မောင်ပေါ်ထွန်း – (သမ္မတလင်ကွန်း၏ အံ့ဖွယ်ခေါင်းဆောင်မှုစွမ်းရည်)
LINCOLN ON LEADERSHIP
မာတိကာ – စာရေးသူ၏အမှာ နိဒါန်း
အပိုင်း (၁) လူ
၁။ လူတွေကြားမှာ အမှန်ရှာ
၂။ အမာခံမဟာမိတ် တည်ဆောက်
၃။ အမိန့်မပေးဘဲ ဖျောင်းဖျစည်းရုံး
အပိုင်း (၂)
အကျင့်စရိုက်
၄။ ရိုးသားဖြောင့်မတ်ခြင်းသာ အကောင်းဆုံး
၅။ အာဃာတဖြင့် ကလဲ့စားချေခြင်းကိုရှောင်
၆။ မတရားဝေဖန်ခြင်းကို ခံနိုင်ရည်ရှိ
၇။ ဆန့်ကျင်ဘက်အမှန်သဘောကို နားလည်
အပိုင်း (၃)
လုပ်ဆောင်ချက်
၈။ ဆုံးဖြတ်ချက် ပြတ်သား
၉။ ခေါင်းဆောင်ခံ၍ ခေါင်းဆောင်
၁၀။ ပန်းတိုင်သတ်မှတ်၊ ရလဒ်ရှေးရှု
၁၁။ အသင့်တော်ဆုံးလူကို ရအောင်ရှာ
၁၂။ ဆန်းသစ်တီထွင်မှုကို အားပေး
အပိုင်း (၄)
ဆက်သွယ်ရေး
၁၃။ ဟောပြောမှုအတတ် တစ်ဖက်ကမ်းခပ်
၁၄။ ပုံပြော၍ ဆွဲဆောင်
၁၅။ အမြင်ရှင်းအောင် အမြဲကြိုးစား
နိဂုံး
စာရေးသူ၏အမှာ
[၁]
ကျွန်တော်သည် ၁၉၈၃ ခုနှစ်က တစ်နေ့တွင် ရက်သတ္တတစ်ပတ်ကြာ စီမံခန့်ခွဲမှု ပညာ သင်တန်းတစ်ခုသို တက်ရောက်ရန် ခရီးထွက်တော့ ကားလ်ဆင်းဘတ် (Carl Sandburg) ရေးသားသည့် လင်ကွန်း-စစ်ကာလနှစ်များ” (Lincoln: The War Years) စာအုပ်ကို အားလပ်ချိန်တွင် ဖတ်ရှုရန် ယူသွားခဲ့သည်။
သင်တန်းတွင် ကျွန်တော်တိုသင်ယူရသော နည်းလမ်းပေါင်း တော်တော်များများကို အေဘရာဟင်လင်ကွန်းသည် အမေရိကန်ပြည်ထောင်စု၏ သမ္မတအဖြစ်ဖြင့် အသုံးချခဲ့ကြောင်း သင်တန်းတစ်ဝက်ခန့်ရောက်သောအခါ ကျွန်တော် စတင်သတိပြုမိ၏။
သို့နှင့် သိချင်စိတ်ပြင်းပြလာသောကြောင့် ဖတ်လက်စတန်းလန်း “လင်ကွန်းကို ကျွန်တော် ဆက်ဖတ်ဖြစ်သည်။ သည်တော့မှ ကျွန်တော်တို သင်ယူနေရသော စီမံခန့်ခွဲမှု ပညာရပ်ဆိုင်ရာ နည်းလမ်းပေါင်းများစွာအတွက် စံနမူနာပြုရမည့် ပုဂ္ဂိုလ်မှာ လင်ကွန်းဖြစ် ကြောင်း သိရှိလာရ တော့သည်။
ရုံးခန်းထဲက ပန်ကာအောက်မှာချည်း ထိုင်မနေနှင့်၊ အပြင်ထွက်ပြီး လူတွေ ကြားမှာ အမှန်ရှာပါ။ လူတွေအကြောင်းသိအောင် ကြိုးစားပါ။ ဤသည်မှာ မိမိဌာန အတွင်း ဘာတွေဖြစ်နေကြောင်းကို အမှန်အတိုင်းသိနိုင်သည့် တစ်ခုတည်းသောနည်းလမ်း ဖြစ်သည်”
စသည်တိုကို သင်တန်းတွင် ကျွန်တော်တိုအား သင်ပြ၏။
လင်ကွန်းသည် ပြည်တွင်းစစ်ကာလအတွင်း ရှေ့တန်းစစ်စခန်းအသီးသီးသို့ ခရီးထွက်ကာ စစ်ပွဲအောင်နိုင်ရေးအတွက် စစ်ဗိုလ်ချုပ်ကြီးများနှင့် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်းကို ကျွန်တော်တည်း နေသော ဟိုတယ်ခန်းထဲတွင် ကားလ်ဆင်းဘတ်က ကျွန်တော့်အား ပြောပြနေ၏။
[၂]
နောက်တော့ ကျွန်တော်၏ စီမံခန့်ခွဲမှုစွမ်းရည်တိုးတက်ရေးအတွက် ဤအချက် နှင့်ပတ်သက် သော အေဘရာဟင်လင်ကွန်း၏ဘဝကို အသေးစိတ်လေ့လာရန် ကျွန်တော်ဆုံးဖြတ်လိုက်သည်။ လင်ကွန်း၏ ခေါင်းဆောင်မှုစွမ်းရည်၊ စီမံခန့်ခွဲမှုစွမ်းရည်နှင့် ပတ်သက်သော စာအုပ်စာတမ်းတွေ၊ ဆောင်းပါးတွေ အများအပြား ရှိလိမ့်မည်ဟုကျွန်တော်ထင်ခဲ့မိ၏။ သို့သော် အံ့သြစရာကောင်းသည်မှာ မြိုနယ်စာကြည့်တိုက်တွင် ထိုအကြောင်းအရာနှင့် ပတ်သက်သည့် စာအုပ်စာတမ်းများ တစ်စောင်တစ်ဖွဲ့ မျှမရှိခြင်းပင်ဖြစ်သည်။
သို့ဖြင့် ရှီကာဂိုမြိုမှ အေဘရာဟင်လင်ကွန်းစာအုပ်ဆိုင်သို ဆက်သွယ်ကာ စုံစမ်းရပြန်၏။
“ကျွန်တော်တို ရဲ့ (၁၆)ဆက်မြောက် သမ္မတကြီးအကြောင်းနဲ့ပတ်သက်တဲ့ စာအုပ်တွေ အမျိုးစုံရှိပါတယ်၊ လူကြီးမင်းက ဘယ်လိုအမျိုးအစား လိုချင်ပါသလဲ”
ဟု စာအုပ်ဆိုင်ရှင် ဒန်ဝိန်းဘတ် (Dan Weinberg)က မေးသည်။ လင်ကွန်းရဲ့ခေါင်းဆောင်မှုစွမ်း ရည်နဲ့ စီမံခန့်ခွဲမှုစွမ်းရည်အကြောင်း ပြည့်ပြည့်စုံစုံ ရေးထားတဲ့စာအုပ်မျိုးတွေ လိုချင်ပါတယ်”
ဟု ကျွန်တော်က ပြောလိုက်တော့…
အဲဒီစာအုပ်မျိုးတော့ ဘယ်သူမှ မရေးဖူးသေးဘူးခင်ဗျာ”
ဟု ဒန်ဝိန်းဘတ်က ပြန်ပြောသည်။
ထိုနောက်တွင် အင်ဒီယားနားပြည်နယ်၊ ဖိုဝိန်း (Fort Wayne) မြိုရှိ လူးဝစ်၊ အေ၊ ဝါရင် လင်ကွန်းစာကြည့်တိုက် နှင့်ဆက်သွယ်ပြီး လင်ကွန်း၏ ခေါင်းလောင်မှု စွမ်းရည်နှင့်ပတ်သက်သော စာနယ်ဇင်းဆောင်းပါးများရှိလျှင် မိတ္တူကူး၍ ပိုပေးရန် တောင်းခံပြန်သည်။ သူတို့က ကျွန်တော်ထံ ဆောင်းပါးသုံးစောင် ပေးပိုလိုက်သည်။ တစ်စောင်က ၁၈၉၅ ခုနှစ်တွင် နိုအာဘရွတ် (Noah Brooks) ရေးသားခဲ့သော ဆောင်းပါး၊ အခြားတစ်စောင်က “ထိုင်ဝမ် လင်ကွန်းအသင်း” (Lincoln Society of Taiwan) သို့ပေးပို့သော လင်ကွန်း၏မိန့်ခွန်းမှ ကောက်နုတ်ချက်နှင့် နောက်တစ်ယောက်က ဗိုလ်ချုပ်ကြီးရောဘတ်လီးနှင့် ဗိုလ်ချုပ်ကြီးယူလီစီဂရန့်တို၏ဆွေးနွေးချက် (ကျွန်တော် လိုချင်သော အကြောင်းရပ်နှင့် ဘာမျှမဆိုင်)တို့ ဖြစ်သည်။
သည့်အတိုင်းဆို အခြေအနေကတော့ ရှင်းနေပြီ။ အဆိုပါအကြောင်းအရာကို ကျွန်တော် ပြည့်ပြည့်စုံစုံသိလိုလျှင် ထိုအကြောင်းအရာကို ကျွန်တော်ကိုယ်တိုင် အချိန်ယူပြီး အသေးစိတ် သုတေသနပြုလေ့လာမှ ဖြစ်တော့မည်။
[၃]
ယင်းသို့လျှင် ဤစာအုပ် စတင်ခဲ့ရခြင်းဖြစ်သည်။ ကျွန်တော်သည် ဤစာအုပ်ကို မရေးသားမီ သတင်းအချက်အလက်တွေ တစ်ပုံတစ်ခေါင်းကြီး ရှာဖွေစုဆောင်းခဲ့ရ၏။
ဤစာအုပ်ကို ရေးသားနိုင်ရန်အတွက် ကျွန်တော်သည် လင်ကွန်း၏ ဘဝထုပ္ပတ်ကို အတွင်းအပြင် အသေးစိတ်လေ့လာခဲ့ရသည်။ ယင်းသိုလေ့လာရင်း ကျွန်တော်သည် လင်ကွန်းအ ကြောင်းရပ်ဆိုင်ရာ ကျောင်းသားဖြစ်ခဲ့ရသည်။ ထိုပြင် ခေါင်းဆောင်မှု ပညာရပ်ဆိုင်ရာ ကျောင်းသား လည်း ဖြစ်ခဲ့ရသည်။
ယင်းသို့့ ကျွန် တော် လေ့လာသိရှိရသော နည်းလမ်းများကို လုပ်ငန်းခွင်၌ လက်တွေ့အသုံး ချကြည့်ရာ အံ့သြစရာကောင်းလောက်အောင် အကျိုးရလဒ်တွေ ရရှိခဲ့ ၏။ ကျွန်တော် ဦးဆောင်အုပ် ချုပ်ရသော ကျွန်တော့်ဌာနသည် ထုတ်လုပ်မှုစွမ်းအားပို၍တိုးပွားလာသည်။ အောင်မြင်မှု ပို၍ရရှိလာ သည်။ အမှုထမ်းများလည်း မိမိတိုအလုပ်ကို ယခင်ကထက်ပို၍ ပျော်ပျော်ရွှင်ရွှင် လုပ်ကိုင်လာ ကြသည်။
တကယ်တော့ ကျွန်တော်၏ လေ့လာမှုသည် လင်ကွန်း၏ နိုင်ငံ့ခေါင်းဆောင် ဘဝဖြင့် လုပ်ဆောင်ချက်များကို ဘာသာရပ်တစ်ခုအနေဖြင့် လေ့လာပြီး စာမေးပွဲဖြေဆို ခြင်းပင်ဖြစ်၏။ လင်ကွန်း၏ လက်တွေ့ကျသော၊ အရေးပါထိရောက်သော ခေါင်းဆောင် မှုနည်းစနစ်ကို လေ့လာသိ ရှိရသောကြောင့် ရှုပ်ထွေးနက်နဲသော ခေါင်းဆောင်မှု သဘော တရားများကို ကျွန်တော် ပို၍သဘော ပေါက်နားလည်လာခဲ့ရသည်။
ကျွန်တော်သည် စီးပွားရေးလောကတွင် နှစ်ပေါင်းများစွာ ကျင်လည်လာခဲ့သည့် အတွက် ရာပေါင်းများစွာသော မန်နေဂျာများ၊ ကြီးကြပ်ရေးမှူးများနှင့် ကြုံဆုံခဲ့ရ၏။ သို့သော်လည်း ထိုပုဂ္ဂိုလ် များအနက်မှ ခေါင်းဆောင်အရည်အချင်းနှင့် အမှန်တကယ် ပြည့်စုံသူ အရေအတွက်ကို လက်တစ်ဖက် တည်းနှင့် ရေတွက်၍ပင်ရနိုင်သည်။ အမျိုးသားများရော အမျိုးသမီးများရော ပါဝင်နိုင်သော ထိုပုဂ္ဂိုလ်များအနက် အများစုသည် လက်အောက်အမှုထမ်းများအား ရိုးရိုး အကြံဉာဏ်ပေးခြင်း၊ ထောက်ခံအားပေးခြင်းဖြင့် အလုပ်ဖြစ်နိုင်ပါလျက် အာဏာပြခြင်း၊ သြဇာပေးခြင်း၊ အမိန့်ပေးခြင်း တို့ကိုသာ ပြုလုပ်နေကြသည်။ သူတိုသည် လူတိုင်းနားလည်လွယ်သော သာမန် လူ့သဘာဝသ ဘောတရားများကိုပင် နားလည်အောင် မကြိုးစားကြ။ လူတစ်ယောက်အား အမိန့်ပေးစေခိုင်းလျှင် ထိုသူက ဘယ်လိုတုံပြန်လာနိုင်သည်၊ သူ့ထင်မြင်ချက်ကိုယူပြီး စေခိုင်းလျှင် ဘယ်လို တုံပြန်လာနိုင် သည်ဟူသော အချက်ကို လုံးဝမစဉ်းစားကြ။
စင်စစ် မှန်ကန်သောခေါင်းဆောင်မှုသည် ယနေ့ လူ့ဘောင်တွင် အလွန်ရှားသည်။ အဘယ့်ကြောင့်ဆိုသော် ဤပညာရပ်ကို အစစ်အမှန် နားမလည်သောကြောင့် ဖြစ်သည်။ တလွဲတချော် အဓိပ္ပာယ်နှင့် ဆိုနေသောကြောင့် ဖြစ်သည်။
ယနေ့ စီးပွားရေးနယ်ပယ်တွင် ခေါင်းဆောင်တွေ ဘာကြောင့် အလွန်နည်းရသနည်း။
ဤမေးခွန်း၏အဖြေမှန်မှာ ကျွမ်းကျင်သော ခေါင်းဆောင်မှု၏ အဓိကအခြေခံ သဘောတရား များကို မန်နေဂျာအများစုက နားမလည်သောကြောင့် ဖြစ်၏။ ဤဘာသာရပ်ကို တစ်ဖက်ကမ်းခပ် တတ်ကျွမ်းရန် ခက်ခဲသည်။ အဘယ်ကြောင့်ဆိုသော် အတိအကျ၊ ပုံသေကားကျ သင်ယူ၍ မရနိုင်သော ကြောင့် ဖြစ်၏။ ခေါင်းဆောင်မှု ပညာရပ်ကို လက်တွေ့ အကျိုးရှိအောင်အသုံးချတတ်ရန်ကိစ္စက ပို၍ပင် ခက်ခဲသေး သည်။ အဘယ်ကြောင့်ဆိုသော် လက်တွေ့ကျင့်သုံးသောအခါ မကြာခဏ အမှားမှား အယွင်းယွင်း ကြုံရသောကြောင့်ဖြစ်၏။ မကြာခဏ ဦးနှောက်ခြောက်ရသောကြောင့်ဖြစ်၏။
များသောအားဖြင့် ခေါင်းဆောင်မှုသဘောတရားများကို ရှုပ်ထွေးခက်ခဲသော အတွေးအခေါ် များဖြင့်သာ ဖော်ပြနေကြသည်။ ထိုကြောင့် ရိုးရှင်းတိကျပြီး နားလည်လွယ်သော ဖွင့်ဆိုချက်များ အမှန်တကယ် လိုအပ်နေပြီ။ ရှင်းလင်းတိကျသော ဥပမာ များကို လူတိုင်း နားလည်လွယ်သည်။
ကမ္ဘာကျော် ခေါင်းဆောင်ကြီးအဖြစ် ထင်ရှားသော အေဘရာဟင်လင်ကွန်း၏ ခေါင်းဆောင် မှုဆိုင်ရာ နမူနာများကိုလေ့လာသောအခါ ကျွန်တော်တိုအဖို လက်တွေ့အကျိုးရှိသော စံပြနမူနာများကို ရှင်းလင်းပီပြင်စွာ သိရှိလာရသည်။
ခေါင်းဆောင်မှု၏ အဓိကအခြေခံဖြစ်သော အဆိုပါ စံပြနမူနာများကို ဤစာအုပ်တွင် အတတ်နိုင်ဆုံး ပြည့်ပြည့်စုံစုံ ဖော်ပြထားပါသည်။ လင်ကွန်း၏ ထူးခြားပြောင် မြောက်သော ခေါင်းဆောင်မှု နမူနာများကြောင့် ကျွန်တော်ကိုယ်တိုင် အသိတိုးပြီးအကျိုးရှိခဲ့သလို လူ့ဘဝအလွှာ အသီးသီးမှ ပစ္စုပ္ပန်နှင့် အနာဂတ်ခေါင်းဆောင်များသည် လည်း အမှန်တကယ် အသိတိုးပွားပြီး အကျိုးများလိမ့်မည်ဟု ကျွန်တော် အလေးအနက် ယုံကြည်မိပါသည်။
ဒေါ်နယ်၊ တီ၊ ဖိလစ်
နိဒါန်း
အမေရိကန်ပြည်ထောင်စု၏ သမိုင်းစဉ်တစ်လျှောက်တွင် ကြီးကျယ်ထင်ရှား သော ခေါင်းဆောင်ကောင်းတွေ အမြောက်အမြားပေါ်ပေါက်ခဲ့သည်။ ယင်းတိုအနက်ဂျော့ဝါရှင်တန်၊ ဂျွန်အဒမ်၊ သောမတ်ဂျက်ဖာဆင်၊ သီအိုဒို ရုစဗဲ့၊ ဖရန်ကလင်ရုစဗဲ့ စသည့်တော်တော်များများက နိုင်ငံ့ခေါင်းဆောင် သမ္မတကြီးတွေ ဖြစ်ခဲ့ကြသည်။ ဘင်ဂျမင်ဖရန်ကလင်၊ ဒင်နီယယ် ဝက်ဘ်စတား၊ ဆူဆန်အန်ထော်နီ၊ မာတင်လူသာကင်း စသည့် အခြားပုဂ္ဂိုလ်များမှာလည်း အိမ်ဖြူတော်သို မရောက်ခဲ့သည့် တိုင် လူ့လောကကြီး၏ ကောင်းကျိုးချမ်းသာကို တစ်နည်းနည်းဖြင့် ထူးထူးခြားခြား ဆောင်ကြဉ်းနိုင်ခဲ့ကြသည်။ ထိုပြင် ဒေသအဆင့်အရသော်လည်းကောင်း၊ နိုင်ငံတော် အဆင့်အ ရသော်လည်းကောင်း ခေါင်းဆောင်”ဟူသော ဂုဏ်ပုဒ်ကို ခံယူထိုက်သော အခြားပုဂ္ဂိုလ်တွေလည်း လူ့အဖွဲအစည်း၏ အလွှာအသီးသီးတွင် မရေမတွက်နိုင်အောင် ပေါ်ပေါက်ခဲ့ကြသည်။
သို့သော် အဆိုပါ ပုဂ္ဂိုလ်အားလုံးထက် သာလွန်ကြီးကျယ်ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦးရှိခဲ့သည်။ ထိုပုဂ္ဂိုလ်အားအကြီးကျယ်ဆုံးသမ္မတကြီးအဖြစ် အမြဲတမ်း သတ်မှတ်ခဲ့ကြသည်။ ထိုပုဂ္ဂိုလ်အား အမေရိကန်နိုင်ငံတွင် ပေါ်ပေါက်ခဲ့သော နိုင်ငံ့ ခေါင်းဆောင်များအနက် အကြီးကျယ်ဆုံး ခေါင်းဆောင် ကြီးအဖြစ် ဂုဏ်တင်ခဲ့ကြသည်။ ထိုပုဂ္ဂိုလ်ကွယ်လွန်သွားသည်မှာ နှစ်ပေါင်း ၁၂၅ နှစ်ကျော်ခဲ့ပြီ။ သို့သော်လည်း သူသည် တစ်ကမ္ဘာလုံးရှိ ဘဝအလွှာအသီးသီးမှ ပြည်သူအပေါင်းတို နှလုံးသားကို ယနေ့တိုင် ပွေ့ဖက်လွှမ်းမိုးထားဆဲဖြစ်သည်။ ထိုပုဂ္ဂိုလ်ကား အခြားသူမဟုတ်။ အမေရိကန်နိုင်ငံ၏ ၁၆ ဆက်မြောက် သမ္မတကြီးအေဘရာဟင်လင်ကွန်းပင်တည်း။
လင်ကွန်းနှင့်ပတ်သက်၍ ယနေ့ ကျွန်တော်တို၏အမြင်သည် အဖြစ်မှန်ထက် ဒဏ္ဍာရီပို၍ ဆန်နေခြင်းမှာ ဘာမျှအံ့သြစရာမဟုတ်။ သူလုပ်ကြံခံရပြီးနောက်တွင် လင်ကွန်းအား ကျွန်တော်တို့က “ပြည်တွင်းစစ်ကို ကြံ့ကြံ့ ခံတိုက်ခိုက်ခဲ့သော သမ္မတ” အဖြစ်လည်းကောင်း၊ နိုင်ငံတော်ကယ်တင်ရှင် အဖြစ်လည်းကောင်း ဂုဏ်တင်ခဲ့ကြ သည်။ ပြီးတော့ငွေဝယ်ကျွန်များအား လွတ်လပ်ခွင့်ပေးခဲ့သော ခေါင်းဆောင်ကြီးဟူသော ဂုဏ်ဒြပ်ကလည်း သူ့ကို သူတော်စင်ကြီးတစ်ဦးလောက် နီးနီးမြှင့်တင် ပေးခဲ့သည်။ ထိုပြင်သူ့ခေတ်စာနယ်ဇင်းများက လင်ကွန်းအား ကိုရွှေရိုးကြီး´ဟူ၍လည်းကောင်း၊ သစ်တုံးများကို မီးရထားသံလမ်းအတွက် ဇလီဖားတုံးခွဲပေးသူ”ဟူ၍လည်းကောင်း ဂုဏ်တင်ခဲ့ခြင်း မှာလည်း နှစ်ပေါင်း ၁၀၀ ကျော်မျှ ရေပန်းစားခဲ့သည်။
အမေရိကန်နိုင်ငံတွင် ကျောင်းသားကလေးတိုင်း အေဘရာဟင်လင်ကွန်း အကြောင်းကို သိကြသည်။ သူ့အကြောင်း ဘက်စုံရေးသားထားသော စာအုပ်တွေ၊ ဆောင်းပါးတွေ ထောင်ချီ၍ ရှိသည်။ ထိုပြင် လင်ကွန်း၏ရုပ်ပုံလွှာသည် နေရာတိုင်း လွှမ်းမိုးသည်။ တစ်ပဲနီတန်နှင့် ငါးဒေါ်လာတန် ပိုက်ဆံများ၊ ငွေစုလက်မှတ်များ၊ ငွေပေးလွှာများပေါ်တွင်လည်း လင်ကွန်း၏ ရုပ်ပုံပါရှိသည်။ အမေရိကန်နိုင်ငံတစ်ဝှန်း မှာရော၊ ကမ္ဘာ့နိုင်ငံအရပ်ရပ်မှာပါ သူ့ရုပ်တုတွေ၊ သူ့ဓာတ်ပုံတွေ၊ သူ့ပန်းချီကားတွေ မရေမတွက်နိုင်အောင် ရှိကြသည်။ သူ့ရုပ်ပုံ တွေကို တရားရုံးတွေ၊ စာသင် ကျောင်းတွေ၊ အစိုးရအဆောက်အအုံတွေနှင့် ပုဂ္ဂလိက လူနေအိမ်တွေမှာ အမြတ်တနိုးထားရှိကြသည်။ သူ့အကြောင်းကို ပြဇာတ်ရေးကြသည်။ ရုပ်ရှင်ရိုက်ကြသည်။ ရုပ်သံလွှင့်ကြသည်။ သီချင်းစပ်ကြ သည်။ ကဗျာဖွဲကြသည်။ မိုတယ် တွေ၊ ဟိုတယ်တွေ၊ မော်တော်ကားတွေ၊ ကစားစရာတွေ၊ ဘဏ်တွေ၊ အသင်းအဖွဲတွေ၊ လမ်းတွေနှင့် အခြား များစွာသောအရာ တွေကို သူ့နာမည်ဖြင့် ကင်ပွန်းတပ်ကြသည်။
ထို့ပြင် သူ့လက်ရေးဖြင့် ရေးသားထားသော ပေးစာတွေ၊ မှတ်စုတွေ၊ မိန့်ခွန်းတွေနှင့် အော်တိုမှတ်တမ်းတွေကို တစ်ကမ္ဘာလုံးက အမြတ်တနိုး သိမ်းဆည်းထားကြသည်။
လင်ကွန်း၏ ရုပ်ပုံလွှာသည် အမေရိကန်ပြည်သူတွေ၏ စိတ်အာရုံတွင် ထိုမျှ အထိ စွဲထင်နေ သည်။ ထိုကြောင့်လည်း လင်ကွန်းအား ဂုဏ်တင်ရာတွင် အဖြစ်မှန်နှင့် ဒဏ္ဍာရီမှာ အလွန်ကွာခြား နေခြင်း ဖြစ်သည်။ တကယ်တော့ အဖြစ်မှန်နှင့် ဒဏ္ဍာရီကိုခွဲခြားပြီး တကယ့်အစစ်အမှန်လင်ကွန်းကို ဖော်ထုတ်ခြင်းသည် လွန်ခဲ့သော ၂၅နှစ်၊ သို့မဟုတ် နှစ်ပေါင်း ၃ဝလောက်ကမှ စတင်ခဲ့ခြင်းဖြစ်သည်။
ဘယ်လိုပင်ဖြစ်ဖြစ် လင်ကွန်းအကြောင်းနှင့်ပတ်သက်၍ ရေးခဲ့သမျှတွင် သူ၏ ထူးခြားပြောင်မြောက် သော ခေါင်းဆောင်မှုစွမ်းရည်အကြောင်း ရေးသားချက်များ လုံးဝ မရှိခဲ့ခြင်းမှာ အံ့သြစရာကောင်း လှသည်။ တကယ်တော့ ယင်းသိုဖြစ်ရသည်မှာလည်း ခေါင်းဆောင်မှုသ ဘောတရားသည် မကြာသေးမီကာလကမှ ခေတ်စားပေါ်လွင်လာသောကြောင့် ဖြစ်ကောင်းဖြစ်နိုင် သည်။ ခေါင်းဆောင်မှုပညာရပ်ကို နှိက်နှိက်ချွတ်ချွတ် လေ့လာဆန်းစစ်လာကြသည်မှာ များစွာမကြာလှ သေး၊ နှစ်ပေါင်း ၁ဝ သိုမဟုတ် ၁၅ နှစ်လောက်သာ ရှိသေး၏။
တစ်နည်းအားဖြင့် လင်ကွန်းသည် နိုင်ငံတစ်နိုင်ငံတည်ထောင်ရာတွင် အထောက် အကူပြုသော ခေါင်းဆောင်မှု အရည်အချင်းများကို စုပေါင်းဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။ လင်ကွန်းသည် စက်မှုတော်လှန်ရေးကြီး မပေါ်ပေါက်မီ ပေါ်ပေါက်လာသော နောက်ဆုံး ခေါင်းဆောင်ကြီးအဖြစ် အမှန်တရားဘက်မှ အမြဲတမ်း ရပ်တည်သည်။ ရိုးသားမှုကို လေးစားသည်။ ကိုယ့်သိက္ခာကို ကိုယ်ယုံကြည်သည်။ သူကလေးဘဝတုန်းက နိုင်ငံ သစ်တည်ထောင်ပေးခဲ့သော ခေါင်းဆောင်ကြီးများ အား အလွန်ကြည်ညိုလေးစားသည်။ နိုင်ငံသစ်၏သမိုင်းကို စိတ်ဝင်စားစွာလေ့လာပြီး လူ့အခွင့်အရေးကို အထူးအလေးထားသည်။ သူသည်ဆင်းရဲနွမ်းပါးစွာ ကြီးပြင်းလာခဲ့ရသူဖြစ်သည်။ ထိုကြောင့် သာမန်ဆင်းရဲသားပြည်သူတွေကို သူအလွန်ချစ်ခင်ကြင်နာခြင်းဖြစ်သည်။ စွန့်စားရှာဖွေမှုနှင့် ဆန်းသစ်တီထွင်မှုခေတ်ကြီး စတင်ခါစသာ ရှိသေးသောကာလတွင် လင်ကွန်းသည် ဆန်းသစ်တီထွင်မှုကို မြတ်နိုးသူဖြစ်သည်။
သူသည်လူတွေကို အလွန်ကြင်နာသနားတတ်သည်။ သိုသော် လိုအပ်လျှင်တော့ အလွန်ပြတ် သားသည်။ သူသည် စိတ်ရှည်သည်။ ဇွဲရှိသည်၊ စွဲမြဲသည်၊ အမိန့် မပေး၊ ဆွေးနွေးစည်းရုံးသည်။ လင်ကွန်း၏ ခေါင်းဆောင်မှုစွမ်းရည်အခြေခံအုတ်မြစ် ကတော့ လူတစ်ဦးချင်းစီ၏ အခွင့်အရေးကို ဦးစားပေး အလေးထားခြင်းပင်ဖြစ်၏။
ခေါင်းဆောင်မှုကို အမျိုးမျိုးအဓိပ္ပာယ်ဖွင့်ဆိုခဲ့ကြသည်။ သိုသော်ဘယ်ဖွင့်ဆိုချက်မှ အဓိပ္ပာယ်မပြည့်စုံသေး။ ခေါင်းဆောင်မှုသည် နားလည်ရန်ခက်ခဲသော သဘောတရားဖြစ်သောကြောင့် အဓိပ္ပာယ်ဖွင့်ဆိုရာတွင် ဝေဝါးနိုင်သည်၊ ထွေးပြားနိုင်သည်။ ထိုကြောင့် ခေါင်းဆောင်တွေ လိုက်နာ ရမည့်စည်းကမ်းဟူ၍ တိတိကျကျမရှိ၊ ဥပဒေ ဟူ၍သတ်သတ်မှတ်မှတ်မရှိ။ ယေဘုယျကျသော လမ်းညွှန်ချက်များ၊ အတွေးအခေါ် များနှင့် သဘောတရားများသာရှိသည်။ ထိုကြောင့်လည်း ခေါင်းဆောင်မှုအတတ်ပညာ ကို တစ်ဖက်ကမ်းခပ်တတ်မြောက်ရန် သိုမဟုတ် သင်ကြားပြသရန် မလွယ်ခြင်းဖြစ်၏။
ထိုကြောင့် ခေါင်းဆောင်မှုအရာတွင် စံတင်ရသော ပုဂ္ဂိုလ်များ၏ ဆောင်ရွက်ချက်များကို လေ့လာရန် အထူးလိုအပ်သည်။ လက်တွေ့ ခေါင်းဆောင်မှုပေးရာတွင် သူတို၏ စွမ်းရည်များကို ပေါ်ပေါ်လွင်လွင် အကျိုးရှိရှိ ပြသနိုင်ခဲ့သော ခေါင်းဆောင်များ ကို စံနမူထား၍ လေ့လာကြရမည်။ အဘယ်ကြောင့်ဆိုသော် အေဘရာဟင်လင်ကွန်း ကဲ့သိုသော ခေါင်းဆောင်တစ်ဦးချင်းစီကို လေ့လာခြင်းအားဖြင့် ထိရောက်အောင်မြင် သော ခေါင်းဆောင်မှုသဘောကို သိရှိနားလည် နိုင်သောကြောင့် ဖြစ်၏။
အခြားသော ကမ္ဘာကျော်ခေါင်းဆောင်များအကြောင်းကို လေ့လာကြည့်သောအခါ ကလေးဘဝတွင် ကြုံခဲ့ရသည့် အချိုသော ဖြစ်ရပ်များက သူတိုအား ခေါင်းဆောင်ဖြစ်ရန် တွန်းပိုခဲ့ကြောင်း သိရှိရသည်။ ဂန္ဒီ၊ လီနင်နှင့် ဖရန်ကလင်ရုစဗဲ့တိုသည်မိဘနှစ်ပါးအနက် တစ်ဦးကိုသာ စွဲစွဲလမ်းလမ်းချစ်ခင်မြတ်နိုးကြသည်။ သူတို့သည်ငယ်စဉ်ဘဝက မိခင်၏ အသည်းစွဲသားများဖြစ်ခဲ့ ကြသည်။ မိခင်၏ မေတ္တာကို ထူးထူးခြားခြားရရှိသူများသည် ကိုယ့်ကိုယ်ကိုယ်ယုံကြည်အားကိုးပြီး ဘဝတွင် အောင်မြင်မှု ရရှိတတ်ကြသည်ဟု စိတ်ပညာရှင်ကြီး ဆစ်ဂမန်ဖရွိက်က ဆိုခဲ့သည်။
လင်ကွန်း၏အဖြစ်ကလည်း အလားတူပင် ဖြစ်သည်။ သူ ကိုးနှစ်သားအရွယ်တွင် မိခင်ဆုံးသွား သည်။ သူ့ဖခင်က နောက်အိမ်ထောင်ပြုသည်။ သိုသော်လည်းလင်ကွန်းသည် မိထွေးကို မိခင်ရင်းပမာ ချစ်သည်။ မိထွေးကလည်း လင်ကွန်းကိုသားအရင်းသဖွယ် ချစ်သည်။
လင်ကွန်း၏ဘဝ အထူးသဖြင့် သမ္မတဘဝကို လေ့လာကြည့်သောအခါ သူ့တွင် ခေါင်းဆောင်အရည်အချင်း အပြည့်အဝရှိသည်ကို တွေ့ရှိရသည်။ အချိုအရည်အချင်း များမှာ မွေးရာပါဖြစ်ပြီး တချိုကတော့ ဘဝအတွေ့အကြုံအရ ရင့်ကျက်ပြည့်ဝလာခြင်းဖြစ်သည်။ ရိုးသားခြင်း၊ တည်ကြည်ဖြောင့်မတ်ခြင်း၊ ဆင်းရဲသားများအား ကြင်နာသနားခြင်းနှင့် လူတစ်ဦးချင်းစီ၏ အခွင့်အ ရေးကို အလေးထားခြင်းတိုသည် သူ၏ဗီဇပါအရည်အချင်းများ ဖြစ်၏။ သူ၏ရှေ့နေဘဝကတော့ အနာဂတ်ခေါင်းဆောင်ဘဝအတွက် ပြင်ဆင်အားဖြည့်သောကာလဖြစ်သည်။ သူသည် သူ့ယုံကြည်ချက် နှင့် သူ့အတွေးအခေါ် ကို အခြားလူတွေ လက်ခံလာအောင် ကြိုးစားသည်။ အထူးသဖြင့် လူတွေကို ကိုယ့်ဘက်ပါအောင် ဖျောင်းဖျစည်းရုံးခြင်း၊ ညွှန်ကြားခြင်းနှင့် တိုက်တွန်းလှုဆော်ခြင်း အတတ်ပညာကို ကြိုးစားလေ့လာသည်။ ဤသိုဖြင့် နိုင်ငံရေးလောကထဲ ရောက်လာသောအခါ လင်ကွန်းသည် အလွန်စကားပြောကောင်းသူ၊ မိန့်ခွန်းအရေးတော်သူ ဖြစ်လာခဲ့၏။ ထို့ကြောင့်လည်း ယနေ့ခေတ်တွင် လင်ကွန်းအား ကဗျာဆန်ဆန် ဖွဲ့ဖွဲ့နွဲ့နွဲ့ ဟောပြောရေးသားခြင်းအတတ်ပညာတွင် စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားကြခြင်း ဖြစ်သည်။
ထိုမျှသာမက သူသည် တင်္ခဏုပ္ပတ္တိဉာဏ်နှင့်လည်း ပြည့်စုံသည်။ ပုံပြောလည်းကောင်းသည်။ ထိုကြောင့် သူသည် ကျွမ်းကျင်သော ဆက်သွယ်ရေးသမားကောင်း တစ်ယောက် ဖြစ်လာ၏။ ထိုပြင် သူသည် ပင်ကိုအားဖြင့် လေ့လာစူးစမ်းတတ်သည်။ ဘာကိုပဲ လေ့လာလေ့လာ သိလွယ်တတ် လွယ်သည်။ ထိုအရည်အချင်းကြောင့် သူသည်ဆန်းသစ်တီထွင်တတ်သူ ဖြစ်လာ၏။ တကယ်တော့ လင်ကွန်းသည် တီထွင်မှုမူပိုင်နှင့် မှတ်ပုံတင်ရရှိသော တစ်ဦးတည်းသော အမေရိကန်သမ္မတကြီးဖြစ် ၏။ သူသည် ရေစူးများသော လှေကို ရေစူးနည်းစေသော နည်းလမ်းကို တီထွင်ခဲ့သည်။
လင်ကွန်းသည် အသံသြဇာနှင့်လည်း ပြည့်စုံသည်။ သူ့အသံကို အဝေးကြီးမှပင် ကြားနိုင်သည်။ ဥပမာ ဂက်တီစဘတ်တွင် သမိုင်းဝင်မိန့်ခွန်း ပြောစဉ်တုန်းက ပရိသတ် ၁၅,ဝဝဝ စလုံး သူ့မိန့်ခွန်းသံကို ပြတ်ပြတ်သားသား ကြားကြရ၏။ ပြီးတော့ သူ့အရပ်က လည်း ထူးခြားသည်။ သူ့အရပ်သည် ခြောက်ပေလေးလက်မရှိသည်။ ဤအချက်ကလည်း စိတ်ပိုင်းဆိုင်ရာအရ သူ့အား သူများထက် တစ်ပန်းသာစေသည်။ လင်ကွန်းကား တကယ်ပင် လေးစားထိုက်သူ ဖြ်၏။ တကယ်ပင် အားထား ရမည့် ခေါင်းဆောင်ဖြစ်၏။
လင်ကွန်းသည် စံပြခေါင်းဆောင်ကောင်းဖြစ်ကြောင်းကို သူ၏သမ္မတဘဝ လုပ်ဆောင်ချက် များက သက်သေထူနေသည်။ အလွန်တိုတောင်းသော အချိန်ကာလအတွင်း ပြည်ထောင်စုအစိုးရက ပြည်တွင်းစစ်ကိုအောင်နိုင်ပြီး တိုင်းပြည်ကို ဥမကွဲ သိုက်မပျက် ထိန်းသိမ်းထား နိုင်ခဲ့ခြင်းမှာ လင်ကွန်း၏ စံပြခေါင်းဆောင်မှု စွမ်းရည် ကြောင့်ပင် ဖြစ်၏။ လင်ကွန်း၏ စွမ်းဆောင်ချက်ကို ပို၍ ပြောင်လက်အောင် ပြုလုပ် ခဲ့သောအချက်မှာ သူ့အရင် သမ္မတ ဂျိမ်းဘူချနန်ထံမှ အမွေဆက်ခံ ရရှိလိုက်သည့်အဖြစ်ဆိုးကြီးကို ကျော်လွှားနိုင်ခဲ့ခြင်းပင် ဖြစ်၏။
လင်ကွန်းသမ္မတဖြစ်လာချိန်တွင် ပြည်နယ်ခုနစ်ခုတို့သည် မဟာမိတ်ပြည်နယ်စု ဖွဲ့ရန် ပြည်ထောင်စုမှ နုတ်ထွက်သွားကြပြီဖြစ်သည်။ ၁၈၆၁ ခုနှစ်၊ မတ်လ ၄ရက်နေ့တွင် သမ္မတအဖြစ် လင်ကွန်း ကျမ်းသစ္စာမဆိုမီ ၁ဝ ရက်တိတိအလိုတွင် ဂျက်ဖာဆင်ဒေးဗစ်က မဟာမိတ်ပြည်နယ်စု၏ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ လက်ရှိသမ္မတ ဘူချနန်မှာ တိုင်းပြည်ကိုထိန်းထားနိုင်ရန် မျှော်လင့်ချက်လုံးဝမရှိတော့ဘဲ သူ၏ သမ္မတ သက်တမ်း ကုန်ဆုံးမည့်အချိန်ကိုသာ စောင့်နေရသည့် အခြေအနေ ဖြစ်၏။ ထိုနောက် မကြာမီတွင်ပင် သူသည် အမေရိကန်ပြည်ထောင်စု၏ နောက်ဆုံး သမ္မတ ဖြစ်ကြောင်းကြေညာပြီး ဝါရှင်တန်မြိုတော်မှ ထွက်ခွာသွားခဲ့၏။
အမေရိကန်ပြည်ထောင်စု လွတ်တော်ကလည်း ပုန်ကန်မှုကို ရပ်ဆိုင်းသွားအောင် ဘယ်လိုမျှ မလုပ်နိုင်ဘဲ ဖြစ်နေသည်။ ထိုအချိန်တွင် သမ္မတအား ပြည်သူ့စစ်ဖွဲစည်းရေး အာဏာပေးအပ်သည့် ဥပဒေတစ်ရပ်ကို အောက်လွှတ်တော်က အဆိုတင်သွင်းသည်။ တစ်ပြိုင်တည်းတွင် ကာကွယ်ရေး ဝန်ကြီးဌာနကို စစ်သုံးဘတ်ဂျက် လျှော့ချရန် အထက် လွှတ်တော်က မေတ္တာရပ်ခံလိုက်သည်။ ဤဖြစ်ရပ်အားလုံးသည် လင်ကွန်း သမ္မတ အဖြစ် အရွေးခံရချိန်နှင့် သမ္မတအဖြစ် ဝင်ရောက်ဆောင် ရွက်သည့် အချိန်စပ်ကြားတွင်ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။
လင်ကွန်း သမ္မတဖြစ်လာသောအခါ တောင်ပိုင်းသားများက မဟာမိတ်ပြည်နယ်စု အဖွဲ့အစည်းအားလုံးကို ချုပ်ကိုင်ထားပြီး၊ တောင်ပိုင်းနယ်မြေများရှိ ခံတပ်များနှင့်လက်နက်တိုက် များကိုလည်း အားလုံးနီးပါး သိမ်းပိုက်ထားပြီး ဖြစ်သည်။ နိုင်ငံတော်၏ကုန်သွယ်ရေး အသက်သွေး ကြောဖြစ်သော မစ္စစ္စပီမြစ်ဝှမ်းဒေသ အများစုမှာလည်း တောင်ပိုင်းသားများက အချို့ ကိုပိတ်ဆိုထားပြီး အချို့ကိုသိမ်းပိုက်ထားသည်။
ဝါရှင်တန်အစိုးရမှာ လုံးဝဥသုံ အကာအကွယ်မဲ့သလိုဖြစ်နေသည်။ တပ်မတော် ဆိုလျှင်လည်း အစိတ်အပိုင်းမျှသာကျန်ရစ်ပြီး စစ်ပွဲအတွက် အဆင်သင့် ပြင်ဆင်ထားခြင်းလုံးဝမရှိသလောက်ဖြစ်၏။ ထိုအချိန် (၁၈၆၁ ခုနှစ်)က အင်အား ၁၆,ဝဝဝ ရှိသော တပ်မတော်သည် စည်းကမ်းပျက်ပြီး ဖရိုဖရဲ ဖြစ်နေသည်။ လက်နက်ပစ္စည်းကလည်း အလွန်ချိုတဲ့နေသည်။ သည်ကြားထဲ စစ်သားတော်တော် များများပင် တောင်ပိုင်းလိုလား သူများ ဖြစ်နေလိုက်သေး၏။ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဝင်းဖီးလ်စကော့ကိုလည်း ခေါင်းဆောင်မှုစွမ်းရည် မရှိသူဟူ၍ လူအများက မြင်နေကြသည်။ ထို့ပြင် ပြည်သူ့စစ်တပ်ဖွဲ့ ဝင်အများစုမှာလည်း ပြည်နယ်စုတပ်ဖွဲ့ဝင်များထက် အခြေအနေ ပို၍ဆိုးရွားနေ၏။
လင်ကွန်း၏ကျမ်းသစ္စာကျိန်ဆိုပွဲ ပျက်လိမ့်မည်၊ သမ္မတအသတ်ခံရလိမ့်မည်။ ဝါရှင်တန်မြို့ တော်ကို သူပုန်များက သိမ်းပိုက်လိမ့်မည်ဟူသော ကောလာဟလ သတင်း တွေကလည်း မိုးလုံးမွှန် နေသည်။ ထိုကြောင့် မြိုတော်ကို လုံခြုံရေးအပြည့်ဖြင့် ကာကွယ်ထားရ၏။
လင်ကွန်းက သမ္မတအဖြစ်ဖြင့် ပထမဆုံး မိန့်ခွန်းပြောနေချိန်တွင် အမေရိကန်နိုင်ငံသည် သမိုင်းတစ်လျှောက်တွင် အဆိုးရွားဆုံး အန္တရာယ်ကြီးနှင့် ရင်ဆိုင်နေရသည်။ တိုင်းပြည်နှစ်ခြမ်းကွဲပြီး တန်ပြန်မုန်းတီးမှုက ကြီးစိုးနေသည်။ အစိုးရအဖွဲ့တွင်လည်း ထိရောက်သော ခေါင်းဆောင်ဟူ၍ ဘယ်နေရာမှာမှ မရှိ။
ယင်းသို့သော အန္တရာယ်မီးဝိုင်းနေချိန်တွင် ဘယ်သူမျှ ဟုတ္တိပတ္တိ မသိသေးသော အေဘရာ ဟင်လင်ကွန်းသည် (၁၆)ဆက်မြောက်သမ္မတ ဖြစ်လာခဲ့၏။ လူနည်းစုမဲဆန္ဒဖြင့် ပထမဆုံး ရီပက်ဘလီကင်ပါတီဝင် သမ္မတဖြစ်လာသောလင်ကွန်းသည် ဝါရှင်တန်မြို တော်သားမဟုတ်။ ထိုကြောင့် ဒုတိယတန်းစား တောသားရှေ့နေတစ်ယောက်သာဖြစ်၍ သမ္မတတာဝန်ကို ထမ်းဆောင် နိုင်မည့် အရည်အချင်းမရှိဟူ၍ သူ့အား အများစုက ယူဆကြသည်။ သူ့ကို ထောက်ခံသူများမှတစ်ပါး တစ်နိုင်ငံလုံးတွင် သူ့အား လေးစား သည့်လူ မည်သူမျှမရှိ။ ပူပူနွေးနွေး ခန့်အပ်ပြီးခါစ သူ၏ဝန် ကြီးအဖွဲ့ ဝင်များကတောင်မှ သူ့ကို အထင်မကြီးကြ၊ သူတိုကြိုးကိုင်နိုင်မည့် ရုပ်သေးရုပ်သမ္မတအဖြစ် မြင်နေကြ၏။
သမ္မတသစ် လင်ကွန်းသည် ဆန့်ကျင်ဘက် ရန်သူနှစ်ဖက်ကြားတွင် ပိတ်မိနေသည်။ တစ်ဖက် တွင် မြောက်ပိုင်းပြည်နယ်များမှ ငွေဝယ်ကျွန်စနစ်ကို အပြင်းအထန် ဆန့်ကျင်သူများ၊ အခြားတစ်ဖက်တွင်တော့ တောင်ပိုင်းပြည်နယ်များမှ ငွေဝယ်ကျွန်ပိုင်ရှင်များ။ လင်ကွန်းအနေဖြင့် တောင်ပိုင်းပြည်နယ်များ ပြည်ထောင်စုမှခွဲထွက်ရေးကို အပြင်းအထန် ဆန့်ကျင်သည်။ ကင်တပ်ကီ၊ မေရီလင်း စသော နယ်ခြားပြည်နယ်များပြည်ထောင်စုထဲ၌ တည်ရှိနေရေးသည် အလွန်အ ရေးကြီးသည်။ ထိုကြောင့် ထိုပြည်နယ်များ ခွဲမထွက်စေရေးအတွက် အစွမ်းကုန်ကာကွယ်မည်ဟူ၍ သူက မကြာမီကလေးကမှကတိပေးခဲ့သေး၏။
သို့သော်လည်း လောလောဆယ်တွင် သူ့အနေဖြင့် ငွေဝယ်ကျွန်များအား လွတ် ငြိမ်းချမ်းသာ ခွင့်ပေးရန် အတင်းအကျပ် တွန်းအားပေးခံနေရသည်။ သိုသော် ငွေဝယ်ကျွန် စနစ်ကို လုံးဝဖျက် သိမ်းရန် အချိန်မတန်သေး။ ယခုလို သမ္မတဖြစ်ခါစအချိန်တွင် ယင်းစနစ်ကို ဖျက်သိမ်းလိုက်လျှင် တိုင်းပြည်အနေဖြင့် ကွဲသည်ထက်ကွဲဖိုသာ ရှိတော့ သည်။ နယ်ခြားပြည်နယ်တွေ အားလုံးမဟုတ် သော်မှ တချိုပြည်နယ်တွေ ခွဲထွက်သွားမှာ သေချာသည်ဟု သူ အလေးအနက် ယုံကြည်၏။
ထိုကြောင့် သမ္မတသစ် လင်ကွန်းသည် တစ်ဖက်တွင် နိုင်ငံတော်မပြိုကွဲရေးနှင့် အခြားတစ် ဖက်တွင် အချိန်မရွေး ပေါက်ကွဲလာနိုင်မည့် ပြည်တွင်းစစ်ကြီးကို ရင်ဆိုင် နိုင်မည့် ထိရောက်သော အစိုးရအဖွဲသစ် ဖွဲစည်းရေးဟူသော ပြဿနာကြီးနှစ်ရပ်နှင့် အရူးမီးဝိုင်း ရင်ဆိုင်နေရ၏။ သူက တောင်ပိုင်းပြည်နယ်တွေကို ခွဲထွက်ခွင့် မပြုနိုင် ကြောင်း၊ ပြည်တွင်းစစ်ကြီး ဖြစ်ပွားရေး၊ မဖြစ်ပွားရေးပြဿနာများသည် ၎င်းတို လက်ထဲတွင်ရှိနေကြောင်း ကျမ်းသစ္စာကျိန်ဆိုသည့်နေ့က အတိအလင်းကြေညာခဲ့သည်။သူရင်ဆိုင်နေရသော အန္တရာယ်ကို သူ ပြတ်ပြတ်သားသားသိကြောင်း သူ့မိန့်ခွန်းက သက်သေခံနေ၏။
ကျုပ်တိုရဲ့ အမျိုးသားဖွဲစည်းပုံ အခြေခံဥပဒေအရ ပထမဆုံးသမ္မတက ကျမ်းသစ္စာကျိန် ဆိုခဲ့ပြီးတဲ့နောက် ၇၂ နှစ်အကြာမှာ တိုတောင်းတဲ့သက်တမ်း လေးနှစ်တာအတွင်း အလွန်ကြီးမားထူးခြားတဲ့ အခက်အခဲကြီးတစ်ရပ်ကိုဖြေရှင်းဆောင်ရွက်ဖိုအတွက် ကျပ် အခု ဝင်ရောက်လာပါတယ်။ ရှေးယခင်က ခြိမ်းခြောက်ရုံသာခြိမ်းခြောက်ခဲ့တဲ့ ပြည်နယ်တွေခွဲထွက်ရေး အန္တရာယ်ကြီးကို အခုအချိန်မှာ ကြောက်စရာကောင်းလောက်အောင် ရင်ဆိုင်နေရပြီ။
ဤသည်ကား ယခင်က နိုင်ငံ့ခေါင်းဆောင်တာဝန်ကို တစ်ကြိမ်မှ မထမ်းဆောင် ခဲ့ဖူးသောလူ တစ်ယောက် ရင်ဆိုင်နေရသော အခြေအနေပင် ဖြစ်သည်။ သူသည် အောက် လွှတ်တော်အမတ်အဖြစ် သက်တမ်းတစ်ကြိမ်သာ ထမ်းဆောင်ခဲ့ဖူးသည်။ စစ်ပွဲအတွေ့အကြုံလည်း လုံးဝမရှိ။ ပြောစရာဆို၍ ‘ဘလက်ဟော့စစ်ပွဲ” (Black Hawk War) ကာလက အီလီနွိက်ပြည်သူ့စစ်တပ်ဖွဲ့တွင် ဗိုလ်ကြီးအဆင့်ဖြင့် ခဏတာ ဆောင်ရွက်ခဲ့ဖူးခြင်းလောက်သာ ရှိသည်။
အေဘရာဟင်လင်ကွန်းအနေဖြင့် လောလောဆယ် ရင်ဆိုင်နေရသော အကျပ်အတည်းကြီးထဲမှ နိုင်ငံတော်ကို ဦးဆောင်ဆွဲထုတ်နိုင်မည်မဟုတ်ဟု အများစုကယုံကြည်ထားကြ၏။ သို့သော်လည်း လူနည်းစုကတော့ သူသည် တိုင်းပြည်ကိုကယ်တင်နိုင်စွမ်းရှိသူ ဟူ၍ ခံယူထားကြသည်။
ဘယ်လိုပင်ဖြစ်ဖြစ် ယနေ့ အလွှာအသီးသီးမှ ခေါင်းဆောင်များအနေဖြင့် လင်ကွန်း၏ ခေါင်းဆောင်မှုစနစ်နှင့် သဘောတရားကို စိတ်ဝင်စားစွာ လေ့လာကျင့်သုံးနေကြသည်ကတော့ အမှန်ပင်။ ယင်းသို သူတို ဘာကြောင့် စိတ်ဝင်စားကြသနည်း။ အကြောင်းရင်းကတော့ ခေတ်သစ်စံဖြင့် လင်ကွန်း၏ စွမ်းဆောင်မှုကို အံ့တစ်ပါးအဖြစ်သတ်မှတ်ကြသောကြောင့်ဖြစ်သည်။ လင်ကွန်းသည် ဤနိုင်ငံ၊ ဤကမ္ဘာတွင် ပေါ်ပေါက်ခဲ့သော အကြီးကျယ်ဆုံး ခေါင်းဆောင်ကြီးတစ်ဦးဖြစ်သည်ကို လုံးဝ သံသယဖြစ်စရာမရှိချေ။ သူသည် ယနေ့ခေတ်တွင် ကျော်ကြားနေသော ရော်နယ်ရီဂင် သိုမဟုတ် ဂျော့ဘုရှ် သိုမဟုတ် အိုင်ယာကော့ကာတိုထက် သာလွန်သည်။ တကယ်တော့ သူနှင့်နှိင်းယှဉ်စရာ ဘယ်သူမျှမရှိ။
လင်ကွန်းကား ဘယ်လိုခေါင်းဆောင်ရမည်ဆိုသည်ကို အမှန်တကယ်သိသူဖြစ်၏။
လင်ကွန်းကား ခေတ်ပြိုင်စီးပွားရေးနှင့် နိုင်ငံရေးခေါင်းဆောင်များအား ခေါင်းဆောင်မှုနှင့် ပတ်သက်၍ အသစ်အဆန်း တစ်စုံတစ်ရာကို အမှန်တကယ် ပေးစွမ်းနိုင်သူဖြစ်၏။
ဤစာအုပ်ကား သူ၏ ခေါင်းဆောင်မှုနှင့် ခေါင်းဆောင်မှုသဘောတရားများကို ဖွင့်ဆိုဖော် ကျူးထားသော စာအုပ်’ပင်တည်း။
အပိုင်း (၁)
လူ
အခန်း(၁)
လူတွေကြားမှာ အမှန်ရှာ
“တစ်ကိုယ်တော် အထီးကျန်နေနေတာဟာ သူ့ရဲ့ အဓိကအမှားပဲ၊ သူက ဘယ်သူ့ကိုမျှ လက်ခံမတွေ့ဘူး၊ အဲဒါကြောင့် သူလုပ်နေတဲ့ လုပ်ငန်း ထဲမှာ ဘာတွေဖြစ်နေတယ်ဆိုတာ သူဘာမျှမသိတာပေါ့”
[ဗိုလ်ချုပ်ကြီး ဂျွန်ဖရီမွန့်အား တာဝန်မှ
ဖြုတ်ရခြင်းအတွက် လင်ကွန်း၏
အကြောင်းပြစကား (၉ -၉ -၁၈၆၁) ]
အေဘရာဟင်လင်ကွန်းသည် သမ္မတသက်တမ်း လေးနှစ်အတွင်း ရှေ့တန်းတပ်ဖွဲ့များသို့ သွားရောက်ခြင်းဖြင့်သာ အများဆုံး အချိန်ကုန်ခဲ့သည်။ ရှေ့တန်းတပ်ဖွဲ များသည် သူ့အဖို နံပါတ်(၁) အရေးအကြီးဆုံး ဖြစ်၏။ သူတိုသည်သာ လောလောဆယ် တကယ်အလုပ်လုပ်နေသူများ ဖြစ်သည်။ လင်ကွန်းသည် ကာကွယ်ရေးဝန်ကြီးဌာန၊ သံကြိုးရုံးသိုလည်း ခဏခဏသွားသည်။ ရည်ရွယ်ချက်မှာ အရေးကြီးသော သတင်းများကိုမြန်မြန်သိရပြီး အချိန်မီ ဆုံးဖြတ်ချက်ချနိုင်ရန်ဖြစ်၏။ သူသည် ဝန်ကြီးအဖွဲ့ဝင်များနှင့် ဗိုလ်ချုပ်ကြီးများအား သူတို၏ အိမ်မှာလည်း သွားတွေ့သည်။ ရုံးခန်းမှာလည်း သွားတွေ့သည်။ စစ်မြေပြင်မှာလည်း သွားတွေ့သည်။ ညွှန်ကြားချက်နှင့် ဦးဆောင်မှုပေးရန် ဖြစ်သည်။
သူသည် ရေတပ်ဌာနချုပ်နှင့် ဝါရှင်တန်မြိုတွင်းမြိုပြင်ရှိ ခံတပ်စခန်းများ သို့လည်း သွားရောက်သည်။ လက်နက်သစ်များကိုလည်း သွားရောက်စစ်ဆေးသည်။ ဤလုပ်ရပ်ကြောင့် သူသည် လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၏ စွမ်းဆောင်ရည်နှင့် လုပ် ဆောင်ချက်ကို မျက်မြင်ကိုယ်တွေ့ အမှန်အတိုင်း သိရှိရ၏။ ဤလုပ်ရပ်ကြောင့် သူသိလိုသော သတင်းအချက်အလက်များကို တိုက်ရိုက် အတိအကျသိရှိရပြီး တစ်ဆင့်စကားကို အားမကိုးဘဲ မှန်ကန်သောဆုံးဖြတ်ချက်များကို ချမှတ် နိုင်သည်။
ထိုမှတစ်ပါး လင်ကွန်းသည် လွှတ်တော်အမတ်များနှင့် အစိုးရဌာန အကြီးအကဲများထံသိုလည်း သွားလည်သည်။ ဆေးရုံများသို သွားရောက်ကာ နာမကျန်းသူများ၊ ဒဏ်ရာရသူများနှင့် သွားတွေ့သည်။ ဤအပြုအမူသည် သူ၏ ကြင်နာသနားတတ် သော စိတ်ထားနှင့် သူတစ်ပါးအား ဂရုစိုက်အလေး ထားတတ်သော သဘာဝကိုပြသည်။ ဤမျှသာမက သူသည် ရှေ့တန်းစစ်မြေပြင်သို ထွက်၍လည်း အခြေအနေမှန်ကိုကိုယ်တိုင်လေ့လာသည်။ လိုအပ်သည်များကို ညွှန်ကြားသည်။ တစ်ကြိမ်တွင်မူ တိုက်ပွဲဖြစ်နေတုန်းမှာပင် စစ်မြေပြင်သို သွားရောက် လေ့လာညွှန်ကြားခဲ့သေးသည်။ (သူကား ယင်းသို့ပြုလုပ်ခဲ့သော အမေရိကန် သမ္မတအနည်းငယ်အနက် တစ်ဦးအပါအဝင်ဖြစ်၏။)
သမ္မတလင်ကွန်းသည် ၁၈၆၁ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့တွင် မစ်ဆိုရီပြည်နယ်ရှိ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တိုင်းမှူး၊ ဗိုလ်ချုပ်ကြီး ဂျွန်၊ စီ၊ ဖရီမွန့်အား တာဝန်မှဖြုတ်၍ သူ့နေရာတွင် ဗိုလ်ချုပ်ကြီး ဒေးဗစ်ဟန်းတားကို အစားထိုးတာဝန်ပေးသည်။ အဓိကအကြောင်းရင်းမှာ ဖရီမွန့်သည် သူ့နယ်မြေအတွင်း စစ်အုပ်ချုပ် ရေးအမိန့်ထုတ်ပြန်ပြီး ငွေဝယ်ကျွန်များအား လွတ်လပ်ခွင့်ပေးခဲ့သောကြောင့် ဖြစ်သည်။ ထိုပြင် သူသည် ပြည်သူ့ဘဏ္ဍာငွေကိုလည်း အလွဲသုံးစားလုပ်သည်။ အကျင့်ပျက်အတိုင်ပင်ခံများကိုလည်း သူ့အနားတွင် ဝိုင်းရံထားသည်။ လက်ရှိတာဝန်နှင့် လက်ရှိအခြေအနေကိုလည်း လုံးဝမထိန်းနိုင်။
ဗိုလ်ချုပ်ကြီး ဖရီမွန့်အား တာဝန်မှမဖြုတ်မီ မကြာခင်ကလေးက ဗိုလ်ချုပ်ကြီး ဟန်းတား ထံရေးခဲ့သော လင်ကွန်း၏စာထဲတွင် သူ့(ဖရီမွန်)ကို သူ့လက်အောက်ငယ်သားတွေက ယုံကြည်မှု ကင်းနေကြတယ်၊ သူ့လိုနေရာမှာရှိတဲ့လူတိုင်း အဲဒီလူတွေရဲ့ယုံကြည်ထောက်ခံမှုရမှ အောင်မြင်နိုင်မယ်၊ တစ်ကိုယ်တော် အထီးကျန်နေနေတာဟာသူ့ရဲ့ အဓိကအမှားပဲ၊ သူက ဘယ်သူ့ကိုမျှ လက်ခံမတွေ့ဘူး၊ အဲဒါကြောင့် သူလုပ်နေတဲ့ လုပ်ငန်းထဲမှာ ဘာတွေဖြစ်နေတယ်ဆိုတာ သူဘာမျှမသိတာပေါ့”ဟူ၍ ပြောခဲ့သည်။
လင်ကွန်း၏စကားသည် ယနေ့ခေတ် ခေါင်းဆောင်များအတွက် အရေးပါသော သင်ခန်းစာတစ်ခုပင် ဖြစ်သည်။ သူသည် ဖရီမွန့်၏ပြဿနာကို ဖော်ပြရုံသာမကဟန်းတားအနေဖြင့် ပြဿနာကို ဘယ်လိုဖြေရှင်းသင့်ကြောင်းကိုလည်း အကြံပေးသည်။
အလားတူ အဓိကအမှားမျိုးကို ရှောင်ရန်လည်း လမ်းညွှန်သည်။ ထိုပြင် လင်ကွန်းသည် အဆိုပါစကားဖြင့် သူ၏ကိုယ်ပိုင်ခေါင်းဆောင်မှု တရား၏ အခြေခံအုတ်မြစ်ကို ထုတ်ဖော်လိုက် ခြင်းလည်း ဖြစ်သည်။ ဤသဘောတရားသည် နောင်နှစ်ပေါင်း ၁ဝဝခန့်ကြာသောအခါ ခေတ်သစ်ခေါင်းဆောင်မှု သဘောတရားတွင် တော်လှန်သော ချဉ်းကပ်နည်းတစ်ရပ်အဖြစ် ထင်ရှားလာခဲ့သော သဘောတရားဖြစ်လာခဲ့သည်။ တွမ်ပီတာစ်နှင့် ရောဘတ်ဝါးဘားမင်းတိုက သူတိုရေးသော (၁၉၈၂ ခုနှစ်ထုတ်) အကောင်းဆုံးကို ဖွေရှာသော်’ (In Search of Excellence) စာအုပ်တွင်အဆိုပါသဘောတရားကို လှည့်လည်ခန့်ခွဲခြင်း'(MBWA – Managing by Wan-dering Around) ဟူ၍ ကင်ပွန်းတပ်ခဲ့ကြသည်။ ယင်းသဘောတရားကို လှည့်လည်ခေါင်းဆောင်မူ (Roving Leadership) မပြတ်ထိတွေ့မူ (Being in Touch)နှင့်“ဆင်စွယ်မျှော်စင်မှ ထွက်ခွာခြင်း” (Getting Out of the Ivory Tower) ဟူ၍လည်းခေါ်ဝေါ်သုံးနှုန်းကြသေး၏။ ဘယ်လိုပဲခေါ်ခေါ်၊ အဓိကအနှစ် သာရကတော့ အပြင်ထွက်ပြီး လူတွေနှင့်ဆက်ဆံရေး၊ လူမှုဆက်သွယ်ရေးပင် ဖြစ်သည်။
ပီတာစ်နှင့် နန်စီဩစတင်တို ရေးသားသော “အကောင်းဆုံးကို စွဲမက်ခြင်း”(A Passion For Excellence)စာအုပ်တွင် လှည့်လည်ခန့်ခွဲခြင်း နှင့်ပတ်သက်၍ အောက်ပါအတိုင်း ရေးသားထားသည်။
လှည့်လည်ခန့်ခွဲခြင်းဟူသည် ဖောက်သည်များ၊ ပစ္စည်းပေးသွင်းသူများ၊ မိမိ၏လူများနှင့် မပြတ်တွေ့ထိနေခြင်းဖြစ်သည်။ ယင်းသည် ဆန်းသစ်တီထွင်မှုကို လွယ်ကူအောင် လုပ်ပေးသည်။ အဖွဲအစည်းတိုင်းအား တန်ဖိုးကို သိရှိလာအောင် သင်ပြသည်။ ယင်းသည် နားထောင်ခြင်း၊ လွယ်ကူစေခြင်း၊ သင်ပြခြင်းနှင့် တန်ဖိုးကို အားဖြည့်ပေးခြင်းဖြစ်သည်။ ထိုကြောင့် လှည့်လည်ခန့်ခွဲခြင်းသည်ခေါင်းဆောင်မှုနည်းပညာ ဖြစ်သည်။ ခေါင်းဆောင်မှုဟူသည် အခြေခံအားဖြင့်အလေးထားခြင်း၊ ဂရုစိုက်ခြင်းပင် ဖြစ်သည် ။ အလေးထားဂရုစိုက်ခြင်းကိုအကောင်းဆုံး အသုံးပြုသူများသည် သင်္ကေတများနှင့် ဇာတ်လမ်းများကိုအကောင်းဆုံးအသုံးချသူများဖြစ်ရုံသာမဟုတ်၊ ပုံပြောကောင်းသူများနှင့် ဒဏ္ဍာရီဖန်တီးသူများလည်း ဖြစ်သည်”
အထက်ပါရေးသားချက်ဖြင့် ပီတာစ်နှင့် ဩစတင်တိုသည် လင်ကွန်းကျင့်သုံး နည်းလမ်းများကို သာ ဖော်ပြသည်မဟုတ်။ သင်္ကေတများနှင့် ဇာတ်လမ်းများကို အကောင်းဆုံးအသုံးချသူ၊ ပုံပြောကောင်းသူ၊ ဒဏ္ဍာရီဖန်တီးသူအဖြစ် လင်ကွန်းအကြောင်းကိုလည်း ဖော်ပြသည်။
စင်စစ် လင်ကွန်းသည် ပင်ကိုဗီဇအားဖြင့်ကိုက လှည့်လည်သွားလာသူဖြစ်သည်။ သူသည် အီလီနွိက်ပြည်နယ်၊ စပရင်းဖီးလ်ဒ်မြိုတွင် ရှေ့နေလုပ်ခဲ့စဉ်ကပင် အမြဲတမ်းခရီးထွက်ပြီး သူလိုက်နေသောအမှုနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ရှာဖွေသည်။ သူသည် အပြင်ထွက်ပြီး တိုက်ရိုက်သတင်းရှာသော ရှေ့နေအမျိုးအစား ဖြစ်သည်။ ထိုကြောင့်လည်း သူ့လုပ်ငန်းတွင် အောင်မြင်မှုရရှိခဲ့ခြင်း ဖြစ်သည်။ အချက်အလက်အမှန်၊ သတင်းမှန်၊ အဖြစ်မှန်ကို သိထားခြင်းသည် ရှေ့နေတစ်ယောက် အဖို့ တစ်ပန်းသာဆုံးအခွင့်အလမ်းပင် ဖြစ်၏။
ဤအချက်သည် ခေါင်းဆောင်ကောင်းတစ်ယောက်အဖိုလည်း အလွန်အရေးကြီး၏။ လင်ကွန်းသည် သမ္မတဖြစ်လာသောအခါတွင်လည်း ဤနည်းလမ်းကို အသုံးချသည်။ ပြည်သူများသည် သတင်းအချက်အလက်ရရာ အဓိကပင်ရင်းဖြစ်ပြီး ခေါင်းဆောင်ကောင်းဖြစ်ချင်လျှင် ပြည်သူများနှင့် အနီးကပ်ဆုံးနေရမည်ဆိုသည်ကို သူကောင်းကောင်းကြီး သဘောပေါက်သည်။ လင်ကွန်း၏ အမြင်ကျယ်ခြင်းနှင့် တံခါးဖွင့်စနစ် ကျင့်သုံးခြင်းတို့သည် ထိရောက်သော ခေါင်းဆောင်မှုအတွက် စံပြနမူနာပင် ဖြစ်၏။
သူသည် ပြည်သူတွေနှင့် မကြာခဏတွေ့ဆုံသည်။ သူ၏အချိန် ၇၅ရာခိုင်နှုန်းကို ပြည်သူတွေနှင့်တွေ့ဆုံရန် အသုံးချသည်။ ဘယ်လောက်ပင် အလုပ်များနေစေကာမူဧည့်သည်တိုင်းကို လက်ခံတွေ့ဆုံသည်။ စပရင်းဖီးလ်ဒ်မြိုက သူ၏ရှေ့နေရုံးခန်းကိုအသုံးချသလို “အိမ်ဖြူတော်ကိုလည်း အသုံးချသည်။ အမြဲတမ်း တံခါးဖွင့်ထားပြီး ရောက်လာသူတိုင်းကို ကြိုဆိုလက်ခံသည်။ တစ်ခါတစ်ရံ သူ၏ကိုယ်ရေးအတွင်းဝန်က ဧည့်သည်အား သမ္မတကြီး အလုပ်များနေပါတယ်။ နောက်တော့မှ လာခဲ့ပါဟု ပြောသံ ကြားလျှင်လည်း လင်ကွန်းက သူ့ရုံးခန်းထဲမှထွက်လာပြီး ဧည့်သည်ကို ကိုယ်တိုင် ကြိုဆိုလေ့ရှိသည်ဟုဆိုသည်။
လင်ကွန်းနှင့် ပြည်သူတွေအကြားတွင် အတားအဆီးလုံးဝမရှိ၊ ဤအချက် ကြောင့် သူ့မှာ လုံခြုံရေးလည်းမရှိ။ သူ့အား လုံခြုံရေးအစောင့်အရှောက်တွေ အများကြီးချထားခြင်းကိုလည်း သူမကြိုက်။ ‘ကျုပ်ဟာ ပြည်သူတွေကြားမှ မကြောက်မလန့်သွားလာနေနိုင်တယ်ဆိုတာ သူတို့သိဖို့ အရေးကြီးတယ်”ဟုပြောပြီး လုံခြုံရေးတပ်သားတွေကို စစ်တပ်ပြန်ခိုင်းတတ်သည်။ သူက ရုံးခန်းထဲတွင် အကျဉ်းသားလို မနေချင်၊ လွတ်လွတ်လပ်လပ် သွားလာ နေထိုင်ချင်သည်။ တစ်ခါတစ်ရံ သူသည် သမ္မတ တစ်ယောက်၏ ယဉ်ကျေးမှုစည်းကမ်းကို ဘေးချိတ်ပြီး အစည်းအဝေးလုပ်နေသော ဝန်ကြီး၏ရုံးခန်းထဲသို စွတ်ဝင်လာတတ်သည်။ ဝန်ကြီးအဖွဲ အစည်းအဝေးများကိုလည်း နေရာ သတ်သတ်မှတ်မှတ်မထားဘဲ ကြုံရာတွင် ပြုလုပ်တတ်သည်။ ထိုပြင် အင်္ဂါနေ့နှင့် သောကြာနေ့ အစည်းအဝေးများတွင် ဝန်ကြီးအဖွဲဝင်များနှင့်တွေ့ဆုံရန် ပုံမှန်သတ်မှတ် ထားသော်လည်း သူက သူတွေ့ချင်သောအချိန်တွင် တစ်ဦးချင်း ခေါ်တွေ့လေ့ရှိသည်။
လက်အောက်အမှုထမ်းများနှင့် ချိန်းဆိုတွေ့ဆုံခြင်းထက် ရှောင်တမင် တွေ့ဆုံခြင်းကို လင်ကွန်းက ပို၍ အလေးထားသည်။ ဤစနစ်ကို ယနေ့ ခေါင်းဆောင်မှတ်သားသင့်၏။ သူက ပို၍ သက်သောင့်ဘက်သာရှိသောအချိန်တွင်သာ လူတွေနှင့် တွေ့ချင်သည်။
လင်ကွန်း သွားရောက်အတွေ့ဆုံးပုဂ္ဂိုလ်မှာ ကာကွယ်ရေးဝန်ကြီး အက်ဒွင်စတင်တန်ဖြစ်သည်။ သူသည် တစ်လခန့်ဝေးသော ကာကွယ်ရေးဝန်ကြီးဌာနသို နေ့တိုင်း လိုပင် အိမ်ဖြူတော်မှ လမ်းလျှောက်သွားလေ့ရှိသည်။ တစ်ခါတစ်ရံ တစ်နေ့တည်းနှစ်ကြိမ်သုံးကြိမ်အထိ သွားသည်။ သူသည် သံကြိုးရုံးသို သွားရောက်၍လည်း စစ်သတင်းများကို တစ်ညလုံး ထိုင်စောင့်တတ်သည်။
“ခုနစ်ရက်” ပထမတိုက်ပွဲကာလအတွင်း တောင်ပိုင်းဗိုလ်ချုပ်ကြီး ရောဘတ်အီးလီးက မြောက်ပိုင်းတပ်များကို လျှပ်တစ်ပြက်ဝင်တိုက်တော့ လင်ကွန်းသည် စစ်ဝန်ကြီးရုံးသို သွားရောက်ကာ တိုက်ပွဲသတင်းကို နာရီပေါင်းများစွာ ထိုင်စောင့်နေသည်။“တောနက်စစ်ဆင်ရေးကာလတုန်းကလည်း ရှေ့တန်းစစ်မျက်နှာမှ ဘာသတင်းမျှမရသောကြောင့် သူသည် တစ်ရုံးဝင် တစ်ရုံးထွက်ရင်း သတင်းထောက်လှမ်းသည်။တွေ့သမျှလူတိုင်းကို ဗိုလ်ချုပ်ကြီးဂရန့်အကြောင်း မကောင်းသတင်း ဘာကြားရသလဲ’ဟု မေးသည်။ သူသည် အရေးကြီးသော စစ်ဆင်ရေးများအတွက် စီမံချက်နှင့်မဟာဗျူဟာများချမှတ်ရင်း ကာကွယ်ရေးဝန်ကြီးဌာနတွင် ညလုံးပေါက် အလုပ်လုပ်ခဲ့သည်မှာလည်း အကြိမ်ပေါင်း မရေတွက်နိုင်တော့။
ကိုယ်တွေ့လက်တွေ့ ချဉ်းကပ်နည်းသည် လင်ကွန်း၏ ခေါင်းဆောင်မှု ပင်ကိုနည်းလမ်းဖြစ်၏။ သိုသော် သူသည် အိမ်ဖြူတော်မှ အပြင်မထွက်နိုင်သောအခါတွင်တော့ လူတွေကို သူ့ဆီသို ထွက်လာစေသည်။ တကယ်တော့ လင်ကွန်းသည်အမေရိကန်နိုင်ငံ၏ လူတိုင်းအတွေ့ရအလွယ်ဆုံး သမ္မတပင်ဖြစ်၏။ သမ္မတကြီးနှင့်တွေ့ချင်သော အစိုးရဌာန အကြီးအကဲများ၊ စီးပွားရေးသမားများနှင့် သာမန်ပြည်သူများတန်းစီနေကြသည်။ သူသည် သူနှင့်တွေ့ချင်သူများအား ငြင်းပယ်ခဲ့သည်။ အချို့ကိုတမင်လာတွေ့ရန်ပင် ဖိတ်ခေါ်တတ်သည်။ ၁၈၆၃ ခုနှစ်က အင်ဒီယားနားပြည်နယ်သားတစ်ယောက်ထံ ပေးပိုသော သူ့စာတွင် “ကျုပ်က ကျုပ်ဆီလာလည်တဲ့လူတွေကို တွေ့ဆုံဖိုဝန်မလေးတတ်ပါဘူး၊ ခင်ဗျား လာလည်ရင်လည်း ကျုပ် လက်ခံတွေ့ဆုံမှာပါ’ဟူ၍ရေးထားသည်။
သူသည် အလုပ်တာဝန်အရ တွေ့သင့်သူတိုင်းကို အတတ်နိုင်ဆုံး တွေ့ဆုံသည်။ တစ်ခါက သူပြောခဲ့ဖူးသောစကားမှာ ‘ကျုပ်က ဒီလိုတွေ့ဆုံတာတွေကို ပြည်သူ့ ထင်မြင်ချက်ရရာ နည်းလမ်းတွေလို သဘောထားတယ်။ ဘာဖြစ်လိုလဲဆိုတော့ ကျုပ်မှာ သတင်းစာတွေဖတ်ပြီး ပြည်သူ့ထင်မြင်ချက်ရယူဖို အချိန်မလုံလောက်ဘူး။ လူတိုင်းကို လက်ခံတွေ့ဆုံတာဟာ အမြဲတမ်း စိတ်ချမ်းသာစရာ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ခြံပြီးပြောရရင် အကျိုးသက်ရောက်မှုကတော့ ပြန်လည်လန်းဆန်းစေတယ်၊ အားပြည့်စေတယ် ဟူ၍ ဖြစ်၏။
ဤသည်မှာလည်း လင်ကွန်း၏ မူပိုင်နည်းလမ်းတစ်ရပ် ဖြစ်သည်။ ခေတ်သစ် ခေါင်းဆောင်များအဖို အရေးကြီးသောသဘောတရားတစ်ရပ်ပင် ဖြစ်၏။ လက်အောက် အမှု ထမ်းများက သိုမဟုတ် အများပြည်သူများက သူတိုအနေဖြင့် သူတို၏ခေါင်းဆောင် နှင့် တွေ့ဆုံဆက်သွယ်ရန် လွယ်ကူသည်ဟု မှတ်ယူလျှင် ခေါင်းဆောင်အပေါ်တွင် အကောင်းမြင် လာနိုင်သည်။ ယုံကြည်လာနိုင်သည်။ လင်ကွန်းကား ယင်းသိုသော ခေါင်းဆောင်မျိုးပင်တည်း။
ယင်းသို့လျှင် လူတွေကို လက်ခံတွေ့ဆုံခြင်း၊ တစ်ဌာနဝင် တစ်ဌာနထွက် သွားရောက်ခြင်း ပြုရာတွင် လင်ကွန်းမှာ တစ်မူထူးခြားသော စတိုင်´(Style)တစ်ခုရှိသည်။ ယင်း စတိုင်ကား တခြားမဟုတ်၊ သူ၏ ခင်မင်စရာကောင်းခြင်းပင် ဖြစ်၏။သူ့ခေတ် သတင်းစာဆရာတစ်ဦးက သူ့အကြောင်းနှင့်ပတ်သက်၍ လင်ကွန်းသည် အလွန်စိတ်ကောင်းရှိသည်၊ ခင်မင်စရာကောင်းသည်ဟု ရင်းနှီးသူတိုင်းက ပြောကြသည်။ သူ့စကားတွင် ကြင်နာမှုပါသည်၊ သူ့အပြုံးကြောင့် အားတက်ရသည်၊ သူ့ဟာသကြောင့် ရွှင်လန်းရသည်။ သူနှင့် တွေ့ဆုံပြီးနောက် သူ့ရုံးခန်းမှ ပြန်ထွက်လာသော အခါတွင်လည်း သူ့အမူအရာနှင့် သူ့စိတ်ထားကို ထူးထူးခြားခြား စွဲလမ်းနေမိရသည်ဟု ဆိုကြသည်”ဟူ၍ ရေးသားခဲ့ဖူး၏။
ကောင်းသောအမြင်နှင့် ခင်မင်ဖွယ်စိတ်ထားတိုသည် ခေါင်းဆောင်တစ်ယောက်အတွက် အလွန်အဖိုးတန်သည်။ ဤအချက်ကို လင်ကွန်းသဘောပေါက်သည်။ ၁၈၆၅ခုနှစ်က သားလိုဝိ(ဒ်)ထံပေးစာတွင် ချီးကျူးတာကို လူတိုင်းကြိုက်တယ်”ဟူ၍ သူရေးသားခဲ့သည်။ လူများသည် ချီးကျူးခံချင်ကြသည်။ သူတိုအကြောင်း အကောင်းပြောခံရခြင်းနှင့် ကြားရခြင်းကို နှစ်သက်သလို ချီးကျူးခံရခြင်းကိုလည်း နှစ်သက်ကြသည်။ဤသဘောကို လင်ကွန်း ကောင်းစွာသိသည်။ ထိုအသိကို သူ အမြဲတမ်းအကျိုးရှိအောင်အသုံးချသည်။ စပရင်းဖီးလ်တွင် ရှေ့နေလုပ်ခဲ့စဉ်က အခြားသူတွေအား ချီးကျူးစကားပြောခဲ့သောကြောင့် သူ့လုပ်ငန်း အထူးအောင်မြင်ခဲ့ခြင်း ဖြစ်သည်။ သမ္မတဖြစ်လာတော့ပို၍ပင် အောင်မြင်သေး၏။ တစ်ခါတွင် လူငယ်တစ်ယောက်ကသူ့အား ဓာတ်ပုံတွင်လက်မှတ်ထိုးခိုင်းသည်။ သည်လိုကိစ္စတွေကြောင့် သမ္မတကြီးအနေဖြင့် မကြာခဏအနှောင့်အယှက်ဖြစ်ရလိမ့်မည်ဟုလည်း ထိုလူငယ်က ပြောသည်။ ထိုအခါ သမ္မတကြီးက “လူတွေဟာ ချီးကျူးခံရရင် ကြာကြာရပ်နိုင်တယ်ဆိုတာ မောင်ရင် သိပါလိမ့်မယ်’ဟူ၍ ပြန်ပြောလိုက်သတတ်။
မှတ်သားစရာ သင်ခန်းစာပင် ဖြစ်၏။ ယဉ်ကျေးသိမ်မွေ့ခြင်း၊ ချီးကျူးပြောဆိုခြင်းနှင့် ခင်မင်စရာကောင်းခြင်းတိုသည် လူမှုဆက်ဆံရေးတွင် ဒွန်တွဲဆက်စပ်နေသည်။ ထိုအချက်များကြောင့် လင်ကွန်းပြောသလို လူတွေကြာကြာရပ်နိုင်ရုံသာမက သူတိုအား ကိုယ်စိတ်နှစ်ဖြာ သက်သောင့် သက်သာလည်း ဖြစ်စေနိုင်သည်။ စိတ်ကူးစိတ်သန်းနှင့်ခံစားချက်များကိုလည်း ပွင့်လင်းစေနိုင်သည်။
အလားတူပင် သမ္မတဂျော့ဘုရ်သည်လည်း နှစ်လိုခင်မင်ဖွယ် အမူအရာရှိသူအဖြစ် ထင်ရှားသည်။ သို့သော်လည်း သူ၏ သမ္မတဘဝ အစောပိုင်းကာလများကအိမ်ဖြူတော်တွင် သိပ်မနေဘဲ ခရီးချည်းထွက်နေသည်ဟု သူ့ကို ဝေဖန်ကြသည်။ ပျာယာခတ်သမ္မတ’၊ ‘အိမ်ဖြူတော်နှင့်မတည့်တဲ့သမ္မတ စသည်ဖြင့် သမုတ်ကြသည်။ သိုသော် ဘုရ်အနေဖြင့် သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ယင်းသို ခရီးထွက်များခြင်း အတွက် သူ့တွင် ယခင် အကျိုးဆက် အကြောင်းတရားတွေ အများကြီးရှိသည်ကတော့အမှန်ပင်။
လင်ကွန်းအနေဖြင့် ထူးခြားချက်တစ်ရပ်မှာ သူသည် ၁၈၆၁ ခုနှစ်အတွင်းက အိမ်ဖြူတော် မှာထက် အပြင်မှာ အချိန်ကုန်ပို၍များခြင်းဖြစ်သည်။ သူသည် ပြည်တွင်းစစ်ကာလ တပ်ထဲဝင်လာကြသော တပ်သားသစ်များနှင့်လည်း တွေ့ဆုံအားပေးသည်။ရှေ့တန်းထွက်မည့် တပ်သားများနှင့်လည်း တွေ့ဆုံအားပေးသည်။ ရှေ့တန်း စစ်စခန်းများသို သွားရောက်၍လည်း တပ်ဖွဲများကိုစစ်ဆေးသည်။ လင်ကွန်းနှင့် တပ်သားများ၏ ဆက်ဆံရေးအကြောင်းကို နယူးယောက်တိုင်းမ်စ်’ သတင်းစာကြီးက သူသည်တပ်သားများအား လက်နှစ်ဖက်ဖြင့် စိတ်ပါလက်ပါ လက်ဆွဲနှုတ်ဆက်သည်။ တကယ့်ကို ရိုးသားဖြူစင်သည့်နှလုံးသားဖြင့် လှိက်လှဲစွာ နှုတ်ဆက်ခြင်း မျိုးဖြစ်သည်ဟူ၍ရေးသားခဲ့သည်။
လင်ကွန်း၏ ယင်းသို ဆက်ဆံရေးသည် အစိုးရက တပ်ဖွဲများ၏ ကြိုးစားမှုကို အသိအမှတ်ပြုကြောင်း ဖော်ပြရာရောက်သည်။ လင်ကွန်းသည် စစ်ကာလတစ်လျှောက်လုံး စစ်မြေပြင်သို မကြာခဏ သွားရောက်ကာ ဗိုလ်ချုပ်ကြီးများ၊ တပ်သားများနှင့်တွေ့ဆုံခဲ့သည်။ သူက ထိပ်ရှည်ဦးထုပ်ကြီးကို ဝှေ့ယမ်းပြရင်း တပ်ဖွဲများရှေ့မှ မြင်းစီး သွားတော့ တပ်သားတွေက ပျော်ရွှင်မြူးတူးစွာ ကြွေးကြော်တုံပြန်ကြသည်။ ထိုပြင်လင်ကွန်းသည် တပ်သားများအား ချစ်ခင်ကြင်နာစွာ စကားပြောရုံသာမက သူ၏ နိုင်ငံရေးအမြင်နှင့် လက်ရှိစစ်ပွဲတွင် တပ်ဖွဲဝင်အားလုံး၏ အရေးပါပုံကိုလည်း ရှင်းပြသည်။ တပ်ဖွဲဝင်တွေအားလုံးဟာ အခက်ခဲဆုံးအလုပ်မှာ အစိုးရကို ကူညီနေကြတာပဲ။ ဒါကြောင့် အမြင့်ဆုံးဂုဏ်သိက္ခာကိုလည်း တပ်ဖွဲဝင်တွေပဲ ရသင့်တယ်”ဟု သူက ပြောသည်။
လင်ကွန်းသည် ဒဏ်ရာရ တပ်မတော်သားများ ဆေးကုသခံနေသော ဆေးရုံများ သို့လည်း မကြာခဏ သွားရောက်သည်. ဥပမာ ဘူးလ်ရန်း” (Bull Run) ပထမတိုက်ပွဲပြီးတော့ သူသည် နိုင်ငံခြားရေးဝန်ကြီး ဆီးဝဒ်နှင့်အတူ ဝါရှင်တန်မြိုတွင်းမြိုပြင်ရှိဆေးရုံများသို သွားရောက်ကာ ဒဏ်ရာရစစ်သည်များအား နှစ်သိမ့်အားပေးခဲ့သည်။ ၁၈၆၂ ခုနှစ်ကလည်း မျက်စိကန်းလုနီးပါး ဒဏ်ရာရ၍ ဆေးကုသခံနေရသော ရေတပ် ဗိုလ်ကလေး ဝါဒင်အား သွားရောက်ကြည့်ရှုပြီး အားပေးစကား ပြောခဲ့သည်။ ဗိုလ်ကလေးကိုမြင်ရတော့ သမ္မတကြီးသည် စိတ်ကိုမထိန်းနိုင်တော့ဘဲ မျက်ရည်များပင် ကျမိသည်။ မကြာမီကလေးကမှဆုံးသွားသော သူ့သားဝီလီကို သတိရသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်၏။
လင်ကွန်းသည် ကာကွယ်ရေးဝန်ကြီး အက်ဒွင်စတင်တန်၏ လူမမယ်သားငယ်၏ အသုဘနှင့် ခွဲထွက်ရေးသမားတို၏ ဗုံးဖောက်ခွဲမှုကြောင့် သေဆုံးရသော အမျိုး သမီး ၁၈-ယောက်တို့၏ အသုဘသို့လည်း တက်ရောက်သည်။ သမ္မတသက်တမ်းတစ်လျှောက်လုံး ဆေးရုံများနှင့် အိမ်များသိုသွား၍ ဒဏ်ရာရလူနာများအား နှစ်သိမ့်အားပေးသည်။ အသုဘအခမ်းအနားများသို တက်ရောက်သည်။ ဤအချက်ကြောင့် သူ့ကို လူအများက ချစ်ခင်လေးစားကြသည်၊ ကြည်ညို မြတ်နိုးကြသည်။
သမ္မတလင်ကွန်းသည် လွှတ်တော်အစည်းအဝေးများသို လည်း ပုံမှန်တက်ရောက်သည်။ သူသည် နှစ်ပေါင်း ၂၅ နှစ်ကျော်ကာလအတွင်း အထက်လွှတ်တော် အစည်းအဝေးများသို ပထမဆုံးတက်ရောက်သော သမ္မတဖြစ်၏။ စစ်ပွဲအောင်နိုင်ရေးအတွက် အောက်လွှတ်တော်နှင့် အထက်လွှတ်တော် အမတ်များ၏ အကူအညီကို လိုအပ်ကြောင်း၊ ယင်းသို့ အကူအညီရရှိနိုင်ရန် အကောင်းဆုံးနည်းမှာ သူတို့နှင့်အကျွမ်းတဝင်ရှိနေခြင်းဖြစ်ကြောင်း လင်ကွန်းက ကောင်းကောင်းသဘောပေါက်သည်။ ထိုကြောင့် သူသည် လွှတ်တော်အမတ်များနှင့် မကြာခဏ တွေ့ဆုံကာ လူမှုဆက်ဆံရေးတည်ဆောက်သည်။ သူ့လုပ်ရပ်များအတွက် လွှတ်တော်၏ ထောက်ခံမှုရအောင် အမြဲတမ်းကြိုးပမ်းသည်။ သိုသော် လက်တွေ့လုပ်ဆောင်ရာတွင် ကြန့်ကြာ နှောင့်နှေးခြင်း နှင့် လုပ်ဆောင်ရန်ပျက်ကွက်ခြင်းကိုတော့ သူက နည်းနည်းကလေးမျှ ခွင့်မလွှတ်။ သူသည် စစ်ဦးစီးချုပ်ဖြစ်သည်။ တပ်မတော်နှင့် အစိုးရအဖွဲ့ကို လမ်းညွှန်သည်၊ ဦးဆောင် သည်။ ပြည်ထောင်စုတည်မြဲရေးအတွက် သူ၏ကြိုးပမ်းချက်ကို လွှတ်တော်က တားဆီး ၍ မရ။
အချိန်မီ မှန်ကန်စွာဆုံးဖြတ်ချက်ချနိုင်ဖိုအတွက် သတင်းအချက်အလက်မှန်ရရှိရန်လိုအပ်သည်။ ယင်းအတွက် လင်ကွန်းက သုံးနေရာကို အဓိကအားထားသည်။ ယင်းတို့မှာ လူယုံများနှင့် အတိုင်ပင်ခံပုဂ္ဂိုလ်များ၏ အစီရင်ခံချက်၊ ကိုယ်တိုင်ကွင်းဆင်း လေ့လာခြင်းနှင့် ကြေးနန်းသတင်းတို့ ဖြစ်သည်။
တကယ်တော့ လင်ကွန်းသည် စစ်ပွဲသတင်းနှင့်ပတ်သက်၍ ကြေးနန်းသတင်းထက် စစ်မြေပြင်မှ ဆက်သားယူလာသောသတင်းကို ပို၍အလေးထားသည်။ သိုသော်ကြေးနန်းရုံးသိုလည်း အမြဲသွားသည်။ ကြေးနန်းစာရေးနောက်မှရပ်၍ ကိုယ်တိုင် သတင်းယူသည်။ ယင်းသို့လျှင် စစ်မြေပြင်ရှိ ဗိုလ်ချုပ်ကြီးများထံမှ မြန်မြန်ဆန်ဆန် သတင်းရရှိသောကြောင့် သူ့အနေဖြင့် မြန်မြန်ဆန်ဆန် ဆုံးဖြတ်ချက်ချကာ လိုအပ်သော ညွှန်ကြားချက်ကို အမြန်ဆုံးပြန်ပိုနိုင်ခြင်း ဖြစ်၏။ လင်ကွန်း၏ လုပ်နည်းလုပ်ဟန်သည်မြန်ဆန်သလောက် ထိလည်းထိရောက်သည်။ ထိုကြောင့်လည်း အသက်ပေါင်းများစွာကိုကယ်တင်နိုင်ခဲ့သလို စစ်ပွဲကြီးကိုလည်း အောင်နိုင်ခဲ့ခြင်းဖြစ်သည်။
ခေါင်းဆောင်တိုင်းသည် မှန်ကန်သော နောက်ဆုံးသတင်း အချက်အလက်ရရှိရန် မလွဲမသွေလို အပ်သည်။ လင်ကွန်းကတော့ ကိုယ်တိုင်ကွင်းဆင်း၍ သတင်းယူခြင်းကို အလေးထားသည်။ ခေါင်းဆောင်တစ်ယောက်အဖို လူတွေကို လုပ်ငန်းခွင်အပြင်ဘက်၌ တွေ့ဆုံခြင်းဖြင့် အကျိုးထူး ရရှိစေနိုင်သည်။ လုပ်ငန်းခွင်ပြင်ပ အခြေအနေတွင် လူများသည် ကိုယ်စိတ်နှစ်ဖြာ ပို၍ သက်သောင့် သက်သာ ရှိကြသည်။ ပို၍ပွင့်လင်းကြသည်။ ပို၍ ရိုးသားကြသည်။ လင်ကွန်း အလိုချင်ဆုံး အရာမှာလည်း လူတွေနှင့် ပွင့်လင်းရိုးသားစွာ ဆက်ဆံပြောဆိုခြင်းပင်ဖြစ်သည်။ သူက အမှန်ကို သိချင် သည်။ အမှန်ကို ရှာတတ်သည်။ ဘက်လိုက်မှုနှင့် အစွဲကင်းသော သတင်းမှန်ကိုရသောအခါ ယင်းကို လူတိုင်းနားလည်နိုင်သော စကားဖြင့် သူက ဆက်သွယ်စည်းရုံးသည်။
လင်ကွန်းသည် ယေဘုယျအားဖြင့် ကိုယ်တိုင် သတင်းအချက်အလက်ယူခြင်းကို အဓိကထား သော်လည်း တစ်ခါတစ်ရံ အချိန်မရလျှင် ယုံကြည်ရသော အတိုင်ပင်ခံပုဂ္ဂိုလ်များအား တာဝန်ပေး၍ သတင်းယူခိုင်းလေ့ရှိသည်။ ဆမ်တားခံတပ် အရေးအခင်းတုန်းက ဖြစ်စဉ်ကိုကြည့်ပါ။ ဗိုလ်ချုပ်ကြီး ဝင်းဖီးလ်စကော့နှင့် နိုင်ငံခြားရေးဝန်ကြီး ဝီလျံဆီးဝဒ်တိုက ခံတပ်ကို လက်လွှတ်လိုက်ချင်ကြသည်။ အခြားပုဂ္ဂိုလ်တွေကဘယ်နည်းနှင့်မဆို ဆက်ထိန်းထားရန် အကြံပေးကြသည်။ ဤတွင် သမ္မတကြီးအနေဖြင့်ဘယ်ဘက်လိုက်မည်နည်း။ ဘယ်ဘက်လိုက်လိုက် တိုက်ပွဲကြီးကတော့ မလွဲမသွေ ပေါ်ပေါက်လာတော့မည်။ မည်သိုပင်ဖြစ်စေ သမ္မတသည် ဆုံးဖြတ်ချက်တစ်ခုခုကိုတော့ ချမှတ်ရတော့မည်။
ထိုကြောင့် မှန်ကန်သောဆုံးဖြတ်ချက် ချမှတ်နိုင်ရေးအတွက် လင်ကွန်းသည် သူ၏လူယုံ တော်တစ်ဦးဖြစ်သူ စတီဖင်ဟားလ်ဘတ်အား အဖြစ်မှန် အချက်အလက်ရှာရန် ချားလ်စကန်မြိုသို့ စေလွှတ်လိုက်၏။ ဟားလ်ဘတ်သည် မဟာမိတ်ပြည်နယ်စုခေါင်းဆောင်များနှင့် တွေ့ဆုံကာ အခြေအနေမှန်ကို လေ့လာပြီးနောက် ရက်သတ္တပတ်အတွင်း သမ္မတထံ အစီရင်ခံစာတင်ပြရန် ဖြစ်သည်။
အသင့်ရေးထားပြီးသော အစီရင်ခံစာနှင့်အတူ ဟားလ်ဘတ် ပြန်ရောက်လာသောအခါ သူလိုက်ရမည့်လမ်းကို သမ္မတကြီးက ရှင်းရှင်းလင်းလင်းသိသွားပြီဖြစ်သည်။ တောင်ပိုင်း ပြည်နယ်များကို ခွဲထွက်ခွင့်မပြုလျှင် စစ်ပွဲကြီးကတော့ မလွဲဧကန် ဖြစ်ကိုဖြစ်လာလိမ့်မည်ဟု အစီရင်ခံစာက ဆိုသည်။ ထိုကြောင့် အဝိုင်းခံနေရသော ခံတပ်ကိုအင်အားထပ်ဖြည့်ရန် သမ္မတက ဆုံးဖြတ်လိုက်၏။ အကယ်၍ မိမိတို၏သင်္ဘောများကိုရန်သူဘက်က ပစ်ခတ်ခဲ့လျှင် စစ်ပွဲကို စတင်သူမှာ မြောက်ပိုင်းမဟုတ်၊ တောင်ပိုင်းသာဖြစ်ရမည်ဟူ၍ သူက အတိအလင်း ကြေညာလိုက်လေသည်။
ယင်းသို့လျှင် လင်ကွန်းသည် မှန်ကန်သောဆုံးဖြတ်ချက်ချမှတ်နိုင်ရန် ဝန်ကြီး တစ်ဦးဦးကိုဖြစ်စေ၊ စစ်ဘက်အရာရှိကြီးတစ်ဦးဦးကိုဖြစ်စေ သက်ဆိုင်ရာနယ်မြေသို မကြာခဏ စေလွှတ်လေ့ရှိသည်။ ဗိုလ်ချုပ်ကြီး ဖရီမွန့်၏ ‘အဓိကအမှားကို စုံစမ်းရန်အတွက် သူသည် စာတိုက်ဝန်ကြီး မောင်ဂိုမာရီဘလဲယားနှင့် တပ်ထောက် မောင်ဂိုမာမေ့ဂျ်တို့အား စေလွှတ်ခဲ့၏။ သူသည် တစ်ခါတစ်ရံ သတင်းမှန်ရရန်အတွက်စစ်မြေပြင်မှ တာဝန်ရှိသူကို “အိမ်ဖြူတော် သိုခေါ်ယူစုံစမ်းသည်။ ဒုတိယ ဘူးလ်ရန်း” တိုက်ပွဲ (၁၈၆၂) ပြီးဆုံးပြီးနောက် ဟင်နရီစတော့ဒတ်က သူမြင်တွေ့ခဲ့ရသော စစ်မြေပြင် အခြေအနေကို သမ္မတကြီးအား တိုက်ရိုက်အစီရင်ခံခဲ့သည်။ (စတော့ဒတ်မှာ ဒဏ်ရာရစစ်သည်များအား ပြုစုခဲ့သူဖြစ်သည်။) ၁၈၆၃ ခုနှစ်၊ ဇူလိုင်လတွင် ဗိုလ်ချုပ်ကြီး ဟာမန်ဟော့ပ်သည် ဂက်တီစဘတ် စစ်မြေပြင်မှ အမြန်လာရောက်ပြီး သမ္မတကြီး၏ ဆုံးဖြတ်ချက်ကို တောင်းခံခဲ့သည်။ ၁၈၆၄ ခုနှစ်တွင် အိပ်ခ်ျ၊ အီး၊ ဝင်းဂ်သည် အထူးအမြန်ရထားဖြင့် ထွက်လာပြီးနောက် တောနက်စစ်ဆင်ရေး” မျက်မြင်ကိုယ်တွေ့ အခြေအနေကို သမ္မတကြီးအား တင်ပြခဲ့၏။
လင်ကွန်းသည် လူတွေကြားမှ သမ္မတဖြစ်သည်။ သူသည် လူတွေထံမှ သတင်းလည်းယူသည်၊ ပညာလည်း ယူသည်။ ခေါင်းဆောင်တိုင်း လုပ်သင့်သောအလုပ်ကိုသူလုပ်သည်။ လူတွေနှင့် မကြာခဏတွေ့ခြင်းဖြင့် သူတို၏အတွေ့အကြုံကို မိမိလုပ်ရပ်အတွက် အကျိုးရှိအောင် အသုံးချသည်။ သူသည် အလုပ်လုပ်ရင်း လေ့လာသင်ယူတတ်သော သမ္မတဖြစ်သည်။
လင်ကွန်းသည် ပြည်တွင်းစစ်ကြီး ပြီးဆုံးသည့်အချိန်အထိ စစ်မြေပြင်၌ ရှိနေဆဲပင်။ သူသည် လောလောလတ်လတ် သိမ်းပိုက်ခဲ့သော ပြည်နယ်စုမြိုတော် ရစ်ချ်မွန်သို သွားရောက်ပြီး စစ်သည်များ ၏ ကြွေးကြော်မြူးထူးသံကို နားဆင်ခဲ့သည်။ ၁၈၆၅ခုနှစ်၊ ဧပြီလ ၉ ရက်နေ့ညနေတွင် “မြစ်ဘုရင်မ သင်္ဘောဖြင့် ဝါရှင်တန်မြိုတော်သို့ပြန်ရောက်သည်။ ထိုကြောင့် အက်ပိုမက်ကောက်မြို၌ တောင်ပိုင်းဗိုလ်ချုပ်ကြီးရောဘတ် အီးလီးက မြောက်ပိုင်း ဗိုလ်ချုပ်ကြီး ယူလီစီဂရထံ လက်နက်ချလိုက်ပြီဖြစ်ကြောင်းသတင်းကို ဝါရှင်တန်မြိုတွင် ကြားသိရသူတွေအနက် လင်ကွန်းသည် နောက်ဆုံးလူဖြစ်၏။ သူသည် မြိုတော်သိုရောက်ရောက်ချင်း ထုံးစံအတိုင်းပင် နိုင်ငံခြားရေးဝန်ကြီး ဝီလျံဆီးဝဒ်၏အိမ်သို တန်းသွားသည်။ သူခရီးထွက်နေတုန်း မတော်တဆ အန္တရာယ်ကြောင့် အိပ်ရာထဲ လှဲနေရသော ဆီးဝဒ်ကို သွားကြည့်ခြင်းဖြစ်သည်။
အနာဂတ်ခေါင်းဆောင်များသည် လင်ကွန်းကို စံနမူနာတင်သင့်၏။ အတွေးအခေါ်တစ်ရပ်ကို လူတွေ လက်ခံအောင်လုပ်ရာတွင် အထိရောက်ဆုံးနည်းလမ်းတစ်ခုမှာယင်းအတွေးအခေါ်ကို မိမိ၏ နေ့စဉ်လုပ်ရပ်တိုင်းတွင် ထင်ဟပ်ပြခြင်းပင် ဖြစ်သည်။မိမိ၏ခေါင်းဆောင်မှု လုပ်နည်းလုပ်ဟန်ကို ပြသဖိုအတွက် ပရိသတ် လိုအပ်သည်။လက်အောက်ငယ်သားများ၏ ပတ်ဝန်းကျင်ထဲသို ဝင်ရောက်ခြင်း၊ သူတိုနှင့် တရင်းတနှီးဆက်ဆံခြင်းတိုဖြင့် ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် တူညီစုစည်းမှုကို ရရှိနိုင်သည်။ထိရောက်သောဆုံးဖြတ်ချက်ချနိုင်ရန် အချက်အလက်မှန်များကို ရရှိနိုင်သည်။ တိုက်ရိုက်လူမှုဆက်ဆံရေးမလုပ်နိုင်သောအခါ လူယုံကို စေလွှတ်ခြင်းဖြင့် သတင်းမှန်ကို ရရှိနိုင်၏။
ရှုပ်ထွေး ထွေပြားသော ယနေ့လုပ်ငန်းခွင် အခြေအနေမျိုးတွင် မိမိတိုအနေဖြင့် သမ္မတလင်ကွန်းလို လက်အောက်ငယ်သားတွေနှင့် သွားတွေ့နေဖို အချိန်မရှိဟူ၍ ခေါင်းဆောင်အများ စုက ဆင်ခြေပေးကောင်း ပေးကြလိမ့်မည်။
ယင်းသို့ဆိုလျှင်တော့ သူတိုအနေဖြင့် စစ်ပွဲ အောင်နိုင်ဖိုအရေး ဝေလာဝေးရော့။
လင်ကွန်း၏ ခေါင်းဆောင်မူကျင့်စဥ်
- ရှင်းလင်းစွာ ရေးသား၍ ပြဿနာဖြေရှင်းနည်းကို အကြံပေးဖော်ပြပါ။
- သင်သည် လူတွေကြားတွင် မကြောက်မလန့် သွားလာနေသည်ဟု လူတွေက ထင်ပါစေ၊
- လက်အောက်ငယ်သားများနှင့် ရှောင်တခင် တွေ့ဆုံဆက်ဆံပါ။ တမင်စီစဉ်တွေ့ဆုံခြင်းကဲ့သိုပင် အကျိုးရှိနိုင်သည်။
- လာတွေ့ သောဧည့်သည်များကို မတွေ့ဘဲ မကြာခဏ ပြန်မလွှတ်ပါနှင့်။
- ပြည်သူ့ထင်မြင်ချက်များ အမြဲရနေအောင် ဖန်တီးပါ။
- “လူတိုင်း ချီးကျူးခံချင်သည် ဆိုခြင်းကို သတိရပါ။
- သင်၏လက်အောက်ငယ်သားများ မတ်တတ်ရပ်နေနိုင်လျှင်သင်လည်း မတ်တတ်ရပ်နေနိုင်သည်။ ကိုယ်တိုင် နမူနာကောင်းပြပါ။
- စိတ်ချရသော နောက်ဆုံးသတင်းအချက်အလက်မှန်ကို ရနိုင်အောင် ကြိုးစားပါ။
အခန်း(၂)
အမာခံ မဟာမိတ်တည်ဆောက်
လင်ကွန်းသည် ပုဂ္ဂိုလ်ရေးအရလည်းကောင်း၊ လုပ်ငန်းအရလည်းကောင်း အမာခံမဟာမိတ် တည်ဆောက်ခြင်းဖြင့် လက်အောက်ငယ်သားများ၏ ယုံကြည်လေးစားမှုကိုရယူသည်။ အခြေအ နေတစ်ရပ်တွင် သူ့လူတွေ ဘယ်လိုတုံပြန်မည်ဆိုသည်ကို သူသိချင်သည်။ မည်သူက အလုပ်ကို ပြီးအောင်လုပ်နိုင်သလဲ၊ မည်သူက ကြန့်ကြာအောင်အချိန်ဆွဲထားသလဲ၊ အရေးပေါ်ကိစ္စမှာ ဘယ်သူက အားထားရသလဲ၊ ဘယ်သူကအားမထားရသလဲ၊ ဘယ်သူက ပိုပြီးတော်သလဲ၊ ပိုပြီး စွမ်းဆောင်နိုင် သလဲ။ သူ၏ပြင်းပြသောရည်မှန်းချက်ကို မည်သူက မျှဝေ အကောင်အထည်ဖော်နိုင်မှာလဲဆိုသည်ကို သူသိချင်သည်။ သူ့ကိုလည်း သူ့လူတွေက သိစေချင်သည်။ သို့မှသာ ဘယ်လိုအခြေအနေမျိုးတွင် သူဘယ်လိုတုံပြန်မည်ဆိုသည်ကို သူ့လူတွေက သိနိုင်လိမ့်မည်။ သို့မှသာသူဘာကိုလိုချင်သည်၊ ဘာကို တောင်းဆိုသည်၊ ဘာကို လိုအပ်နေသည် ဆိုသည်ကို သူ့လူတွေက သိနိုင်လိမ့်မည်။ သူဘာလုပ်မည် ဆိုသည်ကို သူ့လူတွေကသိလျှင် သူ့ထံမှညွှန်ကြားချက်တောင်းခံမနေတော့ဘဲ သူတိုကိုယ်တိုင် ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် လုပ်ကြလိမ့်မည်။ ဤသိုဖြင့် နှောင့်နှေးကြန့်ကြာမှု ကင်းစေနိုင်သည်။ မလုပ်ဖြစ်ခြင်း ကင်းစေနိုင်သည်။
မကြာမီက ပြုလုပ်သော ခေါင်းဆောင်မှုသုတေသနစစ်တမ်းအရ အချင်းချင်း အပြန်အလှန် ဆက်ဆံရေးနှင့် စည်းလုံးမှု မရှိမဖြစ်လိုအပ်ကြောင်း သိရှိရ၏။ ဝါရင်တင်းနစ်နှင့် ဘတ်နာနပ်စ်တို ရေးသားသော ခေါင်းဆောင်များ’ (Leaders) စာအုပ်တွင်ခေါင်းဆောင်မှုသည် ယုံကြည်မှုကို တည်ဆောက်သည်။ ခေါင်းဆောင်များသည် အလေးထား ဂရုစိုက်ကြသည်။ စွန့်စားရမှု အလွန်ကြီးမားသည့်တိုင် အခြားသူများကိုယုံကြည်လွှဲအပ်တတ်သည့်အရည်အချင်း သူတို့ တွင်ရှိကြသည်´ဟူ၍ရေးသားထားသည်။ ပီတာစ်နှင့် ဩစတင်တို့ကလည်း သူတို့၏ ‘အကောင်း ဆုံးကိုစွဲမက်ခြင်း” (A Passion ForExcellence) စာအုပ်တွင် အလေးထား ဂရုစိုက်ခြင်းသည် အရေးအကြီးဆုံးဖြစ်သည်”ဟူ၍ လည်းကောင်း၊ “ယုံကြည်မှုကို စံနမူနာဖြင့်သာ လေ့လာရရှိ နိုင်သည်’ဟူ၍လည်းကောင်း ရေးသားထား၏။
စိတ်ပါလက်ပါ နားထောင်ခြင်းဖြင့်လည်း အလေးထားအရေးစိုက်မှုကို ရရှိနိုင်သည်။ ခရိုင်စလာ ကုမ္ပဏီ၏ခေါင်းဆောင် လီအိုင်ယာကော့ကာက သူ၏အတ္ထုပ္ပတ္တိတွင် ‘လူတွေကို နားထောင်တတ် အောင်သင်ပေးသော ဌာနတစ်ခု ပေါ်ပေါက်ပါစေဟူ၍သာ ကျွန်တော် ဆုတောင်းမိတော့သည်။ အဆုံးစွန်မှာတော့ မန်နေဂျာကောင်းတစ်ယောက်သည် စကားပြောတတ်ဖို လိုအပ်သလို နားထောင်တတ်ဖို့လည်း လိုအပ်သည်။ တကယ့်ဆက်သွယ်ရေးဆိုသည်မှာ ပြောကြားခြင်းနှင့် နားထောင်ခြင်း နှစ်ခုစလုံးနှင့် အကျုံးဝင်ကြောင်းကို လူအများပင် မေ့နေကြသည် ဟူ၍ ရေးသားထားသည်။
အေဘရာဟင်လင်ကွန်းသည် တစ်ဖက်သားကို နားထောင်သည်၊ အာရုံစိုက်သည်၊ ယုံကြည်မှုထူထောင်သည်။ သူ၏လက်အောက်ငယ်သားအားလုံးနှင့် အမာခံဆက်ဆံရေးရအောင် ကြိုးစားသည်။ အထူးသဖြင့် ဝန်ကြီးအဖွဲဝင်များ၊ ဗိုလ်ချုပ်ကြီးများနှင့် ရင်းနှီးမှုရအောင် ကြိုးစားသည်။ အချိုကိစ္စများတွင် အချိုပုဂ္ဂိုလ်များကမိမိအပေါ် အထင်သေးခြင်းကိုလည်း လင်ကွန်းကကျော် လွှားသည်။ ပမာအားဖြင့်သူ၏နိုင်ငံခြားရေးဝန်ကြီး ဝီလျံဆီးဝဒ်သည် အစတုန်းက လင်ကွန်းတွင် သမ္မတတာဝန်ကို ကျေပွန်ပွန် ထမ်းရွက်နိုင်မည့် အရည်အချင်းမရှိဟူ၍ ယူဆခဲ့သည်။ ပြီးတော့ ပုဂ္ဂိုလ်ရေးအရ မနာလိုမှုကလေးတွေလည်းရှိခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ဆီးဝဒ်သည် ၁၈၆ဝ ပြည့်နှစ်တုန်းက ရီပတ်ဘလစ်ကင်ပါတီဝင် သမ္မတလောင်းအဖြစ် တစ်နေခဲ့သော်လည်း နောက်ဆုံးတွင် သူ့ထက် လူသိနည်းသော လင်ကွန်းကသာ အောင်ပွဲခံသွားခဲ့သောကြောင့် ဖြစ်သည်။
ဆီးဝဒ်သည် နိုင်ငံခြားရေးဝန်ကြီးရာထူးကို လက်ခံပြီးသည့်နောက် အခြားဝန်ကြီးအဖွဲဝင်များ ရွေးချယ်ခန့်ထားရာ၌ လင်ကွန်းအား သြဇာပေးရန်ကြိုးစားခဲ့သည်။ သိုသော်လည်း သမ္မတက သြဇာပေးမခံ၊ သူ့ဆုံးဖြတ်ချက်အတိုင်း ပြတ်ပြတ်သားသားဆက်လုပ်သည်။ ထိုကြောင့် ဆီးဝဒ်သည် စိတ်ဓာတ်ကျပြီး လင်ကွန်း ကျမ်းသစ္စာမဆိုမီအချိန်ကပင် ရာထူးမှနုတ်ထွက်စာတင်သည်။ သိုသော် လင်ကွန်းသည် ကျမ်းသစ္စာဆိုပြီး ချက်ချင်းပင် ဆီးဝဒ်ထံသွားရောက်ကာ သူ၏မျိုးချစ်စိတ်ဓာတ်နှင့် ပင်ကိုအရည်အချင်းကို ချီးကျူးပြောကြားသည်၊ ရာထူးမှ မထွက်ရန် မေတ္တာရပ်ခံသည်။
သမ္မတနှင့်တကွ ဝန်ကြီးအဖွဲဝင်များ ထမ်းဆောင်ပြီးနောက် အစောပိုင်းကာလများတွင်လည်း ဆီးဝဒ်သည် စစ်ရေးကိစ္စများနှင့် ဝန်ကြီးအဖွဲကို သူကိုယ်တိုင်ချုပ်ကိုင်ဦးဆောင်ရန် အားထုတ်ခဲ့၏။ သိုသော် ဤအကြိမ်တွင်လည်း လင်ကွန်းသည်သူထင်သလို ပျော့ညံ့သူမဟုတ်ကြောင်း သူသဘောပေါက်သွားခဲ့ရသည်။ ထိုပြင် ဆမ်တားခံတပ်မှတပ်ဖွဲ့များ ရုပ်သိမ်းရေးကိစ္စနှင့်ပတ်သက်၍ ဆီးဝဒ်က တောင်ပိုင်းခေါင်းဆောင်များနှင့် လျှိဝှက်ဆွေးနွေးခဲ့တုန်းကလည်း လင်ကွန်းက လုံးဝပယ်ချပြီးခံတပ်ကာကွယ်ရေးအတွက် အင်အားထပ်ဖြည့်ရန် ဆုံးဖြတ်ခဲ့သည်။ ဤတွင်လည်း သမ္မတသစ်သည် ခေါင်းမာပြီး ပြတ်သားသူဖြစ်ကြောင်း ဆီးဝဒ် နားလည်သွားခဲ့ရ၏။ နောက်ကိစ္စတစ်ရပ်မှာ ၁၈၆၁ ခုနှစ်နှောင်းပိုင်းက တောင်ပိုင်းသား ကော်မရှင်နာနှစ်ဦးပါလာသော ဗြိတိသျှပိုင် ‘ထရင့်’ (Trent) သင်္ဘောကို မြောက်ပိုင်းက ဖမ်းဆီးမိရာဗြိတိန်နှင့် ထိပ်တိုက်ရင်ဆိုင်ရန် ဆီးဝဒ်က လင်ကွန်းကို တွန်းအားပေးသည်။ သည်မှာ လည်း လင်ကွန်းက ခေါင်းမာသည်။ သူက တစ်ချိန်မှာ စစ်ပွဲတစ်ပွဲသာ ဆင်နွှဲပါဗျဟုဆီးဝဒ်အား သတိပေးသည်။
ယင်းသို့လျှင် သူတိုနှစ်ယောက် အစပိုင်းတွင် အယူအဆချင်းကွဲခဲ့ကြသော်လည်း မကြာခင်မှာ ပင် မဟာမိတ်တွေ ဖြစ်လာခဲ့ကြ၏။ သမ္မတသည် ဝန်ကြီး၏အိမ်သိုမကြာခဏ သွားလည်ပြီး နှစ်ယောက်သား ရယ်စရာမောစရာတွေကို အကြာကြီးပြောကြသည်။ နှစ်ယောက်အတူ မြင်းရထားစီး၍လည်း မြိုတွင်းမြိုပြင် တပ်ဖွဲများနှင့်ခံတပ်များကို စစ်ဆေးကြသည်။ အချင်းချင်း ရင်းနှီးသွားတော့ နှစ်ယောက်စလုံး နိုင်ငံရေးခံယူချက်တူညီကြောင်း သိလာရ၏။ ဤသိုဖြင့် နောက်ပိုင်းတွင် လင်ကွန်း၏မိန့်ခွန်းများနှင့် ကြေညာချက်များအတွက် ဆီးဝဒ်က အဖိုးတန်အကြံဉာဏ် တွေ အများကြီးပေးဖြစ်ခဲ့သည်။ လင်ကွန်းကလည်း နိုင်ငံခြားရေးကိစ္စများတွင် တတ်နိုင်သမျှ ဝင်မစွက်ဘဲဆီးဝဒ်ကိုသာ လုံးဝလွှအပ်တာဝန်ပေးထားသည်။ သည်လိုနှင့် မကြာခင်မှာပင် ဆီးဝဒ်သည် လင်ကွန်းအပေါ် သစ္စာရှိသော မိတ်ဆွေတစ်ယောက် ဖြစ်လာခဲ့တော့သည်။ ဆီးဝဒ်က သူ့ဇနီးထံပေးစာတွင် ‘သူ့ရဲ့ လုပ်နိုင်စွမ်းနဲ့ သတ္တိကတော့ ရှားပါတယ်။ တကယ်တော့ တို့အထဲမှာ သမ္မတဟာ အတော်ဆုံးပါပဲ”ဟူ၍ပင် ရေးသားခဲ့လေသည်။
စိတ်ဝင်စားစရာကောင်းသည်မှာ လင်ကွန်းနှင့် အရင်းနှီးဆုံး လူနှစ်ယောက်လုံးပင်အစတုန်းက သူ့အပေါ် အဆိုးအမြင်ဆုံးလူတွေဖြစ်နေကြခြင်း ဖြစ်သည်။ သူတို့နှစ်ယောက်စလုံးသည် ဝန်ကြီးအဖွဲ့ တွင် စွမ်းဆောင်ရည်အရှိဆုံး ပုဂ္ဂိုလ်တွေ ဖြစ်ကြ၏။ ပထမပုဂ္ဂိုလ်က နိုင်ငံခြားရေးဝန်ကြီး ဝီလျံဆီးဝဒ်၊ ဒုတိယပုဂ္ဂိုလ်ကတော့ လက်ထောက် ကာကွယ်ရေးဝန်ကြီး အက်ဒွင်စတင်တန်။ လင်ကွန်းနှင့် စတင်တန်တို့သည်ရှေ့နေဘဝ ၁၈၅၅ခုနှစ်ကပင် စတင်တွေ့ဆုံခဲ့ကြသည်။ ထိုအချိန်က စတင်တန်သည်နာမည်ကျော်ရှေ့နေတစ်ဦးဖြစ်သည်။ သူ့လောက်နာမည်မကြီးသော လင်ကွန်းအား သူက “သစ်ကုလားအုပ်´ဟူ၍ပင် နှိမ့်ချခေါ်ခဲ့သည်။ လင်ကွန်းသမ္မတဖြစ်လာသောအခါ သူကလည်း ဝီလျံဆီးဝဒ်ကဲ့သိုပင် သမ္မတတွင် သမ္မတရာထူး ထမ်းဆောင်နိုင်မဲ့ အရည်အချင်း လုံးဝမရှိ’ဟူ၍ ယူဆခဲ့၏။
စတင်တန်က မိမိအပေါ် ယင်းသို အထင်အမြင်သေးသော်လည်း လင်ကွန်းသည်စတင်တန်အား သူ့၏ဝန်ကြီးအဖွဲတွင် ကာကွယ်ရေးဝန်ကြီးခန့်သည်။ အဘယ့်ကြောင့်ဆိုသော် စတင်တန်သည် ယင်းရာထူးနှင့် အသင့်တော်ဆုံးပုဂ္ဂိုလ်ဖြစ်သည်ဟု သူကယုံကြည်သောကြောင့် ဖြစ်၏။ စတင်တန်ကလည်း ယင်းရာထူးကို အားတက်သရောလက်ခံသည်။ မကြာခင်မှာပင် လင်ကွန်း၏ဆုံး ဖြတ်ချက် မှန်ကန်ကြောင်း သိရ၏။လပိုင်းအတွင်းမှာပင် စတင်တန်သည် ကာကွယ်ရေးဌာနကို စွမ်းဆောင်ရည်ပြည့်ဝသော ဌာနအဖြစ်ပြောင်းလဲပစ်လိုက်သည်။ သူသည် စစ်ပွဲကြီးအောင်နိုင်သည် အထိ တိုင်းပြည်အကျိုးကို နာရီပေါင်းများစွာ မမောတမ်း ကြိုးပမ်းထမ်းဆောင်ခဲ့၏။
စောစောပိုင်း စတင်တန်နှင့် ဗိုလ်ချုပ်ကြီး ဂျော့မက္ကလီလန်တိုသည် မိတ်ဆွေဖြစ်ခဲ့ကြပြီး နှစ်ယောက်စလုံးပင် လင်ကွန်းအပေါ် ပြင်းပြင်းထန်ထန် မကျေမနပ်ဖြစ်ခဲ့ကြသည်။ သိုသော်လည်း နောက်ပိုင်းကျတော့ (သူ လက်ထောက်ကာကွယ်ရေးဝန်ကြီးဘဝမှ ကာကွယ်ရေးဝန်ကြီးဖြစ် လာပြီးသည့်နောက်) စတင်တန်သည် မက္ကလီလန်အပေါ် မနှစ်သက်မှု ကြီးထွားလာခဲ့သည်။ မက္ကလီလန်၏ နှေးကွေးသော သေနင်္ဂဗျူဟာကြောင့်ဖြစ်သည်။ တစ်ချိန်တည်းတွင် လင်ကွန်းသည် ယခင်က သူထင်ခဲ့သလို လူရွှင်တော်တစ်ယောက်မဟုတ်ကြောင်း၊ တကယ့်ကို စွမ်းဆောင်ရည်ရှိသော ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်ကြောင်း သိလာခဲ့ရသည်။ အပြန်အလှန်အားဖြင့် လင်ကွန်းကလည်း စတင်တန်ကို နားလည်လာသည်၊ လေးစားလာသည်၊ မြတ်နိုးလာသည်။ စတင်တန်သည် အပြင်ပန်းအားဖြင့် ခက်ထန်မာကြောသယောင်ရှိပေမဲ့ အတွင်းစိတ်က ရိုးသားသည်။ သစ္စာရှိသည်။ ပြီးတော့ အုပ်ချုပ်ရေးသမားကောင်းတစ်ဦးလည်း ဖြစ်သည်။
ထိုကြောင့်လည်း လင်ကွန်းသည် စတင်တန်အား ကာကွယ်ရေးဝန်ကြီးဌာနကို သူ့စိတ်ကြိုက် စီမံအုပ်ချုပ်စေခြင်းဖြစ်၏။ မကြာခဏဆိုသလိုပင် လင်ကွန်းသည် စစ် ရာထူးခန့်ထားရေး နှင့်ပတ်သက်သော စာရွက်စာတမ်းတွေ တစ်ပုံတစ်ခေါင်းကြီးကို ဖတ်ပင်မဖတ်ကြဘဲ လက်မှတ်ထိုးပေးတတ်၏။ သူက စတင်တန်၏လက်မှတ်ပါလျှင် စိတ်ချယုံကြည်သည်။ ယင်းသိုလျှင် သူတိုနှစ်ယောက်သည် အလွန်ရင်းနှီးခင်မင်လာ ခဲ့ကြ၏။ ၁၈၆၅ခုနှစ်၊ ဧပြီလ ၉ရက်နေ့ ညနေတွင် ဝါရှင်တန်သို လင်ကွန်းပြန်ရောက် လာသောအခါ အက်ပိုမက်တောက်မြို၌ ဗိုလ်ချုပ်ကြီး ရောဘတ်အီးလီး လက်နက်ချလိုက်ပြီဟူသော သတင်းနှင့်အတူ စတင်တန်က လင်ကွန်းအား ဖက်ယမ်းကြိုဆိုခဲ့သည်။ လင်ကွန်း ကွယ်လွန်သောအခါတွင် အခုဆိုရင် သူဟာ သမိုင်းဝင်ပုဂ္ဂိုလ်ကြီး ဖြစ်သွား ခဲ့ပြီ’ဟူ၍ ပြောခဲ့သူမှာလည်း စတင်တန်ပင် ဖြစ်သည်။ နောင်အခါ လင်ကွန်း၏သား ရောဘတ်ကလည်း “ဝါရှင်တန်မှာ ဖေဖေဆုံးပြီးတဲ့နောက် ၁ဝ ရက်ကျော်ကျော် ကျွန်တော့်တိုက်ခန်းကို သူ မနက်တိုင်း ရောက်လာတတ်တယ်၊ အဲဒီလိုရောက်လာတိုင်းလည်းစကားတစ်ခွန်းမှမပြောဘဲ အတော်ကြာကြာ ငိုနေပြီးတော့မှ စကားစပြောတယ်´ဟူ၍ပြန်လည်ပြောပြခဲ့ဖူးသည်။
ယနေ့ ခေါင်းဆောင်များသည် လင်ကွန်း၏ နမူနာကိုကြည့်၍ သင်ခန်းစာတစ်ခု မဟုတ် နှစ်ခုရနိုင်သည်။ လက်အောက်ငယ်သားများနှင့် ရင်းရင်းနှီးနှီး ဆက်ဆံနေထိုင်ခြင်းဖြင့် ပုဂ္ဂိုလ်ရေး ပဋိပက္ခနှင့် မကျေနပ်ချက်ပေါင်းများစွာကို ကျော်လွှားနိုင်သည်။ နောက်လိုက်များက သူတို၏ခေါင်းဆောင်သည် တည်ကြည်ပြတ်သားသည်၊ တာဝန်ကျေသည်ဟုမြင်လျှင် သူတိုက ခေါင်းဆောင်ကို လေးစားလာကြလိမ့်မည်၊ ယုံကြည်အားကိုးလာကြလိမ့်မည်။ လင်ကွန်း၏ လုပ်နည်းလုပ်ဟန်သည် လူတိုင်းအတွက်တော့ အလုပ်ဖြစ်လိမ့်မည်မဟုတ်။ အချိုအမှုထမ်းတွေက ဘယ်လိုမှ စည်းရုံး၍မရဘဲ ရှိနေ လိမ့်မည်။ သိုသော်လည်း အများစု (အထူးသဖြင့် အရည်အချင်းရှိပြီး ရိုးသားသူများ) ကတော့ အလုပ်ဖြစ်မှာ သေချာ၏။ ဤချဉ်းကပ်နည်း အလုပ်မဖြစ်ဟု ယူဆသူအများစု မှာ နေရာမှားသို ရောက်ရှိနေသူများ ဖြစ်ကောင်းဖြစ်လိမ့်မည်။
လင်ကွန်းသည် လက်အောက်ငယ်သားများနှင့် ဆက်ဆံရာတွင် အောင်မြင်မှုရှိသလို မအောင် မြင်မှုများလည်း ရှိ၏။ ထင်ရှားသောဖြစ်ရပ်တစ်ခုမှာ နပိုလီယံကလေး(Young Napoleon) ဟူ၍ ထင်ရှားသော ဗိုလ်ချုပ်ကြီး ဘရင်တန် မက္ကလီလန်နှင့် ဆက်ဆံရေးဖြစ်သည်။ (လင်ကွန်း၏ အစီအစဉ်ဖြင့်) ဗိုလ်ချုပ်ကြီး ဝင်းဖီးလ်စတော့အငြိမ်းစားယူသောအခါ ဗိုလ်ချုပ်ကြီး မက္ကလီလန်အား တပ်မတော်ဦးစီးချုပ်အဖြစ်ခန့်ထားသည်။ မက္ကလီလန်သည် ပိုတိုမက် တပ်မှူးဘဝတုန်းက ကျေနပ်စရာကောင်းလောက်အောင် မထမ်းဆောင်ခဲ့သော်လည်း ဤလူငယ်ဗိုလ်ချုပ်၏ စည်းရုံးရေးနှင့်သင်ကြားရေးစွမ်းရည်ကို လင်ကွန်းက ယုံကြည်၏။ သူ့ကို တပ်သားတွေက အလွန်သဘောကျကြသည်။ လင်ကွန်းကလည်း ထိုအချက်ကိုပင် အလွန်သဘောကျသည်။
မက္ကလီလန်အား ရာထူးတိုးမြှင့်ခန့်ထားသော ၁၈၆၁ ခုနှစ်၊ နိုဝင်ဘာလတစ်ရက်နေ့တွင်ပင် သမ္မတကြီးသည် ဗိုလ်ချုပ်ကြီးအိမ်သို အလည်အပတ်သွားရောက်ပြီး ရာထူးသစ်တာဝန်နှင့်ပတ် သက်၍ ဖခင်တစ်ဦး သဖွယ် ဆုံးမစကားပြောသည်။
ရာထူးတိုးလာတဲ့အတွက် လက်ရှိ တပ်မှူးတာဝန်အပြင် တပ်မတော်ကြီးတစ်ခုလုံးရဲ့ တာဝန်လည်း တိုးလာပြီ”
သူက ယင်းသိုပြောတော့ မက္ကလီလန်က-
“အဲဒါတွေအားလုံး ကျွန်တော်လုပ်နိုင်ပါတယ်”ဟု ပြန်ပြောသည်။
သို့သော် လင်ကွန်းကတော့ စိတ်မချ။ သူသည် ဗိုလ်ချုပ်ကြီးသစ်၏ ဌာနချုပ် သို့သာမက အိမ်သို့လည်း မပြတ်သွားလည်သည်။ အလုပ်ကိစ္စနှင့်ပတ်သက်၍လည်းလမ်းညွှန်သည်၊ ရယ်စရာမော စရာတွေလည်း ပြောသည်။ သမ္မတကြီးက ဗိုလ်ချုပ်ကြီးအား အိမ်ဖြူတော်သိုဆင့်မခေါ်၊ သူကိုယ်တိုင် ဗိုလ်ချုပ်ကြီးထံသွားသည်။ ဤသည် မှာ ဗိုလ်ချုပ်ကြီးအား အရေးပါသော ပုဂ္ဂိုလ်အဖြစ် လေးစားသမှု ဆက်ဆံပြုမူခြင်း ဖြစ်၏။ စစ်ရေးဆိုင်ရာ အစည်းအဝေးများစွာသိုလည်း သမ္မတကြီးကိုယ်တိုင် တက် ရောက်ကာ နားထောင်သည်၊ ဆွေးနွေးသည်၊ လိုအပ်သည့် ညွှန်ကြားချက်များပေးသည်။ သို့သော် နောက်ဆုံး ဆုံးဖြတ်ချက်ကိုတော့ ဗိုလ်ချုပ်ကြီးကပင် ချမှတ်စေသည်။ ဤသည်ကို သမ္မတကြီးက နေရာတကာဝင်စွက်သည်ဟု မက္ကလီလန်က ယူဆသည်။ သမ္မတကြီး ဘာကြောင့်ယင်းသို လုပ်နေကြောင်း သူလုံးဝသဘောမပေါက်။ တစ်ကြိမ်တွင် ဆွေးနွေးပွဲ၌ သမ္မတကြီးက စစ်ဆင်ရေး နှင့်ပတ်သက်၍ အကြံပေးပြောကြားပြီးသည့်နောက်တွင် မက္ကလီလန်က အရေးပါသော တပ်မတော်အရာရှိကြီး တစ်ဦးအား သမ္မတကြီးက အလကား ဝင်ရှုပ်နေတာပဲ”ဟူ၍တောင် ပြောခဲ့သည်ဟု ဆိုသည်။
သည်လိုနှင့် လပေါင်းတော်တော်ကြာသွားခဲ့သည့်တိုင် ဗိုလ်ချုပ်ကြီးသည် ကိုယ်ပိုင်ဆုံးဖြတ် ချက်ဖြင့် ထိထိရောက်ရောက် ဦးမဆောင်နိုင်ဘဲဖြစ်နေ၏။ ထိုကြောင့် သမ္မတက ဖိအားပေးသော ညွှန်ကြားချက်တွေ ပို၍ပေးလာရသည်။ ဤသည်ကို ဗိုလ်ချုပ် ကြီးက မကြိုက်၊ သမ္မတကို ကဏ္ဍကောစလုပ်ချင်လာသည်။ အရိုအသေမဲ့ချင်လာသည်။ သိသာသောဖြစ်ရပ်တစ်ခုမှာ တစ်ညတွင် သမ္မတကြီးနှင့်တကွ နိုင်ငံခြားရေးဝန်ကြီး ဆီးဝဒ်၊ အတွင်းဝန် ဂျွန်ဟေးတို သုံးဦးသား ဗိုလ်ချုပ်ကြီး၏အိမ်သို သွားလည်ကြ သည်။ ဗိုလ်ချုပ်ကြီး မင်္ဂလာဆောင်တစ်ခုသို သွားနေကြောင်း၊ မကြာခင် ပြန်လာမည်ဖြစ်ကြောင်း အိမ်ဖော်က ပြောသည်။ ထိုကြောင့် သူတိုသုံးဦး ဧည့်ခန်းတွင် ထိုင်စောင့်နေကြသည်။
နောက်တစ်နာရီခန့်တွင် ဗိုလ်ချုပ်ကြီး ပြန်ရောက်လာသည်။ သမ္မတကြီးတို့ ထိုင်စောင့်နေ ကြောင်း အိမ်ဖော်က သတင်းပေးသည်။ သို့သော်လည်း ဗိုလ်ချုပ်ကြီးသည် လုံးဝဂရုမစိုက်ဘဲ ဧည့်ခန်းဖြတ်ပြီး အပေါ်ထပ် တန်းတက်သွားသည်။ ဆီးဝဒ်နှင့် ဂျွန်ဟေးတို့ တော်တော်ဒေါထွက် မိကြသည်။ သို့သော် သမ္မတကြီးကတော့ ဘယ်လိုမျှမခံစားရသလိုထင်ရ၏။ သူက လူငယ်ဖြစ်သူ ဂျွန်ဟေးအား “ဒီလိုအချိန်မျိုးမှာ အစဉ်အလာ ယဉ်ကျေးမှုစည်းကမ်းတွေ၊ ဂုဏ်သိက္ခာတွေကို အဓိကမထားတာ ပိုကောင်းပါတယ်”ဟူ၍ပင် ပြောလိုက်သေးသည်ဆို၏။ ထိုအချိန်မှစ၍ သမ္မတကြီးသည် ဗိုလ်ချုပ်ကြီးထံ မသွားတော့ဘဲ ဗိုလ်ချုပ်ကြီးကိုသာ အိမ်ဖြူတော်သို့ ဆင့်ခေါ်တော့သည်။
သို့သော်လည်း သူတို၏ဆက်ဆံရေး ဘဝတစ်လျှောက်လုံးတွင် လင်ကွန်းသည်စတင်တန်နှင့် ဆီးဝဒ်တိုကို ဆက်ဆံသလိုပင် မက္ကလီလန်ကိုလည်း လေးစားသမှုဖြင့်ဆက်ဆံသည်။ လင်ကွန်းက မက္ကလီလန်ကို နားလည်သည်၊ မက္ကလီလန်ကလည်းလင်ကွန်းကို နားလည်သည်။ သိုသော်လည်း သူတိုနှစ်ဦး၏ မဟာမိတ်ဘဝသည် တစ်သမတ်တည်းမရှိ၊ အကောင်းရော၊ အဆိုးရော ပြည့်နှက် နေသည်။ ယင်းအတွက် သမ္မတကြီး အထူးစိတ်မချမ်းသာဖြစ်ခဲ့ရ၏။ အောက်လွှတ်တော်နှင့် အထက်လွှတ်တော် အမတ်များ မက္ကလီလန်အား ရှေ့တန်းစစ်မျက်နှာကို မထိန်းနိုင်ဟု ဝေဖန်ကြသည်။ သမ္မတကြီးက သူ့ဗိုလ်ချုပ်ကြီးဘက်မှ ရှေ့နေလိုက်ပြီး အကာအကွယ်ပေးသည်။ သိုတိုင် အောင် မက္ကလီလန်က သူ့အစွမ်းအစကို ဖော်ထုတ်မပြနိုင်ခဲ့။ သိုသော်လည်း သူကသမ္မတကြီး၏ ထောက်ခံမှုကိုတော့ အလေးအနက်ထားသည်။ (သမ္မတကြီး၏သားကွယ်လွန်ပြီးနောက် မကြာမီရက်ပိုင်းအတွင်း) ၁၈၆၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က သမ္မတကြီးထံပေးပိုသောစာတွင် … လွန်ခဲ့တဲ့လအနည်းငယ်အတွင်းက သမ္မတကြီးဟာ ကျွန်တော့်အပေါ် သိပ်ပြီးကြင်နာတဲ့မိတ်ဆွေ ကောင်းဖြစ်ပါတယ်၊ ကျွန်တော်ကိုယ်ကျွန်တော် အားငယ်နေချိန်မှာ သမ္မတကြီးရဲ့ ယုံကြည်မှုကြောင့် ကျွန်တော် အားတက်လာခဲ့ရပါတယ်”ဟူ၍ မက္ကလီလန်က ရေးခဲ့သည်။
သို့သော်လည်း အခြေအနေအရ မလုပ်မဖြစ်သောကြောင့် လင်ကွန်းသည်မက္ကလီလန်အား တာဝန်မှ ရုပ်သိမ်းခဲ့ရ၏။ နောက်တော့ ၁၈၆၄ ခုနှစ်၊ သမ္မတရွေးကောက်ပွဲတွင် မိမိ၏ဗိုလ်ချုပ်ကြီး ဟောင်းသည် မိမိ၏ပြိုင်ဘက်ဖြစ်နေကြောင်းလင်ကွန်း တွေ့ကြုံရလေသည်။ ယင်းသို ဖြစ်ရခြင်းမှာလည်း ဗိုလ်ချုပ်ကြီးနှင့် လင်ကွန်းတို့၏ ကျောင်းတော်က ပဋိပက္ခကို စာနယ်ဇင်းတွေ ကဖော်ထုတ်ပြီး ဗိုလ်ချုပ်ကြီးအားမြှောက်ပေးကြသောကြောင့်ဖြစ်၏။ သိုနှင့် သူသည် ဒီမိုကရက်တစ်ပါတီဝင်လောင်း ဖြစ်လာခဲ့သည်။ သိုသော်လည်း ရွေးကောက်ပွဲကျတော့ လှလှကြီးရှုးနိမ့်ခဲ့ရ၏။ မက္ကလီလန်နှင့်ဆက်ဆံရေး မအောင်မြင်ခဲ့ရခြင်းအတွက် လင်ကွန်းအနေဖြင့် တော်တော် ခံစားခဲ့ရသည်။ သိုသော်လည်း သူသည် သူ့သိက္ခာကိုတော့ အမြဲတမ်း ထိန်းခဲ့၏။ ဤနေရာတွင် သင်ခန်းစာယူသင့်သည်မှာ အမာခံ မဟာမိတ်တည်ဆောက်ရေးကို ဘယ်တော့မျှ လက်မလျှော့ဖိုပင် ဖြစ်သည်။ လင်ကွန်းသည် မက္ကလီလန်နှင့် ဆက်ဆံရေး မပြေလည်ခဲ့သော်လည်း ဆီးဝဒ်တို့၊ စတင်တန်တို့နှင့်တော့ ကောင်းကောင်းကြီး ပြေလည်ခဲ့၏။
လင်ကွန်းသည် အခြားဗိုလ်ချုပ်ကြီးများနှင့်လည်း ပြေလည်အောင် ဆက်ဆံနိုင်ခဲ့သည်။ သူတို့က လင်ကွန်း၏ စစ်ရေးဆိုင်ရာပြောင်းလဲချက်များကို မကြိုက်ကြသော်လည်း သူ့ဆုံးဖြဟ်ချက်ကိုတော့ လေးစားကြ၏။ တစ်ခါက ဗိုလ်ချုပ်ကြီး အမ်ဘရိုင်ဘန်းဆိုဒ်က သူ့ရုံးအဖွဲဝင်များအား ‘ဒီကမ္ဘာမြေပြင်မှာ အရိုးသားဆုံးလူတစ်ယောက်ရှိတယ်ဆိုရင် အဲဒီလူဟာ အေဘရာဟင်လင်ကွန်းပဲ ဖြစ်မှာပဲ’ဟူ၍ ပြောခဲ့ဖူးသည်။ ၁၈၆၄ခုနှစ် သမ္မတရွေးကောက်ပွဲတွင် လင်ကွန်းနှင့်ပြိုင်ရွေးရန် ရီပတ်ဘလစ်ကင်ပါတီ ဝင်အချို့က ဗိုလ်ချုပ်ကြီး ဝီလျံရိုစ်ကရန့်စ်အား တိုက်တွန်းတော့ ဗိုလ်ချုပ်ကြီးကသူဟာ နေရာမှန် လူမှန်ပဲ’ဟူ၍ ပြန်ပြောခဲ့သည်။ ဗိုလ်ချုပ်ကြီး ယူလီစီဂရန့်ပင်လျှင် လင်ကွန်းအနေဖြင့် သမ္မတလုပ်ချင်စိတ်ရှိနေသမျှ သူ ဘယ်တော့မျှဝင်မပြိုင်ဟူ၍ အပြတ်ငြင်းခဲ့၏။
သမ္မတလင်ကွန်းသည် အလုပ်များသော်လည်း သူ့လူတွေ ဘာပြောကြသည်ကို စိတ်ရှည် လက်ရှည်နားထောင်ရန် အပြင်ထွက်ဖို ကြိုးစားပြီး အချိန်ယူခဲ့သည်။ ထိုကြောင့်လည်း လူတွေ၏ ယုံကြည်လေးစားမှုကို ရရှိခဲ့ခြင်းဖြစ်၏။ စီးပွါးရေးလုပ်ငန်းလုပ်နေသူများလည်း အတူတူပင်ဖြစ်သည်။ သင်သည် အခြေခံအရေးကြီးသော ပုဂ္ဂိုလ်များနှင့် အဆက်မပြတ် ကူးလူးဆက်ဆံမှုရှိနေလျှင် ထိုအချက်ကပင်လျှင် ပြိုင်ဘက်ကိုအောင်နိုင်စေမည့် အခွင့်အလမ်းကို သင့်အား ပေးလိမ့်မည်။ စားသုံးသူအကြောင်း၊ ကုန်ပစ္စည်းအကြောင်းကို ရင်းရင်းနှီးနှီး သိသူများသာလျှင် အောင်ပွဲခံ နိုင်မည်ဖြစ်၏။စားသုံးသူများသည် သူတို၏အယူအဆ၊ သူတို၏စားချက်များကိုပေးရန် အမြဲတမ်း အဆင်သင့်ရှိကြသည်။
မဟာမိတ်ဖွဲ့ရာတွင် လင်ကွန်း၏အောင်မြင်ရေး လျှိဝှက်ချက်တစ်ခုမှာ လူ့သဘာဝကို လေးလေးနက်နက် နားလည်ခြင်းဖြစ်၏။ ဤအချက်နှင့်ပတ်သက်၍ နယူးယောက် ဟယ်ရယ်လ်ဒ်’ (New York Herald) သတင်းစာကြီးက ရိုးစင်းသော ပကတိဉာဏ်၊ ကြင်နာတတ်သော စိတ်ထား၊ ဖြောင့်မတ်တည်ကြည်သော သမာဓိနှင့် အားနည်းသော လူ့သဘာဝကို အတွင်းအပြင် အသေးစိတ်သိခြင်းတိုကြောင့် အခြားသူများ စုပ်စုပ်မြုပ်သွားနိုင်လောက်သော အခက်အခဲများကို သူကျော်လွှားနိုင်ခဲ့ခြင်းဖြစ်သည် ဟူ၍ ၁၈၆၄ ခုနှစ်က ရေးသားခဲ့သည်။
လင်ကွန်းသည် လူတွေ၏ ပင်ကိုအတွင်းစိတ်ကို နားလည်သည်။ အကျပ်အတည်းထဲတွင် သူတို ဘယ်လိုတုံပြန်တတ်သည် ဆိုသည်ကိုလည်း သိသည်။ ထိုကြောင့်လည်း သူသည် လူအများက သူရဲဘောကြောင်သည့်လုပ်ရပ်ဟု ယူဆသောကိစ္စများကိုပင်ဗွေမယူဘဲ ခွင့်လွှတ်ခဲ့ခြင်းဖြစ်၏။ သူသည် ပြည်တွင်းစစ်အတွင်းက ထွက်ပြေးသော တပ်သားပေါင်းများစွာတိုအား အပြစ်မယူဘဲ ခွင့်လွှတ်ခဲ့သည်။ သိုသော်လည်းသူ့အား လူတွေ ချစ်ခင်လာအောင် တမင်ပြုလုပ်ခြင်းမဟုတ်။ သူသည် ပင်ကိုဗီဇအားဖြင့်ကြင်နာသနားတတ်သူ၊ မေတ္တာတရားကြီးမားသူဖြစ်သောကြောင့် သဘာဝအားဖြင့် ပြုလုပ်ခြင်းသာဖြစ်၏။ ဘယ်လိုပင်ဖြစ်စေ ကြင်နာသနားတတ်သော၊ ခွင့်လွှတ်တတ်သော ခေါင်းဆောင်ကို လူတိုင်းယုံကြည်လေးစားသည်ကတော့ အမှန်ပင်။ စင်စစ်အားဖြင့် ယုံကြည်လေးစား မှုသည် ကောင်းမွန်သော လူမှုဆက်ဆံရေးအတွက် အဓိကအုတ်မြစ်ပင်ဖြစ်သည်။
လူ့သဘာဝကို နားလည်သော အရည်အချင်းသည် လင်ကွန်းအား လူမှုဆက်ဆံရေးတွင် အထောက်အကူပြုခဲ့သလို နိုင်ငံတကာဆက်ဆံရေးတွင်လည်း အထောက်အကူပြုခဲ့၏။ ဥပမာ- ၁၈၆၁ ခုနှစ်က ဗြိတိသျှပိုင် ‘ထရင့် သင်္ဘောကို ဖမ်းဆီးသည့်ကိစ္စနှင့်ပတ်သက်၍ ဗြိတိန်နှင့်အမေရိကန် ထောင်စုတို အချင်းများခဲ့ရာတွင် သမ္မတ၏အတိုင်ပင်ခံ ပုဂ္ဂိုလ်အများစုကပင် ပဋိပက္ခ ပိုမိုကြီးထွားလာပြီး နှစ်နိုင်ငံအကြားစစ်မီးဖြစ်ပွားမည်ကို အလွန်စိုးရိမ်နေကြ၏။ ထိုအခါ လင်ကွန်းက သူ့ဝါသနာအတိုင်း ပုံတိုပတ်စကလေး တစ်ပုဒ်ကို ပြောပြသည်။
“ကျုပ်မှတ်မိပါသေးတယ်၊ ကျုပ် လူငယ်ဘဝတုန်းက ကျုပ်တိုအိမ်နောက်ဖေးမှာ သီးခြားခြံစည်းရိုးကာထားတဲ့ လယ်ကွင်းနှစ်ခု ရှိတယ်။ လယ်ကွင်းတစ်ခုစီမှာလည်း ဧရာမခွေးထီးကြီး တစ်ကောင်စီ ရှိကြတယ်၊ အဲဒီခွေးကြီးနှစ်ကောင်ဟာ တစ်နေ့လုံး ခြံရိုးတစ်လျှောက် ခေါင်တုံခေါက်ပြန်ပြေးရင်းတစ်ကောင်ကိုတစ်ကောင် သွားဖိုပြီး မာန်ဖီလိုက်၊ ဟောင်လိုက် လုပ်နေကြတယ်။ တစ်နေ့မှာတော့ ခြံစည်းရိုးက အပေါက်တစ်ပေါက်ရှေ့ကို နှစ်ကောင်စလုံး တစ်ပြိုင်တည်း ရောက်လာကြတယ်။ အပေါက်ကလည်း နှစ်ကောင်စလုံးဝင်လိုရအောင် ကျယ်တယ်။ ကိုင်း… ဒီတော့ အဲဒီခွေးနှစ်ကောင် ဘာလုပ်ကြတယ်လို ထင်ပါသလဲ’
နှစ်ကောင်စလုံး ချာခနဲ နောက်ပြန်လှည့်ပြီး ဆန့်ကျင်ဘက် ဦးတည်ရာကို သုတ်ခြေတင်ပြေးသွားကြတယ်။ အဲဒီတော့ အခုကိစ္စမှာလည်း ဗြိတိန်နဲ့အမေရိကန်တိုဟာ အဲဒီခွေးကြီးနှစ်ကောင် တိုင်းပါပဲ”
လင်ကွန်း၏စကားသည် လက်ရှိအခြေအနေမှန်ကို ပင် ကိုအသိဉာဏ်ဖြင့်နားလည်မှုရှိကြောင်း အထင်အရှား ဖော်ပြသည်။ ခေတ်သစ်ခေါင်းဆောင်များအနေဖြင့်လူ့သဘော လူ့မနောကို လင်ကွန်းနားလည်သလို ပင်ကိုအသိဉာဏ်ဖြင့် ထိုးထွင်းနားလည်ဖို့ လွယ်လိမ့်မည်မဟုတ်။ သို့သော် ယင်းအတွက် စိုးရိမ်မနေပါနှင့်။ အနိမ့်ဆုံးအားဖြင့် ယင်းဘာသာရပ်ကို အလေးပေးလေ့လာခြင်းဖြင့် အကျိုးထူးရရှိနိုင်၏။ နောက်ဆုံးတော့ စီးပွားရေးလုပ်ငန်းတစ်ခု၏ အရေးအကြီးဆုံး ပိုင်ဆိုင်မှုမှာ အမှုထမ်းများပင်ဖြစ်သည်။ သို့ဆိုလျှင် အမှုထမ်းများ အလုပ်ကိုကြိုးစားမလုပ်ချင်ကြသည့်အကြောင်း ကိုသိရန် ဘာကြောင့် အချိန်နှင့်ပိုက်ဆံ အကုန်မခံကြသနည်း။ ဘဝအလွှာစုံမှခေါင်းဆောင်တိုင်းသည် ဤအချက်ကို အလေးအနက်ထား၍ မိမိတို၏ နောက်လိုက်ငယ်သားများအကြောင်းကို ချေးခါးအူမ နားလည်အောင် ကြိုးစားသင့်၏။ ထိုသိုမဟုတ်လျှင်၎င်းတို့အား နောက်လိုက်ငယ်သားများက ခေါင်းဆောင်မှုအရည်အချင်း မရှိသူများအဖြစ်သတ်မှတ်ပြီး စွန့်ခွာသွားကြမည်မှာ ကျိန်းသေဖြစ်သည်။
လင်ကွန်း၏ ခေါင်းဆောင်မှုကျင့်စဉ်
- တစ်ကြိမ်တွင် စစ်ပွဲတစ်ပွဲသာ ဆင်နွှပါ။
- လက်အောက်ငယ်သားများက သင့်အား ပြတ်သားသူ၊ တည်ကြည်သူ တာဝန်ကို ကျေပွန်စွာထမ်းဆောင်သူဟူ၍ ယုံကြည်လာအောင် ကြိုးစားပါ။ သူတိုက သင့်အား ယုံကြည်လေးစားလာလိမ့်မည်။
- အစဉ်အလာ ယဉ်ကျေးမှုစည်းကမ်းနှင့် ပုဂ္ဂိုလ်ရေးသိက္ခာတိုကိုတစ်ခါတစ်ရံ ဘေးချိတ်ထားရ၏။
- လူ့သဘော လူ့မနောကို နားလည်ရေးအတွက် အချိန်နှင့်ပိုက်ဆံရင်းနှီးမြှုပ်နှံပါ။
- လူ့အပြုအမူကို အတိုင်းအတာတစ်ခုအထိ ပြုပြင်၍ရနိုင်သော်လည်း လူ့သဘာဝကို ပြောင်းလဲ၍ မရနိုင်ကြောင်း သတိရပါ။
- သနားကြင်နာခြင်း၊ ဂရုစိုက်ခြင်းသည် ကောင်းမွန်သောဆက်ဆံရေးကို ဖော်ဆောင်ပေးနိုင်သည်။
- မျှော်လင့်ချက်ကုန်ဆုံးလျှင် စိတ်ဓာတ်ကျသည်။
အခန်း(၃)
အမိန့်မပေးဘဲ ဖျောင်းဖျစည်းရုံး
သမ္မတ အေဘရာဟင်လင်ကွန်းသည် ပြည်သူလူထုနှင့် အမြဲတမ်း လက်ပွန်းတတီးနေထိုင်ရင်း သူ၏အဓိကရည်မှန်းချက်ကြီးဖြစ်သော ပြည်ထောင်စုကြီးမပြိုကွဲရေးကို ကြိုးပမ်းသည်။ သူသည် ပြည်သူလူထုနှင့် အရောတဝင်နေရသည်ကို စိတ်ဝင်စားသည်။ သူ့မှာလူတန်းစားအလွှာအသီးသီး၏ ယုံကြည်လေးစားမှုကို ရယူနိုင်သည့် အရည်အချင်းရှိသည်။ သူသည် အကျပ်အတည်းထဲတွင် တည်ငြိမ်စွာနေနိုင်သည်။ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိသည်။ ခင်မင်စရာ အမူအရာ၊ ပွင့်လင်းရိုးသားမှုနှင့် စကားပြောကျွမ်းကျင်မှုတို့ကြောင့် အခြားသူများအပေါ် သြဇာညောင်းသည်။
ရန်လိုသောစာနယ်ဇင်းအချိုက စွပ်စွဲသလို လင်ကွန်းသည် အာဏာရှင်မဟုတ်။သူသည် ပြတ်သားသော်လည်း ဘယ်တော့မျှ အမိန့်မပေးခေါင်းဆောင်တစ်ယောက်သည် မိမိ၏ နောက်လိုက်ငယ်သားများအား အမိန့်ပေးအုပ်ချုပ်လျှင် ထိုလုပ်ရပ်သည်အာဏာရှင်လုပ်ရပ်ဖြစ်၏။ လင်ကွန်းသည် အပြုအမူအားဖြင့်၊ သဘောတရားအားဖြင့်ဖျောင်းဖျစည်းရုံးတတ်သော ခေါင်းဆောင်သာဖြစ်၏။
လင်ကွန်းသည် သမ္မတမဖြစ်မီက နိုင်ငံတော်ဥပဒေပြုအဖွဲဝင်၊ ရှေ့နေနှင့် လွှတ်တော်အမတ် အဖြစ်ဖြင့် အလွန်အောင်မြင်ခဲ့သည်။ ယင်းသို အောင်မြင်ခဲ့ရခြင်းအဓိကအကြောင်းရင်းမှာ သူ၏ဖျောင်းဖျစည်းရုံးမှုစွမ်းရည်ပင် ဖြစ်သည်။ အသက်၂၇နှစ်အရွယ် ၁၈၃၆ ခုနှစ်က အီလီနွိက်စ်ပြည်နယ် ဥပဒေပြု အဖွဲဝင်အဖြစ် အမှုထမ်းနေစဉ် သူက ပြည်နယ်၏မြိုတော်ကို လက်ရှိ ဗန်ဒါလီယာ အစား စပရင်းဖီးလ်ဒ်”ကိုပြောင်းလဲသတ်မှတ်ရန် စီမံကိန်းတစ်ရပ်ကို ဖော်ထုတ်သည်။ ထိုစဉ်က သူ၏စိတ်ရှည်မှုနှင့် ဖျောင်းဖျစည်းရုံးမှုစွမ်းရည်ကြောင့် နိုင်ငံရေးလုပ်ကြံမှုတစ်ရပ်ကို ဖယ်ရှားပစ်နိုင်ခဲ့သည်။ ရှေ့နေဘ၀ရောက်လာသောအခါတွင်လည်း အမှုသည်များကိုသာမက တရားသူ ကြီးများနှင့် ခုံသမာဓိလူကြီးများကိုပါ အောင်မြင်စွာ ဖျောင်းဖျစည်းရုံးနိုင်ခဲ့၏။ ၁၈၅ဝ ပြည့်နှစ်က ဥပဒေသင်တန်းပိုချချက်တစ်ခုတွင် ၄၁နှစ်အရွယ် အနာဂတ်သမ္မတလောင်းလင်ကွန်းသည် တစ်ဖက်နှင့် တစ်ဖက် တရားပြိုင်ဖို မကြိုးစားပါနှင့်။ အချင်းချင်း ညှိနှိင်းစေ့စပ်နိုင်ရေးအတွက် တစ်ဖက်လူကို တတ်နိုင်သမျှ ဖျောင်းဖျစည်းရုံးပါ’ဟူ၍ ရေးသားခဲ့သည်။ ၁၈၄၂ခုနှစ်က စပရင်းဖီးလ်ဒ် ဝါရှင်တန် အရက်ရှောင်ကြဉ်ရေးအသင်း သို့ပေးပိုခဲ့သော သဝဏ်လွှာတွင်လည်း ဖျောင်းဖျစည်းရုံးရေးနှင့် ပက်သက်သော သူ၏ဒဿကို ထင်ရှားစွာ သိမြင်နိုင်၏။
လူအများအပေါ်တွင် သြဇာသက်ရောက်ရန် အတွက် စေတနာပါသောဖျောင်းဖျစည်းရုံးရေးကို အသုံးပြုသင့်သည်။ ပျားရည်တစ်စက်သည် သည်းခြေရည် တစ်ဂါလံထက် ယင်ကောင်များများ ပို၍ ဖမ်းနိုင်၏’ဟူသော ရှေးစကားရှိသည်။ ထိုစကားသည် လူတွေအတွက်လည်း မှန်သည်။ တစ်ဖက်သားအားမိမိအလိုသို ဆွဲဆောင်လိုလျှင် မိမိသည် ထိုသူ၏မိတ်ဆွေကောင်း ဖြစ်ကြောင်းသူယုံကြည်အောင် ပထမဦးစွာကြိုးစားပါ။ ယင်းမှာ သူ၏နှလုံးသားကို ဆွဲယူသိမ်းသွင်းနိုင်သည့် ပျားရည်တစ်စက်ပင် ဖြစ်၏။
အမိန့်ပေးခြင်း၊ အင်အားကိုသုံးခြင်း၊ အတင်းအကျပ်ပြုခြင်းတိုသည် အာဏာရှင်လုပ်ရပ်၊ ဖိနှိပ်သူလုပ်ရပ်ဖြစ်သည်ဟု လင်ကွန်းက ခံယူသည်။ ယင်းတိုသည် လူတစ်ဦးချင်စီ၏ အခြေခံအခွင့်အရေးများကို ချိုးဖောက်သည်။ လူ့သိက္ခာ၏ အခြေခံအနှစ်သာရကိုဖျက်ဆီးသည်။ လင်ကွန်းသည် ဤအချက်ကို အလွန်အလေးအနက်ထားသည်။ သူသည်သူတစ်ပါးက သူ့ကို ဆက်ဆံစေလိုသည့် အပြုအမူအတိုင်း သူကလည်း သူတစ်ပါးကိုပြုမူဆက်ဆံသည်။
လင်ကွန်းသည် ဖျောင်းဖျစည်းရုံးခြင်း အတတ်ပညာကို အစောကြီးကတည်းကပင် လေ့လာခဲ့သည်။ ကျွမ်းကျင်အောင် ကြိုးစားခဲ့သည်။ နိုင်ငံရေးလောကသိုဝင်ရောက်လာသောအခါ ယင်းအရည်အချင်းကို မဲဆန္ဒရှင်များနှင့် ဆက်သွယ်ရေးတံတားအဖြစ်အသုံးချခဲ့သည်။ သူက ငွေဝယ်ကျွန်စနစ်ကို ဆန့်ကျင်ဟောပြောသည်။ ထိုအခါ ပြည်သူအားလုံးနှင့် တစ်သားတည်း ဖြစ်သွားသည်။ အတင်းအကျပ်ခိုင်းခြင်းကို ဘယ်သူမျှမကြိုက်။ မိမိအလုပ်၊ မိမိအယူအဆကို မိမိအထင်ကြီးခြင်းသည် လူ့သဘာဝ ဖြစ်သည်။ ဤအချက်ကို လင်ကွန်း လေးနက်စွာ သဘောပေါက်သည်။ ဤအချက်သည် ခေါင်းဆောင်လုပ်မည့်လူတိုင်း သဘောပေါက်ရမည့်အချက် ဖြစ်သည်။ လင်ကွန်းသည် မိန့်ခွန်းပြောရာတွင်လည်းကောင်း၊ စာရေးရာတွင်လည်းကောင်း ဤအချက်ကို အဓိကထားသည်။ သူပြောခဲ့သော စကားများက သက်သေခံနေ၏။
တခြားလူတစ်ယောက်ကို သူ့ဆန္ဒမပါဘဲ ဘယ်သူမျှ မအုပ်ချုပ်သင့်ဘူး”
‘နှောင်ကြိုးတည်းခံရတဲ့ဘဝ (ငွေဝယ်ကျွန်ဘဝ)ကို ကိုယ်တိုင်ဝင်ပြီး ခံစားကြည့်ကြစမ်းပါ”
လူ့ယဉ်ကျေးမှု၏ ရည်ရွယ်ချက်မှာ လူ့အဆင့်အတန်းကို မြှင့်တင်ရန် ဖြစ်သည်။ လူ့အဆင့်အ တန်းကို နှိမ့်ချသောအရာဟူသမျှကို ကျွန်ုပ် လုံးဝဆန့်ကျင်သည်”
လင်ကွန်းသည် သမ္မတဖြစ်လာသည့်အခါတွင်လည်း အဆိုပါသဘောတရားကိုနိစ္စဓူဝ လိုက်နာကျင့်သုံး၏။ ပွင့်လင်းမှု၊ ယုံကြည်စွာ တာဝန်လွှပေးမှု၊ ညွှန်ကြားမှုတို့ဖြင့်လူတစ်ဦးချင်းစီ၏ ပူးပေါင်းပါဝင်မှုကို ရယူသည်။ စိတ်ဓာတ်ရေးရာ အားပေးမှုပြုသလိုငွေကြေးအကူအညီကိုလည်း တတ်နိုင်သမျှပေးသည်။ နိုင်ငံတော်အရေးနှင့်ပတ်သက်သော ဘယ်ကိစ္စမျိုးကိုမဆို တိုင်ပင်ညှိနှိင်းပြီးမှ ဆောင်ရွက်ကြရန်၊ ဌာနတစ်ခုနှင့်သက်ဆိုင်သောကိစ္စကို ထိုဌာန၏အကြီးအကဲနှင့် မတိုင်ပင်ဘဲမပြု လုပ်ကြရန် ဝန်ကြီးအဖွဲဝင်များအား အမြဲတမ်း သတိပေးလေ့ရှိသည်။ အလားတူပင် ဗိုလ်ချုပ်ကြီးများအားလည်း သူ အမြဲတမ်း ကူညီအားပေးသည်။ အထူးသဖြင့် ဇီဇာကြောင့် အချိန်ဆွဲတတ်ခြင်း အတွက် မကြာခဏဝေဖန်ခံရသော ဗိုလ်ချုပ်ကြီး ဂျော့မက္ကလီလန်ကိုပင် လင်ကွန်းကအပြစ်မမြင်ဘဲ အကာအကွယ်ပေးလိုက်သေး၏။ ပမာအားဖြင့် ၁၈၆၁ ခုနှစ်၊ အောက်တို ၂၆ ရက်နေ့ညနေတွင် အထက်လွှတ်တော်အမတ်သုံးဦး “အိမ်ဖြူတော် သို့ရောက်လာပြီး စစ်ပွဲကို အရှိန်အဟုန်မြှင့်၍ အပြတ်တိုက်ရန် မက္ကလီလန်အား တွန်းအားပေးဖို သမ္မတထံ တောင်းဆိုကြသည်။ သို့သော်လည်း လင်ကွန်းက သူ့ဗိုလ်ချုပ်ကြီးဘက်မှ ကာကွယ်ပြောဆိုကာ လွှတ်တော်အမတ်များကို ပြန်လွှတ်လိုက်သည်။ သူတို့ပြန်သွားပြီးနောက် သမ္မတကြီးသည် ဗိုလ်ချုပ်ကြီး၏အိမ်သို သွားရောက်၍ အကြာကြီး ဆွေးနွေးသည်။ နောက်ဆုံးတွင် သူက ဗိုလ်ချုပ်ကြီးအား “မောင်ရင့်ဘက်က အဆင်သင့် မဖြစ်သေးသမျှ ကျုပ်တို လုံးဝမတိုက်ဘူး” ဟု ပြောလိုက်လေသည်။ တစ်ခါကလည်း “မက္ကလီလန် အောင်ပွဲခံတဲ့အထိ သူ့မြင်းကို ကျုပ်ထိန်းထားမယ်´ဟူ၍သမ္မတကြီးက ပြောခဲ့ဖူးသည်ဆို၏။
မက္ကလီလန်က သူ့ကိုယ်သူ အထင်ကြီးသည်။ သူ အားလုံးလုပ်နိုင်သည်ဟုခံယူထားသည်။ သိုသော်လည်း သမ္မတကြီးကတော့ သူအားလုံးမလုပ်နိုင်ကြောင်း ကောင်းကောင်းသိသည်။ သူက သူ့ဗိုလ်ချုပ်ကြီးတိုင်း ကိုယ့်အားကိုယ်ကိုးစေချင်သည်။ ကိုယ့်တာဝန်၊ ကိုယ့်အာဏာကို အပြည့်ယူပြီး ကိုယ့်နယ်မြေအသီးသီးကို နိုင်နင်းစွာထိန်းစေချင်သည်။ သို့မှသာ တောင်ပိုင်းတပ်များကို အပြတ်တိုက်နိုင်မည် ဖြစ်သည်။ သို့သော်လည်း ဗိုလ်ချုပ်ကြီးတွေအများစုက ကိုယ့်တာဝန်ကိုယ် ပိုင်ပိုင်နိုင်နိုင် မယူနိုင်ကြ။ အဓိကအကြောင်းရင်းမှာ သတ္တိရော၊ အရည်အချင်းပါ မရှိသောကြောင့် ဖြစ်၏။ ထိုကြောင့် သမ္မတကြီးကိုယ်တိုင် ဒိုင်ခံပြီး တာဝန်ယူနေရ၏။
သို့သော် လင်ကွန်းစိတ်ကြိုက် ဗိုလ်ချုပ်ကြီးတစ်ဦးတော့ ရှိသည်။ အခြားသူမဟုတ်၊ ယူလီစီဂရန့်ဖြစ်သည်။ ဂရန့်အား တပ်မတော်ဦးစီးချုပ်အဖြစ် ၁၈၆၄ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့တွင် ခန့်သည်။ ဂရန့်သည် ပြည်တွင်းစစ်ဖြစ်စက တင်းနက်ဆီး ပြည်နယ်တွင် တိုက်ပွဲတွေ ဆက်တိုက် အောင်ပွဲခံခဲ့သည်။ ဗစ်စဘတ်တွင်လည်း အရေးပါသော တိုက်ပွဲကြီးတစ်ပွဲနိုင်ခဲ့သည်။ ထိုပြင် သူသည် မစ္စစ္စပီတပ်မဟာနှင့် အနောက်ပိုင်းတိုင်း တပ်မဟာတိုကို ကိုင်ခဲ့စဉ်ကလည်း သူ၏သတ္တိနှင့် တိုက်ရည်ခိုက်ရည်ကို ကောင်းကောင်းကြီးပြနိုင်ခဲ့သည်။ ထိုကြောင့်လည်း လင်ကွန်းက ဂရန့်ဟာ ကျုပ်အဖို့တော့ ပထမဆုံးဗိုလ်ချုပ်ကြီးပဲ၊ တခြားပုဂ္ဂိုလ်တွေကတော့ သိကြတဲ့အတိုင်းပေါ့၊ သူတို ကျုပ်ကိုပဲ ဗိုလ်ချုပ်ကြီးလုပ်စေချင်ကြတယ်လေ၊ အခုတော့ ကျုပ်မပါဘဲ ရှေ့က သွားမဲ့ လူတစ် ယောက်ရတာ ဝမ်းသာစရာပဲ”ဟူ၍ ပြောခဲ့ခြင်းဖြစ်၏။
လင်ကွန်းအနေဖြင့် ဂရန့်လို ဗိုလ်ချုပ်ကြီးတစ်ယောက် ပေါ်ပေါက်လာအောင် စောင့်နေခဲ့ခြင်း သည် အကျိုးရှိပါသလား။ အစတုန်းက သူ ဘယ်လိုများ စိတ်ကူးမိခဲ့မည် ထင်ပါသလဲ။ စစ်ဆင်ရေးတစ် ခုလုံးကို သူကိုယ်တိုင် ကြိုးကိုင်အုပ်ချုပ်နိုင်လိမ့်မည်ဟုယူဆပါသလား။
ယင်းသို့လုပ်ခဲ့လျှင် သူ လှလှကြီး နှာခေါင်းကျည်ပွေ့ တွေ့ရမည်မှာ သေချာ၏။ အဘယ်ကြောင့် ဆိုသော် အခြားအရေးကြီးသော တိုင်းပြုပြည်ပြုတာဝန်များကို ဆောင်ရွက်နိုင်မည် မဟုတ်တော့ သောကြောင့် ဖြစ်သည်။ သူသည် တပ်မတော်တစ်ခုလုံးကိုစနစ်တကျဖွဲ ရေးနှင့် ဗိုလ်ချုပ်ကြီးဂရန့်၏ ခေါင်းဆောင်မှုအောက်သို့ ရောက်ရှိလာသည်အထိ သုံးနှစ်တိတိ အချိန်ယူခဲ့ရ၏။ သုံးနှစ်တိတိ စောင့်ခဲ့ရ၏။ စောင့်ရကျိုးနပ်ပါသလား။
တိုင်းပြည်ကို ကယ်တင်နိုင်ခဲ့ခြင်းသည်ပင်လျှင် သူ့လုပ်ရပ်မှန်ကန်ကြောင်းသက်သေပြနေ၏။ သိုသော်လည် ဖျောင်းဖျစည်းရုံးခြင်း၊ အားပေးထောက်ကူခြင်း၊ တာဝန်ကို ခွဲဝေပေးခြင်းတည်းဟူသော သူ၏အခြေခံသဘောတရားကို တစ်စိုက်မတ်မတ်စွဲကိုင်ကျင့်သုံးခဲ့သောကြောင့် အောင်မြင်မှုရရှိခဲ့ သည်မှာ ထင်ရှားသည်။
သူ့တွင် သမ္မတအဖြစ် အာဏာတွေ အများကြီးရှိသလို သြဇာသက်ရောက်မှုလည်း အများကြီးရှိသည်။ သိုသော် သူ့ရည်မှန်းချက် အောင်မြင်ရေးအတွက် အမိန့်ပေးနေ၍မဖြစ်။ တိုက်တွန်းနှိးဆော်ခြင်း၊ အကြံဉာဏ်ပေးခြင်းဖြင့်သာ အလုပ်ဖြစ်နိုင်မည်ဆိုသည်ကို သူသဘောပေါက်၏။ ဤသည်ပင်လျှင် သူ၏ လက်ရွေးစင်နည်းလမ်းဖြစ်သည်။ ဤနည်းလမ်းသည် အမိန့်ပေးခြင်းနည်းလမ်းထက် ပို၍ထိရောက်အောင်မြင်ကြောင်း လက်တွေ့သိရှိခဲ့ရ၏။ သူသည် အမိန့်ပေးခြင်းထက် မေတ္တာရပ်ခံခြင်းက ပို၍တန်ဖိုးရှိကြောင်း ကောင်းစွာသဘောပေါက်၏။ သူ၏ ပေးစာများနှင့် သံကြိုးစာများတွင်အကြံပေးချက်၊ တင်ပြချက်၊ ထောက်ခံချက်များနှင့် ပြည့်နေသည်။ အမိန့်ပေးစကားလုံးဝမပါ။ သူက သူ့ဗိုလ်ချုပ်ကြီးများအား သူတိုကိုယ်တိုင် ဆုံးဖြတ်တာ ကိုကြိုက် သည်။ သူ၏အကြံပေးချက်ကို အခြေပြုပြီး သူတိုအနေဖြင့် အမှန်ကို လုပ်ဆောင်နိုင်ကြလိမ့်မည်ဟု သူက မျှော်လင့်သည်။ (အောက်ပါတိုမှာ ဗိုလ်ချုပ်ကြီးများထံသို ပေးပို့ခဲ့သောပေးစာနှင့် သံကြိုးစာများ အနက် အချို့ဖြစ်၏။)
- မက္ကလီလန်ထံသို (၁၃-၁၀.၆၃)၊ .. ဒီစာဟာ အမိန့်စာသဘောမျိုးလုံးဝမဟုတ်ပါဘူး”
- ဟောလက်ထံသို (၁၉-၉.၆၃)၊ ‘… အဲဒါကို ဗိုလ်ချုပ် အလေးအနက်စဉ်းစားလိမ့်မယ်လို့ ကျုပ် မျှော်လင့်ပါတယ်”
- ဘန်းဆိုက်ဒ်ထံသို (၂၇.၉.၆၃)၊ “ဗိုလ်ချုပ်ကို အကြံပေးတင်ပြတာပါ။ အမိန့်ပေးတာ မဟုတ်ပါဘူး
- ဘင့်စ်ထံသို (၁၃.၁.၆၄)၊ “ဟိုဟာဒီဟာတွေ အားလုံးအတွက် ဗိုလ်ချုပ်ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ အစီအစဉ်ချပါ၊ အချိန်နဲ့နေရာ သတ်မှတ်ပါ”
- ဂရန့်ထံသို (၃၀.၄.၆၄)၊ ‘ကျုပ်ရဲ့အာဏာဘောင်အတွင်းက ပေးနိုင်တဲ့အရာ ဘာမဆို လိုချင်တာရှိရင် ကျုပ်ကို အသိပေးဖြစ်အောင်ပေးပါ
အခြားသူများအား သူ့ဘက်ပါအောင် ဆွဲဆောင်ရာတွင် လင်ကွန်း၏ လက်သုံးနည်းလမ်းမှာ သူ့စိတ်ကြိုက်ရွေးချယ်ထားသော ပုံဝတ္ထုတစ်ပုဒ် သိုမဟုတ် ဖြစ်စဉ်တစ်ရပ်ကို ပြောပြခြင်းဖြစ်၏။ တစ်ခါသော် စစ်ပွဲအတွက် ကုန်ကျစရိတ်ကို ဖြည့်တင်းနိုင်ရေးအတွက် အတိုးယူသော ငွေကြေးအသစ်ထုတ်ဝေဖို ဘဏ္ဍာရေးဝန်ကြီး ဆာလ်မွန်နေ့စ်အား လင်ကွန်းက အကြံပေးသည်။ သိုသော်လည်း သူ့အကြံပေးချက်ကို ဘဏ္ဍာရေးဝန်ကြီးက လက်မခံ၊ ဖွဲစည်းပုံအခြေခံဥပဒေနှင့် မကိုက်ညီဟု အကြောင်းပြသည်။ ဤတွင် လင်ကွန်းအနေဖြင့် သမ္မတအာဏာကိုသုံးပြီး ဘဏ္ဍာရေးဝန်ကြီးအား အတင်းအကျပ် အမိန့်ပေးမည်ဆိုက ပေးနိုင်သည်။ သိုသော်လည်း လင်ကွန်းက အမိန့်မပေး၊ သူ့ထုံးစံအတိုင်း ပုံဝတ္ထုတစ်ပုဒ်ကို ပြောပြသည်။
အီတလီမာလိန်မှူးဦးစီးသော သင်္ဘောတစ်စင်းသည် ကျောက်ဆောင်နှင့် ဝင်တိုက်၍ ဝမ်းဗိုက်ပေါက် သွားသည်။ ထိုအခါ မာလိန်မှူးက သင်္ဘောသားများအားရေပက်ခိုင်းပြီး သူကတော့ သင်္ဘောဦးပိုင်းရှိ မယ်တော်မာရီရုပ်တုရှေ့ထိုင်ကာ ဆုတောင်းနေသည်။ သို့ပေမဲ့ ရေတွေက လျော့မသွား၊ ပက်လေပက် လေ ဒလဟောဝင်လာလေ ဖြစ်နေသည်။ နောက်ဆုံး လူအပြည့်နှင့် သင်္ဘောတစ်စင်းလုံး စုပ်စုပ်မြုပ်တော့မည့်ကိန်းမျိုးကြံနေရပြီ။ ဤတွင် မာလိန်မှူးက သူ့ဆုတောင်းမပြည့်သောကြောင့် မယ်တော်မာရီရုပ်တုကို ဆတ်ခနဲ လှမ်းယူကာ ရေထဲပစ်ချလိုက်သည်။ ဤတွင် ရုတ်တရက် ရေဝင်ရပ်သွားပြီးရေတွေကုန်အောင် ပက်ထုတ်နိုင်လေသည်။ သင်္ဘောဆက်လက်ထွက်ခွာလာရာ ဆိပ်ကမ်းသို့ အန္တရာယ်ကင်းစွာ ရောက်ရှိ၏။ ထိုနောက် သင်္ဘောကို ပြန်ပြင်ရန် ဒေါက်တင်သောအခါ ဝမ်းဗိုက်ပေါက်တွင် ခေါင်းစိုက်နေသော မယ်တော်ရုပ်တုကို တွေ့ကြရလေ၏။
ဤပုံဝတ္ထု၏ ဆိုလိုရင်းအဓိပ္ပာယ်ကို ဝန်ကြီးနေ့စ်က ရုတ်တရက် သဘောမပေါက်ဘဲ ဖြစ်နေသည်။ ထိုကြောင့် သမ္မတကြီးက “ဒီမယ်… ချေ့စ် ကျုပ်ကမယ်တော်ရုပ်တုကို ရေထဲပစ်ချဖို တကယ်မရည် ရွယ်ပါဘူး၊ ဖွဲစည်းပုံအခြေခံဥပဒေနဲ့တင်စားပြီး ပြောလိုတာပါ။ ဒါပေမယ့် ကျုပ်ကတော့ ဖြစ်နိုင်မယ်ဆိုရင် အဲဒီအပေါက်မှာခေါင်းစိုက်နေစေချင်တယ်။ ဘာဖြစ်လိုလဲဆိုတော့ သူပုန်တွေက ပြည်ထောင်စုကြီးကိုဖြိုခွဲဖိုအတွက် ဖွဲစည်းပုံအခြေခံဥပဒေကို ချိုးဖောက်နေကြတယ်။ ကျုပ်ကတော့ ပြည်ထောင်စုကြီးကို ကယ်တင်ဖိုအတွက် လိုအပ်မယ်ဆိုရင် ဖွဲစည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရလိမ့်မယ်။ ဒီရန်ပွဲကြီး မပြီးသေးခင်မှာ ဖွဲစည်းပုံအခြေခံဥပဒေဟာ အနည်းနဲ့
အများ အထိအခိုက်တော့ ရှိလိမ့်မယ်ထင်တယ် ချေ့စ်”ဟု ပြောလိုက်လေသည်။
လင်ကွန်း မကြာခဏကျင့်သုံးသော အခြားဖျောင်းဖျဆွဲဆောင်နည်း တစ်နည်းမှာ သူ့လက်အောက်ငယ်သားများထံသို စာရှည်ကြီးတွေ ရေးပို့ခြင်းဖြစ်၏။ ဖျောင်းဖျဆွဲဆောင်ခြင်း၊ ကူညီထောက်ပင့်ခြင်း၊ တာဝန်ခွဲဝေပေးခြင်းနှင့်ပတ်သက်၍ လင်ကွန်း၏ စိတ်ထားနှင့် အတွေးအခေါ်ကို ဗိုလ်ချုပ်ကြီး ဂျိုးဇက်ဟူးကားထံသို ပေးစာတွင် အထင်ရှားဆုံးတွေ့နိုင်သည်။ ထိုစာမှာ ဟူးကားအား ပိုတိုမက်တပ်မဟာကို ဦးစီးကွပ်ကဲရန် တာဝန်ပေးအပ်စဉ်က ပေးသောစာ ဖြစ်သည်။
သမ္မတလင်ကွန်းက ဗိုလ်ချုပ်ကြီး အမ်ဘရိုစ် ဘန်းဆိုက်ဒ်ကို ဖြုတ်ပြီး သူ့နေရာတွင် ဟူးကားကို အစားထိုးခန့်ထားသည်။ (ဘန်းဆိုက်ဒ်က ဟူးကားအားသူ့လက်ထောက်အဖြစ်မှဖြုတ်ပစ်ရန် တောင်းဆိုသောကြောင့်ဖြစ်၏။) ဘန်းဆိုဒ် အလုပ်မလုပ်သောကြောင့် သမ္မတကြီး တော်တော်စိတ် ပျက်နေသည်။ ထိုကြောင့် တိုက်ရဲခိုက်ရဲသော ဗိုလ်ချုပ်တစ်ယောက်ကို ရှာနေသည်။ ဟူးကားမှာ “တိုက်မောင်း ဟူ၍ နာမည်ကျော်နေသူ ဖြစ်သည်။ ဤသည်ပင်လျှင် သမ္မတကြီးလိုချင်သောအချက် ဖြစ်၏။ သို့သော် လည်း ဟူးကား၏ အပြုအမူနှင့်ပတ်သက်၍ သမ္မတကြီး မကျေနပ်စရာတချို့ရှိသည်။ ယင်းမှာ အခြားမဟုတ်၊ ဟူးကားသည် အထက်လူကြီးများအား အမြဲလိုလို ဝေဖန်ပြီး နှုတ်လှန်ထိုးလေ့ ရှိသည်။ ထိုပြင် ဖရက်ဒရစ်စဘတ် တိုက်ပွဲဖြစ်ပွားပြီးနောက် တိုင်းပြည်အနေဖြင့် အာဏာရှင်ခေါင်း ဆောင် လိုအပ်နေပြီဟုလည်း သူက ပြောခဲ့၏။
ဤတွင် လင်ကွန်းအနေဖြင့် တကယ့်ပြဿနာနှင့် ရင်ဆိုင်နေရပြီ။ သူ ဘယ်လမ်းကိုရွေးမလဲ။ ဟူးကားအား ရာထူးတိုးမပေးဘဲ လုံးဝမေ့ထားလိုက်လိုရသည်။ မာန်တက်နေသော ဤဗိုလ်ချုပ်ကို ရာထူးတိုးမပေးသင့်သည့် အကြောင်းတွေ အများကြီးရှိသည်။ သိုသော်လည်း လောလောဆယ်အခြေ အနေက တက်တက်ကြွကြွ ဦးဆောင်မှုပေးနိုင်သော ဗိုလ်ချုပ်ကြီးတစ်ဦးကို အရေးတကြီး တောင်းဆိုနေသည်။ ဗိုလ်ချုပ်ဟူးကားသည် အသင့်တော်ဆုံးဖြစ်သည်ဟု သမ္မတကြီးက ယုံကြည်သည်။ ထိုကြောင့် ဟူးကားကိုပင် အားကိုးတော့မည်ဟု ဆုံးဖြတ်လိုက်သည်။ သို့သော် သမ္မတကြီးသည် ဤတစ်ကြိမ် တွင်လည်း ယခင် ဗိုလ်ချုပ်ကြီးများအပေါ် ကျင့်သုံးခဲ့သော ဖျောင်းဖျဆွဲဆောင်ခြင်း၊ ကူညီပံ့ပိုးခြင်း၊ အားပေးခြင်း နည်းလမ်းကိုပင် ကျင့်သုံးသည်။
၁၈၆၃ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် သမ္မတကြီးက သူ၏ဗိုလ်ချုပ်ကြီးလက်သစ်ကို ဝါရှင်တန်သို ခေါ်လိုက်သည်။ ထိုနောက် စစ်ဆင်ရေး မဟာဗျူဟာများကို ဆွေးနွေးကြသည်။ ဗိုလ်ချုပ်ကြီးက သူ့သဘောထားကိုတင်ပြသည်။ သမ္မတကြီးကလည်းသူ့မျှော်လင့်ချက်ကို ပြောပြသည်။ ဆွေးနွေးပွဲပြီးသောအခါ သမ္မတကြီးက ဗိုလ်ချုပ်ကြီးအား စာရှည်ကြီးတစ်စောင် ကမ်းပေးသည်။ ထိုစာကား အောက်ပါသမိုင်းဝင်စာပင်တည်း။
အိမ်ဖြူတော်
ဝါရှင်တန်မြို့
ဗိုလ်ချုပ်ကြီးဟူးကားသို့…
၁၈၆၃၊ ဇန်ဝါရီ၊ ၂၆။
ဗိုလ်ချုပ်ကြီးခင်ဗျား၊
ပိုတိုမက် တပ်မဟာကို ဦးဆောင်ဖိုအတွက် ဗိုလ်ချုပ်ကို ကျပ် တာဝန်ပေးလိုက်ပါပြီ။ ကျုပ် ဒီလိုလုပ်တာဟာ လုံလောက်တဲ့အကြောင်းတွေ ရှိပါတယ်။ ဒါပေမဲ့ တချိုကိစ္စတွေမှာ ဗိုလ်ချုပ်ကို ကျပ် မကျေနပ်တာတွေရှိတယ်ဆိုတာ ဗိုလ်ချုပ် သိထားသင့်တယ်လို ကျုပ် ထင်ပါတယ်။ တကယ်တော့ဗိုလ်ချုပ်ဟာ သတ္တိဗျတ္တိနဲ့ပြည့်စုံတဲ့ စစ်သည်တစ်ဦးပါ။ အဲဒါကို ကျပ် သိပ်ပြီးသဘောကျပါတယ်။ ပြီးတော့ ဗိုလ်ချုပ်ဟာ ကိုယ့်အလုပ်နဲ့ နိုင်ငံရေးကိုလည်းမရောဘူး၊အဲဒါ ဗိုလ်ချုပ်မှန်ပါတယ်။ ဗိုလ်ချုပ်ဟာ ကိုယ့်ကိုယ်ကိုယုံကြည်တယ်။ ဒီအချက်ဟာ မရှိမဖြစ် လိုအပ်တဲ့အရည်အချင်းမဟုတ်ပေမဲ့ တန်ဖိုးတော့ရှိပါတယ်။ ဗိုလ်ချုပ်ဟာ ကြီးပွားအောင်မြင်လိုစိတ်လည်း ပြင်းပြတယ်။ဒီအချက်ဟာ ကျိုးကြောင်းညီညွတ်တဲ့ ဘောင်အတွင်းမှာဆိုရင် အဆိုးထက်အကောင်းကို ပိုပြီး ဖြစ်စေနိုင်ပါတယ်။
ဒါပေမဲ့ ဗိုလ်ချုပ်ဟာ ဗိုလ်ချုပ်ကြီး ဘန်းဆိုက်ဒ်လက်ထက်က ကြီးပွား အောင်မြင်လိုတဲ့ဆန္ဒစိတ်ကို အလိုလိုက်ပြီး ဘန်းဆိုက်ဒ်ကို တော်တော့ကို အနှောင့်အယှက်ပေးခဲ့တယ်လို ကျုပ်ထင်ပါတယ်။ အဲဒီအပြုအမူဟာ နိုင်ငံ အပေါ်မှာလည်း အလွန်မှားတယ်၊ ဂုဏ်သိက္ခာအရှိဆုံး နောင်တော်အရာရှိ ကြီးတစ်ယောက်အပေါ်မှာလည်း အလွန်မှားတယ်။ တပ်မတော်အနေနဲ့ရော၊ အစိုးရအနေနဲ့ရော အာဏာရှင်ခေါင်းဆောင်တစ်ဦး လိုအပ်နေပြီဆိုပြီး မကြာသေးခင်က ဗိုလ်ချုပ်ပြောခဲ့တယ်လို ယုံကြည်လောက်တဲ့ နေရာကတစ်ဆင့် ကျပ်ကြားသိရတယ်။ တကယ်တော့ အဲဒီလိုပြောတဲ့အတွက် အခုတာဝန်ကို ကျုပ်ကဗိုလ်ချုပ်ကို အပ်နှင်းတာမဟုတ်ပါဘူး။ အောင်ပွဲဆင်နိုင်တဲ့ ဗိုလ်ချုပ်ကြီးတွေမှသာ အာဏာရှင်ဖြစ်နိုင်ပါတယ်။ အာဏာရှင်အဖြစ်ကို ကျပ် စွန့်စားပြီးခံယူပါမယ်။ အစိုးရအဖွဲအနေဖြင့် အခြားဗိုလ်ချုပ်ကြီးတွေအားလုံးကို အစွမ်းကုန်ကူညီခဲ့သလို ဗိုလ်ချုပ်ကိုလည်း အစွမ်းကုန်ကူညီပါမယ်။ အထက်အရာရှိကိုဝေဖန်ခြင်း၊ အယုံအကြည်မဲ့ခြင်းဆိုတဲ့ စိတ်ဓာတ်ကို တပ်မတော်ထဲ သွတ်သွင်းဖို့ ဗိုလ်ချုပ်ကြိုးစားခဲ့တယ်။ အခု အဲဒီစိတ်ဓာတ်က ဗိုလ်ချုပ်ကို ကိုယ့်ရှူးကိုယ်ပြန်ပတ်လာမှာကို ကျပ် သိပ်ပြီးစိုးရိမ်မိတယ်။ အဲဒီစိတ်ဓာတ်ကို ချိုးနှိမ်ဖိုအတွက် ဗိုလ်ချုပ်ကို ကျပ် အတတ်နိုင်ဆုံးကူညီပါမယ်။ (သူ အသက်ပြန်ရှင်လာရင်) နပိုလီယံဖြစ်ဖြစ်၊ ဗိုလ်ချုပ်ဖြစ်ဖြစ် တပ်မတော်အတွင်းမှာ အဲဒီစိတ်ဓာတ်မျိုး ပြန့်ပွားလာအောင်လုပ်ခဲ့ရင် တပ်မတော်ကို ဘယ်လိုမျှ ကောင်းကျိုးမပေးနိုင်ပါဘူး။
စိတ်လိုက်မာန်ပါလုပ်ခြင်းကို သတိထားပါ။ အားနှင့်မာန်နှင့်၊ မအိပ်မနေနိုးကြားမှုနှင့် ရှေ့သိုချီပါ၊ ကျုပ်တိုကို အောင်ပွဲတွေပေးပါ။
မှန်ကန်ရိုးသားစွာဖြင့်
အေ၊ လင်ကွန်း
မျက်မှောက်ခေတ် ခေါင်းဆောင်များသည် အထက်ပါစာမှ အရေးပါသောသင်ခန်းစာရရှိနိုင်၏။ လင်ကွန်းက ဗိုလ်ချုပ်ကြီးဟူးကားအပေါ် သူ့အမြင်ကို (အကောင်းရော၊ အဆိုးရော) ပွင့်ပွင့်လင်းလင်း ပြောသည်။ သူ ဘာကိုမျှော်လင့်ကြောင်း အတိအလင်းပြောသည်။ အကူအညီ အထောက်အပံ့ပေးရန် ကတိပေးသည်။ ရှေ့ဆောင်ရှေ့ရွက်ပြုပြီး မှန်ကန်သော အလုပ်ကိုလုပ်ရန် တိုက်တွန်းအားပေးသည်။ ဤသည်မှာခေါင်းဆောင်အဖြစ် လင်ကွန်း၏ အကောင်းဆုံးလုပ်ရပ်ဖြစ်၏။
ဗိုလ်ချုပ်ကြီးဟူးကားသည် ထိုစာကိုဖတ်ပြီး စိတ်ထဲတွင် နက်နက်နဲနဲ ခံစားရသည်။ ထိုစာနှင့်ပတ်သက်ပြီး နောင်အခါ သတင်းစာဆရာတစ်ယောက်အား ဒီစာမျိုးဆိုတာက ဖခင်က သားဆီရေးတဲ့စာမျိုးပဲ”ဟူ၍ ဗိုလ်ချုပ်ကြီးက ပြောခဲ့ဖူးသည်။
ခေါင်းဆောင်လုပ်သူသည် မကြာခဏဆိုသလို မိဘသဖွယ်လည်း ကျင့်သုံးရသည်။ လင်ကွန်း၏ ဖခင်စိတ်ထားသည် သူ၏သမ္မတဘဝကို အထောက်အကူပြုခဲ့၏။ အဖွဲအစည်းဟူသည် မိသားစုပင် ဖြစ်သည်။ ခေါင်းဆောင်သည် မိသားစု၏ အကြီးအကဲဖြစ်သည်။ ထိုကြောင့် မိဘများက သားသမီးများကို စောင့်ရှောက်လမ်းညွှန်သလိုခေါင်းဆောင်များကလည်း လက်အောက်ငယ်သား များအား မကြာခဏစောင့်ရှောက်လမ်းညွှန်သည်။
ထိတွေ့၍မရသော၊ နားလည်ရခက်သော ဤကျွမ်းကျင်မှုသည် လင်ကွန်း၏လူမှုဆက်ဆံ ရေးတွင် အဓိက အထောက်အပံ့ဖြစ်သည်။ လက်အောက်ငယ်သားများအကျပ်အတည်းတွေ့နေချိန်တွင် သူက မားမားမတ်မတ် ဝင်ရောက်ဦးဆောင်သည်။ သူသည် သူ၏လမ်းညွှန်ချက်များကို ကိုယ်တိုင်စံန မူပြ၍ အကောင်အထည်ဖော်သည်။စည်းကမ်းနှင့်ပတ်သက်လျှင်လည်း ဖခင်စိတ်ဓာတ်ဖြင့် ဆောင်ရွက်သည်။
ယနေ့ခေတ် အမှုထမ်းများသည် ငွေကြေးနှင့် ပစ္စည်းဆုလာဘ်ထက်ပိုသောအရာကို တောင်းဆိုနေကြပြီ။ ထိုကြောင့် ခေါင်းဆောင်များအနေဖြင့် အစဉ်အလာ ဆုပေးဒဏ် ပေးနည်းလမ်းထက် ပို၍အကျိုးရှိသော ဖျောင်းဖျဆွဲဆောင်မှု နည်းဗျူဟာအမျိုးမျိုးကို ကျင့်သုံးရန် လိုအပ်သည်။ လူအထွေထွေ၊ စိတ်နေအမျိုးမျိုး၏ သိမ်မွေ့သောခြားနားမှုသဘောကို နားလည်ပြီး အမှုထမ်းပေါင်းစုံတိုနှင့် သဟဇာတဖြစ်လျှင် ဆက်ဆံရေးမပျက်ဘဲ အောင်မြင်ရေးလမ်းပေါ်သို ဧကန်ရောက်ရှိနိုင်မည်ဖြစ်သည်။
လင်ကွန်း၏ ခေါင်းဆောင်မှုကျင့်စဉ်
.
- ဌာနတွင်း မကျေနပ်ချက်များကို အားမပေးနှင့် ညှိနှိင်းစေ့စပ်ရန် လက်အောက်ငယ်သားများအား အမြဲတမ်း ဖြောင်းဖျဆွဲဆောင်ပါ။
- အင်အားကို နောက်ဆုံး အားကိုးရာအဖြစ်သာ သုံးပါ။ နောက်လိုက်ငယ်သားများက သူတိုလုပ်ရပ်ကို သူတိုစိတ်ကူးဖြင့် လုပ်သည်ဟု ယုံကြည်ချင်ကြကြောင်းကို သတိရပါ။ ထို့ထက် သူတိုလုပ်ရပ်သည် အများနှင့်မတူ တစ်မူထူးခြားသည်ဟု ယုံကြည်ချင်ကြကြောင်းကို သတိရပါ။
- နောက်လိုက်ငယ်သားကို မိမိဘက်ပါအောင် ဆွဲဆောင်လိုလျှင် မိမိသည် မိတ်ဆွေကောင်းတစ်ယောက်ဖြစ်ကြောင်း သူယုံကြည်အောင် ပထမဦးစွာ ပြသပါ။
- နောက်လိုက်များကို မိမိက ဦးဆောင်ရန် သူတို၏ သဘောတူညီမှုကို အလျင်ရယူပါ။
- နောက်လိုက်များအား ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့် လုပ်ကိုင်စေခြင်းဖြင့် တာဝန်နှင့် အာဏာကို ခွဲဝေပေးပါ။
- အဖွဲအစည်းတစ်ခုလုံးနှင့်ဆိုင်သော ကိစ္စများတွင် ဌာနအသီးသီး၏ အကြီးအကဲများနှင့် ပြည့်ပြည့်ဝဝ ဆွေးနွေးတိုင်ပင်ပြီးမှဆောင်ရွက်ပါ။
- ခေါင်းဆောင်ကောင်းသည် အမိန့်မပေး၊ မေတ္တာရပ်ခံခြင်း၊တိုက်တွန်းခြင်း၊ အကြံပေးခြင်းတိုကိုသာ ပြုလုပ်သည်။
အပိုင်း (၂)
အကျင့်စရိုက်
အခန်း(၄)
ရိုးသားဖြောင့်မတ်ခြင်းသာ အကောင်းဆုံး
“ကျုပ်က အရာရာကို ဘက်လိုက်မှု၊ မျက်နှာလိုက်မှုမရှိဘဲ မြင်နိုင်အောင် ကြိုးစားတယ်။ သင့်ရဲ့အထက်လူကြီးအဖြစ်လည်း သဘောမထားဘူး၊ ကျုပ်ရဲ့ အနေအထားက ဒီကိစ္စတွေအားလုံးမှာ ကျပ်တာဝန်ကို ကျုပ်နားလည်အောင်လုပ်ပေးတယ်၊ ကျုပ်ရဲ့ ရိုးသားတည်ကြည်မှုကို သင် သံသယမဝင်သေးဘူးဆိုတာ ကျုပ် ယုံကြည်ပါတယ်”
[စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဟင်နရီဟောလက်ကို
ဖြုတ်ပစ်ရန် တိုက်တွန်းသော
မိတ်ဆွေရင်း တစ်ယောက်ထံ လင်ကွန်း၏
ပေးစာနောက်ဆုံးစာပိုဒ် (၂၆.၅.၁၈၆၁)]
အေဘရာဟင်လင်ကွန်းသည် တရားမျှတသည်၊ သစ္စာရှိသည်၊ စိတ်ရင်းကောင်းသည်၊ ရိုးဖြောင့်သည်၊ အကျင့်စရိုက်ကောင်းသည်၊ ပြီးတော့ ဂျော့ဝါရှင်တန်ကဲ့သိုပင် အမှန်တရားကို မြတ်နိုးသည်။ ဤဂုဏ်အင်္ဂါများကြောင့်ပင် ဒဏ္ဍာရီလာ သူရဲကောင်းတစ်ယောက်ပမာ လူတွေက သူ့ကို ကြည်ညိုလေးစားကြခြင်းဖြစ်၏။ သူ့ကို လူတွေက“ကိုရွှေရိုးကြီး ‘ဟူ၍ပင် ခေါ်ကြသည်။ သူသည် ၁၈၃ဝ ပြည့်ဝန်းကျင်က အီလီနွိက်ပြည်နယ်၊ နယူးဆာလင်မြို ကလေးတွင် ဝီလျံဘယ်ရီနှင့် အစုရှယ်ယာစပ်၍ ကုန်စုံဆိုင်တစ်ဆိုင် ဖွင့်ခဲ့ဖူးသည်။ ထိုစဉ်က သူသည် ရိုးသားဖြောင့်မတ်သော စီးပွားရေးသမားအဖြစ် ထင်ရှားခဲ့သည်။ ထိုကြောင့်ပင် “ကိုရွှေရိုးကြီး’ ဟူသော နာမည်ကို ရခဲ့ခြင်းဖြစ် ပေလိမ့်မည်။ အဆိုပါမြို့ကလေးတွင် လင်ကွန်းကို လူတိုင်း သိကြသည်။ နောက်ပိုင်း စာတိုက်ဗိုလ်ဖြစ် လာသောအခါ ပို၍ လူသိများလာသည်။
သို့သော်လည်း ရိုးသားဖြောင့်မတ်ခြင်းနှင့် လူသိများခြင်းကြောင့်တော့ စီးပွားရေးလုပ်ငန်းမှာ အမြဲတမ်းမအောင်မြင်တတ်ပါချေ။ လင်ကွန်းနှင့် သူ့မိတ်ဆွေတို့သည်တဖြည်းဖြည်းနှင့် ကြွေးလည် ပင်းခိုက်လာသည်။ အကြောင်းတစ်ရပ်မှာ သူ့မိတ်ဆွေ ဘယ်ရီက ‘သေသောက်ကြူးသောကြောင့် ဖြစ်သည်။ ၁၈၃၅ ခုနှစ်တွင် ဘယ်ရီ သေဆုံး သွားသောအခါ လင်ကွန်းမှာ အကြွေး ဒေါ်လာငွေ ၁,၁၀၀နှင့် ယက်ကန်ယက်ကန် ဖြစ်ကျန်ရစ်သည်။ (ထိုအကြွေးကို လင်ကွန်းက “အမျိုးသားကြွေးမြီ’ဟု ကင်ပွန်းတပ်ခဲ့သည်။) ထိုအကြွေးကို တစ်ပြားမကျန် အကျေအလည် ပေးဆပ်ဖိုအတွက် သူ့ခမျာ နှစ်ပေါင်းများစွာ ရုန်းကန်ခဲ့ရရှာ၏။
မည်သိုပင်ဖြစ်စေ လင်ကွန်းသည် ၁၈၆ဝ ပြည့်နှစ် သမ္မတရွေးကောက်ပွဲတွင်“ကိုရွှေရိုးကြီး (Honest Abe) ဟူသော နာမည်ဖြင့် ရှင်ပြန်ထမြောက်လာခဲ့သည်။ ရီပတ်ဘလစ်ကန်ပါတီ၏ မဲဆွယ်နည်းပုံစံအတိုင်း ‘Honest Abe’ဟူသောစာလုံးကို မဲဆွယ်ပိုစတာများနှင့် ကာတွန်းများဖြင့် ဖော်ပြကြရုံသာမက တစ်နိုင်ငံလုံးရှိ သတင်း စာများတွင်လည်း ဖော်ပြကြ၏။ လင်ကွန်းအား အကြွင်းမဲ့ ရိုးသားသော သာမန်ပြည်သူ တစ်ယောက်အဖြစ် ဖော်ပြကြခြင်းမှာ အမျိုးသားရေး လှုပ်ရှား မှုကြီးတစ်ခုပမာ ဖြစ်ခဲ့၏။ ထိုကြောင့်လည်း သူ့အား ဂုဏ်ရောင်အပြောင်ဆုံး နိုင်ငံ့ခေါင်းဆောင်ကြီး အဖြစ် ယနေ့တိုင်လက်ခံနေကြခြင်းဖြစ်သည်။
လင်ကွန်း၏ဘဝတွင် ရိုးသားခြင်းနှင့် တည်ကြည်ဖြောင့်မတ်ခြင်းတည်းဟူသောဂုဏ်ရည်သည် အမြဲတမ်း တောက်ပြောင်ခဲ့သည်။ ဤဂုဏ်ရည်သည် ခေါင်ဆောင်တစ်ဦး၏ အမြင့်မြတ်ဆုံးဂုဏ်ရည် ပင်ဖြစ်သည်။ ဤဂုဏ်ရည်သည် အဖွဲအစည်းတစ်ခုကိုလည်းမပြိုကွဲအောင် ပေါင်းစည်းပေးနိုင်၏။ အကောင်းဆုံး၊ အတိုးတက်ဆုံးနှင့် အအောင်မြင်ဆုံး အဖွဲအစည်းသည် ယုံကြည်ရမှုနှင့် တည်ကြည် ဖြောင့်မတ်မှုကို အလေးအနက်ထားကြောင်း တွမ်ပီတာစ်က သူ၏သုတေသနစစ်တမ်းတွင် ဖော်ပြထားသည်။ “ရိုးသားဖြောင့်မတ်ခြင်းသာလျှင် အကောင်းဆုံးဖြစ်၏’ဟူ၍ သူကဆိုသည်။ ဘင်းနစ်နှင့် နာနပ်စ်တို့ကလည်း သူတို၏စာအုပ်တွင် မန်နေဂျာများသည် အလုပ်ကို မှန်ကန်အောင် လုပ်ကြသည်။ ခေါင်းဆောင်များကမူ မှန်ကန်သောအလုပ်ကို လုပ်ကြသည်” ဟူ၍ရေးသားထားသည်။ ဂျိမ်းစ် မဂ္ဂရီဂါဘန်းစ်ကတော့ ကိုယ်ကျင့်သိက္ခာကင်းမဲ့လျှင်ခေါင်းဆောင်မှုသည် စီမံခန့်ခွဲမှုအဆင့်သို လျှောကျသွားပြီး နိုင်ငံရေးသည် နည်းစနစ်အဖြစ်သို့သာ လျှောဆင်းသွားသည်”ဟူ၍ သူ့စာအုပ်တွင် ဖော်ပြထား၏။
ရိုးသားဖြောင့်မတ်ခြင်းတွင် ဖြူစင်သောစေတနာပါရသည်။ ဤအချက်သည်လင်ကွန်းအား လူတွေက လေးစားချစ်ခင်ခြင်းအကြောင်းတစ်ရပ်ဖြစ်၏။ လူတစ်ယောက်၏ အပြောအဆို အပြုအမူနှင့် အလုပ်အကိုင်တိုဖြင့် ရိုးသားဖြောင့်မတ်ခြင်းအစစ်အမှန်ကို ဆုံးဖြတ်နိုင်သည်။ ရိုးသားဖြောင့်မတ်ခြင်းသည် ခေါင်းဆောင်ကောင်း၏ တန်ဖိုးနှင့်တစ်သားတည်း ဆက်စပ်နေသည်။ စည်းကမ်းချက်အနေဖြင့် ခေါင်းဆောင်များသည် နောက်လိုက်များအား ဆွဲဆောင်နိုင်သော အခြေခံပန်းတိုင်များနှင့် တန်ဖိုးများ သတ်မှတ် လုပ်ဆောင်ရမည်။ သိုမှသာ လူထု၏ထောက်ခံမှုကို ရရှိနိုင်မည်။ လူထုသည် အတူတကွ မျှဝေဆောင်ရွက်သူများအဖြစ် ပူးပေါင်းပါဝင်လာမည်။
နိုင်ငံတစ်နိုင်ငံဖြစ်စေ၊ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်စေ အောင်မြင်သော အဖွဲ့အစည်းတစ်ခုတွင် ခိုင်မာသော မျှဝေတန်ဖိုးများရှိရမည်။ ယင်းတန်ဖိုးများကို အဖွဲအစည်းဝင်အများစုကသာမကဘဲ အချိုနေရာတွင် အဖွဲဝင်အားလုံးက ပိုင်ဆိုင်ရမည်။ သို့သော်အဖွဲအစည်းဝင်တိုင်း တူညီသောတန်ဖိုးကို ဘယ်လို မျှဝေခံစားနိုင်ပါမည်နည်း။ ဤတွင်ခေါင်းဆောင်၏ အခန်းကဏ္ဍပါဝင်လာ၏။ မကြာခဏ ဟောပြောခြင်း၊ ဖျောင်းဖျတိုက်တွန်းခြင်းဖြင့် ယင်းတန်ဖိုးများကို သွတ်သွင်းပေးရန်မှာ ခေါင်းဆောင်၏ အဓိကတာဝန်ဖြစ်သည်။ ခေါင်းဆောင်သည် နောက်လိုက်များအား လက်ရှိအခြေအနေမှ မြှင့်တင်ပေးရ မည်။ နိုးကြားလာအောင်၊ အားတက်လာအောင်၊ တာဝန်ယူချင်လာအောင် နှိးဆော်စည်းရုံးရမည်။
လင်ကွန်းသည် အမေရိကန်ပြည်သူတိုအား စုစည်းပေးခဲ့သော အခြေခံအကျဆုံး တန်ဖိုးနှစ်ရပ် ကို မပြတ်ဖော်ကျူးခဲ့သည်။ မျှဝေခံစားခဲ့သည်။ ယင်းတန်ဖိုးနှစ်ရပ်မှာ လွတ်လပ်ခြင်း နှင့် တန်းတူညီ မျှခြင်း တို ဖြစ်သည်။ အချုပ်ဆိုသော် လင်ကွန်း၏ရိုးသားဖြောင့်မတ်ခြင်းသည်ပင်လျှင် တစ်မျိုးသားလုံး၏ ရိုးသားဖြောင့်မတ်ခြင်းဖြစ်၏။ လွတ်လပ်ရေးကြေညာစာတမ်းပါခံစားချက်က ပေါ်ထွက်လာတဲ့ ခံစားချက်ကို နိုင်ငံရေးအရ ကျပ် အမြဲတမ်းခံစားပါတယ်”ဟူ၍ တစ်ခါက သူပြောခဲ့ဖူး သည်။ လင်ကွန်း၏အမြင်တွင် လူသားတိုင်းပင် တန်းတူညီတူ ဖြစ်ပေါ်လာကြခြင်း ဖြစ်သည်။ တိုင်းပြု ပြည်ထောင် မျိုးချစ်ဖခင်ကြီးများက နိုင်ငံတော်ကို တည်ထောင်ထားခဲ့သည်မှာ ‘ဤနိုင်ငံတွင် အဓမ္မဝါဒီဘုရင်များ ပြန်ပေါ်လာပြီး နောက်ဆုံး၌ အလွန်ခက်ခဲသော ပြဿနာကြီးနှင့် ပက်ပင်းတိုး ကြစေရန် ဖြစ်၏။
လင်ကွန်းအဖို့ ပြည်တွင်းစစ်သည် လက်နက်ကိုင် ပဋိပက္ခကြီးထက်ပိုသော“ပြည်သူ့အားပြိုင်ပွဲ ကြီးဖြစ်နေသည်။ ပြည်ထောင်စုဘက်အနေနဲ့ဆိုရင် ဒီပြိုင်ပွဲကြီးဟာကမ္ဘာပေါ်မှာ လူသားတွေရဲ့အ ဆင့်အတန်းကို မြှင့်တင်ပြီး လူတိုင်း လွတ်လပ်စွာနဲ့တူညီတဲ့အခွင့်အရေးရရှိရေးကို အဓိကရည်ရွယ်တဲ့ အစိုးရရဲ့ ဖွဲစည်းပုံနှင့် မူဝါဒကိုထိန်းသိမ်းထားဖိုအတွက် ရုန်းကန်လှုပ်ရှားမှုကြီးပါပဲ´ဟူ၍ သူက ပြောခဲ့သည်။
ယင်းသို့သော စွဲမက်စရာစကားများကြောင့် လင်ကွန်းသည် ပြည်ထောင်စုအစိုးရနှင့် ပြည်သူလူထုကို ဆွဲဆောင်စည်းရုံးနိုင်ခဲ့ခြင်းမှာ အံ့သြစရာ မဟုတ်ပါချေ။သူသည် လူတိုင်း၏ ဖြူစင်ရိုးသားမှုနှင့် မှန်ကန်ဖြောင့်မတ်မှုကို တောင်းဆိုခဲ့သည်။
လင်ကွန်းကား ပြောသလိုလုပ်၍ လုပ်သလိုပြောသူဖြစ်၏။ သူသည် အထက်သို့ ရောက်သွားသောအခါ အောက်သို ပြန်လှည့်ကြည့်ပြီး အောက်ကလူကို အပေါ်သို့ဟက်နိုင်အောင် ကူညီပေးသည်။ သူသည် စိတ်ရှည်ခြင်း၊ ယုံကြည်ရခြင်း၊ လေးစားရခြင်း တို့ဖြင့် တစ်ပါးသူများအား အောင်မြင်မှုလှေကားကို တက်နိုင်အောင် ကူညီသည်။ ဤသိုအားဖြင့် သူသည် မျှဝေပေးသော ခေါင်းဆောင်ဖြစ်လာ၏။
ယုံကြည်ခြင်း၊ ရိုးသားခြင်းနှင့် မှန်ကန်ဖြောင့်မတ်ခြင်းတိုသည် ခေါင်းဆောင်မှုတွင် အလွန်အရေးပါသော အရည်အချင်းများ ဖြစ်၏။ အဘယ်ကြောင့်ဟူမူ ယင်းအရည်အချင်းများသည် နောက်လိုက်ငယ်သားများအပေါ်တွင် အထူးတလည် သြဇာသက်ရောက်မှုရှိသောကြောင့်တည်း။ လူများစုသည် အခြားသူများအပေါ် ယုံကြည်မှုလိုအပ်သည်။ အထူးသဖြင့် အထက်လူကြီးအပေါ် ယုံကြည်မှုလိုအပ်သည်။ ကုမ္ပဏီတစ်ခု အနေဖြင့် အကျိုးဖြစ်ထွန်းရန် ဆန်းသစ်တီထွင်မှုပါသော စွန့်စားဆောင်ရွက်မှုများပြုလုပ် ရသည်။ ယင်းသိုပြုလုပ်နိုင်ရန် အမှုထမ်းများ၏ အားတက်သရော ပါဝင်ဆောင်ရွက်မှုလိုအပ်သည်။ ယင်းသို့ဖြစ်ရန်အတွက် အမှုထမ်းများက အထက်လူကြီးအပေါ် စွဲမြဲသောယုံကြည်အားကိုးမှုရှိဖိုလိုသည်။
လင်ကွန်းသည် မှန်သောအလုပ်ကိုသာ အမြဲတမ်းလုပ်သည်။ သိုမဟုတ် ယင်းသို့လုပ်နိုင်ရန် အမြဲတမ်းကြိုးစားသည်။ သူသည် မရိုးသားသောသူများနှင့် လုံးဝမဆက်ဆံ။“မှန်ကန်တဲ့လူနဲ့သာ အတူတူရပ်ပါ၊ သူ မှန်ကန်နေတဲ့အချိန်မှာ သူနဲ့အတူတူရပ်ပါ၊ သူမမှန်ကန်တော့ဘူးဆိုရင်တော့ သူနဲ့ ခွဲခွာလိုက်ပါ’ဟူ၍ သူက ဟောပြောသည်။ သူသည် သူ၏ပထမဆုံးကာကွယ်ရေးဝန်ကြီး ဆိုင်မွန်ကင်မယ်ရွန်အား ရာထူးမှ ထုတ်ပစ်လိုက်သည်။ အဓိကအကြောင်းရင်းမှာ ကာကွယ်ရေးဆိုင်ရာ ကန်ထရိုက်လုပ်ငန်းများ ချပေးရာတွင် မမှန်မကန် လုပ်ဆောင်ချက်များနှင့် အခြား မရိုးသားသည့် လုပ်ရပ်များကြောင့်ဖြစ်၏။ ၁၈၆ဝ ပြည့်နှစ် ရီပတ်ဘလစ်ကန်ပါတီ ညီလာခံတွင် မည်သည့်အပေး အယူကိစ္စကိုမျှ သူခွင့်မပြုခဲ့။ (သိုသော်လည်း သူမသိဘဲ အပေးအယူကိစ္စတွေ အများကြီးလုပ်ခဲ့ကြ၏။) ‘လုပ်ရပ် မမှန်ကန်ဘဲနှင့် မိမိ၏အကျင့်စရိုက်ကြောင့် သူတစ်ပါးကို ဘယ်တော့မျှ ဝန်မပိပါစေနှင့်’ဟူ၍ သူကပြောသည်။ ဤသိုသော ပုဂ္ဂိုလ်မျိုးနှင့် ဘယ်သူ မပေါင်းချင်ဘဲရှိပါမည်နည်း၊ ဘယ်သူ အလုပ်အတူတူ မလုပ်ချင်ဘဲရှိပါမည်နည်း။
လင်ကွန်းသည် ဘယ်လိုပုံစံမျိုးပဲဖြစ်ဖြစ် မရိုးသားခြင်းကို အလွန် စက်ဆုတ်သည်။ သူပြောလေ့ ရှိသော ပုံတိုပတ်စများတွင် လိမ်ညာသူများ၊ ကောက်ကျစ်သူများ၊လှည့်ဖျားသူများနှင့် မရိုးသားသူများ အား အမြဲတမ်း ရည်ညွှန်းသည်။ ချစ်ခင်ဟန်နှင့်ပြုံးပြပြီးတော့မှ နောက်ကျော ဓားနှင့်ထိုးသူနှင့် မိမိအားကာကွယ်စောင့်ရှောက်ထားသည့် သစ်ပင်ကို သတ်ပစ်သော နွယ်ပင်တိုကိုနှိင်းယှဉ်၍ သူက ပြောပြသည်။ “အဲဒါဟာ လူတွေရဲ့ အကျင့်တစ်မျိုးပဲ၊ ဒါဟာ သူလုပ်တဲ့မကောင်းကျိုးကို ဖော်ပြတာ ပဲ”ဟု သူကဆိုသည်။ မတရားလုပ်သူများကို သူက ပြက်ရယ်ပြုသည်။ လူကောင်းတစ်ယောက်အား လမ်းပေါ်တွင် မတရားတိုက်ခိုက်သူလူဆိုးနှင့် ဥပမာပြသည်။ ‘လူဆိုးက သူ့ခြောက်လုံး ပြူးကိုဆွဲ ထုတ်ပြီး ချိန်လိုက်တယ်။ ဒါပေမဲ့ လူကောင်းက လူဆိုးလက်ထဲက သေနတ်ကို ဆတ်ခနဲ ဆွဲယူလိုက် တယ်။ အဲဒီအခါမှာ လူဆိုးက “ဟေ့- မလုပ်နဲ့၊ အဲဒီသေနတ်ငါ့ ပြန်ပေး၊ မင်းက ငါ့ပစ္စည်း ပိုင်ဆိုင်ခွင့်မရှိဘူးဆိုပြီး ပြောလိုက်တယ်”
စစ်အတွင်းက ပြည်ထောင်စုမျိုးချစ်များဟု ထင်ရသူများသည် လက်တွေ့တွင်မဟာမိတ်ပြည် နယ်စုဘက်သို လျှိဝှက်သတင်းပေးနေသော စပိုင်များဖြစ်ကြောင်း သိရှိရသည်။ ဤတွင် လင်ကွန်းမှာ လုံခြုံရေးကိစ္စအတွက်လည်း ပူရ၏။ ထိုပြင် ပြည်ထောင်စုဘက်တော်သားများဟူ၍ ယုံကြည်ထား သူများက သစ္စာဖောက်များ ဖြစ်နေခြင်းအတွက်လည်း ပူရ၏။ ဤကိစ္စကို ကာကွယ်ရေးဝန်ကြီး စတင်တန်က သက်သေအထောက်အထားနှင့်တကွ တင်ပြသည်။ ထိုနောက် သမ္မတကြီး ဘက်သိုလှည့်ပြီး လမ်းညွှန်ချက်တောင်းခံလိုက်သည်။ ဤတွင် စိတ်အနှောင့်အယှက်ဖြစ်ကာ တစ်ချိန်လုံး ငြိမ်ဆိတ်နေခဲ့သော သမ္မတကြီးက သူ၏ခံစားချက်ကို ပုံပြင်တစ်ခုဖြင့် ပြောပြသည်။ (ပုံပြင်မှာသူ၏ အိမ်ခေါင်မိုးပေါ်သို စီးမိုးနေသော အရိပ်ရသစ်ပင်ကြီးတစ်ပင်ပြဿနာနှင့် ရင်ဆိုင်နေရသည့် လယ်သမားကြီးအကြောင်း ဖြစ်သည်။
သစ်ပင်ကြီးက အလွန်ကျက်သရေရှိတယ်၊ ဖြောင့်တန်းမြင့်မားတဲ့ ဧရာမသစ်ပင်ကြီး၊ တောထဲကလယ်သမားကြီးအိမ်အတွက်တော့ တကယ့်ကို ပနာရပြီး ခံ့ညားလှတဲ့ အိမ်စောင့်သစ်ပင်ကြီးပေါ့။ အခက်အရွက်တွေ ဝေဝေဆာဆာနဲ့အလွန်လှတဲ့ ဒီသစ်ပင်ကြီးအတွက် လယ်သမားကြီးကလည်း အလွန် ဂုဏ်ယူတယ်။ တစ်နေ့တော့ ဥယျာဉ်ထဲမှာ လယ်သမားကြီး အလုပ်လုပ်နေတုန်းရှဉ့်ကလေးတစ်ကောင် သစ်ပင်ပေါ် ပြေးတက်သွားတာ မြင်လိုက်ရတယ်။ဒီအခါ လယ်သမားကြီးက ဒီသစ်ပင်မှာ အခေါင်းရှိမှာပဲလို တွေးမိတယ်။ ဒါနဲ့သူက သစ်ပင်ကို စေ့စေ့စပ်စပ် စစ်ဆေးကြည့်တယ်။ လား… လား.. သစ်ပင်ကြီးဟာ ခြေရင်းကနေပြီး ထိပ်ဖျားအထိ အူကြောင်းပေါက် ဟောင်းလောင်းကြီးဖြစ်နေတာ တွေ့ရတော့ လယ်သမားကြီးဟာ အလွန် အံ့သြသွားမိတယ်။အပေါ်ယံ အခွံမာရှိနေသေးလိုသာ သူ့အလေးကို သူ ထိန်းထားနိုင်သေးတာ။ဒီတော့ လယ်သမားကြီး ဘယ်လိုလုပ်ရမှာလဲ။ ခုတ်လှဲလိုက်ရင်လည်း အပင်ကကြီးလွန်းလို အပျက်အစီး အများကြီးရှိနိုင်တယ်။ မလှဲဘဲထားလိုက်ပြန်ရင်လည်း မိသားစုအန္တရာယ်အတွက် အမြဲတမ်း စိတ်ပူနေရလိမ့်မယ်။ လေပြင်းမုန်တိုင်းတိုက်ရင် ဒီသစ်ပင်ကြီးဘုံဘုံလဲပြီး အိမ်ရော၊ လူတွေရော အားလုံးမြေကြီးပေါ် ပြားပြားကပ်သွားမှာ ကျိန်းသေပဲ။ အဲဒီတော့ လယ်သမားကြီးအနေနဲ့ ဘယ်လိုလုပ်ရမှာလဲ။ သူလုပ်တာကတော့ စိတ်ပျက်လက်ပျက်နဲ့နောက်ကိုပြန်လှည့်ပြီး “အဲဒီရှဉ့်ကလေးကို ငါမမြင်မိရင် သိပ်ကောင်းမှာပဲ”လို့ပြောလိုက်ပါတယ်”
ယနေ့စံနှုန်းနှင့်ကြည့်လျှင် ‘ကိုရွှေရိုးကြီး လင်ကွန်းကို ဟန်ဆောင်သူဟု ထင်ကောင်းထင်လိမ့်မည်။ သိုမဟုတ် လူလည်ဟုပင် ထင်နိုင်၏။ သိုသော် အဖြစ်မှန်ကတော့ ခေါင်းဆောင်လုပ်သူက သတင်းဆိုးကိုပင်ဖြစ်စေ လက်အောက် ငယ်သားများအားအဖြစ်မှန် အတိုင်းပြောပြလျှင် လေးစားကြည်ညိုခံရသည့်အပြင် အကြံဉာဏ်ကောင်းများလည်း ရရှိနိုင်၏။
လင်ကွန်းသည် ခြောက်ပြစ်ကင်း သဲလဲစင်မဟုတ်သော်လည်း သူ၏ ရိုးသားမှုဂုဏ်နှင့် မှန်ကန်ဖြောင့်မတ်မှုဂုဏ်တိုကို ထိန်းထားသောကြောင့် လူအများ၏ လေးစားကြည်ညိုမှုနှင့် အောင်မြင်မှုကို ရရှိခဲ့ခြင်းဖြစ်၏။ သူသည် လက်အောက်ငယ်သားများအား စည်းကမ်းသတ်မှတ် ပေးရာတွင်ဖြစ်စေ၊ ချီးကျူးဂုဏ်ပြုရာတွင်ဖြစ်စေ တရားမျှတမှုနှင့် စိတ်ကောင်းရှိမှုကို အမြဲတမ်း ဖော်ထုတ်ပြသသည်။ ထိုကြောင့် လင်ကွန်း၏ခေါင်းဆောင်မှုကျင့်စဉ်ကို အတုယူလိုက်နာကျင့်သုံးသော ခေါင်းဆောင်များသည်နောက်လိုက်များ၏ လေးစားကြည်ညိုမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဧကန်မုချ ရရှိကြလိမ့်မည်။ ဤနည်းလမ်းသည် လူအမျိုးမျိုး၊ စိတ်အထွေထွေပါဝင်သော မည်သည့်အဖွဲ အစည်းမျိုးမှာမဆို အပြန်အလှန် အကျိုးသက်ရောက်မှုအတွက် အဓိကအခြေခံဘုံအမှန်တရားပင် ဖြစ်၏။
လင်ကွန်း၏ ခေါင်းဆောင်မှုကျင့်စဉ်
- လက်အောက်ငယ်သားများအား တူညီသော လွတ်လပ်မှုနှင့်တူညီသော အခွင့်အရေးပေးပါ။
- မိမိ အမြင့်သိုရောက်သွားသောအခါ အောက်ကို ပြန်ကြည့်ပြီးနောက်ကလူကို အကူအညီပေးပါ။
- နောက်လိုက်များအား ဆွဲဆောင်နိုင်သော အခြေခံပန်းတိုင်များနှင့် တန်ဖိုးများ သတ်မှတ်ဆောင်ရွက်ပါ။
- မှန်မှန်ကန်ကန်ရပ်သောသူနှင့် အတူရပ်ပါ၊ သူ မှန်ကန်နေလျှင်သူနှင့်အတူတူရပ်ပါ၊ သူအမှားလုပ်သောအခါ သူ့ကို စွန့်ခွာလိုက်ပါ။
- လုပ်ရပ်မမှန်ကန်ဘဲနှင့် မိမိ၏အကျင့်စရိုက်ကြောင့် သူတစ်ပါးကို ဘယ်တော့မျှ ဝန်မပိပါစေနှင့်။
- အဖွဲအစည်း၏ရည်မှန်းချက်များကို တိုးတက်မြှင့်တင်ရန်နှင့်ပူးပေါင်းအကျိုးဆောင်သူများကို ကူညီရန်မှာ ခေါင်းဆောင်၏တာဝန်ဖြစ်သည်။
- ဘဝတူပြည်သူတို့၏ ယုံကြည်အားကိုးမှုကို တစ်ကြိမ်မျှ လက်လွှတ်ရလျှင် သူတို၏ လေးစားကြည်ညိုမှုကို နောက်ထပ်ဘယ်တော့မျှ ရရှိနိုင်တော့မည်မဟုတ်။
အခန်း(၅)
အာဃာတဖြင့် ကလဲ့စားချေခြင်းကိုရှောင်
“ဘယ်အရာကိုမှ မလိုတမာစိတ်ဓာတ်နဲ့ ကျုပ်မလုပ်ဘူး၊ ကျုပ်လုပ်နေတဲ့အလုပ်က မလိုတမာစိတ်ဓာတ် အနားမကပ်နိုင်လောက်အောင် ကြီးမားကျယ်ပြန့်လွန်းပါတယ်”
[လူဝစ်စီယားနားပြည်နယ်ကို ပြည်ထောင်စုအတွင်းသို့
ပြန်လည်ဝင်ရောက်ခွင့်ပြုခြင်းနှင့် ပတ်သက်သော
လင်ကွန်း၏ပေးစာမှ (၂၈.၇.၁၈၆၂)]
မည်သည့်အဖွဲ့ အစည်းတွင်မဆို အာဃာတကြီးသော၊ ရန်ငြိုးကြီးသော ခေါင်းဆောင်ထက် ကြင်နာစိတ်ရှိသော၊ ကိုယ်ချင်းစာနာတတ်သော ခေါင်းဆောင်ကိုသာ နောက်လိုက်များက ပို၍နာခံတတ်ကြသည်၊ ပို၍လိုက်နာဆောင်ရွက်တတ်ကြသည်။ တကယ်တော့ဤသည်မှာ လူ့သဘာဝအမှန်တရားဖြစ်၏။ လင်ကွန်းသည် ဤသဘောကို ပင်ကိုဗီဇအားဖြင့် နားလည်သည်။ ထိုပြင် သူတစ်ပါးအား ပုတ်ခတ်စွပ်စွဲခြင်းနှင့် မနာလိုခြင်းတို့သည် တန်ဖိုးရှိသောလုပ်ငန်းများအတွက် တန်ဖိုးရှိသောအချိန်ကို အကျိုးမဲ့ဖြုန်းတီးခြင်းဖြစ်သည်ဟုလည်း သူက ခံယူသည်။ စိတ်ထားသေး သိမ်ခြင်း၊ ရန်ငြိုးထားခြင်း၊ ကလဲ့စားချေလိုခြင်းတိုသည် ခေါင်းဆောင်ဂုဏ်ရည်နှင့် လားလားမျှမထိုက်တန်သော စိတ်ယုတ်၊ စိတ်ညံ့များသာဖြစ်၏။ ထိုစိတ်ထားမျိုးရှိ သောခေါင်းဆောင် အား နောက်လိုက်ငယ်သားများက ဘယ်လိုလုပ်ပြီး လေးစားကြည်ညိုနိုင်ပါမည်နည်း၊ ဘယ်လိုလုပ်ပြီး ခေါင်းဆောင်တင်နိုင်ပါမည်နည်း။
ကြင်နာစိတ်သည် လင်ကွန်း၏ ကိုယ်ကျင့်တရားဆိုင်ရာအခြေခံ အုတ်မြစ်ဖြစ်သည်။ ထိုကြောင့် လူတွေက သူ့အား အကြံဉာဏ်များ၊ စိတ်ကူးကောင်းများနှင့် နည်းလမ်းကောင်းများ လာပေးကြသည်။ သူကလည်း ယင်းအခြေအနေမျိုး ဖြစ်ပေါ်လာအောင် ဖန်တီးပေးသည်။ သူသည် ဆန်းသစ်တီထွင်သော စိတ်ကူးစိတ်သန်း ပေါ်ပေါက်လာအောင် အားပေးသည်။ လက်အောက်ငယ်သားများ ပူးပေါင်းပါ ဝင်လာရန် အားပေးသည်။ သူက အမြင်သစ် အမြင်မှန်များကို အသုံးချချင်သည်။
ယင်းအမြင်သစ်အမြင်မှန်များ (အမှန်တရား)ကပင်လျှင် မုန်တိုင်းထန်သော စစ်ကာလတစ် လျှောက်လုံးတွင် သူ့အားထိန်းမတ်လမ်းညွှန်ပေးခဲ့ခြင်း ဖြစ်၏။ သူသည်သံသယဝင်လာသည့်အခါတိုင်း သူ၏ကိုယ်ကျင့်တရား အခြေခံအုတ်မြစ်များဖြစ်သောရိုးသားခြင်း၊ ဖြောင့်မတ်ခြင်း၊ ကြင်နာခြင်း၊ သနားခြင်းတိုကိုသာ အားကိုးအားထားပြုသည်။ သူ၏အတွင်းသန္တာန်တွင် မုန်းတီးစိတ်မရှိ၊ ကလဲ့စားချေလိုစိတ်မရှိ၊ ရန်ငြိုးထားစိတ်မရှိ။ သူ၏သနားညှာတာစိတ်ကြီးမားခြင်းကို လူတော်တော် များက ပိုလွန်းကဲလွန်းသည်ဟု ထင်ခဲ့ကြသည်အထိဖြစ်၏။ တကယ်တော့ လင်ကွန်းသည် သူ့ရှေ့ပိုင်းနှင့် နောက်ပိုင်း ဘယ်သမ္မတထက်မဆို ပြစ်ဒဏ်ကင်းလွတ်ခွင့် ပို၍ပေးခဲ့သော သမ္မတပင်ဖြစ်သည်။
လင်ကွန်းသည် သေဒဏ်စီရင်ချက်များကို မထုတ်ပြန်ဘဲ သူ့စားပွဲအံဆွဲထဲတွင်သိမ်းထားသည်။ တစ်ခါက ၁၆ နှစ်သားအရွယ် တပ်ပြေးကလေးတစ်ယောက်အားသေဒဏ်ပေးသောအခါ လင်ကွန်းက ၁၈နှစ်အောက် ကလေးတစ်ယောက်ကို ပစ်သတ်တာ ကျပ်လုံးဝသဘောမတူဘူး” ဟု ပြောပြီး အသက်ကယ်ခဲ့၏။ လင်ကွန်း၏ကြင်နာသနားတတ်သည့်စိတ်ကို ထူးထူးခြားခြားသိသာသည့် ဖြစ်ရပ်ကလေးတစ်ခုကတော့သက်မဲ့ကစားစရာ အရုပ်ကလေးကို သေဒဏ်မှ လွတ်ငြိမ်းချမ်း သာခွင့်ပေးခဲ့ခြင်းဖြစ်သည်။
တစ်ခါတွင် သူ၏သားငယ်များဖြစ်သော ဝီလီနှင့် တက်ဒ်တိုသည် စစ်သားရုပ်ကလေးများနှင့် ကစားနေရာမှ ‘ဂျက်’ဟူ၍ နာမည်ပေးထားသော စစ်သားရုပ်ကလေးသည် ကင်းစောင့်ရင်း အိပ်ပျော်နေသောကြောင့် သေဒဏ်ပေးခြင်း ခံရသည်။ ထိုအခါဝီလီနှင့် တက်ဒ်တို ညီအစ်ကိုက ဂျက်’အား သေဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပြုရန်သူတို၏ဖခင်ထံတွင် အသနားခံကြသည်။ ဤတွင် လင်ကွန်းသည် အိမ်ဖြူတော်သုံးစာရေးစက္ကူပေါ်တွင် “အရုပ်ကလေးဂျက်အား သေဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်သည်။ သမ္မတကြီးအမိန့်’ဟူ၍ အမိန့်ချမှတ်ပြီး အေ၊ လင်ကွန်း’ဟူ၍ လက်မှတ်ထိုးလိုက်သည်။
တပ်ပြေးစစ်သားများအား သေဒဏ်ပေးခြင်းသည် လုံးဝမသင့်လျော်သည်သာမက တိုင်းပြည်အတွက်လည်း နစ်နာသည်ဟု လင်ကွန်းကယူဆသည်။ “မကျွမ်းကျင်ခြင်း၊အမှားလုပ်ခြင်း၊ လုပ်ငန်းကို ထိခိုက်စေခြင်းတိုကြောင့် အပြစ်ပေးခြင်းသည် ရက်လည်းရက်စက်သည်၊ မိုက်လည်း မိုက်မဲသည်။ အပြစ်ပေးခံရသူနှင့် သူ့မိတ်ဆွေများကအစိုးရအပေါ်တွင်မဟုတ်သော်မှ အုပ်ချုပ်ရေးအပေါ်တွင် ထာဝရ ရန်ငြိုးဖွဲလာနိုင်သည်ဟူ၍ လင်ကွန်း တစ်ခါက ရေးသားခဲ့ဖူး၏။ နောက်တစ်ကြိမ်တွင်လည်း “အစိုးရတာဝန်သည် အလွန်ခက်ခဲသည်။ အကောင်းဆုံးအဖြစ် အနည်းငယ်လုပ်ရသည်လည်း ရှိသည်။ အများကြီးလုပ်ရသည်လည်းရှိသည်။ အစိုးရတွင် ကလဲ့စားချေလိုစိတ်မရှိ၊ အပြစ်ဒဏ်ကြောင့် အပြစ်ပေးရန်ဟူသော ရည်ရွယ်ချက်မရှိ။ ကျွန်ုပ်တိုသည် အစိုးရအား ဖြုတ်ချခြင်းကို ဘယ်နည်းနှင့်မဆို ကာကွယ်တားဆီးရမည်။ လူ့အဖွဲအစည်း၏နှ လုံးသားတွင်ဆူးပင်တွေ အများကြီး စိုက်ပျိုးခြင်းကို ရှောင်ကြဉ်ရမည်´ဟူ၍ ရေးသားခဲ့လေသည်။
လင်ကွန်း၏ ညှာတာခွင့်လွှတ်မှု များလွန်းခြင်းကို ခေတ်သစ်ခေါင်းဆောင်များက ဘယ်လို အဖြေထုတ်ကြမည်နည်း။ သင်ခန်းစာတစ်ခုခုများ ရယူနိုင်စရာ ရှိပါသလား။
ကြင်နာသနားတတ်ခြင်း၊ ထောက်ထားညှာတာတတ်ခြင်းတို့ကြောင့် ခေါင်းဆောင်အ တွက်သာမက သူ့အဖွဲအစည်းအတွက်ပါ ရန်သူနည်းစေနိုင်၏။ ဤသိုဖြင့် မိမိအား ထောက်ခံသူတွေ၊ သစ္စာရှိသူတွေ တိုးပွားပြီး လုပ်ငန်းအောင်မြင်အောင်ပူးပေါင်းဆောင်ရွက်လာကြလိမ့်မည်။ လင်ကွန်းကတော့ သူလွတ်ငြိမ်းချမ်းသာခွင့် ပေးသူတိုင်းအား သစ္စာရှိတပ်သားဟောင်းအဖြစ် စစ်တပ်သို ပြန်ပိုပြီး ပြည်ထောင်စုကြီးတည်မြဲရေးအတွက် ဆက်လက်အမှုထမ်းစေသည်။
ပြည်တွင်းစစ်နောက်ပိုင်းကာလတွင် သမ္မတလင်ကွန်း၏ ခွင့်လွှတ်တတ်ခြင်း၊ သနားညှာတာ တတ်ခြင်းသတင်းသည် တောင်ပိုင်းပြည်နယ်များ အပါအဝင် တစ်နိုင်ငံလုံးသို ပျံ့နှံသွားသည်။ သူသည် ၁၈၆၅ ခုနှစ်၊ ဖေဖော်ဝါရီလထဲတွင် ဝါရှင်တန်မှ ထွက်ခွာကာ ‘ဟမ်ပတန် ရုတ်ဒ်စ် ငြိမ်းချမ်းရေးဆွေး နွေးပွဲသို လာခဲ့သည်။ ဆွေးနွေးပွဲတွင် တောင်ပိုင်းသား ပြည်နယ်စုခေါင်းဆောင်များနှင့် တွေ့ရ၏။ အပြန်အလှန်ဆွေးနွေးကြရင်း ပြည်နယ်စုခေါင်းဆောင်များ၏ သေရေးရှင်ရေးကိစ္စသို့ ရောက်လာသည်။ တော်တော်ကြာကြာ ငြိမ်သက်နေပြီးနောက် တောင်ပိုင်းခေါင်းဆောင်တစ်ယောက်က သမ္မတကြီးအား ဦးတည်၍ ပြောသည်။
“သမ္မတကြီးခင်ဗျား၊ ဒီလိုဆိုရင် သမ္မတကြီးရဲ့ စကားအရ ကျွန်တော်တို ပြည်နယ်စုခေါင်း ဆောင်တွေဟာ နိုင်ငံတော်သစ္စာဖောက်မှု ကျူးလွန်တယ်၊ သမ္မတကြီးရဲ့အစိုးရကိုလည်း သစ္စာဖောက်တယ်၊ ဒါကြောင့် ကျွန်တော်တိုရဲ့ အခွင့်အရေးတွေကိုလက်လွှတ်ပြီး ကြိုပေးခံရမယ်လို ယူဆရတော့မလို ဖြစ်နေပါတယ်။ သမ္မတကြီးရဲ့စကားအဲဒီလို အဓိပ္ပာယ်သက်ရောက်နေပါတယ်၊ အဲဒါ ဟုတ်ပါသလား”
ဤတွင် သမ္မတကြီးက..
‘ဟုတ်ပါတယ်၊ ခင်ဗျားအဆိုပြုချက်က ကျုပ်ပြောတာထက်တောင် ပိုကောင်းနေပါသေးတယ်၊ အခြေအနေကတော့ အဲဒီသဘောမျိုးပါပဲ”
ထိုနောက် အတန်ကြာ ငြိမ်ဆိတ်နေပြီးတော့မှ တောင်ပိုင်းသားခေါင်းဆောင်က ထပ်၍ပြော သည်။
“ဒါဖြင့်… သမ္မတကြီးခင်ဗျား၊ ကျွန်တော်တိုအနေနဲ့ ကောင်းကောင်းမွန်မွန်နေသွားမယ်ဆိုရင် အိမ်ဖြူတော်မှာ သမ္မတကြီးရှိနေသမျှ ကာလပတ်လုံး ကျွန်တော်တို့ကို ကြိုးစင်မတင်ဘူးလို ကျွန်တော်တို ယုံကြည်ပါပြီ”
လင်ကွန်း၏ သနားကြင်နာတတ်သော သဘာဝကို သိသောကြောင့် ပြည်နယ်စု ခေါင်းဆောင်များအနေဖြင့် လင်ကွန်းနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံရန် သတ္တိဝင်လာကြတာလား။ ယင်းသဘာဝကြောင့် လင်ကွန်းသည် ချဉ်းကပ်ရလွယ်သူ ဖြစ်လာတာသား ။
ဘယ်လိုပဲဖြစ်ဖြစ် စီးပွားရေးလုပ်ငန်း အမှုထမ်းများက သိုမဟုတ် အခြားလက်အောက်ငယ် သားများက မိမိတို၏ ခေါင်းဆောင်သည် ဒေါသအာဃာတကင်းသူ၊စိတ်ထားမြင့်မြတ်သူဖြစ်သည်ဟု ယုံကြည်လျှင် သူတိုအနေဖြင့် အားကိုးလာမည်မှာသေချာသည်။ ထိုအားကိုးစိတ်သည်ပင်လျှင် ခေါင်းဆောင်အား ပို၍စွမ်းဆောင်နိုင်အောင် ဖန်တီးပေး၏။
လင်ကွန်းသည် မဟာမိတ်ပြည်နယ်စုခေါင်းဆောင်များအား သေဒဏ်မပေးချင်သည်သာမက ဖြစ်နိုင်လျှင် သူတိုအားလုံးကို လုံးဝလွှတ်ပစ်လိုက်ချင်၏။ ထိုကြောင့်“သူတိုကို တိုင်းပြည်က မောင်းထုတ်လိုက်၊ တံခါးတွေ ဖွင့်ပေးလိုက်’ဟု သူက ပြောသည်။ သူလျှိများအား ကြိုးဒဏ်မပေးလို သော သမ္မတကြီး၏စိတ်ထားကိုသိသောကြောင့် ဗိုလ်ချုပ်ကြီး ဝီလျံရှားမင်းက မဟာမိတ်ပြည် နယ်စုသမ္မတ ဂျက်ဖာဆင်ဒေးဗစ်အား ဖမ်းဆီးရမည်လား၊ သိုမဟုတ် ထွက်ပြေးတာကို လက်ပိုက်ကြည့်နေလိုက်ရမည်လားဟု မေးသောအခါ လင်ကွန်းက အောက်ပါအတိုင်း ပြန်ပြောသည်
“ဒီမှာ… ဗိုလ်ချုပ်၊ ဂျက်ဖ်ဒေးဗစ်ကို ဖမ်းဆီးရေးနဲ့ပတ်သက်ပြီး ကျုပ်စိတ်ကူးထားတာကို ပြောပြမယ်၊ တစ်ခါတုန်းက အီလီနွိက်ပြည်နယ်အပြင်ဘက်မှာ အရက်သေစာရှောင်ကြဉ်ရေး တရားဟောဆရာကြီးတစ်ယောက်ရှိခဲ့တယ်။ သူက သိပ်ပြီးစည်းကမ်းကြီးတယ်၊ ပြောတဲ့အတိုင်း လုပ်တတ်တယ်။ တစ်နေ့တော့ သူဟာ နေပူကြီးထဲမှာ အကြာကြီး မြင်းစီးလာခဲ့ရတာကြောင့် ခရီးမတ်တတ် မိတ်ဆွေတစ်ယောက်အိမ်မှာ ခဏဝင်နားတယ်။ မိတ်ဆွေကသူ့ကို လင်မနစ်ဖျော်ရည်နဲ့ဧည့်ခံပြီး အဖျော်ရည်ထဲမှာ အပြင်းစားအရည်တစ်ခုခု ထည့်တာ မကြိုက်ဘူးလားလိုမေးတယ်။ ဒီတော့ သူက လက်ထဲက ပုလင်းကို လျှာရည်တမြားမြားနဲ့ကြည့်ရင်း ‘စည်းကမ်းအရတော့ အဲဒါကို ကျုပ်လုံးဝဆန့်ကျင်တယ်၊ ဒါပေမဲ့ ခင်ဗျားက ကျုပ်မသိဘဲ ထည့်ပေးမယ်ဆိုရင်တော့ကျုပ်အတွက် သိပ်ပြီးထိခိုက်နိုင်စရာမရှိဘူးလို ကျုပ်ထင်တယ်ဆိုပြီး ပြန်ပြောလိုက်တယ်။ ဒီတော့… ဗိုလ်ချုပ်၊ အခုကိစ္စမှာလည်း ဂျက်ဖ်ဒေးဗစ် ထွက်ပြေးကို အလုံးဝဆန့်ကျင်တယ်၊ ဒါပေမဲ့ ဗိုလ်ချုပ်က သူ့ကို မသိယောက်ဆောင်နေလိုက်ရင်တော့ အဲဒီအတွက် ကျုပ်အနေနဲ့ သိပ်ပြီးနစ်နာစရာမရှိနိုင်ဘူးလို ကျုပ်ထင်တယ်”
ဤကိစ္စနှင့်ပတ်သက်၍ ဗိုလ်ချုပ်ကြီး ရှားမင်းက နောင်အခါ ပြန်ပြောပြတာကတော့ အဲဒါဟာ သူပုန်ခေါင်းဆောင်တွေနဲ့ပတ်သက်လို ကျပ်သိခဲ့ရတဲ့ အစိုးရသဘောထားပါပဲ၊ ဒါပေမဲ့ နောက်တော့မှ ဂျက်ဖ်ဒေးဗစ် တော်ပြေးသွားတာကို လက်ပိုက်ကြည့်နေရမလားဆိုပြီး ကာကွယ်ရေးဝန်ကြီး စတင်တန်က ကျုပ်ကို အကြီးအကျယ် ကိန်းလားမောင်းလား လုပ်ပါလေရော ဟူ၍ ဖြစ်သည်။
နောက်ဆုံး စစ်ကြီးပြီးဆုံး၍ တောင်ပိုင်းတွင် ကန့်လန့်ကာချသောအခါ ချစ် ကြည်ရေးအ ထိမ်းအမှတ်အဖြစ် တောင်ပိုင်းမှ ဒစ်ဇီ တေးဂီတအဖွဲက အိမ်ဖြူတော်အပြင်တွင် လူထုပရိသတ်အား ဖြေဖျော်ပေးရန် လင်ကွန်းက မေတ္တာရပ်ခံသည်။ ဒစ်ဇီအဖွဲ့ဟာ ကျပ်နားထောင်ဖူးသမျှထဲမှာ အကောင်းဆုံးပဲလို ကျုပ်အမြဲတမ်းမှတ်ထားတယ်။ ကျုပ်တို ပြိုင်ဘက်တွေက ဒီအဖွဲကို သူတိုတစ်ဦးတည်းပိုင်လုပ်ဖို့ကြိုးစားကြသေးတယ်။ ဒါပေမဲ့ ကျုပ်တိုက ဒီအဖွဲကို တရားသဖြင့် ရရှိတာပါလိုမနေ့က ကျုပ်ပြောခဲ့တယ်။ ဒီပြဿနာကို ကျုပ်က ရှေ့နေချုပ်ကို တင်ပြတော့ ဒါဟာ ကျုပ်တိုရဲ့ တရားဝင်ဆုလာဘ်ဖြစ်တယ်လို ဆုံးဖြတ်တယ်။ အဲဒါကြောင့် ကျုပ်ကို ဆောက်ထား သောအားဖြင့် ဖြေဖျော်ပေးပါလို ဂီတအဖွဲ ကို တောင်းပန်ပါတယ်”
ဤစကားကိုကြည့်ခြင်းအားဖြင့် လင်ကွန်းသည် စစ်ပြီးဆုံးသော်လည်း တန်ပြန်ကလဲ့စားချေရန် မရည်ရွယ်ကြောင်း သိသာသည်။ ဤသည်မှာ သူ သမ္မတအဖြစ်ဖြင့် အိမ်ဖြူတော်သို့သယ်ဆောင်လာ သော မူဝါဒဖြစ်၏။ ယခု သူ့လုပ်ငန်းကြီး ပြီးဆုံးအောင်မြင်ခဲ့ပြီဖြစ်သော်လည်း ထိုမူဝါဒကို စွန့်လွှတ်ခြင်းမပြုဘဲ ဆက်လက် ကျင့်သုံးဆဲပင်။
ဤအပြုအမူသည် တောင်ပိုင်းပြည်သူများကိုသာ ဆွဲဆောင်နိုင်သည်မဟုတ်။ လင်ကွန်း၏ နောက်လိုက်များအားလည်း သူသမ္မတဖြစ်နေသမျှ တောင်ပိုင်းကို လုံးဝကလဲ့စားမဟူသော အချက်ကို သဘောပေါက်စေ၏။ အဖွဲအစည်းတစ်ခုတွင် ခေါင်းဆောင်၏ ကိုယ်ရည်ကိုယ်သွေးသည် အလွန်အရေးပါသည်။ ခေါင်းဆောင်သည် အဖွဲ့အစည်းဝင်အားလုံးနှင့် အမြဲတမ်းထိတွေ့လေလေ ကောင်းလေ့လေဖြစ်သည်။ ခေါင်းဆောင်က သေးသိမ်နေလျှင် လက်အောက်ငယ်သားများလည်း သေးသိမ်သည်။ သို့သော်ခေါင်းဆောင် စိတ်ထားမြင့်မြတ်ခြင်း၊ အကောင်းမြင်တတ်ခြင်းနှင့် ယဉ်ကျေးဖော်ရွေခြင်းတို့နှင့် ပြည့်စုံလျှင် နောက်လိုက်များလည်း အလားတူ ကျင့်သုံးလာကြလိမ့်မည်။
သမ္မတလင်ကွန်းသည် ကလဲ့စားချေလိုစိတ်မရှိသူဖြစ်သည်။ “ကျုပ်လုပ်နေတဲ့အလုပ်က မလိုတမာစိတ်ဓာတ် အနားမကပ်နိုင်လောက်အောင် ကြီးမားကျယ်ပြန့်ပါတယ်’ဟူ၍ သူပြောခဲ့ဖူးသည်။ ထိုကြောင့်လည်း စစ်ကြီးပြီးဆုံးသောအခါ တောင်ပိုင်းသားများအား သူက ပြန်လည်၍ လက်ကမ်းကြို ဆိုခဲ့ခြင်းဖြစ်၏။ ပြည်သူတစ်ရပ်လုံးအားလည်း သူ့လိုပင်ကျင့်သုံးရန် တိုက်တွန်းသည်။ သူ့ စကားတွင် သူ့တရား သည်အထင်းသားပေါ်လွင်နေသည်။
မလိုတမာစိတ်နဲ့ အချင်းချင်း ရန်ပြုနေရင် ဘာမျှမဖြစ်မလာနိုင်ဘူး။တစ်ဦးအပေါ်တစ်ဦး စေတနာမေတ္တာထားပြီး ပူးပေါင်းလုပ်ကိုင်ရင် အားလုံးဖြစ်နိုင်တယ်။ ဘုရားသခင်က ကျုပ်တိုကို အမှန်တရားကိုပေးခဲ့တဲ့အတိုင်းအမှန်တရားကို မြဲမြံစွာစွဲကိုင်ပြီးတော့ ကျုပ်တို လုပ်ဆောင်နေတဲ့အလုပ်တွေပြီးစီးအောင် ကြိုးစားလုပ်ဆောင်ကြပါစို။ တိုင်းပြည်ရဲ့ ဒဏ်ရာဒဏ်ချက်တွေကို ကုစားဖို တိုင်းပြည်အတွက် အသက်စတေးသွားသူတွေရဲ့ ဇနီးမယားတွေနဲ့သားသမီးတွေကို စောင့်ရှောက်ဖို တိုင်းပြည်အတွက် အကျိုးရှိတဲ့အလုပ်တွေ အားလုံးကိုလုပ်ဖို၊ ကျုပ်တိုအတွက်ရော၊ အခြားအားလုံးသော နိုင်ငံတွေအတွက်ပါ တရားမျှတပြီး ထာဝရတည်မြဲတဲ့ ငြိမ်းချမ်းရေးကြီးကို တည်ဆောက်ဖို့ ကျုပ်တိုအားလုံး အစွမ်းကုန်ကြိုးစားကြပါစို’
ဤစကားကို ကြည့်ခြင်းအားဖြင့် သမ္မတလင်ကွန်းသည် လူငယ်ဘဝက သူနှင့်ရန်ဖြစ်ခဲ့သူ များအား ဆက်ဆံခဲ့သည့်အတိုင်းပင် စစ်ရှုးသော မဟာမိတ်ပြည်နယ်စုခေါင်းဆောင်များအားလည်း ဆက်ဆံရန် ရည်ရွယ်ကြောင်း ထင်ရှားနေ၏။
အချုပ်ဆိုသော် ခေါင်းဆောင်လုပ်သူသည် ဒေါသအာဃာတစိတ်ကင်းပြီးတကယ့်ဖြူစင်သော စေတနာမှန်ဖြင့် ပြုမူဆက်ဆံလျှင် ငယ်သားများ၏ ယုံကြည်ကိုးစားမှုကိုလည်းရနိုင်၏။ တီထွင်ဆန်းသစ်နိုင်သော စိတ်ကူးစိတ်သန်းများကိုလည်း ဖော်ဆောင်ပေးနိုင်၏။ ထိုပြင် ငယ်သားများ အနေဖြင့်လည်း ကြောက်ရွံခြင်းကင်းပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိလာနိုင်၏။ ထိုကြောင့် ယနေ့ခေတ် ခေါင်းဆောင်များသည် လင်ကွန်း၏လုပ်နည်းလုပ်ဟန်ကို စံနမူနာယူကာ လက်အောက်ငယ်သားများ၏ အမှားကို အပြစ်မယူဘဲ ကြည်ဖြူစွာ ခွင့်လွှတ်သင့်၏။
လင်ကွန်း၏ ခေါင်းဆောင်မှုကျင့်စဉ်
- လူတစ်ယောက်အား နှိပ်ကွပ်လျှင် ထိုသူနှင့် ထိုသူ၏ မိတ်ဆွေများသည် မိမိအဖွဲ့အစည်းအတွက် ထာဝရ ရန်သူများ ဖြစ်လာနိုင်သည်။
- အပြစ်ဒဏ်ကြောင့် အပြစ်ပေးရန်ဟူသော ရည်ရွယ်ချက်သည်ဘယ်လိုမျှ အကျိုးမပြု။
- နာမည်ကောင်းထွက်သော ခေါင်းဆောင်ထံသို့သာ လူတွေချဉ်းကပ်ချင်ကြသည်။
- တစ်ခါတစ်ရံ မသိယောင်ဆောင်နေလိုက်ခြင်းသည် အကျိုးယုတ်လောက်အောင် ထိခိုက်နစ်နာမှု မဖြစ်နိုင်။
- အဖွဲ့အစည်းတစ်ခုသည် ခေါင်းဆောင်၏ ကိုယ်ရည်ကိုယ်သွေးကောင်းခြင်းကို အားကိုးအားထားပြုသည်။
- သာမန်အကြောင်းများကြောင့် လူငယ်များအား ဘဝမပျက်ပါစေနှင့်။
- မလိုတမာစိတ်ကို ရှောင်ပါ၊ မေတ္တာစေတနာကို ဆောင်ပါ။
- မိမိ၏ အကောင်းဆုံးအပြုအမူများဖြင့်သာ လူတွေကို တွေ့ဆုံဆက်ဆံပါ။
အခန်း(၆)
မတရားဝေဖန်ခြင်းကို ခံနိုင်ရည်ရှိ
“ကျုပ်တို့ကို မဟုတ်မမှန် စွပ်စွဲပြောဆိုတာကြောင့်လည်း အလုပ်တာဝန် မပျက်ကွက်ပါ စေနှင့်၊ အစိုးရအဖွဲ ပြိုကွဲအောင် ခြိမ်းခြောက်တာကိုလည်းမကြောက်ပါနှင့်၊ ကျုပ်တိုကို ထောင်ထဲသွင်းမှာကိုလည်း မကြောက်ပါနှင့်၊ အမှန်တရားသာ အားအရှိဆုံးဆိုတာကို လေးလေး နက်နက်ယုံကြည်ကြပါ၊ ကျုပ်တိုတာဝန်ကို အဲဒီလိုယုံကြည်မှုအပြည့်နှင့် သတ္တိရှိရှိ ကျေကျေပွန်ပွန် ဆောင်ရွက်ကြပါစို
[“ကူးပါးအင်စတီကျုတွင် ပါတီဝင်များအား
လင်ကွန်းပြောကြားသော မိန့်ခွန်းမှ
နိဂုံးချုပ်စကား (၂၇.၂.၁၈၆ဝ)]
“အကျပ်အတည်းကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ပါ”
ဤစကားသည် “သတ္တိ ၏အဓိပ္ပာယ်ကိုဖွင့်ဆိုသော ကမ္ဘာကျော် စာရေးဆရာကြီး အားနက်စ်ထံ ဟေမင်းဝေး၏ စကားဖြစ်သည်။ ဤစကားသည် အေဘရာဟင်လင်ကွန်း၏ တစ်သက်တာတွင် နောက်ဆုံးခုနှစ်တာကာလအတွင်း ကြုံခဲ့ရသော အခြေအနေကိုအကောင်းဆုံးဖော်ပြသော စကားလည်း ဖြစ်သည်။ လင်ကွန်းသည် သူ့တစ်သက်တာတွင်ရှည်လျားသောနှစ်ကာလတစ်လျှောက်လုံး အံ့သြရလောက်အောင် သတ္တိတွေ အများကြီးပြခဲ့၏။ သူသည် ရှုးနိမ့်မှုပေါင်းများစွာနှင့် ကြုံခဲ့ရသည်။ (၁၈၅၈ ခုနှစ် အထက် လွှတ်တော်အမတ်ရွေးပွဲတွင် ရှုးနိမ့်ခဲ့သည်။ ပြည်တွင်းစစ်အတွင်း ရှေးဦးပိုင်းတိုက်ပွဲများတွင် ရှုံးနိမ့်ခဲ့သည်။) သို့သော်လည်း သူ၏ အံ့ဖွယ်ဇွဲသတ္တိကြောင့် နောက်ဆုံးတွင် အခက်အခဲအားလုံးကို ကျော်လွှားပြီး အောင်ပန်းဆင်နိုင်ခဲ့၏။ လင်ကွန်းသည် စွန့်စားရဲသည်၊ စိတ်ဓာတ်ခိုင်မာသည်၊ ပန်းတိုင်ဆီသို ချီတက်ရာတွင် တွေဝေယိမ်းယိုင်ခြင်းမရှိ။ သူသည် သူ့ကိုယ်ကိုယ်လည်း ယုံကြည်သည်၊ သူ့အလုပ်ကိုလည်း ယုံကြည်သည်။ပြီးတော့ သူ့မှာ အတ္တလွန်ကဲ မှုမရှိ၊ ငါ့အလုပ်သည် မှန်သည်ဟူသော ယုံကြည်မှုကြောင့် အမြဲတမ်းအားတက်နေ၏။
ပြည်ထောင်စုကြီးအား လက်နက်ကိုင်ပုန်ကန်မှုသည် လင်ကွန်း၏ ထူးခြားသော စွမ်းရည်များကို ဖော်ထုတ်ခဲ့သည်။ အခြေအနေမှန်ကို ကောင်းစွာနားလည်ခြင်းနှင့် ရဲရင့်ပြတ်သားစွာ ရင်ဆိုင်ခြင်းတို့က သူ့အား သတ္တိအပြောင်ဆုံးခေါင်းဆောင်ဘဝသို ပိုဆောင်ပေးခဲ့သည်။ ထိုပြင် သူသည် မှန်ကန်သောမဟာဗျူဟာကို ချမှတ်နိုင်ရုံသာမက ယင်းမဟာဗျူဟာနှင့် ပြည်တွင်းစစ်၏ အခြေနေမှန် တို့ကို ပြည်သူတွေ သဘောပေါက်အောင်လည်း ဆက်သွယ်တင်ပြနိုင်ခဲ့သည်။
လင်ကွန်းသည် အမှန်တရားကို မြတ်နိုးသူဖြစ်သည့်အလျောက် ဖြစ်ရပ်များကို အရှိကိုအရှိ အတိုင်း ပွင့်ပွင့်လင်းလင်း တင်ပြသည်။ ယင်းလုပ်ရပ်ကြောင့် သူ့အပေါ်ဝေဖန်ပုတ်ခတ်မှုတွေ အများအပြား ပေါ်ပေါက်လာခဲ့ရ၏။ သိုသော်လည်း သတ္တိရှိသူတိုင်းသည် မတရားဆဖန်ပုတ် ခတ်ခြင်းကို အနှေးနှင့်အမြန် ကျော်လွှားနိုင်ကြသည်။ တစ်ပါးသူများအား ဦးဆောင်သူများ၊ အထူးသဖြင့် နိုင်ငံရေးခေါင်းဆောင်သူများသည် ဂုဏ်သိက္ခာနှင့် ကိုယ်ကျင့်တရားကို ထိခိုက်လောက် အောင် အဝေဖန်ခံရဆုံးဖြစ်၏။ လင်ကွန်းသည် ဤသဘာဝကို ကောင်းစွာသိသည်။ ထိုကြောင့် အခြားခေါင်းဆောင်တိုင်း လုပ်သကဲ့သိုပင်သူသည်လည်း မတရားဝေဖန်ခြင်းကိုရင်ဆိုင်ရန် သူ့ကိုယ်သူ ကြိုတင်၍ အသင့်ပြင်ဆင်ထားခဲ့သည်။
အမေရိကန်သမ္မတများအနက် လင်ကွန်းသည် ပို၍သွားပုပ်လေလွင့် အပြောခံခဲ့ရသည်၊ ပို၍အသရေဖျက်ခံခဲ့ရသည်၊ ပို၍အမုန်းခံခဲ့ရသည်။ ၁၈၆ဝ ပြည့်နှစ် သမ္မတရွေးကောက်ပွဲတွင် သူအနိုင်ရခဲ့ခြင်းမှာ ဒီမိုကရက်တစ်ပါတီ နှစ်ခြမ်းကွဲနေသောကြောင့်ဖြစ်၏။ (ဒီမိုကရက်တစ်ပါတီက မြောက်ပိုင်းမှ စတီဖင်ဒေါက်ကလပ်နှင့် တောင်ပိုင်းမှ ဂျွန်ဘရက် ကင်းရိခ်ျတိုကို သမ္မတလောင်းအဖြစ် တစ်ပြိုင်တည်း တင်ခဲ့သည်။)လင်ကွန်းသည် အရှေ့မြောက်ပိုင်း၏ အမာခံထောက်ခံမှုဖြင့် ရီပတ်ဘလီ ကန်ပါတီမှ ရွေးချယ်ခံရသော ပထမဦးဆုံးသမ္မတဖြစ်၏။ တကယ်တော့ တောင်ပိုင်းပြည်နယ်များ၏ မဲဆန္ဒစာရင်းတွင် လင်ကွန်းနာမည်ပင် မပါဝင်ခဲ့ချေ။
လူနည်းစုမဲဆန္ဒဖြင့် လင်ကွန်းအရွေးခံရသောအခါ တောင်ပိုင်းနယ်များ မကျေနပ်၍ ပြည်ထောင်စုခွဲထွက်သွားသည်။ ဤတွင် ပြည်တွင်းစစ် စတင်ပေါ်ပေါက်သည်။ တစ်ပြိုင်တည်းတွင် လင်ကွန်းအပေါ် ပုတ်ခတ်ဝေဖန်မှုများလည်း မိုးလုံးမွှန်သွားတော့သည်။ ယင်းသိုဖြစ်ရခြင်းမှာ အနောက်ဒေသမှလာသော ကလန်ကလား ဤတောသားရှေ့နေသည် ဘာကြောင့် ဘယ်လိုသမ္မ တဖြစ်လာရသည်ကို ပြည်သူလူထုအများစုက နားမလည်သောကြောင့်ဖြစ်၏။ သူ့ခေတ်ာ စာနယ်ဇင်းပေါင်းစုံတိုက သူ့ကို စိတ်ကူးပေါက်ရာ နာမည်များပေး၍ ဝေဖန်ပုတ်ခတ်ကြသည်။ ယင်းနာမည်များမှာ ကိုးရိုးကားရား မျောက်လွှဲကျော်၊ သံလမ်းဇလီဖားတုံးများကို ခွဲခဲ့သလို ပြည်ထောင်စုကိုခွဲသော တတိယတန်းစား တောသားရှေ့နေ၊ မယဉ်ကျေးသည့် လူပြောင်လူနောက်၊ တောတွင်းသားလူဝံ၊ လူရွှင်တော် စသည်တိုဖြစ်သည်။ ‘အီလီနွိက် စတိတ် ရီဂျစ်စတာ သတင်းစာကမူ ‘သမ္မတဂုဏ်ဒြပ်ကို ဖိနပ်နှင့်တက်နင်းသည့် အကောက်ကျစ်ဆုံး၊ မရိုးသားဆုံး နိုင်ငံရေးသမား’ဟူ၍ပင် ရင့်သီးစွာ ထောမနာပြုလိုက်သည်။
ယင်းသို့သော အပုတ်ချဝေဖန်မှုတွေကြားမှ ကျမ်းသစ္စာဆိုရန် ဝါရှင်တန်မြိုသို့ ရောက်လာသော အခါ လင်ကွန်း၏စိတ်ထဲတွင် ဘယ်လိုခံစားရလိမ့်မည်ဆိုသည်ကိုတွေးကြည့်လျှင် သိနိုင်သည်။ သူသည် ယင်းခံစားချက်ကို သမ္မတရာထူးလက်မခံမီ အချိန်ပိုင်းကလေးက လူတစ်စုအား ပြောပြခဲ့၏
“ဒီမြိုကို ကျုပ်ရောက်လာတာဟာ တခြားဘယ်သူရောက်လာတဲ့ အခြေအနေနဲ့မှမတူဘူး၊ ကျုပ်ရောက်လာပုံက ကျုပ်ကို ဆန့်ကျင်ခဲ့ကြတဲ့၊ ဆန့်ကျင်နေကြတဲ့လူတွေကြားမှာ တာဝန်ထမ်း ဆောင်ဖို့ ရည်ရွယ်ချက်နဲ့ ရောက်လာတာ”
သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးသည့်နောက်တွင်လည်း ပြင်းပြင်းထန်ထန် မတရားဝေဖန်ချက်တွေက ရပ်စဲမသွား၊ ဆက်လက်ပေါ်ပေါက်နေဆဲဖြစ်၏။ ယင်းသိုဝေဖန်သူ များအနက် တောင်ပိုင်းဘက်တော်သားများသာမက ရီပတ်ဘလီကန်ပါတီတွင်းမှ ဂိုဏ်းကွဲအုပ်စုများ၊ ကွန်ကရက်လွှတ်တော်အမတ်များနှင့် ဝန်ကြီးအဖွဲ့ဝင်များပင်ပါဝင်၏။ သမ္မတအဖြစ် လင်ကွန်းသိ လာရသောအချက်မှာ သူဘာပဲလုပ်လုပ် မကျေနပ်သောသူများတော့ ရှိနေဦးမည်ဟူသော အချက်ဖြစ်၏။ သူ၏ သမ္မတသက်တမ်းပထမနှစ်တွင် အစိုးရဌာန ရာထူးတွေ အများအပြား ခန့်ထားရန်လိုနေသည်ကို တွေ့ရ၏။ ရာထူးခန့်ထားရေးနှင့် ပတ်သက်၍ “ရာထူးတစ်နေရာတွင် လျှောက်ထားသူက ၂ဝ ရှိတယ်၊ အဲဒီတော့ ၁၉ ယောက်ကတော့ ကျုပ်ရန်သူတွေ ဖြစ်တော့မှာပဲ”ဟု သူကပြောသည်။ သူ့မှာ ရန်သူတွေ ပေါများလာသည်နှင့်အမျှ ဝေဖန်ပုတ်ခတ်မှုတွေလည်း တိုးပွားလာသည်။ သိုသော်လည်း ယင်းတိုကို သူက စိတ်ရှည်ခြင်း၊ သည်းခံခြင်း၊သမာဓိရှိခြင်းတိုဖြင့် ကာကွယ်ဖြေရှင်းသည်။ သူက ယင်းတိုအားလုံးကို ဒဿနအမြင်ဖြင့် ရှုမြင်သုံးသပ်သည်။ တစ်နည်းအားဖြင့် သူ၏လူ့သဘာဝ နားလည်မှုဖြင့် ဖြေရှင်းသည်။“လူ့သဘာဝဟာ ဘယ်တော့မှ မပြောင်းလဲဘူး၊ အခုစမ်းသပ်ပွဲကြီးမှာ ပါဝင်နေတဲ့ လူတွေအတိုင်းပဲ၊ ဘယ်အနာဂတ်စမ်းသပ်ပွဲမှာ ပါဝင်တဲ့လူပဲဖြစ်ဖြစ် ကျုပ်တိုအားလုံးဟာ အားနည်းတဲ့လူရှိသလို အားကောင်းတဲ့လူလည်း ရှိမှာပဲ၊ မိုက်မဲတဲ့လူရှိသလို လိမ္မာတဲ့ လူလည်းရှိမှာပဲ၊ ဆိုးတဲ့လူရှိသလို ကောင်းတဲ့လူလည်း ရှိမှာပဲ’ဟူ၍ ၁၈၆၄ ခုနှစ်က သူပြောခဲ့ဖူးသည်။
လင်ကွန်းသည် သူ့ဘဝတစ်လျှောက်လုံးလိုလို မနာလိုမှု၊ မုန်းတီးမှုနှင့် အပုတ်ချမှု၏ သားကောင်ဖြစ်ခဲ့သည်။ ယင်းသိုဖြစ်ရခြင်းမှာ အရာရာကို အကောင်းဆုံးဖြစ်အောင်လုပ်ချင်သည့် သူ၏ပြင်းပြသောဆန္ဒကြောင့် ဖြစ်၏။ သူက သူ့စွမ်းရည်နှင့်သူ သူများကိုကျော်တက်သည်။ ကျော်တက်ခံရသူများက သူ့ကို မနာလိုမုန်းတီးကြသည်။ အတင်းပြော အပုတ်ချကြသည်။ သည်ဒဏ်ကို လူငယ်ဘဝက သူအလူးအလဲခံခဲ့ရ၏။ နောက်ပိုင်းကျတော့ အသက်အရွယ်နှင့် အတွေ့အကြုံကြောင့် သူခံနိုင်ရည်ရှိလာခဲ့သည်။ သို့သော်လည်း ယင်းသိုခံစားခဲ့ရသည့်ဝေဒနာကိုတော့ သူဘယ်တော့မျှမမေ့။ ထိုကြောင့်လည်း သူသည် သူ့လိုခံရသောလူများအား စာနာသနားစိတ်ပွား ခဲ့ခြင်းဖြစ်၏။ တစ်ခါကလူနာအား မှားယွင်းကုသမိသော လူငယ်တစ်ယောက်အား ရှေ့နေလင်ကွန်းက စာနာသနားစိတ်ဖြင့် ထောင်မကျအောင် ကယ်တင်ခဲ့ဖူးသည်။
ထိုအကြောင်းကို ဆရာဝန်ကလေးက ဤသို ပြန်ပြောခဲ့သည်။
“အဲဒီတုန်းက ကျွန်တော်က ရှေ့နေလိုက်ခ ဘယ်လောက်ပေးရမလဲလို သူ့ကိုမေးတော့ “မောင်ရင်က အခုမှ ဘဝလုပ်ငန်းစခါစ လူငယ်တစ်ယောက်ပဲ။ ဒီတော့ရှေ့နေ ဒေါ်လာ ၁၀၀ တန်ပေမဲ့ ကျုပ်က ၂၅ ဒေါ်လာပဲ ယူပါ့မယ်၊ ကျန် ၇၅ ဒေါ်လာကိုတော့ မနာလိုမှုနဲ့ မလိုတမာမှုရဲ့သားကောင်ဖြစ်တဲ့ အဖိုးတန်လူငယ် ဆရာဝန်လေးကိုပဲ ပြန်လှူလိုက်ပါတယ်”လို သူကပြောတယ်”
လင်ကွန်းသည် သူ၏သမ္မတသက်တမ်းလေးနှစ်တာကာလအတွင်း ရိုင်းစိုင်းရန်ပြုမှုနှင့် ပြင်းထန်သော ဝေဖန်မှုတိုကို ကြံကြံခံနိုင်ခဲ့သည်။ သူသည် ယင်းတို့ကို ခံနိုင်ရည်ရှိရုံသာမက ပြည်တွင်းစစ်ကိုအောင်ပွဲခံပြီး တိုင်းပြည်ကိုလည်း မပြိုကွဲအောင်ထိန်းသိမ်းနိုင်ခဲ့၏။ အံဖွယ်စွမ်း ဆောင်ချက်ပင်တည်း။ ထိုပြင် သူသည် အမေရိကန်စစ်တပ်ဖွဲစည်းပုံစနစ်ကို ပြန်လည်ပြုပြင်ဖွဲစည်းခြင်း၊ သမ္မတ၏သြဇာအာဏာကို တိုးချဲ့ခြင်း၊ ကပ္ပလီ ငွေဝယ်ကျွန်စနစ်ကို ဖျက်သိမ်းခြင်းနှင့် အမေရိကန်လူမျိုးတို၏ မျိုးချစ်စိတ်ဓာတ်ကို အားသစ်လောင်းခြင်းတိုကိုလည်း အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့၏။
မတရားဝေဖန်ပုတ်ခတ်မှုများနှင့်ပတ်သက်၍ လင်ကွန်း၏တုံပြန်ဖြေရှင်းနည်းများကို ခေတ်သစ်ခေါင်းဆောင်များ စံနမူနာ ယူသင့်သည်။ လင်ကွန်းသည် ယင်းသို့သော သိက္ခာချမှုများကို နည်းအမျိုးမျိုးတိုဖြင့် တုံပြန်ဖြေရှင်းခဲ့သည်။ အများဆုံးကျင့်သုံး သောနည်းကတော့ လျစ်လျူရှုထားလိုက်သောနည်းပင်ဖြစ်၏။ ဤနည်းသည် အပေါစား နိုင်ငံရေးအပုတ် ချမှုပေါများသောခေတ်တွင် အသုံးဝင်သည်။ ယင်းတိုကို အာရုံစိုက်နေဖို့ သူ့မှာအချိန်မရှိ။ ပြည်တွင်းစစ် အောင်နိုင်ရေးအတွက် အလွန်အလုပ်များနေသည်။ ထိုကြောင့် သူ့အပေါ် ဝေဖန်တိုက်ခိုက်သော စာနယ်ဇင်းဆောင်းပါးများကို သူလုံးဝမဖတ်။ သို့သော်လည်း ဘယ်လိုမျှ ရှောင်၍မရ၊ မျက်စိဖြင့် မမြင်မဖတ်ရသည့်တိုင် နားဖြင့်တော့ မကြားချင်အဆုံး အမြဲတမ်းကြားနေရ၏။
လင်ကွန်းသည် သူ၏နိုင်ငံရေးသမားဘ၀ အစောပိုင်းကာလများက အပုတ်ချဝေဖန်ခံရမှုကြောင့် တော်တော်စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရသည်။ အထူးသဖြင့် သူ့ရန်သူများကမဟုတ်ဘဲ သူ့မိတ်ဆွေများ က အပုတ်ချ ဝေဖန်ခဲ့ကြသောကြောင့်ဖြစ်၏။ သို့သော်လည်း နောက်ပိုင်းတွင် သူသည် ယင်းတို့ကိုဂရုမစိုက်ဘဲ လျစ်လျူရှုထားခဲ့သည်။ ဤအကြောင်းနှင့်ပတ်သက်၍ ၁၈၆၅ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့က ပြောကြားခဲ့သော သူ၏နောက်ဆုံး လူထုစည်းဝေးပွဲ မိန့်ခွန်းတွင် ကျပ်အပေါ် မဟုတ်မမှန် ဝေဖန်ပုတ်ခတ် ရေးသားကြတာတွေကို တတ်နိုင်သမျှ ကျုပ်မဖတ်ဘဲနေခဲ့တယ်၊ ဘာဖြစ်လိုလဲဆိုတော့ ကျုပ်ပြန်ပြီး အဖြေမပေးနိုင်တဲ့ ဝေဖန်စွပ်စွဲချက်တွေကြောင့် စိတ်အနှောင့်အယှက် အဖြစ် မခံချင်လို ဘဲ”ဟူ၍ သူပြောခဲ့ဖူးသည်။
သို့သော်လည်း အခြေအနေအရ လိုအပ်သည့်အခါမျိုးမှာတော့ ယင်းသို့သော ဝေဖန်စွပ်စွဲ ချက်တွေကို သူက ကြံ့ကြံ့ခံ၍ ပြန်လည်ချေပတတ်သည်။ အထူးသဖြင့်သူ၏နိုင်ငံရေး ခံယူချက်အပေါ် ပြည်သူတွေ၏ ယုံကြည်မှုကင်းမဲ့သွားအောင် တမင်လုပ်ကြံဝေဖန်စွပ်စွဲခြင်းမျိုးကို သူက ဘယ်တော့မျှ ခေါင်းငုံမခံ၊ အမြဲတမ်း ပြန်လည်တုံပြန်တတ်သည်။ ၁၈၅၈ ခုနှစ် အထက်လွှတ်တော်အမတ်အရွေးခံရန် မဲဆွယ်စဉ်က သူ၏ငွေဝယ်ကျွန်စနစ်ဆန့်ကျင်ရေး ခံယူချက်နှင့်ပတ်သက်၍ သူနှင့်ပြိုင်ဘက် စတီဖင် ဒေါက်ကလပ်က သူ့ကို ပြင်းပြင်းထန်ထန် ဝေဖန်အပုတ်ချပြီး မဲဆွယ်သည်။ လူထုပရိသတ်ကြီးက တစ်ခဲနက် လက်ခုပ်သြဘာပေးကြသည်။ လင်ကွန်းကပြောတော့ ပရိသတ်အားလုံး ဆိတ်ဆိတ်သား တိတ်ဆိတ်နေကြသည်။ သူ့မိတ်ဆွေက ဤအချက်ကို စိုးရိမ်မိကြောင်းပြောပြသောအခါ သူက စိတ်လှုပ်ရှားပြီး သွေးရူးသွေးတန်းဖြစ်နေတဲ့ လူအုပ်ကြီးကြောင့် ကျုပ် ဘယ်တော့မှ ကြောက်ဒူး မတုန်ဘူး၊ လူလူချင်း ရက်ရက်စက်စက်ဖိနှိပ်မှုကြောင့် လောကငရဲခံနေရတဲ့ ဒီငွေဝယ်ကျွန်စနစ်ကို ပျက်သုဉ်းရေးအတွက်ဟောပြောတာတွေကိုလည်း ကျုပ်ဘယ်တော့မှ စွန့်လွှတ်မှာမဟုတ်ဘူး”ဟူ၍ ပြန်ပြောခဲ့သည်။
၁၈၆၄ ခုနှစ်က ဘောလ်တီမိုးမြိုတွင် မိန့်ခွန်းပြောခဲ့တုန်းကလည်း လင်ကွန်းသည် လူမည်း ငွေဝယ်ကျွန်စနစ်ကိုဆန့်ကျင်ပြီး သိက္ခာချဝေဖန်သူများကို ပြတ်ပြတ်သားသား တုံပြန်တိုက်ခိုက်ခဲ့၏။
“သိုးကျောင်းသားက သိုးတွေမသေရအောင်လို ဝံပုလွေကို မောင်းထုတ်တယ်၊အဲဒီအတွက် သိုးတွေက သိုးကျောင်းသားကို အသက်သခင်အဖြစ် ကျေးဇူးတင်ကြတယ်။ ဒါပေမဲ့ ဝံပုလွေကတော့ သိုးကျောင်းသားကို လွတ်လပ်ခွင့် ဖျက်ဆီးသူဆိုပြီးစွပ်စွဲတယ်၊ အထူးသဖြင့် သိုးက သိုးမည်းဖြစ်နေရင် ပိုပြီးတောင် ဆိုးသေးတယ်”
မတရားဝေဖန်စွပ်စွဲမှုနှင့်ပတ်သက်၍ လင်ကွန်း၏ အထိရောက်ဆုံး တုံပြန်နည်းတစ်ခုမှာ ပြန်လည်ချေပစာ အရှည်ကြီးတွေ ရေးသားခြင်းဖြစ်သည်။ သူ၏ဒေါသစိတ် ပြေပျောက်သွားစေရန် စားပွဲမှာထိုင်ကာ ပြန်လည်ချေပစာရေးသည်။ ထိုနောက် ထိုစာကို သက်ဆိုင်သူသို့မပို့ဘဲ သည်အတိုင်းပစ်ထားလိုက်သည်။ သူ့ခံစားချက်ကို ဖွင့်အန်ပစ်လိုက် ရသောကြောင့် သူ့အဖို့ နေသာထိုင်သာ ရှိသွားသည်။ သို့သော် သူ၏ဒေါသကို လူသိရှင်ကြား မဖော် ထုတ်ချင်သောကြောင့် ရေးပြီးသောစာကို သက်ဆိုင်သူထံသိုမပို့ဘဲချောင်ထိုးထားလိုက်ခြင်း ဖြစ်သည်။
၁၈၆၄ ခုနှစ်၊ ရွေးကောက်ပွဲနှောင်းပိုင်းကလည်း သူ့အပေါ် စွပ်စွဲချက်နှင့်ပတ်သက်၍ ဖြေရှင်းလွှာတစ်စောင်ကို လင်ကွန်းရေးခဲ့ဖူးသည်။ အဆိုပါ စွပ်စွဲချက်ပေါ်ပေါက်လာရသောဖြစ်ရပ်ကို အင်တီယက်တမ်ဖြစ်ရပ်’ဟူ၍ စာနယ်ဇင်းတွေကကင်ပွန်းတပ်ကြသည်။ ဖြစ်ပုံမှာ ၁၈၆၅ ခုနှစ် အောက်တိုဘာလအတွင်းက လင်ကွန်းသည် တပ်ဖွဲ့များကို စစ်ဆေးရန် အင်တီယက်တမ် စစ်မြေပြင်သို သွားရောက်ခဲ့သည်။ လမ်းခရီးတွင် လင်ကွန်းက သူ့မိတ်ဆွေရင်းကြီး ဗိုလ်ချုပ်ကြီး ဝါ့ဒ်လာမွန်အား သူ့အကြိုက် အလွမ်းသီချင်းတစ်ပုဒ်ကို ဆိုပြရန် ပြောသည်။ ထိုအခါ ဗိုလ်ချုပ်ကြီးကခပ်တိုတို အလွမ်းသီချင်းတစ်ပုဒ်ကို ဆိုကြသည်။ ထိုနောက် သမ္မတကြီး စိတ်လန်းကိုယ်လန်းဖြစ်စေရန်အတွက် မြူးရွှင်သောသီချင်း တော်တော်များများကို ဆက်လက်ဆိုပြသည်။ နောက်လအနည်းငယ်ကြာ သောအခါ သမ္မတကြီးသည် အလောင်းကောင်တွေ တောင်လိုပုံနေသောမြင်ကွင်းတွင် ပျော်စရာ သီချင်းဆိုခိုင်းခဲ့သည်ဟု စာနယ်ဇင်းတွေက ရေးသားကြသည်။ ထိုဖြစ်ရပ်သည် ၁၈၆၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင်ပြန်ပေါ်လာပြန်သည်။ ထိုဖြစ်ရပ်ကို နယူးယောက်ဝါးလ်ဒ်”သတင်းစာက ‘မစ္စတာလင်ကွန်း၏ ရယ်စရာပြက်လုံးတစ်ခု”ဟူသော ခေါင်းစဉ်ဖြင့် အပုပ်ချ ရေးသားလိုက်သည်။
ဤတွင် ဗိုလ်ချုပ်ကြီးလာမွန်က အကြီးအကျယ် ဒေါကန်ပြီး ဤကိစ္စကိုတိုင်းသိပြည်သိ ပြန်လည်ချေပရန် သမ္မတကြီးအား တိုက်တွန်းသည်။ သို့သော် သမ္မတကြီးက လက်မခံ၊ “သူ့အတိုင်းပဲ ထားလိုက်စမ်းပါ’ပြောသည်။
သမ္မတကြီး၏ တုံဏှိဘာဝေ ဆိတ်ဆိတ်နေဝါဒကို ဗိုလ်ချုပ်ကြီးက မကျေနပ်၊ ထိုကြောင့် သူက ဖြေရှင်းချက်တစ်စောင်ရေးပြီး သမ္မတကြီးကို တင်ပြသည်။ ထိုအခါသမ္မတကြီးက“ဒီဖြေရှင်းချက်ကို ပုံနှိပ်ဖော်ပြဖို ကျုပ်သဘောမတူဘူး… လာမွန်၊ ခင်ဗျားရဲ့ လေက သိပ်ပြီး ပြင်းလွန်းတယ်၊ ကြမ်းလည်းသိပ်ကြမ်းတယ်။ တစ်ခါတလေ ခင်ဗျားက သိပ်ပြီး တိုက်ချင်ခိုက်ချင်စိတ် ပြင်းထန်တယ်၊ ကျုပ်သာဆိုရင် ဖြစ်စဉ်အတိုင်းပဲရိုးရိုးကလေးရေးမှာပဲ၊ အပိုစာသား ဘာမှမထည့်ဘူး၊ အဲဒီတော့ အခုပဲ ကျုပ်ရေးကြည့်ပါရစေဟု ပြန်ပြောသည်။
ထိုနောက် သူသည် ဖြစ်ရပ်မှန်အတိုင်း စာရှည်ကြီးတစ်စောင် ရေးသည်။ တိုက်ပွဲဖြစ်ပွားပြီး နောက် ၁၆ ရက်အကြာတွင် သူသည် အင်တီတမ်စစ်မြေပြင်သို့ သွားရောက်ခဲ့ကြောင်း၊ အလောင်းတစ် လောင်းမှ မတွေ့ရကြောင်း စသည်ဖြင့် ရေးသား ထားသည်။ ထိုစာကို ဗိုလ်ချုပ်ကြီးလာမွန်ရေး သည့်အနေဖြင့် ထုတ်ပြန်ရန် ရည်ရွယ်ခဲ့သော်လည်း လင်ကွန်းက ထုတ်ပြန်ခွင့်မပြုခဲ့ချေ။ ၁၈၉၅ ခုနှစ်တွင်မှ ထိုစာအကြောင်းအများပြည်သူတွေ သိခဲ့ကြရ၏။
သမ္မတလင်ကွန်း၏ ထူးခြားသောအကျင့်တစ်ခုမှာ ဒေါသထွက်စရာများကိုရယ်စရာအဖြစ် ပြောင်းလဲရှုမြင်တတ်ခြင်းဖြစ်သည်။ သူက ဟာသဉာဏ်ရှိသည်၊ ဖြတ်ထိုးဉာဏ်ကောင်းသည်၊ ပုံတိုပတ်စ အပြောကျွမ်းသည်။ ယင်းတို့သည် သူ့အတွက် မတရားဝေဖန်မှုတွေကို ခံနိုင်ရည်ရှိစေသော ဆေးစွမ်းကောင်းများပင် ဖြစ်သည်။ ၁၈၅၈ ခုနှစ်အတွင်းက စတီဖင်ဒေါက်ကလပ်က သူ့အား မဟုတ်မမှန်ပုတ်ခတ်စွပ်စွဲမှုတွေ တစ်ခုပြီးတစ်ခုတင်ပြီး အပုပ်ချသည်။ ထိုအခါ သူက “မဟုတ်မတရား စွပ်စွဲခံရရင် ဘယ်သူမဆိုဒေါသထွက်တတ်တယ်၊ ကျုပ်လည်း အဲဒီအတိုင်းပါပဲ၊ ဒါပေမဲ့ စွပ်စွဲချက်က ရိုင်းစိုင်းပြီး အောက်တန်းကျတဲ့ စွပ်စွဲချက်မျိုးဖြစ်နေတော့ ဒေါသထွက်ရမဲ့အစား ရယ်ပဲရယ်မိ တော့တယ်” ဟု ပြန်ပြောခဲ့၏။
လင်ကွန်းသည် ဤအကျင့်ကို “အိမ်ဖြူတော် အထိ ယူဆောင်လာခဲ့သည်။ နိုင်ငံရေးသိက္ခာ ချခံရမှုတည်းဟူသော ဆူးငြောင့်များကို ဤအကျင့်ဖြင့် သူ နုတ်ပစ်သည်။သူသည် တစ်ခါတစ်ရံ သင့်လျော်သော ပုံတိုပတ်စကလေးတစ်ပုဒ်ကို ပြောပြခြင်းဖြင့်တစ်ဖက်လူကို ထိရောက်စွာ ထိုးနှက်တတ်သည်။ တစ်ခါက သူ့ကို အမနာပစကားများဖြင့် ထိုးစစ်ဆင်လာသူတစ်ဦးအား သူက “ဒီလူကြီးမင်းရဲ့ ပြောကြားချက်က သူ့စိတ်ရဲ့ လုပ်ရပ်အားလုံးကို ရပ်ဆိုင်းပစ်လိုက်တာပဲ´ဟူ၍ တုံပြန်တိုက်ခိုက်ပစ်လိုက် သည်။ ထိုနောက် သူက ပုံတိုပတ်စကလေးတစ်ပုဒ်ကို ပြောပြသည်။
“ဟိုအရင်တုန်းက ကျုပ် အချိန်ပိုင်းသင်္ဘောသား လုပ်ခဲ့ဖူးတယ်။ ကျုပ်လုပ်ရတာက ဆန်ဂါမွန်မြစ်ထဲမှာ တဘူဘူအော်မြည်ရင်း တလှုပ်လှုပ် တလှိမ့်လှိမ့် လူးလာခေါက် ပြန်သွားနေတဲ့ မီးသင်္ဘောအစုတ်အနုတ်ကလေးမှာပါ။အဲဒီသင်္ဘောကလေးမှာ ဘွိင်လာအိုးက ငါးပေရှည်ပြီး ဥဩပြောင်းက ခုနစ်ပေရှည်တယ်၊ ဥဩသံပေါ်ထွက်လာတိုင်း သင်္ဘောက ရပ်ရပ်သွားတယ်”
တစ်ခါတွင်လည်း မြောက်ပိုင်းသား ပြည်နယ်အုပ်ချုပ်ရေးမှူးတစ်ယောက်ကအရွယ်ရောက်သူ တိုင်း စစ်ထဲမဝင်မနေရဥပဒေကို မကျေမနပ်ဖြစ်ပြီး သူ့အနေဖြင့် ယင်းဥပဒေကို အကောင်အထည်မဖော်နိုင်ဟုဆိုကာ သမ္မတကြီးကို ဝေဖန်တိုက်ခိုက်လာတယ်။ သိုသော်လည်း လင်ကွန်းက နောက်ဆုတ်၍မသွား၊ ဥပဒေအတိုင်း လုပ်စရာရှိတာဆက်လုပ်ရန် ကာကွယ်ဝန်ကြီးကို ညွှန်ကြားလိုက်သည်။ ပြီးတော့ သူက သူ့ထုံးစံအတိုင်း ပုံတိုပတ်စကလေးတစ်ပုဒ် ပြောပြသည်။
ပြည်နယ်အုပ်ချုပ်ရေးမှူးက သင်္ဘောရေချပွဲမှာ ကျပ်တွေ့ခဲ့ဖူးတဲ့ ကလေးနဲ့ တူနေတယ်။ အားလုံးအသင့်ဖြစ်တော့ သူတိုက ကလေးတစ်ယောက်သွားခေါ်ပြီး သင်္ဘောဝမ်းဗိုက်အောက် ပိုလိုက်ကြတယ်။ အဲဒီကလေးလုပ်ရမှာကခလုတ်ကို တအားရိုက်ထုဖို့ပဲ၊ အဲဒါမှ သင်္ဘောက ထွက်သွားမှာ။ သင်္ဘောထွက်သွားတဲ့အခါ သူက အသာလေး ပြားပြားဝပ်နေလိုက်ရုံပဲ၊ ဒါနဲ့ သူကသူ့အလုပ်ကို မှန်မှန်ကန်ကန် လုပ်လိုက်တယ်။ ဒါပေမဲ့ သူက သေလုမျောပါးအော်ပြီး သင်္ဘောအောက်က ထွက်လာတယ်။
“ကျုပ်ကတော့ သူ့ကျောကုန်းပေါ်က အရေတွေ အကုန်စုတ်ပြဲကုန်ပြီထင်တာပေါ့။ ဒါပေမဲ့ သူ ဘာမှမဖြစ်ပါဘူး၊ သင်္ဘောကျင်းက တာဝန်ခံကကျုပ်ကို ပြောပြတယ်၊ အဲဒီကလေးဟာ ဒီအလုပ်မျိုးကို အမြဲတမ်းလုပ်သတဲ့၊ သူက ဒီအလုပ်ကို ကျွမ်းတယ်၊ အနာတရလည်း ဘယ်တော့မှ မဖြစ်ဘူးတဲ့၊ ဒါပေမဲ့ သူက သင်္ဘောအောက်က ပြန်ထွက်လာတိုင်း အဲဒီလိုပဲ အမြဲတမ်း အော်ပြီး ထွက်လာတတ်တယ်တဲ့။ အခု ပြည်နယ်အုပ်ချုပ်ရေးမှူးလည်း အဲဒီအတိုင်းဖြစ်နေပြီ၊ သူဟာ သူ့အလုပ်ကို ကျွမ်းပါတယ်၊ ဘာမှ အန္တရာယ်မရှိပါဘူး၊ ဒါကြောင့် သူအော်တာကို ဂရုမစိုက်ကြပါနှင့်၊ သူက သူ့အလုပ်ဘယ်လောက်ခက်ခဲတယ်ဆိုတာ လူတွေသိအောင် ပြချင်တာပါ၊ သူလုပ်နေပါတယ်ဆိုတာ ပြချင်လို တမင်အော်တာပါ”
လင်ကွန်းမှာ ဟာသဉာဏ်ရှိသည့်အပြင် အမှန်တရားကို သိနိုင်စွမ်းရည်လည်းရှိသည်။ သူက ယင်းအသိကို သင့်တင့်လျောက်ပတ်စွာ အသုံးချတတ်သည်။ တစ်ခါကလူတစ်စုအား သူပြောဖူးသည် မှာ- “ဘယ်လုပ်ငန်းမှာမဆို ရှေ့ဦးရှေ့ဖျား လုပ်ဆောင်သူတွေဟာ များသောအားဖြင့် အဲဒီလုပ်ငန်းကို အောင်အောင်မြင်မြင် အကောင်းဆုံးလုပ်နိုင်တဲ့လူတွေ မဟုတ်ကြဘူး။ သူတိုဟာ မကြာခဏဆိုသလို ပြင်းထန်တဲ့ဆန့်ကျင်မှုနဲ့ ရင်ဆိုင်ကြရတယ်၊ ရက်ရက်စက်စက် ဝေဖန်ရှုတ်ချခံကြရတယ်။ ဒီလိုနဲ့နောက် ဆုံးပြည်သူတွေက ဆန်းသစ်ပြုပြင်မှုကို လက်ခံရတော့မဲ့အခြေအနေ ရောက်လာတဲ့အခါမှာရှေ့ဦးလုပ်ဆောင်သူတွေကို အားမကိုးဘဲ တခြားလူတွေကိုပဲ အားကိုးတတ်ကြတယ်။သမ္မတရာထူးဆိုတာကလည်း အတွေ့အကြုံမရှိဆုံး နိုင်ငံရေးသမားအတွက်တောင်မှပန်းခင်းတဲ့မွေ့ရာမဟုတ်ဘူး။ တကယ်တော့ ဘယ်လူသားမှ သမ္မတရာထူးနဲ့ ပြည့်ပြည့်မထိုက်တန်ဘူး၊ ဘယ်လူသားမှ ပုတ်ခတ်စွပ်စွဲမှုနဲ့ မကင်းနိုင်ဘူး ဟူ၍ ဖြစ်သည်။
လင်ကွန်းသည် သူ့တွင် အမှားနှင့်အမှန်ကို ခွဲခြားသိမြင်နိုင်သော စွမ်းရည်ရှိကြောင်း သူ့ကိုယ်သူ လေးနက်စွာ ယုံကြည်သည်။ ယင်းစွမ်းရည်ကြောင့်လည်း မတရားဝေဖန်မှုကို သူကြံ့ကြံ့ခံနိုင်ခြင်းဖြစ် ၏။ အများစုက ကိုယ်ကျင့်သိက္ခာကင်းမဲ့စွာဖြင့်မတော်မတရားလုပ်နေကြသော်လည်း သူက ဘယ်တော့မျှမလုပ်၊ သူ့သိက္ခာကို မဲ့တစ်ပေါက်အစွန်းမခံ။ သူ့ယုံကြည်ချက်ကို ထိုးနှက်တိုက်ခိုက်လာ လျှင်လည်း လုံးဝနောက်မတွန့်။ ကြံကြံခံ၍ ရပ်တည်သည်။ အမှားလုပ်တာကိုကြောက်ဖိုကိစ္စမှာထက် အမှန်ကိုလုပ်ရဲဖို့ကိစ္စမှာ ပိုပြီး သတ္တိလိုအပ်တယ်”ဟု သူက ပြောသည်။ “အမှန်ဘက်ကရပ်တဲ့လူဟာ ကြောက်စရာမလိုဘူး”ဟု ဗိုလ်ချုပ်ကြီး ဂျွန်မက်ကလာနန်ထံပေးစာတွင်သူ ရေးဖူးသည်။ နယူးယောက်ထရီဇွန်း” သတင်းအယ်ဒီတာ ဟိုးရေ့စ် ဂရီလီတံပေးစာတွင်လည်း “အမှန်တရားဟာ ယေဘုယျအားဖြင့် သွားပုပ်လေလွင့်စွပ်စွဲတာကိုအကောင်းဆုံးလက်စားချေခြင်းပဲ”ဟု ရေးခဲ့၏။
ခေတ်ပြိုင်ခေါင်းဆောင်များ အထူးသဖြင့် နိုင်ငံရေးခေါင်းဆောင်များသည်လင်ကွန်း၏ နည်းလမ်းများကို ကျင့်သုံးပြီး မတရားပုတ်ခတ်ဝေဖန်ခြင်းကို တုံပြန်တိုက်ခိုက်သင့်သည်။ အဓိကကတော့ ခံနိုင်ရည်ရှိဖို၊ စိတ်ရှည်ဖို၊ ကိုယ့်ကိုယ်ကိုယုံကြည်ဖို့ပင် ဖြစ်သည်။
သူတစ်ပါးက ဝေဖန်တိုက်ခိုက်လာလျှင် အသေးအဖွဲတွေကို လျစ်လျူရှုထားလိုက်ပါ၊ ကြီးကျယ်လျှင် တစ်မျိုးတစ်မည်ပြောင်းလဲသွားအောင် ပြန်တိုက်ပါ၊ ဒေါသပြေသွားအောင် ဖြေရှင်းချက်ရေးပါ၊ သိုသော် ဘယ်သူ့ဆီမျှမပိုဘဲ သိမ်းထားလိုက်ပါ။ ပြီးတော့ အကောင်းဘက်ကို ကြည့်ပြီး ဟာသဉာဏ်ကို အမြဲတမ်း အသုံးချပါ။
အကျပ်အတည်းကြုံလာလျှင် အေးဆေးတည်ငြိမ်အောင် ကြိုးစားပါ၊ အမှားနှင့်အမှန်ကို ခွဲခြားသိမြင်ပါစေ၊ သတ္တိရှိပါစေ။
လင်ကွန်း၏ ခေါင်းဆောင်ကျင့်စဉ်
.
- ဒေါသမများစေရေးအတွက် ပုတ်ခတ်ဝေဖန်ချက်များကို ဖတ်ရှုခြင်းမှ ရှောင်ကြဉ်ပါ။
- စိတ်လှုပ်ရှားနေသော လူထုကို မကြောက်ပါနှင့်၊ မိမိ၏ ရိုးသားသော ခံစားချက်ကို ပွင့်ပွင့်လင်းလင်း ပြောပြပါ။
- ယေဘုယျအားဖြင့် အမှန်တရားသည် မတရားစွပ်စွဲ ဝေဖန်မှုကိုအကောင်းဆုံး ကလဲ့စားချေခြင်းဖြစ်သည်။
- ကိုယ်သိသလောက်၊ ကိုယ်တတ်နိုင်သလောက် အကောင်းဆုံးဖြစ်အောင်လုပ်ပါ၊ ပြီးဆုံးအောင်အထိ လုပ်ပါ။
- မတရားစွပ်စွဲချက်ကို တစ်ကြိမ်အရှုံးပေးလိုက်လျှင် နောက်ထပ်စွပ်စွဲချက်များအတွက် လမ်းဖွင့်ပေးလိုက်သလို ဖြစ်သွားနိုင်သည်။
- မိမိအား အုပ်စုနှစ်စုလုံးက ဝေဖန်ထိုးနှက်လာလျှင်၊ သို့မဟုတ်နှစ်စုလုံးက ဝေဖန်ထိုးနှက်ခြင်းမပြုလျှင် မိမိ မှန်ကောင်းမှန်နိုင်သည်။ သို့သော် တစ်ဖက်အုပ်စုက ကလော်တုတ်ပြီး တစ်ဖက်အုပ်စုက ချီးကျူးထောမနာပြုတာမျိုးကိုတော့ သတိထားပါ။
- တိုက်ပွဲတွင် ရှုံးနိမ့်ခြေရှိခြင်းကြောင့် မိမိက မှန်ကန်သည်ဟု ယုံကြည်သောလုပ်ရပ်ကို စွန့်လွှတ်မပစ်ပါနှင့်။
အခန်း(၇)
ဆန့်ကျင်ဘက် အမှန်သဘောကို နားလည်
“အချိန်ယူပါ၊ ဒီကိစ္စကို သေသေချာချာ စဉ်းစားပါ၊ အချိန်ယူတဲ့အတွက် တန်ဖိုးရှိတာတွေ ဘာမျှ ဆုံးရှုံးမသွားနိုင်ဘူး
နှောင့်နှေးတာဟာ ကျုပ်တိုကို ဘဝပျက်အောင် ဖျက်ဆီးတာပဲ”
အချိန်ဆိုတာ အရာခပ်သိမ်းပဲ၊ ဒီအချက်ကို နှလုံးသွင်းပြီး ကြိုးစားလုပ်စမ်းပါ’
“နှေးနှေးကလေးနှင့် မြန်မြန်လုပ်ပါ”
[အခြေအနေအမျိုးမျိုးတွင် ပုဂ္ဂိုလ်
အမျိုးမျိုးတိုအား လင်ကွန်းက
အကြံပေးပြောကြားသော
ဆန့်ကျင်ဘက်အမှန်စကားများ
(မတ်၊ ၁၈၆၁-ဇူလိုင်၊ ၁၈၆၂)]
အများအားဖြင့် အေဘရာဟင်လင်ကွန်းအား “ဘုန်းသမ္ဘာရှင်’ ခေါင်းဆောင်တစ်ယောက်ဟု မသတ်မှတ်ကြသော်ငြားလည်း သူ့အကြောင်းကို သေသေချာချာလေ့လာကြည့်သောအခါ အံ့ဖွယ်ထူးခြားသော အရည်အချင်းများကို တွေ့ရသောကြောင့် ဘုန်းသမ္ဘာရှင်”ခေါင်းဆောင်ဟု ခေါ်မည်ဆိုက ခေါ်လောက်သည်။ ဥပမာအားဖြင့် တပ်စခန်းများသိုသွားရောက်သည့်အခါတိုင်း တပ်သားများက သူ့အား ခုန်ပေါက်ပျော်မြူးကာ သောင်းသောင်းဖြဖြ တစ်ခဲနက် ကြိုဆိုကြသည်။ နယူးယောက်မြို “ကူးပါးအင်စတီကျူတွင် မိန့်ခွန်းပြောတုန်းကလည်း ပရိသတ်က လက်ခုပ်သံတဖြောင်းဖြောင်းနှင့် ထောက်ခံအားပေးကြသည်။ ၁၈၆၁ ခုနှစ်က စပရင်းဖီးလ်ဒ်မြိုမှ ဝါရှင်တန်မြိုတော်သို အသွားတုန်းကလည်း မီးရထားဘူတာတွင် လူပေါင်းတစ်ထောင်ကျော်တို့က မဖိတ်မခေါ်ဘဲနှင့်တမင်သက်သက် လာရောက်နှုတ်ဆက်ကြသည်။ တကယ်တော့ လင်ကွန်းဘယ် နေရာပဲသွားသွား လူတွေကြိတ်ကြိတ်တိုးဝိုင်းအုံလာတတ်သည်ချည်းပင်။ သူလုပ်ကြံခံရပြီးနောက်တွင် တစ်နိုင်ငံလုံး အပူလုံးကြွပြီး ယူကျုံးမရဖြစ်ခဲ့ရခြင်းသည် သူ၏ လူချစ်လူခင်များခြင်းကို သက်သေထူနေ၏။ လင်ကွန်းအား အဖြစ်မှန်ထက် ဒဏ္ဍာရီဆန်ဆန် ကြည်ညို လေးစားကြသောကြောင့် သူ့အဆင့်သည် သူတော်စင်တစ်ဦးနီးပါး မြင့်တက်သွားခဲ့သည်။ စင်စစ် သူသည် သူ့ခေတ်တုန်းက လူပေါင်းများစွာတို့အဖို့ “ဖခင်လိုခေါင်းဆောင်ဖြစ်သည်။ “အေဘရာဟင်’ဟူသော နာမည်ကိုကပင် “ဖခင်’ဟူ၍ အဓိပ္ပာယ်ရသည်။ထိုကြောင့် သူ့နာမည်ကလည်း သူ့အရပ်လိုပင် စိတ်ပိုင်းဆိုင်ရာအရ လူတွေကို ဆွဲဆောင်နိုင်ခဲ့ခြင်းဖြစ်၏။
လင်ကွန်းကား လူပင်သေသော်လည်း နာမည်မသေသော ခေါင်းဆောင်ဖြစ်၏။ သူ့နာမည်သည် လူတိုင်း၏ နှလုံးသားထဲတွင် စွဲမြဲနေဆဲရှိသေးသည်။ ယနေ့ခေတ်တွင် လူတန်းစားမျိုးစုံ၊ အလွှာမျိုးစုံတို့ က သူ့ကို တသသဖြင့် ကြည်ညိုလေးစားနေဆဲရှိသေးသည်။
လင်ကွန်းအား ဂျွန်၊ အက်ဖ်၊ ကနေဒီကဲ့သို ဘုန်းရှင်ကံရှင် သမ္ဘာရှင်အဖြစ်ယူဆရန် တော်တော်ခက်သည်။ တစ်ခါတစ်ရံ ဆန့်ကျင်ဘက်လိုဖြစ်နေသည်။ သူ့ဓာတ်ပုံများတွင် မျက်နှာက အမြဲတမ်းညှိးနေသည်။ သူ့ရုပ်တုများမှာလည်း အပြုံးကိုဘယ်တော့မျှမမြင်ရ။ အဝတ်အစား ကျပြန်တော့လည်း ဆွဲဆောင်မှုမရှိသော အနက်ရောင်ပွယောင်းယောင်းကြီးကို ဝတ်သည်။ ဆံပင်ကိုလည်း မပြီးမသင်သလောက်ဖြစ်သည်။ သူ့ကို “ဆန့်ကျင်ဘက်လူသား’ဟု ခေါ်လျှင် အသင့်တော်ဆုံး ဖြစ်လိမ့်မည်။ ထိုနာမည် သည် ရိုးရိုးလူသားလင်ကွန်းနှင့်ရော၊ သမ္မတလင်ကွန်းနှင့်ပါ လိုက်ဖက်သည်။ တကယ်တော့ လင်ကွန်း၏ခေါင်းဆောင်မှုဟန်ပန်တွင် ဆန့်ကျင်ဘက်တွေ အများကြီးရှိသည်။ဥပမာ သူသည် ပျော့ပျောင်းပြုပြင်လွယ်သော စိတ်ထားရှိသလို တစ်ချိန်တည်းတွင် တင်းမာပြတ်သားသော စိတ်ထားလည်းရှိသည်။
လင်ကွန်းသည် သူ၏ လေးနှစ်တာသမ္မတသက်တမ်းအတွင်း မှတ်လောက် သားလောက်ပြတ် သားခဲ့၏။ ရာထူးခန့်ထားရာ၌ ပြတ်သားရန်၊ ဘာပဲလုပ်လုပ် ပြည်သူ့ဆန္ဒ ပြည်သူ့ထင်မြင်ချက်နှင့် ကိုက်ညီစေရန် ဝန်ကြီးများအား သူက ညွှန်ကြားသည်။ အားပေးကူညီသည်။ တစ်သမတ်တည်း ပြတ်သားမှုသည် လင်ကွန်း၏ “ကုန်အမှတ် တံဆိပ်ဖြစ်သည်။ ထိုပြင် သူ၏အုပ်ချုပ်ရေးယန္တရားတွင် အရေးပါသော ခွေးသွားစိပ် တစ်ခုလည်းဖြစ်သည်။ လင်ကွန်းသည် လူတွေကို ဆက်ဆံရာ တွင်လည်းကောင်း၊တာဝန်ပေးရာတွင်လည်းကောင်း၊ ရာထူးတိုးမြှင့်ခန့်ထားရာတွင်လည်းကောင်း၊ ဝန်ကြီးများ ဗိုလ်ချုပ်ကြီးများနှင့် ဆက်ဆံဆောင်ရွက်ရာတွင်လည်းကောင်း တစ်သမတ် တည်းပြတ်သားသည်။
သို့သော် သူသည် ပြတ်သားသလောက် ပျော့ပျောင်းသူလည်းဖြစ်၏။ သူ့ကိုယ်သူ ဘောင်အတွင်းမှာ ဘယ်တော့မျှ ကန့်သတ်မထား။ ကျုပ် မူဝါဒက မူဝါဒမရှိဖို့ဘဲ။ ကျုပ်က အသုံးကျတဲ့ ဖဲချပ်တွေအကုန်လုံး သုံးပြီးတော့မှ ဒီကစားပွဲကြီးက ထမယ်’ဟု သူက ပြောသည်။ သူသည် ဖွဲစည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းရန်၊ ကာကွယ်ရန်၊ ဦးထိပ်ပန်ဆင်သည်။ ဤနည်းဖြင့် တိုင်းပြည်မပြိုကွဲရေးကို ကြိုးပမ်းဆောင်ရွက်သည်။ ၁၈၆၂ ခုနှစ်က ဟိုစ်ဂရီလီထံ ရေးခဲ့သောစာတွင် “ကျုပ်လုပ်ရပ်ဟာ ကျုပ်တိုရဲ့ ရည်မှန်းချက်ကိုထိခိုက်နေပြီလို ယုံကြည်ရင် လုပ်မယ်၊ ရည်မှန်းချက်ကို အထောက် အကူပြုတယ်လို ယုံကြည်ရင် ပိုလုပ်မယ်၊ မှားတာရှိရင် ပြင်မယ်၊ မှန်တာကို လုပ်မယ်၊ အမြင်သစ် အမြင်မှန်ကို အမြဲတမ်းကြိုဆိုလက်ခံမယ်”ဟူ၍ ရေးသားထားသည်။
လင်ကွန်းသည် ဆန့်ကျင်ဘက်တို၏ အမှန်သဘောကို ကောင်းစွာသိသည်။ သိသည့်အတိုင်း လက်တွေ့လည်း ကျင့်သုံးသည်။ သူ၏ခေါင်းဆောင်မှု လုပ်ရပ်များတွင် ဆန့်ကျင်ဘက်လက္ခဏာတွေ တော်တော်များများ တွေ့ရသည်။
သူသည် အလွန်တော်သော်လည်း နှိမ့်ချသည်။ ပျော့ပျောင်းပြုပြင်လွယ်သော် လည်း ခိုင်သည်ပြတ်သားသည်။ မုန်းတီးသူများသော်လည်း ချစ်ခင်သူတစ်ပုံကြီး ရှိသည်။ သနားကြင်နာတတ်သော်လည်း အသည်းမာသည်။ စွန့်စားဖန်တီးတတ်သော်လည်း စိတ်ရှည်ချင့် ချိန်တတ်သည်။ ဗိုလ်ချုပ်ကြီးတွေကို မကြာခဏဆိုသလို တာဝန်မှ ဖယ်ရှား တတ်သော်လည်း လုပ်ငန်းအောင်မြင်အောင် ၎င်းတိုအား အချိန်လည်းပေးသည်၊ အကူ အညီလည်းပေးသည်။ သူ့တွင် ပုံသေမူဝါဒမရှိဟူ၍ ပြောသော်လည်း လက်တွေ့လုပ်ဆောင်ရာတွင် ပြတ်သားသည်၊ တာဝန်ယူသည်၊ ဆုံးဖြတ်ချက် အထူးခိုင်မာသည်။
အမေရိကန်နိုင်ငံသမိုင်းတွင် ဘေးကျပ်နံကျပ် ကြုံနေရသောကာလအတွင်း ကသောင်းက နင်းဖြစ်နေသည့် အခြေအနေများကို လင်ကွန်းသည် နိုင်နင်းစွာ ကိုင်တွယ် ဖြေရှင်းနိုင်ခဲ့သည်။ သူသည် ယင်းအခြေအနေများကို ကြိုတင်လှုပ်ရှားမှုဖြင့် ကောင်းစွာထိန်းသိမ်းနိုင်ခဲ့သည်။ ထိုပြင် သူသည် မိမိ၏အားသာချက်ကို အကျိုးရှိစွာ အသုံးချနိုင်ရုံ သာမက အားနည်းချက်များကိုလည်း ပြုပြင်နိုင်ခဲ့သည်။
လူသားတိုင်းမှာ အားနည်းချက် အနည်းနှင့်အများ ရှိကြသည်ချည်း ဖြစ်သည်။ သို့သော် အများစုက ယင်းတို့ကို သတိမထားမိကြ။ ယင်းတို့၏ ဆိုးကျိုးကိုရှောင်ဖယ်ရန်မကြိုးစားကြ၊ အုပ်စုတစ်စု၊ အဖွဲအစည်းတစ်ခု၏ အဓိကလုပ်ရပ်သည် လူအချင်းချင်း ဆက်ဆံလုပ်ဆောင်ခြင်းဖြစ်ရာ ခေါင်းဆောင်လုပ်သူသည် လူတစ်ယောက်စီ၏ အားနည်းချက်များကို သိရှိအောင် ကြိုးစားရမည်။ လက်အောက်ငယ်သားများက သူတို့၏ခေါင်းဆောင် တက်ကြွလန်းဆန်းနေသည်ကိုသာ အမြဲတမ်း မြင်ချင်ကြသည်။ သို့သော် ခေါင်းဆောင်လည်း လူသားတစ်ယောက်ပင်ဖြစ်ရာ သူ့မှာလည်း အခြားသာမန်လူတွေ ကဲ့သို အားနည်းချက်များ ရှိကောင်းရှိမည်။ မည်သိုပင်ဖြစ်စေ ခေါင်းဆောင်လုပ်သူက စိတ်လိုက်မာန်ပါဖြင့် ငယ်သားများအား ငေါက်ငမ်းကြိမ်းမောင်းလျှင်မူကား ဆိုးကျိုးသာ ပေါ်ထွက်လာလိမ့်မည်။
လင်ကွန်းသည် ဒေါသဖြစ်ခြင်း၊ စိတ်ပျက်ခြင်း စသည့် သူ၏စရိုက်ဆိုးများကို ဘယ်လိုထိန်းချုပ်ခဲ့ပါသနည်း။ သူသည် သူ့ဒေါသကို အပြင်သိုထုတ်မပြ၊ လူတိုင်းသိအောင် မလုပ်၊ သူ့နည်းသူ့ဟန်ဖြင့် ထိန်းချုပ်သည်။ သူ၏ဒေါသထိန်းချုပ်နည်းမှာ ဒေါသဖြစ်ရသည့် ဖြစ်ရပ်နှင့် ပတ်သက်သော သူ၏ခံစားချက်၊ မကျေနပ်ချက်များကိုစာနှင့်ရေးပြီးအန်ထုတ်ပစ်လိုက်သည်။ သိုသော် ထိုစာကို သက်ဆိုင်သူထံသို ဘယ်တော့မျှ မပို့၊ စားပွဲအံဆွဲထဲထည့်ပြီး သိမ်းထားလိုက်သည်။ ဤနည်းဖြင့် သူသည် ရင်ထဲအောင်း နေသော စိတ်လိုက်မာန်ပါ ခံစားချက်များကို ဖယ်ထုတ်ပစ်၏။
“အင်တီယက်တမ်’တိုက်ပွဲတုန်းက စစ်မြေပြင်သို သွားရောက်စဉ် လင်ကွန်းကဗိုလ်ချုပ်ကြီး လာဟွန်အား အလွမ်းသီချင်းဆိုခိုင်းသည်ဟူသော စွပ်စွဲချက်နှင့်ပတ်သက်၍ဗိုလ်ချုပ်ကြီး မက္ကလီလန်က သမ္မတကြီးအပေါ် အပုပ်ချဝေဖန်ခဲ့သည်။ ဤကိစ္စနှင့်ပတ်သက်၍ လင်ကွန်းက ပြန်လည်ချေပချက် စာတစ်စောင်ရေးသည်။ သို့သော်လည်းထိုစာကို မက္ကလီလန်ထံသို မပေးပိုခဲ့ချေ။
ဂက်တီစဘတ်တိုက်ပွဲ ပြီးဆုံးပြီးနောက်တွင်လည်း သမ္မတကြီးက ဗိုလ်ချုပ်ကြီး ဂျော့မိ(ဒ်)ထံသိုပေးရန် ပြင်းပြင်းထန်ထန် ဝေဖန်စာတစ်စောင် ရေးခဲ့သေး၏။ ထိုစာမှာ ဗိုလ်ချုပ်ကြီး မိ(ဒ်)အနေဖြင့် တောင်ပိုင်းဗိုလ်ချုပ်ကြီး ရောဘတ်အီးလီးအား ထိုးစစ်ဆင် မတိုက်ခိုက်ခဲ့ခြင်းနှင့် တောင်ပိုင်းတပ်များအား ဗာဂျီးနီးယားပြည်နယ်သို့ ထွက်ပေါက်ပေးလိုက်ခြင်းတို့အတွက် ပြစ်တင်ဝေဖန်သော စာဖြစ်သည်။ ထိုစာတွင်“ဒီကိစ္စနဲ့ပတ်သက်ပြီး ကျုပ်စိတ်ကို မထိန်းနိုင်လောက်အောင် ကျုပ် အကြီးအကျယ်ခံစားခဲ့ရတယ်”ဟု သမ္မတကြီးက ရေးသားထားသည်။ သိုသော်လည်း ထိုစာကို မပို့ဖြစ်ခဲ့။ စာအိတ်ပေါ်တွင် “ဗိုလ်ချုပ်ကြီး မိ(ဒ်)ထံသို့မပို့ လက်မှတ်လည်း မထိုး’ဟူ၍ရေးသားထားသည်။
၁၈၆၃ ခုနှစ်၊ စက်တင်ဘာလတွင် တင်းနက်ဆီးပြည်နယ်၊ ချတ်တာနုဂါမြို၌ဗိုလ်ချုပ်ကြီး ဝီလျံ ရိုစ်ကရန့်၏တပ်များ အောင်ပွဲခံခါနီးကာလတုန်းကလည်း လင်ကွန်းသည် ကာကွယ်ရေးဝန်ကြီးဌာန၊ သံကြိုးရုံးအမှုထမ်းများရှေ့၌ အကြီးအကျယ် ဒေါသထွက်ခဲ့ဖူး၏။ ဗိုလ်ချုပ်ကြီး အမ်ဘရိုစ်ဘန်း ဆိုက်ဒ်သည် သူ၏တပ်များကို ဗိုလ်ချုပ်ကြီး ရိုစ်ကရန့်၏တပ်များအား ကူညီရန် ချတ်တာနူဂါသို မချီတက်စေဘဲ ဂျုံးစ်ဘိုရိုသို့သာ ချီတက်စေကြောင်းသိရသောအခါ သမ္မတကြီးသည် အလွန်စိတ်ဆိုးပြီး ဦးထုပ်ကိုကြမ်းပြင်တွင် ကိုင်ပေါက်လျက် “ဟယ်… သောက်ကျုံးစ်ဘိုရို’ဟူ၍ အော်ပြောလိုက်သည်ဟူ၏။ သမ္မတကြီး ဤမျှဒေါသထွက်သည်ကို သံကြိုးရုံးအမှုထမ်းများ ဤတစ်ကြိမ်သာ တွေ့ဖူးသေးသည်။
ထိုစဉ်က သမ္မတကြီးသည် တကယ်လည်း ဒေါသထွက်မိ၏။ ဗိုလ်ချုပ်ကြီးတန်းဆိုက်ဒ်သည် သမ္မတ၏တိုက်ရိုက်အမိန့်အာဏာကို ဖီဆန်သည့်အပြင် သူကိုယ်တိုင်ပေးထားသော ကတိကိုလည်း ချိုးဖောက်သည်ဟု သမ္မတကြီးက ယူဆသည်။ ထိုကြောင့် သူသည် ထုံးစံအတိုင်း စားပွဲတွင်ဝင်ထိုင်ကာ ဗိုလ်ချုပ်ကြီးအား ပြင်းပြင်းထန်ထန် ပြစ်တင်စာ တစ်စောင်ရေးသည်။ ထိုစာတွင် “ကျုပ်ကိုယ်ကျုပ် နိုးနေတာလား၊ အိပ်မက်မက်နေတာလားဆိုတာ ခွဲမရလောက်အောင် ခံစားရတယ်။ ဒီကိစ္စ အဆင်ပြေဖိုအတွက်ကျုပ်ဟာ ဆယ်ရက်လုံးလုံး အပြင်းအထန် ကြိုးစားခဲ့ရတယ်။ ပထမဆုံး ဗိုလ်ချုပ်ကြီး ဟောလက်ကတစ်ဆင့် ကြိုးစားခဲ့တယ်။ ပြီးတော့ ဗိုလ်ချုပ်ကြီး ရိုစ်ကရန့်ကိုကူဖို့ မောင်ရင်နဲ့ တိုက်ရိုက်ဆွေးနွေးညှိနှိင်းခဲ့တယ်။ မောင်ရင်ကလည်း ဒီအစီအအစဉ်အတိုင်းလုပ်ပါ့မယ်လို အကြိမ်ကြိမ် ကတိပေးခဲ့တယ်။ ဒါပေမဲ့ မောင်ရင်က ပြောတဲ့အတိုင်းမလုပ်ဘဲ လမ်းလွဲကို တတိတိနဲ့ လိုက်သွားခဲ့တယ်”ဟူ၍ ရေးထားသည်။
သို့သော် ဤအကြိမ်တွင်လည်း သမ္မတကြီးက စာအိတ်ပေါ်တွင် “ပေးရန်မဟုတ်”ဟူ၍ ရေးသားလိုက်ပြန်၏။ သူ၏ အဆိုးခံစားချက်များကို ဖွင့်ထုတ်လိုက်ရသောသူ နေသာထိုင်သာ ရှိသွားသည်။ ဤအချိန်မျိုးတွင် ဘန်းဆိုဒ်အား ပြင်းထန်စွာဆုံးမနေ၍ အကျိုးမရှိနိုင်ကြောင်း သူ ကောင်းစွာ သဘောပေါက်မိ၏။
လင်ကွန်းသည် သူ၏ အဆိုးခံစားချက်များကို လူရှေ့သူရှေ့တွင် မထုတ်ဖော်၊ကွယ်ရာတွင်သာ ထုတ်ဖော်သည်။ သွေးအေးသွားသောအခါတွင်မှ စိတ်အေးအေးထား၍ ပြဿနာကို ပြန်လည်ဖော် ထုတ်သည်။ သူ၏အဓိကရည်မှန်းချက်ကိုက လုံးဝ ဒေါသမထွက်ဖို့ ဖြစ်၏။ မရှောင်သာ၍ ဒေါသထွက်လျှင်လည်း ထွက်သည့်အကြိမ်ပေါင်းနည်းနိုင်သမျှနည်းအောင် အစွမ်းကုန်ထိန်းဖိုဖြစ်၏။ ပဋိပက္ခကို အတတ်နိုင်ဆုံး ရှောင်ဖို့ဖြစ်၏။ ဤသည်ပင်လျှင် သူ၏အရိုးခံ မဟာဗျူဟာတည်း။ အသေးအဖွဲ ကွဲပြားချက်တွေ၊ ပုဂ္ဂိုလ်ရေး ဦးစားပေးမှုတွေကို လွှင့်ပစ်လိုက်ကြစမ်းပါ”ဟူ၍ သူပြောခဲ့ဖူးသည်။၁၈၆၀ ပြည့်နှစ်တုန်းက ကော်နယ်လီယပ်၊ အက်ဖ်၊ မက်ကနီးလ်ထံသို ပေးစာတွင်လည်း“ကျုပ်က ရန်သူတွေကို ထုချေလွှာ မတင်ချင်ဘူး။ သူတိုက ရန်လုပ်ဖို၊ ပြဿနာလုပ်ဖိုပဲကြံနေတာ၊ ကျုပ်တိုက ရှင်းပြနေရင် သူတိုလိုချင်တာရမယ်၊ မရှင်းပြရင် မရဘူး” ဟူ၍ရေးသားထားသည်။ ထိုပြင် ပဋိပက္ခနှင့် ပတ်သက်၍ လက်ထောက်ရေတပ်ဝန်ကြီး ဂပ်စဗတ်၊ ဗီ၊ ဖောက်စ်အား ၁၈၆၄ ခုနှစ်က ပြောခဲ့သောစကားမှာလည်း မှတ်သား စရာကောင်း၏။ ယင်းစကားမှာ ‘ခင်ဗျားမှာ ပုဂ္ဂိုလ်ရေး မခံချင်စိတ်တော်တော်များတယ်၊ ကျုပ်မှာလည်း နည်းနည်းတော့ရှိတယ်။ ဒါပေမဲ့ များများနည်းနည်း ဒီစိတ်ဟာဘယ်တော့မျှကောင်းကျိုးမပေးဘူး၊ လူတစ်ယောက်ဟာ သူ့ဘဝတာတစ်ဝက်ကို ရန်ဖြစ်ဖို့ အချိန်မပေးနိုင်ဘူး၊ တစ်ယောက်ယောက်က ကျုပ်ကို မတိုက်ခိုက်တော့ဘူးဆိုရင် သူ့ကို ကျုပ်က ဘယ်တော့မျှသတိမရတော့ဘူး”ဟူ၏။
၁၈၆၃ ခုနှစ်၊ အောက်တိုဘာလတုန်းကလည်း ဂျိမ်းစ်၊ အမ်၊ ကပ်ထစ်ဆိုသူ စစ်ဗိုလ်ကလေး တစ်ဦးအား ပဋိပက္ခဖြစ်ခြင်းနှင့်ပတ်သက်၍ သမ္မတကြီးက ခပ်ကြမ်းကြမ်း ဆုံးမစကားပြောခဲ့ဖူး၏။ (ထိုစစ်ဗိုလ်ကလေးက အခြားလုပ်ဖော်ကိုင်ဖက် အရာရှိတစ်ဦးအား ပုတ်ခတ်ပြောဆိုပြီး ရန်စခဲ့သောကြောင့်ဖြစ်သည်။) သမ္မတကြီး၏ ဆုံးမစကားမှာ
“ကိုယ့်ကိုယ်ကို အကောင်းဆုံးဖြစ်အောင် ကြိုးစားမယ်ဆိုတဲ့လူမှာ ပုဂ္ဂိုလ်ရေးပဋိပက္ခအတွက် အချိန်ဖြုန်းနေဖို အချိန်မရှိဘူး၊ ခွေးကိုက်မခံဘဲ ခွေးကိုလမ်းပေးလိုက်ပါ။ ကိုယ်က ခွေးကိုသတ်ရင်လည်း ဒဏ်ရာက ပျောက်သွားမှာမဟုတ်ဘူး”
ခေါင်းဆောင်မှုပညာသင်ကျောင်း တော်တော်များများတွင် ခေါင်းဆောင်လောင်းများအား ရန်ဖြစ်ခြင်းကိုရှောင်ရန် မသင်ကြားကြ။ နှီးနှောဖလှယ်ပွဲများတွင်လည်းခေါင်းဆောင်၏ အဆိုးခံစားချက်များနှင့်ပတ်သက်၍ ဆွေးနွေးခြင်းမရှိသလောက်ဖြစ်၏။ အဆိုပါကျောင်းများနှင့် နှီးနှောဖလှယ်ပွဲများတွင် များသောအားဖြင့် ‘ဘာမဆိုလုပ်နိုင်သည်´ဟူသော အကောင်းခံစားချက် ရှုထောင့်ကို အလေးထားတတ်ကြသည်။
တကယ်ဆိုသော် သူတစ်ပါးကို ခေါင်းဆောင်သည့်ပုဂ္ဂိုလ်သည် အဖြစ်မှန်ကိုသိရမည်။ ခေါင်းဆောင်မှုမမှန်လျှင် လူအများ အကျိုးယုတ်နိုင်သည်ဟူသောအချက်ကိုလက်ခံရမည်။ ခေါင်းဆောင်သည် မိမိ၏အားသာချက်ကို သိသလို အားနည်းချက်ကိုလည်းသိရမည်။ သိုမှသာ တကယ့်ဘဝမှန်၊ အဖြစ်မှန်ကိုသိရှိပြီး အောင်မြင်စွာ ခေါင်းဆောင်နိုင်မည်ဖြစ်သည်။
သမ္မတလင်ကွန်းသည် ယင်းအရည်အချင်းများနှင့် အမှန်တကယ် ပြည့်စုံသည်။ ခေတ်ပြိုင်ခေါင်းဆောင်များလည်း သူ့ကို စံနမူနာယူသင့်၏။ လင်ကွန်းသည် မိမိ၏အဆိုးခံစား ချက်များကို အများရှေ့တွင်မဖော်ထုတ်ဘဲ မိမိဘာသာ တစ်ဦးချင်း ဖော်ထုတ်ခြင်းဖြင့် စိတ်တည်ငြိမ်အောင်လုပ်သည်။ စာရှည်ကြီးတွေရေးကာ မိမိ၏ဒေါသစိတ်ကိုဖြေဖျောက်သည်။ အသေးအဖွဲ ကိစ္စများကြောင့် ပဋိပက္ခဖြစ်ခြင်းနှင့် ရန်ဖြစ်ခြင်းကိုအတတ်နိုင်ဆုံး ရှောင်ကြဉ်သည်။
သိုသော်လည်း မိမိ၏ အဆိုးခံစားချက်များကို ထိန်းချုပ်နိုင်ခြင်းမှာ ဆန့်ကျင်ဘက် အမှန်သဘောကို ကျွမ်းကျင်စွာ အသုံးချတတ်ခြင်း၏ အင်္ဂါတစ်ရပ်သာ ဖြစ်သေးသည်။ စီးပွားရေးလုပ် ငန်း အခြေအနေများ လျင်မြန်စွာ ပြောင်းလဲနေသော ယခုကာလတွင် ခေါင်းဆောင်သစ်များသည် ထွေပြားရှုပ်ထွေးသော အခြေအနေများကို ကွဲပြားခြားနားသော နည်းဗျူဟာများဖြင့် အဆင်ပြေအောင် ဖြေရှင်းလုပ်ဆောင်နိုင်ဖိုလိုသည်။ အချို့နေရာများတွင် ဆုံးဖြတ်ချက် မြန်မြန်ချနိုင်ဖို လိုအပ်သည်။ အရေးကြီးသောအခွင့်အလမ်းများ လက်လွတ်မသွားစေရန် အရဲစွန့်၍ လုပ်သင့်က လုပ်ဖို့လို့အပ်သည်။ အချို့နေရာများတွင် အတွင်းနှိက်၍ သိရှိနိုင်ရေးအတွက် အစဉ်အလာသမားရိုးကျနည်းဖြင့် စိတ်ရှည်ရှည်ဆောင်ရွက်ရန် လိုအပ်ကောင်း လိုအပ်လိမ့်မည်။
အနာဂတ်စီးပွားရေးလုပ်ငန်း ခေါင်းဆောင်များသည် အမှုထမ်းများ၏ လုံခြုံရေးကိုလည်း အလေးထားရလိမ့်မည်။ တစ်ချိန်တည်းတွင် အမှုထမ်းများအနေဖြင့် စွန့်စားလုပ်ကိုင်နိုင်သော ပတ်ဝန်းကျင်မျိုးကိုလည်း ဖန်တီးပေးရလိမ့်မည်။ ဤလုပ်ရပ်သည်တစ်ခါတစ်ရံ သိမ်မွေ့ခက်ခဲသော ကြိုးတန်းလျှောက်ခြင်းနှင့် တူနိုင်၏။ သိုသော်လည်းတကယ်ဆိုသော် ဤလုပ်ရပ်သည် ထင်သလောက်မခက်လှ လူတစ်ဦးချင်းစီနှင့် အခြေအနေတစ်ခုချင်းစီကို နားလည်ဖို့သာလို့သည်။ ယင်းတိုကို တစ်ဦးချင်းစီ၊ တစ်ခုချင်းစီ -သီးသန့်ကိုင်တွယ်တတ်ဖိုလိုသည်။ တချိုနေရာများတွင် ဆန့်ကျင်ဘက်လုပ်နည်းလုပ်ဟန်မျိုးကို ကျင့်သုံးသင့်က ကျင့်သုံးရမည်။
တကယ်တော့ ဆန့်ကျင်ဘက်အမှန်သဘောကို နားလည်ပြီး ကျွမ်းကျင်စွာ အသုံးချခြင်းဟူ သည်မှာ ကောင်းမွန်သော ဘုံဉာဏ် ‘ရှိခြင်းပင် ဖြစ်၏။
လင်ကွန်း၏ ခေါင်းဆောင်မှုကျင့်စဉ်
- တစ်သမတ်တည်း ဖြောင့်မတ်ခိုင်ကျည်မှုကို မိမိ၏လုပ်ငန်းစက်ယန္တရားတွင် ခွေးသွားစိပ်တစ်ခုသဖွယ် သတ်မှတ်ပါ။
- စမ်းချောင်းကို ဖြတ်ကူးနေစဉ် မြင်းကို အရောင်းအဝယ်မလုပ်ပါနှင့်။
- အသုံးကျတဲ့ဖဲချပ်တွေ အကုန်လုံးသုံးပြီးတော့မှ ဖဲဝိုင်-ကထပါ။
- မိမိ၏လုပ်ရပ်သည် ရည်မှန်းချက်ကို ထိခိုက်နေပြီဟု ယုံကြည်လျှင် လုပ်ပါ။ ရည်မှန်းချက်ကို အထောက်အကူပြုသည်ဟု ယုံကြည်လျှင် ပိုလုပ်ပါ။ အမှားကိုမြင်လျှင် ချက်ချင်းပြင်ပါ။အမြင်သစ် အမြင်မှန်ကို အမြဲတမ်း ကြိုဆိုလက်ခံပါ။
- အမှုထမ်းများ၏ လုံခြုံရေးကို အလေးထားသလို အမှုထမ်းများစွန့်စားလုပ်ချင်စိတ် ပေါ်လာနိုင်သည့် အခြေအနေကိုလည်းဖန်တီးပေးပါ။
- အလွန်ဒေါသထွက်သောအခါ စိတ်ကိုထိန်းပြီး စာရေး၍ ဖွင့်အန်ပစ်ပါ။ သိုသော် ထိုစာကို သက်ဆိုင်သူထံမပိုဘဲ သိမ်းထားလိုက်ပါ။
- ရန်သူကို ထုချေရှင်းလင်းမနေပါနှင့်။
- ငြင်းခုံခြင်း၊ ရန်ဖြစ်ခြင်း စသောပဋိပက္ခများကို အထူးရှောင်ပါ။
အပိုင်း (၃)
လုပ်ဆောင်ချက်
အခန်း(၈)
ဆုံးဖြတ်ချက်ပြတ်သား
“တစ်ယောက်ယောက်က ခေါင်းဆောင်ဖြစ်ရမယ်၊ အဲဒီလိုမှမဟုတ်ရင်ဘယ်နေရာမှာမှ သဘောတူညီမှုရနိုင်မှာမဟုတ်ဘူး”
[အာကန်ဆတ်ပြည်နယ်၊
ရွေးကောက်ပွဲသစ်နှင့်ပတ်သက်၍
လင်ကွန်း၏ ခိုင်မာသော
ရပ်တည်ချက် (၁၇.၂.၁၈၆၄)]
ယေဘုယျအားဖြင့် အေဘရာဟင်လင်ကွန်းအား လုပ်ရပ်တော်တော်များများ၌ ပထမဆုံးခေတ်သစ်သမ္မတ အဖြစ် သတ်မှတ်ကြသည်။ သူသည် ငွေဝယ်ကျွန်များကို လွတ်မြောက်စေသူအဖြစ်လည်းကောင်း၊ ပြည်ထောင်စုကြီး မပြိုကွဲအောင် စည်းရုံးပေးသူအ ဖြစ်လည်းကောင်း ကမ္ဘာကျော်ခဲ့သည်။ ထိုမျှသာမက သူသည် အမေရိကန်သမ္မတများ၏ ဩဇာအာဏာကန့်သတ်ချက်ကိုလည်း အများကြီး ပြင်ဆင်တိုးချဲ့ပေးခဲ့သည်။ အမေရိကန်နိုင်ငံ၏ ဖွဲစည်းပုံအခြေခံစနစ်များကိုလည်း ပြန်လည်ပြင်ဆင်ပေးခဲ့သည်။
ပြည်တွင်းမငြိမ်သက်မှုဖြစ်ပြီး ပြည်ထောင်စုကြီးပြိုကွဲကာ အစိုးရအဖွဲပြုတ်ကျ နိုင်သည့်အခြေ အနေတွင် လင်ကွန်းသည် အာဏာပိုင်ဆိုင်မှုနှင့် ခေါင်းဆောင်မှု အကန့် အသတ်သစ်ကို ဖော်ဆောင် ခြင်းဖြင့် သူ၏စွမ်းရည်ကို ပြသနိုင်ခဲ့သည်။ တိုင်းပြည်တွင်ပြည်တွင်းစစ်ကြီး ဖြစ်ပွားတော့မည့်ဆဲ ဆဲဖြစ်သည်။ ယခင် သမ္မတများ ဘယ်တုန်းကမျှ မကြုံခဲ့ရဖူးသောအခြေအနေနှင့် ကြုံနေရသည်။ ဖွဲစည်းပုံအခြေခံဥပဒေတွင် နိုင်ငံသစ် ထူထောင်ခဲ့သော ပုဂ္ဂိုလ်ကြီးများ မဖော်ပြခဲ့သော အကျပ်အတည်းကြီးနှင့် ရင်ဆိုင်နေရသည်။ ယင်းအခြေအနေ၊ ယင်းအကျပ်အတည်းများကပင်လျှင် လင်ကွန်းအား ရှေ့ဆောင်ရှေ့ရွက်ပြုစေရန် ဖန်တီးပေးခဲ့သည်။ ဖွဲစည်းပုံအခြေခံဥပဒေအရ သမ္မတ၏ အာဏာပိုင်ဆိုင်မှု အကန့်အသတ်ကိုပြင်ဆင်တိုးချဲ့ရန် ဖန်တီးပေးခဲ့သည်။ ယင်းသို့ဖြင့် သူသည် သမ္မတ၏ကျမ်းသစ္စာကျိန်ဆိုခြင်းကို အဓိပ္ပာယ်အသစ် ဖွင့်ဆိုခဲ့သည်။
“ကျုပ်က သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုလိုက်တာကြောင့် ကျုပ်အပေါ်မှာ တာဝန်ကြီးတစ်ရပ်ကျရောက်လာတယ်။ အဲဒီတာဝန်က ဘာလဲဆိုတော့ အစိုးရအဖွဲနဲ့ တိုင်းပြည်ကို တည်မြဲအောင်လုပ်ရမဲ့တာဝန်ပဲ၊ အစိုးရအဖွဲနဲ့တိုင်းပြည်အတွက် ဖွဲစည်းပုံအခြေခံဥပဒေဟာ အဓိကအရေးကြီးတယ်။ အဲဒီတော့ ဖွဲစည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းပြီး တိုင်းပြည်ကို ဆုံးရှုးခံမယ်ဆိုတာဖြစ်နိုင်မှာလား။ ယေဘုယျသဘောအားဖြင့်ဆိုရင် အသက်မသေအောင်လည်းကာကွယ်ရမယ်၊ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ မပျက်စီးအောင်လည်း ကာကွယ်ရမယ်။ ဒါပေမဲ့ တစ်ခါတလေမှာ အသက်ရှင်ဖိုအတွက် ကိုယ်လက်အင်္ဂါအစိတ်အပိုင်းတစ်ခုခုကို ဖြတ်တောက်ကုသရတာမျိုးလည်းရှိပါတယ်။ ဒါပေမဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းအတွက် အသက်ကိုတော့ ဘယ်တော့မျှ အဆုံးခံမှာ မဟုတ်ပါဘူး။ ကျုပ်ကတော့ တိုင်းပြည်တည်မြဲအောင် ထိန်းသိမ်းရင်းဖြင့်သာ ဖွဲစည်းပုံအခြေခံဥပဒေ တည်မြဲအောင်ထိန်းသိမ်းရမယ်လို ယုံကြည်တယ်၊ ဒါဟာတရားနည်းလမ်းလည်း မှန်တယ်လိုထင်တယ်”
လင်ကွန်းသည် အထက်ပါစာကို ၁၈၆၄ ခုနှစ်၊ ဧပြီလက အယ်လ်ဘတ်ဟော့ဂျက်စ်ထံသို ရေးခဲ့သည်။ သြဇာအာဏာသုံးစွဲမှုနှင့်ပတ်သက်၍ လင်ကွန်း၏ ကျယ်ပြန့်သောခံယူချက်ကို မသိသူများအနေဖြင့် ထိုစာကိုဖတ်ရလျှင် လင်ကွန်း ဘာတွေလုပ်နေသလဲ’ဟူ၍ စောဒကတက်ကြလိမ့်မည်။ သိုသော် အမှန်တကယ် မေးသင့်သည်ကတော့လင်ကွန်း ဘာတွေမ လုပ်ခဲ့သလဲ’ဟူသော မေးခွန်းသာဖြစ်သင့်၏။
စင်စစ် လင်ကွန်း၏လုပ်ရပ်သည် အလွန်ပြတ်သားသည်။ သူသည် ရနိုင်သမျှအခြေအနေ၊ အချက်အလက်အားလုံးကို ခြုံငုံသုံးသပ်ပြီးမှ ဆုံးဖြတ်သည်။ ရှုပ်ထွေးနေခြင်း၊ စိတ်ဓာတ်ကျစရာကြုံနေခြင်းနှင့် အရေးတကြီး လိုအပ်နေခြင်းတိုက လင်ကွန်းလုပ်ရပ်မှန်ကို လုပ်ဖြစ်အောင် တွန်းပိုပေးကြသည်။ လက်ရှိအခြေအနေတွင်တိုင်းပြည်အနေနှင့် ပြတ်သားသော ခေါင်းဆောင်မှုကို လိုအပ်နေသည်။ လင်ကွန်းသည်ပြတ်သားသောခေါင်းဆောင်ဖြစ်သည်။
“ဖိုဆမ်တား ခံတပ်တွင် တိုက်ပွဲမဖြစ်ပွားမီ ရက်သတ္တပတ်အတွင် သမ္မတကပြည်လုံးကျွတ် စစ်မှုထမ်းမိန့် ထုတ်ပြန်သည်။ (လင်ကွန်းသည် နောက်လေးနှစ်အတွင်း ဤအမိန့်မျိုး ဆယ်ကြိမ်တိတိ ထုတ်ပြန်ခဲ့သည်။ သူသည် စစ်ပွဲအတွက် စစ်တပ်ကို တိုးချဲ့ရန် ပြည်လုံးကျွတ် စစ်မှုထမ်း မိန့်ထုတ်ပြန်ခဲ့သော ပထမဦးဆုံး သမ္မတဖြစ်၏။)
သူသည် ဗာဂျီးနီးယားမှ တက်ဆက်အထိ မဟာမိတ်ပြည်နယ်စုများကိုလည်း ပိတ်ဆိုမိန့်ထုတ်ပြန်သည်။ ထိုပြင် တရားခံအား တရားရုံးတော်မှစီရင်မိန့်ကို ရုပ်သိမ်းပြီးအရေး ပေါ်စစ်အုပ်ချုပ်ရေးဥပဒေကိုလည်း ထုတ်ပြန်သည်။ ဤဥပဒေအရ မည်သူ့ကိုမဆိုစွဲချက်မတင်ဘဲနှင့် စစ်တပ်က ဖမ်းဆီးနိုင်၏။ ဤလုပ်ရပ်ကြောင့် ပြည်သူလူထုနှင့်အစိုးရအရာရှိများ၏ မကျေနပ်မှုများ ပေါ်ပေါက်လာသည်။ ဤကိစ္စနှင့်ပတ်သက်၍တရားလွှတ်တော် တရားသူကြီးချုပ်က တရားရုံးတော်မှ စီရင်မိန့်ကို လွှတ်တော်ကသာရုပ်သိမ်းပိုင်ခွင့်ရှိသည်ဆိုကာ လင်ကွန်းအား ပြင်းထန်စွာ ဝေဖန်တိုက်ခိုက်သည်။ ဒီမိုကရက်တစ်ပါတီနှင့် အပေါင်းပါ စာနယ်ဇင်းများကလည်း လင်ကွန်းအား ‘သစ္စာဖောက်အာဏာရှင် အဖြစ် ပုတ်ခတ်စွပ်စွဲကြသည်။
သို့သော် လင်ကွန်းကတော့ ယင်းတိုကို ဂရုမစိုက်၊ သူလုပ်စရာရှိသည်ကိုသာဆက်လုပ်သည်။ သူသည် နိုင်ငံတော်၏သမ္မတအနေဖြင့် လုပ်သင့်သည်ကို လုပ်ခြင်းဖြစ်သည်ဟု သူကဆိုသည်။ (သူ၏လုပ်ရပ်မှန်ကန်ကြောင်းကို အနာဂတ်သမ္မတများကလည်း ထောက်ခံခဲ့ကြသည်။)
လင်ကွန်းသမ္မတဖြစ်လာပြီး မကြာမီတွင် သွေးချောင်းစီး စစ်ပွဲကြီးမဖြစ်အောင် တောင်ပိုင်း သားတို၏ တောင်းဆိုချက်များကို လိုက်လျောရန် အကြံပေးပုဂ္ဂိုလ်များကအတင်းအကျပ် တိုက်တွန်းကြသည်။ တစ်ချိန်တွင် တောင်ပိုင်းပြည်နယ်များရှိ ခံတပ်များနှင့် ပိုင်ဆိုင်မှုအားလုံးကို စွန့်လွှတ်လိုက်ရန် ဗာဂျီးနီးယားပြည်နယ်သား ခေါင်းဆောင်တစ်ဦးက တောင်းဆိုလာသည်။ လင်ကွန်းက ယင်းတောင်းဆိုချက်ကို ချက်ချင်းပယ်ချလိုက်သည်။ ပြီးနောက် သူက အီစွတ်ပုံပြင်’လာ ခြင်္သေ့နှင့် သစ်ခုတ်သမားသမီး”ပုံပြင်ကို ပြောပြသည်။
ခြင်္သေ့က သစ်ခုတ်သမားသမီးကို သိပ်ပြီး ကြိုက်နေတယ်။ မိန်းကလေးက သူ့ကိုကြိုက်ရင် သူ့အဖေဆီမှာတောင်းပါလို ပြောတယ်။ ဒါနဲ့ ခြင်္သေ့ကသစ်ခုတ်သမားဆီမှာ သွားတောင်းတယ်။ ဒီတော့ သစ်ခုတ်သမားက “မင်းသွားတွေက သိပ်ပြီးရှည်လွန်းတယ်လိုပြောတယ်။ အဲဒီအခါ ခြင်္သေ့က သွားဆရာဝန်ဆီသွားပြီး သွားတွေကို နုတ်ပစ်လိုက်တယ်။ အဲဒီနောက် ခြင်္သေ့ဟာသစ်ခုတ်သမားဆီပြန်လာတယ်။ သစ်ခုတ်သမားက ဒီလောက်နဲ့မဖြစ်သေးဘူး၊ မင်းလက်သည်းတွေက သိပ်ပြီးရှည်နေသေးတယ်”လိုပြောတယ်။ ဒါနဲ့ ခြင်္သေ့ဟာ သွားဆရာဝန်ဆီသွားပြီး လက်သည်းတွေကို နုတ်ပစ်လိုက်ပြန်တယ်။ပြီးတော့ သစ်ခုတ်သမားဆီပြန်လာပြီး သမီးပေးပါတော့လို တောင်းတယ်။အဲဒီမှာ သစ်ခုတ်သမားက အန္တရာယ်မပြုနိုင်တော့တဲ့ ခြင်္သေ့ကို တစ်ခါတည်းရိုက်သတ်လိုက်တော့တယ်”
“ကျုပ်ကလည်း သူတိုတောင်းသမျှ အကုန်ပေးလိုက်ရင် ပုံပြင်ထဲက ခြင်္သေ့ကြီးလို ဖြစ်သွားတော့မှာပေါ့”ဟု သမ္မတကြီးက နိဂုံးချုပ်လိုက်သည်။
ရန်သူအား စတင်မတိုက်ခိုက်ဘဲ သိုမဟုတ် ‘ဖိုဆမ်တာ ခံတပ်မှ မိမိတပ်များဆုတ်ခွာမပေးဘဲ ခံတပ်ကို အင်အားထပ်ဖြည့်ပေးရန် ဆုံးဖြတ်ချက်သည် လင်ကွန်း၏ပါးနပ်သော သေနင်္ဂဗျူဟာ တစ်ရပ်ဖြစ်သည်။ ယင်းဆုံးဖြတ်ချက်၌ သူ သမ္မတရာထူးလက်ခံစဉ်က ထုတ်ဖော်ပြောကြားခဲ့သော မဟာဗျူဟာနှင့်လည်းကိုက်ညီသည်။ သို့သော်တောင်ပိုင်းတပ်များက ခံတပ်ကို စတင်တိုက်ခိုက်သော အခါတွင်မူ လင်ကွန်းအနေဖြင့် မိမိ၏ပြတ်သားသောဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရန် အခွင့်အရေး ရရှိသွားတော့သည်။ ဤသည်ပင်လျှင် ပြည်တွင်းစစ် စတင်ခြင်းဖြစ်၏။ မြောက်ပိုင်း ပြည်သူတွေကလည်း ပြန်တိုက်ရန် တောင်းဆိုနေကြသည်။ ဤကိစ္စနှင့်ပတ်သက်၍ နာမည်ကျော် လင်ကွန်းရေးရာပညာရှင် ဒွန်၊ အီး၊ ဖာရင်ဘက်ချာကလည်း-
ဤအလုပ်သည် ယခင်က မရှိခဲ့ဖူးသော ဖွဲစည်းပုံအခြေခံဥပဒေဆိုင်ရာလုပ်ရပ်ဖြစ်သည်။ ကွန်ဂရက်လွှတ်တော်စည်းဝေးပွဲ မရှိသောကြောင့် လင်ကွန်းသည် တရားဥပဒေဆိုင်ရာ အခွင့်အရေးကို အရယူနိုင်ခဲ့သည်။ သမ္မတသည် ၁၈၆၁ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့အထိ ကွန်ဂရက်လွှတ်တော် အစည်းအဝေး မခေါ်ယူဘဲ နေခဲ့ခြင်းကြောင့် ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်ရန် အချိန်သုံးလတိတိရရှိခဲ့သည်။ ဤအချက်သည် ထူးခြားချက်ဖြစ်သည်” ဟူ၍ မှတ်ချက်ချခဲ့သည်။
လင်ကွန်းသည် ဘဏ္ဍာရေးသုံးစွဲမှုနှင့်ပတ်သက်၍လည်း ဤကွန်ဂရက်၏ သင်္ဘောတူညီမှုကို တရားဝင်ရယူခြင်းမရှိဘဲ သူ့သဘောဖြင့် ညွှန်ကြားလုပ်ဆောင်ခဲ့သည်။ ဥပမာ စစ်တပ်အင်အား တိုးချဲ့ရေးအတွက် နယူးယောက်မြိုမှ စီးပွားရေးလုပ်ငန်းရှင် သုံးဦးအား ဒေါ်လာနှစ်သန်းထုတ်ပေးရန် ဘဏ္ဍာရေးဝန်ကြီးအား ညွှန်ကြားခြင်း၊ ရေတပ်အတွက် စစ်သင်္ဘောအသစ် အစင်း ၂ဝ ဝယ်ယူရန်ခွင့်ပြုခြင်း၊ တရားရုံးတော်မှ စီရင်မိန့်ကိုရုပ်သိမ်းရေးကိစ္စအတွက် လိုအပ်သော အသုံးစရိတ်များ သုံးစွဲခွင့်ပြုခြင်း၊ ပြည်တွင်းသိုဝင်ရောက်လာသော နိုင်ငံခြားသားများအား ကူညီရန်အတွက် ထောက်ပံ့ ကြေးများ သုံးစွဲခွင့်ပြုခြင်း စသည်တို ဖြစ်၏။
လင်ကွန်းသည် စစ်ရေးရာလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ဗိုလ်ချုပ်ကြီး ဝင်းဖီးလ် စကော့အား အစီရင်ခံစာများကို တိုရှင်းလိုရင်းရေးရန် ညွှန်ကြားခြင်းမှအစ စစ်တပ်ကွပ်ကဲရေးစနစ်ကို ပိုမိုကောင်းမွန်အောင် ပြန်လည်ဖွဲစည်းခြင်းအထိ အသေးစိတ် လုပ်ဆောင်သည်။ ဗိုလ်ချုပ်ကြီးတွေ တက်တက်ကြွကြွ လှုပ်ရှားနိုင်အောင် စစ်မိန့်တွေ တစ်ခုပြီးတစ်ခုထုတ်သည်။ သူ့သဘောတူညီချက်မရဘဲ ဗိုလ်ချုပ်ကြီးတွေထုတ်ပြန်သော အမိန့်များကို ပြန်လည်ရုပ်သိမ်းသည်။ တစ်ဖက်က ဗိုလ်ချုပ်ကြီးတွေကို ကိုယ်ပိုင်ဆုံးဖြတ် ချက်ဖြင့် လုပ်ဆောင်ခွင့်ပေးထားသော်လည်း အခြားတစ်ဖက်ကမူ ဗိုလ်ချုပ်ကြီးများအား ခံယူထားသည်။
“မူဝါဒ ချမှတ်ခွင့်မပြု၊ မူဝါဒကို သမ္မတဖြစ်သောသူသာလျှင် ချမှတ်သင့်သည်ဟု သူက ထိုပြင် သူသည် အစိုးရ၏နေ့စဉ်လုပ်ဆောင်ချက်များတွင် တိုက်ရိုက်မပါဝင်သော သူများကိုလည်း ပြတ်ပြတ်သားသား ဆက်ဆံသည်။ စစ်ရေးရာကိစ္စများနှင့်ပတ်သက်၍ ၎င်းတို၏ တောင်းဆိုချက်များ ကို လုံးဝလက်မခံ၊ တိုတိုနှင့်စကားဖြတ်ပြီး ပြန်လွှတ်လိုက်တတ်၏။ တစ်ကြိမ်တွင် အနောက်ပိုင်းမှ နိုင်ငံရေးသမား ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့ရောက်လာပြီး မဖြစ်နိုင်သော တောင်းဆိုချက်များကို တောင်းဆိုကြသည်။ အဆိုပါကိုယ်စားလှယ်အဖွဲ့အား သမ္မတကြီးက အောက်ပါအတိုင်း ပြန်ပြောလိုက်သည်။
“လူကြီးမင်းခင်ဗျား… လူကြီးမင်းတို ပိုင်ဆိုင်တဲ့ ရွှေတွေအားလုံးကိုလူတစ်ယောက်ကို ပုံအပ်ပြီး အဲဒီလူကို နိုင်ယာဂါရာမြစ်ကိုဖြတ်ပြီး ကြိုးတန်းလျှောက် သယ်ခိုင်းတယ်ဆိုကြပါစို။ အဲဒီအချိန်မှာ လူကြီးမင်းတိုက ကြိုးတန်းကိုဆွဲလှုပ်ပြီး နည်းနည်းမတ်မတ်ရပ်ပါဦး၊ နည်းနည်းကုန်းလိုက်ပါဦး၊ နည်းနည်းမြန်မြန်ကလေး လျှောက်ပါဦး။ နည်းနည်းဖြည်းဖြည်း လျှောက်ပါဦး၊ တောင်ဘက်ကို နည်းနည်းကိုင်းပါဦး” ဆိုပြီး လှမ်းအော်ပြောနေကြမှာလား။
“လူကြီးမင်းတိုက အဲဒီလို လှမ်းမအော်ကြပါဘူး၊ ပါးစပ်ပိတ်ပြီး ရင်တထိတ်ထိတ်နဲ့ လှမ်းကြည့်နေကြလိမ့်မယ်၊ အဲဒီလူ အန္တရာယ်ကင်းရှင်းစွာနဲ့တစ်ဖက်ကမ်းရောက်တော့မှ လူကြီးမင်းတို ဟင်းခနဲ သက်မကြီးချနိုင်ကြလိမ့်မယ်။
အစိုးရအဖွဲ ဟာ အလွန်လေးလံတဲ့ ဝန်ထုပ်ဝန်ပိုးကြီးကို ထမ်းထား “ရပါတယ်။ တန်းဖိုးမဖြတ်နိုင်တဲ့ရတနာတွေ အစိုးရလက်ထဲမှာ ရှိနေပါတယ်။အစိုးရကို အနှောင့်အယှက်မပေးပါနဲ့၊ အသာငြိမ်ပြီး ကြည့်နေကြပါ။ ကျုပ်တိုကလူကြီးမင်းတိုကို ဘေးမသီရန်မခဘဲ တစ်ဖက်ကမ်းအရောက် ပိုပေးပါ့မယ်”
၁၈၆၂-ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့တွင် သမ္မတလင်ကွန်းသည် ဖွဲစည်းပုံအခြေခံဥပဒေအရ လုပ်ပိုင်ခွင့်မရှိဟု သူယူဆသော အလုပ်တစ်ခုကို လုပ်ခဲ့သည်။ ယင်းမှာ အခြားမဟုတ်၊ ငွေဝယ်ကျွန် လွတ်လပ်ခွင့် အကြီးကြေညာချက်ကို ထုတ်ပြန်ခြင်းဖြစ်၏။ ထိုကြေညာချက်အရ ပြည်ထောင်စုတွင် မပါဝင်သော ပြည်နယ်အားလုံးရှိငွေဝယ်ကျွန်အားလုံးအား ၁၈၆၃ ခုနှစ်၊ ဇန်နဝါရီလ တစ်ရက်နေ့မှစ၍ လုံးဝလွတ်လပ်ခွင့်ပေးရန် ဖြစ်သည်။ ဘဏ္ဍာရေးဝန်ကြီး ဒေါ့စ်က လွတ်လပ်ခွင့်ကို အခြားပြည်နယ်များ အတွက်ပါ တိုးချဲ့ရန် အကြံပေးသည်။ သိုသော် လင်ကွန်းက လက်မခံ။ သူက
မူလကြေညာချက်မှာ စစ်ရေးဆောင်ရွက်ချက်ကလွဲပြီး ဖွဲစည်းပုံ အခြေခံဥပဒေအရဖြစ်ဖြစ် ဒါမှမဟုတ် တရားဥပဒေ အရဖြစ်ဖြစ် မှန်ကန်မှုမရှိဘူး၊စစ်ရေးလိုအပ်ချက်ဟာ ခြွင်းချက်နယ်မြေများနဲ့ မသက်ဆိုင်တာကြောင့် ခြွင်းချက်ထားရတာဖြစ်တယ်၊ အဲဒီလိုအပ်ချက်ဟာ အရင်က မသက်ဆိုင်ခဲ့တာထက်အခု ပိုပြီးမသက်ဆိုင်တော့ဘူး။ ဒီလုပ်ရပ်ဟာ နိုင်ငံရေးအရ သင့်တော်သလိုကိုယ်ကျင့်သိက္ခာအရလည်း မှန်ကန်တယ်လို ကျွန်တော်ထင်တယ်၊ ဒီတော့ဖွဲစည်းပုံအခြေခံဥပဒေနဲ့ တရားဥပဒေကို ကျုပ် လက်မလွှတ်သင့်ဘူးလား”ဟုပြောပြီး ငြင်းပယ်ခဲ့သည်။
ဘယ်ဒေသက ငွေဝယ်ကျွန်များကိုပဲ လွတ်လပ်ခွင့်ပေးပေး၊ ယင်းလုပ်ရပ်သည် နယ်စပ်ပြည်နယ် များနှင့် ကင်းဝေးသွားစေနိုင်သည်။ ပြည်ထောင်စုအနေဖြင့် လက်ရှိထက်ပို၍ နောက်ထပ် မည်သည့်ပြည်နယ်ကိုမျှ လက်လွတ်မခံနိုင်တော့ဟူ၍ လင်ကွန်းကခံယူထားသည်။ လွတ်လပ်ခွင့်ကြေညာချက်အတွက် စစ်ရေးလိုအပ်ချက်ကို အသုံးချရခြင်းမှာ ငွေဝယ်ကျွန်ဘ၀မှ လွတ်လပ်ခွင့်ရသော လူမည်းများအား လက်နက်ကိုင်တပ်ဖွဲဝင်များအဖြစ်အသုံးချရန် ရည်ရွယ်ချက်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်သည်။ ဤပြတ်သားရဲရင့်သောဆုံးဖြတ်ချက်ကြောင့်ပင် မြောက်ပိုင်းတပ်မတော်တွင် တပ်သားအင်အားအများကြီးတိုးလာခဲ့ခြင်းဖြစ်၏။ သိုသော်လည်း လင်ကွန်းသည် သူလုပ်ကြံမခံရမီ သုံးလမပြည့်ခင်မှာပင် ပြင်ဆင်ချက် ၁၃” (ပြည်နယ်များအတွင်း ငွေဝယ်ကျွန်စနစ် ဖျက်သိမ်းခြင်း)ကို အတည်ပြု လက်မှတ်ရေးထိုးခဲ့လေသည်။
ခွဲထွက်ပြည်နယ်များနှင့် ပြည်နယ်လူထုအားလုံး ပြည်ထောင်စုထဲသို ပြန်လည်ဝင်ရောက် ရေးသည် လင်ကွန်း၏ အဓိကပန်းတိုင်ဖြစ်သည်။ ၁၈၆၃ ခုနှစ်၊ ဒီဇင်ဘာလ(၈)ရက်နေ့တွင် ကျင်းပသော ကွန်ဂရက်အစည်းအဝေးသို ပေးပိုသော သဝဏ်လွှာတွင်လင်ကွန်းက သူ၏ရည်ရွယ်ချက်ကို ဖော်ပြထားသည်။ ခွဲထွက်ပြည်နယ်များ ပြည်ထောင်စုထဲသို ပြန်ဝင်လိုလျှင် ၁၈၆၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ မဲဆန္ဒပေးခဲ့သောနိုင်ငံသား ၁ဝရာခိုင်နှုန်းရှိရမည်ဟု သူကဆိုသည်။ ဤနည်းအားဖြင့် ငွေဝယ်ကျွန်စနစ်ကို ဖျက်သိမ်းပြီး ၎င်းတို့အား ပညာပေးရေးကို သဘောတူလျှင် ပြည်နယ်များသည် ကိုယ်ပိုင်အစိုးရအဖွဲ့၊ အထက်လွှတ်တော်အမတ်များနှင့် အောက်လွှတ်တော် အမတ်များ ထားရှိနိုင်သည်။ ထို့ပြင် လက်နက်ကိုင်ဆန့်ကျင်တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သူအားလုံးလည်း လွတ်ငြိမ်း ချမ်းသာခွင့်ရမည်ဖြစ်၏။
လင်ကွန်း၏ တိုင်းပြည်ပြန်လည်ထူထောင်ရေး စီမံချက်ကို အစပထမတွင် တော်တော်များများက ထောက်ခံကြသည်။ သို့သော်လည်း ကွန်ဂရက်အမတ်အများစုကမူ သက်ညှာလွန်းသည်ဟု ဝေဖန်ကြသည်။ သိုဖြင့် ၁၈၆၄ ခုနှစ်တွင် သူတိုက ပို၍တင်းမာသော ‘ဝိတ်- ဒေးဗစ် ဥပဒေမူကြမ်း’ကို ပြဋ္ဌာန်းကြသည်။ ယင်းဥပဒေအရ ခွဲထွက်ရေးပြည်နယ်များအနေဖြင့် မဲဆန္ဒပေးသူ ၅၀ ရာခိုင်နှုန်းအထိ ရှိရမည်ဖြစ်သည်။ ယင်းအရေအတွက်အထိမလွယ်ကြောင်း သိသောကြောင့် ထိုဥပဒေကို သမ္မတကပယ်ချလိုက်သည်။ ယင်းသို ဘာကြောင့်ပယ်ချရကြောင်းကို သတင်းစာများမှတစ်ဆင့် တိုင်းပြည်သို တင်ပြသည်။ သမ္မတသည် ပြည်သူများ၏ အမှုထမ်းဖြစ်၍ ပြည်သူများအား ရှင်းလင်းတင်ပြရန် တာဝန်ရှိသည်ဟု သူက ယုံကြည်သည်။
သမ္မတလင်ကွန်းသည် လိုအပ်လျှင် လက်အောက်အမှုထမ်းများနှင့်ပတ်သက်၍လည်း အလွန်ပြတ်သားသည်။ အထူးသဖြင့် ဝန်ကြီးအဖွဲဝင်အများစုနှင့် ပြဿနာဖြစ်ရသည်။ ဘဏ္ဍာရေးဝန်ကြီး ဆလ်မွန်ဒေါ့စ်နှင့်ဖြစ်သော ပြဿနာလည်း ပါဝင်သည်။ဒေါ့စ်မှာ အလွန်သမ္မတ ဖြစ်ချင်နေသူဖြစ်သည်။ ဤအကြောင်းကို လင်ကွန်းအပါအဝင်ဝါရှင်တန်တစ်မြိုလုံးသိသည်။ သိုသော်လည်း နေ့စ်က အရည်အချင်းရှိသည်။ အုပ်ချုပ်ရေး ကျွမ်းကျင်သည်။ အစိုးရအဖွဲ ယန္တရားကို ကွပ်ကဲရာတွင်လည်းကောင်း၊ စစ်ရေးအတွက် ရန်ပုံငွေရှာရာတွင်လည်းကောင်း လင်ကွန်းအနေဖြင့် နေ့စ်ကို ခြေအနေအရမရှိမဖြစ်လိုအပ်သည်။
လက်အောက်ငယ်သားများအနေဖြင့် မိမိအား အနှောင့်အယှက်အမျိုးမျိုးပေးသော်လည်း အလုပ်တာဝန်ကျေပွန်လျှင် လင်ကွန်းက တစ်ခါတစ်ရံ အရေးယူလေ့မရှိ။ သို့သော်လည်း နေ့စ်၏ပြဿနာကတော့တစ်မျိုးဖြစ်သည်။ သူက သမ္မတအား တစ်နည်းမဟုတ်တစ်နည်းဖြင့် အကြံလိုလို ပြဿနာလုပ်နေသည်။ သူတိုနှစ်ဦး မူဝါဒရေးရာနှင့်ပတ်သက်၍ အကြီးအသေးမဟူ မကြာခဏထိပ်တိုက်တွေ့ကြသည်။ နေ့စ်ကဘဏ္ဍာရေးဝန်ကြီးဌာန အမှုထမ်းခန့်ထားရေးကိစ္စကို သူ့အား လုံးဝတာဝန်ပေးရန် တောင်းဆိုသည်။ခန့်ထားရန် ရာထူးနေရာတွေလည်း အများကြီးရှိသည်။ အများအားဖြင့် သမ္မတကလည်း နေ့စ်အား သူ့ဆန္ဒအတိုင်း လုပ်ကိုင်ခွင့်ပေးသည်။ ဝင်ထွက်ခြင်း မရှိသလောက်ဖြစ်သည်။ သို့သော်လည်း ရာထူးနှစ်ခုခန့်ထားရာတွင်မူ ဘဏ္ဍာရေးဝန်ကြီး၏ ထောက်ခံချက်ကို သမ္မတကပယ်ချလိုက်သောကြောင့် ဘဏ္ဍာရေးဝန်ကြီးက မကျေနပ်၍ ရာထူးမှနုတ်ထွက်စာတင်သည်။ သိုဖြင့် ၁၈၆၄ ခုနှစ်၊ ဖေဖော်ဝါရီလ အတွင်းကလည်း သူနုတ်ထွက်စာတင်ခဲ့ဖူးသည်။ လင်ကွန်းအား ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်း အဖြစ်မှဖယ်ရှားရန် နေ့စ်က ကျိတ်ကြံစည်နေကြောင်း သတင်းစာတွေက ဖွင့်ချလိုက်သောကြောင့် ဖြစ်သည်။ သမ္မတ အလွန်ဖြစ်ချင်နေသူ နေ့စ်ကိစ္စနှင့်ပတ်သက်၍ ဘယ်လိုသဘောထားပါသလဲဟု မေးသောအခါ လင်ကွန်းက ထုံးစံအတိုင်း ပုံတိုပတ်စကလေးတစ်ပုဒ်ပြော၍ တုံပြန်သည်။ ယင်းပုံတိုပတ်စကလေးမှာ တစ်ခါက သူနှင့် သူ့အစ်ကိုတိုအပျင်းကြီးသော မြင်းအိုကြီးနှင့် ပြောင်းခင်းထွန်ခဲ့စဉ်က ဖြစ်ရပ်ကလေးဖြစ်၏။
‘ထွန်ရေးအဆုံးရောက်သွားတော့ မြင်းကို ဧရာမ ယင်လောက်ကြီးတစ်ကောင် ကိုက်ထားတာတွေ့ရတယ်။ ဒါနဲ့ ကျုပ်က ယင်လောက်ကြီးကိုပုတ်ထုတ်ပစ်လိုက်တယ်။ ဒီတော့ အစ်ကိုက အဲဒီလို ဘာဖြစ်လိုလုပ်ရတာလဲလို မေးတယ်။ မြင်းအိုကြီးကို ယင်လောက်ကိုက်နေတာ မကြိုက်လိုလိုကျုပ်က ပြန်ပြောလိုက်တယ်။ အဲဒီတော့ အစ်ကိုက ဘာပြန်ပြောသလဲဆိုတော့“ဘာဖြစ်လိုမကြိုက်ရမှာလဲ၊ အဲဒါကြောင့်ပဲ သူသွားနေတာပေါ့”တဲ့၊ အခုကိစ္စမှာလည်း မစ္စတာစ်ကို သမ္မတ ယင်လောက်ကြီးကိုက်နေပေမဲ့ ကျုပ်ကသူ့ကို ပိတ်မကန်ပစ်ပါဘူး၊ သူ့ဌာနတစ်ခုလုံး ကောင်းကောင်း အလုပ်လုပ်နေဖို့ပဲလိုပါတယ်”
ချေ့စ်သည် လေးကြိမ်တိတိ နုတ်ထွက်စာတင်ခဲ့သည်။ တကယ်တော့ ဤလုပ်ရပ်မှာ သမ္မတနှင့် ဆက်ဆံရာတွင် သူသုံးလေ့ရှိသော နည်းပရိယာယ်တစ်မျိုးပင် ဖြစ်၏။ သို့သော်လည်း ၁၈၆၄ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့တွင် သူနောက်ဆုံးတင်သွင်းသောနုတ်ထွက်စာကိုတော့ လင်ကွန်းက တကယ် လက်ခံခဲ့သည်။ သည်အတွက် ချေ့စ်အဖိုတော်တော်အံ့သြသွားခဲ့ရသည်။ ဤအဆင့်တွင်တော့ သူတိုနှစ်ဦး၏ ဆက်ဆံရေးမှာစကားဖြင့် ဆက်ဆံရေးမဟုတ်တော့ဘဲ စာဖြင့်ဆက်ဆံရေးအဆင့်သို ရောက်သွားခဲ့ပြီ။
သမ္မတအိမ်တော်
ဝါရှင်တန်မြို
၁၈၆၄၊ ဇွန်၊ ၃၀
ဝန်ကြီးအောလ်မွန်နေ့စ်
လူကြီးမင်းခင်ဗျား။
ယမန်နေ့က ပေးပိုသော လူကြီးမင်း၏ နုတ်ထွက်စာကို လက်ခံပါသည်။ လူကြီးမင်း၏ အရည်အချင်းနှင့် သစ္စာရှိမှုကို ကျွန်ုပ် ထုတ်ဖော်ပြောဆိုခဲ့ပြီးဖြစ်သောကြောင့် ထပ်မံ၍ မပြောလို တော့ပါ။ သိုသော်လည်း ပြည်သူ့ဝန်ထမ်းလုပ်ငန်းတွင် လူကြီးမင်းနှင့် ကျွန်ုပ်တို၏ဆက်ဆံရေး အဆင်မပြေမှုမှာပြုပြင်၍မရနိုင်သည့်အဆင့်သို ရောက်ရှိသွားခဲ့ပါပြီ။
လေးစားစွာဖြင့်
အေ၊ လင်ကွန်း
သမ္မတက ဘဏ္ဍာရေးဝန်ကြီးကို ရာထူးမှထုတ်ပယ်လိုက်ပြီဟူ၍ သတင်းပြန့်သွားသောအခါ ချေ့စ်မိတ်ဆွေ အထက်လွှတ်တော်အမတ်များက သမ္မတအိမ်တော်သိုလာရောက်ပြီး တရားသဖြင့်ဆောင်ရွက်ရန် တောင်းဆိုကြသည်။ သိုသော်လည်း သမ္မတသူ့ဆုံးဖြတ်ချက်ကို လုံးဝပြန်မပြင်၊ ပြတ်သားစွာ ဆုပ်ကိုင်မြဲဆုပ်ကိုင်ထားသည်။သူက ရာထူးခန့်ထားရေးတွင် ချေ့စ်အနေ ဖြင့် သမာသမတ်မရှိခြင်းနှင့် သူတို၏အလုပ်မဖြစ်တော့သော ဆက်ဆံရေးတင်းမာမှုကို ပြောပြသည်။ ထိုပြင် အခြေအနေအရ သူ့အနေဖြင့် ချေ့စ်အား ထွက်ခွင့်ပြုရန်မှတစ်ပါး အခြားရွေးစရာလမ်း မရှိတော့ဟု သူကဆိုသည်။
ချေ့စ်အား လှိက်လှိက်လှဲလှဲ ထောက်ခံသူတစ်ဦးဖြစ်သော အထက်လွှတ်တော်အမတ် ဝီလျံ၊ ပီ၊ ဖက်ဆင်ဒင်အား နောက်တစ်နေ့တွင် ဘဏ္ဍာရေးဝန်ကြီးအဖြစ် သမ္မတခန့်အပ်လိုက်သောအခါ လူတိုင်း အံ့အားသင့်သွားကြသည်။ ဤလုပ်ရပ်မှာ ချေ့စ်အားလိုလားသော ရီပတ်ဘလစ်ကန်ပါတီဝင်များအား ချွေးသိပ်လိုက်သော လင်ကွန်း၏နိုင်ငံရေးဗျူဟာတစ်ရပ် ဖြစ်သည်။
တစ်ချိန်တည်းတွင် မိမိ၏ပြည်သူ့ဝန်ထမ်းဘဝ ကုန်ဆုံးသွားပြီဟု ထင်နေသူချေ့စ်အား သမ္မတက တရားလွှတ်တော်ချုပ်၏ တရားသူကြီးချုပ်အဖြစ် ခန့်ထားလိုက်သည်။ ဤလုပ်ရပ် နှင့်ပတ်သက်၍ အဘက်ဘက်မှ ကန့်ကွက်သံများ ထွက်ပေါ်လာသော အခါ လင်ကွန်းက အောက်ပါအတိုင်း လူသိရှင်ကြား တုံပြန်လိုက်သည်။
ချေ့စ်ဟာ အလွန်တော်တဲ့ပုဂ္ဂိုလ်ပါ၊ သူက သိပ်ပြီးတိုးတက်အောင်မြင်ချင်တဲ့ ပုဂ္ဂိုလ်ပါ။ သမ္မတဖြစ်ချင်တဲ့ကိစ္စကတော့ နည်းနည်းစိတ်မမှန်ဘူးလို ကျုပ်ထင်တယ်၊ သူဟာ နောက်ပိုင်းမှာ အမြဲတမ်း အပြုအမူ မမှန်တော့ဘူး၊“သူ့ကို မောင်းထုတ်ပစ်ဖို အချိန်တန်ပြီ”လို လူတွေက ကျုပ်ကို ပြောကြတယ်။ ကျပ်မှာ ဘယ်သူ့ကိုမျှ မောင်းထုတ်ခွင့်မရှိပါဘူး။ လူတစ်ယောက်အနေနဲ့သူလုပ်နိုင်တဲ့အလုပ်ကို ကောင်းကောင်းလုပ်ရင် သူလုပ်ပါစေ၊ သူ့ကို အခွင့်အရေးပေးရမယ်”
လင်ကွန်းသည် ၁၈၆၄၊ စက်တင်ဘာ ၂၃တွင် စာတိုက်မင်းကြီး မောင်ဂိုမာရီဘလဲယားကိုလည်း စာတစ်စောင်ဖြင့် ဖြတ်ပစ်လိုက်သည်။ သူ့အထဲတွင် ကျုပ်ကသာလက်ခံရင် လူကြီးမင်းရဲ့နုတ် ထွက်လွှာဟာ ကျုပ်အတွက် ဝမ်းသာစရာဖြစ်နိုင်တယ်လိုလူကြီးမင်း ရက်ရက်ရောရောပြောခဲ့တာ တစ်ကြိမ်မက များလှပါပြီ။ အခု နုတ်ထွက်ဖို့အချိန်ရောက်ပါပြီ’ဟု ရေးထားသည်။ ဘလဲယားအား ထုတ်ပစ်ခြင်းမှာ တစ်ကြောင်းက ဝန်ကြီးများဖြစ်ကြသော ချေ့စ်ဆီးဝတ်နှင့် စတင်တန်တို့အား လူသိရှင်ကြား ပုတ်ခတ် ပြောဆိုသောကြောင့်ဖြစ်သည်။ နောက်တစ်ကြောင်းမှာ အမြော်အမြင် မရှိခြင်းနှင့် နိုင်ငံရေးကိစ္စနှင့်ပတ်သက်၍ တိုးတက်သော ရီပတ်ဘလစ်ကန်ပါတီဝင် ကွန်ဂရက်အမတ်များနှင့် အကျယ်အကျယ် အငြင်းပွားခြင်းကြောင့်ဖြစ်သည်။ သို့သော်လည်း ၁၈၆၄ ခုနှစ်ရွေးကောက်ပွဲနီးလာသောအခါ လင်ကွန်းက သူ့အတွက် ပါတီတွင်း ထောက်ခံသူများစည်းရုံးရန် ဘလဲယားအား တာဝန်ပေးလိုက်လေသည်။
လင်ကွန်းတွင် လိုအပ်သည့်အချိန်၌ ပြတ်သားသောဆုံးဖြတ်ချက် ချနိုင်ရန် စိတ်ဓာတ် စွမ်းအားလည်းရှိသည်။ အရည်အချင်းလည်းရှိသည်။ အလျင်အမြန် လှုပ်ရှားရတော့မည်ဟု ဆုံးဖြတ်လိုက်ပြီးသည်နှင့်တစ်ပြိုင်နက် ဘယ်တော့မျှ နောက်မဆုတ်တော့။ သို့သော်လည်း သူသည် ဆုံးဖြတ်ချက်တိုင်းအတွက် ကြိုတင်ဆင်ခြင်ခြင်းတော့ အမြဲပြုသည်။ ဆုံးဖြတ်ချက်မချမီ သက်ဆိုင်သမျှ သတင်းအချက်အလက်များကို ရယူသည်။ တစ်ခါတစ်ရံ သတင်းအချက်အလက်များကို ကိုယ်တိုင် ကွင်းဆင်း၍ ရှာဖွေသည်။ ထိုပြင် သူသည် ဖြစ်နိုင်သောအဖြေအမျိုးမျိုးကို ကြံဆပြီး ဖြစ်နိုင်သော အကျိုးရလဒ် အသီးသီးကိုလည်း ကြိုတင်သုံးသပ်သည်။ နောက်ဆုံးတွင် လုပ်ဆောင်ချက်မှန်သမျှအုပ်ချုပ်ရေးနှင့် ပုဂ္ဂိုလ်ရေးမူဝါဒနှင့် ကိုက်ညီမညီကို ဆန်းစစ်သည်။ ကိုက်ညီသည်ဟု ယုံကြည်လျှင် ဆုံးဖြတ်ချက်ချမှတ်သည်။ ထိုဆုံးဖြတ်ချက်ကို သက်ဆိုင်သူများအား ထိရောက်စွာ တာဝန်ပေးအပ်၍ ထိရောက်စွာ အကောင်အထည်ဖော်သည်။
အကယ်၍ လင်ကွန်းသာ ပြတ်သားစွာဆုံးဖြတ်ချက် မချနိုင်ခဲ့လျှင် ဘယ်လိုအကျိုးသက်ရောက် မှုတွေ ဖြစ်ပေါ်လာမည်နည်း။ ဤမေးခွန်း၏ အဖြေကို တွေးပင်မတွေးဝံ့ စရာဖြစ်သည်။ လင်ကွန်း၏ဆုံးဖြတ်ပြတ်သားမှုသည် ထူးခြားသော ပြောင်းလဲမှုကိုဖြစ်စေသည်။ သူသည် စိတ်ထားကို ပြောင်းလဲပစ်သည်၊ အပြုအမူကိုလည်း ပြောင်းလဲပစ်သည်။ ပြီးတော့ လူတွေ၏ဘဝနေနည်း ထိုင်နည်းကိုလည်း ပြောင်းလဲပစ်သည်။သူသည် ငွေဝယ်ကျွန်စနစ်ကို ဖျက်သိမ်းခြင်းနှင့် တောင်ပိုင်းပြည်နယ်များအား ခွဲထွက်ခွင့်မပေးခြင်းဖြင့် နိုင်ငံ၏မျက်နှာကို ပြောင်းလဲပစ်သည်။ ထိုလုပ်ရပ်နှစ်ခုကြောင့်ပင်လျှင်သူသည် ကြီးကျယ်ထင်ရှားသော ခေါင်းဆောင်ဖြစ်လာခဲ့၏။ လင်ကွန်းသည် ပန်းတိုင်သတ်မှတ်သည်။ သူ့အမြင်ကို လူတွေ သဘောပေါက်အောင် သင်ကြားသည်။ ပြီးတော့သူ့လုပ်ငန်းကို ပြီးမြောက်အောင် အကောင်အထည်ဖော်သည်။
အတော်ဆုံး၊ အပြတ်သားဆုံး ခေါင်းဆောင်များတွင် တိကျသောရည်မှန်းချက်ရှိသည်။ ထိုရည်မှန်းချက်ကို ပေါက်မြောက်စေနိုင်သော ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသည်။ လင်ကွန်းသည် ယင်းသိုသော ခေါင်းဆောင်မျိုးဖြစ်၏။ သိုသော် ထိရောက်သောအမြင်နှင့် မြင့်မြတ်သော ရည်မှန်းချက်သက်သက်ဖြင့် ဘာမျှဖြစ်မလာနိုင်း၊ ခိုင်ကျည်ပြတ်သားသော ဆုံးဖြတ်ချက်ကိုချ မှတ်နိုင်သည့် ခေါင်းဆောင်မှုရှိမှသာ ဖြစ်မြောက်အောင်မြင်နိုင်သည်။အထူးသဖြင့် အပြောင်းအလဲမြန်ပြီး ပြိုင်ဆိုင်မှု ပြင်းထန်သော ယနေ့စီးပွားရေးလောကအတွက် ခိုင်ကျည်ပြတ်သားသောဆုံးဖြတ်ချက်ကို ချမှတ်နိုင်သည့် ခေါင်းဆောင်မှုသည် မရှိမဖြစ်အလို အပ်ဆုံးဖြစ်၏။ ယနေ့ခေတ်အတွက် အဖြူအမည်းသက်သက် ဆုံးဖြတ်ချက်သည် အလုပ်မဖြစ်။ ပြောင်းလဲနေသော အခြေအနေနှင့် လိုက်ဖက်ကိုက်ညီသည့်ဆုံးဖြတ်ချက်မျိုးသည်သာ အလုပ်ဖြစ်နိုင်၏။ တစ်ခါတစ်ရံ သတင်းအချက်အလက်အပြည့်အစုံကို မရရှိဘဲနှင့် ဆုံးဖြတ်ချက်တစ်ရပ်ကို ရက်ချိန်းသတ်မှတ်ရန် အရေးပေါ်ချမှတ်ရတတ်သည်။
သို့သော် ရေတိုဖြေရှင်းမှုသည် ရေရှည်ရည်မှန်းချက်နှင့် မကြာခဏ ဆန့်ကျင်ဘက် ဖြစ်တတ်သည်။ တစ်ခါတစ်ရံ လက်ငင်းထင်ရှားမှု မရှိသေးဘဲနှင့် မှန်ကန်သော ရွေးချယ် မှုကို ရရှိတတ်၏။ ခေါင်းဆောင်သည် တစ်ခါတစ်ရံ မှားတတ်သည်။ တစ်ခါတစ်ရံ စေ့စပ်ညှိနှိင်းမှုကိုပြုရသည်။ ထိုလုပ်ရပ်သည်ပင် အဓိကဆုံးဖြတ်ချက်ဖြစ်နိုင်၏။ ယနေ့သော် ခေါင်းဆောင်အများစုသည် စေ့စပ်ညှိနှိင်းခြင်းကို ဆုံးဖြတ်ချက်မချနိုင်ခြင်းအဖြစ်မြင်ကြသည်။ တကယ်တော့ သူတိုသည် ကွယ်လွန်သူ သမ္မတ ဂျွန်၊ အက်ဖ် ကနေဒီ၏ သတိပေးစကားကို မေ့နေကြခြင်း ဖြစ်သည်။ ကနေဒီက စေ့စပ်ညှိနှိင်းခြင်းဟာသူရဲဘောကြောင်ခြင်းမဟုတ်” ဟူ၍ ဆိုခဲ့သည်မဟုတ်သလော။
အဖွဲ့အစည်းအတွက် အကျိုးရှိထိရောက်သော ဆုံးဖြတ်ချက်များကို ချမှတ်ရန်ခက်ခဲကြောင်း စီးပွားရေးလုပ်ငန်းအမှုဆောင်များ ကောင်းစွာသိကြသည်။ အပြောင်းအလဲ လုပ်ချင်စိတ်ပေါက်လာ ရန်မလွယ်၊ ဗြူရိုကရက်စနစ် အဟန့်အတားများကို ကျော်လွှားရန်ခက်သည်။ သိုသော် ဆုံးဖြတ်ချက်ကတော့ ချက်ချမှတ်ရမည်။ ဆုံးဖြတ်ချက်သည်သက်ဆိုင်ရာအဖွဲအစည်းအတွက် ဆီလျော်ကိုက်ညီရမည်။ ထိရောက်သော ဆုံးဖြတ်ချက် မချမှတ်နိုင်လျှင် ကုမ္ပဏီတစ်ခု ဘာဖြစ်သွား မည်နည်း။ အခွင့်ကောင်းများ လက်လွတ် ဆုံးရှုးသွားမည်။ အမှုထမ်းများ ရည်မှန်းချက်ကင်းမဲ့ပြီး ယောင်လည်လည်ဖြစ်နေကြ မည်။ တက်ကြွနေသူများ စိတ်ဓာတ်ကျဆင်းသွား ကြမည်။ ထုံထိုင်းနေသူများ အားပျော့သွားကြမည်။
သို့သော် ဆုံးဖြတ်ချက်ခိုင်ကျည်ပြတ်သားသော ခေါင်းဆောင်ရှိသည့် ကုမ္ပဏီကတော့ စွမ်းအားရှိသည်။ တက်ကြွရှင်သန်နေသည်။ အမှုထမ်းများ ခြေလှမ်းသွက်နေသည်။ ဦးတည်ချက်ဖြောင့်တန်းနေသည်။ အခွင့်အလမ်းကောင်းများက ကုမ္ပဏီကို လိုက်ရှာနေသည်။ တိကျပြတ်သားသောအမြင်နှင့် ကောင်းစွာ ဆင်ခြင်သတ်မှတ်ထားသောပန်းတိုင်ရှိသည့် ကုမ္ပဏီသည် အမြဲတမ်းအောင်မြင်မှုရှိသည်။
ဆုံးဖြတ်ချက်ချမှတ်ခြင်းသည် တစ်သီးပုဂ္ဂလအမိန့်သက်သက်မဟုတ်။ အလျဉ်မပြတ် ဆက်စပ်နေသော နည်းလမ်းစဉ်ဖြစ်သည်။ ပမာဆိုသော် ခန္ဓာကိုယ်တစ်ခုလုံးပျံ့နှံအောင် သွေးလွှတ်ပေးသော နှလုံးခုန်ခြင်းနှင့် အလားတူသည်။ သူမရှိလျှင် အသက်မရှိနိုင်တော့။ ဤအချက်ကို လင်ကွန်း ကောင်းကောင်းကြီး သဘောပေါက်သည်။
ထိရောက်ပေါက်မြောက်သော ဆုံးဖြတ်ချက်ချမှတ်ခြင်းသည် မည်သည့်အဖွဲ အစည်းအတွက် မဆို မရှိမဖြစ် အရေးကြီးသည်။ ဤအချက်ကို လင်ကွန်း ကောင်းကောင်းကြီးသိသည်။ သူသည် သူ၏ သူမတူအောင်ထူးခြားသောဆုံးဖြတ်ချက် ခိုင်ကျည်ပြတ်သားမှုကြောင့် မှန်ကန်သော မူဝါဒကို ချမှတ်နိုင်ခဲ့သည်။ မှန်ကန်သော အပြောင်းအလဲကို ပြုလုပ်နိုင်ခဲ့သည်။ ပြည်တွင်းစစ်ကို အောင်နိုင် ခဲ့သည်။
လင်ကွန်း၏ ခေါင်းဆောင်မှုကျင့်စဉ်
.
- အစိတ်အပိုင်းလေးတစ်ခု သိုမဟုတ် နှစ်ခု ဆုံးရှုံးမှု ကိုရှောင်ရန်အလို့ငှာ အဖွဲအစည်းတစ်ခုလုံးကို ဘယ်တော့မျှ စတေးမခံပါနှင့်။
- တွေဝေမှု၊ စိတ်ဓာတ်ကျမှုနှင့် အရေးပေါ်လိုအပ်မှုတိုကို အခွင့်ကောင်းယူပြီး ခေါင်းဆောင်ကောင်းအမည် ခံယူပါ။
- အမြဲတမ်း ဦးစွာလှုပ်ရှား၊ ဘယ်တော့မျှ နောက်ပိတ်ချီး မဖြစ်ပါစေနှင့်။
- မိမိ၏ အင်အားအချက်အချာအားလုံးကို စွန့်လွှတ်မပစ်ပါနှင့်၊ပြိုင်ဘက်က ဖြတ်ခုတ်သွားလိမ့်မည်။
- သင့်အား ဦးစွာမတိုင်ပင်ဘဲ သင့်တာဝန်ကို လက်အောက်လူကဘယ်တော့မျှ အကောင်အထည် မဖော်ပါစေနှင့်။
- သင်၏လက်အောက်လူကို သမ္မတယင်လောက်ကြီး ကိုက်နေလျှင် ယင်လောက်ကြီးကို ပုတ်ထုတ်ပစ်ပါနှင့်။
- ဆုံးဖြတ်ချက်မချခင် သတင်းအချက်အလက်စုပါ၊ ဖြေရှင်းချက်မျိုးစုံရှာပါ၊ အကျိုးဆက်များကို ကြိုတွေးကြည့်ပါ။ မိမိ၏ရည်မှန်းချက်နှင့် ကိုက်ညီသော ဆုံးဖြတ်ချက် ဖြစ်ပါစေ။နောက်ဆုံးတွင် ထိုဆုံးဖြတ်ချက်ကို သက်ဆိုင်သူများအားထိထိရောက်ရောက် တာဝန်ပေးအပ်ပါ။
- ပထမဦးစွာ ဆန္ဒခံယူပါ၊ ဆန္ဒခံယူခြင်းဖြင့် အလုပ်မဖြစ်မှသာအာဏာကို သုံးပါ။
အခန်း(၉)
ခေါင်းဆောင်ခံ၍ ခေါင်းဆောင်ပါ
“ယခုအခါ အောင်ပွဲခံခဲ့ပြီဖြစ်၍ ယင်းအတွက် ဗိုလ်ချုပ်ကို ဂုဏ်ပြုပါသည်။ ဗိုလ်ချုပ်၏ လုပ်ရပ်ကို ကျွန်ုပ်တိုအားလုံး သဘောတူပါသည်။…
သို့သော် နောက်ဘာဆက်လုပ်မည်နည်း၊ ဗိုလ်ချုပ်ကြီးဂရန့်နှင့် ဗိုလ်ချုပ်တို့ကိုယ်တိုင် ဆုံးဖြတ်၍လုပ်လျှင် ပို၍ကောင်းမည်ဟု ကျွန်ုပ်ယူဆပါသည်’
[ဆဗန်နားကို သိမ်းပိုက်နိုင်သော
ကြောင့် လင်ကွန်းက ဗိုလ်ချုပ်ကြီး
ရှားမင်းထံ ပေးပိုသော ဂုဏ်ပြု
သဝဏ်စာမှ (၂၆.၁၂.၁၈၆၄)]
လင်ကွန်းသည် သူ၏သမ္မတသက်တမ်းတွင် အရေးကြီးသော ဆုံးဖြတ်ချက်များကို သူတစ်ဦးတည်း ချမှတ်ခဲ့သော ဖြစ်ရပ်တွေ အများကြီးရှိခဲ့သည်။ သူသည် အရေး ကြီးသော ကိစ္စများအတွက် သူ၏အကြံပေးပုဂ္ဂိုလ်များနှင့် တိုင်ပင်သော်လည်း နောက်ဆုံး အဆုံးအဖြတ်မှာ သူ့သဘောအတိုင်းသာ ဖြစ်သည်။ သူတစ်ဦးတည်းသာတာဝန်ခံပြီး သူ့လုပ်ရပ်များ အတွက် ပြည်သူလူထုထံ သူကိုယ်တိုင် ရှင်းပြသည်။ နိုင်ငံအတွက်ဆောင်ရွက်ချက်များကို ဆုံးဖြတ်ရာတွင် သူ၏ခေါင်းဆောင်မှုကို ထုတ်ဖော်ခဲ့သည်။သူကဦးမဆောင်ဘဲ သူ့လက်အောက်ပုဂ္ဂိုလ်များက ဦးဆောင်သလို အများက ထင်မှတ်စေခဲ့သည်။ တစ်ခါက “ကျုပ်က ဖြစ်ရပ်တွေကို မအုပ်ချုပ်ပါဘူး၊ ဖြစ်ရပ်တွေကကျုပ်ကို အုပ်ချုပ်တာပါ’ဟု သူ ပြောခဲ့ဖူးသည်။ ဤအချက်သည် ပါရမီရှင် ခေါင်းဆောင်ကောင်းတစ်ယောက်၏ လက္ခဏာတစ်ရပ်ဖြစ်၏။ ရှေးခေတ် တရုတ်ပညာရှိကြီး လောက်ဇူကလည်း “သင်က လူတွေကို ဂုဏ်မတင်လျှင် သင့်ကို လူတွေက ဂုဏ်တင်လိမ့်မည်မဟုတ်။ ခေါင်းဆောင်ကောင်းဟူသည် စကားကို အနည်းငယ်သာပြော၍အလုပ်ကို များများလုပ်သည်။ သူ၏အလုပ်ပြီးမြောက်၍ ရည်မှန်းချက်ပြည့်စုံသောအခါ“ဤအရာကို ကျွန်ုပ်တိုကိုယ်တိုင် လုပ်ဆောင်ခဲ့သည်”ဟူ၍ လူတွေက ပြောကြလိမ့်မည်”ဟု မိန့်ဆိုခဲ့၏။
လင်ကွန်းသည် သူတစ်ပါး၏စကားကို စိတ်ရှည်စွာ နားထောင်တတ်သော အရည်အချင်းလည်းရှိသည်။ သူသည် ပွင့်လင်းသည်၊ စိတ်ထားဖြူစင်သည်၊ အလျှော့အတင်း ပြုလုပ်နိုင်သည်။ ဤသည်မှာ ခေါင်းဆောင်ကောင်း၏ အရည်အချင်းတစ်ရပ်ဖြစ်သည်။ သူသည် မကြာခဏဆိုသလို လက်အောက်ခံပုဂ္ဂိုလ်များ၏ အကြံဉာဏ်နှင့်ထောက်ခံချက်များကို ရယူသည်။ သူ့အယူအဆနှင့် ကိုက်ညီလျှင် ယင်းအတွက်သူ့ကိုယ်သူ ဂုဏ်မတင်၊ လက်အောက်ခံပုဂ္ဂိုလ်များကိုသာ ဂုဏ်တင်သည်။ သူ့အယူအဆနှင့် မကိုက်ညီလျှင်လည်း သူ့အယူအဆကို အများသဘောပေါက်အောင် ရှင်းပြသည်။ သို့သော် သူသည် ဩဇာမပေး၊ အမိန့်မပေး၊ အခြားလူများအား အကြံပြုခြင်း၊ ညွှန်ပြခြင်း ဖြင့်သာ စည်းရုံးသည်။
လင်ကွန်းသည် လူအများအား ပါးနပ်လိမ္မာခြင်း၊ သိမ်မွေ့ခြင်းတိုဖြင့် ဆွဲဆောင်သည်။ ဤအချက်ကို အများစုက သတိမထားမိကြ။ အချိုလုပ်ရပ်များမှာ အလွန်ရိုးစင်းလှသောကြောင့် လင်ကွန်းနေဖြင့် မည်မျှအထိ ကြိုးပမ်းရသည်ကို အခြားပုဂ္ဂိုလ်များမသိကြခြင်းဖြစ်၏။ ထင်ရှားသော ဖြစ်ရပ်တစ်ခုမှာ ၁၈၆၂ ခုနှစ်က ဘဏ္ဍာရေးဝန်ကြီး ဆလ်မွန် ချေ့စ်၏ကိစ္စကို လိမ္မာပါးနပ်စွာ ဖြေရှင်းပေးခဲ့ပုံဖြစ်သည်။ ဖြစ်ပုံမှာချေ့စ်က နိုင်ငံခြားရေးဝန်ကြီး ဝီလျံဆီးဝဒ်အား သိက္ခာချရန် ကြိုးစားသည်။ ဆီးဝဒ်သည် သမ္မတနှင့် အလွန်ရင်းနှီးပြီး သမ္မတအပေါ် သြဇာပေးနေသည်ဟု ချေ့စ်က ယူဆသည်။ထိုကြောင့် သူက ဆီးဝဒ်အား မနာလိုဝန်တိုဖြစ်နေ၏။ သူက ဝန်ကြီးအဖွဲ့တွင် သူသာ အဓိကအကြံပေးပုဂ္ဂိုလ်ဖြစ်သင့်သည်ဟု ခံယူထားသည်။ (သူသည် ၁၈၆၄ ခုနှစ် တွင်လည်း လင်ကွန်းအား ရီပတ်ဘလစ်ကန် သမ္မတလောင်းအဖြစ်မှ ဖယ်ရှားရန်ကြိုးပမ်းခဲ့သည်။) ဆီးဝဒ်သည် သမ္မတအပေါ် လိုအပ်သည်ထက်ပို၍ သြဇာလွှမ်းနေသည်ဟု ရီပတ်ဘလစ်ကန်ပါတီဝင် အထက်လွှတ်တော်အမတ်များအား ချေ့စ်ကတိုင်ကြားသည်။ ထိုပြင် ဆီးဝဒ်သည် နိုင်ငံခြားရေးဝန် ကြီးရာထူးနှင့် မထိုက်တန်၊အစိုးရအဖွဲ့ အတွင်း ပေါ်ပေါက်သော ပြဿနာအားလုံး၏တရားခံမှာလည်း ဆီးဝဒ်ပင်ဖြစ်သည်ဟု သူကဆိုသည်။
သို့ဖြင့် အထက်လွှတ်တော်အမတ်များ စည်းဝေးပွဲလုပ်ပြီး ဆီးဝဒ်ကိစ္စကိုဆွေးနွေးကြသည်။ အစည်းအဝေးတွင် ဆီးဝဒ်အား ထုတ်ပယ်ပစ်ရန် သမ္မတထံ သွားရောက်တောင်းဆိုဖိုနှင့် ဝန်ကြီးအဖွဲ ပြန်ဖွဲရန် တောင်းဆိုဖိုအတွက် ကိုယ်စားလှယ်ကိုးဦးစေလွှတ်ရန် ဆုံးဖြတ်ကြသည်။ ယင်ကိုယ်စားလှယ်အဖွဲသည် ၁၈၆၂ ခုနှစ်၊ ဒီဇင်ဘာ ၁၈ ရက်တွင် သမ္မတနှင့် သွားရောက်တွေ့ဆုံသည်။ သူတိုက ဆီးဝဒ်၏အမှားများကို တစ်သီတစ်တန်းကြီး တင်ပြကြသည်။ ထိုပြင် သမ္မတသည် အရေးကြီးသောကိစ္စများ အတွက် ဆုံးဖြတ်ချက်ချရန် ဝန်ကြီးအဖွဲဝင်အားလုံးနှင့် မတိုင်ပင်ခြင်းကိုလည်း မိမိတို့ မကျေနပ်ကြောင်း ဖွင့်ချကြသည်။ ထိုအခါ သမ္မတက ဤကိစ္စကို မိမိအနေဖြင့်အလေးအနက်ထား၍ စဉ်းစားမည်ဖြစ်ကြောင်း၊ နောက်တစ်နေ့ညတွင်မှ ပြန်လည်တွေ့ဆုံကြမည်ဖြစ်ကြောင်း ပြန်ပြောလိုက်သည်။ သည်ကြားထဲတွင် ဆီးဝဒ်က နုတ်ထွက်စာတင်လာသည်။ သမ္မတက ဘာမျှပြန်မပြောဘဲ နုတ်ထွက်စာကိုယူပြီး သူ့ကုတ်အင်္ကျီ အိတ်ထဲ ထည့်ထားလိုက်သည်။
ဤကိစ္စအတွက် လင်ကွန်းသည် အလွန်စိတ်မကောင်းဖြစ်မိသည်။ သူက ဆီးဝဒ် ကိုလည်းမထွက်စေချင်၊ ဝန်ကြီးအဖွဲကိုလည်း ပြန်မဖွဲချင်။ အထူးသဖြင့် ဝန်ကြီးအဖွဲ့ကို အုပ်ချုပ်ကွပ်ကဲရာတွင်ဖြစ်စေ၊ ဆုံးဖြတ်ချက်ချရာတွင်ဖြစ်စေ သမ္မတအား လွှတ်တော်အမတ်များက အမိန့်ပေးခြင်းကို လင်ကွန်းက လုံးဝမကြိုက်။ ဤပြဿနာ၏ အဓိကတရားခံမှာ ချေ့စ်သာဖြစ်ကြောင်း သူက လုံးဝခံယူသည်။
နောက်တစ်နေ့ညတွင် ဝန်ကြီးအဖွဲ့ အထူးအစည်းအဝေးပြုလုပ်သည်။ သမ္မတက ယမန်နေ့ညကဖြစ်ပျက်ခဲ့သမျှကို တင်ပြသည်။ ချိန်းဆိုထားသည့်အတိုင်း အထက်လွှတ်တော် အမတ်များ ရောက်လာကြသောအခါ သူတိုအားလုံးကို အခန်းတစ်ခန်းတည်းမှာပင် ထိုင်စေပြီး အငြင်းပွားမှုပြဿနာကို တစ်ထိုင်တည်းဖြင့် အပြတ်ဖြေရှင်းသွားကြရန် သမ္မတက မေတ္တာရပ်ခံသည်။ ဤတွင် အားလုံးအငိုက်မိသွားကြသည်။ အထက်လွှတ်တော်အမတ်များသည် ဝန်ကြီးအဖွဲ့ဝင်များ ရောက်ရှိနေသည် ဆိုသည်ကိုလည်းမသိကြ။ သမ္မတက လျှိဝှက်စီစဉ်ထားခြင်းကို ဝန်ကြီးအဖွဲ့ဝင်များသိသည်ဆိုသည်ကိုလည်းမသိကြ။ ဘယ်လိုပဲဖြစ်ဖြစ် စိတ်အညစ်ရဆုံးသူကတော့ ချေ့စ်ပင်ဖြစ်၏။ အထက်လွှတ်တော်အမတ်များပြောသမျှကို သူက ထောက်ခံခဲ့လျှင် ပြဿနာအားလုံး ပေါ်ပေါက်လာအောင် လှုံဆော်သူမှာ သူပင်ဖြစ်သည်ဟု အခြားဝန်ကြီးအဖွဲဝင်များနှင့် သမ္မတတိုကသေချာပေါက် ကောက်ချက်ချကြတော့မည်ဖြစ်သည်။ ဤတွင် သမ္မတသည် အရေးကြီးသောဆုံးဖြတ်ချက်မှန်သမျှကို ဝန်ကြီးအဖွဲဝင်များအားတိုင်ပင်ပြီးမှ ချမှတ် ကြောင်း၊ဝန်ကြီးအဖွဲဝင်အများစုကလည်း သမ္မတနှင့် သဘောတိုက်ဆိုင်ကြောင်း၊ ထိုပြင် ဆီးဝဒ်မှာလည်း နိုင်ငံခြားရေးဝန်ကြီးတာဝန်ကို မှန်ကန်ရိုးသားစွာ ထမ်းဆောင်နေသည်သာဖြစ်ကြောင်း အတင်းအကျပ် သဘောတူလက်ခံရတော့သည်။
ဤအစည်းအဝေးမှာ လင်ကွန်းက ကြိုတင်အစီအစဉ်ချမှတ်ပြီး ပြုလုပ်သော အစည်းအဝေးဖြစ်သည်။ အစည်းအဝေး ပြီးဆုံးသွားသောအခါ အထက်လွှတ်တော်အမတ်များနှင့် ဘဏ္ဍာရေးဝန်ကြီးချေ့စ်တိုမှာ့ အရှက်ရပြီး သိက္ခာကျကြရသည်။ အထူးသဖြင့် ချေ့စ်ကတော့ အခံရဆုံး။ သူသည် ဘယ်တော့မျှ မယုံကြည်ရသော လူလိမ်လူညာတစ်ယောက် ဖြစ်သွားသည်။ ဆီးဝဒ်အပေါ် စွပ်စွဲချက်အားလုံးလည်း လုံးဝပျက်ပြယ်သွားသည်။ လင်ကွန်းအနေဖြင့်တော့ သူက ဘာမျှဝင်မစွက်လိုက်ရဘဲနှင့် သူလိုချင်သောအကျိုးရလဒ်ကို ရရှိသွားလေသည်။ တကယ်တော့သူသည် ငါးကြင်းဆီနှင့် ငါးကြင်းကြော်လိုက်ခြင်းပင်ဖြစ်တော့သည်။
နောက်တစ်နေ့တွင် ကာကွယ်ရေးဝန်ကြီး စတင်တန်နှင့် ရေတပ်ဝန်ကြီး ဂီဒီယွန်ဝဲလ်စ်တို့၏ ရှေ့မှောက်တွင် ချေ့စ်က သမ္မထံနုတ်ထွက်စာတင်သည်။
“ကဲ… ဘယ်မှာလဲ၊ ကျုပ်ကြည့်ပါရစေ”ဟု သမ္မတတောင်းသောအခါ စတင်တန်မှာ စိတ်လှုပ်ရှားစွာဖြင့် သူ့နုတ်ထွက်စာကို ကမ်းပေးလိုက်လေသည်။ ဤတွင် သမ္မတကလက်ခါပြရင်း “မဟုတ်ဘူး၊ မဟုတ်ဘူး၊ ခင်ဗျားနုတ်ထွက်စာကို ကျပ် မလိုချင်ဘူး ဟုပြန်ပြောလိုက်သည်။ ပြီးတော့ ချေ့စ်၏နုတ်ထွက်စာကိုယူပြီး သူ့ကုတ်အင်္ကျီထဲတွင်ထည့်ထားလိုက်သည်။ ဤတွင် သူ့လက်ထဲမှာ နုတ်ထွက်စာနှစ်စောင် ရရှိသွားပြီဖြစ်၏။ နောက်များမကြာမီတွင် သမ္မတက ဧည့်သည်တစ်ဦးအား “ကျုပ် ခရီးဆက်နိုင်ပြီဗျ၊ ဘာကြောင့်လဲဆိုတော့ ကျုပ်မှာ ရွှေဖရုံသီးနှစ်လုံးရသွားပြီလေ” ပြောခဲ့သည်ဟူ၏။
ဤဖြစ်ရပ်မှ မည်သည့်သင်ခန်းစာရနိုင်ပါမည်နည်း။
စီးပွားရေးလုပ်ငန်း အမှုဆောင်အရာရှိကြီးများသည် သမ္မတလင်ကွန်း၏ နည်းလမ်းကို သိကောင်းသိကြလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ဤနည်းလမ်းသည်မကြာခဏ အသုံးများ သောနည်းလမ်းဖြစ်သောကြောင့်တည်း။
စီးပွားရေးလုပ်ငန်းများတွင် လုပ်ငန်းခွင်ပြဿနာ ပေါ်လာလျှင် အချင်းချင်းပဋိပက္ခဖြစ်နေသော ဌာနဆိုင်ရာပုဂ္ဂိုလ်များကို အစည်းဝေးခေါ်ယူကာ မျက်နှာချင်းဆိုင်ညှိနှိင်းဆွေးနွေးစေသည်။ ယင်းသို တွေ့ဆုံညှိနှိင်းခြင်းဖြင့် တစ်ဦးအပေါ်တစ်ဦး၊ တစ်ဌာနအပေါ်တစ်ဌာန အမြင်လွဲမှားမှု၊ သံသယဖြစ်မှုများပပျောက်ကာ အမြင်မှန်ရပြီး အချင်းချင်း ပြန်လည်သင့်မြတ်လာစေနိုင်လေသည်။
လင်ကွန်း၏ ချဉ်းကပ်နည်းသည်လည်း ယင်းအတိုင်းပင်ဖြစ်သည်။ သူက ပဋိပက္ခဖြစ်နေ သောပုဂ္ဂိုလ်များအား အမိန့်ပေးပြီး ပြန်လည်သင့်တင့်လာအောင်မလုပ်။ သူတို့အချင်းချင်း၏ ခြားနားချက်များကို ဆွေးနွေးညှိနှိင်းဆေးသည်။ သူက ဆွေးနွေးပွဲကိုထိန်းပေးရုံသာထိန်းပေးသည်။ သူက အမိန့်ဖြင့်ဆုံးဖြတ်ချက်ချမှတ်လျှင် သူ၏သြဇာအာဏာကို လက်ခံကြမည်သာဖြစ်၏။ သို့သော် ကျေနပ်ကြမည်တော့မဟုတ်။ သို့ဆိုလျှင် ပြဿနာလည်း လုံးဝပြေလည်သွားမည်မဟုတ်။ လိပ်ခဲတည်းလည်းနှင့် သံသရာရှည်နေဦးမည်သာဖြစ်၏။ စင်စစ် လင်ကွန်း၏နည်းလမ်းမှာ သက်ဆိုင်သူများအားကိုယ့်ပြဿနာကိုယ် ရှင်းခိုင်းသောနည်းလမ်း ဖြစ်သည်ဟု ဆိုနိုင်လေသည်။
လင်ကွန်းသည် “ခေါင်းဆောင်ခံ၍ ခေါင်းဆောင်လုပ်သောနည်းလမ်းကိုကျင့်သုံးသည်။ ဤနည်းလမ်းအရ ချီးကျူးသင့်သူကို အမြဲတမ်းချီးကျူးသည်။ ထိုပြင်အမှားနှင့်ရင်ဆိုင်ရလျှင်လည်း သူက သက်ဆိုင်သူများကို အပြစ်မတင်။ ယင်းအမှားအတွက် သူကိုယ်တိုင်သာတာဝန်ယူသည်။ သူသည် ရိုးသားဖြူစင်သည်။ တည်ကြည်ဖြောင့်မတ်သည်၊ သိက္ခာရှိသည်။ လက်အောက်ခံပုဂ္ဂိုလ် များအား ကိုယ်ချင်းစာတရား၊အကြင်နာတရားဖြင့် ဆက်ဆံအုပ်ချုပ်သည်။ နေရာများစွာတွင် သူကိုယ်တိုင်ဦးမဆောင်။ သက်ဆိုင်ရာပုဂ္ဂိုလ်များအား သူတိုလုပ်ငန်းကို သူတိုကိုယ်တိုင် ဦးဆောင်စေသည်။ ထိုကြောင့် အလုပ်ခွင်တွင် သူတို ပျော်ကြသည်။ ဤအချက်ကြောင့် အမှုထမ်းများအနေဖြင့် ဆန်းသစ်တီထွင်လိုစိတ် ပေါ်ပေါက်လာသည်။ စွန့်စားလုပ်ကိုင်ချင်စိတ် ဖြစ်ပေါ်လာသည်။ သူတိုသည် လုပ်မှားကိုင်မှားဖြစ်မည်ကိုလည်း မကြောက်တော့။ အဘယ်ကြောင့်ဆိုသော် သူတိုအမှားကြောင့် သမ္မတက သူတိုအား ဘယ်တော့မျှ အပြစ်မတင် ဆိုသည်ကို သိသောကြောင့်ဖြစ်၏။
လင်ကွန်းသည် အလုပ်ကောင်းကောင်းလုပ်သူအား ချီးကျူးဂုဏ်ပြုသည်၊ ဆုချီးမြှင့်သည်၊ ရာထူးတိုးပေးသည်။ အခြားတစ်ဖက်တွင်လည်း လက်အောက်ငယ်သားများ၏အမှားကို သူက တာဝန်ယူသည်။ ပြည်တွင်းစစ်အတွင်းက ဆုံးရှုံးရသောတိုက်ပွဲများအတွက် သူ တာဝန်ယူသည်။ ဗိုလ်ချုပ်ကြီးများ မအောင်မြင်ခြင်းသည် သူ၏မအောင်မြင်မှုပင်ဖြစ်သည်ဟု သူကပြောသည်။ ဒုတိယ ‘ဘူးလ်ရန်း တိုက်ပွဲရှုံးသောကြောင့် ဝါရှင်တန်တွင် အကြီးအကျယ် ဂယက်ရိုက်ခတ်သွားခဲ့သည်။ ယင်းအတွက်ဗိုလ်ချုပ်ကြီး ဂျော့မက္ကလီလန်အား အပြစ်ပုံချကြသည်။ အဘယ့်ကြောင့်ဆိုသော် ဗိုလ်ချုပ်ကြီးက ရှေ့တန်းစစ်ဆင်ရေးဦးစီးမှူး ဂျွန်ပုပ်အား လိုအပ်သော ထောက်ပိုမှု ပျက်ကွက်ခဲ့ သောကြောင့်ဖြစ်၏။ ဗိုလ်ချုပ်ကြီး မက္ကလီလန်က ဂျွန်ပုပ်အား တိုက်ပွဲရှုံးစေချင်သောကြောင့်ဟု အများက ယူဆကြသည်။ ထိုကြောင့် ဒေါသထွက်နေသော ဝန်ကြီးအဖွဲ့ဝင်အများစုက ကန့်ကွက်စာတင်ကာ ဗိုလ်ချုပ်ကြီးအား ဖြုတ်ပစ်ရန် တောင်းဆိုကြသည်။ သို့သော် လင်ကွန်းက ဗိုလ်ချုပ်ကြီးအား ဖြုတ်မပစ်ဘဲ ဝါရှင်တန်တပ်ရင်းသို ပြောင်းရွှေ့တာဝန်ပေးလိုက်သည်။ ဤတွင် ကာကွယ်ရေးဝန်ကြီး စတင်တန်က အဆိုပါ ပြောင်းရွှေ့မိန့်ကို သူ့ဝန်ကြီးဌာနမှထုတ်ပြန်ခြင်းမဟုတ်ဟု ကြေညာသည်။ ထိုအခါ သမ္မတကတည်ငြိမ်စွာဖြင့် “အဲဒီအမိန့်ကိုကျုပ်ထုတ်တာပါ၊ အဲဒီအတွက် ကျုပ်လုံးဝတာဝန်ယူပါတယ်’ဟုတုံပြန်ပြောကြားလိုက်သည်။ တိုက်ပွဲရှုံးခြင်းအတွက် ဗိုလ်ချုပ်ကြီး မက္ကလီလန်တစ်ဦးတည်းတွင်သာ လုံးဝတာဝန်ရှိသည်ဟု လင်ကွန်းက မယူဆ။ ထိုပြင် ယင်းတိုက်ပွဲ အတွက် အသင့်တော်ဆုံးပုဂ္ဂိုလ်ဟုလည်း သူက ယုံကြည်သည်။ ထိုကြောင့် တိုက်ပွဲပြီးဆုံး ပြီးနောက် ဗိုလ်ချုပ်ကြီးအား ဝါရှင်တန်သို ပြောင်းရွှေ့ခန့်ထားလိုက်ခြင်း ဖြစ်သည်။ ဝန်ကြီးအဖွဲ့တစ်ဖွဲ့လုံး နုတ်ထွက်မည့် အန္တရာယ်ကို မကြောက်ဘဲ အရဲစွန့်ပြီး လုပ်လိုက်အပြုအမူပင် ဖြစ်၏။
ပြည်တွင်းစစ်ကာလတစ်လျှောက်လုံး လင်ကွန်းသည် တိုက်ပွဲရှုးခြင်းအတွက်သော် လည်းကောင်း၊ အခွင့်ရေးဆုံးရှုးခြင်းအတွက်သော်လည်းကောင်း သူကိုယ်တိုင်တာဝန်ယူသည်။ တိုက်ပွဲအောင်မြင်လျှင်မူ သက်ဆိုင်သူကို ချီးကျူးဂုဏ်ပြုသည်။ ဗိုလ်ချုပ်ကြီး ယူလီစီဂရန့်က ဗစ်စဘတ်မြို့ကို သိမ်းပိုက်ပြီးနောက် ရက်သတ္တပတ် အနည်းငယ်အတွင်း လင်ကွန်းက အောက်ပါအ တိုင်း စာရေးလိုက်သည်။
“ဗိုလ်ချုပ်နဲ့ကျုပ်နဲ့ လူချင်းမတွေ့တာ ကြာပြီ။ တိုင်းပြည်အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ဗိုလ်ချုပ်ရဲ့ ဆောင်ရွက်ချက်ကို ဂုဏ်ယူကျေးဇူးတင်တဲ့အနေနဲ့ ဒီစာကို ရေးလိုက်ပါတယ်။ ဗိုလ်ချပ် ပထမဦးစွာ ဗစ်စဘတ်မြို့နား ရောက်သွားတဲ့အချိန်မှာ တိုက်ပွဲအောင်မြင်လိမ့်မယ်လို ကျပ်လုံးဝမယုံကြည်ခဲ့ဘူး။ လွဲမှားသွားမှာကို ကျုပ် စိုးရိမ်မိခဲ့တယ်။ ဗိုလ်ချုပ်လုပ်ရပ်မှန်ပြီး ကျုပ်ယူဆချက်မှားကြောင်း ဝန်ခံပါတယ်”
လင်ကွန်းအဖို့ ဤစာသည် အလွန်အရေးပါသည်။ အဘယ့်ကြောင့်ဆိုသော်ဗိုလ်ချုပ်ကြီး၏ လုပ်ရပ်ကို သမ္မတနှင့်တကွ အစိုးရအဖွဲ တစ်ခုလုံးက အသိအမှတ်ပြုကြောင်း တိုက်ရိုက်ဖော် ပြသောကြောင့်ဖြစ်၏။ ဤစာကြောင့် ဗိုလ်ချုပ်ကြီး၏ ပြင်းထန်ပင်ကိုစိတ်ဓာတ်ကို ဆက်လက် ရှင်သန်စေသည်။ လင်ကွန်းကလည်း ဤအချက်ကိုပင် လိုချင်သည်။ ထိုပြင် ဗိုလ်ချုပ်ကြီး၏ အောင်မြင်မှုအတွက် သမ္မတက အမှတ်မယူလိုကြောင်း သွယ်ဝိုက်သောအားဖြင့် ဖော်ပြလိုက်ခြင်းလည်းဖြစ်သည်။ ဤအချက်ဖြင့်ဗိုလ်ချုပ်ကြီး၏ အတ္တနှင့် ကိုယ့်ကိုယ်ကိုတန်ဖိုးထား စိတ်ကို ပင့်ပေးလိုက်သည်။
လင်ကွန်းသည် စစ်ကာလအတွင်း အလားတူစာများကို အခြားဗိုလ်ချုပ်ကြီးများထံသိုလည်း ပေးပိုခဲ့သည်။ ၁၈၆၄ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်တွင် ဗိုလ်ချုပ်ကြီးရှားမင်းထံပေးပိုခဲ့သောစာမှာ အောက်ပါအတိုင်းဖြစ်၏။
“ယခုအခါ အောင်ပွဲခံခဲ့ပြီဖြစ်၍ ယင်းအတွက် ဗိုလ်ချုပ်ကို ဂုဏ်ပြုပါသည်။ ဗိုလ်ချုပ်၏လုပ်ရပ်ကို ကျွန်ုပ်တိုအားလုံး သဘောတူပါသည်။ ..….သိုသော် နောက် ဘာဆက်လုပ်မည်နည်း။ ဗိုလ်ချုပ်ကြီးဂရန့်နှင့် ဗိုလ်ချုပ်တိုကိုယ်တိုင်ဆုံးဖြတ်၍လုပ်လျှင် ပိုကောင်းမည်ဟု ကျွန်ုပ်ယူဆပါသည်။
လင်ကွန်း၏စာကို ဗိုလ်ချုပ်ကြီးနားမင်းက အောက်ပါအတိုင်း ပြန်ကြားလိုက်သည်။ (လင်ကွန်း၏နည်းလမ်းကို ခေတ်ပြိုင်ခေါင်းဆောင်များ အတုယူသင့်ကြောင်း အကောင်းဆုံး နမူနာပြလိုက်သောစာဖြစ်၏။)
သမ္မတကြီး၏စာကို ရရှိသောကြောင့် အလွန်ကျေးဇူးတင်ပါသည်။ အထူးသဖြင့် ကျွန်တော်ဖွဲ့စည်းထားသော တပ်မကို သမ္မတကြီးသဘောကျကြောင်း သိရသောကြောင့် ဖြစ်ပါသည်။ … သမ္မတကြီး၏ ရည်ရွယ်ချက်ကိုသိရလျှင်သိရချင်း ဆက်လက်လှုပ်ရှားရန် အသင့်ရှိနေပါသည်
ခေါင်းဆောင်က မိမိတို့၏ ပင်ကိုဆုံးဖြတ်ချက်ဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်သော လက်အောက်ငယ်သားများအား အားပေးခြင်း၊ ချီးကျူးခြင်းဖြင့် အကောင်းဆုံးအကျိုးရလဒ်များ ပေါ်ထွက်လာနိုင်သည်။ ဦးတည်ချက်မှန်ကန်အောင် ခေါင်းဆောင်ကထိန်းပေးရန်သာလို၏။
လင်ကွန်းသည် ဤနည်းကို တစ်သက်လုံး ကျင့်သုံးသွားခဲ့သည်။ ၁၈၆၅ ခုနှစ်၊ဧပြီ ၁၁ ရက်တွင် အိမ်ဖြူတော်အပြင်ဘက်ရှိ လူအုပ်ကြီးအား နောက်ဆုံးပြောကြားခဲ့သော မိန့်ခွန်းတွင် သူ့ကိုယ်သူ နှိမ့်ချပြောဆိုပြီး အောင်ပွဲခံ စစ်သည်တော်များအား ချီးကျူးပြောကြားခဲ့သည်။
“စီမံချက်ချမှတ်ခြင်းအတွက်ပဲဖြစ်ဖြစ်၊ အကောင်အထည်ဖော် ဆောင်ရွက် ချက်အတွက်ပဲဖြစ်ဖြစ် ကျပ်ကို ဂုဏ်ပြုစရာမရှိပါဘူး၊ တကယ်ဂုဏ်ပြုထိုက်သူတွေက ဗိုလ်ချုပ်ကြီးဂရန့်ရယ်၊ ကျွမ်းကျင်တဲ့ သူ့လက်ထောက်အရာရှိတွေရယ်၊ ရဲရင့်တဲ့စစ်သည် တွေရယ်ပဲ ဖြစ်ပါတယ်”
ဘယ်ခေါင်းဆောင်မဆို လင်ကွန်းကို စံနမူနာယူနိုင်သည်။ သူသည် သူ၏အရည်အချင်းနှင့် စွမ်းဆောင်နိုင်မှုကို အကြွင်းမဲ့ယုံကြည်သည်။ သူသည် အခြားသူများကြောင့် အနှောင့်အယှက်မဖြစ်၊ မလုံမခြုံမဖြစ်။ သူသည် မျှမျှတတရှိသည်၊ ပွင့်လင်းဖြူစင်သည်၊ အောင်မြင်မှုအတွက် ဂုဏ်ယူစရာအားလုံးကို လက်အောက်ငယ်သားများသာယူစေသည်။
လင်ကွန်းသည် မိမိက လူတွေကို ဦးဆောင်နေသည်မဟုတ်၊ လူတွေက မိမိကို ဦးဆောင်နေသည်ဟူသော အထင်အမြင်ကို လူတွေအားပေးသည်။ သို့သော် သူက အတိုင်းအ တာတစ်ခုအထိ အမြဲတမ်း ထိန်းထားသည်။ သူသည် လက်အောက်ငယ်သားများ၏ လုပ်ဆောင် ချက်နှင့်ပတ်သက်၍ သတင်းဆက်သွယ်ရေးမပြတ်ရယူနေသည်။ လက်အောက်ငယ်သားများ၏ စိတ်ကူးစိတ်သန်းနှင့် လုပ်ဆောင်ချက်များသည် မိမိ၏ ယေဘုယျဦးတည်ချက်နှင့် ကိုက်ညီလိုက်ဖက် လျှင် လက်အောက်ငယ်သားများအားကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ဦးဆောင်လုပ်ကိုင်စေသည်။ သို့သော်လည်း လက်အောက်ငယ်သားများသည် ဦးတည်ချက်မှ လွဲဖည်သွားလျှင် သူက ပြန်လည်၍ လမ်းညွှန်တည့်မတ်ပေးသည်။ ရည်မှန်းချက်အောင်မြင်ရေးအတွက် နည်းလမ်းမပြည့်စုံလျှင် သူက ထုတ်ဖော်ပြောဆိုသည်။ လိုအပ်လျှင် သမ္မတ၏အာဏာဖြင့် ပယ်ချသည်။ သို့သော် လင်ကွန်း၏အဓိက ရည်ရွယ်ချက်ကတော့ လက်အောက်ငယ်သားများအနေဖြင့် ဒီအလုပ်ကို ကျွန်တော်တိုကိုယ်တိုင်လုပ် တာဟူ၍ ဂုဏ်ယူပြောဆိုနိုင်ရန်ပင် ဖြစ်၏။
လင်ကွန်း၏ ခေါင်းဆောင်မှုကျင့်စဉ်
- ခေါင်းဆောင်ကောင်းသည် သူ့လုပ်ငန်းပြီးမြောက်သောအခါ၊သူ့ ရည်မှန်းချက် အောင်မြင်သောအခါ လက်အောက်ငယ်သားများအား “ဒီအလုပ်ကို ကျွန်တော်တိုကိုယ်တိုင်လုပ်တာ ဟူ၍ဂုဏ်ယူပြောကြားခွင့်ပြုသည်။
- နောက်လိုက်များကြောင့် အနှောင့်အယှက်မဖြစ်ပါနှင့်၊ မလုံမခြုံမဖြစ်ပါနှင့်။
- အချင်းချင်း ပဋိပက္ခဖြစ်နေသူများအား မျက်နှာချင်းဆိုင် ဆုံပေးပြီး ညှိနှိင်းဆွေးနွေးစေပါ။ မိမိက လမ်းညွှန်ထိန်းမတ်ပေးပါ။
- လုပ်ငန်းအောင်မြင်လျှင် လက်အောက်ငယ်သားများ ဂုဏ်ယူကြပါစေ။ လုပ်ငန်းမအောင်မြင်လျှင် မိမိကြောင့်ဟု ထင်ကြပါစေ။
- လက်အောက်ငယ်သားများထံသို သူတိုမှန်သည်၊ မိမိမှားသည်ဆိုသော ပုဂ္ဂိုလ်ရေးပေးစာများ ရေးပို့ပါ။
- လက်အောက်ငယ်သားများက အကြံကောင်း ဉာဏ်ကောင်းများ တင်ပြလာလျှင် လက်တွေ့အကောင်အထည်ဖော်ခိုင်းပါ။ သို့သော် မိမိက လုပ်ငန်းတိုးတက်မှုအတွက် ကြပ်မတ်ပေးပါ။
- ရှေ့တန်းတပ်မှူးများ မအောင်မြင်လျှင် မိမိလည်း မအောင်မြင်၊မိမိ၏အလုပ်အမှုဆောင်များလည်း မအောင်မြင်
- အဖွဲအစည်းတစ်ခုတွင် လူပုဂ္ဂိုလ်တစ်ယောက်အပေါ်တွင်မတည်ဆိုသည်ကို ဘယ်တော့မျှ မမေ့ပါနှင့်။
- မိမိ၏အဖွဲအစည်းတွင် အခက်ခဲဆုံး လုပ်ဆောင်ရသူများအားအကြီးကျယ်ဆုံး ဂုဏ်ပြုချီးကျူးပါ။
အခန်း(၁၀)
ပန်းတိုင်သတ်မှတ် ရလဒ်ရှေးရှု
“ဗိုလ်ချုပ်ရဲ့ အဓိကပစ်မှတ်က ရန်သူ့မြိုတော် မဟုတ်ဘူး၊ ရန်သူ့စစ်တပ်ပဲလို ကျုပ်ထင်တယ်၊ အခွင့်သာတာနဲ့တစ်ပြိုင်နက် ရန်သူကိုတိုက်ပါ။ ရန်သူ တစ်နေရာတည်းမှာပဲတပ်စွဲနေရင် ကိုယ်ကဆွပေး”
[ရန်သူ့တပ်ကို တိုက်ဖို့ထက်
ရန်သူ့မြို့တော်သို့ ချီတက်ဖို့ကိုသာ
အားသန်နေသော ဗိုလ်ချုပ်ကြီး
ဂျိုဟူးကားထံသို လင်ကွန်း၏
ပြန်ကြားခြင်း(၁၀.၆.၁၈၆၃)]
ခေါင်းဆောင်ကောင်းဟူသည် ရဲရင့်ပြတ်သားရသည်၊ တာဝန်ယူရဲရသည်။ ယေဘုယျအားဖြင့် ခေါင်းဆောင်ကောင်းတိုသည် ကိုယ်တိုင် စတင်ပြုလုပ်ကြသည်။ အကျိုးရလဒ်ကိုအဓိကထားကြသည်၊ ခေါင်းဆောင်ကောင်းတိုသည် မဟာဗျူဟာ ဦးတည်ချက်ချမှတ်ပြီး ဦးဆောင် အကောင်အထည်ဖော် ကြသည်။ သူတို့သည် အလုပ်အတွက် သက်သက်လုပ်ဆောင်ခြင်းမဟုတ်ဘဲ အကျိုးရလဒ်အတွက် လုပ်ဆောင်ကြသည်။
လင်ကွန်းအဖို့ရာတွင် ပြီးမြောက်အောင်မြင်လိုသော ဆန္ဒသည် သာမန် စိတ် တိမ်းညွတ်မှု သက်သက်မဟုတ်။ အလွန့်အလွန် ပြင်းပြသောစွဲလမ်းမှုဖြစ်သည်။ လင်ကွန်း သည် အမြဲတမ်း ကြိုတင်တွက်ချက်နေသည်၊ အမြဲတမ်း ကြိုတင်စီမံကိန်းချနေသည်။ သူ၏အောင်မြင်လိုစိတ်သည် မရပ်မနားလည်ပတ်နေသော အင်ဂျင်စက်ကလေးနှင့်တူသည်’ဟူ၍ သူ၏ရှေ့နေလုပ်ငန်း ဖက်စပ်မိတ်ဆွေ ဝီလျံဟန်ဒွန်က ရေးသားခဲ့ဖူးသည်။ စောစောပိုင်းကာလများတွင် လင်ကွန်းသည် ဘဝအောင်မြင်ရေးကိုရှာဖွေရင်း အလုပ်မျိုးစုံလုပ်ကိုင်ခဲ့ဖူးသည်။ ကုန်စုံဆိုင်ထောင်ခဲ့သည်၊ စာတိုက်ဗိုလ် လုပ်ခဲ့သည်၊ မြေတိုင်းစာရေးလုပ်ခဲ့သည်၊ ရှေ့နေလုပ်ခဲ့သည်၊ နောက်ဆုံးတွင် နိုင်ငံရေးသမား ဖြစ်လာခဲ့သည်။သူသည် စွဲမြဲခိုင်ကျည်သောစိတ်ဓာတ်ကို နိုင်ငံရေးသက်တမ်း တစ်လျှောက်လုံး ပြသခဲ့သည်။ သူသည် ဘယ်တော့မျှ မမောပန်းသော အလုပ်သမား၊ စည်းရုံးရေးသမားနှင့်ဟောပြောရေးသမားဖြစ်သည်။
လင်ကွန်းသည် လူငယ်ဘဝကပင် ကြီးပွားအောင်မြင်လိုစိတ် အလွန်ပြင်းပြခဲ့သည်။ သူသည် အသက် ၂၉ နှစ်အရွယ် ၁၈၃၈ ခုနှစ်တုန်းက စပရင်းဖီးလ်မြို၊ လူငယ်များအသင်းတွင် ထိပ်တန်းပါရမီရှင်တွေဆိုတာ လမ်းဟောင်းကိုမသွားဘူး၊ လမ်းသစ်ကိုထွင်တယ်၊ ဘယ်လောက်ပဲ ကောင်းကောင်း၊ ရှေ့ကသွားနှင့်ပြီးတဲ့ လူတွေရဲ့ ခြေရာကိုမနင်းဘူး၊ ထူးခြားမှုကို အာသာဆ န္ဒပြင်းပြစွာနဲ့ ရှာဖွေတယ်’ဟူ၍ ဟောပြောခဲ့သည်။သူ့စကားတွင် သူ၏စိတ်ထား ပေါ်လွင်နေသည်။
လင်ကွန်း၏ စွဲမြဲခိုင်မာသောစိတ်ထားနှင့် ရဲရင့်ပြတ်သားမှုသည် သူ၏မွေးရာပါ အရည်အချင်းဖြစ်သည်။ ဤအရည်အချင်းသည် ကမ္ဘာကျော်ခေါင်းဆောင်တို၏ ပုဂ္ဂလိက အရည် အချင်းတစ်ရပ်ဖြစ်သည်။ ဥပမာ- ရုစဗဲ့၊ ချာချီနှင့် ဂန္ဒီအစရှိသော ကမ္ဘာကျော်ခေါင်း ဆောင်ကြီးများ သည်လည်း သူတို့ဘဝအစောပိုင်းကာလကပင် ကြီးပွားအောင်မြင် လိုစိတ် ပြင်းပြမှုနှင့် ထိပ်တန်းအ ဆင့်ရရှိလိုစိတ် ပြင်းပြမှုတိုကို သိသိသာသာ ထုတ်ဖော်ပြသခဲ့ကြသည်။ ဤအရည်အချင်းသည်ပင်လျှင် သူတိုအား အောင်မြင်မှုပန်းတိုင်သိုအရောက်ပိုပေးခဲ့သော ယာဉ်ရထားဖြစ်သည်။
လင်ကွန်းသည် ထူးခြားပေါ်လွင်မှုကို အာသာဆန္ဒပြင်းပြစွာဖြင့် ရှာဖွေသူဖြစ်သည်။ သူသည် မအောင်မြင်ခြင်းနှင့် အနှောင့်အယှက်များကြောင့် တစ်ခါတလေ စိတ်ဓာတ်ကျတတ်သော်လည်း သူ့အမှားကို ပြန်လည်သုံးသပ်ကာ သင်ခန်းစာယူတတ်သည်။ အရှုံးထဲမှ အမြတ်ပေါ်အောင် လုပ်ဆောင်တတ်သည်။ မည်သည့်အခက်အခဲကိုမဆို ဖြစ်သည့်နည်းဖြင့် ကျော်လွှားပြီး ပန်းတိုင်သို အရောက်ချီတက်သည်။ သူ့အဖို့အောင်မြင်မှုဖြစ်စေ၊ ဆုံးရှုးမှုဖြစ်စေ အရာခပ်သိမ်း သမ္မတဖြစ်ရေး ရည်မှန်းချက်အတွက်လှေကားခုံများဖြစ်သည်။ တကယ်တော့ လင်ကွန်း၏ ဘဝတစ်ခုလုံးသည် အနာဂတ်တွင်ခေါင်းဆောင်ဖြစ်လာရေးအတွက် အသင့်ကြိုတင်ပြင်ဆင်ထားသော ဘဝပင်ဖြစ်၏။
၁၈၅၈ ခုနှစ်၊ အထက်လွှတ်တော်အမတ် ရွေးကောက်ပွဲတွင် စတီဖင်၊ အေ၊ ဒေါက်ဂလပ်ကို ရှုးနိမ့်ခဲ့တုန်းက အလက်ဇန္ဒာဆင်ပဆင်ထံသို လင်ကွန်းက အောက်ပါ အတိုင်း စာရေးခဲ့သည်။
“တိုက်ပွဲကို ဆက်တိုက်ရမယ်၊ ဆုံးရှုးမှုတစ်ခုကြောင့် ဒါမှမဟုတ် ဆုံးရှုံးမှုတစ်ရာကြောင့် ပြည်သူ့လွတ်လပ်ခွင့် ရည်မှန်းချက်ကြီးကို လက်လွတ်မခံနိုင်ဘူး။ ရေရှည်မှာ ကျုပ်တိုတိုက်ပွဲ အောင်မြင်မယ်ဆိုတာ ကျုပ်မမှိတ်မသုန်ယုံကြည်တယ်။ ခေါင်းဆောင်တွေရဲ့ ရည်မှန်းချက်တွေကို ပြည်သူတွေ တဖြည်းဖြည်းနဲ့ နားလည်လာကြလိမ့်မယ်။ ကျုပ် မသေသေးဘူး၊ သေခါနီးလူနာလည်း မဟုတ်ဘူး”
ဤသို့သော အနိုင်မခံ အရှုးမပေးသည့် ထူးခြားသော ဇွဲသတ္တိသည်ပင်လျှင်လင်ကွန်းအား ၁၈၆ဝ ပြည့်နှစ်တွင် သမ္မတအဖြစ်သို တွန်းပိုခဲ့ခြင်းဖြစ်သည်။ သူသည်နိုင်ငံ့ခေါင်းဆောင်တစ်ဦးအဖြစ်ဖြင့် ယင်းစိတ်ဓာတ်ကို အမေရိကန်ပြည်ထောင်စုကြီးတည်မြဲရေးပန်းတိုင်ဆီသို သယ်ဆောင်သွားခဲ့သည်။ လင်ကွန်းအလိုလားဆုံးသောအရာသည် ပန်းတိုင်သို့ရှေးရှုသော တိုးတက်မှုဖြစ်သည်။ ထိုအရာကို သူတစ်ဦးတည်းအတွက်သာ တောင်းဆိုသည်မဟုတ်၊ သူ၏လက်အောက်ငယ်သားများအတွက်လည်း တောင်းဆိုသည်။
ပန်းတိုင်သတ်မှတ်ခြင်းနှင့် လက်အောက်ငယ်သားများ၏ သဘောတူလက်ခံမှုကိုရယူခြင်းသည် စွမ်းဆောင်ရည်ပြည့်ဝသော ခေါင်းဆောင်မှုအတွက် အလွန်အရေးကြီး၏။ ပန်းတိုင်သည် လူတွေကို စည်းရုံးစေသည်၊ စိတ်ဓာတ်တက်ကြွစေသည်၊ စွမ်းရည်နှင့်အားမာန်ကို အာရုံစိုက်စေသည်။ လင်ကွန်းသည် ပြည်ထောင်စုကြီး တည်မြဲ ရေးနှင့် ငွေဝယ်ကျွန်စနစ် ဖျက်သိမ်းရေးတည်းဟူသော ပန်းတိုင်ဖြင့် သူ၏နောက်လိုက် များကို စည်းလုံးစေခဲ့သည်။ ဤပန်းတိုင် (ရည်ရွယ်ချက်)သည် ပြည်တွင်းစစ်ကြီးအပြင်းအထန်ဖြစ်ပွားလာသောအခါ ပို၍ခိုင်မာခဲ့သည်၊ ပို၍ပြတ်သားခဲ့သည်။ သို့တိုင်အောင် အောင်မြင်မှုကို တစ်ဆင့်ပြီးတစ်ဆင့်စီသာရရှိနိုင်လိမ့်မည်ဟု သူကယုံကြည်သည်။ ထိုကြောင့် သူသည် သူ၏စစ်ဗိုလ်ချုပ်ကြီးများနှင့် ဝန်ကြီးအဖွဲဝင်များ ချက်ချင်းလက်ငင်း အားတက်သရော လုပ်ဆောင်နိုင်မည့် ရေတိုစီမံကိန်းများကိုသာ တမင်ရွေးချယ် ချမှတ်ခဲ့သည်။ ပြည်တွင်းစစ်ဖြစ်ခါစတွင် လင်ကွန်းသည် အချက်အချာကျသော တောင်ပိုင်းဆိပ်ကမ်းများကို ပိတ်ဆိုထားရေး၊ မစ္စစ္စပီမြစ်ကို ထိန်းချုပ်ထားရေးနှင့် တပ်မတော်အား ပြန်လည်ဖွဲစည်း သင်တန်းပေးရေး စသည့် မဟာဗျူဟာ ရည်မှန်းချက်များကို ချမှတ်ခဲ့သည်။ စစ်ကာလတစ်လျှောက် လုံးတွင်မူ သူသည် ရန်သူ့မြိုတော်ကို သိမ်းပိုက်ရေးထက် ရန်သူ့စစ်တပ်ကို ထိုးဖောက်တိုက်ခိုက် ရေးကိုသာ ပို၍အာရုံစိုက်ခဲ့သည်။ သူသည်တစ်ချိန်တည်းတွင် တိုက်ပွဲအားလုံးကိုမတိုက်၊ တစ်ချိန်တွင် တစ်ပွဲတစ်ပွဲသာတိုက်ခဲ့သည်။ စစ်ပွဲပြီးဆုံးခါနီးတွင် သူ၏မဟာဗျူဟာရည်မှန်းချက်မှာ ပြည်ထောင်စုကြီးကို ငြိမ်းချမ်းစွာပြန်လည်ဖွဲစည်းရေးဖြစ်သည်။ သူသည် ပန်းတိုင်ရောက်ရှိရေးနှင့် ရည်မှန်းချက် အောင်မြင်ရေးကိုသာ အမြဲတမ်းရှေးရှုသည်။ လင်ကွန်းသည်လည်း အားလုံးသော ကမ္ဘာကျော်ခေါင်းဆောင်ကြီးများကဲ့သိုပင် ပန်းတိုင်သို အမြဲတမ်း ဦးတည်သည်၊ အကျိုးရလဒ်ကိုအမြဲတမ်းရှေးရှုသည်။
လင်ကွန်းသည် သမ္မတကြီးဘဝဖြင့် နိစ္စဓူဝလုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် မမောနိုင်မပန်းအားဘဲ အချိန်အကြာကြီး လုပ်ကိုင်သည်။ အလုပ်စားပွဲတွင်စာရွက်စာတမ်း တစ်ပုံတစ်ခေါင်းကြီးကို လှန်လှောဖတ်ရှုရင်း မကြာခဏဆိုသလိုညဉ့်နက်သန်းခေါင်တိုင်သည်အထိ အလုပ်လုပ်သည်။ အလုပ်ပြီးလျှင်လည်း မနားသေးဘဲသတင်းအချက်အလက်အသစ် တစ်စုံတစ်ရာရရှိရန် ကာကွယ်ရေးဝန်ကြီးဌာနသို သွားရောက်သည်။ သူသည် ထူးထူးခြားခြား မြဲမြံခိုင်ကျည်မှုအရာတွင် လက်အောက်ငယ်သားများအဖို့ တကယ့်စံပြခေါင်းဆောင်ပင်ဖြစ်၏။ ယင်းသိုသော စွဲမြဲမှုနှင့် ထကြွလုံလရှိမှုတည်းဟူသော အရည်အချင်းများကို စစ်ဗိုလ်ချုပ်ကြီးများ အားလည်း အမြဲတမ်းသွတ်သွင်းပေးသည်။ နှောင့်နှေးကြန့်ကြာရင် ကျုပ်အထိနာမယ်၊ အချိန်ဟာ အရာခပ်သိမ်းပဲ”ဟုသူကပြောသည်။ နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး ဟိုရေရှိဦးမောထံ ပေးပိုသောစာတွင် “ကျုပ်ရဲ့ရည်ရွယ်ချက်က မှန်ကန်ဖိုနဲ့ တရားမျှတဖိုပဲ၊ ဒါပေမဲ့ အလဟဿ အချိန်ကုန်မသွားဖိုတော့ အရေးကြီးတယ်”ဟု သူက ရေးခဲ့သည်။ တပ်သား ၃,ဝဝဝခန့်ကိုသာ အုပ်ချုပ်ရသောကြောင့် ဗိုလ်ချုပ်ကြီး ဒေးဗစ်ဟန်းတာက မကျေမနပ်ဖြစ်သောအခါ လင်ကွန်းက ကိုယ့်တာဝန်ကိုသာကိုယ် ကျေပွန်အောင်လုပ်ပါ။ ဂုဏ်ထူးဘွဲ့ထူးတွေက ကျွဲကူးရေပါ လိုက်လာပါလိမ့်မယ်၊ တပ်ရင်းတစ်ရင်းရဲ့ခေါင်းဆောင်အဖြစ်နဲ့ တစ်ခုခုကို လုပ်ဆောင်နိုင်တဲ့လူဟာ တပ်ရင်းတစ်ရာရဲ့ ခေါင်းဆောင်အဖြစ်နဲ့ ဘာတစ်ခုမျှမလုပ်နိုင်တဲ့လူကို ကျော်တက်သွားမှာပဲ”ဟူ၍ သံကြိုးစာ ပြန်ကြားလိုက်သည်။
လင်ကွန်းသည် သူ၏အစိုးအဖွဲ ဝန်ကြီးများ၊ စစ်ဗိုလ်ချုပ်ကြီးများနှင့် ဆက်ဆံ ဆောင်ရွက်ရာတွင် အလွန်ကျွမ်းကျင်သည်၊ အလွန်ထက်သန်တက်ကြွသည်။ အထူးသဖြင့် အခက်ခဲဆုံးပြဿနာများနှင့် ပုဂ္ဂိုလ်ရေးပဋိပက္ခများကို ဖြေရှင်းရာတွင် သူ၏စိတ်ရှည်မှုသည် စံတင်လောက်သည်။ သူက ပဋိပက္ခကိုမရှောင်၊ ပဋိပက္ခကိုမကြောက်။ လက်အောက်ငယ် သားများအကြား ပုဂ္ဂိုလ်ရေးပဋိပက္ခဖြစ်လာလျှင် အချိန်မီဖြေရှင်းပေးသည်။ ပုဂ္ဂိုလ်ရေးပဋိပက္ခသည် လုပ်ငန်းတိုးတက်ရေးကို ပို၍နှောင့်နှေးကြန့်ကြာစေသည်ဆိုသည်ကို သူ ကောင်းစွာသိသည်။ သူသည် သူ၏သဘောထားခံယူချက်ကို လက်အောက်ငယ်သားများအား မကြာခဏဟောပြောသင်ပြသည်။ တစ်ခါတွင် ဗိုလ်ချုပ်ကြီးတစ်ဦးက ပြဿနာတစ်ခုအတွက် လင်ကွန်းထံ လမ်းညွှန်အကြံပေးချက်လာ တောင်းသည်။ ထိုအခါ လင်ကွန်းက ဗိုလ်ချုပ်ကြီးအား မိမိ၏ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် အကောင်းဆုံးဖြေရှင်းရန် အကြံပြုသည်။ ထိုနောက် သူက ယာသမားကြီးပုံပြင်ကိုပြောပြသည်။ ယာသမားကြီးသည် သစ်ငုတ်တိုတွေ အများအပြားရှိသောယာခင်းကြီးတစ်ခုကိုခက်ခဲပင်ပန်းစွာ ထွန်ယက်စိုက်ပျိုးခဲ့ရသည်။
“ယာခင်းမြေကွက်က ဘယ်လိုမျှ ထွန်ယက်လိုမရနိုင်အောင် ခက်ခဲနေတယ်၊ ဒါပေမဲ့ သူက ကြိုးစားပြီးသွန်တယ်၊ ဒီလိုနဲ့ တော်တော်လေးကြာသွားတဲ့အခါ ဒီနေရာမှာ ပြောင်းတစ်ခင်း၊ ဟိုနေရာမှာ ပဲတစ်ခင်းဆိုသလို ကွက်ကျား ကွက်ကျား စိုက်ပျိုးနိုင်တဲ့ အခြေအနေရောက် လာတယ်။ တစ်နေ့မှာ ယာခင်းနားဖြတ်သွားတဲ့ လူစိမ်းတစ်ယောက်က ဒီလောက်ဆိုးရွားတဲ့ မြေကွက်ကိုယာသမားကြီး ဘယ်လိုထွန်ယက်ပြီး စိုက်ပျိုးသလဲလို မေးတယ်။ ဒီအခါယာသမားကြီးက “ဪ… ဟုတ်ပါတယ်၊ တချိုနေရာတွေက တော်တော့်ကိုထွန်ဖို့ခက်ပါတယ်။ ဒါပေမဲ့ ကျုပ်က သစ်ငုတ်သေးသေးလေးတွေကို နုတ်လိုရတာ နုတ်ပစ်တယ်၊ နုတ်လိုမရတာ မီးရှိတယ်။ ကျုပ် လောလောဆယ် အခက်တွေ့နေတာကတော့ နုတ်လိုလည်းမရ၊ မီးရှိလိုလည်းမရတဲ့ သစ်ငုတ်ကြီးတွေပဲ။ ဒါနဲ့ ကျုပ်က သစ်ငုတ်ကြီးကိုရှောင်ပြီး ဘေးပတ်ပတ်လည်ကိုပဲထွန်နေရတယ်။ ဒီနည်းအပြင် တခြားနည်းမှမရှိတာပဲ”လို ပြန်ပြောသတဲ့။ အဲဒီတော့ အခု ဗိုလ်ချုပ်အနေနဲ့လည်း အခုလို ပြဿနာတွေ တစ်မျိုးပြီးတစ်မျိုး မကြာခဏတက်နေတဲ့အချိန်မျိုးမှာ ပြေပြေလည်လည်ဖြစ်ဖို ့တစ်ခုတည်းသောအကောင်းဆုံးနည်းလမ်းကတော့ အဲဒါတွေ ပတ်ပတ်လည်က ဝိုက်ပြီးထွန်ယက်သွားဖို့ပါပဲ”
စွမ်းဆောင်ရည်ပြည့်ဝသော ခေါင်းဆောင်များသည် စိတ်ချအားကိုးရသည်၊ မမောတမ်းမပန်းတမ်း မြဲမြံကြံခိုင်ကြသည်။ ပြီးတော့ အကျိုးရလဒ်ကိုသာ အမြဲတမ်းရှေးရှုကြသည်ဟု မကြာမီက ပြုလုပ်ခဲ့သည့် သုတေသနစစ်တမ်းတစ်ရပ်အရ သိရှိရသည်။ တကယ်တော့ လင်ကွန်းသည် ထိုပုံစံခေါင်းဆောင်မျိုးပင် ဖြစ်သည်။ သူသည် ပန်းတိုင်ရောက်ရှိဖို့အရေးကြီးကြောင်းကို နောက်လိုက်များ သဘောပေါက်လက်ခံအောင် ပြသသည်။ ဤနည်းဖြင့် နောက်လိုက်များ၏ အစဉ်မပြတ် စိတ်အားထက်သန်စွာ ပါဝင်လုပ်ဆောင်မှုကို ဖန်တီးယူသည်။ သူက ၎င်းတို့အား သူ့အကြိုက်ပုံပြင်ကလေးတစ်ပုဒ်ထဲကခွေးလို ဖြစ်စေချင်သည်။
“လူတစ်ယောက်မှာ အမဲလိုက်ခွေးထီးကလေး တစ်ကောင်ရှိတယ်။ သူကသေးပေမဲ့ အနီးအနားက ခွေးကြီးတွေအားလုံးကို နိုင်တယ်။ ဒါနဲ့ တစ်နေ့တော့ အမဲလိုက်ခွေးကြီးတစ်ကောင်ရဲ့ ပိုင်ရှင်တစ်ယောက်က ခွေးသေးသေးပိုင်ရှင်ကို “ခင်ဗျားခွေးသေးသေးလေးက တခြားခွေးကြီးတွေအားလုံးကို ဘာဖြစ်လို နိုင်ရတာလဲ”လိုမေးတယ်။ ဒီအခါ ခွေးသေးသေးပိုင်ရှင်က ဘာပြန်ပြောသလဲဆိုတော့ “အဲဒါက ကျွန်တော့်အဖို့တော့ လျှိဝှက်ဆန်းကြယ်မဟုတ်ပါဘူးဗျာ၊ ခင်ဗျားရဲ့ ခွေးကြီးနဲ့ အခြားခွေးကြီးတွေက သူတိုအသင့်အနေအထားမရှိခင် တိုက်ပွဲတစ်ဝက်လောက်ပဲ စူးစိုက်တိုက်ခိုက်ကြတာကိုး၊ ကျွန်တော်ခွေးကတော့ အဲဒီလိုမဟုတ်ဘူး၊ တိုက်ပွဲတစ်လျှောက်လုံး အမြဲတမ်း သဲသဲမဲမဲ တိုက်ခိုက်တာဗျတဲ့”
မိမိတို့၏ အမှုထမ်းများအား စိတ်အားထက်သန်မှုမီးလျှံ အမြဲတမ်း တောက်လောင်နေအောင် လုပ်ပေးရေးနှင့်ပတ်သက်၍ ခေတ်ပြိုင်စီးပွားရေးလုပ်ငန်းအမှုဆောင်များမကြာခဏ ပူပန်သောကဖြစ် ကြရသည်။ ၎င်းတို့အနေဖြင့် အမှုထမ်းများအား အမြဲမပြတ်လှုဆော်ဆွပေးရမည်၊ ချီးကျူးမြှောက်ပင့်ပေးရမည်၊ တိုက်တွန်းစည်းရုံးပေးရမည်။
သို့သော် ကမ္ဘာကျော်ခေါင်းဆောင်ကြီးများအား စိတ်အားထက်သန်မှုမီးလျှံ အမြဲတမ်းတောက်လောင်နေအောင် လုပ်ဆောင်ပေးရေးနှင့်ပတ်သက်၍တော့ မည်သူမျှပူပန်သောကဖြစ်စရာမလိုပါချေ။ အေဘရာဟင်လင်ကွန်းလို ခေါင်းဆောင်မျိုးအတွက် ဘာမျှပူစရာမလို၊ ဘာမျှလုပ်ပေးစရာမလိုပါချေ။ အဘယ်ကြောင့်ဟူမူ သူ၏ စိတ်အား ထက်သန်မှု မီးလျှံသည် ထာဝစဉ်ထွန်းတောက်နေသောကြောင့်ပါတည်း။
လင်ကွန်း၏ ခေါင်းဆောင်မှုကျင့်စဉ်
- မိမိ၏ နောက်လိုက်ငယ်သားများအား ပူးပေါင်းဆောင်ရွက်စေခြင်းဖြင့် စည်းရုံးပါ။
- လက်အောက်ငယ်သားများ စိတ်ပါလက်ပါ ချက်ချင်း လိုက်နာဆောင်ရွက်နိုင်မည့် ရေတိုပန်းတိုင်များကို တိကျပြတ်သားစွာသတ်မှတ်ပါ။
- အုပ်စုတစ်ခု၏ ခေါင်းဆောင်အဖြစ်နှင့် တစ်စုံတစ်ခုကို လုပ်နိုင်သောပုဂ္ဂိုလ်က အုပ်စုတစ်ရာ၏ခေါင်းဆောင်အဖြစ်နှင့် ဘာတစ်ခုမျှ မလုပ်နိုင်သော ပုဂ္ဂိုလ်အား ကျော်တက်သွားလိမ့်မည်။
- တစ်ခါတစ်ရံ အခက်အခဲကို တိုက်ရိုက်ဖြတ်ကျော်ခြင်းထက်သွယ်ဝိုက်ဖြေရှင်းခြင်းက ပို၍ အကျိုးရှိနိုင်သည်။
- ယနေ့ လုပ်နိုင်တာတွေကို မနက်ဖြန်လုပ်ဖို ချန်မထားပါနှင့်။
- စစ်ပွဲကို မဟာဗျူဟာသက်သက်ဖြင့် မအောင်မြင်နိုင်၊ အတင်းဝင်ရောက်တိုက်ခိုက်ခြင်းဖြင့် ပို၍အောင်မြင်နိုင်သည်။
- နိစ္စဓူဝအားမာန်အပြည့်ဖြင့် မလုပ်လျှင် ဘယ်လုပ်ငန်းမျှ မပြီးမြောက်နိုင်။
- တစ်ဝက်တစ်ပျက်သာပြီးသောအလုပ်သည် လုပ်အားဖြန်းသောအလုပ်ဖြစ်သည်။
အခန်း(၁၁)
အသင့်တော်ဆုံးလူကို ရအောင်ရှာ
‘ဒီလူ့ကို ကျုပ် လက်လွတ်မခံနိုင်ဘူး၊ သူက တကယ်တိုက်တဲ့လူ
[‘ရှီလိုး’ တိုက်ပွဲပြီးဆုံးပြီးနောက် ဗိုလ်ချုပ်ကြီး
ဂရန့်ကို ဖြုတ်ပစ်ရန် တောင်းဆိုသူများအား
လင်ကွန်းက ပြန်ပြောသောစကား (ဧပြီ၊၁၈၆၂)
ထိုတိုက်ပွဲတွင် ဗိုလ်ချုပ်ကြီး အရက်မူးနေ
သည်ဟု သတင်းထွက်ခဲ့သည်။]
၁၈၆၁ ခုနှစ်တွင် လင်ကွန်းသမ္မတဖြစ်လာသောအခါ အမေရိကန်ပြည်ထောင်စုသည် စစ်ပွဲအတွက် အသင့်အနေအထားတွင် မရှိသေးသည်ကို တွေ့ရသည်။ အသက် ၇၅နှစ်အရွယ် ဗိုလ်ချုပ်ကြီး ဝင်းဖီးလ်ဒ်စကော့ဦးစီးသော တပ်မတော်မှာ အင်အား ၁၆,၀၀၀မျှသာရှိပြီး လေ့ကျင့်မှု လည်း အပြည့်အဝမရှိသေး။ လက်နက်ခဲယမ်းမီးကျောက်လည်း အလုံအလောက်မရှိ။ ဗိုလ်ချုပ်ကြီးကလည်း အသက်ကြီးလှပြီ။ တိုက်ပွဲကို တက်တက်ကြွကြွ ဦးဆောင်နိုင်သည့် အရွယ်မဟုတ်တော့။ ပြီးတော့ သူ၏သဘောတရားများနှင့် မဟာဗျူဟာများမှာလည်း ခေတ်နောက်တွင် ကျန်ရစ်ခဲ့ကြပြီး ယင်းကဲ့သိုသော အခြေအနေမျိုးနှင့်ကြုံရလျှင် ခေတ်ပြိုင် ခေါင်းဆောင်တစ်ဦးအနေဖြင့် ဘာလုပ်မည်နည်း။ သည်အတိုင်းထိုင်နေမည်လား၊ ပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်မည့်သူတစ်ယောက် ယောက် ထွက်ပေါ်လာသည်အထိ စောင့်ကြည့်နေမည်လား။ လင်ကွန်းကတော့ သည်အတိုင်း ထိုင်ကြည့်မနေ၊ ကိုယ်တိုင်ထပြီး ဦးဆောင်သည်။
၁၈၆၁ ခုနှစ်တုန်းက အမေရိကန် တပ်မတော်တွင် ဦးဆောင်မှု အလွန်အားနည်း နေသည်။ ထိုကြောင့် လင်ကွန်းအနေဖြင့် နိုင်ငံ၏စစ်ရေးမူဝါဒကို သူကိုယ်တိုင် ဖော်ဆောင်ချမှတ်ရမည့် အခြေအနေမျိုးနှင့် ကြုံရသည်။ ကာကွယ်ရေးဝန်ကြီးဌာနတွင် စစ်ဆင်ရေးစီမံချက် များရေးဆွဲခြင်းမှသည် ရှေ့တန်းစစ်မျက်နှာတွင် နည်းဗျူဟာ လှုပ်ရှားမှုများကို လမ်းညွှန်ခြင်းထိ ပါဝင်သည်။ လင်ကွန်းသည် သူ၏သမ္မတသက်တမ်း လေးနှစ်တာကာလအတွင်း အမေရိကန်တပ်မ တော်ကို ပြည့်ပြည့်ဝဝ ပြန်လည်ဖွဲစည်းခဲ့သည်။ ပြန်လည်လမ်းညွှန်ခဲ့သည်။ ထိုကြောင့် ပြည်တွင်းစစ် ပြီးဆုံးချိန်တွင် ဗိုလ်ချုပ်ကြီးဂရန့် လက်အောက်၌ စစ်သားဦးရေ ငါးသိန်းကျော်ထိ တိုးတက်လာ ခဲ့ခြင်းဖြစ်သည်။ ထိုပြင်လင်ကွန်း၏ စစ်တပ်ပြုပြင်ပြောင်းလဲရေးစနစ်များသည် အမြဲတမ်းတည်နေခဲ့သည်။ သူ၏အလုံးစုံပြုပြင်ပြောင်းလဲရေး နည်းလမ်းများသည် နောင်အခါ အနာဂတ်ပြုပြင်ပြောင်းလဲရေးအတွက် အခြေခံစံနမူနာများ ဖြစ်လာခဲ့သည်။
သူတို့၏ဆက်ဆံရေးအစတွင် လင်ကွန်းသည် အဘိုးကြီးအို ဗိုလ်ချုပ်ကြီးဝင်းဖီးလ်ဒ် စကော့အား အထူးလေးစားစွာ ဆက်ဆံခဲ့သည်။ ဗိုလ်ချုပ်ကြီး၏ အိမ်သိုရော၊ ရုံးသို့ပါ သွားလည်သည်။ တစ်ခါတစ်ရံ စစ်ဆင်ရေးနှင့်ပတ်သက်၍ ဗိုလ်ချုပ်ကြီး၏ အကြံဉာဏ်ကို တောင်းခံသည်။ သူတို့သည် အခြေခံစစ်ရေး မဟာဗျူဟာနှင့် ဖွဲစည်းမှုကိုလည်း တိုင်ပင်ဆွေးနွေးကြသည်။ ဗိုလ်ချုပ်ကြီးစကော့၏ မဟာဗျူဟာမှာ တောင်ပိုင်းဆိပ်ကမ်းများကို ပိတ်ဆို့ထားရန် မစ္စစ္စပီမြစ်ဝှမ်းဒေသကို သိမ်းပိုက်ရန်နှင့် နောက်ပိုင်းတွင်အခြေအနေကို တက်ကြွစွာစောင့်ကြည့်နေရန်ဖြစ်သည်။ သူက တောင်ပိုင်းကို စစ်ဆင်ရေးဖွင့်ရန် မရည်ရွယ်။ တောင်ပိုင်းပြည်နယ်များတွင် မြောက်ပိုင်းလိုလားမှုသဘောထား ပြင်းပြလာသည်အထိ စောင့်ကြည့်နေသင့်သည်ဟု သူက ယူဆသည်။ အန်နာကွန်ဒါ* စီမံကိန်း (Anaconda Plan) ဟုခေါ်သော ထိုမဟာဗျူဟာကို လင်ကွန်းက ချက်ချင်းပယ်ချလိုက်သည်။ လုပ်ရပ်မပါသော စီမံကိန်းဟုလည်း သူက ယူဆသောကြောင့်ဖြစ်၏။ သိုသော် ဗိုလ်ချုပ်ကြီးထံမှ ကောင်းကွက် တစ်ချက်နှစ်ချက်တော့ရသည်။ မစ္စစ္စပီမြစ်ဝှမ်းဒေသကို ချုပ်ကိုင်ထားရေးသည် အလွန်အရေးကြီးကြောင်း သူ သဘောပေါက်သည်။ ထိုပြင် ဗိုလ်ချုပ်ကြီး အကြံပြုသလို အရေးပါသော တောင်ပိုင်းဆိပ်ကမ်းများကို ပိတ်ဆိုထားရေးကိစ္စကိုလည်း သူက လက်ခံသည်။ သို့သော် နိုင်ငံတော် မပြိုကွဲရေးအတွက် စစ်ဆင်ရာတွင် ဗိုလ်ချုပ်ကြီးစကော့ထက် အများကြီးပို၍ ရဲရင့်ပြတ်သားသောစစ်ဦးစီးချုပ်သစ်တစ်ယောက် လိုအပ်သည်။ ထိုကြောင့် လင်ကွန်းသည် ယင်းတာဝန်ကိုထမ်းဆောင်နိုင်မည့် ဗိုလ်ချုပ်ကြီးတစ်ဦးကို ရှာဖွေနေခဲ့သည်မှာ သုံးနှစ်တိတိရှိခဲ့ပြီ။ သူလိုချင်သော ဗိုလ်ချုပ်ကြီးသည် တာဝန်ယူရဲရမည့်၊ နွန့်စားရဲရမည်၊ အရေးအကြီးဆုံးကတော့ အလုပ်ဖြစ်အောင် ဦးဆောင်နိုင်ရမည်။
၁၈၆၁ ခုနှစ် စောစောပိုင်းတွင် လင်ကွန်းက ဗိုလ်ချုပ်ကြီး အာဗင်မက္ကဒိုဝဲကို စစ်ဦးစီးမှူးအဖြစ် ခန့်ထားသည်။ မက္ကဒိုဝဲသည် ပုံမှန်အားဖြင့် ဗိုလ်ချုပ်ကြီး စကော့အားအစီရင်ခံရန်ဖြစ်သော်လည်း သမ္မတက တိုက်ရိုက်ခန့်ထားပြီး သမ္မတထံ တိုက်ရိုက် အစီရင်ခံတင်ပြနိုင်သော ပထမဆုံး
အန်နာကွန်ဒါ ဆိုသည်မှာ အပူပိုင်းဇုံ တောင်အမေရိကဒေသရှိ မြွေကြီးတစ်မျိုးဖြစ်သည်။
သားကောင်ကို မလွတ်တမ်း ကိုက်သတ်တတ်သည်ဟု ဆိုသည်။
စစ်ဦးစီးမှူးဖြစ်၏။ ဤအစီအစဉ်ကြောင့် ဗိုလ်ချုပ် ကြီးစကော့မှာ ရုပ်ပြသဘော သက်ရောက်သွား သည်။ သမ္မတသည် လိုသောအခါမှသာ သူ့အကြံဉာဏ်ကိုယူသည်။
သိုသော်လည်း မက္ကဒိုဝဲမှာ စစ်သည်အရေအတွက်များသော စစ်တပ်ကြီးကို ဦးဆောင်ရသော ကြောင့် အလွန်စိတ်လှုပ်ရှားပြီး လျင်မြန်စွာ လှုပ်ရှားဆောင်ရွက်ရန် တုံနှေးနေသည်။ သူက တိုက်ခိုက်ရေး ထက် စစ်သည်အင်အား တိုးချဲ့ရေးနှင့် သင်တန်းပေးရေးတိုကိုသာ ဦးစားပေးဆောင်ရွက် နေသည်။ သိုသော်လည်း “ဖိုဆမ်း တိုက်ပွဲနောက်ပိုင်းတွင်မူ ဗာဂျီးနီးယားပြည်နယ်၊ မင်နာဆက်စ်မြိုရှိ ရန်သူတပ်ကို တိုက်ခိုက်ရန်သမ္မတက ဗိုလ်ချုပ်ကြီး စကော့မှတစ်ဆင့် ဗိုလ်ချုပ်ကြီး မက္ကဒိုဝဲအား ညွှန်ကြားခဲ့သည်။ ဘူးလ်ရန်း တိုက်ပွဲကို ထိုးစစ်ဆင်တိုက်ခိုက်ရန် စီမံညွှန်ကြားခဲ့သူမှာလည်း သမ္မတပင် ဖြစ်၏။ မက္ကဒိုဝဲက တိုက်ပွဲအတွက် ပြင်ဆင်ရန် အချိန်တောင်းသောအခါ လင်ကွန်းက“ခင်ဗျားက တော်တော်နုသေးတာပဲ၊ အဲဒါအမှန်ပဲ၊ ဒါပေမဲ့ သူတိုလည်း နုသေးတာပဲ။ ခင်ဗျားတို့အားလုံး အတူတူပဲ’ဟူ၍ ဗိုလ်ချုပ်ကြီးအား ဝေဖန်ခဲ့သည်။
၁၈၆၁ ခုနှစ်၊ ဇူလိုင်လကုန်ပိုင်းရောက်တော့ မက္ကဒိုဝဲကို အားမကိုးနိုင်တော့ ကြောင်း လင်ကွန်း သိလာရသည်။ ဗိုလ်ချုပ်ကြီးစကော့လည်း မကြာမီ အငြိမ်းစားယူရတော့မည်။ ဤတွင် လင်ကွန်းအဖို့ အားကိုးရမည့် ဗိုလ်ချုပ်ကြီးတစ်ဦး မရှိမဖြစ် လိုအပ်လာသည်။ လေးလတာမျှ တာဝန်ထမ်းဆောင်ပြီး သောအခါ မက္ကဒိုဝဲအနေဖြင့်ဘာမျှအလုပ်မဖြစ်ကြောင်း ပြသလာသည်။ ထိုကြောင့် လင်ကွန်းက ဗိုလ်ချုပ်ကြီးဂျော့မက္ကလီလန်ကို စမ်းကြည့်ရန် ဆုံးဖြတ်လိုက်၏။
ဤသို့ဖြင့် မက္ကလီလန်သည် ပိုတိုမက်တပ်မဟာ၏ စစ်ဦးစီးမှူး ဖြစ်လာခဲ့သည်။ နောက်သုံးလ ကြာသောအခါ ဗိုလ်ချုပ်ကြီးစကော့ အငြိမ်းစားယူသွားသောကြောင့် မက္ကလီလန်အား စစ်ဦးစီးချုပ် အဖြစ် တိုးတက်ခန့်ထားသည်။
မက္ကလီလန်မှာ အစဉ်အလာကောင်းသော ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်ပြီး စည်းရုံးရေး သမား ကောင်းတစ်ဦးလည်းဖြစ်သည်။ တကယ်တော့ လင်ကွန်းသည် တပ်ဖွဲခြင်း၊သင်တန်းပေးခြင်းနှင့် ဘူးလ်ရန်း’တိုက်ပွဲမှ စစ်ရှုးတပ်သားများအား စိတ်ဓာတ်မြှင့်တင်ပေးလုပ်ငန်းများအတွက် အကောင်းဆုံးပုဂ္ဂိုလ်ကို ရွေးချယ်လိုက်ခြင်းပင်ဖြစ်၏။ သို့သော်လည်း ရေရှည်ကျတော့ မက္ကလီလန်၏ ဆိုးကွက်များက ကောင်းကွက်များကိုဖုံးလွှမ်းသွားသည်။ သူသည် မကြာခဏဆိုသလို လိုအပ်သည်ထက်ပို၍ ဆန်းစစ်လွန်းတတ်သည်။ အလုပ်မဖြစ်ဘဲ ရှိနေတတ်သည်။ တကယ်တိုက်ရ မည့်အချိန်မှာ မတိုက်ဘဲ နေတတ်သည်။
ထိုကြောင့် မက္ကလီလန် စစ်ဦးစီးချုပ်ဖြစ်ပြီးနောက် သုံးလခန့်အကြာ (၁၈၆၂ခုနှစ်၊ ဇန်နဝါရီ ၂၇)တွင် လင်ကွန်းက အထွေထွေစစ်မိန့် ‘အမှတ်(၁)ကို ထုတ်ပြန်ပြီးအလုပ်မဖြစ်သော ဗိုလ်ချုပ်ကြီး အား အလုပ်ဖြစ်နိုင်အောင် နှိးဆွပေးလိုက်သည်။ ထိုအမိန့်အရ ဖေဖော်ဝါရီ ၂၂ ရက်နေ့ကို ‘အမေရိကန်ပြည်ထောင်စု၏ ကြည်းတပ်နှင့် ရေတပ်များ၏ အထွေထွေလှုပ်ရှားမှုနေ့ အဖြစ် သတ်မှတ်လိုက်သည်။
သို့ရာတွင် အထွေထွေစစ်မိန့်မှာ မည်သိုမျှ အကျိုးသက်ရောက်မှုမရှိ။ အကြောင်းမှာ မတ်လအစောပိုင်းအထိ မက္ကလီလန်က ရန်သူအား ထိထိရောက်ရောက် ထိုးစစ်မဆင်သေး သောကြောင့်ဖြစ်၏။ နောက်ဆုံးတွင် လင်ကွန်းသည် သူကိုယ်နှိက်ကလည်း အားမလိုအားမရ ဖြစ်နေရသည်ကတစ်ကြောင်း၊ ကွန်ဂရက်လွှတ်တော်နှင့်ဝန်ကြီးအဖွဲဝင်များကလည်း ဖိအားပေးလာသည်က တစ်ကြောင်းတိုကြောင့် အခြေအနေကို ကုစားရန် ပို၍ပြတ်ပြတ်သားသား လုပ်ဆောင်လာရတော့သည်။ သူ၏ ပထမဆုံး လုပ်ရပ်မှာ ဗိုလ်ချုပ်ကြီး မက္ကလီလန်၏ အာဏာပိုင်ဆိုင်မှု တော်တော်များများကိုပြန်လည်ရုပ်သိမ်းလိုက်သည်။ ထိုနောက် သူ့အား ပိုတိုမက်တပ်မဟာ၏ စစ်ဦးစီးမှူးအဖြစ်သာ တာဝန်ပေးထားလိုက်၏။ တစ်ချိန်တည်းတွင် လင်ကွန်းသည် တပ်ဖွဲ့အသစ်နှစ်ဖွဲ့ကိုထပ်ဖွဲ့ပြီး မစ္စစ္စပီတပ်ကို ဗိုလ်ချုပ်ကြီး ဟင်နရီဟောလက်အား လည်းကောင်း၊ တောင်ပေါ်ဒေသတပ်ဖွဲ့ကို ဗိုလ်ချုပ်ကြီး ဂျွန်ဖရီးမွန့်အားလည်းကောင်း အသီးသီး တာဝန်ပေးလိုက်သည်။ ဤလုပ်ရပ်သည် စစ်တပ်ဖွဲ စည်းပုံတွင် ကြီးမားသော အပြောင်းအလဲ ကြီးတစ်ရပ်ဖြစ်၏။ ဤတွင် လင်ကွန်းသည် သူကိုယ်တိုင်ဆုံးဖြတ်ချက်ချသည်။ ပြီးတော့ သူ့လက်အောက်ခံများအား ရှင်းပြပြီး လက်တွေ့အကောင်အထည်ဖော်စေသည်။
မက္ကလီလန်၏တာဝန်အချို့ ကို ရုပ်သိမ်းခြင်းဖြင့် သူသည် စစ်မြေပြင်တွင် ရန်သူ တပ်ကိုဖျားယောင်းရန် အချိန်ပိုရနိုင်လိမ့်မည်ဟု လင်ကွန်းက မျှော်လင့်သည်။ သိုသော်သူ့မျှော် လင့်ချက်မပြည့်။ မက္ကလီလန်က လှုပ်ရှားမှုမရှိဘဲ ငြိမ်သက်မြဲငြိမ်သက်နေသည်။ လင်ကွန်းသည် ဗိုလ်ချုပ်ကြီးအား စိတ်ဓာတ်ရေးရာအရရော၊ မဟာဗျူဟာထောက်ပံ့မှု အရရော မပြတ်ပေးနေသည်။ သိုသော်လည်း ဆက်လက်ပြီးတုံနှေးနေမည်ဆိုလျှင်တော့ လုံးဝသည်းခံနိုင်တော့မည်မဟုတ်ကြောင်း ဗိုလ်ချုပ်ကြီးအား သဘောပေါက်စေသည်။
စစ်ရေးလှုပ်ရှားမှု ဘာမှမရှိဘဲနှင့် နောက်ထပ်တစ်လလောက် အချိန်ကုန်သွားပြန်၏။ သိုဖြင့် မေလအစောပိုင်းတွင် လင်ကွန်းသည် စတင်တန်နှင့် ချေ့စ်တို့ကိုခေါ်ပြီး“ဖိုက်မွန်ရိုးတပ်စခန်းသို့ လိုက်သေးသည်။ သိုသော် မက္ကလီလန်က သူတိုနှင့် အဆက်အသွယ်မလုပ်၊ သူ ရှေ့တန်းတွင် အလွန်အလုပ်များနေသောကြောင့်ဟု သူကပြောသည်။ ထိုကြောင့် လင်ကွန်းသည် သူကိုယ်တိုင်ဦးဆောင်ရန် ဆုံးဖြတ်လိုက်သည်။ ဗာဂျီးနီးယားပြည်နယ်၊ နော်ဖော့စ် မြိုကို ထိုးစစ်ဆင်ရန် ချက်ချင်း ပြင်ဆင်သည်။ ဆီးဝေါပွိင့်ရှိရန်သူ့အမြောက်တပ်ကို ဝင်တိုက်ရန် အမိန့်ပေးသည်။ ဤသိုဖြင့် ရန်သူမြိုတော်ကိုသိမ်းပိုက်နိုင်လိုက်၏။ သမ္မတကိုယ်တိုင်ရှေ့တန်းမထွက်ခဲ့လျှင် နော်ဖော့ဒ်မြို ကို ဘယ်နည်းနှင့်မျှ မသိမ်းပိုက်နိုင်ဟု နောင်အခါ ချေ့စ်က ပြောခဲ့သည်။
ဤတွင် လင်ကွန်း၏ခေါင်းဆောင်မှု ကျင့်စဉ်တစ်ခုကို ခေတ်သစ်ခေါင်းဆောင်များ ဂတိပြုသင့်သည်။ မိမိ၏ အဓိကအမှုဆောင်များ အလုပ်မလုပ်လျှင် ကိုယ်တိုင် ဝင်လုပ်ပါ၊ စစ်မိန့် ထုတ်ပါ၊ လိုအပ်လျှင် ရှေ့တန်းသို ကိုယ်တိုင်ထွက်ပြီး ကိုယ်တိုင်ဦးဆောင်ပါ။
သို့သော်လည်း မက္ကလီလန်အဖို့တော့ လင်ကွန်း၏ကျင့်စဉ်က ဘာမျှမထိရောက်။ သူက သူ့နည်းလမ်းများကို လုံးဝမပြောင်း၊ ဆုပ်ကိုင်မြဲ ဆုပ်ကိုင်ထားသည်။ သို့ဖြင့် ၁၈၆၂ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်တွင် “ဝက်စ်ပွိင့်’၌ ဗိုလ်ချုပ်ကြီး ဝင်းဖီးလ်ဒ်စကော့နှင့်တိုင်ပင်ကာ ဗိုလ်ချုပ်ကြီး ဟင်နရီဟောလက်အား စစ်ဦးစီးချုပ် ခန့်ထားလိုက်လေသည်။ ယခုအခါ မက္ကလီလန်မှာ အခြားဗိုလ်ချုပ်ကြီးများနှင့်အတူ ဗိုလ်ချုပ်ကြီးဟောလက်ထံ အစီရင်ခံရတော့မည်ဖြစ်သည်။ ဤလုပ်ရပ်မှာလည်း လင်ကွန်း၏ထူးခြားသောနည်းဗျူဟာတစ်ရပ်ပင်ဖြစ်၏။ သူက ဟောလက်အား ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့်လုပ်ရန် အာဏာအပြည့်အဝပေးသည်။ လိုအပ်လျှင် မက္ကလီလန်အား ဖြုတ်ပစ်ရန်အထိပင် အာဏာကုန် ပေးအပ်လိုက်၏။
သို့သော် မက္ကလီလန်၏ အခြေအနေက ပို၍ကောင်းမလာ၊ သူသည် လုံးဝမတိုက်ခိုက်ဘဲ ငြိမ်နေဆဲဖြစ်သည်။ စက်တင်ဘာလလယ်တွင် တောင်ပိုင်းဗိုလ်ချုပ်ကြီးရောဘတ်၊ အီး၊ လီးက မြောက်ပိုင်းနယ်မြေကို ဝင်တိုက်သည်။ ပြည်ထောင်စုတပ်မတော်”မှ အကျအဆုံး တော်တော် များသည်။ သိုသော် ရန်သူတပ်များသည် ပိုတိုမက်မြစ်ကိုဖြတ်၍ ပြန်ဆုတ်သွားကြသည်။ ဤသည်ကို မက္ကလီလန်က သူ့အတွက် တကယ့်အောင်ပွဲကြီးဟုယူဆပြီး ဝါရှင်တန်သို့ သတင်းပို့သည်။ သို့သော် လင်ကွန်းက ယင်းသို့မမြင်၊ မက္ကလီလန်အနေဖြင့် မိမိနယ်မြေကို ထိန်းထားနိုင်ရုံမျှသာဖြစ်သည်ဟု မြင်သည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် နှစ်ပတ်အကြာတွင် လင်ကွန်းသည် အင်တီယက်တမ်သို သွားရောက်၍ မက္ကလီလန်နှင့် တွေ့ဆုံသည်။ အစိုးရိမ်ကြီးလွန်းခြင်း၏ အန္တရာယ်ကိုဗိုလ်ချုပ်ကြီးအား ပြောပြသည်။ ထိုပြင် ရန်သူအား အလုံးအရင်းဖြင့် ထိုးစစ်ဆင်ရန်ဗိုလ်ချုပ်ကြီးအား တိုက်တွန်းသည်။ သို့သော် သူ့ဘက်က အသင့်အနေအထားရှိမှသာတိုက်ခိုက်နိုင်မည်ဟု ဗိုလ်ချုပ်ကြီးက ပြန်ပြော၏။ လင်ကွန်း တော်တော်စိတ်ပျက်သွားသည်။ ပိုတိုမက် တပ်မဟာကို “မက္ကလီလန်၏ ကိုယ်ရံတော်တပ်’ဟု ပြောင်ပြောင်ပဲပြောလိုက်သည်။
လင်ကွန်း၏စကားနှင့်ပြောရလျှင် မက္ကလီလန်သည် စစ်ဗိုလ်ချုပ်ကြီးတစ်ယောက်နှင့်မတူ၊ အလွန်နှေးကွေးလွန်းသည်။ သူသည် ဗိုလ်ချုပ်ကြီး စကော့ လျှောက်ခဲ့သည့်လမ်းကိုပင် လျှောက်နေသည်။ စကော့အတိုင်းပင် သူလည်း အာဏာတွေ တဖြည်းဖြည်းနှင့် လျော့ဆင်းလာသည်။ ပထမဦးစွာ တပ်မတော်ကို လက်လွတ်ရသည်။ ထိုနောက် ဟောလက်ကို အစီရင်ခံရသည်။ နောက်တော့ စကော့ကဲ့သိုပင် လုံးဝလက်လွှတ်သွားရလိမ့်မည်။
လင်ကွန်းနှင့် ဗိုလ်ချုပ်ကြီးများ၏ ဆက်ဆံရေးတွင် ယင်းသိုသောပုံစံမျိုးမကြာခဏ ဖြစ်ပေါ် နေခြင်းသည် စိတ်ဝင်စားစရာကောင်းသည်။ အဘယ်ကြောင့်ဆိုသော်အလားတူ နည်းဗျူဟာမျိုးကို ယနေ့ခေတ် များစွာသောအဖွဲ အစည်းများကလည်း ကျင့်သုံးသောကြောင့်ဖြစ်၏။ လက်အောက်ခံ အမှုဆောင်အရာရှိတစ်ဦးအနေဖြင့် အလုပ်ကောင်းကောင်းမလုပ်လျှင် သူ့ကို အလုပ်ဖြုတ်မပစ်။ အာဏာနှင့်တာဝန်ကို လျော့ပေးသည်။ တာဝန်နည်းလျှင် ပို၍လုပ်နိုင်သောကြောင့်ဖြစ်၏။ ဤပထမအဆင့်နည်းလမ်းကို ကျင့်သုံးရာတွင် လူသား ဂုဏ်သိက္ခာနှင့် တရားမျှတမှုကို အလေးအနက်ထားသည်။ သက်ဆိုင်ရာပုဂ္ဂိုလ်အနေဖြင့် ကိုယ့်ကိုယ်ကို ပြန်လည်ပြုပြင်နိုင်ခွင့်ပေးသည့် သဘောပင် ဖြစ်၏။ အကယ်၍ သူ၏အပြုအမူနှင့် လုပ်ဆောင်ချက်များ ပြောင်းလဲတိုးတက်မလာလျှင် ဒုတိယအဆင့်အဖြစ် သူ့အား ဆုံးဖြတ်ချက်ချသည့် တာဝန်ခံပုဂ္ဂိုလ်အဖြစ်မှ ဖယ်ရှားပစ်လိုက်သည်။ အခြား အထက်လူကြီးတစ်ဦးထံ အစီရင်ခံရသော ပုဂ္ဂိုလ်အဖြစ် သို လျှော့ချလိုက်သည်။
ယခု မက္ကလီလန်ကိစ္စတွင် သူသည် ဟောလက်ကို အစီရင်ခံရသည်။ စကော့နှင့် ဟောလက်တို ကျပြန်တော့ ဘာမျှအာဏာမရှိသည့် ရုပ်ပြတွေသာ ဖြစ်နေကြ၏။ ဆုံးဖြတ်ချက်မှန်သမျှ လင်ကွန်းတစ် ဦးကသာ ချမှတ်သည်။ သိုသော် အစဉ်အလာလုပ်ထုံးလုပ်နည်းကို လေးစားသောအားဖြင့် သူတို၏သ ဘောတူညီချက်ကိုတော့ ရယူသည်။ ဤသိုဖြင့် ဗိုလ်ချုပ်ကြီးသုံးဦးစလုံး တဖြည်းဖြည်းနှင့် အာဏာတွေ လျှော့ကုန်ကြသည်။ သိုသော် သူတိုအား အကန့်အသတ်ဖြင့်တော့ တာဝန်တွေ ပေးထားသည်။ ထိုတာဝန်ကို ကျေပွန်စွာဆောင်ရွက်နိုင်လျှင် သူတို၏ မူလအဆင့်အတန်းကို ပြန်ရနိုင်သည်။ ဤနည်းလမ်းကို သုံးခြင်းဖြင့် လင်ကွန်းအဖို အကျိုးထူးနှစ်ခုရသည်။ ပထမအကျိုးထူးမှာ လုပ်ငန်းတွေကို အဆက်မပြတ်လှုပ်ရှားဆောင်ရွက်နိုင်ခြင်းဖြစ်သည်။ ဒုတိယအကျိုးထူးမှာ သက်ဆိုင်သူများ၏ ဂုဏ်သိက္ခာကို ဖြစ်နိုင်သမျှ ထိန်းပေးနိုင်ခြင်းဖြစ်သည်။
လင်ကွန်းက ဟင်နရီဟောလက်ကို စစ်ဦးစီးချုပ်ခန့်ခြင်းမှာ အရည်အချင်းပြည့်ဝသူဟု ယုံကြည်သောကြောင့်ဖြစ်၏။ ဟောလက်သည် ဝက်စ်” စစ်တက္ကသိုလ်ထွက်တစ်ဦးဖြစ်သည်။ သေနင်္ဂဗျူဟာကို ကျွမ်းကျင်သော သုတေသီတစ်ဦးလည်းဖြစ်သည်။ သူသည် ‘စစ်ပညာအခြေခံ သဘောတရားများ အမည်ဖြင့် စာအုပ်တစ်အုပ် ရေးခဲ့သည်။ထို စာအုပ်ကို လင်ကွန်းလည်း ဖတ်ရသည်။ သိုသော် ဟောလက်မှာလည်း သည်ပုတ်ထဲက သည်ပဲပင် ဖြစ်နေသည်။ သူ့အရင် စစ်ဗိုလ်ချုပ်ကြီးများအတိုင်းပင် ဖြစ်နေသည်။ ဒုတိယ ဘူးလ်ရန်း တိုက်ပွဲ ရှုးနိမ့်ပြီးကတည်းက သူအလွန် စိတ်ဓာတ်ကျသွားသည်။ ဘာမျှထိရောက်စွာ မလှုပ်ရှားနိုင်ဖြစ်နေသည်။ သိုသော် လင်ကွန်းက သူ စိတ်ဓာတ် ပြန်လည်တက်ကြွလာအောင်၊ သူ့သိက္ခာ သူပြန်ဆယ်နိုင်အောင် သုံးလမှ ငါးလအထိ အချိန်ပေးထားသည်။
များစွာသော ခေတ်ပြိုင်စီးပွားရေးလုပ်ငန်းအမှုဆောင် အရာရှိများကလည်းသူတို၏ အဓိကလက်အောက်ခံ ပုဂ္ဂိုလ်များအား ‘သိက္ခာဆယ်ချိန်ပေးလေ့ရှိကြသည်။ ယင်းကို ‘ဟန်းနီးမွန်း” (ပျားရည်ဆမ်းကာလ)ဟုလည်း ခေါ်သည်။ အနည်းဆုံးခြောက်လကြာသည်။ ထိုကာလအတွင်း အမှုဆောင်သစ်သည် အရာရာကို ဆင်ခြင်ဉာဏ်ဖြင့်လုပ်ဆောင်ရသည်။ ထိုပြင် ထိပ်ဆုံးအကြီးအကဲ သည် သူ၏လက်အောက်တာဝန်ခံသစ်အား ပထမသုံးလအတွင်း အထက်အမိန့်ကိုနာခံပြီး အပြောင်းအလဲလုပ်ရန် ယေဘုယျအားဖြင့် အကြံပေးမည်ဖြစ်သည်။ ဤသိုပြုလုပ်ခြင်းဖြင့် တာဝန်ခံသစ်သည် မိမိ၏အနေအထားသစ်ကို အမှန်အတိုင်း နားလည်လာနိုင်၏။ သို့သော်လည်း လင်ကွန်းအဖို့ကတော့ သူ၏ ဗိုလ်ချုပ်ကြီးများအား ‘ပျားရည်ဆမ်းကာလ” “ခြောက်လထိပေးရန် အချိန်မရှိ၊ ဘာမျှအလုပ်မဖြစ်ခြင်းအတွက် ပေးရသောတန်ဖိုးက အလွန်ကြီးသောကြောင့်ဖြစ်၏။ သူ၏သဘောတရားက ဗိုလ်ချုပ်ကြီး အသီးသီးအား အကျိုးပြုရလဒ်ပြသနိုင်အောင် အချိန်သုံးလမှ ငါးလအထိသာ ပေးရန်ဖြစ်၏။
ဗိုလ်ချုပ်ကြီးဟောလက်သည် ပျားရည်ဆမ်းကာလ လွန်သော်လည်း ‘နာလန်”ပြန်ထမလာချေ။ ထိုကြောင့် လင်ကွန်းသည် ကိုယ်တိုင်ဝင်ထိန်းရ၏။ ဟောလက် ရာထူးတက်ပြီးနောက် သုံးလခွဲအ ကြာတွင် လင်ကွန်းက စစ်တပ်နှင့်ပတ်သက်၍ နောက်ထပ်အပြောင်းအလဲကြီးတစ်ခု လုပ်ပြန်သည်။ မစ္စစ္စပီတပ်မကို ဂျွန်၊ အေ၊ မက္ကလာနန်အားလည်းကောင်း၊ ကမ်ဘားလင်းတပ်မကို ဝီလျံ၊ အက်စ်၊ ရိုစကရန့်အားလည်းကောင်း၊ မက္ကလီလန်၏ ပိုတိုမက်တပ်မကို ဗိုလ်ချုပ်ကြီး အမ်ဘရိုစ်အန်းဆိုဒ်အား လည်းကောင်း၊ ပင်လယ်ကွေ့ တပ်မကို နသန်ယယ်၊ ပီးဆင့်ခ်စ်အားလည်းကောင်းအသီးသီးအုပ်ချုပ်ရန် တာဝန်ပေးလိုက်၏။ ဤဖြစ်ရပ်များသည် ရက်သတ္တသုံးပတ်အတွင်းဖြစ်ပေါ်သည်။ အကြောင်းမှာ ဗိုလ်ချုပ်ကြီး ဟောလက်နှင့်ပတ်သက်၍ လင်ကွန်း အထူးစိတ်ပျက်နေသောကြောင့်ဖြစ်၏။ ဗိုလ်ချုပ်ကြီးမှာ စစ်ဦးစီးရာထူးကို ပိုင်ဆိုင်ထားသေးသော်လည်း တကယ်တော့ ဗိုလ်ချုပ်ကြီး စကော့ကဲ့သို နာမည်ခံရုပ်ပြရာထူးမျှသာ ဖြစ်၏။လင်ကွန်း၏ ဤလုပ်ရပ်သည် နွားရိုင်းကြီးကို ချိုဆုပ်ကိုင်လိုက်ခြင်းပင် ဖြစ်သည်။ တိုက်ပွဲဝင် ဗိုလ်ချုပ်ကြီးအားလုံးသည် သမ္မတ၏အမိန့်ကို နာခံကြရမည်။ တစ်ခါတစ်ရံထိုအမိန့်သည် ဗိုလ်ချုပ်ကြီး ဟောလက်ထံမှတစ်ဆင့် ရောက်လာမည်။ ဤနည်းဖြင့်သူလိုချင်သော ဗိုလ်ချုပ်ကြီးမျိုး ပေါ်ထွက်လာလိမ့်မည်ဟု လင်ကွန်းက မျှော်လင့်သည်။ ရလဒ်ကောင်းပေါ်ထွက်ရေးအတွက် အပြောင်းအလဲလုပ်ခြင်းကို သူ လုံးဝလက်မနှေး၊ အခြားခေါင်းဆောင်ကဲ့သိုပင် သူလည်း မှားကောင်းမှားနိုင်၏။ သိုသော် သူက ဘယ်တော့မျှ မအောင်မြင်ခြင်းကို လုံးဝ လက်မခံနိုင်ချေ။
တကယ်တော့ ဂျွန်မက္ကလာနန်အား မစ္စစ္စပီတပ်မ၏ စစ်ဦးစီးမှူးခန့်လိုက်ခြင်းမှာလင်ကွန်း၏ အမှားကြီးတစ်ရပ်ဖြစ်၏။ မက္ကလာနန်သည် နိုင်ငံရေးလိုအပ်ချက်အရ သမ္မတက ခန့်ထားသော အီလီနွိက်ပြည်နယ်သား ဒီမိုကရက်တစ်ဦးဖြစ်သည်။ သူသည် အလွန်အလိုဆန္ဒကြီးမားပြီး အလွန်ညံ့သော ဗိုလ်ချုပ်ကြီးဖြစ်၏။ တိုက်ရဲခိုက်ရဲသော် လည်း အလွန်အတ္တကြီး၏။ ထိုပြင် သူသည် ဗိုလ်ချုပ်ကြီးများမင်းနှင့် ဗိုလ်ချုပ်ကြီးဂရန့်တိုအကြောင်း တိုင်စာအရှည်ကြီးတွေရေးပြီး လင်ကွန်းထံပိုသည်။ ထိုကြောင့်လင်ကွန်းက မစ္စစ္စပီမြစ်ဝှမ်းတစ်လျှောက်ရှိ တပ်အားလုံးကို ဗိုလ်ချုပ်ကြီးဂရန့်အား အုပ်ချုပ်စေပြီး မက္ကလီလန်ကိုလည်း ဗိုလ်ချုပ်ကြီးဂရန့် တိုက်ရိုက်အစီ ရင်ခံစေ၏။
လင်ကွန်းက ဗိုလ်ချုပ်ကြီး ယူလီစီဂရန့်ကို သဘောကျသည်။ ဂရန့်သည် တင်နက်ဆီးပြည် နယ်တွင် အောင်ပွဲတွေရခဲ့ပြီးကတည်းက နာမည်ထွက်လာခဲ့သည်။ “ဖိုဒေါ်နယ်ဆင်’ ခံတပ်ကို သိမ်းပိုက်ပြီးသည်မှစ၍ သူ့ကို လုံးဝလက်နက်မချသူ ဟူ၍ ခေါ်ခဲ့ကြသည်။ တိုက်ပွဲအောင်မြင် သည့်နေ့မှာပင် လင်ကွန်းက သူ့ကို ဗိုလ်ချုပ်ရာထူးသို့ တိုးမြှင့်ခန့်ထားလိုက်၏။ တင်နက်ဆီးပြည်နယ် တွင် အောင်ပွဲရခဲ့သော်လည်း ဂရန့်ဘက်က အကျအဆုံးများပြားခဲ့သည်။ တိုက်ပွဲကာလအတွင်း ဂရန့်အရက်မူးနေသည်ဟူ၍ပင် သတင်းထွက်လိုက်သေး၏။ လူတော်တော်များများက ဂရန့်ကို ဖြုတ်ပစ်ရန်လင်ကွန်းထံတောင်းဆိုကြသည်။ သိုသော် လင်ကွန်းက လက်မခံ၊ ‘ဒီလူ့ကို ကျုပ် လက်လွတ်မခံနိုင်ဘူး၊ သူက တကယ်တိုက်တဲ့လူ’ ဟု ပြောပြီး ပယ်ချလိုက်လေသည်။
လင်ကွန်းသည် ဗိုလ်ချုပ်ကြီး နသန်နီယယ်ဘင့်ခ်စ်၊ ဗိုလ်ချုပ်ကြီး ဝီလျံရိုစ်ကရစ်တို့နှင့် ဆက်ဆံရေးတွင်လည်း ကံမကောင်းရှာ။ နှစ်ဦးစလုံးမှာ အလတ်တန်းစား ခေါင်းဆောင်များသာ ဖြစ်ကြသည်။ သမ္မတက မောင်းနှင်အားပေးမှသာ အလုပ်လုပ်ကြသည်။ ဗိုလ်ချုပ်ကြီး ဘင့်ခ်စ်သည် ဗိုလ်ချုပ်ကြီးဂရန့်၏ အကူအညီဖြင့် ဖိုဟတ်ဆန်တိုက်ပွဲကို အောင်နိုင်ခဲ့သော်လည်း စစ်ဦးစီရာရှိတစ်ဦး အနေဖြင့် အလွန်ညံ့ဖျင်းသည်။ ထိုကြောင့် လင်ကွန်းက သူ့အား လူဝစ်စီးယားနားပြည်နယ် ပြန်လည်ထူထောင်ရေး လုပ်ငန်းကို ကွပ်ကဲရန် အုပ်ချုပ်ရေးပိုင်းသို ပြောင်းရွှေ့ပေးလိုက်သည်။
ဗိုလ်ချုပ်ကြီး ရိုစ်ကရန့်စ်လည်း အတူတူပင်ဖြစ်၏။ သူသည် ကမ်းဘားလင်း စစ်ဦးစီးမှူးတာ ဝန်ကို ပေးအပ်ခြင်းခံရပြီးနောက် ပထမနှစ်လအတွင်း စစ်ရေးလှုပ်ရှားမှု လုံးဝမပြုလုပ်ဘဲ နက်ရှဗီးမြို တွင် ငြိမ်ပြီးထိုင်နေသည်။ နောက်ဆုံး ၁၈၆၃ ခုနှစ်ဇန်နဝါရီလရောက်တော့မှ ရန်သူနှင့် ရင်ဆိုင်ရသည်။ တင်နက်ဆီးပြည်နယ်၊ မာဖရီးစ်ဘိုရိုမြို့တွင် ရန်သူ၏ထိုးစစ်ကို တုံပြန်မောင်းထုတ်နိုင်လိုက်သည်။ ရန်သူ့တပ်များချတ္တာဂါသို ပြန်ဆုတ်သွားကြသည်။ သည်ကြားထဲ ရန်သူအား လုံးဝမတိုက်ဘဲ အချိန်ဆွဲနေသည်။ ရှစ်လကြာတော့မှ ရန်သူတပ်များကို ချတ္တာနူးဂါမှ မောင်းထုတ်နိုင်ခဲ့၏။ ဤသို့အောင်ပွဲရခြင်းမှာလည်း လင်ကွန်း၏ အတင်းမီးထိုးပေးမှုကြောင့်ဖြစ်သည်။ ထိုနောက် စက်တင်ဘာလ ၂၀ ရက်နေ့တွင် ‘ချစ်ကာမောဂါချောင်း တိုက်ပွဲကိုထိုးစစ်ဆင်နွှဲသည်။ ပြည်ထောင် စုတပ်များ အထိနာပြီး ပြန်ဆုတ်ရသည်။ ထိုမှ နောက်ပိုင်းတွင် ရိုစ်ကရန့်စ်သည် သူ့ကိုယ်သူရော၊ သူ့တပ်ကိုရော မထိန်းနိုင်တော့လောက်အောင်စွမ်းရည်အားလုံး ကျဆင်းသွားတော့သည်။ သူ့အဖြစ်ကို လင်ကွန်းက တွေဝေပြီးခေါင်းကိုခဲထိတဲ့ဘဲလို ကြောက်လန့်နေတယ်’ဟု တင်စားပြောဆိုခဲ့သည်။
စက်တင်ဘာလ ၁၆ ရက်နေ့တွင် အနောက်ပိုင်းတပ်အားလုံးကို အုပ်ချုပ်ရန်လင်ကွန်းက ဗိုလ်ချုပ်ကြီးဂရန့်အား တာဝန်ပေးလိုက်သည်။ ဂရန့်သည် ချက္ကာနူးဂါ သို့ချက်ချင်းလိုက်သွားပြီး ရိုစ်ကရန့်စ်အား တာဝန်မှ ရုပ်သိမ်းသည်။ ပြီးနောက် မြို့တော်ကိုအလုံးအရင်းနှင့် ကာကွယ်ထားသည်။ စစ်ဦးစီးမှူးသစ်၏ ရဲရင့်ပြတ်သားသော လုပ်ရပ်ကို လင်ကွန်းက အလွန်ကျေနပ်အားရဖြစ်မိသည်။ ဂရန့်သည် ထိုနှစ် နွေရာသီတုန်းကဗစ်စဘတ်မြို့ကို သိမ်းပိုက်နိုင်ခဲ့သလို တင်နက်ဆီးပြည်နယ်က မစ်ရှင်နရီရစ်’တိုက်ပွဲနှင့် “လော့ကအောက် မောင်တိန်”တိုက်ပွဲများကိုလည်း တစ်လခန့်အတွင်း အောင်နိုင်ခဲ့သည်။ သမ္မတလင်ကွန်းအဖို သူရှာဖွေနေသော တိုက်မောင်း ဗိုလ်ချုပ်ကြီးကို တွေ့ရှိခဲ့လေပြီ။
သို့သော်လည်း လင်ကွန်းမှာ အရှေ့ဘက်တွင် ပြဿနာတွေ ရှိနေသေးသည်။ ပိုတိုမက်စစ်ဦး စီးမှူးအဖြစ် မက္ကလီလန်နေရာတွင် ခန့်ထားသော အမ်ဘရိုစ် ဘန်းဆိုက်ဒ်မှာ နှစ်လခွဲမျှသာခံသည်။ သူသည် တိုက်ရဲသော ဗိုလ်ချုပ်ကြီးဖြစ်သော်လည်း ဤမျှကြီးမားသောစစ်တပ်ကြီးကို ခြေနိုင်လက်နိုင် မအုပ်ချုပ်နိုင်။ သူ့ကိုခန့်အပ်ပြီး မကြာမီတွင် လင်ကွန်းသည် အကွီယားကရိတွင် သူနှင့်သွားတွေ့သည်။ လင်ကွန်းက ဖရက်ဒရစ်ဘတ်ကိုတိုက်ရန် စီမံချက်တင်ပြသည်။ ဘန်းဆိုဒ်ကရော၊ ဟောလက်ကရော လက်မခံ။ သိုသော်လည်းလင်ကွန်းက အတင်းတိုက်တွန်းသောကြောင့် ဘန်းဆိုက်ဒ်က ရောဘတ်အီး လီး၏တပ်ကို ဝင်တိုက်သည်။ ဘန်းဆိုဒ်၏ ဆုံးဖြတ်ချက်တွေ အများကြီးမှားသောကြောင့် အရှုးကြီးရှုံး သည်။ ပြည်ထောင်စုဘက်မှ တပ်သား ၁၂,ဝဝဝကျော်ကျဆုံးသည်။ ဘန်းဆိုဒ်လည်း ရိုစ်ကရန့်စ်ကဲ့ သိုပင် စိတ်ဓာတ်ကျပြီး တပ်ကိုမထိန်းနိုင်တော့။ တစ်တပ်လုံးလည်း စိတ်ဓာတ်ကျကုန်ပြီ။ လက်အောက်အရာရှိတွေက ဘန်းဆိုဒ်ကို ပြောင်ပြောင်တင်းတင်းပင် ဝေဖန်လာကြသည်။ ဘန်းဆိုဒ်က သူ့ကို ဝေဖန်သူများအား ဖြုတ်ပစ်ရန် သမ္မတထံ တင်ပြသည်။ သမ္မတက ဘန်းဆိုဒ်ကို ဖယ်ရှားပြီး ဂျိုဟူးကားကို အစားထိုးလိုက်သည်။
ဟူးကားသည် ပိုတိုမက်တပ်မဟာ၏ စစ်ဦးစီးမှူးအဖြစ် ငါးလမျှသာ ခံသည်။ ဆောင်းရာသီတွင် အအေးလွန်ကဲမှုကြောင့် စစ်ရေးလှုပ်ရှားမှု ဘာမျှမလုပ်နိုင်။ နွေဦးပေါက်ရာသီရောက်လာသောအခါ လင်ကွန်းသည် ဇနီးနှင့်သားအပါအဝင် အဖွဲဝင်အများကြီးဖြင့် ဗာဂျီးနီးယားပြည်နယ်၊ ဖောလ်မောက် သ်မြိုရှိ ဗိုလ်ချုပ်ကြီးဟူးကားထံသိုလာခဲ့သည်။ တပ်ကို စစ်ဆေးပြီး ဗိုလ်ချုပ်ကြီးနှင့် မဟာဗျူဟာများ ကို ဆွေးနွေးကြသည်။ တပ်အင်အား ၁၃ဝ,ဝဝဝ ကျော်ရှိပြီး လေ့ကျင့်မှုရော၊ လက်နက်ရိ က္ခာရောပြည့်စုံသည်ကိုတွေ့ရ၍ တိုးချဲ့ဖွဲစည်းပေးခဲ့သော မက္ကလီလန်ကို ကျေးဇူးတင်မိသည်။
လင်ကွန်းသည် စစ်မြေပြင်တွင် ငါးရက်နေခဲ့ပြီးနောက် ဝမ်းသာစိတ်တစ်ဝက်၊ သံသယစိတ် တစ်ဝက်ဖြင့် ဝါရှင်တန်သို့ ပြန်လာခဲ့သည်။ ထိုနောက် တစ်လမပြည့်မီတွင်ဗာဂျီးနီးယားပြည်နယ်၊ ချယ်စယ်လာဗီးလ်မြို၌ တိုက်ပွဲဖြစ်ပွားရာ ဟူးကား၏တပ်အထိနာပြီး ပြန်ဆုတ်ရသည်။ လင်ကွန်း၏ သံသယစိတ် မှန်ကန်နေသည်။ သူ ဒုတိယအကြိမ် စစ်မြေပြင်သို သွားရောက်ပြီး လိုအပ်သောထောက်ပံ့ မှုနှင့် ညွှန်ကြားချက်များပေးသည်။ ဝါရှင်တန်သို ပြန်ရောက်ပြီး မကြာမီတွင် ဗိုလ်ချုပ်ကြီးဟူးကားအား လက်အောက်အရာရှိများက မကျေမနပ်ဖြစ်ပြီး ပြောင်ပြောင်တင်းတင်း ဝေဖန်နေကြကြောင်း သတင်းရရှိသည်။ ထိုကြောင့် လင်ကွန်းက ဗိုလ်ချုပ်ကြီးအား အိမ်ဖြူတော်သို ဆင့်ခေါ်ပြီး အခြေအနေကိုမေးမြန်းသည်။ သတိပေးဆုံးမစကားပြောသည်။ ဗိုလ်ချုပ်ကြီး မကျေမနပ်ဖြင့် သူ့တပ်သို ပြန်သွားသည်။
နောက်နှစ်ပတ်ခန့်ကြာတော့ လင်ကွန်းက ကာကွယ်ရေးဝန်ကြီးစတင်တန်နှင့်တိုင်ပင်ပြီး ဟူးကား၏နေရာတွင် ဗိုလ်ချုပ်ကြီးဂျေမိ(ဒ်)ကို အစားထိုးခန့်ထားလိုက်သည်။ မကြာမီတွင် တောင်ပိုင်း ဗိုလ်ချုပ်ကြီး ရောဘတ်လီး၏ မြောက်ပိုင်းဗာဂျီးနီးယားတပ်များ တောင်ပိုင်း ပင်ဆီလ်ဗေးနီးယားသို ကျူးကျော်ဝင်ရောက်ကြောင်း သတင်းရရှိသည်။ ဗိုလ်ချုပ်ကြီးမိ(ဒ်)သည် သူ၏ ပိုတိုမက်တပ်ကို စုစည်းကာ မြောက်ပိုင်းသို့ချီတက်သည်။ ရောဘတ်လီး၏တပ်နှင့် ဂတ်စဘတ်မြို ကလေးတွင် ထိပ်တိုက်တွေ့သည်။ တိုက်ပွဲသုံးရက်ဖြစ်ပွားပြီး ရောဘတ်လီး၏တပ် ဗာဂျီးနီးယားသို ပြန်လည်ဆုတ် ပြေးသည်။ ဂက်တီစဘတ်တိုက်ပွဲသည် ပြည်ထောင်စုတပ်မတော်၏ တကယ့်အောင်ပွဲဖြစ်သည်။ ဗိုလ်ချုပ်ကြီးမိ(ဒ်)သည် ချက်ချင်း သူရဲကောင်းဖြစ်သွားသည်။ သမ္မတလင်ကွန်းမှာ ဝါရှင်တန်မှနေပြီး အကြီးအကျယ်ဝမ်းသာနေသည်။ အထိနာသွားသော ရောဘတ်လီးဗိုလ်ချုပ်ကြီးမိ(ဒ်)က ထိုးစစ်ဆင်၍ လိုက်တိုက်လျှင် အပြတ်အသတ်အောင်ပွဲခံပြီးပြည်တွင်းစစ်ကြီးပြီးဆုံးသွားနိုင်သည်ဟု လင်ကွန်းက ယူဆသည်။ သိုသော် ဗိုလ်ချုပ်ကြီးမိ(ဒ်)ကလိုက်မတိုက်၊ ဂက်တီစဘတ်အောင်ပွဲရရုံနှင့် အကျေနပ် ကြီးကျေနပ်နေသည်။
တပ်ဆုတ်ပြေးသော ရောဘတ်လီး၏တပ်များ ပိုတိုမက်မြစ်ကမ်းပါးသို ရောက်လာသောအခါ မြစ်ရေကြီး၍ မဖြတ်နိုင်ဘဲ ပိတ်မိနေသည်။ တစ်ပတ်ခန့်ကြာတော့မြစ်ရေကျသွားသည်။ သည်တော့မှ ရောဘတ်ကီး၏တပ်များ မြစ်ကိုဖြတ်ကူးပြီး ဗာဂျီးနီးယားသို ပြန်ရောက်သွားသည်။ ဤသတင်းကြား ရတော့ လင်ကွန်း အလွန်ဒေါသထွက်မိသည်။ စိတ်ပေါက်ပေါက်ဖြင့် ဗိုလ်ချုပ်ကြီးမိ(ဒ်)အား ပေးရန် အပြစ်တင်စာတစ်စောင်ရေးသည်။ သိုသော် စိတ်ပြေသွားသောအခါ ထိုစာကိုမပို့ဘဲပြန်သိမ်းထား လိုက်လေသည်။
၁၈၆၄ ခုနှစ် မတ်လတွင် ပြည်ထောင်စုတပ်ဖွဲအားလုံးကို ဗိုလ်ချုပ်ကြီး ယူလီစီဂရန့်၏ လက်အောက်သို သွတ်သွင်းလိုက်သည်။ မေလ ၃ ရက်နေ့တွင် ဂရန့်ကတောနက်စစ်ဆင်ရေးဖြင့် ရောဘတ်လီးအား အလုံးအရင်းနှင့် ထိုးစစ်ဆင်သည်။ငါးရက်တိတိ စစ်မြေပြင်မှ ဘာသတင်း မျှမကြားရ၊ ဝါရှင်တန်မှနေ၍ လင်ကွန်းရင်တလှပ်လှပ်ဖြင့် စောင့်မျှော်နေသည်။ နောက်ဆုံးမှ ဂရန့်ထံမှ သတင်းရောက်လာသည်။ မိမိတိုဘက် အကျအဆုံးများသော်လည်း ရန်သူကို အနားမပေးဘဲ ထပ်တလဲလဲဖိတိုက်နေကြောင်း၊ လိုအပ်လျှင် တစ်လုံး ဆက်တိုက်နေမည်ဖြစ်ကြောင်း သူကသ တင်းပို့သည်။
လင်ကွန်းက စစ်မြေပြင်သိုသွားရောက်၍ ဗိုလ်ချုပ်ကြီးနှင့်တကွ သူ့ရဲဘော်များ အားပေးလမ်း ညွှန်စကားပြောကြားသည်။ လင်ကွန်းပြန်လာပြီးနောက် တစ်ပတ်ခန့် အကြာတွင် တောင်ပိုင်းဗိုလ်ချုပ် ဂျူဘယ်အားလီး၏တပ်က ရှီနန်ဒိုအာမြစ်ဝှမ်းတစ်လျှောက် ထိုးစစ်ဆင်တိုက်ခိုက်သည်။ ပြည်ထောင် စုတပ်များအား ဗိုလ်ချုပ်ကြီးရောဘတ်တီး၏ ရှေ့တန်းတပ်များမှ အာရုံပြောင်းစေရန် နည်းဗျူဟာဆင်ခြင်းဖြစ်၏။ ဇူလိုင်လလယ်ရောက်တော့ မေရီလင်ပြည်နယ်၊ ဆစ်လ်ဗားစပရင်းမြို့ကို ဘယ်အားလုံးတပ်က ထိုးစစ်ဆင်ပြန်သည်။ လင်ကွန်းသည် ရှေ့တန်းသို့ထွက်ပြီး တိုက်ပွဲအခြေအနေကို လေ့လာသည်။ တိုက်ပွဲဖြစ်ပွားရာသို တိုက်ရိုက်သွားရောက်သည့် အမေရိကန်သမ္မတအနည်းစုတွင် လင်ကွန်းလည်း ပါဝင်သည်။ တပ်များ လှုပ်ရှားမှုကို ရပ်ကြည့်နေစဉ် လင်ကွန်းဘေးမှ စစ်သည်တစ်ဦး ကို ရန်သူ့ကျည်ဆန်ထိမှန်သွားသည်။
ဗိုလ်ချုပ်ကြီးဂရန့်သည် မိမိတပ်များကို အင်အားဖြည့်တင်းကာ တန်ပြန်ထိုးစစ်ဆင်သည်။ အောက်တိုဘာလရောက်တော့ ရှီနန်ဒိုအာမြစ်ဝှမ်းဒေသအားလုံးကိုမြောက်ပိုင်းက ပြန်လည်သိမ်းပိုက် နိုင်လိုက်၏။
နောက်ခြောက်လအတွင်း မြောက်ပိုင်းတပ်များက ဆက်တိုက် အောင်ပွဲခံကာတောင်ပိုင်းတပ် များကို အပြတ်အသတ် အနိုင်ရလိုက်သည်။
ဤတွင် သမ္မတလင်ကွန်း၏သတ္တိ၊ ဇွဲနှင့်အားမာန်တိုကြောင့် ပြည်ထောင်စုကြီး မပြိုကွဲခဲ့ရခြင်း ဖြစ်သည်ဟု ဆိုနိုင်၏။ သူက အလုပ်ဖြစ်အောင် ဦးဆောင်သည်။ လုပ်နိုင်သူကိုချီးမြှောက်သည်။ “ထူးထူးခြားခြား သတ္တိမရှိတဲ့ ကျုပ်က အရေးအကြီးဆုံး ကာလတွေမှာ စိတ်ဓာတ်ကျနေတဲ့ တိုက်ပွဲဝင်ရဲဘော်တွေကို သတ္တိရှိလာအောင် ထိန်းပေးခဲ့ရတယ်”ဟု သူကပြောသည်။
လင်ကွန်း၏ စစ်ရေးလမ်းညွှန်မှုတစ်ခုလုံးကို ၁၈၆၅ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့တွင် သူက ဗိုလ်ချုပ်ကြီးထံပေးပို့သော ကြေးနန်းစာဝါကျတိုတစ်ကြောင်းဖြင့် အကျဉ်းချုပ်၍ရသည်။ ဗာဂျီးနီးယားပြည်နယ်တွင် တောင်ပိုင်းတပ်များအား အသဲအမဲ ထိုးစစ်ဆင်နေသော- ဗိုလ်ချုပ်ကြီး ဖစ်လ်ရှယ်ရီဒန်က ဗိုလ်ချုပ်ကြီးဂရန့်ထံသို အတင်းဖိတိုက်ရင်တော့ရန်သူတပ်တွေ လက်နက်ချမှာ သေချာတယ်’ဟူ၍ သံကြိုးစာပိုရာ လင်ကွန်းကတစ်ဆင့်ဖတ်ရှုရပြီးနောက် အတင်းဖိတိုက်ပါစေ’ ဟူ၍ ချက်ချင်း ပြန်ကြားလိုက်လေသည်။
အရာရာတိုင်းကို ခေါင်းဆောင်တိုင်း ကိုယ်တိုင်လုပ်၍ မရနိုင်ချေ။ လုပ်နိုင်မည့်လက်အောက် ခံပုဂ္ဂိုလ်များအား ထပ်ဆင့်တာဝန်ပေးရသည်။ သူတိုသည် စွန့်စား၍လုပ်ကြသည်။ ညွှန်ကြားချက်ကို စောင့်မနေဘဲ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် လုပ်ကြသည်။တာဝန်ပေးလျှင် မငြင်းဘဲ တာဝန်ယူကြသည်။ ယင်းသိုသော လက်အောက်ခံအမှုဆောင်ပုဂ္ဂိုလ်များသည် ခေါင်းဆောင်အဖို့ တန်ဖိုးအရှိဆုံးရတနာ ပင်ဖြစ်၏။ ထိုပုဂ္ဂိုလ်မျိုးတွေအလွန်ရှားသည်။ ထိုကြောင့် ကိုယ်လေးနှင့် ရွှေလေးစက်၍ တန်ဖိုးရှိသည်။ ဗိုလ်ချုပ်ကြီးဂရန့်သည် လင်ကွန်းအဖို ထိုပုဂ္ဂိုလ်မျိုးပင် ဖြစ်၏။ လောကတွင် ဂရန့်လိုပုဂ္ဂိုလ်များသည် သူ့လိုလူစားမျိုးများကိုသာ သူ့အောက်ခံအမှုဆောင် ပုဂ္ဂိုလ်အဖြစ် ရွေးချယ်ကြလိမ့်မည်။ ဂရန့်သည် သူ၏လက်အောက်ခံ အမှုဆောင်ပုဂ္ဂိုလ်များအဖြစ် မက္ကလီလန်နှင့် ဟူးကားတိုလို အချိန်ဆွဲတတ်သူများကိုမရွေး၊ ရှယ်ရီဒန်နှင့် ရှားမင်းတိုလို ရဲရင့်ပြတ်သားသောသူများ ကိုသာရွေး သည်။
စီးပွားရေးလုပ်ငန်းခေါင်းဆောင်များသည် ကြီးကျယ်သောအမြင်များကို ပိုင်ဆိုင်ပြီး လမ်းညွှန်မှုအားလုံးကို ပေးနိုင်ကောင်း ပေးနိုင်ကြလိမ့်မည်။ သိုရာတွင် ကုမ္ပဏီ၏ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် ယူလီစီဂရန့်လို ပုဂ္ဂိုလ်မျိုးမရှိလျှင်ကားလုံးဝအောင်မြင်နိုင်လိမ့်မည် မဟုတ်ချေ။
လင်ကွန်း၏ ခေါင်းဆောင်မှုကျင့်စဉ်
- တာဝန်ယူတတ်ပြီး စွန့်စားလုပ်ကိုင်တတ်သူများကိုသာ မိမိ၏အဓိကလက်အောက်ခံအမှုဆောင်ပုဂ္ဂိုလ်အဖြစ် ရွေးချယ်ပါ။
- ရှေ့တန်းသိုထွက်ပါ၊ အနိုင်နှင့်အရှုးကို ခံနိုင်ရည်ရှိပါ။
- အမှုထမ်းများက မိမိ၏အဓိကလက်အောက်ခံ အမှုဆောင်ပုဂ္ဂိုလ်အား ပြစ်တင်ဝေဖန်လာပါက စွပ်စွဲချက်မှန်ကန်လျှင် ထိုပုဂ္ဂိုလ်အား ဖယ်ရှားပစ်ရန် မကြောက်ပါနှင့်။
- မိမိနောက်လိုက်များအား အတတ်နိုင်ဆုံး အထောက်အကူပေးပါ။
- စွမ်းဆောင်ရည်မရှိသူများအား စွမ်းဆောင်ရည်ပြည့်လာအောင်သုံးလမှ ငါးလအထိ ‘သိက္ခာဆည်ချိန် ပေးပါ။
- အလုပ်ကောင်းကောင်းမလုပ်လျှင် အာဏာကို တဖြည်းဖြည်းလျှော့ချပါ။ ပြုပြင်ပြောင်းလဲနိုင်အောင် အချိန်လုံလောက်စွာပေးပါ။
- ဘာမျှ အလုပ်မလုပ်ဘဲ သတင်းအချက်အလက်များကိုသာ တစ်ပုံတစ်ပင်ကြီး စုဆောင်းနေသော လက်အောက်ခံပုဂ္ဂိုလ်မျိုးကို သတိထားပါ။
- အမှုဆောင်သစ်အား လမ်းမှန်ကို လျှောက်နိုင်အောင် သင်ပြပါ၊ လမ်းညွှန်ပါ။ မိမိကသူ့အား အလုပ်ဖြစ်စေလိုကြောင်း သူသိပါစေ။
- ရဲရင့်ပြတ်သားသော ခေါင်းဆောင်များသည် သူတိုလို လူသားမျိုးကိုသာ လက်အောက်ခံအဖြစ် ရွေးကြသည်။
- အတင်းဖိတိုက်သင့်လျှင် အတင်းဖိတိုက်ပါစေ။
အခန်း(၁၂)
ဆန်းသစ်တီထွင်မှုကို အားပေး
“ကျုပ်တို ပိုကောင်းအောင် လုပ်နိုင်သလားဆိုတဲ့ မေးခွန်းက ပြန်ပေါ်လာတယ်။ မုန်တိုင်းထန်တဲ့ ပစ္စုပ္ပန်ကာလအတွက် လေငြိမ်တဲ့အတိတ်ကာလရဲ့ သဘောတရားတွေက မလုံလောက်တော့ပါဘူး။ လက်ရှိအခြေအနေမှာ အခက်အခဲ တွေ တောင်လိုပုံနေတယ်။ အခြေအနေနဲ့အတူ ကျုပ်တို့ မြင့်တက်ကြရမယ်။ ကျုပ်တိုကိစ္စက အသစ်ဖြစ်တယ်။ ဒါကြောင့် ကျုပ်တို့အသစ်ရွေးကြရမယ်၊ အသစ်လုပ်ကြရမယ်’
[ကွန်ဂရက်ညီလာခံသို့ ပေးပို့သော
လင်ကွန်း၏ သဝဏ်လွှာမှ
(ဒီဇင်ဘာ၊ ၁၊ ၁၈၆၂)]
အေဘရာဟင်လင်ကွန်းကဲ့သို့သော် အစစ်အမှန်ခေါင်းဆောင်ကောင်းတို့သည် ပြုပြင်ပြောင်းလဲမှု၏ ကိရိယာဖြစ်သလို ပြုပြင်ပြောင်းလဲမှု၏ ဓာတ်ကူပစ္စည်းလည်း ဖြစ်သည်။ သူသည် သမ္မတဖြစ်လာခါစကပင် အစိုးရအဖွဲနှင့် တပ်မတော်ကို ပြုပြင်ပြောင်းလဲခဲ့သည်။ ပြုပြင်ဖွဲ စည်းခဲ့သည်။ တိုင်းပြည်သည် လက်နက်ကိုင်ပုန်ကန်မှုကို ရင်ဆိုင်ရန် အသင့်အနေအထား၌မရှိသေး၊ အပြောင်းအလဲမလုပ်၍ လုံးဝမဖြစ်။ ပြုပြင်ပြောင်းလဲရေးကို ချက်ချင်းလက်ငင်း လုပ်ကိုလုပ်ရမည်။
လင်ကွန်းသည် ဆုံးဖြတ်ချက်ပြတ်သားမှု၊ ဆန်းသစ်တီထွင်မှုတိုဖြင့် ပြုပြင်ပြောင်းလဲရေး လုပ်ခဲ့သည်။ အကျိုးရလဒ်ကို လိုလားသောသူ့ဆန္ဒသည် အလွန့်အလွန်ပြင်းပြသည်။ ထိုဆန္ဒသည် ပင်လျှင် စွန့်စားရဲခြင်းနှင့် ဆန်းသစ်တီထွင်တတ်ခြင်းတိုကိုဖော်ဆောင်ပေးခဲ့သည်။ မလွဲမရှောင်နိုင်သော ဆုံးရှုးမှုတွေ ရှိခဲ့သည်။ သို့သော် လင်ကွန်းသည် ဆုံးရှုံးမှုကို အထူးသည်းခံနိုင်စွမ်းရှိသည်။ အဘယ် ကြောင့်ဆိုသော် သူ၏ ဗိုလ်ချုပ် ကြီးများသည် အမှားမလုပ်မိလျှင် လှုပ်ရှားမှုမရှိနိုင်ကြောင်း သူသိသောကြောင့်ဖြစ်၏။ သူက ဗိုလ်ချုပ်ကြီးဂရန့်အား “ဗိုလ်ချုပ်ရဲ့ အကြံဉာဏ်ကို အမြဲတမ်းလို ချင်ပါတယ်”ဟူ၍ ပြောခဲ့သည်။ ဗိုလ်ချုပ်ကြီး မက္ကလီလန်အားလည်း “ကြိုးစားစမ်းပါ ဗိုလ်ချုပ်၊ မကြိုးစားရင် ကျုပ်တို ဘယ်တော့မျှ အောင်မြင်နိုင်မှာ မဟုတ်ဘူး ဟူ၍ အားပေးခဲ့သည်။ လင်ကွန်း သည် ဗိုလ်ချုပ်ကြီးများ၏ ဆုံးရှုးမှုများကို အောင်မြင်မှုအတွက် ခြေနင်းခုံများအဖြစ် ခံယူသည်။ တိုက်ပွဲမအောင်မြင်သောကြောင့် ဗိုလ်ချုပ်ကြီးများအား ဘယ်တော့မျှအပြစ်မတင်၊ အားပေးစကား ပြောသည်။ အကူအညီပေးသည်။ ပထမ ဘူးလ်ရန်း”တိုက်ပွဲရှုးစဉ်က ဗိုလ်ချုပ်ကြီး အာဗင်မက္ကဒိုဝဲအား “ဗိုလ်ချုပ်အပေါ်မှာ ကျုပ်ရဲ့ယုံကြည်ချက် တစ်စက်ကလေးမှ လျော့မသွားဘူး ဟူ၍ သူ အားပေးစကား ပြောခဲ့သည်။ တခြားဗိုလ်ချုပ်ကြီးများကို အလားတူပင် သူ အားပေးစကားပြောခဲ့သည်။ သူသည် တိုက်ပွဲရှုံးသော ဗိုလ်ချုပ်ကြီးများနှင့် စစ်မြေပြင်တွင် သွားရောက်တွေ့ဆုံကာ လိုအပ်သော အကူအညီ များကို ပေးခဲ့သည်။
လင်ကွန်းသည် သူ၏လက်အောက်ငယ်သားများအား တန်းတူရည်တူဆက်ဆံသည်။ တူညီ သောရည်မှန်းချက်အတွက် လုပ်ဖော်ကိုင်ဖက်များအဖြစ် သဘောထားသည်။သူသည် သူ့ကိုယ်သူလည်း အပြည့်အဝ ယုံကြည်သည်။ ဘယ်သူခြောက်၍မှလည်းသူမကြောက်။ သူ့အနားတွင် ‘ပုတ်သင်ခေါင်းညိတ် လူစားမျိုးတွေမရှိ၊ ကိုယ့်အလုပ် ကိုယ် နားလည်သော လူစားမျိုးတွေသာရှိသည်။ သူ့ကို ကြိုက်ကြိုက်မကြိုက်ကြိုက်၊ သူ့ကို ပညာပေးနိုင်သော လူစားမျိုးတွေသာ ရှိသည်။ သူသည် တခြားလူတွေဆီကရော အတွေ့အကြုံမှပါ ပညာယူသည်။ ဤအချက်ကို ခေါင်းဆောင်တိုင်း မလိုက်နာနိုင်ကြ။ အတော်ဆုံးခေါင်းဆောင်များသည် လေ့လာမှုကို ဘယ်တော့မျှမရပ်၊ အမြဲတမ်း သင်ယူဆည်းပူးနေသည်။ သူတိုသည် ဆက်ဆံရသူတိုင်းထံမှ ပညာယူတတ်သော အရည်အချင်းထူးကို ပိုင်ဆိုင်ကြသည်။ ယင်းသိုသော အမြဲမပြတ် စုဆောင်းရရှိနေသည့် ဗဟုသုတကြောင့်ပင်လျှင် သူတိုသည် လိုအပ်သည့်အခါတိုင်း ပြုပြင်ပြောင်းလဲမှု ပြုလုပ် နိုင်ကြခြင်းဖြစ်၏။
သမ္မတလင်ကွန်းသည် ပင်ကိုသဘာဝအားဖြင့် တတ်ချင်သိချင်စိတ် ပြင်းပြသည်။ ပညာယူလို စိတ် ထက်သန်သည်။ သူသည် အသစ်အဆန်းကိုလည်း အလွန်သိချင်သည်။ ဤစိတ်ကြောင့်ပင်လျှင် သူသည် ဆန်းသစ်တီထွင်တတ်သူ ဖြစ်လာခဲ့သည်။ သူသည် သက်တမ်းလေးနှစ်တာကာလအတွင်း အမေရိကန်သမ္မတ၏ ဂုဏ်ရည်ကို ထူးခြားစွာမြှင့်တင်နိုင်ခဲ့ခြင်းမှာ အံ့ဩဖွယ်ရာမဟုတ်။ သူသည် သူ၏လက်အောက်ငယ်သားများ အားလည်း သူ့လိုပင် ဆန်းသစ်တီထွင်လိုစိတ် ရှိစေချင်သည်။ ရှိလာအောင်လည်း အားပေးအားမြှောက်လုပ်သည်။ တွမ်ပီတာစ်၏ တိုးတက်သော ခေတ်ပြိုင် အတွေးအခေါ် သည် လင်ကွန်း၏ ခေါင်းဆောင်မှုဒဿနနှင့် အလွန်ကိုက်ညီသည်။ တွမ်ပီတာစ်ကသူ၏ ‘အရှုံးထဲမှအမြတ်ထုတ်ခြင်း အမည်ရှိ စာအုပ်တွင် စွမ်းဆောင်ရည်ရှိသူများအားကူညီအားပေးခြင်း၊ ကိုယ်တိုင် ဆန်းသစ်တီထွင်ပြခြင်းနှင့် အတိတ်က အမှားလုပ်မိသူများအထောက်အကူပေးခြင်းတိုဖြင့် လူတိုင်း ဆန်းသစ်တီထွင်မှု စွမ်းရည် ရရှိလာနိုင်သည်”ဟူ၍ ရေးသားထားသည်။
လင်ကွန်းသည် သမ္မတမဖြစ်ခင်ကာလကပင် ဆန်းသစ်တီထွင်မှုကို စိတ်ဝင်စားခဲ့သည်။ သူသည် ရေစူးများသောလှေများ ရေပေါ်တွင် ပို၍ပေါ်စေသည့် နည်းသစ်တစ်မျိုးကို တီထွင်နိုင် သောကြောင့် အသက် ၄၀ အရွယ်တွင် တီထွင်မှုနည်းသစ် မူပိုင်ခွင့်ရရှိခဲ့သည်။ ထိုကြောင့် ယင်းသို မူပိုင်ခွင့်မှတ်ပုံတင်ရရှိသည့် တစ်ဦးတည်းသောအမေရိကန်သမ္မတအဖြစ် သမိုင်းဝင်ခဲ့သည်။ နောက်ပိုင်းတွင်လည်း သူသည် ခေတ်သစ်သိပ္ပံပညာတိုးတက်မှုများကို မျက်ခြည်မပြတ် လေ့လာ ခဲ့သည်။ သမ္မတဖြစ်လာပြီးသည့်နောက်တွင်လည်း စိတ်ကူးသစ်များကို အမြဲတမ်း စိတ်ဝင်စားခဲ့သည်။ အားပေးခဲ့သည်။ များစွာသော စီးပွားရေးလုပ်ငန်းရှင်များနှင့် တီထွင်သူများသည် သမ္မတသစ်၏ အမြဲတမ်းတံခါးဖွင့်ထားသော အလုပ်ချိန်အတွင်းမှာပင် အိမ်ဖြူတော်သို လာရောက်ပြီး သူတို၏စိတ်ကူးသစ်များနှင့် တီထွင်မှုအသစ်များကို သမ္မတထံတင်ပြကြသည်။ ထိုပြင် တီထွင်မှု အသစ်များကို အစိုးရကဝယ်ယူရန် မေတ္တာရပ်ခံစာများလည်း သမ္မတကြီး၏စားပွဲတွင် အထပ်လိုက်စု ပုံနေသည်။ လင်ကွန်းသည် ယင်းအချက်များကို အရေးတယူ လက်ခံဖတ်ရှုရုံသာမက ဝါရှင်တန်မြိုတွင်း မြို့ပြင်တွင် ပြုလုပ်သော တီထွင်မှုအသစ်ပြပွဲများသို့ စိတ်ပါလက်ပါ တက်ရောက်အားပေးသည်။ ယင်းသို တက်ရောက်ခြင်းဖြင့် သူသည် တစ်ကိုယ်တော် သုတေသနနှင့် ဖွံဖြိုးတိုးတက်ရေးလုပ်ငန်း ပြုလုပ်ခြင်းဖြစ်၏။ အဆိုပါ ပြပွဲများမှာ အများအားဖြင့် လက်နက်သစ်ပြပွဲများ ဖြစ်သည်။
လင်ကွန်းသည် ပိုတိုမက်မြစ်ကိုဖြတ်၍ ဗောတံတားထိုးခြင်းကိုလည်း သွားရောက် ကြည့်ရှု သည်။ လေပူသွင်းထားသော ထောက်လှမ်းရေး ဘောလုံးပျံလွှတ်တင်ပွဲသိုလည်း တက်ရောက်သည်။ သံချပ်ကာစစ်သင်္ဘော ဆောက်လုပ်ခြင်းကိုလည်း သွားကြည့်သည်။ ဒုံးပျံစမ်းသပ်ပွဲကို သွားရောက် ကြည့်ရှုရာ အချိန်မကျမီ ပေါက်ကွဲသောကြောင့် ကံကောင်း၍ ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ခြင်း ဖြစ်သည်။ သူသည် အသစ်တီထွင် ထုတ်လုပ်သော ခဲယမ်းမီးကျောက်၊ မီးကျည်နှင့် အခြားလက် နက်များ ပြသပွဲများသို့လည်း မလွတ်တမ်း သွားရောက်ကြည့်ရှုသည်။ လက်နက်သစ်များကို ကိုယ်တိုင်စမ်းသပ်ပစ်ကြည့်သည်။ ထိုပြင် အမြောက်သစ်တီထွင်သူအား အစိုးရအဖွဲ အစည်းအဝေးသို့ ဖိတ်ခေါ်၍ ရှင်းလင်းပြသစေသည်။
လင်ကွန်းသည် စက်မှုနည်းပညာတိုးတက်မှု အသစ်မှန်သမျှကို စိတ်ဝင်စားသည်။ ထိရောက် သော လက်နက်ဆန်းများကို တိုက်ပွဲအတွက် အမြန်ဆုံးအသုံးပြုစေသည်။ တကယ်တော့ သူသည် တိုးတက်သော သိပ္ပံခေတ်နှင့်အပြိုင် တိုးတက်သော ခေတ်မီသော သမ္မတတစ်ဦးပင်ဖြစ်၏။
ဆန်းသစ်တီထွင်သော စိတ်ကူးကို တိုးတက်အောင်ပြုလုပ်ခြင်းနှင့် ယင်းသို့ တိုးတက်အောင် လူထုအကူအညီကိုရယူခြင်းသည် ခေါင်းဆောင်ကောင်းတို၏အောင်မြင်ရေးစွမ်းရည်တစ်ရပ်ဖြစ်သည်။ သို့သော်လည်း ယနေ့ခေတ်ခေါင်းဆောင်အများစုတိုသည်စနစ်သစ်တီထွင်ခြင်းထက် စနစ်ဟောင်း ကိုသာ စွဲလမ်းနေခြင်းမှာ ဝမ်းနည်းစရာကောင်းသည်။ ဤအချက်သည် အမေရိကန်နိုင်ငံအတွက် ပို၍မှန်၏။ ဂျပန်နိုင်ငံကား ယင်းသို့မဟုတ်၊ ဆန်းသစ်တီထွင်မှုကို အလွန်ဦးစားပေးသည်။ ထိုကြောင့် ထိပ်သီးစက်မှုနိုင်ငံဘဝသို့ ရောက်ရှိခဲ့ခြင်းဖြစ်၏။
တိုးတက်မှုကို ပိတ်ဆိုခြင်းသည် အဖွဲအစည်းတစ်ခုကို ပျက်စီးစေနိုင်သည်။ ဆန်းသစ်တီထွင်မှု သည် အဖွဲ အစည်းတစ်ခု အမြဲတမ်းရှင်သန်ရေးအတွက် အများကြီးအထောက်အကူပြုသည်။ ယနေ့ခေတ်တွင် စက်မှုနည်းပညာသစ်များ လျင်မြန်စွာပြောင်းလဲနေသည်။ ခေတ်သစ်စီးပွားရေးလု ပ်ငန်းကုမ္ပဏီများသည် ခေတ်နှင့်အမီလိုက်ကာဆန်းသစ်တီထွင်မှုများ မလွဲမသွေပြုလုပ်ကြရမည်။ အထူးသဖြင့် ကွန်ပျူတာစက်မှုလုပ်ငန်းအတွက် မလုပ်မဖြစ် လိုအပ်သည်။ အဘယ်ကြောင့်ဆိုသော် ကွန်ပျူတာစက်မှုလုပ်ငန်းတွင် ယနေ့ အကြီးကျယ်ဆုံးနှင့် အတိုးတက်ဆုံး ပစ္စည်းသစ်တစ်ခုသည် မနက်ဖြန်တွင် ရှေးဟောင်းပစ္စည်း ဖြစ်သွားနိုင်သောကြောင့်ဖြစ်၏။
သာမန်စစ်သားသည် သမ္မတအထိ လူတိုင်းလူတိုင်း တိုင်းပြည်တိုးတက်ရေးအတွက် တစ်ခုခုကို အကျိုးပြုနိုင်ကြောင်း လင်ကွန်းက ပြသခဲ့သည်။ သူသည် အကျပ်အတည်း အကြုံရဆုံးကာလအ တွင်းမှပင် အမြဲတမ်းလေ့လာနေခြင်းဖြင့် ဆန်းသစ်သောစိတ်ကူး၊ ဆန်းသစ်သော တိုးတက်မှုကို ဖော်ထုတ်၍ အောင်ပွဲခံရန် သူ၏လက်အောက်ငယ်သားများအား မပြတ်နှိးဆော်ခဲ့၏။ ထိရောက်သော ဆန်းသစ်တီထွင်မှုများ ပေါ်ပေါက်လာရေးအတွက် လွတ်လပ်ပျော်ရွှင်သော လုပ်ငန်းခွင်အခြေအနေကို ဖန်တီးပေးရန်မှာတိုင်းပြုပြည်ပြု ခေါင်းဆောင်တစ်ဦးဖြစ်သော မိမိ၏အဓိကတာဝန်ဖြစ်ကြောင်း သူကောင်းစွာသဘောပေါက်၏။
လင်ကွန်း၏ ခေါင်းဆောင်မှုကျင့်စဉ်
- လက်ရှိအခြေအနေတွင် အခက်အခဲတွေ တောင်လိုပုံနေလျှင်အခြေအနေနှင့်အတူ မြင့်တက်ပါ၊ အသစ်တွေးပါ၊ အသစ်လုပ်ပါ။
- မိမိလူတွေ မအောင်မြင်လျှင်လည်း သူတိုအပေါ်တွင်ယုံကြည်မှုလျော့မသွားပါနှင့်။
- မိမိသည် သူတိုအကြံဉာဏ်များကို အမြဲတမ်းလိုလားကြောင်းလက်အောက်ငယ်သားများ သိပါစေ။
- ဘယ်တော့မျှ မကြိုးစားလျှင် ဘယ်တော့မျှ မအောင်မြင်နိုင်။
- ကျယ်ပြန့်သောမူဝါဒကိစ္စများမှတစ်ပါး အခြားကိစ္စများတွင်အထက်အမိန့်ကို စောင့်မနေဘဲ မိမိတို၏ ဦးဆောင်ဆုံးဖြတ်ချက်ဖြင့် လုပ်ဆောင်ကြရန် လက်အောက်ငယ်သားများအားအားပေးပါ။
- အတော်ဆုံးခေါင်းဆောင်များသည် အမြဲတမ်းလေ့လာဆည်းပူးနေသည်ဟူသော အချက်ကို မမေ့ပါနှင့်။
- မိမိ၏ပတ်ပတ်လည်တွင် ကိုယ့်အလုပ်ကိုယ်သိသောသူများသာရှိပါစေ၊ ‘ပုတ်သင်ခေါင်းညိတ် လူစားမျိုးတွေ မရှိပါစေနှင့်။
- အသစ်တိုးတက်မှုတွေကို အသုံးချရန် လက်မနှေးပါနှင့်၊ မိမိ၏တပ်သားများလက်ထဲသို လက်နက်သစ်တွေ ချက်ချင်းရောက်နိုင်အောင် အတတ်နိုင်ဆုံးကြိုးစားပါ။
အပိုင်း (၄)
ဆက်သွယ်ရေး
အခန်း(၁၃)
ဟောပြောမှုအတတ် တစ်ဖက်ကမ်းခပ်
လက်တန်းစကားပြောခြင်းကို လေ့ကျင့်ပျိုးထောင်သင့်သည်။ ယင်းသည် ရှေ့နေ၏ လူထုနှင့်ဆက်သွယ်ရာလမ်းကြောင်းဖြစ်၏။ အခြားနေရာတွင် ဘယ်လောက်ပင် ကျွမ်းကျင်သည် ဖြစ်စေကာမူ စကားပြောမတတ်လျှင်သူကိုလူတွေက အလုပ်အပ်ရန် လက်နှေးကြလိမ့်မည်”
[လူငယ်ရှေ့နေများအား ပိုချရန်
ရေးသားထားသော လင်ကွန်း၏
မှတ်စုမှ (ဇူလိုင်၊ ၁၊ ၁၈၅၀)]
၁၉၈၀ ပြည့်နှစ်ဝန်းကျင် ဆယ်စုနှစ်ကာလတွင် အမေရိကန်သမ္မတ ရော်နယ်ရေဂင် အားအလွန်အဟောအပြောကောင်းသူအဖြစ် သတ်မှတ်ခဲ့ကြသည်။ သိုသော်လည်း အာဝဇွန်းအရာ တွင်ကား အေဘရာဟင်လင်ကွန်းကို ယှဉ်နိုင်လိမ့်မည်မဟုတ်။ လင်ကွန်းသည်သူ့မိန့်ခွန်းများကို သူကိုယ်တိုင်ရေးသည်။ သူ့မိန့်ခွန်းအများစုကို စာပေအနုပညာမြောက်သော မိန့်ခွန်းများအဖြစ် ယနေ့ခေတ်တွင် စံတင်ထားကြသည်။ သူသည် အလွန်စကားပြောကောင်းသူဖြစ်၏။ ပရိသတ်၏ ခံစားမှုကို ဆွဲဆောင်နိုင်စွမ်း အပြည့်အဝရှိသည်။ ထိုပြင် သူသည် လက်တန်းစကားပြောအကောင်းဆုံး ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်၏။ စတီဖင်ဒေါက်ကလပ်နှင့် အခြေအတင် မဲဆွယ်ဟောပြောသော သူ့မိန့်ခွန်းများသည် အလွန်ထင်ရှားသည်။ သူသည် ငွေဝယ်ကျွန်လွတ်ငြိမ်းချမ်းသာခွင့် ကြေညာစာတမ်း နှင့်တကွ ထောင်ပေါင်းများစွာသော ပေးစာအတိုအရှည်များကိုလည်း ရေးသားခဲ့၏။ ‘သမ္မာကျမ်းစာတစ်အုပ်လုံးထက် စာလုံးရေ ပို၍များသော သူ၏မိန့်ခွန်းများနှင့် ပေးစာများ ပေါင်းချုပ် သည် သူ၏ ထိရောက်သော ဆက်သွယ်ရေးစွမ်းရည်ကို ဖော်ပြနေသည်။
လင်ကွန်းသည် သမ္မတမဖြစ်သေးမီ လူငယ်ဘဝကတည်းကပင် အဟောအပြော ကောင်းသူအဖြစ် ထင်ရှားခဲ့သည်။ ၁၈၅၈ ခုနှစ်တွင် စတီဖင်ဒေါက်ကလပ်သည် အထက် လွှတ်တော်အမတ်လောင်းအဖြစ် လင်ကွန်းနှင့် ယှဉ်ပြိုင်ရသောအခါ အနိုင်ရခက်သော ပြိုင်ဘက်နှင့် ပြိုင်ရတော့မည်ဟု စိုးရိမ်မကင်းဖြစ်ခဲ့ရ၏။ ‘ဒီလူက သူ့ပါတီရဲ့ အမာခံပုဂ္ဂိုလ်ပဲ၊ ဖြတ်ထိုးဉာဏ်သိပ် ကောင်းတယ်၊ အချက်အလက်နဲ့ ရက်စွဲတွေကို အကုန်သိတယ်၊ စကားပြောအလွန်ကောင်းတယ်၊ ရိုးသားသလောက် ပါးနပ်လိမ္မာတယ်၊ သူ့ကို ကျkပ်နိုင်ရင်တောင်မှ ခက်ခက်ခဲခဲနဲ့ နိုင်ရလိမ့်မယ်’ဟု ဒေါက်ကလပ်က မှတ်ချက်ချခဲ့၏။
လင်ကွန်းသည် သမ္မတမဖြစ်ခင် ခြောက်နှစ်လောက်ကစ၍ သာမန်ပြည်သူတို၏ ပြောရေးဆို ခွင့်ရှိသူအဖြစ်လည်းကောင်း၊ ပရိသတ်ရှေ့တွင် စကားပြောကောင်းသူအဖြစ်လည်းကောင်း သတ်မှတ်ခြင်းခံခဲ့ရသည်။ ၁၈၅၄ ခုနှစ်မှ ၁၈၆ဝ ပြည့်နှစ်အထိကာလတွင် မိန့်ခွန်းပေါင်း ၁၇၀ ကျော် ပြောပြီး သူ့ဇာတိ အီလီနွိက်ပြည်နယ် လူထုထောက်ခံမှုကိုရယူနိုင်ခဲ့သည်။ အဆိုပါမိန့်ခွန်းအများစုကို မှတ်စုမပါဘဲ လက်တန်းပြောခဲ့ခြင်းဖြစ်၏။ လင်ကွန်းသည် စကားပြောကောင်းခြင်း၏တန်ဖိုးကို ကောင်းကောင်းသိရှိသည့်အလျောက် လူထုကိုစည်းရုံးရာတွင် ထိုအရည်အချင်းကို ကောင်းစွာ အသုံးချခဲ့သည်။ သူ့အသံသည်ကျယ်သည်၊ စူးသည်။ စိတ်လှုပ်ရှားလာသောအခါ ပို၍ပင် ကျယ်သေးသည်။ တစ်ခါတစ်ရံနားဝင်ပီယံ မရှိသလိုပင် ခံစားရသည်။ သိုသော်လည်း သူ့အသံသည် သူ့အတွက် ကြီးကျယ်သော ပိုင်ဆိုင်မှုဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူ့အသံကို အဝေးကြီးကပင် ကြားနိုင်သောကြောင့်ဖြစ်၏။ သူက မိန့်ခွန်းပြောရင်း ကိုယ်အမူအရာကိုလည်း တစ်ခါတစ်ရံသုံးသည်။ ဥပမာ- အကြောင်းအရာတစ်ခုကို အလေးအနက်ပြုရန်ဒူးကိုညွှတ်ကာ ကုန်းကုန်းကွကွ လုပ်နေပြီး နောက်မှ ရုတ်တရက် ခြေဖျားထောက်ရပ်လိုက်ခြင်းမျိုးဖြစ်၏။
သူသည် အီလီနွိက်ပြည်နယ်တွင် ရှေ့နေလုပ်ခဲ့စဉ်ကလည်း တရားခွင်တွင်လျှောက်လဲချက်ကောင်း၍ နာမည်ရခဲ့သည်။ ပြည်နယ်တရားရုံးချုပ်တွင် အခြားရှေ့နေတွေထက် အမှုအများဆုံးလျှောက်လဲခဲ့ရသည်။ အချိန်အခါကို သိခြင်း၊ ဂျူရီလူကြီး၏ စိတ်ခံစားချက်ကို မှန်းဆတတ်ခြင်းသည် သူ၏ သူမတူသော အရည်အချင်းဖြစ်သည်။ သူ၏ဦးနှောက်သည် အလွန်ထက်သည်၊ အလွန်မြန်သည်။ ကိန်းဂဏန်းများနှင့်အချက်အလက်များကို ခဏတာအတွင်း မှတ်မိနိုင်စွမ်းရှိသည်။ ထိုပြင် အခါအားလျော်စွာဆီလျော်သော ပုံတိုပတ်စများနှင့် ဟာသများကို သုံးရာတွင်လည်း အလွန်ကျွမ်းသည်။
လင်ကွန်းသည် မိန့်ခွန်းမပြောမီ ဂရုတစိုက် ကြိုတင်ပြင်ဆင်တတ်သည်။ တစ်ခါတစ်ရံ မိန့်ခွန်းတစ်ခုလုံးကို ရေးပြီးမှ ပရိသတ်ရှေ့တွင် ဖတ်၍ဟောပြောသည်။ မိန့်ခွန်းအတွက် အချက်အလက်စုရင်း ရက်သတ္တပတ်တွေ ကုန်သွားတတ်သည်။ “သူက သူရေးတာမှန်သမျှ ပုံနှိပ်ပြီးမှ ကျေနပ်တတ်တယ်၊ မိန့်ခွန်းဆိုရင်လည်း ပြောပြီးမှ ကျေနပ်တယ်’ဟု သူ့မိတ်ဆွေတစ်ဦးက ပြောဖူးသည်။ လင်ကွန်း၏အကျော်ကြားဆုံး မိန့်ခွန်းများကို အထူးတလည် လေ့လာစစ်ဆေးပြီးမှ ပုံနှိပ်ခြင်းဖြစ်သည်။ မိန့်ခွန်းများကိုသတင်းစာဆရာများအား ကြိုတင်ဖြန့်ဝေပေးထားသည်။ သူ၏ ပြိုကွဲနေသောအိမ်အမည်ရှိ မိန့်ခွန်းသည် အလွန်ထင်ရှားသည်။ ထိုမိန့်ခွန်းကို ၁၈၅၈ ခုနှစ်က စပရင်းဖီးလ်ဒ်မြို၊ ရီပတ်ဘလစ်ကန်ပါတီ ညီလာခံတွင် ပြောကြားခဲ့သည်။ ထိုမိန့်ခွန်းသည် “သူ့တစ်သက်တွင် ဂရုတစိုက် ကြိုတင်ပြင်ဆင်မှုအများဆုံး မိန့်ခွန်းဖြစ်သည်။ စကားလုံးတိုင်းကို ဂရုတစိုက်ရွေးသည်။ ဝါကျတိုင်းကို ဂရုတစိုက်ရေးသည်’ဟူ၍ သူ့အတွင်းရေးအတွင်းဝန်များဖြစ်သော နီကိုလေးနှင့် ဟေးတိုက မှတ်တမ်းတင်ခဲ့ကြသည်။ ထိုမိန့်ခွန်းကို ပြည်နယ်သတင်းစာအားလုံးက ဖော်ပြကြသည်။ နယူးယော့ထရီဘွန်း” သတင်းစာကြီးကလည်း “ရီပတ်ဘလစ်ကန် သဘောတရားများ ဟူသော ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့၏။
၁၈၆ဝ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် နယူးယော့စီးတီး၊ ကူးပါးအင်စတီကျ၌ ပြောကြားခဲ့သော မိန့်ခွန်းသည် လင်ကွန်း၏နိုင်ငံရေးသက်တမ်းတွင်အရေးအကြီးဆုံးမိန့်ခွန်းဖြစ်၏။ သူသည် ယင်းမိန့်ခွန်းကို လွန်ခဲ့သော သုံးလကျော်ကျော်ကပင် ကြိုတင်ပြင်ဆင်ရေးသားခဲ့သည်။ မိန့်ခွန်းပြောသောညတွင် ခန်းမကြီးထဲ၌ ပရိသတ်၁,၅ဝဝခန့် ရှိနေ၏။ သူတိုသည် တစ်ဦးလျှင် ၂၅ ဆင့်စီပေးပြီး လာရောက်နားထောင်ကြခြင်းဖြစ်သည်။
လင်ကွန်းက သူ၏ပြိုင်ဘက် စတီဖင်ဒေါက်ကလပ်၏ ငွေဝယ်ကျွန်စနစ်ကိုလိုလားခြင်းကို တိုက်ခိုက်ပြောကြားသည်။ “တိုင်းပြည်တည်ထောင်ဖခင်များက ငွေဝယ်ကျွန်စနစ်ကို ပြဋ္ဌာန်းပေးခဲ့ သည်ဟု ဒေါက်ကလပ်ကဆိုသည်။ သိုသော်လည်း အမေရိကန်ပြည်ထောင်စု၏ ဖွဲစည်းပုံအခြေ ခံဥပဒေကို လက်မှတ်ထိုးခဲ့သော တိုင်းပြည်ခေါင်းဆောင်၃၉ ဦးအနက် ၂၁ဦးက ငွေဝယ်ကျွန်စနစ်ကို တစ်ချိန်မဟုတ်တစ်ချိန်တွင် ဆန့်ကျင်မဲပေးခဲ့ကြကြောင်းကို လင်ကွန်းက အထောက်အထားခိုင်လုံစွာ ပြန်လည်ချေပသည်။ ပရိသတ်လက်ခုပ်ဩဘာပေး၍ ထောက်ခံကြသည်။ လင်ကွန်းက သူ့မိန့်ခွန်းနောက်ပိုင်းတွင်သိပ်ပြီးမကျေမနပ်ဖြစ်နေကြပေမဲ့ စိတ်လိုက်မာန်ပါ မလုပ်မိကြပါစေနဲ့ ဟူ၍ ရီပတ်ဘလစ်ကန်ပါတီဝင်များအား မေတ္တာရပ်ခံသည်။ ထိုနောက် သူ့မိန့်ခွန်းကို အောက်ပါစကားဖြင့် နိဂုံးချုပ်သည်။
“ကျုပ်တိုကို မဟုတ်မမှန် စွပ်စွဲပြောဆိုမှုတွေကြောင့် ကျုပ်တိုရဲ့တာဝန်ကို မပျက်ကွက် ကြပါစေနဲ့၊ အစိုးရအဖွဲ ပျက်စီးရာပျက်စီးကြောင်း လုပ်ကြံပြောဆိုမှုတွေကိုလည်း မကြောက်ကြပါနဲ့၊ အမှန်တရားသည် အားအရှိဆုံးဆိုတာကို ကျုပ်တိုh မမှိတ်မသုန် ယုံကြည်ကြပါစို၊ အဲဒီယုံကြည်ချက်ကို ရင်ဝယ်ပိုက်ပြီးတော့ ပန်းတိုင်ရောက်သည်အထိ ကျုပ်တိုရဲ့ တာဝန်ကို ရဲရဲဝံ့ဝံ့၊ ကျေကျေပွန်ပွန်ဆောင်ရွက်ကြပါစို”
မိန့်ခွန်းအဆုံးတွင် ပရိသတ်က တစ်ခဲနက် လက်ခုပ်သြဘာပေးကြသည်။ မတ်တတ်ရပ်ကာ ဦးထုပ်များနှင့် လက်ကိုင်ပဝါများကို ဝှေ့ယမ်း၍ ထောက်ခံအားပေးကြသည်။ ရှေ့သို အတင်းတိုး ဝှေ့တက်လာပြီး လက်ဆွဲနှုတ်ဆက်ကြသည်၊ ချီးကျူးစကားပြောကြသည်။ အီလီနွိက်ပြည် နယ်မှတောသားရှေ့နေမှာ နယူးယောက်မြိုကြီးမှ ရီပတ်ဘလစ်ကန်ပါတီဝင်များအကြား နေ့ချင်းညချင်း ထင်ပေါ်ကျော်ကြားသွားတော့သည်။ သူ့မိန့်ခွန်းကိုလည်း သတင်းစာတွေက အပြိုင်အဆိုင် အသားပေး၍ ဖော်ပြကြသည်။ မိန့်ခွန်းတွေကို အထူးဂရုစိုက်၍ ကြိုတင်ပြင်ဆင်ရန် အရေးကြီး ကြောင်း၊ သူ့မိန့်ခွန်းများကြောင့် သူ လူသိများလာပြီး နောက်ဆုံးတွင် သမ္မတဖြစ်လာသည်အထိ အောင်မြင်ခဲ့ကြောင်းကို နောင်အခါ လင်ကွန်းက ထုတ်ဖော်ပြောကြားခဲ့သည်။
တကယ်တော့ သူယင်းသိုအောင်မြင်ခဲ့ရခြင်းမှာ သူ၏ခံစားချက်များကို ပရိသတ်ထံရောက်အောင် ပြောကြားနိုင်စွမ်းသော ဆက်သွယ်ရေးစွမ်းရည်ကြောင့်လည်း ဖြစ်သည်။သူ၏ ယင်းစွမ်းရည်ကို စပရင်းဖီးလ်ဒ် မီးရထားဘူတာ၌ ပြောကြားခဲ့သော မိန့်ခွန်းဖြင့်သိသာနိုင်သည်။ သမ္မတအဖြစ် ပူပူနွေးနွေးအရွေးခံထားရသော လင်ကွန်းသည် မိသားစုနှင့်အတူ ဝါရှင်တန်မြိုတော်သို့ ပြောင်းရွှေ့နေထိုင်ရန် ဘူတာရုံသိုရောက်ရှိလာခဲ့သည်။မိတ်ဆွေများ၊ အိမ်နီးချင်းများနှင့် လုပ်ဖော်ကိုင်ဖက်များ အပါအဝင် လူပေါင်း တစ်ထောင်ကျော်တို့က ပိုဆောင်နှုတ်ဆက်ရန် ဘူတာရုံသို ရောက်ရှိလာကြသည်။ လူထုပရိသတ်ကြီးကို မြင်လိုက်တော့ လင်ကွန်းရင်ထဲတွင် ထိထိခိုက်ခိုက် လှုပ်ရှားသွားမိသည်။တစ်ချိန်တည်းတွင် တစ်ခုခုပြောချင်သည့်ဆန္ဒလည်း ပေါ်ပေါက်လာသည်။ သိုဖြင့် သူကပရိသတ် ကြီးအား အောက်ပါစကားကို လက်တန်းပြောလိုက်လေသည်။
“မိတ်ဆွေများခင်ဗျား အခုလို ခွဲခွာသွားရခြင်းအတွက် ကျွန်တော့်ရဲ့ ဝမ်းနည်းမှုကို ကျွန်တော့်အခြေအနေမျိုးမှာမရှိတဲ့ ဘယ်သူမဆို ခံစားသိရှိနိုင်မှာမဟုတ်ပါဘူး။ ဒီနေရာ ဒီဒေသနဲ့ ဒီပုဂ္ဂိုလ်တွေရဲ့ ကြင်နာမှုတွေ အားလုံးကကျွန်တော့်ကို ပိုင်ပါတယ်။ ဒီနေရာ ဒီဒေသမှာ ကျွန်တော် ရာစုနှစ် လေးပုံတစ်ပုံနေထိုင်ခဲ့ပါတယ်။ လူငယ်ဘဝကစပြီး လူကြီးဘဝ ရောက်တဲ့အထိ နေထိုင်ခဲ့ပါတယ်။ ဒီနေရာ ဒီဒေသမှာ ကျွန်တော့်ရဲ့ ရင်သွေးတွေကို မွေးဖွားခဲ့ကြပါတယ်။ ရင်သွေးတစ်ယောက်ကတော့ ဒီနေရာ ဒီဒေသမှာပဲ ခေါင်းချသွားခဲ့ပါတယ်။ အခုအချိန်မှာတော့ ကျွန်တော်ဟာ အလွန်ကြီးမားတဲ့ တာဝန်ကြီးနဲ့ ဒီနေရာဒီဒေသက ထွက်ခွာသွားရပါတော့မယ်။ ကျွန်တော် ဒီနေရာ ဒီဒေသကို ဘယ်တော့ပြန်လာရမယ်ဆိုတာ ဘယ်လိုမျှ မသိနိုင်ပါဘူး။ ဘုရားသခင်ရဲ့ အဆောင်အမကို မရရှိခဲ့ရင် ကျွန်တော် ဘယ်တော့မျှမအောင်မြင်နိုင်ပါဘူး။ ကျွန်တော်ဟာဘုရားသခင်ရဲ့ အစောင်အမကြောင့် အောင်မြင်မှု ရရှိခဲ့ပါတယ်။ ဘုရားသခင်ကိုယုံကြည်ပြီး ဘုရားသခင်ရဲ့ အစောင်အမကို အမြဲတမ်းခံယူရင်း အစစအရာရာချောမွေ့အောင်မြင်လိမ့်မယ်လို လေးလေးနက်နက် ယုံကြည်ကြပါစို။ ကျွန်တော်ကောင်းကျိုးချမ်းသာအတွက် ဘုရားသခင်ထံမှာ ဆုတောင်းရင်း မိတ်ဆွေတိုအားလုံးကို ကျွန်တော် ချစ်ခင်လေးစားစွာ နှုတ်ဆက်ခဲ့ပါတယ်”
လင်ကွန်းသည် သူ့စကားကို တခြားလူအဓိပ္ပါယ်ကောက်မှားမည်ကို အလွန်စိုးရိမ်သည်၊ အထူးသဖြင့် သတင်းစာတွေက တလွဲတချော် ဖော်ပြကြမည်ကို ပို၍ စိုးရိမ်သည်။ ကျုပ်ရဲ့ လက်ရှိအနေအထားအရ စကားပြောရမှာတောင် ခပ်ခက်ခက်ပဲ၊ လူတွေကစကားလုံးတိုင်းကို သတိထားပြီးမှတ်သားကြတယ်၊ အသေးအဖွဲကလေးတောင် အမှားခံလိုမရဘူး”ဟူ၍ ၁၈၆၂ ခုနှစ်က သူပြောဖူးသည်။ ၁၈၆၄ ခုနှစ်ကလည်း အားလုံးသိကြတဲ့အတိုင်း ကျုပ်ပြောတာမှန်သမျှ ပုံနှိပ်ဖော်ပြကြတယ်၊ ကျုပ် အပြောမှားရင် ကျုပ်နဲ့ ခင်ဗျားတိုကိုသာ ထိခိုက်မှာမဟုတ်ဘူး၊ တိုင်းပြည်ကိုပါ ထိခိုက်နိုင်တယ်။ ဒါကြောင့် စကားမမှားအောင် သတိထားပြီး ပြောသင့်တယ်”ဟု ပြောခဲ့ဖူးသည်။
လင်ကွန်းသည် သတင်းစာဆရာများနှင့် ဆက်ဆံရေးမှာ အခြားလူတွေနှင့်ဆက်ဆံရေးကဲ့သိုပင် ပြေလည်ချောမွေ့သည်။ သူသည် သတင်းထောက်များအားလည်းလူတိုင်းလိုပင် ဆက်ဆံသည်။ သူတိုကို လေးစားသည်၊ အခွင့်သာလျှင် သူတို့နှင့်အာလာပသလ္လာပ စကားပြောသည်၊ ရယ်ရွှန်းဖတ် ရွှန်းပြောသည်။ သူ သမ္မတအရွေးခံရသည့်နေ့က သတင်းစာ ဆရာများအားပြုပြီး “ကဲ- မောင်ရင်တို၊ ခင်ဗျားတိုဒုက္ခကတော့ခုအချိန်ကစပြီး ကုန်ဆုံးသွားပြီ၊ ကျုပ်ဒုက္ခကတော့ အခုမှစပြီ’ဟု ပြောခဲ့သည်။
လင်ကွန်းသည် သမ္မတအဖြစ်ဖြင့် အလွန်ထက်မြက်သော ဆက်သွယ်ရေးသမားကောင်း တစ်ဦးဖြစ်သည်။ ဘာစကားပဲပြောပြော မပြောခင်စဉ်းစားပြီးတော့မှ ပြောသည်။ ပထမနှင့် ဒုတိယအကြိမ် ကျမ်းသစ္စာကျိန်ဆိုပွဲ မိန့်ခွန်းများ၊ ဂက်တီစဘတ်မိန့်ခွန်းနှင့်နောက်ဆုံးပြောခဲ့သော မိန့်ခွန်းများအပါအဝင် အရေးကြီးသော မိန့်ခွန်းအားလုံးကိုသတိနှင့် ကြိုတင်ပြင်ဆင်ရေးသားပြီးတော့မှ ဖတ်ကြားပြောကြားသည်။ သူသည်သူ့အသံကို လူတွေကြားအောင်သက်သက်မျှသာ ပြောခြင်းမဟုတ်။ သူ၏သဘောထားခံယူချက်ကို လူတွေဆီ ဆက်သွယ်ရောက်ရှိနိုင်အောင် ပြောကြားခြင်းဖြစ်၏။
လင်ကွန်း၏ ထူးခြားချက်တစ်ခုမှာ တစ်ချိန်တည်းတွင် စကားဖြင့်ပြောသလိုစာနှင့်လည်း ပြောခြင်းဖြစ်သည်။ သူသည် ဤနည်းကို အစဉ်အလာကိစ္စများမှာရော၊ အစဉ်အလာမဟုတ်သည့် ကိစ္စများမှာပါ ကျင့်သုံးသည်။ ဥပမာ- ဗိုလ်ချုပ်ကြီး ဂျိုးဇက် ဟူးကားနှင့် ဆွေးနွေးမည် ဆိုလျှင်သူ ပြောလိုသော အချက်များကို မဆွေးနွေးခင်ကပင်ပေးစာအနေနှင့် ရေးထားသည်။ ဆွေးနွေးပွဲပြီး သောအခါ ထိုစာကို ဗိုလ်ချုပ်ကြီးအားပေးလိုက်သည်။ ပို၍ပြည်ပြည်စုံစုံ ဖြစ်စေချင်သောကြောင့် ဖြစ်သည်။ သူက သူပြောလိုရင်း အဓိပ္ပာယ်ကို တစ်လွဲအဓိပ္ပာယ်ကောက်ယူမှာကို စိုးရိမ်သည်။ အမြင်အာရုံနှင့်အကြားအာရုံနှစ်ခုပေါင်းသည် တစ်ခုတည်းထက်ပို၍ ထိရောက်သည်ဟု သူက ယူဆသည်။ ဤနည်းကို ရှေ့နေဘဝကပင် သူ ကျင့်သုံးခဲ့သည်။ ဤအကြောင်းကို သူနှင့်ရှေ့နေလုပ်ငန်း စပ်တူလုပ်ဖက် ဝီလျံဟန်ဒွန်က အောက်ပါအတိုင်း ပြောပြသည်။
မစ္စတာလင်ကွန်းရဲ့ ဝါသနာက ဥပဒေ၊ နိုင်ငံရေး၊ ကဗျာ စသဖြင့်ဘာစာပေကိုပဲဖတ်ဖတ် စာအုပ်တစ်အုပ် ဒါမှမဟုတ် သတင်းစာတစ်စောင်ကိုကောက်ကိုင်ပြီး ဆိုဖာပေါ်၊ ကုလားထိုင်ပေါ်လှဲချလိုက်တယ်။ ပြီးတော့အသံအကျယ်ကြီးနဲ့ ဖတ်တော့တာပဲ။ သူ အဲဒီလိုဖတ်တော့ ကျွန်တော့်အဖို့တော်တော်အနှောင့်အယှက်ဖြစ်တယ်။ ဘာဖြစ်လို အဲသလိုဖတ်ရတာလဲလို့ကျွန်တော်ကမေးတော့ “စာထဲက အယူအဆကို ကျွန်တော်က အာရုံနှစ်မျိုးနဲ့ခံစားယူတာ၊ အသံထွက်ဖတ်တဲ့အတွက် ကြားလည်းကြားရတယ်၊ မြင်လည်းမြင်ရတယ်၊ အဲဒါကြောင့် အာရုံနှစ်မျိုးရတယ်။ ကျွန်တော် သဘောမပေါက်တာတွေကို ပိုပြီးသဘောပေါက်လာတယ်၊ ပိုပြီးမှတ်မိလာတယ်”လို သူကပြန်ပြောတယ်”
မကြာမီကာလအတွင်း ခေတ်သစ်ခေါင်းဆောင်မှုသဘောတရားတွင် ထိရောက် ဆက်သွယ်ရေးကို အလေးအနက် ပြုလာကြသည်။ ဂျိမ်း မဂ္ဂရီဂါဘန်းစ်ကသူ့စာအုပ်တွင် ခေါင်းဆောင် ၏ အခြေခံအလုပ်သည် လူများအား သူတို၏ခံစားချက်ကို သတိပြုမိရန် သူတို၏ဆန္ဒမှန်ကို သိရှိရန်၊ သူတို၏တန်ဖိုးကို အဓိပ္ပာယ်ရှိရှိဖွင့်ဆိုရန် စေ့ဆော်ပေးခြင်းအားဖြင့် ရည်ရွယ်ချက်ပြည့်ဝသော လုပ်ရပ်ဆီသို ရှေးရှုအောင်ဆက်သွယ်ပေးဖိုဖြစ်သည်” ဟူ၍ ရေးသားထားသည်။ လီအိုင်ယာကော့ကာကတော့“လူများအား စေ့ဆော်နိုင်သည့် တစ်ခုတည်းသောနည်းလမ်းမှာ သူတိုနှင့် ဆက်သွယ်ခြင်းဖြစ်သည်’ဟု ဆိုသည်။ ပီတာစ်နှင့် ဩစတင်တိုကလည်း သူတိုရေးသော စာအုပ်တွင်“ထိရောက်သော ဆက်သွယ်ရေးသည် ကုမ္ပဏီ၏ သဘောတရားကို ရှင်သန်စေခြင်းဖြင့်သာမဟုတ်၊ မျှဝေတန်ဖိုးသည် တစ်ဦးချင်းစီ၏ဆောင်ရွက်ချက်ကို အကျိုးသက် ရောက်နိုင်ကြောင်း အမှုထမ်းသစ်များအား နားလည်စေခြင်းဖြင့်လည်း လူများအတွက် တန်ဖိုးကိုပုံဖော်ပေးသည် ဟူ၍ ရေးသားထားသည်။
သို့သော်လည်း ဆက်သွယ်ရေးသည် စေ့ဆော်ခြင်းနှင့် တန်ဖိုးဖော်ဆောင်ခြင်းတိုထက် ပို၍ကျယ်ပြန့်သည်။ ဝါရင်ဘင်းနစ်နှင့် ဘတ်နာနပ်စ်တိုက သူတို၏စာအုပ်တွင်ခေါင်းဆောင်များသည် ယခင်က မရှင်းလင်းသော၊ မဖွင့်ဆိုသော အရာများကို ရှင်းလင်းဖွင့်ဆိုကြသည်။ ထိုနောက် အာရုံသစ်ကို စူးစိုက်စေရန် နိမိတ်ပုံများ၊ အလင်္ကာများနှင့် စံနမူနာများကို ဖော်ဆောင်ကြသည်။ ဤသိုပြုလုပ်ခြင်းဖြင့် သူတိုသည် အသိပညာကို စုစည်းပေးကြသည်။ သိုတည်းမဟုတ် စိန်ခေါ်ကြသည်။ အချုပ်အားဖြင့် ခေါင်းဆောင်မှု၏ မရှိမဖြစ် အဓိကအင်္ဂါတစ်ရပ်မှာ အဖွဲ့ အစည်းဝင်များအတွက် အဓိပ္ပာယ်ရှိသောအကျိုးတရားကို စုစည်းပေးနိုင်သည့်စွမ်းရည်ပင် ဖြစ်သည်။ ဆက်သွယ်ရေးသည် လူများအတွက် အဓိပ္ပာယ်ရှိသော အကျိုးတရားကို ဖော်ဆောင်ပေးသည်။ ယင်းသည် အဖွဲ့အစည်းတစ်ခု၏ ပန်းတိုင်များနောက်တွင် ကြီးငယ်မဟူ မည်သည့်အုပ်စုကိုမဆို ညီညီ ညွတ်ညွတ် ဖန်တီးပေးနိုင်သည့် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်”ဟူ၍ ရေးသားထားသည်။
‘ဘာကိုပြောတယ်ဆိုသည်ထက် ဘယ်လိုပြောတယ်ဆိုသည်က ပို၍အရေးကြီးသည်” ဟူသော ဆိုရိုးရှိသည်။ ထိုအဆိုသည် အေဘရာဟင်လင်ကွန်း၏ ဆက်သွယ်ရေးစတိုင်နှင့် ကိုက်ညီသည်။ လင်ကွန်းသည် စံပြဆက်သွယ်ရေးသမား၏ အခြေခံအရည်အချင်းအဖြစ်ကျင့်သုံးရန် ဘက်စုံအသိ ပညာကို ဖြတ်ထိုးဉာဏ်နှင့် စေတနာတို့ဖြင့်ပေါင်းစပ်ထားသည်။
ယနေ့ခေတ် ခေါင်းဆောင်တိုသည် အထူးသဖြင့် အလွယ်တကူ အကောက်အယူမှားနိုင်သည့် ရှုပ်ထွေးသော ဆက်သွယ်မှုများကို ပြုလုပ်သောအခါ လင်ကွန်း၏ရိုးစင်းဖြောင့်တန်းသော နည်းလမ်းကို အတုယူသင့်သည်။ ဆက်သွယ်ရေးသမားသည်ရိုးသားဖြူစင်ပြီး ရှင်းလင်းပြတ်သားလျှင် ဆက်သွယ်မှုများသည် ပို၍အဆင်ပြေသည်။တစ်နည်းဆိုသော် မိမိရည်ရွယ်သည့်အတိုင်းပြော၍ မိမိပြောသည့်အတိုင်း ရည်ရွယ်ရန်ဖြစ်၏။
လင်ကွန်းသည် အခြားသူများအား စကားပြောသောအခါ မှန်ကန်ညီညွတ်ခြင်းနှင့် ရှင်းလင်းပြတ်သားခြင်းတိုဖြင့် အခြားသူများ၏ ယုံကြည်မှုကို ရယူသည်။ သိုသော်အခြားသူများနှင့် ဆက်သွယ်ရာတွင် စကားတစ်ခုတည်းဖြင့်သာ ဆက်သွယ်သည်မဟုတ်၊သူ့စကားထဲတွင် သူ့လုပ်ရပ် ပေါ်လွင်နေသည်။ နောက်လိုက်ငယ်သားများအဖို ခေါင်းဆောင်၏ ရှုပ်ထွေးသောဆက်သွယ်မှုကို လက်ခံရရှိခြင်းလောက် စိတ်ဓာတ်ကျရတာအခြားမရှိတော့။ မှာတမ်း၊ ဆွေးနွေးချက်၊ ပေးစာ၊ တယ်လီဖုန်းဖြင့် ပြောခြင်း စသည်ဖြင့်ဆက်သွယ်ရေးနည်းလမ်းတွေ ဘယ်လိုပဲရှိရှိ၊ ထိရောက်စွာ ဦးဆောင်နိုင်ဖိုဆိုလျှင်ခေါင်းဆောင်သည် ရှင်းလင်းပြတ်သားရမည်၊ မိမိပြောလိုချက်ကို ယုံကြည်စိတ်ချရမည်။ထိုနောက်တွင်တော့ ပန်းတိုင်အရောက်သာ လျှောက်ပါလေတော့။
လင်ကွန်း၏ ခေါင်းဆောင်မှုကျင့်စဉ်
- မိမိအဖွဲအစည်း၏ အာဝဇ္ဇန်းအကောင်းဆုံး စကားပြောတတ်သူ ဖြစ်ပါစေ။
- လက်တန်းအဟောအပြောကောင်းခြင်းသည် လူထုပရိသတ်သဘောကျစေသော နည်းလမ်းဖြစ်သည်။
- စကားပြောနေစဉ် ကိုယ်ဟန်မူရာ အမျိုးမျိုးကို အသုံးပြုပါ။
- လူထုပရိသတ်ရှေ့တွင် စကားမပြောမီ ပြောမည့်အကြောင်းအရာကို စေ့စပ်သေချာစွာ ကြိုတင်ပြင်ဆင်ပါ။
- မိမိရေးသည့်စာဟူသမျှ ပုံနှိပ်ပြီးမှသာ ကျေနပ်ပါ၊ မိမိပြောသည့်စကားမှန်သမျှ ပြောပြီးမှသာ ကျေနပ်ပါ။
- ဘာစကားမှမပြောဘဲ နေသင့်သည့်ကာလများရှိသည်ကို သတိရပါ။ ကျွန်တော် ငြိမ်ငြိမ်ကလေးပဲ နေပါရစေဟု ပရိသတ်ကိုပြောပါ။
- အများရှေ့မှာ စကားပြောနေစဉ် အမှားမပါပါစေနှင့်။ အမှားပြောမိလျှင် မိမိကိုသာမဟုတ်၊ မိမိ၏အဖွဲအစည်းကိုပါ ထိခိုက်စေနိုင်သည်။
- စကားဖြင့်ပြောခြင်းနှင့် စာဖြင့်ပြောခြင်းကို တစ်ခါတစ်ရံ တွဲသုံးသင့်သည်။ ဤနည်းဖြင့် အာရုံနှစ်ခုကို ခံစားရလိမ့်မည်။ မိမိရောလက်အောက်ငယ်သားများပါ ပို၍ သဘောပေါက်နားလည်လာလိမ့်မည်။
အခန်း(၁၄)
ပုံပြော၍ဆွဲဆောင်
“ကျုပ် ပုံဝတ္ထုတွေ သိပ်ပြီးပြောတယ်လို လူတွေက ပြောကြတယ်။ အဲဒါမှန်ပါတယ်၊ သာမန်လူတွေကို အခြားနည်းလမ်းထက် ပုံပြောတဲ့နည်းလမ်းနဲ့ ပိုပြီး လွယ်လွယ်ကူကူဆွဲ ဆောင်နိုင်တယ်ဆိုတာ ကျုပ် အတွေ့အကြုံအရ သိရှိခဲ့ရပါတယ်”
[မိတ်ဆွေတစ်ဦးအား
လင်ကွန်းပြောသောစကား]
အေဘရာဟင်လင်ကွန်းသည် ထင်ရှားသော စာရေးဆရာဖြစ်သလို ပရိသတ်ရှေ့တွင်အဟော အပြောကောင်းသူလည်း ဖြစ်သည်။ သိုသော်လည်း သူသည် နှစ်ဦးချင်း စကားပြောခြင်းအတတ်ကို ပို၍ ကျွမ်းကျင်သည်။ သူသည် မည်သည့်လူစားမျိုးနှင့်မဆိုအဆင်ပြေအောင် စကားပြောတတ်သည်။ နာမည်ကျော် သိပ္ပံပညာရှင်နှင့်လည်းပြောနိုင်သည်။ ပါးနပ်သော နိုင်ငံရေးသမားနှင့်လည်း ပြောနိုင်သည်။ ဧည့်သည်တော်နိုင်ငံတော်အကြီးအကဲနှင့်လည်း ပြောနိုင်သည်။ ယာတောက လယ်သ မားနှင့်လည်းပြောနိုင်သည်။ သူသည် ဟာသဉာဏ် ရှိသည်။ စကားပြောလျှင် ရယ်စရာပုံတိုပတ်စ တွေကို မကြာခဏထည့်သုံးသည်။ သူက ယင်းတိုကို ဆွဲဆောင်ရေးလက်နက်အဖြစ်သုံးခြင်းဖြစ်သည်။ သူ့အား မတ်ဟွန်းနှင့် ဝီလ်ရော ချာတို၏မျိုးဆက်တွင် တကယ့်ဟာသပညာရှင်ဖြစ်သည့် တစ်ဦးတည်း သော အမေရိကန် သမ္မတအဖြစ် အသိအမှတ်ပြုကြသည်။
လက်ဆုံစကားပြောခြင်းသည် လင်ကွန်း၏ အဓိကဆွဲဆောင်ရေးပုံစံနှင့် အထိရောက်ဆုံး ခေါင်းဆောင်မှုစတိုင်ဖြစ်သည်။ သူသည် လူတွေနှင့် စကားပြောခြင်းကိုနှစ်သက်သည်။ ထိုကြောင့် အိမ်ဖြူတော်ကို လူတိုင်းအတွက် တံခါးဖွင့်ထားသည်။ မည်သူမဆို သူနှင့်လာပြီး စကားပြောနိုင်သည်။
လင်ကွန်းနှင့်ခေတ်ပြိုင် ရီပတ်ဘလစ်ကန်အထက်လွှတ်တော်အမတ်(နောက်ပိုင်း ပြည်ထောင်စု ဗိုလ်ချုပ်ကြီး) ကားလ်ရှူးစ်က အနာဂတ်သမ္မတလောင်းနှင့် ပထမဆုံးအကြိမ် တွေ့ဆုံရပုံကို အောက်ပါ အတိုင်း မှတ်မ်းတင်ခဲ့သည်။
ဘူတာမှ ရထားထွက်လျှင်ထွက်ချင်း ခရီးသည်တွေအကြား ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်ကို ကျွန်တော် သတိပြုမိသည်။ အရပ်ရှည်ရှည်နှင့် လူတစ်ယောက် ရထားတွဲထဲဝင်လာ၍ ခရီးသည်တော်တော်များများ ထိုင်ရာမှရုတ်တရက်ထကာ အဆိုပါ ပုဂ္ဂိုလ် ပတ်ပတ်လည်တွင် ကြိတ်ကြိတ်တိုးနေကြခြင်းဖြစ်၏။ သူ့ကို ခရီးသည်တွေက ‘ဟဲလို… အဘီ၊ နေကောင်းပါရဲ့လား”စသည်ဖြင့် တရင်းတနှီးနှုတ်ဆက်ကြသည်။ သူကလည်း မင်္ဂလာညနေခင်းပါ…ဘင်၊ နေကောင်းပါတယ်နော်… ဂျိုး၊ တွေ့ရတာဝမ်းသာပါတယ်… ဒစ်” စသည်ဖြင့် ရင်းနှီးစွာပြန်လည်တုံပြန်သည်။ သူက ရယ်စရာတွေလည်း ပြောနေသေးသည်။ သို့သော် အသံတွေဆူညံနေသောကြောင့် ဘာတွေပြောနေသည်ကိုကျွန်တော် နားမလည်နိုင်ပါ။ “အလို… လင်ကွန်းပါလား”ဟု ကျွန်တော့်အဖော်က ပြောလိုက်ပြီးနောက် သူလည်း လူအုပ်ထဲ တိုးဝင်သွားသည်။ သူကကျွန်တော့်ကို လင်ကွန်းနှင့် မိတ်ဆက်ပေးသည်။ လင်ကွန်းကို ကျွန်တော်ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်၏။ သူက ကျွန်တော့်အား မိတ်ဟောင်းဆွေဟောင်းပမာ လှိက်လှိက်လှဲလှဲ ပြောဆိုဆက်ဆံသည်။ ထိုနောက် ကျွန်တော်တို အတူတကွ ထိုင်ကြသည်။ သူ့အသံက တော်တော်စူးသည်။ သို့သော်နားထောင်၍ကောင်းသည်။ သူ့စကားနှင့် သူ့အမူအရာကလည်း ရိုးသားသည်။ ရှက်ကိုးရှက်ကန်းမရှိ၊ ကြားဝင့်ဟန် ဆောင်မှုမရှိ။ မကြာမီတွင်ပင် သူ့အားကျွန်တော့် တစ်သက်လုံးသိလာခဲ့သူတစ်ယောက်၊ အလွန်ရင်းနှီးသော မိတ်ဆွေတစ်ယောက်ဟူ၍ ထင်မြင်လာမိ၏။ သူက ရယ်စရာ မှတ်သားစရာ ပုံတိုပတ်စများ ကြားညှပ်၍ ပြောသည်။ ယင်းပုံတိုပတ်စများသည် သူပြောနေသောအကြောင်းအရာနှင့် ဆီလျော်ဟပ်စပ်သည့်အပြင် ပျော်ရွှင်စရာလည်း ကောင်းသည်၊ မှတ်သားစရာလည်း ကောင်းသည်”
တကယ်တော့ လင်ကွန်းပုံပြောသည်ကို ကားလ်ရှူးစ်တစ်ယောက်တည်းသာ ကြားဖူးသည် မဟုတ်။ ကျွန်ုပ်တို၏ ၁၆ ကြိမ်မြောက်သမ္မတနှင့် တွေ့ဆုံဖူးသူအားလုံးလိုလို ကြားဖူးကြသည်။ လင်ကွန်းမှာ ရယ်စရာမောစရာ၊ မှတ်သားစရာ ပုံပြင်တွေအများကြီးရှိသည်။ သူက ယင်းပုံပြင်တွေကို အကြောင်းအရာ အခြေအနေနှင့် ကိုက်ညီဟပ်မိအောင် အသုံးချသည်။
ပုံပြောခြင်းသည် လင်ကွန်း၏ ဗီဇပါအရည်အချင်းဖြစ်၏။ သူသည် ထိုအရည်အချင်းကို သူ့ဖခင်ထံမှ အမွေခံရရှိခဲ့သည်။ လင်ကွန်း၏ဖခင် သောမတ်လင်ကွန်းသည်သူ့ခေတ်တွင် အလွန်ပုံပြောကောင်းသူဖြစ်သည်။ လင်ကွန်းသည် အီလီနွိက်ပြည်နယ်တွင်ရှေ့နေလုပ်ခဲ့စဉ်က အားလပ်ချိန်များ၌ မိတ်ဆွေအပေါင်းအသင်းများနှင့် ဝိုင်းဖွဲစကားပြောသည်။ ပုံပြောပြိုင်သည်။ သည်လိုနှင့် ပုံတိုပတ်စတွေ အများကြီးရလာခဲ့ခြင်းဖြစ်၏။
လင်ကွန်း၏ဟာသဉာဏ်သည် လူတွေကို သူ့ဘက်ပါအောင် ဆွဲဆောင်စည်းရုံးရာတွင် သူ၏အဓိကအရည်အချင်းတစ်ရပ် ဖြစ်သည်။ သူသည် ယင်း၏ အကျိုးသက်ရောက်မှုကို သိသည့်အလျောက် အကောင်းဆုံး အသုံးချသည်။ ဟာသဉာဏ်သည် သူ့အား နိုင်ငံရေးအရ ပြည်သူများ၏ စွဲလမ်းမှုကို ရစေခဲ့သည်။ ပြည်သူတွေက သူ၏ဖြတ်ထိုးဉာဏ်နှင့် ဟာသဉာဏ်ပါသော ပုံပြင်တွေကို အလွန်နှစ်သက်ကြသည်။ ထိုကြောင့် သူ၏ ဟာသပုံတိုပတ်စများကို သူအသက်ထင် ရှားရှိစဉ်ကပင် စာအုပ်အဖြစ်ပုံနှိပ်ထုတ်ဝေခဲ့ကြသည်။ သူကိုယ်တိုင် ဘယ်တော့မျှ မကြားဖူးသော ပုံပြင်များကိုပင်သူ့ပုံပြင်အဖြစ် ထည့်သွင်းထုတ်ဝေခဲ့ကြသည်အထိဖြစ်၏။
သမ္မတဘဝက လင်ကွန်း၏ပုံဝါသနာသည် ဒဏ္ဍာရီတစ်ခုသဖွယ် မှတ်တမ်းဝင်ခဲ့သည်။ အဘယ်မျှ ထင်ပေါ်ကျော်ကြားသနည်းဆိုလျှင် သူ၏ ပုံပြောဝါသနာပါခြင်းနှင့်ပတ်သက်၍ ပျော်ရွှင်စရာ ပြက်လုံးကလေးများ ပေါ်ထွက်လာသည်အထိ ဖြစ်၏။ သူ အလွန်နှစ်သက်စွာပြောပြလေ့ရှိသော ပြက်လုံးတစ်ခုမှာ ရထားပေါ်တွင် စကားပြောနေကြသော မိန်းမနှစ်ယောက်အကြောင်းဖြစ်သည်။
ပထမမိန်းမ။ ။ ကျွန်မကတော့ အခုရွေးကောက်ပွဲမှာ ဂျက်ဖာဆင် အနိုင်ရလိမ့်မယ် ထင်တာပဲ။
ဒုတိယမိန်းမ။ ဘာဖြစ်လို အဲသလို ထင်ရတာလဲ။
ပထမမိန်းမ။ ဘာဖြစ်လိုလဲဆိုတော့ ဂျက်ဖာဆင်က ဘာသာရေးကိုင်းရှိင်းတာကိုး။
ဒုတိယမိန်းမ။ ဒါဆို လင်ကွန်းလည်း ဘာသာရေးကိုင်းရှိင်းတာပဲ။
ပထမမိန်းမ။ ။ ဟုတ်ပါတယ်၊ ဒါပေမဲ့ လင်ကွန်းကို ဘုရားသခင်ကယုံမှာမဟုတ်ဘူး၊ သူရယ်စရာပြက်လုံးထုတ်နေတာလိုပဲထင်လိမ့်မယ်။
သမ္မတလင်ကွန်းသည် ရယ်စရာဟာသများကို စိတ်ပန်းကိုယ်ပန်း ဖြေစရာ လက်နက် အဖြစ်လည်း အသုံးပြုသည်။ ပြည်တွင်းစစ်ကြီးအတွင်း သမ္မတဖြစ်လာသူတစ်ဦး၏ တာဝန်နှင့်ဒုက္ခကို မှန်းဆ၍သိနိုင်သည်။ တိုက်ပွဲတွင် အသက်ပေါင်းများစွာဆုံးရှုံးသွားကြောင်း ကြားရတိုင်း သူ့အဖို ရင်နင့်အောင် ခံစားရသည်။ ဟာသပြက်လုံး များသည် ယင်းဒုက္ခကို ခဏတာ ပြေပျောက်စေသည်။ တစ်ခါက မိတ်ဆွေတစ်ဦးအား အမှန်အတိုင်းပြောရရင် တကယ်ပြောင်မြောက်တဲ့ ဟာသပြက်လုံး တစ်ခုဟာ တကယ်ကောင်းတဲ့ ဝီစကီအရက်တစ်ခွက်ကို သောက်လိုက်ရသလိုပဲ ဘဝသစ် ရောက်သွားသလို ထင်ရတယ်။ ရယ်မောခြင်းဟာ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာရေးအတွက် ဆေး ကောင်းတစ်ခွက်ပဲလို ကျုပ်ယုံကြည်တယ်’ဟူ၍ သူက ပြောခဲ့ဖူးသည်။ နောက်တစ်ကြိမ်တွင်လည်း “ကျပ်ငိုချင်လို ရယ်တယ်၊ အဲါပဲ၊ အဲဒါပဲ’ဟူ၍ ပြောဖူးသည်။
လင်ကွန်းသည် သမ္မတဖြစ်လာပြီးနောက် ရယ်စရာပုံတိုပတ်စများကို ပျော်ရွှင်စရာအတွက် သက်သက်ထက် ရည်ရွယ်ချက်အတွက် ပို၍ အသုံးချသည်။ သူသည် ယင်းတို့ကို အလုပ်ကိစ္စ နှင့်ပတ်သက်၍ တင်ပြချက်တစ်ရပ်ကို အားဖြည့်ရန် အများအားဖြင့် အသုံးချသည်ဟု သူ့လက်ထောက်တစ်ဦးကပြောသည်။
ခေါင်းဆောင်မှုပညာရပ်နှင့်ပတ်သက်၍ နောက်ဆုံး သုတေသနပြုချက်များကလည်း ယင်းအချက်ကို လက်ခံသည်။ ပုံတိုပတ်စများသည် စေ့ဆော်ရေးလက်နက်ကောင်းများ ဖြစ်သည့်အတိုင်း လက်အောက်ငယ်သားတိုအကြား သစ္စာရှိခြင်း၊ စိတ်အင်အားထက်သန်ခြင်းနှင့် တာဝန်ယူလိုခြင်းတိုကို ဖန်တီးပေးနိုင်သည်။ ပီတာစ်နှင့် ဩစတင်တို့က သူတို့၏စာအုပ်တွင် ခေါင်းဆောင်မှုမှန်သမျှ သရုပ်ပြလုပ်ငန်းချည်းဖြစ်သည်။ လူသားများသည် အချက်အလက် တစ်ပုံတစ်ခေါင်းကြီးဖြင့် အဖြစ်အပျက်ဇာတ်လမ်းများဖြင့်သာ ဆင်ခြင်စဉ်းစားကြသည်။ ယင်းတိုသည် ကျွန်ုပ်တိုအား သင်ပြသည်။ ကျွန်ုပ်တိုသည် စံပြနမူနာများ၊ တန်ဖိုးများ၊ စေ့ဆော်မှုများနှင့် တာဝန်ယူလိုမှုများကို အလေးထားလျှင် ဇာတ်လမ်းများနှင့် ဒဏ္ဍာရီများ၏ အခန်းကဏ္ဍကို အလေး ထားရလိမ့်မည်”ဟူ၍ ရေးသားထားသည်။
လင်ကွန်းသည် ပုံပြောခြင်းကို အထူးအလေးအနက်ထားကြောင်း အထူးပြောစရာမလိုတော့။ သူသည် ပုံတိုပတ်စများကို ထိရောက်စွာ အသုံးပြုခြင်းသည် သူ၏မဟာဗျူဟာ တစ်ရပ်ဖြစ်ကြောင်း သိသာသည်။ တစ်ခါက သူပြောခဲ့ဖူးသည်။
ကျုပ်ကို ပုံပြောဆရာဆိုပြီး လူတွေက ပြောကြတယ်။ တကယ်ကျတော့ အဲဒီနာမည်နဲ့ကျုပ်နဲ့ မတန်ပါဘူး။ ဘာဖြစ်လိုလဲဆိုတော့ ကျုပ်စိတ်ဝင်စားတာက ပုံပြင်မဟုတ်ဘူး၊ ကျုပ်စိတ်ဝင်စားတာက ပုံပြင်ရဲ့ ရည်ရွယ်ချက်၊ ပုံပြင်ရဲ့ အကျိုးသက်ရောက်မှု။ ကျုပ်ဟာ မကြာခဏဆိုသလို တခြားလူတွေရဲ့ရှည်လျားပြီး အကျိုးမရှိတဲ့ ဆွေးနွေးချက်တွေကိုဖြစ်စေ၊ ကျပ်ရဲ့ကြိုးစားပမ်းစား ဖြေရှင်းချက်တွေကိုဖြစ်စေ ရှောင်ရှားချင်တဲ့အခါ ပုံတိုပတ်စကလေးတွေကိုအသုံးပြုတယ်။ အလားတူပဲ ကန့်ကွက်ငြင်းဆိုချက်တွေ ဒါမှမဟုတ် ပြစ်တင်ဝေဖန်ချက်တွေကိုလည်း သင့်လျော်တဲ့ ပုံတိုပတ်စကလေးတွေနဲ့ တုံပြန်ဖြေရှင်းတယ်။ အဲဒီလိုလုပ်တဲ့အတွက် ခံရတဲ့သူလည်း မနာဘူး၊ ကိုယ့်ရည်ရွယ်ချက်လည်း အောင်မြင်တယ်။ တကယ်ဆိုရင် ကျုပ်ဟာ ပုံပြောဆရာမဟုတ်ပါဘူး၊ ဒါပေမဲ့ ချောဆီကြောင့် စက်လည်ပတ်မှု ချောမွေ့သလို ပုံတိုပတ်စကလေးတွေကြောင့် ကျုပ်အဖို စိတ်ဝမ်းကွဲပြားမှုတွေနဲ့ စိတ်ပျက်စရာတွေက အများကြီးသက်သာရာရခဲ့တယ်”
လင်ကွန်းသည် အစိုးရအဖွဲဝင် ဝန်ကြီးများနှင့် အရေးကြီးသော မူဝါဒကိစ္စများ သိုမဟုတ် အခြားတိုင်းရေးပြည်ရာကိစ္စများကို ဆွေးနွေးရာတွင်လည်း အကျိုးရလဒ်အတွက် လိုအပ်လျှင်လိုအပ်သလို ပုံတိုပတ်စများကို သုံးသည်။ (အခြားအချိန်များတွင်မူ ပျော်ရွှင်မှုအ တွက်သာသုံးသည်။) သာဓကဖြစ်ရပ်တစ်ခုသည် လင်ကွန်းက ငွေဝယ်ကျွန် လွတ်ငြိမ်းချမ်းသာခွင့် ကြေညာစာတမ်း’မူကြမ်းကို အစိုးရအဖွဲသို တင်ပြစဉ်ကပေါ်ပေါက်ခဲ့သည်။
ယင်းမူကြမ်းကို သူဖတ်ပြုပြီးသောအခါ ဘဏ္ဍာရေးဝန်ကြီး ဒေါ့စ်က ပြင်ဆင် လိုသောအချက် အချိုကို တင်ပြသည်။ ဤတွင် အခြားဝန်ကြီးတွေအားလုံးကလည်းသူတိုပြင်လိုသော အချက်များကို အသီးသီးတင်ပြကြသည်။ ထိုအခါ လင်ကွန်းအောက်ပါပုံတိုပတ်စကလေးကို ပြောပြလေသည်။
“လူကြီးမင်းများခင်ဗျား… ကျပ် ပုံပြင်ကလေးတစ်ခုကို သွားပြီး သတိရမိပါတယ်။ ပုံပြင်ကလေးက ဒီလိုပါ။ လူတစ်ယောက် ခရီးဝေးထွက်သွားပြီးအိမ်ကိုပြန်ရောက်လာတဲ့အခါ သူ့ရဲ့ခြံလုပ်သားတစ်ယောက်က ခရီးရောက်မဆိုက် ဘယ်လိုဆီးပြောသလဲဆိုတော့ “ဆရာကြီးခင်ဗျား… ဝက်သားပေါက်ကလေးတွေအားလုံး သေကုန်ကြပြီ၊ ဝက်မကြီးလည်း သေသွားပြီ၊ ဒါပေမဲ့ကျွန်တော်က ဒါတွေအားလုံး တစ်ပြိုင်တည်းပြောဖို မရည်ရွယ်ပါဘူး”တဲ့”
လင်ကွန်းသည် စကားပြောရာတွင်ဖြစ်စေ၊ စာရေးရာတွင်ဖြစ်စေ အလင်္ကာများနှင့် စကားလုံးများကိုလည်း အခါအားလျော်စွာ တီထွင်ပြောတတ်သည်။ ဥပမာ ကျုပ်တိုဖြတ်ကျော်ရတဲ့ မီးလျှံလမ်းခရီး၊ “လျှိဝှက်ဆန်းကြယ်သော မှတ်ဉာဏ်ကြိုးမျှင်’နှစ်ခြမ်းကွဲသောအိမ် တာရှည်မခိုင်’ စသည်တိုဖြစ်သည်။ လင်ကွန်းနှင့်ပတ်သက်၍ထူးခြားသည့် ဆန့်ကျင်ဘက်အလှတစ်ရပ်ကတော့ တစ်ဖက်တွင် တောသူတောင်သားတွေ ဟားတိုက်ရယ်ရသည့် ဟာသပြက်လုံးတွေ ထုတ်တတ်သလို အခြားတစ်ဖက်တွင်လည်း အမေရိကန်စာပေသမိုင်းတွင် ဂန္ထဝင်တင်ရသည့် ဂတ်တီစဘတ် မိန့်ခွန်းကိုလည်းပြောင်မြောက်စွာ ရေးသားနိုင်ခြင်းပင် ဖြစ်သည်။
နောက်လိုက်ငယ်သားများအား လှုဆော်စည်းရုံးနိုင်သော စွမ်းရည်သည်ထိရောက်စွာ ဆက်သွယ်နိုင်သည့် အရည်အချင်းပေါ်တွင် လုံးဝတည်သည်ဟူသောအချက်ကို ခေါင်းဆောင်တိုင်း သတိရသင့်သည်။ စီးပွားရေးအဖွဲ အစည်းများတွင်အလွတ်စကားပြောခြင်းသည် မိန့်ခွန်းပြောခြင်းထက် ပို၍အရေးကြီးသည်။ ယင်းသည်လက်တွေ့လုပ်ကိုင်နေသူ တစ်ဦးချင်းနှင့် တိုက်ရိုက်ထိတွေ့ဆက် သွယ်ပေးသည်။ အမှုထမ်းတစ်ယောက်နှင့် သိုမဟုတ် နှစ်ယောက်နှင့် အလွတ်သဘော စကားစမြည်ပြောခြင်းဖြင့် ခေါင်းဆောင်အဖို့ လက်အောက်ငယ်သားများ၏ သိမ်မွေ့သော၊ သိနိုင်ခဲသောစိတ်နေစိတ်ထားနှင့် ခံစားချက်များကို သိခွင့်ရနိုင်သည်။ သစ္စာရှိမှုကိုလည်း အခြားနည်း ဝက် ဤနည်းဖြင့် ပို၍ ရရှိနိုင်သည်။
(လူငယ်ဘဝ လင်ကွန်းကဲ့သို) အုံပုန်းခံစားတတ်သော၊ ရှက်တတ်သော ခေါင်းဆောင်များသည် ယင်းအကျင့်ကို မဖြစ်ဖြစ်အောင် ဖျောက်ဖျက်ပစ်ရမည်။ ခေါင်းဆောင်သည် မိမိပြောလိုချက်ကို တစ်ဖက်သား ရှင်းလင်းစွာနှင့် နားလည်အောင် ပြောတတ်ရမည်။ ကိုယ့်ကိုယ်ကို ယုံကြည်ရမည်။ မိမိ၏လက်အောက်ငယ်သားများအား အရေးထားလျှင် ထုတ်ဖော်ပြောပြရန် နှုတ်ဆိတ်မနေသင့်။ လက်အောက်ငယ်သားများသည် မိမိတို၏ခေါင်းဆောင်နှင့် စကားပြောခွင့်ရရန် လိုလားကြသည်။ ထိုထက် ပို၍ အလွန်တောင့်တကြသည်။ ထိုကြောင့်လည်း အမေရိကန်သမ္မတ ဖရန်ကလင်ရုစဗဲ့၏ မီးဖိုဘေးစကားဝိုင်း” အလွန်အောင်မြင်ခဲ့ခြင်း ဖြစ်သည်။ ရေဒီယိုမှတစ်ဆင့် ပေါ်ထွက်လာသော ရုစဗဲ့၏စကားသံကို သန်းပေါင်းများစွာသော ပြည်သူတွေက စိတ်ဝင်စားစွာနားဆင်ခဲ့ကြသည်။ ၎င်းတို့အနက် အများစုကဆိုလျှင် မိမိတို၏ တုံပြန်ပြောကြားသံကိုလည်းသမ္မတကြီးအား ကြားစေချင်ကြပေလိမ့်မည်။
လင်ကွန်း၏ ခေါင်းဆောင်မှုကျင့်စဉ်
- လူပုဂ္ဂိုလ်တစ်ဦးဦးနှင့် တွေ့ဆုံသောအခါ ကိုယ့်အဖိုရော၊ သူ့အဖို့ပါ မနှစ်မြိုစရာခံစားချက်မျိုး မကျန်ရစ်စေရန် ကြိုးစားပါ။
- စကားပြောသောအခါ ပင်ကိုသဘာဝအတိုင်း ရိုးသားစွာပြောပါ။မဝင့်ဝါပါနှင့်၊ အထက်စီးလေးသံ မပါပါစေနှင့်။ မိမိအားသူတို့တစ်သက်လုံး သိကျွမ်းလာခဲ့ခြင်းဖြစ်သည်ဟူ၍ လူတွေထင်မှတ်ကျန်ရစ်ပါစေ။
- လူတွေကို မိမိဘက်ပါအောင်ဆွဲဆောင်ရာတွင် ဟာသဉာဏ်သည် အဓိကအရေးပါသော အင်္ဂါတစ်ရပ်ဖြစ်သည်ဟူသောအချက်ကို မမေ့ပါနှင့်။
- ရယ်မောခြင်းသည် ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာစေနိုင်သော ဆေးစွမ်းကောင်းဖြစ်သည်။
- ရယ်စရာပုံတိုပတ်စများဖြင့် လူတွေကို ကိုယ့်ဘက်ပါအောင်ဆွဲဆောင်လျှင် ပို၍ ထိရောက်သည်။
- အခြားသူများ၏ လေကြောရှည် အကျိုးမဲ့ ဆွေးနွေးချက်များကိုဖြစ်စေ၊ မိမိ၏ ကြိုးစားပမ်းစား ရှင်းလင်းချက်များကိုဖြစ်စေဆီလျော်လျောက်ပတ်သော ပုံတိုပတ်စကလေးဖြင့် ရှောင်ရှားနိုင်သည်။
- လက်အောက်ငယ်သားများနှင့် အလွတ်သဘောစကားလက်ဆုံပြောခြင်းဖြင့် သစ္စာရှိမှုကို ပို၍ ရရှိနိုင်သည်။
အခန်း(၁၅)
အမြင်ရှင်းအောင် အမြဲကြိုးစား
အမျိုးသားလွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေရတဲ့ကြားက လူတိုင်းအတွက်၊ အချိန်တိုင်းအတွက် အသုံးဝင်တဲ့အမှန်တရားတစ်ရပ်ကို တည်တည်ငြိမ်ငြိမ်၊ စူးစူးစိုက်စိုက်၊ စွမ်းစွမ်းတမံ ဖော်ဆောင်ပေးနိုင်ခဲ့တဲ့ ဂျက်ဖာဆင်ကိုသာလျှင် လုံးဝဥသုံ ဂုဏ်တင်သင့်ပါတယ်[လင်ကွန်း၏ လူငယ်ဘဝ စံပြခေါင်းဆောင်
ဖြစ်ခဲ့သော သောမတ်ဂျက်ဖာဆင်၏
မွေးနေ့အထိမ်းအမှတ်ဂုဏ်ပြုပွဲတွင်
ဘော့စတန်မြို၌ လင်ကွန်းပြောကြားသော
မိန့်ခွန်းမှ (ဧပြီ၊ ၆၊ ၁၈၅၉)]
”
ပထမဦးဆုံး အဘိဓာန်က ခေါင်းဆောင် ဟူသော ဝေါဟာရကို သစ်ပင်၏ မူလအတက်၊ သက်ရှိရုပ်များအား သက်ရှင်ကြီးထွားစေသော ပင်မသွေးလွှတ်ကြော´ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုသည်။ ထိုနည်းတူစွာပင် စီးပွားရေးလုပ်ငန်းများ၏အောင်မြင်မှု၊ မအောင်မြင်မှုသည် ခေါင်းဆောင်လုပ်သူများ က ကုမ္ပဏီ၏အမြင်ကို အမှုထမ်းများ ရှင်းလင်းစွာ သဘောပေါက်နားလည်အောင် ဆက်သွယ်ပေးနိုင်မှု၊ မပေးနိုင်မှုအပေါ်တွင် တည်သည်။ မန်နေဂျာ တစ်ယောက်သည် အခြားသူများအား ဘယ်လိုသြဇာ သက်ရောက်မှုရှိသလဲဟူသောအချက်သည် သက်ဆိုင်ရာဌာန၊ ဒေသနှင့် ကုမ္ပဏီတစ်ခုလုံး၏ သက်ရှင်ရပ်တည်ရေးကိုပြဋ္ဌာန်းသည်။
ခေါင်းဆောင် သို့မဟုတ် အကြီးအကဲအား သာမန်မန်နေဂျာအဖြစ်မှ ခွဲခြားသောအဓိက အချက်တစ်ချက်မှာ အမြင်’ဖြစ်၏။ နာမည်ကျော် စီမံခန့်ခွဲမှုကျမ်းပြုဆရာများ ဖြစ်ကြသော တွမ်ပီတာစ်နှင့် နန်စီဩစတင်တိုက “အမြင်ကိုသင်ပြရန်” ဆော်သြကြသည်။ သူတို၏စာအုပ်တွင် ‘အာရုံစိုက်မှု၊ သင်္ကေတများနှင့် အနုပညာတို့သည် ခေါင်းဆောင်မှု၏ အခြေခံအင်္ဂါရပ်များဖြစ်သည်။ ….ခေါင်းဆောင်သည် မိမိရှေးရှုသွားနေသောဦးတည်ရာကို သိရမည်။ ထိုအရာကို ရှင်းလင်းတိကျစွာ ရှင်းပြနိုင်ရမည်။ ထိုအရာကိုတမြတ်တနိုး တွယ်တာရမည်။ ထိုအရာအားလုံးသည် အမြင်ကို ဖြည့်စွက်ပေးသည်။ ကုမ္ပဏီနှင့် အမှုထမ်းများ ဦးတည်သွားနေသော ပန်းတိုင်ကိုလည်းကောင်း၊ ယင်းအတွက်ဘာကြောင့် ဂုဏ်ယူထိုက်သည်ဟူသော အချက်ကိုလည်းကောင်း ရှင်းလင်းတိကျစွာ ပြောပြနိုင်ရမည်”ဟူ၍ ရေးသားထားသည်။
ထိရောက်သောအမြင်များသည် ဆွဲဆောင်မှုရှိသည်ဟု တွမ်ပီတာစ်က ဆိုသည်။ ယင်းတို့သည် အကောင်းဆုံးဖြစ်ရန် ရည်မှန်းသည်၊ အချိန်ကာလ၏ စမ်းသပ်မှုကိုခံနိုင်ရည်ရှိသည်၊ တည်မြဲတည်။ သိုသော် အလျော့အတင်းရှိသည်။ ထိုပြင် ထိရောက်သောအမြင်သည် လူတွေကို လွှမ်းမိုးသည်။ အတိတ်ကာလတွင် အမြစ်တွယ်သလို အနာဂတ်ကာလ အတွက်လည်း ပြင်ဆင်သည်။
လင်ကွန်းသည် ပြည်တွင်းစစ်ကာလအတွင်း မိန့်ခွန်းများ၊ ရေးသားချက်များနှင့်လက်ဆုံစကားပြောခြင်းများဖြင့် အမေရိကန်နိုင်ငံ၏ အမြင်တစ်ခုကို ညွှန်ပြသင်ကြားခဲ့သည်။ အမေရိကန် သမိုင်းစဉ်တစ်လျှောက်မှာ အပြိုင်မရှိခဲ့သော အခြေအနေတစ်ရပ်ပင်ဖြစ်၏။ လင်ကွန်းသည် ထိုအချိန် ထိုကာလတွင် တိုင်းပြည်အတွက် လိုအပ်ချက်ကို အတိအကျ ဖော်ဆောင်ပေးခဲ့သည်။ ယင်းမှာ တိုင်းပြည်၏ ဦးတည်ချက်နှင့်ပြည်တွင်းစစ်တွင် ပြည်ထောင်စုဝါဒီတို၏ တရားမျှတခြင်းကို ရှင်းလင်းတိကျစွာဖော်ထုတ်နိုင်ခြင်းဖြစ်၏။ အချုပ်အားဖြင့် လင်ကွန်းသည် အခြေခံသော ခေါင်းဆောင်မှုကို ပေးခဲ့သည်။ သူသည် ဘယ်နေရာပဲသွားသွား တိုင်းပြည်ကို တည်ဆောက်ထားသောအခြေခံသဘောတရားများကို အခွင့်သာတိုင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ လူတိုင်းသတိရနေအောင် နှိးဆော်ခဲ့သည်။ သူ့အမြင်သည် ရိုးရိုးကလေးဖြစ်သည်။ ယင်းအမြင်ကိုသူ မကြာဏ ဟောပြောသည်။ ထိုအမြင်သည် တိုင်းပြည်ကိုချစ်သည်၊ မြင့်မြတ်သည်။ဂုဏ်သိက္ခာ၊ တန်ဖိုးနှင့်မြင့်မားသော စံနမူနာများဖြင့် ပြည့်စုံသည်။ ထိုပြင် အရေးအကြီးဆုံးအချက်မှာ ထိုအမြင်သည် ပြည်သူနှင့် နှောင်ကြိုးသွယ် ထားခြင်းဖြစ်သည်။ထိုအမြင်သည် လင်ကွန်းအား သာမန်ပြည်သူများနှင့် ဆက်စပ်ထားသော အခိုင်မာဆုံးနှောင်ကြီးဖြစ်သည်။ “အရေးအကြီးဆုံးကတော့ ဒီနိုင်ငံက ပြည်သူတွေကိုသာ လွတ်လပ်ခွင့်ပေးဖိုမဟုတ်၊ အနာဂတ်ကာလမှာ တစ်ကမ္ဘာလုံးကို လွတ်လပ်ခွင့်ပေးဖိုဖြစ်တယ်။လူသားအားလုံးရဲ့ ပခုံးပေါ်က ဝန်ထုပ်ဝန်ပိုးကြီးကို ဆွဲချပြီး လူသားအားလုံး တူညီတဲ့အခွင့်အရေးတွေ ခံစားနိုင်ဖို့ဖြစ်တယ်’ဟု သူကဆိုသည်။
လင်ကွန်းသည် သူ၏အမြင်ကို မဟာဗျူဟာကျစွာ ရည်ရွယ်ချက်နှင့် ထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။ ယင်းအမြင်သည် သူ၏ခေါင်းဆောင်မှုသဘောတရားနှင့် သဘာဝကျစွာကိုက်ညီသည်။ ထိရောက်သော အမြင်နှင့် စည်းရုံးရေးသဘောတရားများကို ပြည်သူလူထုအပေါ် အတင်းရိုက်သွင်း၍ ဘယ်တော့ မျှမရနိုင်။ ဆွဲဆောင်စည်းရုံးခြင်းဖြင့်သာလျှင် ပြည်သူများအား လှုပ်ရှားစေနိုင်၏။ ပြည်သူတွေက ယင်းတိုကို ကြည်ဖြူနှစ်ခြိုက်စွာလက်ခံရမည်။ ထိုအခါ စိတ်အားထက်သန်စွာ၊ တာဝန်သိစွာ၊ ဂုဏ်ယူစွာ လုပ်ဆောင်လာကြလိမ့်မည်။ ထိုပြင် မှန်ကန်စွာ လက်ခံသောအမြင်သည် ဆန်းသစ်တီထွင်ခြင်း၊ စွန့်စားလုပ်ကိုင်ခြင်း၊ နာခံခြင်းနှင့် တာဝန်ယူခြင်းတိုကို ဖော်ဆောင်ပေးနိုင်သည်။ သူတို့ထံမှ ဘာကိုမျှော်လင့်ကြောင်းနှင့် အဖွဲအစည်းအနေဖြင့် ဘာကိုရည်မှန်းကြောင်းကို လက်တွေ့ အကောင်အထည်ဖော် လုပ်ဆောင်သူများ သဘောပေါက်လျှင် အောက်ပိုင်းအဆင့်အပေါ် အရေးကြီးသော ဆုံးဖြတ်ချက်ချမှတ်ရန် လွယ်ကူလာလိမ့်မည်။ ဤသိုဖြင့်အကျိုးရလဒ်နှင့် တိုးတက်မှုများ ဆက်တိုက်ပေါ်ထွက်လာသော အနေအထားကိုဖန်တီးနိုင်လိမ့်မည်။
လင်ကွန်းသည် သူ၏ကိုယ်ပိုင်မူဖြစ်သော လှည့်လည်ခေါင်းဆောင်မှုဖြင့် သူ့အမြင်ကို ဖြန့်ချိသည်။ ရေဒီယိုနှင့် ရုပ်မြင်သံကြား မပေါ်သေးသောခေတ်တွင် သူ၏လူထုဆက်သွယ်ရေးလုပ်ရပ် အောင်မြင်မှုရရှိခဲ့သည်မှာ ထူးခြားသော စွမ်းဆောင်မှုတစ်ရပ်ဖြစ်၏။ ဥပမာ- ၁၈၆၄ ခုနှစ် ရွေးကောက်ပွဲကာလတွင် လင်ကွန်းသည် စစ်ပန်းနေသောစစ်သည်များအား အားပေးစကားပြော ကြားရန် စစ်မြေပြင်သို သွားရောက်ခဲ့သည်။စစ်သည်များအားသမ္မတကသော် လည်းကောင်း၊ တိုင်းပြည်ကသော် လည်းကောင်းဘယ်တော့မျှမမေ့ဆိုသည်ကို စစ်သည်များ သိစေချင်သည်။
ထို့ပြင် သူတို့တိုက်ခိုက်နေခြင်းသည် အရေးကြီးသော အလုပ်ဖြစ်သည်ဟူသော အချက်ကို လည်း သိစေချင်သည်။ ထိုကြောင့် သူက ၁၆၆ အိုဟိုင်ယိုတပ်ရင်း စစ်သည်များအား ပြောကြား သည်မှာ-
“ဒီကြီးကျယ်လွတ်လပ်တဲ့ အစိုးရဟာ ကျုပ်တိုတစ်သက်လုံး ကျုပ်တို့အကျိုးကို သယ်ပိုးနေမယ်ဆိုတာ ကျုပ်တိုရဲ့သားသမီး မြေးမြစ်တွေသိအောင်ဒီနေ့မှာသာမဟုတ်၊ လာမဲ့ အနာဂတ်ကာလတွေအားလုံးမှာလည်း အမြဲတမ်းပြောပြနေကြရလိမ့်မယ်။ ဒီအချက်ကို ကျုပ်အတွက်သာမဟုတ်၊ ရဲဘော်တို့အားလုံးအတွက်ပါ အမြဲတမ်းသတိရနေကြပါလို ကျုပ်တောင်းပန်ပါတယ်။ ကျုပ်ဟာ အိမ်ဖြူတော်ကြီးမှာ ခဏတာလာနေရတာပါ။ ကျုပ်အဖေရဲ့ သား သမီးတွေလိုပဲ ရဲဘော်တိုရဲ့ သားသမီးတွေလည်း ဒီနေရာကိုလာကြည့်နိုင်ပါတယ်။ ဒီလွတ်လပ်တဲ့အစိုးရအဖွဲကိုယ်စား ရဲဘော်တိုအသီးသီးဟာ တရားတဲ့တိုက်ပွဲကို ဇွဲလုံလ၊ ကြိုးစားမှု၊ အသိဉာဏ်တွေနဲ့ ဆင်နွှနေကြပါတယ်။ ရဲဘော်တိုအားလုံး ဘဝတိုက်ပွဲမှာ တူညီတဲ့အခွင့်အရေးတွေ ရကြပါလိမ့်မယ်။နိုင်ငံတော်ဟာ တန်ဖိုးရှိတဲ့အလုပ်အတွက် တိုက်ပွဲဝင်နေပါတယ်…”
လင်ကွန်းသည် သမ္မတသက်တမ်း လေးနှစ်ကာလတစ်လျှောက်လုံး သူ့အမြင်ကို ဟောပြောခဲ့သည်။ သူက ငွေဝယ်ကျွန်များ အပါအဝင် ပြည်သူအားလုံးတွက် ညီမျှရေး၊လွတ်လပ်ရေးနှင့် လူနေမှုအဆင့်အတန်း မြင့်မားရေးတိုကို ဖော်ညွှန်းခဲ့သည်။ ယင်းတိုသည် ပြည်သူတို၏မွေးရာပါ အခွင့်အရေးကြီးဖြစ်သည်။ ယင်းတိုကို အနာဂတ်မျိုးဆက်များအတွက် ကာကွယ်ကြရမည်၊ ထိန်းသိမ်းကြရမည်ဟု သူကပြောသည်။
နိုင်ငံ့ခေါင်းဆောင်၏ပါးစပ်မှ ထွက်လာသော ဤစကားများသည် ပြည်တွင်း စစ်အတွင်းက စစ်သည်များအား စိတ်ဓာတ်တက်ကြွစေခဲ့သည်။ သူတိုက လင်ကွန်းကိုရိုသေကြသည်၊ ယုံကြည်ကြသည်၊ သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။ သူ့အားယင်းသို လေးစားချစ်ခင်ကြခြင်းမှာ သူ၏ ‘သာမန်လူရုပ်ပုံလွှာကြောင့်လည်းဖြစ်သည်။ သူသည် ဆင်းရဲပင်ပန်းစွာ မွေးဖွားကြီးပြင်းလာခဲ့ ရသည်။ သူသည် အနိမ့်ဆုံးအဆင့်မှ အမြင့်ဆုံးအဆင့်သို တက်လာခဲ့သူဖြစ်သည်။ သစ်လုံးအိမ်မှ အိမ်ဖြူတော်သို ရောက်လာခဲ့သူဖြစ်သည်။ သိုသော် သူသည် ဘဝမမေ့၊ သာမန်ပြည်သူတိုနှင့် တစ်သားတည်းနေနိုင်အောင် ကြိုးစားသည်။ သာမန်ပြည်သူတွေ နားလည်သောစကားကို ပြောသည်။ ဤအချက်ကို သူနှင့် ရှေ့နေလုပ်ငန်းစပ်တူလုပ်ဖက် ဝီလျံစဟန်ဒွန်အား တစ်ခါက ပြောခဲ့ ဖူးသောစကားဖြင့် သိသာသည်။
“ဘီလ်… သိပ်အမြင့်ကြီးကို မပစ်ပါနဲ့၊ နိမ့်နိမ့်ချိန်ပါ၊ ခင်ဗျားကို သာမန်လူတွေ နားလည်လာလိမ့်မယ်။ ခင်ဗျားက သူတိုဆီ ရောက်ချင်တယ်မဟုတ်လား။ ပညာတတ်တွေကတော့ ခင်ဗျား ဘယ်လိုပြောပြော နားလည်ကြမှာပဲ။ခင်ဗျားက သိပ်ပြီးအမြင့်ကိုချိန်ရင် ခင်ဗျားအယူအဆတွေဟာ သာမန်ပြည်သူတွေရဲ့ ခေါင်းပေါ်က ကျော်သွားလိမ့်မယ်၊ ခင်ဗျား မထိချင်တဲ့လူတွေကိုသာထိလိမ့်မယ်”
လင်ကွန်းသည် ပြည်တွင်းစစ်ကာလ လေးနှစ်တာအတွင်း သူ၏အမြင်ကိုအနှစ်သာရ မပျက်အောင် ထပ်တလဲလဲ ဟောပြောခဲ့သည်။ အရောင်တင် ဆန်းသစ်ခဲ့သည်။ ဤအချက်သည်ပင် လင်ကွန်း၏ အကြီးကျယ်ဆုံး စေ့ဆော်စည်းရုံးမှုပုံစံဖြစ်သည်။ အချိန်ကာလ ကြာညောင်းလာ သည်နှင့်အမျှ တန်ဖိုးတွေ၊ ကြိုးစားလိုစိတ်တွေကျဆင်းလာသောအခါ ခေါင်းဆောင်သည် ပြန်လည်ဆန်းသစ်ခြင်းကို အစဉ်မပြတ်ပြုလုပ်ရသည်။ လင်ကွန်း၏ကိစ္စတွင် ငွေဝယ်ကျွန် စနစ်တိုက်ဖျက်ရေးသည် ကမ္ဘာဦးအစပြဿနာကြီးဖြစ်သည်။ ပြည်တွင်းစစ်သည် ဆယ်စုနှစ်ပေါင်းများစွာက ပဋိပက္ခအထုပ်အဖိုးကြီးဖြစ်သည်။ ထိုအချိန်သည် တန်ဖိုးဟောင်းများကို တန်ဖိုးသစ်လုပ်ရမည့်အချိန်ဖြစ်သည်။ လင်ကွန်းသည် ဤအလုပ်ကို မဟာဗျူဟာကျစွာ အကောင်အထည်ဖော်ခဲ့သည်။ သူသည် လွတ်လပ်ရေးကြေညာစာတမ်းကို ပြန်လည်ရှင်သန်စေပြီး ‘အခြေခံဖွဲ့စည်းပုံဥပဒေကို အရောင်တင်ခဲ့သည်။ အမေရိကန်တော်လှန်ရေး’ပြီးဆုံးကတည်းက မမြင်ခဲ့ရသော တိုင်းပြည်၏ဂုဏ်သိက္ခာနှင့် မျိုးချစ်စိတ်ဓာတ်ကို ပြန်လည်ဖော်ထုတ်ခဲ့သည်။ အမေရိကန်ဘဝ၏ တန်ဖိုးဟောင်းများကို ဖော်ထုတ်ပြီး အမေရိကန်ပြည်ထောင်စုကြီးကို ဘာကြောင့်တည်ထောင်ခဲ့ရကြောင်း ပြည်သူတိုင်း သိစေခဲ့သည်။
ပြန်လည်ဆန်းသစ်မှုကိုပြုရာတွင် လင်ကွန်းသည် အတိတ်ကိုလည်း ပြန်ကြည့်သည်၊ ပစ္စုပ္ပန်ကိုလည်း သုံးသပ်သည်၊ ပြီးတော့ ယင်းနှစ်ခုစလုံးကို အနာဂတ်နှင့်ဆက်စပ်ပေးသည်။ ဤအချက်ကို ကမ္ဘာကျော် ဂတ်တီစဘတ်မိန့်ခွန်းဖြင့် သိသာနိုင်သည်။ ယင်းမိန့်ခွန်းကို ၁၈၆၃ ခုနှစ်၊ နိုဝင်ဘာလ ၉ ရက်နေ့တွင် ‘ဂတ်စတီဘတ်အမျိုးသားသုသာန်’၌ ပြောကြားခဲ့သည်။
(အတိတ် )
လွန်လေပြီးတဲ့ နှစ်ပေါင်း ၈၇ နှစ်တုန်းက ကျုပ်တိုရဲ့ တိုင်းပြည်တည်ထောင် ဖခင်များဟာ ဒီအမေရိကတိုက်ကို ရောက်ရှိလာကြပြီး လွတ်လပ်မှုဝမ်းကြာတိုက်မှာ သန္ဓေတည်တဲ့ နိုင်ငံသစ်ကို တည်ထောင်ခဲ့ကြတယ်။ လူသားအားလုံး အခွင့်အရေးတူ မွေးဖွားလာခဲ့ကြတယ်လို ကြွေးကြော်ခဲ့ကြတယ်။
[ ပစ္စုပ္ပန် )
အခုအချိန်မှာတော့ ကျုပ်တိုဟာ ပြည်တွင်းစစ်ကြီးကို ဆင်နွှနေကြတယ်။ အဲဒီလိုဖြစ်ပေါ်လာတဲ့ အဲဒီနိုင်ငံ ဒါမှမဟုတ် ဘယ်နိုင်ငံမဆို တာရှည်တည်မြဲနိုင်ပါ့မလားဆိုတာကို အစမ်းသပ်ခံနေပါတယ်။ ကျပ်တိုဟာ ဒီစစ်ပွဲရဲ့ကြီးမားတဲ့စစ်မြေပြင်မှာ တွေ့ဆုံကြတယ်။ ကျုပ်တိုဟာ နိုင်ငံတော်တည်မြဲရေးအတွက်အသက်ပေးသွားကြတဲ့ ရဲဘော်တွေအတွက် နောက်ဆုံးနားခိုရာအဖြစ်နဲ့ အဲဒီစစ်မြေပြင်ရဲ့ တစ်နေရာကို ရည်ညွှန်းဖို ရောက်ရှိလာကြတယ်။ ကျုပ်တိုဒီလိုပြုလုပ်တာဟာ အလွန်ဆီလျော်လျောက်ပတ်ပါတယ်။
I ပြန်လည်ဆန်းသစ်ခြင်း )
သိုပေမဲ့… ကျယ်ပြန့်တဲ့အဓိပ္ပာယ်နဲ့ဆိုရင်တော့ ကျုပ်တိုဟာ ဒီမြေပြင်ကြီးကို မရည်ညွှန်းနိုင်ပါဘူး၊ အထွတ်အမြတ် မထားနိုင်ပါဘူး။ ဒီနေရာမှာတိုက်ပွဲဝင်ခဲ့ကြတဲ့ သက်ရှိထင်ရှား သူရဲကောင်းတွေနဲ့ ကျဆုံးသွားတဲ့ သူရဲကောင်းတွေကသာ ဒီမြေပြင်ကြီးကို အထွတ်အမြတ်အဖြစ် ဂုဏ်တင်ခဲ့တာဖြစ်ပါတယ်။ ကျုပ်တိုရဲ့ ချိုတဲ့အင်အားနဲ့ ဖြည့်စွက်လိုလည်း မရနိုင်ပါဘူး၊ လျော့နည်းအောင်လည်း မလုပ်နိုင်ပါဘူး။ ဒီနေရာမှာ ကျုပ်တိုပြောဆိုတဲ့စကားကို ကမ္ဘာသူကမ္ဘာသားတွေက အနည်းငယ်မျှသာ မှတ်သားမိပါလိမ့်မယ်။ ဒါမှမဟုတ် ကာလကြာတော့ မေ့သွားကြပါလိမ့်မယ်။ သိုပေမဲ့ ဒီနေရာမှာသူရဲကောင်းတွေလုပ်ခဲ့ကြတဲ့အလုပ်ကိုတော့ ဘယ်တော့မျှမေ့နိုင်ကြမှာ မဟုတ်ပါဘူး။ အသက်ရှင်နေတဲ့ ကျုပ်တိုအနေနဲ့ သူရဲကောင်းတွေ အသက်စွန့်ပြီးဆောင်ရွက်ခဲ့တဲ့၊ မပြီးဆုံးသေးတဲ့ မြင့်မြတ်တဲ့ လုပ်ငန်းကြီးကိုသာ ရည်ညွှန်းကြရမှာဖြစ်ပါတယ်။ ကျပ်တိုအနေနဲ့ ကျုပ်တိုရှေ့မှာ ကျန်ခဲ့တဲ့ ကြီးမားလှတဲ့အလုပ်တာဝန်ကိုသာ ရည်ညွှန်းကြရမှာ ဖြစ်ပါတယ်။ ဂုဏ်ရှိစွာ သေသွားကြတဲ့ သူရဲကောင်းတွေ ယုံကြည်ချက်အပြည့်နဲ့ နောက်ဆုံးလုပ်ဆောင်သွားကြတဲ့ လုပ်ငန်းကြီးကို ရည်ညွှန်းကြရမှာ ဖြစ်ပါတယ်။ သေသွားကြတဲ့ပုဂ္ဂိုလ်တွေဟာ အချည်းနှီး သေသွားကြတာ မဟုတ်ပါဘူး။ ဘုရားသခင် စောင့်ရှောက်တော်မူတဲ့ ဒီနိုင်ငံဟာ လွတ်လပ်ခြင်းအသစ်ကို မွေးဖွားပါလိမ့်မယ်။
လင်ကွန်းဖော်ဆောင်သော ဆန်းသစ်သည့် အမေရိကန်အမြင်သည် ရုပ်ပိုင်းဆိုင်ရာ ဖြည့်တင်းအင်အားကြီးတစ်ရပ်ဖြစ်သည်။ ထိုအင်အားသည် စစ်မြေပြင်သို့စစ်သားတွေပိုခြင်းထက် စွမ်းအားကြီးသည်။ စစ်သားများထံသို လက်နက်ရိက္ခာပိုခြင်းထက် စွမ်းအား ကြီးသည်။ ထိုအင်အားသည် လူတိုင်းတာဝန်သိစွာဖြင့် အလုပ်လုပ်စေရန်တွန်းအားပေးသည်။ ထိုအင်အားသည် လူအင်အား၊ ငွေကြေးအင်အားထက် အစွမ်းထက်သည်။ လင်ကွန်းသည် သူ၏အမြင်ကို ဆန်းသစ်ရှင်သန်စေပြီးနောက် လူတိုင်း၏နှလုံးသားထဲသို အားမာန်အပြည့် ဖြည့်တင်းပေးခဲ့သည်။ ဆန်းသစ်သောအမြင်သည်အောင်မြင်မှုရရှိရေးအတွက် လူသားစွမ်းရည်နှင့် လူသားအားမာန်ကို ဖြည့်တင်းပေးနိုင်ကြောင်း ခေါင်းဆောင်တိုင်းသိရှိအောင် လင်ကွန်းက လမ်းညွှန်ပြသခဲ့လေသည်။
လင်ကွန်း၏ ခေါင်းဆောင်မှုကျင့်စဉ်
- မိမိအဖွဲ့အစည်း၏ ဦးတည်ချက်ကို ရှင်းလင်းတိကျစွာ ဖော်ပြပါ။ မိမိလုပ်ရပ် မှန်ကန်ကြောင်း ပြသပါ။
- ရောက်လေရာတွင် အခွင့်သာတိုင်း မိမိအဖွဲအစည်း၏ အခြေခံသဘောတရားများကို ဖော်ထုတ်ပါ။
- ထိရောက်သောအမြင်ကို လူထုအပေါ် အတင်းရိုက်သွင်း၍မရနိုင်။ ဆွဲဆောင်စည်းရုံးခြင်းဖြင့်သာ ရနိုင်သည်။
- လှည့်လည်ခေါင်းမှု နည်းလမ်းဖြင့် မိမိ၏အမြင်ကို အကောင်အထည်ဖော်ပါ။
- မိမိ၏အမြင်ကို ဟောပြောသောအခါ အမြင့်ကြီးကို မချိန်ရွယ်ပါနှင့်။ နိမ့်နိမ့်ချိန်ပါ၊ သာမန်ပြည်သူတွေ သဘောပေါက်ပါလိမ့်မည်။ သူတိုသာလျှင် သင်၏ပစ်မှတ်ဖြစ်သည်။
- အမြင်ကို ဆန်းသစ်သောအခါ အတိတ်ကို ပစ္စုပ္ပန်နှင့် ဆက်စပ်ပေးပါ။ ထိုနောက် ထိုနှစ်ခုကို အနာဂတ်နှင့် ပေါင်းကူးပေးပါ။
- ဆန်းသစ်သာအမြင်သည် လူသားစွမ်းရည်နှင့် လူသားအားမာန်ကို ဖြည့်တင်းပေးနိုင်ကြောင်း သဘောပေါက်ပါ။
နိဂုံး
အေဘရာဟင်လင်ကွန်း၏ ထူးချွန်သော ခေါင်းဆောင်မှုစွမ်းရည်ကို လူတိုင်းမသိကြသော်လည်း သိသူတွေရှိသည်။ အထူးသဖြင့် သူနှင့် အနီးကပ်ဆုံးဆက်ဆံခဲ့ရသူတွေကသိကြသည်။ သိသည့်အလျောက် ချီးကျူးထောမနာလည်း ပြုကြသည်။ နိုင်ငံခြားရေးဝန်ကြီး ဝီလျံဆီးဝဒ်က လင်ကွန်း၏ အမှုဆောင်စွမ်းရည်နှင့်အားမာန်’ကို အသိအမှတ်ပြုသည်။ ကာကွယ်ရေးဝန်ကြီး အက်ဒွင်စတင်တန်က လင်ကွန်းသည် ခေတ်အဆက်ဆက် ထင်ပေါ်နေလိမ့်ဦးမည်´ဟု ဟောကိန်းထုတ်သည်။ လင်ကွန်းနှင့်ရော၊ ဝန်ကြီးအဖွဲ့ ဝင်များနှင့်ပါ မကြာခဏ ကတောက်ကဆတ် ဖြစ်တတ်သော သတင်းစာအယ်ဒီ ဟိုးရှေ့ဂရီလီတောင်မှ လင်ကွန်း၏စွမ်းရည်ကို မချီးကျူးဘဲ မနေနိုင်။
‘သူသည် မိုးကျရွှေကိုယ်တစ်ဦးမဟုတ်။ ဆုံးဖြတ်ချက်ပြတ်သားခြင်း၊စိတ်ရှည်ခြင်းနှင့် ထက်သန်သော ဇွဲလုံလတိုဖြင့် ကိုယ့်ထူးကိုယ်ချွန် ခေါင်းဆောင်ဖြစ်လာသော သာမန်လူတစ်ယောက်သာဖြစ်၏။ သူသည် အမှားထဲက အမှန်ရအောင်၊ အရှုးထဲက အမြတ်ရအောင် အားမာန်အပြည့်ဖြင့် ကြိုးစားလုပ်ကိုင်ရင်း ထင်ပေါ်ကျော်ကြားမှုကို တဖြည်းဖြည်းနှင့် ရရှိလာခဲ့ခြင်းဖြစ်သည်။ သူသည်အကြားအမြင်အားလုံးအတွက် အမြဲတမ်းတံခါးဖွင့်ထားသည်။ အခြေအနေအားလုံး၊ ဖြစ်ရပ်အားလုံးမှ သင်ခန်းစာယူသည်။ ရန်ဘက်ထံမှပင်ဖြစ်စေ ပညာရမည်ဆိုလျှင် ရအောင်ယူသည်။ သူ့ဘဝတစ်လျှောက်လုံး ပညာဉာဏ်နှင့်တည်ငြိမ်မှုတိုဖြင့် အကောင်းဆုံး ဆောင်ရွက်သွားခဲ့သူဖြစ်သည်”
ဂရီလီသာမဟုတ်၊ အခြားသောခေတ်ပြိုင်ပုဂ္ဂိုလ်တွေကလည်း လင်ကွန်း၏ တကယ့်အရည်အချင်းကို သိကြသည်။ သိုသော်လည်း ကံဆိုးသည်မှာ လင်ကွန်းလုပ်ကြံခံရပြီးနောက် လူတွေက သူ့ကို ဒဏ္ဍာရီသူရဲကောင်းကြီးပမာ အမွှမ်းတင်ခဲ့ကြခြင်းပင်ဖြစ်သည်။ ယင်းအတွက်ကြောင့် လင်ကွန်း၏ ခေါင်းဆောင်မှုစွမ်းရည်နှင့် သဘောတရားများ တော်တော်ကြာကြာ တိမ်မြုပ်သွားခဲ့ရ၏။
လင်ကွန်းသည် သူ့ကိုယ်သူ အထူးယုံကြည်သည်။ သူ့မှာ အလွန်ထက်မြက်သော ဆွဲဆောင်စည်း ရုံးမှုစွမ်းရည်နှင့် နိုင်ငံရေးစွမ်းရည်တွေရှိသည်။ ပြည်တွင်းစစ် ဖြစ်ပွားသောအခါ သူသည် သမ္မတအဖြစ် ရှေ့ဆောင်ဦးရွက်ပြုလုပ်ခဲ့သည်။ အစိုးရအဖွဲ၏ တာဝန်နှင့်ဝတ္တရားများကို ပြုပြင်တိုးမြှင့်ခဲ့သည်။ နိုင်ငံတော်မပြိုကွဲရေးအတွက် ဖွဲစည်းပုံ အခြေခံဥပဒေက ခွင့်ပြုသော အရေးပေါ်အာဏာကိုသုံးစွဲပြီး လိုအပ်သလို လုပ်ဆောင်ခဲ့သည်။ ဂရီလီပြောသလို လင်ကွန်းသည် အလုပ်လုပ်ရင်း ပညာယူခဲ့သည်၊ အတွေ့အကြုံအရလေ့လာဆည်းပူးခဲ့သည်။ သူသည် နောက်လိုက်ငယ်သားများအကြား စိတ်အားထက်သန်မှုနှင့် ယုံကြည်စိတ်ချရမှု ရင့်သန်အောင် ပျိုးထောင်ပေးခဲ့သည်။ နေရာတကာ ကိုယ်တိုင်ဝင်မပါဘဲ သက်ဆိုင်သူအား တာဝန်ပေး၍ ဆောင်ရွက်စေသည်။ လက်အောက်ခံများအား အမိန့်မပေးဘဲ နည်းလမ်းညွှန်ပြသည်။ သိုသော်လည်း စစ်ရေးစစ်ရာနှင့် ပတ်သက်၍တော့ သူက အသေးစိတ်လေ့လာ ဆောင်ရွက်သည်။ စစ်ဦးစီးမှူးအလုပ်ကို လေ့လာသည်။ သေနင်္ဂဗျူဟာနှင့် မဟာဗျူဟာများကို ဆည်းပူးသည်။ ဝါရှင်တန်မြိုတော်သားမဟုတ်ဘဲ တောသားတစ်ယောက် ဖြစ်သော်လည်း အမေရိကန်နိုင်ငံ၏ အစိုးရအဖွဲ့လုပ်ငန်းကို လျင်မြန်စွာ ကျွမ်းကျင်သွားသည်။ အချုပ်ဆိုသော် လင်ကွန်းသည် သူ့နည်းသူ့ဟန်ဖြင့် သမ္မတတာဝန်ကို အကောင်းဆုံး ထမ်းဆောင်သွားခဲ့သူဖြစ်သည်။
ခေတ်သစ်ခေါင်းဆောင်မှု သဘောတရားကို နားလည်ပြီး အနာဂတ်အောင်မြင်မှုကိုရရှိလိုလျှင် သမ္မတလင်ကွန်းကို လေ့လာကြရမည်။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော ၁ဝ နှစ်၊ ၁၅ နှစ်က အမေရိကန်စက်မှုစီးပွားရေးလုပ်ငန်းတွင် သင်ကြားခဲ့ရသော“တော်လှန်သော အတွေးအခေါ် အားလုံးကို လင်ကွန်းက လက်တွေ့ကျင့်သုံးခဲ့သောကြောင့်ဖြစ်သည်။ ထိရောက်အောင်မြင်သော ခေါင်းဆောင်မှုအတွက် လင်ကွန်းအားစံနမူနာတင်နိုင်သည်။ သူသည် နာမည်ကျော် စီမံခန့်ခွဲမှုကျမ်းပြုဆရာ ဂျိမ်းမက်ဂရီဂါအမည်ပေးသော ပြုပြင်ပြောင်းလဲရေးခေါင်းဆောင် အမျိုးအစားဖြစ်သည်။ ယင်းသိုသောခေါင်းဆောင်မျိုးသည် နောက်လိုက်ငယ်သားများအကြား အသိစိတ်ဓာတ်နှင့် နားလည်မှုတိုးပွားရေးကို အဓိကရည်ရွယ်သည်။ နောက်လိုက်များအာ. အသားလွတ် အမိန့်ပေးခြင်းမပြု။ ကိုယ့်တာတန်ကိုယ်သိပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်နိုင်ရန် ဆွဲဆောင်စည်းရုံးခြင်း နည်းလမ်းကိုသာ ကျင့်သုံးသည်။
လင်ကွန်း၏ အဓိကရည်မှန်းချက်သည် ‘လွတ်လပ်ရေးကြေညာစာတမ်း တွင်ပါဝင်သော စံပြုရည်မှန်းချက်များပင်ဖြစ်သည်။ သူက လူသား၏ဂုဏ်ရည်နှင့် အဆင့်အတန်းကို မြှင့်တင်ချင်သည်။ လူသား၏ဂုဏ်ရည်ကို ယုတ်လျော့စေသည့် အရာမှန်သမျှကို ဆန့်ကျင်သည်။ အထူးသဖြင့် ငွေဝယ်ကျွန်စနစ်ကိုဆန့်ကျင်သည်။ တောင်ပိုင်းပြည်နယ်များ ပြည်ထောင်စုမှခွဲထွက်လိုခြင်း၏ အဓိကအကြောင်းရင်းမှာလည်း ငွေဝယ်ကျွန်စနစ်ပင် ဖြစ်သည်။ လင်ကွန်းသည် လူသားအချင်းချင်း ဖိနှိပ်ညှဉ်းပန်းသော ငွေဝယ်ကျွန်စနစ်ကို အလွန်မုန်းတီးသည်။ ထိုကြောင့် သူက ယင်းစနစ်ကို ပြင်းပြင်းထန်ထန်ဆန့်ကျပြီး လူလူချင်းကြင်နာတတ်သော လူသားများ၏လူ့အဖွဲ အစည်းကြီးကို တည်ဆောက်ချင်သည်။ ဤမျှော်မှန်းချက်ဖြင့်ပင် ပြည်သူတွေကို ဆွဲဆောင်စည်းရုံးနိုင်ခဲ့သည်။ တောင်ပိုင်းပြည်နယ်များ ပြည်ထောင်စုမှခွဲထွက်လျှင် ပေါ်ပေါက်လာမည့် ဆိုးကျိုးများကိုလည်း သူသိသည်။ ၁၈၆၁ ခုနှစ်၊ မေလထဲတွင် သူ၏ကိုယ်ရေးအတွင်းဝန် ဂျွန်ဟေးအား သူပြောခဲ့ဖူးသောစကားမှာ ‘ဒီပြဿနာကို အမြန်ဆုံးရှင်းပစ်ရမယ်။ အစိုးရအဖွဲကိုဖြိုခွဲဖိုအခွင့် အရေးဟာ လွတ်လပ်တဲ့အစိုးရမှာရှိသလား၊ လူနည်းစုအစိုးရမှာ ရှိသလားဆိုတာရှင်းသွားဖိုလိုတယ်။ ကျုပ်တိုဘက်ကရှုးရင် ကျုပ်တိုဟာ ကိုယ့်ကိုယ်ကို မအုပ်ချုပ်နိုင်ဘူးဆိုတဲ့ အဖြစ်မျိုး ရောက်သွားလိမ့်မယ်” ဟူ၍ ဖြစ်သည်။
နိုင်ငံသမိုင်းတွင် အဆိုးရွားဆုံးပြဿနာကြီး ပေါ်ပေါက်နေချိန်၌ အမေရိကန်အစိုးရအဖွဲ၏ ခံယူချက်ကို ထိန်းသိမ်းထားနိုင်ခဲ့သူမှာ သမ္မတလင်ကွန်းပင် ဖြစ်သည်။ အကယ်၍ သူသာ ထိုစဉ်က နိုင်ငံ့ခေါင်းဆောင် မဖြစ်ခဲ့လျှင် ပြည်ထောင်စုကြီးသည်မရေမတွက်နိုင်အောင် အစိတ်စိတ်အမြွာမြွာ ကွဲသွားလိမ့်မည်။ သူသည် ပြည်သူများအားသဘာဝကျကျ၊ ပင်ကိုအသိဉာဏ်ဖြင့် စည်းရုံးဦးဆောင်ကာ အဆိုပါအဖြစ်ဆိုးကြီးမပေါ်ပေါက်အောင် တားဆီးနိုင်ခဲ့သည်။
လင်ကွန်းသည် နောက်လိုက်ငယ်သားများနှင့် အခြားသူများအား မျက်နှာချင်းဆိုင် တွေ့ဆုံစကားပြောခြင်းဖြင့် စည်းရုံးသည်။ အဆင့်အတန်းမရွေး လူတိုင်းကိုယဉ်ကျေးစွာ၊ လေးစားစွာ ဆက်ဆံသည်။ သူသည် လူတွေကို သူတို၏ တစ်ကိုယ်တော်အတ္တ အချပ်ထောင်ထဲမှဆွဲထုတ်ပြီး အဆင်မြင့်သောအသိ၊ အလုပ်နှင့် အောင်မြင်မှုဆီသိုလမ်းညွှန်ပေးသည်။ ရည်မှန်းချက်ပါသော အကျိုးပြုလုပ်ရပ်ကို လမ်းညွှန်ပြခြင်းဖြင့်သာမန်ပြည်သူတွေထံမှ အကျိုးရလဒ်တွေ ထူးထူးခြားခြား ရရှိခဲ့သည်။ လင်ကွန်းသည်ပွင့်လင်းသည်၊ ယဉ်ကျေးသည်၊ သည်းခံသည်၊ တရားမျှတသည်။ လူအားလုံးတို၏ဂုဏ်သိက္ခာကို လေးစားသည်။ သူ၏စိတ်ထားနှင့် အပြုအမူများသည် လူအချင်းချင်း ဆက်ဆံရေးအတွက် စံနမူနာတင်လောက်သည်။ အေဘရာဟင်လင်ကွန်းကား တကယ်စစ်မှန်သော အံ့ဖွယ်ခေါင်းဆောင်ပါတည်း။
မောင်ပေါ်ထွန်း