရ၏”

လို့ပြောခဲ့သည့်အပြင်

“သန့်ရှင်းသော မြို့တည်း ဟူသော ယေရုရှ လင်မြို့သစ်သည် . . . . . . . ဘုရား သခင် အထံတော်၊ ကောင်းကင်ဘုံမှ ဆင်းသက် သည်ကို ငါမြင်၏။ (ဗျာဒိတ် ၂၁း၁)

အထက်ပါ သတင်းစကားသည် ပုံပြင်၊ ဇတ်နိပါတ်၊ ဘာသာရေး ဆန်သော ပြောဆိုမှုတစ်ခု မဟုတ်ပါ။ ကျွန်တော်တို့ ယုံကြည်နေသော ခရစ်ယာန် ဘာသာရေး အတွက် တီထွင်ပြောဆိုထားချက် တစ်ခုလည်း မဟုတ်ပါ။ ကောင်းကင်နိုင်ငံ၊ (ကောင်းကင်ရွေပြည်) ဆိုသည်မှာ အမှန်တကယ် ရှိနေပါသည်။

အသုံးပြုထားသော ဆောက်လုပ်ရေးပစ္စည်းများ

ယနေ့ အဆောက်အဦများ ဆောက်လုပ်ရာတွင် အသုံးပြုသော ပစ္စည်းများမှာ သစ်သား၊ ကျောက်၊ အုပ်၊ ဘိလပ်မြေ၊ သဲ၊ ထုံး၊ ကျောက်စရစ်၊ သံ အစရှိ သဖြင့် အသုံးပြုကြသည်။ သို့သော် ကောင်းကင်နိုင်ငံတော်တွင် ထိုပစ္စည်များကို အသုံးပြုပြီး အဆောက်အဦများကို ဆောက်လုပ်ထားခြင်း မဟုတ်ပါ။

သခင်ယေရှုက လောကတွင် အမှုတော်မြတ်တွင် မပါဝင်ခင်က အသက်သုံးဆယ် အရွယ်အထိ လုပ်ဆောင်ခဲ့သည့် အရာမှာ လက်သမားဖြစ်သောကြောင့် ဆောက်လုပ်ရေးအပိုင်းတွင် ကျွမ်းကျင်သူ တစ်ဦးဖြစ်သည်။ ယော ၁၄း၂ တွင် “သင်တို့ နေစရာ အရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။” ဟု ဆိုထားသောကြောင့် ကောင်းကင်အရပ်တွင် ဆောက်လုပ်ရေး ပညာရှင်ကြီးမှာ သခင်ခရစ်တော်သာ ဖြစ်ပေလိမ့်မည်။

အသုံးပြုထားသော ပစ္စည်းများ၏ စာရင်းကို ရှင်ယောဟန်က ဗျာဒိတ်ကျမ်းတွင် ဤသို့ ဖော်ပြထားပါသည်။

“မြို့ရိုးကိုယ်သည် နဂါးသွဲ့ကျောက်ဖြစ်၏။ မြို့သည်လည်း ကြည်လင်သောဖန်နှင့် တူသောရွှေစင်ဖြစ်၏။ မြို့ရိုးအမြစ်တို့သည် ကျောက်မြတ်အမျိုးမျိုးနှင့် ပြည့်စုံကြ၏။ ပထမအမြစ်ကား နဂါးသွဲ့ ဖြစ်၏။ ဒုတိယအမြစ်ကား နီလာ၊ တတိယအမြစ်ကား မဟူရာ၊ စတုတ္ထအမြစ်ကားမြ၊ ပဉ္စမအမြစ်ကားကြောင်၊ ဆဌမအမြစ်ကား ကျောက်နီ၊ သတ္တမအမြစ်ကား ခရုသုလိတ်၊ အဌမအမြစ်ကား မျက်ရွဲ၊ နဝမအမြစ်ကား ဥဿဖရား၊ ဒသမအမြစ်ကား ခရုသုပြတ်၊ ဧကဒသမ အမြစ်ကား ဝါကိသု၊ ဒွါဒသမအမြစ်ကား ဂေါ်မုတ်ဖြစ်သတည်း။ တံခါးရွက် တဆယ်နှစ်ရွက်အသီးသီး တို့သည် ပုလဲတပြားစီဖြင့်ပြီး၍ ပုလဲတဆယ်နှစ်ပြားဖြစ်ကြ၏။ မြို့လမ်းမသည် ကြည်လင် သောဖန်ကဲ့ သို့သော ရွှေစင်ဖြစ်၏။” (ဗျာဒိတ် ၂၁း၁၈-၂၁)

၁။ ကောင်းကင်နိုင်ငံတော်ဆိုတာ တကယ့်နေရာရာပါ။ (Indeed a place)

ယောဟန် ကိုယ်တိုင် မြင်ပြီး ကိုယ်တိုင်ပြောခဲ့သလို သခင် ခရစ်တော် ကိုယ်တိုင်လည်း ပြောဆို အတည်ပြု ခဲ့သော စကားလည်းရှိပါသည်။

“ငါ့အဘ၏ အိမ်တော်၌ နေစရာ အခန်းများ ရှိ၏။ သို့မဟုတ်လျှင် မဟုတ်ကြောင်းကို သင်တို့အား ငါမပြောဘဲမနေ။ သင်တို့နေစရာ အရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။” (ယော ၁၄း၂)

ဟု ပြောဆိုခဲ့ ဘူးပါသည်။

၂။ ကောင်းကင်နိုင်ငံတော်ဆိုတာ သဘာဝကျတဲ့ နေရာတစ်ခုပါ။ (Real place)

ထိုနေရာကို တိုင်းထွာ၍ ရနိုင်ပါသည်။ ဆောက်လုပ်ရေး ပစ္စည်းများကဲ့သို့ အသုံးအဆောင်များနှင့် ဆောက် လုပ်ထားပြီး အလျား၊ အနံ၊ အမြင့် တို့ရှိသော နေရာ တစ်ခု ဖြစ်ပါသည်။ တိုင်ထွာဆောက်လုပ်ထားသော တံခါးများ၊ အုပ်မြစ်အခြေများ၊ နံရံများ ပါဝင်သော နေရာတစ်ခုဖြစ်ပါသည်။ ကောင်းကင်နိုင်ငံတော်သည် အခြေအနေ (သို့) ဖြစ်တည်မှု တစ်ခုမဟုတ်ပါ။ ထိုနေရာသည် နိဗ္ဗာန်မဟုတ်ပါ။ ထိုနေရာသည် အပျော်ရှာ သည့် နေရာလည်း မဟုတ်ပါ။ ထိုနေရာသည် တိမ်စိုင်တိမ်ခဲများနှင့် မြူခိုးမြူမှုန် ကလေးများရှိနေ သည့် စိတ်လှုပ်ရှားဖွယ် နေရာတစ်ခုလည်း မဟုတ်ပါ။ ထိုနေရာသည် သေချာမှုရှိသည့် ကျွန်တော်တို့ သွားနိုင် သည့် နေရာတစ်ခုဖြစ်ပါသည်။ အလွန်နှစ်သက်ဖွယ် နေရာလည်း ဖြစ်ပါသည်။ ဘုရားသခင် ထိုနေရာ၏ အတိုင်းအတာ ဖြစ်တည်မှုများကို အတိအကျ သေချာစွာ ဖော်ပြထားသောကြောင့် မသေချာ မရေ ရာသော နေရာ တစ်ခု မဟုတ်ပါ။ ဘာသာရေး စိတ်ကူးယဉ် နေရာတစ်ခုမဟုတ်ကြောင်း ထပ်မံ ပြောဆိုလို ပါသည်။ ထိုနေရာသည် ဘုရားသခင်ကိုယ်တော်တိုင် အသိပေး ပြောကြားထားသည့် ကောင်းကင်နေရာ အစစ်အမှန် တစ်ခု ဖြစ်ပါသည်။

ဓမ္မဟောင်းကာလတွင် ရှောလမုန် ဘုရင်ကြီးကိုယ်တိုင်

“ဤအရပ်၌ ဆုတောင်းပဌနာ ပြုကြသောအခါ၊ ကျိန်းဝပ်တော် မူရာ ကောင်းကင်ဘုံ၌ နားထောင်၍ အပြစ်မှ လွှတ်တော်မူပါ။” (၃ရာ ၈း၃၀)

ဟု အော်ဟစ် ဆုတောင်းခဲ့သည် မဟုတ်ပါလော။

၃။ ကောင်းကင်နိုင်ငံတော်သည် ကြီးမားသော နေရာကြီးတစ်ခုဖြစ်သည်။ (A Large Place)

ယေရှုက ပြောခဲ့သည်မှာ

“ငါ့အဘ၏ အိမ်တော်၌ နေစရာ အခန်းများ ရှိ၏။” (ယော ၁၄း၂)။

“ငါနှင့်စကားပြောသောသူသည်၊ မြို့ကို၎င်း၊ တံခါးတို့ကို၎င်း၊ မြို့ရိုးကို၎င်း တိုင်းခြင်းငှါ တိုင်းစရာ ရွှေကျူလုံး ပါ၏။ မြို့သည် စတုရန်း လေးထောင့်ဖြစ်၏။ ထိုသူသည် ကျူလုံးနှင့်မြို့ကို တိုင်း၍ မြို့၏အနံ၊ အလျား၊ အမြင့်၊ ယူဇနာ တရာနှစ်စီရှိ၏။ မြို့ရိုးထုကို တိုင်း၍၊ လူအတောင်ကဲ့သို့သော ကောင်းကင်တမန် အတောင်အားဖြင့်၊ တရာလေးဆယ်လေးတောင်ရှိ၏။” (ဗျာဒိတ် ၂၁း၁၅-၁၇)

ကောင်း ကင်နိုင် ငံတော် မှာ ဘုရား သခင်က လူတစ်ကာကို ခေါ်ဖိတ် နေရင် ပြည့်ကျပ်နေမလား ဟု ဆိုရိမ်စရာ မလိုပါ။ မြို့တော်၏ ကြမ်းခင်း အခြေ ဧရိယာမှာ စတုရန်မိုင် (၂)သန်းခန့် ရှိပါလိမ့်မည်။ ထိုမြို့တော်ကြီး မှာ လေးထောင့်ဖြစ်သည်။ အလျား၊ အနံ၊ အမြင့်တို့မှာ ၁၄၀၀ စတုရန်းမိုင် အညီအမျှ ရှိသည်။ ပညာရှင်ကြီး တစ်ဦးက မြို့တော်ကြီး၏ အကျယ် အဝန်းမှာ မက္ကစီကို နိုင်ငံနယ်စပ်မှ ကနေဒါနိုင်ငံ နယ်စပ်တိုင်အောင် ကျယ်ဝန်းရှည်လျားသည်ဟု ဆိုခဲ့ပါသည်။ ထိုအကျယ်အဝန်းမှာ အင်္ဂလန် နိုင်ငံထက် အဆ (၄၀)ကျော် လန်ဒန်မြို့တော်ထက် အဆပေါင်း (၁၅၀၀၀) ကြီးမားပါသည်။ ပြင်သစ်နှင့် ဂျာမဏီ နိုင်ငံထက် (၁၀) ဆကျော် နှင့် အိန္ဒိယ နိုင်ငံထက်လည်း ပိုမိုကြီး မားသည် ဟု ဆိုပါသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံ၏ အကျယ်အဝန်းမှာ ၂၆၁၂၂၈ စတုရန်းမိုင် ရှိပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံထက် (၈) ဆခန့် ကြီးမား သည်ဟု တွေးမြင်နိုင်ပါသည်။

သင်သည် ထိုအရာအတွက် သံသယ ရှိကောင်း ရှိနိုင်ပါသည်။ ဘုရားသခင်သည် ကြီးမြတ်သော ဘုရားဖြစ် သည်ကို သင်မမေ့ပါနှင့်။ စကြဝဠာကြီးကို ကြည့်လိုက်ပါ။ အရာခပ်သိမ်းကို ဖန်းဆင်းသော ဘုရား၊ ကြီးမြတ်သော ဘုရားသည် ကောင်းကင်နိုင်ငံတော်ကို ဖန်ဆင်း၍ လူသားအပေါင်းကို နေထိုင်နိုင် ရန် အခန်းပေါင်း များစွာကို ဖန်းဆင်း ထားသည်ကို သင် သတိယလိုက်ပါ။ ထိုအရာများကို ကြည့်ရှုပြီး ဘုရားသခင်ကို သံသယ မရှိပါနှင့်။

 

 

 

 

 

 

 

 

 

 

 

 

၅၁။အောင်မြင်ခြင်းနှင့်ရှုံးနိမ့်ခြင်း

ထွက်မြောက် ရာကျမ်း ၁၇း၁-၇ တွင်

ဣသရေလ အမျိုးသား ပရိသတ် အပေါင်းတို့သည်၊ ထာဝရဘုရား မိန့်တော်မူ သည်အတိုင်း၊ သိန်တော ထဲက ထွက်၍ ခရီးသွား သဖြင့်၊ ရေဖိဒိမ် အရပ်၌ စားခန်းချကြ၏။ ထိုအရပ်၌ လူများ သောက်ဘို့ရာ ရေမရှိ။ ထိုကြောင့် လူများတို့က၊ သောက်ဘို့ရေပေးပါဟု ဆို၍ မောရှေကို ရန်တွေ့ကြ၏။ မောရှေကလည်း၊ ငါ့ကို အဘယ်ကြောင့် ရန်တွေ့ ကြသနည်း။ ထာဝရဘုရားကို အဘယ်ကြောင့် စုံစမ်းကြ သနည်းဟု ဆိုလေ၏။ လူများတို့သည် ရေငတ်၍ မောရှေကိုအပြစ်တင်မြည်တမ်းလျက်၊ ငါတို့မှစ၍ သားသမီးတိရစ္ဆာန်တို့ကို အဝတ် ထား၍ သတ်ခြင်းအလို့ငှါ၊ အဲဂုတ္တုပြည်မှ အဘယ်ကြောင့် ဆောင်ခဲ့သနည်းဟု ဆိုကြ၏။ ထိုအခါမောရှေ သည် ထာဝရ ဘုရား အားအော်ဟစ်၍၊ ဤလူတို့အား အကျွန်ုပ်သည် အဘယ်သို့ပြု ရပါမည်နည်း။ အကျွန်ုပ်ကို ခဲနှင့် ပစ်လုကြပါပြီဟု လျှောက်လေ၏။ ထာဝရ ဘုရားက လည်း၊ လူများရှေ့ သို့သွား၍ ဣသရေလအမျိုး အသက်ကြီး သူတို့ကိုခေါ်လော့။ မြစ်ကိုရိုက်သော သင်၏ လှံတံကိုကိုင် လျက်၊ ဟောရပ်အရပ်သို့သွားလော့။ ထိုအရပ်၌ရှိသော ကျောက်ပေါ်တွင် သင့်ရှေ့မှာ ငါရပ်နေမည်။ သင်သည် ထိုကျောက်ကို ရိုက်ရမည်။ လူများသောက်ဘို့ ထိုကျောက်ထဲကရေထွက်လိမ်မည် ဟုမောရှေအား မိန့်တော်မူ၏။ မောရှေသည်လည်း ဣသရေလ အမျိုးအသက်ကြီးသူတို့ရှေ့မှာ ထိုသို့ပြုလေ၏။ ဣသရေလအမျိုးသားတို့က၊ ထာဝရ ဘုရားသည် ငါတို့တွင် ရှိသလော မရှိလောဟု ထာဝရဘုရားကို စုံစမ်း၍ ရန်တွေ့သော အကြောင်းကြောင့်၊ ထိုအရပ်ကို မဿာနှင့် မေရိဘဟု သမုတ်သတည်း။

 

ဣသရေလ လူမျိုးများ တောထဲတွင် လှည့်လည်နေရသော အချိန်က ဖြစ်သည်။ ထိုကဲ့သို့ လှည့်လည်နေရင်း မောပန်းသောအခါ အနားယူရန် ဆုံးဖြတ်ကြသည်။ ထိုနေရာတွင် အဆင်ပြေ သင့်တော်မည့် ကာလတစ်ခုအထိ စခန်းချ အနားယူရန် ဆုံးဖြတ်ချက် ချခဲ့ပါသည်။ ထိုကြောင့် လူ တိုင်း အာရ ဝမ်းသာဖြစ်ကာ ထိုနေရာတွင် အနား ယူခဲ့ကြပါသည်။ သို့သော် ထိုနေရာတွင် ရေမရှိ သောကြောင့် အဆင်ပြေ ကောင်းမွန်သည်ဟု မဆိုနိုင်ချေ။ ခေါင်းဆောင်ကြီး မောရှေ အနားယူ စခန်းချရန် ဆုံးဖြတ်သတ်မှတ်သော နေရာမှာ ရေမရှိသောကြောင့် ကောင်းမွန်သည်ဟု မဆိုနိုင်ချေ။ ထိုနေရာမျိုးတွင် စခန်းချ အနားယူရန် ဆုံးဖြတ်သည့် မောရှေကို ခေါင်းဆောင်ကောင်း တစ်ယောက်ဟု ဣသရေလ လူတို့ မသတ်မှတ်ခဲ့ချေ။ ထို့ကြောင့် မောရှေထံ သွားရောက်ကာ အပြစ် တင် ပြောဆိုခဲ့လေသည်။ ထိုအခါ မောရှေက အဘယ်ကြောင့် ငါ့ကို အပြစ်တင် ပြောဆိုပါသနည်း။ အဘယ် ကြောင့် ဘုရားသခင်ကို စုံစမ်းပါသနည်း ဟူ၍ ပြန်လည်ပြောဆိုခဲ့သည်။ လူများက အပြစ်တင် ပြောဆိုခံ ရသည်သာမက ခဲနှင့်ပေါက်ရန် ကြိုးစားသည့် အခြေအနေ အထိရောက်လာသောအခါ မောရှေသည် ဘုရား သခင်ထံ အော်ဟစ်ခဲ့ကြောင်း အခန်းငယ် (၄)တွင် ဖော်ပြထားပါသည်။

ဘုရားကို ဆန့်ကျင်ဘက်ပြု စုံစမ်းသူများ

ထိုအခါ ဘုရားသခင်က မောရှေအား အသက်ကြီးသူများနှင့် ဣသရေ လူမျိုးများကို ကျောက်တုံး ရှိရာနေရာသို့ ခေါ်ဆောင်သွားပြီး ထိုကျောက်တုံးကို လှံတံနှင့်ရိုက်ရန် မှာကြား ပြောဆို ခဲ့လေသည်။ ထိုသို့ ဘုရားသခင် ပြောသည့်အတိုင်း ပြုလုပ်လိုက်သောအခါ ထိုကျောက်ထဲမှ ရေ ထွက် လာခဲ့သည်။ ထို့ကြောင့် ဣသရေလ လူမျိုးများ မျှော်လင့် တောင့်တနေသော ရေကို ရရှိခဲ့လေ သည်။ ထိုအဖြစ်အပျက်ကို မိတ်ဆွေ ပြန်လည် သုံးသပ်ကြည့်ကြပါစို့။ ဣသရေလ လူမျိုးတို့၏ အမျှော်လင့်ဆုံး အတောင့်တဆုံး ရရှိခဲ့သည့် အတွက် အောင်မြင်မှု ရရှိခဲ့သည် သတ်မှတ် နိုင်သည် မဟုတ်ပါလား။

သို့သော်လည်း သမ္မာကျမ်းစာက ထိုအဖြစ်အပျက်နှင့် ပတ်သတ်ပြီး ပြောဆိုရာတွင် ဘုရား သခင်၏ စိတ်တော်၌ ကျေနပ်မှု တစ်စုံတစ်ရာ မဖြစ်ခဲ့သည်မို့ ထိုသူတို့၏ အောင်မြင်ခြင်းဟု မသတ် မှတ်နိုင်ချေ။ ထိုနေရာကို သမ္မာ ကျမ်းစာက မဿာနှင့် မေရိဘ ဟု ခေါ်ဆို သမုတ်ခဲ့ကြောင်း မှတ်တမ်း တင် ရေးသားထားပါသည်။ ထိုစကား လုံးများသည် ဟီးဘရူး အခေါ်အဝေါများ ဖြစ်ပြီး မဿာ၏ အဓိပ္ပါယ်မှာ စုံစမ်းခြင်းဟု အဓိပ္ပါယ် ရှိပါသည်။ မေရိဘ၏ အဓိပ္ပါယ်မှာ ဆန့်ကျင်ဘက် ပြုခြင်းဟု အဓိပ္ပါယ် ရှိပါသည်။ ထိုစကား နှစ်ခုစလုံးမှာ ဘုရားသခင်ကို သာ ဦးတည် လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်ပါသည်။

ထိုအဖြစ်အပျက်ကို ပြန်လည် သုံးသပ်ကြည့်ပါ။ ရေဖိဒိမ် အရပ်တွင် ရောက်ရှိလာသည်။ ထိုနေရာတွင် စခန်း ချကြသည်။ ထိုနေရာတွင် သောက်သုံးရေမရှိ၊ အဆင်ပြေသော နေရာမဟုတ်ချေ။ ထိုနေရာတွင် စခန်းချရန် ဆုံးဖြတ်ခြင်းသည် မည်သူ၏အမှားနည်း။ ထိုအမှားကို အခြေခံကာ တစ် ယောက်ကို တစ်ယောက် အပြစ်တင် ပြောဆိုချင်ကြသည်။ ကျွန်တော်တို့ နားလည်သင့်သည်မှာ မည်သူ့ထံမျှ အပြစ်မရှိချေ။ မောရှေတွင် အပြစ်မရှိချေ။ ဘုရားသခင်ကိုလည်း အပြစ်တင်လို့ မရချေ။ ထိုနေရာတွင် ရေမရှိ၊ အဆင်မပြေသော နေရာဖြစ်သော်လည်း မည်သူကိုမျှ အပြစ်တင် ပြောဆို၍ မရချေ။

ကျွန်တော်တုိ့၏ အသက်တာထဲတွင် အဆင်မပြေသောအချိန်၊ အားနည်းသော အချိန်များ တွင် မည်သူ့ကိုမျှ အပြစ်တင် ပြောဆို၍ မရချေ။ မည်သူ့တွင်မျှ အပြစ်မရှိပါ။ ထိုအခြေအနေကို ဘုရား သခင်က လုပ်ဆောင်နေခြင်း ဖြစ်သည် မဟုတ်ပါလား။ အဆင် မပြေသော အခြေအနေ၊ အချိ်န်အခါ မျိုးကိုလည်း ဘုရားသခင် ပြင်ဆင်နေကြောင်း နားလည်ရမည် မဟုတ်ပါလား။ ထိုအခြေအနေကို ဘုရားသခင်ထံမှ ကျွန်ုပ်တို့ ခံယူရမည် ဖြစ်သည်။ ယောသပ်၏ အသက်တာထဲတွင် ညီအကို တော် စပ်သောသူများက သူ့ကို ရေတွင်းထဲမှာ ချသည်။ ရောင်းစားသည်။ ယောသပ်အနေဖြင့် ညီအကို များကို အပြစ်တင်ခွင့် ရှိသည်မဟုတ်ပါလား။ သို့သော် ယောသပ်ကိုယ်တိုင် နားလည်ခဲ့ သည်မှာ ထိုအခြေအနေသည် ညီအကိုများက ပြုလုပ်သည်မဟုတ်။ ဘုရားသခင်က ပြင်ဆင် ဆောင် ရွက် ခဲ့သည်ဟု နားလည်ခဲ့ပါသည်။

ဘုရားပေးသောနာမည်နှင့် လူပေးသော နာမည်

ယနေ့ ကျွန်တော်တို့၏ လှုပ်ရှားမှုတိုင်းကို ဘုရားသခင်က နာမည်တစ်ခု ပေးနေပါသည်။ ကျမ်စာထဲတွင် ရေဖိဒိမ် အရပ်တွင် ရေထွက်လာသော အရပ်ကို မဿာနှင့် မေရိဘဟူ၍ အမည် ပေးခဲ့ပါသည်။ မကောင်းသော အဓိပ္ပါယ်နှင့် ထိုနာမည်ကို ပေးခဲ့လေသည်။ “စုံစမ်းခြင်းနှင့် ဆန့်ကျင် ဘက်ပြုခြင်း” ဟု အမည်ပေးခဲ့ပါသည်။ ဆိုလိုသည်မှာ ကျွန်တော်တို့၏ အသက်ရှင် လှုပ်ရှားနေ သည် နေရာ၊ လုပ်ဆောင်သည့် အမှုကို ဘုရားသခင်က နာမည်တစ်ခု ပေးနေပါသည်။ ထိုကြောင့် ကျွန်တော်တို့ အသင်းသားများ လုပ်ဆောင်နေသည့်အရာက ဘုရားသခင်ရှေ့တွင် အမည်သစ်တစ် ခု ကို ရစေပါသည်။ သင်မည်ကဲ့သို့ အသင်းတော်ကို အမည်ပေးနေပါ သနည်း။ ယနေ့ လူများ အမည် ပေး မှည့်ခေါ်ဆိုသော အမည်နှင့် ဘုရားသခင်ပေးသော နာမည်မှာ ကွာခြား နေ ပါ လိမ့်မည်။ ကျမ်းစာ တွင် လူ၏ အမည်မှာ “အာဗြံ” ဖြစ်သော်လည်း ဘုရားသခင်က “အာဗြဟံ” ဟု နာမည်ပေး မှည့်ခေါ် ခဲ့သည်။ ဓမ္မသစ်ကျမ်းစာတွင် “ရှိမုန်” ကို “ပေတရု” ဟူ၍ လည်းကောင်း အမည်နာမ ပေးမှည့် ခေါ်ခဲ့ ပါသည်။ သင့်ကို ဘုရားသခင်က မည်ကဲ့သို့ နာမည်ပေးမည်ဟု ထင်ပါသနည်း။ သင်၏ တုန့်ပြန်လှုပ် ရှား မှုအပေါ်တွင် မူတည်ကာ ဘုရားသခင်က အမည်ပေး မှည့်ခေါ်လျှက် ရှိပါသည်။

 

ခရစ်တော်ကို လှံတံနှင့် ရိုက်သောသူများ

အထက်ပါ လေ့လာချက် အရ ဣသရေလ လူမျိုးများသည် အောင်မြင်ခြင်း မရခဲ့ပါ။ ရှုံးနိမ့် ခြင်းကိုသာ ရရှိခဲ့သည် မဟုတ်ပါလော။ ထိုအဖြစ် အပျက်နှင့် ပတ်သတ်ပြီး ၁ကော ၁၀း၎ တွင် ဖေါ်ပြထားသည်မှာ

“ထိုသူတို့နှင့် အတူလိုက်သော ဓမ္မကျောက်မှ ထွက်သောရေကို သောက်ကြ၏။ ထိုကျောက်ကား ခရစ်တော် ဖြစ်သတည်း။” (၁ကော ၁၀း၎)

ထိုကျမ်းချက်အရ မောရှေလှံတံနှင့် ရိုက်သော ကျောက်မှာ ခရစ်တော် ဖြစ်နေသည်ဟု ဓမ္မသစ်ကျမ်းတွင် ဖော်ပြထားပါသည်။ ကျွန်တော်တို့သည် ၀ိညဉ်ရေး ရာ အားနည်းသော အချိန်၊ ယုံကြည်ခြင်း အားနည်းနေသည့် အချိန်များတွင် ခရစ်တော်ကို ရိုက်နှက် နေသူ၊ ကျောက်တုံးဖြင့် ပစ်နေသူများ ဖြစ်နေသည် မဟုတ်ပါလား။ သခင်ယေရှုသည် လက်ဝါးကား တိုင်တွင် အသေခံခဲ့သည်။ လက်ဝါးကားတိုင်းတွင် သေပြီး နောက် ရောမစစ်သားများက သခင်ယေရှု ၏ နံဘေးကို လှံနှင့် ထိုးဖောက်ခဲ့သည်။ သခင်ယေရှုထံမှ သွေးနှင့် ရေ ထွက်လာခဲ့သည်။ “သွေး” ဆိုသည်မှာ သခင်ယေရှု၏ “ခွင့်လွှတ်ခြင်း”ကို ကိုယ်စားပြုနေပါသည်။ ရေဆိုသည်မှာ သခင်ယေရှု ၏ ကောင်းကြီးမင်္ဂလာကို ကိုယ်စားပြုနေပါသည်။ ထို “ယေရှုခရစ်” ဆိုသော ကျောက်မှ ကောင်းကြီး မင်္ဂလာများ စီးထွက်လာပါသည်။ လူများစွာ ထိုကောင်းကြီး မင်္ဂလာကို ခံစားရပါသည်။ သခင်ယေရှု သည် လူတိုင်းကို ခွင့်လွှတ်ခြင်းသာမက ကောင်းကြီးမင်္ဂလာများကိုလည်း ခံစားစေပါသည်။ ခရစ် တော်ကို နာကျဉ်စေသော သူတိုင်းကို ဘုရားသခင်က ခွင့်လွှတ်ခြင်းနှင့် ကောင်းကြီး မင်္ဂလာများ ကို စီးဆင်းစေပါသည်။

ရှုံးနိမ့်ခြင်းထဲမှ ဘုရားသခင်၏ ကျေးဇူးတော်

ကျမ်စာထဲတွင် ရေဖိဒိမ်အရပ်ကို မဿာနှင့် မေရိဘ ဟူ၍ ယနေ့တိုင် ခေါ်ဆိုနေကြောင်း ကျမ်းစာက မှတ်တမ်း တင်ထားပါသည်။ သမ္မာကျမ်းမှ ဟေဗြဲကျမ်းတွင် ရေးသားထားသည်မှာ ဣသရေလ လူများကဲ့သို့ မလုပ်နှင့် ဟူ၍ ပြောထားပါသည်။ ကျွန်တော်တို့သည် ယုံကြည်ခြင်း အားနည်းသော အပြုအမှု လုပ်ဆောင်ချက်များကို လုံးဝ မလုပ်ရန် ဆုံးဖြတ်ချက် ချရမည်ဖြစ်သည်။ အထက်ပါ အဖြစ်အပျက်သည် ဣသရေလ လူမျိုးတို့၏ ရှုံးနိမ့်ခြင်း အတွေ့အကြုံ ဖြစ်ပြီး၊ ထိုအထဲတွင် ဘုရားသခင်၏ ကျေးဇူးတော်လည်း ရှိနေကြောင်း ဖော်ပြပါသည်။

အောင်မြင်ခြင်း

ဘုရားသခင်သည် ကျွန်တော်တို့ကို အောင်မြင်ခြင်းလည်း ပေးချင်ပါသည်။ ထွက်မြောက်ရာ ၁၇း၈-၁၃ ကို ဆက်လက် ဖတ်ရှုလေ့လာပါက ဣသရေလ လူမျိုးတို့၏ အောင်မြင်ခြင်းကိုလည်း ဆက်လက် သွန်သင်ပေးနေကြောင်း တွေ့ရပါသည်။ ထိုရေဖိဒိမ်အရပ်တွင် ရေသောက်ပြီး ဆက် လက် အနားယူနေစဉ် အာလလက် လူမျိုး ရန်သူများ ရောက်ရှိလာပြီး ဣသရေလ လူများကို ရန် ဘက် ပြု စစ်တိုက်လေတော့သည်။ မောရှေနှင့် ယောရှုသည် တိုင်ပင်ဆွေးနွေးပြီး ယောရှုမှာ ရန်သူ များ ကို တိုက်ခိုက်ရာတွင် ဦးဆောင်ရပြီး မောရှေမှာမူ အာရုန်နှင့် ဟုရကို ခေါ်ဆောင်ကာ တောင်ပေါ် တွင် ဆုတောင်းပေးခြင်း အမှုကို ပြုရလေသည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် ဣသရေလ လူမျိုးများ အောင်မြင်မှု ရရှိသွားခဲ့လေသည်။

ဤအဖြစ်အပျက်မှာ အသင်းတော်နှင့် အလွန်ကိုက်ညီသော အဖြစ်အပျက် ဖြစ်ပါသည်။ မောရှေသည် တောင်ပေါ်တွင် ဆုတောင်းရပြီး ယောရှု ဦး ဆောင်သော သူများမှာ စစ်ပွဲတွင် ပါဝင်ရသည် အာရုန်နှင့် ဟုရမှာ မောရှေကို အကူအညီပေးရသည်။ မောရှေသည် လက်ကို မြှောက်ပြီး ဆုတောင်း ချိန်တွင် စစ်ပွဲမှာ အနိုင်ရသည်။ မောရှေ လက်ကို ချသောအခါ စစ်ပွဲ ရှုံးနိမ့်ရသည်။ သင်ကိုယ်တိုင် လက်ကို မြှောက်ကြည့်ပါ။ မည်မျှကြာအောင် မြှောက်နိုင်သနည်း။ လက်ထဲတွင် လှံတန်ကို ကိုင်ထားရသောကြောင့် ပိုမို ခက်ခဲမည်ဟု ထင်ပါသည်။ ယောရှုသည် မောရှည်ကိုလည်း မနာလို မဖြစ်ခဲ့ပါ။ အာရုန် နှင့် ဟုရကိုလည်း မနာလို မဖြစ်ခဲ့ပါ။ မိမိလုပ်ဆောင် ရသည့် အလုပ်ကိုသာ မညည်းတွားဘဲ လုပ်ဆောင်ခဲ့သည်ကို တွေ့ရပါသည်။

အသင်းတော်အတွက် အလွန်ကောင်းသော ပုံဥပမာ တစ်ခု ဖြစ်သည် မဟုတ်ပါလား။ မိမိ တာဝန် ဘာဖြစ် သည်ကို လူတိုင်း သိဘို့ လိုအပ်ပါသည်။ မိမိ လုပ်ဆောင်ရမည့် တာဝန်နှင့် ဝတ္တရားကို ကျေပွန်ဘို့ လိုအပ်ပါ သည်။ ထိုစစ်ပွဲတွင် မပါဝင်နိုင်သော မိန်းမနှင့် ကလေးများက ချက်ပြုတ်မည်။ လူမမာများကို ပြုစုမည်။ ဒါဏ်ရာ ရသူများကို ကြည့်ရှုမည်။ အစရှိသဖြင့် တာဝန် အသီးသီး ရှိကြသည် မဟုတ်ပါလား။ မည်သူ့ကိုမျှ ငြူစူခြင်း၊ မနာလိုခြင်း မရှိခဲ့သည်ကို တွေ့ရှိနိုင်ပါသည်။ ထိုအချိန်တွင် ဣသရေလလူမျိုးတို့ အောင်မြင်ခြင်း ရရှိခဲ့သည်ကို တွေ့ရပါသည်။ အောင်မြင်ရန်အတွက် ဆုတောင်း ခြင်းသည် အလွန် အရေးကြီးပါသည်။ မောရှေ ဆုတောင်းခြင်း ပျက်ကွက်သည့် ခဏမှာ အရှုံးနှင့် ရင်ဆိုင်ရပြီး၊ ပြန်လည်ဆုတောင်းနိုင်သည့် ခဏမှာ အောင်မြင်မှု ရရှိခဲ့ပါသည်။ အသင်းတော် အ တွက် ထိုအဖြစ်အပျက်မှာ ပုံသက်သေ နမူကောင်း တစ်ခု ဖြစ်ပါသည်။

ငိုကြွေးရာအရပ်ကို စမ်းရေထွက်ရာအရပ် ဖြစ်စေသူ

ကိုယ်တော်ကို အားပြုသောသူသည် မင်္ဂလာ ရှိပါ၏။ ထိုသို့သော သူတို့သည် လမ်းခရီး တော်တို့ကို နှလုံးသွင်း တတ်ကြပါ၏။ သူတို့သည် ဗာကာလွင်ပြင်၌ ရှောက်သွားစဉ်၊ ထိုလွင်ပြင်ကို စမ်းရေထွက်ရာ အရပ်ဖြစ်စေကြ ပါ၏။ အရင်မိုးရေလည်း မင်္ဂလာများနှင့် လွှမ်းစေပါ၏။ (ဆာလံ ၈၄း၅-၆)

 

အထက်ပါ ကျမ်းချက်ကို လေ့လာကြည့်ပါက “ဗာကာ” ဟူသော လွင်ပြင်အရပ်ကို တွေ့ရပါ သည်။ ထိုနာမည်မှာ “ငိုကြွေးခြင်း” ဟု အမည်ရှိပါသည်။ ဆိုလိုသည်မှာ ယုံကြည်သူများတွင် အားနည်းခြင်း၊ ငိုကြွေးရခြင်းတို့ ရှိနိုင်သော အချိန်ကာလတစ်ရပ် ရှိပါသည်။ ထိုအချိန်တွင် ဆာလံဆရာက ဘုရားကို အားကိုးခြင်းဖြင့် “စမ်းရေ ထွက်ရာအရပ်” ဖြစ်စေကြသည် ဟု ဆိုထားပါသည်။ ဘုရား သခင်ကို အားကိုးခြင်း၊ ယုံကြည်ခြင်းတို့ဖြင့် “ငိုကြွေးရာအရပ်” ကို “စမ်းရေထွက်ရာအရပ်” ဟု အမည် သစ်ကို ဖြစ်စေခဲ့သည်။ သင်၏ ယုံကြည်ခြင်းဖြင့် သင်၏ ငိုကြွေးရာ အရပ်ကို အမည်သစ် တစ်ခု ပေးဘို့ ဆုတောင်းကြပါဟု တိုက်တွန်းဝေငှလိုပါသည်။ အာမင်

 

 

 

 

 

 

 

၅၂။မှတ်တမ်းတင်ရမည့်သမ္မာကျမ်းစာမှမိခင်များ

သမ္မာကျမ်းစာထဲတွင် အမည်နာမ ဖော်ပြသော မိခင်များ၊ မဖော်ပြသော မိခင်များ အများအပြား ရှိပါသည်။ သို့သော် ယုံကြည်သူများ အတွက် တစ်စုံ တစ်ရာ သင်္ခန်းစာယူ အသက်ရှင်ရန် သင်ကြားပေးခဲ့သော မိခင်ကြီးများ ရှိနေပါသည်။ ထိုမိခင်ကြီးများအနက် မိခင်ကြီး (၈) ယောက်အကြောင်းကို အကျဉ်းချုပ် ဖော်ပြလိုက်ပါသည်။ သူတို့နှင့် ပတ်သတ်ပြီး အကျယ်တဝန့် ကြည့်ရှုလိုပါက သမ္မာကျမ်းစာထဲတွင် ဆက်လက် လေ့လာဘို့ တိုက်တွန်း လိုက်ပါသည်။

ဧဝ (အသက်ရှင်သောသူများအားလုံး၏ အမိ)

ကမ္ဘာဦးကျမ်း အခန်းကြီး (၂) နှင့် (၃) ကိုဖတ်ပါ။

ဧဝသည် ပထမဆုံးသော ဖန်ဆင်းခံရသော မိန်းမလည်း ဖြစ်ပြီး ပထမဦးဆုံးသော မိခင်ကြီး တစ်ဦးလည်း ဖြစ်သည်။ အသက် ရှင်သော သူများ အားလုံး၏ မိခင်ကြီး ဖြစ်သည်။ အာဒံနှင့်အတူ ဧဒင် ဥယျဉ်ကြီးထဲတွင် အသက်ရှင်ခဲ့ပြီး အချိန်ကာလ အတိုင်း အတာ တစ်ခု အထိ ထိုဥယျာဉ်ကြီးတွင် နေခွင့်ရရှိခဲ့သည်။ စာတန်၏ လှည့်စားမှုကို ခံစားခဲ့ရပြီး ရာဇဝင် သမိုင်းတွင် မှတ်တမ်း မလှသူ ဖြစ်သွားခဲ့သည်။ ခင်ပွန်းဖြစ်သူ အာဒံကိုလည်း အတတ်နိုင်ဆုံး အထောက်အမ ပေးခဲ့သူ ဖြစ်သော်လည်း အခြေ အနေက သူမကို ပြောင်းလဲစေခဲ့သည်။ သူမသည် ကာဣန နှင့် အာဗေလ ဟူသော သားများကို မွေးဖွားစဉ်အခါ အာဒံမှအပ အကူအညီ ပေးမည့်သူ မရှိသောကြောင့် ကြီးစွာသော ဝေဒနာ ခံစားကာ သားများကို မွေးဖွားခဲ့ရသည်။

မည်သို့ပင်ဖြစ်စေ သမ္မာကျမ်းစာထဲတွင် ပထမဦးဆုံးသော မိခင်ကြီး ဖြစ်သောကြောင့် သူမထံမှ အားနည်းချက် များကို ဆင်ခြင်ပြီး မိမိ၏ အသက်တာတွင် သင်္ခန်းစာယူ အသက်ရှင်ခြင်းဖြင့် ဘုရားသခင်၏ ကောင်းကြီး မင်္ဂလာကို ရယူ ခံစားကြ ပါစို့။

စာရာ (အာဗြဟံ၏ ဇနီး)

ကမ္ဘာဦး အခန်းကြီး ၁၂ မှ ၂၂ တွင် ရှိသော အကြောင်းအရာများအနက် စာရာအကြောင်းကို ရွေးဖတ်ပါ။

ဧဝ ၏ အသက်တာကို ကျမ်းစာက မှတ်တမ်းတင်ပြီးနောက် နောက်ထပ် အမျိုးသမီးများ၏ အမည်ကို ထပ်မံ မတွေ့ရ တော့ဘဲ နှစ်ပေါင်း အတန်ကြာမှ မိခင်ကြီး တစ်ဦးကို ထပ်မံ မှတ်တမ်းတင်ခဲ့သူမှာ စာရဲ မှ အမည် ပြောင်းလဲ ပေးလိုက်သော စာရာ ဖြစ်သည်။ ဣသရေလ အမျိုးသားများ၏ မိခင်ကြီး ဖြစ်ပြီး ဖခင်ကြီး အာဗြဟံ၏ အထောက်အမ ကောင်းတစ်ဦး အဖြစ် ကျမ်းစာက မှတ်တမ်းတင်ပါသည်။ စာရာသည် မြုံသော မိန်းမ တစ်ဦးဖြစ်သော်လည်း အသက်ကြီးကာမှ နိမိတ်လက္ခဏာ တစ်ခု အနေဖြင့် ကိုယ်ဝန်ဆောင်ခွင့် ရခဲ့ပါသည်။ ဘုရားသခင်၏ အလိုတော်ကို ဖြည့်ဆီးချင်လွန်းသည်က တစ်ကြောင်း၊ ခင်ပွန်း၏ သားယောက်ျားလိုချင်သော နှလုံးသားကို ဖြည့်ဆီးချင်သည်က တစ်ကြောင်း ကြောင့် မိမိခင်ပွန်းကို မိမိ၏ ကျွန်မ ဟာဂရနှင့် ပေါင်းဖတ်စေခဲ့ပါသည်။ သို့သော် မိမိ ထင်သလို ဖြစ်မလာခဲ့ချေ။ ဘုရားသခင်က လက်မခံနိုင်သလို၊ ကျွန်မ ဟာဂရ ကလည်း ဂုဏ်မောက် အန်တုလာသောကြောင့် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ခဲ့ရသည်။

သို့သော် ဘုရားသခင်က သူမကို သားယောက်ျား တစ်ဦးကို ပေးသနားခဲ့သဖြင့် စိတ်ပျော်ရွှင်မှုခံစားရပါသည်။ သူမ၏ ယောက်ျား အပေါ်ထားသည့် စိတ်နှလုံးသားနှင့် ဘုရားသခင်အပေါ်ထားသည့် ယုံကြည်ခြင်း နှလုံးသားသည် ယနေ့ မိခင်များ အတွက် စံနမူနာ ဖြစ်ပေတော့သည်။

ရေဗက္ကာ (ဣဇတ်၏ ဇနီး)

ကမ္လာဦးကျမ်း ၂၄ မှ ၂၇ အထိ ဖတ်ပါ။

ရေဗက္ကာသည် ယောက္ခမ ဖြစ်သော စာရာကဲ့သို့ပင် မြုံသောသူ ဖြစ်ပြီး ယောက္ခမ၏ အသက်ရှင်မှု အတွေ့အကြုံများ အတိုင်း ခံစားခဲ့ ရသူဖြစ်သည်။ ခင်ပွန်းဖြစ်သူ ဣဇတ်၏ ဆုတောင်း မှုကြောင့် အမွာ သားယောက်ျား နှစ်ဦးကို ကိုယ်ဝန်ဆောင် ခဲ့ရပါ သည်။ ဧသောနှင့် ယာကုတ်သည် ရေဗက္ကာ၏ ဝမ်းထဲမှာပင်လျှင် အချင်းချင်း တိုက်ခိုက်နေသူများ ဖြစ်ပါသည်။ ထိုသား နှစ်ယောက်နှင့် ပတ်သတ်ပြီး မမွေးခင်ကပင် ကြိုတင် ပရောဖတ် ပြုချက် ရထားသဖြင့် အငယ်ဖြစ်သော သားက ပိုမို၍ ချီးမြှောက်ခြင်း ခံစားရမည် ဖြစ်ကြောင်း သိထားသဖြင့် သားငယ်ကို ပိုမို၍ မျှော်လင့်ချက်ထားကာ ပိုမို မြှောက်စားခဲ့ပုံ ရပါသည်။ ခင်ပွန်း ဖြစ်သူက သားကြီးကို ကောင်းကြီးပေးမည်ဟု ပြောဆိုသောအခါ သားငယ်နှင့် ပတ်သတ်ပြီး ဘုရားသခင် မိန့်တော်မူသည့် အတိုင်း မဖြစ်မှာကို စိုးရိမ်ခဲ့သလား မသိပါ။ သားငယ်ကိုသာ ကောင်းကြီးမင်္ဂလာ ခံစားရစေရန် အတင်း စီစဉ်၍ ခင်ပွန်းသည်၏ ကောင်းကြီးပေးမည့် အစီအစဉ်အတွင် သားငယ်ကို အတင်းထိုးထည့်ခဲ့သလား ဟု တွေးတော မိပါသည်။ ထိုအချက် ကြောင့်ပင် ချစ်သော သားငယ်နှင့် ကွေကင်း ဝေးကွာခဲ့ရပါသည်။

ရေဗက္ကာ၏ အသက်ရှင်မှုသည် မိခင်များကို သားသမီးများနှင့် ပတ်သတ်ပြီး မိမိကဲ့သို့ မမှားစေရန် တစ်စုံတစ်ရာ သွန်သင်နေ သည်ဟု ထင်မြင်မိပါသည်။

ယောခေဗတ် (မောရှည်၏ မိခင်)

ထွက် ၂း၁-၈၊ ထွက် ၆း၂၀၊ တောလည် ၂၆း၅၉ ကိုဖတ်ပါ။

မောရှည်၏ မိခင်ကြီးဖြစ်သော ယောခေဗတ်သည် ကျမ်းစာထဲတွင် ကျွန်တော် သဘောကျ လေးစားမိသော မိခင်ကြီး ဖြစ်ပါသည်။ စိုးရိမ် ကြောက်မက်ဘွယ်ရာ အခြေအနေဆိုးထဲတွင် ကလေးကို မွေးဖွားခဲ့ရသည်။ မွေးဖွားပြီ အချိန်တွင်လည်း ထိုကလေးကို သုံးလပတ်လုံး အကြောက်တရား၏ အောက်တွင် စောင့်ရှောက်ခဲ့ရသည်။ ဘုရားသခင်ကို ယုံကြည်ခြင်း အရာတွင် ကြီးမားပြင်းထန်ပြီး ဆုတောင်းကာ ပြဿနာ အခက်အခဲ၏ အောက်တွင် မိမိ၏ သားသမီးများကို မွေးဖွား စောင့်ရှောက်ခဲ့ရသည်။ မောရှည်ကို မွေးဖွားပြီးသောအခါ သုံးလပတ်လုံး ဝှက်ထားခဲ့ပြီး နောက်ဆုံး မတတ်သာသည့် အချိန်တွင် နိုင်းမြစ်ထဲသို့ ဘုရားသခင်ကို ဆုတောင်ပြီး မျှောလိုက်လေတော့သည်။ သူမ၏ ဆုတောင်းကို ဘုရားသခင်က နားညောင်းသောကြောင့် ထိုကလေးသည် ရန်သူဖြစ်သော ဖာရောဘုရင်၏ သမီးတော်က ရေမှ ဆယ်ယူကာ ကောက်ယူ မွေးဖွားလိုက်လေတော့သည်။ ထို့ကြောင့် အခက်အခဲမရှိ ထိုကလေး (မောရှည်)သည် ကြီးပြင်းခွင့်ရခဲ့ပြီး ကောင်းမွန်စွာ ပညာသင်ကြားခွင့် ရခဲ့လေသည်။ ထိုအခြေအနေကို ရောက်ရန် မိမိ၏ သမီးဖြစ်သူ မိရိအံက အခြေအနေကို လိမ္မာစွာ အသုံးချပြီး မိခင်နှင့် မောရှည်ကို အတူတကွ နေထိုင်ခွင့်ရရန် လုပ်ဆောင်နိုင်ခဲ့လေသည်။

ယောခေဗတ်၏ ယုံကြည်ခြင်း၊ ဆုတောင်းခြင်း၊ မျှော်လင့်ခြင်းတို့သည် ဝိညာဉ်ရေးရာတွင် အားကျ အတုယူ လေးစားဘွယ်ရာ ဖြစ်ပါသည်။ ထိုမျှမက သားသမီးများကို သူမ၏ သွန်သင်မှု စနစ်ကြောင့် သမီးဖြစ်သူ မိရိအံသည် ပရောဖတ်မ အဖြစ်သော်လည်းကောင်း၊ အာရုန်ဆိုလျှင် ယဇ်ပရောဟိတ်ကြီး အဖြစ်လည်းကောင်း၊ မောရှည်ဆိုလျှင် မိမိလူမျိုး၏ အကြီးအကဲ ခေါင်းဆောင်ကြီး၊ တရားသူကြီး၊ ပရောဖတ် စသည်ဖြင့် ဘုရားသခင် အသုံးပြု ခံရသော လူများ ဖြစ်လာကြသည်မှာ အားကျ အတုယူဘွယ် ဖြစ်ပါတော့သည်။

ဟန္န (ရှမွေလ၏ မိခင်)

ဓမ္မရာဇဝင် ပထမစောင် အခန်းကြီး (၁) နှင့် (၂) ကိုဖတ်ပါ။

ဟန္နသည် ကျမ်းစာထဲတွင် ပြောစမှတ် အကောင်းဆုံး မိခင်ကြီး ဖြစ်သည်။ ဆုတောင်းခြင်းနှင့် ပတ်သတ်ပြီး လေ့လာမည် (သို့) သင်ကြားမည်ဆိုလျှင် သူမအကြောင်း မပါလျှင် မဖြစ်ချေ။ နှစ်အတန်ကြာအောင် မြုံသောသူအဖြစ် ကြေကွဲစွာ နေထိုင်ခဲ့ရပြီး၊ အခြား ယှဉ်ပြိုင်ဘက်များ၏ ထိကပါး ရိကပါး အပြောခံ ဘဝဖြင့် အသက်ရှင် နေထိုင် ခဲ့ရသည်။ သို့သော် ဟန္နသည် ဘုရားသခင်ကို အပြစ်တင် ပြောဆိုခြင်း မပြုဘဲ မျှော်လင့်တကြီးဖြင့် ဆုတောင်း အော်ဟစ် ခဲ့ရပါသည်။ နောက်ဆုံးတွင် သူမ၏ ဆုတောင်းကို ဘုရားသခင်က နားညောင်းခဲ့ပြီး သားကို ပေးခဲ့ပါသည်။ သို့သော် ထိုသားကို မိမိဝါကြွားရန်အတွက် အသုံးမပြုဘဲ နို့ပြတ်သည်နှင့် ဗိမ္မာန်တော်သို့ ပို့ကာ အမှုတော်မြတ်တွင် အသုံးတော်ခံ ဖြစ်စေခဲ့ပါသည်။ ထို့ကြောင့် ဘုရားသခင်ထံမှ မျက်နှာရရှိပြီး နောက်ထပ် သားသမီးများ (၅) ယောက်ကို ထပ်မံ ရရှိခဲ့ပါသည်။

ဟန္နသည် ကျွန်တော်တို့ကို မည်ကဲ့သို့ ဆုတောင်းရမည်။ မည်ကဲ့သို့ အမှုတော်မြတ်တွင် ဆက်ကပ်ရမည်။ မျှော်လင့် တောင့်တနေသည့် ကောင်းကြီးများကို မည်သို့ခံစားနိုင်သည်ကို သင်ကြားပေးခဲ့သော မိခင်ကြီး ဖြစ်ပါသည်။

ဗာသရှေဘ (ဒါဝိတ်၏ ဇနီး) (ရှောလမုန်၏ မိခင်)

ဓမ္မရာဇဝင် ၁၁း၁-၃၊ ၁၂း၂၄၊ ၃ ရာ၁း၁၁-၃၁၊ ၂း၁၃-၁၉၊ ရာဇဝင်ချုပ် ၃း၃၅၊ ဆာလံ ၅၁း၁ ကိုဖတ်ပါ။

ဗာသရှေဗသည် ရှင်ဘုရင် ဒါဝိတ်၏ အသွေးအသား တပ်မက်မှု အသုံးတော်ခံ ဖြစ်ခဲ့ရပါသည်။ ဒါဝိတ်သည် သူမ၏ ခင်ပွန်း ဥရိယကို စစ်ပွဲတွင် သေဆုံးရန် စီမံခဲ့ပါသည်။ ဒါဝိတ်၏ လုပ်ဆောင်ကြံစည်မှုကို မနှစ်သက်သဖြင့် သူမမွေးဖွားသော သားငယ်လေးကို ဘုရားသခင် ခေါ်ယူသွားသဖြင့် အထူးကြေကွဲမှု ခံစားခဲ့ရပါသည်။ ထို့နောက်တွင် ဒါဝိတ်ဘုရင်၏ မိဘုရားခေါင်းကြီး ဖြစ်လာပြီး နောက်မွေးသည့် ရှောလမုန်သည်လည်း ဘုရားသခင်၏ အချစ်တော် မင်းသားလေး ဖြစ်လာပါသည်။ နောက်တွင် ထိုသား ရှောလမုန်သည်လည်း ကြီးမြတ်သော ရှင်ဘုရင်ကြီး ဖြစ်လာလေတော့သည်။ ထိုဗာသရှေဘ သည် ယေရှုခရစ်တော် မွေးဖွားမည့် ဆွေစဉ်မျိုးဆက် ဇယားတွင် ပါဝင်သော အမျိုးသမီး ငါးဦးတွင် တစ်ဦး အပါအဝင် ဖြစ်လာခဲ့ပါသည်။

 

ဧလိရှဗတ် (ဗတ္တိဇံဆရာ ယောဟန်၏ မိခင်)

ရှင်လုကာ အခန်းကြီး (၁) ကိုဖတ်ပါ။

အသက်ကြီးသည်အထိ ကလေးမွေးဖွားခြင်းမရှိ မြုံနေသော အမျိုးသမီးကြီးဖြစ်သည်။ သို့သော် အံ့သြဘွယ်ရာ နိမိတ် လက္ခဏာ အားဖြင့် ကိုယ်ဝန်ဆောင် ခဲ့ရသည်။ သားယောက်ျားလေး မွေးဖွားလာခဲ့ပြီး ထိုကလေးကို ခင်ပွန်းဖြစ်သူ ဇာခရိနှင့် အတူတကွ သဘေတူလျက် ကောင်းကင်တမန်က ပြောဆိုခဲ့သည့်အတိုင်း ယောဟန် ဟူသောအမည်ကို မှည့်ခေါ်ခဲ့သည်။ သူမသည် မိမိ၏ သားကို ဟန္နကဲ့သို့ ဘုရားသခင်ထံ ဆက်ကပ် အပ်နှံပြီး အမှုတော်အတွက် အသုံးတော် ခံစေခဲ့သည်။ ထိုသားသည် ဘုရားသခင်၏ ကြီးမြတ်သော အစေခံ တမန်ကြီး ဗတ္တိဇံဆရာ ယောဟန် ဖြစ်လာခဲ့လေသည်။ သခင် ယေရှုခရစ်၏ မယ်တော် မာရိသည် သူမထံသို့ လာရောက်လည်ပတ်သောအခါ ထိုယောဟန် သည် အမိဝမ်းထဲမှာပင် ထခုန် မြူးတူးပြီး ဝမ်းမြောက်ခဲ့သောသူ ဖြစ်ပါသည်။

 

မာရိ (ယေရှုခရစ်တော်၏ မယ်တော်)

ရှင်မဿဲ အခန်းကြီး (၁) (၂) ရှင်လုကာ အခန်းကြီး (၂)၊ တမန်တော် ၁း၁၄ ကိုဖတ်ပါ။

မယ်တော် မာရိသည် သမ္မာကျမ်းစာထဲတွင် လေးစားစရာ အကောင်းဆုံး မိခင်ကြီး ဖြစ်ပါသည်။ ဤကမ္ဘာလောကကြီးထဲမှ လူများကို အပြစ်မှ ကယ်တင်သောခဲ့သော သူ၏ မိခင်ကြီး တစ်ဦး ဖြစ်လာခဲ့သည်။ သူမသည် ငယ်ရွယ် နုနယ်စဉ် အခါတွင် ဘုရားသခင်၏ အလိုတော်နှင့် အကြံအစည်တော်ကို နှိမ့်ချခြင်း ပေးဆပ်ခြင်းတို့ဖြင့် နားလည် လက်ခံခဲ့သည်။ ထိုအကြံအစည်တော်အရ သူမသည် လူများ၏ တံတွေးခွက်တွင် ပက်လက် မျှောနိုင်သော အခြေအနေ ဖြစ်သော်လည်း လက်ခံခဲ့သည်။ သူမသည် အရှက်တရား၊ အကြောက်တရားတို့ကို မျက်ကွယ်ပြုခဲ့သည်။ ဘုရားသခင်၏ အကြံအစည်တော် ဖြစ်သော် သားဖြစ်သူ (ယေရှု) နှင့် ပတ်သတ်ပြီး မည်သည့်အခါမျှ သံသယ မရှိခဲ့။ ဘုရားသခင်၏ လုပ်ဆောင်ချက် ဖြစ်သည်ကို သေချာစွာ လက်ခံသဘောပေါက် ခံယူခဲ့သည်။ မာရိသည် ဘုရားသခင်၏ မျက်နှာသာ ပေးမှုကို အကြီးအကျယ် ခံယူ ရရှိခဲ့သည်။

သူမသည် အဖ ခမည်းတော် ဘုရား၏ အမိန့်တော်နှင့် အလိုတော်ကို နာခံမှုအရာတွင် ကျွန်တော်တို့အတွက် ပုံသက်သေ ယူစရာ သွန်သင်မှု ပေးလျက် ရှိပါသည်။

 

 

 

 

 

 

 

 

 

 

 

 

 

၅၃။မိခင်များနေ့ဖြစ်ပေါ်လာပုံသမိုင်း

ဖြစ်ပေါ်လာပုံကို ပြောကြတာချင်း မတူကြဘူး။ ပြာသိုလပြည့်နေ့မှာ အမေများနေ့အဖြင့် သတ်မှတ်ထားတဲ့ မြန်မာပြည်ရဲ့ အမေများနေ့ အကြောင်းကို သိသူများ ပြောပြပေးကြပါ။ တစ်ချို့နိုင်ငံရဲ့ အမေများနေ့ အကြောင်းကို အင်တာနက်မှာ ရှာပြီး ဘာသာပြန် မျှဝေ လိုက်ပါတယ်။

သမိုင်းပညာရှင်များရဲ့ ခန့်မှန်းချက်အရ မိခင်များနေ့ကို ရှေးဂရိလူမျိုးတွေ Rhea နတ်သမီးကို ပူဇော်ပသရာက စခဲ့တယ်လို့ ဆိုပါတယ်။ ရောမခေတ် မှာလည်း မိခင်များနေ့ အထိမ်းအမှတ်ပွဲပုံစံ ကျင်းပခဲ့ကြတယ်။ အဲဒီပွဲက မယ်တော် Magna Mater နတ်ကို ပူဇော်ပသ တာပဲဖြစ်တယ်။ ရောမမြို့က Palatine Hill မှာ မယ်တော်Magna Materအတွက် အမှတ်တရ ဆောက်ထားတဲ့ ကျောင်းဆောင်ရှိတယ်။ ဒီလို ပူဇော်ပွဲကို ဘီစီ ၂၅၀ခုနှစ်က စခဲ့ပြီး Festival of Hilaria လို့ အမည်ခေါ် တွင်ခဲ့တယ်။ မတ်ခ်ျလမှာ ကျင်းပပြီး ၁၅ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ၃ရက်ကြာ ကျင်းပတယ်လို့ဆိုပါတယ်။

နိုင်ငံတိုင်း မိခင်များနေ့ ကျင်းပတာချင်း မတူညီကြဘူး။ ဒါပေမဲ့ တစ်ချို့နိုင်ငံ ဥပမာ ဒိန်းမတ်၊ ဖင်လန်၊ အီတလီ၊ တူရကီ၊ သြစတေးလျှနဲ့ ဘယ်လ်ဂျီယံ တို့က နှစ်စဉ်နှစ်တိုင်းရဲ့ မေလ ဒုတိယပတ် တနင်္ဂနွေနေ့မှာ မိခင်များနေ့ ကျင်းပလေ့ရှိတယ်။

၁) အင်္ဂလန်နိုင်ငံ ကျင်းပပုံ

အင်္ဂလန်နိုင်ငံရဲ့ Mothering Sunday ကျင်းပပုံက ယခုခေတ် မိခင်များနေ့ ကျင်းပပုံနဲ့ ပိုတူတယ်။ Mid-Lent Sunday လို့လဲ ခေါ်ကြတယ်။ နှစ်စဉ်နှစ်တိုင်း ခရစ်ယာန် ဘာသာဝင်ရဲ့ အာပတ်ဖြေပွဲ နောက်ဆုံးပတ် တနင်္ဂနွေနေ့မှာ ကျင်းပကြတယ်။ တစ်ချို့ ဆိုရိုးတွေက ဒီပွဲဟာ ရှေးရောမတွေ Cybele နတ်သမီးကို ပူဇော် တဲ့ပွဲနဲ့ ဆက်နွယ်နေပြီး မယ်တော် မာရီကို အထိမ်း အမှတ် ပြုတဲ့ ပွဲလို့ဆို ပါတယ်။ တစ်ချို့ကလည်း Mother Churchနဲ့ နတ်သမီးနေရာကို အစားထိုးလိုက်ပြီး အဲဒီအချိန် ရောက် ရင် ယုံကြည် ကိုးကွယ်တဲ့ ဘာသာဝင်တွေက သူတို့နှစ်ခြင်း ခံခဲ့တဲ့ နေရာကို ပြန်လာပြီး သူတို့ရဲ့ ၀ိညာဉ်ကို မိခင် သဖွယ် လမ်းပြပေးတဲ့ မယ်တော် မာရီကို ပူဇော်ကြတယ်လို့ သိရတယ်။

တစ်ဖန် ၁၇ ရာစုအင်္ဂလန်မှာ အပြင် ရောက်နေတဲ့ သားသမီးတွေက နှစ်တိုင်းရဲ့ ဒီရာသီမှာ အိမ်ပြန်ကြပြီး မိခင်နဲ့ စုဝေးကြ တယ်။ လက်ဆောင် ပစ္စည်း ဒါမှမဟုတ် mothering cake တွေကို မိခင်အတွက် လက်ဆောင် ပေးကြတယ်။ တစ်ချို့က ဒီလို ပွဲတော်မှာ ဂျုံ၊ သကြား၊ နွားနို့နဲ့ အမွေးရနံ့တွေကို ရောကျိုပြီး စားကြတယ်။ မတူတဲ့ နေရာဒေသမှာ အစားအစာ တွေကလဲ ကွဲပြားကြတယ်။ အင်္ဂလန်နဲ့ စကောတလန် ဖက်က carlings လို့ခေါ်တဲ့ စားစရာတစ်မျိုးကို မိခင်များနေ့မှာ လုပ်စားကြတဲ့ အတွက် မိခင်များနေ့ကို Carling Sunday လို့လဲ ခေါ်ကြတယ်။

၂) အမေရိကန် ကျင်းပပုံ

အမေရိကန် အမျိုးသမီး Anna M. Jarvis (၁၈၆၄- ၁၉၄၈) ရဲ့ ထောက်ခံ ပြောဆိုမှုကြောင့် မိခင်များနေ့ကို လူသား မိခင်ရဲ့ အထိမ်း အမှတ်နေ့အဖြင့် သတ်မှတ် လိုက်ကြတယ်။ တစ်သက်လုံး အိမ်ထောင် မပြုခဲ့တဲ့ Anna က သူ့မိခင် Anna Rees Jarvis နဲ့ သက်ဆုံးတိုင်နေခဲ့တယ်။ သူ့မိခင်က ဖာသာတစ်ဦးရဲ့ သမီးဖြစ်ပြီး West Virginia ပြည်နယ် Grafton ဆိုတဲ့ မြို့လေး ရဲ့ ဘုရားကျောင်းတစ်ခုမှာ Sunday School အနှစ်နှစ်ဆယ် စာသင်ခဲ့တယ်။

နှစ်ဆယ် ရာစုနှစ်စမှာ အမျိုးသမီးတွေ လူ့အဖွဲ့အစည်းတွေထဲ ပါဝင်ခွင့်ရပြီး နိုင်ငံရေးတွေမှာ ဆန္ဒမဲ ပေးခွင့်တွေ ရလာကြ တယ်။ ဒီလို အခွင့်အရေး ရတဲ့ နေရာမှာ ကြီးပြင်းလာခဲ့တဲ့ Annaက နိုင်ငံရေးတွေမှာ ပါဝင်ခဲ့တယ်။ ၁၉၀၅ ခုနှစ် မေလမှာ သူ့မိခင် ဆုံးတယ်။ မိခင်ဆုံးပြီး (၂)နှစ်မှာ Anna က သူ့မိခင်စာသင်ခဲ့တဲ့ ဘုရားကျောင်းမှာ (၂)နှစ်ပြည့် (မေလ ဒုတိယပတ် တနင်္ဂနွေနေ့) အထိမ်းအမှတ်နေ့အဖြင့် ကျင်းပခဲ့တယ်။ အထိမ်းအမှတ်ပွဲမှာ မိခင်ရဲ့ ချိုမြိန်မှု၊ ရိုးသားမှုနဲ့ ထာဝရတည်တံ့မှုကို မိခင် ကြိုက်တဲ့ အဖြူရောင် Dianthus caryophyllus ပန်းတွေနဲ့ အစားထိုး ခင်းကျင်းခဲ့တယ်။ အခုခေတ်မှာတော့ မိခင်များ နေ့ပန်းကို အနီရောင် Dianthus caryophyllus အဖြင့် ပြောင်းလဲခဲ့ပြီး အဖြူရောင်ကိုတော့ ကွယ်လွန်သွားတဲ့ မိခင်တွေ အတွက် သုံးကြတယ်။

၁၉၀၈ ခုနှစ်မှာ ပုံစံတူ အထိမ်းအမှတ်နေ့ ထပ်ကျင်းပခဲ့ပြန်တယ်။ အဲဒီနောက် Anna ဟာ မိတ်ဆွေ တစ်ချို့နဲ့ပေါင်းပြီး letter-writing campaign အဖွဲ့ကို ဖွဲ့စည်းခဲ့တယ်။ ခေါင်းဆောင် အကြီးအကဲ၊ ကုန်သည်၊ ပါတီဝင်တွေရဲ့ ထောက်ခံမှုကိုယူပြီး အဲဒီ အထိမ်းအမှတ်နေ့ကို တစ်နိုင်ငံလုံးရဲ့ မိခင်များနေ့အဖြင့် သတ်မှတ်ခဲ့တယ်။ အဖွဲ့အစည်းရဲ့ ရည်ရွယ်ချက်တစ်ခုက သူ့မိခင်ကို လွမ်းဆွတ်ခြင်းကနေ ရှိသမျှ အမေအားလုံးကို လေးစားပြီး လူတွေအားလုံး ဒီလိုအချိန်အခါမှာ မိခင်အပေါ်ထားတဲ့ လေးစားမှု၊ ချစ်ခြင်းတွေကို ထုတ်ဖော်ပြသဖို့နဲ့ မိသားစုအချင်းချင်း မေတ္တာတွေ ပိုမိုခိုင်မြဲစေအောင်ဖြစ်တယ်။ နောက်ရည် ရွယ်ချက်တစ်ခုက အမျိုးအမီးများအတွက် နေ့တစ်နေ့အဖြင့် သတ်မှတ်ပြီး အထူးသဖြင့် အိမ်ထောင် တစ်ခုလုံး အတွက် အနစ် နာခံ ပေးဆပ်နေတဲ့ မိခင်ဆိုတဲ့ အမျိုးသမီးကို အာရုံထား၊ ဂရုပြုမိဖို့ အတွက်ဖြစ်တယ်။

Annaရဲ့ ကြိုးပမ်းမှုကြောင့် ၁၉၁၀ခုနှစ်မှာ West Virginia ပြည်နယ်က မိခင်များနေ့ကို အပြည်ပြည်ဆိုင်ရာနေ့ အဖြစ်သတ် မှတ် ကြော်ငြာလိုက်တယ်။ ၁၉၁၁ ခုနှစ် ရောက်တော့ ပြည်နယ်တိုင်းက မိခင်များနေ့ကို ကျင်းပကြတယ်။ အဲဒီနှစ်မှာပဲ ကမ္ဘာ့ နိုင်ငံအသီးသီးက ဥပမာ မက်ဆီကို၊ ကနေဒါ၊ တရုတ်၊ ဂျပန်၊ တောင်အမေရိကားနဲ့ အာဖရိကတိုက်တို့ကလဲ မိခင်များနေ့ကို စတင်ကျင်းပခဲ့တယ်။ ၁၉၁၂ ခုနှစ် ၁၂ လပိုင်း ၁၂ ရက်နေ့မှာ The Mother’s Day International Association ကို စတင် ဖွဲ့စည်းပြီး မိခင်များနေ့ကို အသိအမှတ်ပြုခဲ့တယ်။

၁၉၁၃ ခုနှစ် Pennsylvania ပြည်နယ်ကလည်း မိခင်များနေ့ကို အပြည်ပြည် ဆိုင်ရာနေ့ အဖြစ် ကြော်ညာခဲ့တယ်။ ၁၉၁၄ ခုနှစ် မေလ ၈ ရက်နေ့ မှာ လွတ်တော်ကိုယ်စားလှယ်တို့ရဲ့ အတည်ပြုချက်နဲ့ မေလ ဒုတိယပတ် တနင်္ဂနွေနေ့ကို အမေရိကားရဲ့ မိခင်များနေ့အဖြစ် သတ်မှတ်ခဲ့ကြတယ်။ အမေရိကန် သမ္မတ Woodrow Wilson က အတည်ပြု ချက်ကို လက်မှတ် ရေးထိုးပေးခဲ့တယ်။

 

၃) ကမ္ဘာ့အရပ်ရပ်က မိခင်များနေ့ ကျင်းပပုံ

ကမ္ဘာ့အရပ်ရပ်က မိခင်များနေ့ ကျင်းပချိန်ခြင်း မတူကြဘူး။ နော်ဝေးက ဖေဖော်ဝါရီလ ဒုတိယ တနင်္ဂနွေ၊ အာဂျင်တီးနားက ၁၀လပိုင်း ဒုတိယ တနင်္ဂနွေ၊ လက်ဘနွန်က နွေဦးဝင်စ ပထမနေ့ရက်၊ အာဖရိကက မေလ ပထမ တနင်္ဂနွေနေ့မှာ ကျင်းပကြတယ်။

Yugoslavia နိုင်ငံ Serbian လူမျိုးတွေ မိခင်များနေ့ကို Materice လို့ခေါ်ကြပြီး ခရစ်စမတ် မရောက်ခင် နှစ်ပတ်အလိုမှာ ကျင်းပ ကြတယ်။ ကျင်းပပုံက မိခင်များနေ့ မနက်ခင်းမှာ ကလေးတွေက မိခင်အိပ်ခန်းထဲ ခိုးဝင်ပြီး မိခင်ကို ကြိုးနဲ့တုတ် ကြတယ်။ မိခင်နိုးလာရင် ကလေးတွေကို ခေါင်းအုံးအောက်မှာ သိမ်းထားတဲ့ လက်ဆောင်ပစ္စည်းတွေပေးပြီး ကြိုးဖြည်ပေးဖို့ တောင်းဆိုရတယ်လို့ ဆိုပါတယ်။

အိန္ဒိယ လူမျိုးတွေက ၁၀လ လဆန်းပိုင်းမှာ Durga Puja လို့ခေါ်တဲ့ ၁၀ရက်ပွဲကို ကျင်းပကြတယ်။ ပွဲက သူတို့ဘာသာမှာ အရေး အပါဆုံး နတ်သမီးတစ်ပါးဖြစ်တဲ့ Durga Durga ကို ပူဇော်ပသကြခြင်းဖြစ်တယ်။ အဲဒီနတ်သမီးက ခန္ဓာကိုယ် မြင့်မားပြီး လက် ၁၀ ချောင်းပါတယ်။ လက်တိုင်းမှာကိုင်ထားတဲ့ လက်နက် ကိရိယာတွေက မကောင်း ဆိုးဝါးတွေကို မောင်း ထုတ်ဖျက်ဆီးနိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်။

စပိန်နဲ့ ပေါ်တူဂီတွေရဲ့ ကျင်းပပုံက ဘာသာရေးပွဲနဲ့ ဆက်နွယ်နေတယ်။ ၁၂ လပိုင်း ၈ ရက်နေ့ မယ်တော်မာရီကို ပူဇော် တဲ့နေ့နဲ့အတူ သားသမီးတွေက မိခင်အပေါ်ထားတဲ့ သူတို့ရဲ့မေတ္တာကို ထုတ်ဖော်ပြသတဲ့နေ့ (မိခင်များနေ့)အဖြစ် ကျင်းပ ကြတယ်။ ပြင်သစ်နိုင်ငံရဲ့ မိခင်များနေ့ က မေလ နောက်ဆုံး ပတ် တနင်္ဂနွေနေ့ဖြစ်ပြီး တစ်အိမ် သားလုံးရဲ့ မွေးနေ့ပွဲအဖြစ် ကျင်းပကြတယ်။ ညစာစားပွဲကို မိသားစုအားလုံး တူညီ တက်ရောက်ကြပြီး စားပွဲပြီးရင် မိခင် အတွက် လုပ်ထားတဲ့ မွေးနေ့ ကိတ်ကို စားကြပြန်တယ်။

ဆွီဒင်နိုင်ငံလည်း မေလ နောက်ဆုံးပတ် တနင်္ဂနွေနေ့မှာ မိခင်များနေ့ကို ကျင်းပကြပြီး ဆွီဒင် ကြက်ခြေနီအသင်းက မိခင် အတွက် ရည်စူးထားတဲ့ ပလပ်စတစ်ပန်း တွေကို ရန်ပုံငွေအဖြင့် ရောင်းချကြတယ်။ ဂျပန်နဲ့ မြောက်အမေရိကားတိုက် နိုင်ငံ များက အမေများနေ့ကို တစ်နေ့ထဲ ကျင်းပကြတယ်။ ၄နှစ်တစ်ခါ ဒီလိုနေ့ရက်မှာ အသက် ၆နှစ်မှ ၁၄နှစ် အရွယ်ထိ “ကျွန်တော့် မိခင်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပန်းချီပြပွဲကို ကမ္ဘာ့အနှံ့ လှည့်လည်ကျင်းပကြတယ်။

မိခင်များနေ့ကို ယနေ့တိုင် ပြုလုပ် ကျင်းပခဲ့ကြတယ်။ အရင်က မိခင်တွေကို သတိရ အောင့်မေ့တဲ့နေ့အဖြင့် ကျင်းပ ခဲ့ရာ ကနေ လူအဖွဲ့ အစည်း အတွက် စတေးခံ၊ အနစ်နာခံ ပေးဆပ်ခဲ့တဲ့ အမျိုးအမီးတွေ အတွက်ပါ ကျင်းပလာကြတယ်။ အမျိုးသမီး တွေ အရာရာမှာ ရင်ဘောင်တန်း လာနိုင်သလို မိခင်တစ်ဦးကလည်း မိသားစုဆိုတဲ့ နယ်ပယ်ထဲမှာ တင်မကပဲ အဖက် ဖက်မှာ အရေးပါကြောင်းကို ပြသခြင်းလဲဖြစ်တယ်။ Annaက ဥပမာကောင်း တစ်ခုဖြစ်တယ်။ သူဟာ တစ်သက်လုံး အိမ်ထောင်မပြုခဲ့၊ မိခင်မလုပ်ဖူးခဲ့ဘဲ မိခင်၊ အိမ်ထောင်ရှင်မ၊ ဇနီးမယားဆိုတဲ့ သရုပ်ကို မဆောင်ခဲ့ဖူးသူဖြစ်ပေမဲ့ မိခင်ရဲ့ ကြီးမားတဲ့ အနှိုင်းမဲ့မေတ္တာတရားကို လူတွေသိအောင်၊ နားလည်အောင် ပြသနိုင်ခဲ့တယ်။

နိုင်းနိုင်းစနေ

https://sites.google.com/site/theravadatemple/hot-news-1/%E1%80%A1%E1%80%99%E1%80%99%E1%80%94%E1%82%94%E1%80%98%E1%80%9A%E1%80%9C%E1%80%96%E1%80%85%E1%80%9C%E1%80%90%E1%80%9C မှ ကူးယူ ဖေါ်ပြပါသည်။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

၅၄။သမ္မာကျမ်းစာမှအမည်များ

လောကတွင် ရှိသော သက်ရှိသက်မဲ့ အားလုံးတွင် အမည်နာမများ ရှိကြသည်။ သမ္မာကျမ်းစာထဲတွင်လည်း အမည်နာမများ ရှိနေပါသည်။ သို့သော် ယုံသြည်သူများကိုယ်တိုင်ပင်လျှင် ထိုအမည်နာမများကို ကျွမ်းဝင်ရင်းနှီးမှုများ မရှိသလို စိတ်ဝင်စားမှုလည်း မရှိကြပေ။ ကျွန်တော်တို့သည် သမ္မာကျမ်းစာ မှ လူအချို့၏ အသက်ရှင်မှုကို ကြိုက်နှစ်သက်ကြသဖြင့် ကျွန်တော်တို့၏ သားသမီးများကို အမည်နာမမှည့်ခေါ်သောအခါ ဒံယေလ၊ ရှမွေလ၊ ယောသက်၊ ဧသတာ၊ ရာခေလ စသည်ဖြင့် အမည်ပေးတတ်ကြသည်။ သို့သော် ထိုအမည်တို့၏ အဓိပ္ပါယ်များကိုမူ သေချာစွာ မသိရှိကြပေ။ ထို့ကြောင့် ကျွန်တော်တို့သည် ယုံကြည်သူ ဖြစ်သောကြောင့် အမည်များ၏ အဓိပ္ပါယ်ကို သိရှိထားသင့်ပေသည်။

ယခု စာမျက်နှာတွင် သမ္မာကျမ်းစာမှ အမည်များ စာအုပ်သည် ယခင်က အလွန်လူကြိုက်များပြီး ထင်ရှားသော စာအုပ်လေး ဖြစ်သော်လည်း ယခုအခါ ရှာဖွေ၍ မရနိုင်လောက်အောင် ရှားပါးသွားခဲ့ပါပြီ။ လိုချင်သူ၊ မေးမြန်းသူ များပြားသဖြင့် မြန်မာပြည်၏ ပြင်ပတစ်နေရာတွင် ရောက်နေကြသော ယုံကြည်သူများနှင့် ဓမ္မဆရာများအတွက် အထောက်အကူရစေရန် ရည်ရွယ်ချက်ဖြင့် တင်ပေးလိုက်ပါသည်။

ယခု ဆရာ စောစံအောင် ရေးသားဘာသာပြန်ထားသော သမ္မာကျမ်းစာမှ အမည်များစာအုပ်ကို တင်ပေးလိုက်ပါသည်။ ဒေါင်းလုပ်ယူ၍ သိမ်းဆည်း လေ့လာနိုင်ပါပြီ။

အောက်ပါ စာအုပ်ပုံပေါ်တွင် Click လိုက်ပါ။

အထက်ပါ လင့်တွင် အဆင်မပြေသူများ အောက်ပါ လင့်များတွင် ဆက်လက်ကြိုးစားကြည့်ပါ။

 

https://www.box.com/s/vmg21beljmt6gqh20hbm

တွင် လည်းကောင်း

https://docs.google.com/file/d/0B56V7HcE_orgWExJNFJIbU1la28/edit?usp=sharing

တွင် လည်းကောင်း ကြိုးစားကြည့်ပါ။

 

အင်္ဂလိပ်ဘာသာဖြင့် လေ့လာလိုပါက အောက်ပါ လင့်တွင် သွားရောက်လေ့လာ ဖတ်ရှုနိုင်ပါပြီ။

http://www.ccel.org/ccel/hitchcock/bible_names.toc.html

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

၅၅။ကမ္ဘာကျော်ခဲ့သော စိန်ဖရန့်စစ်၏ ဆုတောင်း

၁၁၈၂ ခုနှစ်တွင် အီတလီ နိုင်ငံ အစီစီမြို့တွင် ဖရန့်စစ်ကို မွေးဖွားလာခဲ့သည်။ သူ၏ ဖခင်မှာ အစီစီမြို့တွင် အလွန် ချမ်းသာ ကြွယ်ဝသော ကုန်သည် သူဌေးကြီး တစ်ဦး ဖြစ်သည်။ ဖရန့်စစ်သည် ငယ်စဉ် ကတည်း ကပင် စိတ်နှလုံး နူးညံ့ သိမ်မွေ့ပြီး ချစ်စရာ ကောင်းသူ တစ်ဦး ဖြစ်သောကြောင့် လူချစ် လူခင် ပေါများပါသည်။

သူ၏ အပေါင်း အသင်းများမှာ လူကုန်ထံများ၏ သားသမီးများဖြစ်သည်။ သူသည် စည်းစိမ် အပြည့်ဖြင့် အသက်ရှင် ကြီးထွား လာခဲ့သူဖြစ်သည်။ တစ်နေ့တွင် သူငယ်ချင်း များနှင့် ရယ်မော ပျော်ရွှင်နေခိုက် သူတောင်းစား တစ်ဦးသည် ငိုကြွေး အော်ဟစ်လျက် တောင်းရမ်းနေ သည်ကို မြင်တွေ့ လိုက်သည်။ ထိုခဏ ခြင်းတွင် သူသည် လွန်စွာ သနား ကြင်နာ မှု ဖြစ်လာ သောကြောင့် သူအိပ်ထဲမှ ရှိသမျှ ပိုက်ဆံ အားလုံးကို သူတောင်းစား၏ ခွက်ထဲသို့ ထည့်လိုက်သည်။ ထိုအပြုအမူကြောင့် သူငယ်ချင်းများ၏ လှောင်ပြောင်ဟားတိုက်မှုကို ခံစားခဲ့ရသည်။ ထိုအချိန်မှစတင်၍ ဆင်းရဲသူများ၊ ဒုက္ခရောက် နေသူ များကို မြင်တွေ့လိုက်သည့် အခါတိုင်း ရှိသမျှကို ပေးကမ်းလှူဒါန်း လေတော့သည်။ ထိုအခါ သူ၏ အိမ်သူ အိမ်သား များက ဖြုန်းတီး သူအဖြစ် လည်းကောင်း၊ ရူးသွပ်နေသူ တစ်ဦး အဖြစ်လည်းကောင်း ဆူပူကြိမ်းမောင်းကာ ပြစ်တင် စွပ်စွဲလေတော့သည်။

ထို့နောက်မကြာမီမှာပင် သူသည် နာတာရှည် ရောဂါတစ်ခုကို ခံစားရကာ ဖျားနာလေ တော့သည်။ ထိုရောဂါသည်ကြောင့် သူသည် သေခါနီး အခြေအနေ မျိုး ခံစားခဲ့ရလေသည်။ ထို့ကြောင့် ဖရန့်စစ်သည် သူ၏ သဘောသဘာဝ ထုံစံအတိုင်း သူ၏ အနာဂတ်နေ့ရက်များ အတွက် လမ်းပြမှု ရရန် ဆုတောင်းခြင်းကို အချိန်အများဆုံး အသုံးပြုခဲ့လေသည်။ ထို့နောက် ပြန်လည် ကျမ်းမာလာပါက အပြစ်ကင်းစင်ပြီး သန့်ရှင်း သော အသက်တာနှင့် အမှုတော်မြတ်တွင် ဆက်ကပ် အသက်ရှင်ရန် ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချလိုက်လေတော့သည်။

ထို့နောက် ပြန်လည် ကျမ်းမာ လာသောအခါ သူ၏ ဆုံးဖြတ်ချက်ကို အိမ်သား များကို ပြောပြလေရာ အားလုံးက အကြီးအကျယ် ဒေါသဖြစ်ပြီး လွန်စွာ စိတ်ပျက် သွားကြ လေသည်။ အိမ်သူ အိမ်သားများက မည်သို့ ဖျောင်းဖျ ပြောဆိုသည် ဖြစ်စေ သူ၏ ဆုံးဖြတ်ချက်အတိုင်း စတင် လုပ်ဆောင် လေတော့ သည်။ သူသည် တန်ဘိုး ကြီးလှသည့် သူ၏ အ၀တ်များကို စွန့်ပစ်လိုက်ပြီး စတင် အမှုတော် မြတ်တွင် ပါဝင်လေ တော့သည်။ သူ့ထံတွင် ရှိသမျှ အ၀တ် အထည်များကို လိုအပ်နေသူများကို ပေးလိုက်ပြီး လက်ထဲတွင် ရှိသမျှ ငွေများကိုလည်း လိုအပ်သူ များကို ပေးလှူလေ သည်။ သူ၏ အပြုအမူကြောင့် သူ၏ ဖခင်မှာ များစွာ စိတ်ပျက်ခဲ့လေသည်။ “ဒါတွေဟာ ဘုရားသခင်က မင်းကို ဖော်ပြ လိုက်တဲ့ ကျေးဇူးတော်တွေ လား။ ငါရဲ့ချမ်းသာ ကြွယ်ဝမှုတွေကို မင်းက ဒီလို လမ်းဘေးက အလကားလူတွေကို ပေးပြီး ဖြုန်တီးနေတာကို ငါစိတ်ပျက်တယ်။” ဟု ပြောဆို ခံခဲ့ရလေသည်။

ဖရန့်စစ်၏ သူငယ်ချင်းများကလည်း လှောင်ပြောင် ရယ်မော ခဲ့လေသည်။ ဖခင်က နောက်ဆုံးတွင် သူ့ကို နှင်ထုပ်လိုက်လေတော့သည်။ ထိုအချိန်မှ စတင်ကာ ဖရန့်စစ်သည် လမ်းဘေးတွင်နေထိုင်သူများ ကဲ့သို့ပင် နေလေတော့သည်။ သူငယ်ချင်းဟောင်းများက သူ့ကို ခဲများ၊ ရွံ့ဗွတ်များဖြင့် ပစ်ပေါက် ခဲ့ကြသည်။ သူငယ်ချင်းများအားလုံးကို စိတ်ရှည် သီးခံခဲ့လေသည်။

အစီစီမြို့၏ တောင်းတန်းကြီးတစ်ခုမှ လှိုင်ဂူကြီး တစ်ခုတွင် နေထိုင်ခဲ့သည်။ ဖရန့်စစ်သည် (၂) နှစ်ခန့် ဆုတောင်းကာ နှုတ်ကပတ်တော်များကို ဆင်ခြင် လျက် နေခဲ့သည်။

သူ့ကို သနားကြင်နာသူများက အစာအစာများ ယူဆောင်လာပြီး သူ့ကို ကျွေးမွေးခဲ့သည်။ သို့သော် သူသည် ဘယ်သောအခါမျှ ကုန်အောင်မစားခဲ့ချေ။

ဖရန့်စစ်သည် အလွန်နှိမ့်ချသော နှလုံးသားဖြင့် အသက်ရှင်ခဲ့သည်။ သူသည် ဘုရားသခင် ဖန်ဆင်းထားသော ဖန်ဆင်ခံများ အားလုံးကို ချစ်မြတ်နိုးခဲ့သည်။ သူသည် ငှက်ကလေးများ၊ သစ်ပင် ပန်းမာန်များနှင့် သဘာဝ လောကကြီးကို ချစ်မြတ်နိုးခဲ့သည်။ သူသည် အားလုံးသော အခြေ အနေ မဲ့များကို ချစ်ခင်ခဲ့သည်။ တိရစ္ဆာန်ကလေးများကိုလည်း သူ၏ ညီအကို မောင်နှမပမာ ဆက်ဆံမှု ပြုခဲ့သည်။

ဖရန့်စစ်သည် တစ်ရွာဝင် တစ်ရွာထွက် ဘုရားသခင်၏ မေတ္တာတော် အကြောင်းကို ဟောပြော ခဲ့သည်။ တိရစ္ဆာန် ကလေးများ ကိုပင်လျှင် မချန်ဘဲ ဘုရား သခင် အကြောင်း ပြောပြသည်။

ဖရန့်စစ်သည် လူများကို သူနှင့် အတူ အမှုတော် မြတ်တွင် လက်တွဲ လုပ်ဆောင်ရန် ဖိတ်ခေါ်မှုပြုခဲ့သည်။ ထိုအခါ တစ်မြို့တည်းသားဖြစ်သော ဘားနဒ် ဆိုသူ လူချမ်းသာ တစ်ဦးက ဖရန့်စစ်ကို ဆက်သွယ်ခဲ့လေသည်။ ထိုသူသည် ပထမဦးဆုံးသော ဖရန့်စစ်၏ နောက်လိုက်တစ်ဦးဖြစ်သည်။ ဘားနဒ် သည်လည်း သူ၏ ချမ်းသာကြွယ်ဝမှုများကို ဘုရားသခင်၏ ပလ္လင်တော်တွင် ပုံ၍ အပ်နှံခဲ့သည်။ အခြား (၁၁) ယောက်လည်း ဆက်သွယ် မှု ပြုခဲ့သည်။ ထိုအထဲတွင် ဖရန့်စစ်ကဲ့သို့ စည်းစိမ် ဥစ္စာများကို စွန့်လွှတ်ခဲ့၍ ကျန်မာရေး ချို့တဲ့သူများနှင့် အခြေအနေမဲ့များကို ဂရုစိုက်ခဲ့သူ ကလယ်ရာ ဆိုသူလည်း ပါဝင်သည်။ သူတို့ (၁၁) ယောက်သည် အီတလီ နိုင်ငံအနှံ့အပြားကို သွားရောက်ကာ မိမိတို့ ပိုင်ဆိုင်သော စည်းစိမ် ဥစ္စာ များကို ဝေငှ ပေးကမ်းလျက် တရားဟောပြောခြင်း၊ သွန်သင်ခြင်း၊ ကျန်မာစေခြင်းကို ပြုလုပ်ပြီး သူတို ရောက်လေရာတွင် ကောင်းကြီး မင်္ဂလာ များနှင့် ပြည့်ဝစေ လေသည်။

ဖရန့်စစ်၏ မေတ္တာတရားနှင့် ကြင်နာမှု သတင်း စကားများ အကြောင်းကို ဥရောပ တစ်ခွင်တွင် ပြန့်နှံ့ သွားလေသည်။ ဖရန့်စစ်ကိုလည်း စိန့်ဖရန့်စစ် (သန့်ရှင်းသူ ဖရန့်စစ်) ဟု အမည်ပေးရန် စိတ်အား ထက်သန်မှု ဖြစ်ပေါ် လာလေသည်။ လူများက သူ့ကို အစီစီမြို့၏ သနားစရာ လူတစ်ယောက် (A little poor man of Assisi) ဟု ခေါ်ဆို ခဲ့ကြ လေသည်။

စိန့်ဖရန့်စစ်သည် သူ၏ နောက်လိုက်များထဲမှ ရွှေးချယ်ကာ တောင်းရမ်းသူများကို ကူညီ ကယ်တင်ရေး အစီအစဉ် အဖွဲ့ကို တည်ထောင်ခဲ့လေသည်။ အဖွဲ့ဝင် များကိုလည်း ချစ်ခြင်း၊ နာခြင်း နှင့်အတူ ကိုယ်ကျင့်သိက္ခာ ကောင်းမွန်ရန် လည်း သစ္စာ ကတိ ပြုစေခဲ့သည်။ သူသည် ခရစ် သက္ကရစ် ၁၂၂၈ တွင် သူ၏ အသက် ၀ိညာဉ်သည် ဘုရားသခင် ထံသို့ ပြန်သွား ခဲ့လေသည်။

အောက်ပါ ဆုတောင်း ချက်သည် ကမ္ဘာတစ်ဝှမ်းတွင် အလွန် ကျော်ကြားသော ဆုတောင်းချက် ဖြစ်ခဲ့ လေသည်။ ဖတ်ရသူ တိုင်း၏ နှလုံးသားတွင် တစ်စုံတစ်ရာ ခံစား သွားနိုင် ပါသည်။ ဘုရားသခင်ကို ချစ်မြတ်နှိး သောသူတိုင်း သူ၏ ဆုတောင်းချက် စာသား လေးများကြောင့် အသက်တာတွင် ဘုရားသခင် အတွက် အသက် ရှင်လို စိတ် ပြန်လည် ပြင်းထန် လာပါလိမ့်မည်။ ဖတ်ရှု ခွန်အားယူကြည့်ပါ။

ဒီကဗျာလေးကို မူရင်း အင်္ဂလိပ်လို ဖေါ်ပြလိုက်ပြီး အောက်မှာတော့ မြန်မာ ဘာသာ ပြန်ပေး လိုက်ပါတယ်။

“O Lord,

make me an instrument of Thy Peace!

Where there is hatred, let me sow love;

Where there is injury, pardon;

Where there is discord, harmony;

Where there is doubt, faith;

Where there is despair, hope;

Where there is darkness, light, and

Where there is sorrow, joy.

Oh Divine Master, grant that I may not

so much seek to be consoled as to console;

to be understood as to understand; to be loved

as to love; for it is in giving that we receive;

It is in pardoning that we are pardoned;

and it is in dying that we are born to Eternal Life.”

Amen

အောက်ကတော့ မြန်မာဘာသာ ပြန်ဆိုထားချက်ပါ။

အို ကိုယ်တော်ရှင်

အကျွန်ုပ်ကို ကိုယ်တော့်ရဲ့ ငြိမ်သက်ခြင်းရဲ့ တန်ဆာပလာ ဖြစ်စေပါ။

မုန်းတီးမှုတွေ ရှိတဲ့အရပ်မှာ မေတ္တာမျိုးစေ့ ကြဲခွင့်ပြုပါ။

နာကျင်မှုတွေ ရှိတဲ့အရပ်မှာ ခွင့်လွှတ်ခြင်း မျိုးစေ့ ကြဲခွင့်ပြုပါ။

သံသယတွေ ရှိတဲ့အရပ်မှာ ယုံကြည်ခြင်း မျိုးစေ့တွေ ကြဲခွင့်ပြုပါ။

စိတ်ပျက်ခြင်းတွေ ရှိတဲ့အရပ်မှာ မျှော်လင့်ခြင်း မျိုးစေ့တွေ ကြဲခွင့်ပြုပါ။

မှောင်မိုက်ခြင်းတွေ ရှိတဲ့အရပ်မှာ အလင်းမျိုးစေ့တွေ ကြဲခွင့်ပြုပါ။

၀မ်းနည်းမှုတွေ ရှိတဲ့အရပ်မှာ ၀မ်းမြောက်ခြင်း မျိုးစေ့တွေ ကြဲခွင့်ပြုပါ။

အို သန့်ရှင်းဖြောင့်မတ်တော်မူသောသခင်……..

ကျွန်တော်ဟာ နှစ်သိမ့်ပေးနိုင်သူကို အနှစ်သိမ့်ခံဖို့ရန် ရှာသောသူမဟုတ်ပါ။

နားလည်ပေးနိုင်သောသူကို နာလည်ခံပေးဘို့ရန် ရှာဖွေနေသောသူ မဟုတ်ပါ။

ချစ်တတ်သောသူကို အချစ်ခံဘို့ရန် ရှာဖွေနေသောသူ မဟုတ်ပါ။

အဘယ်ကြောင့်ဆိုသော်

ကျွန်တော်တို့ ရရှိခြင်းသည် ပြန်လည်ပေးကမ်းရန်

ကျွန်တော်တို့ ခွင့်လွှတ်ခံရခြင်းသည် ပြန်လည် ခွင့်လွှတ်ရန်

ကျွန်တော်တို့ သေခြင်းအရာသည် ထာဝရအသက် ရဘို့ရန်

မွေးဖွားလာတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

အာမင်….

စာဖတ်သူ အယောက်တိုင်းကို ဘုရားသခင် ကောင်းကြီးပေးပါစေ။

ဦးမင်းလွင်

 

 

 

 

 

 

၅၆။ချမ်းသာကြွယ်ဝရန်အတွက် လိုအပ်သည့်ဝိညာဉ်ရေးရာအချက်

သင်ကြွယ်ဝချမ်းသာခြင်းကို သင်ကိုယ်တိုင် ဖန်တီးနိုင်ရန်အတွက် ဘုရားသခင်က တန်ခိုးပေး ပြီးသားဖြစ်ပါတယ်။ အဲဒီတန်ခိုးတော်ကို ခံစားဘို့ အတွက် လိုအပ်တဲ့ အချက်များကို အခုတင်ပြပါမယ်။ ကျွန်တော်တို့ ကြွယ်ဝချမ်းသာဘို့ ဆိုတာဟာ ကောင်းကင်ဘုံ အဖဘုရားသခင်အတွက် အလွန်အရေး ကြီးပါတယ်။ ဆာလံ ၃၅း၂၇ ကိုဖတ်ကြည့်ပါ။ အောက်ပါအတိုင်း တွေ့ရမှာ ဖြစ်ပါတယ်။

မိမိကျွန်၏ ချမ်းသာ တိုးပွားခြင်းအကြောင်းကို နှစ်သက်သော ထာဝရဘုရားသည် ဘုန်းကြီးပါ စေသတည်း။ (ဆာလံ ၃၅း၂၇)

ယနေ့ လောကကြီးကို ကြည့်လိုက်ရင် တစ်စုံတစ်ယောက်ဟာ မိမိကို ကျော်လွန် ချမ်းသာသွားမှာကို မလိုချင်ကြပါဘူး။ အထူးသဖြင့် တပည့်တွေ၊ ကျွန်တွေက မိမိထက် ကျော်သွားကြတယ်ဆိုရင် သမ္မာ အာဇီဝနဲ့ မဟုတ်ဘဲ ကြီးပွားတိုးတက်လာတယ်လို့တောင် ထင်မြင်ယူဆတတ်ကြပါတယ်။ ဒီလိုမျိုး လူသားတွေရဲ့ စိတ်ဓါတ်မျိုး မဟုတ်ဘဲ ဘုရားသခင်ဟာ မိမိရဲ့ကျွန်ဖြစ်သူတွေကို ချမ်သာကြွယ်ဝဘို့ မျှော်လင့်နေတယ်၊ တောင့်တနေတယ်၊ နှစ်သက်ပျော်ရွှင်တယ်ဆိုတာ ဘယ်လောက်တောင် ကောင်းလိုက်ပါသလဲ။

ဒီကျမ်းပိုဒ်ကို မြင်လိုက်တော့ တစ်သက်လုံး ရောင့်ရဲ တင်းတိမ်မှုနဲ့ နေလာတဲ့ ကျွန်တော်ကိုယ်တိုင် တောင်မှ ကြွယ်ဝချမ်းသာမှုကို မျှော်လင့်တောင့် တမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ ကြွယ် ဝမှုကို မြင်ရင် ဘုရားသခင်က ကျေနပ်ဝမ်းမြောက်တယ်လို့ ဆိုတာကြောင့် ဘုရားသခင် ကို ကျေနပ်မှု၊ ဝမ်းမြောက်မှုတွေ ပေးချင်လို့ အဲဒီလို တွေးမိတာဘဲ ဖြစ်ပါတယ်။

တမန်တော်ကြီး ရှင်ယောဟန်သည် သူကိုယ်တိုင် ဆင်းရဲဒုက္ခ အမျိုးမျိုးကို ခံစားရသော်လည်း တပည့်သားဖြစ်သူတို့ ကြွယ်ဝချမ်းသာလာစေရန် ဆုတောင်းပေးနေသူဖြစ်သည်။ ၃ယော ၁း၂ တွင် ရှင် ယောဟန်၏ ဆုတောင်းချက် တစ်ချက်မှာ

“အချင်းချစ်သူ၊ သင်၏စိတ်နှလုံးသည် ကောင်းစားသကဲ့သို့ သင်သည် အရာရာ၌ ကောင်းစားခြင်းနှင့် ကျန်းမာခြင်း ရှိမည့်အကြောင်း ငါဆုတောင်း၏” (၃ယော ၁း၂)

ဟုဆိုကာ သူ၏ ယုံကြည်သူများအတွက် ဆုတောင်းပေးနေသော သူ၏ ဆုတောင်းချက်ကို ဖော်ပြထားပါသည်။

ကျွန်တော်တို့ကို အပြစ်ငရဲမှ ကယ်ပေးရန် ကြွဆင်းလာသော သခင်ယေရှုသည် ကျွန်တော်တို့ထံ မှ ဆင်းရဲခြင်းဒုက္ခကို ဖျက်ဆီးဖယ်ရှားရန် ဘုရားသခင်က ဘိသိတ်ပေးထားခြင်းဖြစ်သည်။

အကြောင်းမူကား ဆင်းရဲသားတို့အား ဝမ်းမြောက်စရာသတင်းကို ကြားပြောစေခြင်းငှာ ငါ့ ကို ဘိဿိတ်ပေး တော်မူပြီ။ ကြွေမွသော သူတို့၏ အနာကို ပျောက်စေခြင်းငှါ၎င်း၊ ဘမ်းသွား ချုပ်ထားလျှက်ရှိသောသူတို့အား လွှတ်ခြင်းအကြောင်းနှင့်၊ မျက်စိကန်းသော သူတို့အား ပြန် မြင်ခြင်းအကြောင်းကို ပြစေခြင်းငှါ၎င်း၊ ဆင်းရဲခံရသောသူတို့ကို ကယ်မစေခြင်းငှါ၎င်း၊ ငါ့ကို စေ လွှတ်တော်မူပြီဟု လာသတည်း။ (လုကာ ၄း၁၈-၁၉)

အထက်ပါ ကျမ်းပိုဒ်ကို ဖတ်ပြီးတော့ အထူးပြုသောသူများကို လိုင်းတားကြည့်လိုက်တဲ့အခါ ဆင်းရဲသားများ နှင့် အားနည်းသူများအားလုံးကို အထူးပြု ထားတာကို တွေ့ရပါတယ်။ ကမ္ဘာဦးမှာကတည်းက ဘုရားသခင်ရဲ့ဖန်ဆင်းခြင်းမှာ အာဒံနဲ့ဧဝ အတွက် လိုအပ်ချက် မရှိအောင် ဖန်ဆင်းထား တာကို တွေ့မြင်ရ မှာဖြစ်ပါတယ်။ အာဒံနဲ့ ဧဝမှာ ဆင်းရဲခြင်းနဲ့ အားနည်းချက်တွေ မရှိအောင်ဖန်ဆင်းထားတာမို့ ဘုရားသ ခင်ရဲ့ ဘာသာစကားမှာ ဆင်းရဲခြင်းဆိုတာ ရှိမှာတောင်မဟုတ်ပါဘူး။ ဒါပေမဲ့ ဆင်းရဲဒုက္ခဆိုတာ ဘုရား သခင်ရဲ့ အကြံအစည်တော်ထဲမှာ ဖြစ်လာခြင်း မဟုတ်ဘဲ၊ လူတို့ရဲ့ အတ္တတရားနဲ့ မနာခံမှုဆိုတဲ့ အကြောင်း တရားထဲမှာ ဖြစ်ပေါ်လာခဲ့တာကို မြင်တွေ့ရပါတယ်။

ဘုရားသခင် ဟာ ဆင်းရဲသားတွေနဲ့ အားနည်းသောသူတွေကို နှစ်နှစ်ကာကာ ချစ်သော ဘုရား ဖြစ်ပါတယ်။ ဒါပေမဲ့ ဆင်းရဲခြင်းကို မုန်းတီးသောသူ ဖြစ်ပါတယ်။ လူတွေရဲ့ ဆင်းရဲဒုက္ခဟာ ဘုရားသခင်နဲ့ နီးကပ်ဘို့ ဆိုပေမဲ့ အချို့သောသူတွေဟာ အဲဒီဆင်းရဲ ဒုက္ခကြောင့် ဘုရားသခင်ကို ကြောခိုင်းသွားတဲ့သူတွေ ရှိပါတယ်။ ဘုရားသခင်က အဲဒါကို ကြေနပ်ပျော်ရွင်နေမယ် ထင်ပါသလား။ သူ့ကို ယုံကြည်တဲ့သူတွေဟာ ကြွယ်ဝ ချမ်းသာ လာရင် ဘုရားသခင်ရဲ့ ဘုန်းတော်ကို ပိုမို ထင်ရှားစေတာကြောင့် ဘုရားသခင်ဟာ ဘယ်သော အခါမျှ သူ့ကို ယုံကြည်သော သူတွေကို ဆင်းရဲတွင်း သို့ မသက်ဆင်းစေချင်ပါ။ ဘုရားသခင်ဟာ သူ့ရဲ့လူတွေကို အမှန်တကယ် ချမ်းသာကြွယ်ဝစေချင်တယ်ဆိုရင် ဆင်းရဲခြင်းကို ဘုရားသခင် ကိုယ်တိုင် တိုက်ဖျက်ပစ်မှာ ဖြစ်ပါတယ်။

အဲဒါဆိုရင် ယုံကြည်သူတွေ ဘာကြောင့် ဆင်းရဲနေကြတာလဲ။ ယုံကြည်သူတွေ ဘာကြောင့် အားနည်းနေရတာလဲ။ ဘာကြောင့် ယုံကြည် သူတွေရဲ့အလို မပြည်စုံနိုင်ရကြတာလဲ။ အဲဒီမေးခွန်းတွေအ တွက် အောက်ပါကျမ်းချက်တွေက ကျွန်တော်တုိ့ကို အဖြေပေးနေပါတယ်။ ဒါကတော့ ချမ်းသာကြွယ်ဝခြင်း ရဲ့ သော့ချက်လေးတွေဖြစ်ပါတယ်။

ဘုရားသခင်နှင့် အကျွမ်းဝင် (ယောဘ ၂၂း၂၁)

ဘုရားသခင်နှင့် အကျွမ်းဝင်၍ မိတ်ဿဟာရဖွဲ့လော့။ ထိုသို့ပြုမှ ကောင်းစားခြင်းသို့ ရောက်ရ လိမ့်မည်။ (ယောဘ ၂၂း၂၁)

ချမ်းသာကြွယ်ဝဘို့အတွက် ဘုရားသခင်နဲ့ အကျွမ်းဝင်ရမယ်ဆိုပြီး ကျမ်းစာက ပြောတဲ့အခါ လူတွေအတွက်ကတော့ ရယ်စရာတစ်ခု ဖြစ်နေ မယ်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ လူတွေဟာ ဘာ သာရေနဲ့ စီးပွားရေးကို ခွဲခြားထားကြောင့် စီးပွားရေး လုပ်နေချိန်မှာ သူတို့ကို ဘုရားတွေ၊ တရားတွေ ပြော တာကို သူတို့ လက်ခံနိုင်ဘို့ မရှိပါဘူး။

ဒါပေမဲ့ ကျမ်းစာမှာပြန်ကြည့်ရင် ဘုရားသခင်နဲ့ဘဲ မိတ်သဟာရဖွဲ့တဲ့ နောဧဟာ ချမ်းသာကြွယ်ဝ ဘို့ထက် ဘုရားသခင်နဲ့အတူလျှောက်လှမ်းရတဲ့ ဘဝကို ပိုမို နှစ်သက်တာကြောင့် လူတွေ ဟားတိုက်လှောင် ပြောင်ခံရတဲ့ လမ်းခရီးကို ရွေးချယ်လျှောက်လှမ်းခဲ့ပေမဲ့ နောက်ဆုံးမှာ ဒီကမ္ဘာလောကကြီးတစ်ခုလုံးကို ပိုင်ဆိုင်ရတဲ့ အခွင့်အရေး ရခဲ့ပါတယ်။ ရေလွှမ်းမိုးပြီးတဲ့ နောက်မှာ ဒီကမ္ဘာပေါ်မှာ နောဧတို့ မိသားစုများသာ ကျန်ခဲ့ တာကြောင့် သူတို့ဟာ အရာခပ်သိမ်းကို ပိုင်ဆိုင်နိုင်ခဲ့ကြပါတယ်။ အဲဒါဟာ ဘုရားသခင်နဲ့ မွေ့လျော် ပြီး ကိုယ်တော်နဲ့ လျှောက်လှမ်းခြင်းမှာ ရတဲ့ အကျိုးတရားပါ။ ကျမ်းစာမှာ အဲဒီလို လူပုဂ္ဂိုလ်တွေ အများကြီး ရှိပါတယ်။ အာဗြဟံ ဆိုရင်လဲ ဘုရားခေါ်သံကြားလို့ ကိုယ်ပိုင် ပစ္စည်း အနည်းငယ်နဲ့ ထွက်လာခဲ့ ရပေမယ့် မကြာခင်မှာ မြေကြီးမဆန့်နိုင်အောင် ကြွယ်ဝချမ်းသာခဲ့တယ်ဆိုတာ ကမ္ဘာဦး အခန်းကြီး (၁၃)မှာ ဖော်ပြ ထားပါတယ်။ ဒါတွေဟာ ဘုရားသခင်နဲ့ မွေ့လျှော်ခြင်းရဲ့ အကျိုးတရားတွေပါ။

အသက်တာထဲက ဒုစရိုက်ကိုဖယ်ရှားရမယ်

သင့်အိမ်မှ ဒုစရိုက်ကို ပယ်ရှားလျှင် ရွှေကို မြေမှုန့်ကဲ့သို့၎င်း၊ သြဖိရရွှေကို မြစ်၌ရှိသော ကျောက်စရစ်ကဲ့ သို့၎င်း၊ သိုထားရလိမ့်မည်။ ထိုအခါ အနန္တတန်ခိုးရှင်သည် သင်၌ ရွှေရတနာ၊ သင်သုံးရသော ငွေဘဏ္ဍာဖြစ် တော်မူလိမ့်မည်။ (ယောဘ ၂၂း၂၄-၂၅)

ဒါကတော့ တော်တော်လေး အရေးကြီးပါတယ်။ လူတွေရဲ့ ဘဝအသက်တာမှာ ဘုရားသခင်က ကြွယ်ဝချမ်းသာခြင်းကို ပေးချင်သော်လည်း အတားအဆီးဖြစ်ရတဲ့ အဓိက အကြောင်းအရင်းဖြစ်ပါတယ်။ လူတို့ရဲ့ အသက်တာထဲမှာ ဆင်းရဲဒုက္ခကြုံတွေ့ရခြင်းဟာ ပထမဆုံး လူသားဖြစ်တဲ့ သူတွေရဲ့ မနာခံမှုတွေ အဓိက ဖြစ်နေပါတယ်။ အဲဒီမနာခံမှုကို ကျမ်းစာက ဒုစရိုက်လို့ သတ်မှတ်ပါတယ်။ အဲဒီ ဒုစရိုက်တရားက လူတွေရဲ့ အသက်တာ ထဲကို ဆင်းရဲ ဒုက္ခတွေ ဆွဲခေါ်ယူလိုက်ပါတယ်။

စစ်သူကြီး ယောရှုဟာ အလွန်ကြီးမားခိုင်ခန့်တဲ့ မြို့ရိုးကြီးနဲ့ နေတဲ့ ယေယိခေါမြို့သားတွေကို ဘုရားသခင်က အနိုင်ယူအောင်မြင်ခွင့်ကို သက်တောင့် သက်သာနဲ့ ရရှိခဲ့ပေမဲ့၊ သေးငယ်လှတဲ့ အာဣမြို့ကို တိုက်ခိုက်တဲ့အခါကျတော့ မအာင်မြင်ဘဲ ဆုံးရှုံးမှုသာ ခံစားခဲ့ရပါတယ်။ ဒါကြောင့် ဘုရားသခင်ကို မေးမြန်းတဲ့အခါ လူတစ်ယောက်က ဒုစရိုက်အမှုပြုပြီး ပစ္စည်းအချို့ ခိုးယူထားတာကြောင့် ဖြစ်တယ်လို့ ဘုရားသခင်က အကြောင်း ပြန် ခဲ့ပါတယ်။ အဲဒီကိစ္စကို ရှင်းပြီးတော့မှဘဲ ဘုရားသခင်က အောင်မြင်မှုကို ရရှိ ခံစားစေခဲ့ပါတယ်။

ယနေ့ခေတ်ကြီးမှာ လိမ်လည်လှည့်ဖျားမှ စီးပွားရေးလုပ်ရတာ၊ အောင်မြင်နိုင်မယ်။ စီးပွားဖြစ် ထွန်းနိုင်မယ်လို့ တွေးခေါ်နေတဲ့ ခေတ်ကြီးမှာ ဒီကိစ္စက တော်တော်လေး ခက်ပါတယ်။ တစ်ချို့က ရေသာခို အချောင်လိုက်ပြီး ခိုးဝှက်ပြီးတော့ ကြွယ်ဝချမ်းသာမှုကို တောင့်တ နေကြပါတယ်။ အသက်တာ ထဲမှာ ဒုစရိုက် ရှိနေသ၍ ဘယ်သောအခါမျှ မအောင်မြင်နိုင်ပါ။ အဲဒီလို အောင်မြင်ဘို့ မျှော်လင့်နေသူတွေကို ဘုရားသခင်က ဘယ်သောအခါမျှ ကောင်းကြီးပေးမည်မဟုတ်ပါ။

သို့သော် သင်က မေးမြန်းပါလိမ့်မယ် အချို့သောသူတွေ ထိုကဲ့သို့ ဆောင်ရွက်လျှက် အောင် မြင်ချမ်းသာနေသူတွေက ဘယ်လိုလဲဆိုပြီး မေးမြန်လာ ခဲ့ရင်တော့ ထိုသူတို့၏ အောင်မြင်ခြင်းမှာ အချိန် ကာလ တစ်ခုသာ ဖြစ်ပါလိမ့်မယ်။ ဘယ်သောအခါမျှ အောင်မြင်ကြွယ်ဝလိမ့်မည် မဟုတ်ပါ။

ယောသပ်ဟာ ဘယ်သောအခါမျှ ဒုစရိုက်ကို မလုပ်ခဲ့ပါဘူး။ သခင်ပိုင်ဆိုင်တဲ့ ပစ္စည်းတွေ သူ့လက်မှာ ကြိုက်သလိုလုပ်နိုင်ပေမဲ့ စိတ်နဲ့တောင် မပြစ်မှားပါဘူ။ သခင့်ရဲ့ ဇနီးက သွေးဆောင်မှု ပြုတဲ့ အခါမှာလည်း အဲဒီအထဲမှာ မြုတ်မသွားဘဲ လွတ်အောင် ရုန်းထွက်ခဲ့ပါတယ်။ အဲဒီအတွက် ဘုရားသခင်က ဒုစရိုက်ကင်းစင်တဲ့ ယောသပ်ကို ဒုတိယ ရှင်ဘုရင် ရာထူးကို ခံစားခွင့်ပေးလိုက်ပါတယ်။ အဲဒါဟာ အပြစ်တရား (ဒုစရိုက်) ကိုရှောင်ရှားတဲ့ သူတွေကို ဘုရားသခင်က ပေးသနားတော်မူတဲ့ အလွန် ထူးခြားကောင်းမွန် တဲ့ ဆုလဒ် သရဖူကြီးပင် မဟုတ်ပါလား။ အသက်တာ တွင် ဘုရားသခင်၏ နှုတ်ခပတ်တော် တန်ခိုးဖြင့် ကြွယ်ဝချမ်းသာမှု တန်ခိုးကို ခံစားနိုင်ကြပါစေ။ (အာမင်)

မှတ်ချက်။ ။ ဤဆောင်းပါးသည် ကယ်တင်ခြင်း ရပြီးသော်လည်း အသက်တာပိုင်းတွင် အားနည်းသူများကို ရည်ညွှန်းပါသည်။

နာမတော်မြတ်၌

ဦးမင်းလွင်

Leave a Reply

Your email address will not be published. Required fields are marked *