စိတ်ချမှု (၅)ခု

သင်ခန်းစာ (၁)

ကယ်တင်ခြင်းစိတ်ချမှု

သက်သေခံတော်မူချက် ဟူမူကား၊ ဘုရားသခင်သည် ငါတို့အား ထာဝ

ရအသက်ကို ပေးတော်မူ၍၊ ထိုအသက်သည်လည်း သားတော်၌ပါ၏။ သားတော်ကို ရသောသူသည် အသက်ကိုရ၏။ ဘုရားသခင်၏ သားတော်ကို မရသောသူမူကား အသက်ကိုမရ။

၁ ယော ၅း၁၁-၁၂

စိတ်ချမှု (၅) ခုနှင့် ပတ်သက်သော သင်ခန်းစာများကို လေ့လာရာ၌၊ သင်အလွတ်ကျက်မှတ်သွားရမည့် ကျမ်းပိုဒ်ငါးခုသည် ရန်သူစာတန် (Satan) နှင့် သင်ရှေးဦးစွာ ရင်ဆိုင်ရာတွင်၊ အဆင်သင့်ရှိနေရမည့် လက်နက်များဖြစ်၏။ ပဌမခြေလှမ်းအနေဖြင့် စာတန်သည်၊ ဘုရားသခင်က သင့်စိတ်နှလုံးအတွင်း၌ ပြုပြင်ပြောင်းလဲပေးသော လုပ်ဆောင်ချက်အပေါ် သံသယရှိလာစေရန်အတွက်၊ သင့်ထံသို့ ချဉ်းကပ်တိုက်ခိုက်မည်။ စာတန်၏အသံကို သင့်နားဖြင့်ကြားမည်မဟုတ်သော်လည်း၊ သူသည် သင့်စိတ်အတွေးအာရုံထဲသို့ တိုးညှင်းစွာပြောမည်မှာ-

“သင်ဟာ ခရစ်တော်ကို ယုံကြည်ပြီး လက်ခံရုံနဲ့၊ ကယ်တင်ခြင်းရပြီး၊ အပြစ်ခွင့်လွှတ်ခြင်းလည်း ရတယ်လို့ ထင်နေသလား။ ဤမျှနဲ့လုံလောက် လိမ့်မယ်လို့ မထင်ပါဘူး” ဟူ၍ဖြစ်၏။

ထိုအခါ သင်မည်ကဲ့သို့ ဖြေမည်နည်း။ ဤကဲ့သို့ စာတန် (Satan) ၏ တိုက်ခိုက်မှုကို အောင်မြင်စွာ တွန်းလှန်နိုင်ရန်၊ သင့်အတွက် တစ်ခုတည်းသော မျှော်လင့်ချက်မှာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အားကိုးခြင်းပင်ဖြစ်၏။ ယင်းအချက်နှင့် ပတ်သက်၍ ဘုရားသခင်က မည်ကဲ့သို့ ဖော်ပြထားသနည်း။ ဤအချက်သည် အရေးကြီးသော အချက်ဖြစ်ပါသည်။

“သက်သေခံတော်မူချက်” ဟူသည့်အဓိပ္ပါယ်မှာ၊ ဘုရားသခင်၏ နှုတ်ထွက်စကားတော်ကို ရေးမှတ်သက်သေ ခံထားခြင်းဟူ၍ ဖြစ်၏။ ဤသက်သေခံချက်အပေါ် အခြေပြုကာ၊ သင်သည် သခင်ယေရှု ခရစ်တော်ကို ရရှိပြီးပါက၊ ခရစ်တော်နှင့်အတူ ထာဝရအသက်ကိုပါ ရရှိကြောင်း ခိုင်လုံစွာ သဘောပေါက် နားလည်နိုင်ပါသည်။ ထို့ကြောင့် သင်ယုံကြည်ခြင်းကို စစ်ဆေးသောအခါ သင်သည် အောင်မြင်စွာ ကျော်လွှားနိုင် ပေမည်။ ဤကဲ့သို့သော စာတန်၏ တိုက်ခိုက်မှုမျိုး မကြာခဏ ပြန်လည်ဖြစ်ပေါ်လာနိုင် သော်လည်း၊ ယခုသင့်စိတ်နှလုံး အတွင်း၌ရှိနေပြီဖြစ်သော ဘုရားသခင်၏ နှုတ်ထွက် စကားတော်အားဖြင့် အောင်မြင်စွာ ရင်ဆိုင်တွန်းလှန် နိုင်ပါသည်။

၁ ယော ၅း၁၁-၁၂ ကိုဆင်ခြင်အောက်မေ့ခြင်း

မည်သူ ထာဝရအသက်ကို ပေးသနည်း။   ______________________________

ထာဝရအသက် မည်သူ၌ ပါရှိသနည်း။  ______________________________

ထာဝရအသက်ကို မည်သူရသနည်း။    ______________________________

ထာဝရအသက်ကို မည်သူမရသနည်း။  ______________________________

သက်သေခံတော်မူချက်ဟူမူကား

၁။ ရောမ ၅း၈ တွင် ဘုရားသခင်သည် သင့်အား ချစ်တော်မူကြောင်းကို မည်ကဲ့သို့ ဖော်ပြသနည်း။

______________________________

ဘုရားသခင်သည် ငါတို့အား ထာဝရအသက်ကို ပေးတော်မူ၍

၂။ ယော ၂၀း၃၁ တွင် အဘယ်ကြောင့် ဤကျမ်းစွာကိုရေးရကြောင်း ဖော်ပြထားသနည်း။

____________________________________________________________

၃။ ဟေရှာယ ၅၉း၂ တွင် လူ့အပြစ်၏ ရလာဒ်များကို မည်ကဲ့သို့ ဖော်ပြထားသနည်း။

______________________________

၄။ လူ့ကြိုးပမ်းလုပ်ဆောင်မှုများအားဖြင့် ဘုရားသခင့်ထံတော်သို့ အဘယ်ကြောင့် မရောက်နိုင်သနည်း။ (ဧဖက် ၂း၈-၉)

____________________________________________________________

၅။ ဘုရားသခင့်ထံတော်သို့ လူရောက်ရှိနိုင်ရန် ဘုရားသခင် ဘာလုပ်သနည်း။ (၁ ပေ ၃း၁၈)

____________________________________________________________

၆။ ယောဟန် ၅း၂၄ အရ၊ ယုံကြည်သောအခါ ရရှိမည်ရလာဒ် (၃)မျိုးကို ဖော်ပြပါ။

ပစ္စုပ္ပန် (Present) ____________________________

အနာဂတ် (Future) ___________________________

အတိတ် (Past) ______________________________

သားတော်ကိုရသောသူသည် အသက်ကိုရ၏

၇။ ယောဟန် ၁း၁၂ အရ၊ လူတစ်ယောက်သည် ဘုရားသခင်၏ သားဖြစ်ခြင်းအခွင့်ကို မည်ကဲ့သို့ ရကြောင်း ဖော်ပြထားသနည်း။

____________________________________________________________

၈။ ယော ၁၀း၂၇-၂၉ တွင် သခင်ယေရှုသည် တပည့်တော်များအတွက်၊ မည်သည့်ကတိတော်များထားရှိခဲ့သနည်း။

____________________________________________________________

၉။ လူတစ်ဦးသည် ခရစ်တော်၌ရှိလျှင် ဘာဖြစ်လာမည်နည်း။ (၂ ကော ၅း၁၇)

_____________________________

သင့်အသက်တာတွင်၊ အောက်ဖော်ပြပါ အချက်များထဲမှ မည်သည့် ပြောင်းလဲမှုများ ဖြစ်ပေါ်ခဲ့သနည်း။

(သင့်ကိုယ်တွေ့အချက်များကိုသာ ရွေးချယ်ပါ။)

_______ အတွင်းစိတ်ငြိမ်သက်ခြင်း

_______ အပြစ်ကိုပို၍သိမြင်လာခြင်း

_______ အပြစ်အပေါ်အောင်မြင်လာခြင်း

_______ ဘုရားသခင်ကို အသစ်သောမေတ္တာဖြင့် ချစ်တတ်လာခြင်း

_______ ကျမ်းစာကို ဖတ်ချင်စိတ်ပိုရှိလာခြင်း

_______ စိတ်နေသဘောထားပြောင်းလဲလာခြင်း

_______ အပြစ်လွှတ်ခြင်းကို ခံစားသိရှိလာရခြင်း

_______ သူတပါးအတွက် ပို၍ဂရုစိုက်လာခြင်း

၁ ယော ၅း၁၁-၁၂ ကို အလွတ်ရေးချပါ။

______________________________

______________________________

______________________________

______________________________

 

၁ ယော ၅း၁၁-၁၂ ကို လက်တွေ့ကျင့်သုံးခြင်း။

 

သင်သည် ထာဝရအသက်ရကြောင်းမည်ကဲ့သို့ သိရှိပါသနည်း။

____________________________________________________________

 

ခေတ္တမျှ အချိန်ယူ၍၊ ဘုရားသခင်သည် ယေရှုခရစ်တော်အားဖြင့် သင့်အားပေးအပ်သော အရာအားလုံးအတွက် ကျေးဇူးတော်ချီးမွမ်းပါ။

၁ ယော ၅း၁၁-၁၂ ကို ပြန်လည်၍ အလွတ်ရွတ်ဆိုပြီး၊ မှန်ကန်စွာရွတ်ဆိုပြီးပါက ဤနေရာတွင် _______________ အမှတ်အသားပြုပါ။

 

 

သင်ခန်းစာ (၂)

ဆုတောင်းခြင်းစိတ်ချမှု

ယခုတိုင်အောင် ငါ၏နာမကို အမှီပြု၍ သင်တို့သည် အဘယ်ဆုကိုမျှ မတောင်းကြသေး။ သင်တို့သည် ဝမ်းမြောက်စရာ အကြောင်းစုံလင်စေခြင်းငှာ တောင်းကြလော့။ ထိုသို့တောင်းလျှင် ရကြလိမ့်မည်။

ယောဟန် ၁၆း၂၄

 

စာတန် (Satan) ၏ တိုက်ခိုက်မှု နောက်တစ်မျိုးမှာ၊ ဆုတောင်းခြင်း၏ ထိရောက်မှုနှင့် ပတ်သက်၍ သင်သံသယဖြစ်လာအောင် လုပ်ဆောင်ခြင်းပင်ဖြစ်၏။ စာတန်ကသင့်အား တိုးညှင်းစွာဖြင့်

 

“ဘုရားသခင်က သင့်ကို တကယ်စိတ်ဝင်စားတယ်လို့ သင်ထင်နေသလား။ ဘုရားသခင်က အဝေးကြီးမှာရှိပြီး၊ အခြားပိုအရေးကြီးတဲ့ ကိစ္စတွေကို ပိုပြီးစိတ်ဝင်စားတယ်၊ ဒါကြောင့် သင့်ဆုတောင်းသံကို ဘုရားသခင် အဖြေပေးဖို့ မပြောနဲ့၊ နားညောင်းတော်မူမှာတောင် မဟုတ်ဘူး” ဟူ၍ပြောမည်ဖြစ်၏။

သို့သော်သင်သည် ယေရှုခရစ်တော်ကို သင်၏ ကယ်တင်ရှင်အဖြစ် ရရှိထားပြီးဖြစ်သောကြောင့်၊ သင်သည် ကောင်းကင်ဘုံရှင် အဖဘုရားသခင်နှင့် တိုက်ရိုက်စကား ပြောခွင့်ကို အပြည့်အဝရရှိထားပြီဖြစ်၏။ ဘုရားသခင်သည် သင့်ကို ခရစ်တော်အားဖြင့် ရဲဝံ့စိတ်ချစွာ ရှေ့တော်မှောက်သို့ တိုးဝင်ချဉ်းကပ် စေလိုတော်မူသည်သာမက၊ အရာရာအတွက် ဆုတောင်းစေလိုတော်မူ၏။ (ဖိလိပ္ဗိ ၄း၆ နှင့် ဟေဗြဲ ၄း၁၄-၁၆ ကိုဖတ်ပါ) ဘုရားသခင်သည် သင်နှင့်သင့်လိုအပ်ချက်များအပေါ် အလွန်စိတ်ဝင်စားတော်မူ၏။

 

ဤသင်ခန်းစာအတွက် အလွတ်ကျက်မှတ်ရန် ပေးထားသော ကျမ်းပိုဒ်ဖြစ်သည့် ယောဟန် ၁၆း၂၄ သည် သခင်ယေရှု လက်ဝါးကပ်တိုင်ပေါ်တွင် အသေသတ်ခြင်းမခံမှီ၊ အကြိုည၌ တပည့်တော်များအား ၎င်းတို့သည် တခါမျှ ဆုမတောင်းခဲ့ကြကြောင်း ပြောနေသည်မဟုတ်ပါ။ သို့သော် တပည့်တော်များသည် သခင်ယေရှု၏ နာမတော်ကို အမှီပြု၍ ဆုမတောင်းကြသေးကြောင်းကိုသာ ဆိုလိုတော်မူခြင်းဖြစ်၏။ သင်ကိုယ်တိုင်လည်း အကြိမ်ပေါင်းများစွာ ဆုတောင်းခဲ့ဘူးမည်ဖြစ်ပြီး အထူးသဖြင့် ဒုက္ခရောက်သည့်အခါတွင် ပို၍ ဆုတောင်းခဲ့မည်ဖြစ်၏။ သို့သော် ခရစ်တော်ကို ယုံကြည်သူအနေဖြင့် သင်သည် သခင်ယေရှု၏ နာမတော်၌ ဆုတောင်းနိုင်ခွင့် ရရှိခြင်းမှာ ခရစ်တော်နှင့် ဆိုင်သောကြောင့် ဖြစ်၏။

 

သခင်ယေရှု၏ နာမတော်၌ ဆုတောင်းခြင်းဆိုသည်မှာ၊ သခင်ယေရှု၏ အခွင့်အာဏာနှင့်လည်းကောင်း၊ ထိုက်တန်သောဂုဏ်တော်ကို အမှီပြု၍လည်းကောင်း၊ ဆုတောင်းခြင်းပင်ဖြစ်၏။ အဖဘုရားသခင်သည် သားတော် ယေရှု၏ ဆုတောင်းသံအားလုံးတို့ကို နားညောင်းတော်မူသကဲ့သို့ သင်သည် သားတော်ယေရှု၏ နာမတော်၌ ဆုတောင်းလျှင်၊ အဖဘုရားသခင်သည် နားညောင်းတော်မူမည်ဖြစ်၏။ ယောဟန် ၁၆း၂၄ ၌ ပါရှိသော ကတိတော်ကို အလွတ်ကျက်မှတ်၍ ယင်းကတိတော်၏ အမှန်တရားကို လက်တွေ့ရယူပြီး ဆုတောင်းခြင်း အဖြေရခြင်း၏ ဝမ်းမြောက်မှုကို ကိုယ်တွေ့ခံစားကြည့်ပါ။

ယောဟန် ၁၆း၂၄ ကို ဆင်ခြင်အောက်မေ့ခြင်း

ဆုတောင်းခြင်း ဆိုသည်မှာ အဘယ်နည်း။______________________________

 

မည်သူ၏ နာမတော်၌ သင်ဆုတောင်းသင့်သနည်း။______________________________

 

ဆုတောင်းခြင်း၏ အကျိုးရလာဒ်များကား အဘယ်နည်း။______________________________

ယခုတိုင်အောင် ငါ၏နာမကို အမှီပြု၍ သင်တို့သည် အဘယ်ဆုကိုမျှ မတောင်းကြသေး

 

၁။ မဿဲ ရး၇-၈ တွင် သခင်ယေရှုသည် ဆုတောင်းခြင်းနှင့် ပတ်သက်၍ မည်ကဲ့သို့ သွန်သင်တော် မူသနည်း။

____________________________________________________________

 

၂။ ဆုတောင်းခြင်း အဖြေရရန်အတွက် အရေးကြီးသော လိုအပ်ချက်အချို့ကား အဘယ်နည်း။

ယောဟန် ၁၅း၇ _______________________________________________

၁ ယော ၅း၁၄-၁၅ _______________________________________________

သင်တို့သည် ဝမ်းမြောက်စရာအကြောင်း စုံလင်စေခြင်းငှာ တောင်းကြလော့

၃။ ဖိလိပ္ပိ ၄း၆-၇ အရ၊ ဆုတောင်းခြင်းဖြင့် မည်သည့်ရလာဒ်များကို ရရှိနိုင်သနည်း။

____________________________________________________________

 

၄။ လုကာ ၁း၁၃-၁၄ ကို ဖတ်ပါ။ ဇာခရိ (Zechariah) နှင့် ဧလိရှဖက် (Elizabeth) တို့သည် သားလိုချင်၍ ဆုကိုတောင်းသောအခါ၊ မည်သည့် ရလာဒ်ကို ရရှိသနည်း။

____________________________________________________________

 

၅။ ဆုတောင်းခြင်း အဖြေရရန်အတွက် အတားအဆီးအချို့ကား အဘယ်နည်း။

ယာကုပ် ၄း၃ __________________________________________________

ဆာလံ ၆၆း၁၈ _________________________________________________

ထိုသို့တောင်းလျှင်ရကြလိမ့်မည်

 

၇။ မဿဲ ရး၉-၁၁ ကိုဖတ်ပါ။ ဘုရားသခင်သည် သူ၏သားသမီးတို့အား မည်သည့်ဆုလက်ဆောင်မျိုးကို ပေးတော်မူသနည်း။

____________________________________________________________

 

သင့်ဆုတောင်းချက်သည် သင့်အတွက် မကောင်းကြောင်းကို ဘုရားသခင် သိတော်မူသောအခါ၊ မည်သည့် အဖြေမျိုးပေးမည်ဟု သင်ထင်သနည်း။

____________________________________________________________

 

သင့်ဆုတောင်းချက်ကို နောက်ကျမှပေးရန် ပို၍သင့်တော်မည်ကို ဘုရားသခင် သိတော်မူသောအခါ မည်သို့အဖြေပေးမည်ဟု သင်ထင်ပါသနည်း။ ______________________________

 

၈။ ဖိလိပ္ပိ ၄း၆-၇ ကိုဖတ်ပါ။ ခက်ခဲသော အခြေအနေ အမျိုးမျိုးတို့၌ ကျွန်ုပ်တို့ဖြစ်တတ်သည့် စိတ်သဘောကား အဘယ်နည်း။ ____________________________________________________________

 

ကျွနု်ပ်တို့လုပ်သင့်သောအရာကား အဘယ်နည်း။

____________________________________________________________

 

ရရှိမည့် အကျိုးရလာဒ်ကား အဘယ်နည်း။

____________________________________________________________

 

ယောဟန် ၁၆း၂၄ ကို အလွတ်ရေးချပါ။

____________________________________________________________

ဆုတောင်းခြင်း၌ အရေးကြီးသောအချက် (၄)ချက်

ဂုဏ်တော်ချီးမွမ်းခြင်း Adoration  ဘုရားသခင်ကို ချီးမွမ်းခြင်း။ ဘုရားသခင်၏ မေတ္တာတော်တန်ခိုးနှင့် ကြီးမြတ်တော်မူခြင်း၊ အံ့သြဘွယ်ရာ လက်ဆောင်ဖြစ်သည့် ခရစ်တော်ကို ပေးတော်မူခြင်းအတွက် ချီးမွမ်းခြင်း။

အပြစ်ဝန်ချတောင်းပန်ခြင်း Confession      သင့်အပြစ်များအတွက် ဘုရားသခင်အား ဝန်ချတောင်းပန်ခြင်း။ ရိုးသား ဖြောင့်မတ်စွာ နှိမ့်ချလျက် တောင်းပန်ပါ။ ဘုရားသခင်သည် သင့်အား သိတော်မူပြီး ချစ်မြဲချစ်တော် မူကြောင်းကို သတိရပါ။

ကျေးဇူးတော် ချီးမွမ်းခြင်း Thanksgiving    ဘုရားသခင်သည် သင့်အား ပေးတော်မူသော အရာအားလုံးအတွက် ကျေးဇူးသိသောစိတ်ဖြင့် ကျေးဇူးတင်ခြင်းဖြစ်၏။ သင်သည် ကျေးဇူးတော် ချီးမွမ်းခြင်းအားဖြင့်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို ပို၍နားလည်လာနိုင်မည်ဖြစ်၏။

အသနားခံ ဆုတောင်းခြင်း Supplication     သူတစ်ပါးအတွက်နှင့် မိမိအတွက် တိကျသော ဆုတောင်းချက်များကို တောင်းခံခြင်း။

ယောဟန် ၁၆း၂၄ ကို လက်တွေ့ကျင့်သုံးခြင်း

 

သင် တိတိကျကျ ဆုတောင်းလိုသော အချက် (၄)ချက်ကို စာရင်းပြုပါ။

ယခုခေတ္တရပ်တန့်ပြီး၊ ယင်းအချက်များကို ဘုရားသခင်အား ပြောပါ။

 

(၁) ဂုဏ်တော်ချီးမွမ်းလိုသောအချက် ______________________________

(၂) အပြစ်ဝန်ချတောင်းပန်လိုသောအချက်______________________________

(၃) ကျေးဇူးတော်ချီးမွမ်းလိုသောအချက်______________________________

(၄) အသနားခံဆုတောင်းလိုသောအချက်______________________________

 

သင်ခန်းစာ (၃)

အောင်မြင်ခြင်းစိတ်ချမှု

 

အောက်ပါကျမ်းပိုဒ်များကို ပြန်နွေးပါ။ မှန်ကန်စွာ ရွတ်ဆိုပြီးပါက ပေးထားသော ကွက်လပ်များတွင် အမှတ်အသားပြုပါ။

၁ ယော ၅း၁၁-၁၂ ____________________

ယောဟန် ၁၆း၂၄ ____________________

လူ၌ ဖြစ်တတ်သော စုံစမ်း နှောင့်ယှက်ခြင်းကိုသာ သင်တို့သည် ခံရကြ၏။ ဘုရားသခင်သည် သစ္စာနှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ သင်တို့မခံနိုင်သော စုံစမ်းနှောင့်ယှက်ခြင်းကို သင်တို့၌ ရောက်စိမ့်သောငှာ အခွင့်ပေးတော်မမူ၊ သင်တို့သည် ခံနိုင်မည်အကြောင်း၊ စုံစမ်းနှောင့်ယှက်ခြင်း အရာနှင့်တကွ ထွက်မြောက်သော လမ်းကိုလည်း စီရင်ပြုပြင်တော် မူလိမ့်မည်။

၁ ကော ၁၀း၁၃

စာတန် (Satan) ၏ တိုက်ခိုက်နည်း နောက်တစ်မျိုးမှာ သင့်အားတိုးညှင်းစွာဖြင့် “သင်ယခု အသက်ရပြီဆိုပေမဲ့၊ သင်ဟာ အလွန်အားနည်းသောသူဖြစ်တယ်။ သင်ဟာ နဂို ကတည်းက အားနည်းသူတစ်ယောက် ဖြစ်ခဲ့တယ်၊ မဟုတ်လား” ဟူ၍ ပြောမည်ဖြစ်၏။

စာတန်သည် သင့်အားနှစ်ပေါင်းများစွာ စိတ်အနှောင့်အယှက်ဖြစ်စေသော အတိတ်ကပြုခဲ့မိသောအမှား (ဝါ) အပြစ်ကို ထပ်ခါတလဲလဲ ပြန်လည် သတိရရန်လုပ်ဆောင်ပေမည်။ သင့်အားအထူး စိတ်အနှောက်အယှက် ဖြစ်စေသော အတိတ်၏ အားနည်းချက်များကို စာတန်သည် ထောက်ပြ၍-

 

“သင်ဟာ အားနည်းသူ တစ်ယောက်ဖြစ်တယ်။ သင်ဟာ ဘယ်တော့မှ ဒီလိုစုံစမ်းခြင်းမျိုးကို ခံနိုင်မှာမဟုတ်ဘူး။ အခြားစုံစမ်းခြင်းမျိုးကို ခံနိုင်ပေမဲ့ ဒီစုံစမ်းခြင်းမျိုးကို ခံနိုင်မှာမဟုတ်ဘူး” ဟူ၍ ပြောမည်ဖြစ်၏။

 

ဤအချိန်တွင် သင်သည် စာတန် (Satan) ကို မည်ကဲ့သို့ ပြန်လည် ဖြေကြားမည်နည်း။ အကြောင်းပြချက် အမျိုးမျိုးပြရန် ကြိုးစားမည်လား (သို့) သင့်ကိုယ်ပိုင် ငြင်းခုန်ချက်များဖြင့် ပြန်လည်ချေပ မည်လား (သို့) အခြားသူများ ထံပြေး၍ အကြံဉာဏ်တောင်းခံမည်လား (သို့) ထာဝရတည်တံ့ ခိုင်မြဲ၍ တန်ခိုးပါသော ဘုရားသခင်၏ နှုတ်ထွတ်စကားတော်ဖြင့် ပြန်လည်တိုက်ခိုက်တွန်းလှန် မည်လား။

 

၁ ကော ၁၀း၁၃ ကို သင်သဘောပေါက် နားလည်ထားပြီးဖြစ်ပါက၊ ဤကျမ်းချက်သည် စာတန်၏ တိုက်ခိုက်မှုကို တွန်းလှန်ရန် လက်နက်ပင်ဖြစ်၏။ ဘုရားသခင်သည် သင့်အားအောင်မြင်မှု ပေးမည်ဟု ကတိထားတော်မူ၏။ သင်သည် ဘုရားသခင်၏ သားသမီးဖြစ်သောကြောင့် အောင်မြင်မှုကို ရရှိထားပြီးဖြစ်၏။ ဘုရားသခင်၏ ကတိတော်ကို ယုံကြည်ပါ။ ထိုအခါ လူတို့ မတတ်နိုင်သော အရာကို ဘုရားသခင်က တတ်နိုင်တော်မူကြောင်းကို သင်တွေ့ရှိလာပေမည်။ သင့်အသက်တာတွင် ပြုခဲ့မိသော မကောင်းသော အကျင့်စရိုက်ဆိုးများသည် ဘုရားသခင်၏ ကြီးမားသော တန်ခိုးတော်အားဖြင့် တစ်ခုပြီးတစ်ခု ချိုးဖျက်ခြင်းခံရသည်ကို အံ့ဩဖွယ်ရာ လက်တွေ့ခံစားသိရှိ လာမည်ဖြစ်၏။

၁ ကော ၁၀း၁၃ ကို ဆင်ခြင်အောက်မေ့ခြင်း

သင်တွေ့ကြုံရသော စုံစမ်းနှောင့်ယှက်ခြင်းအားလုံးနှင့် ပတ်သက်၍ မည်သည့် အမှန်တရားကို သိရှိနိုင်သနည်း။

______________________________

သင်စုံစမ်းနှောင့်ယှက်ခြင်း ခံရသောအခါ၊ မည်သူက သင့်အားအောင်မြင်မှု ပေးနိုင်သနည်း။

______________________________

 

ဘုရားသခင်သည် စုံစမ်းနှောင့်ယှက်ခြင်းကို သင့်ထံမှ ဖယ်ရှားပေးမည်လော။

______________________________

 

ဘုရားသခင်သည် သင့်အတွက် ဘာကိုပြုလုပ် ပေးမည်နည်း။ ______________________________

လူ၌ဖြစ်တတ်သော

၁။ စုံစမ်းနှောင့်ယှက်ခြင်း တွေ့ကြုံရသည့် အကြောင်းရင်းကား အဘယ်နည်း။ (ယာကုပ် ၁း၂-၄)

____________________________________________________________

 

၂။ စုံစမ်းနှောင့်ယှက်ခြင်း၏ အဓိကမူလဇစ်မြစ်သည် အဘယ်နည်း။ (ယာကုပ် ၁း၁၃-၁၄)

____________________________________________________________

 

၃။ စုံစမ်းနှောင့်ယှက်ခြင်း ခံရသော ကဏ္ဍ (၃)မျိုးကား အဘယ်နည်း။ (၁ ယော ၂း၁၅-၁၆)

____________________________________________________________

၄။ စာတန် (Satan) သည် ဘာလုပ်ရန် ရှာဖွေနေသနည်း။ (၁ ပေ ၅း၈)

______________________________

ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော် မူသည်ဖြစ်၍

 

၅။ ၂ သက် ၃း၃ အရ ဘုရားသခင်သည် သင့်အတွက် ဘာလုပ်ဆောင်ပေးသနည်း။

____________________________________________________________

 

၆။ ဟေဗြဲ ၄း၁၅ တွင် ယေရှုခရစ်တော်အကြောင်း မည်ကဲ့သို့ ဖော်ပြထားသနည်း။

____________________________________________________________

ထွက်မြောက်သော လမ်းကိုလည်း စီရင်ပြုပြင်တော်မူလိမ့်မည်

 

၇။ စုံစမ်းနှောင့်ယှက်ခြင်းကို ခံရသောအခါ၊ သင်အပြစ်မပြုမိရန်အတွက်၊ လုပ်ရမည့်အရာများကား အဘယ်နည်း။

မဿဲ ၆း၉၊ ၁၃ _________________________________________________

ဆာလံ ၁၁၉း၉၊ ၁၁ ______________________________________________

၁ ယော ၅း၄-၅ _________________________________________________

ဟေဗြဲ ၄း၁၆ ___________________________________________________

ယာကုပ် ၄း၇ ____________________

၁ ကော ၁၀း၁၃ ကို အလွတ်ရေးချပါ။

______________________________

______________________________

______________________________

______________________________

______________________________

၁ ကော ၁၀း၁၃ ကို လက်တွေ့ကျင့်သုံးခြင်း

 

သင်မကြာခဏ တွေ့ကြုံ နေရသော စုံစမ်းနှောင့်ယှက် ခြင်းကား အဘယ်နည်း။

____________________________________________________________

 

ဤစုံစမ်းနှောင့်ယှက်ခြင်းမှ လွတ်မြောက်နိုင်သော ဘုရားသခင်၏ နည်းလမ်းကား မည်သည့်အရာ ဖြစ်သည်ဟု သင်ထင်ပါသနည်း။

 

 

သင်ခန်းစာ (၄)

အပြစ်လွှတ်ခြင်းစိတ်ချမူ

အောင်ပါကျမ်းပိုဒ်များကို ပြန်နွေးပါ။ မှန်ကန်စွာ ရွတ်ဆိုပြီးပါက ပေးထားသော ကွက်လပ်များတွင် အမှတ်အသားပြုပါ။

 

၁ ယော ၅း၁၁-၁၂ __________________

________________________________

 

၁ ကော ၁၀း၁၃ ____________________

________________________________

 

ယောဟန် ၁၆း၂၄ ___________________

________________________________

 

ကိုယ့်အပြစ်တို့ကို ဖော်ပြတောင်းပန်လျှင်၊ ငါတို့အပြစ်များကို လွှတ်၍ မကောင်းမှုရှိသမျှနှင့် ကင်းစင်စေခြင်းငှာ ဘုရားသခင်သည် သစ္စာတရား နှင့်လည်းကောင်း ဖြောင့်မတ်ခြင်းတရားနှင့် လည်းကောင်း ပြည့်စုံတော်မူ၏။

၁ ယော ၁း၉

 

အပြစ်အပေါ်အောင်မြင်ခြင်းကို သင်ရရှိထားပြီး ဖြစ်သော်လည်း ထွက်မြောက်သောလမ်းကို သင် တစ်ခါတစ်ရံ မလိုက်မိဘဲ ဖြစ်တတ်၏။ သင်သည် အပြစ်ကို အောင်မြင်ကျော်လွှား နိုင်စွမ်းမရှိသောကြောင့်၊ ဘုရားသခင်အပေါ် ပြစ်မှားမှု ပြုတတ်ပေသည်။ သင် ထိုကဲ့သို့ ပြုမိသည်နှင့် တပြိုင်နက်၊ စာတန် (Satan) သည် ချက်ချင်းပင် သင့်အားပြောမည့်စကားမှာ-

 

“ယခုပင် အပြစ်လုပ်မိပြီ။ သင်ဟာ ခရစ်ယာန် တစ်ယောက်ဖြစ်တယ် မဟုတ်လား။ ခရစ်ယာန်တွေဟာ ဒီလိုအပြစ်မျိုးတွေကို မလုပ်ဘူး” ဟူ၍ဖြစ်၏။

သို့သော် ဘုရားသခင်သည် ဆုံးရှုံးမှုနှင့် တွေ့ကြုံရသော သားသမီးတို့အတွက် နှုတ်ကပတ်တော်ကို အသင့်ပြင်ဆင် ပေးထားနှင့်ပြီးဖြစ်၏။ ၁ ယော ၁း၉ တွင် တွေ့နိုင်၏။ သင်သည် ကိုယ့်အပြစ်တို့ကို ဖော်ပြတောင်းပန်သောအခါ၊ ဘုရားသခင်၏ အပြစ်ခွင့်လွှတ်ခြင်း အပြည့်အဝကို ခံစားရမည်ဖြစ်၏။

 

အပြစ်ကိုဖော်ပြ တောင်းပန်ခြင်း ဆိုသည်မှာ၊ အပြစ်ကို ဝှက်မထားဘဲ ပြုမိသည့်အတိုင်း အားလုံးဖော်ပြ၍၊ အပြစ်ပြုမိကြောင်း ဝန်ခံခြင်းပင်ဖြစ်၏။ ဤကဲ့သို့ ရိုးသားစွာ ဝန်ချခြင်း ပြုရာတွင်၊ ယင်းအပြစ်ကို လိုလိုလားလား စွန့်ပစ်ချင်စိတ်လည်း ရှိရမည်ဖြစ်၏။ ဘုရားသခင်သည် အပြစ်လွှတ်ရုံ မကဘဲ၊ မကောင်းမှုအားလုံးနှင့် ကင်းစင်သွားစေရန်လည်း ပြုလုပ်ပေးမည်ဟု ကတိထားတော်မူ၏။ ဤအချက်သည် ဘုရားသခင်၏ အံ့သြဖွယ်ရာ ကရုဏာတော်ဖြင့် ပြင်ဆင်ပေးမှုပင် ဖြစ်သည်။

၁ ယော ၁း၉ ကို ဆင်ခြင်အောက်မေ့ခြင်း

 

သင့်အပြစ်နှင့် ပတ်သက်၍ ဘုရားသခင် ဘာလုပ်ချင်သနည်း။

______________________________

အပြစ်ဖော်ပြ တောင်းပန်ခြင်း ဆိုသည်မှာ အဘယ်နည်း။

______________________________

ကျွန်ုပ်တို့၏ အပြစ်ကို လွှတ်ခြင်းကြောင့် ဘုရားသခင်ကို မည်ကဲ့သို့သော ဘုရားဖြစ်ကြောင်း ဖော်ပြထားသနည်း။

______________________________

 

သင်သည် အပြစ်ဝန်ချ တောင်းပန်သောအခါ ဘုရားသခင်သည် သင့်အပြစ်ကို လွှတ်ရုံမက၊ ဘာပြုလုပ်ပေးသေးသနည်း။

______________________________

ကိုယ့်အပြစ်တို့ကို ဖော်ပြတောင်းပန်လျှင်-

 

၁။ သင်သည် မိမိကိုယ်ကို မည်ကဲ့သို့ မှတ်ယူသင့်သနည်း။ (၁ ယော ၁း၈၊ ၁၀)

______________________________

၂။ အပြစ်နှင့် ပတ်သက်လျှင် မည်ကဲ့သို့ သဘောထား ရမည်နည်း။

 

ဆာလံ ၁၃၉း၂၃-၂၄ ________________

ဆာလံ ၃၈း၁၈ ___________________

 

၃။ အပြစ်ဝန်ချခြင်းအပြင် နောက်ထပ် ဘာလိုအပ်သနည်း။ (သုတ္တံ ၂၈း၁၃)

______________________________

ငါတို့အပြစ်များကိုလွှတ်၍ မကောင်းမှုရှိသမျှနှင့် ကင်းစင်စေခြင်းငှာ ဘုရားသခင်သည် သစ္စာတရားနှင့်လည်းကောင်း၊ ဖြောင့်မတ်ခြင်းတရားနှင့်လည်းကောင်း ပြည့်စုံတော်မူ၏။

 

၄။ ဆာလံ ၈၆း၅ တွင် ဘုရားသခင်ကို မည်ကဲ့သို့ ဖော်ပြထားသနည်း။

______________________________

 

၅။ မည်သည့်အချက်ပေါ် အခြေခံ၍ အပြစ်လွှတ်ခြင်းအခွင့် သင်ရရှိသနည်း။ (ဧဖက် ၁း၇-၈)

______________________________

 

၆။ ခရစ်တော်၏ စွန့်လွှတ်ပူဇော်ခြင်းနှင့် ပတ်သက်၍ ဟေဗြဲ ၁၀း၁၂ တွင် မည်ကဲ့သို့ ဖော်ပြထားသနည်း။

______________________________

 

၇။ အပြစ်ကိုဝန်ချတောင်းပန် ပြီးသော်လည်း မိမိကိုယ်ကို အပြစ်မလွှတ်နိုင်ခြင်းမှာ မိုက်မဲမှုဖြစ်သည်။ အဘယ်ကြောင့်နည်း။ (ဟေဗြဲ ၁၀း၁၇)

 

၈။ သင်သည် ဘုရားသခင်၏ ခွင့်လွှတ်ခြင်းကို ခံစားရသောကြောင့် အခြားသူများအပေါ် မည်သည့် စိတ်သဘောထားမျိုး ရှိသင့်သနည်း။ (ဧဖက် ၄း၃၂)

______________________________

 

၁ ယော ၁း၉ ကို အလွတ်ရေးချပါ။

______________________________

______________________________

______________________________

၁ ယော ၁း၉ ကို လက်တွေ့ကျင့်သုံးခြင်း

 

သင်သည် ဤသင်ခန်းစာကို ဖြေဆိုနေစဉ်အတွင်း၊ ဝန်ချတောင်းပန်ခြင်းမပြုရသေးသော အပြစ်တစ်ခုခုကို သတိရလာပါက ဖော်ပြပါ။

______________________________

______________________________

 

ဤအပြစ်အတွက် ဘုရားသခင်ထံ ဝန်ချတောင်းပန်ပါ။ ဘုရားသခင်၏ အပြစ် (ခွင့်လွှတ်တော်မူခြင်း) အတွက် ကျေးဇူးတော်ချီးမွမ်းပါ။ ဘုရားသခင်သည် သင့်အပြစ်ကို ခွင့်လွှတ်တော်မူပြီး မေ့ပစ်လိုက်သလော။

______________________________

အောက်ပါကျမ်းပိုဒ်များကို ပြန်နွေးပါ။ မှန်ကန်စွာ ရွတ်ဆိုပြီးပါက၊ ပေးထားသော ကွက်လပ်များတွင် အမှတ်အသားပြုပါ။

၁ ယော ၅း၁၁-၁၂ ____________________

၁ ကော ၁၀း၁၃ ______________________

ယောဟန် ၁၆း၂၄ _____________________

၁ ယော ၁း၉ _________________________

 

သင်ခန်းစာ (၅)

ပဲ့ပြင်ခြင်းစိတ်ချမှု

ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဉာဏ်ကို အမှီမပြုနှင့်။ သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက်ပြုလော့။ သို့ပြုလျှင်၊ သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။

သုတ္တံ ၃း၅-၆

 

သင်သည် အသက်တာသစ်ကို လိုက်လျှောက်ရာတွင် သင့်ရှေ့ရေးနှင့် ပတ်သက်၍ မည်ကဲ့သို့ ဖြစ်လာမည်ကို မေးခွန်း အမျိုးမျိုးထုတ်၍ စဉ်းစားကောင်း စဉ်စားမိမည်ဖြစ်၏။ သင့် အသက်တာအတွက် ဘုရားသခင်၏ အလိုတော်သည် အဘယ်နည်းဟူ၍လည်းကောင်း၊ ဘုရားသခင်သည် အမှန်ပင် လမ်းပြပို့ဆောင်တော် မူမည်လော ဟူ၍လည်းကောင်း၊ စသည့် မေးခွန်းများ ထုတ်လာမည်ဖြစ်၏။

ဘုရားသခင်ကို လုံးဝအားကိုးခြင်းအားဖြင့်၊ ဘုရားသခင်သည် သင့်အား ပဲ့ပြင်လမ်းပြတော်မူမည်ဖြစ်ကြောင်းကို ကတိတော် ထားတော်မူ၏။ ဘုရားသခင်သည် သင့်အား အကောင်းဆုံး လမ်းပြနိုင်သော အရှင်ဖြစ်တော်မူခြင်းမှာ သူသည် သင့်လိုအပ်ချက် အားလုံးကို သိတော်မူပြီး တန်ခိုးတော်၊ ဉာဏ်တော်၊ ဂုဏ်တော် အလုံးစုံတို့နှင့် ပြည့်စုံတော်မူသည့်အတိုင်း သင့်အတွက် အကောင်းဆုံးသော အသက်တာကို ပေးပိုင်တော်မူသော အရှင်ဖြစ်တော်မူသောကြောင့်ဖြစ်၏။

 

သို့ဖြစ်၍၊ သင်၏ အားကိုးခိုလှုံမှုကို ဘုရားသခင်သည် ခံထိုက်တော်မူ၏။

သုတ္တံ ၃း၅-၆ ကို ဆင်ခြင်အောက်မေ့ခြင်း

မည်သည့်အချက် (၃) ချက်ကို သင်ပြုလုပ်ရမည်ဟု ဆိုထားသနည်း။

______________________________

 

ထိုအချက်များကို ပြုလုပ်လျှင် ဘုရားသခင်က ဘာကတိ ပေးသနည်း။

______________________________

ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့ကိုးစားလော့

၁။ ဘုရားသခင်သည် သင့်အတွက် ဘာလုပ်ပေးဖို့ သင်အားကိုးနိုင်သနည်း။ (ဆာလံ ၃၂း၈)

______________________________

 

၂။ ရောမ ၁၂း၁-၂ အရ၊ ဘုရားသခင်၏ အလိုတော်ကိုသိရန် မည်သည့်အရာများ လုပ်ဆောင်ရမည်နည်း။

______________________________

ဘုရားသခင်၏ အလိုတော်ကို မည်ကဲ့သို့ ဖော်ပြထားသနည်း။

______________________________

 

၃။ မည်သူ့အား ဘုရားသခင်သည် ကောင်းကြီးမင်္ဂလာ အထူးချပေးတော်မူမည့် အကြောင်း ဖော်ပြထားသနည်း။ (ယေရမိ ၁ရး၇) ______________________________

ကိုယ့်ဉာဏ်ကို အမှီမပြုနှင့်

 

၄။ ယေရမိ ၁ရး၅ တွင် ဘုရားသခင်က မည်ကဲ့သို့ သတိပေးထားတော်မူသနည်း။

______________________________

၅။ ကျွန်ုပ်တို့သည် အဘယ်ကြောင့် ကိုယ့်ဉာဏ်ကို အမှီမပြုသင့်သနည်း။ (ဟေရှာယ ၅၅း၈-၉)

______________________________

၆။ သခင်ယေရှုသည် ဆုံးဖြတ်ချက်များချရာတွင် မည်သည့် နည်းဥပဒေသကို အသုံးပြုသနည်း။ (ယော ၆း၃၈)

______________________________

သွားလေရာရာ၌ ထာဝရဘုရားကို မျက်မှောက်ပြုလော့။ သို့ပြုလျှင် သင်၏ လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်

၇။ အလိုတော်ကို သိနိုင်ရန်၊ ဘုရားသခင်သည် မည်သည့်အရာများ ပြင်ဆင်ပေးထားသနည်း။

ဆာလံ ၁၁၉း၁၀၅ _________________

၁ ကော ၂း၁၂ ___________________

၈။ သင်နားမလည်သော အခြေအနေများအတွက် သင်ဘာလုပ်သင့်သနည်း။ (ယာကုပ် ၁း၅) ______________________________

၉။ ဘုရားသခင်၏ ကတိတော်များ ပြည့်စုံခြင်းမတိုင်မှီ၊ မည်သည့်အရာကို ရှေးဦးစွာ လုပ်ဆောင်ရမည်နည်း။ (ဟေဗြဲ ၁၀း၃၆) ______________________________

သုတ္တံ ၃း၅-၆ ကို အလွတ်ရေးချပါ။  ______________________________

 

သုတ္တံ ၃း၅-၆ ကို လက်တွေ့ကျင့်သုံးခြင်း

သင့်အသက်တာတွင် ဘုရားသခင်၏ လမ်းပြမှုကို ရှာဖွေနေသည့် အခြေအနေ (သို့) ကဏ္ဍတစ်ခုခုကို ဖော်ပြပါ။

______________________________

ယခုလက်ရှိ အခြေအနေ၌ ဘုရားသခင်အား ကိုးစားလျက် သင်ဘာလုပ်နေသနည်း။

______________________________

 

Leave a Reply

Your email address will not be published. Required fields are marked *