စိုးရိမ်မှု နောက်ကွယ်မှ အားပေးသံ
၁။ အာဗြဟံ သေဆုံးသောအခါ၊ သားဣဇက် သည် ဂေရာချိုင့်၌ တဲဆောက်ပြီး နေလေ၏။
ဂေရာ အမျိုးသား နွားကျောင်းသားတို့ကလည်း၊ ဤရေသည် ငါတို့ ရေဖြစ်သည်ဟု ဣဇက်ကို နွားကျောင်းသားတို့
၏ လုယက်ပြောဆိုကြ၏။ နောက်တဖန် အခြားသော
ရေတွင်းကို တူးပြန်၏။ ထိုရေတွင်းသည်လည်း ထပ်မံ ၍ လုယက်ခြင်းကို ခံရလေ၏။
ထို့ကြောင့် ဣဇက် သည် ထိုအရပ်မှ ဗေရရှေဘ အရပ်သို့ ပြောင်းလေ၏။
ချစ်သောမိတ်ဆွေ ဣဇက်သည် ဖခင်သေဆုံး ပြီး အားငယ်နေချိန်၌ ယခုကဲ့သို့
သူတစ်ပါးတို့ အနိုင် ကျင့်ခြင်း၊ လုယက်ခြင်းကိုခံရသောအခါ၊ စိုးရိမ်ပူပန်
မိလေ၏။ ထို့ကြောင့် ထာဝရဘုရားသည် ထင်ရှား၏ ငါသည် သင့်အဘ အာဗြဟံ၏
ဘုရားဖြစ်၏။ မစိုး ရိမ်နှင့် ငါသည် သင်ဘက်မှာရှိ၏။ ငါသည် ကောင်း
ကြီးပေးမည်။ သင့်အမျိုးအနွယ်ကို များပြားစေမည် ဟု မိန့်တော်မူ၏။ (က၊
၂၆း၂၀-၄)
ချစ်သော မိတ်ဆွေ သင်သည်လည်း မိဘနှစ် ပါး သေဆုံးပြီးသည့်နောက်၊
အမွေကိစ္စအတွက် စိတ်ပူ နေပါသလား။ ဆွေမျိုးသားချင်းများ၊ ညီအစ်ကို
မောင်နှမများနှင့် အမွေလုယက်ခြင်း၊ တရားစွဲဆိုခြင်း များ ခံနေရပါသလား၊
ထိုအမှုကိစ္စအတွက် စိုးရိမ်နေရ ပါသလား။ ဘုရားသခင်က ဣဇက်ကို ကတိပေးခဲ့ သော
စကားကို နှလုံးသွင်းပါ။ မစိုးရိမ်နှင့် ငါသည် သင်ဘက်မှာရှိ၏။ ငါသည်
ကောင်းကြီးပေးမည်။
၂။ ဧလိယလက်ထက် ဣသရေလ တစ်တိုင်းတစ် ပြည်လုံး၌ မိုးခေါင်ပြီး
စားစရာခေါင်းပါးနေချိန်တွင် ဘုရားသခင်သည် ဧလိယကို ဇိဒုန်ပြည်၊ ဇရတ္တမြို့၌
နေသော မုဆိုးမတစ်ယောက်ထံသို့ စေလွှတ်ခဲ့လေ သည်။ အကြောင်းမှာ ဘုရားသခင်သည်
ထိုမုဆိုးမ အားဖြင့် ဧလိယကို ကျွေးမွေးဖို့ရန် မှာထားသော ကြောင့်ဖြစ်သည်။
သို့သော် မုဆိုးမ၏ လက်ရှိအခြေ အနေကို ကြည့်ပါ။ မုန့်ပြားတစ်ပြားမျှမရှိ၊
အိုးထဲ၌ လည်း မုန့်ညှက် လက်တစ်ဆုပ်၊ ဘူး၌လည်း ဆီအ နည်းငယ်သာရှိ၏။
]]ကျွန်မနှင့် သားငယ်အတွက် မုန့် ဖတ်၍ စားလိုသော်ငှာゞင်း၊ စားပြီးမှ သေလို
သောငှာゞင်း၊ ထင်းစနှစ်ခုကို ခွေပါ၏}} ဟု ဧလိယ အား မုဆိုးမက ပြောလေ၏။
(၃ရာ၊၁ရး၁၀-၁၂)
ထိုအချိန်တွင် ဘုရားသခင်၏ ပရောက်ဖက်မှ ပထမဦးဆုံး ပြောလိုက်သောစကားမှာ
]]မစိုးရိမ်နှင့်၊ သင်ဆိုသည့်အတိုင်း သွား၍ပြုလော့၊ သို့ရာတွင် ငါ့ အဖို့
မုန့်ပြားငယ် တစ်ပြားကို အရင်လုပ်၍ ယူခဲ့ လော့။ နောက်မှ သင်နှင့်
သင်၏သားငယ် အဖို့ လုပ် လော့။ ထာဝရဘုရားမိန့်တော်မူသည်ကား မြေပေါ်မှ
မိုးရွားစေတော်မမူသည်တိုင်အောင် အိုး၌ ရှိသော မုန့်ညှက် သည်လည်းမကုန်၊
ဘူးÛ၌ရှိသော ဆီသည် လည်း မလျော့စေရ}}ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုလေ၏။
(၃ရာ၊ ၁ရး၁၃-၁၄)
ချစ်သော မိတ်ဆွေသင်သည်လည်း ဆန်၊ ဆီ၊ ဆေး၊ ဆား၊ ငရုတ်၊ ကြက်သွန်
ကုန်ခန်းနေမှုအတွက် စိုးရိမ်နေပါသလား၊ ကုန်ဈေးနှုန်း မြင့်တက်နေမှုကို
ကြည့်၍ စိတ်ပူပန်နေပါသလား။ ဘုရားသခင်၏ ကတိတော်ရှိပါသည်။ မစိုးရိမ်နှင့်၊
ဘုရားသခင်၏ နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားကို ရှေးဦးစွာရှာ ပါ။
နောက်မှ လိုအပ်သော စား၊ ဝတ်၊ နေရေးကို ဘုရားသခင် မစတော်မူလိမ့်မည်။ (မ၊
၆း၃၃)
မုဆိုမအနေဖြင့် သူနှင့် သားငယ်မစား မ သောက်မီ ဘုရားသခင်၏ လူဖြစ်သော
ဧလိယကို ဦးစားပေး၍ အရင်ဆုံး ကျွေးမွေးခဲ့သည့်အတွက် မိုး ခေါင်နေ
သည့်ကာလပတ်လုံး လောက်ငှစွာစားရလေ သည်။ ထို့အတူ မိတ်ဆွေသည်လည်း ခဲယဉ်းသည့်
ကာလတွင် ဝလင်စွာစားသောက်နိုင်သည့် တစ်ခု တည်းသော နည်းလမ်းမှာ
ဘုရားသခင်ကို ဦးထိပ်ထား ခြင်း၊ ဘုရားသခင်၏ လူများကို ကျွေးမွေးခြင်းသာ
ဖြစ်ကြောင်း အသိပေးဝေငှလိုပါသည်။
၃။ တစ်ခါက ပရောဖက် ဧလိရှဲလက်ထက်တွင် ရှုရိလူတို့သည် ရှမာရိမြို့ကို
ဝိုင်းထားလေသည်။ နံနက်စောစော၌ ဧလိရှဲ၏။ ကျွန်သည် ထ၍ အပြင်သို့
ထွက်သွားသောအခါ မြင်းစီးသူရဲ၊ ရထားစီးသူရဲ၊ စစ်သည်တို့နှင့်
ဗိုလ်ခြေတို့သည် မြို့ကို ဝိုင်းလျက်ရှိ သည်ဖြစ်၍ ]]အိုသခင်၊ အဘယ်သို့
ပြုရမည်နည်း}}ဟု ဧလိရှဲအား ဆိုသောအခါ ဧလိရှဲဖြေသောစကားမှာ
]]မစိုးရိမ်နှင့် ငါတို့ဘက်၌ နေသောသူတို့သည် ရန်သူတို့ ဘက်၌နေသော
သူတို့ထက်သာ၍ များ ပြားကြသည် ဟုဆိုလျက် ဧလိရှဲကျွန်သည် မြင်နိုင် မည့်
အကြောင်း မျက်စိကို ဖွင့်တော်မူပါဟု ဧလိရှဲ ဆုတောင်းသည့်အတိုင်း
ဘုရားသခင်သည် ထို လုလင်၏ မျက်စိကို ဖွင့်တော်မူသဖြင့် ဧလိရှဲ
ပတ်လည်၌ရှိသော တောင်တစ်ခုလုံးသည် မီးမြင်း၊ မီးရထားနှင့်
ပြည့်နှက်နေသည်ကို မြင်လေ၏}} (၄ရာ၊ ၆း၁၄-၁၇)
ချစ်သော မိတ်ဆွေ၊ တစ်ခါတစ်ရံသင်သည် လည်း အဖော်မရှိ အထီးကျန်ဆန်လျှက်၊
စိုးရိမ်ဝမ်း နည်းနေပါသလား။ ရှုရိရန်သူကဲ့သို့သော် အခက်အခဲ၊
ပြဿနာဒုက္ခများက မိတ်ဆွေပတ်ပတ်လည်၌ ဝိုင်း ထားခြင်းကို ခံနေရပါသလား။
စာတန်လူတို့၏ တိုက် လှန်ခြင်း၊ ကဲ့ရဲ့ဝေဖန်ခြင်း၊ ပြစ်တင်ရှုတ်ချခြင်းကို
ခံနေ ရပါသလား၊ မိတ်ဆွေ၏ စိုးရိမ်မှု နောက်ကွယ်မှ ဘုရား သခင်၏ အားပေးသံကို
နားထောင်ပါ။ မစိုးရိမ်နှင့်။ ငါတို့ဘက်၌ရှိသော သူသည် လောကဘက်၌ရှိသော
သူတို့ထက် ကြီးတော်မူ၏။ (၁ယော၊ ၄း၄)
ဘုရားသခင်သည် ငါတို့ဘက်၌ရှိတော်မူလျှင် အဘယ်သူသည် ငါတို့တဘက်၌
နေနိုင်မည်နည်း။ (ရောမ၊ ၈း၁၃)
]]မစိုးရိမ်နှင့်။ ငါသည် သင့်ဘက်မှာရှိ၏။ မကြောက်နှင့်။ သင်၏
ဘုရားသခင်သည် ငါသည် သင့်ကို ခိုင်ခံ့စေမည်။ သင့်ကို စောင့်မမည်။ ငါ့၏
သစ္စာလကျာ်လက်ဖြင့် ထောက်ပင့်မည်}} (ဟေရှာယ၊ ၄၁း၁၀)
၄။ တစ်ခါက ဣသရေလလူမျိုးတို့သည် ရန်သူ လက်ထဲကျရောက်ပြီး
အခြားတိုင်းတပါးသို့ ဖမ်းသွား ခြင်းကို ခံရသောအခါ၊ ပရောက်ဖက်ကြီး ဟေရှာယ
အားဖြင့် ဘုရားသခင်အားပေးသော ကတိတော် စကား မှာ-
]]မစိုးရိမ်နှင့်။ သင့်ကို ငါရွေးနှုတ်ပြီ။ ငါ့နာမ ဖြင့် မှည့်ပြီ။
သင့်ကိုငါဆိုင်၏။ သင်သည် ရေကို လျှောက် သွားသောအခါ သင်နှင့် အတူ ငါရှိ၏။
မြစ်တို့ကို ရှောက်သွားသောအခါ မနစ်မွန်းရ။ မီးကို ချည်းနင်းသောအခါ၌လည်း
မလောင်ရ၊ မီးလျှံ လည်း မညှိရ၊ အကြောင်းမူကား ငါသည် သင်၏ ဘုရားသခင်
ထာဝရဘုရား ဖြစ်၏}}
ချစ်သောမိတ်ဆွေ၊ သင်သည်လည်း တိုင်းပြည် တာဝန်ထမ်းဆောင်ရင်း
ရှေ့တန်းစစ်မျက်နှာ တစ်နေ ရာရာ သို့ရောက်နေပါသလား။ ရန်သူတို့၏ ထောက်
ချောက်ဆင်ထားသော အန္တရာယ်များ၊ ရေစီးသန်သော မြစ်ချောင်းများ၊ ရေစီးသန်သော
မြစ်ချောင်းများ၊ ထူထပ်သော တောနက်မျက်မဲကြီးထဲသို့ ရောက်နေပါ သလား။
ဤသို့သော ပတ်ဝန်းကျင်အခြေအနေကြောင့် စိုးရိမ်နေပါသလား၊ အထက်ပါဘုရားသခင်၏
အားပေးစကားကို နှလုံးသွင်းပါ။
]]ငါသည် သင်၏ ဘုရားသခင်ဖြစ်၏။ သင်တို့ ဆံပင်သည်လည်း
အကုန်အစင်ရည်ထွက်လျက်ရှိ၏။}} (မဿဲ၊ ၁ဝး၃၀) ]]သင်၏ ခြေရာရှိသမျှကို ရေတွက်
တော်မူသည်မဟုတ်လော}}။ (ယောဘ၊ ၃၁း၄) ]]အား ယူ၍ ရဲရင့်ခြင်းရှိကြလော့။
မစိုးရိမ်ကြနှင့်။ သူတို့ကို မကြောက်ကြနှင့်။ ထာဝရဘုရားသည် သင်တို့ဘုရား
သခင်ဖြစ်၍ သင်တို့နှင့်အတူ ကိုယ်တိုင်ြွကတော်မူ မည်။ သင်တို့ကို
စွန့်တော်မမူ၊ ပစ်ထားတော်မမူ}} (တရား၊ ၃၁း၆)
ချစ်သောမိတ်ဆွေ စိုးရိမ်ခြင်းအားဖြင့် မိမိ အသက်တာကို တတောင်ခန့်မျှ
မတိုးပွားစေနိုင်ပါ။ ထို့ ကြောင့် ဘုရားသခင်က မစိုးရိမ်နှင့်ဟူ၍ အထပ်ထပ်
သတိပေးနေခြင်းဖြစ်လေသည်။ သင်တို့ကို သတိနှင့် ကြည့်ရှုတော်မူသောကြောင့်
]]သင်တို့၌ စိုးရိမ်ခြင်း အမှု ရှိသမျှတို့ကို ကိုယ်တော်၌ အပ်နှံကြလော့ဟူ၍
တမန် တော် ပေတရုက လည်း မိန့်မှာခဲ့လေသည်}} (၁ပေ၊ ၅းရ) စိုးရိမ်ခြင်းသည်
ထမ်းရွက်ရသော ဝန်ထုပ်၊ ဝန်ပိုးကဲ့သို့ လေးလံလျက်ရှိသည်။ ထို့ကြောင့်
ဘုရား သခင် ထံတော်ရှေ့တွင်ချထားရန် ဘုရားသခင်က ချစ်သော မိတ်ဆွေတို့အား
တိုက်တွန်းနေခြင်း ဖြစ်လေ သည်။ ]]ထမ်းရွက်ရသော ဝန်ကို ထာဝရဘုရား၌
ချထားလော့။ သင့်ကိုမစတော်မူမည်}} (ဆာ၊ ၅၅း၂၂)
ငါ့အပေါ်သို့ လက်တော်ကိုတင်လျက် ကြောက် ရွံ့ခြင်းမရှိနှင့်။ ငါသည်
အဦးဆုံးသောသူ၊ နောက်ဆုံး သောဖြစ်၏။ အသက်ရှင်သောသူလည်း ဖြစ်၏။
ကမ္ဘာအဆက်ဆက် အသက်နှင့်ပြည်စုံ၏။ မရဏာနှင့် မရဏာနိုင်ငံကိုလည်း အစိုးရ၏။
(ဗျာ၊ ၁း၁၇-၁၈)
ချစ်သော မိတ်ဆွေ စိုးရိမ်မှုနောက်ကွယ်မှ ဘု ရားရှင်၏
အားပေးစကားများအားဖြင့် ငြိမ်သက်ခြင်း များ ခံစားနိုင်ကြပါစေ။
~~~~~~~~~~~~~~
ယေရှုခရစ်၏ လောကကိုအောင်မြင်နည်း
ချစ်သောမိတ်ဆွေ တမန်တော် ပေါလုက ]]ငါ တို့စစ်တိုက်၍ သုံးစွဲသော
လက်နက်သည် ဇာတိ ပကတိလက်နက်မဟုတ်။ ဘုရားသခင်၏ တန်ခိုး တော် အားဖြင့်
မြို့ရိုး၊ မြို့ပြတို့ကို ဖြိုဖျက်နိုင်သော လက်နက် ဖြစ်၏}} ဟူ၍
မိန့်ဆိုခဲ့ဘူးပါသည် (၂ကော၊ ၁ဝး၄-၅)။
ထို့ကြောင့် ခဲယမ်း၊ မီးကျောက်ဖြင့် မတတ်နိုင် သော အမှုကို၊
မမြင်နိုင်သော ဘုရားသခင်၏ မေတ္တာ တန်ခိုးအားဖြင့် အောင်မြင်နိုင်ကြလေပြီ။
ပညာရှိတစ်ပါးက ပြောဘူးပါသည်။ ]]မိမိကို ရိုက်ပုတ်သူအား ပြန်၍
ရိုက်ပုတ်လျှင်၊ ရန်သူ၌ တိုက် ခိုက် သတ်ပုတ်လိုသော စိတ်သဘောကို နှိုးဆွ
ပေးရာ ရောက်၏။ ပြန်၍ မရိုက်ပုတ်ဘဲ ထွက်ပြေး ပြန်လျှင်၊
နိုင်လိုမင်းထက်ပြုလိုသော စိတ်ကို နှိုးဆွ ပေးရာ ရောက်၏။ သို့သော်
မိမိတို့၏ တစ်ဖက်ပါးကို ပုတ်သူ အား၊ အခြားတစ်ဖက်ကိုလှည့်ခံလျှင် မူကား၊
ရန်သူ့ အတွင်းရှိ သိမ်မွေ့နူးညံ့သော သဘောတို့ကို နှိုးဆွ၍ ပေးလိမ့်မည်}}။
ဤနည်းဖြင့်သာ အောင်မြင် ခြင်းကို ရရှိနိုင်သည်။
တစ်နေ့သ၌ ကုရေနေပြည်သားရှိမုန်သည် ခံရ မည့် ဆင်းရဲကို မမျှော်လင့်ဘဲ
တောအရပ်မှ မြို့သို့ ခေတ္တအလည်ရောက်လာ၏။ သို့သော် မြို့သို့ ရောက် သောအခါ
ဘုမသိ၊ ဘမသိနှင့် သူ့ကို ဆွဲငင်ကြပြီးလျှင် သူ့ပခုံးပေါ်၌
ကားတိုင်ကြီးကိုတင်၍ ထမ်းခိုင်းကြလေ ၏။ ရှိမုန်အဘို့မှာ ဤမတရားမှုကြီးသည်
တွေးမိတိုင်း၊ တွေးမိတိုင်း၊ နာကြည်းဘွယ် ကောင်းလှ၏။ ရောမစစ် သားတို့သည်
ဂုဏ်သရေယုတ်နွမ်းမည်စိုး၍ မိမိတို့ အမျိုးသားချင်းတို့ကို မထမ်းခိုင်း။
ဒေါသထွက်လျက်နေ သော ယုဒလူမျိုးတို့ကို ထမ်းခိုင်းလျှင်လည်း ဆူပူဆန္ဒပြ
မှာစိုး၍ မထမ်းခိုင်း။ ထို့ကြောင့် ယုတ်ညံ့သော အမျိုး၊ မျက်နှာငယ်ရှာသော
အာဖရိကနယ်သားကို ထမ်းခိုင်း လျှင် မည်ကဲ့သို့မျှ ရန်တုန့်ပြန်နိုင်မည်
မဟုတ်ဟု သ ဘောထားလျက် လူတိုင်း ရွံ့ရှာသော လက်ဝါးကပ် တိုင်ကို ရှိမုန်အား
အတင်းအဓမ္မထမ်းခိုင်းကြခြင်း ဖြစ် ဟန်တူသည်။ လူကိုလည်း နှိပ်စက်၊ လူမျိုး၏
ဂုဏ် သိက္ခာ ကိုလည်း ဖျက်ဆီးရာ ရောက်သောကြောင့် ရှိမုန်၏ နှလုံးထက်၌
ဤအမှုအရာ၏ ဓါးခုတ်ချက် တော်တော် နက်ပေလိမ့်မည်။ ထိုနေ့၌ ရှိမုန်သည်
တပင်တပန်း တောင်ကုန်းပေါ်သို့ တက်လှမ်းနေစဉ် အရှင်ယေရှု၏ ရှက်ကြောက်၊
နစ်နာမှုမှ၊ မေတ္တာအောင်ပွဲအဖြစ်သို့ ပြောင်းလဲလိုက်ပုံကို
မျက်ဝါးထင်ထင်မြင်ရချေပြီ။ ရှိမုန် သည် ထိုသို့ မြင်ရာမှ ရုတ်တရက်
အလင်းရ၍ အတွင်း သဘော ပြောင်းလဲပြီးလျှင် ကားတိုင်ကို အားရဝမ်းသာ
ထမ်းခဲ့လေသည်။ ဝမ်းနည်းစိတ်ပျက်စရာကြီးကို အောင်မြင်ခြင်း
ဖြစ်စေခဲ့လေပြီ။
ကျွနု်ပ်တို့မှာလည်း ရှိမုန်ကဲ့သို့ ကြုံကြိုက်တတ် သူများဖြစ်သည်။
ကျွနု်တို့နေရပ်ဖြစ်သော အိမ်ဂေ ဟာမှ ပျော်ရွှင်စွာ အပြင်သို့ ထွက်သွားရာ၌
သာယာ သော လောကကြီးကို ရှု့လျက် ဝမ်းသာအားရဖြစ်နေ စဉ် ရုတ်တရက်ဝမ်းနည်း
ပူဆွေးဘွယ်သော အဖြစ်မျိုး ပေါ်လာတတ်၏။ မမျှော်လင့်ဘဲ ထိုကဲ့သို့အကြောင်း
ထွေထွေ ထူးထူး ပေါ်ပေါက်လာ၍ ကျွနု်ပ်တို့ ပခုံးပေါ် သို့ လေးလံသော
ကားတိုင်ကြီး သက်ရောက်လာ တတ်၏။ ကိုယ်နှင့်မဆိုင်သော ကားတိုင်ကြီးကို
ထမ်းလျက် ]]ကရာနီကုန်းပေါ်သို့ တပင်တပန်းတက် လှမ်းရကြ၏။}} သို့သော်
ကျွနု်ပ်တို့သည် ရှိမုန်ကဲ့သို့ အမှုမျိုးကြုံလာပါက ဒုက္ခကို သုခဖြစ်အောင်
ပြုလုပ် နိုင်ကြပေမည်။ ရှိမုန်သည် ကားတိုင်ကို ထမ်းရသော တခဏကြောင့်
သခင်ယေရှုနှင့် တွေ့ကြုံရသဖြင့် လူမျိုး၏ နစ်နာချက်ကို ပြောင်းလဲ၍
လူမျိုး၏ ကောင်းကျိုးကို ပြုပြင်ပျိုးထောင်နိုင်သော သတ္တိကို
မိမိကိုယ်တိုင် သာမက၊ သူ့လူမျိုးတို့ကိုပါ ရရှိစေခဲ့လေ သည်။
အင်္ဂလိပ်လူမျိုးဖြစ်သော စာသင်ဆရာမ အမျိုး သမီးတစ်ဦး ရန်ကုန်တွင်
ရှိခဲ့ဘူး၏။ တက္ကသိုလ် ကျောင်းထွက်ဖြစ်၍ အနာဂတ်အတွက် တိုးတက်စရာ
အလားအလာများစွာရှိ၏။ သို့သော် သူ့အနာဂတ် အတွက် အောင်မြင်ရန်လမ်းစ
ပွင့်လန်းမည် ဆဲဆဲ၊ မွှေးရနံ့သင်းထုံသော ပန်းကို လေရိုက်၍ ချွေသကဲ့သို့
သူ့ကိုယ်၌ ကုဋ္ဌနူနာစတင်၍ဖြစ်ကြောင်း သိရရှာသည်။ ဤကြောက်မက်ဖွယ်သော
ရောဂါကို ဝှက်၍ မထား နိုင်။ ကျောင်းမှ ခွင့်ယူ၍ ဆေးကုသလေသည်။ သက် သာ
သလိုလို ရှိသော်လည်း ရောဂါအမြစ်မပြတ်သဖြင့်၊ တဖန်ပေါ်လာပြန်ရာ ယခုအခါမှ
လူဖြစ်ရှုံးကြောင်း အတပ်သိရတော့သည်။ ယခုအခါ ကျောင်းမှ ထွက်၍
ပြန်လမ်းမရှိသော လမ်းပေါ်သို့ ရောက်ရရှာတော့ သည်။ မိမိ၌ စွဲကပ်နေသော
နူနာကိုစိတ်မှ ပယ် ဖျောက်သော်လည်း မပျောက်နိုင်။ တစ်နေ့သ၌ ထို ဆရာမသည်
အခန်းထဲမှ ထွက်သွား၍ နှစ်မိုင်ကျော် ကွာဝေးသော ကုဋ္ဌနူနာရုံသို့လျှောက်၍
သွား၏။ အနူ ရုံဝင်းအပြင်၌ ထိုင်လျက် အတန်ကြာအောင် စဉ်းစား နေသေး၏။ ဤနေရာ၌
အဝင်လမ်းသာရှိသည်။ အ ထွက်လမ်းကားမရှိ။ ဆုတောင်းပဌနာကို ရွတ်ဆိုလျက်
ဝင်သွားရှာသည်။ ထိုဆုတောင်းပဌာနာဖြင့် စိတ်ပျက် ဝမ်းနည်းခြင်းအစား၊
ဝမ်းမြောက်အောင်မြင်ခြင်းကို ရရှိ လေသည်။ လူကောင်းတို့ကို
ပညာသင်ပေးခွင့်မရှိလျှင် လူနူတို့ကို သင်ပေးတော့မည် လူနူတို့ကို၊
စာပေပို့ချပေး ရုံသာမက ဓမ္မဂီတ တီးဝိုင်းကို ဖွဲ့၍ သံစုံသီချင်းများကို ပါ
သင်ပေးလေသည်။ ထိုအခါကျမှ တစ်ခါဘူးမျှ မခံ စားဘူးသော ဝမ်းမြောက်ခြင်း၊
ကျေနပ်ခြင်း၊ ရွှင်လန်း ခြင်းများကို ခံစားရလေသည်။ ထိုဆရာမသည် လူနူ
များကိုသာ၊ သင်ကြားနေသည်မဟုတ်။ ကျွနု်ပ်တို့ အား လုံးကိုလည်း ယခုအချိန်အထိ
သွန်သင်လမ်းပြ လျက် ရှိ၏။ ပန်းချီကားဟူသမျှ၌ အလင်းကိုဖော်လို လျှင်
အမှောင်ပိုင်းရှိသကဲ့သို့ ဤဆရာမလေး၏ တောက်ပ သော ဝိညာဉ်ပါရမီ
ပေါ်ပေါက်လာရန် ရောဂါတည်း ဟူသော အမှောင်ကြီးကို ခံယူ၍လာရသည်။ ဤသို့ သော
အမှောင်ထုကြီးအထဲမှနေ၍ သူတစ်ပါးကို သွန်သင်နိုင်မှ တကယ့်သွန်သင်ခြင်းကို
ပေးနိုင်မည်။ ထိုအချိန်ရောက်မှ သူတပါးကို အသိတရား၊ ဗဟုသုတ ပေးရုံသာမက
အရှိတရားတည်းဟူသော ပြောင်းလဲ ခြင်းကို ပေးနိုင်ပေမည်။
ဤအခြင်းအရာကား အောင်မြင်ခြင်း၏ ထင် ပေါ်သော အဆစ်အပိုင်းမျှသာဖြစ်သည်။
ထိုသို့ ထင် ထင်ပေါ်ပေါ် မဟုတ်သော်လည်း မထင်မရှား၊ လူမသိ သူမသိသော
အောင်ပွဲပေါင်းများစွာ ရှိလျက်ပင်။ ရုပ်ခန္ဓာကို ဝေဒနာဖြစ်စေသည့်
]]ကားတိုင်}}ထက်၊ စိတ်ဝေဒနာကို ဖြစ်စေသော ]]ကားတိုင်}}သည်ကား သာ၍ပင်
အခံရခက်လေ၏။
ဤကဲ့သို့ စိတ်ထဲ၌ ကျိတ်၍သာခံနေကြရ သော သူတို့တွင်
စိတ်ဆင်းရဲနေကြသောသူများမှာ ခင်ပွန်းစစ်စစ်ကို
လိုချင်လျက်နှင့်မရနိုင်သူများ ဖြစ်ပေ လိမ့်မည်။ လူဖြစ်လာကတည်းကပင်
စိတ်နှလုံးအတွင်း ၌ မေတ္တတရားပါလာခြင်းသည် ဓမ္မတာပင်ဖြစ်သည်။ အိမ်ထောင်ဟူ၍
တည်လာစကတည်းက လိုလား တောင်းတသော အရာတစ်ခုသည် သားသမီးများဖြစ် ၏။ ဤသို့
သားသမီးအရင်းများမရှိသမျှ ကာလပတ် လုံး စိတ္တသုခအဘယ်မှာရှိမည်နည်း။
တစ်ခါက အမျိုးသမီး တစ်ယောက်သည် လင် ဝတ်၊ သားဝတ်နှင့်ပြည့်စုံသည့်
ဂုဏ်အရည်အချင်းနှင့် ပြည့်စုံ၏။ သို့လျက်နှင့် ခင်ပွန်းယောကျာ်း မရ။ ထို့
ကြောင့် ယုယပိုက်ထွေး၊ ကျွေးမွေးပြုစုရန် သားသမီး ရနိုင်ခွင့်မရှိ။
အခြားသော အမျိုးသမီးများ၏ ရင်ခွင်၌ သားငယ်ပိုက်ထွေးထားသည်ကို
မြင်လိုက်ရလျှင်၊ ထို မိန်းမစိတ်၌ နှလုံးသားကို ရဲရဲတောက်နေသော သံ
တံကျင်ဖြင့် လျှိုထိုးသကဲ့သို့ရှိ၏။ ထိုဝေဒနာဆိုးကြီးကို
နှစ်ပေါင်းများစွာ ခံရရှာ၏။ သူတစ်ပါးကို အမြဲကူညီ ဖေးမ လျက်ရှိသော်လည်း
စိတ်နှလုံးထဲ၌ ဆာလောင် မွတ်သိပ်သော ဝေဒနာကို ခံစားလျက်ရှိ သည်။
တနေ့သ၌ ထိုအမျိုးသမီးသည် ဧဝံဂေလိ တရားကို ကြားနာရပြီး အမှောင်တိုက်မှ၊
အလင်း တိုက်သို့ သူ့၏ဝိညာဉ်သည် မွေးဖွားပြောင်းလဲ လာခဲ့ လေသည်။
ထိုနေ့မှစ၍၊ ဝိညာဉ်၌ မွေးဖွားလာသော ဝိညာဉ်သားသမီးများကို
ပြုစုပျိုးထောင်သည့် တာဝန် ကို ထမ်းရွက်ရလေသည်။ ထိုသားသမီး တို့ကို ပြုစု
ရသော ဒုက္ခဆင်းရဲဟူသမျှကို ဆင်းရဲဟူ၍ မအောက် မေ့ဘဲ ချမ်းသာခြင်း
တစ်မျိုးဖြစ်၍ လာလေသည်။ မြင့် မြတ်သောစိတ်ထားနှင့် ခံရသော ဆင်းရဲကား၊
စစ်မှန် သော ချမ်းသာပင်ဖြစ်၏။ ဝမ်းနည်းနေမည့်အစား၊ သူတစ်ပါး၏
ဆင်းရဲခြင်းကို မည်သို့ နှစ်သိမ့်သက်သာ စေနိုင်မည်နည်းဟု
ကြံစည်ဖန်တီးကာသာနေ၏။ သူမ ပြုစုပျိုးထောင်နေသော သားသမီးများကား ရုပ်ခန္ဓာ
၏ ကာမရာဂမှ မွေးဖွားလာသော သားသမီးများမ ဟုတ်။ စိတ်ဝိညာဉ်၏ ဆင်းရဲခြင်းမှ
ပေါက်ဖွားလာ သော သားသမီးများဖြစ်၏။ သူမတာဝန်ကား ထို ဝိညာဉ်သူငယ်တို့အား
ပြုစုကျွေးမွေးရန်ဖြစ်၏။ သူမ သည် ဒုက္ခဆင်းရဲကို ယူ၍ သုခချမ်းသားဖြစ်အောင်
ပြုလုပ်ချေပြီ။
လူ့ဇာတိစိတ်၏ သတ္တိအင်အားတို့ကို ပျောက် ကင်းအောင် ဖျောက်ဖျက်၍မရ။
မြင့်မြတ်ရာစိတ်သ ဘောမျိုးသို့ ပြောင်းလဲမှသာရနိုင်ကြောင်း စိတ္တဗေဒ
ပညာရှင်များက ဆိုပါသည်။ ]]ဖို မ}}ဇာတိ စိတ်ဓါတ် သတ္တိမျိုးကို ကဗျာ၊
လင်္ကာနှင့် သူတစ်ပါးအကျိုးကို ဆောင်ရွက်တတ်သည့် စိတ်မျိုးဖြစ်အောင်
ပြောင်းလဲ ပေးနိုင်သည်ဟုဆိုသည်။ ဤသဘောသည် ကောင်း ပေ၏။ ကျွနု်ပ်တို့လည်း
နှစ်ခြိုက်ပါ၏။ သို့သော် အမြင့်မြတ်ဆုံးသော စိတ်အဖြစ်သို့
ပြောင်းလဲပေးနိုင် မှသာလျှင် လောကုတ္တရာစိတ်သို့ ပြောင်းစေနိုင်ပေ မည်။
ဤသို့ပြောင်းလဲပေးရာ၌ လောကဓါတ်ပညာ အားဖြင့် မဟုတ်။ ခရစ်တော်၏
ဧဝံဂေလိတရာအား ဖြင့်သာ ဖြစ်နိုင်သည်။ အလိုမပြည့်၍ စိတ်နှလုံးထဲမှာ
ပဋိပက္ခဆန့်ကျင်ဘက် ဇာတိစိတ်သဘောကို အရှင် ယေရှုသည် ယူ၍ ကိုယ်တော်၏
ကားတိုင်၌ ရိုက်သတ် လျက် အသစ်ဖန်ဆင်းပြီးသောအခါ ဘုရားသခင်နိုင်ငံ
တော်ကျယ်ပြန့်ဖို့ အသုံးပြုတော်မူသည်။
ဇာတိစိတ်သဘောကို ]]ကားတိုင်}}၌ ချိုးဖဲ့ပြီး လျှင် ဘုရားသခင်၏ မေတ္တာကို
ထိုသူ၏ စိတ်နှလုံးထဲ ၌ သွန်းလောင်းလိုက်သောအခါ ထိုသူ၏ စိတ်နှလုံး သည်
အပိတ်၊ အဆို့၊ အချုပ်အချယ်၊ အလျှင်း ကင်း လျှက်၊ လွှတ်ခြင်းအခွင့်ကို
ရကြလေသည်။
ရန်မူလိုသော စိတ်မှ မေတ္တာထက်လျက် ခွင့် လွတ်သော သဘော၊ ကြောက်ရွံ့ခြင်း
ဇာတိစိတ်မှ ဘုရား သခင်ကို ရိုသေလေးမြတ်ခြင်း၊ ကိလေသာ စိတ် မှ
သူတစ်ပါးအတွက် အနွံအတာခံနိုင်ခြင်းသဘော မိမိကိုယ်ကို ချစ်တတ်သောမှ
သူတစ်ပါးအား ချစ်နိုင် သည့် သဘော၊ သွေးသားဆွေမျိုးများကိုသာ ချစ်တတ်
ကြသော သဘောမှ ဝိညာဉ်ညီအစ်ကို မောင်နှများ အား
ချစ်တတ်လာခြင်းများအဖြစ်သို့ ပြောင်းလဲလာ သည်။
ထို့ကြောင့် ယုံကြည်သူဘုရားသားများအတွက် အချည်းနှီး၊ အလဟဿဖြစ်သောအရာ၊
အရာမ ရောက်၍ စွန့်ပစ်လိုက်ရသည့် အရာဟူ၍မရှိ။ ဤသို့ သော အဖြစ်မျိုးသည်
ခရစ်ယာန်အသက်တာ၌သာ တွေ့မြင်နိုင်သည်။ ဆုံးရှုံးခြင်း၊ နစ်နာခြင်း၊
ဆင်းရဲဒုက္ခ ဝေဒနာတို့ကိုသာ၍ မွန်မြတ်ရာအဖြစ်သို့ သုံးစွဲနိုင်ကြ လေသည်။
ထို့ကြောင့် အရှင်ယေရှုက တပည့်တော် တို့အား အနည်းငယ်မျှ မပျောက်မဆုံးစေရန်
အြွကင်း အကျန်ရှိသမျှကို ကောက်ကြလော့ဟု မိန့်တော်မူခဲ့လေ သည်။ ကိုယ်တော်သည်
လူ့ဝိညာဉ်ကိုသာ ကယ်တင် တော်မူသည်မဟုတ်။ ဒုက္ခဆင်းရဲဖိစီး၍ ကြေမွနေ သည့်
ဝိညာဉ်အစအန ကလေးများကိုပင် မပျောက် မပျက်ရလေအောင် သိမ်းဆည်းတော်မူ၏။
ချစ်သော မိတ်ဆွေအရာရာကို ဝိညာဉ်မျက်စိ၊ ဝိညာဉ်ရှုထောင့်ဖြင့် ကြည့်တတ်၊
မြင်တတ်မည်ဆိုပါက ခက်ထန်သော စိတ်သဘော၊ ကြေကွဲသော စိတ်နှလုံး
သားများအားလုံးသည် ဝိညာဉ်ရေးရာ၌ အသစ်တဖန် စွမ်းအားများသာဖြစ်လေသည်။
ရောဂါဖိစီးမှုကြောင့် ဆေးရုံရောက်၊ ငွေကုန်ကြေးကျဖြစ်နေရာမှ ခရစ်တော်
နှင့်တွေ့ပြီး ရောဂါပျောက်ကင်းလျက်၊ ကုန်ကျသွား သော ငွေများထက်သာ၍
မြတ်သော အသက်တာကို ရလေ၏။ မိမိအိမ်ထောင်ထဲÝ၌ မမျှော်လင့်ဘဲ သေခြင်း
တရားဝင်လာလျှက် ထိုသေခြင်းအသုဘ အစည်း အဝေးမှတဆင့် ဝိညာဉ်သေနေသော
မိသားစုထဲက အိမ်သားများ၊ ဝိညာဉ်အသက်ရလာသည်မှာလည်း အမင်္ဂလာထဲမှ
မင်္ဂလာများပင်မဟုတ်ပါလော။ ဆွေ မရှိ၊ မျိုးမရှိသည့်အထဲ
အိမ်ပါမီးလောင်ပြာကျသွား သော ယုံကြည်သူ အမျိုးသမီးကို ကျွနု်ပ်တွေ့ဖူးလေ
သည်။ ထိုအမျိုးသမီးက သက်သေခံသည်မှာ အိမ်မီး လောင်သောအခါကျမှ ကျွန်မသည်
ဝိညာဉ်ရေးရာ၌ နိုးထမှုဖြစ်လာပြီး သွေးရင်းသားရင်းထက် စုံမက်တတ် သော
ဝိညာဉ်မောင်နှမမြောက်များစွာကို ဘုရားပေး ကြောင်း ခံစားလာရလေသည်။
ယခုဆိုလျှင် ကျွန်မ သည် အထီးကျန်မဟုတ်တော့ပါ။ ဘုရားသခင် ပေး သော
ဝိညာဉ်ညီအစ်ကိုများ ရရှိလေပြီ။ ထို့ကြောင့် အိမ်မီးလောင်ရာမှ
ဝမ်းနည်းရသောအဖြစ်မှ သာ၍ မြင့်မြတ်သော ဝိညာဉ်အိမ်တော်သားများကို ဝိညာဉ်
အိမ်တော်သားများကို ရရှိလေသည်။ ထိုသို့သော အ ကျိုးအပဲ့များကိုပင်
ခရစ်တော်သည် တပည့်တော်တို့ အား ကောက်သိမ်းရန် မိန့်မှာခဲ့သည်မဟုတ်ပါလော။
ဘုရားသားတော်၏ မင်္ဂလာဆောင်ပွဲတော်မှ ဥပမာစကား၌ မင်းကြီးက ဖိတ်ခေါ်လိုက်သော
သူတို့ သည် အကြောင်းအမျိုးမျိုးပြလျက် မလာဘဲ နေကြ၏။ ထိုမင်းကြီးသည်
ဖိတ်ထားသောသူများ မလာသော ကြောင့် စိတ်ပျက်လျက်၊ မှိုင်တွေ၍နေသည်မဟုတ်။
လူကို စေလွှတ်လျှက်၊ ခြေလက်မသန်စွမ်းသောသူများ၊ မျက်မမြင် ဒုက္ခိတများကို
မင်္ဂလာပွဲတော်သို့ ခေါ်တော် မူ၏။ ဤကဲ့သို့ မိမိပဌမရည်မှန်းချက်၊
ရည်ရွယ်ချက် အတိုင်း ဖြစ်မလာသောအခါ စိတ်ပျက်ပြီး လက်လျှော့
အရှုံးပေးရန်မဟုတ်။ သာ၍နက်ရှိုင်းသော ဘုရား သခင်၏ အကြံအစည်ကို ဝန်ခံ၍
ရှာဖွေလျက် အ ကောင် အထည်ဖော်ရပေမည်။
ဦးစွာဖိတ်ကြားခြင်းကို ခံသူတို့မှာ အခွင့်ထူးခံရ သူများဖြစ်ပါ၏။
သို့သော် သူတို့ရောက်မလာသော အခါ အစေခံများကို လွှတ်လျက်၊ တွေ့သမျှလူတို့ကို
ခေါ်လာစေ၏။ အခွင့်ထူးရသောသူတို့ မလာနိုင်ခြင်း အတွက်သာ၍ များသော
လူတို့ပွဲတော်သို့ ရောက်လာ ရန် အခွင့်အရေးတစ်ရပ်ဖြစ်လေ၏။ ထို့ကြောင့်
ဤအမှု၌ ရည်ရွယ်ချက်ပျက်သွားသည်ဟု ထင်ရသော် လည်း အကြံအစည်သာ၍ ကျယ်ဝန်းစွာ
ထမြောက် လေသည်။
အရှင်ယေရှုခရစ်၏ လမ်းစဉ်သည် လွယ်ကူ သော လမ်းစဉ်မဟုတ်။ ခဲယဉ်းလျက်နှင့်
အောင်မြင်ရာ သို့ ရောက်နိုင်သော လမ်းဖြစ်၏။ ရေသာခို၊ အချောင် လိုက်
လိုသူများအတွက်မူကား ဧဝံဂေလိတရား၌ ခိုးကိုးရာတွေ့မည်မဟုတ်။ သို့သော်
ဒုက္ခဆင်းရဲ ခံရ သော်လည်း အရှင်ယေရှုခရစ်၏ ကားတိုင် လမ်းစဉ် အတိုင်း
လိုက်နာသောသူအတွက်မူကား လုံလောက် ခိုင်မာသော အင်အားကြီးတစ်ခုကို
စွဲကိုင်မိချေပြီ။
ချစ်သော မိတ်ဆွေ ဤလောက၌ အသက်ရှင် နေ၍ဒုက္ခ၊ သုခသည် ဒွန်တွဲလျက်
ကြုံရဦးမည်မှာ ဧကန်မလွဲပေ။ သို့သော် အရှင်ယေရှုခရစ်၏ လောက အောင်နည်းကို
မိတ်ဆွေသည် သဘောပေါက်လျှက် လက်တွေ့အသုံးချပါက သင်သည်လည်း ခရစ်တော်
နည်းလမ်းအတိုင်း လောကကို ဧကန်မုချ အောင်နိုင် သူဖြစ်ပေလိမ့်မည်။
ယေရှုခရစ်၏ လောကကို အောင်နည်း
အပိုင်း(၁)
ခရစ်တော်ယေရှုနှင့် တပည့်တော်တို့ကို ကြည့် လျှင် သူတို့၌ ထူးခြားစွာ
တက်ြွကလျက်ရှိကြောင်း တွေ့ရမည်။ သူတို့ဟောပြောချက်များသည်လည်း
ရိုးသားပွင့်လင်စွာ ဟောပြောကြသည်။ ဆင်းရဲဒုက္ခနှင့် ပတ်သက်၍ စကားတန်ဆာဆင်၍
လှည့်ပတ်ရှောင် ရှားလျက် ဟောပြောခြင်းမရှိ၊ ဧဝံဂေလိတရားကို
အတည့်အလင်းဟောပြောကြသည်။ ဒုက္ခဆင်းရဲခြင်း မရှိဟု မျက်စိမှိတ်၍
ရှောင်ရှားခြင်းမပြု၊ ကျွနု်ပ်တို့သည် ဘုရားသခင်နှင့်
သဘာဝတစ်ခုတည်းဖြစ်ကြောင့် ဆင်းရဲဒုက္ခရောဂါဝေဒနာမရှိနိုင်ဟူသော အယူဝါဒ
ကဲ့သို့ ဝါြွကားမောက်မော်ခြင်းမရှိ၊ ဖြစ်သမျှသည် ဘုရားအလိုတော်ဖြစ်၍
ခေါင်းငုံ့၍သာခံမည်ဟူ၍ လည်း မသွန်သင်။ ]]ငါ}} မဟုတ်ဟူသော အနတ္တသက် သက်
အယူအဆကြောင့် ဘဝကို ပယ်ဖြတ်ရမည်ဟု မဟော။ ဉာဏစက္ခုကြည်လင်စွာဖြင့်
ဘဝကိုရဲရဲကြီး မျက်နှာမူလျက် ဘဝ၏ ဆင်းရဲဒုက္ခကိုပင် ဆုတ်ကိုင် လျက်
အောင်မြင်ခြင်းရောက်သည်တိုင်အောင် အသုံး ချရမည်ဟု သင်ကြားလေသည်။
ဤနေရာ၌ အောင်မြင်သော အသက်တာ၊ အောင်မြင်သော ခွန်အားနှင့် မထင်ရှားသော
ဘာသာ ဝါဒဟူသမျှမှာ ပျောက်ကွယ်သွားကြလိမ့်မည်။ အ ကြောင်းမူကား
အသိမ်ဖျင်းဆုံး၊ အယုတ်ညံ့ဆုံး၊ အ သေးငယ်ဆုံးသော ပိုးမွှားတိရစ္ဆာန်မှစ၍
အမြင့်မြတ် ဆုံးသော သူတော်စင် ပုဂ္ဂိုလ်များအထိ သက်ရှိ သတ္တဝါ
အပေါင်းတို့မှာသာ၍ ပြည့်စုံြွကယ်ဝသော အသက် ချမ်းသာကို
ကြိုးပမ်းရှာဖွေလျက်ရှိသောကြောင့်တည်း။
ဤသို့ တစ်နေ့တစ်ခြားမြင့်ရာသို့ တိုးတက်ခြင်း တရားကိုယ်ပယ်၍
ဆိုးယုတ်ပျက်စီးခြင်းကိုゞင်း၊ ဘေး ရန်ကို ရင်မဆိုင်၊ မတိုက်ဘဲ၊ ဘဝ၏
ဆင်းရဲကို ရှောင် ခွာခြင်းကိုゞင်း၊ အစရှိသည့် အယူဝါဒဟူသမျှမှာ
ပျက်စီးပပျောက်ရန်သာ ရှိလေသည်။ မပပျောက်သေး လျှင် တိမ်ကောမည်ဆဲဆဲ
မေ့ဆေးသဖွယ် ခေတ္တခဏ သက်သာစေသော ဆေးသာဖြစ်လေသည်။
သို့ရာတွင် သခင်ယေရှုပေးတော်မူသော ဩဝါ ဒကို ဘာသာတရား၌ ထား၍မရ။
အဘယ့်ကြောင့် ဆိုသော ခရစ်တော်၏ တရားသည် တရားသက်သက် မဟုတ် တရားထဲ၌
အသက်ပါသတည်း။ ထို့ကြောင့် ခရစ်တော်၏ တရားသည် ချုပ်ခြင်း၊
ကင်းငြိမ်းခြင်းသ ဘောနှင့် ကွာခြားလှ၏။ ဘဝ၏ စွဲလန်းသော ဆန္ဒကို
ပယ်ဖျောက်ရန် ကိုယ်တော်မိန့်တော်မူသည်မဟုတ်။ ကိုယ်တော်၏ အလိုတော်ကား ဘဝ၏
အမြင့်မြတ်ဆုံး သော အခြေ၌ အသက်ရှင်ကြရန်ဖြစ်သည်။
ဘဝကို ရွံ့ရှာစပ်ဆုပ်သည့် ဘာသာတရားမျိုး ကား မည်သည်နှင့်တူသည်ကို
ဥပမာကြည့်ကြကုန်အံ့။ တစ်ခါက အလုပ်သမားတစ်ယောက်သည် အေြွကး တင်နေသောကြောင့်
စိတ်ညစ်ရ၏။ စိတ်ညစ်ပြေ အောင် အရက်ကိုသောက်၏။ သို့သော် အမူးပြေသော အခါ
အေြွကးမကြေ။ သာ၍ အေြွကးတင်ဘို့သာရှိ၏။ ဤနည်းအားဖြင့် ဒုက္ခပြဿနာကို
ဖြေရှင်းခြင်းသည် အိပ်မွေ့ချဆေးနှင့်တူလေ၏။ ထိုသို့သော ဘာသာ တရားများ
ရှိနေသောကြောင့် ]]ဘာသာတရားဆိုသည် မှာ တိုင်းသူပြည်သားတို့၏
အိပ်မွေ့ချဆေးဖြစ်သည်ဟု}} ရုရှားပြည်သားများဆိုလေ့ရှိ၏။
ခရစ်ယာန်ဘာသာကို ]]သည်းခံခြင်း}} စာရင်း၌ မသွတ်သွင်းနိုင်။
အဘယ့်ကြောင့်ဆိုသော် ခရစ်တော် ၏ တရားသည် ဘဝကို အသစ်တဖန်ပြုပြင်ပြောင်းလဲ
စေနိုင်သော တန်ခိုးရှိလေ၏။ ထို့ကြောင့် ခရစ်ယာန် ဘာသာကို ]]အောင်မြင်သော
အသက်}}ဟူသော အမည်မှ တစ်ပါးအခြားခေါ်ဝေါ်နိုင်ဘွယ်မရှိ။ ဤခရစ် တော်၏
တရားအားဖြင့် မည်သူမဆို အဆိုး၊ အ ကောင်း၊ တရားနှင့် မတရား၊ ဒုက္ခ၊ သုခ
ရှိသမျှတို့ကို ယူ၍ ရောြွပမ်း ချေဖျက်ပြီးလျှင် အသက်၏ အဟာရ ဖြစ်အောင်
သုံးစွဲနိုင်လေသည်။ လူ၊ တိရစ္ဆာန်၊ သစ်ပင် တို့သည် တူညီသော ဓါတ်သဘာဝမှ
အဟာရကို ရယူ နိုင်ကြသည်။
သို့ရာတွင် ခရစ်ယာန်များမှာမူ ထိုသို့ သဘာဝ ချင်းတူညီခြင်းသာမက၊
သဘာဝကွဲလွဲသည့် အဆီး အတား၊ အနွံအတာ၊ အဖိအစီးအစရှိသော ]]ကားတိုင်}} မှလည်း
အဟာရထုတ်နှုတ်၍ သန်စွမ်းကြီးပွားနိုင် သည်။ ခရစ်ယာန်တို့၏ အသက်သည်
အခြားသော အသက်မျိုးနှင့်မတူ။ မည်သည့်လောကဓံနှင့် နှိမ်နင်း ဖျက်ဆီး၍
မရသော အသက်မျိုးဖြစ်၏။ နူးညံ့ပျော့ခွေ သော စိတ်မျိုးမဟုတ်။
ရှင်ယာကုပ်မိန့်ဆိုသည်အတိုင်း တည်ကြည်၊ ခိုင်ခံ့သော စိတ်မျိုးဖြစ်သည်။
ဘဝကို ကားတိုင်၌တင် ၍ ဒုက္ခကို မျက်နှာမူတတ်သော လူမျိုးဖြစ်သည်ဟု
ဆိုရသော်လည်း ကားတိုင်ကို ရှင်ပြန်ထမြောက်ခြင်း၌ တင်၍ ကြည့်တတ်သောကြောင့်
သုခချမ်းသာကို မျက်နှာမူလျက် ရွှင်လန်းသော လူမျိုးဖြစ်လေသည်။ အမှန်မှာ
ခရစ်ယာန်ဆိုသည်မှာ ကြုံတွေ့သမျှသော ကားတိုင်တို့ကို
]]ထမြောက်ပွဲ}}ချည်းဖြစ်စေသည်။
ဤသို့ အောင်မြင်သော အသက်တာမျိုးကို လူ မျိုးမရွေး၊ ဒေသမရွေး၊ ကာလမရွေး၊
လိုက်နာနိုင်သည့် ပမာဏအလျှောက် နေရာအနှံ့တွေ့မြင်နိုင်လေသည်။
ဤနေရာ၌ တရုတ်ပြည်၌ ဒုက္ခိတ ကလေးမ တစ်ယောက်အကြောင်း တင်ပြလိုက်ပါသည်။
ထိုဒုက္ခိ တ အမျိုးသမီးသည် ငယ်စဉ်အခါ ကလေးဘဝက ချီပိုး သူများဂရုမစိုက်၍
လက်ပေါ်မှကျသဖြင့် ခါးရိုးကျိုး သွားသူဖြစ်ကြောင်းသိရ၏။ နှစ်ပေါင်းမျာ
စိတ်တို၊ စိတ်ကောက် ၊နှုတ်ကြမ်း၊ ဗွေဆိုး ဖြစ်ခဲ့၏။သူတစ်ပါး
အပြစ်ကြောင့်မိမိမှာ တစ်သက်လုံး လူစဉ်မမှီ ရုပ်ဆင်း ပျက်စီးရသဖြင့်
စိတ်တိုလျှင်လည်း အပြစ်တင်ဘွယ်မ ရှိ။ သို့သော် တစ်နေ့သ၌ မိမိခက်ထန်သော
နှလုံးထဲသို့ ခရစ်တော် ကိန်းအောင်းလာသော အခါမူကား အရာ ခပ်သိမ်း
ပြောင်းလဲ၍ ဘဝသစ်ဖြစ်လာရလေသည်။ ထိုအချိန်မှစ၍ ရွာတစ်ရွာ၌ သာသနာပြု
ဆရာမဖြစ်လာရလေသည်။ ဘုရားသခင်သည် ထိုခြေ မစွမ်းသော ဒုက္ခိတကလေးကို
ခေါ်ယူတော်မူ၍ အောင်မြင်သောတန်ခိုးတော်၏ လက်နက်သဖွယ် အသုံးပြုချေပြီ။ သူမ၏
နောက်ဆုံးအခြေအနေမှာ ဝါး
နှင့် လုပ်သောခွေးခြေကလေးကို တွန်းကာ တွန်းကာ
နှင့် သွားလာရ၏။ထိုခွေးခြေကလေးသည် သူ့ထိုင်ခုံ၊ သူတောင်ဝှေးလည်းဖြစ်၏။
တစ်နေပြီးတစ်နေ့ ခရစ် တော်၏ အသက်သရဖူကို ဆောင်းလျက်၊ တပါးကို
ခရစ်တော်၏မေတ္တာအားဝေငှရာပလ္လင်လည်းဖြစ်၏။
ချစ်သောမိတ်ဆွေ ဤသို့သော ဒုက္ခိတဘဝ တွင် အောင်မြင်နေသူများ၊ နိုင်ငံတကာ၌
ရှိသကဲ့သို့ လူမျိုးတကာထဲမှာလည်း ရှိကြ၏။ ယနေ့မြန်မာပြည်ရှိ
အမှုတော်ဆောင်များတွင်လည်း အောင်မြင်လျက်ရှိ သော မျက်မမြင်ဆရာ
ဦးသိန်းလွင်၊ ဘုရားရှင်အမှု တော်ဆောင်နေစဉ်တွင် လက်တဖက်ပူဇော်ရသော
ဆရာနောဧတို့ကို ကြည့်လိုက်ပါ။ မျက်စိမြင်သော သူများထက်ゞင်း၊
ကိုယ်လက်အင်္ဂါစုံလင်သောသူများ ထက်ゞင်း၊ သာ၍ ဝမ်းမြောက်ရွှင်လန်းနိုင်ခြင်း၊
အောင် မြင်နေခြင်းများကို ကြည့်လျှင် သူတို့အထဲ၌ရှိသော ခရစ်တော်၏
တန်ခိုးတော်ကို တွေ့မြင်နိုင်လေသည်။ ဤသို့ဖြစ်ရခြင်းသည် သူတို့၏
ကြိုးစားခြင်းအားဖြင့် မဟုတ်။ ခရစ်တော်ဘုရားကို ကိုးစားခြင်းအားဖြင့်
ဖြစ် ၏။ ထို့ကြောင့် ခရစ်ယာန်တို့၏ အောင်မြင်ခြင်း လျှို့ ဝှက်ချက်မှာ
သူတို့အထဲ၌ ကိန်းဝပ်လျက်ရှိသော ခရစ် တော်ပေတည်း။
တစ်ချိန်က တရုတ်ပြည်၌ နိုင်ငံခြားသားများကို နှိပ်ကွပ်သည့်အချိန်တွင်
သာသနာပြုဆရာတစ်ဦး၏ အိမ်ထောင်တစ်ခုတွင် မိခင်၊ ဖခင်နှင့်သားသမီးသုံး
ယောက်ကို သတ်ဖြတ်လိုက်ကြလေသည်။ သားလေး ယောက်တို့မှာ မိမိတို့မျက်မှောက်၌
အမိ၊ အဖ၊ ညီ အစ်ကို တစ်စု အသတ်ခံရသည်ကို မြင်ကြ၍ ကိုယ် လွတ်ရုန်း
ထွက်ပြေးသောကြောင့် အသက်ချမ်း သာရာ ရကြလေသည်။
ထို့နောက် ညီအစ်ကိုလေးယောက် ဆုံစည်း သောအခါ မိမိတို့နစ်နာမှုများအတွက်
မည်သို့တုံ့ပြန် ချေပရမည်နည်းဟု ညီညွတ်စွာ ဆုံးဖြတ်ကြလေသည်။
ထိုသူလေးဦးတို့သည် အမေရိကန်ပြည်သို့ပြန်၍ ပညာ တတ်အောင် သင်ကြားပြီးလျှင်
မိမိတို့မိသားစုကို သတ် ဖြတ်ခဲ့သော တရုတ်လူမျိုးများအတွက် သေသည့်တိုင်
အောင် အမှုဆောင်ရန် ပြဋ္ဌာန်းကြလေသည်။ စိတ် ပြဋ္ဌာန်းသည့်အတိုင်း
ပညာများစုံလင်စွာ ဆည်းပူးပြီး သောအခါ လေးဦးစလုံး တရုတ်ပြည်သို့ ပြန်လာ၍
နှစ်ပေါင်းများစွာ အနွံအတာခံလျက် အမှုတော်ကို ဆောင်ရွက်ကြလေသည်။
ထိုလေးယောက်အနက် တစ်ယောက်သောသူ အားဖြင့် တရုတ်လူမျိုး (ီမ. ဲောနျ ့နည)
သည် ခရစ်တော်၏ တပြည့် စစ်ဖြစ်လာလေသည်။ ထို ]]ဒေါက်တာဂျိမ်း(စ်)ရင်}}၏
လုံံ့လဖြင့် တရုတ်ပြည်ကြီး၌ ပြည်လုံးကျွတ်ပညာသင်ကြားရေးကို
ဖြစ်မြောက်အောင် မြင်အောင် ဆောင်ရွက်ခဲ့ခြင်းကြောင့် သန်းပေါင်း များ
စွာသော လူတို့သည် စာတတ်ခဲ့ကြလေပြီ။
အထက်ပါ ညီအစ်ကိုလေးဦးသည် မိမိတို့၏ ဒုက္ခကို သုခဖြစ်အောင် အသုံးချလျက်၊
နစ်နာခြင်းမှ အောင်မြင်လျက် အမြတ်ထုတ်ကြလေသည်။ ဤနည်း သည် ခရစ်တော်၏
အောင်မြင်သော နည်းလမ်းဖြစ် လေသည်။ အထက်ပါဖော်ပြသည့် အသတ်ခံရသော
သားအဖငါးယောက်တို့၏ အုတ်ဂူနှင့်ဆက်စပ်လျက် အုတ်ဂူနှစ်ခု ရှိသေး၏။
ゞင်းတို့မှာ ထိုသူငါးဦးတို့နှင့် တစ်ပါတည်း အသတ်ခံရသော သာသနာပြု ဆရာမ
ကြီးနှစ်ဦး၏ အုတ်ဂူဖြစ်၏။
သူတို့၏ မိခင်ကား ဩစတြေးလျတိုက်၌ နေ ထိုင်သော မုဆိုးမဖြစ်လေသည်။
ထိုမုဆိုးမသည် သမီး နှစ်ယောက် အသတ်ခံရသော သတင်းကိုကြား ရသော အခါ
သာသနာပြုဆရာအဖြစ် စေလွှတ်ချင်သော ဆန္ဒရှိသော်လည်း နောက်ထပ်စေလွှတ်စရာ အ ခြား
သားသမီးများမရှိ။ ထို့ကြောင့် တရုတ်ပြည်သို့ ကိုယ် တိုင်သွား၍
အမှုတော်ဆောင်ရန်သာရှိသည်ဟု ဆို ကာ ဥစ္စာရှိသမျှ ရောင်းချလျက်
သမီးတို့အသတ်ခံရာ ဒေသသို့ ထွက်သွားလေ၏။ ထိုဒေသ၌ ကျောင်းတစ် ကျောင်းဖွင့်၍
ကလေးတို့ကို ပညာသင်ပေးလေ၏။ တရုတ်ပြည်သို့ သွားသောအခါ အသက်(၆၂)နှစ်ရှိ
ချေပြီ။ အနှစ် နှစ်ဆယ်တိုင်တိုင် အမှုတော်ဆောင်၍ အသက်(၈၂) နှစ်တွင်
ကွယ်လွန် သွားရှာလေသည်။
ဤအထက်ပါ ကျန်ရစ်သူငါးဦးတို့သည် မိမိတို့ ခံရသော နစ်နာမှု၊ ရက်စက်မှု၊
ကြမ်းကြုတ်မှုများ အတွက် အံကြိတ်ပြီး တတွေးတွေး၊ တဆွေးဆွေး မနေ ကြ။
ဆင်းရဲခြင်းကို လက်နက်သဖွယ်ဆုပ်ကိုင် အသုံး ပြုလျက်
အကျိုးဆောင်အရာရောက်အောင် အသုံးပြု ကြလေပြီ။ သက်ရောက်လာသည့်အဖြစ်အပျက်၊ အ
ခြေအနေ၊ စက်ရထားကြီး၏ ဆွဲငင်ရာသို့ မလိုက် မ သွားဘဲ၊ ゞင်းရထားပေါ်သို့
တက်ပြီးလျှင် လိုရာစခန်း သို့ရောက်အောင် မောင်းနှင်ကြကုန်၏။ လိုရာစခန်း
သို့ ရောက်လာသောအခါ အဘယ်မျှလောက် ဘုန်း ကျက်သရေ ရရှိပေမည်နည်း။
ချစ်သောမိတ်ဆွေ သင်၌ မမျှော်လင့်ဘဲ ဆင်း ရဲဒုက္ခကျရောက်လာပါက မည်သို့
တုန့်ပြန်မည်နည်း။ အကျိုးမဲ့၊ အကြောင်းမဲ့ဒုက္ခပြဿနာမိမိအပေါ် (ဝါ)
မိမိချစ်သူများအပေါ် (ဝါ) မိမိဥစ္စာအပေါ် ကျရောက် သောအခါ ကျွနု်ပ်တို့သည်
ဝမ်းနည်းကြေကွဲ တတ်ကြ ၏။
အခါတပါး၌ မျက်နှာဖြူဆရာဝန်တစ်ဦးသည် နှစ်ပေါင်းများစွာ ဒုက္ခခံ၍
ဆေးရုံတစ်ခုကို တည် ထောင်လေ၏။ တရုတ်ပြည်ရှိ ကွန်မြူနစ်ဂိုဏ်းသား များ
ချီတက်လာရာလမ်း၌ ထိုဆေးရုံကို တွေ့သဖြင့် ဖျက်ဆီးကြရာ နောက်ဆုံးတွင်
နံရံသာကျန်ခဲ့လေ သည်။ ဤသို့သောနစ်နာမှုအတွက် စိတ်ကြေအေးငြိမ်း ချမ်းရန်
ခဲယဉ်းပေလိမ့်မည်။ သို့ဖြစ်လျက်နှင့် ထိုခရစ် ယာန်ဆရာဝန်ကြီးသည်
စိတ်ဓါတ်မကျ။ သူ့ဆေးရုံကို ဖျက်ဆီးသော တပ်နောက်သို့ လိုက်သွား၍ ဖျားနာ
သော စစ်သားများ၊ ဒဏ်ရာရသော စစ်သည်များကို ကုသပေးလေ၏။
ဤအချင်းအရာကို စစ်ဗိုလ်ချုပ်ကြီး ]]ချန်ကေ ရှိတ်}} မြင်သော် မိမိမယားအား
ဤလူမျိုးခြားဆရာဝန် ဟာ သူ့ဆေးရုံကို ဖျက်ဆီးတဲ့လူတွေကို ကြည့်ရှုပြုစု
နေသည်မှာ ဘယ်လိုသဘောမျိုးလဲဟူ၍ ဤသို့မေး၏။ မိမိဇနီးသည်က
ခရစ်ယာန်သဘောပေါ့ဟု ပြန်ပြော လျှင် စစ်ဗိုလ်ကြီးက ဒီလိုဆိုလျှင် ငါလည်း
ခရစ်ယာန် ဖြစ်ရလိမ့်မည်ဟု ဆိုလေ၏။ တရုတ်ပြည်ကြီး အနှံ့အ ပြား
ခရစ်ယာန်များကို မုန်းတီးလျက် နှိပ်ကွပ်လျက် နေသည့် ခေတ်ကြီးတွင်
တရုတ်ပြည်၏ သမ္မတမင်းဖြစ် သော စစ်ဗိုလ်ချုပ်ကြီး ကိုယ်တိုင်ခရစ်ယာန်
ဖြစ်လာရ ခြင်းသည် ဆရာဝန်ကြီးအထဲမှ ဖြတ်စီးလာသော ခရစ် တော်၏
မေတ္တာတန်ခိုးကြောင့်ပင် မဟုတ်ပါလော။
ကြမ်းကြုတ်ရက်စက်သော စစ်သားတစ်စုတို့ သည် ဆရာဝန်၏ လုပ်ငန်းတစ်ခုလုံးကို
အခြေအမြစ် ဖြစ်လေသည်။ အဓမ္မဖျက်ဆီးပစ်ကြသော ကာလ၌ ထိုဆရာဝန်သည်
ဘုရားကိုလည်း အပြစ်မတင်၊ လူကို လည်း အပြစ်မတင်၊ ဆင်းရဲဒုက္ခကို
ခေါင်းငုံ့ခံ၍ မနေ ထိုဒုက္ခဆင်းရဲကို လက်နက်သဖွယ် အသုံးချတတ်သော ကြောင့်
ကမ္ဘာတွင် တစ်ခါမျှမပေါ်စဖူး ထူးခြားလှသည် ဧဝံဂေလိတရားဟောခွင့် တံခါးကြီးကို
တရုတ်ပြည်၌ လမ်းဖွင့်နိုင်ခဲ့လေပြီ။ ယခုအခါ ထိုဆေးရုံကို အသစ်ပြု
ပြင်လျှက် ဆရာဝန်ကြီးလည်း မိမိလုပ်ငန်းကို မအား မလပ်ဆောင်ရွက်လျက်
ရှိလေပြီ။
သို့သော် အကျိုးဖြစ်ထွန်းနှုန်းကို တွက်ဆသော် တသက်ပတ်လုံး
အေးအေးချမ်းချမ်းဆောင်ရွက်ခြင်း အကျိုးထက်၊ ဆင်းရဲဒုက္ခကြုံတွေ့ပြီးမှ
ဖြစ်ပေါ်လာ သော အကျိုးကား အဆပေါင်းများစွာ ကြီးမားလေ သည်။
ငြိမ်းငြိမ်းချမ်းချမ်း အမှုတော်ဆောင်နေခြင်း ထက် ခေတ္တခဏဆင်းရဲဒုက္ခပြဿနာ
ကြုံပြီးမှ စီးထွက် လာသော ဝိညာဉ်အရှိန်တန်ခိုးသည်သာ၍ အကျိုးဖြစ်
ထွန်းကားပေသည်။
ထို့ကြောင့် ချစ်သောမိတ်ဆွေ၊ မိတ်ဆွေ အသက်တာ၌ မည်သို့သော
အခက်ခဲမျိုးနှင့် ရင်ဆိုင် နေရပါသနည်း။ ရောဂါဝေဒနာလား။ ငွေရေးကြေးရေး
လား။ ချစ်သူဆွေမျိုးများသေခြင်းလား၊ သို့မဟုတ် ဥစ္စာ ဆုံးရှုံးခြင်းလား၊
အပေါင်းအသင်းများ၏ စွန့်ပစ်ခြင်း လား၊ ထိုဒုက္ခပြဿနာအလုံးစုံကို
အခွင့်ကောင်းသဖွယ် အသုံးချလျက် ဘုရားသခင်မေတ္တာဖြင့် တုန့်ပြန်ပါက
မိတ်ဆွေသည် ဤလောကကို အောင်မြင်သူဖြစ်ပေ လိမ့်မည်။
လောကကိုအောင်နိုင်ကြပါစေ။
ယေရှုခရစ်၏ လောကကိုအောင်မြင်နည်းအပိုင်း (၂)
ချစ်သောမိတ်ဆွေ၊ ဤလောက၌ အသက် တစ်ရာ မနေရသော်လည်း အမှုတစ်ရာနှင့်
ကြုံတွေ့စ ရာရှိ၏။ သြမည ေါငည ဆရာတချို့၏ ဟောပြောချက်ကို နားယောင်ပြီး၊
ဒုက္ခထဲမှာ တွေဝေနေသော ယုံကြည်သူ များစွာရှိ၏။ အထက်ပါဆရာတို့၏ ဟောပြောသော
ဒေသနာမှာ ဘုရားသားဖြစ်လျှင် ကျန်းမာရမည်။ ဘုရားသားမှန်လျှင်
ဒုက္ခဆင်းရဲမကြုံရ။ အားလုံးအ ဆင်ပြေနေရမည်။ ထိုဆရာတို့ဟောပြောသည့်အတိုင်း
ဖြစ်မည်ဆိုပါက ဤလောကဆင်းရဲဒုက္ခမှ လွတ်နိုင်စ ရာ အကြောင်းရှိ၏။
သို့သော်လက်တွေ့မှာ အထက်ပါ ဆရာတော်များဟောပြောသည့်အတိုင်း ဖြစ်မလာ။
ဒုက္ခနှင့် ကြုံလာသောအခါ စိတ်ပျက်ဝမ်းနည်းရသည် သာမက ဘုရားသခင်ကိုပါ။
အသားလွတ်အပြစ်တင် ရသည် အခြေထိဆိုးဝါးခဲ့လေသည်။
ဆရာကြီးများဟောပြောသည့်အတိုင်း ငါတို့ များ ဘုရားသားမဖြစ်သေးတာလား၊
သို့မဟုတ် ဆရာ ကြီးများ၏ ဩဝါဒကများ မှားနေရော့သလား၊ တစ်ခုခု
တော့မှားနေကြောင်း သတိရလာကြလေသည်။ ဤ အခြေအနေထဲမှာ ရောက်နေသော ယုံကြည်သူလူ
တစ်စုများအတွက် ရည်ရွယ်ပြီး ဤဆောင်းပါးအမှတ်
စဉ်(၂)ကိုရေးသားလိုက်ရခြင်းဖြစ်လေသည်။ ဤ ဆောင်းပါးသည် ကျွနု်ပ်ကိုယ်တိုင်
အခေါက်ခေါက် အခါခါဖတ်ရှုလေ့လာခဲ့သော ဒုက္ခပြဿနာ၊ ခရစ် ယာန်အဖြေစာအုပ်ကို
မှီငြမ်းပြီး ရေးသားကြောင်း ရှေးဦးစွာ ဝန်ခံလိုပါသည်။
ယုံကြည်သူများအကြောင်း မစဉ်းစားမှီ ခရစ် တော်၏ အသက်တာကို ရှေးဦးစွာ
လေ့လာပါမည်။ အရှင်ယေရှုခရစ်သည် ကောင်းကင်မှ ြွကလာသော သခင်ဖြစ်ပါ၏။
သူသည် ဘုရားစင်စစ်မှ လူ့ဇာတိခံယူလျက် မွေးဖွားခဲ့၏ (ဖိ၂း၆-၇)။
ထိုခရစ်တော်သည် လူ့ဇာတိ အဖြစ်၌ နေစဉ်ကာလ၊ သေခြင်းမှ ကယ်လွတ်နိုင်သော
အဖခမည်းတော်ထံ ကြီးစွာသော ေြွကးကြော်ခြင်း၊ မျက်ရည်ကျခြင်းနှင့်
ဆုတောင်းပဌာနာပြုလျက် ကြောက်ရွံ့စရာအမှု၌ ချမ်းသာရာရခဲ့၏။ ဘုရားသား
မှန်သော်လည်း ဆင်းရဲဒုက္ခကိုခံသောအားဖြင့် နား ထောင်ခြင်းအကျိုး
အကြောင်းကို သင်တော်မူ၏ (ဟေဗြဲ ၅းရ-၈)။
ထို့အပြင်အရှင်ယေရှုသည် ဤလောက၌ ဒုက္ခ မျိုးစုံခံခဲ့လေ၏။ ကျမ်းစာ၌လာသည်ကား
ငါတို့ လွန်ကျူးခြင်းအပြစ်များကြောင့် နာကျင်စွာထိုးခြင်း၊ နှိပ်
စက်ခြင်းကိုခံရလေ၏ (ဟေရှာယ ၅၃း၅)။ ထာဝရဘု ရားသည် အရှင်ယေရှုကို
နှိပ်စက်ခြင်းငှာ အလိုတော် ရှိ၍ အနာခံစေတော်၏ (ဟေရှာယ ၅၃း၁၀)။ အရှင်
ယေရှုသည် ဤဒုက္ခမျိုးစုံကို ခံရသောအခါ မတတ်သာ ၍ သည်းခံနေခြင်းမဟုတ်။
မရုန်းထွက်နိုင်၍ အလျှော့ ပေးလိုက်ခြင်းလည်းမဟုတ်။ အဖခမည်းတော်၏
အကြံအစည်တော်ပြည့်စုံစေဘို့ရန် ကျေနပ်အားရစွာ ခံရခြင်းဖြစ်လေသည်။
ကျမ်းစာ၌လာသည်ကား မိမိ စိတ်ဝိညာဉ်ခံရသော ဝေဒနာ၏ အကျိုးကို မိမိမြင်
၍အားရလိမ့်မည်။
သို့သော်ကျွနု်ပ်တို့စောဒကတတ်လေ့ရှိသော အချက်မှာ သခင်ယေရှုထိုသို့
ပြုတော်မူသည်မှာ မှန်၏။ ကိုယ်တော်သည် နာကျည်းဖွယ်သော ရက်စက် မှုကို ခံယူ၍
ဒုက္ခဘဝကို သုခဘဝဖြစ်အောင် ပြောင်း လဲတော်မူသည်မှာ မှန်၏။
သို့သော်ထိုနည်းလမ်းက အရှင်ယေရှု၏ နည်းလမ်းသာဖြစ်သည်။ ကျွနု်ပ်တို့
လိုက်နိုင်သောနည်းလမ်းမဟုတ်ဟူသော အချက်ပေ တည်း။
အရှင်ယေရှုသည် သူ၏ နည်းလမ်းကို ကျွနု်ပ် တို့ နည်းလမ်းဖြစ်စေတော်မူပြီ။
တမန်တော်ဝတ္ထု ရှိ တမန်တော်တို့၏ အမှုဆောင်ပုံသည် သခင်ယေရှု ကိုယ်တိုင်
တမန်တော်များအထဲ၌နေ၍ သူ့အမှုတော် ကို ဆက်လက်လုပ်ဆောင်နေခြင်း ဖြစ်လေသည်။
အထူးသဖြင့် ဆင်းရဲဒုက္ခ ခဲရာခဲဆစ်တို့နှင့် ပတ်သက် ၍ တပည့်တော်တို့၏
အမှုသည်ကိုယ်တော်နှင့် ဆက်နွယ်လျက်ရှိ၏။ ထိုတမန်တော်တို့၌ခံရသော
ဆီးတားခြင်းအမှုများသည် အောင်မြင်တိုးတက်ခြင်း များဖြစ်လာ၏။
ဘေးဥပါဒ်များမှ ဥဒါန်းကျူးဧဖွယ်ရာ ဖြစ်လာကုန်၏။
ဤတမန်တော်ဝတ္ထုထဲမှ အဖြစ်အပျက်အချို့ ကို ထုတ်နှုတ်၍ ဒုက္ခဆင်းရဲ
အတားအဆီးတို့ကို မည် သို့ မျက်နှာမူရင်ဆိုင်ကြပုံအကြောင်း ဆင်ခြင်ကြည့်
ကြကုန်အံ့။ ပေတရုနှင့် ယောဟန်တို့သည် ဗိမာန်တော် တို့တက်ကြရာတွင် တင့်တယ်
တံခါး၌ ခြေဆွံသူတစ် ယောက်သည် ထိုင်လျက် ဆီး၍ တောင်းခံ၏။ ထိုအခါ မိမိတို့
အိတ်ကိုလက်ဖြင့် စမ်းကောင်းစမ်းကြလိမ့်မည်။ စမ်းသော်လည်း
ငွေတစ်ပြားတစ်ချပ်မျှ မတွေ့သဖြင့်၊ ငွေကြေးမဲ့ခြင်းတည်းဟူသော
လောကဆင်းရဲခြင်းနှင့် သာ ကြုံနေမြဲရှိလေသည်။ ကျွနု်ပ်တို့သာဆိုလျှင်
ပိုက်ဆံပေးစရာမရှိ၍ ဝမ်းနည်းစွာ ခေါင်းကုတ်ပြီး ထွက်သွားကြလိမ့်မည်။
ပိုက်ဆံမရှိလေခြင်းဟူသော၊ ဒုက္ခဆင်းရဲ၏ နှိပ်စက်ခြင်းကို ခံစားရပေမည်။
များ သော သူတို့ပိုက်ဆံမရှိခြင်းသည် အလွန်ကြီးလေးသော
ဆင်းရဲဒုက္ခကြီးတစ်ခုဖြစ်၏။
သို့သော် ယောဟန်နှင့် ပေတရုတို့မှာမူ ထိုဆင်း ရဲခြင်းအတွက်
ဝမ်းနည်းကြေကွဲနေမည့်အစား ပိုက်ဆံ မရှိခြင်းကိုပင်
အခွင့်အရေးသဖွယ်ရယူလျက် ]]ငါတို့၌ ရွှေငွေမရှိ။ ရှိသည်အရာကို
ငါတို့ပေးမည်။ နာဇရက်မြို့ သားယေရှု၏ နာမတော်ကြောင့် လှမ်းသွားလော့}} ဟူ
သော အံ့ဩဖွယ်စကားကို မိန့်ဆိုခဲ့လေ၏။ ခြေဆွံသူ သည် ထ၍ လှမ်းသွား၏။
ပေတရုနှင့်ယောဟန်တို့ သည် ငွေမရှိခြင်းဆင်းရဲကို တွေးပြီး ငိုေြွကးကြသည်
မဟုတ်။ ဆင်းရဲဒုက္ခကို ခေါင်းငုံ့ပြီး ခါးစည်းခံနေကြ သည်မဟုတ်။
ဆင်းရဲခြင်းကို လက်နက်သဖွယ်ဆုပ် ကိုင် အသုံးချခဲ့ကြလေသည်။ အကယ်၍
ပေတ ရုနှင့် ယောဟန်တို့၌ ပိုက်ဆံငွေကြေးရှိခဲ့ပါမူ မည်သို့ ဖြစ်မည် နည်း။
သူတောင်းစားကို ပိုက်ဆံတစ်ပြား တစ်ချပ် ပစ်ပေးရုံနှင့် ပြီးကြပေလိမ့်မည်။
ဤတမန်တော်တို့မှာ ခရစ်တော်ကိုယ်တိုင် ရွေး ချယ်ထားသော
အထူးပုဂ္ဂိုလ်များဖြစ်သောကြောင့် ဥပမာပြုရန် ရှည်ဝေးလှသည်ဟုထင်လျှင် သာမည
အသင်းသားဖြစ်သော သတေဖန်ကို ကြည့်ကြစို့။ သူ သည် လွှတ်တော်၌
စစ်ဆေးခံရသောအခါ တစ်ဖက်မှ နေ၍ လိမ်လည်သက်သေထွက်ဆို ခဲ့ ကြသည်။ သူ့ကို
သေကြောင်း ကြံကြသည်။ သူ့အတွက် အလွန်ခံရ ခက်ပေမည်။ သို့သော် သတေဖန်သည်
ပြစ်မှားသမျှကို ခေါင်းငုံ့ခံနေသည်မဟုတ်။ တုန့်ပြန်အသုံးပြုတော်မူပြီး
သူ့အပေါ် ကျလာသမျှသော မုသားသက်သေ စကား လုံးတိုင်းသည် အလင်းရောင်သဖွယ်
ဖြစ်လာသည်။ သူ့မျက်နှာကို မြင်ရသော သူတိုင်းက ကောင်းကင် တမန်၏ မျက်နှာကို
မြင်ရကြသည်အလား ထင်ရကြ ၏။ သူ့တစ်ဖက်မှ မတရားသက်သေခံလေလေ သူ့ မျက်နှာမှာ
တောက်ပြောင်လေလေဖြစ်၍ နောက်ဆုံး တွင် ကျောက်ခဲဖြင့် ပစ်သတ်ကြလေသည်။
ထို့အပြင် အသက်မထွက်မီ ပစ်သတ်သောသူတို့အပေါ် ထို
အပြစ်ဒဏ်မသက်ရောက်ပါစေကြောင်း မေတ္တာပို့ ဆုတောင်း ပေးသွားသေး၏။
ထိုပဌာနာသံကို ရှောလုအမည်ရှိသော သူငယ် တစ်ယောက်သည်ကြားလျှင် နှလုံး၌
လွန်စွာ ထိခိုက်၍ နောက်ဆုံး၌ ဒမာသက်မြို့လမ်းတွင် ကိုယ်တော်ရှင်
ခြေရင်းသို့ အသက်တာကို ပုံ၍ အပ်နှံရ လေသည်။ သူ့ကို ပစ်သမျှကျောက်တို့ကို
မေတ္တာ စကားလုံးနှင့် သာချေပခဲ့သောကြောင့် နောင်တွင် တမန်တော်ဖြစ် လာမည့်
ရှင်ပေါ်လုအား ခရစ်တော်အတွက် သူကယ် ဆယ်ခဲ့လေပြီ။ ဤသို့ဖြင့် သတေဖန်သည်
ရန်ကို ရန် ချင်းမတုန့်နှင်းဘဲ မေတ္တာဖြင့် တုန့်ပြန် ခဲ့သောကြောင့်
လောကဓံတရားကို နိုင်နင်းအောင်မြင်၍ နိုင်ငံတော် ပြန့်ပွားရေးအတွက်
မိမိခံရသော ဆင်းရဲခြင်းကိုပင် အသုံးပြုချေပြီ။
သတေဖန်ကို ခဲနှင့်ပေါက်သတ်ပြီးနောက် ခရစ် ယာန်တပည့်တော်တို့သည် ဆက်လက်၍
ညှဉ်းပန်းနှိပ် စက်ခြင်းကို ခံကြရလေသည်။ တပည့်တော်တို့သည် အရပ်ရပ်သို့
ထွက်ပြေးတိမ်းရှောင်ကြရသော်လည်း ကွဲလွင့်ကြသောသူတို့သည်
ဧဝံဂေလိတရားတော်ကို ရောက်ရာလေရာ၌ ဟောပြောကြကုန်၏။ သူတို့ကို
ပျက်စီးစေမည့် အကြံအစည်တော်တည်းဟူသော ]]ပေ}} ပေါ်၌တင်၍ မတရားသော
အာဏာတန်ခိုး တည်းဟူသော ]]တူ}}နှင့်ထုလိုက်သောအခါ ဧဝံဂေလိ တရားမီးလျှံသည်
နေရာအနှံအပြား ထွန်းလင်းပြီးသား ဖြစ်သွားလေသည်။ ယုံကြည်သူများကိုယ်တိုင်
ထိုသို့ အထုအထောင်ခံရခြင်းကြောင့် သာ၍ရင့်ကျက် သော ခရစ်ယာန်များ
သာ၍စည်းလုံးညီညွတ်သော ယုံကြည် သူများဖြစ်လာကြရလေသည်။ ဘယ်လိုနှိပ် စက်ကြ
မည်နည်းဟူ၍ နှိပ်စက်သူများပင်လျှင် အကြံအိုက် ရချေပြီ။ သို့သော်
]]နှိပ်}}လေလေ ]]ထက်}} လေလေ ရှိကုန်ကြပြီဟူသော ရလာဒ်သာအဖတ်တင် ကျန်ရစ်ခဲ့
လေသည်။ တရားလိုများသာ အဆုံးကြီးရှုံးလျက် တရားခံများမှာမူ၊
အောင်ပွဲခံလျက်ရှိကြလေပြီ။
ချစ်သောမိတ်ဆွေ၊ ဤသို့သောဖြစ်ရပ်မှာ
ဓမ္မကျမ်းတစ်ခုလုံးပြည့်နှက်လျက်ရှိလေပြီ။ ပေါလုနှင့် သိလတို့ကို
ကြည့်ဦးမည်လော။ ထောင်အတွင်း၌ လက်ထိပ်၊ ခြေထိပ်ခတ်လျက်၊ ကျောကုန်း၌ ဒဏ်ရာ
အလျှိုးလျှိုးဖြင့် သွေးများပင် ယိုစီးလျက်ရှိကြ၏။
ဘယ်အမှုကိုပြု၍ ဤသို့ဆင်းရဲကို ခံကြရသ နည်း။ ဧဝံဂေလိတရားတော်ကို
ဝေငှခဲ့သောကြောင့် အမြင့်မြတ်ဆုံးသော ဆုကျေးဇူးကို အခြားသူတို့အား
ဝေငှခြင်းကြောင့် ဤသို့ ဒုက္ခဆင်းရဲနှင့် ကြုံကြရသည်။ ထိုသို့သော
ဒုက္ခမျိုးကြုံတွေ့ရသောအခါ သူတို့၏ ကိုး ကွယ်ခြင်းသည်
အချည်းနှီးဖြစ်သွားပြီလော။ ဘုရား သခင်သည် သူတို့ကို မကြည့်ရှုဘဲ
မျက်နှာလွှဲသွား ပြီးလော၊ လောက၌ ဘုရားမရှိ တရားမရှိသော ငါတို့ သည်
ဤသို့ဆင်းရဲခြင်းကို ခံရချေသည်ဟု ထိုင်၍ ညည်းညူ နေကြသလော။
ထိုသို့အလျှင်းမဟုတ်ပါ သန်းခေါင်ယံ၌ ပေါလုနှင့် သီလတို့သည် သီးချင်းဆို
ကြ၏။ သီးချင်းကိုပင် သီဆိုကြလေပြီ။ ဤမျှလောက် မတရားခံနေစဉ် နှလုံးသားထဲမှ
ထွက်လာသော သီ ချင်းသံကို ကြားဖူးပါသလား။ ကျေးဇူးတော်ကို ချီးမွမ်း သော
သီချင်းသံသည် ကောင်းကင်အထက်ဘုရားရှင် ထံတော်အပါးသို့ ရောက်သွားသောအခါ
ဘုရားသခင် သည် ကြားတော်မူလျှင်မနေသာ၍ အောက်သံဖြစ် သော ငလျှင်နှင့်
စည်းဝါးလိုက်ပေးတော်မူရလေသည်။ မိုးမလင်းမီ ထောင်မှူးနှင့်မိသားစုသည်
ပြောင်းလဲလာ သောကြောင့် ခရစ်ယာန်အသင်းတော်တစ်ပါး၏ အုတ်မြစ်ကို
တည်ဆောက်နိုင်ပေသည်။ထိုအကျဉ်း သား ပေါလုသည်ထောင်ထဲမှ ဖိလိပ္ပိမြို့ရှိ
အသင်း တော်သို့ ရေးလိုက်သော ဩဝါဒစာ၌ ဝမ်းနည်းသံမ ကြားရဘဲ
ကျေးဇူးတော်ချီးမွမ်းခြင်း ပြည့်လျှံလျက်ရှိ လေသည်။ ပေါလုနှင့်သိလသည်
ဒုက္ခဆင်းရဲကို သည်း ခံရုံနေကြသည်မဟုတ်။ ဖယ်ရှောင်၍ နေကြသည် လည်းမဟုတ်
ဆင်းရဲခြင်းကို ဆွဲကိုင်ယူ၍ အသုံး ပြုကြ လေသည်။
ဓမ္မသစ်ကျမ်းတွင် ဤသို့သော သက်သေသာဓ ကမျိုး အများရှိရာမှ ကျွနု်ပ်တို့
ကိုယ်တိုင်တစ်ခါမဟုတ် တစ်ခါကိုယ်တွေ့ကြုံရကြသောအကြောင်း တစ်ခုကို
ထပ်မံတင်ပြလိုပါသည်။ ဘုရားသခင်ထံဆုတောင်း ခြင်းကို ဂါထာတစ်ခုကဲ့သို့
အသုံးချနေသော ]]ဥုံဖွ}} ပျောက်စေဆရာကြီးအား ဤဖြစ်ရပ်မှန်ဖြင့် သတိပေး
လိုပါသည်။ ထို့အပြင် ]]ဥုံဖွ}} ပျောက်စေဆရာကြီးများ နောက်သို့
တကောက်ကောက် လိုက်ပါလွယ်သော ယုံကြည်သူ လူသစ်များကိုလည်း သတိပေးနှိုးဆော်
အပ်ပါသည်။
အကြောင်းမှာ ပေါလုကို နှိမ်နှင်းခြင်းငှာ စာ တန်၏ စေတမန်သဖွယ်
ကိုယ်ခန္ဓာ၌ ဝေဒနာတစ်ခု ရှိကြောင်းသိရသည်။ အမှုတော်ကို ကောင်းမွန်စွာ
ဆောင်ရွက်နိုင်ရန် ဘုရားသခင်သည် ထိုဝေဒနာကို ပျောက်ကင်းအောင်
ကုသပေးသင့်သည်။ ဤရောဂါမှ ပျောက်ကင်းအောင် ပေါလုသည် သုံးကြိမ်တိုင်တိုင်
ဆုတောင်းခဲ့သည်။ သို့သော် ဘုရားသခင်ထံမှရသော အဖြေသည်
အနာငြိမ်းခြင်းမဟုတ်။ ဘုရားသခင်သည် ဂရုဏာတော်မရှိ။ လစ်လျှူရှုသကဲ့သို့
နေတော်မူ၏။ လူတွေက မတရားညှင်းဆဲသလို ဝေဒနာကလည်း ဖိစီး နှိပ်စက်
ဘုရားသခင်ကလည်း ဂရုမစိုက်ဖြင့် သုံးဌာန ၏ ဖိစီးခြင်းခံရသောအခါ
ပေါလုအနေဖြင့် နှလုံးကြေ ကွဲ စိတ်ပျက်ဝမ်းနည်းရုံသာ ကျန်တော့မည်မဟုတ်
လော။ လူတွက်နည်းဖြင့်တွက်သော် စိတ်ပျက်ခြင်းသို့ သာဆိုက်ပေမည်။
သို့သော်ထိုသို့မဟုတ် သုံးကြိမ်တိုင်တိုင် ဆု တောင်းသည့် အဆုံး၌ပေါလုအား
ဘုရားသခင်က သင့်ဝေဒနာကို ငါသည် ပပျောက်စေမည်မဟုတ်။ သို့ သော်
ပပျောက်သည်ထက်သာ၍ ကောင်းသော အရာ တစ်ခုကို ငါပေးမည်။ ဤဝေဒနာစွဲနေစဉ်တွင်
သင်၌ အသုံးပြုနိုင်သည် ခွန်အားတန်ခိုးကို ငါပေးမည်။ ငါ၏ကျေးဇူးသည်
သင်အဖို့လုံလောက်ပေ၏။ ခွန်အား နည်းရာ၌ ငါတန်ခိုးသည် စုံလင်သည်ဟု
မိန့်တော် မူ၏။ ဘုရားသခင်၏ သဘောတော် အလိုတော်ကို ပေါလုသည်
သဘောပေါက်နားလည်သောအခါ ရော ဂါရှိလျက်ပင်ထ၍ ဝမ်းမြောက်ရွှင်လန်းခြင်း
ရှိသည်။ ခရစ်တော်အတွက် အားနည်းခြင်း၊ အနာတရပြုခြင်း၊
ညှင်းပန်းနှိပ်စက်ခြင်း၊ ကျဉ်းကျပ်ခြင်းများကို ငါနှစ် သက်စွာ
နာခံပါမည်ဟု ဝန်ခံလေ၏။ အကြောင်းမူ ကား ငါသည်အားနည်းသောအခါ
တန်ခိုးနှင့်ပြည်စုံ ၏ (၂ကော ၁၂းရ-၁၀)။
ဤနေရာ၌ ပေါလုသည် ဝေဒနာမှ သက်သာ ပျောက်ကင်းခြင်းကို မတွေ့ရသော်လည်း
ဝေဒနာကို အသုံးပြုနိုင်သည့်သာ၍ မြင့်မြတ်သော အခွင့်ထူးကို တွေ့လေ၏။
အထက်ပါရှင်ပေါလု၏ ဝေဒနာနှင့် ပတ်သက် ၍ ကိုယ်ခန္ဓာကျန်းမာခြင်းပြဿနာကို
ကျွနု်ပ်တို့တိုက် ရိုက်တွေ့ရကြပြီ။ ဘုရားသခင်သည် လူတို့ကို ရောဂါ ဝေဒနာမှ
ချမ်းသာပေးပုံပေးနည်း အမျိုးမျိုးရှိသည်။ သင့်မြတ်သောနေရာဒေသ၊
တိုင်းရင်းဆေး၊ ဓါတ်စာ၊ ခွဲစိတ်ကုသခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်း
စသည်တို့မှာ လည်း ဘုရားသခင်၏ နည်းလမ်းများပင် ဖြစ်ကြောင်း ဝန်ခံရပေမည်။
သို့သော် ဤသာမညနည်းလမ်းများ ထက် ထူးကဲ၍ ဘုရားသခင်ကိုယ်တိုင်
တိုက်ရိုက်တို့ ထိလျက် ကျန်းမာစေခြင်းမျိုး ဧကန်မုချရှိကြောင်း
ကျွနု်ပ်တို့ယုံကြည်ပါ၏။ ဤတန်ခိုးမျိုးကိုလောကီပညာ ဖြင့် နားမလည်နိုင်။
ဖော်ပြရှင်းလင်း၍လည်း မတတ် နိုင်သော တန်ခိုးကို တွေ့ထိခံစားသူတိုင်း
ဝန်ခံရကြ၏။
သို့သော် ဤသို့ဘုရားသခင်၏ အနာငြိမ်းစေ ခြင်းသည်ရှိငြားသော်လည်း
ဘုရားသခင်သည် အမြဲ မပြတ်သုံးတော်မမူကြောင်းကို မှတ်သားရပေမည်။
ဘုရားသခင်ထံမှ တိုက်ရိုက်တို့ထိပြီး အနာငြိမ်းခြင်းမရ သောအခါများ၌
ကျွနု်ပ်တို့၌ ယုံကြည်တရားပျက်ကြရ လေသည်။ ဘုရားသခင်သည်အခါမရွေး တန်ခိုးပြ
လျက် ကုသပေးသည်ဟု မိတ်ဆွေယုံကြည်ခဲ့ပါမူ အနာ မငြိမ်းသောအခါ ဘုရားသခင်အပေါ်
ထင်ယောင် ထင်မှားဖြစ်လာပေလိမ့်မည်။ ထို့ကြောင့် သမ္မာတရား ကို
သိထားဖို့လိုအပ်လေပြီ။
အမှန်စင်စစ်၊ ဘုရားသခင်သည် တစ်ခါတစ်ရံ တိုက်ရိုက်အနာငြိမ်းစေပြီဟု
ကုသပေးတော်မူ၏။ တစ် ခါတစ်ရံမှာ တိုက်ရိုက်အနာငြိမ်းခြင်းမပြုဘဲနေတော်မူ
၏။ ထိုသို့အနာငြိမ်းခြင်းမပြုလုပ်သောအခါ ထိုထက် သာ၍ အကျိုးကြီးသော
ကျေးဇူးတော် တစ်စုံတစ်ရာ ကို ပေးသနားတော်မူလိုသောကြောင့်ဖြစ်၏။ ဤသမ္မာ
တရားကိုသိထားပါက ဝေဒနာတစ်စုံတစ်ခုမှ ချမ်းသာ မရသောအခါ ဘုရားသခင်အပေါ်
သံသယစိတ်မဝင် နိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် အသက်ကိုပင် မ နှမြောဘဲ
ပေးခဲ့သောဘုရားမေတ္တာကို စိတ်ချယုံကြည် နိုင်သောကြောင့်ဖြစ်လေသည်။
တစ်ခါတစ်ရံ ဘုရား သခင်သည် ခန္ဓာကျန်းမာခြင်းထက် ဝိညာဉ်ပါရမီနှင့်
ပြည့်ဝလျက် ရင့်ကျက်စေလိုသောအခါ ရောဂါဝေဒနာ မှ ကုသပေးခြင်းမပြုသော်လည်း
သာ၍အကျိုးကြီး သော ဆုကျေးဇူးကို ငါတို့အတွက် ပြင်ဆင်တော်မူ၏။ ထို့ကြောင့်
တမန်တော်ပေါလုက အားနည်းသည့် အ ရာမှာ ခွန်အားနှင့်ပြည့်စုံ၏ဟူ၍
ကျေနပ်နှစ်သက်စွာ သူ့ဝေဒနာကို ဝန်ခံခဲ့လေသည်။
ထို့ကြောင့် ယုံကြည်သူတိုင်း သတိချပ်ရမည့် အရာတစ်ခုမှာ ဘုရားသခင်သည်
မိတ်ဆွေ၏ ရောဂါ ကို တိုက်ရိုက်တို့ထိပြီး တန်ခိုးတော်ဖြင့် အနာငြိမ်းစေ
နိုင်ပါ၏။ ထိုသို့ အနာငြိမ်းခြင်းကို မပေးခဲ့လျှင် ထိုဝေဒ နာကို
အကျိုးရှိအောင် အသုံးပြုနိုင်သည့် တန်ခိုးကို ပေးလိမ့်မည်။
ရွှေလင်းယုန်ငှက်ကို ကြည့်ပါ။ မုန်တိုင်းတိုက် ခတ်သောအခါ အတောင်ကိုဖြန့်၍
မုန်တိုင်းအရှိန်ကို ပင်အားပြုလျက်၊ မုန်တိုင်းအထက် လေပြေလေညှင်း
ရှိရာအရပ်သို့ တက်သွားလေ့ရှိ၏။ ထို့အတူ ငါတို့ခရစ် ယာန်များသည်လည်း
ဤဆင်းရဲခြင်းအပေါင်း၏ အ ဟုန်ကိုပင် အားပြု၍ မြင့်မြတ်ရာသို့တက်၍ ဝိညာဉ်
ခွန်အားကို ရရှိနိုင်ကြလေသည်။ ဤသည်သာလျှင် စစ်မှန်သော
လောကကိုအောင်နည်းဖြစ်သတည်း။
ဘုရားသခင်၏ သားဖြစ်သော မည်သည် ကား လောကကို အောင်တတ်၏။ လောကကို
အောင်ခြင်းအကြောင်းမူကား။ ငါတို့၏ ယုံကြည်ခြင်း ပေတည်း (၁ယော ၅း၄)
ဆင်ခြင်စရာ သင့်အသက်တာဘုရားသခင်၏ သတိပေးချက်
ယနေ့၊ နက်ဖန်၊ ဤမည်သောမြို့သို့ သွားကြ ကုန်အံ့။ ထိုမြို့၌
တစ်နှစ်ပတ်လုံးနေ၍ ကုန်သွယ်သ ဖြင့် အမြတ်ရအောင် ပြုကြအုန်အံ့ဟု
ဆိုတတ်သောသူ တို့ နားထောင်ကြလော့။ နက်ဖန်နေ့၌ အဘယ်သို့ ဖြစ်မည်ကို
သင်တို့မသိကြ။ သင်တို့အသက်သည် အဘယ်သို့သောအရာဖြစ်သနည်း။ ခဏထင်ရှားပြီးမှ
ကွယ်ပျောက်တတ်သော အခိုးအငွေ့ဖြစ်၏။ (ယာကုပ် ၄း၁၃-၁၄)
ချစ်သောမိတ်ဆွေ၊ အထက်ပါဘုရားသခင်၏ သတိပေးချက်အတိုင်း ကျွနု်ပ်တို့အသက်သည်
တ ကယ်တိုတောင်းသော အသက်တာဖြစ်ပါ၏။ ဆန့် သော လက်မကွေးမှီ၊
ကွေးသောလက်မဆန့်မီ ကျွနု်ပ် တို့အသက်သည် ကုန်ဆုံးတတ်ပါသည်။ လွန်ခဲ့သော
(၁၉၉၉)ခုနှစ်ကို ပြန်လည်သုံးသပ်ကြည့်ပါ။ တစ်ချို့ မိတ်ဆွေများ၊
တစ်ချို့ဆွေမျိုးများ၊ တစ်ချို့မောင်နှမများ သေဆုံးခဲ့သည်ကို တွေ့ရပေမည်။
ထို့အပြင် လုပ်ဖော် ဆောင်ဖက် အမှုတော်ဆောင်တစ်ချို့လည်း ခေါ်တော်
မူခြင်းခံရသည်ကို တွေ့ရပေမည်။
သို့သော် စာဖတ်သူမိတ်ဆွေနှင့် ကျွနု်ပ်သည် အသက်မသေဘဲ ကျန်းမာရွှင်လန်းစွာ
ခသ ၂ဝဝဝထဲ ဝင်ရောက်ခွင့်ရခဲ့သည်မှာ ဘုရားသခင်၏ ကျေးဇူး
တော်သက်သက်ကြောင့်ပင် မဟုတ်ပါလော။ ထို့ ကြောင့် မိမိအသက်တာကို
ပြန်လည်ဆန်းစစ်လျက် သုံးသပ်စေလိုပါသည်။
တစ်ချို့လူတို့၏ အထင်
ခသ ၂ဝဝဝထဲသို့ ဝင်စားခွင့်ရသော တစ်ချို့ သောသူတို့သည် ဘုရားသခင်၏
ကျေးဇူးတော်ကို ချီး မွမ်းမည့်အစား အရာခပ်သိမ်းသည် သူတို့၏ ကြိုးစား
လုပ်ကိုင်ခြင်းကြောင့်သာ ဤသို့ အကျိုးခံစားရကြောင်း
ထို့ကြောင့်အဘယ်သူကိုမှ ကျေးဇူးတင်စရာမလို ကိုယ် လုပ်မှ ကိုယ်ရသည်ဟု
ထင်မြင်ယူဆသူများလည်း ရှိ၏။ ထို့ကြောင့် အနာဂတ်ကာလအတွက် ဤသို့
ကြံစည်ကြလေသည်။
ယနေ့၊ မနက်ဖန် ဤမည်သော မြို့သို့သွားမည် ထိုမြို့မှာ
တစ်နှစ်ပတ်လုံးနေပြီး ကုန်သွယ်မည်။ အ မြတ်များများရအောင် လုပ်မည်ဟု
စဉ်းစားကြသည်။ သူတို့စဉ်းစားသည့်အတိုင်းလုပ်လျှင် ရကိုရမည်ဟု ထင်
တတ်ကြသည်။ သို့သော် ဘုရားသခင်က ထိုသို့သော သူများကို သတိပေးထားပါသည်။
လူထင်သည် အ တိုင်း မှန်သောလက္ခဏာရှိသော်လည်း အဆုံး၌ သေ ခြင်း သို့ပို့သော
လမ်းတစ်မျိုးရှိ။ (သုတ္တံ ၁၄း၁၂)
အထင်နှင့်အမြင်
ဤနေရာ၌ အမြင်လွှဲသွားသော ကျမ်းစာထဲရှိ မိသားစုတစ်စုအကြောင်းကို
ဝေငှလိုပါသည်။ အချိန် ကား တရားသူကြီးအုပ်စိုးသော ကာလဖြစ်သည်။ ယုဒ
ပြည်ဗက်လင်မြို့သားဖြစ်သော ဧလိမလက်နှင့် မယား နောမိ၊ သားနှစ်ယောက်
မဟာလုန်နှင့်ခိလျုန်တို့သည် ထာဝရဘုရားကို ကိုးကွယ်သော မိသားစုဖြစ်ကြသည်။
ဘုရားသခင်၏ ဂတိတော်နယ်မြေထဲမှာ နေသောသူ များလည်း ဖြစ်ကြသည်။ သို့သော်
မကြာမီ အစာခေါင်း ပါးခြင်းဘေးသည် ဣသရေလပြည်၌ ဆိုက်ရောက်လာ သောအခါ
ဧလိမလက်နှင့်မိသားစုသည် ဘုရားကို ဆက်လက်အားကိုးမည့်အစား အစားအစာပေါများရာ
မောဘပြည်သည် ဘုရားမဲ့လူမျိုးများ နေထိုင်ရာဒေသ ဖြစ်လေသည်။ ထို့အတူ
ကျွနု်ပ်တို့ယုံကြည်သူများ သည်လည်း ဘုရားသခင်နှင့်မှန်ကန်လျက် ဘုရားထား
ရာနေရာမှာ နေလျက်နှင့် ဒုက္ခပြဿနာနှင့် ကြုံတွေ့ရ သောကာလရှိတတ်လေ၏။ ထိုအခါ
ကျွနု်ပ်တို့သည် ဘုရားသခင်ကို ကိုးစားမည့်အစား ဧလိမလက်မိသားစု ကဲ့သို့
စာတန်လူများကို ကိုးစားမိတတ်လေသည်။
ဧလိမလက်နှင့်မိသားစုသည် မောဘပြည်သို့ သွားလျှင် အစာခေါင်းပါးဘေးမှ
လွတ်မည်ဟု ထင် သည့်အတိုင်း ဆယ်နှစ်တာကာလတွင် အဆင်ပြေခဲ့ပါ ၏။
သို့သော် သားနှစ်ယောက်တို့သည် မယုံကြည် သူ မိန်းမများနှင့်
အိမ်ထောင်ဖက်ခဲ့သည်သာမက ဆယ်နှစ်ခန့်ကြာသောအခါ သားအဖ သုံးယောက်စ လုံး
သေဆုံးခဲ့ရလေသည်။ ထို့ကြောင့် မမျှော်လင့်ဘဲ လင်သားသုံးယောက်စလုံး
သေဆုံးသောအခါ မုဆိုးမ သုံးယောက်ကျန်ရစ်ခဲ့လေသည်။ မောဘပြည်သို့
ပြောင်းရွှေ့လျှင် အဆင်ပြေမည်ဟု ထင်ခဲ့ကြသော် လည်း ယခုမှာမူ
အထင်နှင့်အမြင် တက်တက်စင်လွဲခဲ့ ရလေသည်။
ဤအဖြစ်အပျက်လေးကို သုံးသပ်ကြည့်ပါက လူ့ဘဝအသက်တာသည် တကယ်မပိုင်ကြောင်း
သိရှိ နားလည်ရပါသည်။ ဤဝတ္ထုသည် တကယ့်အဖြစ် အ ပျက်ဖြစ်ပါသည်။ အကယ်၍
ယောကျာ်းသုံးယောက် စလုံး မသေပါက သားသမီးများကြီးပြင်းလာပါက
နောက်ထပ်မယုံကြည်သူများနှင့် အိမ်ထောင်ပြုကြပါ လိမ့်မည်။ ထိုအခါ
သားစဉ်မြေးဆက်ငရဲသို့သာ လားရ မည့်အခြေအနေဆိုးမှ ဘုရားသခင်သည် ယုံကြည်သူ
ယောကျင်္ားများကို အိမ်တော်သို့ သိမ်းယူခဲ့ခြင်းဖြစ်လေ သည်။ ဤသည်မှာ
ဘုရားသခင်၏ မကုန်နိုင်သော ဂရုဏာနှင့်သစ္စာဖြစ်လေ၏။ ဤသို့သောအဖြစ်ကို
ကျွနု်ပ်တို့ဆရာတော် ဦးတင်မောင်ထွန်းက မဆီလျော် သော ကောင်းကြီးဟု
ခေါ်ဆိုထားပါသည်။
ထာဝရဘုရားသည် သနားတော်မူ၍ ကရုဏာတော်သည် မကုန်သောကြောင့် ငါတို့သည်
ဆုံးရှုံးခြင်းသို့ မရောက်ပဲ နေကြ၏။ (မြည် ၃း၂၂)
ကျန်ရစ်သော မုဆိုးမသုံးယောက်ကိုကြည့်ပါ။ နောမိ၏ ချွေးမဩရပေသည် ယောက္ခမကို
နမ်း၍ မိမိတို့အမျိုးတို့ထံပြန်သွား၏။ ရုသမူကား ယောက္ခမ၌
မှီဝဲဆည်းကပ်လျက်၊ ယုဒပြည်ဗက်လင်မြို့သို့ ပြန်လာ ၏။
ချစ်သောမိတ်ဆွေ လူသည် မိမိသွားရာလမ်း ကို စိတ်ထဲမှာ ကြံစည်၏။
သို့သော်လည်း သူ၏ ခြေရာတို့ကို ထာဝရဘုရားစီရင်တော်မူ၏ (သု ၁၆း၉)။
ထို့ကြောင့် မိမိကြံစည်ထားသည့်အတိုင်း အမှန်တကယ်ဖြစ်လာမည်ဟူ၍ တွက်ချက်၍
မရနိုင်။ တစ်ခါတစ်ရံ ဖားကန့်သို့သွားပြီး ကျောက်သွားတူးလျှင်
သိန်းရာချီပြီးရမည်ဟု ထင်သော်လည်း ကျောက်မရဘဲ ငှက်ဖျားရပြီး
ပြန်လာရသူများလည်းရှိ၏။ ထို့ကြောင့် မှန်းချက်နှင့်နှမ်းထွက်မကိုက်ပဲ
စိတ်ပျက်နေသူများ မြောက်များစွာရှိလေသည်။ ထို့ကြောင့် ချစ်သောမိတ် ဆွေ
ဤနှစ်သစ်ထဲမှာ မိမိအသက်တာကို မည်သို့ အသုံးပြုမည်နည်း။
အကယ်၍ မိုးမပြိုဘူး၊ ပြိုသည်ရှိသော်
ကျွနု်ပ်တို့မြန်မာလူမျိုးများအနာဂတ်အတွက် ကြိုတင်ပြင်ဆင်တော့မည်ဆိုလျှင်
အကယ်၍ မိုးမပြို ဘူး၊ ပြိုသည်ရှိသော် မည်သို့ပြင်ဆင်မည်နည်းဟူ၍
ပြောဆိုတတ်ကြလေ၏။ ပြောဆိုသည့်အတိုင်းလည်း အဆိုး၊ အကောင်းများကို
ထည့်တွက်ပြီး ကြိုတင်ပြင် ဆင်မှုများ လုပ်ကြလေသည်။ ချစ်သောမိတ်ဆွေ၊
လောကအရာများအတွက် ဤသို့ဖြင့် ကြိုတင်ပြင်ဆင် တတ်ကြသည်မှန်လျှင်
ကျွနု်ပ်တို့အသက်တာအတွက် ဤသို့ဖြင့် ကြိုတင်ပြီး ပြင်ဆင်ဖို့သာ၍
မသင့်ပေဘူးလား။
အဘယ့်ကြောင့်ပြင်ဆင်စရာလိုပါသနည်း။
ကျွနု်ပ်တို့အသက်တာသည် ကျွနု်ပ်မပိုင်သော ကြောင့် ကြိုတင်ပြင်ဆင်ဘို့
အမှန်လိုအပ်ပါသည်။ ကျမ်းစာ၌ ပရောဖက်ဟာနနိအကြောင်းကို လေ့လာ လျှင်
ဝမ်းနည်းဖွယ်ရာအဖြစ်များ တွေ့ရပေမည်။ သူ သည် ဣသရေလလူတို့အား
မုသာ၌သာခိုလှုံတတ်မည့် အကြောင်း ပြုတတ်၏။ ဘုရားသခင်စေလွှတ်သော
ပရောဖက်မဟုတ်။ ထို့ကြောင့် ထာဝရဘုရားမိန့်တော် မူသည်ကား သင်သည်
ထာဝရဘုရားကို ပုန်ကန် စေခြင်းငှာ သွန်သင်သောကြောင့် သင့်ကို မြေပြင်မှ
ငါပယ်ရှင်းမည်။ ယခုနှစ်တွင် သင်သည် သေရမည်ဟု ပရောဖက်ဟာနနိအား
ယေရမိမိန့်ဆို၏။ ထိုသို့နှင့် အညီ ပရောဖက်ဟာနနိသည် ထိုနှစ်တွင် သတ္တမလ၌
သေလေ၏။ (ယေရမိ ၂၈း၁၂-၁၇)
ချစ်သောမိတ်ဆွေ သင်နှင့် ကျွနု်ပ်ကို ဘုရား သခင်သည် ဟာနနိကဲ့သို့ ယခုနှစ်
ခသ ၂ဝဝဝအတွင်း တွင် သေရမည်ဟု မိန့်ဆိုခဲ့လျှင် ကျွနု်ပ်တို့ဘာလုပ်ကြ
မည်နည်း။ ယခုနှစ်တွင် အမှန်သေမည်ကို သိမည်ဆို လျှင်
ကြီးကျယ်သောအဆောက်အဦးကို ဆောက်ပါ ဦးမည်လော။ ဈေးဆိုင်များကို
တိုးချဲ့ပြီး ဖွင့်လှစ်ဦး မည်လော။ ဆင်ခြင်ကြည့်ပါ။ ကျမ်းစာ၌ သူ့ဝိညာဉ်အ
တွက် မိုက်မဲစွာ ပြင်ဆင်သော သူဌေးတစ်ဦးကို တွေ့ ရ၏။ ထိုသူဌေးက ငါသည်
အဘယ်သို့ပြုရမည်နည်း။ အသီးအနှံများကို သိုထားစရာအရပ်မရှိ။ ပြုမည့်အကြံ
မူကား ငါ့တိုက်များကို ဖျက်၍ ကျယ်သော တိုက်တို့ကို တည်ပြီးမှ
ငါ့အသီးအနှံဥစ္စာရှိသမျှကို ထားမည်။ ငါ့ ဝိညာဉ်အားလည်း အချင်းဝိညာဉ်
သင်သည် နှစ် ပေါင်းများစွာ သုံးဆောင်ရန် သိုထားလျက်ရှိပြီ။ ငြိမ်ဝပ်
စွာနေလော့။ စားသောက်ခြင်း၊ ပျော်မွေ့ခြင်းကို ပြု လော့။ ငါပြောမည်ဟု
သူဌေးအကြံရှိ၏။ ထိုသို့ အကြံ ရှိစဉ်တွင် ဘုရားသခင်က အချင်းလူမိုက်၊
ယနေ့ညဉ့် ပင် သင်၏ ဝိညာဉ်ရုပ်သိမ်းရန် အချိန်ရောက်လိမ့် မည်။ သို့ဖြစ်၍
သင်သည် ပြင်ဆင်သိုထားသော ဥစ္စာ ကို အဘယ်သူပိုင်မည်နည်းဟု သူဌေးအား
မိန့်တော်မူ ပါသည်။ ထို့ကြောင့် သူဌေးသည် အကြံအစည်နှင့် ပြင်ဆင်မှုသည်
လောကဥစ္စာ၊ ဘဏ္ဍာများစွာရှာ ဖွေသိုထားလျှင် သူ့ဝိညာဉ်အတွက် အကျိုးရှိလိမ့်မည်
ဟု မှားယွင်းစွာ ယူဆခဲ့၏။ ထို့ကြောင့် ဘုရားသခင်က ထိုသူကို လူမိုက်ဟု
ခေါ်တွင်ခြင်းဖြစ်လေ၏။ ထိုသူဌေး သည် သေရမည့်နေ့ကို မစဉ်စား ဥစ္စာရွှေ
ငွေရှိလျှင် ထာဝရ အသက်ရှင်သန်နိုင်မည်ဟု ထင်ခဲ့၏။ ထို့ ကြောင့်
ဥစ္စာပစ္စည်းကိုသာ ဦးစားပေးရှာနေခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် ခရစ်တော်က
ထိုသို့သောလူတို့အား စည်းစိမ်ရှိသော် လည်း စည်းစိမ်၌ အသက်မတည်ဟု
မိန့်တော်မူခဲ့၏။ (လု ၁၂း၁၅)
ချစ်သောမိတ်ဆွေ ကျွနု်ပ်တို့သည်လည်း ဟာန နိကဲ့သို့ ယခုနှစ်တွင်
သေဆုံးနိုင်ပါ၏။ သူဌေးကြီး ကဲ့သို ယနေ့ညတွင် ဘုရားသခင်က ကျွနု်ပ်တို့အသက်
ကို နှုတ်ပစ်နိုင်ပါသည်။ ကျွနု်ပ်တို့အသက်တာကို ကျွနု်ပ်တို့မပိုင်ပါ။
ယနေ့ကြိုးစားပြီး ရှာဖွေစုဆောင်း နေသော ဥစ္စာပစ္စည်းများ သေဆုံးသွားသောအခါ
ပါ မသွားနိုင်ပါ။
အကြောင်းမူကား ငါတို့သည် ဤလောကထဲ သို့ အဘယ်အရာမျှမပါဘဲ လာသည်ဖြစ်၍
ထွက်သွား လျှင်လည်း အဘယ်အရာကိုမျှယူ၍ မသွားနိုင်ဟု ထင်ရှားလျက်ရှိ၏။ (၁တိ
၆းရ)
သို့ဖြစ်၍ မည်သို့ပြုကြမည်နည်း။
တမန်တော်တို့၏အသက်တာ
တမန်တော်ပေတရုသည် စုတေပြီးနောက် သူဟောပြောခဲ့သော သမ္မာတရားကို
ယုံကြည်သူများ မှတ်မိစေခြင်းငှာ ကြိုးစားအားထုတ်ခဲ့ပါ၏။ (၂ပေ ၁း၁၂-၁၅)
တမန်တော် ရှင်ပေါလုသည် ဘုရားချမှတ်ပေး ထားသော ပြေးလမ်းကို
အဆုံးတိုင်ပြေးခဲ့ကြောင်း ယုံကြည်ခြင်းတရားကို စောင့်ရှောက်ခဲ့ကြောင်း
ကောင်းစွာ သော တိုက်လှန်ခြင်းကို ပြုခဲ့ကြောင်း ယခု စုတေရသော်လည်း
သူ့အတွက် ဓမ္မသရဖူသိုထား လျက်ရှိကြောင်း အတည့်အလင်း သက်သေထား ခဲ့ပါ၏။ (၂တိ
၄း၆-၈)
ချစ်သော စာဖတ်သူ သင်နှင့်ကျွနု်ပ် အသက် တာကို ပြန်လည်ဆင်ခြင်ကြည့်ရအောင်။
ငါတို့အတွက် အသက်ပေးခဲ့သော ဘုရားရှင်အတွက် ဤနှစ်သစ်မှာ ကျွနု်ပ်တို့
မည်သို့ပြုမူကြမည်နည်း။ ဧဝံဂေလိတရား ဟောပြောခြင်းအားဖြင့်ゞင်း၊
ဘုရားအမှုတော်ဆောင် များအား ပံ့ပိုးခြင်းအားဖြင့်ゞင်း၊
မိမိပိုင်ဆိုင်သောဥစ္စာ များကို ဆင်းရဲသားတို့အား ဝေမျှခြင်းအားဖြင့်ゞင်း၊
ကျန်ရှိသော အသက်တာကို အသုံးခံကြပါစို့။
ငါမသေရသေး။ အသက်ရှင်၍ ထာဝရဘုရား ၏ အမှုတော်တို့ကို ကြားပြောရဦးမည်။
(ဆာလံ ၁၁၈း ၁၇)
စစ်မှန်သော မိတ်သဟာယ
ယနေ့လက်ရှိ ခရစ်ယာန်များ၊ ယုံကြည်သူများ မိတ်သဟာယဆိုပြီး
မိတ်သဟာယအဖွဲ့အစည်းအမျိုး မျိုးဖွဲ့စည်းကြသည်ကို တွေ့ရ၏။ တစ်ချို့မှာ
ခရစ် တော်ကို မိမိကယ်တင်ရှင်အဖြစ် လက်မခံသော ခရစ်ယာန်များ တချို့မှာ
သုံးပါးတလုံးတဝတည်းကို လက်မခံသော ခရစ်ယာန်များ တချို့မှာ ကျမ်းစာရှိ
သမျှသည် ဘုရားနှုတ်ကပတ်တော် ဖြစ်သည်ဟု လက် မခံသော ခရစ်ယာန်များဖြစ်ကြ၏။
ယုံကြည်သော သူများသည် ထိုသို့သော နာမည်ခံခရစ်ယာန်များနှင့် မိတ်သဟာယ
ဖွဲ့သင့်ပါသလောဟု မေးမြန်းစရာများ ရှိပါသည်။
တချို့က ဤသို့ခံယူကြသည်။ ]]သူဘယ်လိုဘဲ ယုံယုံ၊ သူ့ခံယူချက်နှင့်သူ
ယုံကြည်ပါ ငါတို့လဲ ကိုယ့်ခံ ယူချက်နှင့်ကိုယ်ပဲ။ ဘာဘဲဖြစ်ဖြစ် သူ့ဆီက
ကောင်း တာတွေယူပြီး မကောင်းတာတော့ ပယ်လိုက်မှာပေါ့}} ဟူ၍ ခံယူသော
သူများလည်းရှိသည်။ ဟုတ်ပါပြီ။ ဒါက မိတ်ဆွေရဲ့အတွေးအခေါ် အယူအဆဖြစ်ကောင်း
ဖြစ်ပါလိမ့်မည်။ သို့သော် ဘုရားသခင်၏ သမ္မာကျမ်း စာနှင့် ကိုက်ညီ၊
မကိုက်ညီကို ကျမ်းစာအားဖြင့် လေ့ လာကြည့်ကြပါစို့။
မိတ်သဟာယဖွဲရမည့်သူများ
၁။ ခမည်းတော်နှင့်သားတော် (၁ယော ၁း၁၃)
ကျွနု်ပ်တို့ ယုံကြည်သူများသည် ကောင်းကင် အဖတည်းဟူသော ခမည်းတော်နှင့်
မိတ်သဟာယဖွဲ့ရ ပါမည်။ အဘယ့်ကြောင့်ဆိုသော် ကောင်းမြတ်စုံလင် သော
ဆုကျေးဇူးရှိသမျှတို့သည် အလင်းတို့၏ အဘထံ တော်က
သက်ရောက်သည်ဖြစ်၍အထက်အရပ်မှလာ ကြ၏။ ထိုအဘသည် ရွေ့လျော့တိမ်းခြင်းမရှိ။
ပြောင်း လဲခြင်း အရိပ်နှင့် ကင်းလွတ်တော်မူ၏ (ယာကုပ် ၁း၁၇)။
ကျွနု်ပ်တို့သည် သားတော်ကို ယုံကြည် လက်ခံ ခြင်းမရှိဘဲ၊ သားတော်ကို
ကျော်ပြီး ခမည်းတော်ကို မသိနိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် သားတော်ကို
ငြင်းပယ်သောသူ မည်သည်ကား ခမည်းတော်ကိုမ သိ။ သားတော်ကို ဝန်ခံသောသူ
မည်သည်ကား ခမည်းတော်ကိုသိ၏ (၁ယော ၁း၂၃)။ ထို့ကြောင့် ကျွနု်ပ်တို့
ယုံကြည်သူများသည် ခမည်းတော်နှင့်ゞင်း၊ သားတော်ယေရှုခရစ်နှင့်ゞင်း
မိတ်သဟာယဖွဲ့ရမည်။
၂။ ယုံကြည်သူအချင်းချင်း မိတ်သဟာယဖွဲ့ရမည် (၁ယော ၁း၃)
သင်တို့သည် ငါတို့နှင့် မိတ်သဟာယဖွဲ့စေခြင်း ငှာ ငါတို့ကြားမြင်ရသော
အရာကို သင်တို့အား ပြသ ကြ၏။ လူအချို့တို့၏ ထုံးစံရှိသည့်အတိုင်း အချင်း
ချင်း စည်းဝေးခြင်းအမှုကို မရှောင်မလွွှဲကြနှင့်။ အချင်း ချင်းတို့ကို
တိုက်တွန်းနှိုးဆော်ကြလော့။ ကာလအချိန် ရောက်လုသည်ကို ထောက်သဖြင့်သာ၍
ကြိုးစားကြ လော့ (ဟေဗြဲ ၁ဝး၂၅)။ ကျွနု်ပ်တို့ယုံကြည်သူများ
တစ်ယောက်နှင့်တစ်ယောက်မေတ္တာစိတ်ရှိစေခြင်းငှာ ゞင်း၊
တိုက်တွန်းနှိုးဆော်ရသောအခွင့်ရရှိအောင် မိတ် သဟာယသည်
မရှိမဖြစ်လိုအပ်ပါသည်။ သို့ဖြစ်လျှင် စစ်မှန်သော မိတ်သဟာယကို
မည်သို့ဖွဲ့နိုင်မည်နည်း။ ဘုရားသခင်သည် အလင်းဖြစ်တော်မူ၏။ ဘုရားသခင် သည်
အလင်း၌ရှိတော်မူသကဲ့သို့ ငါတို့သည် အလင်း၌ ကျင်လည်လျှင် အချင်းချင်း
မိတ်သဟာယဖွဲ့ပြီးသား ဖြစ်လေသည် (၁ယော ၁းရ)။ ချစ်သောမိတ်ဆွေ၊ သင်သည်
ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ပြီဟု ဆိုလျက်ပင် မှောင်မိုက်(ဒုစရိုက်)၌
ကျင်လည်လျှင် သစ္စာတရားကို မကျင့်၊ မုသာကို သုံးသောသူဖြစ်၏ (၁ယော ၁း၆)။
ချစ်သောမိတ်ဆွေ၊ စစ်မှန်သော မိတ် သဟာယဆိုသည်မှာ တပတ်တကြိမ် အစည်းအဝေး
တက်ရောက်ပြီး အတူတကွ တွေ့ဆုံ စကားပြောခြင်း သက်သက်မဟုတ်ပါ။
နေ့စဉ်နှင့်အမျှ ဘုရာသခင်၏ အလင်း၌ကျင်လည်အသက်ရှင်ခြင်းဖြစ်ပါသည်။ တချို့က
တစ်ပတ်တာလုံး ကိုယ်လုပ်ချင်တဲ့ ဒုစရိုက်၌ ကျင်လည်ပြီး တနင်္ဂနွေတရက်
ယုံကြည်သူများနှင့် လာရောက်ဆုံဆည်းဝတ်ပြုခြင်းကို မိတ်သဟာယ ဖွဲ့ခြင်း
ဖြစ်သည်ဟု အမှားထင်နေသူများရှိလေသည်။ ဤသို့သော မိတ်သဟာယကို
ဓမ္မဟောင်းကျမ်းမှာ တွေ့နိုင်ပါသည်။ ဧဖရိမ်သည် တပါးအမျိုးသားတို့နှင့်
ပေါင်းဖော်ရောနှော လျက်ရှိ၏။ (ဟောရှေ ရး၈)။ ဧဖရိမ်လူတို့သည် မယုံကြည်သော
တပါးအမျိုးသားတို့ နှင့် ပေါင်းဖော်ပြီး တဖက်မှာ ဘုရားသခင်ကိုလည်း
ဝတ်ပြုကိုးကွယ်ကြသည်။ ဆုတောင်းသည်။ တဖက်မှာ ဗေဒင်တွက်သည်။ တဖက်မှာ
ကျမ်းစာဖတ်သည်။ တဖက်မှာ မိမိဉာဏ်ကို အမှီပြုပြီး အသက်ရှင်သည်။ တမျက်နှာသာ
ဖုတ်ပြီးမလှန်သော မုန့်ကဲ့သို့ ဖြစ်၏။ တဖက်မှာ ဒုစရိုက်ပြုသည်။ တဖက်မှာ
ဘုရားရှိခိုး သည်။ ဤမုန့်ကား တဖက်မှာကျက်ပြီး တဖက်မကျက် သော
မုန့်ဖြစ်ပါသည်။ စား၍မရပါ။ တချို့ခရစ်ယာန် များ အသက်တာကို ကြည့်လျှင်
ဘုရားကို ရိုသေသလို လိုနှင့် ဘုရားကျောင်းလာသည်။ အလှူငွေလည်းပေး သည်။
ဂုဏ်တော်လည်း ချီးမွမ်းသည်။ ဘုရားကို ဝတ်ပြု ကိုးကွယ်သည်။
ဘုရားကျောင်းမှ အပြန်မှာ ဆေးလိပ်သောက်၊ ကွမ်းယာစား၊ သူများနှင့်ရန်ဖြစ်၊
လုပ်ချင်တာလုပ်တတ် သော ခရစ်ယာန်များရှိသည်။ ဝမ်းနည်းစရာကောင်း သည်မှာ
သူ့အပြော၊ သူ့သက်သေခံချက်နှင့် သူ့အ သက်တာမှာ တခြားစီဖြစ်နေတတ်ပါ၏။
ထို့ကြောင့် ဘုရားသခင်က ]]မိတ်သဟာယဖွဲ့သောအခါ မုသာ စကားကိုသာ
ပြောတတ်ကြ၏။}}ဟု ပရောဖက် ဟောရှေ အားဖြင့် မိန့်ဆိုခဲ့ပါသည်။ (ဟောရှေ
၁ဝး၄)
ချစ်သောမိတ်ဆွေ မိတ်သဟာယဖွဲ့ဘို့မလာမီ သင်၏အသက်တာသည် အလင်း၌ကျင်လည်ပါ သ
လား။ သန့်ရှင်းခြင်းပါရမီမရှိလျှင် အဘယ်သူမျှ ထာဝ ရဘုရားကို မဖူးမမြင်ရ
(ဟေဗြဲ ၁၂း၁၄)။ ချစ် သော မိတ်ဆွေဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ရန် ရောက်
လာလျှက်နှင့် ဘုရားသခင်၏ မျက်မှောက်တော် ဘုရားသခင်၏ တန်ခိုးတော်နှင့်
ထိတွေ့ခြင်းမရှိပါက ထိုမိတ်သဟာယသည် အချည်းနှီး သက်သက် ဖြစ်၏။
ဤအကြောင်းကို အရှင်ယေရှု ခရစ်အနေဖြင့် ပရော ဖက်ဟေရှာယဟောပြောခဲ့သော
အချက်ကို အမှီပြုပြီး မိန့်မှာခဲ့သည်။ ဤလူမျိုးသည် နှုတ်ခမ်းနှင့် ငါ့ကို
ရိုသေ ကြ၏။ စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။ လူတို့စီရင် သော ပညတ်တို့ကို
သွန်သင်၍ နည်းဥပဒေသပေး လျက်ပင် ငါ့ကို အချည်းနှီးကိုးကွယ်ကြ၏။ (မာကု
ရး၆-၇)။ ဟေရှာယ (၂၉း၁၃)။ ထို့ကြောင့် နာခံ ခြင်းမပါသော ကိုးကွယ်ခြင်းသည်
အချည်းနှီး ဝတ်ပြု ခြင်းသာဖြစ်၏။
မိတ်သဟာယကို ဂရိလို (ုသငညသညငေ) ဃသာကညငသည ဟု ခေါ်ပါသည်။
ဓမ္မသစ်ကျမ်းမှာ(၁၉)ကြိမ် တိတိပါဝင်ကြောင်း တွေ့ရပါသည်။ ဤသို့ မိတ်သဟာ
ယဖွဲ့ရာ၌ ခမည်းတော်ဘုရားနှင့် သားတော်ဘုရား အပြင် အချင်းချင်း
မိတ်သဟာယဖွဲ့ဘို့ ဖော်ပြခဲ့ပါ သည်။ ထို့အပြင် ဝိညာဉ်တော်နှင့်လည်း
မိတ်သဟာယ ဖွဲ့ရန်လိုသည်။
၃။ ဝိညာဉ်တော်နှင့် မိတ်သဟာယဖွဲ့ခြင်း
(ဖိ ၂၂း၁)
ထို့ကြောင့် ခရစ်တော်၌သက်သာခြင်း၊ မေတ္တာ နှင့် စပ်ဆိုင်သော ချမ်းသာခြင်း
ဝိညာဉ်တော်နှင့်မိတ် သဟာယဖွဲ့ခြင်း၊ သနားစုံမက်ခြင်းတည်းဟူသော
အရာတစ်စုံတစ်ခုရှိလျှင် သင်တို့သည် အချင်းချင်း ချစ်ကြ၍ စိတ်မကွဲမပြားစေဘဲ
တစ်လုံးတစ်ဝတည်း ကြံစည်ခြင်းနှင့်တကွ သဘောတညီတညွတ်တည်းရှိ သောအားဖြင့်
ငါဝမ်းမြောက်စရာ အကြောင်းကို စုံလင်စေကြလော့။ ကျွနု်ပ်တို့ယုံကြည်သူတိုင်း
အချိန် တိုင်း၊ နာရီတိုင်းမှာ ဝိညာဉ်တော်နှင့် မိတ်သဟာ ယ ဖွဲ့လျှက်
ဝိညာဉ်တော်၏ အုပ်စိုးမှုအောက်မျာ နေကြ မည်ဆိုလျှင်
အချင်းချင်းကွဲပြားစရာအကြောင်း မရှိ နိုင်ပါ။ တလုံးတဝတည်းဖြစ်လျက်
ဘုရားသခင် ဝမ်း မြောက်စေသောသူများ ဖြစ်ပေလိမ့်မည်။
၄။ ခရစ်တော်၏ ဆင်းရဲခြင်းကို ဆက်ဆံ (မိတ်သဟာယဖွဲ့ခြင်း) ဖိ ၃း၁၁
တချို့ယုံကြည်သူများ မိတ်သဟာယလာသော အခါ ခရစ်တော်အတွက် ပေးဆပ်မည့်အစား
တစုံ တခုကို အမြတ်ထုတ်ရန် (ဝါ)အကျိုးတစုံတခု ရရှိရန် သာ လာကြသည်။
မိတ်သဟာယဖွဲ့သောအခါ ခရစ် တော်ထံမှ ကောင်းကြီးရဘို့ရန်မှာ သေချာလှသည်။
ခရစ်တော်ထံမှလာသော ကောင်းကြီးကို ခံစားလျှင် ခရစ်တော်၏ ဆင်းရဲဒုက္ခကိုလည်း
ဆက်ဆံရန် တမန် တော် ပေါလုက တိုက်တွန်းထားပါသည်။ ဆင်းရဲဒုက္ခ ကို
ငါခံရစဉ်အခါ သင်တို့သည် ငါနှင့်ဆက်ဆံသော အားဖြင့်
ကောင်းမွန်စွာပြုကြပြီ(ဖိ ၄း၁၄)။ ယနေ့ ယုံကြည်သူသားသမီးများသည်
ဆင်းရဲဒုက္ခကို မျှပြီး အတူတကွခံခြင်း၌လည်း မိတ်သဟာယပြုဘို့ လို သည်။
အိမ်သစ်တက်ပွဲ၊ မွေးနေ့ကျေးဇူးတော် ချီးမွမ်း ခြင်းစသည့်
ကျေးဇူးတော်ချီးမွမ်းခြင်းများ၌ ပါဝင် မိတ်သဟာယဖွဲ့ရန်မှာ လွယ်ကူလှပါသည်။
သို့သော် ဆေးရုံတက်နေသော လူနာကို တညလောက် အတူ အိပ်စောင့်ဘို့ ကျွနု်ပ်တို့
ဆန္ဒမရှိတတ်ကြပါ။ ခေါ် တော်မူခြင်းခံရသော ယုံကြည်သူမိသားစုနှင့် တညတာ
အတူတကွထိုင်ပြီး အိပ်ရေးအပျက်ခံရန် ဝန်လေး တတ်ကြပါသည်။
ချစ်သောမိတ်ဆွေ ခရစ်တော်ကို ယုံကြည် လက်ခံခဲ့သောကြောင့် အနှင်ထုတ်ခံရသော
ယုံကြည် သူ ညီအစ်ကိုများကို တွေ့ဘူးပါသလား သူတို့အတွက် နေစရာ၊ စားစရာ၊
ဝတ်စရာများ လိုအပ်နေပါသည်။ သူတို့၏ ဆင်းရဲကိုမျှခံပြီး
ဆက်ဆံမိတ်သဟာယဖွဲ့ဘို့ ထိုသူအား မိမိအိမ်သို့ခေါ်ဆောင်ဘူးပါသလား။ ဆင်း
ရဲဒုက္ခကို ငါခံရစဉ်အခါ သင်တို့သည် ငါနှင့်ဆက်ဆံ သောအားဖြင့်
ကောင်းမွန်စွာပြုကြပြီဟု ခရစ်တော် ပြောစကားကို သတိရစေလိုပါသည်။
ငါပေါလုသည် ထို (ဧဝံဂေလိ)တရားကို ဟော ပြောသောဆရာဖြစ်သည်နှင့်
သင်တို့အဘို့လို့ငှာ ဆင်း ရဲခံခြင်း၌ ယခုဝမ်းမြောက်၍ ခရစ်တော်၏ ဆင်းရဲ
ဒုက္ခအြွကင်းအကျန်ကို အသင်းတော်တည်းဟူသော ကိုယ်တော်အဘို့အလို့ငှာ
ငါ့ကိုယ်ခန္ဓာ၌ ပြည့်စုံ စေ၏ (ကော ၁း၂၄)။ ထိုတရားကြောင့် ငါသည်
လူဆိုးကဲ့သို့ ချည်နှောင်ခြင်းကို ခံသည့်တိုင်အောင် ဆင်းရဲဒုက္ခကို ခံရ၏။
(၂တိ ၂း၉) ထမ်းရွက်စရာဝန်ချင်းတို့ကို အချင်း ချင်းကူညီ၍
ထမ်းရွက်သောအားဖြင့် ခရစ်တော်၏ တရားကို ကျင့်ကြံလော့ (ဂလာတိ ၆း၂)။
တမန်တော် ပေါလုအနေဖြင့် ယုံကြည်သူအချင်းချင်း ထမ်းရွက်ရ သော
ဒုက္ခဆင်းရဲဝန်ထုပ်များကို ကူညီ၍ ထမ်းကြဘို့ မိန့်မှာသည်သာမက တစ်ယောက်၏
အားနည်းချက်၊ အပြစ်ထဲ၌ လဲပြိုခြင်း၌လည်း တစ်ယောက်နှင့် တစ် ယောက်
စာနာထောက်ထားခြင်းရှိဘို့ မိန့်မှာနေခြင်း ဖြစ်ပေသည်။ ချစ်သောမိတ်ဆွေ
အပြစ်ထဲ၌လဲသွား သော ညီအစ်ကိုအတွက် အစာရှောင်ပြီး ဆုတောင်း ပေးပါသလား။
သို့မဟုတ် သူ့အားနည်းချက်အတွက် ဝေဖန်အပြစ်တင်နေပါသလား။ ထိုသို့သော
ညီအစ်ကို ထံသွားပြီး သူ့အားနည်းချက်ထဲမှာ ရောယှက်ပါဝင် လျက်
အားပေးနှစ်သိမ့်ဘူးပါလား။ ဤသို့သော မိတ်သဟာယမျိုးကို ကျွနု်ပ်တို့၌
လိုအပ်ပါသည်။
ရှောင်ရမည့်သူများ
၁။ ခရစ်တော်၏ ဒေသနာမပါသူ
ခရစ်တော်၏ ဒေသနာမပါသောသူသည် သင်တို့ထံသို့လာလျှင် သူ့ကို သင့်အိမ်၌
လက်မခံနှင့်။ မင်္ဂလာရှိစေသောသူ နှုတ်မဆက်နှင့်။ (၂ယော ၁း၁၀-၁၁) ခရစ်တော်၏
ဒေသနာဆိုသည်မှာ ယေရှုသည် ဘုရားသခင်၏ သားတော်ဖြစ်သည်ကို ဝန်ခံသောသူ
မည်သည်ကား ဘုရားသခင်သည်လည်း ထိုသူ၌တည် တော်မူ၏ဟူသော အချက်ဖြစ်လေသည် (၁ယော
၄း၅)။ တချို့ထာဝရဘုရားကို ယုံကြည်ကိုးကွယ်သော် လည်း သားတော်ယေရှုခရစ်သည်
လူ့ဇာတိအဖြစ်ကို ခံယူသော ဘုရားသားတော်ဖြစ်ကြောင်းကို လက်မခံ ကြပါ။
လူ့ဇာတိအားဖြင့် ြွကလာတော်မူသော ယေရှု ခရစ်တော်ကို ငြင်းပယ်သောသူသည်
အန္တိခရစ်ဖြစ်၏ (၂ယော ၁းရ)။ ထို့ကြောင့် ထိုသို့သော ယုံကြည်သူ
ခရစ်ယာန်ဟန်ဆောင်သူများနှင့် မိတ် သဟာယမဖွဲ့ရ။ မင်္ဂလာရှိစေသောဟု ထိုသူကို
နှုတ်မဆက်ရ (၂ယော ၁း၁၀-၁၁)။ ထိုသူတို့ကို ရှောင်ရမည်။
၂။ ဒုစရိုက်လုပ်လျက်ရှိသော ညီအစ်ကိုများ
ယေရှုခရစ်ကို မိမိကယ်တင်ရှင်အဖြစ် လက်ခံ ပြီးသော်လည်း ဒုစရိုက်ထဲမှာ
ဆက်လက်ကျင်လည်နေ သော ညီအစ်ကို တချို့ကို တွေ့ပေလိမ့်မည်။ ကျမ်းစာ က ဤသို့
သတိပေးထားပါသည်။ ညီအစ်ကိုဟု ခေါ် ဝေါ်သော်လည်း မတရားသော မေထုန်၌မှီဝဲခြင်း၊
လောဘ လွန်ကျူးခြင်း၊ ရုပ်ထုကို ကိုးကွယ်ခြင်း၊ ဆဲရေး ကဲ့ရဲ့ခြင်း၊
သေရည်သေရက်နှင့် ယစ်မူးခြင်း၊ အနိုင် အထက်လုယူခြင်းမှစ၍ ထိုအမှုကို
ပြုသောသူနှင့် အတူ မပေါင်းဖော်ရသည်သာမက ထိုသူနှင့်အတူ စားသောက်ခြင်း
ကိစ္စကိုမျှ မပြုရဟု ငါရေးသား၍ ပညတ်၏။ (၁ကော ၅း၁၁) ဤသို့
ကျင့်ကြံပြုမှုလျက်ရှိ သော ယုံကြည်သူများကို ရှောင်ရမည်။
၃။ သင်းခွဲသူများကို ရှောင်ရမည်။
သင်းခွဲသူကို နှစ်ကြိမ်မြောက်အောင် ဆုံးမပြီးမှ ပယ်ရှားနှင်ထုတ်လော့။
ထိုသို့သောသူသည် ကိုယ်အ ပြစ်ကို သိလျက်ပင် အပြစ်ပြု၍ မှောက်လှန်သော
စိတ်ရှိသောသူဖြစ်သည် (တိတု ၃း၁၀-၁၁)။
ညီအစ်ကိုတို့ သင်တို့ခံရပြီးသော ဆုံးမဩဝါဒ နှင့် ဆန့်ကျင်ဖက်ဖြစ်သော
သင်းခွဲခြင်း၊ မှားယွင်းခြင်း အကြောင်းကို ပြုတတ်သော သူတို့ကို
မှတ်၍ရှောင်ကြ လော့ဟု ငါသတိပေး၏။ အကြောင်းမူကား ထိုသို့ သောသူတို့သည်
ငါတို့သခင်ယေရှုခရစ်၏အမှုကို မ ဆောင်ရွက်ဘဲလျက် မိမိတို့ဝမ်း၏ အမှုကိုသာ
ဆောင် ရွက်၍ လောကဝတ်စကားနှင့်ချော့မောသော စကား အားဖြင့် စိတ်ကောင်းသော
သူတို့ကို လှည့်ဖြားတတ် ကြ၏ (ရောမ ၁၆း၁၇-၁၈)။
ゞင်းအပြင် ယုံကြည်ခံယူချက် (ီသခအမငညန)တူ လျက်နှင့်
မိမိထောက်ပံ့ကြေးရရှိလိုသော ဆန္ဒကြောင့် အသင်းခွဲချင်သော
သူများရှိတတ်သည်။ ဤသို့သော အမှုတော်ဆောင်တို့သည် သခင်ခရစ်တော်၏ အမှု
တော်ကို အမှန်တကယ်ဆောင်ရွက်သူများမဟုတ်။ မိမိ တို့ ဝမ်းဗိုက်အတွက်
အမှုဆောင်များသာဖြစ်သည်။ (ှစသညျသမ) ရရှိချင်သော ဆန္ဒကြောင့် သင်းခွဲလုပ်
ဆောင်သော သူများကို မပေါင်းဖော်ရ၊ ရှောင်ရမည်။
ချစ်သော မိတ်ဆွေ ဒါဝိဒ်မင်းက မည်သို့မိန့်မှာ ထားပါသနည်း။ ကိုယ်တော်ကို
ကြောက်ရွံ့သောသူ ပေးတော်မူသော ဩဝါဒကို နားထောင်သောသူရှိသမျှ တို့နှင့်
အကျွနု်ပ်ပေါင်းဖော်တတ်ပါ၏ (ဆာ ၁၁၉း၆၃) ဟုဆိုထားပါသည်။
ထို့ကြောင့် စစ်မှန်သော မိတ်သဟာယဆိုသည် မှာ လူမျိုးရေးနှင့်မဆိုင်၊
အဆင့်အတန်းနှင့် ဂိုဏ်းဂန နှင့်လည်း မဆိုင်ပါ။ သမ္မာတရားအတုငိ်း နာခံအသက်
ရှင်ပြီး ထာဝရဘုရားကို ကြောက်ရွံ့လျက် ဒုစရိုက်ကို မုန်းသောသူတိုင်း
မိတ်သဟာယဖွဲ့နိုင်ပါသည်။ အချုပ် ဆိုရသော် စစ်မှန်သော
ဘုရားသခင်သားသမီးတိုင်း သည် ကောင်းကင်ပေါ်မြေကြီးပေါ်မှာရှိသော တအိမ်
ထောင်လုံးတည်းဟူသော သားတော်အပေါင်းတို့၏ အချုပ်အခြာဖြစ်တော်မူသော
ငါတို့သခင်ယေရှုခရစ်၌ မိတ်သဟာယဖွဲ့ရန် လိုအပ်ပါသည်။ ဤစာစောင်ဖတ်
ရှုသူတိုင်း သခင်ယေရှုခရစ်၏ ကျေးဇူးတော်ကိုゞင်း ဘုရားသခင်၏
မေတ္တာတော်ကိုゞင်း သန့်ရှင်းသော ဝိညာဉ်တော်၏ မိတ်သဟာယဖွဲ့ခြင်းကိုゞင်း
သင်တို့ အပေါင်း၌ ရှိပါစေသော။
မစိုးရိမ်နှင့်
ဘုရားသခင်၏ သတိပေးချက်
ကျမ်းစာတစ်အုပ်လုံးမှာ စိုးရိမ်ကြောက်ရွံ့ခြင်း မရှိနှင့်ဟူသော
စကားပေါင်း(၃၆၅)ကြိမ်ပါရှိကြောင်း ဓမ္မပညာရှင်များက လေ့လာတွေ့ရှိထားပါသည်။
ဘုရားသခင်သည် အဘယ့်ကြောင့် ဤသို့အကြိမ်ကြိမ် သတိပေးမိန့်မှာထားပါသနည်း။
အကြောင်းမှာလူ သည် စိုးရိမ်တတ်သော စိတ်သဘောရှိသောကြောင့် ဖြစ်ပါသည်။
သို့ရာတွင် ကျွနု်ပ်တို့သည် စိုးရိမ်ရုံနှင့်အပြစ် မဖြစ်နိုင်ပါ။
စိုးရိမ်လွန်ကဲပြီး ဘုရားသခင်ကို အားကိုး မည့်အစား နှာခေါင်းနှင့်
အသက်ရှင်တတ်သော လူသတ္တဝါကို ကိုးစားခြင်း၊ ဗေဒင်လက္ခဏာကို အား ကိုးခြင်း၊
နတ်ဝင်သူတို့၌ ဆည်းကပ်ခြင်းတို့သည် အပြစ်ဖြစ်လေသည်။ ထို့ကြောင့်
ဘုရားသခင်အနေ ဖြင့် ကျွနု်ပ်တို့က စိုးရိမ်မှုလွန်ကဲရာမှ လမ်းမလွဲရလေ အောင်
မစိုးရိမ်မကြောက်ရွံ့နှင့်ဟူ၍ အထပ်ထပ်မှာ ကြားခြင်းဖြစ်လေသည်။ တစ်နှစ်မှာ
ရက်ပေါင်း (၃၆၅) ရက် ရှိသဖြင့် ဘုရားသခင်သည် နေ့စဉ်နေ့တိုင်း ဤသို့
သတိပေးနေခြင်းပင်ဖြစ်လေသည်။
စိုးရိမ်စရာ မိဘအမွေ
ဣဇက်သည် အဘအာဗြဟံသေဆုံးပြီးနောက် အဘိမလက်မင်းထံမှ ထွက်သွား၍
ဂေရာချိုင်း၌ တဲကို ဆောက်၍ နေလေ၏။ ဂေရာမြို့သား နွားကျောင်း သားတို့ကလည်း
ဤရေသည် ငါတို့ရေဖြစ်၏ဟု ဣဇက်၏နွားကျောင်းသားတို့နှင့် လုယက်ပြောဆိုကြ ၏။
နောက်တဖန်အခြားသော ရေတွင်းကို တူးပြန် ကြ၏။ ထိုရေတွင်းကိုလည်း တဖန်လုကြ၏။
ထို့ ကြောင့် ဣဇက်သည် ထိုအရပ်မှ ဗေရရှေဘအရပ်သို့ ပြောင်း လေ၏။
ထိုနေ့ညမှာ ထာဝရဘုရားသည် ထင်ရှား၍ ငါသည် သင်၏ အဘအာဗြဟံ၏ ဘုရားဖြစ်၏။
မစိုး ရိမ်နှင့် ငါသည် သင့်ဘက်မှာရှိ၏။ ငါသည် ကောင်း ကြီးပေးမည်။ ငါသည်
ကျွန်အာဗြဟံအတွက် သင်၏ အမျိုးအနွယ်ကို များပြားစေမည်ဟု မိန့်တော် မူ၏ (က
၂၆း၂၀-၂၄)။ ချစ်သော မိတ်ဆွေ သင်သည်လည်း မိဘတို့၏ အမွေဥစ္စာအတွက်
စိုးရိမ်ပူပန်နေပါ သ လား။ ဘုရားသခင်သည် မိဘအမွေအတွက် စိုးရိမ် နေသော
ဣဇက်အား မစိုးရိမ်နှင့်။ ငါသည် သင့်ဘက် မှာရှိ၏ဟု အားပေးသကဲ့သို့
မိတ်ဆွေကိုလည်း မိန့်ဆို အားပေးလျက် ရှိပါသည်။
အမွေဥစ္စာနှင့်ခရစ်တော်မိန့်မှာစကား
ချစ်သောမိတ်ဆွေ၊ သင်သည်လည်း မိဘ အမွေဥစ္စာ၊ လုယက်ခံရမှာကို
စိုးရိမ်နေပါသလား။ မိမိ ညီအစ်ကိုများက မိတ်ဆွေအား အမွေခွဲဝေရန် တွန့်တို
နေပါသလား။ ခရစ်တော်လက်ထက်က လူအစည်း အဝေး၌ပါသော လူတစ်ယောက်က အမွေခွဲဝေပေး
ရေး ကိစ္စကြောင့်အရှင်ဘုရား၊ ကျွနု်ပ်အစ်ကိုသည် အမွေ ဥစ္စာကို အကျွနု်ပ်အား
ခွဲဝေပေးပါမည် အ ကြောင်း အမိန့်ရှိတော်မူပါဟု လျှောက်ခဲ့ဘူးသည်။ ခရစ်တော်က
ထိုသူအား လောဘလွန်ကျူးခြင်းကို သတိနှင့်ကြဉ်ရှောင်ကြလော့။ အကြောင်းမူကား
စည်း စိမ်ရှိသော်လည်း စည်းစိမ်၌အသက်မတည်ဟု မိန့် တော်မူ၏ (လု ၁၂း၁၃-၁၅)။
ခရစ်တော်အနေဖြင့် စည်းစိမ်ဥစ္စာသည် အချည်းနှီးဖြစ်သည်ဟု ပြောနေ ခြင်း
မဟုတ်ပါ။ စည်းစိမ်ရှိသော်လည်း ထိုစည်းစိမ်ဖြင့် ထာဝရအသက်ကိုဝယ်၍
မရနိုင်ကြောင်း မီးမောင်း ထိုးရှင်းပြနေခြင်းသာ ဖြစ်လေသည်။
စိုးရိမ်သူများအတွက် ဆင်ခြင်စရာ
အဘယ်သို့ စားရမည်ဟူ၍ အသက်အဘို့ မစိုး ရိမ်ကြနှင့်။ အဘယ်သို့ ဝတ်ရမည်ဟု
ကိုယ်အဘို့မစိုး ရိမ်ကြနှင့်။ အစာထက်အသက်မြတ်သည် မဟုတ် လော။ အဝတ်ထက်
ကိုယ်မြတ်သည်မဟုတ်လော။ မိုးကောင်းကင်၌ ကျင်လည်သောငှက်များကို ကြည့်ရှု
ဆင်ခြင်ကြလော့။ ထိုငှက်တို့သည် မျိုးစေ့ကို မစိုက် မကြဲ စပါးကိုမရိတ်။
ကျီ၌ မစုမသွင်း။ သို့သော်လည်း ကောင်းကင်ဘုံ၌ရှိတော်မူသော အဘသည် သူတို့ကို
ကျွေးမွေးတော်မူ၏။ ထိုငှက်တို့ထက် သင်တို့သည် အလွန်မြတ်သည် မဟုတ်လော။
ဘုရားသခင်သည် ငှက်တို့၏ အသက်တာကို ဆင်ခြင်ခိုင်းထားပါသည်။
ငှက်များစားစရာအစာကို ငှက်သိုက်ထဲရောက်အောင် ဘုရားသခင်သည်
ချပေးသည်မဟုတ်ပါ။ ငှက်များ ကိုယ်တိုင် မစိုက်မကြဲသော်လည်း သူတို့စားစရာ
အစာ များကို ဘုရားသခင်ပြင်ဆင်ပေးထားသည့်အတိုင်း ရှာဖွေစားသောက်ရကြောင်း
တွေ့ရ၏။
ကျွနု်ပ်တို့၏ တာဝန်
ထို့အတူ ကျွနု်ပ်တို့ယုံကြည်သူများသည်လည်း
ထိုင်ပြီးဆုတောင်းနေရုံနှင့်မပြီး။ ဆုတောင်းပြီး ဘုရား သခင်ဖော်ပြသော
အလုပ်ကို လုပ်ရပေလိမ့်မည်။ အလုပ်ဟုဆိုရာ၌ ဘုရားသခင်ပေးထားသည့်အစွမ်း
အတိုင်း လုပ်ကြရပေမည်။ တချို့က ကျောင်းဆရာ၊ လက်သမား၊ ပန်းရံသမား၊
တရားဟောဆရာ၊ ဆိုက် ကားဆရာ၊ ဈေးသည်၊ ဆရာဝန်၊ အခြားသော ဝန်
ထမ်းများစသဖြင့် ကွဲပြားခြားနားခြင်းရှိပေလိမ့်မည်။ ဘုရားပေးထားသည့်
ဆုကျေးဇူးအတိုင်း လုပ်၍ နေ ခြင်းသည် ဘုရားသခင်၏ အမှုတော်ဆောင်နေခြင်း
ပင်ဖြစ်သည်။ လူ၏ အမှုကိုဆောင်သကဲ့သို့မဟုတ်။ သခင်ဘုရား၏အမှုကို
ဆောင်သကဲ့သို့ ပြုလေသမျှ တို့၌ စေတနာစိတ်နှင့် ပြုကြလော့။ သင်တို့သည်
သခင်ခရစ်တော်၏ အစေကို ခံကြသည်ဖြစ်၍ အမွေ တော်တည်းဟူသော အကျိုးကို
ထိုသခင်ဘုရား၏ လက်တော်မှ ခံရလိမ့်မည်ဟု သိမှတ်ကြလော့။ (ကော ၃း၂၃-၂၄)။
ဤသို့ဖြင့် ကျွနု်ပ်တို့လုပ်ရမည့် တာဝန်ကို ကျြွေပန်စွာလုပ်ပြီးပါက
ကောင်းကြီးမင်္ဂလာကို အမှန် ခံစားပေလိမ့်မည်။
ပျင်းရိသောသူများ
ယနေ့ အသင်းတော်ထဲတွင် အလုပ်ပျင်းရိ သောကြောင့် ဆင်းရဲသူများ
တချို့ရှိသည်။ ထိုသူတို့ကို စားစရာပေးနေခြင်းသည် အဆိပ်ပင်ရေလောင်းသကဲ့
သို့ ဖြစ်နေလေမလားဟု ကျွနု်ပ်ထင်မိသည်။ ထိုသူတို့ ကို စားစရာပေးသည်ထက်
အလုပ်လုပ်လာအောင် နည်းပေးလမ်းပြခြင်းသည် အကောင်းဆုံးဖြစ်မည်ဟု
ကျွန်နု်ပ်ယုံကြည်သည်။
သို့သော် အင်္ဂါမစုံလင်၍ ဆင်းရဲသူများ၊ ဖျား နာ၍ ဆင်းရဲသူများ လုပ်နေလျက်
အလုပ်အဆင် မ ပြေသေး၍ ဆင်းရဲသူများကို မစခြင်းသည် အမှန်
ဧကန်ကျွနု်ပ်တို့အကျိုးရပေလိမ့်မည်။ ဆင်းရဲသားကို သနားသောသူများသည်
ထာဝရဘုရားအား ချေးငှား သောသူဖြစ်၍ သူပြုသော အမှု၏ အကျိုးကို ဘုရား သခင်
ဆပ်ပေးတော်မူလိမ့်မည် (သုတ္တံ ၁၉း ၁၇)။ ကျမ်းစာထဲမှာ ဆင်းရဲသော
သူအားပေးကမ်း ဝေငှရန် ရှိစေခြင်းငှာ မိမိလက်နှင့် ကောင်းသော အလုပ်ကို
လုပ်ဆောင်အားထုတ်စေဟု ဖော်ပြထားပါသည် (ဧ ၄း၂၀)။ အလုပ်မလုပ်ချင်သော
သူမည်သည်ကား အစာကိုလည်း မစားစေနှင့်ဟု ပညတ်ထားသည် (၂သက်၃း၁၀)။
ထို့ကြောင့် အလုပ်ပျင်းရိသောကြောင့် ဆင်းရဲသူများ ဤသတိပေးချက်ကို
နှလုံးသွင်းပြုပြင် ကြပြီး သမ္မာအာဇီဝ အလုပ်တစ်ခုခုကို လုပ်သင့်ပေ သည်။
နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရား
စားဝတ်နေရေးအတွက် စိုးရိမ်နေသူများအ တွက် ရှေ့ဦးစွာရှာရမည့်နေရာမှာ
နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားဖြစ်ပါသည်။ ဘုရားသခင်၏
အုပ်စိုးမှုကို ဝန်ခံခြင်း၊ စကားတော်ကို ဦးစားပေးနား ထောင်ခြင်း
နာခံလိုက်လျှောက်သော အသက်တာကို ဆိုလိုသည်။ ဤကျမ်းကိုရေးသားသော အခွန်ခံမဿဲ
သည် ခရစ်တော်၏ တပည့်တော်တစ်ဦး ဖြစ်သည်။ သူသည် ြွကလာမည့် ဘုရင်သည်
ခရစ်တော်ပင် ဖြစ် ကြောင်း သူ့လူမျိုးတို့အားဖော်ပြလိုသောကြောင့်
ဘုရားသခင်၏ နိုင်ငံတော်ကို ရှေ့မှာထားပြီး ဖြောင့် မတ်ခြင်းတရားကို
နောက်မှာထားခဲ့သည်။ ကျွနု်ပ်တို့ တပါးအမျိုးသားများထံသို့ လိပ်မူပြီး
ရေးမည်ဆိုပါက ဖြောင့်မတ်ခြင်းတရားနှင့် ဘုရားသခင်၏ နိုင်ငံတော်ကို
ရှေ့ဦးစွာရှာကြလော့ဟူ၍ ရေးပါလိမ့်မည်ဟု ကျွနု်ပ်ယူ ဆမိပါသည်။
ကျွနု်ပ်တို့အပြစ်သားများအတွက် စိုးရိမ်စရာ အကောင်းဆုံးမှာ သေပြီး
နောင်တမလွန်မှာ တရားစီ ရင် ခြင်းခံရမည်ဟူသော အချက်ဖြစ်သည်။ လူသည်
တစ်ခါတည်းသေ၍ ထိုနောက်မှ တရားစီရင်တော်မူ ခြင်းကို ခံရမည် (ဟေဗြဲ ၉း၂၇)။
အဘယ့်ကြောင့်နည်း။ လူအပေါင်းတို့သည် လမ်းလွဲကြပြီ။ ဖြောင့်မတ်သောသူ မရှိ။
တစ်ယောက်မျှမရှိ (ရောမ ၃း၁၀-၁၂)။ ထို့ ကြောင့် လောကီသားတို့အတွက် သေရေး၊
ရှင်ရေး နှင့်အမျှ အရေးကြီးဆုံးသောအချက်မှာ ဘုရားပေး သော
ဖြောင့်မတ်ခြင်းကို ရရှိရေးပင်ဖြစ်လေသည်။ ဤ ဖြောင့်မတ်ခြင်းတရားသည်
လူ့အနေဖြင့် ကြိုးစားကျင့် ကြံ၍မရနိုင်။
ယေရှုခရစ်ရွေးနှုတ်တော်မူသောအားဖြင့် အဘိုးကိုမပေးဘဲ ဘုရားသခင်၏
ကျေးဇူးတော် ကြောင့် ဖြောင့်မတ်ရာသို့ ရောက်ရကြ၏။ ထို့ကြောင့်
လူမည်သည်ကား ပညတ်တရား၏ အကျင့်မရှိဘဲ၊ ယုံ ကြည်ခြင်းအားဖြင့်
ဖြောင့်မတ်ရာသို့ ရောက်တတ် သည်ဟု ယူရ၏ (ရောမ ၃း၂၈)။
စားဝတ်နေရေးအာမခံချက်နှင့် နိုင်ငံတော်
ကျွနု်ပ်တို့ရရှိသော ဖြောင့်မတ်ခြင်းတရားရှိရုံ နှင့် စားဝတ်နေရေး
အာမခံချက်မရှိပါ။ ဘုရားသားဖြစ် ခြင်း ကယ်တင်ခြင်းသို့ရောက်ခြင်းတို့သည်
တပြိုင် တည်းရရှိကြသည်။ ဤသို့ ထာဝရအသက်ရရှိပြီးသော် လည်း ဤလောက၌
အသက်ရှင်စဉ် ဘုရားသခင်၏ အုပ်စိုးမှု ဝန်မခံလျှင် စားဝတ်နေရေးအတွက် လုံ
လောက်မှုရှိမည်မဟုတ်။ ဘုရာသခင်၏ နိုင်ငံတော် ဆိုသည်မှာ ဘုရားသခင်၏
အုပ်စိုးမှု နယ်နမိတ် အတွင်းကို ဆိုလိုသည်။ ဆိုလိုသည်မှာ အုပ်စိုးမှုဝန်ခံ
သော နယ်ပယ်ကို ဆိုပါသည်။ အုပ်စိုးမှုကို စကားနား ထောင်ခြင်းအားဖြင့်သာ
ရယူနိုင်သည်။ မိတ်ဆွေသည် ထိုအုပ်စိုးမှုကို ဝန်ခံပြီဆိုလျှင် မိတ်ဆွေ၏
စိတ်နှလုံးထဲ ၌ ဘုရားသခင်၏ နိုင်ငံတော်တည်နေပြီ။ ထိုဘုရား
အုပ်စိုးမှုနယ်ပယ်အတွင်းထဲမှာ ငြိမ်သက်ခြင်း၊ ဝမ်း မြောက်ခြင်း၊
လုံခြုံခြင်း၊ ကောင်းကြီးမင်္ဂလာ ြွကယ်ဝ ခြင်းများရှိသည်။ ထို့ကြောင့်
ဘုရားသခင်၏ နိုင်ငံ တော်နှင့်ဖြောင့်မတ်ခြင်းတရားကို ရှေ့ဦးစွာရှာလျှင်
နောက်မှထိုအရာ (စား၊ ဝတ်၊ နေ၊ ရေး)များ ကို ထပ်၍ ပေးတော်မူလတ္တံ့။ (မဿဲ
၆း၃၃)။ အထက်က ရှေ့ဦး စွာရှာခိုင်းသော အချက်နှစ်ချက်ကို ရပြီဆိုလျှင်
စားဝတ်နေရေးအတွက် နေ့စဉ်လုပ်ပြီး ရနေကျပမာ ဏထက် ထပ်၍ပေးမည်ဟုဆိုလိုပါသည်။
တနေ့လုပ်ခ (၁ဝဝဝ)ကျပ် ရသည်ဆိုပါစို့။ ထို(၁ဝဝဝ) ကျပ် ထက် ပိုပြီး
ရလိမ့်မည်ဟု ဆိုလိုပါသည်။
မိမိသားတော်ရင်းကို မနှမြောဘဲ ငါတို့ရှိသမျှ အဘို့အလို့ငှာ
စွန့်တော်မူသောသူသည် သားတော်နှင့် တကွ ခပ်သိမ်းသောအရာတို့ကို
ငါတို့အားမပေးဘဲ အဘယ်သို့နေတော်မူမည်နည်း (ရောမ ၈း၃၂)။ ထို့ ကြောင့်
မစိုးရိမ်ပါနှင့်။ ဘုရားသခင်သည် ကျွနု်ပ်တို့ လိုအပ်သော စားဝတ်နေရေးအတွက်
ဧကန်မုချ ပေးပါ လိမ့်မည်။ ထိုသို့ဖြစ်နေစေရန် ကျွနု်ပ်တို့သည် နေ့စဉ်
ဘုရားသခင်၏ အုပ်စိုုးမှုကိုသာ ဝန်ခံကြပါစို့ဟု မေတ္တာ ဖြင့်
ဝေငှလိုက်ရပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
စုံလင်သော နှလုံးသား
လောကမှာ ကြောက်စရာ အကောင်းဆုုံး
လောကမှာလူတွေက ဘယ်အရာသည် ကြောက် စရာ အကောင်းဆုံးဖြစ်သလဲဟု မေးလျှင်
(ဗှီှု) ရောဂါ၊ ကင်ဆာရောဂါစသဖြင့် ဖြေဆိုကြပေလိမ့် မည်။ တစ်ချို့ကတော့
သေခြင်းတရားဟာ ကြောက်စ ရာ အကောင်းဆုံး ဖြစ်သည်ဟု ပြောကြပေလိမ့်မည်။
သို့သော် ခရစ်တော်ကို ရရှိထားသော ယုံကြည်သူများ အတွက် အထက်ပါအရာတို့သည်
ကြောက်စရာ မ ဟုတ်ပါ။ အဘယ့်ကြောင့်ဆိုသော ခရစ်တော်ဘုရား သည်
ထိုသေခြင်းတရားကိုပင် အောင်ခဲ့သည်မဟုတ် လော။ ယခုအသက်ရှင်နေချိန်မှာ
ကြောက်စရာအ ကောင်းဆုံးသောအရာသည် အင်မတန်မှ ဖောက်လွှဲ၊ ဖောက်ပြန်ပြုတတ်သော
လူ့စိတ်နှလုံးဖြစ်ပါသည်။ သမ္မာကျမ်းစာထဲမှာ ဤသို့ ဖော်ပြထားလေသည်။
]]စိတ်နှလုံးသည် ခပ်သိမ်းသောအရာထက် စဉ်းလဲတတ်၏။
အလွန်ယိုယွင်းသောသဘောရှိ၏။ စိတ်နှလုံးသဘောကို အဘယ်သူသိနိုင်သနည်း။}}
(ယေရမိ ၁ရး-၉)။
]]ဆိုးညစ်သော စိတ်နှလုံးသည် ချော်မွမ်းမံ သော အိုးခြမ်းနှင့် တူ၏။ သူ၏
စိတ်နှလုံးမှာ စက် ဆုပ်ရွံ့ရှာဘွယ်သော အရာနှစ်ပါးရှိ၏။ အငြိုးထား
ခြင်းကို လှည့်စားခြင်းအားဖြင့် ဝှက်ထားသော သူ၏ ဒုစရိုက်အပြစ်သည်
ပရိတ်သတ်ရှေ့မှာ ထင်ရှားလိမ့် မည်။}} (သုတ္တံ ၂၆း၂၅-၂၆)
အဗရှလုံ၏ နှလုံးသား
အဗရှလုံသည် ရှင်ဘုရင်ဒါဝိတ်၏ သားဖြစ်ပါ သည်။ ဣသရေလတစ်မျိုးလုံးတွင်
အဗရှလုံကဲ့သို့ အဆင်းလှ၍ ချီးမွမ်းရသောသူတစ်ယောက်မျှမရှိ။ ခြေ ဖဝါးမှသည်
ဦးထိပ်တိုင်အောင် အပြစ်တစ်ခုမျှ မရှိ။ ဆံပင်ကောင်းသောသူလည်းဖြစ်၏။
အဗရှလုံသည် စောစောထ၍ တံခါးဝမှာ ရပ်နေတတ်၏။ အမှုရှိသော သူသည်
စီရင်တော်မူခြင်းကို ခံအံ့သောငှာ ရှင်ဘုရင် ထံတော်သို့ လာသောအခါ အဗရှလုံက
သင်သည် အဘယ်မြို့သားဖြစ်သနည်းဟု မေးလျှင် ထိုသူက ကိုယ်တော်ကျွန်သည် ဤမည်သော
ဣသရေလအမျိုး အနွယ်သားဖြစ်ပါ၏ဟု ပြန်လျှောက်သော် အဗရှလုံက သင့်အမှုသည်
ဟုတ်မှန်လျောက်ပတ်ပေ၏။ သို့သော် လည်း သင့်အမှုကို ရှင်ဘုရင်မှစ၍ အဘယ်သူမျှ
နားမ ထောင်ဟု ပြောဆိုတတ်၏။ တဖန်တုံ ငါသည် ဤပြည် ၌ တရားစီရင်သော
မင်းဖြစ်ပါစေသော။ သို့ဖြစ်လျှင် တရားမှုရှိသော အမှုသည်အပေါင်းတို့သည်
ငါ့ထံသို့ လာ၍ ငါသည် တရားစီရင်မည်ဟု ဆိုတတ်၏။ လူ တစ်စုံတစ်ယောက်သည်
ရိုသေစွာပြု၍ ချဉ်းကပ်သော အခါ အဗရှလုံသည် လက်ကိုဆန့်၍ ထိုသူကို ကိုင်
လျက် နမ်းလေ့ရှိ၏။ ထိုသို့ စီရင်တော်မူခြင်းကို ခံအံ့ သောငှာ
ရှင်ဘုရင်ထံတော်သို့ လာသော ဣသရေလ အမျိုးသား အပေါင်းတို့အား အဗရှလုံပြု၍
သူတို့စိတ် နှလုံးကို ခိုးလေ၏ (၂ရာ ၁း၁၆)။ အဗရှလုံ အနေဖြင့်
ဤသို့စိတ်စေတနာရှိသယောင်နှင့် ချိုသာစွာ ဆက်ဆံ နေခြင်းသည်
စိတ်စေတနာအမှန်မဟုတ်။ အဘဒါဝိတ် အရိုက်အရာကို ခံလို၍ အကောက်ကြံ၊
စည်းရုံးနေခြင်း ဖြစ်သည်။ လေးနှစ်လွန်သောအခါ အဗရှလုံသည်
ရှင်ဘုရင်ထံတော်သို့ဝင်၍ ထာဝရဘုရားသည် အ ကျွနု်ပ်ကို ယေရုရှလင်မြို့သို့
တဖန်ဆောင်တော်မူလျှင် ဘုရားသခင်ဝတ်ကို အကျွနု်ပ်ပြုပါမည်ဟု ကိုယ်တော်
ကျွန်သည် ထာဝရဘုရားအား သစ္စာကတိပြုသည် အတိုင်းသွား၍ သစ္စာဝတ်ကို
ဖြေရမည်အကြောင်း အခွင့်ပေးတော်မူပါဟု လျှောက်လျှင် ရှင်ဘုရင်က
ငြိမ်ဝပ်စွာသွားလော့ဟု မိန့်တော်မူ၏။ ထိုအခါ အဗရှ လုံလသည် ထ၍
ဟေဗြုန်မြို့သို့သွား၏။ သို့ရာတွင် လျှို့ဝှက်သော သူတို့ကို
ဣသရေလအမျိုးအနွယ်ရှိသမျှ သို့ အနှံ့အပြားစေလွှတ်သဖြင့် သင်တို့သည်
တံပိုးမှုတ် သံကို ကြားသောအခါ အဗရှလုံသည် ဟေဗြဲမြို့၌
နန်းထိုင်တော်မူပြီဟု ပြောဆိုကြလော့ဟုမှာထား လေ ၏။ အဗရှလုံ၏
နှလုံးသည်အင်မတန်မှ ကောက်ကျစ် စဉ်းလဲပါ၏။ ချစ်သောမိတ်ဆွေ
မိမိစိတ်နှလုံးကို စစ် ဆေးကြည့်ရအောင်။ အဗရှလုံကဲ့သို့ ဘုရားကို ခုတုံး
လုပ်ပြီး မိမိအကျိုးကို ရှာနေပါသလား။
ဖုံးဖိခဲ့သမျှ ပေါက်ကွဲခဲ့ပြီ
တစ်ခါက အဗရှလုံသည် သူနှမတာမာကြောင့် အာမနုန်အား အလွန်အမျက်ထွက်သော်လည်း
ကောင်းသောစကား၊ မကောင်းသောစကားကိုမပြော။ သို့ရာတွင် မိမိနှမတာမာကို
ရှုတ်ချသောကြောင့် အာမနုန်အား အငြိုးထားလေ၏။ ထို့နောက် နှစ်နှစ်
ပြည့်သောအခါ သိုးမွွှေးညှပ်ပွဲကိုခံ၍ ရှင်ဘုရင်၏ သားတော်အပေါင်းတို့ကို
ခေါ်ဖိတ်လေ၏။ အဗရှလုံ ပူဆာသောကြောင့် ရှင်ဘုရင်သည် အာမနုန်မှစ၍
သားတော်ရှိသမျှလိုက်ရသော အခွင့်ကို ပေးတော်မူ၏။ အဗရှလုံကလည်း အာမနုန်သည်
စပျစ်ရည်ကို သောက်၍ ရွှင်လန်းသောအခါ စောင့်နေကြ။ အာ မနုန်ကို ထိုးခုတ်ကြဟု
ငါဆိုသောအခါ သေအောင် လုပ်ကြံကြ မစိုးရိမ်ကြနှင့်။ ငါစီရင်သည် မဟုတ်လော ဟု
မိမိကျွနု်ပ်တို့အား မှာထားနှင့်သည့်အတိုင်း သုူတို့သည် အာမနုန်ကို
သတ်ကြ၏။ ]]အငြိုးထားခြင်း ကို လှည့်စားခြင်းအားဖြင့် ဝှက်ထား သောသူ၏
ဒုစရိုက်အပြစ်သည် ပရိသတ်ရှေ့မှာ ထင်ရှားလိမ့် မည်}}ဟု
သုတ္တံဆရာဟောခဲ့သည့်အတိုင်း နှစ်နှစ်ပတ် လုံး
စောင့်ဆိုင်းချုပ်တည်းခဲ့သမျှ ပရိတ်သတ်ရှေ့မှာ အမျက်ဒေါသပေါက်ကွဲခဲ့လေပြီ။
ချစ်သော မိတ်ဆွေ သင်သည် အဗရှလုံကဲ့သို့ ကြိုးစားပြီး သည်းခံနေပါ သလား။
ဘုရားမေတ္တာမပါသော သည်းခံခြင်းသည် သည်းခံသည့် ကာလကြာညောင်းသည်နှင့် အမျှ
ပေါက်ကွဲခြင်း အင်အားလည်း ပြင်းထန်ပေလိမ့်မည်။ ထို့ကြောင့် သုတ္တံဆရာက
ဤသို့ သတိပေးထား လေသည်။
]]စိတ်တိုသော သူကို မိတ်ဆွေမဖွဲ့နှင့်။ အမျက်ပြင်းထန်သောသူနှင့်အတူ
မလိုက်နှင့်}} (သုတ္တံ ၂၂း၂၄)။
ချစ်သော မိတ်ဆွေ မိမိစိတ်ကို မကိုးစားပါနှင့်။ မိမိစိတ်နှလုံးကို
ကိုးစားသောသူသည် လူမိုက်ဖြစ်၏။ (သုတ္တံ ၂၈း၂၆)။ ထို့ကြောင့်
ထာဝရဘုရားကိုသာ စိတ်နှလုံးအြွကင်းမဲ့ ကိုးစားကြပါစို့။
ချစ်သောမိတ်ဆွေ လူ့နှလုံးသားသည် ခန့်မှန်း ၍မရသော
ရာသီဥတုကဲ့သို့ဖြစ်ပါ၏။ ချမ်းသာသော အခါ စိတ်ထားက တစ်မျိုး၊ ဆင်းရဲသောအခါ
စိတ်ထား က တစ်မျိုးဝေခွဲ၍မရနိုင်ပါ။ အောက်ပါရှင်ဘုရင်တို့၏
နှလုံးသားများကို ဆင်ခြင်ကြည့်ကြပါစို့။
ချမ်းသာသောအခါ ဘုရားနှင့် ဝေးသောနှလုံးသား
ဩဇိမင်းသည် တန်ခိုးကြီးသောအခါ ကိုယ် အကျိုးနည်းအောင် ထောင်လွှားသော
စိတ်ထသဖြင့် မိမိဘုရားသခင် ထာဝရဘုရားကို ပြစ်မှား၍ နံ့သာ ပေါင်းကို
မီးရှို့ရာယဇ်ပလ္လင်ပေါ်မှာ မီးရှို့ခြင်းငှာ ထာဝရဘုရား ဗိမာန်တော်ထဲသို့
ဝင်လေ၏။ ယဇ်ပု ရောဟိတ်တို့က အိုဩဇိမင်း ကိုယ်တော်သည် ထာဝရ ဘုရားအား
နံ့သာပေါင်းကို မီးရှို့ခြင်းမှုနှင့် မဆိုင်ပါ။ သန့်ရှင်းရာဌာနက
ထွက်သွားလော့။ ကိုယ်တော်သည် ပြစ်မှားပြီ။ ဘုရားသခင်ရှေ့တော်၌
အသေရပျက်လိမ့် မည်ဟု ဆိုကြလျှင် ဩဇိမင်းသည် ဒေါသစိတ်ရှိ၍ နံ့သာပေါင်းကို
မီးရှို့ခြင်းငှာ လင်ပန်းကို ကိုင်လျက် ယဇ်ပရောဟိတ်တို့ကို အမျက်ထွက်လျှင်
ယဇ်ပရော ဟိတ်တို့ရှေ့မှာ နူနာသည် ရှင်ဘုရင်နဖူး၌ ပေါ်လေ ၏။
ရှင်ဘုရင်ကိုယ်တိုင်လည်း ထာဝရဘုရား ဒဏ်ခတ် တော်မူသောကြောင့် ဗိမာန်တော်မှ
အလျင်အမြန် ထွက်သွားလေ၏။ ထိုသို့ ဩဇိမင်းသည် သေသည့်တိုင် နူနာစွဲ၍
ဗိမာန်တော်သို့ဝင်သော အခွင့်ကိုမရ (၂ချုပ် ၂၆း၁၆-၂၃)။ ချစ်သောမိတ်ဆွေ
ဥစ္စာ ပစ္စည်းြွကယ်ဝ ချမ်းသာ လာသောအခါ သတိပြုပါ။ ဩဇိမင်းကဲ့သို့
မာနထောင်လွှားလျက် ဘုရားသခင်နှင့် ဝေးသော အသက်တာမရောက်ပါစေနှင့်။
]]အကယ်စင်စစ် ကိုယ်တော်နှင့်ဝေးဝေး နေ သော သူတို့သည် ပျက်စီးခြင်းသို့
ရောက်ကြပါ၏}} (ဆာလံ ၇၃း၂၇)
သို့သော် လူသည် ချမ်းသာတိုင်း ဘုရားနှင့် ဝေးတတ်ကြသည်မဟုတ်။
ချမ်းသာသောအခါ ဘုရား သခင်နှင့်နီးသောသူများလည်း ရှိတတ်၏။
ချမ်းသာသောအခါ ဘုရားသခင်နှင့် နီးသော နှလုံးသား
ဟောရှဖတ်မင်းသည် ပညတ်တရားကို ကျင့် သောကြောင့် ထာဝရဘုရားသည် စောင့်မ၍
နိုင်ငံ တော်ကို ဟောရှဖတ်လက်၌တည်စေတော်မူသဖြင့် ယုဒပြည်သား
အပေါင်းတို့သည် လက်ဆောင်များကို ဆောင်ခဲ့ကြ၏။ ဂုဏ်အသရေနှင့်
စည်းစိမ်ဥစ္စာများ သော်လည်း ထာဝရဘုရားလမ်းတို့၌ စိတ်စွဲလမ်း၍ မြင့်သော
အရပ်နှင့် အာရှရပင်တို့ကို ယုဒပြည်မှ ပယ် ရှားတော်မူ၏။ ဤသို့ဖြင့်
ဟောရှဖတ်မင်းသည် စည်းစိမ်ချမ်းသာတိုးပွားသော်လည်း အသက်ရှင်သော ဘုရားကို
မမေ့လျော့ဘဲ ဘုရားသခင်ကိုသာ၍ ဆည်း ကပ်လေ၏။ တခါတရံ ကျွနု်ပ်တို့သည်
ကောင်းကြီးပေး သော အရှင်ထံသို့ တိုးဝင်မည့်အစား ကောင်းကြီးမင်္ဂ လာ၌
ကျေနပ်လျက်နေတတ်ကြ၏။ ချစ်သောဓမ္မမိတ် ဆွေ သင်သည် ကောင်းကြီးရသောအခါ
ကောင်းကြီး ပေးသော ဘုရားသခင်ကို မေ့လျော့ပါသလား။
တချို့သော နှလုံးသားများမူကား၊ ဆင်းရဲခံ သောအခါ ဘုရားသခင်ထံ
ပြန်လှည့်မည့်အစား ဘုရား သခင်ကို ကျိန်ဆဲသောသူ များလည်းရှိတတ်၏။
ဆင်းရဲခံရသောအခါ ဘုရားကို ပြစ်မှားသော နှလုံးသား
အာခတ်မင်းသည် အသက်နှစ်ဆယ်ရှိသော် နန်းထိုင်î၍ ယေရုရှလင်မြို့၌
တဆယ့်ခြောက်နှစ် စိုးစံ လေ၏။ ထိုမင်းသည် အဘဒါဝိတ်ကဲ့သို့ မကျင့်။
ဣသရေလရှင်ဘုရင်တို့ လိုက်သောလမ်းသို့ လိုက်၍ ဗာလဘုရားတို့အဘို့
ရုပ်တုဆင်းတုများကို သွန်းလေ ၏။ ထိုမင်းသည် ယုဒပြည်၏ အဝတ်တန်ဆာကို ချွတ်၍
ထာဝရဘုရားကို ကြမ်းတမ်းစွာ ပြစ်မှား၏။ အာခတ်မင်းသည် ဆင်းရဲဒုက္ခခံရသောအခါ
ထာဝရ ဘုရားကိုသာ၍ ပြစ်မှား၏။ ကျွနု်ပ်တို့ မြန်မာလူမျိုးတို့၌ ]]ခလုတ်ထိမှ
အမိတ၏}} ဟူသော စကားပုံရှိပါ၏။ မှန်ပါ၏။ ဤသို့သော သူလည်း
တစ်ချို့ရှိပေမည်။ သို့သော် ဆင်းရဲဒုက္ခရောက်တိုင်း လူခပ်သိမ်းတို့သည်
ဘုရားဖက်သို့ ပြန်မလှည့်တတ်ပါ။ ယခုလည်း အာခတ် မင်းကို ကြည့်လိုက်ပါ။
ဆင်းရဲခံလေလေ ဘုရားကို ပြစ်မှားလေလေဖြစ်နေသည်ကို တွေ့ရလိမ့်မည် (၂ချုပ်
၂၈း၁-၂၂)။ ချစ်သော မိတ်ဆွေ သင်သည်လည်း ဆင်းရဲခံသောအခါ ဘုရားသခင်ကို
ပြစ်မှားနေပါသ လား။
ဆင်းရဲခံရသောအခါ ဘုရားထံ တိုးဝင်သော နှလုံးသား
တစ်ချို့သော နှလုံးသားများသည် ဆင်းရဲခံ သောအခါ ဘုရားသခင်ကို
ကျိန်ဆဲကြသော်လည်း တစ်ချို့မှာ ဆင်းရဲဒုက္ခရောက်တော့မှ ဘုရားဖက်သို့
လှည့်လာသူများရှိကြောင်း တွေ့ရ၏။ မနာရှေမင်းကို ကြည့်ပါ။ အစပိုင်းမှာ
ဘုရားစကားကို နားမထောင်။ ထို့ကြောင့် ဘုရားသခင်သည် အာရှုရိရှင်ဘုရင် ဗိုလ်
မင်းများကို အသုံးပြုပြီး တိုက်စေခဲ့ကြောင်း တွေ့ရ ၏။ ထိုမင်းကို
အာရှုရိလူတို့သည် ဆူးတော၌ ဖမ်းမိပြီး သံကြိုးနှင့် ချည်နှောင်ပြီးမှ
ဗာဗလုန်မြို့သို့ ဆောင်သွား ကြောင်းတွေ့ရ၏။ ထိုအခါ မနာရှေသည်
ဆင်းရဲဒုက္ခခံ ရသောအခါ မိမိဘုရားသခင်ကို တောင်းပန်၍ အလွန် နှိပ်ချလျက်
ဆုတောင်းပဌနာပြုသောစကားကို ဘုရား သခင်နားထောင်နာယူ၍
မနာရှေအုပ်စိုးရင်းပြည် ယေရုရှလင်မြို့သို့ တဖန်ပို့ဆောင်တော်မူ၏။ ထိုအခါ
ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူကြောင်းကို မနာရှေသိရ၏ (၂ချုပ် ၃၃း၁-၂၀)
ဓမ္မသစ်ကျမ်း၌ ပျောက်သောသားငယ်သည် လည်း ြွကယ်ဝချမ်းသာသောအခါ
ဘုရားသခင်နှင့် ဝေးခဲ့သော်လည်း ဆင်းရဲဒုက္ခရောက်ပြီး ဝက်စာကိုပင်
စားရလုမတတ်ငတ်လာသောအခါ နောင်တရလျက် ဖခင်အိမ်သို့ ပြန်လာကြောင်း တွေ့ရ၏
(လု ၁၅း၁၁-၂၄)။ ချစ်သော ဓမ္မမိတ်ဆွေ သင်သည် ဆင်းရဲခံသော အခါ ဘုရားဖက်သို့
လှည့်ပါသလား။ ဆာလံဆရာ ဒါဝိဒ်မင်းမူကား ဤသို့စပ်ဆိုပါ၏။
]]အကျွနု်ပ် ဆင်းရဲမခံမှီ လမ်းလွဲပါ၏။ ယခုမူ ကား ဗျာဒိတ်တော်အတိုင်း
ကျင့်စောင့်ပါ၏။ အထုံး အဖွဲ့တော်တို့ကို သွန်သင်ခြင်းငှာ အကျွနု်ပ်ဆင်းရဲ
ခံရသော ကျေးဇူးသည် ကြီးပါ၏ (ဆာလံ ၁၁၉း၆၇၊ ၇၁)။
ချစ်သောမိတ်ဆွေ သင်သည် စိတ်ထားအမျိုး မျိုးကို တွေ့ရပြီ။
ချမ်းသာြွကယ်ဝသောအခါ ဘုရားကို မေ့တတ်သော နှလုံးသား ချမ်းသာြွကယ်ဝသောအခါ
ဘုရားကိုသာ၍ ဆည်းကပ်သော နှလုံးသား၊ ဆင်းရဲခံ သောအခါ ဘုရားကို ပြစ်မှားသော
နှလုံးသား၊ ဆင်းရဲ ခံသောအခါ ဘုရားသခင်နှင့် နီးသောနှလုံးသားများကို
ဆင်ခြင်ခဲ့လေပြီ။
ဘုရားသခင်နှင့် နှစ်သက်သော စိတ်သဘော မှာ အရာခပ်သိမ်းတို့၌
ထာဝရဘုရားသခင်ကို ကြောက်တတ်သော နှလုံးသားဖြစ်ပါသည်။ ဆင်းရဲ သည် ဖြစ်စေ၊
ချမ်းသာသည်ဖြစ်စေ၊ ဘယ်အခြေ အနေမျိုးမဆို ဘုရားသခင်နှင့်အတူရှိသော
နှလုံးသား ကို ဘုရားသခင်နှစ်သက်ပါသည်။ ကျမ်းစာ၌ဘုရား သခင်က ဒါဝိတ်အား
ငါ့စိတ်တော်နှင့်တွေ့သောသူဟု ခေါ်ပါ၏။ (၁ရာ ၁၃း၁၄)။ ဒါဝိဒ်မင်း၏ အကျင့်။
အကြံ၊ အပြုအမူကို ကြည့်ပါက သူ့မယား၊ ကြာခိုသော သူ၊ လူသတ်သမားဖြစ်ကြောင်း
တွေ့ရမည်။ သို့သော် ဒါဝိတ်၏ စိတ်သဘောကို ကြည့်ပါ။ အခါခပ်သိမ်းတို့၌
ထာဝရဘုရားရှေ့တော်၌ နှိမ့်ချတတ်သော သဘော၊ ကျိုးပဲ့သော စိတ်ထားရှိကြောင်း
တွေ့ရ၏။ ဒါဝိဒ်က ဥရိယမယားနှင့် ပြစ်မှားပြီးသောအခါ စပ်ဆိုသော ဆာလံ ၅၁ကို
ဖတ်ကြည့်ပါ။
]]ဘုရားသခင်နှစ်သက်သော ယဇ်မူကား ကျိုးပဲ့ သော စိတ်ပေတည်း။ အိုဘုရားသခင်
ကိုယ်တော် သည် ကျိုးပဲ့ေြွကမွသော နှလုံးသားကို ငြင်းပယ်တော် မမူတတ်ပါ။}}
(ဆာ ၅၁း၁၇)
ချစ်သော ဓမ္မမိတ်ဆွေ၊ ဘုရားသခင်သည် စုံ လင်သော စိတ်သဘောကို ယုံကြည်သူ
အယောက် တိုင်း၌ ရှိစေလိုပါ၏။ လူဖြစ်ရသောကြောင့် ဤသို့
စိတ်သဘောမျိုးမည်သို့ ရှိနိုင်မည်နည်းဟူ၍ တစ်ချို့ ပြောတတ်ကြလေသည်။
မှန်ပါသည်။ လူဆိုသည်မှာ စုံလင်သော စိတ်သဘောမျိုး မိမိကိုယ်ကို
မိမိကြိုးစား၍ မရနိုင်။ စုံလင်သော စိတ်ထားရှိသူမှာ ဤကမ္ဘာ၌
ယေရှုခရစ်တော်တစ်ပါးတည်းရှိပါသည်။ ထို့ကြောင့် ယေရှုခရစ်ကို မိမိနှလုံးထဲ၌
ရရှိပါက ထိုစိတ်သဘော မျိုး ရရှိပေလိမ့်မည်။
]]ယေရှုခရစ်၌ ရှိသော စိတ်သဘောကို သင်တို့ ၌လည်း ရှိစေကြလော့}}။ (ဖိ ၂း၅
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဖန်ဆင်းရှင် ထာဝရဘုရား
ညစာစားပွဲမှ ဘုရားမဲ့ဝါဒီ
၂ဝဝရခုနှစ်၊ ဇန်နဝါရီ (၁၃)ရက် ညက ဖြစ်ပါ သည်။ ဂျာမဏီသံရုံးမှ
ဖိတ်ကြားချက်အရ ညစာစားဖို့ သံအမတ်ကြီးအိမ်သို့
ကျွန်တော့အမျိုးသမီးနှင့်အတူ သွားရောက်ခဲ့ပါသည်။ ゞင်းညစာစားပွဲ၌
အခြားနိုင်ငံ မှ သံအမတ်များ၊ ရန်ကုန်ရောက် ဂျာမဏီလူမျိုးများ
မြန်မာပြည်မှ အငြိမ်းစား လူကြီးများ၊ အမျိုးသား၊ အမျိုး သမီးများနှင့်
စည်ကားလျက်ရှိပါသည်။ ထုံးစံအတိုင်း ခြံဝင်းမြက်ခင်ပြင်တွင် ထိုညစာကို
ပြင်ဆင်ထားသည့် အတွက် မစားခင်မှာ ဖျော်ရည်အမျိုးမျိုးကို သောက် ရင်း
မတ်တပ်ရပ်လျက် စကားစမှီ ပြောကြသည်ကို တွေ့ရလေသည်။
တော်တော်ကြာစကားပြောကြပြီးမှ သံအမတ်ကြီး ကိုယ်တိုင်ထွက်လာ၍ မောင်းတလုံးယူ
ပြီး တီးလိုက်သောအခါ အားလုံး တိတ်ဆိတ်စွာ နေကြ သည်ကို တွေ့ခဲ့ရလေသည်။
ထိုအခါ သံအမတ်ကြီးက ယခုအချိန်ကစပြီး ပြင်ဆင်ထားသော ညစာကို ကြိုက်
သလောက်ထည့်ပြီး ကြိုက်တဲ့စားပွဲမှာ ထိုင်စား နိုင် ကြောင်း စသည်ဖြင့်
ကြော်ငြာလိုက်သောအခါ ကျွန် တော်လည်း ကြိုက်သလောက် ဟင်းမျိုးစုံထည့်ပြီး
စားပွဲတစ်ခုမှာ ဝင်ထိုင်လိုက်ပါသည်။
မစားမှီ ကျေးဇူးတော်ချီးမွမ်းပြီး မျက်စိဖွင့်သည် နှင့်
အနီးအနား၌ရှိနေသော ဘုရားမဲ့ဝါဒီတစ်ယောက် ၏ ကဲ့ရဲ့ဝေဖန်ခြင်းကို
ရင်ဆိုင်ခဲ့ရလေသည်။ ထိုသူ ကား လွန်ခဲ့သော အနှစ်နှစ်ဆယ်ကတည်းက အင်ဂျင်
နီယာဒေါက်တာဘွဲ့ကို ရခဲ့ပြီး ဂျာမဏီနိုင်ငံ၌ ယခု အချိန်ထိ
နေထိုင်လျက်ရှိသော ဗမာလူမျိုးတစ်ဦးဖြစ်ပါ သည်။ ထိုသူ၏ ပြောပြချက်အရ
သားမယားနှင့်အတူ ဂျာမဏီနိုင်ငံမှာ နေထိုင်ရာမှ ယခုမြန်မာပြည်သို့ ခေတ္တခဏ
အလည်လာကြောင်း သိရှိရပါသည်။ သူ၌ သားတစ်ယောက် သမီးနှစ်ယောက်ရှိကြောင်း
သိခဲ့ရ လေသည်။
ကျွန်တော်ဆုတောင်း ချီးမွမ်းပြီးသောအခါ ထိုဒေါက်တာက ဆရာကြီး ထမင်းမစားမှီ
ဘာများရေ ရွတ်နေတာလဲ ဘာကိုးကွယ်သလဲဟု မေးလေသည်။ ကျွန်တော်က ကျွန်တော်ဟာ
ရေမြေတောတောင် ဖန် ဆင်းရှင် ထာဝရဘုရားကိုးကွယ်တဲ့ စစ်မှန်သော ခရစ်
ယာန်ဖြစ်ပါတယ်။ ဒါကြောင့် ထမင်းဟင်းကို ဖန်ဆင်း တဲ့ ဘုရားအား
ကျေးဇူးတင်စကားပြောကြောင်း ရှင်းပြပါသည်။ ထိုဒေါက်တာက တကယ်ပြောတတ်
ဆိုတတ်တဲ့ ဆရာတစ်ပါးပါလား။ စစ်မှန်တဲ့ ခရစ်ယာန် ဆိုတော့ မစစ်မှန်တဲ့
ခရစ်ယာန်ရှိနေသလားဟု ထပ် မေးသောအခါ ကျွန်တော်က မှန်ပါတယ်။ ခရစ်ယာန် အတု
အယောင်တွေလည်းရှိပါတယ်။ သူတို့ကတော့ ခရစ်ယာန်ဘာသာဝင် နာမည်ခံ
ခရစ်ယာန်တွေဖြစ် တယ်။ ခရစ်တော်၏ ဝိညာဉ်မရတဲ့သူတွေပါလို့ တိုးတိုး
လေးနှင့် ရှင်းပြခဲ့ပါသည်။
ထိုအခါ ဒေါက်တာက ခင်ဗျားက ဘုရားရှိ တယ်ဆိုတာ ဘယ်လိုသက်သေပြမှာလဲ မြင်မှမမြင် ရဘဲ။
အကယ်၍ ဘုရားရှိခဲ့ရင်
ခင်ဗျားပြောသလိုသာ ဖန်ဆင်းရှင် ထာဝရ ဘုရား မေတ္တာရှင်ဘုရား
တန်ခိုးရှင်ဘုရားရှိခဲ့ရင် ဒီကမ္ဘာကြီးမှာ အခုလိုပြဿနာတွေ ဘေးဒုက္ခတွေ
ဖြစ်နေပါ့မလား။ ကြည့်ပါ တချို့နိုင်ငံမှာ စစ်ဖြစ်နေ တယ်။
တချို့နိုင်ငံမှာ အစာခေါင်းပါးပြီး လူတွေသေနေ ကြတယ်။ တချို့နိုင်ငံမှာ
ရေကြီးပြီး ရေလွှမ်းမိုးခြင်း ကြောင့် စိုက်ခင်းတွေ ပျက်စီးနေတယ်။
တချို့နိုင်ငံတွေ ပျက်စီးနေတယ်။ တချို့နိုင်ငံတွေ လေမုန်တိုင်းဘေး
ကြောင့် တိုက်တာ အဆောက်အဦးများ ပျက်စီးနေကြ တယ်။ ဒါတွေကို ကြည့်ပါ။
ခင်ဗျားပြောတဲ့ တန်ခိုးရှင် ထာဝရဘုရားဟာ အမှန်ရှိခဲ့ရင် ဘာဖြစ်လို့
မထိန်းချုပ် သလဲ။ လက်ပိုက်ကြည့်နေတာလည်း သူဖန်ဆင်းထား တဲ့ လောကကြီးကို
ပစ္စလက်ခတ်ပစ်ထားတာလဲ။ ဘာမှ မထိန်းချုပ်တာကို ကြည့်ခြင်းအားဖြင့် ထိုဘုရား
သခင်မရှိကြောင်း ထင်ရှားပါတယ်ဟူ၍ ကျွနု်ပ်အား ၁၅ မိနစ်ခန့်
လက်ချာရိုက်ခဲ့ပါတယ်။
မမြင်လို့ မရှိဟု ပြောနိုင်သလား။
ထိုပုဂ္ဂိုလ်သည် ဒေါက်တာဘွဲ့ရထားသော် လည်း သူ့ပညာက သူ့ဉာဏ်မျက်စိကို
ကွယ်ထား ကြောင်း သိရလေသည်။ သူသည် ဗမာလူမျိုးတစ် ယောက်ဖြစ်သော်လည်း
ဗုဒ္ဓဘာသာလည်းမဟုတ်။ အခြားဘုရားတစ်ပါးပါးကိုလည်း အယုံအကြည်မရှိ။ ထိုသူသည်
ဘုရားမဲ့ဝါဒီဖြစ်ကြောင်း ကျွန်တော်သိ သောအခါ အားမနာတော့ဘဲ ထိုသူအား
စတင်ပြီး သက်သေခံခဲ့ရလေသည်။ ဒေါက်တာကို တစ်ခုမေး ချင်ပါတယ်။
စိတ်တော့မရှိပါနှင့်။ ကျွန်တော်က ချင်း အမျိုးသားဆိုတော့
ပွင့်ပွင့်လင်းလင်းဘဲ ပြောတတ် ပါတယ်။ ဒေါက်တာအနေနဲ့ ဘုရားဆိုတာ
မျက်စိနှင့် မမြင်နိုင်လို့ မယုံဘူးဆိုတော့ အခုအချိန်မှာ ဂျာမဏီမှာ
ကျန်ခဲ့တဲ့ ဇနီးနှင့်သားသမီးများကို ရန်ကုန်ကနေ မမြင်နိုင်တဲ့အတွက်
မရှိဘူးလို့ ကျွန်တော်ပြောရင် လက်ခံနိုင်မလားဟု မေးလိုက်ရာ ကြောင်ပြီး ခဏ
ကြည့်နေပြီးမှ ဒေါက်တာက ဘယ်လက်ခံလို့ရမလဲ။ သူတို့က ရှိနေတာကို ကျွန်တော်
ကိုယ်တိုင်ရှိကြောင်း သိသည်ဟု ဖြေကြားလေသည်။
ထိုအခါ ကျွန်တော်က လကမ္ဘာမှာ ရေမရှိ၊ လေမရှိ သက်ရှိသတ္တဝါမရှိဆိုတဲ့
သိပ္ပံပညာရှင်တွေ ပြောတဲ့ စကားဟာ ကျွန်တော်မယုံဘူးဆိုရင် ဒေါက်တာ
ဘယ်လိုပြောမလဲ။ မတွေ့မမြင်လို့ မဖြစ်နိုင်ဟု ပြောမလား။ ဒေါက်တာကိုယ်တိုင်
လကမ္ဘာမ ရောက်ဘူးပေမဲ့။ ထိုစကားကို ယုံတယ်မဟုတ်လားလို့ မေးတဲ့အခါ
ထိုဒေါက်တာက ယုံပါတယ်။ ဒါကတော့ ရှင်းပါတယ်။ လကမ္ဘာရောက်ပြီး
ပြန်လာတဲ့လူတွေ ပြောတဲ့စကားဘဲဟု ဖြေလေသည်။ ထိုအခါ ကျွန်တော် က မှန်ပါတယ်။
ဘုရားဆိုတာက နာမ်ဝိညာဉ်ဖြစ်တယ် (ယော ၄း၂၄)။ ဒါကြောင့် ကာယမျက်စိနှင့်
မမြင်နိုင် ဘူး။ ဂျာမဏီမှာရှိတဲ့ ဒေါက်တာရဲ့မိသားစုကို ကျွန်
တော်ကာယမျက်စိနှင့်မမြင်သော်လည်း ဒေါက်တာ စကားကိုယုံပြီး ရှိတယ်လို့
ကျွန်တော်လက်ခံနိုင်သလို ထိုနာမ်ဝိညာဉ်ဘုရားနှင့်အတူနေပြီး ဤလောကကို
ြွကလာတဲ့ ယေရှုခရစ်စကားကို ယုံကြည်လျှင် ဘုရား ရှိကြောင်း ဒေါက်တာက
လက်ခံနိုင်မှာပါဟူ၍ ရှင်းပြ ခဲ့လေသည်။
ယေရှုရှိကြောင်း မငြင်းနိုင်ပါ
ဒေါက်တာအနေနှင့် ၂ဝဝရခုနှစ်ဟာ ခရစ် သက္ကရာဇ်မဟုတ်ဟု မငြင်းနိုင်ပါ။
ဤသက္ကရာဇ် ကို ကမ္ဘာက အသုံးပြုပြီး နှစ်လတွေကို ပိုင်းခြား၍ အသုံး
ပြုကြပြီ။ ယေရှုခရစ်သာ ဤလောကမှာ ပေါ်ထွန်းခြင်း မရှိခဲ့ဘူးဆိုရင်
ထိုခရစ်သက္ကရာဇ်လည်း ဖြစ်လာစရာ အကြောင်းမရှိဘူး။ ယေရှုခရစ်ဟာ ဧကန်အမှန်
ဤလောကကို ြွကလာခဲ့တယ်။ မြွကလာမှီ မျက်မြင် မရသော နာမ်ဝိညာဉ်ဘုရားရဲ့
ရင်ခွင်တော်မှာ နေလာ ခဲ့တယ်။ ကျမ်းစာ၌ ဤသို့ဖော်ပြထားသည်။ ဘုရား သခင်ကို
အဘယ်သူမျှ မမြင်စဖူးသော်လည်း ခမည်း တော်၏ ရင်ခွင်၌ရှိသော တပါးတည်းသော
သားတော် (ယေရှု) သည် ဘုရားသခင်ကို ထင်ရှားစေတော်မူပြီ (ယော ၁း၁၈)။
ထိုသားတော် ယေရှုဟာ ဒီလောကမှာ (၃၃)နှစ် ကြာနေထိုင်ခဲ့တယ်။ မျက်စိကန်းသူတွေ
မြင် စေတယ်။ နတ်ဆိုးတွေ မောင်းထုတ်တယ်။ လေပြင်း မုန်တိုင်းတွေ
ငြိမ်းစေနိုင်တယ်။ သေသူကိုပင် ရှင်စေ တယ်။ လေပြင်းမုန်တိုင်းတွေ
ငြိမ်းစေခဲ့တယ်။ ထိုယေရှု ခရစ်ကို ကြည့်လျှင် ဘုရားသဏ္ဍာန်(ဝါ)ဂုဏ်တော်ကို
မြင်ရမည်။ ကျမ်းစာ၌ ]]ထိုသားတော် ယေရှုသည် မျက်မြင်မရသော ဘုရား၏
ပုံသဏ္ဍာန်တော်ဖြစ်၏}} (ကော ၁း၁၅)ဟု ဖော်ပြထားပါသည်။ မိုးကောင်းကင် ကို
ကျွန်တော်တို့ မရောက်ဖူးသော်လည်း ကောင်းကင် မှ လာသော ယေရှုကပြောပြလို့
ကောင်းကင်ရှိကြောင်း သိရတယ်။ ဘုရားကို မမြင်ဘူးသော်လည်း မြင်ဘူးတဲ့
ယေရှုပြောပြလို့ သိခဲ့ရတယ်။ ကျမ်းစာ၌ ဘယ်လို ဖော်ပြသလဲဆိုရင်
]]လူ၏သက်သေကို ယုံရလျှင် ဘုရားသခင်၏ သက်သေကိုသာ၍ ယုံဖွယ်ရာ အကြောင်းရှိ၏။
ယခုဆိုခဲ့ပြီးသော သက်သေကား ဘုရားသခင်သည် မိမိသားတော်(ယေရှု)၏ အ ကြောင်းကို
သက်သေခံချက် ဖြစ်သတည်း}} (၁ယော ၅း၉)
ထို့အပြင် အရှင်ယေရှုကိုယ်တိုင် သက်သေခံ သည်မှာ ငါ့ကိုမြင်သောသူသည်
ခမည်းတော်(ဘုရား) ကိုမြင်၏ (ယော ၁၄း၉)။ ကျွန်တော်ကတော့ ထိုဘုရား
ကိုတွေ့ပြီ။ သေရင် ကောင်းကင်ဘုံ ဧကန်အမှန် ရောက်မည်ဟု သက်သေခံသောအခါ
ထိုဒေါက်တာက ခင်ဗျားဟာ သိပ်ကံကောင်းတဲ့လူဘဲ ကျွန်တော် က တော့ သေရင်
ဘယ်ဘဝရောက်မယ်ဆိုတာ အခုထိ မသိသေးဘူး။ သေခါနီးကျရင်တော့ ကျွန်တော်လည်း
ခင်ဗျားပြောတဲ့ ဘုရားကို ရှာကောင်းရှာမှာပေါ့ဟု ဝန်ခံခဲ့လေသည်။
ဝိညာဉ်နှိုးဆော်ချက်
ထိုအချိန်ကစပြီး ကျွနု်ပ်တို့၏ ပတ်ဝန်းကျင်မှာ ဘုရားမဲ့ဝါဒီများ
မြောက်များစွာ ရှိမည်ကိုゞင်း၊ ထိုသူတို့ အား ဘုရားရှိကြောင်း၊ မည်သို့
သက်သေခံ ရှင်းပြရ မည်ကိုゞင်း၊ ဝိညာဉ်တော်၏ ဖွင့်ပြခြင်းခံရ၍ ဤ
ဆောင်းပါးကို ရေးသားရခြင်းဖြစ်ပါသည်။
အံ့ဩဘွယ်ရာ ကျမ်းစာသက်သေ
ချစ်သောမိတ်ဆွေ ဘုရားရှိကြောင်း ထင်ရှား သော သက်သေတစ်ချက်မှာ ကျမ်းစာကို
ဖတ်ပြီး သိနိုင်ပါသည်။ နှစ်ပေါင်း (၁၆ဝဝ)အတွင်းမှာ ဘုရား သန့်ရှင်း
သူတွေက အချိန်မတူ၊ နေရာဒေသမတူ၊ လူမျိုးမတူ၊ အဆင့်အတန်းမတူ၊
အချင်းချင်းမသိ မကျွမ်းကြသော သူတွေက ရေးလိုက်သော ကျမ်းစာ (၆၆)စောင်ကို
ပေါင်းချုပ်လိုက်သောအခါ ကျမ်းစာ တစ်အုပ်ဖြစ်လာသည်။ ဖတ်ကြည့်သောအခါ ရှေ့
နောက်ညီညွတ်မှုရှိ၏။ အမှားလုံးဝမရှိ။ မှန်ကန် ကြောင်း
အထောက်အထားများစွာရှိသည်။ ကျမ်းစာ တစ်အုပ်လုံး ဖတ်ကြည့်လျှင် ဇာတ်ကောင်သည်
ဘုရားဖြစ်ကြောင်း တွေ့ရသည်။ ဤကျမ်းစာသည် လူ့ပညာ၊ အတွေးအခေါ်နှင့်
ရေးသည်မဟုတ်။ သန့်ရှင်းသော ဝိညာဉ်တော်၏ တိုက်တွန်းခြင်းခံရ သော
ဘုရားသခင်၏ သန့်ရှင်းသူများ ရေးသားထား သော စာဖြစ်လို့ အပြစ် ရှာ၍
မတွေ့နိုင်။ ဤကျမ်းစာ သည် အံ့ဩဖွယ်ရာ ၊ ဘုရားရှိကြောင်း သက်သေတစ်ခု
ဖြစ်လေသည်။ (၂တိ ၃း၁၆-၁၇။ ၂ပေ ၁း၂၀-၂၁)။ အရှင်ယေရှုက ထိုကျမ်းစာပင် ငါ၏
သက်သေဖြစ်၏။ (ယော ၅း၃၉)ဟု မိန့်တော်မူပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အံ့ဩဘွယ်ရာ ဘုရားလက်ရာ
ဘုရားသခင်ကို မတွေ့မမြင်နိုင်သော်လည်း ဖန်ဆင်းထားသော ဘုရားလက်ရာများကို
ကြည့်ခြင်း အားဖြင့် ဘုရားသခင်ဧကန်အမှန်ရှိကြောင်း သိနိုင် သည်။
အဘယ်သို့နည်းဟူမူကား၊ ဖန်ဆင်းတော်မူ သော အရာများကို ထောက်ရှုသဖြင့်
မျက်မြင်မရသော ဘုရားသခင်၏ အရာတို့သည် ကမ္ဘာတည်သည်ကာလ မှစ၍ ထင်ရှားလျှက်ရှိ၏
(ရောမ ၁း၂၀)။ ချစ်သော မိတ်ဆွေ၊ ဤလောက ကမ္ဘာရှိ၊ ရေမြေ၊ တောတောင်
သဘာဝများကိုゞင်း၊ မိုးကောင်ကင်ရှိ နေ၊ လ၊ ကြယ်၊ နက္ခတာရာတို့ကိုゞင်း၊
ကြည့်ရှုလေ့လာသောအခါ အံ့ဩဘွယ်ရာ ဘုရားလက်တို့ကို မြင်ရပေမည်။
ပင်လယ်အောက်ရှိ သတ္တဝါများမှစ၍ လေ့လာ၍ မကုန်နိုင်အောင် များပြားလှသော
သစ်ပင်ပန်းမန်များ ဘယ်ပန်းချီမျှ မမှီနိုင်သော ရှုခင်းများ ထိုအရာများကို
ကြည့်လျှင် ဖန်ဆင်းရှင်ဘုရားရှိကြောင်း၊ ထင်ရှားလျက် ရှိပါသည်။
အိမ်မည်သည်ကား တစုံတယောက်သော သူ ဆောက်သောကြောင့်ဖြစ်၏။ အလုံးစုံတို့ကို
တည် ဆောက်သော သူကား၊ ဘုရားသခင်ပေတည်း (ဟေဗြဲ ၃း၄)။
ဘုရားလူတို့၏ သက်သေ
ချစ်သောမိတ်ဆွေ၊ ဒီကမ္ဘာကြီးလုံးကြောင်းကို ကိုယ်တိုင်ပတ်၍ လေ့လာပြီး၊
လှည့်မကြည့်နိုင်သော် လည်း လှည့်ပတ်၍ လေ့လာပြီး သူတို့၏ သက်သေခံ ချက်ကို
လက်ခံယုံကြည်လျက် ကမ္ဘာကြီးလုံးသည်ကို မိတ်ဆွေသည် သံသယမရှိဝန်ခံသည်
မဟုတ်ပါလော။ ထို့အတူ မိတ်ဆွေကိုယ်တိုင် မတွေ့ဘူးသော်လည်း ဘုရားသခင်နှင့်
ထိတွေ့သော သူတို့၏ သက်သေခံ ချက်ဖြင့် ဘုရားရှိကြောင်း သိနိုင်လေသည်။ တမန်
တော် ဟောဟန်က သက်သေခံခဲ့သည်မှာ ရှေးဦးစွာက ပင် ဖြစ်၍ ငါတို့သည်
ကိုယ်တိုင်ကြားလျက် ကိုယ် မျက်စိနှင့်မြင်လျက် စေ့စေ့ကြည့်ရှု၍
လက်နှင့်စမ်း သပ်ခဲ့ပြီးသော အရာတည်းဟူသော အသက်ရှင်သော နှုတ်က
ပတ်တော်နှင့်ဆိုင်သော အရာကို သင်တို့အား ပြသ၏။ ထိုအသက်သည် ထင်ရှားခဲ့ပြီ။
ငါတို့လည်း မြင်ရကြပြီ (၁ယော ၁း၂)။ ကေဖသည် ကိုယ်တော် မြင်ပြီးမှ
တကျိပ်နှစ်ပါးသော သူတို့မြင်ရကြ၏။ ထိုနောက် ညီအစ်ကို ငါးရာမက
တပြိုင်နက်မြင်ရကြ ၏။ ထိုသူတို့ တွင် အများသော သူတို့တွင် အသက်ရှင်
ကြသေး၏။ အချို့တို့သည် အိပ်ပျော်ကြပြီ။ ထို့နောက် ယာကုပ် မြင်ရ၏။
ထိုနောက် တမန်တော် အပေါင်း တို့သည် မြင်ရကြ၏။ နောက်ဆုံးတွင် ငါ
(ရှင်ပေါလု) ကိုယ်တိုင် မြင်ရ၏ (၁ကော ၁၅း၅-၈)။ သို့ဖြစ်၍ ဤမျှလောက်
များစွာသော သက်သေအပေါင်းတို့ သည် ငါတို့ကို ဝိုင်းရံလျက်ရှိကြသည်ဖြစ်၍
ယုံမှား သံသယဖြစ်စေ ရာမရှိ။ ဤအရာ၌ ဘုရားလူတို့တွင် ဖြစ်သော သက်သေများကို
ပြော၍မကုန်နိုင်။ ဤ ကမ္ဘာအနှံ့အပြားမှာ ရှိတော်မူ၏။
အစမ်းခံသော ဘုရား
ချစ်သော မိတ်ဆွေ၊ အထက်ပါတင်ပြခဲ့ပြီး သော ဘုရားရှိကြောင်း သက်သေများကို
မိတ်ဆွေ ကိုယ်တိုင်စိတ်ထဲမှာ သံသယစိတ်ရှိပါက နောက်ဆုံးမှာ
ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်၍ ရပါသည်။ အသက်ရှင် သော ဘုရားသခင်သည်
အစမ်းခံသော ဘုရားဖြစ် ပါသည်။ ဆာလံဆရာဒါဝိဒ်က ထာဝရဘုရား ကောင်း
မြတ်တော်မူသည့်အကြောင်းကို မြည်းစမ်း၍ သိမှတ် ကြလော့ (ဆာလံ ၃၄း၈)။
မှန်ပေ၏။ ထာဝရဘုရား ကောင်းမြတ်တော်မူသည့်အကြောင်းကို မြည်းစမ်းသူ တိုင်း
ဘုရားအသက်ရှင်ကြောင်း သက်သေသည် ကိုယ်စီရှိကြ၏။ အမှုရောက်သည့်ကာလ၌ ငါ့ကို
အဓိဋ္ဌာန်ပြုလော့။ ငါသည် ကယ်လွှတ်မည်။ သင်သည် လည်း ငါ့ကို
ချီးမွမ်းရလိမ့်မည် (ဆာလံ ၅ဝး၁၅)။ ချစ်သောမိတ်ဆွေ ဘုရားသခင်ရှိမရှိကို
အမှန်တကယ် သိလိုလျှင် သစ္စာဖြင့် ပဋ္ဌာနာပြုကြည့်ပါ။ အသက်ရှင် သော ဘုရားသခင်၏
အဖြေမစခြင်း လက်တော်ကို ကိုယ်တိုင်မြင်တွေ့ရပေလိမ့်မည်။ တခါက ခရစ်တော်
နောက်လိုက်တပည့်တော်တစ်ယောက်သည် သေခြင်း မှ ရှင်ပြန်ထမြောက်သေ သခင်အပေါ်
အယုံအကြည် မရှိသောကြောင့် လက်တော်၌ သံရိုက်ရာချက်ကို မမြင်
သံရိုက်ရာချက်ကို လက်ညှိုးနှင့် မတို့မစမ်း၊ နံဘေး တော်ကိုလည်း
လက်နှင့်မစမ်မသပ်ရလျှင် အကျွနု်ပ် မယုံဟုဆို၏။ ထိုအခါ အရှင်ယေရှုက
ထိုသူဖြစ်သော သောမအား သင်၏ လက်ညှိိုးကို ဆန့်၍ ငါ့လက်ကို ကြည့်လော့။
သင်လက်ကိုဆန့်၍ ငါနံဘေးကို စမ်းသပ် လော့။ ယုံမှားခြင်းမရှိနှင့်။
ယုံလော့ဟု မိန့်တော်မူ၏။ သောမကလည်း အကျွနု်ပ်၏အရှင် အကျွနု်ပ်၏
ဘုရားသခင်ပါတကားဟု လျှောက်၏။ ယေရှုကလည်း သင်သည် ငါ့ကိုမြင်သောကြောင့်
ယုံကြည်ခြင်းရှိ၏။ ငါ့ကိုမမြင်ဘဲ ယုံကြည်သောသူတို့သည် မင်္ဂလာရှိ၏ဟု
မိန့်တော်မူ၏ (ယော ၂ဝး၂၇-၂၉)
ချစ်သော ဓမ္မမိတ်ဆွေ၊ သင်သည် သောမကဲ့ သို့ မြင်ပြီးမှ ယုံကြည်လိုပါသလား။
နှုတ်ကပတ်တော် အတိုင်း ရိုးရိုးလေးယုံကြည်လျှင် မိတ်ဆွေသည်သာ၍ မင်္ဂလာရှိသော
သူဖြစ်၏။ ဤဆောင်းပါးကို ဖတ်ရှုသူ အတိုင်း အသက်ရှင်သော ထာဝရဘုရားဟူသည်
ဧကန်အမှန်ရှိကြောင်း သက်သေရကြပါစေသော်ဟု မေတ္တာဖြင့် ရေးသားလိုက်ပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၀ိညာဉ်မျက်စိကန်းစေသော စိတ်အားကြီးခြင်း
ဤဆောင်းပါးသည် ဓမ္မအမှုတော်ဆောင်များ အတွက်
ရည်ရွယ်ပြီးရေးသားခြင်းဖြစ်ပါသည်။ ယနေ့ ပြောင်းလဲလာခါစ အမှုတော်ဆောင်ဖို့
ဆက်ကပ်ထား သော လူငယ်များတာအထွက်မှား ကျားကိုက်ကိုက်၊ တုံးတိုက်တိုက်
အမှုတော်မြတ်အတွက်ဆိုလျှင် သေသည် အထိ လုပ်ဆောင်မည်ဟူသော ေြွကးကြော်သံများ
ကြားနေရ၏။ အမှုတော်ဆောင်ပြီး တစ်နှစ်၊ နှစ်နှစ် လောက်ကြာသောအခါ
ယခင်စိတ်အားထက်သန်မှု များ လျော့ပါးသည်သာမက၊ အထက်က ေြွကးကြော် သံများ
တိုးသွားသည်ကို တွေ့ရသည်။
ကျွနု်ပ်၏ ကိုယ်တွေ့
လွန်ခဲ့သော ၁ဝနှစ်ခန့်က ဖြစ်ပါသည်။ ရှမ်း ပြည်အရှေ့ပိုင်း၊
ကျိုင်းတုံမြို့တွင် အမှုတော်ဆောင် လူငယ်တစ်ယောက်ကို တွေ့ဖူးပါသည်။
ထိုလူငယ်၌ အဟောအပြော၊ အသင်အပြ အလွန်ကောင်းသော ဆုကျေးဇူးရှိပါသည်။
လူငယ်များကို ပေါင်းသင်းဆက် ဆံတတ်ပြီး အဆိုအတီးဘက်တွင်လည်း ထူးချွန်သူ
တစ်ဦး ဖြစ်ပါသည်။ ထိုသူကို အသင်းသူ၊ အသင်းသား အားလုံးက
ကြိုက်နှစ်သက်ကြသည်သာမက သူ့တရား နာပရိတ်သတ်ချီးကျူးဩဘာပေးကြသည်ကို တွေ့ရ
၏။ စိတ်အားကြီးခြင်းကို ကြည့်ပြန်လျှင် အဘယ်သူမျှ မမှီနိုင်။ တခါတခါ
တရားဟောရင်း ကျိုင်းတုံမြို့တွင် အကြီးမားဆုံးသော အသင်းတော်ကို တည်ဆောက်
မည်။ သုံးနှစ်အတွင်း အသင်းသားပေါင်းထောင် ဂဏန်းရှိရမည်။
ဗိမ–္မာန်တော်ကိုလည်း အကောင်းဆုံး ခမ်းနားစွာတည်ဆောက်မည်။ ဆရာနေအိမ်မှစ၍
အသင်းတော်အတွက် တယ်လီဖုန်းများ ရှိရမည်ဟု ပြောလေ့ရှိပါသည်။
သို့သော်မကြာပါ။ သုံးနှစ်ကြာသောအခါ သူ ပြောသည့်အတိုင်းဖြစ်မလာသောအခါ
စိတ်ဓါတ်ကျပြီး အရှက်တကွဲ အကျိုးနည်းခဲ့ရသည်။ သူ့ကိုအမျိုးမျိုး
အားပေးနှစ်သိမ့်ခဲ့သော်လည်း အမှုတော် ဆောင်လုပ် ငန်းကိုပါ စွန့်လွှတ်ပြီး
ကျိုင်းတုံမြို့မှ ထွက်ခွာခဲ့ရ ပါသည်။ ချစ်သောဓမ္မမိတ်ဆွေ သင်သည်လည်း အမှု
တော်ဆောင်ဖို့ စိတ်အားထက်သန်နေပါသလား။ အ လွန်ကောင်းပါသည်။ သို့သော်
စိတ်အားကြီးရုံနှင့် အမှု တော်မြတ်အတွက် အောင်မြင်မှုမရနိုင်ကြောင်းကို
ရှင်ပေါလုအသက်တာအားဖြင့် သတိပေးဝေငှလိုပါ သည်။ တမန်တော်ပေါလုသည်
ရှောလုဘဝ၌ ကျမ်း တတ်ဖာရိရှဲဖြစ်ကြောင်း သိရ၏။
ရှင်ပေါလု၏ သက်သေခံချက်
ရှင်ပေါလုက ငါသည် ရှစ်ရက်မြောက်သောနေ့ ၌ အရေပြားလှီးခြင်းခံရ၏။
ဣသရေလအမျိုးဗင်္ယာမိန် အနွယ်ဖြစ်၏။ ဟေဗြဲလူမှ ဆင်းသက်သော ဟေဗြဲလူ စစ်ဖြစ်၏။
တရားအားဖြင့်ကြည့်သော် ဖာရိရှဲဖြစ်၏။ ယေရုရှလင်မြို့ ဂါမေလျေလအမည်ရှိသော
ဆရာ၏ ခြေရင်း၌ ကျွေးမွေးခြင်းကိုခံ၍ မိစဉ်ဘဆက် ကျင် လည်သော တရားကို
သေချာစွာ သိနားလည်ခြင်းငှာ နည်းဥပဒေသကို ခံပါပြီ။ စိတ်အားကြီးခြင်းကို
မေး သော် အသင်းတော်များကို ညှင်းဆဲသောသူဖြစ်၏။ ပညတ်တရားအားဖြင့်ရသော
ဖြောင့်မတ်ခြင်းကို မေး ပြန်သော် အပြစ်တင်ခွင့်နှင့် ကင်းလွတ်သောသူဖြစ်၏။
ယုဒလူရှိသမျှတို့ထက် ယနေ့တိုင်အောင် ဘုရားသခင် ဘက်မှာ
စိတ်အားကြီးသောကြောင့် ယောကျာ်းမိန်းမ တို့ကို ချည်နှောင်ပြီး
ထောင်ထဲမှာလှောင်ထား၍ တချို့ ကို အသေသတ်သည်တိုင်အောင် ခရစ်ယာန်ဘာသာ ကို
ညှင်းဆဲပါ၏။ ထို့အပြင် ယဇ်ပုရောဟိတ်မင်းများ နှင့်
ဘာသာရေးခေါင်းဆောင်တို့သည်လည်း အကျွနု်ပ် ဘက်၌ သက်သေဖြစ်ကြပါ၏။
ထိုခေါင်းဆောင်များထံ မှ အမိန့်စာကိုရယူပြီး ထိုခရစ်ယာန်ဘာသာဝင်တို့ကို
ဒဏ်ခတ်စေခြင်းငှာ ချည်နှောင်၍ ယေရုရှလင်မြို့သို့ ပို့မည်ဟု အကြံနှင့်
ဒမာသက်မြို့သို့ အကျွနု်ပ်သွားပါ ၏။ တမန်တော်ပေါလုသည် ဒမာသက်မြို့ အနီး
ရောက်သောအခါ ခရစ်တော်နှင့်တွေ့ပြီး အသက်တာ ပြောင်းလဲခဲ့၏။
ပေါလုအတွက် သခင်ဘုရားမိန့်မှာချက်
ရှင်ပေါလု၏ အသက်တာပြောင်းလဲသောအခါ သခင်ဘုရား၏ မိန့်မှာချက်
ဗျာဒိတ်တော်မှာ သင်သည် မြေကြီးစွန်းတိုင်အောင် ကယ်တင်ခြင်းကို
ပြုစိမ့်သော ငှာ သင့်ကို တပါးအမျိုးသားတို့ လင်းစရာဖို့ ခန့်ထား၏ ဟု
ဗျာဒိတ်တော်ရှိ၏ (တ ၁၃း၄၇)။ ထို့ကြောင့် တမန်တော်ပေါလုအနေဖြင့်
အဓိကလုပ်ရမည့် တာဝန် မှာ တပါးအမျိုးသားများထံသို့ ဧဝံဂေလိတရားဟော
ကြားဖို့ဖြစ်ပါသည်။
မိမိအမျိုးအတွက် စိတ်အားကြီးခြင်း
ရှင်ပေါလုကို ဘုရားသခင်ရွေးကောက်ရခြင်း ၏ အဓိကရည်ရွယ်ချက်မှာ
တပါးအမျိုးသားများထံ ဧဝံဂေလိတရား ဟောကြားဖို့ဖြစ်ကြောင်း ရှင်ပေါလု
ကောင်းကောင်းသိပါသည်။ သို့သော် သူ့လူမျိုးများ အတွက် ကျိန်ခြင်းကိုတောင်
ခံချင်သော စိတ်ရှိ ကြောင်း တွေ့ရ၏။ ငါသည် အလွန်ဝမ်းနည်းခြင်းရှိ၏။
စိတ်နှလုံးထဲ၌ မခြားမလပ်ပူပန်ခြင်း ဝေဒနာရှိ၏။ အ ကြောင်းမူကား
ဇာတိအားဖြင့် ငါ့အမျိုးသားချင်းဖြစ် ကြသော ငါ့ညီအစ်ကိုတို့အတွက် ငါသည်
ကိုယ်တိုင် ခရစ်တော်နှင့် ခွာ၍ ကျိန်ခြင်းကို ခံချင်လောက်အောင် စိတ်ရှိ၏
(တ ၉း၁၂)။
သန့်ရှင်းသောဝိညာဉ်တော်၏ သတိပေးချက်
ယခုလည်းကြည့်ပါ။ တပါးအမျိုးသားများ ဧဝံဂေလိဟောပြောအပြီး ပင်တေကုတ္တေပွဲ
မလွန်မီ ယေရုရှလင်မြို့သို့ ရောက်ခြင်းငှာ ကြိုးစားနေသည်ကို တွေ့ရ၏။
ထို့ကြောင့် အာရှိပြည်မှာ တာရှည်စွာ မနေ ဘဲ ဧဖက်မြို့သို့ သွားလျှင်
ချည်နှောင်ခြင်း၊ ညှင်းဆဲ ခြင်း၊ နှိပ်စက်ခြင်းအမှုတို့သည်
ဆိုင်းလင့်သည်ကို ခပ်သိမ်းသောမြို့တို့၌ ရှင်ပေါလုအား သက်သေခံတော် မူ၏ (တ
၂ဝး၂၂-၂၃)
တမန်တော်ရှင်ပေါလုသည် သူ့လူမျိုးများအ တွက် စိတ်အားကြီးနေသောကြောင့်
ဝိညာဉ်တော်၏ သတိပေးချက်ကိုပင် အမှုမထားဘဲ သူ့အလို၊ သူ့ဆန္ဒ ကို
ထိပ်တန်းတင်လျက် ဤသို့ သက်သေခံ၏။ ထိုညှင်းဆဲခြင်း တစုံတခုကိုမျှ ငါသည်
ပမာဏမပြု။ ကိုယ့်အသက်ကိုလည်း နှမြောခြင်းမရှိဟု ဆို၏ (တ ၂ဝး၂၄)။
ပရောဖက်နှင့်ယုံကြည်သူများ၏ တားမြစ်ချက်
ထို့နောက် ရှင်ပေါလုသည် ယေရုရှလင်မြို့သို့ မရောက်ရောက်အောင်သွားရန်
ဆုံးဖြတ်ထားလေ၏။ ကဲသရိမြို့သို့ ရောက်သောအခါ အာဂဗုအမည်ရှိသော
ပရောဖက်တစ်ယောက်သည် ယုဒပြည်မှလာ၍ ပေါလု ၏ ခါးပန်းကို ယူ၍ မိမိခြေလက်ကို
ချည်နှောင်ပြီးလျှင် ဤခါးပန်းရှင်ကို ယုဒလူတို့သည် ယေရုရှလင်မြို့၌
ချည်နှောင်၍ တစ်ပါးအမျိုးသားလက်သို့ အပ်နှံကြလိမ့် မည်ဟု သန့်ရှင်းသော
ဝိညာဉ်တော်မိန့်မှာကြောင်း ပြောဆို၏။ ထိုပရောဖက်ပြုချက်ကို ယုံကြည်သူတို့
သည် ကြားလျှင် ယေရုရှင်လင်မြို့သို့ မသွားရန် ရှင်ပေါ လုအား
ဝိုင်းတောင်းပန်လျှင် ဆီးတားကြ၏။
သို့သော် ရှင်ပေါလုသည် တားမြစ်ချက်ကို မနာ ခံဘဲ ဤသို့မိန့်ဆို၏။
အဘယ့်ကြောင့် ငိုေြွကးလျက် ငါ့စိတ်နှလုံးကို ကြေကွဲစေလျက် ပြုသနည်း။ သခင်
ယေရှု၏ နာမတော်ကြောင့် ယေရုရှလင်မြို့၌ ချည် နှောင်ခြင်းသာမက
အသေသတ်ခြင်းတိုင်အောင် ခံ ခြင်းငှာ ငါအသင့်ရှိသည်ဟု ဆို၏။ ထိုသို့
ပရောဖက် နှင့် ယုံကြည်သူများ သွေးဆောင်ခြင်းသို့ မလိုက်သော အခါ
သခင်ဘုရား၏ အလိုတော်ရှိသည်အတိုင်း ဖြစ်ပါ စေဟု ဆိုကြ၏။
သခင်ဘုရားကိုယ်တိုင် သတိပေးချက်
ရှင်ပေါလုက သန့်ရှင်းသော ဝိညာဉ်တော်က သတိပေးသော်လည်းမရ။ ပရောဖက်
အာဂဗုအားဖြင့် တားဆီးထားသော်လည်း မနာခံ။ ယုံကြည်သူများစွာ ငိုေြွကးပြီး
ဝိုင်းတောင်းပန်သော်လည်း ဂရုမစိုက်ဘဲနေ သောအခါ
ယခုနောက်ဆုံးခရစ်တော်ကိုယ်တိုင် မိန့်မှာ ခဲ့လေသည်။ သခင်ဘုရားက
ရှင်ပေါလုကို သင်သည် ကြိုးစား၍ ယေရုရှလင်မြို့မှ အလျင်အမြန်ထွက်လော့။
ငါသည် အကြောင်းကို သင်သည်ပြော၍ သက်သေခံ သော စကားကို ဤလူတို့သည် နာမခံဘဲ
နေကြလိမ့် မည်။ သခင်ဘုရားက သွားလော့။ ငါသည် တစ်ပါး
အမျိုးသားတို့ရှိရာနေရာသို့ သင့်ကို ဝေးလှစွာ စေလွှတ် မည်ဟု ရှင်ပေါလုအား
မိန့်တော်မူ၏။ သို့သော်လည်း ရှင်ပေါလုသည်
လူမျိုးခွဲစိတ်ဓါတ်မွှန်လျက်ရှိသော ကြောင့် ထိုအမိန့်ကို မနာခံ။
ငြင်းဆန်လျက်ရှိလေ၏။ ချစ်သော ဓမ္မမိတ်ဆွေ၊ သခင်ဘုရားသည် ရှင်ပေါလုကို
ယေရုရှလင်မသွားဘဲ တစ်ပါးအမျိုးသားများထံသို့ အကြိမ်ကြိမ်
နည်းမျိုးစုံနှင့် မိန့်မှာခဲ့သော်လည်း မနာခံ သောအခါ
သခင်ဘုရားကိုယ်တိုင်ဆင်းလာပြီး ဆီးတား သော်လည်း မမြင်နိုင်ဘဲ
ဝိညာဉ်မျက်စိကန်းနေ ကြောင်း ကို တွေ့ရ၏။ အဘယ့်ကြောင့်ဆိုသော် ရှင် ပေါလု၌
သူလူမျိုးများအတွက် စိတ်အားထက်သန် လျက် ရှိသောကြောင့် ဖြစ်လေသည်။
စိတ်အားထက်သန်မှုကြောင့် အလိုတော်မှ လွှဲချော် ခြင်း
ချစ်သော ဓမ္မမိတ်ဆွေများ ရှင်ပေါလုကဲ့သို့ မိမိ လူမျိုးအတွက်
မိမိအလိုဆန္ဒပြင်းပြမှုအတွက် စိတ်အား ကြီးခြင်းသည် အပြစ်ဆိုစရာမရှိပါ။
သို့သော် အကျွနု်ပ် အလို၊ အကျွနု်ဆန္ဒသည် ဘုရားသခင်၏ အလိုတော် နှင့်
ဆန့်ကျင်နေပါက ထိုစိတ်အားထက်သန်မှုသည် ကြီးမားသော အန္တရာယ်ဖြစ်နိုင်ပါသည်။
တချို့အမှု တော်ဆောင်များ မိမိအလို၊ မိမိဆန္ဒပြင်းပြမှုကို ဦးစားပေးသောအခါ
အလိုတော်လမ်းမှ လွဲချော်သူများ ရှိလေသည်။ ကျွနု်ပ်အသိမိတ်ဆွေတစ်ယောက်သည်
အမှုတော်ဆောင်၊ အိမ်ထောင်ပြုပြီးမှ ကိုးရီးယားနိုင်ငံ သို့ ြေျအနမ
ဓမ္မပညာကို ဆက်လက်သင်ကြားဘို့ ထွက် ခွာသွားသောအခါ သူ့မိန်းမကို
မြန်မာပြည်မှာ ထားခဲ့ လေသည်။ နှစ်နှစ်လောက်ကြာသောအခါ သူ့ချစ်ဇနီး သည်
အခြားယောကျာ်းနှင့် ကိုယ်ဝန်ရှိသွားကြောင်း သိရ ချိန်မှာ
ရင်ကျိုးခဲ့ရလေသည်။ သို့သော် ပြန်လည်ပေါင်း စီးရန် မဖြစ်နိုင်သော
အဆုံးမှာ လင်မယားကွဲခဲ့ရသည်။
ဤသို့ဆိုရာ၌ အခြားနိုင်ငံသို့ ဓမ္မပညာသင်ဘို့ မသွားရဟု မဆိုလိုပါ။
စိတ်အားထက်သန်သည့် အတိုင်း ဘုရားသခင်အလိုတော်ရှိလျှင်ゞင်း၊ ဘုရား သခင်၏
သက်သေရလျှင်ゞင်း သွားသင့်ပါသည်။
ချစ်စွာသော ဓမ္မအမှုတော်ဆောင်များ၊ ဓမ္မ ပညာသင်ကြားသည်ဖြစ်စေ၊ မိဘမဲ့ဂေဟာ
ဖွင့်သည် ဖြစ်စေ၊ ကျမ်းစာကျောင်းဖွင့်သည်ဖြစ်စေ၊ အသင်း
တော်ထောင်သည်ဖြစ်စေ၊ မူကြိုကျောင်းဖွင့်သည် ဖြစ် စေ၊
ဝါသနာနှင့်စိတ်အားကြီးရုံဖြင့် မလုပ်သင့်ပါ။ ဘုရားသခင်၏ အလိုတော်
ဘုရားသခင်၏ စေခိုင်း ခြင်း၊ သက်သေရမှသာ၊ ဘုရားသခင်၏မစမှု လက် တော်ကို
တွေ့ရပေမည်။
အကယ်၍ တမန်တော်ပေါလုသည် သခင် ဘုရား မိန့်မှာစကားကို နာခံလျက် ယေရုရှ
လင်မြို့သို့ မသွားဘဲ၊ တပါးအမျိုးသားများထံသို့ သွားခဲ့လျှင် ဘုရားသခင်၏
အမှုတော်သည် ထိုထက်မက ကျယ် ပြန့် အောင်မြင်လိမ့်မည်ဟု အကျွနု်ပ်ယုံကြည် ပါ
သည်။
ထို့ကြောင့် အကျွနု်ပ်တို့အမှုတော်ဆောင်များ အထူးသတိပြုသင့်သည်မှာ
ဘုရားသခင်ခိုင်းတာကို မမြင်နိုင်လောက်အောင်၊ ဝိညာဉ်မျက်စိကန်း စေတတ် သော
စိတ်အားထက်သန်မှု၊ မိမိဝါသနာ၊ မိမိလိုအင် ဆန္ဒများကို ထိပ်တန်းမတင်ဘို့
သတိပြုသင့်ကြောင်း ခရစ်တော်ဘုရား၏ မေတ္တာ၌ ဝေငှလိုက်ပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တစ်ရွာမပြောင်း သူကောင်းမဖြစ်
တစ်ရွာမပြောင်းသူကောင်းမဖြစ်ဟူသော စကားကို လေ့လာဆင်ခြင်ကြပါစို့။ ဤတွင်
ပြောင်းရွှေ့ တိုင်း၊ သူကောင်းမဖြစ်သလို ပြောင်းရွှေ့ရခြင်းကြောင့်
ကောင်းစားသွားသောသူများလည်း ရှိကြောင်းကို လက်တွေ့ရော ကျမ်းရဲ့
အထောက်အထားအားဖြင့်ပါ သိရှိရပါသည်။
တစ်နေရာတွင် မိမိစီးပွားရေး အခြေအနေ မလှသောအခါ အခြားတစ်နေရာသို့
ပြောင်းဖို့ လူတစ် ချို့က ဆုတောင်းခိုင်းလေ့ရှိတတ်ပါသည်။ ထိုသို့ ဆု
တောင်းပေးသည့်အခါ ပြောင်းရွှေ့သွားသူများထဲတွင်
ကောင်းစားသူများရှိသကဲ့သို့ ပျက်စီးသွားသူများလည်း ရှိနေပါသည်။
သမ္မာကျမ်းစာတွင်ကြည့်လျှင် တရားသူကြီး အုပ်စိုးသောကာလ၌ ယုဒပြည်၊
ဗက်လင်မြို့သား ဧလိ မလက်သည် မယားနှင့်သားနှစ်ယောက်ပါလျက် မောဘပြည်သို့
ထွက်သွားလေ၏။ သူ့၏မယားအမည် ကား နောမိ၊ သားနှစ်ယောက်အမည်ကား မဟာလုန်၊
ခိလုန်ဖြစ်သည်။ မောဘပြည်ရောက်ပြီး မကြာမီ ဧလိမ လက်သည် သေလေ၏။
(၁၀)နှစ်ခန့်ကြာသောအခါ သားနှစ်ယောက်သည် သေ၍ မိခင်ဖြစ်သူ နောမိသည် လည်း
ခင်ပွန်းမရှိဖြစ်ရှာရသည်။ သားလည်းမရှိ ဒုက္ခ အတိ ခိုကိုးရာမရှိဘဝ
ရောက်ခဲ့လေ၏။
အဘယ့်ကြောင့်နည်း။၊ ]]တစ်ရွာမပြောင်း သူကောင်းမဖြစ်}}ဟု
ဆိုရိုစကားကိုယုံစားပြီး နောမိတို့ မိသားစုက ယုဒပြည်မှ မောဘပြည်သို့
ပြောင်းသွား ခြင်းလား၊။ သူတို့သည် လူ့စကားကို ယုံ၍ လင်ဆုံး၊
သားတွေလည်းဆုံး ဖြစ်ခဲ့ရလေပြီ။
နောက် မိသားစုတစ်စုကို ကြည့်ကြပါစို့။ အာဗြံဟံ၏ မိသားစုမူကား၊
ဘုရားသခင်၏ စကားကို ယုံကြည်လျှက် ခါရန်မြို့မှ ခါနန်ပြည်သို့ ပြောင်းရွှေ့
လာရသည်။ ထို့ကြောင့် အမှန်တစ်ကယ်ကောင်းစား ခဲ့လေသည်။ သူသာမက
သားစဉ်မြေးဆက်ကောင်း ကြီးများစွာ ခံစားရလေသည်။ အာဗြံဟံသည် မယုံ
ကြည်သူတို့၏ နေရာ၌ နေထိုင်ရသော်လည်း ပျက်စီး ခြင်းမရှိ။ ထိုနေထိုင်ရာ
မြေကြီးမဆန့်သည့်တိုင် သူမတူ နိုင်လောက်အောင် ြွကယ်ဝချမ်းသာလာ၏ (က ၁၃း၆)။
အာဗြံဟံ၏ အမျိုးဖြစ်သော ရှောလမုန်မင်းကြီး ၌လည်း ရွှေ၊ ငွေပေါြွကယ်၍
သူသောက်သုံးသော ဖလားနှင့် လေဗနုန်နန်းတော်၌ ရှိသမျှတို့သည် ရွှေဖြစ် ၏။
ရှင်ဘုရင်ထံ သုံးနှစ်တစ်ခါ တာရှုသင်္ဘောသည် ပြန်လာ၍ ရွှေ၊ ငွေ၊
ဆင်စွယ်များကို ဆောင်ခဲ့တတ်၏။ ထိုသို့ ရှောလမုန်သည်
မြေကြီးပေါ်မှာရှိသမျှသော ရှင်ဘုရင်တို့ထက် ပညာနှင့် စည်းစိမ်များစွာ
လွန်ကဲစွာ နဲ့ ချမ်းသာ၏ (၃ရာ ၁ဝး၂၁-၂၂)။
ရွှေအကြောင်းကို သမ္မာကျမ်း၌ မြောက်များစွာ ဖတ်ရှုသော်လည်း
ကိုယ်တိုင်ရွှေတုံး၊ ရွှေချောင်းများကို ကျွနု်ပ်မမြင်ဖူးပါ။ သို့သော်
မကြာမီက ဘုရားကို ကြောက်ရွံ့ရိုသေသော ယုံကြည်သော မိသားစုတစ်စု နှင့်
မိတ်သဟာယဖွဲ့ရင်း သူ၏ အလုပ်ခွင်ပန်းထိမ် လုပ်ငန်းကို ကြည့်ရှုခွင့်ရခဲ့ရာ
]]ရွှေ၊ ရွှေချောင်း}}များ ဝင်းဝင်းတောက်နေသည့် လှပမှုအား ရှုမောမိဘူးပါ သည်။
ယေရှုခရစ်ကို ယုံကြည်သူများ ကောင်းကင် ရွှေလမ်းပေါ်မှာ နှင်းပြီး ရွှေအိမ်၌
နေရမည့်အကြောင်း သတိရမိသည်။ ထိုညီအစ်ကို မိသားစုသည် တောင် ကြီးမှ
မန္တလေးသို့ ပြောင်းရွှေ့လာပြီး ကောင်းကြီး မင်္ဂလာနှင့် ြွကယ်ဝလျှက်
ရှိနေပေသည်။ ကျမ်းစာ၌ မှတ်တမ်းတင်ထားသော ဧလိမလက်နှင့် အာဗြံဟံ
မိသားစုတို့သည်လည်း မိမိ၏ ဇာတိချက်မြှုပ် နေရာမှ အခြားတိုင်းပြည်သို့
ပြောင်းရွှေ့ခြင်း တူကြသော်လည်း တစ်ဦးက ကောင်းစားပြီး၊ တစ်ဦးကပျက်စီး
သွား ကြောင်း ကျွန်တော်သတိပြုဆင်ခြင်မိပါသည်။
ဆင်ခြင်နှလုံးသွင်းရန်
ကျွနု်ပ်တို့ အယောက်စီတိုင်းသည်လည်း ဤ ကမ္ဘာလောကမှ တစ်နေ့နေ့တွင်
မပြောင်းလျှင်လည်း ဧကန်မုချပြောင်း သွားကြရပေမည်။ ပြောင်းရမည့်
နေ့ရက်အချိန်ကို အတိအကျ မသိရှိရသော်လည်း တစ် နေ့ ဧကန်မုချရောက်လာမည်ဟု
နှုတ်ကပတ် တော်က သတိပေးထားပါသည်။ ဤလောကသည် အကျွနု်ပ်တို့ အတွက်
ထာဝရနေရမည့်နေရာ မဟုတ်ခဲ့ပါ။
ဆာလံဆရာ ဒါဝိဒ်မင်းက အကျွနု်ပ်သည် မြေကြီးပေါ်မှာ ဧည့်သည်ဖြစ်ပါ၏ဟု
ဝန်ခံထားသည် (ဆာ ၁၁၉း၁၉)မှန်ပါသည်။ ကျွနု်ပ်တို့သည် ဤ လောက၌ ခေတ္တခဏသာ
နေထိုင်နေကြရပါမည်။ လူ သားတိုင်း ဝေးလှသော တိုင်းပြည်တစ်ပြည်သို့ အစု
လိုက်၊ အပြုံလိုက် တစ်နေ့ ပြောင်းရွှေ့ကြရလိမ့်မည်။ သို့သော်
လူသားအားလုံးက တစ်နေရာတည်း ရောက် သွားကြမည်မဟုတ်ပါ။ လမ်းခွဲသွားရမည့်နေရာ
နှစ် နေရာရှိနေပါသည်။
ထိုနေရာတို့မှာ ငရဲနှင့်ကောင်းကင်ဘုံဆိုသည့် တစ်နေရာဆီသို့
သွားရောက်ကြဖို့ ရှိနေသည်။ မိတ် ဆွေ၊ ထိုသို့ပြောင်းရွှေ့သော ဧလိမလက်တို့
မိသားစု သည် ပျက်စီးခြင်းသို့ ရောက်သွားသကဲ့သို့ လူအချို့ သည်
ထာဝရဒုက‹္ခဆင်းရဲခံရာ အပါယ်ငရဲ မီးအိုင်သို့ ရောက်ရှိကြပါလိမ့်မည်။
အဖအာဗြဟံသည်ကား ကောင်းသော နေရာ အရပ်သို့ ပြောင်းရွှေ့သွားရသကဲ့သို့
လူအချို့သည် အိုခြင်း၊ နာခြင်း၊ သေခြင်းကင်းရာ ထာဝရသုချမ်းသာ ဘုံသို့
ပြောင်းရွှေ့ကြရမည်။ ထိုနေရာ၌ ဝမ်းနည်းခြင်း မရှိ။ ဆင်းရဲခြင်းမရှိ။
ငိုေြွကးခြင်းမရှိ။ ထာဝရဝမ်း မြောက်ရွှင်လန်းခြင်းရှိရာ နေရာအရပ်ဖြစ်သည်။ ဤ
လောကမှ ထွက်ခွာပြီး စံနေရမည့် ထိုအိမ်တော် သည် သစ်သားဖြင့် မလုပ်ဘဲ
ရွှေသားစစ်စစ်ဖြင့် ကျောက် မျက်များ ခင်းကျင်းပေးထားသော လမ်း၊ ရွှေစင်ဖြင့်
ဆောက်လုပ်ထားသော ရွှေအိမ်တော်ဖြစ်သည်။ ထို အရပ်၌ ယေရှုခရစ်တော်ကို
ယုံကြည်လက်ခံ သော သူတိုင်း ထာဝရစိုးစံနေကြရမည်။ သို့ဖြစ်၍ ဘုရား
သခင်၏သားတော် သခင်ယေရှုခရစ်အား ယနေ့ မိမိ ၏ ကယ်တင်ရှင်အဖြစ်
ယုံကြည်လက်ခံကြပါမှ ဤ လောကမှ ဘဝပြောင်းသွားသည့်အခါ ထိုနေရာအရပ် ဒေသ၌
ဝင်စားစံမြန်းနိုင်ပါသည်။
မည်သူမဆို ရွှေစင်ကိုလိုချင်လျှင် ရွှေဆိုင်သို့ သွားရောက်ငွေပေးချေ၍
ဝယ်ယူရပါမည်။ သို့သော် ထိုရွှေအိမ်တော်သို့
ပြောင်းရွှေ့နေထိုင်စံမြန်းလိုပါလျှင် ဘာအဖိုးအခကိုမျှ ပေးစရာမလိုဘဲ
မည်သူမဆို အခု ပင် အခမဲ့ဖြင့် ဝင်ရောက်နိုင်ပါကြောင်းကို ဓမ္မမိတ်ဆွေ အား
မေတ္တာဖြင့် အသိပေးဝေငှလိုက်ပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကယ်တင်ခြင်းရသည်ကို စိတ်ချနေရမည်
ချစ်သော ဓမ္မမိတ်ဆွေ ယခုလ စာစောင်မှာ ကယ်တင်ခြင်းစိတ်ချမှုရှိနေသူဖြစ်ဖို့
ဝေငှလိုက်ပါ သည်။
ကျွန်တော် လွန်ခဲ့တဲ့လအနည်းငယ်က ကချင် ပြည်နယ်နှင့် ချင်းပြည်နယ်သို့
ဧဝံဂေလိခရီးပြုရာ ဟားခါးမြို့ရှိ ဦးကြီးတစ်ယောက်ကို ]]ဦးကြီး၊ ယေရှုခရစ်
ြွကလာလျှင် ချီဆောင်ခြင်းခံဖို့ သေချာလား၊}}ဟု မေး ရာ ]]သေချာတယ်}}
ဟုဖြေသည်။ ]]ဘယ်လိုကြောင့် စိတ်ချနေလဲ၊}}ဟု ထပ်မေးရာ ယေရှုကို ကယ်တင်ရှင်
ဖြင့် ယုံကြည်လက်ခံလို့ပါဟု ဖြေပါသည်။ ဒီလိုဆိုရင် ယေရှုယုံကြည်ပြီးနောက်
ဒုစရိုက်ပြုမိလျှင် ငရဲမီးထဲ မကျနိုင်ဘူးလား၊ ဟုပြန်မေးရာ သူက ]]ငရဲမကျရ
အောင် မိမိအပြစ်ဝန်ချတောင်းပန်ရမည်}}ဟု ပြန်ဖြေ့ ပါသည်။ ထိုအခါ ကျွနု်ပ်က
ပြုမိတဲ့ဒုစရိုက်မတောင်း ပန်မှီ သေဆုံးလျှင် ဘယ်ရောက်မလဲဟု ချောင်ပိတ်မေး
ပြန်တော့ ငရဲမီးထဲကျမှာပေါ့}}ဟု ဖြေပါ၏။ မိတ်ဆွေ ယနေ့ခရစ်ယာန်ဘာသာဝင်
၇၅%မှာ ယေရှုခရစ်၏ ကယ်တင်ခြင်းကို သေချာသဲကွဲစွာ သဘောပေါက်ပုံ မရှိကြပါ။
သို့ဖြစ်၍ တချို့ခရစ်ယာန်များ ကယ်တင် ခြင်းကိုရဖို့ ယုံလည်းယုံ၊
ခုန်လည်းခုန်နှင့် ကောင်းတာ ကို လုပ်၍ ကောင်းကင်ဘုံတက်လိုက်၊ မကောင်းတာ
ကို ပြုမိလို့ ငရဲဘုံဆွဲချခံလိုက်နှင့် ပင်ပန်းစွာ အသက် ရှင်နေသော
ခရစ်ယာန်များ ဒုနှင့်ဒေးရှိသည်မှာ ဝမ်း နည်းစရာပင်။
အပြစ်တရား ဦးစွာအပြစ်တရားအစ နားလည်ဖို့လိုပါသည်။ ]]ဒုစရိုက် ကား
ပညတ်တော်ကို လွန်ကျူးခြင်းဖြစ် သတည်း}} (၁ယော ၃း၄)။ ဤကျမ်း၏
ဆိုလိုရင်းမှာ လူအာဒံနှင့် ဧဝတို့ လူဖြစ်စက အပြစ်ကင်းစင်ပါသည်။
ထိုအချိန်တစ်ခုတည်းသော ဘုရားပညတ်မှာ ]]ကောင်း မကောင်းကို သိကျွမ်းရာ အပင်
….၏ အသီးကို မစားရ။ စားသောနေ့တွင် ဧကန်အမှန်သေရမည်}}ဟု လူကို
ပညတ်ထားတော်မူ၏။ (က ၂း၁၆-၁၇)။ လူအာဒံဧဝတို့ ထိုပညတ်ကို လွန်ကျူးခဲ့ကြသော
ကြောင့် ဒုစရိုက်အပြစ်ရှိလာရသည်။ အာဒံနှင့်ဧဝ၌ ရှိလာခဲ့သော
ယင်းဒုစရိုက်အပြစ်ကြောင့် မျိုးဆက် လူသားဖြစ်သူတိုင်း၌ မွေးရာပါ
ဗီဇအပြစ်ဆက်ခံလာရ ပါတော့သည်။ ယင်းကို မွေးရာပါအပြစ်(သို့)ဗီဇအပြစ်
ဟုခေါ်သည်။ ဤကို ဒါဝိဒ်က ]]အကျွနု်ပ်သည် မွေးစ ကပင် အပြစ်ပါလျှက်ရှိပါ၏။
အမိဝမ်းထဲမှာ ပဋိသန္ဓေယူစဉ်ပင် အပြစ်စွဲပါ၏}} (ဆာလံ ၅၁း၅) ဟူ၏။
ဤအကြောင်းအရာဟူမူကား အပြစ်တရား သည် တစ်ယောက်သူ (အာဒံ)အားဖြင့် ဤလောက
သို့ဝင်၍ လူအပေါင်းသည် အပြစ်ရှိသောကြောင့် သေခြင်းသို့ ရောက်ရကြ၏။}}
(ရောမ၊ ၅း၁၂)ဟူ၏။ ကျမ်းစာ၌ ]]လူအပေါင်းတို့သည် အာဒံအားဖြင့် သေခြင်းသို့
ရောက်သည်နည်းတူ (၁ကော ၁၅း၂၂) ဟူ၏။ သို့ဖြစ်၍ လူသားတိုင်းသည် မွေးကတည်းက
ပါလာရသောအပြစ်ကြောင့် ခန္ဓာသေပြီး၊ ဝိညာဉ်သည် လည်း ထာဝရငရဲမီးအိုင်သို့
ရောက်မည်ဖြစ်သည်။ အကြောင်းမှာ ]]အပြစ်တရား၏ အခကားသေခြင်း ပေ တည်း}} (ရော
၆း၂၃)ဟူ၏။ ဤအခမှာ မိတ်ဆွေနှင့် ကျွနု်ပ်ပြုမိတဲ့လူသတ်ခြင်း၊
သူ့ဥစ္စာခိုးခြင်း၊ သူ့မယား ပြစ်မှားခြင်းတို့၏ အခမဟုတ်ပါ။
အာဒံကျူးလွန်ခဲ့တဲ့ ဒုစရိုက်အခကွင်းဆက်သာဖြစ်၍ မိတ်ဆွေက တစ် သက်လုံး
ဒုစရိုက်ကို လုံးဝရှောင်နိုင်ဦးတော့ မွေးရာပါ အပြစ်၏ အခဖြစ်သည့်
ငရဲမီးအိုင်နှင့် မလွတ်နိုင်သေး ပါ။
ဒုစရိုက်အပြစ်
ဒုစရိုက်အပြစ်ဟူသည်မှာ မိမိလက်၊ ခြေတို့ဖြင့် ကျူးလွန်သော
မကောင်းမှုများကို ဆိုလိုသည်။ သို့ရာတွင် ကျမ်းစာ၌ ]]လူအတွင်းနှလုံးထဲက
မကောင်း သော ကြံစည်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်း၊ မိန်းမ လွတ်နှင့်
မှားယွင်းခြင်း၊ လူ့အသက်ကို သတ်ခြင်း၊ သူ့ ဥစ္စာကိုခိုးခြင်း၊
လောလလွန်ကျူးခြင်း၊ မနာလိုခြင်း၊ လှည့်စားခြင်း၊ ညစ်ညူးခြင်း၊
ငြူစူခြင်း၊ သူ့အသေရေ ကိုဖျက်ခြင်း၊ ထောင်လွှားစော်ကားခြင်း၊ လျှပ်ပေါ်ခြင်း
ဤဆိုးညစ်သောအရာများတို့သည် အတွင်းမှ ထွက် လာ၍ လူကို ညစ်ညူးစေသည်}}ဟူ၏။
(မာကု ရး၂၀-၂၃)
ချစ်သောမိတ်ဆွေ မည်သူမဆိုသည် အထက် ပါ ဒုစရိုက်အပြစ်နှင့်
ကင်းစေနိုင်ကြသည် မဟုတ်။ ရှောလမုန်မင်းက ဘုရားသခင်အား ]]မပြစ်များတတ် သော
လူတတ်ယောက်မျှ မရှိသည်ဖြစ်၍}} (၃ရာ ၈း၄၆)ဟု ဆုတောင်းသည်ကို တွေ့ရ၏။
သစ်ပင်တိုင်း ၌ အနာမကင်းသကဲ့သို့ လူတိုင်းဒုစရိုက်ပြုသည့် အပြစ်
ရှိသည်မျာ ဧကန်အမှန်ဖြစ်ပေသည်။ ကျမ်းစာတစ် ချက်၌ ]]လူအပေါင်းတို့သည်
ဒုစရိုက်ကိုပြု၍ ဘုရား သခင်ရှေ့တော်၌ အသရေပျက်ကြပြီ}} (ရော ၃း၂၃)
ဆိုလိုသည်မှာ လူသားဖြစ်သူတို့မှာ ဘုရားစံချိန်လုံးဝ မမှီနိုင်ဘဲ၊
ဒုစရိုက်ထဲကျင်လည်နှစ်မွန်းနေသူများ ဖြစ်သည်ဟုဆိုသည်။
ပညတ်တရား
ပညတ်တရားဆိုလို့ ၆၁၃ခုရှိသည်။ လိုက်နာ စောင့်စည်းမည့်ပညတ်က ၂၄၈ချက်နှင့်
ရှောင်ကြဉ်ရ မည့်ပညတ် ၃၆၅ခု ပေါင်း ၆၁၃ခုက ပညတ်တော် (၁၀)ပါးမှ
ဖြာထွက်လာခဲ့ပါသည်။ ဤအချက်အားလုံး လူသားများထဲ ပိုပြီးလိုက်နာသူနှင့်
အနည်းကျဉ်းလိုက် နိုင်သူဟူ၍ ရှိမည်ဖြစ်လည်း ဘုရားရှင်ရှေ့မှာ အတူတူ
အနူနူပင်။ သို့ဖြစ်လျှင် အဘယ့်ကြောင့် မလိုက် လျှောက်နိုင်ကြနည်း။
အဖြေဇစ်မြစ်မှာ လူတို့၏ နှလုံး သားက ယိုယွင်းပျက်စီးနေ၍ ဖြစ်ပါသည်။ (ယေရ
၁ရး၉) ]]ထို့ကြောင့် ဘုရားသခင့်ရှေ့တော်၌ ပညတ် တရားအားဖြင့် အဘယ်သူမျှ
ဖြောင့်မတ်ရာသို့ မ ရောက်နိုင်ဟု ထင်ရှားလျက်ရှိ၏။}} (ဂါ ၃း၁၃)။ သို့ဖြစ်
၍ ပညတ်တရားက အဘယ်သူမျှ စုံလင်ခြင်းသို့ မပို့နိုင် ၍
ရှေးပညတ်တရားဟောင်းမှာ အားမရှိ၊ အကျိုးကို မပေးနိုင်၍
ပယ်ရှင်းခြင်းသို့ရောက်ရ၏ (ဟေဗြဲ ရး၁၈-၁၉)။ အခုဤပညတ်နှစ်ပါးကို ဆင်ခြင်
ကြည့်ပါ။
သူ့မယားကိုပြစ်မှားခြင်း
ဤပညတ်နှင့်ပတ်သက်၍ ယေရှုမိန့်တော်မူ သည်မှာ ကိလေသာသဏစိတ်နှင့် သူ့မယားကို
ကြည့်ရှုသောသူသည် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့် ပြစ်မှားပြီ။ (မဿဲ
၅း၂၇-၂၈)ဟူ၏။ ချစ်မိတ်ဆွေ ဤပညတ်ကို မိမိကိုယ်မိမိ မညှာမတာစမ်းစမ်းကြည့်
ပါ။ မကျင့်နိုင်မှန်း ရိုးသားစွာ ဝန်ခံရပါလိမ့်မည်။
လူ့အသက်သတ်ခြင်း
တစ်ချိန်က ယေရှုခရစ်သည် ကျမ်းတတ်ဖာရိ ရှဲတို့ကို ]]မောရှေသည် ပညတ်တရားကို
သင်တို့အား ပေသည်မဟုတ်၏လော။ ထိုတရားကို သင်တို့တစ်စုံ တစ်ယောက်ကမျှ
မကျင့်။ ငါ့ကို သတ်အံ့ငှာ အဘယ့် ကြောင့် ရှာကြံကြသနည်း}} ဟူ၏။ (ယော
ရး၂၀)။ အကြောင်းမှာ မိမိညီအစ်ကိုကို မုန်းသူသည် လူ့ အသက်ကို
သတ်သောသူဖြစ်ခြင်းကြောင့်တည်း (၁ယော ၃း၁၅)။
ပညတ်တရားပေးရခြင်း
သို့ဖြစ်ပါလျှင် ဤသို့ကောင်းမြတ်တဲ့ပညတ် တရားကို ဘယ့်အတွက်ကြောင့်
ပေးအပ်ခဲ့သနည်း (ရောမ ရး၁၂)။ ပညတ်တရားဟူသည် လူ၌အပြစ်ရှိ ကြောင်း ဖော်ပြ၏။
(ရော ၃း၂၀)။ လူ့မျက်နှာ၌ အမဲ စက်ရှိနေသည်ကို ကြေးမုံမှန်က ဖော်ပြသကဲ့သို့
ဖြစ်၏။ သို့ရာတွင် ယင်းကြေးမုံမှန်က မျက်နှာရှိ အမဲ စက်ကို
မဆေးပေးနိုင်ပါ။ သို့ရာတွင် ရေရှိရာသို့ သွား ပြီး မိမိ၏ မျက်နှာကို
ဆေးဖို့လိုကြောင်း ညွှန်ပြပေးပါ သည်။
ထိုးနည်းတူစွာပင် ပညတ်တရားသည် အပြစ်ရှိ ကြောင်း ဖော်ပြ၍ ယေရှုထံသို့
ပို့ဆောင်ပေးသော အထိန်ဖြစ်သည် (ဂါ ၃း၂၄)။ ထို့ကြောင့် ပညတ်ကို
ကြိုးစားကျင့်လေလေ မိမိ၏ အားနည်းချက်ကို သိလာ လေလေ အပြစ်နွံထဲရှိနေတာကို
ထင်ရှားစေပြီး ကယ်တင်မည့်သူကို တောင်းတလေလေဖြစ်ပေလိမ့် မည်။ ဤသည်တို့မှာ
ပညတ်တရားပေးခဲ့ရခြင်း၏ အကြောင်းရင်းဖြစ်သည်။
ကောင်းမှုကုသိုလ်
နောက်တစ်ခုက ကောင်းမှုကုသိုလ်ဖြစ်သည်။ တချို့ခရစ်ယာန်များက
အကျင့်ကောင်းမှု ကုသိုလ် လုပ်ပါမှ ကောင်းကင်ဘုံရောက်မည်ဟု စိတ်ကူးနေ
ကြသည်။ ]]အကျွနု်ပ်တို့ ရှိသမျှသည် စင်ကြယ်ခြင်း မရှိပါ။ ပြုဘူးသမျှသော
ကုသိုလ်ကောင်းမှုတို့သည် ညစ်သောအဝတ်နှင့်တူကြပါ၏}} (ဟေရှာ ၆၄း၆)။
သို့ဖြစ်၍ လူသည် ကုသိုလ်ပြုခြင်းအားဖြင့် အဘယ်သို့
ဘုရားသခင့်မျက်နှာရနိုင်မည်နည်း။ (ယောဘ ၂၅း၄) ဆိုလိုသည်မှာ
အပြစ်မရှိလောက်အောင် ကောင်းသော အကျင့်ကိုကျင့်သော သူတော်ကောင်းတစ်စုံတစ်
ယောက်မျှ မြေကြီးပေါ်မှာမရှိ။ (ဒေသ ရး၂၀)။ အဲသရောပိကပ္ပလီလူသည်
အရေအဆင်းကိုゞင်း၊ ကျားသစ်သည် အကွက်အကျားကို မပြောင်းလဲနိုင် သကဲ့သို့
ဒုစရိုက်ကို ပြုလေ့ရှိသောသူတို့သည် သုစရိုက် ကို အစဉ်ပြုခြင်းငှာ
မတတ်နိုင်ပါ။ (ယေရ ၁၃း၂၃)။ ထို့ကြောင့် အပြစ်ရှိလူသားတိုင်းက ပညတ်တရား
အားဖြင့်လည်းကောင်း၊ ကောင်းမှုကုသိုလ်ဖြင် ့လည်း ကောင်း
အကျင့်သီလအားဖြင့်လည်းကောင်း၊ ငရဲမီးမှ လွတ်ရာလမ်းမရှိကြောင်း
သိစေချင်ပါသည်။
ဓမ္မဟောင်းအပြစ်ဖြေခြင်း
ကယ်တင်ခြင်းကို စိတ်ချမှုမရှိသူဖြစ်ဖို့ရန် ဓမ္မ ဟောင်းကာလ၏
အပြစ်ဖြေရာယဇ်ပူဇော်ခြင်းကို ရှင်း လင်းလိုပါသည်။ ဓမ္မဟောင်းကာလ၌
အကျင့်သီလ အားဖြင့်လည်းကောင်း၊ ပညတ်တရား၏ အကျင့်ဖြင့် လည်းကောင်း၊
အပြစ်လွှတ်ခြင်းခံရသည်မဟုတ်ပါ။ တိရစ္ဆာန်၏ အသွေးကို
အမှီပြုယုံကြည်ခြင်းအားဖြင့် သာလျှင် အပြစ်လွွှတ်ခြင်းကျေးဇူးကို
ရရှိခံစားပါသည်။ ကျမ်းစာ၌ အသွေးသွန်ခြင်းမရှိလျှင် အပြစ်လွှတ်ခြင်း မရှိ
(ဟေဗြဲ ၉း၂၂)ဟူ၏။ သို့ဖြစ်၍ ဓမ္မဟောင်း ကာလ၌
တစ်နှစ်တစ်ကြိမ်အပြစ်ပူဇော်ဖို့ အပြစ်အနာ ကင်းစင်သော တိရစ္ဆာန်တစ်ကောင်ကို
ယူလာရသည်။ ဆိတ်၊ နွား၊ သိုး စသည့် ယဇ်ကောင်ကို အလှည့်ကျ ယဇ်ပုရောဟိတ်က
ယင်းယဇ်ကောင်အပေါ် မိမိလက် နှစ်ဖက်တင်လျက် ထိုသူ့အပြစ်နှင့် ပရိတ်သတ်၏
အပြစ်များကို ဖော်ပြ၍ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ပူဇော်ရ သည်။ အသွေးမူကား
ဇလုံထဲရှိရေနှင့် ရောထားရ သည်။
ထို့နောက် ဒုတိယတဲတော်ခန်းထဲသို့ဝင်၍ အပြစ်ဖြေရှင်းနိုင်ဖို့
ထိုအသွေးကို ယဇ်ပူဇော်ရ၏။ (ဟေဗြဲ ၉းရ)။ ဆိုလိုသည်မှာ
မိမိတစ်ကြိမ်ပူဇော်လျှင် တစ်နှစ်တာအတွက် အပြစ်လွှတ်ခြင်းရလေ၏။ ထိုသို့
ယဇ်ပူဇော်ပြီး တစ်နှစ်အတွင်း ပြုမိတဲ့အပြစ်ကြောင့် မီးငရဲကျစရာမလို။
အကြောင်းမှာ တစ်ကြိမ်ပူဇော်ပြီး တဲ့အသွေးကတစ်နှစ်လုံး၏ အပြစ်ဆေးကြောပြီး
ဖြစ် သောကြောင့်တည်း။ သို့သော် အပြစ်ပူဇော်၍ တစ်နှစ် ကုန်ဆုံးတဲ့အခါ
အပြစ်ပြုမိ၍ သေလျှင်မူကား အပါယ် ငရဲသို့ ဧကန်အမှန်လားရပေတော့မည်။ အကြောင်း
ရင်းမှာ ယဇ်ပူဇော်သက္ကာအသွေးတော်၏ တန်ခိုးသည် တစ်နှစ်စာအတွက်သာ
အာမခံနိုင်သောကြောင့် ဖြစ်ပါသည် (ဟေဗြဲ ၉းရ)။
ဓမ္မသစ်အပြစ်ဖြေခြင်း
ယခုကာလ၌မှာမူ ယဇ်ပုရောဟိတ်မင်းဖြစ်တဲ့ ယေရှုခရစ်တော်သည် ငါတို့အဖို့
ထာဝရရွေးနှုတ်ခြင်း ကျေးဇူးကိုခံရ၍ ဆိတ်၊ နွားတို့၏ အသွေးနှင့်မဟုတ်။
မိမိအသွေးတော်နှင့် သန့်ရှင်းရာ ဌာနထဲသို့ တစ်ခါ တည်းဝင်တော်မူ၏ (ဟေဗြဲ
၉း၁၁)။ ထိုအလိုတော်နှင့် အညီ ယေရှုခရစ် ကိုယ်တော်ကို တစ်ခါတည်း ပူဇော်
သောအားဖြင့် ငါတို့သည် စင်ကြယ်ခြင်းသို့ ရောက်ကြ ၏ (ဟေဗြဲ ၁ဝး၁၀)။
ကျမ်းစာ၌မိမိကိုယ်ကို တစ်ခါ တည်း ယဇ်ပူဇော်၍ ထိုအမှုကို ပြီးစီးစေတော်
မူပြီ (ဟေဗြဲ ရး၂၇) ဟူ၏။
သို့ဖြစ်၍ ယနေ့ခရစ်တော်၏ အသွေးတော် သည် တစ်နှစ်တာအတွက်မဟုတ်။
ငါတို့အပြစ်ရှိသမျှ (၁ယော ၁းရ)။ မွေးရာပါအတိတ်ကအပြစ်၊ ပစ္စုပ္ပန် အပြစ်နှင့်
အနာဂတ်သေသည့်နေ့အထိ ပြုမိဦးမည့် အပြစ်ရှိသမျှကို ကားတိုင်၌တစ်ကြိမ်တည်း
ပူဇော်ခြင်း ဖြင့် အမှုပြီးစေတော်မူခဲ့ပြီ။ ထို့ကြောင့်လည်း ကားတိုင် ပေါ်
အရှင်ယေရှုမိန့်မှာခဲ့သည်မှာ ]]အမှုပြီးပြီ}} (ယော ၁၉း၃၀)ဟူ၏။
ဆိုလိုတဲ့အဓိပ္ပါယ်မှာ လူသားဖြစ်သူတို့ ၏ အပြစ်အတွက် ပူဇော်ခြင်းအမှုသည်
ပြီးစီးလေပြီ ဟူ၏။ သို့ဖြစ်၍ အပြစ်လွတ်ခြင်းရဖို့ လူ့ဖက်မှ ပြုလုပ်
စရာမရှိ။ လုပ်ဖို့လည်း မလိုအပ်ပါ။ ထိုအရှင်သည် ဤကပ် ကာလအဆုံးÛ၌ တစ်ခါတည်း
ကိုယ်ကို ပူဇော် သောအားဖြင့် အပြစ်များကို ပယ်ရှင်းခြင်းပေါ်ထွန်း တော်မူ၏
(ဟေဗြဲ ၉း၂၆)။ ခရစ်တော်သည် ကျမ်းစာ လာသည့်အတိုင်း ငါတို့အပြစ်ကြောင့်
အသေခံတော် မူ၏။ သင်္ဂြုလ်ပြီးမှ ကျမ်းစာလသည့်အတိုင်း သုံးရက် မြောက်နေ့၌
ထမြောက်တော်မူ၏။ သင်သည် သခင် ယေရှုကို ယခုပင်ကယ်တင်ရှင်နှင့်
အရှင်သခင်အဖြစ် စိတ်နှလုံး ထဲ၌ ယုံကြည်၍ နှုတ်ဖြင့်ဝန်ခံပါက ကယ်
တင်ခြင်းသို့ ရောက်မည်အမှန်ဖြစ်သည်။ (ရော ၁ဝး၉)။
ကယ်တင်ခြင်းစိတ်ချမှု
ချစ်သော ဓမ္မမိတ်ဆွေ ယနေ့ယေရှုခရစ်ကို မိမိ၏ ကယ်တင်ရှင်အဖြစ်
နှုတ်ဖြင့်ဝန်ခံ၍ ဘုရား သခင်သည် သေခြင်းမှ ထမြောက်စေတော်မူပြီဟု
စိတ်နှလုံး၌ ယုံကြည်လျှင် ဘုရားသခင်၏ သားဖြစ်ခွင့် ရခဲ့ပါသည်။ (ယော ၁း၁၂)။
ထိုသို့ သင်တို့သည် သားဖြစ်သောကြောင့် အဗ္ဗအဘဟု ခေါ်တတ်သော သားတော်၏
ဝိညာဉ်တော်ကို သင်တို့စိတ်ဝိညာဉ်ထဲသို့ ဘုရားသခင်စေလွှတ်တော်မူ၏ (ဂလာ
၄း၆)။ ချစ် သော ဓမ္မမိတ်ဆွေ၊ ယေရှုခရစ်ကို မိမိ၏ ကယ်တင် ရှင်အဖြစ်
အခုယုံကြည်သည်နှင့် တစ်ပြိုင်နက် သင့် စိတ်နှလုံးထဲသို့ သားတော်ယေရှု၏
ဝိညာဉ်ကို ဘုရား သခင်က စေလွှတ်ကျိန်းဝပ်စေခဲ့ပြီ။ ထိုအချိန်မှစ ကယ်
တင်ခြင်းသို့ ရောက်၍ ထာဝရအသက်ပါ။ တစ်ပြိုင် တည်းရခဲ့သည်။ ကျမ်းစာ၌
]]သားတော်ကိုရသော သူသည် အသက်ကိုရ၏။ သားတော်ကို မရသော သူမူကား အသက်ကိုမရ}}
ဟူ၏ ထို့ပြင် ဘုရားသခင် ၏ သားတော်ကို ယုံကြည်သော သင်တို့သည် ထာဝရ အသက်ကို
ကိုယ်တိုင်ရ သည်ဟု သိစေခြင်းငှာ ဤအရာများကို ငါရေး၍ ပေးလိုက်၏}} (၁ယော
၅း၁၁-၁၃)။ ထိုသို့သားတော်ကို ယုံကြည်သော သူတိုင်းက ထာဝရအသက်ရပြီးကြောင်း
ဘဝမ ပြောင်းမှီမှာ ကျမ်းစာဖြင့် သိရှိစိတ်ချ နိုင်ပါသည်။
သို့မှသာ ရွေးနှုတ် (ျွစေအကမန) ချီဆောင်ခြင်း နေ့ရက်တိုင်အောင် ငါတို့
စိတ်နှလုံးအထဲ၌ ကျိန်းဝပ် နေပါသည် (ဧဖက် ၄း၃၀)။ သို့ရာတွင် ဒုစရိုက်ကို
ပြုမိလျှင် ဝိညာဉ်တော်မှာ စိတ်နာနေပါသည်။ ဒုစရိုက် ကို ထပ်ခါထပ်ခါပြုလျှင်
ဆုံးမခြင်း၊ ဒဏ်ခတ်ခြင်းကို အမှန်ခံရမည်ဖြစ်သည်။ နောက်ဆုံး မိမိခန္ဓာ
သေသည် အထိ ဘုရားသခင် ဆုံးမစီရင်နိုင်ကြောင်း သတိပြုပါ (၁ကော ၁၁း၃၀)။
သို့သော် ဝိညာဉ်မူကား ယေရှုခရစ် ၏ နေ့ရက်၌ ကယ်တင်ခြင်း ရောက်မည်ဖြစ်သည်
(၁ကော ၅း၁-၅)။
ချစ်သော ဓမ္မမိတ်ဆွေ ယုံကြည်သူသည် သားတော်၏ လက်ထဲမှာ အဘယ်သူမျှ
မနှုတ်မယူနိုင် ပါ။ ထိုထက်မက ခပ်သိမ်းသောသူတို့ထက် ကြီးမြတ် တော်မူသော
ခမည်းတော်၏ လက်မှ မနှုတ်မယူနိုင်ရာ (ယော ၁ဝး၂၈း၂၉)။ ]]အသက်စာစောင်၌လည်း
ထိုသူတို့၏ အမည်နာမကို ငါသည်အလျင်းမချေ}} (ဗျာ ၃း၅) ဟူ၍ ယေရှုခရစ်တော်က
အာမခံထား ပါသည်။ ထိုသိုးတို့ကို ငါသိ၏။ ထာဝရအသက် ကိုလည်း ငါပေး၏။
ထိုသိုးတို့သည် ပျက်စီးခြင်းနှင့် အစဉ်မပြတ်ကင်းလွတ်ကြလိမ့်မည် (ယော
၁ဝး၂၇-၂၈)ဟူ၏။ ထို့ကြောင့် ဤနှုတ်ကပတ်တော် စကားများ အားဖြင့်
အနာဂတ်တမလွန်အရေး၌ မိမိယုံကြည်ပါ သည်ဟု ပြောဆိုနေသူတစ်ဦးချင်းက
]]ကယ်တင်ခြင်းရ သည်ကို စိတ်ချနေရမည်}} ဖြစ်ပါကြောင်း မေတ္တာဖြင့်
ဝေငှလိုက် ရပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရယူခြင်းနှင့် ဆုံးရှုံးခြင်း
ချစ်သော ဓမ္မမိတ်ဆွေ၊ မင်္ဂလာပါလို့တောင် နှုတ်ခွန်းဆက်ဘို့ ခက်ခဲနေသော
ယခုကာလမှာ အခု Aလိုဆောင်းပါးရေးခွင့်ပေးတော်မူသော ဘုရားသခင်၏
ကျေးဇူးတော်ကို ရှေးဦးစွာ ချီးမွမ်းပါရစေ။
ကျွန်တော်ဟာ ယုံကြည်သူများ တောင်းဆိုမှု ကြောင့် မလေးရှားနိုင်ငံမှာ
တစ်နှစ်ပတ်လုံး (ြမေေ ဃ့မငျအငညေ င်္နူသတျ့ငစ) မှာ သွားရောက်ခဲ့ပါတယ်။ ယခု
ဘုရားသခင်ပို့ဆောင်လို့ ကျန်းမာစွာ ပြန်လည် ရောက်ရှိခဲ့ပါသည်။
တစ်နှစ်တာအတွင်း ကြုံတွေ့ခဲ့တာ ကတော့
ပြောမကုန်နိုင်အောင်ဘဲများပြားခဲ့ပါသည်။
မိတ်ဆွေရဲ့ ပတ်ဝန်းကျင်ကို တစေ့လောက် ဝှေ့ရမ်းပြီး ခဏကြည့်စမ်းပါ။
စစ်တိုက်နေတာ ၊ ရန် ဖြစ်နေတာတွေကို တွေ့ရမယ်။ ဒီလိုဖြစ်ရတာ ဘာကြောင့်လို့
ထင်ပါသလဲ။ ရှင်ယာကုပ်ကတော့ ဒီလို အဖြေပေးပါတယ်။ ]]သင်တို့ အင်္ဂါများ၌
စစ်ပြိုင်သော ကိလေသာကာမစိတ်ကြောင့် ဖြစ်သည်မဟုတ်လော။ သင်တို့သည်
တပ်မက်၍မရကြ။ လူ့အသက်ကို သတ် ၍လည်းကောင်း၊ အလွန်လိုချင်သော လောဘစိတ် ရှိ၍
လည်းကောင်း၊ အလိုမပြည့်စုံနိုင်ကြ။ ရန်တွေ့ ခြင်း
စစ်တိုက်ခြင်းကိုလည်းပြု၍ မခံရကြ}} (ယာကုပ် ၄း၂၀)။ မိမိတပ်မက်သော
စိတ်ဆွဲငင် ဖြားယောင်း ခြင်းကို ခံသောသူမည်သည်ကား အပြစ်သွေးဆောင်
ခြင်းသို့ ရောက်တတ်၏။ တပ်မက်သော စိတ်သည် ပဋိသန္ဓေယူ၍ ဒုစရိုက်ကို
ဘွားတတ်၏။ ဒုစရိုက် သည်လည်း ပြည့်စုံလျှင် သေခြင်းကို ဘွားတတ်၏။ (ယာကုပ်
၁း၁၅)လို့ ပြောထားပါတယ်။
ဒီနေရာမှာ တရုတ်ပုံပြင်ထဲက ဒင်္ဒကဘညေဓ ပိုးကောင်အကြောင်း ဝေငှချင်ပါတယ်။
ဒီပိုးကောင်ကို တရုတ်လို င်္ကဘညေ လို့ ခေါ်ပါတယ်။ င်္ကဘညေ ပိုးကောင် ဟာ
တွားသွားချိန်မှာ တွေ့သမျှအရာအားလုံး သူ့ ကျောပေါ်ပစ်တင်ရတာကို နှစ်သက်တဲ့
ပိုးကောင် ဖြစ်ပါတယ်။ စားလို့ကောင်းမှန်းမသိ၊ စားလို့ မရ မှန်းမသိ၊
လမ်းပေါ်တွေ့သမျှ အရာတွေကို သူ့ကျော ပေါ်ကောက်တင်တတ်လို့ င်္ကဘညေ ဟာ
ပစ္စည်းတွေပိပြီး ရှေ့ဆက်ဖို့ခြေလှမ်းတွေ နှေးကွေးခဲ့ရ ပါတယ်။ ဒါပေမဲ့
င်္ကဘညေ ဟာ ခေါင်းထောင်ပြီး လေးလံတဲ့ပစ္စည်းတွေနဲ့ မောမောပန်းပန်း၊ မရပ်မနား
ရှေ့ဆက်ပြီး တွားနေ တတ်ပါတယ်။
င်္ကဘညေ လောဘကြီးတဲ့ ပိုးကောင်ဖြစ်ပါတယ်။ င်္ကဘညေ ရဲ့ကျောဟာ ထင်သမျှပစ္စည်းတွေ
မကျအောင် ထိန်းထားနိုင်တာကြောင့် နောက်ဆုံးမှာ ကျောပေါ်က ပစ္စည်းပိပြီး
ဆက်လက်မသွားနိုင်တဲ့အထိ ဖြစ်ရပါ တယ်။
ဒီလိူအဖြစ်ကို မြင်ကြတဲ့ စိတ်ကောင်းရှိသူတွေ က င်္ကဘညေ တွားသွားနိုင်အောင်
သူ့ကို ပိနေသော ပစ္စည်းတွေကို ဖယ်ရှားပေးကြတယ်။ ဒါပေမဲ့ င်္ကဘညေ ဟာ သူ့အပေါ်က
အရာတွေကို ဖယ်ရှားပေးသူတွေကို ကျေးဇူးမတင်တဲ့အပြင်
ဖယ်ရှားလိုက်တဲ့အရာတွေကို မရမက သူ့ကျောပေါ်ပြန်လည်ကောက်တင်တတ်ပါ တယ်။
င်္ကဘညေမှာ လောဘကြီးတာမကဘူး၊ အမြင့်ကို တွားတတ်တဲ့
အကြိုက်တစ်မျိုးရှိသေးတယ်။ ကျော ပေါ်က လေးတဲ့အရာတွေနဲ့ အမြင့်ကို
တွားတတ်တဲ့ င်္ကဘညေ ရဲ့ နောက်ဆုံးအဖြစ်ကတော့ အမြင့်ပေါ်က ပြုတ်ကျပြီး
သေဆုံးရလေ့ရှိပါတယ်။ င်္ကဘညေ တွေဟာ သူတို့လိုချင်တောင့်တတဲ့အရာကို
ပိုင်ဆိုင်ခဲ့ပါသလား။ ပိုင်ဆိုင်ခဲ့ပါတယ်။ ဒီလိုပိုင်ဆိုင်ရင်း သူတို့ရဲ့
အသက် တစ်ချောင်းကိုပါ အဆစ်ပေးဆပ်လိုက်ရပါတယ်။ ဒါ ကြောင့်
တရုတ်လူမျိုးတွေမှာ လောဘရမ္မက်ကြီးသူ လာဘ်စားတာကို ဝါသနာထုံသူ၊
သေသည့်တိုင် ဥစ္စာ ပစ္စည်းနဲ့ သေရသူတွေကို ဒီပိုးကောင် င်္ကဘညေ နဲ့ ခိုင်း
နှိုင်းသရော်ကြပါတယ်။
ချစ်သော ဓမ္မမိတ်ဆွေ ဒီလိုတပ်မက်ခြင်း ဆန္ဒ ကြောင့် သေရသူတွေ
သမ္မာကျမ်းစာမှလည်း ရှိပါ တယ်။ တစ်ခါက ဣသရေလလူတို့ဟာ ဘုရားစကား ကို
နားမထောင်လို့ ဘုရားသခင်က ဖိလိတ္တိလူတို့ လက်ထဲနှစ်ပေါင်း
(၄၀)အပ်ခဲ့ပါတယ်။ ဒီလိုအချိန်မှာ မာနော်အမည်ရှိတဲ့ သူတစ်ယောက်ရှိတယ်။
သူ့မိန်းမ က မြုံနေတယ်။ ထာဝရဘုးရားရဲ့ ကောင်းကင်တမန် က မာနော်မယားကို
ပြောလိုက်တယ်။ သင်ဟာ က လေးမရပေမဲ့ ယခုသားယောကျာ်းဘွားမယ်။ သူ့ဆံပင် ကို
မရိတ်နှင့်။ စပျစ်ရည်ကို မသောက်နှင့်။ မစင်ကြယ် သော အရာကိုမစားနှင့်
အမိဝမ်းထဲမှစပြီးတော့ ထာဝရဘုရားသခင်ရဲ့ နာဇရိလူဖြစ်မယ်။ ဣသရေလ အမျိုးကို
ဖိလိတ္တိလူတို့လက်မှ ကယ်နှုတ်မည့်သူ့ ဖြစ် မယ်လို့ ပြောလိုက်တယ်
(တရားသူကြီး ၁၃း၁-၇)။
အချိန်တန်တဲ့အခါ သားယောကျာ်းလေးမွေး လာတယ်။ သူ့နာမည်ကို
ရှံဆုန်လို့မှည့်ခေါ်တယ်။ သူ ငယ်သည် ကြီးပွား၍ ထာဝရဘုရားကောင်းကြီးပေးတဲ့
သူ ဖြစ်လာတယ်။ မကြာမီ ရှံဆုန်ဟာ အရွယ်ရောက် လာတယ်။ တိမနတ်မြို့၌
ဖိလိတ္တိအမျိုးသမီးကိုတွေ့ပြီး မိဘထံပြန်လာတယ်။ ထိုမိန်းမကို တောင်းပေးပါ။
အလွန်နှစ်သိမ့်ပါတယ်လို့ မိဘတို့အား ပူဆာခဲ့တယ်။ မိဘတွေက
အရေဖျားလှီးခြင်းမခံတဲ့ ဖိလိတ္တိမိန်းမကို ယူပေးလို့မရကြောင်း
ရှင်းပြတဲ့အခါ ရှံဆုန်ဟာ ထိုမိန်း မကို ချစ်မြဲချစ်ခဲ့ပါတယ်။
ထိုအချိန်ကစလို့ ရှံဆုန်နှင့် ဖိလိတ္တိလူတို့ အကြား ပြဿနာတွေ တဖြည်းဖြည်း
ကြီးလာခဲ့ပါ တယ်။ နောက်ဆုံးမှာ မိန်းမရဲ့ မိဘတွေဟာ ရှံဆုန်မ ယားကို
အဆွေခင်ပွန်းအား ပေးစားခဲ့ပါတယ်။
ဒါပေမဲ့ ရှံဆုန်ကတော့ ဂါဇာမြို့ကိုသွားပြီး ပြည့်တန်ဆာမိန်းမနှင့်
ဝင်နေခဲ့ပြန်ပါတယ်။ ရှံဆုန်ဟာ ထိုမိန်းမဒေလိလကို တပ်မက်တဲ့အတွက်
သူ့ခွန်အား ဆံပင်မှာရှိကြောင်းတွေကို ထိုမိန်းမအားဖော် ပြခဲ့ပါ တယ်။
နောက်ဆုံးမှာ ဆံပင်အရိတ်ခံရပြီး အားအင် ကုန်ခန်းခဲ့ပါတယ်။ ရှံဆုန်ဟာ
သူ့ရဲ့ လျှို့ဝှက်ချက်၊ နက်နဲတဲ့အရာများကို သူ့ရန်သူတို့အား ပြောပြခဲ့တဲ့
အတွက် နောက်ဆုံးမှာ ရန်သူတွေရဲ့ ဖမ်းဆီးနှိပ်စက် ခြင်းကို ခံခဲ့ရပါတယ်။
အဲဒီနောက်ပိုင်းမှာ ဖိလိတ္တိတွေဟာ ရှံဆုန် မျက်စိကို ဖောက်ပြီးမှ
ဂါဇာမြို့ကို ယူသွားခဲ့ပါတယ်။ ရှံဆုန်ကို ကြေးဝါကြိုးနှင့်
ချည်နှောင်ပြီး ကြိတ်ဆုံ ကိုကြိတ်စေပါတယ်။ (တရားသူကြီး ၁၆း၂၁)။ နောက်
ဆုံးမှာ သူတပ်မက်သော ဒေလိလအတွက်ကြောင့် အချိန်မတန်ဘဲ စရပ်ပြိုကျပြီး
နာဇရိလူ ရှံဆုန်ဟာ အသက်ဆုံးရှုံးခဲ့ပါတယ်။ ရှံဆုန်ရဲ့ အသက်တာကို
ပြန်ကြည့်ရင် မိန်းမအပေါ်တပ်မက်မှုကြောင့် အသက် ပါ စတေးခဲ့ရတာကို
တွေ့ရမှာဖြစ်ပါတယ်။
ချစ်သော ဓမ္မမိတ်ဆွေ၊ သင့်စိတ်ထဲမှာ ဘယ် အရာကို စွဲလမ်းတပ်မက်နေပါသလဲ၊
လောကရွှေ ငွေ ဥစ္စာလား၊ ရာထူးရာခံလား၊ နာမည်ကျော်ကြားမှု လား၊ မိန်းမလား၊
မူးယစ်ဆေးဝါးလား၊ သေရည် သေရက် လား၊ မိမိကိုယ်ကို ဆန်းစစ်ပါ။ တမန်တော်
ရှင်ပေါလု က ဒီလိုသတိပေးထားပါတယ်။ ]]ငွေရတတ် ခြင်းငှာ
အလိုရှိသောသူတို့သည် အပြစ်သွေးဆောင်ခြင်း၊ ဖမ်းမိ ခြင်း၊
မိုက်မဲဖျက်ဆီးတတ်သော တပ်မက် ခြင်းများ ထဲသို့ ကျရောက်တတ်ကြ၏။ ထိုသို့သော
အားဖြင့် လူတို့သည် အကျိုးနည်းခြင်း၊ ပျက်စီးခြင်း၌ နစ်မွန်း တတ်ကြ၏။
အကြောင်းမူကား၊ ငွေကို တပ်မက် ခြင်း သည် မကောင်းသောအမှုအပေါင်းတို့တွင်
မူလ အမြစ်ဖြစ်သတည်း}} (၁တိ ၆း၉-၁၀)။
ချစ်တဲ့ ဓမ္မမိတ်ဆွေ၊ ယနေ့သင်ရယူပိုင်ဆိုင် ထားတဲ့ အရာတွေဟာ
အစဉ်အမြဲပိုင်ဆိုင်ပါ့မလား။ ဒီလောကမှာ အသက်ရှင်တုန်း ပိုင်ဆိုင်တယ်လို့
ထင် ထားပေမဲ့ သေသွားတဲ့ တစ်နေ့မှာ ပါသွားပါ့မလား။ ခေတ္တခဏ၊
လောကီစည်းစိမ်အတွက် စိတ်ဆင်းရဲ လူဆင်းရဲနှင့် ရှာဖွေခဲ့ရပေမဲ့လည်း င်္ကဘညေ
ပိုးကောင်လို ရှံဆုန်လို သေဆုံးတဲ့ တစ်နေ့မှာ ဘာမှပါမသွားရင်
ထာဝရဆုံးရှုံးခြင်းနှင့် ရင်ဆိုင်ရမှာကို သတိရလျက် အချိန်မနှောင်းခင်
နောင်တသံဝေဂရဘို့ ဤမျှနှင့် သတိပေးတိုက်တွန်းလိုက်ရပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဝတ်ပြုခြင်းနှင့်ကိုးကွယ်ခြင်း
၂၀၁၁ခု၊ ဒီဇင်ဘာလ ခရစ္စမတ်နေ့ရက်တိုင်
အောင် ပို့ဆောင်တော်မူသော ဘုရားသခင်၏ ကျေး ဇူးတော်ကြီးလှပေ၏။ ယခုခရစ္စမတ်လ
ရောက်ပြီဆို လျှင် အကျွနု်ပ်တို့ ခရစ်ယာန်ဘာသာဝင်များရော၊ ခရစ်ယာန်
ဘာသာဝင်မဟုတ်သူများပါ။ ရင်ထဲမှာ တစ်မျိုးကြီးခံစားတတ်သည်မှာ
အတူတူပင်ဖြစ်လေ သည်။ အဘယ့်ကြောင့်ဆိုသော် ဒီဇင်ဘာ ခရစ္စမတ်လ
ရောက်ပြီဆိုလျှင် ှတနနအ ီနခနာဘနမ ဟုဆိုပြီး လူငယ် များ နေရာတကာ၌
စာတမ်းများရေးသားခြင်း၊ ဃမေသူ ှငညါငညါ ဟု ဆိုပြီး
ခရစ်တော်မွေးနေ့နှင့်ပတ်သက် သော တေးသီချင်းများကို လှည့်လည်သီဆိုခြင်း၊
ှကစနမ ြမေုနအ လို အရောင်းဆိုင်နှင့် ဈေးဆိုင်၊ စား သောက်ဆိုင်၊ ှအသမန
ဆိုင်များ၌ ခရစ္စမတ်အလှတန် ဆာဆင်ခြင်းများ နေရာတကာ၌ တွေ့မြင်ရသော ကြောင့်
ဖြစ်သတည်း။
ကျွနု်ပ်ခံယူချက်
တချို့ယုံကြည်သူ ခရစ်ယာန်များက ခရစ္စမတ် ဆိုသည်မှာ ကျမ်းစာ၌မရှိ။
ခရစ်တော်၏ မွေးနေ့သည် ဒီဇင်ဘာလ (၂၅)ရက်နေ့မဟုတ်။ ထိုနေ့သည် ရောမ
လူမျိုးများ၊ နတ်ကိုးကွယ်ဘို့ သတ်မှတ်ထားသော နေ့ ဖြစ်သည်။ ထို့ကြောင့်
ခရစ္စမတ်နေ့ကို ကျင်းပစရာ မလိုဟု ခံယူသူများလည်းရှိသည်။
တချို့ခရစ်ယာန်တို့ မှာမူ ခရစ်တော်မွေးနေ့သည် (၂၅)ရက်နေ့ဖြစ်သော ကြောင့်
ထိုနေ့မှာ အတိအကျကျင်းပရမည်။ ကျန် သော နေ့ရက်များမှာ လုံးဝမကျင်းပသင့်ဟူ၍
တယူ သန် ခရစ်ယာန်များလည်းရှိသည်။ ဒီဇင်ဘာ (၂၅)ရက် သည် ခရစ်တော်၏
မွေးနေ့ဖြစ်သောကြောင့် အစား အသောက်ဖြင့် ကျင်းပဖို့သည်ဟု ယူဆလျက်
နည်းမျိုး စုံဖြင့် ငွေများရှာကြံကြလေသည်။ တချို့က မွေးနေ့
ကျင်းပရေးကော်မတီဖွဲ့လျက် ပျော်ပွဲရွှင်ပွဲများ ပြု လုပ်၍ တေးဂီတများဖြင့်
ဖျော်ဖြေရင်း ငွေရှာကြသည်။ တချို့က ဈေးရောင်းပြီး ငွေရှာကြသည်။
ထိုပွဲများ၌ ရောင်းနေသာ ပစ္စည်းများကို ဝယ်ဖူးပါသလား။ အပြင် ကထက်
နှစ်ဆလောက် ဈေးပိုပြီးတင်ထားသည်ကို တွေ့ကြရပေမည်။ အကြောင်းပြချက်မှာ
ခရစ်တော်၏ မွေးနေ့အတွက်ဟူ၍ ဖြစ်ပါသည်။
ချစ်သော ဓမ္မမိတ်ဆွေ၊ မည်သို့ မည်ပုံဖြင့် ခရစ်တော်၏ မွေးနေ့ကို
ကြိုဆိုကျင်းပသည်ဖြစ်စေ၊ မကျင်းပသည်နှင့်စာလျှင် သာ၍ကောင်းပါသည်။
အဘယ့်ကြောင့်ဆိုသော သာသနာပလူများတွက် ခရစ် တော်
အကြောင်းကြားခွင့်ရသောကြောင့် ဖြစ်ပါသည်။ ယေရှုခရစ်တော်၏ မွေးနေ့အတိအကျကို
ကျမ်းစာ၌ ဖော်ပြမထားပါ။ ထို့ကြောင့် ငြင်းခုံစရာမရှိပါ။ အဘယ့်
ကြောင့်ဆိုသော် ကျမ်းစာ၌ ဤသို့ဖော်ပြထားပါသည်။
]]မထင်ရှားသော ဘုရားတို့သည် ငါတို့ဘုရား သခင်ထာဝရဘုရား၏
အငန်းအတာဖြစ်ကြ၏။ ဖော် ပြတော်မူသော အရာတို့သည် ကာလအစဉ်မပြတ်၊ ငါတို့နှင့်
ငါတို့သားသမီးများတို့၏ အငန်းအတာဖြစ် ၍ ဤပညတ်တရားစကား အလုံးစုံတို့ကို
စောင့် ရှောက်ရမည်အကြောင်းတည်း}}
(တရား ၂၉း၂၉)
ကျမ်းစာ၌ ဖော်ပြမထားသောအရာသည် ဘုရားသခင်၏ အငန်းအတာဖြစ်သောကြောင့်
ကျွနု်ပ် တို့ဆင်ခြေတက်စရာမရှိပါ။
သို့သော် သေချာသော အရာတစ်ခုမှာ ယေရှု ခရစ်၏ မွေးနေ့သည်ကျမ်းစာ၌
မရှိသော်လည်း ခရစ် တော်သည် ဧကန်အမှန် ဤလောကသို့ ြွကလာခဲ့သည် မှာ အဘယ်သူမျှ
မငြင်းနိုင်ပါ။ သခင်ခရစ်တော် မမွေးမီ ခုနှစ်သက္ကရာဇ်ကို ဘီစီ (နြ်သမန
ဃ့မငျအ) ဟူ၍ လည်းကောင်း၊ ခရစ်တော်ပေါ်ထွန်းပြီး ခုနှစ် သက္ကရာဇ်ကို
အေဒီဟူ၍လည်းကောင်း၊ ခေါ်ကြသည် ကို တွေ့ရ၏။ (ဗီ)ဆိုသည်မှာ ဗညညသ ီသာငညင
ဖြစ်ပြီး လက်တင်စကားဖြစ်ပါသည်။ အဓိပ္ပါယ်မှာ ွှ့န ့နမေ သ် ဥကမ ူသမေိ ငါတို့
သခင်ယေရှု၏ ခရစ်သက္ကရာဇ် တနည်းအားဖြင့် ခရစ် သက္ကရာဇ်ကို တစ်ကမ္ဘာလုံးက
အသုံးပြုလျက် ယခုနှစ် ဆိုလျှင် ၂၀၁၁ခုနှစ် ရှိခဲ့ပြီ မဟုတ်ပါလား။
သို့ဖြစ်၍ ဒီဇင်ဘာလ (၂၅)ရက်နေ့သည် ခရစ်တော်၏ မွေးနေ့ဟုတ်သည်ဖြစ်စေ၊
မဟုတ်သည် ဖြစ်စေ အရေးမကြီးပါ။ ကမ္ဘာအရပ်ရပ်က (၂၅)ရက် ကို
ခရစ်တော်မွေးနေ့ဖြစ်သည်ဟု သတ်မှတ်လျက် ကျင်းပနေချိန်မှာ
ကျွနု်ပ်တို့အမှုတော်ဆောင်များ ပြောင်းလဲပြီးသော ခရစ်ယာန်အသင်းသား တိုင်း
သည် ဤနေ့ရက်တွင် အခွင့်အရေးယူပြီး ခရစ်တော်၏ ကယ်တင်ခြင်းသတင်းကောင်းကို
ကြေငြာဘို့ အ ကောင်းဆုံး အချိန်အခါဖြစ်သည်ဟု ကျွနု်ပ်ခံယူပါ သည်။
ဝတ်ပြုခြင်း
ဣသရေလလူတို့သည် စစ်မှန်သော ဘုရားကို ဝတ်ပြုလေ့ရှိကြသည်။ ယဇ်ပူဇော်ခြင်း၊
အမွှေးအကြိုင် ထွန်းညှိခြင်း၊ ဆယ်ဘို့တစ်ဘို့ ပူဇော်ခြင်းအားဖြင့်
ဘုရားသခင်ကို ဝတ်ပြုကြသည်။ ဤသည်မှာ သူတို့၏ ထုံးစံဖြစ်သည်။ နောက်တဖန်၊
ဖာရိရှဲ၊ ကျမ်းပြုဆရာဆ တို့၏ ထုံးစံတစ်ခုမှာ ဈေးမှပြန်လာသောအခါ ဆေး
ခြင်းမရှိဘဲ စားလေ့မရှိ။ ထိုမှတပါး ခွက်၊ ဖလား၊ ကြေး ဝါပန်းကန်၊
ခုတင်တို့ဆေးခြင်းမှစ၍ အခြားသော ထုံး တမ်းများကိခံယူ၍ ကျင့်လေ့ရှိ၏။
(မာကု ရး၄) ထို ဝတ်ပြုခြင်းသည် ရှေးလူဟောင်းတို့မှ ဆက်ခံသော နည်းဥပဒေသသာ
ဖြစ်လေ၏။ ထိုသို့ ကျမ်းပြုဆရာနှင့် ဖာရိရှဲတို့သည် ဘုရားသခင်၏
နှုတ်ကပတ်တော်ကို ကျင့်စောင့်မည်အစား ရှေးလူဟောင်းတို့ထံမှ အဆက်
ဆက်ခံလာသော ဝတ်နည်းထုံးပုံစဉ်လာများကိုသာ ဦးထိပ်ထားနေသောကြောင့်
ယေရှုခရစ်နှင့်တွေ့ကြ သောအခါ ပြစ်တင်ခြင်းကို ခံရလေသည်။ အရှင်ယေရှု က
ထိုကျမ်းတတ်၊ ဖာရှိရှဲတို့ကို ဟေရှာယမိန့်မှာခဲ့သော ကျမ်းစာအားဖြင့်
မိန့်ဆိုသည်မှာ ဤလူမျိုးသည် နှုတ်ခမ်းနှင့်ငါ့ကို ရိုသေကြ၏။
စိတ်နှလုံးမူကား ငါနှင့် ဝေးလှ၏။ လူတို့စီရင်သော ပညတ်တို့ကို သွန်သင်၍
နည်းဥပဒေပေးလျှက်ပင် ငါ့ကို အချည်းနှီးကိုးကွယ် ကြ၏ဟု နောက်ဖြစ်လတ္တံ့သော
အရာကို လျောက် ပတ်စွာ ဟောခဲ့ပြီ (မာကု ရး၆-၇)
ချစ်သောဓမ္မမိတ်ဆွေများ ယခုနှစ် ခရစ္စမတ်ကို မည်သို့
ဧည့်ခံကြိုဆိုမည်နည်း။ ခါတိုင်းနှစ်ကဲ့သို့ အစား အသောက်အကျွေးအမွေးအတွက်
ငွေကုန်ကြေးကျခံ ပြီး ထုံးစံအတိုင်းသာ ဆက်လုပ်မည်လော။ ဝတ်ကျေ
တန်းကျေသဘောသာ လုပ်မည်လော။ ဘုရားကျောင်း ကို အလှဆင်ခြင်း၊ အစားအသောက်
ကျွေးမွေးခြင်း၊ အဝတ်အစား၊ အသစ်အဆန်းဝယ်ဝတ်ခြင်း၊ လက်
ဆောင်များဖလှယ်ခြင်းဖြင့်သာ ဝတ်တရားအတိုင်း ပြုလျက် မိမိတို့
ကျေနပ်ခြင်းကို ရှာဦးမည်လော။
ချစ်သောမိတ်ဆွေ အထက်ပါအတိုင်းသာ ဒီနှစ်ခရစ္စမတ်ကို ကျင်းပဦးမည်ဆိုလျှင်
မွေးနေ့ရှင် ဖြစ်သော အရှင်ယေရှု၏ ဝမ်းနည်းစရာ ဖြစ်ပေမည်။
]]ဤလူမျိုးသည် နှုတ်ခမ်းနှင့်ငါ့ကို ရိုသေကြ ၏။ စိတ်နှလုံးမူကား ငါနှင့် ဝေးလှ၏}}
(ဟေရှာ ၂၉း၃၁)
ကိုးကွယ်ခြင်း
အရှေ့ပြည်မှလာသော ပညာရှိတို့သည် ထိုကြယ်ကို မြင်ပြန်သောအခါ
အလွန်ဝမ်းမြောက် ဝမ်းသာခြင်းရှိ၍ အိမ်သို့ဝင်လေသော်၊ မယ်တော်မာရိ
နှင့်တကွ သူငယ်တော်ကို တွေ့မြင်လျှင် ပြပ်ဝပ်ကိုး ကွယ်၍
မိမိတို့ဏ္ဍာဥစ္စာတို့ကို ဖွင့်ပြီးမှ လောဗန်နှင့် မုရန်တည်းဟူသော
နံသာမျိုးကိုလည်းကောင်း၊ ရွှေကို လည်းကောင်း ဆက်ကပ်ပူဇော်ကြ၏။ (မဿဲ
၂း၁၀-၁၁)
ချစ်သော ဓမ္မမိတ်ဆွေ၊ စစ်မှန်သော ကိုးကွယ် ခြင်းသည် ဝိညာဉ်မပါဘဲ
ကိုးကွယ်၍ မရပါ။ အရှေ့ ပြည်က ပညာရှိတို့သည် ပေါ်ထွန်းမည့် ယုဒရှင်ဘုရင်
ကို ရှာရခြင်းမှာ စိတ်ဝိညာဉ်ထဲမှာ ငြိတွယ်လာသော ဘုရားသခင်နှင့်
ဆက်ဆံခြင်း သက်သေကြောင့် ဖြစ် သည်။ ထို့ကြောင့် ငွေကုန်ကြေးကျခံခြင်း၊
လူပင်ပန်း ခံခြင်း၊ အချိန်ကုန်ခံခြင်းများကို ဂရုမစိုက်ဘဲ မရမက
မတွေ့တွေ့အောင် သူငယ်တော်ယေရှုကို ရှာဖွေရ ခြင်းဖြစ်လေသည်။
ထိုပညာရှိတို့သည် အလွန်ဝမ်း မြောက်ဝမ်းသာရှိကြသည်သာမက သူငယ်တော် ယေရှုကို
ပြပ်ဝပ်‰၍ ကိုးကွယ်ကြောင်း တွေ့ရ၏။ သူတို့ ရင်ထဲမှ အန်ထွက်လာသော မေတ္တာမှ
ဘဏ္ဍာများကို ဖွင့်၍ လက်ဆောင်များကို ပေးကြကြောင်းတွေ့ရလေ ၏။
ချစ်သောမိတ်ဆွေ သင်သည်လည်း (ဃ့မငျအာေျ) မွေးနေ့တော်ကို ကျင်းပမည်ဆိုပါက
သင်ကိုယ် တိုင် အရှင်ယေရှုခရစ်ကို စိတ်ဝိညာဉ်ထဲမှာ တွေ့ထိ ခံစားသော
သူဖြစ်ရပါမည်။ အရှင်ယေရှုနှင့် ထိတွေ့ပြီး ဝမ်းမြောက်ဝမ်းသာပီတိဖြာလျက်
နှလုံးသားမှ ထွက် လာသော မေတ္တာစေတနာဖြင့် အရှင်သခင်ကို ပြပ်ဝပ် ကိုးကွယ်၍
လက်ဆောင်ပဏ္ဏာများကို ဆက်သသော သူဖြစ်ရပါမည်။
ထိုသို့မဟုတ်ပါက ကျွနု်ပ်တို့ ကိုးကွယ်ခြင်း သည် ဝတ်ကျေတန်းကျေဖြစ်လျက်
အချည်းနှီး ကိုး ကွယ်ခြင်းဖြစ်ပါလိမ့်မည်။
]]ငါ့ကို အချည်းနှီးကိုးကွယ်ကြ၏}} (မာကု ရးရ)
နိဂုံးချုပ်အနေဖြင့် သိုးထိန်းတို့သည် သူငယ် တော်ယေရှုနှင့်
ဖူးတွေ့ပြီးသောအခါ လက်ဆောင် ပဏ္ဏာပေးသည်ကို ကျမ်းစာ၌မတွေ့ရပါ။ အဘယ့်
ကြောင့်ဆိုသော် ထိုခေတ်ထိုအချိန်အခါ၌ သိုးကျောင်း သားတို့သည်
ဆင်းရဲသားလူတန်းစားများဖြစ်လေ သည်။ သိုးထိန်းတို့သည် ဆင်းရဲသောကြောင့်
ဘဏ္ဍာ ဥစ္စများ မပေးနိုင်သော်လည်း သူငယ်တော် ယေရှုကို တွေ့မြင်ပြီးမှ
မိမိတို့ကြားသော ထိုသူငယ်တော်၏ အကြောင်းစကားကို အနှံအပြားပြောကြ၏ (လုကာ
၂း၁၅-၁၇)
ထို့ကြောင့် ယခုနှစ် ခရစ္စမတ်ကာလမှာ အရှင် ယေရှုကို ဖူးမြင်ပြီးသူများသည်
အရှင်ယေရှုကို နာမ် ဝိညာသ်ဖြင့် ကိုးကွယ်လျက် စိတ်ဝိညာဉ်ထဲမှ ဖိတ်စင်
လာသော မေတ္တာစေတနာဖြင့် ဘုရားသခင်၏ နိုင်ငံတော် ကျယ်ပြန့်ဘို့
အစွမ်းသတ္တိရှိသည့်အတိုင်း ပါဝင်ကြပါစို့။
သိုးထိန်းများကဲ့သို့ ဆင်းရဲသောသူများသည် လည်း ရောက်ရာအရပ်မှာ
ခရစ်တော်၏ ကယ်တင် ခြင်း သတင်းကောင်းကို ဝေငှကြပါစို့။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မေတ္တာဓါတ်နှင့် မြတ်စွာဘုရား
ယခုတလော ကျွနု်ပ်ပတ်ဝန်းကျင်မှာ မေတ္တာ ခေါင်းပါးခြင်းများ တွေ့နေရပါသည်။
ထိုအခါ တချိန် က ခရစ်တော်မိန့်မှာခဲ့သော နှုတ်ကပတ်တော်ကို ပြေး ပြီး
သတိရမိပါသည်။
]]မတရားသော အမှုတို့သည် များပြားသဖြင့် အများသော သူတို့၏
ချစ်ခြင်းမေတ္တာသည် ခေါင်း ပါးလိမ့်မည်}} (မဿဲ ၂၄း၁၂)
ဤကျမ်းစာငည် ယနေ့တိုင်အောင် မှန်ကန် လျက်ရှိပေသည်။ လင်နှင့်မယားအကြား
မေတ္တာခေါင်း ပါးမှု၊ မိဘနှင့်သားသမီးအကြား မေတ္တာခေါင်းပါးမှု၊
လုပ်ဖော်ဆောင်ဖက်အကြား မေတ္တာခေါင်းပါးမှု၊ အ လုပ်ရှင်နှင့် အလုပ်သမားအကြား
မေတ္တာခေါင်းပါးမှု အမျိုးမျိုးကိုတွေ့မြင်နေရပါသည်။
လင်နှင့်မယားအကြား မေတ္တာဓါတ်
ချစ်စ၊ ခင်စ၊ ကြင်နာစ ဟူသော စကားအတိုင်း အိမ်ထောင်ကျခါစက တစ်ယောက်နှင့်
တစ်ယောက် ငုံထားလောက်မတတ် ချစ်တတ်ကြသည်မှာ ဓမ္မတာ ပင် ဖြစ်ပါသည်။
အိမ်ထောင်သက်ကြာလာ၍ ခလေး များ ရလာသောအခါမူကား တချိန်က ဖုံးဖိခဲ့သမျှ
အကျင့်ဟောင်းများ ပေါ်ထွက်လာပြီး ကတောက်က ဆ ဖြစ်လာကြရပါသည်။ လင်သားက
စိတ်ညစ်ပြီး အရက်သောက် ဖဲရိုက်၊ အမျိုးသမီးက အိမ်မှာဆူပူ
သောင်းကျန်းလာသောအခါ တချိန်က မေတ္တာဖြင့် တည်ဆောက်ထားသော အိမ်ထောင်သည်
စိတ်ညစ် စရာကောင်းသော အိမ်ထောင်သည်ဖြစ်လာရလေ သည်။
လွန်ခဲ့သော ဇူလိုင်လကဖြစ်ပါသည်။ ကျွနု်ပ် နေသော ရပ်ကွက်တွင်
လင်မယားနှင့်သားသမီးများ ခြံလုပ်ပြီး နေထိုင်ကြပါသည်။ အမျိုးသားမှာ အရက်
သမားဖြစ်ပြီး အိမ်ပြန်လာတိုင်း မိသားစုအားလုံးကို ဆူဆဲ၊ ရိုက်နှက်လျက်၊
ညစဉ်ညတိုင်း အရှင်လတ်လတ် ငရဲ၏ ဝေဒနာကို ခံစားနေကြရပါသည်။ တစ်နေ့တွင်
ထိုအရက်သမား၏ မိန်းမအား ဧဝံဂေလိ ဝေငှခွင့်ရခဲ့ ပြီး သူ့မိန်းမထံမှ
အကြောင်းစုံကို သိခွင့်ရခဲ့လေသည်။
ထိုအခါ အရက်သမား၏ မိန်းမက ဆရာရယ် ဒီလိုယောကျင်္ားမျိုးနှင့် နေရတာထက်
တစ်ယောက် တည်း တောလွင်ပြင်မှာ နေရတာက ပိုကောင်းလိမ့် မယ်လို့
ကျွန်မထင်ပါတယ်။ တခါတခါ ကျွန်ဆုတောင်း မိပါတယ်။ ဒီလိုမျိုး အရက်သောက်ပြီး
မိသားစုကို ညှင်းဆဲနေတဲ့ ယောကျာ်းမျိုး မြန်မြန်သေရင် အေး တယ်လို့ပေါ့။
ဆရာရယ် ကျွန်မလုံးဝမခံနိုင်တော့ဘူး။ ကျွန်မတို့မိသားစုကို
မလုပ်ကျွေးတဲ့အပြင် ဒုက္ခပေး နေတဲ့ ယောကျာ်းကို လုံးဝ မသနားတော့ဘူး။ သေရင်
တောင် ဝမ်းနည်းမည့် လူရှိမယ်မထင်ဘူး။ တစ်ခါတော့ အပြတ်ကွာရှင်းမယ် စသဖြင့်
ကျွနု်ပ်အား ရင်ဖွင့်ခဲ့ သည်ကို ယနေ့တိုင် ကျွနု်ပ်နားမှာ ကြားယောင်နေ
ဆဲပါ။
ထိုအခါ ကျွနု်ပ်တို့၏ ဝိညာဉ်ဖခင်ဆရာကြီး ဦးတင်မောင်ထွန်း ပြောနေကျ
စကားတစ်ခွန်းကို သတိရမိပါသည်။ ထိုစကားမှာ ]]မေတ္တာဓါတ်ပျက် သွားပြီ}}ဟူသော
စကားပေတည်း။
တစ်ချိန်က တစ်ယောက်နှင့် တစ်ယောက် မေတ္တာမျှခဲ့ကြသော ထိုလင်မယား၏
အိမ်ထောင် သည် ယခုအခါ မေတ္တာဓါတ်များ ပျက်ပြယ်သွားချေပြီ။
အဘယ့်ကြောင့်ဆိုသော် တစ်ယောက်အပေါ် တစ် ယောက် ကြင်နာခြင်း၊
မြတ်နိုးယုယခြင်း၊ မိတ်သဟာ ယဖွဲ့ခြင်းများ မရှိကြတော့ချေ။ တစ်ယောက်သေရင်
တောင် တစ်ယောက်သောသူက ဝမ်းသာမလိုလိုဖြစ် နေလေပြီ။ ဤသည်ကို
မေတ္တာဓါတ်ပျက်နေပြီဟု ခေါ်လေသည်။
သားအဖကြား မေတ္တာဓာတ်
အဖေနှင့်သားဆိုသည်မှာ သဘာဝအားဖြင့် ချစ်ခင်ကြင်နာခြင်း၊ ရင်းနှီးစွာ
အကျွမ်းတဝင်ဖြစ်ခြင်း၊ ပွင့်လင်းစွာ ဆက်ဆံခြင်းစသည့် သဘာဝများရှိပေ သည်။
သို့သော် တစ်ခါတစ်ရံ စကားမခေါ်မပြောနိုင် လောက်အောင် ခါးသီးမှု၊
မုန်းတီးမှုများလည်း ဖြစ်လာ တတ်သည်။
တစ်ခါက အဗရှလုံသည် သူ၏နှမ တာမာအ တွက် အမျက်ထွက်ပြီး သူ့တစ်ဝမ်းကွဲညီ
အာမနုန်ကို သူ့ကျွန်များအား သတ်စေခဲ့လေသည်။ ထို့နောက် မိမိအပြစ်ကို သိလျက်
အဗရှလုံသည် ဂေရှုရမြို့သို့ ထွက်ပြေး၍ သုံးနှစ်နေလေသည်။ (၂ရာ ၁၃း၂၃-၃၈)။
ဒါဝိဒ်နှင့် အဗရှလုံသည် အဖေနှင့်သားတော်စပ်မှု ရှိသော်လည်း
သုံးနှစ်တိုင်တိုင် အတူနေခြင်း၊ အတူစား ခြင်း၊
စကားပြောခြင်းလုုံးဝမရှိတော့ပါ။ ထို့နောက် ဗိုလ်ချုပ် ယွာဘ၏
စီရင်မှုကြောင့် အဗရှလုံကို ဂေရှုရ မြို့မှ ပြန်ခေါ်ခဲ့သော်လည်း အဗရှလုံသည်
ရှင်ဘုရင် ဒါဝိဒ်၏ မျက်နှာတော်ကို နှစ်နှစ်ပတ်လုံး မမြင်ရဘဲ
ယေရုရှလင်မြို့၌ နေလေ၏။ (၂ရာ ၁၄း၂၈)။ ဤသည် မှာ သားနှင့်အဖေကြား
မေတ္တာဓါတ်ပျက်ပြယ်သွားခြင်း ဖြစ်လေသည်။ ချစ်သော မိတ်ဆွေ၊ သင်သည်လည်း
မိသားစုအပေါ် မေတ္တာခေါင်းပါးနေပါသလား၊ ဘုရားသခင်အပေါ်
မေတ္တာခေါင်းပါးနေပါသလား၊ မိမိကိုယ်မိမိ ဆန်းစစ်ကြည့်ရအောင်။
ဘုရားသခင်၏ အမှုတော်နှင့်မေတ္တာဓာတ်
တစ်ခါက မိက္ခာအမည်ရှိသော ဧဖရိမ်တောင် သားတစ်ယောက်ရှိသည်။ သူသည် အမိအား
အို အမေ၊ ပျောက်သောငွေ၊ အကျွနု်ပ်ရှေ့မှာ ကျိန်ဆဲ သော စကားကိုပြောသော
ငွေဆယ်ပိဿာသည် အကျွနု်ပ်၌ ရှိပါ၏။ အကျွနု်ပ်၏ ယူမိပြီဟုဆိုသော် အမိက ငါ့သား
ထာဝရဘုရား ကောင်းကြီးပေးပါစေဟု ဆို၏။ ထိုငွေဆယ်ပိဿာကို အမိအား ပြန်ပေးသော
အခါ အမိက ငါ့သားသည် ထုသော ရုပ်ထုနှင့် သွန်းသော ရုပ်ထုကို လုပ်စရာဘို့၊
ဤငွေရှိသမျှကို ထာဝရဘုရားအား ပူဇော်နှင့်ပြီ။ သို့ဖြစ်၍ ငါ့သား
ယခုပြန်ပေးမည်ဟု ဆိုသော်လည်း သားသည် ထိုငွေကို အမိအား ပြန်ပေး၏။
အမိသည်လည်း ထိုငွေ ထဲမှ နှစ်ပိဿာယူ၍ ပန်းတိမ်သမား၌ အပ်သဖြင့် သူသည် ထုသော
ရုပ်ထုနှင့် သွန်းသော ရုပ်ထုကို လုပ်၍ ရုပ်ထုတို့သည် မိက္ခာအိမ်၌ရှိ၏။
ထိုလူမိက္ခာသည် ဘုရားကျောင်းရှိ၍ သင်တိုင်း တော်နှင့် တေရပ်ရုပ်ထုကို
လုပ်ပြီးမှ မိမိသားတစ် ယောက်ကို မိမိယဇ်ပုရောဟိတ်အရာ၌ ခန့်ထားလေ ၏။ (တရား
၁ရး၁-၆)
ချစ်သော ဓမ္မမိတ်ဆွေ ထိုကာလ၌ ဣသရေ လ ရှင်ဘုရင်မရှိ။ လူတိုင်း
မိမိစိတ်အလိုရှိသည့်အတိုင်း ပြုသတည်း။ အမှန်မှာ မိက္ခာသည် အမေထံမှ
ငွေဆယ်ပိဿာခိုးသော သူခိုးဖြစ်ပါသည်။ ဘုရား သခင်၏ အမှုတော်အတွက်ဆိုပြီး
တေရပ်ရုပ်ထုကို ထု လုပ်ခြင်းသည် သမ္မာတရားနှင့် လုံးလုံးဆန့်ကျင်သော
လုပ်ဆောင်ချက်ဖြစ်ပါသည်။ ထို့အပြင် လေဝိအမျိုး မဟုတ်သော သူ့သားကို
ယဇ်ပုရောဟိတ်အရာ၌ ခန့် ထားခြင်းသည်လည်း ကျမ်းစာနှင့်မကိုက်ညီပါ။
ဓမ္မဟောင်းကာလ၌ လေဝိအမျိုးသာလျှင် အမှုတော် ဆောင် လုပ်ပိုင်ခွင့်ရှိလေသည်။
ထို့အတူ ယနေ့လည်း ဝိညာဉ်ရေးရာ၊ ရင့်ကျက်မှုမရှိဘဲ၊ လူခန့်သော အမှု
တော်ဆောင်များ မြောက်များစွာရှိလေသည်။
မကြာသေးမီ လေဝိအမျိုး လုလင်တစ်ယောက် သည် ဧဖရိမ်တောင် မိက္ခာအိမ်သို့
ရောက်လာလေ သည်။ မိက္ခာက အကျွနု်ပ်နှင့်အတူနေပါ။ အကျွနု်ပ်၏ အဘ အကျွနု်ပ်၏
ယဇ်ပုရောဟိတ်လုပ်ပါ။ အကျွနု်ပ် သည် တစ်နှစ်တစ်နှစ်လျှင် ငွေအကျပ်တဆယ်နှင့်
အဝတ်စုံကိုလည်းကောင်း၊ စားစရာကိုလည်းကောင်း ပေးပါမည်ဟု ပင့်ဖိတ်သောအခါ
လေဝိလူသည် သဘောတူလျက် မိက္ခာအိမ်၌ နေလေ၏။
ချစ်သော ဓမ–္မမိတ်ဆွေ ယနေ့လည်း ဘုရား သခင်၏ အမှုတော်အတွက် ဆက်ကပ်ကြသောအခါ
ဘုရားသခင်ကို ချစ်၍ အမှုတော်ဆောင်နေတာလား။ လေဝိလူကဲ့သို့ စားဝတ်နေရေး၊
ထောက်ပံ့ကြေးငွေကို မျှော်ကိုးပြီး အမှုတော်ဆောင်နေတာလား မိမိကိုယ်ကို
ဆန်းစစ်ကြပါစို့။ ချစ်သော ဓမ္မမိတ်ဆွေ မိက္ခာအိမ်၌ ဆက်ကပ်အမှုတော်ဆောင်နေသော
လေဝိလူ၏ အသက်တာ အဖြေမှန်ကို နောက်ဆုံးပိုင်းမှာ တွေ့နိုင် ပါသည်။
ဒန်အမျိုးသားများက အကျွနု်ပ်တို့နှင့်ြွကပါ။ အကျွနု်ပ်တို့ အဘလုပ်ပါ။
ယဇ်ပုရောဟိတ်လုပ်ပါ။ တစ်အိမ်ထောင်၌ ယဇ်ပုရောဟိတ်လုပ်တာထက်
ဣသရေလအမျိုးအနွယ်တို့တွင် တစ်မျိုးတစ်နွယ်လုံး၌ ယဇ်ပုရောဟိတ်လုပ်တာက
ပို၍မကောင်းပေလောဟု ပြောသောအခါ လေဝိလူသည် ဝမ်းမြောက်၍ ထိုလူ စုနောက်သို့
လိုက်လေ၏။ (တရား ၁၈း၁၁-၂၀)
ချစ်သော မိတ်ဆွေ ထိုလေဝိလူသည် ဘုရား သခင်ကို ချစ်သောကြောင့်
အမှုတော်ဆောင်ခြင်းမ ဟုတ်။ ငွေကိုချစ်သောကြောင့် အမှုဆောင်ခြင်းသာ
ဖြစ်လေသည်။ ထိုထက်မက သာ၍ထောက်ပံ့ပေး နိုင်သော သူနှင့်တွေ့ပါက နောက်တဖန်
ပြောင်းရွှေ့ ၍ နေမည်မှာ သေချာလေသည်။
ထို့အတူ ယနေ့ အချို့အမှုတော်ဆောင်များ သည် ဘုရားသခင်ကို ချစ်၍
အမှုတော်ဆောင်နေခြင်း မဟုတ်။ မိမိစားဝတ်နေရေးပြဿနာဖြေရှင်းရေးကို
ရှေ့တန်းတင်ပြီး အမှုတော်ဆောင်နေခြင်းသာဖြစ် သည်။ ထို့ကြောင့်
မည်သည့်အသင်းတော်၊ မည်သည့် အဖွဲ့အစည်းက ထောက်ပံ့ကြေးပိုကောင်းသလဲဆိုပြီး
သာသည့်အဖွဲ့အစည်းဘက်မှာ ပြောင်းရွှေကနေကြ သည်မှာ မထူးဆန်းပေ။
ထောက်ပံ့ကြေးငွေ လုံလုံ လောက်လောက်ရသော်လည်း အမှုတော်အောင်မြင် ခြင်းမရှိ၊
ပြောင်းလဲခြင်းမရှိ၊ နိုးထမှုမရှိခြင်းသည် ဧဝံဂေလိဓာတ်သဘာဝ
ပျက်စီးနေသောကြောင့် ဖြစ် လေသည်။
ကနဦးအသင်းတော်ခေတ်ကာလ၌ ရောမ အစိုးရ၏ ညှင်းဆဲခြင်းကြောင့် အရပ်ရပ်သို့
ကွဲပြားကြ ၏။ ထိုသူတို့သည် လှည့်လည်၍ နှုတ်ကပတ်တော် တည်းဟူသော
ဧဝံဂေလိတရားကို ဟောပြောကြ၏။ဖိလိပ္ပုသည်လည်း ရှမာရိမြို့သို့သွား၍
ခရစ်တော်၏ အကြောင်းကို ဟောလေ၏။ လူအစုအဝေးတို့သည် ကြား၍ ဖိလိပ္ပုပြုသော
နမိတ်လက္ခဏာကို မြင်သော အခါ သူ၏စကားကို တညီတညွတ်တည်း နားထောင် ကြ၏။ (တ
၈း၁-၈)
ချစ်သော ဓမ္မမိတ်ဆွေ ဖိလိပ္ပု ဧဝံဂေလိဆရာ လုပ်ရာတွင်
မည်သည့်အဖွဲ့အစည်းကမှ လခမပေး ကြပါ။ သူခံစားရသော ဘုရားသခင်၏ မေတ္တာကို
တုန့် ပြန်သော အားဖြင့် စေတနာသန့်သန့်ဖြင့် ဧဝံဂေလိ တရားကို
ဟောပြောသောအခါ ဘုရား၏ မေတ္တာ ဓာတ်စီးလျက် လူတွေပြောင်းလဲလာကြောင်း တွေ့ရ
၏။
မေတ္တာဓာတ်နှင့် မြတ်စွာဘုရား
သို့ဖြစ်၍ အမှုတော်ဆောင်နေသည်ဖြစ်စေ၊
ကျမ်းစာကျောင်းဖွင့်လှစ်နေသည်ဖြစ်စေ၊ ဘော်ဒါ ဆောင်ဖွင့်နေသည်ဖြစ်စေ၊
မေတ္တာဂေဟာဖွင့် နေ သည်ဖြစ်စေ ကျမ်းစာဘာသာပြန်နေသည်ဖြစ်စေ
ဘယ်ရည်ရွယ်ချက်နှင့် ပြုလုပ်ပါသလဲ။ ငွေကြေး အ ထောက်အပံ့ရရှိရေးအတွက်လား။
ဘုရားသခင်နှင့် ဘုရားသခင်ဖန်ဆင်းထားသော လူများကို ချစ်၍ လုပ်ခြင်းလားဟူ၍
စမ်းစစ်ချိန်တန်ပါပြီ။
ကျွနု်ပ်တို့ ဘယ်အမှုကိုလုပ်သည်မဆို ဘုရား သခင်၏
မေတ္တာဓာတ်ပျယ်ပြယ်သွားပြီဆိုလျှင် ဘာ တစ်ခုမျှ အောင်မြင်မည်မဟုတ်။
ခရစ်တော်ဘုရား က အင်မတန်ကြိုးစားပြီး ပင်ပန်းစွာ အမှုတော်ဆောင် နေသော
ဧဖက်အသင်းတော်ကို ဤသို့မိန့်မှာခဲ့လေ သည်။
သင်၏ အကျင့်ကျင့်ခြင်း၊ ပင်ပန်းစွာလုပ်ဆောင်ခြင်း၊ သည်းခံခြင်းကို ငါသိ၏။
သို့သော်လည်း သင်သည် ရှေးဦးစွာသော ချစ်ခြင်းမေတ္တာလျော့ပြီဟု သင်၌
အပြစ်တင်စရာရှိ၏ (ဗျာ ၂း၃-၄)
ထို့ကြောင့် ဘာဘဲလုပ်လုပ် မေတ္တာမပါလျှင် အချည်းနှီးသာဖြစ်ကြောင်း
သဘောပေါက်လျက် မေတ္တာဓာတ်နှင့် မြတ်စွာဘုရား၏ အလိုတော်နှင့်အညီ
အမှုဆောင်ကြပါစို့။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မသိသောဘာသာစကား
အကျွနု်ပ်ဝန်ခံချက်
စာရေးသူအနေဖြင့် ဘယ်အဖွဲ့အစည်း၊ ဂိုဏ်း ဂဏကိုမှ ပုတ်ခတ်လိုသောသဘောဖြင့်
ဤစာမူကို ရေးသားခြင်းမဟုတ်ပါ။ ကျွနု်ပ်ကိုယ်တိုင် ခေါင်းမူး အောင်
ရှုပ်ထွေးလာခဲ့သော ပြဿနာတစ်ခုက ကျွနု်ပ် ကဲ့သို့ ရှုပ်ထွေးလျက်ရှိသော
ယုံကြည်သူညီအစ်ကို မောင်နှမတို့အား သမ္မာတရားကို သိစေလိုသော
စိတ်စေတနာဖြင့် ရေးသားခြင်းသာဖြစ်ကြောင်း ဝန်ခံ အပ်ပါသည်။
ကျွနု်ပ်ပြဿနာ
၁၉၇၆ခုနှစ် ယိုးဒယားပြည်၊ ဘန်ကောက် ဆေးရုံတွင်
ကျွနု်ပ်အသက်သစ်ရရှိခဲ့လေသည်။ ကျွနု်ပ် အား ကယ်တင်ခြင်းသတင်းကောင်းကို
ဝေငှခဲ့ သူမှ သူနာပြုဆရာမနော်ဝေါ်ရီဖော ဖြစ်ပါသည်။ ကယ်တင် ခြင်းတရား
ဝေငှပေးခဲ့သော ဆရာမနှင့် ၁၉၇၆ခုနှစ် မေလတွင် ကျွနု်ပ်နှင့်
အနေဝေးကွာခဲ့လေသည်။ ထို့ ကြောင့် ဝိညာဉ်အစာ ဆာလောင်မွတ်သိပ်နေသော
ကျွနု်ပ်သည် ဝိညာဉ်မိဘမဲ့ ဘဝကို ရောက်ခဲ့ရလေ သည်။ ကျွနု်ပ်ရောက်နေသော
အရှေ့ပိုင်းရှမ်းပြည်၊ ကျိုင်းတုံမြို့မှာ သမ္မတရားကို
ပိုင်းခြားနားလည်အောင် သင်ကြားပေးမည့်ဆရာများ မရှိခဲ့ပါ။ အထူးသဖြင့်၊
ကျွနု်ပ်ကြုံခဲ့သော ပြ„ဿနာမှာ အမျိုးမျိုးသော ဘာသာ စကား၊ မသိသော ဘာသာစကား
(့ညုညသတည ွှသညါကန) ဖြစ်၍ ခွဲခြားနားလည်အောင် သွန်သင် တတ်မြောက်သူမရှိပါ။
ကျိုင်းတုံရှိ ဓမ္မဆရာများကို မေးကြည့်လျှင်လည်း တစ်ယောက်၊ တစ်ပေါက်၊
အမျိုး မျိုးကွဲပြားလျက်ရှိပါသည်။ ထို့ကြောင့် ယုံကြည်ခြင်း နုနယ်သေးသော
ကျွနု်ပ်အနေဖြင့် ဘယ်အရာက အ မှန်ဖြစ်သည်ကို ဝေခွဲမရဘဲ၊ ဒုက္ခရောက်ခံရလေသည်။
မသိသောဘာသာစကားနှင့် ကျွနု်ပ်အတွေ့အကြုံ
ကျွနု်ပ်၏ မရှင်းလင်းသေးသော (့ညုညသတည ွှသညါကန)မသိသော ဘာသာစကားကို လေ့လာရန်
၁၉၇၉ခုနှစ်မှာ ရန်ကုန်သို့ ရောက်လာခဲ့လေသည်။ ရန်ကုန်မြို့လမ်း ၅ဝမှာ
အခြားသော သာသာစကား သင်တန်းဖွင့်လှစ်ကြောင်း သတင်းကို ရခဲ့လေသည်။
ထိုသင်တန်းမှာ ဦးဆောင်သူဆရာက ကျွနု်ပ်ကိုလည်း ကျမ်းစာသင်ရင်း အခြားသော
ဘာသာစကားကို သင်ယူလေ့လာရန် ခေါ်ဖိတ်ခဲ့လေသည်။ ရေငတ်နေ သူကို
ရေကန်ထဲကန်ကျလိုက်သလို ကျွနု်ပ်လည်း ချက်ခြင်းထိုသင်တန်းသို့
တက်ရောက်ခဲ့လေသည်။
သူတို့အဓိကသင်ကြားပေးသော ကျမ်းချက်မှာ သင်တို့အပေါ်သို့ သန့်ရှင်းသော
ဝိညာသ်တော်ဆင်း သက်သောအခါ သင်တို့သည် တန်ခိုးကိုခံရ၍ ယေရုရှ
လင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီး စွန်းတိုင်အောင် ငါ၏
သက်သေဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏ (တ ၁း၈)။ နိုင်ငံခြားဆရာတစ်ပါးက
ဤကျမ်းချက်အတိုင်း ဝိညာဉ်တော်ရမှ တန်ခိုးရမည်။ တမန်တော်များ
ဝိညာဉ်တော်ရသောအခါ အမျိုးမျိုး သော ဘာသာစကား ပြောကြသည်ဟူ၍ သင်ကြားခဲ့
လေသည်။ ထို့ကြောင့် အခြားသော ဘာသာစကား ပြောခြင်းသည် ဝိညာဉ်တော်ရရှိခြင်း၏
နမိတ် လက္ခဏာဖြစ်သောကြောင့် အခြားသောဘာသာ စ ကားမရလျှင် ဝိညာဉ်တော်မရ။
ဝိညာဉ်တော် မရလျှင် ဘုရားသခင်၏ တန်ခိုးလည်း မရရှိနိုင်။ ဘုရားသခင်၏
တန်ခိုးမရလျှင် အမှုတော်ဆောင်လျှင်လည်း ထိ ရောက်ခြင်းမရှိနိုင်။ လူတွေလည်း
ပြောင်းလဲလာမည် မဟုတ်စသဖြင့် သင်ကြားခဲ့လေသည်။
ထိုသင်တန်း၌ အခြားသော ဘာသာစကား ပြောလိုသူများရှေ့ထွက်ခဲ့ပါဟူ၍
ခေါ်ဖိတ်သောအခါ လူများစွာ ရှေ့ထွက်ပြီး ဆုတောင်းခံကြသည်။ ထုံးစံ အတိုင်း
ဆရာများက လက်တင်ပြီး မသိသော ဘာသာ စကားဆိုပြီး ရှ-လာ-လာ၊ ရှ လာ လာ ဟူ၍
ထပ်ခါ တလဲ ရွတ်ဆိုကြပါသည်။ ဆုတောင်းခံသော သူများကို လည်း ဟာလေလုယာ၊
ဟာလေလုယာဟူ၍ ထပ်ခါ၊ ထပ်ခါ ရွတ်ဆိုဖို့ သင်ပေးကြလေသည်။ ဤအတိုင်း
ခပ်မြန်မြန်ရွတ်ဆိုရင်း ရှ လာ လာ၊ ရှ လာ လာ ဟူ၍
တကယ်ပြောလာသူများရှိကြောင်း တွေ့ရပါသည်။ တချို့က နောက်လှန်လဲသွားပြီး
လဲရင်းပြော နေသူများ စွာရှိကြောင်း တွေ့ရပါသည်။ သူတို့အပြောအရ
မိမိကိုယ်ကို တည်ဆောက်ဖို့ဖြစ်သည်ဟု ဆိုသော် လည်း တချို့အခြားသော
ဘာသာစကားပြောသော် လည်း သောက်နေကျ၊ ဆေးလိပ်မပြတ်ဘဲ ရှိနေသူ များ
စားနေကျကွမ်းယာ စားနေသူများရှိလေသည်။ ဤသည်မှာ ကျွနု်ပ်၏
မျက်မြင်ကိုယ်တွေ့ဖြစ်ပါသည်။
သို့သော် တချို့မှာမူ လိုချင်လျက်နှင့် မရသော သူများလည်းရှိကြောင်း
တွေ့ရပြန်သည်။ သင်ကြား ပေးသော ဆရာများက ဤသည်မှာ ဝိညာဉ်တော်
အလုပ်ဖြစ်သောကြောင့် ကျွနု်ပ်တို့မတတ်နိုင်။ ဆက် လက်ပြီး
ယုံကြည်ခြင်းဖြင့် အစာရှောင်ဆုတောင်းလျှင် ရမည်ဖြစ်ကြောင်း အားပေးကြလေသည်။
လူ့အမိန့်ကို နာခံသော ဝိညာဉ်တော်
ကျွနု်ပ်သည်လည်း အခြားသောဘာသာစကား ကို ရလျှင် တန်ခိုးကိုရမည်။
တန်ခိုးရလျှင် အနာတွေ ငြိမ်းမည်။ လူတွေ ပြောင်းလဲလာမည်။ အခွင့်ရတုန်း
ဆုတောင်းခံမည်ဆိုပြီး ပြည်တွင်းဆရာတပါး၊ နိုင်ငံခြား ဆရာလေးပါး၊
စုစုပေါင်းဆရာငါးပါးက ကျွနု်ပ်ခေါင်း ပေါ်မှာ လက်တင်ပြီး ချွေးပြန်အောင်
ဆုတောင်းပေးခဲ့ ကြလေသည်။ ကျွနု်ပ်ကိုလည်း ထုံးစံအတိုင်း ဟာလေ လုယာ –
ဟာလေလုယာ ဟူ၍ အကြိမ်ကြိမ်ရွတ်ဆို ခိုင်းလေသည်။ ဆယ်မိနစ်၊
ဆယ်ငါးမိနစ်လောက်ကြာ လာသောအခါ ဆရာငါးပါးစလုံး တင်ထားသော လက်ကြောင့်
ကျွနု်ပ်လည်ပင်းညောင်းလာသဖြင့် အင်္ဂလိပ်လို ဓ ှအသစဓ ရပ်ဟု
အော်ပြောလိုက်သောအခါ ဆရာငါးပါးစလုံး၏ ဆုတောင်းချက်ရပ်သွား လေတော့ သည်။
ထိုအခါ မြန်မာနိုင်ငံသား ဆရာက ဘာဖြစ်လို့ ရပ်ဟု ပြောရတာလဲ။ ဆက်ပြီး
ဆုတောင်းပေးရင် ရမှာပေါ့ဟု ပြောရာ၊ ကျွန်တော်က
]]ကျွနု်ပ်ကလူဘဲ။ သန့်ရှင်းသော ဝိညာဉ်တော် အားဖြင့် ဆုတောင်းနေကြသော
ဆရာတို့ကို ဓ ှအသစဓ ရပ်ဟု ပြောတာနဲ့ ဘာဖြစ်လို့ ရပ်သွားကြတာလဲ။
ဆက်တောင်းကြပါလား။ ကျွန်တော်အမိန့်ကို ဝိညာဉ် တော်က နာခံလိုက်တယ်ဆိုတော့
ကျွန်တော်က ဝိညာဉ် တော်ထက် တန်ခိုးကြီးသွားသလို ဖြစ်မနေ ဘူးလား}} ဟု
ပြန်ပြောသောအခါ ထိုဆရာသည် မျက်နှာပျက်ပြီး ထွက်သွားလေသည်။ ဤသည်မှာ
ကျွနု်ပ်၏ အတွေ့ အကြုံဖြစ်လေသည်။
ချစ်သောဓမ္မမိတ်ဆွေ ယနေ့တိုင်အောင် ဤကိစ္စအတွက် ပိုင်းခြားမသိဘဲ
ဖြစ်နေပါသလား။ အောက်ပါ ကျွနု်ပ်ရှင်းလင်းချက်ကို သည်းခံပြီး သေချာ စွာ
လေ့လာပါ။ သမ္မာကျမ်းစာသာလျှင် ကျွနု်ပ်တို့အ တွက် အကောင်းဆုံးလမ်းညွှန်နှင့်
အဖြေမှန်ဖြစ်ပါ သည်။ မိမိဂိုဏ်းဂဏ၊ အယူဝါဒ ပုဂ္ဂိုလ်တစ်ယောက်၏ အတွေးအခေါ်
သွန်သင်ချက်များကို ခဏဘေးဖယ်ပြီး သမ္မာကျမ်းစာက မည်ကဲ့သို့ သွန်သင်သည်ကို
လေ့လာ ကြပါစို့။
လုံးဝမတူသော ဘာသာစကား
ကျွနု်ပ်အနေဖြင့် ကျမ်းစာ၌ရှိသော အမျိုးမျိုး သောဘာသာစကားအကြောင်းကို
၂ဝဝ၅-ခုနှစ်၊ ဇန်နဝါရီထုတ် အသင်းတော်စာစောင်ထဲမှ ဝိညာဉ် တော် ဗတ္တိဇံနှင့်
အမျိုးမျိုးသော ဘာသာစကား (ဥအ့နမ အသညါကနျ) အကြောင်း ဝေငှခဲ့ပြီး
ဖြစ်လေသည်။ ဒဒ ဥအ့နမ အသညါကနျဓ ခေါ်အမျိုးမျိုးသော ဘာသာစကား
သည် ဂရိလို (ူါသျေ) ဖြစ်ပြီး အဓိပ္ပာယ်မှာ ကမ္ဘာပေါ် မှာရှိသော
လူဘာသာစကားပင်ဖြစ်သည်။ ဤသည် လူနားလည်သော စကားဖြစ်ကြောင်း အောက်ပါကျမ်း
ချက်အားဖြင့် သိနိုင်သည်။ ]]ထိုလူအပေါင်းတို့သည်
အံ့ဩမိန်းမောတွေဝေလျက်ရှိ၍ ယခုဟောေြာသော သူအပေါင်းတို့သည်
ဂါလိလဲလူဖြစ်ကြသည် မဟုတ် လော။ သို့မဟုတ်လျှင် ငါတို့သည် အသီးသီးမွေးဖွားရာ
ဌာန၏ ဘာသာစကားများကို ကြားရသည်ကား အဘယ်သို့နည်း (တ ၂းရ-၈)ဟူ၏။
ထို့ကြောင့် မူရင်း ဂရိကျမ်းစာ၌ပါသော အမျိုးမျိုးသော ဘာသာစကား ဟူသည်
လူအမျိုးမျိုး၏ ဘာသာစကားဟူသည် လူအ မျိုးမျိုး၏ ဘာသာစကားသာဖြစ်သည်။
ထို့ကြောင့် ယခု ရေးသားသော (့ညုညသတည အသညါကန) မသိသော ဘာ သာစားလုံးနှင့်
လုံးဝမတူကြောင်း ဦးစွာ သတိထားစေ လိုပါသည်။ နောက်တစ်ခုဖြစ်သည့်
ဝိညာဉ်ဆုကျေးဇူး အဖြစ်ပေးထားသော အခြားသော ဘာသာစကားဟူ သည်လည်း
အောက်ပါကျမ်းစာများ၌ ဖတ်ရှုနိုင်သည်။ (ဟေရှာယ ၂၈း၉-၁၀။ တ ၂း၄-၁၃။ ၁ဝး၄၄-၈။
၁၉း၁-၇။ ၁ကော ၁၂း၁။) ကျမ်းစာ၌ရှိသော (ဥအ့နမ အသညါကနျ) ကိုရေးသောအခါ
(ဏူကမေူ) အများကိန်းနှင့် ရေးသားကြောင်း တွေ့ရပေမည်။ သမ္မာကျမ်းစာ၌
အကြိမ်ပေါင်း(၅၀)ခန့် တွေ့ရပါသည်။
့ညုညသတည ွှသညါကန ၏ ထူးခြားချက်
ယခုအသင်းတော် တချို့တွင် အခြားသော ဘာသာစကားရသည်ဟုဆို၍ ပြောပြောနေသော ရှ
လာ လာ လာဟူသော မသိသော ဘာသာစကားကို မူရင်းဂရိကျမ်းစာအုပ်၌ မပါရှိကြောင်း၊
ဂရိစာကို တတ်သိနားလည်သူတိုင်း သိရှိကြလေသည်။ သို့သော် ဆရာယုဒသန်သည်
အသညါကနျ) ဟူ၍ ဘာသာပြန်ဆိုခဲ့မိသောကြောင့် အောက်ပါ ကျမ်းပိုဒ်၌ ပါရှိသော၊
ဘာသာစကားသည် (ကညုညသတည အသညါကန) မသိသော ဘာသာစကားလော၊ (သအ့နမ အသညါကန)
အခြားသော ဘာသာစကားလောဟူ ၍ ပိုင်းခြားမသိနိုင်ဘဲ
ရှုပ်ထွေးသွားခြင်းဖြစ်လေသည်။ အမှန်မှာ ၁ကော ၁၄း၂၊ ၄၊ ၁၃၊ ၁၄ စသည့်
ကျမ်းပိုဒ်၌ ပါရှိသော ဘာသာစကားသည် (သအ့နမ အသညါကနျ) အခြားသော
ဘာသာစကားမဟုတ်ဘဲ (ကညုညသတည အသညါကန) မသိသော ဘာသာစကားများသာ ဖြစ်လေ သည်။
အမှန်မှာ မူရင်း ဂရိတ်ကျမ်းစာ၌ (ကညုညသတည အသညါကနျ) ဟူ၍ မရှိသောကြောင့်
ုငညါ ဲောနျ ဠနမျငသည (ု.ဲ.ဠ) ၌ ပြန်ဆိုသောအခါ၊ မူရင်း၌မရှိ ကြောင်း
သိသာနိုင်အောင်ဆိုပြီး ငအေူငချ ်သမာ ဖြစ်သော စကား လုံးစောင်းစောင်းဖြင့်
(ကညုညသတည အသညါကန) ဟူ၍ ရေး သားဖော်ပြထားလေသည်။ ထို့ကြောင့် ဤဘာသာ
စကားအကြောင်းကို အမှန်အတိုင်း သိလိုလျှင် မြန်မာ ကျမ်းစာတစ်အုပ်တည်းနှင့်
လေ့လာ၍ မလုံလောက်။ (ု.ဲ.ဠ) နှင့် ဂရိကျမ်းစာအုပ်ကိုပါ တွဲပြီးလော့လာ ပါက
ပို၍ ရှင်းလင်းစွာ ပိုင်းခြားသိနိုင် ပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော်
ဆရာယုဒသန်က အမျိုးမျိုး သော ဘာသာစကား၊ အခြားသော ဘာသာစကား၊ ထူးခြားသော
ဘာသာစကား၊ ထူးခြားသော ဘာသာ စကား စသဖြင့်၊ ရောနှောပြန်ဆိုထားသောကြောင့်
ဖြစ်ပါသည်။ (ကညုညသတည အသညါကန) ၏ ထူးခြားချက်မှာ ထိုစာလုံးကို ရေးသောအခါ
(ှငညါကူမေ) အနည်းကိန်း ဖြင့်သာ ရေးသားထားလေသည်။ သို့သော် ကျမ်းစာ၌ ရှိသော
(ူါသျေ) အမျိုးမျိုးသော ဘာသာစကားသည် ရေးသောအခါခါ (ဏူကမေူ)
အများကိန်းနှင့်သာ ရေး ထားသောကြောင့် အောက်ပါကျမ်းချက်များကို (ု.ဲ.ဠ)
ဖြင့် ဖတ်ရှုလေ့လာပါက (သအ့နမ အသါကနျ) ကို ဆိုလိုသလား၊ (ကညုညသတည အသညါကန)
မသိသော ဘာသာ မူရင်းသာ စကားကို ဆိုလိုသလားဟူသည်ကို ဂရိစာ အားဖြင့်လည်း
ပိုင်းခြားသိနိုင်ပမေည်။ ဤသည်မှာ ကညုညတသည အသညါကန ဖြစ်သည့် မသိသော ဘာသာ
စကား၏ ထူးခြားချက်ပင် ဖြစ်ပေရာ ရှုပ်ထွေးမှု မရှိ နိုင်တော့ချေ။
ထို့ကြောင့် အတတ်နိုင်ဆုံး (ု.ဲ.ဠ) ကျမ်းစာ အုပ်အတိုင်း (ကညုညသတည
အသညါကန) ကို ဆက်လက်၍ ခွဲခြားပေးပါမည်။ မသိသော ဘာသာစကားအားဖြင့်
ပြောသောသူသည် လူတို့အား မပြော၊ ဘုရားသခင် အားပြော၏။ သူ၏စကားကို အဘယ်သူမျှ
နားမ လည်။ နက်နဲသော အရာကို ဝိညာဉ်တော်အားဖြင့် ပြော၏ (၁ကော ၁၄း၂)။ အထက်ပါ
ကျမ်းချက်ကို ဆရာယုဒသန်က အခြားသော ဘာသာစကားဟု ပြန်ဆိုထားသော်လည်း (ု.ဲ.ဠ)
ကျမ်းစာ၌ (ကညုညသတည အသညါကန) မသိသော ဘာသာစကားကို ရည် ညွှန်းဆိုလိုကြောင်း
ဖော်ပြပါသည်။
နောက်တခါ၊ အခြားသော ဘာသာစကားအား ဖြင့် ပြောသောသူသည် ကိုယ်ကိုသာ
တည်ဆောက်၏ (၁ကော ၁၄း၄)ဟူသော ကျမ်းချက်ကိုလည်း (ု.ဲ.ဠ) ၌ (ကညုညသတည အသညါကန)
မသိသော ဘာသာစကားကို ဆိုလိုကြောင်း ဆက်လက်ရှင်းလင်းပေးပါသည်။ ထို့ ကြောင့်
အခြားသော ဘာသာစကားကို ပြောသောသူ သည် အနက်ကိုလည်း ဖော်ပြနိုင်မည် အကြောင်း
ဆုတောင်းစေ။ အဘယ့်ကြောင့်နည်းဟူမကား၊ အခြား သော ဘာသာစကားအားဖြင့်
ငါဆုတောင်းလျှင် ငါ စိတ်နှလုံး ဆုတောင်းသော်လည်း ငါ့ဉာဏ်သည် အကျိုးကိုမပေး
(၁ကော ၁၄း၁၃-၁၄)ဟူ၏။
ထို့ကြောင့် တမန်တော်ရှင်ပေါလုသည် (ကညုညသတည အသညါကန) ကို ဟန့်တားလိုသော
အနေဖြင့် (ကညုညသတည အသညါကန) ဤမသိသော ဘာသာစကား
အခွန်းတစ်သောင်းပြောခြင်းထက်၊ နားလည်သော ဘာသာစကား ငါးခွန်းပြောခြင်းကသာ၍
အလိုရှိ ကြောင်း သူ့ဩဝါဒစာစောင်၌ ရှင်းလင်းစွာ ဖော်ပြထား လေသည် (၁ကော
၁၄း၁၉)
ဤနေရာ၌ တချို့ယုံကြည်သူများက အောက် ပါ ကျမ်းချက်ဖြင့် ထောက်ပြလေသည်။
]]ငါသည် သင်တို့ရှိသမျှထက် အခြားသော ဘာသာစကားဖြင့် ဟောပြောသောအရာကို
ထောက်၍ ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်း၏ (၁ကော ၁၄း၁၈)ဟူသော
ကျမ်းချက်အားဖြင့် ရှင်ပေါလုကိုယ်တိုင်၊ အခြားသော ဘာသာစကားပြောသည်ဟု
ထင်တတ်ကြသည်။ သို့ သော် တမန်တော်ပေါလုပြောသည်ဟူသော ဘာသာ စကားသည် (ကညုညသတည
အသညါကန) မဟုတ်။ (ု.ဲ.ဠ) ၌ အင်္ဂလိပ်လို ဤသို့ဖော်ပြထားသည်။ ဓ ှု အ့ညေု ာပ
ွသိယ ှု ျစနေု တငအ့ အသညါကနျ ာသမန အ့ညေ ပန ေူ.ဓ ဟူ၏။ ရှင်ပေါလုအနေဖြင့်
သင့်တို့အပေါင်းထက် ငါသည် ဘာသာစကားကို ပြောသည်ဟုဆိုရာ၌ ယခု
ခေတ်လူတို့ပြောသော ှ့ေ-ူေ- ူေ- ှ့ေ- ူေ ဟူသော ကညုညသတည အသညါကန မဟုတ်။
လူ့ပြည်၌ရှိသော လူ့ဘာ သာစကား တစ်မျိုးမျိုးဖြစ်သောကြောင့် တငအ့ အသညါကနျ
ဆိုပြီး ဏူကမေူ အများကိန်းနှင့် ရေးသားကြောင်း တွေ့ရ ၏။ ရှင်ပေါလုသည်
ခေတ်ပညာတတ်ဖြစ်ခြင်းကြောင့် ထိုခေတ်၊ ထိုအချိန်က ဘာသာစကားအမျိုးမျိုး တတ်
ကျွမ်းပြောဆိုနိုင်သူဖြစ်လေသည်။ ဥပမာ-ဂရိ စကား၊ ယုဒဘာသာစကား၊ ဗမောငခ
စကားလား ၊ လက်တင် စကားစသည့် စကားများ တတ်မြောက်သူ ဖြစ်လေ သည်။
ထို့ကြောင့် ရှင်ပေါလုသည်လည်း ယနေ့ တချို့ သော ယုံကြည်သူများက
ဆုတောင်းသောအခါ ပြော နေကျစကား ရှ-လာ-လာ၊ ရှ-လာ-လာဟူသော ကညုညသတည အသညါကန
ပြောသည်ဟူ၍ ထောက်ပြခြင်းမှာ အလွှဲယူမှားခြင်းသာဖြစ်ကြောင်း ရှင်းလင်းစွာ
သိရပါ သည်။
ထို့ကြောင့် ရှင်ပေါလုအားဖြင့် ဘုရားသခင်၏ ဩဝါဒသွန်သင်ချက်ကို
စမ်းစစ်ကြည့်သည့်အခါ (၁) ငါသည်အနက်ကို နားမလည်ဘဲပြောလျှင် ပြောသော သူအား
ငါသည် လူရိုင်းဖြစ်မည် (၁ကော ၁၄း၁၃)။
(၂) နားမလည်သော စကားအခွန်တသောင်းထက် နားလည်နိုင်သော စကား ငါးခွန်းကိုသာ၍
အလိုရှိ သည် (၁ကော ၁၄း၁၉)။
(၃) အကယ်၍ မသိသော ဘာသာစကားကို အသင်းတော်၌ ပြောသောသူရှိလျှင် တစ်ယောက်
နောက် တစ်ယောက်ပြောပြီး အနက်ပြန်ရမည် (၁ကော ၁၄း၂၇)။
(၄) အနက်ပြန်သောသူမရှိလျှင် အသင်းတော်၌ တိတ်ဆိတ်စွာနေရမည် (၁ကော ၁၄း၁၈)။
(၅) ဘုရားသခင်သည် ìရုန်းရင်းခတ်သော အမှုကို ပြုစုတော်မမူ (၁ကော ၁၄း၃၃)။
ဤသို့ဆိုရာတွင် တချို့က ရှင်ပေါလုကိုယ်တိုင် အခြားသော ဘာသာစကားဖြင့်
ဟောပြောခြင်း အမှု တို့ကို မမြစ်တားနှင့်ဟူ၍ ထောက်ပြကြပြန်သည်။ (၁ကော
၁၄း၃၉)။ ချစ်သောမိတ်ဆွေ အင်္ဂလိပ်လို ဖတ်ကြည့်ပါ။ င်္သမဘငအ ညသအ အသ ျစနေု တငအ့
အသညါကနျ ဟူ၍ဖော်ပြထားသဖြင့် ကညုညသတည အသညါကန ကို မဆို လိုကြောင်း
သိသာထင်ရှားနေပါသည်။ နောက် တစ် ချက်သတိထားစရာမှာ တမန်တော်ပေါလုဖော်ပြသော
သအ့နမ အသညါကနျ သည် ဓမ္မဒေသနာဟောပြောရာ၌ အသုံးပြုရန် ဖော်ပြထားသော်လည်း
ယနေ့ယုံကြည်သူ ဆုတောင်းသောအခါ ကျမှ အသုံးပြုပေါ်ထွက်လာရ ခြင်းသည်
ကျမ်းစာနှင့်ဆန့်ကျင်နေသော အချက်တစ်ခု ဖြစ်လေသည်။
ထို့ကြောင့် ချစ်သောဓမ္မမိတ်ဆွေ (ကညုညသတည အသညါကန) သည်
မူရင်းဂရိကျမ်းစာ၌လည်း မရှိသော ကြောင့် ထိုစကားကို ရရှိပြောဆိုတတ်အောင်
အစာရှာ ဆုတောင်းစရာမလိုပါ။ (ကညုညသတည အသညါကန) မပြော နိုင်သည့်အတွက်
ဝမ်းနည်းစရာလည်းမလိုပါ။
ထိုမသိသော ဘာသာစကားမျိုးကို ခရစ်တော် ကိုယ်တိုင်က မပြောခဲ့ပါ။
ရှင်ပေါလုနှင့် တမန်တော် များကလည်း လုံးဝမပြောပါ။ နာမည်ကြီး ဧဝံဂေလိ
ဆရာကြီးဘီလီဂရမ်ဟမ်လည်း မပြောပါ။ အိန္ဒိယ သာသနာပြုဆရာကြီး
ဝီလျန်ကယ်ရီလည်းမပြောပါ။ တရုတ်ပြည်သာသနာပြုဆရာ ဟတ်ရှဲန်တေလာလည်း မပြောပါ။
ဂျောစ်မူလာ၊ ဒီအယ်မူးဒီတို့ကလည်း မပြော ကြပါ။ မြန်မာပြည်တခွင်လူသိများသော
ဆရာကြီး ယုဒသန်လည်း မပြောပါ။ မက်သဒစ်အသင်းတော် တည်ထောင်သူ ဂျွန်ဝိစီလီလည်း
မပြောပါ။ မြန်မာ ပြည်တခွင်လူသိများ၍ အလွန်အောင်မြင်သော ဆရာ တော်
ဒေါက်တာတင်မောင်ထွန်းလည်း လုံးဝမပြောပါ။ ဤအထက်ပါ ဆရာများတို့သည် ဖော်ပြပါ
မသိသော ဘာသာစကားမပြောကြသော် လည်း အမှုတော်မြတ်၌ အောင်မြင်ကြကြောင်း
သိသာထင်ရှားနေပါသည်။ သို့ဖြစ်၍ ဤမသိသော ဘာသာစကားကို ပြောမှ ဝိညာဉ်တန်ခိုး
ရရှိသည်ဟူသော ဟောပြော သွန်သင် ချက်များသည် အခြေအမြစ်မရှိသော ဝိဝါဒတစ်ခု
သာလျှင်ဖြစ်သည်။
ထို့ကြောင့် ဤကညုညသတည အသညါကန မသိသော ဘာသာစကားရရှိပြီး ပြောနေ၍
မောက်မာနေသော သူများက ထာဝရဘုရားသခင်ခံ ပြန်လည်ဆုတောင်း ပြီး
ပယ်ရှားပေးရန် တောင်းပန်သင့်ကြောင့် မေတ္တာဖြင့် ဝေငှလိုက်ပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သီလစောင့်မှ အူမတောင့်မည်
လောကီသာ၊ မယုံကြည်သူတို့တွင် ]]အူမ တောင့်မှ သီလစောင့်မည်}}ဟူသော
ဆောင်ပုဒ်ကို လက်ကိုင်ထားသူများ မြောက်များစွာရှိသည်။ ဤ ဆောင်ပုဒ်အတိုင်း
အူမတောင့်ရေးကိုသာ ဦးစားထား ပြီး လုပ်ကိုင်နေကြသည်ကို တွေ့ရ၏။ တချို့မှာ
အူမ တောင့်သော်လည်း သီလမစောင့်နိုင်ကြကြောင်းတွေ့ ၏။
ရေဒီယို၊ သတင်းစာများကို ကြည့်လျှင် ကမ္ဘာ အရပ်ရပ်၌ ထမင်းငတ်ပြီး သေနေသော
သတင်းများ ကို နေ့စဉ်ကြားလျက်ရှိ၏။ သို့သော် ဘုရားသခင်၏
ကျေးဇူးတော်ကြောင့် ကျွနု်ပ်တို့မြန်မာပြည်တွင် ထမင်းငတ်ပြီးသေသည့်
သတင်းတစ်ခါမျှ မကြားဘူး သေးပါ။
သို့သော် ဤမျှလောက်ဆန်ရေစပါး ပေါြွကယ် ဝသော နိုင်ငံတွင် နေထိုင်လျက်၊
အသက်ရှင်သော ဘုရားကို ကိုးကွယ်နေသော ခရစ်ယာန်အိမ်ထောင် များသည်
စားဝတ်နေရေးကျပ်တည်းမှုကြောင့် တစ်နေ့ တစ်ခြားပြိုလဲလျက်ရှိသည်ကို တွေ့ရ၏။
အဘယ့် ကြောင့်နည်း။ အကြောင်းရင်းမှာ ခရစ်ယာန်တို့သည် လည်း လောကီသားတို့၏
ဆောင်ပုဒ်အတိုင်း အူမ တောင့်မှ သီလစောင့်မည်ဟူသော မှားယွင်းသောခံယူ
ချက်ကို လက်ကိုင်ထားကြသည့်အတွက် ဖြစ်လေ၏။
လူ့နည်းလူ့ဟန်
လူဆိုသည်မှာ လူဖြစ်သည့်အတိုင်း မိမိ၏ ပြဿနာကို လူ့နည်းလူ့ဟန်ဖြင့်သာ
ဖြေရှင်းတတ် ကြ၏။ သီလစောင့်မှ အူမတောင့်မည်ဟူသော ကိုယ့်
နည်းကိုယ့်ဟန်ဖြင့် ဖြေရှင်းလေ့ရှိကြ၏။ စားဝတ် နေရေးပြေလည်အောင်
ဖြေရှင်းရုန်းကန်ကြရာ၌ အ လုပ်ဌာနများနှင့် အဆက်အသွယ်ရှိသော မိဘများ သည်
သားသမီးများကို စက်ရုံ၊ အလုပ်ရုံများ၌ အလုပ် ရှာပြီး အလုပ်သွင်းပေးကြ၏။
အပေါင်းအသင်းမဆန့် သော မိဘများမှာမူ၊ မိမိတို့သားသမီးများကို ငွေရရင်
ပြီးရောဟု ဆိုပြီး ရရာအလုပ်ကို လုပ်ခိုင်းကြလေသည်။ ထို့ကြောင့်
တချို့သားသမီးများမှာမူ ရရာအလုပ်ဖြစ် သော ထမင်းဆိုင်၊ လက်ဘက်ရည်ဆိုင်၊
ဟော်တယ်၊ ငြါ့အ ဃူကဘ စသည်တို့၌ စားပွဲထိုးအလုပ်လုပ်ခြင်း၊
လောကီသီချင်းများသီဆိုခြင်းများ လုပ်ကြရလေသည်။
ဤသို့သော အလုပ်များကို လုပ်ရင်းကိုင်ရင်း ရုံးအားလပ်ရက်မရှိ၊
အလုပ်ပိတ်ရက်မရှိ။ တနင်္ဂနွေ နေ့ ခွင့်မရသည့် ပြဿနာများကြောင့် မိခင်အသင်း
တော်များနှင့် ကင်းကါယ်လာသည်သာမက ယုံကြည် သူ မောင်နှမများနှင့်
မိတ်သဟာယပျက်ပြားလာပြီး နောက်ဆုံးတွင် ဘုရားတရားမေ့ဘဝသို့ ရောက်သွား
ကြရလေသည်။ ထိုအချိန်တွင် အစကတည်းက ဖျက် ဆီးရန် ချောင်းမြောင်းလျက်ရှိသော
စာတန်မာရ်နတ် သည် သူ့တမန်များ သူ့ဖက်တော်သားများကို အသုံးပြု ပြီး
ငွေရေးကြေးရေးအားနည်းချက်ကို အခွင့်ကောင်း ယူကာ ငွေကြေးဖြင့်
ဖြားယောင်းသွေးဆောင်နေကြ သည်ကို တွေ့ရလေသည်။ ဤနည်းအားဖြင့် ခရစ် ယာန်
မိသားစုထဲမှ ယုံကြည်သူသားသမီးမြောက်များ စွာတို့သည် ရင်နင့်ဘွယ်ရာ
ပျက်စီးခြင်းလမ်းသို့ သွားနေကြလေပြီ (၁ပေ ၅း၈)။
ထို့အပြင် မှောင်ခိုဈေးကွက်နှင့်နီးသော အရပ် ဒေသမှ ယုံကြည်သူ
သားသမီးတစ်ချိုမှာမူ ငွေရလွယ် သော မှောင်ခိုကုန်များကို ကူး၍ အဖမ်းခံရ
သောအခါ ကြံရာမရ၍ ငွေပြန်ရနိုးနိုး မိမိဘဝကို အရင်းပြုလျက်
ဆက်လ်က်မိုက်တွင်းနက်နေကြသည်မှာလည်း အ မြောက်အများရှိလေသည်။ သူတို့၏
ဘဝတွင် အပျိုစင် ဟူသည်မှာလည်း တန်ဘိုးမရှိ၊ ခရစ်တော်၏ ဘုန်း တော်
နာမတော်ရှုံ့ချစရာကိုလည်း အရေးမထား ထင်တိုင်းကြဲနေကြသည်မှာ ဝမ်းနည်းစရာ
ကောင်းပေ စွ။ အဘယ့်ကြောင့် ဤသို့ ဖြစ်ရသနည်း။ အကြောင်း ရင်းကို ရှာသော်
ကျွနု်ပ်တို့ ယုံကြည်သူများသည် ခရစ်တော်၏ နည်းလမ်းအတိုင်း အသက်မရှိင်ဘဲ
မယုံကြည်သူများကဲ့သို့ လူ့နည်းလူ့ဟန်ဖြင့် အသက်ရှင် ၍
လုပ်ကိုင်နေသောကြောင့်ပင် ဖြစ်လေသည်။
ဘုရားနည်းလမ်း
ခရစ်တော်လက်ထက်ရှိ လူတို့သည် ယနေ့ ကျွနု်ပ်တို့နည်းတူ ထမင်းစားသူများပင်
ဖြစ်သည်။ ဤ သို့ဆိုလျှင် ထိုသူတို့ရော စားဝတ်နေရေး အကျပ်အ တည်း
မတွေ့ကြုံရပေဘူးလားဟု မေးစရာရှိပါသည်။ မှန်ပေ၏။ ထိုသူတို့သည်လည်း
ကျွနု်ပ်တို့နည်းတူ ဤ ပြဿနာမျိုးမလွဲမသွေ ရင်ဆိုင်ရပေလိမ့်မည်။ သို့သော်
တစ်ခုကွာခြားချက်မှာ ထိုသူတို့သည် ကာယအစာ ထက် ဝိညာဉ်အစာ ဘုရားသခင်၏
နှုတ်ကပတ်တော် ကို ဦးစားပေးခြင်းပင်ဖြစ်သည်။
တစ်ခါက ခရစ်တော်သည် လူထုပရိတ်သတ် အား သုံးရက်ကြာနှုတ်ကပတ်တော်ကို
ဝေငှခဲ့လေ၏။ ထိုလူထုသည် သုံးရက်ပတ်လုံးခရစ်တော်နှင့်အတူ နေ ၍ သူ့၏
ဒေသနာတော်ကို ကောင်းစွာကြားနာခဲ့ ကြ ၏။ တနည်းအားဖြင့်
လူထုပရိတ်သတ်ကြီးသည် သီလ စောင့်တည်လျက် နေခဲ့ကြသည်မှာ သုံးရက်ကြာ ခဲ့ပြီ
လေ။ ထိုအခါ ခရစ်တော်ဘုရားသည် သူတို့ ကာယ အတွက် လိုအပ်သော ကာယအစာကိုလည်း
အငတ် ထားဖို့အလိုမရှိ။ ထို့ကြောင့် တပည့်တော်တို့ ခေါ်၍ ]]ဤသူများကို
ငါသနား၏။ သုံးရက်ပတ်လုံး ငါနှင့် အတူရှိကြပြီ။ စားစရာအလျင်းမရှိ။
လမ်းခရီး၌ မော မည်ကို စိုးရိမ်သောကြောင့် အစာကို မစားမှီသူတို့ ကို
လွှတ်ခြင်းငှာ ငါအလိုမရှိဟု မိန့်တော်မူ၏။ (မဿဲ ၁၅း၃၂)။
မိမိစားဝတ်နေရေးကို ဘေးဖယ်ပြီး ဝိညာဉ် အစားကို ဦးစားပေးသော ပရိသတ်ကြီး
မိန်းမ နှင့် ခလေးမပါ ယောကျာ်ချည်း အယောက် (၄ဝဝဝ) ကို ယေရှုခရစ်သည်
ဝလင်စွာ ကျွေးမွေးခဲ့လေပြီ။ (မဿဲ ၁၅း၃၇)။ ချစ်သော ဓမ္မမိတ်ဆွေ၊ ဘယ်အရာကို
ကျွနု်ပ် ဦးစားပေသင့်ပါသလဲ။
ထိုယေရှုသည် ယနေ့လည်း အသက်ရှင်လျက် ရှိတော်မူ၏။ ယုံကြည်သူ သားသမီးတို့၏
စားဝတ်နေ ရေး လိုအပ်ချက်ကို ကောင်းကောင်းသိတော်မူ။ ခရစ် တော်ဘုရားသည်
သူ့သားသမီးတို့ကို သနားခြင်း ဂရုဏာရှိသည်သာမက ကာယအစာမစားလျှင်
အသက်မရှင်နိုင်ကြောင်း ကောင်းစွာသိတော်မူ၏။ တမန်တော်ပေတရုက ]]သင်တို့ကို
သတိနှင့်ကြည့်ရှု တော်မူသောကြောင့် သင်တို့၌ စိုးရိမ်ခြင်းအမှု ရှိသမျှ
တို့ကို ကိုယ်တော်၌ အပ်နှံကြလော့။ (၁ပေ ၅းရ)
ချစ်သောဓမ္မမိတ်ဆွေ သင်၌ ဘယ်အရာ လိုအပ်နေသည်ကို ဂရုတစိုက်၊ ကြည့်ရှုနေသော
အရှင် ယေရှုကို သတိပြုမိပါသလား။ သင်၏ ပြဿနာအခက် အခဲအတွက်
စိုးရိမ်ပူပန်နေပါသလား။ ဘုရားသခင် သည် မိတ်ဆွေအား အဘယ်မျှလောက် အလေးထား
သည်ကို သိပါသလား။
]]သင်တို့ဆံပင်သည်လည်း အကုန်အစင်ရေ တွက်လျက် ရှိ၏}} (မဿဲ ၁ဝး၃၀)
]]ဘုရားသခင်သည် ငါသွားရာလမ်းတို့ကို မြင် တော်မူသည် မဟုတ်လော။
ငါ့ခြေရာရှိသမျှတို့ကို ရေတွက်တော်မူသည်မဟုတ်လော}} (ယောဘ ၃၁း၄)
အထက်ပါကျမ်းချက်နှစ်ခုကို ဆင်ခြင်သော် ဘုရားသခင်သည် ခြေဖျားမှစ၍
ဆံဖျားအထိ ဂရုစိုက် သောဘုရားဖြစ်ကြောင်း တွေ့ရပေလိမ့်မည်။
ထို့ကြောင့် ချစ်သော ညီအစ်ကိုမောင်နှမ အပေါင်းတို့ ကျွနု်ပ်တို့၏
စားဝတ်နေရေးပြေလည်ရန် လောကီစီးပွားရေးကို ဦးစားပေးရှာဖွေနေပါသလား။
ဘုရားသခင်ကို ကျောခိုင်းပြီး စီးပွားရေးရှာခြင်းသည်
ကိုယ်ဒုက္ခကိုယ်ရှာခြင်းသာ ဖြစ်လေသည်။ အဘယ့် ကြောင့်ဆိုသော်
မယုံကြည်သူတို့နှင့် ယုံကြည်သူတို့ အသက်တာသည် လုံးဝကွာခြားပါသည်။
သို့ဖြစ်၍ သူတို့နည်းတူ ကျွနု်ပ်တို့လုပ်၍မရပါ။
လောကဘုရားနှင့် လောကီစည်းစိမ်
ချစ်သော မိတ်ဆွေ၊ သင်သည် ယုံကြည်သူတစ် ဦးဖြစ်ပါက
ဘုရားကိုကျောခိုင်းပြီး မည်သည့်အလုပ်ကို မျှလုပ်၍ အောင်မြင်မည်မဟုတ်ပေ။
သာသနာပလူတို့ မှာမူ အသက်ရှင်သောဘုရားကို အားမကိုးသော်လည်း နေ့ချင်းညချင်း
လောကစည်းစိမ်များ တိုးပွားနေသည် ကို တွေ့ရပေလိမ့်မည်။
အဘယ့်ကြောင့်ဆိုသော် သူတို့ ၏ လောကဘုရားသည် လောကစည်းစိမ်ကို ဧကန်
အမှန်ပေးနိုင်သောကြောင့်တည်း။ တစ်ခါက မာရ်နတ် သည်ယေရှုကို
အလွန်မြင့်လှစွာသော တောင်ပေါ်သို့ ဆောင်သွား၍ ဤလောက၌ရှိသမျှသော
တိုင်းနိုင်ငံ တို့ကိုゞင်း ထိုတိုင်းနိုင်ငံတို့၏ ဘုန်းစည်းစိမ်ကိုゞင်း
ပြညွှန်၍ ကိုယ်တော်သည် ငါ့ကို ညွတ်ပြပ်ကိုးကွယ် လျှင် ယခုပြလေသမျှတို့ကို
ပေးမည်ဟု ဆိုလေ၏ (မဿဲ ၄း၈-၉)။
ချစ်သောဓမ္မမိတ်ဆွေ၊ မာရ်နတ်ကို အမှန်ပြပ် ဝပ်ကိုးကွယ်မည်ဆိုလျှင်
လောကီစည်းစိမ်ကို အမှန် တကယ်ရရနိုင်ပါသည်။ လောကီသားတို့သည် မတ
ရားစီးပွားရှာနေသော်လည်း နေ့ချင်းညချင်း ချမ်းသာ လာကြခြင်းမှာ
သူတို့လောကဘုရားက သူတို့အား ကောင်းကြီးပေးသောကြောင့်ဖြစ်ပါသည်။
သို့သော် လောကဘုရားက ပေးသောစည်းစိမ် နှင့်ထာဝရဘုရားထံမှ ရရှိသော
စည်းစိမ်သည် လုံးဝ ကွာခြားပါသည်။
]]ထာဝရဘုရား၏ ကောင်းကြီးမင်္ဂလာသည် စည်းစိမ်ကို ဖြစ်စေတတ်၏။
ထိုစည်းစိမ်နှင့်လည်း ဝမ်း နည်းခြင်းအကြောင်းကို ရောနှောတော်မမူ}}
(သုတ္တံ ၁ဝး၂၂)။
တနည်းအားဖြင့်ဆိုသော် စာတန်မာရ်နတ် ပေးသော စည်းစိမ်၌
စိုးရိမ်ပူပန်ခြင်းနှင့်တကွ စိတ် ဆင်းရဲခြင်း၊ ဝမ်းနည်းခြင်းကို
ရောနှောထားလေသည်။ အမဲသားကို စားသောအခါ သဲတရှပ်ရှပ်ပါသလို ဖြစ်
ပေလိမ့်မည်။
မတူလျှင်မတုနှင့်
မယုံကြည်သူတို့သည် မတရားစီးပွားဖြင့် ကြီး ပွားချမ်းသာနေသည်ကို
အားကျပြီး အတုခိုးလိုက်မ လုပ်ပါနှင့်။ အဘယ့်ကြောင့်ဆိုသော် လောကဘုရား သည်
သင့်ကိုမစမည်မဟုတ်ပေ။ အသက်ရှင်သော ဘုရားသခင်ထံမှ ကောင်းကြီးရလေအောင်
ဘုရား စကားကို မနားထောင်ပြန်သောအခါ ယုံကြည်သူ ကျွနု်ပ်တို့သည် ဟိုမရောက်၊
ဒီမရောက် ထိုဘုရားနှစ် ပါးအကြားမှာ ဆင်းရဲခံနေကြခြင်းဖြစ်လေသည်။
ထို့ကြောင့် မတူလျှင်မတုနှင့်ဟူသော မြန်မာစကားပုံ အတိုင်း
ဘုရားချင်းမတူသော ကျွနု်ပ်တို့ ယုံကြည်သူ တို့သည် မယုံကြည်သူတို့အား
အတုမခိုးရန် မေတ္တာဖြင့် တိုက်တွန်းလိုက်ပါသည်။
ခရစ်တော်၏ လမ်းစဉ်
ယုံကြည်သူ သားသမီးများအတွက် ခရစ်တော် ချမှတ်ထားသော လမ်းစဉ်ကား
နိုင်ငံတော်နှင့် ဖြောင့် မတ်ခြင်းတရားကို ရှေးဦးစွာ ရှာကြလော့။ နောက်မှ
ထိုအရာတည်းဟူသော စားဝတ်နေရေးအတွက် လို အပ်သော အရာများကို ထပ်၍
ပေးတော်မူမည် ဟူ သော သီလစောင့်မှ အူမတောင့်မည့် လမ်းစဉ်ပေ တည်း။
ဤနည်းလမ်းကို မိတ်ဆွေလက်တွေ့ ကျင့်သုံး ဘူးပါသလား။ မကျင့်သုံးသေးလျှင်
ဤနည်းလမ်းကို မိတ်ဆွေ ယခုသိရပြီဖြစ်၍ ယုံကြည်စိတ်ချစွာ လက်
တွေ့ကျင့်သုံးကြည့်ပါ။ ဘယ်အခါမျှ ငွေရှာ၍ မ လောက်သော သင်၏ အိမ်ထောင်သည်
ပြည့်စုံဖူ လုံ သော မိသားစုအဖြစ် စိတ်ချမ်းသာစွာ အသက်ရှင်ရ လိမ့်မည်။
သူများတကာ နှဖူးမှ ချွေးခြေမကျသည့်တိုင် အောင် ရုန်းကန်နေရချိန်တွင်
သင်မူကား ကျေးဇူး တော်ကြီးလှပါ၏ဟု ချီးမွမ်းနေရပေလိမ့်မည်။ ထို့ ကြောင့်
ချစ်သော ညီအစ်ကိုမောင်နှမအပေါင်းတို့ ကျွနု်ပ်တို့ဗိုက်ကို
ဖန်ဆင်းပေးထားသော ခရစ်တော် ဘုရားသည် ထိုဗိုက်အတွက် တာဝန်မယူဘဲ နေပါ့မည်
လော။ ဧကန်မုချတာဝန်ယူပေးလိမ့်မည်။ ထို့ကြောင့် မိတ်ဆွေမိသားစု၏
စားဝတ်နေရေးကို လူ့နည်းလူ့ဟန် ဖြင့် မဖြေရှင်းတော့ဘဲ နိုင်ငံတော်နှင့်
ဖြောင့်မတ်ခြင်း တရားကို ရှေးဦးစွာရှာခြင်းဖြင့် ဖြေရှင်းပါ။ တနည်း
အားဖြင့် သီလစောင့်လျှင် အူမတောင့်လာလိမ့်မည်။
ဘုရားသခင်သည် ဂတိတော်အတိုင်း မိတ်ဆွေ အား ကောင်းကြီးများ ချပေးပါစေသော်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သင်မသိနိုင်သော မနက်ဖြန် – တခါမျှမသွားသေးသော လမ်းခရီး
ယောရှုနှင့် ™ဣသရေလလူတို့သည် ရှိတ္တိမ်မြို့မှ ပြောင်း၍ ယောဒန်မြစ်ကို
မကူးမီ၊ မြစ်နားတွင် စခန်းချ ကြ၏။ သုံးရက်စေ့သောအခါ ယောရှုသည် အောက်ပါ
အတိုင်း တပ်မှူးတို့အား မှာကြားလေ၏။ သေတ္တာနှင့် သင်တို့စပ်ကြား
အတောင်နှစ်တောင်ခြား၍ ခရီးကွာ စေပြီး လိုက်ရမည်။ လမ်းကိုသိမည့်အကြောင်း
သေတ္တာတော်အနီးသို့ မချဉ်းဘဲလိုက်ရမည်။ ဤလမ်း သို့ သင်တို့သည်
တခါမျှမလိုက်ကြသေးဟု လူအပေါင်း တို့အား မှာထားလေ၏။ (ယောရှု၃း၁-၄)။ ဣသရေလ
လူတို့အနေဖြင့် မသွားဘူးသေးသော လမ်းခရီးအတွက် စိုးရိမ်စရာများစွာ
ရှိပေလိမ့်မည်။ လမ်းခရီးက ကြမ်းတမ်းခက်ခဲမလား။ ချောမွေ့မလား မသိနိုင်ပါ။
တောင်တက်မလား။ ချိုင့်ဝှမ်းများသွားရမလား မပြော နိုင်ပါ။ တောထဲမှာ
သားရဲတိရစ္ဆာန်နှင့် တွေ့မလား။ ေြွမတွေ၊ ကင်းတွေနှင့် တွေ့မလား၊ အဘယ်သူမျှ
မသိ နိုင်ပါ။ ထိုထက်မက ကြောက်စရာ အကောင်းဆုံးမှာ သွားရမ်ည့ ခရီးလမ်းမှာ
ခြုံခိုပြီး အသင့်စောင့်နေသော ရန်သူတို့၏ တိုက်ခိုက်ခြင်းကို
ခံရမလားဆိုသည်မှာ အဘယ်သူမျှ ကြိုတင်မသိနိုင်ပါ။
ထိုနည်းတူစွာ ကျွနု်ပ်တို့အနေဖြင့် (၂ဝဝ၆) ခုနှစ် လမ်းခရီးသည် တခါမျှ
မလိုက်သေးသော လမ်း ဖြစ်ပါသည်။ ထို့ကြောင့် ယခုနှစ် (၂ဝဝ၆)ခုနှစ် အတွင်း
တွင် အဘယ်သို့ဖြစ်မည် ကို ကြိုတင်မသိနိုင်ပါ။ ယခုနှစ်တွင် ကျွနု်ပ်တို့သည်
သေမည်လော၊ အသက် ရှင်လျက်နေမည်လော မသိနိုင်ပါ။ ကျန်းမာမည်လော၊
ဖျားနာပြီးဆေးရုံရောက်လော၊ ဘယ်သူမျှ မခန့်မှန်းနိုင် ပါ။ ဆင်းရဲမည်လော၊
ချမ်းသာမည်လော၊ အဘယ် သူမျှ ဟောကိန်းမထုတ်နိုင်ပါ။
ကျွနု်ပ်တို့တိုင်းပြည်မှာ ဘာတွေဖြစ်လာမည်ကို အဘယ်သူမျှ မသိနိုင်ပါ။
အဘယ့်ကြောင့်ဆိုသော် ဤခရီးလမ်းသည် မိတ်ဆွေ နှင့် ကျွနု်ပ်တို့
တိုင်းပြည်မှာ ဘာတွေဖြစ်လာမည်ကို အဘယ်သူမျှ မသိနိုင်ပါ။
အဘယ်ကြောင့်ဆိုသော် ဤ ခရီးလမ်းသည် မိတ်ဆွေနှင့် ကျွနု်ပ်အတွက် တစ်ခါဘူး မျှ
မသွားသေးသော လမ်းခရီးဖြစ်ပါ၏။
နောက်ကအသံကြားပါစေ
ချစ်သောဓမ္မမိတ်ဆွေ တစ်ခါမျှ မသွားဘူးသေး သော ခရီးလမ်းအတွက်
သွားဘူးသူတို့၏ လမ်းပြခြင်း လိုအပ်ပါသည်။ သို့သော်
(၂ဝဝ၆)ခုနှစ်အတွင်းသွားရ မည့် ခရီးလမ်းသည် အဘယ်သူမျှ မသွားသေးသော
လမ်းခရီးဖြစ်၍ မည်သူတစ်ဦးတစ်ယောက်ကမျှ ကျွနု်ပ်တို့အား လမ်းပြပေး၍
မရနိုင်ပါ။ အတိတ်၊ ပစ္စုပ္ပန်အနာဂတ်ကို အြွကင်းမဲ့သိတော်မူသော သဗ္ဗညု
တဉာဏ်တော် ရှင်ဘုရင်တပါးတည်းသာလျှင် လမ်းပြ နိုင်ပေလိမ့်မည် (၁ရာ ၂း၃)။
ဟေရှာယပရောဖက်က ဤသို့ သတိပေးထား ပါသည်။ မိမိသွားနေသော လမ်းတွင်
လကျာ်ဘက်၊ လက်ဝဲဘက်သို့ လမ်းလွှဲလျှင် ဤမည်သော လမ်းသည် မှန်၏။ ဤလမ်း၌
သွားလော့ဟု သင့်နောက်၌ပြော သော စကားသံကို နားနှင့်ကြားရလိမ့်မည် (ဟေရှာယ
၃ဝး၂၁)။ ထို့ကြောင့် လာမည့်အသက်တာမှာ လမ်းမှား နှင့်
လမ်းမှန်ပိုင်းခြားတတ်အောင် နောက်ကအသံ ဘုရားသခင်၏ နှုတ်တော်ထွက်စကားသံကို
ကြားပါ စေ။
အသက်တာသန့်ရှင်းပါစေ
ယောရှုကလည်း သင်တို့သည် ကိုယ်ကိုကို သန့်ရှင်းစေကြလော့။ အကြောင်းမူကား
နက်ဖြန်နေ့၌ ထာဝရဘုရားသည် အံ့ဘွယ်သောအမှုတို့ကို သင်တို့ တွင်
ပြတော်မူမည်ဟု လူများတို့အား မှာထားလေ၏ (ယောရှု ၃း၅)။
ဘုရားသခင်ပြောစကားသံကို ကြားနိုင် ရန် သန့်ရှင်းသော အသက်တာသည် မရှိမဖြစ်
အဓိက လိုအပ်ချက်ဖြစ်ပါသည်။ ဘုရားသခင်၏ အံ့ဘွယ် သောအမှုတို့ကို
မြင်နိုင်ရန် လိုအပ်ချက်မှာလည်း သန့် ရှင်းခြင်းပါရမီမရှိလျှင် အဘယ်သူမျှ
ထာဝရဘုရား ကို မဖူးမမြင်ရ (ဟေဗြဲ ၁၂း၁၄)။
ဤသန့်ရှင်းခြင်းသည် အသွေးတော်အားဖြင့် ရရှိသော သန့်ရှင်းခြင်းကို
မဆိုလို၊ နှုတ်ကပတ်တော် အတိုင်း နာခံလိုက်လျှောက်ခြင်းအားဖြင့် ရရှိသော
သန့်ရှင်းခြင်းကို ဆိုလိုပါသည်။ ကိုယ်တော်၏ သမ္မာ တရားအားဖြင့် သူတို့ကို
သန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏ နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ် ပါ၏ (ယော
၁ရး၁၇)။
ချစ်သောမိတ်ဆွေ နှစ်သစ်မှာ အသက်တာ အသစ်နှင့် အသက်ရှင်ကြပါစို့။ မိတ်ဆွေ၏
အသက် တာ၌ သေရည်သေရက်၊ မူးယစ်ဆေးဝါး၊ အပျော် အပါး၊ ညစ်ညမ်းသော ဗီဒီယို၊
ူသလန ှသညါ ဆေးလိပ်၊ ကွမ်းယာစသည့် လူဟောင်း၏ အကျင့်တို့ကို ချွတ်ပယ် ၍
လူသစ်ကို ယူတင်ဆောင်မည်အကြောင်း တိုက် တွန်းလိုပါသည် (ဧဖက် ၄း၂၀-၂၄)။
ထို့ကြောင့် မတရားသော မေထုန်၌မှီဝဲခြင်း၊ အမျိုးမျိုးကိလေသာ ညစ်ညူးခြင်း၊
လောဘလွန်ကျူးခြင်း အမှုတို့ကို သန့်ရှင်းသူတို့သည် ရှောင်သင့်သည့်အတိုင်း
စကားဖြင့် မျှ မဆက်ဆံကြနှင့်။ မတော်မလျော်သော ညစ်ညူး ပြယ်ပြယ်၊ ပြက်ယယ်သော
စကားများကိုလည်း ပယ်၍ ကျေးဇူးတော် ချီးမွမ်းခြင်းစကားကို သုံကြလော့။
(ဧဖက် ၅း၃-၄)။ ချစ်သော မိတ်ဆွေ၊ နှုတ်ကပတ်တော် ကို ဝိညာဉ်နားဖြင့်
ကြားနိုင်အောင် အသက်တာ သန့်ရှင်းပါစေ။
လူများရှေ့သို့ သွားကြစို့
တဖန်ယဇ်ပရောဟိတ်တို့ကိုခေါ်၍ သင်တို့ သည် ပဋိညာဉ်သေတ္တာတော်ကို
ထမ်းလျက်လူများ ရှေ့သို့ ကူးသွားကြလော့။ ယနေ့ယုံကြည်သူ သြမည ေါငေည
အားလုံးသည် ယဇ်ပရောဟိတ်အမျိုး၊ ဘုရား သခင်၏ အမှုတော်ဆောင်ဖြစ်ကြပါ၏ (၁ပေ
၂း၉)။ ယဇ်ပရောဟိတ်တို့သည် လူများရှေ့သို့ ကူးသွားသကဲ့ သို့
ကျွနု်ပ်တို့ယုံကြည်သူတိုင်းသည်လည်း ဝိညာဉ်ရေး ရာ၌ သူများရှေ့မှာ
သာနေရမည်။ လူများရှေ့မှာ ပြေးနေရမည်။ စကားပြောခြင်း၊ ကျင့်ကြံပြုမူခြင်း၊
သူတစ်ပါးကို ချစ်ခြင်း၊ ဝိညာဉ်သဘောရှိခြင်း၊ သစ္စာ စောင့်ခြင်း
စင်ကြယ်ခြင်းအရာမှာ ယုံကြည်သောသူတို့ အား ပုံသက်သေကို ပြလော့ဟု တမန်တော်
ပေါလုက တိမောသေအား တိုက်တွန်းခဲ့ပါသည် (၁တိ ၄း၁၂)။ ဆိုလိုသည် အဓိပ္ပါယ်မှာ
အထက်ပါအချက်များ အ တွက် သူတစ်ပါးရှေ့မှာ စံနမူနာယူလောက်သော အသက်တာရှိဘို့
ပြောနေခြင်းဖြစ်ပါသည်။ ထို့ကြောင့် (၂ဝဝ၆)ခုနှစ်မှာ မိတ်ဆွေနှင့်ကျွနု်ပ်၏
အသက်တာ သည် လူများရှေ့သို့ သွားကြပါစို့။
သို့ပြုလျှင် အတူရှိမည်
မောရှောသေပြီးသည့်နောက် ယောရှုအနေ ဖြင့် အားငယ်နေမည်မှာ သေချာလေ၏။
သို့သော် ထိုသို့အားငယ်နေစဉ် ထာဝရဘုရားသည် ယေရှုကို ခေါ်၍ ငါသည်မောရှေနှင့်
အတူရှိသကဲ့သို့ သင်နှင့်အ တူရှိသည်ကို ဣသရေလအမျိုးသားအပေါင်းတို့သည်
သိကြမည်အကြောင်း သူတို့မျက်မှောက်၌ သင့်ကို ယနေ့ငါချီးမြှင့်စပြုမည်
(ယောရှု ၃းရ)။
ချစ်သောမိတ်ဆွေ ကျွနု်ပ်တို့ ယုံကြည်သူ အများစုသည် အောက်ပါခရစ်တော်၏
ဂတိတော်ကို စွဲကိုင်ပြီး မဟုတ်တာလုပ်နေလျက်နှင့် ]]ငါသည်လည်း
ကပ်ကမ္ဘာကုန်သည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်အပြတ်ရှိသည်ဟူသော
ဂတိတော်ကို အလွဲစွဲ ကိုင်လျက်၊ မိမိကိုယ် မိမိ အလွဲနှစ်သိမ့်တတ်ကြလေ သည်။
ဤဂတိတော်သည် ့ညခသညိငအငသညေူ စမသာငျန မဟုတ်။ ဃသညိငအငသညေူ စမသာငျန ဖြစ်ပါ၏။
ဆိုလိုသည် မှာ။ အခြေအနေအပေါ်မမူတည်သော ဂတိတော် မဟုတ်။ အခြေအနေအပေါ်
မူတည်သော ဂတိတော် ဖြစ်ပါသည်။ ယခုနှစ်၊ နှစ်သစ်အတွင်း ကျွနု်ပ်တို့ အတွက်
အလွန်တရာလိုအပ်ချက်များ ရွှေ၊ ငွေ၊ အာဏာတန်ခိုးမဟုတ်ပါ။ ဘုရားသခင်နှင့်အတူ
ရှိခြင်း ပင်ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင် ကျွနု်ပ်တို့နှင့် အတူရှိရန်
ကျွနု်ပ်တို့၏ နာခံခြင်းသည် အဓိကဖြစ်လေ သည်။ ကျမ်းစာတချက်၌
]]အသက်ချမ်းသာစေခြင်းငှာ ဒုစရိုက်ကိုရှောင်၍ သုစရိုက်ကို ရှာကြလော့။}}
ထိုသို့ ပြုလျှင် သင်တို့ဆိုတတ်သည့်အတိုင်း ကောင်းကင်ဗိုလ် ခြေအရှင်
ဘုရားသခင် ထာဝရဘုရားသည် သင်တို့နှင့် အတူ ရှိတော်မူလိမ့်မည် (အာမုတ်
၅း၁၄)။
ချစ်သောမိတ်ဆွေ၊ ဘုရားသခင်နှင့်အတူရှိနေ လျှင် ဘယ်အရာလိုအပ်ဦးမည်နည်း။
အရာခပ်သိမ်း သည် ဘုရားသခင်အားဖြင့် ဖြစ်နိုင်သည်မဟုတ်ပါ လော။ ထို့ကြောင့်
ဒုစရိုက်ကိုရှောင်၍ သုစရိုက်ကို ပြုခြင်းအားဖြင့် ဘုရားသခင်အတူပါရှိသော
အသက် တာဖြင့် အသက်ရှင်ကြပါစို့ (ဆာလံ ၃၄း၄-၅)။
ယုံကြည်စိတ်ချ၊ ဂုဏ်တော်အနန္ဒ
ယောရှုက ဣသရေလလူတို့အားခေါ်လျက် အသက်ရှင်တော်မူသောဘုရား
မြေကြီးတပြင်လုံးကို အစိုးရတော်မူသော ဘုရား၏ ပဋိညာဉ်သေတ္တာသည် သင်တို့ရှေ့
ကူးသွားတော်မူလိမ့်မည် (ယောရှု ၃း၁၀-၁၁)။ ဤလောက၌ လူတို့ခေါ်ဝေါ်သမုတ်သော ဘု
ရားများသည် များစွာရှိကြောင်း ကျမ်းစာက ဖော်ပြပါ သည် (၁ကော ၈း၅)။
အိုယုဒပြည် သင်သည် မြို့များ အရေအတွက်ရှိသည့်အတိုင်း သင်၏ ဘုရားများရှိ
သည် တကားဟူ၍ ပရောဖက်ယေရမိအားဖြင့် ဘုရား သခင်ဖော်ပြခဲ့လေသည် (ယေရမိ
၂း၂၈)။ သို့သော် အသက်ရှင်သောဘုရား၊ စစ်မှန်သော ဘုရားသည်
ထာဝရဘုရားတဆူတည်းသာ ရှိလေသည် (ယေရမိ ၁ဝး၁၀)။
ထို့ကြောင့် ဤလောကတစ်ခုလုံးကို အစိုးရ တော်မူသော ဘုရား၊ လောကဓာတ်နှင့်
လောကသား တို့ကို ပိုင်တော်မူသော ဘုရား၊ မြေကြီးနှင့် မြေကြီးတန် ဆာကို
ပိုင်တော်မူသော ဘုရားသခင်ကို မိတ်ဆွေ ကိုးကွယ်ပါက ယခုနှစ်အတွက်
ဘယ်အရာကိုမျှ ကြောက်စရာမလိုတော့ပါ (ဆာလံ ၂၄း၁-၂)။ ချစ် သော မိတ်ဆွေ၊
ယခုနှစ်အတွင်း ဘာဖြစ်လာမည်ကို စိုးရိမ်ပူပန်စရာ မလိုပါ။
အဘယ့်ကြောင့်ဆိုသော် ]]ထာဝရဘုရား စီရင်တော်မမူဘဲ ဘေးတစ်စုံတစ်ခု သည်
မြို့ထဲမှာ ရောက်လိမ့်မည်လော။ အကယ်စင် စစ်ထာဝဘုရားသည်
မိမိကျွန်ပုရောဖက်တို့အား မဖော်မပြဘဲ အဘယ်အမှုကိုမျှ စီရင်တော်မမူ (အာမုတ်
၃း၆-၇)။ ထို့ကြောင့်ဖြစ်လာမည့် ဘေးဒုက္ခ အတွက် တွေးပူစရာမလို၊
ဖြစ်လာစရာအကြောင်းရှိ လျှင်လည်း ဘုရားသခင်စီရင်မှုကြောင့် ဖြစ်မည်။
ဘုရားသခင်စီရင်မည့်အမှုကို ဘုရားလူတို့အား ကြိုတင်ဖော်ပြလိမ့်မည်။ တခါက
သောဒုံမြို့ကို ဖျက် ဆီးဘို့ ဘုရားသခင်ပြင်ဆင်နေစဉ် ဘုရားသခင်က
]]ငါပြုမည့်အမှုကို အာဗြဟံအား မဖော်ပြဘဲ ဝှက်ထားရမည်လော}}ဟု ဆိုပြီး
ကြိုတင်ဖော်ပြခဲ့လေ သည် (က ၁၈း၁၆-၁၇)
ထို့ကြောင့် မြေကြီးတပြင်လုံးကို အစိုးရသော ဘုရားသခင်အား မိမိအသက်တာ၌
စိုးရိမ်စရာ အချက် များအားလုံး၊ ဆက်ကပ်အပ်နှံကြပါစို့။ ထိုဘုရားသခင် သည်
မိတ်ဆွေ၏ ကောင်းကျိုးငှာ တညီတညွတ်တည်း ပြုစုကြသည်ကို ငါတို့သိကြ၏ (ရောမ
၈း၂၈)။ ထို့ ကြောင့် ထာဝရဘုရား၏ အနန္ဒဂုဏ်တော်များကို သိ ထားပါက
အရာခပ်သိမ်းအတွက် ပူပင်စရာမလို ထာဝရ ဘုရားကို ယုံကြည်စိတ်ချနိုင်ပေသည်
(၁ပေ ၅းရ)။
မလွဲမသွေကူးရမည့်ယောဒန်မြစ်
လူများအပေါင်းတို့သည် ယောဒန်မြစ်တဖက် သို့ မရောက်မီတိုင်အောင်
ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာကို ထမ်းသော ယဇ်ပရောဟိတ်တို့သည် မြစ်အလယ်တွင်
မြေပေါ်၌ မြဲမြံစွာနင်း၍ ဣသရေလ အမျိုးသားအပေါင်းတို့သည် မြေပေါ်၌
လျှောက်သွားရ ကြ၏ (ယောရှု ၃း၁၇)။
ဣသရေလလူတို့သည် တစ်ယောက်မကျန် ယောဒန်မြစ်ကို ကူးရကြ၏။ ထိုအချိန်သည်
စပါးရိတ် ရာ ကာလဖြစ်သောကြောင့် ယောဒန်မြစ်ရေသည် လျှံ လျက်ရှိ၏ (ယောရှု
၃း၁၅)။ သို့သော် ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် မြစ်ညှာက စီးလာသောရေသည်
ရပ်တန့်၍ ဝေးသောအရပ် ဇာရတန်မြို့နားမှာရှိသော အာဒံမြို့တိုင်အောင်
ပုံ့ပုံ့ြွကလျက်နေ၏။ လွင်ပြင်အိုင် တည်းဟူသော ဒုံအိုင်သို့ စီးသွားသော
ရေသည်လည်း အကုန်အစင်ပြတ်၍ လူများတို့သည် ယေရိခေါမြို့သို့ ရှေ့ရှုကူးကြ၏
(ယောရှု ၃း၁၆)။
ချစ်သော မိတ်ဆွေ၊ လူဟူသော သတ္တဝါသည် ရေထဲမှာ နစ်သေနိုင်သော သတ္တဝါဖြစ်ပါ၏။
သို့သော် ယောဒန်မြစ်ထဲမှာ မနစ်မသေဘဲဖြတ်သန်းနိုင်ရခြင်းမှာ ဘုရားသခင်၏
အံ့ဩဖွယ်ရာ တန်ခိုးတော်ဖြစ်ပါ၏။ ဣသရေလလူတို့သည် ဘုရားသခင်၏
မစခြင်းကြောင့် ယောဒန်မြစ်ကို အောင်မြင်စွာ ဖြတ်သန်းနိုင်ခြင်းဖြစ်
လေသည်။
ချစ်သောမိတ်ဆွေ၊ သင်သည်လည်း ယောဒန် မြစ်၏ တဖက်ကမ်းတည်းဟူသော သေခြင်းတဖက်
ကမ်းကို တနေ့တချိန်ချိန်မှာ မလွဲမဘွယ်ကူးကြပေ လိမ့်မည်။ ထိုအခါ
မိတ်ဆွေမှာ သေခြင်းကို အောင် မည်လော၊ သေခြင်း၌ နစ်မြှုပ်မည်မလောဟူ သော
အချက်မှာ ယခုအသက်ရှင်တုန်း အဘယ်သူကို ယုံ ကြည်ကိုးကွယ်သနည်းဟူသော
အချက်ပေါ်တွင် မူ တည်လေသည်။ ]]ငါတို့ သခင်ယေရှုခရစ်အားဖြင့် ငါတို့အား
အောင်ခြင်းအခွင့်ကို ပေးတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်သည် ကြီးလှစွာ
တကား}}(၁ကော ၁၅း၅၇)
မသိနိုင်သော မနက်ဖြန်
တခါက ပရောဖက်ယေရမိသည် မိစ္ဆာပရော ဖက်ဟာနနိအား ယခုနှစ်တွင် သင်သည်
သေရမည်ဟု ပြောဆိုသည့်အတိုင်း ထိုနှစ်သတ္တမလ တွင် သေလေဒ (ယေရမိ ၂၈း၁၆-၁၇)။
ချစ်သောမိတ်ဆွေ သင်နှင့်ကျွနု်ပ်ကို ဘုရား သခင်သည် ယခုနှစ်တွင် သေရမည်ဟု
မိန့်ဆိုပါက မည်သို့ ပြုမည်နည်း။ သေဘို့ရန်အတွက် အဆင်သင့် ဖြစ်ပြီလား။
သေလျှင် မြေကြီးဖြစ်မှာပေါ့ဟူ၍ ပေါ့ပေါ့ တန်တန်နှင့် အသက်ရှင်ပါသလား။
ချစ်သောမိတ်ဆွေ သေပြီးရင် မပြီးသေးပါ။ အသက်စာစောင်၌ စာရင်းမ ဝင်ပါက
ထာဝရငရဲမီးအိုင်ထဲ ပြစ်ချခြင်းခံရလိမ့်မည်။ ]]အသက်စာစောင်၌
စာရင်းမဝင်သောသူရှိသမျှ တို့ကိုလည်း မီးအိုင်ထဲသို့ ချပစ်လေ၏}} (ဗျာ
၂ဝး၁၅)
ထို့ကြောင့် အသက်ရှင်တုန်း၊ ကျန်းမာနေတုန်း၊ ကယ်တင်ခြင်းကို
နားလည်သဘောပေါက်အောင် လေ့ လာပါ။ အချိန်ရှိသေးသည်။ နောက်မှ လေ့လာမည်ဟု
အချိန်မရွှေ့ဆိုင်းပါနှင့်။ နက်ဖြန်နေ့ကို အမှီပြု၍ မဝါြွကားနှင့်။
တစ်ရက်အတွင်းတွင် အဘယ်သို့ ဖြစ် လိမ့်မည်ကို မသိနိုင် (သုတ္တံ ၂ရး၁)။
ယနေ့နက်ဖြန် ဤမည်သော မြို့သို့သွားကြကုန်အံ့။ ထိုမြို့၌ တစ်နှစ်
ပတ်လုံးနေ၍ ကုန်သွယ်သဖြင့် အမြတ်ရအောင် ပြုကြ ကုန်အံ့ဟု ဆိုတတ်သောသူတို့
နားထောင်ကြလော့။ နက်ဖြန်နေ့၌ အဘယ်သို့ ဖြစ်မည်ကို သင်တို့ မသိကြ။
သင်တို့အသက်သည် အဘယ်သို့သော အရာဖြစ်သ နည်း။ ခဏထင်ရှားပြီးမှ
ကွယ်ပျောက်တတ်သော အခိုးအငွေ့ဖြစ်၏ (ယာကုပ် ၄း၁၃-၁၄)။
ထို့ကြောင့် ချစ်သောမိတ်ဆွေ သင်မသိနိုင် သော မနက်ဖြန်
သင်မလျှောက်လှမ်းရသေးသော (၂ဝဝ၆)ခုနှစ် ခရီးလမ်းကို ဘုရားသခင်နှင့်အတူ
လျှောက်လှမ်းကြပါစို့။
ဤဆောင်းပါးကို ဖတ်ရှုသူတိုင်းနှစ်သစ်၌ ကောင်းကြီးမင်္ဂလာအပေါင်းနှင့်
ပြည့်ဝနိုင်ကြပါစေ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
နှလုံးသားမှာ သက်သေတည်
စာဖတ်သူမိတ်ဆွေအား အသက်ပေးချစ်သော ထိုပုဂ္ဂိုလ်နှင့်မိတ်ဆွေပေးလိုပါသည်။
ထိုသူသည် ကမ္ဘာ မတိုင်မှီကတည်းကရှိ၍ ယနေ့လည်း မိတ်ဆွေအား
သိကျွမ်းသူဖြစ်ပါသည်။ ထိုပုဂ္ဂိုလ်သည် မိတ်ဆွေအား စိတ်ဝင်စားလျက် မိတ်ဆွေ၏
ပြဿနာအဝဝကို ဖြေ ရှင်းပေးလိုသော စေတနာစိတ်ရှိပါသည်။ ကျွနု်ပ်တို့
ခံစားရသော ဒုက္ခဝေဒနာကို ငြိမ်းစေနိုင်သော တန် ခိုးရှင်လည်းဖြစ်သည်။
ရှေးအခါက ပေါ်ထွန်းခဲ့သည့် သိပ္ပံပညာရှင် များ၊ စာပေပညာရှင်များ၊
အတွေးအခေါ်ပညာရှင်များ၊ စစ်ဗိုလ်ချုပ်များ မြောက်များစွာ
ပေါ်ထွန်းခဲ့ပါသည်။ သို့သော်လည်း ထိုပုဂ္ဂိုလ်တို့သည် သူ့ခေတ်နှင့်သူ
တန်ခိုးကြီး၍ ကျော်ကြားအောင်မြင်ခဲ့ကြသော်လည်း ယနေ့အချိန်တွင်
အနိစ္စရောက်ကြသည်သာမက အခွင့်အာဏာများလည်း မရှိတော့ပေ။
သို့သော်လည်း ထိုပုဂ္ဂိုလ်မူကား ပြောင်းလဲခြင်း မရှိ။ နှုတ်ကပတ်တော်၌
ဖော်ပြထားသည်မှာ ကိုယ် တော်သည် ရှေးဦးစွာ၌ မြေကြီးကိုတည်တော်မူပြီ။ မိုး
ကောင်းကင်သည်လည်း လက်တော်နှင့် ဖန်ဆင်းသော အရာဖြစ်ပါ၏။ ထိုအရာတို့သည်
ပျက်စီးခြင်းသို့ ရောက်သော်လည်း ကိုယ်တော်သည် အမြဲတည်တော် မူ၏။
ထိုအရာရှိသမျှတို့သည် အဝတ်ကဲ့သို့ ဟောင်း နွမ်းခြင်းသို့ ရောက်၍
ကိုယ်တော်သည် ဝတ်လုံကို လိပ် သကဲ့သို့ လိပ်တော်မူသဖြင့်
ပြောင်းလဲခြင်းရှိကြသော် လည်း ကိုယ်တော်သည် ပြောင်းလဲတော်မမူပါ။ အ
သက်တော်လည်း မကုန်ဆုံးရပါဟုလာသတည်း။
ထိုပုဂ္ဂိုလ်သည် လွန်ခဲ့သောနှစ်ပေါင်း (၂ဝဝဝ) လောက်က ဤလောကသို့
ြွကလာခဲ့ပါ၏။ ထိုသူ၏ မွေးဖွားခြင်းသည် သူမတူအောင် ထူးဆန်းအံ့ဩဖွယ်
ဖြစ်ပါ၏။ သူမမွေးမှီ နှစ်ပေါင်းများစွာကတည်းက မည်သို့မွေးမည်။
ဘယ်မြို့မှာမွေးမည်။ ဘယ်သူ့အမျိုး အနွယ်မှ မွေးမည်ဟူသော အချက်များကို
ကြိုတင်ဖော် ပြခဲ့ပါသည်။ သူတို့ကြိုတင်ဟောပြောသည့်အတိုင်း အတိအကျ
ပြည့်စုံလေသည် (ဟေဗြဲ ၁း၁၀-၂၀)။
ထို့အပြင် သူ့နာမည်ကို မည်သို့ခေါ်မည်။ ကြီး ပြင်းလာသောအခါ မည်သို့
အသေခံမည်။ သေပြီး သုံးရက်နေ့မှာ ထမြောက်မည် စသဖြင့် ကြိုတင်
ပရောဖက်ပြုသည်အတိုင်း ပြည့်စုံခဲ့လေသည်။ ထိုသူ သည် ဤလောက၌ (၃၃)နှစ်သာ
အသက်ရှင်ခဲ့သော် လည်း သူပြုသမျှသော အံ့ဩဖွယ်ရာအမှုများကို
အသီးအခြားရေးထားလျှင် မြေကြီးမဆန့်နိုင်အောင် ကျမ်းစာများပြားလိမ့်မည်ဟု
ထင်မှတ်ခြင်းရှိ၏ဟူ၍ ချစ်တပည့်တော်တစ်ဦးက မှတ်တမ်းတင်ခဲ့ပါသည် (ယော
၂၁း၂၄-၂၅)။
သူပြုသော အမှုတချို့ကို ဖော်ပြရမည်ဆိုလျှင် ဆင်းရဲသားတို့အား
ဝမ်းမြောက်စရာ သတင်းပြော ကြားခြင်း၊ ရောဂါသည်များကို အနာငြိမ်းစေခြင်း၊
နတ်ဆိုးစွဲနေသူများအား ချမ်းသာပေးခြင်း၊ ကန်းနေသူ များအားမြင်စေခြင်း၊
နားထိုင်းသူများအား နားကြား စေခြင်း၊ စကားအနေသူများ စကားပြောစေခြင်း၊
သေနေသူတို့အား ရှင်စေခြင်း၊ လောကဓံသဘာဝများ ကို အောင်မြင်သောအနေဖြင့်
မုန်တိုင်းများကို ငြိမ်းစေခြင်း စသည့်လူမတတ်နိုင်သော အမှုများကို
ပြုခဲ့လေသည်။ အထူခြားဆုံးသောအမှုမှာ လူတို့၏ အပြစ်များကို
လွှတ်ပိုင်သောအခွင့်သည် ထိုပုဂ္ဂိုလ်၌ ရှိလေ၏ (လု ၅း၂၄)
ထိုပုဂ္ဂိုလ်သည် အခြားသူမဟုတ်။ ခရစ္စမတ်စ် နေ့ဟူ၍ ကျင်းပလျက်ရှိသော
မွေးနေ့ရှင် ယေရှုပင် ဖြစ်လေသည်။
ထိုယေရှုအပေါ် ပညာရှိတို့၏ အမြင်
၁။ ]]စစ်သူကြီး နပိုလီယံ}}က ဤသို့ မိန့်ခဲ့သည်။ ]]ကျွနု်ပ်အနေဖြင့်
လူခပ်များများကို သိခဲ့ပါသည်။ ယေရှုသည် လူသားသက်သက်မျှသာမကပါ။ တကယ်
ထူးဆန်းသော ပုဂ္ဂိုလ်ဖြစ်ပါသည်}}
၂။ ပြင်သစ် အတွေးအခေါ်ပညာရှင် ]]ရူးဆိုး}} က ]]ဆိုကရေတီးသည် သူ၏
အပြောအဆို၊ သူ၏ အလုပ် အကိုင်ကို ကြည့်ခြင်းအားဖြင့် အတွေးအခေါ် ပညာရှင်
ဖြစ်ကြောင်းသိနိုင်သကဲ့သို့ ယေရှုခရစ်၏ နှုတ်ထွက်စကား၊ ယေရှုခရစ်၏
လုပ်ဆောင်များကို ကြည့်ခြင်းအားဖြင့် ဘုရားဖြစ်ကြောင်း သိနိုင်သည်။
၃။ ရုရှားစာရေးဆရာ ]]လီယိုဘော်စတိုင်း}}က ]]အမှန်စင်စစ် ကျွနု်ပ်သည်
သေခြင်းတရားက နှုတ်ယူ နိုင်သော ငြိမ်သက်ခြင်းနှင့် စစ်မှန်သော ဝမ်းမြောက်
ရွှင်လန်းခြင်းကို ယေရှုခရစ်ကို ယုံကြည်ခြင်းအားဖြင့် ရရှိခဲ့ပါသည်။}}
၄။ ပြင်သစ်လူမျိုးသချင်္ာပညာရှင် ]]ဘလိုက်(စ)ပါ စကယ်}}က ဤသို့
မိန့်ဆိုခဲ့ပါသည်။ ]]လူသားတိုင်း၏ နှလုံးသားထဲတွင် ဟာနေသော
ကွပ်လပ်တစ်ခုရှိပါ သည်။ ထိုကွက်လပ်ကို လောက၌ရှိသော မည်သည့်
ဖန်ဆင်းခံအရာဝတ္ထုနှင့်မျှ ဖြည့်ဆည်း၍ မရပါ။ ယေရှု ဟူသော ပုဂ္ဂိုလ်အားဖြင့်သာ
ထိုကွက်လပ်ကို ဖြည့် ဆည်း၍ ရလေသည်}}
၅။ နာမည်ကျော် စာရေးဆရာ ]]ဝီလျှမ်ရှိတ် စပီးယား}}က ဤသို့
မိန့်ဆိုခဲ့လေသည်။ ]]ကျွနု်ပ်သည် ယေရှုခရစ်ကို မိမိကယ်တင်ပိုင်ရှင်အဖြစ်
အြွကင်းမဲ့ ယုံကြည်ပါသည်။ ထို့ကြောင့် ကျွနု်ပ်၏ ဝိညာဉ်ကို ကိုယ်တော်အား
ဆက်ကပ်လိုက်ပါသည်}}
၆။ သမိုင်းပညာရှင် ]]ဖီလစ်ရှဟပ်(ဖ်)က ဤသို့ မိန့်ဆိုခဲ့ပါသည်။ ]]ဤလောက၌
သခင်ယေရှုအမှန် တကယ် ထင်ရှားပေါ်ထွန်းခဲ့ကြောင်း သေချာမှုသည်
မိတ်ဆွေတကယ်သက်ရှင်ထင်ရှားနေပါသည်ဟူသော အချက်ထက်ပင်ပို၍ သေချာပါသည်}}
၇။ ကဲသာဘုရင်တိဗေရိနန်းစံ တစ်ဆယ့်ငါးနှစ် တွင် ဂါလိလဲပြည်၌ ဟေရုဒမင်းသည်
စော်ဘွားအရာ ရရှိခဲ့လေသည်။ ဟေရုဒ်မင်းအနေဖြင့် အရှင်ယေရှု ဖွားလာမည်ကို
သိရှိခဲ့လေသည်။ ယေရှုခရစ်ဖွားမြင် သည့်သတင်းကို ကြားသောအခါ ဟေရုဒ်မင်းသည်
ဝမ်းသာမည့်အစား စိတ်ပူပန်ခြင်းသို့ ရောက်နေ ကြောင်း ကျမ်းစာ၌
ဖော်ပြထားလေသည်။ (မဿဲ ၂း၃)။ ဟေရုဒ်မင်းအနေဖြင့် ယေရှုကို ရန်သူသဖွယ်
ထင်မှတ်ပြီးတွေ့လျှင် အသေသတ်ရန် ပြင်ဆင်ထား လေသည်။ သူ၏ ရာဇပလ္လင်ကို
လုယူမည့်သူဖြစ်သည် ဟု ထင်မှတ်လျက် ဗက်လင်မြို့မှစသော ကျေးလက်ရှိ သမျှတို့၌
နှစ်နှစ်အရွယ်မှစ၍ ထိုအရွယ်အောက် ယုတ်သော သူငယ်ယောကျာ်းအပေါင်းတို့ကို
သတ် စေ၏။ ဤသည်မှာ ယေရှုခရစ်အပေါ် ဟေရုဒ်၏ ပြုမူချက်ဖြစ်လေသည်။
ဟေရုဒ်မင်းအနေဖြင့် ယေရှု ကို သတ်ပစ်လိုက်လျှင် ကြာကြာနန်းစံလိမ့်မည်ဟု
မျှော်မှန်းထားပုံရလေသည်။ သို့သော် ဟေရုဒ်မင်းခင် ဗျာ၊ မှန်းချက်နှင့်
နှမ်းထွက်မကိုက်ဘဲ သက်သက်စင် လွဲခဲ့လေပြီ။ အဘယ့်ကြောင့်ဆိုသော် သူငယ်တော်
ယေရှု အဲဂုတ္တုပြည်၌ ရှောင်ပုန်းနေသည့် နှစ်မှာပင် အနိစ္စရောက်ခဲ့လေသည်။
(မဿဲ ၂း၁၉)။
ချစ်သောမိတ်ဆွေ သင်သည်လည်း ဟေရုဒ် မင်းကဲ့သို့ ယေရှုခရစ်ကို
ရန်သူလိုသဘောထားပါသ လား။ ထိုသို့သော စိတ်သဘောထားရှိခဲ့လျှင် ဟေရုဒ် မင်း၏
အသက်တာကိုဆင်ခြင်ပါ။ ဟေရုဒ်မင်းသည် အသက်သခင်၊ ဖန်ဆင်းရှင်ကို
လက်ခံကိုးကွယ်ရန် အခွင့်ထူးရရှိလျက်နှင့် လက်မခံသည်သာမက အသေ သတ်ရန်
အားထုတ်မှုကြောင့် သူကိုယ်တိုင် မမျှော်လင့် ဘဲ အနိစ္စရောက်ခဲ့လေသည်။
သုတ္တံဆရာက ဤသို့ မိန့်ဆိုခဲ့လေည်။ ငါ့ကိုပြစ်မှားသောသူမူကား၊ မိမိ
အသက်ဝိညာဉ်ကို ပြစ်မှား၏။ ငါ့ကိုမုန်းသောသူ အ ပေါင်းတို့သည် သေခြင်းကို
ချစ်ကြ၏ (သုတ္တံ ၈း၃၆)။
ဟေရုဒ်မင်းအနေဖြင့် ယေရှုခရစ်ကို လက်မခံ ရခြင်းအကြောင်းအရင်းမှာ
လောကရာထူးစည်းစိမ်ကို ငဲ့ကွက်ပြီး လက်မခံခြင်းသာဖြစ်လေသည်။ ချစ်သော
မိတ်ဆွေ သင်သည်လည်း ရာထူးစည်းစိမ်လက်လွတ် ဆုံးရှုံးမှာကို
စိုးရိမ်သောကြောင့် အရှင်ယေရှုကို လက်မခံရဲဘဲ ဖြစ်နေပါသလား။ ယေရှုကို
မုန်းသော သူသည် သေခြင်းကို ချစ်ကြ၏ဟူသော သုတ္တံစကားကို သတိပြုပါ။
မိတ်ဆွေအနေဖြင့် စည်းစိမ်နှင့်ရာထူး၊ ရာခံကြောင့် ယေရှုကို ငြင်ပယ်နေစဉ်
အသက်ကုန်ဆုံး မိသော် မိမိအသက်ဝိညာဉ်ကို ပြစ်မှားရာရောက်လိမ့် မည်။
ချစ်သောမိတ်ဆွေ ကျွနု်ပ်တို့၏ အသက်သည် အဘယ်သို့သော အရာဖြစ်သနည်း။
ခဏထင်ရှားပြီးမှ ကွယ်ပျောက်တတ်သော အခိုးအငွေ့ဖြစ်၏ (ရှင်ယာကုပ် ၄း၁၄)
၈။ ကျမ်းပြုဆရာနှင့် ယဇ်ပရောဟိတ်များသည် ယေရှုခရစ်ဖွားလာမည်ကို
ကျမ်းစာအားဖြင့် ကောင်း ကောင်းသိကြလေသည် (မဿဲ ၂း၅-၆)။ သို့သော်
ယေရှုခရစ်ကို လက်မခံကြပါ။ အဘယ့်ကြောင့်ဆိုသော် သူတို့၏
ဝိညာဉ်မျက်စိကန်းနေသောကြောင့် ဖြစ်လေ သည်။ တစ်ခုက ယေရှုခရစ်သည်
ကျမ်းတတ်ဖာရိရှဲ များ၊ ယဇ်ပရောဟိတ်များကို ရည်ညွှန်းပြီး တပည့်တော်
တို့အား ဤသို့မိန့်ကြားခဲ့ဖူးသည်။ ဤလူမျိုးများသည် မျက်စိမမြင်၊
နားမကြား၊ စိတ်နှလုံးမသိ၊ အကျင့် မပြောင်းလဲ သူတို့၏ အနာရောဂါကို
ငါမငြိမ်းစေရ သည့်တိုင်အောင် သူတို့စိတ်နှလုံးသည် မိုက်လျက်၊ နားသည်
ထိုင်းလျက်၊ ကိုယ်မျက်စိကို ပိတ်လျက်ရှိ ကြ၏ (မဿဲ ၁၃း၁၅)။
ချစ်သောမိတ်ဆွေ ယနေ့လည်း ကျမ်းစာ ကျောင်း၌ ကျမ်းစာကို သင်ကြားပေးနေသော
ကထိက အချို့ အသင်းတော်က ဝါရင့်သိက္ခာတော်ရ ဆရာ တစ်ချို့ ယနေ့တိုင်အောင်
ယေရှုခရစ်တော်ဘုရားကို စိတ်နှလုံးထဲမှာ လက်ခံရရှိခြင်းမရှိသေးပါ။
သူတို့အနေ ဖြင့် ဘုရားသခင်၏ အမှုတော်ထဲမှာ ပါဝင်လုပ်ဆောင် နေလျှင်
ဘုရားသခင်က သူတို့ကို ကောင်းကင်နိုင်ငံဝင် ခွင့်ပေးလိမ့်မည်ဟု
ကျမ်းတတ်ဖာရိရှဲနှင့် ယဇ်ပရော ဟိတ်များကဲ့သို့ အထင်မှားလျက်ရှိလေသည်။
တချို့ ဝါရင့်ခရစ်ယာန်တို့သည် ရေနှစ်ခြင်းခံခြင်း၊ ငယ်စဉ် ကလေးဘဝတုန်းက
မိဘများဆက်ကပ်စဉ် နဖူးမှာ ရေဖျန်းခံခြင်းဖြင့် မွေးရာပါ
အပြစ်အားလုံးလွတ်ပြီဟု ထင်မှတ်လျက် ယနေ့တိုင်အောင် အမှုတော်ဆောင်
ဖြစ်နေသော်လည်း ယေရှုခရစ်ကို တစ်ခါမျှ စိတ်နှလုံး ထဲမှာ လက်မခံသေးသော
ဆရာကြီးများကိုလည်း ဝေငှပါရစေ။ ယေရှုခရစ်၏ ဝိညာဉ်ကို မရသောသူ သည်
ယေရှုခရစ်တော်နှင့် မစပ်ဆိုင်ပါ (ရောမ ၈း၉)။ ကျမ်းဆရာများနှင့်
ယဇ်ပရောဟိတ်များအနေဖြင့် လက်မခံရခြင်းအကြောင်းရင်းတစ်ခုမှာ
သူတို့အနေဖြင့် ဘုရားပေးသော ဘုန်းအသရေထက် လူပေးသော ဘုန်းအသရေကိုသာ၍
နှစ်သက်သောကြောင့် ဖြစ် သည် (ယော ၁၂း၄၃)။ ယနေ့လည်း တချို့ဆရာတော် များ
မိမိတို့အသင်းတော်အဖွဲ့အစည်းထဲမှာ ရာထူး၊ တာဝန်ကြီးကြီးဖြစ်နေသည့်အတါက်
လူတိုင်းက ရိုသေ လေးစားကြသည်။ လူပေးသော ဘုန်းကို ယေရှုကို
ယုံကြည်လက်ခံပြီးမှ ရရှိမည့် ဘုန်းထက်သာ၍ နှစ်သက်သောကြောင့် ယေရှုကို
သိသိကြီးနှင့် မျက်စိ အစုံမှိတ်ပြီး ငြင်းပယ်နေကြခြင်းဖြစ်လေသည်။ ထိုသူ
တို့သည် သူတို့၏ ဂုဏ်သိက္ခာ၊ လူတို့၏ ချီးမြှောက်ခြင်း ကို
နှစ်သက်သောကြောင့် မိမိအသက်ကို ကယ်သော သူများဖြစ်၏။ အရှင်ယေရှုက
]]အကြင်သူသည် မိမိ အသက်ကို ကယ်ဆယ်ခြင်းငှာ အလိုရှိ၏။ ထိုသူ သည်
အသက်ရှုံးလိမ့်မည်။ အကြင်သူသည် ငါ့ ကြောင့် အသက်ရှုံး၏။ ထိုသူသည်
မိမိအသက်ကို ကယ်ဆယ်လိမ့်မည်}} (လုကာ ၉း၂၄)။ ချစ်သော မိတ်ဆွေ သင်သည်လည်း
ဖာရိရှဲ၊ ကျမ်းတတ်နှင့် ယဇ် ပရောဟိတ်များကဲ့သို့ ဂုဏ်၊ သိက္ခာ၊
ကုလားထိုင်၊ ရာထူးတို့ကို ကယ်ဆယ်နေသ၍ အသက်ရှုံးလိမ့်မည်။ ထိုအရာများကို
ခရစ်တော်ကြောင့် အရှုံးခံလျှင် အ သက်ရလိမ့်မည်။ သင်သည် ဘယ်အရာကို ရွေးချယ်
မည်နည်း။
၉။ မာကုပညာရှိများသည် အရှေ့ပြည်အဝေးကြီး ကလာသောသူများဖြစ်လေသည်။
ထိုသူတို့သည် နက္ခ ဗေဒကို တတ်ကျွမ်းသော ပညာရှိများဖြစ်ကြ၏။
သူတို့၏အတတ်ပညာကို မိမိကိုယ်ကျိုးအတွက်သာ အသုံးမချဘဲ ဘုရားကို ရှာဖွေဖို့
အတွက်အသုံးပြုကြရာ ဗက်လင်မြို့အထိ ရောက်လာကြခြင်းဖြစ်လေသည်။
ထိုသူတို့သည် အရှေ့ပြည်၌ သူ၏ကြယ်ကိုမြင်ခဲ့ကြပြီ။ (မဿဲ ၂း၂)။
ထိုပညာရှိတို့သည် မိမိတို့၏ အချိန်၊ မိမိတို့၏ ခွန်အား၊ မိမိတို့၏
ရွှေငွေကို မနှမြောဘဲ အဖိုးအခပေးလျက် သူငယ်တော်ယေရှုကို ရှာဖွေခဲ့
သောကြောင့် ဖူးမြင်ခဲ့ကြခြင်း ဖြစ်လေသည် (မဿဲ ၂း၁၀-၁၁)။ ချစ်သောမိတ်ဆွေ
ဘယ်အရာက သင့်ကို အရှင်ယေရှုနှင့်မတွေ့နိုင်အောင် အဆီးအတားဖြစ်နေ ပါသနည်း။
နေရာဒေသအနီး အဝေးလော။ သို့မဟုတ် သင်၏ စည်းစိမ်ဘဏ္ဍာ၊ အလုပ်အကိုင်လော။ သို့မ
ဟုတ် သင်၏ ပညာလော။ ယခုပညာရှိတို့၏ အသက် တာ ကိုကြည့်ပါ။ ယေရှုကို
ဖူးမျှော်ခွင့်ရမည်ဆိုပါက ဘယ်အရာမဆို စွန့်လွှတ်ဖို့ အသင့်ရှိကြကြောင်း
တွေ့နိုင်သည်။ ချစ်သောမိတ်ဆွေ ယခုနှစ် ခရစ္စမတ် မှာ အရှင်ယေရှုကို
ဖူးမြော်ဖို့ ပြင်းပြသော ဆန္ဒရှိပါ သလား။ ]]ငါ့ကို ရှာသောသူကို ငါအတွေ့
ခံမည်}} (ယေရမိ ၂၉း၁၃-၁၄)။
ချစ်သောမိတ်ဆွေ ပညာရှိတို့အနေဖြင့် ဘယ် အရာကို အမှီပြုပြီး ဘုရားသခင်ကို
တွေ့ပါသနည်း။ ဖန်ဆင်းသောကြယ်ကို ထောက်ရှုသဖြင့် ဖန်ဆင်းရှင် ကို
တွေ့ကြရခြင်းဖြစ်လေသည်။
ကျမ်းစာ၌လာသည်ကား ]]မိုးကောင်းကင် သည် လက်တော်နှင့်လုပ်သော အရာများကို
ပြ၏။ တစ်နေ့ကို တစ်နေ့ ြွမက်ဆို၍ တစ်ညကို တစ်ည သွန်သင်၏။ နှုတ်ြွမက်ခြင်း
စကားပြောခြင်းမရှိ။ သူ တို့နှုတ်ြွမက်သံကို မကြားရသော်လည်း သူတို့၏ အသံ သည်
မြေတစ်ပြင်လုံး၌ နှံ့ပြား၍ သူတို့၏ စကားသည် မြေကြီးစွန်းတိုင်အောင်
ရောက်လေ၏}} (ဆာ ၁၉း၁-၄)
ရှင်ပေါလုက ဤသို့ မိန့်ဆိုခဲ့ပါသည်။ ]]သိအပ် သော ဘုရားသခင်၏
အကြောင်းအရာသည် လူတို့ တွင် ထင်ရှားလျက်ရှိ၏။ ဘုရားသခင်သည် သူတို့ အား
ပြတော်မူပြီ။ အဘယ်သို့နည်းဟူမူကား ဖန်ဆင်း တော်မူသော အရာတို့ကို
ထောက်ရှုသဖြင့် ထာဝရ တန်ခိုးတော်နှင့် ထာဝရအဖြစ်တော်တည်းဟူသော
မျက်မြင်မရသော ဘုရားသခင်၏ အရာတို့သည် ကမ္ဘာ တည်သည်ကာလမှစ၍
ထင်ရှားလျက်ရှိ၏။ ထို့ကြောင့် သူတို့သည် ကိုယ်အပြစ်ကို မဖုံးနိုင်ရာ}}
(ရောမ ၁း၁၉-၂၀)။
ကျမ်းစာတစ်ချက်၌ ]]အိမ်မည်သည်ကား တစ်စုံတစ်ယောက်သောသူ
ဆောက်သောကြောင့်ဖြစ် ၏။ အလုံးစုံတို့ကို တည်ဆောက်သော သူကား
ဘုရားသခင်ပေတည်း}} (ဟေဗြဲ ၃း၄)။
ချစ်သောမိတ်ဆွေ ဤလောက၊ ကမ္ဘာ၊ ရေ၊ မြေတောတောင်၊ သစ်ပင်ပန်းပင်များကို
ကြည့်လိုက် စမ်းပါ။ ဘယ်ပန်းချီဆရာကမျှ မမှီနိုင်အောင် အံ့ဩဖွယ်
ဘုရားလက်ရာကို တွေ့ရပေလိမ့်မည်။ ဤစာကာဝဠာကို ကြည့်ခြင်းအားဖြင့်
ဘုရားသခင်ရှိ ကြောင်း သိနိုင်လေသည်။ အိမ်ကိုကြည့်ခြင်းအားဖြင့်
ဆောက်သောသူရှိကြောင်း သိနိုင်သကဲ့သို့ ကျား၏ ခြေရာကို ကြည့်ခြင်းအားဖြင့်
ကျားရှိကြောင်းကို သိနိုင် မည်မဟုတ်ပါလော။
ချစ်သောမိတ်ဆွေ ဖန်ဆင်းရှင်ဘုရား ဖြစ် ကြောင်းကို မသိသလောက်အောင်
မိမိအတတ်ပညာ ကာဆီးထားပါသလား။ အရှေ့ပြည်ကလာသော တ ကယ့်ပညာရှိများကို
ကြည့်ပါ။ ယေရှုအပေါ် မည်သို့ ခံယူကြပါသနည်း။ ]]အိမ်သို့ ဝင်လေသော် မယ်တော်
မာရိနှင့်တကွ သူငယ်တော်ကို တွေ့မြင်လျှင် ပြပ်ဝပ်ကိုး ကွယ်၍
မိမိဘဏ္ဍာဥစ္စာကို ဖွင့်ပြီးမှ လော်ဗန်နှင့် မုရန် တည်းဟူသော
နံ့သာမျိုးကိုလည်းကောင်း၊ ရွှေကိုလည်း ကောင်း ဆက်ကပ်ပူဇော်ကြ၏}} (မဿဲ
၂း၁၁)။ ချစ်သော မိတ်ဆွေ သင်သည် ထိုပညာရှိတို့ထက် ပညာရှိလော။
ထိုပညာရှိတို့ကိုယ်တိုင် ပြပ်ဝပ်၍ ကိုး ကွယ်ခဲ့သော အရှင်ယေရှုကို
သင်သည်မည်သို့ ပြုမည် နည်း။ တမန်တော်သောမ မူကား အရှင်ယေရှုကို
လက်တွေ့စမ်းသပ်ပြီးသောအခါ အကျွနု်ပ်အရှင်၊ အကျွနု်ပ်၏ ဘုရားသခင်ပါတကားဟု
လျှောက်လေ ၏။
၁၀။ တချို့က ပြောတ်ပါသည်။ အူမ မတောင့်လျှင် မည်သို့
သီလဆောက်တည်နိုင်မည်နည်း။ အူမတောင့် မှ သီလဆောက်တည်နိုင်မှာပါဟု ဆိုလျက်
ဘုရားတရားကို လုံးဝဂရုမစိုက်သော ဆင်းရဲသားများ မြောက်များစွာကို
မိမိရပ်ကွက်တွင် တွေ့ရပေလိမ့်မည်။ ချစ်သော စာဖတ်သူမိတ်ဆွေ၊ သင်သည်လည်း
ဆင်းရဲ သားလူတန်းစားတွင် ပါနေပါသလား။
]]ယုဒပြည်မှာ သိုးထိန်းတို့သည် ညဉ့်အခါ တောအရပ်၌ တည်းခိုလျက်
မိမိသိုးစုကို စောင့်နေ ကြသည် ဖြစ်၍ ကောင်းကင်တမန်သည် သူတို့အနား
မှာပေါ်လာ၍ ပတ်ဝန်းကျင်၌ ထာဝရဘုရား၏ ဘုန်းထွန်းတောက်သဖြင့် သူတို့သည်
အလွန် ကြောက်ရွံခြင်းသို့ ရောက်ကြ၏။ ကောင်းကင်တမန် ကလည်း
ကြောက်ရွံခြင်းမရှိကြနှင့်။ လူအပေါင်းတို့ သည် အလွန်ဝမ်းမြောက်ဝမ်းသာစရာ
သတင်းကို ငါသည်ကြားပြော၏။ ယနေ့တွင် ဒါဝိဒ်မြို့၌ ကယ် တင်ရှင်ယေရှုသည်
သင်တို့အဖို့အလို့ငှာ ဖွားမြင်ခြင်း ကို ခံတော်မူပြီ}} (လုကာ ၂း၈-၁၄)
ထိုအခါ သိုးထိန်းတို့သည် ဗက်လင်မြို့သို့ သွား၍ မာရိနှင့်
ယောသပ်ကိုလည်းကောင်း၊ နွားစား ခွက်၌ သိပ်ထားလျက်ရှိသော သူငယ်ကိုလည်း
ကောင်း တွေ့ကြ၏။ (လုကာ ၂း၁၅-၂၀)
ချစ်သောမိတ်ဆွေ ထိုအချိန်က သိုးထိန်း အလုပ်ဆိုသည်မှာ အနိမ့်ဆုံးသော
အလုပ်ဖြစ်ပါသည်။ သို့သော် ထိုဆင်းရဲသားများကိုပင် ချစ်တော်မူသော
ဘုရားသခင်သည် မိမိကောင်းကင်တမန်များကို စေလွှတ်လျက်
ကယ်တင်ရှင်ယေရှုအကြောင်းကို ကြား ပြောစေခဲ့လေသည်။ ယနေ့လည်း ဘုရားသခင် သည်
ဧဝံဂေလိဆရာလေးများအားဖြင့် ဆင်းရဲသူ၊ ဆင်းရဲ သား ရပ်ကွက်ထဲသို့ ဝင်လျက်
ကယ်တင်ခြင်း သတင်း ကောင်းကို ေြွကးကြော်လျက်ရှိ၏။ သိုးထိန်းတို့ သည်
ဘုရားသခင်၏ ဘုန်းထွန်းတောက်သည်ကို မြင့်ရသကဲ့ သို့ ယနေ့လည်း ဖျားနာရာမှ
ကျန်းမာခြင်း၊ စားစရာ မရှိရာမှ ဘုရားသခင်၏ ကျွေးမွေးခြင်း၊ အေြွကးတင်
နေရာမှ အေြွကးကျေသွားခြင်း စသည့် သက်သေ ပေါင်းများစွာကို
မြည်းစမ်းသူတိုင်း တွေ့နေကြရလေပြီ (ဆာလံ ၃၄း၈)။ ထာဝရဘုရားကောင်းမြတ်
တော်မူ သည့်အကြောင်းကို မြည်းစမ်း၍ သိမှတ်ကြလော့။ ချစ်သောမိတ်ဆွေ
ဤသို့သော သက်သေရပါလျက်နှင့် အရှင်ယေရှုကို ငြင်းပယ်နေပါသလား။ အရှင်ယေရှုက
ငါ့ကို ငြင်းပယ်သော သူကို ငါသည် ငြင်းပယ်မည်။ ငါကို ဝန်ခံသောသူကို
ငါဝန်ခံမည်ဟု မိန့်တော်မူ။ (မဿဲ ၃၂-၃၃)
၁၁။ တစ်ခါက အရှင်ယေရှုကျေးလက်သို့ ြွကတော် မူသောအခါ လူသားတို့သည်
လူသားဖြစ်သော ငါ့ကို အဘယ်သူဖြစ်သည်ဟု ဆိုကြသနည်းဟူ၍ တပည့် တော်တို့အား
မေးမြန်းသောအခါ တချို့က ဗတ္တိဇံ ဆရာယောဟန်ဖြစ်သည်ဟူ၍လည်းကောင်း၊ တချို့က
ဧလိယဖြစ်သည်ဟူ၍ လည်းကောင်း၊ တချို့က ယေရမိမှစ၍
ပရောဖက်တစ်ပါးပါးဖြစ်သည်ဟူ၍ လည်းကောင်း ဆိုကြပါ၏ဟု လျောက်ကြသော် သင်
တို့သည် ငါ့ကို အဘယ်သူဖြစ်သည်ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင်
ရှိမုန်ပေတရုက ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသော
ဘုရားသခင်၏ သားတော်ဖြစ်တော်မူသည်ဟု လျှောက်လေ၏ (မဿဲ ၁၆း ၁၃-၁၆)။
ချစ်သောမိတ်ဆွေ၊ သင်သည် အရှင်ယေရှုကို အဘယ်သူဖြစ်သည်ဟု ထင်ပါသနည်း။
ကောင်းမြတ် သောဆရာ (ဝါ) သူတော်စင်၊ သူတော်ကောင်းတစ်ပါး ပါးဖြစ်မည်ဟု
ထင်ပါသလား။ ရှင်ပေတရုကမူ အရှင် ယေရှုသည် အသက်ရှင်တော်မူသော ဘုရားသခင်
ဖြစ်ကြောင်း ဝန်ခံခဲ့သည်သာမက၊ သူ့သခင်အတါက် လက်ဝါးကပ်တိုင်ပေါ်မှာ
ကောက်ထိုးအသတ်ခံရ ကြောင်း သမိုင်းက သက်သေခံလျက်ရှိိ၏။
၁။ ခရစ်တော်၏ ရန်သူရောမတပ်မှူးသည် လက်ဝါးကားတိုင်၌ ရိုက်သတ်ခြင်းခံနေရသော
အရှင် ယေရှုကို မြင်သောအခါ
]]စင်စစ် ဤသူသည် ဖြောင့်မတ်သော သူမှန် ပေ၏ဟုဆို၍ ဘုရားသခင်ကို
ချီးမွမ်းလေ၏}} (လုကာ ၂၃း၄၇)
ချစ်သော မိတ်ဆွေ လူတွေက အရှင်ယေရှုကို ဘယ်လိုမြင်မြင် ဘယ်လိုထင်ထင်
အရေးမကြီးပါ။ အရေးကြီးဆုံးသော အရာသည် အရှင်ယေရှုကို မိမိ ကယ်တင်ရှင်အဖြစ်
လက်ခံဖို့သာ အဓိကဖြစ်လေ သည်။ ဤဆောင်းပါးကို ဖတ်ပြီးသောအခါ ဆုံးဖြတ်
ချက်တစ်ခုချစေချင်ပါသည်။
အရှင်ယေရှုကို အသက်ရှင်တော်မူသော ဘုရားသခင်၏ သားဖြစ်သည်သာမက ကျွနု်ပ်၏
သခင်၊ ကျွနု်ပ်၏ ဘုရားဖြစ်သည်ဟူ၍ ပြားဝပ်လျက် ကိုးကွယ်ကြပါစို့။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဘုရားသခင်၏ မစခြင်း
ဘုရားသားတိုင်း၏ သဘာဝ
ကျွနု်ပ်တို့ ယုံကြည်သူများ ဘုရားသခင်ကို ဖခင်သဖွယ်အားကိုးလျက် လိုအပ်သမျှ
ဆုတောင်းရ မည်မှာ သဘာဝကျပါသည်။ ဘုရားသခင်သည် ကျွနု်ပ် တို့၏
တိုင်ပင်ဘက်လည်းဖြစ်ပါသည်။ ထို့ကြောင့် ဘယ်အမှုကို ပြုသည်မဆို၊
ဘုရားသခင်ကို ရှေးဦးစွာ တိုင်ပင်သင့်ပါသည်။ အိမ်ထောင်ပြုသည်ဖြစ်စေ၊ စီး
ပွားရေးလုပ်သည်ဖြစ်စေ၊ ပညာသင်သည်ဖြစ်စေ၊ ဆေးရုံတက်ပြီး
ဆေးကုသလိုသည်ဖြစ်စေ၊ ဘုရား သခင်ကို ဆုအရင်တောင်းပြီး ဘုရားသခင်ထ့မှ တိကျ
သော အဖြေရပြီးမှသာ ဘယ်အမှုမဆိုပြုသင့်ပါသည်။ ဘုရားသခင်သားဖြစ်သောသူတိုင်း
ဘုရားသခင်နှင့် စကားပြောချင်သော ဆန္ဒရှိသည်မှာ ဘုရားသားတိုင်း ၏
သဘာဝဖြစ်လေသည်။
သူတောင်းစား ဆုတောင်းနည်း
တခါတရံ ကျွနု်ပ်တို့ဆုတောင်းသံကို အခြား သူတစ်ယောက်အား နားထောင်ခိုင်းပါက
ပေးပါ၊ ပေး ပါနှင့် သူတောင်းစား အသံပေါက်နေသည်ကို သတိပြု မိပေလိမ့်မည်။
ဘုရားသခင် ကျွနု်ပ်တို့အိမ်ကလေး ပြန်လည်ပြုပြင်ပေးပါ။ အိုဘုရားသခင်
ဆိုင်ကလေးကို အရောင်းသွက်စေတော်မူပါ။ အို ဘုရားသခင် ကျွနု်ပ်
တို့မီးစက်ကို ပြုပြင်ပေးတော်မူပါ။ အို ဘုရားသခင် ကျွနု်ပ်တို့ကား
လိုင်စင်သက်တမ်းတိုးပေးတော်မူပါ။ အို ဘုရားသခင် ကျွနု်ပ်တို့ပူစီကလေး
ကျန်းမာစေတော် မူပါ။ ချစ်သော ဓမ္မမိတ်ဆွေ၊ ကျွနု်ပ်တို့ဆုတောင်းရ မည်မှာ
အမှန်တကယ်လိုအပ်ပါသည်။ သို့သော် ကျွနု်ပ်တို့လုပ်နိုင်သော အရာများကိုပင်
မလုပ်ဘဲ ဘုရားသခင်ကို အစေခံတစ်ယောက်လို သဘောထား ပြီး ဟိုဟာလုပ်ပေးပါ။
ဒီဟာလုပ်ပေးပါ။ ဟူသော ဆုတောင်းချက်များအတွက် အဖြေရမည်မဟုတ်ပါ။ ဤသို့သော
ဆုတောင်းချက်များသည် ကျန်းမာလျက် ခြေလက်အင်္ဂါစုံလင်လျက်နှင့်
ဦးဦးဒေါ်ဒေါ်တို့ မုန့်ဖိုး လေးပေးခဲ့ပါဟူသော သူတောင်းစားဆုတောင်းခြင်း
သာဖြစ်လေသည်။ အဘယ်သူမျှ ထိုသူအား ပေးမည် မဟုတ်။
ကျွနု်ပ်၏ အတွေ့အကြုံ
တခါက ဘုရားကျောင်းတစ်ကျောင်းမှာ လူ ငယ်အစည်းအဝေး ပြုလုပ်ကြပါသည်။
ထိုအစည်း အဝေးသို့ နိုင်ငံခြားသားတစ်ဦးလည်း ပါဝင်ပါသည်။ ထိုသူသည်
တရားဟောဆရာလည်းဖြစ်ပါသည်။ ဆုတောင်းချိန်တွင် လိုအပ်တာများ တင်ပြကြသော အခါ
လူငယ်ခေါင်းဆောင်က ဂီတာတစ်လက်လိုအပ် ကြောင်း တင်ပြပါသည်။ အချိန်ကာ
၁၉၈၅ခုနှစ် ဇူလိုင် လ ဖြစ်ပါသည်။ လက်ဖက်ရည် တစ်ခွက်မှ တစ်မတ် အချိန်ဖြစ်၍
ဂီတာတစ်လက်ကို ထောင်ဂဏန်းနှင့် အကောင်းစား ဝယ်နိုင်သည့် ကာလဖြစ်ပါသည်။ ဆု
မတောင်းမှီမှာ ထိုနိုင်ငံခြားသားဆရာက ဂီတာတစ် လက် ဘယ်ဈေးရှိပြီလဲဟု
မေးရာ လူငယ်ခေါင်းဆောင် က သူပိုက်ဆံပေးချင်လို့ မေးတာဖြစ်မယ်ထင်ပြီး ကျပ်
(၅ဝဝဝ)ဟု ဖြေလိုက်ရာ ထိုဆရာက မင်းတို့လူငယ် ဘဏ္ဍာ ဘယ်လာက်ရှိသလဲဟု ထပ်မေးရာ
ကျပ် (၁၅ဝဝဝ)ရှိပါသည်ဟု လူငယ်ခေါင်းဆောင်က ပြန်ဖြေ လေသည်။ သို့ဖြစ်လျှင်
ဘုရားသခင်ကို ဆုမတောင်း ပါနှင့်။ မင်းတို့မှာရှိတဲ့ ပိုက်ဆံနှင့်
သွားဝယ်လိုက်ပါ။ ဒါဆုတောင်းစရာ မလိုဘူးဟု ခပ်ပြတ်ပြတ်ပြောခဲ့ဘူး လေသည်။
ချစ်သောမိတ်ဆွေ တခါတရံကျွနု်ပ်တို့သည် အစွမ်းကုန်မလုပ်သေးဘဲ
တတ်နိုင်သည့်အရာမှာ ဘုရားသခင်အား ဆုတောင်းနေတတ်ကြသည်။ ဤ သို့သော
ဆုတောင်းခြင်းသည် ငပျင်းဆုတောင်းခြင်း (ဝါ) ဘုရားသခင်စိတ်တော်နှင့်
မတွေ့သော ဆု တောင်းနည်းဖြစ်ပါသည်။ ဘုရားသခင်၏ နှုတ်ကပတ် တော်က အတည့်အလင်း
ဤသို့ဖော်ပြထားပါသည်။
]]ထိုမှတပါး ငါတို့မတတ်နိုင်သော အရာမှာ ဝိညာဉ်တော်သည် မစတော်မူ၏}} (ရောမ ၈း၂၆)။
ဤကျမ်းပိုဒ်၏ အဓိပ္ပါယ်မှာ ကိုယ်မလုပ်နိုင် သည့်ကိစ္စမှာ ကူညီမစမည်ဟု ဆိုလိုပါသည်။
သွေးစွန်းနာစွဲသော မိန်းမ
ယေရှုခရစ်တော်လက်ထက် တစ်ဆယ့်နှစ်နှစ် ပတ်လုံးသွေးသွန်အနာစွဲသောကြောင့်
များစွာသော ဆရာဝန်များနှင့် ကုသသော်လည်း အနာမပျောက် သော
မိန်းမတစ်ယောက်ရှိ၏။ ထိုမိန်းမသည် များစွာ သော ဆေးသမားတို့ဖြင့်
ကုဖန်များသောအခါ ဥစ္စာ ရှိသမျှကုန်လေ၏။ ဆရာဝန်များလည်း စုံလေပြီ။ သို့ သော်
အနာမပျောက်သည်သာမက၊ အနာတိုးလာနေ သည်ကိုသာ တွေ့ရ၏။ ချစ်သော ဓမ္မမိတ်ဆွေ
သွေး သွန်ခြင်းရောဂါဆိုသည်မှာ မလွယ်ကူပါ။ တစ်လ တစ် ခါ ဓမ္မတာအတိုင်း
သွန်ခြင်းပင်လျှင် လွယ်ကူသော ကိစ္စမဟုတ်ပါ။ ထိုမိန်းမမူကား တစ်လ လည်းမဟုတ်၊
တစ်နှစ်လည်းမဟုတ်၊ ဆယ်နှစ်ပတ်လုံး သွေးသွန်နေ သည်မှာ မည်၍မညျှ်
အနေခက်မည်ကို ခန့်မှန်းနိုင်ပါ သည်။ အမှန်ပြောဆိုလျှင် လူ့ကြိုးစားမှု၊
လူ့အစွမ်းအစ သည် ဂိတ်ဆုံးရောက်နေလေပြီ။
ဘုရားအလုပ်လုပ်ချိန်
ချစ်သောမိတ်ဆွေ သင်သည်လည်း မိမိရောဂါ အတွက် ကုသရင်း ဥစ္စာလည်းကုန်
ဆရာဝန်လည်း စုံနေပြီလား။ လူမတတ်နိုင်သောအရာကို မစပေးသော ဘုရားသခင်ကို
သတိပြုပါ။ ထိုမိန်းမသည် နောက်ဆုံး တွင် ယေရှုသတင်းတော်ကိုကြား၍ ငါသည် အဝတ်
တော်ကိုသာတို့လျှင် ချမ်းသာရမည်ဟု ဆိုသည်နှင့် လူအစုအဝေးထဲ၌
နောက်တော်သို့လာ၍ အဝတ် တော်ကို တို့လေ၏ (မာကု ၅း၂၈)။ ထိုခဏခြင်းတွင်
အသွေးစုဝေးရာ ခန်းခြောက်သည်ဖြစ်၍ ထိုရောဂါနှိပ် စက်ခြင်းနှင့်
ကင်းလွတ်ပြီဟု မိမိကိုယ်၌ သိလေ၏။ ယေရှုသည် မိမိကိုယ်မှ
တန်ခိုးထွက်တော်မူသည်ကို သိလျှင် လူအစုအဝေးသို့ လှည့်၍ ငါ့အဝတ်တော်ကို
အဘယ်သူတို့သနည်းဟု မေးတော်မူ၏။ တပည့်တော် တို့က လူအစုအဝေးသည်
ကိုယ်တော်အား ထိခိုက်ကြ သည်ကို မြင်လျက်ပင် ငါ့ကို အဘယ်သူတို့သနည်းဟု
မိန့်တော်မူပါသည်တကား။ အမှန်မှာ ခရစ်တော်သည် ထိုသူကို မသိဘဲနေသည်မဟုတ်။
တန်ခိုးထွက်သွား ကတည်းက သူ့အား ယုံကြည်ခြင်းဖြင့် တို့ထိသူကို
ကောင်းကောင်းသိပေသည်။ ချစ်သောမိတ်ဆွေ လူ အစုအဝေးများစွာက ကိုယ်တော်အား
ထိခိုက်နေကြ သော်လည်း သူတို့ထိမိတိုင်း ခရစ်တော်ထံမှ တန်ခိုး မထွက်ခဲ့ပါ။
ထိုမိန်းမတို့သည် အချိန်၌သာ တန်ခိုး ထွက်သွားခြင်းဖြစ်လေသည်။ ထို့အတူ
ကျွနု်ပ်တို့သည် လည်း အပေါ်ယံကြော ဆုတောင်းတိုင်း ခရစ်တော်ထံ မှ
မစခြင်းမရနိုင်။ တကယ့်နှလုံးသားနှင့် ယုံကြည်ခြင်း အားဖြင့်သာ ခရစ်တော်၏
တန်ခိုးတော်ကို ခံစားနိုင် ပေမည်။ ကိုယ်တော်သည် သူ့အားတို့သော သူကိုမြင်
ခြင်းငှာ ပတ်လည်သို့ကြည့်ရှုတော်မူ၏။ ထိုအခါ မိန်းမ သည်
ကြောက်ရွံ့တုန်လှုပ်လျက် အထံတော်သို့လာပြီး လျှင် ပြပ်ဝပ်၍ အကြောင်းစုံကို
သခင်အားကြား လျောက်လေ၏။ ကိုယ်တော်ကလည်း ငါ့သမီး သင်၏ ယုံကြည်ခြင်းသည်
သင့်အနာကို ငြိမ်းစေပြီ။ ငြိမ်ဝပ် စွာသွားလော့။ ရောဂါနှိပ်စက်ခြင်းနှင့်
ကင်းလွတ်စေဟု မိန့်တော်မူ၏။ ငါတို့မတတ်နိုင်သောအရာမှာ ဝိညာဉ် တော်သည်
မစတော်မူ၏။
လက်တွေ့မြည်းစမ်းသူများ
၂ဝဝ၄-ခုနှစ်ကဖြစ်ပါသည်။ ကျွနု်ပ်သည် ချင်း ပြည်တောင်ပိုင်း၊
မတူပီမြို့နယ် လှုံမန်းရွာတွင် တပတ် ကြာကျမ်းစာသင်တန်း ပြုလုပ်ခဲ့ပါသည်။
ထိုစဉ်က လင်မယားနှစ်ယောက်သည် အိမ်ထောင်သက်တမ်း (၉)နှစ်ရှိလေပြီ။ သို့သော်
ခလေးမရကြပါ။ ထို့ကြောင့် ဘုရားသခင်မစခြင်းကို အမှန်တကယ်ယုံကြည်လျှင်
လက်တွေ့စမ်းကြည့်ကြပါဟု ပြောပြသည့်အတိုင်း ထိုလင်မယားတို့သည်
ယုံကြည်ခြင်းဖြင့် ဆုတောင်းခံ သောအခါ ၂ဝဝ၅-ခုနှစ်မှာ သမီးရတနာ ဘုရားသခင်
ချပေးကြောင်း လက်တွေ့၊ မြင်တွေ့ရလေသည်။
ချစ်သော မိတ်ဆွေ သင်သည်လည်း တစုံတခု အတွက် အစွမ်းကုန်၍
လက်မှိုင်ချနေပါလား။ ငါတို့ မတတ်နိုင်သောအရာမှာ မစတော်မူသော သခင်ထံ
ကိုးစားပါ။ စိတ်နှလုံးအြွကင်းမဲ့ ယုံကြည်လျက် လိုအပ် သောအချက်ကို
သခင်ဘုရားအား ရိုးရိုးလေးပြောပြပါ။ လက်တွေ့မြည်းစမ်းကြည့်ပါ (ဆာ ၃၄း၈)။
မိတ်ဆွေ သည်လည်း အံ့ဩဖွယ်ရာ ဘုရားသခင်လက်ရာကို
မျက်ဝါးထင်ထင်မြင်တွေ့ရပေလိမ့်မည်။
]]ငါတို့မတတ်နိုင်သော အရာမှာ ဝိညာဉ် တော် သည် မစတော်မူ၏}} (ရောမ ၈း၂၆)
ဤကျမ်းချက်အတိုင်း ငါတို့မတတ်နိုင်သော အခါတိုင်း ဝိညာဉ်တော်၏ မစမှုကို
ရနိုင်ကြပါစေ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ယေရှုခရစ်၏ လောကကို အောင်မြင်နည်း
ယနေ့ ခရစ်ယာန်လောကတွင် ဩဝါဒလေ တိုက်၍ ဖရိုဖရဲလွင့်သွားသော
ဝိညာဉ်သူငယ်များ မြောက်များစွာ ရှိလေသည်။ ဘုရားသားဖြစ်လျှင် မဆင်းရဲရ၊
ချမ်းသာရမည်။ ဘုရားသားဖြစ်လျှင် မဖျားနာရ၊ ကျန်းမာရမည်။ ဘုရားသားဖြစ်လျှင်
ဒုက္ခ မရောက်ရအောင်မြင်ရမည် ဟူသတည်း။
သို့သော် လက်တွေ့အခြေနေတွင် စားစရာမရှိ၊ ဖျားနာလျက် ဆေးခန်းပြနေရခြင်း၊
အောင်မြင်ဘို့ နေနေသာသာ ဒုက္ခထဲမှာ ကျင်လည်နေရခြင်း အ ကြောင်းများကြောင့်
ဝိညာဉ်ကလေးတချို့၊ နားမလည် နိုင်ဘဲ တွေဝေနေကြသည်ကို တွေ့ရလေ၏။
တချို့ခရစ်ယာန်များမှာမူ အထက်ပါဆရာကြီး များ ပြောသကဲ့သို့ ကျွနု်ပ်သည်
ဘုရားသားများ မဟုတ် လေရော့သလားဟူ၍ သံသယစိတ်များ ဝင်လာပေ သည်။
တချို့ဆရာများသည် မိမိကိုယ်တိုင် ဟောပြော ခဲ့သော တရားအတိုင်း ဖြစ်မလာဘဲ၊
မိမိ၏ အိမ် ထောင်သို့ ဆင်းရဲဒုက္ခရောက်လာသောအခါ နားမ လည်သည်သာမက
မိမိဩဝါဒထဲမှာ ချောင်ပိတ်ခံ နေကြရလေသည်။
ချစ်သော မိတ်ဆွေ ခရစ်တော်ဘုရား၏ ဩဝါဒကို အသေအချာလေ့လာကြည့်ပါ။
ဆင်းရဲဒုက္ခ မခံဘဲ ရှောင်လွှဲသည့် နည်းလမ်းဖော်ပြမထားခဲ့ပါ။ ဆင်းရဲဒုက္ခကို
ခံရမည်။ သို့သော် မစိုးရိမ်ပါနှင့်။ ငါသည် လောကကို အောင်ပြီဟု
ေြွကးကြော်ခဲ့လေ သည်။
]]သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကို ခံရကြ လိမ့်မည်။ သို့သော်လည်း
မစိုးရိမ်ကြနှင့်။ ငါသည် လောကကို အောင်ပြီ}} ဟု မိန့်တော်မူ၏ (ယော
၁၆း၃၃)}}
ဆိုလိုသည်မှာ ခရစ်တော်နောက်သို့လိုက်လျှင် ဆင်းရဲဒုက္ခအမှန်ခံရလိမ့်မည်။
သို့သော် ထိုဒုက္ခကို ခံနိုင်သောစွမ်းရည်၊ ခံနို်ငသော ခွန်အားကို ခရစ်တော်
အားဖြင့် ရပေလိမ့်မည်။
သို့ဖြစ်လျှင် မည်ကဲ့သို့ အောင်မြင်မည်နည်း။
အောင်မြင်နည်းမှာ ခရစ်တော်၌ ရှိပါသည်။ ဆင်းရဲဒုက္ခကို ခေါင်းငုံ့ပြီး
ခံမည့်အစား၊ ထိုဆင်းရဲဒုက္ခ ကို ယူ၍ လက်နက်ပမာအောင်မြင်ရန်အတွက် သုံးစွဲ
နိုင်ကြောင်း ခရစ်ဝင်ကျမ်းများ၌ အရှင်ယေရှုလမ်းညွှန် ခဲ့ပုံကို တွေ့ရသည်။
သည်းခံခြင်းကို ဟောကြားသောသူများ အကိုး အကားပြုလေ့ရှိသော လင်္ကာမှာ
ဂေသရှေမန် ဥယျာဉ်၌ သခင်ယေရှုပြုတော်မူသော ပဌနာဖြစ်လေ သည်။ ]]ဤခွက်သည်
အကျွနု်ပ်ကိုလွန်သွားနိုင်လျှင် လွန်သွားပါစေသော်၊ သို့သော်လည်း
ကျွနု်ပ်အလိုရှိ သည့်အတိုင်း မဖြစ်ပါစေနှင့် ကိုယ်တော်အလိုတော်ရှိ
သည့်အတိုင်း ဖြစ်ပါစေသော်}}
ချစ်သော မိတ်ဆွေ ဤဆုတောင်းချက်ကို လူအများစုက ]]ကိုယ်တော်၏
အလိုတော်ပြီးမြောက်ပါ စေသတည်း}}ဟူသော ပဌနာတော်ကို ကိုယ်တော်၏ အလိုတော်ကို
ဝန်ခံပါစေသတည်းဟု အနက်ကောက် လေ့ရှိကြသည်။ ျွနိ ှုညိငညေ (အင်ဒီးယန်း)
လူမျိုးမှာ ဆေးတံပျောက်ရသည့် ဆင်းရဲထက်ကြီးသော ဒုက္ခဟူ ၍ မရှိနိုင်။
အလွန်ဆင်းရဲလှသဖြင့် ဘုရားသခင်ကို ဤသို့ ဆုတောင်းသည်။ ]]အိုဘုရားသခင်
ကိုယ်တော် သည် အရာခပ်သိမ်းကို မြင်တော်မူပါ၏။ အရာ ခပ်သိမ်းကို
ထိန်းသိမ်းတော်မူ၏။ အကျွနု်ပ်ဆေးတံ ကို တွေ့နိုင်အောင် သနားတော်မူပါ။
သို့သော် ကိုယ်တော် အလိုတော်အတိုင်းဖြစ်ပါစေ}} ပဌနာတော်
ဝန်ခံသောသဘောနှင့် ချုပ်သည်။ ဤသို့ဖြင့် ကမ္ဘာ ပေါ်ရှိ
အထွဋ်အမြတ်ဆုံးဖြစ်သော ပဌနာတော်ကို အရှုံးပေးသော လေသံဖြင့်
နိဂုံးချုပ်ကြသည်မှာ ဝမ်းနည်းစရာကောင်းလေစွ။
]]အကျွနု်ပ်၏ အလိုမဟုတ်၊ ကိုယ်တော်၏ အလိုပြီးမြောက်ပါစေသော်}} ဤသည်သာလျှင်
ပဌနာ ၏ အနက်အဓိပ္ပါယ်ဖြစ်လေ၏။ ကိုယ်တော်သည် သုံးကြိမ်၊ သုံးခါ ချွေးမှ
သွေးဖြစ်သည့်အထိ ဆုတောင်း ခဲ့သော အဖြေသည် ငြင်းပယ်ခံရသည်မဟုတ်။ အလို
တော်ကို ပြည့်စုံစေခဲ့လေသည်။ ဆုတောင်းခြင်း၏ အဆုံးတွင် ကိုယ်တော်သည် အဖ
ခမည်းတော်ထံမှ တိကျပြတ်သားသော အဖြေကို ရပြီးဖြစ်၍ ]]ထကြ လော့}} ငါတို့သည်
သွားကြကုန်အံ့ ဟု တပည့်တော် တို့အား မိန့်ဆိုခဲ့လေသည် (မ ၂၆း၄၆)
ထိုအခါက ကိုယ်တော်သည် တပည့်တော်တို့ အား အပ်နှံခြင်း၊ ပစ်ပယ်ခြင်း၊
မတရား စွပ်စွဲခံရခြင်း၊ ကားတိုင်သို့ ဦးတည်၍ သွားနေခြင်းဖြစ် လေသည်။
အလိုတော်ကို စောင့်ဆိုင်းဝန်ခံနေခြင်းမဟုတ်။ ထ၍ ဆောင်ရွက်ခြင်းဖြင့်
အလိုတော်ကို ပြည့်စုံစေဖို့ ဖြစ်လေသည်။ ဆင်းရဲဒုက္ခခပ်သိမ်းကို
လက်နက်ကဲ့သို့ ပြု၍ ဘုရားသခင်မေတ္တာတော်အား အောင်မြင်ခြင်း အဖြစ်သို့
ရောက်အောင် ဆောင်ရွက်ရလေသည်။ ထို့ကြောင့် ကိုယ်တော်၏ ဆန္ဒတော်ကား၊
အလိုတော် ပြီးမြောက်ခြင်းပင် ဖြစ်လေသည်။ ]]ကိုယ်တော်၏
အလိုတော်ပြီးမြောက်ပါစေသော်}} ဟူသော အနက်မှာ ထလော့။ ငါတို့သည်
သွားကြကုန်အံ့ဟူသော စကား ၌ ထင်ရှားလေသည်။
ထို့ကြောင့် ကျွနု်ပ်တို့ ယုံကြည်သူများအနေဖြင့် ဂေသရှေမန်ဟု ဆိုရာ၌
မျက်ရည်ကျခြင်း၊ သက်ပြင်း ချခြင်း၊ ခေါင်းငုံတိုးလျှိုးခြင်းဟူသည့်
အဓိပ္ပါယ်မဟုတ်၊ ထ၍သွားပြီးလျှင် ဖြစ်ပျက်သမျှ ဒုက္ခဟူသရွေ့ကို
လက်ကိုင်ပြုလျက် ဘုရားသခင်၏ အကြံတော်ထ မြောက်အောင် ပြုလုပ်ခြင်းကို
ဆိုလိုသတည်း။ ဂေသရှေမန် ဥယျာဉ်၌ ပြင်းပြစွာသော စိတ်ခံစားမှု၏ အရှင်ဖြစ်သော
ယေရှုခရစ်သည် ဘုရားအလိုတော် ပြည့်စေရန် အသေခံရသော ပူဇော်သက္ကာသာမဟုတ်
အလိုတော်ကို ပြီးမြောက်အောင် ဆောင်ရွက်တော်မူ သော
အောင်မြင်သူပုဂ္ဂိုလ်ဖြစ်လေသည်။
ထိုအခါမှစ၍ အရှင်ယေရှုသည် အရေးဟူ သမျှ၌ အောင်တော်မူသည်။ ကိုယ်တော်ကို
ဖမ်းဆီးရန် လာသောသူ၏ နားရွက်ကို ကုသတော်မူသည်။ ထိုအဖြစ်အပျက်မှ
အလွန်အဖိုးတန်သော ဆုံးမဩဝါဒ ကို ဟောပြောတော်မူ၏။ ဓါးကိုကိုင်သော သူသည်
ဓါးနှင့်ပင် ပျက်စီးရလိမ့်မည့်အကြောင်း မိန့်တော်မူ သည်။ ကိုယ်တော်သည်
ဆိတ်ဆိတ်နေရုံဖြင့် ပိလတ် မင်းသည် တုန်လှုပ်ခြောက်ချားလျက်ရှိ၏။ တရားခံ
သည် တရားသူကြီးနှင့်တကွ နိုင်ငံတော်တစ်ခုလုံးကို တရားစီရင်နေဟန်ရှိ၏။
လူအများက ကိုယ်တော် အတွက် ငိုေြွကးသောအခါ ငါ့အတွက် မငိုေြွကးကြ နှင့်။
သင်တို့နှင့် သင်တို့သားသမျီားးအတွက် ငိုေြွကး ကြလော့ဟု
မိန့်တော်မူခဲ့သည်။ နောင်တရသော ဓါးပြကိုလည်း ကိုယ်တော်နှင့် အတူ
ပရဒိသုခဘုံသို့ ဝင်ဖို့ အခွင့်ပေးခဲ့သည်။ သူ့အား သတ်ပုတ်နေသူများ အတွက်
အပြစ်လွှတ်မည့်အကြောင်း တောင်းပန်တော် မူခဲ့သည်။ နောက်ဆုံး၌ ကိုယ်တော်က
ယခုပြီးစီးပြီ။ (အမှုပြီးပြီ)ဟူ၍ ေြွကးကြော်သောအခါ အပြစ်သား များကို
ချစ်သနားတော်မူသော ခမည်းတော်၏ အလိုတော်ကို အပြီးသတ်ဆောင်ရွက်ခဲ့လေသည်။ ဤ
သည်မှာ ယေရှုခရစ်၏ လောကဒုက္ခအောင်မြင်နည်း ဖြစ်သတည်း။
ထို့ကြောင့် ဤကဲ့သို့ အသက်ရှင်ခြင်းသည် အောင်မြင်သော
နည်းလမ်းဖြစ်ကြောင်း ထပ်မံဝေငှ ပါရစေ။ အရှင်ယေရှု၏ နည်းလမ်းမျိုးကား
ပဒုမ္မာကြာ ပန်းနှင့် တူ၏။ ကြာပင်သည် ရွံ့နွံရေညºှိထဲ၌ အမြစ် ချသော်လည်း
ရေထဲမှ ထိုးထွက်လျက် သန့်စင်သော လေထဲ၌ အညွန့်၊ အတက်၊ အရွက်၊
အပွင့်တို့ကို ထွက်စေ၏။ ထို့အတူ ကျွနု်ပ်တို့ ခရစ်ယာန်များသည်
ပစ္စုပ္ပန်ဘဝ၌ရှိသော အခြေအနေ (လောကဓံ)တည်း ဟူသော ရွံနွံ၌ အပင်၏ အမြစ်စိုက်၍
သန့်ရှင်းသော စရိုက်၊ ပါရမီ၏ အဖူးအပွင့်တို့ကို ထွက်စေရန် ဖြစ်သည်။
သို့မှ အေးမြသန့်စင်သော ဘုရားသခင်ကို မျက်နှာမူခြင်းဖြင့် ရရှိအပ်သော
ရွှင်လန်းဝမ်းမြောက် ခြင်းကို ဖော်ပြနိုင်ပေမည်။
ချစ်သော မိတ်ဆွေ ခရစ်တော်၏ ဒုက္ခကို ရင်ဆိုင်၍ အောင်မြင်သော နည်းလမ်းမှာ
သွားကြိတ်၊ အံခဲ၊ မျက်နှာမည်းကြီးနှင့် အနိုင်ယူသော နည်းလမ်း မဟုတ်။
ငြိမ်သက်အေးချမ်း၍ ကိုယ်တော်ရှင်၏ လက်တော်သို့ အပ်နှံလျက်၊ ဘဝနှင့်
ဒုက္ခဆင်းရဲဟူ သမျှ ကြောက်ရွံခြင်း၊ စိုးရိမ်ခြင်း လုံးဝကင်းစင်သော
အသက်တာပင်ဖြစ်လေသည်။
ထို့ကြောင့် မိတ်ဆွေ၏ အသက်တာ၌ ကြုံတွေ့ လျက်ရှိသော ဒုက္ခဆင်းရဲကို
ပြန်လည်သုံးသပ်ကြည့်ပါ။ မိတ်ဆွေအနေဖြင့် ဒုက္ခဆင်းရဲမှ ဝေးအောင် တိမ်း
ရှောင်နေသလား။ ထိုဒုက္ခကို အံကြိတ်ပြီး ခေါင်းငုံ့ခံ နေသလား။
ထိုဒုက္ခကိုပင် အသုံးချလျက် ခရစ်တော်၏ နည်းလမ်းအတိုင်း ဘုရားသခင်၏
ဘုန်းတော်ထင်ရှား စေဖို့ (ဝါ) အလိုတော်ပြီးမြောက်စေဖို့အတွက် အမြတ်
ထုတ်အသျုံးနေပါသလား။
နိဂုံးချုပ်ဆိုရသော မိတ်ဆွေကြုံတွေ့နေသော ဒုက္ခဆင်းရဲဟူသမျှကို အမှုတော်
ပြီးမြောက်စေဖို့ အခွင့်အရေးသဖွယ် ရယူလျက် အသုံးချတတ်ပါက မိတ်ဆွေသည်
ခရစ်တော်နည်းတူ လောကကို အောင်မြင်သောသူ ဖြစ်လိမ့်မည်။
]]ဘုရားသခင်၏ သားဖြစ်သောသူ မည်သည် ကား၊ လောကကိုအောင်တတ်၏။ လောကကို
အောင်ခြင်းအကြောင်းကား ငါတို့၏ ယုံကြည်ခြင်း ပေတည်း}} (၁ယော ၅း၄)။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
A Side နှင့် B Side
လွန်ခဲ့သော လက၊ ကျွန်တော်မြို့ထဲသွားပြီး ဓမ္မသီချင်းတိတ်ခွေ၊ တစ်ခွေကို
တွေ့ခဲ့ပါသည်။ မဝယ်မီ ဗ ှငိန ကို ဖွင့်ပြီး နားထောင်ကြည့်သည့်အခါ
အလွန်နှစ်သက်သွားပါသည်။ ထို့ကြောင့် ဝယ်လာခဲ့ ခြင်းဖြစ်ပါသည်။
ပြန်ရောက်သည့်အခါ ြ ှငိန ကို နားထောင်ကြည့်ပါသည်။ သို့သော်
အလွန်ညံ့ကြောင်း တွေ့ရလေသည်။ ထိုအခါကျမှ ကြီးမားသော သင်ခန်း
စာတစ်ခုရရှိခဲ့ပါသည်။ ゞင်းသင်ခန်းစာမူကား ဗ ှငိန ကို
နားထောင်ရုံနှင့်မပြီး ြ ှငိန ပါ နားထောင်ဘို့လို ကြောင်း ဖြစ်လေသည်။
ချစ်သောမိတ်ဆွေ သင့်အသက်တာ၌ တချို့က ဗ ှငိန ဖြစ်သော
နှုတ်ကပတ်တော်တစ်ဖက်ကိုသာ စွဲကိုင်ပြီး အသက်ရှင်သောအခါ ကျမ်းစာအတိုင်း
ဖြစ်မ လာဘဲ ဆန့်ကျင်ဖက် ဆိုးကျိုးရလာတတ်သည်။ ထိုအ ခါ ကျမ်းစာအပေါ်
သံသယဖြစ်လာပြီး စိတ်ပျက် တတ် ပါသည်။
တချို့ခရစ်ယာန်များက စိုက်သည့်အတိုင်း ရိတ်ရမည်ဟူသော ကျမ်းပိုဒ်ကိုသာ
စွဲကိုင်ပြီး အသက် ရှင်သောအခါ အကောင်းစိုက်လျက် အဆိုးရိတ်ရ သော အချိန်မှာ
အဘယ့်ကြောင့် ဤသို့ဖြစ်ရသည်ကို နားမလည်ဘဲ ရှုပ်ထွေးတတ်လေသည်။ အမှန်မှာ
စိုက်သည်အတိုင်း ရိတ်ရမည်ဟူသော ကျမ်းချက်သည် ဗ ှငိန သာဖြစ်လေသည်။ (ဂလ
၆းရ)။
]]အဓမ္မလူပြုသော အမှုကြောင့် ခံထိုက်သည့် အတိုင်း
ဖြောင့်မတ်သောသူအချို့တို့သည် အပြစ်ကို ခံရကြ၏။ ဖြောင့်မတ်သောသူပြုသော
အမှုကြောင့် ခံထိုက်သည်အတိုင်း အဓမ္မလူအချို့တို့သည် အကျိုး ကို ခံရကြ၏
(သုတ္တံ ၈း၁၄)။
ဤသည်မှာ ြ ှငိန ဖြစ်လေ၏။
]]ဘယ်သူမပြု မိမိမှု}} ဆိုသော စကားသည် တစ်ဖက်က ကြည့်လျှင် မှန်သော်လည်း
အထက်ပါ ကျမ်းချက်ကို ကြည့်လျှင် အဓမ္မပြုသော အမှုကြောင့် ဖြောင့်မတ်သောသူ
ပြစ်ဒဏ်ခံရသကဲ့သို့ ဖြောင့်မတ် သော သူ၏ပြုသော ကောင်းမှုကြောင့် အဓမ္မလူ
အချို့ တို့သည်လည်း အကျိုးခံနိုင်ကြောင်း သိဘို့လိုအပ်ပါ သည်။
ထင်ရှားသော သက်သေတစ်ခုမှာ မင်းကြီး အပါး ခုနှစ်ဆယ်၏ လက်မ၊ ခြေမကို
ဖြတ်ခဲ့သော အဒေါနိယမင်းသည် သူပြုသည့်အတိုင်း ခံရသောအခါ
ငါပြုဘူးသည့်အတိုင်း ဘုရားသခင်သည် ငါ၌ အပြစ် ပေးတော်မူပြီ ဟုဆို၏ (သူကြီး
၁း၅-၇)။
သင်ပြုသည့်အတိုင်း သင်၌ သူတပါးပြုလိမ့် မည် (ဩဗဒိ၊ ၁း၁၅)။
သို့သော် ဤကျမ်းချက်တစ်ခုကိုသာ စွဲကိုင်ပြီး မိမိပြုသည့်အတိုင်း
အခြားလူများထံမှ တုန့်ပြန်မှုရမည် ဟု မျှော်လင့်လျှင်မူကား
အမှားကြီးမှားပေလိမ့်မည်။ ဤမှန်တရားတစ်ခုကိုသာ စွဲကိုင်ပြီး
အသက်ရှင်မိပါက ကောင်းမှုပြုလျက် အဆိုဖြစ်လာသောအခါ စိတ်ပျက် စရာ၊
ဝမ်းနည်းစရာများ မကြခဏကြုံရပေလိမ့်မည်။ ထို့အတူ အဆိုးကို ပြုနေချိန်မှာ
ကောင်းကြီးရလာလျှင် လည်း အမှားဝါြွကားလျက် ဘုရားသခင်ကိုပါ မထီမဲ့
မြင်ပြုမှာကို စိုးရိမ်စရာရှိလေသည်။
ထို့ကြောင့် ကျွနု်ပ်တို့အသက်တာမှာ ဗ ှငိန သာမက ြ ှငိနကိုပါ
သိဘို့လိုအပ်လေသည်။ ခရစ် တော်၏ အသက်တာကို ကြည့်လျှင် ဒုစရိုက်ကို မပြု၊
နှုတ်တော်၌ မုသာရှာမတွေ့ကြောင်း ကျမ်းစာ၌ မှတ်တမ်းတင်ထားပါသည် (၁ပေ ၂း၂၂)။
သို့သော်ကျမ်းစာ၌ ခရစ်တော်က သူ့ဖြစ်အင် ကို ဤသို့ဖော်ပြထားလေသည်။
ငါပြုသော ကျေးဇူး အတွက် သူတို့သည် ငါ့အသက်ကို လုယူခြင်း တည်း ဟူသော
မကောင်းသောအရာကိုဆပ်ပေးကြ၏။ (ဆာ ၃၅း၁၁-၁၂)
ခရစ်တော်သည် ဣသရေလလူတို့အား မြင့် မြတ်သော တရားဒေသနာ ဟောပြောခြင်း၊ အနာ
ရောဂါငြိမ်းစေခြင်း၊ သေသူများကိုပင် ရှင်စေခြင်း တည်းဟူသော
ကျေးဇူးများစွာကို ပြုခဲ့၏။ သို့သော် သူရရှိသော ကျေးဇူး၏ အခမူကား
လက်ဝါးကပ်တိုင်၌ ရိုက်ထားခံရခြင်းပေတည်း။
ထို့ကြောင့် ခရစ်တော်က ယုဒရှကရုတ်အား ဤသို့ မိန့်ဆိုခဲ့လေသည်။
ငါ့နှင့် အတူစားသော သူသည် ငါ့ကိုခြေနှင့် ကျောက်သတည်း (ယော ၁၃း၁၈)
မှန်ပါသည် ယုဒရှကရုတ်သည် ခရစ်တော် ကိုယ်တိုင် ရွေးကောက်ထားသော တမန်တော်
(၁၂) ပါးထဲက တစ်ယောက်ဖြစ်ပါသည်။ ခရစ်တော်နှင့် အတူအိပ်၊ အတူစား၊
အတူသွားလာခဲ့သူ ဖြစ်လေ သည်။ ခရစ်တော်၏ မေတ္တာကို ခံစားခဲ့သူ ဖြစ်လေ သည်။
သို့သော် သူ၏ တုန့်ပြန်ချက်ကိုကြည့်ပါ။ သားရေပေါ်အိပ်၊ သားရေနားစားသော
အလုပ်မျိုး လုပ်ခဲ့သည်ကို တွေ့ရပေမည်။
ချစ်သောမိတ်ဆွေ ဘုရားနှုတ်ကပတ်တော်နှင့် အညီ အကောင်းဆုံးကိုလုပ်ပါ။
သို့သော် လူတွေထံမှ ထိုအကျိုးကို မမျှော်လင့်ပါနှင့်။ အဘယ့်ကြောင့်
ဆိုသော် လူတွေအပေါ် အကောင်းပြုတိုင်း အကောင်း ပြန်မလာတတ်ပါ။
စိုက်ပျိုးရေးသမား တစ်ယောက်မြေကို တူး၍ ကျောက်ခဲတို့ကို
ရှင်းလင်းစေပြီးမှ အကောင်းဆုံးသော စပျစ်နွယ်ပင်တို့ကို
စိုက်ပျိုးတော်မူ၏။ ဥယျာဉ်ထဲမှာ မှီခိုရာတဲလင့်ကိုလည်း ဆောက်၍
စပျစ်သီးနယ်ရာ ကျင်းကိုလည်း တူးတော်မူ၏။ ထိုအခါ စပျစ်သီးကို သီးမည်ဟု
မျှော်လင့်သော်လည်း ဗောရှသီးကို သီးပါ သည် တကား (ဟေ ၅း၂)။
ချစ်သော မိတ်ဆွေ ၊ အကောင်းလုပ်ပြီး အကောင်းရခြင်းသည် ဗ ှငိန ဖြစ်ပြီး
အကောင်းလုပ် လျက် အဆိုးဖြစ်လာရခြင်းသည် ြ ှငိန ဖြစ်လေ သည်။
ဆာလံဆရာက အကျွနု်ပ်၏ မေတ္တာတွက် သူတို့သည် ရန်ဘက်ပြုကြပါ၏။ အကျွနု်ပ်ပြုသော
ကျေးဇူးအတွက် မကောင်းသော အပြစ်ကိုလည်း ကောင်း၊ အကျွနု်ပ်မေတ္တာအတွက်
မုန်းခြင်းကို လည်းကောင်း ဆပ်ပေးကြပါ၏။ (ဆာ ၁၀၉း၄-၅)။
ဤသည်မှာ ြ ှငိန ဖြစ်လေသည်။
ထို့အတူ ဘုရားကိုကြောက်ရွံ့ပြီး ဘုရားစကား နားထောင်လျှင်
ကောင်းစားခြင်းသို့ ရောက်မည်ဟူ သော စကားသည် ဗ ှငိန သာဖြစ်လေသည် (ယောဘ
၂၂း၂၁)။
အဘယ့်ကြောင့်ဆိုသော် မတရားသော သူတို့ သည်လည်း အကြံထမြောက်ကြပြီ
သစ္စာပျက်သောသူ တို့သည်လည်း ချမ်းသာနေကြသောကြောင့်တည်း (ယေ ၁၂း၁၁)။
ထို့အတူ ဆာလံ (၇၃) တစ်ခန်းလုံးကို ဖတ် လျှင် မတရားသောသူများ
စည်းစိမ်ချမ်းသာနှင့် ကောင်းစား နေကြသည်ကို တွေ့ရပေမည်။
ထို့ကြောင့် ဗ ှငိန နှင့် ြ ှငိန နှစ်ဘက်စ လုံးကို သိဘို့လိုပါသည်။
ချမ်းသာတိုင်းလည်း ဘုရား ကောင်းကြီးဖြစ်သည်ဟု မထင်ပါနှင့်။ စာတန်ပေး သော
ချမ်းသာလည်းရှိသည်ကို သတိပြုပါ။
ဘုရားသခင်ကို ယုံသာကြောင့် အောင်မြင်ခြင်း
ဘေးလွတ်လုံခြုံခြင်းရှိသည်ဆိုသော စကားသည် ဗ ှငိန သာရှိသေးလေသည်။
ဘုရားသခင်ကို ယုံသော ကြောင့် ခဲနှင့်အပေါက်ခံရသူများ
လွှနှင့်အပိုင်းပိုင်း အဖြတ်ခံရသူများ ချည်နှောင်ခြင်းကိုခံ၍အကျဉ်းချ
ထားခြင်းခံရသူများ ထားလက်နက်နှင့် ကွပ်မျက်ခြင်း ခံရသူများလည်း ရှိလေသည်
(ဟေဗြဲ ၁၁း၃၅-၃၇)။
ထို့ကြောင့် ကျွနု်ပ်တို့ ယုံကြည်သူ ခရစ်ယာန် များ ဘုရားစကား
နားထောင်လျက်နှင့် ဒုက္ခ၊ သုခ ကြုံတွေ့နိုင်သည်ကို သိထားရပါမည်။ ဘုရားစကား
အတိုင်းနာခံလိုက်လျှောက်ပါလျက်နှင့် ပြဿနာဖြစ် လာခဲ့သော် ဘုရားသခင်၏
အခွင့်တော်ကြောင့် ဖြစ်သောကြောင့် ဝိညာဉ်အကျိုးအတွက် ဖြစ်မည်ကို
တွက်ထားရပေမည် (ရော ၈း၂၈)။
နောက်တစ်ချက် သိထားရမည့် အချက်တစ်ခု မှာ
ပိလတ်မင်းက ငါသည် သင့်ကို လက်ဝါးကပ် တိုင်ပေါ်မှာ
ရိုက်ထားပိုင်သည်ကိုလည်းကောင်း၊ လွှတ် ပိုင်သည်ကိုလည်းကောင်း၊ မသိသလောဟု
ယေရှုအား မေးသောအချိန်မှာ ပြန်ဖြေသော စကားဖြစ်ပါသည်။ အထက်အရပ်မှ
အခွင့်ကို မရလျှင် မင်းကြီသည် ငါ့ကို အဘယ်သို့မျှ မပြုပိုင်သူသော ခရစ်တော်၏
မိန့်မှာ ချက်စကားဖြစ်ပါသည်။
ယနေ့ယုံကြည်သူသည် ဘုရားသားများဖြစ် သည်။ ထို့ကြောင့်အထက်က
ဘုရားအခွင့်မရှိဘဲ ငါတို့ အပေါ်မှာ အဘယ်သူမျှ အဆိုးအကောင်းမပြုနိုင်။
အကောင်းအတွက် အဆိုးကိုရသည့်တိုင်း စိတ်မပျက် ဘဲ၊ ဘုရားစကားအပေါ်ဆက်လက်
နာခံဘို့လိုအပ်ပါ သည်။
ထို့ကြောင့် ငါတို့သည် အားလျော့စိတ်မပျက်ဘဲ ကောင်းသော အကျင့်ကို
ကျင့်ကြကုန်အံ့။ ထိုသို့ တည်ကြည်၍ ကျင့်လျှင် အချိန်တန်သောကာလ၌
အသီးအနှံကို ရိတ်ရကြလိမ့်မည် (ဂလ ၆း၉)။
ချစ်သောမိတ်ဆွေ မိမိပြုသောကျေးဇူးအတွက် လူတွေက အပြစ်နှင့်မုန်းခြင်းကို
ဆပ်ပေးကြသော် လည်း လူ၏ အမှုကိုသာ ဆောင်ရွက်သကဲ့သို့ မဟုတ်။ ဘုရားသခင်၏
စာနာစိတ်နှင့် ပြုကြလော့။ အမွေ တော် တည်းဟူသော အကျိုးကို ထိုသခင်ဘုရား ၏
လက် တော်မှ ခံရလိမ့်မည်ဟု သိမှတ်ကြလော့ (ကော ၃း၂၃-၂၄)
စာရှုသူတိုင်း ဘုရားရှင်ကောင်းချီးပေးပါစေ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
စစ်မှန်သော လုံခြုံမှု
လောကမှာ ရွှေငွေဥစ္စာချမ်းသာတိုင်း လုံခြုံမှု အရေးကြီးကြောင်း
နားလည်ကြသည်။ အိုးအိမ်လုံခြုံ မှုအတွက် အုတ်တံတိုင်းများ ကာရံကြသည်။
တချို့ အိမ်များတွင် သံဆူးကြိုးဖြင့် ဝိုင်းရံကြသည်။ တချို့အိမ် များ၌
အိမ်စောင့်ခွေးကို ဈေးကြီးကြီးပေးပြီး မွေးထား ကြသည်။ သာမာချမ်းသာသူများ
ကျပြန်တော့ လစာ ပေးပြီ ညစောင့်ခန့်ကြသည်။ ထိုသို့သော လုပ်ဆောင်
ချက်အားလုံးသည် လုံခြုံမှုအတွက် မဟုတ်ပါလော။
သို့သော် လူလုပ်သော လုံခြုံမှုသည် စစ်မှန် သော လုံခြုံမှုကို မပေးနိုင်။
အဘယ့်ကြောင့်ဆိုသော် လူတို့ဆီးတား၍မရသော သဘာဝဘေးများကြောင့်
မြေငလျင်လှုပ်ခြင်း၊ ရေကြီးခြင်း၊ မီးလောင်ခြင်း၊
လေမုန်တိုင်းတိုက်ခတ်ခြင်းများ နေ့စဉ်နှင့်အမျှ သတင်း စာ၊ ရေဒီယို၊
တီဗွီထဲမှာ တွေ့မြင်နေရသည်မှာ လူတိုင်း အသိပင်ဖြစ်ပါသည်။
ယခုလတွင် ချစ်သောယုံကြည်သူမိတ်ဆွေများ အတွက် စစ်မှန်သော
လုံခြုံမှုအကြောင်း ယေရမိကျမ်း ထဲမှ ကောက်နှုတ်ပြီး တင်ပြလိုက်ပါသည်။
ပရောဖက် ယေရမိခေတ်ကာလ၏ နောက်ခံအခြေအနေကိုကြည့် လျှင် ယနေ့အခြေအနေနှင့်
အလွန်ဆင်တူကြောင်း တွေ့နိုင်လေသည်။ ယေရမိခေတ်ကာလက ဣသရေ လလူတို့သည်
ဖောက်ပြန်ပျက်စီးယိုယွင်းနေသော ကာလဖြစ်ပါသည်။
]]ဖောက်ပြန်သော ဣသရေလသည် မတရား သော မေထုတ်ကိုပြု၍ မှားယွင်းသောအပြစ်များ
ကြောင့် သူနှင့်ငါကွာ၍ဖြတ်စာကို အပ်သော်လည်း သစ္စာပျက်သော ညီမယုဒသည်လည်း
မကြောက်ပဲ သွား၍ ပြည်တန်ဆာလုပ်ကြောင်းကို ငါမြင်ရ၏။ သူသည်
မတရားသောမေထုန်ကိုပြု၍ အလွန်လော် လည်သောအားဖြင့် ပြည်ကို ညစ်ညူးစေ၍
ကျောက် နှင့်လည်းကောင်း၊ သစ်တုံးနှင့်လည်းကောင်း၊ မှား ယွင်းလေ၏}} (ယေရမိ
၃း၈-၉)
ချစ်သောမိတ်ဆွေ ယခုကျွနု်ပ်တို့ခေတ်မှာ လည်း မတရားသောမေထုန်၊
ပြည့်တန်ဆာလုပ်ငန်း စသည်တို့မှာ မြို့တိုင်း၊ ရွာတိုင်း၌ရှိနေလေပြီ။
ကျွနု်ပ်တို့ ယုံကြည်သူများထဲမှာ ပြည့်တန်ဆာမရှိဟု တချို့သူများ
ငြင်းချင်ပေလိမ့်မည်။ ပြည့်တန်ဆာဆိုသည်မှာ မိမိကိုး ကွယ်သော ဘုရားကို
ကျောခိုင်း၍ ဘုရားနေရာမှာ ထားသောအရာ၊ စွဲလမ်းတပ်မက်သော အရာဟူသမျှ သည်
ရုပ်ထုကိုးကွယ်ခြင်း၊ တနည်းအားဖြင့် ထိုအရာ နှင့်
ပြစ်မှားခြင်းဖြစ်လေသည်။
ကျွနု်ပ်တို့သည် ယုံကြည်သူခရစ်ယာန်များ ဖြစ်သောကြောင့် ကျောက်တုံး၊
သစ်တုံးနှင့် မှားယွင်း ခြင်း မရှိဟု ငြင်းဆန်ပေလိမ့်မည်။ ချစ်သော
မိတ်ဆွေ ဘုရားထက်သာ၍ ဦးစားပေးသောအရာ ရွှေ၊ ငွေ၊ ရာထူး၊ ဂုဏ်၊ စည်းစိမ်၊
လူပုဂ္ဂိုလ်စသည်တို့သည် ကျွနု်ပ်တို့အတွက် ရုပ်ထုဖြစ်တတ်လေသည်။
ထို့ကြောင့် မတရားသော မေထုန်၌ မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊
ကိလေသာပူပန်ခြင်း၊ ဆိုး ညစ်သော တပ်မက်ခြင်း၊ ရုပ်ထုကို ကိုးကွယ်ခြင်း
ဖြစ် သော လောဘလွန်ကျူးခြင်းတည်းဟူသော မြေကြီး ပေါ်မှာရှိသော သင်တို့၏
ကိုယ်ခန္ဓာတို့ကို သေစေကြ လော့။ (ကော ၃း၅)။ ဤကျမ်းချက်အရ ကျွနု်ပ်တို့
သည်လည်း ယေရမိခေတ်ကာလကဲ့သို့ ရုပ်ထု ကိုး ကွယ်သူများ၊
မတရားသောမေထုန်ပြုသူများ၊ ပြည့်တန် ဆာဖြစ်မှန်းမသိ၊
ပြည့်တန်ဆာလုပ်နေသူများ ဖြစ်နေ ပါသလား။ မိမိကိုယ်ကို ဆန်းစစ်ကြပါစို့။
ငါထာဝရဘုရားသည် လူအသီးသီးတို့အား မိမိ တို့အကျင့်အတိုင်း
မိမိတို့ခံထိုက်သော အကျိုးအပြစ်ကို ပေးခြင်းငှာ နှလုံးကျောက်ကပ်တို့ကို
စေ့စေ့စစ်ကြော တတ်၏ (ယေရမိ ၁ရး၁၀)။ အထက်ပါထာဝရဘုရား မိန့်မှာစကားအတိုင်း
ဣသရေလလူတို့၏ အပြစ် အတွက် အပြစ်ဒဏ်ပေးဘို့ ဗာဗုလုန်အစိုးရကို ဘုရား
သခင်အခွင့်ပေးခဲ့လေသည်။ ပရောဖက်ယေရမိအားြ ဖြင့် ဘုရားသခင်သည်
ဣသရေလလူတို့ကို သတိပေး ခဲ့သည်။ ယေရုရှလင်မြို့မှာမနေပဲ
ဗာဗုလုန်နိုင်ငံသို့ ပြောင်းရွှေ့ကြရန် ထိုတိုင်းပြည်မှာ အိမ်ဆောက်ပြီး
နေကြရန် ဥယျာဉ်တို့ကို စိုက်ပျိုးကြရန် ခေါင်းပါးခြင်း မရှိ၊
တိုးပွားများပြားမည့်အကြောင်း မယားနှင့်နေ၍ သားသမီးများကို
ဖွားမြင်ကြလော့။ ထိုမြို့၏ ငြိမ်သက် ခြင်းအားဖြင့် သင်တို့သည်
ငြိမ်သက်ခြင်းရှိမည်အ ကြောင်း ထာဝရဘုရားမိန့်ဆိုခဲ့သည် (ယေရမိ ၂၉း၄-၇)။
သို့သော် ဣသရေလလူတို့သည် ခေါင်းမာ သည်သာမက ယေရမိကိုပါ ကွပ်မျက်ရန်
ရှင်ဘုရင် အား တိုင်ကြားခဲ့သည်။ ချစ်သောမိတ်ဆွေ ယေရမိ ခေတ်ကာလတုန်းက
ဘုရားလူများကို ရန်ရှာလျက် သတ်ချင်သော စိတ်ရှိသကဲ့သို့ ယနေ့တွင်လည်း မတ
ရားသောသူများသည် ဘုရားလူများကို မုန်းတီးလျက် ရှိသည်။
ယေရမိသည် အသတ်မခံရသော်လည်း မြေ တွင်းထဲသို့ ချထားခြင်းခံရပြီး ရွှံ့ထဲမှာ
ကျွံလျက်ရှိ ကြောင်း တွေ့ရ၏ (ယေရမိ ၃၈း၁-၆)။ ထိုအချိန်၌ ကုရှအမျိုး၊
ဧဗဒမေလက်သည် ရှင်ဘုရင်ထံဝင်၍ ယေရမိမြေတွင်းထဲမှ ကယ်နှုတ်ဘို့လျှောက်ထားခဲ့
သည်။ ရှင်ဘုရင်၏ အမိန့်တော်အားဖြင့် လူသုံးဆယ် နှင့်တကွ ယေရမိကို
မြေတွင်းထဲက ကြိုးနှင့်ဆွဲတင်ခဲ့ ကြရသည်။ (ယေရမိ ၃၈းရ-၁၃) တပါးအမျိုးသား
ဖြစ်သော ဧဗဒမေလက်သည် ဘုရားသခင်ကို ကိုးစား သောကြောင့် ဘုရင်၏ပဌမအမိန့်ကို
မကြောက်ပဲ ယေရမိကိုကယ်နှုတ်ဘို့ ရဲဝံ့စွာလျှောက်ထားခဲ့သည်။ ဤသို့ ဧဗဒမေလက်၏
ရဲစွမ်းသတ္တိကြောင့် ရှင်ဘုရင် သည်လည်း မနေသာတော့ပဲ ယေရမိကို မြေတွင်းထဲမှ
ကယ်နှုတ်ခွင့်ပေးခဲ့ခြင်းဖြစ်လေသည်။
ဘုရားရှင်သည် ပြောလျှင် ပြောသည့်အတိုင်း တရားစီရင်သော ဘုရာဖြစ်လေသည်။
ဤတစ်ခါ ဣသရေလလူတို့ အပြစ်စီရင်ဘို့ ဗာဗုလုန်အစိုးရကို ဧကန်စေလွှတ်တော့မည်။
ယေရုရှလင်မြို့၌ နေသော သူသည် ထားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေး
တို့နှင့် သေကြလိမ့်မည် (ယေရမိ ၃၈း၁-၃)။
သို့သော် ကုရှအမျိုးသား ဧဗဒဗေလက်ကို ဆင့်ဆိုရမည်မှာ ဣသရေလအမျိုး၏
ဘုရားသခင်မိန့် တော်မူသည်ကား ယေရုရှလင်မြို့ကို ဖျက်ဆီးခြင်းငှာ
ငါ့စကားကိုတည်စေမည်။ ကာလအချိန်ရောက်လျှင် သင့်စိတ်၌
ငါ့စကားပြည့်စုံလိမ့်မည်။ သို့သော်လည်း ထိုကာလ၌ သင့်ကို ငါကယ်နှုတ်မည်။
သင်ကြောက် သောသူလက်သို့ သင်မရောက်ရ ငါသည် သင့်ကို စင်စစ် ကယ်နှုတ်မည်။
သင်ငည် ဓါးဖြင့်မဆုံးရ၊ လက်ရ ဥစ္စာကို ရသကဲ့သို့ ကိုယ်အသက်ကို ရလိမ့်မည်။
အကြောင်းမူကား သင်သည်ငါ့ကို ကိုးစားသောကြောင့် တည်းဟု
ထာဝရဘုရားမိန့်တော်မူ၏ (ယေရမိ ၃၉း၁၅-၁၈)
ချစ်သောမိတ်ဆွေ ဤမျှလောက်သေကြေ ပျက်စီးနေချိန်မှာ ဧဗဒမေလက်တစ်ယောက်
လုံခြုံစွာ နေရခြင်း၏ အကြောင်းရင်းကို တွေ့ရပါသလား။ သူသည်
အသက်ရှင်တော်မူသော ဘုရားသခင်ကိုု ကိုးစားခိုလှုံသောကြောင့်တည်း။
တနည်းအားဖြင့် ဘုရားကို ကိုးစားခြင်းဆိုသည်မှာ စကားနားထောင် ခြင်းပင်
ဖြစ်ပါသည်။
ကိုးစားနားထောင်
ခြားသောလမ်းရှာမတွေ့
ယေရှု၌ချမ်းသာရအောင်
ကိုးစားနားထောင်ရလေ။
ဤ ဃ့သး လေးသည် ယခုခေတ်အတွက် အလွန်လိုအပ်သော ဓမ္မတေးဖြစ်ပါသည်။
ငါ့စကားကို နားထောင်သောသူမူကား လုံခြုံ စွာနေ၍ ဘေးကိုမကြောက်ပဲ
ငြိမ်ဝပ်လိမ့်မည် (သုတ္တံ ၁း၃၃)
ချစ်သောမိတ်ဆွေ လုံခြုံမှုကို လူ့ဉာဏ်၊ လူ့အစွမ်းအားဖြင့် လုပ်ယူ၍
ရကောင်းရနိုင်မည်။ သို့သော်ငြိမ်ဝပ်ခြင်း၊ ငြိမ်သက်ခြင်းကိုမူ ဖန်တီးယူ၍
မရနိုင်ပါ။ ဖြောင့်မတ်ခြင်းတရားသည်လည်း ငြိမ်သက် ခြင်း ကိုပြုစုလိမ့်မည်။
ဖြောင့်မတ်ခြင်း၏ အကျိုးမူကား ထာဝရငြိမ်သက်ခြင်း၊ လုံခြုံခြင်းတည်း
(ဟေရှာ ၃၂း၁၇)။
သင်သည် ခရီးသွားရာ၌ ဘေးမရှိ၊ ခြေမတိုက် မိဘဲ သွားလိမ့်မည်။ အိပ်သောအခါ
ကြောက်စရာ မရှိရ။ ကောင်းမွန်စွာ အိပ်ပျော်ရလိမ့်မည်။ လျှင်မြန် သော
ဘေးနှင့် လူဆိုးတွေ့တတ်သော ပျက်စီးရာဘေး ကို ကြောက်စရာမရှိ၊
အကြောင်းမူကား ထာဝရဘုရား သည် သင်ယုံကြည်ကိုးစားစရာဖြစ်၍ သင့်ခြေကို
မကြော့မိစေခြင်းငှာ စောင့်မတော်မူလိမ့်မည် (သုတ္တံ ၃း၃၂-၂၆)။
ထို့ကြောင့် ချစ်သောမိတ်ဆွေ စစ်မှန်သော လုံခြုံမှုကို ခံစားလိုပါက
နေ့စဉ်အသက်တာမှာ ထာဝရဘုရားကို စိတ် နှလုံးအြွကင်းမဲ့ကိုးစားပါ။ (သု ၃း၅-၆)
ဧဗမေလက်ကဲ့သို့ ဘုရားသခင်၏ လူများကို လက်ခံစောင့်ရှောက်ပါ။ (ဆာ ၃၄း၆-၁၀)
ထာဝရဘုရားကို ကြောက်ရွံ့သော သဘော ထားကား ဒုစရိုက်ကို မုန်းသောသဘောတည်း (သု ၈း၁၃)
ဤဆောင်းပါးကို ဖတ်ရှုသူတိုင်းအပေါ် ထာဝရဘုရားထံတော်ပါးမှ စစ်မှန်သော
လုံခြုံမှုကို ရရှိ နိုင်ကြပါစေ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အောင်မြင်သောအသက်တာ၏ လျှို့ဝှက်ချက်
ဝမ်းမြောက်ရွှင်လန်းစွာ ခသ (၂ဝဝဝ)ထဲသို့ ဝင်ခွင့်ပေးသော ဘုရားသခင်၏
နာမတော်ကို ရှေးဦး စွာ ချီးမွမ်းလိုပါသည်။
စာဖတ်သူမိတ်ဆွေသည်လည်း ဤဆောင်းပါး အားဖြင့် အောင်မြင်သောအသက်တာကို လိုက်
လျှောက်နိုင်မည့်အကြောင်း ဆုမွန်ကောင်းများ တောင်းပေးလျက်ဖြင့်
ဘုရားသခင်၏ ကျေးဇူးတော် အပေါင်းကို ချီးမွမ်းပါ၏။
လူတို့၏ စိုးရိမ်ပူပန်ခြင်း
ယခုအခါ ခသ(၂ဝဝဝ)ထဲသို့ ဝင်ရောက်ရန် အတွက် အလွန်နီးကပ်သောအချိန်တွင်
လူတို့၏ စိတ်ထဲ၌ စိုးရိမ်ပူပန်မှုအမျိုးမျိုးဖြစ်ပေါ်နေပေသည်။ ့၂ု
နှင့်ပတ်သက်သော ပြဿနာများ ကမ္ဘာတစ်ဝှမ်း ကြုံတွေ့နိုင်စရာရှိသော
သဘာဝဘေးဒဏ်များ၊ ကျန်း မာရေးနှင့်ပတ်သက်သည့် စိုးရိမ်ပူပန်မှုများ၊ စားနပ်
ရိက္ခာခေါင်းပါးမှုကြောင့် ကြုံတွေ့ရမည့် ဒုက္ခဆင်းရဲ များ စသည့်ပြဿနာပေါင်း
သောင်းခြောက်ထောင် အတွက် လူတို့၏ စိတ်တွင် ငြိမ်သက်ခြင်းမရှိ စိုးရိမ်
ပူပန်လျက်သာရှိကြလေသည်။
လူတို့၏ ကြိုတင်ပြင်ဆင်မှုများ
လူတို့သည် အနာဂတ်အတွက် အသက်တာ အောင်မြင်ခြင်းရရှိရန် နည်းမျိုးစုံဖြင့်
ပြင်ဆင်လျက် ရှိကြ၏။ တစ်ချို့က စားဝတ်နေရေး ပြဿနာပြေလည် ရန်အတွက်
မိမိပိုင်ဆိုင်သော ငွေများကို ဘဏ်ထဲ၌ ကြိုတင်စုဆောင်းထားခြင်း၊
သားသမီးများပညာတတ် ရန်အတွက် ငွေကုန်ကြေးကျခံ၍ အကောင်းဆုံး ကျောင်းများ၌
ထားရှိခြင်း၊ မိမိကျန်းမာရေးအတွက် လေ့ကျင့်ခန်းလုပ်ခြင်း
ဆေးဝါးများမှီဝဲသုံးဆောင်ခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊
မိသားစုဆရာဝန်များ ထားရှိ ခြင်း စသည်တို့ကို ပြုလုပ်ကြသည်။ ထို့အပြင်
စီးပွား ရေး လုပ်ငန်း၌ အစုရှယ်ယာများပါဝင်ခြင်း၊ ကုမ္ပဏီ များ
တည်ထောင်ခြင်း စသည့် လုပ်ငန်းထဲမှာ မိမိငွေ ကြေးမြှုပ်နှံထားကြလေသည်။
အဘယ့်ကြောင့်ဆို သော် လူ့အသက်တာ၏ အောင်မြင်ခြင်း၊ ဆုံးရှုံးခြင်း သည်
ငွေကြေး၊ ဥစ္စာ၊ ရှိ မရှိ အပေါ်တွင် မူတည်သည် ဟု
ယုံကြည်မှတ်ယူထားသောကြောင့် ဖြစ်လေသည်။
လူတို့၏ ဆုံးရှုံးရခြင်းအကြောင်းအရင်းများ
အမှန်မှာ လူတို့၏ အောင်မြင်ခြင်း၊ ကျဆုံးခြင်း များကို လေ့လာပါက
လောကီပညာမရှိခြင်း၊ ငွေကြေး ဥစ္စာမရှိခြင်းစသည့် အရာပေါ်တွင် မမူတည်ပေ။
ငွေကြေးရှိရာမှ လမ်းဘေးရောက်သွားသောသူများ၊ ပညာရှိလျက်
အရက်သမားဘဝရောက်သွားသော သူများလောကမှာဒုနဲ့ဒေးရှိကြောင်း တွေ့ရပေမည်။
အဓိကအကြောင်းရင်းမှာ အသက်ရှင်သော ဘုရားကို မရရှိခြင်း၊ ဘုရားရရှိသူများက
ဘုရားစကား။
ကျေးဇူးကန်းခြင်း
အတိုင်းအသက်မရှင်ခြင်း စသည့်အကြောင်း များသည် အဓိကကျဆင်းစေသော
အချက်များဖြစ် လေသည်။ အဲဂုတ္တုပြည် ကျွန်ခံရာမှ ထွက်လာသော ဣသရေလလူတို့ကို
ကြည့်ပါ။ သူတို့နှင့်အတူ ဘုရားရှိ ပါ၏။ သို့သော် သူတို့သည် ဘုရားစကားနား
မထောင် ကြပါ။ ဣသရေလလူတို့အသက်တာ ကျဆင်းရသည့် အကြောင်းရင်းများစွာအနက်
အဓိကကျဆင်းစေသော အချက်မှာ ဘုရားသခင်၏ ကျေးဇူးတော်ကို မသိတတ် ခြင်း၊
မြည်တမ်းခြင်းများကြောင့် ဖြစ်လေသည်။ ဣသရေလလူတို့သည်
နှစ်ပေါင်းလေးရာနှင့် သုံးဆယ် ကြာ အဲဂုတ္တုပြည်၌ ကျွန်ခံခဲ့သော
ဆင်းရဲဒုက္ခမှ ဘုရား သခင်သည် ကယ်နှုတ်ခဲ့သော်လည်း ကျေးဇူးမသိ တတ်၊
လူများတို့သည် ရေငတ်၍မောရှေကို ပြစ်တင် မြည်တမ်းလျက် ငါတို့မှစ၍
သားသမီးတိရစ္ဆာန်တို့ကို အငတ်ထား၍ သတ်ခြင်းအလိုငါ အဲဂုတ္တုပြည်မှ
အဘယ့်ကြောင့် ဆောင်ခဲ့သနည်းဟု ဆိုကြ၏။ ထိုအ ခါ မောရှေက အကျွနု်ပ်သည်
အဘယ်သို့ ပြုရမည် နည်း။ အကျွနု်ပ်ကို ခဲနှင့်ပစ်လုကြပါပြီဟု လျှောက်လေ ၏။
(ထွက် ၁ရး၃-၄)။ ဤကျမ်းစာချက်ကို ဖတ်ကြည့် လျှင် ဣသရေလလူတို့သည်
ဘုရားကျေးဇူး၊ မောရှေ ၏ကျေးဇူးကိုမသိတတ်သည်သာမက မြည်တမ်းပြစ် တင်လျက်
မောရှေကိုတောင်ခဲနှင့်ပစ်လုသည့်အထိ ကျေးဇူးကန်းလာသည်ကို တွေ့ရသည်။
ဤကဲ့သို့သော မြည်တမ်းခြင်းသည် ဒီတစ်ခါသာမဟုတ်ပါ။ အကြိမ် ကြိမ်အခါခါ
ပြစ်တင်ခဲ့ကြလေသည်။ တစ်ခါကလည်း အသားမစားရသည့်အတွက် ဤသို့မြည်တမ်းကြ၏။
ငါတို့သည် အဲဂုတ္တုပြည်၌ အမဲသားချက်သော အိုး ကင်းနားမှာထိုင်၍
ဝစွာစားရသောအခါ ထာဝရ ဘုရား၏ လက်တော်နှင့် သေလျှင်ကောင်း၏။ ယခုမူ ကား
ဤစည်းဝေးလျက်ရှိသော လူအပေါင်းတို့ကို ငတ်မွတ်ခြင်းအားဖြင့် သတ်လိုသောငှာ
ဤတော အရပ်သို့ ဆောင်စေပြီတကားဟု မောရှေနှင့် အာရုန် ကိုပြစ်တင်၍
မြည်တမ်းကြ၏။ (ထွက် ၁၆း၃)။
ငါတို့သည် အဲဂုတ္တုပြည်၌ မသေပါလေ။ ဤတော၌ မသေပါလေဟူ၍ ပြစ်တင်မြည်တမ်းသံကို
ဘုရားသည်ကြားသောအခါ အသက်နှစ်ဆယ်လွန် သောသူ ငါ့ကို အပြစ်တင်၍
မြည်တမ်းသောသူ အပေါင်းတို့သည် ဤတော၌ အသေကောင်ဖြစ်လျက် နေရစ်ကြလိမ့်မည်
(ထွက် ၁၄း၂၆-၂၉)။
ထို့ကြောင့် ဣသရေလအသက်ကြီးသူများထဲ တွင် ယောရှုနှင့်ဂါလက်ကလွဲပြီး
ခါနန်ပြည်သို့ မဝင်ခဲ့။ အဘယ့်ကြောင့်သူတို့အသက်တာ ကျဆင်းရပါသ နည်း။
ဆုံးရှုံးရပါသနည်း။ ကျေးဇူးတော်မသိတတ်ခြင်း၊
မချီးမွမ်းတတ်ခြင်းတို့ကြောင့်ဖြစ်လေသည်။ ယနေ့
လက်ရှိအမှုတော်ဆောင်များကိုလည်း သုံးသပ်ကြည့် ပါ။ အောင်မြင်နေသောသူများသည်
အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းတတ်သောသူများဖြစ်ကြောင်း
တွေ့ရပေလိမ့်မည်။
ဒါဝိဒ်အသက်တာအောင်မြင်ရခြင်းအကြောင်းရင်း
ချစ်သောမိတ်ဆွေ၊ ဆာလံကျမ်းကိုဖတ်ကြည့် ပါ။
ကျေးဇူးတော်ချီးမွမ်းခြင်းအသံကို အခန်းတိုင်း၌ ကြားရပေလိမ့်မည်။ ဤသည်မှာ
ဆာလံဆရာများ သည် နှလုံးသားမှ ထွက်ပေါ်လာသော ပဲ့တင်သံများ ဖြစ်လေသည်။
ဒါဝိဒ်အသက်တာကို ကြည့်ပါက တစ်ချိန်လုံးအဆင်ပြေနေရလို့
ချီးမွမ်းနိုင်ခြင်း မဟုတ် ပါ။ ဒါဝိဒ်အသက်တာ၌ ရှောလု၏ တိုက်လှန်ခြင်၊
ညီအစ်ကိုများ၏ ပြစ်တင်ခြင်း၊ သားသမီးများ၏ ပြဿနာစသည့်အခက်အခဲ
ပြဿနာမြောက်များစွာ ကို ရင်ဆိုင်လျက်ရှိလေသည်။ သို့သော် ဒါဝိဒ်သည်
ခပ်သိမ်းသော ကာလတို့„၌ ဘုရားသခင်၏ ကျေးဇူး တော်ကို
ချီးမွမ်းနိုင်သူဖြစ်လေသည်။
တစ်ခါက ဒါဝိဒ်သည် ရှောလုသတ်မှာကို ကြောက်သောကြောင့် ဖိလိတ္တိပြည်
အာခိတ်မင်းထံ ထွက်ပြေးလေ၏။ အာခိတ်မင်း၏ ကျွနု်ပ်တို့က ဒါဝိဒ် သည်
ဣသရေလဘုရင်မဟုတ်လော။ ရှောလု အ ထောင်ထောင်။ ဒါဝိဒ်အသောင်းသောင်း သတ်လေစွ
တကားဟု ဤသူရှေ့မှ အလှည့်လှည့် ကလျက်သီဆို ကြသည်မဟုတ်လောဟု လျှောက်ကြ၏။
ထိုစကားကို ဒါဝိဒ်သည် ကြားသောအခါ မှတ်မိလျက် အာသမင်း၊ အာခတ်ကို
အလွန်ကြောက်သောကြောင့် ရူးသွပ်ဟန် ဆောင်၍ နေ၏။ အာခတ်ကလည်း ကြည့်လော့။
ဤသူသည် အရူးဖြစ်၏။ အဘယ့်ကြောင့် ငါ့ထံသို့ သွင်းကြသနည်း။
အရူးလုပ်စေခြင်းငှာ သွင်းကြ သလော။ ဤသူသည် နန်းတော်ထဲမှာ ဝင်ရမလောဟု
ကျွနု်ပ်တို့အား ဆို၏ (၁ရာ ၂၁း၁၀-၁၅)။ ဆာလံကျမ်း ၃၄း၁-၂)ကို ဖတ်ကြည့်လျှင်
ဤသို့သောအချိန်အခါ၌ ပင် ဒါဝိဒ်သည် ထာဝရဘုရားသခင်အား ကောင်းကြီး
ပေးကြောင်း တွေ့ရမည်။ ငါသည် ခပ်သိမ်းသော ကာလတို့၌ ထာဝရဘုရားကို
ကောင်းကြီးပေးမည်။ ဂုဏ်ကျေးဇူးတော်ကို အစဉ်မပြတ်ြွမက်ဆိုမည်။ မှန်ပါ၏။
ဤဆာလံသည် ဒါဝိဒ်ကိုယ်တိုင် ဒုက္ခထဲမှာ ကျရောက်နေစဉ်
စပ်ဆိုထားသောဆာလံဖြစ်ပါသည်။
ဆိုလိုသည်မှာ ကောင်းစားသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ ထာဝရဘုရား၏
ကျေးဇူးတော်ကို ချီးမွမ်းမည်။ ကျန်းမာသည်ဖြစ်စေ၊ ဖျားနာသည်ဖြစ်စေ
ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းပါမည်။ အောင် မြင်သည် ဖြစ်စေ၊
ဆုံးရှုံးသည်ဖြစ်စေ၊ ဘုရားသခင်ကို ချီးမွမ်းမည်။ မည်ကဲ့သို့သော
အခြေအနေမျိုးမဆို ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းနိုင်ခြင်းသည်
ဒါဝိဒ်၏ အောင်မြင်ခြင်းအကြောင်းရင်ဖြစ်လေသည်။
သင်တို့စိတ်နှလုံးထဲ၌ ခရစ်တော်၏ ငြိမ်သက် ခြင်း အုပ်စိုးစေ။
ထိုသို့အလို့ငှာ သင်တို့သည် တစ်လုံး တစ်ကိုယ်တည်း၌ ခေါ်ထားတော်မူခြင်းကို
ခံကြသည် ဖြစ်၍ ကျေးဇူးတော်ကိုသိသော စိတ်ရှိကြလော့။ (ကော ၃း၁၅)။
ကျေးဇူးတော်ကို ချီးမွမ်းခြင်းသည် ဘုရားသခင် ၏
ကျေးဇူးတော်ကိုသိသောစိတ်မှ မြစ်ဖျားခံခြင်းဖြစ် လေသည်။
ကျေးဇူးသိတတ်ခြင်းသည်လည်း ကျေးဇူး ရှင်ကို သိကျွမ်းခြင်း၌ အခြေတည်လေသည်။
ဒါဝိဒ် သည် ထာဝရဘုရားသခင်၏ အလေ့အလာ၊ ဘုရား သခင်၏ ဂုဏ်တော်ကို
သိကျွမ်းရုံမက၊ ဘုရားသခင် နှင့် အကျွမ်းတဝင် ရင်းနှီးမိတ်သဟာရ ဖွဲ့ခဲ့သော
ကြောင့် ဘယ်အချိန်အခါ ဘယ်အချိန်အခါမဆို ဘုရား သခင်ကို
ချီးမွမ်းနိုင်ခြင်းဖြစ်လေသည်။ ယုံကြည် စိတ်ချနိုင်ခြင်းဖြစ်လေသည်။
ထို့ကြောင့် စစ်တိုက်ပြီး အောင်မြင်လျှင်လည်း သူ့လက်နက် သူ့အစွမ်းကြောင့်
အောင်မြင်ခြင်းမဟုတ်၊ ဘုရားသခင်သာလျှင် ရန်သူလက်မှကယ်လွတ် ကြောင်း
စပ်ဆိုထားလေသည်။ ကိုယ်၌ပါသောလေးကို အကျွနု်ပ်သည် မကိုးစား၊ ကိုယ်ထားသည်
အကျွနု်ပ်ကို မကယ်ရပါ။ ကိုယ်တော်သာလျှင် အကျွနု်ပ်တို့ကို ရန်သူလက်မှ
ကယ်လွတ်တော်မူ၏ (ဆာလံ ၄၄း၆-၇)
တချို့လူများ ဆန်စပါး ၊ စပျစ်ရည်များရရှိ သောအခါ ဝမ်းမြောက်တတ်သည်မှာ
ဓမ္မတာပင်မ ဟုတ်ပါလော။ သို့သော် ဒါဝိဒ်၏ ဝမ်းမြောက်ခြင်းရှိ သည်ထက်
အကျွနု်ပ်ကိုသာ၍ ဝမ်းမြောက်စေတော်မူ ၏ (ဆာလံ ၄းရ)။ အချို့သောသူတို့သည်
ရထားကို လည်းကောင်း၊ မြင်းကိုလည်းကောင်း ချီးမွမ်းတတ် ကြပါ၏။
ယခုခေတ်အနေဖြင့် ပြောမည်ဆိုလျှင် တစ် ချို့သောသူတို့သည် မော်တော်ကားကို
လည်းကောင်း၊ အိမ်ကိုလည်းကောင်း ချီးမွမ်းတတ်ကြပါ၏။ သို့သော်
ဒါဝိဒ်မူကားမျက်မြင်သော အရာပေါ်၌သာချီးမွမ်းခြင်း မဟုတ်။ ငါတို့မူကား
ငါတို့ဘုရားသခင်တည်းဟူသော ထာဝရဘုရား၏ နာမတော်ကို ချီးမွမ်းကြလိမ့်မည်
(ဆာလံ ၂ဝးရ)။
ချစ်သောမိတ်ဆွေသည် ကောင်းကြီးပေးသော အရှင်ကို ချီးမွမ်းမည့်အစား
မြင်ရသော ကောင်းကြီး အပေါ်၌သာ ချီးမွမ်းနေပါသလား။
ဤသို့ပြုလျှင် ကောင်းကြီးမရသောအခါ သင်၏
ဝမ်းမြောက်ခြင်းနှင့်ချီးမွမ်းခြင်းသည်လည်း အသံတတ်သွားပေလိမ့်မည်။
တမန်တော်ရှင်ပေါလုက သခင်ဘုရား၌ အစဉ်မပြတ်ဝမ်းမြောက်ခြင်းရှိကြလော့။
တဖန်ငါဆိုသည်ကား ဝမ်းမြောက်ကြလော့ (ဖိ၄း၄)။ ထို့ကြောင့်
အောင်မြင်လိုသူဖြစ်လျှင် သခင်ဘုရား၌ ဝမ်းမြောက်ကြပါစို့။
မိမိလုပ်ဆောင်ချက် အောင်မြင်မှုအပေါ်တွင် သာဝမ်းမြောက်ခြင်းမျိုးမဟုတ်ဘဲ
ငါတို့နာမည်သည် ကောင်းကင်စာရင်း၌ရှိသည်ကိုသိပြီးသာ၍ ဝမ်း မြောက်ကြစို့
(လုကာ ၁ဝး၂၀)
ချစ်သောမိတ်ဆွေ သင်၏ ဆုံးရှုံးခြင်း၊ အောင် မြင်ခြင်းသည်
မိမိကြိုးစားအားထုတ်မှုအပေါ်တွင် မမူတည် စိတ်နေသဘောထားအပေါ်တွင် မူတည်လေ
သည်။ အရာရာကို အကောင်းမြင်ဝါဒဆိုသည်ထက် သမ္မာတရားအတိုင်း ရှုမြင်တတ်ပါက
ဧကန်မုချအောင် မြင်သူဖြစ်လာပါလိမ့်မည်။ လူတို့သည် စိတ်ရှိသည့် အတိုင်း
နှုတ်ြွမက်ကြသည်။ နှုတ်ြွမက်သည့်အတိုင်း ပြုမူကြသည်မဟုတ်ပါလော (မဿဲ ၁၂း၃၄)။
ထို့ ကြောင့် စိတ်နှလုံးအသစ်ပြင်ဆင်၍ ပုံသဏ္ဍာန်ပြောင်း လဲခြင်းသို့
ရောက်ကြလော့ (ရောမ ၁၂း၂)။
မည်ကဲ့သို့ စိတ်နှလုံးအသစ်ဖြစ်လာမည်နည်း။ ခရစ်တော်၏ စိတ်သဘောကို
သင်တို့၌လည်း ရှိစေ ကြလော့ (ဖိ၂း၄-၅)။ ခရစ်တော်ဘုရားကို ကျွနု်ပ်တို့
စိတ်နှလုံး၌ အုပ်စိုးခွင့်ပေးမှသာလျှင် ယေရှုခရစ်၏ စိတ်သဘောအတိုင်း
စိတ်နှလုံး၌ အုပ်စိုးခွင့်ပေးမှသာ လျှင် ယေရှုခရစ်၏ စိတ်သဘောအတိုင်း
စိတ်နှလုံး၌ အသစ်ရရှိလာပေလိမ့်မည်။
ထို့ကြောင့် အောင်မြင်သူတို့၏ လျှို့ဝှက်ချက် မှာ
ဘုရားသခင်နှင့်အကျွမ်းဝင်ရင်နှီးစွာ မိတ်သဟာရ ဖွဲ့ခြင်းဖြစ်လေသည် (ယောဘ
၂၂း၂၁)။
ဘုရားသခင်နှင့် ရင်းနှီးလာသောအခါ ဘုရားသခင်ထံမှ မေတ္တာဓါတ်၊ သစ္စာဓါတ်၊
ငြိမ်သက် ခြင်းဓါတ်၊ တန်ခိုးတော်စသည့် ဓါတ်များကူးလာပါလိမ့် မည်။ ထိုအခါ
ဘုရား၏အမြင်အတိုင်း မြင်တတ် လာမည်။ ဘုရား၏ သဘောတော်အတိုင်းခံယူ တုန့်
ပြန်တတ်လာပါလိမ့်မည်။ ဤသည်သာလျှင် အောင် မြင်ခြင်း
လျှို့ဝှက်ချက်ဖြစ်လေသည်။ ငါတို့ သခင် ယေရှုအားဖြင့် ငါတို့အား
အောင်မြင်ခြင်းအခွင့်ကို ပေးတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်သည်
ကြီးလှစွတကား (၁ကော ၁၅း၅၇)
ထိုသုံးဦးတို့သည် နှစ်သစ်အတွက် ကျွနု်ပ်၏ မိတ်ဆွေကောင်းများဖြစ်ကြသည်။
(၁) ကျွနု်ပ်ကိုချစ်သောသူ
ချစ်သောသူသည် ကျွနု်ပ်အား နူးညံ့သိမ်မွေ့ မှုကို သင်ပေး၏ (၁ယော ၃း၁၆)
(၂) ကျွနု်ပ်ကို မုန်းသောသူ
မုန်းသောသူသည် ကျွနု်ပ်အား သမာသတိ ရှိစေရန် သင်ပေး၏ (၁ပေ ၅း၈)
(၃) လစ်လျူရှုသောသူ
လစ်လျူရှုသောသူသည် ကျွနု်ပ်အား ကိုယ့်အား ကိုယ်ကိုးခြင်းကိုလည်းကောင်း
ဘုရားသခင်အား အားကိုးတတ်ရန်သင်ပေး၏။
ကိုယ့်မိဘတို့သည် အကျွနု်ပ်ကို စွန့်သော် လည်း ထာဝရဘုရားသည် အကျွနု်ပ်ကို
ချီယူတော် မူမည် (ဆာ ၂ရးဝဝ)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သင်ကောင်းလျှင် ကျွနု်ပ်မဆိုးပါ
သင်ကောင်းလျှင် ကျွနု်ပ်မဆိုးပါဟူသော ဤ ဆောင်ပုဒ်လေးကို နေရာတိုင်းလိုလို၌
တွေ့ရ၏။ တချို့ခရစ်ယာန်အိမ်၌လည်းတွေ့ရတတ်၏။ ဈေးဆိုင်၊ လဘက်ရည်ဆိုင်၊
ထမင်းဆိုင်တွေမှာလည်း တွေ့ရ၏။ ကားပေါ်၊ သင်္ဘောပေါ်မှာလည်း မြင်ရ၏။ ဤဆောင်
ပုဒ်၏ ဆိုလိုရင်းအဓိပ္ပါယ်ကို မိတ်ဆွေဆင်ခြင်ဘူးပါ သလား။
အဓိပ္ပါယ်မှာ သင်ကောင်းလျှင် ကျွနု်ပ်လည်း ကောင်းပါသည်။ သင်ဆိုးလျှင်
ကျွနု်ပ်လည်းဆိုပါသည် ဟုဆိုလိုပါသ်ည။ ဤဆောင်ပုဒ်သည် မယုံကြည်သူတို့
၏လက်သုံးစကားဖြစ်ပါသည်။ သူတို့အနေဖြင့် ဤသို့ တွေးခေါ်ပြုမူသည်မှာ
အပြစ်တင်ဖွယ်မရှိ။ သို့သော် ယုံကြည်သူခရစ်ယာန်တချို့ ဤဆောင်ပုဒ်အတိုင်း
ကျင့်ကြံပြုမူကြသည်သာမက ထိုစာတမ်းကို ဧည့်ခန်း များ၌ ရေးထိုးထားသည်မှာ
ဝမ်းနည်းစရာကောင်းလှ ပါသည်။ အဘယ့်ကြောင့်ဆိုသော် ကျွနု်ပ်တို့၏ ကယ်
တင်ရှင်ယေရှုခရစ်၏ ဩဝါဒနှင့်ဆန့်ကျင်ဘက် ဖြစ်နေ သောကြောင့်တည်း။
ယေရှုက ငါပညတ်သည်ကား နှောင့်ယှက် သောသူကို မဆီးတားနှင့်။ သင်၏
ပါးတစ်ဖက်ကို သူတစ်ပါးပုတ်လျှင် ကျန်တစ်ဘက်ကို လှည့်၍ ပေးဦး လော့။
သင့်အကျႌကိုယူလို၍ တရားတွေ့သောသူအား သင့်ဝတ်လုံကိုလည်း ယူစေခြင်းငှာ
အခွင့်ပေးဦးလော့။ အကြင်သူသည် သင့်ကိုအနိုင်ပြုÕ၍ ခရီးတတိုင်းသွား စေ။
ထိုသူနှင့်တကွ နှစ်တိုင်းသွားဦးလော့။ တောင်း သောသူအားပေးလော့။
ချေးငှားလိုသောသူကိုလည်း မငြင်းပယ်နှင့်ဟု အရှင်ယေရှုကိုယ်တိုင်
မိန့်ဆိုခဲ့ပါ သည် (မ ၅း၃၉-၄၂)။
အရှင်ယေရှု၏ ပညတ်တော်ကို သေသေချာ ချာလေ့လာကြည့်လျှင်
မတုန့်ပြန်ရမည့်အပိုင်းလေးပိုင်း ပါရှိကြောင်း တွေ့ရမည်။ တစ်နည်းအားဖြင့်
အဆိုးကို အဆိုးအားဖြင့် မတုန့်ပြန်ပဲ အဆိုးကိုအကောင်း အားဖြင့်
အနိုင်ယူဘို့ဖြစ်ပါသည်။
၁။ နှောင့်ယှက်သောသူကိုမဆီးတာနှင့်။
နှောင့်ယှက်ခြင်းဆိုသည်မှာ စိတ်ဝိညာဉ်ပိုင်း ဆိုင်ရာ
ခံရသောဝေဒနာဖြစ်သည်။ နှောင့်ယှက်ခြင်း နှင့်တွေ့ကြုံတွေ့လာသေအာခါ
စိတ်ဆင်းရဲရသည်။ စိတ်ဒုက္ခရောက်ရသည်။ထိုအခါ ကျွနု်ပ်တို့စိတ်သောက မှ
လွတ်ရာလွတ်ကြောင်း ရှာဖွေကြသည်။ တချို့က ထိုနှောင့်ယှက်သည့်
ပုဂ္ဂိုလ်(သို့)နေရာဒေသမှ ရှောင် ပြေးဘို့ ကြိုးစားကြသည်။ တချို့က
ဒုက္ခပေးနေသူကို ဖယ်ရှားလိုကြသည်။ တချို့က ထိုဒုက္ခထဲမှာ မကျေ မနပ်ဘဲ
ကြိတ်မှိတ်ပြီး ခေါင်းငုံ့သည်းခံနေကြသည်။
ဤသို့တုန့်ပြန်လျှင် တရားမျှတသည်ဟု သာသ နာပလူများက ယူဆကြသည်။ သို့သော်
ခရစ်တော်၏ ဩဝါဒနှင့်မကိုက်ညီပါ။ ဤစိတ်ထားသည် လောကီ သားများပင်လျှင်
လုပ်တတ်သော ဇာတိ သဘောပင် ဖြစ်လေသည်။
ထိုသို့ယုံကြည်သူတစ်ဦးအနေဖြင့် နှောင့်ယှက် ခြင်းကို ဆီးတားလျှင်
မှန်ပါမည်လော။ အရှင်ယေရှုဩ ဝါဒအတိုင်းဆိုလျှင် လုံးဝမမှန်ပါ။ အရှင်ယေရှုက
နှောင့်ယှက်သူကို မဆီးတားနှင့်ဟု မိန့်ဆိုထားပါ၏။ ဆိုလိုသည်မှာ
နှောင့်ယှက်ခွင့်ပြုလိုက်ပါ။ ဥပမာ-မိမိ အားအကြောင်းမဲ့ မုန်းသူကို
မုန်းခွင့်ပြုလိုက်ပါ။ လာပြီး ဆဲနေသူကို ဆဲခွင့်ပြုလိုက်ပါ။ အတင်းပြောနေ
သူကို လိုက်လံမဖြေရှင်းပါနှင့်ပြောပါလေစေ။ မိတ်ဆွေ စိတ် ဆင်းရဲစရာ
တစုံတခုခုပြုသူကို မတားပါနှင့်ပြုပါ စေဟု အဓိပ္ပါယ်ရှိပါသည်။
ဤသို့ ခေါင်းငုံ့ပေးလိုက်သည်ကို လောကီသား များမြင်တွေ့သောအခါ သင့်ကို
ဝေဖန်ပြစ်တင်ကြလိမ့် မည်။ အရှင်ယေရှုစကားအတိုင်း နားထောင်မည်ဆို လျှင်
မိတ်ဆွေကို ငပေါ၊ ငကြောင်၊ သတ္တိမရှိတဲ့သတ္တဝါ ဟူ၍ မြင်ကြလိမ့်မည်။
သို့သော် မကြောက်ပါနှင့်။ မတုန်လှုပ်ပါနှင့်။ မိတ်ဆွေပင်
အနိုင်ယူအောင်ပွဲခံ သွားမည်ကို ယုံကြည်ပါ။
တစ်ခါတစ်ပါး၌ ဆရာဝန်ကြီးတစ်ဦးသည် နှစ် ပေါင်းများစွာ ဒုက္ခခံ၍
ဆေးရုံတစ်ခုကို တရုတ်ပြည် ၌ တည်ထောင်ခဲ့လေ၏။ တရုတ်ပြည်တွင် ကွန်မြူနစ်
များ ချီတက်လာရာ လမ်း၌ ထိုဆေးရုံကို တွေ့သဖြင့် လုယက်ဖျက်ဆီးကြလေ၏။
သို့သော် ထိုဆရာဝန် သည် ထိုနှောင့်ယှက်မှုအတွက် ဝမ်းနည်းခြင်းမရှိ။
သူ့ဆေးရုံကို ဖျက်ဆီးသော စစ်တပ်များနောက်သို့ လိုက်လျက်၊ ဖျားနာသော
စစ်သား၊ ထိရှသော စစ်သား တို့ကို ကြည့်ရှုပြုစုကုသကာ နေရှာလေသည်။ ဤ
အချင်းအရာကို စစ်ဗိုလ်ချုပ်ကြီး ချန်ကေရှိတ် မြင် သော် မိမိမယားအား
ဤသို့မေးလေ၏။
]]ဒီလူမျိုးခြားဆရာဝန်ဟာ သူ့ဆေးရုံကို ဖျက် ဆီးတဲ့လူတွေကို
ကြည့်ရှုပြုစုနေတယ်။ ဘယ်လို သ ဘောမျိုးလည်းဟု မေးကြည့်ရာ မိမိဇနီးသည်က
အဲဒါ ခရစ်ယာန်သဘောပါဟု ပြန်ပြောလျှင်၊ စစ်ဗိုလ် ချုပ်ကြီးက
ငါလဲခရစ်ယာန်ဖြစ်လိမ့်မည်}}ဟု ဆိုလေ သည်။ ဤသို့တရုတ်ပြည်သမ္မတမင်းဖြစ်သော
ဗိုလ်ချုပ် ကြီးကိုယ်တိုင် ခရစ်ယာန် ဖြစ်လာရခြင်းမှာ နှောင့်
ယှက်ခြင်းကို မဆီးတားပဲ မေတ္တာဖြင့် တုန့်ပြန်လိုက် သော
အောင်ပွဲရလဒ်ကြီးမဟုတ်ပါလော။
ထို့ကြောင့် ခရစ်တော်၏ ဩဝါဒဆိုသည်မှာ နှောင့်ယှက်မှုကို သည်းခံပြီး
အံကြိတ်နေခြင်းမဟုတ်။ ခံရသောနစ်နာမှု၊ ရက်စက်မှု၊ ကြမ်းကြုတ်မှုတို့ကို တ
တွေးတွေး တစ်ဆွေးဆွေးမနေပဲ၊ ဆင်းရဲဒုက္ခကို လက်နက်သဖွယ်ဆုပ်ကိုင်၍
အကျိုးထင် အရာရောက် အောင်အသုံးချခြင်းဖြစ်လေ၏။
ဒုက္ခဆွဲငင်သွားရာသို့ လိုက်မသွားဘဲ ဒုက္ခ ရထားပေါ် သို့တက်ပြီးလျှင်
လိုရာစခန်းသို့ ရောက် အောင် မောင်းနှင်သွားခြင်းသည်သာ စစ်မှန်သော
တုန့်ပြန်ခြင်းဖြစ်လေသည်။ ချစ်သောမိတ်ဆွေ တစုံ တယောက်သောသူ၏
နှောင့်ယှက်ခြင်းကို ခံနေရပါ သလား။ အမျက်တော်ကို အခွင့်ပေးလိုက်ပါ။ တရား
သူကြီးဖြစ်သော ထာဝရဘုရားကိုယ်တိုင် အချိန်မှီ တရားသဖြင့်
တရားစီရင်ပါလိမ့်မည် (ဟေရှာယ ၃၃း၂၂။ ရောမ ၁၂း၁၉)
၂။ သင်၏ ပါးတစ်ဖက်ကို သူတစ်ပါးပုတ်လျှင် ပါးတစ်ဖက်သို့လှည့်၍ ပေးဦးလော့။
ဤစကားသည် အလွန်နာခံရန် ခက်ခဲသော စကားဖြစ်၏။ လူတို့သဘာဝမှာ
ပါးတစ်ဖက်ပုတ်သူ ကို ပါးနှစ်ဖက်ပြန်ပုတ်ချင်းသည်။ လက်သီးထိုးသူကို
ဓါးနှင့်ပြန်ခုတ်ချင်ကြသည်။ ဘယ်လူသားကမှ အနာ မခံချင်ကြသည်မှာ
လူ၏ဇာတိသဘောသဘာဝဖြစ်ပါ သည်။
သို့သော် အရှင်ယေရှုက ခန္ဓာ၌ခံတတ်သော ဝေဒနာကိုလည်း မငြင်းပယ်ပါနှင့်။
ပြန်၍မတုန့်ပြန်ပါ နှင့်။ ကျေကျေနပ်နပ်နှင့်ခံလိုက်ပါ။ ပါးတစ်ဖက်အပုတ်
ခံရလျှင် တစ်ဖက်ကိုလည်း လှည့်၍ အပုတ်ခံပါ။ အကြောင်းမူကား ဘုရားသခင်၏
မျက်နှာတော်ကို ထောက်၍ မတရားသောညှင်းဆဲခြင်းကို နာကြင်စွာ ခံရလျှင်
ကျေးဇူးရှိ၏။ ကောင်းမွန်စွာပြု၍ ဆင်းရဲခံရ သောအခါ သည်းခံလျှင်
ဘုရားသခင်ရှေ့၌ ကျေးဇူးရှိ ၏။ အကြောင်းမူကား ထိုသို့အလို့ငှာ
သင်တို့ကိုခေါ် တော်မူပြီး။ ခရစ်တော်သည် ငါတို့အတွက် ခြေတော် ရာကို
လျှောက်လိုက်စေခြင်းငှာ ပုံသက်သေကို ထားတော်မူပြီ။ (၁ပေ၂း၁၉-၂၁)
ချစ်သော်မိတ်ဆွေ ပေါလုနှင့်သိလကိုဆင်ခြင် ပါ။ ထောင်အတွင်း၌ လက်ထိပ်၊
ခြေထိပ်ခတ်လျက် ကျောကုန်း၌ ဒဏ်ချက်များစွာ အရိုက်ခံရလေ၏။ အဘယ့်ကြောင့်
ဤသို့ခံရသနည်း။ ဧဝံဂေလိတရား ကြောင့် ခံရလေ၏။ ဤသို့ ဒုက္ခဆင်းရဲနှင့်
ကြုံတွေ့ရ သောအခါ ညဉ်းညူခြင်းမပြု၊ ထိုဒုက္ခကို အသုံးချ လျက် သန်းခေါင်ယံ၌
ဂုဏ်တော်ချီးမွမ်းလျက် သီချင်း ဆိုကြ၏။ ထိုချီးမွမ်းသံသည်
ဘုရားကျိန်းဝပ်ရာ ကောင်းကင်ပလ္လင်သို့တိုင်အောင် ချီတက်လျက် ဘုရား
သခင်ကြားတော်မူသောအခါ မနေသာတော့ပဲ အောက်သံဖြစ်သော ငလျင်သံနှင့်
လိုက်ပေးတော်မူ ၏။ ထို့ကြောင့် မိုးမလှီးမှီ ထောင်မှူးနှင့် မိသားစု၊
အသက်သစ်ရလျက် ပြောင်းလဲခဲ့ကြလေသည်။ မိတ် ဆွေသင်သည် အဘယ်သူ၏
ညှင်းဆဲခြင်းကို ခံနေရပါ သနည်း။
ထိုနာကြင်မှုကိုလည်း ညည်းညူသံထွက်မည့် အစား
ချီးမွမ်းခြင်းအသံပြောင်းလိုက်ပါ။ ဧကန်အမှန် တစုံတခုခု
ပြောင်းလဲသွားပေလိမ့်မည် (၁သက် ၅း၁၇-၁၈)
၃။ သင့်၏ အကျႌကိုယူလို၍ တရားတွေ့သော သူအား သင့်ဝတ်လုံကိုလည်း
ယူစေခြင်းငှာ အခွင့် ပေးဦးလော့။
ဤမတရားလုယူမှုသည် ဥစ္စာပစ္စည်းနှင့်ဆိုင် ၏။ ကျွနု်ပ်တို့ပိုင်ဆိုင်သော
ဥစ္စာတစုံတခုကို အခြား သော သူတစ်ယောက်သော အဖိုးမပေးပဲ၊ လုယူခြင်း၊
ခိုးဝှက်ခြင်း၊ ဖျက်ဆီးခြင်းခံရသောအခါ၊ မိတ်ဆွေသည်
မည်သို့တုန့်ပြန်ပါသနည်း။
အရှင်ယေရှုက သင့်အကျႌကိုယူလိုသော သူ အား သင့်ဝတ်ရုံကိုပါ
ချွတ်ပေးလိုက်ပါဟု မိန့်မှာထား ပါ၏။ သို့ဖြစ်၍ ယုံကြည်သူတပည့်တော်များ
အနေဖြင့် ယုံကြည်သူအချင်းချင်း တရားဆွဲဆိုခြင်း မပြုလုပ် သင့်ပါ။
မိမိပစ္စည်းယူလိုသောသူကို ကျေနပ် စွာပေး ရမည်။ ခရစ်တော်သည် ဤဆုံးမဩဝါဒကို
လူတိုင်း အတွက်ပေးနေသည်မဟုတ်။ တပည့်တော်များကို
ရည်ညွှန်း၍ပေးနေခြင်းဖြစ်သည်။
ထိုအခါ နှုတ်တော်ကိုဖွင့်၍ တပည့်တော်တို့ အား ဆုံးမဩဝါဒပေးတော်မူသည်မှာ
ဟူသောအချက်ကိုကြည့်ခြင်းအားဖြင့် ယုံကြည် သူတပည့်တော်များအား
လမ်းညွှန်သော ဩဝါဒဖြစ် ကြောင်း သိရ၏ (မ ၅း၂) တဖန်ရှင်ပေါလုက
ညီအစ်ကိုချင်းတို့သည် တရားတွေ့သည်သာ မက မယုံကြည်သောသူတို့ရှေ့၌ပင်
ဘုရားတွေ့ပါ သည်တကား။ ထိုသို့သင်တို့သည် အချင်းချင်းတရား တွေ့သည့်အမှုမှာ
အလွန်ကြီးစွာသော အပြစ်ရှိကြ၏။ တရားမတွေ့ဘဲ ညှဉ်းဆဲခြင်းကို အဘယ့်ကြောင့်
မခံ သနည်း။ ကိုယ့်ဥစ္စာရှုံးခြင်းကို အဘယ့်ကြောင့် မခံသ နည်း။ ထိုသို
သင်တို့သည့်မခံဘဲ ညီအစ်ကိုချင်း တစ် ယောက်ကို တစ်ယောက် ညှဉ်းဆဲ၍ ညီအစ်ကို
ချင်း တို့၏ ဥစ္စာကို သိမ်းယူကြသည်တကား။ (၁ကော ၆း၆-၈)
ဤကျမ်းကိုဖတ်လျှင် ညီအစ်ကိုယုံကြည်သူ အချင်းချင်းသည်
တရားမစွဲဆိုသင့်ကြောင်း အကယ်၍ မကျေနပ်စရာများပေါ်လာပါက ရုံးတက်ပြီး
အမှုမဆိုင် ဘဲ အသင်းတော်၌သာ စီရင်ဆုံးဖြတ်ခြင်းခံရန် လမ်း ညွှန်ထားပါသည်။
အဘယ့်ကြောင့် ဘုရားသခင်သည် ဤသို့ လမ်းညွှန်ထားပါသနည်း။
ငါတို့ယုံကြည်သူများသည် လောကနှင့်မစပ်ဆိုင်ပဲ ကောင်းကင်ဘုံနှင့် စပ်ဆိုင်
သော ကြောင့်တည်း။ ဤလောက၌ မတရားလု ယူခြင်းများ ဖျက်ဆီးခံရခြင်းများ၊
ကောင်းကင်ဘုံ ရောက်သောအခါသာ၍ မြတ်သော ဘဏ္ဍာရှိသည် ကိုသိ၍ လုယူဖျက်
ဆီးခြင်းကို ဝမ်းမြောက်သောစိတ် နှင့် ဝန်ခံကြ၏ဟူ၍ တမန်တော်ပေါလုက
ယုဒဘာသာမှ ပြောင်းလဲလာ သောခရစ်ယာန်တို့အား တိုက်တွန်းအားပေးထားလေ သည်။
(ဟေဗြဲ ၁ဝး၃၄)
ထို့အပြင် ကျွနု်ပ်တို့ခရသော အကျိုးအပြစ်ကို ဘုရားသခင်ကိုယ်တိုင်
ဆပ်ပေးမည်ဟု ကတိပြုထား လေသည်။ ငါသည် အလျင်အမြန်လာမည်။ ငါသည်
အကျိုးအပြစ်ကို ဆောင်ခဲ့သည်ဖြစ်၍ လူအသီးသီးတို့ အား
မိမိတို့အကျင့်အတိုင်း ဆပ်ပေးမည် (ဗျာဒိတ် ၂၂း၁၂)။
သို့သော် မယုံကြည်သူက တရားဆိုင်လာလျှင် တရားရုံး၌ စီရင်ဆုံးဖြတ်မှုကို
လက်ခံရမည်။ မိမိက စ၍ တရားစွဲဆိုခြင်းမပြုလုပ်ရ။ ဘုရားများနှာကို
ထောက်ပြီး သည်းခံရမည်။ (၁ပေ ၂း၂၁)
၄။ အကြင်သူသည် သင့်ကို အနိုင်ပြု၍ ခရီးတစ် တိုင်းသွားစေ၏။ ထိုသူနှင့်တကွ
နှစ်တိုင်းသွားဦး လော့။
ဤအချက်သည် ရောမဥပဒေနှင့်ဆိုင်သော အချက်ဖြစ်ပါ၏။ ခရစ်တော်၏ ဤလောက၌ ခန္ဓာ
အားဖြင့် ထင်ရှားစဉ် ဣသရေလတိုင်းပြည်ကို ရောမ အစိုးရက
အုပ်စိုးနေသောကာလဖြစ်ပါ၏။ ထို့ကြောင့် ရောမဥပဒေထဲမှာ
မိမိနိုင်ငံသားမဟုတ်သော အခြား လူမျိုးတို့အား ကူလီအဖြစ် တစ်တိုင်အခမဲ့
ငှားပိုင်ခွင့် ရှိလေ၏။ ထို့ကြောင့် တစ်တိုင်ခရီးသည် ဥပဒေအရ
ထမ်းရမည့်တာဝန်ဖြစ်ပါ၏။ အလိုတူသည်ဖြစ်စေ၊ မတူ သည်ဖြစ်စေ
ထမ်းရမည့်အမိန့်ဖြစ်ပါ၏။ ထို့ ကြောင့် တစ်တိုင်ခရီးကိုမူ
ရွေးချယ်ပိုင်ခွင့်မရှိ။
သို့သော် နှစ်တိုင်ခရီးကိုမူ ထမ်းချင်လျှင် မိမိ သဘော၊ မထမ်းချင်လျှင်လည်း
မိမိသဘောသာဖြစ် သောကြောင့် ရွေးချယ်ပိုင်ခွင့်ရှိပါ၏။ ထို့ကြောင့်
ခရစ်တော်က အနိုင်ပြု၍ တစ်တိုင်သွားစေလိုသူနှင့် အတူ နှစ်တိုင်သွားပါဟု
မိန့်မှာခဲ့ခြင်းဖြစ်လေသည်။ (မ ၅း၄၁)
ချစ်သောမိတ်ဆွေတစ်တိုင်ခရီးသည် လောကီ သားများပင်လျှင်
သွားနိုင်သောခရီဖြစ်ပါ၏။ အဆွေ အမျိုးတို့အား လောကဝတ်ပြုလျှင် အဘယ်သို့ ထူး
မြတ်သနည်း။ သာသနာပလူတို့ပင် ထို့အတူပြုကြ သည်မဟုတ်လောဟု
ခရစ်တော်မိန့်ဆိုခဲ့လေသည်။ (မ ၅း၄၆)
တစ်ခါတစ်ရံ မိမိလုပ်ချင်သောအရာကို မလုပ် ဘို့တားမြစ်ခံရခြင်း၊
မလုပ်ချင်သောအရာကို လုပ်ဘို့ အမိန့်ပေးခံရခြင်းများ မိတ်ဆွေ
ကြုံဘူးပေလိမ့်မည်။ တစ်ခါက ဒါဝိဒ်သည် ဗိမာန်တော်ဆောက်ချင်လျက်
နှင့်မဆောက်ဘို့ ဘုရားသခင်၏ ဆီးတားခြင်းကို ခံရ လေ၏။ (၂ရာ ရး၁-၁၇)
ထိုအခါ ဒါဝိဒ်သည် ဘုရားသခင်၏ အမိန့် တော်ကို နာခံလေ၏။ ဤသည်မှာလည်း
တစ်တိုင် သွားစေလိုသူနှင့် နှစ်တိုင်သွားခြင်းပင်ဖြစ်၏။ တစ်ခါက
နတ်ဆိုးဆွဲခြင်းခံရာမှာ ခရစ်တော်ကြောင့် လူကောင်း ဖြစ်လာသူသည်
ခရစ်တော်နောက်ကို လိုက်ရန် အလိုဆန္ဒရှိပါ၏။ သို့သော် ခရစ်တော်က
သူ့နောက်ကို မလိုက်ပဲ အဆွေအမျိုးများထံ ဘုရားသခင်၏ သနား ခြင်းစိတ်တော်၌
အဘယ်မျှလောက် ကျေးဇူးပြုတော် မူသည်ကို ပြန်ကြားစေပါ၏။ ထိုသူ သည်
ထိုအမိန့်ကို နာခံလေ၏။ (မာကု ၅း၁၈-၂၀)
ထိုသူသည်လည်း တစ်တိုင်သွားရမည့် ခရီးကို နှစ်တိုင်သွားလေ၏ ။
တစ်ခါက ပေတရုသည်လည်း တစ်ညလုံး ငါး ဖမ်းရာ ငါးတစ်ကောင်မျှမရပဲ နေလေ၏။
ထိုအချိန်မှာ ခရစ်တော်နှင့် တွေ့ပြီး ဆေးလျှော်ပြီးသော ပိုက်ကွန်ကို
ပြန်ချဘို့ မိန့်ဆိုလေ၏။ ပေတရုသည် ဆင်ခြင်မပေးဘဲ အမိန့်တော်အတိုင်း
နာခံလျှက် ပိုက်ကွန်ကို ချလေ၏။ (လုကာ ၅း၄-၆)
နှစ်တိုင်သွားခြင်းဆိုသည်မှာ မိမိအလိုဆန္ဒ အလျောက်
စေတနာနှင့်လိုက်လုပ်ခြင်းသာမက မိမိ အလိုဆန္ဒကိုငြင်းပယ်လျက်
ဘုရားအလိုတော်ကို ဝန်ခံ ခြင်းပင်ဖြစ်လေသည်။ တစ်တိုင်သည် သဘာဝစိတ်
ထားဖြစ်သော်လည်း နှစ်တိုင်မူကား ဘုရားစိတ်သ ဘော ဘုရား၏
ဝိညာဉ်တရားဖြစ်လေသည်။ (ရောမ ၈း၂၂)။
ထို့ကြောင့် ချစ်သော မိတ်ဆွေသင်ကောင်း လျှင် ကျွနု်ပ်မဆိုးပါဟူသော
ဆောင်ပုဒ်ကိုပြန်လည် ဆင်ခြင်ကြည့်ပါ။ ခရစ်တော်၏ ဩဝါဒနှင့်ဆန့်ကျင်
ဖက်ဖြစ်နေသည်ကို တွေ့ရမည်။ ထို့ကြောင့် ထိုဆောင် ပုဒ်ကို
ကျွနု်ပ်တို့အသက်ရှင်ခြင်းဖြင့် ပြောင်းပြန်လှန်ပစ် ရမည်။ မိတ်ဆွေ
သင်ဆိုးလျှင် ကျွနု်ပ်ကောင်းပါ၏ ဟူ၍ ပြင်ရမည်။
ထို့ကြောင့် အကျွနု်ပ်တို့သည် ကောင်းကင်ဘုံ၌ ရှိသောအဘ စုံလင်သကဲ့သို့
စုံလင်သော သူဖြစ်ရပါ မည်။ ကောင်းကင်ဘုံအဘသားများပီပီ အသက်ရှင်ရ မည်။
ထို့ကြောင့် စိတ်ဝိညာဉ်၌ ခံရတ်တ်သော နှောင့် ယှက်ခြင်း၊ ကိုယ်ကာယ၌
ခံရတတ်သော ညှဉ်းဆဲခြင်း၊ ရုပ်ဝတ္ထုနှင့်ဆိုင်သော မတရားလုယူခြင်း၊
ဖျက်ဆီးခြင်း၊ ခိုးယူခံရခြင်းများကို ကျွနု်ပ်တို့ဖက်မှ တရားသဖြင့်
တုန့်ပြန်ပြုမူကြပါစို့။ သူတစ်ပါးတို့၏ ဆိုးမိုက်ပြုမူခြင်း များကို
ဘုရားမေတ္တာဖြင့် တုန့်ပြန်ကြပါစို့။
အကြောင်းမူကား ငါတို့သည် ဘုရားသခင်၏ အမွေခံဖြစ်ကြ၏။ ခရစ်တော်နှင့်အတူ
ဆင်းရဲဒုက္ခကို ခံရလျှင် ထိုသခင်နှင့် ဆက်ဆံသော အမွေခံလည်း ဖြစ်ကြ၏။ (ရောမ
၈း၁၇)
သစ္စာစကားမူကား ထိုသခင်နှင့်အတူသေလျှင် အတူရှင်လိမ့်မည်။ သည်းခံလျှင်
ထိုသခင်နှင့်အတူ စိုးစံလိမ့်မည် (၂တိ ၂း၁၁-၁၂)။
ကျမ်းစာလာသည်ကား အပြစ်တရားကို စီရင်ရသောအခွင့် အပြစ်နှင့်အလျှောက်
စီရင်ရသော အခွင့်ကို ငါပိုင်၏။ (တရား ၃၂း၃၅)
ထို့ကြောင့် အဆိုးအားဖြင့် အရှုံးမခံပဲ အ ကောင်းအားဖြင့် အနိုင်ယူကြပါစို့။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
၀ိညာဉ်တော် ဗတ္တိဇံနှင့်အမျိုးမျိုးသော ဘာသာစကား
နူနယ်သော ကျွနု်ပ်အသက်တာ
ကျွနု်ပ်သည် ၁၉၇၆ခုနှစ် မေလ(၅)ရက်နေ့ ယိုးဒယားပြည်၊ ဘန်ကောက်ဆေးရုံတွင်
သူနာပြု ဆရာမဒေါ်ဝေါ်ရီဖောအားဖြင့် ခရစ်တော်ဘုရားကို
မိမိကယ်တင်ရှင်အဖြစ်ဖြင့် လက်ခံယုံကြည်ခဲ့ပါသည်။ ထိုအချိန်မှစပြီး
သေပြီးလျှင် ကောင်းကင်ဘုံကို ဧကန် မုချရောက်မည့်အကြောင်းနှင့်
ထိုသို့ရထားသော ထာဝရအသက်သည် ဘယ်သောအခါမျှ မဆုံးရှုံးနိုင် ကြောင်း
သိခဲ့ရပါသည်။
သို့သော် မကြာပါ။ ကျွနု်ပ်အသက်တာ ထိုသို့ ပြောင်းလဲပြီး ဆရာအမျိုးမျိုး၏
ဩဝါဒသွန်သင်ခြင်းကို အလူအလိမ့်ခံစားခဲ့ရလေသည်။ အဘယ့်ကြောင့်ဆို သော်
ဆရာတချို့က ကယ်တင်ခြင်းသို့ ရောက်သော် လည်း အခြားသော ဘာသာစကားမပြောလျှင်
ဝိညာဉ် တော်မရရှိနိုင်ကြောင်း ဝိညာဉ်တော်မရရှိလျှင် တန်ခိုး
လည်းမရှိကြောင်းစသဖြင့် ကျွန်တော့်ကို သွန်သင်ခဲ့ကြ သည်။ တချို့က
အခြားသောဘာသာ စကားသည် သန့်ရှင်းသော ဝိညာဉ်တော် ဗတ္တိဇံ၏ လက္ခဏာ
သက်သေဖြစ်သောကြောင့် ဝိညာဉ်တော် ဗတ္တံဇံရရှိ အောင် အစာရှောင်ပြီး
ဝိညာဉ်ဘိသိတ်ရသော ဆရာ ကြီးတစ်ပါးပါးထံ လက်တင်ဆုတောင်းခံ ရန်လို ကြောင်း
ပြောပြပြီး လက်တွေ့လုပ်မည့်နည်းကိုပါ သွန် သင်သည်။ တချို့ဆရာများက
ယေရှုခရစ်ကို လက်ခံ ယုံကြည်သော အချိန်မှာ ဝိညာဉ်ဗတ္တိဇံခံပြီ ဖြစ် ကြောင်း၊
အခြားသော ဘာသာစကားပြောခြင်းနှင့် မဆိုင်ကြောင်းစသဖြင့် ရှင်းပြပြန်သောအခါ
ယုံကြည် ခြင်း၌ နုနယ်သေးသော ကျွနု်ပ်ခင်မျာ၊ ဘယ်ဟာအ မှန်၊
ဘယ်ဘာအမှားမခွဲခြားနိုင်ဘဲ စိတ်ဆင်းရဲခဲ့ရ လေသည်။ ယခုမူကား ထိုပြဿနာ
ရှုပ်ထွေးမှုများကို ကျွနု်ပ်ကိုယ်တိုင် ဝိညာဉ်တော်ဗတ္တိဇံနှင့်
အမျိုးမျိုးသော ဘာသာစကားအကြောင်းရေးသားသည့် စာအုပ်စာပေ လေ့လာရင်း
အတွေ့အကြုံနှင့်တွဲဖက်ပြီး သမ္မာကျမ်း စာနှင့် အညီ သိရှိခွင့်ရခဲ့လေပြီ။
ထို့ကြောင့် ကျွနု်ပ်ကဲ့ သို့ ရှုပ်ထွေးလျက်ရှိသော ညီအစ်ကိုမောင်နှမ
တို့အား တဆင့်ဝေငှလိုက်ပါသည်။
အခြေခံလူမျိုးများ
တမန်တော် ခေတ်ကာလ၌ ကွဲပြားခြားနား လျက်ရှိသော လူမျိုးများမှာ ယုဒလူ၊
ရှမာရိလူ၊ တပါး အမျိုးသားစသဖြင့် ကွဲပြားလျက်ရှိလေသည်။ ဤလူမျိုး တို့သည်
လူတမျိုးနှင့်တမျိုး ဆက်ဆံပြီး မခေါ်မပြော ကြပါ။ ယုဒလူတို့ဆိုလျှင်
ရှာမရိလူမျိုးတို့၏ ရေကိုပင် မသောက်ကြပါ။ သူတို့၏ နယ်မြေပင်
ဖြတ်သန်းခြင်း မပြုကြပါ။ (ယော ၄း၉)။ တပါးအမျိုးသားများဆိုလျှင် သာ၍ပင်
ရွံရှာမုန်းတီးကြောင်း ကျမ်းစာနှင့် သမိုင်းစာ များအရ တွေ့ရလေသည်။ တခါက
ခါနန်အမျိုးသမီး တစ်ယောက်၊ နတ်စွဲပြီး ထိုနတ်ဆိုးနှိပ်စက်ခြင်းမှ
ကင်းလွတ်ဘို့ရန် သူမ၏ မိခင်က ခရစ်တော်ထံ တောင်းလျှောက်သည့်အခါ ခရစ်တော်က
သား၏ အစာကိုယူပြီး ခွေးတို့အား မပေးမခအပ်ဟု ခွေးနှင့်နှိုင်း ပြီး
ပြောဆိုကြောင်းတွေ့ရလေ၏။ ဤသည်မှာ ထို ခေတ်အခါက ယုဒလူများက
တပါးအမျိုးသားတို့ အပေါ် တွေးခေါ်သတ်မှတ်သည့် အမြင်ရှုထောင့် ဖြစ်ပေသည်။
ဤသို့ကွဲပြားခြားနားလျက်ရှိသော လူမျိုးနွယ်တို့၏ အုတ်တံတိုင်း နံရံကို
ဖြိုဖျက်၍ တခု တလုံးတည်း ဖြစ်စေရန် သန့်ရှင်းသော ဝိညာဉ်တော်၏
ဗတ္တိဇံနှင့်အမျိုးမျိုးသော ဘာသာစကားသည် မရှိမဖြစ် လိုအပ်သော
အချက်တစ်ခုဖြစ်ပေသည်။
ယုဒလူတို့အပေါ် ဝိညာဉ်တော်ဗတ္တိဇံနှင့် အမျိုးမျိုး သော ဘာသာစကား
သန့်ရှင်းသော ဝိညာဉ်တော်သည် ပင်တေကု တ္တေပွဲနေ့မတိုင်မှီ ယုံကြည်သူများ၏
နှလုံးသားထဲမှာ အစဉ်အမြဲ ကျိန်းဝပ်ခြင်းမရှိခဲ့ဘူးပါ။ ပင်တေကုတ္တေပွဲ
နေ့တွင် ယုဒလူတို့အပေါ် ဝိညာဉ်တော်သွန်းလောင်း သောအခါ အမျိုးမျိုးသော
ဘာသာစကားအားဖြင့် ဟောပြောကြောင်းတွေ့ရ၏ (တ၂း၄)။ ဤစကားသည် ဆုတောင်းသည့်အခါ
ထွက်လာသော စကားဖြစ်၍ အခြားသူမသိသော ဘာသာစကားမဟုတ်ပါ။ ပြင်ပရှိ ကြားရှိသော
သူများနားလည်သော ဘာသာစကားပင် ဖြစ်ကြောင်း ကျမ်းစာ၌ ရှင်းလင်းစွာ သိရပါသည်
(တ ၂းရ-၁၂)။
တပါးအမျိုးသားအပေါ် ဝိညာဉ်တော် ဗတ္တိဇံနှင့် အမျိုးမျိုးသော ဘာသာစကား
တပ်မှူးကော်နေလိသည် တပါးအမျိုးသား ဖြစ်သော်လည်း ထာဝရဘုရားကို
ယုံကြည်ခိုလှုံသော ယုဒဘာသာဝင်ဖြစ်သည်။ ကော်နေလိကို ရှင်ပေတရု ကိုယ်တိုင်
သွားရောက်၍ ဧဝံဂေလိတရားဟောပြော နေစဉ် သန့်ရှင်းသော ဝိညာဉ်တော်သည်
သက်ရောက် ၍ အမျိုးမျိုးသော ဘာသာစကားအားဖြင့် ပြောပြီး ဘုရားသခင်ကို
ချီးမွမ်းသည်ကို သူတို့ကြားကြလေ၏ (တ ၁ဝး၄၄-၄၆)။ ဤအမျိုးမျိုးသော ဘာသာစကား
သည် လူနားလည်သောစကားဖြစ်လေသည်။ ဤကိစ္စ ကြောင့် ယုဒလူတို့သည်
အရေဖျားလှီးခြင်းမခံသော တပါးအမျိုးသားနှင့်ပေါင်းဖော်ခဲ့သော ရှင်ပေတရုကို
ဝိုင်းပြီး ဆန့်ကျင်ပြစ်တင်ကြောင်း တွေ့ရလေသည်။ ပေတရုအနေနှင့်
ယုဒလူတို့အား ပြန်လည်ရှင်းပြသည် မှာ ငါသည် ဟောပြောစပြုစဉ် သန့်ရှင်းသော
ဝိညာဉ် တော်သည် ရှေးဦးစွာ ငါတို့အပေါ်၌ သက်ရောက် တော်မူသည်နည်းတူ
ထိုသူတို့အပေါ်သို့လည်း သက် ရောက်တော်မူ၏။ ယောဟန်သည် ရေ၌ဗတ္တိဇံကိုခံရ
ကြလိမ့်မည်ဟု သခင်ဘုရားမိန့်တော်မူသော စကားကို ထိုအခါ ငါအောက်မေ့၏။
သခင်ယေရှုကို ယုံကြည် သော ငါတို့အား ဘုရားသခင်သည် ဆုကျေးဇူးကို ပေး
တော်မူသည်နည်းတူ ထိုသူတို့အားလည်း ပေးတော်မူ သည်ဖြစ်သောကြောင့် ငါသည်
အဘယ်သို့ သောသူ ဖြစ်၍ ဘုရားသခင်ကို ဆီးတာနိုင်သနည်းဟု ပေတရု ဆို၏။ (တ
၁၁း၁၅-၁၇)
အထက်အချက်ကို ကြည့်လျှင် ဝိညာဉ်တော် ဗတ္တိဇံဆိုသည်မှာ ခရစ်တော်ကို
ယုံကြည်လက်ခံခြင်း၌ သာဖြစ်ကြောင် သိနိုင်သည်။ တနည်းအားဖြင့် ပြော လျှင်
ကျွနု်ပ်တို့၏ အတွင်းဝိညာဉ်နှင့် ယုံကြည်ခြင်း အားဖြင့် သက်ရောက်ခံစားရသော
ခရစ်တော်၏ ဝိညာဉ်တော်သည်အတူ သက်သေခံခြင်းပင်ဖြစ်လေ သည် (ရော ၈း၁၆)။
ဧဖက်အမျိုးသားတို့အား ဝိညာဉ်တော်ဗတ္တိဇံနှင့်အ မျိုးမျိုးသော ဘာသာစကား
တမန်တော်ပေါလုသည် ဧဖက်မြို့သို့ ရောက် သောအခါ တပည့်တော်
အချို့ကိုတွေ့လျှင် ခရစ် တော်၏ ကယ်တင်ခြင်း ဧဝံဂေလိတရားကို ဟောပြော ပြီး
သခင်ယေရှုနာမ၌ ဗတ္တိဇံကိုခံကြ၏။ ပေါလုသည် လည်း ထိုသူတို့အပေါ်၌
လက်ကိုတင်လျှက် သန့်ရှင်း သော ဝိညာဉ်တော်သည် ဆင်းသက်တော်မူသဖြင့်
ထိုသူတို့သည် အမျိုးမျိုးသော ဘာသာစကားကိုပြော၍ ပရောဖက်ပြုကြ၏ (တ ၁၉း၁-၇)။
အထက်ဖော်ပြပြီး သော ဤအမျိုးမျိုးသော ဘာသာစကားသည် ဝိညာဉ် တော်
ဆုကျေးဇူးတစ်ခု လည်းဖြစ်ပြီး ဆုကျေးဇူးများ ထဲတွင် တစ်ခုအပါအဝင်
သာဖြစ်ကြောင်း တွေ့နိုင် သည် (၁ကော ၁၂း၁၀)။ ဝိညာဉ်တော် ဆုကျေးဇူး
ဟူသမျှတို့သည် လိုချင်တိုင်း ရနိုင်သော အရာမဟုတ်။ ဤအခွင့်ရှိသမျှကို
တပါးတည်းသော ဝိညာဉ်တော် သည် ပြုပြင်၍ လူအသီးသီးခံရသော အခွင့်ကို အလို
တော်ရှိသည့်အတိုင်း ဝေငှ၍ ပေးတော်မူ၏ (၁ကော ၁၂း၁၁)။ သင်းဝင်သူရှိသမျှ သည်
တန်ခိုးကို ပြနိုင်ကြ သလော။ ရှိသမျှသည် အနာရောဂါကို ငြိမ်းစေနိုင် သော
အခွင့်ရှိသလော။ ရှိသမျှသည် အမျိုးမျိုးသော ဘာသာစကားကို ပြောနိုင်ကြသလော
(၁ကော ၁၂း ၂၈-၃၀)။ ရှင်ပေါလုက ငါသည် သင်တို့ရှိသမျှ ထက် အခြားသော
ဘာသာစကားဖြင့် ဟောပြော သော အရာကို ထောက်၍ ဘုရားသခင်၏ ကျေးဇူးတော်ကို
ချီးမွမ်း၏ဟုဆိုရာ၌ မသိသော ဘာသာစကား (့ညုညသတည အသညါကန) ကိုမဆိုလို၊ ှု
ထို့ကြောင့် ရှင်ပေါလုသည် ကညုညသတ အသကါကန (မသိ သော ဘာသာစကား)ပြော သည်ဟု
မဆိုနိုင်။ ရှင်ပေါ လုပြောသော (သွန်သင် ဩဝါဒပေးသော) ဘာသာ စကားသည်
ကမ္ဘာပေါ်ရှိ လူမျိုးနွယ်တို့ ပြောဆိုသုံး နှုန်းသော ဘာသာစကားသော
ဖြစ်ကြောင်းသိရ လေ၏။ မသိသော ဘာသာ စကားနှင့်ပတ်သက်ပြီး ရှင်ပေါလုက
ရှင်းပြသည်မှာ အသင်းတော်၌ နားမ လည်သော စကားတစ်သောင်း ကို ပြောနိုင်သည်ထက်
နားလည်နိုင်သော စကား ငါးခွန်းကို ဉာဏ်နှင့်တကွ ပြောနိုင်သော အခွင့်ကို
သာ၍အလိုရှိ၏ (၁ကော ၁၄း၁၉) ဟုဆိုသည်။ ဤအချက်များကို ကြည့်ခြင်း အားဖြင့်
သန့်ရှင်းသော ဝိညာဉ်တော် ဆုကျေးဇူးဖြင့် ပြောသော အမျိုးမျိုးသော
ဘာသာစကားသည် လူနား မလည်သော စကားမဟုတ်။ လူနားလည်သော စကား
သာဖြစ်ကြောင်းနှင့် ကြားနာသော သူများအား အကျိုး ပြုကြောင်း သိရ၏။
အမျိုးမျိုးသော ဘာသာစကား၏ ရည်ရွယ်ချက်
ကွဲပြားလျက်ရှိသော လူမျိုးနွယ်စုများဖြစ်သော ယုဒလူ၊ ရှမာရိလူ၊
တပါးအမျိုးသားတို့ကို တလုံးတဝ တည်းဖြစ်လာအောင် လူ့အနေဖြင့်
ဘယ်နည်းနှင့်မျှ မပြုလုပ်နိုင်။ သို့သော်လည်း ဘုရားသခင်သည် တူညီ သော
နမိတ်လက္ခဏာတည်းဟူသော အမျိုးမျိုးသော ဘာသာစကားကို ပြောထွက်စေခြင်းအားဖြင့်
တစ်လုံး တစ်ကိုယ်တည်းဖြစ်ကြောင်း သက်သေထူသည်။ ရှေး ဦးစွာ ဝိညာဉ်တော်
ဆင်းသက်ချိန်တွင် အမျိုးမျိုးသော ဘာသာစကားကို ပြောထွက်လာသော ယုဒလူတို့သည်
သူတို့နည်းတူ အရေဖျားမလှီးသော တပါးအမျိုးသားတို့ ကလည်း အမျိုးမျိုးသော
ဘာသာစကားပြောထွက်လာ သောအခါ မငြင်းဆိုနိုင်ကြပဲ လက်ခံခဲ့ရလေသည်။ ဤသည်မှာ
ဝိညာဉ်တော်ဗတ္တိဇံ၏ ရည်ရွယ်ချက် ဖြစ်လေသည်။ ခရစ်တော်၌ ဗတ္တိဇံကိုခံသော
သူရှိသမျှ တို့သည် ခရစ်တော်ကို ယူတင်ဝတ်ဆောင် သူဖြစ် ကြ၏ (ဂလာတိ ၃း၂၇)။
ထို့ကြောင့် ယုံကြည်သူအား လုံးသည် ခရစ်တော်၌ ယုဒလူမရှိ၊ ဟေလသလူမရှိ၊
ကျွန်မရှိ၊ လူလွတ်မရှိ၊ ယောကျာ်းမရှိ၊ မိန်းမမရှိ။ ထိုသခင်၌
သင်တို့အပေါင်းသည် တလုံးတဝတည်းဖြစ် ကြ၏။ (ဂလာတိ ၃း၂၈)။ အကြောင်းမူကား
ယုဒလူ ဖြစ်စေ၊ ဟေလသလူဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လူ လွတ် ဖြစ်စေ၊
ငါတို့ရှိသမျှသည် ဝိညာဉ်တော် တပါးတည်း အားဖြင့် တကိုယ်တည်းထဲသို့
ဗတ္တိဇံကို ခံကြ၏ (ကော ၁၂း၁၃)။ ထို့ကြောင့် ဝိညာဉ်တော်၌ ဗတ္တိဇံဆိုသည်မှာ
ခရစ်တော်ကိုယ်ထဲ၌ မြှုပ်နှံလျက်၊ ခွဲခြား၍ မရတော့ ဘဲ၊ တလုံးတကိုယ်တည်း
ဖြစ်ခြင်းကို ဆိုလိုပါသည်။ ဤသို့ဖြစ်သွားသော အချက်ကို မြင်သာ လာအောင်
တူညီသော လက္ခဏာဖြစ်သည့် အမျိုးမျိုး သော ဘာသာစကားကိုယုံကြည်သူဖြစ်လာ
သည်နှင့် အတူ တကွပြောစေခြင်းအားဖြင့် အချင်းချင်း ပေါင်း စည်းစေ
ခဲ့လေသည်။ အချင်းချင်းလက်ခံစေခဲ့ လေသည်။ ဘုရားသခင်၏ ပညာနှင့်ဉာဏ်တော်သည်
အလွန် ကျယ်ဝန်းနက်နဲစွာတကား။
ယခုမူကား ကွာခြားလျက်ရှိသော ထိုလူမျိုးတို့ ၏ အုတ်တံတိုင်းသည်
ဧဝံဂေလိတရားအားဖြင့် မြို့ ပျက်ပြီး အချင်းချင်းလက်ခံ
ပေါင်းစည်းနိုင်ပြီဖြစ် သောကြောင့် ဝိညာဉ်တော်ရရှိခြင်း၏ လက္ခဏာ ဖြစ် သော
အမျိုးမျိုးသော ဘာသာစကားပြောခြင်းအားဖြင့် ဆက်လက်သက်သေထူစရာ မလိုတော့ချေ။
အဘယ့် ကြောင့်ဆိုသော ဘုရားသခင်သည် ထိုကွဲပြားခြားနား လျက်ရှိသော
လူစုတို့ကို ရှင်ပေတရုအားဖြင့် ကောင်း ကင်သော့တည်းဟူသော ဧဝံဂေလိတရားကို
လူမျိုး နွယ်အားလုံးအတွက် ဟောပြော၍ ဖွင့်လှစ်ပေးခဲ့ပြိ
ဖြစ်သောကြောင့်တည်း။
သို့ဖြစ်၍ ကျမ်းစာ၌ အမျိုးမျိုးသော ဘာသာ စကားကို ပြောနိုင်သော
အခွင့်ကိုသော်လည်းကောင်း၊ သိပ္ပံအတတ်ကိုသော်လည်းကောင်း၊ ကွယ်ပျောက်
လိမ့်မည်။ စုံလင်ခြင်းသို့ ရောက်သောအခါမူကား မစုံ လင်သမျှတို့သည်
ကွယ်ပျောက်ကြလိမ့်မည် (၁ကော ၁၃း၈၊ ၁၀)ဟူ၍ ဖော်ပြထားလေသည်။ ဤအရာ တို့သည်
နုနယ်ချိန်၌ ဖြစ်တတ်သော အရာဖြစ်ကြောင်း ဖော်ပြပြီး ကြီးရင့်လာသည့်အခါ
ထိုအရာများ အလိုလို ပပျောက်သွားကြောင်း ရင့်ရက်ခြင်းသဘောကို ရှင်း
လင်းခြင်းဖြစ်ပေသည်။
ထို့ကြောင့် ချစ်သောမိတ်ဆွေ သင်သည် အမျိုး မျိုးသော ဘာသာစကားကို
မပြောခဲ့သော်လည်း ခရစ် တော်ယေရှုအား ယုံယုံကြည်ကြည်လက်ခံပြီးသည့် အ
ချိန်မှစ၍ ဝိညာဉ်တော် ဗတ္တဇံခံပြီးဖြစ်ကြောင်း စိတ် ချ၍ ရင့်ကျက်ခြင်းသို့
တက်လှမ်းနိုင်ပါစေဟု မေတ္တာ ဖြင့် ဝေငှလိုက်ပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အံ့ဩဖွယ်ရာ သူ့အသက်တာ
ခရစ္စမတ်ပွဲသည် ခရစ်ယာန်ဘာသာဝင်တို့ အတွက် အမြတ်ဆုံးသော
ပွဲတော်တစ်ခုဖြစ်သည်။ ဒီဇင်ဘာ (၂၅)ရက်နေ့ကို ခရစ္စမတ်နေ့ဟု အသိ
အမှတ်ပြုပြီး အေဒီ(၃)ရာစုခန့်မှစတင် ကျင်းပလာရာ ယခုဆိုလျှင်
နှစ်ပေါင်း(၁ရဝဝ)ကျော်ခဲ့လေပြီ။ ရှေး အခါက ကမ္ဘာပေါ်တွင် ပေါ်ထွန်းခဲ့သော
သိပ္ပံပညာ ရှင်များ အာဏာတန်ခိုးကြီးမားသော စစ်ဗိုလ်ချုပ်ကြီး များ၊
ဩဇာအာဏာရှိသော ဘုရင်မင်းများတို့သည် သူ့အချိန်နှင့်သူ
တန်ခိုးအာဏာများရှိခဲ့ကြပါ၏။ သို့ သော်လည်း ထိုပုဂ္ဂိုလ်တို့သည်
မမွေးဖွားလာမီ မည် သို့ မွေးလာမည်၊ ဘယ်နေရာမှာ မွေးမည်။ သူ့နာ မည်ကို
မည်သို့ မှည့်ခေါ်မည်၊ မည်သို့ ကြီးထွားပြီး အာဏာရှိလာမည်၊
မည်သို့လုပ်ဆောင်မည်၊ မည်သို့ အနိစ္စရောက်သွားမည်ကို ကြိုတင်၍ အနာ ဂတ်ဟော
ကိန်းများ မရှိခဲ့ဘူးပါ။ အထက်ပါ နာမည် ကျော်ကြား ခဲ့သော ပုဂ္ဂိုလ်တို့သည်
ယနေ့အချိန်တွင် အနိစ္စရောက် ၍ အခွင့်အာဏာများလည်း မရှိကြတော့ပေ။
သို့သော်လည်း မွေးနေ့ရှင် ယေရှုခရစ်မူကား ယနေ့၊ မနေ့ နောင်ကာလအစဉ်အမြဲ
အသက်ရှင် လျက် ရှိသောကြောင့် ယနေ့တိုင်အောင် မွေးနေ့ပွဲ တော်ကို
ကျင်းပနေခြင်းဖြစ်ပေသည်။ ချစ်သော မိတ်ဆွေ သေဆုံးသွားသော အဖိုးအဖွားတို့၏
မွေးနေ့ပွဲ ကို အဘယ်သူမျှ ကျင်းပလေ့မရှိကြပါ။ သို့ဖြစ်လျှင် အဘယ့်ကြောင့်
သေဆုံးပြီးနှစ်ပေါင်း (၂ဝဝဝ)ခန့် ရှိခဲ့ ပြီဖြစ်သော ယေရှုခရစ်၏ မွေးနေ့ကို
နှစ်စဉ်မပြတ် ကမ္ဘာအရပ်ရပ်က ကျင်းပနေကြပါသနည်း။ အဖြေက တော့ ရှင်းပါ၏။
ယေရှုခရစ်သည် သေခြင်း မဇ္စုမာန် ကို အောင်မြင်ပြီး ယနေ့အသက်ရှင်လျက်ရှိသော
ကြောင့်ဖြစ်ပါ၏။ ဤသည်ပင်လျှင် အံ့ဩဖွယ်ရာ သူ့အသက်တာ မဟုတ်ပါလော။
ချစ်သော မိတ်ဆွေ အောက်ပါအချက်များကို ဆက်လက်လေ့လာပါက ယေရှုခရစ်၏
မွေးနေ့မင်္ဂလာ သည် မည်မျှ အံ့ဩဖွယ်ရာ ကောင်းကြောင်း ပိုမိုသိရှိ လိမ့်မည်။
ကမ္ဘာဦးကျမ်းကို ရေးသားခဲ့သော မောရှေ သည် (ဃ.၁၄၄၆-၁၄၀၆ ဃြ )တွင်
ယေရှုခရစ်သည် မိန်းမအမျိုးအနွယ်မှ ဆင်းသက်လာ မည့်အကြောင်း ကမ္ဘာဦးကျမ်း
(၃း၁၅)တွင် ကြိုတင် ရေးသားချက်မှာ (ဗ.ီ ၄၈-၅၃) အတွင်း
ရှင်ပေါလုရေးသားခဲ့သော ဂလာတိဩဝါဒစာ၌ ပြည့်စုံခဲ့ကြောင်း ဤသို့ဖတ်ရှုရ
ပါသည်။
]]အချိန်ကာလစေ့သောအခါ ငါတို့သည် သား၏ အခွင့်အရာကို ခံရမည်အကြောင်း
ပညတ်တရား လက်၌ရှိသော ငါတို့ကို ရွေးနှုတ် စေခြင်းငှာ မိန်းမဝမ်း၌
ပဋိသန္ဓေယူ၍ ပညတ်တရား အောက်၌ ဘွားမြင်ရသော သားတော်ကို ဘုရား သခင်သည်
စေလွှတ်တော်မူ၏}} (ဂလာတိ ၄း၄-၅)။
မောရှေက ထပ်မံ၍ (က ၁၂း၃)၌ ယေရှုခရစ် သည် အာဗြဟံအမျိုးအနွယ်မှ
ဆင်းသက်လာမည့် အကြောင်း ဖော်ပြခဲ့ရာ (ဗ.ီ ၇၀-၈၀) အတွင်း ရှင်မ
ဿဲရေးသားချက်အားဖြင့် ပြည့်စုံခဲ့လေသည်။ ရေး သားချက်မှာ
အာဗြဟံနှင့်ဒါဝိဒ်တို့မှ ဆင်းသက် တော်မူ သော ယေရှုခရစ်၏ ဆွေတော်စဉ်၊
မျိုးဆက် စာရင်းဟူ မူကား (မဿဲ၁း၁)။
မောရှေက ထပ်မံ၍ ပရောဖက်ဉာစ်အားဖြင့် ရေးသားခဲ့သည်မှာ ယာကုပ်အမျိုးမှ
ဆင်းသက်လာ မည်။ ထိုသားကို ဣဇက်အမည်ဖြင့် မှည့်ရမည်။ ဣဇက်၌ゞင်း၊
သူ့နောက်မှ သူ့မျိုးနွယ်၌ゞင်း၊ ငါ၏ ပဋိညာဉ်ကို ထာဝရပဋိညာဉ် ဖြစ်စေမည်
(ကမ္ဘာ ၁ရး၁၉)။ မှန်ပေ၏။ ဤကျမ်းချက်သည်လည်း (ဗီ ၅၉-၆၃) တွင် ဒေါက်တာ
လုကာရေးသားချက်ဖြင့် ပြည့် စုံခဲ့ကြောင်း သိခဲ့လေပြီ။ ယုဒအဘယာကုပ်၊
ယာကုပ် အဘ ဣဇက် (လု ၃း၃၄)။
မောရှေက ထပ်မံ၍ (ဃ. ၁၄၀၆ ြ.ဃ) တွင် ယေရှုခရစ်သည် ယာကုပ်အနွယ်မှ
ဆင်းသက်လာမည့် အကြောင်း ရေးသားခဲ့ပါသည်။ ဤရေးသားချက်သည် လည်း (ဗ.ီ ၇၀-၈၀)
အတွင်း ရှင်မဿဲရေးသားချက် အရ ပြည့်စုံခဲ့လေသည်။ ဣဇက်သား ယာကုပ် (မဿဲ
၁း၂)။
မောရှေကထပ်၍ ယေရှုခရစ်တော်သည် ယုဒ အနွယ်မှ ဆင်းသက်လာမည့်အကြောင်း
ရေးသားခဲ့ပါ သည်။ (က ၄၉း၁၀)။ ဤရေးသားချက်သည်လည်း (ဗ.ီ ၅၉-၆၃) တွင်
ဒေါက်တာလုကာရေးသားချက်ဖြင့် ပြည့်စုံကြောင်း တွေ့ရလေသည်။ ဖာရက်အဘ ယုဒ (လု
၃း၃၃)။
(ရဝဝ-၆၈၀ ြ.ဃ) ပတ်ဝန်းကျင်မှ ပရောဖက် ဟေရှာယက ထိုသားသည် ကြီးမြတ်သော
သူဖြစ်မည်အကြောင်း အဘဒါဝိဒ်၏ ရာဇပလ္လင်ကို ထာဝရအရှင် ဘုရားသခင်သည်
သူ့အားပေးတော်မူ မည့်အကြောင်း ဟောပြောခဲ့ပါသည်။ (ဟေရှာယ ၉းရ)။
ဤဟောပြောချက်သည်လည်း (ဗ.ီ ၅၉-၆၃) အတွင်း ဒေါက်တာလုကာရေးသားချက်ဖြင့်
ပြည့်စုံ ခဲ့လေသည်။ (လု ၁း၃၂-၃၃)။
(၁၄၉၀-၄၄၄ြ.ဃ)ပတ်ဝန်းကျင်မှာ ဆာလံ ဆရာ(ကိုရ)က ဤသို့ရေးသားခဲ့ပါသည်။
အိုဘုရား သခင်ကိုယ်တော်၏ ပလ္လင်သည် နိစ္စထာဝရပလ္လင် ဖြစ်ပါ၏ဟု
ဖော်ပြထားလေသည် (ဆာ ၄၅း၆-၇)။ ဤကျမ်းချက်သည်လည်း (ဗ.ီ ၆၀-၇၀) ပတ်ဝန်းကျင်
၌ တမန်တော်ပေါလုရေးသားခဲ့သော ဟေဗြဲဩဝါဒစာ အားဖြင့် ပြည့်စုံခဲ့လေသည်။
““““““]]သားတော်ကိုကား အိုဘုရားသခင် ကိုယ် တော်၏ ပလ္လင်သည် နိစ္စထာဝရ
ပလ္လင်ဖြစ်ပါ၏။ ကိုယ်တော်၏ နိုင်ငံသည် တရားသဖြင့် စီရင်သော
နိုင်ငံဖြစ်ပါ၏}} (ဟေဗြဲ ၁း၈-၁၂)။
(၇၄၀-၇၁ဝြ.ဃ)ပတ်ဝန်းကျင်ကပရောဖက် မိက္ခာသည် ယေရှုခရစ်သည် ဗက်လင်မြို့၌
မွေးဖွား လာမည့်အကြောင်း ကြိုတင်ဟောပြောခဲ့လေသည်။ ထိုဟောပြောချက်သည်လည်း
အခွန်ခံမဿဲရေးသား ချက်ဖြင့် ပြည့်စုံခဲ့လေသည်။ ရေးသားချက်မူကား ]]အို
ယုဒပြည်ဗက်လင်မြို့၊ အစိုးရသော ယုဒမြို့တို့တွင် သင်သည် မြို့ငယ်
မြို့ယုတ်မဟုတ်။ အကြောင်းမူကား ငါ၏ လူစု ဣသရေလအမျိုးကို အုပ်စိုးသော သခင်
သည် သင်၏အထဲမှာ ပေါ်ထွန်းလတံ့ဟု ကျမ်းစာ လာရှိပါ၏။ (မဿဲ ၂း၆)။
မွေးဖွားရမည့်အချိန်နှင့် ပတ်သက်ပြီး ပရော ဖက်ဒံယေလက
(၅၃၆-၅၃ဝြ.ဃ)ပတ်ဝန်းကျင် လောက်မှာ ယေရုရှလင်မြို့ကို တဖန်တည်ထောင်ပြု
စေခြင်းငှာ အမိန့်တော်ရှိသည့်နေ့မှစ၍ ခရစ်တော် သခင်၏ လက်ထက်တိုင်အောင်
ခုနှစ်သတင်းနှင့် ခြောက်ဆယ်နှစ်သတင်းကြာလိမ့်မည်ဟု သိမှတ်နား လည်လော့ (ဒံ
၉း၂၅)။ ဤကျမ်းချက်သည်လည်း (လု ၂း၁-၂)၌ ပြည့်စုံခဲ့ကြောင်း တွေ့ရလေသည်။
အပျိုကညာဝမ်း၌ မွေးဖွားလာမည့်အကြောင်း ကိုလည်း
ခရစ်တော်မပေါ်မှီနှစ်ပေါင်း (ရဝဝ-၆၈၀ ြ.ဃ) ပတ်ဝန်းကျင်၌ ပရောဖက်ဟေရှာယက
ကြိုတင် ဟောပြောခဲ့လေသည်။ ဟောပြောချက်မှာ ]]ကြည့်ရှု လော့။
သတို့သမီးကညာသည် ပဋိသန္ဓေယူ၍ သား ယောကျာ်းကို ဘွားမြင်လတ္တံ}} (ဟေ ရး၁၄)ဟူ
သတည်း။ ဤကျမ်းချက်သည်လည်း (မဿဲ ၁း၂၂-၂၃)၌ ပြည့်စုံခဲ့လေသည်။
ယေရှုခရစ်တော် မွေးဖွားချိန်မှာ ခလေးများ အသတ်ခံရမည့် အကြောင်းကိုလည်း
(၅၈၅-၅၈၀ ြ.ဃ) ပတ်ဝန်းကျင်၌ ပရောဖက်ယေရမိက ကြိုတင် ဟောပြောခဲ့ပါသည်
(ယေရမိ ၃၁း၁၅)။
ဤကျမ်းချက်သည်လည်း (ဗ.ီ ၇၀-၈၀)ပတ် ဝန်းကျင်ရောက်လာသောအခါ အခွန်ခံမဿဲ၏
ကျမ်း၌ အမှန်တကယ်ပြည့်စုံခဲ့ကြောင်း မှတ်တမ်း တင်ထား ခဲ့လေသည်။
ထိုကျမ်းချက်မူကား ]]ထိုအခါ ယေရုဒ်မင်းကြီးသည် မာဂုပညာရှိတို့ လှည့်ဖြား
သည်ကိုသိလျှင် ပြင်းစွာအမျက်ထွက်၍ လူတိုကို စေလွှတ်သဖြင့် မာဂုပညာရှိတို့၌
စေ့စေ့မေးမြန်းပြီး သော ကြယ်၏ အချိန်ကာလကို ထောက်၍ ဗက်လင်မြို့မှစသော
ကျေးလက်ရှိသမျှတို့၌ နှစ်နှစ် အရွယ်မှစ၍ ထိုအရွယ်အောက်ယုတ်သောသူငယ်
ယောကျာ်းအပေါင်းတို့ကို သတ်စေ၏။ ပရောဖက် ယေရမိဟောဘူးသည်ကား ရာမအရပ်၌
သည်းစွာ သော ညဉ်းတွားငိုေြွကးမြည်တမ်းခြင်းအသံကို ကြားရ၍ ရာခေလသည်
မိမိသားတို့မရှိသောကြောင့် ငို၍ စိတ်မပြေနိုင်ဟူသော စကားသည် ထိုအခါ၌
အမှန်ကျသတည်း}} (မဿဲ ၂း၁၆-၁၈)။
ပရောဖက် ဟောရှေကလည်း (၇၁၅ြ.ဃ) ပတ်ဝန်းကျင်မှာ ယေရှုခရစ်တော်သည်
အီဂျစ်ပြည် (အဲဂုတ္တပြည်)သို့ ထွက်ပြေးမည့်ကြောင်း ကြိုတင်ဟော
ပြောခဲ့လေသည်။ ဤဟောပြောချက်သည်လည်း ရှင်မဿဲရေးသားချက်အားဖြင့်
ပြည့်စုံခဲ့ကြောင်း တွေ့ရ၏။ ]]ထိုအခါ ယောသပ်သည် ထ၍ မယ်တော်
နှင့်သူငယ်တော်ကို ညအချိန်၌ ဆောင်ယူပြီးလျှင် အဲဂုတ္တုပြည်သို့ ထွက်သွား၍
ဟေရုဒ်မင်းကြီးအနိစ္စ ရောက်သည့်တိုင်အောင် ထိုပြည်၌ နေလေ၏။
ဤအကြောင်းအရာကား ငါ့သားကို အဲဂုတ္တုပြည်မှ ငါခေါ်ခဲ့ပြီဟု ထာဝရဘုရားသည်
ပရောဖက်အား ဖြင့် ထားတော်မူသော ဗျာဒိတ်တော် ပြည့်စုံမည့် အကြောင်းတည်း
(မဿဲ ၂း၁၄-၁၅)။
ပရောဖက်ဟေရှာယ (ရဝဝ-၆၈ဝြ.ဃ)ပတ် ဝန်းကျင်မှာ ခရစ်တော်မြွကလာမှီ
သူြွကလာမည့်လမ်း ကို ပြင်ဆင်မည့်သူလာမည့်အကြောင်း ကြိုတင်ဟော ပြောခဲ့လေသည်
(ဟေရှာ ၄ဝး၃-၅)။ ဤကျမ်းချက် သည်လည်း ဒေါက်တာ လုကာရေးသားသော ရှင်လု
ကာကျမ်း၌လာသည်ကား တော၌ဟစ်ကြော် သော သူ၏အသံမှာ ထာဝရဘုရား ြွကတော်မူရာလမ်း
ကို ပြင်ကြလော့ (လု ၃း၃-၆)။
ပရောဖက်မာလခိ (၄၃ဝဗ.ီ)ပတ်ဝန်းကျင် လောက်မှာ ခရစ်တော်ဘုရားအတွက်
ရှေ့ပြေးမတန် စေလွှတ်မည့်အကြောင်း ဗျာဒိတ်ပေးခဲ့လေသည် (မာလခိ ၃း၁)။
ဤကျမ်းသည်လည်း ဒေါက်တာလုကာ ကျမ်းအားဖြင့် စုံလင်ခဲ့လေပြီ။
]]ကျမ်းစာ၌လာသည်ကား ကြည့်ရှုလော့။ သင်သွားရာလမ်းကို ပြင်ရသော ငါ၏တမန်ကို
သင့်ရှေ့၌ ငါစေလွှတ်၏ဟုဆိုရာ၌ ထိုသူကိုဆို သတည်း}} (လု ရး၂၇)။
ဆာလံဆရာ (၁၄၉၀-၄၄၄ြ.ဃ)ပတ်ဝန်းကျင် မှာ ယေရှုခရစ်သည် ဘုရားသားဖြစ်ကြောင်း
ကြိုတင် ဟောပြောချက်သည်လည်း (မဿဲ ၃း၁၇)၌ အမှန် ပြည့်စုံခဲ့လေပြီ။
]]ဤသူကား ငါနှစ်သက်မြတ်နိုးရာ ငါ၏ ချစ်သားပေတည်းစု
ကောင်းကင်အသံတော်ဖြစ်လေ ၏}} (မဿဲ ၃း၁၇)။
ပရောဖက် ဟေရှာယ (ရဝဝ-၆၈ြ.ဃ) ပတ် ဝန်းကျင်လောက်တွင် ယေရှုခရစ်တော်
ဤလောကကို ြွကလာသောအခါ ဂါလိလဲပြည်ကို ဂုဏ်အသရေနှင့် ပြည့်စုံစေမည့်အကြောင်း
ဟောပြောခဲ့သည် (ဟေရှာ ၉း၁၂)။ ဤကျမ်းချက်သည်လည်း ရှင်မဿဲ ရေးသား
ခဲ့သောအချက်အားဖြင့် ပြည့်စုံခဲ့ကြောင်း တွေ့ရလေ သည်။ နာဇရက်မြို့ကို
စွန်သွားလျှက် ဇာဗုလုန်ခရိုင် နာဿလိခရိုင်စပ်ကြားတွင် အိုင်နှင့်နီးစပ်သော
ကပေ ရနောင်မြို့သို့ ရောက်၍ နေတော်မူ၏။ ဤအကြောင်း အရာမူကား
ပရောဖက်ဟေရှာယ၏ နှုတ်ထွက်ပြည့်စုံ မည်အကြောင်းတည်း။ တပါးအမျိုးသားနေရာ
ဂါလိလဲ ပြည် မှောင်မိုက်ထဲမှာရှိနေသော လူများတို့သည် ကြီးစွာသော
အလင်းကိုမြင်ရ၍ သေမင်း၏ နိုင်ငံ အရိပ်တွင်ရှိနေသော သူတို့၌
အလင်းပေါ်ထွန်းလျက်ရှိ ၏ဟု ဟောထားသတည်း (မဿဲ ၄း၁၄-၁၆)။
ဆာလံဆရာ (ဗျစေ့) ကယေရှုခရစ်တော် တရားဟောသည့်အခါ ဥပမာများကို
အသုံးပြုပြီးဟော ပြောမည့် အကြောင်းကို (၁၄၉၀-၄၄၄ြ.ဃ)ပတ်ဝန်း ကျင်က
ဖော်ပြခဲ့သည် (ဆာ ၇၈း၂-၄)။ ဤအချက် သည်လည်း ရှင်မဿဲ၌ ပြည့်စုံခဲ့ကြောင်း
တွေ့နိုင် လေသည်။
]]ဥပမာကင်း၌ ဟောပြောတော်မမူ။ ထိုသို့အား ဖြင့် ပရောဖက်စကားဟူမူကား ငါသည်
နှုတ်ကိုဖွင့်၍ ဥပမများကို ြွမက်ဆိုပေအံ့။ ကမ္ဘာဦးမှစ၍ ထိမ်ဝှက်
သောအရာတို့ကို ဖော်ပြပေအံ့ဟု ဟောဘူးသော စကားသည် ပြည့်စုံခြင်းသို့
ရောက်သတည်း}} (မဿဲ ၁၃း၃၄-၃၅)။
ပရောဖက် ဟေရှာယ (ရဝဝ-၆၈ဝြ.ဃ) ပတ် ဝန်းကျင်လောက်မှာ ယေရှုခရစ်
ဤလောကကိုြွကလာ သောအခါ နှလုံးေြွကကွဲသော သူတို့၏ အနာကို စည်း
စေခြင်းငှာゞင်း၊ ဖမ်းသွားချုပ်ထားလျက်ရှိသော သူတို့
အားလွှတ်ခြင်းအကြောင်းကို ဆောင်ရွက်မည့်အ ကြောင်း ကြိုတင်ဟောပြောခဲ့ပါသည်။
ဤအကြောင်း သည်လည်း ဒေါက်တာလုကာက ဤသို့မှတ်တမ်းတင် ခဲ့ပါသည်။
တစ်ခါက မောရှေသည် ဘုရားသခင်ဖွင့်ပြ သော အချက်တစ်ခုကို
(၁၄၀၆ြ.ဃ)ပတ်ဝန်းကျင်က ဤသို့ဖော်ပြခဲ့လေသည်။ သင်၏ အမျိုးသားချင်းတို့ထဲ ၌
ငါနှင့်တူသော ပရောဖက်တစ်ပါးကို သင်အဖို့ပေါ် ထွန်းစေတော်မူမည်။
ထိုပရောဖက်စကားကို နား ထောင်ရမည် (တရား ၁၈း၁၅)။ ဤကျမ်းချက် သည် လည်း
(၆၃-၇၀ ဗ.ီ)ပတ်ဝန်းကျင်မှာ ပြည့်စုံ ခဲ့သည်။ (တမန် ၃း၂၀-၂၂)။
နောက်တစ်ခါ ဟေရှာယက ခရစ်တော် လောကကို ြွကလာသောအခါ သူ့လူမျိုးက ငြင်းပယ်
မည့်အကြောင်း (ရဝဝ-၆၈ဝြ.ဃ)ပတ်ဝန်းကျင် ကတည်းက
ကြိုတင်ဟောကိန်းထုတ်ခဲ့လေသည်။ (ဟေ ၅၃း၃)။ ထိုအချက်သည်လည်း (၈၀-၉၅ ဗ.ီ)
ပတ်ဝန်းကျင်၌ ပြည့်စုံခဲ့လေသည်။
]]သူသည် မိမိဒေသအရပ်သို့ ြွကလာသော် လည်း မိမိလူမျိုးတို့သည်
သူ့ကိုလက်မခံဘဲ နေကြ၏}} (ယော ၁း၁၁)။
ယေရှုခရစ်သည် မေလခိဇေဒက်နည်းတူ ထာဝရယဇ်ပရောဟိတ်ဖြစ်မည်အကြောင် ဆာလံ
ဆရာဒါဝိဒ်သည် နှစ်ပေါင်းထောင်ချီ၍ ကြိုတင်ဟော ပြောခဲ့လေသည်။
ဤအချက်သည်လည်း ဧကန်အမှန် ပြည့်စုံခဲ့လေသည်။ (ဟေဗြဲ၅း၅-၆)။
ပရောဖက်ဇာခရိသည်လည်း (၅၂ဝြ.ဃ)ပတ် ဝန်းကျင်လောက်မှာ ယေရှုခရစ်တော်သည်
မြည်းကလေးကိုစီး၍ ယေရုရှလင်မြို့သို့ ြွကလာမည့် အကြောင်း
ကြိုတင်ဟောပြောခဲ့လေသည်။ (ဇာခရိ ၉း၉)။ ဤအချက်သည်လည်း အမှန်တကယ် ပြည့်စုံ
ခဲ့လေသည် (မဿဲ ၂၁း၁-၅)။
ဆာလံဆရာ ဒါဝိဒ်က (၁၄၉၀-၄၄၄ြ.ဃ)ပတ် ဝန်းကျင်လောက်မှာ ကလေးသူငယ်များ
ယေရှုခရစ် တော်ပြုမည့် အံ့ဩဖွယ်ရာ နမိတ်လက္ခဏာမြင်ကြ သောအခါ
ချီးမွမ်းမည့်အကြောင်း ကြိုတင်ဟောပြော ခဲ့လေသည် (ဆာ ၈း၂)။ ဤအချက်သည်လည်း
ဧကန် အမှန်ပြည့်စုံခဲ့လေသည် (မဿဲ ၂၁း၁၅-၁၆)။
ပရောဖက်ကြီး ဟေရှာယက ယေရှုခရစ်တော် ဟောပြောချက်ကို
တချို့ကမယုံကြည်မည်အကြောင်း (ရဝဝ-၆၈၀ ြ.ဃ) ကတည်းက ကြိုတင်ဟောပြောခဲ့
လေသည်။ (ဟေရှာယ ၅၃း၁) ]] ပရောဖက်ဟေရှာယ ဟောဖူးသည်ကား ထိုထာဝရဘုရား
ကျွနု်ပ်ဟောပြော သော သီတင်းစကားကို အဘယ်သူယုံပါသနည်းဟူ သော စကားသည်
ပြည့်စုံခြင်းသို့ ရောက်သတည်း။}} (ယော ၁၂း၃၇-၃၈)။
ဣသရေလရှင်ဘုရင် ဒါဝိဒ်က (၁၄၉၀-၄၄၄ြ.ဃ)ပတ်ဝန်းကျင်မှာ ယေရှုခရစ်တော်
ဖွားမြင် လာပြီး ကြီးပြင်းလာသောအခါ သူ့အဆွေခင်ပွန်း တစ်ယောက်က
အပ်နှံမည့်အကြောင်း ကြိုတင်ဟော ပြောခဲ့သည် (ဆာ ၄၁း၉)။ ဤပရောက်ဖက်ပြုချက်
သည် ဒေါက်တာလုကာရေးသားချက်အားဖြင့် ပြည့်စုံ ခဲ့လေသည်။
ယုဒရှကာယုတ်အမည်ရှိသော ခရစ် တော်၏တပည့်တော်တစ်ယောက်သည် ယေရှုခရစ်ကို
နမ်းပြီး အပ်နှံခဲ့ကြောင်း တွေ့ရ၏ (လု ၂၂း၄၇-၄၈)။
ပရောဖက်ဇာခရိသည် (၅၂၀ ြ.ဃ)ပတ်ဝန်း ကျင်က ခရစ်တော်သည် ငွေအကျပ် (၃၀)နှင့်
ရောင်းစားခံရမည့်အကြောင်း ကြိုတင်ဟောပြောခဲ့ရာ အမှန်တကယ်ပင် (ဗီ ၇၀-၈၀)
ပတ်ဝန်းကျင်မှာ ရှင်မဿဲရေးသားချက်ဖြင့် ပြည့်စုံခဲ့လေသည်။ ]]အကျွနု်ပ်သည်
ယေရှုကို ကိုယ်တော်လက်သို့ အပ် လျှင် အဘယ်မျှလောက်ပေးပါမည်နည်းဟု လျှောက်
သော် ထိုသူတို့က ငွေအကျပ် သုံးဆယ်ပေးမည်ဟု ဝန်ခံကြ၏။ (မဿဲ ၂၆း၁၄-၁၅)
ဆာလံဆရာဒါဝိဒ်က (၁၄၉၀-၄၄၄ ြ.ဃ)ပတ် ဝန်းကျင်လောက်မှာ မမှန်သော
သက်သေများအားဖြင့် ယေရှုခရစ်ကို အပ်နှံကြမည့်အကြောင့် ကြိုတင်ဟော
ပြောခဲ့သည်။ (ဆာ ၁၃၅း၁၁)။ ဤအချက်သည်လည်း (ဗီ ၅၀-၇၀)။ ပတ်ဝန်းကျင်၌
ရှင်မာကုရေးသားချက် ဖြင့် ဧကန်အမှန်ပြည့်စုံခဲ့လေသည်။ လူအများတို့သည်
မမှန်သောသက်သေကို ခံကြသော်လည်း သူတို့၏ သက်သေခံ ချက်သည် မညီ (မာ
၁၄း၅၆-၅၉)။
ပရောဖက် ဟေရှာယက (ရဝဝ-၆၈၀ ြ.ဃ) ပတ်ဝန်းကျင်မှာ ကြိုတင်ပြီး
ဟောပြောခဲ့သည်မှာ ခရစ်တော်ယေရှုသည် ညှဉ်းဆဲသော သူတို့ရှေ့၌ နှုတ် မဖွင့်ဘဲ
နေမည်အကြောင်းဖြစ်၏ (ဟေရှာယ ၅၃းရ)။ ဤအချက်သည်လည်း ပြည့်စုံခဲ့လေသည်။
]]တဖန် ပိလတ်မင်းက သင်သည် တခွန်းကိုမျှ ပြန်၍ မပြော သလော။
စကားတစ်ခွန်းကိုမျှ ပြန်တော်မမူသည်ကို ပိလတ်မင်းသည် အံ့ဩလေ၏}} (မာ
၁၅း၄-၅)။
ပရောဖက်ကြီး ဟေရှာယက (ရဝဝ-၆၈၀) ပတ်ဝန်းကျင်မှာ ယေရှုခရစ်သည် မတရားသဖြင့်
ညှဉ်းဆဲခံရမည့်အကြောင်း ကြိုတင်ဟောပြောခဲ့ပါ သည် (ဆာ၃၅း၁၉)။
ဤအချက်သည်လည်း ခရစ် တော် ယေရှုဤလောကသို့ ြွကရောက်လာသောအခါ၊
ဧကန်အမှန်ပြည့်စုံခဲ့ပါသည်။ ]]သို့ဖြစ်လျှင် အကြောင်း မရှိဘဲ
ငါ့ကိုမုန်းကြ၏ဟု သူတို့၏ ပညတ္တိကျမ်းစာ၌ ရေးထားသော စကားသည်
ပြည့်စုံခြင်းသို့ ရောက်သ တည်း (ယော ၁၅း၂၄-၂၅)။
ပရောဖက်ကြီး ဟေရှာယ (ရဝဝ-၆၈ဝြ.ဃ) ပတ်ဝန်းကျင်တွင် ယေရှုခရစ်သည်
အကျွနု်ပ်တို့အပြစ် ကိုယ်စား အသေခံမည့်အကြောင်း ကြိုတင်ဟောပြော ခဲ့ပါ သည်။
ဤကျမ်းချက်သည် (ဗ.ီ ၅၇) ပတ်ဝန်း ကျင်လောက်တွင် ဧကန်အမှန်ပြည့်စုံခဲ့
လေသည်။
]]ငါတို့သည် အပြစ်ရှိစဉ်ပင် ခရစ်တော်သည် ငါတို့အတွက်ကြောင့်
အသေခံတော်မူ၏}} (ရော ၅း၈)
ပရောဖက်ကြီး ဟေရှာယက (ရဝဝ-၆၈ဝြ.ဃ) ပတ်ဝန်းကျင်တွင် ယေရှုခရစ်အသေခံသောအခါ
လူဆိုးတို့နှင့်အတူ အသေခံမည့်အကြောင်း ကြိုတင် ဟောပြောခဲ့လေသည် (ဟေ
၅၃း၁၂)။ ဤအချက် သည်လည်း အမှန်တကယ် ပြည့်စုံခဲ့လေသည်။ ]]ကိုယ်တော်နှင့်တကွ
ဓားပြနှစ်ယောက်တို့ကို လက် ဝါးကားတိုင်၌ ရိုက်ထားကြ၏။ ထိုသို့ မတရားသော
သူတို့နှင့် ရေတွက်ဝင်ခြင်းသို့ ရောက်သည်ဟုဆို သော ကျမ်းစာချက်သည်
ပြည့်စုံခြင်းသို့ ရောက်သတည်း။}} (မာ ၁၅း၂၇-၂၈)
ပရောဖက် ဇာခရိသည် (၅၂၀ ြ.ဃ) မှာ ခရစ်တော်သည် လှံနှင့်ထိုးခြင်းခံပြီးသော
ဒဏ်ချက်ကို ရှုမြင်ရမည့်အကြောင်း ကြိုတင်ဟောပြောခဲ့လေသည်။ ဤကျမ်းချက်သည်
တမန်တော်ယောဟန်ကျမ်းဖြင့် ပြည့်စုံခဲ့လေသည်။ (ယော ၂ဝး၂၇)။
ဒါဝိဒ်မင်းကြီးကလည်း (၁၄၉၀-၄၄၄ ြ.ဃ) လောက်မှာ ခရစတော်သည် ဤလောကသို့ ြွကလာ
သောအခါ ပြက်ယက်ပြုခြင်းခံရမည့်အကြောင်း ကြို တင်ဟောပြောခဲ့လေသည် (ဆာ
၂၂းရ-၈)။ ဤကျမ်း ချက်သည် အမှန်တကယ်ပြည့်စုံခဲ့လေသည်။ ]]ခရစ်
တော်တည်းဟူသော ဘုရားသခင်ရွေးချယ် တော်မူ သော သူမှန်လျှင်
ကိုယ်ကိုကိုယ်ကယ်တင်ပါစေဟူ၍ ပြက်ယက်ပြုကြ၏}} (လု ၂၃း၃၅)။
တဖန်ဒါဝိဒ်က (၁၄၉၀-၄၄၄ ြ.ဃ) ပတ်ဝန်း ကျင်တွင် ယေရှုခရစ်ြွကလာသောအခါ
ခံရမည့် ကဲ့ရဲ့ခြင်းအကြောင်း စိတ်ဆင်းရဲခြင်းအကြောင်းများကို
ကြိုတင်ဟောပြောခဲ့လေသည်။ (ဆာ ၉၆း၉)။ ဤအ ချက်သည်လည်း
ဧကန်အမှန်ပြည့်စုံခဲ့လေသည်။ (ဗ.ီ ၅၇) ပတ်ဝန်းကျင်တွင် တမန်တော်ပေါလု
ရေးခဲ့သော ကျမ်းမှာ ]] ကိုယ်တော်ကိုကဲ့ရဲ့သော သူတို့၏ စကား သည်
ကျွနု်ပ်အပေါ်သို့ ရောက်ပါ၏ဟု ကျမ်းစာလာ သတည်း။}} (ရော ၁၅း၃)။
ရှင်ဘုရင် ဒါဝိဒ်က (၁၄၉၀-၄၄၄ ြ.ဃ) ပတ် ဝန်းကျင်မှာ ခရစ်တော်ကို
အသေသတ်သော ရန်သူ များအတွက် ဆုတောင်းမေတ္တာပို့ပေးမည့်ဖြစ်ကြောင်း
ကြိုတင်ဟောပြောခဲ့လေသည် (ဆာ ၁၀၉း၄)။ ဤကြို တင်ဟောပြောထားသည့်အတိုင်း
ခရစ်တော်လက်ဝါး ကပ်တိုင်ပေါ်မှာ အသေသတ်ခြင်းခံနေစဉ် သူရန်သူ များအတွက်
]]အိုအဖ၊ သူတို့၏ အပြစ်ကို လွတ်တော် မူပါ။ သူတို့၏ အပြစ်ကို
လွတ်တော်မူပါ။ သူတို့သည် ကိုယ်ပြုသော အမှုကို မသိကြဟု ြွမက်ဆိုတော်မူ၏}}
(လု ၂၃း၃၄)။
ဣသရေလရှင်ဘုရင် ဒါဝိဒ်က ခရစ်တော် အသေခံသောအခါ သူ့ဝတ်ရုံကို
ရောမစစ်သားများက စာရေးတံချပြီး ဝေဖန်မည့်အကြောင်း (၁၄၉၀-၄၄၄ ြ.ဃ)
ပတ်ဝန်းကျင်က ကြိုတင်ဟောပြောခဲ့လေသည်။ (ဆာ ၂၂း၁၇-၁၈)။
ဤပရောဖက်ပြုချက်သည်လည်း အမှန်တကယ် ပြည့်စုံခဲ့ကြောင်း တွေ့ရပေသည်။
]]ကိုယ်တော်ကိုလက်ဝါးကပ်တိုင်မှာ ရိုက်ထားပြီးလျှင် အဝတ်တော်ကို
စာရေးတံချ၍ ဝေဖန်ကြ၏}} (မဿဲ ၂ရး၃၅)။
နောက်တခါ ဆာလံဆရာဒါဝိဒ်က ယေရှုခရစ် တော် လက်ဝါးကားတိုင်ပေါ်မှာ
ဝေဒနာခံနေစဉ် ခမည်းတော် ဘုရားအား အဘယ့်ကြောင့် စွန့်သနည်း ဟူ၍
ဟစ်မည့်အကြောင်းကို (၁၄၉၀-၄၄၄ြ.ဃ)က ကြိုတင် ရေးသားခဲ့လေသည်။ (ဆာ ၂၂း၁)။
ဤဟော ပြောချက်အတိုင်း အရှင်ယေရှုခရစ်သည် လက်ဝါးကပ် တိုင်ပေါ်၌ အမှန်တကယ်
အော်ဟစ်ခဲ့ကြောင်း ရှင် မဿဲက မှတ်တမ်းတင်ထားပါသည်။ ]]ကျွနု်ပ်ဘုရား}} ]]
ကျွနု်ပ်ဘုရား}} အကျွနု်ပ်ကို အဘယ့်ကြောင့် စွန့်ပစ်တော်မူသနည်း}} (မဿဲ
၂ရး၄၆)။
တဖန် ဆာလံဆရာ ဒါဝိဒ်မင်းက ပရော ဖက်ဉာဏ်နှင့် ဟောပြောသည်မှာ ခရစ်တော်
အသေခံ သောအခါ အရိုးတစ်ချောင်းမျှ မကျိုးမပဲ့ရဟူသော အချက်ကို
(၁၄၉၀-၄၄၄ြ.ဃ)ပတ်ဝန်းကျင်မှာ ရေး သားခဲ့လေသည် (ဆာလံ ၃၄း၂၀)။
ဤကျမ်းချက်သည် လည်း လက်ဝါးကပ်တိုင်ပေါ်မှာ အသေခံစဉ် ပြည့်စုံခဲ့ လေသည်။
အဘယ့်ကြောင့်ဆိုသော် အရိုးမကျိုးမှီ အသက်ရှိသောကြောင့်ဖြစ်၏။
]]ထိုအကြောင်းအရာ ကား သူ၏ အရိုးကို မချိုးရဟု ကျမ်းစာလာချက်ပြည့်
စုံမည့်အကြောင်းတည်း}} (ယော ၁၉း၃၃-၃၆)
ပရောဖက်ဇာခရိသည် ယေရှုခရစ်တော် အ သေခံသောအခါ ရန်သူတို့က သူနံဘးကို
လှံနှင့်ထိုး မည့်အကြောင်း ခရစ်တော်မမွေးဖွားမှီ နှစ်ပေါင်များစွာ ကတည်းက
(၅၂ဝြ.ဃ)မှာ ကြိုတင်ဟောကိန်းထုတ်ခဲ့ လေသည်။ (ဇာခရိ ၁၂း၁၀)။ ဤကျမ်းချက်သည်
လည်း အမှန်တကယ်ပြည့်စုံခဲ့လေသည်။ ]]စစ်သူရဲတစ် ယောက်သည် နံဘေးတော်ကို
လှံနှင့်ထိုးဖောက်၍ သွေးနှင့်ရေသည် ချက်ခြင်းထွက်လေ၏}} (ယော ၁၉း၃၄)။
ပရောဖက်ဟေရှာယက (ရဝဝ-၆၈ဝြ.ဃ) ခရစ်တော်မပေါ်မှီမှာ ခရစ်တော်၏ အလောင်းကို
သူဌေးတစ်ဦး၏ သချႋုင်း၌ သင်္ဂြိဟ်မြှုပ်နှံမည့်အ ကြောင်း
ဟောချက်ထုတ်ခဲ့လေသည် (ဟေရှာ ၅၃း၉)။
ဤဟောပြောချက်သည် ခရစ်တာ်အသေခံ သောနေ့၌ ပြည့်စုံကြောင်း တွေ့ရ၏။
]]အရိမဿဲမြို့ သား ယောသပ်အမည်ရှိသော သူဌေးသည် ယေရှု အလောင်းကို
ပိလတ်မင်းထံ၌ တောင်းပြီးလျှင် မိမိ သချႋုင်းတွင်းသစ်မျာ ထားလေ၏}}
(မဿဲ၂ရး၅၇-၆၀)။
ယေရှုခရစ်တော်ဘုရားသည် အသေခံပြီးမှ ပြန်လည်အသက်ရှင်မည့်အကြောင်းကို
ဆာလံဆရာ ဒါဝိဒ်မင်းက ကြိုတင်ဟောပြောခဲ့လေသည်။ (ဆာ ၁၆း၁၀-၁၁)။
ဤကျမ်းချက်အတိုင်း ခရစ်တော်သည် သေခြင်းမှထမြောက်တော်မူကြောင်း ဒေါက်တာ
လုကာမှ မှတ်တမ်းတင်ထားပါသည်။ ခရစ်တော်သည် အမှန်တကယ် ထမြောက်ကြောင်း
သက်သေများစွာ ကျမ်းစာ၌ ဖတ်ရှုနိုင်ပါသည် (လု ၂၄း၁-၉)။
ယေရှုခရစ်တော်သည် သေပြီးမှာ သုံးရက် မြောက်သောနေ့၌
ထမြောက်တော်မူမည့်အကြောင်း ကို ပရောဖက် ဟောရှေက (၇၁၅ြ.ဃ)မှာ ကြိုတင်ပြီး
ဟောပြောခဲ့သည်။ (ဟောရှေ ၆း၁-၂)။ ဤအချက် သည်လည်း အမှန်တကယ်ပြည့်စုံကြောင်း
တမန်တော် ပေါလုက မှတ်တမ်းတင်ခဲ့လေသည်။ ]]ကျမ်းစာလာ သည့်အတိုင်း
ငါတို့အပြစ်အတွက် အသေခံ၍ သဂြိုဟ်ပြီးမှ ကျမ်းစာလာသည့်အတိုင်း သုံးရက်
မြောက်သော နေ့၌ ထမြောက်တော်မူ၏}} (၁ကော ၁၅း၃-၄)။
ဆာလံဆရာဒါဝိဒ်က ခရစ်တော်ဘုရားသည် ကောင်းကင်ဘုံသို့
ဆောင်ယူတော်မူခြင်းခံ၍ ဘုရား သခင် လကျာ်တောင်ဘက်မှာ ထိုင်တော်မူမည့်အ
ကြောင်း ကြိုတင်ဟောချက်ရှိခဲ့သည်။(ဆာလံ ၆၈း၁၈) ဤသို့ မွေးနေ့ရှင်
ယေရှုခရစ်တော်၏ အသက်တာနှင့် ပတ်သက်၍ ကြိုတင်ဟောပြောချက်များ (၄၄)ချက်
ပြည့်စုံနိုင်ခြင်းသည် အံ့ဩဖွယ်ကောင်းလှပါ၏။ တချို့ က
ကြိုတင်ပရောဖက်ပြုသူများအချင်းချင်း ဇာတ်တိုက် ထားတာဖြစ်မှာပါဟူ၍
ဝေဖန်ကြ၏။
အမှန်မှာ ထိုသို့မဟုတ်ပါ ပရောဖက်ပြုသူ အချင်းချင်းမသိကြပါ။
နေရာဒေသချင်းမတူကြပါ။ ထို့အပြင် ကာလအချိန်အပိုင်းအခြားများ မတူကြပါ။
ပညာအရည်အချင်း အဆင့်အတန်းခြင်းမတူညီကြပါ။ ဤသို့
ပြည့်စုံနိုင်ခြင်းအကြောင်းအရင်းမှာ ဤသို့ ပရောဖက်ပြုစေသော ပုဂ္ဂိုလ်သည်
ဘုရားဖြစ်၍ အရာ ခပ်သိမ်းကိုသိသော ဘုရားအရာခပ်သိမ်းကို တတ်စွမ်း
နိုင်သောဘုရားဖြစ်တော်မူ၏။ ထိုသူသည် သူတို့ (ပရောဖက်များ) အထဲ၌ရှိသော
ခရစ်တော်၏ ဝိညာဉ်ပေတည်း။ (၁ပေ ၁း၁၁)
ထိုခရစ်တော်၏ ဝိညာဉ်သည် ပရောဖက်တို့၏ အထဲ၌နေလျက် မည်သို့မွေးဖာါးလာမည့်
အကြောင်း မည်သို့ နာမည်ခေါ်မည့်အကြောင်း မည်သို့ ဘုန်းစည်း
စိမ်ဝင်စားရမည့်အကြောင်းစုံကို မိမိကိုယ်တိုင် ပရောဖက်များအားဖြင့်
ဟောပြောခဲ့သမျှ တခုမျှမကျန် ပြည့်စုံစေခဲ့လေသည်။
ထို့ကြောင့် ရှင်ပေတရုက ]]ကိုယ်တော်သည် ခရစ်တော်တည်းဟူသော
အသက်ရှင်တော်မူသော ဘရား၏သားတော်ဖြစ်တော်မူသည်ဟု လျှောက်လေ ၏}} (မဿဲ
၁၆း၁ ၆)။ တချိန်က ခရစ်တော်နောက် လိုက် တပည့်တော်သောမတ်သည် လက်တော်၌ သံ
ရိုက်ရာချက်ကို မမြင်၊ သံရိုက်ရာချက်ကို လက်ညိုးနှင့် မတို့မစမ်း၊
နံဘေးတော်ကိုလည်း လက်နှင့်မစမ်း မသပ်ရလျှင် အကျွနု်ပ်မယုံဟု ဆို၏။
ထို့နောက် ရှစ်ရက်မြောက်သောနေ့၌ အခန်းထဲမှာ စည်းဝေးစဉ် ယေရှုသည် ြွကလာ၍
အလယ်မှာရပ်တော်မူလျှက် ငြိမ်သက်ခြင်းရှိစေသတည်းဟု မိန့်တော်မူ၏။ ထိုအခါ
သောမတ်အား လက်ညိုးကိုဆန့်၍ ငါလက်ကိုကြည့် လော့။ သခင်၏ လက်ကိုဆန့်၍
ငါနံဘေးကို စမ်းသပ် လော့ မိန့်တော်မူ၏။ သောမတ်ကလည်း အကျွနု်ပ်၏ အရှင်
အကျွနု်ပ်၏ ဘုရားပါတကားဟု ပြော၍ လျှောက်၏။ ချစ်သောမိတ်ဆွေ ဘုရားဆိုသည်မှာ
အရာခပ်သိမ်းကို သိရမည်။ ကျမ်းစာ၌ အဘယ်သို့ မှတ်တမ်းတင်ထားသနည်း။
]]လူ၏အထဲ၌ ရှိသမျှကို သိတော်မူသောကြောင့် လူ၏ အကြောင်းကို သက်
သေခံစေခြင်းငှာ အဘယ်သူကိုမျှ အလိိုတော်မရှိ}} (ယော ၂း၂၅)။ ဘုရားဆိုသည်မှာ
အရာခပ်သိမ်းကို တတ်စွမ်းနိုင်ရမည်။ ]]ယေရှုကလည်း ဤအမှုကို လူမတတ်နိုင်။
သို့သော်လည်း ဘုရားသခင်သည် ခပ်သိမ်းသောအရာတို့ကို တတ်နိုင်တော်မူသညု်
မိန့်တော်မူ၏}} (မ ၁၉း၂၆)။
ချစ်သောမိတ်ဆွေ ဘုရားဆိုသည်မှာ အပြစ် လွတ်ပိုင်သောသူဖြစ်ရမည်။ ]]ယေရှုသည်
ထိုသူတို့၏ ယုံကြည်ခြင်းကို မြင်လျှင် လူနာအား အချင်းလူ သင်၏
အပြစ်ကိုလွတ်စေပြီးဟု မိန့်တော် မူ၏}} (လု ၅း၂၀)။ ထို့ကြောင့်
ယေရှုခရစ်သည် ဘုရာစစ်၊ ဘုရားမှန်ဖြစ်ကြောင်း သူ့အသက်တာ အားဖြင့် သိရ ၏။
သို့ဖြစ်၍ ချစ်သောမိတ်ဆွေ သင်သည် ယခု နှစ် ခရစ္စမတ်အချိန်အခါ သမယမှာ
ဘုရားစစ် ဘုရား မှန် ယေရှုခရစ်အား ဖူးမြင်ဖို့လိုအပ်လှပေသည်။
]]အသီးအနှံသိမ်းရာကာလွန်ပြီး နွေကာလကုန်ပြီး ငါတို့သည်
ကယ်တင်တော်မူခြင်းသို့ မရောက်ကြ}} (ယေရမိ ၈း၂၀)။
မှန်ပါသည် ကျွနု်ပ်တို့မြန်မာလူမျိုးများတွက်
ရာသီအလီလီပြောင်းလဲခဲ့သော်လည်း ခရစ္စမတ် အကြိမ်ကြိမ်ကျင်းပနေသော်လည်း
ကျွနု်ပ်တို့သည် ကယ်တင်ခြင်းသို့ မရောက်ကြ။
ခရစ္စမတ်၏ အနှစ်သာရ
ဤလောကမှာ အမှန်တကယ်ရှိနေသော တရားနှစ်ပါးကို တင်ပြလိုပါသည်။ ပထမသစ္စာတရား
ကမ္မာဝစရတရားဖြစ်ပါသည်။ ဤကမ္မာဝစရတရား၏ အနက်သဘောကို အကျဉ်းအားဖြင့်ဆိုသော်
လူသည် စိုက်သည့်အတိုင်း ရိတ်သိမ်းရ၏ဟူသော တရားဖြစ် ၏။ ပြုသမျှသော
ကံသည်ပြုသူသို့ ပြန်ရောက်စမြဲ တည်း။ ဤတရားသည် အဓိပ္ပါယ် ဤမျှပိုင်းဖြတ်လျှင်
ဤတရားသည် ဓမ္မကျမ်းနှင့် ကိုက်ညီလျက်ရှိပါသည်။ ]]လူသည်
မျိုးစေ့ကြဲသည့်အတိုင်း အသီးအနှံကို ရိတ်ရလိမ့်မည်}} (ဂလာတိ ၆းရ)
သို့သော် ဤတရားကို သံသဝဋ်တည်းဟူသော အဖန်တလဲလဲ ဘဝပြောင်းခြင်း တရားနှင့်
ယှဉ်၍ မယူနိုင်။ ဤတရား မှန်သည် မမှန်သည်ကို သာဓကသက်သေအလုံ အ လောက်မရှိ
ကံတရားကိုကား ဒေသ၊ ကာလ ၊ ပုဂ္ဂလ တို့၌ ဒိဌထင်ရှား၏။ ပုဂ္ဂိုလ်တစ်ဦးသည်
မိမိတစ်ဦး သည် မိမိပြုသော အကျိုးအပြစ်ကို ခံရမြဲဖြစ်သကဲ့သို့
လူမျိုးတစ်စုတိုင်း ပြည်တစ်ခုသည်လည်း မိမိတို့ ပူပေါင်း၍ ပြုသောအမှု၏
အကျိုးအပြစ်ကို ခံရမြဲဖြစ် သည်။ ထို့ကြောင့် ]]ဖရန်စစ်သွမ်ဆန်}} မည်သော
အင်္ဂလိပ်ကဗျာဆရာက အကြင်သူသည် ငါအား သစ္စာ ဖျက်ကြလတံ့ဟုရေးသားခဲ့သည်။
ဤစကားသည် ဓမ္မစက်တရားကြီး၏ အချုပ်စကားဖြစ်၏။ သို့သော် ဤတရားသည် သစ္စာတရား၏
တဘက်သော မျက်နှာ မမျှသာဖြစ်သည်။
ဒုတိယသစ္စာတရား
ဤလောက်မှာ ကိုယ်လုပ်တာကို ကိုယ်ခံရဒါ ရှိသလို အခြားတဖက်မှာ ကိုယ်မလုပ်ဘဲ
သူတစ်ပါး ကြောင့် ခံရသော သစ္စာတရားလည်းရှိ၏။ ကျွနု်ပ်တို့ စိုက်ပျိုးသည်ကို
ကျွနု်ပ်တို့သာ ရိတ်သိမ်းကြသည်ဟု မဆိုနိုင်။ ကျွနု်ပ်တို့ စိုက်ပျိုးသည်ကို
ကျွနု်ပ်တို့သာ ရိတ်သိမ်းကြသည်ဟု မဆိုနိုင်။ ကျွနု်ပ်တို့ပြုသော အမှု၏
အကျိုးအပြစ်သည် သူတစ်ပါးတို့အပေါ်၌ သက်ရောက်တတ်၏။ ကံ၏ အကျိုးကို
ပခုံးပြောင်း၍ ခံရသော ဝဋ်ဆင်းရဲလည်း များစွာရှိ၏။ ကျွနု်ပ်တို့
စိုက်ပျိုးသည်ကို သူတပါးတို့ရိတ်သိမ်းကြရ၏။ ဖခင် ဖြစ်သူ တစ်ဦးသည် ငျေိ
ရှိခဲ့သော် ထိုမကောင်းမှု၏ အပြစ်ကို မိမိတစ်ယောက်တည်းခံလိုပါသော်လည်း
မဖြစ်နိုင်။ မိမိသား မယားမှစ၍ နီးစပ်စမျှသော ဆွေမျိုးအားလုံးတို့ကိုလည်း
ထိခိုက်၏။ ]]တနွယ်ငင် တစင်ပါ}} ဟူသကဲ့သို့ လူခပ်သိမ်းတို့၏ အသက်သည်
ထွေးရော၊ နှောဆက်၊ ယှက်သန်း၍ တခဲနက်တည် ကုန်၏။ တစ်ယေက်ထီးတည်း တသီး
တခြားအတွယ် အကပ်ကင်းသည်ဟူ၍မရှိ။
ထို့ကြောင့် ကာမာဝစရတရားရှိကြောင်း ဟုတ်မှန်သလောက် ပခုံးပြောင်း၍ခံရ
စံရသော ကံ၊ ကံ၏ အကျိုးတရားသည် ရှိကြောင်းလည်း ဟုတ်မှန် ၏။
ကိုယ်စိုက်သမျှကို ကိုယ်ရိတ်သိမ်းရသည် ဟူသော တရားသည် သစ္စာတရားဖြစ်၏။
ထို့အတူ ကိုယ်မစိုက်ပျိုးဘဲ သူတပါးစိုက်သော အရာကို
ကိုယ်တိုင်ရိတ်သိမ်းရသည် ဟူသော တရား သည်လည်း သစ္စတရားဖြစ်၏။
ဤသစ္စာတရားကိုထောက်လျှင် ကိုယ်စားခံ ခြင်း၊ တန်ဆာခံခြင်း ဝါဒကို
ဆင်ခြင်ရန် အကြောင်းရှိ သည်။ ဤလောက၌ အနန္တဖြစ်သော မေတ္တာတော်ရှင်
တပါးရှိငြားအံ့။ ထိုမေတ္တာရှင်သည် ဘဝ၏ မဏ္ဍိုင်တွင် ရပ်လျက်
ဝေနေယျသတ္တဝါအပေါင်း၏ ဒုစရိုက်နှင့် ဒုက္ခဒေါသဟူသရွေ့ကို
မိမိနှလုံးသည်းပွတ်၍ ခံယူသည်ဖြစ်အံ့။ ထိုအရှင်၏ ကုသိုလ်ကောင်းမှုကို
ဝေနေယျသတ္တဝါအပေါင်တို့အပေါ်၌ ရွှေ့ပြောင်းဝေငှ ၍ ပေးနိုင်ပေလိမ့်မည်။
ဤကဲ့သို့ ကံ၊ ကံ၏ အကျိုးကို ပခုံးပြောင်း၍ ခံစားရသူတို့မှာ
မိမိတို့စိုက်သော အသီးကို မဟုတ်။ မေတ္တာတော်ရှင်စိုက်တော်မူသော
အသီးကိုစားသုံးကြကုန်၏။ ဤတရားဟုတ်မှန်ကြောင်း ထပ်မံရှင်းပြပေအံ့။
ယေရှုအထဲ၌ရှိသော ဘုရား
ဘုရားသခင်သည် သခင်ယေရှု၌ လူ့ဘဝ ဆောင်ယူတော်မူသည်ဟူသော ဝါဒသည်ရှိ၏။ ခရစ်
ယာန်တို့က ဤဝါဒမှန်ကန်ကြောင်း ယုံကြည်ကြ၏။ မမြင်ကောင်းသော ဘုရားသခင်၏
သဏ္ဍာန်သည် ခရစ်တော်˜၌ ထင်ရှား၏။ မကြားနိုင်သော ဘုရားသခင် ၏ အသံတော်ကို
ခရစ်တော်၏ နှုတ်ကပတ်တော်၌ ကြားရ၏။ အစိန္တေယျ မကြံစည်အပ်သော ဘုရား၏
ဇာတိတော်ကို ကျွနု်ပ်တို့နှင့်တန်းတူဖြစ်သော လူ့ဘဝ တွင် ခရစ်တော်ကို
သိနိုင်၊ ကြားနိုင်၊ နားလည်နိုင်၏။ ဤနည်းကလွဲ၍ အခြားနည်းဖြင့်
ဘုရားသခင်သည် ကျွနု်ပ်တို့အား မထင်ရှားနိုင်။ သို့ဖြစ်လျှင် သခင်ယေရှု အပေါ်၌
သက်ရောက်သမျှ သည် မှန်၏။ ကိုယ်တော် ၏ ကားတိုင်ဆင်းရဲသည် ဘုရားသခင်၏
ကားတိုင် ဆင်းရဲပေတည်း။
အီတာလျံ ပန်းချီဆရာကြီးတစ်ပါးရေး ချယ် သော နိပါတ်တော်ကားတစ်ခု၌
သခင်ယေရှု၏ လက် တို့ကိုရိုက်နှက်၍ထားသော သံမှိုကြီးသည် သစ်သားကို ဖောက်၍
ကားတိုင်နောက်၌ရှိသော အဘဘုရား သခင်၏ လက်တို့ကို ထိုးဖြတ်၊ ထွင်း
ဖောက်နေဟန် ရေးထားသည်။ ထိုပန်းချီဆရာကြီးသည် ဘုရားသခင် ၏
ဆင်းရဲကိုမြင်ဟန်ရှိသည်။ ဤသဘောကို ရှင် ပေါလုရေးသားထားသော ကျမ်းစာ၌
ဖတ်ရသည်။ ]]ဘုရားသခင်သည် ခရစ်တော်၌ ကိန်းအောင်း တော်မူလျက် လောကနှင့်
မိတ်သဟာ ယဖွဲ့တော်မူ ၏}}ဟု မိန့်တော်မူလေသည်။ (၂ကော ၅း၁၉) ကိုယ် တော်က
]]ငါကိုမြင်သောသူသည် ခမည်း တော် ဘုရားသခင်ကို မြင်လေပြီ}} ဟု
မိန့်တော်မူသော ခါ ဆိုုလိုရင်းမှာ ငါ့ကိုကားတိုင်ထက်၌ မြင်လေပြီဟူ၍
ဖြစ်သည်။ ထို့ကြောင့် ကားတိုင်သည် ဘုရားသခင်၏ နှလုံးကြေကွဲရာ
ဆင်းရဲဖြစ်၏။
အိမ်ထောင်တစ်ခု၌ အလွန်ချစ်တတ်သော လူတစ်ယောက်သည် မိမိချစ်သူ၌
အပြစ်တွေ့အံ့ ထိုအချစ်နှင့် အပြစ်ကြားမှာ ကားတိုင်တည်းဟူသော
ဆင်းရဲသည်ရှိစမြဲဖြစ်၏။
သို့သော် ထိုဆင်းရဲကို ဥပေက္ခာတရားနှင့် လျစ်လျူရှုနိုင်သည်ဆိုသော
မေတ္တာသည် မေတ္တာမှန် မဟုတ်၊ မေတ္တဟူသည် ထိုဆင်းရဲကို ခေါင်းရှောင်၍
တသီတခြားမတည်နိုင် မေတ္တာမှန်က သူတစ်ပါး၏ အပြစ် ဒုစရိုက်ဆင်းရဲတွင်းသို့
ဝင်ရောက်၍ ကိုယ့်အ ပြစ်ကိုယ့်ဒုက္ခကဲ့သို့ ခံစားသည့် အရည်အချင်းရှိတတ် ၏။
မေတ္တာ၏ တာဝန်ကို မရွက်ဆောင်သော မေတ္တာ သည် မေတ္တာမဟုတ်။ ဤလောကကြီး၌
ကားတိုင် ဆင်းရဲကို မခံယူနိုင်သော ဘုရားသည် မေတ္တာတော်
ရှင်ဘုရားသခင်မဖြစ်နိုင်။
ဖခင်၏ မေတ္တာသည် ဆိုးသွမ်းသော မိမိသား အတွက် ဆင်းရဲ၏ ဝန်ကိုဆောင်လို၏။
ထို့အတူ အဘ ဘုရားသည် အပြစ်ရှိသော လောကီသားများအတွက်
စိတ်နှလုံးကြေကွဲခြင်း ဆင်းရဲကိုခံတော်မူ၏။ ကားတိုင် သည် ထိုဆင်းရဲ၏
အထိမ်းအမှတ်ဖြစ်၏။ ထိုကားတိုင် ဆင်းရဲသည် ကမ္ဘာသမိုင်း၌ ထင်ရှားခဲ့ပြီ။
ကျွနု်ပ်တို့ခံ ရမည့် ဆင်းရဲကိုကိုယ်တော်တိုင် သစ်တိုင်မှာ ခံတော် မူပြီ
(၁ပေ ၂း၂၄)။
အင်္ဂလိပ်အလင်္ကာရေးဆရာကြီး ]]ဗရောင်း နင်း}} (မြသတညငညါ) က မေတ္တာစိတ်ကို
ဖန်ဆင်းတော် မူသောအရှင်သည် မေတ္တာစိတ်မရှိကောင်းလောဟု စပ်ဆိုလေ၏။ ဆာလံဆရာက
]]မျက်လုံးကိုဖန်ဆင်း တော်မူသော အရှင်သည် မမြင်တတ်ကောင်းသလော}} နားကို
ဖန်ဆင်းသော အရှင်သည် မကြားတတ် ကောင်း သလောဟု စပ်ဆိုဖူးသည်။
အထက်ပါတရားနှစ်ပါး၏ ပြဿနာကို ဆင် ခြင်ကြကုန်အံ့။ ကာမာဝစရတရားသည်
အရာခပ်သိမ်း ၌ ထင်ရှားသကဲ့သို့ မေတ္တာတရားသည် အရာခပ်သိမ်း ြု၌ ထင်ရှား၏။
ဥပမာ ကိုယ်ခန္ဓာ၌ တစ်ခုသောအရိုး သည် ကျိုးလျှင် ထိုအရိုးအနာကို
ပြုပြင်ပပျောက်ရန် ခန္ဓာတစ်ခုလုံးကို ကူညီဝိုင်းဝန်းကြကုန်၏။
ပရွတ်ကြင်နီတို့သည် ချောင်းငယ်မြောင်းငယ် တို့ တစ်ဘက်သို့ ကူးကြသည့်အခါ
အများသော အကောင်တို့ ဖြတ်ကူးနိုင်ရန် အထောင်အသောင်း သော အကောင်များက
အသေခံ၍ တံတားပြုကြ၏။ အပွင့်သည် ညိုးနွမ်း၊ ေြွကကျရာ၌ အသီးကိုဖြစ်ပေါ် စေ၏။
ဘုရားသခင်သည် သစ္စာတရားဖြစ်တော်မူ သကဲ့သို့ မေတ္တာအရှင်လည်းဖြစ်တော်မူ၏။
သစ္စာရှိ သောကြောင့် အပြစ်၏ အခသေခြင်းကို မစီရင်ဘဲ အပြစ်လွှတ်၍မရ၊
တစ်ဘက်မှာ ဘုရားသခင်သည် မေတ္တာတော်ရှင်ဖြစ်သောကြောင့် လူသားများငရဲကျ
မှာကို အလိုတော်မရှိ။ ထို့ကြောင့် သစ္စာတရားကို မဖျက်ဘဲ။ မေတ္တာတရားနှင့်
အဘယ်သို့ တွဲဖက်၍ ပြနိုင်ဘွယ်ရှိသနည်း။
ဘုရားသခင်သည် အနန္တဘုန်းတော်ကြောင့် မဟုတ်ဘဲ အနန္တမေတ္တာတော်ဖြင့်
ငါတို့ခံရမည့် အပြစ် အခသေခြင်းကို ကိုယ်တော်တိုင် သံဖောက်ဒဏ်ရာရှိ သော
လက်တော်နှင့် ကျွနု်ပ်တို့အားအပြစ်ဖြေလွှတ် ခြင်းကို
ကမ်းလှမ်းသနားတော်မူသော်ကား၊ ကျွနု်ပ်တို့ သည်
လက်မခံနိုင်စရာအကြောင်းမရှိ။ အပြစ်ရှိသော ကျွနု်ပ်တို့ လောကီသားများသည်။
အပြစ်ကင်းသော ဘုရားထံတော်ပါးသို့ မချဉ်း ကပ်နိုင်။ ကိုယ်တော်ကသာ
ကျွနု်ပ်တို့ကိုစ၍ မေတ္တာ စကား ဆိုနိုင်ပေမည်။ ကျွနု်ပ်တို့အပြစ်များကို
နှလုံး တော်ပေါ်၌ ယူဆောင်လျက် ကျွနု်ပ်တို့အား မိသဟာ ယလက်တော်
ကမ်းလှမ်းတော်မူမည်။ အကျွနု်ပ်တို့ကို အသက်နှင့်အမျှချစ်သောကြောင့်
ဘုရားသခင် ပေး တော်မူသောအဘိုး အခကား၊ ကားတိုင်းပေတည်း။
ထို့ကြောင့် ကမ္မာဝစာရတရားနှင့်အပြစ်ဖြေ လွှတ်ခြင်းတရား၊
ဖြောင့်မတ်ခြင်းတရားနှင့် မေတ္တာ တရား ဤနှစ်ပါးသည်ကားတိုင်၌ တညီတညွတ်တည်း
ပေါင်းမိကြကုန်၏။ ကားတိုင်၌ မတ်တတ်တည်သော သစ်တိုင်ကား ကမ္မာဝစာရ
ကိုယ်လုပ်ကိုယ်ခံတရားဖြစ် ၏။ ကန့်လန့်ဖြတ်သော သစ်တိုင်အား နှစ်သိမ့်ကယ်
တင်ရန် ဖြန့်လျက်ထားသော လက်များသဖွယ် ဘုရား သခင်၏ မေတ္တာတော်ကိုပြရန်
အထိမ်းအမှတ် ဖြစ်၏။ ဖြောင့်မတ်ခြင်းတရားနှင့် မေတ္တာတရား၊ ဤနှစ်ပါး
တို့သည် ပူးပေါင်းလျက်ကားတိုင်ဖြစ်၏။ ကားတိုင် သည်လည်း ဤတရားနှစ်ပါးကို
တပါးတည်း ဖြစ်စေ ၏။ ဆာလံဆရာက ဤသို့စပ်ဆို၏။ ]]ကရုဏာနှင့် သစ္စာဆုံမိပြီ။
တရားနှင့် ချမ်းသာသည် တပါးနှင့် တပါးနမ်းကြပြီ}} (ဆာလံ ၈၅း၁၀)
ချစ်သော မိတ်ဆွေ၊ ယခုအချိန်ခရစ်တော် ဘုရားမွေးနေ့တော်၏ အနှစ်သာရမှာ
ဖြောင့်မတ်ခြင်း ကြောင့် အပြစ်စီရင်မည်။ ဘုရားသည် ကရုဏာ
မေတ္တာကြောင့်တပါးတည်းသော သားတော်ကို လော ကီသားအပေါင်းတို့အတွက် စွန့်လျှက်
ကားတိုင် ဆင်းရဲ ကို ခံစေခဲ့ပြီဟူသော သတင်းကောင်းပေတည်း။ ဤသို့
အသေခံနိုင်ရန် လူ့ဇာတိခံ၍ မွေးဖွားရ၏။ လောက ဝမ်းမြောက်ဘုရားြွကလာဟူသော
တေးသီချင်း အ တိုင်း ဤနေ့ရက်အချိန်မှာ ဝမ်းမြောက်သင့်ပါ၏။
သို့သော်မိမိကိုယ်တိုင် ယေရှုခရစ်ြွကလာရခြင်း အ ကြောင်းရင်းဖြစ်သော
ကယ်တင်ခြင်းဆုကျေးဇူးကို မခံ စားလျှင် ထိုဝမ်းမြောက်ခြင်းသည် အနှစ်သာရမရှိ
အဓိပ္ပါယ်မဲ့ ဖြစ်ပေလိမ့်မည်။
သို့ဖြစ်၍ ယခုနှစ်ခရစ္စမတ်မှာ ကယ်တင်ခြင်း ကို အပိုင်ရရှိအောင်လေ့လာကြပါစို့။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
စုံလင်သော ပေးကမ်းစွန့်ကြဲခြင်း
အိုးပေါက်ထဲ ရေမဖြည့်နှင့်
ကျွနု်ပ်တို့ဝိညာဉ်ဖခင်ဆရာတော် ဦးတင်မောင်ထွန်း က ပြောဘူးပါသည်။
ပေးကမ်းခြင်း နှင့် ပတ်သက်လျှင် သမ္မာ သတိရှိရှိပေးတတ်ဖို့လိုကြောင်း
မိန့်မှာခဲ့ ဘူးပါသည်။ တချို့လူများဟောပေးသလောက် အကျိုး မဖြတ်ဘဲ ပေးလေလေ၊
ယိုလေ လေ၊ တောင်းလေလေ စသဖြင့် သံသရာလည်နေသူများလည်းရှိပါသည်။
ပေးပြီးသူ့အတွက် အကျိုးဖြစ် ထွန်း၊ တည်ဆောက် လာလျှင် ကောင်းပါသည်။
သို့သော် ပေးသလောက် အကျိုးမဖြစ်ဘဲ အကျိုးယုတ် သွားလျှင် ထပ်မံမပေး သင့်ပါ။
ထိုသို့သော သူတို့သည် အိုးပေါက်ထဲ ရေဖြည့် သကဲ့သို့
အချည်းနှီးဖြစ်ကြောင်း ဆရာကြီးက ဝေငှဘူး ပါသည်။
မည်သူကို ပေးရမည်နည်း။
သို့ဖြစ်လျှင် ပေးကမ်းသောအခါ မည်သူကို ပေးရမည်နည်း။ ဘုရားသခင်ကို
ပေးရမလား။ လူတွေ ကို ပေးရမလား။ လူဟုဆိုရာ၌ အမှုတော်ဆောင်လား၊ မုဆိုးမလား၊
ယုံကြည်သူဆင်းရဲသားလား၊ မယုံကြည်သူ ဒုက္ခသည်လားစသည်ဖြင့်
ဝေခွဲပိုင်းခြားသိရန် လိုပါ သည်။
ကျွနု်ပ်တို့ပိုင်ဆိုင်သော ဥစ္စာ၊ ဘဏ္ဍာ၊ အချိန်၊ အစွမ်းသတ္တိနှင့်ပညာများကို
ပုဂ္ဂိုလ်တစ်ဦး တစ် ယောက်အား ပေးကမ်းအပ်နှံခြင်း မပြုမှီ ထိုပုဂ္ဂိုလ် သည်
မည်သူမည်ဝါဖြစ်ကြောင်း အရင်သိဖို့ လိုအပ်ပါ သည်။
လေဝိတို့အား ပေးပါ
(ဥပမာ) ဣသရေလလူတစ်မျိုးသည် ဆယ်ဘို့ တစ်ဘို့ကို ဘုရားအိမ်တော်သို့
ယူဆောင်လာသော အခါ၊ လေဝိသားများက အသုံးပြုရမည်ဖြစ်သည်။ လေဝိသားတို့သည်
ပရိသတ်စည်းဝေးရာတဲတော်အမှု ကို ဆောင်ရွက်သောကြောင့် သူတို့အမွေခံစရာ၊
™ဣသရေလအမျိုးသားတို့၏ ဥစ္စာဆယ်ဘို့ တစ်ဘို့ကို ငါပေးပြီ (တော ၁၈း၁၂) ဟု
ထာဝရဘုရားမိန့်မှာခဲ့ သည်။ ဤသို့ လေဝိသားတို့ကို ဆယ်ဘို့တစ်ဘို့
ပေးရမည်ဟု ဘုရားမိန့်မှာလျက်နှင့် စေတနာမေတ္တာ နှင့် လေဝိအမျိုးမဟုတ်သော
ဗင်္ယာမိန်အမျိုး၊ ဂဒ်အမျိုး တို့အား ပေးကမ်းပါက မိန့်မှာချက်နှင့်
လွှဲချော် သွား သည့်အတွက် ဘုရားသခင်လက်ခံ နှစ်သက်မည် မဟုတ်ချေ။
ထို့ကြောင့် ပေးကမ်းစွန့်ကြဲသည့်အခါ စေတ နာရှိရုံနှင့်မပြီး၊
ပေးရမည့်ပုဂ္ဂိုလ်မှန်ကန်ဘို့ အရေး ကြီးပါသည်။ ဓမ္မဟောင်းÝ၌ မိန့်မှာခဲ့သော
ဘုရားသခင် ၏ အိမ်တော် (မာလခိ ၃း၁၀) ဆိုသည်မှာ ယနေ့ ဓမ္မသစ်ကာလအတွက်
အသက်ရှင်သော အသင်း တော်ကို ဆိုလိုသည် (၁တိ၃း၁၅)။ ချစ်သော မိတ်ဆွေ သင်၏
ဆယ်ဘို့တစ်ဘို့ကို ဘုရားသခင်၏ အိမ်တော်၊ အသက်ရှင်သော အသင်းတော်ရှိ (သြမည
ေါငေည) အမှု ဆောင် ယဇ်ပုရောဟိတ်များကို ပေးပါ သလား။ သို့ဖြစ်Õ၍
ထာဝရဘုရားရှင်အား ဆယ်ဘို့ တစ်ဘို့ကို ပေးသောအခါ အသက်ရှင်သော အသင်းတော်၌
အမှု တော်ဆောင်ဘို့ စားစရာရှိစေဖို့ ပေးရမည်။ ဆယ်ဘို့ တစ်ဘို့ကို
အဆောက်အဦး ဆောက်လုပ်ဖို့စသည့် အခြားကိစ္စရပ်များ၌ မသုံးရပါ။
ထာဝရဘုရားကိုပေးခြင်း
လေဝိသားယဇ်ပရောဟိတ်တို့သည် ဣသ ရေလလူတို့ထံမှရသော ဆယ်ဘို့တစ်ဘို့ကို ထာဝရ
ဘုရားအား မိမိတို့ခံစားခဲ့သော အဘို့ထဲမှတဘို့ ပြန်ပေးရမည်။ တဖန်မောရှေအား
ထာဝရဘုရားက သင်သည် လေဝိသားတို့အား ဆင့်ဆိုရမည်မှာ သင်တို့ အမွေခံစရာဖို့
ငါပေးသော ဣသရေလအမျိုး သားတို့ ၏ ဥစ္စာဆယ်ဘို့တစ်ဘို့ကို သင်တို့သည်
ခံယူသော အခါ ထိုအဘို့၏ ဆယ်ဘို့တစ်ဘို့ကို ထာဝရဘုရား အား
ပူဇော်သက္ကာပြုရမည်။ ထို့ကြောင့် ယနေ့အသင်း တော်ရှိ
အမှုတော်ဆောင်များသည်လည်း မိမိတို့ ဆယ်ဘို့တစ်ဘို့ကို ဘုရားသခင်အား
ပေးရပါလိမ့်မည်။ (ဝတ် ၂၆း၃၀၊ တော ၁၈း၂၅-၂၆)။
မုဆိုးမနှင့် ဆင်းရဲသားများကိုပေးရမည်။
တတိယနှစ်တွင် သိမ်းသော ဆယ်ဘို့တစ်ဘို့ ကိုမူ၊ မြို့ထဲမှာ သိုထားရမည်။
လေဝိသား သင်တို့ နေရာ အရပ်၌ရှိသော တပါးအမျိုးသား၊ မိဘမရှိသော သူငယ်၊
မုဆိုးမများတို့သည် ဝစွာစားရကြမည်။ ဤသည်မှာ နှစ်စဉ်နှစ်တိုင်းမဟုတ်၊
သုံးနှစ်တကြိမ် ဤသို့ဝေမျှခွင့်ရှိကြောင်း တွေ့ရ၏ (တရား ၁၄း၂၇-၂၉)။
သို့ဖြစ်၍ ယနေ့ကျွနု်ပ်တို့က ငါဘုရားသခင်ကို ပေးတာပဲ စေတနာရှိရှိ
ပေးလိုက်ရင်ပြီးတာပဲရတဲ့ လူက ဘာဘဲလုပ်လုပ်၊ သူနဲ့ဘုရားနှင့်သက်ဆိုင်တယ်
ဆိုပြီး ပစ္စလက်ခပ်မပေးသင့်ပေ။ အမှန်မှာ ကျွန်တော် တို့က ပေးလိုက်သောသူသည်
သမ္မာကျမ်းစာက သွန် သင်ဖော်ပြခဲ့သော ဘုရားပေးခိုင်းသည့် ပုဂ္ဂိုလ်ဟုတ်
မဟုတ် စဉ်းစားစိစစ်ပြီးမှ ပေးလှူသင့်ပါသည်။
စေတနာမှန်သော်လည်း
ကျွနု်ပ်တို့ပေးလိုက်သော သူသည် ဘုရားလူ မဟုတ်ဘဲ ဘိန်းစားအရက်သမား
သစ္စာမရှိ သဖြစ်နေ ပါက အဆိပ်ပင် ရေလောင်းသလိုဖြစ်သွားပေလိမ့် မည်။
ဤနေရာ၌ ကျွနု်ပ်အတွေ့အကြုံကို တစ်ခု ပြောပြချင်ပါသည်။ တစ်ခါက
ကျွနု်ပ်မိခင် အသက်ရှင် စဉ် ရှမ်းပြည်ကျိုင်းတုံမှ ချင်းတောင်ကို
စောင်နှင့်ငွေ ကျပ် (၅ဝဝဝ)ကို လူကြုံနှင့် စိတ်စေတနာရှိ ရှိပါးလိုက် ရာ
အမေထံမှာ စောင်သာရောက်သွားပြီး ငွေကျပ် (၅ဝဝဝ)မှာ ထိုသူက
လမ်းမှာအရက်သောက်၊ ဖဲရိုက် နှင့် ကုန်သွားကြောင်း နောက်မှသိရ၏။
ကျွနု်ပ်သည် စေတနာနှင့်ပါးလိုက်သော ငွေမှန်ကန်သော်လည်း သစ္စာမရှိ၊
ပစ္စည်းပါးသင့်သော ပုဂ္ဂိုလ်မရောက်တော့ ပါ။ ထို့ကြောင့် ယုံကြည်သူ မိတ်ဆွေ၊
ယနေ့ဘုရားပေး ထားသောကောင်းကြီးများထဲမှ အလှူငွေကို ဘယ်သူ အား ပေးနေပါသလဲ။
ပေးလိုက်သော ပုဂ္ဂိုလ်မှာ ဘုရားလူမဟုတ်ခဲ့ရင် ထိုငွေသည် ကောင်းကင် စာရင်း
၌ မဝင် အဘအိမ်တော်သို့ရောက်မည် ဘုရား လူ မဟုတ်ခဲ့ရင် ထိုငွေသည်
ကောင်းကင်စာရင်း၌ မဝင်၊ အဘအိမ်တော်သို့ရောက်မည် မဟုတ်ချေ။
သူဆင်းရဲပျောက်အောင်
သင်၏ လက်ကို သူ့အဘို့ကျယ်ကျယ်ဖွင့်၍ သူ၏ ဆင်းရဲပျောက်အောင် ချေးငှားရမည်
(တရား ၁၅း၈)။ သူတောင်းစားတစ်ယောက်ကို နေ့စဉ်ထမင်း တစ်ထုပ်ပေးနေရုံနှင့်
သူ၏ ဆင်းရဲပျောက်မည်မဟုတ် ပေ။ လမ်းဘေးမှာ ဆင်းရဲသား သူတောင်းစားများကို
သနားပြီး ငွေ ငါးကျပ်၊ တစ်ဆယ် ပေးနေရုံနှင့် သူတို့
ဆင်းရဲပျောက်မည်မဟုတ်ပါ။ သို့ရာတွင် ဤသို့ ပေးကမ်းခြင်းသည်
မပေးသည်နှင့်စာလျှင်သာ၍ ကောင်းသော်လည်း ထိုသူ၏ ဆင်းရဲခြင်းသည်မကုန်
မပျောက်သေးပါက စုံလင်သော ပေးကမ်းခြင်းဟု မခေါ်ဆိုနိုင်ပါ။
အဓိပ္ပါယ်ဖွင့်ဆိုပုံက
တခါက ပဲနွယ်ကုန်းရှိ အသင်းတော် သင်းအုပ် ဆရာတပါးက
ဤပေးကမ်းခြင်းကျမ်းပိုဒ်နှင့် ပတ်သက် ၍ အနက်အဓိပ္ပါယ်ကို
အလွဲဖွင့်မိသဖြင့် စေတနာ သည် ဝေဒနာဖြစ်ခဲ့ကြောင်း ပြောပြေလေသည်။ ဖြစ်ပုံ
ကတော့ သူတို့အနီးအနားရှိ မယုံကြည်သူတစ်ယောက် ကို ခရစ်တော်၏
သတင်းကောင်းဝေငှပြီး သူဘုရား ကျောင်းလာရန် ခရီးဝေးသည်က တစ်ကြောင်း၊ စား
ဝတ်နေရေး ခက်ခဲမှုကြောင့်လည်းကောင်း၊ သူ့ကိုမစ သည့်အနေဖြင့်
မြင်းလှည်းလေးတစ်စီးကို အသင်း တော်က ပြင်ဆင်ဝယ်ပေးပါသည်။ ရည်ရွယ် ချက်မှာ
မိသားစု စားဝတ်နေရေး ပြဿနာဖြေရှင်းဘို့နှင့် သူတို့မိသားစုအားလုံး
တနင်္ဂနွေနေ့ပုံမှန်ဘုရား ကျောင်းရောက်စေချင်လို့ဖြစ်ပါသည်။ သို့သော် ထိုသူ
သည် မြင်းလှည်းရပြီး (၆)လလောက် အကြာမှာ မြင်း ကိုလည်း ဂရုမစိုက်၊
မြင်းလှည်းလည်း မမောင်းတော့ သည်သာမက ဘုရားကျောင်းလဲ ရောက်မလာတော့ ချေ။
ထိုအခါ စိုးရိမ်တကြီးနှင့် လိုက်လံစုံစမ်းကြည့် သည့်အခါ
မြင်းနှင့်မြင်းလှည်းကို ပေါင်နှံရောင်းစားခဲ့ပြီး မိသားစုနှင့်ထွက်ပြေး
နယ်ပြောင်းသွားကြောင်း သိရပါ သည်။ နောက်မှအသင်းတော်က သိရှိ၍ နောက်ထပ်
ငွေပေးချေပြီး မြင်းနှင့်လှည်းကို ရွေးခဲ့ရကြောင်း ကျွနု်ပ် အား
ပြောပြလေသည်။ ဓမ္မမိတ်ဆွေတို့၊ ကျွနု်ပ်တို့သည် တချို့သူတို့အား
ကူညီမစခဲ့သော်လည်း စေတနာနှင့် မတန်သူများ ရှိလေသည်။ သူဆင်းရဲပျောက်အောင်
ရည်ရွယ်ပြီးကူညီသော်လည်း ဆင်းရဲမပျောက်သည် သာမက ပေးသမျှမြင်းရယ်၊
မြင်းလှည်းနှင့် သူမိသားစု ပါ ခြေရာဖျောက်ကြောင်း ကျေးဇူးမတင်ကြသည် သာမက
နောက်ပိုင်းတွင် ကျွန်တော်တို့ကိုပါ ဝေဖန်ပြစ် တင်ခဲ့ကြောင်း
ကြားသိရသည်စသည်ဖြင့် သင်းအုပ် ဆရာက ဝေငှသက်သေခံပါသည်။
ပေါက်သောအိုးဖာပါ
ချစ်သောမိတ်ဆွေ ကျွနု်ပ်တို့ မြန်မာလူမျိုးများ
ဆိုရိုးစကားတစ်ခုရှိခဲ့ဘူးပါသည်။ ]]ခြေနှစ်ချောင်း လူသတ္တဝါကို
မကယ်ကောင်း}} ဟူသတည်း။ ကျွနု်ပ် မျက်မြင် ကိုယ်တွေ့တစ်ခုရှိပါသည်။
ရန်ကုန်မြို့ ရေကူးရပ်ကွက်ရှိ ဒေါ်ဒေါ်ကြီးတို့အိမ်မှာ တပည့်တော် ဖြစ်
သင်တန်းတက်နေစဉ် ဖြစ်ပါသည်။ ဒေါ်ဒေါ်ကြီး သည် အလွန်သနား ကြင်နာတတ်သော
အဒေါ်ဖြစ်ပါ သည်။ တစ်နေ့ ဆေးသမားများ သူ့အိမ်ရောက်လာပြီး တညတာ
အိပ်ခွင့်တောင်းလေသည်။ ဒေါ်ဒေါ်ကြီးက သနား၍ ထမင်းလည်းကျွေး အိပ်ခွင့်လည်းပေး
အ ကောင်းဆုံပြုစုခဲ့ပါသည်။ သို့သော် မိုးလင်းသည့်အခါ ခြေရာလည်းပျောက်
ရေလည်းနောက်ဆိုသကဲ့သို့ ခြင်ထောင်လည်းပျောက်လူလည်း ပျောက်သွားလေ သည်။
ထိုသူတို့ကို နောက်တစ်ကြိမ်မတွေရတော့ပါ။ ထိုသို့သော သူများကို
ပေးကမ်းရခြင်း ပြုစုရခြင်းသည် အိုးပေါက်ထဲမှာ ရေဖြည့်နေခြင်းသာဖြစ်လေသည်။
ထို့ကြောင့် ထိုသို့သောသူတို့ကို မပေးမှီ ပေါက်နေသော အိုးကို
ဖာပေးသင့်သည်။ ဆိုလိုသည်မှာ သူတို့အသက် တာ ဘုရားသခင်နှင့် မှန်ကန်အောင်
ဧဝံဂေလိတရား သက်သေခံသွန်သင်ရမည်။ အသက်တာပြောင်းလဲ မှန်ကန်လာပြီးမှ
ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်ကို ဆက် လက်မေတ္တာပြပေးကမ်းသင့်ပါသည်။
ပေတရု၏ ပေးကမ်းနည်း
တခါက တင့်တယ်ဟူသည့် တံခါးမှာ အမြဲ တောင်းစားလေ့ရှိသော အမိဝမ်းတွင်းကပင်
ခြေမစွမ်း သည့် လူတစ်ယောက်ကိုတွေ့သော ယောဟန်နှင့် ပေတရုသည် ရွှေငွေမပေးပါ။
ပေတရုကလည်း ငါ၌ ရွှေငွေမရှိ။ ရှိသည့်အရာကို သင့်အားငါပေးမည်။
နာဇရက်မြို့သား ယေရှုခရစ်၏ နာမတော်အားဖြင့် ထ၍ လှမ်းသွားလော့ဟုဆိုလျှက်
ထိုသူ၏ လကျာ် လက်ကို ဆွဲချီြွကသောအခါ အကောင်းပကတိ ဖြစ် သွားလေ၏ (တ၃း၆-၈)။
ထိုသူသည် သွားလျက်၊ ခုန် လျက် ဘုရားသခင်ကို ချီးမွမ်းလျက်
တမန်တော်တို့နှင့် အတူ ဗိမာန်တော်သို့ ဝင်လေ၏ (တ ၃း၈)။ ဤသည် မှာ
မှန်ကန်သော ပေးကမ်းနည်းဖြစ်ပါသည်။ ဤသူ တောင်းစားသည် နောက်တဖန် မတောင်းစား
တော့ ပါ။ သူ၏ ဆင်းရဲခြင်းသည် ဧကန်အမှန်ပျောက် လေပြီ။ ထို့ကြောင့်
ကျွနု်ပ်တို့သည် ဆင်းရဲသား၊ မုဆိုးမ၊ ဒုက္ခသည်များကို ရုပ်ပိုင်းဆိုင်ရာ
ပစ္စည်းများမပေးကမ်း မှီ နာမ်ပိုင်းဆိုင်ရာအတွင်း ဝိညာဉ်ကို ပြောင်းလဲ
အသက်ရှင်အောင် ကူညီလုပ်ဆောင်ပေးပြီးမှ ရုပ်ပိုင်း
လိုအပ်ချက်များပေးကမ်းမှသာလျှင် မှန်ကန်သွားမည် ဖြစ်ကြောင်း
နှလုံးသွင်းသင့်ပါသည်။
စိတ်သဘောထား
ပေးကမ်းသောအခါ လူကိုပေးသည်မဟုတ်။ ဘုရားသခင်ကို ပေးကမ်းခြင်းသာဖြစ်သည်။
လူတိုင်း ကိုယ်အလိုအလျောက် လှူရ၏။ နှမြောသော စိတ်နှင့် မလှူရ၊
မလှူဘဲမနေရဟု စိတ်ထင်နှင့် မလှူရ။ အ ကြောင်းမူကား စေတနာစိတ်နှင့်
လှူသောသူကိုသာ ဘုရားသခင်နှစ်သက်တော်မူ၏။ သို့ဖြစ်၍ ပေးတိုင်း
လှူတိုင်းဘုရားသခင်ကို ရည်စူးပြီး စေတနာစိတ်နှင့် စွန့်ကြဲရန်ဖြစ်သည်
(၂ကော ၉းရ)။
မည်သူကို ပေးရမည်နည်း။
ကျွနု်ပ်တို့ ပိုင်ဆိုင်သော ဥစ္စာဘဏ္ဍာများအထဲ တွင် ဆယ်ဘို့တစ်ဘို့မဟုတ်သော
အရာများကို မည်သူ အားပေးရမည်နည်း။ အထူးသဖြင့် ယုံကြည်သူ (မြသည ေါငေည)
ဆင်းရဲသားများကို ပေးကမ်းစွန့်ကြဲကြရမည်။ နောက်မှ တတ်နိုင်ပြီး
စေတနာစိတ်ရှိက မယုံကြည်သူ ဒုက္ခဆင်းရဲဖြစ်နေသော သူများကိုလည်းပေးနိုင်သည်။
ထို့ကြောင့် ငါတို့သည် အဆင်သင့်သည့်အတိုင်း ယုံ ကြည်ခြင်း၏ အိမ်သူ၊
အိမ်သားတို့၌ အထူးသဖြင့် ကျေးဇူးပြုလျှက် ခပ်သိမ်းသောသူတို့အား ကျေးဇူးပြု
ကြကုန်အံ့ (ဂလာ ၆း၁၀)။
သို့ဖြစ်၍ မိမိကိုယ်တိုင်က ပေးလှူသောအခါ ရုပ်ပိုင်းဆိုင်ရာကိုသာ
ပေးလှူခြင်းမဖြစ်စေဘဲ မိမိခန္ဓာ၊ စိတ်၊ ဝိညာသ်ကို ဘုရားသခင်အား
ဆက်ကပ်ပေးလှူ ပြီးမှ မိမိဥစ္စာကို ပေးလှူရပါမည်။ ထို့ကြောင့် ဘုရား သခင်၏
အလိုတော်နှင့်လည်းကောင်း မိမိတို့ကို မိမိတို့ လှူကြ၏ (၂ကော ၈း၅)ဟူသော
မာကေဒေါနိပြည်ရှိ အသင်းတော်များ၏ ပေးလှူခြင်းနည်းစနစ်သည် စစ်
မှန်စုံလင်သော ပေးလှူနည်းဖြစ်ကြောင်း မေတ္တာဖြင့် ဝေငှလိုက်ပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ခရစ်တော်၌ရှိသော စိတ်သဘော
ခရစ်တော်၏ တပည့်တော်များဖြစ်သော ညီ အစ်ကိုမေင်နှမများအနေဖြင့်
ခရစ်တော်အတွက် ဆို လျှင် အသက်ပင် ပဓာနမထားဘဲ အားကြိုး မာန်တက်
အမှုတော်ဆောင်နေကြသည်မှာ အားရ စရာ ကောင်း လှပေ၏။ သို့သော် ဤသို့ အမှုတော်
ဆောင်ရင်း အချိန်ကြာလာသောအခါ အခြားသူတို့၏ ဝေဖန်သံ များ၊
အပြစ်တင်ကဲ့ရဲ့သံများ ကြားရတတ်၏။ အစပိုင်း က ထိုသို့ခံရသောအခါ
သူတို့ခများ မသိရှာလို့ ဝေဖန် တာပါ။ ခရစ်တော်ကြောင့် ကဲ့ရဲ့ညှင်းဆဲ၍
မမှန်ဘဲ လျက် အပြစ်တကာတင်ကြသောအခါ ငါတို့မှာ မင်္ဂလာရှိကြ၏။
ဝမ်းမြောက်ရွှင်မြူးခြင်းရှိကြလော့။ အဘယ့်ကြောင့်ဆိုသော် ကောင်းကင်ဘုံ၌
ငါတို့အကျိုး ကြီးလှပေ၏ဟူ၍ သည်းခံခွင့်လွတ်တတ်ကြပါ၏။
သို့သော် တချိန်ပြီးတချိန်တနေရာပြီး တနေရာ သွားလာပြောင်းရွှေ့ပြီး
ဟောပြောသက်သေခံရင် သူပင်ပန်း၊ စိတ်ပင်ပန်း ဝိညာဉ်ရေးရာ ကျဆင်းနေချိန် မျာ
ခံရသော ပြစ်တင်ဝေဖန်ခြင်းများအတွက် သည်းခံ ခွင့်လွတ်ဘို့ အလွန်ခက်ခဲပါ၏။
ထိုအခါ ဘယ်သူဘာ ပြောပြော ဘုရားသခင်နှင့် ငါမှန်လျှင် ပြီးရော၊ အခြားလူတွေက
ဘယ်လိုမြင်မြင်၊ လူအကြိုက် နတ် တောင်မလိုက်နိုင်ဘူးဟု
စိတ်တိုတိုနှင့်ဆင်ခြေပေး တတ်ကြလေသည်။ ဤသို့သော စိတ်ထားခရစ်တော်၌
ရှိပါလောဟု ကျမ်းစာ၌ လေ့လာကြည့်သောအခါ ထိုသို့သော စိတ်သဘောမျိုးခရစ်တော်၌
မရှိကြောင်း တွေ့ရပေသည်။
တခါက ခရစ်တော်သည် ကပေရနောင်မြို့သို့ ရောက်နေခိုက်ဖြစ်၏။ ထိုအခါ
ဗိမာန်တော်အခွန်ခံ သော သူတို့သည် ပေတရုဆီသို့ လာ၍ သင်၏ဆရာ (ယေရှု)သည်
ဗိမာန်တော်အခွန်မပေးသလောဟု မေးလျှင် ပေးပါသည်ဟု ပေတရုဆို၏။ ထိုအကြောင်း
ကိုယေရှုသိသောအခါ ပေတရုကိုခေါ်၍ ]]အချင်းရှိ မုန် သင်သည် အဘယ်သို့ထင်သနည်း။
လောကီရှင် ဘုရင်တို့သည် အဘယ်သူမှာ အခွန်ခံကြသနည်း။ မိမိတို့သားမှာ
ခံရသလော။ သူတစ်ပါးမှာ ခံရသ လောဟု မေးတော်မူ ပေတရုက သူတပါးမှာ ခံကြပါ
သည်ဟု လျှောက်သော် ယေရှုကလည်း ထိုသို့မှန် လျှင် သားမူကား လွတ်ရ၏။
သို့သော်လည်း ထိုသူ တို့သည် ငါတို့ကြောင့် မမှားယွင်းမည့် အကြောင်း
အိုင်သို့သွား၍ ငါးမျှားကို ချလော့။ ရှေးဦးစွာရသော ငါးကိုယူ၍
ငါ့အဘို့နှင့် သင့်အဘို့ ထိုသူတို့အား ပေးလော့}} (မဿဲ ၁ရး၂၄-၂၇)
အမှန်မှာ ခရစ်တော်အနေဖြင့် ဘုရားသခင်၏ သားတော်ဖြစ်သောကြောင့်
ဗိမာန်တော်အခွန်ကို မပေးဘဲ နေ၍ရ၏။ သို့သော် အခြားသူများထိမိ၍
လဲစရာမဖြစ်အောင် မှားယွင်းစရာအကြောင်း မဖြစ် အောင် အခြားသောသူတို့၏
အကျိုးကို ထောက်၍ ဗိမာန်တော်အခွန်ကို ပေးကြောင်းတွေ့ရ၏။
ထိုနည်းတူစွာ ခရစ်တော်၏ တပည့်တော်တို့ သည်လည်း နေ့စဉ်သွားလာ၊
လုပ်ကိုင်မှု၊ အပြောအဆို၊ အပြုအမူ၊ အနေအထိုင်များ၊ ဆင်ခြင်ရပေမည်။ တခါ တရံ
မိမိဟောပြောချက်သည် သမ္မာတရားအတိုင်းဖြစ် သော်လည်း
မိမိညီအစ်ကိုတစ်ယောက်ယောက် ထိမိ လဲစေရာဖြစ်မည်ဆိုလျှင်
ထိုဟောပြောချက်မျိုးကို ရှောင်ရှားရမည်။ တခါတရံ စိတ်အားထက်သန်၍
ပြောလိုက်သော စကားသည် အားနည်းသော သူတစ် ယောက်အတွက် တည်ဆောက်စရာ မဖြစ်ဘဲ
ထိမိ၍ လဲစရာဖြစ်တတ်ပါ၏။
ထို့ကြောင့် ခရစ်တော်၏ သဘောထားကို ကောင်းကောင်းသိထားသော တမန်တော်ပေါလုက
သူ့စာစောင်၌ ဤသို့သတိပေးထားလေသည်။ ငါသည် အပြစ်မသင့်ဘဲ
ခပ်သိမ်းသောအမူအရာကို ပြုနိုင် သည်မှန်စေတော့။ ခပ်သိမ်းသော အမှုအရာပြုသင့်
သည်မဟုတ်။ ခပ်သိမ်းသော အမှုအရာတို့သည် သူ တပါးကို တည်ဆောက်တတ်သည်မဟုတ်။
ကိုယ် အကျိုးကို အဘယ်သူမျှ မရှာစေနှင့်။ သူအကျိုးကို လူတိုင်းရှာစေ။ (၁ကော
၁ဝး၂၃-၂၄)
ဤကျမ်းပိုဒ်ကို အသေအချာလေ့လာကြည့် လျှင် မှန်တာပြောတိုင်း
လူကိုမတည်ဆောက်တတ် ကြောင်း တွေ့ရ၏။ တခါတလေမေတ္တာနှင့် ပြောသော် လည်း နေရာက
မှားနေသောအခါ အရှက်ခွဲသလို ဖြစ် တတ်သည်လည်း ရှိလေသည်။ တခါတလေ ကိုယ်
ပြောသောစကားသည် သမ္မာတရားနှင့်အညီ ပြောခဲ့ သော်လည်း
အချိန်မတန်မှီပြောမိသောကြောင့် စေတနာသည် ဝေဒနာဖြစ်တတ်လည်းရှိတတ်ပါ။
တခါတရံ အချိန်နှင့်နေရာမှန်သော်လည်း ကိုယ်ပြော သော သမ္မာတရားသည်
မေတ္တာမပါသောအခါ အ ကျိုးမရှိပေ။ ထို့ကြောင့် တမန်တော်ပေါလုက သမ္မာ တရားကို
မေတ္တာစိတ်နှင့် ဟောပြောဘို့ တိုက်တွန်း လေသည်။ မေတ္တာစိတ်နှင့်
ဟောပြောဘို့ တိုက်တွန်း လေသည်။ မေတ္တာစိတ်နှင့် သမ္မာစိတ်ဟောပြောသဖြင့်
(ဧဖက် ၄း၁၅)။ အချိန်တန်၍ ပြောသော စကားသည် လည်း အလွန်လျောက်ပတ်ပေ၏ (သုတ္တံ
၁၅း၂၃)။
သို့ဖြစ်၍ ကျွနု်ပ်တို့သည် သမ္မာတရားကို ဟောပြောသောအခါ နေရာ၊
အချိန်မှန်ရုံမက၊ မေတ္တာ နှင့်ဟောပြောဘို့လိုကြောင်း သိရလေသည်။
ထို့ကြောင့် တမန်တော်ပေါလုက သင်တို့အခွင့်ကို အားနည်းသော သူတို့၌
လဲစရာအကြောင်း မဖြစ်စေခြင်းငှာ သတိပြု ကြလော့ဟု သတိပေးထားပါ၏ (၁ကော ၈း၉)။
အဘယ့်ကြောင့်ဆိုသော် သင်သည် ညီအစ်ကို တို့ကို ထိုသို့ပြစ်မှား၏ သူတို့၌
ကိုယ်ကို ကိုယ်သိသော အားနည်းသော စိတ်ကိုထိခိုက်သောအခါ ခရစ်တော် ကိုလည်း
ပြစ်မှားရာရောက်၏ (၁ကော ၈း၁၂)။
သို့ဖြစ်Õ၍ ကိုယ့်အမှုအရာကိုသာ မရှုမမှတ်ဘဲ။ သူ့အမူအရာကို
အချင်းချင်းရှုမှတ်ကြလော့။ ယေရှု ခရစ်၌ရှိသော ထိုစိတ်သဘောကို သင်တို့၌လည်း
ရှိစေ ကြလော့ (ဖိ ၂း၄-၅)။
ချစ်သောမိတ်ဆွေ လွန်ခဲ့သော အသက်တာ မှာ သမ–္မာတရားကို လက်ကိုင်ထားပြီး
မေတ္တာကင်းမဲ့ နေပါသလား။ သမ္မာတရားကို ဓားသဖွယ် အသုံးပြုပြီး
အခြားသူများကို ]]ခုတ်မယ်၊ ထစ်မယ်၊ ပါးပါးလှီးမယ်}} ဟူသော လောကီသားတို့၏
ဝါဒကိုအသုံးချခဲ့ပါ သလား၊ မိမိပြုခဲ့သမျှအတွက် အမှားတွေကို မြင်လျှင်
မိမိအပြစ်ကို နောင်တရလျက် မေတ္တာမပါဘဲ ပြုဖူးခဲ့ သမျှ
ဝန်ချတောင်းပန်ကြပါစို့။ ခရစ်တော်သည် ချစ် သော မိတ်ဆွေအား သူ၌ရှိသော
စိတ်သဘောအတိုင်း ဤလောက၌ အသက်ရှင်စေလိုပါ၏။
ထိုသခင် (ယေရှု)သည် ဘုရားသခင်၏ ပုံ သဏ္ဍာန်တော်နှင့် ပြည့်စုံလျက်
မိမိအသရေကို စွန့်၍ အစေခံကျွန်၏ သဏ္ဍာန်ကိုယူဆောင်လျက် လူကဲ့သို့ သောအဖြစ်၌
ဘွားမြင်ခြင်းကိုခံတော်မူ၏။ ထိုသို့ လူ၏ ဂုဏ်အင်္ဂါလက္ခဏာနှင့် ပြည့်စုံလျက်
အသေခံ ခြင်းမဟုတ်၊ လက်ဝါးကပ်တိုင်မှာ ခံခြင်းတိုင်အောင် အစေကျွန်ခံ၍
ကိုယ်ကို ကိုယ်နှိပ့်ချတော်မူ၏။ ထို့ ကြောင့် ဘုရားသခင်သည် ကိုယ်တော်ကို
အလွန်ချီး မြှောက်၍ ဘွဲ့နာမတကာတို့ထက် ကြီးမြတ်သော ဘွဲ့ နာမကို
ပေးသနားတော်မူ၏ (ဖိ၂းရ-၉)။ ချစ်သော မိတ်ဆွေ သင်သည်လည်း ဘုရားသခင်၏
ချီးမြှောက် ခြင်း ခံလိုပါက ဇာတိအလိုဆန္ဒများ လက်ဝါးကပ်တိုင် ပေါ်၌
သေပြီးကြောင်းကို အောက်မေ့သတိရလျက် အသက်တာ၌ ခရစ်တော်ကိုယ်တိုင်
အသက်ရှင်ပါမှ ခရစ်တော်၏ စိတ်သဘောရရှိနိုင်မည်ဖြစ်ကြောင်း
တိုက်တွန်းလိုက်ပါသည်။ စာဖတ်သူတိုင်း ခရစ်တော်၏
ငြိမ်သက်ခြင်းအုပ်စိုးပါစေ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
စစ်မှန်သာ မိတ်သဟာယ
ယနေ့လက်ရှိ ခရစ်ယာန်များ၊ ယုံကြည်သူများ၊ မိတ်သဟာယဆိုပြီး
မိတ်သဟာယအဖွဲ့အစည်း အမျိုး မျိုးဖွဲ့စည်းကြသည်ကိုတွေ့ရ။ တချို့မှာ
ခရစ်တော်ကို မိမိကယ်တင်ရှင်အဖြစ် လက်မခံသော ခရစ်ယာန်များ တချို့မှာ
သုံးပါးတလုံးတဝတည်းကို လက်မခံသော ခရစ်ယာန်များ၊ တချို့မှာ
ကျမ်းစာရှိသမျှသည် ဘုရား နှုတ်ကပတ်တော်ဖြစ်သည်ဟု လက်မခံသော ခရစ်
ယာန်များဖြစ်ကြ၏။ ယုံကြည်သော သူများသည် ထိုသို့ သော
နာမည်ခံခရစ်ယာန်များနှင့် မိတ်သဟာယဖွဲ့ သင့်ပါသလောဟု
မေးမြန်းစရာများရှိပါသည်။
တချို့က ဤသို့ခံယူကြသည်။ ]]သူဘယ်လိုလဲ ယုံယုံ၊ သူ့ခံယူချက်နှင့်သူ
ယုံကြည်ဒါ။ ငါတို့လဲ ကိုယ့် ခံယူချက်နှင့်ကိုယ်ပဲ။ ဘာဘဲဖြစ်ဖြစ် သူ့ဆီက
ကောင်း ဒါတွေယူပြီး မကောင်းဒါတော့ ပယ်လိုက်မှာ ပေါ့}}ဟူ၍
ခံယူသောသူများလည်း ရှိသည်။ ဟုတ်ပါပြီ။ ဒါက မိတ် ဆွေရဲ့ အတွေးအခေါ်၊
အယူအဆဖြစ်ကောင်း ဖြစ်ပါ လိမ့်မည်။ သို့သော် ဘုရားသခင်၏ သမ္မာကျမ်းစာနှင့်
ကိုက်ညီ၊ မကိုက်ညီကို ကျမ်းစာအားဖြင့် လေ့လာကြည့် ကြပါစို့။
မိတ်သဟာယဖွဲ့ရမည့်သူများ
၁။ ခမည်းတော်နှင့်သားတော် (၁ယော ၁း၃)
ကျွနု်ပ်တို့ ယုံကြည်သူများသည် ကောင်းကင် အဖတည်းဟူသော ခမည်းတော်နှင့်
မိတ်သဟာယဖွဲ့ ရပါမည်။ အဘယ့်ကြောင့်ဆိုသော် ကောင်းမြတ်စုံလင်
သောဆုကျေးဇူးရှိသမျှတို့သည် အလင်းတို့၏ အဘထံ တော်က သက်ရောက်သည်ဖြစ်၍
အထက်အရပ်မှ လာကြ၏။ ထိုအဘသည် ရွေ့လျော့တိမ်းယိမ်းခြင်းမရှိ၊
ပြောင်းလဲခြင်းအရိပ်နှင့် ကင်းလွတ်တော်မူ၏(ယာကုပ် ၁း၁၇)။ ကျွနု်ပ်တို့သည်
သားတော်ကို ယုံကြည် လက်ခံခြင်းမရှိဘဲ၊ သားတော်ကို ကျော်ပြီး ခမည်းတော်
ကို မသိနိုင်ပါ။ အဘယ့်ကြောင့်ဆိုသော် သားတော်ကို ငြင်းပယ်သောသူမည်သည်ကား
ခမည်းတော်ကိုမသိ၊ သားတော်ကို ဝန်ခံသောသူ မည်သည်ကား ခမည်း တော်ကိုသိ၏။
(၁ယော ၁း၂၃)။ ထို့ကြေင့် ကျွနု်ပ်တို့ ယုံကြည်သူများသည် ခမည်း
တော်နှင့်လည်းကောင်း၊ သားတော်ယေရှုခရစ်နှင့်လည်းကောင်း မိတ်သဟာယ ဖွဲ့ရမည်။
၂။ ယုံကြည်သူအချင်းချင်းမိတ်သဟာယဖွဲ့ ရမည် (၁ယော ၁း၃)
သင်တို့သည်ငါတို့နှင့် မိတ်သဟာယဖွဲ့စေခြင်း ငှာ၊ ငါတို့ကြားမြင်ရသော
အရာကို သင်တို့အား ပြသ ကြ၏။ လူအချို့တို့၏ ထုံးစံရှိသည့်အတိုင်း
အချင်းချင်း စည်းဝေးခြင်းအမှုကို မရှောင်မလွဲကြနှင့်။ အချင်းချင်း တို့ကို
တိုက်တွန်းနိုးဆော်ကြလော့။ ကာလအချိန် ရောက်လုသည်ကို ထောက်သဖြင့်သာ၍
ကြိုးစားကြ လော့ (ဟေဗြဲ ၁ဝး၂၅)။ ကျွနု်ပ်တို့ ယုံကြည်သူများ
တစ်ယောက်နှင့်တစ်ယောက် မေတ္တာစိတ်ရှိစေခြင်းငှာ လည်းကောင်း၊
တိုက်တွန်းနှိုးဆော်ရသော အခွင့်ရရှိ အောင် မိတ်သဟာယသည်
မရှိမဖြစ်လိုအပ်ပါသည်။ သို့ဖြစ်လျှင် စစ်မှန်သော မိတ်သဟာယကို
မည်သို့ဖွဲ့နိုင် မည်နည်း။ ဘုရာသခင်သည် အလင်းဖြစ်တော်မူ၏။ ဘုရားသခင်သည်
အလင်း၌ရှိတော်မူသကဲ့သို့ ငါတို့ သည် အလင်း၌ ကျင်လည်လျှင် အချင်းချင်း
မိတ်သ ဟာယဖွဲ့ပြီးသားဖြစ်လေသည် (၁ယော ၁းရ)။ ချစ် သောမိတ်ဆွေ သင်သည်
ဘုရားသခင်နှင့် မိတ်သဟာ ယဖွဲ့ပြီဟု ဆိုလျက်ပင် မှောင်မိုက် (ဒုစရိုက်၌)
ကျင် လည်လျှင် သစ္စာတရားကို မကျင့်၊ မုသာကို သုံးသော သူဖြစ်၏ (၁ယော ၁း၆)။
ချစ်သောမိတ်ဆွေ စစ်မှန် သော မိတ်သဟာယဆိုသည်မှာ တပတ်တကြိမ်
အစည်းအဝေးတက်ရောက်ပြီး အတူတကွ တွေ့ဆုံ စကားပြောခြင်း သက်သက်မဟုတ်ပါ။
နေ့စဉ်နှင့်အမျှ ဘုရားသခင်၏ အလင်း၌ ကျင်လည်အသက်ရှင်ခြင်း ဖြစ်ပါသည်။
တချို့က တပတ်တာလုံး ကိုယ်လုပ်ချင်တဲ့ ဒုစရိုက်၌ ကျင်လည်ပြီး တနင်္ဂနွေတရက်
ယုံကြည်သူ များနှင့် လာရောက်ဆုံဆည်းဝတ်ပြုခြင်းကို မိတ်သဟာ
ယဖွဲ့ခြင်းဖြစ်သည်ဟု အမှားထင်နေသူများရှိ လေ သည်။ ဤသို့သော မိတ်သဟာယကို
ဓမ္မဟောင်း ကျမ်းမှာ တွေ့နိုင်ပါသည်။ ဧဖရိမ်သည် တပါးအမျိုး သားတို့နှင့်
ပေါင်းဖော်ရောနှောလျက်ရှိ၏ (ဟောရှေ ရး၈)။ ဧဖရိမ်လူတို့သည် မယုံကြည်သော
တပါး အမျိုးသားတို့နှင့် ပေါင်းဖော်ပြီး တစ်ဖက်မှာ ဘုရား သခင်ကိုလည်း
ဝတ်ပြုကိုးကွယ်ကြသည်။ ဆု တောင်း သည်။ တဖက်မှာ ဗေဒင်တွက်သည်။ တဖက်မှာ
ကျမ်းစာဖတ်သည်။ တဖက်မှာ မိမိဉာဏ်ကို အမှီပြုပြီး အသက်ရှင်သည်။ တမျက်နှာသာ
ဖုတ်ပြီး မလှန်သော မုန့်ကဲ့သို့ဖြစ်၏။ တဖက်မှာ ဒုစရိုက်ပြုသည်။ တဖက် မှာ
ဘုရားရှစ်ခိုးသည်။ ဤမုန့်ကား တဖက်မှာကျက်ပြီး တဖက်မှာ
မကျက်သောမုန့်ဖြစ်ပါသည်။ စား၍မရပါ။ တချို့ ခရစ်ယာန်များ အသက်တာကို
ကြည့်လျှင် ဘုရားကို ရိုသေသလိုလိုနှင့် ဘုရားကျောင်းလာသည်။ အလှူငွေ
လည်းပေးသည်။ ဂုဏ်တော်လည်း ချီးမွမ်း သည်။ ဘုရားကို ဝတ်ပြုကိုးကွယ်သည်။
ဘုရားကျောင်းမှ အပြန်မှာ ဆေးလိပ်သောက်၊ ကွမ်းယာစား၊ သူများနှင့်ရန်ဖြစ်၊
လုပ်ချင်တာလုပ်တတ် သော ခရစ်ယာန်များရှိသည်။ ဝမ်းနည်းစရာ ကောင်း သည်မှာ
သူ့အပြော၊ သူ့သက်သေခံချက်နှင့် သူ့အ သက်တာမှာ တခြားစီဖြစ်နေတတ်ပါ၏။
ထို့ကြောင့် ဘုရားသခင်က ]]မိတ်သဟာယဖွဲ့သောအခါ မုသာ စကားကိုသာ
ပြောတတ်ကြ၏}}ဟု ပရောဖက်ဟောရှေ အားဖြင့် မိန့်ဆိုခဲ့ပါသည်။ (ဟောရှေ ၁ဝး၄)။
ချစ်သောမိတ်ဆွေ မိတ်သဟာယဖွဲ့ဘို့မလာမှီ သင်၏ အသက်တာသည် အလင်း၌ ကျင်လည်ပါ
သလား။ သန့်ရှင်းခြင်းပါရမီမရှိလျှင် အဘယ်သူမျှ ထာဝရဘုရားကို မဖူးမမြင်ရ
(ဟေဗြဲ ၁၂း၁၄)။ ချစ်သော မိတ်ဆွေ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ ရန်
ရောက်လာလျှက်နှင့် ဘုရားသခင်၏ မျက်မှောက် တော်၊ ဘုရားသခင်၏
တန်ခိုးတော်နှင့် ထိတွေ့ခြင်းမရှိ ပါက ထိုမိတ်သဟာယသည်
အချည်းနှီးသက်သက်ဖြစ် ၏။ ဤအကြောင်းကို အရှင်ယေရှုခရစ်အနေဖြင့် ပရောဖက်
ဟေရှာယဟောပြောခဲ့သော အချက်ကို အမှီပြုပြီး မိန့်မှာခဲ့သည်။ ဤလူမျိုးသည်
နှုတ်ခမ်းနှင့် ငါ့ကို ရိုသေကြ၏။ စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။
လူတို့စီရင်သော ပညတ်တို့ကို သွန်သင်၍ နည်းဥပဒေ သပေးလျက်ပင် ငါ့ကို
အချည်းနှီးကိုးကွယ်ကြ၏ (မာကု ရး၆-၇၊ ဟေရှာယ ၂၉း၁၃)။ ထို့ကြောင့်
နာခံခြင်းမပါသော ကိုးကွယ်ခြင်းသည် အချည်းနှီး ဝတ်ပြုခြင်းသာဖြစ်သည်။
မိတ်သဟာယကို ဂရိလို (ုသငညသညငေ) ဃသာကညငသည ဟုခေါ်ပါသည်။ ဓမ္မသစ်ကျမ်းမှာ
(၁၉)ကြိမ် တိတိ ပါဝင်ကြောင်း တွေ့ရပါသည်။ ဤသို့ မိတ်သ ဟာယဖွဲ့ရာ၌
ခမည်းတော်ဘုရားနှင့် သားတော်ဘုရား အပြင် အချင်းချင်းမိတ်သဟာယဖွဲ့ဘို့
ဖော်ပြခဲ့ပါ သည်။ ထို့အပြင် ဝိညာဉ်တော်နှင့်လည်း မိတ်သဟာယ
ဖွဲ့ရန်လိုပါသည်။
၃။ ဝိညာဉ်တော်နှင့် မိတ်သဟာယဖွဲ့ခြင်း (ဖိ၂၂း၁)
ထို့ကြောင့် ခရစ်တော်၌ သက်သာခြင်း၊ မေတ္တာနှင့်စပ်ဆိုင်သော ချမ်းသာခြင်း၊
ဝိညာဉ်တော် နှင့်မိတ်သဟာဖွဲ့ခြင်း၊ သနားစုံမက်ခြင်းတည်းဟူသော
အရာတစ်စုံတစ်ခုရှိလျှင် သင်တို့သည်အချင်းချင်းချစ် ကြ၍ စိတ်မကွဲမပြားဘဲ
တစ်လုံးတစ်ဝတည်း ကြံစည် ခြင်းနှင့်တကွ သဘောတညီတညွတ်တည်း ရှိသော အားဖြင့်
ငါဝမ်းမြောက်စရာ အကြောင်းကို စုံလင်စေ ကြလော့။ ကျွနု်ပ်တို့
ယုံကြည်သူတိုင်း အချိန် တိုင်း၊ နာရီတိုင်းမှာ ဝိညာဉ်တော်နှင့်
မိတ်သဟာယဖွဲ့ လျှက် ဝိညာဉ်တော်၏ အုပ်စိုးမှုအောက်မှာ နေကြ မည်ဆို လျှင်
အချင်းချင်း ကွဲပြားစရာ အကြောင်းမရှိ နိုင်ပါ။ တလုံးတဝတည်းဖြစ်လျက်
ဘုရားသခင် ဝမ်းမြောက် စေသောသူများ ဖြစ်ပေလိမ့်မည်။
၄။ ခရစ်တော်၏ ဆင်းရဲခြင်းကို ဆက်ဆံ (မိတ်သ ဟာယဖွဲ့ခြင်း) ဖိ ၃း၁၁
တချို့ယုံကြည်သူများ မိတ်သဟာယလာသော အခါ ခရစ်တော်အတွက် ပေးဆပ်မည့်အစား
တစုံတခု ကို အမြတ်ထုတ်ရန် (ဝါ) အကျိုးတစ်စုံတစ်ခု ရရှိရန် သာ လာကြသည်။
မိတ်သဟာယဖွဲ့သောအခါ ခရစ် တော်ထံမှ ကောင်းကြီးရဘို့ရန်မှာ သေချာလှသည်။
ခရစ်တော်ထံမှလာသော ကောင်းကြီးကို ခံစားလျှင် ခရစ်တော်၏ ဆင်းရဲဒုက္ခကိုလည်း
ဆက်ဆံရန် တမန် တော်ပေါလုက တိုက်တွန်းထားပါသည်။ ဆင်းရဲဒုက္ခကို ငါခံရစဉ်အခါ
သင်တို့သည် ငါနှင့်ဆက်ဆံသောအား ဖြင့် ကောင်းမွန်စွာ ပြုကြပြီ (ဖိ ၄း၁၄)။
ယနေ့ယုံကြည် သူသားသမီးများသည် ဆင်းရဲဒုက္ခကိုမျှပြီး အတူတကွ ခံခြင်း၌လည်း
မိတ်သဟာယပြုဘို့လိုသည်။ အိမ်သစ် တက်ပွဲ၊ မွေးနေ့ကျေးဇူးတော်
ချီးမွမ်းခြင်းစသည့် ကျေး ဇူးတော်ချီးမွမ်းခြင်းများ၌
ပါဝင်မိတ်သဟာယဖွဲ့ရန်မှာ လွယ်ကူလှပါသည်။ သို့သော် ဆေးရုံတက်နေသော လူနာကို
တညလောက်အတူ အိပ်စောင့်ဘို့ ကျွနု်ပ်တို့ ဆန္ဒမရှိတတ်ကြပါ။
ခေါ်တော်မူခြင်းခံရသော ယုံ ကြည်သူမိသားစုနှင့် တညတာအတူတကွထိုင်ပြီး အိပ်
ရေးအပျက်ခံရန် ဝန်လေးတတ်ကြသည်။
ချစ်သောမိတ်ဆွေ ခရစ်တော်ကို ယုံကြည် လက်ခံခဲ့သောကြောင့် အနှင်ထုတ်ခံရသော
ယုံကြည် သူ ညီအစ်ကိုများကို တွေ့ဘူးပါသလား။ သူတို့အတွက် နေစရာ၊ စားစရာ၊
ဝတ်စရာများ လိုအပ်နေပါသည်။ သူတို့၏ ဆင်းရဲကို မျှခံပြီး
ဆက်ဆံမိတ်သဟာယဖွဲ့ဘို့ ထိုသူအား မိမိအိမ်သို့ ခေါ်ဆောင်ဘူးပါသလား။
ဆင်းရဲဒုက္ခကို ငါခံရစဉ်အခါ သင်တို့သည် ငါနှင့်ဆက် ဆံသောအားဖြင့်
ကောင်းမွန်စွာ ပြုကြပြီဟု ခရစ်တော် ပြောစကားကို သတိရစေလိုပါသည်။
ငါပေါလုသည် ထို (ဧဝံဂေလိ)တရားကို ဟော ပြောသော ဆရာဖြစ်သည်နှင့်
သင်တို့အဘို့ အလို့ငှာ ဆင်းရဲခံခြင်း၌ ယခုဝမ်းမြောက်၍ ခရစ်တော်၏
ဆင်းရဲဒုက္ခအြွကင်းအကျန်ကို အသင်းတော်တည်း ဟူ သော ကိုယ်တော်အဘို့အလို့ငှာ
ငါ့ကိုယ်ခန္ဓာ၌ ပြည့် စုံစေ၏။ (ကော ၁း၂၄)။ ထိုတရားကြောင့် ငါသည်
လူဆိုးကဲ့သို့ ချည်နှောင်ခြင်းကို ခံသည့်တိုင်အောင် ဆင်းရဲဒုက္ခကို ခံရ၏
(၂တိ ၂း၉)။ ထမ်းရွက်စရာဝန် ချင်းတို့ကို အချင်းချင်းကူညီ၍ ထမ်းရွက်သော
အား ဖြင့် ခရစ်တော်၏ တရားကို ကျင့်ကြလော့ (ဂလာတိ ၆း၂)။ တမန်တော်
ပေါလုအနေဖြင့် ယုံကြည်သူ အချင်းချင်း ထမ်းရွက်ရသော ဒုက္ခဆင်းရဲ
ဝန်ထုပ်များ ကို ကူညီ၍ ထမ်းကြဘို့ မိန့်မှာသည် သာမက၊ တစ် ယောက်၏
အားနည်းချက် အပြစ်ထဲ၌ လဲပြိုခြင်း၌ လည်း တစ်ယောက်နှင့် တစ်ယောက်
စာနာထောက် ထားခြင်းရှိဘို့ မိန့်မှာနေခြင်းပေသည်။ ချစ်သောမိတ် ဆွေ၊
အပြစ်ထဲ၌ လဲသွားသော ညီအစ်ကိုအတွက် အစာရှောင်ပြီး ဆုတောင်းပေးပါ သလား။
သို့မဟုတ် သူ့အားနည်းချက်အတွက် ဝေဖန် အပြစ်တင်နေပါ သ လား။
ထိုသို့သောညီအစ်ကိုထံ သွားပြီး သူ့အားနည်း ချက်ထဲမှာ ရောယှက်ပါဝင် လျက်
အားပေးနှစ်သိမ့် ဘူးပါလား။ ဤသို့သော မိတ်သဟာယမျိုးကို ကျွနု်ပ်တို့ ၌
လိုအပ်ပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရှောင်ရမည့်သူများ
၁။ ခရစ်တော်၏ ဒေသနာမပါသူ
ခရစ်တော်၏ ဒေသနာမပါသောသူသည် သင်တို့ထံသို့လာလျှင် သင့်ကို သင့်အိမ်၌
လက်မခံ နှင့်။ မင်္ဂလာရှိစေသောဟု နှုတ်မဆက်နှင့် (၂ယော ၁း၁၀-၁၁)။ ခရစ်တော်၏
ဒေသနာဆိုသည်မှာ ယေရှုသည် ဘုရားသခင်၏ သားတော်ဖြစ်သည်ကို
ဝန်ခံသောသူမည်သည်ကား ဘုရားသခင်သည် လည်း ထိုသူ၌ တည်တော်မူ ၏ဟူသောအချက်
ဖြစ်လေ သည် (၁ယော ၄း၅)။ တချို့ထာဝရဘုရားကို ယုံကြည် ကိုးကွယ်သော်လည်း
သားတော်ယေရှု ခရစ်သည် လူ့ဇာတိအဖြစ်ကိုခံယူသော ဘုရားသားတော် ဖြစ်
ကြောင်းကို လက်မခံကြပါ။ လူ့ ဇာတိအားဖြင့် ြွကလာ တော်မူသော ယေရှုခရစ်ကို
ငြင်းပယ်သော သူသည် ခန္တီခရစ်ဖြစ်၏ (၂ယော ၁းရ) ထို့ကြောင့် ထိုသို့သော
ယုံကြည်သူခရစ်ယာန်ဟန်ဆောင်သူများနှင့် မိတ်သ ဟာယမဖွဲ့ရ။ မင်္ဂလာရှိစေသောဟု
ထိုသူကို နှုတ်မ ဆက်ရ (၂ယော ၁း၁၀-၁၁)။ ထိုသူတို့ကို ရှောင်ရမည်။
၂။ ဒုစရိုက်လုပ်လျက်ရှိသော ညီအစ်ကိုများ
ယေရှုခရစ်ကို မိမိကယ်တင်ရှင်အဖြစ် လက်ခံ ပြီးသော်လည်း ဒုစရိုက်ထဲမှာ
ဆက်လက်ကျင်လည် နေသော ညီအစ်ကိုတချို့ကို တွေ့ပေလိမ့်မည်။ ကျမ်း စာက ဤသို့
သတိပေးထားပါသည်။ ညီအစ်ကိုဟုခေါ် ဟုခေါ်ဝေါ်သော်လည်း မတရားသော မေထုန်၌မှီဝဲ
ခြင်း လောဘကျူးလွန်ခြင်း၊ ရုပ်ထုကို ကိုးကွယ်ခြင်း၊ ဆဲရေးကဲ့ရဲ့ခြင်း၊
သေရည်သေရက်နှင့် ယစ်မူးခြင်း၊ အနိုင်အထက် လုယူခြင်းမှစ၍ ထိုအမှုကို
ပြုသောသူ နှင့်အတူ စားသောက်ခြင်းကိစ္စကိုမျှ မပြုရဟု ငါရေး သား၍ ပညတ်၏။
(၁ကော ၅း၁၁)။ ဤသို့ကျင့်ကြံပြု မူလျက်ရှိသော ယုံကြည်သူများကို
ရှောင်ရမည်။
၃။ သင်းခွဲသူများကို ရှောင်ရမည်။
သင်းခွဲသူကိုနှစ်ကြိမ် မြောက်အောင် ဆုံးမပြီးမှ ပယ်ရှားနှင်ထုတ်လော့။
ထိုသို့သောသူသည် ကိုယ် အပြစ်ကို သိလျက်ပင် အပြစ်ပြု၍ မှောက်လှန်သော
စိတ်ရှိသောသူဖြစ်သည် (တတု ၃း၁၀-၁၁)။
ညီအစ်ကိုတို့ သင်တို့ခံရပြီးသော ဆုံးမဩဝါ ဒနှင့် ဆန့်ကျင်ဖက်ဖြစ်သော
သင်းခွဲခြင်း၊ မှားယွင်းခြင်း အကြောင်းကို ပြုတတ်သော သူတို့ကို မှတ်၍
ရှောင် ကြလော့ဟု ငါသတိပေး၏။ အကြောင်းမူကား ထိုသို့ သော သူတို့သည် ငါတို့
သခင်ယေရှုခရစ်၏ အမှုကို မဆောင်ရွက်ဘဲလျက် မိမိတို့ဝမ်း၏အမှုကိုသာ ဆောင်
ရွက်၍ လောကဝတ်စကားနှင့် ချော့မော့သောသူတို့ကို လှည့်ဖြား တတ်ကြ၏။ (ရောမ
၁၆း၁၇-၁၈)
ゞင်းအပြင်၊ ယုံကြည်ခံယူချက် (ီသခအမငညန) တူလျက်နှင့်
မိမိထောက်ပံ့ကြေးရရှိလိုသော ဆန္ဒ ကြောင့် အသင်းခွဲချင်သော
သူများရှိတတ်သည်။ ဤ သို့သော အမှုတော်ဆောင်တို့သည် သခင်ခရစ်တော် ၏
အမှုတော်ကို အမှန်တကယ်ဆောင်ရွက်သူများ မဟုတ်။ မိမိတို့ ဝမ်းဗိုက်အတွက်
အမှုဆောင်များသာ ဖြစ်သည်။ (ှစသညျသမ) ရရှိချင်သော ဆန္ဒကြောင့်
သင်းခွဲလုပ်ဆောင်သော သူများကို မပေါင်းဖော်ရ ရှောင်ရမည်။
ချစ်သောမိတ်ဆွေ ဒါဝိဒ်မင်းက မည်သို့ မိန့်ထားပါသနည်း။ ကိုယ်တော်ကို
ကြောက်ရွံ့သော သူပေးတာ်မူသော ဩဝါဒကို နားထောင်သောသူ ရှိသမျှတို့နှင့်
အကျွနု်ပ်ပေါင်းဖော်တတ်ပါ၏။ (ဆာ ၁၁၉း၆၃)ဟု ဆိုထားပါသည်။
ထို့ကြောင့် စစ်မှန်သော မိတ်သဟာယဆိုသည် မှာ လူမျိုးရေးနှင့်မဆိုင်၊
အဆင့်အတန်းနှင့် ဂိုဏ်းဂန နှင့်လည်းမဆိုင်ပါ။ သမ္မာတရားအတိုင်း နာခံအသက်
ရှင်ပြီး ထာဝရဘုရားကို ကြောက်ရွံ့လျက်၊ ဒုစရိုက်ကို မုန်းသောသူတိုင်း
မိတ်သဟာယဖွဲ့နိုင်ပါသည်။ အချုပ် ဆိုရသော် စစ်မှန်သော
ဘုရားသခင်သားသမီးတိုင်း သည် ကောင်းကင်ပေါ် မြေကြီးပေါ်မှာရှိသော
တအိမ်ထောင်လုံးတည်းဟူသော သားတော် အပေါင်း တို့၏ အချုပ်အခြာဖြစ်တော်မူသော
ငါတို့ သခင်ယေရှု ခရစ်၌ မိတ်သဟာယဖွဲ့ရန် လိုအပ်ပါသည်။ ဤစာ စောင်
ဖတ်ရှုသူတိုင်း သခင်ယေရှုခရစ်၏ ကျေးဇူး တော် ကိုလည်းကောင်း၊ ဘုရားသခင်၏
မေတ္တာတော် ကိုလည်းကောင်း သန့်ရှင်းသော ဝိညာဉ်တော်၏ မိတ်
သဟာယဖွဲ့ခြင်းကိုလည်းကောင်း သင်တို့ အပေါင်း၌ ရှိပါစေသော။