ချစ်တပည့်တော်ဆယ့်နှစ်ဖော်

မာတိကာ 

အကြောင်းအရာ                                                                                               စာမျက်နှာ

၁။        တစ်ဆယ့်နှစ်ပါး                                                                                                           ၅

၂။         ပေတရု-ကျောက်ဖြစ်လာ

သောသူ                                                                                 ၁၂

၃။        ယောဟန် -မိုးကြိုးသားမှ မော်ရင်                                                                               ၃၇

ဖြစ်လာသော တမန်တော်

၄။        အန္ဒြေ- အခြားသူများအား ယေရှုထံသို့                                                                         ၅၇

ပိုဆောင်ပေးသူ

၅။        သောမ – ဒွိဟ သံသယဖြစ်ခြင်းကြောင့်                                                                        ၇ဝ

အမှန်ကိုသိလာသောပုဂ္ဂိုလ်

၆။        မဿဲ-လူတိုင်း စက်ဆုတ်ရွံရှာခြင်းခံရသောသူ                                                            ၉၀

၇။        ယုဒရှကာရုတ်-သစ္စာဖောက်ဖြစ်လာသူ                                                                     ၁၁၀

၈။        သခင်ယေရှု၏ညီယာကုပ် – ရန်သူဖြစ်မှ                                                                     ၁၃၅

မိတ်ဆွေအဖြစ်သို ရောက်ရှိလာသူ

၉။        ဖိလိပ္ပု-သခင် ယေရှုနောက်သို့လိုက်ရန်                                                                      ၁၄၅

ပထမဆုံး အခေါ်ခံရသောပုဂ္ဂိုလ်

၁၀။      ရှိမုန်ဇေလုတ်- အစဦး၌ မုန်းစိတ်ထားသော                                                                ၁၅၇

ပုဂ္ဂိုလ်သည် မေတ္တာစိတ်နှင့် အဆုံးသတ်သည့်

အကြောင်း

၁၁။      ယောဟန်၏အစ်ကို ယာကုပ်-တမန်တော်                                                                   ၁၇၁

ဆယ့်နှစ်ပါးတွင် ပထမဦးဆုံး မာတု ရဖြစ်လာသူ

၁၂။ –    ဗာသောလမဲ                                                                                                               ၁၈၁

၁၃။      နာသနေလ                                                                                                                  ၁၉၂

၁၄။      အာလဖဲ၏သား-ယာကုပ်                                                                                              ၂ဝ၃

၁၅။      သဒ္ဒါ                                                                                                                            ၂၀၈

 

 

စတုတ္တအကြိမ် အမှာစာ

သခင်ယေရှု၏တပည့် ရင်းများဖြစ်ကြသော ချစ်တပည့်တော်ဆယ့်နှစ်” အကြောင်း ဖတ်ရှုရသဖြင့် ဝိညာဉ်ခွန်အားရရှိခဲ့ကြသော စာဖတ်ပရိတ်သတ်၏ တောင်းခံချက် အရသော် လည်း ကောင်း၊ မဖတ်ရသေး၍ ဖတ်ချင်သည်ဟု ဆန္ဒပြုကြသော မိတ်ဆွေများအတွက်သော်လည်းကောင်း ရည်ရွယ်ဦးတည်လျက် ဤစာအုပ်ကို စတုတ္တအကြိမ် ပြန်လည် ထုတ်ဝေရသဖြင့် ဂုဏ်တော်ကို ချီးမွမ်းပါသည်။

ဤစာအုပ်ကို ရေးသားပြုစုခဲ့သော ဆရာကြီး ဝီလျံဘာကလေး၊ မြန်မာဘာသာပြန်သော သိက္ခာတော်ရ ဆရာဦးသာကျော်နှင့် မြန်မာစာမူကို တည်းဖြတ်ပေးသော ဆရာဦးသန်းဖေတို့အား ကျေးဇူးတင်ရှိပါသည်။

ယခု စတုတ္တအကြိမ် ချစ်တပည့်တော်ဆယ့်နှစ်ဖေါ် စာအုပ်ထုတ်ဝေခွင့် ပေးသောကြောင့် ဘုရားသခင်၏ဂုဏ်တော်ကိုချီးမွမ်းပါသည်။

ကိတ်ချင်ပေါင်(သိက္ခာတော်ရ)

ထုတ်ဝေ ဖြန့်ချီရေးတာဝန်ခံ

ပုံနှိပ်ထုတ်ဝေရေးဌာန

မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်

အမှာစာ

ဤစာအုပ်ကို ရေးသားပြုစုသည့် ဦးတည်ချက်မှာ ဓမ္မသစ်ကျမ်း ဖော်ပြချက်များ၊ အခြားစိတ်ဝင်စားဖွယ် သိကောင်းစ ရာများ၊ အရေးကြီးသော ဒဏ္ဍာရီများ၊ ရှေးရိုးစကားမှတပည့်တော် ဆယ့်နှစ်ဖော်အကြောင်းများကို စူးစမ်းရှာဖွေစုစည်းတင်ပြရန် ဖြစ်သည်။

ဖော်ပြပါ ဒဏ္ဍာရီပုံပြင်များသည် သမိုင်းတွင် အထောက်အထားရှိသည်ဟု မဆိုလို။ သို့ရာတွင် ယင်းအကြောင်းအချက်များသည် သက်ဆိုင်ရာ တပည့်တော်များ၏ အသက်တာကိုပိုမိုပေါ်လွင် ထင်ရှားစေသည်ဖြစ်၍ အရေးကြီးသည်ဟု ဆိုရပေမည်။

ဤစာအုပ်ကို ဖတ်ရှုလေ့လာသူ သည် အရှင်ဘုရား၏ ချစ်တပည့်တော် ဆယ့်နှစ်ဖော်ကို ပိုမို ကျွမ်းဝင် လေးစားတန်ဖိုးထားဖိုရန် ကျွန်တော် မျှော်မှန်း ဆုတောင်းမေတ္တာ ပို့သပါသည်။

၁၉၅၉-ခု။

ဝီလျံဘာကလေး

အခန်း (၁)

တစ်ဆယ့်နှစ်ပါး

ဗျာဒိတ်ကျမ်းကိုရေးသားသောပုဂ္ဂိုလ်မြင်တွေ့သည့် အဆင်းအာရုံ၌ သန့်ရှင်းသောမြိုတော်၏ မြိုရိုးအုတ်မြစ် တစ်ဆယ့်နှစ်ခုတွင်သိုးသငယ်၏တမန်တော် တစ်ဆယ့်နှစ်ပါးအမည်များ ရေးထိုးထား လေသည် (ဗျာဒိတ်ကျမ်း၊ ၂၁း၁၄)။

ထိုတမန်တော် တစ်ဆယ့်နှစ်ပါးသည် ခရစ်ယာန်အသင်းတော်၏အုတ်မြစ်များ ဖြစ်ကြသည်။ ထိုကြောင့် ကျွန်ုပ်တို့သည် တမန်တော်များ၏အကြောင်းကို လေ့လာသင့်သည်။ သူတို့၏ အတ္ထုပ္ပတ္တိနှင့် ဖြစ်ရပ်မှန်များကို သိရှိရန်သာမက တမန်တော် ဘဝကို ရရှိသော ထိုပုဂ္ဂိုလ်များအတွက် မည်ကဲ့သို့ဖြစ်သည်၊ နောက်လိုက်တပည့်ဆိုသည်မှာ ကျွန်ုပ်တို့အတွက်အဘယ်ကဲ့သို အဓိပ္ပါယ်သက် ရောက်သည်တိုကိုပါ လေ့လာရန်ဖြစ်သည်။

ဓမ္မသစ်ကျမ်း၌ တမန်တော်တို၏ အမည်များကိုဖော်ပြရာ တွင်သုံးနေရာ၌ တစ်ဆယ့်နှစ်ပါးအ မည်ကို ရေးမှတ်ထားပြီး တစ်နေရာတွင်မူတစ်ဆယ့်တစ်ပါးအမည်ကိုသာ ရေးမှတ်ထား သည်။ ၄င်းကျမ်းချက်မှာရှင်မာကုခရစ်ဝင်(၃၁၆-၁၉)။ ရှင်မဿဲ ခရစ်ဝင်(၁၀၂-၄)၊ ရှင်လုကာခရစ်ဝင်(၆း၁၄-၁၆)နှင့် တမန်တော် ဝတ္တု(၁း၁၃)တိုဖြစ်သည်။

၄င်းတမန်တော်တို့၏အမည်များကို ဖော်ပြပါကျမ်းချက်များနှင့်ယှဉ်တွဲ၍ အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။

ရှင်မာကုခရစ်ဝင်          ရှင်မဿဲခရစ်ဝင်          ရှင်လုကာခရစ်ဝင်       တမန်တော်ဝတ္ထု

၁။        ပေတရု                        ပေတရု                        ပေတရု                        ပေတရု

၂။         ယာကုပ်                       အန္ဒြေ                           အန္ဒြေ                          ယာကုပ်

၃။        ယောဟန်                     ယာကုပ်                       ယာကုပ်                      ယောဟန်

၄။        အန္ဒြေ                           ယောဟန်                     ယောဟန်                     အန္ဒြေ

၅။        ဖိလိပ္ပု                          ဖိလိပ္ပု                         ဖိလိပ္ပု                         ဖိလိပ္ပု

၆။        ဗာသောလမဲ                 ဗာသောလမဲ                ဗာသောလမဲ               သောမ

၇။        မဿဲ                            မဿဲ                            မဿဲ                            ဗာသောခမဲ

၈။        သောမ                         မဿဲ                            သောမ                         မဿဲ

၉။        အာလဖဲ၏သား            အာလဖဲ၏သား            အာလဖဲ၏သား            အာလဖဲ၏သား

ယာကုပ်                       ယာကုပ်                       ယာကုပ်                       ယာကုပ်

၁၀။      သဒ္ဒဲ                              သဒ္ဒဲဟု အမည်သစ်       “ဇလုတ်”ဟု               ရှိမုန်ဇေလုတ်

ကိုရသောလေဗဲ            ခေါ်ဝေါ်

သောရှိမုန်

၁၁။      ကာနနိတ်လူရှိမုန်          ကာနနိတ်လူရှိမုန်          ယာကုပ်၏ညီယုဒ         ယာကုပ်၏ညီယုဒ

၁၂။       ယုဒရှကာရုတ်              ယုဒရှကာရုတ်             ယုဒရှကာရုတ်

ဘာသာပြန်ဆိုထားသည့် ဂျိမ်းဘုရင်မူ အင်္ဂလိပ်ကျမ်းစာမှ ရှင်မဿဲနှင့် ရှင်မာကုခရစ်ဝင်ကျမ်း များတွင် ကာနနိတ်လူရှိမုန် (Simon the Canaanite)ဟု ဖော်ပြ၍ ရှင်လုကာခရစ်ဝင်တွင် ဇေလုတ်ဟု ခေါ်ဝေါ်သော ရှိမုန်(Simon called Zelotes)ဟု ရေးသားထားသည်။

ဂျိမ်းဘုရင်ကျမ်းမှု၏ ရှင်မာကုခရစ်ဝင် နှင့် ရှင်မဿဲ ခရစ်ဝင်များ၌ ဘာသာပြန်ဆိုမှုမှားယွင်း နေသဖြင့် ထိုအမှားများကို ပြင်ဆင်ပြီးအင်္ဂလိပ်ကျမ်းမူ English Revised Version ၌ လည်းကောင်း၊ အခြားကျမ်းစာအုပ်များ၌လည်းကောင်း ပြင်ဆင် လိုက်သည်။ မူရင်း ဂရိဘာသာဖြင့် ရေးသားထား သော အကောင်း ဆုံးလက်ရေးစာမူများ၌ Kananitesဟူသော စကားလုံး(အင်္ဂလိပ်လို Canaanite၊ မြန်မာလို ကာနနိတ်) မဟုတ်ဘဲ Kananios (ကာနာနေယိုစ်) ဖြစ်သည်။ ရှိမုန်ကို ရည်ညွှန်းသော ဘွဲ့အမည် ဆိုလျှင် Cananaean (ကန်နာနေအိယံ) ဖြစ်ရမည်။ ထို အမည်သည် Aramaic(အာရမစ် )စကားဖြစ်၍ အဓိပ္ပာယ်မှာ Zealotes (Zelots လုတ်)ဖြစ်သည်။ ဇေလုတ်များသည် ရက်စက်ကြမ်း ကြုတ်၍ ကိုယ့်လူမျိုး၏အကျိုးကိုသာ ကြည့်တတ်သောဘာသာရေး တစ်ယူသန်များဖြစ်သည်။ ရောမလူမျိုးများအားမည်သည့်ရက်စက် ကြမ်းကြုတ်နည်းဖြင့်မဆို ချောင်းမြောင်းသတ်ဖြတ်အနှောင့် အယှက်ပေးရန် ကတိသစ္စာပြုထားသူများဖြစ်သည်။ Kananaios ဟူသော စကားလုံးက ရှိမုန် မည်သည့်လူမျိုးဖြစ်သည်ကိုမဖော်ပြပေ။ သူ၏နိုင်ငံရေးအဖွဲအစည်းကိုသာ ဖော်ပြသည်။ ရှိမုန်သည် ကာနနိဟ် Canaaniteလူမျိုး(တိုင်းတစ်ပါးသား)မဟုတ်၊ ဘာသာရေး၌အယူသည်းသော ဂျူးလူမျိုး ဖြစ်သည်။

အင်္ဂလိပ်ကျမ်းစာ(ဂျိမ်းဘုရင်မူ)အရ ရှင်လုကာခရစ်ဝင်နှင့် တမန်တော်ဝတ္တုများ၌သာ ယာကုပ်၏ညီ ယုဒဟူ၍ တမန်တော် တစ်ပါးပါရှိသည်။

မူရင်းဂရိကျမ်း၌ ‘ညီ’ဟူသော စကားလုံးမပါရှိဘဲ ယာကုပ်၏ ယုဒ Judas of James ဟူ၍ ရေးသားထားသည်။ ဂျိမ်းဘုရင်မူသည် ထိုအချက်နှင့်ပတ်သက်၍ မသေချာသောကြောင့် “ညီ” ဟူသော စကားလုံးကို စာလုံးအစောင်းဖြင့် ပုံနှိပ်ထားသည်။Judas of James ယာကုပ်၏ ယုဒဟူသော အခေါ်အဝေါ် သည် လူအများသုံး ဂရိဝေါဟာရ စကားလုံးဖြစ်သည်။ ဤအသုံးအနှုန်းသည် အမြဲလိုပင် “ညီ” ဟူသော အဓိပ္ပာယ်ကို မဆောင်ဘဲ “သား” ဟူသော အဓိပ္ပာယ်ကိုလည်းဆောင်သည်။ ပြင်ဆင်ပြီး အင်္ဂလိပ်ကျမ်း English RevisedVersion နှင့် နောက်ပိုင်းမှတတ်သော ကျမ်းစာအုပ်များတွင် ယာကုပ်၏“သား”ဟုပါရှိသဖြင့်ဤအတိုင်းဖြစ်ရပေမည်။

ဂျိမ်းဘုရင်မူဘာသာပြန်ရာ၌ “သား” ဟူသော စကားလုံး အစား“ညီ’ဟူသော စကားလုံးပါ ရှိလာရခြင်းအကြောင်းရင်းမှာ တမန်တော်ထဲ၌ပါရှိသော ယုဒကို “ယာကုပ်၏ညီယုဒ” ဟူ၍ ရှင်ယာကုပ်ဩဝါဒစာကိုရေးသားသော ယုဒနှင့်အတူတူဖြစ် ကြောင်း ဖော်ပြလို၍ဖြစ်သည် (ယုဒ၊၁း၁)။

စာရင်းထဲတွင် တမန်းဘောဆယ့်နှစ်ပါး၏အမည်မှာ ထပ်တူထပ်မျှဖြစ်သည်။ တစ်ဆယ့် နှစ်ဦးမြောက် တမန်တော်၏အမည် အတွက်ပြဿနာ ဖြစ်နေသည်။ ရှင်မာကုခရစ်ဝင်တွင် တစ်ဆယ့် နှစ်ဦး မြောက်တမန်တော်၏အမည်မှာ သဒ္ဒဲ(Thaddaeus)ဖြစ်သည်။ ဂျိမ်းဘုရင် အင်္ဂလိပ်ကျမ်းမူ ရှိ မဿဲခရစ်ဝင်ကျမ်းတွင် သဒ္ဒဲ(Thaddacus) ဟုအမည်သစ်ကို ရရှိသော လေဝဲLebbaeus) ဟု ပါရှိသည်။ နှင်လုကာခရစ်ဝင်နှင့် တမန်တော်ဝတ္တုတွင် ယာကုပ်၏ သားယုဒ (Judas the son of James)ဟု ပါရှိသည်။

ဂရုပြုရမည့်ပထမအချက်မှာ “အမည်သစ်ကို ရရှိသော လေဗဲ”ဟူသော စကားစုသည် စိတ်အချရဆုံးရှေးဟောင်းလက်ရေး စာမူအများ၌မပါရှိချေ။ ပြင်ဆင်ပြီး အင်္ဂလိပ်ကျမ်းစာမူ၌လည်း ဤစကားစုကိုချန်လှပ်ထားသောကြောင့် ယင်းကို ချန်လှပ်၍ ထားရပေမည်။

ယင်းစကားစုအဘယ်ကဲ့သို ပါရှိလာရသည်ကို ဆင်ခြင် စဉ်းစားသည့်အခါ ဖြစ်နိုင်စရာအ ကြောင်းနှစ်ရပ်တွေ့ရှိရသည်။

(၁) စောစောပိုင်း၌ ကျမ်းပြုသူများသည် မဿဲနှင့်လေဝိဆိုသောပုဂ္ဂိုလ်မှာ တစ်ဦးတည်းဖြစ် ကြောင်းကို သဘောမပေါက်ကြကြောင်းနှင့်ဟောတ်(Hort)ဆိုသောပုဂ္ဂိုလ်က တင်ပြထားပေသည် (မဿဲ၊ ၉း၉နှင့်၅း၂၇-၂၈)။ ထို အပြင်ကမန်တော်ဆယ့်နှစ်ပါးတွင်လေဝိ(Levi of Levite) ဟူသော အမည်ကို ထည့်သွင်းရန် ကြိုးစားရာမှ လေဗဲ(Lebbaetis)ဟူသောအမည် ပေါ်ပေါက်လာသည် ဆိုသည့် အယူအဆကိုလည်း တင်ပြထားသည်။

(၂) သဒ္ဒဲ(Thaddaeus)ဆိုသော စကားကို ပင်ရင်း စကားလုံးမှအဓိပ္ပာယ်ဆန်းပြားစွာ ရယူနိုင်သည်။ “Thed ဟူသော ပင်ရင်းအမြစ်စကားမှ Thaddaeus ဟူသောစကား ဖြစ်ပေါ် လာသည်။ “Thed’ဟူသော စကားလုံး၏အနက်အဓိပ္ပာယ်မှာ ရင်ဘက်၊ ရင်သားဖြစ်၍ ဤကဲ့သိုသော ပင်ရင်းအမြစ် စကားမှ ယူ၍ နာမည်မှည့်လျှင် တမန်တော်တစ်ဦးအတွက် ဆန်းပြားသော အမည်ဖြစ်နေ လိမ့်မည်။အခြား တစ်နည်းမှာလေဗဲ Lebbaeusဟူသော အမည်ကို “Leb’ဟူသော စကားလုံးမှ ရယူနိုင် သည်။ ၄င်း၏အဓိပ္ပာယ်မှာ စိတ်နှလုံးဖြစ်သည်။ သဒ္ဒဲ Thaddaeusဟူသော အမည်သည် တမန်တော် တစ်ဦးအတွက်ဆန်းပြားသော အမည်ဖြစ်သည်ဟု မှတ် ထင်ပြီး လေဗဲ Lebbaeusဟူသောအမည်က ပို၍ သင့်လျော်လိမ့် မည်ဟု ယူဆသောကြောင့် ကျမ်းပြုသူများက လေဗဲ အမည်ကို တစ်ဖန် ပြောင်းလဲလိုက်ခြင်းဖြစ်ရမည်ဟု ကြံဆကြသည်။

မည်သို့ပင်ဖြစ်စေ၊ တမန်တော်များ၏ အရေအတွက်သည်တစ်ဆယ့်နှစ်ပါးဖြစ်ရမည်ဆိုလျှင် သူနှင့်ယာကုပ်၏သား ယုဒသည်တစ်ဦးတည်းဖြစ်ရမည်။ ဤကိစ္စအဘွက် အခက်အခဲမရှိချေ။

အဘယ်ကြောင့် ဆိုသော် ထိုခေတ်ထိုအခါက လူအများတို့သည်အမည် သုံးမျိုး မှည့် ထားလေ့ ရှိကြသည်။ အထောက်အထားမှာ တမန်တော်ဝတ္တု(၁း၂၃)၌ ဗာရှဗဟု ခေါ်၍ ယတ္တုအမည်သစ်ကို ရရှိသော ယောသပ်ဟူ၍ ပါရှိသည်။ သဒ္ဒဲThaddaeus ၌ ယုဒJudasဟူသော အခြားအမည် လည်း ရှိကောင်း ရှိပေလိမ့်မည်။ ယုဒဟူသောအမည်သည် ရှက်ဖွယ်ရာ ဖြစ်လာသောအခါ ယုဒအမည်ကိုဖြုတ်၍ သဒ္ဒဲအမည်တစ်ခုတည်းနှင့်သာ ခေါ်ဝေါ်ခြင်းဖြစ်ပေမည်။ ထိုသို့ မဟုတ်လျှင် Thaddaeus သည် Thendasနှင့် ထပ်တူထပ်မျှဖြစ်သော Theudas Judas (ယု) အမည်သို ပြောင်းလဲ လာဟန်တူသည်။

ဤသုံးကျမ်း၌ ပါရှိသော ကမန်တော်တို၏ အမည်များကိုစတုတ္တ ကျမ်းဖြစ်သော ရှင်ယောဟန်ခရစ်ဝင်ကျမ်းနှင့် ထပ်မံ၍ညှိနှိင်းကြည့်ရှုသောအခါ ပြဿနာတစ်ရပ်နောက်ထပ် ပေါ်ပေါက်လာသည်။ ရှင်ယောဟန်ခရစ်ဝင်ကျမ်း၌ နာသနေလသည် တမန်တော်တစ်ပါးဖြစ်ကြောင်း၊ နာသနေလအား တမန်တော် တစ်ပါးအနေဖြင့်သခင်ယေရှုကိုယ်တော်တိုင် ရွေးကောက်တော်မူ ကြောင်းကို ရှင်ယောဟန်ခရစ်ဝင်(၁း၃၄- ၅၁)၌ အတည်အလင်း ဖော်ပြထားသည်။

ရှင်ယောဟန် ခရစ်ဝင်( ၂၁:၂)၌လည်း နာသနေ လေသည်တမန်တော်များထဲတွင် တစ်ပါးအပါအဝင်ဖြစ်ကြောင်း အတိအကျတွေ့ရှိ ရသည်။ သို့ သော်လည်း သူ၏အမည် ကို အထက်ပါ တမန်တော်များ၏ စာရင်း၌ မတွေ့ရှိရပေ။

ထိုကြောင့် အသင့်လျော်ဆုံးအဖြေမှာ နာ သနေ လနှင့်ဗာသောလမဲသည် ပုဂ္ဂိုလ်တစ်ဦး တည်းဖြစ်ရမည်။ ထိုသို ယူဆနိုင်သောအကိုးအကားပြုချက် ကြီးသုံးချက်မှာအောက်ပါအတိုင်း ဖြစ်သည်။

(၁) နာသနေလအမည်သည် ပထမ၊ ဒုတိယနှင့် တတိယ ခရစ်ဝင်ကျမ်းများ၌ မပါရှိခြင်း၊ ဗာသောလမဲအမည်သည် စတုတ္တခရစ်ဝင်ကျမ်း၌ မပါရှိခြင်း။

(၂) ဗာသောလမဲ(Bartholomew)သည် ပထမအမည်မဖြစ်နိုင်။ ဗာ(Ban)သားဟု ဆိုလိုသည်။ ဗာသောလမဲ (Bartholomew)သည် သောလမဲ(Tolimai)၏သားဟု အဓိပ္ပာယ် ရသည်။ သိုသော်လည်း ဗာ‌ေသာလမဲအမည်သည် ထင်ပေါ်သော ဒုတိယအမည်ဖြစ်၍ ထိုအမည် ၏ရှေ့၌အခြားအမည် တစ်ခုရှိရမည်။

(၃) ပထမ၊ ဒုတိယနှင့် တတိယခရစ်ဝင်ကျမ်း သုံးကျမ်းတွင် ဖိလိပ္ပိနှင့်ဗာသောလမဲအမည် များသည် အမြဲယှဉ်တွဲလျက် ရှေ့ဆင့်နောက်ဆင့် ပါရှိသည်။ စကုတ္တကျမ်းဖြစ်သော ရှင်ယောဟန် ခရစ် ဝင်ကျမ်း(၁၄၅)၌ ဖိလိပ္ပုသည် နာသနေလကို တွေ့လျှင် သခင်ယေရှုထံသို့ ပို့လေသည်ဟု ပါရှိသည်။ ဆိုလိုသည်မှာ ပတပ ခရစ်ဝင် သုံးကျမ်းသည် ဖိလိပ္ပုနှင့်ဗာသောလမဲကို အစဉ်အတူတကွတွဲလျက် ထားရှိ၍စတုတ္တကျမ်းခရစ်ဝင်ကျမ်းသည် ဖိလိပ္ပုနှင့် နာသနေလကို ရင်းနှီးစွာဖော်ပြထားသည်။ ထိုကြောင့် ဗာသောလမဲနှင့် နာသနေလသည် ပုဂ္ဂိုလ်တစ်ဦး တည်းဖြစ်နိုင်စရာအကြောင်းရှိသည်။

သဒ္ဒဲနှင့်ယာကုပ်၏သားယုဒသည် တစ်ဦးတည်းဖြစ်ကြောင်းကို လည်းကောင်း၊ ဗာသောလမဲ သည်လည်း နာသနေ လနှင့် တစ်ယောက်တည်းဖြစ်ကြောင်းကိုလည်းကောင်း၊ လက်ခံလျှင် တမန်တော်များ၏အမည်စာရင်းသည်ရှင်းလင်းပြတ်သားသွားပေလိမ့်မည်။

အခန်း (၂)

ပေတရု

ကျောက်ဖြစ်လာသောလူ

လက်ဝါး ကပ်တိုင်ပေါ်တွင်ဇောက်ထိုး အသတ်ခံရခြင်းနှင့် ကောင်းကင်နိုင်ငံတော် သို့ဝင်ရန် တံခါးသောဖြစ်ကြောင်း အမှတ်အသား။ ဤကျောက်ပေါ်မှာ ငါ့အသင်းကိုတည်ဆောက်မည်။ (မ၊ ၁၆း၁၈း၁၉)

တစ်ဆယ့်နှစ်ပါးသော တမန်တော်အမည်စာရင်း အသီးသီး တွင်ပေတရု၏အမည်ကို ရှေ့ဆုံး၌ ထားရှိသည်။ တမန်တော်များ၏ခေါင်းဆောင်ကို ပေတရုဟူသောအမည်ဖြင့် ကျွန်ုပ်တို အများဆုံး သိရှိသည်။ သို့သော်လည်း ထိုပုဂ္ဂိုလ်၌ အခြားအမည် သုံးခုရှိသည်ကိုဓမ္မသစ်ကျမ်း၌ တွေ့ရှိရသည်။

(၁) ပထမဆုံး ထိုပုဂ္ဂိုလ်အားရှိမုန် Simon အမည်ဖြင့် ရှင်မာကုခရစ်ဝင်(၁း၁၆)နှင့် ရှင်ယောဟန်ခရစ်ဝင်(၁း၄၀-၄၁)တွင်ဖတ်ရှု ရသည် ၊ ဤအမည် သည် သူ ၏နာမည် ရင်းဖြစ် သည်။ ရှင်မဿဲခရစ်ဝင် (၄:၁၈၊၁၀း၂)၌ မဿဲက ပေတရုဟူ၍ ခေါ်ဝေါ်သောရှိမုန်ဟု ရေးသားထားလေသည်။ ရှိမုန်ဟူသောအမည်ဖြင့် အသက်တာတစ်လျှောက်လုံး၌ ခေါ်တွင်လျက်ရှိသည်။ အကြောင်း ကိစ္စနှစ်ရပ်နှင့်စပ်လျဉ်း၍ ပေတရုကို ရှိမုန်ဟူသောအမည်ဖြင့် ခေါ်ဝေါ်ကြသည်။ ပုဂ္ဂိုလ်ရေးနှင့် ပတ်သက်လျှင် ရှိမုန်ဟူသော အမည်ကို အသုံးပြုသည်။ ရှိမုန်၏ အိမ်၊ ရှိမုန်၏ယောက္ခမဟူ၍ ရှင်မာကုခရစ်ဝင်(၁း၂၉-၃၀)နှင့်(ရှင်လုကာ ခရစ်ဝင် ၄း၃၈)တို ၌ ရေးသားထားလေသည်။

ရှင်လုကာ ခရစ်ဝင်(၅း၃-၁၀)၌ ရှိမုန်၏တံငါလှေ၊ ရှိမုန်၏ တံငါသည် အပေါင်း အဖော်ဟူ၍ ရေးသည်။ တမန်တော်ဝတ္တ (၁၀:၅၊၁၈၊၁၁း၁၃)တို့၌ တပ်မှူး ကောနေလိအား ပေတရုထံသိုလူလွှတ်၍ ညွှန်ကြားသောအခါ ရှိမုန်ဟူသော ပုဂ္ဂိုလ်ကို စုံစမ်းမေးမြန်းရန်ဟု မှာကြားသည်။ သခင်ယေရှုနှင့် နီးနီးကပ်ကပ် ရင်းနှီးစွာဆက်ဆံသောအချိန်များ၌ရှိမုန်ဟူသော အမည်ဖြင့် သခင်ယေရှု၏ ခေါ်ဝေါ်ခြင်းကိုခံရသည်။ ရှင်လုကာခရစ်ဝင် (၅၄) ၌ သခင်ယေရှုက “ရှိမုန်… ရေနက်ရာ အရပ်သို့ ရွှေ့ဦးလော့၊ ပိုက်ကွန်ကို ချ၍ ငါးကိုအုပ်စမ်းလော့”ဟုရှိမုန်အမည်တပ်၍ မိန့်တော် မူသည်။

ရှင်မဿဲခရစ်ဝင်(၁၆း၁၇)တွင် ဖိလိပ္ပုကဲသရိမြို၌သခင်ယေရှုသည် ပေတရုအား ချီးမွမ်းပြောဆိုရာတွင် ရှိမုန်ဟူသောအမည်ဖြင့် ခေါ်ဝေါ်သည်။ ရှင်လုကာခရစ်ဝင်(၂၂း၃၁)၌ ပေတရု၏သစ္စာ စောင့်သိမှုသည် တည်ကြည် ခိုင်ခံမည်မဟုတ်ကြောင်းကို သခင် ယေရှုက သတိပေးရာတွင် ရှိမုန်ဟူသော အမည်ကိုသုံးသည်။ ရှင်မာကုခရစ်ဝင် (၁၄း၃၇)တွင် ဂေသရှည်မန်ဥယျာဉ်၌ ပေတရု အိပ်ပျော်နေစဉ် သူ့အား ရှိမုန်ဟူသောအမည်ဖြင့် သခင်ယေရှု ခေါ်၍နိုးသည်။ ပေတရုအား ခင်မင်ကြသော မိတ်ဆွေများ၏နှုတ်တွင် ရှိမုန်ဟူသောအမည်သည် အလွယ်တကူ ပေါ်ပေါက်လာသည်။

(၂) ဓမ္မသစ်ကျမ်း၌ ပေတရုကို ရှိရောန်Simeon အမည်ဖြင့်နှစ်ကြိမ်ရေးသားထားသည်။ တမန်တော်ဝတ္တု(၁၅း၁၄)၌ ယာကုပ် ပေတရုကို ရှိမိရောန်ဟူသောအမည်ဖြင့် ခေါ်သည်။ ရှင်ပေတရု ဩဝါဒစာ ဒုတိယစာစောင်(၁၁)၌လည်း ရှိမိရောန်ဟု ရေးသားထားသည်။ ရှိမိရောန် Simeonဟူသော အမည်သည် ဟေဗြဲဘာသာစကားဖြင့် ခေါ်သော အမည်ရင်းဖြစ်သည်။ လူမျိုးများ၏ အခေါ်အဝေါ် အသုံးအနှုန်းကြောင့်(ရှိမိရောန်)မှ(Simon)(ရှိမုန်)သို ပြောင်းလဲလာခြင်းဖြစ်သည်။ ယေရုရှလင်မြိုရှိ အသင်းတော်၌ ပေတရုကို ရှိမိရောန် အမည်ဖြင့် ခေါ်ဝေါ်ကြသည်။ ထိုအသင်းတော်၌ ပေတရုအား ဟေဗြဲအမည် စာရင်းဖြင့် ခေါ်ဝေါ်ခြင်း မှာ သဘာဝကျသည်။

(၃) အဘယ်ကြောင့် ရှိမုန်၏အမည်သည် ပေတရုဖြစ်လာရသနည်း ဆိုသော် သခင်ယေရှုကိုယ် တော်တိုင် သူ့အား ဤအမည်သစ်ကိုပေးသောကြောင့်ဖြစ်သည်(မာကု၊ ၃၁၆နှင့်လုကာ၊ ၆၁၄) ရှင်ယောဟန်ခရစ်ဝင်တွင် ရှိမုန်အားအမည်သစ်ကို ပေးခြင်းနှင့် စပ်လျဉ်း၍ စုံလင်စွာ ရေးသားထား သည်။

အ‌ေန္ဒြသည် အစ်ကိုဖြစ်သူ ရှိမုန်အား သခင်ယေရှုထံသိုခေါ်ဆောင် သွားသောအခါ သခင်ယေရှုက “သင်သည် ယောန၏ သားရှိမှန်ဖြစ်၏။ ကေဖအမည်ကိုရလတ္တံ့ဟု မိန့်တော်မူ၏။ ကေဖ၏ အနက်အဓိပ္ပာယ်ကား ကျောက်ဟုဆိုလိုသည်(ယော၊ ၁း ၄၂)။ ကေဖ (Cephas) နှင့်ပေတရု(Peter)သည် အမည်ချင်းမတူသော်လည်း၊ အဓိပ္ပာယ်တစ်ခုတည်းဖြစ်သည်။ အလွန်စိတ်ဝင်စားဖွယ်ကောင်းသော အချက် တစ်ချက်မှာ ယောန(Jona)၏အဓိပ္ပာယ်သည် ချိုးငှက်ဖြစ်၍ ကေဖနှင့် ပေတရု၏အဓိပ္ပာယ်မှာ ကျောက်ဖြစ်ခြင်းကြောင့် ဖြစ်သည်။ သခင်ယေရှုက ပေတရုအား ယခုအချိန်အထိ သင်သည် ချိုးငှက်ကဲ့သို ကြောက်ရွံ တုန်လှုပ်သော စိတ်ရှိသည်။ သို့သော်… ကျွန်ုပ်အား သင်၏ဆရာသခင်အဖြစ်ဖြင့် လက်ခံ၍ သင်၏အသက်တာကို အပ်နှင်းမည် ဆိုလျှင် ကျွန်ုပ်သည် သင့်အား ကျောက်ကဲ့သို မာစေမည်” ဟု ဆိုလိုသောသဘောဖြင့် ဤသို ကင်ပွန်းတပ်ခြင်းဖြစ်သည်။ ယင်းအမည်သစ်ကို ပေးတော်မူခြင်းအားဖြင့် ပေတရုလျှောက်သွားရမည့် ရှေ့ခရီးစဉ်နှင့် စပ်လျဉ်း၍ သခင်ယေရှုသည် ပေတရုအပေါ်၌ မျှော်လင့်ခြင်းနှင့် ကြံရွယ်ချက်များထား ရှိတော်မူကြောင်း ထင်ရှားပေသည်။ ကျမ်းပြုစု သူများသည် ပေတရုအကြောင်းကို ရေးသားရာ၌ ရှိမုန်ပေတရုဟူ၍ အမည်ဟောင်းနှင့် အမည်သစ်ကို အစဉ်တွဲလျက် ရေးသားကြသည် (မဿဲ၊ ၁၆း၁၆နှင့် လုကာ၊ ၅း၈)။ ရှင်ယောဟန် ခရစ်ဝင်ကျမ်း၌ ရှိမုန် ပေတရုဟူသော စကားလုံးကို အများအပြားသုံးသည်။ (ယောဟန်၊ ၁:၄၀၊ ၆း၆၈၊၁၃း၆၊ ၂၄၊၃၆။၁၈း၁ဝ၊၁၅၊ ၂၅၊ ၂၀း၁၆၊ ၂၁:၂၊၃ ၊၇၊၁၁၊၁၅၊၁၆၊ ၁၇)။

(၄) ပေတရုနှင့်ကေဖသည် အမည်တစ်ခုတည်းဖြစ်ကြောင်းရှင်းလင်းခဲ့ပြီးဖြစ်သည်။ ပေတရုသည် ဂရိ(Greek)စကားဖြစ်၍ ကေဖသည် အာရမိ(Aramic)စကားဖြစ်ပြီးအဓိပ္ပာယ်မှာ ကျောက်ဟုဆိုလိုသည်။

ရှေးအချိန်က လူတိုင်းလိုလို ဂရိစကားနှင့် တိုင်းရင်းသား ဘာသာစကားကို ပြောဆိုကြသည်။ ထိုကြောင့် လူအများ၌ နာမည် နှစ်ခုထားရှိကြသည်။ နာမည်တစ်ခုမှာ ဂရိအမည်ဖြစ်၍ ထိုအမည်ကို လုပ်ငန်းခွင်နှင့် ပြင်ပလောကတွင် ခေါ်ဝေါ်ကြသည်။ အခြား အမည်တစ်ခုဖြစ်သော တိုင်းရင်းသား အမည်ကို ရင်းနှီးသောမိတ်ဆွေများနှင့်ဆွေမျိုးများ ခေါ်ဝေါ်ကြသည်။

ထိုကြောင့် သောမ(Thomas)ကိုဒီဒုမု(Didymus) ဟူ၍ လည်းခေါ်ကြသည်(ယော၊ ၁၁း၁၆)။ သောမမှာ အာရမိစကားဖြစ်၍ ဒီဒုမူမှာဂရိစကားဖြစ်သည်။ အဓိပ္ပာယ်မှာအမြွှာမွှေးဟုဆိုလိုသည်။ တဗိသ(Tabitha)အား ဒေါ်ကာ(Dorcas)ဟူ၍လည်းခေါ်သည် (တမန်တော်၊၉:၃၆)။ တဗိသမှာ အာရမိစကားဖြစ်၍ ဒေါ်ကာမှာ ဂရိစကား ဖြစ်သည်။ အဓိပ္ပာယ်မှာ ဒရယ်ကလေးဟု ဆိုလိုသည်။ စကော့တလန်ပြည်၊တောင်ရိုးသားများ၏ ဘာသာစကား ဖြင့်ယခုထက်တိုင်ယောဟန်(John) ကို အိုင်အင်(lain)ဟူ၍လည်းကောင်း၊ ယာကုပ်(James)ကို ဟဲမြစ် (Hanish)ဟူ၍လည်းကောင်း ခေါ်ဝေါ်ကြသည်။ ပေတရု၏အကြောင်းကို ပြောဆိုတိုင်း ပေါလုသည် ကေဖဟူသောအမည်ကို အသုံးပြုသည် (၁ကော၊ ၁း၁၂၊၃:၂၂၊၉း၅၊ ၁၅း၅ နှင့် ဂလာတိ၊ ၂း၉)။ အထူးသဖြင့် ပေတရုသည် ဂျူးလူမျိုးများ အတွက် သာသနာပြုရန် တမန်တော်ဖြစ်၍ ဂျူးလူမျိုးများ၏ အမည်ဖြင့် ပေတရု အားပေါလုက ဤကဲ့သိုခေါ်ခြင်း သည် သဘာဝကျသည်။(ဂလာတိ၊ ၂း၉)။

ကျွန်ုပ်တို ပေတရုအကြောင်းကို အခြားသော တမန်တော်များထက်ပို၍ သိရှိနားလည်ခွင့် ရသည်။ အဘယ်ကြောင့် ဆိုသော် ပေတရုနှင့်မာကုသည် တစ်ယောက်နှင့်တစ်ယောက် အလွန်ရင်းနှီးမှုရှိသောကြောင့်ဖြစ်သည်။ ပေတရုသည် သူ၏ပထမဩဝါဒ စာစောင်ကို ရေးသားသော အခါ မာကု ငါ့သားမာကု’ဟူ၍ပင်(၁ပေ၊၅:၁၃)၌ရေးသားထားသည်။ ဒုတိယရာစု အစအဦးပိုင်း၌ ဟီရပိုးလစ် (Hierapolis)မှ ဘုန်းတော်ကြီး ပါပိရ(Papias)သည် ခရစ်ဝင်ကျမ်းများ ရေးသားပြုစု၊ စုဆောင်းပုံတို့ကို စိတ်ဝင်စားစွာ ရှာဖွေစုံစမ်းသူတစ်ယောက်ဖြစ်သည်။ ရှင်မာကုခရစ်ဝင်ကို မည်ကဲ့သို ရေးသားပြုစုကြောင်း အောက်ပါအတိုင်း ဖော်ပြထားသည်။

မာကုသည် ပေတရု၏စကားပြန်ဖြစ်သောကြောင့် သူမှတ်မိ သမျှအလုံးစုံတို့ကို တိကျမှန် ကန်စွာ ရေးသားထားသည်။ သိုသော် လည်း သခင်ယေရှုဟောပြောဆောင်ရွက်ချက်များကို ရှေ့နောက် အစီအစဉ်အတိုင်းရေးသားထားခြင်းမဟုတ်ချေ။ မာကုသည် ကိုယ်တော်ရှင်ဟောပြောသော တရားတော်များကို ကိုယ်တိုင် မကြားမနာရ၊ ကိုယ်တော်ရှင်၏နောက်တော်ပါး၌ လိုက်ခဲ့ဖူးသူလည်း မဟုတ်၊ မာကုသည် နောက်ပိုင်းအချိန်ကျမှ ပေတရု၏နောက်လိုက်ဖြစ်လာသူဖြစ်သည်။ ပေတရုက တရားနာပရိသတ်တိုကို လိုအပ်ချက်နှင့် လျော်ညီစွာ သင်ကြားပိုချပေးသည်။ ကိုယ်တော်ရှင်၏ ဗျာဒိတ်တော် အစီအစဉ် အတိုင်း ဖော်ပြရန်ကြံရွယ်ခြင်းမရှိပေ၊ မာကု သည် သူမှတ်မိသမျှကို ရေးသားရာ၌သူရေးသားသော ကျမ်းတွင်မှားယွင်းသော အချက်များ မရှိပါချေ။ သူကြားသိသမျှတို့ကို တခုမကျန်ရေးသားရန် နှင့်ဖော်ပြသော အချက်များ မမှားယွင်းရန် အထူးဂရုစိုက်သည်။

ယင်းဖော်ပြချက်အရ ရှင်မာကုခရစ်ဝင်ကျမ်းသည် ပေတရု၏ တရားဟောချက် များသာဖြစ်သည်။ ပေတရုသည် မိမိ၏အဖြစ် အပျက်၊အတွေ့အကြုံတစ်စုံတစ်ခု ချန်လှပ်၍မထား သောကြောင့် သူ့အားချီးကျူးသင့်သည်။ သူ၏မှားယွင်းချက်များ၊ သူ့အားကိုယ်တော်ရှင် ပြစ်တင် ဆိုဆုံးမ ၊ သော စကားများ၊ ကြောက်မက်ဖွယ်ကောင်းသည်။ သူ၏သစ္စာမဲ့မှုများကို ဘာမျှထိမ်ဝှက်၍ မထားပေ။ အကုန်အစင် ဖော်ထုတ်ခဲ့သည်။အဘယ်ကြောင့်ဆိုသော် သခင် အပြင်ထွက်သော မေတ္တာတော်နှင့် အသစ်ပြန်လည် ဖြစ်ထွန်းစေသည့် ကျေးဇူးတော်သည် သူ့အပေါ်၌ မည် သည့်အတိုင်းအတာအထိ သက်ရောက်ခဲ့သည်ကို ပြသလို၍ ဖြစ်သည်။

ပေတရုသည် တံငါသည်တစ်ယောက် ဖြစ်သည်။ ပိုက်ကွန်နှင့် လှေထဲမှ သူ့ကို သခင်ယေရှုက ခေါ်ယူတော်မူသည်(မာကု ၁း၁၆-၁၇)၊ ပေတရုသည် အိမ်ထောင်သည်တစ်ယောက်ဖြစ်သည် (၁ကော၊ ၉း၅)၊ သူ၏နေရပ်သည် ကပေရနောင်မြိုဖြစ်သည်။ သခင်ယေရှုသည် ထိုမြိုသို့ရောက်သောအခါ သူ၏အိမ်၌တည်းခိုသည်။ ထင်ရှားသောအထောက်အကူမှာ ယေရှုသည်တရားဇရပ်မှ ထွက်လာသောအခါ ပေတရုအိမ်သိုသွား၍ သူ့ယောက္ခမ၏ ဖျားနာရောဂါကို ပျောက်ကင်းစေသည်ဟု ရှင်မာကု ခရစ်ဝင် (၁:၂၉-၃၁) ရှင်လုကာခရစ်ဝင် (၄း၃၈-၃၉)နှင့်ရှင်မဿဲ ခရစ် (၈း၁၄-၁၅) တို၌ ဖော်ပြချက်ပင် ဖြစ်သည်။

ပေတရုသည် ဂါလိလဲပြည်သားဖြစ်၍ သူ၌ ထိုပြည်သားများ၏ ထူးခြားသောစိတ်သဘောထား များ ရှိသည်။ ဂျိုးစီဖ (Josephus)ဆိုသော ပုဂ္ဂိုလ်သည် ဂါလိလဲပြည်၌ ဘုရင်ခံဖြစ်ဖူး သောကြောင့် ဂါလိလဲပြည်သားများ၏အကြောင်းကိုကောင်းစွာ သိရှိ သည်။ ထို ပုဂ္ဂိုလ်က ဂါလိလဲပြည်သူ ပြည်သားများသည် အသစ်အဆန်းကို နှစ်သက်၍ အပြောင်းအလဲအလိုရှိကြသည်။ တော်လှန် ပုန်ကန်လိုခြင်းကိုလည်း နှစ်သက်ကြ၍ ဆူပူသောင်းကျန်းမှုပြုလုပ်ရန် ခေါင်းဆောင်သူ၏ နောက်လိုက်ဖိုအသင့်ရှိသူများ ဖြစ်ကြသည်။

ထိုပြည်သူပြည်သားများသည် ဒေါသအလွန်ကြီး၍ ခိုက်ရန်ဖြစ်ပွားတတ်ကြောင်းကို လူ အများကသိကြသည်။ သိုသော်လည်းထိုသူတိုသည် အလွန် ရဲရင့်၍ သတ္တိရှိ သူများဖြစ်ကြသည်ဟု Josephus. Life 17:vars of the Jews, 3,3,2 စာစောင်၌ ရေးသားထားသည်။ တယ်မတ် lalmud ဆိုသောပုဂ္ဂိုလ်က ဂါလိလဲပြည်သူပြည်သားများသည် ကြေးအကျိုး အမြတ် ရှိခြင်းထက်၊ မှန်ခြင်း၊ ဂုဏ်ရှိခြင်းတိုကို ပိုမိုလိုလားနှစ်သက် သူများ ဖြစ်ကြသည်ဟု ဆိုသည်။ စိတ်ဆတ်ခြင်း၊ စိတ်မြန်ခြင်း၊ စိတ်ငြိမ်းခြင်း၊ စွန့်စားသော လုပ်ငန်းများပြုလုပ်ရ နှိးဆော်ရာ၌လွယ်ကူခြင်း၊ သို့သော်လည်း အဆုံးတိုင်အောင် သစ္စာ တည်ကြည်ခြင်းစသည့် ဂါလိလဲပြည်သူ ပြည်သားတို၏ အရည်အချင်း များသည် ပေတရု၏ ကြန်အင်လက္ခဏာများ ဖြစ်တော့၏။

ပေတရုသည် အချိန်မကြာညောင်းမီ၊ တမန်တော်ဆယ်နှစ် ပါး၏ခေါင်းဆောင် ဖြစ်လာသည်။ မဿဲ၏တမန်တော်ဆယ့်နှစ်ပါး စာရင်းတွင် ပထမမှာ ပေတရုဟူသော စကား အသုံးအနှုန်းဖြင့် ရေးသားထားသည် (မဿဲ၊ ၁၀း ၂)။ ။ ပထမ ဟူသော စကားသည် (Protos) ပရိုတိုင်စ်ဟူသော ဂရိစကား၏ အနက်အဓိပ္ပာယ်ဖြစ်သည်။ ထိုစကားလုံးသည် ပထမ အဓိပ္ပာယ်အပြင် အကြီးအကဲဟူ သော အဓိပ္ပာယ်လည်းရှိသည်။ မဿဲသည် ပေတရုကိုပထမနေရာင် ထားရှိသည်သာမက၊ ပေတရုသည် တမန်တော်တို့၏ခေါင်းဆောင်ဖြစ်သည်ဟူ၍ လည်း ဆိုလိုခြင်းဖြစ်သည်။

တစ်ဆယ့်နှစ်ပါးသော တမန်တော်ထဲတွင် ကိုယ်တော်ရှင်နှင့် ရင်းနှီးစွာ အတွင်းကျကျ ပေါင်းဖော်ရသော တမန်တော်များမှာသုံးပါးရှိသည်။ ထိုသူတိုမှာ ပေတရု၊ ယာကုပ်နှင့် ယောဟန်တို ဖြစ်ကြသည်။ သခင်ယေရှုသည် တရားဇရပ်မှူး ယာက္ကရု Jairus၏ သမီးငယ်ကို သေရာမှ ရှင်ပြန်စေသည့်အချိန်၌လည်းကောင်း(မာကု၊ ၅း၃၇၊ လုကာ၊ ၈:၅၁) မြင့်လှသော တောင်ပေါ်တွင် ကိုယ်တော်ရှင်သည် ထူးခြားသောအဆင်းအရောင်နှင့်ပြည့်စုံ ရ သည်အချိန်၌လည်းကောင်း (မဿဲ၊၁၇၁။မာကု ၉:၂၀) ဂေသရှေမန်ဥယျာဉ်၌လည်းကောင်း( မဿဲ၊ ၂၆း၄၀။ မာကု၊၁၄း ၃၇)၊ ထိုသုံးဦးသည်ကိုယ်တော်ရှင်နှင့်အတူ ရှိကြသည်။ ယေရုရှလင်မြို့ နောက်ဆုံးပဿခါပွဲစားရန် ပြင်ဆင်ဖိုကြိုတင် စေလွှတ်ခြင်း ခံရသူနှစ်ဦးမှာလည်း ပေတရုနှင့်ယောဟန်တို့ပင် ဖြစ်သည်။

ခရစ်ဝင်ကျမ်းများတွင် ပေတရုကို တမန်တော်တို့၏ ရှေ့ဆောင်ရှေ့ရပ်အနေဖြင့် ဖော်ပြထားသည်ကို တွေ့ရသည်။ (၁) ရှင်မဿဲ ခရစ်ဝင် (၁၅း၁၅)နှင့် ရှင်လုကာ ခရစ်ဝင်(၁၂:၁၄) ၌ သခင်ယေရှုပေးသော နက်နဲသည့် ဥပမာ၏ အဓိပ္ပာယ်ကို မေးမြန်းသူ။ (၂) ရှင်မဿဲ ခရစ်ဝင် (၁၈း ၂၁)၌ ဘယ်နှစ်ကြိမ် အပြစ်လွှတ်ရမည်ကို မေးသူ။ (၃) မဿဲ၊ ၁၉း၂၇၌ရှိသည်ကို စွန့်၍ ကိုယ်တော်နောက်သို လိုက်သော သူသည် အဘယ်အကျိုးကို ရရှိမည်နည်းဟု မေးလျှောက်သူ၊ (၄) ရှင်မာကုခရစ်ဝင် (၁၁:၂၁)၌ ကျိန်ခြင်း ခံရသော သင်္ဘောသဖန်းပင် သွေ့ခြောက်ခြင်းနှင့်၊ ရှင်မာကု ခရစ်ဝင် (၁၃း၃)၌ ဗိမာန်တော် ပြိုလဲမည့် အချိန်ကို သခင်ယေရှုအား မေးလျှောက်သူ။ (၅) သခင်ယေရှုသည် အခွန် အတုတ်ကို ပေးဆောင်သလောဟု ရှင်မဿဲခရစ်ဝင် (၁၇:၂၄)၌ ဂျူး အမျိုးသားများ၏ မေးမြန်းခြင်းကို ခံရသူ။ (၆) ရှင်လုကာ ခရစ်ဝင် (၈း၄၅)၌လူအစုအဝေးထဲတွင် ငါ့ကိုအဘယ်သူတို့သနည်းဟု သခင်ယေရှုမေးသောအခါ ဖြေကြားသူ၊ (၇) ရှင်ယောဟန် ခရစ်ဝင်(၂၁ ၂၀-၂၂)၌ ရှင်ပြန်ထမြောက်တော် မူသော သခင်ယေရှုခရစ်တော်အား မေးခွန်းမေးမြန်းသူမှာလည်း ပေတရုပင် ဖြစ်ခဲ့လေသည်။

ကျွန်ုပ်တို့၏ ဓမ္မသစ်ကျမ်းမှ ပေတရု၏အသက်တာကို လေ့လာသောအခါ၊ အရေးကြီးသော အချက်တိုကို ရရှိနိုင်သည်။

(၁) အရေးကြီးသော အချက်ကြီးကိုတွေ့ရှိခြင်း။ ထိုတွေ့သိရသော အချက်ကြီးကို ခရစ်ဝင်ကျမ်း လေးကျမ်း၌မှတ်တမ်း တင်ထားသည်။ စတုတ္တကျမ်း ဖြစ်သော ရှင်ယောဟန် ခရစ်ဝင် ကျမ်း(၆း၁-၁၅)၌ သခင်ယေရှုသည် လူငါးထောင်အား မုန့်ငါးလုံး၊ ငါးနှစ်ကောင်နှင့် ကျွေးမွေးသောအခါ၊ ထိုသူသည် ကိုယ်တော်ရှင်အား ရှင်ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှာ အနိုင်အထက်ပြုလုပ်ရန် ကြံစည်ကြသည်။

ကိုယ်တော်ရှင်သည် ရှင်ဘုရင်အရာကို ငြင်းပယ်တော်မူသည်။ ထိုကြောင့်များစွာသော လူတို့သည် စိတ်ပျက်၍၊ ကိုယ်တော်ရှင်၏ နောက်တော်သို မလိုက်ကြတော့ချေ။ သခင်ယေရှုက သူရွေးကောက် ထားသော တပည့်တော် တစ်ကျိပ် နှစ်ပါးတိုအား၊ ထိုလူများကဲ့သို မိမိအား စွန့်ခွာသွားမည်လောဟု မေးသောအခါ၊ ပေတရုက သခင်အကျွန်ုပ်တိုသည် အဘယ်သူထံသို သွားရပါ မည်နည်း။ ထာဝရအသက်နှင့်ယှဉ်သော စကားသည် ကိုယ်တော်၌ တည်ပါ၏။ ကိုယ်တော် သည်ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသော ဘုရားသခင် သားတော်ဖြစ်တော်မူသည်ကို ကျွန်ုပ်တို့ ယုံကြည်သိမှတ်ကြပါသည်ဟု သူတွေ့ထိခံစားရသည့်အရေးကြီး သောအချက်ကြီးကို ဖော်ပြသက်သေခံ ခဲ့လေသည်(ယော၆း၊၆၆-၆၉)။

ခရစ်ဝင် ပထမဆုံးကျမ်း၌ ဖော်ပြထားသော အဖြစ်အပျက်များသည် ပို၍ ထင်ရှားမှတ်သား ဖွယ်ရာ ကောင်းလေသည်။ ခရစ်တော်သည်ဤလောက၌နေရန် အချိန်ကုန်ဆုံးလုနီးသည့်အပြင် ရန်သူများကလည်း မိမိအားဝိုင်းရံလျက် ရှိကြသဖြင့် မိမိ ဘယ်သူဖြစ်သည်ကို ရိပ်စားမိသောသူ ရှိ မရှိ၊ သိဖို အရေးကြီးလာလေသည်။

တပည့်တော်များအား သင်ကြားပိုချရန်နှင့် နားနားနေနေအချိန်ယူပြီး တစ်ယောက်နှင့် တစ်ယောက် ပိုရင်းနှီးစွာ မိတ်သဟာယဖွဲရန် မြောက်အရပ်ရှိ ဖိလိကဲသရိမြို၏ကျေးလက်သို တပည့်တော်များအား ခေါ်ဆောင် သွားတော်မူသည်။ ထို နောက် ကိုယ်တော်ရှင် က တပည့်တော် များအား လူများတို့ သည် လူသားဖြစ်သောငါ့ကို အဘယ်သူ ဖြစ်သည်ဟု ဆိုကြသနည်းဟု မေးတော်မူလျှင် လူ အချိုကကိုယ်တော်သည်နှစ်ခြင်းဆရာယောဟန် ဖြစ်သည်ဟူ၍လည်းကောင်း၊ အချို့က ဧလိယဖြစ်သည်ဟု၍ လည်း ကောင်း၊ အချို့ကယေရမိမှစ၍ ပရောဖက်တစ်ပါးပါး ဖြစ်သည်ဟူ၍ လည်းကောင်း ဆိုကြပါ၏ဟုတပည့်တော်တိုကပြန်၍ လျှောက်ကြ၏။

ထိုအခါ ယေရှုက သင်တိုလည်း ငါ့ကို အဘယ်သူဖြစ်သည် ဟုဆိုကြသနည်းဟု တိုက်ရိုက်မေးတော်မူလျှင်၊ ဖြေဆိုသူမှာ ပေတရုဖြစ်၍ ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသော ဘုရားသခင်၏သား ဖြစ်တော်မူသည်ဟု လျှောက်လေသည်။ (မဿဲ၊ ၁၆း၁၃-၁၆။ မာကု၊ ၈း၂၇- ၂၉။ လုကာ၊ ၉း၁၈-၂၀)ပေတရု၏ အသက်တာအကြောင်း သိကောင်းစရာ ဘာမျှမရှိဟူ၍ပင်ထားဦး၊ နာဇရက်မြို သားယေရှုသည် အဘယ်သူဖြစ်သည်ကို ပထမဦးဆုံး သိမြင် သူအဖြစ်ဖြင့်ကား၊ ပေတရုသည် ကာလအစဉ်အဆက် လူ့သမိုင်းတွင် အမည်တွင်ရစ် ခဲ့ပေမည်။

 

(၂) ကြီးမြတ်သောကတိတော် ထားရှိခြင်း။

သခင်ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်သည်ဟု ပေတရုလျှောက်ထားသော အခါ၊ သခင်ယေရှုကပေတရုအား သင်သည် ပေတရုဖြစ်၏။ ဤကျောက်ပေါ်၌ ငါ့အသင်းကို ငါတည်ဆောက် မည်ဟု မိန့်တော်မူ၏ (မဿဲ၊၁၆း၁၈)။ ထိုကတိတော်၏ အနက်အဓိပ္ပာယ်မှာ ပြတ်သား ရှင်းလင်းပါသည်။

ပေတရုကား သခင်ယေရှုသည် အဘယ်သူဖြစ်သည်ကို ပထမဆုံးသိရှိသူဖြစ်၍ လည်းကောင်း၊ အသင်းတော်ဘောင်ထဲသို ဝင်ရောက်လာသူတိုင်း ကတိဝန်ခံပေးရသော အချက်ကိုပထမဦးဆုံး ဖွင့်ဟဝန်ခံသူဖြစ်၍လည်းကောင်း၊ ဤလောက၌ တည်ရှိသော သခင် ခရစ်တော်၏အသင်းတော်တွင် ပေတရုသည် အမှန်စင်စစ်ပထမ ဦးဆုံး သောအသင်းသားဖြစ်ပေသည်။ ထိုကြောင့် ပေတရုသည် အသင်းတော်၏ အုတ်မြစ်မည်၏။ လုပ်ဖော်ဆောင်ဖက် ခရစ်ယာန်များသည်လည်းအသက် ကျောက်များ ကဲ့သို အဆင့်ဆင့်အထပ်ထပ် တည်ဆောက်လျက်ရှိသဖြင့် တရားတိုက်ဖြစ် ကြ၏ဟု (၁ပေ၊ ၂း၅)တွင် ရေးသားရာ၌ ပေတရုသည် ဤအချက်ကို စဉ်းစားမိ၍ဖြစ်မည်။ ခရစ်ယာန်တိုင်းသည် ခရစ်တော်၏ အသင်းတော် တွင် ဗိမာန်တော်၏ အသက်ကျောက်များဖြစ်ရာ၊ ပေတရုသည် ပထမဦးဆုံးအသက်ကျောက်ဖြစ်၍ အသက်ကျောက် အားလုံးတို့၏ အုတ်မြစ် ဖြစ်ပေသည်။

 

(၃) ထိရောက်စွာ ဆိုဆုံးမခြင်း၊

ပေတရုက ကိုယ်တော်သည် ခရစ်တော်တည်းဟူသောအသက်ရှင်တော်မူသော ဘုရားသခင်၏ သားတော်ဖြစ်တော်မူသည်ဟုအဖြစ်အပျက်မှန်ကို လျှောက်ထားပြီး သည် နောက်များမကြာမီ သခင်ယေရှုသည် သူ၌ မလွဲမချွတ် ဧကန်ကျ ရောက်မည်ဖြစ်သော အသေသတ်ခြင်း ခံရမည့် ဖြစ်ရပ်ကို ကြိုတင်၍ မိန့်တော်မူလေသည် (မဿဲ၊ ၁၆:၂၁။ မာကု၊ ၈း၃၁။ လုကာ၊ ၉:၂၂)။ ထိုစကားကို ပေတရုကြားရလေသော် ထိတ်လန့်တုန်လှုပ်စွာဖြင့် ဤအမှုသည်ကိုယ်တော်၌ မဖြစ်စေပါစေနှင့် ကိုယ်တော်၌ မကျမရောက်ရာ ဟုပြန်၍လျှောက်ထားသောအခါ၊ ကိုယ်တော်က “အချင်းစာတန် ငါ့နောက်သို ဆုတ်လော့” ဟု မိန့်တော်မူသည် (မဿဲ၊ ၁၆း ၂၂- ၂၃။မာကု ၈း၃၂-၃၃) သခင် ယေရှု၏ ယင်းဆိုဆုံးမချက်သည် ပြင်းထန်လွန်းသောကြောင့် ရှင်းလင်းရန် လိုအပ်သည်။ ဦးစွာပထမ ပေတရု၏ ရှုထောင့်မှကြည့်ရှု၍ နောက်မှသခင်ယေရှု၏ ရှုထောင့်မှ ကြည့်ကြပါစို။

သခင်ယေရှုအသေသတ်ခြင်းခံရမည်ကို ကြိုတင်မိန့်တော် မူသောကြောင့် ပေတရုထိတ် လန့်တုန်လှုပ်ခြင်း၌ အကြောင်းနှစ်ရပ် ရှိသည်။

(က) ဤကဲ့သို ပေတရု ထိတ်လန့်တုန်လှုပ်ခြင်း ဖြစ်သည်မှာ သူ၏ ချစ်ခြင်းမေတ္တာ ကြောင့်ဖြစ်၏။ ပေတရုသည်သူ၏ ကြီးမားသော မေတ္တာနှလုံးသားဖြင့် သခင်ယေရှုကိုကိုးကွယ် ဆည်းပူးလျက် ချစ်ခင်ခဲ့သောကြောင့် သခင်ယေရှုလက်ဝါးကပ်တိုင်ပေါ်၌ မကြာမီ အသေသတ်ခြင်း ခံရမည်အဖြစ်ကို သူလက်မခံနိုင်ပေ။

(ခ) သခင်ယေရှု၏ကြေညာချက်သည်ပေတရုတစ်ချိန်လုံးသင်ယူမှတ်သား နာယူခဲ့ခြင်း ယုံကြည်ခြင်းတို့နှင့်လာဆန့်ကျင် ကြောင့်ဖြစ်သည်။(မဿဲ။ ၁၆း၁၃)၌ သခင်ယေရှုကလူများတိုသည် လူသားဖြစ်သော ငါ့ကိုအဘယ်သူ ဖြစ်သည်ဟု ဆိုကြသနည်းဟု မေးမြန်းထားသည်။

သခင်ယေရှုသည် သူ့ကိုယ်သူ လူသားဟူသော အမည်ကိုအမြဲမပြတ် အသုံးပြုသည်ကို လုကာ ၄:၃၄၊ ၉း၅၈၊၁၉း၁ဝနှင့် မာကု ၁၀း၄၅တိုတွင် တွေ့ရှိရသည်။ ဤအမည်နာမကို သခင် ယေရှုသည် ထွင်ခြင်းမဟုတ်၊ ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်း၏ ကြားအချိန်အတွင်းရေးသားသည့် လူအများ လေးစား လက်ခံ၍ လူကြိုက်များသော စာပေများထဲ၌ ဧနောက် ၏စာစောင် (Book of Enoch)လည်း ကျမ်းတစ်စောင်အဖြစ်ဖြင့် ပါဝင်သည်။

ထိုကျမ်းတွင် လူသား Son of man)သည် ကောင်းကင်ဘုံ သားဖြစ်၍ ကမ္ဘာကြီးကို ဖန်ဆင်းမီကပင် ရှိနှင့်ပြီး ဘုရားသခင်၏အလိုတော်အတိုင်း ဤလောကလူ့ဘောင်တွင် သက်ဝင်လှုပ်ရှားရန် စေလွှတ်ခြင်းခံဖို အထက်ကောင်းကင်ဘုံ၌ စောင့်ဆိုင်းနေသော ပုဂ္ဂိုလ် ဖြစ်သည်ဟု ဖော်ပြထားသည်။

ပေတရု၏ ဘဝအသက်တာတစ်လျှောက်လုံးတွင် လူသားကိုဘုန်းတန်ခိုးတော်အာဏာနှင့် ပြည့်ဝပြီး ရန်သူများအား သေကြေပျက်စီးစေနိုင်သော ကောင်းကင်ဘုံသားအဖြစ်ဖြင့်ယူဆထားသည်။ ယခုမူကား သခင်ယေရှုသည် လူသားကို လက်ဝါးကပ်တိုင်နှင့် ဆက်စပ် ထင်ဟပ်၍ ထားသည်။ ပေတရု၏ စိတ်ထဲ၌ ဤကဲ့သို ဆက်စပ် ထင်ဟပ်ထားခြင်းကို လုံးဝလက်မခံနိုင်ချေ။

သခင်ယေရှုက မိမိသည် ညှင်းပန်းနှိပ်စက်ခြင်းနှင့် အသေသတ်ခြင်း ခံရမည်ဖြစ်ကြောင်း ကြိုတင် မိန့်ကြားတော်မူသည်ကို ပေတရု ပြင်းပြင်းထန်ထန် တုံပြန်ပြောဆိုခြင်းမှာ သခင်ယေရှုအပေါ်၌ ထားရှိသော သူ၏မေတ္တာကြောင့်ပင် ဖြစ်သည်။ ဤအဖြစ်ဆိုးမျိုး သခင်ယေရှုခံစား ရမည်ကို သူ့စိတ်ထဲ၌ တွေးထင်ခြင်းပင် မပြုရက်နိုင်ချေ။ သူ့အဖိုဤကိစ္စသည် မယုံနိုင် လောက်သော ဖြစ်ရပ်ဖြစ်နေသည်။

ရှင်မဿဲ ခရစ်ဝင် (၁၆:၂၃)၌၊ သခင်ယေရှုက ပေတရုအား အချင်းစာတန် ငါ့နောက်သို ဆုတ်လော့ဟု ပြင်းပြင်းထန်ထန်ပြန်လည် ပြောဆိုခြင်း ၏ အကြောင်းရင်းကိုလည်း ကျွန်ုပ်တို သုံးသပ်ကြည့်ကြဦးစို။

သခင်ယေရှုသည် ပေတရုအား ဤကဲ့သို ပြောဆိုရခြင်းမှာ (မသဲ။ ၄း၁-၁၁)နှင့် လုကာ(၄း၁-၁၃)တို တွင် ဖော်ပြပါရှိသည့် အတိုင်း ကိုယ်တော်ရှင်ဓမ္မအမှုတော်ဆောင်လုပ်ငန်း အစဦးပိုင်း ၌ မာရ်နတ်သည် ကိုယ်တော်ရှင်အား တောအရပ်၌ စုံစမ်းသွေး ဆောင်သည့် နည်းအတိုင်း ပေတရုသည် သခင်ယေရှုအား တစ်ဖန် ပြောဆိုသွေးဆောင် နေသောကြောင့် ဖြစ်သည်။

သူတို့အား မုန့်ကိုပေးလော့ဟူသော စကား၏ ဆိုလိုရင်း အနက်အဓိပ္ပါယ်မှာ လူများ၏ သစ္စာစောင့်သိမှုကို ရယူရန်၊ လောကီစည်းစိမ်ဖြင့် ဖြားယောင်းသွေးဆောင်ပါဟု ဆိုလိုခြင်း ဖြစ်သည်။ ဗိမာန်တော် အထွတ်အထိပ်မှ ခုန်ချလော့ဟူသော စာပိုဒ်၏အဓိပ္ပာယ်မှာ လူများအား တန်ခိုးနိမိတ်လက္ခဏာကို မြင်စေ၍ မိန်းမောတွေဝေအံ့ဩစေခြင်းဖြင့် ဖြားယောင်းသွေးဆောင်ပါဟု ဆိုလိုခြင်းဖြစ်သည်။

ဒူးထောက်၍ ကျွန်ုပ်အား ဖူးမြော်ကန်တော့လော့ဟူသောစကား၏အဓိပ္ပာယ်မှာ လောကီနှင့် ဆက်ဆံ၍ လောကီလမ်းကို လိုက်ပါဟုဖြားယောင်းသွေးဆောင် ခြင်း ဖြစ်သည်။ သခင်ယေရှုသည် လက်ဝါးကပ်တိုင်လမ်းကို လျှောက်မည်ဖြစ်၍ တန်ခိုးအာဏာနှင့် ပတ်သက်သည့် လမ်းစဉ်ကို လျှောက်ရန် သွေးဆောင်သောအခါ ပြတ်သားစွာ ငြင်းပယ်ခဲ့လေသည်။ ဖိလိပ္ပုကဲသရိမြို့ ၏ကျေးလက်၌ ပေတရုသည်သူ၏ချစ်ခြင်းမေတ္တာ ကြောင့် သခင်ယေရှုအား ထိုဖြားယောင်း သွေးဆောင်ခြင်းမျိုးနှင့် နောက်တစ်ကြိမ် ထပ်မံ၍ ရင်ဆိုင်စေလေသည်။

(၄) ပေတရုအစွမ်းကုန် ငြင်းဆိုသောအချိန်ကျရောက်ခြင်း။

ပေတရု၌ အလွန်အဖြစ်ဆိုးသောအချိန်ကျရောက်လာလေပြီ။ အဘယ်ကြောင့်ဆိုသော် သူအစွမ်းကုန် ငြင်းဆိုသော ညအချိန်သည် ကျရောက်လေတော့မည်။ ရှင်မဿဲ ခရဝ်ဝင်ကျမ်း(၂၆း ၃၁-၃၅)တွင်ပေတရုသည် အထက်ခန်းမ၌ ကိုယ်တော်ရှင်အား ကျေးဇူးစောင့်သိ ရိုသေပါမည်ဟုလေး နက်စွာဝန်ခံချက်ပေးသည်။

ဂေသရှေမန် ဥယျာဉ်၌ လည်း ကိုယ်တော်ရှင်အတွက်အသက်ခြင်းလဲ၍ ကာကွယ်ရန် သူ၌ပါရှိသောဓားကို ဆွဲထုတ်သည် (ယော၊ ၁၈း၁၀-၁၁)။ သို့ သော်လည်း ယဇ်ပုရောဟိတ်မင်း၏ အိမ်ဝင်းအတွင်း၌ သူ၏ ဂါလိလဲသား အသံဝဲခြင်းကြောင့် ထိုပြည်သား ဖြစ်သည်ဟု ဖော်ထုတ်ခြင်း ခံရပြီး သူ့အား သခင်ယေရှု၏ အပေါင်းအဖော် ဖြစ်ကြောင်း စွပ်စွဲခံရသောအခါ၊ ပေတရုက သင်တို့ပြောသောသူကို ငါမသိဟု ငြင်းဆိုလေသည်(မာကု၊ ၁၄း၆၆-၇၅။ မဿဲ၊၂၆း၆၉-၇၅။ လုကာ၊ ၂၂:၅၄-၆၂။ ယောဟန်၊ ၁၈း၂၅-၂၇)။ သိုသော်ငြားလည်း ဤဖြစ်ရပ်၏ အကြောင်းခြင်း အရာအချိုကို သတိပြုရပေမည်။ ပေတရုကိုအပြစ်တင်ရန် လွယ်ကူပါသည်။

သို့ရာတွင် အခြားတမန်တော်များ သည် ကြောက်လန့်၍ ကြက်ပျောက် ငှက်ပျောက် ထွက်ပြေးတိမ်းရှောင်စဉ် ပေတရုသည် ယဇ်ပုရောဟိတ်မင်း၏ အိမ်ဝင်း အတွင်း၌ပင် ရှိနေသည် (မဿဲ၊ ၂၆း၅၆။ မာကု၊၁၄း၅၀)၊ ပေတရု၏ အားနည်း ချွတ်ယွင်းချက်သည် သူရသတ္တိနှင့် ပြည့်စုံသော သူများ၌ပင်လျှင် ဖြစ်ပေါ်တတ်သည်။

ဤကဲ့သို ချွတ်ယွင်း ပျက်ရသည့် အခြေအနေသို့ သူတစ်ယောက်တည်းသာ ရောက်ရှိခဲ့ ရသည်။ အခြားသူများမှာကား၊ ကြာမြင့်စွာကပင် ထွက်ပြေးတိမ်းရှောင်နှင့်ကြလေပြီ။ ကျွန်ုပ်တို့ အစဉ် သတိ မပြုသည့် အချက်မှာ ပေတရု၏ စိတ်မချမ်းမြေ့ဖွယ်ကောင်းသော ငြင်းဆိုချက်၌ အခြားအကြောင်း မရှိဘဲ ပေတရု၏ ဖြစ်ရပ်မှန်ကို ဖော်ပြသော အချက်မျှသာ ဖြစ်သည်။

မာကုခရစ်ဝင်ကျမ်းသည် ပေတရုကောပြောသော တရားဒေသနာများဖြစ်သည်ဆိုပါက၊ ပေတရုအနှစ်သက်ဆုံး ဟောပြောသောတရားဒေသနာမှာ သူသည် သခင်ယေရှုအပေါ်တွင် ထိုကဲ့သို ကတိပျက်ကွက်ခဲ့သော်လည်း သခင်ယေရှုသည် သူ့အား မည်ကဲ့သို အပြစ်လွှတ်ခဲ့သည့် အကြောင်းပင်ဖြစ်လေသည်။

(၅) သခင်ယေရှု ပေတရုအား ကြီးလေးသောတာဝန်ဝတ္တရားများလွှဲအပ်စေခိုင်းခြင်း

ခရစ်ဝင်ကျမ်းများတွင် သခင်ယေရှု အသေသတ်ခြင်းခံရပြီးသည့်နောက်ပေတရုသည် အခြားသောကမန်တော်များနှင့် ပြန်လည်ပေါင်းသင်းဆက်ဆံသည်ကို ဖော် သည်၊ ဤဖြစ်ရပ်သည် သူ၏ကြီးမားပြောင်မြောက်သောသတ္တိကို ဖော်ပြသည်။ အဘယ်ကြောင့် ဆိုသော် အခြားတမန် တော်များသည် သူတို၏ အရှင်သခင်ပေတရုမည်ကဲ့သို ငြင်းဆိုခဲ့သည်ကို သိရှိပြီး ဖြစ်သော ကြောင့်တည်း။ သင်္ချိုင်းဂူကြီးထဲသို ပထမဦးဆုံးဝင်ရောက်ပြီးလျှင် ဂူကြီးဟာလာ ဟင်းလင်း ရှိနေ သည်ကို တွေ့မြင်သူမှာ ပေတရု ဖြစ်သည် ယော၊ ၂း၆)။ သခင်ယေရှု၏ အထူး အမှာစကားကို လက်

ခံရသူ (မာကု ၁၆း၇) နှင့် ထူးကဲစွာအတွေခံရသူမှာလည်း ပေတရုဖြစ် သည်(၁ကော၊ ၁၅း၅)။ ထမြောက်တော်မူသောအရှင်ကို တွေ့မြင် ရသောအချိန်၌ ပေတရု မည်ကဲ့သိုဖြစ်ပျက်ခံစားရသည်ကို မည်သူမျှ တတ်အပ်မသိပါ။ သိုသော်လည်း ခွင့်လွှတ်ရန် မဖြစ်နိုင်သော ဆိုးသွမ်းသည့် အပြစ်များကို ကိုယ်တော်ရှင် လွတ်တော်မူသည်ကို ပေတရု လက်တွေ့ခံစားရပေသည်။ ဤကား မတွေးတတ်အောင် ရှိသော ကိုယ်တော်ရှင်၏ ခွင့်လွှတ်ခြင်းပင်ဖြစ်သည်။ ထိုနောက်အိုင်များတွင် ကိုယ်တော်၏ သိုးစုကို စောင့်ရှောက်ထိန်းသိမ်း၊ ကျွေးမွေးရန် ပေတရုအား လွှဲအပ်စေခိုင်းမည့်အချိန်သည် ကျရောက်လာ သည်(ယော၊ ၂၁း၁၅-၁၇)။

 

(၆) ပေတရု၏ကြီးမားသော ခံစားချက်များ။

ပေတရု၏အတ္ထုပ္ပတ္တိမှာ မကန်ဆုံးသေးချေ။ သူ၏ကြီးမားသောခံစားချက်များကို ဖော်ပြရန် ရှိသေးသည်။ တမန်တော်ဝတ္ထု အစဦးပိုင်း၌ ပေတရုသည် တမန်တော်များ၏ ခေါင်းဆောင်ဖြစ် သည်ကို ထင်ရှားစွာတွေ့ရှိနိုင်သည်။

သစ္စာဖောက်သွားသူ ယုဒရှကာရုတ်၏ နေရာတွင်အစား သွင်းရန် တမန်တော်အသစ်တစ် ပါးရွေးချယ်ဖို ဦးစွာပထမ နှိးဆော်သူမှာ ပေတရုဖြစ်သည်(တမန်တော်၊ ၁း၁၅)၊ ပင်တေကုတ္တေပွဲနေ့၌ အသင်းတော်ကို ဦးဆောင်၍ တရားဒေသနာ ဟောပြောသူမှာလည်း ပေတရုဖြစ်သည်။ သူသည် ခရစ်ယာန်တရားဒေသနာကို ပထမဦးဆုံး ဟောပြောသူ ဖြစ်သည် (တမန်တော်၊ ၁၄း၄၁)။ ယောဟန်နှင့်အတူ တင့်တယ်အမည်ရှိသော ဗိမာန်တော်၏ တံခါးနားမှာ အမိဝမ်းတွင်းကပင် ခြေမသန်စွမ်း တစ်ယောက်အား အကောင်းဖြစ်ရန် ဝေဒနာကင်းငြိမ်း စေသူမှာလည်း ပေတရုပင် ဖြစ်သည် (တမန်တော်၊ ၃း၁-၁၁)။ သခင်ယေရှု၏အကြောင်းကို ဟောပြောသောကြောင့် ပေတရုနှင့် ယောဟန်ကို ဖမ်းဆီး သောအခါ ယဇ်ပုရောဟိတ်အကြီးအကဲ၊ အကြီး အကဲ၊ ကျမ်းပြု ဆရာများပါ ရှိသော ခုံအဖွဲ(Saphedrin)၏ စွပ်စွဲချက် တိုကို ရဲရင့်စွာ ပြန်လည်ချေပပြောဆိုသူမှာလည်း ပေတရုဖြစ်သည် (တမန်တော်၊ ၄:၁-၂၂။၅:၂၆-၃၂)။ သခင်ယေရှု၏ ဝမ်းမြောက်ဖွယ် သတင်းကောင်းကို ရှမာရိမြို၌ ဦးစွာပထမဟောပြောရန် သွားရောက်ခဲ့စဉ်က ထိုမြို့ရှိ ရှိမုန်ဆိုသူ(Simon Magus)၏ ကောက်ကျစ်စဉ်းလဲ သောသဘောကို ဆုံးမခဲ့သူမှာလည်း ပေတရုပင်ဖြစ်သည်(တမန်တော်၊ ၈း၁၂-၂၅) အပြောအဆိုနှင့် အမူအရာအပြုအမှု ညီညွတ်မှန်ကန်မှုမရှိ၊ စိတ်နှစ်ခွရှိသော အာနနိနှင့် ရှဖိရေအမည်ရှိ သော လင်မယားနှစ်ယောက်အားကြောက်မက်ဖွယ်ဆုံးမသူမှာလည်း ပေတရုပင်ဖြစ်သည် (တမန် တော်၊၅း ၁-၁၁)။ လက်သေနေသော အဲနေနှင့်သေနေ သူဒေါ်ကာ တို့အားပြန်လည်ကောင်းမွန်စေခြင်း၊ အသက်ပြန်လည်ရှင်စေခြင်းတို့ ကိုပြုလုပ်သူမှာ ပေတရုဖြစ်သည် (တမန်တော်၊ ၉း၃၂-၄၃)။

ပေတရု ဆောင်ရွက်ခဲ့သော ကိစ္စအ၀၀တွင် အရေးကြီးဆုံးသောအချက်မှာ ရဟူဒီ(ဂျူး) မဟုတ်သော လူမျိုးခြားဖြစ်သူ တပ်မှူးကောနေလိအား ခရစ်ယာန်အသင်းတော်မိတ်သဟာယအဖွဲ့ထဲသို့ ပါဝင်ခွင့်ပြုခြင်းပင် ဖြစ်သည်(တမန်တော်၊၁၀)။ ဂျူးလူမျိုးတိုသည်ဘုရားသခင် ရွေးကောက်တော်မူ သောလူမျိုးများ ဖြစ်ကြသည်။

သူတို့သည် လူမျိုးခြားများကို စက်ဆုပ်ရွံရှာကြသည်။ ဘုရားသခင်၏ ကတိဝန်ခံချက်တို့သည် လူမျိုးခြားများနှင့်လည်း သက်ဆိုင် လိမ့်မည်ဟု သူတိုအိပ်မက်ပင် မမက်ချေ၊ သခင်ယေရှု၏ ဝမ်းမြောက်ဖွယ် ရာ ကယ်တင်ခြင်းတရားတော် သည် လူမျိုး အားလုံးနှင့်သက်ဆိုင်ကြောင်းကို ရိပ်စားမိသူမှာ ပေတရုဖြစ်သည်။ တစ်ပါးအမျိုးသားများ ဝင်ရောက်နိုင်ရန် အသင်းတော်တံခါး ဖွင့်ပေးဖို့ယေရုရှလင်ကောင်စီအစည်းအဝေး ၌ဆောင်ရွက်သူမှာ ပေတရုပင်ဖြစ်သည် (ကမန်တော်၊၁၅-၇-၁၁)။ တပ်မှူးကောနေလိ ကိစ္စနှင့်စပ်လျဉ်း၍ ပေတရု၏လုပ်ဆောင်ချက်ကြောင့် အသက်ရှင်စေခြင်း အလိုငှာ နောင်တတရားကို တစ်ပါးအမျိုးသားတို အားလည်း ဘုရားသခင်ပေးတော်မူပြီ(တမန်တော်၊ ၁၁း၁၈) ဟူသော အချက်ကြီးကိုအသင်းတော်ကြုံတွေ့ရသည်။

ဓမ္မသစ်ကျမ်းတွင် ပေကရု၏အတ္ထုပ္ပတ္တိဆုံးခန်းတိုင်အောင် ပါ၏။ သူသည် ခရစ်ယာန်အသင်း တော်၏ ဂျူးလူမျိုးအုပ်စုတွင် ထင်ပေါ်ကျော်ကြားသော ခေါင်းဆောင်ဖြစ်သည်။ဓမ္မသစ်ကျမ်း၌ သူ၏ အတ္ထုပ္ပတ္တိ နောက်ထပ်မပါရှိသော်လည်း ရှေးဦးအသင်းတော်နှင့် စပ်လျဉ်း၍ ဒဏ္ဍာရီများနှင့် ရှေးလူကြီး သူမတို့ စကားများတွင် သူ့အကြောင်းများစွာပါရှိလေ သည်။ ထိုဒဏ္ဍာရီများ၌ ပေတရုသည် နေရာဌာန သုံးနေရာနှင့်ဆက်စပ်လျက်ရှိသည်။

(၁) ပေတရုနှင့်အန္တိအုတ်သည် ဆက်စပ်လျက် ရှိသည်။ ပေတရုသည် အန္တိအုတ်မြို့ အသင်းတော်၏ ပထမဆုံးဂိုဏ်းအုပ် ဆရာတော်ကြီးဖြစ်၍ ခုနှစ်နှစ်တာမျှ အသင်းတော်၌ အမှုတော်မြတ်ထမ်းဆောင် သည်ဟု ပြောစမှတ်ရှိသည်။ တစ်ပါး အမျိုးသား များအား ကယ်တင်ခြင်း တရားတော်မြတ်ကို ဦးစွာပထမဟောပြောရာ ဒေသဖြစ်သော ထိုမြို၏အသင်းတော်ခေါင်းဆောင်မှာ ပေတရု မဖြစ်နိုင်စရာ အကြောင်းမရှိပေ (တမန်တော်၊ ၁၁:၂၀)။ ခရစ်ယာန် ဟူသောအမည်ကို ပထမဦးဆုံးအသုံးပြုခဲ့သည်(တမန်တော်၊၁၁:၂၆)။

(၂) ပေတရုနှင့် အာရှမိုင်းနား(Asia Minor)လည်း ဆက်စပ်လျက်ရှိသည်။ အန္တိအုတ်မြို၌ အမှုတော်မြတ် ထမ်းဆောင် ပြီးသောအခါ၊ အာရှမိုင်းနားတွင် ကယ်တင်ခြင်းတရားတော်ကို ဟောပြောသည်ဟု ဆိုစမှတ်ပြုကြသည်။ ထိုအချက်သည်လည်း မဖြစ်နိုင်စရာ အကြောင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော်၊ ပေတရ၏ ဩဝါဒစာစောင်သည် ပု ပြည် (Pontus)၊ ဂလာတိပြည်(Galatia)၊ ကပ္ပဒေါကိပြည် (Cappadocia)၊ အာရှပြည်(Asia)နှင့် ဗိသုန်ပြည်(Bithynia)တို့၌ အနှံအပြား ရောက် ရှိနေသော ခရစ်ယာန်များထံ ရေးသားသောစာစောင်ဖြစ်သည် (၁ပေ၊ ၁း၁)။

ရှင်ပေတရုသြဝါဒ ပထမစာစောင်နှင့်စပ်လျဉ်း၍ ကျွန်ုပ် တို့သည်ပြဿနာတစ်ခုနှင့် ရင်ဆိုင်နေရသည်။ ထိုဩဝါဒစာစောင် (၅း၁၃)တွင်ဗာဗုလုန်မြိုရှိသော အသင်းတော်မှနှုတ်ဆက်လိုက် သည်ဟု အဆုံးသတ်ထားသည့် စကားပင်ဖြစ်သည်။ ဗာဗုလုန်ဟူ သော စကားလုံး၏ တိုက်ရိုက်အဓိ ပ္ပာယ်ကို အကျွန်ုပ်တို အဘယ်ကဲ့သို သိရှိနားလည် ကြပါသနည်း။ အမှန်ဆိုသော် ဗာဗုလုန် ဟူသော စကားလုံး၏ တိုက်ရိုက်အဓိပ္ပာယ်ကိုသိရှိနားလည်သော စာပေပညာရှင်အနည်းငယ်သာရှိသည်။

ပေတရုသည် ဗာဗုလုန်မြို့၌ တရားဟောပြောသည်ဆိုခြင်းမှာမဖြစ်နိုင်စရာအကြောင်းမရှိဟု ပထရီးယား(R.H. Streeter)ဆိုသော ပုဂ္ဂိုလ်ကယုံကြည်သည်။ သူ၏ အကြောင်း ပြချက်မှာ ပါလေကိနတိုင်းရှိ ဂျူးလူမျိုး(Palestinian Jew)တို့သည် ဗာဗုလုန် ပြည်သို မျှော်ကြည့် သည်မှာ သဘာဝကျသည်။

ဗာဗုလုန်ပြည်သို ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရသော ဂျူးလူမျိုးများမှာ ဆန်ကာတင် လက်ရွေးစင် ဂျူးလူမျိုးများဖြစ်၍ ၄င်းတို့ အများအပြားမှာ ထိုပြည်မှ ပြန်မလာကြပေ။

ဂျူးလူမျိုးများ၏ဘာသာအယူဝါဒကို မှန်ကန်စွာယုံကြည်ကြသော ဂျူးလူမျိုးစစ်စစ်တို့သည် ပေါတာမိပြည် (Mesopotamia)၌ အခြေစိုက်နေထိုင်လျက် ရှိကြသည်။ ပင်တေကုတ္တေနေ့၌၊ အနယ်နယ်မှ ရောက်ရှိ လာသူများစာရင်းတွင် ပါဝင်သူများမှာ ပါသိပြည်(Partia)မှ အစပြု၍ မေဒိပြည်(Media)၊ ဧလံပြည်(Eai)နှင့်မေသောပေါတာမိပြည် (Mesopotamia)တိုမှ ရောက်ရှိ လာသူများ ဖြစ်ကြသည်။ ဂျူးလူမျိုးသမိုင်းဆရာကြီး ဂျိုဒီဖတ် (Josephus)သည် ဗာဗုလုန်ပြည်ကိုများစွာ အရေး ပေးသည့် အနေဖြင့်၊ ဗာဗုလုန်နှင့် ပေသောပေါတာ မိပြည်ရှိ။ မိမိ၏အမျိုးသားချင်းဖြစ်သော ဂျူးလူမျိုးများ အထူးအကျိုးကျေးဇူး ခံစားနိုင်ရန် ဂျူးလူမျိုးတို၏ စစ်ပွဲများအကြောင်း ပထမတွဲ ကိုအာရ(Aramaic)ဘာသာဖြင့် ရေးသားထုတ်ဝေခဲ့သည်။

အကောင်းဆုံး ရှင်းလင်းစွာ ဖော်ပြသော ဂျူးလူမျိုးတို့၏ ဓမ္မသတ်သည် ဗာဗုလုန် ရဟူဒီ ဓမ္မသက်(Babylonion Tajmud)ဖြစ်သည်။ ဂျူးလူမျိုးတို၏ စာပေ၌ အရည်အချင်း ပြည့်တတ် မြောက်သည့် စာပေသမားများကို ရှာဖွေလျှင်၊ အမှန်တကယ်ပင် ဗာဗုလုန်သို ရှေးရှုရပေမည်ဟူသော အချက်ကို တွေ့ရသည်။ သိုသော်လည်း ပေတရုသည် ထိုအရပ်၌ တရားဟောပြောသည် ဟု လူကြီးသူမများထံမှ အရိပ်အမြွက်မျှ မကြားရဖူးချေ။ ဗာဗုလုန် ဆိုသည်မှာ ရောမမြိုကိုဆိုလိုသည်ဟု တညီတညွတ်တည်း ယူဆကြ သည်။ အကယ်စင်စစ် ဗျာဒိတ်ကျမ်း(၁၄၈၊၁၆၉၊၁၇၅၊၁၈ ၂)၌ ရေးသားထားသောဗာဗုလုန်မှာ ရောမမြို့ကိုဆိုလိုသည်။

ထင်ပေါ်ကျော်ကြားသည် ရှေးဦးပိုင်း သမိုင်းဆရာကြီး ယူစီးဘီရ (Eusebius)က ရှင်ပေတရု ဩဝါဒစာစောင် ပထမစောင် (၅း၁၃)တွင် ပါသော ဗာဗုလုန်မှာ ရောမမြိုကို ဆိုလိုသည်ဟု သူယုံကြည်ကြောင်း ဤဩဝါဒ စာစောင်၌ ပေတရုဖော်ပြသည့်အတိုင်း ဤစာစောင်ကို ရောမမြို၌ ရေးသားသည်ဟု လူအများက ပြောဆို ကြကြောင်း၊ ရောမမြိုကိုဗာဗုလုန်မြိုဟု တင်စား၍ခေါ်ခြင်းသာ ဖြစ်ကြောင်း စသည်ဖြင့် ဘာသာအသင်းနှင့်ဆိုင်သော မှတ်တမ်း(Ecclesiastical His-tory 2,15)တွင် ရေးသားဖော်ပြထားသည်။ ရှေးဦးရစ်ယာန်များသည် ရောမမြို၏ တန်ခိုးအာဏာ ကြီးထွားခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်း ဆိုးသွမ်းခြင်းတိုကို စဉ်းစားသောအခါ ရောမမြိုသည် ဗာဗုလုန်မြိုနှင့် တူသောကြောင့် ခေတ်သစ်ဗာဗုလုန်ဟု တင်စား၍ ခေါ်ဝေါ်ကြသည်။

ပေတရုသည် အာရှမိုင်းနာ၌ တရားဒေသနာဟောပြောသည်ဆိုကဖြစ်နိုင်စရာ အကြောင်းရှိသည်။ သိုသော်လည်း ဗာဗုလုန်ပြည်သို့ သွားရောက်သည် ဆိုသည်မှာ ဖြစ်နိုင်စရာ အကြောင်းမရှိချေ။

(၃) ပေတရုရောမမြိုသို ရောက်ရှိသည်ကို ရှေးဦးအသင်းတော်များ တညီတညွတ်တည်း လက်ခံကြသည်။ ထိုအချိန်အခါ သည် ခရစ်နှစ်(၆၁)ခုလောက်တွင်ဖြစ်၍၊ ပေတရုသည် မာတုရအဖြစ်ဖြင့် ထိုမြိုတွင် အသတ်ခံရသည်။ ရောမမြို၌ ပေတရုနေထိုင်ခြင်းနှင့် ပတ်သက်၍ စိတ်ဝင်စားစရာ ဒဏ္ဍာရီ အများရှိ သည်။ အထူးသဖြင့်သူ၏ အသတ်ခံရခြင်း အကြောင်းဖြစ်ပေသည်။

၄င်းဖြစ်ရပ်များ မှန်မမှန်ကိုကား အသေအချာမပြနိုင်ပေ။ တမန်တော်ဝတ္တု(၈း၉-၂၄)၌ ပေတရုဆုံးမ ခဲ့သော နတ်ဝိဇ္ဇာအတတ်၌ ကျွမ်းကျင်သူ ရှိမုန်အား ရောမမြိုတွင် တဖန်၊ သူရင်ဆိုင် ရလေသည်။ ရှိမုန်က မိမိသည် သေဆုံးသောလူငယ် တစ်ယောက်အား ပြန်ရှင်စေခဲ့ သည်ဟု အခိုင်အမာပြောသည်။ သိုသော် ပေတရုကသူသည် ဝါကြွားသူ တစ်ယောက်သာဖြစ်ကြောင်း ဖော်ထုတ် ခဲ့လေသည်။ လေထဲ၌ပျံသန်းခြင်း အားဖြင့်သူ၏ တန်ခိုးကိုပြမည်ဟု ရှိမုန်က ကြံရွယ်သည်။ ပေတရုသည် ရှိမုန်၏ လိမ်လည်လှည့်ဖြားခြင်းကို လူအများသိစေရန် ဆုတောင်းသည်။

ရှိမုန်သည် မိုးပေါ်ပျံသန်းရန် ကြိုးစားရင်း မြေသိုကျ၍ သေဆုံးလေသည်။ ရောမမြို၌ ရှိမုန်၏နောက်လိုက်များ အများအပြားရှိကြသည်။ ရှိမုန်၏ဝါကြွားမှုကို ဖော်ထုတ်ခြင်းကြောင့် ပေတရု၌ရန်သူများလာသည်။ ပို၍ ဆိုးသော အဖြစ်အပျက်ပေါ် ပေါက်လာတော့သည်။အဂြိပ္ပမင်း(Agrippa)၏မောင်းမလေးဦး သည် ပေတရု ဟောပြောသောတရားဒေသနာကြောင့် ပြောင်းလဲ၍ ခရစ်ယာန် များဖြစ်လာကြသည်။ထိုအပြင် ပေတရု၏အားပေး ပြပြင်ခြင်းဖြင့် ဧကရာဇ်ဘုရင် အယ်ဘိန(Albinis)မြတ်နိုးသောမိဖုရား ဇန်သပ်ပီ (Xanthippe)သည် သန့်ရှင်းမြင့်မြတ်သော အသက်တာခရီးကို လျှောက်ခဲ့လေသည်။

အဂြိပ္ပမင်းနှင့်အယ်ဘိနတို့သည် ပေတရုအပေါ် အမျက် ဒေါသထွက်ကာ၊ ပေတရုကိုသတ်ရန် ဆုံးဖြတ်ကြသည်။ ပေတရု၏ မိတ်ဆွေများနှင့် ခရပ်ယာန်အသင်းတော်ကသူ့အားသတိပေးကြသည်။

သခင်ခရစ်တော်၏ လုပ်ငန်းစဉ်ကိုဆက်လက်လုပ်ကိုင်နိုင်ရန် အခြားသို တိမ်းရှောင်နေဖို သူ့အား တိုက်တွန်းကြသည်။ ပေတရုသည် ရောမမြို့မှ ထွက်ပြေးတိမ်းရှောင်ရန် ထွက်လာစဉ် သခင်ယေရှု ရောမမြို့ထဲဝင်လာသည်ကို ရူပါရုံတွင် မြင်တွေ့လိုက်ရသည်။ ကိုယ်တော် အဘယ်သို သွားမည်နည်းဟု ပေတရုက မေးသောအခါ၊ ကိုယ်တော်က အသေသတ်ခြင်းခံရန် ရောမမြိုထဲသို့သွားမည်ဟု ဖြေကြားတော်မူသည်။ ပေတရုက ကိုယ်တော် နောက်တစ်ကြိမ် အသေသတ်ခြင်းကို ခံဦးမည် လားဟုမေးသောအခါ ကိုယ်တော်က ဟုတ်တယ်ပေတရု၊ ငါနောက် တစ်ကြိမ် အသေသတ်ခြင်းကို ခံရမည်ဟု ပြန်ပြောသည်။ (AC1s of Peter 35)။ ပေတရုသည် သူရှောင်တိမ်းသော ကားတိုင်ကို ထမ်းရွက်ရန်၊ သခင်ယေရှု ရောမမြိုထဲ ဝင်ရောက်လာရသည်ဟု နားလည်လိုက် သည်။ ထိုကြောင့် ပေတရုသည်လည်း အသေသက်ခြင်းကိုခံရန် မြိုထဲသို ပြန်ဝင် လာခဲ့သည်။ ရက်စက်သော လုပ်နည်းလုပ်ကိုင်ဖြင့် ပေတရု၏ဇနီးအားသူ့မျက်စိရှေ့မှာ ကွပ်မျက်လိုက်သည်။ ထိုအဖြစ်ကို ပေတရု မကြည့်ဘဲ မနေရဟု အဓမ္မကြည့်ရှုစေသည်။

ပေတရုသည်သူ၏ဇနီးအား ကိုယ်တော်ရှင်ကို သတိရနေပါ ဟုသာ အားပေးစကား ပြောနိုင်သည် (ဘာသာအသင်းနှင့်ဆိုင်သောသမိုင်းမှတ်တမ်း) (Eusebius Eccleisastical History 3,30), ထောင်မှူးသည် ပေတရု၏ ရဲရင့်သော သတ္တိကို မြင်သောအခါ စိတ်နှလုံးထိခိုက်၍ ခရစ်ယာန်တို၏ ယုံကြည် ကိုးကွယ်မှုကို လက်ခံ လေသည်။ လက်ဝါးကပ်တိုင်၌ ရိုက်ထားခြင်းငှာ အသသတ်ရန် အချိန်ကျရောက်သောအခါ၊ ပေတရုကမိမိသည် မိမိ၏အရှင်သခင် ကဲ့သိုလက်ဝါးကပ်တိုင် ၌ခိုက်ထားခြင်းငှာ မထိုက် မတန်သောကြောင့် စောက်ထိုး၍ကွက်မျက်ရန် တောင်းဆိုလေသည်။ (EccleisasticalHistory 3,1)။ နောက်ဆုံးတွင် ပေတရုသည် လူစွမ်းကောင်း တစ်ယောက်အနေဖြင့် လည်းကောင်း၊ မာတုရအဖြစ် ဖြင့်လည်းကောင်း၊သူ၏အရှင်သခင်အတွက် အသက်စွန့် သွားသည်။

ပေတရု၌အပြစ်မြောက်မြားစွာ ရှိကောင်းပေလိမ့်မည်။ သိုသော်လည်း သူ၌ကောင်းမြတ်သော မေတ္တာကရုဏာစိတ်အစဉ်ရှိသည်။ ဖာရား(E. W Farrar)ဆို သောပုဂ္ဂိုလ်က ပေတရု၏အထင်ပေါ်ဆုံး အကျင့်စရိုက်မှာသူသည် အကြိမ်ကြိမ်မည်မျှကျဆုံးခဲ့သော်လည်း သူ၏ ရဲစွမ်း သတ္တိနှင့်သူ၏ရိုး သားဖြောင့် မှန်ခြင်းကို ပြန်လည် ရယူနိုင်သည်ကိုဆိုသည်။ လုကာသည် သခင်ဘုရားအား ပေမူငြင်းဆိုသည့် အဖြစ်အပျက်ကလေးကို ကွင်းကွင်းကွက်ကွက် မှတ်သားဖွယ်ရာ ဤကဲ့သို အဆုံးသတ်ထားသည်။ သခင် ယေရှုလှည့်၍ ပေတရုကို ကြည့်တော်မူ၏ (လုကာ၊ ၂၂း၆၁)။

သခင်ယေရှု၏ မျက်စိတစ်ဖက်တစ်ချက် ကြည့်လိုက်ခြင်းသည်ပေတရုအား ဖြောင့်မှန်ခြင်း နှင့်တရားလမ်းသို ပြန်လည် ပိုဆောင်ပေးသည်။ ကျွန်ုပ်တိုသည်လည်း ဤသိုဆုတောင်း ရပေမည်။

 

ကျွန်ုပ်တို့သည် မတည်မငြိမ် ယိမ်းယိုင်လျက်ရှိသည်ကို မြင်တွေ့ သောအခါ ကိုယ်တော်ရှင် ကြည့်တော်မူခြင်းဖြင့် ပြန်လည်၍ တည့်မတ် စေတော်မူပါ။

…………………………………………

အခန်း (၃)

ယောဟန်

မိုးကြိုးသားမှ မေတ္တာရှင်ဖြစ်လာသော

တမန်တော်

မေတ္တာတမန်တော်ဖြစ်လာသော မိုးကြိုး၏သားအဆိပ်ရည်နှင့် ပြည့်သော ခွက်ဖြင့် ခရ်တော် အတွက် သေကြောင်းကြံခြင်း ခံရသော်လည်း မသေကြောင်းကို ဤပုံဖြင့် မှတ်တမ်းတင်ခဲ့သည်၊ ထိုသူနှစ်ယောက်တိုသည် အတုပြေးသည်တွင် အခြားသော တပည့်တော်သည် သင်္ချိုင်းတော်သို အလျင်ရောက်သည် (ယော၊ ၁၄)။

ယောဟန်သည် ဇေဗေသဲ၏သား၊ ယာကုပ်၏ညီဖြစ်သည်။သူသည် တံငါသည်ဖြစ်သည်၊ ပိုက်ကွန်ပြင်နေစဉ် သခင်ယေရှုသူတိုကိုခေါ်တော်မူသည်(မဿဲ ၄:၂၁။ မာကု ၁း၉)ယောဟန်နှင့် ပေတရုသည်ရင်းနှီးသော မိတ်ဆွေများဖြစ်ကြသည်။ အဘယ်ကြောင့် ဆိုသော် ယောဟန်နှင့် ပေတရုတိုသည် တံငါ လုပ်ငန်းတွင် လုပ်ဖော်ဆောင်ဖက် များ ဖြစ်ကြသည် (လု၊ ၅း၁၀)။ ကပေရနောင်မြိုမှ ထွက်လာသော အခါယောဟန်သည် ပေတရုအိမ်သို သွားခဲ့သည် (ရှင်မာကု ခရစ်ဝင်၊ ၁း၂၉)၊နောက်ဆုံးအချိန် ကျရောက်တော့မည့်အခါ၌ သခင်ယေရှုသည် ပဿခါပွဲ၌ တမန်တော်များနှင့် အတူစားသောက်ရန် ပြင်ဆင်ဖို့ ပေတရုနှင့် ယောဟန်တိုနှစ်ဦးကို စေလွှတ်သည် (လုကာ၊ ၂၂၈)၊ တမန်တော်တ္ထုတွင် အသင်းတော်၏ အစဦးပိုင်း၌ ပေတရုနှင့်ယောဟန်သည် အမှုတော်မြတ်ကို အစဉ်ပင် အတူတကွ ဆောင်ရွက်၍ ပေတရုသည် သူတိုနှစ်ဦး၏ ဦးစီး ခေါင်းဆောင်ဖြစ်သည်။ ထိုသူနှစ်ဦး သည် တံငါလုပ်ငန်းတွင် အတူတကွ လုပ်ကိုင်ကြ သကဲ့သို လူကိုမျှားသော တံငါဘဝ၌လည်း အတူသွားလာ လုပ်ကိုင် ကြသည်။ (မာကု ၁း၁၇)။

ယောဟန်သည် သခင်ယေရှု၏တပည့်မဖြစ်မီ နှစ်ခြင်းဆရာ ယောဟန်၏ တပည့်ဖြစ်သည်ဟု မှတ်ထင်စရာ ရှိသည်။ စတုတ္ထမြောက်ခရစ်ဝင်စာစောင်၌ နှစ်ခြင်းဆရာယောဟန်က ဤလောက၏ အပြစ်ကိုယူဆောင်သွားသော ဘုရားသခင်၏ သိုးသူငယ်ကို ကြည့်လောဟုသခင်ယေရှုကို ရည်ညွှန်း၍ပြောသောအခါ သူ၏တပည့်နှစ်ယောက်တို့သည် ယေရှု၏နောက်တော် သို လိုက်ကြသည်။ တပည့်တစ်ယောက်၏ အမည်မှာ အန္ဒြေဖြစ်၍ အခြားတပည့်တစ်ယောက်၏ အမည်ကိုမဖော်ပြပါ၊ ထိုသူမှာ ယောဟန် ဖြစ်နိုင်စရာ အကြောင်းရှိသည်။ (ယော၊၃း၅-၄၀) တမန်တော်များထဲတွင် ပေတရု၊ ယာကုပ်နှင့်ယောဟန်သည် ကိုယ်တော်ရှင်နှင့် နီးကပ်စွာသွားလာ၊ လုပ်ကိုင်ဆောင်ရွက်သူ သုံးဦးဖြစ်သည်။ ယောဟန်သည် သခင်ယေရှုနှင့်အနီးကပ်ဆုံး ဆက်ဆံသူဖြစ်သည်။

ခရစ်ဝင် ပထမသုံးကျမ်း၌ ယာဟန်ကို တစ်ခါတစ်ရံသာ ယာကုပ်နှင့် တစ်ကွဲတစ်ပြား တစ်ဦးတည်း တွေ့ရှိရသည်။ အများ အားဖြင့် ယာကုပ်နှင့် ယောဟန်သည် တကွဲတပြားစီမဟုတ်ဘဲ၊ သူတို နှစ်ဦးသည်အတူတူ တသဘောတည်းပြောဆိုလုပ်ကိုင် ဆောင်ရွက်သည်ကိုတွေ့ရှိရသည်။ ထိုကျမ်းများတွင် ယောဟန်၏အကြောင်း အထင်အရှားဖော်ပြထားသည်၊ အံ့ဩစရာအချက်မှာ သုတ် အကြောင်းဖော်ပြထားချက်သည် သူတပါးနှစ်ခြိုက်စရာမကောင်းသောအချက်ပင် ဖြစ်သည်။

(၁) ယောဟန်နှင့်ယာကုပ်၌ကြီးမြင့်တင်ပေါ်ကျော်စော လိုသောရည်မှန်းချက်များရှိကြောင်း ပေါ်ထွက်လာသည်။ ရှင်မာကုခရစ်ဝင်(၁၀း၃၅-၄၅)၌ ယောဟန်နှင့်ယာကုပ်သည် သခင်ယေရှုထံ သိုလာ၍ ကိုယ်တော်၏နိုင် ငံ တော်၌ ကြီးကဲသော ရာထူးဌာနန္တရပေးရန်တိတ်တဆိတ် တောင်းလျှောက်သည်။ ထိုအကြောင်းအရာကို ကားတပည့်တော်တကျိပ်တို့ သိ ရှိသောအခါ သူတို ထက်ကျော်လွန်၍ကောင်းလျှောက် သည်ကို မခံမရပ်ဖြစ်ပြီး အမျက်ထွက်လာသည်။ သခင်ယေရှုသည် အလွန်လိုအပ်သော စိတ်နှိမ့်ချခြင်းသဘောကို တမန်တော်တို့အား သင်ပေးတော်မူသည်။ မဿဲသည် ထိုအဖြစ်ပျက်ကို ပြန်လည် ၍ပြောပြရာ၌ ရာထူးဌာန္တရကို ယာကုပ်နှင့် ယောဟန်တောင်းခံသည်ဟု မရေးဘဲ၊ သူတို၏ မိခင်ကတောင်းဆိုသည်ဟု ရေးသားထားသည်။

ဤကဲ့သို ပြောင်းလဲဖြစ်ရပ်ကို ရေးသားခြင်းမှာ မဿဲသည် မာကုထက် နှစ်ပေါင်း သုံးဆယ်နောက်ကျပြီး ရေးသားခြင်းကြောင့် ဖြစ်သည်။ ထိုအချိန်အခါမှ အစပြု၍ လူအများတို့သည် တမန်တော်များအားအသင်းတော်၏ အကြီးအကဲ၊ အသင်းတော်၏ အုတ်မြစ်များ အဖြစ်ဖြင့် မှတ်ယူ ကြသည်။ ထိုကြောင့် တမန်တော်များ၏ ဂုဏ်သရေကို ထိခိုက်ညှိးနွမ်းစေမည့် သတင်းများကိုဖယ် ရှားခြင်း၊ အခြေအနေကိုလျှော့ပေါ့ပေးခြင်း၊ အဖြစ်အပျက်များကို ရှင်းပြခြင်းတို့သည် သဘာဝကျသည်။ ထိုကြောင့် မဿဲသည် ဤကြီးမြတ်သောရာထူးအာဏာ တန်ခိုးတောင်းခြင်းကို ယာကုပ်နှင့်ယောဟန်တို ကိုယ်တိုင် တောင်းဆိုသည်ဟုမရေးဘဲ သူတို၏ မိခင် တောင်းဆုိချက် အဖြစ်ဖြင့် ရေးသားသည်။ သို့သော်လည်း မာကုတင်ပြသော အကြောင်းအရာသည် မှန်ကန်သော  အဖြစ်အပျက်ဖြစ်ကြောင်း ကျွန်ုပ်တို ယူဆရပေမည်။ တမန်တော်တို အထဲတွင် ဤကဲ့သို ပထမနေရာတောင်းဆိုရာ၌ အကြောင်းနှစ်ရပ်ရှိနိုင်သည်။

(က) ယာကုပ်နှင့်ယောဟန်သည် စီးပွားရေးတွင် အခြားသောတမန်တော် များထက် ပစ္စည်းဥစ္စာ အနည်းငယ်ပို၍ ကြွယ်ဝပြီး၊ လူနေမှုအဆင့်အတန်းတွင် အနည်းငယ်ပို၍ မြင့် ပေလိမ့်မည်။ သူတိုဖခင် ဇေဗေဒဲသည် အလုပ်သမားငှားနိုင် သည်အထိ သူ၏ လုပ်ငန်းအောင်မြင်သူဖြစ်သည် (မာကု ၁း၂၁)၊ သူတို့ကိုယ်သူတို့လည်း ကျန် ရှိ သောတမန်တော်များထက် အဆင့်အတန်းသာလွန် သည်ဟု သက်ဝင်ယုံကြည်ကြလိမ့်မည်။

(ခ) ယာကုပ်နှင့် ယောဟန် သည် သခင်ယေရှုနှင့် ဆွေမျိုးဘော်စပ်ပေလိမ့်မည်။ သခင်ယေရှု အသေသတ်ခြင်းခံရသော အချိန်၌လက်ဝါးကပ်တိုင်များတွင်ရှိသော အမျိုးသမီးများစာရင်းသုံးမျိုး တွေ့ရှိရသည်။ မာကု၏စာရင်း၌ မာဂဒလ မာရိ ယာကုပ်ငယ်နှင့် ယောသေ၏ မိခင်ဖြစ်သော မာရိနှင့်ရှာလုံ(မာကု၊ ၁၅:၄)။ ယောဟန်စာရင်းတွင် သခင်ယေရှု၏။မယ်တော် မာ၊ မယ်တော်၏ညီမ ကလောဖ၏မယား မာရိနှင့်မာဂဒလမာရိ (ယောဟန်၊ ၁၉ ၂၅)။ မဿဲ၏ စာရင်း၌ မာဂဒလမာရိ၊ ယာကုပ်နှင့်ယောသေတို၏အမိဖြစ်သော မာရိနှင့်ဗေဒါ၏ သားတို၏ အမိဟု ပါရှိသည်။ (မဿ၊ ၂၇း၅၆)၊မာဂဒလမာရိ၏ အမည်သည် စာရင်းကိုင်း၌ ပါရှိသည်။ ယာကုပ်နှင့် ဃာ သတို၏ အမိမာရီနှင့်ကလောဖ၏မယား မာရိမှ,ာ တစ်ဦးတည်းဖြစ်ကြောင်း မှတ်ယူ ရသည်။ ကျန် ရှိသောအမျိုးသမီးမှာ ရှာလုံခေါ် သခင်ယေရှုမယ်တော်၏ညီမ ဇေဗဒဲသားတို၏ အမိဖြစ်လေသည်။ ဤအတိုင်းဆိုလျှင် ရှာလုံသည် ယာကုပ်နှင့် ယောဟန်တို၏မိခင်ဖြစ်၍ သခင်ယေရှု၏ မိခင်၏ညီမဖြစ်သည်။ ထိုကြောင့် ယာကုပ်နှင့် ယောဟန်သည် သခင် ယေရှု၏ ညီအစ်ကိုတော် ဖြစ်သည်။ ယာကုပ်နှင့် ယောဟန်တို့၏စိတ်နှလုံးထဲ၌ သူတိုသည် သခင်ယေရှုနှင့် ဆွေမျိုးတော် စပ်သောကြောင့်သခင်ယေရှု၏နိုင်ငံတော်၌ကြီးကဲသော ရာထူးဌာနန္တရနှင့်တန်ခိုး အာဏာရရှိရန် တောင်းပိုင်ခွင့် ရှိသည်ဟု ထင်မှတ်ဟန်ရှိသည်။

(၂) ယာကုပ်နှင့် ယောဟန်တို့သည် အလွန်ဒေါသကြီးသူများဖြစ်ကြသည်။ ဂါလိလဲပြည်မှ ယေရရှလင်မြိုသို တိုက်ရိုက်သွားမည်ဆိုလျှင် ရှမာရိနယ်ကို ဖြတ်၍ သွားရသည်။ ဂျူးလူမျိုးတိုသည် ရှမာရိအမျိုးသားများနှင့် ပေါင်းသင်းဆက်ဆံခြင်းမရှိကြချေ။ သခင်ယေရှုသည်ယေရူလင်မြို့သို့ နောက်ဆုံးသွားသော ခရီးစဉ်၌ ဤလမ်းကိုအသုံးပြုသည်။ ရှမာရိရွာ၌ တည်းခိုရန် အစီအစဉ် ပြုလုပ်ဖို ရှေ့တော်ပြေးများကို စေလွှတ်သည်၊ သို့သော်လည်း အတိတ်ကာလကတည်းက ရန်ငြိုးကြောင့် ဧည့်ဝတ်မပြုနိုင်၊ လက်မခံနိုင်ကြောင်း ရှမာရိအမျိုးသားများက မဖွယ်မရာ ပြော၍ ငြင်းဆိုလိုက်သည်။

ထိုကြောင့် ယာကုပ်နှင့်ယာဟန်တို၏ ခက်ထန်သော တုံပြန်ချက်မှာ ရုတ်ခြည်းပေါ်ပေါက် လာကာ သခင်ယေရှုအား သခင်ဧလိယပြုသကဲ့သို ကျွန်ုပ်တို့ လည်းကောင်းကင် မီးကျစေ၍ ထို သူတိုကို လောင်ခြင်းငှာ အလိုရှိတော်မူသလောဟု မေးလျှောက် ကြသော်၊ ယေရှုက လူသားသည် လူတို့၏ အသက်ကို သတ်အံ့သောငှါ ကြွလာသည်မဟုတ်၊ ကယ်တင်အံ့သောငှာ ကြွလာသည် ဟု ဆိုဆုံးမတော်မူ၏ (လုကား ၉:၅၁-၅၆)။

ထိုကြောင့် သခင်ယေရှုက ယာကုပ်နှင့် ယောဟန်တို့အား မိုးကြိုးသားဟု အဓိပ္ပာယ်ရှိသော ဗောနေရဝက် အမည်သစ်ဖြင့် ကျီစယ်၍ခေါ်ဝေါ်သည်(မာကု၊ ၃း၁၇)။ သူတို၏ စိတ်ဓာတ်သည် ပြင်းထန်သည်။ပေါက်ကွဲလွယ်သည်။ စိတ်ဆိုးလွယ်ပြီး လူတစ်ယောက်အား အလွန်ခက်ထန်စွာ ဟိန်းဟောက်ပြစ်တင်ပြောဆိုရန် လျင်မြန်သည်။

(၃) ခရစ်ပင်ပထမသုံးကျမ်းတွင် ယောဟန်တစ်ဦးတည်း ကွက်၍ဖော်ပြချက်ကို တစ်ကြိမ် တည်းသာ ဖတ်ရှုရ၍ သူ၏ စိတ်သဘောမှာသည်းမခံတတ်၊ မလိုက်လျောတတ်ကြောင်းကို တွေ့ ရှိရသည်။ လူတစ်ယောက်သည် သခင်ယေရှု၏နာမတော်ဖြင့် နတ်ဆိုးတို့အား နှင်ထုတ်နေသည်ကို ယောဟန်တွေ့လျှင်ထိုသူမှာ တမန်တော် အဖွဲအစည်းထဲမှ မဟုတ်သောကြောင့် ယောဟန်က တားမြစ်လေသည်။ (မာကု၊ ၉း၃၉-၄၈)၊ (လုကာ၊ ၉း၄၅-၅ဝ)။ သခင်ယေရှုက ယောဟန်အား ထိုသူကို မတားမြစ်နှင့် သင်တိုရန်သူဘက်၌ မရှိသောသူသည် သင်တိုဘက်၌ရှိသည်ဟု သာယာ ဖြည်းညှင်းစွာ မိန့်တော်မူသည်။

ရုတ်တရက်ဆိုလျှင် ယောဟန်သည် ထင်ပေါ်ကျော်ကြား လိုသောစိတ်ဆန္ဒ ရှိသည်။ ဒေါသကြီး သည်။ စိတ်ထားသေးသိမ်သည်ဟု ထင်မှတ်စရာရှိသည်။

သူ၏ အတ္ထုပ္ပတ္တိတွင် နောက်ထပ်ဖြည့်စွက်ရန် အချက်များ ကျန်ရှိသေးသည်ဟု ကျွန်ုပ်တို့ ထင်ရသည်။ ခရစ်ဝင်ပထမဆုံး ကျမ်း၌ယောဟန်ဟူသော အမည် အကြိမ်ကြိမ်ပါရှိ၍ စတုတ္တခရစ်ဝင်ကျမ်း၌ကား ယောဟန်ဟူသောအမည် တစ်ကြိမ်မျှ မပါရှိပေ။ သိုသော်လည်း ဤစတုတ္ထကျမ်းတွင် ယေရှုချစ်တော်မူသော တပည့်တော်ဟူ၍ ပါရှိ သည်။ (ယော၊ ၁၄း၂၃)။ ရှေးလွန်လေပြီးသော အချိန်ကာလ၌ ယေရှုချစ် သောတပည့်တော်သည် ယောဟန် ဖြစ်ကြောင်း သံသယမဖြစ်ကြပေ။ သိုသော်လည်း ယခု ပစ္စုပ္ပန်၌ ယေရှူချစ်သော တပည့်တော်သည် ယောဟန် ဟုတ် မဟုတ်ကို အကြီးအကြယ် အငြင်းပွား လျက် ရှိကြသည်။

စိတ်ဝင်စားစရာအနေ ဖြင့် စိတ်ကူးနှင့်တင်ပြသော အချက်တိုကိုလေ့လာသော် …

(၁) ယေရှုချစ်သော တပည့်တော်သည် ရာဇဝင်သမိုင်းအရ သက်ဝင်လှုပ်ရှားခဲ့သည့် ပုဂ္ဂိုလ်၊ဟုတ်၊ စိတ်ကူးယဉ်ကာ စံနမူနာအနေဖြင့် အလွန်ကြည်ညိုဖွယ်ကောင်းသော ပုဂ္ဂိုလ်အဖြစ် ဖန်တီး၍ထားခြင်းသာ ဖြစ်သည်ဟု ပြောကြသည်။

(၂) ယေရှုချစ်သော တပည့်တော်သည် ယုဒရှကာရုတ် ဖြစ်သည်ဟူ၍ ယူဆခြင်း၊ ထိုအချက်မှာ ဆန်းပြားသည်ဟု ထင်မှတ်စရာရှိသည်။ ယုဒရှကာရုတ်သာလျှင် သခင်ယေရှု၏စိတ်သဘောကို သိရှိ၍ ယုဒရှကာရုတ်၏ ဆောင်ရွက်ချက်သည် သခင်ယေရှု ဆောင်ရွက်ရန် လုပ်ငန်းကိုအကူအညီအထောက် အပံ့ဖြစ်စေသည် အခိုင်အမာ ပြောဆိုကြသည်။ အသိပညာ အားဖြင့်သာ ချမ်းသာခြင်းရမည်ဆိုကာ ခရစ်ယာန်ဘာသာမှ ခွဲထွက်သူ နောစတစ်၏အယူဝါဒကို လက်ခံသူများ(Gnostic sect) ၌ ယုဒရှကာ ရုတ် ခရစ်ဝင်ကျမ်းစာစောင်ရှိသည်။

ထိုသူတို့သည် ယုဒရှကာရုတ်ကို ‌ေနာစတစ်တို့၏ စံနမူနာ အဖြစ်ဖြင့် လည်းကောင်း၊ ယုဒရှကာရုတ်တစ်ဦးတည်းသာလျှင် သခင်ယေရှု၏စိတ်သဘောကိုသိရှိပြီး သခင်ယေရှု အသေသတ်ခြင်းခံခြင်းကို အထောက်အကူပြုသည်ဟူ၍ လည်းကောင်း မြင်ကြသူ များဖြစ်ကြသည်။ ရှင်ယောဟန်ခရစ်ဝင် (၁၃၁-၃၁)၌ ပါရှိသော စာပိုဒ်များအရ ယေရှုချစ်သောတပည့်တော်နှင့် ယုဒရှကာရုတ်သည် တစ်ဦးတည်းမဖြစ်နိုင်။ ထိုပုဂ္ဂိုလ်နှစ်ဦးတိုမှာ တစ်ဦးနှင့် တစ်ဦး မတူဘဲ သိသိသာသာကွာခြားကြသည်။

(၃) လှည့်စားခြင်းအပြစ်နှင့် ကင်းလွတ်သော ဣသရေလ လူအစစ်ဖြစ်သူ နာသနေလ(ယော၊ ၁း၄၃-၅၁)သည် ယေရှုချစ်သောတပည့်တော်ဖြစ်သည်ဟုလည်း ထင်မှတ်ကြသည်။

(၄) စောင်တစ်ထည်ကိုသာ ခြုံ၍ သခင်ယေရှု၏နောက်တော်သိုလိုက်သောသူအား မင်းလုလင်များဖမ်းဆီးကြသောအခါ စောင်ကိုစွန့်ပစ်၍ အဝတ်မရှိဘဲ ထွက်ပြေးသောလူငယ်(မာကု၊ ၁၄:၅၀)သည် ခရစ်တော်ချစ်သော တပည့်တော်ဖြစ်သည်ဟုလည်း အဆိုရှိသည်။

(၅) ယေရှုချစ်သော တပည့်တော်သည် လာဇရုဖြစ်သည်ဟုထင်မှတ်ကြသည်။ အဘယ်ကြောင့် ဆိုသော်လာဇရု၏အကြောင်း ဖော်ပြရာတွင် သခင်ယေရှုသည် လာဇရုအား ချစ်တော်မူကြောင်းကို သုံးကြိမ် မိန့်မြွက်တော်မူသောကြောင့်ဖြစ်သည်ဟု ဆိုသည် (ယော၊ ၁၁း၃၊၅/၃၆)။

(၆) ယေရှုချစ်သော တပည့်တော်သည် ဥစ္စာရတတ်သော မင်းအရာရှိဖြစ်သည်ဟု ထင်မှတ်ကြ သည်။ အဘယ်ကြောင့်ဆိုသော် ရှင်မာကုခရစ်ဝင် (၁၀:၂၁)၌ သခင်ယေရှုသည် ထိုသူကို ကြည့်ရှုလျက် ချစ်သောစိတ်ရှိ၏ဟု မိန့်တော်မူသောကြောင့် ဖြစ်သည်။ ထိုမင်းအရာရှိနှင့်ပတ်သက်၍ စိတ်ကူးနှင့် ရေးသားသော ဝတ္ထုတစ်ပုဒ် ရှိသည်။ ၄င်းဝတ္ထုတွင် ဥစ္စာရတတ်သော ထိုမင်းအရာရှိသည်။ နောင်အခါ၌ စိတ်ပြောင်းလဲ၍ စိတ်နှလုံးကို သခင်ယေရှုအား ဆက်ကပ်ကြောင်း သူတော်ကောင်းတစ်ယောက် ဖြစ်လာပြီး သခင် ယေရှုနှင့်တမန်တော်များ၊ ပဿခါ စားသောက်ရန် သူ၏အိမ်အထက်ခန်းကို အသုံးပြုခွင့် ပေးကြောင်း (မာကု ၁၄း၁၄)၊ သူသည် နောက်ဆုံး စားသောက်ပွဲ၌ ပါရှိ၍ ကိုယ်တော်ရှင်မှီ လျောင်းသောသူ ဖြစ်ကြောင်း၊ ထိုကြောင့် ယေရှုချစ်သော တပည့်တော်မှာ ထိုသူဖြစ်ကြောင်းဖြင့် ထင်ကြေး ပေးကြသည်။

ယောဟန်သည် ယေရှုချစ်သော တပည့်တော် မဖြစ်နိုင် ဟူသောအကြောင်းပြချက်ကြီးမှာ ထိုသူနှစ်ဦးတို၏ စိတ်နေသဘောထား ကွာခြားခြင်းကြောင့် ဖြစ်သည်။ ယောဟန်သည် အထူးကြီးမြင့် ထင်ပေါ် လိုသည်။ ဒေါသကြီးသည်။ ထောက်ထားညှာတာခြင်းမရှိ၊ ယေရှုချစ် သော တပည့်တော် သည်ကား၊ မေတ္တာရှင်ဖြစ်သည်။ သိုသော်လည်း ရှေးလူကြီးသူမများ ယူဆသည့်အတိုင်း ယေရှုချစ်သော တပည့်တော်မှာ ယောဟန် ဖြစ်သည်ဟု ကျွန်ုပ်တို လက်ခံသည်။ သခင်ယေရှုသည် စိတ်ဓာတ် ပြင်းထန် သော မိုးကြိုးသားကို မေတ္တာရှင်တမန်တော်အဖြစ်သို့ ပြောင်းလဲ လိုက်သော ကြောင့် ဖြစ်သည်။

ဓမ္မသစ်ကျမ်း၌ ယေရှုချစ်သော တပည့်တော်၏အကြောင်းမည်ကဲ့သိုဖော်ပြသည်ကို ကြည့်ရှုကြစို။ ရှေးအခါက စားသောက် ပွဲများ ပြုလုပ်သောအခါ စားသောက်သောသူများသည် ကွပ်ပျစ်ပေါ်၌ခြေဆင်းပြီးလဲလျောင်း၍ နေကြသည်။ သူတို၏ လက်ဝဲ ဘက်လက်ပေါ်မှီ၍ လက်ယာဘက် လက်ဖြင့် လွတ်လပ်စွာ စားသုံးကြသည်။ “နောက်ဆုံးစားသောက်ပွဲ၌ ယေရှုချစ်သော တပည့်တော်သည် ယေရှု၏ရင်ခွင်တော်ကိုမှီ၍လျောင်းနေသည်ဆိုသောကြောင့် ထိုသူသည် ခရစ်တော်၏ လက်ယာဘက်၌ ရှိရမည်။ အပ်နှံမည့်သူမှာ အဘယ်သူဖြစ်ကြောင်း သခင်ယေရှုကို မေးမြန်း ရန် ပေတရုမျက်ရိပ်ပြခြင်းကို ခံရသောသူသည် ထိုသူဖြစ်သည် (ယော၊ ၁၃း၂၁- ၂၅)။ သခင်ယေရှုသည် မယ်တော်ကို ကြည့်ရှုရန် ထိုချစ်သောတပည့်တော်ကိုပင် မှာကြားခဲ့သည် (ယော၊ ၁၉း၂၆- ၂၇)။ ထမြောက်တော်မူရာနံနက်ခင်း၌ သင်္ချိုင်းတော်သို ပထမဦးဆုံးရောက်ရှိသောသူသည် ယေရှုချစ် သောတပည့် တော်ဖြစ်သည် (ယော၊ ၂၀း၁-၁၀)။ ယေရှုသည်အိုင်နားမှာ တပည့်တော်များ အားကိုယ်ထင် ပြတော်မူသောအခါ ယေရှုချစ်သောတပည့်သည် ထိုအရပ်၌ရှိနေသည်။ ထိုသူ သည် နောင်လာမည့် အချိန်တွင် အဘယ်သိုဖြစ်လိမ့်မည်နည်းဟု သခင်ယေရှုအား ပေတရုမေးသောအခါ ပေတရုသည် သခင်ယေရှု၏ ဆို ဆုံးမခြင်းကို ခံရသည်။ ထို တပည့်တော်သည် ရှင်ယောဟန် ခရစ်ဝင်ကျမ်းအမည်ဖြင့် ဤအကြောင်းအရာတိုကို သက်သေခံ၍ ရေးသားထားသည်ဟု (ယော၊ ၂၁:၂၄) ၌ ပါရှိသည်။

ဓမ္မသစ်ကျမ်းမှ ယောဟန်၏အတ္ထုပ္ပတ္တိ အဆုံးမသတ်မီ အနည်းငယ်ဖြည့်စွက်စရာရှိသည်။ ရှင်ယောဟန်ခရစ်ဝင် (၁၈ း၁၅-၁၆)၌အမည်မဖော်ပြသော အခြားသောတပည့်တော်တစ်ယောက်ဟု ပါရှိသည်။ သခင်ယေရှုအားဖမ်းဆီးချည်နှောင်၍ ယဇ်ပုရောဟိတ် မင်းကြီးထံသို ခေါ်ဆောင်သွားသော အခါ ပေတရုနှင့် အခြားသော တပည့်တော်တစ်ယောက်သည် မည်ကဲ့သို ဖြစ်ပျက်မည်ကို သိ ရှိ ရန် ယေရှု၏ နောက်တော်နားက လိုက်ကြ သည်ဟု ဖော်ပြထားသည်။ အခြားသောတပည့်တော်သည် ယဇ်ပုရောဟိတ်မင်းနှင့် အသိဖြစ်သောကြောင့် သူတို့သည် ယဇ်ပုရောဟိတ်မင်း၏ အိမ်ဝင်း ထဲသို ဝင်ခွင့်ရကြလေသည်။ ယဇ်ပုရောဟိတ်မင်းနှင့်ယောဟန် သိကျွမ်းခြင်းမှာ အောက်ပါ အကြောင်းကြီးနှစ်ရပ်အနက် တစ်ကြောင်းကြောင်းကြောင့် ဖြစ်နိုင်သည် ဟု ရှင်းလင်းဖော်ပြထား သည်။

(၁) ခရစ်နှစ်(၁၉၀)ခုနှစ်၊ ဧဖက်မြို့၏ ဂိုဏ်းအုပ် ပေါ်လီကရေးတီး(Polycrates) ရေးသားသောစာစောင်၌ သခင် ယေရှု၏ရင်ခွင်တော်ကိုမှီ၍ လဲလျောင်းသူ ယောဟန်သည် သွန်သင်ဆုံးမခြင်း၊သက်သေခံခြင်းတို ပြုလုပ်သော ယဇ်ပုရော ဟိတ်ဖြစ်၍ ယဇ်ပုရောဟိတ်တို၏ အဆောင်အယောင်ကိုဝတ်ဆင်သည်ဟု ပါရှိကြောင်းဖြင့် ဘာသာသမိုင်း မှတ်တမ်း(Eusebius, Ecclefiastical History 3.31)၌ ဖော်ပြထားပေသည်။ ပေါ်လီကရေးတီး၏ ရေးသားချက်သည် မှန်ကန်လျှင်ယောဟန်သည် ယဇ်ပုရောဟိတ်မင်းနှင့် အဆက်အသွယ်ရှိသည်ဖြစ်သောကြောင့် ယဇ်ပုရောဟိတ်မင်း၏ အိမ်ဝင်းအတွင်းသို ဝင်ရောက်ရန် ခက်ခဲမည် မဟုတ်ပေ။

(၂) ဒုတိယရင်းလင်းချက်မှာပို၍ ဖြစ်နိုင်စရာအကြောင်းရှိသည်။ မော်တန်(H.U. Monton)ရေးသော ခရစ်တော်၏ ခြေတော်ရာ(In the steps of the Master) စာအုပ်၌ စိတ်ဝင်းစားစရာကောင်းသောသိမှတ်ဖွယ်ရာ အချက်များကို ဖော်ပြထားသည်။ ယေရုရှလင်မြို့၏ နောက်ဖေး လမ်းမတစ်ခု၌ မှောင်မည်းမည်း အိမ်ကုပ်ကလေးတစ်ဆောင် ရှိသည်။ ယခုတော့ အာရပ်လူမျိုး လက်ဖက်ရည်ဆိုင် ဖြစ်နေသည်။ ထိုအိမ်ကုပ်ကုပ်အဆောက်အဦး၌ ရှေးယခင် ခရစ်ယာန်များ၏ ဗိမာန်တော်မှ ကျောက်ပြားများ ပေါင်းကူးများ တစ်ပိုင်းတစ်စကို မြင်တွေ့နိုင်သည်။ ဖရင့်စစ်ကင် ဂိုဏ်း( Franciscan)၏ ပါးစပ်ရာဇဝင်၌ ရှင်ယောဟန်၏ဖခင်ဖြစ်သူ ဇေဗေဒါ၏ နေအိမ်တွင် ဗိမာန်တော်တစ်စောင်ကို တည်ဆောက်ခဲ့ကြောင်း အဆိုရှိသည်။ ထိုဂိုဏ်းသားများမှာ ပြောစမှတ်ရှိသည်မှာ ဇေဗေဒဲ၏မိသားစု သည် ဂါလိလဲမှ တံငါသည်များဖြစ်၍ ယေရုရှလင်မြို၌ ဆိုင်ခွဲတစ်ခု ထားရှိသည်။ ထိုဆိုင်ခွဲမှ ငါးများကို ရောင်းချရာတွင် ယဇ်ပုရောဟိတ်မင်း၏အိမ်သို့လည်း ရောင်းချသည်ဟု ဆိုကြသည်။

ယဇ်ပုရောဟိတ်မင်း၏ တံခါးစောင့်နှင့် ယောဟန်သိကျွမ်းခြင်းကိုထိုအချက်က ဖော်ပြထား သည်။ ဇေဗေဒါ၏တံငါလုပ်ငန်းသည်အောင်မြင်ကြီးပွားသည်ဖြစ်သောကြောင့် သူ၏သားများအပြင် အလုပ်သမားများကိုပင် ငှားရမ်းထားရှိခဲ့ရကြောင်းကိုလည်း ထင်ရှားစေသည်(မာကု၊ ၁း၂၀)။

ခရစ်ဝင်ကျမ်းများတွင် ယောဟန်၏ အတ္ထုပ္ပတ္တိကိုဖတ်ရှု လေ့လာ သောအခါ စိတ်ခက်ထန် သော ပုဂ္ဂိုလ်တစ်ဦးသည် သခင်ယေရှု၏ လက်တော်အောက်၌ မေတ္တာရှင် တစ်ပါးဖြစ်လာသည့် သာဓကကိုမြင်တွေ့ရသည်။

တမန်တော်ဝတ္ထု၌လည်း ယောဟန်သည် ထင်ပေါ်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ သိုသော်သူသည် စကားတစ်ခွန်းမျှ မပြောပေ။ ယောဟန်နှင့် ပေတရုသည် သူတိုနှစ်ဦးတွင် ဦးဆောင် ပြောဆိုသောသူဖြစ်သည်။ ဗိမာန်တော်၏ တင့်တယ်အမည်ရှိသော တံငါးနားမှာ ခြေမစွမ်း သောသူတစ် ယောက်အား ပျောက်ကင်းစေသောအချိန်၌ ပေတရုနှင့်အတူ ယောဟန်ရှိသည် (တမန်တော်၊ ၃း၁-၁၀)။ ယောဟန်သည်ပေတရုနှင့်အတူ ဖမ်းဆီးချုပ်နှောင်ထားခြင်းကို ခံရ၍ ပေတရုသည် ယဇ်ပုရော ဟိတ်မင်းများရှေ့၌ ရဲစွမ်းသတ္တိ ဖြင့် ပြောဆို ဟောကြားသောအချိန်၌လည်း ပေတရုနှင့်အတူ ယောဟန်ရှိသည် (တမန်တော်၊၄း၁- ၂၂)။ ဖိလိပ္ပု၏ဟောပြော သက်သေခံမှုကြောင့် အံ့ဩလောက် အောင် ရှမာရိမြိုသားများ ဘုရားသခင်၏ကျမ်းစာကို ခံယူသည်ကိုကြည့်ရှုရန် ယောဟန်သည် ပေတရုနှင့်အတူ ရှမာရိမြိုသို သွားသည် (၈း၁၄)။ ယောဟန်သည် ခရစ်ယာန်အသင်းတော်၏ ခေါင်းဆောင်တစ်ယောက် ဖြစ်ကြောင်းကို ဂလာတိ သြဝါဒတ၊ ၂း၉) ဖော်ပြထားသည်။

ဓမ္မသစ်ကျမ်း၌ ယောဟန်၏အတ္ထုပ္ပတ္တိ ကုန်ဆုံးလေပြီ။ သူ၏အကြောင်းကို ပို၍သိရန် ရှေးလူကြီးများ၏ စကားများနှင့် ဒဏ္ဍာရီများတွင် လေ့လာနိုင်သည်။ ယောဟန်၏နောက်ပိုင်း အတ္ထုပ္ပတ္တိများမှာအများအားဖြင့် ကြည်ညိုလေးစားစရာ စိတ်ကူးယဉ်ဒဏ္ဍာရီ ပုံဝတ္ထုများ ဖြစ်သည်။ သို့သော်လည်း မှန်ကန်သော အခြားအကြောင်းအရာ မှတ်တမ်းများလည်းရှိသည်။ ထိုအကြောင်းအရာ မှတ်တမ်းတို့သည်ဓမ္မသစ်ကျမ်းမှ ဖော်ပြသော အတ္ထုပ္ပတ္တိများနှင့် ညီညွတ်သည်။ မယ်တော် မာရိ ကို ကြည့်ရှု စောင့်ထိန်းရန် သခင်ယေရှုမှာကြားသည့်စကားတော်ကို ယောဟန်သည် သစ္စာရှိစွာ လိုက်နာ ဆောင်ရွက်သည် (ယော၊ ၁၉း၂၆-၂၇)။ ယောဟန်သည် ယေရုရှလင်မြို၌နေထိုင်၍ မယ်တော်မာရိ သေဆုံးသည့် အထိ သားအရင်းအချာကဲ့သို စောင့်ရှောက်သည်။ (Nicephorus The Ecclesiastical History 2,2) မယ်တော်မာရိသေဆုံးပြီးမှ ယာဟန်သည် ရောမမြိုသို့ သွားရောက်သည်။ ‌ေယာဟန်သည် ထိုမြို၌ ညှင်းဆဲနှိပ်စက်ခြင်းခံရသည်။ ဒယ်အိုးကြီးထဲ ပွက်ပွက်ဆူနေသော ဆီပွက်ထဲသို ယောဟန်ကို ပစ်ချသည်။ (Tertulison De Proascriptione,36)။ သို့သော်လည်းယောဟန် သည်လောင်ကျွမ်းခြင်းမရှိဘဲ လွတ်မြောက်လာသည့် အချိန်အခါတွင် ဘုန်းတော်ကြီးဂျာ(Jerone)၏ ထပ်ဆင့်မွမ်းမံချက်အရ ယောဟန်သည် ဆီပူထဲမှ လွတ်မြောက်လာသောအခါ ဆီပူထဲသို့ မချမီကထက်ပို၍ သန့်စင်လာသည်ဟု ရှေးလူကြီး သူမများ ဆိုစမှတ်ရှိကြသည်။ ယောဟန်အား အဆိပ်ရည်ကိုလည်း အတင်းအကျပ် တိုက်ကျွေးသေးသည်။ သိုသော်လည်း ယောဟန်ဟာမျှမဖြစ် ဘေးဒုက္ခအနည်းငယ်မျှမရရှိပေ။

ထိုနောက်ယောဟန်သည် ပတ်မုကျွန်း (Island of Patmos)သိုနယ်နှင်ခြင်းခံရသည်ဟု ရှေးအသင်းတော် လူကြီး သူမများ စကားအရသိရှိရသည်။ ထိုအချိန်တွင် ဧကရာဇ်ဘုရင် ဒိုမိတိရင် (Domitian)အုပ်စိုးသောအချိန် ဖြစ်သည်။ (Irenacus Against Tieresies, 5,30.3 Ceuselius, The Cecclesiastical History 3,18,1, Jerome. On Illustrious men9) ပတ်မုကျွန်းမှ လွတ်ခွင့် ရရှိသောအခါ ယောဟန်သည် ဧဖက်မြိုသို သွားရောက်၍ ဧဖက် အသင်းတော်တွင် ပြိုင်ဖက်ကင်းသော အသင်းခေါင်းဆောင် တစ်ဦး ဖြစ်လာလေသည်။ ထိုအချိန်၌ ဖြစ်ပျက်ခဲ့သော သူ၏အကြောင်းအရာနှင့် စပ်လျဉ်း၍ ရှေးလူကြီးများ ပြောကြားခဲ့သော စကားများသည် သူ၏ အကျင့်စရိုက်နှင့် ကိုက်ညီသည်။

ဧဖက်မြို ဆာရင်သ(Cerinthus)ဆိုသည့် ပရိယာယ်များသော မိစ္ဆာဒိဋ္ဌိတစ်ယောက်ရှိသည်။ ထိုသူသည် ဒိုးစေးတစ် (Docetist)အယူဝါဒကို လက်ခံသူဖြစ်သည်။ သခင်ယေရှုသည် သွေးနှင့်ကိုယ် အသားနှင့်ကိုယ် မဟုတ်။ နာမ်ဝိညာဉ်သာ ဖြစ်၍ လူ့အသွင်ဆောင်ကာသွားလာနေထိုင်သည်ဟု အခြားသူများအား သင်ကြားပိုချနေသည်။ ဤကဲ့သိုသော အယူအဆသည် ခရစ်ယာန်တို၏ ယုံကြည်ချက်တစ်ခုလုံးကိုပျက်ပြယ်စေသည်။ ကျမ်းစာသည် လူ့ဇာတိကို ခံယူသည်ဟု ယုံကြည်သူ များသည် အသင်းတော်မှ ထုတ်ပစ်ခြင်း၊ ဝိုင်းပယ်ခြင်း ခံရပေသည်။ ယော၊ ၁း၁၄။ ၁ယော၊ ၄း၃ အိုင်ရိနေယ(Irennaeus)ဆိုသော ပုဂ္ဂိုလ်က ပြောပြသည်မှာ- တစ်နေ့သ၌ ယောဟန်သည် ဧဖက်မြိုရှိ ရေချိုးခန်းတစ်ခုသို ရေချိုးရန်ဝင်သွားသောအခါ ထိုရေချိုးခန်းထဲ၌ ဆာရင်သ ရောက်ရှိနေသည်ကို သိရလျှင် ယောဟန်ကတို့များ လွတ်ရာကျွတ်ရာသို ပြေးကြစို၊ သိုမဟုတ်လျှင် အမှန်တရား၏ ရန်သူသည် ဤရေချိုးခန်းထဲတွင် ရှိသောကြောင့် အဆောင်ကြီး ပြိုကျလိမ့်မည်ဟု ပြောလေသည်။ (Against Heresies 3,3,4) ခက်ထန်သော ယောဟန်၏ ယခင်စိတ်များသည် ဘယ်သောအခါမျှ မပျောက်ပျက်ပေ။

ဧဖက်မြို့၌ဖြစ်ပျက်ခဲ့သော ဒုတိယအကြောင်းအရာကိုအယ်လီဇင်းဒရီးယားမြိုနေ ကလီမင့်(Clement of Alexandia)ထံမှ တစ်ဆင့်ကြားသိရသည်မှာ တစ်ခါက ယောဟန်သည် အသင်းတော်စည်းတစ်ခုသို ရောက်သောအခါ ပရိသတ်ထဲ တွင် ယဉ်ကျေးသိမ်မွေ့ပြီး စိတ်အားထက်မြက်သည့် အလွန် တင့်တယ် သပ်ယပ်သော သူငယ်တစ်ယောက်ကို မြင်တွေ့ ရသည်။ ယောဟန်သည် ထိုသူငယ်ကို လက်ညှိးထိုး၍ ထိုအစည်းအဝေးမှ ဂိုဏ်းအုပ်ကြီးအား ခရစ်တော်နှင့် ဤအသင်းတော်ကို သက်သေထား၍ ဤသူငယ်အား သင်စောင့်ရှောက် ထိန်းကျောင်းရန် ကျွန်ုပ်အလွန် စိတ်အားထက်သန်စွာဖြင့် သင်၏ လက်ထဲသို အပ်နှင်းခဲ့သည်ဟု မှာကြားလေသည်။ ထိုအခါ ဂိုဏ်းအုပ်က ပေးသောတာဝန်အတိုင်း စောင့်ထိန်းပါမည်ဟု ဝန်ခံကတိ ပေးလေသည်။ ဂိုဏ်းအုပ်ကြီး သည် ထိုသူငယ်ကို သူ၏အိမ်၌ ကြည့်ရှုကျွေး မွေးထားပြီးသွန်သင်ဆုံးမသည်။ နောက်ဆုံး၌ နှစ်ခြင်းမင်္ဂလာကို ပေးသည်။ ဂိုဏ်းအုပ်ကြီးသည် ထိုသူငယ်ကို ကြည့်ရှုစောင့်ထိန်းရာ၌ ပေါ့လျော့လာ သောအခါ ထိုသူငယ်သည် မကောင်းသောအပေါင်းအဖော်တိုနှင့် ပေါင်းသင်း မိလေသည်။ အပေါင်းအဖော်တိုသည် ထိုသူငယ်အား အပျော်အပါး လိုက်စားရန် သွေးဆောင် ၍ ဓားပြဖြစ်ရန် သင်ကြားပေးကြသည်။

ထိုသူငယ်သည် တစ်နေ့တစ်ခြား ဆိုးသွမ်းသော ဘ၀ကို အလေ့အကျင့်ရလာသည်။ ဆုံးမရခက်ပြီး ခွန်အားနှင့် ပြည့်သော မြင်းသည်လမ်းကြောင်းမှ ရှောင်၍ဇက်ကြိုးကို ကိုက်ကာ အားသွန် ခွန်စိုက်ချောင်းကမ်းပါးသို ပြေးသကဲ့သို ထိုသူငယ်သည် ဘုရားသခင်၏ မဟာမေတ္တာ ကရုဏာ အဝေးတစ်ဖက်သို ရောက် ရှိသွားသည်။ဓားပြဂိုဏ်းတစ်ခုကို ဖွဲစည်း၍ ထိုအဖွဲ၏ ခေါင်းဆောင်ဖြစ်လာ သည်။ ထိုဓားပြဂိုဏ်း သည် အရက်စက်ဆုံး၊ အကြမ်းတမ်းဆုံး၊ အသတ် ဖြတ်ဆုံးသောအဖွဲ့ဖြစ်တော့၏။

ယောဟန် သည် ထိုသူငယ်ကို ဦးစွာပထမ တွေ့ ရှိခဲ့သောအသင်းတော်သို နောက်တစ်ကြိမ် ရောက်သွား လေသည်။ ယောဟန်က ဂိုဏ်းအုပ်ကြီးအား “သင်၏အသင်းတော်ရှေ့၌ ခရစ်တော် နှင့်ကျွန်ုပ်အပ်ထားခြင်းကိစ္စကို ကျွန်ုပ်အားပြန်ပေးပါ’ဟု ပြောသောအခါ ဘုန်းတော်ကြီးမှာ အံ့အားသင့်သွားသည်။ ယောဟန်သည် ငွေကြေးအပ်နှံခြင်းကို ပြောဆိုနေသည်ဟုဂိုဏ်းအုပ်ကြီး ထင်မှတ်နေသည်။ ယောဟန်က ကျွန်ုပ်ပြောဆို နေသည်မှာ ထိုသူငယ်ကို ပြောဆိုခြင်းဖြစ်သည်။ ထိုသူငယ်၏ အသက်ဝိညာဉ်ကို ပြန်လည်တောင်းဆိုနေခြင်းဖြစ်သည်ဟု ရှင်းပြလေသည်။ ဂိုဏ်းအုပ်ကြီးက ဝမ်းနည်းစွာဖြင့် ထိုသူငယ် သေဆုံးပြီဟု ပြောလေသည်။ “ဘယ်လိုသေဆုံးသလဲ” ဟု ယောဟန်က ထပ်မေးသောအခါ “ထိုသူငယ်သည် ဘုရားသခင်အတွက် ဒီဝိညာဉ်သေဆုံးလေပြီ” ဟု ဂိုဏ်းအုပ်က ဖြေသည်။ ဆက်လက်၍ ဂိုဏ်းအုပ်က “ထိုသူငယ်သည် ဘုရားသခင်၏ကျေးဇူး ကရုဏာတော်မှသွေဖည်ကာ ဓားပြခေါင်းဆောင် ဖြစ်နေသည်”ဟု ပြောပြသည်။ ယောဟန်သည် ဝမ်းနည်းကြေကွဲလှ သဖြင့် သူ၏အဝတ်အစားကိုဆုတ်၍ “ကျွန်ုပ်တို့ ညီအစ်ကို တစ်ယောက်၏ အသက်ဝိညာဉ်ကိုကောင်းမွန်စွာ စောင့်ထိန်း ကြည့်ရှုရန် သင့်ထံ ကျွန်ုပ်အပ်နှံထားခြင်းဖြစ်သည်ဟု အပြစ်တင်လေ သည်။

ယောဟန်သည် လမ်းပြ တစ်ယောက်ကို ခေါ်ယူပြီ၊ ထိုသူငယ်ကိုရှာဖွေရန်မြင်းကိုစီးပြီး ဗိမာန်တော်မှ ထွက်ခွာ သွားသည်။ ဓားပြများ၏ ဗဟိုစခန်းသို ရောက်ခါနီးတွင် ဓားပြကင်း စောင့်တစ်ဦးက ယောဟန်ကိုဖမ်းဆီးလေသည်။ ယောဟန်က လွတ်မြောက်ရန် မကြိုးစားချေ။ ဓားပြခေါင်းဆောင်နှင့် တွေ့ရန်လာသည် ဖြစ်သောကြောင့် ဓားပြ ခေါင်းဆောင် ထံသို ခေါ်ဆောင် သွားရန် ပြောလေသည်။ ဓားပြများသည် လက်နက်အပြည့်အစုံနှင့်စောင့်နေသော ဓားပြခေါင်းဆောင် ထံသို့ ယောဟန်ကို ခေါ်ဆောင်သွားကြသည်။ ဓားပြခေါင်းဆောင်သည်။ ယောဟန်ကို မြင်သောအခါ အလွန်ရှက်ကြောက်သောစိတ် ဖြစ်ပေါ်လာ၍ ကိုယ်လွှတ် ထွက်ပြေး လေသည်။ ယောဟန်သည် သူ၏သက်ကြီးရွယ်အို ဘဝကို ပျောက်ကာ ထိုဓားပြ၏နောက်မှ ပြေးလိုက်ကာ ငါ၏ချစ်သား၊ အဘယ်ကြောင့် လက်နက်မကိုင်မဆောင်၊ အိုမင်းမစွမ်း စိတ်ဆင်းရဲလျက်ရှိသော သင်၏ဖခင်ထံမှ ပြေးရသနည်း။ ဖခင်ကို သနားပါ။ ဖခင်ကို မကြောက်ပါနှင့် သင်၏၊ အသက်တာအတွက် မျှော်လင့်ချက်ရှိသေးသည်။ သခင်ယေရှုထံသို သင်၏အခြေအနေ၊ အဖြစ်မှန်ကို ငါရှင်းလင်းတင်ပြ မည်။ အကယ်၍ လိုအပ်ခဲ့သော သခင်ယေရှုသည် ငါတို့ ၏အပြစ်များ အတွက် အသေသတ်ခြင်း ခံသွားသကဲ့သို သင်၏အပြစ်အတွက် အသေခံမည်။ ထွက်မပြေးနှင့် ငါ့ကို ယုံပါ။ သခင်ယေရှုသည် ငါ့ကို သင့်ထံသို ပိုဆောင်သည်ဟုအော်ပြောလေသည်။ ထိုစကားကိုကြားရ သောအခါ ဓားမြဆောင် သည် လက်နက်များကို စွန့်ပစ်လိုက်ပြီ၊ တုန်လှုပ်ချောက်ချားသောစိတ်ဖြင့် မျက်ရည်စက်လက် ငိုသည်။ ထိုသူငယ်သည် ဝမ်းနည်းကြေကွဲ၍ နောင်တသံဝေဂ ရရှိလေသည်။ ကယ်တင်ရှင်ထံမှ သူ့အတွက် အပြစ်လွတ်ငြိမ်းချမ်းသာခွင့် ရရှိပြီဟု ယောဟန်က သူငယ်အားနှစ်သိမ့်ယုံကြည်စိတ်ချစေသည်၊ ယောဟန် သည် ထိုသူငယ်နှင့်အတူဆုတောင်း၍ သူ့အား အသင်းတော်သို ပြန်လည် ခေါ်ဆောင်ခဲ့သည်။ ထိုသူငယ်ကို ဘယ်သောအခါမျှ မျက်ခြေမပြတ် စေဘဲ စောင့်ရှောက်ကြည့်ရှုနေသည်။ သခင်ယေရှု သည် ထိုသူငယ်၏ စိတ်နေသဘောထားကိုပြောင်းလဲ စေမူသောကြောင့် နောက်ဆုံး၌ ထို သူ ငယ်သည် အသင်းတော်၏ ဂိုဏ်းအုပ်ဖြစ်လာသည်(Clement of Alexandria,The Rich Man’s Salvation 42)

ထိုအဖြစ်ထက် ပို၍ ယောဟန်၏စိတ်သဘောကို ပေါ်လွင်ထင်ရှားသော သာဓက အတ္ထုပ္ပတ္တိ မရှိပါ။ ဤအဖြစ်အပျက် ကလေး၌ယောဟန်သည် သခင်ယေရှု၏ ဘုန်းတော်ကို ထင်ရှားစေရန်အ တွက်အမျက်ဒေါသထွက်ရမည့်အစား မေတ္တာကရုဏာကို ပြသလေသည်။

ရှေးလူကြီး သူမများ ပြောကြားခဲ့သော ယောဟန်၏ အတ္ထုပ္ပတ္တိနှစ်ခု ကျန်ရှိပါသေးသည်။ ဂျွန်ကာစီယင်(John Cassian)ဆိုသောပုဂ္ဂိုလ်၏ ပြောပြချက် အပြည့်အစုံကို ဖော်ပြ ရမည် ဆိုလျှင်…

ကောင်းချီးမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံသော ယောဟန်သည်တစ်ချိန်က စာကလေးတစ် ကောင်ကို လက်ဖြင့် အသာအယာ ယုယစွာပွတ်သပ်နေစဉ် အသိအလိမ္မာနှင့် ကြွယ်ဝပြည့်စုံသော လူတစ်ယောက်အမဲလိုက်ရန် လာနေသည်ကို တွေ့ရသည်။ ထင်ပေါ်ကျော်စောသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည့် ယောဟန်သည် ဤကဲ့သို နိမ့်ကျသိမ်ဖျင်းသော ပျော်မွေ့ခြင်းမျိုးနှင့် နှစ်ခြိုက် ပျော်မြူးနေသည်ကို တွေ့ရသောအခါ… ထိုသူက အံ့ဩစွာဖြင့် သင်၏ထင်ပေါ်ကျော်ကြားမှုကြောင့် သင်နှင့် အသိမိတ်ဆွေဖွဲရန် ဆန္ဒပြင်းပြစွာ ဖြစ်ပေါ်စေသည့် ယောဟန်ဆိုသူမှာ သင်ပဲလား။ သင်သည် အဘယ်ကြောင့် သေးနပ်သော ပျော်မွေ့ခြင်းမျိုးဖြင့် ပျော်မြူးနေပါသနည်းဟု မေး၏။ ထိုအခါ ယောဟန်က… သင်၏ လက်ထဲသို့ ကိုင်ထားသောအရာမှာ အဘယ်နည်းဟု ပြန်၍ပေးလာသည်။ ထိုသူက-လေးကိုင်းဖြစ်ပါသည်ဟု ဖြေ၏။ တစ်ဖန်ယောဟန် သင်၏လေးကိုင်းကိုအဘယ်ကြောင့် တစ်ချိန်လုံး ကွေး၍ မထားသနည်းဟု မေးမြန်းရာ ထိုသူက တစ်ချိန်လုံး လေးကိုင်းကို ကွေး၍ထားလျှင် လေးကိုင်း၏ တောင့်တင်း၊ မာကြောခြင်းသည် အားပျော့သွားပေလိမ့်မည်။ ထိုအခါ သားကောင်များကို တံများဖြင့် တအားကုန် ပစ်ခတ်နိုင်စွမ်း ရှိတော့မည် မဟုတ်ပေဟု ဖြေကြားလေသည်။ မိတ်ဆွေ-ထိုအတူပင်..… ကျွန်ုပ်၏စိတ်ကိုကြီးကျယ်သော အမှုကိစ္စများမှ ခေတ္တခဏအနား ပေးထားခြင်း ဖြစ်သည်။ ဤအမှုအရာသည် သင့်စိတ်ကို အနှောင့်အယှက် မဖြစ်ပါစေနှင့် ကြီးကျယ်သော အရေးအခင်းများ၌သာ တစ်ချိန်လုံးစိတ်စောပြီး ပျော်ရွှင်မှု၌ ခေတ္တခဏအပန်းဖြေခြင်းအားဖြင့် အားသစ် မာန်သစ် မဖြည့်တင်းလျှင် ကျွန်ုပ်စိတ်ဓာတ်သည် ပျော့ညံ့သွားကာ ကြီးလေးသော တာဝန်များကို ထမ်းဆောင်ရန် စိတ်ဓာတ်အလွန် လိုအပ်ချိန်တွင် ထမ်းဆောင်နိုင်စွမ်း ရှိပေလိမ့်မည် မဟုတ်တော့ဟု ပြောပြလေသည်။(Conferenus 24,21)

လေးကိုင်းကို တစ်ချိန်လုံးကွေးထားမည်ဆိုလျှင် ထိုလေးကိုင်း သည် မြှားတံများကို ဖြောင့်ဖြောင့် တန်းတန်း ပစ်နိုင်စွမ်းအား အပြည့်အဝရှိတော့မည် မဟုတ်ကြောင်းကို စိတ်ဓာတ် ပြင်းထန်သော ယောဟန်သည် အသက်အရွယ် ကြီးရင့်လာသည့်အချိန်ကျမှ သဘောပေါက် နားလည်လာလေသည်။

ဂျာရုံး(Jerome)ဆိုသော ပုဂ္ဂိုလ်ပြောပြသည့် ယောဟန်၏အခြားအတ္ထုပ္ပတ္တိတစ်ခုမှာ ယောဟန်သည် အလွန်အိုမင်းသည့် အသက်အရွယ်အထိ ဧဖက်မြို၌ နေထိုင်သောအခါ သူ၏တပည့်များက သူ့ကိုခက်ခက်ခဲခဲ ပွေ့ချီပြီး ဗိမာန်တော်သို ပိုဆောင်ပေး ရသည်။ ယောဟန်ကား ဝတ်ပြုစည်းဝေးပွဲများ၌ သားသမီးတို တစ်ဦးကိုတစ်ဦး ချစ်ခင် ကြင်နာကြလော့ဟူသော စကားအပြင် အခြားစကားများ ပြောဆိုနိုင်စွမ်းမရှိတော့ပေ။ သူ၏တပည့်များ၊ အသင်းတော် လူကြီးများက ထိုစကားကို ထပ်တလဲလဲ ကြားရသောအခါ ငြီးငွေ့လာသဖြင့် ဆရာတော် အဘယ်ကြောင့် ဤစကားကို အဖန်တလဲလဲ ပြောကြား ပါသနည်းဟု လျှောက်ကြလေသည်။ ထိုအခါ ယောဟန်က ဤစကားသည် ကိုယ်တော် ရှင် မိန့်မြွက်တော်မူခဲ့သော စကားဖြစ်သည်။ ဤစကား တစ်ခွန်းတည်းနှင့် အလုံးစုံကို ဆောင်ရွက်ရန် လုံလောက်သည်ဟု ပြန်လည် မိန့်မြွက် ခဲ့လေသည်။ (Commentary on balations 6,10)

နောက်ဆုံးအချိန်တွင် ယောဟန်သည် ကိုယ်တော်ရှင် မိန့်ကြားခဲ့တော်မူခဲ့သော ချစ်ခြင်းမေတ္တာ မှ တစ်ပါး အခြားအရာများကို မေ့ပျောက်သွားလေသည်။

ယောဟန်သေဆုံးသောအခါ မြေမြှုပ်သဂြိုလ်ကြလေသည်။ သိုသော်လည်း ယောဟန်သည် သင်္ချိုင်းမှာပင် အသက်ရှင်လျက်ရှိသည်ဟု ပြောစမှတ်ရှိကြသည်။ သူတော်စင် သူတော်မြတ်ဖြစ်သော ယောဟန် ရှုရိုက်သည့် လေသည် သင်္ချိုင်းပေါ်၌ရှိသော မြေမှုန့်များကို လှုပ်ရှားစေ သဖြင့်သူသည် အသက်မသေ၊ ရှင်လျက် ရှိကြောင်းကို ပြသည်ဟု ဩဂတ်စ်တင်း (Augusting)ဆိုသော ပုဂ္ဂိုလ်က ပြောပြခဲ့၊ ထိုအချက်ကို ငြင်းပယ်ရန်မလိုပါ။ ယင်းသို အဆိုရှိသည့်အတိုင်း ဟုတ်မဟုတ်ကို ယောဟန်၏ သင်္ချိုင်းကို သိရှိသူများ သွားရောက် ကြည့်ရှု စေချင်သည်။ ကျွန်ုပ်မှာမူ ဤအချက်ကို ယုံကြည်စိတ်ချရသော ပုဂ္ဂိုလ်များ ထံမှ ကြားသိ ခဲ့ရသည်ဟု (Thactates on John 124.2) ဆိုထားသည်။

ပုဂ္ဂိုလ်တစ်ဦး၌ ရှိရင်းစွဲ အရည်အချင်း အစွမ်းသတ္တိနှင့် စိတ်နေ သဘောထားကို သခင်ယေရှုအသုံးပြုခြင်းအားဖြင့် ထိုသူအား မြင့်မြတ် ကြီးကျယ်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာစေ ကြောင်းပြသော အကောင်းဆုံး သက်သော ယောဟန်ပင်ဖြစ်သည်။ အစွမ်းသတ္တိသည် ဘက်မလိုက် ကြားနေနိုင်သော အာနိသင် ဖြစ်သည်။ အစွမ်းသတ္တိကို အသုံးပြုသောပုဂ္ဂိုလ်ကိုလိုက်၍ အကောင်း၊ သိုမဟုတ် အဆိုးကို ဖြစ်စေသည်။

ယောဟန်၌ အစွမ်းသတ္တိ အစဉ်ရှိသည်။ ထိုအစွမ်းသတ္တိသည် သခင်ယေရှု၏အုပ်စိုးခြင်း၊ အသုံးပြုခြင်းကိုခံရသောအခါ ချစ်ခြင်း မေတ္တာနှင့် ရောယှက်ကာ အထူး ပိုမိုထက်မြက်ပြောင်မြောက် လာတော့သည်။

အခန်း (၄)

အန္ဒြေ

အခြားသူများအား ယေရှုထံသို ပိုဆောင်ပေးသောသူ

သခင်ခရစ်တော်ကဲ့သို ရိုးရိုး လက်ဝါးကပ် တိုင်၌ကားတင်ရန် မတန်ဟုယူဆကာ အခြား ကားတိုင်ပုံစံဖြင့်ကားစင်တင်ရန်တောင်း ပန်ခြင်း အထိမ်းအမှတ် ဖြစ်သည်။

ထိုသူ (အန္ဒြေ) သည် မိမိအစ်ကို ရှိမုန်ကို ယေရှုထံသို ပိုဆောင်လေ၏။ (ယော၊ ၁း၄၁-၄၃)။

အခြားသူများအား ယေရှုထံသို ပိုဆောင်ပေးသောသူ။

ရုရှား၊ ဂရိတ်နှင့် စကော့တလန်ပြည်တို့တွင် အစဉ်အလာအတိုင်းမဟုတ်ဘဲ၊ အလွန်ထူးခြားစွာ အန္ဒြေ ကို သူတို့၏ စောင့်ထိန်း သောသူတော်စင် သူတော်မြတ်အဖြစ်ဖြင့် အသီးသီးလားရှိကြ သည်။ ဓမ္မသစ်ကျမ်း၌ အန္ဒြေ ၏ အတ္ထုပ္ပတ္ထိဟု တိုက်ရိုက်ဖော်ပြခြင်း များစွာမရှိချေ။ သိုသော်လည်း သူနှင့်ပတ်သက်၍ သမ္မာကျမ်းစာ၌ ပါရှိသောအကြောင်းအရာများက သူသည် မည်ကဲ့သိုသော ပုဂ္ဂိုလ်ဖြစ်ကြောင်းကိုပေါ်လွန်စေသည်။

အန္ဒြေ သည် ဗက်ဇဲဒမြို သားဖြစ်သည်(ယောဟန်၊ ၁း၄၄)။သူသည် တံငါသည်ဖြစ်၍ ပိုက်ကွန်ဖြန့်ချနေစဉ် သခင်ယေရှုက သူ့အားလူကို များသော တံငါဖြစ်ရန် ခေါ်ယူတော်မူသည် (မာကု၊၁း၁၆-၁၈၊ မဿဲ ၄း၁၈-၂၀)။

အစဦး၌ အန္ဒြေ သည် နှစ်ခြင်းဆရာ ယောဟန်၏ တပည့်ဖြစ်သည်။ တမန်တော် ရှင်ယောဟန်၏ ပြောပြချက်အရ အသည်တမန်တော်များထဲတွင် ယောဟန်(တမန်တော်)နှင့်အတူ သခင်ယေရှုကို ပထမဆုံးဆက်သွယ်ခဲ့သူတစ်ဦး ဖြစ်ကြောင်း သိရှိရ သည်။ နှစ်ခြင်းဆရာ ယောဟန်က ဤလောက၏ အပြစ်ကို ယူဆောင် သွားသော ဘုရားသခင်၏ သိုးသူငယ်ကို ကြည့်လော့ ဟုဆိုကာ သခင်ယေရှုအား ညွှန်ပြသော အချိန်သည် သခင်ယေရှုကို အန္ဒြေ နှင့် ယောဟန်တို့ ပထမဆုံး တွေ့ဆုံသောအချိန်ဖြစ်သည်(ယောဟန်၊ ၁၃၅-၃၉)။ ရှေးဦး ခရစ်ယာန် အသင်းတော်များသည် အန္ဒြေ ကို ပရိုတိုကလေးတိုဇ်(Protoi kletos)ဟူသော ဘွဲ့အမည်ဖြင့် ခေါ်ဝေါ်ကြသည်။ အဓိပ္ပာယ်မှာ ပထမဦးဆုံးခေါ်တော်မူခြင်း ခံရသောသူဟု ဆိုလိုသည်။

အန္ဒြေ သည် သခင်ယေရှုကို သိသိခြင်း သူ၏အစ်ကိုပေတရုအား လိုက်ရှာပြီး သခင်ယေရှုထံသို ပိုဆောင်ပေးခဲ့ သည်။ အန္ဒြေ သည် ပေတရုနှင့်အတူတကွ နေထိုင်သည်(မာကု၊ ၁ း၂၉)။ သူတို့၏ အသက်တာတစ်လျှောက်လုံး၌ အရာခပ်သိမ်းတို့ကို အတူတကွ ခွဲဝေသုံးဆောင်ခဲ့ကြောင်း သံသယဖြစ်ဖွယ်မရှိချေ။ ယခုလည်း အန္ဒြေ သည် သူတွေ့ရှိခဲ့သော အမြတ်ဆုံးဘဏ္ဍာကို သူ၏အစ်ကို အားသူနှင့်အတူ ခံစားစေလိုသည်။

ဤနေရာ၌ အန္ဒြေ ၏ မြင့်မြတ်သော စိတ်သဘောထား သည်အစပြု၍ ထွက်ပေါ်လာသည်။ များမကြာမီ ပေတရုသည် တမန်တော်အဖွဲတွင် ခေါင်းဆောင်ဖြစ်လာသည်။ တမန်တော် ပေတရု၊ယာကုပ်၊ ယောဟန်တို့သည် သခင်ယေရှုနှင့် အနီးကပ်ဆုံး ရင်းနှီးဆုံးသောတပည့်များ ဖြစ်ကြသည်။ အရေးကြီးသောအချိန်များတွင် ထိုသုံးဦးသည် ခရစ်တော်နှင့်အတူ ရှိကြသည်။ အန္ဒြေ သည် ထိုသုံးဦးကဲ့သို ခရစ်တော်နှင့်နီးကပ်ရင်းနှီးသော တပည့်မဟုတ်စေကာမူ ကိုယ်တော်ရှင် နှင့်အလှမ်းမဝေးလှ သောကြောင့် တစ်ခါတစ်ရံ သခင်ယေရှုအား နောင်အချိန်၌ဖြစ်မည့် အကြောင်း အရာများကို မေးလျှောက်ရာ၌ ထိုသုံးဦးနှင့် အတူ ပါရှိလေသည် (မာကု၊ ၁၃း၃)။ ထိုပြင် အန္ဒြေ ကိုရည်ညွှန်းရာ၌ ရှိမုန်၏ညီ အန္ဒြေ ဟု သိမှတ်ကြသည်။ ရှင်မဿဲခရစ်ဝင် (၁၀း၂)နှင့် ရှင်လုကာ(၆း၁၄)၌ ပါရှိသော တမန်တော်များ စာရင်း တွင် အန္ဒြေ ကို ရှိမုန်ပေတရု၏ညီ အန္ဒြေ ဟူ၍ ရှင်ယောဟန်ခရစ်ဝင် (၆း၈)တွင် လူငါးထောင်ကို သခင်ယေရှု ကျွေးမွေးသော အခန်း၌ အန္ဒြေ သည် သူငယ်တယောက်အား သခင်ယေရှုထံသို ခေါ်ဆောင်သွားကြောင်း ဖော်ပြရာတွင် ရှိမုန်ပေတရု၏ညီ အန္ဒြေ ဟူ၍လည်းကောင်းပါရှိသည်။

တွေးဆရမည်ဆိုလျှင် လူအများတို့သည် အန္ဒြေ ကို သိကြလိမ့်မည်မဟုတ်ပေ။ ပေတရုကိုကား လူတိုင်းသိကြသည်။ အန္ဒြေ သည် မည်သူမည်ဝါဖြစ်ကြောင်း ဖော်ပြရာ၌ သူ့အား ထင်ပေါ်ကျော်ဇော သောပေတရု၏ညီဟု ပြောဆိုခြင်းသည် သာလျှင် အကောင်းဆုံးသော နည်းလမ်းဖြစ်ပေမည်။ အန္ဒြေ ၏ အဖြစ်မျိုးကို လူအနည်းငယ်သာလျှင် စိတ်ငြိုငြင်မှု မရှိဘဲ သဘောထားကြီးကြီးဖြင့် သည်းခံနိုင်စွမ်း ရှိပေလိမ့်မည်။ သခင်ယေရှုနှင့် ပထမဦးဆုံး ဆက်သွယ်သော တမန်တော်နှစ်ပါးတွင် အလည်း တစ်ပါးအပါအဝင် မဟုတ်ပါလော။

သို့သော်လည်း ပေတရုသာလျှင် ထင်ပေါ်၍ အန္ဒြေ ကို ပေတရုညီဟူသော အမည်နာမဖြင့် သာခေါ်ဆိုကြသည်။ ဒုတိယ နေရာ၌သာ နေရသည့်အတွက် စိတ်မထိခိုက်သော လူနည်းစုတွင် အန္ဒြေ လည်း ပါသည်။ ကျွန်ုပ်တို့ အသင်းတော်များ၌ ပင်လျှင် ရာထူးနှင့်တင်ပေါ်မှုကိုငါတိုသာရထိုက်သည်ဟု အောက်မေ့ပြီး။ အခြားသူများ ခံစားကြသည်ကိုဝန်တို မစ္ဆရိစိတ်ရှိ သူအများရှိ ကြလေသည်။ ပထမနေရာကိုမည်သူရရှိ သည်ဖြစ်စေ၊ ဂရုမစိုက် သောသူများတွင် အန္ဒြေ ပါရှိလေသည်။ သူ၏တစ်ခုတည်းသောဆန္ဒမှာ သခင်ယေရှုအနား၌ နီးနီးကပ်ကပ် နေထိုင်ရန်သာဖြစ်သည်။ အန္ဒြေ အဖို့ အလုပ်ပြီးမြောက်ခြင်းသာလျှင် အဓိကဖြစ်၍ နာမည်ကောင်း ရရှိရေး၊ မရရှိရေးမှာအရေးမကြီးပေ။ အန္ဒြေ လိုလူမျိုး သည် ပထမနေရာကို မရရှိတတ်။ သို့သော် ခေါင်းဆောင်များ၊ ယုံကြည်အားကိုး ခြင်းခံရသောလူမျိုးဖြစ်သည်။ သူသည် ဤလောက၏ဆားဖြစ်၍ ခရစ်ယာန် အသင်းတော်၏ ကျောထောက်နောက်ခံ အားကိုးရာဖြစ်သည်။

 ပထမခရစ်ဝင်သုံးကျမ်းတွင် တမန်တော်တစ်ဆယ့် နှစ်ပါး၏ အမည်စာရင်း၌ အန္ဒြေ၏အမည် ပါရှိသည်မှာ တစ်ပါး၊ သူ၏အတ္ထုပ္ပတ္တိကို မဖော်ပြပေ။ စတုတ္တ ခရစ်ဝင်ကျမ်း၌သာလျှင် အန္ဒြေ အားပုဂ္ဂိုလ်တစ်ဦးအနေ ဖြင့် လည်းကောင်း၊ သူ့အရည် အသွေးနှင့်လည်းကောင်း မြင်တွေ့ရသည်။ အန္ဒြေ သည် သုံးကြိမ် တိုင် မထင်မရှား၊ မထင်မှတ်သော တစ်နေရာမှ ထင်ပေါ်လာခြင်း ဖြစ်သည်။ ထိုသုံးကြိမ်စလုံးသည်လည်း အန္ဒြေ သည် တစ်စုံ တစ်ယောက်သောသူအားသခင်ယေရှုထံသို့ ပိုဆောင်ပေးကြောင်း များ ဖြစ်လေသည်။

(၁) အန္ဒြေ သည် ရှေးဦးစွာ သူ၏အစ်ကို ပေတရုအား သခင်ယေရှုထံသို ပိုဆောင်ပေးခဲ့သည် (ယောဟန်၊ ၁၄၀-၄၂)။ အန္ဒြေ သည်သာသနာပြုလုပ်ငန်းကို သူ၏အိမ်မှ အစပြုလေသည်။ သခင်ယေရှု အတွက် အမှုတော်ပြတ်ကိုဆောင်ရွက်မည်ဟု ကြံရွယ်သော ပုဂ္ဂိုလ်များသည် မိမိတို အိမ်ထောင်များ ၌ပင် ဆောင်ရွက် နိုင်ကြောင်းကို သာဓကအဖြစ် မြင်တွေ့နိုင်သည်။ အသင်းတော် လုပ်ငန်းများ၌ ဆောင်ရွက် လုပ်ကိုင်နေသော သူတို၏ ဆွေမျိုး သားချင်းများသည် အသင်းတော်နှင့် ဝေးကွာ၍သူစိမ်းဖြစ်နေသည်ကို ဝမ်းနည်းဖွယ်ရာ အများအပြား တွေ့ရှိ ရသည်။ သခင်ယေရှု၏ အမှုတော်မြတ်ကို ဆောင်ရွက်မည်ဟုကြံရွယ်သောအခါ သုတ္တံကျမ်း(၁၇း၂၄)၌ ဖော်ပြထား သည့် မိုက်သောသူ၏ မျက်စိ မူကား မြေကြီးစွန်းတိုင်အောင် လှည့်၍ကြည့်တတ်၏ ဟူသော ကျမ်းချက်ကို သတိမူသင့်သည်။

(၂) ဒုတိယအကြိမ်မှာ အန္ဒြေ သည် မုန့်ငါးလုံးနှင့် ငါးနှစ်ကောင် ပါလာသော သူ ငယ် တယောက်ကို သခင် ယေရှုထံ သိုပို့ဆောင်ပေးခြင်းဖြစ်သည်(ယောဟန်၊ ၆း၈-၉)။ မိမိအနေဖြင့် မည်သိုမျှ အကျိုးဖြစ်ထွန်းနိုင်မည် မဟုတ်ဟု ထင်မှတ်သော်လည်း၊ သခင်ယေရှု အသုံးပြုနိုင်မည့်သူ တစ်စုံ တစ်ယောက်ကို ကိုယ်တော် ရှင်ထံသို ပိုဆောင်ရန် အန္ဒြေ ၌ စိတ်ဆန္ဒရှိသည်။

(၃) တတိယအကြိမ်တွင် အန္ဒြေ သည် ‌ဟေလသလူအချို့ တို့အားသခင်ယေရှုထံသို ခေါ်ဆောင်လေ့ရှိသည် (ယောဟန်၊ ၁၂း၂၁-၂၂)၊ ဟေလသ လူတို့သည် သခင်ယေရှုကို တွေ့ချင် ပါ သည်ဟု ဖိလိပ္ပထံသို့သွား၍ အကူအညီတောင်းသည်။ ဖိလိပ္ပု သည် ထိုသူများအတွက်မည်ကဲ့သို ဆောင်ရွက်ပေးရမည်ကို မသိ သဖြင့် အန္ဒြေ နှင့်တိုင်ပင်သည်။ အန္ဒြေ ၏ စိတ်တွင်ကား ထိုသူတို့ကို သခင်ယေရှုထံသို ပိုဆောင်ပေးဖို့ နှောင့်နှေးခြင်းမရှိ၊ အန္ဒြေ သည် သခင်ယေရှု၏စိက် သဘောထားကို ကောင်းစွာသိရှိသူဖြစ်သည်။ သခင်ယေရှုသည် လူတိုင်းနှင့် တွေ့လို ကြောင်းနှင့် သခင်ယေရှုသည် မည်မျှပင် မအားမလပ် ဖြစ်နေစေကာမူ အမှန်တရားကို ရှာကြသူများလာ ရောက်မေးမြန်း စုံစမ်းသောအခါ အချိန်ပေးလေ့ရှိကြောင်း အန္ဒြေ ကောင်းစွာ သိထားသည်။

အန္ဒြေ သည် အခြားသူများအား သခင်ယေရှုထံသို သုံးကြိမ် ခေါ်ဆောင်လာခြင်းကို စဉ်းစားသောအခါ သူနှင့် စပ်လျဉ်း၍ အချက်ကြီးသုံးချက်တွေ့ရှိရသည်။

(၁) အန္ဒြေ ၌ တစ်ကိုယ်ကောင်းဆန်သောစိတ် မရှိချေ။ အကယ်၍ရှိခဲ့လျှင် အန္ဒြေ သည် အစ်ကိုပေတရုနှင့်တစ်သက်သုံး အတူနေနိုင်မည်မဟုတ်ပေ။ ပေတရုသည် အရည်အချင်း အပြည့်အ၀ ရှိသောခေါင်းဆောင် ဖြစ်ကြောင်းကို အန္ဒြေ သိသည်။ ပေတရု ရှိလျှင်အခြားသူများ မထင်ပေါ်နိုင်ကြောင်းကိုလည်း သူသိသည်။ အန္ဒြေ အတွက်ဤအချက်သည် အရေးမကြီး၊ လူတစ်ဦး တစ်ယောက်အား သခင်ယေရှုထံသို ပိုဆောင်ပေးခြင်းအားဖြင့် ထိုသူသည် ထင်ပေါ်လာမည်ဖြစ်၍ သူကိုယ်တိုင်မှာ ထင်ပေါ်ခြင်း မှ ယုတ်လျော့သွားမည်ကို သိသော်လည်း သူသည်စိတ်မပျက်ဘဲ အခြားသူများ အား သခင်ယေရှုထံသို ပိုဆောင်ပေး သည်။

(၂) အန္ဒြေ သည် အကောင်းဖက်ကိုသာ မြင်တတ်သည်။ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ပါရှိသော သူငယ်သည် လူငါးထောင်အားကျွေးမွေးရန် အရေးတွင် အကူအညီရလိမ့်မည်ဟု ထင်မှတ်ခြင်း သည် အကောင်းဖက်ကိုသာ မြင်တတ်သောကြောင့် ဖြစ်သည်။ သခင် ယေရှုထံသို ယူဆောင်လာသော ပစ္စည်းများသည် အကောင်း ဆုံးသောအခြေအနေသို ရောက်ရှိရန် ကိုယ်တော်ရှင် တတ်စွမ်းနိုင်သည်ဟု သူယုံကြည်သည်။ သခင်ယေရှုထံသို ရောက်ရှိလာသူ တစ်ဦးတစ်ယောက်သည် ကိုယ်တော် အတွက် အချည်းနှီးသက်သက် ဖြစ်လိမ့်မည်ဟူ၍ သူ၏ စိတ်၌ မည်သည့်အခါမျှ မဖြစ်ပေါ်ခဲ့ဘူးပေ။

(၃) အန္ဒြေ သည် လူသတ္တဝါများကောင်းစားရေးကို အမြဲရှေ့ရှုသည်။ လူမျိုးခြားတစ်ဦးသည် ဘုရားသခင်အတွက် အသုံးဝင်နိုင်သည်ဟူသော ယူဆချက်မှာ ဂျူးလူမျိုးတို၏ နဂို သဘောထားနှင့် ဆန့်ကျင်နေသည်။ စိတ်ထားကျဉ်းမြောင်း သေးသိမ်သော ဂျူးလူမျိုးများ၌ အခြားလူမျိုးများသည် စက်ဆုတ်ရွံရှာဖွယ်ရာ ကောင်းသော လူမျိုးများဟု မှတ်ယူကြသည်။ သိုသော် အန္ဒြေ သည် ထိုလူမျိုးအစားထဲက မဟုတ်ပေ။

ကိုယ်တော်ရှင်၏ ဝမ်းမြောက်ဖွယ်ရာ သတင်းတော်မြတ်သည် လူတိုင်းနှင့် သက်ဆိုင်၍ သခင်ယေရှုသည် လူသတ္တဝါအပေါင်းတို့အား သတင်းကောင်းကို ဟောပြောရန်နှင့်လက်ခံကြိုဆိုရန် အသင့်ရှိနေ ကြောင်း ဦးစွာပထမ သိရှိနားလည်သူမှာ အန္ဒြေ ဖြစ်သည်။

အန္ဒြေ နှင့် ပတ်သက်၍ ဂျေမီလီဂင်(George Milligan) ဆိုသော ပုဂ္ဂိုလ်ရေးသားသည့် (The Dictionary of Christ and the Gospels) ဆောင်းပါးတွင် စိတ်ဝင်စားစရာ ကောင်းသော အချက်မှာ အန္ဒြေ သည် တစ်ချိန်တည်းမှာပင် ပထမဆုံးပြည်တွင်း သာသနာပြု ဆရာအဖြစ်ဖြင့်လည်းကောင်း၊ ပထမဆုံးသော ပြည်ပသာသနာပြု ဆရာအဖြစ်ဖြင့် လည်းကောင်း၊ ဆောင်ရွက်သူဖြစ်သည် ဟူသော အချက်ဖြစ်သည်။ ပေတရုနှင့် သူငယ်ကို သခင်ယေရှုထံ ခေါ်ဆောင် လာရာ၌ အန္ဒြေ သည် ပြည်တွင်းသာသနာပြုလုပ်ငန်းကို လုပ်ကိုင်ခြင်း ဖြစ်၍ ဟေလသလူများအား ယေရှုထံသို့ ခေါ်ဆောင်လာခြင်းသည် ပြည်ပသာသနာပြု လုပ်ငန်းကို လုပ်ကိုင်ခြင်းဖြစ်သည်။ ဤအချက်များသည် သူ့အား ထင်ပေါ် စေသည်။

(၁) ရှေးလူကြီး သူမများ၏ ပြောစကားအရ အန္ဒြေ သည်တိုင်းပြည်များသို လှည့်လည်၍ ဒေသနာများကို ဟောပြောသွန်သင် ပေးခဲ့သည်ဟု အဆိုရှိသည်။ ထိုတိုင်းပြည်များမှာ ကယ်ပါဒိုးစီးယား(Cappadocia) ၊ ဘိန်နီးယား(Bithnia)၊ ဂါလေးရှား (Galatia) နှင့် ဘီဇီသီယန် (Byzantium) တို့ဖြစ် သည်။ သို့သော်လည်း အန္ဒြေ သည် ဆီယီယာ (Scythia)နယ်နှင့်ပို၍ ရင်းနှီးစွာ ဆက်သွယ်ခဲ့သည်ကို (Ensebius, Ecclesiatical History 3,1,1)စာစောင်၌ဖော်ပြထားသည်။ ရှေးတုန်းက ဆီသီယာနယ်သား (Seythians) ဆိုသည်မှာ ရိုင်းစိုင်း၊ ရက်စက်ကြမ်းကြုတ်သူဟူသော အဓိပ္ပာယ်ကို ဆောင်သည်။ ဘင်ဂယ် (Benget) ဆိုသော ပုဂ္ဂိုလ်က ဆီသီယာ နယ်သားများသည် လူရိုင်းတို့ထက် ပို၍ ရက်စက် ကြမ်းကြုတ် သော လူမျိုးဟု ရေးသားဖော်ပြခဲ့သည်။ ဂျိုဆီဖက်(Josephus)ဆိုသော ပုဂ္ဂိုလ်က ထိုလူမျိုးများသည် တောရဲတိရစ္ဆာန်နှင့် ဘာမျှ မထူးခြားဟုပြောဆိုခဲ့သည် (Against Apirl. 2,37)၊ တီကေအယ်ဘုတ်(T.K.Abbott)ဆိုသော ပုဂ္ဂိုလ်က ယခုခေတ်တွင် ရက်စက် ရိုင်းစိုင်း ကြမ်းတမ်းသူအား ဂေါက်(Goth)ဟု ခေါ်သကဲ့သို ရှေးကလည်း ရိုင်းစိုင်း ရက်စက်ကြမ်းတမ်းသူအား ဆီသီယင် (Seytian) ဆီသီယာနယ်သားဟုသမုတ်ကြလေ့ရှိကြောင်း ဖော်ပြခဲ့ သည်၊ ရှေးလူကြီးသူမများ စကားအရ အန္ဒြေ သည် အီသီယင်လူမျိုး များအား သခင်ယေရှုထံသို ပိုဆောင်ပေး သည်ဟု ဆိုစမှတ်ရှိသည်။

အီသီယာ တိုင်းပြည်သည် ပင်လယ်နက်( Blackမြောက်ဖက် ဒင်ယမြစ် (River Danube)နှင့် တယ်နေမြစ်(River Tanais) အကြားတွင် တည်ရှိသည်။ ယခု အချိန်ကာလ၌ ဆီသီယာ သည် ရုရှားပြည်၏ နယ်တစ်နယ်ဖြစ်သည်။ ထိုကြောင့် ရုရှားပြည်သူ ပြည်သားများက အန္ဒြေ အား သူတို့၏ တိုင်းပြည်ကို စောင့်ထိန်းသောသူတော်စဉ် သူတော်မြတ် အဖြစ်ဖြင့် ထားရှိကြခြင်းဖြစ်သည်။

(၂) ရှေးလူကြီးသူမများ စကားအရ ဂရု(Greece)ပြည် အက်ယာ(Achaia)နယ်၊ ပက်တရာ့မြို(Patras)၌ အန္ဒြေ သည်မာတုရအဖြစ်ဖြင့် ကွပ်မျက်ခြင်း ခံရသည်ဟု သိရသည်။ ပက်ထရာမြို့သို့ အန္ဒြေ သည် ရောက်ရှိသော အခါ အင်ဖိဒါးမိယာ (Iphidamia)ဆိုသော ခရစ်ယာန်ပုဂ္ဂိုလ် တစ်ဦးက ဘုရင်ခံအေဂျီရ(Aegeas)၏ ဇနီး မက်စီမီလာ(Maximilla)သည် အသည်းအသန် မမာမကျန်း ဖြစ်လျက် ရှိကြောင်း အန္ဒြေ အားပြောပြ၏။ အေဂျီရသည်လည်း ဇနီးသေဆုံးလျှင် သူ့ကိုယ်သူ သတ်သေရန် သူ၏ ဇနီးအနားတွင် ဓားရှည်ကို ကိုင်၍ ရပ်နေသည်။ အန္ဒြေ သည် အံ့ဩဖွယ်တန်ခိုး လက္ခဏာဖြင့် မက်စီမီလာ၏ ရောဂါဝေဒနာကို ပျောက်ကင်းစေသော အခါ၊ မက်စီမီလာသည် ခရစ်တော်ကို လက်ခံယုံကြည်၍ ခရစ်ယာန် တစ်ယောက်ဖြစ်လာ သည်။ သိုသော် လည်း အေဂျီရမှာ ခရစ်ယာန်များ၏ ကိုးကွယ် ယုံကြည်မှုကို ဆန့်ကျင်သူ ဖြစ်သည်။ အေဂျီရ၌စတာရတိုစဲ Stratocles ဆိုသော ညီတစ်ယောက် ရှိသည်။ စတာရတို စဲ၏ အထူးချစ်ခင်သော အစေအပါး၊ အမှုထမ်း အယ်လက်မင်း(Aleman)၏ အလွန်စိုးရိမ်ဖွယ် မမာမကျန်း ဖြစ်နေသည့် ရောဂါကိုလည်း အန္ဒြေ ပျောက်ကင်းစေပြန်သည်။ စတာတိုစဲသည်လည်း ခရစ်ယာန်တစ်ယောက် ဖြစ်လာသည်။ ဇနီးဖြစ်သူနှင့် ညီဖြစ်သူကို ခရစ်ယာန် ဝါဒသို ပြောင်းလဲသွား သည့်အတွက် အေဂျီသည် ဒေါသထွက်၍ အန္ဒြေ ကိုဖမ်းဆီးလေ သည်။ များမကြာမီအကိုကွပ်မျက်ရန် အမိန့်ချသည်။ ကွပ်မျက် သောအခါ ပို၍ဝေဒနာခံစားရစေရန် အန္ဒြေ အား လက်ဝါးကပ်တိုင်၌ သံမှိမစွဲပဲ ကြိုးဖြင့်သာ တုတ်ထားပြီး အစာငတ်၊ ရေငတ် လေထဲ မိုးထဲ၌ပစ်ထားစေသည်။ လက်ဝါးကပ်တိုင်ကို ရင်ဆိုင်ရ သောအခါ အန္ဒြေ ဆုတောင်းသည်။ အန္ဒြေ ဆု တောင်းချက်မှ တစ်စိတ်တဒေသမှာ အောက်ပါအတိုင်း ဖြစ်သည်။

အလွန်နှစ်သက်မြတ်နိုးဖွယ်ကောင်းသော လက်ဝါးကပ်တိုင် ကျွန်ုပ်၏အရှင်သခင် ကိုယ်ခန္ဓာအားဖြင့် သင်သည် သန့်စင်သောအဖြစ်သို့ ရောက်ရှိခဲ့သည်။ ကိုယ်တော်ရှင်၏ ခြေလက်အင်္ဂါတို သည် သင့်အား အလွန်အဖိုးထိုက်တန်သော ရတနာအဖြစ်ဖြင့် တန်ဆာဆင်ခဲ့သည်။ ကျွန်ုပ်သည် သင့်ထံသို အလွန်ဝမ်းမြောက်ရွှင်မြူးစွာနှင့် ရောက်ရှိလာပါပြီ။ ကျွန်ုပ်အား ဝမ်းမြောက်စွာ ကြိုဆိုလက်ခံ ပါ။ ချစ်စရာကောင်းသော လက်ဝါးကပ်တိုင်၊ ကျွန်ုပ်၏အရှင်သခင်၏ ကိုယ်လက် အင်္ဂါအားဖြင့် သင်သည် တင့်တယ်ခြင်းကို ရရှိခဲ့သည်။ ကျွန်ုပ်သည်သင့်ကို အလွန်ချစ်ခင်မြတ်နိုးသည်။ သင့်ကို အလိုရှိ၍ ရှာဖွေနေသည်မှာ ကြာမြင့်ခဲ့ပါပြီ။ ယခု သင့်ကို ကျွန်ုပ် တွေ့ရပြီ။ ကျွန်ုပ်လိုလား တောင့်တခဲ့ သည်ကို ဖြည့်စွမ်းရန် သင်သည် အသင့်ရှိနေပေပြီ။ ကျွန်ုပ်အား သင်လက်ခံ သိမ်းပိုက်ပါ လေတော့။ လူများထဲမှ ကျွန်ုပ်ကို ယူဆောင်၍ ကျွန်ုပ်၏ ဆရာသခင်ထံသို ဆက်ကပ်ပါလော့။ သင်၏အပေါ်၌ ကျွန်ုပ်တို့၏ အပြစ်များကို ရွေးနှုတ်ကယ်တင်သောအရှင်သည် ကျွန်ုပ်ကိုလည်း သင့်အားဖြင့် လက်ခံပါလိမ့် မည်။

ပြောစမှတ်ရှိကြသည်မှာ ရက်စက်ကြမ်းကြုတ်သော လူသတ်သမား ခုနှစ်ယောက်တို့သည် အန္ဒြေ အား ပြင်းထန်စွာ ရိုက်နှက် ပြီးသေဆုံးသည်အထိ စွန့်ပစ်၍ ထားခြင်းဖြစ်သည်။ အန္ဒြေ ၏နောက်ဆက်တွဲ အတ္ထုပ္ပတ္တိတွင် အန္ဒြေ က သူသည် သူ၏ အရှင်သခင်ကဲ့သို လက်ဝါးကပ်တိုင်၌ အသေသတ်ခြင်းကို ခံထိုက်သော သူမဟုတ်သောကြောင့် သူအား အမြှောက် လက္ခဏာကြက်ခြေ(X) ပုံသဏ္ဌာန်ရှိ ကားတိုင်တွင် သတ်ပါဟုတောင်းဆိုခဲ့သည်။

ထိုကြောင့် အမြှောက်လက္ခဏာကြက်ခြေပုံ သဏ္ဌာန်ရှိသော လက်ဝါးကပ်တိုင်ကို ရှင် အန္ဒြေ လက်ဝါးကပ်တိုင်ဟု ယခုတိုင် ခေါ်စမှတ်ပြုကြသည်။ ဤအချက်ကို ကျွန်ပ်တို သံသယဖြစ်သော်လည်း အန္ဒြေ သည် သူ၏အရှင်သခင် အတွက် မာတု ရအ ဖြစ်ဖြင့် အသေသတ်ခြင်းခံ သွားသည်ကို သံသယဖြစ်စရာ မရှိချေ။ အန္ဒြေ သည် အက်ယာနယ် ပက်တရာမြို၌ မာတုရအဖြစ်ဖြင့် အသေ သတ်ခြင်းခံရသောကြောင့် သူ့အား ဂရိတ်ပြည်ကို စောင့်ထိန်းသော သူတော်စင် သူတော်မြတ်အဖြစ် ဖြင့် ဂရိတ်တိုင်းသူပြည်သားများက အသိအမှတ်ပြုကြသည်။

(၃) အန္ဒြေ နှင့် ဆက်စပ်နေသော တတိယတိုင်းပြည်သည် စကော့တလန်(Scotland)ပြည်  ဖြစ်သည်။ အန္ဒြေ နှင့် စကော့တလန်ဆက်စပ်သော ဒဏ္ဍာရီသည် မကြာမီကမှ ဖြစ်ပေါ်လာခဲ့သည်။ သိုသော်လည်း စကော့လူမျိုးများအတွက် အလွန် စိတ်ဝင် စားဖွယ်ကောင်းသည်။ ၄င်းဒဏ္ဍာရီအဆိုမှာ ခရစ်နှစ် (၃၃၇) ခုနှစ်၌ ကွန်စတင်တိုင်ဘုရင်(Constantine)သည် အန္ဒြေ ၏ ခေါင်းကို ဘီဇန်သိရန် (Byzantium)မြို သိုမဟုတ် ကွန်စတင် တီနိုပယ်(လ်) မြို့ (Constantinople)သို ယူဆောင်လာခဲ့သည်။    ရှစ်ရာစု အချိန်သို့ ရောက်သောအခါ ဘုန်းတော်ကြီး ရီဂူလာ (Regulus)အား ကောင်းကင်တမန်က အန္ဒြေ ၏ မွန်မြတ် သည့် ညာဘက်လက်မှ လက်ချောင်းကလေး သုံးချောင်း၊ လက်မောင်းရိုး တစ်ချောင်း၊ သွားတစ်ချောင်းနှင့် ဒူးခေါင်းရိုး တစ်ခုကို ယူ၍ အနောက်ဘက်သို သွားရန် ညွှန်ကြားခဲ့သည်။ ထိုဘုန်းတော်ကြီးသည် ကောင်းကင်တမန် ညွှန်ကြားသည့်အတိုင်း ခရီးထွက်ခဲ့ရာ နောက်ဆုံး စကော့တလန်ပြည် အရှေ့ဘက် ကမ်း၊ ယခု စိန်အင်ဒရူးမြို တည်ရှိရာသို့ရောက်ရှိခဲ့သည်။ ထိုဘုန်းတော်ကြီးသည် ၄င်းအရပ်၌ နေထိုင်၍ စိန်အင်ဒရူးမြို့၏ ပထမဦးဆုံး ဂိုဏ်းအုပ်ဆရာတော်ကြီး ဖြစ်လာသည်။ ပျက်စီးယိုယွင်းလျက် ရှိသော ရှင်ရီမူလာ၏ ဝတ်ကျောင်းမှာ ယခု ထက်တိုင် တည်ရှိနေသည်။

ထို အချိန်၌ ပစ်လူမျိုး(Piest)တို ၏ ရှင်ဘုရင် ဟန်ဂါ (Hungvs)သည် အင်္ဂလိပ်ရှင်ဘုရင် အက်သယ်စတံ (Athelstau)နှင့် စစ်ဖြစ်နေသည်။ စစ်မတိုက်မီ ညတစ်ည၌ အိပ်မက်ထဲ၌ အန္ဒြေ သည် ဟန်ဂါဘုရင်ထံသိုလာ၍ ဤစစ်ပွဲကိုနိုင်မည့်အကြောင်း ယုံကြည်စိတ်ချ ပြောသည်။

နောက်တစ်နေ့တွင် တမန်တော် အန္ဒြေ အသတ်ခံရသာလက်ဝါးကပ်တိုင်ကို ပစ်-စစ်တပ်၏ အထက် မိုးကောင်းကင်၌ မြင်တွေ့ရသည်။ ပစ်လူမျိုးများ စစ်နိုင်သည်အထိ ထိုလက်ဝါးကပ်တိုင်သည် မိုးကောင်းကင်မှ ကွယ်ပျောက်မသွားချေ။ ပစ်စစ်သားများက ရှင် အန္ဒြေ သည် ကျွန်ုပ်တိုကို စောင့်ထိန်းကြည့် ရှုသောအရှင်ဖြစ်သည် ဟူသော ကြွေးကြော်သံဖြင့် တိုက်ခိုက်ကြသဖြင့် သူတိုသည် အင်္ဂလိပ်လူမျိုးများအား အပြတ် အသတ်အနိုင် ရရှိလေသည်။

အင်္ဂလိပ် စစ်သားများသည် ရန်သူစစ်တပ်အပေါ် ပိုးကောင်းကင်၌ ထွန်းလင်း တောက်ပလျက် ရှိသည့် လက်ဝါးကပ်တိုင်ကို မြင်ရသောအခါ စိတ်ကုန်လှုပ်ချောက်ချား၍ ကြောက်လန့်ပြီး စစ်ရှုံးကြခြင်းဖြစ်သည်။ ထိုအချိန်မှစ၍ အပြာ နောက်ခံပေါ်တွင် အဖြူရောင်ရှိစိန်အင်ဒူး (ရှင် အန္ဒြေ) လက်ဝါးကပ်တိုင်သည် စကော့လူမျိုးများ၏အလံတော် ဖြစ်လာသည်ဟု ဆိုစမှတ်ပြုကြသည်။

အန္ဒြေ ၏ ဘဝအသက်တာတွင် တွေ့ကြုံခံစားရသည့် ဖြစ်ရပ်သည် နာကျည်းခံပြင်းစရာ ကောင်းသော်လည်း အလွန်နှစ်သက်ဖွယ် အင်္ဂါတစ်ရပ်မှာ သူသည် မတင်ပေါ်သော ဒုတိယနေရာနှင့် ကြေနပ် နှစ်သိမ့်ခြင်း ဖြစ်သည်။ တစ်ခုတည်းသော သူ၏ အားထုတ် မှုမှာ သခင်ယေရှု၏ အစေခံရန် ဖြစ်သည်။ ယင်းသို အစေခံခြင်း သည်လည်း ထင်ပေါ်ကျော်စောချီးမြှောက်ခြင်း ခံရဖို့အတွက် မဟုတ်ပေ။ သူအသက်ရှင်စဉ် အသက်တာတစ်လျှောက်လုံး၌ လူများကို သခင် ယေရှုထံသို ပိုဆောင်ပေးခဲ့သည်။ သေပြီးနောက်တွင်ပင် ပိုဆောင် ပေးလျက်ရှိဆဲ ဖြစ်သည်။ အသက်ရှင် စဉ်ကသာမဟုတ်၊ သေပြီး နောက် တွင်ပင်သခင်ယေရှု၏ သာသနာဝန်ကို ထမ်းရွက်သော ပုဂ္ဂိုလ်တစ်ပါးဖြစ်လေသည်။

အခန်း (၅)

သောမ

ဒွိဟသံသယဖြစ်ခြင်းကြောင့်အမှန်ကိုသိလာသောပုဂ္ဂိုလ်

သံသယဖြစ်ခဲ့သောကြောင့် တပ်အပ်သေချာ သိမြင်လာသူ အိန္ဒိယပြည်တွင် ဘုရင်နန်းတော်

ဆောက်ရန် စေခိုင်းခံခဲ့ရသူ၊ လှံတံဖြင့်ကွပ်မျက်ခံရကြောင်းကို ဖော်ပြသည်။

သောမကလည်း အကျွန်ုပ်၏ အရှင် အကျွန်ုပ်၏ဘုရားသခင် ပါတကားဟု လျှောက်၏ (ယော၊ ၂၀း ၂၇-၂၈)။

သောမကို အမှတ်တရ အနေဖြင့် ဒွိဟ သံသယရှိသော သောမဟုခေါ်ဝေါ်သုံးစွဲခြင်းသည် သူ့အပေါ်၌ရက်စက်ရာ ရောက်သည်။ ဤကဲ့သို ခေါ်ဝေါ်ခြင်းသည် မမှားသော်လည်းသူ၏ အသရေကို ရှုတ်ချရာ ရောက်စေသည်။

ပထမခရစ်ဝင်သုံးကျမ်းတွင် သူ့အား တမန်တော်တစ်ပါး အနေဖြင့် သိရှိရသည်မှ တစ်ပါးသူ၏ အတ္ထုပ္ပတ္တိကို ဖော်ပြခြင်း မရှိချေ။ စတုတ္တခရစ်ဝင်၌သာလျှင် သူ၏ ဂုဏ်အင်္ဂါရပ်များကို ထင်ထင်ရှား ရှားတွေ့မြင်ရသည်။

စတုတ္ထခရစ်ဝင်၌အား ဒီဒုမုအမည်ရှိသော သောမဟု ခေါ်ဆိုထားသည်။ သောမဟူသော စကားသည် ဟေဗြဲစကား ဖြစ်၍ ဒိဒုမုသည်ဂရိတ်စကားဖြစ်သည်။ အဓိပ္ပာယ်မှာ အမြွှာမွေးဟု ဆိုလိုသည်။ အံ့သြလောက်အောင် အဓိပ္ပာယ်ပြန်ဆိုထားသော သောမ၏အမည်ကိုသောမ၏ ဆောင်ရွက်ချက်များ စာစောင်၌ တွေ့ရှိရသည်။ ထိုစာအုပ်တွင် သူ့အား ယုဒဟူသောအမည်ဖြင့် အမြဲခေါ်ဆိုထားသည်။ သောမ၌အခြားအမည်တခုရှိသည်မှာ ထင်ရှားသည်။ ရှေးယခင်က လူတစ်ဦးအား သူ၏မျိုးရိုးအမည်ဖြင့်ခေါ်ဝေါ်ခြင်း မရှိသေးချေ။ ထိုအချိန်က ယခုခေတ် ကဲ့သိုပင် လူအများတိုသည်အများ မှည့်တတ်သောအမည်ကို ပထမ အမည်ဖြင့် မှည့်ခေါ်တတ်ကြလေ သည်။ သိုသော်….. တစ်ယောက်နှင့် တစ်ယောက်ခွဲခြားနိုင်စေရန် ဒုတိယအမည်ကို ထပ်ဆင့် မှည့်ခေါ်ကြ လေသည်။ သောမ သိုမဟုတ် ဒီဒုမုသည် အခြားသူများနှင့် ခွဲခြားနိုင်စေ ရန် ဒုတိယအမည်ဖြစ်သည်။ သောမ၏အမည် အပြည်အစုံမှာ အမြွှာမွေးယုဒဟူသော အမည်ဖြစ်သည်။ ရှင်မာကု ရစ်ဝင် (၆:၃၂)နှင့် ရှင်မသဲခရစ်ဝင်(၁၃:၅၅)၌ သခင်ယေရှု၏ညီ ယုဒဟူသောအမည်ကို တွေ့ရှိရ သည်။ ကျမ်းစာအုပ်၌ မပါရှိဘဲ ပယ်ထားသော သောမ၏ ဆောင်ရွက်ချက်များခေါ် ကျမ်းစာ၌ သောမသည် သခင်ယေရှု၏ အမြွှာမွေးညီဖြစ်ကြောင်း ဖော်ပြထားသည်။ (Acts of Thomas,31,) ဖြစ်နိုင်စရာအကြောင်း စိုးစဉ်းမျှ မရှိပါ။ သိုသော် ဤကဲ့သို လူကြီးသူမ၏ စကားကြောင့် သောမနှင့်သခင်ယေရှု မည်မျှ ရင်းနှီးကြောင်းကိုသာ ပေါ်လွင်စေသည်။

စတုတ္တ ခရစ်ဝင်ကျမ်း၌ သောမအား ပေါ်လွင်ထင်ရှားစေ သောအင်္ဂါရပ်များနှင့် ပြည့်စုံသူအဖြစ် ဖော်ပြထားသည်။

(၁) သောမသည် ရဲစွမ်းသတ္တိရှိသော ပုဂ္ဂိုလ်ဖြစ်သည်။ သူ့ကိုပထမဆုံးလာဇရု၏ အကြောင်းကိစ္စတွင် တွေ့ရှိရသည်။ (ယောဟန်၊ ၁၁:၁.၁၆)။ လာဇရုသည် မကျန်းမမာဖြစ်လျက် ရှိသည်ဟု သတင်းပို့လာသောအခါ သခင်ယေရှုသည် ချက်ချင်းကြွတော်မမူဘဲ နှစ်ရက်ခန့်စောင့်ဆိုင်းနေပြီးမှ ဗေသနိရွာသို ကြွတော်မူသည်။

ဗေသနိ ရွာသည် ယေရုရှလင်မြိုနှင့် တစ်တိုင်လောက်ကွာ ဝေးသည်။ ပဿခါပွဲသို့ ရောက် သောဘုရားဖူးများ တည်းခိုလေ့ရှိသောရွာတစ်ရွာဖြစ်သည်။ ယေရုရှလင်မြိုရှိ ဂျူးလူမျိုး အာဏာပိုင်တို့သည်သခင်ယေရှုကို ကျောက်ခဲနှင့်ပစ်သတ်ရန် နှစ်ကြိမ် ကြိုးစားကြသည် (ယောဟန်၊ ၈း၅၉။၁၀း၃၁)။ သခင်ယေရှု ယေရုရှလင်မြို့သို ကြွမြန်းခြင်းသည် ကိုယ့်ကိုကိုယ် သေကြောင်း ကြံစည်သော အရဲစွန့်ခြင်းသာဖြစ်သည်။ ပို၍ ဆိုးသည်မှာ လာဇရု သည် သေဆုံးနေပြီဖြစ်၍ ယေရုရှလင်မြိုသို သခင်ယေရှု သွားရောက်ခြင်းသည် မဆင်မခြင် သွားရောက်ခြင်း ဖြစ်သည်သာမက အကျိုးမဲ့ သွားရောက်ခြင်းလည်းဖြစ်သည်ဟု ထင်မှတ်စရာ ရှိပေသည်။

သခင်ယေရှုသည် ယေရုရှလင်မြိုသို သွားရောက်မည်ဟု တပည့်များအား အသိပေးသောအခါ တပည့်များသည် ကိုယ်တော်ရှင်ထံမှ စွန့်ခွာသွားရန်ပင် ကြံရွယ်ကြသည်။ တိတ်ဆိတ်စွာ နေတတ်သော သောမက ကျွန်ုပ် တို့လည်း လိုက်၍ သခင်နှင့်အတူ အသေခံကြကုန်အံ့ ဟု တပည့်တော် အချင်းချင်းတိုအား ပြောဆိုကြ ဟူ၍ ယောဟန် (၁၁း၁၆)၌ ပါရှိသည်။ ကျရောက်လာမည့် အန္တရာယ်ကို သောမမြင်သည်။ သို့သော်လည်း ရှေ့သို ဆက်သွား မည်ဟု ဆုံးဖြတ်သည်။ သေသည့်အထိ သခင်ယေရှုအပေါ်၌စောင့်ထိန်းမည်ဟု စိတ်ပိုင်းဖြတ်သောမဖြစ်သည်။

အကောင်းဘက်ကိုသာ ကြည့်ရှုတတ်သူအတွက် အခက်အခဲ ကြားထဲတွင် လွယ်ကူသည်။ အဘယ်ကြောင့်ဆိုသော် အကောင်းဘက်ကိုသာ ကြည့်တတ်သူမှာ နောင်ဖြစ်မည့် အရာများသည် အစဉ်ကောင်းလိမ့်မည်ဟု မျှော်လင့်လျက် ရှိသည်။ အဆိုးဘက်ကို ကြည့်မြင်တတ်သူအဖို ဤအချိန်အခါမျိုးတွင် သစ္စာ ရှိ ရန် ခက်ခဲသည်။ အဘယ်ကြောင့် ဆိုသော် သူသည် အဆိုးဖြစ်လာမည်ကိုသာ မျှော်လင့်လျက်ရှိသည်။ သောမသည် အဆိုးကိုသာ မြင်တတ်သော ပုဂ္ဂိုလ်ဖြစ်သည်။ သူ၏ ရှေ့မှောက်၌ ဘေးအန္တရာယ်ကို သူမြင်တွေ့လျက် ရှိသည်။ သိုသော်လည်း သူ့အတွက်နောက်ဆုတ်ရန် အကြောင်းမရှိပေ။ သူသေလျှင်ကား သေ မည်။ သို့သော်သူသည် သစ္စာမဖောက်၊ သခင်ယေရှုသည် ယေရုရှလင်မြို သို သွားမည်ဟု ပြောသောအချိန်၌ ကိုယ်တော်ရှင်အပေါ် သစ္စာစောင့်သိမှု အခြေယိမ်းယိုင်လျက်ရှိသော တမန်တော်တစ်ဆယ့်တစ်ပါးကို ပြန်လည်၍ စုစည်းသူမှာ သောမပင် ဖြစ်သည်။

(၂) သောမသည် အဖြေရှာမတွေ့ရသဖြင့် စိတ်ရှုပ်ထွေးနေသောသူဖြစ်သည်။ သခင်ယေရှု ဤလောက၌ နေထိုင်ရန် ရက်များကုန်ဆုံးခါနီးအချိန်တွင် သောမ၌ မရှင်းမလင်းအဖြေ ရှာမတွေ့သော စိတ်ရှုပ် စရာများပို၍ ထင်ပေါ်လာသည်။ တစ်ညနေ အထက်ခန်းမ၌ သခင်ယေရှုသည် ထူ, အ သော တပည့်များအား လက်ဝါးကပ်တိုင်နှင့် လက်ဝါးကပ်တိုင်၏ ဟိုဘက်၌ရှိသော အချက်များကို မြင်တွေ့ရန် ပြောပြလျက်ရှိသည်။ သခင်ယေရှုက ငါသည် အဘယ်အရပ်သို သွားသည်ကို လည်းကောင်း၊ လမ်းခရီးကိုလည်းကောင်း၊ သင်တို့သိကြ၏ဟု မိန့်တော်မူသောအခါ၊ သောမက သခင် အဘယ်အရပ်သို သွားတော်မူသည်ကို အကျွန်ုပ်တို့မသိသည်ဖြစ်၍ လမ်းခရီးကို အဘယ်သို့ သိနိုင်ပါမည်နည်း-ဟု လျှောက်လေသည်။ သောမသည် သခင်ယေရှုထံမှ ငါသည် လမ်းခရီးဖြစ်၏။ .. တရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏-ဟူသော ထိုက်တန်သည့် အဖြေကို ရရှိလေသည်။

ပြဿနာတစ်ခုခုအတွက် မေးမြန်း စူးစမ်းခြင်း မပြုရလျှင်မနေတတ် မထိုင်တတ်သူမှာ သောမဖြစ်သည်။ မှန်ကန်သော မေးမြန်းစုံစမ်းခြင်းအားဖြင့် အသိပညာရရှိနိုင်သည်ဟု ဆိုစမှတ် ရှိသည်။ မှန်ကန် သော ဒွိဟသံသယသည်လည်း အမှန်သို ပိုဆောင် ပေးသည်ဟု ပြောဆို နိုင်သည်။

သောမအား သခင်ယေရှုပေးသောအဖြေသည် ရှင်းလင်းပြတ်သားသည်။ သောမ ယခုဖြစ်ပျက်လျက်ရှိသော အရာများကို သင်မသိနားမလည်ကြောင်း ငါသိသည်။ မည်သူမျှ မသိ နားမလည်ကြ၊ မည်သို့ဖြစ်ပျက်လျက် ရှိစေကာမူ ငါ့ကို သင်ရရှိပြီ၊ ငါသည် လမ်းခရီးဖြစ်သည်။ တရားလည်း ဖြစ်သည်။ အသက်လည်း ဖြစ်သည်ဟူသော အဖြေတည်း။

ဤလောကကြီးတွင် ကျွန်ုပ်တို ရှာဖွေစူးစမ်းသောအခါ ကျွန်ုပ်တို့လိုသောအရာသည် ငြင်းခုံခြင်းမဟုတ်၊ ကျွန်ုပ်တို၏ အနီးအနား၌ ကိုယ်တော်ရှင် ရှိနေခြင်းသာလျှင် ဖြစ်သည်။ ငြင်းခုံခြင်းသည် အမှန်တရားကို ထိရောက်စွာ သိမြင်နိုင်သည် မဟုတ်၊ ကိုယ်တော်ရှင်သည် အကျိုးအကြောင်းပြပြီး၊ ငြင်းခုံမနေ သူ၏ကိုယ်ကို ကျွန်ုပ်တိုအား ပေးကမ်းခြင်းသာ ဖြစ်သည်။

(၃) သောမသည် ယုံလွယ်တတ်သော ပုဂ္ဂိုလ်မဟုတ်ပေ။ သခင် ယေရှုသည် လက်ဝါးကပ်တိုင်၌ အသေသတ်ခြင်းကိုခံရ၍ အစစ အရာရာ တို့သည် ဆုံးခန်းတိုင်အောင် ရောက်ရှိနေပြီဟု ထင်မှတ်ရသော အချိန်တွင်သောမ၏လိုအင်ဆန္ဒမှာ တစ်ကိုယ်တည်းနေလိုသော စိတ်ဆန္ဒဖြစ်သည်။ မျိုးကောင်းမျိုးစစ်ဖြစ်သော တိရစ္ဆာန် သည် ဒဏ်ရာ ရရှိသောအခါတစ်ကောင်တည်းဝေဒနာကိုခံစားရန် ရှောင်ဖယ်၍ နေသကဲ့သို သောမ သည်လည်း ထိုနည်းတူပင် ဖြစ်လေသည်။

သခင်ယေရှု ရှင်ပြန်ထမြောက်၍ တမန်တော်များထံသို ကြွမြန်း သောအခါ သောမသည် တမန်တော်များနှင့်အတူ မရှိချေ။ ကိုယ်တော်ရှင် ထမြောက်တွင်ပြန်လာသည်ကို သောမ အလျင်း မယုံကြည်ပေ။ သောမက-လက်တော်၌ သံရိုက်ရာကို မမြင် သံရိုက်ချက်ကို လက်ညှိးနှင့် မတိုမစမ်း၊ နံဘေးတော်ကိုလည်း လက်နှင့် မစမ်းသပ်ရလျှင် အကျွန်ုပ် မယုံဟု ဆိုလေသည်။ (ယောဟန်၊ ၂၀း ၂၅) မျက်စိနှင့် မြင်တွေ့ပြီ ယုံကြည်သော သောမဖြစ်သည်။

(၄) သောမသည် ကိုယ်တော်ရှင်ကို ယုံကြည်ကိုးစား၍ ကိုးကွယ်ဆည်းကပ်သောသူ ဖြစ်လာသည်။ သခင်ယေရှုသည် နောက်ထပ် တစ်ကြိမ်ကြွလာပြီး၊ သောမအား သူ၏ လက်ညှိးဖြင့် ကိုယ်တော်ရှင်၏ လက်နှင့် နံဘေးကို စမ်းသပ်လော့ဟု မိန့်တော် မူ၏။ ရှင်ပြန်ထမြောက်တော်မူသော ကိုယ်တော်ရှင်အား သောမ ရင်ဆိုင် တွေ့မြင်ရသောအခါ ဓမ္မသစ်ကျမ်း၌ အကြီးမြတ်ဆုံးသော ယုံကြည်ခြင်းကို ဖော်ပြသောအကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၏ ဘုရားသခင်ပါတကား ဟူသော ဝန်ခံချက်ကို သောမ ထုတ်ဖော်လျှောက် တင်လေသည် (ယောဟန်၊ ၂၀း ၂၆-၂၈)၊ သောမ၏ ကြာရှည်စွာ ခံစားနေရသော ဒွိဟသံသယစိတ်ကို ကိုယ်တော်ရှင်၏ ရှေ့မှောက်၌ အမှန်တရားဘက်သို ပြောင်းလဲ သွားစေတော့သည်။

ဓမ္မသစ်ကျမ်း၌ ပါရှိသော သောမ၏ အတ္ထုပ္ပတ္တိမှ အချက်ကြီးနှစ်ရပ် ထင်ရှားစွာ ပေါ်ထွက်လာသည်။

ပထမအချက်မှာ-သခင်ယေရှုသည် မည်သိုမျှ သံသယဖြစ်ရမည်လားဟု အပြစ်မတင်ခြင်းပင် ဖြစ်သည်။ သောမကိုလည်း သံသယဖြစ်ရမည်လားဟု အပြစ်မဆိုချေ။ သောမသည် သံသယ စိတ်မရှိတော့လျှင် ခရစ်ယာန်လောကတွင် အသိအမြင် အခိုင်မြဲဆုံး ပုဂ္ဂိုလ်ဖြစ်လိမ့်မည်ဟု သခင်ယေရှု သိထားတော်မူသည်။ သခင်ယေရှုကိုယ်တိုင်ဘယ်သောအခါမျှ သံသယ မရှိနှင့်ဟု မပြောဆိုချေ။ သခင်ယေရှု ပြောဆိုသည်မှာ မှန်ကန်စိတ်ချရသည့် ယုံကြည်ချက်ဟု အသေအချာမရှိလျှင် ဖွင့်ဟဝန်ခံခြင်း မပြုနှင့် အမှန်တရားကို သိရှိသည်အထိ ရှာဖွေရမည်-ဟူ၍သာဖြစ်သည်။

ကျွန်ုပ်တို့ သတိပြုမည်မှာ သောမသည် ဖြစ်ရပ်မှန်ကို သိရှိယုံကြည်ရာ၌ ဘာသာရေး၏ အမှန်တရားကို မိမိပညာဉာဏ်စွမ်းအားဖြင့် ဆုံးဖြတ်ကာ ယုံကြည်သည်မဟုတ်ဘဲ ကိုယ်တော်ရှင်အား ဘုန်းတန်ခိုးတော်နှင့် မျက်ဝါးထင်ထင် တွေ့မြင်ရသောကြောင့် ဖြစ်သည်။ သောမယုံကြည်လာသည်မှာ သခင်ယေရှု၏အကြောင်းကိုကြား သိရ သောကြောင့် မဟုတ်ပဲ ကိုယ်တိုင်တွေ့သိ ရသောကြောင့် ဖြစ်သည်။

ဒုတိယအချက်မှာ ယုံကြည်သူ အပေါင်းနှင့် ပေါင်းသင်း ဆက်ဆံသောသူသည် အမှန်တရားကို သိရှိနားလည်နိုင်ဖွယ်ရာ အကြောင်းများစွာ ရှိသည်။ သောမသည် တစ်ကိုယ်တည်းနေခြင်းအားဖြင့် အပေါင်းအဖော်များနှင့် ကင်းကွာသည်သာမက၊ သခင်ယေရှုနှင့် ကင်းကွာလာသည်။ တဖန်သူသည် သူ၏အပေါင်း အဖော်များထံသို ပြန်လာခြင်းအားဖြင့် သခင်ယေရှုနှင့်လည်း တွေ့ရှိရသည်။

ကျွန်ုပ်တို့သည် ဆိတ်ငြိမ်ရာအရပ်၌ တစ်ကိုယ်တည်းနေထိုင် စဉ်သခင်ယေရှုကို မတွေ့မြင် နိုင်ဟု မဆိုလိုပါ။ ဆိုလိုသည်မှာ ကျွန်ုပ်တိုသည်သခင်ယေရှုအား ချစ်မြတ်နိုးသော လူအစု အဝေး ၌ ကိုယ်တော်ရှင်ကိုပို၍ မြင်တွေ့နိုင်ဖွယ် ရှိခြင်းပင်ဖြစ်သည်။

စတုတ္ထခရစ်ဝင်(ရှင်ယောဟန်ခရစ်ဝင်၊ ၂၁း၂)တွင် သောမ၏အကြောင်းကို နောက်တစ်ကြိမ် ဖော်ပြထားသည်။ သခင်ယေရှုသည်ရှင်ပြန်ထမြောက်၍ တပည့်တော်များအား ဂါလိလဲ ပင်လယ်အနား၌လာရောက်တွေ့ဆုံသောအခါ သာမသည် အခြားတပည့်တော်များနှင့်အတူ ရှိလေသည်။ သောမသည် သင်ခန်းစာ ရရှိပြီးဖြစ်သဖြင့် ထိုအချိန်မှ စ၍ ယုံကြည်သူ အပေါင်းနှင့် အတူ ရှိသည်။ သခင်ယေရှုသည်တပည့်သားမြေ များထံသို လာရောက်တွေ့ဆုံသောအခါ၌လည်း သောမသည် ထိုသူအပေါင်းတိုနှင့် အတူ ရှိလေသည်။

သောမ၏ အတ္ထုပ္ပတ္တိနှင့် စပ်လျဉ်း၍ ဓမ္မသစ်ကျမ်းမှ နောက်ထပ်ဖော်ပြရန် မကျန်ရှိတော့ပေ။ သို့သော်လည်း ရှေးလူကြီး သူများစကားနှင့် ဒဏ္ဍာရီများတွင် အကြောင်း မြောက်များစွာရှိလေသည်။ သောမ၏ အတ္ထုပ္ပတ္တိနှင့်ပတ်သက်၍ နှစ်ဌာနမှ ရရှိသည်။ ပထမဌာနမှ ရရှိသောအချက်မှာ သောမသည် ပါသိပြည် (Pathia)၌ အမှုတော်မြတ်ကို ဆောင်ရွက်ခြင်း ဖြစ်သည်။ ယူစီလီးယား (Eurselius)ဆိုသော ပုဂ္ဂိုလ်၏ပြောပြချက်အရ တမန်တော်များသည် သခင်ယေရှု၏ ကယ်တင်ခြင်း သတင်းတော်မြတ်ကို ဟောသော သက်သေခံရန် အရပ်ဒေသကို ခွဲဝေလက်ခံသောအခါ သောမကပါသိပြည်၌ အမှုတော်ဆောင်ရန် တာဝန်ကျ လေသည်။ ဆိုကရေးတီး (Socrates)၏ ဘာသာရေးသမိုင်း မှတ်တမ်း ၌ ဤအချက်ကို ထောက်ခံကြောင်း တွေ့ရှိရသည်။ (Etusclitus, Ecclesiastical History, 3,1)နှင့် (Socrets, Ecclesiastical History, 3,19 ) သောမအတွက် အမှတ်တရ ဆောက်လုပ်ထားသော အလွန်ကြီးကျယ် ခံ့ညားသော ဝတ်ကျောင်းတစ်ဆောင်အကြောင်းနှင့် သောမသည် မေသောပေါတာမိ (Mesopotamia)ပြည်၊ အက်ဒစ်စာ (Edess)မြို့၌ မာတုရအနေဖြင့် အသတ်ခံရ ကြောင်းကို ဆိုကရေးတီးနှင့် ဆိုဇိုမင်တို့၏ ဘာသာရေး သမိုင်းတွင်တွေ့ရသည်။ (Sozomen Ecclesiastical History, 4,18, Sozomen Ecclesiastical History, 6,18,) ထိုအချိန်က ပါသိပြည်သည် လွတ်လပ်သော တိုင်းပြည်ဖြစ်၍ အင်ဒက် (Indus) မြစ်နှင့် တိုက်ဂရိ(Tigris)မြစ်အကြား ပါရှင်းပင်လယ်ကွေ့ (Persian Gulf)မှ ကက်စီရင် ပင်လယ်(Caspiam Sea)ထိကျယ်ပြန့်သည်။ ပါသီ လူမျိုးများသည် ခက်ထန်၍ ကိုယ့်အစွမ်း သတ္တိကို အားကိုးသော လူမျိုး ဖြစ်သည်။ ရောမလူမျိုးတို့ပင် ထိုလူမျိုးတိုကို ခံ့ညားရိုသေ လေးစားကြသည်။ ရှေးလူကြီးသူမများ၏ စကား အရ သောမသည် ထိုလူမျိုးထဲ တွင် ကယ်တင်ခြင်းတရားဒေသနာကို ဟောပြောသည်ဟူသော အချက်သိရှိရ ပေသည်။

ဒုတိယဌာနမှ ရရှိသော ရှေးလူကြီးသူမများ ပြောကြားခဲ့ သည့်သောမ၏ အတ္ထုပ္ပတ္တိမှာ ပိုမိုစုံလင်သဖြင့် ပို၍ စိတ်ဝင်စားစရာ ကောင်းသည်။ ဂျာရုံး(Jerome)ရေးသားသည့် ထင်ပေါ်ကျော်စောသော ပုဂ္ဂိုလ်များ၏ အသက်တာ(Lives of Illiustrious men)စာအုပ်ကို ဖြည့်စွက် ရေးသားသော ဆိုဖရိုနီးယ(Sophnius) ဆိုသော ပုဂ္ဂိုလ်က သောမသည် ပါသိပြည်၊ မေဒိပြည်၊ ပါးရှားပြည်၊ ကာမန်ပြည်။ ဟာကင်နီယာပြည်၊ ဗက်သိပြည်၊ မာဂျီရာပြည်ရှိ တိုင်းရင်းသား (Parthians, Medes Persians, Carmanians, Hyrcanians Bactamina, and Magians) တို့ကို တရားဒေသနာ ဟောပြော၍ အိန္ဒိယပြည်’ကာလမိနာ(Calamina)အရပ်၌ သေဆုံးသည်ဟု ဖော်ပြသည်။ ဒုတိယဌာနမှရရှိသောအချက်သည် သောမကို အိန္ဒိယပြည်နှင့် ဆက်စပ်ထားသည်။ ယခင်တချိန်က အိန္ဒိယပြည်ကို အတည်တကျ မသတ်မှတ် ဖြစ်ကတတ်ဆန်း ခေါ်ဝေါ်သမုတ်ကြသည်။ ပင်လယ်နီ (Red Sea)နှင့် ပါးရှား “ပင်လယ်ကွေ့(Persian Gulf)၏တောင်ဘက် ဒေသကိုအိန္ဒိယပြည်ဟုခေါ်ဆိုလေ့ ရှိကြသည်။ ထိုတိုင်းပြည်များမှာ အဘက်စီးနီးယားပြည်(Abyssinia) အာရေးဘီယ တောင်ပိုင်း (South- em Arabia)နှင့် ပါးရှားပြည်တောင်ပိုင်းဒေသ (Southern Persia)တို့ဖြစ်ကြသည်။

ယခုအချိန်ကာလအထိပင် အိန္ဒိယပြည်တောင်ပိုင်း၌ ရှင်သောမ၏ခရစ်ယာန်များ ( The Christians of St, Thomas) ဟူ၍ အသင်းတော်တစ်ပါးရှိသည်။ ထိုအသင်းတော်၏မူလ အရင်းအမြစ်မှာ တမန်တော်သောမနှင့် ဆက်စပ်နေကြောင်း တွေ့ရှိရသည်။

ဤ အသင်းတော်၏ အရင်းအမြစ်သမိုင်းသည် မသိနား မလည်နိုင်အောင် ရှုပ်ထွေး ရစ်ပတ်လျက်ရှိသည်။ ဗာစကိုဒဂါးမား (VasodaGama)နှင့် သူ၏ အပေါင်းအဖော်များ ဖြစ်ကြသော နယ်သစ်လှည့်လည်စူးစမ်းရှာဖွေသူ ပေါ်တူဂီ လူမျိုးတစ်စုတိုသည် အိန္ဒိယပြည်သို ခရစ်နှစ်(၁၅ဝဝ) ခုနှစ်၌ ရောက်ရှိသော အခါ၊ ဤအသင်းတော် တည်ရှိနေကြောင်းတွေ့ရှိကြသည်။ ဤ အသင်းတော်သည် မာလာဗာ(Malabar)နှင့်ထရာဗန်ကို (Travancore)နယ်များ ကြီးပွားတိုးတက်လျက် ရှိကြောင်း၄င်းတို့ ၏ သမိုင်းစာပေအရ သောမသည် ကရင်ကာမို(Crangamore)ဒေသအနီးရှိ မာလန်ကာရ(Malanka1a)ကျွန်းပေါ်သို ရောက်ရှိ လာ၍ထိုအရပ်မှ တိုင်းရင်းသားများအား တရားဒေသနာ ဟောပြောသဖြင့်လူအများပြောင်းလဲပြီး နှစ်ခြင်းမင်္ဂလာကိုခံယူကြကြောင်း အဆိုရှိသည်။

သောမသည်ဘုန်းတော်ကြီး ခုနှစ်ပါးအား လက်တင်မင်္ဂလာပေး၍အသင်းတော်ခုနှစ်ပါးကို တည်ထောင်ကြောင်း၊ ထိုနောက် သောမသည် ယခုမဒရပ်မြို (Madras) ဆင်ခြေဖုံးအရပ်မေလပို (Mailapore) သို့မဟုတ်(Myalapur)သို ပြောင်းရွှေသည်ဟု အဆိုရှိသည်။ အရပ်၌ သောမသည်ရှင်ဘု ရင်နှင့် တိုင်းသူပြည်သားများအား ခရစ်ယာန် အယူဝါဒသို ပြောင်းလဲစေသည်။ သောမသည် တရုပ်ပြည်သို ဆက်လက် ထွက်ခွာသွားပြီး တရုပ်ပြည်၌လည်း သာသနာလုပ်ငန်းကို အောင်မြင်စွာ ထမ်းဆောင်နိုင်သည်ဟု ဆိုကြသေးသည်။ တရုပ်ပြည်၌ အမှုတော်ကို ဆောင်ရွက်ပြီးသောအခါ သောမသည် မေလပိုသို ပြန်လာသည်။ ထိုအရပ်၌ နေထိုင်ကြသော ဗြဟ္မဏ အနွယ်ဝင်များ(Brahmins) သည် သောမ၏ သာသနာလုပ်ငန်းအောင်မြင်သည်ကို မနာလို မရှုစိမ့်သော ကြောင့် သောမအား ကျောက်ခဲများနှင့် ပစ်သတ်ရန် လှုံဆော်ပေးကြသည်၊ နောက်ဆုံး၌ သောမကို လှံရှည်ဖြင့် ထိုးသက်လေသည်။ ဗာစကိုဒဂါးမားနှင့်အဖွဲ့သည် ရှေးယခင် ခရစ်ယာန်များ၏ ပစ္စည်းအကျန် အကြွင်းများကို တွေ့ရှိရသည်။ အထူးသဖြင့် ဘုရားရှိခိုးကျောင်းငယ် တစ်ဆောင်ကိုတွေ့ရှိ၍ တူးကြည့်ရာ ထိုကျောင်းဆောင်အောက်၌ အလွန် ဖြူဖွေးပြီး အရောင်တောက်ပသော လူအရိုးစုကို တွေ့ရှိသဖြင့် ထိုအရိုးစု သည် သောမ၏ အရိုးစုဖြစ်ရမည်ဟု ဆုံးဖြတ်ကြသည်။

အထက်ဖော်ပြခဲ့သည့်အတိုင်း အိန္ဒိယပြည်သို ခရစ်ယာန် ဘာသာ ရောက်ရှိသည်မှာ ရှုပ်ထွေးခြင်းနှင့် ရစ်ပတ်လျက်ရှိသည်။ သိုသော်လည်း အလွန်ရှေးကျသောအချိန်ကပင် ခရစ်ယာန်ဘာသာသည် အိန္ဒိယပြည်သို ရောက်ရှိသည်မှာ သေချာသည်။ မေလပိုအရပ်ရှိ ရှင်သောမ တောင်ကုန်း ၌ ကျောက်လက်ဝါးကပ်တိုင် တစ်ခုကို တွေ့ရှိ ရသည်။ ထိုလက်ဝါးကပ်တိုင်ပေါ်၌ ပါလဗီ (Pahlivi)ဘာသာစကားဖြင့် ရေးသားထားသည်မှာ –

“စင်သန့်ရှင်း လမ်းပြရှင် ဖြစ်တော်မူသော ခရစ်တော်အရှင် ဘုရားသခင်သည် လက်ဝါးကပ်တိုင်ပေါ်၌ လူသားများ၏ အပြစ်အတွက် ကြီးစွာသော နာကျင်ခြင်းဝေဒနာကို ပြင်းပြစွာ ခံစားရလေသည်” ဟူသောစာသားဖြစ်သည်။

ထိုကျောက်သား လက်ဝါးကပ်တိုင်သည် ရှစ်ရာစုနှစ်လောက်က တည်ရှိခဲ့သည်။ တြာဗန်ကို(Iravancore)နယ်၊ ကိုဟာရမ် (Kottayam)မြို၌လည်း ထိုကျောက်လက်ဝါးကပ်တိုင်နည်းတူ၊ ဆယ်ရာစုနှစ်လောက်က လက်ဝါးကပ်တိုင် တစ်ခုကို တွေ့ရှိကြ သည်။

အိန္ဒိယပြည် ခရစ်ယာန်ဘာသာဝင်တိုနှင့် စပ်လျဉ်း၍ အခြားအကြောင်းအရာများကိုလည်း သိရှိရသည်။ နီစင်းကောင်စီ (Nicens Council)၌ ပါဝင်လက်မှတ်ရေးထိုးသူ တစ်ဦးမှာ ပါးရှားပြည်မှ ယောဟန်ဆိုသော(John of Persia) ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ထိုပုဂ္ဂိုလ်မှာ ပါးရှားတစ်ပြည်လုံးနှင့် အိန္ဒိယဆိုင်ရာ ဂိုဏ်းအုပ်ဆရာတော်ကြီးဖြစ်ကြောင်း သိရှိရသည်။ ထိုစဉ်က အိန္ဒိယပြည် ဆိုသည်မှာ အဘယ်တိုင်းပြည်ကို ရည်ညွှန်း၍ ပြောသည်ဖြစ်စေ၊ ထိုဂိုဏ်းအုပ် ဆရာကြီးနှင့်ဆိုင်သော သာသနာနယ်မှာ အလွန်ကျယ်ပြန့်သော နယ်မြေဖြစ်ပေသည်။ အင်ဂလို၊ စက်စွန် သမိုင်းမှတ်တမ်း ၌(The Anglo Saxon Chronicle) အက်ဖရက်ဘုရင် (King Alfred)သည် စစ်ဟင်း (Sighein)နှင့် အက်သယ်စတင် (Atheistan)ဆိုသူ ပုဂ္ဂိုလ်နှစ်ဦး အားလှူဖွယ် ပစ္စည်းများနှင့် ရောမပြည်သို စေလွှတ်၍ ထိုမှတစ်ဆင့် အိန္ဒိယပြည်တွင် ရှိနေသော သောမမှာ ဗာသောလမဲထံသို့လည်း စေလွှတ်ကြောင်းပါရှိသည်။ ကော့(စ)မက်အင်ဒီကို ပလူစတီ (Cosmas Indicapteustes) ရေးသားသော ခရစ်ယာန်ဘာသာဝင်များနေထိုင်ရာ မြို့ရွာနယ်မြေ အနေအထားကို ဖော်ပြသည့် The Universal Christian Topography)စာအုပ်၌ အလွန်အဖိုးထိုက်တန်သော အထောက် အထားများကို တွေ့ရှိရသည်။ ထိုပုဂ္ဂိုလ်သည် ခြောက်ရာစုနှစ်အိန္ဒိယပြည်သို ခရီးထွက်ခဲ့သည်။ ငြုပ်ကောင်းထွက်သော မာလာ (Malabar)ဒေသ၌ ခရစ်ယာန်များနှင့် အသင်းတော်ဇရပ်တစ်ခုကိုတွေ့ရှိကြောင်း ဘုံဘေမြို(Bombay)၏ တောင်ဘက် ကယ်လီအားနည်း (Calina)အရပ်၌လည်း ပါးရှားပြည်မှခန့်အပ်ထားသော ဂိုဏ်းအုပ် ဘုန်းတော်ကြီး တစ်ပါးကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။ အိန္ဒိယပြည်၌ ခရစ်နှစ်(၅၀၀)လောက်က ခရစ်ယာန်များရှိကြောင်း လုံလောက်သော အထောက်အထား ဖြစ်သည်။

သမ္မာကျမ်းစာအုပ်၌ မပါရှိဘဲ ပယ်ထားသော ‌ေသာမ၏ ဆောင်ရွက်ချက်များ” ကျမ်း၌ သောမအား အိန္ဒိယပြည်သို မည်သို့ စေလွှတ်၍ သောမသည် ထိုတိုင်းပြည်၌ မည်ကဲ့သို အမှုတော်မြတ် များကို ဆောင်ရွက်ကြောင်းတိုကို အောက်ပါအတိုင်း စိတ်ဝင်စား ဖွယ်ရေးသား ထားလေသည်။

တစ်နေ့သောအခါ တမန်တော်တိုသည် ယေရုရှလင်မြို၌ တွေ့ဆုံကြစဉ် “သင်တိုသည် မြေကြီးစွန်းတိုင်အောင် ငါ၏၊ သက်သေ ဖြစ်ကြလိမ့်မည်” ဟု သခင်ယေရှု မိန့်မှာသော စကား(တမန်တော်၊ ၁း၈)ကိုသတိရသဖြင့် မည်သူက မည်သည့်အရပ်ဒေသသို သွားရောက် ဟောပြော သက်သေခံမည်ကို စာရေးတန်မဲချ၍ တာဝန်ခွဲဝေ ယူကြလေသည်။ သောမသည် အိန္ဒိယပြည်သို သွား ရောက်ရန် မဲကျလေသည်။ သိုသော် သောမ မသွားလိုဟု ငြင်းခဲ့သည်။ သောမက မိမိသည် ထိုခရီးရှည်ကြီးကို သွားရောက်ရင် ကျန်းမာရေးချိုတဲ့ကြောင်း၊ လုပ်ငန်းဆောင်ရွက်ရန်လည်း ပစ္စည်းအလုံအလောက် မရှိကြောင်း၊ မိမိသည် ဟေဗြဲအမျိုးသား တစ် ယောက်ဖြစ်၍ အိန္ဒိယလူမျိုးများကြားထဲတွင် ဖြောင့်မတ်ခြင်း တရားကိုအဘယ်ကဲ့သို ဟောပြောနိုင်ပါမည်နည်း’ ဟု ဆင်ခြင် ပေးလေသည်။

ညအချိန် ကျရောက်သော အခါ သောမသည် သူ့ထံသို ခရစ်တော် ကြွရောက်လာသည်ကို ရူပါရုံရရှိလေသည်။ သခင်ယေရှုက ‘သောမ မကြောက်နှင့် အိန္ဒိယပြည်သို သွား၍ ဝမ်းမြောက်ဖွယ်ရာ တရား ဒေသနာတော်မြတ်ကို ဟောကြားလော့၊ ငါ၏ ကျေးဇူးကရုဏာတော်သည် သင်နှင့်အတူ ရှိသည်” ဟု မိန့်တော်မူသည်။ သောမကမူခေါင်းမာစွာဖြင့် အဆိုးဘက်ကိုသာ တွေးခေါ်လျက် “ကိုယ်တော် ကျွန်တော့်အား အခြား အဘယ်အရပ်သိုမဆို သွားရောက် စေလိုက ကျွန်တော် သွားပါမည်။အိန္ဒိယပြည်ကိုတော့ ကျွန်တော်မသွားလိုပါ” ဟု ငြင်းလေသည်။

ထိုအချိန်တွင် ယေရုရှလင်မြိုသို အိန္ဒိယပြည်မှ အယ်ဘနေ (Abbanes)ဆိုသော ကုန်သည်တစ် ဦး ရောက်ရှိလာသည်။ ရှင်ဘုရင်ဂန်ဒါပိုရ (Gindaphorus)က ထိုကုန်သည်အား စေလွှတ်ခြင်း ဖြစ် သည်။ (ရှင်ဘုရင် ဂန်ဒါပိုရ၏ အကြောင်း အိန္ဒိယရာဇဝင် သမိုင်းတွင် ပါရှိ၍ သူ၏အမည်နှင့် ဒင်္ဂါးများကိုလည်းတွေ့ရှိရ လေသည်။) အယ် ဘနေ သည် ကျွမ်းကျင်သော လက်သမားတစ်ဦးကို ရှာ၍ အိန္ဒိယပြည်သို ခေါ်ဆောင်လာရန် ရှင်ဘုရင်ဂန်ဒါပို၏ တာဝန် ပေးခြင်းကို ခံရသော ပုဂ္ဂိုလ်ဖြစ်သည်။

သခင်ယေရှုသည် လူ၏ပုံသဏ္ဌာန်ကိုဆောင်၍ ဈေးရပ်ကွက်၌ ရှိသော အယ်ဘနထံသို လာပြီးလျှင် လက်သမားတစ် ယောက်ကို ဝယ်မည်လား” ဟု မေးသည်။ အယ်ဘနေက “ဟုတ်ကဲ့ ဝယ်ချင်ပါသည်” ဟုပြောရာ သခင်ယေရှုက ‘ကျွန်ုပ်၌ လက်သမား အတတ်ကို ကျွမ်းကျင်သော ကျွန်တစ်ယောက် ရှိသည်။ သူ့ကို ရောင်းချင်သည်” ဆိုပြီး သောမကို လက်ညှိးထိုးပြသည်။ သောမက ဘာမျှမသိရဘဲ သောမကို အယ်ဘနေ လက်သို ငွေသုံးကျပ်ဖြင့် ရောင်းချလိုက်သည်။

ထိုနောက် သခင်ယေရှုသည် သောမကို အယ်ဘနေတံ သို့ခေါ်ဆောင်သွားသည်။ အယ်ဘနေက သောမအား “ဤပုဂ္ဂိုလ်သည်သင်၏ သခင်လား” ဟု မေးသောအခါ သောမက“ဟုတ်ပါသည် ဟုပြန်ဖြေလေသည်။

ထိုအခါ အယ်ဘနေက “ကျွန်ုပ်သင့်ကို သင်၏ သခင်ထံမှဝယ်ယူပြီးပြီ” ဟု ပြောလေသည်။ သောမသည်မည်သိုမျှ မပြောလို ဘဲ နှုတ်ပိတ်နေသည်။ နောက်တစ်နေ့နံနက်တွင် သောမသည် အိပ်ရာမှစောစောထ၍ သခင်ယေရှု ထံတော်ရင်းသို တိုးဝင်ချည်းကပ်ပြီး ကိုယ်တော်စေလွှတ်ရာသို ကျွန်တော် သွားပါ့မည်။ ကိုယ်တော်ရှင်၏ အလိုတော်အတိုင်းဖြစ်စေတော်မူပါ’ ဟု လျှောက် တင်လေသည်။

သောမသည် အယ်ဘနေနှင့်အတူ အိန္ဒိယပြည်သို ထွက်ခွာသွားသည်။ ထိုပြည်သို ရောက်ရှိပြီးနောက် အယ်ဘနေက သောမအား “အဘယ်ပစ္စည်းများကို ပြုလုပ်နိုင်သနည်း” ဟုမေးသောအခါ သောမက “ကျွန်ုပ်သည် သစ်သားနှင့်ဆိုလျှင် ထယ်များ၊ ထမ်းပိုးများ၊ နွားမောင်း တုတ်များ၊ လှေများ၊ တက်မများ၊ ရွက်တိုင်များနှင့်စက်ဘီးများကို ပြုလုပ်နိုင်သည်။ ကျောက်နှင့်ဆိုလျှင် ကျောက်တိုင်များ၊ ဘုရားဝတ်ပြုရန်ကျောက်များနှင့် ရှင်ဘုရင်များအတွက် နန်းတော်ဆောင်များ ဆောက်လုပ်ပေးနိုင်သည် ဟု ပြောလေသည်။

သောမသည် ဘုရင်ဂါဒပိုရ အလိုရှိ သော လက်မှုပညာရှင် တစ်ယောက်ဖြစ်သောကြောင့် အယ်ဘနဝမ်းသာ လျက်ရှိသည်။ ဂါဒပိုရသည် သူ့အတွက် နန်းတော်တစ်ဆောင်ဆောက် လုပ်ရန်သောမအား တာဝန်ပေးလိုက်သည်။

နန်းတော်နေရာအတွက် သစ်ပင်များနှင့် ရေရှိသောအရပ် ကိုရွေးချယ်ကြသည်။ နန်းတော်ကိုအလျင်အမြန် ဆောက်လုပ်ပေး မည်ဟု သော ကတိဝန်ခံချက်ပေးသည်။ သောမသည် ကျူရိုးနစ်ချောင်း ကိုယူ၍မြေနေရာကို တိုင်းတာသည်။ အစီအစဉ်ကို ပြုလုပ်သည်။ တံခါးများကို နေထွက်ရာ အရှေ့အရပ်သို မျက်နှာမူ၍ ပြတင်းပေါက်များကို လေချို ရရှိရန် အနောက်ဘက်သို မျက်နှာပြထားသည်။ မီးဖိုဆောင်ကိုတောင်ဘက်၌ထားရှိပြီး ရေသွင်းရေမြောင်းကို မြောက်ဘက်တွင် ထားရှိသည်။ ရှင်ဘုရင်က သောမအား ငွေနှင့်စားနပ် ရိက္ခာ အမြောက် အမြား ထုတ်ပေးသည်။ သို့သော်လည်း သောမသည် ငွေများကို နန်းတော်ဆောက်လုပ်ရာ၌အသုံးမပြုဘဲ အခြားမြို့များ တောရွာများသို လှည့်လည်သွားရောက်ကာ တရားကိုဟောပြောပြီး ဆင်းရဲဒုက္ခရောက်နေသော သူများအား ပေးကမ်းလေသည်။

“အဆောက်အဦး အဘယ်မျှ ပြီးမြောက်နေပြီနည်း” ရှင်ဘုရင်က မေးမြန်းသောအခါ သော မက ပြီးလုနီးပါပြီး အမိုးတစ်ခုသာမိုးရန်ကျန်ပါတော့သည်” ဟု ဖြေလေသည်။ သိုသော်လည်း အမှန်က နန်းတော်ကို စတင်ဆောက်လုပ် ခြင်း မရှိသေးချေ။

ကြေးငွေများကို လည်း ဆင်းရဲသားများအား ပေးကမ်း၍ကုန်လေပြီ။ သောမသည်သူ၏ ဘုရားသခင်အား ပူပန်၍ အသနားတော်မြတ်ခံသည်မှာ “အစစ အရာရာအတွက် ကိုယ်တော်ရှင်ကို ကျေးဇူးတော်တင်ရှိပါသည်။ ကိုယ်တော်ရှင်သည် သေးနုပ်သော ကျွန်တော်မျိုး အတွက်အသေခံသော ကြောင့် ကျွန်တော်မျိုး သည် ကိုယ်တော်ရှင်၌ အစဉ်အမြဲအသက်ရှင် ရပါသည်။ ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးအား ရောင်းချလိုက်ခြင်း အားဖြင့်လူအများကို လွတ်ငြိမ်းချမ်းသာ စေနိုင်ပါသည်)ဟူသော ဆုတောင်းပတ္တနာဖြစ်သည်။

သောမသည် သူ၏တရားဟောပြောခြင်း၊ သွန်သင်ခြင်းနှင့် ဒုက္ခဆင်းရဲရောက်သူများအား ကူညီ မစခြင်းတိုကို ဘယ်သော အခါမျှရပ်ဆိုင်းခြင်း မပြုချေ။ သောမသည် ဒုက္ခသည် များအား သင်တို အသီးသီးကို ကိုယ်တော်ရှင် ပေးကမ်းတော်မူသည်။ လူတိုင်းအား အစားအသောက်ကို ကျွေးမွေးတော် မူမည်။ ကိုယ်တော်ရှင်သည်မိဘမဲ့ကလေးများကို ထောက်ပံ့ကျွေးမွေးသော အရှင်ဖြစ်သည်။ မုဆိုးမများ၏ အားထားရာဖြစ်၍ ညှင်းပန်း နှိပ်စက် ခံရသူများအတွက် သက်သာခြင်း၊ လွတ်ငြိမ်းချမ်းသာခြင်းလည်း ဖြစ်သည်” ဟူသောအားပေးစကားကို ပြောကြားလေသည်။

နန်းတော်ကို သောမ မဆောက်လုပ်ရသေးကြောင်းကြာ ရှည်စွာဖုံးကွယ် မတားနိုင် ကြသောကြောင့် ရှင်ဘုရင်ထံသို သံတော်ဦးတင်ကြသည်။ သိုသော်လည်း ထိုတိုင်ကြားသောသူ များသည် သောမ သူတော်စဉ်။ သူတော်မြတ် ဖြစ်ကြောင်းကို သိရှိ သူများ ဖြစ်သည်။ သောမသည် အစဉ်ဆုတောင်းခြင်း အစာရှောင်ခြင်းကို ပြုလုပ်သည်။ ပေါင်မုန့်ကို ဆားနှင့်သာ စား၍ ရေကိုသာ သောက်သည်။ အကျီတထည် တည်းနှင့် နွေရောဆောင်းပါ ဝတ်ဆင်သည်။ မည်သူ့ထံမှ ဝတ္တုပစ္စည်း တစ်ခုခုကိုမျှ လက်ဖြန့် မခံ သူ့၌ရှိသမျှကို အခြားသူများအား စွန့်ကြဲ ပေးကမ်းသည်” ဟု ဆိုကြသည်။

နောက်ဆုံးတွင် ရှင်ဘုရင် သောမအား နန်းတော်ကို ပြခိုင်းသည်။ သောမက- “အရှင်မင်းကြီး… ယခုအသက်ရှင်စဉ် ကျွန်တော်မျိုးအောက်သော နန်းတော်ကို မြင်တွေ့မည် မဟုတ်ပါ။ အရှင်မင်းကြီး နတ်ရွာစံတော်မူသောအခါမှ ဤနန်းတော်ကြီးကို မြင်တွေ့ရပါမည်” ဟုလျှောက်တင်လေသည်။

ရှင်ဘုရင်သည် လွန်စွာ အမျက်ဒေါသထွက်သဖြင့် သောမအားထောင်ထဲတွင် ချုပ်နှောင်ထားစေပြီး ကွပ်မျက်ရန် အကြံရှိသည်။ သောမအား ခေါ်လာသော အယ်ဘနေကိုပါ သတ်ပစ်ဖို စိတ်ကူးထား သည်။

သောမသည် ထောင်တွင်း၌ အသတ်ခံရမည့်အချိန်ကို စောင့်နေသည်။ ဘုရင် ဂါဒါရ၌ “ဂက် (Gad)ဆိုသော ညီ တစ်ယောက် ရှိသည်။ သောမ၏ အပြုအမူသည် “ဂက်”ကို လွန်စွာ ဒေါသအ မျက်ထွက်စေသည်။ ထို ပြင်းထန်သော အမျက်ဒေါသကြောင့် “ဂက်”သည် အပြင်းဖျားပြီး သေဆုံးလေသည်။ “ဂက်” မသေဆုံးမီ အစ်ကိုဂန်ဒါပိုရအား သောမကို အရှင်လတ်လတ် အရေဆုတ်ခွာပြီး မီးကင်သတ်ရန် အခွင့်တောင်းလေသည်။

ထိုစဉ်တွင် ဂက်’ သေဆုံး၍ ကောင်းကင်ဘုံသို ရောက်ရှိ သွားသောအခါ ကောင်းကင် တမန် တို့ က ကောင်းကင်ဘုံ ရှိ နေအိမ်အဆောက်အဦးများကို လိုက်၍ ပြသပြီး အဘယ်နေရာ၌ နေထိုင် လိုကြောင်း မေးမြန်းကြသည်။

အလွန် ကြီးကျယ်ခန်းနားသောနန်းတော် ကြီးတစ်ဆောင် သိုရောက်ရှိသောအခါဂက်က ဤ နန်းတော်ကြီး၏ အညံ့ဆုံး အခန်း၌ နေချင်ပါသည်ဟု ပြောသည်။ ကောင်းကင်တမန်က ဤနန်းတော်ကြီး သည် ပုဂ္ဂိုလ်တစ်ဦးအတွက် သီးသန့်ထားရှိသော အဆောက်အအုံဖြစ်သည်။ သင့်အတွက်မဟုတ်” ဟု ပြောလေသည်။

ဆက်လက်၍ ကောင်းကင်တမန်က “ဤနန်းတော်သည် သင့် အစ်ကိုအတွက် သောမ ဆောက်လုပ်ပေးသော နန်းတော်’ ဟုပြောပြသည်။ ဂက်’ သဘောပေါက်လာသည်။ သူ၏အစ်ကို ဂန်ဒါပိုရအား အဖြစ်အပျက် အလုံးစုံကို ပြန်ပြောပြရန် လူ့ပြည် လောကကြီးသို ခေတ္တ ပြန်ခွင့် ပြုဖို ကောင်းကင်တမန်ထံ၌ ခွင့်ပန် သည်။ အခွင့်ရ၍ “ဂက်သည် လောကကြီးထဲသို ပြန်ရောက်လာ သောအခါ “ဂန်ဒါပို ရ” အား ကောင်းကင်ဘုံ၌ရှိသောသူ၏ နန်းတော်ကို ရောင်းရန်ပြောလေသည်။

“ဂါဒပိုရ သည် “ဂက်” အဘယ်နန်းတော်အကြောင်း ပြောဆိုနေသည်ကို အလျင်းမသိချေ။ ကောင်းကင်ဘုံ၌ `ဂန်ဒါပိုရအတွက် သောမ ဆောက်ပေးထားသော နန်းတော်အကြောင်းကို “ဂက်က ပြောပြသည်။ သူပေးထားသော ငွေကြေးနှင့် စားနပ်ရိပ်က္ခာများဖြင့် သောမသည် ဒုက္ခဆင်းရဲ ရောက်နေသူများ၊ ညှင်းပန်းနှိပ်စက်ခံနေရသောသူများအား ကူညီမစခြင်းဖြင့် သူ့အတွက် ကောင်းကင် ဘုံ၌နန်းတော် တစ်ဆောင် ဆောက်ပေးထားသည်ကို “ဂန်ဒါပိုရသဘောပေါက်သွားသည်။

ထိုကြောင့် ဂန်ဒါပိုရသည် သောမကို ထောင်မှလွက်သည် သာမက သောမ လက်ဖြင့် နှစ်ခြင်းမင်္ဂလာခံယူကာ ကြည်ညိုလေးစားခရစ်ယာန်တစ်ယောက် ဖြစ်လာသည်။

အထက်ပါ အကြောင်းအရာများသည် သောမ အဖြစ်အပျက်ဒဏ္ဍာရီပုံပြင်လွယ် ဖြစ်သည်။ ထိုဒဏ္ဍာရီ၌ သောမ သေဆုံးသောအခါ၊ သူ၏ ရုပ်အလောင်းကို အက်ဒီစာEdessa မြို ့သို့ ယူဆောင်လာပြီး သူ၏အမည်ဖြင့် ခေါ်ဝေါ်သမုတ်သော ဘုရားရှိခိုးကျောင်းတွင် အမှတ် တရမြှုပ်နှံထားသည့် အကြောင်းတိုကိုဆက်လက်ဖော်ပြထားသည်။

ကျမ်းတတ်ပုဂ္ဂိုလ်များကသောမနှင့် အိန္ဒိယပြည်အကြောင်း သည် ဒဏ္ဍာရီပုံပြင်သာဖြစ်၍ အိန္ဒိယပြည်၌ ခရစ်ယာန်သာသနာ၏ အခြေခံအုတ်မြစ် အစပျိုးခဲ့သူ သောမမှာ တမန်တော် မဟုတ်ဘဲ သာသနာပြု တစ်ပါးသာ ဖြစ်သည်ဟု ယူဆကြသည်။ ရှေးခရစ်ယာန် လူကြီးများ၏ အဘိဓာန် ( Dictionary of Christian Antiquities) ရောဘတ်စင်ကား (Robert Sinker) ဆိုသော ပုဂ္ဂိုလ်ကဤအချက်နှင့် ပတ်သက်၍ ဖော်ပြထားသည်မှာ “သောမနှင့်အိန္ဒိယပြည်အကြောင်း ဒဏ္ဍာရီအဖြစ်အပျက်ကို သမိုင်းဝင်ဖြစ်ရပ်ဟု ပြောဆိုပါကလည်း မဆင်ခြင် မစဉ်းစားဘဲ ပြောဆိုခြင်းသာဖြစ်ပေမည်။ ဤဒဏ္ဍာရီ၌ အခြေအမြစ်မရှိဟု ပြောပါကလည်း မဆင်ခြင် မစဉ်းစားပြောဆိုခြင်းပင် ဖြစ်ပေမည်။

‘ဒုတိယမြောက် ပြောဆိုချက်ကပို၍ အောင်မြင် မစဉ်းစား ပြောဆို ခြင်းပင်ဖြစ်သည် ဟု ထင်မြင်ယူဆစရာ ရှိသည်ဟူ၍ ဖြစ်သည်။ သောမနှင့် အိန္ဒိယပြည်အကြောင်း ကို ဝမ်းနည်းစွာဖြင့် စွန့်ပစ်ရပေမည်။ ထိုသို စွန့်ပယ်လိုက်သော်လည်း သောမ၊ အသက်ဂုဏ်အင်္ဂါနှင့် အကျင့်စာရိတ္တ တိုသည် ယင်းဒဏ္ဍာရီပုံပြင်ပါ အချက်များနှင့် တိကျမှန်ကန်စွာကိုက်ညီလျက်ရှိကြောင်း တွေ့ရမည်။

သောမသည် အမဲစက်နှင့်သူတော်စင် သူတော်မြတ်တစ်ယောက်ဖြစ်သည်။ သောမအား တစ်ခုခုကို ဆောင်ရွက်ခိုင်းလျှင် အစဉ်သဖြင့်သူ၏ ပထမဆုံး တုံပြန်ချက်မှာ ငြင်းဆိုခြင်းဖြစ်သည်။ သူ့အားယုံကြည်ရန် ပြောလျှင်လည်း မယုံကြည်မှုဖြင့် တုံပြန်တက်သည်။သူဆောင်ရွက်ရန်ပေးသော တာဝန်ဝတ္တရားများသည် အစဉ်သဖြင့်သူ့အဖို ခက်ခဲသောအလုပ်များ ဖြစ်သည်။ သူကြားရသော သတင်းကောင်းများသည်လည်း ကောင်းလွန်းအားကြီးနေသဖြင့် စိတ်ကူးမျှသာဖြစ်သည်ဟု သူထင်သည်။ ခက်ခဲစွာ ဖြင့် ယုံကြည်ရမည်အကြောင်းများကို သောမသဘောပေါက်သော အခါတွင်မူ စွဲမြဲခိုင်မာစွာ ယုံကြည်လာသည်။ ငြင်းခုံခြင်းအားဖြင့် သောမ၏ သံသယဖြစ်မှုတိုကို ဖြေဖျောက်နိုင်သည်မဟုတ်၊ ကိုယ်တော်ရှင်သည် သူ၏ထံပါး သူ၏မျက်မှောက်၌ ရှိခြင်းအားဖြင့် သူ၏ယုံမှားသံသယများ ကွယ်ပျောက်ခြင်းဖြစ်သည်။ ခရစ်ယာန်တိုင်း သိထားရမည် အချက်တစ်ချက်ကို သောမသည် အဖန် တလဲလဲတွေ့ကြုံသိရှိခဲ့ရသည်။ ယင်းအချက်မှာ “မိမိ၏ခွန်အားဖြင့် အဘယ်အရာကိုမျှ မတတ်စွမ်းနိုင်၊ သိုသော်… ဘုရားသခင်ပါ ရှိလျှင် မဖြစ်နိုင်သောအရာဟူ၍ မရှိ’ ဟူသောအချက်ပင်ဖြစ်သည်။

အခန်း (၆)

မဿဲ

လူတိုင်း စက်ဆုပ်ရွံရှာခြင်းခံရသောသူ

စက်ဆုပ်ရွံရှာခြင်းခံရသူ အခွန်ခံတစ်ဦး ဖြစ်ခဲ့ကြောင်း ငွေထုပ်ဖြင့် အဓိပ္ပာယ် ဖော်ပြသည်။

ကိုယ်တော်သည် လေဝိကိုမြင်သော် ငါ့နောက်လိုက်လော့ဟု မိန့်တော်မူသည်။ (လု၊ ၅:၂၇-၂၈)

ကျွန်ုပ်တိုသည် မဿဲ၏အတ္ထုပ္ပတ္တိကို တစ်နည်းအားဖြင့်ကြည့်လျှင် သူ၏အကြောင်းကို အနည်းငယ်သာသိရှိ၍ အခြားတစ်နည်းနှင့်ဆိုလျှင် သူ၏အရည်အသွေးကို အမြောက်အမြား တွေ့ရှိရမည်။ ကျွန်ုပ်တိုသည် သူ၏ အရည်အသွေးကို အနည်းငယ်သာ သိရှိရသော်လည်း သူသည် အခွန်ခံတစ်ယောက်ဖြစ်သောကြောင့် မည်ကဲ့သို လူစားမျိုးဖြစ်မည်ကိုများစွာ ခန့်မှန်းနိုင်သည်။ ခရစ်ဝင် ပထမဆုံးကျမ်း၌ ပါရှိသော မဿဲ၏ အကြောင်းအရာများကို ယှဉ်တွဲ၍ကြည့်ရှုမည်ဆိုလျှင် သူ၏အရည်အသွေးကို သိရှိ ကောက်နှုတ်ရယူနိုင်သည်။

မာကု၏ အပြော “သခင်ယေရှုသည် လမ်းပေါ်၌ကြွတော်မူစဉ် အာလဖဲ၏သား လေဝိသည် အခွန်ခံရာတဲ၌ ထိုင်နေသည်ကို မြင်သော် ငါ့နောက်သို လိုက်လော့ဟု မိန့်တော်မူ၏။ ထိုသူသည်လည်း ထ၍ နောက်တော်သို လိုက်လေ၏” (ရှင်မာကု၊ ၂း၁၄)

မဿဲ၏အပြော- ယေရှုသည် ထိုအရပ်မှ ကြွတော်မူလျှင် မဿဲအမည်ရှိသော သူတယောက် သည် အခွန်ခံရာတဲ၌ ထိုင်နေသည်ကို မြင်သော် ငါ့နောက်သို လိုက်လော့ဟု မိန့်တော်မူ၏။ ထိုသူသည်လည်းထ၍နောက်တော်သိုလိုက်လေ၏။ (ရှင်မဿဲ၊ ၉း၉)

လုကာ၏ အပြော ‘ထိုနောက် ကိုယ်တော်သည် ထွက်ကြွ၍ လေဝိအမည်ရှိသော အခွန်ခံသူသည် အခွန်ခံရာတဲ၌ ထိုင်နေ သည်ကို မြင်သော် ငါ့နောက်သို လိုက်လော့ဟု မိန့်တော်မူ၏။ ထိုသူသည်လည်းရှိသမျှတိုကို စွန့်ပစ်လျက်ထ၍ နောက်တော်သို လိုက်လေ၏။ (ရှင်လုကာ၊ ၅:၂၇-၂၈)

ဤကျမ်းချက်များအားဖြင့် မဿဲကို လေဝိဟု ခေါ်ဝေါ်ကြောင်းကိုကျွန်ုပ်တို သိရှိရသည်။ ပါလတိနတိုင်းပြည်၌ နေထိုင်ကြသော ယောက်ျား များသည် နာမည်နှစ်ခုထားလေ့သုံးထ ရှိ သည်ကို ဖော်ပြခဲ့ပြီးပါပြီ။ မဿဲ၏ အဓိပ္ပာယ်မှာ “ဘုရားသခင်၏ ဆုကျေးဇူး’ ဖြစ်သည်။ သခင် ယေရှုသည်ရှိမုန်ကို ပေတရုဟူသော အမည်သစ် ခေါ်ဝေါ်သကဲ့သိုလေဝိကိုလည်း တပည့်အဖြစ်ဖြင့် ခေါ်တော်မူသောအခါ မဿဲ၏အမည်သစ်ဖြင့် ခေါ်ဝေါ်ခြင်း ဖြစ်ပေမည်။ တမန်တော်တစ်ဆယ့် နှစ်ပါးတွင် မဿဲ၏ညီ တစ်ယောက်ပါသေးသည်။ သူ၏အမည်မှာ ယာကုပ်ဖြစ်၍ သူသည်လည်း အာလဖဲ၏သားဖြစ်သည်။ (မဿဲ၊ ၁၀း၃)။

            မဿဲ၏ အထူးထင်ပေါ်သောအချက်ကားသူသည် အခွန်ခံတစ်ယောက်ဖြစ်သည် ဟူသော အချက်ဖြစ်သည်။ ဂျိမ်းဘုရင်ကျမ်းစာအုပ်၌ မဿဲကို ပက်ဗလီကင်(Publican)ဟု ခေါ်ဝေါ် ထားသည်။ သာမန် အင်္ဂလိပ်စာ၌ ဤစကားလုံး၏ အဓိပ္ပာယ်မှာ ပြောင်းလဲ၍သွားသည်။ သမ္မာကျမ်းစာ၌ ဤစကားလုံးကို ပက်ဗလီကာနပ်(publicants)ဆိုသော လက်တင်(Latin)စကားမှ ရယူသည်။အဓိပ္ပာယ်မှာ ပြည်သူ့ဝန်ထမ်းဟု ဆိုလိုသည်။ အထူးသဖြင့် ငွေရေးကြေးရေးကို ကိုင်တွယ်ရသော ဝန်ထမ်းဖြစ်သည်။ ထိုကြောင့် အခွန်ခံဟုခေါ်သည်။

ထိုအချိန်က အခွန်ခံတစ်ဦးထက်ပို၍ မုန်းတီးရွံရှာခြင်းခံရသောလူတန်းစားမရှိချေ။ စတက်ဖား(Stapfer)ဆိုသော ပုဂ္ဂိုလ်ကအခွန်ခံများကို စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အမျိုးညံ့များဟု ခေါ်ဆိုလေသည်။ စီစာရို(Cicero)ဆိုသော ပုဂ္ဂိုလ်က အမျိုးကောင်းသားလူကြီးလူကောင်းတို့နှင့် မတော်လျော် မအပ်စပ်သော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ဖော်ပြရာ၌ လူအများသည် စက်ဆုပ်ရွံရှာမုန်းတီးသော အခွန်ခံလုပ်ငန်းနှင့်အဆမကန် ငွေတိုးချေးစားသောလုပ်ငန်းများကို ရွေးထုတ်ဖော်ပြသည်။ (De officis 1-42) လူစီရင်(Lucian)ဆိုသော ပုဂ္ဂိုလ်မြင် သော စူပါရုံ၌ မရဏသေမင်းနိုင်ငံတွင်အလွန်ရှည်လျားသော လူတန်းကြီးကို မရဏမင်း၏ တရားသူကြီးပလ္လင်နားသို ခေါ်ဆောင်သွားနေသည်ကို တွေ့ရကြောင်း။

ထိုပလ္လင်နား၌ ညှင်းပန်းနှိပ်စက်မည့်သူ၊ ဒေါသကြီးစွာဖြင့် လက်စားချေမည့်သူများ၊ ရပ်စောင့်လျက် ရှိနေကြောင်း ရှည်လျား ၊ လူတန်းကြီးထဲတွင် ပါဝင်သောသူများမှာ သူတစ်ပါးသား မယားကို ပြစ်မှားသောသူ၊ မတရားသဖြင့် ပစ္စည်းရယူသူများ၊ အခွန်ခံများ၊  ကပ်မြှောင်များ၊ အတင်းပြောသူများ၊ သန်းကြွယ် သူဌေးများ၊ ငွေချေးစား သူများနှင့် စည်းစိမ်ယစ်မူးနေသောသူများ ဖြစ်ကြသည်ဟု (Menippus 2) စာစောင်၌ ဖော်ပြထားသည်။

လူမျိုးတကာတို တွင် ဂျူးလူမျိုးတို သည် အခွန်ခံများကို အမုန်းတီးဆုံးသော လူမျိုးဖြစ်သည်။ အယူသည်းသော ဂျူးလူမျိုး များက ဘုရားသခင်တစ်ပါးတည်းကိုသာ အခွန်ဘဏ္ဍာ ဆက်ကပ်ရမည်။ အခြားသူများအား အခွန်ဘဏ္ဍာဆက်ကပ်ခြင်းသည် ဘုရားသခင် တစ်ဦးတည်းနှင့်သာ ဆိုင်သော အခွင့်အာဏာကိုကျူးကျော် ရာရောက်သည်ဟု ယူဆကြသည်။

လူသတ်သမားများ၊ ဓားပြများနှင့် အခွန်ခံများကို တစ်မျိုး တစ်စားတည်း ထားရှိကြသည်။ အခွန်ခံများသည် တရားရုံးများ၌ သက်သေအဖြစ်ဖြင့် လည်းကောင်း၊ တရားသူကြီးအဖြစ် ဖြင့်လည်းကောင်းဆောင်ရွက်ခွင့်မရ၊ ဗိမာန်တော်၌ပင် ရှိခိုးဝတ်ပြုခြင်း မပြုရချေ။ ထိုကြောင့် ရှင်လုကာ (၁၈း၁၃)၌ ပါရှိသော ပုံဝတ္တုတွင် အခွန်ခံသည် အဝေးကရပ်၍ဆုတောင်းသည်ကို တွေ့ရှိရသည်။ အခွန်ခံ တစ်ယောက် အနေဖြင့်နောင်တရရှိရန် အထူးခက်ခဲသည်ဟု ယူဆ ထားကြသည်။

ဘာသာရေးအရသာလျှင် အခွန်ခံတိုကို မုန်းတီးသည် မဟုတ်။ ထိုလူစားတို့သည် တရားလွန် လောဘကြီး၍ မတရားသဖြင့် လုယူတတ်သောသူများဟု နာမည်ဆိုးရှိသူများဖြစ်ကြသည်။ နောင်တရသော အခွန်ခံများက နှစ်ခြင်းဆရာ ယောဟန် အား အဘယ်အရာကို ပြုလုပ်ရ မည်နည်းဟု မေးသောအခါ “သင်တို သခင် ခွဲဝေစီမံသည်ထက်သာ၍ မခွဲခံကြနှင့် ဟု ယောဟန်က ပြန်ပြော၏။ (လုကာ၊ ၃း၁၃)

ရောမ လူမျိုးများ၏ အခွန်တော်ငွေ ကောက်ခံသည့်စနစ်သည် ၊အလွဲသုံးစားရန်နှင့် မတော်မတရားပြုလုပ်ရန်အတွက် လွယ်ကူစေသည်။ ရောမဘုရင် လက်အောက်၌ အခွန်တော် ကောက်ခံရန် ကိုယ်စားလှယ် များကို ခန့်ထားသည်။ တရားဥပဒေအရ ဖွဲစည်းထားသော ငွေရေး ကြေးရေးနှင့် ပတ်သက်သည့် အဖွဲအစည်းများ သည် တိုင်းပြည်အတွင်း အခွန်တော်ငွေ မည်မျှ ကောက်ခံပေး မည်ဟူသော အခွင့်အာဏာကို အစိုးရထံမှ ဝယ်ယူကြရသည်။ ထိုနောက် ဤအသင်းအဖွဲများသည် အမြတ်များ များ ရရှိရန် ကျေးလက်တောရွာများမှ အခွန်အကောက်များ ကို မတရား မညာမတာ ကောက်ခံကြလေသည်။

ရောမဘုရင်လက်အောက်၌ ဖွဲစည်းထားသော အခွန်အတုတ် ကောက်ခံသည့် ဤအဖွဲအ စည်းများသည် ကံဆိုးမိုးမှောင် ကျနေကြသော ကျေးတောသူ၊ တောသားများအား ငရဲပြည်၌နေရသည့်အလား စိတ်ဆင်းရဲအောင် ဒုက္ခပေးကြလေသည်။ ရောမအင်ပါယာတွင် အသစ်ပြုပြင် ပြောင်းလဲခြင်းများ အမြောက်အများပြုလုပ်သည် ရောမအစိုးရသည် အခွန်တော်ငွေကို ကိုယ်တိုင် စည်းကြပ်သည်။ ထိုသိုမဟုတ်လျှင်လည်း အခွန်များပေါ်၌ အထူးကြပ်မတ် လေသည်။ ပြုပြင်ပြောင်းလဲသော စနစ်သစ်အောက်၌ပင်လျှင် အခွန်တော်ငွေများ ကောက်ခံဖို ကိုယ်စားလှယ် များထားရှိရန် လိုအပ်သည်။ ထိုကိုယ်စား လှယ်များ သည် မတရားသောနည်းများဖြင့် အခွန်များကို စည်းကြပ်လျက် ပင်ရှိကြသည်။ ဆန်းကြယ်သည်မှာ အသစ်ပြုပြင်ပြောင်းလဲသော စနစ်အောက်၌ အခွန်ခံများအား ပို၍ရွံရှာမုန်းတီးကြလေသည်။

စနစ်ဟောင်း၏ ငွေရေးကြေးရေး အဖွဲအစည်းများ၌ တောရွာ များသို စေလွှတ်ရန် ကျွမ်းကျင်သော ကလေးများ၊ အတွင်းရေးမှူးများ၊ စာရင်းကိုင်များ ရှိကြသည်။ စနစ်သစ်တွင် အစိုးရသည် အခွန် ငွေကောက်ခံရန် နယ်များမှကိုယ်စားလှယ်များကို ခန့်ထားသဖြင့် ထိုကိုယ်စား လှယ်အခွန်ခံများကို တိုင်းသူပြည်သားများက မိမိကောင်းစားရေးအတွက် တိုင်းသူပြည်သားများကို ညှဉ်းပန်းနှိပ်စက်သော တိုင်းတစ်ပါးရန် သူအစိုးရအား မိမိဘဝ၏အသက်တာကို ရောင်းစားသည့် တိုင်းပြည်၏ရန်သူ သစ္စာဖောက် များဟု သဘောထားကြလေသည်။

ယေဘုယျအားဖြင့် ပြောရမည်ဆိုလျှင် အခွန်တော်ငွေ ကောက်ခံခြင်း နှစ်မျိုး နှစ်စားရှိ၍ အခွန်တော်ငွေကောက်ခံသူများ လည်း နှစ်မျိုးနှစ်စားရှိသည်။ အချိုအခွန်တော်ငွေများကို စည်းကြပ်၍ ကန့်သတ်ထားသော နှုန်းထားဖြင့် စည်းကြပ်သည်။ ဤကဲ့သိုသော အခွန်တော်ငွေ ကောက်ခံသူများကို ဂက်က (Gabbai)ဟုခေါ်သည်။ ထိုသူများ၌ မတရားပြုလုပ်ရန် အခွင့် အလမ်း မရှိချေ။

အဘယ်ကြောင့်ဆိုသော် ထိုသူတို ကောက်ခံရမည် အခွန်တော်များမှာ ဥပဒေအရပြ ဌာန်းထားပြီးသောကြောင့် ဖြစ်သည် ဥပဒေအရ ပြဌာန်းထားသော အခွန်တော်ငွေများမှာ သုံးမျိုးသုံးစားရှိသည်။

အမျိုးအစားမှာ မြေခွန်တော်ဖြစ်သည်။ လူတစ်ယောက်သည် မိမိစိုက်ပျိုး ရရှိသော စပါးသီးနှံထဲမှ ဆယ်ရာခိုင်နှုန်းကိုအခွန်တော်အဖြစ်ပေးရ သည်။ ထွက်ရှိသည့် စပျစ်ရည် သစ်သီး နှင့်ဆီများထဲမှ ငါးရာခိုင်နှုန်းကို အခွန်တော် အဖြစ်ဖြင့် ပေးရမည်။ဝင်ငွေခွန်ကို တစ်ရာခိုင်နှုန်း စည်းကြပ်သည်။ လူခွန်ကိုလည်းစည်းကြပ်သည်။ အမျိုးသားများမှာ အသက် ၁၄ နှစ်နှင့် ၆၅နှစ် အတွင်း၊အမျိုးသမီးများမှာ ၁၂နှစ်အတွင်း တစ်နှစ်လျှင် ဒေနာရီတစ်ပြားပေးဆောင်ရမည်။ ရောမငွေဒင်္ဂါးနာရီ တစ်ပြားသည် အင်္ဂလိပ်ပိုက်ဆံကိုးပဲနိနှင့်ညီမျှသည်။ ထိုအချိန်က ပါလေတိနတိုင်း၌ အလုပ်သမားတစ်ယောက်၏ တစ်နေ့လုပ်ခသည် ဒေနာရီ တစ်ပြားဖြစ်သည်။

ဒုတိယအမျိုးအစား အခွန်တိုကို မိုခ်(Mokhes)ဟု ခေါ်သည်။ထိုသူများမှာ အကောက်တော်ဌာနမှ အရာရှိများနှင့် ခပ်ဆင်ဆင်ဖြစ်သည်။ အကောက်အခွန်ကောက်ခံရန် အရာရှိ အမြောက်အမြား ထားရှိရသည်။ အစိုးရ၏ လုပ်နည်းလုပ်ပုံမှာ အရာရှိတစ်ယောက်အားတစ်နေရာ၌ ပစ္စည်းတစ်မျိုး အခွန်စည်းကြပ်ရန် ထားရှိသည်။ ထိုကဲ့သိုအခွန်စည်းကြပ်ရန် ပစ္စည်းအမျိုးအမည်မှာ ထောင်သောင်းမကများပြားသည်။ တိုင်းပြည်၏ သွင်းကုန်ထုတ်ကုန်အပေါ်တွင်လည်းအကောက်အခွန်စည်းကြပ် ရသည်။ ဤအကောက်အခွန်သည်တိုင်းပြည် အစိုးရအတွက် အဓိကငွေဝင်လမ်းဖြစ်သည်။

သွင်းကုန်ထုတ်ကုန်ပေါ်၌ ပစ္စည်းအမျိုးအစား လိုက်၍ ၂) ရာခိုင်နှုန်းမှ ၁၂ရာခိုင်နှုန်းထိ ကောက်ခံသည်။ ဆီးရီးယားပြည်ကဲ့သို အချိုကုန်ပစ္စည်းများပေါ်တွင် အကောက်တော်နှုန်းဇယား အရကောက်ခံသည်။ အရောင်းအဝယ်လုပ်သော ပစ္စည်းများပေါ်၌ အကောက်တော်ခွန် ကောက်ခံသည်။

တံတားကို အသုံးပြုလျှင် အခွန်ပေးရသည်။ လမ်းမကြီးများကိုအသုံးပြုလျှင် အခွန်ဆောင်ရသည်၊ ဆိပ်ကမ်းများကို ဆိုက်ကပ်လျှင်လည်း အခွန်ပေးရသည်။ ဈေးများ၌ အရောင်းအဝယ်ပြုလုပ်လျှင် ဈေးကောက်ပေးသည်။ မြို့ထဲသို ခရီးသည်များဝင်ရောက်လာ လျှင် မြို့ဝင်ကြေးခွန်ပေးရသည်။ လူတစ်ယောက်သည် လမ်းမကြီးပေါ် ၌ ခရီးသွားလျှင် လမ်းမကြီးကို အသုံးပြုသည်အတွက် လမ်းညွှန်ပေး ရသည်။ သူ၏နွားလှည်း မြင်းလှည်းအတွက်လည်း အခွန်ဆောင်ရသည်။ ဘီးခွန် ဆောင်ရသည်။ လှည်းဝင်ရိုး ခွန် ဆောင်ရသည်။ အသုံးပြုသော နွား။ မြင်းများအတွက် တိရစ္ဆာန်ခွန်ကို ဆောင်ရသည်။

 မြစ်ကို ဖြတ်ကူးသည့်အတွက်လည်း အခွန်တော် ကောက်ခံ သည်။ သင်္ဘောများအတွက် အခွန်တော်ရှိသည်။ ဆိပ်ခံတံတား အသုံးပြုသည့် အတွက် အခွန်တော် ငွေပေးရသည်။ ဆည်များကို အသုံးပြုသည့် အတွက်လည်း အခွန်ဆောင် ရသည်။ အချိုလုပ်ငန်း များ၌ လုပ်ပိုင်ခွင့်ရရှိ ရန် အတွက် လိုင်စင် ပေးသွင်းရသည်။ အစိုးရသည်လမ်းများဆောက်လုပ်ခြင်း၊ တိုင်းပြည် ငြိမ်ဝပ်ပိပြားရေး၊ အုပ်ချုပ်ရေးနှင့်တိုင်းပြည်သာယာ စည်ပင်ရေးအတွက် အဖက်ဖက်မှဆောင်ရွက်ခြင်း ကြောင့် ငွေ မြောက်မြားစွာ အသုံးပြုရသည်။ ထိုကုန်ကျစရိတ်များကာမိရန် ကောက်ခံသည့် ဤအခွန်အတုတ်များမှ အမြောက်အမြားရရှိလေသည်။

အခွန်တော်ငွေများကို ကောက်ခံရန် အကောက်တော်ခွန်အရာရှိများ ခန့်ထားသည်။ မည်သည့်နေရာ၌မဆို ထိုအရာရှိသည်လူတစ်ယောက်ကို ရပ်ခိုင်းပြီး သူ၏ပစ္စည်းများကို စစ်ဆေးနိုင်သည်။ အိမ်ထောင်သည် အမျိုးသမီးမှလွဲ၍ လူတိုင်းကို ရှာဖွေနိုင်သော အာဏာလည်းရှိသည်။ ကွင်တီလီရင်(Quntilian)ဆိုသော ပုဂ္ဂိုလ် ရေးသားသည့် (Declammation. 359)စာစောင်၌ ရောမအမျိုးသမီး အိမ်ထောင်သည် တစ်ဦးသည် အမျိုးသမီးများအား အကောက်အခွန် အရာရှိများ၏ ရှာဖွေခြင်းမှ ကင်းလွတ်ခွင့်ပြုထားသည်ကို သိရှိရသဖြင့် သူ၏ရင်ခွင် အတွင်းခံ အင်္ကျီထဲ၌ပုလဲ အလုံးလေးရာကိုဝှက်၍ ယူဆောင်လာကြောင်းရေးသား ဖော်ပြထားသည်။

အကောက်တော် အရာရှိ သည့်အချိန်မရွေး အမျိုးသား တစ်ဦး၏ အထုပ်အပိုးကိုဖွင့်၍ ရှာဖွေနိုင် သည်။ ထိုသူ၏။ အ၀တ်ကို လည်းချွတ်၍ ရှာဖွေနိုင်သည်။ ထိုနောက် အရာရှိနှစ်သက်သလို အခွန်အတုတ်ကို စည်းကြပ်နိုင်သည်။ အခွန်ခံများက ခရီးသည်၏ မြည်းကို ယင်းထက်များစွာ ညံ့ဖျင်းသည့် မိမိမြည်းနှင့် အတင်းအကြပ်လဲယူသည့် အဖြစ်အပျက်များလည်း ရှိသည်။ အခွန်ခံများသည် ခရီးသည်များအပေါ်တွင် အခွန်အတုတ်များကို အဆမတန် စည်းကြပ်၍ အခွန်ဆောင်နိုင်ရန် မတော်မတရားသော အတိုးနှုန်းများဖြင့် ငွေထုတ်ချေးကြလေသည်။

အကောက်ခွန်အရာရှိများအဖြစ်ဖြင့် မှတ်ယူကြသည်။ သူ၏အခွန်တော်စည်းကြပ်ခြင်းကို ပရိယာယ်သုံး၍ ရှောင်လွှဲခြင်းသည်မှန်သည်ဟု ယူဆကြသည်။ ဘုရားသခင်မနှစ်သက်သော သူတိုအထဲတွင်ထိုသူများကို ထည့်သွင်းထားသည်။ ဝတ်ပြုရာကျမ်း ၂၅ ၌ ပါရှိသောအချက် သည် ထိုသူကို ရည်ညွှန်းသည်ဟု ပြောဆိုကြသည်။ ဓမ္မသစ်ကျမ်း၌ပင်လျှင် ထိုသူတိုကို သာသနာပ လူများနှင့် တစ်မျိုးတစ်စားတည်းထားရှိသည် (မဿဲ၊ ၁၈း၁၇)။ ပြည့်တန်ဆာနှင့် ထပ်တူထားသည်(မဿဲ၊၂၁:၃၁-၃၃)၊ အပြစ်သားတိုနှင့် တန်းတူထားသည်(မဿဲ၊ ၉း၁၆-၁၁၊၁၁.၁၉။ မာကု၊ ၂း၁၅း၁၆။ လုကာ၊ ၅:၃၆၊၇း၃၄၊၁၅း၁)။ မဿဲသည်ထိုအမျိုးအစားထဲက ဖြစ်သည်။

ကပေရနောင်မြို၌ အခွန်တော်ငွေများ ကောက်ခံသည်(မာကု၊၂း၁၄)။ အုပ်ချုပ်ရေးလွယ် ကူစေရန်အတွက် ပါလတိနတိုင်းပြည်ကိုနှစ်ပိုင်း ပိုင်းထားသည်။ တောင်ပိုင်း၌ တည်ရှိသော ရှမာရိပြည်နယ်နှင့်ယုဒပြည်နယ်တိုကို ရောမဘုရင်ခံက အုပ်ချုပ် ၍ မြောက်ပိုင်းရှိ ဂါလိလဲပြည်နယ်ကို ရောမဘုရင်၏လက်အောက်ခံ ဖြစ်သော ဟေရုဒ်အင်တီပတ် (Herod Antipas) ကအုပ်ချုပ်လေသည်။ ထို့ကြောင့် မဿဲသည်ရောမဘုရင်ခံလက်အောက်တွင် အမှုထမ်းခြင်းမဟုတ်ဘဲ ဟေရုဒ် အင်တိပတ်မင်း၏ လက်အောက် တွင် အမှုထမ်းခြင်း ဖြစ်သည်။

သို့သော်လည်း မဿဲပေါ်၌ လူအများထားရှိကြသော သဘောထားမှာ မထူးခြားချေ။ သူ့အတွက်လည်း မတရားသဖြင့် အခွန်အတုတ်စည်းကြပ်နိုင်သည့် အခွင့်အရေးများလျှော့၍ မသွားချေ။ အဘယ်ကြောင့်ဆိုသော် ဟေရုဒ်အင်တိပတ်မင်းသည် ရောမဘုရင်၏ လက်အောက်ဖြစ် သည်။ မဿဲ၏ အခွန်ခံဌာနသည် နယ်စပ်နားတွင် တည်ရှိဟန်တူသည်။ အရှေ့ဘက်ရှိ ဒမသက်မြိုနှင့် အနောက်ဘက်ရှိ မြေထဲပင်လယ်၏ဆိပ်ကမ်းအေကာ(Acre)မြိုကို ဆက်သွယ်သောလမ်းမကြီးသည် ဟေရုဒ်မင်း၏ညီ ဖိလိပ္ဘုရင်ခံ အုပ်စိုးသော ဣတုရ(Ituraea)နှင့် တရာခေါနီတိ (Trachonitis)နယ်များကို ဖြတ်ကျော်၍ ကပေရနောင် (Capernatum)မြိုမှ တစ်ဆင့် ဟေရုဒ်မင်းအုပ်စိုးသော ဂါလိလဲ ပြည်နယ်ထဲသို ဖြတ်ဝင်သွားသည်။ ဤလမ်းမကြီးပေါ်၌ သွားလာပို အောင်ကြသော ခရီးသည်နှင့် ပစ္စည်းများ၊ ဂါလိလဲပင်လယ်၌ သွားလာ ပို့ဆောင်ကြသော ခရီးသည်နှင့် ပစ္စည်းများပေါ်တွင် အခွန်စည်းကြပ်ရန် ဝတ္တရားသည် မဿဲ၏အလုပ်ဖြစ်သည်။

မဿဲ၏ အခွန်ခံတဲသည် ပင်လယ်ကမ်းနားတွင် တည်ရှိ၍ သခင်ယေရှုဟောပြော သွန်သင်ခြင်းကို မကြာခဏ ကြားနားရပေလိမ့်မည်။ သခင်ယေရှုခေါ်ဖိတ်သော စကားသည် အပယ်ခံ မိတ်ဆွေမဲ့ ဖြစ်နေသော မဿဲ၏ နှလုံးသားကို ထိခိုက်သဖြင့် သခင်ယေရှု ခေါ်တော်မူသောအခါ နောက်တော်သို လိုက်ရန် မဿဲအသင့်ရှိသည်။

ရှင်လုကာခရစ်ဝင်၌ လုကာပြောပြချက်အရ မဿဲပထမဆုံးပြုလုပ်သော အရာမှာ သူ၏အိမ်၌ သူ၏အပေါင်းအဖော်များ ဖြစ်သောအခွန်ခံများအပါအဝင် လူအပေါင်းအသင်းမှ အပယ်ခံများနှင့်အတူ စားသောက်ပွဲ ပြုလုပ်ခြင်း ဖြစ်သည်။ မဿဲသည် သခင်ယေရှုကို တွေ့သိရသောအခါ သူ၏ ပထမဆုံး တုံပြန်မှု အနေ ဖြင့် အခြားသူများကိုလည်း သခင်ယေရှုအား တွေ့သိရန် အခွင့် အလမ်း ဖွင့်ပေးခြင်းဖြစ်သည်။ သခင်ယေရှုသည် ဤကဲ့သိုသော လူတန်းစားနှင့် အတူတကွ စားသောက်နေ သည်ကို ကျမ်းပြုဆရာနှင့် ဖာရိရှဲတိုမြင်သောအခါ စက်ဆုပ်ရွံရှာ ကြသည်။ ကျန်းမာသော သူတိုသည် ဆေးသမားကို အလိုမရှိကြနာသောသူတိုသာလျှင် အလိုရှိကြ၏။ ငါသည် ဤနေရာမှ လွဲ၍ အဘယ်အရပ်မှာ ရှိရမည်နည်း” ဟု သခင်ယေရှုက အဖြေပေးလေသည် (လုကာ၊ ၅:၂၉-၃၀)။ လူတိုင်း မုန်းတီးရွံရှာသောသူကို သခင်ယေရှု ရွေးကောက်တော်မူသည်။ အရှက်တကွဲ အကျိုးနည်းဖြစ်၍ ဂုဏ်ကျက်သရေ ကင်းမဲ့သောသူကို တပည့်တစ်ဦးအနေဖြင့် သခင်ယေရှု ရွေး ကောက်လေသည်။ ဤသိုသော လူစားမျိုးက တမန်တော် တစ်ပါး ဖြစ်လာရန်စဉ်းစား၍မရနိုင်ချေ။ ကပေရနောင်မြို၏ အခွန်ခံ တစ်ယောက်၌တမန်တော်တစ်ပါး ဖြစ်လာရန် ဂုဏ်အင်္ဂါကို သခင်ယေရှုမြင်တွေသောကြောင့် ဖြစ်ပေသည်။

လုကာသည် သူ၏ခရစ်ဝင်ကျမ်း (၅း၂၈) တွင် သခင်ယေရှု၏ဖိတ်ခေါ်ခြင်းကို မဿဲတုံပြန်မှုအကြောင်းရေးသား ဖော်ပြရာ၌ “ထိုသူသည်လည်း ရှိသမျှတိုကို စွန့်ပစ်လျက် ထ၍နောက်တော် သိုလိုက်လေ၏” ဟု ဆိုထားသည်။ သိုသော်လည်း မဿဲသည် သူနှင့်အတူ အရာဝတ္တုတစ်ခုကို ယူဆောင်သွားသည်။ ထိုအရာ ဝတ္တုသည် သူ၏ ကလောင်တံဖြစ်သည်။ ရှေးလူကြီး သူမစကားအရ မဿဲသည် ခရစ်ဝင်ကျမ်းကို ဟေဗြဲဘာသာစကားဖြင့် ရေးသားသည်ဟု အဆိုရှိသည်။ ယူစီးဘိသ(Eusebius)က(The Ecclesiatical History? 2,24,5, of Irenaws, Against Heresies 3,1, Origen quoted in Eusebius, 6,2,3,4)ရေးသား ဖော်ပြထားသည်မှာ-

သခင်ယေရှု၏ တမန်တော်များတွင် မဿဲနှင့်ယောဟန်သာ လျှင် ကျွန်ုပ်တို အတွက် သူတို၏ မှတ်တမ်းများကို ထားရှိခဲ့လေသည်။ အထူးလိုအပ်လာ၍ မဿဲသည် သူ၏ခရစ်ဝင်ကျမ်းကို ရေးသည်ဟုအဆိုရှိသည်။ အစဦး၌ မဿဲ သည် ‌ဟေဗြဲလူမျိုးများအား တရားဟောပြောသည်။ ဟောပြောသက်သေခံရမည့်အချိန် ရောက်ရှိသောအခါ ကျန်ရစ်ခဲ့သော ဟေဗြဲလူမျိုးများအတွက် ဟေဗြဲဘာသာဖြင့်ဝမ်းမြောက်ဖွယ်ရာ သတင်းကောင်း ခရစ်ဝင်ကျမ်း ကိုရေးသားထားရှိ ခဲ့ခြင်းဖြစ်သည်။ ဂျာရုံ(Jerome)ဆိုသော ပုဂ္ဂိုလ်က အခွန်ခံဘဝမှ တမန်တော် ဖြစ်လာသော လေဝိဟု ခေါ်တွင်သည့် မဿဲ သည်ယုဒပြည်တွင် သခင်ယေရှု၏ ဝမ်းမြောက်ဖွယ်ရာ သတင်းကို အရေဖျား လှီးခြင်းခံယူသော ယုံကြည်သူ ဂျူးလူမျိုး များအတွက် ဟေဗြဲဘာသာဖြင့် ပထမဦးဆုံး ရေးသားသူ ဖြစ်ကြောင်း ဟေဗြဲဘာသာမှဂရီ” ဘာသာသို အဘယ်သူ ပြန်ဆိုခဲ့သည်ကိုမူ အသေအချာမသိကြောင်း ဖော်ပြထားသည်။

မင်းဧကရာဇ်များ၏ စာအုပ်နိဒါန်းများ(The Monarchian Prologues)၌ မဿဲသည်သူ၏ ခရစ်ဝင်ကျမ်းကိုယုဒပြည်တွင်ရေးသားသည်ဟု ဖော်ပြထားသည်။ ယူစီးဘိယ ရေးသားသော (The

Ecclesiatical History 5,10,3) နှင့်ဂျာရုံရေးသားသော(ConcerningI11’strious Men,36)၌ ပန်သေန ( Pantaenus) ဆိုသော ပုဂ္ဂိုလ်သည် အိန္ဒိယပြည်သို ရောက်သည့်အခါ၊ ဟေဗြဲဘာသာဖြင့် ရေးသားထားသော မဿဲ၏ ခရစ်ဝင်ကျမ်းကို တွေ့ရှိကြောင်း၊ ထိုကျမ်းကို အိန္ဒယပြည်သို့ ဗာသောလမဲ ယူဆောင်ခဲ့ကြောင်းဖော်ပြထားသည်။ မဿဲ တစ်ဦးတည်းသာလျှင် ဝမ်းမြောက်ဖွယ်သတင်းကို ဟေဗြဲဘာသာဖြင့် ရေးသား၍ကျန် ကျမ်းပြုဆရာများသည် ဂရိဘာသာဖြင့် ရေးသားသည်ဟုဩဂေါစတင်းက ပြောသည်။

ဂျာရုံက ထပ်မံဖြည့်စွက်ထားသည်မှာ မသဲ၏ဟေဗြဲဘာသာနှင့် ကျမ်းစာကို ပင်ပိလ(Pamphilus)သည် စီစရီးယား (Caesarea)၌ စုသိမ်းပြီး သိမ်းဆည်း ထားသည် ဆိုသည်။ သိုသော်… သူကိုယ်တိုင် ထိုကျမ်းကို တွေ့ရှိရသည် ဟု မဆိုချေ။

ဟေဗြဲဘာသာဖြင့် ခရစ်ဝင်ကျမ်းတစ်စောင်ကို မဿဲရေးသားသည်ဟု ရှေးလူကြီးများက တညီတညွတ်တည်း ယူဆကြသည်။ယခုခေတ် ကျမ်းတတ်ပုဂ္ဂိုလ်များက ပထမခရစ်ဝင် ကျမ်းစာစောင်ဖြစ်သော ရှင်မဿဲခရစ်ဝင်ကျမ်းသည် မသဲရေးသည်ဆိုသော အဆိုပါ ဟေဗြဲဘာသာကျမ်း မဟုတ်တန်ရာဟု ထင်မြင်ယူဆကြသည်။

ပထမခရစ်ဝင်ကျမ်းဖြစ်သော ရှင်မဿဲခရစ်ဝင်ကျမ်းသည် မာကုရေးသားသော ရှင်မာကုခရစ်ဝင်ကျမ်းပေါ်၌ အခြေခံထား သည်ကို ထင်ရှားစွာ တွေ့ရှိရသောကြောင့် ဖြစ်သည်။ သခင်ယေရှုနှင့်အတူတကွ နေထိုင်ပြီး မျက်မြင်ကိုယ်တွေ့ရှိသော ပုဂ္ဂိုလ်တစ်ဦးသည် မာကု ရေးသားသော ကျမ်းပေါ်၌ များစွာအမှီသဟဲပြုမည်ဟု မထင်မြင်ကြောင်း၊ ထိုအပြင် ပထမခရစ်ဝင်ကျမ်းကို ဖတ်ရှုသောအခါ ဟေဗြဲဘာသာမှ ပြန်ဆိုသည့် လက္ခဏာအနေအထားမျိုး မရှိကြောင်း တင်ပြကြသည်။ ထိုကဲ့သိုဆိုလျှင် အဘယ်ကြောင့် မဿဲ၏အမည်သည် ပထမခရစ်ဝင် ကျမ်းနှင့် ဆက်စပ်လျက် ရှိရသနည်းဟူသော မေးခွန်း ပေါ်လာသည်။

ခရစ်ဝင်ကျမ်းများနှင့်ပတ်သက်၍ အချက်အလက်များ ရှာဖွေစုဆောင်းသော ပုဂ္ဂိုလ်ကြီး ပပီယ(Papias)က အရိပ်အမြွက်မျှအဖြေပေးသည်မှာ မဿဲသည် သူရရှိသော ဗျာဒိတ်တော်များကို အရပ်သုံးဟေဗြဲဘာသာစကားဖြင့် ရေးသားထားသည်။ သို့သော် လည်း ပြန်ဆိုသော ပုဂ္ဂိုလ်များသည် သူတိုတတ်သိသည့်အတိုင်း အနက်အဓိပ္ပာယ် ဖော်ပြ ကြသည်ဟု (Quated in Eusebius, The Ecclesiatical History3,29,16)စာစောင်များ၌ ရေးသား ထားသည်။ ဖြစ်နိုင်ဖွယ် ရှိသည်မှာ မဿဲသည် သခင်ယေရှု မိန့်မြွက်သော တရားဒေသနာများ ဖော်ပြပါရှိသည့် မှတ်တမ်း များကို စုဆောင်း၍ ပြင်ဆင်တည်းဖြတ်ပြီး ထုတ်ဝေခြင်းဖြစ်ပေမည်။

ပထမခရစ်ဝင်ကျမ်း၌ အခြားခရစ်ဝင် ကျမ်းများထက် သခင်ယေရှု တရားဒေသနာများကို ပိုမိုတွေ့ရှိရသည်။ ဥပမာပြရ မည်ဆိုလျှင်တောင်ပေါ်ဒေသနာဖြစ်သည်။ မဿဲစုဆောင်းထား သော ကိုယ်တော်ရှင်မိန့်မြွက်သည့် စကားများနှင့် သူဖော်ပြသော ကိုယ်တော်ရှင်၏သွန်သင်ချက် တရားဒေသနာများကို ပေါင်းစပ်ထားချက်တိုသည်ပထမခရစ်ဝင်၏ အခြေခံဖြစ်သည်ကို ကျွန်ုပ်တို ယုံကြည်နိုင်သည်။ထိုကြောင့် ထိုခရစ်ဝင်ကျမ်းကို ရှင်မဿဲ ခရစ်ဝင်ကျမ်းဟူသော အမည်ဖြင့် ခေါ်ဝေါ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုခရစ်ဝင်ကျမ်း ဖြစ်မြောက်ရေးအတွက် မဿဲများစွာ ဆောင်ရွက်ပေးသောကြောင့် ဖြစ်သည်။

မဿဲသည် အခွန်ခံဖြစ်သည်။ ထိုကြောင့် မဿဲသည် တံငါ သည်ဘဝမှ တမန်တော်များ ဖြစ်လာကြသော အခြား တမန်တော် များကဲ့သိုမဟုတ်ဘဲ ကလောင်ကို အသုံးပြုနိုင် သည်။ မသဲသည် အခွန်ခံလုပ်ငန်းကို စွန့်လွှတ်သောအခါ သူနှင့် သူ၏ ကလောင်တံ ကို ယူဆောင်သွားသည်။ လူများ စက်ဆုပ်ရွံရှာသော ဤပုဂ္ဂိုလ် သည် သခင်ယေရှု၏တရားတော်မြတ်ကို ကမ္ဘာသို ဦးစွာ ပထမ ရေးသားတင်ပြသောသူ ဖြစ်ပေသည်။ တစ်ချိန် တစ်ခါက ရွံရှာ မုန်းတီးခြင်းကိုခံရသော မသဲ၏ ကျေးဇူးတရားကို ဖော်ပြရလျှင် ကုန်ဆုံးနိုင်မည် မဟုတ်ပေ။

ကျွန်ုပ်တိုသည် မဿဲ၏ အတ္ထုပ္ပတ္တိကို ခရစ်ဝင်ကျမ်းများမှ လွဲ၍လူကြီးသူမများ၏ စကားနှင့် ဒဏ္ဍာရီဝတ္ထုများကို ရှာဖွေလျှင်အခက်အခဲများနှင့် ရင်ဆိုင်ရသည်။ သူ၏ အကြောင်းအရာများသည် တစ်ခုနှင့်တစ်ခု ကွဲလွဲနေသည်ကို တွေ့ရှိရသည်။ ဒဏ္ဍာရီများတွင် သူ၏ အတ္ထုပ္ပတ္တိသည် စိတ်ကူးယဉ်သက်သက်ဖြစ်၍ အခြေအမြစ်မရှိချေ။ပို၍ရှုပ်ထွေးစေသည်မှာ ရှေးလူကြီးသူမတို စကားနှင့် ဒဏ္ဍာရီများသည် မဿဲနှင့် မဿိကို ရောထွေးထား သောကြောင့် ဖြစ်သည် (တမန်တော်၊ ၁:၂၆)၊ မည်သိုဆိုစေ ကျွန်ုပ်တိုသိရှိသော အကြောင်းအချက်တိုကို အရှိ အတိုင်းဖော်ပြရန် ဖြစ်သည်။

အစဦး၌ မဿဲသည် ယုဒပြည်တွင်သူ၏ အမျိုးသားခြင်းများအားဝမ်းမြောက်စရာ သတင်းကို ဟောပြော၍ ထိုသူများအတွက် သခင်ယေရှု၏ တရားကို ရေးသားပေးသည်ဟု ထင်မှတ်စရာရှိကြောင်း (Fis:bius The History 3,24,5) စာစောင်၌ ဖော်ပြထားသည်။ ဆိုကရေးတီး(Socrates) ၏ ပြောပြချက်အရ တမန်တော်များသည် တရားတော်မြတ်များကို ဟောပြောသက်သေခံရန် နေရာဒေသ၌ သတ်မှက်ကြသောအခါ၊ မဿဲမှာ အဲသယာပြည် (Ethiopia) သို့သွားရောက်ရန် တာဝန်ကျသည်ဟု (The Ecclesiatical History, 1,19, of Rubinus 1,9)၌ ဆိုသည်။ အင်ဘရုတ် (Ambrose) ဆိုသော ပုဂ္ဂိုလ်က မဿဲကို ပေရသိပြည်(Persia)နှင့် ဆက်စပ်၍ ဖော်ပြသည်။ နိုလာမူပေါလိန်(Paulinus of Nola)က မဿဲကို ပါသိပြည်(Parthia)နှင့် ဆက်စပ်၍ ဖော်ပြသည်။ အစ်စီဒို (Isidor)ဆိုသောဖော်ပြသည်။ ပုဂ္ဂိုလ်က မဿဲကို မာကေဒေါနိပြည် (Macedonia) နှင့် ဆက်စပ်၍ ဖော်ပြသည်။

 သူမည်ကဲ့သို သေဆုံးကြောင်းကို လည်း အမျိုးမျိုးပြောဆိုကြသည်။ အယ်လီဇင်ဒရီးယားမှ ကလိမင်း(Clenment of Alexundria)ဆိုသော ပုဂ္ဂိုလ်က မဿဲသည် ဓမ္မကာသဘောအတိုင်း သွေးရိုးသားရိုးဖြင့် သေဆုံးကြောင်း (TheMiscellanies)၌ ဖော်ပြထားသည်။ မဿဲသည် သားငါး မစား၊ သစ်စေ့၊ သစ်သီးနှင့်ဟင်းသီးဟင်းရွက် စားကြောင်းကိုလည်း (Paedaengogas, 2,1)၌ ကလိမင်က ဖော်ပြထားသေးသည်။ ရဟူဒီ ဓမ္မသတ်ကျမ်း တယ်မက်(Talmud)၌ ရှေးသူဟောင်းတို စကားအရ မဿဲကို ရဟူဒီ (ဂျူး)လူမျိုးများ၏ အုပ်ချုပ်ရေးအဖွဲ(Jewishsanhedrin)က သေဒဏ်ပေးလိုက်သည်ဟု သိရှိရကြောင်း ဖော်ပြထားသည်။

နောက်ပိုင်း ဒဏ္ဍာရီများတွင်လည်း မဿဲသည် မာတုရအဖြစ်သေဆုံးရကြောင်း ရေးသားထားသည်။ မသဲသေဆုံးရပုံကို ပြောဆိုရာ၌ ဤသို ကွဲလွဲခြင်းမှာမဿဲသည် တရားဟောပြောသက်သေခံရန် အဘယ်အရပ် သို သွားသည်ကို ခရစ်ယာန် သာသနာ၏ အစဦးပိုင်း၌ ခရစ်ယာန်များ အတိအကျ မသိရှိကြသောကြောင့် ဖြစ်သည်။

မဿဲ လုပ်ဆောင်ချက်နှင့်စပ်လျဉ်း၍ အထင်ပေါ်ဆုံး မှတ်တမ်းကို အန္ဒြေနှင့်မဿဲ၏ အတ္ထုပ္ပတ္တိများ(Acts of Andrew and Matthew)စာအုပ်၌ တွေ့ရှိရ သည်။ ယင်းအတ္ထုပ္ပတ္တိသည် စိတ်ကူးယဉ်မျှသာဖြစ်သော်လည်း ထင်ပေါ်ကျော်စောရခြင်းမှာ အင်္ဂလိပ်လင်္ကာ ဆရာကြီးစီနီဝတ်(Cynewulf)က သီကုံး ဆိုထားသောကြောင့်ဖြစ် သည်။

ယင်းအတ္ထုပ္ပတ္တိ၌ မဿဲကို လူသားစား လူရိုင်းများနေရာ အင်ထရိုပိုဖာဓိအရပ်သို တရား ဟောပြောသက်သေခံရန်စေလွှတ်ကြောင်း၊ ထိုလူရိုင်းများသည် ပေါင်မုန့်မစား၊ စပျစ်ရည် မသောက်ဘဲ လူသားကိုသာစား၍ လူ့အသွေးကိုသာ သောက်ကြသည့် လူရိုင်းများ ဖြစ်ကြောင်း၊ အရပ်တစ်ပါးမှ ရောက်ရှိလာကြသော သူစိမ်းများကို ဖမ်းဆီးပြီး မျက်စိများကို ထုတ်ပစ်သည်။ အသိဉာဏ် ကင်းပြီး ထုံထိုင်းစေရန် အဆိပ်ကျွေးသည်။

ထိုလူသားများ၏ အသားကို မမီ၊ ရက်ပေါင်းသုံးဆယ်ချုပ်နှောင် ထားသည်။ မဿဲကို လည်း ထိုနည်းအတိုင်း ပြုသည်။သိုသော်လည်း သူတိုကျွေးသော အဆိပ်သည် မဿဲအားအသိ ဉာဏ်ကင်း၍ ထုံထိုင်းအောင် မလုပ်နိုင်ခဲ့ချေ။ ဘုရားသခင်၏ ဘုန်းတန်ခိုးတော်အားဖြင့် မဿဲ၏မျက်စိ ပြန်မြင်လာသည်ကိုလည်း သူတိုမသိကြချေ။ မဿဲထောင်ထဲ၌ ဖမ်းချုပ်ခံရ၍ နှစ်ဆယ့်ခုနှစ်ရက် ရှိသောအခါ သူ့အား သွားရောက်ကယ်ဆယ်ရန် အန္ဒြေထံသို သတင်းရောက်ရှိသည်။ ထိုဒေသသို သွားရောက်ရန် အနြေ၌ သုံးရက်သာ ကျန်ရှိတော့သည်။

အန္ဒြေသည် သူ၏မိတ်ဆွေများနှင့် ပင်လယ်ကမ်းစပ် သိုသွားသောအခါ ပဲ့ကိုင်တစ်ယောက် လှေသမားနှစ်ယောက်နှင့်လှေ တစ်စင်းကိုတွေ့ရှိသည်။ ပဲ့ကိုင်သည် သခင်ယေရှုဖြစ်၍ လှေသမား နှစ်ဦးမှာကောင်းကင်တမန်များဖြစ်ကြသည်ကို အန္ဒြေ မသိချေ။ သူတို စ၍ ခရီးစထွက်ပြီး မကြာမီ လေမုန်တိုင်းကြီးကျသည်။ သခင် ယေရှုသည် ဤလောက၌ရှိစဉ် တစ်ချိန်က ပင်လယ်ထဲတွင် မုန်တိုင်းကြီးကို ငြိမ်သတ် စေခဲ့ကြောင်းကို မသဲက သူ၏မိတ်ဆွေများအား ပြောပြခြင်းအားဖြင့် စိတ်သက်သာမှု ရရှိစေခဲ့သည်။ ပဲ့ကိုင်ကြီးသည် အလွန်အံ့သြဖွယ်ကောင်း လောက်အောင် လှေကြီး၏ပဲ့ကို ထိန်းကိုင်လေသည်။

အန္ဒြေက “ကျွန်ုပ်သည်ပင်လယ်ခရီးကိုသွားနေကျဖြစ်သည်။ ယခုဆိုလျှင် ၁၇နှစ်ရှိသွားပါပြီး ဤကဲ့သို စွမ်းစွမ်းတမံပဲ့ကိုင်နိုင်သူကို တစ်ခါမျှ မတွေဘူးပါ။ လှေကြီးသည် ကုန်းပေါ်၌သွားနေ သကဲ့သို ထင်ရသည်” ဟု ပြောလေသည်။ ပဲ့ကိုင်ကြီးက ‘သင်သည် သခင်ယေရှု၏ တပည့်တော်ဖြစ် သောကြောင့် ပင်လယ်သည် သင့်ကို သိ၍ ငြိမ်သက်စွာနေခြင်းဖြစ်သည်” ပြန်ပြောလေသည်။

ထိုကဲ့သို အချီအချ ပြောဆိုနေကြစဉ် လှေသည် အင်တဖာ နယ်စပ်သိုရောက်လျှင် အန္ဒြေမှာ အလွန်အိပ်ချင်လာပြီး အိပ်ပျော်သွား သည်။ အိပ်ရာမှ နိုးသောအခါ သူသည် ကုန်းပေါ်ရောက်နေကြောင်းတွေ့ရသည်။ ထိုအခါမှ ပဲ့ကိုင်ကြီး အဘယ်သူဖြစ်ကြောင်းကို အခြေ ချက်ချင်း ရိပ်စားမိလေသည်။ သခင်ယေရှုသည် အထံသို တဖန် ရောက်လာပြီး ဆောင်ရွက်စရာရှိသည်ကို ဆက်လက်ဆောင်ရွက်သွားရန် အားပေးစကား ပြောလေသည်။ မဿဲအား ချုပ်နှောင်ထားသော အကျဉ်းထောင်သို အန္ဒြေရောက် ရှိ၍ ဆုတောင်းသည့်အခါ အစောင့် ခုနှစ်ယောက် လဲကျပြီး သေဆုံးလေသည်။ လက်ဝါးကပ်တိုင် အမှတ်လက္ခဏာကို ပြလိုက်သောအခါ ထောင်တံခါးကြီး ပွင့်သွားလေသည်။

လူသားစား လူရိုင်းများ စားသောက်ရန် ဖမ်းဆီးချုပ်နှောင်ထားသော အမျိုးသားနှစ် ရာ့ခုနှစ်ဆယ်၊ အမျိုးသမီးလေး ဆယ့်ကိုး ယောက်နှင့်မည် လွတ်မြောက်သွားကြသည်။ မည်လွတ်မြောက် သွားသော်လည်း အန္ဒြေသည် ထိုအရပ်၌ ဆက်လက်၍နေခဲ့သည်။

အစဦးပိုင်း၌ အန္ဒြေသည် သူ၏ကိုယ်ကိုဖျောက်ထားသောကြောင့် လူသားစား လူရိုင်းများ သူ့ကိုမမြင်ချေ။ ထိုနောက် လူရိုင်း များ မြင်တွေရန် သူ၏ကိုယ်ခန္ဓာကို အထင်အရှားပြသောအခါ ရက်ပေါင်း များစွာ ဖမ်းဆီးညှဉ်းပန်း နှိပ်စက်ခြင်းခံရလေသည်။ သူ၏ခေါင်းကိုမူကား မဖြတ်ကြချေ။ အဘယ်ကြောင့်ဆိုသော် ခေါင်းဖြတ်သတ်ခြင်းသည် ကြာရှည်စွာ ဝေဒနာမခံစားရဘဲ သေလွယ်သောကြောင့် ဖြစ်လေသည်။ အန္ဒြေအားလမ်းများပေါ်၌ ဒရွတ်တိုက်ဆွဲသွားသောကြောင့် အသားများစုတ်ပြတ်ကာ သွေးများစီးကျလာသည်။ အန္ဒြေ၏သွေးများ စီးကျသောနေရာများ၌ ကြီးမားသော သီးပင်များပေါက်ရောက်လေသည်။ အန္ဒြေကိုအကျဉ်းထောင်ထဲ၌ ချထားသည်။ ထိုအကျဉ်းထောင်ထဲတွင် ကျောက်ရုပ်တုကြီး တစ်ခုရှိသည်။ ကျောက်ရုပ်တုကြီးကို အန္ဒြေ ထိတို့လိုက်သောအခါ၊ ထိုကျောက်ရုပ်တုကြီး ပါးစပ်မှ အလွန်ကြောက်မက်ဖွယ်ကောင်း၍ ဖျက်ဆီးတတ်သောရေအဟုန်ကြီး စီးဆင်းလာပြီး ထိတွေ့သောသူအားလုံးကို သေစေသည်။

ဤရေဘေးမှ လွတ်မြောက်ရန် ထွက်ပြေးသူတို့၏ရှေ့၌ မီးတံတိုင်းကြီး ကာဆီးထားသည်ကို တွေ့ရသည်။ ကြောက်မက်ဖွယ်ရာတိုကို မြင်တွေ့ရသောအခါ လူသားစား လူရိုင်း များသည် သူတို၏အပြစ်များကို နောင်တရကြလေသည်။ အန္ဒြေ သည် သူတိုနှင့် ခုနှစ်ရက်နေပြီး၊ တရားဒေသနာကို ဟောပြောခဲ့သည်။

ဤဒဏ္ဍာရီပုံဝတ္တု၌ မဿဲ အကြောင်းနှင့်ပတ်သက်၍ ဆက်လက်ဖော်ပြထားသည်မှာ မဿဲသည် လူသားစား လူရိုင်းများအားတရားဟောပြောသွန်သင်ရန်နှင့် ထိုသူများ ယဉ်ကျေးလာအောင်ဆောင်ရွက်ဖို ထိုဒေသသိုတစ်ဖန် ပြန်သွားသည်ဟု ဆိုသည်။ မဿဲသည် အံ့ဩဖွယ်တန်ခိုးနိမိတ်လက္ခဏာများကို ပြလေသည်။ နတ်ဆိုးစွဲသော သူများထံမှ နတ်ဆိုးများကို နှင်ထုတ် သည်။ ဘုရင်သည် မဿဲရသောတန်ခိုးအတွက် သူ့အပေါ်၌ မနာလိုဝန်တို ဖြစ်လာသည်။

ထိုကြောင့် မဿဲကို ဖမ်းဆီးချုပ်နှောင်ထားစေသည်။ လပိုင်ဆီနှင့်သုတ်လိမ်းထားသော ကျူပင်များကိုဖုံးအုပ်ပြီး ကန့်၊ ကတ္တရာစေး၊ထင်းရူးဆီတိုကို ထပ်လောင်းသည်။ နောက်ဆုံး၌မီးသည် နဂါးဖြစ်သွားပြီး ရှင်ဘုရင်ကို နန်းတော်အထိ လိုက်ဖမ်းလေသည်။ ရှင်ဘုရင် မလှုပ်နိုင်အောင် ရစ်ပတ်ထားစဉ် မဿဲက မီးကိုဆုံးမသဖြင့် ရှင်ဘုရင်အသက်ချမ်းသာခွင့်ရလေသည်။

ထိုနောက် မဿဲသည် ဆုတောင်း၍ သူ၏အသက်ဝိညာဉ်ကိုစွန့်လွှတ်ကာ ကောင်းကင်တမန်နှစ်ပါးနှင့်အတူ ကောင်းကင်ဘုံသိုထွက်ခွာသွားသည်။ အံ့ဩဖွယ်ရာ နိမိတ်လက္ခဏာများ နောက်ထပ်ဖြစ်ပေါ်သေးသည်။ နောက်ဆုံး၌ ရှင်ဘုရင်သည် အကျွတ် တရားရရှိ၍ ပြောင်းလဲလာကာ သာသနာ့ဘောင်အတွင်းသို ဝင်ရောက်သွားလေသည်။

ဤအကြောင်းအရာများသည် ဒဏ္ဍာရီများသာ ဖြစ်သည်။ စိတ်ကူးယဉ် သက်သက်သာ ဖြစ်သော်လည်း ဤဒဏ္ဍာရီ၏ နောက်ခံ အမှန်တရားမှာ မဿဲသည် သခင်ယေရှုအတွက် ဟောပြော သက်သေခံ၍ အသက်စွန့်ခွာသွားသည်ဟူသော အချက်ဖြစ်သည်။ မဿဲလိုပုဂ္ဂိုလ်တစ်ဦးသည် တမန်တော်တစ်ပါးဖြစ်လာသည်မှာ အလွန်အံ့သြစရာ ကောင်းသည်ဟု လူများကပြောကောင်း ပြောဆိုကြမည်။ သို့သော်လည်း သခင်ယေရှုလက်ထက်၌ပင် သခင်ယေရှု၏ တရားဒေသနာကို ပထမဦးဆုံးရေးသားသော ပုဂ္ဂိုလ် အဖြစ်ဖြင့်လည်းကောင်း၊ဝမ်းမြောက်ဖွယ်ရာ သတင်းတရားကို ဟောပြောသော သာသနာပြု ပုဂ္ဂိုလ်အဖြစ်ဖြင့် လည်းကောင်း၊ သခင်ယေရှုအား ကယ်တင်ရှင်အဖြစ်ဖြင့် ယုံကြည်ကိုးစားသည့် အရာတွင် လူစွမ်းကောင်းအဖြစ်ဖြင့်လည်းကောင်း

မဿဲကို တွေ့ရှိ ရသည်။

အခန်း (၇)

ယုဒရှကာရုတ်

သစ္စာဖောက်ဖြစ်လာသူ

ခရစ်တော်အား ဤငွေသုံးဆယ်ဖြင့် ရောင်းစားသူ၊ ငွေအိတ်နှင့် အမှတ်အသားပြုထားခြင်း ဖြစ်သည်။

ဓမ္မသစ်ကျမ်းတွင် ယုဒရှကာရုတ်သည် နားလည်ရန်ခဲယဉ်းသော ပုဂ္ဂိုလ်ဖြစ်သည်ဟု ကျွန်ုပ်တိုစိတ်ထဲ၌ ဖြစ်ပေါ်ပေလိမ့်မည်။အဘယ် ကြောင့်ဆိုသော်သခင်ယေရှုနှင့် နီးနီးကပ်ကပ်နေသောပုဂ္ဂိုလ်တစ်ဦးသည်သခင်ယေရှုအား သစ္စာဖောက်ပြီး၊ ရန်သူများလက်ထဲသို အပ်နှင်းသည်ကို ကျွန်ုပ်တိုစဉ်းစား၍ မရနိုင်သောကြောင့်ဖြစ်ပေသည်။

ရှင်မဿဲခရစ်ဝင်၊ ၁း၄။ ရှင်မာကုခရစ်ဝင်၊ ၃း၁၉။ ရှင်လုကာခရစ်ဝင်၊ ၆း၁၆ ကျမ်းသုံးကျမ်းတွင်ပါရှိသော တမန်တော်များဘရင်း၌ ယုဒရှကာရုတ်အမည်ပါရှိ သည်။ မဿဲနှင့် မာကုကကိုယ်တော်ကိုသစ္စာဖောက်သောယုဒရှကာရုတ်ဟူသောစကားဖြင့် ယုဒရှကာရုတ်ကို ပေါ်လွင်စေသည်။ မဿဲနှင့်လုကာကမူသစ္စာဖောက်ဖြစ်လာသော ယုဒရှကာရုတ်ဟုခေါ်ဆိုထားသည်။ ဤအတိုင်း ဘာသာပြန်ဆိုရပေမည်။

ဆရာယုဒသန်ပြန်ဆိုသော မြန်မာကျမ်းစာများတွင်ကိုယ်တော်ကို အပ်နှံသော ယုဒရှကာရုတ်” ဟူ၍ကျမ်းသုံးကျမ်း၌ အတူတူပြန်ဆိုထားသည်။ သို့သော်လည်း ပြင်ဆင်ပြီးသော အင်္ဂလိပ်ကျမ်းစာမူ (R.S.V) ရှင်မဿဲခရစ်ဝင်နှင့် ရှင်မာကုခရစ်ဝင်၌(Judas Iscariot who Betrayed him) (ကိုယ်ေတာ်အား ရန်သူ့လက်သို့ အပ်နှံေသာ ယုဒရှကာရုတ်) ဟုရေးသား၍ရှင်လုကာခရစ်ဝင်တွင် (Judas Iscariot, who Became tratitoo) (သစ္စာဖောက်ဖြစ်လာသော ယုဒရှကာရုတ်) ဟုရေးသားထားသည်။

ပထမခရစ်ဝင်ကျမ်း၌ ယုဒရှကာရုတ်အကြောင်းကို နောက်ဆုံး ပိုင်းမှသာလျှင် ဖက်ရှု ရသည်။ သိုသော်လည်း စတုတ္ထခရစ်ဝင် (ရှင်ယောဟန်)ကျမ်း၌ ယုဒရှကာရုတ်အကြောင်းကို စောစောပိုင်း ကပင်နှစ်ကြိမ်ဖေါ်ပြထားသည်ကိုတွေ့ရသည်။ ပထမအကြိမ် လူငါးထောင်တိုအား သခင်ယေရှုမွေးပြီး သောအခါ၊လူများသည် ကိုယ်တော်ကို ရှင်ဘုရင်ချီးမြှောက်ခြင်းငှာ အနိုင်အထက်ပြုဘို ကြံရွယ် ကြသည် (ယောဟန်၊ ၁၅)။ သခင်ယေရှု၏ရည်ရွယ် ချက်နှင့်လူများ၏ ကြံရွယ်ချက်သည် တစ်ခြားစီဖြစ်နေသည်ကို အတိ အကျ သိရှိရသော အခါ နောက်လိုက်များတိုသည်ကိုယ်တော်ရှင်ထံမှ ထွက်ခွါသွားကြ လေသည်။ သခင်ယေရှုက သူ၏တမန်တော်များအား အခြားသူများ နည်းတူ ထွက်ခွါသွားကြမည်လားဟု မေးသောအခါ ပေတရုက “ကိုယ်တော်ရှင်အပေါ် သစ္စာရှိပါမည်။ အခြားသိုထွက်ခွါ မသွားပါ။ ကျွန်ုပ်တိုသည်အဘယ်သူထံသိုသွားရပါမည်နည်း၊

ထာဝရအသက်နှင့်ယှဉ်သောစကားသည် ကိုယ်တော်၌တည်ပါ၏ဟု လေးနက်ပြတ်သားစွာပြန်ပြောသည်။ ထိုအခါသခင်ယေရှုက“တစ်ကျိပ်နှစ်ပါးသောသင်တိုကို ငါရွေးကောက်သည်မဟုတ်လော၊သို့သော်လည်း သင်တိုတွင် ရန်သူတစ်ယောက်ပါသည်” ဟုမိန့်တော်မူ၏။

ရှင်ယောဟန်က တစ်နေ့သောအခါ ယုဒရှကာရုတ်သည်သခင် ယေရှုအပေါ်၌ ဖောက်ပြန်မည်ကိုဆိုလိုခြင်းဖြစ်သည်(ယော၊၆း၆၆. ၇၁)၊ ဒုတိယအကြိမ်ဗေသနိရွာမှ မာရိသည် သခင်ယေရှု၏ ခြေတော်ကို အဖိုးများစွာထိုက်သော ဆီမွေးအစစ်နှင့် လိမ်းပေးသည့်အကြောင်း ရေးသားချက်နှင့် တစ်ဆက်တည်းဖြစ်သည်။ အမှုသည် အလွန် နှစ်သက်ဖွယ်ကောင်းသော ပြုမူချက် ဖြစ်သည်။ သိုသော်လည်း ယုဒရှကာရုတ်၏ တုန့်ပြန်ချက်မှာမူ “ဤပြုမူချက်သည်အလဟဿပြုန်းတီး ခြင်းဖြစ် သည်။ ထိုဆီမွေးကို ဒေနာရိအပြားသုံးရာနှင့် ရောင်း၍ ဆင်းရဲသားတို့အားဝေပေးနိုင်သည်”ဟု ဆိုလေသည်။

ယင်းတုန့်ပြန်ချက်နှင့်စပ်လျဉ်း၍ ယောဟန်ကယုဒရှကာရုတ်သည် ဆင်းရဲသော သူတိုအကျိုးကိုထောက်၍ ဆိုသည်မဟုတ်၊ တပည့်တော် များသုံးရန် ငွေအိတ်ကို တာဝန်ယူ ထိမ်းသိမ်းရင်း နှိက်ယူတတ်သော သူခိုးဖြစ်ခြင်းကြောင့်သာဆိုသတည်း” ဟု ရှင်ယောဟန်ခရစ်ဝင် (၁၂း၁၈) ၌ ဝေဖန်ထားသည်။ ဂျိမ်းဘုရင်၏ အင်္ဂလိပ်ကျမ်းစာ (K.V)၌ “ဘဲယား (Bare)ဟူသောစကားလုံးကိုသုံးထားသည်။ ဘဲသားဟူသောစကားကို ဘတ်စ်တာဇိန်”(Bastazein) ဟူသော ဂရိစကားမှ ဘာသာပြန်ဆိုသည်။ ‘ဘတ်(စ်)တပ်ဒ်၏ရင်းအဓိပ္ပါယ်မှာ ယူဆောင်ခြင်းဖြစ်သည်။ သိုသော်လည်းဂရိအရပ်သုံးဝေါဟာရ၌ ထိုစကားလုံးသည် ခိုးဝှက်ခြင်းဟူသောအဓိပ္ပါယ် ကိုလည်းဆောင်သည်။

ဤစကားလုံးသည် စကော့လူမျိုးတို သုံးနှုန်းသည်(lift) ဟူသော စကားလုံးနှင့် ခပ်ဆင်ဆင် ဖြစ်သည်။ (lifi) ဟူသော စကားလုံး သည်ချီမပင့်ယူခြင်းဟု အဓိပ္ပါယ် ရသည်။ ခိုးဝက် နှိက်ယူခြင်းဟူသောအဓိပ္ပါယ်လည်း ရရှိသည်။ယောဟန်ဆိုလို သည်မှာယုဒရှကာရုတ်သည် ဥစ္စာပစ္စည်း တပ်မက်သောသူ တစ်ယောက် ဖြစ်၍ တမန်တော်များ၏ ဘဏ္ဍာထိန်းအနေ ဖြင့် အများ သုံးရန် ငွေအိတ်ထဲမှငွေများကိုခိုးယူ သာသူဟု ဆိုလေသည်။

ဤလောက၌ သခင်ယေရှု၏နောက်ဆုံးနေ့ရက်များသို ရောက် လာချိန်တွင် ယုဒရှကာရုတ်ကို အရေးကြီးသောအခန်း၌ တွေ့ရှိရသည်။ ဂျူးလူမျိုးများ၏ အကြီးအကဲ အာဏာပိုင်များသည် လူများအုံ မကြွစေဘဲ၊ ခရစ်တော် မိမိတို့လက်ထဲရောက်ရှိရန် ဟူသော ပြဿနာနှင့် ရင်ဆိုင်နေရသည်။ အဘယ့်ကြောင့်ဆိုသော် သခင်ခရစ်တော်သည် လူအများ ချစ်ခင်လေးစားခြင်းကိုခံနေရသော အချိန်ဖြစ်သည်။

ဂျူးလူမျိုးအာဏာပိုင်များ ရင်ဆိုင်နေရသောပြဿနာကို ယုဒရှကာရုတ်က ဖြေရှင်းပေးလေသည်။ ရှင်လုကာ ခရစ်ဝင်(၂၂း၃)၌ လုကာက “စာတန်သည် တပည့်တော်တပ်ကျိပ်နှစ်ပါး အပါအဝင် ဖြစ်သော ယုဒရှကာရုတ်ထဲသိုဝင်သည်”ဟုဖော်ပြထားသည်။

ယုဒရှကာရုတ်သည် ဂျူးလူမျိုးများ၏ အကြီးအကဲ အာဏာပိုင် များထံသို သွားသောအခါ ယင်း အာဏာပိုင်များက သခင်ယေရှုကို ဖမ်းဆီးရန် ပိုဆောင်ပေးမည်ဟု ယုဒရှကာရုတ်သို့ ကတိပေး လေသည်။ လူသူမရှိ၊ တိတ်ဆိတ်သော အရပ်၌ သခင်ယေရှုကို ဖမ်းဆီးရန် ပိုဆောင်ပေးမည်ဟု ယုဒရှကာရုတ်က တာဝန်ယူသည် (မဿဲ၊ ၂၆း၁၄-၁၆၊မာကု၊၁၄း၁၀-၁၁၊ လုကာ၊၁၁း၃-၆)

ရှင်ယောဟန်ခရစ်ဝင်၌ ယုဒရှကာရုတ်၏ စိတ် အတွင်းသိုစာတန်ဝင်လာသော အချိန်ကို ဖေါ်ပြရာတွင် အခြားကျမ်း များနှင့်အနည်းအငယ်ကွာ ခြားလေသည်။ ရှင်ယောဟန် ခရစ်ဝင်(၁၃း၂) ၌ “နောက်ဆုံးညစာကိုစားသည့်အချိန်တွင် စာတန်သည်ယုဒရှကာရုတ်၏ စိတ်ထဲသိုဝင်သဖြင့် ယုဒရှကာရုတ်သည် သခင်ယေရှုအပေါ် သစ္စာ ဖောက်ရန် အကြံပြုလေသည်” ဟုပါရှိသည်။

ယုဒရှကာရုတ်သည် သူ၏ကြောက်မက်ဖွယ်ကောင်းသောအကြံအစည်ကိုဆောင်ရွက်ခြင်း မပြုမီ သခင်ယေရှုထံမှမေတ္တာဖြင့်သတိပေးချက်ကိုရပြီး စိတ်ပြောင်း လဲရန် အခွင့်အရေး ရခဲ့သေး သော်လည်း အချည်းနှီးဖြစ်ခဲ့သည်။ ခရစ်ဝင်ကျမ်းများတွင်သခင်ယေရှု၏ မေတ္တာဖြင့်သတိပေးချက်နှင့် စပ်လျဉ်း ၍သုံးနေရာ၌ အနည်းငယ် ကွဲလွဲ နေသည်ကို တွေ့ရှိရသည်။

ခရစ်ဝင်ကျမ်း အားလုံး၌ တမန် တော် တစ်ဆယ့်နှစ်ပါးတွင် တစ်ယောက်သောသူ သည်သစ္စာဖောက်လိမ့်မည်ဟု သခင်ယေရှု ဝမ်းနည်းစွာတင်ကြို၍ မိန့်ကြားသည်ကို ဖေါ်ပြကြသည်။ ရှင်မာကု ခရစ်ဝင်နှင့် ရှင်လုကာခရစ်ဝင်၌ သခင်ယေရှုကို အပ်နှံမည့်သူသည် ယုဒရှကာရုတ် ဖြစ်ကြောင်း၊ အမည်မဖေါ်ထုတ်ချေ။ သခင်ယေရှု၏ သတိပေးနှိးဆော်ချက်လည်း မပါရှိချေ၊ (မာကု၊ ၁၄း၁၈-၂၁၊ လုကာ၊ ၂၂း ၂၁-၂၃) ရှင်မဿဲ ခရစ်ဝင်၌မူယုဒရှကာ ရုတ်က“အပ်နှံမည့်သူသည် အကျွန်ုပ်လော”ဟုမေးလျှောက်လျှင် “သင်ဆိုသည့်အတိုင်းမှန်သည်” ဟု သခင်ယေရှုဖြေလေသည် (မဿ၊ ၂း၂၁-၂၇)။

ရှင်ယောဟန် ခရစ်ဝင် (၁၃း၁၈-၃၀) ၌ယောဟန်၏ ဖေါ်ပြ ချက်မှာပြည့်စုံ၍ထူးခြားပြီး မှတ်သားဖွယ်ကောင်းသည်။ နောက်ဆုံး ညစာစားသောက်ခြင်းကို စိတ်ကူးကြည့်မည်ဆိုလျှင် တမန်တော်များစားသောက်ပွဲ၌ မည်ကဲ့သိုထိုင်ကြသည်ကို ရှေးဦးစွာ စိတ်ကူးကြည့်ရပေ မည်။ ရှေးလွန်လေပြီးသောအချိန်က ဧည့်ခံပွဲ၌ စားသုံးသူများသည် နိမ့်သော ကွပ်ပြစ်ပေါ်တွင် ဘယ်ဘက်လက်ကိုထောက်၍ လဲလျောင်းပြီး၊ ညာဘက် လက်ဖြင့်အစားအစာတို့ကို စားသောက်တတ်ကြသည်။ အများအားဖြင့်ကွပ်ပြစ်တခုပေါ်တွင် လူသုံး ယောက်လဲလျောင်းကြသည်။ ယောဟန်သည် ကိုယ်တော်ရှင်၏ ရင်ခွင် တော်နားမှာ လျောင်း နေသဖြင့် သူသည်ယေရှု၏ ညာဘက်တွင် ရှိရမည် (ယောဟန်၊ ၁၃:၂၃)၊ ဂုဏ်ပြုလိုသောသူကိုဧည့်ခံသူ၏ လက်ဝဲ ဘက်တွင်ထားရှိကြသည်။ အဘယ့် ကြောင့်ဆိုသော် သူ၏ရင်ခွင်ပေါ် တွင်ဧည့်ခံသူ၏ ခေါင်းကိုမှီ၍ ထားရှိရမည်ဖြစ်သောကြောင့်တည်း။ ကျွန်ုပ်တိုသည် ရှင်ယောဟန်ခရစ်ဝင် ကျမ်းကိုဖတ်ရှုသောအခါ ယုဒရှကာရုတ်သည် အထူးဂုဏ်ပြုခံရသော နေရာ၌ လဲလျောင်းနေသည်မှာထင်ရှားသည်။

ပဿခါပွဲအချိန်၌ စားသောက်စရာကားရှိသော စားပွဲပေါ်တွင် အခြားအစားအစာများအပြင် အထူးစားစရာ သုံးမျိုးကိုထားရှိကြသည်။ အထူးစားစရာ တစ်မျိုးမှာ “ချာရိုရှက်” (Chaoshet) ဟုခေါ်သည်။ ယင်းကိုသစ်တော်သီး၊ သလဲသီး၊ စွန်ပလွန်သီးနှင့် အခြားအခွံ မာသော အသီးများမှာ အသားများကို ရောနှော၍ပြုလုပ်ထားသော ပြစ်ချွဲချွဲ ကော်ရည်ကဲ့သိုသောအစာဖြစ်သည်။

ဤအစာသည်လူမျိုးများ အီဂျစ်ပြည် (အဲဂုတ္တုပြည်)၌ ကျွန်ခံနေရစဉ်အချိန်က ဖုတ်ပေးရသော အုတ်များကိုရည်ညွှန်းသည်။ ဒုတိယအမျိုးအစားမှာ ခါးသောဟင်းသီး ဟင်းရွက်များ ဖြစ်သည်။ ယင်းမှာအီဂျစ်ပြည်တွင် ကျွန်ဘဝ၌ခါးသီးစွာ ခံခဲ့ရသော အဖြစ်ကို ပြန်လည်သတိရရန်ဖြစ်သည်။

ကျန်အထူးစားစရာ တစ်ခုမှာ ဆေးမပါသောမုန့်ဖြစ်သည်။ စားသောက်ပွဲ အချိန် တချိန်၌ခါး သောဟင်းသီးဟင်းရွက်များကို မုန့်အကြားတွင် ညှပ်ကာ “ချာရိုက်” အရည်တွင်နှစ်၍ စားသောက် ကြလေသည်။ ထိုအစာကို “အရည်စိမ်သောမုန့်”ဟုခေါ်သည်။

ဧည့်ခံသူက အရည်စိမ်သောမုန့်ကို ဧည့်သည်အားလှမ်း၍ ပေးခြင်းသည် ဧည့်သည်ကို အထူးဂုဏ်ပြုခြင်းဖြစ်သည်။ သခင်ယေရှုသည် ထို အရည်စိမ်သောမုန့်ကို ယုဒရှကာရုတ်သို့ပေးသည် (ယောဟန်၊ ၁၃:၂၆)။ ထိုကြောင့် ယုဒရှကာရုတ်၏ နေ ရာ သည် သခင်ယေရှု၏ အနားတွင် ဂုဏ်ပြုခံရသောနေရာဖြစ်ပေမည်။ သခင် ယေရှုနှင့်ယုဒရှကာရုတ်တို ပြောဆိုကြသော စကားများသည် နှစ်ကိုယ် ကြားပြောကြခြင်းဖြစ်၍ ထိုနှစ်ဦးအဘယ် စကားများကိုပြော၍ အဘယ်သို့ ဖြစ်ပျက်နေသည်ကို ကျန်တမန်တော် များမသိကြချေ။

ယုဒရှကာရုတ် ထွက်သွားသောအခါ သူဘယ်အရပ်သိုထွက် သွားသည်ကို တခြားတမန်တော်များမသိရှိကြချေ။ ကျန်သောတမန်တော်များ သိရှိမည်ဆိုပါက ယုဒရှကာရုတ်အား အခန်းထဲမှထွက် ခွင့်ပြုလိမ့်မည် မဟုတ်ပေ၊ ယုဒ ရှကာရုတ်သည်ဘဏ္ဍာထိန်း ဖြစ်သော ကြောင့် ပဿခါပွဲ၌ လုပ်ရိုးလုပ်စဉ်တခုဖြစ်သော ဆင်းရဲသားများအားပေးကမ်းရန် ဝတ္တရားတခုကိုဆောင်ရွက်ဖို ထွက်သွားသည်ဟု ကျန်ရှိသော တမန်တော်များက ထင်မြင်ကြသည် (ယောဟန်၊ ၁၃း၂၉)။

ယုဒရှကာရုတ်ထွက်သွားသောအချိန်သည် ညအချိန် ဖြစ်သည် (ယောဟန်၊၁၃း၃၀)၊ စားသောက်ပြီးလျှင် သခင်ယေရှု အဘယ် အရပ်ကိုကြွမြန်းမည်ကို ယုဒရှကာရုတ်ကောင်း စွာသိရှိပြီးဖြစ်သည်။ယေရုရှလင်မြိုတွင် နေရာလပ်နည်းပါးသောကြောင့် ပန်းခြံများများမရှိချေ။ တတ်နိုင်သောသူဌေးသူကြွယ်တို့သည် သူတို ကိုယ်ပိုင်ဥယျာဉ်များကို သံလွင်တောင်ပေါ် ၌ထားရှိကြသည်။ အမည်မသိ သူမိတ်ဆွေတစ်ဦးက သခင်ယေရှုအားပဿခါ ပွဲတော် အချိန်၌ သူ၏ ဥယျာဉ်ကိုအသုံးပြုရန် အခွင့်ပေးထားသဖြင့် သခင်ယေရှုသည် ထိုအရပ်သို သွားမည်ကိုယု ဒရှကာရုတ်သိသည်။ ထိုကြောင့် ယုဒရှကာ ရုတ်သည် ဂျူးအာဏာပိုင်တို အား ထိုအရပ်သို ခေါ်ဆောင်သွားလေသည်။ ပဿခါပွဲတော်အချိန်သည် လပြည့်နေ့ ဖြစ်သောကြောင့် ညအချိန်သည် နေ့အချိန်ကဲ့သို ထွန်းလင်းလျှက် ရှိသည်။

သို့သော်လည်း ရှုပ်ရှုပ်ထွေးထွေးဖြစ်ပေါ်နိုင်စရာအကြောင်းရှိသောကြောင့် မည်သူသည် သခင်ယေရှုဖြစ်ကြောင်း အချက်ပြရန်ယုဒရှကာရုတ်က စစ်သားများ၊ ဗိမ္မာန်တော် အစောင့် အကြပ်များနှင့် စီစဉ်ထားသည်။ ရဟူဒီလူမျိုးတို၏ထုံးစံဓလေ့အရ တပည့် ဖြစ်သူ တစ်ဦးသည် သူ၏ဘာသာရေးခေါင်းဆောင် ဆရာနှင့်တွေ့လျှင် ဆရာ့ပုခုံးပေါ်လက်တင်၍ ဆရာအား နမ်းရှုပ်လေ့ရှိသည်။ ဤကဲ့သို့ ပြုမူချက်သည် ယုဒရှကာရုတ်၏အချက်ပြသောအစီအစဉ် ဖြစ်သည်။ (မဿဲ၊ ၂၆း၄၇-၅ဝ၊ မာကု၊ ၁၄း၄၃-၄၅နှင့် လုကာ ၂၂း၄၇)။ ခရစ်ဝင် ကျမ်းများတွင် ဤအဖြစ်အပျက် ကိုဖော်ပြရာ၌အနည်းငယ် ကွဲလွဲသည်။

လုကာရေးသော အတ္ထုပ္ပတ္တိ ၌ ယုဒရှကာရုတ်သည်သခင် ယေရှုအားနမ်းမည်ပြုစဉ် ကိုယ်တော်ကဟန့်တားသဖြင့် မနမ်းဖြစ်ကြောင်းဖေါ်ပြ ပါရှိသည်။ မဿဲနှင့်မာကုတို့၏ဖေါ်ပြချက် များမှာ ပေါ်လွင်သည်။ နမ်းရှုံ့ သည်(Kiss) ဟူသောစကားအတွက် သူတို အသုံးပြုသောာ စကားလုံး သည် ကတဖီလိန်(Kataphilien) ဖြစ်သည်။ အဓိပ္ပါယ်မှာအလွန်ချစ်ခင်စွာဖြင့် အကြိမ်ကြိမ်နမ်းခြင်း ဟုဆိုလိုသည်။ ဤနမ်းရှုပ် ခြင်းသည် သစ္စာဖောက်သူတဦး၏ နမ်းရှုံ့ ခြင်းနှင့်ကွာခြားသည် ကိုတွေ့ရှိရ ပေလိမ့်မည်။

ထိုအချိန်မှစ၍စိတ်မချမ်းမြေ့စရာတို့သည် ယုဒရှကာရုတ်အား ပတ်ပတ်လည် ဝိုင်းရံလျှက်ရှိ သည်။ မဿဲခရစ်ဝင် (၂၇း၃-၁၀)၌ ဖေါ်ပြ သောဇာတ်ကြောင်းတွင် ယုဒရှကာရုတ်သည် ယဇ်ပုရောဟိတ် အကြီး အကဲတိုထံပြန်သွား၍ “ကျွန်ုပ်ပြစ်မှားပါပြီ၊ အပြစ်မရှိသောသူ၏အသွေးကို အပ်မိပါပြီ၊ ငွေသုံးဆယ်ကို ပြန်ယူပါ”ဟုတောင်းပန် လေသည်။ ယဇ်ပုရောဟိတ်များကလက် မခံသောအခါ ယုဒရှကာရုတ်သည် ထိုငွေ များကိုပစ်ချခဲ့ပြီး အခြားသိုသွား၍ ကြိုးဆွဲချသေလေသည်ဟု ဆိုသည်။

ဤတွင်ယုဒရှကာရုတ်၏ အတ္ထုပ္ပတ္တိ အဆုံးသတ်သွားသည်။ ယုဒရှကာရုတ်နှင့် ပတ်သက် ၍ဒေဘီဘရုစ် (A.B.Brouce) ဆိုသော ပုဂ္ဂိုလ်က “သူသည်ပက်ဆုတ်ဖွယ်သောအမှုကိုပြုလုပ်ရန် အတွက်ဆိုး ယုတ်သည်။ သို့သော်လည်း သူ၏မိုက်ပြစ်အတွက် မခံမရပ်နိုင် သည့်စိတ်ဓါတ်၌ သူ၏ကောင်းကွက်ကိုတွေ့ရသည်”ဟု ရေးသား ဖော်ပြ ခဲ့သည်။

ရှင်မဿဲခရစ်ဝင်၌ ယဇ်ပုရောဟိတ်အကြီးအကဲတိုသည် ယုဒရှကာရုတ်ပစ်ချ ခဲ့သောငွေဖြင့် တစ်ပါးအမျိုး သားတို၏ သင်္ချိုင်းလုပ်ဖို့မြေဝယ်ယူခဲ့ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ထိုငွေသည် အသွေးဖြင့် ငြိစွန်း သောကြောင့် ဘဏ္ဍာတော်သိုမသွင်းအပ်ဟု ယူဆကြောင်းဖေါ်ပြသည်။ တမန်တော် ဝတ္တုတွင်မူ ယုဒရှကာရုတ်သည် ထိုငွေဖြင့် မြေတကွက်ကိုဝယ်ယူခဲ့သည်။ ထိုမြေပေါ်မှာပင်မှောက် လျက်လဲ၍ ဝမ်းဗိုက်ကွဲ၊ အူများပေါက်ပြီးသေကြောင်းဖော်ပြပါရှိသည်။ယင်းဖေါ်ပြချက်သည်လည်း ယုဒရှကာရုတ် ကိုယ့်ကိုယ်ကိုသတ်သည့် သဘောသက်ရောက်သည်။ တမန်တော်ဝတ္ထု (၁း၁၁) ၌ “ယုဒရှကာရုတ်သည်မှောက်လျက်လဲ၍ ဟု ပါရှိသဖြင့် သူ့ကိုယ်သူကြိုးဆွဲချသေခြင်း လည်းဖြစ်နိုင်သည်။ သိုမဟုတ် အမြင့်မှခုန်ချ၍သေခြင်းလည်းဖြစ်နိုင်သည်။

ယုဒရှကာရုတ်သေဆုံးခြင်းအကြောင်းနှင့်ပတ်သက်၍ “မောဖတ် (Moffatt) ဆိုသောပုဂ္ဂိုလ်က တမန်တော်ဝတ္ထု (၁း၁၈) ကို တမျိုး အဓိပ္ပါယ်ပြန်ဆိုထားသည်မှာ “ယုဒရှကာရုတ်၏ ဝမ်းဗိုက်သည် ဖောင်းလာပြီး ပေါက်ကွဲ၍အူများထွက်လာသည်” ဟုထိတ်လန့်ဖွယ် ပြန်ဆို ထားသည်။ ပြင်ဆင်ပြီး အင်္ဂလိပ်ကျမ်းစာမူ (R.SV)၏ အောက်ပိုင်း)“ဖောင်းပွလာသည် (Swellingtip) ဟူသောအဓိ ပ္ပါယ်ကိုလည်းနိုင်သည်’ ဟုဝါယကျမ်းချက်အနေဖြင့်ပြထားသောကြောင့် မောဖတ် အဓိပ္ပါယ်ကောက် ယူခြင်းမှာ မှန်ကောင်းမှန်လိမ့်မည်ဖြစ်ကြောင်းကို ဒုတိယကျမ်းချက် ကညွှန်ပြသည်။တမန်တော် ဝတ္ထု (၁း၁၈) ၌ ယုဒရှကာရုတ် သေခြင်း အကြောင်းနှင့်စပ်လျဉ်း၍ စောစောပိုင်း အချိန် ကပင် ပယ်ပိယ(Papias)ထံမှရရှိသောသတင်းစကားကိုအပိုလီနာရီအို(စ) (ApolinuiOS) ဆိုသောပုဂ္ဂိုလ် ကဖေါ်ပြလေသည်။ ထိုထိတ်လန့် ဖွယ်ကောင်းသည့်ဖေါ်ပြချက်ကို ကရင်မား (Cramer) ဆိုသောပုဂ္ဂိုလ် ရေးသားသည့် ကက်တီးနား (Catena) အနက် ဖွင့်ကျမ်း၌ကိုးကား၍ ဖေါ်ပြထားသည်။

ယင်းအနက်ဖွင့်၌ယုဒရှကာရုတ်သည် ရောဂါတမျိုး ရရှိကြောင်းထိုရောဂါကြောင့် တကိုယ်လုံးအလွန်အမင်းဖေါယောင် လာသဖြင့်ရထားတစီးဖြတ်သွားနိုင်သည့်နေရာကိုသူကိုယ်ကြီးနှင့် ဖြတ်သွား၍မရကြောင်း၊ သူ၏ဦးခေါင်းသည်လည်းဖောင်းပွလာသဖြင့် သူ့ကိုကုသသောဆေး သမား သည် သူ၏မျက်စိကိုပင် ရှာမတွေ့ ကြောင်း၊သူ၏ကိုယ်ထဲမှလောက်ကောင်များ ၊ အရိအချွဲများထွက်လာကြောင်း။

သူသည်သေဆုံးသည်အထိ အလွန်ပြင်းထန်သောဝေဒနာကို ခံစားရကြောင်း၊ သူသေဆုံး သောနေရာကို လူများရှောင်ရှားကြကြောင်း၊အဘယ့်ကြောင့်ဆိုသော်သူ၏ကိုယ်မှ အလွန်နံစော်သောအပုပ်နံ့ထွက် သောကြောင့်ဖြစ်ကြောင်း စသည်ဖြင့် ဖေါ်ပြထားသည်။

အိုကူမိနိယ(Occumenius) ဆိုသောပုဂ္ဂိုလ်ကလည်း ရထားကြီး တစီးသည် ယုဒရှကာရုတ်အားကျော်နင်းသွားသဖြင့် ယုဒရှကာရုတ် ကိုယ်နှစ်ခြမ်းကွဲပြီးသေဆုံးသည်ဟု တစ်မျိုးတစ်ဖုံ ဆိုထားသည်။

ယုဒရှကာရုတ်သေဆုံးခြင်းနှင့် စပ်လျဉ်း၍ ခရစ်ယာန်သာသနာ၏ အစအဦးပိုင်းအချိန်က ယူဆချက်မှာအလွန်သစ္စာမဲ့သောယုဒရှကာချက် အပေါ်တွင် ကြောက်လန့်တုန်လှုပ်ဖွယ်ကောင်းသောရောဂါဝေဒနာဆိုး တစ်ခုမဟုတ်တစ်ခု ကျရောက်စေခြင်းဖြင့် သူ၏ဘဝကို အဆုံးသတ်စေသည်ဟူ၍ ဖြစ်၏။ နောက်ပိုင်းတွင်လည်းဒန် တီ(Dante)ဆိုသော လင်္ကာဆရာကြီးကယုဒရှကာရုတ်သည်ငရဲပြည်၏အောက်ဆုံးထပ်၌ ရောက်ရှိနေကြောင်း စပ်ဆိုရေးသားခဲ့သည်။

ဆိုခဲ့ပြီးသော အဖြစ်အပျက်များသည် ယုဒရှကာရုတ်၏ပြင်ပ လှုပ်ရှားမှုများကိုသာ ဖေါ်ပြခြင်းသာ ဖြစ်သည်။ အရေးကြီးသော အချက်မှာ သူ၏အတွင်းစိတ်၌ လှုပ်ရှားမှုများ သာဖြစ်ပေသည်။ ရှကာရုတ် (Iscariot) ဟူသောအမည်သည် မည်သိုအဓိပ္ပါယ်ရှိ သည်ကိုသိလျှင်ကျွန်ုပ်တိုသိလိုသောယုဒရှကာရုတ်၏ အတွင်းစိတ် သဘောကိုရိပ်စား မိပေလိမ့်မည်။

ဂျာ ရုန်း:(Jerome) ဆိုေသာပုဂ္ဂိုလ်က ရှကာရုတ် (Iscariot) နာမသည်ဣသခါ(Issachar) ဟူသောနာမည်နှင့်ဆက်စပ်မှု ရှိသည်ဟု ဆိုသည်။ “သ”၏အဓိပ္ပါယ်မှာအခကြေးငွေ၊ သိုမဟုတ် ဆုလာဘ်ဟုဆိုလိုသည် (ကမ္ဘာဦးကျမ်း၊ ၃၀:၁၈)။ ထိုအမည်သည် ယု(ကာရုတ်၏ တတ်မက် ခြင်းသဘောကို ရည်ညွှန်းသည်။ တီ၊ ကေ၊ ဂျီအိုင်နီ (T.K.Cheyne) ဆိုသောပုဂ္ဂိုလ်ကရှာကာရုတ် ဟူသော အမည်သည်“ဟီရိုချီတီ” (Hierochites)ဟူသော အမည်နှင့် ဆက်စပ်မှုရှိသည်ဟု ယူဆသည်။ အဓိပ္ပါယ်မှာ ယေရိဘေမြို သားဟူ ၍ ဖြစ်သည်။ ယုဒရှကာ ရုတ်သည် ယေရိဘေမြိုသား ဖြစ်သည်ဟုဆိုလိုသည်။ ဤအချက်များသည်ဟုတ်နိုင်ဖွယ်မရှိချေ။

ရှကာရုတ် (Iscariot)သည်“လက်တင်”(Latin)“စီးကားရိယ”(Sikarios)၊ ဂရိစကား “စီကာအိုရီ(Sikario) တိုနှင့်ဆက်စပ်မှုရှိသည်ဟုလည်း တွေးထင်ကြသည်။ အဓိပ္ပါယ်မှာ ဓါးမြှောင်ကိုင် ဟုဆိုလိုသည်။ တမန်တော်ဝတ္ထု (၂၁း၃၈)၌ “စီကားရိအို”(Sikarios) ဟု ဗဟုရစ်ကိန်းအနေဖြင့် အဲဂုတ္တု လူမျိုးတော်လှန်ရေးသမားတဦး နောက်လိုက်များ ဟူသော အဓိပ္ပါယ်ဖြင့် သုံးနှုန်းထားသည်။

ဂျိမ်းဘုရင် ကျမ်းမှု (K.J.V)၌ လူသတ်သမား (mmurderers)ဟုဘာသာပြန်ထား၍ ပြင်ဆင်ပြီး ကျမ်းမှု(R.S.V)၌ ချောင်းမြောင်းသတ်ဖြတ်သူများ: (Assassin ) ဟု ဘာသာပြန်ထားသည်။ Assassins)ဟူသော စကား လုံး၌’အေ (A)ကို စာလုံးအကြီးနှင့်ရေးသားခြင်းမှာဆိုလိုရင်းမှာအဓိပ္ပါယ်ကို ဖေါ်ပြသည်သာမက ထိုသူများ၏ ဘွဲနာမဖြစ်သည်ဟူ၍လည်း ဆိုလိုသည်။ “စီကာရီ”(Sicari) ဆိုသူများသည်ကြမ်းကြုတ်သည်။ ကိုယ်လူမျိုး၏အကျိုးကိုသာ ငဲ့သောဘာသာရေးအယူသည်း သောသူများ ဖြစ်ကြသည်။

ထိုသူသည် ရောမလူမျိုးများအား တိုက်ခိုက်ရန်သာ အခွင့်ရတိုင်းချောင်းမြောင်းသတ်ဖြတ်ရန် သစ္စာပြု ထားသူများဖြစ် ကြသည်။ ဤသိုဆိုလျှင်ယုဒရှကာရုတ်သည်အမျိုးသားရေး စိတ်ဓါတ် အလွန်ပြင်းထန်တက်ကြွသောဂျူးလူမျိုးတစ်ယောက် ဖြစ်ပေသည်။ သခင်ယေရှုနှင့်ဆက်သွယ်ခြင်းမှာ သူမျှော်မှန်းသည့် သူ၏ အမျိုးသားရေး လှုပ်ရှားမှုအောင်မြင် ထမြောက်ရေးအတွက် ဖြစ်ပေမည်။ ဤအယူအဆ အတိုင်းမဖြစ်နိုင်သော အကြောင်းတစ်ရပ်မှာ ရှကာရုတ် ဟူသောအမည် သည်သူ၏ဖခင်အမည်၌လည်းပါရှိနေသော ကြောင့်ဖြစ်သည်။ “ဂ” ဘာသာဖြင့်ရေးသားထားသော အကောင်းဆုံး သမ္မာကျမ်းစာလက်ရေး စာမူများ၌လည်းကောင်း၊ ဘာသာပြန်ထားသည့် ပြင်ဆင်ပြီးအင်္ဂလိပ် ကျမ်းမှုများ (E.R V; Maffat1, A.S.V)၌ လည်းကောင်း၊ ရှိမုန်ရှကာရုတ် ၏သား ယုဒရှကာရုတ်(Judas Iscariot the Son of Simon Iscariot) ဟုေဖာ်ပြပါရှိပါသည်။ ထိုေကြာင့် ရှကာရုတ် (Iscariot) ဟူသောစကားလုံး၏ အဓိပ္ပါယ်မှာ အဖေနှင့်သား နှစ်ဦးစလုံးနှင့် သက်ဆိုင်ရပေမည်။

ရှရိ(Syria)ပြည်သူပြည်သားများ၏တိုင်ရင်းသားဘာသာ စကားဖြင့်ရေးသားထားသော သမ္မာကျမ်း စာမူ၌ယုဒရှကာရုတ်ကိုရေးသားရာတွင် (Judas Scariot) ဟုအိုင်( I )စာလုံးကို ဖြတ်၍ရေး သားကြသည်။ “စကိုတီးရာ” (Scoreta) ဟူသောစကားလုံးသည် လက်တင်(Latin) စကား၌“စကိုးရီးတာ(Scoreta)ဖြစ်၍ အဓိပ္ပါယ် မှာသားရေဖြင့်ချုပ်ထားသော အကိုဟုဆိုလိုသည်။ ယုဒရှကာရုတ်သည် တမန်တော်အဖွဲ အစည်းဘဏ္ဍာထိန်းဖြစ် သည်။ သားရေအကျီ၌ အိတ် များရှိသဖြင့် အိတ်များထဲတွင်ငွေကြေး များထည့်နိုင်သည်။

ထိုကြောင့် သားရေအကိုကိုယုဒရှကာရုတ် ဝတ်ကောင်းဝတ် လိမ့်မည်ဟု “လိုက်ဖွတ်” (Lightfoot)ဆိုသောပုဂ္ဂိုလ်ကယူဆသည်။ အကယ်၍“ရှကာရုတ်” (Iscariot) ဟူသောစကားကို “စကိုး တီးယား”(Scortya) ဟူသော စကားလုံးနှင့်ဆက်စပ် ယူမည် ဆိုပါက ယုဒရှကာရုတ် သားအဖနှစ်ယောက်လုံးသည် သားရေ လုပ်ငန်းနှင့် အသက်မွေးသူများဟု ဆိုရပေလိမ့်မည်။

ရှကာရုတ် (Iscariot) အမည်နှင့်စပ်လျဉ်း၍ တနည်းဖြစ်နိုင် သည်မှာ ထိုအမည်သည် နေရပ်၏အမည်လည်းဖြစ်နိုင်သည်။ အစ်(Ish) ဟူသောစကားသည် ဟေဗြဲစကား၌“လူ”ဟုဆိုလိုသည် “ကေရုတ်” (Kerioth) သည် အရပ်ဒေသ၏အမည် ဖြစ် သည်။ ဤစကား နှစ်ခုကိုပေါင်းစပ်လိုက်လျှင် ရှကာရုတ်(Iscariot) သည် “ကေရွတ်မြို မှလူ” (Man of Kerioth) ဟုအဓိပ္ပါယ်ရနိုင်သည်။ “ကေရုတ်”ဟူသော မြိုအမည်ကိုဓမ္မဟောင်းကျမ်းတွင် အာပုတ်အနာဂတ္တိကျမ်း (၂၂)၌ တစ်ကြိမ်၊ ယောရှုမှတ်စာ(၁၅:၂၅) ၌ တစ်ကြိမ်၊ ပေါင်းနှစ်ကြိမ် ဖော်ပြ ထားသည်။

အာမုတ်ကျမ်း၌ဖော်ပြထားသောကေရုတ်မြိုသည် “မောဘ” (Moba) ပြည်တွင်တည်ရှိ ၍ယောရှုမှတ်စာ၌ပါရှိသော “ကေရုတ်” မြိုသည် ယုဒပြည်(Judah)၌ တည်ရှိသည်။ ယုဒရှကာရုတ်သည် မောဘပြည်သားမဖြစ်နိုင်ပေ၊ မောဘပြည်သားဆိုလျှင် တပါးအမျိုးသား ဖြစ်ပေလိမ့်မည်။ သူသည်ယုဒပြည်မှလာသော ယုဒပြည်သားဖြစ်ခဲ့လျှင် တမန်တော် ဖြစ်ပေမည်။ ဤအဖွဲအစည်း ထဲတွင် သူတယောက်တည်း သာလျှင် ဂါလိလဲပြည်သားမဟုတ်သူ အချက်သည် အလွန်ထူးခြားသော အချက်ဖြစ်ကြောင်းကိုတွေ့ရှိရသည်။

ယုဒရှကာရုတ်သည်အစဦးကတည်းကပင်လူဆိုးတယောက်အနေဖြင့် မှတ်ယူထားလျှင် မှားပေလိမ့်မည်။ ခရစ်ယာန် သမ္မာကျမ်းစာအုပ်၌ မပါဝင်ဘဲ ပယ်ထားသောအခြား ကျမ်းစာများ၌ ယုရှကာရုတ်အကြောင်း အနည်းအကျဉ်းသာပါရှိခြင်းမှာ ထူးဆန်းသည်။ အာရပ်လူမျိုးတို၏ သမ္မာကျမ်းစာ၌ ယု ဒ ရှကာရုတ်ငယ်စဉ်ဘဝကအဖြစ်အပျက် ကိုရည်ညွှန်း၍ ရေးသားထားသည်ကို တွေ့ရှိရသည်။ ထိုကျမ်း၌ ဖော်ပြသော ဒဏ္ဍာရီမှာ ယုဒရှကာရုတ် ငယ်စဉ်ကပင်သူ၏ စိတ်နှလုံးထဲတွင် နတ်ဆိုးကိန်းအောင်း၍ နေလေသည်။

ကလေးဘဝတွင် သခင်ယေရှုနှင့် ယုဒရှကာရုတ်တွေ့ ဆုံကြသောအခါ ယုဒရှကာရုတ်သည် သခင်ယေရှု ကိုထိုးနှက်သည်။ ထိုအခါ သခင်ယေရှုသည် ယုဒရှကာရုတ်၏စိတ်နှလုံး ထဲ၌ ရှိသော နတ်ဆိုးကို နှင်ထုတ်လိုက်ရာ နတ်ဆိုးသည်ခွေးနက်ကြီးဖြစ်ပြီး၊ ယုဒရှကာရုတ် စိတ်နှလုံးထဲမှ ထွက်သွားသည်ဟုရေးသားထားသည်။ သမ္မာကျမ်းစာ၌ ပါရှိေသာ ခရစ်ဝင်ကျမ်းများကို ဖတ်ရှုသောအခါ ယုဒရှကာရုတ်သည်အပြင်ပန်းအားဖြင့် အခြားတမန် တော်များနှင့် ဘာမျှမထူးခြားချေ။ ဒရှကာရုတ်၏အတွင်းစိတ် ကြံစည်ချက်ကိုအခြား တမန်တော်များ သိခဲ့လျှင်ယုဒရှကာရုတ်သည်သူ၏အကြံအစည်အတိုင်းဆောင်ရွက်နိုင်မည် မဟုတ်ချေးသူတို အရှင်သခင်၏အသက်ကို ကာ ကွယ်နိုင်ရန်အတွက် အနုနည်းနှင့် ဖြစ်စေ၊အကြမ်းဖက်၍ဖြစ်စေ၊ လက် မနှေးဘဲအရေးယူ ဆောင်ရွက်မည်မှာမလွဲပေ၊ ယုဒရှကာရုတ်သည် တမန်တော်အဖွဲ့ အစည်း၏ ဘဏ္ဍာထိန်းဖြစ်သောကြောင့် သူ့အားတမန်တော်များက ယုံကြည်ကြသည်မှာ မှားစရာမရှိချေ။ ယောဟန်သည် ယုဒရှကာရုတ် အားရှင်ယောဟန်ခရစ်ဝင်(၁၂း၆)၌ “သူခိုး”ဟုခေါ်သမုတ် ထားသည် မှန်သော်လည်း ယောဟန်သည်သူ၏ခရစ်ဝင်စာစောင်ကို ထိုသိုဖြစ်ပျက် ခဲ့ပြီးနောက် နှစ်ပေါင်းခုနှစ်ဆယ်ကြာမှ ရေးသားခြင်းဖြစ်သောကြောင့် ထိုအချိန်ကျမှယခင်ကမသိခဲ့သော အချက်ကိုထည့်သွင်း ရေးသားခြင်း ဖြစ်ပေသည်။

ဤအချင်းအရာတွင်သခင်ယေရှုအပေါ် ယုဒရှကာရုတ် သစ္စာ ဖောက်သည့်အကြောင်းတရပ်ကို ကျွန်ုပ်တိုတွေ့ရှိနိုင်သည်။ ယုဒရှကာရုတ်၏ စိတ်နှလုံးထဲ၌ကြံစည်နေသောအရာများကို အခြားတမန် တော် များမသိရှိကြ ခရစ်တော်အပါးတည်း သာရှိသည်။ ဒဗလျူအက်စ် မိုတန်(W.F.Moulton ကကိုယ်တော် ရှင်သည်မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကိုကျွေးမွေးသော အချိန်က စ၍ယုဒရှကာရုတ်၏ စိတ်နှလုံးထဲ၌ သစ္စာဖောက်မည့် မျိုးစေ့ကို မြင်တွေ့နေသည်(ယောဟန်၊ ၆း၇၀-၇၁) ။

သခင်ယေရှု၏ မျက်လုံး များသည်ယုဒရှကာရုတ်၏ ဖုံးကွယ်ဟန်ဆောင်မှုများကို တစ်ချိန်လုံး ခွါချလျက်နေသည်။ သူ၏ယုတ်ညံ့သောအကြံ အစည်ကိုသခင်ယရှု ကောင်းစွာသိထားကြောင်း၊ ယုဒရှကာရုတ် ရိပ်မိ သွားသောအခါ ယေရှု၏မျက်လုံးဒါဏ်ကို မခံနိုင်သောအခြေသို့ဆိုက်ရောက်သဖြင့် သခင်ယေရှုအားသုတ် သင်ဖျောက်ဖျက်ရန် ယုဒရှကာရုတ် ဆောင်ရွက်လေတော့သည်ဟု ဆိုခဲ့သည်။

ရှေးဦးပိုင်း၌ ပြောပြခဲ့သည့်အတိုင်း ရှကာရုတ်’ဟူသော အမည်၌သူ၏အပြုအမူနှင့် အကျင့်စာရိတ္တကို တစွန်းတစ သိရှိ နိုင်သည်။ ယုဒရှကာရုတ်၏အနက်အဓိပ္ပါယ်ကို “ကေရုတ်မြိုကလူ” ဟုပြန်ဆိုလျှင်ယုဒသည်ဂါလိလဲပြည်သားမဟုတ်၍ တခြားတမန်တော်များနှင့်မတူခြားနားနေပေသည်။ အစဦးကတည်းကပင် တမန်တော်အဖွဲ အစည်းထဲတွင်သူသည် လူစိမ်းတယောက်ကဲ့သို ဖြစ်နေပေလိမ့်မည်။ သူ၏ကြီးမြင့်ထင်ပေါ်လိုသောဆန္ဒနှင့် ရည်မှန်းချက်ပျက်ပြယ်နေသည်ဟု သူခံစား ရပေမည်။ တမန်တော် တစ်ဆယ့်နှစ်ပါးထဲတွင်ယုဒရှကာရုတ်၏ အခြေအနေကို ရိပ်စားမိရန်မလွယ် ကူပေ၊ သူသည် တမန်တော် များထဲတွင်အရေးကြီးသော နေရာ၌ ရပ်တည်လျှက်ရှိနေသည်။ သူသည် တမန်တော်များ၏ ဘဏ္ဍာထိန်းဖြစ်သည်။

ရှင်မာကုခရစ်ဝင်(၁၄း၁၀)၌ မာကုသည်ယုဒရှကာရုတ်အား ထူးခြားချက်မှတ်သားဖွယ်ရာစကား ရပ်ဖြင့် ဖော်ပြထား သည်။“တစ်ကျိပ်နှစ်ပါးအပါအဝင်ဖြစ်သော ယုဒရှကာရုတ်”(Judas Iscariot one of the twelve) ဟု ဂျိမ်းဘုရင် ကမူ(K.J.V) ၌ပါရှိေသာစကားများသည် ဂရိဘာသာဖြင့်ရေးသား သောကျမ်းစာမှဘာသာပြန်ထားခြင်းဖြစ်သည်။ “ဂရိစာပေအရေး အသားသည် အလွန်ထူးခြား ဆန်းပြားသည်။ ဂရိဘာသာဖြင့် (lo he is ton dodeka)ဆိုသည်မှာ ( the one of the twelve) ဟု ဆိုလိုသည်။ အနက်ဋိကာဖွင့်သော ဆရာများသည် ဤစကား၏ ဘာသာပြန် ချက် ကို ဆီလျော် သောဘာသာပြန်ချက်ဟု မထင်မှတ် ကြချေ။ ဂရိစာမူကျမ်း၌ ယုဒရှကာ နတ်သည် တမန်တော် တစ်ဆယ့်နှစ်ပါးတွင် အကြီးအကဲခေါင်းဆောင်ဟု ဆိုလေသည်။

ဤအချက်ကိုကျွန်ုပ်တို လက်မခံနိုင်သော်လည်း ဖြစ်နိုင်စရာ အကြောင်း ရှိသည်။ နောက်ဆုံး ညစာစားပွဲ၌ သခင်ယေရှု လက်ဝဲဘက်အထူးဂုဏ်ပြုခံ သူနေရာတွင် ယုဒရှကာရုတ်သည် အကြီးအကဲ တယောက်ဖြစ်သည်ကို ယုံမှားစရာ မရှိပေ။ သိုသော် သခင်ယေရှုနှင့် ရင်းနှီးစွာ နေထိုင်သောပေတရု ၊ ယာကုပ်၊ယောဟန်သုံးဦးစာရင်းတွင် သူမပါရှိချေ။ ဂါလိလဲပြည်သား မဟုတ်သော ယုဒရှကာရုတ်သည် တမန်တော် အဖွဲအစည်းထဲတွင် လူစိမ်း တယောက် ဖြစ်နေပါသည် တကားဟု သူ၏စိတ်ထဲ၌ဖြစ် ပေါ်နိုင်စရာ ရှိသည်။ သူသည်အဖွဲထဲတွင်အကြီးအကဲတယောက်ဖြစ်သော်လည်း သူ့ထက်ကြီးမြင့်သော သူများရှိနေသေးသောကြောင့် မနာလိုဝန်တိုစိတ် အားကြီးလာနိုင်သည်။ မနာလိုခြင်း၊ စိတ်တိုခြင်း တိုသည်သူ၏စိတ်ကိုဖုံးလွှမ်းသွားသော အခါသခင်ယေရှုအပေါ် ထားရှိသောမေတ္တာသည် မုန်းတီးခြင်း၊ ရန်ငြိုးဖွဲခြင်းသိုပြောင်းလဲသွားပြီးနောက်ဆုံး၌ သခင်ယေရှု အပေါ်သစ္စာ ဖောက်လေတော့သည်။

ကိုယ်တော်ရှင်အပေါ် ယုဒရှကာရုတ်သစ္စာမဲ့ခြင်းနှင့် စပ်လျဉ်း၍ ဖြစ်နိုင်စရာရှိသည့် အခြားအကြောင်းအရာမှာ သခင်ယေရှုနှင့်စပ် လျဉ်း၍မိမိမျှော်မှန်းထားသည့်အတိုင်း ဖြစ်မလာသည့် အချက်ပင် ဖြစ်သည်။ ဤအချက်နှင့် ပတ်သက်၍ နှစ်မျိုးယူဆနိုင်သည်။

(က)သခင်ယေရှုသည် ယုဒရှကာရုတ်ရည်မှန်းသည့် အတိုင်း ဂျူးလူမျိုး များ၏ တော်လှန်ရေး ခေါင်းဆောင် ဖြစ်လာသောအခါ ယုဒရှကာရုတ်သည် သူ၏အသက်ချမ်းသာရန်အတွက် ယုတ်ညံ့ စိတ်ထားဖြင့်ဘုရင့် ဘက်တော်သား သက်သေဖြစ်လာကာ၊ သခင်သောယေရှု အပေါ် သစ္စာဖောက်လေတော့သည်။

(ခ) ယုဒရှကာရုတ် သစ္စာဖောက်ခြင်းနှင့် စပ်လျဉ်း၍ “မတ်သာ (MarkRutherford)ဆိုသောပုဂ္ဂိုလ်က အကောင်းဘက်ကကြည့် ပြီးတမျိုးတဖုံစိတ်ကူးရသည်ကိုပြောပြသည်မှာ “ယုဒရှကာရုတ်၌ မွန်မြတ်သော ရည်မှန်းချက်ရှိသည်မှာထင်ရှားသည်။ အဘယ့်ကြောင့် ဆိုသော် ဤကဲ့သို ရည်မှန်း ချက် မရှိလျှင် သခင်ယေရှု၏ နောက်လိုက် အဖြစ်ဖြင့် ခေါ်တော်မူခြင်းကိုသူလက်ခံမည် မဟုတ်ချေ။ သူသည် ယုံကြည်စိတ်ချရသောပုဂ္ဂိုလ် တစ်ဦးဖြစ်သည် မှာလည်း ယုံမှား စရာမရှိ။ သိုမဟုတ်လျှင် သူ့အား ဘဏ္ဍာထိန်းခန့်မည်မဟုတ်ပေ။ ယုဒရှကာရုတ်သည် ယုဒ ပြည်နယ်သားဖြစ်၍ စိတ်မြန်သောဂါလိလဲ နယ်သားများကဲ့သို မဟုတ်၊ တည်ငြိမ်ခြင်း၊ အမြင်ကျယ်ခြင်း၊ ရှေးဖြစ်မည့် အရေးကို ဝေဖန် သုံးသပ်နိုင်ခြင်းစသည့် အရည်အသွေးများရှိသူ ဖြစ်သည်။ ထိုကြောင့်သခင် ခရစ်တော်သည် ရောမအစိုးရနှင့် ထိပ်တိုက် တွေ့လျှင် ဘေးဒုက္ခ ကြုံတွေ့မည်ကို သိမြင်သဖြင့်ကိုယ်တော်အား ညင်သာစွာ ဘေးဖယ်ခိုင်းထားခြင်းသာဖြစ်၍ ကိုယ်တော်ရှင် အား သတ် ပစ်ရန် ကြံရွယ်ခြင်းမဟုတ်” စသည်ဖြင့် ဖေါ်ပြထားသည်။

“ငွေ၏တန်ဖိုးကိုလည်းမသိ၊ ဂရုလည်းမစိုက်၊ အကြီးအကဲ ဆရာဖြစ်သူ ၏ထူးခြားမွန် မြတ်သော နှလုံးရည်ကို နားမလည်၊ သဘောမပေါက်၊ နံနက်တိုင်းမိုးကောင်းကင်ကိုသာ မော်ကြည့်၍ နိမိတ်လက္ခဏာကိုသာရှာဖွေ နေပြီး လူအများရိုသေခန့်ညားရသောရောမဘုရင်၏အာဏာတန်ခိုးထက်၊ လွန်ကဲသော အာဏာတန်ခိုးရရှိရန်နှင့် ယင်းသိုတန်ခိုးထွားသောနိုင်ငံ တွင် အာဏာပိုင်အကြီး အကဲများအဖြစ် ခန့်ထားရေးကို စောင့်မျှော် နေသော လူတစု၏ကြေးငွေကိုဂရုတစိုက် ထိန်းသိမ်း ရသောပုဂ္ဂိုလ်၏ ဘဝထက် အနှောင့်အယှက်ဖြစ်စရာကောင်းသည့် ဘဝမျိုးကို စဉ်းစား၍ရနိုင် ပါသလား”ယုဒရှကာရုတ်သည် ဤအမြင်မျိုးဖြင့် သခင်ယေရှုအား သယူသန် အမျိုးသားစိတ်ဓါတ်ပြင်း ထန်သည့် ဂျူးလူမျိုးများတွန်းပိုနေသောဘေး အန္တရယ်မှကာကွယ်ရန်ဖမ်းဆီးစေခြင်း သာဖြစ်ပေသည်ဟု မတ်ရူသာဖိုက သူ၏စာစောင်တွင်ရေးသားဝေဖန်ထားသည်။

အထက်ပါအယူအဆနှင့်ဖီလာဆန့်ကျင်သောအမြင်လည်း ရှိသေးသည်။ အကယ်၍ယုဒ ရှကာရုတ်သည်“စီကားရှုအို”(Siarios) တိုနှင့် ဆက်စပ်မှုရှိလျှင်မျိုးချစ်စိတ် ဓါတ်ပြင်းထန်၍ အုပ်စိုးနေသော မျိုးချစ်အာဏာပိုင်များအားမည်သည့်နည်းလမ်းနှင့် မဆိုပါလေတိနတိုင်းမှ မောင်းထုတ်ရန်ကတိသစ္စာ ပြုထားသူဖြစ်ပေသည်။

ဂျူးလူမျိုးတို၏ စိတ်နှလုံးထဲ၌သူတို သည် ဘုရားသခင်ရွေးကောက်သောလူမျိုးများ ဖြစ်ကြသည်။“ရွေးကောက်ခြင်းခံရသူ”ဟူသောစကားကိုလောကီအာဏာ ရရှိခြင်း၊ တိုင်းတပါးသားတိုအပေါ်စိုးမိုးအုပ်ချုပ်ရခြင်းနှင့် ဆက်စပ်၍ ဂျူးလူမျိုးတိုအဓိပ္ပါယ် ကောက်ယူကြလေသည်။ ဤမျှော်မှန်းချက် ရှိသူများထဲတွင်“စီကားရိ”(Sicaril)ဆိုသောအဖွဲသည် စိတ်ဓါတ်အပြင်းထန်ဆုံးဖြစ်သည်။ သခင်ယေရှု၏ဟောပြောလုပ်ဆောင်မှုတိုကို ကြည့်ရှု၍ ကိုယ်တော် ရှင်အားဖြင့်သူတိုမျှော်မှန်းသောကိစ္စသည် အကောင်အထည်ပေါ်လာလိမ့်မည်ဟုယုဒရှကာရုတ်မြင်သည်။ ထိုမျှော်မှန်းချက် ဖြင့်ယုဒရှကာရုတ်သည်သခင်ယေရှုကို ဆက်သွယ်မှီခို အားထားခြင်း ဖြစ်ပေမည်။

သခင် ယေရှုသည်လောကီ အာဏာတန်ခိုးရရှိရေးအတွက် ရှေ့သွားနေသည် မဟုတ်ဘဲ လက်ဝါးကပ်တိုင်သိုရှေးရှုသွားနေသည်ကို ယုဒရှကာရုတ်စိတ်မချမ်းမြေ့ဘွယ် တွေ့သောအခါသူ၏ မျှော်မှန်း ချက်တို့သည် ပျက်ပြုန်းသွားလေတော့သည်။

ယုဒရှကာရုတ်၏ အသက်တာတွင် အလွန်အရေး ကြီးသော ဆုံးဖြတ်ချက်ချရသည့် အချိန်နှစ်ချိန်ကို လေ့လာကြည့်ကြစိုပထမအကြိမ် မှာ ရှင်ယောဟန် ခရစ်ဝင် (၆:၁၅)၌ ဖော်ပြပါရှိသည့်အတိုင်း သခင်ယေရှုအား ရှင်ဘုရင်မြှောက်ရန် လူထုက ကြိုးစားအားထုတ်သော အချိန်ဖြစ်သည်။ ထိုအချိန်သည် သခင်ယေရှုသည်ယုဒရှကာရုတ်၌ သစ္စာဖောက်သည့် လက္ခဏာကိုမြင်တွေ့သည် (ယောဟန်၊ ၆း၇၀-၇၁)။ ထိုအချိန်တွင်ယုဒရှကာရုတ်၏ စိတ်နှလုံး၌ မိတ်ဆွေကောင်းဖြစ်ခဲ့သော သခင်ယေရှုအပေါ် အလွန်ဆိုး ယုတ်သောစိတ်များ ပေါ်ပေါက်လာကာ ကိုယ်တော်ရှင်အား ရန်ဘက်ပြုရန် ကြံစည်သည့်အချိန်ဖြစ်သည်။ သူမျှော်မှန်းခဲ့သော မျှော်လင့်ချက်များ ဆုံးရှုးသွားသည်ကိုသိရှိရသော ထိုအချိန်တွင်သူ၏ မျှော်မှန်းချက်ကို ဖျက်ဆီးသည့် သခင်ယေရှုအား မုန်းတီးလေတော့သည်။

ရှင်မဿဲခရစ်ဝင် (၂၆း၁၄-၁၆)၊ ရှင်မာကုခရစ်ဝင် (၁၄း၁၀-၁၁)၊ ရှင်လုကာခရစ်ဝင်(၂၂း၃-၆)တို၌ပါရှိသော အချိန်သည် ယုဒရှကာရုတ် ၏ဒုတိယအကြိမ်အရေးကြီးသော ဆုံးဖြတ်ချက်ချမှတ်ရသည့်အချိန် ဖြစ်သည်။ ထိုအချိန်သည် ယေရုရှလင်မြိုထဲသို သခင်ယေရှု မြည်းကလေးစီး၍ဝင်သော အချိန်ဖြစ်သည်။

ယုဒရှကာရုတ်ကသခင်ယေရှုသည်ယေရုရှလင်မြိုထဲသိုတော် လှန်ရေးအလံလွှင့်ထုကာ စစ်သူကြီးအနေနှင့်ဝင်ရောက်လိမ့် မည်ဟုမျှော်လင့် ထားသည်။ သိုသော်ထိုကဲ့သိုမဟုတ်ဘဲ၊ သခင်ယေရှုသည် ကားတိုင်ခရီး၏ နောက်ဆုံးမိုင်တိုင်ကို လျှောက်နေသည်ကို မြင်တွေ့ ရသောအခါ သူ၏ မျှော်လင့်ချက်များ ပျက်ပြားသွားလေ တော့သည်။

သခင်ယေရှုအပေါ်၌ထားရှိသောမေတ္တာသည်မုန်းတီးခြင်းသို့ပြောင်းလဲသွားသည်။ သူ့မျှော် မှန်းချက် အကောင်အထည်ပေါ် မလာ သဖြင့် သခင်ယေရှုကို မုန်းတီးကာရန်သူ၏ လက်ထဲသိုအပ်နှံခြင်းအားဖြင့် သေကြောင်း ကြံလေတော့သည်။ သခင်ယေရှုသည် ယုဒရှကာရုတ် ဖြစ်စေလို သည့်အတိုင်းဖြစ်မလာသောကြောင့် သခင်ယေရှုအပေါ် ထားရှိသောမေတ္တာသည် မုန်းတီးခြင်းသို ပြောင်းလဲသွားကာသာ ဖောက်သောအလုပ်ကို ယုဒရှကာရုတ်ပြုလုပ်ခြင်းဖြစ်ပေသည်။

ယုဒရှကာရုတ်အားဤကဲ့သိုသစ္စာဖောက်ရန် လှုဆော်ပေးသော အကြောင်းရင်းမှာ ငွေကိုတပ်မက်သည့်စိတ်ပင် ဖြစ်သည်ဟူသော အယူအဆကို လုံးလုံးပစ်ပယ်၍ မဖြစ်ပေ။ ဤအတိုင်းသာဆိုလျှင် ယုဒရှကာရုတ်သည် ကျွန်တစ်ယောက်ဖိုးမျှ သာရှိသောငွေသုံးဆယ်ဖြင့်၊ ထွက်မြောက်ရာကျမ်း၊ ၂၁း၃၂) သခင်ယေရှုအားရန် သူ့လက်ထဲ အပ်နှံခြင်းသည်ရာဇဝင်သမိုင်းတွင် အလွန်စက်ဆုတ်ရွံရှာဖွယ်ကောင်း သောလုပ်ဆောင်ချက်တခုဖြစ်ပေသည်။

ထိုအချိန်တွင်သခင်ယေရှုကို အပ်နှံသူအားငွေမည်၍မည်မျှပေးမည် ဟူသောသတင်းပေါ်ထွက် ကောင်းပေါ်ထွက်လျှက်ရှိပေမည်။ ထိုငွေ ကိုရရှိရန် ယုဒရှကာရုတ်သည် သစ္စာမဲ့သော အလုပ်ကိုပြုလုပ်ခြင်း ဖြစ်နိုင်ပေသည်။ (ယောဟန်၊ ၁၁း၅၇)။

ယုဒရှကာရုတ်သည် သစ္စာမဲ့ခြင်းနှင့်စပ်လျဉ်း၍ပြောဆိုခဲ့ သောအချက်များတွင်သူ့ရည်ရွယ်ချက် ၏အကြောင်းရင်းကို ဖော်ပြ ရာ၌ မပြည့်စုံသေးချေ။ ယုဒရှကာရုတ်သည်စိတ်ဓါတ်ပြင်းထန် သော မျိုးချစ်ပုဂ္ဂိုလ်တဦးဖြစ်သည်။ သူ၌မျှော်မှန်းချက်ပြည့် စုံစေမည်ဟုယုံကြည်သည်။

သခင်ယေရှုသည်ပြောမပြတတ်အောင် နှေးကွေးအေး ဆေးလုပ် ကိုင်ဆောင်ရွက်နေသည်ကို မြင်ရသောအခါ ယုဒရှကာရုတ်သည်ကိုယ်တော်ရှင်အား သူအလိုရှိသည့်အတိုင်းဖြစ် မြောက်စေရန် အတင်းအဓပြုလုပ်ခြင်းသာဖြစ်သည်ဟု “ဒီကွင်းဆေး” (DeQuince) ဆိုသောပုဂ္ဂိုလ်ကယူဆသည်။

ဤအတိုင်း ဆိုလျှင် ယုဒရှကာရုတ်၏ စိတ်ထဲတွင်သခင်ယေရှု လက်ဝါးကပ်တိုင်၌ အသေသတ်ရန် ကြံစည်ခြင်းမဟုတ်၊ သခင်ယေရှုသည်သူ၏တန်ခိုး အာနုဘော်ကိုဖော်ထုတ်စေရန် ယုဒရှကာရုတ်က ဖန်တီးခြင်းသာ ဖြစ်ပေမည်။ ဤအတိုင်းဆိုလျှင် ဂေသရှေမန် ဥယျာဉ်၌ဖြစ်ပေါ်သော အဖြစ်အပျက်သည် အလွန် စိတ်ဝင်စားစရာ ကောင်းပေမည်။ ယုဒရှကာရုတ်သည် သခင်ယေရှုအား “အရှင်ဘုရား မင်္ဂလာရှိပါစေသော” ဟုဆိုပြီးနမ်းရှုပ်သောအခါ (မဿဲ၊ ၂၆း၄၉) သူ၏ မျက်နှာပေါ်၌ အလွန် စိတ်လှုပ်ရှားနေသည့် လက္ခဏာပေါ်လွင်ကာ ကိုယ်တော်၏ တန်ခိုးတော်ကိုဖော်ထုတ်၍ ကျွန်ုပ်တိုလူမျိုးများ၏ လိုအင်ဆန္ဒ အောင်မြင် ရန်ဆောင်ရွက်ပါ”ဟု ပြောနေသည့်အလား မျှော်လင့်ချက်ရောင်ခြည် သန်းနေပေလိမ့်မည်။

ယုဒရှကာရုတ်၏ ရည်ရွယ်ချက်သည်အထက်ပါအတိုင်း ဖြစ် မည်ဟု ကျွန်ုပ်တိုထင်မှတ်စရာ ကြောင်းများစွာရှိသည်။ ဂေသရှေမာန်ဥယျာဉ်၌ အချင်းဖြစ်ပွါးပြီးနောက် အဘယ့်ကြောင့် ယုဒရှကာရုတ်သည် ထိုနေရာမှ ပျောက်ကွယ်သွားရသနည်း၊ တရားရုံးတော်တွင် သခင်ယေရှု ကိုစစ်ဆေးသောအခါ အဘယ့်ကြောင့် သူသည်သခင်ယေရှုတစ်ဘက်၌ သက်သေအဖြစ် မပါရှိသနည်း၊ သခင်ယေရှု၏နောက်လိုက် တပည့် တစ်ဦး၏ သက်သေခံချက်ထက်အဘယ် သက်သေခံချက် သည်သာလွန်ခိုင်လုံမည်နည်း။ အဘယ့်ကြောင့်ယုဒရှကာရုတ်သည် သူ့ကိုယ်သူ သတ်သေရသနည်း။ အဖြေမှာ ယုဒရှကာရုတ်သည် ထိုစိတ်မချမ်း သြစရာအချိန် ကလေးတွင်သူအထူးကြိုးစား ကြံရွယ်ထားသော အကြံအစည်ပျက်သုန်းသွားပြီး သူချစ်သောအရှင်ကို သူသတ်မိပြီဟု နောင်တရ နေပေလိမ့်မည်။ ယုဒရှကာရုတ်၏ဝမ်းနည်းဘွယ်ရာ ဖြစ်ရပ်မှာ သူသည် သခင်ယေရှုကိုအရှိအတိုင်း လက်မခံဘဲ၊ သူဖြစ်စေလိုသည့်အတိုင်း ပြုပြင် ပုံသွင်းရန်ကြံစည်ခြင်း ဖြစ်ပေသည်။

ခရစ်ယာန်သမိုင်းတစ်လျှောက်လုံးတွင် ယုဒရှကာရုတ်သည် အဘယ့်ကြောင့်ဤကဲ့သိုယုတ် ညံ့သောအမှုကိုပြုရသနည်းဟု သူ၏စိတ်အကြံအစည်ကို လူအများတိုစူးစမ်းလေ့လာကြသည်။ ကိုယ်တော်ရှင်အား သစ္စာဖောက် ၍ ရန်သူ့လက်ထဲသို အပ်နှံပေးရန် သခင်ယေရှုကပင် ယုဒရှကာရုတ်ကို ရွေးကောက်ခြင်းလော။ သူသည်ကိုယ်တော်ရှင်အား သစ္စာဖောက်မည်ကို သိလျက်နှင့် ကိုယ်တော်ရှင်က သူ့ကိုရွေးကောက် သည်ဟု ကျွန်ုပ်တိုမပြောလိုပေ၊ ပြောလည်းမပြောရဲချေ။ ဤကဲ့သို စိတ်ကူးခြင်းသည်ပင် ဘုရားသခင်ကိုပစ်မှားရာရောက်ပေမည်။

ဤကဲ့သိုမှတ် ယူလျှင် သခင်ယေရှုသည်တစ်ဦးတစ်ယောက်ကို အပြစ်ဒုစရိုက် ပြုလုပ်ရန် မလွှမရှောင်သာအခြေအနေသို တွန်း ပိုသည်ဟု ဆိုရာရောက်နေပေလိမ့်မည်။

ခရစ်တော်နှင့်ခရစ်ဝင်ကျမ်းများဆိုင်ရာ အဘိဓါန်စာအုပ် (The Dictionary of Christ And The Gospels) တွင် ယုဒရှကာရုတ်နှင့် စပ်လျဉ်း၍“ဂျေ၊ ဂျီ၊ တက်(စ)(J.G.Tsaked) ရေးသားသည့် အလွန် ကောင်းမွန်သောဆောင်းပါး တစ်ခု၌ပုဂ္ဂိုလ် နှစ်ဦး၏ အဆိုပြုချက် နှစ်ခုကို ကိုးကားထားလေသည်။

တစ်ခုမှာ “လဗတာ”(1.avater) အမည် ရှိသူ၏ အဆိုဖြစ်သည်။“လဗတာ” ကယုဒရှကာရုက် သည် စာတန် ကဲ့သိုပြုကျင့်သည်။ သိုသော်လည်း စာတန်ကဲ့သိုပင် တမန်တော် တစ်ပါး ဖြစ်နိုင်သော အရည်အသွေး ရှိသည်ဟုဆိုသည်။နောက်တစ်ဦးမှာ“ပရက်စင်စီ”(Pressense) ဆိုသူ ဖြစ်သည်။ ‘ပရက်စင်’က ယုဒရှကာရုတ်အား ဝေဖန်ရာ၌ နတ်ဆိုးနှင့် အတူညီဆုံးသောပုဂ္ဂိုလ် မှာအယူအဆလွဲချော် သွားသော တပန်တော် ဖြစ်သည်ဟု ဆိုသည်။ ဤအဆိုပြုချက်များသည် ယုဒရှကာရုတ်၏ ကြီးမြတ်လာနိုင်သော အလားအလာ အစွမ်းသတ္တိနှင့်သူ၏ကျဆင်း သွားသောဖြစ်ရပ်ကို လွှမ်းခြုံ ဖော်ပြထားပေသည်။

ဓမ္မသစ်ကျမ်း တမန်တော်ဝတ္ထု (၁:၂၅)တွင်ယုဒရှကာရုတ်၏ ဇာတ်သိမ်းခန်းကို ဖော်ပြထား သည်။ ထိုအချက်၌“ဓမ္မဆရာ၏အရာ၊ တမန်တော်၏အရာမှရွေ့ လျာဖောက်ပြန်သော ယုဒရှကာရုတ်သည်သူ၏နေရာအရပ်သို သွားအံ့သောငှါ သူ၏အရာ၌“မသဲ”ကိုတမန် တော်အဖြစ်ခန့်ထားသည်ဟု ပါရှိသည်။ “သူ၏နေရာအရပ်”သည် အဘယ်အရပ်ဖြစ်သည်ကို ကျွန်ုပ်တိုပြောစရာမလိုပါ။ ယုဒရှကာရုတ် နှင့်ပတ်သက်၍ တရားဟောဆရာ၊ သိုမဟုတ် အနက်ဖွင့်ဆရာတို၏ ရေးသားချက်ထဲမှ “ဩရီဂျင်(Origen) ဆိုသူ၏ ရေးသားချက်မှာ ယုဒရှကာရုတ်သည် သူ၏လုပ်ဆောင်ချက်မည်မျှ မှားယွင်းချွတ်ချော်သည်ကိုသိသောအခါ သေဆုံးသူများရှိရာအရပ် “ဟေ”(Hlades) တွင်သခင်ယေရှုနှင့်တွေ့ဆုံရန်သူ ကိုယ်သူမဆိုင်းမတွ သေကြောင်းကြံ စည်ခဲ့သည်။ ထိုအရပ်၌ ယုဒရှကာရုတ်သည်သခင်ယေရှုကိုမြင်တွေ့ သောအခါသူ့ အားခွင့်လွှတ်ဖိုရန် ကိုယ်တော်ရှင်အားအသနားခံပေ မည်ဟု မဿဲနှင့် စပ်လျဉ်း၍ဟောပြော သောတရားဒေသနာများ (Ser-mons on Matthew 35) ၌ ဖော်ပြထားသည်။

 “မတ်ရူသာဖို”(Mark Rutherford) ရေးသားသော ယုဒရှကာရုတ်သည် သူ၏ဖြစ်ရပ်များကို မည်သူကိုမျှပြောမပြ၊ သူဘက်က သက်သေခံမည့်သူများကိုလည်း မရှာဖွေ” ဟူသော စကားများဖြင့်အဆုံးသတ်ထားသည်။

“ကေရုတ်”(Keriotli)မှ သူ၏မိတ်ဆွေများသည် သူ့အတွက်အဘယ်ကဲ့သိုပြောဆိုကြမည်နည်း။ သခင်ယေရှုသည် အဘယ်ကဲ့သိုပြောမည်နည်း။ ယုဒရှကာရုတ်၏လက်ထဲ၌ ကြိုးဆွဲချသေရန်ကြိုးကို သခင်ယေရှုမြင်တွေ့လျှင် ယုဒရှကာရုတ်အား သေကြောင်းမကြံစည်ရန် ဟန့်တားမည် မဟုတ်ပါလား ။

ကိုယ်တော်ရှင်သည် သူ၏ပုခုံးကို ကြင်နာစွာ ကိုင်တွယ်၍နောင်တရသော ယုဒရှ ကာရုတ် သည်လည်း မြေကြီးပေါ်တွင်ဒူးထောက်နေစဉ် ကိုယ်တော် သည် ယုဒရှကာရုတ်အား ကြင်နာစွာထူမပြီးသူမသိ၍ ပြုလုပ်ခဲ့သောမိုက်ပြစ်များကို ခွင့်လွှတ်ကာ မြတ်သောနှုတ်ခမ်းတော်ဖြင့် သူ့အားနမ်းရှု မည်ကို ကျွန်ုပ် မြင်ယောင်မိသည်ဟု မတ်ရူသာဖိုဖော်ပြထားသည်။

ကျွန်ုပ်တိုသည်ယုဒရှကာရုတ်အား သခင်ယေရှုအပေါ် သစ္စာဖောက်ရကောင်းလားဟု မသနား၊ မညှာတာ၊ ပြစ်တင်ရှုချမည် ဆိုလျှင်“သင်တိုတွင်အပြစ်ကင်းသောသူသည် ရှေးဦးစွာ ကျောက်ခဲနှင့် ပစ်စေ”ဟု တချိန်က သခင်ယေရှု မိန့်ကြားတော်မူခဲ့သည့်စကား (ယော၊ ၈-၇)ကိုသတိရကြပါစို့။

အခန်း(၈)

သခင်ယေရှု၏ညီ ယာကုပ်

ရန်သူအဖြစ်မှ မိတ်ဆွေအဖြစ်သို့ရောက်ရှိလာသူ

 

သခင်ယေရှု၏ညီ ယာကုပ်သည်မူလတမန်တော် တစ်ဆယ့်နှစ်ပါးစာရင်းတွင်မပါရှိချေ၊ အစဦး၌ပင်သခင်ယေရှုကို ဆန့်ကျင်ဘက် ပြုလုပ်ခဲ့သည်။ သို့သော်နောက်ဆုံး၌ ယာကုပ်သည် ဂျူးလူမျိုး ခရစ်ယာန် အသင်းတော်၏ ခေါင်းဆောင်ဖြစ်လာသည်။ ယေရုရှလင်အသင်းတော်၏ အကြီးအမှူးဥက္ကဌလည်းဖြစ်သည်။ ခရစ်ယာန်ဘာသာကို ယုံကြည်သည့်အတွက် မာတုရအဖြစ်ဖြင့် အသေခံသွားခဲ့သည်။

ယာကုပ်အကြောင်းနှင့်ပတ်သက်၍ ပေါလုပြောပြချက် ကြောင့်သူ့အား တမန်တော်တစ်ပါး အနေဖြင့် ခေါ်ဝေါ်သမုတ်သည်မှာ မှန်ကန် ကြောင်းတွေ့ရသည်။ ပေါလုသည်ပြောင်းလဲပြီး သည့်နောက် ယေရုရှလင်မြိုသို ပထမအကြိမ်ရောက်ရှိစဉ် ပေတရုနှင့်တွေ့ကြောင်း ကိုဖော်ပြသည်။

ထိုနောက်ပေါလုက ဆက်လက်၍“သူနှင့်သခင်ဘုရား၏ ညီတော် ယာကုပ်မှတစ်ပါး အခြားတမန်တော်တစ်ယောက်ကိုမျှ ငါမတွေ့ မမြင်” ဟု ဂလာတိဩဝါဒစာ (၁း၁၉) ၌ဖော်ပြသည်။ ဤစာပိုဒ်အရယာကုပ်သည် တမန်တော်တစ်ပါးဖြစ်သည့် သဘောသက်ရောက်ခြင်းကို ဓမ္မသစ်| ကျမ်းတတ်ပညာရှင်အချိုကငြင်းဆိုကြသည်။ သူတို့က ဤစာပိုဒ်မှာ ၊“ကျွန်ုပ်ပေတရုကိုတွေ့သည်။ တခြားတမန်တော် များကို မတွေ့ရှိ သိုသော်ယာကုပ်တစ်ယောက်ကိုတော့တွေသည်” ဟု အဓိပ္ပါယ်ရှိကြောင်း ယူဆကြသည်။ မည်သိုဆိုစေ ဤစာပိုဒ်အရ ပေါလု နှင့်ထိုစဉ်က ခရစ်ယာန်အသင်းတော်များက ယာကုပ်အား တမန်တော်တစ်ပါး အနေဖြင့် အသိအမှတ်ပြုကြောင်း ကျွန်ုပ်တို ယုံကြည်စိတ်ချသည်။ ထိုအပြင် ယာကုပ်သည်ယေရုရှလင် အသင်းတော်၏ခေါင်းဆောင် စစ်စစ် ဖြစ်လေသည်။

ယာကုပ် အကြောင်းနှင့်စပ်လျဉ်း၍ ကျွန်ုပ်တိုမသိသော အချက်အလက် မြောက်များ စွာရှိသည်။သူ၏ အတ္ထုပ္ပတ္တိ ကိုကျွန်ုပ်တို များစွာခန့်မှန်းတွက်ဆရပေမည်။ သိုသော်သခင် ယေရှုအပေါ်၌ သူထားရှိခဲ့သောသဘောထား အမှန်တကယ်ပြောင်းလဲ လာသည် ကိုကား ကျွန်ုပ်တိုအသေအခြာသိရှိရသည်။

သခင်ယေရှု၏ သာသနာလုပ်ငန်း အစဦး၌ သခင်ယေရှုနှင့်သူ၏ မိသားစုတို အတူတကွ သွားလာလုပ် ဆောင်နေကြသည်ကို ဂါလိလဲပြည် ကာနမြို(ယောဟန်၊ ၂း၁) တွင်တစ်ကြိမ် တွေ့ရှိရသည်။

သို့သော် သခင်ယေရှုနှင့်သူ၏ မိသားစု တိုသည် နောက်ပိုင်း၌ စိတ်ဝမ်း ကွဲပြား ကြသည်မှာ ပေါ်လွင်လာသည်။ သခင်ယေရှုအားသူ၏ မိသားစုက သူဖြစ်သည်။ (ရှင်မာကုခရစ်ဝင်၊ ၃း၂၁)ဟူ၍လည်း ကောင်း၊ မိုက်မဲခြင်း အမှုကိုပြုခြင်းမှ တားမြစ်မည့်သူ ဖြစ်သည် (မာ ၃း၃၁-၃၃) ဟူ၍လည်းကောင်း၊ မှတ်ယူကြသည်။ ညီများသည် သခင်ယေရှုအပေါ်၌ မယုံကြည်၊ အထင်အမြင်သေးသော ကြောင့် ထူးခြားသောအမှုများကိုပြုလုပ်ရန် မထီမဲ့မြင် ပြောလေသည် (ယောဟန်၊၇း၅)။ ကျွန်ုပ်တို့သည် ရှင်မဿဲ ခရစ်ဝင် (၁၀း၃၆) ၌ “ကိုယ့်အိမ်သူအိမ်သားတိုသည်လည်း ကိုယ်ရန် သူဖြစ် ကြလိမ့်မယ်”ဟု သခင်ယေရှု ပြင်းထန်စွာမိန့်မွက်သောစကားကို ဖတ်ရှု ရသည်။ ဤစကား များသည်ကိုယ်တော်ရှင်ကိုယ်တိုင် ခံစားရချက်ကို ဖေါ်ပြသော စကားများဖြစ်ပေသည်။

ဓမ္မသစ်ကျမ်းကိုဖတ် ရှုရသောအခါ ရုတ်တရက် ဆိုလျှင် ခရစ်တော်၏အိမ်ထောင်၌ စိတ်ထားများအပြောင်း အလဲဖြစ်ပေါ် လာသည်ကို ရှင်းလင်း ဖေါ်ပြ ခြင်းမပြုဟု ထင်စရာရှိသည်။ သို့သော် လုကာက တမန်တော်ဝတ္ထု (၁၁၄)၌ သခင်ယေရှုသည် ကားတိုင်တွင် အသေသတ်ခြင်းခံရပြီး သုံးရက်မြောက်သောနေ့၌ ရှင်ပြန်ထမြောက်ကာ၊ ကောင်းကင်သို တက်ကြွသွားပြီးနောက်ပိုင်းတွင် တမန်တော်များနှင့် အတူ တညီတညွတ်တည်းဆုတောင်းပတ္ထနာ ပြုကြသူများ စာရင်းတွင် သခင်ယေရှု၏ ညီတော်များပါရှိကြောင်းကို ဖေါ်ပြထားသည်။

နောက်များ မကြာမီ ယာကုပ်အား ယေရုရှလင်အသင်းတော်၏ အကြီးဆုံးသော ခေါင်းဆောင်အဖြစ်ဖြင့် ကျွန်ုပ်တို မြင်တွေ့ရပေသည်။ ပေတရုသည် အကျဉ်းထောင်မှလွှတ်မြောက်သောအခါသူ၏ ပထမဆုံး ဆောင်ရွက် ချက်မှာယာကုပ်နှင့်ညီအစ်ကို တိုအား သတင်းစကားမှာ ကြား ခြင်းပင်ဖြစ်သည် (တမန်တော်၊ ၁၂:၁၇) ။

အသင်းတော်ထဲသို တစ်ပါးအမျိုးသား များဝင်ခွင့်ပြုရန် ခေါင်းဆောင်ဖြစ်သူယာကုပ်သည် ရှင်းလင်းပြတ်သားစွာ တွေးခေါ်ပြီး အရေးကြီး သောပြဿနာနှင့် ရင်ဆိုင်ရသောအခါ၊ အသင်းတော်၏ တိကျစွာပြောဆိုခြင်းဖြင့် ထိုပြဿနာကိုဖြေရှင်းပေးလေသည်။ (တမန်တော်၊၁၅း၁၃-၂၁) ပေါလုသည် ဆင်းရဲသူများအတွက် ကောက်ခံရ ၊ ရှိသော အလှူတော်ေငွ နှင့်ယေရုရှလင်မြို့သို့ ရောက်ရှိ သောအခါ သူ့အားယာကုပ်နှင့် သင်းအုပ်များက လက်ခံကြိုဆိုကြသည် (တမန်တော် ၂၀း၁၈)

ရှင်ပေါလု၏ဩဝါဒစာကို ကြည့်သောအခါတွင်လည်း ထိုအတိုင်း တွေ့ရှိရသည်။ ဂလာတိဩ ဝါဒစာ ၁း၁၉၌ ပေါလုသည်ပြောင်းလဲပြီးနောက် ပထမအကြိမ် ယေရုရှလင်မြိုသိုလာရောက်သောအခါ၊ တွေ့ဆုံ သူများမှာ ယာကုပ်နှင့်ပေတခုဖြစ်ကြောင်း ဖော်ပြပါရှိသည်။ နောက်တစ် ဆယ့်လေးနှစ်ကြာမှ ယေရုရှလင်မြိုသို့ ပေါလုတစ်ဖန် သွားရောက်သော အခါယာကုပ်၊ ပေတရုနှင့်ယောဟန်တို့သည် ခရစ်ယာန် အသင်းတော်၏ ပင်မ မဏ္ဍိုင်ကြီးဖြစ်သည်ကို တွေ့ရှိရကြောင်း၊ သူတိုသည် ပေါလုအား တပါးအမျိုးသား များ ကိုသာ သနာပြုရန်သဘောတူလက်ခံ ကြောင်း (ဂလာတိ ၂:၉)တွင်ဖော်ပြထား သည်။ သခင်ယေရှု၏ ရန်သူ၏ဘ၀မှ ယေရုရှလင်မြို၏အသင်း တော်ခေါင်းဆောင်ဖြစ်လာ သောယာကုပ် လျှောက်ခဲ့ရသည့်လမ်းခရီးသည်အလွန်ကြာမြင့်၍ ရှည်လျားသော လမ်း ခရီးဖြစ်သည်။

ဓမ္မသစ်ကျမ်းမှ ယာကုပ်၏အတ္ထုပ္ပတ္တိကိုလေ့လာပြီး နောက်ရေးဦး ခရစ်ယာန်အသင်းတော် သမိုင်းကို တဖန်ပြန်ကြည့်၍ ရမည်ဆိုလျှင်ယာကုပ်သည်ကိုယ်တော်ရှင်အတွက် မာတုရအဖြစ် ဖြင့်အသေခံသွား သည်ကိုတွေ့ရှိရသည်။ သူသေဆုံးသည့်အကြောင်းနှင့် ပတ်သက်၍ ဖြစ်ရပ်နှစ် ခုတွေ့ရှိရသည်။ တစ်ခုမှာလူမျိုး ရာဇဝင်ဆရာကြီး “ဖတ်” (Josephus) ရေးသားသော ရာဇဝင်သမိုင်း တွင်ဖြစ်သည်။ ရောမဘုရင်ခံ“ဖက်စတတ်” (Festus) သေဆုံးသော အချိန်နှင့် သူ့နေရာကိုဆက်ခံမည့် ဘုရင်ခံ “အယ်ဘ်စု” (Albinus) မရောက်မီ ကြားအချိန်ကလေးတွင် ယဇ်ပုရောဟိတ် “အယ်နာန(Ananus) အခွင့်ကောင်း ယူလိုက်သလိုလုပ်နေသည့် ကြောင်းကို အောက်ပါ အတိုင်းဖော်ပြထားသည်။

“အယ်နာန” ဆိုသော ပုဂ္ဂိုလ်သည်ရရှိသော အခွင့်အရေးများကို အသုံးပြုတတ်သော အခွင့် အရေးသမားမျိုးဖြစ်၍ “ဖက်စတတ်” သေဆုံးသောအချိန်နှင့် “အယ်ဘိန” ရောက်မလာမီစပ်ကြား အချိန် ကလေးတွင် အခွင့်ကောင်း ရပြီဟုစိတ်ကူးပေါက်က တရားဆုံးဖြတ်ရန် လွှတ်တော် အစည်းအဝေးကိုခေါ်ယူလေသည်။ ထိုအစည်းအဝေး၌ သခင်ယေရှု၏ညီတော်ယာကုပ်နှင့် အခြားသူများအား ပညတ်တရားကို ကျူးလွန်သူများဖြစ်ခဲ့၍ ခဲနှင့်ပေါက်သက်ရမည်ဟု ဆုံးဖြတ်ကြောင်း (Antiqulics of the Jews 20,9,1) ၌ရေးသားဖေါ်ပြထားသည်။

“ဟီဂျီစစ်ပတ်” (Hegesippus) ဆိုသော ခရစ်ယာန် ရာဇဝင် ဆရာကြီးအသေးစိတ် ဖေါ်ပြထားသော ယာကုပ်အသတ်ခံရခြင်း အကြောင်းကို “ယူဘီစီယ” (Eusebius) ကသူ၏ဘာ သာရေးဆိုင်ရာသမိုင်း ( The Esslesiasitical History 2, 23) တွင်ရေးသားဖေါ်ပြထားသည်။

ယင်းရေးသားဖေါ်ပြချက်တွင် “ယာကုပ်”၏အသက်တာသည် ဘု ရားတရားကြည်ညိုလေး စားပြီး အပြစ်ကင်း၍ သန့်စင်သော အသက်တာ ဖြစ်သောကြောင့် သူ့ကိုအားလုံးကရိုသေ လေးစားကြသည်။ သူသည်ဂျူးလူမျိုးတို၏ ပညတ်တရားကိုဂရုတစိုက်တိကျပြတ် သားစွာ လိုက်လျှောက်သောသူဖြစ်၍ သူ့အားခရစ်ယာန်များနှင့် ဂျူးလူမျိုးများက သူတော်စင်သူမြတ် အဖြစ်ဖြင့်ထားရှိကြသည်။

သူသည် သူ၏မိခင်ဝမ်းတွင်းမှစ၍ သန့်စင်လာသူဖြစ်သည်။ သေရည် သေရက်ကိုမသောက်၊ အသားကိုမစား၊ ဦးခေါင်းကို တစ်ကြိမ် မျှမရိတ်၊ ဆီမလိမ်း ရေမချိုးဘဲ နေသူဖြစ်သည်။ လူများ၏အပြစ် ဒုစရိုက်များကို ခွင့်လွှတ်ပါရန် အဖထာဝရ ဘုရားသခင်ထံ တချိန်လုံး ဆုတောင်း အသနားခံနေသောကြောင့်သူ၏ဒူးများသည် ကုလားအုပ် ဒူးများကဲ့သို မာကျောလျှက်ရှိသည်။ ဘုရား၊တရား ကြည်ညိုမှုရှိခြင်း၊ ဖြောင့်မတ် မှန်ကန်ခြင်းကြောင့် လူများအားကိုးအားထား ပြုရာပုဂ္ဂိုလ် ဖြစ်သည်ဟု တွေ့ရှိရလေသည်။

အထက်ပါသမိုင်းကြောင်းအရ၊ ယာကုပ်၏ယုံကြည်ချက် မည်သို့ရပ်တည်နေသည်ကို ဂျူးအာဏာပိုင်တို အနည်းငယ်မျှ ရိပ်စားမိခြင်းမရှိချေ၊ တရားဓမ္မသတ်ကို ကောင်းစွာလိုက်နာကျင့် သုံးခြင်းကြောင့် ဂျူးအာဏာပိုင်များအားဇဝေဇဝါဖြစ်စေသည်။

ခရစ်ယာန်အယူဝါဒသို့ လူပေါင်းမြောက်များစွာပြောင်းလဲသွား သည်ကိုသူတိုမြင်တွေ့ရသော အခါ ထိတ်လန့်ခြင်းဖြစ်သဖြင့် ယာကုပ်အား“လမ်းလွဲ၍ သခင်ယေရှု နောက်သိုလိုက်သွားသူတိုကို တားမြစ်ပေးရန် ကျွန်ုပ်တို့တောင်းပန်ပါသည်။ အဘယ့်ကြောင့် ဆိုသော် ကျွန်ုပ်တို့ သင့်အပေါ်၌ယုံ ကြည်မှုရှိပါသည်။ သူတိုလမ်းမှားသို မလိုက်လျှောက်ရန်သွေးဆောင်ပေးပါ။ ထိုကြောင့် ဗိမ္မာန်တော်၏ နံဘေးဆောင်ပေါ်၌ ရပ်၍အများကြားရန် နားချပေးပါ” ဟုပြောဆို လေသည်။

ထိုအချိန်သည်ပသခါပွဲနေ့ဖြစ်သည်။ ယေရုရှလင်မြို ကြီးသည်လည်း လူအများဖြင့်ပြည့်ကျပ် လျှက်ရှိနေသည်။ ယာကုပ်အား ဂျူးအာဏာပိုင်တိုက ဗိမ္မာန်တော်၏ နံဘေးဆောင်ပေါ်တွင် ထားရှိသည်။ ယာကုပ်၏ ပြောကြားချက်မှာ သူတိုကြားလိုသောစကား သူတိုမျှော် မှန်းထား သောစကားများမဟုတ်ချေ။ ယာကုပ်မိန့်မြွတ်သော စကားမှာ “မိမိကိုယ်မိမိလူသားဟု သမုတ်သော သခင်ယေရှု အကြောင်းနှင့် ပတ်သက်၍ ကျွန်ုပ်ကိုအဘယ်ကြောင့်မေးမြန်းကြသနည်း။ ထိုပုဂ္ဂိုလ် သည်ကောင်းကင်ဘုံ၌ တန်ခိုးဘုရားသခင်၏ လက်ယာဘက်၌ ထိုင်နေ တော်မူသည်။ များမကြာမီမိုး တိမ်များကို စီး၍ကြွလာတော်မူမည်” ဟု ဖြစ်လေသည်။

ထိုအခါဂျူးအာဏာပိုင်များ ဒေါသအမျက်ထွက်လေတော့သည်။“သခင်ယေရှုအတွက် သက်သေခံခွင့်ပေးမိသည့်အတွက် ဒိုများတော့မှား ပြီသူ့ကိုဗိမ္မာန်တော် ပေါ်မှပစ်ချရအောင်၊ သို့မှသာ လူများကြောက်လန့်ပြီး သူပြောသည့် စကားကိုယုံကြည်ကြတော့မှာ မဟုတ်” ဟု ဆိုကာပရိတ်သတ် ဘက်သို လှည့်၍”ကြည့်စမ်း၊ ဖြောင့်မတ်မှန်ကန်သည်ဆိုသော ပုဂ္ဂိုလ်လည်းလမ်းမှားကိုလျှောက်နေပြီ” ဟုအာဏာပိုင်များကပြောလေသည်။

“အာဏာပိုင်တိုသည် ယာကုပ်အား ဗိမ္မာန်တော်အထွဋ်အထိပ်မှ တွန်းချပြီးခဲနှင့် ပေါက်သတ် ကြလေသည်။ ထိုသူများခဲနှင့်ပေါက်နေစဉ်ယာကုပ်သည် “အဖထာဝရ သူတိုမသိ၍ ပြုလုပ်သောအပြစ်များကို လွှတ်တော်မူပါ” ဟုဆုတောင်း၏။ ယဇ်ပုရောဟိတ်တစ်ပါးက ရက်စက်စွာ သတ်ဖြတ်ခြင်းကို တားမြစ်သေး၏။“သူတော်ကောင်းသည်မင်းတိုအတွက်ဆုတောင်းပေးလျှက် ရှိသည်။မသတ်ကြပါနှင့်”ဟုဆိုလေသည်။

သို့သော် ခဝါသည်တစ်ယောက်က ခဝါဖွတ်သောတုတ်နှင့် ယာကုပ်၏ ဦးခေါင်းကိုရိုက်နှက်သ ဖြင့် ယာကုပ်သေဆုံးလေသည်းကျမ်းစာလေ့လာသူပညာရှင်များသည် ယာကုပ်အသတ်ခံရခြင်းနှင့် စပ်လျဉ်း၍အသေးစိတ်သိလိုသောမေးခွန်းများကို မေးမြန်းကောင်း မေးမြန်းပေလိမ့်မည်။ သို့သော်ယာကုပ်သည် သူအထင်သေးခဲ့သောအစ်ကိုအတွက် အသက်ပေးခဲ့သည်အချက်မှာ ထင်ရှားသော သမိုင်းဝင်ဖြစ်ရပ် ဖြစ်ပေသည်။

တစ်ချိန်က ရန်သူဖြစ်ခဲ့သောယာကုပ်သည် ယခုမာတုရအဖြစ်ဖြင့် အသက်အ‌သေခံသည်။ ဤကဲ့သိုဖြစ်လာခြင်းကို မည်သို ရှင်းလင်းဖေါ်ပြပါမည်နည်း။ ဓမ္မသစ်ကျမ်း၌ပင် အဖြေကိုရရှိနိုင် သည်။ သခင်ယေရှုရှင်ပြန်ထမြောက်ခြင်းအကြောင်းကိုပေါလုကပြောပြရာ သခင်ယေရှုသည် ရှင်ပြန် ထမြောက်သော ကိုယ်ခန္ဓာကို လူအပေါင်းတို့အားအကြိမ်ပေါင်းများစွာထင်ရှား ပြသကြောင်း၊ ပြောပြီးလျှင် ဆက်လက်၍“ထိုနောက် ယာကုပ် မြင်ရ၏” ဟု ကောရိန္တု သြဝါဒ စာပထမစောင် (၁၇း၇)၌ရေးသား ထားသည်။ သခင်ယေရှုသည် ရှင်ပြန်ထမြောက်ခြင်းကို အထူး သဖြင့်ယာကုပ်အား မြင်တွေ့စေသည်။ ထိုသိုမြင်တွေ့စေသည့် အကြောင်းနှင့် ပတ်သက်၍ဓမ္မသစ်ကျမ်း၌ အသေးစိတ် မဖေါ်ပြချေ။

သို့သော်ဤအကြောင်းကို ဓမ္မသစ်ကျမ်း၌မပါဝင်သော ရှေးကျမ်းကြီးတစ်စောင်ဖြစ်သော ဟေဗြဲခရစ်ဝင်ကျမ်းတွင် အကျယ်ချဲ့၍ ဖေါ်ပြထားသည်။ ထိုကျမ်းမှစာသားများပျောက်ဆုံး လျှက်ရှိသည်။ သို့သော်သခင်ယေရှုသည် ယာကုပ်အား မိမိရှင်ပြန် ထမြောက်ကြောင်းကို ဖော်ပြသည့်ကျမ်းပိုင်းကို “ဂျာရုံး” (Jerome) ဆိုသောပုဂ္ဂိုလ်က သိမ်းဆည်းထားပြီး သူရေးသားသော “ယာကုပ်၏ အတ္ထုပ္ပတ္တိ”စာတမ်း၌ အောက်ပါအတိုင်းအကျဉ်း ဖေါ်ပြထားသည်။ (Concerning Illustrious Men, 2)

“သခင်ယေရှုသည် ပိတ်ထည်စကိုယဇ်ပုရောဟိတ်မင်း၏အမှု ထမ်းအားပေးပြီးနောက် ယာကုပ်ထံသိုသွားလေသည်။ ယာကုပ်မှာ နောက်ဆုံးညစာစားသောက်စဉ်က ကိုယ်တော်ရှင် ပေးသည့် စပျစ်ရည် ကို သောက်ပြီးနောက် ၊ ကိုယ်တော်ရှင် ပြန်လည် ရှင်ပြန်ထမြောက် သည်ကို မမြင်မခြင်း မုန့်ကိုမစားဟု အဓိဌါန်ပြုထားသူဖြစ်သည်။ သခင်ယေရှုသည် ရှင်ပြန်ထမြောက်ပြီးနောက် ယာကုပ်ထံသွား၍ မုန့်နှင့်စားစရာ များကိုပြင်ဆင်ကြလော့၊” ဟုဆိုသည်။

ထိုနောက် ကိုယ်တော်သည်မုန့်ကိုခွဲ၍ ကျေးဇူးတော်ကို ချီးမွမ်း ပြီးလျှင် သစ္စာသမာဓိ ရှိသော ယာကုပ်အားပေးကာ၊ ကျွန်ုပ်၏ညီယာကုပ် ဤမုန့်ကိုစားပါလေ၊ လူသားဖြစ်သောကျွန်ုပ်သည် သေခြင်းမှ ထမြောက်လေပြီဟု မိန့်မြွတ်တော်မူလေသည်။

အထက်ပါစာပိုဒ်သည် ဒွိဟဖြစ်စရာအကြောင်းရှိသည်။ ထိုစာပိုဒ် တွင်နောက်ဆုံးညစာစား သောက်ချိန်၌ယာကုပ် ပါရှိသည်ဟု အဓိပ္ပါယ်ရသည်။ ထိုစာပိုဒ်အစ၌ဖော်ပြထားသည်မှာလည်း သခင်ယေရှုသေခြင်းမှထမြောက်သောအခါ မိမိအလောင်းတွင် ရစ်ပတ်ထားသောပိတ်စကို သင်္ချိုင်းစောင့်သော ယဇ်ပုရောဟိတ်မင်း၏အမှုထမ်း အားပေးသည်ဟုဖော်ပြထားသည်။ မည်သိုဆိုစေ သခင်ယေရှု ရှင်ပြန်ထမြောက်ပြီးနောက် ယာကုပ်အား ကိုယ်ထင် ပြသည်ဟူသော အကြောင်း အရာမှာဧကန်အမှန်ပင်ဖြစ်ပေသည်။

ဤလောက၌သခင်ယေရှု အသက်ရှင်ခဲ့သော နောက်ဆုံးနေ့ရက်များတွင် ဖြစ်ပျက်ခဲ့သော အချင်းအရာတစ်ခုသည်ယာကုပ်၏စိတ်နှလုံးကိုထိခိုက်စေသည်။ နောက်ဆုံး ညစာစားပွဲတွင်ဖြစ်ပျက်ခဲ့ သောအချင်းအရာများနှင့် ကားတိုင်ပေါ်၌ သခင်ယေရှုအသေခံရခြင်းများသည် သခင်ယေရှုအပေါ်၌ ယာကုပ်ထား ရှိသောသဘောထား အယူအဆမှာ ယူကျုံးမရဖြစ်လောက်အောင် မှားယွင်းနေကြောင်း ကို ဖော်ပြလျက်ရှိပေသည်။ ထိုကြောင့်သခင် ယေရှုထံသို ပြန်မလာမခြင်းအစာငတ်ခံမည် ဟု ယာကုပ်အဓိဋ္ဌာန် ပြုခြင်း ဖြစ်လေသည်။

အနစ်နာခံသော ကိုယ်တော်ရှင်၏ လက်ဝါးကပ်တိုင်၊ ထင်ရှားသောမေတ္တာတော် ရှင်ပြန်ထမြောက်တော်မူသောကိုယ်တော်ရှင်၏ တန်ခိုးတော်သည် ရန်သူယာကုပ် ဘဝမှသေ သည့်အထိသစ္စာရှိသော ယာကုပ်ဘဝသို ပြောင်းလဲစေသည်။ ခရစ်ယာန်များသည် လက်ဝါးကပ်တိုင်ကို ကြည့်၍ အစဉ်စိတ်နှလုံးထိခိုက်ကြေကွဲကာ ကိုယ် တော်ရှင်၏ ရှင်ပြန်ထမြောက်ခြင်းအားဖြင့် အသစ်သောအသက်တာကို ရရှိသူများဖြစ်ကြသည်။

အခန်း(၉)

ဖိလိပ္ပု

သခင်ယေရှုနောက်တော်သိုလိုက်ရန်

ပထမဆုံးအခေါ်ခံရသောပုဂ္ဂိုလ်

ဤလက်ဝါးကပ်တိုင်ပုံသည် အောင်မြင်ခြင်း၏သင်္ကေတဖြစ်သည်။ ယေရှုကဖိလိပ္ပု၊ ငါ့ကိုမြင်

သောသူသည် ခမည်းတော်ကို မြင်၏ဟုဆို၏။ (ယော၊ ၁၄း၉)

မေ့ပျောက်ခြင်းခံရသော အဖြစ်မှစတုတ္ထ ခရစ်ဝင်ကျမ်း၌ ဖော်ထုတ်ခြင်းခံရသော တမန်တော်တစ်ပါးမှာ ဖိလိပ္ပုဖြစ်ပေသည်။ ပထမခရစ်ဝင်သုံးကျမ်းတွင် သူ၏အမည်ကိုဖော်ပြရုံမှလွဲ၍ သူ၏ အတ္ထုပ္ပတ္တိကိုမသိချေ(မဿဲ ၁၀း၃၊ မာကု၁း၈၊ လုကာ၊ ၆း၁နှင့် တမန်တော်၁း၃)။ စတုတ္တခရစ်ဝင်ကျမ်းတွင်မူ ဖိလိပ္ပုသူ၏ ကိုယ်ရည် ကိုယ်သွေး အပြည့်အဝဖြင့်မြင်တွေ့ ရသည်။ ဖိလိပ္ပု အကြောင်းကိုပြောမပြမီ ကျွန်ုပ်တို အထူးဂရုပြု ရမည့် အချက်မှာ တမန်တော် ဖိလိပ္ပုအားတမန်တော်ဝတ္ထု (၆း၅)တွင်ဖော်ပြပါရှိသည့် ဝိညာဉ်တော်နှင့် လည်းကောင်း၊ ပညာနှင့် လည်းကောင်း ပြည့်စုံလျက် အသရေရှိသောလူ ခုနှစ်ယောက်တွင် တစ်ယောက်ဖြစ်သောဖိလိပ္စုနှင့် မမှားမိစေရန်ဖြစ်ပေသည်။ အမှန်အားဖြင့်ဆိုလျှင် ကျွန်ုပ်တိုသည် တပည့်တော် ခုနှစ်ယောက်ထဲတွင် ပါရှိသောဖိလိပ္ပု အကြောင်းကို တမန်တော်ဖိလိပ္ပုထက် ပို၍ သိရှိကြသည်။

တပည့်တော် ခုနှစ်ယောက်တွင် အပါအဝင်ဖြစ်သော ဖိလိပ္ပုသည် ရှမာရိမြို၌ ဧဝံဂေလိတရားဒေသနာကို ရဲဝံ့ပြတ်သားစွာဟောပြော ကြောင်း တမန်တော်ဝတ္ထု (၈း၅-၁၄) ၌ဖက်ရှုရသည်။

ထိုကဲ့သို ဟောပြောခြင်းကြောင့် အဲသယောပိပြည်၏ ဘဏ္ဍာ တော်ရှိသမျှကို ထိန်းသိမ်းရသော အမတ်ကြီးပြောင်းလဲလာကြောင်း ဆက်လက်ဖေါ်ပြထားသည်ကိုလည်း တမန်တော်ဝတ္ထု ၈း၆- ၄၀ ၌ တွေ့ရှိရသည်။ ကဲသရိမြို ၌ ပေါလုတည်းခိုသောအိမ်သည် အဆိုပါခုနှစ်ယောက်တွင် အပါအဝင်ဖြစ်သူ ဖိလိပ္ပု၏အိမ်ဖြစ်သည် (တမန်တော်၊၂၁း၈)။ ရှေးဦးခရစ်ယာန်အသင်းတော်၏ တပည့်တော် ခုနှစ်ယောက်တွင် တစ်ယောက်ဖြစ်သော ဖိလိပ္ပုသည် သာသနာ့သမိုင်းတွင် သာသနာပြုဆရာအဖြစ် ထင်ပေါ်သောပုဂ္ဂိုလ် ဖြစ်ပေသည်။

အသင်းတော်၏ အစဦးပိုင်း၌ ကျမ်းတတ်ပုဂ္ဂိုလ်များပင် ထိုသူနှစ်ဦးနှင့်စပ်လျဉ်း၍ အမှားမှား အယွင်းယွင်းဖြစ်ခဲ့ကြသည် (Con-cering Baptist 18)။ စာစောင်၌ တာတူးလီရန် (Tertullian) ဆိုသောပုဂ္ဂိုလ်က တမန်တော်ဖိလိပ္ပုအား အဲသယောပိအမတ်ထံထာဝရဘုရားသခင်၏ ဝိညာဉ်တော်ဆောင်ယူသွားသူ ဟု ဖော်ပြထားသည်။ ထင်ပေါ် ကျော်ကြားသောသမိုင်း ပညာရှင်ကြီး “ယူစီဘီယ” (Eusebius) သည် ပင်လျှင် (The Ecclesiatical History 3;31,5) ဘာသာရေးဆိုင်ရာ သမိုင်းတွင်တမန်တော်ဝတ္ထု (၂း၁၈)၌ပါရှိသော ဖိလိပ္ပုကိုတမန်တော်ဖိလိပ္ပုဟုကိုးကားပြောဆိုသည်။ အီဂျစ်ပြည်သားခရစ်ယာန်တို့၏ အသင်းတော်နှင့် အာရမနိ(Armenian) ခရစ်ယာန် အသင်းတော်များ၏ ပြက္ခဒိန်၌ ဖိလိပ္ပုအား အမှတ်တရဖြစ်စေရန်ရေးသားထား သောစာများတွင် ‘သင်းထောက်နှင့်တ မန်တော်ဖိလိပ္ပုဟုရေးသားထားလေသည်။ ခရစ်ယာန်သာသနာ၏အစဦးပိုင်း၌ပင် ဖိလိပ္ပုနှစ်ယောက် ဖြစ်သည်ကိုလည်းကောင်း၊ ယင်းတိုကို ခွဲခြားဖော်ပြရန် လည်းကောင်း သတိပြုနိုင်ဖို လွန်းစွာခဲယဉ်းပေသည်။

အဲရစ်၊ အက်(ဖ)၊ အက်(ဖ)၊ ဘိရှော့ (Eric F.F.Bishop) ဆိုသော ပုဂ္ဂိုလ် ရေးသားသည့်“ပါ လတိနပြည်မှ တမန်တော်များ” (Apostles of Palestine) စာအုပ်တွင် တမန်တော်ဝတ္ထု အခန်းကြီး(၈)၌ ပါရှိသော ဖိလိပ္ပုသည်တမန်တော်ဖြစ်၍ “တာတူးလီယန်”၏ ယူဆချက်မှန်ကန် လိမ့်မည်ဟု သူ၏ထင်မြင်ချက်ကိုဖော်ပြထားသည်မှာ စိတ်ဝင်စားစရာ အချက်တစ်ခု ဖြစ်ပေသည်။ တမန်တော် ဝတ္ထု အခန်းကြီး(၈)၏ အစဦးပိုင်း၌ “ယေရုရှလင်မြိုတွင် ပြင်းထန်စွာ နှိပ်ကွပ်သောကြောင့် တမန်တော်များမှအပ ခရစ်ယာန်များသည် အခြားအရပ်ဒေသသို တိမ်းရှောင်ကြလေသည်” ဟုပါရှိလေသည်။

ဆက်လက်၍ အပိုဒ်(၅)တွင် “ဖိလိပ္ပုသည်လည်းရှမာရိမြို့သို့ သွား၍ ခရစ်တော်၏အကြောင်း ကို ဟောလေ၏” ဟုဆိုရာ၌ မူရင်းကျမ်းတွင် (Keterchesthai) ဟူသော စကားကိုအသုံးပြုထားရာ အဓိပ္ပာယ်မှာ “ခရီးထွက်ခြင်းဟုဆိုလိုသည်။

ထိုကြောင့် ဖိလိပ္ပုသည် ယေရုရှလင်မြိုမှ ရှမာရိမြိုသိုထွက်သည် ဟူသော အဓိပ္ပါယ်ရသည် ဟု“ဘိရှော့”က ပြောဆိုလေသည်။ ဤအယူ အဆကို ပျက်ပြယ်စေသောအချက်မှာ “ဖိလိပ္ပုသည် ရှမာရိမြို၌ဧဝံဂေလိတရားတော်ကို အောင်မြင်စွာ ဟောပြောပြီးသောအခါ ပေတရုနှင့် ယောဟန် တို့သည် ယုံကြည်သူများအပေါ်၌ တမန်တော်များ၏လက်ဖြင့် သန့်ရှင်းသောဝိညာဉ်တော် သက်ရောက်စေရန်ယေရုရှလင်မြိုမှ ရှမာရိမြို သိုသွားသည်”ဟု တမန်တော်ဝတ္ထု (၈း၁၄)၌ ပါရှိသောအချက်ဖြစ်သည်။ ဖိလိပ္ပုသည် တမန်တော်ဖြစ်လျှင် အခြားတမန်တော်များသွားရန် လိုမည်မဟုတ်ပေ၊ ဖိလိပ္ပု အကြောင်းအစုံအလင်သိရှိရန် ဆက်လက်၍ ကြည့်ရှုကြပါစို။

ဖိလိပ္ပုသည် ပေတရုနှင့်အမြွေတိုမွေးဖွားရာ ဗက်ဇဲဒမြိုသားဖြစ်သည်ဟု ရှင်ယောဟန်ခရစ်ဝင် (၁၄း၄)၌ ဖော်ပြထားသည်။ ဖိလိပ္ပုသည် ဗက်ဇဲဒမြိုသားဖြစ်လျှင် တံငါသည်ဖြစ်ပေမည်။

ရှင်ယောဟန်ခရစ်ဝင် (၁၄း၃)၌ယောဟန်ဖော်ပြသည့် အတိုင်းဆိုလျှင် “ငါ့နောက်သိုလိုက် လော့”ဟု သခင်ယေရှုက ပထမဆုံး အခေါ်ခံရသော ဖိလိပ္ပုဖြစ်ပေသည်။ ဖိလိပ္ပုသည် ထင်ပေါ်ကျော်ကြား ခြင်းမရှိသည့်အပြင် သူ၏အကြောင်းကိုလည်း ကျွန်ုပ်တို အနည်းငယ် သိရှိ ရသည်။ သိုပင်ငြားသော်လည်း သူ၏မပျက်စီးနိုင်သော ဂုဏ်ထူး ဝိသေသတစ်ခုရှိသည်။ ယင်းမှာ “ငါ့နောက်သိုလိုက်လော့” ဟူသော ကိုယ်တော်ရှင်၏ ဖိတ်ခေါ်တော်မူချက်ကို ပထမဆုံးရရှိကြား နာရသော ပုဂ္ဂိုလ်ဖြစ်ရခြင်းပေတည်း။ ဖိလိပ္ပုအကြောင်းကိုစတုတ္တခရစ်ဝင်၌ လေးကြိမ် ဖတ်ရှုရသည်။ တစ်ချိန်ပြီးတစ်ချိန် သူ၏အကြောင်းအရာ အတ္ထုပ္ပတ္တိကို ပို၍ ပို၍ သိရှိရသည်။

(၁)။ ဖိလိပ္ပုကို နောက်တော်သိုလိုက်ရန် ကိုယ်တော်ရှင် ခေါ်တော်မူသည့်နောက်ပိုင်းတွင် ဖိလိပ္ပု၏ပထမဆုံးဆောင် ရွက်ချက်မှာ နာသေနေလကိုရှာဖွေ၍သူသည် မေရှိယကယ်တင်ရှင်ကို တွေ့ပြီဖြစ်ကြောင်း ကိုယ်တော်ရှင်ကလည်း သူ့ကိုတွေ့ရှိ ကြောင်း ပြောပြခြင်းဖြစ်သည်။ မောရှေ နှင့်ပရောဖက်များ ပြောပြ သောပုဂ္ဂိုလ်ကိုတွေ့ရှိပြီဟုဖိလိပ္ပုက နာသေနေလကိုပြောပြသောအခါ၊ နာသေနေလ သည် မည်သည့်အရာ ကိုမျှလွယ်လွယ်ကူကူ ယုံတတ်သူမဟုတ်သောကြောင့် နာဇရက်မြိုထဲကကောင်း သောအရာတစ်စုံတစ်ခုမျှထွက်နိုင်သလော”ဟုမေးခဲ့သည် ဖိလိပ္ပု “လာ၍ကြည့်ပါ” ဟု ပြော၏။ (ယောဟန်၊ ၁း၄၅-၄၆) ။

ဤဖြစ်ရပ်သည် ဖိလိပ္စုနှင့်စပ်လျဉ်းသည့်အကြောင်းကြီး နှစ်ရပ်ကိုဖော်ပြထားသည်။ ပထမအချက်မှာ ဖိလိပ္၌ သာသနာ ပြုလိုသောစိတ်ဓါတ်ရှိခြင်းဖြစ်သည်။ သူသည်သခင်ယေရှုကို တွေ့လျှင်တွေ့ချင်း ထိုသတင်းကောင်းကို အခြားသူများအား ဝေငှရန် ဆုံးဖြတ်လေသည်။ တွေ့ရှိခြင်းနှင့်ဝေငှကမ်းလှမ်းခြင်းသည် ဒွန်တွဲလျက်ရှိသည်။ ဒုတိယ အချက်မှာမယုံတတ်သူကို မှန်သောချဉ်းကပ်နည်းဖြင့် ချဉ်းကပ်နိုင် ကြခြင်းဖြစ်လေသည်။ ဖိလိပ္ပုသည် နာသေနေလနှင့် အငြင်းအခုံ မပြုလုပ်။ အခြေအတင်ပြောနေလျှင် သူရှုံးနိမ့်မည်ကိုသိရှိသည်။ ထိုကြောင့် “လာ၍ကြည့် ပါ”ဟု သာ ရိုးရိုးကလေးပြန်ဖြေသည်။ အခြေအတင်အငြင်းအခုံပြုလုပ်ခြင်းသည် တင်ပြလိုသော အရာကိုပျောက်ပျက်စေသည်။ တိုက်ရိုက်ရင်ဆိုင်စေခြင်းသည် ထိုသူ၏ခုခံချေပ ခြင်းကို တွန်းလှန်ပစ်လေသည်။

(၂)။ သခင်ယေရှုသည် လူငါးထောင်ကို ကျွေးမွေးသော အချိန်၌ ဖိလိပ္ပုအကြောင်းကို ကျွန်ုပ်တိုဒုတိယအကြိမ် ဖတ်ရှု ရသည်။ သခင်ယေရှုက ဖိလိပ္ပုအား “ဤသူတို့စားစရာမုန့်ကို အဘယ်မှာဝယ်မည်နည်း” ဟုမေးတော်မူသောအခါ၊ ဖိလိပ္ပုက “ဤသူတိုသည်မုန့်တစီ စေ့အောင်ဒေနာရီ အပြားနှစ်ရာ အဖိုးထိုက်သော မုန့်မလောက်ပါဟု ပြန်လျှောက်လေသည် (ယောဟန်၊ ၆း၅-၇)။

ဤဖြစ်ရပ်နှင့်ပတ်သက်၍ ဖြစ်နိုင်ဖွယ်ရှိသော စိတ်ဝင်စား စရာ အချက်ကြီးနှစ်ချက်ကို တင်ပြထားသည်။ တင်ပြချက်တစ်ချက်မှာ ဖိလိပ္ပုသည် တမန်တော်တစ်ဆယ့်နှစ်ပါး၏ စားသောက်ရေးအတွက် တာဝန်ယူရသောသူဖြစ်သောကြောင့်သခင်ယေရှုသည် အကျွေးအမွေး နှင့်ပတ်သက်လာလျှင် ဖိလိပ္ပုကိုသာအကြောင်းကြားလိမ့်မည်။ ဖိလိပ္ပုသည် ဤကဲ့သို မဆိုင်းမတွ အဖြေပေးနိုင်ခြင်းမှာသူ၏စိတ်ထဲ၌ ဤပရိတ်သတ်ကိုကျွေးမွေးလျှင်မည်မျှကုန်ကျမည်ကို တွက်ချက်ထား ပြီး၍ဖြစ်ကြောင်းကိုလည်းတင်ပြကြသည်။

သခင်ယေရှုနှင့် ခရစ်ဝင် ကျမ်းများ အဘိဓာန် (The Dictio- nary of Christ and the Gospel) စာအုပ်တွင် မီလီဂင် (Milligan) ဆိုသောပုဂ္ဂိုလ်က ဖိလိပ္ပုအကြောင်းနှင့် စပ်လျဉ်း၍ ရေးသား ဖော်ပြရာ၌ ထိုချိန်က ပါလတိနတိုင်းတွင်နာရီ တစ်ပြားလျှင် ဂျုံနှင့်ပြုလုပ်သောမုန့် တစ်ဆယ့်နှစ်လုံး ဝယ်ယူရရှိနိုင်၍၊ မုယောဆန် (Barley) နှင့်ပြုလုပ် သောမုန့် သုံးဆယ်ခြောက်လုံးဝယ်ယူရရှိနိုင် သည်ဟု ဆိုသည်။ ထိုပေါင်မု့န် များမှ အကျယ်တစ်ထွာ၊ အထူတစ်လက်မခွဲခန့်ရှိသည်။ ထိုမုန့်ကို လူတစ်ယောက် တစ်ဖဲ့စားလျှင် အနည်းဆုံးငွေ မည်မျှကုန်ကျမည်ကို ဖိလိပ္ပုတွက်ထားဟန်ရှိသည်ဟုဆိုသည်။

ထိုစဉ်က နာရီတစ်ပြားသည် လူတစ်ယောက်၏ တစ်နေ့လုပ်ခဖြစ်သည်။ ဖိလိပ္ပုပြောသည့် အတိုင်းဆိုလျှင် လူတစ်ယောက်၏ တစ်နှစ်တာအလုပ်လုပ်ခသည် ထိုပရိတ်သတ်ကိုမုန့် တစ်ဖဲ့စီကြွေး ရန်ပင်မလုံလောက်ချေ။

ဤဖြစ်ရပ်မှ ကျွန်ုပ်တို့သိရှိသည်မှာဖိလိပ္ပု၌သူတစ်ပါးအား သနားကြင်နာတတ်သော စိတ်ရှိသည်။ သိုသော် သူသည်အဆိုးဖက်ကိုသာ မြင်တတ်သောသူဖြစ်သည်။ သူသည်တစ်ပါးသူများ အား မစလိုသောစိတ် ရှိသည်။ သိုသော်အဘယ်ကဲ့သိုမစရမည်ကို မသိသော လူတစ်ယောက်ဖြစ်လေ သည်။ ကေဗား(Cavour) ဆိုသောပုဂ္ဂိုလ်က အုပ်ချုပ်စီမံခန့်ခွဲသူများ၌အလွန်လိုအပ်သော အရည်အချင်းမှာ “အကောင်းဖက်ကိုသာမြင်တတ်၍ဆောင်ရွက်စရာရှိလျှင်လည်းဖြစ် နိုင်ရမည်ဟူသောစိတ်ဓါတ်ရှိခြင်းပင်ဖြစ်သည်ဟုပြောဆိုခဲ့သည်။ ဖိလိပ္ပု၌မဖြစ်နိုင်ဘူးဟူသော စိတ်ဓါတ်”က ပိုမိုအားကြီးစွာခိုအောင်းလျက်ရှိသည်။ သခင်ယေရှုလက်ထဲ၌ အနည်းငယ်သော အရာသည်မြောက်များစွာ တိုးပွါးသည်ကိုလည်းကောင်း၊ ဘုရားသခင်၏ ခပ်သိမ်းသောအမူအရာကို တတ်နိုင်သည်ကိုလည်းကောင်း ဖိလိပ္ပုများစွာသင်ယူရပေလိမ့်ဦးမည်။

(၃)။ ဤလောက၌ သခင်ယေရှု၏နောက်ဆုံးသောအချိန် ပိုင်း ဖိလိပ္ပုကို တတိယအကြိမ်တွေ့ ရှိရသည်။ ‘ ဝတ်ပြုကိုးကွယ်ရန် ယေရုရှလင်မြို့သိုရောက်လာကြသော ထိုဟေလသ (Greeks) အချို့သည်ဖိလိပ္ပုထံချဉ်းကပ်၍“ယေရှုကိုမြင်ချင်ပါသည် ခင်ဗျား” ဟုတောင်း ပန်ကြသည်။ ဖိလိပ္ပုဟူသောအမည်မှာ ထိုဟေလသလူမျိုးများ မှည့် ခေါ် တတ်သောအမည်မျိုးဖြစ်သောကြောင့် ဤကဲ့သို အမည်ရှိသူမှတဆင့်ချဉ်းကပ်ရလျှင်သခင်နှင့်တွေ့ဆုံဖို အကောင်းဆုံးသောအခွင့် အလမ်းရရှိ လိမ့်မည်ဟု သူတိုယူဆဟန်တူသည်။ ဖိလိပ္ပု၏တုန့်ပြန် ချက်မှာအထံသိုသွား၍ အကျိုးအကြောင်း ကြားပြောခြင်းဖြစ်သည်။ ထိုအခါ ကျမှ“အန္ဒြေ”နှင့် “ဖိလိပ္ပု”တို့သည် “ဂရိအမျိုးသားများအား သခင် ယေရှုထံသိုခေါ်ဆောင်သွားကြလေသည် (ယောဟန်၊ ၁၂း-၂ဝ-၂၂)

ဤနေရာ၌ဖိလိပ္ပု ကြောက်တတ်သောသူအဖြစ်လည်းကောင်း၊အရေးကြီးသောဆုံးဖြတ် ချက်များချမှတ်လုပ်ရန် ရွံသူအဖြစ်လည်းကောင်း၊ မြင်တွေ့ရသည်။ ဤကဲ့သိုသော စိတ်ထားရှိသူများ သည်လမ်းနှစ်သွယ်ကို လိုက်လျှောက်နိုင်သည်။

တစ်နည်းမှာဖြစ်ရပ်များကို မဆုံးဖြတ်ဘဲ၊ လစ်လျူရှုကာ တွန့်ဆုတ်၍ နေခြင်းဖြစ်သည်။ ဒုတိယနည်းမှာပို၍သိကျွမ်းနား လည်သောသူထံသို ချဉ်းကပ်ခြင်းဖြစ်သည်။ ဒုတိယနည်းလမ်း လိုက်သူမှာ ကိုယ့်အကြောင်းကို ကိုယ်သိ၍ ဉာဏ်ပညာ ရှိသောပုဂ္ဂိုလ်ဖြစ်သည်။ ဖိလိပ္ပုသည် ဒုတိယနည်းလမ်းအတိုင်း ပြုလုပ်သည်။ ထိုကြောင့် ဖိလိပ္ပုသည်မိမိ၏ အားနည်းချက်ကိုသိ၍ အမြော်အမြင်ရှိသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်းတွေ့ရှိရသည်။

(၄)။ ဖိလိပ္ပုကိုနောက်ဆုံးအကြိမ်တွေ့ရှိရသည်မှာ ယေရုရှလင်မြိုတွင်းရှိအိမ်တစ်အိမ်၏ အထက်ခန်းမဆောင် တွင်ဖြစ်သည်။ ထိုခန်းမဆောင်တွင် သခင်ယေရှုသည် အဖခမည်းတော်၏ အကြောင်းကိုလည်းကောင်း၊ အဖခမည်းတော်ထံသို မိမိသွားမည့်အကြောင်းကိုလည်းကောင်း၊ တမန်တော်များအား ပြောပြလျှက်ရှိသည်။ဖိလိပ္ပုသည်အကြောင်း အရာတစ်ခုကို လွယ်လွယ်ကူကူ ယုံတတ်သောသူ မဟုတ်သောကြောင့် သခင် ယေရှုအား “သခင်၊ ခမည်းတော်ကို ကျွန်ုပ်တို့အားပြ တော်မူပါ။ ထိုသိုပြတော်မူလျှင် ကျွန်ုပ်တို့၏အလိုပြည့်စုံပါမည်ဟု” လျှောက်လေသည်။ သခင်ယေရှုက“ငါ့ကို မြင်သောသူသည်။ ခမည်းတော်ကိုမြင်၏”ဟူ၍ ဖြေဆိုသည် ကို ယောဟန်ခရစ်ဝင်ကျမ်း (၁၄း၈-၉) ၌ တွေ့ရှိရသည်။

သခင်ယေရှုပေးသော အဖြေများတွင် ထို အချိန်က ဖိလိပ္ပု ရရှိသော အဖြေသည် အဖိုးထိုက်တန်ဆုံးသောအဖြေ ဖြစ်လေသည်။ ဖိလိပ္ပုသည်လက်တွေ့မြင်တွေ့ရမှ ယုံကြည် တတ်သူဖြစ်သည်။ သိုသော်သူ၏ မေးမြန်းစူးစမ်းလိုသောစိတ်ကိုချုပ် တည်း၍မထား သူသိလိုသော အဖြေကိုရရှိရန် သခင်ယေရှုထံသို အမေးပြဿနာ ယူဆောင်လာသည်။ အဖထာဝရဘုရား သခင်ကိုတွေ့လို လျှင် သခင်ယေရှုကိုကြည့်” ဟူသောအဖြေကိုထိုညကဖိလိပ္ပုရရှိ လေသည်။ ဤအဖြေနှင့်ယှဉ်သောယုံကြည်ချက်သည် ခရစ်ယာန်ယုံ ကြည်ချက်၏ ဗဟိုမဏ္ဍိုင်ကြီး – ပင်ဖြစ် ပေသည်။ “အေအီး၊ဗေကာ (A.E Baker) ဆိုသောပုဂ္ဂိုလ်က ဝီလျံတင်ပယ် (William Temple) အတွက် “ဘုရားသခင် ကို အတိအလင်း ထင်ရှားစွာပြသသောပုဂ္ဂိုလ်မှာ နာဇရက်မြိုသားယေရှု ဖြစ်၍ထိုအချက် သည်ခရစ်ယာန် ဘာသာကို ယုံကြည် သူများ၏ အခြေခံအချက်အခြားမဏ္ဍိုင်ဖြစ်သည်” ဟုပြောဆို လေသည်။ အလွန်အဖိုးထိုက်လှသော ထိုအချက်ကိုဖိလိပ္ပု သိမြင်ခွင့် ရရှိခြင်းမှာ သခင်ယေရှုအား မရှက်မကြောက် အမေးပုစ္ဆာ မေးဝံ့သောကြောင့်ဖြစ်လေသည်။

ဖိလိပ္ပု၏အတ္ထုပ္ပတ္တိကို ဓမ္မသစ်ကျမ်းအပြင် ဒဏ္ဍာရီများ၌ တွေ့ရှိရသေးသည်။ သို့သော်လည်း ထိုဒဏ္ဍာရီများမှာ စိတ်ကူးယဉ် သက်သက်သာဖြစ်သည်။ ဒဏ္ဍာရီမှအပ္ပတ္တိများကိုမဖော်ပြမီ ဖိလိပ္ပုနှင့်ပတ်သက်၍မဖြစ်နိုင်သောအကြောင်းတရပ်ကို “အာလေဇန္ဒိယ  မှ ကလီမင့်’ (Clement of Alenxandria) ၏ စာစောင် (The Miscellanie 3,4)၌ ရေးသားဖော်ပြထားပုံကို ဖြေရှင်းလိုသည်။

ရှင်လုကာခရစ်ဝင် (၉:၅၉)၌ ‘ငါနောက်သိုလိုက်တော့ ဟုသခင်ယေရှုမိန့်တော်မူလျှင်ထို သူကသခင်ကျွန်ုပ်အဖကိုရှေးဦးစွာ သွား၍သဂြိုလ်ရသောအခွင့် ကိုပေးတော်မူပါ” ဟုလျှောက်သော ထိုသူသည် ဖိလိပ္ပုဖြစ်ကြောင်း ထိုစာစောင်၌ရေးသားဖော်ပြ ထားသည်။ ဤရေးသားချက်သည် မည်ကဲ့သိုဖြစ်ပေါ်လာသည်ကို စဉ်းစား၍မရပေ။ အမှန်မှာ ထိုအဖြစ်အပျက်မဖြစ်မီ အချိန်အ တော်ကြာကပင် ဖိလိပ္ပု သည် သခင်ယေရှု၏ နောက်လိုက်တပည့်ဖြစ်နေသည် ကိုတွေ့ရှိရသည်။

အထက်ကဖော်ပြခဲ့ သည်အတိုင်း သမ္မာကျမ်းစာအုပ်တွင်မပါရှိသော “ဖိလိပ္ပု၏အတ္ထုပ္ပတ္တိ’ ကျမ်း၌မဖြစ်နိုင်သောဖြစ်ရပ်များဖော်ပြထားသည်ကိုတွေ့ရှိရသည်။ ဥပမာအနေဖြင့် ထိုကျမ်း၏အခန်း(၂)ကိုကြည့်မည်ဆိုလျှင် ဖိလိပ္ပုသည် အာသင်မြို(Athens)သို့တရားဒေသနာဟော ပြော ရန်သွားသည်။

အာသင် မြို့သားတို့သည် အသစ်အဆန်းကိုနှစ်သက်သူများဖြစ် သောကြောင့်သခင်ယေရှု၏ အသက်တာနှင့်ဩဝါဒစကားများကို ဖိလိပ္ပု ထံမှကြားရသောအခါဆင်ခြင်တုံတရားနှင့် ပြည့်ဝသော ပညာတတ် သုံးရာတို့သည် သုံးရက်ခန့်စဉ်းစားရန် အခွင့်တောင်းကြသည်။ နောက်ဆုံးတွင်သူတို့လုပ်ရန် အကောင်းဆုံးထင်သည့်အတိုင်း ဂျူ လူမျိုး၏ ယဇ်ပုရောဟိတ်မင်းကြီးထံသို စေလွှတ်ပြီး ဖိလိပ္ပုဟော ပြောသောတရား ဒေသနာနှင့် စပ်လျဉ်း၍ ရှင်းလင်းဖေါ်ပြပေးရန် တောင်းခံလေသည်။

ယဇ်ပုရောဟိတ်အာနာနိ သည် ဖိလိပ္ပုကို ဖျက်ဆီးပစ်ရန်အာသင်မြိုသို လူပေါင်းငါးရာနှင့် ရောက်ရှိလာသည်။ ဖိလိပ္ပုသည်ထိုသူအားလုံးကို မျက်စိကမ်းစေသည်။ အာနာနိ ဒူးခေါင်းထိမြေ ရန်မြေကြီးကို အမိန့်ပေးသည်။ အာနာနိက ဤအချင်းအရာသည် စုန်းအတတ်နှင့် ပြုစားခြင်းသာ ဖြစ်သည်ဟုဆိုလျှင် အာနာနိ၏ ခါးအထိ မူရန် မြေကြီးကိုအမိန့်ပေးပြန်သည်။အာနာနိ ခေါင်းမာလျှက်ပင်ရှိသေး၍ လည်ပင်းအထိမျိုးရန် အမိန့်ပေးသည်။ အာနာနိကအလျှော့မပေးချေ။

နောက်ဆုံး၌အာနာနိတစ်ကိုယ်လုံးကို ပစ်ရန် မြေကြီးကို အမိန့်ပေးလိုက်သည်။ အာနာနိတစ်ကိုယ်လုံးကို မြေမျိုချလိုက်သောအခါ အာနာနိုခြုံထားသော ယဇ်ပုရောဟိတ်ခြုံထည် ဝတ်ရုံသည် လေထဲ၌လူ ပျောက်သွားသည်။ မည်သည်အရပ်သို ရောက်သွားသည်ကို ယနေ့အထိ မည်သူမျှ ပြောမပြနိုင်ချေ။

အာနာနိနှင့်အတူလိုက်ပါလာသော ဂျူးလူမျိုးငါးရာတိုသည် စိတ်သဘောထားပြောင်းလဲသွားပြီး စာသင်မြိုသူမြိုသားများနှင့် အတူ နှစ်ခြင်းမင်္ဂလာကိုခံယူကြသည်။ ဖိလိပ္ပုသည် အာသင်မြို၌ နှစ်နှစ်ခန့်နေထိုင်ပြီး အသင်းတော်တစ်ပါးကို တည်ထောင်လေ သည် ဟုပါရှိသည်။

ဒဏ္ဍာရီများ၌ဖိလိပ္ပုသည်ပါသိပြည်(Parthia) အေရှမိုင်းနားအနောက်ပိုင်း လိဒိယာပြည် (Lydia) အာရှတိုက်(Asia)နှင့် ဥရောပတိုက်အနောက်ပိုင်းဂေါပြည်နယ်(Gaul) သိုလည်းသွားရောက်၍ တရားဟောပြောခဲ့သည်ဟု ဆိုကြသည်။ ဖိလိပ္ပုသည်အာရှ တိုက်၏ လင်းရောင်ခြည်တစ်သွယ် ဖြစ်သည်ဟု လူများကယူဆကြသည်။ မာတုရအဖြစ်ဖြင့် “ဟေရပေါလ်” (Hierapolis) မြိုတွင်သေဆုံး ကြောင်းကို ယူစီးဘုယ” (Eusebius) ရေးသားသော ဘာသာရေးသမိုင်း (The Eccelesiastical History 3, 21) ၌အောက်ပါအတိုင်းဖော်ပြ ထားသည်။

ဖိလိပ္ပုသည် ဟေရပေါလိ မြို့သို့ရောက်သောအခါ အလွန်ကြီးမားသည့် မြွေကြီးတစ်ကောင်ကို မြိုသူမြိုသားများကိုးကွယ် နေကြကြောင်းတွေ့ရှိရသည်။ သူနှင့်အတူသောလမဲ (Barthdomew)နှင့် မာရိရန်နီ (Miriamne)တို လည်း ပါကြသည်။ ဖိလိပ္ပုသည် ဝမ်းမြောက်ဖွယ် ဧဝံဂေလိအသင်းတော်ကို အထူးအောင်မြင်စွာ ဟောပြောသောကြောင့် မြိုဝန်ကသူ့အပေါ် မျက်မုန်း ကျိုးကာရန်ငြိုးထား လေသည်။

ထိုမြို့ဝန်သည် ဖိလိပ္ပု ၏အဝတ်အထည်များကို ချွတ်၍ခြေမျက်စိနှင့်ပေါင်များကို သံချွန်ဖြင့်ထိုးဖေါက်ပြီး စောက်ထိုး ဆွဲချိတ်ခါ ပ်စက်ညှဉ်းပန်းစေသည်။ ထိုကဲ့သိုနှိပ်စက်ညှဉ်းပန်း ခြင်းကိုဖိလိပ္ပုသည် သည်းမခံနိုင်လောက်အောင်ဖြစ်နေစဉ် ယောဟန်နှင့်အခြားသူတော်စဉ် များပေါ် ပေါက်လာပြီးရန်ကိုရန်ခြင်း မတုန့်နှင်းရန် အားပေးစကားပြောကြားလေသည်။

သိုသော်လည်းဖိလိပ္ပုသည် မြေကြီးကိုအမိန့်ပေးသဖြင့် မြို့သူမြို့ သားလူပေါင်း ခုနှစ်ထောင်ကိုမြေမျိုလေသည်။ ထိုအခါ သခင်ယေရှုပေါ်လာပြီး ဖိလိပ္ပု၏အမျက်ဒေါသ ထွက်ခြင်းကိုဆုံးမသည်။ သခင်ယေရှုသည် မြေမျိုသောသူများကို လည်း ပြန်၍ အသက်ရှင်စေသည်။ ဖိလိပ္ပုကသူမိုက်မှားမိကြောင်းဝန်ခံ၍ ညှဉ်းပန်းနှိပ်စက်ခြင်းကို သေသည့်တိုင်အောင် ဆက်လက်၍ခံ သွား လေသည်။ မသေဆုံးမီ ထူးခြားသောတောင်းဆိုချက်တစ်ခုကို တောင်းခံခဲ့သည်။ ယင်းတောင်းဆိုချက်မှာ သူသေဆုံးသောအခါ သူ၏အလောင်းကိုပိတ်ထည်နှင့်မရစ်ဘဲ ကျူပင် မှပြုလုပ်သောစက္ကူနှင့် ရစ်ပတ်ပြီး သင်္ဂြိုလ်ရန် ဖြစ်သည်။ ထိုသို့တောင်းဆိုခြင်းမှာ သခင်ယေရှု၏အ လောင်းကို ပိတ်သည်နှင့် ပတ်ရစ်သကဲ့သို သူ၏အလောင်းကိုပိတ်ထည်နှင့်ရစ်ရန်မထိုက်သောကြောင့် ဖြစ်သည်ဟု ဆိုလေသည်။ သူမှာကြားသည့်အတိုင်း သူ့ကိုမြုပ်နှံကြ သောအခါ “ဖိလိပ္ပုအသက်သ ရဖူရရှိပြီ” ဟုကောင်းကင်မှကြွေး ကြော်သံများကြားရသည်။ နောက်ဆုံး၌ဖိလိပ္ပုသည် သေသည့်တိုင် အောင်သစ္စာရှိသူ ဖြစ်သည်။

အခန်း (၁၀)

ရှိမုန်ဇေလုတ်

အစအဦး၌ မုန်းစိတ်ထားသော ပုဂ္ဂိုလ်သည်

မေတ္တာစိတ်နှင့်အဆုံးသတ်သည့်အကြောင်း

အမုန်းနှင့်စသော်လည်း အချစ်နှင့်ဘ၀ပြီးဆုံး ခဲ့သောသူ..           လူကိုမျှားသောတံငါဖြစ်ကြောင်း သမ္မာကျမ်းစာအုပ်နှင့်ငါးရုပ်တို့ဖြင့် အမှတ်အသားပြုသည်။

အာလဖဲ၏သား ယာကုပ်နှင့်‌ေဇလုတ်ဟု ခေါ်ဝေါ်သော ရှိမုန်ဟူသောတစ်ကျိပ်နှစ်ပါးတို့ကို ရွေးကောက်၍ တမန်တော်အမည်ဖြင့် သမုတ်မူ၏ (လု၊ ၆း၁၅-၁၆)။

ဇေလုတ်ဟုခေါ်ဝေါ်သောရှိမှန်၏ အကြောင်းကို ကျွန်ုပ်တို့အနည်းငယ်သာသိရှိရသည်။ သူ၏နာမည်နှင့် ပတ်သက် ၍ပင်ပြသနာပေါ်ပေါက်လျှက်ရှိသည် ။ ဓမ္မသစ်ကျမ်း၌ သူ၏ အမည်ကို ဖော်ပြရုံမှလွဲ၍ သူ့အကြောင်းအရာတိုကိုမဖော် ပြချေ။

ဂျိမ်းဘုရင် ကျမ်းစာမူ(K.I.V)၌၊ သူ၏အမည်ကိုဖော်ပြရာတွင် တစ်နေရာနှင့်တစ်နေရာ ခြားနားနေသည်ကိုတွေ့ရှိရသည်။ ရှင်မဿဲခရစ်ဝင်(၁၀း၄)နှင့်ရှင်မာကုခရစ်ဝင် (၃:၁၈)၌သူ့အား ကာနာနိတ်လူရှိမုန်ဟူ၍လည်းကောင်း၊ ရှင်လုကာခရစ်ဝင်(၁း၅) နှင့်တမန်တော် ဝတ္ထု (၁း၁၃)၌ဇေလုတ်ဟုခေါ်ဝေါ်သောရှိမုန်သို့မဟုတ် ရှိမုန်ဇေလုတ်ဟုခေါ်ဆိုထားသည်။

မော်ဖတ် (Moffatt) ဘာသာပြန် သော သမ္မာကျမ်းစာ၌ ထိုလေးနေရာစလုံး၌ရှိမုန်ဇေလုတ်ဟု ပြန်ဆိုထားသည်။ ပြင်ဆင် ပြီးအင်္ဂလိပ်နှင့်အမေရိကန်သမ္မာကျမ်း (E.R.V and A.S V.)မူ၌ ရှင်မဿဲခရစ်ဝင်နှင့်ရှင်မာကုခရစ်ဝင်တွင် ကာနနိတ်လူ ရှိမုန် ဟူ၍ လည်းကောင်း၊ ရှင်လုကာ ခရစ်ဝင်တွင် ရှိမုန်ဇေလုတ်ဟူ၍ လည်းကောင်းရေးသားဖေါ်ပြထားလေသည်။

ရှင်လုကာခရစ်ဝင်ကျမ်း၏ရေးသားချက်၌ ပြဿနာမပေါ်ချေ။ အဘယ်ကြောင့်ဆိုသော် ထိုကျမ်း၌ရှိမုန်ကို ဂရိစကားဖြင့် ဇိလောတီ (Zelotes) ဟုခေါ်ဆိုထားသည်။ အဓိပ္ပါယ်မှာ (Zealot) သို့မဟုတ် မြန်မာလိုဇေလုတ်ဖြစ်သည်။

ရှင်မဿဲခရစ်ဝင်ကျမ်းနှင့် ရှင်မာကုခရစ်ဝင်ကျမ်းတို၏ ရေးသားချက်များနှင့် စပ်လျဉ်း၍ကား ပြဿနာပေါ်ပေါက်လေသည်။ သမ္မာကျမ်းစာကိုဂရိဘာသာဖြင့် ရေးသားရာ၌ကောင်းသောစာမူ ညံ့သောစာမူဟူ၍ စာမူနှစ်မျိုးနှစ်စား ထားရှိသည်။ ဂျိမ်းဘုရင် သမ္မာကျမ်းစာ(K.J.V) ဘာသာပြန်ယူရာ ဖြစ်သည့်ညံ့သော ဂရိဘာသာ ကျမ်းစာ လက်ရေးမူ၌ ကန်နင်နိုတ် (Kannites) ဟုရေးသားထားသည်ကို ဂျိမ်းဘုရင်က အင်္ဂလိပ် ကျမ်းစာက တင်နာနိုတ် Canaanite ဟုဘာသာပြန်ဆိုထားသည်။ ဤဘာသာ ပြန်ချက်မှာ မှားယွင်း လေသည် ကင်နာန်(Canan)သည်ဂရိလို နာနာန်(Chanaan) ဖြစ်၍နာမဝိသေသန မှာ ချာနာနာဘာ(Chananaios)ဖြစ်သည်။ ကန်နှင်နိတ်(Kananites) စကားလုံးကိုအမှန်ယူဆရ မည်ဆိုလျှင်ကင်နာနိတ် (Canaanite)ဟုပြန်ဆိုရမည်။ ကင်နာမိတ် (Canaanite) ဟု ဂျနီဗားကျမ်းစာ (Geneva Bible)နှင့် ရှေးကျသော အင်္ဂလိပ်သမ္မာကျမ်းစာများ၌ ပြန်ဆိုထားသကဲ့သို မပြန်ဆိုသင့်ပေ။ ဂျာရုံး (Jerome)ဆိုသောပုဂ္ဂိုလ်ကသူ၏ရှင်မဿဲခရစ်ဝင်ကျမ်းနှင့် စပ်လျဉ်း သည့် ဝေဖန်ချက်စာစောင် တွင် ကင်နင်နိုတ် (Kananites) ဟူသော စကားလုံးကိုအမှန်ယူထားပြီး ထိုစကားလုံးကို ဂါလိလဲပြည် ကာနမြို့နှင့် ဆက်စပ်ပြထားသည်။

ထိုကြောင့်ရှိမုန်သည် အခြားသူမဟုတ်၊ ကာနမြို မင်္ဂလာဆောင် ပွဲမှ မင်္ဂလာဆောင်လုလင် (သတို့သား)ဖြစ်ကြောင်း မင်္ဂလာဆောင်ပွဲပြီး သောအခါ သူသည်ခရစ်တော် နောက်လိုက်တပည့်ဖြစ် လာကြောင်း၊ရမ်းတွေးခေါ်ကြသည်။

ဤယူဆချက်ကိုကျွန်ုပ်တိုဝမ်းနည်းစွာပယ်ဖျက်ရပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော်ကာန (Cana) ၏နာမဝိသေသနသည်“ကင်နေအော့” (Kanaios) ဖြစ်၍ “ကင်နင်နိတ်(Kananites) မဟုတ် သောကြောင့် ဖြစ်ပေသည်။ ရှေးအကျဆုံးနှင့် အကောင်းဆုံး ဂရိ၊ သမ္မာ ကျမ်းစာလက်ရေးစာမူ၌ “ကန်နင်အော့” (Kananaios) ဟူသော စကားလုံးဖြစ်၍ ထိုစကား လုံးကိုပြင်ဆင်ပြီး အင်္ဂလိပ်နှင့် အမေရိကန် သမ္မာကျမ်းစာ(ER.V and A.S. V) များ၌ ကင်နှင်နီရန် (Cananacan) ဟု မှန်ကန်စွာ ပြန်ဆိုထားသည်။

ဤစကားသည် ဟေဗြဲစကား“ကာန(Kana) မှရရှိ၍ အဓိပ္ပါယ်မှာ စောင့်ရှောက်ထိန်းသိမ်း ရန်စိတ်အားထက်သန်သောသူဟု ဆိုလိုသည်။ ထိုစကားလုံးသည်ပညတ်တရားကိုစိတ်အားထက်သန် စွာ စောင့်ရှောက် ထိန်းသိမ်းသော ပုဂ္ဂိုလ်များအတွက် သုံးသော စကားလုံး ဖြစ်သည်။

ဤစကားလုံးသည် ဂရိစကား ဇေလောတိ (Zelotes)နှင့် အဓိပ္ပါယ်တူညီသည်။ ယင်းဂရိစကား၏ အဓိပ္ပါယ်မှာလည်း စောင့်ရှောက်ထိန်းသိမ်းရန်စိတ်အားထက်သန်သောသူဟူ၍ ပင်ဖြစ်သည်။ ထိုသူတို့ သည် ပညတ်တရားသန့်စင်ရန်နှင့်ဂုဏ် ကျက်သရေတိုးရန်အတွက် စိတ်အားထက်သန်စွာ စောင့်ရှောက်ထိန်းသိမ်းသောသူများဖြစ်ကြသည်။ ကင်နန်နီ ရန် (Cananaean)ဟူ သောစကားလုံး သာလျှင် အမှန် ဖြစ်သည်။ ကင်နန်နီရန် နှင့်ဇလုတ်(Zealot) မှာအဓိပ္ပါယ်တူညီသည်။ ပထမစကားလုံးသည် ဟေဗြဲ စကားဖြစ်၍၊ ဒုတိယစကားလုံးမှာ ဂရိစကားဖြစ်သည်။

ဤအချက်သည် ရှိမုန်အကြောင်းကိုသိရှိရန်အတွက် သော့ချက်ဖြစ်သည်။ သူ၏ကိုယ်ရေးရာဇ ဝင်ကိုကျွန်ုပ်တိုတိကျစွာ မသိရှိသော်လည်းသူသည် ဇေလုတ်ဖြစ်လျှင် သူ၏ယုံကြည်ချက်နှင့် တစ်ချိန်က အဘယ်ကဲ့သိုသော ပုဂ္ဂိုလ်ဖြစ်သည်ကိုကျွန်ုပ်တိုမှန်းဆ နိုင်လေသည်။

ဇေလုတ်များသည် ဂျူးလူမျိုးများ၌နောက်ဆုံးပေါ်ပေါက်လာသောအဖွဲအစည်းတစ်ခုဖြစ်သည်။ သူတိုရရှိသောရူပါရုံအရ သူတို့သာလျှင် အလွန်စိတ်အားထက်သန်သော မျိုးချစ်ပုဂ္ဂိုလ်များ ဖြစ်သည်ဟု ယူဆကြသည်။ သိုသော်လည်းဂျူးလူမျိုးများ၏ တိုင်းပြည်နိုင်ငံ ပျက်စီးရခြင်းမှာ သူတိုကြောင့်ပင်ဖြစ်ပေသည်။

ပါလတိနပြည်သည် ရောမဘုရင်၏လက်အောက်ခံ တိုင်းပြည်ဖြစ် သည်ကို ဂျူးလူမျိုး များအလျဉ်းလက်မခံနိုင်ချေ။ ပါလတိနပြည်ကြီးသည် စည်ပင်သာယာဝပြော၍ ငြိမ်းချမ်းသော အချိန်၌ပင် ငြိမ်သက် နေသော မီးတောင်ကြီးကဲ့သို မည်သည့်နေ့တွင် ပေါက်ကွဲမည်နည်းဟုစိုးရိမ် ပူပန်နေရလေသည်။ ဟေရုဒ်မင်းကြီးသည် ပါလတိနပြည်ကို ငြိမ်းချမ်း စွာစိုးမိုးအုပ်ချုပ်နိုင်သည်။ ဤကဲ့သို အုပ်ချုပ်နိုင်သည်မှာ သူ၏ အရည်အချင်းကြောင့်လည်းကောင်း၊ ဆက်ဆံရေးလိမ္မာပါးနပ် ကျွမ်းကျင်မှုကြောင့်လည်းကောင်း ဖြစ်ပေသည်။ သူသည်ရောမအစိုးရ အတွက်လည်း ဆောင်ရွက် ပေးသည်။ ဂျူးလူမျိုးများအတွက်လည်း အခွင့် အရေးများကို ရောမအစိုးရထံမှရယူပေးသည်။ ခရစ်တော်မပေါ်မီလေးနှစ်က သူသေဆုံးသွားသည်။

မသေဆုံးမီ အုပ်ချုပ်သောနယ်များကို သားများအားခွဲဝေပေးခဲ့သည်။ ဖိလစ် (Philip) အားအရှေ့မြောက် အရပ်၌ရှိသော အိုင်တရေယား (Huraca) နှင့် တရာခိုနိတိ (Trachonitis) ကို လည်းကောင်း၊ ဟေရုဒ်အင်တိပ (Ilerod Antipas) အား ဂါလိလဲနယ်ကိုလည်းကောင်း ၊ အပ်ခေလ (Achelaus)အား ယုဒနယ်နှင့် ရှမာရိနယ် (Judea and Samaria) များကိုလည်းကောင်း ပေးခဲ့သည်။

ဤသိုခွဲဝေပေးခြင်းကို ရောမအစိုးရက လက်ခံအတည် ပြုရပေသည်။ ထိုကဲ့သိုလက်ခံ အတည်မပြုမီပါလတိနပြည်ကြီး၌ ဆူပူမှုကြီး ပေါက်ကွဲခဲ့လေသည်။ ဂါလိလဲနယ်သည် အဆိုးဆုံးနယ် ဖြစ်သည်။ ဂါလိလဲနယ်သား ယုဒဆိုသောပုဂ္ဂိုလ်ခေါင်းဆောင်၍ ပုန်ကန်ထကြွ ကြသည်။ သူနှင့်အ ပေါင်းအဖော်တိုသည် စက်ဖေါရိ (Sepphoris)၏ နန်းတော်ကို တိုက်ခိုက်ကြသည်။ လက်နက်တိုက်ကို ဝင်ရောက် သိမ်းပိုက်ပြီး လက်နက်များကိုနောက်လိုက်များအား ပေးဝေ၍ ရောမ အစိုးရကိုတော် လှန်ပုန်ကန်ကြလေသည်။ ရောမအာဏာပိုင်တို့သည်ယုဒ၏ ပုန်ကန်ခြင်းကို ဖြိုခွင်းလိုက်သည်။ သို့သော်လည်း ထိုပုန်ကန် ထကြွမှုမှ ဇေလုတ်(Zealots) အဖွဲ့ဖြစ်ပေါ်လာသည်။

ရောမအစိုးရသည် ဟေရုဒ်မင်းကြီးခွဲဝေပေးထားခဲ့သည့် နယ်မြေ အတိုင်းအတည်ပြု လက်ခံလေသည်။ သို့သော် အပ်ခေလ(Archelaus)သည်သူ၏ပြည်နယ်ကို ကောင်းမွန်စွာ မအုပ်ချုပ်နိုင်သောကြောင့်ယုဒနယ်ကိုအုပ်ချုပ်ရန် ရောမဘုရင်ခံလက်ထဲသို လွှဲအပ်လိုက်သည်။

ရောမဘုရင်ခံအမည်မှာ ကွီရီနိုရ(Qurinius) ဖြစ်သည်။ ရှင်လုကာခရစ်ဝင် (၂း၂) ၌ ကုနိ (Cyrenius) ဟုဖော်ပြထားသည်။ “ကွီရီနိုရသည် ရောမအစိုးရ၏အုပ်ချုပ်ရေးပြ ဌါန်းချက်နှင့်အညီ အခွန်အတုတ်ကောက်ခံရန်နှင့် အုပ်ချုပ်မှု လွယ်ကူစေရန်လူဦးရေ စာရင်းကို ကောက်ယူသည့်အခါ၊ တိုင်းသူပြည်သားများ တမဟုတ်ခြင်းတော်လှန် ပုန်ကန်ထကြွလေသည်။

အယူဝါဒပြင်းထန်သောလူ မျိုးသည်ဘုရားသခင်သာလျှင် သူတို့၏ ရှင်ဘုရင်ဖြစ်၍ ဘုရားသခင်ကိုသာလျှင် လက်ဆောင်ပဏ္ဏာ ဆက်သရမည်ဟု နားလည်ကြသည်။ ဤပုန်ကန် ခြင်းသည်နိုင်ငံရေးမဟုတ်ပဲ ဘာသာရေးစစ်ပွဲ ဖြစ်သွားလေသည်။

ယခုအကြိမ်၌လည်း ယုဒသည် တော်လှန်ရေးစစ်ပွဲ၏ ခေါင်းဆောင် ဖြစ်သည်။ ဤတော်လှန် ရေးကို ရောမအစိုးရကရက်စက်စွာ နှိပ်ကွပ်လေသည်။ ယုဒ လည်းဤစစ်ပွဲ၌ ကျဆုံးလေသည်။ သို့သော် လည်းသွေးချောင်းစီးသော ဤစစ်ပွဲမှ ဇေလုတ် အဖွဲ့ ပေါ်ပေါက် လာ သည်။

ဤကဲ့သို တော်လှန်ရေးများမဖြစ်ပွါးမီ နှစ်ပေါင်းများစွာကပင်ဂျူးလူမျိုးတို၏ အယူဝါဒကိုးကွယ်ယုံကြည် မှုနှင့်တစ်မျိုးသားလုံးကိုပင်သုတ်သင်ရှင်းလင်းပစ်ရန် ရှ ရိဘု ရင် အင်တိ အို ကတ် အိပီဖိန်း(Antiochus Epihanes) ၏ရက်စက်စွာနှိပ်ကွပ်ခြင်းကို ဂျူးလူမျိုးတို့ခံခဲ့ရသည်။ ထိုအချိန်က မက်ကာဘီ (Maccahees) ညီအစ်ကိုတို့သည် ဂျူးလူမျိုးနှင့်တိုင်းပြည်ကို ကယ်တင်ရန် ပုန်ကန်ထကြွခဲ့လေသည်။မက်ကာဘိတို၏ဖခင် မက်တတိရ(Mattathias)သေခါနီးတွင်သားများ အားခေါ်၍ ငါ့သားတိုဘုရားသခင်၏ ပညတ်တော်ကို စိတ်အားထက်သန်စွာလိုက်လျှောက်ပါ။ မင်းတိုဘိုးဘေး များ၏ယုံကြည်ချက်ကိုသက်စွန့်ကြိုးပမ်းကာကွယ်ပါ ဟု မှာကြားခဲ့သည် ( Maec 2,50)။

ထိုကြောင့်ဇေလုတ်များသည်တစ်ယူသန် ဂျူးလူမျိုး မျိုးချစ်ပုဂ္ဂိုလ်များ၊ ပညတ်တော်ကို စိတ်အားထက်သန်စွာ လိုက်လျှောက်သော သူများတိုင်းတပါးမှလာရောက်အုပ်စိုး သောအစိုးရကိုမုန်းတီးသောသူများ ဖြစ်ကြသည်။ ဂျိုစီဖတ်(Josephus)ဆိုသော ပုဂ္ဂိုလ်သည် ထိုသူ၏ အကြောင်းကို တစ်ကြိမ်မကရေးသားဖော်ပြခဲ့လေသည်။

ဂါလိလဲနယ်သား ယုဒသည် ဂျူးလူမျိုးများ၏ ကျိုးကြောင်း ဆင်ခြင်တုံ ပညာစာစောင်စတုတ္ထ တွဲ၏ကျမ်းပြုဆရာဖြစ်သည်။ ဇေလုတ်များသည် လွတ်လပ်ရေးရရှိ ရန် စိတ်နှလုံးထဲ၌အမြဲတစေ၊ အစွဲအလန်းရှိကြသူများဖြစ်ကြသည်။ ထာဝရဘုရားသခင်သာလျှင် သူတို၏ အရှင်သူတို့၏အုပ်စိုးသော သခင်ဟု ယူဆကြသည်။ ရဲရဲတောက် သတ္တိရှိသူများဖြစ်၍ သူတို့အား မည်မျှပင်နှိပ်စက် သတ်ဖြတ် အကြပ်ကိုင်စေကာမူ တိုင်းတပါးသားများအား အရှင်သခင်ခေါ်မည့်သူများ မဟုတ်ပေ၊ သူတို့၏ရဲရဲ တောက်ဆောင်ရွက်ချက်များကို ကျွန်ုပ်ဆက်လက်၍မပြောလိုပါ။ ကျွန်ုပ်၏အပြောကိုမယုံမှာ စိုး၍မဟုတ်၊ ဇေလုတ်များသည် သတ်ဖြတ်ညှင်းဆဲခြင်းကိုမည်ကဲ့သို ကြံ့ကြံ့ခံကြကြောင်း ပြည့်စုံ အောင်မဖော်ပြနိုင်မည်ကို စိုးရိမ်သောကြောင့်သာဖြစ်သည် ဟု ဂျိုစီဖတ်က (The Antiquites of the Jews 18,16)၌ ရေးထား သည်။

ထိုကြောင့်ဇလုတ်များသည် အယူသည်းသော မျိုးချစ်ပုဂ္ဂိုလ်များဖြစ်သည်။ သူတို၏ဘာသာ ရေး ယုံကြည်ချက်သန့်စင်မှု အတွက်ဆိုလျှင် ဒုက္ခဆင်း ရဲ ခံရမည်ကို အနည်းငယ်မျှမမှုသော အာဇာနည်များ ဖြစ်ကြသည်ဟုဆိုရပေမည်။

ထိုကဲ့သိုသော အဖွဲအစည်းများသည် ဘေးအန္တရယ်နှင့်ရင်ဆိုင်တတ်သည်။ တယူသန်စွဲလန်း မှုကြောင့် မိုက်ရူးရဲဘဝသိုရောက်သွားတတ်လေသည်။ ဤကဲ့သိုသောအဖွဲအစည်းများထဲသို စွန့်စားလိုသူများနှင့် ကိုယ်ကျိုးရှာအခွင့်အရေးသမားများ အကြမ်းဖက် အဓမ္မဝါဒီသမားများ ပါဝင်လာတတ်သည်။ ဇေလုတ်များသည် ‘စီကာရီ” (Sicarii) ဟုခေါ် သောချောင်းမြောင်းလုပ် ကြံသတ်ဖြတ်သူများ အဖြစ်သိုကူးပြောင်းသွားလေသည်။ သူတို့ သည်သူတို့အား တိုင်းတပါးမှ လာရောက်အုပ်စိုးသူများကို သတ်ဖြတ်ရန် သစ္စာဆိုထားသူများဖြစ် ကြသည်။

စီကာရီ ဟူသောအမည်မှာ သူတိုကိုင်ဆောင်သောဓားမြှောင်စီကာ (Sica) ကိုအစွဲပြု၍ခေါ်ဝေါ် သမုတ်ခြင်းပင်ဖြစ်သည်။ ထိုဓါးမြှောင်များကို သူတို့ဝတ်သော ဝတ်လုံများအောက်တွင်ဝှက်၍ ကိုင်ဆောင်လေ့ရှိပြီး၊ အခွင့်အခါသင့်တိုင်းရန်သူများကို ဓါးမြှောင်နှင့်ထိုးသတ်လေသည်။ သို့နှင့်သူတို့သည် မျိုးချစ်ပုဂ္ဂိုလ်များအဖြစ်ထက် အကြမ်းဖက်သမားများ အဖြစ်ပိုမိုပေါ်လွင် ထင်ရှားခဲ့သည်။

ပါလတိနတိုင်းပြည်ကြီးမပြိုကွဲမီ ဖြစ်ရပ်နှစ်ခုနှင့်ကြုံတွေ့ရသည်။ နောက်ဆုံးဇလုတ်များ စီကာရီ အဖွဲသားများသည် ပြောက်ကျားစနစ်ဖြင့်ရွာများ၊ မြိုများကို တိုက်ခိုက်လုယက်ပြီး မီးရှိဖျက်ဆီး ကြလေသည်။ ဤသိုပြုလုပ်ခြင်းမှာတမင်သက်သက်ဖျက်လိုဖျက်ဆီး ပြုလုပ်လို၍ လည်းကောင်း၊ ခိုးဝှက်တိုက်ခိုက်လို၍လည်းကောင်း၊ ပြုလုပ်ကြခြင်းဖြစ်သည်။

ထို အပြင်သူတိုသည် ရောမလူမျိုးများကိုသာမက သူတိုအမျိုးသားများကိုပင် ဒုက္ခဆင်းရဲရောက်အောင်အနှောင့်အယှက်ပေးလေတော့သည်။ ရောမလူမျိုးများနှင့်ပတ်သက်မှု ဆက်စပ်မှုရှိသော လူမျိုးအချင်းချင်းကိုပါ ကြောင်းမြောင်းသတ်ဖြတ်လေသည်။ ဂျူးလူမျိုးများ၏ ရာဇဝင်သမိုင်းတွင် အဆိုးဆုံးသောအချိန်မှာခရစ်သက္ကရာဇ်(၇၀) ဖြစ်သည်။ ယေရုရှလင်မြို့ကို တိုက်ခိုက်ရန် ရောမစစ်သားများ နောက်ဆုံး ဝိုင်းရံထားသောအချိန်ဖြစ်သည်။ ဇေလုတ်များ၏ အနှောင့်အယှက်ပေးမှုကို မခံမရပ်နိုင်တော့သည့်အဆုံးတွင် ပါလတိန တစ်ပြည်လုံးကို အပြီးတိုင် ခြေမှုန်းပစ်ရန်ဖြစ်သည်။

ထိုအခါမြိုသူမြိုသားများမှာအစာရေစာငတ်ပြတ်ပြီးမျှော်လင့် ချက် ကင်းမဲ့လျှက်ရှိစဉ် မြိုတွင်း၌ ဆူပူမှု ဖြစ်ပေါ်လာသည်။ ဇေလုတ်နှင့်စီကာရီ အဖွဲများသည်အလယ်အလတ်ဝါဒကို ကျင့်သုံးရန် အကြံပေးသူများနှင့်မြိုတော်ကြီးမပျက်စီးမီ ရန်သူ၏တောင်းဆိုချက်ကို လိုက်လျောရန် အကြံပေးသူများအား လိုက်လံသတ်ဖြတ်လေသည်။

ဇေလုတ်နှင့် စီကာရီ များသည် ရောမလူမျိုးများနှင့်ဖြစ်စေ၊ရောမအစိုးရနှင့်ဖြစ်စေ၊ ပတ်သက်သောမိမိတိုအမျိုးသားအချင်းချင်းကိုလည်းကောင်း၊ ရောမလူမျိုးများကိုလည်းကောင်း၊ အလွန်အကျွံမုန်းတီး၍တစ်ဖက်စွန်းရောက်သွားသော လုပ်ရပ်များကြောင့် နောက်ဆုံးတွင်သူတို၏ မြိုတော်ကြီးပျက်စီး ဆုံးရှုးရလေတော့သည်။

 ဇေလုတ်များ၏ အယူသည်းမှုများကို သာဓကအနေဖြင့်ဖော်ပြရမည်ဆိုလျှင် သူတို၏ နောက်ဆုံးအသက်စွန့်သွားကြပုံကိုဖော်ပြရပေမည်။ ယေရုရှလင်မြိုကြီး ရောမစစ်သားများ လက်ထဲသိုကျဆင်းသွားချိန်တွင် ဇေလုတ်တိုအခိုင်အမာတပ်စွဲထားသော ခံတပ်အနည်းငယ်တို့သည် လက်နက်မချ၊ အရှုံးမပေးဘဲ နေကြသည်။

နောက်ဆုံးခံတပ်မှာ မစဒါ (Masda) ခံတပ်ဖြစ်သည် ခေါင်းဆောင် မှာ အယ်လီအာဇာ (Eleazar) ဆိုသောပုဂ္ဂိုလ်ဖြစ်သည်။ ရန်သူ့လက်မှ လွှတ်မြောက်ရန် လမ်းမမြင်တော့သည့်အခါ(Eleazar) အယ်လီအာဇာက ရဲရဲတောက် မိန့်ခွန်းပြောကြားပြီးလျှင် သူ၏ နောက်လိုက်များအား မိမိတို၏ ဇနီးနှင့်သမီးများကိုသတ်၍ ကိုယ်ကိုကိုယ်အဆုံးစီရင်ရန် အမိန့်ပေးလေသည်။ နောက်လိုက်များ သည်လည်း အမိန့် အတိုင်းသူတို၏သားသမီးများကို ကြင်နာစွာနမ်းရှပ်ပြီးမှ သတ်ပစ်ကာ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်လိုက်ကြလေသည်။ ထိုခံတပ်ထဲတွင်လူပေါင်း ကိုးရာ့ခြောက်ဆယ်သေ ဆုံးကြပြီး အမျိုးသမီးနှစ်ယောက်နှင့် ကလေးငါးယောက်သာဂူထဲတွင်ပုန်းအောင်း နေသောကြောင့် အသက်ချမ်းသာရရှိကြသည် (War of the Jews 7.8.9)။ ဤအချက်များသည် ရှိမုန်ဇေလုတ်၏ နောက်ခံကားချပ်ဖြစ်ပေသည်။

ရှိမုန်သည် အယူသည်းသောမျိုးချစ်ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ပညတ်တော်ကို ရိုသေလေးစား၍ စိတ်အားထက်သန်သောသူလည်းဖြစ်သည်။ ရောမအစိုးရနှင့်ပတ်သက်သောသူ များကိုရွံရှာမုန်းတီး သည်။ထိုသိုဖြစ်သောကြောင့် အကြောင်းကြီးနှစ်ချက်ပေါ်ထွက် လာသည်ကိုတွေ့ရှိရပေသည်။

(၁) ပထမအချက်နေဖြင့် တမန်တော် တစ်ဆယ့်နှစ်ပါးအဖွဲအစည်းထဲ၌ တစ်ဦးနှင့်တစ်ဦး အတူတကွ ပေါင်းသင်းဆက်ဆံနေကြသည်မှာ အံ့သြစရာပင်ဖြစ်သည်။ သူတို့၏အဖွဲအစည်းတွင် အခွန်ခံသော်လည်း ပါရှိသည်။ ရှိမုန်ဇေလုတ်လည်းပါသည်။ မဿဲသည်လက်ရှိ နိုင်ငံရေး အခြေအနေကို လက်ခံပြီး ရောမအုပ်ချုပ်ရေးတွင် ပါဝင်ဆောင်ရွက်ခြင်းဖြင့် အကျိုး ကျေးဇူး ခံစားနေသူဖြစ်သည်။ ရှိမုန်သည် လက်လှမ်းမှီရာ ရောမလူမျိုး များကိုလည်းကောင်း၊ ရောမအစိုးရနှင့်ပတ်သက်သော ဂျူးလူမျိုးအချင်းချင်းကိုလည်းကောင်း၊ လိုက်သတ်နေသူဖြစ်သည်။ မဿဲကိုလည်း အခြားတစ်နေရာတွင်သာတွေ့ရှိလျှင်ဓါးမြှောင်နှင့် ထိုးသတ််မည်မှာအမှန်ဖြစ်သည်။ မဿဲသည်ဇေလုတ်တို့သတ်မည့်စာရင်းတွင် ထိပ်ဆုံးမှပါရှိလေသည်။

ဤနေရာ၌ကျွန်ုပ်တို့သည် အမွန်မြတ်သောသာဓက တစ်ခုကိုတွေ့ရှိရသည်။ ယင်းသာကမှာ သခင်ယေရှုအား ချစ်ခင် ရိုသေကြသူတို့အချင်းချင်းတွင် တစ်ဦးအပေါ်တစ်ဦးထားရှိသော ရန်ငြိုးများပျောက်ကွယ်သွားခြင်းဖြစ်သည်။ မဿဲနှင့် ရှိမုန်သည် တမန်တော်အဖွဲအစည်းထဲ၌ ငြိမ်းချမ်းစွာအတူနေထိုင်သကဲ့သို ကျွန်ုပ်တို သည်လည်းသခင်ယေရှုကိုချစ်ခင် ကြည်ညိုလေးစားကြ သူများဖြစ်လျှင် တစ်ဦးနှင့် တစ်ဦးစိတ်ဝမ်းကွဲပြားမှုကို စေ့စပ်ဖြေရှင်း၍မရနိုင်စရာ အကြောင်း မရှိပေ။

(၂) ဒုတိယအချက်မှာ သခင်ယေရှု လက်ဝါးကပ်တိုင်ပေါ်တွင် အသတ်ခံရပြီးနောက် ရှိမုန်သည်တမန်တော်အဖွဲအစည်းထဲ၌ ပင်ရှိနေသေးသည်ကို (တမန်တော်၊၁း၁၃)၌ တွေ့ရှိရသည်။ ဤကျမ်းချက်က ရှိမှန်သည် ဓားမြှောင်ကိုစွန့်လွှတ်၍ ဓါးမြှောင်အစား လက်ဝါးကပ်တိုင်ကို နေရာပေးရန် သိရှိလာကြောင်းဖော်ပြသည်။ နိုင်ငံရေးအာဏာအားဖြင့်သာလျှင်အခြေအနေကို ပြောင်းလဲ စေနိုင်မည်ဟု အသက်ပေး၍ ယုံကြည်ခဲ့သူ ရှိမုန်သည် အနစ်နာခံသော မေတ္တာတော် လမ်းစဉ်ကို လက်ခံလာလေသည်။

ရှိမုန်နှင့်ပတ်သက်သည့် ဒဏ္ဍာရီများကိုလည်းအနည်းငယ် လေ့လာကြည့်ကြပါစို။ ဒဏ္ဍာရီပုံဝတ္ထုများ၌ပင်သူ၏ အကြောင်း နှင့် စပ်လျဉ်း၍ တိကျစွာမသိရချေ။ သူသည်ဝမ်းမြောက် ဖွယ်ရာ၊ ဧဝံဂေလိတရားဒေသနာကို အီဂျစ်ပြည်(Egypt) ၊ အာဖရိကတိုက် ၊ (Africa) နှင့် ဗြိတိန်ပြည် (Britain) များ၌ သွားရောက် ‌ဟောပြောခဲ့သည်ဟုဆိုသည်။ “အဘဓိရ၏ သာသနာ့သမိုင်း (The Apostolic History of Abdias 6, 7, 21) တွင်ရှိမုန် အကြောင်း အနည်းငယ်ပါရှိသည်။

ရှိမုန်နှင့်ယုဒ(Juda) တို့သည် ပါးရှား (Persia)ပြည်သို့ ရောက်သွားကြောင်း၊ သူတို့၏ဟောပြောသက်သေခံခြင်းကို မှော်ဆရာဇာရိုး (Zaroes)နှင့် အာဖစပ်(Arfaxat)တို့က ခေါင်းဆောင်၍ ဆန့်ကျင်ဖက် ပြုလုပ်ကြကြောင်း ရှိမုန်ယုဒတို့နှင့် တန်ခိုးအစွမ်းပြိုင်ရာတွင် ဇာရိုးနှင့်အာဖစပ်တိုအကြိမ်ကြိမ်ရှုးနိမ့်ကြကြောင်း၊ ရှင်ဘုရင်၏ရှေ့တော် မှောက်၌ တန်ခိုးပြိုင် ကြရာတွင်လည်း ဇာရိုးနှင့်အာဖစပ်တိုရှုးနိမ့်သဖြင့် ရှင်ဘုရင်ကရှိမုန်နှင့် ယုဒတိုအား ထိုမှော်ဝိဇ္ဇာနှစ်ဦးကို သတ်ပစ်ရန်ပြောကြောင်း၊ ထိုအခါတမန်တော်တိုက ငြင်းဆန်ကြကြောင်း ၊ “ကျွန်ုပ်တို့၏ဘုရားသခင်သည် လူများအား သူတိုကို အတင်းအကြပ်မယုံကြည်ခိုင်းပါ၊ သင်တိုယုံကြည် လျှင် လွတ်လွတ် လပ်လပ်သွားနိုင်သည်”ဟုမှော်ဆရာနှစ်ဦးကို ရှိမုန်နှင့်ယုဒ တိုကပြောပြကြောင်း။

ဇာရိုးနှင့်အာဖာစပ်တိုသည် အသက်ဘေးမှလွတ်မြောက်သွားသော်လည်း ကျေးဇူးမသိတတ် သည့်အပြင် သူတို၏လုပ်ရပ်များမှားနေပါသလား ဟူ၍လည်း သဘောမပေါက်ကြကြောင်း၊ ရှိမုန်နှင့်ယုဒ သွားလေရာရာအရပ်များ၌ ထိုမှော်ဆရာတိုက မကောင်းသတင်း လွှင့်ထားကြကြောင်း၊ ရှိမုန်နှင့်ယုဒသွားမည့်အရပ်သို တင်ကြို သွားရောက်ပြီးသူတိုအားဆန့်ကျင်ဖက်ဖြစ်ရန် လူထုအားလှုဆော်ကြကြောင်း။

ရဟန်းအပါးခုနှစ်ဆယ်နှင့် အလွန်ကြီးသော ဘုရားကျောင်းတစ်ဆောင်ရှိသည့် စူအင်နာ (Suanir) မြိုသို ရှိမုန်နှင့်ယုဒ ရောက်ရှိကြသောအခါ မှော်ဆရာနှစ်ဦးက သင်ကြားထားသည့်အတိုင်း လူထုက“တိုဘုရားသခင်ရဲ့ ရန်သူကိုထုတ်ပေးကြ” ဟုဟစ်အော်တောင်းဆိုကြောင်း။ ရှိမုန်နှင့် ယုဒကို ဘုရားသခင်ကျောင်းဆောင် ထဲသို ဆွဲခေါ်သွားပြီး အရှုးခံဝန်ချ တောင်းပန်မည်လား၊ သိုမဟုတ် အသတ်ခံမည်လားဟုမေးမြန်းကြကြောင်း။

ထိုအခါ ယုဒက ရှိမုန်အား “ကျွန်ုပ်တိုကို ကိုယ်တော်ရှင်ခေါ်နေသည်” ဟုပြောကြောင်း၊ ရှိမုန် ကလည်း “ကိုယ်တော်ရှင်အားကောင်းကင်တမန်များနှင့်အတူရှိနေသည်ကိုကျွန်ုပ်လည်း မြင်တွေ့ ရသည်။ ကိုယ်တော်ရှင်ကကျွန်ုပ်တိုကိုခေါ်နေသည်။ကောင်းကင်တမန် တစ်ပါးက ဤနေရာမှထွက် သွားကြ၊ ကျောင်းဆောင်ကြီးပြိုလဲလိမ့်မည်ဟုပြောသည်။ သို့သော်ထွက်မသွားလို၊ အဘယ့်ကြောင့်ဆိုသော် ပရိတ်သတ်ထဲမှ လူအချို့ ပြောင်းလဲလာလိမ့်မည်ဟု ပြောပြကြောင်း။

 ကောင်းကင်တမန်က တဖန်ရှိမုန်နှင့် ယုဒ အားဤအရပ်မှလွတ်မြောက်သွားပြီးလူပရိသတ်နှင့် ကျောင်းဆောင်ကိုဖျက်ဆီးပစ် စေချင်သလော သို့မဟုတ် မာတုရအဖြစ်နှင့် အသေခံသွားလိုသလော။ ကြိုက်နှစ် သက်ရာကိုပြောပါဟု မေးကြောင်း၊ ရှိမုန်နှင့်ယုဒက သူတပါး အသက်များ ဆုံးရှုးပြီမှ မိမိတို၏ အသက်ချမ်းသာခြင်းကို အလိုမရှိ၊ မာတုရ အနေဖြင့်အသေခံမည်ဟု စိတ်ပိုင်းဖြတ်ကြသည့် အတိုင်း ရဟန်းများနှင့် လူပရိတ်သတ်တိုက ရှိမုန်နှင့်ယုဒကို သတ်ပစ်လိုက်ကြောင်း အဆိုရှိသည်။

ဤဒဏ္ဍာရီသည် သူတိုအားကြည်ညိုလေးစားရန် စိတ်ကူးကြံစည်၍ ရေးသားထားခြင်း ဖြစ်စေကာမူ ဖော်ထုတ် လိုသောအဓိပ္ပါယ်မှာမှန်ကန်သည်ဟုဆိုရပေမည်။ တစ်ချိန်က ရှိမုန်သည် လူများအား တိုင်းပြည်နှင့် လူမျိုးအပေါ်သစ္စာစောင့်ထိန်းစေလို၍အကြမ်းနည်းအားဖြင့် သတ်ဖြတ် ခဲ့သော်လည်း ဘုရားသခင်သည်လူသားများအား မည်သည့်အပူကိုမျှ အတင်းအကျပ်မစေခိုင်းသည်ကို ယခုသူတို့သိလာသည်။ တချိန်ကရန်သူကိုသတ်ပစ်ရန် လက်မနှေးသော ရှိမုန်သည် ယခုမူသူတစ်ပါး တို၏ အသက်ပေါင်းများစွာနှင့်ရင်းနှီး၍ မိမိအသက်ရှင် မှုကိုရှာကြံခြင်းမပြ တော့ကြောင်း တွေ့ရှိရလေသည်။

အခန်း (၁၁)

ယောဟန်၏အစ်ကိုယာကုပ်

တမန်တော်တစ်ဆယ့်နှစ်ပါးတွင်

ပထမဦးဆုံး မာတုရဖြစ်သောသူ

ယောဟန်၏အစ်ကို ယာကုပ်၊ သူပင်လယ်| ကမ်းခြေသဘာဝကို ခရုခွံဖြင့် သရုပ်ဆောင်ခြင်း၊ (တ၊ ၁၂း၁-၂) ဟေရုဒ်မင်းကြီးသည် ယာကုပ်ကိုဓားနှင့်ကွပ်မျက်လေ၏။

ယာကုပ်သည် ယောဟန်၏အစ်ကို၏သားဖြစ်သည်။ တမန်တော်တစ်ဆယ့်နှစ်ပါးအနက်မှ ကျွန်ုပ်တိုအားမချင့်မရဲဖြစ်စေ လောက်အောင်မထင်ရှား သောတမန်တော်တပါးဖြစ်လေသည်။ တမန်တော်များထဲတွင် ယာကုပ်သည်ခေါင်းဆောင်တစ်ဦးဖြစ်သည်မှာ ငြင်းစရာမလို၊ တမန်တော် များထဲတွင် ယာကုပ်သည် မာတုရသရဖူကိုပထမဦးဆုံးရရှိသူဖြစ်သည်(တမန်တော်၊ ၁၂း၂)။ တမန်တော် များ၏ စာရင်းတိုင်းတွင်ယာကုပ်သည် ပထမသုံးယောက်ထဲ၌ ပါရှိသည်။ ရှင်မာကုခရစ်ဝင် (၁း၇)နှင့် တမန်တော် ဝတ္ထု(၁း၁၃)၌ ပေတရု၏ နာမည်နောက်က ဒုတိယနေရာတွင်သူ၏ အမည်ကိုဖော်ပြ ထားသည်။ ရှင်မဿဲခရစ်ဝင် (၁၀း၂)နှင့်ရှင်လုကာခရစ်ဝင် (၆း၁၄)၌ ပေတရုနှင့် အနောက် တတိယနေရာ တွင် သူ၏အမည်ကိုဖော်ပြသည်။ ယာကုပ်သည် ယောဟန်၏အစ်ကို ဖြစ်သောကြောင့် သူ၏အမည်ကိုဖော် ခြင်းဖြစ်ကောင်း ဖြစ်ပေလိမ့်မည်။ မည်သိုဆိုစေ ယာကုပ်သည် တမန်တော်စာရင်း ထဲတွင် ထိပ်ဆုံးတစ်နေရာ၌ပါရှိသည်။ သို့သော်သူ၏အကြောင်းကို ကျွန်ုပ်တို များစွာမသိရချေ။

ယာကုပ်အကြောင်းကို ဖော်ထုတ်ရာ၌ တွေ့ရှိရသော အခက်အခဲမှာ သူ၏အသက်တာတစ် လျှောက်လုံးတွင် သူ့အားယောဟန်နှင့်ခွဲခွါ၍ မတွေ့ရခြင်းဖြစ်ပေသည်။ သမ္မာကျမ်းစာတွင် ယောဟန်နှင့် ယာကုပ်ကို အတူယှဉ်တွဲလျှက်သာတွေ့ရှိ ရသည်။ ယာကုပ်နှင့် ယောဟန်တို့၏အ ကြောင်းလေ့လာကြစို့။

သူတို့သည် ဇေဗေဒဲ၏သားတံငါသည်များဖြစ်ကြသည်။ အတော်အသင့်ကြွယ်ဝ၍ သူတို၏လုပ်ငန်းတွင် အလုပ်သမားများ ရမ်းထားရှိနိုင်သည် (မာကု၊ ၁း၁၉-၂၀)။ သခင်ယေရှုက သူတိုညီအစ်ကို နှစ်ယောက်အား လူကိုမျှားသောတံငါသည် ဖြစ်စေမည်ဟုခေါ်ယူသော အခါ၊ သူတိုသည်ယေရှု၏နောက်တော်သို လိုက်ကြ၏ (မဿဲ၊ ၄:၁၉ မာကု၊ ၁း၂၀၊ လုကာ ၅း၁-၁၁)။

တမန်တော်အဖွဲ့ အစည်းထဲတွင်ယာကုပ်နှင့်ယောဟန်သည် ပေတရုနှင့်အတူ သခင်ယေရှုနှင့် အတူရှိကြသည်။သူတိုသည်စိတ်မြန်လက်မြန်သော ဂါလိလဲနယ်သား များဖြစ် ကြသည်။ သူတိုသည် ပြင်းထန် သောအမျက်ဒေါသစိတ်မာန်ကြောင့် သူတိုသည်မိုးကြိုး၏သားများ“ဗောနေရဂတိ’ ဟူသောအမည် အသစ်ကိုရရှိ ကြသည် (မာကု၊ ၃း၁၇)။

ရှင်လုကာခရစ်ဝင်၊ ၉း၅၁-၅၆ တွင်ရှမာရိရွာမှ ရွာသူရွာသား များသည် ခရစ်တော်နှင့် တမန်တော်များအား၎င်းတိုရွာလက်မခံသော အခါ ယာကုပ်နှင့်ယောဟန်တိုတွင် ထိုရွာကိုကောင်း ကင်မှမီးကျ၍ဖျက်ဆီးပစ်လိုသော စိတ်များပေါ်လာသောကြောင်းဖေါ်ပြထားသည်။

သူတို့သည်ထင်ပေါ်ကျော်ကြား၍ ကြီးမြင့်လိုစိတ်ရှိကြသည်။ ခရစ်တော်၏ နိုင်ငံတော်တွင် ခေါင်းဆောင်အကြီးအကဲနေရာကို ရယူလိုကြသည် (မာကု၊ ၁၀း၃၅-၄၅၊ မဿဲ၊၂၀:၂၀-၂၈) ။

ယာကုပ်တစ်ဦးတည်းအား ဖော်ပြခြင်းကို တစ်ကြိမ်တည်းတွေ့ရသည်။ ထိုသိုဖော်ပြရခြင်းမှာ တမန်တော်ဝတ္ထု (၁၂:၁-၂)၌ဖြစ်ပြီး၊ မာတုရအနေဖြင့် အသတ်ခံရခြင်းအကြောင်း ဖြစ်ပေသည်။

၎င်းကျမ်းချက်၌ “ထိုအခါ ဟေရုဒ်မင်းကြီးသည်သင်းဝင်သူ အချို့တို့ကို ညှင်းဆဲခြင်းငှါ စီရင်၍ ယောဟန်၏အစ်ကိုဖြစ်သော ယာကုပ်ကိုဓါးနှင့်ကွပ်မျက်လေ၏” ဟုဖော်ပြထားသည်။

ယာကုပ်နှင့်ပတ်သက်၍ သမ္မာကျမ်းစာမှ ကျွန်ုပ်တိုသိရှိရသော အချက်များမှာ ဤမျှသာဖြစ်ပေသည်။ သိုသော်သူနှင့်စပ်လျဉ်း၍ ဒဏ္ဍာရီ များရှိသည်။ ယာကုပ်အကြောင်းကို ယူစီဘိယ ဆိုသောပုဂ္ဂိုလ်က အယ်လီဇင်းဒရီးယားမှကလီမင့် (Clement of Alexandria) ၏ ပျောက်ဆုံးနေသော ဟီပိုတိုင်ပိုစက် (Hypotyposes) သတ္တမစာ စောင်၌ ဖော်ပြထားသည်မှာ-

ယာကုပ်ကို တရားစီရင်ရာခုံရုံးသို ခေါ်ဆောင်သွားသော ပုဂ္ဂိုလ်တစ်ဦးသည် ယာကုပ်၏သက်သေ ခံခြင်းကို ကြားရသောအခါ စိတ်ထိခိုက်လှသဖြင့် သူသည်လည်း ခရစ်ယာန်တစ်ယောက်ဖြစ်ကြောင်း ဝန်ခံလေသည်။

ထိုကြောင့်သူတိုနှစ်ဦးကိုသတ်ရန် ခေါ်ဆောင်သွားကြသောအခါ လမ်းတွင်ထိုပုဂ္ဂိုလ်ကယာ ကုပ်အား သူ၏အပြစ်ကိုလွှတ်ရန် တောင်းပန် လေသည်။ ယာကုပ်သည် ခေတ္တစဉ်းစားပြီးလျှင် “ငြိမ်သက်ခြင်းသည် သင်နှင့်အတူရှိစေသတည်း” ဟုဆိုကာ ထိုသူအား နမ်းသည်။ သူတိုနှစ်ဦး စလုံးသည် ခေါင်းဖြတ်သက်ခြင်း ကြသည်။

မွန်မြတ်သောမာတုရထဲတွင် ယာကုပ်သည်လည်း တစ်ဦးအပါအဝင်ဖြစ်သည်။ မာတုရတို့၏ တည်ကြည်မြဲမြံသောယုံကြည်ချက်ကြောင့်သူတို့အား ဆန့်ကျင်စွပ်စွဲသောသူများပင် ပြောင်းလဲ နိုင်ခဲ့သည်။

အဘဓိရ၏ သာသနာသမိုင်း (The Apostolic History of Abdias) တွင် ယာကုပ်ကို ဟာမိုဂျီနီ  (Hermogenes) နှင့် ဖီလက်တ (Philetus) ဆိုသောမှော်ဆရာတစ်ဦးနှင့် ဆက်စပ်၍ ဖော်ပြ ထားသည်။ ယာကုပ်၏ဟောပြောမှုကြောင့် လက်သည် ယုံကြည်ချက်ပြောင်းလဲ သွားသောအခါ ဟာမိုနီ အားစွန့် ခွါသွားတော့မည်အကြောင်းပြောလေသည်။

ထိုအခါ ဟာမိုဂျီနီသည် ဖီလက်တကို ဂါထာ မန္တရားနှင့်ချုပ်နှောင်ထားလေသည်။ ဖီလက်တသည် မိမိဒုက္ခရောက် နေကြောင်း ကိုယာကုပ်ထံသို သတင်းပို့လေသည်။ ယာကုပ်က သူ၏ လက်ကိုင်ပုဝါကို ဖီလက်တ ထံသို ပေးသောအခါ ထိုလက်ကိုင်ပုဝါ၏ တန်ခိုးကြောင့် ဖီလက်က လွတ်မြောက်သွားသည်။

ဟာမိုဂျီ သည် ယာကုပ်နှင့်ဖီလက်တတိုကို ဖမ်းဆီးခေါ်ဆောင် ခဲ့ရန် နတ်ဆိုးများကို စေလွတ်လိုက်သည်။ နတ်ဆိုးများသည် ယာကုပ်၏ အခန်းထဲမှ ပုရွက်ဆိတ်တစ်ကောင်ကို ဒုက္ခပေးရန်မတတ်နိုင်ချေ။

ယာကုပ်ကပြန်၍ ထိုနတ်ဆိုးများအား ဟာမိုနီကိုဖမ်းဆီး တုပ်နှောင်လာရန် အမိန့်ပေး လိုက်သောအခါ နတ်ဆိုးများသည်ဟာမိုနီကို တုပ်နှောင်၍ခေါ်ဆောင်လာသည်။ သိုသော် ယာကုပ်သည်

ဖီလက်တအား ဟာမိုနီကို အနှောင်အဖွဲမှဖြေလွတ်ပေးခိုင်းပြီး ဟာမိုနီအား မင်းလွတ်လပ်စွာသွားနိုင်ပြီး၊ ကျွန်ုပ်တိုကိုကား ရန်ကို ရန်ချင်းတုံနှင်းသူများ မဟုတ်ဟု ပြောလိုက်ရာ ဟာမိုနီ အလွန်အံ့သြသွားသည်။

အိမ်သိုပြန်သွားကာ မှော်အတတ်နှင့်ဆိုင်သော စာအုပ်များကို မီးရှို့ပစ်လိုက်ပြီး ယာကုပ်ထံသို တစ်ဖန်လာ၍ သူ၏အပြစ်ကိုလွှတ်ရန်တောင်းပန်လေသည်။ ယာကုပ်သည် ဟာမိုနီအား ယခင်က သူများအပေါ်လိမ်လည်လှည့်ဖြားပြီး ဒုက္ခပေးခဲ့သည်များကို နောင်တရစေသည်။ ၎င်း၏မှော်အ တတ်ဖြင့်ရရှိသော ငွေကြေးများကိုအလှူဒါနပြုလုပ်ရန်တိုက်တွန်းလေသည်။ ဟာမိုနီကလည်း မှာကြားသည့်အတိုင်း လိုက်နာပြုလုပ်သည်သာမက ယုံကြည်ခြင်းတိုးပွါးလာသဖြင့် အံ့ဩဘွယ်သော တန်ခိုးနိမိတ်လက္ခဏာများကိုပင် ပြသနိုင်လေသည် (The ApostolicIIistory, 4, 1-9) ။

အထက်ပါအဖြစ်အပျက်ကိုအဘယ့်ကြောင့်ပြောပြရသနည်း ဟုဆိုသော် ထိုပုဂ္ဂိုလ်များသည် ယာကုပ်အတ္ထုပ္ပတ္တိ နှင့် ပတ်သက်၍ အလွန်ဆန်းပြားသည့် စိတ်ကူးယဉ် ဒဏ္ဍာရီထဲတွင်ပါ ရှိသော ကြောင့်ဖြစ်လေသည်။

ယာကုပ်အားယခုတိုင် စပိန်(Spain) ပြည်ကိုစောင့်ထိန်းသော သူတော်စဉ်သူတော်မြတ် အဖြစ်အသိအမှတ်ပြုဆဲဖြစ်သည်။ ယာကုပ်နှင့်စပိန်ပြည် ဆက်စပ်မှုကို ဤကဲ့သိုဖေါ်ပြထားသည်။ ယာကုပ်သည် စပိန်ပြည်သိုသွား၍ ခရစ်တော်၏သက်တော်စဉ်နှင့်ဩဝါဒများကို ဟောပြောပြီး ပါလတိနပြည်သို ပြန်ရောက်သောအခါ ဟေရုဒ်မင်းက သူ့ကို သတ်လေသည်။ ယာကုပ်၏အလောင်း ကိုယခင်ကမှော်ဆရာများ ဖြစ်ခဲ့သော ဟာမိုနီ နှင့် ဖီလက်တ တို့က ယူဆောင်၍ ဂျော်ပါ (Joppa) မြိုမှ သင်္ဘောဖြင့်ထွက်ခွာခဲ့ရာ နောက်တစ်နေ့တွင်စပိန် ကမ်းခြေသို့ရောက်ရှိသည်။ အိုင်ရီယာ ဖလေဗီယာ (Iria Flaira) အရပ်၊ ယခုအခေါ် အယ်။ ပက်ဒရွန် (El Padron) အရပ်တွင် သူတို ဆင်းကြပြီး ယာကုပ်၏ ရုပ်ကလာပ်ကိုထိုအရပ်၌ အတန်ကြာထားရှိ ကြသည်။

ယာကုပ်၏ရုပ်ကလာပ်ကြောင့်ထိုအရပ်တွင်ထူးဆန်းအံ့သြ ဘွယ်ရာဖြစ်ရပ်များ ပေါ်ပေါက် လာသည်။ ခရစ်နှစ် ရှစ်ရာစုတွင်စပိန်ပြည်ကို လူရိုင်းများ လာရောက်တိုက်ခိုက်သောအခါ ယာကုပ်၏ အလောင်း ပျောက်ဆုံးသွားသည်။ ခရစ်နှစ် ကိုးရာစုနှစ်တွင် ယာကုပ်၏ အလောင်းကို ပြန်လည် တွေ့ရှိရသဖြင့် စိတ်ထားစင်ကြယ်ဖြူ စင်သော အယ်ဖောင်ဆို (Alpgonso) ဘုရင် သည် ကွမ်ပို စတယ်လာ (Compostella) အရပ်သို့ ယူဆောင်သွားသည်။

ယခုတိုင်ယာကုပ်၏ အလောင်းသည်ထိုအရပ်၌ရှိနေသေး သည်ဟု ပြောဆိုကြသည် ကွမ်ပိုစတယ်လာဟူသောစကားသည် လက်တင် စကား: (Ad Sanctum Jacobum Aposotolum) သို့မဟုတ် စပိန်စကား (Giacomo Postolo) မှပျက်ယွင်းလာသော စကား ဖြစ်၍ဆိုလိုရင်းမှာတမန်တော် ယာကုပ် (James the Apostles) ဖြစ်ပေသည်။

ယခုတိုင်စပိန်ပြည် စာရာဂေါ်စ (Saragossa) မြို၌မယ်တော်မာရိ၏ ရုပ်တုတစ်ဆူရှိသည်။ ထိုရုပ်တုရှေ့၌ မီးခွက် တစ်ရာကို အစဉ်ထွန်းညှိပူဇော်ထားသည်။ ယာကုပ်သည် စပိန်ပြည်၌ ဟောပြော သက်သေခံနေစဉ် ကာလအတွင်း မယ်တော်မာရိကသူ့အား လာရောက်အားပေးစကား ပြောကြားသည်ဟု ဆိုစမှတ်ရှိလေသည်။

ဤဒဏ္ဍာရီပုံဝတ္ထုမှာ ခရစ်နှစ် ခုနှစ်ရာစုတွင် စီဗီးမှအိုင်စီဒို (Isidore of Seville) ဆိုသောပုဂ္ဂိုလ်ရေးသည့် စာစောင်၌ ပထမဦးဆုံး ပါ ရှိသည်။ သိုသော်ထိုစာစောင်တွင် ယောဟန်၏ အစ်ကိုယာကုပ်အားသခင်ယေရှု၏ညီ ယာကုပ်နှင့် မှားရေးထားသည်။

ဇေဗေဒဲ၏သား၊ ယောဟန်၏ အစ်ကို တမန်တော် စာရင်းတွင် စတုတ္ထနေရာ၌ပါရှိသော ယာကုပ်သည် အရပ်ရပ်၌ ကွဲပြားနေသော တစ်ဆယ့်နှစ်မျိုးသော ဂျူးလူမျိုး ထံသိုမေတ္တာစာရေး လိုက်သည် ဟုဖော်ပြထားသည် (ယာကုပ်၊ ၁း၁)။ စပိန်ပြည်နှင့် ဥရောပအနောက် ပိုင်းတွင် ဝမ်းမြောက် ဖွယ်ရာသတင်း စကားကို ဟောပြောသည်ဟူ၍လည်းပါရှိသည်။

ရှင် ယာကုပ်ဩဝါဒစာကို ရေးသားသော ယာကုပ်သည် ယောဟန်၏အစ်ကိုယာကုပ် မဟုတ်ချေ။ ယောဟန်၏အစ်ကိုယာကုပ်သည်မာတုရအဖြစ်နှင့်ပထမဦးဆုံးကွပ်မျက်ခြင်း ခံရသူဖြစ်ရာ သူ့အားစပိန်ပြည်နှင့် ဆက်စပ်ထားခြင်းမှာဖြစ်နိုင်စရာအကြောင်း မရှိချေ။ဒဏ္ဍာရီထဲတွင်ပါသည့် အတိုင်းဖြစ်စေချင်သော်လည်း ဒဏ္ဍာရီပါ အချက်အလက်များ ဟုတ်မှန်ကြောင်း အထောက်အထား ပြစရာမရှိပေ။

ပန်းချီကားတစ်ချပ်တွင်ယာကုပ်သည် လက်တစ်ဖက်မှ သမ္မာကျမ်းစာအုပ် ကိုကိုင်ဆောင်၍ အခြားလက်တစ်ဘက်၌ တောင်နှင့်မူရင်းလက်ရေးစာစောင်ကို ကိုင်ဆောင်ထားသည်ကို တွေ့ရသည်။ အဓိပ္ပာယ်မှာ ဧဝံဂေလိတရားဒေသနာကို ဟောပြော သက်သေခံရန် ဝေးလံစွာခရီးသွားသော တမန်တော် ယာကုပ်ဟု ဆိုလိုခြင်းဖြစ်သည်။

ယာကုပ်၏ မရေရာသော အတ္ထုပ္ပတ္တိထဲ၌ပင်လျှင် သူ၏ဂုဏ်အင်လက္ခဏာများကို အောက်ပါအတိုင်းတွေ့မြင်ရသည်။

(၁) ယာကုပ်သည် သတ္တိရှိသည်။ သူများအပြစ်ကို လွှတ်တတ်သည်။ တမန်တော်များထဲတွင် မာတုရကို ပထမဦးဆုံးဆွတ်ခူးသူ ဖြစ်သည်။ သူနှင့်စပ်လျဉ်းသော ဒဏ္ဍာရီများထဲတွင် သူ၏ရဲစွမ်းသတ္တိ နှင့် သူ၏အပြစ်လွှတ်သော စိတ်သည် သူ့အားအပြစ်ရှာပြီး အမှုစွဲဆိုသူကိုပင် ခရစ်ယာန် တို၏ ယုံကြည်ခြင်းရရှိအောင် ဆွဲဆောင်နိုင်ခဲ့ပေသည်။

(၂) ယာကုပ်၌မနာလိုဝန်တိုစိတ်မရှိချေ။ အန္ဒြေသည်ပေတရု၏လောင်းရိပ်မိသကဲ့သို့ ယာကုပ်သည်လည်း ယောဟန်၏လောင်းရိပ် မိသောကြောင့်သာ မထင်ပေါ်ခဲ့ခြင်းဖြစ်သည်။ ထင်ပေါ် ကျော်ကြားသော ညီအစ်ကိုတစ်စုထဲတွင် မထင်ရှားသည့်ဘဝဖြင့် အသက်ရှင်နေရသည်မှာ မလွယ်ကူလှပေ၊ ဤအခြေအနေ၌ပင် ယာကုပ်သည် အောင်မြင်စွာအသက်ရှင် နေထိုင်သွား နိုင်လေသည်။

(၃) ယာကုပ်နှင့်ယောဟန် ညီအစ်ကိုနှစ်ယောက်စလုံးသည်ဘာသာရေး၌ အထူးကြည်ညို လေးစားယုံကြည်သောပုဂ္ဂိုလ်များဖြစ် ကြသည်။ ရှင်မဿဲခရစ်ဝင် (၂:၂၀-၂၈) နှင့်ရှင်မာကုခရစ် ဝင်(၁၀း၃၃-၄၅)၌ ယာကုပ်နှင့်ယောဟန်တို့သည် ခရစ်တော်၏ နိုင်ငံတော်တွင် လက်ယာတော်ဘက်၌ တစ်ယောက်၊လက်ဝဲတော်ဘက်၌ တစ်ယောက် ထိုင်ရအခွင့်ကို တောင်းလျှောက် ကြကြောင်းတွေ့ ရှိရသည်။ထိုအချက်ကို ထောက်ချင့်၍ သူတိုအားလောကီဆန်ပြီး အထူးကြီးမြတ်လိုသော ဆန္ဒရှိသူများဟု ထင်စရာရှိပေသည်။

သို့သော်ထိုတောင်းဆိုချက်သည် သူတို၌သခင်ယေရှုအပေါ် ခိုင်မာသောယုံကြည်ချက်နှင့် အကောင်းဘက်ကိုသာ မြင်တတ်သောသဘောရှိ ကြောင်းကို ဖော်ပြလေသည်။ ထိုအချိန်ကား သခင်ယေရှုသည်တစ်စုံတစ်ခုသော ရာဇပလ္လင်ပေါ်၌ထိုင်ရမည်ကို စဉ်း စား၍ပင် မရသောအချိန် ဖြစ်ပေသည်။ ထိုအချိန်က သခင်ယေရှုသည် အိုးအိမ်မဲ့ ဂါလိလဲပြည် သား တရားဟောဆရာတစ်ပါး သာ ဖြစ်လေသည်။ သခင်ယေရှု လုပ်ဆောင်နေသော လုပ်ငန်းသည် သက်ဆိုင်ရာ အာဏာပိုင်တိုနှင့် ထိပ်တိုက်တွေ့ရမည့် လုပ်ငန်းဖြစ်ပေသည်။ ဤကဲ့သိုမရေရာသော အချိန်၌ပင်ယာကုပ်နှင့် ယောဟန်တို့သည်သခင်ယေရှုအားရှင်ဘုရင်အနေဖြင့် သံသယကင်းစွာ ယုံကြည်သူများဖြစ်ကြသည်။

(၄) ယာကုပ်နှင့်ယောဟန်တိုအား ယှဉ်တွဲ၍ကြည့်သောအခါ စိတ်ဝင်စားစရာအကောင်းဆုံး အချက်ပေါ်ပေါက်လာသည်။ သူတို့သည် ခရစ်တော်၏နိုင်ငံတော်၌ ကြီးမြတ် သောရာထူး များကို တောင်းခံသောအခါ သခင်ယေရှုက “ငါသောက်ရအံ့သော ခွက်ကို သောက်ခြင်းငှါ လည်း ကောင်း၊ သင်တို့သည်တတ်စွမ်းနိုင်သလော” ဟုမေးတော်မူလျှင် “အကျွန်ုပ်တို့သည်တတ်စွမ်းနိုင်ပါသည်”ဟု လျှောက်ကြသော် “ငါ၏ခွက်ကိုသင်တို့သည် သောက်ကြရလိမ့်မည်။ ငါခံသော နှစ်ခြင်းကိုလည်း သင်တို့သည် ခံကြရလိမ့်မည်” ဟု မိန့်တော်မူ၏ (မဿဲ၊ ၂၀း၂၂-၂၃နှင့် မာကု၁၀: ၃၇-၃၉)။

ထိုကြောင့်သခင်ယေရှုသောက်သောခွက်ကို ထိုညီအစ်ကိုနှစ်ယောက်စလုံး သောက်ကြရသည်။ သူတိုသောက်သောခွက်သည် အဘယ်အရာဖြစ်သည်ကိုကြည့်ကြစို့။ ယောဟန်သည် ဧဖက်မြိုသိုသွား ရောက်တရားတော်ကို ဟောပြောသက်သေခံသည်။ အသက်တစ်ရာနီးပါး ခန့်တင့်တင့်တယ်တယ် နေထိုင်ရပြီး သက်တောင့်သက်သာသေဆုံး ရလေသည်။ ယာကုပ်၏အသက်တာမှာ တိုတောင်းသည်။ ဓါးဖြင့် သတ်ဖြတ်ခြင်းခံရကာ မာတုရအနေဖြင့် သေဆုံးလေသည်။ နှစ်ဦး စလုံးသည် သခင်ယေရှု သောက်သောခွက်ကို သောက်ရကြလေသည်။

ရောမဒင်္ဂါး၌ နွားထီးတစ်ကောင်သည် ယဇ်ပလ္လင်နှင့်ထယ်ကို မျက်နှာမူနေသော ရုပ်ပုံပါရှိပြီး ရေးသားထားသောစာသားမှာ “တစ်ခုခု အတွက်အသင့်ရှိလော့ဟူ၍ ပင်ဖြစ်သည်။ ထိုနွားထီးသည် ယဇ်ပူဇော်ရန်အတွက် အသင့်ရှိရမည်။ သိုမဟုတ် တစ်သက်တာလုံး လယ်ထွန်သည့် အလုပ်ကို လုပ်ကိုင်ရမည်ဟု ဆိုလိုသည်။ ခရစ်တော်အတွက် ရဲရင့်စွာ အသေခံသော ခရစ်ယာန်နှင့် တစ်သက်တာလုံးခရစ်တော် အပေါ်၌ သစ္စာရှိသော ခရစ်ယာန်နှစ်ဦးစလုံးသည် သခင်ယေရှု၏ ခွက်ကို သောက် သောသူများဖြစ်ကြ၏။ မည်သူကမှ တစ်ဦးအပေါ်တစ်ဦး သာလွန်ထူးကဲ ခြင်းမရှိချေ၊ ခရစ်ယာန်များသည်လည်း ဤနှစ်ခုတွင် တစ်ခုခုအတွက်အစဉ်မပြတ် အသင့်ရှိနေရပေမည်။

အခန်း (၁၂)

ဗာလသောလမဲ

ဤကဲ့သို့ဓားမျိုးဖြင့် ကွပ်မျက်ခံရသူဖြစ်ကြောင်း မှတ်ကျောက်တင်ခဲ့သည်။

ဖိလိပ္ပုနှင့်ဗာသောလမဲဟူသော တစ်ကျိပ်နှစ်ပါးတို့ကို ရွေးကောက်၍ တမန်တော်အမည်ဖြင့် သမုတ်တော်မူ၏။ (လု၊ ၆း၁၄-၁၅)။

ပြီးခဲ့သောအခန်းများတွင် တမန်တော်တို၏ ပေါ်လွင်သောအကြောင်းများကို ခေါင်းစဉ်တပ်ထား လေ့ရှိသည်။ သိုသော် ဗာသော လမ်းနှင့်ပတ်သက်၍ကား ခေါင်းစဉ်တပ်စရာအကြောင်းမရှိပေ၊ အဘယ် ကြောင့် ဆိုသော်ဓမ္မသစ်ကျမ်း၌သူ၏အမည်ကို တမန်တော် စာရင်းတွင် ဖော်ပြရုံသာဖော်ပြ၍သူ၏ အကြောင်းကို ထူးထူးထွေထွေဖော်ပြထား ခြင်းမရှိသောကြောင့်ဖြစ်သည်။ ဗာသောလမဲနှင့် နာသနေလသည် ပုဂ္ဂိုလ် တစ်ဦးတည်း ဖြစ်နိုင်စရာ အကြောင်းရှိသည်။ သိုရာတွင် ကျွန်ုပ်တို့သည် ထိုကဲ့သိုသောသဘော မပိုက်သေးဘဲ၊ တစ်ယောက်စီအနေဖြင့် စဉ်းစားခြင်းကြည့်ကြစို။

ဗာသောလမဲ၏ အမည်သည်တမန်တော်တစ်ဆယ့်နှစ်ပါး၏ အမည်စာရင်းတွင်ပါရှိသည် (မဿဲ၊ ၁၀း၃၊ မာကု၊၃:၁၈၊ လုကာ၊ ၆:၁၄၊ တမန်တော်၊ ၁း၁၃)။

ကျွန်ုပ်တို့သည်တမန်တော်များ၏ အမည်စာရင်းကို ဆွေးနွေးကြစဉ်က ဗာသောလမဲနှင့် နာသနေလ သည် တစ်ယောက်တည်း ဖြစ်၍အမည်နှစ်မျိုးရှိကြောင်းကို အကျိုးအကြောင်းဖော်ပြခဲ့ ပြီးဖြစ်သည်။အကျဉ်းအားဖြင့် ပြန်လည်ကြည့်သော်..

(၁) ဗာသောလမဲဟူသော ပုဂ္ဂိုလ်တစ်ဦး၏ပထမအမည် မဟုတ်ပေ။ ထင်ပေါ်သောဒုတိယ အမည်ဖြစ်၍ ထိုအမည်သည်ဖခင် ဖြစ်သူ၏အမည်နှင့်ဆက်စပ်မှုရှိလေသည်။ “” (Bar)၏ အဓိပ္ပါယ်မှာ “သား” ဖြစ်၍“ဗာသောလမဲ” (Bartholomew) မှာ “သောလမဲ” (Tola mai)၏ သားဟုဆိုလိုသည်။

ထိုကြောင့် ဗာသောလမဲ၌ ပထမအမည်ရှိရမည်။ သို့ဖြစ်၍ဗာသောလမဲနှင့်နာသနေလ နာမည်ကွဲ ပြားစေကာမူ ဖြစ်တန်ရာသည်။

(၂) ပထမခရစ်ဝင်သုံးကျမ်းတွင်နာသနေလအကြောင်း မဖော်ပြချေ။ စတုတ္ထခရစ်ဝင်ကျမ်း၌ ဗာသောလမဲ၏အကြောင်းကို မဖော်ပြချေ။ နာသနေလသည် တမန်တော်တစ်ပါးဖြစ်နိုင်စရာ အကြောင်း ရှိသည်။ သို့သော်အချို့သူများသည် ဤအချက်ကို ဒွိဟမကင်း ရှိကြသည်။ စတုတ္တခရစ်ဝင်၏ ကျမ်းပိုဒ်နှစ်ချက်ဖြစ်သော (ယော၊ ၁း၄၃-၅၁နှင့် ၂၁း၂) တွင်နာသနေလသည် တမန်တော်အစုအဝေး၌ပါရှိသည်။ သူ၏အကြောင်းကို တမန်တော်တစ်ပါးအနေဖြင့် ဖော်ပြထားသည်ကိုတွေ့ ရှိရသည်။ ဗာသောလမဲနှင့်နာသနေလအမည်တို့သည် တမန်တော်အဖွဲ့အစည်း စာရင်းတွင်ပါရှိလျှင်ထိုအမည်နှစ်ခုသည် တစ်ဦးတစ်ယောက်တည်းကို ရည်ညွှန်းရပေမည်။

(၃) ပထမခရစ်ဝင်ကျမ်းနှင့် တမန်တော်ဝတ္ထုတွင်ဖိလိပ္ပုနှင့်ဗာသောလမဲ အမည်နှစ်ခုသည် အစဉ်ယှဉ်တွဲလျှက် ရှိကြသည်။ သူတို့နှစ်ဦးသည် အစဉ်ရင်းနှီးစွာ ပူးတွဲနေထိုင်သော ကြောင့်ဖြစ် ပေမည်။

စတုတ္ထခရစ်ဝင်ကျမ်း၌ဖိလိပ္စုသည် နာသနေလကို ခရစ်တော်ထံသို ခေါ်ဆောင်လာသည် (ယောဟန်၊ ၁း၄၅)။ ဖိလိပ္ပသည် ဗာသောလမဲနှင့်လည်းကောင်း၊ နာသနေလနှင့်လည်းကောင်း အလွန် နီးကပ်စွာဆက်သွယ်မှုရှိသည်ကိုတွေ့ရသောကြောင့် ဗာသောလမဲနှင့် နာသနေလသည် ပုဂ္ဂိုလ်တစ်ဦး တည်းဖြစ်နိုင်စရာအကြောင်း ရှိသည်။

သို့သော် ဗာသောလမဲနှင့်နာသနေလသည် တစ်ဦးတည်းတစ် ယောက်တည်းဖြစ်ကြောင်း အထင်အရှား သက်သေသာဓကပြရန် ခက်ခဲပေသည်။ အဘယ်ကြောင့်ဆိုသော်သမ္မာကျမ်းစာ ၌ပါရှိသော ပုဂ္ဂိုလ်အချို့တိုနှင့်နာသနေလကိုတစ်ဦးတည်းဖြစ်ကြောင်းပြောဆိုကြသောကြောင့် ဖြစ်ပေသည်။

မည်သိုဆိုစေကာမူတသောလမဲနှင့်နာသနေလသည် တစ်ဦးတည်း ဖြစ်နိုင်စရာအကြောင်းကို ထင်ရှားစွာပြညွှန်သည့် အချက်အလက် များရှိသည်။ သိုသော်ယခုအချိန်၌ တစ်ဦးစီအနေဖြင့် စဉ်းစားကြစို။

ဓမ္မသစ်ကျမ်းတွင် ဗာသောလမဲအကြောင်း မည်သိုမျှ ဖေါ်ပြခြင်းမရှိ၍ ထို အကြောင်းကို ဒဏ္ဍာရီနှင့်ရှေးလူကြီးသူမများ၏ စကားမှ ကျွန်ုပ်တို့လေ့လာကြည့်ရှုရပေလိမ့်မည်။

ဗာသောလမဲနှင့်ပတ်သက်၍ ဂျာရုံး (Jerone) ဆိုသောပုဂ္ဂိုလ်၏ တွေးဆချက်မှာအလွန်စိတ် ဝင်စားစရာကောင်းပေသည်။ ဂျာရုံးက  တမန်တော် တစ်ဆယ့်နှစ်ပါးတွင် ဗာသောလမဲတစ်ဦးတည်း သာလျှင် ဂုဏ်ကြီးမြင့်သည့် အထက်တန်းလွှာမှ မွေးဖွားသူ ဖြစ်သည်ဟုဆို လေသည်။ “ဗာသောလမဲ” သည် “သောလမဲ” (Tolnai) သိုမဟုတ် ၊`တာလမဲ'(Talmai) ၏သားဖြစ်ကြောင်းဖော်ပြခဲ့ပြီးဖြစ်သည်။

ဓမ္မရာဇဝင် ဒုတိယစာစောင် (၃း၃) ၌ရှုရိဘုရင်မှာ “တာလမဲ”ဟုဖော်ပြ ထားသည်။ ထိုကာလ ဘုရင်၌’မာခါ’ဟူသော သမီးတော်တစ်ပါးရှိသည်။ ထိုသမီးတော်သည် ဒါဝိဒ်မင်း၏ မိဖုရားတစ်ပါးဖြစ်၍ အာဗရှလုံ၏ မိခင်ဖြစ်သည်။ ဗာသောလမဲသည် ထို တာလမဲ” ဘုရင်၏ အဆက်အနွယ်ဖြစ်သည်ဟု ပြောဆိုကြသည်။

နောက်ဒဏ္ဍာရီတစ်ပုဒ်မှာ ဗာသောလမဲအမည်၏ နောက်ပိုင်းစကားလုံးသည် သောလမိ (Ptolemy) ဟူသောအမည်နှင့်ဆက်စပ်မှု ရှိသောကြောင့် ဗာသောလမဲသည် သောလမိ (Ptolemy)၏ သားဖြစ် သည်ဟုဆိုကြသည်။ သောလမိများ (Ptolemies)သည် အီဂျစ် (Egypt) ပြည်၏ ရှင်ဘုရင်များ ဖြစ်သောကြောင့် ဗာသောလမဲသည်အီဂျစ်ရှင်ဘုရင်များ၏ အမျိုးအနွယ်ဖြစ်သည်ဟု ပြောဆိုကြသည်။ ဤထင်မြင်ယူဆချက်များမှာ ဖြစ်နိုင်သည်ဟုမဆိုလိုပါ။

သို့သော်တမန် တော်အဖွဲအစည်းထဲတွင် နိမ့်ကျသော တံငါသည်များ နှင့်မင်းမျိုးမင်းနွယ် ဖြစ်သူတို ရင်းနှီးခင်မင်စွာ ပေါင်းသင်းနေထိုင် ကြသည်ဆိုလျှင် ထိုအချက်မှာ စိတ်ဝင်စားစရာ အလွန်ကောင်းသောအချက်ပင်ဖြစ်လေသည်။

ဗာသောလမဲနှင့် ပတ်သက်၍ ဒဏ္ဍာရီ အများအပြားရှိသည်။ ဤဒဏ္ဍာရီများသည် ဗာသောလမဲ တရားဟောပြောရာဒေသသုံးဌာနကို ဗဟိုပြု၍ ဖြစ်ပေါ်ထွက်လာသည်။

ဗာသောလမဲသည် အိန္ဒိယပြည်၌ တရားဟောပြောခဲ့သည် ဟုအဆို ရှိသည်။ ယူစီဘီယနှင့် ဂျာရုံး ဆိုသောပုဂ္ဂိုလ်နှစ်ဦးက ဗာသောလမဲသည်အိန္ဒိယပြည်နှင့် ဆက်စပ်မှု ရှိကြောင်းကို ၎င်းတို ရေးသားသော သာသနာသမိုင်း  (Eusebius, The Ecclesiastical History 5,10,3, Jerome Concerning Illustrious Men 36.)တို့၌ ဖော်ပြထားသည်။

“အယ်လီဇင်းဒရီးယား(Alexandria) မှ သတောအိတ်ပညာရှိ(Stoic Philosopher)၊ ပန်တေန (Pantaenus) ဆိုသူသည်ခရစ်ယာန်အယူဝါဒသို ပြောင်းလဲသွားသည်။ သူသည်ဝေးလံသော အိန္ဒိယပြည်သို တရားသွားရောက်ဟောပြောသောအခါ အိန္ဒိယပြည်သားအချို့သည် ခရစ်ယာန်များ ဖြစ်နေကြ၍ သူတိုတွင် ဟေဗြဲဘာသာဖြင့်ရေးသားသော ရှင်မဿဲခရစ်ဝင်ကျမ်းရှိသည်ကို တွေ့ရကြောင်း

“တမန်တော်တစ်ပါးဖြစ်သူ ဗာသောလမဲသည် အိန္ဒိယလူမျိုးများ အားတရားဟောပြော၍ သူတိုထံတွင် ဟေဗြဲဘာသာဖြင့် ရေးသားသော ရှင်မဿဲခရစ်ကျမ်းထားရှိသည်ကို တွေ့ရှိရကြောင်း” ဖော်ပြထားသည်။ ဝမ်းမြောက်ဖွယ်ရာ ဧဝံဂေလိတရားတော်ကို အိန္ဒိယပြည်၌ ဗာလမဲ ဟောပြာသည် ဟူသော အချက်ကို ယုံကြည်လိုသော်လည်း သံသယကင်းရှင်းစွာ ယုံကြည်ရန် မဖြစ်နိုင်ပေ။

ဖရီးဂျီးယား (Phrysia) ပြည်၌လည်း ဗာသောလမဲသည် ကယ်တင် ခြင်းတရားကို ဟောပြောသည်ဟု အဆိုရှိသည်။ ဖိလိပ္ပုဝတ္ထု (Acts of Philip)၌ ဖိလိပ္ပုနှင့်ဗာသောလမဲသည် ဟီရာပိုလီ (Hierapolis)အရပ်၌တရားကို ဟောပြောသက်သေခံ ကြသောအခါ ဖိလိပ္ပု၏ပေါင်ကို သံချွန် ဖြင့် ထိုးဖောက်ပြီး စောက်ထိုးထား၍ မာတုရအဖြစ်နှင့် အသတ်ခံရသည် ကို ယခင်အခန်းများ၌ ဖော်ပြခဲ့သည်။

ဗာသောလမဲသည် ဖိလိပ္ပုနှင့်အတူ တရားသွားရောက်ဟောပြောသော်လည်း ဖိလိပ္ပုကဲ့သို မာတုရအနေဖြင့် အသတ်မခံရသောကြောင့် အခြားဒေသသိုသွား၍ တရားကို ဆက်လက်ဟော ပြောခဲ့သည်ဟု ယူဆနိုင်သည်။

ဗာသောလမဲသည် အာမေးနီးယား (Armeania) ပြည်သို့  လည်းသွားရောက်၍ဟောပြော သက်သေခံသည်ဟု ပြောဆိုကြသည်။ အာမေးနီးယန်း (Armenian) အသင်းတော်ကို ဗာသောလမဲစတင်တည် ထောင်သည်ဟု အဆိုရှိသည်။ အယ်ဘာနား (Albana) ယခု ဒါးဘင်” (Derbend) ဟုခေါ်သောမြို၌ ဗာသောလမဲသည် မာတုရအဖြစ်နှင့် အသက်ဆုံးရှုးခဲ့သည်ဟူ၍ ပြောစမှတ်ရှိသည်။

အတ်ဒီယား (Abdisa) ဆိုသူ ရေးသားသော တမန်တော်များ သမိုင်းတွင် ဗာသောလမဲမာတုရ အနေဖြင့် အသတ်ခံ ရခြင်း အကြောင်း ကို ဖော်ပြထားသည်။ သေဆုံးသည့် အရပ်မှာအိန္ဒိယပြည် ဖြစ်သည် ဟု ဆိုသည်။ အခြားစိတ်ဝင်စားဖွယ်ရာ ရေးသားဖော်ပြချက်များမှာအောက်ပါအတိုင်း ဖြစ်လေသည်။

ဗာသောလမဲ၏ဆံပင်သည် နက်၍ကောက်ကွေးပြီး နားရွက်ကိုဖုံး နေသည်။ သူ၏အသား အရေမှာ ဖြူသည်။ မျက်လုံးကျယ်ပြီးနှာခေါင်းကြီးသည်။ သူ၏မုတ်ဆိတ်သည် ရှည်၍ မဲပြာသောအ ရောင်ရှိသည်။ အရပ်အမောင်းမှာ အလယ်အလတ်မျှဖြစ်သည်။ သူဝတ်သောအကျီမှာ အဖြူရောင် တွင်ခရမ်းရောင်အစင်းနှင့်ဖြစ်၍ ကိုယ်ရုံထည်မှာ အဖြူရောင် ဖြစ်ပြီး ထောင့်နှစ်ဘက်တွင် ခရမ်းရောင် ကျောက်မျက်ရတနာခြယ်လှယ်ထားသည်။

နှစ်ဆယ့်ခြောက်နှစ်တိုင်တိုင် ဤအဝတ်များကိုဝတ်ဆင်ထားသော်လည်း စုတ်ပြဟောင်း နွမ်းခြင်းမရှိချေ။ သူ၏ခြေနင်းသည်လည်းနှစ်ဆယ့်ခြောက်နှစ်တိုင်တိုင် ခိုင်ခန့်နေသည်။ နံနက်အကြိမ်ပေါင်းတစ်ရာ၊ ညဉ်အကြိမ်ပေါင်းတစ်ရာဆုတောင်းပဌနာပြုသည်။ သူ၏အသံသည် တံပိုးခရာမှုတ်သကဲ့သိုဖြစ်သည်ကောင်းကင်တမန်တို့သည်သူ့ကို စောင့်ထိန်းလျှက်ရှိသည်။ သူသည် အစဉ်ပျော်ရွှင်စွာနေသူဖြစ်၍ ဘာသာစကားအားလုံးကိုလည်း တတ်ကျွမ်းသည် ဟုရေးသားထားသည်။

“ဗာသောလမဲသည် ထိုအရပ်၌အံ့ဩဘွယ်တန်ခိုးလက္ခဏာများကို ပြလေသည်။ ဘုရင်၏သမီးတော် ရူးသွပ်နေသော ရောဂါကိုပျောက်ကင်း စေသည်။ ရှင်ဘုရင်ကိုးကွယ်သည့် ရုပ်တုများ၌ ခိုအောင်းနေသောနတ်ဆိုးများကိုနှင်ထုတ်သည်။ နှင်ထုတ်လိုက်သောနတ်ဆိုးများကို လူများမျက်မြင်တွေ့ရှိကြရသည်။”

နတ်ဆိုးသည် အသားမဲ၍မျက်နှာရှည်သည် မုတ်ဆိတ်ရှည်သည် ဆံပင်သည်ခြေထောက်အထိ ရောက်သည် ကြောက်စရာ မျက်လုံးများရှိသည်။ နှာခေါင်းမှ မီးများထွက်သည်။ ဖြူကောင်ကဲ့သို ချွန်သောအတောင်များရှိသည်။

ရှင်ဘုရင်နှင့်လူများတို့သည် ပြောင်းလဲ၍နှစ်ခြင်း မင်္ဂလာခံ ယူကြသည်။ သိုသော်လည်း ဘုရားကျောင်းဆောင်မှ ရဟန်းများသည်ဗာသောလမဲကို ရန်ဘက်ပြုကြသည်။ ထိုရဟန်းများ သည်ရှင်ဘုရင်၏ညီဖြစ်သူ အက်(စ)တီရာဂျီ (Astyages) ထံသို ချဉ်းကပ်ကြသည်။ရှင်ဘုရင်၏ညီသည် ဗာသောလမဲကိုဖမ်းဆီးပြီး တင်းပုတ်နှင့်ထုရိုက်သည်။ အရေပြားကိုဆုတ်ခွါ၍ လက်ဝါးကပ်တိုင် ပေါ်တွင်နာကျင်စွာဝေဒနာခံစားရပြီးမှ သေဆုံးစေသည်။ ဗာသောလမဲသည်သခင်ယေရှုအတွက် သက်သေခံကာ မာတုရအနေဖြင့်ထိုသိုရက်စက်စွာ သတ်ဖြတ်ခြင်းခံသွားသည်ဟု ဖော်ပြထားသည်။

သမ္မာကျမ်းစာတွင် မပါရှိဘဲပယ် ထားသော ဗာသောလမဲအကြောင်းကို ဂျာရုံး ဆိုသော ပုဂ္ဂိုလ်ကရေး သားဖော်ပြထားသည်မှာသခင်ယေရှုရှင်ပြန်ထမြောက်၍ ကောင်းကင်ဘုံသိုမတက်ကြွမီ သခင်ယေရှုနှင့် မယ်တော်မာရိအား ဗာသောလမဲမေးမြန်သည့် မေးခွန်း လေးရပ်အကြောင်း ဖြစ်သည်။

ဗာသောလမဲက သခင်ယေရှုက “လက်ဝါးကပ်တိုင်ပေါ်မှာ အဘယ်အရပ်သို ကိုယ်တော်ကြွမြန်း တော်မူပါသနည်း”ဟုမေးသောအခါသခင်ယေရှုက “ကျွန်ုပ်သည် သေမင်းနိုင်ငံသို့သွား၍ သေမင်းကို ဆုံးမသည်။ သူ့ကို မလွှတ်ကင်းနိုင်သော သံကြိုးများဖြင့် ချည်နှောင်ထားပြီး ဂိုဏ်းချုပ်ကြီးများကို ခေါ်ဆောင်လာသည်။

ထိုနောက် လက်ဝါးကပ်တိုင်ပေါ်သို ပြန်လာသည်” ဟု ဖြေလေသည်။ ဤအချက်သည် အလွန် စိတ်ဝင်စားစရာကောင်း၍ “ငရဲပြည်သို့ကြွမြန်းသည်” ဟူသော စကားကို ခရစ်ယာန်သာသနာ၏ အစဦးပိုင်း၌ခရစ်ယာန်များ အဓိပ္ပါယ်ကောက်ယူကြသောအကြောင်း တစ်ရပ်ဖြစ်သည်။

ဗာသောလမဲက တစ်နေ့လျှင် လူဘယ်နှစ်ယောက် သေဆုံး၍ဘယ်နှစ်ယောက်မွေး ဖွားပါသနည်းဟု မေးမြန်းသည်။ လက်ရေးစာမူများ၌ပေးထားသော ကိန်းဂဏန်းများမှာ တစ်ခုနှင့်တစ်ခု မတူညီကြချေ။

မည်သိုပင်ဖြစ်စေ၊ သိရှိရသောအဖြေမှာ တစ်နေ့လျှင် လူပေါင်းသုံးသောင်း သေဆုံး၍ သုံးယောက်သောသူသာလျှင် ဖြောင့်မတ်သောသူအဖြစ်ဖြင့် တွေ့ရှိရကြောင်း တစ်နေ့လျှင်မွေးဖွား သူမှာ သုံးသောင်းနှင့်တစ်ယောက် ဖြစ်ကြောင်း ဖြေကြားလေသည်။

မယ်တော်မာရိဝမ်း၌ ပဋိသန္ဓေစွဲပြီး သားယောက်ျား ယေရှုကို မွေးဖွားမည့်အကြောင်း ကောင်းကင်တမန် ဂါဗြေလက မည်ကဲ့သိုမြွက်ကြားသည်ကို ပြောကြားရန် ဗာသောလမဲက မယ်တော်မာရိကို မေးကြားသောအခါ မယ်တော်မာရိသည် အဖြစ်အပျက်အလုံးစုံကို ဗာသောလမဲ ပြောပြသည်။

ရှင်ဗာသောလမဲအကြောင်း စာစောင်၌ စိတ်ကို အထူးဆွဲဆောင်သောအချက်မှာ အလွန်ကောင်း မြတ်သော ဆုတောင်းခန်း ဖြစ်လေသည်။ မယ်တော်မာရိသည် သူမ၏အဖြစ်အပျက်ကို ပြောမပြမီ အောက်ပါအတိုင်း ဆုတောင်းပတ္တနာပြုလေသည်။

`အလွန်ကြီးမြတ်တော်မူ၍၊ ဉာဏ်တော်အစုံ၊ ဂုဏ်တော်အပေါင်းနှင့်ပြည့်စုံတော်မူပြီး ဤစကြာဝဠာ တစ်ခုလုံးကို ဖန်ဆင်းအုပ်စိုးတော်မူသောအရှင်ထာဝရဘုရားသခင်… ကိုယ်တော်ရှင်ကို ဖော်ပြရန် နှုတ်ဖြင့်ဆိုခြင်းငှါ မစွမ်းနိုင်ပါ။

ကိုယ်တော်ရှင်သည် နှုတ်ဖြင့် မိန့်မြွက်တော်မူခြင်းအားဖြင့် မိုးကောင်းကင်၊ မြေကြီးနှင့်အရာ ခပ်သိမ်း တို့ကို ဖန်ဆင်းတော်မူပါ၏။ ရှုပ်ထွေးနေလေး အရာများကို နေသားတကျ ဖြစ်စေရန် ကိုယ်တော်စီရင်တော်မူပါ၏။ အလင်းနှင့်အမှောင်ကိုလည်း ခွဲခြား၍ထားရှိပါ၏။ တစ်နေရာ၌ ရေပြင်၊ တစ်နေ ရာကုန်းမြေကိုဖန်ဆင်း၍၊ သတ္တဝါအပေါင်းဖြင့် ပြည့် စေတော်မူပါ၏။ ထိုသတ္တဝါအပေါင်းတို့ သည် ကိုယ်တော်ကိုကြောက်ရွံကြပါ၏။

ကိုယ်တော်သည်သတ္တဝါ၊ အပေါင်း တို့အားကျွေးမွေးစောင့်ရှောက်၍ သူတို့ အပေါ် ကောင်းချီးမင်္ဂလာ ချပေးတော်မူသောအရှင်ဖြစ်ပါ၏ဘုရားသခင်” ဟု ဆုတောင်းသည်။

ငရဲပြည်နှင့် ငရဲမင်းကို ပြသရန် ဗာသောလမဲက တောင်းပန်သော အခါငရဲမင်းကိုပြ၍ ငရဲမင်း၏လည်ပင်းကို ဗာသောလမဲနှင့် ခြေဖြင့်နင်းရန် ခွင့်ပေးလေသည်။

ထိုဖော်ပြချက်၏ နောက်ပိုင်း၌ သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားသည့်အပြစ်၏ အနက်အဓိပ္ပါယ်ဖွင့်ဆိုထားချက်မှာလည်း စိတ်ဝင်စားစရာကောင်းလေသည်။

သခင်ယေရှုအား ဗာသောလမဲက အဆိုပါ အပြစ်မှာ အဘယ်အရာ ကိုဆိုလိုပါသနည်းဟု မေးမြန်းသောအခါ သခင်ယေရှုက “မြင့်မြတ် သန့်ရှင်းတော်မူသော အဖထာဝရဘုရားသခင်၏ အမှုတော်ကို ဆောင်ရွက်သော သူများအား အပြစ်ပေးရန်တရားစီရင်ဆုံးဖြတ် သူများသည် သန့်ရှင်းသောဝိညာဉ်တော်ကို ပြစ်မှားသော သူများဖြစ်ကြောင်း၊

ထိုသိုသောသူများအား မကောင်းပြောသူများသည် အပြစ်လွတ်ခြင်းအခွင့်ကို ရမည်မ ဟုတ်ကြောင်း၊

သခင်ယေရှု ဖြေတော်မူလေသည်။ ဝမ်းမြောက်ဖွယ်ရာဧဝံဂေလိတရားတော်မြတ်ကို ဟောပြောသက်သေခံသူများအား ဆန့်ကျင်ဘက် ပြုလုပ်သူများသည် အကြီးဆုံးသောအပြစ် ဒဏ်ကိုခံရမည်ဟု ဆိုလိုသည်။

မေးခွန်းများပြီးဆုံးသောအခါ ဗာသောလမဲသည် “လူသားအားလုံးကို ချစ်တော်မူသော သခင်ယေရှု၏လက်တော်ကိုကိုင်ဆွဲ၍” အောက်ပါ ထူးမြတ်ပြောင်မြောက်သော ချီးမွမ်းစကားကို မြွက်ဆိုလေသည်။

“အရှင်သခင်ယေရှုဘုရားသခင် ကိုယ်တော်ရှင်သည်ဘုန်းကြီးပါစေ သတည်း။ ကျွန်ုပ်တို မြင်တွေ့ခံစားရသော ဆုကျေးဇူးများကို လူခပ်သိမ်းအား ကိုယ်တော်ရှင်ပေးသနားတော်မူပါ၏။ ဟာလေလုယ ထာဝရဘုရား သခင်၏ ဂုဏ်တော်ချီးမွမ်းကြ။ အရှင်ဘုရားကိုယ်တော်ရှင်သည် ဘုန်းကြီး ပါစေ သတည်း။ ကိုယ်တော်ရှင်သည် အပြစ်သားများ၏ကယ်တင်ရှင်ဖြစ်ပေသည်။ ကိုယ်တော်ရှင် သည် ဘုန်းကြီးပါစေသတည်း။သေခြင်းသည်ရှက်ကြောက်ဖွယ်နှိမ်နင်းခြင်း ခံရပြီဖြစ်ပေသည်။ ကိုယ်တော်ရှင်သည် ဘုန်းကြီးပါစေသတည်း။ ကိုယ်တော်ရှင်သည် ဖြောင့်မတ်ခြင်းတရား၏ မွန်မြတ်သောရတနာဖြစ်ပါ၏။ အရှင်ဘုရားသခင်အား ကျွန်ုပ်တိုသီချင်းဆိုပါ၏။

ရှင်ဗာသောလမဲအကြောင်း စာစောင်သည် ကြည်ညို လေးစား ဖွယ်ရာဒဏ္ဍာရီတပုဒ် သာဖြစ်ပေသည်။ သို့သော်လည်း ဤဒဏ္ဍာရီကိုရေးသားသူသည် ဘုရားသခင်၏ ဘုန်းတန်ခိုးတော်ကို မြင်တွေ့သောပုဂ္ဂိုလ်ဖြစ်ပေသည်။

ဓမ္မသစ်ကျမ်းတွင်ဗာသောလမဲ၏ နာမည်မှတစ်ပါးသူ၏ အကြောင်း အရာအတ္ထုပ္ပတ္တိကို မဖော်ပြချေ။ သိုသော်နောက် ပေါ် ဒဏ္ဍာရီများသည်အနည်းဆုံး သူ၏စိတ်ဓါတ်ကို ပေါ်လွင်စေသည်။ ဤပုဂ္ဂိုလ်သည် အရှင်သခင်ကို ရင်းနှီးစွာသိရှိ၍ ကိုယ်တော်ရှင်၏ တရားကို ဟောပြော သက်သေခံကာ သူ၏ယုံကြည်မှုအတွက် အသေခံသွားသော ပုဂ္ဂိုလ်ဖြစ်ပေသည်။

အခန်း (၁၃)

နာသနေလ

စတုတ္ထခရစ်ဝင်ကျမ်းတွင် နှစ်နေရာ၌သာလျှင် နာသနေလ အကြောင်းကို ဖတ်ရှုရသည်။ နာသနေလသည် ဂါလိလဲပြည် ကာနမြို့သားဖြစ်သည်။(ယောဟန် ၂း၂)။ သူသည် ဖိလိပ္ပု၏ မိတ်ဆွေ ဖြစ်သည်။ ဖိလိပ္ပုသည် သခင်ကို တွေ့ရှိသောအခါ သူသည်နာသနေလထံသို သွား၍ သခင်ယေရှုကို တွေ့ရှိသည့်အကြောင်း ပြောပြသည်။ “မောရှေသည် ပညတ္တိကျမ်း၌လည်းကောင်း၊ ပရောဖက်တိုသည် သူတို၏ကျမ်းများ၌လည်းကောင်း၊ ရည်ညွှန်း၍ ရေးသားထားသောသူ။ နာဇရက်မြို့သားဖြစ်သော ယောသပ်၏သား ယေရှုသည် ကယ်တင်ရှင် မေရှိယဖြစ်ကြောင်း” ဖိလိပ္ပုယုံကြည်သည်။ သို့သော် နာသနေလသည် ယုံလွယ်တတ်သူ မဟုတ်ချေ။ နာသနေလက နာဇရက်မြို့ထဲကကောင်းသောအရာ တစ်စုံ တစ်ခုမျှ ထွက်နိုင်သလော”ဟု မေးလေသည်။

နာလနေလ၏ ယူဆချက်ကို ဤကဲ့သို အဓိပ္ပာယ်ကောက်ယူနိုင်သည်။ နာဇရက်မြို့သည် ဆိုးသွမ်းသောမြို့မဟုတ်ပါ။ ကာနမြို့ နှင့်နာဇရက်မြို့သည် နီးစပ်သော မြို့များဖြစ်၍ တစ်မြို့နှင့် တစ် ပြိုင်ဆိုင်မှုရှိသောကြောင့် တစ်ဦးအပေါ်တစ်ဦး အထင်သေးတတ် ကြသည်ဟု ယူဆနိုင်သည်။ ဖိလိပ္ပုသည် အချိန်ကုန်ခံ၍ ငြင်းမနေပေ။ လာ၍ကြည့် ပါ ဟု သာ ဖိတ်ခေါ်လေ သည်။ သခင်ယေရှုသည် နာသနေလကို မြင်သောအခါ “လှည့်စားခြင်းအပြစ်နှင့် ကင်းလွတ်သော ဣသရေလ လူအစစ်ကိုကြည့်လော့ ဟု မိန့်တော်မူ၏။ နာသနေလ ကလည်း ကိုယ်တော်သည် အဘယ်သို့ သောအားဖြင့် ကျွန်ုပ်ကိုသိတော်မူသနည်းဟု မေးလျှောက်သော် ယေရှုကဖိလိပ္ပုသည် သင့်ကိုမခေါ်မီ သင်သည် သင်္ဘောသဖန်းပင်အောက်၌ရှိသည်ကို မြင်သည်ဟုပြန်၍မိန့်တော်မူ၏။

ပါလတိနတိုင်းပြည်၌ သင်္ဘောသဖန်းပင်၏ အရိပ်အာဝါသကို အခန်းသဖွယ် အသုံးပြုကြလေ သည်။ သင်္ဘောသဖန်းပင်သည်အမြင့်တစ်ဆယ့်ငါးပေရှိ၏။ အကိုင်းအခက်တိုသည် နှစ်ဆယ်ပေ ခန့်ဖြာထွက်လေသည်။ သင်္ဘောသဖန်းပင်ကိုအိမ်၏ တံခါးနားတွင် စိုက်လေ့ရှိကြသည်။ ပါလတိနတိုင်းတွင် ဆင်းရဲသောသူများ၌အခန်းတစ်ခန်းသာ ရှိသည်။ လွတ်လပ်စွာ ဆုတောင်းပတ္တနာ ပြုလိုပါကတိတ်ဆိတ်သော သင်္ဘောသဖန်းပင်၏ အရိပ်အောက်တွင် ဆုတောင်းခြင်း၊ ဘုရားသခင်ကို အာရုံပြုခြင်းတို ပြုလုပ်ကြလေသည်။

 သခင်ယေရှုက နာသနေလအား ပြောသောစကား၏ဆိုလိုရင်း အဓိပ္ပာယ်မှာ “နာသနေလ၊ သင်သည် တိတ်ဆိတ်ငြိမ်ဝပ်စွာ ဆုတောင်း နေသည်ကို ကျွန်ုပ်မြင်သည်။ သင်၏နှလုံးသားကိုလည်း ကျွန်ုပ်သိရှိ၍သင် ဘယ်အရာကို ရှာဖွေတောင်းလျှောက်နေသည်ကို ကျွန်ုပ်သိရှိသည် ဟုဆိုလိုခြင်းဖြစ် သည်။ ဘုရားသခင်ကဲ့သို သခင်ယေရှုသည် ဝေးသောအရပ်မှပင် နာသနေလ၏အတွင်းစိတ် ကို သိရှိလေသည်။ (ဆာလံကျမ်း၊ ၁၃၉:၂ကိုဖတ်ရှုပါ)

သခင်ယေရှုသည် အဝေးကပင် နာသနေလ၏ စိတ်ထဲ၌ရှိသောအရာကို တန်ခိုးဣဒ္ဓိပါဒ်ဖြင့် သိရှိသည်ကို အလွန်အံ့ဩမိသည်။ အလွန်ကြောက်ရွံရိုသေစွာဖြင့် နာသနေလက ဘုရားသခင် ကိုယ်တော်သည်ထာဝရဘုရားသခင်၏ သားတော်ဖြစ်ပါသည်။

ဣသရေလ လူမျိုးများ၏ ဘုရင်လည်း ဖြစ်ပါ၏ဟု ပြောလေသည်။ ထို အခါ သခင်ယေရှုက “သင်သည် သာ၍ ကြီးစွာသောအကြောင်းအရာကို မြင်လတ္တံ့။ နောင်ကာလ၌ ကောင်းကင်ဖွင့်လှစ်သည် ကိုလည်းကောင်း၊ ဘုရားသခင်၏ ကောင်းကင်တမန်တိုသည် လူသား၏ အပေါ်၌ ဆင်းလိုက် တက်လိုက် ရှိနေသည်ကိုလည်းကောင်း မြင်ရလတ္တံ့ဟု မိန့်တော်မူ၏(ယောဟန်၊ ၁း၄၃ -၅၁)။

ဓမ္မသစ်ကျမ်းကို လေ့လာသော ဓမ္မ ပညာရှင်များသည်နာသနေလ၏ အကြောင်းအရာ အတ္တုပ္ပတ္တိကို စိတ်ဝင်စားကြသည်။ သူ့ကိုမည်သူမည်ဝါဖြစ်ကြောင်း မှတ်ယူဖော်ပြကြရာ၌ ပုဂ္ဂိုလ် အတော်များများကို ဖော်ပြကြလေသည်။

(၁) ကျွန်ုပ်တို တွေ့ရှိခဲ့သည့်အတိုင်း လူအများက သူနှင့် ဗာသောလမဲကို တစ်ဦးတည်းဖြစ် ကြောင်း ယူဆကြလေသည်။ ဤကဲ့သို ယူဆခြင်းမှာ အလျင်စလို ဆုံးဖြတ်သော ကိစ္စမဟုတ် ခရစ်နှစ် ကိုးရာစုနှစ်တွင် ဒမသက်မြိုမှ အသက်ကြီးသော ပညာရှိ အီလီယ (Elais)ဆိုသူက ပထမဦးဆုံးထိုကဲ့သို ပြောဆိုခြင်း ဖြစ်သည်။

(၂) နာသနေလသည် ကာနနိတ်လူ ရှိမုန်ဖြစ်သည်ဟုလည်း ယူဆကြသည်။ ဓမ္မသစ်ကျမ်းလက် ရေးစာမူအညီများ၌ ရှိမုန်အား ကာနနိတ် (Kananites) ဟု ရေးသားထားသည်ကို အချို ပုဂ္ဂိုလ်များက ရှိမုန်သည် ကာနမြိုသား ဖြစ်သည်ဟု အလွဲအဓိပ္ပာယ် ကောက်ယူကြသည်။ ရှင်ယောဟန်ခရစ်ဝင် (၂၁း၂)၌ နာသနေလသည် ကာနမြိုသားဖြစ်သည် ဟု ဆိုထားသည်။ ထိုကြောင့်နာသနေလသည် ရှိမုန်ဖြစ်သည်ဟုယူဆကြသည်။ အမှန်မှာရှိမုန်သည် ကာနမြိုသားမဟုတ်ဘဲကာနနိတ်လူ သိုမဟုတ် (Zealot)သာ ဖြစ်ပေသည်။

(၃) အီပီပင်နိယ (Epiphanius)ဆိုသော ပုဂ္ဂိုလ်က နာသနေလသည် ရှင်လုကာ ခရစ်ဝင် (၂၄:၁၃-၂၅)၌ ဖော်ပြသည့် ဧမောက်ရွာသို သွားသောသခင်ယေရှု၏တပည့် နှစ်ယောက် အနက်မှ အမည်မဖော်ပြသော တပည့်ဖြစ်သည်ဟု ဆိုသည်။ အဘယ်ကြောင့် ထိုသိုဆိုသည်ကား ကျွန်ုပ်တို့မသိပေ။ (Heresies 23)ရှင်လုကာ ခရစ်ဝင်၌ တစ်ယောက် ၊ သောသူမှာ ကလောဖဖြစ် ကြောင်းသာဖော်ပြ၍ ကျန်တစ်ယောက်၏ အမည်ကို မသိရချေ။

(၄) နာသနေလသည် သခင်ယေရှုချစ်သော တမန်တော်ဟု ဆိုလေသည်။ ထိုသိုဖြစ်လျှင် နာသနေလနှင့်ယောဟန်သည်တစ်ဦးတည်း ဖြစ်နေပေလိမ့်မည်။ နာသနေ လကို သခင်ယေရှု ပထမဦးဆုံးပြောသော စကားမှာ လှည့်စားခြင်း အပြစ် နှင့် ကင်းလွတ်သော ဣသရေလလူစစ်’ဟူ သည် စကားပင်ဖြစ်လေသည်။(ယောဟန်၊ ၁း၄၇)။ “ကျွန်ုပ် ကြံရွယ်ထားသည့် ကိစ္စအတွက် သင်သည် အသင့်တော်ဆုံး နောက်လိုက်ဖြစ်သည်” ဟုဆိုခြင်းဖြစ်သည်။ သခင်ယေရှုနှင့် နေထိုင်သွားသောအခါ ဤကဲ့သို့သော ပုဂ္ဂိုလ်သည် သခင်ယေရှု ချစ်ခင်မြတ်နိုးသောတပည့်ဖြစ်လာမည်ကို မယုံနိုင်စရာ အကြောင်းမရှိချေ။

(၅) ကြံဖန် ပြောဆိုကြသည့် အထဲတွင် စိတ်အဝင်စားဆုံးအချက်မှာနာသနေလသည် သတေဖန်ဖြစ်သည်ဟု ပြောဆိုခြင်းဖြစ်သည်။ ဤယူဆချက်၏ အခြေခံမှာ သခင်ယေရှုသည် နာသနေလအား “နောင် ကာလ၌ကောင်းကင်ဖွင့်လှစ်သည် ကိုလည်းကောင်း၊ ဘုရား သခင်၏ ကောင်းကင်တမန်တိုသည် လူသား၏အပေါ်၌ဆင်းလိုက် တက်လိုက် ရှိနေသည် ကိုလည်းကောင်း၊ မြင်ရလတ္တံ့ဟု ရှင်ယောဟန်ခရစ်ဝင်(၁း၅၁)၌မိန့်တော်မူချက်ကိုအကြောင်းပြ၍ ယူဆခြင်းဖြစ်သည်။

သတေဖန်သည် မာတုရအဖြစ်နှင့် ကျောက်ခဲဖြင့် ပစ်သတ်ခြင်းခံရစဉ်တွင် မိန့်မြှောက်သော စကားမှာ ကြည့်ပါကောင်းကင် ဖွင့်လှစ်သည်ကိုလည်းကောင်း၊ လူသားသည် ဘုရားသခင်၏ လက်ယာဘက်၌ ရပ်နေသည်ကိုလည်းကောင်း၊ မြင်သည် ဟု တမန်တော်ဝတ္တု(၇း၅၆)၌ပါရှိလေသည်။

နာသနေလအား သခင်ယေရှုပေးသော ကတိစကားကို သတေဖန်ခံယူရရှိသောကြောင့် နာသနေလသည် သတေဖန်ဖြစ်သည်ဟု ပြောဆိုကြဟန်တူသည်။

နာသနေလသည် ဤပုဂ္ဂိုလ်ဖြစ်သည်။ ထိုပုဂ္ဂိုလ်ဖြစ်သည်ဟုကြံဖန် ပြောဆိုခြင်းမှာ စိတ်ဝင်စားစရာ အလွန်ကောင်းလေသည်။ တမန်တော်အဖွဲအစည်း၌ပါသော တမန်တော် တစ်ဦးဦးနှင့် နာသနေလသည် ထပ်တူထပ်မျှ ဖြစ်သည်ဟုဆိုလျှင် ထိုသူမှာ ဗာသောလမဲသာဖြစ်ရပေမည်။

ကျွန်ုပ်တို့ သတိပြုရမည့်အချက်မှာ ရှေးဆရာဘုန်းတော်ကြီးများက နာသနေလအား တမန်တော်အဖွဲ့အစည်းထဲတွင် ပါဝင်သောတမန်တော်တစ်ပါးဖြစ်သည်ဟု မယူဆခြင်းပင်ဖြစ်သည်။

သူတို့က နာသနေလသည် ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်း များကို အလွန်ကျမ်းကျင်သိနား လည်သော ဓမ္မပါရဂူတစ်ပါးဖြစ်သည်ဟု မှတ်ယူကြသည်။

ယခုတိုင် ဘုရင်ဂျီဘာသာဝင် ကျမ်းတတ်ပုဂ္ဂိုလ်များကနာသနေလသည် ဓမ္မပညာကို တစ်ဖက်ကမ်းခတ်တတ်ကျွမ်းသူ ဟုပြောဆို လျက်ရှိ သည်။ သာဓကအနေနှင့် ပြောရမည်ဆိုလျှင် ဩဂတ်စတင်း(Auguistine)ဆိုသော ပုဂ္ဂိုလ်သည် ထိုအချက် ကြောင့် နာသနေလအား တမန်တော် တစ်ဆယ့်နှစ်ပါးတွင်မပါ ရှိဟု ယုံကြည်သူဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သခင်ယေရှုသည် စာပေ ကျမ်းဂန်မတတ်မြောက်သူများဖြင့်သာလျှင် ဤလောကကြီးကို ပြောင်းလဲ မည်ဟု“ဩဂတ်စတင်းက ယူဆလေသည် (Homilio on John 7)။

ကြီးမြတ်သော ဂရီဂါရီ(Greory the Great)ကလည်း ဤယူဆချက်ကို လက်ခံသည်။ ဂရီဂါရီ က နာသနေလသို သခင်ယေရှုပြောသော စကားသည် ချီးမွမ်းသော စကားဖြစ်သည်။

သခင်ယေရှုက နာသနေလသို လှည့်စားခြင်းအဖြစ်နှင့် ကင်းလွတ်သော ဣသရေလ လူစစ်ဟု မိန့်တော်မူခြင်းသည် နာသနေလကို သခင်ယေရှု ချိးမွမ်းခြင်း ဖြစ်ကြောင်း၊ ထိုကြောင့် နာသနေလသည် အခြားတမန်တော်များထက် အခြေအနေသာ လွန်နေကြောင်း၊ တမန်တော်များ ကို ရွေးကောက်ရာ၌ ချီးမွမ်းစရာ မရှိသောသူများကို ရွေးကောက်ခြင်းမှာ သူတို့ရောက်ရှိ ခံစားရမည့် အခြေအနေသည် သူတို၏ စွမ်းအားကြောင့်မဟုတ်ဘဲ ဘုရား သခင်ထံမှ ရရှိသော ခွန်အားကြောင့်သာဖြစ်သည်ကို သခင်ယေရှု ပြသလိုကြောင်း ဂရီဂါရီက သူ၏စာပေ(Gregory Great,mor.33)၌ဖော်ပြထားသည်။

နာ သနေလသည် တရားဓမ္မများကို တစ်ဖက်ကမ်းခတ် သိကျွမ်းနားလည်သူ ပညာရှိတစ်ဦး ဖြစ်သည်ဟူ၍ အဘယ်ကြောင့် ထိုသူများယူဆကြသည်ကို ပြောပြရမည်ဆိုလျှင်… “ယေရှုကို ငါတို့ တွေ့ကြပြီ” ဟု ဖိလိပ္ပု၏ ပြောဆိုချက်ကို နာသနေလပြန်ဖြေ ရာ၌ဘာသာပြန်ထားသော ကျမ်းအစောင်စောင်တွင် နာဇရက်မြိုထဲကကောင်းသောအရာတစ်စုံ တစ်ခုမျှထွက်နိုင် သလော”ဟု နာသနေလကမေးထားသည် (ယောဟန်၊ ၁း၄၆)။

စောစောပိုင်း ဂရိ လက်ရေးစာ မူကျမ်းများ၌ အပေးလက္ခဏာ(?)မပါရှိသောကြောင့် နာသနေလ ပြောသော စကားသည် အမေးပုစ္ဆာမဟုတ်ဘဲ ထုတ်ဖော်ပြဆိုချက်သာ ဖြစ်သည်ဟု ယူဆကြသည်။

ဩဂုတ်စတင်း (Augustine)က ကျမ်းစာကို ကောင်းမွန်စွာတတ်ကျွမ်းသော နာသနေလသည် နာဇရက်မြို့ဟူသော အမည်ကိုကြားရသောအခါ နာဇရက်မြိုမှ ကောင်းသောအရာ တစ်စုံ တစ်ခု ထွက်နိုင်မည်ဟူသော မျှော်လင့်ချက်ဖြင့် ပြောဟန်တူကြောင်း”ထင်မြင်ချက် ပေးသည်။ အချိုသော ပုဂ္ဂိုလ်များကလည်း နာသနေလသည် ဖိလိပ္ပါယူဆောင်လာသော သတင်းကို ကြားရသောအခါတွေး ဆင်ခြင်ပြီး “ခင်ဗျားပြောသည့်စကား မှန်ပေလိမ့်မည်။ နာဇရက်မြိုမှ ကောင်းသောအရာများ ထွက်ရှိနိုင်သည်ဟု ပြောဆိုခြင်း ဖြစ်မည်” ဟူ၍ယုံကြည်ကြသည်။

အဘယ်ကြောင့် နာသနေလကို ပညတ္တိကျမ်းများ၌ ကျွမ်းကျင်သော ကျမ်းတတ်ပုဂ္ဂိုလ် အဖြစ်ဖြင့် ယူဆကြသနည်းဟု ဆိုသော် ရှင်မဿဲခရစ်ဝင်(၂း၂၃)၌ “ခရစ်တော်ကို နာဇရက်လူဟု ခေါ်ဝေါ်ကြလတ္တံ့ ဟူသော ပရောဖက်တို၏ နှုတ်ထွက်နှင့်အညီ နာဇရက် အမည်ရှိသောမြိုသိုရောက်၍ အမြဲနေလေ၏”ဟု ဖော်ပြထားသောကြောင့်ဖြစ်ပေသည်။

မဿဲ၏ ကျမ်းကိုးကားချက်မှာ နက်နဲသောကိုးကားချက်တစ်ခုဖြစ်လေသည်။ အဘယ်ကြောင့် ဆိုသော် မဿဲ၏ ကိုးကား သောကျမ်းချက်ကို အဘယ်ကျမ်းတွင် အဘယ်ပရောဖက်က ပြော ဆိုကြောင်း၊ ကျေနပ်အောင် မည်သူမျှ မဖော်ညွှန်းနိုင်ကြချေ။

နာသနေလသည် ပညတ္တိကျမ်းနှင့် အနာဂတ္တိကျမ်းများ၌အလွန်ကျွမ်းကျင်လိမ္မာသော ပုဂ္ဂိုလ်ဖြစ်သောကြောင့် မည်သူမျှဖော်ပြနိုင်သော ကျမ်းအကိုးအကားကို နာသနေလ တစ်ဦးတည်း သာလျှင် သိရှိဖော်ထုတ်နိုင်သည် ဟူသော သဘောသက်ဝင်နေသည်။

ဤအချက်သည် ကြံဖန်ပြောဆိုသော အချက်များဖြစ်၍ စိတ်ဝင်စားစရာလည်း ကောင်းသည်။ ဆွဲဆောင်မှုလည်းရှိသည်။ သိုသော်လည်းဂရိဘာသာဖြင့် ရေးထားသော မူရင်းကျမ်းမှ နာသနေလ၏ ပြောစကားကို ဘာသာပြန်ရာ၌ သူကောင်းစွာသိရှိ သော နာဇရက်မြိုအကြောင်းကို အထင်သေး သောစိတ်နှင့် သူမေး မည်မှာ အမုန်မုချ ဖြစ်ပေသည်။

နာသနေလ၏အကြောင်း အတ္ထုပ္ပတ္တိကို သိရှိရသည်မှာ နည်းပါးသော်လည်းအားလုံးကို ဆက်စပ်ကြည့်သောအခါသူ၏ ဂုဏ်အင်္ဂါလက္ခဏာများ ဤသိုပေါ်ထွက်လာသည်။

(၁) နာသနေလသည် ကျမ်းစာကိုလေ့လာသူ၊ အမှန်တရားကို ရှာဖွေသူဖြစ်သည်။ မောရှေသည် ပညတ္တိကျမ်း၌ လည်းကောင်း၊ပရောဖက် တို့သည် သူတိုကျမ်း၌လည်းကောင်း၊ အကြောင်းပြ၍ ရေးသားထားသော သူကိုတွေ့ကြပြီ’ဟု(ယောဟန်၊ ၁:၄၅)၌ ဖိလိပ္ပုကြေညာချက်မှာ ကယ်တင် ရှင်မေရှိယသည် အဘယ်ကဲ့သိုသောပုဂ္ဂိုလ်ဖြစ်၍ ဘယ်အချိန်၌ကြွလာ မည်ကို ဖိလိပ္ပုနှင့် နာသနေလတို အတူ တကွ အချိန်ကြာမြင့်စွာ ကျမ်းစာကို ဖတ်ရှုရှာဖွေနေကြောင်း ထင်ရှားစေသော အချက်ဖြစ်ပေသည်။ ဖိလိပ္ပုနှင့် နာသနေလသည် ဘုရားသခင်၏နှုတ်ကပတ်တော်ကို ဖတ်ရှု၍ အမှန်တရားကို ရှာဖွေသောသူများဖြစ်သောကြောင့် သခင်ယေရှု ဤလောကသို ကြွလာသော အခါ သူတိုသည်ကိုယ်တော်ရှင်အား ဘုရားသခင်၏သားတော်အဖြစ်ဖြင့် အသိအမှတ်ပြုနိုင်လေသည်။

(၂) နာသနေလသည် အလွန်ရိုးသားဖြောင့်မှန်သောပုဂ္ဂိုလ် ဖြစ်သည်။ ရှင်ယောဟန်ခရစ်ဝင် (၁း၇)၌ “လှည့်စားခြင်းအပြစ်နှင့် ကင်း လွတ်သော ဣသရေလလူစစ်” ဟု သူ့ကိုခေါ်ဝေါ်ထားသည်။ အထောက်အထားဖြင့် ပြရလျှင်ယုံကြည်ရန် အသင့်ရှိခြင်းသည် သူ၏ ရိုးသားခြင်းကို ထင်ရှားစေသည်။ ပထမတွင် နာဇရက်မြို့ မှ ကောင်းသောအရာတစ်စုံတစ်ခု ထွက်ရှိ မည်ကို နာသနေလ မယုံကြည်ချေ။ သခင်ယေရှုနှင့်တွေ့ရှိသောအခါ သူ၏ယခင်စွဲများနှင့်ထင်မြင်ချက်များ ပြောင်းလဲသွား၍ သူ၌ ယုံကြည်သောစိတ်ပေါ်လာသည်။ ပလာမား(Plummer) ဆိုသောပုဂ္ဂိုလ်က နာသနေလသည် လူကောင်းတစ်ယောက်ဖြစ်သည်။ ယခင်ကသူထားရှိသောအယူအဆနှင့်ကွဲလွဲစေကာမူ အမှန်တရား ဖြစ်လျှင် လက်ခံရန် နာသနေလ၌ ရိုးဖြောင့်သောစိတ်ထားရှိပေသည်။

(၃) နာသနေလသည် ဆုတောင်းခြင်းဖြင့် ဘုရားသခင်နှင့်အစဉ်ဆက်သွယ်နေသော ပုဂ္ဂိုလ်ဖြစ်သည်။ သခင်ယေရှုသည် သူ့အားသင်္ဘောသဖန်းပင်အောက်၌တွေ့ရှိသည်ဟုရှင်ယောဟန် ခရစ်ဝင်(၁း၄၈)၌ဖော်ပြထား သည်မှာ နာသနေ လ၊ သင်္ဘောသဖန်းပင်အောက်၌ အချိန်ပေါင်းများစွာ ကျမ်းစာဖတ်ရှုသည်။ ဆုတောင်းမှုပြုသည် ဟူသောအဓိပ္ပာယ်ရှိသည်။

(၄) နာသနေလသည် အဘယ်အရာကိုမဆို စိတ်ရောကိုယ်ပါ ပြုလုပ်လေ့ရှိသည်။ ရှင်ယောဟန်ခရစ်ဝင်(၁း၄၉)၌ သခင်ယေရှုအား “ကိုယ်တော်သည် ဘုရားသခင်၏ သားတော် ဖြစ်တော်မူမည်။ ဣသရေလ လူတို၏ရှင်ဘုရင်ဖြစ်တော်မူ၏” ဟု နာသနေလ လျှောက်လေသည်။ နာသနေလသည် သခင်ယေရှု အားကယ်တင်ရှင် အဖြစ်ဖြင့် လက်ခံသောအခါ လုံးလုံးအကြွင်းမဲ့ လက်ခံသူဖြစ်သည်။ သခင်ယေရှုကိုဖူးမြင်တွေ့ရှိရ သောအခါ ကိုယ်တော်ရှင်သည် သူ့အတွက် အမြင့်မြတ်ဆုံးသော ပုဂ္ဂိုလ် ဖြစ်ပေသည်။

(၅) နာသနေလသည် ယုံကြည်ခြင်း၌ ခိုင်မြဲသည်။ သခင်ယေရှုအားလက်ဝါးကပ်တိုင်၌ အသေသတ်ပြီးသည့်နောက်ပိုင်း၌ပင် သူသည် တမန်တော်များနှင့်အတူရှိသည်(ယောဟန်၊ ၂၁း ၂)

“ဣသရေလလူတို ၏ ရှင် ဘုရင်”ဟု နာသလ ယခင်ကပြောဆိုသော သခင်ယေရှုသည် ရာဇပလ္လင်အစားလက်ဝါးကပ်တိုင်၌အသေသတ်ခြင်းခံရသည့် တိုင်အောင် သူသည် သခင်ယေရှု အပေါ်၌ဆက်လက်၍ယုံကြည်သူ တစ်ယောက်ဖြစ်သည်။

နာသနေလနှင့်ဗာသောလမ်းသည် တစ်ဦးတည်းဖြစ်သည် ဟုယူဆမည်ဆိုလျှင် ထိုသူနှစ်ဦးလုံး၏ ဂုဏ်အင်္ဂါလက္ခဏာများ ပေါင်းစပ်ထားရာ ပုဂ္ဂိုလ်မှာ ဓမ္မသစ်ကျမ်းတွင် ကောင်းမြတ်သော ဂုဏ်အင်္ဂါလက္ခဏာများနှင့် ပြည့်စုံသူတစ်ဦးဖြစ်နေမည်ကို ကျွန်ုပ်တိုမြင်တွေ့ရ ပေလိမ့်မည်။ မြင်တွေ့ရမည် ဂုဏ်ဒြပ်များမှာ-

(၁) နှုတ်ကပတ်တော် သမ္မာကျမ်းစာကိုလေ့လာဖတ်ရှုသောသူ။

(၂) အဖထာဝရဘုရားသခင်ထံတော်သို စိတ်အားထက်သန်စွာဖြင့် ဆုတောင်းပတ္တနာပြုသောသူ၊

(၃) ဘုရားသခင်၏ လက်တော်ထဲသို မိမိ၏ကိုယ်၊နှုတ် နှလုံးသုံးပါးလုံးလုံး ဆက်ကပ်သောသူ။

(၄) မိမိ၏ယုံကြည်ခြင်းကို အလုပ်ဖြင့် သက်သေခံသောသူ။

(၅) အသင်းတော်သမိုင်းတွင် အစွန့်စားဆုံးသော သာသနာပုဂ္ဂိုလ်များအနက် တစ်ပါး အပါအဝင်ဖြစ်သူ. ဟူ၍ ဖြစ်ပေသည်။

အခန်း (၁၄)

တာလဖဲ၏သား ယာကုပ်

လွှဖြင့် အပိုင်းပိုင်းတိုက်ဖြတ်ခြင်း ခံခဲ့ရသူဖြစ် ကြောင်း ဤပုံစံအားဖြင့် သိသာစေသည်။ (မာ ၃း၁၈)

ကျွန်ုပ်တို့ အသိအနည်းဆုံး တမန်တော်မှာ အာလဖဲ၏သားယာကုပ် ဖြစ်ပေသည်။ ဓမ္မသစ်ကျမ်း၌သူ၏ အမည်မှလွဲ ၍ သူ့အကြောင်းကို ဘာမျှဖော်ပြခြင်းမရှိချေ (မဿဲ ၁၀း၃၊ မာကု၊ ၃း၁၈ လုကာ၊ ၆း၁၅။ တမန်တော်၊ ၁း၁၃)။ ဒဏ္ဍာရီများ၊ လူကြီးသူမများ စကားများ၌ပင် သူသည် ပေရသိ သိုမဟုတ် ပါရှား (Parsia)ပြည်တွင်း ဝမ်းမြောက်ဖွယ်ရာ ဧဝံဂေလိတရားကို ဟောပြော၍ လက်ဝါး ကပ်တိုင်၌ မာတုရအနေဖြင့် အသတ်ခံရသည်ဟု ဖော်ပြပြီး၊ အခြား ဖော်ပြခြင်းမရှိချေ။ ဓမ္မသစ်ကျမ်း၌ ယာကုပ်နှင့်ပတ်သက်၍ ကျွန်ုပ်တို လေ့လာကြည့်မည်ဆိုလျှင် အသက်ကြီးသုံးချက်ကို တွေ့ရှိရသည်။

ပထမအချက်မှာ သေချာသော အချက်တစ်ခုဖြစ်သည်။ ဒုတိယအချက်မှာ ဆင်ခြင်စဉ်းစားပြီးမှ ဆုံးဖြတ် ရမည့် အချက်ဖြစ်သည်။ တတိယ အချက်မှာ မှန်းဆရမည့်အချက် ဖြစ်ပေသည်။

(၁) ယာကုပ်သည် အာလဖဲ၏ သားဖြစ်ကြောင်းဖော်ပြထားသည်။ ခရစ်ဝင်ပထမသုံးကျမ်း၌ မဿဲကိုခရစ်တော်၏ တပည့်တော်အဖြစ်ဖြင့် နောက်တော်သိုလိုက်ရန်ခေါ်တော်မူခြင်းကိုဖော်ပြထား သည်(မဿဲ၊ ၉း၉။ မာကု၊ ၂း၁၄။လုကာ၊ ၅း၂၇-၂၈)။ ရှင်မဿဲခရစ်ဝင်နှင့်မာကုခရစ်ဝင်၌ ဖော်ပြသော အချက်များသည် ယခုကိစ္စများစွာအဓိပ္ပာယ်ပါရှိသည်။ ရှင်မဿဲခရစ်ဝင်ကျမ်း၌ မဿဲက “ယေရှုသည် ထိုအရပ်မှကြွတော်မူလျှင် မဿဲအမည်ရှိသောသူတစ်ယောက်သည် အခွန်ခံရာတဲ၌ ထိုင်နေသည် ကိုမြင်သော်ငါ့နောက်သို လိုက်လော့ ဟု မိန့်တော်မူ၏”ဟု ပါရှိသည်။

ရှင်မာကုခရစ်ဝင်ကျမ်း၌ မာကုက “လမ်း၌ကြွတော်မူစဉ် အာလဖဲ၏သားလေဝိသည် အခွန်ခံရာတဲ၌ ထိုင်နေသည်ကို မြင်သော်..ငါ့နောက်သို လိုက်လော့ဟု မိန့်တော်မူ၏” ဟုပါရှိ ပါသည်။

ထိုကြောင့် မဿဲနှင့်လေဝိသည် တစ်ဦးတည်းဖြစ်သည်မှာ ယုံမှားစရာမရှိချေ။ ဤသိုဆိုလျှင် မဿဲ၏ဖခင်၏အမည်မှာ အာလဖဲ ဖြစ်ရပေမည်။ ဤသိုဆိုလျှင် မဿဲနှင့်ယာကုပ်သည် ညီအစ်ကို ဖြစ်ရပေမည်။

(၂) မဿဲနှင့်မာကု ဖော်ပြသော တမန်တော်စာရင်းတွင် နောက်ဆုံးတမန်တော် လေးဦးမှာ အာလဖဲ၏သား ယာကုပ်၊ သဒ္ဒဲ၊ ရှိမုန်ဇေလုတ်နှင့် ယုဒရှကာရုတ်တိုဖြစ်ကြသည် (မဿဲ၊ ၁၀း၃-၄။ မာကု၊ ၃း၁၈-၁၉)။ လုကာ၏ တမန်တော်စာရင်းတွင် နောက်ဆုံး တမန်တော်လေးပါးမှာ အာလဖဲ၏ သား ယာကုပ်ရှိမုန်၊ဇေလုတ်၊ ယာကုပ်၏ညီ ယုဒနှင့် ယုဒရှကာ ရုတ်တို ဖြစ်ကြသည်။(လုကာ၊ ၆း၁၅-၁၆။ တမန်တော်၊ ၁း၁- ၃) ထိုကြောင့် ယာကုပ်၏ညီ ယုဒနှင့်သဒ္ဒဲတို့သည် တစ်ဦးတည်းဖြစ်ကြောင်း သေချာသည်။ ထိုပုဂ္ဂိုလ်လေးဦးအား အမြဲလိုပင်အတူတကွ ဖော်ပြထားသောကြောင့် ထိုလေးဦးတိုတွင် တူညီသောဝါဒရှိဟန်တူသည်။

ကျွန်ုပ်တို့သိရှိသည့်အတိုင်း ရှိမုန်သည် ဇေလုတ်ဖြစ်၍ တစ်ယူသန် မျိုးချစ်ဂျူးလူမျိုး တစ်ယောက်ဖြစ်ပေသည်။ ယုဒရှကာ ရုတ်လည်း မျိုးချစ် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နိုင်စရာအ ကြောင်းရှိသည်။ အရေးပါသောလက်တင်(Latin)လက်ရေးစာမူကျမ်းစာစောင်၌ ယာကုပ်၏ ညီယုဒအား ဇေလုတ် ဟုခေါ်ဆိုထားသည်။ အသင်းတော်များ၏ အုပ်ချုပ်ရေး၊ တမန်တော်တို့နှင့် စပ်ဆိုင်သော ဖွဲစည်းအုပ်ချုပ်ပုံ အခြေခံစည်းမျဉ်း (Apostolic Constitutions) သတ်မှတ်ချက်တွင် သဒ္ဒဲအား မုဆိုးမများကို ကြည့်ရှုစောင့်ရှောက် ရန်တာဝန်ပေးထားကြောင်း တွေ့ရှိရသည်။

ထိုလုပ်ငန်းနှင့်ပတ်သက်၍ ရှေးလက်ရေးစာမူနှစ်စောင် တွင် လက်ဗက်ယ(Lebbaeus)ဟု ခေါ်သော သဒ္ဒဲ(Thaddaeus)အားအမည်သစ်ဖြင့် ယုဒဇေလုတ်(Judas the Zealot)ဟု ခေါ်ဝေါ် ကြောင်းဖော်ပြထားသည်။ ထိုကြောင့်သဒ္ဒဲသည် ဇေလုတ် တစ်ယောက်ဖြစ်သည်မှာ သေချာသည်။

ရှိမုန်၊ သဒ္ဒဲ သိုမဟုတ် ယုဒနှင့် ယုဒရှကာရုတ်တိုသည် ဇေလုတ်များဖြစ်ကြသည်မှာ သေချာသဖြင့် စတုတ္တလူ ယာကုပ်သည်လည်း အပေါင်းပါသုံးဦးတို့၏ ဝါဒအတိုင်း ဇေလုတ်ဖြစ်နိုင် စရာအကြောင်းရှိပေသည်။ အာလဖဲ၏သား ယာကုပ်ရှိမုန် ဇေလုတ်၊ သဒ္ဒဲ သို့မဟုတ် ယုဒ နှင့် ယုဒရှကာရုတ်တို့ကို တစ်ယူသန် မျိုးချစ်စိတ်ဓာတ်က တစ်လုံး တစ်ဝတည်းဖြစ်စေရန် ချည်နှောင်ထားသဖြင့် ထိုပုဂ္ဂိုလ်လေးဦးမှာ တချိန်က ဇေလုတ်အဖွဲ့တွင် ပါဝင်ခဲ့စရာအကြောင်း များစွာ ရှိပေသည်။

(၃) သေချာသောအချက်တစ်ချက်နှင့် ဆင်ခြင်ပြီးမှ ကောက်ယူသုံးဖြတ်ရသော အခြားနှစ်ချက်မှာ မဿဲနှင့်အာလဖဲ၏ သား၊ယာကုပ်တို့သည် ညီအစ်ကိုများ ဖြစ်ကြသည်။ ယာကုပ်သည် စိတ်ဓာတ်ပြင်းထန်သော မျိုးချစ်ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။ မဿဲနှင့် ယာကုပ် ညီအစ်ကို နှစ်ယောက်စလုံးသည် တမန်တော်အဖွဲ့အစည်းတွင် ပါရှိကြသည်။ ဤနေရာ၌ ဝါဒချင်း ကွဲပြားသောညီအစ်ကို နှစ်ယောက် ပြန်လည်သင့်မြတ်စွာ ရှိနေခြင်းကိုမြင် တွေ့ရလေသည်။ ညီအစ်ကိုနှစ်ယောက်သည်ကိုယ့်အယူအဆနှင့် ကိုယ်တစ်ခြားစီဖြစ်ကြသည်။ မဿဲသည် ဟေရုဒ်အင်တိပ (lerod Antips)ထံတွင်ရောမဘုရင်၏ အုပ်ချုပ်ရေး အောက်၌အခွန်ခံအဖြစ် အမှုထမ်းဆောင်သည်။

ယာကုပ်သည် ပြင်းထန်သော မျိုးချစ်ဇေလုတ် ဖြစ်လာပြီး ရောမနိုင်ငံနှင့် ဆက်သွယ်သောသူ များအား ရွံရှာမုန်းတီးသော သူဖြစ်သည်။ တစ်အိမ်ထဲ၌ ကြီးပြင်းလာသော မဿဲနှင့်ယာကုပ် ညီအစ်ကို နှစ်ယောက်တို့သည် တစ်ယောက်ကို တစ်ယောက်ရွံရှာ မုန်းတီးသော အခြေသို ဆိုက်ရောက်နေသည်။ လူမျိုးနှင့်တိုင်း ပြည်အပေါ် သစ္စာမဲ့သည် ဟု ယူဆခြင်းခံရသော မဿဲအား ယာကုပ်သည် ဓားမြှောင်ဖြင့် ထိုးသတ်မည့် အခြေနေသို့ရောက်ရှိ နေသည်။ ထိုစဉ် သခင်ယေရှုကြွလာပြီ၊ ညီအစ်ကို နှစ်ယောက်အား နောက်လိုက်တပည့်အဖြစ်ဖြင့် ခေါ်သွင်းလေသည်။ နှစ်ဦး စလုံး၏ ဆရာတော်ဖြစ် သော သခင်ယေရှုမျက်မှောက်၌ယခင်က တစ်ကွဲတစ်ပြားစီဖြစ်ပြီး၊ တစ်ဦးအပေါ်တစ်ဦး မုန်းတီးနေ သော ညီအစ်ကိုနှစ်ယောက် တဖန်ပြန်လည်သင့်မြတ်ခဲ့ကြလေသည်။

တမန်တော်တစ်ဆယ့်နှစ်ပါးစာရင်းတွင် မဿဲနှင့် ယာကုပ်ညီအစ်ကို နှစ်ယောက်ပါရှိသော အချက်သည် သခင်ယေရှု ဤလောကသို ကြွလာတော်မူရာ၌ လူနှင့်ဘုရားသခင် မိတ်ဖွဲ့ပေးရန်သာမက လူနှင့်လူ အချင်းချင်း ရန်ပြေငြိမ်းရန် ကြွလာခြင်းဖြစ်ကြောင်းကို ဖော်ပြသောသာဓကဖြစ်ပေသည်။

အခန်း (၁၅)

သဒ္ဒဲ

တံငါဖြစ်ကြောင်း တံငါလှေအားဖြင့် သရုပ်ဖော်ထားသည်။

တစ်ကျိပ်နှစ်ပါးတည်းဟူသော အာလဖဲ၏ သားယာကုပ်၊ သဒ္ဒဲ ကိုခန့်ထားတော်မူ၏ (မာ၊ ၃း၁၈)။

ဂျာရုံး(Jerome)ဆိုသောပုဂ္ဂိုလ်က သဒ္ဒဲ ကို သ၌ တရီနိုမိယ (Taddaeus Trinomius) ဟုခေါ်ဆိုထားသည်။ အဓိပ္ပာယ်မှာ အမည် သုံးခုရှိသော ပုဂ္ဂိုလ်ဟု ဆိုလိုသည်။ ရှင်မာကုခရစ်ဝင် (၃း၁၈)၌ သူ့အား မာကုက သဒ္ဒဲ အမည်ဖြင့် ခေါ်သည်။ ရှင်မဿဲ ခရစ်ဝင်(၁၀း၃)၌ မဿဲကသူ့အား သဒ္ဒဲ ဟု အမည်သစ်ကိုရသော လေဲ” ဟု ရေးသားထားသည်။ ရှင်လုကာခရစ်ဝင်(၁း၆)နှင့် တမန်တော်ဝတ္တု (၁း၁၃)တွင် လုကာက သဒ္ဒဲ ကို ယာကုပ်၏ညီယုဒ ဟုဆိုထားသည်။

ဤစာအုပ်၏ အစဦးအခန်း(၁)၌ သဒ္ဒဲ နှင်ယာကုပ်၏သားယုဒသည် တစ်ဦးတည်းဖြစ်ကြောင်း ဖော်ပြပြီး ဖြစ်သည်။ ပထမခရစ်ဝင်ကျမ်း၌ သူ၏အကြောင်း ဖော်ပြခြင်းမရှိချေ။ စတုတ္ထ ခရစ်ဝင်ကျမ်း၌ ယုဒ(ယုဒရှကာရုတ်မဟုတ်) အမည်ဖြင့် တစ်ကြိမ်တွေ့ရသည်။ နောက်ဆုံးညစာ စားပွဲတွင် သူသည် သခင်ယေရှုအား၊“သခင်ကိုယ်တော်သည် လောကီသားတိုအား မထင်ရှားပဲ အကျွန်ုပ်တို့အား အဘယ်သို့ထင်ရှားတော်မူမည်နည်းဟု မေး လျှောက်သောအခါ၊သခင်ယေရှုက ‘ငါ့ကိုချစ်သောသူသည် ငါ့စကားကို နားထောင်လိမ့်မည်။ ငါ့ခမည်းတော်သည် ထိုသူကိုချစ် တော်မူမည်။ ငါတို့သည်လည်း သူ့ဆီသို့ကြွ၍နေကြရမည်”ဟု ရှင်ယောဟန်ခရစ်ဝင်(၁၄း၂၂-၂၃)၌ ပါရှိလေသည်။

ယုဒ နှင့် သခင်ယေရှုအပြန်အလှန် ပြောဆိုသောစကားသည်။ အဘယ်အရာကိုဆိုလိုကြောင်း ဆင်ခြင်ကြည့်လျှင် ပြီးခဲ့သော အခန်း၌ ယုဒကို ယုဒဇေလုတ်ဟု လက်တင် လက်ရေးစာမူ ကျမ်းတစ် စောင်တွင်ရေးသားထားကြောင်းကို ဖော်ပြပြီးဖြစ်သည်။

ယုဒ သိုမဟုတ်၊ သဒ္ဒဲ ဟုခေါ်သော ပုဂ္ဂိုလ်သည် စိတ်ဓာတ်ပြင်းထန်သော ပုဂ္ဂိုလ်ဖြစ်သည်။ ဘုရားသခင်ရွေးကောက်ခြင်းခံရသော ဂျူးလူမျိုးများသည် ကမ္ဘာကို အုပ်စိုးလိမ့်မည်ဟု မျှော်လင့်နေသောသူလည်းဖြစ်သည်။ ထိုကြောင့် သခင်ယေရှု ဤလောက၌ နေထိုင်ရမည့် ရက်များသည်လည်း တဖြည်းဖြည်း ကုန်ဆုံးတော့ မည်ဖြစ်ရာ၊ သူသည်သခင်ယေရှုကို နားမလည်နိုင် အောင်ဖြစ်နေသည်။

သူဆိုလိုသည့် အဓိပ္ပာယ်မှာ သခင်ကိုယ်တော်သည် ဘုရားသခင်ရွေးကောက်တော်မူသော ဘုရားသခင်၏ သားတော်ဖြစ်၍ ကယ်တင်ရှင် မေရှိယဖြစ်ကြောင်း ကျွန်တော်တို့အား ပြောပြသည်မှာ အလွန်သင့်မြတ်လှပါသည်။

သိုသော်.. . လောကီသားတို့အား ဤအချက်ကို ထင်ရှား စေရန်အချိန်ကျရောက်နေပါပြီ။ လူထုပရိသတ်ထဲသို သွားရောက်၍ ကိုယ်တော်သည် မည်သူဖြစ်ကြောင်း တန်ခိုးအာဏာပြရန် အချိန်ကျရောက်ပါပြီဟု သဒ္ဒဲ ကဆိုလိုခြင်း ဖြစ်သည်။

သခင်ယေရှုက ကယ်တင်ရှင်မေရှိယဖြစ်ကြောင်းကို ကြင်နာသနားတတ်သော မေတ္တာ စိတ်ရှိသူနှင့် နှုတ်ကပတ်တော်ကို လိုက်နာသောသူများမှလွဲ၍ အခြားသူများအား ထင်ရှားစေရန် မဖြစ်နိုင်ကြောင်း၊ သခင်ယေရှုကို ချစ်ခင်ကြည်ညို၍ စကားတော်ကို နားထောင်ပြီး လိုက် လျှောက်သောသူ ဖြစ်လျှင် သားတော် သခင်ယေရှုနှင့် အဖခမည်းတော် ထာဝရဘုရားသခင်သည် သူ၏စိတ် နှလုံးထဲတွင် ကိန်းအောင်း မည်ဖြစ်ကြောင်း ဆိုလိုခြင်းဖြစ်ပေ သည်။

သဒ္ဒဲ က သခင်ယေရှုအား လူထုပရိသတ်ထဲသို သွားရောက်၍ဘုန်းတန်ခိုးပြခြင်းဖြင့် လူထု၏ကျေးဇူး သစ္စာနှင့်ယုံကြည်ခြင်း ကိုခံယူပါဟု ပြောဆိုနေသည်။ သခင်ယေရှုက ကိုယ်တော်ရှင် အလို ရှိသောအရာမှာ မေတ္တာတရားနှင့် ဆက်ကပ်သော အသက် ဖြစ် ကြောင်းကို သဒ္ဒဲ အားပြောပြ လေသည်။ မျိုးချစ်ပုဂ္ဂိုလ် သဒ္ဒဲ အား သခင်ယေရှုက မေတ္တာတရားနေရာတွင် တန်ခိုးအာဏာကို အစားထိုးရန်မဖြစ်နိုင်ကြောင်း ရှင်းပြခြင်း ဖြစ်သည်။

ရှေးဦးအသင်းတော်များ၏ဒဏ္ဍာရီများတွင် အံ့ဩဖွယ်ရာကောင်းပြီး ဆွဲဆောင်မှုရှိသော ဒဏ္ဍာရီတစ်ပုဒ်နှင့် သဒ္ဒဲ ၏အမည် ဆက်စပ်လျက်ရှိသည်ကို တွေ့ရသည်။ ယူစီဘိယ နှင့် ဂျာရုံး ဆိုသော ပုဂ္ဂိုလ်တို့ရေးသားသော စာစောင်များ:(Eusebius The Ecclesiatical History? 1,13)(Jerome, Homili on Metthew 10,4) တွင် ယူဖရိတိ(Euphrates)မြစ်အနီး မေသောပေါတာ တိုင်းပြည် (Mesopotamia)၏ မြောက်ဘက်၌တည်ရှိသော အက်ဒက်စ (Edessa)မြို့၏ဘုရင် အက်ဂါရ (Abgarus)နှင့် သခင်ယေရှုနှင့် တစ်ဦးနှင့်တစ်ဦး စာပေးစာယူပြုလုပ်ခြင်းကို ဖော်ပြထားသည်။ ယူစီဘိယ ကအက်ဒက်စမြို့ရှိ အစိုးရမှတ်တမ်းများ သိမ်းဆည်းရာ ဌာနမှတွေ့ရှိရကြောင်း ရှရိ သို့မဟုတ် ဆီးရီးယား (Syriac)ဘာသာ စကားဖြင့်ရေးသားထားသည်။ ထိုစာများကို မိမိကိုယ်တိုင် ဘာသာပြန်ဆိုကြောင်း ဖော်ပြထားလေ သည်။

ဤသို့ ဆက်သွယ်ရေးသားရာ၌ အတ်ဂါရ ဘုရင်ကစတင်၍ သခင်ယေရှုထံသို ရေးသားထားခြင်းဖြစ်သည်။ စာ၏ခေါင်းစဉ်၌ ဘုရင်အတ်ဂါရက ယေရှုထံသို့ ပေးပို့သော စာ၏မိတ္တူ၊ ဤစာကို ယေရုရှလင်မြိုတွင်ရှိသောယေရှုထံ ခြေမြန်တော် အယ်နာနီယ (Ananias)ဖြင့် ပို့လိုက်ခြင်းဖြ စ်သည် ဟု ပါရှိလေသည်။ စာသားမှာအောက်ပါအတိုင်း ဖြစ်သည်။

ယေရုရှလင်မြို၌ ရောက်ရှိနေသော မြင့်မြတ်သည့် ကယ်တင်ရှင် ယေရှု အား အက်ဒက်မြိုကို အုပ်စိုးသော အတ်ဂါရက နှုတ်ခွန်း ဆက်သလိုက်ပါသည်။

အဆွေတော်သည် ဆေးဝါးမပါဘဲ လူမမာများ အား ပျောက်ကင်းစေသည့်သတင်းကို ကျွန်ုပ်ကြား သိရပါသည်။ အဆွေတော်သည် မျက်စိမမြင်သောသူများအား မြင်စေခြင်း၊ ခြေမသန်စွမ်းသူများကိုလမ်းလျှောက်သွားနိုင်စေခြင်း၊ နူသောသူများကို ပျောက်ကင်း သန့်ရှင်းစေခြင်း၊ နတ်ဆိုးစွဲသော သူများထဲမှ နတ်ဆိုးများကို နှင်ထုတ်ခြင်း၊ နှစ်ပေါင်းများစွာ ဝေဒနာခံစားနေရသော သူများအား ရောဂါကင်းပျောက်စေခြင်း၊ သေသောသူများကိုပင် တစ်ဖန် ရှင်ပြန်စေခြင်းတို့ကို ကြားသိရပါသည်။

ဤအကြောင်းအရာများကို ကြားသိရသောအခါ အဆွေတော်သည် ကောင်းကင်ဘုံမှ ကြွမြန်းလာသော ဘုရားသခင်သော်လည်းကောင်း၊ ဘုရားသခင်၏သားတော်သော်လည်းကောင်း ဖြစ်မည် ဟုကျွန်ုပ် တွက်ဆမိပါသည်။

ထို့ကြောင် ကျွန်ုပ် ခံစားနေရသော ရောဂါဝေဒနာကို ကုသ ပေးရန်ကျွန်ုပ်ထံသို့ ဆင်းရဲခံ၍ ကြွလာပါရန် ဤစာ‌ရေး၍ ‌ေမတ္တာရပ်ခံပါသည်။ ဂျူးလူမျိုးတို့သည် အဆွေတော်အား ဒုက္ခပေးရန် ကြံစည်နေသည်ဟု ကြားသိရပါသည်။ ကျွန်ုပ်တွင် သေးငယ်သော်လည်း ခမ်းနားသော မြိုလေးတစ်မြို့ရှိပါသည်။ ဤမြို့၌ အဆွေတော်နှင့် ကျွန်ုပ် ကောင်းမွန်စွာနေထိုင်နိုင်ပါသည်။

ပြန်စာ၏ခေါင်းစဉ်မှာ ခြေမြန်တော် အယ်နာယ ဖြင့် ဘုရင်အတ်ဂါရ ထံသို ယေရှုပေးပိုသော ပြန်စာ။

ကျွန်ုပ်ကို မမြင်မတွေ့ဘဲ ကျွန်ုပ်ကို ယုံကြည်သောကြောင့် အဆွေတော်သည် မင်္ဂလာ အပေါင်းနှင့်ပြည့်စုံပါ၏။ လူအများတို သည် ကျွန်ုပ်ကို မြင်တွေ့လျက်ပင် မယုံကြည်သော်လည်း ကျွန်ုပ်ကို မမြင်မတွေ့ရသောသူများသည် ယုံကြည်၍ ကယ်တင်ခြင်းကို ရရှိ လိမ့်မည်ဟု ကျမ်းစာ၌ ရေးသားထားပါသည်။

အဆွေတော်ထံသို လာ၍ အဆွေတော်၏ရောဂါဝေဒနာကို ကုသပေးရန်နှင့် စပ်လျဉ်း၍ ကျွန်ုပ်သည် လောကသို စေလွှတ် တော်မူရင်း ကိစ္စများကို ဆောင်ရွက်ရန် တာဝန်ပြီးဆုံးသောအခါ ကျွန်ုပ်အားစေလွှတ် တော်မူသော ကိုယ်တော်ရှင်ထံသို ပြန်သွား ရပါဦးမည်။

စေလွှတ်တော်မူသော ဘုရားသခင်ထံတော်သို ပြန်ရောက်သောအခါ ကျွန်ုပ်၏ တပည့် တမန်တော်တစ်ဦးကို စေလွှတ်၍ အဆွေတော်၏ရောဂါ ဝေဒနာကို ပျောက်ကင်းစေပါသည်။ အဆွေတော်နှင့်အဆွေတော်၏ အပေါင်း အဖော်တို့အား အသက် (ကယ်တင်ခြင်း)ကို ပေးပါလိမ့်မည်။

ထိုဒဏ္ဍာရီထဲတွင် ဆက်လက်၍ ဖော်ပြထားသည်မှာ သခင်ယေရှုသည် ကောင်းကင်ဘုံသို တက်ကြွသွားတော်မူပြီးနောက် သဒ္ဒဲ အား အက်ဒက်စ မြို့သို စေလွှတ်သည်။ သဒ္ဒဲ သည် တမန်တော် တစ်ပါးဖြစ်ပြီးယုံကြည်သူ တပည့်ခုနှစ်ဆယ်တွင် တစ်ယောက် ဖြစ်လေသည်။

သူသည် အက်ဒက်မြို၌ တိုဘိယ (Tobia)ဆိုသော ပုဂ္ဂိုလ်နှင့်နေထိုင်သည်။ ဝေဒနာရှင် အမြောက်အမြားကို ပျောက်ကင်း စေသည်။ ဤသတင်းကို ဘုရင် အက်ဂါရ ကြားသောအခါ သခင်ယေရှု စေလွှတ် မည်ဆိုသော တပည့်သည် သဒ္ဒဲ ဖြစ်မည်ဟု သိတော်မူ၍ သဒ္ဒဲ ကိုခေါ်လွှတ်သည်။

သဒ္ဒဲ ရောက်ရှိသောအခါ သဒ္ဒဲ က ဘုရင်ကြီးအား `ကျွန်ုပ်ကိုစေလွှတ်တော်မူသော အရှင် ဘုရင်မင်းကြီး ယုံကြည်ကိုးစားသောကြောင့် ကျွန်ုပ်၏ အရှင်သခင်သည် ဘုရင်မင်းကြီးထံသို ကျွန်ုပ်ကို စေလွှတ်တော်မူသည်။ အရှင်မင်းကြီးသည် ကျွန်ုပ်၏ အရှင် သခင်အားယုံကြည်ကိုးစားသည်နှင့် အမျှတောင်းလျှောက်သောဆု များကို ရရှိပေမည်ဟု ပြောလေသည်။

အက်ဂါရက “ကျွန်ုပ်သည် အဆွေ၏ဆရာသခင်ကို မည်မျှယုံကြည်ပါ သနည်းဟု ဆိုရလျှင် အဆွေဆရာတော်ကိုသတ်ဖြတ် သောဂျူးလူမျိုးများအား ကျွန်ုပ်၏စစ်တပ်များဖြင့် တိုက်ခိုက် ချေမှုန်း ပစ်ရန် အကြံအစည်ရှိသည်။ သို့သော်လည်း ထိုလူမျိုးများ ကို ရောမဘုရင်က အုပ်ချုပ်သည်ဟု သိရသောကြောင့်သာ သွား၍ မတိုက်ခြင်း ဖြစ်ပါသည်” ဟု ပြန်ပြောလေသည်။

ထိုနောက် အတ်ဂါရ `က သား၊ သခင်ယေရှုအကြောင်းမေးမြန်းစုံစမ်းလေသည်။ သဒ္ဒဲ က နောက်တစ်နေ့တွင် လူစုပေးရန်နှင့်ထိုလူထု ပရိသတ်အား သခင်ယေရှုအကြောင်းကို ဟောပြော မည်ဖြစ် ကြောင်းကို အတ်ဂါရအား လျှောက်ထားလေသည်။ သဒ္ဒဲ ဟောပြော သက်သေခံချက်သည် အလွန်စိတ်ဝင်စားစရာ ကောင်းသည်။ အကြောင်းများသည် ပုံဝတ္တုဒဏ္ဍာရီ ဖြစ်သော်လည်း ရှေးဦးခရစ်ယာန် အသင်းတော်၌ ဟောပြောသူတို၏သာသနာလုပ်ငန်းတွင် အခြေခံဖြစ် သော တရားတော်ကို ယင်းဟောပြောချက်အားဖြင့် သိရှိရသည်။

“လူထုပရိသတ်၏စိတ်နှလုံးထဲသို ဘုရားသခင်၏နှုတ်ကပတ် တော်မျိုးစေ့ကို ကျွန်ုပ်ကြဲ ဖြန့်ပေးပါမည်”ဟု ဆိုကာ သခင်ယေရှု ဤလောကသို ကြွလာခြင်းနှင့် ပတ်သက်၍ ကိုယ်တော်ရှင်သည် မွေးဖွားခြင်းခံတော်မူကြောင်းကိုလည်းကောင်း၊ သူ၏ သာသနာ လုပ်ငန်းကိုလည်းကောင်း၊ အဖထာဝရ ဘုရားသခင်သည် အဘယ် ကြောင့် ဤလောကသို သူ့အားစေလွှတ်ကြောင်းကိုလည်းကောင်း၊ ဟောပြောလေသည်။

ဤလောက၌ ကိုယ်တော်ပြုတော်မူသော အမှုတော်များ၊ ကြေငြာတော်မူသော နက်နဲသည့် အကြောင်းအချက်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ဤအမူအရာများကို မည်သည့်တန်ခိုး အာဏာဖြင့် ပြုလုပ်ခဲ့သည်ကိုလည်းကောင်း၊ သူ၏ဆန်းသစ်သော တရားတော်များ၊ သူ၏နှိမ့်ချ သောစိတ်များ၊ မည်ကဲ့သို ဘုရားသခင်ဇာတိ ကိုစွန့်လွှတ်ကာ ရှုတ်ချခြင်းကို ခံယူလျက်၊ ယုတ်ညံ့ သော လက်ဝါးကပ်တိုင်၌ အသေသတ်ခြင်းခံတော်မူကြောင်းကိုလည်းကောင်း၊ ထိုမှတဖန် သေမင်း၏နိုင်ငံသို ဆင်းသက်၍ အစဉ်အဆက်တည် ရှိနေသော အနှောင့်အယှက်များကို ဖြိုဖျက်ကာ သေသောသူ များအား တစ်ဖန် ရှင်ပြန်စေခြင်းကိုလည်းကောင်း၊ ကိုယ်တော်ရှင်သည် သေမင်းနိုင်ငံသို့ တစ်ကိုယ်တည်း ဆင်းသွားသော်လည်း၊ လူပေါင်းများစွာနှင့် သေမင်းနိုင်ငံမှရှင်ပြန်ထမြောက် လာပြီးလျှင် ကောင်းကင်ဘုံ၌ရှိတော်မူသော အဖထာဝရဘုရားသခင်ထံသို ကြွမြန်းတော်မူခြင်း အကြောင်းကို လည်းကြောင်း ဟောပြောလေသည်။

အတ်ဂါရ ရှင်ဘုရင်သည် သဒ္ဒဲ အား ရွေငွေ မြောက်များစွာပေးသနားတော် မူသော်လည်း သဒ္ဒဲ သည် လက်မခံချေ။ မိမိတို့၌ ရှိသမျှကို စွန့်လွှတ်၍ ကိုယ်တော်ရှင်၏ နောက်တော်တို့လိုက်သော ကျွန်ုပ်တို့သည် သူတစ်ပါး၏ ပစ္စည်းဥစ္စာများကို အဘယ်သို့ လက်ခံနိုင်မည်နည်းဟု ပြန်လည်လျှောက် ထားလေသည်။

ဒဏ္ဍာရီများကို မည်မျှအသေးစိပ်ဖော်ပြနိုင်သည်ဟူသောအချက်မှာ စိတ်ဝင်စားစရာ ကောင်းပေသည်။ နောက်ပိုင်း ဒဏ္ဍာရီများ၌တွေ့ရှိရသည်မှာ သခင်ယေရှုသည် အက်ဒက်စ မြို့သို့ ကိုယ်တိုင်မသွားနိုင်သောကြောင့် အက်ဂါရ ဘုရင် အတွက် မိမိ၏ ပုံတူကို ခြေမြန်တော် အယ်နာနိယအား ရေးဆွဲခိုင်းသည်။ သခင်ယေရှု၏ မျက်နှာတော်မှ ရောင်ခြည်တော်ထွန်းလင်း တောက်ပ သဖြင့် အယ်နာနီလာသည် ပုံတူကူးဆွဲ၍ မရနိုင်ဖြစ်နေသည်။

ထိုကြောင့် သခင်ယေရှုသည် မျက်နှာတော်ပေါ်၌ အ၀တ်တစ်ထည်ဖုံးအုပ်လိုက်ရာ ထိုအဝတ်တွင် ကိုယ်တော်ရှင် မျက်နှာတော် ရုပ်ပုံထင်ကျန်ရစ်သည်။ ထိုအဝတ်ကို ရှင်ဘုရင် အတ်ဂါရ ထံပို့ပေးသည်။ ထိုအဝတ်သည် အံ့ဩဖွယ်တန်ခိုး နိမိတ်လက္ခဏာများစွာ ပြခဲ့သည်ဟု (John of Damascus the Exaposition of the or-thodox Faith, 4, 16,)၌ ဖော်ပြထားသည်။

သဒ္ဒဲ သည် ဆက်လက်ပြီး တရားကို အခြားအရပ် ဒေသနာများသိုလှည်လည်ဟောခဲ့သည်။ နောက်ဆုံး သဒ္ဒဲ သည် အာရတ် (Arafat)အရပ်များ၌ မြားနှင့်ပစ်သတ်ခြင်းကို ခံရလေသည်။

အတိဂါရ ဘုရင်နှင့် တမန်တော် သဒ္ဒဲ တို့၏ ဒဏ္ဍာရီဝတ္တု သည်အလွန် နှစ်သက်စရာ ကောင်းသောဇာတ်လမ်းကလေးတစ်ပုဒ် ဖြစ်ပေသည်။ သဒ္ဒဲ ၏ လုပ်ဆောင်ချက်သည် ကိုယ်တော် ရှင်၏ သာသနာလုပ်ငန်းကို ဆောင်ရွက်သူတိုင်း လုပ်ဆောင်ရမည့် အချက် ဖြစ်ပေသည်။

ပထမဦးဆုံး သခင်ယေရှုနှင့် အတူ ရှိရမည်။ ထိုနောက် ဤလောကသို့ သခင်ယေရှု ယူဆောင်လာသော အလင်းတရားနှင့် ငြိမ်သက်ချမ်းသာခြင်းတရားကို လူများအား ဝေမျှပေး ကမ်းရမည်ဟူသော အချက်ဖြင့် ဤစာစောင်ကို အဆုံးသတ်ရပါသည်။

 

Leave a Reply

Your email address will not be published. Required fields are marked *