ဆရာမင်းလွင်၏တရားဟောချက်များ ( အပိုင်း ၂ )

၂၁။ရှေးမဆွက ရွေးနှုတ်ခွဲခန့်ခြင်း အပိုင်း ( ၂ ) ( ၂၀၁၂ )

အဘယ်ကြောင့် ဘုရားသခင်သည် ဧသောကို မုန်းရပါသနည်း။ လူတစ်ဦးသည် ဘုရားသခင်၏ အမျက်တော်ကို အဘယ်ကြောင့် အကြောင်းမဲ့သက်သက် ခံစားခဲ့ရပါသနည်း။ အမှန်တကယ်ဆိုရသော် ဧသော တစ်ဦးတည်းသာ မဟုတ်။ လူသားများ အားလုံးသည် ဘုရားသခင်၏ အမုန်းဒဏ်ခံသင့်သူ များဖြစ်သည်။ ကျေးဇူးဂရုဏာတော်နှင့် အလွန်ကြွယ်ဝတော်မူသော ဘုရားသခင်သည် လူတစ်စုံတစ် ယောက် (သို့)လူသားများကို အကြောင်းမဲ့သက် သက် မုန်းတီးမည် မဟုတ်ချေ။ ဘုရားသခင်သည် ပြစ်ဒဏ်ခံသင့်သည်ထက်ပိုပြီး လူတစ်ဦးကို အပြစ်ပေမည် မဟုတ်ချေ။ ငရဲသို့ ရောက်သောသူတိုင်းသည် ရောက်သင့်သော အကြောင်းပြချက် လုံလုံလောက်လောက်ရှိ သည်။ ဘုရားသခင် သည် လူသားများကို တရားစီရင်ရာတွင် မုန်ကန်စွာ တရားစီရင် တတ်ပါသည်။

ဧသောသည် မည်ကဲ့သို့သော လူစားမျိုးဖြစ်ပါသနည်း။ ဧသောကို မုန်းသင့်သော ပြစ်ချက်များ ရှိနေပါသည်။ တစ်နေ့ တွင် အမဲလိုက်ရာမှ ပြန်လာသော ဧသောသည် အလွန်ဆာလောင်မွတ်သိပ်သဖြင့် ညီဖြစ်သူထံ စားစ ရာ တစ်စုံတစ်ခုကို မေးမြန်းရာ ယာကုတ်က ဟင်းတစ်ခွက်နှင့် သားဦးအရာကို အလဲအလှယ်ပြုရန် အပေးအယူ စကားဖြင့် တောင်းဆိုလာသည်။ ဧသောသည် အလွယ်တကူပင် လိုက်လျောမိခဲ့သည်။ အမှန်တကယ်တွင် သားဦးအရာကို ရရှိခြင်းသည် ဘုရားသခင်၏ ကြီးမားသော မေတ္တာတော်ကြောင့်သာ ဖြစ်သည် ဆိုသည်ကို ဧသော သိကောင်းသိနိုင်သည်။ ဟေဗြဲအမျိုးသား တိုင်းသည် သားဦးများသည် သားဦးဖြစ်ရခြင်းကို ဂုဏ်ယူ ကြသည်။ ဘုရားသခင်သည် သားဦးများကို တန်ဘိုးထားသည်။ သို့သော် ဘုရားသခင် တန်ဘိုးထားသော အရာကို ဟင်းတစ်ခွက်စာ တန်ဘိုးဖြင့် အပေါစား ပစ္စည်းတစ်ခု သဖွယ်ရောင်းချ ခဲ့သည်။ အာဒံနှင့် ဧ၀သည် ဘုရားသခင်နှင့် ရှိသော မိတ်ဿဟာရကို အစားအစာဖြစ်သော အသီးတစ်လုံးဖြင့် တန်ဘိုး ဖြတ်ခဲ့သည်။ ဧသောသည် ဘုရားသခင်တန်ဘိုးထားသော သားဦးအရာကို မထီမဲ့မြင်ပြုခဲ့သည်။ ထိုသို့ လုပ်ဆောင်ရန် မည်သူကမျှ အတင်းအကျပ် ပြုခဲ့ခြင်း မရှိချေ။ သူကိုယ်တိုင် သူသဘောနှင့်သူ လွတ်လပ်စွာ ဆုံးဖြတ်ခဲ့ခြင်းပင် ဖြစ်သည်။ သားဦးအရာကို ယာကုတ်ရရှိရန် အလိုတော်ရှိသည်ဘဲထားစေဦးတော့။ ဧသောကို မည်သို့မျှ ဖိအားပေး အကျပ်ကိုင်ခဲ့သည်တော့ မဟုတ်ချေ။ ဘုရားသခင်သည် မည်သူကိုမျှ အပြစ်တရားလမ်းသို့ သွေးဆောင်ခြင်း မပြုပေ။ သားဦးအရာနှင့် လွဲခဲ့ရသောဧသောကဲ့သို့ပင် ထာဝရအသက်နှင့် လွဲခဲ့ရသော သူများကိုလည်း ဘုရားသခင်က သွေးဆောင်ခြင်း အတင်းအကျပ်ပြုမူခြင်းတို့ မလုပ်ခဲ့ပါ။ ကိုယ့်သဘောနှင့် ကိုယ် ယုံကြည်ခြင်း တရားလမ်းကို စွန့်ခွာကာ မိမိသဘောအလျောက် စိတ်တိုင်းကျ ပြုမူခဲ့ခြင်း ပင်ဖြစ်သည်။

လူသားတိုင်းအား ထာဝရအသက် ခံစားရန် ဘုရားသခင်အလိုတော်ရှိပါသည်။ သို့သော် လူသားများ ဘက်က ဘုရားသခင်၏ အလိုတော်ကို ကျောခိုင်းကာ လောကီ ကာမဂုဏ်တွင် နစ်မောနေကြပါသည်။ လူတို့သည် အပြစ်ဒုစရိုက်တွင် ကျေးကျွန်သဖွယ်ဖြစ်နေသည်။ ရုန်းထွက်ရန် မတတ်စွမ်းနိုင်ကြချေ။ သို့သော် ဘုရားသခင် အပေါ် အပြစ်ပုံချစရာမရှိချေ။

သားဦးအရာကို အမှန်တစ်ကယ် ဆုံးရှုံးခဲ့သည်ကို သိရှိလာပြီးနောက် သားဦးအရာကို မျက်ရည်ဖြိုင်ဖြိုင် ကြလျက် ၀မ်းနည်းပက်လက်ဖြင့် ဖခင်၏ ရှေ့မှောက်တွင် ပြန်လည်တောင်းဆိုခဲ့သည်။ သို့သော် အချည်းအနှီးသာပင်။ ဖခင်ကိုယ်တိုင်က ကောင်းကြီး ပြန်လည်ပေးလိုသော်လည်း ဧသောသည် သားဦးအရာကို ရောင်းစားခဲ့ပြီးဖြစ်သည်ကို ဘုရားသခင်နေ့ နေ့စဉ်မှတ်တမ်းတွင် ၀င်ရောက်သွားပေပြီ။ ထိုကဲ့သို့ပင် ကျွန်တော်တို့၏ နေ့စဉ်ဆောင်ရွက် ပြောဆိုမှုများကို ဘုရားသခင်က မှတ်တမ်းတင်နေသည်။ ကောင်းကင်ဘုံနှင့် ဝေးခဲ့ရသောသူတိုင်းသည် ဧသောကဲ့သို့ ၀မ်းနည်းကြေကွဲခြင်း နောင်တရခြင်းတို့၊ မိမိတို့၏ အကျင့်စာရိတ္တများကို ပြန်လည်ပြုပြင်ခြင်းတို့ဖြင့် ကောင်းကင် သုခဘုံကို ပြန်လည်ရနိုင် လိမ့်မည်ဟု ထင်မှတ်နေကြသည်။ ဧသောသည် မည်သည့်နည်းလမ်းဖြင့် ပြန်လည် ကြိုးစားအားထုပ်သည် ဖြစ်စေ သားဦးအရာကို ပြန်လည်ရရှိနိုင်တော့မည် မဟုတ်ပါ။ အပြစ်သားများဖြစ်သော လောကသားတိုင်း သည် ဒုစရိုက်များကို စွန့်လွတ်ရုံဖြင့် ကောင်းကင်ဘုံသို့ ပြန်လည်ရရှိနိုင်လိမ့်မည်မဟုတ်ချေ။ ဘုရားသခင် ပေးတော်မူသော ကျေးဇူးတော်ကို လက်ခံမှသာ ကောင်းကင်ဘုံသို့ ၀င်စားနိုင်မည် ဖြစ်သည်။

ဧသောသည် နည်းမှန်လမ်းမှန်ဖြင့် နောင်တရခဲ့ခြင်းမဟုတ်ပါ။ သူဆုံးရှုံးခဲ့သော သားဦးအရာအတွက် ညီဖြစ်သူကို လက်စားချေ သတ်ဖြတ်မည်ဟု ကြုံးဝါး ပြောဆိုခဲ့ပါသည်။ ထိုသို့ သတ်ဖြတ်လိုက်ခြင်းအားဖြင့် သားဦးအရာကို ပြန်လည်ရရှိနိုင်သည်ဟု တွေးတောကြံဆ သလားဆိုသည်ကိုတော့ မသိပါ။ ထိုအရာ သည် နောင်တမဟုတ်ပါ။ ထိုကဲ့သို့သော နောင်တသည် သန့်ရှင်းသော ၀ိညာဉ်တော် တန်ခိုးအားဖြင့် မဟုတ်ပါ။ မိမိ၏ ဇာတိအလိုအားဖြင့်သာ ဖြစ်ပါသည်။

လူအများစုသည် ဧသောကဲ့သို့ပင်ဖြစ်ပါသည်။ နောင်တရပါသည်ဟု ပြောဆိုနေကြသော်လည်း အမှန် တကယ်တွင် အပြစ်ပြုမိသောကြောင့် စိတ်ညစ်စွာဖြင့် ပြန်လည်တုန့်ပြန် ပြောဆိုကြခြင်း သာဖြစ်ပါ သည်။ ပါစပ်ဖြင့် နောင်တရ ခြင်းသည် အပြစ်နွံထဲက ရုန်းမထွက်နိုင်သည်သာမက ပိုမို၍ပင် နစ်မွန်းစေပါသည်။

မိမိအမျက်တော်ကို၎င်း၊ တန်ခိုးတော်ကို ပြသခြင်းငှါ အလိုရှိသော ဘုရားသခင်သည် ပျက်စီခြင်းသို့ ရောက်ရန် ပြင်ဆင်ထားသော အမျက်ခံရာ အိုးများအပေါ် ကြီးစွာသော ခန္တီနှင့် သီးခံတော်မူလျှင် အဘယ်ပြောဘွယ် ရှိအံ့ နည်း။ ဘုန်းတော်အတွက် ပြင်ဆင်ထားနှင့်သော ဂရုဏာခံရာ အိုးများအပေါ် ၌ ဘုန်းအာနုဘော်တော် ကြွယ်ဝ ခြင်းကို ထင်ရှားစေခြင်းငှါ ပြုတော်မူသည် မှန်လျှင် အဘယ်ပြော ဘွယ်ရှိအံ့နည်း။ (ရောမ ၉း၂၂-၂၃)

ဤကျမ်းပိုဒ်တွင် ဖော်ပြထားချက်အရ လူသားများအတွက် ပျက်စီးရာ ပျက်စီးကြောင်းကို ဘုရားသခင်က လုံးဝ မလုပ်ပါ။ ကာယကံရှင် ကိုယ်တိုင်သာဖြစ်ပါသည်။ ဘုရားသခင်ကိုယ်တော်တိုင်ကမူ လူသားများကို ကယ်တင် ခြင်းလမ်းကြောင်းပေါ်တွင် တင်ပေးခဲ့သည်။ အကယ်၍ တစ်စုံတစ်ယောက် ကယ်တင်ခြင်း ရခဲ့ပါမူ ဘုရားသခင်၏ ဘုန်းအသရေကို ဖော်ပြ၍ လူသားများ ဂုဏ်အသရေမဲ့ခြင်းနှင့် ဆုံးရှုံးခြင်း ဖြစ်ခဲ့ပါမူ ကာယကံရှင် လူသားများနှင့်သာ သက်ဆိုင်သည်။

နောက်ဆုံးသောနေ့ရက်၌ လူသားများအားလုံးသည် စီရင်ခြင်းခံရရန် ခရစ်တော်ရှေ့မှောက်တွင် တွင် ရပ်ရမည် ဖြစ်သည်။ လက်ယာဘက်တွင် နေရာရသောသူတို့ကို ခရစ်တော်က

“ငါ့ခမည်းတော်ထံမှ ကောင်းကြီးမင်္ဂလာကို ခံယူသောသူတို့ သင်တို့အဘို့ ပြင်ဆင်သော အမွေကို လာရောက်အမွေခံကြလော့”ဟု မိန့်တော်မူ၏။” (မဿဲ ၂၅း၃၄)

လက်ဝဲတော်ဘက်တွင် နေရာရသောသူများကိုမူ

“ကျိန်ခြင်းခံရသောသူတို့ မာန်နတ်နှင့်သူ၏ တမန်များအဘို့ ပြင်ဆင်သော ထာဝရ မီးထဲသို့ ငါ့ထံမှ ခွာသွားကြလော့” ဟုမိန့်တော်မူ၏။ (မဿဲ ၂၅း၄၁)

အထက်ပါကျမ်းပိုဒ်တွင် “ငါ့ခမည်တော်၏ ကျိန်ခြင်းခံရသောသူတို့” (သို့) “သင်တို့အဘို့ ပြင်ဆင်သော ထာဝမီး” အစရှိသော စကားလုံးများကို အသုံးမပြုပါ။ ငါ့ခမည်းတော်ထံမှ ကောင်းကြီးမင်္ဂလာ ခံရသောသူတို့ စကားလုံးများ ထဲတွင် ရွေးကောက်ခြင်းတရားကို တွေ့ရပါသည်။ အဖိုးအခ မပေးရသော ကျေးဇူးတော်ကို လည်း အတိုင်းအဆ ကြီးမားကျယ်ပြန့်စွာ မြင်ရပါသည်။

ကျွန်တော်အနေဖြင့် အထက်ပါ လေ့လာချက်ကို နှစ်ပိုင်းခွဲခြားပြီး တင်ပြခဲ့ပါသည်။ ပထမပိုင်း အနေ ဖြင့် ယာကုတ်ကို အဘယ်ကြောင့် ချစ်ရပါသနည်း ဟူသော လေ့လာချက်ကို လည်းကောင်း၊ ဒုတိယ အဖြင့် ဧသောကို အဘယ်ကြောင့် မုန်းရပါသနည်း ဟူသော အချက်ကို လည်းကောင်း တင်ပြခဲ့ပါ သည်။ နိဂုံချုပ်အားဖြင့် တင်ပြလိုသည်မှာ ယာကုတ်သည် ဘုရားသခင်က မည်သည့် အရာကို တန် ဘိုးထားသည်ကို နားလည်ပြီး ထိုအရာကို မက်မောစွာ အရယူခဲ့ပေးသည်။ ထို့နောက်ပိုင်းတွင်လည်း မိမိ၏ ဇာတိဖြင့် ကြိုးစားအားထုပ်မှုများနှင့်ပတ်သတ်ပြီး အချည်းအနှီးဖြစ်ကြောင်း နားလည် သဘော ပေါက်လာခဲ့သည်။ နောက်ပိုင်းတွင် စစ်မှန်သော နောင်တတရားဖြင့် ဘုရားသခင်၏ ရှေ့ တော်တွင် ကောင်းစွာ အသက်ရှင်ခဲ့သည်။ သို့သော် ဧသောဟူမူကား ဘုရားသခင်တန်ဘိုးထား သော အရာကို တန်ဘိုးမထားခဲ့သည်သာမက ထိုအရာသည် ကြီးစွာသော ဆုံးရှုံးမှု ဖြစ်ကြောင်းသိရှိ လာသောအခါတွင် လည်း စစ်မှန်သော နောင်တတရားမရခဲ့။ လက်စားချေ တုန့်ပြန်လိုသော သဘော နှင့် ဇာတိကိုသာ ဦးစားပေးခဲ့သည်။ သူသည် ဘုရားသခင်၏ အမျက်တော်ခံရာလမ်းကို မည်သူ တစ်စုံတစ်ယောက်ကမျှ တိုက်တွန်းအားပေးမှု မပါဘဲနှင့် စိတ်လွတ်ကိုယ်လွတ် လျောက်လှမ်းခဲ့သည်။

ထိုနည်းတူ အပြစ်သား တစ်စုံတစ်ယောက် ဆုံးရှုံးခြင်းလမ်းသို့ ရောက်ခဲ့ပါက မိမိတို့၏ တာဝန်သာ ဖြစ်ပြီး ထိုလမ်းကို ကိုယ်တိုင် ရွေးချယ်ခဲ့ခြင်းသာဖြစ်သည်။ ဘုရားသခင်မြတ်နိုးသော အရာသည် သူ၏အကြံ အစည်တော်လမ်းကို တန်ဘိုးထားစေချင်သည်။ သူ၏ အကြံအစည်တော်ဖြစ်သော ခရစ်တော်အားဖြင့် ခံ စားရမည့် ကျေးဇူးတော်ကို လူသားတိုင်းကို ရယူခံစားစေလိုသည်။ သို့သော် သူ၏ အကြံအစည်တော်ကို ပစ်ပယ်ကာ ခရစ်တော်ကို ငြင်းပယ်ခြင်းသည် ဧသောမှ သားဦးအရာကို ငြင်းပယ်လိုက်သကဲ့သို့ ဖြစ်ပါ သည်။

မေတ္တာခံစားရသော ယာကုတ်သည်လည်း သူ၏ကျင့်ကြံအားထုပ်မှုကြောင့် မဟုတ်ပါဟူ၍ ထပ်မံနားလည် ရပါသည်။ အဓိကအချက်ကတော့ ဘုရားသခင်က မည်သည့်အရာကို တန်ဘိုးထားသည်ကို နားလည်ပြီး အသက်တာတွင် ယုံကြည်ခြင်းအားဖြင့် အရယူနိုင်ရန် အရေးကြီးပါသည်။ ယာကုတ်သည် အမှန်တကယ် သားဦး မဟုတ်သော်လည်း ယုံကြည်ခြင်းအားဖြင့် သားဦးအရာကို အရယူခဲ့သလို ဘုရားသခင် တန်ဘိုးထား သည့် ကျွန်တော်တို့၏ အသက်ဝိညာဉ်ကို ယုံကြည်ခြင်းအားဖြင့် ဘုရာသခင်၏ ကယ်တင်ခြင်းကို ရယူခံစားကာ သူ၏ မေတ္တာ၌ အသက်ရှင်ကြပါစို့။

သခင်ယေရှုကို ယုံကြည်လျှင် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။ (တမန် ၁၆း၃)

၂၂။ရှေးမဆွကရွေးနှုတ်ခွဲခန့်ခြင်း အပိုင်း ( ၁ ) ( ၂၀၁၂ )

ယာကုတ်နှင့် ဧသော ညီအကို အကြောင်း

ယာကုတ်ကို ငါချစ်၏။ ဧသောကို ငါမုန်း၏။ (ရောမ ၉း၁၃)

ဘုရားသခင်၏ ကြိုတင်ခွဲခန့်ခြင်းနှင့် ပတ်သတ်သောအကြောင်းအရာကို ရှင်းပြရန် အလွန်ခက်ခဲသည် ဟု ထင်မြင်ပါ သည်။ ဘုရား သခင်သည် လူတစ်ချို့အား သူ၏လူမျိုးတော်အဖြစ် ကြိုတင်ခွဲခန့်ခဲ့သည် ဆိုသည်မှာ အလွန်နားလည် ရ ခက်သည့် ပုစ္ဆာတစ်ပုဒ် ပင်ဖြစ်သည်။ ကြိုတင်ခွဲခန့်ခြင်းနှင့်ပတ်သတ်သော အကြောင်း အရာများကို ဆွေးနွေးငြင်းခုံ လာသည်မှာ အသင်း တော်ခေတ်ဦးမှ စ၍ ယနေ့တိုင်အောင်ပင်ဖြစ်သည်။ အချို့ သော အမှုတော်ဆောင်များက သိ နား လည်သလောက် အတတ်နိုင်ဆုံး နားလည်နိုင်ရန် ရှင်းပြနေကြ သော် လည်း အမှန် တကယ် နားလည်နိုင်သော အမှုအရာ မဟုတ် ချေ။

ယခု ထိုအကြောင်းအရာနှင့် ပတ်သတ်သော နှုတ်ခပတ်တော်ကို ဆွေးနွေးလိုပါသည်။ ဤကဲ့သို့ ဆွေးနွေး ရာတွင် သန့် ရှင်းသော ၀ိညာဉ်တော်၏ လမ်းပြမှု အမှန်တကယ်လိုအပ်နေပါသည်။ ထို့ကြောင့် ထိုအကြောင်း အရာကို နားလည်နိုင် ရန် ပထမဦးစွာ ဆု တောင်းမှုပြုပါ။

ဘုရားသခင်သည် လူအချို့အား ကယ်တင်ခြင်းရရန် ရွေးကောက်၍ အချို့ကို အပြစ်အတွက် စီရင်ခြင်း ခံရရန် ချန် လှပ် ထားသည်။ ထိုအကြောင်းအရာနှင့်ပတ်သတ်၍ သမ္မာကျမ်းစာပါ အကြောင်းအရာများထဲမှ တစ်ခုကို လေ့လာ လိုပါသည်။ ထိုကျမ်းချက်မှာ “ယာကုတ်ကို ငါချစ်၏။ ဧသောကို ငါမုန်း၏” (ရောမ ၉း၁၃) ဖြစ်ပါသည်။ ထိုကျမ်း ပိုဒ် သည် အလွန်ထိတ်လန့်စရာကောင်းသည်ဟု ထင်မြင်မိပါသည်။ လူများက အမုန်းဆိုသော စကား လုံးကို မကြားလို သော်လည်း၊ ဘုရားသခင်သည် “မုန်းသည်” ဟူသောစကားလုံးကို အတိအလင်း သုံးစွဲထား ပါသည်။ ထိုအကြောင်း အရာနှင့် ပတ်သတ်ပြီး သူတို့နှစ်ဦးကို လေ့လာကြည့်သောအခါ အောက်ပါ ဇယား အတိုင်းမြင်ရမည် ဖြစ်သည်။

အထက်ပါ ဇယားတွင် ဖေါ်ပြထားသော အကြောင်းအရာများကြောင့် ဧသောသည် အမှန်တကယ် အမုန်းခံခဲ့ရသည်မှာ သေချာပါသည်။

“ဘုရားသခင်ရွှေးကောက်တော်မူခြင်းနှင့် ယှဉ်သော အကြံတော်သည် အကျင့်အားဖြင့် မတည်။ ခေါ် တော်မူသောသူ၏ အလိုတော်အားဖြင့် တည်မည့်အကြောင်း မဖွားမည် (သို့) ကောင်းသော အကျင့်၊ မကောင်း သောအကျင့် မကျင့်မည် သားကြီးသည် သားငယ်ထံ၌ ကျွန်ခံရမည်” (ရောမ ၉း၁၁-၁၂)

အထက်ပါ ကျမ်းပိုဒ်သည် ဧသောနှင့် ယာကုတ်ကို တိုက်ရိုက် ရည်ညွှန်ထားသည်။ ဘုရားသခင်သည် ယာကုတ်ကို အဘယ်ကြောင့် ချစ်ပြီး ဧသောကို အဘယ်ကြောင့် မုန်းရပါသနည်း။

ဘုရားသခင်သည် လူအချို့ကိုသာ ရွှေးကောက်၍ အခြားသူများကို ရွှေးကောက်ခြင်းမပြု။ ဘုရားသခင် သည် လူသားများကို ကိုင်တွယ်ရာတွင် တစ်ဦးနှင့်တစ်ဦးမတူကွဲပြားခြားစွာဖြင့် ကိုင်တွယ်နေကြောင်း ကျွန်တော်တို့ ၀န်ခံရပေမည်။ အရာရာတိုင်းတွင် တစ်ဦးနှင့်တဦး အခွင့် အရေးများလည်းမတူ။ အချေ အနေလည်း မတူစေရန် ဘုရားသခင် ပြုလုပ်ထားသည်။ လူချမ်သာနှင့် လူဆင်းရဲ၊ ပညာတတ်သူနှင့် မတတ်သူ၊ နှုတ်ခတ်တော် ကြားနှိုင်သူနှင့် ကြားခွင့်မရသူ၊ သွန်သင်ပေးနိုင်သော ဆရာသမားများ ရှိသူနှင့်မရှိသူ စသည်ဖြင့် တစ်ဦးနှင့်တစ်ဦး များစွာ ခြားနား ချက်တွေ ရှိနေကြသည်။ ထိုအရာများ အားလုံးသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုများ အောက်တွင် အမှန်တကယ် ဖြစ်ပျက်နေကြသလား။

လူနှစ်ယောက်သည် တစ်ချိန်တည်း၊ တစ်နေရာတည်း၊ ဆရာတစ်ဦးဧ၀ံဂေလိ သတင်းကောင်းကို ကြားနာခဲ့ရပြီး တစ်ဦးကတော့ စိတ်နှလုံး စိတ်နှလုံး အကြွင်းမဲ့ ယုံကြည်လက်ခံက နောက်တစ်ဦးကတော့ လုံးလုံး ပစ်ပယ်ပြီး ကျောခိုင်းလိုက်သည်။ ဘုရားသခင်သည် တစ်ယောက်အပေါ်တွင် ကြီးသော လက်တော်နှင့် တို့ထိက နောက် တစ်ဦးအပေါ်တွင် တို့ထိခြင်း မရှိခဲ့ပေ။ ဆိုလိုသည်မှာ ဘုရားသခင်သည် သူတို့ နှစ်ဦးကို ခြားနားစွာ ကိုင်တွယ် ခဲ့ကြောင်း ၀န်ခံရပေမည်။

ယာကုတ်ကို အဘယ်ကြောင့် ချစ်ရပါသနည်း။ အမှန်တကယ်တွင် ယာကုတ်သည် ကောင်းသောသူ တစ်ယောက် မဟုတ်ချေ။ ဟေဗြဲဘာသာစကားအားဖြင့် ယာကုတ်ဟူသော အဓိပ္ပါယ်မှာ “လိမ်လည် လှည့်ဖြားသူ” ဟု အဓိပ္ပါယ်ရှိပါသည်။ အမည်နှင့် လိုက်အောင်ပင် ညဏ်အလွန်များပြီး လှည့်ဖြားတတ်သူ တစ်ဦး ဖြစ်ပါသည်။ သို့သော် ဘုရားသခင်က ဤကဲ့သို့သော လူမျိုးကို ချစ်သည်ဟု ဆိုရာ၌ ကြီးမားသော မေတ္တာတော်ကြောင့်သာ ဖြစ်ပါသည်။ ယာကုတ်၏ အသက်တာတွင် အပေးအယူလုပ်ကာ အမြဲတမ်းအနိုင်ယူရန် ကြိုးစားအားထုပ်လေ့ရှိသည်။ ဘုရားသခင်ကိုပင် အပေးအယူလုပ် ရန်ကြိုးစားအားထုပ်ခဲ့သည်။ ဗေသလ အရပ်တွင် ကျောက်ခဲကို ခေါင်းအုံးပြီး အိပ်စက်အနားယူနေရာ ထိုအရပ်တွင် ကောင်းကင်တမန်များ ဆင်း/တက် နေကြသည်ကို မြင်ခဲ့သည်။ ထို့နောက်ဘုရားသခင်က

ငါသည် သင်၏အဘ အာဗြဟံ၏ဘုရား၊ ဣဇတ်၏ဘုရားတည်းဟူသော ထာဝရဘုရားဖြစ်၏။ သင်အိပ် သော မြေကို သင်နှင့်သင်၏ အမျိုးအနွယ်အား ငါပေးမည်။ သင်၏အမျိုးအနွယ်သည် မြေမှုန့်ကဲ့သို့ များ ပြားလိမ့်မည်။ အရှေ့အနောက် တောင် မြောက် လေးမျက်နှာ အရပ်တုိ့သို့ နှံ့ပြားလိမ့်မည်။ သင်နှင့် သင်၏ အမျိုးအနွယ်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်။ ငါသည် သင့်ဘက် မှာ ရှိ၏။ သင်သွားလေရာရာ၌ ငါစောင့်မမည်။ ဤပြည်သို့ တစ်ဖန် ဆောင်ခဲ့ဦးမည်။ ကတိထားသည့် အတိုင်း မပြည့်စုံမှီ၊ သင့်ကို ငါမစွန့်ဟု မိန့်တော်မူ၏။ (ကမ္ဘာဦး ၂၈း၁၃-၁၈)

မနက်မိုးလင်းလာသောအခါ အိပ်ရာမှ နိုးပြီး ထိုအရပ်မှ မထွက်ခွာခင် ယာကုတ်က

ဘုရားသခင်သည် ငါ့ဘက်၌ ရှိလျက် ယခုသွားရာလမ်းမှာ ငါ့ကို စောင့်မ၍ စားစရာအစာ၊ ၀တ်စရာ အ ၀တ်ကို ပေးသနားတော်မူလျှင်၎င်း၊ ငါသည်တစ်ဖန် အဘ၏ အိမ်သို့ ငြိမ်သက်စွာ ပြန်ရောက်၍ ထာဝရ ဘုရားသည် ငါ၏ဘုရား ဖြစ်တော်မူလျှင် ၄င်း မှတ်တိုင်ပြု၍ ငါထူထောင်သော ဤကျောက်သည်လည်း ဘုရားသခင်၏ ဗိမ္မာန်ဖြစ်ရမည်။(ကမ္ဘာဦး ၂၈း၂၀-၂၁)

ယာကုတ်သည် ထိုမျှလောက် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ကတိတော်များ ရရှိထားသော်လည်း ဘုရားသခင်က နှုတ်ထွက်စကားတော်အတိုင်း မလုပ်မှာ စိုးပြီး အပေးအယူ လုပ်ခဲ့သေ:သည်။ ကိုယ်တော် တကယ်လုပ်ပေးရင်း ကျွန်တော်လည်း ပြန်လုပ်ပေးမယ်။ ကိုယ်တော် တကယ်လုပ်မပေးရင် ကျွန်တော်လည်း လုပ်ချင်မှ လုပ်မယ် ဆိုသည့် သဘောပင် ဖြစ်သည်။

ထို့နောက် သူသည် ခရီးဆက်လက် ထွက်ခွာ ခဲ့ပြီးနောက် သူ့ဦးရီး လာဗန်ထံတွင် ရောက်ရှိသည်။ ထိုနေရာတွင် အိမ်ထောင်ကျပြီးနောက် သူသည် သူ့ဦးရီးလည်းဖြစ်၊ ယောက္ခမလည်းဖြစ်သည် လာဗန်၏ အိမ်တွင် အနှစ်နှစ်ဆယ်ကျော် နေခဲ့ရသည်။ ထို့နေ့ရက် ကာလများသည် ယာကုတ်အတွက် ပျော်ရွှင်မှုများ ဆုံးရှုံးခဲ့ရသည့် နေ့ရက်များပင် ဖြစ်သည်။ စိုက်သည့်အတိုင်း ရိတ်ရသည် ဟု ပြောရမည်ဖြစ်သည်။ ထိုနေရာတွင် လာဗန်က လှည့်စားမှုများ ပြုလုပ်ခဲ့ပြီး ယာကုတ်ကို အသုံးချကာ စီးပွားရေး အမြတ်ထုပ်ခဲ့သည်။ နောက်ဆုံး မခံနိုင်သည့် အဆုံးတွင် ယာကုတ်က လှည့်စားမှုများ၊ ကလိမ်ကကျစ်ညဏ်များကို အသုံးချကာ လာဗန်ကို ပြန်လည် လှည့်စားပြီး နောက်ဆုံးတွင် ပိုင်ဆိုင်မှုများ ရရှိလာသောအခါ လာဗန်ထံမှ ထွက်ပြေးတော့သည်။

အပြန်ခရီးတွင် ပြဿနာ စတင်ချေပြီ။ သူလှည့်စားခဲ့သော သူ့အကိုနှင့် ရင်ဆိုင်ရတော့မည်။ သူ့အကို ဧသော သည် ယာကုတ်ကို သတ်ချင်လောက်အောင် မုန်းတီးနေမှန်း သူကိုယ်တိုင် သိပါသည်။ သို့သော် အမိဝမ်းတွင်းမှာ ကတည်းက ပင် ဘုရားသခင်၏ ဗျာဒိတ်တော် ဖြစ်သော “အကြီးသည် အငယ်၌ ကျွန်ခံရလိမ့်မည် (ဗျာဒိတ် ၂၅း၂၃)” ဆိုသော ကတိတော်ကို သိပြီး ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ဒီခရီးကို အစပြုခဲ့သည့်အချိန်က ဘုရား သခင် ဗေသလအရပ်တွင် မိန့်ကြားတော်မူခဲ့သော စကားတော်များကိုလည်း သိပြီးဖြစ်သည်။ အကို ဧသောကို ရင်မဆိုင်ရဲသောအကြောင့် မိမိကျွန်များနှင့် မယားများကို ရှေ့မှ စေလွှတ်ကာ အကို၏ အမျက်ဒေါသကို ပြေရာပြေကြောင်း ဖြစ်စေရန် ကြိုးစားအား ထုပ်ခဲ့သည်။ ထိုဗျာဒိတ်တော်များကို သိရှိ ပြီးဖြစ်ပါလျက် အကို ဧသောကို ရင်မဆိုင်ခဲ့သည်မှာ ကတိတော်ကို မယုံကြည်သောကြောင့်ပင် ဖြစ်သည်။

ထို့နောက် အကိုဧသောနှင့် မတွေ့မီ ညတွင် ယာကုတ်သည် ယဗ္ဗုတ်ဆိုသော ချောင်းကလေး နံဘေးတွင် တကိုယ်တည်း ရှိနေစဉ် လူတစ်ဦးသည် သူ့ကို ၀င်ရောက်နဗန်းလုံးလေသည်။ ထိုသူသည် ကောင်းကင်တမန် ဖြစ်သည် ကို သိရှိသောအခါ အတင်းဆွဲထားလေတော့သည်။ ထိုသူက မိုးလင်းတော့မည် ငါ့ကိုလွှတ်ပါ ဟု ပြောသော အခါ “ကိုယ်တော် ကျွန်တော့်ကို ကောင်းကြီးမပေးလျှင် မသွားရ” ဟူ၍ ပြောဆိုပြီး အတင်းဆွဲထားလေတော့သည်။ ထိုကဲ့သို့ အတင်းဆွဲထားရခြင်းမှာ မနက် ဖြန်တွေ့ရမည့် အကိုဖြစ်သူနှင့် ရင်ဆိုင်ရာတွင် အောင်မြင်မှု ရနိုင်ရန် ကောင်းကြီး အတင်းတောင်းခံနေခြင်း ဖြစ်ပါသည်။ ထိုနေ့ညတွင် ကောင်းကင်တမန်က ယာကုတ်၏ ပေါင်ရိုးကို ထိုးသဖြင့် သူသည် အဆစ်ပြုတ်ကာ ဒုက္ခိတ ဘ၀ ရောက်ရှိသွားလေတော့သည်။ ဘုရားသခင်က ထိုသို့ ဖြစ်စေခြင်းမှာ သူ့တွင် အစွမ်းအစမရှိကြောင်း သိစေချင်၍ဖြစ်သည်။ ယခုအခါ ယာကုတ်သည် ကိုယ်တိုင်က ဒုက္ခိတ ဖြစ်သည်။ သူပိုင်ဆိုင်သော ပစ္စည်းများကိုလည်း သူ့အကို ကျေနပ်စေရန် ပေးဘို့ စဉ်းစားထားသည်။ ယခုအခါ ပိုင်ဆိုင်မှု လည်းကင်းမဲ့၊ ကိုယ်တိုင်ကလည်း ဒုက္ခိတ ဖြစ်နေပြီ။ ထိုအခြေအနေကို ရောက်စေခြင်းမှာ ယာကုတ်ကို မင်းဘယ် လောက် ကလိမ်ကကျစ်ညဏ်သုံးသုံး၊ မင်းဘယ်လောက် အစွမ်းအစရှိရှိ ဘာမှ အသုံးမကျပါဘူး၊ ဆိုတာကို သိစေခြင်သောကြောင့် ဖြစ်သည်။

ယခုအခါ ယာကုတ်သည် ကိုယ်ပိုင် အစွမ်းအစ မဲ့သွားလေပြီ။ သို့သော် သူခံစားလိုက်ရသော ကောင်းကြီးမင်္ဂလာ တခုရှိသည်။ ထိုအရာမှာ ယာကုတ်၏ အမည်ကို ဣသရေလ ဟူ၍ အမည်ပြောင်းလိုက်သည်။ ဣသရေလ ဆိုသည်မှာ “ဘုရားသခင်၏ အိမ်ရှေ့စံ ကိုယ်တော်လေး” ဟု အဓိပ္ပါယ်ရ ပါသည်။ ဒုက္ခိတဖြစ်၊ ပိုင်ဆိုင်မှုများ ဆုံးရှုံးရမည့် အခြေအနေ ရောက်မှ ယာကုတ် “လှည့်ဖျားသူ” မှ “ဘုရားသခင်၏ အိမ်ရှေ့မင်းသား” ဖြစ်လာတော့သည်။ ထိုအချိန်ရောက်တော့မှာ ယာကုတ်သည် အရာရာကို နားလည်သွားချေပြီ။

ဆက်လက်ပြီ သင်ကိုယ်တိုင် အခြေအနေကိုလည်း ဆက်လက် ဆန်းစစ်လေ့လာပါ။ သင်သည် ယာကုတ်ကို အပြစ်တင်ကောင်း တင်နိုင်ပါသည်။ သို့သော် သင်ကိုယ်တိုင်ပင် ယာကုတ်ထက် ပိုမိုဆိုးရွားသောသူလည်း ဖြစ်နိုင်ပါသည်။ လူတိုင်းသည် ယာကုတ်ကဲ့သို့ပင် ကိုယ်စွမ်းကိုယ်စကိုသာ အားကိုးယုံကြည်ပြီး ဘုရားသခင်ကို ဘယ်သောအခါမှ ယုံကြည်အားကိုးနိုင်မှု မရှိကြပါ။ မျက်မြင်အခြေအနေကိုသာ ကြည့်ပြီး အသက်ရှင် လုပ်ဆောင်နေကြသည်။ သင်ကိုယ်တိုင် ယာကုတ်နှင့် ခြားနားပါသလား။

အထက်ပါ ဖြစ်စဉ်များအရ ယာကုတ်သည် အမှန်တကယ် ကောင်းသောသူ မဟုတ်ပေ။ သို့သော် အဘယ်ကြောင့် ဘုရားသခင်က ချစ်ရပါသနည်း။ ရှင်းပါသည်။ တခုတည်းသော အကြောင်းသာ ရှိပါသည်။ ထိုအရာမှာ ကျေးဇူးတော်သာ လျှင် ဖြစ်ပေသည်။ ဘုရားသခင်၏ ကျေးဇူးတော်က မကောင်းသောသူများ အားလုံးကို ဘုရားသခင်၏ အချစ်တော် ဖြစ်စေသည်။”ကျေးဇူးပြုလိုသောသူကို ကျေးဇူးပြုတော်မူ၏” (ရောမ ၉း၁၈)။ သို့သော် ကျွန်တော်တို့ လက်ခံမှသာ ထိုကျေးဇူးတော်ကို ခံစားနိုင်သည်။ လက်မခံပါက ထိုကျေးဇူးတော်ကို ခံစားနိုင်စရာ အကြောင်းမရှိချေ။

ဘုရားသခင်မုန်းသော ဧသော အကြောင်း ဆက်လက်တင်ပြပါမည်။

၂၃။ဘုရားသခင်၏အလိုတော်ကိုသိစေနိုင်သောနည်းလမ်း ( ၂၀၁၂ )

ဘုရားသခင်က သင့်ကို ရွေးချယ်စရာနည်းလမ်းပေးနိုင်ပါတယ်။ သို့သော် သင်ဘာကိုရွေးမလဲဆိုတာ ဘုရားသခင်ဟာ သိပြီးသားပါ။ ဒါကြောင့် သင့်အတွက် အကောင်းဆုံး နည်းလမ်းကတော့ ဘယ်အရာ ဖြစ်ပါသလဲဆိုတာ ဘုရားသခင်ကို မေးသင့်ပါတယ်။ပထမဆုံးလိုအပ်ချက်ကတော့ သင့်သဘောဆန္ဒနဲ့ ဆုံးဖြတ်ထားတာ မရှိသင့်ပါဘူး။ ကျမ်းစာရဲ့ သွန်သင်ချက်အရ သင့်ရဲ့ အလိုဆန္ဒ၊ စိတ်အကြံအစည်၊ နဲ့ ဘ၀တခုလုံးကို အရှုံးပေးထားဘို့ဘဲ ဖြစ်ပါတယ်။

ညီအကိုတို့ အသက်ရှင်ခြင်းလက္ခဏာ၊ သန့်ရှင်းခြင်းလက္ခဏာ၊ ဘုရားသခင်နှစ်သက်ဘွယ်သော လက္ခဏာနှင့် ပြည့်စုံသော ယဇ်ကို သင်တို့သည် ပူဇော်၍ မိမိကိုယ်ခန္ဓာကို ဘုရားသခင်အား ဆပ်ကပ်ခြင်းတည်းဟူသော သင်တို့ပြုအပ်သော ၀တ်ကို ပြုမည်အကြောင်း ဘုရားသခင်၏ ဂရုဏာ တော်ကို ထောက်ထား၍ သင်တို့ကို ငါတိုက်တွန်း နိုးဆော် ပေ၏။ သင်တို့သည် လောကီ ပုံသဏ္ဍာန်ကို မဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ နှစ်သက်ဘွယ်သောအရာ စုံလင်သော အရာ တည်းဟူသော ဘုရားသခင် အလိုတော် ရှိသော အရာသည် အဘယ်အရာဖြစ်သည်ကို သင်နိုင် မည့်အကြောင်း စိတ်နှလုံးကို အသင့်ပြင်ဆင်၍ ပုံသဏ္ဍာန်ပြောင်းလဲခြင်းသို့ ရောက်ကြလော့။ (ရောမ ၁၂း၁-၂)

သင့်ကို ဦးဆောင်ရန် (သို့) လမ်းပြမှုရရှိရန် ဘုရားသခင်ထံတွင် တောင်ခံပါ။ အရှင်မြတ်၏ နှုတ်က ပတ် သမ္မာတရားများကို ယုံကြည်နိုင်ရန် စိတ်နှလုံးကို ဖွင့်ကာ ဘုရားသခင်ထံတွင် တောင်းခံပါ။ ထိုအရာများကို လိုက်လျှောက်နိုင်ရန်၊ နားလည်နိုင်ရန်၊ ကူညီမှုရနိုင်ရန် တောင်းခံပါ။ မည်သည့် အရာပင်ဖြစ်စေ အလိုတော်ထဲမှာ အသက်ရှင်ချင်သော စိတ်ဓါတ်ပြင်ပြစွာ ရှိပါစေ။ ထို့နောက်တွင် ထိုအလိုတော်ကို သင်ရှာဖွေတွေ့ရှိပါလိမ့်မည်။ သင်သိခွင့်ရပါလိမ့်မည်။ သင်သည် ဘုရားသခင် ၌ရှိသော အခြေအနေ အဆင့်အတန်းကို ဘုရားသခင်က ပြချင်သောကြောင့် ဖြစ်သည်။ သင်သည် ဘုရားသခင်၏သား၍ ဘုရားသခင်က ရွေးချယ်သောသူဖြစ်လျှင် ဘုရားသခင်က မည်သည့်အရာ များကို ရွေးချယ်ပေးတွေ့မည်နည်း။ အရှင်မြတ်သည် အကောင်းဆုံးသောအရာများကိုသာ သင့်အ တွက် ပေးတွေ့မည်ဖြစ်ပါသည်။

သူငါတို့ကို သိနေတယ်

သူငါတို့ကို ချစ်နေတယ်

သူငါတို့ကို ဂရုစိုက်နေတယ်

ဒီအမှန်တရားက မှေးမှိန်သွားဘို့ မရှိပါဘူး

သူနဲ့အတူသွားဘို့ ရွေးချယ်တဲ့သူများကို

အကောင်းတကာ့ အကောင်းဆုံတွေကို ပေးနေပါတယ်။

(ရေးသားသူ မသိပါ)

၂၄။စာတန်၏စုံစမ်းနှောင့်ယှက်မှုကိုတွန်းလှန် ကျော်လွှားအနိုင်ယူခြင်း ( ၂၀၁၂ )

ကျွန်တော်တို့သည် ဘုရားသခင်ကို မည်မျှနာခံမှုရှိသည်ကို နတ်ဆိုးများက အစဉ်အမြဲပင် စုံစမ်းနေ ပါသည်။ နေ့စဉ်အသက်တာတွင် စုံစမ်းခြင်းများကို မည်သူတစ်ဦးတစ်ယောက်မျှ လိုလားခြင်း မရှိသော်လည်း ရောက်လာတိုင်း အလျော့မပေးကြပါ။ ဘုရားသခင်သည် သန့်ရှင်းသော ၀ိညာဉ်တော်ကို ကျွန်တော်တို့တွင် ပေးထားပြီး ထိုအရာအားဖြင့် မည်သည့်အရာက မှားသည်၊ မည်သည့်အရာက မှန်သည်၊ မည်သည့်အရာက ကောင်းသည်၊ မည်သည့်အရာက ဆိုးသည် ဆိုသော ခြားနားချက်များကို သိစေခဲ့သည်။ ထို့နောက် ကျွန်တော်တို့ကို ရွေးချယ်စေသည်။ ထိုနတ်ဆိုးများက ကျွန်တော်တို့ မရွေးချယ်နိုင်ရန် တားဆီးမှုများ ပြုလုပ်ကြသည်။ ထိုသို့ ပြုလုပ်မှုများအတွက် ကျွန်တော်တို့တွင် ပြန်လည် လုပ်ဆောင်နိုင်သော အရာ တစ်ခုရှိပေသည်။ ကျွန်တော်တို့ တစ်ဦးစီတွင် နတ်ဆိုးကိုလှစ်လျှူရှု၍ သူ၏ တိုက်ခိုက်မှုများကို တွန်းလှန်လိုသော စိတ်ဆန္ဒ တစ်ခုရှိရပါမည်။ ထိုအရာအားဖြင့်သာ တားဆီး ကာကွယ်နိုင် လေသည်။

ဘုရားသခင်၏ အလိုတော်သို့ လိုက်ကြလော့။ မာန်နတ်ကို ဆီးတားကြလော့။ သို့ပြုလျှင် သူသည် သင်တို့ ထံက ပြေးသွားလိမ့်မည်။ (ယာကုတ် ၄း၇)

အထက်ပါ နှုတ်ခပတ်တော်ကို သင်အသက်တာတွင် ကျင့်သုံးခြင်းအားဖြင့် စာတန်နတ်ဆိုးသည် သင့်ကို အနိုင်ယူရန် မဖြစ်နိုင်ချေ။ “သင်တို့ဘက်၌ ရှိတော်မူသောသူသည် လောက၌ ရှိသောသူထက် သာ၍ကြီးတော်မူ၏” (၁ယော ၄း၎)။သင်ကိုယ်တိုင်က စာတန်နတ်ဆိုးကို တိုက်ခိုက်မှု ရပ်လိုက်မည် (သို့) လက်နက်ချ အရှုံးပေးလိုက်မည် ဆိုလျှင် စာတန်နတ်ဆိုးက သင့်ကို အနိုင်ရရန် ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ထိုကြောင့် သင်မရှုံးစေရန် စာတိုက်ကို တိုက်ခိုက်နေရမည်။ သင်သည် အမြဲတမ်း အနိုင်ရနေဘို့ လိုပါသည်။ စာတန်နတ်ဆိုးက သင့်ကို ကျဆင်းစေရန် နှင့်စိတ်ဓါတ်ကျစေရန် တိုက်ခိုက်နေသောအခါ သင်အနေဖြင့် ပြန်လည် တိုက်ခိုက်ပါ။ စာတန်၏ တိုက်ခိုက်မှုကို ကြံ့ကြံ့ ခံနိုင်ရန် ဘုရားသခင်၏ ချပ်ဝတ်တန်ဆာများ ကို ဆင်မြန်ပါ (ဧဖက် ၆း၁၀-၁၇)။ စာတန်နောက်ကို မလိုက်ပါနဲ့။ သူထံမှာ လက်နက်မချလိုက်ပါနဲ့။

၂၅။နောက်ကျသောအဖြေသည် ငြင်းပယ်ခြင်းမဟုတ်ပါ ( ၂၀၁၂ )

ဘုရားသခင်သည် ကျွန်တော်တို့၏ ဆုတောင်းခြင်းများကို အမြဲတမ်းအဖြေပေးနေပါသည်။ သို့သော် ကျွန်တော်တို့ မျှော်လင့်သလို၊ ကျွန်တော်တို့ လိုချင်သလိုတော့ အမြဲတမ်း မဖြစ်နိုင်ချေ။ ဘုရား သခင်သည် မြန်မြန်အဖြေပေးသည်ဆိုသည်မှာ တစ်ခါတစ်ရံမျှသာ ဖြစ်သည်။ ဘုရားသခင်၏ ဖန်ဆင်း ခြင်းပင်လျှင် အချိန်နှင့် အလုပ်လုပ်ဆောင်ခဲ့သည်။ အားလုံးကို တချိန်တည်းမှာ ပင်း အလုံးစုံတို့ကို ဖြစ်စေဟူ၍ မဖန်ဆင်းခဲ့ပါ။ သူခွဲခန့်သော အချိန်အတွင်မှာပင် ကလေးတစ်ဦးကို မွေးဖွားစေခြင်း၊ ပန်းကလေးတစ်ပွင့်၊ သစ်ပင်တစ်ပင်၊ နေ၀င်ချိန် တို့ကိုသာမက မြက်ပင်ကလေး တပင်ကိုပင်လျှင် အချိန်နှင့် လုပ်ဆောင်ခဲ့ပြီး ဖြစ်ထွန်းစေခဲ့ပါသည်။ ဘုရားသခင်ကို တွန်းအားပေး၍ မရပါ။ သတ်မှတ် ထားသော အချိန်ကို စောင့်ဆိုင်းဘို့ လိုအပ်ပါသည်။

ဘုရားသခင်သည် ကျွန်တော်တို့အတွက် ကောင်မွန်သင့်တော်သော အဖြေများပေးရန် အခြေအနေ တစ်ခု တည်ဆောက်ပြီး စောင့်ဆိုင်းနေခြင်းလည်း ဖြစ်နိုင်ပါသည်။ ဥပမာအားဖြင့် ကျမ်းစာထဲတွင် အမိဝမ်းတွင်းမှာကတည်းက မျက်စိကန်းနေသူတစ်ဦး ရှိပါသည်။ သူ၏ ဘ၀အသက်တာ တစ်လျှောက် လုံးတွင် မျက်ကန်းစိကန်းသူတစ်ဦးအဖြစ်သာ သိမှတ်ထားကြလေသည်။ တစ်နေ့သောအခါ သခင် ယေရှုက ထိုသူကို မျက်စိပြန်မြင်ရစေရန် ထူးခြားဆန်းကြယ်စွာ ပြုလုပ်ပေးလိုက်လေသည်။ ထိုအရာကို ဘုရားသခင်၏ အမှုတော် ထင်ရှားစေရန် ဖြစ်သည်ဟု ယော ၉း၃ကဆိုထားပါသည်။ ထိုအဖြစ်အပျက်တွင် ဘုရားသခင်က ဘုန်းတော်ထင်ရှားရန်အတွက် အချိန်အတန်ကြာယူခဲ့သည်ကို တွေ့မြင်ရပါသည်။ သူသည် မည်သည့်အချိန်ကတည်းက စတင်ဆုတောင်းခဲ့သည်ကို မသိသော်လည်း ငယ်စဉ်ကတည်းက ကန်းလာသူကို အသက်အရွယ်ရောက်ချိန်အခါမှ အဖြေပေးခဲ့သည်။ ထိုအဖြစ် အပျက်ကဲ့သို့ပင် သင်ဆုတောင်းသောအရာများကိုလည်း ဘုရားသခင်က ပေးသင့်သည်ဟု သတ်မှတ် သောအချိန်၊ မှန်သောအချိ်န်ရောက်သောအခါ အဖြေပေးတော်မူလိမ့်မည်။

ထို့ကြောင့် ဘုရားသခင်၏ အဖြေမရမှာကို စိုးရိမ်ကြောက်ရွံ့မှုများနှင့် သံသယများ မရှိကြပါနှင့်။ ဘုရားသခင်သည် သင့်တောင်းလျှောက်မှုကို အဖြေပေးတော်မူပါလိမ့်မည်။ ရုတ်တရက် ချက်ခြင်း ဖြစ်မလာသည့်တိုင် အဖြေကို ဘုရားသခင်ထံ အားကို မျှော်လင့်ခြင်းများဖြင့် စောင့်မျှော်နေပါ။ ဘုရားသခင်ကို အားကို မျှော်လင့်လျှက်ရှိသော သင်၏ မနက်ဖြန် နေ့ရက်များသည် ၀မ်းမြောက် ခြင်းများ ဖြစ်လာပါလိမ့်မည်။

၂၆။ဘုရားသခင်မရှိဟု မိုက်သောသူသည်ထင်တတ်၏ ( ၂၀၁၂ )

ဖန်ဆင်းခြင်းကို ပြန်ကြည့်လိုက်လျှင် ဘုရားသခင်ရှိသည်ဆိုသည်သည် သင်မြင်တွေ့ပါလိမ့်မည်။ ထိုအရာသည် ယုတ္တိဗေဒ အားဖြင့်သော် လည်းကောင်း၊ သဘာဝတရားအား ဖြင့်သော်လည်းကောင်း ဘုရားသခင်ရှိသည်ဆိုသည်မှာ သိသာထင်ရှားပါသည်။ အလိုအလျှောက် ဖြစ်လာသည် (သို့) မတော် တဆ ဖြစ်လာသည်ဆိုသော အယူအဆအတွေး အခေါ်ရှိသူတို့သည် မိုက်မဲသောသူများသာ ဖြစ်ပါသည်။ သစ်ပင်များနှင့် ငှက်တိရစ္ဆာန်ကလေးများကို ကြည့်လိုက်ပါ။ အလိုအလျှောက် ဖြစ်လာကြ သည်မဟုတ်ပါ။ ကြီးမားများ ပြားလှသော အစီအမံများအားလုံးသည်လည်း ထိုကဲ့သို့ ပင်ဖြစ်ပါသည်။ ဘုရားသခင်၏ ဘုန်းတန်ခိုးကြီးသော ဖန်းဆင်းခြင်း လက်ရာတို့သည် ဘုရားသခင်၏ သဏ္ဍာန် တော်နှင့် တည်ရှိခြင်းတို့ကို အစဉ်မပြတ် သက်သေပြုနေပါသည်။

အဘယ်သို့နည်းဟူမူကား ဖန်ဆင်းတော်မူသောအရာများကို ထောက်ရှုသဖြင့် ထာဝရတန်ခိုး တော်နှင့် ထာဝရအဖြစ်တည်းဟူသော မျက်မြင်မရသော ဘုရားသခင်၏ အရာတို့သည် ကမ္ဘာ တည်သည့်ကာလမှစ၍ ထင်ရှားလျက်ရှိကြ၏။ (ရောမ ၁း၂၀)

ဘုရားသခင်၏ ဖန်ဆင်းထားသောလက်ရာများက သူ၏တည်ရှိခြင်းအရာကို သက်သေခံတင်ပြ နေကြသော်လည်း အများသောလူတို့သည် ဘုရား သခင်၏ သက်သေခံချက်များကို လက်ခံရန် ငြင်းဆန် နေကြပြီး လျှစ်လျူရှုသောလမ်းကြောင်းကို ရွေးချယ်နေကြသည်။ ထိုသူတို့သည် ဘုရား သခင်၏ တည်ရှိခြင်းကို ၀န်မခံလိုကြပေ။ သူတို့သည် မြင်သမျှသော အရာတို့သည် မည်သို့မည်ပုံ ဖြစ်လာကြသည် ဆိုသည်ကို လိုအပ်သော ရှင်းလင်းဖော်ပြချက် အမျိုးမျိုးတို့ဖြင့် ဘုရားသခင်ကို ဖယ်ရှားပစ်ရန် လုပ်ဆောင်နေကြသည်။ နတ်ဆိုး များကလည်း ထိုသူတို့ကို ကူညီမှုပေးကာ ဆင့်ကဲဖြစ်စဉ် (Evolution) ကဲ့သို့သော မိုက်ရူးသည့် အစီအမံများကို လုပ်ဆောင်ကြသည်။ ကျမ်းစာတွင်”ထိုသူတို့သည် ဘုရား သခင်ကို မသိမမှတ်လိုသည်ဖြစ်၍ မလျှောက်ပတ်သောအမှုကို ပြုစေမည့်အကြောင်း ဘုရားသခင်သည် ထိုသူတို့ကို မောဟလက်သို့ အပ်လိုက်တော်မူသည်နှင့်အညီ” (ရောမ ၁း၂၈) ဟူ၍ ဖော်ပြထားသည်။

သို့သော ကျွန်တော်တို့ ယုံကြည်သူများသည် ဘုရားသခင်၏ လက်ရာတော် အလုပ်များကို အံ့သြဘွယ်တစ်နန်း ရင်သပ်ရှုမော ဖြစ်ကြရသည်။ ကျွန်တော်တို့သည် ဘုရားသခင်နှင့် သူ၏အနုအလှ လက်ရာများကို မြင်တွေ့ခံစားကြရသည်။ ကျွန်တော်တို့သည် သူလုပ်ဆောင်ထားသော အရာများ အားဖြင့် ဘုရားသခင်ကို ပိုမိုနားလည်လာကြပြီး၊ ဘုရားသခင်၏ ဘုန်းတော်များကို အမွမ်းတင်ကာ ဘုရားသခင်၏ ဂုဏ်တော်များကို ချီးမွမ်းကြလေတော့သည်။

၂၇။ဘုရားသခင်၏ကွယ်ကာမှုနှင့်ပြဿနာများ ( ၂၀၁၂ )

ကျွန်တော်တို့၏ နေ့စဉ်အသက်တာတွင် ဘုရားသခင်၏ သံချပ်ဝတ်စုံကို ၀တ်ဆင်ထားသကဲ့သို့ ဘုရား သခင်၏ကွယ်ကာမှု အပြည့်အ၀ရရှိနေကြောင်း သိနိုင်ပေသည်။ ကျွန်တော်တို့ ရန်သူများကို တိုက်ခိုက် ချိန်တွင် ဘုရားသခင်က စစ်ဝတ်တံဆာ တစ်ခုသဖွယ် ကွယ်ကာပေးနေသည်။ သို့သော်ကျွန်တော်တို့ ကိုယ်တိုင်ပင် ဘုရားသခင်ပေးထားသော ကျွန်တော်တို့ ၏ စွမ်းရည်များ၊ ခွန်အားများကို အသုံးပြုရန် လိုအပ်ပါသည်။

ဒါဝိတ်၏ ခေတ်ကာလအချိန်တွင် ဣသရေလတိုင်းပြည်သည် အ်ိမ်နီးချင်းတိုင်းပြည်များနှင့် မကြာခဏ စစ်ဖြစ်ခဲ့သည်။ အမ္မုန်အမျိုးသားများသည် မြို့တံခါးဝတိုင်အောင် စစ်မှုပြု ကြ၏။ အခြားတစ်ဘက် တွင်လည်း စစ်ခင်းရန်ရှိနေကြသော ဘုရင်များလည်း ရှိနေသည် (၂ရာ ၁၀း၈)။ ယွာဘသည် ဒါဝိတ်ဘုရင်၏ စစ်သူကြီး တစ်ဦးဖြစ်သည်။ သူသည် စစ်မျက်နှာနှစ်ဘက်တွင် ထောင်ချေက်စဉ် ထားသော ရန်သူများ ရှိနေကြသည်ကို မြင်လျှင် သူ၏စစ်တပ်ကြီးကို နှစ်ဖွဲ့ခွဲခဲ့သည်။ တစ်ဖွဲ့မှာ သူနှင့်ရှိနေပြီး အခြားတစ်ဖွဲ့ သူ၏ လုပ်ဖော်ဆောင်ဘက် ညီအကို တစ်ဦးဖြစ်သော အဘိရှဲနှင့် အတူရှိနေသည်။

၂ရာ ၁၀း၁၁-၁၂ ရှုရိလူတို့သည် ငါ့ကိုနိုင်လျှင် ငါ့အားကူညီရမည်။ အမ္မုန်အမျိုးသားတို့သည် သင့်ကို နိုင်လျှင် သင့်အားငါကူမည်။ ရဲရင့်သော စိတ်ရှိ၍ ငါတို့လူမျိုး ငါတို့ဘုရားသခင့်မြို့ရှိရာ ရွာတို့အဘို့ အားထုပ်၍ တိုက်ကြကုန်အံ့။ ထာဝရဘုရားသည် အလိုတော်ရှိသည့်အတိုင်း စီရင်တော်မူ စေသတည်း။

ယွာဘက သိနားလည်သည်မှာ စစ်ပွဲများကို ဘုရားသခင်က အပြည့်အ၀ထိန်းချုပ်ထားသည်။ သို့သော် သူသည် မိမိဘက်က ပြင်ဆင်မှုများကို မလျော့သော စိတ်ဓါတ်ဖြင့် အပြည့်အ၀ စိတ်တိုင်းကျ ပြင်ဆင် ခဲ့သည်။ ယွာဘသည် သူ၌ရှိသော အစွမ်းအစများ၊ အတိတ်က မိမိတွင် ရှိခဲ့သော အတွေ့အကြုံများ၊ ဘုရားသခင်ပံ့ပိုးပေးထားသော လက်နက်စုံများ၊ အစီအမံနှင့် အကြံအစီများကို အသုံးပြုခဲ့သည်။ သူတွင်ရှိသော လုပ်ဘော်ဆောင်ဖက်များကိုလည်း မိမိတွင်ရှိထားသော စွမ်းရည်များနှင့် ရဲရင့်စွာ တိုက်ခိုက်ရန် အားပေးမှုပြုခဲ့သည်။ ဘုရားသခင်က သူ့ကို ပေးထားသော အရာများကို အသုံးပြုဘို့ရန် အစွမ်းကုန်အသုံးချထားသည်။ သို့သော်လည်း တကယ့် စစ်ပွဲတို့၏ အဖြေသည် ဘုရားသခင်နှင့်သာ ဆိုင်သည်ကို သူအမှန်တကယ် သိနားလည်ထားပါသည်။

သတိထားရမည့် အချက်တစ်ခုမှာ ဘုရားသခင်သည် ရင်ဆိုင်ရသည့် စစ်ပွဲတွင် အမှန်တကယ် နိုင်စေရမည်ဟု အာမခံပြီး ယွာဘမပြောခဲ့ချေ။ ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ အားကိုးသည် ဆိုသည်မှာ အနိုင်နှင့်အရှုံး အလေးမထားဘဲ မည်သည့်အဖြေပင်ဖြစ်စေ အသေချာဆုံးသော နောက် ဆုံး အဖြေသည် ဘုရားသခင်၏ ရှေ့တော်တွင် အကောင်းဆုံးဖြစ်သည် ဆိုသည်ကို သိနားလည် ထားခြင်းပင် ဖြစ်ပါသည်။ အချိန်တော်တော်များများတွင် ကျွန်တော်တို့ ခရစ်ယာန်များသည် စစ်မျက် နှာပြင်များတွင် လျှောက်လှမ်းနေကြရသည်။ ကျွန်တော်တို့သည် သံသယ စစ်မြေပြင်တွင် လည်း ကောင်း၊ ကြောက်ရွံ့ခြင်း စစ်မြေပြင်တွင် လည်းကောင်း၊ စိုးရိမ်ကြောင့်ကြမှု စစ်မြေပြင် တွင်လည်းကောင်း ရှိနေနိုင်ပါသည်။ အလားတူ ခန္ဓာနာကြင်မှု စစ်ပြေပြင်တွင်လည်းကောင်း၊ စိတ်ခံစားမှု စစ်ပြေပြင်တွင်လည်းကောင်း ရှိနိုင်ပါသေးသည်။ ဘုရားသခင်သည် ခပ်သိမ်းသော အရာတို့ကို ထိန်းချုပ်ထားလျက် ရှိနေပါသည်။ ဘုရားသခင်က ကျွန်တော်တို့တွင် ပေးထားသော ကောင်းကြီးများစွာ ရှိနေပါသည်။ ကျွန်တော်တို့ကို ဘုရားသခင် ဦးဆောင်နေသည်ကို သိနားလည်ကာ ကျွန်တော်တို့သည် စိုးရိမ် ကြောက်ရွံ့မှုများမရှိဘဲ သူပေးထားသော ကောင်းကြီးလက်ဆောင်များကို အပြည့်အ၀ အသုံးပြုပြီး ရဲရင့်စွာ ရင်ဆိုင်ဘို့ လိုအပ်ပါသည်။ ကျွန်တော်တို့သည် ကောင်းမွန် တိကျသော စီမံမှုများဖြင့် မဆုပ်မနစ်သော ဇွဲလုံ့လတို့ဖြင့် တိုက်ခိုက်မှုပြုရန်လိုအပ်ပါသည်။ သို့သော် မည်သည့်အဖြေမျိုး ဘုရားသခင်က ပေးသည်ဖြစ်စေ ဘုရားသခင်၏ အကြံအစည်တော် တခုဖြစ်ကြောင်း ၀န်ခံအပ်နှံဘို့ လိုအပ်ပါသည်။

ကျွန်တော်တို့၏ အတိတ်ကာလများတွင် ပြန်လည်ကြည့်ရှုမည်ဆိုပါက ဘုရားသခင်ကို အားကို လုပ်ဆောင်ခဲ့သော လုပ်ငန်းများပင်ဖြစ်လင့်ကစား ကျဆုံးမှုများ၊ အဆင်မပြေမှုများကို မျက်မြင် ကိုယ်တွေ့ ရင်ဆိုင်ကြုံတွေ့ခဲ့သော အရာများသည် စစ်မှန်သော အောင်မြင်မှုများ အဖြစ်နှင့် ပြန်လည် ရောက်ရှိလာခဲ့ပါသည်။ ကျွန်တော်တို့၏ ရန်သူများကို ဆန့်ကျင် ရင်ဆိုင်ကြပါစို့။ ဘုရားသခင်ကို အားကိုခြင်းဖြင့် အကောင်းဆုံးသော အရာများကို လုပ်ဆောင်ကြပါစို့။ ရင်ဆိုင်နေရသော တိုက်ပွဲ များကို ထွက်မပြေးဘဲ ယနေ့ပင်ရင်ဆိုင်ကြပါစို့။ ဘုရားသခင်ကို အားကိုခြင်းများဖြင့် ယနေ့ပင် ရင်ဆိုင်ကြပါစို့။

၂၈။ဘုရားကိုဘယ်သူဖန်ဆင်းသလဲ ( ၂၀၁၂ )

မောင်စောမင်းထက် ကိုယ်တိုင် မေးမြန်းခံရပြီး ကျွန်တော်ကို ထပ်မံမေးမြန်းတဲ့မေးခွန်းကို ကျွန်တော် တတ်နိုင် သလောက် ဖြေကြား ပေးပါမယ်။ တစ်ကယ်တော့ ဒီမေးခွန်း တွေဟာ အမှန်တကယ်သိချင်လို့ မေးတဲ့ မေးခွန်း မဟုတ်ဘဲ ယုံကြည်သူများရဲ့ သတင်းကောင်း ဝေငှမှုအပေါ်မှာ အတားအစီး ဖြစ်စေချင်တဲ့ သဘောနဲ့ ဖြစ်စေ၊ ယုံကြည်သူ များကို အကျပ်အတည်း တွေ့စေလိုသော သဘောဖြင့်ဖြစ် စေ၊ ပျက်ရယ်ပြု ဟားတိုက် ရယ်မောလိုသော သဘောဖြင့်ဖြစ်စေ၊ မိမိကိုယ်ကို မည်မျှ တွေးခေါ် ဆင်ခြင်နိုင် သောသူ ဖြစ်ကြာင်း ၀ါကြွားလိုသော သဘောဖြင့် ဖြစ်စေ မေးမြန်းတဲ့ မေးခွန်းများသာ ဖြစ်ပါတယ်။ တကယ်တော့ ဖန်ဆင်းခြင်းကို မယုံကြည်သူများက ဖန်ဆင်းရှင်ဆိုတာ ဘယ်လက်ခံပါ့မလဲ။ အဲဒီလို လက်မခံ တဲ့သူတွေ ဟာ ကျွန်တော်တို့က မည်မျှပင် ကျိုးကြောင်း ဆီလျော်သော ဖြေကြားမှုများကို ပြုစေကာမူ သူတို့က ဆန့်ကျင်ဘို့သာ ကြိုတင်ပြင်ဆင်ထားတာကြောင့် သူတို့ လက်ခံနိုင်လာက်သော အဖြေရဘို့ ဆိုတာ မလွယ်လှပါဘူး။ ကျွန်တော် ကိုယ်တိုင်လည်း အခြား ဘာသာ တစ်ခုတွင် ကျင်လည်ခဲ့ပြီး ဖန်ဆင်းခြင်းကို မယုံကြည်တာ ကြောင့် ဒီလို မေးခွန်းမျိုးကို မေးခဲ့ဘူးပါတယ်။ ယုံကြည်သူတွေ မဖြေနိုင်တာကို ကြည့်ပြီး ကိုယ့်ကိုကိုယ် အားရ ကျေနပ်နေသူ တစ်ဦးပါ။ ပြန်လည် ဖြေကြားမှု ပြုခဲ့သောသူများကိုလည်း ဘူးတစ်လုံးဖြင့်သာ ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။ သိပ္ပံနည်းကျ အဖြေပေးမှ ယုံကြည် မယ်ဆိုပြီး ပြန်လည်ပြောဆိုခဲ့ပါတယ်။

တစ်ကယ်တော့ သိပ္ပံပညာဆိုတာ ထိတွေ့ကိုင်တွယ်နိုင်တဲ့ ဒြပ်ဝတ္ထုများကို တိုင်ထွာတွက်ချက်ပြီး အဖြေထုပ်ရသော လုပ်ငန်းစဉ် တစ်ခုသာ ဖြစ်ပါတယ်။ ရုပ်ဝတ္ထုပစ္စည်းတွေ မရှိဘဲ လုပ်ဆောင်လို့ မရနိုင်ပါဘူး။ ဘုရားသခင်ဟာ နံဝိညာဉ် ဖြစ်တော်မူ၏ (ယော ၄း၂၄)။ ဘုရားသခင်ဟာ ရုပ်ဝတ္ထုပစ္စည်း တခုမဟုတ်တာကြောင့် ဘယ်လိုဖြစ်လာတယ်။ ဘယ်လိုပျက်သွားမယ် ဆိုတာကို သိပ္ပံပညာနဲ့တော့ အတိအကျ ပြောဆိုဘို့တော့ မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ဟာ သမ္မာကျမ်းစာကို ယုံကြည်သူ ဖြစ်တာ ကြောင့် သမ္မာကျမ်းစာနဲ့ဘဲ အဖြေပေးနိုင်ပါတယ်။ သမ္မာကျမ်းစာကို မယုံကြည်သူတွေ အတွက်တော့ ဒီအဖြေဟာ စိတ်ကျေနပ်စရာ ကောင်းမှာ မဟုတ်ပါဘူး။

ကျမ်းစာထဲမှာ ဘုရားသခင်က ယောဘကို ပြောခဲ့တဲ့ စကားတခွန်းရှိပါတယ်။ ယောဘ ဆိုတဲ့လူဟာ ဖြောင့်မက်လွန်းအားကြီးတဲ့သူ ဖြစ်တဲ့အတွက် ကိုယ့်ကိုကိုယ် အထင်ကြီးနေတဲ့သူလည်း ဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ် သိပ်ပြီး သိတယ်လို့ ထင်နေတဲ့သူလည်း ဖြစ်တာကြောင့် ဘုရားသခင်က အောက်ပါ မေးခွန်းကို မေးလိုက်ပါတယ်။

“သင်သည် ဘုရားသခင်၏ ဇာတိတော်ကို စစ်၍တွေ့နိုင်သလော။ အနန္တ တန်ခိုးရှင်၏ ဇာတိကို အကုန်အစင် နားလည်နိုင်သလော။ မိုဃ်းကောင်းကင် ကိုမှီသည်ဖြစ်၍ သင်သည်အဘယ်သို့ပြုနိုင်သနည်း။ မရဏနိုင်ငံထက် နက်သည်ဖြစ်၍ သင်သည် အဘယ်သို့ သိနိုင်သနည်း။ အတိုင်းအရှည်သည် မြေကြီးထက် လွန်၍ သမုဒ္ဒရာ ထက်သာ၍ကျယ်ဝန်းလျက်ရှိ၏” (ယောဘ၊ ၁၁း၇-၉)

အထက်ပါမေးခွန်းအရ ဘုရားသခင်ရဲ့ ဇာတိအဖြစ်တော်ကို သိဘို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမဲ့ ကျမ်းစာပြောတာကတော့ ဘုရားသခင်ဟာ ဖန်ဆင်းခံမဟုတ်ပါဘူး။ ဘုရားသခင်ဟာ ဖန်ဆင်းခံ ဖြစ်တယ်ဆိုရင် ဘုရားသခင်မတိုင်ခင် အခြားဖန်ဆင်းရှင် ဘုရားတစ်ပါး ထပ်ရှိမှာပေါ့။ ကျမ်းစာမှာ ပြောတာက

“ထာဝရဘုရားးမိန့်တော်မူသည်ကား ငါ့ရှေ့မှာဖန်ဆင်းရာထဲက အဘယ်ဘု ရား သခင်မျှ မဖြစ်၊ ငါ့နောက်မှာလည်း အဘယ်ဘုရားသခင်မျှ မရှိရာ နေ့ရက်ကာလမဖြစ်မှီ၊ ငါသည်ဘုရားဖြစ်၏ (ဟေရှာ၊ ၄၃း၁၀-၁၃)။

အထက်ပါ ကျမ်းပိုဒ်အရ ဘုရားသခင်မတိုင်ခင် ဘယ်ဘုရားမှ မရှိဘူးဆိုတာ သေချာပါတယ်။ ဒါကြောင့် ဘုရားသခင်ဟာ ဖန်ဆင်းရှင်သာ ဖြစ်ပြီး ဖန်ဆင်းခံမဟုတ်ဘူးဆိုတာ သိသာပါတယ်။ နောက်ထပ်ကျမ်းပိုဒ် တခုကလည်း ထပ်မံပြောထားတာက ဘုရားသခင်ဟာ အရင်ဆုံး ဖြစ်တယ်။ ပထမဆုံး ဖြစ်တယ်လို့ ပြောထားတာ ရှိပါတယ်။ ဘုရားထက်အရင် ဘာမှ မရှိပါဘူး။

“ငါသည်အာလဖဖြစ်၏။ သြမေဃလည်းဖြစ်၏။ အဦးဆုံးသောသူ၊ နောက်ဆုံးသော သူဖြစ်၏။ အစနှင့်အဆုံးလည်းဖြစ်၏”(ဗျာဒိတ်၊ ၂၂း၁၃)။

ဘုရားသခင်ဘယ်လိုဖြစ်လာတာလဲ ဆိုတာ မေးကြပါတယ်။ တကယ်တော့ ဘုရားဆိုတာ အလိုလို တည်ရှိတော်မူသော ဘုရား (Self – existence) ဖြစ်ပါတယ်။ ဘုရားဖြစ်လာဘို့ အခြားဘာမှ မလိုအပ် ပါဘူး။ သူကိုယ်တိုင်သာ လိုအပ်ပါတယ်။ ဘုရားသခင်၏ ဖြစ်တည်မှု အတွက်ဖြစ်စေ၊ သူ့ရဲ့ ဂုဏ်အသရေ တော်ဖြစ်စေ၊ သူ့ရဲ့ အကြံအစည်တော်ဖြစ်စေ၊ အရာရာတိုင်းဟာ သူ့ကိုယ်သူသာ ရပ်တည်နေပါတယ်။ လုံးဝ အမှီအခိုကင်းပါတယ်။ ဒါကြောင့် ကျမ်းချက်တစ်ချက်က”ငါဖြစ်သည် အတိုင်း ငါဖြစ်၏” (ထွက် ၃း၁၄) ဟာ ဘုရားသခင်ရဲ့ ဖြစ်တည်မှုကို ဖော်ပြနေတဲ့ ကျမ်းပိုဒ်ဖြစ်ပါတယ်။

တကယ်တော့ ဘုရားမရှိပါဘူး ဆိုပြီးတော့ ပြောနေကြတဲ့ အုပ်စုအမျိုးမျိုး ရှိတဲ့ အနက် “ဘုရားရှိကြောင်း သိရန် မဖြစ်နိုင်ပါ” ဆိုပြီး ယူဆတွေးခေါ်တဲ့ အုပ်စု တစ်ခု ရှိပါတယ်။ အဲဒီအတွေးအခေါ်ကို Agnostic view လို့ ခေါ်ပါတယ်။ Gnostic ဆိုတာက ဂရိဘာသာစကားနဲ့ “အသိပညာ” ဆိုပြီး အဓိပ္ပါယ်ရပါတယ်။ အဲဒီစကား လုံးရှေ့မှာ a စာလုံးကို ပေါင်းထည့်လိုက်တဲ့ အခါ Agnostic ဖြစ်ဘာပါတယ်။ ဘုရားရှိမရှိ သိဘို့မဖြစ်နိုင်ပါ ဆိုပြီး ဆိုလိုခြင်တာဖြစ်ပါတယ်။”ဘုရားသခင် ရှိတယ်ဆိုရင်တောင်မှ ငါတို့သိဘို့ မဖြစ်နိုင်ဘူး” ဆိုပြီး ပြောဆိုကြပါတယ်။ တကယ်တော့ ဘုရားမဲ့တွေက ဖန်ဆင်းရှင်ဘုရားကို ငြင်းပယ်ဘို့ ကြိုးစားရင်း ဒီမေးခွန်းကို တီထွင်တာ ဖြစ်တယ်လို့ ယူဆရပါတယ်။

ကျွန်တော် မပြောင်းလဲခင် ကျွန်တော်နဲ့ ခင်မင်တဲ့ ဗုဒ္ဒ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တစ်ပါးကို ဒီမေးခွန်းမျိုးနဲ့ ခပ်ဆင်ဆင် မေးခဲ့ဘူးပါတယ်။ “ဘုန်းဘုန်းဘုရား ဘုရားဆိုတာ ဘယ်လို ဖြစ်လာတာလဲ” “သူက ဘာဖြစ်လို့ အားလုံးကို သိနေတာလဲ”ဆိုပြီး မေးဘူးပါတယ်။ ဒီမေးခွန်းကို မေးတဲ့ အခါတုန်းက ကိုယ့်ကိုကိုယ် လူတတ်ကြီး တစ်ယောက်လို၊ တွေးခေါ်ပညာ ရှင်ကြီးတစ်ဦးလို တွေးပြီး မေးလိုက်တာပါ။ အဲဒီ ဘုန်တော်ကြီးက ကျွန်တော့်ရဲ့ ဘခင်က အမှန်တစ်ကယ် ယုံကြည်အားကိုး ခင်မင်တဲ့သူပါ။ ကျွန် တော်နဲ့ အရမ်းခင်ပါတယ်။ သူပြန်ပြောတဲ့ စကားတစ်ခွန်းတော့ အခုချိန်အထိ မှတ်မိနေပါသေးတယ်။ “ဘုရားတို့သာ သိသင့်သိထိုက်တဲ့ အကြောင်းတရား တွေကို တွေးခေါ်ဆင်ခြင် နေခြင်းဟာ ရူးသွပ်မှုတစ်ခု သာဖြစ်တယ်။ အလားတူ ကမ္ဘာကြီး ဘယ်လိုဖြစ်လာ သလဲ၊ နေလတွေ ဘယ်လို ဖြစ်သလဲ ဆိုပြီး တွေးတောနေခြင်းဟာလည်း အလားတူ ရူးသွပ်မှုသာ ဖြစ်တယ်။ အဲဒီအကြောင်းတွေ သိလာရင်တောင်မှ နိဗ္ဗာန်၊ မဂ်ဖို၊ မဖြစ် (မရောက်)နိုင်ဘူး” ဆိုပြီး ကျွန်တော်ကို ပြန်လည် ပြောဆိုခဲ့ဘူးပါတယ်။ သူက ပါဋိဘာ သာနဲ့ ပြောဆို ရွတ်ပြပြီး ဘာသာပြန်ပေးပေမဲ့ ကျွန်တော်ကတော့ ပါဋိလို မသိပါဘူး။

အထက်ပါ ဘုန်းကြီပြောသော အကြောင်းအရာနည်းတူ ကျွန်တော်တို့ရဲ့ သမ္မာကျမ်းစာမှာလည်း ကျမ်းပိုဒ်တစ်ပိုဒ်တွေ့မိပါတယ်။ အဲဒီကျမ်းပိုဒ်က အောက်ပါ အတိုင်း ဖြစ်ပါတယ်။

မထင်ရှားသော အရာတို့တို့သည် ငါတို့ ဘုရားသခင်ထာဝရ ဘုရား၏ အငန်းအတာ ဖြစ်ကြ၏။ ဘော်ပြ တော်တော်မူသော အရာတို့သည် ကာလအစဉ်မပြတ် ငါတို့နှင့် ငါတို့ သားသမီးများတို့၏ အငန်းအတာဖြစ်၍ ဤပညတ်တရား စကားအလုံးစုံတို့ကို စောင့်ရှောက်ရမည့် အကြောင်း တည်း။ (တရားဟော ၂၉း၂၉)

ကျွန်တော်ကိုယ်တိုင်လည်း သင်ယူနေသူ တစ်ဦးလောက် သာဖြစ်ပြီး ပညာရှင် တစ်ဦး မဟုတ်ပါ။ကျွန်တော်သိသလောက်သာ ဖြေကြားပေးလိုက်ခြင်းဖြစ်ပါတယ်။ ဒီအဖြေအတွက် မောင်စောမင်းထက်ရဲ့ မိတ်ဆွေတွေ ကျေနပ်နိုင်မှာ မဟုတ်ဘူးဆိုတာ ကြိုတင် သိနေပါတယ်။ ဒီခံစားချက်က ကျွန်တော် ကိုယ်တိုင်လည်း ဖြစ်ဘူးပါတယ်။ တစ်ချိန်မှာ ဘုရားသခင်ကိုယ်တိုင် ဖွင့်လှစ်ဖြေကြား ပေးတဲ့ အခါမှသာ ကျေနပ်နိုင်ပါလိမ့်မယ်။

ဘုရားသခင် ကောင်းကြီးပေးပါစေ။

၂၉။အစာရှောင်ဆုတောင်းခြင်း ( ၂၀၁၂ )

ဆုတောင်းခြင်းနှင့် အစာရှောင်ခြင်း အဓိပ္ပါယ်

ဆုတောင်းခြင်းနှင့် အစာရှောင်ခြင်းသည် ဆန္ဒအလျှောက် အစာမစားဘဲ ဘုရားသခင်နှင့် မိတ်ဿဟာ ရဖွဲ့ကာ ဆုတောင်းခြင်းအမှုကို အာရုံပြုလုပ်ဆောင်ခြင်းဖြစ်သည်။ ဆုတောင်းခြင်းနှင့်အစာရှောင်ခြင်းကို အဖွဲ့လိုက် အတူတကွ လုပ်ဆောင်လေ့ရှိသော်လည်း အမြဲတစေ ထိုသို့ ပြုလုပ်ခြင်း မရှိကြပါ။ အစာမ ရှောင်ဘဲနှင့်လည်း ဆုတောင်းနိုင်ပါသည်။ အစာရှောင်ပြီး ဆုမတောင်းသူများလည်း ရှိပါသည်။ သို့သော် အကျိုးသက်ရောက်မှု အပြည့်အ၀ ရှိနိုင်ရန် ထိုလုပ်ဆောင်မှု နှစ်ခုစလုံးကို အတူတကွရန်လိုအပ်ပါသည်။ အစာရှောင်ခြင်းနှင့် ဆုတောင်းခြင်း ကို ဆက်ကပ်ပြုလုပ်ရာတွင် ကျွန်တော်တို့၏ ဆန္ဒအတိုင်း ဖြစ်လာရန် ဘုရားသခင်ကို ကြိုးကိုင်ခြင်းမဟုတ်ပါ။ ကျွန်တော်တို့ လိုအပ်နေသော ညဏ်ပညာ၊ ခွန်အားနှင့် ကျွန် တော်တို့၏ လိုအပ်မှုများရရှိနိုင်ရန် ဘုရားသခင်ကို ပိုမိုပြီး အမှီပြုအားထားရန်၊ မိမိအနေဖြင့် ဘုရာသခင် နှင့် ပိုမိုနီးကပ်လာရန် ခွန်အားယူခြင်းသာ ဖြစ်ပါသည်။

အစာရှောင်ခြင်းနဲ့ ပါတ်သတ်ပြီး ကျမ်းစာထဲမှာ ဘာပြောသလဲ

ဓမ္မဟောင်းပညတ်တော်တွင် ကာလတွင် ဆုတောင်းခြင်းနှင့်အစာရှောင်ခြင်းကို အချိန်အခါအလျှောက် အပြစ်ပြေရာ နေ့အဖြစ် လုပ်ဆောင်ကြသည်။ ဤဓလေ့ထုံးစံကို အစာရှောင်ရာနေ့အဖြစ် သိကြပါသည် (ယေရမိ ၃၆း၆)။ မောရှေသည် ဘုရားသခင်ထံမှ ပညတ်တော်ကျမ်းများကို ရယူသည့် အချိန်က သိန တောင်ပေါ်တွင် ရက်ပေါင်း (၄၀) အစာရှောင် ခဲ့ပါ သည် (ထွက်မြောက်ရာ ၃၄း၂၈)။ ရှင်ဘုရင် ယောရှ ဖတ်သည် မောဘလူမျိုးနှင့် အာမောရိလူမျိုးများကို တိုက်ခိုက်ရန် ဣသရေလလူမျိုးများကို အစာရှောင်ရန် ကြေညာ ဖိတ်ခေါ်ခဲ့ပါသည် (၂ချုပ် ၂၀း၃)။ ယောန၏ တရားဟောချက်ကြောင့် နိနေဝေမြို့သားတို့သည် လျော်တေအ၀တ်ကို ၀တ်ကာ အစာရှောင်ခဲ့ကြပါသည်။ (ယောန ၃း၅)။ အစာရှောင်ခြင်းကို သောက ဝေဒနာရှိနေသောအချိန်များနှင့် ပြဿနာများရှိသောအချိန်တွင်လည်း ပြုလုပ်ကြပါသည်။ ဒါဝိတ်သည် ရှောလုနှင့် ယောနသန်တို့ အသတ်ခံရသော အချိန်တွင် အစာရှောင်ခြင်းအမှုပြုခဲ့သည် (၂ရာ ၁း၁၂)။ နေဟမိသည် ယေရုရှလင်မြို့ ကြီး ပျက်စီးနေချိန်တွင် အစာရှောင်ဆုတောင်းခြင်းအမှုပြုခဲ့သည်။ ပါရှားတိုင်ပြည်၏ ရှင်ဘုရင် ဒါရိမင်းကြီးသည် တစ်ညလုံး အစာမစားဘဲ အစာရှောင်က ခြင်္သေ့တွင်း ထဲအချခံရသော ဒံယေလအတွက် ၀မ်းနည်းပူဆွေးမှု ဖြစ်နေခဲ့သည်။

အစာရှောင်ခြင်းကို ဓမ္မသစ်ကျမ်းထဲတွင်လည်း တွေ့ရှိနိုင်ပါသည်။ အန္နသည် ဆုတောင်းခြင်း အစာရှောင် ခြင်းကို ဗိမ္မာန် တော်တွင် အမြဲပြုနေသည်ဟု ဆိုထားပါသည် (လု ၂း၃၇)။ ဗတ္တဇံဆရာ ယောဟန်၏ နောက်လိုက် တပည့်တော်များသည် အစာရှောင်ခြင်းပြုလုပ်ကြသည်။ ယေရှုခရစ်တော်ကိုယ်တိုင် စာတန် ၏ စုံစမ်းဖြားယောင်းမှု ရောက်မလာမီ အစာရှောင်ခြင်း အမှုကို ပြုခဲ့သည် (မဿဲ ၄း၂)။ အန္တိအုတ် အသင်းတော်လည်း အစာရှောင်ခြင်းပြုလုပ်ခဲ့သည် (တမန် ၁၃း၂)။ ရှင်ပေါလုနှင့် ဗာနဗကို သာသနာ ပြုခရီးစဉ်စေလွှတ်ရန်အတွက် အစာရှောင်ခြင်းအမှုကို ပြုလုပ်ခဲ့သည် (တမန် ၁၃း၃)။ တမန်တော်ကြီး ရှင်ပေါလုနှင့် ဗာနဗတို့သည် အသင်တော် ဦးဆောင်သူများကို ရွေးချယ်ခွဲခန့်ပြီး အစာရှောင်ခြင်းအမှုကို ပြုကာ အသင်းတော်ကို ဘုရားသခင်ထံ အပ်နှံခဲ့သည်။ (တမန် ၁၄း၂၃)

မည်မျှကြာကြာ အစာရှောင်ကြသနည်း။

မောရှည်သည် သိနာတောင်ပေါ်တွင် ပညတ်တော်ဆယ်ပါး သွားရောက်ယူသည့်အခါ ရက်ပေါင်း လေးဆယ် အစာရှောင်ခဲ့သည်။ (ထွက် ၃၄း၃၈)။ ထို့အတူ သခင်ယေရှုခရစ်တော် စာတန်၏ စုံစမ်း သွေးဆောင်ခြင်း မခံမယူမီ အစာမစားဘဲ ရက်လေးဆယ် နေခဲ့သည် (လုကာ ၄း၂)။ ဒံယေလက အသီးအနှံကိုသာ သုံးဆောင်ကာ ဆယ်ရက်လုံး နှင့် နောက်တစ်နေရာတွင် နှစ်ဆယ်တစ်ရက် ခြိုးခြံ ခြင်းအမှုဖြင့် အစာရှောင်ခဲ့ပါသည်။ အရသာရှိသော အသားများနှင့် အချိုရည် (သို့) စပျစ်ရည်ကို မသုံး ဆောင်ဘဲနေခဲ့သည် (ဒံယေလ ၁၀း၃)။ ထို့ကြောင့် အစာရှောင်ရာတွင် မည်မျှအစာရှောင်ရမည်ဟု ကန့်သတ်ထားခြင်း မရှိပါ။ မိမိတတ်နိုင်သလောက် လုပ်ဆောင်နိုင်ပါသည်။ တစ်ရက်သာ တတ်နိုင်ပါက တစ်ရက်၊ နေ့တစ်ဝက် ခန့်သာ တတ်နိုင်ပါက နေ့တစ်ဝက် အစာရှောင် ဆုတောင်းခြင်းအမှု ပြုလုပ်နိုင် ပါသည်။

အစာရှောင်ခြင်း အမျိုးအစားမည်မျှ ရှိပါသနည်း။

သမ္မာကျမ်းစာအရ အစာရှောင်ဆုတောင်းခြင်း ပုံစံတစ်မျိုးနှင့် တစ်မျိုး ကွဲပြားခြားနားစွာ တွေ့နိုင်ပါသည်။ ၄င်းတို့မှာ

အစာလုံးဝမစားဘဲ နေသည်။ သို့သော် အရည်တစ်မျိုးမျိုး ကိုသုံဆောင်နိုင်သည်။ မဿဲ ၄း၁-၂ နှင့် လုကာ ၄း၂တို့တွင် ယေရှုခရစ်သည် အစာအဟာရကို သုံးဆောင်တော်မမူ ဟုရေးသား ထားသောကြောင့် အရည်တော့ သောက်သုံးသည်ဟု သုံးသပ်ရပါသည်။

အစာလည်းမစား၊ ရေလည်းမသောက်သော အစာရှောင်ခြင်းမျိုးလည်း ရှိပါသည်။ ဧသတာ ၄း၁၆ နှင့် ဧဇရ ၁၀း၆တို့တွင် မုန့်ကိုလည်းမစား ရေကိုလည်း မသောက်ဘဲ သုံးရက်တိုင်တိုင် အစာရှောင်သည်ဟု ဖေါ်ပြထားပါသည်။ တမန်တော်ကြီး ရှင်ပေါလုလည်း သုံးရက်တိုင်တိုင် အစာမစား ရေမသောက်ဘဲ နေခဲ့သည် (တမန် ၉း၉)

အရသာ မရှိသော အစားအသောက် အချို့ကို သတ်မှတ်ထားသည့် ရက်အတွင်း မသုံးဆောင် ဘဲ နေခြင်းဖြင့် ဆုတောင်းနိုင်ပါသည်။ အစာစားသုံးသော်လည်း အစာရှောင်ခြင်း အမျိုးအစား တွင် ထည့်သွင်းထားပါသည်။ ကျမ်းစကားအရ ခြိုးခြံခြင်း ပြုသည် ဟုခေါ်ဆိုပါသည် (ဒံယေလ ၁၀း၂)။ ဒံယေလသည် ဤနည်းဖြင့် အစာရှောင် ခြင်းကိုပြုလုပ်ပါသည် (ဒံယေလ ၁း၁၅၊ ၁၀း၂-၃)

ဆုတောင်းခြင်း အစာရှောင်ခြင်းနဲ့ပါတ်သတ်ပြီး လိုအပ်ချက် (သို့) တိုက်တွန်းချက်

နှုတ်ခပတ်တော်တွင် ဆုတောင်းခြင်းအစာရှောင်ခြင်းအမှု ပြုလုပ်ရန် အတင်းအကျပ် အမိန့်ပေးထားခြင်း မရှိပါ။ တစ်ချိန် တည်းမှာပင် ဆုတောင်းခြင်းနှင့်အစာရှောင်ခြင်းကိုလည်း ကျမ်းစာထဲတွင် အသေအချာ ပင် တွေ့ရှိနိုင်ပါသည်။ ထို့ကြောင့် အခါအားလျှော်စွာ လုပ်ဆောင်သင့်သည်ဟု တိုက်တွန်းလိုပါသည်။ အစာရှောင်သည် ဆိုရာတွင် အစာမစားဘဲနေခြင်းကို ဦးစားပေးခြင်းအားဖြင့် စစ်မှန်သောအစာရှောင်ခြင်း မှ ဝေးကွာသွားပေလိမ့်မည်။ ခရစ်ယာန်များ၏ အစာရှောင်သော ရည်ရွယ်ချက်သည် မိမိ၏ အာရုံအတွေး ထဲမှာရှိသော ရရှိလိုသည့် လောကအရာများကို ဦးစားပေးခြင်းမဟုတ်ဘဲ ဘုရား သခင် ပေါ်တွင်သာ အာရုံပြုထားရန် ဖြစ်သင့်ပေသည်။ အစာရှောင်ရာတွင် အမြဲတမ်း အချိန်ကို ကြိုတင်သတ်မှတ် ထားရ မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အစာမစားသည့်အချိန်ကို ခံနိုင်ရန်ပေါ်တွင်မူတည်၍ တိုး၍ တိုး၍ သတ်မှတ်ခြင်း ဖြင့် ခန္ဓာကိုယ်၏ ခံနိုင်ရည်ကို ပျက်စီးသွားစေနိုင်သောကြောင့် ဖြစ်သည်။ အစာရှောင် ခြင်းသည် မိမိ၏ ကိုယ်ခန္ဓာကို အပြစ်ပေးသည့် စနစ်လုပ်ဆောင်ချက် တစ်ခုမဟုတ်ပါ။ အလားတူ အစာ ရှောင်ခြင်းသည် ခန္ဓာအတွက် တစ်စုံတစ်ရာ အကျိုးသက်ရောက်မှု ရှိစေရန် မလုပ်ဆောင်ရပါ (ဥပမာ – ၀သောသူများ ပိန်စေရန် လုပ်ဆောင်မှု)။ အဓိကအားဖြင့် ကျွန်တော်တို့၏ အစာရှောင်ခြင်း ရည်ရွယ် ချက်သည်။ ဘုရားသခင်နှင့် ပိုမိုနီးကပ်ရန်နှင့် ပိုမို မိတ်ဿဟာရ ပြုလုပ်ရန်ဖြစ်သည်။

သမ္မာကျမ်းစာနှင့်ညီသော အစာရှောင်ဆုတောင်းခြင်းဖြစ်စေရန် မိမိလိုချင် (သို့)လိုအပ်သော လောကအ ရာများကို အာရုံမှ ဖယ်ရှားရာတွင် ခရစ်တော်ကို ဗဟိုပြုကာ အာရုံစိုက်ရမည်ဖြစ်ပါသည်။ အောက်ပါကျမ်း ပိုဒ်ထဲတွင်

“သင်တို့သည် အစာရှောင်ခြင်းအကျင့်ကို ကျင့်သောအခါ ဟန်ဆောင်တတ် သောသူတို့ နည်းတူ မျက်နှာ ညှိး ငယ်ခြင်း မရှိကြနှင့်။ ထိုသူတို့သည် မိမိ တို့အစာရှောင်သည်ကို လူများတို့ ထင်ရှားစေခြင်းငှါ၊ မိမိတို့ မျက်နှာကို ဖျက်တတ်ကြ၏။ ငါအမှန်အကန်ဆိုသည်ကား သူတို့သည် မိမိတို့ အကျိုးကို ခံရကြ၏။ သင်သည် အစာရှောင် သောအခါ အစာရှောင်သည်ကို လူများ တို့ရှေ့မှာ မထင်ရှားစေဘဲ၊ မထင်ရှားသောအရပ်၌ ရှိတော်မူသော သင်တို့ အဘ ရှေ့တော်၌သာ ထင်ရှားစေခြင်းငှါ၊ ခေါင်းကို လိမ်းကျံလော့။ မျက်နှာ ကိုလည်း သစ်လော။ မထင်ရှားသော အရာကို မြင်တော်မူသော သင်တို့ အဘသည် အကျိုးကို ထင်ရှားစွာပေးတောမူလတံ့။” (မဿဲ ၆း၁၆-၁၈)

ဆုတောင်းခြင်း အစာရှောင်ခြင်းဖြင့် ဘာတွေကို ဖြစ်စေမလဲ။

အစာရှောင်ခြင်းနှင့် ဆုတောင်းခြင်း ပြုလုပ်သမျှအချိန်တိုင်း အစာရှောင်ဆုတောင်သူ၏ အလိုဆန္ဒ တောင့်တချက်များ အလိုလို ပြည့်စုံသွားရမည်၊ သေချာပေါက် အကျိုးသက်ရောက်မှုများ ရှိစေရမည် ဆိုသည်မှာ မဖြစ်နိုင်ပါ။ အစာရှောင် ဆုတောင်သည်ဖြစ်စေ၊ အစာမရှောင်ဘဲ ဆုတောင်းသည်ဖြစ်စေ အလိုတော်နှင့်ညီသော တောင်းလျှောက်ချက်များကို တောင်းလျှောက်လျှင် အဖြေပေးမည်ဟု ဂတိပြု ထားပါသည်။

ငါတို့သည် ဘုရားသခင်ထံတော်၌ ရဲရင့်ခြင်းအကြောင်းဟူမူကား ငါတို့သည် အလိုတော်နှင့် အညီ တစ်စုံတစ် ခုသော ဆုကို တောင်းလျှင် ဘုရားသခင် သည် နားထောင်တော်မူ၏။ ဆုတောင်းသမျှသော စကားတို့ကို နားထောင် တော်မူသည်ကို ငါတို့သိလျှင် အထံတော်၌ တောင်သောဆုတို့ကို ရမည်ဟု သိရကြ၏။ (၁ယော ၅း၁၄-၁၅)

သင်အစာရှောင် ဆုတောင်ရာတွင် တောင်းသောအရာများသည် ဘုရားသခင်၏ အလိုတော်နှင့် ညီ (သို့) မညီ ကို မည်သို့ သိနိုင်ပါမည်နည်း။ သင်သည် အစာရှောင်ဆုတောင်ရာတွင် ဘုရားသခင်ကို ရိုသေလေး မြတ်မှုနှင့် ဘုန်တော်ထင်ရှားရန် ပြုလုပ်နေပါသလား။ ဘုရားသခင်၏ အလိုတော်ကို သင့်အတွက် ကျမ်းစာက အမှန်တကယ် ဖွင့်ပြပါသလား။ ကျွန်တော်တို့ ဘ၀အတွက် ဘုရားသခင် အလိုတော်ရှိသော အရာ (သို့) အလိုတော်မရှိသောအရာတို့ကို ကျွန်တော်တို့ ဆုတောင်းခဲ့ပါက အစာရှောင်သည်ဖြစ်စေ မရှောင်သည်ဖြစ်စေ ဘုရားသခင်က ပေးမည်မဟုတ် ဟုဆိုလျှင် ဘုရားသခင်၏ အလိုတော်ကို မည်ကဲ့သို့ သိနိုင်ပါမည်နည်း။

အထက်ပါမေးခွန်းများအတွက် ဘုရားသခင်က ညဏ်ပညာကို တောင်းခံလျှင် ပေးမည်ဟု ကတိပြုထား ပါသည်။ ရှင်ယာကုတ် ကျမ်းတွင်

သင်တို့တွင် တစ်စုံတစ်ယောက်သောသူသည် ပညာကိုလိုလျှင် ကဲ့ရဲ့ပြစ် တင်ခြင်းကို ပြုတော်မမူဘဲ ခပ်သ်ိမ်းသောသူတို့အား စေတနာစိတ်နှင့် ပေးသနားတော်မူသော ဘုရားသခင်ကို တောင်းစေ။ တောင်းလျှင်ရ လိမ့်မည်။ (ယာကုတ် ၁း၅)

ဘုရားသခင် ကောင်းကြီးပေးပါစေ။

၃၀။ဟေဗြန်မြေကို အပိုင်စားရတဲ့ ကာလက်ထံမှခွန်အားယူစရာ

ကျမ်းစာထဲတွင် ခါနန်ပြည်ကို သွားရောက်လေ့လာခဲ့သော သူလျှို (၁၂)ယောက်အကြောင်းကို တွေ့ခဲ့ရပြီး သူတို့ ပြန် လည်ပြော ကြားကြသော အကြောင်းအရာများကိုလည်း ကျွန်ုပ်တို့ သိရှိပြီးဖြစ်သည်။ ထိုသူတို့အထဲတွင် (၁၀) ယောက်က အနှုတ် လက္ခဏာ ဆောင်သော သတင်းများကို ပြန်လည်ပြောပြခဲ့ကြပြီး အခြားသော နှစ်ယောက်မှာမူ အပေါင်းလက္ခဏာ သတင်းစကားများကို ပြန်လည်ပြောပြကြသည်။ ထိုသူနှစ်ယောက်မှာ ယောရှုနှင့် ကာလက်တို့ နှစ်ယောက်ဖြစ်သည်။

ထိုသို့ လူ(၁၀)ယောက်မှ ဣသရေလလူမျိုးများကို ခွန်အား တိုက်တွန်းရမည့်အစား စိတ်ပျက်အားလျော့စေမည့် စကားများ ကိုသာ ပြောဆိုခဲ့ပြီး ကြားရသူများကလည်း ဘုရားသခင်၏ ကတိစကားထက် ထိုသူတို့၏ စကားများကိုသာ ယုံကြည်ခဲ့ကြ ခြင်းဖြင့် အသက်ရှင်သော ဘုရားသခင်ကို ကျောခိုင်းခဲ့ကြသည်။ ဘုရားသခင်က ခါနန်ပြည်ကို အမွေအဖြစ် ပေးမည်ဖြစ် ကြောင်း ကတိပေးထားခဲ့ပြီး သွား၍ သိမ်းပိုက်ရန်လည်း ပြောကြားထားခဲ့သည်။

ထိုသူတို့၏ မနာခံခြင်းနှင့် ဘုရားသခင်ကို အားကိုးခိုလှုံမှု မရှိခြင်းတို့ကြောင့် ရက် (၄၀) နှင့် ခါနန်ပြည်သို့ ရောက်နိုင်သည့် ခရီးကို နှစ်ပေါင်း (၄၀) သွားရခြင်းဖြင့် ဘုရားသခင်က ဒါဏ်ခတ်တော်မူခဲ့သည်။ ထို့ကြောင့် ထိုအချိန်က ရှိခဲ့သောသူအများ စုသည် ခါနန်ပြည်ကို ဝင်ခွင့် မရတော့ဘဲ သူတို့၏ သားမြေများကသာ ကာလက် နှင့် ယောရှုတို့နှင့်အတူ ကတိတော်နယ် မြေ ခါနန်ပြည်သို့ ဝင်ခွင့်ရရှိခဲ့လေသည်။

ယခင်က ရှိနှင့်ခဲ့သော အာမလက်လူများကိုပင် ယခုလည်း ရင်ဆိုင်ကြရသည်။ သို့သော် ယခုအခါတွင်မူကား ယခင်ကကဲ့ သို့မဟုတ်။ ယောရှု၊ ကာလက်တို့နှင့်အတူ မျိုးဆက်သစ်တို့သည် ဘုရားသခင်၏ ကတိတော်ကို ယုံကြည်ခြင်းဖြင့် ရန်သူ အာမလက်များကို တိုက်ခိုက်ခဲ့ကြသည်။ ယုံကြည်ခြင်းဖြင့် ယေရိခေါမြို့ကြီး ခုရက်တိုင်တိုင် ပတ်ခဲ့သည်။ ယေရိခေါမြို့ရိုး ကြီး ပြိုလဲသွားသည်အထိ ယုံကြည်ခြင်းအား ကြီးခဲ့ကြသည်။ ဘုရားသခင်၏ နောက်ကို လုံးလုံးလိုက်သော ဤမျိုးဆက်ကို ဘုရားသခင်က အောင်မြင်ခြင်း၊ အောင်မြင်ခြင်း ဆက်တိုက် ရရှိခံစားစေခဲ့သည်။ ရန်သူ၏ နယ်မြေအများစုကို သိမ်းပိုက်ကို သိမ်းပိုက်နိုင်ခဲ့သော်လည်း ဆက်လက်၍ တိုက်ပွဲဝင်စရာ နေရာတွေ ရှိနေသေးသည်။ သူတို့ လူမျိုး (၁၂) နွယ်စလုံး နေစ ရာ၊ စိုက်ပျိုးစရာများအတွက် ဆက်လက်တိုက်ပွဲ ဝင်ရဦးမည်ဖြစ်သည်။

ဤနေရာတွင် ဣသရေလလူမျိုး (၁၂) မျိုးအတွက် ပိုင်ဆိုင်ရာမြေများကို ခွဲခြမ်းပြီး အသီးသီး ခွဲဝေယူခဲ့ကြသည်။ ထိုလုပ် ငန်းစဉ်များအတွက် ယောရှု၏ ဦးဆောင်မှုများဖြင့် ပြုလုပ်ခဲ့သည်။ ယခုပြောလိုသည်မှာ ကာလက်နှင့် ပတ်သတ်သော အ ပိုင်းများကို ပြောဆိုတင်ပြလိုပါသည်။ ကာလက်၏ အကြောင်းကို ယောရှု ၁၄း၆-၁၄ တွင် ဖော်ပြထားပါသည်။

ယောရှု ၁၄း၆-၁၄ ကိုဖတ်ပါ။

အကျွန်ုပ်နှင့်အတူသွားသော ညီအကိုတို့သည် လူများစိတ်ပျက်စရာကို ပြုသော်လည်း၊ အကျွန်ုပ်သည် ဘုရားသခင် ထာဝရ ဘုရားနောက်တော်သို့ လုံးလုံးလိုက်ပါ၏။ ထိုနေ့ရက်၌ မောရှေက သင်သည် ငါ၏ဘုရားသခင် ထာဝရဘုရား နောက်တော် သို့ လုံးလုံးလိုက်သောကြောင့် အကယ်၍ သင်နင်းပြီးသောမြေသည် အစဉ်အဆက် သင်၏အမွေ၊ သင်၏သား မြေးတို့၏အ မွေ ဖြစ်ရလိမ့်မည်ဟု ကျိန်ဆိုလေ၏။ (ယောရှု ၁၄း၈-၉)

အထက်ပါ ကျမ်းပိုဒ်သည် ကာလက်အတွက် အိပ်မက်တစ်ခုဖြစ်ခဲ့သည်။ ထိုနှုတ်ခပတ်တော်ကို ရရှိခံစားပြီးချိန်မှ စ၍ ဘုရားသခင်ပေးမည့် နယ်မြေနှင့် ပတ်သတ်ပြီး စိတ်ကူယဉ်စရာ၊ အိပ်မက် ရှုပါရုံ တစ်ခုဖြစ်လာခဲ့သည်။ ထိုအရာအတွက် အချိန်မည်မျှ ကြာသည်ဖြစ်စေ ထိုအိပ်မက်မှာ ပျောက်ဆုံးသွားခြင်း ပျက်ပြယ်သွားခြင်း မရှိခဲ့ပါ။

တမန်တော်ရှင်ပေါလု၏ ရဲရင့်ပြက်သားသော ယူပါရုံ အိပ်မက်မှာ တစ်လောကလုံး ဧ၀ံဂေလိ သတင်းစကား ကြားနာခွင့် ရရှိလာရန်ပင်ဖြစ်သည်။ ညှင်းပန်း နှိပ်စက်မှုများ ရှိနေသည့်တိုင်အောင် သူ၏ အိပ်မက် ရှုပါရုံမှာ ပျောက်ပျက်သွားခြင်း မရှိချေ။

မာတင်လူသာ၏ အိပ်မက်မှာ ယေရှုခရစ်တော်၏ ကယ်တင်ခြင်းကျေးဇူးတော်ကို လူတိုင်း လွတ်လပ်စွာ ဟောပြောခွင့် ရရှိရေးပင်ဖြစ်တော့သည်။ လူတိုင်းသည် ဘုရားသခင်၏ နှုတ်ခပတ်တော်ကို နားလည်နိုင်အောင် လူတိုင်း ဖတ်ရှု လေ့လာ နိုင်ရေးပင် ဖြစ်တော့သည်။ သူမသေမီမှာပင် သူ၏ နိုင်ငံမှ သန်းနှင့် ချီသော လူများသည် နှုတ်ခပတ် ကျမ်းစာ ကို ဖတ်ရှုနိုင် ခဲ့လေသည်။

အလက်ဇန္ဒြာ ကမ်းဘဲ နှင့်အတူ ဘာတွန် ဒဗလူ စတုန်း၊ ရက်ကွန် ဂျွန်စမစ်တို့၏ ရဲရင့်ပြက်သာသော ရူပါရုံမှာ ကမ္ဘာကြီး တစ်ခုလုံးတွင် အသင်းတော်နာမည်အမျိုးမျိုး ကွယ်ပျောက်သွားပြီး ခရစ်ယာန်ဟူသော အမည်တစ်ခုသာ တည်ရှိစေရန် ရူပါ ရုံ အိပ်မက်များ ရှိခဲ့သည်။ ထိုအလုပ်ကိုသာ ကျိုးစား ဆောင်ရွက်ခဲ့သည်။

၁။ မိမိ၏ ယူပါရုံအတွက် အသက်သိတ်ကြီးသွားပြီဆိုတာ မရှိပါ။

ယောရှု ၁၄း၁၀-၁၁ ကိုကြည့်လျှင် အသက် ရှယ်ဆယ့်ငါးနှစ်ရှိပြီဖြစ်ကြောင်း ပြောကြားထားပြီး ခွန်အားများလည်း ရှိနေဆဲ ဖြစ်ကြောင်း ဖော်ပြထားပါသည်။ လူတို့သည် အသက် ခြောက်ဆယ်ကျော် ခုနှစ်ဆယ်ရောက်လျှင် အားနည်းသွားသည်။ လုပ်နိုင်သည့် စွမ်းရည်များ လျှော့နည်းသွားသည်။ သို့သော်လည်း ကာလက်အတွက် ခွန်အားတွေ ရှိနေဆဲ၊ အိပ်မက်တွေ ကို အကောင်အထည်ဖော်ရန် အားရှိနေဆဲဟု ဖေါ်ပြထားပါသည်။

ကာလက်သည် ၄၅ နှစ်ခန့် ကြာခဲ့ပြီ ဖြစ်သော်လည်း သူ၏ ရူပါရုံမှာ အိပ်မက်များမှာ ပျောက်ပျက်မသွားခဲ့ပါ။ အဘယ် ကြောင့်ဆိုသော် ထိုအိပ်မက်မှာ ဘုရားသခင်ကိုယ်တော်တိုင်က ပေးထားသောကြောင့်ဖြစ်သည်။

ဂျော့ဖိုမန်ဆိုသူ လက်ဝှေ့သမားတစ်ယောက် ရှိပါတယ်။ တစ်ချိန်ကတော့ သူဟာ ဟဲဗီးဝိတ်ချန်ပီယံပါ။ ယခုအခါမှာ သူ ဟာ တရားဟောဆရာတစ်ယောက်ဖြစ်နေပါပြီ။ သိပ်မကြာခင်က သူ့အသက် (၄၂) နှစ်ပြည့်ခဲ့ပါတယ်။ အဲဒီအချိန်မှာ တခါ ပြန်ပြီး လက်ဝှေ့ထိုးဘို့ ကြိုးဝိုင်းစင်ပေါ်မှာ တက်လာခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူရဲ့ အမှုတော်လုပ်ငန်း အတွက် ငွေရှာဘို့ ဖြစ်ပါတယ်။ “ကျွန်တော် အခု ချန်ပီယံကို စိန်ခေါ်ပါမယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် ငွေလို နေလို့ဖြစ်ပါ တယ်။ ကျွန်တော်ဟာ Recreation centers for young boys ကို တည်ထောင်ဘို့ ဖြစ်ပါတယ်။ သူတို့လေးတွေကို လမ်းပေါ်ကနေ ခေါ်ယူဘို့ပါ။ သူတို့တွေ ဒုက္ခမရောက်စေချင်လို့ပါ” ဟု ပြောဆိုခဲ့ပါသည်။

သူစိန်ခေါ်ခဲ့သူမှာ Evander Holyfield ဖြစ်ပြီး ဟဲဗီဝိတ်လက်ဝှေ့ချန်ပီယံ တစ်ဦးဖြစ်သည်။ သူသည် အသက် (၂၈) နှစ်ရှိပြီး ၂၁၅ ပေါင် အလေးချိန်ရှိသည်။ ကျစ်လစ်သော ကြွက်သားကြီးများရှိသည်။ George Foreman မှာ အသက် (၄၂) နှစ်ရှိပြီး ကိုယ်အလေးချိန် ၂၅၇ ပေါင်ဖြစ်သည်။ သူ့၏ကြွက်သားများမှာ လူငယ်များကဲ့သို့ မကျစ်လစ်နိုင်တော့ချေ။ George Foreman သည် အပြင်အထန် လေ့ကျင့်ခန်းဆင်းပြီး ထိုစိန်ခေါ်ပွဲကို ထိုသတ်ရန် ပြင်ဆင်ခဲ့သည်။ လက်ဝှေ့ကို ကျွမ်းကျင် သူများက ထိုပြိုင်ပွဲကို မထိုးသတ်ရန် ဖြောင်းဖျခဲ့သည်။ သို့သော် George Foreman ကို ဖြောင်းဖြနိုင်ခဲ့ခြင်းမရှိချေ။ George Foreman မှာ ၂ ချီ ၃ ချီထက် ပိုမို ထိုးသတ်နိုင်လိမ့်မည်မဟုတ်ဟု ပြောဆိုခဲ့ကြသည်။

သို့သော်လက်တွေ့ ထိုးသတ်ချိန်တွင် George Foreman မှာ ၁၂ ချီတိုင်အောင် ထိုးသတ်ပြီး သူ၏ ခြေထောက်ပေါ်တွင် ခိုင်မြဲစွာ ရပ်တည်နေသည်ကို အံ့သြဘွယ် တွေ့မြင်ခဲ့ရသည်။ ထိုပြိုင်ပွဲတွင် ရှုံးနိမ့်ခဲ့ပါသည်။ သို့သော် ပြိုင်ပွဲပြီးသည်အထိ ထိုးသတ်နိုင်ခဲ့ပြီး နောက်ဆုံးဘဲလ်တီးချိန်တွင် ပြိုင်ဘက်နှစ်ဦး ပွေ့ဖက်ကာ အဆုံးသတ်ခဲ့သည်။ ပရိတ်များကလည်း လက်ခုတ်သြဘာ ပေးခဲ့ကြသည်။ သူသည် ထိုပြိုင်ပွဲတွင် လက်ဝှေ့ထိုးသတ်ကြေးကို ထိုက်ထိုက်တန်တန် ရရှိခဲ့လေသည်။

သူနှင့် အင်တာဗြူးတစ်ခုတွင် “ကျွန်တော် အဲဒီပြိုင်ပွဲမှာ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်ရဲ့ အိပ်မက်ကိုတော့ ကျွန်တော် အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်။” ဟူ၍ ဖြေကြားသွားပါသည်။ ထိုအဖြစ်အပျက်ကို စဉ်းစားကြည့်ပါ။ ကျွန်တော်တို့ အတွက် ဘုရားသခင်က အမှန်တကယ်ပေးထားသော ရှုပါရုံများ ရှိနေသည်ဆိုပါက အသက်ကြီးလွန်းပါပြီဟု ဘယ်တော့မှ ပြော၍ မရနိုင်ပါ။ ကာလက်အတွက် ဟေဗြုန်မြေကို သိမ်းယူရန်အတွက် အသက်ကြီးပါပြီ။ ခွန်အားနည်းနေပါပြီဟု ပြော၍ မရနိုင်ကြောင်း သင်ကိုယ်တိုင် ခံစားကြည့်ပါ။

(၂) ကျွန်တော်တို့ထဲမှာ အဲဒီယူပါရုံ ရှိနေရင် ဘုရားသခင်က ဘယ်တော့မှ ဆွဲနှုတ်သွားမည်မဟုတ်ပါ။

ယောရှု ၁၄း၁၁ အရ ကာလက်သည် ခွန်အားများ ရှိနေဆဲဟု ပြောဆိုသည့် ကျမ်းပိုဒ်ကို သင်ကိုယ်တိုင် ခံစားကြည့်ပါ။ ထိုစစ်ပွဲကို ဝင်ရောက်တိုက်ခိုက်ရန်အတွက် မည်သည့် ပြဿနာမျှ ကာလက်တွင်မရှိပါ။ သင်၏အသက် ၈၅ နှစ်အရွယ်တွင် ထိုသို့ ပြောဆိုနိုင်သည့်အခြေအနေ ရှိပါဦးမည်လား။ ကာလက်၏ ယူပါရုံ အိပ်မက်သည် ဘုရားသခင်ထံ တိုက်ရိုက် ရရှိ ထားခြင်း ဖြစ်သောကြောင့် ဘုရားသခင်က ခွန်အားများနှင့် စွမ်းရည်များကိုပါ တစ်ပါတည်း ပေးထားသည် အသက်ကြီး လာသော်လည်း လျော့ပါးသွားခြင်း၊ ခွန်အားနည်းသွားခြင်းတို့ မရှိခဲ့ချေ။

ယခင် အနှစ်လေးဆယ်က ရှိခဲ့သော အာနက လူကြီးများသည် ထိုနေရာတွင် ရှိမြဲရှိနေသော်လည်းဘဲ ကာလက်၏ စိတ် နှလုံးကို ဖျက်ဆီးနိုင်ခဲ့ခြင်းမရှိပါ။ ယနေ့ ကျွန်တော်တို့၏ အသကက်တာတွင် အာနကဟူသော လူ့ဘီလူကြီးများက သင်၏ အိပ်မက် ရူပါရုံများကို ဖျက်ဆီးပစ်ရန် ကြိုးစားအားထုပ်ပါလိမ့်မည်။ သို့သော် သင်၏ရူပါရုံသည် ဘုရားသခင်ပေးထားသော စစ်မှန်သော အိပ်မက် ရူပါရုံများဖြစ်ပါက သင့်ကို မည်သို့မျှ အနှောက်အယှက်မဖြစ်စေနိုင်ပါ။ သင့်ကို ဘုရားသခင်က ခွန်အားများနှင့် ရစ်ပတ်ပါလိမ့်မည်။ သင်သည် ဖိလ္လိပိ ၄း၁၃ အားဖြင့် ပြန်လည်ကြွေးကြော်ပါလိမ့်မည်။ “ငါ့ကို ခွန်အားနှင့် ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏” ဟူ၍ ဖြစ်ပါသည်။

ကာလက်သည် ဟေဗြန်နယ်ကို သိမ်းပိုက်ရန် ကြိုစားပြင်ဆင်ခွန်အားယူနေသည့်နည်းတူ၊ သင်သည် အစီအစဉ်တစ်ခု၊ လုပ်ငန်း အသစ်တခု လုပ်ဆောင် တော့မည်ဆိုလျှင် ထိုအရာသည် သင့်အတွက် နယ်မြေ အသစ်တစ်ခုပင် ဖြစ်ပေသည်။ ကျွန်တော်တို့သည် အချိန်မရွေး ကျဆုံးနိုင်သည်။ ကျွန်တော်တို့သည် မစုံလင်သောသူများ ဖြစ်ကြသည်။ ကျွန်တော်တို့ သည် အလုပ်တာဝန် အသစ်များ အတွက် ဆုတောင်းရမည်၊ အစီအစဉ်ချရမည်။ ကျွန်တော်တို့သည် မှားယွင်းကောင်း မှား ယွင်း နိုင်သည်။ သို့သော် ထိုအရာ အတွက် ရင်ဆိုင်လာရမည့် ပြသနာအသီးသီးကို ပြင်ဆင်ထားကြရမည်။ ကာလက်သည် ဟေဗြုန်မြေကို ရယူရန် လွန်ခဲ့သော (၄၅) နှစ်က စိတ်နှလုံးတွင် ရှိခဲ့သော်လည်း ထိုအချိန်က ဖြစ်မလာခဲ့။ ယခုတစ်ဖန် ကြိုးစားရယူရန် ထပ်မံ ခွန်အားမွေး ပြင်ဆင်ရသည်။ သင့်အသက်တာတွင် သင်၏ ယူပါရုံ အိပ်မက် လက်တွေ့ အကောင်အထည်ဖော်ရန် တစ်ခါတည်း အဆင်ပြေ အောင်မြင်ချင်မှ အောင်မြင်ပါလိမ့်မည်။ စိတ်ဓါတ်ကျ အားလျော့ သွားခြင်း မဖြစ်ပါနှင့်။ ဘုရားသခင်က သင့်ကို နောက်တစ်ကြိမ် အတွက် ခွန်အားများဖြင့် ပတ်ရစ်ပါလိမ့်မည်။

(၃) ဘုရားသခင်က ကျွန်တော်တို့ရဲ့ ယူပါရုံတွေကို အောင်မြင်ရသောအခွင့်ကို ပေးလိမ့်မည်။

နောက်ဆုံး ပြောချင်တာကတော့ အခန်းငယ် (၁၂) မှာ ယောရှုက ပြောခဲ့တာကို ကြည့်ပါ။

“ဤတောင်ကို ကျွန်ုပ်အားပေး ပါ။ ဤတောင်ပေါ်မှာ အာနက လူရှိကြောင်းကို၎င်း၊ ထို့နေ့၌ ကိုယ်တော်ကြားရပြီ။ သို့ရာတွင် ထာဝရဘုရားသည် အကျွန်ုပ် နှင့်အတူ ရှိတော်မူလျှင် အမိန့်တော်ရှိသည်ျအတိုင်း ထိုသူတို့ကို နှင်ထုပ်ခြင်းငှါ အကျွန်ုပ် တတ်စွမ်းနိုင်ပါသည်ဟု လျှောက်ဆို၏။”

ကျွန်တော်တို့ဟာ လူ့ဘီလူကြီးတွေကို မသတ်နိုင်ပါဘူး။ ဘုရားသခင်ကသာ သတ်မှာ ဖြစ်ပါတယ်။

ဘုရားသခင်ဟာ မောရှည်ကို ဣသရေလ လူတွေကို ကယ်ထုပ်နိုင်အောင် ကူညီခဲ့တယ်။

ဘုရားသခင်ဟာ ဂိဒေါင်ကို လူ (၃၀၀)ထဲနဲ့ ရန်သူ မိဒါန် လူတွေကို တံပိုးမှုတ်ပြီး တိုက်နိုင်အောင် အကူအညီပေးခဲ့တယ်။

ဘုရားသခင်ဟာ ဒါဝိတ်ကလေးနဲ့ အတူပါရှိပြီး ကျောက်ခဲလုံးလေးတွေနဲ့ဘဲဂေါလျက်ကြီးကို အနိုင်ယူပေးလိုက်တယ်။

ဘုရားသခင်ဟာ တမန်တော်များနဲ့ အတူပါရှိပြီး ကယ်တင်ခြင်း သတင်းကောင်းကို ရောမအင်ပါယာကြီးတစ်ခုလုံး ပြန့်နှံ့သွားအောင် လုပ်ဆောင် ကူညီပေးလိုက်တယ်။

ကျွန်တော်တို့သည် ယနေ့ ကျွန်တော်တို့တွင် ရှိနေသည့် အိပ်မက် ရူပါရုံများအတွက် ဘုရားသခင်က ကူညီမစမည်ကို သံသယကင်မဲ့စွာ ယုံကြည်ထားပါသည်။ လုပ်ဆောင်ရမည့် အလုပ်များအတွက် ကျွန်တော်တို့ ကြိုစားအားထုပ်ဘို့ လိုအပ်လာသည့်အခါတိုင်း ကိုယ်တော်က ပြောမည်မှာ “ မင်းတစ်ယောက်ထဲ မသွားစေချင်ပါဘူး။ မင်းနဲ့ အတူငါသွားမယ်။ မင်းရဲ့ အိပ်မက်တွေကို အကောင်အထည်ပေါ်ဘို့ ငါလည်းကူညီမယ်” ပြောပါလိမ့်မည်။

သင်၏ ရူပါရုံများ၊ လုပ်ဆောင်လိုသည့်အရာများ၊ အခက်အခဲများ မည်မျှ ကြီးမားသည်ဖြစ်စေ ဘုရားသခင်ကတော့ သင်ကို ဘယ်သောအခါမျှ ရှုံးစေမည်မဟုတ်ပါ။ သင်၏ အိပ်မက် ရူပါရုံများ အောင်မြင်လာစေရန် ကူညီမစခြင်းဖြင့် အောင်မြင်ခြင်းကို ရယူခံစားနိုင်ပါလိမ့်မည်။

၃၁။ကျွန်ုပ်တို့၏မျှော်လင့်ခြင်း

ယနေ့ လူသားတိုင်းသည် မျှော်လင့်ချက် အမျိုးမျိုး ရှိနေကြ ပါသည်။ စီးပွားရေး၊ လူမှုရေး၊ မိသားစုအရေး စသည် ဖြင့် ပွင့်လင်းလာသော လက်ရှိအခြေအနေကို အမှီပြု၍ မျှော်လင့်သော အရာ အမျိုးမျိုး ရှိနေကြပါသည်။ သို့သော် ယနေ့ ကျွန်ုပ်တို့၏ မျှော်လင့်ခြင်းသည် လောကသားတို့၏ မျှော်လင့်ခြင်းများနှင့် များစွာကွာခြားနေပါသည်။ ယနေ့ ယုံကြည်သူတို့၏ မျှော်လင့်ခြင်းသည်ကား ဘုရားသခင်၌သာ ဖြစ်ပါသည်။ ထိုအကြောင်းအရာနှင့် ပတ်သတ်၍ သမ္မာ ကျမ်းစာမှ ဖတ်ကြားလိုသည့် အချက်တစ်ခုမှာ ဇာခရိ ၉း၁၂ ဖြစ်ပါသည်။

အချုပ်ခံ၍ မျှော်လင့်သောသူတို့ ရဲတိုက်သို့ ပြန်လာကြလော့။ ငါသည် နှစ်ဆသော ကျေးဇူးကို ပြုဦးမည်ဟု ယနေ့ ပင် ပြောထား၏။ (ဇာခရိ ၉း၁၂)

ထိုကျမ်းပိုဒ်တွင် အချုပ်ခံ၍ မျှော်လင့်သောသူ ဟူသောသူတို့ကို ရည်ညွှန်းထားပါသည်။ ဘုရားသခင်၌ ရှိနေသော သူတို့သည် နောက်ဆုံးအခြေအနေထိ တိုင်အောင် မျှော်လင့်စရာ ရှိနေကြပါသည်။ အခြေအနေက မည်မျှပင် ဆိုးရွား နေစေကာမူ ဘုရားသခင်က လက်ရှိအနေအထားကို ပြောင်းလဲပစ်နိုင် ပါသည်။ ထို့ကြောင့် မည်သည့် အခြေအနေတွင်မဆို ဘုရားသခင်၌ မျှော်လင့်စရာကတော့ ရှိနေပါသည်။ ထို့ကြောင့် ထိုမျှော်လင့်ခြင်းနှင့် ပတ်သတ် ပြီး အချက် သုံးချက် တင်ပြလိုပါသည်။

(၁) အသက်ရှင်သော မျှော်လင့်ခြင်း

ကျွန်တော်တို့၏ အသက်ရှင်ခြင်းသည် မျှော်လင့်ခြင်းနှင့် ပတ်သတ် ဆက်နွယ်နေပါသည်။ ယနေ့ ခေတ် ကာလ တွင် ကိုးရီးယားနိုင်ငံသည် မိမိကိုယ် မိမိ အဆုံးစီရင်မှုနှုံး အမြင့်ဆုံးဟု သိရပါသည်။ အခြေအနေက ငွေကြေး ချမ်းသာ ကြွယ်ဝနေသူ၊ ပညာတတ်သူ၊ ရာထူးရှိသူ . . . အစရှိသဖြင့် ဖြစ်နေသော်လည်း မျှော်လင့်ချက် ကုန်ဆုံး သွားပြီဆိုပါက လူ့လောကတွင် ဆက်လက် အသက်ရှင်နေထိုင်လိုစိတ် ကုန်ဆုံးသွားတတ်ကြပါသည်။ သို့သော် မျှော်လင့်ချက်များ ရှိနေပါက အခြေအနေ မည်မျှပင် ခက်ခဲနေစေကာမူ အသက်ရှင်ရသည်မှာ အားနှင့် ပြည့်စုံနေ တတ်ပါသည်။ ထို့ကြောင့် မျှော်လင့်ခြင်း ရှိနေဘို့ အလွန်အရေးကြီးပါသည်။ မျှော်လင့်ခြင်း မရှိတော့လျှင် ထိုသူ၏ နောက်မှ ဝမ်းနည်းခြင်းများ လိုက်ပါလာတတ်ပြီး အဆုံးသို့ ရောက်ရှိသွား တတ်ပါသည်။

၁ သက် ၄း၁၃ တွင် ဖော်ပြထားသည်မှာ

ညီအကိုတို့ မျှော်လင့်ခြင်းမရှိသော အခြားသူတို့သည် ဝမ်းနည်းသကဲ့သို့ သင်တို့သည် ဝမ်းမနည်းမည်အကြောင်း အိပ်ပျော်သောသူတို့၏ အမှုအရာကို မသိဘဲ နေစေခြင်းငှါ ငါအလိုမရှိ။ (၁ သက် ၄း၁၃)

ထိုကျမ်းပိုဒ်တွင် မျှော်လင့်ခြင်းနှင့် ဝမ်းနည်းခြင်းကို ပေါင်းစပ် မှီတွယ်နေသည့် အသွင်ဖြင့် ရေးသားထားသည်ကို တွေ့ရှိရပေမည်။ ထို့ကြောင့် လူတို့သည် မျှော်လင့်ခြင်း မရှိလျှင် ဝမ်းနည်းမည်ဖြစ်ပြီး၊ မျှော်လင့်ခြင်း ရှိနေလျှင်တော့ ဝမ်းမြောက်ခြင်း ခံစားရမည်သာ ဖြစ်ပါသည်။ ထို့ကြောင့် သင်သည် မည်မျှ ခက်ခဲ အဆင်မပြေမှုများ ကြုံတွေ့ရ သည် ဖြစ်စေ လုံးဝ အရေးမကြီးပါ။ သင့်ထံတွင် မျှော်လင့်ခြင်း ရှိဘို့သာ အရေးကြီးပါသည်။ ထိုမျှော်လင့်ခြင်း ဘုရား သခင်၌သာ ဖြစ်ပြီး၊ ထိုကဲ့သို့သော မျှော်လင့်ခြင်းကို အသက်ရှင်သော မျှော်လင့်ခြင်းဟု ခေါ်ဆိုနိုင်ပါသည်။

အထက်တွင် အခြေပြုဖေါ်ပြခဲ့သော ဇာခရိ ကျမ်းပိုဒ်တွင် မျှော်လင့်ချက် မဲ့နေသူများအတွက် ဖေါ်ပြထားသည်မှာ “ငါသည် နှစ်ဆသော ကျေးဇူးကို ပြုဦးမည်” ဟုဖေါ်ပြထားပါသည်။ ဆိုလိုသည်မှာ သင့်ထံတွင် ရှိသော ပြဿနာကို အဆင်ပြေရုံမျှသာ ဘုရားသခင်က ကူညီ မစမည် ဆိုသည်ထက် ကောင်းကြီး မင်္ဂလာနှင့် ထပ်မံရစ်ပတ်ဦးမည်ဟု ဆိုနေသယောင် ခံစားမိပါသည်။

ကျွန်တော်တို့သည် တစ်ချိန်က ကြုံတွေ့ခံစားခဲ့သော ပြဿနာများကို ပြန်လည်ခံစားတမ်းတနေသောသူများ မရှိပါ။ သို့သော် ထိုပြဿနာ ခံစားရပြီး နောက်ပိုင်းတွင် ကြုံတွေ့ရသော ကောင်းကြီးမင်္ဂလာများကို ပြန်လည်ခံစား ကျေးဇူးတော် ချီးမွမ်းတတ် သောသူ အများအပြား ရှိကြသည် မဟုတ်ပါလား။ ဘုရားသခင်သည် သင့်ခံစားရသော ပြဿနာကို ခံစားဝမ်းနည်းနေရသည်ထက် သင့်ကို ကောင်းကြီးမင်္ဂလာပေးလိုသော အကြံအစည်တော်က ပိုမို ကြီးမား ပါသည်။ ထိုကဲ့သို့သော မျှော်လင့်ခြင်းကို အသက်ရှင်သော မျှော်လင့်ခြင်းဟု သတ်မှတ်နိုင်ပါသည်။ လောက သားများ၏ မျှော်လင့်ခြင်းမူကား ဘုရားသခင်၏ အစွမ်းတန်ခိုးများ အပေါ်တွင် အခြေပြုထားခြင်း မဟုတ်ပေ။ ထိုသူတို့၏ မျှော်လင့်ခြင်းမူကား သေနေသောသူတို့၏ မျှော်လင့်ခြင်းသာ ဖြစ်ပေတော့သည်။

(၂) မသေနိုင်သော မျှော်လင့်ခြင်း

ပိုမို၍ အဆင့်မြင့်သော မျှော်လင့်ခြင်းဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် အသက်ရှိသော သတ္တဝါတိုင်းသည် သေခြင်း တရားကို မလွဲမသွေ ခံစားရကြပါသည်။ ယုံကြည်သူတို့ အတွက် ပြဿနာ အခက်အခဲများ ကြုံတွေ့ရ တိုင်း ပင်ပန်းနွမ်းနယ်မှုကို ခံစားရကြသည်။ သို့သော် ဘုရားသခင်က ပြန်လည် လန်းဆန်းလာစေရန် အမြဲတမ်း လုပ်ဆောင်ပေးတတ်သည်။

သတ္တဝါတိုင်းသည် အသက်ကြီး လာသည်နှင့်အမျှ အားလျှော့လာပြီး၊ နောက်ဆုံးတွင် ဘုန်းဘုန်းလဲ သွားတတ် သည်။ သို့သော် ရွှေလင်းယုန် ဟူသော ငှက်သတ္တဝါသည် မည်မျှပင် အားလျှော့၊ ပင်ပန်းနေစေကာမူ နေကိုကြည့် ခြင်းဖြင့် သူတို့၏ အင်အားများကို ပြန်လည်ရရှိကာ လမ်းဆန်းစေပါသည်။ ယုံကြည်သူတို့၏ အသက်တာသည် မည်မျှပင် ခက်ခဲအားကုန်ခန်းကာ ဝမ်းနည်းခြင်း ခံစားနေရပါစေ၊ ဘုရားသခင်က သင့်ကို ပြန်လည် သိမ်းဆည်းခြင်း ဖြင့် သင့်အသက်တာကို အသစ်သော လန်းဆန်းမှုကို ပြုလုပ်ပေးနေပါသည်။ သင့်ကို ဘုရားသခင်က ရွှေလင်းယုန် ကဲ့သို့ ဖန်ဆင်းထားသည်။ ဘုရားသခင်ကို ကြည့်ပြီး အသက်ရှင်သောအခါတိုင်း သင့်ထံမှ လျှော့ပါးသွားသော ခွန်အား များကို ပြန်လည် ပြည့်ဝစေမည် ဖြစ်ပါသည်။ တစ်ခါ တစ်ရံ မိမိတို့ မျှော်လင့်ခဲ့သော အရာများသည် ဘာမျှ ဖြစ်မလာသောကြောင့် ထိုမျှော်လင့်ခဲ့သောအရာများကို မေ့လျှော့ သွားသည့် အချိန်များ ရှိတတ်ကြပါသည်။ “ငါမျှော်လင့် ခဲ့သည့်အရာမှာ ဘာမှ မဟုတ်ပါလား” ဟု တွေးထင်ခဲ့သည့်အရာများ ရှိတတ်ကြပါသည်။ သမ္မာ ကျမ်းစာတွင် ထိုကဲ့သို့ ခံစားချက်မျိုးကို ယာကုတ်ထံတွင် တွေ့ရှိရပါသည်။ ကျွန်တော်တို့၏ မျှော်လင့်ခြင်း အခြား တစ်ဘက်တွင် အချိန်မည်မျှ ကြာနေပါစေ ဘုရားသခင်သည် အလုပ်လုပ်လျက် ရှိနေသည်ဆိုခြင်းကို သင်နားလည် စေချင်ပါသည်။

ကျမ်းစာထဲတွင် “ယာကုတ်” ဟူသောအမည်မှာ “လှည့်စားသူ” ဟု အဓိပ္ပါယ်ရှိသော်လည်း ထိုအခြေအနေမျိုးတွင် ဘုရားသခင်က တစ်သက်လုံး မထားခဲ့ပါ။ “ဘုရားသခင်၏ မင်းသားလေး” ဟု အဓိပ္ပါယ်ရသော “ဣသရေလ” ဟူသော နာမည်ဖြင့် သူ၏ အသက်တာကို အဆုံးသတ်စေခဲ့ပါသည်။ ယာကုတ်သည် မိမိအလွန်ချစ်သော သား ယောသပ်နှင့် ကွဲကွာသွားခဲ့သည်မှာ နည်းသောနှစ် မဟုတ်ချေ။ ယောသပ် အိမ်မက်စတင်မက်ခဲ့ချိန်မှ စတင်ကာ ရောင်းစားခံ၊ ကျွန်ခံ၊ ထောင်ကျ၊ ပြန်လွတ်၊ အိမ်ထောင်ကျ၊ နန်းတော်သို့ရောက် . . . စသည့် အချိန်ကာလသည် အနှစ် (၂၀)ခန့် ရှိသည်ဟု သိရပါသည်။ ယာကုတ် အတွက် သားနှင့် ကွဲကွာသွားခဲ့သည်မှာ ငါးနှစ်၊ ဆယ်နှစ်သာမက အနှစ် နှစ်ဆယ်ခန့် ကြာခဲ့ပြီ ဖြစ်သဖြင့် မျှော်လင့်ချက် သေဆုံး နေပြီဟု ဆိုနိုင်ပါသည်။ သို့သော် ယာကုတ်၏ မျှော်လင့်ခြင်း အခြားတစ်ဘက်တွင် ဘုရားသခင်သည် ကြီးမားသော လက်တော်ဖြင့် အလုပ်ကြီး လုပ်နေခဲ့သည် မဟုတ်ပါလား။

ယောသပ်နှင့် ပြန်လည်တွေ့ဆုံသည့်အချိန်တွင် ယာကုတ်ခံစားခဲ့ရသော ဆင်းရဲခြင်းနှင့် ဝမ်းနည်းခြင်း ကြေကွဲခြင်း တို့သည် ဝမ်းမြောက်ခြင်းသို့ ကူးပြောင်းကာ ကောင်းကြီး မင်္ဂလာများအဖြစ် အသွင်ပြောင်းပြီး ယာကုတ် ခံစားခဲ့ရ ပါသည်။ ထိုကဲ့သို့ပင် သင့်အသက်တာတွင် ခံစား ဝမ်းနည်းနေခဲ့ရသော အချိန်ကာလများ အတွက် ကြေကွဲ ဝမ်းနည်းမှု မဖြစ်စေချင်ပါ။ ဘုရားသခင်သည် အချိန်ကာလ မည်မျှပင် ကြာနေစေကာမူ သင့်၏ မျှော်လင့်ခြင်း အကျိုး ရလဒ်ကို ဖြည့်ဆည်း ပေးရန် ပြင်ဆင် လုပ်ဆောင်နေပါသည်။ သင်ထားရှိသောမျှော်လင့်ခြင်းသည် အချိန် ကာလ များစွာကြာခဲ့သဖြင့် သေဆုံးသွားပြီဟု မခံစားသင့်ပါ။

(၃) ရှင်ပြန်ထမြောက်ခြင်း တန်ခိုးနှင့် ပြည့်သော မျှော်လင့်ခြင်း

သမ္မာ ကျမ်းစာထဲတွင် သခင်ယေရှု ခရစ်တော် ပြန်လည် ရှင်ပြန် ထမြောက်စေခဲ့သော လူပုဂ္ဂိုလ် (၃) ဦးရှိပါသည်။ ပထမ တစ်ဦးမှာ အသက်ငယ်ရွယ်သေး သော ယာဣရု၏ သမီးဖြစ်ပါသည်။ လူတို့သည် ထိုသမီး သေဆုံးသွား သောကြောင့် ဝမ်းနည်း ကြေကွဲနေပါသည်။ အဘယ်ကြောင့် ဆိုသော် မျှော်လင့်ချက် ကုန်ဆုံးသွားသောကြောင့် ဖြစ်ပါသည်။ မိန်ခလေး၏ မိဘများ ကိုယ်တိုင် ဝမ်းနည်းကြသည်။ လူသားတိုင်းအတွက် ထိုအခြေအနေသည် မည်သည့် ပညာ၊ အစွမ်း၊ တန်ခိုး၊ ရာထူးများ ကိုင်ဆောင်ထားနေစေကာမူ ထိုအခြေအနေသည် နောက်ဆုံး ဖြစ်သည်။ မည်သို့မျှ ပြန်လည် အသက်ရှင်လာဘို့၊ မျှော်လင့်ချက် များ ဆောင်ယူလာဘို့ မည်သို့မျှ မဖြစ်နိုင်ချေ။ ဘုရားသခင် သည်သာလျှင် မျှော်လင့်ခြင်း ဖြစ်ချေတော့သည်။ လူတို့ကို ဘယ်သောအခါမျှ ဘုရားသခင် သည် ဝမ်းနည်းခြင်းထဲတွင် ဖုံးအုပ်မထားချေ။ သခင်ယေရှုသည် အရာရာတိုင်း အတွက် မျှော်လင့်ခြင်း ဖြစ်သည် ဆိုသည် ကို သူတို့ နားမလည် ခဲ့ကြချေ။ သို့သော် သခင် ယေရှုသည် ထိုနေရာသို့ ရောက်ရှိ သွားသောအခါ ထိုမိန်ခလေးမှာ ပြန်လည် အသက်ရှင် လာပါသည်။ ထိုအခါမှ သူမ၏ မိဘများ နားလည်ခဲ့ကြသည်မှာ “သခင်ယေရှုသည်သာလျှင် မျှော်လင့်ရာ” ဖြစ်ကြောင်း သိရှိနားလည်လာကြပါသည်။ မည်မျှပင် အခြေအနေဆိုးကာ နောက်ဆုံး အခြေအနေ ဖြစ်နေပါစေ ဘုရားသခင်က သင့်ကို ပြန်လည် တည့်မတ်စေကာ အောင်မြင်မှုများဖြင့် ဖြည့်ဆည်း ပေးမည် ဆိုသည်ကို ဘယ်သော အခါမျှ မမေ့စေချင်ပါ။

ဒုတိယတစ်ယောက်မှာ သေပြီးနောက် ထမ်းစင်ဖြင့် ထမ်းကာ သုဿာန်သို့ ပို့ဆောင်နေသည့် အချိန်ဖြစ်သည်။ မည်သည့် မျှော်လင့်ချက်မှ မရှိနိုင်သော အခြေအနေဖြစ်သည်။ မျှော်လင့်ချက် ကုန်ဆုံးနေသောကြောင့် ထိုအလောင်း ကြီးကို မြေသို့ မြုတ်နှံရန် ပြင်ဆင်လုပ်ဆောင်နေခြင်းဖြစ်သည်။ သို့သော် သခင်ယေရှုနှင့် တွေ့သော အချိန်တွင် ပြန်လည် ထမြောက်လာလေတော့သည်။

နောက်ဆုံးတစ်ယောက်မှာ လာဇရုဖြစ်သည်။ သေပြီးသည်သာမက အုပ်ဂူတွင် မြုတ်နှံပြီးသည့်အခြေအနေ ဖြစ်သည်။ မည်သို့မျှ မျှော်လင့်ခြင်းမရှိပါ။ သေပြီး ပုပ်နေသော အခြေအနေဖြစ်သည်။ သို့သော် ယေရှုက အော်ဟစ်ကာ ခေါ်ယူ လိုက်သောအခါ အပုပ်နံ့ ကင်းစင်မှုများဖြင့် ပြန်လည် ထမြောက်လာ ပါတော့သည်။ အုပ်ဂူထဲမှ ထွက်လာပါတော့သည်။

လူ့အခြေအနေအရ ထိုအခြေအနေသည် မည်သို့မျှ အောင်မြင် အဆင်ပြေရန် မဖြစ်နိုင်။ သို့သော် ဘုရားသခင်သည် ရှင်ပြန် ထမြောက်ခြင်း တန်ခိုးတော်ဖြင့် လူတို့၏ လက်ရှိ အခြေအနေ အသီးသီးကို မှောက်လှန်ဖျက်ဆီးကာ လူတို့ မမျှော်လင့်နိုင်သည့် အခြေအနေကို ဖန်းတီးပေးတော်မူခဲ့သည်။ ဘုရားသခင်သည် သင်ဘာမျှ မလုပ်ဆောင် နိုင်သော အခြေအနေ မှာပင် ရှင်ပြန်ထမြောက်ခြင်း တန်ခိုးတော်နှင့် ပြည့်ဝသောကြောင့် သေနေသော သင့်၏ မျှော်လင့်ခြင်းအခြေအနေကို ပြန်လည် ရှင်သန်ကြီးထွားစေနိုင်သည် ဆိုသည်ကို မမေ့ပါနှင့်။

သင့် အသက်တာထဲမှ ခက်ခဲ အားနည်းနေသော အခြေအနေ အသီးသီး အတွက် မျှော်လင့်ချက်များဖြင့် အသက်ရှင် နိုင်ရန် ယခုကဲ့သို့ ဝေငှလိုက်ပါသည်။ (၁) အသက်ရှင်သော မျှော်လင့်ခြင်း ရှိပါစေ၊ (၂) သင်၏ မျှော်လင့်ခြင်းသည် ဘယ်သောအခါမျှ သေမသွားပါစေနှင့်၊ (၃) သေနေသော မျှော်လင့်ချက်များ ရှိနေသည့် တိုင်အောင် ဘုရားသခင်က ရှင်ပြန်ထမြောက်ခြင်း တန်ခိုးတော်နှင့် ပြည့်ဝသော ဘုရားဖြစ်သည်ကို အသက်တာတွင် စွဲမြဲစွာ မှတ်သားထား စေချင်ပါသည်။ ဘုရားသခင် ကောင်းကြီးပေးပါစေ။ (အာမင်)

၃၂။ဘာမှမရှိခြင်း၏တစ်ခြားတစ်ဘက်တွင်

၃ရာ ၁၈း၄၁-၄၅ တွင်

ထို့နောက်မှ ဧလိယက မင်းကြီးသည်၊ စားသောက်ခြင်းငှါ တက်သွားပါလော့။ များစွာသောမိုး ရွာမည့် အသံရှိသည်ဟု အာဟပ်အား ပြောဆိုလျှင် အာဟပ်သည် စားသောက်ခြင်းငှါ တက်သွား ၏။ ဧလိယသည် ကရမေလ တောင်ပေါ်သို့ တတ်၍ မြေ၌ ပျက်ဝပ်လျက် မျက်နှာကို ဒူးကြားမှာ ထားလျက် မိမိကျွန်အား သင်တက်၍ ပင်လယ်ဘက်သို့ ကြည့်ရှုလော့ဟု ဆိုသည့်အတိုင်း၊ ကျွန် သည်တတ်၍ ကြည့်ရှုလျှင် အဘယ်အရာမျှ မရှိပါဟု ပြောဆို၏။ ဧလိယက ခုနှစ်ကြိမ် တိုင်အောင် သွား၍ ကြည့်ရှုဦးလော့ဟု ဆို၏။ ခုနှစ်ကြိမ် မြောက်သောအခါ လူလက်နှင့် တူသော မိုးတိမ်ငယ် တစ်ခုသည် ပင်လယ်ထဲက တက်ပါ၏ဟု ဆိုသော် အာဟပ်မင်းထံသို့ သွားလော့။ မိုးရွာ၍ ဆီးတား မည်ကို စိုးရိမ်စရာ ရှိသောကြောင့် မင်းကြီး ပြင်ဆင်၍ ပြန်သွားမည် အကြောင်း လျှောက် ထားလော့ဟု မှာလိုက်လေ၏။ မကြာမမြင့်မှီ မိုးကောင်းကင်သည် မိုးသက်မုန်တိုင်း နှင့် မည်း ၍ ပြင်းစွာ မိုးရွာ၏။ (၃ရာ ၁၈း၄၁-၄၅)

ငတ်မွတ်ခေါင်းပါးမှု ကပ်ဘေး ကျရောက်ခြင်း

ကျွန်တော်တို့အားလုံး ထိုကဲ့သို့သော ပြဿနာ အတွေ့အကြုံ မရှိကြပါ။ ကျွန်တော်တို့သည် ရက်အနည်းငယ် (သို့) လ အနည်း ငယ် လောက် မိုးမရွာခြင်း၊ ရာသီဥတု ပြင်းထန်ခြင်း စသည့် အတွေ့အကြုံလောက်ကို လူတိုင်း ခံစားဘူးပါသည်။ သို့သော် (၃) နှစ် (၆) ပတ်လုံး မိုးမရွာသည်ကို တော့ သင်ကိုယ်တိုင် စဉ်းစား ခံစားကြည့်ပါ။ တကယ် မလွယ်ကူသည့် အမှု ဖြစ်ပါသည်။

ဣသရေလ ကလေးငယ်များသည် မုန့်ခွက်ထဲမှာ ဂျုံနယ်မှု မပြုနိုင်ဘဲ၊ အစားအစာ မလုပ်ရသည်မှာ ကြာလှပေပြီ။ မိုးရွာထဲမှာ ထွက်၍ မကစားနိုင် သည်မှာ ကြာလှပေပြီ။ ရွံ့ရုပ်ကလေးတွေ လုပ်ပြီး ကစားသည် ဆိုသည်မှာ ဘာမှန်းပင် မသိတော့ချေ။

ထိုသူတို့သည် ခြောက်သွေ့ခြင်း နှင့် ငြီးငွေ့ခြင်းကိုသာ ခံစားနေရသည်။ စိုက်ပျိုးသော်လည်း အကျိုးတရား မခံစားရ။ လုပ်သ မျှ အောင်မြင်မှု အကျိုးကို မခံစားရနိုင်။

ကျွန်တော်တို့ ခရစ်ယာန်များတွင် ထိုကဲ့သို့ ခံစားချက်မျိုး ရှိနိုင်ပါသည်။ အသက်တာတွင် မိုးခေါင်သကဲ့သို့ ခံစားနေရသည့် အချိန်များ ရှိနိုင်ပါသည်။ ကျွန်တော်ပြောသော ထိုကဲ့သို့ ခံစားမှု မျိုး သင်ခံစားဘူးပါသလား။

ကျွန်တော် ကိုယ်တိုင် ထိုကဲ့သို့ ခံစားမှုမျိုး ခံစားဘူးပါသည်။

ထမင်းစားဘို့ အတင်းဆုတောင်းခဲ့သည်။ သို့သော် ငတ်မွတ်ခြင်းကိုသာ ခံစားခဲ့ရသည်။

ဘတ်(စ်)ကားခအတွက် ဆုတောင်းခဲ့သည်။ သို့သော် ခြေလျှင်သာ လျှောက်ခဲ့ရသည်။

အ၀တ်အစား အတွက် ဆုတောင်းခဲ့သည်။ သို့သော် အစုတ်ကလေးနှင့်သာ ကျေနပ်ခဲ့ရသည်။

စသည်ဖြင့် ပြောပြမည်ဆိုလျှင် အကြောင်းအရာများက ပြော၍ မကုန်နိုင်တော့။

ကျွန်တော်တို့အတွက် မိုးခေါင်းသည့် နေ့ရက်များပင် ဖြစ်ပေတော့သည်။

ထိုအခြေအနေကို ဆာလံဆရာ ကိုယ်တိုင်က မှတ်တမ်းတင်ဘူးပါသည်။ ဆာလံ ၃၂း၎ တွင်ဖြစ်သည်။

“နေ့ညဥ့်မပြက် ကိုယ်တော်၏ လက်သည် အကျွန်ုပ်အပေါ်မှာ လေး၍ အကျွန်ုပ်၏ ချွေးရည် သည် နွေကာလ၌ သွေခြောက်ခြင်းကဲ့သို့ ဖြစ်ပါ၏။”(ဆာလံ ၃၂း၎)

ထိုကဲ့သို့သော အခြေအနေမျိုးကို ကျွန်တော်တို့ ခံစားဘူးသည် ဆိုသည့်တိုင်အောင် ထိုသူတို့ကဲ့သို့ မဟုတ်ချေ။ ကျွန်တော် တို့သည် ယခုအခါ ကောင်းမွန်စွာ သွားလာနိုင်ကြသည်။ ချီးမွမ်းနိုင်ကြသည်။ ထိုင်နိုင်ကြသည်။ တီဗွီ ကြည့်နိုင်သည်။ အိပ်ပျော် နိုင်ကြသည်။ ကျွန်တော်တို့၏ ကလေးများသည် ဆော့ကစား နိုင်ကြသည်။ ပျော်ရွှင် မြူးတူး နိုင်ကြသည်။ ဣသရေလ လူမျိုးတို့ ၏ ငတ်မွတ်ခေါင်းပါး မှုများသည် ထိုအခြေအနေများ အားလုံး ပျောက်ဆုံး နေကြသည် မဟုတ်ပါလား။

ပရောဖတ်ကြီး ဧလိယ ကိုယ်တိုင် ထိုအခြေအနေကို သိထားပါသည်။ သို့သော် ထိုပြဿနာသည် အမြဲတမ်း ဖြစ်နေမည်တော့ မဟုတ်။ ထိုအမှု အရာသည် ဣသရေလ လူမျိုးတို့တွင် တစ်ကြိမ်တစ်ခါ ဖြစ်သည့် အဖြစ် အပျက်သာ ဖြစ်ပါသည်။ ထိုကဲ့သို့ ကျွန်တော်တို့ လည်း သိထားရမည် ဖြစ်ပါသည်။

ခြောက်သွေ့ခြင်းဆိုသည်မှာ အမြဲထာဝရတော့ မဖြစ်နိုင်ပါ။

ငြီးငွေ့ခြင်းဆိုသည်မှာ အမြဲတမ်းတော့ မဖြစ်နိုင်ပါ။

မြုံသည် (ကျိုးစားအားထုပ်သမျှ မဖြစ်ထွန်း) ဆိုသည်မှာ အမြဲတမ်း မဖြစ်နိုင်ပါ။

ဘုရားသခင်သည် နေပူမှ အရိပ်သို့ ပြောင်းပေးပါသည်။

ခြောက်သွေ့ခြင်းမှ ဧမြခြင်းသို့ ပြောင်းပေးပါသည်။

မြုံခြင်းမှ ပွားများခြင်းသို့ ပြောင်းပေးပါသည်။

ညှိုးငယ်ခြင်းမှ လန်းဆန်းလှပခြင်းသို့ ပြောင်းပေးနေပါသည်။

မြစ်ရေသည် ဆက်လက် စီးဆင်း ပါတော့မည်။ လေပြေသည် ဆက်လက် တိုက်ခတ်ရန် ပြင်ဆင်နေပါသည်။ ဘုရားသခင်၏ မျက်မှောက်တော်သည် သင်၏ အသက်တာထဲမှ မိုးခေါင်ခြင်းကို ရွေ့လျားစေပါတော့မည်။

ထိုခြောက်သွေ့ခြင်းသည် လက်ရှိကာလတွင် တစ်ယောက်ခြင်းစီ အပေါ်တွင် ရှိနေတတ်သည်။ တစ်ခါတစ်ရံ အသင်းတော် အပေါ်တွင် လည်းကောင်း၊ ကျွန်တော်တို့၏ အမှုတော်မြတ် အပေါ်တွင် လည်းကောင်း၊ ကျွန်တော်တို့ အားလုံးအပေါ်တွင် လည်းကောင်း ရှိနေတတ်ပါသည်။

ထိုအခြေအနေကို အခြားသူများ ခံစားရသကဲ့သို့ ဧလိယ ကိုယ်တိုင်လည်း ခံစားရပါသည်။ ၁ရာ ၁၇း၆-၇ တွင် ဖေါ်ပြသည်မှာ ဧလိယ မှီခို သောက်သုံး နေသော ချောင်းရေကလေးက ခန်းခြောက်သွား သဖြင့် နေရာ ပြောင်းရွှေ့ ခံရပါသည်။ သို့သော် ဧလိယ ကိုယ်တိုင် သိရှိသည်မှာ ထိုအခြေအနေသည် အဆုံး မဟုတ် ဆိုသည်ကိုတော့ နားလည်နေပါသည်။

ကျွန်တော် ဤမျှလောက် နိဒါန်းပျိုး ပြောဆိုနေသည်မှာ သင်ကိုယ်တိုင်လည်း ထိုကဲ့သို့ မိုးခေါင်းခြင်း အခြေအနေကို ခံစားနေနိုင် သည်ကို ရှင်းလင်းစွာ မြင်တွေ့ ခံစားနိုင်ရန် ဖြစ်ပါသည်။ သင်ကိုယ်တိုင် ကာယ (ဇာတိ) ပိုင်းတွင် ကောင်းမွန် အဆင်ပြေ နေသည့် တိုင် ဝိညာဉ်ရေးရာပိုင်းတွင် မိုးခေါင်းနေနိုင်ပါသည်။ ဘုရားသခင်၏ မျက်မှောက်တော် အနှစ်သာရကို မခံစားရသူ ဖြစ်ကောင်း ဖြစ်နိုင် ပါသည်။ သို့သော် ထိုပြဿနာများသည် ဘုရားသခင်၏ ပြက္ခဒိန်တွင် အစဉ်အမြဲ ရှိနေလိမ့်မည် မဟုတ်ပါ။ သင်၏ အသက်တာမှ မိုးခေါင်ခြင်းကိုလည်းကောင်း၊ ဝိညာဉ်ရေး မိုးခေါင်းခြင်းကိုလည်းကောင်း ဖယ်ရှား တိုက်ထုပ်ပစ်ရန် ဘုရားသခင်၏ ကောင်းကင်ဘုံမှ စီစဉ်လျက် ရှိသည်ကို သိစေချင်ပါသည်။

အခန်းငယ် (၄၁)တွင် ဖေါ်ပြသည်မှာ

ထိုနောက်မှ ဧလိယက၊ မင်းကြီးသည် စားသောက်ခြင်းငှါ တက်သွားပါလော့။ များစွာသော မိုးရွာမည့် အသံ ရှိသည်ဟု အာဟပ်အား ပြောဆိုလျှင် (၃ရာ ၁၈း၄၂၁)

အထက်ပါ စကားကို ပြောဆိုသည့် အချိန်တွင် တကယ် မိုးမရွာသေးပါ။ အလွန် ခြောက်သွေ့ ပူပြင်နေချိန် ဖြစ်နိုင်ပါသည်။ အပူချိန် ၄၅ံ စင်တီဂရိတ် မှ ၅၀ံ စင်တီဂရိတ် ပင် ကျော်မည်လား မပြောနိုင်ပါ။ ခြေလှမ်းတိုင်တွင် မြက်ခြောက်ပင်များက ထွက်သည့် အသံကိုပင် ကြားနိုင်ပါလိမ့်မည်။ ထိုခြေလှမ်းတိုင်းတွင် ဖုန်မှုန့်များက လေထဲတွင် ဝဲလွင့်နေပြီး အသက်ရှုလိုက်တိုင်း ဖုန်အနံတွေကို ရှူရှိုက်နေ ရပါလိမ့်မည်။ တိရစ္ဆာန် အသေကောင်တွေ ကိုလည်း မြင်တွေ့နေရပါ လိမ့်မည်။ ခြံစည်းရိုး အပြင် ဘက်က တိရစ္ဆာန်ကလေးတွေကလည်း နံရိုး အပြိုင်းပြိုင်းနှင့် ရေတွက်လို့ပင် ရနိုင်ပါလိမ့်မည်။

ဝိညာဉ်ရေးရာတွင် မိုးခေါင်ခြင်း

ဤသည်မှာ မိုးခေါင်မှု၏ ဆိုးရွားမှုများသာ ဖြစ်ပါသည်။ သင်သည် အဟာရ ချို့တဲ့နေပါသည်။ သင်သည် အားနည်း နေပါသည်။ သင်သည် ရောဂါ ဝေဒနာများ ခံစားနေရပါသည်

သို့သော် ထိုအခြေအနေဆိုးထဲတွင် ဘုရားသခင်၏ လူက ပြောလိုက်သည်မှာ “များစွာသော မိုးရွာမည့် အသံရှိသည်” ဟူ၍ ဖြစ်ပါသည်။

သင် ကိုယ်တိုင် ထိုအခြေအနေကို ခံစား နားလည်နိုင်ပါသလား။ ယခုတွင် ဘာမျှ မရှိသေး။ မည်သည့်အရာမျှ မဖြစ်သေး။ သို့သော် ထိုအရာ၏ အခြားတစ်ဘက်တွင် ကျွန်တော်တို့ တစ်စုံတစ်ရာကို ကြားနေရပါသည်။ ခံစားနေရပါသည်။

စာတန် နတ်ဆိုးက သင့်ကို ပြောနေသော စကားမှာ “ငါမင်းကို ဖျက်စီးပစ်လိုက်မယ်။ မိုးခေါင်မှုထဲမှား မင်းဟာ အားလုံး ပျက်စီး သွားမယ်။” ဖြစ်ပါသည်။ သို့သော် သင်သည် ချက်ခြင်း ပြန်လည် ပြောဆိုရမည်မှာ “မဟုတ်ဘူး။ အဲဒီလို မင်းလုပ်လို့ ရမှာ မဟုတ်ဘူး။ အလွန်အားကြီးတဲ့ မိုးရွာမည့် အသံကို ငါကောင်းကောင်းကြားနေရတယ်။” ဆိုပြီး ပြန်ပြောလိုက်ပါ။ ဘုရားသခင်သည် အခြေအနေ အမျိုးမျိုးတွင် ကျွန်တော်တို့ကို ကယ်လွှတ်မည် ဖြစ်ပါသည်။ ကျွန်တော်တို့သည် ဘုရားသခင်ကို ချီးမွမ်းရ မည် ဖြစ်ပါ သည်။

ဧလိယ ကပြောလိုက်သည်မှာ “ရေဖျန်းသလို ဖျန်းမှာမဟုတ်၊ ရေပတ်သလို ပတ်လိုက်မှာ မဟုတ်” “များစွာသော မိုးရွာမည့်အသံ ရှိပါသည်။” ဟု ပြောလိုက်သည်မှာ ရင်ခုန် လှုပ်ရှားဖွယ် ဖြစ်ပါသည်။

ကျမ်းစာတွင် ဖော်ပြချက်အရ မည်သူတစ်ဦး တစ်ယောက်ကမျှ ထိုမိုးသံများကို မကြားရပါ။ ဧလိယ တစ်ဦးတည်းသာ ထိုအသံကို ကြားနေရပါသည်။ ဧလိယ၏ ကျွန်ရင်းဖြစ်သောသူပင်လျှင် ထိုအသံကို မကြားရချေ။

ဓမ္မသစ်ကျမ်းတွင် ယေရှုက ပြောခဲ့သည်မှာ “ကြားစရာနား ရှိသောသူမည်သည်ကား ကြားရပါစေ” (လုကာ ၁၄း၃၅) ဟု ပြောခဲ့ပါ သည်။

ထိုအသံကို နားထောင်နေသောသူသာလျှင် ကြားရမည် ဖြစ်ပါသည်။ ဘုရားသခင်သည် သင်၏ နှလုံးသားထဲသို့ ကြေးနန်း ပို့သကဲ့သို့ ပို့လိုက်ပြီး သင်က ထိုအသံကို သာမန် နားဖြင့် ကြားရမည်မဟုတ်ဘဲ နှလုံသား နားဖြင့် ကြားနာရမည်သာ ဖြစ်သည်။ ထိုအသံကို သင်အမှန်တကယ် ကြားသိပြီ ဆိုပါက မကြာမီ မိုးရွာချေတော့မည်။ ဘုရားသခင် ချိန်ချက်သော အချိန်တွင် သင်ရှိသော နေရာတွင် အကြီး အကျယ် မိုးရွာချေလိမ့်မည်။ ထိုမိုးသည် သင်၏ အပေါ်တွင်လည်းကောင်း (သို့) သင်၏ မိသားစု ထံတွင်လည်းကောင်း (သို့) သင်၏ အခြေအနေများတွင်လည်းကောင်း (သို့) သင်၏ စီးပွားရေး လုပ်ငန်းတွင် လည်းကောင်း၊ သင်၏ အသင်းတော်တွင်လည်းကောင်း၊ သင်၏ အမှုတော် လုပ်ငန်းတွင်လည်းကောင်း၊ သဲသဲမဲမဲ ရွာချေတော့မည်။ ကောင်းကြီး မိုးဟု ခေါ်ရမည် လားမသိပါ။

ထိုကဲ့သို့ မိုးရွာမည့် အသံကို ဧလိယ တစ်ဦးတည်းသာ ကြားနေရပြီး တပည့်ဖြစ်သူက မည့်သို့မျှ ကြားလည်း မကြား မြင်လည်း မမြင်ခဲ့ခြေ။ ထို့ကြောင့် တပည့်ကို ပင်လယ်ဘက်သို့ ကြည့်ခိုင်းလိုက်လေသည်။ တပည့်ဖြစ်သူက “အဘယ်အရာကိုမျှ မမြင်ပါ” (၃ရာ ၁၈း၄၃) ဟုသာ အကြောင်းပြန်ခဲ့လေသည်။ ထိုအခါ ဧလိယ မည်ကဲ့သို့ လုပ်ဆောင်ခဲ့ပါသနည်း။ ဧလိယ စိတ်မညစ်ပါ။ ဝမ်းမနည်းပါ။ အားမငယ်ပါ။ ဒေါသမထွက်ပါ။ မငြီးတွားခဲ့ပါ။

ဘုရားသခင်သည် ဧလိယကို အမှန်တကယ် မိုးရွာမည် ဆိုသည့်အကြောင်းကို ပြောပြီးသား ဖြစ်ပါသည်။ (၃ရာ ၁၈း၁) ထိုအသံကို ဧလိယက ကြားထားပြီး ဖြစ်သောကြောင့် ဘုရားသခင် အမှန်တကယ် လုပ်ဆောင်မည်ဟု သိထားသောကြောင့် စိတ်ချမှု အပြည့်အဝ ရှိနေခဲ့ပါသည်။ အမှန်တကယ် မိုးရွာပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကိုယ်တော်တိုင် မိန့်ကြား ထားသောအကြောင့် ဖြစ်ပါသည်။

ထိုအသံကို နှလုံးသားနှင့် နားထောင်နေသော ဧလိယ တစ်ဦးတည်းသာ သိပါသည်။ ကြားပါသည်။ သင့် မိသားစုကလည်း ကြားချင်မှ ကြားပါလိမ့်မည်။ သင့် ပတ်ဝန်ကျင်က လူတွေ ကြားချင်မှ ကြားပါလိမ့်မည်။ ကျွန်တော်တို့သည် ဘုရားသခင် ရှိသော နေရာမှ မိုင်ပေါင်း ထောင်ချီ၍ ရှိနိုင်ကြသော်လည်း ဘုရား သခင်ကို မျှော်လင့် အသက်ရှင်သော သူများအနေဖြင့် ထိုအသံကို ကြားနိုင် ကြပါသည်။ ကြားနေကြပါလိမ့်မည်။

တပည့်ဖြစ်သူကို ခြောက်ကြိမ်တိုင်အောင် အဖန်ဖန် ကြည့်ခိုင်းသော်လည်း မည်သည့် အရိပ်အရောင်မျှ မမြင်တွေ့ခဲ့ရချေ။ သို့သော် ဘုရားသခင်၏ လူကတော့ ထိုအသံကို ကြားနေရပါသည်။ နောက်ဆုံးတွင် သူကြားသည့် အတိုင်း မကြာမီ ဖြစ်လာခြေ တော့မည်။ ထို့ကြောင့် အာဟပ် ဘုရင်ကို သတိပေးရန် လူတစ်ယောက်ကို စေလွှတ်လိုက်လေတော့သည်။

“အာဟပ်မင်းထံသို့ သွားလော့။ မိုးရွာ၍ ဆီးတားမည်ကို စိုးရိမ်စရာ ရှိသောကြောင့် မင်းကြီး ပြင် ဆင်၍ ပြန်သွားမည့် အကြောင်း လျှောက်ထားလော့ ဟု မှာလိုက်လေသည်။ (၃ရာ ၁၈း၄၄)

စာတန်သည် ဧလိယ၏ စိတ်ဝိညာဉ်ကို ကစားစရာ သဖွယ် ကစားနေခဲ့ပုံရပါသည်။

ပထမအကြိမ် အာဟပ်ကို “မြန်မြန် သွားပါ။ မိုးရွာလိမ့်မည်” ဟု ပြောခဲ့စဉ်က မည်သည့် အရိပ်အရောင်မျှ မမြင်တွေ့ခဲ့ရ။ မကြားခဲ့ရ။ ထိုသို့ ပြောခဲ့စဉ်က အမှန်တကယ် မကြား မမြင်ခဲ့ရလျှင် ထိုမိုးခေါင်မှု ကြီးသည် ရွေ့လျား ပျောက်ကွယ် သွားမည် မဟုတ်။ ဆက်လက် ရှိနေဦးမည် ဖြစ်ပါသည်။ ကြားခဲ့ မြင်ခဲ့သောကြောင့်သော ဧလိယက အခိုင်အမာ ဆိုနေခြင်းသာ ဖြစ်ပါသည်။

ကျွန်တော်တို့သည် မိုးခေါင်းမှုထဲတွင် ရှိနေစဉ်တွင် အခန်းငယ်လေးတွင် ဆုတောင်းနေသည်။ အကောင်းဆုံး အသက်ရှင်သည်။ ကျမ်းစာဖတ်သည်။ အသင်းတော်ကို သစ္စာရှိစွာ မှန်မှန်တတ်သည်။ ဆယ်ဖို့တစ်ဖို့ပေးသည်။ သို့သော် မည်သည့် ကောင်းကြီး မင်္ဂလာမျှ မရရှိခဲ့။ တစ်ခုခု ကောင်းသည့် အရာလည်း မရှိခဲ့။ ကျန်မာခြင်းလည်း မရှိခဲ့။ အခြေအနေများက မည်သို့မျှ ပြောင်းလဲ မသွားခဲ့ချေ။ အလွန်းဆိုးရွားလှပါသည်။

ထိုအခြေအနေကို မိုးခေါင် နေသည် ဟု ပြောနိုင်ပါသည်။ အသင်းတော်သို့ ပုံမှန်သွားသော်လည်း ဘာမျှ မဖြစ်။ တရားဟော ချက်များကို နားထောင်သော်လည်း ဘာမျှ မရ။ သီချင်းတွေ ပုံမှန်ချီးမွမ်းနေလည်း မည်သို့မျှ ဝမ်းမြောက်ခြင်း မခံစားရ။ ထိုအခြေ အနေတွင် သင့်ဘက်မှာ ယုံကြည်ခြင်း ပျက်ပြားမသွားပါစေနှင့်။

ထိုအခြေအနေတွင် သင်၏ ယုံကြည်ခြင်းကို မည်မျှ ခက်ခဲနေသည်ဖြစ်ပါစေ ဆက်လက် တည်ဆောက်ပါ။ မည်သည့်အရာမျှ မမြင်၊ မည်သည့်အရာမျှ မကြား။ မည်သည့်အနံ့မျှ မရသည့်တိုင်အောင် ယုံကြည်ခြင်းကို ဆက်လက် တည်ဆောက်ပါ။

သင်ဆုတောင်းပြီးရင် ဆက်လက် ဆုတောင်းနေပါ။ ဘာမျှ မရသော်လည်း ဆက်လက် ဆုတောင်းနေပါ။ သင့်၏ ယုံကြည်ခြင်းကို အမြင့်ဆုံးသော တောင်ထိပ်ပေါ်အထိ တွန်းပို့ပါ။ အမြင့်ဆုံးမှာ ရှိနေပါစေ။ ဘာမျှ ဖြစ်မလာရင်လည်း ဆက်လက် ယုံကြည်ပါ။ ဘာမျှ ဖြစ်မလာဘူး။ ဘာမျှ ဖြစ်မလာဘူး။ ဘာမျှ ဖြစ်မလာဘူး။ ဘာမျှ ဖြစ်မလာဘူး။ ဘာမျှ ဖြစ်မလာဘူး။

ဧလိယ ကတော့ (၆) ကြိမ်တိုင်အောင် ကြည့်၍ ဘာမျှ ဖြစ်မလာသော်လည်း ယုံကြည်ခြင်းကတော့ ပျောက်ပျက်မသွားခဲ့ပါ။

ဟေရှာယက ပြောခဲ့ပါသည်။

ထာဝရ ဘုရားကို မြှော်လင့်သောသူတို့မူကား အားပြည့်ကြလိမ့်မည်။ ရွှေလင်းတကဲ့သို့ မိမိတို့ အတောင်ကို အသစ်ပြုပြင် ကြလိမ့်မည်။ ပြေးသော်လည်း မပင်ပန်း ခရီးသွားသောအခါ မမောရကြ။ (ဟေရှာယ ၄၀း၃၁)

သင်၏ ယုံကြည်ခြင်းကို ခုနှစ်ကြိမ်တိုင်အောင် မြင့်မားလှသော တောင်ထိပ်ထိရောက်အောင် ဆက်လက်ပို့ဆောင်ပါ။ ဘယ်သော အခါမျှ ကျဆင်းသွားခြင်း မရှိပါနှင့်။

ဘာမျှမရှိခြင်းသည် စိတ်ပျက်စရာမဟုတ်။

ပထမ ခြောက်ကြိမ်စလုံးတွင် စိတ်ပျက်စရာ အားမရစရာ သတင်းစကားကိုသာ ရရှိခဲ့သော ဧလိယသည် အကြိမ်ကြိမ် သူ၏ ယုံကြည်ခြင်းကို မြင့်သထက် မြင့်လာအောင်သာ တွန်းတင်ခဲ့သည်။ များသောအားဖြင့် နှစ်ကြိမ်၊ သုံးကြိမ် ဖြစ်မလာလျှင် စိတ်ဓါတ်ကျ အားငယ် ဝမ်းနည်းတတ်ကြသည်။ ဘယ်နှစ်ကြိမ်ပင် စိတ်ပျက်စရာ ရှိသော်လည်း အားမငယ်၊ ဝမ်းမနည်းဘဲ ဆက်လက်၍ ယုံကြည်ခြင်း မျှော်လင့်ခြင်းတို့ဖြင့် ဆက်လက် အားယူပါ။

ဧလိယသည် ဘုရားသခင်ထံ ဆုတောင်းလိုက်၊ ထပ်မံ ကြည်ခိုင်းလိုက်၊ ထပ်မံဆုတောင်းလိုက်၊ ထပ်မံ တစ်ခါ ထပ်တက်လိုက်၊ အကြိမ်ကြိမ် လုပ်ဆောင်ပြီးသောအခါ နောက်ဆုံးတွင် တိမ်ရိပ်ကလေးကို မြင်ရလေတော့သည်။ ကျွန်တော်တို့သည် မိုးရိပ်ကို မြင်နေရပါပြီး၊ မိုးခေါင်မှု မကြာမီ ပြီးစီးပါတော့မည်။ ဘုရားသခင်၏ ကောင်းကြီး မင်္ဂလာတွေ မကြာမီ စီးဆင်းလာ ပေတော့မည်။

အခန်းငယ် ၄၅ တွင် “မကြာမမြင့်မှီ မိုးကောင်းကင်သည် မိုးသက်မုန်တိုင်းနှင့် မည်း၍ ပြင်းစွာ မိုးရွာ၏။” ဟု ဖေါ်ပြထားပါသည်။

(၇) ကြိမ်တိုင်အောင် ယုံကြည်ခြင်းကို မြှင့်တင် တည်ဆောက်ကာ ပင်လယ်ဘက် မျှော်ကြည့်ခဲ့ရသော အရာသည် ယခုအခါ ဘုရားသခင်၏ ဘုန်အသရေတော်ကို ကြားပြောပါတောသည်။ ဘုရားသခင်၏ မျက်မှောက်တော်ကို ဖော်ပြနေလေတော့သည်။ ဘုရားသခင်၏ တန်ခိုးတော်ကို လူတိုင်း ခံစားရလေတော့သည်။

ဘာမျှမရှိခြင်း၏ အခြားတစ်ဖက်ကို ကြည့်ရှုခြင်း

ဧလိယသည် “ဘာမျှမရှိပါ” ဟု အကြိမ်ကြိမ် ပြန်ကြားခဲ့သော်လည်း “တစ်ဖန် ပြန်လည် ကြည့်ရှုပါ။” ဟုဆိုကာ အကြိမ်ကြိမ် စေ လွှတ်ခဲ့သည်။

သို့သော် နောက်ဆုံးအကြိမ်တွင် “မိုးတိမ်ငယ်တစ်ခု ပင်လယ်ထဲက တက်လာပါ၏” ဟု ပြောသံကြားသောအခါ “တစ်ဖန်ပြန်ကြည့်ပါ” ဟု ထပ်မံ စေခိုင်းခြင်း မပြုတော့ပါ။ ထိုသို့ ပြောမည့်အစား “ မိုးရွာ၍ ဆီးတာမည်ကို စိုးရိမ်စရာ ရှိသောကြောင့် မင်းကြီး ပြင်ဆင်၍ ပြန်သွားမည့်အကြောင်း လျှောက်ထားလော့” ဟု ပြောခိုင်းလိုက်ပါသည်။

ကျမ်းစာက ပြောသည့်အတိုင်း ဆိုရလျှင်

“ထာဝရ ဘုရား၏ လက်တော်သည် ဧလိယအပေါ်မှာ ရှိ၍ သူသည် ခါးပန်းကို စည်းလျက် အာဟပ်မင်း အရင် ယေဇယေလမြို့ တံခါးဝသို့ ပြေးလေ၏။”(၃ရာ ၁၈း၄၆)

သင်၏ အသက်တာတွင် ဘုရားသခင် ရွာစေသည့်မိုး ရွာပြီဆိုပါက သင့်အပေါ်တွင်လည်း ဝိညာဉ်တော် အုပ်စိုး သဖြင့် ဘယ်နေရာ ကို သွားမည်ဟု ပြောစရာပင် မလိုဘဲ သင့်ကို ဝိညာဉ်တော်ကသာ ရွေ့လျားစေလျက် ဘုရားသခင် ၏ ဘုန်းအသရေတော်က အလုပ်လုပ် ဆောင်နေ မည် ဖြစ်ပါ သည်။

ကျွန်တော်တို့သည် ဘုရားသခင် ရွာစေမည့် မိုးအတွက် ပြင် ဆင်ထားကြပါစို့။ ကျွန်တော်တို့သည် ဘာမျှ မရှိခြင်း၏ အခြား တစ်ဖက် အတွက် ပြင်ဆင်ထားကြပါစို့။ ကျွန်တော်တို့၏ နားများကို ကောင်းကင်သို့ လှည့်ကြပါစို့။ ကြီးစွာသော မိုးရွာမည့် အသံကို နှလုံးသားဖြင့် ကြားနိုင်မည်ဟု ယုံကြည်ကြပါစို့။ အသက်တာထဲက မိုးခေါင်မှုတွေ ရပ်ဆိုင်းတော့မည်။ ဘုရားသခင်က ကျွန်တော်တို့ ဘဝ အသက်တာ ထဲတွင် ကြီးစွာ သော ကောင်းကြီးမိုးများကို သွန်းလောင် ရွာသွန်းစေတော့ မည်။ ယုံကြည် လျက် မျှော်လင့်ကြပါစို့။

ဘုရားသခင် ကောင်းကြီးပေးပါစေ။

၃၃။ဖြေရှင်းရန်မဖြစ်နိုင်သော ပြဿနာများ

ယနေ့တွင် ဖြေရှင်းရန် မဖြစ်နိုင်ဘူးဆိုသော အရာတွေကို သင်ရင်ဆိုင်နေရသည် ဆိုပါက သင့်အတွက် သတင်းကောင်းတစ်ခု ရှိနေပါသည်။ သင့်အတွက် မိသားစုနှင့် မပျော်ရွှင်နိုင်ခြင်း၊ မပေးကမ်းနိုင်ခြင်း၊ ပြဿနာများကြောင့် အိပ်မပျော်နိုင်ခြင်း၊ ဟန်ဆောင်နေရတဲ့ ဘဝထဲက မလွတ်မြောက်နိုင်သောကြောင့် ဝမ်းနည်းနေရသောသူများ အတွက် ဤတရားဟော ချက်ကလေး က အကူအညီ ပေးပါလိမ့်မည်။

ထွက်မြောက်ရာကျမ်း ၁၄း၉-၁၄ ကိုဖတ်ပါ။

အထက်တွင် ဖတ်ခဲ့ရသော ကျမ်းပိုဒ်တွင် ဣသရေလလူမျိုးများ အတွက် အလွန်ကျဉ်းကျပ်ပြီး လမ်းဆုံးတွင် ရောက်ရှိနေ ချိန်ဖြစ်ပါသည်။ သူတို့၏ နောက်တွင် အလွန် စွမ်းရည်ထက်မြက်သော စစ်တပ်ကြီးက လိုက်လာချေပြီ။ သူတို့၏ ဘေးနှစ်ဘက် တွင် သဲကန္တရကြီးနှင့် ကျောက်ဆောင်ကြီးများသာ ရှိနေသည်။ ရှေ့တွင် ပင်လယ်ကြီးက ဆီးကြိုပွေ့ဖက်တော့မည့် ဟန်ဖြင့် စောင့်ကြိုနေသည်။ သူတို့၏ ပတ်ပတ်လည်တွကင် ပြဿနာများကသာ ကြီးစိုးနေသည်။ အချင်းချင်း တစ်ယောက်ကို တစ်ယောက် အားပေး ဖေးမမည့်သူလည်း မရှိ။ သူတို့ လွတ်မြောက်ဘို့ တွေးတော ကြံစည်ရမည့် အချိန်ကလည်း မရှိသလောက် နည်းပါးနေလေပြီ။

ထိုအခြေအနေမျိုးကို ပြဿနာကို ဖြေရှင်းပေးမည့် အကြံပေးများက အကြံပြုကြမည်မှာ

အလံဖြူပြပြီး မိမိတို့ကို သတ်ဖြတ်မည့်သူများကို အရှုံးပေးလိုက်ပါ။

တတ်နိုင်သမျှ လက်နက်များကို ရှာဖွေပြီး အလျှင်အမြန် ရန်သူတွေကို ပြန်လည်တိုက်ခိုက်ပါ။

ပုန်းအောင်နေပါ။ ကျောက်တုံးများကြား ထွက်ပြေးပါ။ သဲကန္တာရထဲမှာ ထွက်ပြေးပါ။

သို့သော်လည်း ဘုရားသခင်က သူ၏ ပရောဖတ်ဖြစ်သော မောရှည်အားဖြင့် အချက်သုံးချက် မိန့်တော်မူခဲ့သည်။ ထိုအချက်များမှာ လူတို့ ကြံစည်တွေခေါ်တတ်သော အကြံအစည်မျိုးမဟုတ်။ မောရှည်က သူ၏ လူများကို ဘုရားသခင် မိန့်တော်မူသည့်အတိုင်း ပြောလိုက်သည်မှာ –

“မောရှည်ကလည်း မစိုးရိမ်ကြနှင့်။ ငြိမ်ဝပ်စွာ ရပ်နေကြ။ ထာဝရ ဘုရားသည် ယနေ့ပြတော် မူသော ကယ်တင် ခြင်းကို ကြည့်ရှုကြလော့။ သင်တို့သည် ယနေ့မြင်သော အဲဂုတ္တုလူတို့ ကို နောက်တစ်ဖန် အလျှင်းမမြင်ရကြ။ သင်တို့ဘက်၌ ထာဝရ ဘုရား စစ်တိုက်တော်မူ လိမ့်မည်။ သင်တို့ သည် ငြိမ်ဝပ်စွာ နေရကြ မည်ဟု လူများ တို့အား ဆို၏။” (ထွက်မြောက်ရာ ၁၄း၁၃-၁၄)

ဘုရားသခင် ဖွင်ပြသော ပြဿနာကို ရင်ဆိုင်ရန် အချက် (၃)ချက်

မကြောက်ပါနဲ့။ (လက်မြှောက်အရှုံးပေးရန်မလို)

ရပ်နေပါ။ (ပြန်တိုက်စရာမလို)

ဘုရားသခင်၏ ကယ်တင်ခြင်းကို ကြည့်ပါ။ ( ပုန်းအောင်းနေရန်မလို)

ကျွန်ုပ်တို့အားလုံး သိကြပြီး ဖြစ်သည့်အတိုင်း ပြဿနာကို လွယ်လွယ်ကူကူ အေးအေးဆေးဆေး ရင်ဆိုင်ရန် မလွယ်ကူပါ။ ထို အကြောင်း အရာတို့သည် ဖိစီးမှုများ ရှိနေသော လက်တွေ့ အခြေအနေတွင် အသုံးမရ ဖြစ်နိုင်ပါ သည်။ နေရာတိုင်း တွင် မြင်တွေ့ ရသည့် အခြေအနေက သက်သာ အဆင်ပြေနေသည် မဟုတ်သော ဤအခြေအနေတွင် လက်တွေ့ မကျလှချေ။

ကျွန်တော်ချစ်သော မိတ်ဆွေ

သင်ခံစားနေရသော ပြဿနာ အခြေအနေသည် ကြောက်ရွံ့ နေရုံမျှဖြင့် မပြေပျောက်နိုင်ပါ။ လုပ်ဆောင်နိုင်သော အရာမှာ ဘုရားသခင်ထံ ဆုတောင်းခြင်းဖြင့် ယူဆောင်လာရုံသာ ဖြစ်သည်။ (ဆုတောင်းခြင်း)

သင်ကိုယ်တိုင် မရပ်တည်နိုင်သော မငြိမ်မသက်ဖြစ်နေသော အခြေအနေတွင် သင်ကိုယ်တိုင် လုပ်ဆောင်နိုင် သည့်အရာမှာ ဘုရားသခင်၏ တန်ခိုးတော်ကို ခံစား၍ ထိုအခြေအနမှ မိမိကို ပေးသော သွန်သင်ချက်ကို စောင့်ဆိုင်း ရယူယုံသာ ရှိပါသည်။ (ဘုရားသခင်၏ တန်ခိုးတော်)

ဘုရားသခင်၏ ကယ်တင်ခြင်းကို မမြင်နိုင်ခင် သင်လုပ်နိုင်သောအရာမှာ ဘုရားသခင်ကို ဝတ်ပြုခြင်းနှင့် ကိုးကွယ် ခြင်းသာ ဖြစ်ပါသည်။ (ချီးမွမ်း ကိုးကွယ်ခြင်း)

ဘုရားသခင်၏ လူများကို မောရှည် ပြောဆိုခဲ့သောအရာများတွင် အရေးကြီးသော အချက်ကြီး သုံးချက် ရှိပါသည်။ ဟုတ်ပါသည်။ မိမိတွေ့ကြုံရသော ဤခက်ခဲ ကြမ်းတမ်းသော အခြေအနေတွင် အရေးကြီးသော ချပ်ဝတ်တန်ဆာ (၃) ခုမှာ

ဆုတောင်းခြင်း

ဘုရားသခင်၏ တန်ခိုးတော်

ဝတ်ပြုခြင်းနှင့် ကိုးကွယ်ခြင်း

ဘုရားသခင်၏ လူများ ကြီးမား ခက်ထန်သော ပြဿနာများနှင့် ရင်ဆိုင်ကြုံတွေ့ နေရချိန်တွင် ဘုရားသခင်၏ လူက လုပ်ဆောင်ရန် အချက် သုံးချက်ကို ပြောဆိုခဲ့သည်။

ပြဿနာကို ဘုရားသခင်ထံ ယူဆောင်လာပါ။ ( မစိုးရိမ်နှင့်)

ပြဿနာကို သင်ကိုယ်တိုင် မဖြေရှင်းပါနှင့်။ ဘုရားသခင်၏ တန်ခိုးတော်ကို စောင့်ဆိုင်းပါ။ ( ငြိမ်ဝတ်စွာ ရပ်နေကြ။)

အပြစ်မတင်ပါနှင့် ဝတ်ပြုခြင်း ကိုးကွယ်ခြင်းဖြင့် ဘုရားသခင်၏ ကယ်တင်ခြင်းကို မြင်အောင်ကြည့်ပါ။ (ကယ်တင်ခြင်းကို ကြည့်ရှုလော့။)

အထက်ပါ အချက် သုံးချက်သည် လုပ်ဆောင်ရန်အတွက် အလွန်လွယ်ကူ ရိုးရှင်းပါသည်။ သို့သော် အသက်တာထဲက ခက်ခဲ ရှုပ်ထွေးသော ပြဿနာကို ဖြေရှင်း လုပ်ဆောင်ရန် အတွက် အမှန်တကယ် ခိုင်လုံပါသလား။

ထိုမေးခွန်းကို ဖြေဆိုရန်အတွက် ရွှေကို အက်စစ်ငရဲမီးနှင့် စား၍ စစ်ဆေးသကဲ့သို့ ထိုဝတ်စုံကို ကျွန်တော်တို့ ဝတ်ဆင်ကာ စစ်ဆေးခံဘို့ လိုအပ်ပါသည်။ ဣသရေလ အမျိုးသားများအတွက် တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သော အမျိုးသားရေး ပြဿနာကြီး တစ်ရပ် ရှိခဲ့ဘူးပါသည်။

အမျိုးသားရေး ပြဿနာ

၂ရာချုပ် ၂၀း၁-၂ တွင်

“ထိုနောက်မှ မောဘ အမျိုးသားနှင့် အမ္မုန်အမျိုးသားတို့သည် ဧဒုံအမျိုးသား အချို့နှင့် တကွ၊ ယောရှဖတ်ကိုစစ်တိုက်မည်ဟု ချီလာကြ၏။ အိုင်ကြီးတဘက်၊ ဧဒုံပြည်ဘက်က များစွာသော အလုံးအရင်း စစ်ချီလာ၍ အင်္ဂေဒိအမည်ရှိသော ဟာဇဇုန္တာမာမြို့မှာ ရှိကြပါသည်ဟု ယောရှဖတ်အား ကြားလျှောက်လျှင် –

အထက်ပါ ကျမ်းချက်တွင် ကျွန်တော်တို့ ထပ်မံ တွေ့ရသည် ဣသရေလ လူမျိုးများအတွက် အလွန်ကြီးမားသော အမျိုးသားရေး ပြဿနာကြီး တစ်ခုဖြစ်ပါသည်။ စစ်ချီလာကြသည်မှာ နိုင်ငံ (၃)နိုင်ငံက နိုင်ငံတစ်ခုကို စစ်အင်အားဖြင့် လာရောက် တိုက်ခိုက် နေခြေပြီ။ ဤနေရာတွင် အထက်တွင် ဖော်ပြခဲ့သော လက်နက် (၃)စုံကို ဣသရေလလူမျိုးများက ထုပ်ဆောင် ဝတ်ဆင်ကြလေပြီ။

၁။ ဆုတောင်းခြင်း

ယောရှဖတ်သည် ထိုပြဿနာကို ကြားသိသောအခါ မည်သို့မျှ စဉ်းစားတွေးခေါ်နေခြင်းမရှိဘဲ ချက်ခြင်းပင် တစ်နိုင်ငံလုံး ကို ကြော်ငြာကာ အစာရှောင် ဆုတောင်းစေ ခဲ့ပါသည်။ သူကိုယ် တိုင်လည်း ဆုတောင်း ခဲ့သည်ကို တွေ့မြင်နိုင်ပေ လိမ့်မည်။ (၂ရာချုပ် ၁၀း၃-၁၃) ကိုကြည့်ပါ။

၂။ ငြိမ်ဝပ်စွာ ရပ်နေလျက် ဘုရားသခင်၏ တန်ခိုးတော်ကို ကိုးစားခံယူကြခြင်း

ထိုအခါ ပရောဖတ် တစ်ဦးဖြစ်သူ ယဟာဇေလ ထံသို့ ဘုရားသခင်၏ ဝိညာဉ်တော် ဆင်းသက်၍ အောက်ပါအတိုင်း ပြောလိုက် လေသည်မှာ

“အို ယောရှဖတ်မင်းကြီးနှင့် ယုဒပြည်သူ၊ ယေရုရှလင်မြို့သား အပေါင်းတို့ နားထောင်ကြလော့။ ထာဝရဘုရား မိန့်တော်မူသည်ကား ထိုအလုံးအရင်ကြီးကြောင့် မကြောက်ကြနှင့်။ စိတ်မ ပျက် ကြနှင့်။ စစ်မှုသည် သင်တို့တာမဟုတ်။ ဘုရားသခင်၏တာဖြစ်၏။ မနက်ဖြန်နေ့ သူတုိ့ ရှိရာသို့ ချီသွား ကြလော့။ သူတို့သည် ဇိဇမြို့သို့ တတ်ရာလမ်းဖြင့် လာကြစဉ် ယေရွေလတော စနား ချိုင့်ဝ မှာ သင်တို့ တွေ့ကြလိမ့်မည်။ သို့ရာတွင် အိုယုဒပြည်သူ ယေရုရှလင်မြို့သားတိုပ သင်တို့သည် စစ်တိုက်စရာ အကြောင်းမရှိ သည်ဖြစ်၍ တည်ကြည်စွာ ရှိတော်မူလိမ့် မည်ဟု မြွတ် ဆို၏။ (၂ရာချုပ် ၂၀း၁၄-၁၇)

၃။ ဝတ်ပြုကိုးကွယ်ကြခြင်း

“ယောရှဖတ်သည် မြေပေါ်မှာ ဦးချ၍ ယုဒပြည်သူ ယေရုရှလင်မြို့သား အပေါင်းတို့သည် ထာဝရ ဘုရား ရှေ့တော်၌ ပြပ်ဝပ်လျက် ထာဝရဘုရားကို ကိုးကွယ်ကြ၏။ လေဝိအမျိုး၊ ကောဟတ် အနွယ်သားနှင့် ကောရအနွယ်သားတို့သည် ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားကို ကျယ်သောအသံနှင့် ချီးမွမ်းခြင်းငှါ ရပ်နေကြ၏။

နက်ဖြန်နံနက်စောစောဝ၍၊ တောကောတောသို့ ထွက်သွားကြ၏။ သွားကြစဉ်တွင် ယောရှဖတ် သည် ရပ်၍ အိုယုဒပြည်သူ ယေရုရှလင်မြို့သားတို့ နားထောင်ကြလော့။ သင်တို့၏ ဘုရားသခင် ကို ယုံကြည်ကြလော့။ သို့ပြုလျှင် တည်ကြည်ကြ လိမ့်မည်။ ပရောဖတ်တော်တို့ကို ယုံကြည် ကြလော့။ သို့ပြုလျှင် အောင်မြင်ကြ လိမ့်မည်ဟု မိန့်တော်မူ၏။ လူများနှင့် တိုင်ပင်ပြီးမှ ထာဝရ ဘုရား၏ ကရုဏာတော်သည် အစဉ်အမြဲ တည်သောကြောင့် ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြ လော့ဟု တပ်ရှေ့မှာ ချီသွားလျက် သန့်ရှင်းခြင်း အသရေကို ချီးမွမ်းရသော သီချင်း သည် တို့ကို ထာဝရ ဘုရားအဘို့ ခန့်ထားတော်မူ၏။ (၂ရာချုပ် ၂၀း၁၈-၂၁)

ထိုသို့ ပြုလုပ်ခြင်း၏ အကျိုးရလဒ်များ

“ထိုသူတို့သည် သီချင်းကို ဆိုစပြုကြသောအခါ ယုဒပြည်ကို တိုက်အံ့သောငှါ လာသော စိရတောင် သားတို့ကို အမ္မုန်အမျိုးသား မောဘအမျိုးသား တို့တစ်ဘက်၌ ထာဝရ ဘုရား ချောင်းမြောင်း စေတော်မူသဖြင့်၊ အမ္မုန်အမျိုးသား၊ မောဘအမျိုးသားတို့သည် အထိ အခိုက် ခံရသောကြောင့်၊ တဖန်စိရတောင်သားတို့ကို သုတ်သင် ပယ်ရှင်းခြင်းငှါ လှန်၍ တိုက်သဖြင့် အကုန်အစင် သတ်ပြီးမှ၊ တစ်ယောက်ကို တစ်ယောက် တိုက်ခိုက်၍ ပျက်စီးခြင်း သို့ ရောက်ကြ၏။ ယုဒလူတို့သည် တော၌ရှိသော ကင်းမျှော်စင်သို့ရောက်၍ ထိုအလုံးအရင်းကို ကြည့်ရှုကြ သောအခါ ထိုလူအပေါင်းတို့သည် တယောက်မျှ မလွတ် မြေပေါ်မှာ လဲသော အသေကောင် ဖြစ်ကြ၏။ ယောရှဖတ်နှင့် သူ၏လူတို့သည် ရန်သူတု့ ဥစ္စာကို လုယူခြင်းငှါ လာကြသောအခါ အသေကောင်တုိ့၌ များစွာသော ဥစ္စာ၊ အဘိုးထိုက်သော တန်ဆာတို့ကို တွေ့ သဖြင့် ထမ်း၍ မသွားနိုင်အောင် ချွတ်ယူကြ၏။ လက်ရ ဥစ္စာ အလွန်များ သောကြောင့် သုံးရက် ပတ်လုံး လုယူထုပ် ထားလျက် နေကြ၏။ စတုတ္ထနေ့တွင် ဗရာခချိုင့်၌ စည်းဝေး၍ ထာဝရ ဘုရားကို ကောင်းကြီး ပေးကြ၏။ ထိုကြောင့် ယနေ့တိုင်အောင် ထိုအရပ်သည် ဗရာာခချိုင့် ဟူ၍ တွင်သတည်း။ ထိုအခါ သူတို့သည် ရန်သူတို့အပေါ်မှာ ဝမ်းမြောက်သော အခွင့်ကို ထာဝရ ဘုရား ပေးတော်မူသောကြောင့် ယောရှဖတ်သည် ရှေးဦးစွာကြွ၍ ယုဒပြည်သူ ယေရုရှလင် မြို့ သား အပေါင်းတို့သည် ဝမ်းမြောက် သောစိတ်နှင့် ယေရုရှလင်မြို့သို့ ပြန် သွား၍ စောင်းတယော တံပိုးကို တီးမှုတ်လျက် ယေရုရှလင်မြို့ ဗိမ္မာန်တော်သို့ ရောက် လာကြ ၏။” (၂ရာချုပ် ၂၀း၂၂-၂၈)

အထက်ပါ အကြောင်းအရာတို့ကို သင်ကိုယ်တိုင် ဖတ်ပြီးပါက သင်ကိုယ်တိုင် ထိုဝတ်စုံများကို အားကိုး အသုံးပြုရန် တိုက်တွန်းခြင်ပါသည်။ ဆုတောင်းခြင်းဝတ်စုံ၊ တန်ခိုးတော်ကို ကိုးစားခြင်း ဝတ်စုံ၊ ဝတ်ပြုကိုးကွယ်ခြင်း ဝတ်စုံ တို့ ဖြစ်ပါသည်။

နောက်တဖန် သင်ကိုယ်တိုင် ရင်ဆိုင်ရန် မဖြစ်နိုင်သော ပြဿနာများကို ရင်ဆိုင်ရပါ မည်သို့ဆောင်ရွက်ရမည်ကို သင်ကိုယ်တိုင် သိထားပါ။

ပြဿနာကို ဘုရားသခင်ထံ ယူဆောင်လာပါ။ ( မစိုးရိမ်နှင့်)

ပြဿနာကို သင်ကိုယ်တိုင် မဖြေရှင်းပါနှင့်။ ဘုရားသခင်၏ တန်ခိုးတော်ကို စောင့်ဆိုင်းပါ။ ( ငြိမ်ဝတ်စွာ ရပ်နေကြ။)

အပြစ်မတင်ပါနှင့် ဝတ်ပြုခြင်း ကိုးကွယ်ခြင်းဖြင့် ဘုရားသခင်၏ ကယ်တင်ခြင်းကို မြင်အောင်ကြည့်ပါ။ (ကယ်တင်ခြင်းကို ကြည့်ရှုလော့။)

ဘုရားသခင်က သူ၏ နှုတ်ခပတ်တော်နှင့် စိတ်ချမှုကို ပေးထားပါသည်။

ငါထာဝရဘုရားသည် ခပ်သိမ်းသော သတ္တဝါတို့ကို အစိုးရသော ဘုရားသခင် ဖြစ်၏။ ငါမတတ်နိုင်သော အရာ တစ်စုံတစ်ခု ရှိလိမ့်မည်လော။ (ယေယမိ ၃၂း၂၇)

ကိုယ်တော်ကလည်း လူမတတ်နိုင်သောအမှုကို ဘုရားသခင် တတ်နိုင်တော်မူသည်ဟု မိန့်တော်မူ၏။ (လုကာ ၁၈း၂၇)

ဘုရားသခင် တတ်နိုင်တော်မမူသော အမှုမရှိ။ (လုကာ ၁း၃၇)

ဤနှုတ်ခပတ်တော်၏ ကောင်းကြီးမင်္ဂလာ အဖြာဖြာသည် ဖတ်ရှုသူ ယုံကြည်သူတိုင်းအပေါ်တွင် ကြွယ်ဝစွာ သက်ရောက်ပါစေသော်။

၃၄။ဆယ်ဖို့တစ်ဖို့ပေးရာတွင်ထားရှိရမည့်စိတ်သဘောထား

ဆယ်ဖို့တစ်ဖို့သည် ဓမ္မဟောင်း ကာလက ဖော်ပြ ခဲ့သော အကြောင်း အရာ တစ်ခုဖြစ်ပြီး၊ ဓမ္မသစ် ကာလနှင့် မည်သို့မျှ မသက်ဆိုင်ကြောင်း ယုံကြည်သူအချို့ ပြောဆိုနေကြ သည်ကို မြင်တွေ့ ကြားသိနေ ရပါသည်။ ကျေးဇူးတော် ကာလ ဖြစ်သောကြောင့် ထိုအရာကို လိုက်နာ ဆောင်ရွက်နေ သူများ ကိုပင်လျှင် ပညတ် တရား၏ အောက်သို့ ပြန်လည်ရောက် ရှိနေကြ ကြောင်း ဟောပြော ဝေ ဖန်နေကြ သည်မှာ ဝမ်းနည်းဖွယ်ရာ ဖြစ်ပါသည်။ ကျွန်တော်သည် သမ္မာကျမ်းစာမှ အမြင်တစ်ချို့ ကို ဖော်ပြလိုပါသည်။ အဘယ်ကြောင့် ဆယ်ဖို့တစ်ဖို့ ပေးရန် လိုအပ်ပါသနည်း။

ကျမ်းစာမှ ဖော်ပြသော ဆယ်ဖို့ တစ်ဖို့ဆိုသော စကားလုံးကို ဆန်းစစ်ကြည့်ကြပါစို့။ ဟေဗြဲဘာသာ စကားတွင် ဆယ်ဖို့တစ်ဖို့ဟု ခေါ်သော စကားလုံးသည် ma`aser ဟု ခေါ်ပြီး ဘာသာပြန်ရသော် တစ်ဆယ် (၁၀) (သို့မဟုတ်) ဆယ်ပုံတစ်ပုံ ဟု အဓိပ္ပါယ် ရပါသည်။ ဓမ္မသစ်ကာလတွင် ထိုစကားလုံးကို ဂရိဘာသာစကားအားဖြင့် “dekate” ဟူ၍ ဖြစ်ပါသည်။

Vine’s Expository Dictionary of New Testament Words. ကို ရေးသားသော W. E. Vines သည် ဆယ်ဖို့ တစ်ဖို့ နှင့် ပတ်သတ်ပြီး ယခုကဲ့သို့ ရေးသားထားပါသည်။ ဟေဗြဲ ရး၄-၉ တွင် မေလခိဇေဒက် မင်းကြီး နှင့် ပတ်သတ်ပြီး ဖော်ပြထားရာတွင် (၁) အာဗြဟံသည် ထိုမင်းကြီး မေလခိဇေဒက်ကို ဆယ်ဖို့ တစ်ဖို့ ပေးခဲ့သည် (ကမ္ဘာဦး ၁၄း၂၀)။ (၂) ထိုမေလခိဇေဒက် သည် လေဝိအမျိုး မဟုတ်ပါ။ ထိုသူ ကိုယ်တိုင်က ဘုရားသခင်၏ ကတိတော်များကို ခံစားထားရသူ အာဗြဟံထံမှ ဆယ်ဖို့ တစ်ဖို့ကို ရယူခဲ့သည် သာမက အာဗြဟံကို ကောင်းကြီးပေး ခဲ့ပါသည်။ (၃) သေတတ်သော လေဝိလူတို့သည် ဆယ်ဖို့တစ်ဖို့ကို ရယူခံစား တတ်ကြသည်။ သို့သော် မေလခိဇေဒက်သည် သေသည်ဟူ၍ ကျမ်းစာတွင် မှတ်တမ်းမရှိခဲ့ချေ။ (၄) အမှန်တကယ်တွင် လေဝိအမျိုးသားများသည် ဆယ်ဖို့တစ်ဖို့ ကို အာဗြဟံအားဖြင့် ပေးပြီးသူများ ဖြစ်သည်ဟူ ထိုကျမ်းပိုဒ်က ဖော်ပြသည်။ အဘယ်ကြောင့်ဆိုသော် ဆယ်ဖို့တစ်ဖို့ကို အာဗြဟံ ပေးသောအချိန်က လေဝိလူတို့ သည် အာဗြဟံ၏ ကိုယ်တွင် ရှိနေသူဟု ထိုဟေဗြဲကျမ်းက ဆိုထားလေသည်” ဟု ရေးသား ပြောဆိုခဲ့ဘူး ပါသည်။

ထိုအကြောင်းအရာများကို သင့်အားပြောပြသောကြောင့် ငြီးငွေ့မသွားစေချင်ပါ။ သို့သော်လည်း သင့်ကို သေချာစွာ သိနားလည်စေချင်သောကြောင့် ယခုကဲ့သို့ အခြေခံအားဖြင့် ပြော ဆိုနေခြင်း ဖြစ်ပါသည်။ ကမ္ဘာဦးကျမ်း မှ ၁၄ ခုမြောက် သော အခန်းကြီးကို ဖတ်လိုက်ပါ။ ပထမဦးဆုံး ဆယ်ဖို့ တစ်ဖို့ပေးသော အာဗြဟံ၏ အကြောင်းအရာကို သိနိုင်ပါလိမ့်မည်။ အာဗြဟံသည် ထိုဒေသမှ ဘုရင်များနှင့် စစ်ပြိုင်တိုက်ခိုက်သောအခါ သိမ်းယူရမိသော ပစ္စည်းဥစ္စာအများအပြားကို ရရှိခဲ့ပါ သည်။ ထိုအခြေအနေတွင် ရှင်ဘုရင်ကိုယ်တိုင်က အာဗြဟံကို ကြိုဆိုဂုဏ်ပြုခဲ့သည်ကို အခန်းငယ် (၁၈) တွင် ဖတ်ရှုရပါ လိမ့်မည်။

အမြင့်ဆုံးသော ဘုရားသခင်၏ ယဇ်ပုရောဟိတ်ဖြစ်သော ရှာလင်မင်း ကြီး မေလခိဇေဒက်သည်လည်း မုန့်နှင့် စပျစ်ရည်ကို ဆောင်ခဲ့ပြီး လျှင် ကောင်းကင်မြေကြီးအရှင်၊ အမြင့်ဆုံးသော ဘုရားသခင်သည် အာဗြဟံအား ကောင်းကြီးပေးတော်မူပါစေသောဟု အာဗြံကို ကောင်း ကြီးပေး၍ သင်၏ရန်သူတို့ကို သင်၏လက်၌ အပ်နှံတော်မူသော အမြင့် ဆုံးသော ဘုရားသခင် လည်း မင်္ဂလာရှိတော်မူစေသတည်း ဟု မြွတ်ဆို၏။ အာဗြံသည်လည်း ဥစ္စာရှိမျှတို့ကို ထိုမင်းအား ဆယ်ဘို့တစ်ဘို့ လှူလေ၏။ (ကမ္ဘာဦး ၁၄း၁၈-၂၀)

အာဗြဟံ ဆယ်ဖို့တစ်ဖို့ပေးသော မေလခိဇေဒက်ဆိုသည်မှာ သမ္မာကျမ်းစာက သတ်မှတ်သည်မှာ ခရစ်တော် အတန်း အစား တွင် ပါဝင်ပါသည်။ ထိုအကြောင်းကို ဟေဗြဲ ၅း၆ တွင် ဖော်ပြထားသည်မှာ

ထိုသို့နှင့် အညီကျမ်းစာတစ်ချက်လာသည်ကား သင်သည် မေလခိဇေဒက် နည်းတူ ထာဝရ ယဇ်ပုရောဟိတ်ဖြစ်သည် ဟု လာသတည်း။ (ဟေဗြဲ ၅း၆)

ဤအရာသည် မှတ်သားထားူရန် အလွန်အရေးကြီးသော သမ္မာကျမ်းစာ ဖော်ပြချက် တစ်ခုဖြစ်ပါသည်။ ဆယ်ဖို့တစ်ဖို့နှင့် ပတ်သတ်ပြီး သမ္မာကျမ်းစာတွင် ပထမဦးဆုံး ဖော်ပြထားသော အချက်ဖြစ်သောကြောင့် ဖြစ်ပါသည်။ အရေးကြီးသည်ဟု သတ်မှတ်ရသည့်အကြောင်းမှာ ပညတ်တရား မရှိသေးသော်လည်း ထုံးတမ်းစဉ်လာတစ်ခုအဖြစ် သတ်မှတ် တည်ရှိ လုပ်ဆောင်ခဲ့ကြသောကြောင့် ဖြစ်ပါ သည်။ မေလခိဇေဒက်ကို ပထမဦးဆုံး ဆယ်ဖို့တစ်ဖို့ပေးခဲ့သည်မှာ ပညတ်တရား မပေါ်ထွန်းမှီ အနှစ် ၄၀၀ ခန့် ကတည်းက ဖြစ်နေပါသည်။ ကျွန်တော်စဉ်းစားမိသည့် မေးခွန်းမှာ “မေလခိဇေဒက်ကို ဆယ်ဖို့တစ်ဖို့ပေးရန် အာဗြဟံကို မည်သူက ပြောခဲ့ပါသနည်း”။ အာဗြဟံကို တစ်စုံတစ်ယောက် က ပြောဆိုခဲ့သောကြောင့် လုပ်ဆောင်ခဲ့ခြင်းမဟုတ်ပါ။ ထိုကျမ်းပိုဒ်များကို ဖတ်ရှုလေ့လာသောအခါ အာဗြဟံသည် မဖြစ်မနေ လုပ်ဆောင်ရမည်ဟု အတင်းအကျပ် ဖိအားပေးခံရသောကြောင့် လုပ်ဆောင် ခဲ့သည်မဟုတ်ပါ။ သင်စဉ်းစားကြည့်ပါ။ ပညတ်တရားကို သွန်သင်ဟောပြောပေးမည့် ပုဂ္ဂိုလ်တစ်စုံ တစ်ယောက်မျှ ထိုနေရာတွင် ရှိနေပါသလား။ သူ၏ ကိုယ်ပိုင် ဆန္ဒနှင့် ဆုံးဖြတ်ချက်များပေါ်တွင် လက်တွေ့ လုပ်ဆောင်ခဲ့သည် မဟုတ်ပါလော။ ကျွန်တော်ယုံကြည်သည့်အရာတစ်ခုမှာ အာဗြဟံသည် ဘုရားသခင်ကို ဂုဏ်တော်ချီးမွမ်း မြတ်နိုးကိုးကွယ်မှု ပြုသည့်အခါ ကျွန်တော်တို့၏ အမြင့်ဆုံးသော ယဇ်ပရောဟိတ်မင်းကြီး ဟူသည့် ယေရှု ခရစ်တော်ကဲ့သို့သော မေလခိဇေဒက်အားဖြင့် ဝတ်ပြု ကိုးကွယ်ခြင်း လုပ်ဆောင် နိုင်ခဲ့ခြင်း ဖြစ်မည်ဟု ထင်မြင်ယူဆမိပါသည်။ ထိုအကြောင်းအရာသည် ပဋိညာဉ်တရားသစ်ကို ခံယူကျင့်သုံး နေပါသည် ဟူသော ယနေ့ခေတ်ကာလတွင် ခံယူကျင့်သုံးရန် လျော် ကန်ညီညွတ်သည်ဟု ကျွန်တော် ယုံကြည်မိပါသည်။

သခင်ယေရှုကိုယ်တော်တိုင် ပြောဆိုခဲ့သည်မှာ

“သင်တို့အဘ အာဗြဟံသည် ငါကြွလာမည့် အချိန်ကာလကို မြော်မြင်ခြင်း ငှါ အလွန်အလိုရှိ၏။ မြင်ရသော အခါ ဝမ်းမြောက်ခြင်းသို့ ရောက်သည်ဟု မိန့်တော်မူ၏။” (ယောဟန် ၈း၅၆)

အာဗြဟံသည် ဘုရားသခင်ကို ကိုးကွယ်ရာတွင် မည်သည့် ဖိအားမျှ မရှိဘဲ လွတ်လပ်စွာ ကိုးကွယ်နိုင်ခဲ့ ပါသည်။ ဘုရားသခင်က ထိုအကြောင်းအရာကို နောင်လာ နောက်သားများ သိရှိနိုင်ရန် မှတ်တမ်းတစ် ခုအဖြစ် သတ်မှတ် ထားရှိခဲ့ဟန် ရှိပါသည်။ အာဗြဟံသည် ထိုသို့ ဆယ်ဖို့တစ်ဖို့ ပေး၍ ကိုးကွယ်ခြင်းကို ကြီးမားသော လုပ်ဆောင်ချက် တစ်ခုအဖြစ် မသတ်မှတ်ခဲ့ပါမူ ယခုကဲ့သို့ ဓမ္မသစ်၊ ဓမ္မဟောင်း ကျမ်းစာများတွင် ယခုကဲ့သို့ အရေးတစ်ယူ ရေးသားဖော်ပြမည် မဟုတ်ဟု ထင်မြင် ယူဆမိပါသည်။ ဘုရားသခင်ဘက်မှ အာဗြဟံ၏ ယခုကဲ့သို့ ဆယ်ဘို့ တစ်ဖို့ ပေး၍ ဝတ်ပြုကိုးကွယ်၍ ဂုဏ်ပြု ချီးမြှောက်မှု လုပ်ဆောင်ခြင်းအပေါ် ကျေနပ်အားရမှု ရှိပါသည်။ ထို့ကြောင့် အာဗြဟံကို ပိုမို၍ ကောင်းကြီးများနှင့် ပတ်ရစ်မစခဲ့ပါသည်။

ယောဟန်ခရစ်ဝင်ကျမ်းတွင် သခင်ယေရှုကိုယ်တော် မိန့်တော်မူခဲ့သည်မှာ

ကိုးကွယ်သောသူ မှန်သမျှတို့သည် ခမည်းတော်ကို နံဝိညာဉ်နှင့် လည်းကောင်း၊ သစ္စာနှင့် လည်းကောင်း ကိုးကွယ်ရမည့် အချိန်ကာလသည် လာ၍ ယခုပင် ရောက်လျှက် ရှိ၏။ အကြောင်းမူကား ထိုသို့ ကိုးကွယ်သော သူတို့ကို ခမည်းတော်သည် အလိုရှိတော်မူ၏။ (ယောဟန် ၄း၂၃)

ကျွန်တော်တို့သည် ဘုရားသခင် လိုချင်သော ဝတ်ပြုကိုးကွယ်ခြင်းကို အမှန်တကယ် ဆောင်ရွက်လိုပါက ကျွန်တော်တို့၏ အပြင်သဏ္ဍာန် ဝတ်ပြုကိုးကွယ်ခြင်းက အရေးမကြီးပါ။ စိတ်ဝိညာဉ်ထဲက ဝတ်ပြုကိုးကွယ် မှုပြုရမည်ဖြစ်ပြီး သမ္မာတရားကို အခြေခံပြီး ဝတ်ပြုကိုးကွယ်ရမည်သာဖြစ်သည်။ ထိုမေလခိဇေဒက် ယဇ် ပရောဟိတ်ကြီးနှင့် ပတ်သတ်ပြီး ဆာလံကျမ်းများ တွင် ဖေါ်ပြထားသည်ကိုလည်း ကြည့်ရှုလိုပါသေးသည်။

တန်ခိုးတော်ပြသော နေ့ရက်ကာလ၌ ကိုတော်၏ လူတို့သည် သန့်ရှင်းသော တန်ဆာကို ဆင်လျက် ကြည်ညိုသော စေတနာစိတ်ရှိ၍ လူပျိုတော်တို့သည် နံနက်ဝမ်းထဲက ထွက်သော ဆီးနှင်းကဲ့သို့ ဖြစ်ကြ ပါလိမ့်မည်။ ထာဝရဘုရားက သင်သည် မေလခိဇေဒက်နည်းတူ ထာဝရ ယဇ်ပရောဟိတ်ဖြစ်သည်ဟု ကျိန်ဆို၍ နောက်တစ်ဖန် စိတ်ပြောင်းလဲခြင်း ရှိတော်မမူ။ လကျ်ာတော်နားမှာ ရှိသော ဘုရားရှင်သည် အမျက်တော် အချိန်ကာလ၌ ရှင်ဘုရင်တို့ကို ဒဏ်ခတ် တော်မူမည်။ (ဆာလံ ၁၁၀း၃-၅)

အထက်ကျမ်းစာထဲတွင် ဘုရားသခင် တန်းခိုးပြသော နေ့ရက်အခါ ရောက်လာခဲ့လျှင် ဘုရားသခင်၏ လူတို့သည် မိမိတို့၏ စိတ်စေနာအလျှောက် (မည်သူ၏ သွေးဆောင်မှုမျှမရှိဘဲ စိတ်လိုလက်ရ) ဘုရားသခင်ထံ ရောက်ရှိလာလိမ့်မည်ဟု ဆိုထားပါသည်။ ဤကျမ်းပိုဒ်သည် ဓမ္မဟောင်းကျမ်း တွင်ဖော်ပြ ထားသည် မေလခိဇေဒက်နှင့် ပတ်သတ်သော အခြားသော အကြောင်းအရာတစ်ခု ဖြစ်နေပါသည်။ ထိုအရာထဲမှာပင် လွတ်လပ်စွာ စိတ်လိုလက်ရ ကိုးကွယ်သောသူများနှင့် ပတ်သတ်ပြီး ဖော်ပြထားကြောင်း ထပ်မံ တွေ့ရှိရပါသည်။

မည်သို့ပင်ဖြစ်စေ ဘုရားသခင်၏ လူများသည် လွတ်လွတ်လပ်လပ်ပင် စိတ်နှလုံးအကြွင်းမဲ့ ဝိညာဉ်ထဲက ဝတ်ပြုကိုးကွယ် နေသူများ ဖြစ်ဘို့ လိုအပ်ပါသည်။ မေလခိဇေဒက်ကို ဖော်ပြသော ကျမ်းပိုဒ်များတွင် ပညတ်တရားမရှိဘဲ လွတ်လွတ် လပ်လပ် ဝတ်ပြုကိုးကွယ်မှု ပြုခဲ့ကြောင်း ဖော်ပြနေပါသည်။ ခရစ်တော်ကိုယ်တိုင်ပင် ကားတိုင်ပေါ်တွင် လူတို့အပြစ် အတွက် အသက်ကို စတေးခံသောအခါ မည်သူတို့၏ တိုက်တွန်းသွေးဆောင်မှု မပါဘဲ လွတ်လပ်စွာပင် ထိုအမှုတော်ကို ဆောင်ရွက်ခဲ့ကြောင်း ဖတ်ရှု တွေ့မြင်ခဲ့ရပါသည်။ ထိုအရာသည် ကျွန်တော်တို့အတွက် ပုံသက်သေ ပြု ဆောင်ရွက်ချက် များပင် မဟုတ်ပါလား။

ယေရှုကိုယ်တော်က မိန့်တော်မူခဲ့သည်မှာ

ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်းများကို ဖျက်ပယ်ခြင်းငှါ ငါသည်ဟု မထင် ကြနှင့်။ ဖျက်ပယ်ခြင်းငှါ ငါလာသည်မဟုတ်။ ပြည့်စုံစေခြင်းငှါ ငါလာ သတည်း။ ငါအမှန်ဆိုသည်ကား၊ ကောင်းကင်နှင့် မြေကြီး မပျက်စီးမှီ တိုင်အောင် ပညတ္တိကျမ်း၌ အငယ်ဆုံးသော စာလုံးဗိန္ဓုတစ် လုံးမျှ ပြည့်စုံခြင်းသို့ မရောက်မှီ မပျက်စီးရ။ ထို့ကြောင့် အကြင်သူသည်။ အငယ်ဆုံးသော ပညတ်တစ်ခုကို ကိုယ်တိုင်ကျူးလွန်၍ သူတစ်ပါးတို့ အားလည်း ထို့အတူ သွန်သင်၏။ ထိုသူသည် ကောင်းကင်နိုင်ငံတော်၌ အငယ်ဆုံသောသူ ဖြစ်လိမ့်မည်။ (မဿဲ ၅း၁၇-၁၉)

ခရစ်တော် ယေရှုသခင် မိန်တော်မူသော စကားတော်အရ ပညတ်တော်များကို ပြည့်စုံစေရန်ပင် လာရောက်သည်ဟု ပြောထားပါသည်။ ထိုပညတ်တော်များကို ယခုအခါ ကျွန်တော်တို့ ၏ နှလုံးသား များ ပေါ်တွင် ရေးသားထားသည် မဟုတ်ပါလား။ ထိုအရာသည် ကျေးဇူးတော်ကို ခံစားပြီးသောကြောင့် ဖြစ်ပါသည်။ ပညတ်တရား အကျဉ်းထောင်မှ လွတ်မြောက်သွားပြီး၊ လှည့်ကြည့်စရာ မလိုတော့ပါ ဟူ၍ မဆိုလိုပါ။ ကျွန်တော်တို့သည် မြေကြီးပေါ်တွင် အသက်ရှင်နေသ၍ ဘုရားသခင်၏ အလိုတော် အကြံအစည်တော်ထဲတွင် အသက်ရှင်နေရမည်သာ ဖြစ်ပါသည်။ သို့သော် ထိုကဲ့သို့ အသက်ရှင်ရန်အတွက် ဖိအားမပါ၊ အတင်းအကျပ် မဟုတ်ဘဲ မိမိ၏ စိတ်အလိုအတိုင်း အသက်ရှင်ရမည်သာ ဖြစ်ပါသည်။ ပညတ်တရားတွေက တော့ ရှိနေမည်သာဖြစ်ပါသည်။ သို့သော် ထိုအရာများသည် ကျွန်တော်တို့ကို ဖိအားပေးဘို့ မဟုတ်။ ကျွန်တော်တို့ လျှောက်လှမ်းသော လမ်းများသည် မှားနေသည် (သို့) မှန်ကန်သည် စသည်ဖြင့် သိရှိစေရန်သာ ဖြစ်ပါသည်။ ကျွန်တော်တို့ သည် ဘုရားသခင်ကို ကိုးကွယ်ချီးမွမ်းရာတွင် မိမိတို့၏ စိတ်ဝိညာဉ်ထဲက သမ္မာတရား၏ လမ်းပြမှုများဖြင့် ဝတ်ပြုကိုးကွယ် ရမည်သာ ဖြစ်ပါသည်။ ထိုအရာသည် ပိုမို ကောင်းမွန်သော လမ်းကြောင်း ဖြစ်ပါသည်။

တမန်တော် ယောဟန်က ပြောသည်မှာ

အကြောင်းမူကား ပညတ်တရားတော်ကို မောရှည် လက်တွင် ပေးတော် မူ၏။ ကျေးဇူးတရားနှင့် သစ္စာတရားမူကား ယေရှုခရစ်အားဖြင့် ဖြစ်သ တည်း။ (ယောဟန် ၁း၁၇)

ယခုလောက် ဖော်ပြခဲ့သည်ကို သင်သေချာစွာ ဖတ်ခဲ့ပြီဆိုပါက ကျွန်တော်တို့၏ ဝတ်ပြုကိုးကွယ်ခြင်း များသည် မည်သည့် ပညတ်တရားကိုမျှ အခြေမခံဘဲ ကျွန်တော်တို့၏ စိတ်နှလုံးထဲက လွတ်လပ်စွာ ဝတ်ပြုကိုးကွယ်မှုများသည် ကျမ်းစာနှင့် ညီညွတ်ကြောင်း သင်သိမြင်နိုင်ဟု မျှော်လင့်မိပါသည်။ ကျွန်တော်တို့သည် ယခုအခါ ပဋိညာဉ်သစ်ဖြစ်သော ကျေးဇူးတရား ၏ လက်တွင် ရှိနေသောကြောင့် ဘုရားသခင်၏ နောက်သို့ တစ်စိုက်မတ်မတ် လိုက်လျှောက်အသက်ရှင်နိုင်ရန် လွယ်ကူလှပါသည်။ အတင်းအကျပ် ဖိအားများ ရှိမနေပါ။ ကျွန်တော်တို့သည် ပညတ်တရားက ကိုင်စွဲလှုပ်ရမ်းနေသော ရုပ်သေးရုပ်လေးများ မဟုတ်ကြပါ။ ကျွန်တော်တို့သည် ဘုရားသခင်၏ သားသမီးများသာ ဖြစ်ကြပါသည်။

ကျွန်တော်တို့သည် သမ္မာကျမ်းစာ၏ ပထမဆုံးသော ကမ္ဘာဦးကျမ်းကို ဖတ်ပြီးနောက် ဆယ်ဖို့တစ်ဖို့သည် ပညတ်တရား မရှိမှီကတည်းက စတင်တည်ရှိနေ သည်ကို မြင်တွေ့နိုင်ပေမည်။ ထို့နည်းတူ ပဋိညာဉ်ဟောင်း၏ နောက်ဆုံးစာအုပ် တွင်လည်း ဆယ်ဖို့တစ်ဖို့ ပေးရန် ဆိုသည့် အကြောင်းအရာသည် အတင်းအကျပ်မဟုတ်။ ကောင်းကြီး ပေးချင်သော ဘုရားသခင်က ကောင်းကြီးမင်္ဂလာအတွက် တိုက်တွန်းပြောဆိုခြင်း တစ်ခုသာ ဖြစ်ပေသည်။ ဖိအားတစ်ခုအနေဖြင့် အတင်းအကျပ် လုပ်ဆောင်ခြင်း မဟုတ်ပါဟု ကျွန်တော် ယုံကြည်နေပါသည်။ ဘုရားသခင်သည် ဣသရေလလူမျိုးများကို ဆုံးမသွန်သင် သည့်အခါ သူတို့၏ မာကျောနေသော နှလုံသားများကို အပြစ် ဖော်ပြပြောဆိုပြီး ဆုံးမလေ့ ရှိပါသည်။ ဘုရားသခင်သည် ပြောင်းလဲတတ်ပါသလား။ နှုတ် ခပတ်တော်သည် မနေ့၊ ယနေ့၊ နောင်ကာလ မပြောင်းမလဲသော ဘုရားသခင် ဖြစ်တော်မူ၏။ ဘုရားသခင်ကို စိတ်ဝိညာဉ်ထဲက ဝတ်ပြု ကိုးကွယ်နေ သောသူများ အပေါ်တွင် တစ်စုံတစ်ရာ ပြောင်းလဲသော နှလုံသား ရှိမည်ဟု သင်ထင်နေပါသလား။ မာလခိ ကျမ်းစာထဲမှ ဖော်ပြချက်များသည် ဆယ်ဖို့ တစ်ဖို့နှင့် ပတ်သတ်ပြီး ကျွန်တော်တို့၏ နှလုံသား စိတ်နေသဘောထားများ အပေါ်တွင် များစွာ အခြေပြုထားပါသည်။

မာလခိကျမ်းနှင့် ပတ်သတ်ပြီး ဤနေရာတွင် အများအပြား မပြောလိုပါ။ အဘယ်ကြောင့် ဆိုသော် ဤဆောင်းပါးကို ရှည်လျားစွာ မရေးလိုသောကြောင့် ဖြစ်ပါသည်။ မာလခိကျမ်း တစ်စောင်လုံး ကို သေချာစွာ ဖတ်ရှုလေ့လာပါရန် သင့်ကို တိုက်တွန်းလိုပါသည်။

မာလခိ ၁း၂-၁၄ ကို ဖတ်ကြည့်မည်ဆိုပါက ဘုရားသခင်သည် ဣသရေလ လူမျိုးများကို လွန်စွာ အမျက်ဒေါသထွက် အပြစ် တင်နေသည်ကို တွေ့မြင်နိုင်ပါသည်။ ထိုအရာသည် ဆယ်ဖို့တစ်ဖို့ တစ်ခုတည်း သာမကပါ။ သူတို့၏ စိတ်နေသဘော ထားများ အလွန်ဆိုးရွားနေသည်ကို အရှင်မြတ်က ဖော်ပြနေ ပါသည်။ သူတို့၏ စိတ်နေ သဘောထားများသည် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရာ တွင် ရောင်ပြန် ဟတ်နေသည်ကို ထင်ရှားစွာ တွေ့မြင်နေရ ပါသည်။ သင်ကိုယ်တိုင် နှုတ်ခပတ်တော်ကို လေ့လာကြည်ပါ။ ကျွန်တော်တို့သည် ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ ကိုးကွယ်သည်ဟု ဆိုရာတွင် ကျွန်တော်တို့၏ ဘုရားသခင်အပေါ် ထားသည့် စိတ်နေသဘောထားများက ဖေါ်ပြဖွင့်လှစ် နေသည်ကို တွေ့မြင် နိုင် ပါသည်။

မဿဲ ၁၅း၄-၇ တွင် ယေရှုက ပြောခဲ့သည်မှာ

“ဘုရားသခင်၏ ပညတ်တော်ကား၊ မိဘာကို ရိုသေစွာပြုလော့။ အကြင် သူသည် မိဘကို နှုတ်ဖြင့် ပြစ်မှား၏။ ထိုသူသည် အသေသတ်ခြင်းကို ခံစေဟု လာသတည်း။ သင်တို့မူကား၊ အကြင်သူသည် ကိုယ့်မိဘကို၊ သင်တို့ အသုံးရနိုင်သမျှသော ငါ၏ဥစ္စာသည် အလှူဝတ္ထုဖြစ်စေဟု ဆို၏။ ထိုသူသည် ကိုယ်မိဘကိုပင် ရိုသေစွာမပြုရဟု ဆို၏။ ထိုသို့ သင်တို့သည် အဆက်ဆက်ခံသော နည်းဥပဒေအားဖြင့် ဘုရားသခင်၏ ပညတ်တော်ကို ပယ်ကြ၏။ လျှို့ဝှက်သောသူတို့ ဟေရှာယ သည် သင်တို့ကို ရည်မှတ်လျက် ဤလူမျိုးသည် နှုတ်နှင့် ငါ့ထံသို့ ချဉ်းကပ်၍ နှုတ်ခမ်းနှင့် ငါ့ကို ရိုသေကြ၏။ စိတ်နှလုံး မူကား ငါနှင့် ဝေးလှ၏။ (မဿဲ ၁၅း၄-၇)

အထက်ပါ ကျမ်းပိုဒ်တွင် လူတို့၏ စိတ်နှလုံးကို အဓိက ဖော်ပြနေသည်။ မိဘကို ရိုသေစွာပြုပါ ဟု နှုတ်ခပတ်တော်က သွန်သင်ချက်အပေါ် အပေါ်ယံစိတ်နှလုံးက ရိုသေသလို၊ ချစ်သလို ဖေါ်ပြနေသော် လည်း အမှန်တကယ်မချစ်။ မိခင်၊ ဖခင်များက တစ်စုံတစ်ရာကို သားသမီးများထံ တောင်းခံလာသောအခါ ထိုသားသမီးက မိဘကို မပေးချင်သဖြင့် “အမေ၊ အဖေ – ကျွန်တော်မှာ ရှိတဲ့ အဲဒီဥစ္စာလေးကို ဘုရားသခင်ထံ လှူထားပါတယ်” ဟု ပြောဆိုတတ်သည်။ ထိုအခါ မိဘများက မတောင်း ယူတော့ချေ။ ထိုသို့ဖြင့် မိဘများကို ရိုသေဟန်ပြုနေကြသော်လည်း အမှန်တကယ်မဟုတ်ချေ။ ဘုရားနှင့် ပတ်သတ်လာ လျှင်လဲ ထိုကဲ့သို့ပင် ဖြစ်ချေတော့သည်။ အပေါ်ယံက ရိုသေသလို ချစ်သလို၊ စိတ်နှလုံးနှင့် ကိုးကွယ် သယောင် ပြုနေကြသော်လည်း စိတ်ထဲက အမှန်တကယ် မပါရှိကြချေ။ ဗိမ္မာန်တော်တွင် ထည့်လှူရမည့် အလှူ ငွေများကိုလည်း ဟိုအကြောင်းပြ ဒီအကြောင်းပြနှင့် ငြင်းပယ်လေ့ ရှိကြသည်မှာ ဘုရားသခင်ကို အမှန်တကယ် ရိုသေ လေးမြတ်ခြင်းမရှိကြောင်း တွေ့မြင်နေရပါသည်။

မာလခိကျမ်းကို ပြန်ကြည့်လျှင် ထိုသူတု့ိသည် ဆယ်ဖို့တစ်ဖို့ ထားရခြင်းကို အလွန် စိတ်ပင်ပန်းစရာ အကြောင်းအရင်း တစ်ခုဟု ထင်မြင်ပြီး ထိုအရာကို ဆောင်ရွက်ရန် ကြိုးစားအားထုပ်မှု မပြုလုပ် ကြတော့ပေ။ ထို့ပြင် ဘုရားသခင်ကို ပေးရာတွင် မကျန်းမာသော သိုး၊ ကျိုးပဲ့နေသော တိရစ္ဆာန်များကို လည်းကောင်း၊ ခိုးယူထားသော အရာများကို လည်းကောင်း၊ ရောင်းမကုန်သော ကုန်ပစ္စည်းများကို လည်းကောင်း၊ မပြည်စုံသော အလှူဝတ္ထုများကို လည်းကောင်း ဘုရားသခင်ကို ပေးခြင်းဖြင့် သူတို့၏ စိတ်နှလုံးအခြေအနေများကို ဖော်ပြခဲ့ကြသည်ကို မာလခိတွင် ရေးသားထားခြင်း ဖြစ်သည်။

ထိုအခြေအနေမျိုးကို ကျွန်တော်တို့၏ ခေတ်ကာလတွင်လည်း တွေ့နိုင်သည် မဟုတ်ပါလော။ ကျွန်တော် တို့၏ စီးပွားရေး မှာ သူတို့ကဲ့သို့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ မဟုတ်သော်လည်း စိတ်နှလုံးမှာ မူကား သူတို့နှင့် အတူတူပင် ဖြစ်လေတော့သည်။ လုံးဝခားနားမှု မရှိကြပါ။ ယနေ့ခေတ် အသင်းတော် တော်တော်များများတွင် ထိုကဲ့သို့ အခြေအနေမျိုးကို ရှိနေပါသည်။ လူတော်တော်များများက “ထိုအရာတွေ (ဆယ်ဖို့တစ်ဖို့) လုပ်ဆောင်ရင် ဘာအကျိုးရှိလို့လဲ” ဟု တွေးမြင် နေကြသည်။ “အသက်တာတွင် ပိုကောင်းလာသည်မရှိ” ဟု တွေးထင်နေကြသည်။ ထိုအကြောင်းကြောင့် လုပ်ဆောင်မှု ထိုလုပ်ဆောင်မှုကို အနှစ်သာရ မပါဘဲ အပေါ်ယံသာ လုပ်ဆောင်ကြလေတော့သည်။ ဘုရားကို အကျန်၊ အကျိုး၊ မပြည့်စုံ သောအရာများကိုသာ ပေးကြလေတော့သည်။ အချို့က အမှန်တကယ် ပေးလှူကြ သော် လည်း မှားယွင်သော စိတ်နှလုံး များဖြင့်သာ ပေးလှူကြလေတော့သည်။ ဘုရားသခင်ကို ကိုးကွယ်ရာတွင် မိမိ၏ စိတ်သက်သာမှုနှင့် အခြေအနေကိုသာ စိတ်ကူးပြီး စိတ်လုပ်ဆောင်လေတော့သည်။ ကျွန်တော်တို့ ဘုရားသခင်ရှေ့တွင် ကိုးကွယ်ရာဟူသမျှသည် မိမိ စိတ်သက်သာမှုထက် ဘုရားသခင် ကြိုက် နှစ်သက် ဝမ်းမြောက်ဘို့ကို ဦးစားပေး ဆောင်ရွက်သင့်သည် မဟုတ်ပါလား။

မာလခိကျမ်း အခန်းကြီး (၃)သည် ကျွန်တော်တို့နှင့် ပိုမိုရင်းနှီး ကျွမ်းဝင်သော ကျမ်းပိုဒ်များ ရှိပါသည်။ ဤနေရာတွင် ဖော်ပြထားသည်မှာ ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာကို မည်ကဲ့သို့ လက်ခံ ရယူရ မည်ကို ဖော်ပြထားပါသည်။ ဘုရားသခင်က ဤနေရာတွင် လက်တွေ့ဆန်သော သဘောဖြင့် ရေး သား ဖော်ပြထား ပါသည်။ ကောင်းကြီးမင်္ဂလာ တစ်ခုတည်းသာမက လုပ်ငန်းကိုင်ငန်းများကိုလည်း ကွယ်ကာမှုပြုကာ မင်္ဂလာရှိသူအဖြစ် ချီးမြှောက်မည်ဟု ဖော်ပြ ရေးသားထားသည်မှာ အားရစရာ ပင်ဖြစ်ပါသည်။ (မာလခိ ၃း၁၀-၁၂ ကိုဖတ်ကြည့်ပါ။)

ဘုရားသခင်သည် ကျွန်တော်တို့ကို အမှန်တကယ် ကောင်းကြီး မင်္ဂလာများကို ပေးသနားချင်ပါသည်။ ထိုကောင်းကြီး မင်္ဂလာသည် ကျွန်တော်တို့နှင့် ထိုက်တန်မှုပင် မရှိပါ။ သို့သော် ဘုရားသခင် ပေး ချင်ပါသည်။

လုပ်ဆောင်သင့်သောအရာများကို လုပ်ဆောင်ရန် တာဝန် ဝတ္တရားများ ရှိနေပါသည်။ ကျွန်တော်တို့သည် ဘုရားသခင်၏ လမ်းတော်တွင် လျှောက်လှမ်း မည် ဆိုပါက ဘုရားသခင်ထံမှ အကျိုးရလဒ်များ ရမည်မှာ မလွှဲမသွေ ဖြစ်ပါသည်။

ယခုဆက်လက်၍ ပဋိညာဉ်ဟောင်းကို ဆက်လက်ကြည့်ပါဦးမည်။ ပဋိညာဉ်ဟောင်းသည် ပဋိညာဉ်သစ်နှင့် စပ်ဆက်မှု ရှိနေကာ ထိုအရာများသည် ပဋိညာဉ်သစ်၏ အရိပ်သဖွယ် ဖြစ်နေပါသည်။ ယခု တရားဟောရာ ကျမ်း အခန်းကြီး (၂၆) တစ်ခန်းလုံးကို ဖတ်ကြည့်ပါ။

တရားဟော ၂၆း၁-၁၁ ကိုဖတ်ကြည်လျှင် မိမိတို့ကို ပေးတော်မူသော ဂတိတော် တိုင်းပြည်သို့ ရောက်လျှင် အဦးသီးသော အသီးကို နာမတော်တည်ရာ အရပ်သို့ ယူဆောင်လာရမည်ဟု ဖေါ်ပြပါရှိပါသည်။ ထို့နောက် ယဇ်ပရောဟိတ်ကို ထိုလှူဘွယ် ရာများကို ပေးရမည်ဟု ဖော်ပြထားပါသည်။ ယနေ့ခေတ် အခါတွင် သခင်ယေရှုသည် ကျွန်တော်တို့၏ ယဇ်ပရော ဟိတ်အကြီး ဖြစ်သည် မဟုတ်ပါလော။

ဟေဗြဲ ၃း၁ တွင် ဖော်ပြထားသည်မှာ

ထိုသို့ဖြစ်လျှင် ကောင်းကင်ဘုံနှင့် စပ်ဆိုင်သော ခေါ်ဘိတ်တော် မူခြင်း ကျေးဇူးကို ခံရသောသူ၊ သန့်ရှင်းသော ညီအကိုတို့ ငါတို့ဝန်ခံသော တမန်တော်နှငု့် ယဇ်ပရောဟိတ်မင်းတည်းဟူသော ယေရှု၏အကြောင်း ကို စေ့စေ့ ဆင်ခြင်ကြလော့။ (ဟေဗြဲ ၃း၁)

ယေရှုသည် ယဇ်ပရောဟိတ်မင်းဖြစ်သည်ဟု ကျွန်တော်တို့ ယုံကြည်မြတ်နိုးသော နှုတ်ခပတ်တော် က ဖေါ်ပြနေပါသည်။ ထိုသခင်ကို ကျွန်တော်တို့၏ အဦးသီးသော အသီးအနှံများဖြင့် ဝတ်ပြု ကိုးကွယ်ကြပါစို့။ ကျွန်တော်တို့သည် ကျွန်တော်တို့၏ လှူဘွယ်ရာများကို ယဇ်ပရောဟိတ်ထံ ယူဆောင် မလာမှီ ထိုသခင်သည် ကျွန်တော်တို့၏ ယဇ်ပရောဟိတ် ဖြစ်သည်ဟု ဝန်ခံကြပါစို့။ ကျွန်တော်တို့သည် ယခင်ကပင် ထိုသခင်နှင့် ပတ်သတ်ပြီး ဝန်ခံပြီး ဖြစ်ကောင်းဖြစ်နိုင်ပါ သည်။ သို့သော် ကျွန်တော်တို့ သည် ကျေးဇူးတော်ချီးမွမ်းခြင်းဖြင့် ထိုသခင်၏ ကောင်းမြတ်ကြောင်း ကို ကြေငြာသင့်သည်။ အဘယ်ကြောင့်ဆိုသော် ယခုကဲ့သို့ ပေးလှူနိင်သည် ကောင်းကြီးမင်္ဂလာများသည် ထိုသခင်ထံမှ ရောက်ရှိ လာခဲ့သည် မဟုတ်ပါလော။

တရားဟော ၂၆း၁၂-၁၅ ထိ ဖတ်ရှုလိုက်သောအခါ

ဆယ်ဖို့တစ်ဖို့ကို ဘုရားသခင်ထံ ယူဆောင်လာသောအခါ မိမိတို့၏ ပေးလှူမှုများသည် ဘုရားသခင်ကို မိန့်ကြားတော်မူ သည့်အတိုင်း နာခံမှုဖြင့် လုပ်ဆောင်ကြောင်း ဖော်ပြရပါမည်ဟု ရေးသားထားပါသည်။ ထိုအရာကို လုပ်ဆောင်သောအခါ ဝမ်းမြောက်ခြင်းဖြင့် လုပ်ဆောင်မှု ပြုရန်လိုအပ်ပါ သည်။ စိတ်မသက်မသာဖြင့် ပြုရမည့် လုပ်ဆောင်ချက် မဟုတ်ပါ။

တရားဟော ၂၆း၁၆-၁၉ တွင် ဖော်ပြထားသည်မှာ အခန်းငယ် (၁၆) ကိုသေချာဖတ်ကြည့်ပါ။ “ယခု စီရင်ထုံးဖွဲ့သမျှအတိုင်း ကျင့်ရမည်ဟု သင်၏ ဘုရားသခင် ထာဝရ ဘုရား မှာထားတော်မူသည်ဖြစ်၍ စိတ်နှလုံး အကြွင်းမဲ့ ကျင့်ဆောင့်ရမည်” ဟုရေးသားထားပါသည်။ NIV ကျမ်းစာတွင် ဖော်ပြထားသည်မှာ “Carefully observe them with all your heart and with all your soul” (ထိုအရာများကို သေချာစွာ ဂရုစိုက်၍ သင်၏ စိတ်ဝိညာဉ်ထဲက အကြွင်းမဲ့ ဆောင်ရွက်ရမည်) ဟုဖေါ်ပြထားသည်ကို ဖတ်ရပါသည်။ အပေါ်ယံ လုပ်ဆောင်ရမည်မဟုတ်ပါ။ တာဝန် ဝတ္တရားအရ လုပ်ဆောင်ရမည်မဟုတ်ပါ။ ပညတ်တရားအရ လုပ်ဆောင်ရမည်မဟုတ်ပါ။

အချုပ်အားဖြင့် ဆိုရမည်ဆိုပါက ကျွန်တော်တို့၏ ဆယ်ဖို့တစ်ဖို့ ပေးကမ်းခြင်းသည် အထက်တွင် ဖေါ်ပြ ရှင်းလင်းခဲ့ သကဲ့သို့ပင် မိမိ၏ သဘောဖြင့် စိတ်လိုလက်ရ ဝမ်းမြောက်ဝမ်းသာ ကျေကျေ နပ်နပ် ပေးရ မည်သာဖြစ်သည်။ ဘုရားသခင်သည် ကျွန်တော်တို့၏ စိတ်နှလုံး အကြွင်းမဲ့ ဝတ်ပြုကိုးကွယ်ခြင်းကိုသာ လိုချင်ပါသည်။ မာလခိကျမ်းတွင် ဖော်ပြသော အကြောင်းအရာများသည် ဘုရားသခင်ဘက်က ကြည်မည် ဆိုပါက အလွန်ဝမ်းနည်းဘွယ်ရာ အကြောင်းများဖြစ်နေပါသည်။ ဘုရားသခင်ကို အပေါ်ယံသာ လူကြည့်ကောင်းအောင်သာ ဝတ်ပြုကိုးကွယ်နေကြသည်။ အမှန်တကယ် စိတ်ထဲက လာသော အကြွင်းမဲ့ ဝတ်ပြုကိုးကွယ်မှုမျိုးမဟုတ်ပါ။ သင့်အသက်တာတွင်လည်း ထိုကဲ့သို့ အခြေအနေမျိုး မဖြစ်စေရန် ဂရု စိုက်၍ ပေးလှူမှုများ၊ ဆယ်ဘို့ တစ်ဘို့ ပေးခြင်းများကို ဆောင်ရွက်ကြပါ ရန် မေတ္တာရှေ့ ထားကာ ကောင်းကြီးမင်္ဂလာ ကြွယ်ဝစွာ ခံစားရရန် ရည်ရွယ်လျက် တင်ပြလိုက်ရပါသည်။ (အားလုံးအပေါ် တွင် ဘုရားသခင် ကောင်းကြီးပေးပါစေ။) အာမင်

၃၅။ခရစ်ယာန်ယုံကြည်ခြင်း၏သော့ချက်

အမင်္ဂလာကို မင်္ဂလာဖြစ်စေသော အီစတာအခါသမယ၌ ကျွန်ုပ်တို့ အားဖြင့် လူသား များစွာကို သင်္ခါရမှ ထာဝရသို့ မင်္ဂလာ ဖြစ်စေရန် ဘုရားသခင် ကောင်းချီး ပေးပါစေဟု ဆုတောင်း မေတ္တာ ပို့သအပ်ပါသည်။

သခင်ယေရှု၏ ရှင်ပြန် ထမြောက်ခြင်းသည် ခရစ်ယာန် ယုံကြည်ခြင်း၏ သော့ချက် ဖြစ်သော်လည်း ယခုအခါ၌ ယုံကြည်သူများသည် အလေး အနက်ပင် မထားကြတော့ပေ။ အချို့သော ဓမ္မဆရာကြီး များပင်လျှင် သခင်ယေရှု၏ သေခြင်းမှ ရှင်ပြန် ထမြောက်ခြင်းကို သံသယ ရှိလာ ကြပါသည်။

ဤကား အံ့သြစရာ အသစ်အဆန်း မဟုတ်ပေ။ သခင်ယေရှုက မိမိ ထမြောက်မည့်အကြောင်းကို ပြောသောအခါ အနီးကပ် တပည့်တော်များက အလေးအနက်မထား၊ မယုံကြည် ကြသော်လည်း (မဿဲ ၂၀း၁၇-၁၉) သခင် ဘုရားကို ဆန့်ကျင်၍ အသေသတ်ခဲ့သော ဘာသာရေး ခေါင်းဆောင်များ၊ ဖာရိရှဲများက သခင်ဘုရား၏ တပည့်တော်များထက် ထိုထမြောက်ခြင်းကို အလေးအနက် ထားပြီး ယုံကြည်ခဲ့ ကြသည်။

ထိုကဲ့သို့ ရှင်ပြန် ထမြောက်မည်ဟူသော သခင်ဘုရား၏ စကားတော်ကြောင့် သခင်ဘုရား အသက်ရှင်စဉ်က ကြောက်ရွံ့သည်ထက် သခင်ဘုရား အသေခံတော် မူပြီးနောက် ပို၍ ကြောက်ရွံ့ကာ အလောင်းတော်ကို သင်္ချိုင်းထဲတွင် လုံလုံခြုံခြုံ ရှိစေရန် ပိုမို ဂရုစိုက်ကာ အစောင့် အကြပ်များ ထူထဲစွာ ချထားခြင်း စသည်ဖြင့် အဖက်ဖက်မှ ကြိုတင် ကာကွယ် ပြင်ဆင် ခဲ့ကြပါသည်။

ဘာသာရေး ခေါင်းဆောင်များ၊ ဖာရိရှဲများ သဘော မပေါက်သော အချက် တစ်ချက်ကား မည်မျှ ကြီးမားသော ကျောက်တုံး၊ ရောမ အစိုးရ၏ တံဆိပ်တော်၊ ရောမ စစ်သားများ၏ စောင့်ကြပ်မှု စသည်တို့က ဘုရားသခင်၏ သားတော် သခင် ယေရှု၏ ရှင်ပြန် ထမြောက်ခြင်းကို မဟန့်တားနိုင် ခြင်းပင်ဖြစ်သည်။

““သင်္ချိုင်းချည်းနှီးစောင့်စဉ်

ယေရှုကယ်တင်ခြင်း

အလောင်းတံဆိပ်ခတ်သည်

ယေရှုသခင် သင်္ချိုင်းတွင်းမှ

ထမြောက်ပြီ ရန်သူများပေါ်ဘုန်းကြီး အောင်မြင်ပြီ နက်နဲရာထဲက အောင်မြင်လျက်တက်ကြွလာ

သန့်ရှင်းသူနှင့်စိုးစံ သက်ရှင်ထာဝရ ထမြောက်ပြီ ထမြောက်ပြီ ဟာလေလုယာ ထမြောက်ပြီ””

ဟူသော ဓမ္မသီချင်းကို ယခုတိုင်အောင် ကျွန်ုပ်တို့ အောင်မြင်စွာ သီဆို နိုင်ခဲ့ကြ ပါသည်။

ထမြောက်ခြင်းဖြင့် ခံစားရသော ကောင်းကြီးမင်္ဂလာများ

သခင်ဘုရား၏ သေခြင်းမှ ရှင်ပြန်ထ မြောက်ခြင်းသည် ကျွန်ုပ်တို့အား အောက်ပါ အချက်များကို သိရှိစေရုံမက ယုံကြည် လိုက်နာခြင်း အားဖြင့် အကျိုးဆက် များကို ဆက်၍ ခံစားစေနိုင် ခဲ့ပါသည်။

ပဿခါမှ ပွဲတော်မင်္ဂလာ

သခင်ဘုရား၏ ပသခါ ညစာ စားပွဲသည် သခင်ဘုရား ကြွလာ သည့်တိုင်အောင် ပြုရသည့် ပွဲတော် မင်္ဂလာ အဖြစ်သို့ ပြောင်း သွားခြင်း ဖြစ်သည်။

သင်တို့သည် ထိုမုန့်ကို စား၍ ထိုခွက်ကို သောက်သည့် အခါခါ သခင်ဘုရား အသေခံ တော်မူခြင်းကို ကြွလာတော် မမူမီ တိုင်အောင် ပြကြ၏ (၁ကော ၁၁း၂၆)။

သတ္တမနေ့ စည်းဝေးခြင်းမှ ပထမ နေ့စည်း ဝေးခြင်း

သတ္တမနေ့ စည်းဝေးခြင်းမှ ပထမ နေ့စည်း ဝေးခြင်းသို့ ပြောင်းလဲခြင်း ဖြစ်သည်။

ခုနစ်ရက်တွင် ပထနေ့၌ မုန့်ကိုဖဲ့ခြင်းငှါ စည်းဝေးကြသောအခါ ပေါလုသည် နက်ဖြန်နေ့၌ ထွက်သွားမည် ဖြစ်၍ သန်းခေါင် တိုင်အောင် ဟောပြောလျက် နေလေ၏(တ ၂၀း၇)။

ဤကား ပညတ်တော်ကို ပယ်ဖျက်ခြင်း မဟုတ်၊ ပြည့်စုံစေခြင်းဖြစ်ပါသည်။ ဓမ္မဟောင်း ကျမ်းထဲ၌လည်း ပထမနေ့ကို ဥပုသ်နေ့၊ စည်းဝေးရာနေ့အဖြစ် ဖေါ်ပြထားခြင်းကို ဓမ္မ သစ်ခေတ်တွင် ပြည့်စုံစေခြင်းဖြစ်သည်။

ပထမနေ့ ၌၎င်းင်း၊ ခုနစ်ရက် နေ့၌၎င်း၊ ဓမ္မ စည်းဝေးခြင်းကို ပြုရမည်။ ထိုနေ့ရက်၌ စားခြင်း ကိစ္စနှင့် ဆိုင်သော အလုပ် အဆောင်မှ တစ်ပါး အခြားသောအလုပ်ကို မလုပ်မဆောင်ရ။ (ထွက် ၁၂း၁၆)။

သင်တို့သည် သတ္တမလ၊ ပထမနေ့ရက် ၌ တံပိုးမှုတ်ပွဲ၊ ဓမ္မစည်းဝေးခြင်းကို ပြုရသော ဥပုသ်နေ့ကို စောင့်ရကြမည်။ လောကီ အလုပ်ကို မလုပ်ရ(၀တ် ၂၃း၂၄)။

ပဋိညာဉ် တရားဟောင်းမှ ပဋိညာဉ် တရားသစ်

ပဋိညာဉ် တရားဟောင်း (ပညတ်တရား)မှ ပဋိညာဉ် တရားသစ် (ကျေးဇူးတရား)သို့ ပြောင်းလဲပေး ခြင်းဖြစ်သည်။

ခရစ်တော်၏ အသွေးတော် အားဖြင့် ကယ်တင်ခြင်း ကျေးဇူး (ပဋိညာဉ် တရားသစ်)ကို ခံစားရခြင်း (၂ကော ၅း၁၇)။

ပညတ်တရား၏ ကျိန်ခြင်းမှ လွတ်မြောက်ခြင်း ခံရပြီး အာဗြဟံ ခံရသော ကောင်းချီး မင်္ဂလာကို ခံစားရသူများ အဖြစ်သို့ ပြောင်းလဲခြင်း (ဂလာ ၃း၁၃-၁၄)။

မောရှေ၏ တရားအတိုင်း မလွတ်နိုင်သော အပြစ် ရှိသမျှနှင့် လွတ်ခြင်း အခွင့်ကို ရရှိခြင်း (တ ၁၃း၃၉)။

ထိုရှင်ပြန် ထမြောက်ခြင်းကို ကြီးသော တန်ခိုးနှင့် သက်သေခံခြင်း အားဖြင့် ကြီးသော ကျေးဇူးတော်နှင့် ပြည့်ဝခြင်းကို ခံစားရ ရှိခြင်း(တ ၄း၃၃)။

သေခြင်း တည်းဟူသော မာရ်နတ်၏ တန်ခိုးကို ဖျက်ဆီးခြင်းငှါ ၎င်း၊ သေဘေးကို ကြောက်၍ တစ်သက်လုံး ကျွန်ခံရခြင်းမှ လွတ် မြောက်ခြင်း (ဟေဗြဲ ၂း၁၅)။

ထမြောက်ခြင်းသည် သတင်းကောင်း၏ အခြေခံအချက်

ခရစ်တော် ရှင်ပြန် ထမြောက်သောကြောင့် ကျွန်ုပ်တို့လည်း ရှင်ပြန် ထမြောက် ကြမည်မှာ မြေကြီး လက်ခတ်မလွဲပင် ဖြစ်သည်။ (ယော ၁၁း၂၅)။ သေခြင်းသည် ကျွန်ုပ်တို့ ယုံကြည်သူ များအတွက် ခရီးဆုံး မဟုတ်သေးပါ။ ထာဝရ ကာလအတွက် ၀င်ခွင့် (ဗီဇာ)ပင် ဖြစ်သည်။

သခင် ခရစ်တော်ကို အသက် ပြန်ရှင် စေခဲ့သော တန်ခိုးတော်သည် အသင်းတော်က ကမ္ဘာ လောကကြီးအား သက်သေခံရသော အ ကောင်းဆုံးနှင့် အမွန်မြတ်ဆုံး သတင်းကောင်း၏ အခြေခံ အချက်ပင်ဖြစ်သည်။

ငါသည် ကိုယ်တိုင် ခံယူသည့်အတိုင်း သင်တို့အား ရှေးဦးစွာ အပ်ပေးသော အကြောင်းအရာ ဟူမူကား ခရစ်တော်သည် ကျမ်းစာ လာသည်အတိုင်း ငါတို့ အပြစ်ကြောင့် အသေခံ တော်မူ၏။ သင်္ဂြိုဟ်ပြီးမှ ကျမ်းစာလာသည့် အတိုင်း သုံးရက် မြောက်သောနေ့၌ ထမြောက် တော်မူ၏ (၁ကော၁၅း၃-၄)။

သခင် ခရစ်တော်၏ အသေခံ တော်မူခြင်းသည် သာမန် သေခြင်း မဟုတ်ဘဲ ဘယ်ပုဂ်္ဂိုလ်၊ ဘယ်လူသား ကမျှ မအောင်မြင်သော သေခြင်းမှ ထမြောက် ရှင်ပြန်၍ ကျွန်ုပ်တို့သည် အမင်္ဂလာမှ မင်္ဂလာ များစွာကို ဖြစ်စေ၍ ပြောင်းလဲမှု များစွာကို ဖြစ်စေသော သခင်အား အောက်မေ့ သတိရရုံမက ထိုသတင်းကောင်းကို ကြီးစွာသော တန်ခိုးနှင့် ဝေငှခြင်းအားဖြင့် ထာဝရ အသက်တာကို ရှာနေကြပြီး အချည်းနှီးအချိန်၊ ငွေ၊ စွမ်းအား များကို အကုန်ခံနေသည့် သူများ၊ ထို အချည်းနှီးသော အမှုများမှ လွတ်မြောက်၍ ထာဝရ အသက် ကောင်းချီး မင်္ဂလာကို ခံစားရရှိစေရန် အစွမ်းသတိ်္တရှိသမျှ၊ ဉဏ်ရှိသမျှ၊ ခွန်အား ရှိသမျှဖြင့် ကြိုးစား ဆောင်ရွက်ကြပါစို့..။

၃၆။နိမိတ်လက္ခဏာ ခံစားရန်ဆန္ဒပြင်းသော နေမန်

(၄ရာ ၅း၁-၁၄)

ရှုရိရှင်ဘုရင်၏ ဗိုလ်ချုပ်မင်း နေမန်သည် မိမိသခင်ထံမှာ မျက်နှာရသောသူ၊ ဘုန်းကြီးသောသူ ဖြစ်၏။ အကြောင်းမူကား၊ ရှိုရိပြည်သည် ထိုသူအားဖြင့် အောင်ရသော အခွင့်ကို ထာဝရဘုရား ပေးတော်မူပြီ။ ထိုသူသည် ခွန်အားကြီးသော စစ်သူရဲဖြစ်၏။ သို့ရာတွင် နူနာစွဲ၏။ ရှုရိလူတို့သည် အလို အလျောက်တပ်ဖွဲ့၍ ချီသွားစဉ်တွင်၊ ဣသရေလပြည်မှ ဘမ်းခဲ့သော မိန်းမငယ် တယောက်သည် နေမန်၏ မယားထံ၌ ကျွန်ခံရ၏။ ထိုကျွန်မကလည်း၊ ကျွန်မသခင်သည် ရှမာရိမြို့ ၌ရှိသော ပရောဖက်ထံသို့ ရောက်ပါစေသော။ ထိုပရောဖက်သည် သခင်၌စွဲသော နူနာကို ပျောက်စေလိမ့်မည်ဟု မိမိသခင်မအား ဆို၏။ နေမန်သည် မိမိအရှင်ထံသို့ဝင်၍ ဣသရေလအမျိုး မိန်းမငယ်စကားကို ပြန်လျှောက်၏။ ရှုရိ ရှင်ဘုရင်ကလည်း သွားလော့။ သွားလော့။ ဣသရေလ ရှင်ဘုရင်ထံသို့ စာပေးလိုက်မည်ဟု အမိန့်တော်အတိုင်း၊ နေမန်သည် ငွေအခွက်တရာ၊ ရွှေအခွက်ခြောက်ဆယ်၊ အဝတ်ဆယ်စုံကို ယူသွား၍၊ ဣသရေလရှင်ဘုရင်ထံသို့ မိမိအရှင်၏ စာကိုသွင်းလေ၏။ စာ၌ပါသော အချက်ဟူမူကား၊ ကိုယ်တော်သည် ငါ့ကျွန်နေမန်၏ နူနာကို ပျောက်စေခြင်းငှာ သူ့ကိုဤစာနှင့်အတူ ငါစေလွှတ်သည်ဟု ပါသတည်း။ ဣသရေလ ရှင်ဘုရင်သည် ထိုစာကို ကြည့်ပြီးမှ မိမိအဝတ်ကို ဆုတ်၍ ငါသည် အသက်ပေးပိုင်၊ နှုတ်ပိုင်သောဘုရား ဖြစ်သောကြောင့် ဤသူသည် လူနူကို ချမ်းသာပေးစေခြင်းငှါ ငါ့ထံသို့ စေလွှတ် သလော။ ကြည့်ကြလော့။ ဤသူသည် ငါ့ကို အဘယ်မျှလောက် ရန်ရှာချင်သည်ကို ကြည့်ကြလော့ဟု ဆို၏။ ဣသရေလ ရှင်ဘုရင်သည် မိမိအဝတ်ကို ဆုတ်သည်ဟု ဘုရားသခင်၏လူ ဧလိရှဲသည် ကြားလျှင်၊ ကိုယ်တော်သည် အဘယ်ကြောင့် အဝတ်ကို ဆုတ်သနည်း။ ထိုသူသည် ငါ့ထံသို့ လာပါလေစေ။ ဣသရေလပြည်၌ ပရောဖက် ရှိသည် ကိုသိလိမ့်မည်ဟု ရှင်ဘုရင်ကို မှာလိုက်လေ၏။ ထိုကြောင့်၊ နေမန်သည် မြင်းရထားကိုစီးသွား၍ ဧလိရှဲ အိမ်ရှေမှာ ရပ်နေ၏။ ဧလိရှဲက၊ သင်သည် သွား၍ ယော်ဒန်မြစ်၌ ခုနစ်ကြိမ်တိုင်အောင် ရေချိုးလော့။ အသားပြောင်း၍ သန့်ရှင်း လိမ့်မည်ဟု လူကိုစေလွှတ် ၍ပြောစေ၏။ နေမန် ကလည်း၊ အကယ်၍ ပရောဖက်သည် ထွက်လာမည်။ ငါ့အနားမှာ ရပ်လျက် မိမိဘုရားသခင် ထာဝရဘုရား၏ နာမကိုခေါ်၍ မိမိလက်နှင် သုံးသပ်သဖြင့် နူနာကို ပျောက် စေမည်ဟု ငါထင်၏။ ဒမာသက်ပြည်၌ အာဗနမြစ်၊ ဖာဖာမြစ် တို့သည် ဣသရေလမြစ် အလုံးစုံထက် သာ၍ ကောင်းသည်မဟုတ်လော။ ထိုမြစ်၌ ငါရေချိုး၍ မသန့်ရှင်း ရသလောဟု ဆိုလျက် အမျက်ထွက်၍ ပြန်သွား၏။ ကျွန်တို့သည် ချဉ်းလာ၍ အဘ၊ ခက်သောအမှုကို ပြုရမည်ဟု ပရောဖက်စီရင်လျှင် ပြုတော်မူမည်မဟုတ်လော။ ရေချိုး၍သာ သန့်ရှင်းခြင်းသို့ ရောက်လော့ဟု စီရင်ရင်လျှင် အဘယ်မျှလောက် သာ၍ ပြုတော်မူ သင့်ပါသည် တကားဟု လျှောက်ကြသော်၊ နေမန်သည် သွား၍ ဘုရားသခင်၏လူ စီရင်သည်အတိုင်း၊ ယော်ဒန်မြစ်၌ ကိုယ်ကိုခုနစ်ကြိမ် နစ်သဖြင့်၊ သူ၏ အသားသည် သူငယ်၏ အသားကဲ့သို့ ပြောင်း၍ သန့်ရှင်းခြင်းသို့ ရောက်၏။ (၄ရာ ၅း၁-၁၄)

ကျမ်းစာထဲမှ ဓမ္မရာဇဝင် ဒုတိယစောင် ၅း၁ ကို ဖတ်ကြည့်ပါ။ ယနေ့ နေမန်အကြောင်းကို တင်ပြ ဟောပြောလိုပါသည်။ သူသည် ယုံကြည်သူ တစ်ဦးတော့ မဟုတ်ပါ။ သူသည် သန့်ရှင်သော ယေရုရှလင်မြို့ တွင်နေထိုင်သူ မဟုတ်ပါ။ ထို့ကြောင့င် မည့်ကဲ့သို့ ဝိညာဉ်ရေးရာများကို ရယူ ခံစားနိုင် မည်ကို လုံးဝ မသိရှိပါချေ။ သူသည် ယုံကြည်ခြင်း တရား၏ အပြင်ဘက်က လူတစ်ဦးသာ ဖြစ်ချေတော့သည်။ ၄ရာ ၅း၁-၁၄ ကိုဖတ်ပါ။

နေမန်သည် စစ်သား လူကြမ်းကြီး တစ်ဦးဖြစ်သည်။ သူ၏ အသက်တာတွင် ရှိနေသော ပြဿနာအတွက် အဖြေ မရှာတတ်ချေ။ ပြဿနာမှာ ပျောက်ရန် မဖြစ်နိုင်သော ရောဂါတစ်ခု ရှိနေပါသည်။ ထိုရောဂါမှာ နူနာရောဂါဖြစ်ပါသည်။ နူနာစွဲနေသော ရောဂါသည် တစ်ဦးသည် အနာဂတ် ဆိုသည်မှာ များများစားစား စဉ်းစားထား၍ မရနိုင်ပါချေ။ ထိုရောဂါမျိုးသည် ကိုယ်ခန္ဓာတွင် နာကျင်မှု တစ်စုံ တစ်ရာ ခံစားရခြင်း မရှိပါသော်လည်း အမြင်ပိုင်းနှင့် လူမှုရေးပိုင်းတွင် ကြီးမားသော အကျိုးဆက်များက နေရာယူ အကျိုးသက်ရောက်မှုများ ရှိနေပါသည်။ လူနူတစ်ယောက်သည် မိမိကိုယ်တိုင်က အသိုင်းအဝိုင်း ပတ်ဝန်းကျင်ကို ရှောင်ခွါ ထွက်ပြေး နေတတ်သည်။ အဘယ်ကြောင့် ဆိုသော် သူ၏ ခြေလက်တို့သည် အလို အလျောက် တစ်ဖြည်းဖြည်း အသွင်ပြောင်း၊ အရောင်ပြောင်း လာကာ ပတ်ဝန်းကျင်ကို မျက်နှာ မပြရဲလောက်အောင်အထိ အရှက်တရားက ကြီးစိုး လာသောကြောင့် ဖြစ်သည်။

ဗိုလ်ချုပ်ကြီး နေမန်သည် ကြီးမားသော ပြဿနာကြီး တစ်ခု ရင်ဆိုင်နေရသည်။ အလွန်ကြီးမားသော ထိုပြဿနာက နိမိတ်လက္ခဏာ တစ်ခု အမှန်တကယ် လိုအပ်နေသည်။ ထိုအရာသည်သာလျှင် သူ၏ နောက်ဆုံးထွက်ပေါက် အဖြေဖြစ်နေသည်။ ဘုရားသခင်၏ အံ့သြဘွယ် နိမိတ်လက္ခဏာ ဖြစ်နိုင်ရန်အတွက် တူညီသော အခြေခံ အရင်းအမြစ်မှာ ပြဿနာဖြစ်သည်။ ပြဿနာ မရှိလျှင် အံ့သြဘွယ် နိမိတ် လက္ခဏာများ မဖြစ်နိုင်ပါ။ နေမန်၏ ဘဝ အသက်တာထဲတွင် ရှိနေသော ပြဿနာမှာ လက်ရှိအနေအထားတွင် အလွန် ကြီးမားသည် ပြောဆိုရပေမည်။ ယနေ့ သင့်အသက်တာထဲတွင် မည်မျှလောက် သော ပြဿနာများ ဖြစ်နေပါသလဲ။ သင့်မှာလည်း ပြဿနာရှိနေသည်။ ကျွန်တော့်မှာလည်း ပြဿနာရှိနေသည်။ ဘုရားသခင်၏ သားသမီးများ အားလုံးတွင် ပြဿနာ ရှိနေသည်။ ဤနေရာတွင် ကျွန်တော် ပြောဆိုလိုသည်မှာ သင့်မှာ ပြဿနာ အမှန်တကယ် ရှိပြီဆိုလျှင် မကြာခင် သင်သည် နိမိတ်လက္ခဏာကို ခံစားရပေတော့မည်။

ကျမ်းစာထဲတွင် ရှိသမျှသော နိမိတ်လက္ခဏာများတွင် တူညီသည့် အခြေခံတစ်ခုမှာ ပြဿနာများဖြင့် အစပြုကြောင်း တွေ့ရှိခဲ့ရပေလိမ့်မည်။ သူတို့အားလုံးတွင် ပြဿနာ (သို့) လိုအပ်မှု တစ်ခုဖြင့် အစပြု ခဲ့ကြသည်။ ထိုအရာသည် ဘုရားသခင် စတင်လှုပ်ရှားနေပြီ ဖြစ်ကြောင်း အချက်ပြနေခြင်းသာ ဖြစ်သည်။ သင့်မှာ ပြဿနာ မရှိဘူးဆိုလျှင် ဘုရားသခင်ကို သင်လိုအပ်မည် မဟုတ်ပါ။

နမန်၏ အခြေအနေသည် ယခုအချိန်တွင် တစ်စုံတစ်ယောက်ထံမှ အကူအညီ တစ်စုံတစ်ရာကို မရရှိလျှင် သူတွင် ရှိသမျှ အားလုံး ဆုံးရှုံးသွားပေတော့မည်။ သူ၏ရာထူး၊ သူ၏ အနာဂတ်၊ သူ၏ မိတ်ဆွေ၊ သူ၏ မိသားစု၊ သူ၏ အနာဂတ် အားလုံး ကို ဆုံးရှုံးရပေတော့မည်။ သူသည် ထာဝရ အထီးကျန်မှုဖြင့် အသက်ရှင်ရပေတော့မည်။ ထို့ကြောင့် သူသည် တစ်ခုခု လုပ်ရန် အရေးကြီးနေသည်။ ပထမဦးဆုံး သူလုပ်ခဲ့ရတာက သူ့ရဲ့ ပြဿနာကို နှုတ်ကနေ ထုပ်ဖော် ပြောဆိုရတာ ဖြစ်ပါတယ်။ သူဟာ သူ့ရဲ့ ပြဿနာကို အလင်းထဲမှာ ဆွဲထုပ်လိုက်ရပါတယ်။ အဲဒီအရာကို ပထမဦးစွာလေ့လာပါမယ်။

ပထမအဆင့် – ပြဿနာကို နှုတ်က ထုပ်ဖော်ဖွင့်ဟရခြင်း

ဤအဆင့်သည် ကျွန်တော်တို့ အားလုံး အတွက် အလွန် ခက်ခဲသော အဆင့်ဖြစ် ပါသည်။ အချို့ကိစ္စတွေများသည် ကျွန်တော်တို့၏ နှုတ်က မြွတ်ဟ ဘို့ရန် အလွန်ခက်ခဲသော အရာများ ဖြစ်ပါသည်။ ကျွန်တော်တို့သည် ထိုအရာများကို နှုတ်က မမြွတ် ဟချင်ကြချေ။ ကျွန်တော်တို့သည် ကူညီနိုင်သူ ကိုတော့ ပြောဆိုရ မည်ဖြစ်သည်။ နေမန်သည် အနည်းဆုံး သူ၏မိသားစုကို ထိုအကြောင်း ပြောခဲ့ရသည်။ ထိုမှတဆင့် သူကို ကူညီနိုင်မည့်သူကို တွေ့ရှိခဲ့ရသည်။

ကျွန်တော်တို့သည် ကျွန်တော်တို့၏ လက်ရှိ အခြေအနေ ပြဿနာများကို ဘုရားသခင်ထံ ပြောပြရန် လိုအပ်သည်။ နေမန်၏ မိသားစုက မည်သို့ မျှ မကူညီနိုင်။ ကူညီနိုင်မည့် လမ်းစတစ်ခု ကိုသာ မရေမရာ သိခဲ့ရသည်။ ကျွန်တော်တို့တွင်မူကား ကူညီနိုင်သူကို သိရှိပြီး ဖြစ်သည် မဟုတ်ပါလော။ ဘု၇ားသခင်ထံ တိုက်ရိုက် တိုးဝင်ချဉ်းကပ်ကာ ထိုအရာများကို ပြောပြဘို့ရန် လိုအပ်ပါသည်။

ဒုတိယအဆင့်မှာ နိမိတ်လက္ခဏာ ခံစားရရန် ပြင်ဆင်မှုတစ်ခု ဖြစ်ပါသည်။

ဒုတိယအဆင့် – တစ်စုံတစ်ရာကို လုပ်ဆောင်ဘို့ ဆန္ဒရှိရမည်။

နေမန်ကို ကြည့်ပါ။ သူ၏ အခြေအနေကို နှုတ်က ထုပ်ဖေါ်ဘို့သာမက တစ်စုံတစ်ရာကိုလည်း လက်တွေ့လုပ်ဆောင်ရန် ဆန္ဒရှိနေပါသည်။ ထိုသို့ လုပ်ဆောင်မှသာ ဘုရားသခင်၏ နိမိတ်လက္ခဏာကို ရရှိ ခံစားနိုင်မည်ဖြစ်သည်။

ပထမအချက်အနေဖြင့် အမျိုသမီးတစ်ဦးထံမှ အကြံညဏ်ကို ရယူခြင်းဖြစ်သည်။ ထိုအရာပင်လျှင် နိမိတ် လက္ခဏာဖြစ်နေသည်။ အမျိုးသား တစ်ဦးသည် အမျိုးသမီး တစ်ဦးထံမှ စကားနားထောင်သည် ဆိုသည်မှာ အလွန်ထူးဆန်းနေသည် မဟုတ်ပါလား။ သူ၏ ဇနီးသည်ထံတွင် ဣသရေလ တိုင်းနိုင်ငံမှ ခေါ်ဆောင်လာသော ဘုရားသခင်အကြောင်း သိနားလည်သည့် ဂျူးမိန်းကလေး တစ်ဦး ရှိနေသည်။ သူမသည် ညဏ်ပညာရှိသော မိန်းကလေး တစ်ဦးဖြစ် နေသည်။ ထို့ကြောင့် မိန်းကလေးထံမှ အကြံညဏ်များကို နေ့စဉ် ရယူနေရသည်။ အမျိုးသား တစ်ယောက်အတွက် ထိုကဲ့သို့သော ခြေလှမ်းမျိုးသည် အလွန်ထူးခြားနေသည်။ အရှေ့တိုင်းနိုင်ငံများတွင် အမျိုးသား များကသာ ဦးဆောင်သော ခေတ်စနစ် ဖြစ်နေသော ကြောင့် ဖြစ်သည်။

နေမန်သည် မိန်းမငယ်ထံမှ စကားနားထောင်ရုံ သက်သက်မျှသာမဟုတ်။ အမှန်တကယ် ဆောင်ရွက်ဘို့ ဆန္ဒလည်း ရှိနေသည်။ ထို့ကြောင့် ရှင်ဘုရင်ထံ ထိုအကြောင်း အရာများကို စွန့်စားပြောဆိုရသည်။ ရှင်ဘုရင်က မည်သို့တုန့်ပြန်မည် ဆိုသည်ကို ကြိုတင် မခန့်မှန်းနိုင်။ သို့သော် ရှင်ဘုရင်က ကောင်းမွန်စွာ စေလွှတ်ခဲ့သည်။ စာတစ်စောင် ရေးပေးလိုက်သည်။ ထိုစာကို ဣသရေလ ရှင်ဘုရင် လက်ခံရရှိ သော အခါ ရန်စသည်ဟု ထင်သည်။ ထိုရောဂါမျိုး ပျောက်ကင်းဘို့ အခြေအနေ မရှိခြင်းကို ရှင်ဘုရင်က ကောင်းစွာသိပါသည်။ ယခု ရောဂါပျောက်စေရန် စေလွှတ်လိုက်သည်ဟု ဆိုသော စာကြောင့် အမှန် တကယ် စစ်ပွဲ ဆင်နွဲရန် ရန်စသည်ဟု ထင်ခဲ့သည်။

အထက်ပါ အခြေအနေများကို လေ့လာသုံးသပ်ကြည့်ပါက နေမန်အတွက် အလွန်ခက်ခဲသော အမှုများကို ဖြတ်သန်းရသည်။ လုံးဝအချိန်ဆွဲနေ၍ မရ။ အဘယ်ကြောင့် ဆိုသော် ပြဿနာ ပြေလည်ချင်သော ကြောင့်ဖြစ်သည်။ သင်ကိုယ်တိုင်လည်း သင်၏ ပြဿနာအတွက် အမြန်ဆောင်ရွက်ရမည့် အရာတွေ ရှိနေပါသည် အချိန်မဆွဲပါနှင့်။

ယနေ့ခေတ်တွင် လူအချို့သည် ပြဿနာ၏ အရင်းအမြစ်ကို ဖော်ထုပ်ရာတွင် အလွန်ကျွမ်းကျင်ကြသည်။ ပြဿနာကို ခွဲခြမ်းစိတ်ဖြာကြသည်။ ပြဿနာကို ပြောဆိုကြသည်။ ပြဿနာကို အပြန်ပြန် အလှန်လှန် ဟိုဘက်သည်ဘက် ပို့ဆောင်ကြသည်။ တချို့က ပြဿနာကို ပုံကြီးချဲ့ကြသည်။ သို့သော် ထို့ထက်ပိုမိုပြီး ဘာမှ ဖြစ်မလာခဲ့ကြချေ။ ရောဂါရှာဖွေသောသူများသည် ဆေးစာရွက် အတိုကလေး တစ်ရွက်ကို ရှည်လျှားစွာ ရောဂါ အခြေအနေကို ခန့်မှန်းပြောဆို တတ်ကြသည်။ သို့သော် အမှန်တကယ် ရောဂါနှင့် ပတ်သတ်ပြီး ကျွမ်းကျင်သည်ဆိုပါက မည်သည့်ရောဂါဖြစ်နေသည် မည်သည့် ဆေးဖြင့် ကုသရမည်ကို တခါတည်း ပြောကြားနိုင်ကြသည်။

ဤနေရာတွင် နေမန်ထံမှ သင်္ခန်းစာ ယူစရာ အများအပြားရှိနေပါသည်။ ပြဿနာကို ပြေလည်ခြင်သောကြောင့် အားလုံးကို လုပ်ဆောင်ခဲ့သည်။ ထုံစံတွေကို လျစ်လျူရှုခဲ့သည်။ ရှင်ဘုရင်ထံ စွန့်စား တင်ပြ ခဲ့ရသည်။ နောက်တစ်နိုင်ငံကို သွားရသည်။ ထိုနိုင်ငံ ရှင်ဘုရင်နှင့် အရဲစွန့်ကာ တွေ့ရသည်။ ထိုရှင်ဘုရင်က စိတ်ဆိုးပြီး တုန့်ပြန်မှုကို လည်း ခံစားရသည်။ နေမန်သည် ထိုအရာများကို ရဲဝန့်စွာ ရင်ဆိုင် ဖြေရှင်းရသည်။ အဘယ်ကြောင့် ဆိုသော် နိမိတ်လက္ခဏာ ခံစားချင်သောကြောင့် ဖြစ်သည်။

တတိယအဆင့် – ယဇ်ပူဇော်ခြင်သော ဆန္ဒရှိရမည်။

နမန်သည် နိမိတ်လက္ခဏာခံစားနိုင်ရန် မိမိ၏ စည်းစိမ် ဥစ္စာကို ပေးလှူရန် အဆင်သင့် ရှိပါသည်။ ထို့ကြောင့် သူ့တွင် ရှိသော ဥစ္စာပစ္စည်း များကို ယူဆောင်ကာ ပေးလှူမှုပြုရန် ရောဂါ မပျောက်ခင်က တည်းက စဉ်းစားထားသည်။ ပြဿနာကို ပြေလည်ရန် မိမိ၏ ကိုယ်ပိုင် ဥစ္စာများကို စွန့်လွတ်ရန်၊ ပေးလှူရန် အဆင်သင့် ရှိလေသည်။ ထို့ကြောင့် ရွေ၊ ငွေ နှင့် ဝတ်စုံ အကောင်းစားများကို သယ်ဆောင်သွားခဲ့သည်။ နေမန်၏ ပေးကမ်းချင်သော နှလုံးသားကြောင့် အိမ်ဖော် မလေး ကလည်း သူ့သခင်ကို စေတနာရှိသည်။ ထို့ကြောင့် မမေးခင်ကပင် ပြောချင်နေသော သဘောရှိပေလိမ့်မည်။

သင်၏ အသက်တာမှာ နိမိတ်လက္ခဏာ ခံစားလိုလျှင် သင်သည် ယဇ်ပူဇော် ပေးလှူရန် ဆန္ဒရှိရမည်။ သင်သည် ကျန်းမာခြင်းနှင့် ပတ်သတ်ပြီး နိမိတ် လက္ခဏာ ခံစားလိုပါသလား၊ ငွေကြေးနှင့် ပတ်သတ်ပြီး နိမိတ်လက္ခဏာ ခံစားလိုပါသလား။ သင်သည် မည်သည့် နေရာတွင် မဆို ထူးခြားသော နိမိတ် လက္ခဏာကို ခံစားလိုပါက နေမန်ကဲ့သို့ ပေးကမ်း လှူဒါန်ခြင်သော နှလုံးသား ရှိရန် လိုအပ်ပေလိမ့်မည်။

ခရစ်ဝင် ကျမ်းများတွင် ပေးခြင်သော နှလုံးသား ရှိသော လူငယ်လေးတစ်ဦးကြောင့် ခရစ်တော်သည် နိမိတ်လက္ခဏာ ပြုလုပ်ခဲ့သည်ကို သင်မလျော့ သင့်ပေ။ မုန့်(၅)လုံးနှင့် ငါးနှစ်ကောင်က နိမိတ် လက္ခဏာကို ဖြစ်စေသည်။ လူငါးထောင် စားလောက်အောင် ပွားများစေခဲ့သည်။

အာဗြဟံ၏ ယဇ်ပူဇော်ခြင်းက နိမိတ်လက္ခဏာကို ဖြစ်စေသည်။ မိမိသားကိုပင်လျှင် ပေးလှူရန် လက်မတွန့်သော အာဗြဟံသည် ဘုရားသခင်၏ ချီးမြှောက်ခြင်းကို ကြီးမားစွာ ခံစားရသည်မဟုတ်ပါလော။ လူမျိုးကြီး အဖြစ် ချီးမြှောက်တော် မူခဲ့သည်။ ယနေ့တိုင် အာဗြဟံ၏ သားစဉ်မြေဆက်သည် ကောင်းကြီး မင်္ဂလာကို ခံစားရသည်။ အဘယ်ကြောင့်ဆိုသော် အာဗြဟံကိုယ်တိုင်က ပေးလှူရန် ဆန္ဒရှိနေသောကြောင့် သူ့ကို နိမိတ်လက္ခဏာများ ခံစားစေခဲ့သည်။

စတုတ္ထအဆင့် – နှလုံးသားကို ဖွင့်လှစ်ရမည်။

နေမာန်သည် သူ၏နှလုံးသားကို ဖွင့်လှစ်ထားသူ တစ်ဦးဖြစ်ပါသည်။ နိမိတ် လက္ခဏာ ခံစားဘို့ မည်သူကပင် ပြောသည်ဖြစ်စေ မာန မထားခဲ့ချေ။ ပြောဆို သမျှကို စိတ်နှလုံးအကြွင်းမဲ့ ခံယူချင်သူဖြစ်သည်။ ရှုရိ ဗိုလ်ချုပ်ကြီးတစ်ယောက်အနေဖြင့် အိမ်ဖော် ကျွန်မလေး ပြောဆိုသော စကားကို နှလုံးသား ဖွင့်ကာ လက်ခံခဲ့သည်။ ဘုရားသခင်၏ လူနှင့် တွေ့သောအခါ သူ့ကို ထွက်မတွေ့။ ယော်ဒန်မြစ်တွင် ရေခုနှစ်ခါ နှစ်ရန် ပြောဆိုခဲ့သည်။ ဗိုလ်ချုပ်ကြီး အနေဖြင့် လက်မခံအောင် ဖြစ်ရသည်။ စိတ်တို ဒေါသထွက်ခဲ့သည်။ သို့သော် မိမိ၏ကျွန်ဖြစ်သူက ချော့မော့ကာ ယော်ဒန်မြစ်တွင် ရေချိုးရန် ပြောသောအခါ ထပ်မံလိုက်လျောပြန်သည်။ အဘယ်ကြောင့်ဆိုသော် ဖွင်လှစ်ထားသော နှလုံးသား ရှိသောကြောင့် ဖြစ်သည်။ မာန်မာနနှင့် အသက်မရှင်သောကြောင့် ဖြစ်သည်။

နေမန်သည် နိမိတ်လက္ခဏာကို ခံစားပြီးသောအခါ သူ၏နှလုံးသားမှာ ဘုရားသခင်ကို အလွန်ကြည်ညိုသွားသည်။ ထို့ကြောင့် သူကိုယ်တိုင် အမှုထမ်း တစ်ဦးဖြစ်သော်လည်း ဘုရင်နောက်လိုက် ဖြစ်သောကြောင့် မိမိကိုယ်တိုင် နေချင်သလို နေ၍ မရသော်လည်း ပွင့်လင်းစွာ ပြောဆိုခဲ့သည်။ အခြား ဘုရားတွေရဲ့ ရှေ့မှာ ကိုယ်ကို ညွှတ်ရခြင်းကို ခွင့်လွှတ်ပေးပါ။ ကျွန်တော်ကတော့ ကိုယ်တော်ကိုသာ ဝတ်ပြုကိုးကွယ်ပါမည် ဟု နှလုံးသားကို ဖွင့်လှစ်ခဲ့လေသည်။

နိဂုံး

အထက်ပါ အဖြစ်အပျက်မှ သင်္ခန်းစာယူရန် မိတ်ဆွေကို တိုက်တွန်းနိုးဆော်လိုပါသည်။ မိတ်ဆွေကိုယ်တိုင်က ဘုရားသခင်ထံမှ ကြီးမားသော နိမိတ်လက္ခဏာကြီးကို ခံစားလိုပါလျှင် သင်ကိုယ်တိုင်က အထက်ပါ အချက် (၄)ချက်ကို သတိရ လိုက်နာသင့်ပါသည်။

၁။ ပြဿနာကို နှုတ်က ဖွင့်ဟပါ။

၂။ လက်တွေ့ဆောင်ရွက်ချင်သော နှလုံးသားရှိပါ။

၃။ ပေးလှူချင်သော နှလုံးသားရှိပါ။

၄။ မာနတွေကို ဖယ်ရှားပြီး နှလုံးသားကို ဖွင့်လှစ်ပြီး အသက်ရှင်ပါ။

ဘုရားသခင် ကောင်းကြီးပေးပါစေ။

၃၇။တစ်နပ်စာနှင့်တစ်သက်စာ

ဤလောကတွင် လူများသည် တဦးကိုတစ်ဦး လိမ်လည် လှည့်ဖြား၍ ဆက်ဆံ ပြောဆို တတ်ကြသည် မှာ မဆန်းကျယ်လှပါ။ တစ်ကြိမ်တစ်ခါ လိမ်လည်၍ မုသာ စကားကို အသုံးပြုပြီး တစုံတစ်ခုကို ရယူသွားခဲ့သူများကို ပြန်လည် တွေ့ရှိရန် အလွန်ခဲယဉ်း လှပါသည်။ ထိုလူကို နောက်တစ်ဖန် ပြန်လည် တွေ့ဆုံနိုင်ရန် မလွယ်ကူတော့ပါ။ ထိုကဲ့သို့သော သူများကို မြန်မာစကားတွင် “တစ်နပ်စားကြံသည်” ဟု ခေါ်ပါသည်။

လောက လူသားများသည် ဇာတိလူများ ဖြစ်သောကြောင့် အချင်းချင်း ထိုကဲ့သို့ ဆက်ဆံသည်မှာ ပြဿနာ မရှိသော်လည်း ယုံကြည်သူ အသိုင်းအဝိုင်းတွင် ဘုရားသခင်ကို ထိုကဲ့သို့သော အကျင့်စရိုက်များဖြင့် တစ်နပ်စားကြံကာ ဘုရားသခင်ကို မိတ်ဿဟာရ ဖွဲ့နေကြသည်မှာ အလွန်ပင် စိတ်ပျက်စရာ ကောင်းလှပါသည်။ သို့သော် ကျွန်ုပ်တို့ ကိုးကွယ် ယုံကြည်သော ဘုရားသခင်သည် ထိုသို့ တနပ်စား ကောင်းကြီး မင်္ဂလာမျိုးကို မပေးပါ။

ရှင်ယောဟန် ၁၀း ၁၀ (ခ) ပိုဒ်၌

“ ငါမူကား၊ သိုးတို့သည် အသက် လွတ်ရုံမျှမက အထူးသဖြင့် အသက်နှင့် ပြည့် စုံစေခြင်းငှါ လာသတည်း။”

ယေရှုခရစ်တော် ဤလောကသို့ ရောက်လာခြင်းသည် အသက်ပေး ဖို့ရန် သာမက အထူသဖြင့် အသက်နှင့် ပြည့်စုံစေရန် လာခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ယေရှုခရစ်တော်သည် ကျွန်ုပ်တို့အား တသက်စာ ကြွယ်ဝခြင်း ကောင်းကြီးမင်္ဂလာများကို ပေးရန် လာခဲ့ခြင်း ဖြစ်သည်မှာ ထင်ရှားလှပါသည်။ ကျမ်းစာထဲ၌ ခရစ်တော်သည် ကြွယ်ဝသော အသက်တာ (သို့) တသက်စာ ပေးရန်အတွက် လာသည်ကို အထပ်ထပ် ဖော်ပြထားပါသည်။

အခြားသော ကျမ်းပိုဒ် တစ်ပိုဒ်တွင် ဖော်ပြထားသည်မှာ ရောမ ၈း၃၂

“ခပ်သိမ်းသောအရာတို့ကို ငါတို့အားမပေးဘဲ အဘယ်သို့ နေတော်မူမည်နည်း။ ”

“ခပ်သိမ်းသောအရာ” ဟုသုံးနှုန်းထားပါသည်။ ခပ်သိမ်းသော အရာဆိုသည်မှာ အဘယ်နည်း။ သင်၏ လိုအပ်နေသော အရာများဖြစ်သော ကျန်းမာရေး၊ စီးပွားရေး၊ လူမူရေးစသော သင်၏အခြေခံလိုအပ် ချက်များပင် ဖြစ်ပေမည်။ လူတဦးနှင့်တဦး လိုအပ်ချက်မတူညီပါ။ ထိုကြောင့် ကျမ်းစာ၌ ခပ်သိမ်းသောအရာဟု သုံးနှုန်း ထားရခြင်း ဖြစ်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ပြည့်စုံ၍ ကောင်းမွန်ကြောင်း တွေ့ရပေမည်။

ဖိလိပ္ပိ ၄း၁၉ ၌

“သင်တို့အလိုရှိသမျှတို့ကို ယေရှုခရစ်တော် အားဖြင့် ပြည့်စုံတော်မူလိမ့်မည်။ ”

ဤကျမ်းစာ၌ “အလိုရှိသမျှ” ဟု ဖော်ပြထားပါသည်။ လူတယောက်၏ အလိုရှိသမျှကို ယေရှုအား ဖြင့် ပြည့်စုံဖို့ ဘုရားသခင် ပြင်ဆင်ထားကြောင်း တနည်းအား ဖြင့်ကြွယ်ဝသော အသက်တာကို ခရစ်တော်အားဖြင့် ဘုရားသခင်သည် ကျွန်ုပ်တို့အဖို့ ပြင်ဆင် ထားသည်ကို ကျမ်းစာအားဖြင့် တွေ့ရ၊ မြင်ရ၊ ကြားရ ပါသော်လည်း ယနေ့ ဘုရားသခင်၏ သားသမီးများသည် တသက်စာ ပေးသော အရှင်ကို ယုံကြည် ဖက်တွယ်ရမည့် အစား တနပ်စာကိုသာ အားကိုးလျက်အသက်ရှင်လျှောက်လှမ်းလိုကြသည်မှ ၀မ်းနည်း စရာပင်ဖြစ်ပါသည်။

သမ္မာကျမ်းစာတွင်လည်း ထိုကဲ့သို့ တနပ်စာနှင့် တသက်စာကို မခွဲခြားတတ်၍ အသက်တာ တလျှောက်လုံး ဘုရားနှင့် ဝေးခဲ့ရသော ဓမ္မဟောင်း ဘုရားလူများ ရှိခဲ့ကြကြောင်းကို ကျွန်ုပ်တို့ ယနေ့ သင်ခန်းစာယူ၍ အသက်တာ၌ ပြင်ဆင် လျှောက်လှမ်း သွားနိုင်ရန် အနည်းငယ် ဖော်ပြလိုက် ပါသည်။

ကမ္ဘာဦးကျမ်း ၂၅း၁၉-၃၄ ၌ ဧသောနှင့် ယာကုပ် ဆိုသော ညီအစ်ကို နှစ်ယောက် အကြောင်းသည် ၀ိညာဉ်ရေးရာ၌ သင်ခန်းစာယူရန် အလွန်ကောင်းပေ၏။ ဧသောသည် သားဦး အရာကို ရထားပါသည်။ ထိုခေတ်ကာလ အချိန်က သားဦးများသည် ဘုရားသခင် ကောင်းကြီးပေးခြင်း ခံရသော သူများ ဖြစ်၍ ဘုရားသခင် ရွေးချယ်ထားသောသူများ ဖြစ်ကြပါသည်။ ထိုကဲ့သို့ အနေအထား မျိုးတွင် ဧသောသည် ကျေနပ် ဝါကြွားနိုင်သော အခွင့် ရှိသောသူ ဖြစ်သော်လည်း သူ၌ရှိသော ကြွယ်ဝ ပြည့်စုံသော အသက်တာကို အလေးမထားခဲ့ပါ။ တနေ့တွင် သားကောင် မရ၍ မောပန်းစွာ အိမ်သို့ ပြန်ရောက် လာသောအခါ မိမိ၏ညီငယ်အား စားစရာ ပေးပါဟု တောင်းခဲ့သည်။ အလွန် ဆာလောင် မောပန်း၍ ခန္ဓာ၌ အားကုန် နေခဲ့သည်။

ယနေ့ ယုံကြည်သူများလည်း လောက အရာများနှင့် နေ့စဉ် လုံးပန်းလျက်၊ ကျမ်းစာ ဖတ်ခြင်း၊ ဆုတောင်းခြင်း၊ မိတ်ဟာယဖွဲ့ခြင်း စသော ၀ိညာဉ်ရေးရာ၌ အားနည်းမှုများ ရှိနေကြ ကြသည်ကို တွေ့မြင်နေရပါသည်။ နေ့စဉ်လုံးပန်း ရှာဖွေလျက်ရှိသော လောကအရာများက အသက်တာ၌ တဖြည်းဖြည်း နေရာယူလွှမ်းမိုးလာပြီး လောကီ ဆန်သော အသက်ရှင်မူများ၊ ပြောဆို နေထိုင်မူများ အားဖြင့် ဘုရားသခင်ဘက်၌ အားလျော့လာ ကြပါသည်။

ဧသောသည် ထိုကဲ့သို့ မောပန်း၍ ဆာလောင် နေသောအခါ ယာကုပ်သည် အခွင့်အရေးယူ၍ သားဦးအရာကို မိမိအား ပဲဟင်းတခွက်နှင့် ရောင်းချရန် ပြောဆိုခဲ့ပါသည်။ ဧသောက မစဉ်းစားတော့ဘဲ လွယ်လွယ် ကူကူ ပင် ရောင်းစားခဲ့ပါသည်။ ဘာကြောင့် ဧသောက လွယ်လွယ် ရောင်းစား၍ ယာကုပ်က ဘာကြောင့် သားဦးအရာကို အလွန်လိုချင်ခဲ့ပါသနည်း။ ဤမေးခွန်ကို သင်မေးဖူးပါသလား။ ဧသောသည် လောကအရာဆိုသော တနပ်စာကိုသာ ကြည့်မြင်၍ လတ်တလောအမှု ကိစ္စကိုသာ အာရုံထား၍ ဂရုစိုက်နေ သောကြောင့် မမြင်နိုင်သော ဘုရားသခင်၏ တသက်စာ ကောင်းကြီးများကို ဆုံးရှုံး သွားခဲ့ရပါသည်။ ယာကုပ်က မမြင်နိုင်သော ဘုရားသခင်၏ တသက် စာကောင်းကြီးများကို သူတွေ့မြင်၍ ရအောင်ယူ ခဲ့ပါသည်။ ယနေ့ ယုံကြည်သူများ ၀ိညာဉ်မျက်စိများ ကန်းနေပါက ဧသောကဲ့သို့ တနပ်စားကိုသာ ရွေးချယ်မိ၍ အသက်တာ တလျှောက်လုံး ဆုံးရှုံးမှုများနှင့် တွေ့ကြုံ နေရပါလိမ့်မည်။

မတည်မြဲသော ဤလောက အရာများကို မကြည့်မိရန် တမန်တော်ကြီး ရှင်ယောဟန်က ၁ယော ၂း၁၇ ၌ ဤလောကသည် မတည်မြဲကြောင့်၊ တခဏသာတည်၍ တနေ့မှာရွေ့သွားမည်ဖြစ်ကြောင်၊ကိုဖော်ပြထားပါသည်။ ရောမ ၉း၁၃ တွင် “ ဧသောကို ငါမုန်း၏ ” ဟုတွေ့ရပါသည်။ တနပ်စာကိုသာ ကြည့်၍ တသက်စာ ပေးနေသော ဘုရားသခင်ကို သင်မတွေ့မမြင်ခဲ့ပါလျှင် ဘုရားသခင်၏ အမုန်းဆိုသော ဆုံးရှုံးခြင်း ကိုသာ သင်ခံစား ရရှိပါလိမ့်မည်။ ထိုမျှမက ကောင်းကြီးမင်္ဂလာများနှင့် ဝေးကွာသွားပါလိမ့်မည်။

အလားတူ အဖြစ်အပျက်နှင့် တူသော သမ္မာကျမ်းစာ လာအကြောင်းအရာ တခု ရှိပါသေးသည်။ ၃ရာ ၁၇း၁၂-၁၃ တွင် ဇရတ္တမြို့၌ ရှိသော မုဆိုးမ သားအမိ နှစ်ယောက် အကြောင်းဖြစ် ပါသည်။ အစားအသောက် ရှားပါး၍ အငတ်ဘေး ဆိုက်ရောက်သော ကာလအချိန် ဖြစ်၍ သားအမိ နှစ်ယောက်အတွက် လတ်တဆုပ်သာရှိသော ဂျုံမှုန့်နှင့် ဆီအနည်းငယ်သည် အစားခေါင်းပါးသော ကာလ တလျှောက်လုံး စား၍ လုံလောက်လျက် ရှိသည်မှာ အံ့သြစရာပင် ဖြစ်ပါသည်။ ဤသားအမိ နှစ်ယောက်တွင် အဘယ်ကြောင့် လက်တဆုပ်စာ မုန့်သည် မကုန်ပါသနည်း။ သင်ဆင်ခြင်မိပါသလား။ နှုတ်ကပတ် သမ္မာတရား စကားအတိုင်း ယုံကြည်ခြင်း မျက်စိဖြင့် ဘုရားသခင်အား ကိုးစားခဲ့ သောကြောင့် ဖြစ်ပါသည်။

လက်တဆုပ်စာသာ ရှိသော အရာလေးကို ဘုရားသခင်အား ကိုးစားခဲ့သောကြောင့် ဖြစ်ပါသည်။ လက်တဆုပ်စာသာ ရှိသော အရာလေးကို ဘုရားသခင်အား ပေးပါဟု တောင်းသောအခါ လောက အတွေးအမြင်ဖြင့် စဉ်းစားခဲ့လျှင် မဖြစ်နိုင်သည့် အခြေအနေ ဖြစ်ယုံတင်မက ဒေါသပင်လျှင် ထွက်နိုင်ပါသည်။ ခက်ခဲရတဲ့ကြား ဘာလာရှုပ်တာလဲဟု ထင်မိမှာသာဖြစ်ပါသည်။ သို့သော် ထိုမုဆိုးမသည် ထို့ကဲ့သို့ မမြင်ဘဲ ဧလိယနှင့်အတူ ပါသော နှုတ်ကပတ်တော် ကောင်းကြီးမင်္ဂလာကို ၀ိညာဉ်မျက်စိဖြင့် ကြည့်၍ တနပ်စာ အခြေအနေမှ တသက်စာ ခံစားရသော ကောင်းကြီးမင်္ဂလာ ဖြစ်သွားခဲ့သည်မှာ အံ့သြစရာဖြစ်ခဲ့ပါသည်။

ထို့ကြောင့် သင်နှင့် ကျွန်ုပ်အား တသက်စာ အတွက်ပေးနေသော အရှင် ယေရှုခရစ်တော်ကို ကိုးစား ခိုလှုံခြင်းဖြင့် တသက်စာဖြစ်သော တည်မြဲသော ကောင်းကင်အရာကို ရွေးယူနိုင်ဖို့ရန် တိုက်တွန်း ဝေငှလိုက်ရပါသည်။

၃၈။ဘုရင်ယောသံ ၏အသက်တာကိုလေ့လာခြင်း

သမ္မာကျမ်းစာတွင် ကျွန်ုပ်တို့ကဲ့သို့သော လူများစွာကို တွေ့ရှိနိုင်ပါသည်။ ထိုသူများသည် ဤလောကတွင် အမှန်တစ်ကယ် ရှိခဲ့သော နေရာများတွင် အမှန်တစ်ကယ် ရှိခဲ့သောလူ များဖြစ်ကြပြီး၊ ကျွန်တော်တို့ ကဲ့သို့ ရုန်းကန် လှုပ်ရှားကာ လုပ်ကိုင် နေကြသူများ ဖြစ်ကြသည်။၊ ကျွန်တော်တို့ တစ်စုံ တစ်ရာကြောင့် ပျော်ရွင်နေသကဲ့သို့ ထိုသူများသည်လည်း ထိုနည်းတူပင် တွေ့ကြုံခံစားကြရသည်။ ယခုတွင် ကျွန်ုပ်တို့သည် နှုတ်ကပတ်တော် ထဲတွင် ယောသံဆိုသည့် ဘုရင်တစ်ဦး၏ အသက်ရှင်မှုအား လေ့လာကြမည် ဖြစ်သည်။ ဤသင်ခန်းစာကို ဖတ် နေသော စာဖတ်သူအများစုသည် ရှင်ဘုရင်များ မဟုတ် နိုင်သော်လည်း၊ ရှင်ဘုရင် ယောသံ၏ အသက် ရှင်မှုထဲမှ အသက်တာ အားဖြင့် ကျွန်ုပ်တို့ သင်ခန်း စာရရှိနိုင်သည်။ ယောသံသည် ဣသရေလ လူမျိုးများ ဖောက်ပြန်ပြီး အခြားသော ရုပ်တုများကို ကိုးကွယ်နေသော ကာလ အတွင်း၌ ရှင်ဘုရင် ဖြစ်လာ ခဲ့သည်။ ဣသရေလ လူမျိုးများ သည် အသက်ရှင်သာ ဘုရားသခင်ကို စွန့်လွှတ်ကာ ပတ်ဝန်းကျင် နိုင်ငံများမှ ရုပ်တု ထုလုပကိုးကွယ်ကြသော သူများ၏ အသက်ရှင်မှုများအတိုင်း အတုယူကာ အသက်ရှင်ခဲ့ကြသည်။ သင်၏ အသက်တာတွင် ထိုအဖြစ်မျိုးကဲ့ သို့သောအဖြစ်မျိုးကို တွေ့မြင် ခံစားဖူးပါသလား။ သင်၏ ပတ်ဝန်းကျင်၌ရှိ သောလူများက အသက်ရှင်သော ဘုရားသခင်ကို မသိမြင်သေးဘဲ အခြားသောရုပ်တုများကို ကိုးကွယ်နေသည်ကို သင်တွေ့မြင် ပါသလား။ ထိုအဖြစ်ပျက် မျိုးသည် ယနေ့အဖြစ်ပျက်နှင့် အတူတူပင် ဖြစ်သည်။ ဝမ်းနည်းစရာကောင်း သည်မှာ ယနေ့ကမ္ဘာပေါ်တွင်ရှိသော များစွာ သောလူများ သည် စစ်မှန်သော၊ ဖန်ဆင်းရှင်ဖြစ် သော တစ်ပါးတည်းသော ဘုရားသခင်ကို မသိ တော့ဘဲ များပြားလှသည့်အခြားသော အရာများ ကို ကိုးကွယ်နေခြင်းဖြစ်သည်။

၆ရာ ၂၇း ၁-၆ ကိုဖတ်ပါ။

ယောသံသည် အသက် နှစ်ဆယ် ငါးနှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင် မြို့၌ တဆယ့်ခြောက်နှစ် စိုးစံလေ၏။ မယ်တော်ကား ဇာဒုတ် သမီး ယေရုရှာ အမည်ရှိ၏။ ထိုမင်းသည် ခမည်းတော် သြဇိ ကျင့်သမျှအတိုင်း ထာဝရ ဘုရားရှေ့တော်၌ တရားသော အမှုကို ပြု၏။ သို့ရာတွင် ထာဝရ ဘုရား၏ ဗိမ္မာန်တော်ထဲသို့ မဝင်။ ပြည်သူ ပြည်သားတို့သည် မတရားသဖြင့် ပြုကြသေး၏။ ထိုမင်းသည် ဗိမ္မာန်တော် အထက် တံခါးကို လုပ်၍၊ သြဖေလ မြို့ရိုးကို အလွန် ခိုင်ခံစေ၏ ယုဒတောင်ရိုးပေါ်မှာ မြို့များကို၎င်း၊ တော၌ ရဲတိုက်များနှင့် ပြအိုးများကို၎င်း၊ တည်ထောင်လေ၏။ အမ္မာန် ရှင်ဘုရင်ကိုလည်း စစ်တိုက်၍ နိုင်သဖြင့် နိုင်သောနှစ်တွင် အမ္မုသားတို့သည် ငွေအခွက် တစ်ထောင်၊ ဂျုံကောရ တသောင်း၊ မုယော တစ်သောင်းကို ပေးရကြ၏။ ဒုတိယနှစ်နှင့် တတိယနှစ်တွင် ထို့အတူ ပေးရကြ၏။ ထိုသို့ ယောသံသည် မိမိဘုရားသခင် ထာဝရ ဘုရားရှေ့တော်၌ မိမိအကျင့်တို့ကို ပြင်ဆင်သောကြောင့် တန်ခိုးပွားသတည်း။ (၆ရာ ၂၇း၁-၆)

အခန်းငယ် ၂ တွင် ယောသံ၏ အ ကြောင်းကို စာရေးသူကမည်သို့ ဖော်ပြထား သနည်း။

– – – – – – – – — – – – – – – – – – – – – – – – – – – – – – – – – – – – – – — – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – — – – – – – – – – – – -။

ယောသံသည် မိမိဖခင်သြဇိကျင့်သကဲ့သို့ ဘုရားသခင်ရှေ့တော်၌ တရားသောအမှုကိုပြု၏ ဟုဖော်ပြထားသည်။ ကောင်းပြီ၊ အခြားသော ရုပ်တု များကို ကိုးကွယ်နေသော လူများစွာထဲမှ ဘုရား သခင်ရှေ့တော်၌ တရားသောအမှုကိုပြုသော ထိုကဲ့ သို့သော မိသားစုရှိသည်။ ဆိုလိုသည်မှာ မိမိဘေး ပတ်ဝန်းကျင်၌ရှိသော လူများ၏ အသက်ရှင်သည့် ပုံစံအတိုင်း အသက်မရှင်ဘဲ ဘုရားသခင်မှ ထိုသူတို့ အား ပြောထားသည့်အတိုင်း အသက်ရှင်လိုက် လျှောက်ခြင်း ဖြစ်သည်။ ရှေးကာလမှ ဘုရားသခင် သည် သူ၏လူမျိုးများအားပေးသော တရားတော် အတိုင်း လိုက်လျှောက်ခြင်းဖြစ်သည်။ ယောသံ သည်လည်း သူ၏အသက်တာတွင် ဖခင်အား စံပြ ထားကာအသက်ရှင်ခဲ့သည်။ ဖခင်ဖြစ်သူသြဇိ သည်လည်း ထိုကဲ့သို့ပင် အသက်ရှင်ခဲ့သည်။

သင်၏ အသက်တာ၌ အသက်ရှင်သော ဖန်ဆင်း ရှင်ဘုရားသခင်၏ နောက်သို့လိုက်ရန်အ တွက် မည်သူတို့သည် သင်၏ စံပြပုဂ္ဂိုလ်များ ဖြစ်ကြ သနည်း။

– – – – – – – – — – – – – – – – – – – – – – – – – – – – – – – – – – – – – – — – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – — – – – – – – – – – – -။

အားလုံးတွင် မိမိ၏မိသားစုများထဲမှ အသက်ရှင်သော ဘုရားသခင်အား နောက်လိုက်ရန် အတွက် မိမိ၏စံပြအဖြစ် ထားနိုင်သော ပုဂ္ဂိုလ် မျိုးရှိမည်မှာ မဟုတ်ပေ။ ကျွန်ုပ်တို့ မိသားစုများ ပင်လျှင် ဖန်ဆင်းရှင်ဘုရားသခင်ကို မသိသေး သောသူများပင် ဖြစ်နိုင်သည်။ သို့သော် ကျွန်ုပ်တို့ အတွက် စံပြပုဂ္ဂိုလ် မရှိနိုင်သော်လည်း၊ ကျွန်ုပ်တို့ မိသားစုများ အတွက်၊ သားသမီးများ အတွက်၊ မိမိပတ်ဝန်းကျင်၌ရှိသော လူများအ တွက် ကျွန်ုပ်တို့သည် စံပြပုဂ္ဂိုလ်တစ် ဦးဖြစ်ရန် ခေါ်တော်မူခြင်း ခံရသောသူ ဖြစ်သည်။ ဘုရား သခင်သည် ကျွန်ုပ်တို့အား အခြားသောလူများ အတွက် ခရစ်တော်၏ ပုံသက်သေကောင်းများ ဖြစ်ရန် ကျွန်ုပ်တို့ အသက်တာ အသွင်ပြောင်းလဲ စေရန် နှုတ်ကပတ်တော်အား ပြန်၍ ဖတ်ကြည့် ပါ။ ဣသရေလလူမျိုးများသည် ယောသံနှင့် သူ၏ဖခင်သြဇိအား စံပြထားကာ အသက်ရှင် ခဲ့ကြသလား။

– – – – – – – – — – – – – – – – – – – – – – – – – – – – – – – – – – – – – – — – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – — – – – – – – – – – – -။

သူတို့စံပြထားကာ အသက်မရှင်နိုင်ခဲ့ သည်မှာ ဝမ်းနည်းစရာကောင်းသည်။ သူတို့ သည် အကျင့်ပျက်သောအရာများကိုသာ ဆက် ၍ လုပ်ဆောင် အသက်ရှင်နေသေးကြောင်း ကျွန်ုပ်တို့ ဖတ်ရသည်။ ကျွန်ုပ်တို့၏ ပတ်ဝန်း ကျင်ကို ကြည့်လျှင် လူများစွာသည် ဘုရားသ ခင်မနှစ်သက်သည့် လမ်းများကိုသာ ဆက်၍ လိုက်ကာ အသက်ရှင်သည်ကို တွေ့မြင်ကာ စိတ်ပျက်စရာ ကောင်းနိုင်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ သားသမီးများ ဖြစ်သည်နှင့်အညီ ဘုရားသခင်အား သိမြင်ပြီး မိမိ၏ ကယ်တင်ရှင် သခင်အဖြစ် ယုံကြည် လက်ခံသကဲ့သို့ အခြားသော သူများ သည်လည်း ထိုနည်းတူ ရရှိခံစားနိုင်ရန် အတွက် ဘုရားသခင်သည် အလိုရှိသည်။ ကျွန်ုပ်တို့ ၏ ပတ်ဝန်းကျင်၌ များစွာသော လူများသည် လမ်းမှား၌ ဆက်လျှောက်ကာ မှားယွင်းသည့် အကျင့်များနှင့် အသက်ရှင်နေကြဆဲဖြစ်သည်။ ထို့ ကြောင့် ထိုအရာများအတွက် ကျွန်ုပ်တို့ မည်သို့ လုပ်ဆောင်နိုင်မည်နည်း။ ဖိလိပ္ပိ ၂း၁၅ ကိုဖတ်၍ မည်သို့ ကျွန်ုပ်တို့ အသက်ရှင်ရမည်ကို ရေးချပါ။

– – – – – – – – — – – – – – – – – – – – – – – – – – – – – – – – – – – – – – — – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – — – – – – – – – – – – -။ ရှင်ပေါလုက ဖိလိပ္ပိမြို့၌ရှိသော လူများ ထံသို့ စကြာဝဠာ၌ ထွန်းလင်းသောကြယ်ကဲ့သို့ အသက်ရှင်ရန် ရေးသားခဲ့သည်။ အလွန်မှောင် မိုက်သော ညတစ်ညတွင် ရှင်းလင်းနေသော ကွင်းပြင်သို့သွားကာ ကောင်းကင်သို့မော့ကြည့် လိုက်လျှင် ကျွန်ုပ်တို့ မည်သည့်အရာကို တွေ့မြင် မည်နည်း။ ရေတွက်မရနိုင်အောင် များပြားလှ သည့် တောက်ပလင်းလက်နေသော ကြယ်များ ကို တွေ့မြင်ရမည်ဖြစ်သည်။ ကောင်းကင်တစ်ခု လုံးသည် မဲမှောင်နေသော်လည်း၊ ညမှောင်နက် လေ၊ ကြယ်များ တောက်ပလင်းလက်လေ ဖြစ် သည်။ ”မဖြောင့်မမှန် ဖောက်ပြန်သောလူမျိုး” ဆိုသည်မှာ မမှန်သော ဘုရားများကို ကိုးကွယ်၍ မဖြောင့်မမှန်သော အကျင့်များဖြင့် အသက်ရှင် သော လူ မျိုးကြားတွင် ကျွန်ုပ်တို့သည် ကောင်း ကင်၌လင်းလက်သော ကြယ်များကဲ့သို့ ဘုရား သင်၏ဘုန်းတော်ကို ကြားပြောရန်ဖြစ်သည်။ ထို့ ကြောင့် ထိုအရာများကြောင့် စိတ်ပျက်ခြင်း မရှိဘဲ ဘုရားသခင်နှင့် ပို၍နီးကပ်စွာ အသက်ရှင်ခြင်း အားဖြင့် တောက်ပနေသောကြယ်ကဲ့သို့ အခြား သောသူများအား စစ်မှန်သော တစ်ဆူတည်းသော ဘုရားသခင်ကို ညွှန်ပြသောသူဖြစ်နိုင်မည် ဖြစ်သည်။ ယောသံအသက်သာကို ပြန်၍ဆင်ခြင် ကြည့်ကြစို့။ သူ၏ အသက်ရှင်ခြင်းသည် ဣသရေ လလူမျိုးများနှင့် ကွာခြားမှုရှိပါသလား။ ၆ရာ ၂၇း၃-၅ သူသည် ဣသရေလ လူမျိုးများအား အုပ်စိုးစဉ် ကာလတွင် ပြောင်းလဲမှု များစွာကို ပြုလုပ်ခဲ့သည်။ သူသည် ဗိမာန်တော်၏ အချို့ အ စိတ်အပိုင်းများကို ပြန်လည် တည်ဆောက်ပြု ပြင်ခဲ့သည်။ သူသည် နိုင်ငံတော်၏ အချို့သောနေရာများ တွင် မြို့များကို တည်ခဲ့သည်။ သူ၏ရန်သူ အာမ္မုန်လူမျိုးများ ကိုလည်း အောင်မြင်ခဲ့ပြီး သူ့အား အာမ္မုန် လူမျိုးများက များစွာသော ဘဏ္ဍာငွေကို ပေးဆောင် ရသည်။ ထိုသို့သော ခြားနားသည့် အဖြစ်အပျက် များကို ဆိုးရွားလှသည့် ကမ္ဘာမြေကြီးတွင် မည်သို့ သူ စီမံခဲ့သ နည်း။ ၆ရာ ၂၇း၆

– – – – – – – – — – – – – – – – – – – – – – – – – – – – – – – – – – – – – – — – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – – — – – – – – – – – – – -။

” သူသည် သူ၏ဘုရားသခင် ရှေ့တော်သို့ မပြတ်သောခြေလှမ်းဖြင့် လျှောက်လှမ်းခဲ့သည်”။ သူ၏အသက်ရှင်သည့် နေ့ရက်တိုင်းတွင် ဘုရား သခင်ရှေ့တော်၌ သစ္စာရှိစွာ လျှောက်လှမ်းခဲ့သည်။ ဆိုလိုသည်မှာ တစ်ကြိမ်တစ်လေမျှ ဘုရားသခင် ၏နောက်သို့ လိုက်သည့်အမှုတွင် ပျက်ကွက်သွား ခြင်း၊ ကောင်းစားသည့်အချိန်၌သာ နောက်လိုက် ခြင်းမျိုး မဟုတ်ပေ။ မပြတ်သောခြေလှမ်းဆိုသည် မှာ အစဉ်အမြဲ(သို့) အမြဲတမ်းဟု ဆိုလိုခြင်း ဖြစ် သည်။ မည်သည့်အခြေနေမျိုးဖြစ်နေပါစေ၊ ဘုရား သခင်နှင့်နီးကပ်စွာ အသက်ရှင်သောသူ ဖြစ်သည်။ သူ၏ပတ်ဝန်းကျင်၌ရှိသော လူအားလုံး ဘုရားသခင်၏နောက်သို့ မလိုက်သော်လည်း သူသည် ဘုရားသခင်အား ဆက်လက်၍ ဖူးမြှော် ကာ၊ ဘုရားသခင်၏အလိုတော်အတိုင်း ဆက်၍ လုပ်ဆောင်ခဲ့သည်။ ကမ္ဘာမြေကြီး၌ ဖြစ်ပျက်နေ သောအရာများကို ကြည့်မှတ်ခြင်းမရှိဘဲ ဝမ်းမြောက်ခြင်းနှင့် ကိုးကွယ်ဝတ်ပြုခြင်းအား ဖြင့် ဘုရားသခင်ကိုသာ ရှာဖွေကြည့်မျှော် ခဲ့သည်။ ထို့ပြင် ဘုရားသခင်က သူ့အား အမှောင် ကမ္ဘာ၏ စံပြပုဂ္ဂိုလ်တစ်ဦးအဖြစ် အသုံးပြုခဲ့ သည်။ ဘုရားသခင်သည် သူ့အား အလွန်အား ကြီးသော ရှင်ဘုရင်တစ်ဦးအဖြစ် သူ၏ ပတ်ဝန်း ကျင်နိုင်ငံအလယ်တွင် ကောင်းကြီးပေးခဲ့သည်။ သင်ဘုရာသခင်နှင့်အတူ လျှောက်လှမ်းခြင်း၊ အသက်ရှင်းခြင်းကို ဆင်ခြင်ရန် အချိန်ခဏတာ ယူလိုက်ပါ။ ဘုရားသခင်ရှေ့တော်၌ မပြတ်သော ခြေလှမ်းများဖြင့် သင်လျှောက်လှမ်းနေပါ သလား (သို့) သင်၏ပတ်ဝန်းကျင်၌ရှိသော လူများ၏ အသက်ရှင်သော နည်းလမ်းများက သင့်အား လွယ်ကူစွာ စိတ်အနှောက် အယှက်ဖြစ်စေ ပါသလား ဘုရားသခင်၌ အာရုံပြုကာ ဘုရားသခင် ရှေ့တော်၌ မပြတ်သော ခြေလှမ်းများဖြင့် လျှောက် လှမ်းပြီး စကြာဝဠာကြီးထဲ၌ လင်းလက်သော ကြယ်ကဲ့သို့ ဆက်လက် လင်းလက်နေပါစေ။

၃၉။ကျွန်လား သားလား

ငါတို့သည် ဘုရားသခင်၏သားများဟု အခေါ်ခံရမည့်အကြောင်း ခမည်းတော်သည် ငါတို့ကို အဘယ်မျှလောက်ချစ်တော်မူသည်ကို ကြည့်ရှုဆင်ခြင် ကြလော့။ ငါတို့သည်လည်း အမှန်စင်စစ် ဘုရားသခင်၏ သားများဖြစ်ကြ၏။ သို့သော်လည်း လောကီသားတို့သည် ကိုယ်တော်ကို မသိသောကြောင့် ငါတို့သည် ဘုရားသခင်၏ သားများဖြစ်သည်ကို နားမလည်ကြ။ (၁ယော ၃း၁)

ဘုရားသခင်သည် သူ၏အဆုံးအစမရှိသော ကြီးမားသော မေတ္တာတော်ဖြင့် လူသားများကို သူ၏ သားသမီးများ ဖြစ်လာရန် ဖိတ်ခေါ် ခဲ့ပြီးနောက် ယုံကြည် လက်ခံသော သူတိုင်းကို သူ၏ သားသမီးများ အဖြစ် သတ်မှတ်ခဲ့ သည်။ တခါတရံ ကျမ်းစာ ဖတ်သည့်အခါ ကျွန် တစ်ယောက် ကဲ့သို့ အစေခံရန် သွန်သင်သော ကျမ်းပိုဒ်များကို ဖတ်မိသည်။ ထိုကဲ့သို့ သွန်သင်ရာ၌ အခြားသော နတ်ဘုရားများ၊ ရုပ်တုများ၊ လောက အရာများထက်၊ မိမိကိုယ်ထက် ပိုမိုအစေခံရန် ညွှန်ကြား ပြောဆို ထားခြင်းသာ ဖြစ်ပါသည်။ ဣသရေလ လူမျိုးများ၊ မဟာ အမှုတော်ဆောင် ပရောဖတ်ကြီး များနှင့် ခရစ်တော် အပါအ၀င် ဘုရားသခင်၏ မေတ္တာတော်ကို နားလည် ခံစားသူ တိုင်းက မိမိကိုယ်ကို ဘုရားသခင်၏ ကျွန်များ အဖြစ်ဖေါ်ပြကြပြီး၊ သူတို့အားလုံးတို့သည် ဘုရားသခင် ကို အစေခံလိုသော စိတ်ဓါတ်အပြည့် အ၀ ရှိခဲ့ကြသည် (ဟေရှာယ ၄၁း၈၊ တောလည်ရာ၁၂း၇၊ ဖိလိပ္ပိ ၂း၇)။ ဘုရားသခင် ကိုယ်တော် တိုင်က ကျွန်တော်တို့ကို ပေးထားသော ဂုဏ် အရှိန်အ၀ါ အပေါ်တွင် မိမိကိုယ်ကို အထင်ကြီး နေခြင်းထက် မိမိကိုယ်ကို အစေခံ တစ်ယောက် ကဲ့သို့ နှိမ့်ချလျက် အမှုတော်မြတ်တွင် စိတ်အား ထက်သန်စွာ အားကျိုး မာန်တတ် ပါဝင် ဆောင်ရွက် သင့်သည် (မာကု ၁၀း၃၅-၄၀၊ ယောဟန် ၁၂း၂၆)။

သို့သော် ကျွန်တော်တို့သည် အစေခံ လိုသော စိတ်ဓါတ်နှင့် အသက် ရှင်ရမည် ဖြစ်သော်လည်း အမှန် တကယ်တွင် ဘုရားသခင်က တန်ဘိုးထားသော ဘုရားသခင်၏ သားများသာ ဖြစ်ကြသည်။ အချို့သော သူတို့သည် အသက်ရှင်သော ဘုရားသခင်က အဘဟု ခေါ် ခွင့်ပေးပြီး ဘုရားသခင်၏ သားအရာမှာ နေထိုင်ခွင့် ရထားသော်လည်း မိမိ ကိုယ်ကိုမိမိ ဘုရားသားဟူသော အခြေအနေဖြင့် အသက်မရှင်ဘဲ ကျွန်တစ်ယောက် ကဲ့သို့ အသက်ရှင် သောသူများ ရှိနေကြပါသည်။ ထိုသူတို့၏ စိတ်ဓါတ်သည် အမွေခံသား ဟူသော စိတ်ဓါတ် မျိုးနှင့် အသက်မရှင်ဘဲ သခင်ထံမှ မျက်နှာရချင်သော ကျွန်ကဲ့သို့သာ အသက်ရှင်ကြောင်း တွေ့မြင်ရမည်ဖြစ် သည်။ ကျမ်းစာထဲတွင် (ဂလာတိ ၄း၂၁-၃၁) ၌ စာရာနှင့် ဟာဂရမှ ဖွားမြင်သော ဣရှမေလနှင့် ဣဇတ် အကြောင်းကို တွေ့မြင် နိုင်ပါသည်။ ၄င်းတို့ နှစ်ယောက် စလုံးသည် အာဗြဟံ ဟူသော ဘခင် တဦးတည်းက ဖွားမြင်သော်လည်း စိတ်ဓါတ်များကား မတူကြချေ။ ဣရှမေလသည် ကျွန်မဖြစ်သော ဟာဂရမှ ဖွားမြင် သောကြောင့် ကျွန်တစ်ဦး ကဲ့သို့သာ အသက်ရှင်ပြီး၊ ဣဇတ်မှာမူကား စာရာမှ မွေးဖွားပြီး အမွေခံသား ဟူသော စိတ်ဓါတ်ဖြင့် အသက်ရှင်ကြသည်။ ယနေ့ ကျွန်တော်တို့ ယုံကြည်သူများသည် ယေရှုခရစ်တော်အားဖြင့် ဘုရားသား အရာတွင် ရောက်ရှိပြီး ဖြစ်သော်လည်း အချို့သော သူတို့မှာ မိမိတို့ ကိုယ်မိမိတို့ အမွေခံသားဖြစ် သည်ဟု စိတ်ချမှု မရှိနိုင်ကြသေးဘဲ နှုတ်ခပတ်တော်ကို မသိကျေးကျွန် ပြုကာ ကျွန်တစ်ဦး ကဲ့သို့သာ အသက်ရှင် နေကြသည်မှာ ၀မ်းနည်း ဘွယ်ရာဖြစ်ပါသည်။ ယုံကြည်သူ တစ်ယောက်သည် ဘုရားသခင်ကို မိမိ၏ ဖခင်တဦး ဖြစ်သည်ဟု သိမှတ်စွဲလမ်းပြီး ယုံကြည် စိတ်ချမှု အပြည့်ဖြင့် ဖခင်၏ အိမ်တော်တွင် ၀မ်းမြောက်မှု များဖြင့် နေထိုင်လျှက် ရှိသော သားတစ်ယောက်၏ အနေအထား နှင့် သခင်တစ်ဦး၏ အိမ်တွင် သခင်၏ မျက်နှာသာ ပေးမှုခံရစေရန် ကြိုးစား လုပ်ဆောင်နေသော ကျွန်တစ်ယောက်၏ အနေအထား ကို ကျွန်တော်တို့ နှိုင်းယှဉ် ကြည့်ကြမည်။ ပထမ တော်စပ်မှုသည် ဘုရားသခင်၏ ကတိတော်နှင့် စစ်မှန်သော နှုတ်ခပတ်တော်များကို ယုံကြည်ခြင်း အားဖြင့် မွေးဖွားလာသူဖြစ်သည်။ အခြားသော တော်စပ်မှုသည်ကား ဘုရားသခင် ကျေနပ်မှုရစေရန် တောင်းဆိုမှု မှန်သမျှကို ကျိုးစား လုပ်ဆောင်ကာ ကြောက်ရွံ့ခြင်းများ မယုံနိုင်ခြင်းများ ဖြင့် ပြည့်နေသော သူဖြစ်သည်။

ယုံကြည်သူ တစ်ယောက်သည် ဘုရားသခင်ကို မိမိ၏ ဖခင်တဦးဖြစ်သည်ဟု သိမှတ်စွဲလမ်းပြီး ယုံကြည် စိတ်ချမှု အပြည့်ဖြင့် ဖခင်၏ အိမ်တော်တွင် ၀မ်းမြောက်မှု များဖြင့် နေထိုင်လျှက် ရှိသော သားတစ်ယောက်၏ အနေအထားနှင့် သခင်တစ်ဦး၏ အိမ်တွင် သခင်၏ မျက်နှာသာ ပေးမှုခံရစေရန် ကြိုးစား လုပ်ဆောင်နေသော ကျွန်တစ်ယောက်၏ အနေအထားကို ကျွန်တော်တို့ နှိုင်းယှဉ်ကြည့်ကြမည်။ ပထမတော် စပ်မှုသည် ဘုရား သခင်၏ ကတိတော်နှင့် စစ်မှန်သော နှုတ်ခပတ် တော်များကို ယုံကြည်ခြင်း အားဖြင့် မွေးဖွားလာ သူဖြစ်သည်။ အခြားသော တော်စပ်မှုသည်ကား ဘုရားသခင် ကျေနပ်မှုရစေရန် တောင်းဆိုမှုမှန်သမျှကို ကျိုးစား လုပ်ဆောင်ကာ ကြောက်ရွံ့ခြင်းများ မယုံနိုင်ခြင်းများဖြင့် ပြည့်နေသော သူဖြစ်သည်။

ကျွန်တစ်ယောက်နှင့် သားတစ်ယောက်ကို နှိုင်းယှဉ်ခြင်း

မာရိနှင့်မာသ တို့၏ အသက်တာဖြင့် နှိုင်းယှဉ်ကြည့်ရှုခြင်း

မာသသည် ခရစ်တော်လာရောက်လည်ပတ်မှုကို ကြိုဆိုခဲ့သည်။ သို့သော်လည်း သူသည် အရင်ကတည်းက လုပ်ဆောင်နေသော အိမ်အလုပ်များကို ဦးစားပေးလုပ်ဆောင်လျက်ရှိကာ ခရစ်တော်ကို အချိန် မပေးနိုင်လောက်အောင် အလုပ်များခဲ့သည်။ သို့သော် မာရိမှာမူကား ခရစ်တော်၏ ခြေတော်ရင်း တွင်ထိုင်ကာ စကားတော်ကို နားထောင်ရန် ဦးစားပေးခဲ့သည်။ မာသမှာမူကား ခရစ်တော် အတွက် ကြိုးစား လုပ်ဆောင် လျက်ပင် ငြူစူမှုများဖြင့် လုပ်ဆောင်နေ သည်။ မာရိကိုပင် ပျင်းရိသူအဖြစ်မြင်လာတော့သည်။

မာသ၏ အခြေအနေ

ကိုယ့်ခွန်အားဖြင့် အမှုတော်ကို ကျိုးစားလုပ်ဆောင်နေရသည်။

ဖြောင့်မက်ခြင်းကို မြင်တွေ့ရမှာဖြစ်သော်လည်း မှားယွင်းသော သဘောထားရှိနေခဲ့သည်။

ခရစ်တော်နှင် စပ်ဆပ်ပတ်သတ်မှုသည် သူမကို ဒုက္ခအဖြစ် သက်ရောက်စေခဲ့သည်။

မိမိကိုယ်၏ ဖြောင့်မက်ခြင်းကို ဦးစားပေးခဲ့သည်။

ခရစ်တော်ကို သူမ၏ ကောင်းမှုများအတွက် သတိအမှတ်ရစေချင်သည်။

မာရိ၏အခြေအနေ

ခရစ်တော်ကို ဦးစားပေးသည်။

ခရစ်တော်နှင့် အနားယူလိုသော သဘောရှိသည်။

မာသ၏ပြစ်တင်ပြောဆိုမှုအတွက် ပြန်လှန်ပြောဆိုဘို့ ဆန္ဒမရှိခဲ့ပါ။ ခရစ်တော်သည် သူ၏ ဖြောင့်မက်ခြင်းပင်ဖြစ်သည်။

ယုံကြည်ခြင်းအားဖြင့် အသက်ရှင်သည်။ မျက်မြင်အရာများနှင့်အသက်မရှင်ပါ။

ဘုရားအလုပ်လုပ်ဘို့ထက် ဘုရားနှင့်အသက်ရှင်ဘို့ ပို၍ဦးစားပေးသည်။

အထက်ပါတို့သည် သားတစ်ဦး၏ အနေအထားနှင့် ကျွန်တစ်ယောက်၏ အနေအထားကို နှိုင်ယှဉ်ထား ခြင်းဖြစ်သည်။ သင်သည် မည်သည့်အနေ အထားတွင် အသက်ရှင် နေပါသနည်း။ သားတစ်ဦးကဲ့သို့လော၊ ကျွန်တစ်ဦးကဲ့သို့လော။

ဘုရားသခင် ကောင်းကြိးပေးပါစေ။ (အာမင်)

၄၀။ကြေကွဲနေသောချီးမွမ်းခြင်း

ကြည့်လော့ အိပ်မက်ဆရာ လာပြီ။ ကိုင်ကြ။ သူ့ကို သတ်၍ တစ်စုံတစ်ခုသော တွင်းထဲသို့ ချပစ်ကြစို့။ (ကမ္ဘာဦး ၃၇း၁၉-၂၀)

ထိုအခါ ယေရမိကို ယူ၍ ထောင်ဝင်းထဲမှာ ရှိသော သားတော် မာလခိ၏ မြေတွင်း၌ ကြိုးနှင့် လျော့ချကြ၏။ (ယေရမိ ၃၈း၆)

ကျွန်တော်တို့ ယောသပ် အကြောင်းကို ကျမ်းစာတွင် ဖတ်ကြည့်လျှင် အောက်ပါ အချက်များသည် မငြင်းနိုင်သော အချက်များ အဖြစ် မြင်တွေ့နိုင်ပါသည်။

ယောသပ်ကို ဘုရားသခင်က ရွေးချယ်ထားသည်။

ယောသပ်ကို ဘုရားသခင်က ဘိဿိပ်ပေးထားသည်။

ယောသပ်ကို ဘုရားသခင်က ထူးခြားမှုတွေကို ခံစားစေသည်။

ယောသပ်ကို ဘုရားသခင်က မျက်နှာသာ ပေးခဲ့သည်။

ယောသပ်ကို ယောသပ်သည် ဖခင်ဖြစ်သူ ယာကုတ်က အလွန်ချစ်မြတ်နိုးသည်။

ယောသပ်၏ အသက်တာတွင် ဘုရားသခင် အတူပါရှိသည်။

အထက်တွင် ဖော်ပြထားသော စံနှုံးများကို ကြည့်ပြီး ယောသပ်၏ အသက်တာတွင် အောင်မြင်မှုများ ရရှိနေသယောင် ခံစား ရပေလိမ့်မည်။ အထက်ပါ စာကြောင်း များကို ကြည့်ပြီး မိမိ အသက်တာနှင့် နှိုင်းယှဉ် ကြည့်လိုက် သောအခါ ယောသပ်ကို မနာလိုသော အသက်တာပင် ဖြစ်မိပါသည်။ (အဘယ်ကြောင့် ထိုသို့ သင်ထင်ရပါသနည်း) ယောသပ်၏ အသက်တာတွင် အောင်မြင် မှုများနှင့် ကြွယ်ဝ ချမ်းသာမှုများသာ ခံစားနေရ သယောင် ထင်မြင် နေကြသောကြောင့် ဖြစ်ပါသည်။

သို့သော် ကျွန်တော်တို့သည် ကျမ်းစာကို ဖတ်လိုက် သောအခါ တွေ့မြင် ရသော ယောသပ်၏ အသက်တာသည် နာမည်တူမျှသာ ဖြစ်နေမည် လားဟူ၍ပင် ထင်မှတ် ရပေလိမ့်မည်။ အဘယ်ကြောင့် ဆိုသော် ယောသပ်၏ အသက်တာတွင် စိန်ခေါ်မှုများ၊ စွန့်စားရသည့် အရာများ၊ ဝမ်းနည်းမှုများ ပြည့်နှက်နေသည့် အသက်တာ မျိုးကိုသာ မြင်တွေ့ ရသောကြောင့် ဖြစ်သည်။

တွင်းထဲသို့ ရောက်နေသော ယောသပ်

တစ်နေ့တွင် သူ့ကို တွင်းထဲတွင် တွေ့ရလေသည်။

ဒီနေရာလေး မှာတင် ရပ်ပြီး ဒီအကြောင်းကို ဆင်ခြင် ကြည့်ကြပါစို့။ ယနေ့ တစ်ချို့သောသူများ ယုံကြည် ဟောပြောနေကြ သည်မှာ

“သင်ဟာ ခရစ်ယာန် တစ်ဦး ဖြစ်တာကြောင့် မည့်သည့် ဒုက္ခ ပြဿနာမျှ မရှိနိုင်ပါ”

“အသက်ရှင်သော ဘုရားကို သိကျွမ်းတာကြောင့် မည်သည့် ဖျားနာမှုမျှ မရှိနိုင်”

“ဝေဒနာခံစားရလိမ့်မည်မဟုတ်” “ပြဿနာများ ရှိလိမ့်မည်မဟုတ်” အစရှိသဖြင့် ပြောဆိုလျက်ရှိပြီး၊ ထိုပြောဆိုမှုများကို ခွန်အားယူ တည်ဆောက် နေကြသူများလည်း တွေ့နေရပါသည်။ (ထိုသို့ သင့်ကို လာရောက်ပြော ဆိုခဲ့ပါလျှင်၊ ထိုသူတို့သည် လိမ်လည်နေ သူများ ဖြစ်သည်ဟု မှတ်ယူလိုက်ပါ။)

“ဖြောင့်မက်သောသူသည် များစွာသော ဒုက္ခဆင်းရဲကို ခံရသော်လည်း၊ ထာဝရ ဘုရားသည် ခပ်သိမ်းသော ဆင်းရဲထဲက ကယ်လွှတ်တော်မူ၏။ (ဆာလံ ၃၄း၁၉)

ကျွန်တော် ပြောလိုသော အချက်မှာ “ခရစ်ယာန် တို့တွင် ဒုက္ခပြဿနာ များစွာ ရှိပါလိမ့်မည်” ဟူသော အချက်ပင် ဖြစ်ပါသည်။ ခရစ်ယာန် များလည်း ဖျားနာနိုင်ပါသည်။ ခရစ်ယာန်များတွင် အကြွေး ရှိနိုင်ပါသည်။ ခရစ်ယာန်များတွင် အိမ်ရာမဲ့ အများအပြား လည်း ရှိနေပါသည်။ ထိုကဲ့သို့ပင် သင့်အသက်တာလည်း ကျဆင်းနိုင်ပါသည်။ ဖိအားများ ရှိနိုင်သည်။ ဝမ်းနည်းကြေကွဲစရာတွေ ရှိနိုင်ပါသည်။

သို့သော် သင်သည် ထိုအဖြစ်များကို မည်ကဲ့သို့ဖြစ် ရသနည်း။ ဘာကြောင့် ဖြစ်ရသနည်း ဆိုသော အချက်များကို သင်စဉ်းစား ချင်မှ စဉ်စားမည်။ ဂရုတစ်စိုက် တွေးတောခြင်မှ တွေးတော ပါလိမ့်မည်။ တွင်းဆိုသည်မှာ တွင်းတစ်တွင်းသာ ဖြစ်ပြီး သင်သည် ထိုအထဲတွင် ကြာရှည်စွာ နေထိုင်ရ မည်ဆိုပါက ထိုနေရာတွင် သင်သည် သေဆုံးသွားနိုင်ပါသည်။

သင်၏ အိပ်မက် ရူပါရုံများသည် ထိုတွင်းထဲတွင် သေသွားနိုင်ပါသည်။ သင်၏ အမှုတော် လုပ်ငန်းများသည် ထိုတွင်းထဲတွင် သေသွားနိုင်ပါသည်။ သင်၏ အိမ်ထောင်ရေး၊ သင်၏ ပညာရေး၊ သင်၏ စီးပွားရေး အားလုံးသည် ထိုတွင်ထဲတွင် ဆုံးပါးသွားနိုင် ပါသည်။

ယောသပ်ကို ကယ်ဆယ်ရန် ရုဗင် ဟုခေါ်သော ယောသပ်၏ အကိုကြီးက ကယ်တင်ရန် တာဝန် ဝတ္တရားတွေ ရှိနေပါသည်။ ရုဗင် သည် ညီအကိုများကို အကြံပြု ပြောကြားခဲ့သည်မှာ ညီဖြစ်သူ ယောသပ်ကို တွင်းထဲတွင် ချပစ်ရန် ဖြစ်သည်။ ရုဗင်၏ အကြံ အစည်မှာ ထိုသို့ တွင်းထဲချပြီးနောက် တစ်ဖန် လာရောက်ပြီး ကယ်နှုတ်ရန် စဉ်းစားထားပါသည်။ ထိုသို့ အကြံပြု ပြောကြား ခဲ့ပြီးနောက် ယောသပ်ကို တွင်းထဲသို့ ချလိုက်ကြပါသည်။

အမှန်တကယ် ရုဗင် ရောက်ရှိလာပြီး ယောသပ်ကို ကယ်မည်ပြုသောအခါ ရုဗင်သည် အလွန် အံ့အားသင့်သွားခဲ့ပါသည်။ တုန်လှုပ် သွားခဲ့ပါသည်။ အဘယ်ကြောင့် ဆိုသော် တွင်းထဲသို့ ရုဗင်ချခဲ့စဉ်က ယောသပ်သည် ရုန်းကန်လျက်၊ တောင်းပန်လျက်၊ အော်ဟစ် လျက် တွင်းထဲတွင် ချထားခဲ့ပါသည်။ ယခု တစ်ဖန် ပြန်သွားခဲ့လျှင် ယောသပ်၏ တောင်းပန် ငိုယိုနေသံ၊ အော်ဟစ်နေသံ၊ ငိုကြွေးနေ သံတုိ့ကို ရုဗင် ကြားရ လိမ့်မည်ဟု မျှော်လင့်နေခဲ့ပါသည်။ သို့သော် ရုဗင် အမှန် တကယ်ရောက် သွားချိန်တွင် ထိုနေရာ၌ ယောသပ် ရှိမနေတော့ပါ။

မည်ကဲ့သို့သော တွင်းမျိုးတွင် သင်ရောက်နေပါသနည်း။

အချို့သော သူများသည် သင့်ကို တွင်းထဲတွင် ကျရောက်နေ ခဲ့သည့် အချိန်များကို မြင်တွေ့ ခဲ့ဘူးပါ လိမ့်မည်။ ထိုအထဲမှ အချို့သော သူများသည် သင့်ကို ကယ်နှုတ် ကူညီရန် ရည်ရွယ်ချက် ရှိကောင်း ရှိပါလိမ့်မည်။ သင်တွင်းထဲကျနေချိန်က သင်၏ အော်ဟစ်သံ၊ ငိုယိုသံ၊ တောင်းပန် အော်ဟစ်သံများကို သူတို့ ကြားသိ ခဲ့ကောင်း ကြားသိခဲ့ကြပါလိမ့်မည်။ သို့သော် နောက်ဆုံး တွင် သင့်ထံ ရောက်ရှိလာသောအခါ သင်သည် သူတို့ မျှော်လင့်နေ သလို သူတို့ မြင်တွေ့ခဲ့သလို သင်က တွင်းထဲမှာ ရှိမနေတော့ ဘဲ လွတ်မြောက်နေသည်ကို သူတို့ တွေ့သွားပါလိမ်မည်။

သင်သည် မည်သည့် တွင်းထဲမှာ ကျရောက်နေသည်ကိုတော့ ကျွန်တော်တုိ့ မသိပါ။ သင်သာလျှင် အသိဆုံး ဖြစ်ပါလိမ့်မည်။

အချို့သောသူများကတော့ အကြွေးတွင်းထဲမှာ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။

အချို့သူများက မကျန်မာ၊ ဖျားနာခြင်းတွင်းထဲမှာ

အချို့သူများက ဖိစီးမှု တွင်းထဲမှာ

အချို့သူများက အဖိနှိပ်ခံတွင်းထဲမှာ

အချို့သူများက မျှော်လင့်ခြင်း ပျက်သုန်းသွားသည့် တွင်းထဲမှာ

အချို့သူများက အိပ်ထောင်ရေး ပြဿနာ တွင်းထဲမှာ ကျရောက်နေ ကြပါသည်။ ထိုတွင်းများသည် နက်သထက် နက်လာပြီး မှောင်မိုက်နေသော အခြေအနေမျိုးလည်း ဖြစ်နိုင်ပါသည်။

အမှန်တကယ်တွင် ထိုတွင်းသည် ဝိညာဉ်ရေးကို ပြုပြင်ပေးမည့် တွင်းကြီးသာ ဖြစ်ပါသည်။ စိတ်ပျက်စရာ၊ ခြောက်သွေ့ ဝမ်းနည်း စရာ ဟု ဘယ်သော အခါမျှ မထင်ပါနှင့်။

သင်သည် တွင်းထဲတွင် အစဉ်နေရမည်မဟုတ်

သင်ကျရောက် နေသော တွင်း၏ အမျိုးအစား၊ အရွယ်အစား၊ အတိမ်အနက်ကို ကျွန်တော်တို့ မသိပါ။ သင့်အတွက် ထိုတွင်းသည် မည်သို့ ဖြစ်သည်ကို ကျွန်တော်တို့ မသိပါ။ သို့သော် သင်၏ အိမ်နီးချင်း နှင့် သင်၏ သူငယ်ချင်းများကို ထိုတွင်းထဲတွင် သင်ရှိနေခဲ့သည့် အချိန်များ အကြောင်းကို သက်သေခံလိုက်ပါ။

ီညဦးယံ၌ ငိုကြွေးခြင်းသည် လာ၍ တည်းခို၏။ နံနက်ယံ၌ကား သီချင်းဆိုသော အခွင့်ရှိ၏။ (ဆာလံ ၃၀း၅)

ရုဗင်သည် ယောသပ်ရှိနေခဲ့သော ထိုနေရာသို့ တစ်ဖန် ပြန်ရောက်လာခဲ့သည်။ သို့သော် ထိုနေရာတွင် ယောသပ်မရှိတော့ပါ။

ယောသပ်သည် မကြာခင်က ထိုတွင်ထဲတွင် ရှိနေခဲ့သည်။ ထိုတွင်း ထဲမှာပင် သေတော့မည်ဟု တွေးနေခဲ့သည်။ ထိုနေရာမှာ သေတော့မည်ဟု ခံစားခဲ့သည်။ သို့သော် ယခုတော့ ထိုသို့ မဟုတ်တော့ပါ။ သူသည် တွင်းထဲမှာ မသေတော့ပါ။ ထိုကြောင့် သူ၏ အိပ်မက်များ၊ မျှော်လင့်ချက်များ၊ ယုံကြည်ခြင်းများ၊ ဆက်လက် ရှင်သန်နေပါသည်။

သင်၏ အသက်တာတွင်လည်း သင်သည် တွင်းထဲမှာ သေသွားမည်မဟုတ်ပါ။ ထို့ကြောင့် သင့်အိပ်မက်တွေ၊ သင့်ယုံကြည် ခြင်းတွေ၊ သင့်မျှော်လင့်ခြင်းတွေ ဆက်လက် ရှင်သန်နေဦး မည်ဟု သင်တွေးထားပါ။

ဘုရားသခင်သည် ယောသပ်နှင့် အတူ ရှိနေပါသည်။ ဘုရားသခင်သည် ယောသပ်၏ အသက်တာကို အသုံးပြုလိုပါသေးသည်။ လုပ်ဆောင်စရာ အများအပြား ရှိနေပါသည်။ ဘုရားသခင်သည် ယောသပ်အားဖြင့် ကြီးမားသော အမှုကြီးကို ပြုပါဦးမည်။

သင့်အသက်တာ ကိုလည်း ဘုရားသခင်သည် အစဉ်အမြဲ ရှိနေမည်ကို ဘယ်သောအခါမျှ မမေ့ပါနှင့်။ မည်မျှပင် ခက်ခဲ နက်နဲသော တွင်းကြီး ထဲတွင် ကျရောက်နေသည် ဖြစ်ပါစေ၊ ဘုရားသခင်သည် ကြီးမားသော သူ၏ အမှုတော် လုပ်ငန်းကြီး အတွက် သင့်အသက်တာကို အသုံးပြုဦးမည်ဆိုသည့် အချက်ကို အစဉ် နှလုံးသွင်းစေချင်ပါသည်။

သမ္မာကျမ်းစာ အစမှ အဆုံးအထိ ဖတ်ကြည့်လျှင် ယောသပ် အသက်တာတွင် သာမက ယောဘ၊၊ ဒံယေလ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါ၊ ယောန မှစ၍ ယေရှု အထိ သူတို့၏ အသက်တာများကို ကြည့်ရှုပါက ဘုရားသခင် အတူပါရှိ အောင်ပွဲခံခဲ့ကြောင်း တွေ့ရှိခဲ့ရပါသည်။

အသစ်သော အသက်တာသို့

သင်တို့တွင် အချို့သောသူတို့သည် ပြဿနာ လုပ်သောသူများ ဖြစ်နိုင်ပါသည်။ အချို့သော သူများက သူခိုး၊ အချို့သူများက အရက်သမား၊ အချိုကသူများက ဖောက်ပြန်သောသူ၊ အချို့သောသူများက မူးယစ်ဆေးဝါးသများ အစရှိသည်ဖြင့် အမျိုးမျိုး ဖြစ်နိုင်ပါသည်။ သို့သော် ထိုသူများသည် လူဟောင်း များသာ ဖြစ်သည်။ သူတို့သည် ခရစ်တော် မမွေးဖွားမီက (Before Christ) အခြေအနေ ဖြစ်သည်။

သို့သော် ၂ကော ၅း၁၇ တွင်ဖော်ပြထားသည်မှာ

လူ မည်သည်ကား ခရစ်တော်၌ ရှိလျှင် အသစ် ပြုပြင်သော သတ္တဝါဖြစ်၏။ ဟောင်းသော အရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသော အရာတို့သည် အသစ်ဖြစ်ကြပြီ (၂ကော ၅း၁၇)

ဟု ဖေါ်ပြထားပါသည်။

ယခု ကျွန်တော်ဖော်ပြမည့် အရာသည် ဘုရားသခင်က ယောသပ်အတွက် အရာရာကို အသစ်ဖြစ်စေခဲ့သည် ဆိုသည့် အကြောင်းပင် ဖြစ်သည်။ လွန်ခဲ့သော တစ်မိနစ်ကပင် တွင်းထဲတွင် ရှိနေခဲ့သည်။ မှောင်မိုက်တွင် ရှိနေခဲ့သည်။ တစ်မိနစ်အတွင်း ချုပ်ငြိမ်းတော့မည်ဟု ထင်ခဲ့သည်။ သို့သော် ရုတ်တရတ် အခြေအနေများက ပြောင်းလဲသွားလေတော့သည်။ ရုတ်တရုတ် မျှော်လင့်ချက် ရောင်ခြည်တွေ ပေါ်ထွန်း လာသည်။ ယခုအခါ အရာ ခပ်သိမ်းသည် ပြောင်းလဲရန် အသင့်ဖြစ်နေပြီး၊ မကြာခင် အသစ်ဖြစ်လာပေတော့မည်။

သင့်ရဲ့ အသက်တာထဲမှာ အသစ်ဖြစ်လာဘို့ ဘုရားသခင် လုပ်ဆောင်နိုင် ပါသည်။ သင်၏ အသက်တာ ထဲက အရာခပ်သိမ်းကို ပြောင်းလဲ သွားပေတော့မည်။

ပေတရုသည် တစ်ညလုံး ငါးဖမ်းခဲ့သော်လည်း တစ်ကောင်မျှမရခဲ့ချေ။ သို့သော် ရုတ်တရတ် နာခံလိုက်သောအခါ မမျှော်လင့် သော ပြောင်းလဲမှုများ ခံစားခဲ့ရသည်။ ပိုက်ကွန် စုတ်ပြတ်မတတ် ငါးများကို ဖမ်းမိခဲ့ပြီး လှေနစ်လုမတတ် ငါးများ ရရှိခဲ့သည်။ ဘာမျှ မရှိခြင်းမှ ပြည့်ဝခြင်းသို့လည်းကောင်း၊ ငိုကြွေးခြင်းမှ ဝမ်းမြောက်ခြင်းသို့လည်းကောင်း၊ ရှုံးနိမ့်ခြင်းမှ အောင်မြင်ခြင်းသို့ အောင်မြင် ကူးမြောက်လာခဲ့ကြသည်။

ယောသပ်၏ အသက်တာတွင် ကာယပိုင်းနှင့် ဝိညာဉ်ပိုင်းကို နှစ်ပိုင်းစလုံးတွင် ဘုရားသခင်က လိုက်လျောညီထွေစွာ လှုပ်ရှား လုပ်ဆောင် နေခဲ့ကြောင်း ရှင်းလင်းစွာ သိမြင်နိုင်ပါသည်။

ယောသပ်ကို တွင်းထဲက နှုတ်ယူခဲ့သော ယုဒ

ငါတို့သည် ညီအကိုကို သတ်၍ သေကြောင်းကို ဖွက်ထားလျှင် အဘယ်ကျေးဇူး ရှိသနည်း။ ကိုင်ကြ။ ကိုယ်တိုင် မညှင်းဆဲဘဲ ဣရှမေလ လူတို့အား ရောင်းလိုက်ကြစို့။ (ကမ္ဘာ ၃၇း၂၆-၂၇)

ယောသပ်တွင် ရှိသော ကုတ်အင်္ကျီ လှလှလေးက ကယ်တင်ခဲ့သည်မဟုတ်။ သူခံစားရသော ဘိဿိတ်က ကယ်နှုတ်ခဲ့သည် မဟုတ်။ သူမက်ခဲ့သော အိပ်မက်များက ကယ်နှုတ်ခဲ့သည်မဟုတ်။

အထက်ပါ ကျမ်းပိုဒ်အရာ ယောသပ်ကို တွင်းထဲက နှုတ်ယူခဲ့သည်မှာ ယုဒဖြစ်သည်။ ယုဒ၏ အဓိပ္ပါယ်မှ ချီးမွမ်းခြင်း “PRAISE” ဖြစ်သည်။

ရုဗင်က တွင်းထဲသို့ ချရန် ပြောခဲ့သည်။

သို့သော် ယုဒက ပြန်နှုတ်ရန် ပြောခဲ့သည်။

သင်တွင်းထဲသို့ မည်ကဲ့သို့ ရောက်နေသည်ကို ကျွန်တော်မပြောတတ်ပါ။ ဘာကြောင့် ရောက်ရသည်ကိုလည်း သင့်ကို မေးမြန်ပြီး အပြစ်မတင်လိုပါ။ သို့သော် ကျွန်တော် ပြောနိုင်တာတစ်ခုကတော့ သင့်ကို ယုဒက ကယ်တင်ပါလိမ့်မည်။

ဤနေရာတွင် ကျွန်တော် ရည်ညွှန်းတင်ပြလိုသော အကြောင်းအရာမှာ “ချီးမွမ်းခြင်း” ဟု အနက် အဓိပ္ပါယ် ရှိသည့် ယုဒ က ယောသပ်ကို ကယ်နှုတ်လိုက်သည် ဟူသည့် အချက်ပင် ဖြစ်ပါသည်။ ယောသပ်ကို ချီးမွမ်းခြင်းက ကယ်နှုတ်လိုက်ပါသည်။

ကြေကွဲနေသော ချီးမွမ်းခြင်း

ယနေ့ အချိန်တွင် ချီးမွမ်းသည် ဆိုရာ၌ စာမေးပွဲအောင်၍ ကျေးဇူးတော် ချီးမွမ်းသည်။ လုပ်ငန်း အဆင်ပြေ၍ ကျေးဇူးတော် ချီးမွမ်းသည်။ တိုးတတ်မှု ရရှိခံစားသောကြောင့် ကျေးဇူးတော် ချီးမွမ်းသည်။ ပျောက်သော ပိုက်ဆံ ပြန်ရ၍ ကျေးဇူးတော် ချီးမွမ်းသည် ဟူသော အချက်များကို သိမြင်ကြားတွေ့ရပါသည်။ သို့သော် ယခု ယောသပ်သည် ကျဆုံးခြင်း၊ ကြေကွဲခြင်း၊ စိတ်ဓါတ်ကျခြင်း၊ အားငယ်ခြင်းတို့တွင် မည်ကဲ့သို့ ချီးမွမ်းနိုင်ပါမည်နည်း။ အကယ်၍ ချီးမွမ်းခဲ့သည် ဆိုလျှင်လည်း ကြေကွဲမှု များကို ခံစားပြီး ချီးမွမ်းသော ချီးမွမ်းခြင်းသာ ဖြစ်ပေလိမ့်မည်။ ထိုအခြေအနေကို ကြေကွဲနေသော ချီးမွမ်းခြင်းဟု ခေါင်းစဉ် တပ်လိုပါသည်။

ဤကျမ်းပိုဒ်အရ သင့်ကို ဘုရားသခင် ပြောနေသည်မှာ မည်သူမဆို ဆိုးရွားမှုများနှင့် ရင်ဆိုင် ရသည်ဆိုပါက အော်ဟစ်ချီးမွမ်း လိုက်ပါ။ သင်၏ ကျန်မာရေးနှင့် ပတ်သတ်ပြီး ကောင်းသတင်းတွေ ဆရာဝန်က မပြောခဲ့လျှင် ချီးမွမ်းလိုက်ပါ။ သင့်ပစ္စည်းတွေ ပျောက်ဆုံး သွားခဲ့တယ်ဆိုရင် အော်ဟစ် ချီးမွမ်းလိုက်ပါ။ သင့်မှာ ကြီးမားသော ပြဿနာတွေ ရင်ဆိုင်နေရ တယ်ဆိုရင် အော်ဟစ်၍ အကြီးအကျယ် ချီးမွမ်းလိုက်ပါ။ “ကျွန်တော့်မှာ ဘာပြဿနာတွေ ရှိရှိ ကိုယ်တော်ကို အစဉ် ကောင်းကြီးပေးပါမည်။ ကိုယ်တော်ရဲ့ နာမတော်ကို အစဉ် မြွတ်ဆိုပါမည်” ဟု သင့်၏ နှုတ်မှ အော်ဟစ်ချီးမွမ်းလိုက်ပါ။

သင့်အခြေအနေဟာ ဘယ်လောက်ဘဲ ကြီးမားတဲ့ ပြဿနာကြီး တွေကို ရင်ဆိုင်နေရသည် ဖြစ်စေ ဘုရားသခင်ကို ချီးမွမ်းခြင်း တွေ နဲ့ ရင်ဆိုင်လိုက်ပါ။

အဘိဓါန်တွင် Broken ဆိုသည်မှာ ကျိုးနေသော၊ ပျက်စီးနေသော၊ တစ်ဆက်တည်းမဟုတ်သော၊ ပျက်ပြားသွားသော၊ ပူဆွေး သောက ရောက်နေသော၊ အသဲကွဲနေသော၊ အစရှိသည့် အဓိပ္ပါယ်များ ရှိကြောင်း ဖော်ပြထားပါသည်။

ပြဿနာ ရှိနေချိန်များတွင် ဘုရားသခင်ကို အမှန်တကယ် ချီးမွမ်းသောသူ မည်မျှရှိပါသနည်း။ အမှန်တကယ် ချီးမွမ်းသော သူများသည် အော်ဟစ်နေကြသည်။ ဣနြေ္ဒ သိက္ခာမဲ့ဖြစ်နေကြသည်။ ထိုသူတို့သည် ရှုပ်ပွ ပေရေနေကြသည်။ သူတို့သည် မိမိတို့၏ ဆံပင်ကိုပင် မကြည့်နိုင်ကြ။ သူတို့သည် မိတ်ကပ် မလူးနိုင်ကြ။ ထိုသူတို့သည် တစ်ခါတစ်ရံ ရွံစရာပင် ဖြစ်ကောင်း ဖြစ်နေနိုင်ပါသည်။

ဘုရားသခင်သည် ထိုသို့ ချီးမွမ်းခြင်းကို သင့်ထံမှ ယူဆောင်လိုပါသည်။ ဘုရားသခင်သည် သင်တို့၏ ညည်းတွားခြင်းနှင့် မျက်ရည်များမှ တစ်ဆင့် ထိုကဲ့သို့ ချီးမွမ်းခြင်းကို မျှော်လင့်နေပါသည်။ ဘုရားသခင်သည် သင်၏ ကြေကွဲသော နှလုံးသားမှ ချီးမွမ်းသံကို မျှော်လင့်နေပါသည်။ ဘုရားသခင်သည် သင်၏ ကျယ်လောင်သော အသံဖြင့် အော်ဟစ်ချီးမွမ်းခြင်းကို လိုချင်နေပါသည်။ ဘုရားသခင်သည် သင်၏ ရူးသွပ်စွာ ချီးမွမ်းခြင်းကို မျှော်လင့်နေပါသည်။ ဘုရားသခင်သည် သင်၏ ခံစားချက် ကင်းမဲ့လျက် ရှိနေချိန်တွင် ချီးမွမ်းသံကို ကြားနာချင်ပါသည်။

သင်သည် ဘုရားသခင်ကို ထိုအခြေအနေ ဆိုးထဲတွင် ချီးမွမ်းလိုက်ပါ။ ဘုရားသခင်သည် သင်၏ ကြေကွဲနေသော ချီးမွမ်းခြင်းများ (broken praise) ကို မျှော်လင့်နေပါသည်။

ယောဘသည် အရာခပ်သိမ်းကို ဆုံးရှုံးသွားခဲ့သည်။ သို့သော်လည်း ထိုသို့ ဆုံးရှုံး သွားပြီးနောက်တွင် သူ၏ နှလုံးသားများသည် တစ်စစီ ကြေကွဲသွားခဲ့သည်။ တွေ့ကြုံရသော အဖြစ်ဆိုးကို ကြံ့ကြံ့ခံကာ ရင်ဆိုင်ခိုင်ခဲ့သည်။ သို့သော် ယောဘကျမ်းကို ဖတ်ကြည့်သော အခါ ထိုကျမ်းထဲတွင် ယောဘ၏ ချီးမွမ်းခြင်းသည် ကြေကွဲမှု အပြည့်ဖြင့် ချီးမွမ်းအော်ဟစ်ခဲ့ကြောင်း တွေ့ရလေသည်။

ကျမ်းစာတွင် ဖော်ပြထားသည်မှာ

“ထိုအခါ ယောဘသည် ထ၍ မိမိဝတ်လုံကို ဆုတ်လေ၏။ ဆံပင်ကိုလည်း ရိတ်၍ မြေပေါ်မှာ ဝပ်လျက် ကိုးကွယ်ပြီးလျှင်၊ ငါသည် အဝတ်မပါဘဲ အမိဝမ်းထဲက ထွက်လာ၏။ အဝတ်မပါဘဲ အမိဝမ်းထဲသို့ ပြန်သွားရတော့မည်။ ထာဝရဘုရား ပေးတော်မူ၏။ ထာဝရဘုရားလည်း ရုတ်သိမ်းတော်မူ၏။ ထာဝရ ဘုရား၏ နာမတော်သည် မင်္ဂလာရှိစေသတည်း။” (ယောဘ ၁း၂၀)

ဟု ချီးမွမ်းမြွတ်ဆိုခဲ့ပါသည်။

ထိုအခြေ အနေသည် ကောင်းမွန်သော အခြေအနေ မဟုတ်ပါ။ မျက်ရည်များနှင့် ကိုးကွယ်နေ ရပါသည်။ နှလုံးသားတွေ ကြေကွဲနေပါသည်။ ညည်းတွားနေရပါသည်။ နှလုံးသားတွေ နာကျင်နေပါသည်။ အသက်တာထဲတွင် ရှုပ်ထွေးမှုများ ခံစားနေ ရပါသည်။ သို့သော် သူသည် ဘုရားသခင်ကို ကြေကွဲနေသော ချီးမွမ်းခြင်းများဖြင့် ချီးမွမ်းခဲ့သောအခါ လှပသော အနာဂတ်ကို ပြန်လည် ရရှိလာခဲ့ပါသည်။ ယောဘ၏ ဝတ်ပြုကိုးကွယ်ခြင်းသည် သူ၏ ကံကြမ္မာကို ပြန်လည်မြင့်တတ် လာစေပြီး နောက်ဆုံး တွင် ဘုရားသခင်က သူ့ကို ပို၍ ကြီးမားသော ကောင်းကြီးမင်္ဂလာဖြင့် သွန်းလောင်ခဲ့ပါသည်။ မူလရှိခဲ့သော ကောင်းကြီး မင်္ဂလာထက် နှစ်ဆပို များသော ကောင်းကြီးများကို ရရှိခံစားစေခဲ့ပါသည်။

ချီးမွမ်းခြင်းသည် ချပ်ဝတ်တန်ဆာ တစ်ခုဖြစ်ပါသည်။ ကျွန်တော်တို့သည် ဒုက္ခပြဿနာ ရှိလာတိုင်း ထိုချပ်ဝတ် တံဆာကိုသာ ရွေးချယ်ပါမည်။

သင့်ကို တွင်းထဲသို့ ကျရောက်စေသော ပြဿနာ၏ ရည်ရွယ်ချက်မှာ သင်၏ ချီးမွမ်းခြင်းများကို ငြိမ်သက် တိတ်ဆိတ်သွားစေရန် ဖြစ်သည်။ နတ်ဆိုးများသည် ကျွန်တော်တို့၏ ချီးမွမ်ခြင်း အသံကိုများကို မုန်းတီးကြပါသည်။

ဘုရားသခင်၏ လူများတွင် ယောသပ် တစ်ဦးတည်းသာ တွင်းထဲသို့ ရောက်ရှိခဲ့သည်မဟုတ်။

ဆာလံ ၄၀း၂ တွင် ဒါဝိတ်က ဖော်ပြထားသည်မှာ

“ပျက်စီးရာတွင်းနှင့် အလွန်ဆိုသော ရွံ့ထဲက ငါ့ကို ဆယ်နှုတ်ပြီးလျှင် ငါ့ခြေတို့ကို ကျောက်ပေါ်မှာ တင်၍ ငါခြေရာတို့ကို တည်စေတော်မူ၏။” (ဆာလံ ၄၂း၂)

ဟု ရေးသားခဲ့သောကြောင့် ဒါဝိတ် ကိုယ်တိုင်လည်း တွင်းထဲကျသည့် အခြေအနေမျိုး ရင်ဆိုင်ခဲ့ရ ဘူးသည် ဟု ဆိုနိုင်ပါသည်။

ပရောဖတ် ယေရမိ ကိုယ်တိုင်လည်း ကြောက်စရာကောင်းသော တွင်းထဲတွင် ကျရောက်ဘူးသည်။

ဧဗဒမေလက်သည်လည်း လူတို့ကို ခေါ်၍ နန်းတော်အတွင်း ဘဏ္ဌာတိုက် အောက်သို့ ဝင်ပြီးလျှင် ဟောင်းနွမ်းသော အဝတ်စုတ်များကို ယူပြီးမှ ယေရမိ ရှိရာမြေတွင်း၌ ကြိုးနှင့် လျှော့ချလေ၏။ (ယေရမိ ၃၈း၁၁)

တမန်တော် ဝတ္ထုတွင် ရှင်ပေါလုနှင့် သိလတို့ နှစ်ဦးသည်လည်း ထောင်ထဲမှ လွတ်မြာက်စေရန် ကြေကွဲစွာဖြင့် အော်ဟစ်ချီးမွမ်းခဲ့ရကြောင်း ကျမ်စာတွင် ဖတ်ရလေသည်။

ကျွန်တော်တို့သည် ဘုရားသခင်ကို ကောင်းသော ချီးမွမ်းခြင်း များကိုသာ ပြုလုပ်လိုကြသည်။ ထိုအရာ လုပ်ဆောင်နိုင်ဘို့သာ ကြိုးစားအားထုပ်ကြသည်။ သို့သော် ဘုရားသခင်က သင်တို့ထံက ကြေကွဲနေသော ချီးမွမ်းခြင်းများကိုသာ ကြားလိုပါသည်။

ဘုရားသခင်ကို ကြေကွဲသော ချီးမွမ်းခြင်းဖြင့် ချီးမွမ်းပါ။ ထိုအရာသည် အခြားသူ တစ်ဦးအတွက် အမြင်ဆိုးကောင်း ဆိုးနေပါလိမ့်မည်။ ကြားရသည့် အသံက သာယာချင်မှ သာယာပါလိမ့်မည်။ သို့သော် ဘုရားသခင်၏ နားတော်ထဲတွင် ကောင်းကင်တမန်တို့၏ ကြည်လင်ချိုမြ သာယာလှသည့် စောင်းသံကဲ့သို့ ဖြစ်နေပါလိမ့်မည်။

ယာသပ်၏ အကိုတို့သည် ယောသပ်ကို သေစေရန် ရည်ရွယ်လျက် မျှော်လင့်ချက် မရှိနိုင်သည် တွင်းထဲသို့ ချပစ်ခဲ့ကြသည်။ သို့သော် မိမိကို မချစ်မနှစ်သက်သော အကိုဖြစ်သူ ယုဒကပင် တွင်းထဲက ကယ်ထုပ်လိုက်ပြန်သည်။

ယရမိကို သေစေရန် ရည်ရွယ်လျက် မျှော်လင့်ချက် လုံးဝမရှိသည့် တွင်းထဲသို့ ချပစ်လိုက်ကြသည်။ သို့သော် ဟောင်းနွမ်း မလှပသော လက်နှီးစုတ် ကို ကြိုးလုပ်၍ ယေရမိကို ကယ်ထုပ်လိုက်ပြန်သည်။

ပေါလုနှင့် သိလတို့သည် ထောင်ထဲတွင် ကျရောက်နေသောအခါ အရိုက်ခံရသည်။ အဆူခံရသည်။ အရှက်ရစေသည်။ သို့သော် သူတို့သည် ဘုရားသခင်ကို ထိုအခြေအနေထဲတွင် ကြေကွဲစွာဖြင့် အော်ဟစ် ချီးမွမ်းလိုက်သည်။ ထိုအခါ ဘုရားသခင်သည် ထောင်နံရံတို့ကို လှုပ်ခါစေလျက် တံခါးတို့ကို ပွင့်ဟ စေလျက် အချုပ်အနှောင်မှ လွတ်မြောက်စေခဲ့သည်။

အချို့လူများက သင့်ကို တွင်းထဲမှာ သေဆုံးသွားဘို့ မျှော်လင့်စောင့်စားနေကြပါသည်။ သို့သော် သင်၏ ချီးမွမ်ခြင်းကြောင့် ထိုသူတို့မှာ စိတ်ပျက်ခြင်းကိုသာ ခံစားသွားရမည် ဖြစ်ပါသည်။ ထိုတွင်းကြီးသည် သင့်ကို ဘိဿိတ် သွန်းလောင်ရာ နေရာ ဖြစ်ကြောင်း ထိုသူတို့ကို သိစေပါ။

ယောသပ်ဟာ တွင်းထဲမှာ ကျသွားတဲ့အချိန်မှာ တွင်းထဲမှာ ဘာမျှ မရှိသော်လည်း ချီးမွမ်းခြင်းများဖြင့် ဖြည့်ပေးလိုက်သည်။ ကျွန်တော်တို့က ထိုတွင်းကို ကျွန်တော်တို့၏ ညစ်ညူးခြင်းများဖြင့် ဖြည့်လိုက်သည် ဆိုပါက ထိုနေရာသည် သင်းချိုင်း အုပ်ဂူတစ်ခုအလား ဖြစ်သွားသွားနိုင်ပါသည်။

သို့သော် ချီးမွမ်းခြင်း ဖြည့်ပေလိုက်သောအခါ ကျွန်တော်တို့ကို ထိုတွင်းထဲမှ လွတ်မြောက်စေခဲ့ပါသည်။

သင့်၏ လွတ်မြောက်ရာလမ်းအတွက် ဘုရားသခင်ကို ချီးမွမ်းလိုက်ပါ။

သင်၏ လွတ်မြောက်ရာလမ်းအတွက် ဘုရားသခင်ကို အော်ဟစ်လိုက်ပါ။

သင်၏ လွတ်မြောက်ရာလမ်းအတွက် ဘုရားသခင်ရှေ့မှာ ကခုန်လိုက်ပါ။

သင်၏ လွတ်မြောက်ရာလမ်းအတွက် ဘုရားသခင်ရှေ့မှာ ပြေးလွှားနေလိုက်ပါ။

သင်၏ တွင်းကို ချီးမွမ်းခြင်းများဖြင့် ပြည့်ဝစေပါ။ သင်၏ ချီးမွမ်းခြင်းဟာ ယောနကို ငါးကြီးက ထွေးထုပ်လိုက်သလို မှောင်မိုက်က လွတ်မြောက်လာစေမှာပါ။

အဲဒီလို ယောန လွတ်မြောက်လာဘို့ ငါးကြီးဝမ်းထဲမှာ ဘုရားသခင်ကို အော်ဟစ်ခဲ့ရသည်ကိုတော့ လစ်လျူရှု၍ မရနိုင်ပါ။ ယောနသည် ဘုရားသခင်ကို ကြေကွဲစွာ အော်ဟစ်ခဲ့ရပါသည်။ သို့သော် လွတ်မြောက်လာခဲ့ပါသည်။

သင့်ရဲ့ အခြေအနေဆိုးရွားလှတဲ့ တွင်းထဲကနေ လွတ်မြောက်ဘို့ ကြေကွဲစွာဖြင့် ဘုရားသခင်ကို ယခုပင် အော်ဟစ်လိုက်ပါ။ ကြေကွဲစွာဖြင့် ယခုပင် ချီးမွမ်းလိုက်ပါ။ သင့်ကို ထူးခြားသော အသက်တာကို ခံစားရစေမှာ သေချာပါသည်။

ယခုပင် အော်ဟစ် ချီးမွမ်းလိုက်ပါ။ ကြေကွဲစွာ အော်ဟစ် ချီးမွမ်းလိုက်ပါ။

ဘုရားသခင် ကောင်းကြီးပေးပါစေ။

၄၁။ချစ်ခြင်းမေတ္တာ၏သဘောသဘာဝ

၁ကော ၁၃း၎-၈ ကို ဖတ်ပါ။

မေတ္တာသည် စိတ်ရှည် တတ်၏။ ကျေးဇူးပြု တတ်၏။ မေတ္တာသည် ဂုဏ်ပြိုင် ခြင်းမရှိ။ မာန်မာန မရှိ။ မလျောက်ပတ်စွာ မကျင့်တတ်၊ ကိုယ်ကျိုးကို မရှာတတ်။ ဒေါသ အမျက် မထွက်တတ်၊ အပြစ် ရှိသည် ဟု မထင်တတ်၊ မတရားသော အမှု၌ ဝမ်းမြောက်ခြင်း မရှိတတ်၊ သမ္မာတရား၌ ဝမ်းမြောက်တတ်၏။ ခပ်သိမ်းသော အရာကို ဖုံးအုပ် တတ်၏။ ခပ်သိမ်းသော အရာကို ယုံတတ်၏။ ခပ်သိမ်းသော အရာကို မျှော်လင့် တတ်၏။ ခပ်သိမ်းသော အရာကို သီးခံ (ကြံ့ကြံ့ခံ) တတ် ၏။

မေတ္တာသည် ဖောက်ပြန်ခြင်း သဘောနှင့် အစဉ် ကင်းလွတ်၏။ (၁ကော ၁၃း၎-၈)ချစ်ခြင်းမေတ္တာနှင့် ပတ်သတ်ပြီး ရေးသားကြသော လူသားတို့၏ ခံစားချက် မြောက်များစွာကို ဖတ်ရှုဘူးပါသည်။ ထိုအကြောင်း အရာနှင့် ပတ်သတ်ပြီး နားလည်းမှုလွဲမှားခြင်း၊ သစ္စာဖောက်ခံရခြင်း စသည့် အကြောင်း အရာပေါင်း များစွာကိုသာ ကြားသိခဲ့ရ ပါသည်။ သို့သော် ၁ကော (အခန်းကြီး ၁၃) တွင် ခရစ်ယာန်တို့ခံစားသော ချစ်ခြင်းမေတ္တာနှင့် ပတ်သတ်ပြီး ရုပ်လုံးဖော်ကာ ရေးသားထားသော အချက်အလက်များကို ဖတ်ရှုလေ့လာခွင့် ရခဲ့ပါသည်။ ထိုအရာများကို တမန်တော်ကြီး ရှင်ပေါလုက ရေးသားပြီး ၁ကော ၁၃း၁-၈ တွင် လေ့လာ ဖတ်ရှုနိုင်ပါသည်။

အထက်တွင် ဖော်ပြသော နှုတ်ခပတ်တော်ကို တစ်ချက်စီ ချရေးလိုက်သော် အောက်ပါအတိုင်း ကျမ်းစာက ဖော်ပြထားပါသည်။

ချစ်ခြင်းမေတ္တာက မလုပ်သောအရာ

၁။ ချစ်ခြင်းမေတ္တာသည် မနာလို ဝန်တို မဖြစ်တတ်။

၂။ ချစ်ခြင်းမေတ္တာသည် ဝါကြွားခြင်း မရှိ။

၃။ ချစ်ခြင်းမေတ္တာသည် မာန်မာန မရှိတတ်။

၄။ ချစ်ခြင်းမေတ္တာသည် မလျောက်ပတ်စွာ မကျင့်တတ်။

၅။ ချစ်ခြင်းမေတ္တာသည် ကိုယ်ကျိုးမရှာတတ်။

၆။ ချစ်ခြင်းမေတ္တာသည် ဒေါသအမျက် မထွက်တတ်။

၇။ ချစ်ခြင်းမေတ္တာသည် အပြစ်ရှိသည်ဟု မထင်တတ်။

၈။ ချစ်ခြင်းမေတ္တာသည် မတရားအမှု၌ ဝမ်းမြောက်ခြင်း မရှိတတ်။

ချစ်ခြင်း မေတ္တာက ပြုလုပ်ပေးသောအရာ

၉။ ချစ်ခြင်းမေတ္တာသည် စိတ်ရှည်တတ်၏။

၁၀။ ချစ်ခြင်းမေတ္တာသည် ကျေးဇူးပြုတတ်၏။

၁၁။ ချစ်ခြင်းမေတ္တာသည် သမ္မာတရား၌ ဝမ်းမြောက်တတ်၏။

၁၂။ ချစ်ခြင်းမေတ္တာသည် ခပ်သိမ်းသောအရာကို ဖုံးအုပ်တတ်၏။

၁၃။ ချစ်ခြင်းမေတ္တာသည် ခပ်သိမ်းသောအရာကို ယုံတတ်၏။

၁၄။ ချစ်ခြင်းမေတ္တာသည် ခပ်သိမ်းသောအရာကို မျှော်လင့်တတ်၏။

၁၅။ ချစ်ခြင်းမေတ္တာသည် ခပ်သိမ်းသောအရာကို ကြံ့ကြံ့ခံတတ်၏။

၁၆။ ချစ်ခြင်းမေတ္တာသည် ဖောက်ပြန်ခြင်း သဘောနှင့် အစဉ်ကင်းလွတ်၏။

အထက်ပါ ဖော်ပြပါ ခရစ်ယာန်တို့၏ ချစ်ခြင်းမေတ္တာကို ဂရိဘာသာစကားအားဖြင့် “Agape” မြန်မာ ဘာသာပြန်သော ခရစ်ယာန် စာပေများတွင် “အဂါပေ မေတ္တာ” ဟု ဘာသာပြန် ဖော်ပြကြပါသည်။ ထိုမေတ္တာသည် အရည်အသွေး ကောင်းမွန်သော စိန်တုံးသဖွယ် မျက်နှာပြင်ပေါင်း မြောက်များစွာ ပါသည့် ရတနာ ဥစ္စာ တစ်ခုနှင့် သဘောတူညီနေပါသည်။ ထိုမေတ္တာ၏ အနှစ်သာရများကို ကျွန်တော်တို့ ကိုယ်တိုင် အပြည့်အဝ ခံစားခြင်းဖြင့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို သူတစ်ပါး ကိုလည်း ပေးဝေမျှ နိုင်သော သူများ အဖြစ် အသက်ရှင်နိုင်ရန် စုစည်း ဖော်ပြ ရေးသား လိုက်ပါသည်။

ဘုရားသခင် ကောင်းကြီးပေးပါစေ။

၄၂။ဘုရားသခင်၏လူကို ကိုင်မြှောက်ထားခြင်း

ထိုအခါ အာမလက်လူတို့သည် လာ၍ ရေဖိဒိမ်အရပ်၌ ဣသရေလ လူတို့ကို စစ်တိုက်ကြ၏။ မောရှေ ကလည်း လူတို့ကို ရွေး၍ အာမလက် လူတို့ကို စစ်တိုက်ခြင်းငှါ ထွက်လော့။ နက်ဖြန်နေ့၌ ဘုရားသခင်၏ လှံတံကို ကိုင်လျက် တောင်ထိပ်ပေါ်မှာ ငါရပ်နေမည်ဟု ယောရှုအား ဆို၏။ မောရှေမှာလိုက်သည့်အတိုင်း ယောရှုပြု၍ အာမလက် လူတို့ကို စစ်တိုက်လေ၏။ မောရှေ၊ အာရုန်၊ ဟုရတို့သည် တောင်ထိပ်ပေါ်သို့ တတ်ကြ၏။ မောရှေသည် လက်ကို ချီသောအခါ ဣသရေလ လူတို့သည် နိုင်ကြ၏။ လက်ကို ချသောအခါ အာမလက်လူတုိ့သည် နိုင်ကြ၏။ (ထွက်မြောက်ရာ ၁၇း၈-၁၃)

၁။ ဣသရေလ လူမျိုးများ အာမလက် လူများကို တိုက်ခိုက်ခြင်း

အာမလက် လူမျိုးဆိုသည်မှာ ဧသော၏ မြေးမှ ဆင်းသက်လာပါသည်။ တကယ်ဆိုလျှင် ဣသရေလ အမျိုးဆိုသည်မှာ သူတို့နှင့် ဆွေရင်း မျိုးရင်းများသာ ဖြစ်ပါသည်။ သို့သော် ဣသရေလကို အစဉ် ဒုက္ခပေးတတ်သူ တစ်ဦးလည်း ဖြစ်ပါသည်။ ယုံကြည်သူ တစ်ဦး၏ အသက်တာတွင် စုံစမ်းခြင်း ဆိုသည်မှာ အတွင်းစည်းကသာ လာလေ့ ရှိတတ်ပါသည်။ မိသားစုထဲမှ လည်းကောင်း၊ အဆွေအမျိုးထဲမှ လည်းကောင်း၊ မိမိနှင့် အနီးဆုံးရှိသော မိတ်ဆွေ တစ်ဦးဦးမှ လည်းကောင်း လာတတ်ပါသည်။ ဤကဲ့သို့ အတွင်းမှ လာသော စုံစမ်းခြင်းများသည် ကျွန်တော်တို့ အသက်တာကို ပိုမို ခံစား ဝမ်းနည်းမှုကို ဖြစ်စေတတ်သည် မဟုတ်ပါလား။ သို့သော် ထိုအခြေအနေက ကျွန်တော်တို့ကို ဘုရားသခင်နှင့်လည်းကောင်း၊ အသင်းတော်နှင့်လည်းကောင်း၊ ဘုရားသခင်၏ လူများနှင့်လည်ကောင်း ပိုမို ရင်နှီး ကျွမ်းဝင်မှုကို ဖြစ်စေပါသည်။

ကျွန်တော်တို့သည် ကောင်းကင်သို့ သွားရောက်ရမည့် လမ်းခရီးသည် ဘယ်သောအခါမျှ ချောမောနေမည် မဟုတ်ပါ။ အဖု အထစ်များနှင့် ဆူးခင်လမ်းကို ဖြတ်သန်းကြရမည်သာ ဖြစ်ပါသည်။ ရှင်ပေါလုက ပြောခဲ့သည်မှာ

“ငါတို့သည် အသွေးအသား ရှိသော ရန်သူတို့နှင့် ဆိုင်ပြိုင် တိုက်လှန်ရကြသည်မဟုတ်။ အထွဋ်အမြတ်တို့နှင့် လည်းကောင်း၊ အာဏာစက်တို့နှင့် လည်းကောင်း၊ လောကီမှောင်မိုက်၌ အစိုးတရ ပြုလုပ်သော မင်းတို့နှင့်လည်းကောင်း၊ မိုးကောင်းကင်၌ နေသော နတ်ဆိုးတို့နှင့် ဆိုင်ပြိုင် တိုက်လှန် ရကြ၏” (ဧဖက် ၆း၁၂) ဟုပြောခဲ့ပါသည်။

အများနည်းတူ ဖြစ်လေ့ ဖြစ်ထရှိသော ပြဿနာကဲ့သို့ ဣသရေလ လူမျိုးများလည်း တွေ့ကြုံခဲ့ရသည်။ အဲဂုတ္တုပြည်တွင် ဣသရေလ လူမျိုးတို့ ကျွန်ခံနေခဲ့ရစဉ်က တိုက်ခိုက်ရန် မပြင်ဆင်၊ မစဉ်းစားခဲ့ကြပေ။ ဣသရေလ လူမျိုးများသည် ဘုရားသခင်၏ ကွယ်ကာမှုကြောင့် လွတ်မြောက်လာခဲ့ကြသည်။ ယခင်က အာမလက် လူတို့က ကျွန်ခံနေသော ဣသရေလ လူတို့ကို ဂရုမစိုက် အလေးမထားခဲ့သော်လည်း ယခု လွတ်မြောက်လာသောအခါ ရန်သူသဖွယ် ရှုမြင်လေတော့သည်။

ကျွန်တော်တို့သည် အပြစ်တရား၏ လက်အောက်တွင် ကျွန်သဘောက် ဘဝနှင့် နေခဲ့ရစဉ်က စာတန်အတွက် ပြဿနာ မရှိခဲ့ပါ။ သို့သော် ကျွန်ဘဝမှ လွတ်မြောက်လာပြီးနောက်တွင် စာတန်သည် အလွတ်မထားတော့ဘဲ အစဉ်တိုက်ခိုက်ရန် ပြင်ဆင် ကြိုးစားကြလေတော့သည်။

သို့သော် စာတန်သည် ဘယ်သောအခါမျှ အောင်မြင်မှု မရရှိနိုင်ပါ။ အစဉ်အမြဲ ရှုံးနိမ့်နေပါလိမ့်မည်။

၂။ စစ်ပွဲတွင် အပိုင်း (၂)ပိုင်းဖြင့် တာဝန် ခွဲဝေကာ တိုက်ခိုက်ခြင်း

က။ ယောရှု၏ တာဝန်မှာ ကိုယ်ကာယ ခွန်အားဖြင့် တိုက်ခိုက်ရသော တာဝန်ကို ယူရသည်။

ခ။ မောရှည်၏ တာဝန်မှာ ဝိညာဉ်ခွန်အားဖြင့် တောင်ပေါ်တွင် ဆုတောင်းရသော တာဝန်ကို ယူရသည်။

ဂ။ ကျွန်တော်တို့မှာ (၂) ပိုင်းစလုံး လိုအပ်ပါသည်။

၃။ ယောရှု၏ တာဝန်

မောရှည်က ယောရှုကို ပြောခဲ့သည်မှာ “လူတို့ကို ရွေး၍ အာမလက်လူတို့ကို စစ်တိုက်ခြင်းငှါ ထွက်လော့” (ထွက် ၁၇း၉)

ယုံကြည်သူတိုင်းသည် ဘုရားသခင်၏ နိုင်ငံတော်မှ ခရစ်ယာန် စစ်သူရဲများ ဖြစ်ကြသည်။

သန့်ရှင်းသော အမှုတော်တိုင်းတွင် စိတ်နှလုံးပါလျက် လုပ်ဆောင်ရမည် ဖြစ်သည်။ စစ်သူရဲ ဆိုသည်မှာ အမိန့်ကို နာခံရပြီး၊ စည်းကမ်းတကျ နေထိုင် အသက်ရှင်ရသူ ဖြစ်ပါသည်။ ရှင်ပေါလုက တိမောသေကို အောက်ပါ အတိုင်း မှာကြားခဲ့ပါသည်။

“သင်သည် ယေရှုခရစ်ထံ၌ ကောင်းသော စစ်သူရဲကဲ့သို့ ဆင်းရဲဒုက္ခကို သည်းခံလော့။ စစ်သူရဲမည်သည်ကား မိမိကို စစ်သူရဲ့ အရာ၌ ခန့်ထားသူကို နှစ်သက်စေခြင်း ငှါ၊ လောကီမှုရေးနှင့် ပြွမ်းနှော ရှုပ်ထွေးခြင်းကို ပယ်ရှားတတ်၏။” (၂တိ ၂း၃-၄)

အထက်ပါ ကျမ်းပိုဒ်ကဲ့သို့ ယုံကြည်သူ တစ်ယောက်သည် စည်းကမ်းတကျ နေထိုင် အသက်မရှင်ပါက ထိုစစ်သားသည် လက်နက်ကိုင် သောင်းကျန်းသူ တစ်ဦး အဆင့်မျှသာ ဖြစ်သွားနိုင်ပါသည်။

ကျွန်တော်တို့သည် အမှုတော်အတွက် အစွမ်းကုန် လုပ်ဆောင် ကြိုးစားရန် လိုအပ်ပါသည်။ ယောရှုသည် သူ၏ တာဝန်ကို ကျေပွန်စွာ ထမ်ဆောင်ခဲ့သည်။ ထိုတိုက်ပွဲကို အောင်မြင်အောင် တိုက်ခိုက်ရန်မှာ ယောရှု၏ တာဝန် ဖြစ်သည်နှင့် အညီ အစွမ်းကုန် တိုက်ခိုက်ခဲ့သည်ကို တွေ့ရပါမည်။

သင်သည် ယေရှုခရစ်တော်၏ စစ်သူရဲ ဖြစ်သောကြောင့် အမှုတော်မြတ်တွင် ကြိုးစားလုပ်ဆောင်၍ စာတန်ကို တိုက်ခိုက်ရမည့်သူ ဖြစ်ကြောင်း ဘယ်သောအခါမျှ မမေ့ပါနှင့်။

၄။ မောရှည်၏ တာဝန်

မောရှည်က သက်သက်သာသာ ဖြစ်သော တာဝန်ကိုသာ ယူထားသည်မဟုတ်။ မောရှည် တာဝန်ယူရသော အပိုင်းမှာ အလွန် တာဝန်ကြီးလှသည်။

က။ ထွက်မြောက်ရာ ၁၇း၁၀-၁၁ တွင် ဖော်ပြထားသည်မှာ

“မောရှည်၊ အာရုန်၊ ဟုရတို့သည် တောင်ထိပ်ပေါ်သို့ တတ်ကြ၏။ မောရှည်သည် လက်ကို ချီသောအခါ ဣသရေလ လူတို့သည် နိုင်ကြ၏။ လက်ကို ချသောအခါ အာမလက် လူတို့သည် နိုင်ကြ၏။” (ထွက်မြောက် ၁၇း၁၁)

လက်မြှောက်ခြင်းနှင့် လက်ကိုချခြင်း = တိုက်ခိုက်ခြင်း အမှုသည် မောရှည် လက်ကို ချီခြင်းနှင့် လက်ကို ချခြင်း အပေါ်တွင် တည်မှီနေသည်ကို ထူးခြားစွာ တွေ့ရပါသည်။

မောရှည်၏ အမှုတော် လုပ်ဆောင်ခြင်းသည် ဘုရားသခင်နှင့် အလွန်နီးကပ်ရသော အခြေအနေတွင် ရှိနေသည်။ အမှုတော်ကို အောင်မြင်ဘို့ အတွက် မောရှည်သည် လက်ကို ချ၍ မရပါ။ ချလိုက်သည်နှင့် အောင်မြင်မှု ကျဆင်းသွားလေတော့သည်။

ဦးဆောင်သူများသည် အမြဲတမ်း ကြီးမားသော အဖိုးအခကို ပေးဆပ်ရသူများ ဖြစ်သည်။ ထိုသူများကို ဘုရားသခင်သည် တန်ခိုးပေးထားလေ့ ရှိပါသည်။ သို့သော် ထိုအရာသည် အမှုတော် လုပ်ငန်းကို ဦးဆောင် ဦးရွက် ပြုရန်သာ ဖြစ်ပါသည်။

၅။ ဘေးမှ ဝန်းရံပေးသော အာရုံနှင့် ဟုရ

က။ ကျွန်တော်တို့အတွက် ကျမ်းစာက သွန်သင်ထားချက်များတွင် အချင်းချင်း တစ်ယောက်ကို တစ်ယောက် ဝန်ရံ ဖေးမရမည်ဟူသော သွန်သင်ချက် အများအပြား ရှိနေပါသည်။ ၄င်းတို့အနက် တစ်ခုမှာ

“ထမ်းရွက်စရာ ဝန်ချင်း တို့ကို အချင်းချင်း ကူညီ၍ ထမ်းရွက်သောအားဖြင့် ခရစ်တော်၏ တရားကို ကျင့်ကြလော့။” (ဂလာတိ ၆း၂)

သင်းအုပ်ဆရာတစ်ဦးသည် အာရုံနှင့် ဟုရကဲ့သို့ ဖေးမ ကူညီမည့်သူများ လိုအပ်ပါသည်။ အချို့သောသူတို့သည် လက်မောင်းကို ပင့်မရာတွင် ပင်ပန်းကောင်း ပင်ပန်းနိုင်ပါသည်။ အချို့သောသူများက ဘေးတွင်နေကာ အစာရှောင်ခြင်း ဆုတောင်းခြင်းတို့ဖြင့် ကူညီရမည် ဖြစ်ပါသည်။ အချို့သောသူများက နှုတ်အားဖြင့် ခွန်အားပေး ပြောဆိုရန်လည်း လိုအပ်ပါသည်။ အချို့သောသူများက ယုံကြည်ခြင်း မြင့်မားလာစေရန် တိုက်တွန်းမှု ပြုရမည် ဖြစ်သည်။ အချို့သော သူများက ငိုကြွေးနေသူများကို မျက်ရည် မည်ကဲ့သို့ ခြောက်သွေ့မည်ကို စဉ်းစားပေးရန် လိုအပ်ပါသည်။ ထိုအရာများ အားလုံးသည် အသင်းတော်တွင် အမှန်တကယ် လိုအပ်ပြီး လုပ်ဆောင်သင့်သော အရာများ ဖြစ်ကြပါသည်။

အသင်းတော်ကို သင်ရှုမြင်ရာတွင် သင်းအုပ်ဆရာ၊ (သို့) သူ၏ ဇနီးက အရာရာကို အုပ်စည်း ချုပ်ကိုင်နေသည်ဟု ဘယ်သော အခါမျှ မမြင်ပါနှင့်။ ဘုရားသခင်က သင့်အတွက် ပေးထားသော သင်းအုပ်ဆရာကို ဝန်ထုပ်ဝန်ပိုးများ ပေးထားပါသည်။ ထိုဝန်များကို သယ်ဆောင် ရာတွင် အမှန်တကယ် အခက်အခဲ ရှိနေ တတ်ပါသည်။ သင့်ကို အနီးကပ် ကြည်ရှု စောင့်ရှောက် နေသော သိုးထိန်း တစ်ဦး ဖြစ်ပါသည်။ ကြေစားတစ်ဦး မဟုတ်ပါ။

သင်သည် သင်၏ သင်းအုပ်ဆရာ (သို့) ခေါင်းဆောင်ကို အားပေးသင့်သည်။ မောရှည်သည် ကြာရှည်စွာ လက်မမြှောက်နိုင် သကဲ့သို့ ယနေ့ ခေါင်းဆောင်များလည်း လူသားတစ်ဦးသာ ဖြစ်သောကြောင့် ရှည်ကြာစွာ ရပ်တည်နိုင်ဘို့ ခက်ခဲပါလိမ့်မည်။ ကူညီပေးပါ။ အားပေးပါ။ ဖေးမပါ။ ဆောက်ရွက်နေသည့် အမှုတော်လုပ်ငန်း ပြီးစီး အောင်မြင်သွားသည်အထိ လုပ်ဆောင်နိုင်ရန် ဖေးမ အားပေး ကူညီပါ။

မောရှည် အနားတွင် ရပ်နေသူများက မောရှည်ကို မည်ကဲ့သို့ ပြောမည်ဟု သင်ထင်ပါသနည်း။ “မောရှည် – သင်ဘယ်ကိုသွားနေ တယ်။ ဘာလုပ်နေတယ်ဆိုတာ ကျွန်တော်တို့တော့ သိပ်မသိပါဘူး။ ဒါပေမဲ့ ခင်ဗျားဟာ ဘုရားသခင်ရဲ့ လူတစ်ဦး ဆိုတာ ကျွန်တော် သိပါတယ်။ ခင်ဗျား သွားသမျှနေရာ၊ လုပ်ဆောင်သမျှ အရာ အားလုံးကို ကျွန်တော် ထောက်ခံ အားပေးနေပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ အီဂျစ်ပြည်မှာ ကျွန်တော်တို့ ကျွန်ခံနေစဉ်အခါက လွတ်မြောက်ဘို့ ခင်ဗျား ကြိုးစားပေးခဲ့တယ်။ ထွက်လာပြီးနောက်မှာလည်း ကျွန်တော်တို့ကို အမြဲတမ်း ဦးဆောင်ဦးရွက်ပြုခဲ့တယ်။ ဘယ်တော့မှ ခေါင်းမရှောင်ခဲ့ဘူး။ ပင်လယ်ပြင်ကြီးနဲ့ ပိတ်မိနေတုန်းကလည်း ခင်းဗျားကိုယ်တိုင်ဘဲ ကျွန်တော်တို့ လမ်းလျှောက်နိုင်အောင် ဘုရားသခင်ထံ တောင်းပန်ပေးခဲ့တယ်။ ခင်ဗျားလုပ်သမျှဟာ ကျွန်တော်တို့ အတွက် ချည်းပါဘဲ။ ဟူ၍ အားပေး စကားများ ပြောဆိုပြီး သူကို ချီးမွမ်းပေးခြင်းဖြင့် သူ၏ လက်ကို ကိုင်မြှောက်နေ သကဲ့သို့ ဖြစ်နေပါသည်။

အထက်ပါ စကားများကို တပည့်များ၊ သူ့လူမျိုးများထံက မောရှည် ကြားခွင့်ရသလား မပြောတတ်ပါဘူး။ ဒါပေမဲ့ သင်ကိုယ်တိုင်ကတော့ သင့်ရဲ့ သင်းအုပ်ဆရာကို အခက်အခဲတွေထဲမှာ ကူညီမစခဲ့တဲ့ အမှတ်တရ အဖြစ်အပျက် တွေကို ပြန်လည်ပြောပြပြီး ဖေးမ ကူညီသင့်တယ် မဟုတ်ပါလား။

တစ်ယောက်စီဟာ အသင်းတော်ရဲ့ အစိတ်အပိုင်းတွေဖြစ်ပါတယ်။

မောရှည် လုပ်ဆောင်ရသော အပိုင်း၊ ယောရှု လုပ်ဆောင်ရသော အပိုင်း နှစ်ပိုင်းစလုံးမှာ အလွန်အရေးကြီး သကဲ့သို့ ဘေးက ဖေးမကူညီပေး ရသော အာရုန်နှင့် ဟုရတို့၏ အပိုင်းကိုလည်း မေ့မထားသင့်ပေ။ အသင်းတော် တိုးတက် ကြီးထွားရန်အတွက် အချို့က အနည်းငယ်သာ လုပ်ဆောင်နိုင်ပါသည်။ အချို့က ကြီးမားစွာ လုပ်ဆောင်နိုင်ပါသည်။ နည်းနည်း လုပ်ဆောင်နိုင်သည် ဖြစ်စေ များများ လုပ်ဆောင် နိုင်သည် ဖြစ်စေ၊ ထိုလုပ်ငန်းများကို ဦးဆောင်နေသူများကို အနည်းနည်း အဖုံဖုံဖြင့် ဖေးမ ကူညီရမည်ဖြစ်ပါသည်။ သို့မှသာ သင်ပါဝင်နေသော အသင်းတော်နှင့် အမှုတော် လုပ်ငန်းများ အောင်မြင် တိုးတက် ကြီးထွားလာမည် ဖြစ်ပါသည်။ သင်ဘာမျှ မလုပ်နိုင်သော်လည်း သင်၏ သင်းအုပ်ဆရာ (သို့) ခေါင်းဆောင်ကို ဖေးမ ကူညီမှုပြုပါ။ အချို့က အားပေး ကူညီမှု မပြုသည့် အပြင် ထိုဦးဆောင်သူ၏ အားနည်းချက်များကိုသာ ကြည့်ရှုပြီး အပြစ်တင် ပြောဆိုခြင်းဖြင့် သူ၏ အားနည်းချက်များကို ဖော်ထုပ် ပြောဆိုလေ့ ရှိပါသည်။ ထိုခေါင်းဆောင်၏ ကျဆုံးခြင်းသည် သင်၏ ကျဆုံးခြင်းသာ ဖြစ်ကြောင်း မမေ့ပါနှင့်။

အထက်ပါ ကျမ်းစာကို ကြည့်သော တောင်အောက်တွင် တိုက်ခိုက်နေသော တိုက်ပွဲ၏ အောင်မြင်မှုမှာ ယောရှု၏ စွမ်းရည်နှင့် လက်နက် ပစ္စည်းများပေါ်တွင် မူတည်မနေဘဲ တောင်ထိပ်မှ မောရှည် တာဝန်ယူ ဆောင်ရွက်နေရသော အပိုင်ကသာ အဓိက ကျနေသည်ကို ထင်ရှားစွာ တွေ့မြင်နေရပါသည်။

ထို့ကြောင့် အသင်းတော် (သို့) အသင်းသားတို့၏ အောင်မြင်မှု ရရှိစေဘို့အတွက် သင်းအုပ်ဆရာ (သို့) ခေါင်းဆောင် (သို့) ဘုရားသခင်၏ လူများကို ဖေးမ ထောက်ပံ့ခြင်းဖြင့် ကျွန်တော်တို့၏ အောင်မြင်မှုများကို ရယူကြပါစို့ ဟု တိုက်တွန်း နိုးဆော် လိုက်ရပါသည်။

ဘုရားသခင် ကောင်းကြီးပေးပါစေ။ (အာမင်)

Leave a Reply

Your email address will not be published. Required fields are marked *