ခရစ်ယာန် ခေါင်းဆောင်မှု နှင့် အသင်းတော်၏ စီမံခန့်ခွဲခြင်း

CHRISTIAN LEADERSHIP AND CHURCH MANAGEMENT

Myanmar Baptist Convention

Theological Education Department

Yangon, Myanmar

Copyright © 2016 Theological Education Department

All rights reserved. No part of this book may be reproduced or

utilized in any form or by any means, electronic or mechanical,

including photocopying, recording or by any information storage

and retrieval system, without permission in writing from the

publisher:

Theological Education Department

Myanmar Baptist Convention

143, Min Ye Kyaw Swa Road

Lanmadaw Township

Yangon, Myanmar

Email: theology.mbc.asia@gmail.com

မာတိကာ

အမှာစာ                                                                                                                        vii

အပိုင်း ၁ ခရစ်ယာန်ခေါင်းဆောင်မှု                                                                              

အခန်း ၁ အဓိပ္ပာယ်ဖွင့်ဆိုချက်                                                                                      ၃

အခန်း ၂ သမ္မာကျမ်းစာမှာ ဖော်ပြသော                                                                      ၁၇

ခရစ်ယာန်ခေါင်းဆောင်မှု

အခန်း ၃ ခရစ်ယာန်ခေါင်းဆောင်မှုအတွက်                                                                 ၂၇

အခြေခံဓမ္မအတွေးအခေါ်

အခန်း ၄ ခေါင်းဆောင်အမျိုးအစားများ                                                                     ၅၃

အခန်း ၅ ခရစ်ယာန်ခေါင်းဆောင်မှု၏

အရည်အချင်းများနှင့် တာဝန်ဝတ္တရားများ                                                  ၁၀၅

အခန်း ၆ ခရစ်ယာန်ခေါင်းဆောင်မှု၏ အဖိုးအခ                                                       ၁၂၁

အခန်း ၇ ခရစ်ယာန်ခေါင်းဆောင်များအတွက်

သတိပြုရမည့် ထောင်ချောက်များ (သို)

ကျရှုံးစေသောအရာများ                                                                          ၁၂၉

 

အပိုင်း ၂ အသင်းတော် စီမံခန့်ခွဲမှု                                                                           ၁၄၃

အခန်း ၁ အသင်းတော်စီမံခန့်ခွဲမှုဆိုင်ရာ

အခြေခံသဘောတရား                                                                           ၁၄၅

အခန်း ၂ အသင်းတော် စီမံခန့်ခွဲမှု၏

အမှုတော်လုပ်ငန်းများ                                                                            ၁၇၃

 

အပိုင်း ၃ အသင်းတော် အုပ်ချုပ်စီမံမှု                                                                    ၂၀၇

အမှာစာ

ရှေးဦးစွာ ဤခရစ်ယာန်ခေါင်းဆောင်မှုနှင့် အသင်းတော်စီမံခန့်ခွဲခြင်း (Christian Leadership and Church Management) သင်ရိုးညွှန်းတမ်းစာအုပ်အား ထုတ်ဝေနိုင်သည့် တိုင်အောင်လမ်းပြပို့ ဆောင်ကောင်းချီးပေးတော်မူသော ထာဝရဘုရားသခင်၏ကောင်းမြတ်သောကျေးဇူးတော် အပေါင်းကို ရေတွက်ချီးမွမ်းအပ်ပါသည်။ ဤစာအုပ်သည် ၂၀၁၆ ခုနှစ်၌ Tedim Theological College, Tedim တွင် ပြုလုပ်ခဲ့သော မြန်မာနိုင်ငံနှစ်ခြင်းကျမ်းစာကျောင်းများ၏ ခရစ်ယာန်ခေါင်းဆောင်မှုနှင့် အသင်း တော် စီမံခန့်ခွဲခြင်း အလုပ်ရုံဆွေးနွေးပွဲမှ ထွက်ပေါ်လာသောရလဒ် စာအုပ်တစ်အုပ် ဖြစ်ပါသည်။ ခရစ် ယာန် ခေါင်းဆောင်မှုနှင့် အသင်းတော်စီမံခန့်ခွဲခြင်းကို လေ့လာနိုင်ရန် အင်္ဂလိပ်ဘာသာဖြင့် စာအုပ်များ ရရှိနေ ပြီဖြစ်သော်လည်း မြန်မာနိုင်ငံနှစ်ခြင်းသာသနာမှ မြန်မာဘာသာဖြင့် ထုတ်ဝေထားသောစာအုပ် အနည်း ငယ်သာရှိသည့်အတွက် ယခုထုတ်ဝေထားသောစာအုပ်ကို မြန်မာဘာသာဖြင့်ထုတ်ဝေခြင်း ဖြစ်ပါသည် ။ ဤခရစ်ယာန်ခေါင်းဆောင်မှုနှင့် အသင်းတော်စီမံခန့်ခွဲခြင်းစာအုပ်သည် ခေတ်နှင့်အညီ မြန်မာနိုင်ငံ၏ နှစ်ခြင်းအသင်းတော်၊ နှစ်ခြင်းသာသနာ့အဖွဲအစည်းများ၏ အခြေအနေကို ဗဟိုပြုကာ ရေးသားပြုစု ထားသောစာအုပ်ဖြစ်သောကြောင့် နှစ်ခြင်းအသင်းတော်များ၊ သာသနာ့အဖွဲအစည်း များကို စနစ်တကျ ဖွဲ့စည်းတည်ဆောက်၍ ဦးဆောင်မှုပြုနေကြသော ခရစ်ယာန်ခေါင်းဆောင်များ အတွက် သော်လည်းကောင်း၊ နှစ်ခြင်းကျမ်းစာကျောင်းများတွင် ခေါင်းဆောင်မှုနှင့်စီမံခန့်ခွဲခြင်း သင်ရိုးညွှန်းတမ်းအား သင် ကြားနေကြသော စာချပုဂ္ဂိုလ်များနှင့် ကျောင်းသူ၊ ကျောင်းသားများမရှိ မဖြစ် လက်ကိုင်ထားရမည့် စာ အုပ်ဖြစ်မည်ဟု အပြည့်အဝယုံကြည်ပါသည်။ ခရစ်ယာန်တို့၏ ခေါင်းဆောင်မှုပြုခြင်းသည် မိမိ၏ သက် ဆိုင်ရာအသင်းတော်၊ သာသနာ့အဖွဲအစည်း၊ အသင်းအဖွဲ များ၏ ပန်းတိုင်၊ ရည်ရွယ်ချက် အပေါ်အခြေခံ လျက် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ် ငန်းစဉ်များ ပြီးပြည့်စုံအောင်မြင်စေရန် အလိုငှာ ထို သူခေါင်းဆောင်မှုပြုနေသည့် အသင်းသူ၊ အသင်းသားများ၊ လုပ်ဖော်ကိုင်ဖက်များအား စိတ်တက်ကြွစွာ ပါဝင်လုပ်ဆောင်နိုင်ရန် စည်းရုံးလှုဆော် လျက် ဦးဆောင်မှုပြုခြင်းဟုပြောလျှင် မှားမည်မဟုတ်ပေ။ ထို သို့ ခေါင်းဆောင်မှုပြုရာတွင် အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် စနစ်တကျ စီမံခန့်ခွဲနိုင်ရေးသည် အလွန်ပင်အရေးကြီးသော အခန်း ကဏ္ဍပင်ဖြစ်ရာ ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲခြင်းသည် ဒင်္ဂါးတွင် ခေါင်း နှင့်ပန်းကဲ့သို ခွဲခြား၍ မရ နိုင်ပေ။ အထူးသဖြင့် အသင်းအဖွဲများကို ခေါင်းဆောင်မှုပြုရာတွင် စနစ်တကျ စီမံခန့်ခွဲလျက် အုပ် ချုပ်မှုပြုနိုင်ရန်အတွက် စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများကိုလည်း ချန် လှပ်ထား၍ မရပေ။ သိုဖြစ်ရာ ဤစာအုပ်၏ အပိုင်း (၁) ခေါင်းဆောင်နှင့် ခေါင်းဆောင်မှုတွင် ယင်း၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ သဘောသဘာဝ၊ သမ္မာကျမ်းအခြေခံ၊ ဓမ္မကြောင်းဆိုင်ရာ အခြေခံသဘောတရား များနှင့် ခေါင်းဆောင် တစ်ဦး၏ အရည်အချင်း၊ တာဝန်ဝတ္တရားများ၊ ပေးဆပ်ရမည့် အဖိုးအခများ တို့ကို ဖော်ပြထားပါသည်။ အပိုင်း(၂)တွင် အသင်းတော်နှင့် ပတ်သက်၍ စီမံခန့်ခွဲမှုဆိုင်ရာသဘောတရားများ၊ စီမံခန့်ခွဲရမည့် အခန်း ကဏ္ဍများ စသည်ဖြင့် လေ့လာရမည် ဖြစ်ပါသည်။ အပိုင်း(၃)တွင် အထူးသဖြင့် ဤ စာအုပ်သည် နှစ်ခြင်းခရစ်ယာန်အသင်းတော်၊ အဖွဲအစည်းများကို အခြေခံပြုလျက်ပြုစုထားသည့် စာအုပ်ဖြစ်သည့် အလျောက် အသင်းအဖွဲ့ ဖွဲ့စည်းပုံနှင့် စည်းမျဉ်း၊ စည်းကမ်းသဘောတရားများ၊ ရုံးပိုင်း ဆိုင်ရာ အုပ်ချုပ် မှုအခန်းကဏ္ဍများကို ဖော်ပြထားကြောင်း တွေ့ရှိရမည်ဖြစ်ပါသည်။

ဤစာအုပ်၌ လိုအပ်သော အချက်အလက်များကို ပိုမိုပြည့်စုံစွာဖော်ပြတင်ပြနိုင်ရန်အတွက် ဝိုင်း ဝန်းအကြံပြုဆွေးနွေး ပေးခဲ့ကြသောခရစ်ယာန်ခေါင်းဆောင်မှုနှင့် အသင်းတော် စီမံခန့်ခွဲခြင်း အလုပ်ရုံ  ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသည့် နှစ်ခြင်းကျမ်းစာကျောင်းအသီးသီးမှ ဘာသာရပ်ဆိုင်ရာ  ဆရာ၊  ဆရာမများအား အထူးပင် လှိက်လှဲစွာကျေးဇူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါသည်။ ဤစာအုပ်ထွက်ရှိ  လာနိုင်ဖို့ရန် မိမိတို့၏ ဝိညာဉ်ဆုကျေးဇူးပါရမီ၊ ဉာဏခွန်အား၊ အတတ်ပညာ၊ အချိန်နာရီများကို အ   ကောင်းဆုံးပေးဆပ် ဆက်ကပ်လျက် ရေးသားပြုစုပေးကြသော Rev. U Kyaw Moe (မြန်မာနိုင်ငံခရစ်        ယာန်ဓမ္မတက္ကသိုလ်)၊ Rev. Dr. Van Bik (မြန်မာနိုင်ငံဓမ္မတက္ကသိုလ်)၊ Rev Dr. Cyrus Sein (ဟသႅာတ        ကရင်နှစ်ခြင်း အသင်းတော်)၊ Rev. Dr. Soe Thiha (ပိုးကရင်ဓမ္မတက္ကသိုလ်)၊ Rev. Samo Yaw Ba (အရှို ချင်းဓမ္မတက္ကသိုလ်)တို့ကို အထူးပင်ကျေးဇူး ဥပကာရတင်ရှိပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါ သည်။

ဤစာအုပ်သည် ခရစ်ယာန်ခေါင်းဆောင်မှုနှင့် အသင်းတော်စီမံခန့်ခွဲခြင်း ဘာသာရပ်အား လေ့ လာဆည်းပူးနေသော မြန်မာနိုင်ငံနှစ်ခြင်းကျမ်းစာကျောင်း (၄၉) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ များအတွက် အထောက်အကူပြုသည့် စာအုပ်ဖြစ်သည်သာမက အသင်းတော်၊ သာသနာ့ အဖွဲ့အစည်း အသီးသီးတွင် ခေါင်းဆောင်မှု ပြုလျက်ရှိသော သာသနာ့ခေါင်းဆောင်များ၊ သင်းအုပ်များ၊ သင်း ထောက်များ၊ အသင်းအဖွဲကော်မတီ ခေါင်းဆောင်များ လက်စွဲပြုကာ မိမိတို၏ခရစ်ယာန်သာသနာ့ အဖွဲအ စည်းများကို ပိုမိုထိရောက်အောင်မြင်စွာ ခေါင်းဆောင်မှုအစေခံလျက် ဘုရားသခင်ဘုန်းတော် ထင်ရှား စေသော သာသနာလုပ်ငန်းများကို အကောင်အထည်ဖော်နိုင်ရန် လက်တွေ့ အသုံးချနိုင်သည့် တိုင်အောင် မရှိမဖြစ် လေ့လာသင့်သော လက်ကိုင်စာအုပ်တစ်အုပ်ဖြစ်မည်ဟု အလေးအနက် ယုံကြည် လျက် ဤ အမှာစာကိုနိဂုံးချုပ်အပ်ပါသည်။

သီဩလော်ဂျီပညာဌာန

မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်

 

အပိုင်း ၁

ခရစ်ယာန်ခါင်းဆောင်မှု

CHRISTIAN LEADERSHIP

အခန်း ၁

အဓိပ္ပါယ်ဖွင့်ဆိုချက်

DEFINITION

ဤကမ္ဘာ့ကြီး၌ လူမှုအသိုင်းအဝန်း၏ နေရာတိုင်းတွင် ခေါင်းဆောင်သည် မရှိမဖြစ်လိုအပ် သောသူဖြစ်သည်။ ခေါင်းဆောင်မရှိလျှင်ပရမ်းပတာနှင့် ဦးတည်ရာမဲ့ဖြစ်နေမည်ဖြစ်သည်။ ထိုကြောင့် ခေါင်းဆောင်နှင့်ခေါင်းဆောင်မှုတို၏ အဓိပ္ပါယ်ကို မှန်ကန်စွာ သိရှိရန်လိုအပ်ပါသည်။

၁။ ခေါင်းဆောင် (Leader)။

(၁) ခေါင်းဆောင်၏အဓိပ္ပာယ်။

ခေါင်းဆောင်ဆိုသည်မှာ လမ်းပြသူ၊ ဦးဆောင်သူ၊ ဦးစီးသူ၊အလျင်သွားသူ၊ အစထွင်ပေးသူ၊ လမ်းခင်းပေးသူ၊ သက်ရုပ်များအားအသက်ရှင်ကြီးထွားစေသော ပင်မသွေးလွှတ်ကြောဟူ၍ အဘိဓာန်မှာဖော်ပြပါသည်။ ခေါင်းဆောင်တစ်ဦးသည် မိမိမည်သည့်နေရာတွင်ရပ်တည်၍ မည်သည့် တာဝန်များရှိသည်ကိုလည်းကောင်း၊ မိမိ အားသာချက်များနှင့် အားနည်းချက်များကိုလည်းကောင်း သိရှိသည်နှင့်အမျှ မိမိ၏ အားသာချက်များကို ပြည့်ပြည့်ဝဝ ထိထိရောက်ရောက်အသုံးချနိုင်ပြီး မိမိအားနည်းချက်များအတွက်လည်း အမြဲတမ်းပြုပြင်ဖြည့်ဆည်း ဆောင်ရွက်တတ်ကြသည်။ အောင်မြင်သော ခေါင်းဆောင်တိုသည် မှန်ကန်သော ရည်ရွယ်ချက်ရှိ၍ မှန်ကန်သော လုပ်ဆောင်မှုဖြင့် ရွေ့လျားပြီးမြောက်အောင် လုပ်ဆောင်တတ်ကြသည်။ ထိုခေါင်းဆောင်တိုသည် မိမိရည်မှန်းချက်ကို အောင်မြင်အောင် အကောင်အထည်ဖော်ရာတွင် အခြားသူများ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ကူညီပံ့ပိုးမှုရအောင် မည်သိုဆက်သွယ်ညှိနှိင်း ဆောင်ရွက်ရမည်ကိုလည်းကောင်းစွာ သိရှိနားလည် သူများ ဖြစ်ကြသည်။ ထိုကြောင့် John R. Mottu က “ခေါင်းဆောင်ဆိုသည်မှာ လမ်းမှန်ကိုသိ၍ တာဝန်ယူနိုင်သူဖြစ်ပြီး၊ နောက်မှ လူများအား ဆွဲခေါ်နိုင်သူဖြစ်ရမည်” ဟု ဆိုပါသည်။ နောက်လိုက်များအား ဦးဆောင်ရာ၌ ခေါင်းဆောင်သူသည် အခြားသူများအား မိမိပြီးစေလိုသော လုပ်ငန်းများကို အောင်မြင်စွာ လုပ်ဆောင်စေရန် ဆွဲဆောင်လွှမ်းမိုးနိုင်သူဖြစ်သည်နှင့်အမျှ ယင်းသို့ လုပ်ဆောင်ရာတွင် ထိုသူများအနေဖြင့် အပြစ်ဒဏ်ကို ကြောက်ရွံ၍ဖြစ်စေ၊ ဆုလာဘ်တစ်စုံတစ်ရာကို မျှော်ကိုး၍ဖြစ်စေ လုပ်ကိုင်ခြင်းမဟုတ်ဘဲ မိမိတို့၏ဆန္ဒအလျောက် ပါဝင်လုပ်ကိုင်စေနိုင်သူဖြစ်ရမည်။

ထိုကြောင့် ခေါင်းဆောင်များသည် မိမိကိုယ်တိုင်က လုပ်ငန်းဆိုင်ရာနည်းပညာ၊ စီမံခန့်ခွဲမှုပညာ၊ လူမှုဆက်ဆံရေး၊ လူသားတို့၏ ဘဝဆိုင်ရာ စိတ်ပညာများသာမက ပြည်တွင်း ပြည်ပဗဟုသုတများ အပါအဝင် ခေတ်၏တိုးတက်ပြောင်းလဲခြင်းနှင့်အညီ ခေါင်းဆောင်မှု ပညာများကို အစဉ်မပြတ် ဆည်းပူးနေရမည်ဖြစ်သည်။ ခေါင်းဆောင်၏ သုတကြွယ်ဝ ပြည့်စုံ နေခြင်းသည်လည်း မိမိ၏ နောက်လိုက်များအား လွှမ်းမိုးနိုင်မည့် စွမ်းရည်ဖြစ်သည်။ အမေရိကန် သမ္မတ ဟာရီအက်စ်-ထရူးမင် (Harry S. Truman) (၁၉၄၅-၁၉၅၃) က “ခေါင်းဆောင် တစ်ယောက်ဆိုသည်မှာ အခြားသူများအား သူတို့မလုပ်လိုသည့်အရာကိုလုပ်စေနိုင်ပြီး လုပ်လိုသောစိတ် ရှိစေသည့် အရည်အချင်း ရှိသော လူတစ်ယောက်ဖြစ်သည် ”(A Leader is the man who has the ability to get other people to do what they don’t want to do, and like it) ဟု ဆိုခဲ့ပါသည်။ Posner နှင့် Kouzes တို့က ခေါင်းဆောင် အယောက်(၅၀၀)အား တွေ့ဆုံမေးမြန်းပြီး ထွက်ပေါ်လာသည့် အောင်မြင်ခြင်းအတွက် အရေးကြီးဆုံး စကားလုံးမှာ (We) “ကျွန်ုပ်တို” ဟူ၍ ဖြစ်ပါသည်။

Nepoleon Bonaparte က “ခေါင်းဆောင်တွေဟာ မျှော်လင့်ချက်တွေကို ရောင်းဝယ်ဖောက် ကားသူများဖြစ်သည်” ဟု ဖော်ပြပါသည်။

Robert Dickson က “ခေါင်းဆောင်သည် အများကို ဦးဆောင် လမ်းပြသူဖြစ်သည်။ အတင်း အကြပ် ခိုင်းစေသောသူမဟုတ်ပါ။ စိတ်နှလုံးသား ဖြောင့်မတ်စွာ တရားမျှတစွာ ပေါင်းသင်း ဆက်ဆံ တတ်သူဖြစ်သည်။” J. Robert Clinton က “ခေါင်းဆောင်သည် နောက်လိုက်များအားအတင်းအကြပ် နာခံစေရန် မလုပ် ရပါ။ ပြောသင့်ပြောထိုက်သည့်အရာများပြောဆိုပြီးလျှင် တာဝန်ကျေပြီး ဖြစ်သည်။ နောက်လိုက်များ နာခံရန်တာဝန်ရှိလေသည်” ဟူ၍ ခေါင်းဆောင်နှင့် နောက်လိုက်တို့၏ ကွာခြားမှုကို ဖော်ပြပါသည်။

ခေါင်းဆောင်                                                                            နောက်လိုက်

၁) အခက်အခဲကို ဖြေရှင်း                                                         ၁) တုံပြန်လုပ်ဆောင်ခြင်း

ဆောင်ရွက်ခြင်း

 

၂) လက်တွဲ၊ ဆက်သွယ်ခြင်း                                                      ၂) ခေါင်းဆောင်၏ခေါ်ယူမှုကို

နားထောင်လုပ်ဆောင်ခြင်း

 

၃) စီမံကိန်းအတွက် အချိန်များ                                                 ၃) ပြဿနာများကို တုံပြန်ရန်

ကို ရင်းနှီးမြှုပ်နှံလျက်                                                                  အချိန်များရင်းနှီးမြှုပ်နှံခြင်း၊

ပြဿနာများ ကြိုမြင်ခြင်း

၄) လူနှင့် အချိန်များကို                                                             ၄) လူနှင့်အချိန်ကို အသုံးပြုခြင်း

ရင်းနှီးမြှုပ်နှံခြင်း

 

၅) ပြက္ခဒိန်၌ အဓိကအရေး                                                       ၅) ပြက္ခဒိန်၌ လိုအပ်သော

ကြီးသော လုပ်ငန်းများဖြင့်                                                            တောင်းဆိုမှုများပြည့်နေခြင်း

ပြည့်နေခြင်း

 

ထိုနည်းတူ ခေါင်းဆောင်ဖြစ်စေ၊ နောက်လိုက်ဖြစ်စေ ထိရောက်စွာ လုပ်ဆောင်နိုင်စွမ်း မရှိ သောသူများ၏ အမူအကျင့် (၇)ရပ်ကို John Covey က ဖော်ပြထားပါသည်။

က။ တန်ပြန်တတ်သောသူ သင့်ကိုယ်သင် သံသယရှိပြီး အခြားသူများအပေါ် အပြစ်တင်ခြင်း။

(Be reactive doubt yourself and blame others.)

ခ။ ရှင်းလင်းပြတ်သားသော ဇာတ်သိမ်းမရှိဘဲ အလုပ်လုပ်ခြင်း

(Work without any clear end in mind.)

ဂ။ အလျင်စလို လုပ်လိုသောအရာကို ပထမဦးဆုံးလုပ်ခြင်း။

(Do the urgent thing first.)

ဃ။ တစ်ဖက်အသာစီး၊ တစ်ဖက်အရှုံးကိုတွေးခြင်း။

(Think Win Lose.)

င။ ကိုယ့်ကိုသူများက နားလည်ရန်ဦးစွာကြိုးစားခြင်း။

(Seek first to be understood.)

၈။ အနိုင်မရလျှင် စေ့စပ်ကျေအေးခြင်း။

(If you can’t win compromise.)

ဆ။ အပြောင်းအလဲကို ကြောက်၍ တိုးတက်မှုကို ရွှေ့ဆိုင်းခြင်း

(Fear change and put of improvement) တို့ဖြစ်ပါသည်။

၂။ ခေါင်းဆောင်မှု (Leadership)

ခေါင်းဆောင်မှုဆိုသည်မှာ သတ်မှတ်ထားသော ရည်မှန်းချက်များကို အခြေအနေ တစ်စုံတစ်ရပ်အတွင်း ပြီးမြောက်အောင် ကြိုးပမ်းဆောင်ရွက်ရာတွင် လူပုဂ္ဂိုလ် တစ်ဦး တစ်ယောက်၏ လုပ်ဆောင်မှုကိုဖြစ်စေ၊ အဖွဲ့တစ်ဖွဲ၏ လုပ်ဆောင်မှုကိုဖြစ်စေလွှမ်းမိုးဆွဲ ဆောင်၍စီစဉ်ဆောင်ရွက် ရသော လုပ်ငန်းစဉ်တစ်ခု ဖြစ်ပေသည်။ John C. Maxwell နှင့် J. Oswald Sanders တို့က ခေါင်းဆောင်မှုဆိုသည်မှာ ခေါင်းဆောင်တစ်ဦးသည် သူ့၌ရှိသော အတတ်ပညာ၊ ကျွမ်းကျင်မှု များနှင့် အခြားသူများအပေါ် လွှမ်းမိုးနိုင်ခြင်းများဖြင့် လူအများအား မိမိနောက်သို လိုက်စေခြင်းဖြစ်သည်။

(၁) ခေါင်းဆောင်မှုသည် မိမိကိုယ်မိမိ ယုံကြည်မှုဖြစ်သည်

(Leadership is confidence)

မိမိကိုယ်ကို ယုံကြည်မှုရှိသော ခေါင်းဆောင်သည် DDC ဟူသော အချက် သုံးချက် ဖြစ်သည့် D-Deed (လုပ်ရပ်အပြုအမူ)၊ D-Destiny (သေချာပြတ်သားသော ရည်ရွယ်ချက်) နှင့် C- Connection (ဆက်သွယ်ခြင်း) များရှိကြပြီး မိမိကိုယ်မိမိ ယုံကြည်ချက်အပြည့်ဖြင့် လုပ်ဆောင်လေ့ရှိကြသည်။

(၂) ခေါင်းဆောင်မှုသည် ရည်မှန်းချက်ပန်းတိုင် ရောက်အောင်လုပ်ဆောင်ခြင်းဖြစ်သည်။

ခေါင်းဆောင်မှု (Leadership) ဆိုသည်မှာ ရွေ့လျားရန် (To move)၊ ပြောင်းလဲရန် (To change)၊ တစ်စုံတစ်ခု ပြုလုပ်ရန် (To do something) ဖြစ်သည်။ ထိုကြောင့် ခေါင်းဆောင်မှု ဆိုသည်မှာရွေ့လျားစေခြင်း ဖြစ်သည်။ ဤနေရာတွင် လူသုံးမျိုးကို တွေ့နိုင်ပါသည်။ ၁) တွန်းသူ (Mover)။  ၂) တွန်းလျှင်ရွေ့သူ (Movable) နှင့် ၃) တွန်းသော်လည်း မရွေ့သူ (Immovable) ဖြစ်သည်။ ပန်းတိုင်ရောက်အောင် ဦးဆောင်မှုပေးနိုင်သော ခေါင်းဆောင်များသည် Mover (ရွေ့စေသူ) များ ဖြစ်သည်။

(၃) ခေါင်းဆောင်မှုဆိုသည်မှာ လွှမ်းမိုးခြင်း

(Leadership is influence)

ခေါင်းဆောင်မှုသည် လွှမ်းမိုးခြင်းဖြစ်သည်ဟု ဖော်ပြကြပါသည်။ ဤလွှမ်းမိုးခြင်းသည် အာဏာကို ချစ်ခြင်းအားဖြင့် လွှမ်းမိုးခြင်းမဟုတ် ချစ်ခြင်း၏ ဩဇာအာဏာကို ချစ်လျက်၊ ချစ်ခြင်းမေတ္တာ၏ သြဇာ အားဖြင့် လွှမ်းမိုးခြင်း ဖြစ်သည်။ မိမိလုပ်ပိုင်ခွင့် အာဏာကို မက်မောလျက် မိမိနေရာအာဏာနှင့် ကြီးပွားချမ်းသာရေးအတွက် တစ်ကိုယ်ကောင်းဆန်သော လွှမ်းမိုးခြင်း မဟုတ်ဘဲ ပေးအပ်သော တာဝန်နှင့်လုပ်ပိုင်ခွင့်ကို တန်ဖိုးထားလျက် အများကို ချစ်ခြင်းအားဖြင့် လွှမ်းမိုးခြင်း ဖြစ်သည်။ အာဏာနှင့် လွှမ်းမိုးချုပ်ကိုင်ခြင်း၊ မနှစ်မြိုဖွယ် လွှမ်းမိုးခြင်းမဟုတ်ဘဲ မေတ္တာဖြင့် လွှမ်းမိုး ခေါင်းဆောင်ခြင်း၊ နှစ်လိုဖွယ်လွှမ်းမိုးခြင်း ဖြစ်သည်။

(၄) ခေါင်းဆောင်မှုသည် အခြားသူများအား စွမ်းရည်တိုးတက်စေခြင်းဖြစ်သည်။

ခေါင်းဆောင်မှုသည် မိမိ၏ လုပ်ဖော်ကိုင်ဖက်များ၊ မိမိဦးဆောင်နေရသောသူများနှင့် အခြားသူ များအား အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှု၊ အရည်အသွေး၊ လုပ်နိုင်စွမ်း၊ တာဝန်ယူစိတ်၊ စွမ်းရည်အစရှိသော အရာများအပြင် မိမိကိုယ်မိမိ နားလည်ခြင်းကို အဖက်ဖက်မှ တိုးတက်အောင် အမြင်ဖွင့်ပေးသူ၊ စွမ်းဆောင်ပေးနိုင်သူ ဖြစ်ရမည်။ အတူတကွ ပူးပေါင်း လုပ်ဆောင်မှု၌ပိုမိုထိရောက် လာမည် ဖြစ်သကဲ့သို လုပ်ငန်းခွင်၌ ပျော်မွေ့လျက် ထိရောက်သော အောင်မြင်မှုကို ဖော်ဆောင်နိုင် မည်ဖြစ်သည်။ အခြားသောသူများ၏ မျက်စေ့ကိုပိတ်ထားသော သူသည် မိမိကိုယ်တိုင်လည်း မမြင်ရသောသူဖြစ်သည်။ အောင်မြင်တိုးတက်ခြင်းနှင့် အနာဂတ်ကို လျစ်လျူရှုခြင်းလည်းဖြစ်သည်။

(၅) ခေါင်းဆောင်မှုသည် ကိုယ်တိုင် စိတ်နှလုံးပါလျက်စွန့်စားလုပ်ဆောင်ခြင်း ဖြစ်သည်။

ခေါင်းဆောင်မှု အခန်းကဏ္ဍတွင် ခက်ခဲလျက် အန္တရာယ်ရှိသောအချိန်များ၌ပင် မားမားမတ်မတ် ရပ်တည်လျက် အန္တရာယ်ရှိနိုင်သော်လည်း တာဝန်ယူရဲသူ၊ စွန့်စားလုပ်ဆောင်သူ (Risk)၊ လုပ်ဆောင်ရဲ သူဖြစ်သည်။

(၆) ခေါင်းဆောင်မှုဆိုသည်မှာ အခြားသူများ လက်လျှော့သည့် အခြေအနေ၌ အခွင့်အလမ်းကို မြင်တတ်သူဖြစ်သည်။

ခေါင်းဆောင်များတို့တွင် အခက်အခဲ၊ အကြပ်အတည်း ပဋိပက္ခတို့နှင့် ရင်ဆိုင်ကြုံတွေ့လာ ရသောအခါ လက်လျှော့သွားတတ်သူများစွာရှိပါသည်။ မည်သူမျှ ပဋိပက္ခများ အကြပ်အတည်းများနှင့် မလွတ်ကင်းနိုင်ပါ။ ဤအရာများသည်လည်း ခေါင်းဆောင်မှုကို စိန်ခေါ်သောအရာများဖြစ်ပါသည်။ စစ်မှန်သော ခေါင်းဆောင်တို့သည် အခက်အခဲအကြပ်အတည်းတို့၏ သဘောသဘာဝကို နားလည်သူများဖြစ်ပြီး၊ထိုအခြေအနေမျိုး၌ အခွင့်အလမ်းကို မြင်တတ်အသုံးချတတ်သူဖြစ်သည်။ အခက်အခဲ အကြပ်အတည်းကြားတွင် မားမားမတ်မတ် ရပ်တည်လျက် ရင်ဆိုင်ရဲသောသူများဖြစ်ပြီး ခေါင်းဆောင်မှု အရည်အသွေးနှင့် လျော်ညီစွာ သတ္တိရှိရှိ၊ ရဲရဲဝံ့ဝံ့ လုပ်ဆောင်တတ်ကြပါသည်။

(၇) ခေါင်းဆောင်မှုဆိုသည်မှာ ပွင့်လင်းသောစိတ်၊ ပွင့်လင်းသောနှလုံးသားဖြစ်သည်။

ခေါင်းဆောင်မှု၏ ပွင့်လင်းသောစိတ်၊ ပွင့်လင်းသော နှလုံးသားသည် ရိုးသားမှု၊ သစ္စာရှိမှု၊ တရားမျှတမှု၊ ချစ်ခြင်းမေတ္တာနှင့် တစ်ဖက်သားအပေါ် တန်ဖိုးထားမှုများကို ဖော်ဆောင်ခြင်း ဖြစ်သည်။ မိမိ၏ပြောဆိုပြုမူ နေထိုင်လုပ်ကိုင်ခြင်းနှင့် ကျဉ်းမြောင်းသော စိတ်နေသဘောများအားဖြင့် အခြားသူ အား မထိခိုက်စေသောသူဖြစ်သည်။မသမာမှု၊ မရိုးသားမှုများကို ဆန့်ကျင်ခြင်းလည်းဖြစ်သည်။ အခက်အခဲနှင့် ရင်ဆိုင်ရသောအခါမျိုးတွင် ခေါင်းဆောင်၏ ပွင့်လင်းရိုးသား၍ မှန်ကန်သော ပြောဆို ပြုမူချက်နှင့် ဟန်ပန်များဖြင့် နောက်လိုက်များအား စိတ်ဓာတ်အင်အားကို တက်ကြွစေပါသည်။ သို့သော် အထိန်းအချုပ်မရှိ ပြောဆိုခြင်းကို အထူးသတိပြုရမည်ဖြစ်သည်။

၈) ခေါင်းဆောင်မှုဆိုသည်မှာ အိပ်မက်ကိုအစစ်အမှန်ဖြစ်စေခြင်းဖြစ်သည်။

ပန်းတိုင်များကို “လမ်းလျှောက်နေသော အိပ်မက်များ”ဟု ခေါ်ကြပါသည်။ ခေါင်းဆောင်သည် ရူပါရုံရှိသူဖြစ်ကြောင်း တွေ့ရှိနိုင်သော်လည်း ထိုအခြေအနေထက် ပိုမိုရှိရန် လိုအပ်ပါသည်။ ဆိုလိုသည်မှာ ရူပါရုံရှိသည်သာမက ထိုရူပါရုံမှတစ်ဆင့် တိကျသော ရေတို၊ ရေရှည်ပန်းတိုင်များကို ချမှတ်ရမည်ဖြစ်သည်။ အဖွဲ့အစည်းများက သဘောတူလက်ခံသော ပန်းတိုင်များကို ချမှတ်နိုင်ခြင်းဖြင့် မိမိလူတို့အား စည်းလုံးစေခြင်း၊ စိတ်ဓာတ်တက်ကြွစေခြင်းနှင့် မိမိတို၏ စွမ်းရည်အားမာန်တို့ကို အာရုံစိုက်စေပါသည်။ ပြည့်ဝသော ခေါင်းဆောင်များသည် ထိုပန်းတိုင်များသို့ မိမိ၏ လူများနှင့်အတူ ရောက်ရှိအောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်သော ဦးဆောင်မှုကို ပေးနိုင်သည့်သူများဖြစ်ကြသည်။

(၉) ခေါင်းဆောင်မှုဆိုသည်မှာ မေတ္တာဖြင့် အခြားသူများနှင့် ထူးခြားစွာ လုပ်ဆောင်ခြင်း ဖြစ်သည်။

ဤအချက်နှင့် ပတ်သက်လျှင် သမ္မာကျမ်းမှ မောရှေသည် နမူနာကောင်း ဖြစ်ခဲ့ပါသည်။ သူသည် မြည်တွန်တောက်တီးနေသူများ၊ ပုန်ကန်တတ်သူများ၊ အမှားအမျိုးမျိုး ကျူးလွန်နေ သောသူများအား သဲကန္တာရလမ်းတစ်လျှောက် ဖခင်က သားငယ်လေးအား ပြုစုရင်းထမ်းပိုးသွား သကဲ့သို ဦးဆောင်ခဲ့သူဖြစ်သည်။ ဤကဲ့သို မေတ္တာ ကရုဏာနှင့် လူများအား ဦးဆောင်နိုင်ခြင်းဖြင့် လူအများထံမှလည်း မေတ္တာဖြင့် တုံပြန်ခြင်းကို ရရှိပါသည်။ ထိုကဲ့သိုသော ခေါင်းဆောင်များ၌ ဂရုပြုခြင်း (သို) ဂရုစိုက်ခြင်း၊ အချင်းချင်းစာနာခြင်း၊ သနား ကြင်နာခြင်း၊ ကိုယ်ကျိုးမဖက်သော ပေါင်းသင်းဆက်ဆံမှု၊ ကိုယ်ချင်းစာတရားများ၊ ရက်ရောခြင်းနှင့် ခွင့်လွှတ်တတ်ခြင်းများရှိလျက် အများအကျိုးအတွက် အနစ်နာခံ၍ ထူးခြားစွာ လုပ်ဆောင်တတ်ကြသည်။

 

၃။ ခရစ်ယာန်ခေါင်းဆောင် (Christian Leader)။

(၁) လူမှုအသိုင်းအဝန်းမှ ခရစ်ယာန်ခေါင်းဆောင်များ

(Community Christian Leader)

ခရစ်ယာန်ခေါင်းဆောင်သည် လူတိုအတွက် ဘုရားသခင်၏ အလိုတော်နှင့် အကြံအစည် တော်များ ပြည့်စုံလာစေဖိုအတွက် ဦးဆောင်နိုင်ရန် ဘုရားသခင် အပ်နှံထားသော စွမ်းရည်နှင့် တာဝန်များ ရှိထားသူဖြစ်သည်ဟု John Robert Clinton က ဖော်ပြသည်။ အိန္ဒိယနိုင်ငံမှ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သော P. T. Chandapilla က ခရစ်ယာန်ခေါင်းဆောင်သည် ဘုရားသခင် နိုင်ငံတော်အတွက် အလုပ်လုပ်သောသူဖြစ်ပြီး လူသားနှင့် ဘုရားသခင်၏ဂုဏ်အင်္ဂါများ လွှမ်းမိုးပေါင်းစပ်လျက် အခြားသူများအား ကောင်းချီးမင်္ဂလာရရှိစေသူ ဖြစ်သည်ဟု ဆိုပါသည်။ ၎င်းတိုအား ဘုရားသခင် ရွေးကောက်ခြင်းဖြစ်ပြီး အရေးကြီးဆုံးမှာ ဝိညာဉ်ရေးရာ ရင့်ကျက် ပြည့်ဝခြင်းဖြစ်သည်။ ခရစ်ယာန်ခေါင်းဆောင်များအတွက် အရေးကြီးသော စိတ်နေသဘောထား ခံယူချက်မှာ၊

၁) မိမိလုပ်ဆောင်ရမည့် တာဝန်များကို မိမိကိုယ်ကိုယ် ဆက်ကပ်လျက် စိတ်နှလုံး (Heart) ပါလျက် လုပ်ဆောင်ပါ။ ဘုရားသခင်မလုပ်နိုင်သည့်အရာ မရှိပါ။

၂) မိမိစိတ် (Mind) ဖြင့် တွေးတောဆင်ခြင်နိုင်သမျှ ဆင်ခြင်သုံးသပ်လျက် အကောင်းဆုံးသော အကြံဉာဏ်များကို အသုံးပြုပါ။ စာများများဖတ်လျက် မိမိအသိပညာကို တိုးတက်စေပါ။ စာဖတ်ခြင်း သည် ခေါင်းဆောင်များအတွက် ကြီးမားသော ထောက်အပံ့ကို ဖြစ်စေပါသည်။ အသက်ကြီးဝါရင့်သော ခေါင်းဆောင်များထံမှလည်း နည်းခံယူပါ။

၃) မိမိခွန်အား (Strength) ရှိသမျှ စိုက်ထုတ်လျက် စိတ်အားထက်သန်စွာ ကြိုးစားလုပ်ဆောင် ရမည် ဖြစ်သည်။ ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေသော ခေါင်းဆောင်သည် မိမိဘဝ၌အမြင့် ဆုံးသော အောင်မြင်မှုကို ရရှိသူဖြစ်သည်။

(၂) ၂၁ရာစုမှလိုအပ်နေသောခေါင်းဆောင်။

၁) ရူပါရုံရှိရမည်။

၂) တက်ကြွရွှင်လန်းသော လုပ်ဆောင်မှုရှိရမည်။

၃) အဆုံးပန်းတိုင်ကို ရှင်းလင်းစွာ စိတ်ထဲထားလျက် အစပြုတတ်ရမည်။

၄) အရေးကြီးသောအရာကို ဦးစားပေး လုပ်ဆောင်တတ်ရမည်။

၅) နှစ်ဦးနှစ်ဖက် အောင်မြင်မှုကို ရှေးရှုသူဖြစ်ရမည်။

၆) အခြားသူကို နားလည်အောင် အရင်ကြိုးစားသူဖြစ်ရမည်။

၇) ခေါင်းဆောင်မှု အရည်အသွေးကို ဖွံဖြိုးအောင် အစဉ်လုပ်ဆောင်သူ။

၈) အုပ်စုဖွဲ့ခြယ်လှယ်ခြင်းမဟုတ်၊ အပြန်အလှန် ထိန်းကြောင်းခြင်းဖြင့် ဦးဆောင်တတ်သူ။

၉) ကိုယ်ကျိုးမဖက် အစေခံခြင်းဖြင့် ဦးဆောင်သူ။

၁၀) Top-down Leadership ပုံစံဖြင့် ဦးဆောင်သူမဟုတ်ဘဲ Round-Table Leadership ပုံစံဖြင့် ဦးဆောင်သောသူ ဖြစ်ရမည်။

ခေါင်းဆောင်သည် အခွင့်အာဏာ အပ်နှံခြင်းခံရသူဖြစ်ပါသည်။ သို့သော် ဤအခွင့်အာဏာ သည် အခြားသူများအတွက်ဖြစ်ပြီး မိမိအတွက်မဟုတ်ပါ။ ထိုကြောင့် ပေးအပ်ထားသော အခွင့်အာ ဏာကို မှန်ကန်စွာ အသုံးပြုနိုင်စွမ်းရှိရမည်။ Top down Leadership ပုံစံသည် အာဏာရှင်ဆန်ဆန်နှင့် အထက်အောက် အမိန့်ပေးလျက် မိမိဆန္ဒအတိုင်း စေခိုင်းခြင်းမျိုးဖြစ်ပြီး ပေးအပ်ထားသော တာဝန်ကို မထီမဲ့မြင်ပြုခြင်းဖြစ်ပါသည်။ မိမိလုပ်ဖော်ဆောင်ဖက်၏ အတွေးအခေါ် အယူအဆနှင့် အရည်အသွေးများကိုတန်ဖိုးမထားခြင်းလည်းဖြစ်သည်။ စစ်မှန်သော တန်ခိုးအာဏာဟူသည်မှာ အများ၏အကျိုးကို ရှေးရှု၍ အားလုံး၏ ကောင်းကျိုးအတွက် သယ်ပိုးရွက်ဆောင်ပေးနိုင်သော စွမ်းအင်စေတနာသာလျှင်ဖြစ်သည်။ Round Table Leadership ပုံစံသည် လုပ်ဖော်ဆောင်ဖက်များ၏ အကြံပြုဆွေးနွေးခြင်းများ၊ ၎င်းတို့အရည်အသွေးများနှင့် ပူးပေါင်းပါဝင်မှုကို တန်ဖိုးထားလျက် အများ

သဘော တူညီမှုဖြင့် အတူတကွ လုပ်ဆောင်ခြင်း ဖြစ်သည်။ အမျိုးသမီး၊ အမျိုးသား ခွဲခြားမှုမရှိဘဲ အမှန်တကယ် အရည်အချင်းရှိသူကို တန်ဖိုးထားလျက် ဦးဆောင်စေခြင်း၊ လုပ်ငန်းများဆောင်ရွက်ခြင်း ဖြစ်သည်။

(၃) အသင်းတော် ခေါင်းဆောင်(သို့)အမှုတော်ဆောင်။

ခရစ်ယာန်သာသနာ ခေါင်းဆောင်များကို ဝိညာဉ်ရေးရာ ခေါင်းဆောင်ဟု ယေဘုယျ နားလည်ကြပါသည်။ ဝိညာဉ်ရေးရာ ခေါင်းဆောင်ဆိုသည်မှာ ဘုရားသခင်၏ ရွေးကောက်ခြင်းအားဖြင့် သီးသန့် တာဝန်ပေးခြင်းခံရပြီး ယုံကြည်သူများသာမက လူသားအားလုံးကိုပင်လျှင် ဦးဆောင်ဦးရွက် ပြုနိုင်လျက်ဘုရားသခင်၏ အလိုတော်နှင့် ရည်မှန်းချက်ကို ပြည်စုံစေသောသူဖြစ်သည်။ ထိုကြောင့် ဝိညာဉ်ရေးရာခေါင်းဆောင်သည် ရွေးကောက်ခံရသောသူများ၊ ခန့်အပ်ခံရသောသူများဖြစ်ပြီး၊ အသင်းတော် (သို့မဟုတ်) အသင်းအဖွဲ၏ တာဝန်ပေးမှုဖြင့် ခေါင်းဆောင်ဖြစ်လာသည် မဟုတ်ပါ။ ဘုရားသခင်အားဖြင့်သာလျှင် ဖြစ်သည်။ တစ်စုံတစ်ဦးသည် လုပ်ငန်းတာဝန်များအတွက် ရာထူး နေရာများကိုရယူပြီး လုပ်ဆောင်ခြင်း၊ ခေါင်းဆောင်မှုဆိုင်ရာ ပညာရပ်များကို ဆည်းပူးလေ့လာခြင်း ဖြင့် အလိုအလျောက် ဝိညာဉ်ရေးရာ ခေါင်းဆောင်ဖြစ်မလာပါ။ ဝိညာဉ်ရေးရာ ခေါင်းဆောင်မှုအတွက် လိုအပ်သော အရည်အချင်းများ ပြည့်စုံရပါမည်။ အခွင့်အာဏာရှိသော ခေါင်းဆောင်သည် နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားကို ဦးစွာအချိန်ယူရှာဖိုရန် မိမိကိုယ်ကို ဆက်ကပ်လျက် အသက်ရှင်သောသူများဖြစ်ကြသည်။ ထိုပုဂ္ဂိုလ်သည် ရင့်ကျက်လာသောအခါ ဘုရားသခင်သည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ခေါင်းဆောင်မှုနေရာ၌ ခန့်အပ်ပါသည်။ ဘုရားသခင်သည် ခေါင်းဆောင်ဖို့ရန်အရည်အချင်းနှင့် ပြည့်မီသောသူကိုတွေ့ရသည့်အခါ ဘိသိက်ပေးလျက် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် အမှုတော်ဆောင်ဖို့ရန် အထူးတာဝန်ကို ပေးအပ်ခြင်းဖြစ်သည် (တ ၉း၁၇၊ ၂၂-၂၁)။ ထိုသူသည် အစေခံခေါင်းဆောင်၊ ဘုရားသခင် နိုင်ငံတော်အတွက် အလုပ်သမားပင် ဖြစ်သည်။ ခေါင်းဆောင်တို့ သတိထားရမည့်အချက်မှာ ငါမရှိလျှင် ဒုက္ခရောက်မည်၊ ငါ့တန်ဖိုး သိမည် ဟူသော စိတ်သဘောမျိုးမထားသင့်ဘဲ ငါမရှိသော်လည်း ပိုမိုတိုးတက်လာရမည် ဆိုသော စိတ်သဘော မျိုးထားရမည်ဖြစ်သည်။

Blackaby က “ဝိညာဉ်ရေးရာ ခေါင်းဆောင်ဆိုသည်မှာ ဘုရားသခင်ကိုသိသော ခရစ်ယာန် ယုံကြည်သူခေါင်းဆောင်၊ ခရစ်ယာန်တို့၏ ဘဝအသက်တာကို မည်ကဲ့သို ဦးဆောင် ဦးရွက်ပြုရမည်ကို သိသောသူဖြစ်ပြီး၊ ဘုရားသခင်၏ လူအားလုံး၌ ကိုယ်တော်၏ အကြံအစည်တော် ပြည့်စုံဖိုရန် ခရစ်တော်၏လမ်းနှင့် အလိုတော်အတိုင်း ဦးဆောင်သောသူဖြစ်သည်” ဟု ဖော်ပြပါသည်။ George Barna ကဝိညာဉ်ရေးရာ ခေါင်းဆောင်ဆိုသည်မှာ ခေါင်းဆောင်မှု ဦးစီးဦးဆောင်မှုပြုရန် ဘုရားသခင်၏ ခေါ်ယူခြင်းကိုခံရသော ခရစ်ယာန်ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ခရစ်တော်နည်းတူ ကောင်းသော ကိုယ့်ကျင့်တရားနှင့် ခေါင်းဆောင်သောသူဖြစ်သည်။ ၎င်းခေါင်းဆောင်မှုဖြင့် အောင်မြင် ခြင်းနှင့် ဖွံဖြိုးတိုးတက်ခြင်းကို ဖြစ်စေသည်။ ထိုကြောင့် စစ်မှန်သော ဝိညာဉ်ရေးရာခေါင်းဆောင်၊ စိတ်ချရသောခေါင်းဆောင်ဆိုသည်မှာ ခေါင်းဆောင်ရန် ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သန့်ရှင်းသောဝိညာဉ်တော်၏ နှိးဆော်မှုနှင့် အခြေအနေ၏ တောင်းဆိုမှုကြောင့် ထိုနေရာသို့ ရောက်ရှိ လာသောသူဖြစ်သည်။ ၂၁ ရာစုအသင်းတော်၊ သာသနာမှာ လိုအပ်နေသော ခေါင်းဆောင်များမှာ-

၁) ခေတ်မီ ဓမ္မအတွေးအခေါ်များနှင့် သမ္မာကျမ်းစာဆိုင်ရာ ပညာရပ်များတတ်ကျွမ်းသောသူ။

၂) ဝိဇ္ဇာ၊ သိပ္ပံပညာရပ်တွေအပြင် လူမှုရေးနှင့် ပတ်သက်သော ပညာရပ်များကို သိထားသောသူ။

၃) ကြင်နာသနားတတ်၍ ယနေ့ခေတ်၏ ဖိစီးမှုများကို သိနားလည်သဘောပေါက်ပြီး သူတစ်ပါးကို ဂရုပြုလမ်းညွှန်နိုင်သူ။

၄) အတွေးအမြင်သစ်များကိုတစ်ဖက်သတ် အပြစ်မြင်ခြင်းမျိုးသာ မဟုတ်ဘဲ ညှိနှိင်းဖြေရှင်းပေးနိုင်သူ။

၅) ဟောပြောခြင်းနှင့် စကားပြောခြင်း အတတ်ကျွမ်းကျင်သူ။

၆) ခရစ်ယာန်ဓမ္မပညာကို စာတွေ့လက်တွေ့တတ်ကျွမ်းနားလည်သူ။

၇) စီမံအုပ်ချုပ်တတ်၍ အကြံပေးလမ်းညွှန်နိုင်သူ။

၈) ရူပါရုံများဖြင့် တီထွင်ဖန်တီးနိုင်သူ။

၉) တစ်ဦးတည်းမဟုတ်ဘဲ အဖွဲအစည်းနှင့် စုပေါင်းလုပ်ဆောင်တတ်သူ။

၁၀) သူတစ်ပါးကို ချစ်ခင်တတ်သူနှင့် နှစ်လိုဖွယ်ကောင်းသူ။

အထက်ပါ အဓိပ္ပာယ်ဖွင့်ဆိုချက်များကို လေ့လာခြင်းဖြင့် ခရစ်ယာန်ခေါင်းဆောင်တို့သည် အသင်းတော်ပြင်ပ (Secular World) ဖြစ်စေ၊ ခရစ်ယာန်သာသနာ (Christian Ministry) တွင်းမှာဖြစ်စေ၊ ကောင်းကင်နိုင်ငံတော်၏ အလုပ်သမားများ (The worker of Heaven) ဖြစ်ကြပြီး ဘုရားသခင် ရွေးကောက်ခန့်ထားသူများဖြစ်သောကြောင့် လောက၏အလင်း၊ လောက၏ဆားများ ကဲ့သို အဆုံးတိုင်အောင် သစ္စာရှိစွာ အစေခံကြရမည်ဖြစ်သည်။ ။

 

အခန်း  ၂

သမ္မာကျမ်းစာမှ ဖော်ပြသော ခရစ်ယာန်ခေါင်းဆောင်မှု

BIBLICAL CONCEPT OF CHRISTIAN LEADERSHIP

သမ္မာကျမ်းစာမှ ဖော်ပြသော ခေါင်းဆောင်မှုဖြစ်စဉ်တွင် ခေါင်းဆောင်သူ၊ အဖွဲသားများ၊ ရည်မှန်းချက်ပန်းတိုင်နှင့် နည်းဗျူဟာဟူ၍ အဓိကအချက် (၄) ချက် ပါဝင်ပါသည်။ ကမ္ဘာဦးကျမ်းမှ ဖန်ဆင်းခြင်း ဖြစ်စဉ်တွင် ခေါင်းဆောင်မှု အခြေခံသဘောတရားကို တွေ့နိုင်ပါသည်။ ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းပြီးနောက် ဘုရားရှင်က “ငါတို့ပုံသဏ္ဌာန်နှင့်ညီသော လူကို ဖန်ဆင်းကြစို။ သူသည် ပင်လယ်ငါး၊ မိုးကောင်းကင်ငှက်၊ မြေတစ်ပြင်လုံးရှိ တိရိစ္ဆာန်များကို အုပ်စိုးစေ”(က ၂၄း ၂၈) ဟု မိန့်တော်မူခဲ့သည်။ ခေါင်းဆောင်ဖြစ်သူ ဘုရားသခင်က အဖွဲသားများ (ကောင်းကင် သားနှင့် လူသား)တို့အား ရည်ရွယ်ချက်ပန်းတိုင် (ကောင်းမြတ်ခြင်း၊ အစီအစဉ်တကျရှိခြင်း) နှင့် နည်းဗျူဟာ (ထိန်းသိမ်းစောင့်ရှောက်စေခြင်း၊ ပွားများစေခြင်း)တိုကို ဖော်ပြခဲ့သည်။ ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းနှစ်ခုစလုံးတွင် ထိရောက်သော ခေါင်းဆောင်မှု သဘောတရားများကို ဖော်ပြထား ပါသည်။

 

၁။ ဓမ္မဟောင်းကျမ်းမှဖော်ပြချက်။

ဓမ္မဟောင်းကျမ်းတွင် ဘုရားသခင်သည် ခေါင်းဆောင်များကို ရွေးချယ်ခန့်အပ်၍ လူမျိုးတော် တို့အား ဦးဆောင်စေခဲ့သည်။ ပရောဖက်၊ ယဇ်ပုရောဟိတ်၊ တရားသူကြီးများနှင့် ရှင်ဘုရင်တို့သည် ဣသရေလလူမျိုးတို့အား ဦးဆောင်ရန် ဘုရားသခင် ခန့်ထားသော ခေါင်းဆောင်များ ဖြစ်ပါသည်။

(၁) ပရောဖက်နှင့် ယဇ်ပုရောဟိတ်များ (Prophets and Priests)။

ပရောဖက်ဟူသော ဝေါဟာရသည် ဟေဗြဲစကား နဗ်ဘိ (Nabbi) မှဆင်းသက်လာ၍ ဘုရား၏ကိုယ်စား ပြောဆိုသူ၊ အခွင့်အာဏာ ပေးအပ်ခံရသော တမန်တော်ဟု အဓိပ္ပာယ်ရပါသည်။ ပရောဖက်တို့သည် ထာဝရဘုရားနှင့် အစဉ်ဆက်သွယ် မိတ်သဟာယဖွဲ့၍ ဘုရားရှင်ပြောစေ လိုသောအရာများကို လူထုအား ဖွင့်ဟပြောဆိုသော ခေါင်းဆောင်များ ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ကိုယ်စား လူတို့၏အနာဂတ်ကို ကြိုတင်သတိပေးခြင်း၊ ဘုရားအလိုတော်နှင့် ဆန့်ကျင်၍ ပြုမူ၊ အသက်ရှင်သူများကို ပြစ်တင်ဆုံးမခြင်း၊ အမှားပြုပြင်ပေးခြင်းကို လုပ်ဆောင်ကြသည်။ ၎င်းတို့သည် ဘာသာရေးနှင့် လူမှုရေးတွင် သာမက တစ်ခါတစ်ရံ နိုင်ငံရေးတွင်လည်း အစွမ်းထက်သော ခေါင်းဆောင်များ ဖြစ်ကြသည်။

ယဇ်ပုရောဟိတ်များသည် ထာဝရဘုရားအား ဝတ်ပြုကိုးကွယ်ခြင်း၊ ယဇ်ပူဇော်ခြင်း၊ ပညတ္တိကျမ်းများကို ဖတ်ရွတ်ခြင်း၊ ထိန်းသိမ်း စောင့်ရှောက်ခြင်း စသည့်လုပ်ငန်းများတွင် ဦးဆောင်ကြသည်။ ဣသရေလလူမျိုးတို့သည် ဝတ်ပြုကိုးကွယ်ခြင်း၊ ယဇ်ပူဇော်ခြင်းဖြင့် ဘုရားသခင် ထံ ချဉ်းကပ်ကြသည်။ ယဇ်ပူဇော်ခြင်းသည် ဘုရားနှင့် လူတို့အကြား အနှောင်အဖွဲ တစ်ခု ဖြစ်သည်။ မိတ်သဟာယယဇ်၊ အပြစ်ဖြေရာယဇ်စသည်တို့ကို ပူဇော်ရာတွင် ယဇ်ပုရောဟိတ်သည် လူတို့၏ ကိုယ်စား ဘုရားရှင်ထံ ချဉ်းကပ်၍ ဆုတောင်းပေးကြရသည်။ ၎င်းတို့သည် အာရုန်၏ အမျိုးအနွယ်မှ ဆင်းသက်လာ၍ ဘာသာရေးကိစ္စများတွင် ဦးဆောင်ရန် သီးသန့်ရွေးချယ် ခန့်အပ်ထားခြင်းခံရသော ခေါင်းဆောင်များ ဖြစ်သည်။

(၂) တရားသူကြီးများ (Judges)။

တရားသူကြီးတို့သည် ရှင်ဘုရင်ခေတ်မတိုင်မီ ကာလတွင် ဣသရေလလူမျိုးတို့ကို တခြားသော လူမျိုးများ၏ တိုက်ခိုက်သိမ်းပိုက်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း ဘေးမှလွတ်မြောက်ရန်အတွက် ဦးဆောင်၍ တိုက်ခိုက်တွန်းလှန်ပေးသော ခေါင်းဆောင်များ ဖြစ်ပါသည်။ ဣသရေလ လူမျိုးတို့သည် ထာဝရဘုရားကို မေ့လျော့၍ ရုပ်တုဆင်းတု ကိုးကွယ်ခြင်းနောက်သို့ လိုက်ပါသွားကြသည်။ ထိုအခါ ဘုရားသခင်သည် အိမ်နီးချင်းနိုင်ငံများက ဣသရေလလူမျိုးတို့အား ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်စေ ခြင်းဖြင့် ပြစ်ဒဏ်ခတ်ခဲ့ပါသည်။ ဣသရေလလူမျိုးတို့သည် ရန်သူတို၏ ညှဉ်းပန်းနှိပ်စက်မှုအောက်မှ လွတ်မြောက်ရန် ထာဝရဘုရားအား အော်ဟစ် အကူအညီတောင်းကြသည်။ ထိုကြောင့် ထာဝရဘုရား သည် တရားသူကြီးများ၏ ဦးဆောင်မှုဖြင့် စစ်ပွဲကို အောင်မြင်ခွင့်ပေးခဲ့သည်။ တရားသူကြီးများသည် သာမန်ပုဂ္ဂိုလ်များသာ ဖြစ်သည်။ သိုရာတွင် ဘုရားသခင်၏ ရွေးကောက်ခေါ်ယူခြင်းကို ခံရသောအခါ ဘုရားသခင်၏ တန်ခိုးအားဖြင့် ရန်သူများကို အောင်နိုင်ခဲ့ပါသည်။ ၎င်းတို့သည် ယုံကြည်ခြင်း အားကြီးသူများ၊ ဘုရားရှင်၏အမိန့်တော်ကို နာခံလိုက်လျှောက်ကြသူများ ဖြစ်ပါသည်။ ဤတရား သူကြီးများထဲမှ ထူးခြားသော အမျိုးသမီးတရားသူကြီးဒေဗောရ၏ ဦးဆောင်မှုကို အနည်းငယ် ဖော်ပြလိုပါသည်။

၁) ဒေဗောရ၏ ဦးဆောင်မှု။

ဒေဗောရသည် တရားသူကြီးများခေတ်တွင် ထင်ရှားသော အမျိုးသမီးခေါင်းဆောင် တစ်ဦး ဖြစ်သည်။ ၎င်းသည် ရာမမြိုနှင့်ဗေသလ မြို့စပ်ကြားတွင် နေထိုင်၍ ဣသရေလလူမျိုးတို၏ အမှုအခင်းများကို စီရင်ဆုံးဖြတ်ပေးသော ပရောဖက်မတစ်ဦးဖြစ်သည်။ ထိုအချိန်ကာလ၌ ခါနာန်ရှင်ဘုရင်ယာဘိန်၏ ဗိုလ်ချုပ်မင်းသိသရသည် ဣသရေလလူမျိုးတို့ကို မတရားညှဉ်းပန်း နှိပ်စက်အနိုင်ယူလျက်ရှိသည်။ ထိုရန်သူများကို နှိမ်နှင်းတိုက်ခိုက်ရန် အတွက် ဒေဗောရသည် ကာဒေရုမြို့မှာနေသော အဘိနောင်၏သားဗာရက်ကို ခေါ်ပြီးလျှင် တပ်သားများကို စုဆောင်းစေခဲ့ သည်။ ဗိုလ်ချုပ်ဗာရက်နှင့်အတူ ဣသရေလတပ်များကို တာဗော်တောင်သို ခေါ်ဆောင်ကာ သိသရ၏ စစ်မြင်း ရထားတပ်များကို ကိရွန်မြစ်လွင်ပြင်သို ဖြားယောင်းရန် ရည်ရွယ်ခဲ့သည် (သူကြီး ၄၆-၁၀)။ ပရောဖက်အသိဉာဏ်အရ စစ်ပွဲ၏ အခြေအနေကို ဒေဗောရကြိုသိမြင်ခဲ့သည်။ ပြင်းထန်သော မုန်တိုင်းကျရောက်ပြီး မြစ်ရေလျှံတက်ကာ သိသရစစ်မြင်းရထားများ နွံ၌နစ်နေချိန်တွင် ဣသရေလ တပ်များက ဝင်ရောက်တိုက်ခိုက်ပြီး ကြီးစွာသောအောင်မြင်မှုရခဲ့ကြသည်။ ဤနည်းဖြင့် ဒေဗောရသည် ဣသရေလလူမျိုးတို့အား လာရောက်အုပ်စိုး၍ ညှဉ်းပန်း နှိပ်စက်ကြသော ရန်သူများကို ကိုယ်တိုင် ဦးဆောင်၍ တိုက်ခိုက်နှိမ်နင်းပေးခဲ့ပါသည်။

(၃) ရှင်ဘုရင်များ (Kings)။

ဓမ္မဟောင်းကာလတွင် ရှင်ဘုရင်များသည် လူမျိုးတော်တို့ကိုဦးဆောင်ရန်အတွက် ရွေးချယ်ခန့်အပ်ခြင်း ခံရသော ခေါင်းဆောင်များဖြစ်သည်။ ပထမဦးဆုံး ရှင်ဘုရင်များ ဖြစ်ကြသော ရှောလုမင်းနှင့် ဒါဝိဒ်မင်းတို့ကို ဘုရားသခင်၏ လမ်းညွှန်မှုဖြင့် ယဇ်ပုရောဟိတ် ကိုယ်တိုင်ဘိသိက် ကောင်းချီးပေး၍ ရွေးချယ်ခန့်အပ်ခဲ့ပါသည်။ အခြားအိမ်နီးချင်းနိုင်ငံများမှ ဘုရင်များနှင့် မတူဘဲ ဣသရေလ ရှင်ဘုရင်များသည် ထာဝရဘုရားကို ယုံကြည်ကိုးစား၍ ထိုဘုရားရှင်ပေးထားသော ပညတ္တိကျမ်းများနှင့်အညီ တိုင်းပြည်ကို ဦးဆောင်ကြသည်။ အကယ်၍ ရှင်ဘုရင်သည် ထာဝရဘုရားကို မေ့လျော့၍ ရုပ်တုဆင်းတုကို ကိုးကွယ်ခြင်း၊ ဘုရား၏အလိုတော်နှင့် ဆန့်ကျင်သော အရာများကို ပြုမူပါကပရောဖက်၏ ဝေဖန်ပြစ်တင်ဆုံးမခြင်းကို ခံရမည် ဖြစ်သည် (၁ရာ ၁၂း၁၃-၁၅၊ ၃ရာ ၂၁း၁၇-၂၂)။ အမှန်စင်စစ် ဘုရားသခင်သည် ဣသရေလတို၏ ခေါင်းဆောင် ဖြစ်သည်။ ရှင်ဘုရင်သည် ဘုရားသခင်၏ကိုယ်စား လူမျိုးတော်ကို ဦးဆောင်ရသူ ဖြစ်သည်။ ဘုရားရှင်၏ အလိုတော်နှင့်အညီ အုပ်စိုးမှသာလျှင် လူမျိုးတော်အား ခေါင်းဆောင်ရအခွင့်ကိုရရှိမည် ဖြစ်သည်။

၁) ဒါဝိဒ်၏ ခေါင်းဆောင်မှု။

ဒါဝိဒ်သည် ယုဒအမျိုးမှ ဆင်းသက်သော ဗက်လင်မြိုသား ယေရှဲ၏အငယ်ဆုံးသားဖြစ်သည်။ ဒါဝိဒ်သည် ငယ်စဉ်ကတည်းက ထာဝရဘုရားနှင့် ရင်းနှီးကျွမ်းဝင်စွာ အသက်ရှင်သူဖြစ်သည်။ ရှောလုမင်းသည် ထာဝရဘုရား၏ စကားကို နားမထောင်သောကြောင့် ဘုရားသခင်သည် ပရောဖက်ရှမွေလအား လူငယ်ဖြစ်သူ ဒါဝိဒ်ထံသို စေလွှတ်၍ ရှောလု၏နောက်တွင် နန်းတက်မည့် ဘုရင်အနေဖြင့် ကြိုတင်၍ ဘိသိက်ပေးစေခဲ့သည်။ ဒါဝိဒ်သည် ဣသရေလတို့၏ ရန်သူ ဖိလိတ္တိ စစ်ဗိုလ်ဂေါလျတ်ကို တစ်ဦးချင်း တိုက်ခိုက်အနိုင်ယူခဲ့သည်။ ထိုနောက် ဘုရင်ရှောလု၏ နန်းတွင်း အမှုထမ်းတစ်ယောက် ဖြစ်လာခဲ့သည်။

ဒါဝိဒ်သည် စာပေအရေးအသား၊ တေးဂီတနှင့် စစ်ရေးတိုက်ခိုက်မှုတိုတွင် ထူးချွန်ထက် မြက်သော ခေါင်းဆောင်တစ်ဦးဖြစ်သည်။ ရှောလုဘုရင်ထံ အမှုထမ်းစဉ် စစ်ပွဲများတွင် အောင်မြင်ခြင်းကြောင့် ရာထူးတိုးမြှင့်ခြင်းခံရသည်။ ၎င်း၏ အရည်အချင်းများကြောင့် ထင်ပေါ် ကျော်စော၍ လူချစ်လူခင်များလာခဲ့သည်။ သိုရာတွင် ရှင်ဘုရင်၏ မနာလိုမုန်းတီးမှုကိုခံရ၍ သတ်ဖြတ်ရန် ကြံစည်မှုကိုပင်ခံခဲ့ရသည်။

ဒါဝိဒ်သည် အသက်ဘေးမှ လွတ်မြောက်ရန်အတွက် ရှောလုထံမှ ထွက်ပြေး၍ ရာမမြို့တွင် ပရောဖက်ရှမွေလထံ ခေတ္တခိုလှုံခဲ့သည်(၁ရာ ၂၅း၂၃)။ နှစ်ပေါင်းများစွာ အခက်အခဲဒုက္ခနှင့် ဘေးအန္တရာယ်များ ကြုံတွေ့ရသောအခါ ဒါဝိဒ်သည် စိတ်ဓာတ်နှင့် ဝိညာဉ်ရေးတို့တွင် တဖြည်းဖြည်း ကြီးထွားရင့်ကျက်လာခဲ့သည်။ အထူးသဖြင့် ထာဝရဘုရားကိုယုံကြည်ကိုးစား၍ ဘုရား၏ ဦးဆောင်လမ်းညွှန်မှုအောက်တွင် အသက်ရှင်ခဲ့သည်။ ဤအချိန်ကာလတွင် ထာဝရဘုရား၏ ဘုန်းတော် နာမတော်တိုကို ချီးမွမ်းသော ဆာလံသီချင်းများကို ရေးသားစပ်ဆိုခဲ့သည်။ ရှောလုနှင့် ယောနသန် စစ်ပွဲ၌ ကျဆုံးသောအခါ ဒါဝိဒ်သည် ဣသရေလတိုင်းပြည်၏ ရှင်ဘုရင်ဖြစ်လာခဲ့သည်။ ၎င်း၏ ဦးဆောင်မှ အောက်တွင် မြောက်ပိုင်းဣသရေလနှင့် တောင်ပိုင်းယုဒပြည်တို့ကို ပေါင်းစည်း၍ အင်အားတောင့်တင်းသော နိုင်ငံတော်ကြီးကို တည်ထောင်နိုင်ခဲ့သည်။ ၎င်း၏လက်ထက်တွင် အိမ်နီးချင်းနိုင်ငံများကိုပါ လွှမ်းမိုးသိမ်းပိုက်၍ အုပ်ချုပ်နိုင်ခဲ့သည်။ ထိုကြောင့် ဒါဝိဒ်သည် ဣသရေလ သမိုင်းတွင် အထင်ရှားဆုံး ခေါင်းဆောင်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။

၂။ ဓမ္မသစ်ကျမ်းမှဖော်ပြချက်။

ခေါင်းဆောင်မှုသည် လွှမ်းမိုးခြင်းဖြစ်သည်။ ထိရောက်သော ခေါင်းဆောင်သည် အဖွဲသားတို့အား ၎င်း၏ ဦးဆောင်မှုနောက်တွင် တက်ကြွစွာ ပါဝင်လုပ်ဆောင်လာစေရန် စနစ်တကျ လွှမ်းမိုးနိုင်သူ ဖြစ်သည်။ ဂျွန်အာ၊မော့(တ်) (John R. Mott) က “ခေါင်းဆောင် ကောင်းဆိုသည်မှာ မိမိတို့သွားရမည့် လမ်းကြောင်းကို တိကျရှင်းလင်းစွာ သိသူ၊ ထိုလမ်းကြောင်း အတိုင်း တည့်မတ်စွာသွားသူ၊ တခြားသူများကိုလည်း ၎င်း၏ နောက်သို လိုက်ပါလာနိုင်စေရန် စည်းရုံးဆွဲဆောင် နိုင်သူ ဖြစ်သည်ဟု ဖော်ပြပါသည်။ ယေရှုခရစ်တော်သည် ထိုကဲ့သိုသော ခေါင်းဆောင်တစ်ဦး ဖြစ်ပါသည်။

(၁) သခင်ယေရှု၏ ခေါင်းဆောင်မှု။

သခင်ယေရှုသည် ဘုရားသခင်၏ နိုင်ငံတော်ကျယ်ပြန့်စေရန်အတွက် တမန်တော်(၁၂)ပါးတို့ကို ရွေးချယ်၍ ခေါင်းဆောင်မှု သဘောတရားများကို အနီးကပ် သွန်သင်လမ်းပြခဲ့သည်။ ခရစ်ယာန်ခေါင်း ဆောင်သည် အခြားသူများအား အစေခံရမည်ဟူသော အစေခံ ခေါင်းဆောင်မှု သဘောတရားကို လက်တွေ့သွန်သင်ခဲ့ပါသည်။ သခင်ယေရှုက “သင်တို သိသည့်အတိုင်း လောကီမင်းတိုသည် အစိုးတရပြုတတ်ကြ၏။ အကဲအမှူးတိုသည် အာဏာထားတတ်ကြ၏။ သင်တို့မူကား ထို့သို မပြုကြနှင့်။ သင်တို့တွင် အကဲအမှူးပြုလိုသောသူသည် သင်တို့အစေခံ ဖြစ်ရမည်။ သင်တို့တွင် အထွဋ်အမြတ် လုပ်ချင်သောသူသည်လည်း အလုံးစုံတို့၏ စေခိုင်းရာကျွန် ဖြစ်ရမည်။”(မာ ၁၀း ၄၂-၄၄)ဟု မိန့်တော်မူခဲ့သည်။

တပည့်တော်များတိုသည် သခင်ယေရှုနှင့်အတူ နေထိုင်သွားလာလုပ်ကိုင်ခြင်းဖြင့် သခင်ယေရှုထံမှ အနီးကပ်သင်ယူခဲ့ပါသည်။ သခင်ယေရှု၏ ပြုမူလုပ်ဆောင်မှု၊ အသက်ရှင် နေထိုင်မှု ပုံစံကို လေ့လာကာခေါင်းဆောင်မှုပညာကို လက်တွေ့သင်ယူကြပါသည်။ ခေါင်းဆောင် အများစု တို့သည် တစ်ဦးတည်းစွန့်စား၍ လုပ်ကိုင်သူ ဖြစ်ချင်ကြသည်။ ခေါင်းဆောင်မှု အာဏာကို ဆုပ်ကိုင်ထားချင်ကြသည်။ ခေါင်းဆောင်နှင့် နောက်လိုက် အဖွဲသားများအကြား ကွာဟမှု (gap) ကို ဖြစ်စေပါသည်။ သခင်ယေရှုသည် တပည့်တော်တိုနှင့် ရင်းနှီးစွာ အတူတကွနေထိုင်၍ လုပ်ငန်း သဘောကို ကိုယ်တိုင် လက်တွေ့ လုပ်ကိုင်ပြသခဲ့ပါသည်။ သခင်ယေရှုသည် တပည့်တော်များ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်ကိုလည်း ပေးအပ်ခဲ့ပါသည်။“တစ်ကျိပ်နှစ်ပါးသော တပည့်တော်တိုကို စုဝေးစေတော်မူပြီးမှ နတ်ဆိုးအပေါင်းတို့ကိုနိုင်သော တန်ခိုးနှင့် အနာရောဂါကို ငြိမ်းစေခြင်းငှာ အခွင့်တန်ခိုးကို ပေးတော်မူ၏။ ဘုရားသခင်၏နိုင်ငံတော် အကြောင်းကို ဟောပြောစေခြင်းငှာ လည်းကောင်း၊ လူနာတို့ကို ချမ်းသာစေခြင်းငှာလည်းကောင်း စေလွှတ်တော်မူ၏” (လု ၉း ၁-၂)

သခင်ယေရှုသည် တပည့်တော်တို၏အမှားများကို ဝေဖန်ထောက်ပြ၍ ပြုပြင်ပေးခဲ့ပါသည်။ တပည့်တော်များ၏ မှားယွင်းသော ခံယူချက်သဘောထားများကို ဝေဖန်ပြစ်တင်ခဲ့သည်။ ယုံကြည်အားနည်းခြင်း၊ အကျဉ်းအကြပ်ဘေးဒုက္ခနှင့် ရင်ဆိုင်ရသောအခါ ကြောက်ရွံတုန်လုပ်ခြင်း (လု ၈း၂၂-၂၇) တို့ကို ပြစ်တင်ဝေဖန်လျက် အမှားအမှန်သို့ပြုပြင်ပေးခဲ့ပါသည်။

(၂) တမန်တော်များ၏ ခေါင်းဆောင်မှု။

တမန်တော်(Apostle) ဟူသောစကားလုံး၏ မူလအဓိပ္ပာယ်မှာ စေလွှတ်ခြင်းခံရသူ ဖြစ်သည်။ သခင်ယေရှုသည် မိမိရွေးချယ်ခဲ့သော တပည့်တော် (၁၂) ဦးအား အနီးကပ်သွန်သင် လမ်းပြပြီး သောအခါ ဘုရားသခင်၏ သာသနာတော်အတွက် စေလွှတ်၍ ကယ်တင်ခြင်း သတင်းကောင်းကို ဟောကြားစေခဲ့သည်။ ၎င်း(၁၂)ဦးမှာ ပေတရု အမည်ရသော ရှိမုန်နှင့် သူ၏ညီ အ‌ေန္ဒြ၊ ဇေဗေဒဲ၏သား ယာကုပ်နှင့် သူ့ညီယောဟန်၊ ဖိလိပ္ပ၊ ဗာသောလမဲ၊ သောမ၊ အခွန်ခံမဿဲ၊ အာလဖဲ၏သား ယာကုပ်နှင့် သဒ္ဒါ၊ ဇေလုတ်ဟုခေါ်သော ရှိမုန်နှင့် ကိုယ်တော်ကို အပ်နှံသော ယုဒရှကာရုတ်တို့ဖြစ်ကြသည်။

သခင်ယေရှုသည် တမန်တော်တို့အား ပေးခဲ့သည့် အထူးအခွင့်အာဏာသည် အောင်မြင်မှုကို ဖြစ်စေကြောင်း ၎င်းတို၏ ကနဦးလုပ်ဆောင်ချက်များဖြင့် သက်သေထူနိုင်ခဲ့သည်။ သခင်ယေရှုသည် ခမည်းတော်ထံသို ကြွသွားပြီးသည့်နောက်ပိုင်းတွင် တမန်တော်တို့ထံစေလွှတ်ခဲ့သော သန့်ရှင်းသော ဝိညာဉ်တော်ကျိန်းဝပ်မှုဖြင့် အံ့သြဖွယ်ရာအမှုများကို လုပ်ဆောင်နိုင်ခဲ့ကြသည်။ တမန်တော်များသည် ထိုခေတ်အချိန် ယုံကြည်သူတပည့်တော်များကို ဦးဆောင်နိုင်ရန် သခင်ယေရှုထံ အနီးကပ် သင်ကြားခံယူခဲ့သူများဖြစ်သည်။ ထိုကြောင့် ယုဒရှကာရုတ်၏ နေရာ၌ အစားထိုးရာတွင် သခင်ယေရှု ကို အနီးကပ်မျက်မြင်ကိုယ်တွေ့ ရှိခဲ့သူ မဿိကိုသာ ရွေးချယ်ခန့်အပ်ခဲ့သည် (တ ၁း၂၃-၂၅)။

တမန်တော်တိုသည် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုဖြင့် ဧဝံဂေလိသတင်း ကောင်းကို ရဲဝံ့စွာ ဟောပြောသက်သေခံခဲ့ကြသည်။ သခင်ယေရှုကို ယုံကြည်လက်ခံသူများ တိုးပွားလာသောအခါ အသင်းတော်သစ်များကို တည်ထောင်ခဲ့ကြသည်။ အသင်းတော်များကို ဦးဆောင်ခြင်း၊ ဧဝံဂေလိသတင်းကောင်းကို လိုက်လံဟောပြောခြင်း၊ ယုံကြည်သူများအား သမ္မာကျမ်းစာ သွန်သင်ခြင်းစသည်တိုကို လုပ်ဆောင်ခဲ့သည်။ နောက်ပိုင်းတွင် ခရစ်ယာန်များအား ညှဉ်းပန်းနှိပ်စက် မှုများ ပေါ်ပေါက်လာသောအခါ တမန်တော်တို့သည် အသင်းတော်၏သစ္စာရှိသော ခေါင်းဆောင်များ အဖြစ် မားမားမတ်မတ်ရပ်တည်၍ ရင်ဆိုင်ခဲ့ကြသည်။ ဘုရားသခင်၏ အမှုတော်မြတ်အတွက် မာတုရများအဖြစ် ရဲဝံ့စွာအသေခံ၍ ဆက်ကပ်လုပ်ဆောင်ခဲ့ကြသည်။ ၎င်းတို့၏ ယုံကြည်ခြင်း၊ သစ္စာရှိခြင်း၊ ရဲဝံ့စွာ ဆက်ကပ်လုပ်ဆောင်ခြင်းတို့ကြောင့် အသင်းတော်သည် အတားအဆီး အနှောင့်အယှက်များကြားမှ အံ့သြဖွယ်ရာ တိုးပွားများပြားလာခဲ့သည်။

(၃) ရှင်ပေါလု၏ ခေါင်းဆောင်မှု။

ရှင်ပေါလုသည် ခရစ်ယာန်များအား လိုက်လံဖမ်းဆီး၍ ညှဉ်းပန်းနှိပ်စက်သော အသက်တာမှ သခင်ယေရှု၏ ကယ်တင်ခြင်းသတင်းကောင်းကို ဟောပြောသက်သေခံသော သာသနာပြုခေါင်းဆောင် ဖြစ်လာခဲ့သည်။ ရှင်ပေါလုသည် သူ၏လုပ်ဖော်ဆောင်ဖက်များကို နှိးဆော်၍ ဂရိနှင့်ရောမ အင်ပါယာအတွင်း အချက်အချာကျသောမြိုများသို့ သွားရောက်၍ ကယ်တင်ခြင်းသတင်းကောင်းကို ဟောပြောသက်သေခံခြင်း၊ အသင်းတော်သစ်များ တည်ထောင်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။ မကြာခဏ မတရားစွပ်စွဲ၍ ဖမ်းဆီးချုပ်နှောင်ခြင်း၊ ရိုက်ပုတ်ညှဉ်းဆဲခြင်းတိုကို ခံခဲ့ရသည်။ ရှင်ပေါလုသည် ရှင်ဘုရင်၊ နယ်စား၊ မြိုဝန်မင်းနှင့် ဘာသာရေး ခေါင်းဆောင်တို့ရှေ့တွင် ရဲရင့်စွာ သက်သေခံခဲ့သည်။ ကိုယ်တိုင် ပင်ပန်းဆင်းရဲခြင်း ခံလျက် အမှုတော်လုပ်ငန်းတွင် ဆက်လက် လုပ်ဆောင်ခဲ့သည့်အပြင် ၎င်း၏ လုပ်ဖော်ဆောင်ဖက်များနှင့် နောက်လိုက်တပည့်များကိုလည်း ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန် လက်တွေ့သွန်သင်၍ ပြုစုပျိုးထောင်ပေးခဲ့ပါသည်။

ရှင်ပေါလု၏ခေါင်းဆောင်မှုသည် သခင်ယေရှုကို ဗဟိုပြုသော၊ သခင်ယေရှု၏ အုပ်စိုးမှုကို ခံယူသော ခေါင်းဆောင်မှုဖြစ်ပါသည်။ သခင်ယေရှုကို လက်ခံယုံကြည်ပြီးနောက် ထိုသခင်ယေရှု၌ အသက်ရှင်၍ သခင်ယေရှု၏တန်ခိုးတော်ဖြင့် လုပ်ဆောင်ရန် ရှင်ပေါလုက သွန်သင်ညွှန်ပြခဲ့သည် (ဂလာ ၂း၂၀)။ သခင်ယေရှု၏ ဦးဆောင်မှုအားဖြင့် သာသနာလုပ်ငန်းများကို ထိရောက်စွာ လုပ်ဆောင်နိုင်ပါသည် (ဖိ ၄၁၃)။ ရှင်ပေါလုက ခရစ်ယာန် ခေါင်းဆောင်တစ်ဦးတွင် ရှိအပ်သော အရည်အချင်းများကို ဖော်ပြခဲ့သည်။ သင်းအုပ် (ခရစ်ယာန်ခေါင်းဆောင်)သည် အပြစ်တင်ခွင့်နှင့် ကင်းလွတ်သောသူ၊ သမ္မာသတိရှိသောသူ၊ ဣ‌‌ေန္ဒြ စောင့်သောသူ၊ လျောက်ပတ်စွာ ကျင့်သောသူ၊ ဧည့်သည်ဝတ်ကို ပြုတတ်သောသူ၊ ဆုံးမဩဝါဒပေးတတ်သောသူဖြစ်ရမည် (၁တိ ၃၂-၇)ဟု တိမောသေအား သွန်သင်ခဲ့ပါသည်။

ဓမ္မသစ်ကျမ်းတွင် သခင်ယေရှု၊ ရှင်ပေတရုနှင့် ရှင်ပေါလုစသည့် ထိရောက်သော ခေါင်းဆောင်များ၏ ခေါင်းဆောင်မှုဆိုင်ရာ သဘောတရားများနှင့် နည်းဗျူဟာများကို တွေ့ရှိနိုင် ပါသည်။ အချုပ်အားဖြင့် သမ္မာကျမ်းစာတွင် ဖော်ပြသည့် ခရစ်ယာန် ခေါင်းဆောင်တစ်ဦးတွင် မရှိမဖြစ်လိုအပ်သော အရည်အချင်းများမှာ ဆက်ကပ်လုပ်ဆောင်လိုခြင်း (Commitment)၊ စည်းကမ်းရှိခြင်း(Discipline)၊ ရူပါရုံရှိခြင်း(Vision)၊ ယုံကြည်ခြင်း အားကြီးခြင်း(Faith)၊ ဉာဏ်ပညာရှိခြင်း (Wisdom)၊ နှိမ့်ချခြင်း(Humility)၊ နည်းဗျူဟာဖြင့် လုပ်ဆောင်ခြင်း (Strategy) နှင့် သစ္စာရှိခြင်း(Faithfulness) စသည်တို့ ဖြစ်သည်။

အခန်း ၃

ခရစ်ယာန်ခေါင်းဆောင်မှုအတွက်အခြေခံဥဒအတွေးအခေါ်

THEOLOGICAL FOUNDATION OF CHRISTIAN LEADERSHIP

၁။ ဘုရားသခင်၏ ခေါ်ယူတော်မူခြင်း (The Call of God)။

ခရစ်ယာန်ခေါင်းဆောင်မှုသည် ဘုရားသခင်ထံတော်မှ ခေါ်ယူတော်မူခြင်းဖြင့် အစပြု လေ့ရှိသည်။ အချုပ်အခြာအာဏာ ပိုင်စိုးသောဘုရားသခင်၏ ကျေးဇူးတော် အလုပ်ဖြစ်သည်။ ဘုရားရှင်ထံမှရှင်းလင်းပြတ်သားသော ခေါ်သံကြားဖို့လိုသည်။ အမှုတော်မြတ်တွင်ပါဝင် ဆက်ကပ် နိုင်ရန် ဘုရားရှင်ထံမှ စေလွှတ်ခြင်းနှင့် တန်ခိုးကို ခံယူရရှိနိုင်ရမည်။ ခေါင်းဆောင်မှုပြုရန် ခေါ်ယူတော်မူခြင်း (A call to leadership) သည် အလွန်ကြီးမားသော အခွင့်အရေးဖြစ်သကဲ့သို အလွန်လေးနက်သော တာဝန်ဝတ္တရားလည်းဖြစ်သည်။ အချိန်ပြည့်အမှုတော်ထမ်းရန် (သို့) စွမ်းဆောင်ရည်အပြည့်ဖြင့် ခေါင်းဆောင်မှုပြုရန် သန့်ရှင်းသော ဝိညာဉ်တော်ဘုရားထံမှ ထူးခြားသောစိတ်နှလုံးအတွင်း သက်သေခံခြင်း၊ အသိအမှတ်ပြု ထောက်ခံခြင်းရှိသင့်သည်။ ဘုရားသခင် မည်သိုတတ်စွမ်းနိုင်သည်ကို နှုတ်ကပတ်တော်အားဖြင့် ယုံကြည်စိတ်ချမှုရှိရမည် (ယော ၁း၆-၁၀)။ ဘုရားသခင်သည် သူ၏အမှုတော်မြတ်အတွက် ခေါင်းဆောင်များကို ခေါ်ယူရာတွင် အဆင့် အတန်း၊ အခွင့်အာဏာ၊ ဝိညာဉ်ဆုကျေးဇူးနှင့် ပင်ကိုယ် စွမ်းရည်အပေါ် အခြေမပြုဘဲ ခေါ်ယူတော်မူ ခဲ့ကြောင်းကို (၁ကော ၁း၂၁-၂၇) ထဲတွင် ရှင်းလင်းစွာ တွေ့မြင်နိုင်သည်။

ခေါင်းဆောင်များကို ရွေးကောက်ခေါ်ယူရာတွင် စဉ်းစားသင့်သော အချက်(၄)ချက် ရှိပါသည်။ ၄င်းတို့မှာ-

(၁) ဘုရားသခင်၏ ခေါ်ယူတော်မူခြင်းကို သိမြင်ခံစားနိုင်စွမ်းရှိခြင်း၊

(A sense of call)

(၂) အမှုတော်မြတ်အတွက် ဆက်ကပ်အစေခံနိုင်ဖိုရန် ပြင်းပြသော ဆန္ဒနှလုံးသားရှိခြင်း

(A heart of the work ၊ ယေ ၂၀၉)။

(၃) ဘုရားပေး ဆုကျေးဇူးများဖြင့် ဆောင်ရွက်နိုင်ခြင်း။

(Exercise of gift)

(၄) အမှုတော်မြတ်၏ စစ်မှန်သော လက္ခဏာများဖြစ်သည့် အသီးအပွင့်များမြင်တွေ့ရခြင်း                                (Fruitfulness၊ ၁တိ ၄း၁၄။ ၂တိ ၁း၆။ ၁ပေ ၄း၁၀) တို့ ဖြစ်ပါသည်။

ရှင်ပေါလုသည် တဲရှင်ချုပ်ခြင်းကို အချိန်ပိုင်း ခေတ္တပြုလုပ်ပြီး ဧဝံဂေလိဟောကြားခြင်းကို အချိန်ပြည့် တစ်သက်လုံးဆောင်ရွက်ခဲ့သည်။ ဘုရားသခင်သည် ခေါင်းဆောင်မှုပြုရန် ခေါ်ယူတော် မူသောအခါ နည်းလမ်းမျိုးစုံဖြင့် ခေါ်ယူခဲ့သည်။

မတူညီသော ခေါ်ယူမှုများအတွက် မနာလိုစိတ်ဖြစ်ရန်မရှိ၊ ဝမ်းနည်းရန်အကြောင်း မရှိပါ။ မိမိနှင့်သင့်လျော်သော (အကောင်းဆုံးသော)နည်းလမ်းဖြင့် ခေါင်းဆောင်မှုပြုရန် ဘုရားသခင် ဆက်လက်ရွေးချယ်နေပါသည်။ လူအများသည် မိမိ၏အချိန်အခါ မရောက်ခင်ရှေ့သို ခြေတစ် လှမ်းဦးရန်အတွက် ကြိုးစားခြင်း၊ တွန်းပိုခြင်းများ ပြုလုပ်တတ်သော်လည်း ဘုရားသခင်၏ ဦးဆောင်မှုတစ်ခုတည်း နောက်သို့သာလိုက်ရန် အရေးကြီးပါသည်။ အဘယ်ကြောင့်ဆိုသော် ဘုရား သခင်၏အချိန်အခါသည် လူ၏ဉာဏ်ပညာနှင့် ဆန့်ကျင်ဘက် ဖြစ်တတ်ပါသည် (ဧသ ၄း၁၄)။ ဘုရားသခင်၏ အချိန်အခါသည် ပြည့်ဝစုံလင်သည်။

ဘုရားသခင်၏ ရှေ့သို့ ဘယ်သောအခါမှ အလျင်စလိုမရောက်မိစေရန် အထူးဂရုပြုရ မည်ဖြစ်သည်။ ကျွန်ုပ်တို့ အဆင့်သင့်ဖြစ်သော မှန်ကန်သော အချိန်ကျသည့်အခါတွင် ကျွန်ုပ်တို့အား ခေါ်ယူတော်မူခြင်းကို တုံပြန်နိုင်ရန် ဘုရားသခင်၏ စကားတော်ကို နာခံရပါမည်။ ဘုရားသခင်၏ အမှုတော်မြတ် သီးပွင့်အောင်မြင်ရန် ကျွန်ုပ်တို၏တာဝန်ဝတ္တရားကို ကျေပွန်စွာ ဆောင်ရွက်ရပါမည်။

ခေါင်းဆောင်များ ကျရှုံးရခြင်းမှာ ဘုရားသခင်ထံမှ ခေါ်ယူတော်မူ ခြင်းမခံရဘဲ ခေါင်းဆောင် မှုပြုရန် ဝင်ရောက်ကြိုးပမ်းခဲ့သောကြောင့်ဖြစ်သည်။ ဘုရားသခင် မပါလျှင် ဘုရားသခင်၏ နိုင်ငံတော်အတွက်လုံလောက်သောတပ်ဆင်မှုနှင့် ဖြည့်ဆည်းမှုများကို ပြုလုပ်နိုင်မည် မဟုတ်ပါ (ယေဇ ၁၃း၁-၂၃။ ယေ ၂၃း၉-၄၀)။ လူပုဂ္ဂိုလ်တစ်ဦး ခေါင်းဆောင်မှု အဆင့်အတန်းတစ်ခုသို ရောက်ရှိရန် သန့်ရှင်းသော ဝိညာဉ်တော်ဘုရားထံမှ ဆုကျေးဇူးများနှင့် ဘိသိက်ပေးမှု လိုအပ်သည်။ အကယ်၍ ခေါင်းဆောင်တစ်ဦးတွင် အထက်ဖော်ပြပါ အရာများမရှိပါက အန္တရာယ်ရှိသော ကျဆုံးမှုကို ရင်ဆိုင်ရမည်ဖြစ်သည်။

ခေါင်းဆောင်မှုပြုရန် ဘုရားသခင် အမှန်တကယ် ခေါ်လျှင် သန့်ရှင်းသောဝိညာဉ်တော်၏ အတွင်းသဘော သက်သေခံခြင်း အတွေ့အကြုံကို ရရှိမည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် အပြင်သက် သေကိုလည်း တွေ့ကြုံရမည်ဖြစ်သည်။ ဘုရားသခင် ခေါ်ယူတော်မူသောသူကို ဘုရားသခင်သည် အတည်ပြုခြင်း၊ လိုအပ်သော လက်နက်ကိရိယာ တပ်ဆင်ခြင်း ပြုပါလိမ့်မည်။ ခေါ်ယူတော်မူသံကို အတည်ပြုရန် ဘုရားသခင်သည် သမ္မာကျမ်းစာအားဖြင့်လည်းကောင်း နည်းလမ်းပေါင်းစုံ အားဖြင့် လည်းကောင်း စကားပြောပါလိမ့်မည်။

ကျွန်ုပ်တို့ထဲတွင် မည်သည့်အရာကို ပြောင်းလဲရမည်ကို ဘုရားသခင်သိသည်။ မည်သည့် အရာကို ယူဆောင်သွားရမည်ကို ဘုရားသခင်သိသည်။ ဘုရားသခင်ကို ကိုးစား အပ်နှံရန် ကျွန်ုပ်တို လိုအပ်သည်။ ကျွန်ုပ်တို့ အသက်တာအားဖြင့်လည်းကောင်း၊ နားထောင်ခြင်းဖြင့် လည်းကောင်း၊ ဘုရားသခင်မှ ကျွန်ုပ်တိုကို တောင်းဆိုသမျှ ပြုလုပ်ပေးရန် လိုအပ်ပါသည်။

ရှင်ပေါလုသည် အရာရာတိုင်း မလုပ်ဆောင်ခဲ့ပါ။ တစ်ပါးအမျိုးသားများအတွက် ဧဝံဂေလိဟောကြားခဲ့သည် (ရော ၁း၁။ ဧ ၄း၁-၁၆)၊ သခင်ယေရှုကိုယ်တိုင် အကုန်လုံး မဆောင် ရွက်ခဲ့ပါ။ သိုသော် နားလည်ရခက်သော ဘုရားသခင်၏အမိန့်တော် သခင်ယေရှု လေးစား လိုက် နာခဲ့သည်(မ ၁၅၂၁-၂၈)။ ကျွန်ုပ်တိုသိရန် လိုအပ်သည့်အချိန်တွင် ဘုရားသခင် ဖော်ပြ၊ ဖွင့်ပြခြင်းဖြင့် ပိုင်းခြားနားလည်စေမည် ဖြစ်သည်။ လူနှင့် အခြေအနေကို ကြောက်ရန်မဟုတ်၊ ဘုရားသခင်ကိုသာ ကြောက်ရွံရန် ဖြစ်ပါသည် (ယေ ၁း၈။ ၂တိ ၁း၇)။

ဘုရားသခင်၏ ခေါ်ယူတော်မူခြင်းကို ခံရသောသူသည် ဘုရားသခင်ကို သိသောသူ (ဧ ၄း၄-၆)၊ သူတို့၏ ဘဝအသက်တာအပေါ်သို့ ဘုရားသခင်၏ လက်တော် ဆန့်တန်းလျက် ရှိကြောင်းသိလျက် သူတို့၏ဘဝအသက်တာကို အမှုတော်မြတ်အတွက် ဆက်ကပ်အပ်နှံထားသူ (ရော ၈း ၂၈။ ၁သက် ၅း၂၃-၂၄)၊ ဘုရားသခင်သည် သူတို့အပေါ်မည်သည့်အခါမျှ လက်မြှောက်အရှုံးမပေးကြောင်းကို သိသူ (ရော ၁၁း၂၉)၊ ဘုရားသခင် သူတို့ကို ကြည့်ရှုသကဲ့သို မိမိကိုယ်ကို ကြည့်ရှုစစ်ဆေးသူ (ရော ၉:၂၀-၂၁။ ၁ရာ ၁၆း၇)၊ သခင်ယေရှု၌ မိမိကိုယ်ကို ကြည့်ရှုစစ်ဆေးသူ (ကော ၃း၃)၊ မိမိတို့ ဘဝအသက်တာကို ဘုရားသခင် ပိုင်ဆိုင်ကြောင်းသိရှိသူ (၁ကော ၆း၁၉-၂၀)၊ မိမိသာလျှင် အရှင်သခင်ဟု အသက်မရှင်ဘဲ ဘုရားသခင်၏ အလိုတော် အတိုင်းဆက်ကပ်အသက်ရှင်သူ (ဧ ၂း၁၀)၊ ဘုရားသခင်၌ တည်ရှိနေ သည်ကိုသိသောသူ၊ ထိုကြောင့် မိမိတို့တွင်ရှိသော ခွန်အားထက် ကျော်လွန်နိုင်သော အစွမ်းသတ္တိ ခွန်အားရှိကြောင်း ကို သိသူများဖြစ်သည် (၁ပေ ၂း၉)။ ခေါ်ယူတော်မူခြင်း ခံရသော်လည်း မိမိကိုယ်မိမိ မပိုင်ဆိုင်၊ ဘုရားသခင်သာ ပိုင်ဆိုင်ကြောင်း သိသောသူ၊ ဘုရားသခင်သည် မိမိတို့အပေါ်ရိုးစင်းစွာ ယုံကြည်စိတ်ချသည်။ မိမိတိုသည် ဘုရားသခင်၏ ဘဏ္ဍာစိုးများဖြစ်ကြသည်။ ဘဏ္ဍာစိုး၏ အလုပ်သည် ပိုင်ရှင်ပြန်လာ၍ သိမ်းဆည်းသည့်အခါ မိမိတွင် ပေးအပ်ထားသော အရာများကို ကောင်းစွာ ထိန်းသိမ်းစီမံခန့်ခွဲ၍ အမြတ်ကို သခင့်ထံ ပြန်လည်ပေး အပ်ရမည်ကို သိသောသူ ဖြစ်သည် (ယော ၃း၂၇-၃၀။ မ ၂၀း၁၄-၃ဝ။ လု ၁၂း၄၂-၄၈။ လု ၁၉း၁၁-၂၇။ လု ၂၀း၉-၁၆)။

၂။ ခေါင်းဆောင်မှုအတွက် ပြင်ဆင်ခြင်း

(Preparation for leadership)

ခေါင်းဆောင်တိုင်းသည် ဘုရားသခင်၏ အသုံးပြုခြင်းကိုခံရန် ဘုရားသခင်၏ ပြင်ဆင်ခြင်းကို ခံရမည်။ ပြင်ဆင်မှုတိုင်းသည် အဖိုးအခကြီးစွာ ပေးရသည်။ သို့သော် ဤအရာသည် ဘုရားသခင် အတွက် အသီးအပွင့် မြင်တွေ့ရသော၊ ထိရောက်သော လုပ်ဆောင်မှုဖြစ်ရန် အတွက် ခေါင်းဆောင်များ ပြုလုပ်ရမည့် တစ်ခုတည်းသောလမ်း ဖြစ်သည် (ဟေရှာ ၆း၄၈။ ရော ၉း၂၀-၂၁)။ စမ်းသပ်စစ်ဆေးခြင်း (၁ကော ၁း၁၃။ ရော ၈း ၂၈။ ယာ ၁း၂-၄)သည် ဘုရားသခင် ရေးဆွဲ ထားသော ဒီဇိုင်းဖြစ်သည်။ ဘုရားသခင်နှင့်အတူ လျှောက်လှမ်းခြင်းသည် စစ်မှန်စွာ အရည်အသွေးကောင်းမွန်စွာ တိုးတက်စေဖို့ဖြစ်သည်။ ကျွန်ုပ်တို့၏ ဝိညာဉ်ရေးကို ပြုပြင်သန့်စင်ပေးခြင်းဖြစ်သည်။ မည်သည့် အရာသည် အစစ်အမှန်ဖြစ်၍ မည်သည့်အရာသည် အတုအယောင် ဖြစ်ကြောင်း ကျွန်ုပ်တို့အား ပြသခြင်းဖြစ်သည်။ မည်သည့် အရာသည် ဘုရားသခင်နှင့် သက်ဆိုင်သော အရာဖြစ်၍ မည်သည့်အရာသည် ဘုရားသခင်နှင့် မသက်ဆိုင်သောအရာဖြစ်ကြောင်း ကျွန်ုပ်တို့အား ပြသခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏အတွင်း စိတ်သဘောထားနှင့် လှုဆော် ခြင်းအရင်းအမြစ်ကို စစ်ဆေးခြင်းနှင့် အကဲဖြတ်ခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ အကန့်အသတ်များနှင့် အားနည်းချက်များကို ဖော်ပြလျက်၊ ဖွင့်ပြပိုင်းခြားနားလည်စေခြင်း ဖြစ်သည် (ဟေဗြဲ ၁၂:၂၅-၂၉။ ဟေဗြဲ ၁၃း၅-၈။ ယာ ၁း၁၇)။ ခရစ်ယာန်များသည် သူတို့ မမွေးဖွားမီကပင် ဘုရားသခင်၏ သိကျွမ်းခြင်းကို ခံခဲ့ရသည် (ဆာ ၁၃၉း ၁၃-၁၆)။

ကျွန်ုပ်တို့က ဘုရားသခင်အတွက် တစ်စုံတစ်ခု လုပ်ပေးခြင်းသည် ဘုရားသခင် အလိုတော်ရှိ သောအရာဖြစ်သည် ( ၁၄-၅၊ ၂း၁ဝ။ ရော ၈း၂၈-၃၂)။ ခေါင်းဆောင်များတွင် ဘုရားသခင်၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် သီးသန့်၊ အရေးကြီးသော တာဝန်ဝတ္တရား တစ်ခုစီ ရှိသည်။

ကျိုးပဲ့ကြေမွနှိမ့်ချသော စိတ်နှလုံးသားမရှိလျှင် ဘုရားရှင်အတွက် ခေါင်းဆောင်ကောင်း မဖြစ်နိုင်ပါ။ ဘုရားသခင်အတွက် လုပ်ဆောင်ပေးခြင်းမှ ထွက်ပေါ်လာသော ဘုန်းအသရေ အားလုံးကို ဘုရားသခင်က လက်ခံရန် ခေါင်းဆောင်အများစုက လိုချင်ကြသည်။ သို့ရာတွင် ခေါင်းဆောင်အများ စု၏ ဆက်ကပ်ခြင်းသည် ဘုရားအလိုတော်ကို တွေ့နိုင်သော လုံလောက်သော ကျိုးပဲ့မှု အဆင့်တစ် ခုစီသို မရောက်ရှိနိုင်ခဲ့ပါ။ ဝိညာဉ်တော်ပြည့်ဝသော ခေါင်းဆောင် များပင်လျှင် အသွေးအသားဆန္ဒ၏ ဆွဲဆောင်မှုကြောင့် ဘုရားသခင်၏ ဝိညာဉ်တော် အလုပ်ကိုပင် ကျော်လွန်သွားတတ်ပါသည်။ ဤအရာသည် ဝမ်းနည်းကြေကွဲဖွယ်ရာဖြစ်သည်။ ဘဝဟောင်းအသက်ရှင်မှုဖြစ်သည့် ဝိညာဉ်ရေးရာ အတုအယောင်များကို ပို၍ တွေ့ရပြီး စစ်မှန်သော ကျိုးပဲ့မှုကိုလိုအပ်နေဆဲ တွေ့မြင်ရသည် (၁ကော ၁း၂၇-၂၉။ ရော ၆း၁၁။၂၅-၁။ ဂလာ ၂း၂၀။ ၂ကော ၁၂း၉-၁၀။ ယာ ၄း၁၀)။

အခက်အခဲဒုက္ခ အတွေ့အကြုံ (A Time of Wilderness) ကိုဖြတ်ကျော်သည့် အချိန်သည် အခြားသူများထံမှ အသိအမှတ်ပြုခံရမှု အလွန်နည်းသည့်အချိန် ဖြစ်သည်။ သူတစ်ပါး အသိအမှတ် ပြုခံရန်ထက် ဘုရားသခင်အား မျှော်ကြည့်၍ ဘုရားသခင်က ခွန်အားပေးရမည့် အချိန်အခါဖြစ်သည်။ အသက်တာတွင် အလုပ်ပြီးမြောက်စေရန်အတွက် ဘုရားသခင်ထံမှ ခွန်အားကို တောင်းခံစောင့်ဆိုင်း နေရသည့်အချိန်ဖြစ်သည်။ ဘုရားသခင်နှင့် တစ်ယောက်တည်း ရှိနေရသည့် အချိန်ဖြစ်သည်။ ရှင်ပေါလု၏ အောင်မြင်မှုများသည် ဘုရားနှင့်အတူကျော်ဖြတ်မှီခိုခဲ့ရသောကြောင့်ဖြစ်သည် (ဂလာ ၁၁၁-၂၄)။ ခေါင်းဆောင်များ၏ ကိုယ်ပိုင်ဉာဏ်ပညာနှင့် စွမ်းဆောင်နိုင်မှုသည် ဘုရားသခင်အပေါ် တည်မှီနေရပြီး သန့်ရှင်းသောဝိညာဉ်တော်၏ ဦးဆောင်မှုကို ခံယူနေရပါသည်။ ဘုရားသခင်၏ နည်းလမ်းများသည် ကျွန်ုပ်တို့၏ အကောင်းဆုံး အိပ်မက်များထက် သာလွန်ပါသည် (ဟေရှာ ၅၅း

၈-၉)။

ခေါင်းဆောင်များ၏ အသက်တာသည် စံပြအသက်ရှင်နေထိုင်မှုဖြစ်ရန် လိုအပ်သည်။ သန့်ရှင်းခြင်းအသက်တာ၊ ဘုရားဝတ်၌ မွေ့လျော်သောအသက်တာသည် နောက်လိုက်များ ရှေ့တွင် စံပြအသက်တာဖြစ်သည်။ ရိုးသားခြင်း၊ ကြည်လင်ခြင်း၊ ပွင့်လင်းခြင်း ရှိသောအသက်တာ ရှိသင့်သည်။ ဖုံးကွယ်ထားသည့် အပြစ်များမှ ကင်းရှင်းသူဖြစ်ရမည်။ ဖုံးကွယ်ထားသော အမှုကိစ္စများရှိလျှင် ခေါင်းဆောင်တစ်ဦးသည် ထိရောက်စွာ ဦးဆောင်နိုင်စွမ်း မရှိတော့ပေ။ ထိုကြောင့် ခေါင်းဆောင်များ သည် စံပြပုဂ္ဂိုလ်များအဖြစ် “မြင်တွေ့နိုင်သူ”၊ ဖုံးကွယ်ထားသည့် အပြစ်များ မဖြစ်အောင် “ရှောင်ရှားနိုင်သူ”၊ “တတ်စွမ်းနိုင်သူ”ဖြစ်ရမည်(သု ၁၁း၂။ ၁၆း၁၈)။

ခေါင်းဆောင်များသည် သန့်ရှင်းခြင်းအတွက် ပြင်ဆင်ရာတွင်လောကီကို မချစ်ဘဲ သန့်ရှင်းခြင်း ဆီသို ဦးတည်ဆောင်ရွက်နေရန် လိုအပ်သည်။ ဦးစားပေးရမည့်အရာသည် ဘုရားသခင်၏ အလိုတော် ဖြစ်ရမည် (၁ယော ၂း၁၅-၁၇)။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို တစိုက်မတ်မတ် ကျွေးမွေးနေသူ၊ မကောင်းမှုများမှခွဲထွက်၍ သိသာ ထင်ရှားသော ကောင်းမှုများကို ပြုလုပ်ရန် ပြင်ဆင်ပေးသူဖြစ်ရမည် (ဟေဗြဲ ၅း၁၄)။ တတ်စွမ်းနိုင်သောသူ ဖြစ်ရုံမက သီလ၊ သမာဓိ ကောင်းသောသူဖြစ်ရန် လိုအပ်သည် (မ ၅း၄၈။ ဧ ၁း၄။ ၁တိ ၆း၁၁)။ သခင်ယေရှု လမ်းပြခဲ့သည့်အတိုင်း ခေါင်းဆောင်များသည် ခရစ် တော်၏ခြေရာအတိုင်း လိုက်လျှောက်ရမည်(၁ယော ၂း၆)။ သခင်ယေရှုသည် လောကကိုအောင် နိုင်သကဲ့သို ခေါင်းဆောင်များသည်သခင်ယေရှု၌ အသက်ရှင်လျက် သန့်ရှင်းသောလမ်းကို လျှောက်သူများ ဖြစ်ရမည် (၁ယော ၄း၄၊ ၅း၄-၅)။ ဘုရားသခင်သည် မခံနိုင်သော စုံစမ်းခြင်းကို ပေးတော်မမူ၊ ထွက်မြောက်ရာ လမ်းကို ပြင်ဆင်ပေးသောဘုရားဖြစ်သည် (၁ကော ၁း၁၃)။ ဘုရားသခင်ရှေ့တွင် သန့်ရှင်းသူများအဖြစ် နေထိုင်အသက်ရှင်၍ အမှုတော်မြတ်ကို ထိရောက်စေရ ပါမည် (၁ယော ၁း၇-၉)။

ခေါင်းဆောင်အားလုံးသည် မိမိကိုယ်ကို ငြင်းပယ်ပြီး ကိုယ့်လက်ဝါးကပ်တိုင်ကို ထမ်း၍ နေ့စဉ်နောက်တော်သိုလိုက်ရန် လိုအပ်သည် (လု ၉း၂၃)။ မိမိတို၏ကိုယ်ပိုင်၊ ပုဂ္ဂလိက ဆန္ဒများကို ငြင်းပယ်ရပြီး သခင်ဘုရားနှင့် သူ၏လူများကို အစေခံရမည်။ ဘုရားသခင်အား အရာအားလုံးထက် ပို၍ ဦးစားပေးရမည် (က ၂၂း၁-၁၉။ ရော ၁၂။ ၁-၂။ ဧ ၄း၂၂-၂၄)။

တစ်ခါတစ်ရံ ခေါင်းဆောင်တစ်ဦးအနေဖြင့် အလွန်ခက်ခဲကြပ်တည်းသော အခြေအနေ ရင်ဆိုင်ရမည်ဖြစ်သော်လည်း ဘုရားသခင်အပေါ် ဆက်လက် သစ္စာတည်ကြည်ရမည်။ ဘုရား သခင်၏ နှုတ်ကပတ်တော်နှင့် ပတ်ဝန်းကျင် အခြေအနေများ ဆန့်ကျင်နေသည်တိုင်ဘုရား သခင်အား ယုံကြည်စိတ်ချနိုင်သည်။ ယုံကြည်ခြင်းသည် မမြင်ရသေးသောအရာများကို သိမှတ် စွဲလန်းခြင်း ဖြစ်သည် (ဟေဗြဲ ၁၁း၁.၆)။ ကျွန်ုပ်တို့သည် မြင်နေရသော အရာများထက် မမြင်ရသော ဘုရားသခင် အပေါ် ဆက်လက် သစ္စာစောင့်သိလိုလျှင်၊ နှုတ်ကပတ်တော်ကို ဆက်လက် ထိန်းသိမ်းလိုလျှင်၊ ဘုရားသခင်အပေါ် အာရုံ စူးစိုက်ထားလိုလျှင် ကျွန်ုပ်တို့သည် ဘုရားသခင် အပေါ် ပိုမို၍ မှီခို အားထားရမည်။ စမ်းသပ်စစ်ဆေးခြင်းကို အောင်မြင်ကျော်လွှားနိုင်မှုသည် ခေါင်းဆောင်များ၏ နားလည်မှုနှင့် ကိုယ်ပိုင်ခွန်အားအပေါ်တွင် တည်မှီနေလေ့မရှိပါ။ ဘုရားသခင် သည် အလုံးစုံကို ပိုင်သအုပ်စိုးသော ဘုရားဖြစ်သည်။ ထိုကြောင့် ခေါင်းဆောင်များသည်(လုံးဝ) ဘုရားသခင်အပေါ် ကိုးစားအပ်နှံရမည်။

ဘုရားသခင်၏ ချီးမြှောက်ခြင်း၊ ထောက်မ၊ ပင့်တင်ခြင်း ခံယူလိုသော ခေါင်းဆောင်အတွက် နှိမ့်ချခြင်းသဘောသည် မရှိမဖြစ် လိုအပ်ပါသည်။ မာန်မာနသည် ဘုရားသခင်၏ အမှုတော်မြတ် လုပ်ငန်း ကျယ်ပြန့်စေခြင်းကို နှောင့်နှေးကြန့်ကြာစေပါသည်။ သိုသော် အသင်းတော်အတွင်း အမှုတော်မြတ်လုပ်ငန်း ဆောင်ရွက်ရာတွင် ဘုရားသခင်၏ဘုန်းတော်ထက် မိမိကိုယ်ကို ရှေ့တန်းတင်၊ ပေါ်လွင်ထင်ရှားစေရန် ကြိုးကိုင်ခြယ်လှယ်နေသော ခေါင်းဆောင်တချို့ကို တွေ့မြင်တတ်ပါသည်။ ဤအရာသည် ဘုရားသခင်၏ နည်းလမ်းမဟုတ်၍ ရှောင်ရှားသင့်ပါသည်။ ဤကဲ့သို့ ဦးဆောင်ခြင်းသည် ခရစ်ယာန်ခေါင်းဆောင်များအတွက် အလွန်အန္တရာယ်ကြီးသော အမှုဖြစ်၍ ပျက်စီးခြင်းသို့ ဦးတည်နိုင်ပါသည်။ ဘုရားသခင်၏အားကြီးသော လက်ရုံးတော်အောက်တွင် နှိမ့်ချနေလျှင် ဘုရားသခင်က မစချီပင်လိမ့်မည် (၁ပေ ၅း၆)။ ခေါင်းဆောင်တိုင်းသည် ဘုရားသခင်၏ အချိန်ကို စောင့်ဆိုင်းပြီးမှ အမှုတော်မြတ်အတွက် ခြေလှမ်းတိုးသင့်သည်။ မိမိတတ်စွမ်းနိုင်၍ မာနကြီးခြင်း (proud)၊ ပြည့်ဝစုံလင်သည် (self-sufficient) ဟုခံယူခြင်းဟူသော မာနစိတ်များကို ရှောင်ရှား၍ အမှုတော်မြတ်တွင် မှန်ကန်သော အောင်မြင်မှုရရှိစေရန်အတွက် ဘုရားသခင်အပေါ် မှီခိုအားထား (dependent on God) ရမည် (သူကြီး ၉း၆-၂၄)။ နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းကို ရှေးဦးစွာရှာရမည်။ နောက်မှ လိုသောအရာများကို ဘုရားသခင် ထပ်၍ပေးမည် ဖြစ်သည်။ ခေါင်းဆောင်များ၏အလုပ်သည် သခင်၏အမိန့်ကို ရိုးစင်းစွာ နာခံရန် ဖြစ်သည်။

ခေါင်းဆောင်များသည် ဘုရားရှင်အပေါ် လုံးဝဥသုံ တည်မှီနေရမည်။ တစ်ချိန်တည်းတွင် လုပ်ဖော်ဆောင်ဖက်များ၊ အခြားဆက်ကပ် အစေခံနေသူများနှင့်လည်း အတူတကွ လက်တွဲဆောင် ရွက်ရမည်။ဘုရားသခင်၏နိုင်ငံတော်ကို တည်ဆောက်ရာတွင် တစ်ဦး၊ တစ်ယောက်တည်း မဖြစ်နိုင်ပါ။ ဘုရားသခင်၏ နိုင်ငံတော်သူ၊ နိုင်ငံတော်သားဖြစ်ရန် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆက်နွယ်ခြင်း (inter-related)၊ အပြန်အလှန်မှီခိုခြင်း (interdependent) ရှိရမည်။ တစ်ဆူတည်းသော ဘုရားသခင်၏ တူညီသော နိုင်ငံတော်တွင် ကျွန်ုပ်တို့အားလုံးသည် အဖွဲဝင်များ၊ ကျွန်ုပ်တို့အားလုံးသည် တစ်ပါးတည်းသော သခင်ယေရှု၌ရှိခြင်း၊ တစ်ပါးတည်းသော သန့်ရှင်းသော ဝိညာဉ်တော်၌ မျှဝေခြင်းဖြစ်သည်။ ခရစ်ယာန်ခေါင်းဆောင်များသည် သုံးပါးတစ်ဆူဘုရားသခင်အပေါ် တည်မှီ၍ တစ်ယောက်ကိုတစ်ယောက် ကူညီမှုပြုရမည်။ ဤနည်းလမ်းအားဖြင့်သာ ဘုရားသခင်၏ အမှုတော်မြတ်ကို အောင်မြင်အောင် ဆောင်ရွက်နိုင်ပါမည်။ ဝိညာဉ်ရေးရာ ခွဲခြမ်းသိမြင်ခြင်း (Spiritual Discernment) ရှိရန်အတွက် သင်ယူလေ့လာခြင်းသည် ခေါင်းဆောင်များအတွက် တစ်သက်တာလုံး ပြုလုပ်ပြင်ဆင်ရမည့် အရာဖြစ်သည်။ ခေါင်းဆောင်များ၏ အသက်တာသည် ဘုရား

သခင်၏ဖွင့်ပြခြင်းနှင့် ဝိညာဉ်တော် ဘိသိက်သွန်းလောင်းခြင်း အပေါ်တည်မှီနေရမည်။ သိုမဟုတ်ပါက ခေါင်းဆောင်များ၏ အမှုတော်လုပ်ငန်းသည် ကျဆုံးနိုင်ပါသည်။ ဘုရားသခင်၏ နောက်တော်သို့ စဉ်ဆက်မပြတ် လိုက်နေရန် လိုအပ်သည်။ ဤသို့ စဉ်ဆက်မပြတ်နောက်တော်လိုက်ရာတွင် အားရက်နှင့်ပိတ်ရက် မရှိစေရပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ နက်ရှိင်းစွာတည်ရှိပြီး၊ ဆုတောင်းခြင်း၌ အားကြီးခြင်းရှိသော ခေါင်းဆောင်များသည် သာ၍ကြီးသောအမှုများကို မှန်ကန် ဖြောင့်မတ်စွာ စီရင်နိုင်စွမ်း ရရှိမည်။ မိမိတို့၏အားသာချက်နှင့် အားနည်းချက်များကို သိမြင်ရပါမည်။ မိမိတို့၏ အကန့်အသတ်ရှိသော လုပ်ကိုင်နိုင်စွမ်းများနှင့် ဆုကျေးဇူးများအတွင်း အမှုတော်မြတ်ကို မည်ကဲ့သို ဆောင်ရွက်နိုင်၊ အကောင်အထည် ဖော်နိုင်ကြောင်းသိမြင်၍ ပြင်ဆင်ရပါမည်။

အမှုတော်မြတ်ကို ဆောင်ရွက်စဉ် မအောင်မြင်မှုများ၊ မထိရောက်မှုများ၊ စိတ်ပျက်အားလျော့ စရာများ၊ စိတ်ကစဉ့်ကလျား ထွေပြားမှုများသည် မိမိပြင်ဆင်ရမည့် ဧရိယာအတွက် လှုံဆော်မှုပေးနေ ကြောင်းသိမြင်နိုင်ရပါမည်။ ထိုနောက် ဘုရားသခင်၏ အမှုတော်မြတ်အတွက် ထိရောက်စွာ၊ စည်းစနစ် ကျစွာ အောင်မြင်သည်အထိ ဘုရားကို သာ၍ကိုးစားအပ်နှံ ဆက်ကပ် လုပ်ဆောင်ပြင်ဆင်ရ မည်ဖြစ်သည်။

ခေါင်းဆောင်များသည် သင်ကြားလေ့လာ ခံယူခြင်းကို စဉ်ဆက်မပြတ် ပြုသင့်ပါသည်။ ခေါင်းဆောင်များ မိမိတို၏ အခြေအနေကို အမှန်အတိုင်း ထုတ်ဖော်ဝန်ခံတတ်ရန် ဘုရားသခင် အလိုတော်ရှိသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် သစ္စာတရားသည် ခေါင်းဆောင်များအတွက် အမြဲတမ်း ဖွင့်လှစ်ထားပါသည်။ ခေါင်းဆောင်များ၏ ရေခံ၊ မြေခံအခြေအနေနှင့် နှုတ်ကပတ်တော် ၏ဖွင့်ပြခြင်းသည် မည်သည့်အခါမျှ ဆန့်ကျင်ဘက် မဖြစ်ခဲ့ပေ (က ၂၂:၁-၁၉၊ ၃၂း၂၄-၃၂။ ၂ကော ၁၂း၁-၁ဝ။ ရော ၈း၁)။ အတွေ့အကြုံသည် ကြီးမြတ်သော ဆရာဖြစ်သည်။ သို့သော် တချို့သော အတွေ့အကြုံများကို ရှောင်ရှား၍ တချို့သော အတွေ့အကြုံများကို လက်ခံရယူသင့်သည်။ ဘုရား သခင်သည် ခေါင်းဆောင်များ၏ ကြမ်းတမ်း၍ အစွန်း ရောက်တတ်သော အသက်တာကို သန့်ရှင်းစေရန် ပြုပြင်လိုသည်။ ကျွန်ုပ်တို့ ပြည့်ဝစုံလင်ခြင်းသို မရောက်မချင်း ဆက်လက် ပြင်ဆင်မွမ်းမံနေမည် ဖြစ်သည်။ ကျွန်ုပ်တို့၏ ဘဝအသက်တာ တစ်လျှောက်လုံးတွင် ဘုရားသခင်နှင့် အတူတူလုပ်ဆောင်၍ ပန်းတိုင်သို အရောက်လှမ်းကြရမည်။

၃။ ဝိညာဉ်ရေးရာ စစ်ဆေးမှု (A Spiritual Check-up)။

ခေါင်းဆောင်များသည် မိမိတို၏ အားသားချက်များနှင့် အားနည်းချက်များကို သိသောသူ ဖြစ်ရန် လိုအပ်သည်။ အခြေအနေအမျိုးမျိုးတွင် မည်ကဲ့သို တုံပြန်ပြုမူ ဖြတ်သန်းခဲ့ကြောင်း၊ ဘ၀တွင် ဘုရားသခင်ကို မည်ကဲ့သို့သော အခန်းကဏ္ဍ၌ နေရာပေးခဲ့ကြောင်းနှင့် မိမိတို့၏အတွေ့အကြုံများကို သိသူဖြစ်ရန်လည်း လိုအပ်သည်။ မည်သည့် အခြေအနေမျိုးကို ရင်ဆိုင်ရသည်ဖြစ်စေ ဘုရားသခင်၏ အသုံးပြုခြင်းအတွက် အဆင်သင့်ရှိနေသူဖြစ်ရန် လိုအပ်သည်။

လူသည် ပြင်ပသွင်ပြင်လက္ခဏာ၊ အဆင်းသဏ္ဍာန်ကို ကြည့်ရှု တတ်သော်လည်း ထာဝရဘုရားသည် အတွင်းနှလုံးကို ကြည့်ရှုမူပြီ (၁ရာ ၁း၇)။ ခေါင်းဆောင်တိုင်း၌ အောက်ဖော်ပြပါ ဧရိယာ(၃)ခုမျှတစွာ တိုးတက်ကြီးပွားရန် လိုအပ်ပါသည်။

(၁) ကိုယ်ကျင့်သိက္ခာတိုးတက်မှု (မှား/မှန် ခွဲခြားနိုင်မှု)။

(၂) အသိဉာဏ် တိုးတက်မှု (ဗဟုသုတ -နားလည်/စုဆောင်း/ဆက်သွယ်/အသုံးပြုမှု)။

(၃) ဝိညာဉ်ဆုကျေးဇူး/ စွမ်းဆောင်ရည် တိုးတက်မှု (မိမိ၏တတ်စွမ်းနိုင်မှုကို သိမြင်ခြင်း)။

၄။ ကြီးထွားရင့်သန်စေသောအချက်များ (Growth Factors)။

ကလေးငယ်တစ်ဦး ကြီးထွားလာရန် လိုအပ်ခြင်းသည် သဘာဝပင်ဖြစ်သည်။ ထိုကြောင့် ဘုရားသခင်သည် သူ၏ ဝိညာဉ်ရေးရာ သားသမီးများ ဘုရားသခင်၌ သိကျွမ်းခြင်း၊ ချစ်ခြင်းတို့တွင် ကြီးထွားရင့်သန်စေရန် အစဉ်မျှော်လင့်သည်။

ခေါင်းဆောင်မှု စည်းမျဉ်းများကို မလေ့လာမီ ခရစ်ယာန်ကြီး ထွားရင့်သန်ခြင်း “အတွေးအမြင်”၊ “အသိပညာ”များ လေ့လာသည့် ခရစ်ယာန်ခေါင်းဆောင်များအတွက် ပို၍ အကူအညီအထောက်အမ ဖြစ်စေနိုင်သည်။ မိမိတိုကိုယ်တိုင် ဘုရားသခင်၌ မည်ကဲ့သို ကြီးထွား ရင့်သန်ရန်သိဖို့ အရင်လိုအပ်သည်။ ခရစ်ယာန် ကြီးထွားရင့်သန်ခြင်း စည်းမျဉ်းများကို သိနားလည်ခြင်းသည် အရေးကြီးသည်။ ထိုသို့သိနားလည်မှသာ ခေါင်းဆောင်များသည် သခင်ယေရှု၌ ကြီးထွားရင့်သန်ရန် အတွက် ဦးဆောင်မှုပေးနိုင်မည် ဖြစ်သည်။

ခရစ်ယာန်တိုင်းသည် သခင်ယေရှု၌ ကြီးထွားရင့်သန်ရန် (၂ပေ ၃း၁၈။ ဧ ၂း၁ဝ) ဘုရားသခင်ကိုယ်တော်တိုင် ဒီဇိုင်းထုတ်ထားပါသည်။ ခရစ်ယာန်များသည် တစ်နေ့ထက်တစ်နေ့ သခင်ယေရှုနှင့် ပိုမိုတူလာသင့်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို တစ်ဦးချင်းစီအတွက် သီးခြား အကြံအစည် တစ်ခုစီရှိသည်။ ကျွန်ုပ်တိုသည် ဘုရားသခင်၏ အကြံအစည်တော်ထဲတွင် အစိတ်အပိုင်း တစ်ရပ်အနေဖြင့် ပါဝင်ဆက်ကပ်ရမည်။

ဝိညာဉ်ရေးရာ ကြီးထွားရင့်သန်ရန် ကျွန်ုပ်တို၌ လိုအပ်သောအခြေခံဧရိယာ (Areas in which we need to grow) အချက် (၆)ခုရှိပါသည်။ ၎င်းတိုမှာ –

(၁) အကျင့်စာရိတ္တ (Character)။

(၂) စွမ်းဆောင်ရည် (Capability)။

(၃) နားလည်ခြင်း (Understanding)။

(၄) ပေါင်းသင်းဆက်ဆံမှုများ (Relationship)

(၅) အကြပ်အတည်းဖြင့် ကြီးထွားရင့်သန်ခြင်း (Crisis Growth)။

(၆) ဆက်လက်ကြီးထွားစေခြင်း (Continuous growth) တိုhဖြစ်ပါသည်။

ကျွန်ုပ်တိုh၏ နေ့စဉ်ဘဝတွင် ကြီးထွားရင့်သန်ခြင်းသည် တက်လိုက်ကျလိုက် ဖြစ်မည့်အစား ဖြည်းဖြည်းမှန်မှန် ဆက်လက် ကြီးထွားနေရန်လိုအပ်သည်။ တပည့်တော်စစ်ဖြစ်ခြင်းသည် ဘုရားသခင် ၏စကားကိုနာခံခြင်း၊ ဘုရားသခင်နှင့် ဆက်ဆံခြင်း၊ သခင်ယေရှု၌ ကြီးခြင်းကို အခြေပြုခြင်း၊ ကျွန်ုပ်တို့၏ခံစားချက်(ကောင်းခြင်း၊ ဆိုးခြင်း၊ အကျည်းတန်ခြင်း)ကို အဓိကမထားဘဲ ဘုရားသခင်၏ နောက်တော်သို့လိုက်ခြင်းဖြစ်သည်။ ဤဘုရားသခင်နှင့်အတူ လျှောက်နေဆဲတွင် ခဲယဉ်းကြပ် တည်းသော အတွေ့အကြုံများရှိနေမည် ဖြစ်သော်လည်း ထိုအချိန်ကာလများသည် ဆက်လက်ကြီး ထွားနေသော တိုးတက်မှုထဲတွင် ပါဝင်နေသည့် အစိတ်အပိုင်းတစ်ရပ်သာ ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တိုကို အခက်အခဲ၊ အကြပ်အတည်း တစ်ခုပြီးတစ်ခု တွေ့ကြုံစေရန် အလိုမရှိပါ။ သို့သော် အခက်အခဲများ ရှိနေခြင်းကို မြင်တတ်ရန် အလိုရှိသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို အမြဲတမ်းငိုညည်းနေခြင်း၊ မတည်မငြိမ်ဖြစ်ခြင်းကို အလိုမရှိပါ။ ရှင်းလင်းသော ဦးနှောက်၊ ရှင်းလင်း သောစိတ်၊ ရှင်းလင်းသော နှလုံးသားဖြင့် ဆုံးဖြတ်ခြင်းဖြင့် အလွန်တန်ခိုးပါသော အမှုတော်မြတ် ဖြစ်စေရန်အလိုတော် ရှိပါသည်။ ဝိညာဉ်ရေးရာတိုက်ပွဲများတွင် အောင်မြင်စေခြင်းဖြင့် ဘုရားသခင် အတွက် အသုံးဝင်သော ထိရောက်မှုကို ဖြစ်စေချင်ပါသည်။ ဘုရားသခင်၌ မှန်ကန်သော ကြီးထွား ရင့်ကျက်မှုသည် သာ၍ တည်ငြိမ်ခြင်းကို အခြေခံသည့် “ဆက်လက် ကြီးထွားရင့်ကျက်နေခြင်း” ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့်အတူ အခက်အခဲ အကြပ်အတည်းများကို အောင်မြင်စွာ ဖြတ်ကျော်ခြင်း အတွေ့အကြုံလိုအပ်သည်။ ထိုအရာသည် ခရစ်ယာန် ရင့်ကျက်ကြီးထွားမှုတွင် မရှိမဖြစ် လိုအပ်သော အစိတ်အပိုင်းဖြစ်သည်။

၅။ ကောင်းမွန်သော ခေါင်းဆောင်မှု၏ သွင်ပြင်လက္ခဏာများ

(The characteristics of Good Christian Leadership)

အတွေးတစ်ခုကို မျိုးကြဲပါ။ အပြုအမူတစ်ခုကို ရိတ်သိမ်းရမည်။

အပြုအမူတစ်ခုကို မျိုးကြဲပါ။ အလေ့အထတစ်ခုကို ရိတ်သိမ်းရမည်။

အလေ့အထတစ်ခုကို မျိုးကြဲပါ။ အကျင့်စာရိတ္တတစ်ခုကို ရိတ်သိမ်းရမည်။

အကျင့်စာရိတ္တတစ်ခုကို မျိုးကြပါ။ ဘဝကံကြမ္မာတစ်ခုကို ရိတ်သိမ်းရမည်။

အကျင့်စာရိတ္တ ဆိုသည်မှာ လူပုဂ္ဂိုလ်တစ်ဦး၏ အသက်တာတွင် ရှိသော မကောင်းသော အရည်အချင်းအားလုံးနှင့် ကောင်းသော အရည်အချင်းအားလုံးဖြစ်သည်။ ဥပမာ- ကျွန်ုပ်တို့၏ အတွေးများ တန်ဖိုးထားမှုများ၊ စိတ်သဘောထားများ၊ ခံစားမှုများ၊ စေ့ဆော်မှုများ၊ ကိုယ်ကျင့်သိက္ခာ များနှင့် စိတ်ဖိစီးမှုများ ကြုံတွေ့ရချိန်တွင် ထွက်ပေါ်လာသော အမူအကျင့်များ ဖြစ်သည်။

အကျင့် စာရိတ္တသည် ကျွန်ုပ်တို့ ဘဝအသက်တာ၌ စည်းကမ်းကိုရှိစေသည်။ ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်စေသည် (၂ပေ ၁း၃-၁၁။ ဟေဗြဲ ၁း၁-၃)။ ဘုရားသခင်သည် ခေါင်းဆောင် များအားသူနှင့်အတူ လျှောက်စေချင်သည်။ သခင်ယေရှုနှင့်တူသော ကိုယ်ကျင့် တရားများကို ရှိစေချင်သည်။ နောက်ဆုံးသော တရားစီရင်ရာနေ့ ရောက်မှ ကောင်းရန်မဟုတ်ဘဲ ဤကမ္ဘာမြေပေါ် တွင် ကောင်းမွန်သောအသက်ရှင်မှု ကိုယ်ကျင့်သိက္ခာများ ရှိစေချင်သည် (၁ကော ၃၈း၁၀-၁၅။ မ ၃၈-၁၂။ ၁တိ ၂၀း၁၉-၂၁)။ ခေါင်းဆောင်တစ်ဦးသည် သခင်ယေရှု၌ တည်လေလေ၊ ဘုရားသခင်အတွက် အသုံးဝင်သူ ဘုရားသခင်၏ အလိုတော်ကို ဆောင်နိုင်သူ၊ သာ၍ သီးပွင့်နိုင်သူ။ ထိရောက် စေနိုင်သူ ဖြစ်သည် (ယော ၁၅၁ – ၁၇)။ စွမ်းဆောင်ရည်များကို မြှင့်တင် နိုင်သည့် အချက်တစ်ချက်မှာ မိမိတို့၏ အကျင့်စာရိတ္တကို တိုးတက် ကောင်းမွန်အောင် လုပ်ဆောင်ခြင်းဖြစ်သည် (ဆာ ၁၉း၃၂။ ၁ကော

၉း၂၄ – ၂၇။ ရော ၅း၃ -၄။ ယာ ၁း ၃-၄။ ၂ကော ၃း၁၈)။

ထိုကြောင့် ခေါင်းဆောင်တို့၏ နှလုံးသားသည် အလွန် အရေးကြီးပါသည်။ အဘယ်ကြောင့် ဆိုသော် နှလုံးသားသည် ဘုရားသခင်၏လွှမ်းမိုးမှုရှိနိုင်သော နေရာဖြစ်သည် (၂သက် ၃၅)၊ ဘုရားသခင် ၏ နှုတ်ကပတ်တော် ကြဲဖြန့်ရသော နေရာဖြစ်သည် (လု ၈း၁ ၂၊၁၅။ ဆာ ၁၁၉ း၂-၃၊၉-၁၁၊ ၁၆၁။ တရား ၅း၂၉)။ ဘုရားသခင်ကို ယုံကြည်၍ ကယ်တင်ခြင်းရသော နေရာဖြစ်သည် (ရော ၁၀၈-၁၀)။ သခင်ယေရှုသည် အရှင်သခင်အဖြစ် အုပ်စိုးသော နေရာဖြစ်သည် ( ဧ ၃း၇။၁ပေ ၃း၁၅)၊ သန့်ရှင်းသော ဝိညာဉ်တော်ဘုရား နေထိုင်ရာ နေရာဖြစ်သည် (ဂလာ ၄း၆။ ၂ကော ၁း၂၁-၂၂)။ ကောင်းသောခေါင်း ဆောင်များ၏ အသက်တာ၌ သန့်ရှင်းသော ဝိညာဉ်တော်အသီးများစတင်သီးရမည့်နေရာဖြစ်ပါသည် (ဂလာ ၅း၂၂-၂၃)။

၆။ သိုးထိန်းကြီး၏ စံနမူနာအတိုင်း လိုက်လျှောက်ခြင်း

(Following the example of the great Shepherd)

သခင်ယေရှု၏ အမှုတော်ဆောင်ရွက်ခြင်းဖြင့် ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်မှာ တည်တော်မူ၏။ အကြောင်းမူကား ဆင်းရဲသားတို့အား ဝမ်းမြောက်စရာသတင်းကို ကြားပြောစေ ခြင်းငှာ ငါ့ကိုဘိသိက်ပေးတော်မူပြီ။ ကြေမွသော သူတို၏အနာကို ပျောက်စေခြင်းငှာလည်းကောင်း၊ ဖမ်းသွားချုပ်ထားလျက်ရှိသော သူတို့အားလွှတ်ခြင်းအကြောင်းနှင့် မျက်စိကန်းသောသူတို့အား မျက်စိပြန်မြင်ခြင်းအကြောင်းကို ပြစေခြင်းငှာလည်းကောင်း၊ ထာဝရဘုရား၏ မင်္ဂလာနှစ်ကာလကို ကြားပြောစေခြင်းငှာလည်းကောင်း၊ ငါ့ကိုစေလွှတ်တော် မူပြီဟု (ဟေရှာ ၆၁း၁-၃)ကို ဖတ်ခြင်းဖြင့် အစပြုခဲ့ပါသည် (လု ၄း၁၈-၁၉)။

ဘုရားသခင်သည် ခေါင်းဆောင်များကို ခေါ်ယူခန့်အပ်ခဲ့ခြင်းသည် အထူးသဖြင့် သခင်ယေရှု ဆောင်ရွက်ခဲ့သောလုပ်ငန်း၊ အမှုတော်မြတ်ကို ဆက်လက်ဆောင်ရွက်ရန်ဖြစ်သည်။ ထိုသို့ ဆောင်ရွက် ရာတွင် သိုးထိန်းကြီးသခင်ယေရှု၏ စံနမူနာအတိုင်း လိုက်လျှောက်ဆောင်ရွက်ရန် ဖြစ်သည်။ သခင်ယေရှုက “ငါသည် ကောင်းသောသိုးထိန်း (The Good Shepherd) ဖြစ်၏။ ခမည်းတော်သည် ငါ့ကို သိတော်မူ၍ ငါသည်လည်း ခမည်းတော်ကို သိသကဲ့သို့ ငါ၏သိုးတို့ကိုငါသိ၏။ ငါ့သိုးတို့ သည်လည်း ငါ့ကိုသိကြ၏။ ငါသည် ကိုယ့်အသက်ကို သိုးတို့အဖိုအလိုငှာ စွန့်၏” (ယော ၁၀း၁၄-၁၅) ဟု မိန့်တော်မူခဲ့ပါသည်။

သခင်ယေရှုသည် ကျွန်ုပ်တို့ကို တစ်ဦးတစ်ယောက်တည်း အောင်မြင်အောင် ဆောင်ရွက် နိုင်ခြင်းထက် တစ်ဦးကိုတစ်ဦးမှီခိုခြင်း (inter-dependence)၊ အပြန်အလှန် လိုအပ်ခြင်း၊ ဝန်ခံခြင်း၊ အပြန်အလှန်အပ်နှံခြင်း (mutual submission) ဖြင့် ဦးဆောင်သွားနိုင်ရန်အတွက် တွန်းအားပေး၊ ခွန်အားပေးလျက်ရှိပါသည်။ ခေါင်းဆောင်များ၏ ကိုယ်ကျင့်တရား၊ အကျင့်စာရိတ္တသည် တစ်နေ့ထက်တစ်နေ့ သခင်ယေရှုကဲ့သို၊ သခင်ယေရှုနည်းတူ ပိုမိုတိုးတက်လာစေရန် ရည်မှန်းချက်ထား ရမည်။ အဘယ်ကြောင့်ဆိုသော် သခင်ယေရှုတစ်ပါးတည်းသာလျှင်ပြည့်စုံသောသူ ဖြစ်သည် (ဖိ ၃း၁၂)။ ဘုရားသခင်၏ ခေါင်းဆောင်မှန်လျှင် သခင်ယေရှုကဲ့သို ဆောင်ရွက်နိုင်ရမည်။ ဘုရား သခင်၏ အလိုတော်နှင့်အညီ တန်ခိုးတော်အားဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်သည်(ယော ၁၄း ၁၂)။ မိမိတို့၏ သိုးတော်စုကို သခင်ယေရှု၏ စံနမူနာကဲ့သို ကျွေးမွေး၊ ထိန်းသိမ်း စောင့်ရှောက်ကာကွယ်ရန် ရည်ရွယ်ထားရမည်။

ကျွန်ုပ်တို့သည် ဘုရားသခင်၏ အလိုတော်အတိုင်း ဆောင်ရွက်နိုင်ခဲ့သော သခင်ယေရှုကဲ့သို့ အမှုတော်ကိုဆောင်ရွက်နိုင်ရန် လိုအပ်သည် (မ ၅း၄၈။ ရော ၁၂း၁-၂။ ၂ကော ၃း၁၈။ ဧ ၄း၁၁-၂၄။ ကော

၃း၁၀)။

ထိုကြောင့် ကျွန်ုပ်တို့ သတိပြုမည်မှာ ဘုရားသခင် ရွေးကောက် ခွဲခန့်တော်မူသော ခေါင်းဆောင်များတွင် ကိုယ်ပိုင်သိုးများမရှိရပေ။ ဘုရားသခင်တစ်ပါးတည်းသာ သိုးတော်စုကို ပိုင်တော်မူ၍ ခေါင်းဆောင်များသည် ဘုရားသခင်၏သိုးများကို ပြုစု၊ ထိန်းသိမ်း ကာကွယ်ပေးရသော “ဘဏ္ဍာစိုး”များသာဖြစ်သည်။

သိုးထိန်းသည် မိမိတို့၏သိုးများကို သိသည်၊ သိုးများသည်သိုးထိန်းကို သိကျွမ်းစေရမည်။ သိုးများသည် တစိမ်းနောက်သို့ လိုက်လေ့မရှိပါ(ယော ၁၀း၃-၅)၊ သိုးထိန်းသည် မိမိတို့၏ သိုးများရှေ့က ဦးဆောင်သွား၍ သိုးများလိုက်ရမည့်လမ်းကို ပြင်ဆင်ပေးရမည်။ သိုးတို့အတွက် မိမိ၏အသက်ကို စွန့်လွှတ်သူဖြစ်သည် (၁ယော ၃း၁၆)။ သိုးတော်စုအတွက် ဆက်ကပ်အပ်နှံထားသူဖြစ်သည်။ သိုးများကို စုစည်းနိုင်သူဖြစ်သည် (၁ကော ၁း၁ဝ။ ရော ၁၅း ၅-၆။ ဖိ ၂း ၁-၅။ ဆာ ၁၃၃း ၁-၃)။ သိုးများကို ကျွေးမွေးသည်။ မိမိတို၏ သိုးများ လိုအပ်သည့် အချိန်တိုင်းတွင် နှစ်သိမ့်သက်သာ စေတတ်သည် (၂ကော ၁၃-၅။ ဟေဗြဲ ၁၂း၅-၁၃။ ရော ၈း၁)။ သိုးများအတွက် ထိန်းသိမ်း၊ ကာကွယ် စောင့်ရှောက်၊ တိုက်ခိုက်ပေးသည် (တ ၂၀၂၈)၊ သိုးများနှင့် တိုက်ရိုက်တွေ့ဆုံ၊ ဆက်ဆံ၊ လမ်းညွှန်သည်။ သိုးများ၏ အနေအထား၊ လိုအပ်ချက်အတိုင်း ပြုစုတတ်သည် (ဟေရှာယ ၄၀း၁၁)။

ယေဇကျေလ ၃၄း၂-၆ တွင် ဆိုးသောသိုးထိန်းတို့၏ လုပ်ရပ်ကို ဖော်ပြထားပါသည်။ ကိုယ်ကိုသာ ကျွေးမွေးသော သိုးထိန်း၊ သိုးတို့ကိုမကျွေးမွေး၊ သုံးနို့ကိုစားကြ၏၊ သိုးမွေးကို ဝတ်ကြ၏၊ ဆူဖြိုးသော သိုးတို့ ကိုသတ်ကြ၏၊ သို့ရာတွင် သိုးတိုကို မကျွေးပါတကား၊ အားနည်းသောသိုးတို့ကို မစခြင်းမရှိ နာသော သိုးကို ဆေးမကုကြ၊ အရိုးကျိုးသောသိုးကို အဝတ်နှင့် မစည်းကြ၊ သူတစ်ပါးနှင့်ရောသောသိုးကို လိုက်၍ မဆောင်ခဲ့ကြ၊ ပျောက်သော သိုးကိုမဆောင်ခဲ့ကြ၊ အနိုင်ထက်ပြု၍ ကြမ်းတမ်းစွာ စီရင်ကြပြီး၊ ထိန်းသောသူမရှိသောကြောင့် သိုးတို့သည် ကွဲပြားကြ၏၊ ကွဲပြားလျက်နေသော အခါခပ်သိမ်းသော သားရဲစားစရာဖြစ်ကြ၏။ ငါ့သိုးတို့သည် တောင်များ၊ မြင့်သောတောင်ကုန်း အပေါ်မှာလဲ၍၊ မြေတစ်ပြင်လုံးတွင် အရပ်ရပ်သို ကွဲပြားပျံ့လွင့်လျက်နေ၍၊ အဘယ်သူမျှလိုက်၍ မရှာကြ၊ သိုးများကိုပိုင်သော သိုးထိန်းမဟုတ်၊ သူငှားဖြစ်သောသူမူကား၊ တောခွေးလာသည်ကို မြင်လျှင် သိုးတို့ကိုပစ်ထား၍ထွက်ပြေးတတ်၏။ တောခွေးသည်လည်း သိုးတို့ ကိုလုယက်၍ ကွဲလွင့်စေ၏။ သူသည်သူငှားဖြစ်၍၊ သိုးတို့၏ အကျိုးကိုမမှတ်သောကြောင့် ထွက်ပြေးတတ်၏ (ယော ၁၀း၁၃)။

ဟေရှာယ ၅၆း၁၁ နှင့် ယုဒ ၁း၁၆ တွင် သိုးထိန်းတို့သည်လည်း မကြည့်မရှုတတ်ကြ။ သိုးထိန်းရှိသမျှတိုသည် လမ်းလွဲ၍၊ မိမိတိုလမ်းသို့ လိုက်ကြပြီး၊ တစ်ယောက်မျှမကြွင်း၊ တညီတညွတ်တည်း ကိုယ်အကျိုး စီးပွားသာရှာကြ၏။ ထိုသူတို့သည် မြည်တမ်း၍ အပြစ်တင်တတ်သောသူ၊ ကိုယ်တပ်မက်ခြင်းအတိုင်း ကျင့်တတ်သောသူ၊ ထောင်လွှားသောစကားကို ပြောတတ်သောသူ၊ ကိုယ်အကျိုးစီးပွားကြောင့် သူ့မျက်နှာကို ထောက်ထား ခန့်ညားတတ်သော သူဖြစ်ကြ၏။

ရန်သူတိုသည် ဘုရားသခင်၏ ခေါင်းဆောင်များကို တိုက်ခိုက်ရန် ကြိုက်နှစ်သက်သည်။ အဘယ်ကြောင့်ဆိုသော် ခေါင်းဆောင်နှင့်ဘုရားသခင် အတူလျှောက်လှမ်းခြင်းကို ဖျက်ဆီးပစ်နိုင်ပါက ခေါင်းဆောင်တို့၏ နောက်ကို လိုက်သောသူများစွာကို ကြီးစွာထိခိုက်နစ်နာစေမှာ ဖြစ်သည် (ဇာ ၁၃း ၇)။ သိုးထိန်းနှင့်သိုးများ၏ ဆက်ဆံရေးတွင် သိုးများသည် သိုးထိန်းကို လွန်မင်းစွာ မှီခိုလွန်းခြင်း၊ သိုးထိန်းသည် သိုးများကို အမြဲတမ်း အားပေးနှစ်သိမ့်နေရခြင်းကြောင့် သိုးထိန်း မရှိသည့်အချိန်တွင် သိုးများသည် ကျဆုံး၊ ပျက်စီးဆုံးရှုးသွားနိုင်ပါသည်။ ထိုကြောင့် ခေါင်းဆောင် ဖြစ်သည့် သိုးထိန်းသည် သိုးများကိုမိမိတို့၏ ခြေနှစ်ချောင်းပေါ်တွင် မားမားမတ်မတ် ရပ်နိုင်သည် အထိ သခင်ယေရှု၌ ရင့်ကျက်သူများ ဖြစ်လာစေရန်နှင့် မိမိတို့သိုးများသည် မိမိတို့ ခေါင်းဆောင်များအပေါ်ထက် ဘုရားသခင်အပေါ်တွင်သာ မှီခိုအားထားတည်ရှိသူဖြစ်ရန် အားပေးရန် လိုအပ်သည်။

၇။ အစေခံဝန်ထမ်းရန်ခေါ်ယူတော်မူခြင်း (Called to Serve)

ခေါင်းဆောင်မှုသည် အစေခံဝန်ထမ်းခြင်း၏ အဆုံးသတ်မဟုတ် သာ၍ကြီးမားသော အစေခံ ဝန်ထမ်းခြင်း၏ အစသာဖြစ်သည်။ အစေခံတစ်ဦးသည် မိမိဘဝ၏ အရှင်သခင်မဟုတ်။ အခြားသော အရှင်သခင်တစ်ဦးကို အစေခံနေရသည်။ ကိုယ်ပိုင်အခွင့်အရေးမရှိပါ။ သခင်၏ အလိုဆန္ဒအတိုင်း သာတည်ရှိနေရသည်။ စစ်မှန်သော အစေခံသည် မိမိအခွင့်အရေးအတွက် မိမိ မတောင်းဆိုနိုင်ပေ။

ဘုရားသခင်၏အစေခံသည် မိမိနှလုံးသား၏ အရှင်သခင်ဖြစ်သော သခင်ယေရှု၏ အလိုဆန္ဒအတိုင်းသာ အသက်ရှင်သူဖြစ်သည်။ အဓိပ္ပာယ်မှာ သခင်ယေရှုသည် အရာရာတိုင်းအတွက် ပထမဖြစ်ပါသည်။ ကြွယ်ဝချမ်းသာမှု၊ တန်ခိုးအာဏာနှင့် ပိုင်ဆိုင်မှုတိုသည် ဘုရားသခင်၏ အလိုတော် နှင့် ဆန့်ကျင်ဘက်ဖြစ်သည် (မ ၆း၂၄)။

ခရစ်ယာန်အများစုသည် ဘုရားသခင်အား အရာရာအားလုံး၏ ပထမနေရာပေးရမည့်အစား အခြားအရာများကိုသာ ဦးစားပေးနေလေ့ရှိသည်။ “သခင်၊ သခင်” ဟု နှုတ်ဖျားနှင့် ခေါ်၍ ဘဝ၏နေရာ ဧရိယာတော်တော်များများတွင် မိမိနှစ်သက်သလို အသက်ရှင်နေကြသူများစွာရှိတတ်ကြသည်။ သခင်ယေရှုသည် ကျွန်ုပ်တိုဘဝ၏ စစ်မှန်သော အရှင်သခင်ဖြစ်လျှင် သခင်အား မည်သည့်အခါမှ ငြင်းပယ်မည်မဟုတ်ဘဲ၊ သခင်အတွက် မည်မျှပင်အဖိုးအခ ပေးဆပ်ရပါစေ သခင်အလိုအတိုင်းပင် ဦးစားပေးအသက်ရှင်ပေးဆပ် အသက်ရှင်သွားမည်ဖြစ်သည်။

ကျွန်ုပ်တိုသည် အရာရာတိုင်းတွင် ဘုရားသခင်အား ဦးစားပေးရန် (We need to put God first in everything) နှင့် ဘုရားသခင်၏အလိုတော်ကို ပြီးပြည့်စုံရန်သည် ကျွန်ုပ်တို့ဘဝ၏ ပထမဦးစားပေး နံပါတ်တစ်ဖြစ်စေရမည်။ ခေါင်းဆောင်များအနေနှင့် ကျွန်ုပ်တိုသည် ဘုရားသခင်၏ အစေခံကျွန်များဖြစ်ရန် လိုအပ်သည်။ ကျွန်ုပ်တိုသည် သခင်ယေရှု၏ အလိုတော်ကို ဆောင်ရွက်ရန် လိုအပ်သည်။ ကျွန်ုပ်တိုသည်အခြားသူများ၏ လိုအပ်ချက်များကို နှိမ့်ချစွာ အစေခံဝန်ထမ်းပေးရန် မိမိတို့ကိုယ်ကို ပေးဆပ်ရန် လိုအပ်သည်။

ကျွန်ုပ်တို့သည် မိမိကိုယ်ကို ကြည့်ရှုသောအခါ ဘာမျှမဟုတ် သော်လည်း ကျွန်ုပ်တို့သည် ဘုရားသခင်၏ အစေခံများဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော် လမ်းပြမှုနှင့် ဘုရားသခင်၏ အလိုတော်ကို ကျွန်ုပ်တို့ဆောင်ရွက်ရာတွင် ကျွန်ုပ်တိုရရှိရမည့်အရာသည် အလွန် သေးငယ်မည် ဖြစ်ပါသည်။ ကျွန်ုပ်တို မျက်စိထဲတွင် ကျွန်ုပ်တိုသည် တစ်စုံတစ်ခု ဖြစ်လာပြီ ဟု ထင်မှတ်လျှင် ကျွန်ုပ်တို့၏ ထင်မြင်ချက်ကို ချက်ချင်းရပ်၍ ဘုရားသခင် အစေခံဖြစ်ကြောင်းကို သတိရပါ။ မှန်ကန် သည်ဟု ထင်မြင်ယူဆချက်ကို ဆောင်ရွက်ပါ။

ကျွန်ုပ်တို ဆုံးဖြတ်ဆောင်ရွက်သော အရာများသည် အလွန်ကောင်းသော အကြံဉာဏ်များ ဖြစ်နိုင်ပါသည်။ သိုသော် သန့်ရှင်းသော ဝိညာဉ်တော် အလိုတော်စီးဆင်းခြင်း၊ စွမ်းဆောင်ခြင်း မပါလျှင်ဤအကြံများသည် ဘုရားသခင်၏ အလိုတော်မဟုတ်ပေ။

၈။ သခင်ယေရှုသည် ကျွန်ုပ်တို၏ အစေခံဝန်ထမ်းခြင်း စံနမူနာ

(Jesus Our Example of Servanthood)

သခင်ယေရှု၏ အချိန်အခါ ရောမအစိုးရ အုပ်စိုးနေသော လူအဖွဲ့အစည်းတွင် ကျွန်စနစ်သည် အခြေခံအကျဆုံး အကြောင်းအရာဖြစ်သည်။ အစေခံကျွန်များသည် ကောင်းစွာ ပေးဆပ်ခဲ့ရသော် လည်းလူဟု သတ်မှတ်ခြင်း မခံခဲ့ရပေ။ အစေခံကျွန်ဆိုသည်မှာ အဓိပ္ပာယ်မဲ့သူနှင့် ရှက်ကြောက် ဖွယ်ဖြစ်သူ ဖြစ်သည်။ ဂရိတို့ခံယူသည်မှာ အစေခံကျွန်များရှိခြင်းသည် ဘဝရည်ရွယ်ချက် အပြည့်အဝ ရရှိစေခြင်း၊ ရနိုင်စေခြင်း ဖြစ်သည်။ အာဏာပိုင်များ ယူဆချက်အရ အစေခံကျွန်ဆိုသည်မှာ သခင်တို့အုပ်စိုးရန်အတွက် ဘုရားသခင်က ရွေးချယ်ပေးထားခြင်း ဖြစ်သည်။

ထိုကြောင့် အစေခံကျွန်ဆိုသည်မှာ သူတစ်ပါးအား စေစားရန်မဟုတ်အရှင်၊ သခင်အား အစေခံရန်ဖြစ်သည်။ ဤကဲ့သိုသော ရေခံမြေခံတွင် သခင်ယေရှု အစေခံခြင်းကို ပြောကြား ခဲ့ခြင်းဖြစ်သည်။ သခင်ယေရှုက “အကြောင်းမူကား လူသားသည် သူတစ်ပါးကို စေစားခြင်းငှာ မလာ၊ သူတစ်ပါးအစေကိုခံခြင်းငှာ၎င်း၊ မိမိအသက်ကိုစွန့်၍ လူများကို ရွေးခြင်းငှာလည်းကောင်း၊ ကြွလာသည်ဟု မိန့်တော်မူ၏”(မာ ၁၀း၄၅)။ ကျွန်ုပ်တို့သည် အစေခံဝန်ထမ်းခြင်းနှင့် နှိမ့်ချခြင်းကို သခင်ယေရှုထံမှ သင်ကြားလေ့လာခံယူနိုင်ပါသည်။ သခင်ယေရှု စံနမူနာအတိုင်း လိုက်လျှောက်ရမည်ဖြစ်သည် (ယော ၁၃၁-၁၇။ ၂၅-၁၁)။ သခင်ယေရှုသည် ကားတိုင်လမ်းစဉ်ကို လျှောက်ခဲ့ပြီး သူသည် သခင်ဖြစ်သော်လည်း မိမိကိုယ်ကို ဘာမျှပိုင်ဆိုင်မှုမရှိသော အစေခံကျွန် တစ်ဦးကဲ့သို ပြုမူနေထိုင်ခဲ့သည် (ဖိ ၂း၅-၈)။

သခင်ယေရှုသည် အစေခံဝန်ထမ်းခြင်းနှင့် နှိမ့်ချမှု၏ အဆုံးစွန်သော စံနမူနာ ဖြစ်ခဲ့သော်လည်း ကမ္ဘာပေါ်တွင် တန်ခိုးအာဏာ အမြင့်ဆုံးသူ ပုဂ္ဂိုလ်ဖြစ်ပါသည်။ ဤအရာသည် သမ္မာတရားဖြစ်ပြီး သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့ အားလုံးလည်း သခင်ယေရှုကဲ့သို့ ဖြစ်နိုင်ပါသည်။ သခင်ယေရှုသည် မိမိ၏အသက်ကို ဘုရားသခင်အလိုတော်နှင့်အညီ စွန့်လွှတ်ခဲ့သလို ကျွန်ုပ်တို့သည်လည်း ဘုရားသခင်၏ အလိုတော်နှင့်အညီ မိမိကိုယ်ကို စွန့်လွှတ်အနစ်နာခံရန် ဖြစ် ပါသည်။ ဤအရာသည် စစ်မှန်သော အစေခံဝန်ထမ်းခြင်း ဖြစ်သည်(ယော ၅း၁၉)။ သူ့နောက်လိုက် သူအားလုံး သန့်ရှင်းသော ဝိညာဉ်တော်၏ တန်ခိုးဖြင့် သူကဲ့သို အစေခံခြင်းအမှုကို ဆောင်ရွက်နိုင် မည်ကိုသိသည်။ သခင်ယေရှု ပြောခဲ့သမျှသည် ဘုရား သခင်က ကျွန်ုပ်တို့ကို ပြောစေလို သည့်အရာဖြစ်ပြီး သခင်ယေရှု ဆောင်ရွက်ခဲ့သမျှသည်ဘုရားသခင်က ကျွန်ုပ်တိုကို ဆောင်ရွက်စေချင် သည့် အရာဖြစ်သည်။

ကျွန်ုပ်တို့သည် သခင်ယေရှု စံနမူနာအတိုင်း လိုက်လျှောက်အသက်ရှင်နိုင်ရန် ခေါ်ယူတော်မူခြင်း ခံရပါသည် (၁ကော ၁၁း၁။ ၁ပေ ၂:၂၁။ ၁ယော ၂း၆)။ ကျွန်ုပ်တို့သည် ဒုတိယမွေး ခြင်းခံရသူ၊ ဝိညာဉ်တော်နှင့် ပြည့်ဝသော ဘုရားသခင်၏ အလိုတော်ကို ရှာဖွေတွေ့ရှိသူနှင့် အစေခံ ကျွန်ဖြစ်၍ ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။ မဖြစ်နိုင်သောအရာဆိုသည်မှာ မရှိပေ။ အဘယ်ကြောင့်ဆိုသော် ဘုရားရှင်အတွက် မဖြစ်နိုင်သော အရာ မရှိနိုင်ပေ(လု ၁း၃၇။လု ၁၆း၂၇)။ ကျွန်ုပ်တိုသည် ဘုရားသခင်၏အလိုတော်ကို လုံးဝဥဿုံဝန်ခံအသက်ရှင်သူဖြစ်ရန် လိုအပ်သည်။ ထိုသို့ဖြစ်မှသာ ကျွန်ုပ်တို့သည် ဘုရားသခင် အလိုတော်ကို သယ်ဆောင်ပေးနိုင်သော လမ်းကြောင်းများ ဖြစ်လာပါလိမ့်မည်။ အကယ်၍ ကျွန်ုပ်တို့သည် ဘုရားသခင်အတွက် အဆင်သင့်ဖြစ်နေလျှင် ဘုရားသခင်သည် ကျွန်ုပ်တို့ဘာလုပ်ရမည်ကို ပြသပေးမည် ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် ဘုရားသခင်၏ တန်ခိုးလျှိဝှက်ချက်ကို သခင်ယေရှု၏ အတွေ့အကြုံများထဲမှ သိမြင်နိုင်ပါသည်။ ထိုတန်ခိုးကို သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ရနိုင်ပါသည်။ ဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်ကို ကျွန်ုပ်တိုအားပေးရန် ဆန္ဒရှိပါသည်။ ကျွန်ုပ်တို့ နှလုံးသား၏ အကန့် အသတ်များကို သတိပြုမိလျှင် ကျွန်ုပ်တို့တွင်သန့်ရှင်းသောဝိညာဉ်တော် မည်မျှကိန်းဝပ်နိုင်ကြောင်း တိုင်းတာနိုင်ပါသည်။

ကျွန်ုပ်တို့နှလုံးသားတွင် မိမိတိုအလိုဆန္ဒများနှင့် ပြည့်နှက်နေပါက သန့်ရှင်းသော ဝိညာဉ်တော်အတွက် နေရာမရှိနိုင်ပေ။ နာကျင်မှု၊မာန၊ တစ်ကိုယ်ကောင်းဆန်မှုနှင့် ပုန်ကန် ဆန့်ကျင် သဘောထားများသည် သန့်ရှင်းသော ဝိညာဉ်တော်ကို ကျွန်ုပ်တို့နှလုံးသားထဲတွင် ကိန်းဝပ်ရန်အတွက် အတားအဆီး အဟန့်အတားများ ဖြစ်စေပါသည်။

ယနေ့ခရစ်ယာန်များသည် မိမိတို့တစ်သက်တာတွင် ဘုရားသခင်အတွက် လုံလောက်သောနေရာ(အခန်း) မပေးနိုင်ခြင်းသည် ဘုရားသခင်အလိုတော်ကို ဝန်ခံသည့် အစေခံကျွန် မဖြစ်နိုင်ခြင်းဖြစ်သည်။ ယနေ့အသင်းတော်များ၏ တန်ခိုး လျော့နည်းကျ ဆင်းလာခြင်းသည်ဘုရားကို နေရာမပေးခြင်းနှင့် ဘုရား၏ အစေခံကျွန် မဖြစ်နိုင်ခြင်းကြောင့်ဖြစ်သည်။ ကျွန်ုပ်တို့၏ ခွန်အား သက်သက်ဖြင့် ဘုရားသခင်အား အစေမခံနိုင်ပါ။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ အလိုတော်ကိုရှာဖွေတွေ့ရှိခြင်း၊ ယုံကြည်ခြင်း တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းခြင်း၊ ဘုရားသခင်၏ တန်ခိုးကို သိလာခြင်းဖြင့်သာ ဘုရားသခင်၏ အလိုတော်ကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

သခင်ယေရှုကား “ငါ့ထမ်းဘိုးကို တင်၍ ထမ်းကြလော့၊ ငါ့ထံနည်းခံကြလော့၊ ငါသည် နူးညံ့သိမ်မွေ့ နိမ့်ချသော စိတ်သဘောရှိ၏။ သင်တို့ စိတ်နှလုံးသည် သက်သာခြင်းကို ရလိမ့်မည်။ အကြောင်းမူကား ငါ့ထမ်းဘိုးသည် ထမ်းလွယ်၏၊ ငါ့ဝန်လည်း ပေါ့၏”(မ ၁၁း၂၈-၃ဝ)ဟု မိန့်တော်မူ၏။

ခရစ်ယာန်ခေါင်းဆောင်များသည် မိမိတို၏လူများကို ဦးဆောင်ရာတွင် အဝေးမှ (သို့) တိုက်ရိုက် အမိန့်ပေးရုံမျှသာမက သူတိုနှင့်အတူရှိနေရန် လိုအပ်သည်။ သူတိုကို နားလည်ပေးခြင်း၊ လိုအပ်ချက် များ ကိုသိခြင်း၊ ထပ်တူထပ်မျှခံစားပေးသူများ ဖြစ်ရန်လိုအပ်သည်။

ခရစ်ယာန်ခေါင်းဆောင်မှုတွင် တစ်ခါတစ်ရံ မည်သူကိုအစေခံမည်နည်းဟု မရွေးချယ်နိုင်ပါ။ ကျွန်ုပ်တို့သည် စိတ်ပါလက်ပါ သခင်ယေရှုကဲ့သို အစေခံမည့်သူ၊ ရောက်ရှိလာသော အစေခံရမည့်သူများကို ဝန်ဆောင်မှုပေးသူ ဖြစ်ရမည်။ အစေခံရမည့်သူတို့အတွက် အဆင်သင့်ဖြစ်ရန် ပြင်ဆင်ထားရမည်။ ခရစ်ယာန် ခေါင်းဆောင်များသည်အခြေအနေ အရပ်ရပ်တိုင်းအတွက် သင့်တော်သော တုံပြန်မှုများပြုနိုင်ရန် သင်ကြားလေ့လာခံယူထားရပါမည်။ သို့မှသာ လိုအပ်နေ သူများထံ ရောက်ရှိနိုင်ခြင်း၊ သူတို အခက်အခဲများနှင့် ထိတွေ့နိုင်ခြင်း၊ ထပ်တူထပ်မျှ ခံစားနိုင်ခြင်း၊ ငိုကြွေးသူများနှင့်အတူ ငိုကြွေးခြင်း၊ ဝမ်းမြောက်သူများနှင့်အတူ ဝမ်းမြောက်နိုင်ခြင်း ပြုနိုင်မည်၊ အစေခံနိုင်မည် ဖြစ်ပါသည်။

ခေါင်းဆောင်များသည် မည်သည့်အခါမျှ မာနမထောင်လွှားသင့်ပါ။ သေးငယ်သော အလုပ်ဖြစ်ပါစေ ပြီးမြောက်အောင်ဆောင်ရွက်နိုင်ရမည်ဖြစ်သည်။ လိုအပ်လျှင် ကိုယ်စားလှယ် လွှအပ်ဆောင်ရွက်နိုင်ပါသည်။ ခေါင်းဆောင်တစ်ဦးက အစေအပါးအလုပ်ကို ကြည်ဖြူစွာ စိတ်အားထက်သန်စွာ ဆောင်ရွက်နိုင်ပါက နောက်လိုက်များ၏ အသက်တာတွင်လည်း ခေါင်းဆောင်နည်းတူ ကြည်ဖြူစွာ ဆောင်ရွက်လာနိုင်မည်ဖြစ်သည်။ အစေအပါး အလုပ်သည် ဘုရားသခင်၏ ခေါင်းဆောင်များအတွက် နိမ့်ကျသည့်အလုပ်၊ သေးနုပ်သည့်အလုပ် မဟုတ်ဘဲ ဘုရားသခင်၏ စစ်မှန်သော အစေခံများအတွက် လေးစားဂုဏ်ယူစွာ ဆောင်ရွက်ရမည့်အလုပ် ဖြစ်သည်။ ဘုရားသခင်က တချို့ခေါင်းဆောင်များအား နှုတ်ကပတ်တော်ကို ဝေငှသက်သေခံရာတွင် အစေခံစေ၍ တချို့ခေါင်းဆောင်များကို စားပွဲနားတွင် အစေခံရန် ခေါ်ယူပါသည် (တ ၁-၇)၊ မည်သည့်သေးငယ်သည့်အလုပ်ဖြစ်ပါစေ ကျရာတာဝန်အားလုံးသည် သခင်ယေရှု၏ ကိုယ်ခန္ဓာကို တစ်နည်းတစ်ဖုံဖြင့် တည်ဆောက်နေခြင်းဖြစ်သည်။

ကျွန်ုပ်တို့သည် ဝမ်းမြောက်ခြင်းနှင့်အစေခံရန် ခေါ်ယူတော်မူခြင်းခံရသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ကျွန်ုပ်တို့ကို နှမြောတွန့်တို မနာလိုဝန်တိုခြင်းများဖြင့် အစေခံရန် အလိုမရှိပေ။ ဘုရားသခင်အတွက် ကျွန်ုပ်တို့သည် ခန္ဓာစိတ်ဝိညာဉ်၊ အစွမ်းရှိသမျှ ဉာဏ်ရှိသမျှနှင့် အကြွင်းမဲ့ အစေခံစေလိုသည်။ အကယ်၍ ကျွန်ုပ်တို့ သည် ဘုရားသခင်အား ဝမ်းမြောက်ခြင်းဖြင့် အစေခံလျှင်၊ လှုဆော်မှုကို မှန်ကန်စွာထိန်းသိမ်း ထားနိုင်လျှင်၊ နှလုံးသား ထဲတွင် ဘုရားသခင်၏ ငြိမ်သက်ခြင်းကို အုပ်စိုးရန် ထိန်းသိမ်းထားနိုင်လျှင် (ဖိ ၄း၄-၇။ ကော ၃း၁၅-၁၇)ကျွန်ုပ်တို့သည် မှန်ကန်သော စိတ်သဘောဖြင့်၊ နှလုံးသားဖြင့် အစေခံနိုင်ခြင်း ဖြစ်သည်။ “အဘယ်အမှုကို စိုးရိမ်ခြင်းမရှိဘဲ၊ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းပတ္တနာပြုသောအားဖြင့် သင်တို့တောင်းပန်လိုသော အရာများတို့ကို ဘုရားသခင်အား ကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် အဘယ်သူမျှကြံ၍မမှီနိုင်သော၊ ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏ စိတ်နှလုံးကိုစောင့်မလိမ့်မည်”(ဖိ ၄း၆-၇)။ ။

 

အခန်း ၄

ခေါင်းဆောင်အမျိုးအစားများ

TYPES OF LEADER

၁။ အမှန်တကယ်ဦးဆောင်နိုင်သော ခေါင်းဆောင် (Leading Leader)

ခေါင်းဆောင်ဆိုသည်မှာ မွေးရာပါလား၊ သင်ယူရတာလားဟူ၍ ခွဲခြားဖော်ပြရန် မဟုတ်ဘဲ တကယ်ထိရောက်သော ခေါင်းဆောင်တို့သည် ဤနှစ်ချက်စလုံးနှင့် သက်ဆိုင်ပါသည်။ မည်သို့ပင် ဖြစ်စေ အမှန်တကယ် ထိရောက်အောင်မြင်၍ အနှစ်သာရ ပြည့်ဝသော ခေါင်းဆောင်များသည် ထူးခြား၊ ထက်မြက်လျက် ထိရောက်စွာ ဦးဆောင်နိုင်သောသူများဖြစ်သည်။ သောမတ် အက်ဒီဆင်က ပါရမီရှင်ဆိုသည်မှာ (၉၉)ရာခိုင်နှုန်း ချွေးထွက်မှုနှင့် (၁)ရာခိုင်နှုန်း ဉာဏ်ကွန့်မြူးမှု ဟုဆိုခဲ့ပါသည်။ ထို့ကြောင့် ခေါင်းဆောင်တစ်ဦးဖြစ်လာရန် ကြိုးစားလုပ်ဆောင်သွားရမည်၊ ပေးဆပ်ရမည်ဖြစ်သည်။ အာဗြဟံလင်ကွန်း၏ ခေါင်းဆောင်မှုသည်လည်း အံ့ဩဖွယ်ရာများနှင့် ပြည့်ဝနေပြီး ၎င်း၏ အရည်အချင်း တချို့သည် မွေးရာပါဖြစ်ပြီး၊ တချိုသည် ဘဝအတွေ့အကြုံအရ ရင့်ကျက်ပြည့်ဝလာ ခြင်းဖြစ်သည်ဟု ဖော်ပြကြပါသည်။ခေါင်းဆောင်ကောင်းသည် မွေးရာပါပဲ ဖြစ်ဖြစ်၊ သင်ယူရသည်ဟု ဆိုဆို နှစ်မျိုးစလုံး အရေးကြီးပြီး၊ အဓိကလိုအပ်ချက်မှာ လှုဆော်မှုတွန်းအား (Motivation) နှင့် ပြုစုခြင်း (Cultivation)၊ လေ့ကျက်ခြင်းတိုးတက်စေခြင်းတို လိုအပ်ပါသည်။

(၁) သင်ယူမှုဖြင့် ခေါင်းဆောင်ဖြစ်လာခြင်း (The Learned Leader)။

ဤကဲ့သိုသော ခေါင်းဆောင်များသည် ပင်ကိုယ်ဗီဇအနေနှင့် ထူးခြားစွာ တွေ့မြင်ရခြင်း မရှိဘဲ ကြိုးစားပြီး၊ တစ်ဆင့်ပြီးတစ်ဆင့် သင်ယူလာခြင်းဖြင့် ထူးချွန်လာသော ခေါင်းဆောင်များဖြစ်သည်။

(၂) တိမ်မြုပ်နေသော ငုပ်နေသော ခေါင်းဆောင် (Latent Leader)။

၎င်းတို့ ကိုယ်တိုင်က ခေါင်းဆောင်ဖြစ်ခြင်းကို အားကျပြီး ခေါင်းဆောင်လည်း ဖြစ်ချင်ကြ ပါသည်။ သို့သော် တိမ်မြုပ်နေသော ခေါင်းဆောင်များဖြစ်သည်။ လူကိုယ်တိုင်သည်လည်း တိမ်မြုပ်လျက်ရှိသလို အရည်အချင်းများလည်း တိမ်မြုပ်လျက် ရှိတတ်သည်။ ၎င်းတို့၏ အရည် အသွေးကို ဖော်ထုတ်ပေးရန်၊ ဖော်ထုတ်ခွင့်ရရန် ဆောင်ရွက်ပေးရမည်ဖြစ်သည်။

(၃) အကန့်အသတ်ရှိသော ခေါင်းဆောင် (Limited Leader)။

ထိုခေါင်းဆောင်မျိုးသည် ကြိုးစားသော်ငြားလည်း ထူးခြားမလာ သောသူ၊ သဟဇာတ မဖြစ်သောသူကို ဆိုလိုပါသည်။ သိုသော် ၎င်းတို့သည် ကိုယ့်ကိုယ်ကို ခေါင်းဆောင်ဟု သတ်မှတ် ထားသောသူများဖြစ်သည်။ တစ်ခါတစ်ရံတွင် သုံး၍ ရကြပါသည်။ ၎င်းတို့အား လက်တွဲခေါ်ဖို့ သင့်ပါသည်။ ၎င်းတို၏ အရည်အသွေးကို မြှင့်တင်ပေးရန် (Empowering) အထူးလိုအပ်ပါသည်။

 

၂။ နောက်လိုက်ကောင်း (The Good Follower)

မြန်မာမှုနယ်ပယ်၌ပြောဆိုသုံးစွဲလေ့ရှိသော နောက်လိုက်ကောင်းဖြစ်မှ ခေါင်းဆောင်ကောင်း ဖြစ်သည်ဟူသော စကားရပ်ကိုလည်း မမေ့အပ်ချေ။ သူတစ်ပါးကို ခေါင်းဆောင်မည့် သူသည် ပထမဦးစွာ နောက်လိုက်ဘဝကို ကျော်ဖြတ်ရမည်မှာ ဧကန်ဖြစ်ချေသည်။ မိမိအနေဖြင့် ဤအတွေ့ အကြုံကို မဖြတ်သန်းဘဲမရ။ နောက်လိုက်၏ ဘဝကို မဖြတ်သန်းဖူးပဲ ခေါင်းဆောင် ဖြစ်လာသူသည် ပြည့်ဝသော ခေါင်းဆောင်ဖြစ်ရန် မလွယ်ကူပါ၊ ခေါင်းဆောင်မှု၏ သဘော သဘာဝတွင်လည်း ပုဂ္ဂိုလ်တစ်ဦးသည် တစ်နေရာတွင်ခေါင်းဆောင်ဖြစ်သော်လည်း အခြား တစ်နေရာတွင် နောက်လိုက်ဖြစ်နေတတ်သည်။ ထိုကြောင့် ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ရန် နောက်လိုက် ကောင်း ဦးစွာဖြစ်ရမည်ဖြစ်သည်။ နောက်လိုက်ကောင်းတို့၏ လိုအပ်ချက်များကို ဆက်လက် ဖော်ပြပါမည်။

 

(၁) မိမိကိုယ်ကို အထူးတလည်ကောင်းမွန်အောင် ခေါင်းဆောင်ခြင်း။

John C. Maxwell က လူငယ်များအား သင်တို့ မိမိကိုယ်မိမိ ခေါင်းဆောင်ရမည်။ ထိုနေရာမှပင် အစပြုကြရပါသည်။ မိမိခေါင်းဆောင်မှုနောက်သို့ မိမိကိုယ်တိုင် မလိုက်နိုင်လျှင် သင်တို့နောက်သို့ မည်သူလိုက်မည်နည်း” ဟူ၍ပြောပါသည်။ မိမိကိုယ်ကို မိမိနိုင်နိုင်နင်းနင်းနှင့် စီမံခန့်ခွဲဦးဆောင်နိုင်သော သင်၏အရည်အချင်းက ခေါင်းဆောင်ဖြစ်သူ၏ အထင်ကြီးမှုကို ရရှိစေမည်ဖြစ်၏။ ထိုအချက်က အခက်အခဲကြုံလာသည့်အခါတွင် ခေါင်းဆောင်ဖြစ်သူက သင့်ကို သတိရလာစေမည်ဖြစ်သည်။ မိမိကိုယ်ကို မိမိစီမံခန့်ခွဲရာ၌ မည်သည့်အချက်များကိုဆောင်ရွက်ရမည်နည်း (ဖိ ၄း၈)။

၁) စိတ်ခံစားမှုကို နိုင်နိုင်နင်းနင်းထိန်းသိမ်းပါ။

နောက်လိုက်ကောင်းတို့သည် မိမိခံစားမှုများကို မည့်သည့်အခါတွင် ပြသရမည်၊ မည်သည့်အခါ တွင် အချိန်ဆွဲ ထားရမည်ကို သိကြသည်။ ဤနေရာတွင် အဓိကကျသော အချက်မှာ မိမိ၏စိတ်ခံစား မှုကို နိုင်နိုင်နင်းနင်း ထိန်းချုပ်နိုင်မှုသည်ကိုယ်ကျိုးအတွက်မဟုတ်ဘဲ အဖွဲ၏လိုအပ်ချက်အတွက် သာဖြစ်ရမည် ဖြစ်ပါသည် (၂တိ ၄:၅)။

၂) အချိန်ကို နိုင်နိုင်နင်းနင်းစီမံခန့်ခွဲပါ။

စိတ်ပညာရှင် M. Scott Peck က “သင့်ကိုယ်သင် တန်ဖိုးမထားသရွေ့ သင့်အချိန်ကိုလည်း သင်က တန်ဖိုးထားလိမ့်မည် မဟုတ်။ သင်ကအချိန်ကို တန်ဖိုးမထားသ၍ မည်သည့် ကိစ္စကိုမှ အချိန်နှင့် ဆောင်ရွက်လိမ့်မည်မဟုတ်” ဟု ပြောခဲ့ပါသည်။ ထိုနည်းတူ Charles Spezzano က “လူသားများသည် ပစ္စည်းများကို ငွေကြေးနှင့် ဝယ်ယူနေကြခြင်းမဟုတ်။ အချိန်နှင့်ပေးချေ ဝယ်ယူနေကြခြင်းဖြစ်သည်”ဟုဖော်ပြပါသည်။ ထိုကြောင့် မိမိအချိန်ကို မိမိနိုင်နင်းစွာ စီမံခန့်ခွဲမှု မပြုနိုင်ပါက နောက်လိုက်ကောင်းတစ်ယောက် ဖြစ်မလာနိုင်သလို ခေါင်းဆောင်ကောင်းလည်း ဖြစ်မလာနိုင်ပါ။

၃) ဦးစားပေးမှုများကို စီမံခန့်ခွဲပါ။

နောက်လိုက်ကောင်းတစ်ယောက် အနေဖြင့် ၎င်းတာဝန်ခံရမည့် ကိစ္စများကို ကန့်သတ်၍ မရသလို ၎င်း၏အလုပ်ဇယားကိုလည်း ထိန်းချုပ်နိုင်မည် မဟုတ်ပါ။ သိုရာတွင် အောက်ပါနည်းဖြင့် ဦးစားပေးမှု များကို စီမံခန့်ခွဲပြီး အချိန်ကိုအာရုံစိုက်၍ ရနိုင်ဖွယ်ရှိပါသည်။ မိမိ ထက်မြက်စွာ ဆောင်ရွက်နိုင်သော အလုပ်များတွင် အချိန် (၈၀) ရာခိုင် နှုန်းကို အသုံးပြုပါ။

မိမိလေ့လာဆဲ လုပ်ငန်းများတွင် အချိန် (၁၅)ရာခိုင်နှုန်းကို အသုံးပြုပါ။

အခြားလိုအပ်သောနေရာများတွင် အချိန် (၅)ရာခိုင်နှုန်းကို အသုံးပြုပါ။

လုပ်ဆောင်ရမည် “ဆောင်ရွက်ရန်” ဆိုသည့် စာရင်းကြီးကိုပြုစုသည်သာမက “ရပ်တန့်ပစ်ရန်” ဆိုသည့်စာရင်းကိုပါ ပြုစုရမည်ဖြစ်သည်။ မလိုအပ်သောအရာများကို ဖယ်ရှားပစ်ရမည်ဖြစ်သည်။

၄) စွမ်းအားကိုစီမံခန့်ခွဲပါ။

မိမိ၏စွမ်းအားကို မစီမံခန့်ခွဲနိုင်ပါက စွမ်းအားအလွန်ပြည့်ဝသော ပုဂ္ဂိုလ်များသည်ပင်လျှင် အလွန်ခက်ခဲသော အနေအထားမျိုး၌အဆိုပါ စွမ်းအားသည် ရုတ်တရက် ပျောက်ကွယ်သွားတတ်၏။ ဦးတည်ရာမဲ့သော ဆောင်ရွက်ချက်များ၊ မဆောင်ရွက်ရဘဲ ပိနေသောဝန်များနှင့် တိတိကျကျ မရေ ရာဘဲ သဘောထားကွဲလွဲနေခြင်းများကြောင့် အရေးပါသောကိစ္စကို ကိုင်တွယ်ဖြေရှင်းခွင့် မရခြင်း များက စွမ်းအားများကို အလဟဿကုန်ခမ်းစေပါသည်။

၅) အတွေးများကို စီမံခန့်ခွဲပါ။

James Joyce က “သင်၏စိတ်ထဲသို သွတ်သွင်းသမျှကို ၎င်းက သင့်ထံ အတိအကျ ပြန်ထုတ်ပေးလိမ့်မည်” ဟုဆိုပါသည်။ ကောင်းမွန်သော အတွေးများအတွက် အကြီးမားဆုံး ရန်သူသည် အလုပ်များ နေမှုပင်ဖြစ်သည်။ တစ်မိနစ်ကြာအောင် တွေးတောခြင်းသည် မကြာခဏ ဆိုသလို တစ်နာရီကြာအောင် စကားပြောဆိုခြင်း (သို) စီမံချက် မရှိဘဲ အလုပ်လုပ်နေခြင်းထက် ပိုမိုထိရောက်မှုရှိသည် ဆိုသောအချက်ပင်ဖြစ်သည်။

၆) စကားလုံးများကို နိုင်နိုင်နင်းနင်းအသုံးချပါ။

John Wooden က “သင်ဘာလုပ်သလဲဆိုတာကို လက်တွေ့ လုပ်ပြပါ။ သင် ဘာလုပ်နိုင်တယ် ဆိုတာ လာမပြောပါနှင့်” ဟု ဆိုခဲ့ပါသည်။ စကားလုံးများ၏စွမ်းအင်သည် ကြီးမားလှ၏။ အကယ်၍ ပြောသင့်ပြောထိုက်သော စကားရှိနေသည်ဆိုပါက တိုတိုနှင့် ကောင်းမွန်စွာပြောဆိုပါ။ ပြောသင့်သော စကားမရှိပါက တစ်ခါတစ်ရံတွင် ရေငုံနှုတ်ပိတ်နေခြင်းက အကောင်းဆုံးဖြစ်ပေသည် (သု ၁၅း၁၊ ၃၂)။

၇) ကိုယ်ပိုင်ဘဝကို ကောင်းမွန်စွာ စီမံခန့်ခွဲပါ။

အောင်မြင်မှုဟူသည် မိမိနှင့်အနီးကပ်ဆုံးရှိနေသူများ၏ချစ်ခင်မှုနှင့် လေးစားမှုတို့ကို အများဆုံးရရှိခြင်းဖြစ်သည်။ ဤအချက်သည် အရေးပါဆုံးအချက် ဖြစ်သည်။ သင့်ကိုယ်ပိုင်ဘဝ၊ သင့်မိသားစုကို ထိခိုက် ဆုံးရှုးခံပြီးမှ အခြားမည်သည့် အောင်မြင်မှုကိုမှ မမက်မောပါနှင့်။

(၂) ခေါင်းဆောင်၏ ဝန်ထုပ်ဝန်ပိုးများကို လျော့ချပေးခြင်း။

အမေရိကန်သမ္မတ Harry Truman သည် ၎င်း၏စားပွဲပေါ်၌ “The Bus Stop Here” ဆိုသည့် စာသားပါဝင်သော ဆိုင်းဘုတ်ကလေးကို ထောင်ထားလေ့ရှိပါသည်။ အဓိပ္ပာယ်မှာ လက်ဆင့်ကမ်း လွှဲအပ်လာသောတာဝန်ကို ဆက်မလွှဲဘဲ ဤနေရာတွင် အပြတ်ရှင်းမည် ဟုဆိုလိုပါသည်။ မည်သူတွေ က မည်မျှပင်တာဝန်ရှောင်လွှဲပါစေ ၎င်းအနေနှင့် တာဝန်ယူမည်ဆိုသည့် သဘောဖြစ်သည်။ ခေါင်းဆောင်၏ ဝန်ထုပ်ဝန်ပိုးကို ကူညီမစပေးခြင်းအားဖြင့် အပေါင်း လက္ခဏာအကျိုးကျေးဇူးများကို ရရှိနိုင်ပါသည်။ သင်သည် အဖွဲ့အတွက်ကိုဆောင်ရွက်တတ်သူ ဖြစ်ကြောင်း၊ ကြီးကျယ်သော ကိစ္စတစ် ခု၏ အစိတ် အပိုင်းတစ်ခုဖြစ်အောင် သိသာစေသလို သင်၏တန်ဖိုး သြဇာတိက္ကမ ကို မြင့်တက်လာစေ ပြီး သင့်ကို သတိထားလာစေလိမ့်မည်ဖြစ်သည်။

၁) တာဝန်ကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပါ။

လုပ်ငန်းခွင်တွင် နေ့တိုင်းကောင်းမွန်သူဖြစ်ပြီး မိမိ၏တာဝန်၊ ပင်မအလုပ်ကို ပြီးစီးအောင် ဆောင်ရွက်သူဖြစ်နေပါက ခေါင်းဆောင် ၏ ဝန်ထုပ်ဝန်ပိုးကို ကူညီမတင်ပေးခြင်းဖြစ်ပြီး၊ အရေးကြီး သော ပထမအချက်ကို လုပ်ဆောင်ပြီးခြင်းဖြစ်သည်။

၂) ပြဿနာတစ်ရပ်ကို တွေ့လာသည့်အခါ အဖြေကိုရှာပေးပါ။

ယနေ့ များစွာတွေ့ရသည်မှာ ခေါင်းဆောင်ထံသို အခက်အခဲ ပြဿနာများကို စဉ်ဆက်မ ပြတ်လာ၍ တင်နေကြပြီး နောက်ထပ်ပြဿနာများကို ရှာဖွေရန် ထွက်ခွာသွားလေ့ရှိကြသည်။ ကြိုတင်၍ နည်းလမ်းတချို ရှာဖွေစဉ်းစားပြီး ခေါင်းဆောင်ထံလာသူ အလွန် နည်းပါးပါသည်။ Henry Ford က “အပြစ်ကို လိုက်မရှာကြပါနှင့် ဖြေရှင်းနည်းကိုပဲ ရှာကြပါ” ဟုဆိုပါသည်။

၃) ခေါင်းဆောင်များကို ၎င်းတိုကြားရန် လိုအပ်သည့်စကားများကိုသာ ပြောပါ။ ၎င်းတိုကြားချင်သည့် စကားကိုမပြောပါနှင့်။

ခေါင်းဆောင်များက ယုံကြည်စိတ်ချရသော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာအောင် ဆောင်ရွက် နည်းမှာ ၎င်းတို့အား အမှန်အတိုင်း ပြောပြခြင်းဖြစ်သည်။ ဤအချက်သည် သင့်ခေါင်းဆောင်ကို သာမက သင့်ကိုယ်သင်လည်း ကူညီရာရောက်လေသည်။ ခေါင်းဆောင်ကောင်းများသည် အလွန်ဆိုးဝါး ထိခိုက်စေသော သတင်းဖြစ်စေကာမူ၊ အမှန်အတိုင်း သိလိုကြသည်။

၄) သတ်မှတ်ထားသော ပန်းတိုင်ထက်တစ်မိုင်ပိုပြေးပါ။

Zig Ziglar က “နောက်ထပ် ပို၍ ဆက်ပြေးလိုက်သည့် တစ်မိုင်တွင် ပြေးသူ အချင်းချင်း ကျပ်ညှပ်ပိတ်ဆိုနေမှုမျိုး ရှိလိမ့်မည်မဟုတ်တော့ပါ” ဟု ဆိုပါသည်။ သင်က သင့်ကိုတာဝန်ပေးထား သည်ထက်ပို၍ ထမ်းဆောင်လိုက်ပါက သင်သည် လုပ်ဖော် ဆောင်ဖက်များကြားတွင် သိသာထင်ရှား သူဖြစ်လာပါလိမ့်မည်။ သင်သည် အဖွဲအစည်းကို ကူညီရာတွင် မည်သည့်တာဝန်ပဲဖြစ်ပါစေ ထမ်းဆောင်မည်ဆိုသော သဘောထားမျိုးရှိသူဖြစ်ပါက လုပ်ရဲကိုင်ရဲသူအဖြစ် ထင်ပေါ်လာပါ  လိမ့်မည်။ လူအုပ်ထဲမှ ထွက်ပေါ်လာသူများသည်ခေါင်းဆောင်ဖြစ်သူ၏ အတွင်းစည်းတွင် ပါဝင်သူများ ဖြစ်လာပြီး ခေါင်းဆောင်များကလည်း ၎င်းတို့၏စွမ်းရည်ကို ပို၍မျှော်လင့်လေ့ရှိပါသည်။ ထိုပုဂ္ဂိုလ် များသည် နောက်ထပ်တစ်မိုင် ပြေးနိုင်သောသူများ ဖြစ်လေ့ရှိပါသည်။

၅) မည်သည့်အချိန်မဆို ခေါင်းဆောင်ကိုယ်စားရပ်တည်ပေးပါ။

သင်၏ခေါင်းဆောင်ကို ကူညီသည်ဟုဆိုရာတွင် ခေါင်းဆောင်ကို လိုအပ်သည့်အချိန်တွင် ထောက်ခံခြင်းနှင့် ခေါင်းဆောင်အတွက် ရပ် တည်ပေးခြင်းတိုကိုဆိုလိုသည်။

၆) မည်သည့်အခါတွင်မဆို ခေါင်းဆောင်နေရာ၌ လိုအပ်ပါက တာဝန်ယူပါ။

တာဝန်ကိုရှောင်သူများ၊ သက်သောင့်သက်သာ နားအေးပါးအေး နေလိုသူများ၊ လုပ်မည့်သူ ရှိနေသေးသရွေ့ ရေငုံနှုတ်ပိတ် ငြိမ်သက်နေသူများသည် အဖွဲအစည်းကို တာဝန်ခံရန်၊ ၎င်းခေါင်းဆောင် နေရာဝင်ရောက်ရန်အတွက်သော်လည်းကောင်း ခက်ခဲပေလိမ့်မည်။ အဖွဲ့၌ ပါဝင်သူတိုင်းသည် အဖွဲ့၏ကိုယ်စားလှယ်များဖြစ်သလို မိမိတို့၏ သက်ဆိုင်ရာ ခေါင်းဆောင်များအတွက် ကိုယ်စားပြုနေ သူ အစားထိုးနိုင်သူများဖြစ်ရမည်။

၇) ခေါင်းဆောင်၏ ဝန်ထုပ်ဝန်ပိုး မည်ကဲ့သို ဝန်ထမ်းပေးရမည်ကိုခေါင်းဆောင်အား မေးမြန်းပါ။

သင်၏ ခေါင်းဆောင်အနေနှင့် မည်သည့်အချက်များ လိုအပ်နေသည် (သို့) လိုချင်နေသည်ကို ကြိုတင်သိထားရမည်။ ၎င်းတို့အားမေးမြန်းခြင်းဖြင့် ပိုမိုတိကျစေပါသည်။

(၃) အခြားပုဂ္ဂိုလ် မဆောင်ရွက်လိုသည့် ကိစ္စကိုလိုလိုလားလား ဆောင်ရွက်ပါ။

John C. Maxwell က “အောင်မြင်သောပုဂ္ဂိုလ်များသည် အခြားသောသူများ မဆောင်ရွက်လို သည့် ကိစ္စများကိုဆောင်ရွက်ကြသည်။” ထိုနည်းတူ အောင်မြင်သောသူများ သည် အလုပ်ကို အများနှင့်မတူ ထူးခြားစွာ လုပ်ဆောင်တတ်သူများဖြစ်ကြသည်။ ထိုသူတို့၏ မည်သည့်အလုပ်ကိုမဆို ဆောင်ရွက်မည်ဆိုသော စိတ်နေသဘောထားကို ထိပ်ဆုံး၌ရှိသော ခေါင်းဆောင်များက အခြားအချက်များထက် ပိုမိုလျင်မြန်စွာ အသိအမှတ်ပြုကြသည်။ ထိုသူတို၌ ရှိသောအရည်အချင်း များကို ဖော်ပြပါမည်။

၁) ခက်ခဲသော လုပ်ငန်းများကို ဆောင်ရွက်ခြင်း။

ခက်ခဲသော ပြဿနာများကို ဖြေရှင်းပေးမှုကြောင့် သင်သည်လေးစားမှုကို ရရှိလာသည်သာမ က ထိုအချက်က သင့်အား ပိုမိုကောင်းမွန်သော ခေါင်းဆောင်တစ်ယောက် ဖြစ်လာအောင် ကူညီပေး လေသည်။ ခက်ခဲ၍ မလွယ်ကူသော ပြဿနာများကို ဖြေရှင်းရင်းကြံ့ခိုင်မှု ဇွဲရှိမှုတို့ကို သင်ယူရရှိ လာမည်ဖြစ်သည်။

၂) အဖိုးအခပေးကြရမည်။

လူအများစုသည် သက်သောင့်သက်သာနေရာ (Comfort Zone)၌သာ နေလိုကြပါသည်။ တန်ရာတန်ကြေး မပေးလိုကြပါ။ David W.F Wong က “ဘုရားသခင်သည် ကျွန်တော်တို့အား သက်သောင့်သက်သာနေရာမှ ခေါ်ထုတ်ခြင်းသည် တိုးတက်အောင်မြင်ခြင်းအတွက်  ကူညီရန်ဖြစ် သည်” ဟု ဆိုပါသည်။ ထိုကြောင့် တန်ရာတန်ကြေးကိုပေးရခြင်းဆိုသည်မှာ သင်၏ သက်သောင့်သက် သာ နယ်မြေထဲကထွက်၍ ယခင်မလုပ်ဖူးသော အလုပ်များကို လုပ်ခြင်းဖြစ်သည် (က၁၂း၁-၃)။

၃) ထင်ထင်ပေါ်ပေါ် မဆောင်ရွက်တတ်ပါ။

နောက်လိုက်ကောင်းတို့ မည်သည် ၎င်းတို့၏ ကိုယ်ရေးကိုယ်တော့ဖြောင့်မတ် တည်ကြည်မှုကို စမ်းသပ်ခံနိုင်ရန်အတွက် ထင်ထင်ပေါ်မဆောင်ရွက်တတ်အောင် လေ့ကျင့် သင်ကြားရပေမည်။ ၎င်းတို့အတွက် တန်ရာတန်ကြေးပေးပြီး ထင်ထင်ပေါ်ပေါ် မဖြစ်အောင်ဆောင်ရွက်သောကြောင့် အတ္တသည် ၎င်းတို့အတွက်ပြသနာမဟုတ်နိုင်တော့ချေ။

၄) မျှော်လင့်ထားသည်ထက် ပိုမိုလုပ်ဆောင်ပါ။

မိမိထံမှ မျှော်လင့်ထားသည်ထက် ပိုမိုဆောင်ရွက်လိုက်ပါက အများ၏ လေးစားခြင်းကို ခံရပြီး ပေါ်လွင်ထင်ရှားလာမည်ဖြစ်သည်။ မကြာခဏဆိုသလိုပင် အံ့သြဖွယ်ကောင်းသော ရလဒ်များကို ရရှိလာတတ်ပါသည်။

၅) မိမိတို၏ တာဝန်မဟုတ်သော်လည်း လိုအပ်ပါက ကူညီဆောင်ရွက်တတ်ရမည် ဖြစ်သည်။

ခေါင်းဆောင်များ၏ စိတ်ကိုမချင့်မရဲဖြစ်စေသည့် ကိစ္စရပ် အနည်းငယ်အနက် လုပ်ဖော်ဆောင်ဖက်တစ်ဦးမှ သူဆောင်ရွက်ရမည့် လုပ်ငန်းမဟုတ်သောကြောင့် ဆောင်ရွက်ရန် ငြင်းဆန်မှုလည်း ပါဝင်လေသည်။ ဝင်ရောက်စွက်ဖက်သော သဘောမဖြစ်ရပါ။

(၄) ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ခြင်း။

အတူတကွ ပူးပေါင်းလုပ်ဆောင်ရာတွင် ပေါင်းသင်းဆက်ဆံရေးသည် လွန်စွာ အရေးကြီးလေ သည်။ သင်နှင့် ပေါင်းသင်းဆက်ဆံရန်ခက်ခဲပါက လူအများက သင်နှင့်အတူ လိုက်ပါကြမည်မ ဟုတ် ချေ။ သင်နှင့် သင်၏ခေါင်းဆောင်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် တုံပြန်မှု ဖွံဖြိုးတိုးတက်လာအောင် ဆောင်ရွက်ရေးမှာ သင်၏ ခေါင်းဆောင်နှင့် ပေါင်းသင်း ဆက်ဆံမှုများကို ဖွံဖြိုးတိုးတက်အောင် ပြုလုပ်ခြင်းပင်ဖြစ်သည်။ နောက်လိုက်ကောင်းတစ်ဦးအနေနှင့် ပေါင်းသင်း ဆက်ဆံရေးနှင့် ပတ်သက်၍ သတိထားပြုလုပ်ရမည့်အချက်များကိုဖော်ပြမည်။

၁) သင့်ခေါင်းဆောင်၏ စိတ်ခံစားမှုကို ဂရုစိုက်ပါ။

၂) သင့်ခေါင်းဆောင်၏ ဦးစားပေးမှုကိုသိပါ။

၃) သင့်ခေါင်းဆောင်၏ စိတ်အားထက်သန်မှုကို အမိအရဖမ်းပါ။

၄) ခေါင်းဆောင်၏ အနာဂတ်စိတ်ကူးကို ထောက်ကူပေးပါ။

၅) ခေါင်းဆောင်ဖြစ်သူ၏ စိတ်ဝင်စားမှုများနှင့် ဆက်စပ်မှုရှိပါစေ။

၆) ခေါင်းဆောင်ဖြစ်သူ၏ ကိုယ်ရည်ကိုယ်သွေးကို နားလည်ပါ။

၇) ခေါင်းဆောင်၏ ယုံကြည်မှုကို ရအောင်ယူပါ။

၈) ခေါင်းဆောင်ဖြစ်သူ၏ အားနည်းချက်ကို လက်ခံနိုင်အောင်ကြိုးစားပါ။

၉) ခေါင်းဆောင်ဖြစ်သူ၏ မိသားစုကိုလေးစားပါ။

(၅) သင့်ခေါင်းဆောင်၏ အချိန်ကို ယူငင်သုံးစွဲမည်ဆိုပါက အမြဲတမ်းကြိုတင်ပြင်ဆင်ပြီးမှ သွားရောက်ပါ။

သင်က သင့်ခေါင်းဆောင်နှင့် အချိန်မရွေး ကြိုက်သလောက်အချိန်ပေး၍ တွေ့ခွင့်ရသူ ဖြစ်နေပါစေ (သို) ရှားရှားပါးပါး တစ်ခါတစ်ရံတွင် မိနစ်အနည်းငယ်မျှသာ တွေ့ခွင့်ရသည်ဖြစ်ပါစေ ဆက်လက်ဖော်ပြမည့်အချက်များကို လိုက်နာသင့်ပါသည်။

၁) ကြိုတင်ပြင်ဆင်ပါ။

သင်ကခေါင်းဆောင်ဖြစ်သူ၏ အချိန်ကို တန်ဖိုးထားကြောင်းပြသမှုက သင်၏တန်ဖိုးကို ပြသလိုက်ခြင်းပင်ဖြစ်သည်။ သင့်ခေါင်းဆောင်နှင့်တွေ့မည့် တစ်မိနစ်တိုင်းအတွက် သင်က ဆယ်မိနစ်ကြိုတင်၍ ပြင်ဆင်သွားရန် လိုအပ်ပါသည်။ Charles C Gibbons က “အချိန်ကို ချွေတာသည့် အကောင်းဆုံးနည်းလမ်းမှာ ကြိုတင်တွေးတောပြီးကြိုတင် စီမံချက်ရေးဆွဲခြင်း ပင်ဖြစ်သည်။”

၂) မလိုအပ်ဘဲ မေးခွန်းများမေးမြန်းခြင်းကို ရှောင်ကျဉ်ပါ။

သင်ကိုယ်တိုင် မဖြေနိုင်သည့် မေးခွန်းများကိုသာ ခေါင်း ဆောင်အား မေးသင့်သည်။ တစ်ချိန်လုံး မေးနေခြင်းကို ရှောင်ပါ။ ခေါင်းဆောင်က အမြဲတမ်းတွေးတော စဉ်းစားနေရခြင်းကို မဖြစ်ပါစေနှင့်။

၃) အကျိုး တစ်စုံတစ်ရာရရှိအောင် ဆောင်ရွက်ပါ။

ခေါင်းဆောင်များအနေနှင့် ကူးကောင်းများ တီထွင်မှုများစိတ်ကူးသစ်များ ယူဆောင်လာမည့် နောက်လိုက်ကို ပို၍ မျှော်လင့်သည်။

၄) သင့်ကိုစကားပြောနိုင်လျှင် လက်တန်၊မမပြောပါနှင့်။

၅) အရေးကြီးသောအချက်ကိုတန်းပြောပါ။

၆) ခေါင်းဆောင်၏ ကြိုးစားအားထုတ်မှုအပေါ် အောင်မြင်အောင်ဆောင်ရွက်ပါ။

(၆) အခြေအနေအချိန်အခါကို ချင့်ချိန်သောင်ရွက်တတ်ခြင်း။

“အသီးသီးသောအချိန်၌ သိမ်းယူသောသူသည် ပညာရှိသောသားဖြစ်၏၊ စပါးရိတ်ရာ ကာလ၌ အိပ်တတ်သောသူမူကား၊ အရှက်ခွဲ တတ်သောသားဖြစ်၏”(သု ၁၀း၅)၊ နေသာသော အချိန်၌ မြက်ခြောက်လှမ်းခြင်းသည် လိမ္မာပါးနပ်ခြင်းဖြစ်ပြီး စပါးရိတ်သိမ်းချိန်၌ ငါးများရန် သွားခြင်းသည် မိုက်မဲသောလုပ်ရပ်ဖြစ်သည်။ မည်သည့်အချိန်၌ မည်ကဲ့သို့ ဆောင်ရွက်ရမည်ကို သိထားခြင်းပင် ဖြစ်သည်။ တွန်းအားပေးထိုက်သောအချိန် ဟုတ်၊ မဟုတ် မေးသင့်သော မေးခွန်း(၄)ခုကိုဖော်ပြပါမည်။

၁) သင့်ခေါင်းဆောင်က မသိသော်လည်း ၎င်းအတွက် လိုအပ်နေသောအချက်ကို သိနေပါသလား။

၂) အချိန်မီပြောရန် လိုအပ်ပါသလား (အချိန်မီပြောသော စကားတစ်ခွန်းသည် နောက်ကျမှ ပြောသော စကားနှစ်ခွန်းထက်ပိုကောင်းသည်။)

၃) သင်၏တာဝန်များ အန္တရာယ်ရှိနေပြီလား။

၄) သင့်ခေါင်းဆောင် အောင်မြင်အောင် သင်ပါဝင်ကူညီနိုင်ပါ အထက်ပါအချက်များတွင် တစ်ခု (သို့) အားလုံးသင်၌ ပြည့်စုံနေပါက တွန်းအားပေးရမည့် အချိန်ဖြစ်သည်။ ထိုနည်းတူ နောက်ဆုတ် သင့်သောအချိန်ကို သိနိုင်ရန် မေးသင့်သောမေးခွန်း (၆)ခုကို ဆက်လက်ဖော်ပြပါမည်။

၁) ကျွန်ုပ်က မိမိအကျိုးစီးပွားအတွက် ဆောင်ရွက်နေခြင်း ဖြစ်ပါသလား (တစ်ကိုယ်ကောင်း ဆန်ခြင်း)။

၂) သင်ဆိုလိုသည့်အချက်ကို သဘောပေါက်အောင် ပြောပြီးပါပြီလား။

၃) သင်မှလွဲ၍ အခြားသူအားလုံး အန္တရာယ်ရှိနေပြီလား။

၄) သင့်ပတ်ဝန်းကျင်ရှိ ခံစားသိနိုင်သော အနေအထားများက မသင့်တော်ပါဟု ဖော်ပြနေပါသလား။

၅) အချိန်ကိုက်မှုသည် သင်တစ်ဦးထဲအတွက်သာ မှန်ကန်မှုရှိပါသလား၊ အခြားသူအတွက် လွဲချော်မှုဖြစ်နေပါသလား။

၆) သင်၏မေတ္တာရပ်ခံချက်၊ တောင်းဆိုမည့်အရာသည် သင်တို့၏ဆက်ဆံရေး အတိုင်းအတာ ပမာဏထက် ကျော်လွန်နေပါသလား။

အထက်ပါအချက်(၆)ချက်သည် သင်နောက်ဆုတ်ရန် လုံလောက်သောအချက်များ ဖြစ်လေသည်။

(၇) လူတိုင်းက အားထားရသူဖြစ်ပါစေ။

အောင်မြင်သော အဖွဲ့အစည်းတိုင်းတွင် အကျဉ်းအကျပ်ထဲ၌ ရလဒ်ကောင်းများကို ဖြစ်ပေါ်လာအောင် ဆောင်ရွက်ပေးနိုင်သော ပုဂ္ဂိုလ်များရှိသည်။ ထိုသူတို့သည် တစ်သမတ်တည်း အရည်အချင်း ပြည့်ဝမှု တာဝန်ယူမှု၊ အားကိုးအားထားပြုနိုင်မှုတိုကို လက်တွေ့ပြသသူများ ဖြစ်ကြသည်။ ခေါင်းဆောင်တိုင်းသည် အရေးကြီးကိစ္စများ၌ထူးခြားစွာ ဆောင်ရွက်နိုင်သူများကို ရှာဖွေလေ့ရှိသည်။ ဤကဲ့သို့ လူတိုင်းအားထားရသောသူများသည်-

၁) ဖုတ်ပူမီးတိုက် ဖြစ်လာသောအချိန်အခါတွင် ထုတ်လုပ်ပေးနိုင်စွမ်းရှိကြ၏။

၂) ရင်းမြစ်ပစ္စည်းများ ရှားပါသောအချိန်တွင် ဖြစ်မြောက်အောင်ဆောင်ရွက်ပေးလေ့ရှိသည်။

၃) အရှိန်အဟုန် နည်းနေချိန်၌ ပြီးမြောက်အောင် ဆောင်ရွက်ပေးကြသည်။

၄) ဝန်ထုပ်ဝန်ပိုး ကြီးမားနေချိန်တွင် လိုလိုလားလား ပြီးမြောက်အောင် ဆောင်ရွက်ကြ၏။

၅) ခေါင်းဆောင်များ မရှိချိန်တွင်လည်း ပြီးမြောက်အောင် ဆောင်ရွက်ပေးကြ၏။

၆) အချိန်အကန့်အသတ် ရှိနေသည့်တိုင်အောင် ပြီးမြောက်အောင် ဆောင်ရွက်ကြ၏။

 

(၈) သင်ယနေ့ထက် နက်ဖြန်ခါတွင် ပိုကောင်းပါစေ။

အရည်အချင်း မပြည့်ဝသော်လည်း ထိပ်ဆုံးသို့ ရောက်နိုင်ပါသည်။ သို့ရာတွင် ကြာကြာခံ လိမ့်မည် မဟုတ်ပေ။ ထိုကြောင့် မနက်ဖြန်တိုင်း ပိုမိုကောင်းနေရမည်ဖြစ်သည်။ ပို၍ ထူးချွန်လာ ရမည်ဖြစ်သည်။ ပိုမိုကောင်းမွန် ထူးချွန်လာသည်နှင့်အမျှ လူအများက ပို၍နား ထောင်ထားကြပါ လိမ့်မည်။ သင်၏ တန်ဖိုးသည်းပိုမိုတက်လာမည်ဖြစ်ပြီးသင်လုပ်နိုင်စွမ်းသည်လည်း ပိုမိုကြီးမား လာလိမ့်မည်။

၁) သင်၏အတတ်ပညာများကို ယနေ့လေ့လာသင်ယူပါ။ လက်ရှိကာလသည် အကောင်းဆုံး ဖြစ်သည်။

၂) သင်၏ အတတ်ပညာများအကြောင်း ဆွေးနွေးပါ။ ဆွေးနွေးသောအခါ သင်နှင့်အဆင့်တူ သင့်ထက်အဆင့်မြင့်သူများနှင့်ဆွေးနွေးသင့်ပါသည်။

၃) သင်၏အတတ်ပညာများကို ယနေ့လေ့ကျင့်ပါ။ သင်ကိုယ်တိုင်ကြီးထွားလာအောင် ဆောင်ရွက်ပါ။

General Electric Company မှ အငြိမ်းစားအမှုဆောင်အရာရှိချုပ် Jack Welchက “သင်ခေါင်း ဆောင် မဖြစ်သေးခင်တုန်းက အောင်မြင်မှုဆိုတာ သင့်ကိုယ်သင် ကြီးထွားလာစေဖိုပဲဖြစ်တယ်။ သင်ခေါင်းဆောင်တစ်ယောက် ဖြစ်လာသောအခါ အောင်မြင်မှုဆိုတာ အခြားပုဂ္ဂိုလ်တွေကို မြေတောင် မြှောက်ပေးဖိုပဲဖြစ်တယ်” ဟု ဆိုပါသည်။ ထိုအလုပ်ကို ယနေ့စတင်ပါ။

 

၃။ ခရစ်ယာန်ခေါင်းဆောင်နှင့် ခရစ်ယာန်ခေါင်းဆောင်မှု (သို့) ဝိညာဥ◌်ရေးရာခေါင်းဆောင်မူ (Christian Leader and Christian Leadership (or) Spiritual Leadership)

ခရစ်ယာန်ခေါင်းဆောင်ဟုဆိုရာ၌ များသောအားဖြင့် အသင်း တော်ခေါင်းဆောင် ဟူ၍သာ မြင်မိတတ်ကြသလို ခရစ်ယာန်များကို သာ ဦးစီးဦးဆောင်ပြုသောသူဟူ၍ ရောထွေး မှားယွင်းစွာ မြင်တတ် သည်ကို သတိပြုရမည်ဖြစ်သည်။ မောရှေ ယောရူတို့အား ဘုရားသခင်ရွေးကောက်သည့် အချိန်တွင် ဘာသာရေးနယ်ပယ် တစ်ခုတည်းအတွက်သာ ရွေးကောက်ခဲ့သည် မဟုတ်ဘဲ ဣသရေလလူမျိုးတို့၏ စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေး၊ လူမှုရေးစသည့် နယ်ပယ် အသီးသီး အတွက် ဦးဆောင်စေခဲ့ပါသည်။ ထိုကြောင့် ခရစ်ယာန်ခေါင်းဆောင်နှင့် ဝိညာဉ်ရေးရာ ခေါင်းဆောင်သည် အုပ်စုတစ်ခုစီ သီးသန့်ခွဲခြားထား၍ မရနိုင်ကြောင်း တွေ့ရှိရမည် ဖြစ်သည်။ ထိုနည်းတူ ယုံကြည်သူတိုင်း ယဇ်ပုရောဟိတ် ဖြစ်သည် (Priesthood of all believers)ကို ခံယူသည့်အတွက် အသင်းတော်တွင် Lay Ministry, Deacon Ministry များ၏အရေးပါပုံကို မြင်တွေ့နိုင်မည်ဖြစ်သလို အသင်းတော်၏ သိုးထိန်း၊ အမှုတော်ဆောင်များအနေဖြင့်လည်း ဘုရားသခင်၏ နိုင်ငံတော်တည် ဆောက်ခြင်း အမှုတော်မြတ်၌ သီးသန့်ရွေးချယ် ခန့်ထားသောသူများ ဖြစ်သောကြောင့် Holistic Missionကို အခြေခံ၍ အမှုတော်ဆောင်ခြင်းဖြင့် အသင်းတော်တွင်း သာမက အသင်းတော်ပြင်ပ တွင်ပါ အစေခံနိုင်ကြရမည်ဖြစ်သည်။ ဆိုလိုသည်မှာ အမှုတော်ဆောင် ဝိညာဉ်ရေးရာ ခေါင်းဆောင်တစ်ဦး၏ အစေခံမှုသည် မိမိအသင်းသား ယုံကြည်သူများအတွက် သာမက မယုံကြည်သူများ အတွက်ပါ အကျုံးဝင်လေသည် (မ ၂၈း၁၉-၂၀)။ ထိုကြောင့် ခရစ်ယာန်ခေါင်း ဆောင်များဟု ဆိုရာ၌လောကီ၊ လောကုတ္တရာ နယ်ပယ်အသီးသီးတွင် ဦးဆောင်လျက်ရှိသော ခရစ်ယာန်ယုံကြည်သူအားလုံးကို ဆိုလိုပါသည်။

မည်သည့် ခရစ်ယာန်ခေါင်းဆောင်မဆို ခေါင်းဆောင်မှုအခန်းကဏ္ဍ၊ အနှစ်သာရဖြစ်သော အစေခံခြင်းနှင့် အခြေခံဖြစ်သော ဝိညာဉ်ရေးရာ ရင့်ကျက်မှု၌ တူညီရမည်ဖြစ်သည်။ သို့သော် ဘုရားသခင်၏ရွေးချယ်ခန့်ထားမှုအရ ဦးဆောင်ရမည့်နေရာ၊ တာဝန်ယူရမည့် အခန်းကဏ္ဍ၊ တာဝန်ခံရမည့် အလုပ်တို့ဖြင့် အသင်းတော် ပြင်ပ ခရစ်ယာန်ခေါင်းဆောင်များ (Community Christian Leaders)နှင့် ခရစ်ယာန်သာသနာခေါင်းဆောင်များ (The Leader in Christian Ministry)ဟူ၍ တွေ့မြင်နားလည်နိုင်ပါသည်။ ထိုနည်းတူ ခရစ်ယာန် သာသနာတော် အတွင်း (သိုမဟုတ်) အသင်းတော်၌ ဦးဆောင်ဦးရွက်ပြုနေသော ခေါင်းဆောင်များကိုလည်း ဝိညာဉ်ရေးရာ ခေါင်းဆောင် (Spiritual Leader)ဟု ယေဘုယျ နားလည်ထားကြပါသည်။ ဤကဲ့သို နားလည် ထားခြင်းမှာလည်း ၎င်းတို၏ တာဝန်ယူရသည့်အလုပ်နှင့် နယ်ပယ်ပေါ်တွင် အခြေခံခြင်း ကြောင့်ဖြစ်သည်။ Spiritual Community အပေါ်တွင် အခြေခံ ခေါ်ဆိုခြင်း ဖြစ်ပြီး အသင်းတော်ပြင်ပ နယ်ပယ်အသီးသီးမှ ခေါင်းဆောင်များကို ဝိညာဉ်ရေးရာခေါင်းဆောင်ဟု မသတ်မှတ်ခြင်းမဟုတ်ပါ။ လောကီဖြစ်စေ၊ လောကုတ္တရာဖြစ်စေ ခေါင်းဆောင်လျက်ရှိသော ခရစ်ယာန်အားလုံး ဝိညာဉ်ရေးရာ ခေါင်းဆောင်များပင် ဖြစ်သည်။ ဆက်လက်၍ ဖော်ပြမည့် အသင်းတော် ပြင်ပခေါင်းဆောင်နှင့် အသင်းတော်သာသနာ ခေါင်းဆောင်တို၏ အဓိပ္ပာယ်များ သည်လည်းမတူညီသောကြောင့် ခွဲခြားဖော်ပြခြင်းမဟုတ်ဘဲ ၂၁ရာစု၏ နယ်ပယ်အသီးသီးမှ လိုအပ်သော ခရစ်ယာန်ခေါင်းဆောင်ကို ဖော်ပြလိုခြင်းကြောင့်သာဖြစ်ကြောင်း တင်ပြလိုပါသည်။ ခေါင်းဆောင်မှု (Leader-ship) ကဏ္ဍ၌မူ သီးခြားဖော်ပြစရာမရှိပါ။ ဝိညာဉ်ရေးရာ ခေါင်းဆောင်မှု အနှစ်သာရ အတူတူပင်ဖြစ်သည်။

(၁) ဝိညာဉ်ရေးရာခေါင်းဆောင်၏ မရှိမဖြစ်သော အရည်အသွေးများ

(The Essential Characteristics of a Spiritual Leader)

မည်သည့်အဖွဲအစည်းမဆို အောင်မြင်ခြင်း၊ တိုးတက်ခြင်းနှင့်ကျရှုံးခြင်း ဆုတ်ယုတ်ခြင်း တို့သည် ခေါင်းဆောင်၏ အရည်အသွေးပေါ် မူတည်သည်ဟုဆိုလျှင် မည်သူမျှငြင်းမည်မဟုတ်ပါ။ ထိုနည်းတူဝိညာဉ်ရေးရာ ခေါင်းဆောင်တိုင်းအတွက် ရှိသင့်ရှိထိုက်သော အရည်အသွေးများစွာ ရှိပါသည်။ ထိုအချက်များထဲမှ မရှိမဖြစ် အရေးကြီးသောအချက်များကို ဆက်လက်ဖော်ပြပါမည်။

 

၁) မိမိကိုယ်မိမိ ထိန်းချုပ်နိုင်ခြင်း၊ စည်းကမ်း (Self-Discipline)။

စည်းကမ်းသည် ခေါင်းဆောင်တစ်ဦးအတွက် အထူးလေးစားစွာ လုပ်ဆောင်ရမည့် အရာဖြစ်သည်။ ထိုနည်းတူ ခေါင်းဆောင်တိုင်းအတွက် အဓိကလိုအပ်ချက်မှာ (Self-Discipline) ကိုယ်ပိုင်စည်းကမ်းပင်ဖြစ်သည်။ တစ်ကိုယ်ရည်စည်းကမ်းမှာ ခေါင်းဆောင်တစ်ဦး၏ အဓိကကြန်အင်လက္ခဏာတစ်ခုဖြစ်ပြီး၊ သူ့အနီး၌ရှိသော သူတိုအပေါ်သို့ သိလျက်နှင့် သော်လည်း ကောင်း၊ မသိဘဲလျက်နှင့်သော်လည်းကောင်း အသုံးချရမည်ဖြစ်သည်။ မည်သည့် နေရာ၌ အောင်မြင်သောခေါင်းဆောင်ဖြစ်နေပါစေ စည်းမျဉ်းစည်းကမ်းနှင့် မိမိကိုယ်ကိုယ်ထိန်းချုပ် နိုင်မှုမရှိလျှင် အောင်မြင်သော ခေါင်းဆောင် မဖြစ်နိုင်ပါ။“နှလုံးသည် အသက်၏ အခြေအမြစ်ဖြစ် သောကြောင့် သင်၏နှလုံးကိုအထူးသဖြင့် စောင့်ရှောက်လော့” (သု ၄၂၃)။ “သမ္မာသတိ ရှိလော့”(၁ပေ ၅း၈)ဟုဖော်ပြပါသည်။ စည်းကမ်းလိုက်နာမှု၊ မိမိကိုယ်ကိုထိန်းချုပ်မှု လျစ်လျူရှုသူ၊ တန်ဖိုးမထားသူ၊ မထိန်းချုပ်နိုင်သူသည်အောင်မြင်သောခေါင်းဆောင် တစ်ယောက် မဖြစ်လာနိုင်သလို ကြီးမားသော တာဝန်များကိုလည်း ထမ်းဆောင်နိုင်မည် မဟုတ်ပါ။ စည်းကမ်းလိုက်နာသူ၊ မိမိစိတ် မိမိကိုယ်ကို ထိန်းသိမ်းနိုင်သူများသာ ကြီးမားသောတာဝန်များကို ဘုရားပေးသော အစွမ်းနှင့် မြင့်မားသောနေရာ များ၌ ဦးစီးဦးဆောင်ပြုနိုင်မည်ဖြစ်သည်။ ၂.Oswald Sanders က“အခြားဆုကျေးဇူး အရည်အသွေးများ မည်မျှပိုင်ဆိုင်နိုင်ပါစေ မိမိကိုယ်မိမိ ထိန်းသိမ်းနိုင်မှု၊ ထိန်းချုပ်နိုင်မှုမရှိလျှင် တိုးတက်အောင်မြင်မှုမရှိနိုင်ပါ။

ထိုကြောင့် ပထမဦးစွာ မိမိကိုယ်မိမိ ထိန်းချုပ်နိုင်မှုကို နာခံခြင်း၊ စိတ်အားထက်သန်ခြင်းတို့ဖြင့် လုပ်ဆောင်ရမည်ဖြစ်သည်။ ခေါင်းဆောင်သည် အချိန်ကို အလဟဿ မဖြုန်းတီးသောသူ ဖြစ်ရပါ မည်။

၂) ရူပါရုံ (Vision)။

ဝိညာဉ်ရေးရာ ခေါင်းဆောင်တိုင်းတွင် တိကျပြတ်သားရှင်းလင်းသော ရူပါရုံ (Vision) ရှိရမည်ဖြစ်သည်။ ရူပါရုံဟုဆိုရာ၌ မိမိကိုယ်ပိုင် ရူပါရုံ၊ အများနှင့်သက်ဆိုင်သော ရူပါရုံများ သီးခြားစီရှိနေနိုင်ပါသည်။ ကိုယ်ပိုင်ရူပါရုံနှင့်ပတ်သက်၍ မိမိကိုယ်တိုင် တစိုက်မတ်မတ် လုပ်ဆောင်ရန် လိုအပ်သလို အများနှင့်ပတ်သက်သော ရူပါရုံများအတွက် အားလုံး၏ ရူပါရုံဖြစ်စေရန် ပြောနိုင်စည်း ရုံးနိုင်၊ နားလည်နိုင်အောင်ရှင်းပြနိုင်ရမည်။ အတူတကွ ခံယူပူးပေါင်း လုပ်ဆောင်ခြင်းဖြင့်သာ အောင်မြင်မှုကို ရရှိနိုင်မည်။ ထိုကြောင့် ရူပါရုံများပုံဖော်ခြင်း၊ ရည်မှန်း ချက်များ ချမှတ်ခြင်း၊ ဘုရားသခင်နှင့် ဆက်သွယ်မှု၊ မည်ကဲ့သို ဦးဆောင်ရမည်ကို ချမှတ်၍ လုပ်ဆောင်ရမည်ဖြစ်သည်။ “ဗျာဒိတ်တော်မရှိလျှင်၊ လူတိုသည် အကျိုးနည်းဖြစ်ကြ၏။ တရားတော်ကို စောင့်သောသူမူကား မင်္ဂလာရှိ၏”(သု ၂၉း၁၈)။

သမ္မာကျမ်းကိုသော်လည်းကောင်း၊ အသင်းတော်သမိုင်းကိုသော် လည်းကောင်း လေ့လာလျှင်အောင်မြင်စွာ ဦးစီးဦးဆောင်ပြုနိုင်သူ၊ လွှမ်းမိုးနိုင်သူများသည် အများနှင့်မတူ၍ ကျယ်ပြန့်သောအမြင်နှင့် မြင့်မားသောရူပါရုံ ရှိသူများဖြစ်ကြောင်း သိရှိနိုင်ပါသည်။

Bill Easum က “ခေါင်းဆောင်ကောင်းတိုသည် အစစ်အမှန်ကိုရှာဖွေလျက် တိကျသောပန်း တိုင်ရူပါရုံ(Vision) ကို ချမှတ်ပြီး မိမိကိုယ်မိမိ လှည့်စားခြင်းသည် ဆုံးရှုးမှုဖြစ်ကြောင်း နားလည်ထားကြသည်”၊ Peter Druker က “ရှုပ်ထွေးနေသောအချိန်သည် အန္တရာယ်များသော အချိန်ဖြစ်သည်။ သိုသော် အကြီးဆုံးသော အန္တရာယ်သည်အစစ်အမှန်တရားကို ငြင်းပယ်သော စုံစမ်းနှောင့်ယှက်ခြင်းဖြစ်သည်။”အစစ်အမှန်ကို ရရှိသော ခေါင်းဆောင်သည် တိကျသော ယေဘုယျ သဘောမဆန်သော၊ လက်တွေ့ကျသော ရူပါရုံများကိုချမှတ်ပြီး လုပ်ဆောင်ခြင်းဖြင့် မှန်ကန်သော ပြောင်းလဲမှုကို ဖြစ်ပေါ်စေပါသည်။

၃) မှန်ကန်၍ ခိုင်မာပြတ်သားသော ဆုံးဖြတ်ချက်ချခြင်း (Decisiveness)

ရူပါရုံ ရည်မှန်းချက်ပန်းတိုင် ရှိသောသူသည် ထိုရူပါရုံပန်းတိုင် များ ရရှိပိုင်ဆိုင်နိုင်ရန် တစ်စုံတစ်ခု လုပ်ဆောင်ရမည်ဖြစ်သည်။ ရူပါရုံ သာရှိပြီး အလုပ်လုပ်သောသူမဟုတ်ပါက သူသည် ပန်းတိုင်သာချတတ်ပြီး အလုပ်မလုပ်သောသူ ဖြစ်သည်။ ခေါင်းဆောင်များနှင့်အတူ လူသားတိုင်း ၎င်းတို့နှင့်သက်ဆိုင်သော လုပ်ငန်းများ၌ နိစ္စဓူဝဆုံးဖြတ်ချက်များကို ချနေကြရပါသည်။ မှန်ကန်စွာ ဆုံးဖြတ်နိုင်ဖိုအရေးကြီးပါသည်။ Ted Engstrom က “ဆုံးဖြတ်ချက်ကို မချနိုင်သူ တစ်ဦးသည် ခေါင်းဆောင်ကောင်းမဟုတ်ပါ” မိမိကိုယ်တိုင် ဆုံးဖြတ်ရန် ခက်ခဲပါကလုပ်ဖော် ဆောင်ဖက်များ၏ ယုံကြည်မှုကို ဆုံးရှုးရမည်ဖြစ်သည်။ ထိုကြောင့် ခေါင်းဆောင်ကောင်း တစ်ယောက်အဖြစ် သတ်မှတ်ခံရရန် မှန်ကန်စွာ ဆုံးဖြတ်ချက်ချနိုင်မှုအပေါ် များစွာမူတည်နေပါသည်။ ခေါင်းဆောင် ကောင်းတစ်ယောက်သည် မှန်ကန်သော ဆုံးဖြတ်ချက်ကို ချမှတ်နိုင်သူဖြစ်ရမည်။ မှန်ကန်သော ဆုံးဖြတ်ချက်ကို ချနိုင်ခြင်းအတွက် အဓိက အတားအဆီးမှာ အန္တရာယ်နှင့် အခက်အခဲများ၌ ဆုံးရှုံးမှာကိုကြောက်ခြင်းနှင့် လျစ်လျူရှုလိုက်ခြင်းတို့ဖြစ်သည်။ ဤအရာများကို အားနည်းသော ခေါင်းဆောင်များတွင် တွေ့ရှိနိုင်လေသည်။

မှန်ကန်တိကျသော ဆုံးဖြတ်ချက်ကိုချဖိုရန် အခြေခံရမည့်အရာများမှာ –

က။ အစစ်အမှန် အခြေအနေသည် မည်သိုနည်း။

ခ။ ခေါင်းဆောင်အနေနှင့် အမှန်တကယ် သိရှိနားလည်ပြီလား။

ဂ။ ရွေးချယ်ရမည့်အရာက ဘာလဲ။

ဃ။ သင်ကိုယ်တိုင် လက်တွေ့ကျကျ လုပ်နိုင်ရဲ့လား။

င။ သင့်လူများရော လုပ်နိုင်သောအရာ ဖြစ်ရဲ့လားဆိုသည်အချက် များကို ထည့်သွင်းစဉ်းစားပြီး ဘုရားသခင်ထံ ဆုတောင်းလျက် အားလုံးအတူတကွ ဆွေးနွေးပြီး ဆုံးဖြတ်ချက်ချ အကောင် အထည်ဖော် လုပ်ဆောင်ရမည်ဖြစ်သည်။ ဥပမာ-မောရှေသည် ဣသရေလတို့နှင့် တသားတည်း ဖြစ်စေရန် အဲဂုတ္တု၌ သူ၏ကြွယ်ဝမှု၊ စည်းစိမ်အဆင့်အတန်းအားလုံးကို စွန့်ပစ်ခဲ့လေသည်။ မောရှေ၏ ခေါင်းဆောင်မှု၌ ပြတ်သားသော ဆုံးဖြတ်ချက်ဖြစ်လေသည်။ J.Oswald Sandersက “ဆုံးဖြတ်ချက်ချခြင်းသည် မှန်ကန်သော ခေါင်းဆောင်မှု၏ အမှတ်အသားဖြစ်သည်”ဟု ဖော်ပြပါသည်။

၄) သတ္တိ၊ ရဲရင့်ခြင်း (Courage)။

သတ္တိဆိုသည်မှာ အခက်အခဲများအလယ်၌ မားမားမတ်မတ် ရပ်တည်ရင်ဆိုင် လုပ်ကိုင်ခြင်းကို ခေါ်ပါသည်။ သတ္တိမရှိသော (သို့) နည်းသောခေါင်းဆောင်သည် အခက်အခဲနှင့် ရင်ဆိုင်ရသောအခါ ခြေတုန်၊ လက်တုန်၊ အသံတုန်ဖြစ်ပြီး မလုပ်တတ်မကိုင်တတ်နှင့် တည်ငြိမ်မှုကိုမတွေ့နိုင်ပါ။ သတ္တိရှိသော ခေါင်းဆောင်က ထိုကဲ့သိုမဟုတ်ပါ။ အောင်မြင်လိုသောသူများသည် လွယ်ကူသော အလုပ်များ၊ မလုပ်လောက်သော အလုပ်များကို ရှာဖွေခြင်းမရှိပါ။ အခက်အခဲကို ကျော်လွှားနိုင်ဖို သတ္တိနှင့်အင်အားကို ရှာဖွေကြပါသည်။ သတ္တိရှိသူတိုသည် ဆုံးရှုးသွားမှု အပေါ်ထက် လက်ရှိကျန် နေသော အစွမ်းကိုသာ အာရုံထားပါသည်။စိတ်အတွင်း၌သတ္တိ၊ ရဲရင့်ခြင်း အပြည့်ရှိသောအခါ ကြောက်စိတ်ကို ကင်းမဲ့စေပြီး အခက်အခဲများကို ကျော်လွှားစေပါသည်။ သတ္တိသည် ကြောက်စိတ် ကင်းမဲ့နေခြင်း မဟုတ်ပါ။ ကြောက်စိတ်ကို ကျော်လွှားခြင်းသာဖြစ်သည်။ သတ္တိမဲ့သောအကျင့်စာရိတ္တ၊ တရားမျှတမှုနှင့် ဂုဏ်သိက္ခာရှိမှုသည် မထိရောက်ပါ။ အကျင့်စာရိတ္တ မပါသော သတ္တိသည် ဖိအားသက်သက်ဖြစ်နိုင်ပါသည်။ သမ္မာကျမ်းစာမှ ဘုရားသခင် ရွေးကောက်သော ခေါင်းဆောင်များ သည် မကြောက်တတ်သူများမဟုတ်ပါ။ “ဘုရားသခင် အားဖြင့် ငါတိုသည် ရဲရင့်စွာပြုကြမည်။ ငါတို၏ ရန်သူများကို ကိုယ်တော်တိုင် နှိမ်နင်းတော်မူမည်” (ဆာ ၆၀း၁၂)ဒါဝိဒ်မင်းသည် ဘုရားသခင်အားဖြင့် ကြောက်ခြင်းကို ကျော်လွှားလျက် သတ္တိရှိခြင်း ရဲရင့်ခြင်းတို့ဖြင့် အောင်မြင်မှုကို ရယူခဲ့ပါသည်။ ထိုနည်းတူ “အားယူ၍ ရဲရင့်ခြင်းရှိလော့” (ယောရှု ၁း၆)ဟူသော နှုတ်ကပတ်တော်သည် ယောရှု၏ စိုးရိမ်ခြင်းမှ ရဲရင့်ခြင်း၊ သတ္တိရှိခြင်းကို ဖြစ်စေပါသည်။

ဝင်စတန်ချာချီ (Winston Churchil)က “သတ္တိဆိုသည်မှာ လူသား၏ အရည် အချင်းများအ နက် ဦးဆုံးမှန်ကန်စွာ အထင်ကြီးလေးစားစရာ အကောင်းဆုံးဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ထိုအရည်အချင်းသည် ကျန်အရည်အချင်းအားလုံးကို အာမခံထားသောကြောင့်ဖြစ်သည်။ ” (Courage is rightly esteemed the first of humanqualities because it is the quality which guarantees all others.)

၅) နှိမ့်ချခြင်း၊ နှိမ့်ချသည့် အရည်အသွေး (Humility)။

ခေါင်းဆောင်တစ်ဦး၏ အရေးအကြီးဆုံး အကျင့်သီလတစ်ခုမှာ သူ၏နှလုံးသားမှလာသော နှိမ့်ချမှုပင်ဖြစ်သည်။ Thomas Moore က“နှိမ့်ချခြင်းဆိုသည်မှာ အောက်ဖက်တွင် ရှိသော အမြစ် ချိုချိုလေးတစ်ခုဖြစ်သည်၊ အရည်အချင်းကောင်းများအားလုံးသည် ထိုမှတစ်ဆင့်ထွက်ပေါ်လာ ကြပါသည်”(Humility that low sweet root, from which all heavenly virtues shoot)။ စိတ်နှလုံးနှိမ့်ချခြင်းသည် စိတ်အာရုံနှင့် နှလုံးသားအတွင်းမှ ဖြစ်တည်သော နှိမ့်ချမှုပင်ဖြစ်သည်။ ၎င်းအားဖြင့် မိမိအလို၊ မိမိသဘောကို ရှေ့တန်းမတင်ပဲ အစေခံတစ်ဦးကဲ့သိုကိုယ်ကိုယ်ကို ချုပ်တည်းခြင်း ဖြစ်တည်လာပါလိမ့်မည်။

စိတ်နှလုံးနှိမ့်ချခြင်းသည် ဘုရားသခင် အသုံးပြုသော သူ၏အမှတ်လက္ခဏာဖြစ်သည်။ သူ၏ အစေခံခေါင်းဆောင်များကို ထိုစိတ်သဘောနှင့် ပြည့်ဝနေစေရန် ဘုရားသခင် လိုလားသည်။ ထိုနှိမ့်ချခြင်းသည်ပင်လျှင် သခင်ယေရှု၏ ခေါင်းဆောင်ဖြစ်ခြင်းနှင့် ခေါင်းဆောင်မှု၏ အဓိပ္ပာယ် အနှစ်သာရဖြစ်သည်။ (၁ပေ ၅း၅-၆)က ဖော်ပြထားသည်မှာ “ထိုနည်းတူ အသက်ပျိုသောသူတို၊ အသက်ကြီးသော သူတို့၏ စကားကို နားထောင်ကြလော့။ ထိုမျှမက အချင်းချင်း တစ်ယောက် အောက်တစ်ယောက် နှိမ့်ချလျက်နေ၍ နှိမ့်ချခြင်းတန်ဆာကို ဆင်ခြင်ကြလော့။ အကြောင်းမူကား ထောင်လွှား စော်ကားသောသူတို့ကိုဘုရားသခင် ဆီးတားတော်မူ၏။ စိတ်နှလုံးနှိမ့်ချသော သူတိုအား ကျေးဇူးပြုတော်မူ၏။ ထိုကြောင့် ကာလအချိန်တန်လျှင် ဘုရားသခင်သည် သင်တို့အား ချီးမြှောက် တော်မူမည်အကြောင်း တန်ခိုးကြီးသောလက်တော်အောက်၌ ကိုယ်ကိုကိုယ် နှိမ့်ချလျက်နေကြလော့” ဟူ၍ဖြစ်ပါသည်။ မာနကြီးသောသူကို ဘုရားသခင် ငြင်းဆန်ပေမည်။ ကောင်းချီးပေးမည်မဟုတ်ပေ။ “ငါတော်လို၊ ငါတတ်လို၊ ငါဦးဆောင်လို၊ ငါ့၍ကြံရည်ဖန်ရည်ကြောင့် စသည်ဖြင့် မာန်မာနထောင်လွှားခြင်းသည် ဆုံးရှုးခြင်းပင်ဖြစ်သည်။ ထိုကြောင့် “စိတ်နှလုံး နှိမ့်ချသောသူတို့သည် မင်္ဂလာရှိကြ၏ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်သည် ထိုသူတို၏ နိုင်ငံဖြစ်၏” (မ ၅း၃) ကဖော်ပြပါသည်။

ခေါင်းဆောင် အာဏာအပ်နှင်းထားခြင်းကြောင့် ခေါင်းဆောင်သည် အဖွဲ့၌ လွတ်လပ်စွာ ဦးဆောင်ခွင့်ရှိသူဖြစ်ပါသည်။ သိုသော်ခေါင်းဆောင်၏ လွပ်လပ်မှုကို သူတစ်ပါးအား နှိမ့်ချစွာ အစေခံခြင်းဖြင့်ထိန်းချုပ်ထားရမည်ဖြစ်သည်။ သခင်ယေရှုက သူ၏တပည့်တော်များအား ရာထူး အာဏာနှင့်ပတ်သက်၍ (မ ၂၀း၂၅-၂၇)၌ သွန်သင်ခဲ့သည်မှာ “ယေရှုက ထိုသူတိုကို ခေါ်တော်မူ၍ သင်တို့သိသည့်အတိုင်း၊ လောကီမင်းတို့သည် အစိုးတရပြုတတ်ကြ၏။ အကဲအမှူးတို့သည်အာ ဏာထားတတ်ကြ၏။ သင်တိုမူကား ထိုသိုမပြုကြနှင့်” ဟူ၍ ဖြစ်ပါသည်။ လုပ်ပိုင်ခွင့်အာဏာဖြင့် အစိုးတရပြုရန်မဟုတ်ဘဲ သခင်ယေရှုကဲ့သို နှိမ့်ချခြင်းအားဖြင့်သာလျှင် ခေါင်းဆောင်မှုပြုရန် ဖြစ်သည်။ ရှင်ပေါလုကလည်း မိမိကိုယ်မိမိ “ငါသည် အထက်က ဘုရားသခင်အသင်းတော်ကို ညှဉ်းဆဲသောကြောင့် အညံ့ဆုံးတမန်တော်ဖြစ်၏။ တမန်တော်ဟု ခေါ်ဝေါ်ခြင်း မခံထိုက်” (၁ကော ၁၅း၉) ဟုဖော်ပြခဲ့ပြီး ဧဖက် ၃း၉)၌ “သန့်ရှင်းသူအပေါင်းတိုတွင် အငယ်ဆုံးသောသူထက်သာ၍ ငယ်သော ငါ့အား” ဟူ၍ လည်းကောင်း၊ (၁တိ ၁း၁၅)၌ “အပြစ်ရှိသောသူတို့တွင် ငါသည် အကြီးဆုံးဖြစ်၏” ဟူ၍ လည်းကောင်း နှိမ့်ချခြင်းကို ဖော်ပြခဲ့ပါသည်။ ဝိညာဉ်ရေးရာ ခေါင်း‌ေဆောင် တိုင်းအတွက် နှိမ့်ချခြင်းသည် မရှိမဖြစ်လိုသော အရာတစ်ခုဖြစ်သည်။

 

၆) ယုံကြည်လိုက်သောသူ (Trut.lyworthiness)။

ဝိညာဉ်ရေးရာခေါင်းဆောင်သည် မည်သူ့အပေါ်တွင်မဆို ဖြောင့်မတ်မှန်ကန်မှုရှိရပါမည်။ ပြောလျှင်ပြောသည့်အတိုင်း လုပ်တတ်သူဖြစ်ရမည်။ ဤအချက်သည် ခေါင်းဆောင်များအတွက်စိန် ခေါ်မှုတစ်ခုဖြစ်သည်။ ထိုနည်းတူ မယုံကြည်မှုကို အလွဲသုံးစားပြုလုပ်ခြင်းသည်လည်း ခေါင်းဆောင်၏ ကြီးမားသော အားနည်းချက် ဖြစ်သည်။ မိမိနှင့် ပတ်သက်သူများ၏ ယုံကြည်မှုကို မရရှိနိုင်ပါ။ David Branker က “ယုံကြည်မှုဆိုတာ၊ တစ်ကြိမ်မှာ အုတ်တစ်ချပ်စီနဲ့ တည်ဆောက်ရတာဖြစ်တယ်။ ဒါပေမယ့် ယုံကြည်မှုကို ချိုးဖောက်တဲ့အခါ ကျတော့ နံရံတစ်ခုလုံး၊ ဝုန်းကန်ပြိုကျလာလေ့ရှိတယ်။ ထို့ကြောင့် သင့်အား အပ်နှံထားသည့် အခွင့်အာဏာကို မည်သည့်အခါတွင်မှ မိမိ ကိုယ်ကျိုးစီးပွား အတွက် အသုံးမပြုပါနှင့်။ သင့်၏ ခေါင်းဆောင်မှု ခရီးလမ်းတွင် သင်၏ အကျင့်စာရိတ္တနှင့် ရိုးသားဖြောင့်မတ်မှုတိုကို အမြဲတမ်း စစ်ဆေးခံနေရမည် ဖြစ်သည်” ဟုဆိုခဲ့ပါသည်။ သင့်အား အပ်နှံ ထားသော လုပ်ပိုင်ခွင့်တာဝန်နှင့် သြဇာအာဏာ တည်တံ့မှုသည် သင့်ကို တာဝန်ပေးသူနှင့် လုပ်ဖော် ဆောင်ဖက်အားလုံးအပေါ်၌ သစ္စာရှိစွာတာဝန်ထမ်းဆောင်ပြီး ယုံကြည်ရသောသူဖြစ်ရပါမည်။ မိဘသည် သားသမီးများအပေါ် ယုံကြည်စိတ်ချရလောက်အောင် ဆောင်ရွက်သကဲ့သို ဝိညာဉ်ရေးရာ ခေါင်းဆောင်သည် မိမိအဖွဲအစည်း၊ မိမိ အသင်းသားများအပေါ် ယုံကြည်မှု တည်ဆောက်ရန် လိုအပ်သည်။ အကြံပြုချက်များကို ဆက်လက် ဖော်ပြပါသည်။

က။ အဆုံး၌ မည်သိုဖြစ်မည်ကို မသိဘဲလျက် စွန့်စားပြုလုပ်ရာတွင်ပြင်ဆင်မှုလိုအပ်သည်။

ခ။ ယုံကြည်စိတ်ချမှုကို တဖြည်းဖြည်းတည်ဆောက်ပါ။

ဂ။ ထိုသူကို ယုံကြည်ကြောင်းပြသပါ။

ဃ။ အကယ်၍ မအောင်မြင်ခဲ့သော် နောက်ထပ်တစ်ကြိမ် ကြိုးစားခွင့်ပြုပါ။

င။ အခွင့်အရေးပေးပြီး ချီးမြှင့်ပါ။

 

၇) မိတ်ဆွေ၊ ခင်မင်ရင်းနှီးမှု (Friendship)။

  1. Oswald Sanders m “ခေါင်းဆောင်တစ်ဥ◌ီးသည် မည်ကဲ့သို့သော ခေါင်းဆောင်ဖြစ်သည်ကို သူ၌ မိတ်ဆွေ မည်မျှရှိသည်၊ ဘယ်လိုမိတ်ဆွေများဖြစ်သည်ကို ကြည့်ခြင်းဖြင့် သိနိုင်ပါသည်။” အဖွဲအစည်းတစ်ခု အောင်မြင်ရေးသည် တစ်ဖွဲလုံး ပူးပေါင်းလုပ်ဆောင်မှုကြောင့်ဖြစ်ပြီး၊ ထိုအဖွဲ၏ ထူးချွန်သူ အနည်းငယ်ကြောင့်မဟုတ်ပါ (Victories are won by teams, not by stars)၊ အဖွဲ့စည်းစိတ်ဓာတ်၊ (Team Spirit)၊ အဖွဲလိုက်လုပ်ဆောင်မှု (Team Work)သည် အောင်မြင်ခြင်း အတွက် အထူးအရေးကြီးပါသည်။ ခေါင်းဆောင်သည် Team Spirit ရအောင် ဦးဆောင်နိုင်မှသာလျှင် မိတ်ဆွေရင်းချာများကဲ့သို စည်းစည်းလုံးလုံး အတူတကွလုပ်ဆောင်နိုင်မည်ဖြစ်ပြီး၊ အသင်းတော်၏ သဘောသဘာဝလည်း ဖြစ်ပါသည်။ (၁) တစ်ဦးနှင့် တစ်ဦး နားမထောင်ခြင်း၊ မလေးစားခြင်း (၂) အသင်းတော်ကွဲပြားခြင်း (၃) ရည်မှန်းချက် ပန်းတိုင်မတူညီခြင်း (သို့) မရှိခြင်းကြောင့် လုပ်ချင်ရာလုပ်၊ ဦးတည်ရာမဲ့ လုပ်ဆောင်ခြင်းများ (၄) တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုမရှိခြင်း (၅) အတူတကွ တက်ကြွစွာ လုပ်ဆောင်လိုစိတ် မရှိခြင်းတိုသည် အဖွဲ အစည်းစိတ်ဓာတ်၊ အဖွဲလိုက်လုပ်ဆောင်မှုကို ထိခိုက်စေပါ သည်။ မိတ်ဆွေစစ်မဖြစ်ခြင်း၊ ချစ်ခြင်းမေတ္တာ မရှိခြင်းတို၏ အမှတ်သင်္ကေတများဖြစ်ပါသည်။

ဒါဝိဒ်၏ ခေါင်းဆောင်မှုသည် သူ့အတွက် အသေခံရန် အသင့်ဖြစ်သည်။ ထင်ပေါ်ကျော် ကြားသူများက သူဘေးပတ်လည်၌ ဝိုင်းရံသည့်နေရာမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ သူတိုသည် ဒါဝိဒ်၏ ချစ်ခြင်း မေတ္တာကို အပြည့်အဝရရှိထားကြရာ သူ၏ တောင့်တချက်သည် သူတိုအတွက် အမိန့်တစ်ခုဖြစ်လာသည် (၂ရာ ၂၃း၁၅)။ ဒါဝိဒ်သည် သူတို့အတွက် အသေခံရန် အသင့်ဖြစ်သည်ကို သိကြသောကြောင့် သူတိုသည် ဒါဝိဒ်အတွက် အသေခံရန် အသင့်ရှိကြသည်။ ထိုနည်းတူ ရှင်ပေါလုသည်လည်း မိတ်ဆွေပေါများသူ တစ်ဦးဖြစ်သည်။ သူ၌သစ္စာရှိသော လုပ်ဖော်ဆောင်ဖက် များစွာရှိခဲ့သည်။ သိုသော် အားလုံးထဲ၌မိတ်ဆွေနောက်လိုက် များစွာရှိသူသည် သခင်ယေရှုပင် ဖြစ်သည်။“ဤလောက၌ရှိသော မိမိလူတိုကို ချစ်တော်မူသောကြောင့် အဆုံးတိုင်အောင် ချစ်တော်မူ၏” (ယော ၁၃း၁)။ Dr. Gaines S. Dobbinsက “အသင်းတော် တစ်ပါးသည် လိုအပ်ချက်များစွာရှိသော်လည်း ရှင်သန်နိုင်သေးသည်။ ဆုံးရှုးမှု များစွာရှိသော်လည်း အောင်မြင် နိုင်သေးသည်။ အဖွဲအစည်းစိတ်ဓာတ် (Team Spirit) ပျောက်ဆုံးသွားလျှင် ရှုံးနိမ့်ခြင်းနှင့် သေခြင်းလမ်းကို သွားခြင်းဖြစ်သည်ဟု” ဖော်ပြပါသည်။

၈) လှုံဆော်နိုင်သော အစွမ်းရှိခြင်း (Inspirational Power)။

ခေါင်းဆောင်မှုပြုရာ၌ အများကို လှုဆောင်နိုင်စွမ်းသည် ဝိညာဉ်ရေးရာ ခေါင်းဆောင်တစ်ဦး၏ အမှတ်လက္ခဏာလည်း ဖြစ်သည်။ နေဟမိသည် ထိုကဲ့သိုသော ခေါင်းဆောင်ဖြစ်သည်။ နေဟမိ ယေရု ရှလင်မြိုသို ရောက်ရှိချိန်တွင် သူ၏လူများ စိတ်ပျက်နေသော အချိန်ဖြစ်သည်။ သိုသော် လူစုကြီးက နေဟေမိ စကားပြောပြီးနောက် “ငါတို့သည် ထ၍ တည်ကြကုန်အံ့” (နေ ၂:၁၈) ဟုဆိုကြပြီး လှုဆော်ခဲ့ သည်။ (နေ ၄:၆) ၌လည်း ကြီးသောစေတနာစိတ်ဖြင့် လုပ်ဆောင်သည်။ ဤကဲ့သို စိတ်နှလုံးတက်ကြွစွာ လုပ်ဆောင်ကြခြင်းသည် ခေါင်းဆောင်တို၏ လှုဆော်နိုင်သော အရည်အသွေးကြောင့်ပင်ဖြစ်သည်။

၃) ရိုးသားခြင်းနှင့် ဖြောင့်မတ်ခြင်း (Sincerity and Integrity)။

ရှင်ပေါလုသည် စိတ်ပြောင်းလဲခြင်း မဖြစ်မီကပင် သူ၌ ရိုးသားဖြောင့်မတ်ခြင်းများနှင့် အသိစိတ်အားဖြင့် ကောင်းသောအလုပ်ကိုလုပ်ဆောင်တတ်ကြောင်း သိရှိရပါသည်။ ရှင်ပေါလု ကောနိအသင်းများထံသို ရေးသားထားသည်မှာ “ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို မှောက်လှန်သောသူများတိုနှင့် ငါတိုသည်မတူဘဲကြည်ဖြူသောစိတ်ရှိ၍ ဘုရားသခင် အလိုတော်နှင့် အညီ၊ ဘုရားသခင်ရှေ့တော်၌ ခရစ်တော်၏ တရားတော်ကို ဟောပြောကြ၏” (၂ကော၂း၁၇)ဟု ဖော်ပြပါသည်။ ထိုနည်းတူ (၁ကော ၄၄) ၌ “ငါ့ကိုယ်ကို ငါမစီရင်၊ အကြောင်းမူကား ကိုယ်စိတ် သည်ကိုယ်ကို အပြစ်မတင်။ သိုသော်လည်း ထိုအကြောင်းဖြင့် ငါသည် အပြစ်လွှတ်သည် မဟုတ်။ ငါ့ကိုစီရင်သောသူကား ထာဝရဘုရားပေတည်း” ဟု ဖော်ပြခြင်းဖြင့် ရိုးသားဖြောင့်မတ်ခြင်းကို တွေ့မြင်နိုင်ပါသည်။

ဓမ္မဟောင်းကျမ်း (တရား ၁၈း၁၃)၌ ဣသရေလအမျိုးများအား သွန်သင်ထားသည်မှာ “သင်သည် သင်၏ ဘုရားသခင်ထာဝရဘုရား ရှေ့တော်၌ စုံလင်ခြင်းရှိရမည်” ဟူ၍ ဖြစ်ပါသည်။ ရိုးသားဖြောင့်မတ် ဖြူစင်ခြင်းသည် ဝိညာဉ်ရေးရာ ခေါင်းဆောင်တို့၏ နေ့စဉ်အသက်တာ၌ အစဉ် ပြည့်ဝနေရပေမည်။ Abraham Lincoln ကလည်း “ခေါင်းဆောင်မှု၏ အခြေခံသည် ရိုးသား ဖြောင့်မတ်ခြင်း ဖြစ်သည်” ဟု ဖော်ပြခဲ့ပါသည်။

၁၀) ဝိညာဉ်ရေးရာ ပြည့်ဝသောသူ (Fill with Spirit)။

အသင်းတော်နှင့် ယုံကြည်သူများ တိုးတက်ရေး၊ တည်တံ့ခိုင်မြဲရေးသည် ခေါင်းဆောင်များ၏ ဝိညာဉ်ရေးရာ ပြည့်ဝမှုအပေါ်တွင် မူတည်ပါသည်။ အသင်းတော်သမိုင်းတွင် အသင်းတော် ပျက်စီးရခြင်း၏ အဓိကပြဿနာသည် ခေါင်းဆောင်များ ဝိညာဉ်ရေးရာ၌ ကျဆင်းခြင်းဖြစ်သည်။ ဝိညာဉ်ရေးရာကို Dr. Timothy C. Geofrion က ရိုးရှင်းစွာ ဖော်ပြထားသည်မှာ “ဘုရားသခင်နှင့် ကျွန်ုပ်တို၏ ဆက်စပ်မှုအ သိတရား” (Our Sense of Connetion to God) ဟူ၍ ဖြစ်ပါသည်။ (ဧ ၅း၁၈) က “လွန်ကျူးစေတတ်သော စပျစ်ရည်နှင့် ယစ်မူးခြင်းကို ရှောင်၍ဝိညာဉ်တော်နှင့် ပြည့်စုံလျက်ရှိကြလော့” ဟုဖော်ပြပါသည်။ ဝိညာဉ်တော်နှင့် ပြည့်ဝသော အသက်တာသည် ဝိညာဉ်တော်၏ ဦးဆောင်မှုကို ခံယူဆက်ကပ်လုပ်ဆောင်ခြင်းလည်း ဖြစ်ပါသည်။

ဘုရားရှင်သည် ကျွန်ုပ်တို၏ ဖန်ဆင်းရှင်ဖြစ်ပြီး ဘုရားသခင်ပေးတော်မူသော အသက်အားဖြင့် ကျွန်ုပ်တို အသက်ရှင်ကြပါသည်(တ ၁၇း၂၄-၂၈)။ ဘုရားသခင်သည် သူ၏ ဖန်ဆင်းခံ သတ္တဝါများနှင့် ခြားနားသော်လည်း သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ယုံကြည်သူများအတွင်း ရှိတော်မူသည် ( ဧ၁း၁၃)။ ဖန်ဆင်းခံလူသားများ၌ မမြင်ရသော ဝိညာဉ်တော်ဖြစ်သည့် ကျွန်ုပ်တို၏ ဖန်ဆင်းရှင် ဘုရားသခင် နှင့် ဆက်ဆံခြင်းကို ဖြစ်စေနိုင်သော ဝိညာဉ်ရေးရာ အတိုင်းအတာရှိပါသည် (ယော ၄း၂၄)။ ကျွန်ုပ်ထဲ၌ရှိတော်မူသော ဘုရားသခင်၏ ဝိညာဉ်တော်သည် ကျွန်ုပ်တို အတွင်း၌ အလုံးစုံ ပြောင်းလဲခြင်းကို ဖြစ်ပေါ်စေတော်မူပြီး၊ ဝိညာဉ်တော် လိုလားသော အသက်တာဖြင့်အသက်ရှင်ခွင့် တန်ခိုးအာဏာကို ပေးတော်မူမည်” (ဂလာ ၅း၁၆-၂၅)၊

ဘုရားသခင်သည် ကျွန်ုပ်တို ဘဝများထဲ၌ ပါဝင်လှုပ်ရှားနေတော် မူသဖြင့် တစ်ဦးချင်း အနေဖြင့် ဘုရားသခင်ကို မျှော်လင့်ကိုးစားရမည်ဖြစ်သည်။ ကျွန်ုပ်တို၏ခေါင်းဆောင်မှု အထဲ၌ ဘုရားသခင်သည်ဝိညာဉ်တော်အားဖြင့် ဦးဆောင်လျက်ရှိပြီး ခွန်အားတိုးပွားစေခြင်းဖြင့် ဘုရားသခင်ထံမှ ကြီးကျယ်သောအရာများကို မျှော်လင့်နိုင်ပါသည်။ အားကောင်းသော ဝိညာဉ်ရေး အခြေခံမှနေ၍ ဦးဆောင်မှုပေးရန် ကြိုးစားလေလေ၊ ခေါင်းဆောင်မှု၌ ကျစ်လျစ်သိပ်သည်းမှုနှင့် စည်းကျမှုတိုကို ပိုမိုတွေ့ကြုံခံစားလေလေဖြစ်ပြီး အကျိုးရလဒ်များလည် ပိုမိုအင်အားကြီးမားလေဖြစ်သည်။ ဝိညာဉ်ရေးရာ ရင့်ကျက်မှုမရိုက် ရလဒ်ကိုသာ ဦးစားပေးသည့် စွမ်းထက်မြက်သော ခေါင်းဆောင်သည် ရူပါရုံ (Vision)၊ စေခိုင်းချက် (Mission)၊ မဟာဗျူဟာများ (Strategies) နှင့် လိုလားသောရလဒ် (Desired Outcomes) ကိုသာအထူးအာရုံစိုက်သောကြောင့် နည်းမှန်လမ်းမှန် အောင်မြင်မှုကို လျစ်လျူရှုစေပါသည်။

 

၁၁) ဆုတောင်းခြင်း (Prayer)။

သခင်ယေရှုသည် ဆုတောင်းခြင်း၌ အားကြီးသူဖြစ်ကြောင်း သမ္မာကျမ်းစာ၌ ဖော်ပြထားပါသည်။ ထိုကြောင့် သခင်ယေရှုသည် ဘုရားသခင်နှင့် နေ့စဉ်တွေ့သည်။ နာရီပေါင်းများစွာ မိတ်သဟာယဖွဲသည်။ ကြိုတင်သတ်မှတ် ဘေးဖယ်ကာ တလေးတစားထားသည့် အချိန်ကာလကို မည်သည့် အရာကမျှ ဝင်ရောက်နှောင့်ယှက်ခြင်းမပြုနိုင်။ “နံနက်အချိန် မိုးမလင်မီ ကိုယ်တော်သည် ထပြီးလျှင် တောအရပ်သိုထွက်ကြွ၍ ဆုတောင်းတော်မူ၏” (မာ ၁၃၅)။ ဆုတောင်းခြင်းနှင့် ပတ်သက်၍ ဆုတောင်းခြင်း အမျိုးအစားများမှာ ပြင်းပြသောစိတ်နှင့် ဆုတောင်းခြင်း၊ စိတ်အားထက်သန်ခြင်းနှင့် အရှိန်ကြီးသော ဆုတောင်းပဌနာတိုဖြစ်သည်။ သမ္မာကျမ်းမှ ခေါင်းဆောင်များ၏ အောင်မြင်ခြင်း အုတ်မြစ်သည် ၎င်းတို၏ ကျွမ်းကျင်မှု၊ တော်ခြင်းတတ်ခြင်း၊ ငွေကြေးချမ်းသာခြင်း၊ ယဉ်ကျေးသိမ်မွေ့ခြင်းများကြောင့်မဟုတ်ဘဲ ဘုရားသခင်နှင့် မိတ်သဟာယဖွဲ ဆုတောင်းခြင်း ကြောင့်သာလျှင် ဖြစ်သည်။ ခေါင်းဆောင်မှုပြုခြင်းသည် အများအား လွှမ်းမိုးနိုင်ခြင်း၊ ရွေ့လျားစေခြင်း ဖြစ်သောကြောင့် အကောင်းဆုံးသောလမ်းမှာ ဆုတောင်းခြင်းဖြစ်သည်။ သခင်ယေရှု ကိုယ်တော်တိုင် ဦးစားပေးဖော်ပြခဲ့သည်မှာ “အကြောင်းမူကား ထိုသူတိုသည် ပင်ပန်းသည်ဖြစ်၍ ထိန်းသူမရှိဘဲ ပစ်ထားသောသိုးကဲ့သို ဖြစ်ကြ၏။ ထိုအခါ ကိုယ်တော်က စပါးရိတ်စရာ များစွာရှိ၏။ ရိတ်သောသူတိုသည်နည်းကြ၏။ ထိုကြောင့် လုပ်ဆောင်သောသူတိုက စပါးရိတ်စေခြင်းငှာ စေလွှတ်တော်မူမည်အကြောင်း စပါးရှင်ကိုဆုတောင်းကြလော့” (မ ၉း၃၆-၃၈)။

ဆုတောင်းခြင်းနှင့် ပတ်သက်ပြီး လူအများ ခံယူနားလည်ထားသည်မှာ “ဆုတောင်းခြင်းသည် ဘုရားသခင်နှင့်စကားပြောခြင်း” ဟူ၍ဖြစ်သည်။ ယင်းသည် မပြည့်စုံပါ။ စင်စစ် ဆုတောင်းခြင်းသည် ဘုရားသခင်အား စကားပြောခြင်းအပြင် ဘုရားသခင်၏ စကားကို နာခံခြင်းလည်း ပါဝင်ရမည်။ ခေါင်းဆောင်းများ ပို၍ အလေးအနက် သတိရသင့်သည်မှာ ဘုရားသခင်ကို မိမိက ပြောမည့်စကားများထက် ဘုရားသခင်က မိမိကို ဖွင့်ပြမည့် စကားများက ပို၍ အရေးကြီးကြောင်း သတိပြုရမည်ဖြစ်သည်။ ဆုတောင်းခြင်း၌ ဘုရားကို ရင်းနှီးချစ်ကြည် ယုံကြည်အပ်သော မိတ်ဆွေ တစ်ဦးကဲ့သို သဘောထားလျက် ပွင့်လင်းစွာစကားပြောဆိုသင့်ပါသည်။ အချိန်ပေးသင့်ပါသည်။ “ငါ၏ မျက်နှာတော်ကို ရှာကြလော့ ဟူသောအမိန့်တော်ကို ရှေ့တော်၌ အကျွန်ုပ်သည် သတိပြုလျက် ထာဝရဘုရား ကိုယ်တော်၏ မျက်နှာတော်ကိုရှာပါမည်” (ဆာ ၂၇း၈)။

စစ်မှန်သော ဆုတောင်းခြင်း၌ ထာဝရဘုရားထံတော်မှ တုံပြန်မှုကို စောင့်ဆိုင်းခြင်း ပါဝင်ပါသည်။ ခေါင်းဆောင်များအနေဖြင့် ဘုရားသခင်၏ အလိုဆန္ဒကို စောင့်ဆိုင်းလျက်၊ သူ၏ အလိုတော်ကို ကိုင်စွဲပြီး၊ သူ၏ရည်မှန်းချက်ကို လူများထံ အရောက်ပိုပေးရမည်။ ထိုကြောင့် ခေါင်းဆောင်များသည် ဘုရားသခင်နှင့် ရင်းနှီးစွာ ဆက်ဆံဆက်သွယ်ရန်၊ မျက်နှာတော်ကို ရှာဖွေရန်နှင့် အလိုတော်ကို စောင့်ဆိုင်းနာခံရန်လိုအပ်သည်။

 

၁၂) ခေါင်းဆောင်နှင့်စာဖတ်ခြင်း (The Leader and Reading)။

ကောင်းမွန်ထိရောက်သော အကြံဉာဏ်များရရှိရန်၊ မှန်ကန်သော ဆုံးဖြတ်ချက်များ ချမှတ်လုပ်ဆောင်ရန်နှင့် ရေရှည်ထိရောက်စွာ ခေါင်းဆောင်မှုကို ပြုနိုင်ရန်အတွက် သင်ယူခြင်း (Learning)ကို ရပ်တန့်၍မရပါ။ စဉ်ဆက်မပြတ် သင်ယူနေရမည်ဖြစ်သည်။ အမှုတော်မြတ်၌ ခေါင်းဆောင်တစ်ဦးသည် ထိရောက်စွာ ဦးဆောင်မှုကို တိုးတက်စေရန်အတွက် Anita Farber Robertson က ခေါင်းဆောင်နေစဉ် တစ်ချိန်တည်း၌ သင်ယူနေခြင်း (Learning while Leading)၏ အရေးကြီးမှုကို ဖော်ပြခဲ့ပါသည်။

ခေါင်းဆောင်တိုင်းသည် စဉ်ဆက်မပြတ် လေ့လာသင်ယူနေရမည်ဖြစ်သည်။ Francis Bacon က “စာဖတ်ခြင်းသည် လူတစ်ယောက်အား ပြည့်ဝစေသည်။ စကားပြောတတ်စေသည်။ အသင့်ဖြစ်စေသည်။ စာရေးခြင်းက တိကျသောသူဖြစ်စေသည်”။ “စာစောင်ကိုလည်းကောင်း၊ အထူးသဖြင့် သားရေစာကိုလည်းကောင်း လာသောအခါယူလာခဲ့လော့”(၂တိ ၄၁၃)ဟု ဖော်ပြသည်။ ပေါလုက “ကျမ်းစာဖတ်ခြင်းကို ကြိုးစားပြုလော့” (၁တိ ၄၁၃) ၌ ခွန်အားပေးထားပါသည်။ ခေတ်အဆက်ဆက်၌ရှိသော ဝိညာဉ်ရေးရာ ခေါင်းဆောင်တိုသည် ဇွဲလုံလဝီရိယနှင့် စာကိုဖတ်ရှု လေ့လာ၍ သန့်ရှင်းသော ဝိညာဉ်တော် ၏ အလင်းပေးခြင်းအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်ခြင်း စိတ်ဓာတ်ပြင်းထန်ကြသည်။ ဝိညာဉ်ရေးရာ၌လည်းကောင်း၊ အသိပညာဘက်၌လည်းကောင်း ကြီးထွားတိုးတက်ရန် ခေါင်းဆောင်တိုသည် အဆက်မပြတ် စာဖတ်ရမည်။

ဝိညာဉ်ရေးရာ ခေါင်းဆောင်သည် သူ၏ဝိညာဉ်အကျိုးအတွက် စာအုပ်များကို ရွေးချယ် ဖတ်ရှုသင့်သည်။ ဤနေရာတွင် အသိပညာ ပေးနိုင်မှု ရှိမရှိ၊ အသစ်သော စိတ်ကူးစိတ်သန်းရှိမရှိ၊ ထင်မြင်ယူဆမှုတိုကို စိန်ခေါ်ခြင်းရှိမရှိ၊ ရှုပ်ထွေးသောအရာတို ထိုးဖောက်သိမြင်တတ်ခြင်း ရှိမရှိတိုကို စမ်းသပ်စစ်ဆေးသော စာအုပ်များလိုအပ်သည်။ တရားဟောခြင်း၊ စာရေးခြင်း ဟန်ပန်တိုကို ပြုစုပျိုးထောင်ရန် စာများများဖတ်ရပါမည်။ ခေါင်းဆောင်သည် အသစ်သော အကြောင်းအရာများကို ရယူရန်၊ ခေတ်နှင့် အမီလိုက်နိုင်ရန်၊ သုစိတ် ကိုယ်ပိုင်ကျွမ်းကျင်မှုကဏ၌ ကောင်းမွန်စွာ တတ်ကျွမ်းနားလည်နိုင်ရန်၊ ကြီးမြတ်သော စိတ်ကူးစိတ်သန်းတိုကို ရရှိရန် စာဖတ်ရမည်ဖြစ်သည်။ သိုသော်ဝေဖန်ပိုင်းခြားခြင်းမရှိသော စာဖတ်ခြင်းသည် မည်သူ့ကိုမျှ ကောင်းကျိုးမပေးပါ။ John Wesley က လူငယ်အမူတော်ဆောင်များကို “သင်တို့ စာမဖတ်ဘူးဆိုလျှင် အမှုတော်ဆောင် လုပ်ငန်းမှထွက်ပါ” ဟု သွန်သင်ခဲ့သလို ၎င်းကိုယ်တိုင် စာပေလေ့လာလိုက်စားသူ တစ်ဦးဖြစ်သည်။

J Oswald Sanders ကဖတ်သင့်သောစာအုပ်များကို အကြံပြုထားသည်မှာ –

က၊ ဝိညာဉ်ရေးရာ တိုးပွားရင့်ကျက်စေသော စာအုပ်များ

ခ။ ဦးနှောက်နှင့် စဉ်းစားတွေးခေါ်မှုကို ထက်မြက်စေ၍ အသစ်သောအတွေးအခေါ်များကို ဖြစ်ပေါ်စေသောစာအုပ်များ၊

ဂ။ တရားဒေသနာဟောကြားရန်၊ သင်ကြားပိုချရန်နှင့် စာပေများရေးသားရန် သက်ဆိုင်သော စာပေများ။

ဃ။ အသိပညာ၊ ဗဟုသုတကို တိုးပွားစေသောစာအုပ်များ။

င။ ဘုရားသခင်ကို ချစ်မြတ်နိုး၍ အဆုံးတိုင်အောင် သစ္စာရှိ သူတို၏အကြောင်းကို ဖော်ပြသော စာအုပ်များ။

စ။ William Carey, Adoniram Judson, Hudson Taylor အခြားသော သာသနာပြု ကြီးများအကြောင်းကို ဖော်ပြသောစာအုပ်များနှင့် အခြားအကျိုးရှိသည့် စာပေများကို ဖတ်ရပါမည်။

 

၁၃) ပွင့်လင်းမြင်သာခြင်း (Transparency)။

Transparency ဆိုသည်မှာ ကြည်သော၊ ကြည်လင်သော၊ ထိုးဖောက်၍မြင်သာသော ပွင့်လင်းသော ဟူ၍ အဓိပ္ပါယ်ရပါသည်။ စိတ်အင်အားနှစ်ခုကို ဖော်ပြလိုပါသည်။ မှန်ကန်သော စိတ်နေစိတ်ထား (Mood)မှ ရရှိသော အင်အားနှင့် စိတ်လှုပ်ရှားမှု (Emotion)မှရရှိသော အင်အားမတူညီပါ။ ကွဲပြားခြားနားပါသည်။ တီကျသော အဖြစ်အပျက် ပေါ်တွင် သံသယကင်းသော သေချာသော စိတ်နေစိတ်ထားဖြင့် ရှုမြင်ကတ်ခြင်း၊ အမြင်ကို ဖော်ပြတတ်ခြင်းသည် မှန်ကန်သော အင်အားကိုဖြစ်စေပြီး ၎င်းနှင့်ဆန့်ကျင်ဘက်မှာ စိတ်လှုပ်ရှားမှုကို အခြေခံသောအင်အားပင် ဖြစ်သည်။ မှန်ကန်သော စိတ်နေစိတ်ထား၏ ပွင့်လင်းမြင်သာမှု (Mood Transparently)သည် အခြားသူများနှင့် မည်ကဲ့သိုပေါင်းသင်းဆက်ဆံရမည်၊ စေ့စပ်ဆွေးနွေးရမည်၊ ပူးပေါင်းလုပ်ဆောင်ရမည်ကို ဖော်ပြပါသည်။ သင်ယူ၊ နားလည်၊ တွေးတောနိုင်စွမ်း(Intelligence) ကိုလည်း ဖြစ်စေပါသည်။ Albert Einstein က “သင်ယူနားလည် တွေးတောနိုင်မှု အတိုင်းအတာသည် ပြောင်းလဲခြင်းကိုဖြစ်စေသော အရည်အသွေးဖြစ်သည်” ဟု ဆိုပါသည်။ ထိုကြောင့်ပွင့်လင်းမြင်သာသော ခေါင်းဆောင်များသာလျှင် မိမိနောက်လိုက်များနှင့် ပေါင်းသင်းဆက်ဆံမှုကို ကောင်းမွန်စေပြီး အောင်မြင်ခြင်းများကိုဆောင်ကျဉ်း ပေးနိုင်လေသည်။ ဤကဲ့သိုသော ခေါင်းဆောင်များသည်မိမိအဖွဲသားများနှင့် ပွင့်လင်းသော ဆက်ဆံရေးရှိခြင်း၊ ပန်းတိုင်ရူပါရုံ၊လုပ်ငန်းနှင့် ပတ်သက်သော အစီအစဉ်များကို ရှင်းရှင်းလင်းလင်း သိမြင်အောင် ဆောင်ရွက်ခြင်း၊ အသေးစိတ် အချက်အလက်များကို အဖွဲသားများနှင့် အတူတကွ တိုင်ပင်ဆုံးဖြတ် ဆောင်ရွက်ခြင်းတိုကို ဆောင်ရွက်တတ်ကြသည်။ အဖွဲသားများ၏ အားနည်းချက်များကို ထောက်ပြပြောဆိုတတ်သလို မိမိအား ဝေဖန်ခြင်းကို လက်ခံနိုင်ရည်ရှိသည်။ ပွင့်လင်းသော ရူပါရုံ၊ အဖွဲသားများ တစ်ဦးချင်းစီအား ဂရုပြု အလေးထားတတ်ခြင်းသည် မရှိမဖြစ်လိုအပ်သော အချက်ဖြစ်ပါသည်။ ပွင့်လင်းမြင်သာမှုရှိရန် လုပ်ဆောင်သင့်သောအရာများမှာ-

က။ အတူတကွ ဆုတောင်းခြင်း။

ခ။ အတူတကွ ဆွေးနွေးတိုင်ပင်ခြင်း၊ အပြန်အလှန် ဝေဖန်သုံးသပ်ခြင်း။

ဂ။ အတူတကွ အစီအစဉ်ရေးဆွဲခြင်း။

ဃ။ တိကျသော တာဝန်ပေးအပ်ခြင်းတာဝန်နှင့် ပတ်သက်၍နားလည်အောင်ရှင်းပြခြင်း။

င။ လိုအပ်သလို လုပ်ပိုင်ခွင့်အာဏာကို လိုအပ်သလောက်သာအသုံးပြုခြင်း။

စ။ လုပ်ငန်းဆောင်ရွက်ချက်များကို တင်ပြစေခြင်း။

ဆ။ အဖွဲသားများနှင့် ပုံမှန်တွေ့ဆုံစည်းဝေးခြင်း။

ဇ။ အတူတကွ ပြန်လည် သုံးသပ်ခြင်းတိုဖြစ်ပါသည်။

လျှိဝှက်ကန့်သတ်သင့်သော အရာများ ရှိသင့်သည်မှာ အထိုက်အလျောက် မှန်ကန်မှု ရှိနိုင်သော်လည်း ပွင့်လင်းထင်သာ မြင်သာရှိခြင်းသည် ခေါင်းဆောင်ကောင်းများ၏ အရည်အချင်း တစ်ခုဖြစ်သည်။ သခင်ယေရှုကိုယ်တိုင် ထင်သာမြင်သာရှိသော ခေါင်းဆောင်မှုကို လက်တွေ့ကျင့်သုံးသောသူဖြစ်သည်။

 

၄။ အဖွဲ့ငယ်များကိုခေါင်းဆောင်ခြင်း (Small Group Leadership)။

ယနေ့ကမ္ဘာပေါ်ရှိ ခရစ်ယာန်အသင်းတော်များသည် ရှင်သန်နိုးကြားရန်၊ ဖွံဖြိုးတိုးတက် ရန်အတွက် နည်းလမ်းအမျိုးမျိုး ရှာကြံ၍ လုပ်ဆောင်လျက်ရှိပါသည်။ ထိုနည်းလမ်းများစွာထဲမှ အဖွဲငယ်များ (Small Group) ဖွဲစည်း၍ လုပ်ဆောင်ခြင်းကိုအသင်းတော်အများစုမှ လိုက်နာ ကျင့်သုံးလျက် ရှိပါသည်။ အသင်းတော်ရှိ ရပ်ကွက်များ အလိုက် အဖွဲ့ငယ်များကိုဖွဲစည်း၍ သတ်မှတ်ထားသောနေရာ (သိုမဟုတ်) အိမ်တွင်သတ်မှတ်ထားသော အချိန်တွင် ဝတ်ပြုကိုးကွယ်ခြင်း၊ မိတ်သဟာယဖွဲ့ခြင်းဖြင့် အသင်းတော်၏ ဝိညာဉ်ရေးနှင့် စည်းလုံးညီညွတ်ရေးတို့ကို တိုးတက်စေရန်အတွက် လုပ်ဆောင်လျက် ရှိပါသည်။ အသင်းသူ၊အသင်းသားများ အားလုံးကို သင်းအုပ်ဆရာတစ်ဦးတည်းက နှစ်သိမ့်ခွန်အားပေးခြင်း၊ ဆုတောင်းပေးခြင်းတိုကို ထောင့်စေ့အောင် မလုပ်ဆောင်နိုင်ပါ။ ထိုကြောင့် အဖွဲငယ် ခေါင်းဆောင်များအားဖြင့် ဝိုင်းဝန်းကူညီ၍ လုပ်ဆောင်မှသာ ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်မည် ဖြစ်သည်။ အဖွဲငယ်များ၏ အားသာချက်များမှာ အဖွဲသားအချင်းချင်း ရင်းနှီးကျွမ်းဝင်စွာ မိတ်သဟာယဖွဲနိုင်ခြင်း၊ တစ်ဦးနှင့် တစ်ဦး မျက်နှာချင်းဆိုင်၍ ဆွေးနွေးပြောဆိုနိုင်ခြင်း၊ အပြန်အလှန် ဝေမျှ သက်သေခံနိုင်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ၊ ဝိညာဉ်ရေး ပိုင်းဆိုင်ရာ အပြန်အလှန် ကူညီဖေးမနိုင်ခြင်း၊ ဆုတောင်းပေးနိုင်ခြင်း စသည်တိုကို ဗိမာန်တော်စုပေါင်း ဝတ်ပြုခြင်းနှင့် မတူဘဲ ပိုမို၍ ထိရောက်စွာ လုပ်ဆောင်နိုင်ပါသည်။

 

(၁) ဝေါဟာရအနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း (Defination of Small Group)

ဂျက်ဖရီအာနိုး (Jaffrey Arnold) ၏အဆိုအရ အဖွဲငယ်(small group) ဆိုသည်မှာ လူသုံးဦးမှ ဆယ့်နှစ်ဦး အတွင်းရှိ သူတိုသည် စိတ်သဘောတူညီစွာ သတ်မှတ်ထားသောအချိန်၊ သတ်မှတ်ထား သောနေရာတွင် ပုံမှန်တွေ့ဆုံ မိတ်သဟာယဖွဲ၍ ဝတ်ပြုကိုးကွယ်ခြင်း၊ သမ္မာကျမ်းစာ လေ့လာသင်ကြားခြင်း၊ ဝေမျှသက်သေခံခြင်း၊ အပြန်အလှန်ဆုတောင်းပေးခြင်း စသည်တိုကို လုပ်ဆောင်ကြပါသည်။ တစ်ဖန် နီးလ်မက်ဘရိုက် (Neal F. McBride) က အဖွဲ့ငယ် (Small group/Home cell) ဆိုသည်မှာ အသင်းတော်မှရပ်ကွက်အလိုက် နီးစပ်ရာအိမ်များကို စုစည်း၍ အဖွဲငယ်များကို ဖွဲစည်းပေးကာ အဖွဲခေါင်းဆောင်များ ခွဲခန့် တာဝန်ပေး၍ အကောင်အထည်ဖော် လုပ်ဆောင်ခြင်းဖြစ်သည်။ လူဦးရေ (၃)ဦးမှ (၁၂)ဦးတိုသည် စိတ်သဘောထားတူညီစွာ (Voluntary)၊ ရည်ရွယ်ချက်ရှိစွာ(Intentional) ဖြင့် သတ်မှတ်ထားသော နေရာတွင် ပုံမှန်တွေ့ဆုံ၍ သမ္မာကျမ်းစာလေ့လာခြင်း၊ ဂုဏ်တော်ချီးမွမ်းခြင်း၊ ဝေမျှသက်သေခံခြင်း၊ အပြန်အလှန်ခွန်အား ပေးခြင်း၊ ဆုတောင်းပေးခြင်း တိုကို လုပ်ဆောင်ခြင်း ဖြစ်ပါသည်။

(၃)ဦးမှ (၁၂)ဦးသည် အနောက်နိုင်ငံများရှိ အသင်းတော်များ၏သတ်မှတ်ချက် ဖြစ်ပါသည်။ မြန်မာနိုင်ငံ အပါအဝင် အာရှ ရေခံမြေခံတိုင်းပြည်များတွင် အဖွဲသား (၁၂)ဦးထက် မကဘဲ (၁၅)ဦးမှ (၂၀)ဦးအထိ ပါဝင်သော အဖွဲငယ်များဖြင့် တွေ့ဆုံ၍ ဝတ်ပြုကိုးကွယ်လေ့ရှိပါသည်။

 

(၂) ကျမ်းကျောင်းများတွင် မိသားအဖွဲငယ်များ (family Group) လုပ်ဆောင်ခြင်း၊

တချို့သော ကျမ်းစာကျောင်းများတွင် ဆရာ ဆရာမများနှင့်ကျောင်းသူ၊ ကျောင်းသားများ စုပေါင်းလျက် မိသားစုအဖွဲငယ်များ(family group) ဖွဲ၍ လုပ်ဆောင်ကြပါသည်။ ယေဘုယျအားဖြင့် အဖွဲဝင်(၈)ဦးမှ (၁၅)ဦး ပါဝင်ကြပြီး ဆရာ ဆရာမများသည် အဖွဲ၏ ဦးဆောင်သူ မိခင် ဖခင်များ ဖြစ်ကြ၍ ကျောင်းသူ၊ ကျောင်းသားများသည် သား သမီးများ ညီအစ်ကိုမောင်နှမများအဖြစ် အခါအားလျော်စွာ တွေ့ဆုံ၍ မိတ်သဟာယဖွဲကြသည်။ ထိုသို တွေ့ဆုံရာတွင် အတူတကွ ဝတ်ပြုကိုးကွယ်ခြင်း၊ ဆုတောင်းချက်များကို ဖော်ပြ၍ အပြန်အလှန် ဆုတောင်းပေးခြင်း သမ္မာကျမ်းစာကို အတူတကွ လေ့လာ၍ တွေ့ဆုံခွန်အားယူခြင်း တစ်ခါတစ်ရံ၌ အစာအာဟာရတစ်ခုကို အတူတကွ မိတ်သဟာယဖွဲ၍စားသုံးခြင်း စသည်တိုကို ပြုလုပ်ကြပါသည်။ ဤသို ပြုလုပ်ခြင်းအားဖြင့် ကျမ်းစာကျောင်းသူ၊ ကျောင်းသားများ၏စိတ်ပိုင်းဆိုင်ရာ၊ ဝိညာဉ်ရေးပိုင်းဆိုင်ရာနှင့် သင်ကြားရေး ပိုင်းဆိုင်ရာ အခက်အခဲများကို သိရှိနိုင်ပြီး ကူညီပံ့ပိုးမှုများကို ပိုမိုထိရောက်စွာလုပ်ဆောင်နိုင်ပါသည်။ ထိုအပြင် ကျမ်းစာကျောင်းတွင် မိသားစု စိတ်ဓာတ်ကိုပိုမိုကြီးထွားစေ၍ ကျောင်းသူ၊ ကျောင်းသားများနှင့် ဆရာဆရာမများအကြားတွင် စည်းလုံးညီညွတ်မှုကို ဖြစ်စေပါသည်။

 

(၃) အဖွဲငယ်တွေ့ဆုံခြင်း၏ ရည်ရွယ်ချက်။

အဖွဲငယ်များတွင် ယုံကြည်သူများ တွေ့ဆုံမိတ်သဟာယဖွဲခြင်း၏ရည်ရွယ်ချက်များမှာ

၁) အဖွဲသူ၊ အဖွဲသားများ အတူတကွ နှုတ်ကပတ်တော်ကို လေ့လာခံယူခြင်းအားဖြင့် ဝိညာဉ်အသက်တာ တဖြည်းဖြည်း ကြီးထွားရင့်ကျက်လာရန် ဖြစ်သည်။

၂) တစ်ဦးနှင့်တစ်ဦး နားလည်မှု ရှိ၍ ရင်းနှီးကျွမ်းဝင်လာခြင်းဖြင့် အချင်းချင်း ဖေးမကူညီ လာတတ်ရန် ဖြစ်သည်။

၃) အချင်းချင်း အပြန်အလှန် တည်ဆောက်ခြင်းအားဖြင့် သခင်ယေရှု၏ တပည့်တော်စစ်များ ဖြစ်လာ၍ အသင်းတော်သာသနာလုပ်ငန်းတွင် ပိုမို၍ ပါဝင်ဆက်ကပ်နိုင်ရန်ဖြစ်သည်။

၄) ခရစ်ယာန်မဟုတ်သေးသော မိတ်ဆွေများကို အဖွဲအတွင်းသို့ဖိတ်ခေါ်၍ မိတ်သဟာယဖွဲခြင်း၊ ဧဝံဂေလိသတင်းကောင်းဝေမျှခြင်းအားဖြင့် ဘုရားသခင်၏ နိုင်ငံတော် ကျယ်ပြန့်လာစေရန်ဖြစ်သည်။

(၄) သမ္မာကျမ်းစာမှ ဖော်ပြသော အဖွဲငယ်ခေါင်းဆောင်မှု။

သမ္မာကျမ်းစာတွင် ဘုရားသခင်သည် အဖွဲငယ် (Small group)ဖြင့်လုပ်ဆောင်ခဲ့ပါသည်။ ကမ္ဘာဦးကျမ်းတွင် ရေလွှမ်းမိုးခြင်း အန္တရာယ်မှ ကျော်လွှားနိုင်ရန်အတွက် နောဧနှင့် သူ၏သားသုံး ယောက်၊ ချွေးမသုံးယောက်တိုအားဖြင့် သင်္ဘောကြီးကို တည်ဆောက်ခြင်း၊ တိရစ္ဆာန်များ အစုံလိုက် သင်္ဘောထဲသို ထည့်သွင်းခြင်း စသည်တိုကို လုပ်ဆောင်ခဲ့သည်။ ဆက်လက်၍ ယာကုပ်၏ သားဆယ့်နှစ်ယောက်အားဖြင့် ဘုရားသခင်၏ လူမျိုးတော်ဖြစ်လာစေရန်၊ ထိုလူမျိုးတော်အားဖြင့် ကမ္ဘာပေါ်ရှိ အခြားသော လူမျိုးများအားလုံး ဘုရားသခင်၏ ကောင်းချီးခံစားရစေရန် ရွေးချယ်၍ အသုံးပြုခဲ့ပါသည်။ တစ်ဖန် မောရှေသည် ဣသရေလလူမျိုးအားလုံး၏ အမှုအခင်းများကို တစ်ဦးတည်း ဒိုင်ခံ၍ တရားစီရင်ဖြေရှင်းရာ၌ စေ့စပ်စုံလင်စွာ မလုပ်ဆောင်နိုင်ခြင်း၊ မနိုင် ဝန်ထမ်းရသောကြောင့် ပင်ပန်းနွမ်းနယ်ခြင်းတိုကို ခံစားရသည်။ ထိုအခါ ယောက္ခမဖြစ်သူ ယေသရောမှ အဖွဲငယ်များခွဲ၍ စီမံဆောင်ရွက်ရန် အကြံဉာဏ်ပေးသောအခါ ထိရောက်အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပါသည်(ထွ ၁၈း၁၃-၂၄)။ ဣသရေလလူမျိုးတိုသည် ယေရုရှလင်မြိုရှိ ဗိမာန်တော်၌ ပရိသတ်အများစုဝေး၍ ဝတ်ပြုကိုးကွယ်ခဲ့ကြသည်။

သို့ရာတွင် ၈၅၇ ဘီစီ၌ ဗာဗုလုန်နိုင်ငံသို ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ခံရပြီးနောက် ဗိမာန်တော်၌ စုပေါင်း၍ ဝတ်ပြုခြင်းအစား မိမိတို ရပ်ကွက်အလိုက် တရားဇရပ်(Synagogue)များ ဆောက်၍ အဖွဲငယ်များဖြင့် ဝတ်ပြုကိုးကွယ်လာခဲ့ကြသည်။ ဓမ္မသစ်ကာလတွင် သခင်ယေရှုသည် အဖဘုရားရှင်၏တော်ကို ထမ်းဆောင် ရန်အတွက် လူထုပရိသတ်ထဲမှ တမန်တော်(၁၂)ပါးကို ရွေးချယ်၍ အဖွဲငယ်(Small group)ဖြင့် အကောင်အထည်ဖော် လုပ်ဆောင်ခဲ့ပါသည်။ သခင်ယေရှုသည် တမန်တော်(၁၂)ပါးကို အနီးကပ် သွန်သင်လမ်းပြ၍ ဘုရားသခင်၏ အမှုတော်တွင် ထမ်းဆောင်နိုင်ရန်အတွက် လိုအပ်သည့် ကျွမ်းကျင်မှုများကို တပ်ဆင်ပေးခဲ့ပါသည်။ တမန်တော် ရှင်ပေါလုသည် ဧဝံဂေလိသာသနာပြုလုပ်ငန်းကို လုပ်ဆောင်ရာ၌ ယောဟန်၊ မာကု၊ သိလ၊ တိမောသေ၊ တိတု၊ ဗာနဗ စသည်ဖြင့် လုပ်ဖော်ဆောင်ဖက် အဖွဲငယ်ကိုဖွဲ၍ အတူတကွ လက်တွဲကာ လုပ်ဆောင်ခဲ့ပါသည်။ ဤအဖွဲငယ်အားဖြင့်ရှင်ပေါလုသည် အသင်းတော်သစ် များစွာကို ဖွဲစည်း တည်ထောင်နိုင်ခဲ့ပါသည်။

 

(၅) ကနဦးအသင်းတော်ခေတ်မှ အဖွဲငယ်များ။

တမန်တော်ဝတ္ထုတွင် ကနဦးအသင်းတော်ရှိ ယုံကြည်သူများတိုသည် နည်းလမ်း (၂)မျိုးဖြင့် တွေ့ဆုံမိတ်သဟာယဖွဲကြပါသည်။ ပထမနည်းလမ်းမှာ ယေရုရှလင်မြိုရှိ ဗိမာန်တော်တွင် အားလုံးစုပေါင်း၍ဝတ်ပြုကိုးကွယ်ကြသည်။ ဒုတိယနည်းလမ်းမှာ ရပ်ကွက်ရှိ နီးစပ်ရာအိမ်များတွင် အဖွဲငယ်များခွဲ၍ တွေ့ဆုံမိတ်သဟာယဖွဲကြသည်။ ထိုခေတ်က ယုံကြည်သူများတို၌ အဖွဲငယ်တွေ့ ဆုံခြင်း သဘောတရားကိုတွေ့မြင်နိုင်ပါသည်။

၁) အချင်းချင်း ဝေမျှကြသည်။ “ယုံကြည်သောသူအပေါင်းတိုသည်တစုတဝေးတည်းနေသဖြင့် မိမိတိုရှိသမျှကို ဆက်ဆံ၍ သုံးဆောင်ကြသည်။ မိမိတို ဥစ္စာတိုကို ရောင်းပြီးလျှင် လူများ ဆင်းရသည့်အတိုင်း အသီးသီးတိုအား ဝေငှခြင်းပြုကြသည်” (တ ၂း ၄၄-၄၅)

၂) နှုတ်ကပတ်တော်ကို ကြားနာခံယူကြသည်။ “ယုံကြည်သူများတို့သည် တမန်တော်များ၏ ဆုံးမဩဝါဒကိုခံခြင်း၊ အပေါင်းအသင်းဖွဲခြင်း၊ မုန့်ကိုဖုံးခြင်း၊ ဆုတောင်းပဌနာပြုခြင်းတိုကို အမြဲဆောင်ရွက်ကြသည်” (တ ၂း၄၂)။

၃) အတူတကွ ဝတ်ပြုကိုးကွယ်ကြသည်။ ဗိမာန်တော်၌ စုပေါင်း၍ဝတ်ပြုကြသည်။ ထိုအတူ အိမ်များတွင် အဖွဲငယ်များအသွင်ဖြင့် ဝတ်ပြုကိုးကွယ်ခြင်း၊ ဂုဏ်တော်ချီးမွမ်းခြင်း၊ ဆုတောင်း ပဋ္ဌနာပြုခြင်းတိုကို ပြုလုပ်ကြသည်။

၄) ရောမအစိုးရ၏ ညှဉ်းပန်းနှိပ်စက်ခြင်း ပြင်းထန်စွာ ခံစားရသောအချိန်တွင် အိမ်များ၊ အုတ်ဂူ သင်္ချိုင်းများအတွင်းတွင် အဖွဲငယ်များ လျှိဝှက်စွာ တွေ့ဆုံ၍ ဝတ်ပြုကိုးကွယ်ခြင်း၊ ဆုတောင်းပဋ္ဌ နာပြုခြင်းတိုကို လုပ်ဆောင်ကြပါသည်။ မိမိတို ရောက်ရှိသောအရပ်တွင် ဧဝံဂေလိ သတင်းကောင်းကို ဝေငှပြောကြားကြသည်။ ထိုကြောင့် ကနဦးအသင်းတော်သည် အခက်အခဲအတားအဆီးများကြားထဲမှ အံ့ဩဖွယ်ရာ ကြီးထွားတိုးတက်လာခဲ့သည်။

 

(၆) အဖွဲ့ငယ်များ ပထမအကြိမ်တွေ့ဆုံရာတွင် လုပ်ဆောင်ရမည့်အရာများ။

အဖွဲ့ငယ်ကို ဦးဆောင်သောသူသည် အဖွဲသားများနှင့် ပထမဆုံးအကြိမ် တွေ့ဆုံရာတွင် အောက်ပါတို့ကို ကြိုတင် ပြင်ဆင်ထားရမည်။

၁) တွေ့ဆုံမည့်နေရာ၊ အခန်းကို ကြိုတင်ပြင်ဆင်ထားပါ။ သန့်ရှင်း၍ သက်သောင့် သက်သာဖြစ်သော အခန်းဖြစ်ရပါမည်။ ထိုင်ခုံများကို စနစ်တကျကြိုတင် ပြင်ဆင်ထားပါ။ အကယ်၍ ထိုင်ခုံများမရှိပါက ကြမ်းပြင်ပေါ်တွင် အတူတကွ ထိုင်နိုင်ပါသည်။

ကျမ်းစာအုပ်များကို ကြိုတင် စုဆောင်းထားပါ။ အစီအစဉ်ပြီးလျှင် အတူတကွ စားသုံးနိုင်ရန် အစားအစာ တစ်ခုခု ပြင်ဆင်သင့်ပါသည်။

၂) ရင်းနှီးစွာ အပြန်အလှန်မိတ်ဖွဲခြင်းဖြင့် အစပြုပါ။ မိမိ၏အမည်နေရပ်လိပ်စာ၊ အလုပ်အကိုင်နှင့် မိသားစုအကြောင်းတိုကိုဖော်ပြစေခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး ခင်မင်ရင်းနှီးမှု၊ နားလည်မှုတိုကို တည်ဆောက်ပါ။

၃) မိမိတိုအဖွဲ၏ အနာဂတ်ရူပါရုံနှင့် လုပ်ဆောင်မည့်အရာများကိုရှင်းလင်းစွာဖော်ပြပါ။

က။ အဖွဲသားများအား မိမိတို လုပ်ဆောင်ချင်သော အရာများကို ပြောပြစေပါ။

ခ။ အဖွဲ့၏ အမည်နာမကို အများသဘောတူ ရွေးချယ်၍ သတ်မှတ်ပါ။

ဂ။ သမ္မာကျမ်းစာ လေ့လာဆွေးနွေးခြင်း၊ သက်သေခံခြင်း၊ ဆုတောင်းချက်များဖော်ပြခြင်း၊ အပြန်အလှန် ဆုတောင်းပေးခြင်း မည်ကဲ့သိုပြုလုပ်မည်၊ အချိန်မည်မျှကြာပြုလုပ်မည်စသည်တိုကို ဆွေးနွေး၍ အားလုံး၏ သဘောတူညီမှုကိုရယူပါ။

 

၄) မိမိတိုအဖွဲငယ်၏ အဓိကစည်းမျဉ်း၊ စည်းကမ်းများကို အတုတကွရေးဆွဲချမှတ်ပါ။ တစ်လလျှင် အကြိမ်မည်မျှ တွေ့ဆုံမည်နည်း၊ တွေ့ဆုံမည့်အချိန်နှင့် နေရာတိုကို မည်ကဲ့သို သတ်မှတ်မည်နည်း။ သမ္မာကျမ်းစာလေ့လာခြင်းကို မည်သူက ဦးဆောင်မည်နည်းစသည့် အချက်များကို ဆွေးနွေး၍ ဆုံးဖြတ်သတ်မှတ်ပါ။

၅) ဤပထမဦးဆုံးသော တွေ့ဆုံခြင်းတွင် ခေါင်းဆောင်ဖြစ်သူကသမ္မာကျမ်းစာလေ့လာ ဆွေးနွေးခြင်းကို ဦးဆောင်ပါ။ ရွေးချယ်ထားသောကျမ်းချက်များ၏ သမိုင်းနောက်ခံဆိုင်ရာ အကြောင်း အရာများ၊ ကျမ်းချက်မှ ဖော်ပြသော ဝိညာဉ်ရေးဆိုင်ရာ အချက်အလက်များကို ရှင်းလင်းဖော်ပြပါ။

၆) ရွေးချယ်ထားသော ကျမ်းချက်နှင့်ပတ်သက်၍ သိရှိလိုသော အရာများကို မေးမြန်းခြင်း၊ ဆွေးနွေးခြင်း၊ သက်သေခံဝေမျှ စေခြင်းတိုကို ပြုလုပ်ရန် အချိန်ပေးပါ။

၇) ဆုတောင်းချက်များ ဖော်ပြစေခြင်း၊ အထူးဆုတောင်းခြင်းတိုကိုပြုလုပ်ပါ။

၈) အဖွဲငယ်နှင့် ပတ်သက်သော ကြော်ငြာခြင်းကို ပြုလုပ်ပါ။ ထိုနောက် ဆုတောင်းခြင်း (သို) ပဋ္ဌနာတော်ရွတ်ဆိုခြင်းဖြင့် အစီအစဉ်ကို အဆုံးသတ်ပါ။

 

(၇) အဖွဲငယ်များကို ဦးဆောင်မည့်ခေါင်းဆောင်များကို မွေးထုတ်ခြင်း။

အဖွဲငယ်များ ကောင်းမွန်စွာ လည်ပတ်လုပ်ဆောင်နိုင်ရန်အတွက် အရည်အချင်း ပြည့်ဝသော ခေါင်းဆောင်များ လိုအပ်ပါသည်။ ထိုကြောင့် အသင်းတော်အနေဖြင့် အဖွဲငယ်များကို ဦးဆောင်မည့် ခေါင်းဆောင်များကို ရွေးချယ် ခန့်အပ်၍ လိုအပ်သည့် အရည်အချင်းများကိုတပ်ဆင်ပေးရန် လိုအပ်ပါသည်။ အဖွဲငယ်တစ်ခုသည် ဦးဆောင်မည့် ခေါင်းဆောင်မရှိဘဲ ရပ်တည်၍ မရပါ။ ထိုနည်းတူ အဖွဲငယ်များသည်ခေါင်းဆောင်တို၏ အရည်အချင်းကို စမ်းသပ်၍ အရည်အသွေးမြှင့် တင်ပေးသော နေရာလည်း ဖြစ်ပါသည်။ အသင်းတော်အနေဖြင့် အဖွဲငယ်များကို ဦးဆောင်မည့် ခေါင်းဆောင်များကို လေ့ကျင့်သင်ကြားပေးခြင်း၊ တာဝန်ခွဲဝေပေးခြင်း၊ လိုအပ်သည့် အရာများကို ပံ့ပိုးကူညီခြင်း စသည့်တိုကို လုပ်ဆောင်ရပါမည်။ အဖွဲငယ်များကို ဦးဆောင်မည့် သူများသည် ခေါင်းဆောင်မှု သင်တန်းများတွင် သင်ကြားခံယူပြီးနောက် လက်ရှိအဖွဲငယ် ခေါင်းဆောင်တစ်ဦး၏ လက်အောက်တွင် အလုပ်သင်(Apprentice) (သိုမဟုတ်) တွဲဖက် ခေါင်းဆောင် အနေဖြင့်စတင်၍ ပါဝင်လုပ်ဆောင်ရမည် ဖြစ်ပါသည်။

အဖွဲ့ငယ်များ၏ တည်ဆောက်ပုံ (Structure)မှာ အကြမ်းအားဖြင့်အောက်ပါအတိုင်း ဖြစ်သည်။ သင်းအုပ်ဆရာ၊ ကြီးကြပ်ရေးမှူးများ၊

အဖွဲငယ်ခေါင်းဆောင်များ

ဥပမာ – သင်းအုပ်ဆရာတစ်ဦး၊ ကြီးကြပ်ရေးမှူး (၁၀)ဦး၊ အဖွဲ့ငယ်ခေါင်းဆောင်များ (၅၀)ဦး

အဖွဲငယ်များကို ဦးဆောင်မည့်သူများတွင် ရှိရမည့် အရည်အချင်းများမှာ –

၁) အဖွဲငယ်ခေါင်းဆောင်များသည် ချစ်ခြင်းမေတ္တာနှင့် ပြည့်ဝသူဖြစ်ရမည်။ သူတစ်ပါးအား ကူညီမစခြင်း၊ ဂရုပြု စောင့်ရှောက်တတ်ခြင်း၊ အပြန်အလှန် ယုံကြည်စိတ်ချမှုကို တည်ဆောက် တတ်ခြင်း စသည့် အရည်အချင်းများရှိရမည်။ အဖွဲငယ် ခေါင်းဆောင်တစ်ဦးသည် ဘုရားကို ချစ်သောသူ၊ အသင်းတော်နှင့်သာသနာ့လုပ်ငန်းကို ဦးစားပေးသူ၊ မိမိ အဖွဲသားများကို တန်ဖိုးထားသူ၊ ပျောက်ဆုံးသော ဝိညာဉ်များကို ဝန်တာထားသူ ဖြစ်ရပါမည်။

၂) ဘုရားသခင်နှင့် ရင်းနှီးကျွမ်းဝင်စွာ မိတ်သဟာယဖွဲသူ ဖြစ်ရပါမည်။ ယုံကြည်သူ ခရစ်ယာန်များသည် သခင်ယေရှုနှင့် နေ့စဉ်မိတ်သဟာယဖွဲရန် လိုအပ်သည်။ အဖွဲငယ် ခေါင်းဆောင်များသည် ထိုထက်ပို၍ သခင်ယေရှုနှင့် ရင်းနှီးကျွမ်းဝင်စွာ မိတ်သဟာယဖွဲပြီး ဘုရားဝတ်၌ မွေ့လျော်သောသူ ဖြစ်ရပါမည်။ ယုံကြည်ခြင်း၌ အားကြီးသောသူ၊ ဘုရားသခင်၏ တန်ခိုးတော်ဖြင့် အောင်မြင်စွာ လုပ်ဆောင်နိုင်သူဖြစ်ရပါမည်။

၃) အကျင့်စာရိတ္တ ကောင်းမွန်သူ ဖြစ်ရပါမည်။ အဖွဲငယ်များကိုခေါင်းဆောင်သောသူသည် စိတ်နှလုံးသား ရိုးသားဖြောင့်မတ်သူ၊ ကိုယ်ကျင့်သိက္ခာ ထိန်းသိမ်းစောင့်ရှောက်သောသူ၊ သစ္စာရှိသောသူ၊ ယုံကြည်ကိုးစားထိုက်သောသူ ဖြစ်ရပါမည်။ ၎င်း၏အသက်တာသည် အခြားသောသူများအတွက် ကောင်းသောပုံသက်သေကို ပြနိုင်ရပါမည် (၁တိ ၄:၁၂)။

၄) မိမိ၏ ခေါင်းဆောင်မှု အရည်အသွေးကို အမြဲတမ်း ကြိုးစား၍ မြှင့်တင်နေသူဖြစ်ရမည်။ အဖွဲငယ်ကို ဦးဆောင်သောသူသည် သမ္မာကျမ်းစာ သင်ကြားခြင်း၌ ထူးချွန်သူ၊ လူမှု ဆက်ဆံရေး၌ကျွမ်းကျင်သောသူ၊ အဖွဲသားများကို စည်းရုံးနှိးဆော်တတ်သောသူ ဖြစ်ရပါမည်။ သမ္မာကျမ်းစာနှင့် အခြားသောစာအုပ်၊ စာပေများကို လေ့လာဖတ်ရှုခြင်း၊ တရားဟောချက်နှင့် ကျမ်းစာသင်ခန်းစာများကို ကြိုတင်ပြင်ဆင်ခြင်းတိုဖြင့် မိမိ၏ အရည်အချင်းတိုးတက်လာစေရန် ကြိုးစားအားထုတ်ရမည်။

၅) အမှုတော်လုပ်ငန်းအတွက် အမြဲတမ်း ဆက်ကပ်အပ်နှံသောသူဖြစ်ရမည်။ သခင်ယေရှုက ထွန်တုံးကိုင်၍ နောက်လှည့်ကြည့်သောသူသည် ဘုရားသခင်၏နိုင်ငံတော်နှင့် မထိုက်တန် ဟူ၍မိန့်တော်မူခဲ့ပါသည်။

အဖွဲ့ငယ် ခေါင်းဆောင်အနေဖြင့် သခင်ယေရှု၏ နောက်လိုက် တပည့်တော်များကို အမြဲတမ်း ဂရုစိုက်၍ ကြည့်ရှုပြုစုခြင်းဖြင့် သခင်ယေရှုကို ချစ်ကြောင်း သက်သေပြရပါမည် (ယော ၂၁း၁၅-၁၉)။ အမှုတော်အတွက် ဆက်ကပ်အပ်နှံခြင်းသည် လွယ်ကူသော အရာမဟုတ်ပါ။ အခက်အခဲဒုက္ခနှင့် တွေ့ကြုံသောအခါ ရဲရင့်စွာ ရင်ဆိုင်ရမည်။ စိတ်ပျက်အားငယ်ဖွယ်ရာ အတားအဆီးများနှင့် တွေ့ကြုံရပါက ၊လုံလရှိစွာ ပန်းတိုင်သို ရောက်သည့်တိုင်အောင် ယုံကြည်ခြင်းဖြင့် ထုတ်လုပ်ဆောင်ကြရမည်။

 

(၈) အဖွဲငယ်ခေါင်းဆောင်တစ်ဦးအနေဖြင့် လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားများ။

အဖွဲငယ် ခေါင်းဆောင်တစ်ဦးကို သင်းအုပ်ဆရာ၊ အသင်းတော် ကောင်စီနှင့် အဖွဲငယ် ခေါင်းဆောင်များတိုကို စီမံကွပ်ကဲသော ကြီးကြပ်ရေးမှူး (overseer/coach) တိုမှ စိစစ် ရွေးချယ်ရမည်။ ရှေးဦးစွာအဖွဲ့ငယ် ခေါင်းဆောင်တစ်ဦး၏ လက်အောက်၌ အလုပ်သင်(apprentice) အဖြစ် လေ့လာသင်ယူ၍ အဖွဲငယ် ခေါင်းဆောင်တစ်ဦးတွင်ရှိရန် လိုအပ်သော အရည်အချင်းများ၊ ပြည့်စုံအောင် ကြိုးစား၍လုပ်ဆောင်ရမည်။ အဖွဲငယ် ခေါင်းဆောင်တစ်ဦး ဖြစ်လာပါကအောက်ပါလုပ်ငန်း တာဝန်များကို လုပ်ဆောင်ရပါမည်။

၁) နှုတ်ကပတ်တော်ကို အခြေခံသော အဖွဲငယ်တစ်ခုကို ဖွဲစည်းပါ။ထိုအဖွဲကို စည်းရုံးနှိးဆော်ရန် အတွက် ခေါင်းဆောင်နှင့် တွဲဖက်၍လုပ်ဆောင်မည့် အလုပ်သင်(သို) တွဲဖက်ခေါင်းဆောင် တစ်ဦးကိုရွေးချယ်ခန့်ထားပါ။

က၊ အဖွဲငယ်၏ ရူပါရုံနှင့် ရည်မှန်းချက် ပန်းတိုင်ကို ရှင်းလင်းစွာဖော်ထုတ်ပါ။ ထိုရူပါရုံကို အဖွဲသားများ ရှင်းလင်းစွာ သိရှိစေရန်ပြောဆိုဝေငှပါ။

ခ၊ အဖွဲသားများ ပုံမှန်တွေ့ဆုံမည့် အချိန်နှင့် နေရာကို ရွေးချယ်သတ်မှတ်ပါ။ အဖွဲငယ်များကို စီမံကွပ်ကဲသော ကြီးကြပ်ရေးမှူးနှင့် အမြဲတမ်း ဆက်သွယ်၍ အကြံဉာဏ်များကို တောင်းခံပါ။ အဖွဲငယ်ခေါင်းဆောင်များ အတူတကွ တွေ့ဆုံ၍ ဆွေးနွေးညှိနှိင်းခြင်း၊ ဝေဖန်သုံးသပ်ခြင်းနှင့် အားသစ်လောင်းခြင်း အစီအစဉ်တွင် အမြဲတမ်းပါဝင်ပါ။

ဂ။ ကြီးကြပ်ရေးမှူးမှ ပြုလုပ်သော ခေါင်းဆောင်မှုဆိုင်ရာ ရက်တိုသင်တန်း/ အဖွဲငယ်ခေါင်းဆောင်များ နှစ်ပတ်လည် အားသစ်လောင်းခြင်း (retreat) အစီအစဉ်များတွင် မပျက်မကွက် ပါဝင်ရမည်။

ဃ။ သမ္မာကျမ်းစာ လေ့လာသင်ကြားခြင်းတွင် ထိရောက်စွာ ဦးဆောင်နိုင်ရန်အတွက် နေ့တိုင်းကျမ်းစာဖတ်ခြင်း၊ အနက်ဖွင့်ကျမ်းများနှင့် အခြားသောစာအုပ်စာပေများကိုလည်း အမြဲမပြတ် လေ့လာဖတ်ရှုရမည်။

 

၂) အဖွဲသားများကို အကျိုးပြုသော၊ အပြန်အလှန်ဖေးမကူညီသော၊ရင်းနှီးပွင့်လင်းသော၊ လူမှုဆက်ဆံရေး အခြေအနေ (Social atmospher) တစ်ခုဖြစ်ရန် တည်ဆောက်ပါ။

က။ အဖွဲသား အချင်းချင်း ရိုးသားပွင့်လင်းမှု၊ ခင်မင် ရင်းနှီးမှုရှိရန်နှင့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် နားလည်မှုရှိရန်အတွက် သင်ကိုယ်တိုင် ဦးဆောင်၍ လုပ်ဆောင်ပါ။

ခ။ မိမိအဖွဲသားများနှင့် ခင်မင်ရင်းနှီးသော ပြင်ပမှမိတ်ဆွေများ၊သခင်ယေရှုအကြောင်း မသိသေးသူများ လာရောက်ပါဝင်လိုပါက နွေးထွေးစွာ ကြိုဆိုလက်ခံပါ။

ဂ။ အပြန်အလှန် မိတ်ဆက်ခြင်း၊ မိမိ၏ အတွေ့အကြုံများကို ဝေငှသက်သေခံစေခြင်းဖြင့် ခင်မင်ရင်းနှီးမှု တိုးတက်ခိုင်မာလာစေရန် လုပ်ဆောင်ပါ။

ဃ။ အဖွဲသားအချင်းချင်း ဂရုစိုက်စောင့်ရှောက်တတ်ခြင်း၊ အကူအညီ လိုအပ်သူအားဝိုင်းဝန်း ကူညီဖေးမတတ်ခြင်း စသည့်အလေ့အကျင့်များကို အမြဲတမ်း လိုက်နာကျင့်သုံးစေပါ။

င။ အဖွဲသားများ ပိုမို ခင်မင်ရင်းနှီးလာစေရန်အတွက် တွေ့ဆုံမိတ်သဟာယဖွဲခြင်း၊ အစီအစဉ်ပြီးတိုင်း အတူတကွ စားသောက်နိုင်ရန်အတွက် အစားအစာ (refreshment)တစ်ခုခုကို အမြဲတမ်း ပြင်ဆင်၍ထားပါ။

 

၃) သမ္မာကျမ်းစာကို အတူတကွဆွေးနွေးလေ့လာခြင်းအားဖြင့် အသက်တာ ပြောင်းလဲခြင်း၊ ဝိညာဉ်ရေး ကြီးထွားရင့်ကျက်လာခြင်း ရှိစေရန်ဦးစားပေး၍ လုပ်ဆောင်ပါ။

က။၊ ဝိညာဉ်ခွန်အား တိုးပွားစေမည့် သမ္မာကျမ်းစာထဲမှ သင်ခန်းစာများကို ရွေးချယ်၍ ကြိုတင်ပြင်ဆင်ပါ။ ရွေးချယ်ထားသောကျမ်းချက်နှင့်သက်ဆိုင်သော သမိုင်းနောက်ခံအကြောင်းအရာ ရိုးရာယဉ်ကျေးမှု၊ ကျမ်းချက်မှ ပေးလိုသော သတင်းစကား စသည်တိုကို ဖတ်ရှုလေ့လာပါ။ ကျမ်းချက်နှင့် ဆက်နွယ်သောပုံပြင်များ၊ အဖြစ်အပျက် အကြောင်းအရာများကို ဖော်ပြပါ

ခ။ အဖွဲသားထဲမှ သမ္မာကျမ်းစာ ဆွေးနွေးလေ့လာခြင်းတွင် ဦးဆောင်နိုင်သောသူ တချိုပါရှိပါက သင်ကြားမည့် ကျမ်းစာခေါင်းစဉ်နှင့် သင်ကြားမည့် အချိန်ဇယားများကို တာဝန်ခွဲဝေ၍ ရေးဆွဲ သက်မှတ်ပါ။

ဂ။ ဆုတောင်းချက်များကို ဖော်ပြစေခြင်း၊ အလှည့်ကျ ဆုတောင်းပေးမည့်သူများကို ရွေးချယ်သတ်မှတ်ခြင်း၊ ဆုတောင်းချက် ပြည့်စုံသွားသောအရာများရှိပါက အနည်းငယ် ဝေမျှသက်သေခံစေခြင်းတိုကို ပြုလုပ်ပါ။

ဃ။ အဖွဲသားများအား သခင်ယေရှုနည်းတူ အသက်ရှင်လာစေရန်အတွက် သခင်ယေရှုကို စံထား၍ အသက်ရှင်တတ်စေရန်အစဉ်အမြဲခွန်အားပေးပါ။

 

၄) မိမိဦးဆောင်သောအဖွဲငယ်မှတစ်ဆင့် အခြားသော အဖွဲငယ်တစ်ခုပွားများလာစေရန်အတွက် လုပ်ဆောင်ရမည်။

က။ မိမိနှင့် တွဲဖက်လုပ်ဆောင်သော အလုပ်သင် ခေါင်းဆောင်အားအဖွဲငယ်တစ်ခုကို ဦးဆောင်လာနိုင်စေရန် လိုအပ်သောအရာများကို ဖြည့်ဆည်းတပ်ဆင်ပေးပါ။

ခ။ အဖွဲဝင်အသစ်များ တဖြည်းဖြည်း ပါဝင်လာခြင်းကြောင့် အရိုးငယ်တစ်ခုအတွက် ရှိသင့် ရှိထိုက်သော အရေအတွက်ထက်ကျော်လွန်လာပါက အဖွဲငယ်သစ်တစ်ခုကို စတင်ဖော်ထုတ်နိုင်ရန် စီစဉ်လုပ်ဆောင်ရမည်။

င။ အဖွဲသားများ၏ သဘောတူညီချက်ဖြင့် အလုပ်သင်ခေါင်းဆောင်အား အသစ်ပေါ်ပေါက် လာမည့်အဖွဲကို ဦးဆောင်နိုင်စေရန် ပံ့ပိုးကူညီရမည်။

ဃ။ အသစ်ပေါ်ပေါက်လာသော အဖွဲအတွက် သတိရဆုတောင်းတိုက်တွန်းနှိးဆော်ရမည်။ပေးရန်၊ လိုအပ်သည်များကို ကူညီပံ့ပိုးရန် အဖွဲသားများအား

ယနေ့ခေတ်တွင် အသင်းတော် တချိုသည် အဖွဲငယ်များ ဖွဲစည်း၍ လုပ်ဆောင်လျက်ရှိရာ အသင်းတော်၏ ရှင်သန်နိုးကြားရေး၊ ဧဝံဂေလိ သတင်းကောင်း ဖြန့်ဝေရေး၊ အသင်းသူ၊ အသင်းသားများ၏ ဝိညာဉ်ရေးရာ ကြီးထွားရင့်ကျက်လာရေးတို့တွင် များစွာ အထောက်အကူ ပြုကြောင်း တွေ့ရပါသည်။ ထိုကြောင့် အဖွဲငယ်ခေါင်းဆောင်မှု (Small group leadership) သည် အသင်းတော်များနှင့် ကျမ်းစာကျောင်းများအတွက် အမှန်တကယ် ထိရောက်၍ အကျိုးရှိနိုင်ပါသည်။

၅။ ယုံကြည်သူအသင်းသားတို၏ ခေါင်းဆောင်မှု

(Laity Leadership).

(၁) ဝေါဟာရအနက်အဓိပ္ပာယ်ဖွင့်ဆိုချက်။

Laity ဟူသောစကားလုံးသည် ဂရိဝေါဟာရလိုင်းကော့စ် (Laikos)မှ ဆင်းသက်လာ၍ လူထု/လူအများစု(the people) ဟုအဓိပ္ပာယ်ရပါသည်။ ကနဦးအသင်းတော် ကာလအတွင်း ယုံကြည်သူ ခရစ်ယာန်များကို ဘုရားသခင်၏ရွေးကောက်ခံလူများ (the chosen people of God) ဟုခေါ်၍ ဂရိစကားဖြင့် (Laos)ဟု အသုံးပြုထားပါသည်။ Laosသည် ယေဘုယျအားဖြင့် သခင်ယေရှု၏ နောက်လိုက်တပည့်တော်များ အသွေးတော်အားဖြင့် ရွေးနှုတ်ကယ်တင်ခြင်းကို ခံရသူများကို ရည်ညွှန်းခြင်းဖြစ်သည်။ ထိုမှတစ်ဆင့် အသင်းတော် သာသနာလုပ်ငန်းအတွက် သီးခြား တာဝန်ပေးအပ်ခံရသူများကို တမန်တော်များ၊ သင်းအုပ်များ၊ သင်းထောက်လူကြီးများ (Deacons)၊ ဘုန်းတော်ကြီးများ(Bishops)ဟူ၍ ပြန်လည် ခွဲခြား သတ်မှတ်ထားပါသည်။ ယုဒဘာသာ(Judaism) တွင်မူ သာမန်ဂျူးလူမျိုးများ(Laos) နှင့် ယဇ်ပုရောဟိတ် ၊(Priest)တိုအကြားတွင် ကွဲပြားခြား နားစွာသိသာစေရန်အတွက် သာမန်ဂျူးလူမျိုးများကို (Laos)ဟု ခေါ်ဝေါ်အသုံးပြုကြသည်။ ဂရိရောမမြို့ပြများတွင် သာမန် ပြည်သူများကို Laos ဟုခေါ်၍ ၎င်းတိုအား အုပ်ချုပ်သူများကို Kieos ဟု ခေါ်ဝေါ်အသုံးပြုကြပါသည်။ အေဒီ၂၀၀ တွင် အဲလက်ဇန္ဒားမြိုမှ ဘုန်းတော်ကြီးကလီးမင့် (Clement of Alexandria) က သာမန်ခရစ်ယာန်(Laos)နှင့် သင်းအုပ်(Prebystar Clergy) တိုအကြား၊ ထိုအတူ အသင်းထောက်(Deacon)နှင့် ယုံကြည်သူ အသင်းသား(Laos) အကြားတွင် ခြားနားသိသာ စေရန်အတွက် ယုံကြည်သူအသင်းသားများကို Laos ဟူသော ဝေါဟာရဖြင့် ခေါ်ဝေါ်သုံးစွဲခဲ့သည်။ အသင်းတော်၏ အစောပိုင်းကာလတွင် သင်းအုပ် ဘုန်းတော်ကြီး (Kleros) နှင့် ယုံကြည်သူ အသင်းသား (Laos) တို၏ကွဲပြားခြားနားမှုကို သိသာထင်ရှားစွာ တွေ့လာရပါသည်။ သင်းအုပ် အသင်းထောက်၊ ဘုန်းတော်ကြီး၊ ဓမ္မဆရာ၊ ဆရာမ စသည်တိုသည် အသင်းတော်သာသနာ လုပ်ငန်းအတွက် သီးခြားတာဝန်ပေး၍ ခန့်အပ်ခံထားရသူများဖြစ်သည်။ ၎င်းတိုသည် ဘုန်းတော်ကြီး ကျောင်း (Monastry)(သို့) ကျမ်းစာကျောင်း:(Seminary) တို့တွင် တက်ရောက၍ အသင်းတော် အုပ်ချုပ်စီမံခြင်း၊ မင်္ဂလာဝတ်များကို ဦးဆောင်ခြင်း၊ ဓမ္မဒေသနာ ဟောပြောခြင်း၊ သင်းအုပ်ဂရုပြု စောင့်ရှောက်ခြင်းတိုကို လုပ်ဆောင်နိုင်ရန်အတွက် သင်ကြားတတ်မြောက်ထားကြသူများ ဖြစ်သည်။ ယုံကြည်သူအသင်းသားတိုမှာ ခရစ်ယာန်အသင်းတော်၏ သာမန် အသင်းသားများ ဖြစ်ကြသည်။ ၎င်းတိုတွင် အသင်းတော်အုပ်ချုပ်ရေးနှင့် မင်္ဂလာဝတ်များ လုပ်ဆောင်ရန် သီးသန့်တာဝန် ပေးအပ်ထားခြင်း မရှိပါ။ သိုရာတွင် ၎င်းတိုသည် ခရစ်ယာန် ဘုန်းတော်ကြီးများနှင့် သင်းအုပ်ဆရာတို အား ကူညီပံ့ပိုးရန် တာဝန်ရှိသူများဖြစ်သည်။

 

(၂) အသင်းတော် သာသနာလုပ်ငန်းတွင် ယုံကြည်သူအသင်းသား (Laity) တို၏ အခန်းကဏ္ဍ။

အသင်းတော် ပြုပြင်ပြောင်းလဲရေးကို ဦးဆောင်ခဲ့သူ မာတင်လူသာက ယုံကြည်သူ ခရစ်ယာန်များသည် သခင်ယေရှု၏ “အသွေးတော်ဖြင့် ရွေးချယ်ခြင်းကို ခံရသော ဘုရားသခင်၏ လူမျိုးတော်” (Royal Priesthood) ဟု ဖော်ပြခဲ့ပါသည်။ ဘုန်းတော်ကြီးများ၊ သင်းအုပ်၊ ဓမ္မ ဆရာ/ ဆရာမများသာလျှင် အသင်းတော် သာသနာလုပ်ငန်းကိုလုပ်ရန်တာဝန်ရှိသည်ဟု မဆိုနိုင်ပါ။ ယုံကြည်သူအသင်းသားများ (Laity)သည်လည်း ဘုရားသခင်၏ နိုင်ငံတော် ကျယ်ပြန့်စေရန်အတွက် ပါဝင်ဆက်ကပ် ထမ်းဆောင်ရန် လိုအပ်သည်။ ထိုကြောင့် ယုံကြည်သူခရစ်ယာန် အားလုံးသည် ယဇ်ပုရောဟိတ်များဖြစ်သည် (Priesthood of all believers) ဟု အနက်ဖွင့်ခဲ့ပါသည်။ ယဇ်ပုရောဟိတ်သည် ဘုရားသခင်နှင့် လူတိုအကြားတွင် ဆက်သွယ်ပေးသူ (Mediator) ဖြစ်ပါသည်။ ထိုနည်းတူ ယုံကြည်သူခရစ်ယာန်များသည် ဘုရားနှင့် လူတိုအကြား ဆက်သွယ်ပေးသော တာဝန်ကို ထမ်းဆောင်ကြရပါမည်။ တစ်နည်းအားဖြင့် ယုံကြည်သူအသင်းသားများ(Laity)တိုသည် အသင်း တော်အပြင်ဘက်ရှိ ကမ္ဘာလောကတွင် လုပ်ကိုင်ဆောင်ရွက်ကြသည်ဖြစ်ရာ မိမိတိုလုပ်ငန်းခွင်တွင် ခရစ်ယာန်တို၏ ထူးခြားသော အသက်တာဖြင့် အသက်ရှင်ပြသရမည်ဖြစ်သည်။ ယုံကြည်သူအသင်းသားများ (Laity) တို့သည် ဆားကဲ့သို ကမ္ဘာလောကထဲသို စိမ့်ဝင်ပျံ့နှံလျက် ဘုရားသခင်၏ ကယ်တင်ခြင်းသတင်းကောင်းကို တစ်ပါးသူတိုအားမျှဝေရန်တာဝန်ရှိပါသည်။ ဟန်းဒရစ်ကရေမာ (Hendrik Kraemer) ကယုံကြည်သူအသင်းသား (Laity)တိုသည် အသင်းတော်သာသနာပြု လုပ်ငန်းတွင် လှံသွားများ (the spearheads) ဟူ၍ တင်စားထားပါသည်။ ၎င်းက ဘုန်းတော်ကြီးများ၊ သင်းအုပ် ဓမ္မဆရာ/မများတိုသည် အသင်းတော်ဝင်းအတွင်း၌သာ တရားဒေသနာဝေမျှခြင်း၊ ပွဲတော်မင်္ဂလာပေးခြင်း၊ စီမံအုပ်ချုပ်ခြင်း စသည့် အမှုတော်လုပ်ငန်းများကို ထမ်းဆောင်ကြသည်ဖြစ်ရာ အသင်းတော်ပြင်ပရှိလူများနှင့် ထိတွေ့ဆက်ရန် အခွင့်အရေးနည်း ကြသည်။ ယုံကြည်သူ အသင်းသား (Laily) များမှာမူပြင်ပကမ္ဘာနှင့် နေ့စဉ်ထိတွေ့ဆက်ဆံနေ ကြရသူများဖြစ်သည်။သူတိုသည် အစိုးရလုပ်ငန်း၊ ကုမ္ပဏီလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း၊စာသင်ကျောင်း၊ ကောလိပ် တက္ကသိုလ် စသည်တိုတွင် မိမိတို၏ အခန်းကဏ္ဍအလိုက် ပါဝင်ထိတွေ့ ဆက်ဆံလျက်ရှိကြသည်။ ထိုကြောင့်ယုံကြည်သူအသင်းသား(Laity)တိုသည် မိမိတို၏ လုပ်ငန်းခွင်တွင် ထိရောက်သော သက်သေခံကောင်းများ ဖြစ်လာစေရန် အသင်းတော်မှ ဝိညာဉ်ရေးအသက်တာကို တည်ဆောက်ပေးခြင်း၊ ဧဝံဂေလိသတင်း ကောင်းဝေမျှနည်း သင်တန်းပေးခြင်းတိုကို စီမံဆောင်ရွက် ပေးရန်လိုအပ်ပါသည်။

 

(၃) အသင်းတော်အတွင်း၌ ယုံကြည်သူအသင်းသား(Laity) တို၏အခန်းကဏ္ဍ။

ခရစ်ယာန်အသင်းတော်တို၏ ကျန်းမာကြံ့ခိုင်ရေးသည် အသင်းတော်တွင် ယုံကြည်သူ အသင်းသား (Laity)များ ပါဝင်ဆက်ကပ် လုပ်ဆောင်မှုအချိုးအစားပေါ်တွင် များစွာမူတည်လျက် ရှိပါသည်။ ဝတ်ပြုကိုးကွယ်ရန်အတွက် အခမ်းအနား ပြင်ဆင်ခြင်း၊ ပန်းအိုးထိုးခြင်း၊တေးဂီတ တူရိယာများ တီးခတ်ခြင်း၊ ကွာယာအဖွဲတွင် ပါဝင်သီဆိုခြင်း၊ဘုရားကျောင်းဝင်း သန့်ရှင်းရေး ပြုလုပ်ခြင်း၊ ဝတ်ပြုခြင်း အစီအစဉ်စာရွက်များ ဝေငှခြင်း၊ ဧည့်သည်များအား ကြိုဆိုနေရာချထားခြင်း စသည့်လုပ်ငန်းများတွင် ယုံကြည်သူအသင်းသား(Laity)များ တက်ကြွစွာ ပါဝင်လုပ်ဆောင် ရမည်ဖြစ်သည်။ အသင်းတော်ရှင်သန် နိုးကြား၍ကောင်းမွန်စွာလည်ပတ် လုပ်ဆောင်နေနိုင်ရန် အတွက် ယုံကြည်သူအသင်းသား(Laity)တို၏ ပါဝင်ဆက်ကပ် လုပ်ဆောင်မှုသည် မရှိမဖြစ်လိုအပ်ပါသည်။ ယေဘုယျအားဖြင့် နှစ်ခြင်းအသင်းတော်တွင် အောက်ပါ အခန်းကဏ္ဍများ၌ ယုံကြည်သူအသင်းသား(Laity)များ၏ ပါဝင်ဆက်ကပ် လုပ်ဆောင်ခြင်းသည် မရှိမဖြစ် လိုအပ်ပါသည်။

၁) အသင်းတော်ကောင်စီတွင် ပါဝင်ဆက်ကပ်လုပ်ဆောင်ခြင်း။

၂) အသင်းထောက်များ (Deacons)အဖြစ် တာဝန်ယူလုပ်ဆောင်ခြင်း။

၃) လူမှုကယ်ဆယ်ရေးလုပ်ငန်းများ (Social welfare) တွင် ပါဝင်ဆက်ကပ်လုပ်ဆောင်ခြင်း စသည်တို ဖြစ်သည်။

သခင်ယေရှု၏ ကိုယ်ခန္ဓာဖြစ်သော အသင်းတော်တွင် သင်းအုပ်တိုနှင့်အတူ ယုံကြည်သူ အသင်းသားတိုင်း တက်ကြွစွာ ပါဝင်ဆက်ကပ် လုပ်ဆောင်ခြင်းသည် သမ္မာကျမ်းစာ သွန်သင်ချက်နှင့်ညီသော ဘုရားသခင် အလိုတော်ရှိသော အရာပင်ဖြစ်ပါသည်။ ကျွန်ုပ်တို သတိပြုရ မည့် အချက်မှာ သင်းအုပ်တစ်ဦးတည်း အသင်းတော်၏ လုပ်ငန်းအားလုံးကို လုပ်ဆောင်၍ မရနိုင်ပါ ဟူသော အချက်ပင်ဖြစ်သည်။ တချိုသော သင်းအုပ်တိုသည် ယုံကြည်သူ အသင်းသား(Laity) တို၏ ကူညီပံ့ပိုးမှုကိုမရယူဘဲ အသင်းတော်လုပ်ငန်းများကို ၎င်းတစ်ဦးတည်းကသာ ဒိုင်ခံ၍ လုပ်ဆောင်တတ်ကြသည်။ တချို အသင်းသားများကသင်းအုပ်ကို လစာပေးထားခြင်းကြောင့် အသင်းတော်၏ လုပ်ငန်းများကို ၎င်းတစ်ဦးတည်း ဒိုင်ခံလုပ်ရမည်ဟု ယူဆကြသည်။ ယင်းသည်မှားယွင်းသော အယူအဆပင်ဖြစ်သည်။

ယနေ့ခေတ်တွင် တချိုသောသင်းအုပ်များသည် စီမံခန့်ခွဲခြင်း၌ အားနည်းကြသောကြောင့် ယုံကြည်သူအသင်းသားများအား တာဝန်ခွဲဝေ၍ ပါဝင်လုပ်ဆောင်စေရန် မစီစဉ်တတ်ကြပေ။ ထိုအခါ မလိုလားအပ်သော ဆိုးကျိုးများကို ဖြစ်ပေါ်စေပါသည်။ ထိုကြောင့် သင်းအုပ်တိုသည် ခေါင်းဆောင်မှု နှင့် စီမံခန့်ခွဲမှုတွင် ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်ရန် ကြိုးစားအားထုတ်၍ လေ့လာရပါမည်။ အသင်းတော်၏ လုပ်ငန်းကိစ္စများကို တစ်ဦးတည်း ဒိုင်ခံလုပ်ဆောင် နေသော သင်းအုပ်ဆရာ တစ်ဦးသည် ၎င်းသားသမီးများအတွက် ဖခင်ကောင်း၊ ဇနီးသည်အတွက်ခင်ပွန်းကောင်း မဖြစ်နိုင်ပါ။ ထိုနည်းတူ အသင်းတော်လုပ်ငန်းကိစ္စတွင် ပါဝင်လုပ်ဆောင်ခြင်း မရှိသော ယုံကြည်သူအသင်းသား(Laily) မိဘများသည်လည်း ၎င်းတို၏ သားသမီးများ စစ်မှန်သော ခရစ်ယာန် အသက်တာ တည်ဆောက်ရန်အတွက် စံနမူနာယူထိုက်သော မိဘများဖြစ်လာမည်မဟုတ်ပါ။ အကျိုးဆက်အနေဖြင့် ယုံကြည်သူအသင်းသားများ အသင်းတော် ဝတ်ပြုခြင်း၌ လာရောက်ပါဝင်မှု နည်းသွားသကဲ့သို တချိုယုံကြည်သူအသင်းသား Laity များတွင် ဘုရားသခင် ပေးထားသော ဆုကျေးဇူး(Gifts)များကို အသင်းတော်အတွက် အသုံးမချရဘဲ အလဟဿဖြစ်ရပါသည်။ ထိုကြောင့် အသင်းတော်ကို ဦးဆောင်ကြသော သင်းအုပ်တိုသည် အသင်းတော်လုပ်ငန်းတွင် ယုံကြည်သူအသင်း သား(Laity)များ ပါဝင်လုပ်ဆောင်လာစေရန်အတွက် စည်းရုံးလှုဆော်ခြင်း၊ လုပ်ငန်းတာဝန်များ ခွဲဝေသတ်မှတ်ပေးခြင်း၊ အသင်းတော်ရုံး ကိစ္စရပ်များနှင့် ပတ်သက်၍ လိုအပ်ပါက ၎င်းတိုအား ရက်တိုသင်တန်းပေးခြင်း၊ ဝိညာဉ်ရေး အသက်တာကြီးထွားရင့်ကျက်ခြင်းနှင့် ဧဝံဂေလိဝေမျှနည်း သင်တန်းများပေးခြင်း၊ ကူညီလမ်းညွှန်မှု (Supervise) ပေးခြင်းတို့ကို လုပ်ဆောင်ရန် လိုအပ်ပါသည်။ ။

 

အခန်း ၅

ခရစ်ယာန်ခေါင်းဆောင်မှု၏အရည်အချင်းများနှင့် တာoန်ဝတ္တရားများ

THE QUALITIES AND RESPONSIBILITIES OF CHRISTIAN LEADERSHIP

၁။ ခရစ်ယာန်ခေါင်းဆောင်မှု၏ အရည်အချင်းများ

(The Qualities of Christian Leadership)

ဘုရားသခင်သည် ခေါင်းဆောင်များအား သီးသန့် နေရာတစ်ခုနှင့် အလုပ်အတွက် ကြိုတင်ပြင် ဆင်ခဲ့သည်။ လိုက်လျောညီထွေရှိသောသင်ကြားခြင်းနည်းစနစ်၊ ပင်ကိုယ် အရည်အချင်းများနှင့် ဘုရားပေး ဝိညာဉ်ဆုကျေးဇူးများကို ရည်ရွယ်ချက်နှင့် ပေးအပ်ခဲ့သည်မှာ သိသာထင်ရှားလှပါသည်။ ဥပမာ- ရှင်ပေါလုတွင် ပင်ကိုယ်အရည်အချင်းများနှင့် ဘုရားပေး ဝိညာဉ်ဆုကျေးဇူးများသာ မရှိခဲ့လျှင် ဧဝံဂေလိသာသနာပြုခြင်း ခရီးစဉ်များကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည်မဟုတ်ပါ။

ထိုနည်းတူ ဘုရားသခင်သည် ဆရာကြီးယုဒသန်နှင့် မမယုဒသန် တို့အား မြန်မာပြည်တွင် ဧဝံဂေလိသတင်းကောင်း ဖြန့်ဝေရန်အတွက် လိုအပ်သော ခရစ်ယာန်ခေါင်းဆောင်မှု အရည်အချင်းများကို ပေးအပ်ခဲ့ပြီး မြန်မာပြည်အတွက် အမှုတော်သာသနာအတွက် ရှေ့ဆောင် လမ်းပြကြယ် ဖြစ်ခဲ့ပါသည်။ ဆရာကြီး ယုဒသန်၏ ခေါင်းဆောင်မှု အရည်အချင်းများကို လေ့လာကြည့်ပါက နှိမ့်ချခြင်း၊ ကြိုးစားအားထုတ် ဆောင်ရွက်ခြင်း၊ မြော်မြင်ဆင်ခြင်ခြင်း၊ မိမိကိုယ်ကို ထိန်းချုပ်နိုင်သော စွမ်းအား၊ မိမိကိုယ်ကို မေ့လျော့၍ ဘုရားသခင်အတွက်၊ သာသနာအတွက်သာ ဦးစားပေးတတ်ခြင်း၊ ရဲစွမ်းသတ္တိနှင့် ဉာဏ်ပညာကို ဟန်ချက်ညီ ညှိနှိင်းခြင်း၊ ကယ်တင်ခြင်း၊ ပျောက်ဆုံးဝိညာဉ်များအား စာနာသနားခြင်း စသည့်တိုသည် ခရစ်ယာန်ခေါင်းဆောင်များအတွက် အတုယူဖွယ် စံပြအသက်တာဖြစ်ပါသည်။

မာတင်လူသာသည် ချဉ်းကပ်ပေါင်းသင်းရန် လွယ်ကူသူတစ်ဦးဖြစ်သည်။ မာတင်လူသာသည် ဘဝင်မြင့်ခြင်း၊ စိတ်ကြီးဝင်ခြင်းမရှိ၊ ကြိုက်နှစ်သက်မှုများမှာလည်း ရိုးစင်းလွန်းသောကြောင့် လူအများက အရေးမကြီး သေးငယ်သည်ဟု ထင်သောအရာများဖြင့် သူ၏ အသက်တာကို တည်ဆောက်ကာ မြဲမြံတည်တံ့စေသည်မှာ အံ့ဩဖွယ်ရာဖြစ်သည်။ မာတင်လူသာတွင် ဟာသဉာဏ်၊ သာမန်အသိဉာဏ်သာရှိပြီးပျော်ရွှင်စွာ စနောက်တတ်သူ၊ ရိုးသားဖြူစင်၍ ဟန်ဆောင်မှု ကင်းမဲ့သူ ဖြစ်သည်။ သခင်ယေရှုအတွက် သတ္တိရှိသူ၊ ယုံကြည်ခြင်း ခိုင်မာသူ၊ တောက်လောင်နေသော စိတ်ဇောအဟုန်များ ရှိသူဖြစ်သည်။ ထိုအပြင် မာတင်လူသာတွင် ဘုရားသခင်အပေါ် သခင်ယေရှုအပေါ် သန့်ရှင်းသော ဝိညာဉ်တော်အပေါ်ခိုင်မြဲစွာ သစ္စာရှိဖို လူသားများ၏ စိတ်ဓာတ်ကို နှိးဆွလှုဆော်ပေးနိုင်သူ တစ်ဦး ဖြစ်သည်။

တရုတ်နိုင်ငံ သာသနာ့လုပ်ငန်းများတွင် ရှေ့ဆောင်ဦးရွက် ဆက်ကပ်အစေခံခဲ့သူ ဟဒ်ဆန်တေလာ (Hudson Taylor) အား သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝသူ၊ ယုံကြည်ခြင်း အားကြီးသူ၊ ခြိုးခြံစွာနေနိုင်သူ၊ ဘုရားသခင်ထံ အပြည့်အဝအပ်နှံနိုင်သူ၊ သနားကြင်နာစိတ်ရှိသူ၊ ဆုတောင်းခြင်း တန်ခိုးဖြင့် အမှုတော်ဆောင်ရွက်သူ၊ မလျော့သော ဇွဲလုံလရှိသူ၊ သူတစ်ပါးအား လွှမ်းမိုးနိုင်စွမ်းရှိသူ၊ အံ့ဖွယ်အမှများကို ဘုရားသခင်တန်ခိုးဖြင့် ဆောင်ရွက်နိုင်သူ ဖြစ်သော်လည်း ကလေးငယ် တစ်ဦးကဲ့သို ဖြူစင်စွာ နေထိုင်နိုင်သူဖြစ်သည်။

ဘုရားသခင်သည် ခရစ်ယာန် ခေါင်းဆောင်များအား ဆောင်ရွက်ရမည့် အမှုတော်မြတ် နှင့် အံဝင်ဂွင်ကျမည့် ပင်ကိုယ်စွမ်းရည်နှင့်ဘုရားပေးဝိညာဉ် ဆုကျေးဇူးများကို ကြိုတင်ခွဲခန့် မှတ်သားထားပြီး ဖြစ်သည်။ သူတို၏ ဆုတောင်းခြင်း၊ ဝတ်ပြုကိုးကွယ်ခြင်း၊ စည်းကမ်းရှိခြင်းတိုသည် လုပ်ဖော်ဆောင်ဖက် အမှုတော်ဆောင်များအတွက် အတုယူဖွယ် စံပြအသက်တာ ဖြစ်ခဲ့သည်။ ခရစ်ယာန်ခေါင်းဆောင်လိုအပ်သော အရည်အချင်းများမှာ (၁) စည်းကမ်း ထိန်းသိမ်း စောင့် ရှောက်နိုင်မှု၊ (၂) ရှင်းလင်းပြတ်သားသော ဘုရားပေးရူပါရုံရှိမှု၊ (၃)ဖြောင့်မတ်စွာ ဆုံးဖြတ်နိုင်သော ဉာဏ်အမြော်အမြင်ရှိမှု၊ (၄) တိကျပြတ်သားသော ဆုံးဖြတ်ချက်ချနိုင်မှု၊ (၅) ကောင်းမွန်သော ကိုယ်ကျင့်တရားနှင့် ရဲစွမ်းသတ္တိ၊ (၆) ပေးဆပ်အနစ်နာခံနိုင်သည့် နှိမ့်ချစိတ် ထားရှိခြင်းနှင့် (၇) ရိုးသားဖြူစင်သော ဖြောင့်မတ်ခြင်းတို့ဖြစ်ပါသည်။

 

(၁) စည်းကမ်းထိန်းသိမ်းစောင့်ရှောက်နိုင်ခြင်း (discipline)။

ခရစ်ယာန်ခေါင်းဆောင်တစ်ဦးသည် အပြင်ပိုင်း ပြဋ္ဌာန်းစည်းကမ်းများကို ထိန်းသိမ်း စောင့်ရှောက်သကဲ့သို အတွင်းစိတ်နှလုံးထဲ၌လည်း တစ်သဝေမတိမ်း လိုက်လျှောက်ကျင့် သုံးနိုင်သူဖြစ်သည်။ စည်းကမ်း ထိန်းသိမ်း စောင့်ရှောက်နိုင်မှုသည် ငယ်စဉ်ဘဝမှ ဘဝတစ် လျှောက်လုံးအတွက်ဖြစ်သည်။ အမှန်တရားကို လက်ကိုင်ထားခြင်း၊ ယုံကြည်မှုအပေါ် အခိုင်အမာ ရပ်တည်ခြင်း၊ ချီးမွမ်းသြဘာ မရသော်လည်း သူတစ်ပါး ရှောင်ကြဉ်သော အလုပ်မျိုးကိုပင် လိုလိုလားလား တာဝန်ယူဆောင်ရွက်နိုင်ခြင်း၊ သန့်ရှင်းသော ဝိညာဉ်တော်၏ ပြည့်ဝမှုဖြင့် ခက်ခဲသော အခြေအနေများကို ကျော်လွှားနိုင်ခြင်း၊ အပြစ်တင်မှုများကြားတွင်ပင် ရဲရင့်ပြတ်သားစွာ၊ ကြင်နာစွာ စီမံခန့်ခွဲနိုင်ခြင်း၊ ဘုရားသခင်၏ အမှုတော်မြတ်အတွက် အကျိုးအမြတ်ရမည်ဆိုလျှင် မိမိကိုယ်ကို စည်းမျဉ်း၊ စည်းကမ်းနှင့်အညီ ကျင့်ကြံနေထိုင်နိုင်ခြင်း၊ ဘုရားသခင်၏ အမှုတော်အတွက် မိမိအလိုထက် ဘုရားအလိုတော်အတိုင်းခက်ခဲသောတာဝန်များကို ပြီးဆုံးအောင် ဆောင်ရွက်နိုင်ခြင်းတို ဖြစ်သည်။

ခရစ်ယာန်ခေါင်းဆောင်များ၏ အသက်ရှင်နေထိုင်မှုသည် စည်းကမ်းသေဝပ်သော အသက် တာဖြင့် အမှုတော်သာသနာနှင့် စီးပွားရေးလုပ်ငန်းများတွင် သက်ရှင်နေထိုင်ရမည်။ သမ္မာကျမ်း စာလေ့လာခြင်း၊ ဆုတောင်းခြင်း၊ ပေးလှူခြင်း၊ အချိန်ကို ထိရောက်စွာ အသုံးပြုခြင်း၊ ကျန်းမာရေးအတွက် သင့်တင့်သော အစားအသောက်၊ ကောင်းမွန်စွာ အိပ်စက်ခြင်း၊ ကိုယ်ကာယ လေ့ကျင့်ခန်းများ ပြုလုပ်ဆောင်ရွက်ရာတွင် စည်းကမ်းရှိကြရပါမည်။ အချင်းချင်း မိတ်သဟာယဖွဲမှု၊ ကိုယ်ကျင့်သိက္ခာထိန်းသိမ်းနိုင်မှု၊ စောင့်ထိန်းကျင့်ကြံအပ်သော စည်းကမ်းများကို မိမိကိုယ်တိုင်သာ မက နောက်လိုက်များ စောင့်ထိန်းလိုက်နာရန် တိုက်တွန်းနိုင်သူ ဖြစ်ရမည်။

ခရစ်ယာန်ခေါင်းဆောင်တစ်ဦးသည် ခိုင်မာပြတ်သား တင်းကြပ်သော စည်းမျဉ်း စည်းကမ်းများကို အသက်တာတွင် ပုံသက်သေပြနိုင်လျှင် အခြားသူများသည် မျှော်လင့်ချက် အပြည့်ဖြင့် ပူးပေါင်းဆောင်ရွက်လာကြမည်ဖြစ်သည်။ ပွင့်လင်းမြင်သာခြင်း၊ သနားကြင်နာခြင်း၊ ကူညီပံ့ပိုးခြင်း၊ အခွင့်အရေးမယူခြင်း၊ အခြားသူများကို အလုပ်အကျွေးပြုခြင်းတိုကို ချစ်ခြင်းမေတ္တာဖြင့် ဂရုတစိုက် ပြုစုပျိုးထောင်နေရပါမည်။

 

(၂) ရှင်းလင်းပြတ်သားသော ဘုရားပေးရူံပါရုံ ရှိခြင်း (vision)။

ခရစ်ယာန်ခေါင်းဆောင်များသည် ခေတ်ပြိုင် လုပ်ဖော်ဆောင်ဖက်များနှင့် နောက်လိုက်များပေါ်တွင် သြဇာအာဏာကြီးမားသူ၊ လွှမ်းမိုးနိုင်သူနှင့် ရှေ့ရေးကို ကျယ်ပြန့်စွာ၊ ပို၍ ဝေးစွာ မြော်မြင်တွေ့မြင်နိုင်သူများ ဖြစ်သည်။ ဧလိယ၏အစေခံက ၎င်းတိုအား ဝိုင်းရံထားသည့် ကြီးမား များပြားသော စစ်တပ်ကြီးကို ထင်ထင်ရှားရှား တွေ့မြင်ခဲ့သော်လည်း ဧလိယဟူမူကား သာ၍ များသော၊ ကြီးမားသော ဘုရားသခင်၏ ကောင်းကင်ဗိုလ်ခြေများကို တွေ့မြင်ခဲ့သည်။ ဧလိယ၏ ယုံကြည်ခြင်းသည် မျှော်လင့်ခြင်း ရူပါရုံကို မွေးပေးခဲ့သည်။ ဘုရားသခင်ကို ကိုးစားသူသည် အဖြစ်အပျက်အကြောင်းအရာများကို ဝိညာဉ်ရေးရာ နိယာမများဖြင့် ဝိညာဉ်သဘော ထိုးဖောက် သိမြင်နိုင်စွမ်းရှိရမည်။ အဆုံးသတ်ပန်းတိုင်ကို မျှော်ကြည့်ခြင်းအားဖြင့် ရရှိလာသည့် အစဉ်မပြတ် လှုံဆော်ခြင်းသည် ဇွဲရှိရှိနှင့် စွဲစွဲမြဲမြဲ လုပ်ဆောင်နိုင်ရန်အတွက် ကူညီပေးသည့် အဓိကအချက် ဖြစ်သည်။ မြော်မြင်ခြင်း ရူပါရုံတွင်အကောင်းမြင်ခြင်းနှင့် မျှော်လင့်ခြင်း ပါဝင်သည်။ အကောင်းမြင်သူ သည် အခက်အခဲတိုင်းတွင် အလိုတော်အတိုင်း ဖြေရှင်းနိုင်မည့် နည်းလမ်းကို တွေ့မြင်နိုင် မည်ဖြစ်သည်။ သတိရှိသော ခရစ်ယာန်များသည်အတိတ်သမိုင်းနှင့် အစဉ်အလာ ထုံးတမ်းတိုမှ အဖိုးတန်သော သင်ခန်းစာများကို ရယူခဲ့ကြသော်လည်း အတိတ်၌သာ ချည်နှောင်နေခြင်းမှာ အန္တရာယ်ရှိသည်။ ရူပါရုံသည် စွန့်စားခြင်းဆီသို ဦးတည်ခေါ်ဆောင်သွားသည်။ ရူပါရုံရှိသော ခရစ်ယာန် ခေါင်းဆောင်များသည်ဆုံးဖြတ်ချက်များကို အနာဂတ်ပေါ် မူတည်၍ အကဲဖြတ် တိုင်းတာ ကြည့်ကြသည်။ လုပ်ဆောင်မှု မပါသော ရူပါရုံသည် စိတ်ကူးယဉ်စီမံကိန်း ကိုသာ ဖော်ဆောင်သည်။ ရူပါရုံမပါသော လုပ်ဆောင်မှုသည် ပင်ပန်းငြီးငွေ့ဖွယ် အလုပ်သာ ဖြစ်သည်။ လုပ်ဆောင်မှုပါသော ရူပါရုံသည် ခရစ်ယာန်ခေါင်းဆောင်ကို မွေးထုတ်ပေးသည်။

 

(၃) ဖြောင့်မတ်စွာ ဆုံးဖြတ်နိုင်သော ဉာဏ်အမြော်အမြင် ရှိခြင်း (wisdom)

သမ္မာကျမ်းစာတွင် ဝိညာဉ်ရေးရာနှင့် ကိုယ်ကျင့်တရားဆိုင်ရာ အမှန်တရားကို ဖြောင့်မတ်မှန်ကန်စွာ စီရင်တတ်ခြင်းဟု ဖော်ပြထားသည်။ ဗဟုသုတသည် အချက်အလက်များကို စုဆောင်းခြင်းနှင့် နားလည်နိုင်စွမ်းသည် အကြောင်းပြချက် ဆင်ခြေများကို တိုးတက် ဖွံဖြိုး စေခြင်းဖြစ်သည်။ ဉာဏ်ပညာ အမြော်အမြင်သည် အထက်အရာနှင့်ဆိုင်သော ကောင်းစွာ သိမြင်နားလည်ခြင်းဖြစ်သည်။ ထိုးထွင်းသိမြင်ခြင်း၊ ဘုရားကိုသိခြင်း၊ လူ့စိတ်နှလုံး၏ လျှိဝှက်နက်နဲခြင်းများကို ခြင်းတို ပါဝင်သည်။ ကိုယ်ကျင့်တရား၊ ဝိညာဉ်ရေးရာနှင့် ဘေးကြပ်နံကြပ် အခြေအနေများကို ရင်ဆိုင်ဖြေရှင်းခြင်း၊ ဆက်နွယ်ပတ်သက်မှုများကို မှန်ကန်သင့်လျော်စွာ ဖြည့်စွက်တတ်ခြင်းသည် ဉာဏ်အမြော်အမြင်ဖြစ်သည်။ သိရှိတတ်ကျွမ်းမှု ဗဟုသုတသည် သင်ကြားလေ့လာခြင်းဖြင့် ဖြစ်ပေါ်လာခဲ့လျှင် ဉာဏ်ပညာအမြော်အမြင်သည် သန့်ရှင်းသော ဝိညာဉ်တော်ပြည့်ဝခြင်းမှသာ ထွက်ပေါ်လာမည်ဖြစ်သည်။ ဉာဏ်အမြော်အမြင်နှင့် ပြည့်စုံခြင်းသည် ကနဦးအသင်းတော် ခေါင်းဆောင်များ (သင်းထောက်များ) အသက်တာ၌ပင် လိုအပ်ချက် တစ်ခုဖြစ်ခဲ့သည် (တ ၆း၃)။

လူတစ်ဦးသည် လိမ္မာပါးနပ်ခြင်းနှင့် စာနာထောက်ထားတတ် ခြင်းကြောင့်လည်းကောင်း၊ ဆုတောင်းခြင်းဖြင့်လည်းကောင်း၊ ဝိညာဉ်ရေးရာ အစွမ်းတန်ခိုးကြောင့် လည်းကောင်း၊ သင့်လျော်သော ဉာဏ်ပညာ အမြော်အမြင်ကြောင့်လည်းကောင်း အခြားသူ တစ်ဦးအားလွှမ်းမိုးနိုင်၍ အမြင်ပွင့်စေ သည်။ ရှင်ပေါလုက ကောလောသဲမြိုရှိခရစ်ယာန်များအတွက် ဆုတောင်းချက်မှာ “ပညာအမျိုးမျိုး၊ ဓမ္မဉာဏ်အမျိုးမျိုးအားဖြင့် အလိုတော်ကို အကုန်အစင် နားလည်ပါမည်အကြောင်း ဆုတောင်းပဋ္ဌနာ ပြု၏” (ကောလောသဲ ၁၉)။

 

(၄) တိကျပြတ်သားသောဆုံးဖြတ်ချက်ချနိုင်ခြင်း (decision)။

ရှေ့ရေး တွေးခေါ်မြော်မြင်တတ်သူ တစ်ဦးသည် မြော်မြင်ဆင်ခြင်သော်လည်း ခရစ်ယာန် ခေါင်းဆောင်တစ်ဦးဖြစ်လျှင်မူကား တိကျပြတ်ဆုံးဖြတ်ချက်ကို ချရလိမ့်မည်။ စိတ်လိုက်မာန်ပါ လုပ်တတ်သော ခေါင်းဆောင်တစ်ဦးသည် ချက်ချင်းတုံပြန်ပြောဆိုတတ်လည်း ခရစ်ယာန် ခေါင်းဆောင်တစ်ဦးကား အကြောင်းအရာဆုံးဖြတ်ချက်ကို သက်သေများကို ချင့်ချိန်၍ သင့်လျော်သော အခြေခံယူဆချက်ပေါ်တွင် ပြတ်သားစွာ ချမှတ်လိမ့်မည်။ ပန်းတိုင်သို့ ရောက်ရန်ကြိုးစား လုပ်ဆောင်ချိန်၌ ခရစ်ယာန်ခေါင်းဆောင်သည် မည်သည့်အခါမှ နောက်လှည့်မကြည့်ပါ။ ပျက်စီးဆုံးရှုံး မှုအတွက် မိမိငယ်သားများကို မည်သည့်အခါမျှ ပြစ်တင်ရှုတ်ချခြင်း မပြုပါ။

အာဗြဟံသည် သောဒုံမြို၌ အခက်အခဲ အကျပ်အတည်း ရင်ဆိုင်နေရချိန်နှင့် လောတအား ကယ်တင်ခဲ့စဉ်က လျင်မြန်ပြတ်သားသောဆုံးဖြတ်ချက်ချနိုင်ခဲ့သည် (က ၁း၄)၊ မောရှေသည် အဲဂုတ္တုပြည်၏ဩဇာအာဏာ၊ အခွင့်အရေးများကို စွန့်လွှတ်ခဲ့ပြီး ဟေဗြဲကျွန်များနှင့် ၎င်းတို့၏ ဒုက္ခဝေဒနာများကို ထပ်တူထပ်မျှ ခံစားပြီး လူမျိုးတော်၏ခေါင်းဆောင်ဖြစ်လာခဲ့သည် (ဟေဗြဲ ၁၁း ၂၄-၂၇)၊ ဆုံးဖြတ်ချက်ချရာတွင် အရေးကြီးဆုံးသောအရာမှာ ဘုရားသခင်အား “ယုံကြည် ကိုးစားမှု”ပင် ဖြစ်သည်။ ရှင်ပေါလုသည် ပြောင်းလဲပြီးနောက် ပထမဦးဆုံး မေးခဲ့သော သူ၏မေးခွန်းမှာ “သခင်၊ ကျွန်ုပ်ဘာလုပ်ရမလဲ”ဟူ၍ ဖြစ်သည် (တ ၂၂း၁၀)။ ရှင်ပေါလုသည် သခင်ယေရှုသည် ဘုရား ဖြစ် ကြောင်း သိရှိနားလည်မှု အသစ်ပေါ်တွင် တုံဆိုင်းမနေဘဲ ချက်ချင်းတုံပြန်ခဲ့သည်။

ဟေဗြဲ ၁၁း ရှိ သူတော်စင်များသည် မြော်မြင်ခြင်း ရူပါရုံနှင့် ဆုံးဖြတ်ချက်ချခြင်းကို ပေါင်းစပ်ခဲ့ကြသည်။ ပေးဆပ်ရမည့် အဖိုးအခကို ကောင်းစွာသိလျက် တိကျပြတ်သားစွာ ဆုံးဖြတ် ချက်ချ၊ လှုပ်ရှားဆောင်ရွက်ခဲ့ကြသည်။ သာသနာပြုဆရာကြီး ဝီလျံကယ်ရီသည် ကတ်တရင်းတွင် ရူပါရုံကို တွေ့မြင်ခဲ့ပြီး၊ အိန္ဒိယနှင့် ပတ်သက်သော ဆုံးဖြတ်ချက်ချမှတ်ပြီး အခက်အခဲများကို ကျော်ဖြတ်ကာ သာသနာပြုခဲ့သည်။ လင်ဗင်းစတုန်းသည် ဒမ်ဘာတွန်တွင် ရူပါရုံကိုတွေ့မြင်ခဲ့ပြီး ဆုံးဖြတ်ချက်ချကာ အတားအဆီး အခက်အခဲအမျိုးမျိုးကျော်ဖြတ်ကာအာဖရိကသို ခရီးဆက် သာသနာပြုခဲ့သည်။

ဝိညာဉ်ရေးရာ ခေါင်းဆောင်များသည် ဆုံးဖြတ်ချက် ချမှတ်ရန်တွေ့ကြုံသောအခါ ဖင့်နွှဲ့ ရွှေ့ဆိုင်းမနေ၊ ဆုံးဖြတ်ချက်ချပြီးနောက်တွင်လည်း မရေမရာ တွေဝေနေလိမ့်မည် မဟုတ်။ ဆုံးဖြတ်ချက်ချရာတွင် အဓိကအရေးကြီးသောအရာမှာ မည်သည့်အရာကို ပြုလုပ်ရမည်ကိုသိရှိခြင်း သာမက ရရှိလာမည့် ရလာဒ်ကို ဆုပ်ကိုင် အသက်ရှင်ခြင်းဖြစ်သည်။

ချားလ်စ်ကောင်းမင်းသည် ရည်ရွယ်ချက်ရှိသူ တစ်ဦးအဖြစ်ကျော်ကြားခဲ့ပါသည်။ သူသည် အဓိကကျသောအရာ၌သာ အစဉ် စူးစိုက်ဆောင်ရွက်ခဲ့ပါသည်။ ရူပါရုံချမှတ်ခြင်းသည် လုပ်ငန်းစဉ်၏ ပထမအဆင့် ဖြစ်သည်။ ပန်းတိုင် တစ်ခုပြီးတစ်ခု လှမ်းကိုင်တက်လှမ်း၍ သာသနာလုပ်ငန်းကို တစ်ဆင့်ပြီးတစ်ဆင့် အောင်မြင်မှုရသည်အထိဆောင်ရွက်လုပ်ကိုင်နိုင်ခြင်းသည် တိကျပြတ်သားသော ဆုံးဖြတ်ချက်ချနိုင်မှုကြောင့် ဖြစ်သည်။

 

(၅) ကောင်းမွန်သော ကိုယ်ကျင့်တရားနှင့် ရဲရင့်ခြင်းသတ္တိ (courage)။

ခရစ်ယာန်ခေါင်းဆောင်များသည် ထိပ်ဆုံးရောက်နေသူများဖြစ် သဖြင့် ကောင်းမွန်သော ကိုယ်ကျင့်တရားနှင့် ရဲရင့်ခြင်းသတ္တိ လိုအပ်ပါသည်။ ကိုယ်ကျင့်သိက္ခာ၊ အကျင့်စာရိတ္တ ကောင်းမှသာ ရဲရင့်ခြင်း ဖြစ်ပေါ်လာမည်ဖြစ်ပါသည်။ ရဲရင့်ခြင်းဆိုသည်မှာ အန္တရာယ် အခက်အခဲများကို ကြောက်ရွံခြင်း၊ စိတ်ဓာတ်ကျခြင်းတို မရှိဘဲ ရင်ဆိုင်နိုင်ရန် ပြုလုပ်စွမ်းဆောင်ပေးသော စိတ်နှလုံး အရည်အချင်း တစ်ခုဖြစ်ပါသည်။

ရှင်ပေါလုက “အားနည်း ခြင်း၊ ကြောက်ရွံတုန်လှုပ်ခြင်းတို့နှင့်တကွသင်တို့ထံ ငါလာခဲ့၏”ဟု (၁ကော ၂း၃)တွင် ပြောခဲ့သည်။ “လာခဲ့၏” ဟုဆိုထားသဖြင့် ရင်ဆိုင်ခဲ့သည်။ ကြောက်ရွံစိတ်က သူ့အား သခင့်အမှုတော်မြတ်မှ ကင်းကွာအောင် မလုပ်နိုင်ပေ။ (၂ကော ၇း၅)တွင်“အပြင်၌ကား တိုက်လှန်ခြင်း ရှိ၏။ အတွင်း၌ကား စိုးရိမ်ခြင်းရှိ၏”ဟုရှင်ပေါလုက မိမိအတွေ့အကြုံ ခံစားရသည့်အရာအား ဝန်ခံခဲ့ သည်။ သို့သော် ဆက်လက် တိုက်လှန် ရင်ဆိုင်ခဲ့သည်။

မာတင်လူသာက “ကျွန်ုပ်ထံမှ ကြောက်ရွံခြင်းနှင့် ယုံကြည်ချက် များကို ခွင့်လွှတ်လိမ့်မည်ဟူ၍ သင်တိုမျှော်လင့်နိုင်တယ်။ ဒါပေမယ့် ကျွန်တော် လုံးဝမထွက်ပြေးဘူး။ ပြီးတော့လည်း ယုံကြည်ချက် ကို လုံးဝစွန့်လွှတ်မှာမဟုတ်ဘူး”ဟူ၍ ဖြစ်သည်။ အန္တရာယ်ရှိသော်လည်း Worms မြို့သို မာတင်လူသာ သွားခဲ့သည်။ သူ၏ ယုံကြည်မှု အယူဝါဒအား စွန့်လွှတ်ရန် ဆင့်ခေါ် တိုက်တွန်းခဲ့ကြသည်။ မာတင်လူသာက “ကောင်းမကောင်း ဝေဖန်ပိုင်းခြားတတ်သော သြတ္တပစိတ်ကို ဆန့်ကျင် အန်တုနေ ခြင်းသည် ဘေးမကင်းသည့်အပြင် အမြော်အမြင်ရှိသော လုပ်ရပ်လည်း မဟုတ်သောကြောင့် ဖြစ်သည်”ဟု တုံပြန်ပြောဆိုခဲ့သည်။ထိုနောက် ထပ်မံပြောဆိုသည်မှာ “ကျွန်တော် ဒီမှာ ရပ်နေတယ်။ ကျွန်တော် ဘာမှမလုပ်နိုင်တော့ပါ။ အဖဘုရား ကျွန်တော့်ကိုကယ်ပါ။ အာမင်” ဟူ၍ ဖြစ်သည်။ မာတင်လူသာ ဘုန်းတော်မဝင်စားမီ ရက်အနည်းငယ်အလို၌ “ကျွန်တော် ဘယ်အရာကိုမျှ ကြောက်ရွံစိတ်မရှိခဲ့ဘူး။ ဘုရားသခင်ဟာ လူတစ်ယောက်ကို ရဲရင့်ပြတ်သားအောင် ပြုလုပ်ဖန်တီး နိုင်တယ်” ဟု ဆိုခဲ့ပါသည်။

ကျွန်ုပ်တို့ အမှုတော်ဆောင်ရာတွင် ကြောက်ရွံ ခြင်းကို အလျော့မပေး၊ အရှုံးမပေးဘဲ၊ ရဲရင့်ခြင်းရှိရန် ဘုရားသခင် အလိုတော်ရှိပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့အား တန်ခိုးသြဇာနှင့် စွမ်းအင်ဖြည့်တင်းပေးသည့် သန့်ရှင်းသောဝိညာဉ်တော်ကို ပေးအပ်ထားပါသည်။

“ယုဒ လူတိုကိုကြောက်၍ တံခါးများ ပိတ်ထားလျက်” (ယော ၂၀း၁၀)နှင့် “ထိုသူတိုသည် ပေတရုနှင့် ယောဟန်တို၏ ရဲရင့်ခြင်းသတ္တိကို မြင်သောအခါ” (တ ၄း၁၃)၏ ခြားနား ကွာဟချက်မှာ သန့်ရှင်းသောဝိညာဉ်တော်ပင် ဖြစ်သည်။ “ထိုသူအပေါင်းတို့သည်လည်း သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်လျက်” (တ ၂၄)။ ထိုဝိညာဉ်တော်သည်ကျွန်ုပ်တို့အား “ကြောက်ရွံတတ်သော စိတ်သဘောကို ငါတိုအားပေးတော်မူသည်မဟုတ်၊ တန်ခိုးပါသောစိတ်၊ ချစ်တတ်သောစိတ်၊ ရှင်းလင်းသောစိတ်ကို ပေးတော်မူ၏” (၁တိ ၁း၇)။

ရဲရင့်သော ခရစ်ယာန် ခေါင်းဆောင်များသည် နှစ်ခြိုက်ဖွယ် မကောင်းသော အခြေအနေ နှင့် ပျက်သုဉ်းတော့မည့် အခြေအနေများ ကိုလည်း ရင်ဆိုင်ခဲ့ကြပါသည်။ သူတို့၏ ကြိုးပမ်း လုပ်ဆောင် ချက်စွန့်လွှတ်အနစ်နာခံမှုများသည် လူသူမသိခဲ့လျှင်လည်း လုပ်ဆောင်ရမည့် အရာများကို စွဲစွဲမြဲမြဲ လုပ်ဆောင်၍ ပြဿနာအခက်အခဲကြားမှာအကောင်းဆုံး လုပ်ဆောင်ခဲ့ကြသည်။ ရဲရင့်ခြင်းသည် အလုပ်ပြီးဆုံးသည့်တိုင် လုပ်ဆောင်စေသော တွန်းအား ဖြစ်ပါသည်။

အခက်အခဲအကြပ်အတည်းနှင့် ရင်ဆိုင်ရသည့်အခါ ခရစ်ယာန်ခေါင်းဆောင်သည် တည်ငြိမ်အေးဆေးပြီး ရဲရင့်ခြင်းရှိရန် လူအများက မျှော်လင့်တောင့်တကြပါသည်။ အခြားသူများ ပျာယာခတ်နေချိန်တွင် ခေါင်းဆောင်သည် အလုပ်ပြီးမြောက်သည်အထိ ခံနိုင်ရည်နှင့် လုပ်ဆောင်သည်။ နောက်လိုက်များကို ခွန်အားပေးသည်။ “ခွန်အားယူ၍ ရဲရင့်ခြင်းရှိကြလော့” “လူအများတို့သည် ယုဒရှင်ဘုရင် ဟေဇကိ၏ စကားကို ကြား၍ ယုံကြည်စိတ်ချမှုကို ရရှိခဲ့ကြသည်” (၂ရာ ၃၂း၇-၈)။

 

(၆) ပေးဆပ်အနစ်နာခံနိုင်သည့် နှိမ့်ချစိတ်ထားရှိခြင်း (humility)။

ဤစိတ်ဓာတ်သည် ဝိညာဉ်ရေးရာ ခေါင်းဆောင်တို၏ ထင်ရှားထူးခြားချက် ဖြစ်သည်။ သခင်ယေရှုက အုပ်ချုပ်သူ ရှင်ဘုရင်တို့၏ ဟိတ်ဟန်ထုတ် ဝံ့ကြွားသော အကျင့်လက္ခဏာမှ အစေခံတို၏ နှိမ့်ချသောသဘောကို ခံယူကျင့်သုံးရန် သွန်သင်ခဲ့ပါသည်(မ ၂၃း၅-၂၇)။ ဗတ္တိဇံဆရာ ယောဟန်သည် အုပ်ချုပ်သူတို၏ အပြစ်များကို ထုတ်ဖော်ခဲ့သည်။ သိုသော် (ယော ၃၃၀) တွင် သခင်ယေရှုကိုမူ “ထိုသခင်သည် တိုးပွားခြင်းရှိရမည်။ ငါမူကား ဆုတ်ယုတ်ခြင်း ရှိရမည်” ဟု ဗတ္တိဇံ ဆရာယောဟန်၏ နှိမ့်ချစိတ်ထားကို တွေ့ရသည်။

ရှင်ပေါလု၏ အမှုတော်ဆောင်ချိန်ကာလ အစောပိုင်းတွင် ရှင်ပေါလုက “ငါသည် အညံ့ဆုံးသော တမန်တော်ဖြစ်၏။ တမန်တော်ဟု ခေါ်ဝေါ်ခြင်းကိုပင် မခံထိုက်”ဟု ဝန်ခံခဲ့ပါသည် (၁ကော ၁၅း၉)။ နောက်ပိုင်းတွင် သူပြန်လည် ပြောဆိုခဲ့သည်မှာ “ငါသည် ဘုရားသခင်၏ လူမျိုးတို့တွင် အငယ်ဆုံး သောသူထက် သာ၍ ငယ်သေး၏” ဟူ၍ပြောခဲ့သည်။ သူ၏ အသက်တာ နောက်ပိုင်းတွင်မူ “ယေရှုခရစ်တော်သည် အပြစ်ရှိသောသူတိုကို ကယ်တင်ခြင်းငှာ ဤလောကသို ကြွလာတော်မူသည် ……. အပြစ်ရှိသောသူတို့တွင် ငါသည် အကြီးဆုံးဖြစ်၏”(၁တိ ၁း၁၅) ဟု ရှင်ပေါလု၏ နှိမ့်ချ စိတ်ထားကို တွေ့မြင်ရပါသည်။

မျက်မှောက်ခေတ် ဝိညာဉ်ရေးရာ ခေါင်းဆောင်သည် အမှုတော်၌ လုပ်ဖော်ဆောင်ဖက်နှင့် အကူတစ်ဦးအနေဖြင့် လုပ်ဆောင်နေသူဖြစ်သည်။ အခြားသူများ ကြီးမားသော အောင်မြင်မှုရရှိနိုင်ရန် နှိမ့်ချစွာဖြင့် ကူညီသူဖြစ်သည်။ သာသနာ့လုပ်ငန်းခွင်တွင် ဒုတိယနေရာကို လက်ခံဆောင်ရွက်နိုင်ခြင်း သည် ပေးဆပ်အနစ်နာခံနိုင်သည့် နှိမ့်ချစိတ်ထားရှိခြင်း ဖြစ်ပါသည်။

 

(၇) ရိုးသားဖြူစင်ခြင်းနှင့် ဖြောင့်မတ်ခြင်း (integrity and sincerity)။

ရှင်ပေါလုသည် သူ၏ ရှုးနိမ့်ခြင်းနှင့် အောင်မြင်ခြင်းကို ရိုးသား ပွင့်လင်းစွာ ထုတ်ဖော်ပြော ခဲ့သည်။ ထိုသိုရိုးသားပွင့်လင်းမှုကို အတုယူသင့်ပါသည်။ သူ၏ ပြောင်းလဲ ခြင်း၊ မတိုင်မီ၌ လည်း ရှင်ပေါလုသည် ဘုရားသခင်ကို ရိုးသားဖြူစင်စွာ (၁တိ ၁၃)၊ ရိုးသားဖြောင့်မတ်စွာ အစေအ ပါးခံခဲ့ပါသည်။ နောက်ပိုင်းတွင်လည်း “ဘုရားသခင်၏ ရှေ့တော်မှောက်၌ ရိုးသား ဖြူစင်ခြင်းနှင့်အတူ ခရစ်တော်၏တရားကို ဟောကြ၏” ဟု မှတ်တမ်းတင်ခဲ့ကြသည် (၂ကော ၂း၁၇)။

ဘုရားသခင်သည် လူမျိုးတော်အား ထင်ရှားသိသာသော အကျင့်စရိုက်ဖြစ်သည့် ပွင့်လင်းမှုနှင့် အပြစ်ကင်းစင်မှုကို ပြသရန် အလိုတော်ရှိသည်။ ထိုအတူ ယခုခေတ် ထိပ်တန်း မန်နေဂျာတစ်ဦး အတွက်အလိုအပ်ဆုံး အရည်အချင်းတစ်ခုကို ဖော်ပြရမည်ဆိုလျှင် “ပုဂ္ဂိုလ်ရေးရာ ရိုးသားဖြောင့်မတ် ခြင်း” ပင်ဖြစ်ပါသည်။ ထိုကြောင့် ဝိညာဉ်ရေးရာခေါင်းဆောင် (သိုမဟုတ်) ခရစ်ယာန်ခေါင်း ဆောင်တစ်ဦးသည်ကတိကဝတ်ပြုရာတွင် ဖြူစင်၍ တာဝန်ထမ်းဆောင်မှုတွင် သစ္စာရှိကာငွေကြေး ကိစ္စတွင် ဖြောင့်မတ်ပြီး အမှုတော်တွင် သစ္စာစောင့်သိသူ ဖြစ်ရပါမည်။ ၎င်းတိုအပြင် သူသည် စကားပြောဆိုရာတွင်လည်းရိုးသားဖြူစင်သောသူ ဖြစ်ရပါမည်။

 

၂။ ခရစ်ယာန်ခေါင်းဆောင်မှု၏ တာဝန်ဝတ္တရားများ

(The Responsibilities of Christian Leadership)

စစ်သေနာပတိချုပ် မောင်ဂိုမာရီ ပြောခဲ့သည်မှာ စစ်အတွေ့အကြုံအားဖြင့် ၎င်းသင်ကြား ခဲ့ရသောအရာမှာ အရာရှိ၊ အရာခံတို့သည် တပ်သားများ၏ အစေကို ခံရမည်ဟူ၍ ဖြစ်သည်။ သခင်ယေရှု ခေါင်းဆောင်မှုသည် သူတစ်ပါးအား ဝန်ဆောင်မှုဖြစ်သည်ဟု သခင်ယေရှု ပြဋ္ဌာန်းဖော် ပြခဲ့သည်။ ၎င်း ပြဌာန်းချက်သည် အသင်းတော်၊ သာသနာနှင့် မည်သည့် အဖွဲအစည်း၌မဆို ခေါင်း ဆောင်အဖြစ်တာဝန်ယူနေကြရသူများအား ရည်ညွှန်းသည်။

အေ၊ ဘီ၊ ဘရုစ်က “အခြားသော တိုင်းပြည်များ၌ စီမံအုပ်ချုပ်ခြင်းအတွက် အခွင့်ထူးပေးခြင်း ခံရသူများက အုပ်ချုပ်ကြသည်။ ဘုရားသခင်၏ ဓနသဟာယအဖွဲတွင်မူ စီမံအုပ်ချုပ်ခြင်းကို အခွင့်ထူး တစ်ရပ်အဖြစ် မှတ်ယူသောသူများက အုပ်ချုပ်ကြသည်”။ ပရင်စတန် ကျောင်းမှ ဂျွန်အေ၊ မက်ကောကလည်း “အစေခံခြင်း”သည် ခရစ်ယာန်ဘာသာ၏ မရှိမဖြစ် လိုအပ်သော ပုံရိပ်ဖြစ်သည်။ သားတော်သည် ခမည်းတော်၏ အမှုတော်ကို ထမ်းဆောင်ရန်အတွက် ခမည်းတော်၏ “အစေခံ”အဖြစ် ခံယူခဲ့သည်။ သာသနာ့အဖွဲအစည်းများ၊ အသင်းတော် များနှင့်ယုံကြည်သူ အသီးသီးအတွက် ဘုရားပေးသာသနာ့ အမှုတော်ကိုပြီးပြည့်စုံစေရန် အစေခံခြင်းကို ပံ့ပိုးပြသပေးခြင်းဖြစ်သည်။

စစ်မှန်သော ခေါင်းဆောင်သည် အခြားသူများ၏ ကောင်းရာကောင်းကြောင်းကိုသာ အဓိက ထားသည်။ အခြားသူများ၏ ပြဿနာအခက်အခဲများကို ကရုဏာသက်ပြီး အကြင်နာ တရားအား ပြသတတ်သည်။ သူတစ်ပါးအား ခိုင်မာစေပြီး နိုးကြားစေပါသည်။ အခြားသူများ၏ ယုံကြည်စိတ် ချမှုအား ဘုရားသခင်၏ ထံတော်သိုသာ ညွှန်ပြရမည်။ ဘုရားသခင်သည် မောရှေ နေရာတွင် ယောရှုအား ရွေးချယ်ခဲ့ခြင်းမှာ သစ္စာရှိသော အစေခံအဖြစ် သက်သေပြခဲ့သောကြောင့် ဖြစ်သည်။

စည်းကမ်းသည် ခေါင်းဆောင်တို့၏ လိုက်နာရမည့် တာဝန် ဝတ္တရားဖြစ်သည်။ စည်းကမ်း ဟူသည် လူတိုင်းမှ လှိက်လှဲစွာ ကြိုဆိုခြင်းမခံရသော ဝတ္တရားလည်း ဖြစ်သည်။ ရှင်ပေါလုက “ညီအစ် ကိုတို့ လူသည် သတိလစ်၍ တစ်စုံတစ်ခုသော ဒုစရိုက်ကို ပြုမိလျှင် ဝိညာဉ်ဆုကျေးဇူးကို ခံရသော သင်တို့သည် အပြစ်သွေးဆောင်ခြင်းနှင့် ကိုယ်တိုင်လွတ်မည့်အကြောင်း ကိုယ်ကိုသတိပြုလျက် သိမ်မွေ့နူးညံ့သောသဘောနှင့် ထိုသိုသော သူကိုမစ၍ သူ၏နေရာ၌ တည်မြဲတည်စေပြန်ကြလော့ (ဂလာ ၆း၁)။ အလုံးစုံတို၏ စည်းကမ်း၌ အဓိက ပါဝင်သောအရာမှာ ချစ်ခြင်းမေတ္တာ ဖြစ်သည်။ “ညီအစ်ကိုကဲ့သို မှတ်၍သတိပေးကြလော့” (၂သက် ၃း၅)။ “ထိုကြောင့် သင်တို့သည် သူ့ကိုအမှန်ချစ်ကြ သည်ကို ထင်ရှားစွာပြမည် အကြောင်း ငါတောင်းပန်၏”(၂ကော ၂း၈)။ မိမိ၏ ပြဿနာနှင့် အားနည်းချက်များကို ရင်ဆိုင်ခဲ့ကြသူများသည် သူတစ်ပါးအား ချစ်ခြင်းနှင့် ခိုင်ခံ့မြဲမြံခြင်း နည်းလမ်း

တိုဖြင့် အကောင်းဆုံး ကူညီနိုင်လိမ့်မည်။ နူးညံ့သိမ်မွေ့သော စိတ်ဓာတ်သည် ပြစ်တင်ဝေဖန်တတ်သော စိတ်ဓာတ်ထက်သာ၍အောင်မြင်မှုကို ရရှိလိမ့်မည်။

ခေါင်းဆောင်သည် ၎င်း၏ သိုးစုရှေ့၌ သွားရမည်။ အေ၊ ဒဗလျူတိုဇာက ခေါင်းဆောင် ဆိုသည်မှာ ဘုရားသခင်၏ အသံတော်ကိုကြား၍ ၎င်းအသံတော်သည် မိမိဦးဆောင်ရမည့် သူများနှင့် မိမိအားခေါ်ယူတော်မူသောအသံဖြစ်သည်ဟု မှတ်ယူလျက် ခေါင်းငြိမ့်လုပ်ဆောင်သောသူ ဖြစ်သည်ဟု ပြောခဲ့သည်။ ရှင်ပေါလုသည် မိမိသည်မည်သူ့နောက်သို လိုက်သည်ကို သိသလို မည်သည့်နေရာကို ဦးတည်သွားမည်ကို သိနားလည်သည်။

လူတို့အား ဦးဆောင်ခြင်းသည် လွယ်ကူသည့်အလုပ်မဟုတ်ပေ။ ကိုယ်ပိုင်အယူအဆအပေါ် ရပ်တည်နိုင်သော ရင့်ကျက်သည့် ခရစ်ယာန်များကို ဦးဆောင်ရန်ပင် မလွယ်ကူပေ။ ထင်ရာစိုင်းတတ် သူနှင့်အတိုက်အခံပြုသူများကို သည်းခံနိုင်ရန် ပြင်ဆင်ထားရမည်။ စိတ်ရှည်လက်ရှည် အဆက်မပြတ် ဆုတောင်းခြင်းအားဖြင့် လုပ်ငန်းစီမံချက်များအကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

ခေါင်းဆောင်သည် အစပြုခြင်းကို လုပ်ဆောင်ရမည်။ တချို့ ခေါင်းဆောင်များသည် အကျိုးအကြောင်းများကို ထိန်းသိမ်းထားခြင်းထက် စွန့်စားမှု အသစ်တစ်ရပ်ကို စတင်ခြင်း၌ ပို၍ ဆုကျေးဇူးကိုရရှိကြပါသည်။ စစ်မှန်သော ခေါင်းဆောင်သည် စွန့်စားရဲသူနှင့် မြော်မြင်တတ်သူလည်း ဖြစ်ရပါမည်။ ရှင်ပေါလုသည် ချင့်ချိန်တွက်ဆမှုရှိသော စွန့်စားခြင်းမျိုးကို အစဉ်မပြတ် လုပ်ဆောင် ခဲ့ပါသည်။ စွန့်စားခြင်း၌ ဆုတောင်းခြင်း ဂရုတစိုက် လုပ်ဆောင်ခဲ့သော ကြောင့် ရည်မှန်းသည့်နေရာသို အရောက်လှမ်းနိုင်ခဲ့သည်။ သာသနာလုပ်ငန်း၏သမိုင်း၌ အကြီးမားဆုံးသော အောင်မြင်မှုများအား ရယူနိုင်ခဲ့သူများသည် ဘုရားသခင်နှင့် နီးကပ်စွာ လျှောက်လှမ်းပြီး သတ္တိရှိရှိနှင့် ချင့်ချိန်တွက် ဆမှုရှိသော စွန့်စားမှုများကို ပြုလုပ်ခဲ့ကြသော ခေါင်းဆောင် များ ဖြစ်ကြပါသည်။

ကျရှုံးခြင်းအများစုသည် အယူအဆသစ်များကို ရဲရင့်စွာ စမ်းသပ်ခြင်းမှ ဖြစ်ပေါ်လာခြင်းထက် လွန်ကဲစွာ သတိထားရခြင်းမှ ဖြစ်ပေါ်လာကြပါသည်။ ခေါင်းဆောင်တစ်ဦးသည် အမှုတော်မြတ်အား အမှားအယွင်းများနှင့် ဆုံးရှုံးခြင်းတိုမှ ကယ်တင်နိုင်သော သတိရှိ ဂရုစိုက်ထားလွန်းခြင်းဖြင့် ကျွန်ုပ်တို့၏ ရူပါရုံနှင့် အစပြုလုပ်ဆောင်ခြင်းတို့ကို မထိန်းချုပ်သင့်ပေ။ ကျွန်ုပ်တို၏ ရူပါရုံများကို ဘုရားရှင်ကသာ ထိန်းချုပ်ခြင်း ဖြစ်သင့်ပါသည်။

ယောရှုသည် ၎င်းအားပေးလာသော တာဝန်များကို တုံဆိုင်း နှောင့်နှေးခြင်းမရှိ၊ ချက်ချင်း တုံပြန်၍ အစပြုလုပ်ဆောင်ခဲ့သည်။ နေ့တစ်နေ့၏ အဓိကတာဝန်ကို စိတ်အား ထက်သန်စွာ အစပြု လုပ်ဆောင်ဖို့ လိုပါသည်။ အလုပ်ရှုပ်ခြင်း (သို) အချိန်မလောက်ငှမှု အတွက်မညည်းတွားပါနှင့်။ ပိုစာ၊ ပေးစာများ ဝင်ရောက်လာသောအခါ၌လည်း မညည်းတွားပါနှင့်။ အလုပ်တာဝန်များကို အလုပ်ဝန်ပိတော့မည်ဟု ပုံကြီးမချဲ့ပါနှင့်၊ သိုသော် ပျော်ရွှင်ခြင်းနှင့်အတူ လွတ်လပ်ခြင်းဖြင့် သာလုပ်ဆောင်လိုက်ပါ၊ လူအများက ပြုလုပ်သောအလုပ် (သို့) အရေးမပါသော အတွေ့အကြုံများကို အလေးထား ဂရုမစိုက်ပါနှင့်။ အပြစ်တင်ကြိမ်းမောင်းခြင်း (သို့မဟုတ်) ရန်စောင်ကြခြင်းတို့၌ မှားယွင်းနေသူအတွက် ဘုရားသခင်ထံမှ စစ်မှန်သော ချစ်ခြင်းမေတ္တာကို ရယူပါ။ မှန်ကန်ချက်များကို သဘောပေါက် နားလည်ရန် ကြိုးစားပါ။ စီရင်ခြင်း၌လည်း သဘောထား ကြီးကြီးထားပါ။ ထို့သို မဟုတ်ခဲ့လျှင် အကောင်းဆုံးအဖြစ် ရည်ရွယ်ထားသော ပြစ်တင် ကြိမ်းမောင်းခြင်းသည် အရာမရောက် မိုက်မဲရာကျပြီး ဒေါသထွက်စေသောအရာ ဖြစ်ခဲ့လိမ့်မည်။ သင်ကြားသမျှ အရာအားလုံးအား မယုံကြည်နှင့်။ အတင်းအဖျင်းကိုလည်း မဖြန့်နှင့်၊ ချီးမွမ်းခြင်း ကျေးဇူးတင်ခံရခြင်း၊ လေးစားကြည်ညို ခံရခြင်း (သိုမဟုတ်) အတိတ်မှ လုပ်ဆောင်ချက်အတွက် အသိအမှတ် ပြုခံရခြင်းတိုကို မရှာပါနှင့်။ သင်၏ အကြံပြုချက် (သို့မဟုတ်) သဘောထားများကို ထည့်သွင်းစဉ်စားမခံရ၍ သော်လည်းကောင်း၊ ထည့်သွင်း စဉ်းစား ခဲ့သော်လည်းကောင်း၊ ဘေးဖယ်ခြင်းခံရသော်လည်းကောင်း၊ မညည်းသူပါနှင့်။ တစ်ဦးတစ်ယောက်နှင့် အခွင့်အရေးသာသော ဆန့်ကျင်ဘက်ပြု ရပ်တည်ခြင်းမျိုးအတွက် သင့်ကိုယ်သင် အခွင့်မပေးပါနှင့်။ စကားစမြည် ပြောဆိုခြင်း၌ သင်၏ လိုအပ်ချက်များနှင့် စိုးရိမ်ပတ် သက်ခြင်းတို့အတွက် ဇွတ်တောင်းဆိုခြင်း မပြုလုပ်ပါနှင့်။ မျက်နှာသာပေးခံရခြင်းနှင့် စာနာ ထောက်ထား ခံရခြင်းတိုကို မရှာနှင့်။ အကြင်နာ ကရုဏာတရားတိုကို မတောင်းဆိုပါနှင့်။ ရောက် လာသမျှ၊ ဖြစ်ပေါ်လာသမျှကိုသာ လက်ခံပါ။ အပြစ်တင်ခြင်းတိုကို သည်းခံပါ။ အခြားသူများအား မဖလှယ်နှင့်။ အခြားသူအပေါ်သိုလည်း လွှမချနှင့်။ သင်၏လုပ်ဆောင်မှု (သို့) အယူအဆအတွက် ရရှိမည့် နာမည်ကောင်းကို ပေးအပ်ခဲ့ရလျှင် ဂုဏ်တော်ချီးမွမ်းပြီး ကျေးဇူးတင်လိုက်ပါ။ ကြီးထွား ရင့်ကျက်သော ခေါင်းဆောင်မှုတွင် မျှတသော ကြီးထွားမှုပါဝင်သည်။ ကြီးရင့်ခြင်းကို တိုင်းတာရန် ခက်ခဲသော်လည်း ၎င်းကို တိုင်းတာရန်အတွက် စည်းကမ်းတချိုရှိပါသည်။ ထိုစည်းကမ်းများသည် ကျန်းမာသော ကြီးထွားမှုနှင့် တာဝန်ဝတ္တရား ကျေပွန်သော ခေါင်းဆောင်မှုကို ဖြစ်ပေါ်စေပါသည်။ ။

 

အခန်း ၆

ခရစ်ယာန်ခေါင်းဆောင်မှု၏ အဖိုးအခ

THE COST OF CHRISTIAN LEADERSHIP

ကိုယ်ကျိုးစွန့် အနစ်နာခံခြင်း (self-sacrifice)၊ အထီးကျန်ခြင်း (loneliness)၊ ပင်ပန်းနွမ်းနယ် ခြင်း (fatigue)၊ အပြစ်တင်ဝေဖန်ခံရခြင်း(criticism)၊ ငြင်းပယ်ခံရခြင်း (rejection)၊ စိတ်ဖိစီးခြင်းနှင့် စိတ်ရှုပ်ထွေးခြင်း (pressure and perpexity) နှင့် အခြား သူများအတွက် ပေးဆပ်ရသော အဖိုးအခ (Cost to others) တို့သည် ခရစ်ယာန်ခေါင်းဆောင်မှု၏ အဖိုးအခများဖြစ်ပါသည်။

ခေါင်းဆောင်မှု ပို၍ ထိရောက်လေလေ ပေးဆပ်နစ်နာမှု အဖိုးအခ ပမာဏ ပို၍ ကြီးလေလေ ဖြစ်သည်။ ခရစ်ယာန်ခေါင်းဆောင်များသည် ဘုရားသခင်၏ နိုင်ငံတော်အတွက် အခြားသူများထက် ကြီးမားသော အဖိုးအခကို ပေးနိုင်ရမည်။ အသက်သွေးကြောတမျှ အဖိုးအခကို စိုက်ထုတ်၊ စွန့်စား၊ ပေးဆပ်၊ မြှုပ်နှံရမည်ဖြစ်သည်။ ဤအရာများကိုတစ်ကြိမ် တစ်ခါတည်း အလုံးအခဲလိုက်ပေး၍ မရပါ။ အောင်မြင်မှုကို နေ့ပြန်တိုးစနစ်ဖြင့် ဝယ်ယူရပြီး နေ့စဉ် အရစ်ကျငွေ ပေးသွင်းရမည် ဖြစ်ပါသည်။ ခေါင်းဆောင်မှုကို တောင့်တသူသည် အဖိုးအခကိုပေးဆပ်ရမည်ဖြစ်ပြီး ခံနိုင်ရန် ခွန်အားကို ဘုရားသခင်ထံတော်မှတောင်းခံရမည် ဖြစ်ပါသည်။

 

၁။ကိုယ်ကျိုးစွန့်အနစ်နာခံခြင်း (self-sacrifice)။

“ခရစ်တော်သည် ငါတို့အဖို့အလိုငှာ အသက်တော်ကို စွန့်တော်မူသည့်အရာကို ငါတို့သည် ထောက်၍ မေတ္တာတော်ကို သိကြရပြီ ငါတို သည်လည်း ညီအစ်ကိုချင်းတိုအလိုငှာ အသက်ကို စွန့်ရကြ၏” (၁ယော၊ ၃း၁၆)။ သခင်ယေရှု၏ ကားတိုင်သည် ကျွန်ုပ်တို၏ ပခုံးနှင့် ကျောကုန်းတစ်လျှောက်တွင် အမြင့်ဆုံးအဆင့်အဖြစ် ရှိနေသောကြောင့် ကားတိုင်မရှိလျှင် ခေါင်းဆောင်ခြင်းမရှိ သခင်ယေရှု၏ ရှင်ပြန်ထမြောက်ခြင်း အသက်တာသည်လည်း ပေါ်လွင် ထင်ရှားမည် မဟုတ်ပေ။

“သင်တိုတွင် အထွဋ်အမြတ်လုပ်ချင်သောသူသည် အလုံးစုံတို၏ စေခိုင်းရာ ကျွန်ဖြစ်ရမည်။ အကြောင်းမူကား လူသားသည် သူတစ်ပါးကို စေစားခြင်းငှာမလာ။ သူတစ်ပါး အစေကို ခံခြင်းငှာ၎င်း၊ မိမိအသက်ကို စွန့်၍ လူများကို ရွေးခြင်းငှာလည်းကောင်း ကြွလာသတည်း” (မာ ၁၀ း၄၄-၄၅)။ (ဟေဗြဲ ၁း၁)ရှိ ယုံကြည်ခြင်း သူရဲကောင်းတစ်ဦးစီတို့သည် ကိုယ်ကျိုးစွန့် အနစ်နာခံခြင်းကို ၎င်းတို အစေခံခြင်း၏ တစိတ်တစ်ဒေသအဖြစ် ပြုလုပ်ရန် ခေါ်ယူတော်မူခြင်းကို ခံရသည်။ ဇာတိပကတိ တပ်မက်မှုများ ၊ မိမိအလိုဆန္ဒများကို စွန့်လွှတ်ဆက်ကပ်၍ ဘုရားရှင်ထံ အညံ့ခံခဲ့ကြသည်။

ရှင်ပြန်ထမြောက်ပြီး နောက် အထက်ခန်း၌ စိတ်ဓာတ်ကျဆင်းနေကြသော တပည့်တော်များ အကြား၌ ရပ်နေခဲ့စဉ် သခင်ယေရှုသည် ဒဏ်ရာအမာရွတ်များ ရှိနေသော “သူ၏ လက်တော်နှင့် နံဘေးတော်”တို့ကို ပြသခဲ့သည် (ယော ၂၁း၂၀)။ ဒဏ်ရာအမာရွတ်များသည် သစ္စာတည်ကြည်သော တပည့်တော်ဖြစ်ခြင်းနှင့် စစ်မှန်သော ဝိညာဉ်ရေးရာ ခေါင်းဆောင်ဖြစ်ခြင်းတို့၏ စစ်မှန်မှုကိုပြသော အမှတ်အသားများဖြစ်သည်။ ရှင်ပေါလုက “ယခုမှစ၍ အဘယ်သူမျှ ငါ့ကို မနှောင့်ယှက်စေနှင့်။ အကြောင်းမှာ ငါ့ကိုယ်၌ သခင်ယေရှု၏ ဒဏ်ချက်ရာကို ငါဆောင်၏” (ဂလာ ၆း၁၇)။ “ငါအသက်ရှင်စဉ် ကာလတစ်လျှောက် သခင်ယေရှုအဖို့အလို့ငှာ ငါ၏ ခန္ဓာအား သေခြင်းကံကြမ္မာဆိုး လက်သို့ အစဉ်အပ်နှံခြင်းကိုခံစေ၏။ သို့မှသာ သခင်ယေရှု၏ အသက်ရှင်တော်မူကြောင်း၊ ငါ၏ သေတတ်သော ခန္ဓာကိုယ်၌ ထင်ရှားပြသနိုင်ပေမည်။ စစ်မှန်သော အသက်တာကို ထင်ရှားပြသနိုင်ပေးလိမ့်မည်” (၂ကော ၄း၁၈-၁၁)။

 

၂။ အထီးကျန်ခြင်း (loneliness)။

နိတ်စခေးက “အသက်တာ၏ အထွဋ်အထိပ်ပိုင်း ရောက်လာလေလေ ဝေဖန် တိုက်ခိုက်မှု ပိုမိုပြင်းထန်လာလေလေ ဖြစ်သည်” ဟုဖော်ပြခဲ့ပါသည်။ အခက်အခဲအကြပ်တည်း ပိုများလာသည်။ အေးအေးစက်စက် ဆက်ဆံရေး ပိုမိုလွန်ကဲလာပြီး၊ တာဝန်ဝတ္တရား ဝန်ထုပ်မှာလည်း ပိုမိုလေးလံ လာသည်ဟု ဆိုခဲ့သည်။

နောက်လိုက်များရှေ့တွင် တစ်ဦးတည်းခေါင်းဆောင်မှာ အထီးကျန် အသက်ရှင် ရလေ့ရှိသည်။ မောရှေသည် တောင်ပေါ်၌လည်းကောင်း၊ မြေပြန့်လွင်ပြင်၌လည်းကောင်း၊ အထီးကျန်လျက် အထင် လွဲမှားခံရခြင်း၊ အဝေဖန်ခံရခြင်းတိုဖြင့် ခေါင်းဆောင်မှု အဖိုးအခကိုပေးခဲ့ရပါသည်။

ဧနောက်သည် တရားစီရင်ခြင်း အကြောင်း ဟောကြားခဲ့စဉ်အကျင့်ယိုယွင်းပျက်စီးနေကြသော အသိုင်းအဝိုင်းမှာ တစ်ကိုယ်တည်း လျှောက်လှမ်းခဲ့ရသည်။ ပေးဆပ်ခဲ့ရသော်လည်း ဘုရားသခင်၏ မျက်မှောက်တော်တွင် အသက်ရှင်ခွင့်ရခဲ့သည်။ ယောနသည်လည်း ဘုရားမဲ့၊ တရားမဲ့ နိနေမြိုကြီးတွင် တစ်ကိုယ်တော်နေခဲ့ရသည်။ ယနေ့ခေတ်၌ အထီးကျန်ဆုံး တရားဟောဆရာသည် ယနေ့ကာလ၏ စိတ်နေစိတ်ထားများကို ဖြတ်တောက်ပစ်မည့် အနာဂတ်နှင့်ဆိုင်သော ပရောဖက်ပြုချက်များဖြင့် တာဝန်ပေးခြင်းခံထားရသူဖြစ်သည်။

ရှင်ပေါလုသည်လည်း အထီးကျန်သူဖြစ်သည်။ မိတ်ဆွေများ၏ အထင်လွဲမှု၊ ရန်သူတို၏ မတရားစွပ်စွဲမှု၊ ရုံးတင်ခံရမှု အပြင် ယုံကြည်ခြင်းသို့ ပြောင်းလဲလာသူများ၏ စွန့်ပစ်ခြင်းကိုလည်း ခံခဲ့ရသည်။“အာရှိပြည်၌ နေသောသူ အပေါင်းတိုသည် ငါ့ကို စွန့်ပယ်ကြပြီ” (၂တိ ၁း၁၅)ဟု စိတ်ထိခိုက် လျက် ရေးသားခဲ့သည်။

အေးဒဗလျူး တိုဇာက “အထီးကျန်ဆန်ခြင်းသည် မွန်မြတ်သောသူတော်စင်တို ၎င်းတို၏ မွန်မြတ်ခြင်းအတွက် ပေးဆပ်ရသော အဖိုးအခသဖွယ် ဖြစ်ခဲ့သည်။ ခရစ်ယာန် ခေါင်းဆောင်သည် ထောက်ပံ့သူများ၊ မိတ်ဆွေများ လက်ကမ်းကြိုဆိုနေချိန်တွင် တစ်ကိုယ်တည်းရပ်တည်နိုင်ရန်အတွက် အတွင်းပိုင်း အရင်းအမြစ်များ လုံလုံလောက်လောက်ရှိနေသူ တစ်ဦး ဖြစ်ရမည်။ တင်းမာနေသော ပြင်းထန်မှုများဖြင့် ဆန့်ကျင်ခံနေရချိန်တွင်ပင် “မည်သူမျှ မရှိသော်လည်း ဘုရားသခင်ရှိသည်” ဟူ၍ ကြံ့ကြံ့ခံနိုင်သူဖြစ်သည်။

 

၃။ ပင်ပန်းနွမ်းနယ်ခြင်း (Fatigue)။

ခေါင်းဆောင်မှုအတွက် တောင်းဆိုချက်များသည် ကြံ့ခိုင်မှု အရှိဆုံး ခေါင်းဆောင်ကိုပင် ခြေကုန်လက်ပမ်းကျ၊ ပင်ပန်းနွမ်းနယ်စေပါသည်။ “ဤလောကကြီးသည် ပင်ပန်းနွမ်းနယ် နေသူများအားဖြင့် လည်ပတ်နေပါသည်” ဟူသည့်အဆိုသည် ခေါင်းဆောင်များ၏ အဖိုးအခပင် ဖြစ်သည်။ သိုသော် ခရစ်ယာန်ခေါင်းဆောင်များ၏ သစ်လွင်လန်းဆန်းမှုကို မည်သိုရရှိနိုင်ကြောင်း ကောင်းစွာသိကြသည်။ “ထိုကြောင့် ငါတို့သည် အားလျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်ကြ၏။ ငါတို၏ အပြင်လူသည် ဖောက်ပြန်ပျက်စီးခြင်းသို ရောက်သော်လည်း အတွင်းလူမူကား တစ်နေ့ထက် တစ်နေ့ပြုပြင်ခြင်းကိုခံရ၏”(၂ကော ၄း၁၆)။

သခင်ယေရှုပင်လျှင် အမှုတော်ထမ်းရွက်စဉ် ပင်ပန်းနွမ်းနယ် သည့်အခါများတွင် အနားယူခဲ့ကြောင်း တွေ့ရသည် (ယော ၄း၆)။ သခင်ယေရှုသည် သွေးသွန်ရောဂါ ခံစားနေရသော အမျိုးသမီး၏ တို့ထိခြင်းကို ခံရစဉ် ၎င်း၏ တန်ခိုးစွမ်းအင် လျော့ပါးသွားခြင်း၊ အတွင်းအင်အားများ နှုတ်ယူလိုက်သကဲ့သို ခံစားခဲ့ရသည် (မာ ၅း၃၀)။ ကြာရှည်တည်တံ့သော အရာများသည် အာရုံကြောနှင့်ဆိုင်သော စွမ်းအင်များနှင့် လူ့အစွမ်းအစများ အသုံးပြုခြင်းမရှိဘဲ မပြီးမြောက်နိုင်ပေ။ ခရစ်ယာန်ခေါင်းဆောင် တစ်ဦးသည် စောစောထပြီး နောက်ကျချိန်ထိ အလုပ်လုပ် လိုခြင်းနှင့် အလုပ်၌ သစ္စာမြဲမြံကာ လုံလဝိရိယဖြင့် ကြိုးစား အားထုတ်လျက် ဆည်းပူးလိုခြင်းတို မရှိပါက ထိုခေတ်ကာ လကို မပြောင်းလဲနိုင်ပေ။ ထိုကြောင့် ခေါင်းဆောင်မှု၏ အဖိုးအခသည် “ပင်ပန်းနွမ်းနယ်ခြင်း” ပင်ဖြစ်သည်။

 

၄။ အပြစ်တင်ဝေဖန်ခံရခြင်း (Criticism)။

ခရစ်ယာန်ခေါင်းဆောင်တစ်ဦး၏ စွမ်းဆောင်နိုင်မှု အရည်အသွေး၊ အကျိုးဖြစ်ထွန်းနိုင်မှု၊ ရှေ့တက်လှမ်းနိုင်မှု၏ အစွမ်းထက်မြက်ခြင်းကို အပြစ်တင်ဝေဖန်ခံရလျှင် အားလျော့၊ နှောင့်နှေးစေနိုင်ပါသည်။ သို့ဖြစ်ပါ၍ အပြစ်တင်ဝေဖန်ခံရခြင်းသည်ခေါင်းဆောင်တို၏ စိတ်နှလုံး နှိမ့်ချနိုင်ခြင်းကို စမ်းသပ်စစ်ဆေးခြင်း တစ်မျိုးဖြစ်ပါသည်။

ကျွန်ုပ်တို့ထံ၌ ဖြစ်ပျက်သော၊ အပြစ်တင်ဝေဖန်ခြင်း ခံရသောအရာကား အရေးမကြီးပါ။ သို့သော် ကျွန်ုပ်တို မည်ကဲ့သို တုံပြန်လိုက်ခြင်းသည် အလွန်အရေးကြီးသည်။ ဤအရာသည် ဘုရားသခင်နှင့် အတူ နှိမ့်ချစွာ လျှောက်လှမ်းရန် အလိုတော်ကို ဝန်ခံရခြင်း ဖြစ်သည်။

ရဲမာလ်ဆိုသူက ဘရင်းဂဲလ်၏ အခံရခက်သော ဝေဖန်အပြစ်တင်ခြင်းကို တုံပြန်ခဲ့သည်မှာ “ခင်ဗျားရဲ့ဝေဖန်မှုအတွက် ကျွန်တော့်နှလုံးသားကနေ ကျေးဇူးတင်ပါတယ်။ ဒီဝေဖန်မှုဟာ ကျွန်တော်နဲ့ ထိုက်တန်တယ်လိုလည်း ထင်ပါတယ်။ မိတ်ဆွေ၊ ခင်ဗျား ဆုတောင်းတဲ့အခါမှာလည်း ကျွန်တော့်ကို သတိယပါ” ဟု ဖြစ်သည်။ အခြားဝေဖန်ရေးသမား တစ်ဦးကလည်း ရှိမာလ်၏ ဝိညာဉ်ရေးရာ အသက်တာကို တိုက်ခိုက်ပြောဆိုစဉ် အောက်ပါအတိုင်း တုံပြန်ပြောဆိုခဲ့သည်။

“ကျွန်တော့်အသက်တာနဲ့ ပတ်သက်လို ခင်ဗျားရဲ့ ဝေဖန်ချက်အတွက် ကျေးဇူးတင်ပါတယ်။ အဲဒီဝေဖန်ချက်များက ကိုယ့်ကိုယ်ကိုစိစစ်ခြင်း၊ အသေးစိတ် စူးစမ်းတတ်ခြင်းနဲ့ ဆုတောင်းခြင်းများကို ဖြစ်စေပါတယ်။ ခရစ်တော်အပေါ် ပိုမို မှီခိုအားထားမှုကို နက်နဲစေပြီး သခင်နဲ့ ပို၍ ချိုမြိန်သော မိတ်သဟာယဖွဲခြင်းကို ပို့ဆောင်ပေးပါတယ် လို တုံပြန်ခဲ့ပါသည်။

ဤသည်မှာ အပြစ်များ ဝေဖန်ခြင်းများကို ကျိန်ဆဲခြင်းမှ ကောင်းချီးမင်္ဂလာအဖြစ်သို လည်းကောင်း၊ ပေးဆပ်စရာအဖြစ်မှ ရပိုင်ခွင့်များ အဖြစ်သို့လည်းကောင်း ပြောင်းလဲကြရမည် ဖြစ်သည်။ လူ့ထံမှ မျက်နှာသာရှာခြင်းမပြုဘဲ ဘုရားထံမှ မျက်နှာသာကို ရှင်ပေါလု ရှာခဲ့သည် (ဂလာ ၁း၁၀)။ ထိုပြင် ရှင်ပေါလုက သူ့အပေါ် ပြစ်တင်ဝေဖန်မှုများကို အလေးမထားခဲ့ပါ။ သူ့ကို မနှောင့် ယှက်နိုင်ခဲ့ပါ။ “သင်တိုမှစ၍ အခြားသူများတိုသည် ငါ့ကို သစ္စာမရှိဟု စီရင်သော်လည်း ငါသည် အမှုမထား၊ ငါ့ကို စီရင်သောသူကား ထာဝရဘုရားပေတည်း” (၁ကော၄း၃-၄) ဟု ပြောခဲ့သည်။ အခြားသူများ၏ ထင်မြင်ချက်များနှင့် ဝေဖန်ချက်များကို အေးဆေးတည်ငြိမ်စွာ လက်ခံရင်ဆိုင် နိုင်ခဲ့ခြင်းမှာ ၎င်း၏စိတ်နှလုံးအား ဘုရားသခင်က ပိုင်စိုးခဲ့သောကြောင့် ဖြစ်သည် (ကော ၃း၂၂)။ ရှင်ပေါလုက သူသည် လူတို၏ စီရင်ခြင်းအတွက် ကြောက်ရွံခြင်း အလျင်းမရှိ၊ အကြောင်းမူကား လူတို၏ စီရင်ခြင်းထက် ပို၍မြင့်မားသော ခုံရုံးရှေ့တွင် ရပ်နေသော အပြစ်ကို စိတ်နှလုံးမှ သိရှိခဲ့သော ကြောင့် ဖြစ်သည် (၂ကော ၈း၂၁)။

 

 

 

၅။ ငြင်းပယ်ခံရခြင်း (rejection)။

ခရစ်ယာန်ခေါင်းဆောင်သည်မြင့်မားသော ဝိညာဉ်ရေးရာ သတ်မှတ်ချက်အတိုင်း လိုက် လျှောက်ပါက ငြင်းပယ်ခြင်း လမ်းမပေါ်တွင်သခင်ယေရှုကဲ့သိုပင် ခံစားရပေမည်။ သခင်ယေရှုသည် မိမိ၏လူမျိုးတော်အတွက်ရောက်လာသော်လည်း မိမိလူမျိုးတိုက လက်မခံခဲ့ကြပေ (ယော ၁း၁၁)။

မည်သူမျှ ပထမဦးစွာ လုံးလုံးလျားလျား ငြင်းပယ်ခြင်း မခံရလျှင်ပြည့်ပြည့်ဝဝ လက်ခံခြင်း ကိုလည်း မည်သူမျှ ခံရမည်မဟုတ်။ လူတို့၏ငြင်းပယ်ခြင်းကို ခံရသော်လည်း ဘုရားသခင်၏ လက်ခံခြင်းကို ရရှိခဲ့ပေသည်။ လုံးလုံးငြင်းပယ်ခံရခြင်း၏ လမ်းသည်သည့် ညည်းညူ တိုင်တန်းခြင်း ၊မရှိ။ ဝမ်းမြောက်ခြင်းဖြင့်သာ နင်းချနှိပ်ခြင်းကို ခံခဲ့ရပါသည်။ သူသည် ဓားတောင်ကို ကျော်၍ မီးပင်လယ်ကို ဖြတ်ရမည်ကို သိနေခဲ့သော်လည်း ၎င်း၏ အမှုသည် ဘုရားသခင် သတ်မှတ်ထားသော ကြွယ်ဝခြင်း နယ်မြေသို့ သွားသောလမ်း ဖြစ်နေခဲ့သည်။ ရံဖန်ရံခါ လူများစုသည် ပျောက်ကွယ်သေဆုံး ပြီးသော ခေါင်းဆောင်ကို အသက်ရှင်ချိန်၌ ပစ်ပေါက်ခဲ့ကြသော ကျောက်တုံးများဖြင့် လည်းကောင်း၊ ခေါင်းဆောင်အတွက် အထိမ်းအမှတ် ကျောက်တိုင်ကို ထိုလူစုတိုက တည်ဆောက်ပေးကြသည်။

 

၆။ စိတ်ဖိစီးခြင်းနှင့် စိတ်ရှုပ်ထွေးခြင်း (Pressure and perpexity)။

ခရစ်ယာန်ခေါင်းဆောင်များသည် တဖြည်းဖြည်း ရင့်ကျက်ကြီး ပြင်းလာသည်နှင့်အမျှ ဘုရားသခင်၏ အလိုတော်ကို ပို၍ သိရှိနားလည်လာမည်ဟု ထင်မှတ်ခဲ့ကြသည်။ သို့ရာတွင် ဆန့်ကျင်ဘက် ဖြစ်နေတတ်သည်။ ဒီအီးဟိုမှ စိတ်ဖိစီးခြင်းသည် သင်၏ ဘဝသက်တမ်းတစ် လျှောက်တွင် တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းလဲသွားနေသောအရာဖြစ်သည်။

ဟဒ်ဆန်တေလာ (Hudson Taylor)က “သူ နုပျိုစဉ်အချိန်အခါကအကြောင်းအရာများသည် ရှင်းရှင်းလင်းလင်းနှင့် မြန်မြန်ဆန်ဆန်ရောက်လာတတ်ကြသည်။ သိုသော် အဲဒီအရာတွေနဲ့ လုံးထွေးပြီး လျှောက်လှမ်းခဲ့တာနဲ့အမျှ ဘုရားသခင်က ကျွန်တော့်ကို ပိုမိုအသုံးပြုလာတယ်။ တစ်ခါတစ်ရံ မြူနှင်းတွေကြားမှာ စမ်းတဝါးသွားနေရသလို ခံစားမိတယ်။ ဘာလုပ်လို ဘာကိုင်ရမှန်း မသိအောင် ဖိစီးမှုနှင့် ရှုပ်ထွေးမှုကို ခံစားရသည်”ဟု ပြောခဲ့သည်။

သို့သော် အချိန်အခါ ရောက်လာလျှင် ဘုရားသခင်သည် မိမိအစေခံခေါင်းဆောင်၏ ယုံကြည် ကိုးစားမှုအတိုင်း အစဉ်အမြဲ တုံပြန်ပေးခဲ့ပါသည်။

 

၇။ ခေါင်းဆောင်နှင့် သက်ဆိုင်သောသူတို ပေးဆပ်ရသောအဖိုးအခ (cost to others)

၁ခရစ်ယာန်ခေါင်းဆောင်များ အဖိုးအခပေးရသလို ၎င်းတိုနှင့်အနီးကပ်ဆုံး နေရသူများလည်း အဖိုးအခကို မျှဝေခံစားကြရသည်။နှလုံးကြေကွဲမှု မိသားစုကို အချိန်မပေးနိုင်မှု၊ ထိုအရာအတွက် ရရှိ သောနောင်တတရား၊ သာသ၇ လယ်ကွင်း၏ခေါ်သံနှင့် မိသားစု၏ခေါ်သံကြားမှာ ပေးဆပ်သူတိုရဲ့ အဖိုးအခက ကြီးမားလွန်းသည်။ သခင်ယေရှုအတွက် ပေးဆပ်ရသူတိုင်းအတွက်၊ ကားတိုင်တိုင်း အတွက်ဆုသရဖူတစ်ခုစီ ရှိနေမည်ဖြစ်ပါသည်။

ထိုကြောင့် ကိုယ်ကျိုးစွန့် အနစ်နာခံခြင်း (self-sacrifice)၊ အထီးကျန်ခြင်း (loneliness)၊ ပင်ပန်းနွမ်းနယ်ခြင်း (fatigue)၊ အပြစ်တင်ဝေ ဖန်ခံရခြင်း (criticism)၊ ငြင်းပယ်ခံရခြင်း (rejection)၊ စိတ်ဖိစီးခြင်းနှင့် စိတ်ရှုပ်ထွေးခြင်း (pressure and perpexity) နှင့် ခေါင်းဆောင်နှင့်သက်ဆိုင်သော မိသားစုဝင်များ ပေးဆပ်ရသော အဖိုးအခ (cost to others) တိုသည် ခရစ်ယာန်ခေါင်းဆောင်မှု၏ အဖိုးအခများ ဖြစ်ကြပါသည်။ ။

 

အခန်း ၇

ခရစ်ယာန်ခေါင်းဆောင်များအတွက် သတိပြုရမည့် ထောင်ချောက်များ (သို) ကျရှုးစေသောအရာများ

THE PITFALLS OF CHRISTIAN LEADERS

ခေါင်းဆောင်အဖြစ် ရွေးချယ်ခြင်းခံသူတိုင်း မအောင်မြင်ကြပါ။အောင်မြင်သူရှိသကဲ့သို အောင်မြင်သူလည်းရှိပါသည်။ အလွန်တော်သော ထက်မြက်သော ခေါင်းဆောင်များပင်လျှင် ကျရှုးတတ်သည်ကိုသတိပြုရမည်ဖြစ်သည်။ ခေါင်းဆောင်များစွာသည် ၎င်းတို၏သတိမထား၊ ဂရုမစိုက်ဘဲ မလုပ်သင့်သောအရာကို မှားယွင်းရွေးချယ် လုပ်ဆောင်ခြင်းဖြင့် သူတိုဘဝ၏ တိုးတက်အောင်မြင်ရေးကိုသာမက မိမိအဖွဲအစည်းနှင့် မိသားစုကိုပင်လျှင် ပျက်စီးစေကြပါသည်။ အဘယ်ကြောင့် ကျရှုံးကြသနည်း။ အဓိကအားဖြင့် သူတို့ကိုယ်တိုင် စဉ်းစားဆင်ခြင်မှု အားနည်းခြင်း နှင့် လွယ်လွယ်ကူကူ ပေါ့ပေါ့တန်တန်ဖြင့်ရွေးချယ်လုပ်ဆောင်ခြင်း (သို) အမှားအယွင်းကို လွယ်ကူပေါ့ တန်စွာရွေးချယ်လုပ်ဆောင်ကြခြင်းနှင့် မိမိကိုယ်မိမိစီမံခန့်ခွဲ ထိန်းချုပ်မှု အားနည်းခြင်းကြောင့် ဖြစ်လေ သည်။ ထိုကြောင့် ဝိညာဉ်ရေးရာ ခေါင်းဆောင်များအတွက် သတိထားရမည့် အရာများကိုဆက်လက် ဖော်ပြပါမည်။

 

၁။ ဘဝင်မြင့်ခြင်း (Pride)။

ဘဝင်မြင့်ခြင်းသည် ကုသရခက်သော လူတို၏ စိတ်ပင်ဖြစ်သည်ဟု စိတ်ပညာရှင်များက ဆိုပါသည်။ Pride ၏ အဓိပ္ပာယ်ကို အဘိဓာန်၌ မာန၊ မာန်မာန၊ မာနကြီးခြင်း၊ ထောင်လွှားခြင်း၊ မာနယစ်မူးခြင်း၊ မာန်မာနထောင်လွှားခြင်း၊ စိတ်ကြီးဝင်ခြင်း၊ စိတ်နေမြင့်ခြင်း၊ စိတ်မြှောက်ခြင်း၊ ဝါကြွားခြင်း၊ မိမိဂုဏ်အလျောက် ကျင့်လိုသောစိတ်ဟုဖော် ပြပါသည်။ အဖွဲ့အစည်းတစ်ခု၏ ပူးပေါင်းလုပ်ဆောင်မှု၌ ဤကဲ့သို စိတ်ထား တစ်စုံတစ်ဦး၌ရှိနေပြီဆိုလျှင် အဖွဲအစည်း၌ ပါဝင်သော သူအားလုံးနှင့် ထိုအဖွဲအစည်းကို ကြီးမားစွာ ထိခိုက်စေပါသည်။ “မာနသည်ပျက်စီးခြင်းအရင်၊ ထောင်လွှားသော သဘောသည် ရှုတ်ချခြင်းအရင်၌ နေရာကျတတ်၏” (သု ၁၆း၁၈)။ “မိမိမာနသည် မိမိကိုနှိမ့်ချလိမ့်မည်။ စိတ်နှလုံးနှိမ့်ချသောသူမူကား ဂုဏ်အသရေကို ရလိမ့်မည်”(သု ၂၉း၂၃)။

ထိုကြောင့် ဘဝင်မြင့်ခြင်းနှင့် မာန်မာနတို့သည် ခေါင်းဆောင်းများအတွက် ကြီးမားသည့် ရန်သူဖြစ်ပြီး လူအများအား ပြိုလဲပျက်စီးစေသော အရာဖြစ်သည်။ ထိုနည်းတူ မာန်မာနသည် အလွန်ကြောက်စရာကောင်းပြီး သတိမထားသူများ၏ စိတ်နှလုံးထဲသို တိတ်ဆိတ်စွာ ဝင်ရောက် တတ်ပြီး ထူးခြားစွာ အလုပ်လုပ်တတ်ပါသည်။ မာန်မာနသည်လူ၏ စိတ်၌ခိုင်ခန့်စွာ အမြစ်တွယ်နိုင်ပြီး အမှန်တရားကို မမြင်နိုင်လောက်အောင် လူများ၏ အမြင်တွေကို မှောင်မိုက်စေပါသည်။ ထိုကြောင့် မာန်မာနသည် ခေါင်းဆောင်နှင့် အတူတကွ အားလုံးကို ထိခိုက်စေသောအရာ ဖြစ်ပါသည်။

 

၂။ လိင်ပိုင်းဆိုင်ရာအပြစ်ကျူးလွန်ခြင်း (Sexual Sin)။

ဤအမှုသည် ဝိညာဉ်ရေးရာ ခေါင်းဆောင်များအတွက်သာမက ခေါင်းဆောင်အားလုံးအတွက် (Major Problem) အဓိကပြဿနာ ဖြစ်ပြီး အထူးသတိထား ရှောင်ရှားရမည့် အရာဖြစ်သည်။ မည်သိုသော ခေါင်းဆောင်ဖြစ်ပါစေ ဤအချက်တစ်ချက်တည်းနှင့် ကျရှုံးနိုင်ပါသည်။ (Sexual Misconduct) လိင်နှင့်ပတ်သက်၍ လက်မခံနိုင်သော အမှုများလည်း ဖြစ်ပါသည်။ (၁ရာ ၂း၂၂-၂၅)၌ ဧလိ၏သားများ မှားယွင်းမှုနှင့်ကျရှုံးခြင်းကို လေ့လာနိုင်ပါသည်။ ဤလိင်ပိုင်းဆိုင်ရာ မှားယွင်းခြင်း သည် အလွန်စွမ်းအားပြင်းသည်။ ရက်စက်သော ဆွဲဆောင်မှုဖြစ်ပြီး ခေါင်းဆောင်များ၏ ဘဝ၊ လုပ်ငန်း၊ မိသားစု၊ တာဝန်နှင့်အသိုက်အဝန်း အဖွဲအစည်းများကို လျင်မြန်စွာ ဖျက်ဆီးတတ်လေသည်။ ထိုကြောင့် ခေါင်းဆောင်တိုင်း လိင်ပိုင်းဆိုင်ရာ ကျူးလွန်သော အပြစ်များနှင့် စုံစမ်းနှောင့်ယှက် ခြင်းများကို အထူးရှောင်ရှားရမည်ဖြစ်သည်။ ထိုနည်းတူ ဤအပြစ်ကို ရှောင်ရှားနိုင်ရန် သွေးသားနှင့် ပတ်သက်သည့် စုံစမ်းနှောင့်ယှက်မှုမှန်သမျှ မိမိ စိတ်ထဲသို မြင်နိုင်ရန် တားဆီးရမည်ဖြစ်သည်။ Joe E. Trull နှင့် James E. Carter တို့မှ MinisterialEthics ဖော်ပြသော လိင်နှင့်ပတ်သက်သည် မှားယွင်းတတ်သော အရာများမှာ-

(၁) သိက္ခာမဲ့သောအပြုအမူ (လိင်ပိုင်းဆိုင်ရာအပြစ်နှင့် လိင်ပိုင်းအပြုအမူ) Immoral Act (Sexual Sin and Sexual Misbehaviour ဖြစ်စေနိုင်သော အကြောင်းအရာများ

၁) အားပြင်းသော လိင်ပိုင်းဆိုင်ရာဆွဲဆောင်မှု (The Power of Sexual Attraction).

၂) အလွန်ဆွဲဆောင်မှုရှိသော ပုဂ္ဂိုလ်များ (The Power of seductive Person)

၃) ရင်းနှီးမှု၊ အနှောင်အဖွဲ၊ သံယောဇဉ်တို၏ စိတ်လှုပ်ရှားမှုစွမ်းအား (The Power of Emotional Bonding)

(၂) လိင်ပိုင်းဆိုင်ရာ အပြုအမူ (Sexual Behaviour) အမှုတော်ဆောင်များ မလုပ်သင့်သော အပြုအမူ။

၁) Imappropriate Touch

(Good Touch, Bad Touch, Confuse Touch)

၂) လိင်တူဆက်ဆံ (Homosexual)။

၃) ကလေးများကို အနိုင်ကျင့်ဆက်ဆံခြင်း

(Abuse of Children)

၄) လူငယ်များကို ဖြားယောင်းသွေးဆောင်ခြင်း

(Sexual of Youth)

၅) လိင်နှင့်ပတ်သက်၍ စကားလုံးများ သွယ်ဝိုက်ပြောဆိုခြင်း၊ စိတ်ဝင်စားဖွယ်ဆွဲဆောင်ခြင်း။

၆) ယုံကြည်မှု၊ ဂုဏ်သိက္ခာနှင့် ဩဇာကြီးမားမှုကို သစ္စာဖောက် ခြင်း(Betray of Sexual Trust and Betray of Power trust)

၇) သွေးနှီးသူများနှင့်မှားယွင်းခြင်း။

၈) လိင်နှင့်ပတ်သက်၍ မိမိကိုယ်မိမိ မထိန်းသိမ်းခြင်း တို့ဖြစ်ပါသည်။

အထက်ဖော်ပြချက်များနှင့်အတူ ယနေ့နည်းပညာခေတ်၏ တိုးတက်ခြင်းနှင့် အတူပါလာသော လိင်နှင့်ပတ်သက်သည့် ဆွဲဆောင်မှု အမျိုးမျိုးကိုခေါင်းဆောင်များ အထူးသတိပြုရှောင် ရှားရမည် ဖြစ်သည်။

 

၃။ ငွေကြေးတပ်မက်ခြင်း (Greed)။

Mahatma Gandhi က လူတွေရဲ့လိုအပ်ချက်အတွက် ကမ္ဘာ့ကြီးမှာ ဘုရားသခင် အလုံအ လောက် ဖန်ဆင်းထားသည်။ လူ့လောဘ အတွက်တော့မရှိပါ” ဟုဆိုခဲ့ပါသည်။

Greed ကို လောဘ၊ တပ်မက်ခြင်း၊ မောက်မာခြင်း၊ လောဘကြီးခြင်း၊ ရမက်၊ အာသာ၊ မတော်လောဘဟု အဘိဓာန်မှဖော်ပြပါသည်။ ဤအချက်သည်လည်း ခေါင်းဆောင်များ အထူးသတိပြုရမည်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ငွေကြေး၊ ပိုင်ဆိုင်မှုကြွယ်ဝချမ်းသာမှု တို့သည် ခေါင်းဆောင်များ၏ ဘဝအတွက် အကောင်းဖြစ်စေနိုင်သလိုအဆိုးကိုလည်း ဖြစ်ပေါ်စေသည်။ ခေါင်းဆောင်တစ်ဦးဖြစ်လာလျှင် သူနှင့်သင့်တော်သော လုပ်အားခ၊ ငွေကြေးနှင့် အသုံးအဆောင် ပစ္စည်းများ ရရှိလာတတ်ပါသည်။ ဤအရာသည် အမှားတစ်ခုမဟုတ်ပါ။ သို့သော် မိမိကိုယ်ကို မိမိသနားခြင်းအားဖြင့် လောဘလွန်ကျူးလျက် မိမိကိုယ်ကျိုးအတွက် ရှာဖွေခြင်းက အမှားဖြစ်ပါ သည်။ ငွေကြေးနှင့်ချမ်းသာကြွယ်ဝမှုနှင့်ပတ်သက်သော စုံစမ်းနှောင့်ယှက်ခြင်းတို့သည် ခေါင်းဆောင်မှုအခန်းကဏ္ဍ၌ မှားယွင်းသော ဆုံးဖြတ်ချက်များနှင့် လုပ်ဆောင်မှုများကို ဖြစ်စေသည်။ ခေါင်းဆောင်တချိုတို့သည် မိမိ ကြွယ်ဝချမ်းသာမှုအတွက် အရာအားလုံးကို လျစ်လျူရှုတတ်ကြသည် ကိုမြင်တွေ့နိုင်ပါသည်။

ထိုနည်းတူ ငွေကြေးပြည့်စုံမှ ကြွယ်ဝချမ်းသာမှုသည် အမှုတော်ဆောင်များ၏ ဘဝကိုလည်း ဖျက်ဆီးနိုင်လေသည်။ ငွေကြေးသည် မှောင်သောငွေကြေး (Dark Side of Money) ရှိသလို လင်းသောငွေကြေး (Light Side of Money) ဟူ၍ရှိပါသည်။ ထိုကြောင့် ငွေကြေးသည် အလင်းရှိ သလို အမှောင်ရှိကြောင်း နားလည်ရမည်ဖြစ်သည်။ မှောင်သောငွေကြေးနှင့် ကြွယ်ဝ ချမ်းသာမှုသည် ဘုရားသခင်နှင့် ဆက်သွယ်မှုကို ပျက်စီးစေသကဲ့သို လင်းသောငွေကြေးသည် ဘုရားသခင်နှင့် ဆက်သွယ်မှုကို ကောင်းမွန်စေပြီး အများအတွက်လည်း ကောင်းချီးကို ဖြစ်ပေါ်စေသည်။ ထိုကြောင့် အမှုတော်ဆောင်တစ်ဦး၏ လောဘကြီးခြင်းသည် ၎င်းကျရှုံးမူပင်ဖြစ်သည်။

 

၄။ စိတ်ပိုင်းဆိုင်ရာ ပျင်းရိခြင်း (သို) စာပေလေ့လာလိုက်စားခြင်းနှင့် စဉ်းစားဆင်ခြင်မှု စိတ်အားထက်သန်မှုမရှိခြင်း (Mental Laziness)။

ဆိုကရေးတီး (Socrates) က “ငါသိတာတခုပဲရှိတယ် အဲ့ဒါက ငါဘာမှမဘူး” (I know one thing that I know nothing) ဟူ၍ ဖြစ်သည်။

စဉ်းစားခြင်း၊ ဝေဖန်ပိုင်းခြားခြင်း၊ ဆုံးဖြတ်ချက်ချလျက် ဦးဆောင်ဦးရွက်ပြုခြင်းများကို ခေါင်းဆောင်များ နေ့စဉ်နေ့တိုင်း လုပ်နေကြရပါသည်။ ပျင်းရိနေ၍မရပါ၊ နေ့ရွှေ့ရက်ရွှေ့လုပ်နေ၍ မရပါ။ ယနေ့သည်အရေးကြီးဆုံးနေ့ဖြစ်သည်။ ယနေ့ပြီးရမည့်အလုပ်ကို ယနေ့ ပြီးအောင်လုပ်ရမည်ဟု ဆိုစကားလည်း ရှိပါသည်။ စဉ်းစားဆင်ခြင်သုံးသပ်ခြင်းကို စိတ်မသန့်သောသူ၊ ပျင်းရိသောသူသည် လုပ်ငန်းများ အဆင်ပြေချောမွေ့အောင် မဆောင်ရွက်နိုင်ပေ။ ရင်ဆိုင်ရသော အခက်အပြဿနာများကို ပြေလည်စေခြင်း၊ အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်းတို့သည် စဉ်းစားဆင်ခြင် သုံးသပ်လျက် မှန်ကန်သော ဆုံးဖြတ်ချက်များ ချမှတ်လုပ်ဆောင်နိုင်ခြင်းကြောင့် ဖြစ်ပြီး ခေါင်းဆောင်မှု၏ အရေးပါသော အခန်းကဏ္ဍဖြစ်ပါသည်။

ထိုနည်းတူ ဝိညာဉ်ရေးရာခေါင်းဆောင်များသည်လည်း နှုတ်ကပတ်တော်ကျမ်းစာကို အစဉ်ဖတ်မှတ်လေ့လာလျက် မိမိဦးဆောင်ရမည့် အခန်းကဏ္ဍ၌ မှန်ကန်သော အကြံဉာဏ်များကို ပေးနိုင်ရန်ဆုံးဖြတ်ချက်များကို ချနိုင်ရန် သန့်ရှင်းသော ဝိညာဉ်တော်အား ဦးဆောင်ခွင့်ကို ပေးရမည်။ ဘုရားသခင်နှင့် အချိန်ယူလျက် အရာရာတိုင်း၌ မှန်ကန်စွာ ဦးဆောင်ဦးရွက်ပြုနိုင်ရန် ဘုရားသခင်အား ဦးဆောင်ခွင့်ပေးရမည်။

ရှင်ပေါလုက “သင်တိုသည် လောကီပုံသဏ္ဌာန်ကို မဆောင်ကြနှင့် ကောင်းမြတ်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင် အလိုရှိသော အရာသည် အဘယ်အရာဖြစ်သည်ကို သင်နိုင်မည့်အကြောင်း စိတ်နှလုံးကို အသစ်ပြင်ဆင်၍ ပုံသဏ္ဍာန်ပြောင်း လဲခြင်းသို ရောက်ကြလော့” (ရော ၁၂း၁-၂)ဟုဖော်ပြထားသည့်အတိုင်း ဝိညာဉ်ရေးရာ ခေါင်းဆောင်တို့သည် မိမိတို့၏ စဉ်းစားတွေးခေါ်မှုများ အစဉ်အမြဲ သစ်လွင်နေရမည် ဖြစ်သည်။ သင်ယူခြင်းကို မည်သည့်အခါမျှ ရပ်တန့်ခြင်းမပြုရပါ။ ဤလမ်းသည် ဖွံဖြိုးတိုးတက်ရေးအတွက် မည့်သည့်အခါမျှ နောက်မကျစေပါ။ ခေါင်းဆောင်မှု ရေရှည် အောင်မြင်နိုင်ရန်အတွက် အမြဲမပြတ် လေ့လာသင်ယူရမည်ဖြစ်သည်။ နားထောင်သည့်အချိန်နှင့် စာဖတ်သည့်အချိန်ကို အကြမ်းဖျင်းအားဖြင့် သင်၏ စကားပြောချိန်ထက် ဆယ်ဆလောက် ပိုပြီးတန်ဖိုးထားရပါမည်။ ထိုကဲ့သို ပြုလုပ်သည့်အတွက် သင်သည် အဆက်မပြတ် လေ့လာသင်ယူမှုနှင့် မိမိကိုယ်မိမိ တိုးတက်အောင် ကြိုးပမ်းမှုလမ်း ကြောင်းပေါ်တွင် ရောက်ရှိနေသည်ဟု စိတ်ချလက်ချနှင့် အရေးပါတဲ့ အကြောင်းအရာ အားလုံးကို သိသွားတဲ့အချိန်ကို မှတ်ယူနိုင်ပါသည်။ ဂျွန်ဝူဒင်ကလေ့လာသင်ယူတယ်ဆိုတာ သင့်အနေခေါ်ပါသည်။ စဉ်ဆက်မပြတ် လေ့လာသင်ယူခြင်းကို တားဆီးသောအရာများကို လေ့လာနိုင်ပါသည်။

 

(၁) ပန်းတိုင်တစ်ခုတည်းပေါ်တွင် လွယ်ကူစွာ ရောင့်ရဲခြင်း။

တချို့ခေါင်းဆောင်များသည် တစ်စုံတစ်ခုသော ပန်းတိုင်သို့အောင်မြင်စွာ ရောက်ရှိပြီး သောအခါတွင် နောက်ထပ် တိုးတက်ကြီးပွားဖို တစ်စုံတစ်ရာ ထပ်ပြီးလုပ်စရာမရှိတော့ဟု လွဲမှားစွာ ခံယူတတ်ကြပါသည်။

 

(၂) ရောက်ရှိသည့် အခြေအနေ၌ ကျေနပ်နေခြင်း။

ထက်မြက်ထူးချွန်သော ခေါင်းဆောင်များသည် ၎င်းတို့ရောက်ရှိသည့် အခြေအနေ အဆင့်အတန်း၌ ၎င်းတို့အခြေချနေထိုင်ရမည့်၊ ကျေနပ်ရောင့်ရဲရမည့်နေရာမဟုတ်ဟု ခံယူတတ်ကြ သည်။ “သင်သည်မနေ့ကလုပ်သော အရာများကို ကြီးကျယ်တဲ့ အောင်မြင်မှုတွေဟု ယခုထိထင် နေသေးရင် သင်သည် ယနေ့အတွက်ဘာမှ မယ်မယ်ရရမလုပ်သေးဘူးဆိုသည်ကို သိမြင်နိုင်ပါတယ်။”

 

(၃) ဖြတ်လမ်းကိုရှောင်ပါ။

ဘဝအတွက် လိုချင်သောအရာမှန်သမျှ တန်ရာတန်ဖိုးပေးရပါသည်။ ပင်ပန်းမှု၊ စွန့်စားမှု၊ အခက်အခဲတွေကို ထည့်တွက်ပါ။ ဤလမ်းအတိုင်းဆင်းသွားပါ။

 

(၄) မထားသင့်သော မာနကိုစွန့်ပစ်ပါ။

လေ့လာသင်ယူနိုင်စွမ်းရှိဖိုနှင့် ပဘ်သက်ပြီး ကျွန်ုပ်တိုသည် အရာရာတိုင်းကို မသိကြဘူးဆို သည်ကို ဝန်ခံတတ်ရန်နှင့် ဤကဲ့သို အသိမရှိသည်က ညံ့ရာရောက်ကြောင်း သိကြရမည် ဖြစ်သည်။ တိုးတက်ကြီးပွားဖို့ရန်အတွက် သင်၏မာနကို စွန့်လွှတ်ရမည်ဖြစ်သည်။

 

(၅) အမှားတစ်ခုကို နှစ်ကြိမ်မကျူးလွန်မိပါစေနှင့်။

အမှားမလုပ်တဲ့သူဟာ မတိုးတက်နိုင်ဘူးဟု တက်ဒက်ရူးစဗဲ့ ပြောခဲ့ပါသည်။ ထိုနည်းတူ အမှားတစ်ခုကို ထပ်ခါထပ်ခါ လုပ်တတ်သော ခေါင်းဆောင်သည်လည်း တိုးတက်မကြီးပွားနိုင်ပါ။ မသိသေးမတတ်သေးတာကို လေ့လာသင်ယူတတ်သော ခေါင်းဆောင်တစ်ဦးအနေနှင့် အမှားများကို မလွဲမသွေ လုပ်မိမည်ဖြစ်သည်။ အမှားများကို မေ့ပစ်ပြီး ၎င်းတိုကပေးသော သင်ခန်းစာများကို အမြဲတမ်းမှတ်မိနေရမည်။ သိုမဟုတ်လျှင် ထပ်ခါထပ်ခါ မှားခြင်းဖြင့် အရင်းအနှီးများတစ်ကြိမ်မ ကပေးလိုက်ရမည်ဖြစ်သည်။

နှိမ့်ချစိတ်နှင့် မိမိအကုန်မသိပါလားလိုလက်ခံနိုင်ခြင်း၊ ကျင့်သုံးနိုင်ခြင်းသည် Wisdom ဖြစ်ပြီး၊ အခြားသူများထက် ဉာဏ်အမြော်အမြင်ကြီးမားသူဖြစ်ပါသည်။

 

၅။ ဝိညာဉ်ရေးရာစိတ်ဝင်စားမှုမရှိခြင်း (Spiritual Lethargy)။

ခေါင်းဆောင်များသည် လုပ်ငန်းတစ်ခုလုံးကို လည်ပတ်စေသူများ၊ လူအများကို မောင်းနှင်နေ သူများဖြစ်သည်။ သူတို၏တာဝန်သည်လုပ်ငန်းများပြီးမြောက်မှုကို မြင်တွေ့နိုင်ဖို ဖြစ်သည်။ ၎င်းတို့ကိုယ်တိုင်လည်း တစ်စုံတစ်ခုကို ဖြစ်မြောက်စေရန် စိတ်အားကြီးတတ်ကြပါသည်။ သိုသော် ဘုရားသခင်နှင့် အချိန်ယူရန်အတွက် ချန်ထားခဲ့တတ်ကြပါသည်။ ထိုကြောင့် ဝိညာဉ်ရေးရာ ခေါင်းဆောင်များသည်ဘုရားသခင်နှင့် မိတ်သဟာယဆက်သွယ်ခြင်းနှင့် ပတ်သက်၍ အနံပါတ်တစ် ထားရမည်ဖြစ်သည်။ ဘုရားသခင်ထက် အခြားအရာများကို ပိုမို ဦးစားပေးပါက ဘဝ၏ အဓိက အရာနှင့် ဖြတ်တောက်လိုက်ခြင်းပင်ဖြစ်သည်။ လုပ်ငန်း၌ မည်မျှ အောင်မြင်ပါစေ၊ ၎င်း၏ဘဝ၌ ဝမ်းနည်းကြေကွဲမှု၊ ခံစားရမှုများ မလွဲမသွေ ကြုံတွေ့ရမည် ဖြစ်သည်။ ၎င်းနှင့်ပတ်သက် သည့်အရာများလည်း ပျက်စီးစေပါသည်။ ဘုရားသခင်သည် ခေါင်းဆောင်တစ်ဦး၏ ခင်ပွန်း၊ ဇနီး၊ မိခင်၊ ဖခင်၊ သားသမီး၊ မိတ်ဆွေအားလုံး တိုးတက် အောင်မြင်ရန် ဆန္ဒရှိပါသည်။ လုပ်ဆောင်မှုများ အောင်မြင်နိုင်သော်လည်း ဘုရားသခင်ကို ဦးစား မပေးသော ခေါင်းဆောင်သည် အဓိပ္ပာယ်မဲ့ နေပါလိမ့်မည်။ ပညာရှိသော ခေါင်းဆောင်တို့သည် ဤအချက်ကို မည်သည့်အခါမျှ မမေ့ပေ။ (မ ၆း၃၃) ၌ဖော်ပြသည့်အတိုင်း “နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်း” ကို ရှေ့ ဦးစွာရှာလေ့ရှိကြပါသည်။ ဘုရားသခင် နှင့် သက်ဆိုင်သော အောင်မြင်တိုးတက်ခြင်းသည် ခေါင်းဆောင်များအား ဘုရားသခင်စေခိုင်းသည့် အတိုင်း လုပ်ဆောင်ရန် အားပေးပြီး ဤကဲ့သို ၎င်းတို့၏ ကြိုးစားအားထုတ်ဝီရိယ စိုက်လုပ် ဆောင်ခြင်း ဖြင့် ဘုရားသခင်ထံသို ကြီးမြတ်သောအရာများကို သယ်ဆောင်လာပေးပါသည်။

 

၆။ အိမ်ထောင်မိသားစုအားလျစ်လျူရှုခြင်း (Domestic Neglect)။

ခေါင်းဆောင်တစ်ဦး မိမိအိမ်ထောင်ကို ကောင်းမွန်စွာ ပြုစုလုပ် ကျွေးပျိုးထောင်နိုင်ခြင်းသည် အများရှေ့၌ ကြီးစွာသော အောင်မြင်ခြင်းကို ပိုင်ဆိုင်သူဖြစ်သည်။ ဤကဲ့သို ဖြစ်လာစေရန် အတွက် သူကိုယ်တိုင်အနစ်နာခံပေးဆပ်မှုတွေ မြောက်မြားစွာရှိခဲ့ခြင်းကြောင့်သာလျှင် ဖြစ်သည်။ ထိုကြောင့် ခေါင်းဆောင်တို့သည် လုပ်ငန်းတာဝန်၌ ခေါင်းဆောင်ဖြစ်သည့်နည်းတူ အိမ်ထောင် ၌လည်းခေါင်း ဆောင်ဖြစ်သည်ကို အမြဲသတိပြုရမည်ဖြစ်သည်။ မိမိလုပ်ငန်းတာဝန်နှင့် အိမ်ထောင်ကို နိုင်ရမည်ဟု မဆိုလိုပါ။ မိမိအိမ်ထောင်ကိုလည်း တန်ဖိုးထားရန် ဖြစ်ပြီး၊ မိမိအိမ်ထောင်မိသားစုကို တန်ဖိုးထားသော ခေါင်းဆောင်တိုသည်လုပ်ငန်းများအောင်မြင်အောင် နည်းလမ်းရှာဖွေလုပ်ဆောင်ခြင်းအားဖြင့် အိမ်ထောင်မိသားစု ကောင်းချီးခံစားရဖို ကြိုးစားလေ့ ရှိကြသည်။ အိမ်ထောင်သည် ကောင်းကင်နိုင်ငံ တော် အငယ်စားလေး (Small Heaven) ဖြစ်ရပါမည်။ လျစ်လျူရှုရမည့်နေရာ မဟုတ်ပါ။ တချို့ နေရာများ၌ ခေါင်းဆောင်(သို) အမှုတော်ဆောင်ကို ပြဿနာအရပ်ရပ် ဖြေရှင်းပေးသူဟု ထင်မှတ်ထား ကြပါသည်။ ဤကဲ့သို သတ်မှတ်ခံရပြီဆိုလျှင် များသောအားဖြင့် မိသားစုများခံစားရလေ့ရှိသည်။ အလုပ်ကို အလွန်အကျွံလုပ်သော (Workaholic)ခေါင်းဆောင်များသည်လည်း မိမိ ဇနီး၊ သားသမီး၊ မိသားစုကို လျစ်လျူရှုတတ်ကြပါသည်။ ဝိညာဉ်ရေးရာ ခေါင်းဆောင်များ၏ မိသားစုများလည်း အခြားမိသားစုများ ကဲ့သို ခန္ဓာ၊ စိတ်၊ ဝိညာဉ်လုံခြုံမှု လိုအပ်ပါသည်။ အိမ်ထောင်၏ ဦးခေါင်းသည် ဘုရားသခင်ဖြစ်ပြီး သူနှင့်အမြဲ ဆက်သွယ်စကားပြောရမည်ဖြစ်သည်။ ဘုရားသခင်၏ ကူညီမစခြင်းကို ရှာဖွေသူတို့ ရရှိပိုင်ဆိုင်ကြပါသည်။ အထူးသတိပြုရန်အချက်မှာ “အပြင်၌ မည်မျှပင်အောင်မြင်ပါစေ၊ အိမ်တွင် ကျရှုးနေလျှင် ထိုကျရှုးခြင်းကို အပြင်အောင်မြင်မှုတို့နှင့် အလျော်အစားလုပ်၍မရပါ” ဆိုသည့် အချက်ပင်ဖြစ်သည်။

 

၇။ ရာထူးကိုမက်မောခြင်း၊ ဆုပ်ကိုင်ထားခြင်း

(Prolonged Position Holding)

ဤအချက်သည် ခေါင်းဆောင်များ အထူးသတိပြု ရှောင်ရှားရမည့်အချက်ဖြစ်လေသည်။ စကားပုံတစ်ခုတွင် ဖော်ပြသည်မှာ “သင်လုပ်ဖော်ဆောင်ဖက်များအား သတိယစရာများဖြင့် ချန်ထားခံခြင်းသည် စိတ်ကုန်စရာများ ချန်ထားခဲ့ခြင်းထက် သာ၍ကောင်း၏။” ပညာရှိ ခေါင်းဆောင် တို့သည် မိမိ မည်သည့်အချိန်တွင် တာဝန်မှ အနားယူရမည်ကိုသိလျက် ခေါင်းဆောင်သစ်ကို ဝမ်းမြောက်ဝမ်းသာစွာ နေရာပေးလေ့ရှိပါသည်။ တချို့သော ခေါင်းဆောင်များကမူ တစ်နေရာ တည်းတွင် ကြာရှည်စွာ လုပ်ကိုင် ဦးဆောင်ခြင်းဖြင့် လုပ်ငန်းကို ထိခိုက်စေလေသည်။ တချိုသော ခေါင်းဆောင်များသည် သူတိုကိုယ်တိုင်သာလျှင် သူတို့လုပ်နေသော နေရာနှင့် အသင့်တော်ဆုံးဟု ခံယူလျက်အများက တာဝန်ယူမည့်သူအသစ် ရွေးချယ်လျှင် တာဝန်ပေးအပ် လိုသော်လည်း သူတိုက အချိန်ဆွဲနေလေ့ရှိတတ်သည်။ ထိုသိုသော ခေါင်းဆောင်များသည် ၎င်းတို ယခင်ကကဲ့သို တိုးတက်အောင် လုပ်ဆောင်မှုစွမ်းရည် မရှိတော့သည့် အမှန်တရားကို မမြင်တတ်သောသူ များပင်ဖြစ်ပါသည်။ ထိုသို့သော ခေါင်းဆောင်တိုသည် သူတိုကိုယ်တိုင်သာလျှင် ထိုနေရာထိုတာဝန်နှင့် အသင့်တော်ဆုံးဖြစ်ပြီး သူတိုမရှိလျှင်မဖြစ်ဟု မှတ်ယူတတ်ကြသည်။ ဤအချက်အားဖြင့် ဤကဲ့သိုသော ခေါင်းဆောင်များသည် မျိုးဆက်သစ်ခေါင်းဆောင်များအား နေရာ မပေးလိုခြင်းကို ဖော်ပြသလို သူတိုကိုယ်သူတိုသာလျှင် ချစ်တတ်သောသူများဖြစ်ကြောင်း တွေ့ရှိနိုင်လေသည်။ သိုသော် စစ်မှန်သော ခေါင်းဆောင်များသည် ၎င်းတိုမျှော်မှန်းသော အတိုင်း အတာတစ်ခု အထိ ရောက်ပြီးလျှင် နောက်ထပ် မျိုးဆက်သစ်ခေါင်းဆောင်ကို ဝမ်း မြောက် ဝမ်းသာစွာ တာဝန်ပေးအပ် တတ်ကြလေသည်။

အဖွဲ့အစည်းတစ်ခု အဖက်ဖက်က ယိုယွင်းလာလျှင် ပြောင်းလဲဖို့အချိန်တန်ပြီးဖြစ်ကြောင်း ဖော်ပြခြင်းဖြစ်သည်။ ဤအချိန်တွင် ဦးစီးဦးဆောင်သူများ အမြန်ဆုံး ပြန်လည်ဦးလှည့် ရမည်ဖြစ်သလို၊ လိုအပ်ပါက (သို့) အချိန်တန်ပါက ခေါင်းဆောင် အပြောင်းအလဲလုပ်ရမည်ဖြစ်သည်။ သို့သော် တချိုသောခရစ်ယာန်များ ခေါင်းဆောင်နေရာကိုအထူးစိတ်စွဲလမ်းကြသလို တချိုသော ခေါင်းဆောင်များသည်လည်း နေရာအတွက် အုပ်စုဖွဲ့ကြခြင်း၊ အာဏာပြိုင်ဆိုင်မှု များ ပြုလုပ်ခြင်း၊မလိုအပ်ဘဲ ထိုင်ခုံနေရာပြောင်းထိုင်ခြင်း၊ ထိုထိုင်ခုံမြဲရန်အတွက် မလုပ်သင့်သည်များကို လုပ်ဆောင်လာတတ်ခြင်းနှင့် လုပ်ဖော်ကိုင်ဖက်များအပေါ် မနှစ်မြိုဖွယ် လွှမ်းမိုးထားခြင်းများကို တွေ့ရှိနိုင်လေသည်။ Rev. Dr.လဖိုင်ဇော်လတ်က “ကြောင်ပညာ”ဟု ဖော်ပြပြီး၊ ခေါင်းဆောင်တို့သည် အတက်လမ်းကိုသိလျှင် အဆင်းလမ်းကိုလည်း သိရမည်ဟုဖော်ပြပါသည်။ ထိုနည်းတူ ရန်ကုန်တိုင်းဒေ သကြီး ကရင်ရေးရာဝန်ကြီး(၂၀၁၀-၂၀၁၅) စောထွန်းအောင်မြင့်မှ ဖော်ပြသည်မှာ ခေါင်းဆောင်တို့သည် အစွန်းနှစ်ဖက်ကို ရှောင်ရမည်ဖြစ်ပြီး ထိုအစွန်းတို့မှာ (၁) ထိုင်ခုံ နှင့် (၂) မိုက်ခရိုဖုန်း (Microphone) တို့ဖြစ်သည်။ ထိုင်ခုံကို ထိုင်မိလျှင် မထချင်သည့် ရောဂါနှင့် မိုက်ခရိုဖုန်းကိုကိုင်မိလျှင် မချချင် သည့်ရောဂါသည် ခေါင်းဆောင်များ အတွက် ကြီးမားသော အန္တရာယ်ဖြစ်လေသည်။ လူသည် ရာထူးကိုရှာခြင်းထက် ရာထူးကလူကိုရှာခြင်းမှာ ပိုကောင်းလေသည်။ ပြင်းထန်သော အလိုရမ္မက်ကြီးခြင်းသည် ခေါင်းဆောင်ကြီးများစွာကို ပြိုလဲစေသည်။

၈။ ဟီရိဩတ္တပ္ပစိတ်ကင်းမဲ့သောအပျော်အပါး

(Pleasure without Conscience)

ဟီရိဩတ္တပ္ပစိတ်သည် ပါဠိစကားဖြစ်ပြီး (ဟီရိ -မကောင်းမှုပြုမည်ကို ရှက်ခြင်း) (ဩတ္တပ္ပ- မကောင်းမှုပြုရမည်ကို ကြောက်ခြင်းဖြစ်ပြီး နှစ်လိုဖွယ် စိတ်နေသဘောထား (Loving Attitude) လည်းဖြစ်ပါသည်။ မကောင်းမှုပြုရမည်ကို ရှက်ခြင်းကြောက်ခြင်းတိုသည် စိတ်ပညာ အရ လူနှင့် တိရစ္ဆာန်ခြားနားချက်ဖြစ်ပြီး၊ လောကလူကမ္ဘာကြီး ဒုစရိုက်တို့မှ ကင်းဝေးစေကြောင်း ဖြစ်သည်။ အရာအားလုံး ပြောင်းလဲနေပါသည်။ မပြောင်းလဲခြင်းသည်ပြောင်းလဲခြင်း တရားပင် ဖြစ်သည်။ ဤအပြောင်းအလဲများကြားတွင် ဝိညာဉ်ရေးရာ ခေါင်းဆောင်များ၏ ရိုးဖြောင့်ကောင်းမြတ်မှု (Integrity) နှင့် သီလ(Virtue) ကို မေးခွန်းထုတ်ခြင်း မခံရဖိုလိုပါသည်။ ဩတ္တပ္ပစိတ်သည် အချိန်အကန့်အသတ်မရှိသော သမ္မာတရားများ၊ စည်းမျဉ်းများကို သိုလှောင်ရန် မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်းဖြစ်ပါသည်။ ဩတ္တပ္ပစိတ်မကြည်လင် ခွင့်မပြုသော အရာများကို လက်တစ်လုံးခြား မလုပ်မိဖိုရန်သာမက လုံးဝရှောင်ရှားရမည်ဖြစ်သည်။

မရင့်ကျက်ဘဲ လောဘကြီး၍ တစ်ကိုယ်ကောင်းဆန်ပြီး၊ တပ်မက်ခြင်းကြီးသော သူတို၏ အဓိကမေးခွန်းများမှာ- “ငါ့အတွက် ဘာရှိသလဲ၊ ငါကျေနပ်မှုရမှာလား၊ ငါ့ကို သက်သာစေမှာလား” ဆိုသည့်မေးခွန်းများဖြစ်သည်။ ဩတ္တပ္ပစိတ် (သို) တာဝန်သိစိတ်ကင်းမဲ့လျက် ဤအပျော်အပါးကို လိုချင်ကြသည်။ ခေါင်းဆောင်များအတွက် အန္တရာယ်ကြီးမားသည့် အချက်လည်းဖြစ်ပါသည်။ ဩတ္တပ္ပစိတ်ကင်းမဲ့သော အပျော်အပါး၊ အခွင့်အရေးတိုသည် ပေးရမည့် အဖိုးအခလည်း မြင့်မားလေသည်။ ဩတ္တပ္ပစိတ်သည် “ကောင်းကျိုးဆိုးပြစ်ကို ခွဲခြားသိမြင်တတ်သော အသိစိတ်အသိတရား (သို) ကိုယ်တိုင်ကိုသိသောစိတ်” ဖြစ်ပါသည်။ “ခရစ်တော်၌ သင်တို့ကျင့်သော အကျင့်ကောင်းကို ရှုတ်ချသောသူတိုသည် ကဲ့ရဲ့ပြစ်တင်သောအခါ ကိုယ်တိုင် ရှက်ကြောက်ခြင်း ရှိမည်အကြောင်း သင်တိုသည် ကိုယ်ကိုယ်ကိုသိသောစိတ်ကြည်လင် နေကြလော့။ ဘုရားသခင် အလိုတော်ရှိလျှင် သုစရိုက်ကို ပြု၍ ခံခြင်းထက်သာ၍ကောင်း၏” (၁ပေ ၃း၁၆-၁၇)။ ။

အပိုင်း ၂

အသင်းတော်၏ စီမံခန့်ခွဲမှု

CHURCH MANAGEMENT

 

အခန်း ၁

အသင်းတော်စီမံခန့်ခွဲမှုဆိုင်ရာ အခြေခံသဘောတရား

BASIC UNDERSTANDING OF CHURCH MANAGEMENT

စီမံခန့်ခွဲခြင်းကို လူသားများအနေဖြင့် အုပ်စုဖွဲ့လျက် စတင်နေထိုင်ခဲ့ကြသည့်အချိန်ကပင် လုပ်ကိုင်ခဲ့ကြပြီးဖြစ်ပါသည်။ လူသားအချင်းချင်းပေါင်းစည်း၍ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ ရောင်းဝယ်ရေးနှင့် စစ်ရေးစသည်တို့ လုပ်ကိုင်ဆောင်ရွက်တိုင်း စီမံခန့်ခွဲရေးသည်မဖြစ်မနေ ပါဝင်ခဲ့ပါသည်။ ထိုနည်းတူပင် လူသားများနှင့် ဖွဲ့စည်းထားသော အသင်းတော်၏ ဘုရားပေး ရည်ရွယ်ချက်များ ဖြစ်မြောက်အောင်မြင်ရန်အတွက် အသင်းတော်စီမံခန့်ခွဲမှုဆိုင်ရာ အခြေခံ သဘောတရားများကို သဘောပေါက်နားလည်ရန် လိုအပ်ပါသည်။

၁။ အသင်းတော်စီမံခန့်ခွဲမှု၏ ယေဘုယျအဓိပ္ပာယ်ဖွင့်ဆိုချက်။

စီမံခန့်ခွဲခြင်းကို တစ်ကမ္ဘာလုံး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြပြီးဖြစ်သကဲ့သို့ အဓိပ္ပာယ်ဖွင့်ဆိုချက်လည်း အမျိုးမျိုးပေါ်ပေါက်ခဲ့သည်။ ယင်းတို့အနက် အတိုဆုံးအဓိပ္ပာယ် ဖွင့်ဆိုချက်မှာ စီမံခန့်ခွဲခြင်းဆိုသည်မှာ ဆောင်ရွက်ရန်ရှိသည့် လုပ်ငန်းဆောင်တာများကို ပြီး မြောက်အောင် ဆောင်ရွက်ခြင်းနှင့် သတ်မှတ်ထားသော ရည်မှန်းချက်များကို သတ်မှတ်ချက်ထားသော အချိန်ကာလအပိုင်းအခြားအတွင်းမိမိလက်ဝယ်ရှိအရင်းအနှီး အင်အားစုများကို အသုံးချ၍ ပြီး မြောက်ရန်ဆောင်ရွက်ခြင်းဖြစ်ပါသည်။ နှစ်ခြင်းအသင်းတော်နှင့်သက်ဆိုင်သော စီမံခန့်ခွဲမှုကို ပိုမိုသဘောပေါက်နားလည်ရန် နှစ်ခြင်းအသင်းတော် သဘောသဘာဝနှင့် အသင်းတော် ဖြစ်တည်ရ ခြင်း၏ ရည်ရွယ်ချက်ကို သဘောပေါက်ရန် လိုအပ်ပါသည်။

“Church’ ဆိုသော ဝေါဟာရကို မြန်မာယဉ်ကျေးမှုနယ်ပယ်တွင် အသင်းတော်ဟု အနက်ဖွင့်သော်လည်း ယေဘုယျအားဖြင့် ဗိမာန်တော်၊ ဘုရားကျောင်း၊ ဝတ်ပြုရာနေရာအဖြစ်ပို၍ နားလည်တတ်ကြသည်။ ထိုခံယူချက်က “Church’ ဆိုသော အသက်ရှင်လှုပ်ရှားနေသော အဖွဲအစည်းတစ်ခုထက် နေရာတစ်နေရာတွင် ချိန်းချက်ထားသောအချိန်၌ စုဝေးလျက် ဝတ်ပြုကိုးကွယ် တတ်သော ဘာသာရေးအဖွဲ့တစ်ခု အနေဖြင့်သာ အနက်အဓိပ္ပာယ် သက်ရောက်စေသည်။ မှန်ကန်တိကျသော သဘောသဘာဝကို နားလည်မှသာ အသင်းတော် “Church ၏ အသွင် သဏ္ဌာန် ပီပြင်ထင်ရှားပေါ်လွင်လာမည် ဖြစ်သကဲ့သို့ အသင်းတော်၏ စီမံခန့်ခွဲမှုကိုလည်း ပိုမိုရှင်းလင်းစွာ သဘောပေါက်နားလည်မည်ဖြစ်သည်။

ဓမ္မသဘောတရားအရ အသင်းတော် “Church’ ဆိုသောစကားသည်ဂရိ“Greek” ဘာသာစကားဖြစ်သော“ekklesia’ (အက်ကလီစီးရာ)ဆိုသော စကားလုံးမှ ဆင်းသက်လာပြီး လူအစုအဝေး (assembly) (သို့မဟုတ်) ခေါ်ထုတ်ခံရသူများ (Called Out Ones) ဟု အနက် အဓိပ္ပာယ်ရပါသည်။ ထိုကြောင့် အသင်းတော် “Church’ ဆိုသော ဝေါဟာရ၏ အခြေခံအဓိပ္ပါယ်မှာ အဆောက်အဦထက် လူမှုအဖွဲ့အစည်းကိုသာ ပို၍ရည်ညွန်းကြောင်း နားလည်ခံယူရမည် ဖြစ်သည်။ (ရော ၁၆:၅)အရ ရှင်ပေါလုက အိမ်၌ရှိသော အသင်းတော်ဟု သုံးနှုန်းရာ ထိုအိမ်ထက် ထိုအိမ်တွင် ဝတ်ပြုသောလူစုကို ရည်ညွှန်းခဲ့ကြောင်းတွေ့ရှိရပါသည်။

နှစ်ခြင်းအသင်းတော် (The Baptist Church) ဆိုသော ဝေါဟာရသည်လည်း နှစ်ခြင်း ခရစ်ယာန်များ စုပေါင်းဝတ်ပြုရာနေရာ၊ အဆောက်အအုံကိုသာ ရည်ညွှန်းသည်မဟုတ်ဘဲ ထိုအဆောက်အဦ၌ ဝတ်ပြုတတ်သော နှစ်ခြင်းယုံကြည်သူအစုအဝေးဟု အနက်ဖွင့်ရပေမည်။ ဤနှစ်ခြင်းယုံကြည်သူ အစုအဝေးသည် ဤအဆောက်အဦအတွင်း ဝတ်ပြုရန်သက်သက်အတွက် ဤအဖွဲအစည်းကို တည်ဆောက်ထား ခြင်းမဟုတ်ပါ။ နှစ်ခြင်းအသင်းတော်ဆိုသော ဝေါဟာရ၏ အနက်တစ်ခုလုံးကို ခြုံငုံလေ့လာမှသာလျှင် နှစ်ခြင်းအသင်းတော်၏ သဘော သဘာဝနှင့် နှစ်ခြင်းအသင်းတော်ဖြစ်တည်ရခြင်း၏ ရည်ရွယ်ချက်တို့ကို သိရှိနားလည်မည်ဖြစ်ပါသည်။

ဓမ္မသစ်ကျမ်းအရ အသင်းတော်ကို တည်ထောင်သူမှာ သခင်ယေရှု ကိုယ်တော်တိုင် ပင်ဖြစ်ပါသည် (မ ၁၆း၁၈)။ သခင်ယေရှုသည်အသင်းတော်၏ဦးခေါင်းဖြစ်၍ အသင်းတော်ကား သခင်ယေရှု၏ ကိုယ်ခန္ဓာဖြစ်သည် ( ၁:၂၂-၂၃။ ကော ၁း၁၈)။ ဤအသင်းတော်သည် လူသားများ သက်သက်စုဝေး၍ သဘောတူလျက် ဖွဲစည်းခဲ့သောအဖွဲ့ မဟုတ်၊ သခင်ယေရှု ကိုယ်တော်တိုင် ကားတိုင်ပေါ်အသေခံ၍ သက်တော်စွန့်၊ အသွေးတော်သွန်းလျက် ထိုအဖိုးအခဖြင့် ကယ်ယူ တည်ဆောက်ခဲ့သော အသင်းတော်ဖြစ်သည် (တ ၂၀၂၈၊ ၁ကော ၆း၁၉-၂၀)။ သန့်ရှင်းသော ဝိညာဉ်တော်ဘုရား ကိန်းဝပ်ရာဌာနလည်းဖြစ်သည်(၁ကော ၃း၁၆-၁၇)။ လောကသားများအား ဝမ်းမြောက်ဖွယ် သတင်းကောင်းကို ကြေငြာရမည့်နေရာလည်းဖြစ်သည်(၁သက် ၁၈)။ အသင်းတော်သည် သခင်ယေရှု၏ မင်္ဂလာသတိုသမီး ဖြစ်သောကြောင့် အသရေသိက္ခာ တင့်တယ်ခြင်းနှင့် ပြီးပြည့်စုံလျက် မင်္ဂလာသတိုသမီးတစ်ဦး လုပ်ဆောင်အသက်ရှင်ရမည့် တာဝန်ဝတ္တရားများနှင့် ရပိုင်ခွင့်ရရှိသော အဖွဲ့အစည်းတစ်ခု ဖြစ်ရပေမည် (၂ကော ၁၁း၂။ ယော ၃း၂၉။

ဗျာ ၂၁း၂)။

ဤဓမ္မသစ်ကျမ်း၏ ဖွင့်ပြခြင်းများမှရရှိသော နှစ်ခြင်းအသင်းတော်၏ သဘောသဘာဝနှင့် ရည်ရွယ်ချက်မှာ

(၁) သခင်ယေရှုကို မိမိ၏ကယ်တင်ပိုင်ရှင် အနေဖြင့်လည်းကောင်း၊ ဘဝအသက်တာ တစ်လျှောက်လုံး ၏ အရှင်သခင်အဖြစ် သော်လည်းကောင်း လက်ခံယုံကြည်လျက် ရေ၌ နှစ်ခြင်းမင်္ဂလာခံယူပြီး၊ တစ်ဦး ချင်းစီ တစ်သီးပုဂ္ဂလမနေဘဲ စုဝေးလျက် အတူတကွ ဝတ်ပြုကိုးကွယ်ခြင်း။

(၂) ယုံကြည်သူတစ်ဦး၊ အသက်ရှင်သင့်သည့်အတိုင်း အသက်ရှင် လိုက်လျှောက်နိုင်ရန် ကြိုးစား အားထုတ်လျက် အားနည်းသူများကို ဖေးမကူညီ လမ်းပြပို့ဆောင်ခြင်း၊ ကူညီရိုင်းပင်းလျက် တစ်ဦးနှင့် တစ်ဦး အစဉ်မစခြင်း။

(၃) ဖန်ဆင်းခံလောကတစ်ခုလုံး ပန်ဆင်းရှင်၏ မေတ္တာတော်ကို ခံစားနိုင်ဖိုရန် ဝမ်းမြောက်ဖွယ်ရာ ဧဝံဂေလိတရားကို နည်းလမ်းပေါင်းစုံဖြင့် ဖြန့်ဝေခြင်းတိုကို သင်းဝင်သူများအားလုံး လုပ် ဆောင်ရမည် ဖြစ်သည်။

ထို့ကြောင့် အသင်းတော်၏ စီမံခန့်ခွဲခြင်းဆိုသည်မှာ အသင်းတော် ဖွဲစည်းတည်ရှိရခြင်း၏ ဘုရားပေး ရည်မှန်းချက်ပန်းတိုင်ကို အောင်မြင်ပေါက်မြောက်စေခြင်းငှာ အသင်းတော်၏ လူအင်အား၊ ပစ္စည်းအင်အား၊ သတင်းအချက်အလက်အင်အားစသည့် အရင်းအနှီးများကို ထိထိ ရောက်ရောက်ဖြင့် အကျိုးရှိစွာ ကြိုတင်စီမံခြင်း၊ စုစည်း၊စည်းရုံး၊ ဖွဲစည်းဦးဆောင်၍ အကောင် အထည်ဖော်ခြင်းနှင့် ထိန်းသိမ်းခြင်းတို ပြုလုပ်ဆောင်ရွက်ခြင်းပင်ဖြစ်သည်။

အသင်းတော်အနေဖြင့် စီမံခန့်ခွဲမှုပြုလုပ်ရန်အတွက် မည့်သည့် လုပ်ငန်းတာဝန် ဝတ္တရားများ ခန့်အပ်စေခိုင်းခြင်းခံရပါသနည်း။ သမ္မာကျမ်းစာမှ ညွှန်ကြားပြဋ္ဌာန်းထားသည့် လောကကြီးထဲ၌ လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားများကို တုံပြန်ခြင်းနှင့် လုပ်ကိုင်ခြင်းသည် အသင်း တော်တည်ရှိခြင်း၏ အဓိကရည်ရွယ်ချက်တစ်ချက်ဖြစ်သည်။ ဤအမှုတော်များကို အသင်းတော် အနေဖြင့် လုပ်ဆောင်ရခြင်းမှာ –

၁) သခင်ယေရှု၏ ပညတ်တရားတော်ကို တုံပြန်လုပ်ဆောင်ခြင်း၊

သုံးပါးတစ်ဆူဘုရားအား မိမိ၏ ကိုယ်စိတ်နှလုံးသုံးပါးဖြင့် ချစ်ရန်နှင့် မိမိနှင့် သက်ဆိုင်သောသူ အားလုံးကို မိမိကိုယ်ကို ချစ်သကဲ့သိုချစ်ရမည်ဖြစ်သောကြောင့် ဤပညတ်ကိုအသင်းတော်အနေဖြင့် တုံပြန်၍ လုပ်သင့်သောအမှုတိုကို လုပ်ဆောင်ခြင်းဖြစ်သည်။

၂) သခင်ယေရှု၏ မဟာစေစားချက်ကို တုံပြန်လုပ်ဆောင်ခြင်း။

မိမိအသင်းတော်တွင်းသာမက မိမိရှိရာနေရာနှင့် လောကကမ္ဘာထဲတွင် ဖန်ဆင်းခံ လူသားများ အားလုံး သခင်ယေရှု၏ တပည့်တော်၊နောက်လိုက်များဖြစ်စေခြင်းငှာ အမှုတော်ဆောင်လျက် ဝန်ဆောင်မှုလုပ်ငန်းအမျိုးမျိုး လုပ်ဆောင်ခြင်းအားဖြင့် အသင်းတော်မှ ဤမဟာစေစားချက်ကို တုံပြန်လုပ်ဆောင်ခြင်းဖြစ်ပါသည်။

၃) ယုံကြည်သူများအားလုံး ကြီးရင့်သော ခရစ်ယာန်များဖြစ်လာရန်လုပ်ဆောင်ခြင်း။

အထက်ပါ အမှုတော်မြတ်တွင် ပါဝင်ဆက်ကပ် ဝန်ဆောင်မှုပေးရမည့် ခရစ်ယာန်များအား လိုအပ်သော ကာယ၊ ဉာဏ်၊ ဝိညာဏ၊ ခွန်အား၊ သတ္တိ၊ စွမ်းရည်များကို လေ့ကျင့်ပြုစုပျိုးထောင်ပေးရန်၊

တစ်လုံးတစ်ဝတည်းဖြင့် ညီညာစွာ လုပ်ကိုင်ဆောင်ရွက်နိုင်အောင် ကြိုးစားအားထုတ်ရန်အတွက် အသင်းတော်မှ ပြန်လုပ်ဆောင်ရမည်ဖြစ်သည် (ဧ ၄း၁၂-၁၅)။

၄) ကနဦးအသင်းတော်၏ လုပ်ဆောင်မှုများကို ဆက်လက်လုပ်ဆောင်ခြင်း။

ယုံကြည်ခြင်းတရားများကို သွန်သင်လိုက်လျှောက်ခြင်း၊ အချင်းချင်း မိတ်သဟာယ ဖွဲလျက် ပေါင်းသင်းဆက်ဆံခြင်း၊ ပွဲတော်မင်္ဂလာဝတ်ကို ချိန်းချက်သောအချိန်၌ ကျင်းပခြင်း၊ တစ်ဦးအတွက် တစ်ဦးဆုတောင်းပဋ္ဌနာပြုခြင်း၊ တစ်ဦးနှင့်တစ်ဦး ဂရုပြုကူညီမစခြင်း၊ ဘုရားရှင်နှင့် အစဉ်မပြတ် မိတ်သဟာယဖွဲခြင်းနှင့် မိမိတည်ရှိရာ နေရာဒေသတွင် ဝမ်းမြောက်ဖွယ်ရာ သတင်းစကားကို အစဉ်မပြတ် ဖြန့်ဝေခြင်းတို့ဖြစ်သည် (တ ၂း၄၂-၄၇)။

ထိုကြောင့်အသင်းတော်၏အဓိကလုပ်ငန်းများမှာ-

က။ ဝတ်ပြုကိုးကွယ်ခြင်း။

ခ။ သွန်သင်ဆုံးမခြင်း။

ဂ။ မိသဟာယဖွဲခြင်း။

ဃ။ ကြေငြာခြင်း။

င။ သက်သေခံခြင်း။

စ။ အစေခံဝန်ထမ်းခြင်း တိုဖြစ်ပါသည်။

ဤအသင်းတော်၏ လုပ်ငန်းများမှာ ယုံကြည်သူများကပြဌာန်းခြင်း၊ မဟုတ်ဘဲ ဘုရားရှင် ပေးထားပြီးသော အသင်းတော်တည်ရှိရခြင်း၏ ရည်ရွယ်ချက်များ ထိရောက်စွာနှင့် ပြီးပြည့်စုံစွာ လုပ်ဆောင်နိုင်ဖိုရန် အသင်းတော်အနေဖြင့် တုံပြန်လုပ်ဆောင်ခြင်းသာဖြစ်ပါသည်။ ဤသိုတုံပြန် လုပ်ဆောင်ရာတွင် အသင်းတော်၏ သဘောသဘာဝအရ (က) အသင်းတော်တွင်းအမှုတော်နှင့် (ခ) အသင်းတော်ပြင်ပအမှုတော်ဟူ၍ ကဏ္ဍ(၂)ခုခွဲပြီး လုပ်ဆောင်ရမည်ဖြစ်သည်။

အသင်းတော်တွင်း လုပ်ဆောင်ရမည့် အမှုတော်လုပ်ငန်းများ၏ ရည်ရွယ်ချက်မှာ ယုံကြည်သူများ၏ ဝိညာဉ်ရေးရာရင့်ကျက်ခိုင်မာမှု ရှိရန်၊ ခရစ်ယာန်ပီသသော အသက်တာဖြင့် အသက်ရှင်နိုင်ရန်၊ စစ်မှန်သော ဝတ်ပြုကိုးကွယ်မှုပြုရန်နှင့် ဧဝံဂေလိတရားကို ထိရောက် မှန်ကန် စွာဝေမျှသက်သေခံ အသက်ရှင်တတ်သူများဖြစ်လာရန် ပြုစုပျိုးထောင်ပေးခြင်းဖြစ်သည်။

ဤသိုလုပ်ဆောင်ရာတွင် အသက်အရွယ်အပိုင်းအခြားအရ လုပ်ဆောင်လျှင် ပို၍ ထိရောက်စွာ လုပ်ဆောင်နိုင်သည်ကို လေ့လာတွေ့ရှိရပါသည်။ ထိုကြောင့် အသင်းတော်တွင်း အမှုတော်မြတ် အနေဖြင့်

– နေ့ကလေးထိန်း (Nursery)၊

– မူကြို (Pre School)

– ကလေးငယ် (၅-၁ဝ နှစ်)။

– ဆယ်ကျော်သက် (၁၀-၁၈ နှစ်)။

– လူငယ် (၁၈-၂၄ နှစ်)။

– သက်ရွယ် (၂၅-၆ဝ နှစ်)၊

– သက်ကြီးပိုင်း (၆ဝ နှင့် အထက်) စသည်ဖြင့် အသက်အပိုင်းအခြားအလိုက် ထိရောက်သော ကာယ၊     ဉာဏ၊ စာရိတ္တ၊ ဝိညာဏ ပြုစုပျိုးထောင်မှုများကို လုပ်ကိုင်ဆောင်ရွက်ရမည်ဖြစ်သည်။

အသင်းတော်ပြင်ပ အမှုတော်မြတ်၏ ရည်ရွယ်ချက်မှာ သခင်ယေရှုစေခိုင်းခဲ့သော မဟာစေစားချက်ကို လက်တွေ့အကောင်အထည်ဖော်ခြင်းဖြစ်သည်။ အသင်းတော်ပြင်ပ အမှုတော်မြတ်မှာ –

  • အငယ်ဆုံးသောသူတိုအား ပြုစုပေးခြင်း။
  • ပညာဒါနဝေမျှခြင်း။
  • ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ။
  • သဘာဝဘေးအန္တရာယ်ကျရောက်သောအခါ ကူညီမစခြင်း၊ ပညာပေးခြင်း။
  • ငြိမ်းချမ်းရေးနှင့် ပြည်လည်သင့်မြတ်ရေးလုပ်ငန်းများတွင် ပါဝင်ခြင်း။

အစွန့်ပယ်ခံ လူတန်းစားတိုအတွက် ဦးဆောင်လျက် ထိုသူတို့၏ လူ့သိက္ခာပြန်လည်တည် ဆောက်နိုင်ဖိုရန် ကူညီလုပ်ဆောင်ခြင်းစသည်ဖြင့် အသင်းတော် ပြင်ပအမှုတော်မြတ် များစွာရှိပါသည်။

ဤဓမ္မသဘောတရားများက အသင်းတော်သည် ဝတ်ပြုရုံသက် သက်မကဘဲ လုပ်ဆောင်စရာ အလုပ် များစွာရှိကြောင်းနှင့် ဤလုပ်ငန်း” အောင်မြင်ဖို စနစ်တကျ စီမံခန့်ခွဲလုပ်ဆောင်ဖိုရန် လိုအပ်ကြောင်းကို ကျွန်ုပ်တိုအား သတိပေးနေပါသည်။ အသင်းတော် စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များ အသင်းတော် လုပ်ဆောင်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ စီမံခန့်ခွဲမှုပြုရာတွင် အောက်ပါအတိုင်း အဆင့်ဆင့်လုပ် ဆောင်ကြရမည် ဖြစ်ပါသည်။

 

၂။ အသင်းတော်စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များ။

အသင်းတော် လုပ်ဆောင်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍စနစ်ကျသော စီမံခန့်ခွဲမှုပြုရာတွင် အောက်ပါအတိုင်း အဆင့်ဆင့် လုပ်ဆောင်ကြရမည်ဖြစ်ပါသည်။

(၁) စီမံလျာထားခြင်း (Planning)။

(၂) စည်းရုံးဖွဲစည်းခြင်း (Organizing)။

(၃) လက်တွေ့အကောင်အထည်ဖော်ခြင်း (Implementation)။

(၄) ထိန်းသိမ်းကွပ်ကဲခြင်း (Controlling) တို့ဖြစ်ပါသည်။

(၁) စီမံလျာထားခြင်း (Planning)။

စီမံလျာထားခြင်းဆိုသည်မှာ ရေခံမြေခံအခြေအနေ၊ နောက်ခံ သမိုင်းကြောင်းပေါ် အခြေခံ လျက် အစီအစဉ်အလိုက် လုပ်ဆောင်ရမည့်အရာ၊ အမှန်တကယ် လုပ်ဆောင်ရမည့် လုပ်ငန်းဆောင် တာများ၊ပန်းတိုင်နှင့် ဦးတည်ချက်များ၊ သတ်မှတ်အချိန်ကာလ၊ ကုန်ကျမည့်ငွေ၊ စာရင်းဇယားတိုကို သတ်မှတ်ဖော်ထုတ် ရေးဆွဲခြင်း ဖြစ်ပါသည်။ အဓိကပါဝင်ရမည့်အရာများမှာ ရူပါရုံထားရှိခြင်း၊ ရည်ရွယ်ချက်နှင့် ပန်းတိုင်ချမှတ်ခြင်း၊ လုပ်ထုံးလုပ်နည်းမူဝါဒချမှတ်ခြင်း၊ လုပ်ငန်းစဉ် ရေးဆွဲခြင်းတိုဖြစ်ပါသည်။ ထိုကြောင့် စီမံလျာထားခြင်းသည် အသင်းတော်၏ လုပ်ငန်းများအောင် မြင်ဖိုအတွက် ရည်ရွယ်ချက်ရှိရှိ ပြုလုပ်သော၊ စုစည်းဖော်ဆောင်သော၊ စဉ်ဆက်မပြတ် လုပ်ဆောင်ရမည် ဖြစ်သော လုပ်ငန်းစဉ်ဖြစ်ပါသည်။

မိမိ၏ အသင်းတော်၏ အခြေအနေအရပ်ရပ်ကို ရှုထောင့်အမျိုးမျိုးမှလေ့လာပြီး သတ်မှတ်ဖော်ထုတ်ခြင်းဖြစ်ပါသည်။ လက်ရှိအခြေအနေနှင့် လုပ်ဆောင်ရမည့်အလုပ်၊ အဖွဲအစည်း များ၊ လုပ်ငန်းများအကြား ဆက်နွယ်မှုကို စဉ်းစားဆုံးဖြတ်ခြင်းဖြစ်ပါသည်၊ အနာဂတ်ကာလအတွက် စီမံကိန်းရေးဆွဲခြင်းဖြစ်ပါသည်။ ပန်းတိုင်များသို ရောက်ရှိရန် လုပ်ငန်းများ သတ်မှတ်ရေးဆွဲခြင်း ဖြစ်ပါသည်။

 

၁) စီမံလျာထားခြင်းသည် အသင်းတော်၏ စီမံခန့်ခွဲမှုအောင်မြင်ဖိုရန် အလွန်အရေးပါသော အချက်တစ်ချက်ဖြစ်သည်။ တိကျမှန်ကန်စွာ စီမံလျာထားခြင်းက

က။ ဦးတည်ချက်ပန်းတိုင်များသိုရောက်ရှိ အောင်မြင်ရန် ညွှန်ပြလမ်းညွှန်ပေးသည်။

ခ။ အချိန်ကာလပိုင်းခြားသတ်မှတ်ပေးနိုင်ပါသည်။

ဂ။ အမြင့်မားဆုံးအသုံးပြုနိုင်မည့် အရင်းအမြစ်အင်အားစုများကိုသတ်မှတ်ဖော်ပြပေးပါသည်။ လမ်းညွှန်မှုပြုပါသည်။

ဃ။ အားသာချက်၊ အားနည်းချက်များကို ဖော်ထုတ်သတ်မှတ်ပေး ပါသည်။

င။ ဆုံးဖြတ်ချက်ချမှတ်ရန် အကူအညီပေးနိုင်ပါသည်။

စ။ အရင်းအမြစ်အင်အားစုများ ပိုမို၍ ထိထိရောက်ရောက်အသုံး ပြုတတ်စေရန် ကူညီပါသည်။

ဆ။ ပြန်လည်သုံးသပ်ခြင်း၊ လေ့လာခြင်းနှင့် တိုးတက်ခြင်းတို့ဖြစ်စေပါသည်။ အားနည်းချက်၊ အားသာချက်များကို သိစေပါသည်။

ဇ။ ဖြစ်နိုင်ဖွယ် အပြောင်းအလဲများကို ကြိုတင်မှန်းဆပေးနိုင်ပါသည်။ လေ့လာသင်ယူရန်နှင့် တိုးတက်မှုရှိစေရန် ပံ့ပိုးပေးပါသည်။

စျ။ သင့်လျော်သောမူဝါဒများနှင့် အပြောင်းအလဲများတို့ကို ပြုလုပ်ပေးပါသည်။

 

၂) အသင်းတော်၏ လုပ်ငန်းများအတွက် စီမံချက်ရေးဆွဲရာတွင်အဟန့်အတား ဖြစ်စေမည့် အချက်များမှာ

က။ မည်သိုလုပ်ဆောင်ရမည်ကိုသိခြင်း၊

ခ။ အချိန်လုံလောက်မှုမရှိခြင်း။

ဂ။ စီမံချက်ရေးဆွဲရန်မလိုဟု ခံယူခြင်း။

ဃ။ ယခင်က တစ်ခါမှ မလုပ်ကိုင်ဖူးခြင်း။

င။ အနာဂတ်သည် မသေချာ၊ စီမံရန်ခက်ခဲသည်ဟု ထင်မြင်ယူဆခြင်း။

စ။ ဘုရားပြင်ဆင်ပေးလိမ့်မည်။ လုပ်ရိုးလုပ်စဉ်အတိုင်း ဆက်လက်သွားကြမည်ဟု ခံယူထားခြင်း။

၃) စီမံချက်များချမှတ်ရန်အတွက် အခြေခံအဆင့်များ (Basic Steps)

က။ ပန်းတိုင်ချမှတ်ပါ။ ရောက်လိုသည့်အရပ်၊ ရရှိလိုသည့်အကျိုးကို

ပီပြင်စွာသိဖိုရန် လိုအပ်ပါသည်။

ခ။ မဟာဗျူဟာများရေးဆွဲပြင်ဆင်ပါ။

ဂ။ အရန်လုပ်ဆောင်ချက်လမ်းကြောင်းများသတ်မှတ်ပါ။

ဃ။ လိုအပ်သော အရင်းအမြစ်အင်အားများကို သတ်မှတ်ဖော်ထုတ်ပါ။

င။ အစီအစဉ်အချိန်ဇယားကို ရေးဆွဲပါ။

 

၄) ပန်းတိုင် (Goal)။

ပန်းတိုင်ဆိုသည်မှာ လိုလားသောရလဒ်များဖြစ်ပါသည်။ ဦးတည်ရာလမ်းကြောင်းကို ပြညွှန်ပါသည်။ ပန်းတိုင်၏ ထူးခြားသော ဝိသေသလက္ခဏာများကို “SMART” ဆိုသော ဝေါဟာရဖြင့် ရှင်းလင်းလွယ်ကူစွာ အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါသည်။

 

Specific           – တိကျရပါမည်။

– အာရုံစိုက်ရမည့်ပြဿနာ၏ တိကျသောသဘာဝ

– ပြဿနာကြုံတွေ့ရင်ဆိုင်နေရသူများ

 

– ပြဿနာကြုံတွေ့နေရသော နေရာအတိအကျ

Measurable    – တိုင်းတာနိုင်ရပါမည်။

– ရေတွက်တိုင်းတာ ပမာဏပြုနိုင်ရပါမည်။

 

 

Attainable       – ရရှိနိုင်ရပါမည်။

– အသုံးပြုမည့် အရင်းအမြစ်အင်အားများသည် အမှန် တကယ်ရရှိနိုင်ရမည်။

– လက်တွေ့မဆန်သော စိတ်ကူးယဉ်အိပ်မက် မဖြစ်စေရပါ။

 

Result – oriented       – ရလဒ်အပေါ်အခြေခံရပါမည်။

– နောက်ဆုံးရလဒ်သည် ဖြစ်ပေါ်လာနိုင်ခြေရှိသော

ပြဿနာများကို ကြိုတင်ဖြေရှင်းနိုင်ခြင်း(သို) ဦးတည်

ရပါမည်။

Time – bounded        – အချိန်ကာလအပိုင်းအခြားရှိရပါမည်။

– ပန်းတိုင်ရောက်ရှိရမည့် အချိန်ကာလ ကန့်သတ်

ချက် ရှိရပါမည်။ (ဥပမာ-‘Short term, Long term’)

 

၅) အစီအစဉ်ရေးဆွဲခြင်း (Scheduling)။

စီမံလျာထားရာတွင်ပါဝင်သော လုပ်ဆောင်ချက်တစ်ခုစီအတွက် အချိန်ကာလပိုင်းခြား သတ်မှတ်လျက် လုပ်ငန်းစဉ်ကို ရေးဆွဲထားခြင်း ဖြစ်ပါသည်။ အစီအစဉ်တကျဖြစ်ခြင်းနှင့် ကျိုးကြောင်းဆက်စပ်မှုရှိရပါမည်။ စီမံကိန်းဦးတည်ရာ၊ ကြိုတင် ပြင်ဆင်ချိန်၊ ဦးဆောင်ကွပ်ကဲမှု ပြုခြင်းနှင့် လိုအပ်သလို အပြောင်းအလဲများ အချိန်မီ ပြုလုပ်နိုင်ရေး တို့အတွက် အစီအစဉ်ရေးဆွဲ ခြင်းသည် အလွန်အရေးကြီးပါသည်။

အချိန်လုံလောက်မှုရှိမရှိ၊ ကြိုတင်စီစဉ်မှုတိုသည် အစီအစဉ်တကျဖြစ်မဖြစ်၊ လိုက်လျော ညီထွေမှုရှိမရှိ၊ ဆီလျော်မှု ရှိမရှိ၊ သတ်မှတ်အပိုင်းအခြား ရှည်ကြာလွန်းခြင်း၊ တိုတောင်းလွန်းခြင်း စသည် တို့ကို ထည့်သွင်းစဉ်းစားရပါမည်။

 

(၂) စည်းရုံးဖွဲ့စည်းခြင်း (Organizing)။

ဖန်ဆင်းခံလူသားတစ်ဦးမှ ခရစ်ယာန်တစ်ဦးဖြစ်လာခြင်းမှာ မိမိ ၏ရွေးချယ်မှုမဟုတ်ပါ။ ဓမ္မသစ်ကျမ်း၏ ဖွင့်ပြချက်အရထိုသူကို ဘုရားရှင်က ရွေးချယ်ခြင်းဖြစ်ပါသည်(ယော ၁၅း၁၆)။ သခင်ယေရှုဦးဆောင်ခြင်းမရှိသော အသက်တာမှ သခင်ယေရှု၏ ဦးဆောင်မှုအောက်သို ရောက်သော သူများသည် ရွေးချယ်ခံရသောသူ၊ ဘုရားရှင်နှင့် အစဉ်မိတ်သဟာယဖွဲရသော ယဇ်ပုရောဟိတ်၊ လူ့ဘဝအသက်တာတွင် သန့်ရှင်းမြင့်မြတ်စွာ နေထိုင်ရသူ၊ ဘုရားရှင်နှင့် အစဉ် မိတ်သဟာယဖွဲ ရသော ယဇ်ပုရောဟိတ်၊ လူ့ဘဝအသက်တာတွင် သန့်ရှင်းမြင့်မြတ်စွာနေထိုင်ရသူ၊ ဘုရားရှင် ပိုင်ဆိုင်သော တော်ဝင်အနွယ်တော်များ ဖြစ်လာခဲ့ပါသည် (၁ပေ ၂း၉)။ ထိုကဲ့သိုသော ကယ်တင်ခြင်း ဆုကျေးဇူး များရရှိခြင်းသည်လည်း မိမိတိုပြုသော ကုသိုလ်ကောင်းမှု ကြိုးစားအားထုတ်မှုများကြောင့် မဟုတ်ဘဲ၊ မိမိတိုအတွက် အသေခံခဲ့သော သခင်ယေရှုကို ယုံကြည်ခြင်းအားဖြင့် ထိုယုံကြည်ခြင်းကို နှစ်သက်သော ဘုရားသခင်၏ကျေးဇူးတော်သက်သက်ကြောင့်သာရရှိခြင်း ဖြစ်သည်။ အသစ်တစ်ဖန် မွေးဖွားခြင်းခံ၍ အသက်တာ ပြောင်းလဲပြီးသောသူများသည် တစ်ဦးတည်း မနေရဘဲ သခင်ယေရှု၏ ခန္ဓာတည်းဟူသော အသင်းတော်တွင် ယုဒမရှိ၊ ဟေလသလူမရှိ၊ ကျွန်မရှိ၊ လူလွတ်မရှိ၊ ယောက်ျားမရှိ၊ မိန်းမမရှိ အားလုံးသည် ခရစ်ယာန်များ ဖြစ်လာတော့သည်။ သခင်ယေရှု၌ တစ်လုံးတစ် ဝတည်း ဖြစ်ကြရ၏။

ထိုကြောင့် ခရစ်ယာန်အသင်းတော် တစ်ပါးပါးတွင် ပါဝင်သော အဖွဲအစည်းဝင်များ ကို ခရစ်ယာန်များဟု ခေါ်ဝေါ်ကြသည်။ ဤခရစ်ယာန် °Christian’ ဆိုသောဝေါဟာရကို ဓမ္မသစ်ကျမ်း တွင် သုံးကြိမ်အသုံးပြုခဲ့ကြောင်း သိရှိပါသည် (တ ၁၁း၂၆၊ ၂၆း ၂၈။ ၁ပေ ၄း၁၆)။ ဤဝေါဟာရသည် ဂရိဘာသာစကား “Greek” ဖြစ်သော “Christianos’ (ခရစ်တော်၏ နောက်လိုက်များ) ဟူသော စကားလုံးမှ ဆင်းသက်လာ ပါသည်။ ခရစ်ယာန်ဟူသော အခေါ်အဝေါ်ကို အန္တိအုတ်မြို “Antioch” သားများမှ သခင်ယေရှု၏ နောက်လိုက်များဟု ခေါ်ဝေါ်ရခြင်းမှာ ထိုအချိန်က သခင်ယေရှု နောက်လိုက်ခဲ့ကြသော ယုံကြည်သူများ၏ စိတ်နေစိတ်ထား၊ နေ့စဉ်အသက်တာနှင့် ပြုမူပြောဆိုခြင်း အစခပ်သိမ်းတို့သည် သခင်ယေရှုကဲ့သို ထပ်တူဖြစ်ခဲ့၍ သခင်ယေရှု နောက်လိုက်များဟု ခေါ်ဝေါ်ရခြင်းဖြစ်သည်။ ထိုကြောင့် ခရစ်ယာန်ဆိုသော ဝေါဟာရ၏ မူလအနက်မှာ“သခင်ယေရှု ၏မူဝါဒ ခံယူချက်များကို နားလည်လက်ခံ ကျင့်သုံးလျက် သခင်ယေရှု၏ ဦးဆောင်လမ်းညွှန် မှုနောက်သိုလိုက်သော ယုံကြည်သူတပည့်တော်များ” ဟု အဓိပ္ပာယ်ရပါသည်။

နှစ်ခြင်းအသင်းဝင်တစ်ဦးဖြစ်ဖို့ရန် လူတစ်ဦးသည် မိမိအသက်တာ၌ သခင်ယေရှု ဦးဆောင်မှုမရှိဘဲ မိမိကိုယ်မိမိ ဦးဆောင်အသက်ရှင်ခဲ့ခြင်းများမှ နောင်တရလျက် သခင်ယေရှု အရှင်ကို မိမိဘဝ၏ ကယ်တင်ပိုင်ရှင်နှင့် အသက်တာ၏ အရှင်သခင်အဖြစ် ဆက်ကပ်အပ်နှံရပေမည်။ ထိုယုံကြည်ဆက်ကပ်ခြင်း၏ ပုံသက်သေအဖြစ် လူရှေ့၊ ဘုရားရှေ့တွင် ရေ၌ နှစ်ခြင်းမင်္ဂလာ အမှုအားဖြင့် သက်သေပြုရမည်။ ထိုသက်သေပြုခြင်းသည် မိမိအသက်တာဟောင်းကို ရေသင်္ချိုင်း၌ နစ်မြှုပ်ခဲ့လျက် ရေ၌တစ်ဖန် ပြန်လည်ပေါ်ထသော အသက်တာသစ်ဖြင့် အသက်ရှင်ခြင်းဟုလည်း နားလည်ရပါသည်။ ယုံကြည်သူတစ်ဦးသည် မိမိတစ်ဦးတည်း အသက်ရှင်ခြင်းမဟုတ်ဘဲ သခင်ယေရှု နောက် ကို လိုက်နေကြသည့် အခြားသော ယုံကြည်သူ အစုအဝေးဖြင့် အသင်းဝင်ရမည်ဖြစ်သည်။ ထိုသို အသင်းဝင်ခြင်းသည်ပင်လျှင် မိမိ၏ အသက်တာသစ်တွင် ဘုရားရှင်၏ အမှုတော်မြတ်ကို စတင်ထမ်းဆောင်ခြင်းဖြစ်သည်။ သခင်ယေရှု၏ နောက်တော်လိုက်ခြင်းဆိုသည်မှာ သခင်ယေရှု၏ တရားတော်အတိုင်းမင်္ဂလာရှိသော အသက်တာ၌ အသက်ရှင်လျက် သခင်ယေရှု ညွှန်ကြားသော အမှုတော်တိုကို ခရစ်တော် ခန့်အပ်သောနေရာမှ ဝန်ဆောင်မှုပေးခြင်းဖြစ်ပါသည်။

အသင်းတော်လုပ်ငန်းများသည် တစ်ဦးကောင်း လုပ်ဆောင်၍ရသောအလုပ်များ မဟုတ်ပါ။ အသင်းဝင်အားလုံး စုပေါင်းဆောင်ရွက်မှသာ အောင်မြင်မှုရရှိမည်ဖြစ်သည်။ ထိုကြောင့် စည်းရုံးဖွဲစည်း ခြင်းသည် အသင်းတော်၏ စုပေါင်းလုပ်ငန်းအတွက် အရေးပါသော တန်ဆာပလာ တစ်ခုဖြစ်ပြီး တိုးတက်အောင်မြင်မှုကို ရေရှည်တည်တံ့စေပါသည်။ ပြဿနာဖြေရှင်းခြင်း အတွက်လည်း အထောက်အကူပြုပေးပါသည်။ အဖွဲဝင်များအား လုပ်ငန်းတာဝန်များကို တက်ကြွစွာ ထမ်းဆောင် လာစေရန်အတွက် အင်အားတစ်ရပ်လည်း ဖြစ်ပါသည်။

အသင်းတော်လုပ်ဆောင်ရမည့် စည်းရုံးဖွဲစည်းခြင်း လုပ်ငန်းစဉ်တွင် အဆင့်(၃)ဆင့် ရှိပါသည်။

၁) စွမ်းရည်ရှိသော ခေါင်းဆောင်များကို ရွေးချယ်ခြင်း (Spotting Potential Leaders)

၂) အမာခံအဖွဲ ဖွဲစည်းခြင်း (Core Group Formation)။

  1. P) အဖွဲ့အစည်း‌တည်ထောင်ခြင်း (Setting up the Organization)တို့ဖြစ်ပါသည်။

 

၁) စွမ်းရည်ရှိသော ခေါင်းဆောင်များကို ရွေးချယ်ခြင်း

(Spotting Potential Leaders)

ဤအဆင့်တွင် အသင်းတော်လုပ်ငန်းများ အောင်မြင်စွာ လုပ်ဆောင်နိုင်စွမ်းရှိသော ဦးဆောင်နိုင်စွမ်းရှိသူများကို သတ်မှတ်ဖော် ထုတ်စုစည်းခြင်းဖြစ်ပါသည်။

ခေါင်းဆောင်၏ စံနှုန်းများ (Criteria) မှာ –

  • ထာဝရဘုရား၌ ယုံကြည်ကိုးစားခြင်း။
  • လူမှုဝန်းကျင်အကြောင်း သေချာစွာနားလည်ခြင်း၊

 

  • အများအတွက် ဆက်ကပ်အစေခံရန် ဆန္ဒရှိခြင်း။

 

  • သွန်သင်တတ်သူ၊ သွန်သင်မှုကိုခံယူတတ်သူဖြစ်ခြင်း။

 

  • အချိန်အခါ၊ အခြေအနေ၊ နေရာဒေသနှင့်သဟဇာတဖြစ်အောင်နေထိုင်တတ်သူဖြစ်ခြင်း။

 

  • လူထု၏ အကြည်ညိုလေးစားခံရသူဖြစ်ခြင်း၊ သိက္ခာသမာဓိနှင့်ပြည့်စုံခြင်း။

 

  • လူမှုဆက်ဆံရေး ကျွမ်းကျင်လိမ္မာကောင်းမွန်သူဖြစ်ခြင်း။

 

  • ယုံကြည်စိတ်ချစွာ တာဝန်အပ်နှင်းခံထားရသူဖြစ်ခြင်း။

 

  • စိတ်ဓာတ်မြင့်မားတက်ကြွပြီး စွမ်းဆောင်နိုင်သူ၊ စိတ်ဆန္ဒပြင်းပြသူဖြစ်ခြင်း စသော အရည်အချင်းများ ရှိသင့်သည်။

 

၂) အမာခံအဖွဲ ဖွဲစည်းခြင်း (Core Group Formation)။

အမာခံအဖွဲသည် ခရစ်ယာန်များ အတူတကွ လုပ်ဆောင်တတ်ရန်အတွက် စံနမူနာ ဖြစ်ပါသည်။ အသိအမြင်ဖွင့်ပေးရာ နေရာလည်းဖြစ်ပါသည်။ အမြင်များနှင့် ဗဟုသုတများ ဖလှယ်ရာ နေရာလည်း ဖြစ်ပါသည်။ အသင်းတော်၏ အလုပ်များကို အဓိက လုပ်ဆောင်မည့်သူများဖြစ်ပြီး ရည်ရွယ်ချက် ပြီးပြည့်စုံလာရန်အတွက် စတင်လုပ်ဆောင်ရမည်ဖြစ်ပါသည်။

 

၃) အဖွဲအစည်းတည်ထောင်ခြင်း (Setting up the Organization)။

ဤနေရာသည် အသင်းတော်၏ စုစည်းခြင်းကို ပြညွှန်သောစံညွှန်းဖြစ်ပါသည်။ အသင်းတော် လုပ်ငန်း သဘောသဘာဝများအရ ဖွဲ့စည်းထားသော အဖွဲအသီးအသီးရှိ အဖွဲဝင်များ၌ တူညီသော စိတ်ဝင်စားမှု ကိုယ်စီရှိလျက် ဤအမာခံအဖွဲဖြင့် အသင်းသူ၊ အသင်းသားများ အားလုံးပါဝင်သော စီမံကိန်းရေးဆွဲခြင်း၊ ပါဝင်ရောယှက်ဆောင်ရွက်ခြင်း၊ ပြန်လည်သုံးသပ်ခြင်းများ ပြုလုပ်ရပါသည်။ ဤအမာခံအဖွဲ့    အစည်းတစ်ခုတွင် မရှိမဖြစ် ရှိရမည့်အရာများမှာ-

  • ဖွဲစည်းတည်ဆောက်ပုံအခြေခံစည်းမျဉ်း။
  • အမှုဆောင်ဝန်ထမ်းများရွေးချယ်ခြင်း။
  • လုပ်ပိုင်ခွင့်နယ်ပယ်သတ်မှတ်ခြင်း တို့ဖြစ်ပါသည်။

 

(၃) လက်တွေ့အကောင်အထည်ဖော်ခြင်း (Implementation)

အသင်းတော်၏ လုပ်ငန်းတစ်ခုအောင်မြင်ပြီးစီးမှုအတွက် အရေးကြီးဆုံးအချက်မှာ ယင်းလုပ်ငန်းများကို စာရွက်ပေါ်တွင်သာ ရေးဆွဲခြင်းမဟုတ်ဘဲ တကယ်လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်ပါသည်။ အသင်းတော်၏ ရည်ရွယ်ထားသော အမှုတော်မြတ်များကို လက်တွေ့ အကောင် အထည်ဖော်ခြင်း လုပ်ငန်းစဉ်တွင် ပါဝင်သော အချက်များမှာ-

၁) ညွှန်ကြားခြင်း (Directing)။

၂) ပေါင်းသင်းဆက်ဆံခြင်း (Communication)။

၃) ခေါင်းဆောင်မှုပေးခြင်း (Leading)။

၄) ဆုံးဖြတ်ချက်ချမှတ်ခြင်း (Decision Making) တို့ဖြစ်ပါသည်။

 

၁) ညွှန်ကြားခြင်း (Directing)။

အသင်းတော်စီမံခန့်ခွဲခြင်း၏ အဓိကရည်ရွယ်ချက်မှာ အသင်းတော်၏ ရည်မှန်းချက်များ အောင်မြင်စေရေးအတွက် အသင်းဝင်များ၏ ပူးပေါင်းကူညီမှုကို စည်းရုံးရယူခြင်းဖြစ်ပါသည်။

အသင်းတော်၏ လုပ်ငန်းများမှာ လူအများ စုပေါင်းဆောင်ရွက်ရ သောလုပ်ငန်းဖြစ်ရာ သူလုပ်နိုး၊ ကိုယ်လုပ်နိုးနှင့် လူများ၍ ပွဲမစည်သောလုပ်ငန်း လစ်ဟာမှုမျိုးမဖြစ်စေရန်တိကျသော ညွှန်ကြားခြင်းသည် အရေးကြီးပါသည်။ တိကျသော ညွှန်ကြားခြင်းမျိုးဖြစ်စေရန် အောက်ပါ အချက်များကို အထူးအာရုံစိုက်သင့်ပါသည်။

က။ ရည်မှန်းချက်များကို နားလည်သဘောပေါက်ရန်။

ခ။ ညွှန်ကြားချက်များ လိုက်နာဆောင်ရွက်ရန်။

ဂ။ တိုက်ရိုက်ကြီးကြပ်ကွပ်ကဲ ညွှန်ကြားရန်။

ဃ။ ဆီလျော်စွာ ညွှန်ကြားတတ်ရန်။

င။ ပြည့်စုံသော ညွှန်ကြားချက်များဖြစ်စေရန်။

စ။ သတင်းအချက်အလက်များ လုံလောက်မှုရှိစေရန် တို့ဖြစ်ပါသည်။

 

၂) ပေါင်းသင်းဆက်ဆံခြင်း (Communication)။

အသင်းတော်တွင် မည်သည့်အလုပ်ကိုမဆို လုပ်ကိုင်ဆောင်ရွက် သည့်အခါများတွင် ထိရောက်စွာ ပေါင်းသင်းဆက်ဆံဆက်သွယ်နိုင်ရေးမှာ အရေးကြီးပါသည်။ စီမံခန့်ခွဲမှု၌ ထိရောက်စွာ ပေါင်းသင်း ဆက်ဆံတတ်ရန်မှာ အလွန်အရေးပါသော အရည်အသွေး တစ်ရပ်ဖြစ်ပါသည်။ ဤနေရာ၌၊-

က။ ဆီလျော်သော ဆက်သွယ်ရေးလမ်းကြောင်းကို ရွေးချယ်တတ်ရပါမည်။

ခ။ သင့်လျော်သောအချိန်ကို ရွေးချယ်တတ်ရပါမည်။

ဂ။ မည်သူ့ထံဆက်သွယ်ရမည်ကို မှန်ကန်စွာ ရွေးချယ်တတ်ရပါမည်။

ဃ။ ဆီလျော်ညီညွတ်သော အသုံးအနှုန်းများကို သုံးစွဲတတ်ရပါမည်။

၃) ခေါင်းဆောင်မူပေးခြင်း (Leading)

အသင်းတော်၏ စီမံခန့်ခွဲမှုတွင် ရှိသင့်ရှိထိုက်သော အရည်အချင်းတစ်ရပ်မှာ ခေါင်းဆောင် မှုပေးခြင်းဖြစ်ပါသည်။ ခေါင်းဆောင်မှုပေးခြင်းဟူသည်မှာ အဖွဲသားအားလုံးတို ရည်မှန်းထားကြသည့် ပန်းတိုင်သို့ ရောက်ရှိရေးအတွက် အသင်းသူ အသင်းသားတိုင်း မိမိတို ကိုယ်စီလုပ်ဆောင်ရမည့် လုပ်ငန်းများကို စိတ်ပါလက်ပါ တက်တက်ကြွကြွဆောင်ရွက်ကြရန် နှိးဆော်ဆွဲဆောင်နိုင်မှုပေးခြင်း ဖြစ်ပါသည်။

စနစ်ကျသော ခေါင်းဆောင်မှုပေးနိုင်ရန်အတွက်-

  • လုပ်ငန်းဆိုင်ရာ အတတ်ပညာများကို တတ်သိနားလည်ထားခြင်း ရှိရပါမည်။
  • ရုပ်ပိုင်းဆိုင်ရာ ကျန်းမာမှုနှင့် စိတ်ပိုင်းဆိုင်ရာ ရဲရင့်တက်ကြွမှုရှိပါမည်။
  • ဇွဲရှိရှိကြိုးစားဆောင်ရွက်ဘတ်ရပါမည်။
  • ကိုယ်ကျိုးမဖက်ဘဲ အသင်းတော်၏ ရည်ရွယ်ချက်များ အောင်မြင်ဖို့ရန် ဦးစားပေး ဆောင်ရွက်တတ်ရပါမည်။
  • လူအများ၏ယုံကြည်ကိုးစားခြင်း ခံရသူဖြစ်ရပါမည်။
  • မှန်ကန်စွာ ကျင့်ကြံပြောဆို ပြုမူဆောင်ရွက်တတ်ရပါမည်။
  • အလုပ်ကို စိတ်ပါလက်ပါ ဆောင်ရွက်တတ်ရပါမည်။
  • အားနည်းသူများအပေါ် သနားကြင်နာညှာတာတတ်ရပါမည်။
  • သည်းခံနိုင်စွမ်းရှိရပါမည်။
  • အရာရာကို ယထာဘူတကျကျ ဆင်ခြင်သုံးသပ်တတ်ရပါမည်။
  • ဆက်ဆံရေးပြေပြစ်ကောင်းမွန်ရပါမည်။
  • ကိုယ်ကျင့်တရားကောင်းမွန်စံထားထိုက်သူဖြစ်ရပါမည်။
  • ဆုံးဖြတ်ချက်များကို ပီပြင်ပြတ်သားစွာနှင့် မှန်ကန်စွာ ဆုံးဖြတ်နိုင်စွမ်းရှိရပါမည်။
  • စိတ်သဘောနူးညံ့သိမ်မွေ့ဖြောင့်မှန်ခြင်းရှိရပါမည်။
  • ထိုးထွင်းဉာဏ်၊ ဟာသဉာဏ်နှင့် ပြည့်စုံပြီး အပြုသဘောဆောင်စွာ ရှုမြင်တတ်ရပါမည်။
  • တရားမျှတစွာ ဆောင်ရွက်တတ်ရပါမည်။

၄) ဆုံးဖြတ်ချက်ချမှတ်ခြင်း (Decision Making)။

ဆုံးဖြတ်ပိုင်ခွင့်မရှိသော စီမံခန့်ခွဲမှုသည် ရေတွင် အရုပ်ရေးသည် နှယ်ပင်ဖြစ်ပေမည်။ ဆုံးဖြတ်ချက်ချမှတ်ခြင်းဆိုသည်မှာ လုပ်ဆောင်ဖွယ်ရာနှစ်ခု (သိုမဟုတ်) များစွာထဲမှ မည်သည့် အရာကို လုပ်ဆောင် ရမည်ဟူ၍ ရွေးချယ်ခြင်းဟု ဆိုနိုင်ပါသည်။ လုပ်ငန်းတစ်ခုခုကို ရွေးချယ်ခြင်း၊ လုပ်သင့်သည်ကို ရွေးချယ်ခြင်း၊ ဆွေးနွေးချက်များ၊ ပြဿနာများအတွက် အဆုံးသတ် အဖြေပေးခြင်း တို့ဖြစ်ပါသည်။ အသင်းတော်၏စီမံခန့်ခွဲမှုတွင် မည်သူတိုက ဆုံးဖြတ်ပိုင်ခွင့်ရှိသနည်း၊ ထိုဆုံးဖြတ် ပိုင်ခွင့်ကို မည်သူ့ထံမှ ရရှိသနည်းဟူသော အခြေခံသဘောတရားကိုနားလည်ရန်အတွက် နှစ်ခြင်းအသင်းတော်တွင်းရှိ ဆုံးဖြတ်ပိုင်ခွင့်ရှိသော တာဝန်ခံပုဂ္ဂိုလ်များအကြောင်း နားလည်သဘော ပေါက်ရန် လိုအပ်ပါသည်။ ဓမ္မသစ်ကျမ်း၏ သွန်သင်ညွှန်ကြားချက်အရ နှစ်ခြင်းအသင်းတော်၏ တာဝန်ခံပုဂ္ဂိုလ်များမှာ-

  • အချိန်ပြည့်အမှုတော်ဆောင်။
  • သင်းထောက်များ ဖြစ်ပါသည်။

နှစ်ခြင်းခရစ်ယာန် ယုံကြည်ချက်နှင့် ကျင့်သုံးမှုအရ နှစ်ခြင်းခံပြီးသော ယုံကြည်သူတိုင်းသည် ဘုရားသခင်၏ ယဇ်ပုရောဟိတ်များ (သို့မဟုတ်) အမှုတော်ဆောင်များ(Ministers) ဖြစ်သော်လည်း ဘုရားရှင်၏ ခေါ်ယူစေခိုင်းခံရခြင်းနှင့် ဝိညာဉ်ဆုကျေးဇူးပေါ်မူတည်၍ လူတချို့ကို အသင်းတော်၏ အရေးကြီးသောလုပ်ငန်းများ အောင်မြင်စွာလုပ်ဆောင်နိုင်ဖိုရန် တိကျသောနေရာ၊ လုပ်ငန်းခွင်များ ပေးအပ်ကြောင်း ယုံကြည်လက်ခံကြပါသည်။

 

က။ သင်းအုပ် (Pastor)နှင့် အချိန်ပြည့်အမှုတော်ဆောင် (Full Time Minister)

ဓမ္မသစ်ကျမ်းတွင် သင်းအုပ်ဟူသော စကားကို ကွဲပြားသောအသုံးအနှုန်း(၃)မျိုးဖြင့် သုံးထားသည်ကို လေ့လာတွေ့ရှိရပါသည်။

၎င်းတို့မှာ-

  • သက်ကြီးသူ (Elder)၊
  • သင်းအုပ် (Pastor)။
  • အုပ်သောသူ (Bishop) တို့ဖြစ်ကြသည် (တ ၂၀း၁၇-၂၈။ ၁ပေ ၅း၁-၅)။

အသင်းတော်ကို ဦးဆောင်ရမည့် သင်းအုပ်ကို ခန့်အပ်ဖိုရန် အတွက် ဓမ္မသစ်ကျမ်းမှ ညွှန်ကြားထားသော အရည်အသွေးနှင့် ကိုက်ညီသူကို သင်းအုပ်အဖြစ်တင်မြှောက်ကြပါသည် (၁တိ ၃း၁-၇။ တိတု ၁:၅-၉)။ နှစ်ခြင်းအသင်းသူ အသင်းသားများအနေဖြင့် မိမိတို အသင်းတော်တွင် ခန့်အပ်မည့်အမှုတော်ဆောင်များကို စိတ်ကြိုက်ရွေးချယ်ပိုင်ခွင့်ရှိပါသည်။ အသင်းတော်အနေဖြင့် မိမိတို၏ သင်းအုပ်နှင့် အမှုတော်ဆောင်များအတွက် ဆုတောင်းပေးခြင်း၊ လိုအပ်သော ရိက္ခာငွေကြေးအားလုံး စီမံပေးခြင်းနှင့် အသင်းတော်၏ရည်ရွယ်ချက်များပြည့်စုံ စေရန်အတွက် သင်းအုပ်နှင့် အတူတကွ ပူးပေါင်းလုပ်ဆောင်ခြင်းတို ဖြစ်ပါသည်။ ထိုနည်းတူ သင်းအုပ်အနေဖြင့် လည်းအသင်းသားများအတွက် ဆုတောင်းပေးခြင်း၊ လိုအပ်သောဓမ္မဝတ်များကို လုပ်ဆောင်ပေးခြင်း၊ ဝန်ဆောင်မှုပေးသောခေါင်းဆောင်မှုကို ပြုလုပ်ခြင်းတိုကို လုပ်ဆောင်ရပေသည်။ ယခုကာလတွင် ဤသင်းအုပ်ဟူသော ကဏ္ဍထဲသို အသင်းတော်မှခန့်အပ်သော အချိန်ပြည့်ဓမ္မအမှုတော်ဆောင် အားလုံးကို ထည့်သွင်းရမည် ဖြစ်သည်။ ဤအချိန်ပြည့် ဓမ္မအမှုတော်ဆောင်အားလုံးသည် ဘုရားရှင်ပေးထားသော အသင်းတော်၏ တည်ထောင်ရခြင်း ရည်ရွယ်ချက်များပြည့်စုံ လာစေရန် အဓိကလုပ်ဆောင်ရမည့် ခေါင်းဆောင်များ ဖြစ်ပါသည်။

 

ခ။ သင်းထောက်များ။

နှစ်ခြင်းအသင်းတော်တွင် ဆုံးဖြတ်ပိုင်ခွင့် တာဝန်ရှိသော ဝန်ဆောင်မှုပေးရမည့် ဒုတိယအဖွဲမှာ သင်းထောက်များအဖွဲများ ဖြစ်ပါသည်။ သင်းအုပ်ခန့်အပ်ရန် ရံဖန်ရံခါ အခြား အသင်းတော်မှ ပုဂ္ဂိုလ် တစ်ဦးဦးကို ခန့်အပ်လေ့ရှိသော်လည်း သင်းထောက်များကိုမူယေဘုယျအားဖြင့် မိမိအသင်းတော် တွင်း၌ ပါဝင်လှုပ်ရှားသူများကိုသာ ရွေးချယ်လေ့ရှိပါသည်။ ဓမ္မသစ်ကျမ်းမှ သင်းထောက်အရည် အသွေး (၁တိ ၃း၈-၁၃)အပေါ် စံထား၍ အသင်းတော်၏ လုပ်ငန်းများကို ဝန်ဆောင်မှု ပေးမည့် သင်းထောက်များ ရွေးချယ်လေ့ရှိပါသည်။

သင်းထောက်များ၏ အသင်းတော်တွင် ဝန်ဆောင်မှုလုပ်ငန်းစတင်မှုကို (တ ၆း၁-၆)တွင် တွေ့နိုင်ပါသည်။ သင်းထောက်များ၏ အဓိကတာဝန်မှာ အသင်းတော်တွင်း၌ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ဖိုရန်ဖြစ်ပါသည်။ ထိုသိုလုပ်ဆောင်ပေးမှသာအချိန်ပြည့် မွေးအမှုတော်ဆောင်များက ဝိညာဉ်ရေးရာလိုအပ်ချက် ဝန်ဆောင်မှုများကို ပို၍ အာရုံစိုက်ဖြည့် ဆည်းပေးနိုင်မည်ဖြစ်သည်။

နှစ်ခြင်းအသင်းတော်၌ သင်းထောက်များကို အသင်းတော်၏ဆုံး ဖြတ်ပိုင်ခွင့်ရှိသော အာဏာရှိအဖွဲအစည်း သက်သက်အနေဖြင့်သာမခံယူဘဲ ဝန်ဆောင်မှုပေးခြင်းကို အဓိကထား သည့် ခေါင်းဆောင်မှုအနေဖြင့်သာ လက်ခံကြပါသည်။ ဤသင်းထောက်များအဖွဲကို ရွေးချယ်ရာ၌ အသင်းတော် တစ်ခုလုံးပါဝင်ရန်လိုအပ်ပါသည်။ အသင်းတော်တစ်ခုပေါ်မူတည်၍ သင်းထောက်များ၏ လုပ်ငန်းများ ကွဲပြားကြမည်ဖြစ်သော်လည်း အခြေခံအားဖြင့် အသင်းတော်၏ ရည်ရွယ်ချက်များ ထမြောက်အောင်မြင်ရန် အချိန်ပြည့် ဓမ္မအမှုတော်ဆောင်များနှင့် အတူတကွ လက်တွဲ လုပ်ဆောင် လျက် မိမိတိုဝန်ဆောင်မှုပေးရမည့်လုပ်ငန်းဆောင်တာများကို ကျေပွန်စွာ လုပ်ဆောင်ရမည်ဖြစ်သည်။

ဆုံးဖြတ်ချက်ချမှတ်ခြင်း၏ အဓိကရည်ရွယ်ချက်မှာ အသင်းတော်မှ မျှော်မှန်းသော အကျိုးသက်ရောက်မှု ရရှိစေရေးအတွက် အထောက်အကူပြုပေးရန် ဖြစ်ပါသည်။ စီမံခန့်ခွဲခြင်း လုပ်ငန်းအားလုံးတိုကို ဆုံးဖြတ်ချက်ချမှတ်ခြင်းတည်းဟူသော အထောက်အကူပြု ကိရိယာဖြင့် ရည်မှန်းချက်အားလုံး ပြီးပြည့်စုံရန်အတွက် ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါသည်။ အချင်းချင်း အကြား ပဋိပက္ခများ၊ မပြေလည်မှုများ၊အမြင်မရှင်းလင်းမှုများ၊ သဘောထားကွဲလွဲမှုများတိုကို မှန်ကန်စွာ ဆုံးဖြတ်ချက်ချမှတ်လျက် အကောင်းဆုံး ဖြေရှင်းနည်းရှာရာတွင် အသင်းတော်၏ ဆုံးဖြတ်ပိုင်ခွင့် ရှိသော အဖွဲအစည်းမှ အဓိကလုပ်ဆောင်ရမည့် အရေးကြီးသောလုပ်ငန်း အဆင့်(၅)ဆင့်ရှိပါသည်။

  • မည်သည့်ပြဿနာဖြစ်သည်ကို သတ်မှတ်ပါ။
  • ဖြစ်နိုင်ချေရှိသော ဖြေရှင်းချက်များကို ရှာဖွေစုစည်းထားပါ။
  • ဖြစ်နိုင်ချေရှိသော ဖြေရှင်းချက်များကို ခွဲခြမ်းစိတ်ဖြာ ဝေဖန်သုံးသပ်ပြီး အကောင်းဆုံးကို စုပေါင်းဆွေးနွေးရွေးချယ်ပါ။
  • ဆုံးဖြတ်ချက်ကို အတူတကွ အကောင်အထည်ဖော်ပါ။
  • နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် အဆိုးအကောင်း ရလဒ်များအတွက် အသင့်ပြင်ဆင်ထားပါ။

.

(၄) ထိန်းသိမ်းကွပ်ကဲခြင်း (Controlling)၊

ထိန်းသိမ်းကွပ်ကဲခြင်းဆိုသည်မှာ လုပ်ငန်းအဖွဲအစည်း တစ်ခုအတွင်း ဆောင်ရွက်ပြီး စီးသွားသော လုပ်ငန်းများကို လေ့လာခြင်း၊ ယင်းလုပ်ငန်းများသည် မူလရည်ရွယ်ချက်အတွက် ကွာဟချက်များကိုဖြည့်တင်း ပြုပြင်ညှိနှိင်းဆောင်ရွက်ခြင်းဖြစ်ပါသည်။

ထိန်းသိမ်းကွပ်ကဲခြင်း၏ အဓိကရည်ရွယ်ချက်မှာ အသင်းတော်၏အမှုတော်မြတ် အားလုံးအတွက် သတ်မှတ်ပေးထားသော လုပ်ဆောင်ဖွယ်ရာ အဖြာဖြာတိုကို သတ်မှတ်ထားသည့် ဘောင်နှင့် ကိုက်ညီစွာဆောင်ရွက်နိုင်ရေးဖြစ်ပါသည်။ သိုမှသာငွေအား၊ လူအား၊ ပစ္စည်းအား၊ နည်းစနစ်စသည်များတို့ကို လိုအပ်ပါက အချိန်မီဖြည့်တင်းပေးနိုင်ပါလိမ့်မည်။ “အကွပ်မဲ့ကြမ်း၊ ပရမ်းပတာ” ဟူသော မြန်မာစကားပုံကထိန်းသိမ်းကွပ်ကဲခြင်းဆိုသည်မှာ စီမံခန့်ခွဲခြင်း၏ အလွန်အရေးကြီးသောကဏ္ဍဖြစ်ကြောင်း မီးမောင်းထိုး ညွှန်ပြနေခြင်းဖြစ်သည်။ အသင်းတော် စီမံခန့်ခွဲမှု နယ်ပယ်တွင် ထိန်းသိမ်းကွပ်ကဲခြင်းသည် သင်းဝင်သူအားလုံး အတူတကွ လုပ်ဆောင်ရမည့် တာဝန်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ယုံကြည်သူအားလုံးသည် ဘုရားသခင်၏ အသင်း တော်တွင် အမှုတော်ဆောင် ယဇ်ပုရောဟိတ်များဖြစ်သည်ဟု နှစ်ခြင်းခရစ်ယာန်များ လက်ခံကျင့်သုံးကြ၍ ဖြစ်သည်။ သခင်ယေရှုကို မိမိ၏ကယ်တင်ပိုင်ရှင်အဖြစ် လက်ခံ ယုံကြည်လျက် အသင်းဝင်ကြသော

 

သူအားလုံးသည် ဘုရားသခင်ထံသို ကြားခံပုဂ္ဂိုလ်မလိုဘဲ တိုက်ရိုက်တိုးဝင် ချဉ်းကပ်ခွင့်ရှိပါသည် (၁ပေ ၂၅။ ဗျာ ၁၆၊ ၅း၁၀)။ လူနှင့်ဘုရားကြားတွင် ကြားခံအနေဖြင့် ဆက်သွယ်ပေးဖိုရန် မည့်သည့်အရာ မှမလိုပါ (ဟေဗြဲ ၈-၁၀)။ အချိန်ပြည့် ဓမ္မအမှုတော်ဆောင်များ အပါအဝင် ယုံကြည်သူအားလုံးသည် ဘုရားရှေ့တွင် တန်းတူညီတူ အဆင့်ရှိပါသည်။ ထိုအတူ အသင်းတော်၏ ဘုရားပေးထားသော ရည်ရွယ်ချက်များ အကောင်အထည်ပေါ်လာရန်လည်း မိမိအား တာဝန်ပေးအပ်ထားသည့်နေရာတွင် တက်ကြွစွာ ပါဝင်လုပ်ဆောင်ရန် လိုအပ်ပါသည်။

နှစ်ခြင်းအသင်းတော်များ အနေဖြင့် ဒေသန္တရအသင်းတော်၏ကိုယ်ပိုင် လုပ်ဆောင်ခွင့်ရှိခြင်းကို အပြည့်အဝကျင့်သုံးသဖြင့် အသင်းတော်တစ်ပါးချင်းစီမှ အသင်းဝင်များအားလုံးသည် အသင်းတော် ကြီး၏ လုပ်ထုံးလုပ်နည်းများကို ချမှတ်အကောင်အထည်ဖော်ရာတွင် ထိန်းသိမ်း ကွပ်ကဲခြင်း ကဏ္ဍ၌လည်း အဓိကပါဝင်လုပ်ဆောင်ရမည့် တာဝန်ရှိသူများဖြစ်သည်။

နှစ်ခြင်းအသင်းတော်များသည် သင်းဝင်သူတစ်ဦးချင်းစီ၏ လွတ်လပ်မှုနှင့် အရေးပါမှုကို တန်ဖိုးထားပါသည်။ ထိုကြောင့် အသင်းတော်၏ လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေး ဆုံးဖြတ်မှု ပြုရာတွင် အသင်းဝင်တိုင်း တာဝန်ယူပါဝင်ရမည်ဖြစ်သည်ဟု လက်ခံကြသည်။ ဆုံးဖြတ်ချက်ချ ရာတွင်လည်း ဝိညာဉ်တော်၏ လမ်းပြသွန်သင်မှု၊ သမ္မာကျမ်းစာနှင့်ကိုက်ညီမှုတိုကို အခြေခံပြီး အများသဘောတူ ဆုံးဖြတ်ချက်ကို လူအများစု၏ ဆန္ဒနှင့်အညီ လိုက်နာလုပ်ဆောင် ကြရပါသည်။ ဤသို့ ကျင့်သုံးခြင်းသည် အသင်းဝင်အားလုံး၏ တန်းတူညီမျှမှုရှိခြင်းနှင့် လူတစ်ဦးချင်း၏ ဆုံးဖြတ်ချက်အား လေးစားကြောင်းကို ပြသခြင်း ဖြစ်သည်။ အသင်းတော်နှင့် သက်ဆိုင်သော ဖွဲစည်းပုံအခြေခံဥပဒေများရေးဆွဲခြင်း၊ အသင်းတော်၏ စည်းမျဉ်းစည်းကမ်းများ ပြဋ္ဌာန်းခြင်း၊ အသင်းဝင်များမှ ဦးဆောင်လျက် မိမိတို လိုအပ်ချက်နှင့်အညီရေးဆွဲစီစဉ်သော အစီအစဉ်များဖြင့် အသင်းတော်၏ ရည်ရွယ်ချက်များ ပြီးမြောက်အောင်မြင်ဖိုရန် လုပ်ဆောင်သည့် အခါတိုင်း အသင်းဝင်များအားလုံး၏ ပါဝင်မှုနှင့် တန်းတူညီဆူ ဆွေးနွေးဆုံးဖြတ်မှုတိုကို လိုအပ်ပါသည်။ အသင်းဝင်များအားလုံး၏ အများသဘောတူညီချက်အရသင်းအုပ်၊ အချိန်ပြည့် ဓမ္မအမှုတော်ဆောင်၊ သင်းထောက်များစသည်ဖြင့်အသင်းတော်ကို ဝန်ဆောင်မှုပေးမည့် ခေါင်းဆောင်များအား ရွေးချယ် တင်မြှောက်ကြသော်လည်း ထိုခေါင်းဆောင်များသည် အသင်းတော်၏ ဖွဲစည်းပုံအခြေခံဥပဒေ၏ ပြဋ္ဌာန်းချက်ကို ကျော်လွန်၍ လုပ်ဆောင်ခွင့်မရှိပါ။ အသင်းတော်စီမံခန့်ခွဲမှု နယ်ပယ်မှ ထိန်းသိမ်းကွပ်ကဲရေး အခြေခံလုပ်ငန်းစဉ်အဆင့်ဆင့်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၁) စံ” များသတ်မှတ်ထားရှိခြင်း (Criteria)။

၂) ဆောင်ရွက်မှုများကို ‘စံများနှင့် နှိင်းယှဉ်စစ်ဆေးခြင်း (Moni-toring).

၃) လုပ်ငန်းများကို စိစစ်တိုင်းထွာခြင်း (Reporting)။

၄) သွေဖည်မှုကွာဟချက်များကို ညှိနှိင်းပြုပြင်ပေးခြင်း (Evalua-tion)။

 

၁) “စံ” များသတ်မှတ်ထားရှိခြင်း (Criteria)။

“စံ” (Criteria)များသတ်မှတ်ခြင်းမှာ ထိန်းသိမ်းကွပ်ကဲရေးအတွက်ဆောင်ရွက်ရန် အခြေခံအချက်များကို ပြဋ္ဌာန်းသတ်မှတ်ခြင်းပင် ဖြစ်ပါ။သည်။ ရည်ရွယ်ချက်မှာ လုပ်ငန်းများ မည်မျှထိ ပြီးစီးအောင်မြင်သည်ကို တိုင်းတာနိုင်ရေးဖြစ်ပါသည်။ အမှန်တကယ် အောင်မြင် ပြီးစီးမှုနှင့် စံများကို နှိင်းယှဉ်ခြင်းဖြင့် လုပ်ငန်း၏အခြေအနေကို တိကျစွာသိမြင် လာပါမည်။ စံများ သတ်မှတ်ပြီး လုပ်ငန်းအောင်မြင်မှုများကို တိုင်းတာရာ၌ လုပ်ငန်းတိုင်းကို အလွယ်တကူ စစ်ဆေးအကဲဖြတ် တိုင်းတာနိုင် လိမ့်မည်မဟုတ်ပေ။ ကုန်ပစ္စည်းထုတ်လုပ်မှုများ၊ ဆောက်လုပ်ရေး လုပ်ငန်းများနှင့် ငွေကြေးကိစ္စအဝဝကိုသာ ရေတွက်တိုင်းတာ၍ ရနိုင်သော်လည်း အရည်အချင်း ပြည့်ဝလာ ရေးကိစ္စများ၊ လူတို၏ စိတ်ဓာတ်ရေးရာကိစ္စများ၊ ခံယူချက်၊ အမြင်ပွင့်လင်းမှု စသည့် ကိစ္စများကိုမူ အလွယ်တကူ တိုင်းတာ၍ မရနိုင်ပါ။

မည်သိုပင်ဖြစ်စေ အသင်းတော်၏ လုပ်ငန်းများအောင်မြင်ပြီးစီးမှုကို တိုင်းတာနိုင်ရေးအတွက် တစ်စုံတစ်ရာသော စံများကိုသတ်မှတ်ထားရှိရပါမည်။ မည်သည့်အချိန်တွင်မည်မျှ လုပ်ကိုင်ပြီးစီးရ မည်ကိုပြဋ္ဌာန်းထားရပါမည်။

 

၂) ဆောင်ရွက်မှုများကို စံများနှင့် နှိင်းယှဉ်စစ်ဆေးခြင်း (Monitoring)။

ဤအဆင့်၌ လုပ်ဆောင်ပြီးစီးမှုများနှင့် ထိုလုပ်ဆောင်ချက် အရည်အသွေးများမှာ စံချိန်မီ၊ မမီ သတ်မှတ်ပေးသော အချိန်ကာလအတွင်း၌ လုပ်ငန်းများကို ဆောင်ရွက်၍ ပြီးမပြီး၊ ကုန်ကျစရိတ်များ သည် သတ်မှတ်ပေးထားသော ဘောင်အတွင်းမှ သုံးမသုံး စသည်ဖြင့် စိစစ်တိုင်း တာနှိင်းယှဉ် ကြရန်ဖြစ်ပါသည်။

ထိန်းသိမ်းကွပ်ကဲခြင်း၌ ဤအဆင့်သည် အလွန်အရေးကြီးပါသည်။ အဘယ့်ကြောင့်ဆိုသော် ကွာဟချက်များ၊ ချိုယွင်းချက်များနှင့် ခြားနားချက်များကို ဖော်ထုတ်လျက် မည်သည့်အချက်သည် မည်သည့်အတွက် ကွာဟခြားနားရသည်၊ မည်သည့်အခက်အခဲမျိုးရှိသည်။ ယင်းအခက်အခဲများကို မည်သိုပြေလည်အောင် ဆောင်ရွက်သင့်သည်ဟူသော အချက်များကို ထည့်သွင်းစဉ်းစားကြ ရမည်ဖြစ်ပါသည်။

 

၃) လုပ်ငန်းများကို စိစစ်တိုင်းထွာခြင်း (Reporting)။

အမှန်တကယ် ဆောင်ရွက်ပြီးစီးမှုများကို တိုင်းတာရာ၌ အောက်ပါနည်းတို့ကို အသုံး ပြုနိုင်ပါသည်။

  • လူကိုယ်တိုင်သွားရောက်စစ်ဆေးခြင်း။
  • နှုတ်အားဖြင့် လာရောက်အစီရင်ခံစေခြင်း။
  • စာဖြင့်အစီရင်ခံစေခြင်း။

အစီရင်ခံစာရေးသားရာ၌ လုပ်ငန်းဆောင်ရွက်ချက်များအတွက် အချိန်မှန် ကန့်သတ်ရက်များတွင် တင်ပြရန်နှင့် ပေါ်ပေါက်လာသော အထူးကိစ္စရပ်များအတွက် အချိန်မီ ရေးသားရန် သတ်မှတ်ထားနိုင်

ပါသည်။

၄) သွေဖည်မှု၊ ကွာဟမှုများကို ညှိနှိင်းပြုပြင်ပေးခြင်း (Evaluation)၊

လုပ်ငန်းသဘောသဘာဝနှင့် ကွာဟခြားနားမှုများ၏ သဘောသဘာဝအပေါ် မူတည်လျက် ချက်ချင်းပြုပြင်ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို ချက်ချင်းပင် ပြုပြင်ဆောင်ရွက် ပေးရပါမည်။ လက်တွေ့ လုပ်ကိုင်ဆောင်ရွက်ရာ၌ မျှော်လင့်ရည်မှန်းထားသကဲ့သို မဖြစ်ရခြင်း၏ အကြောင်းရင်း အမြောက်အမြားရှိတတ်ပါသည်။ ဥပမာအားဖြင့် မူလသတ်မှတ်ပေးထားသော စံနှုန်းများ မြင့်မားလွန်း နေခြင်း၊ တာဝန်ယူသူများ၏ အရည်အချင်းမပြည့်ဝခြင်း၊ တာဝန် မကျေပွန်ခြင်း၊ စိတ် ဓာတ်ကြံ့ခိုင် မှုမရှိခြင်း၊ ကုန်ကြမ်းမပြည့်စုံခြင်း၊ မမျှော်လင့်သော အခြေအနေ ဖြစ်လာခြင်း စသော အခက်အခဲ အတားအဆီးများစွာ ကြုံတွေ့ရတတ်ပါသည်။ ထိန်းသိမ်း ကွပ်ကဲခြင်း၌ အထူးသတိပြုရမည့်အချက် များမှာ-

  • လုပ်ငန်းဟူသမျှကို အသေးစိတ်လိုက်လံ ထိန်းသိမ်းကွပ်ကဲရန်မလိုပါ။ ထိုသို လုပ်ဆောင်လျှင်လည်း ရေရှည်ဆောင်ရွက်နိုင်မည်မဟုတ်။ အဓိကအရေးကြီးသော နေရာများတွင် စနစ်တကျထိန်းကွပ်ပေးရမည်ဖြစ်ပါသည်။
  • ထိန်းသိမ်းကွပ်ကဲခြင်းလုပ်ငန်းကို လုပ်ဆောင်ရန် တာဝန်ပေးအပ်ထားသူများအား ဆီလျော်သော လုပ်ပိုင်ခွင့်များကို အပ်နှင်းပေးထားရပါမည်။
  • ထိန်းသိမ်းကွပ်ကဲခြင်းကို အထောက်အကူပြုပေးသော လုပ်ငန်းခွင် ကြီးကြပ်ကွပ်ကဲရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကိုလည်းဆောင်ရွက်ရပါမည်။
  • ထိုသိုဆောင်ရွက်နိုင်ရန် လုပ်ငန်းမစတင်မီကပင် မူဝါဒ၊ စည်းမျဉ်းစည်းကမ်းများ၊ အလုပ်တာဝန်ခွဲဝေအပ်နှင်းခြင်းဆိုင်ရာဥပဒေသများ၊ တစ်ဦးချင်းစီ၏ လုပ်ပိုင်ခွင့်များ တိုကို ကြိုတင်ရေးဆွဲ ပြဋ္ဌာန်းထားခြင်းရှိရပါမည်။

ဤကဏ္ဍတွင် ဖော်ပြခဲ့သောအရာများမှာ အသင်းတော်တစ်ပါး၏စီမံခန့်ခွဲမှု လုပ်ငန်းတစ်ခုလုံး အတွက် အဓိကကျသော အခြေခံသဘောတရားများ ဖြစ်ပါသည်။ ဤသဘောတရားများအပေါ် အခြေခံ၍ အသင်းတော်တည်ရှိရခြင်း၏ ရည်ရွယ်ချက်များ ပြီးပြည့်စုံရန်အတွက် အသင်းတော်အ နေဖြင့် လက်တွေ့လုပ်ဆောင်ရမည့် လုပ်ငန်းများကို အခန်း(၂)တွင် ဆက်လက်ဖော်ပြပါမည်။

အခန်း ၂

အသင်းတော် စီမံခန့်ခွဲမှု၏အမှုတော်လုပ်ငန်းများ

THE MINISTRIES OF CHURCH MANAGEMENT

ဘုရားရှင်ပေးအပ်ခန့်ထားသော ရည်မှန်းချက်များ ပြီးပြည့်စုံရန် အတွက် ယုံကြည်သူ တစ်ဦးချင်းစီမှ လုပ်ဆောင်ရန် မဖြစ်နိုင်သောကြောင့် အသင်းတော်ဟူ၍ ယုံကြည်သူများအားလုံး စုဝေးလျက် တစ်ဦးချင်းစီ လုပ်ဆောင်ရမည့် ဆောင်ရွက်မှုများကို ညှိနှိင်းရန် လိုအပ်သည်ဖြစ်ရာ ဤလိုအပ်ချက်ကို အကြောင်းပြုလျက် အသင်းတော်စီမံခန့်ခွဲမှုလုပ်ငန်းသည် အသင်းတော်တွင် မရှိမဖြစ် လုပ်ဆောင်ရမည့် အမှုတော်မြတ်တစ်ခုဖြစ်လာပါသည်။

အသင်းတော်အနေဖြင့် ဤစီမံခန့်ခွဲမှုကို စနစ်တကျ လုပ်ဆောင်နိုင်ပါက တစ်ဦးချင်းစီဖြစ်စေ၊ အစုအဖွဲငယ်များအနေဖြင့်ဖြစ်စေ၊ တစ်သင်းလုံးဖြစ်စေ စွမ်းရည်ထက်မြက်စွာဖြင့် တိုး၍ လုပ်ဆောင် လာနိုင်ရုံမက အသင်းတော်တစ်ခုလုံး တိုးတက်ကျယ်ပြန့်လာမည် ဖြစ်သောကြောင့် စီမံခန့်ခွဲမှုကို ဦးဆောင်ရမည့်ပုဂ္ဂိုလ်များ၏ ကဏ္ဍသည်လည်းပို၍ အရေးကြီးလာမည်ဖြစ်သည်။

တိုးတက်မှုမရှိသော အသင်းတော်ဖြစ်ရခြင်း၏ အကြောင်းအရင်းမှာ စီမံခန့်ခွဲမှု အရည်အချင်း မပြည့်ဝမှုတိုကြောင့်ဖြစ်ကြောင်း တွေ့ရှိရသည်။ စီမံခန့်ခွဲမှုသည် အသင်းအဖွဲတစ်ခုတွင် မဖြစ်မနေလုပ် ရမည့်အဓိကလုပ်ငန်းကြီးနှင့် အသက်သွေးကြောလည်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အသင်းတော်၏ ရည်ရွယ်ချက် ပန်းတိုင်ရောက်ရှိရေးအတွက် အသင်းဝင်အသီးသီးတို၏ လုပ်ဆောင်ချက်များကို ညှိနှိင်းစုစည်းပေးနိုင်သောအရာကား အသင်းတော် စီမံခန့်ခွဲမှုပင်ဖြစ်ခြင်း ကြောင့်ဖြစ်သည်။

ဤအခန်းတွင် အသင်းတော်၏စီမံခန့်ခွဲမှု၌ အဓိကလုပ်ဆောင် ရမည့်ကဏ္ဍ (၅)ခုကို ဖော်ပြထားပါသည်။ ဤဖော်ပြချက်များသည် အခြေခံအချက်များသာဖြစ်သောကြောင့် ပြီးပြည့်စုံ သော ဖော်ပြချက် များမဟုတ်ပါ၊ မိမိ၏အသင်းတော် လိုအပ်ချက်ပေါ်မူတည်၍ တိုးချဲ့ လုပ်ဆောင်ရန် လိုအပ်ပါသည်။

  • အသင်းတော် စီမံခန့်ခွဲခြင်း အမှုတော်မြတ်နှင့် ပတ်သက်၍လမ်းညွှန်သော သမ္မာကျမ်းချက်များ။ သု ၁၁း၁၄၊ ၁၀း၄၊ ၃၁း၁ဝ-၃၁၊ ၂၁း၅၊ ၆း၆-၈၊ ၁၉၊ ၁၄း၂၃။ ၂ကော ၉း၈။ ၁ကော၉း၆။ ၁ရာ ၄း၁၀။ လု ၁၄း၂၈။ ဟဗ ၂း၃။ တ ၁၅း၆။

 

၁။ လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှု

(Human Resource Management)

နှစ်ခြင်းအသင်းဝင်များ၏ အသင်းသားဖြစ်ခြင်းသည် အသင်းတော်၏ လုပ်ငန်းများကို မိမိ၏အစွမ်းရှိသမျှဖြင့် အားတက်သရောတက်ကြွစွာ ပါဝင်လုပ်ဆောင်ရန်ဖြစ်သည်။ အသင်းတော် တိုးတက်ရန်အတွက် အလွန်အရေးပါသော ဤလူ့စွမ်းအားအရင်းအမြစ်ကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ရန် အထူးအရေးကြီးပါသည်။ အသင်းဝင်တိုင်း၌ အသင်းတော်၏ရည်ရွယ်ချက်များ အောင်မြင်ရန် အထောက်အကူပြုနိုင်သော အစွမ်းအစ ကိုယ်စီရှိကြပါသည်။ ဤအစွမ်းအစ များကိုအံဝင်ခွင်ကျ အသုံးပြုနိုင်ဖိုရန် အောက်ပါအချက်အလက်များကို သတိပြုသင့်သည်။

 

(၁) အသင်းတော်၏ ယုံကြည်ကျင့်သုံးမှုနှင့် စည်းမျဉ်းစည်းကမ်းများ။

အသင်းဝင်အားလုံးသည် အသင်းတော်၏ ယုံကြည်ကျင့်သုံးမှုများ၊ စည်းမျဉ်း စည်းကမ်းများ၊ အသင်းတော်၏ အမှုတော်မြတ်လုပ်ငန်းများ၊ ထိုအမှုတော်မြတ်နှင့်သက်ဆိုင်သော ဓမ္မအတွေးအခေါ်၊ ယုံကြည်ခြင်း၊ တန်ဖိုးထားမှု မလေ့ထုံးစံများကို တိကျစွာအသိပေးရန် လိုအပ်သည်။ ထိရောက်စွာ ညွှန်ကြားအသိပေးမှု မလုပ်နိုင်လျှင် အဆင်မပြေမှုများ ကြုံတွေ့ရပြီး နားလည်မှုပျက်ပြားကာ ထိုအမှုတော်မြတ်များ အောင်မြင်ရန် မဆိုထားနှင့် အသင်းဝင်များကို ဆုံးရှုးရသော အနေအထားသိုပင် ရောက်ရှိနိုင်ပါသည်။

 

(၂) ထိရောက်စွာ ဝန်ဆောင်မှုပေးနိုင်မည့်သူကို ရွေးချယ်ခန့်ထားခြင်း။

တစ်ခဏတာအတွက် မဟုဘ်ဘဲ အမှုတော်မြတ်တစ်ခုကို ပြီးမြောက်သည်အထိ ဇွဲမလျော့တတ် သော လုံလဝီရိယရှိသူတိုကို ရွေးချယ်တတ်ရန်လိုအပ်သည်။ ထိုအပြင် ရွေးချယ်ခံရသူတို၏ လုပ်ရမည့် အလုပ်နှင့် ပတ်သက်၍ တတ်မြောက်ကျွမ်းကျင်မှု ရှိမရှိကိုလည်း တိကျစွာ စစ်ဆေးစုံစမ်းဖိုရန် အရေးကြီးပါသည်။ ခန့်အပ်စေခိုင်းခံရသောအလုပ် စတင်လုပ်ဆောင်ပြီးကာမှ မျှော်လင့်ထားမှုများနှင့် လက်တွေ့အနေအထား ကွာဟမှုရှိလျှင် အမှုတော်မြတ်၌ မပျော်တော့ဘဲ အလုပ်မှ အလွယ်တကူ နှုတ်ထွက်လိုခြင်းနှင့် လုပ်ဆောင်မှု ရပ်တန့်သွားခြင်းတို့ဖြစ်တတ်ပါသည်။ ထိုကြောင့် ဝန်ဆောင်မှုပေးမည့်သူကို ရွေးချယ်ခန့်ထားရာ၌ လုပ်ရမည့်တာဝန်ဝတ္တရား၊ လုပ်ကိုင်တတ်ရန် လိုအပ်သည့်အရည်အချင်း၊ လုပ်ရမည့်အချိန်ကာလ၊ ကြုံတွေ့ရမည့်အခက်အခဲ၊ မည်သိုအကူအ ညီတောင်းခံမည်နည်း စသည်ဖြင့် စနစ်တကျ ရေးဆွဲ လမ်းညွှန်တတ်ရန် အလွန်လိုအပ်ပါသည်။

 

(၃) လေ့ကျင့်ပြုစုပျိုးထောင်ခြင်း။

အမှုတော်မြတ်အတွက် ဆက်ကပ်မည့်သူများကို လုပ်ငန်းကျွမ်းကျင်စေရန် လည်းကောင်း၊ ယုံကြည်ခြင်းနှင့် စိတ်ဓာတ်ရေးရာ မြင့်မားတိုးတက်စေရန်လည်းကောင်း စနစ်တကျ လေ့ကျင့်ပြုစုပျိုး ထောင်ပေးရန် လိုအပ်ပါသည်။ သင်တန်းများသို စေလွှတ်တက်ရောက်စေခြင်း၊ လက်တွေ့လုပ်ငန်း ခွင်များ၌ ဝင်ရောက် လေ့လာလုပ်ကိုင်စေခြင်း၊ လုပ်ငန်းနှင့် လုပ်ပိုင်ခွင့် တိုးတက်လုပ်ဆောင်စေ ခြင်းတိုကို အစဉ်မပြတ်ဆောင်ရွက်ပေးရပါမည်။

 

 

(၄) အမှုတော်မြတ်၌ ပါဝင်ရခြင်းကို ကျေနပ်တန်ဖိုးထားခြင်း။

လုပ်ဆောင်နေရသော အမှုတော်မြတ်၌ မိမိကိုယ်မိမိ ကျေနပ်တန်ဖိုးထားခြင်းသည် အမှုတော်မြတ်ကို ပြီးမြောက်အောင်မြင်သည်အထိ တွန်းအားပေးနိုင်သော အဓိက ခွန်အားတစ်ခု ဖြစ်သည်။ မိမိကိုယ်ကို ကျေနပ်တန်ဖိုးထားသည့် အမှုတော်ဆောင်များသည်-

  • မိမိလုပ်ဆောင်ရသည့်အလုပ်ကို နှစ်သက်ခြင်း။
  • လုပ်ငန်းပတ်ဝန်းကျင်ကို နှစ်သက်ခြင်း။
  • ရရှိလာသော အကျိုးရလဒ်များအတွက် ကျေနပ်ခြင်း။
  • အလုပ်ကို ကျွမ်းကျင်စွာ လုပ်ကိုင်တတ်ခြင်းကြောင့် မိမိကိုယ်ကို မိမိ ကျေနပ်မှုရှိခြင်း စသောစိတ်ခံစားချက်များကို တွေ့ရှိရပါသည်။

အလုပ်၌မပျော်ပိုက်တော့သော အမှုတော်ဆောင်များ၏ အမှုတော်မြတ်အပေါ် အမြင်များမှာ

  • ငြီးငွေ့လာ၍ စိန်ခေါ်မှုများကို မခံစားနိုင်တော့ခြင်း။
  • အလုပ်များလွန်းပြီး အချိန်မလောက်ဟု ခံယူလာခြင်း။
  • အလုပ်အကိုင်များမှာ ပိုမိုခက်ခဲလာပြီး စိတ်ဖိစီးမှုများ ခံစားလာရခြင်း။
  • မိမိတတ်ကျွမ်းသည့်ပညာနှင့် မိမိလုပ်ကိုင်ရသော အလုပ်မှာကိုက်ညီမှုမရှိဟု ထင်မြင်ယူဆလာခြင်း။
  • အလုပ်မကျွမ်းကျင်သူတိုနှင့် တွဲလုပ်ရသည်ဟု ထင်မြင်လာခြင်း၊ လုပ်ဖော်ဆောင်ဖက်များအပေါ် ဘဝင်မကျခြင်း
  • အလုပ်ချိန်မမှန်တော့ဘဲ စိတ်ဖိစီးမှုများကြောင့် ရောဂါဝေဒနာများ ခံစားလာရခြင်းတိုဖြစ်ပေါ်လာနိုင်ပါသည်။

(၅) အကဲဖြတ်ခြင်း၊ တုံပြန်မှုပေးခြင်းနှင့် အသိအမှတ်ပြုခြင်း။

တာဝန်ပေးသူများမှ တာဝန်ခံများ၏ လုပ်ဆောင်မှုများအတွက် စနစ်တကျ အကဲဖြတ် စိစစ်ပေးခြင်း၊ လိုအပ်ချက်များ၊ အားသာချက် များကို စနစ်တကျတုံပြန် အရေးယူလုပ်ဆောင်ပေးခြင်း၊ ကူညီအား ပေးခြင်းနှင့် လုပ်ငန်းပြီးမြောက် အောင်မြင်မှုအပေါ်တွင် ဂုဏ်ပြုချီးကျူးခြင်း စသည်တိုကို လုပ်ဆောင်ပေးရပါမည်။

 

(၆) အမှုတော်မြတ်တွင် အနှောင့်အယှက်ဖြစ်စေသည့် စိတ်ဖိစီးမှုများကို လျော့နည်းစေခြင်း။

အသံဆူညံမှုများ၊ အလင်းရောင်မလုံလောက်မှု၊ လေကောင်းလေသန့်မရရှိခြင်းစသည့် ပတ်ဝန်ကျင်များသည် ရေရှည် ကျန်းမာရေးနှင့်ညီညွတ်ခြင်းမရှိပါ။ အလုပ်ခွင်သန့်ရှင်းရေး၊ အန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် ကိုက်ညီသော ပတ်ဝန်းကျင်ဖြစ်ဖိုရန် အထူးဂရုစိုက် လုပ်ဆောင်ပေးရပါမည်။ ထိုအပြင်အမှုတော်ဆောင်များသည် အခြားသော ဝန်ထမ်းများကဲ့သိုပင် စိတ်ဖိစီးမှုဒဏ်၊ ပင်ပန်းသည့်ဒဏ်များ ခံစားရတတ်ပါသည်။ ယခုခေတ် အမှုတော်မြတ်လုပ်ငန်း များတွင် စိတ်ဖိစီးမှုရရှိရန် အကြောင်းများလာပြီဖြစ်သောကြောင့် စိတ်ဖိစီးမှုများကို လျော့ချစေခြင်းအားဖြင့်သာ အမှုတော်မြတ်ကို ထိရောက်အောင်မြင်စွာ လုပ်ဆောင်နိုင်လိမ့်မည်၊ စိတ်ဖိစီးမှုများကို လျော့ချရန်အတွက် လုပ်ငန်းခွင်မှ ရက်တိုအနားပေးခြင်း(Vacation)၊ ရက်ရှည် အနားပေးခြင်း (Sabbatical Leave) အပန်းဖြေခရီးစဥ်များ: (Tour/Trip)op: စီစဥ်ပေးခြင်းစသော နည်းလမ်းများစွာ အသုံးပြုနိုင်ပါသည်။

 

(၇) ကွပ်ကဲလမ်းညွှန်မှု။

အသင်းတော်တွင်းနှင့် အမှုတော်အတွင်း ဆက်ကပ်လုပ်ဆောင်သူများသည် မိမိတို ဆက်ကပ်လုပ်ဆောင်သည့် အလုပ်အကိုင်နှင့် ကိုက်ညီသော ကိုယ်ကျင့်တရား၊ အလုပ်စည်းကမ်း များကို စနစ်တကျလိုက်နာကျင့်သုံးနိုင်ရန် အထူးအရေးကြီးပါသည်။ အသင်းတော် အနေ နှင့်သော်လည်းကောင်း၊ အုပ်ချုပ်စီမံအဖွဲအနေဖြင့် သော်လည်းကောင်း စည်းစနစ်များအတိုင်း အလုပ်လုပ်ကိုင်နိုင်ရန် ခွန်အားပေးတိုက်တွန်း လျက် ကွပ်ကဲလမ်းညွှန်မှုလုပ်ဆောင်ပေးရန် လိုအပ်ပါသည်။ သို့ရာတွင် အုပ်ချုပ်စီမံအဖွဲဝင်များ၏ ကွပ်ကဲလမ်းညွှန်မှု မမှန်ကန်ဘဲ ဘက်လိုက်ခြင်း၊ တရားမျှတမှုမရှိဟု ထင်မြင်ခြင်းခံရပါက ဘုန်းတော်နာမတော် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လာပါလိမ့်မည်။ တချိုအမှုတော်ဆောင်များသည် မိမိတိုဆက်ကပ်လုပ်ဆောင်ရသည့် အမှုတော်ကို နှစ်သက်သော်လည်း အုပ်ချုပ်စီမံကွပ်ကဲလမ်းညွန်သူများကို မနှစ်သက်၍ အမှု တော်မြတ်ကို စွန့်ခွာခဲ့ကြသည့်သာဓက အများအပြားရှိပါသည်။

 

(၈) အလုပ်ခွင်အတွင်း လူမှုဆက်ဆံရေး။

ဆက်ကပ်လုပ်ဆောင်ရသော အမှုတော်မြတ်အား ကွပ်ကဲလမ်း ညွှန်သူတို့ အပေါ်ကျေနပ် မှုရှိရုံမက အမှုတော်မြတ်အတွင်းမှ လုပ်ဖော်ဆောင်ဖက်များနှင့် လူမှုဆက်ဆံရေး ပြေပြင်ကောင်းမွန်ပါ မှ အောင်မြင်အမှုတော်မြတ်များဖြစ်လာနိုင်မည်ဖြစ်သည်။ ပဋိပက္ခနှင့် လွဲမှားသော ပြိုင်ဆိုင်မှုများနည်း အောင် စီမံလုပ်ဆောင်ဖို လိုအပ်ပါသည်။

အသင်းတော်၏ အမှုတော်မြတ်လုပ်ငန်းများ အောင်မြင်တိုးတက်ရန် လုပ်ငန်း ကျွမ်းကျင်ထူး ချွန်သော၊ အပေါင်းအသင်း၍ စာရိတ္တကောင်းမွန်သော အသင်းဝင်များ၊ အမှုတော်ဆောင်များ၊ အလွန်လိုအပ်ပါသည်။ ထိုကြောင့် ဤလူ့စွမ်းအားအရင်း အမြစ်စီမံခန့်ခွဲမှုကိုအချိန်ယူ၍ စနစ်တကျ လုပ်ဆောင်တတ်ရန် အလွန်အရေးကြီးပါသည်။

 

(၉) တာဝန်ခွဲဝေခန့်အပ်ခြင်း။

အသင်းတော်၏ အမှုတော်မြတ်လုပ်ငန်းများသည် အသင်းဝင်တို့ပူးပေါင်း လုပ်ဆောင်ရမည့် လုပ်ငန်းဖြစ်သည်။ တစ်ဦးကောင်းလုပ်ဆောင်၍ မရနိုင်ပါ။ ထိုကြောင့် အသင်းတော်၏ အုပ်ချုပ်စီမံအဖွဲဝင်တို့သည် မည်သူ့အား မည်သည့်လုပ်ငန်းကို တာဝန်ခွဲဝေ ခန့်အပ်သင့်သနည်းဆိုသော ဆုံးဖြတ်ချက်ကို တိကျမှန်ကန်စွာ ချမှတ်ခန့်အပ်နိုင်ဖိုရန် အထူးလိုအပ်ပါသည်။ ဤအလုပ်ကို မှန်ကန်စွာ လုပ်ဆောင်နိုင်ရန် အလွန်ခက်ခဲပါသည်။ အလုပ်တာဝန်များမတန်မဆလွှဲအပ်ခြင်းနှင့်  အနည်းအကျဉ်းသာ လုပ်ဆောင်ခွင့်ပေးခြင်း၊ ကြီးကြပ်ကွပ်ကဲမှု လွန်ကဲခြင်းနှင့် အလွန်အမင်း လျော့ရဲခြင်းနှစ်ခုကြားတွင် မျှတစွာလုပ်ကိုင်တတ်ရန် အလွန်အရေးကြီးပါသည်။ ဤတာဝန်ခွဲဝေခန့် အပ်ခြင်းတွင်အောက်ပါအချက်များကို လုပ်ဆောင်သင့်သည်။

  • လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်ကို ခွဲဝေခန့်အပ်ပြီးပါကပြဋ္ဌာန်းထားသော လုပ်ပိုင်ခွင့်များအတိုင်း တိကျ သေချာစွာကွပ်ကဲလမ်းညွှန်ရန်ဖြစ်သည်။
  • တိကျမှန်ကန် ကောင်းမွန်သော လမ်းညွှန်ကူညီမှုများပေးကာအလုပ်တိုးတက်မှုကို အမြဲစိစစ်အကဲဖြတ်ပေးရမည်။
  • တစ်ဦးချင်းစီအလိုက် လုပ်ဆောင်သင့်သည့် လုပ်ငန်းများကိုလမ်းညွှန်မှုများပေးပြီး လုပ်ဆောင်ဆဲလုပ်ငန်းများ ပြီးမပြီးနှင့်လိုအပ်ချက်များကို အစဉ်မပြတ် စိစစ်လမ်းညွှန်ပေးရမည်။
  • တစ်ဦးချင်းစီ လုပ်ဆောင်ရသော အမှုတော်မြတ်လုပ်ငန်းများအပေါ်အခြေခံ၍ အတိုင်းအတာတစ်ခုထိ လွတ်လပ်စွာ ဆုံးဖြတ်လုပ်ကိုင်စေခြင်းနှင့် လုပ်ငန်း အတွေ့အကြုံအပေါ်အခြေခံသည့် တုံပြန်မှု (Feedback) များရယူခြင်း တိုဖြစ်ပါသည်။

.           အုပ်ချုပ်စီမံသူများအနေဖြင့် အလုပ်တာဝန် လွဲအပ်ခန့်ထားမှု ပြုလုပ်ရန်ရှိပါက အောက်ပါအချက်များကို အဓိကထား၍ စဉ်းစားဆင်ခြင်ရန်လိုအပ်သည်။

  • မည်သည့်အလုပ်ကို လွဲအပ်မည်နည်း။
  • မည်သူ့ကို ခန့်အပ်လုပ်ကိုင်စေမည်နည်း။
  • မည်သူ့ကို မည်ကဲ့သို ညွှန်ကြားတာဝန်ယူစေမည်နည်း။
  • အမှုတော်ဆောင်များ အရည်အသွေး တိုးတက်လာအောင် မည်သို့စိစစ် ထိန်းချုပ် ကူညီလမ်းညွှန်မည်နည်း။

အုပ်ချုပ်စီမံအဖွဲအနေဖြင့် မိမိတိုခန့်အပ်မည့်သူများအား အောက်ပါအချက်များကို တိကျသေချာစွာ အသိပေးရမည် ဖြစ်ပါသည်။

  • မည်သည့်အတွက်ကြောင့် ဤအလုပ်ကို လုပ်စေလိုခြင်း။
  • မည်သိုလုပ်ဆောင်ရမည်၊ တာဝန်ခံရမည်ကို အသိပေးခြင်း။
  • အချိန်ကာလ အကန့်အသတ်ထားရှိခြင်း။
  • လုပ်ပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်အတိုင်းအတာထားရှိခြင်း။
  • ပြဿနာ၊ အခက်အခဲများကို ပြန်လည်တင်ပြဆွေးနွေးတတ်ခြင်း။
  • အလုပ်နှင့်ပတ်သက်သော အစီရင်ခံစာ၊ တုံပြန်မှုများ ရေးသားထုတ်ဖော်ပြောဆိုခြင်း။
  • အုပ်ချုပ်စီမံအဖွဲ၏ လုပ်ပိုင်ခွင့်များကို အသိပေးခြင်း။
  • အလုပ်အတွက်လိုအပ်သော ပံ့ပိုးမှုနှင့် အကူအညီများကို မည်ကဲ့သိုပေးမည်ကို သိခြင်းစသည်တိုဖြစ်ပါသည်။

 

(၁၀) ခွန်အားပေး တိုက်တွန်းခြင်း။

တာဝန်ရှိသူများနှင့် အုပ်ချုပ်စီမံသူတိုသည် အမှုတော်ဆောင်များအား ခွန်အားပေး တိုက်တွန်းတတ်ရန် အထူးလိုအပ်ပါသည်။ ခန့်အပ်စေခိုင်းရုံမျှမကဘဲ ခန့်အပ်ခံရသည့် ဝန်ထမ်းများအား ထိရောက်စွာတိုက်တွန်းခွန်အားပေးတတ်ပါက မိမိအား ပေးအပ်ထားသော လုပ်ပိုင်ခွင့်အတိုင်း လွတ်လပ်စွာ တီထွင်ကြံဆလုပ်ကိုင်လာနိုင်ပါသည်။ မိမိပုံစံဖြင့် မိမိအလုပ်ပြီး အောင်လုပ်နိုင်လာသည်။ အမှားများ၊ အခက်အခဲပြဿနာများထဲမှ သင်ခန်းစာယူ၍ တိုးတက်အောင် လုပ်ဆောင်နိုင်လာသည်။ တစ်ဖက်တွင် မိမိ၌ရှိသော စွမ်းရည်ကို အပြည့်အဝ အသုံးချခွင့်ပေးသလို တစ်ဖက်တွင်လည်း တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေခြင်းသည် ခွန်အားပေး တိုက်တွန်းခြင်း၏ အကျိုးအမြတ်ဖြစ်ပါသည်။ ဤသိုဆောင်ရွက်ခြင်းအားဖြင့် အမှုတော်ဆောင်များ အနေဖြင့် နေရာတိုင်း တွင် အသင်းတော် အုပ်ချုပ်စီမံအဖွဲ၏ စွက်ဖက်မှုမပါဘဲ ပြဿနာများကို ဖြေရှင်းနိုင်ခြင်း၊ ဆုံးဖြတ် ချက်ချခြင်း၊ ပိုမိုကောင်းမွန်သည့် နည်းလမ်းသစ်များ တီထွင်ဖန်တီး အသုံးပြုနိုင်ခြင်းစသော အကျိုးကျေးဇူးများ တွေ့မြင်ရမည်ဖြစ်သည်။ မည်သည့်အဖွဲအစည်းမဆို ခွန်အားပေးတိုက် တွန်းခြင်းကို အောက်ပါ အကြောင်းအရာများအတွက် ပြုလုပ်ခြင်းဖြစ်ပါသည်။

  • မိမိတာဝန်ယူ ရမည့်အလုပ်ကို ကောင်းစွာလုပ်နိုင်ခြင်း။
  • မိမိလုပ်ပိုင်ခွင့်ဘောင်အတွင်း ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် လုပ်ဆောင်လျက် မိမိဆုံးဖြတ်ချက်အပေါ် တာဝန်ယူရဲခြင်း။
  • မိမိလုပ်ငန်း၏လိုအပ်ချက်များကို ထိရောက်စွာ အမြန်ဆုံးဖြည့်ဆည်းပေးနိုင်ခြင်း။
  • မလိုလားအပ်သော လုပ်ငန်းကြန့်ကြာစေသည့် အုပ်ချုပ်စီမံမှုလုပ်ငန်းစဉ်များ ဖယ်ရှားခြင်း။
  • ခန့်အပ်တာဝန်ပေးထားသူ၏ အကြံဉာဏ်၊ တီထွင်မှုများဖြင့်အမှုတော်မြတ်ကို တိုးတက်စေခြင်း။
  • ထူးချွန်ထက်မြက်သော အမှုတော်ဆောင်များ ပေါ်ပေါက်လာစေခြင်းတို့ဖြစ်သည်။

ခွန်အားပေး တိုက်တွန်းခြင်းလုပ်မည်ဆိုလျှင် အုပ်ချုပ်စီမံအဖွဲအနေဖြင့် အောက်ပါအချက်များကို စဉ်းစားရန်လိုအပ်ပါသည်။

  • တာဝန်ပေးခြင်း ခံရမည့်သူများကို မည်သည့် အတိုင်းအတာအထိ လုပ်ပိုင်ခွင့်ပေးအပ်မည်နည်း။
  • အုပ်ချုပ်စီမံအဖွဲနှင့်ခန့်အပ်မည့်သူများ အပြန်အလှန် ယုံကြည်မှုတည်ဆောက်ထားခြင်းရှိ၊ မရှိ။
  • ခန့်အပ်ခံရသူများ၏ လုပ်ကိုင်နိုင်စွမ်းကို အပြည့်အဝအသုံးချခွင့်ပေး၊ မပေး။
  • ခန့်အပ်ခံရသူများကို အုပ်ချုပ်စီမံအဖွဲက သိရှိထားခြင်း ရှိ၊မရှိ။
  • ထောက်ပံ့လစာ၊ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်များသည် ခန့်အပ်မည့်သူများအတွက် ထိရောက်သော ခွန်အားပေး တိုက်တွန်းမှု ဖြစ်၊မဖြစ် စသည့် အချက်အလက်များဖြစ်ပါသည်။

ထိုကြောင့် အသင်းတော်၏ အုပ်ချုပ်စီမံအဖွဲအနေဖြင့်လည်း လုပ်ငန်းခွင် တိုးတက်မှုအတွက် ခွန်အားပေး တိုက်တွန်းမှုပြုမည်ဆိုလျှင်အောက်ပါအချက်တိုကို ဆန်းစစ်ပြီး လိုအပ်သလို အဆင့်ဆင့် ပြင်ဆင်လုပ်ဆောင်ရန် လိုအပ်ပါသည်။

  • ဤခွန်အားပေး တိုက်တွန်းမှုအပေါ်အဖွဲ၏ခံယူချက်နှင့် သဘောထားများကို ဆန်းစစ်ခြင်း၊
  • ခွန်အားပေးတိုက်တွန်းမှုအတွက် အဟန့်အတားဖြစ်စေမည့်အချက်များ ရှာဖွေဖော်ထုတ်ခြင်း။
  • တာဝန်ပေးခြင်းများကို လွတ်လပ်စွာ လုပ်ဆောင်ခွင့်နှင့် မိမိလုပ်ငန်းအပေါ် တာဝန်ယူတတ်မှု ရှိ၊ မရှိ ဆန်းစစ်ခြင်း။
  • တိုက်တွန်းခွန်အားပေးမှုအတွက် တောင်သတ်မှတ်ပေးခြင်း။
  • ခန့်အပ်သူတို၏ ယုံကြည်ခံရမှုကို တည်ဆောက်ခြင်း၊
  • ခန့်အပ်ခံရသူတို၏တတ်မြောက်ကျွမ်းကျင်မှုကို အကဲဖြတ်ခြင်း။
  • ခန့်အပ်မည့်သူများသည် ခွန်အားပေးတိုက်တွန်းမှု၏ ပိန်ခေါ်ချက်များကို တုံပြန်နိုင်သည့် အရည်အသွေး ရှိ၊ မရှိနှင့် ဝန်ပိမှု မဖြစ်စေရန် ရှောင်ရှားခြင်း။
  • တာဝန်ခံမှု တာဝန်ယူမှုနှင့် ဆုံးဖြတ်ပိုင်ခွင့်ကို ခန့်အပ်မည့် သူများနှင့် ညှိနှိင်း သဘောတူခြင်း။
  • မည်သည့်အချိန်အနေအထားတွင် ခွန်အားပေးတိုက်တွန်းမှုကိုစတင် လုပ်ဆောင်မည်ကို သတ်မှတ်ခြင်း။
  • ခွန်အားပေးတိုက်တွန်းမှု၏ အကျိုးရလဒ်များကို တစ်ဖန် စိစစ်သုံးသပ်ခြင်း စသည်တိုဖြစ်ပါသည်။
  • အသင်းတော် လူ့အရင်းအမြစ်စွမ်းအားစီမံခန့်ခွဲခြင်း အမှုတော်မြတ်နှင့်ပတ်သက် လမ်းညွှန်သော သမ္မာကျမ်းချက်များ။ ၂တိ ၁း၇။ ဟေဗြဲ ၁၂း၁၁။ တ ၆း၅။ ကော ၄း၁။ ဧ ၆း၅-၉၊ ၅း၁၂။ ၁ပေ ၅း၁။ ဧ ၄း၁၂။ တ ၁၅း၂၂။ ဟေဗြဲ ၁၃း၁၇။ ၁ပေ ၅း ၂။ ၁တိ ၅း၁၇။ တ ၁၄း၂၃။ ၁တိ ၃း၂။ တ ၁၅း ၂။

၂။ ဘဏ္ဍာ‌ရေးဆိုင်ရာ စီမံခန့်ခွဲမှု (Financial Management)

ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှုသည် ဘုရားသခင်က အလုံးစုံကို ဖန်ဆင်း၍ အလုံးစုံကို ပိုင်သအုပ်စိုးတော်မူ၏ဟူသော ခရစ်ယာန်တို၏ အခြေခံယုံကြည်မှုနှင့် တိုက်ရိုက်ဆက်စပ်မှု ရှိပါသည်။ ထိုကြောင့် အသင်းတော်အနေဖြင့် ဘုရားသခင် ခန့်အပ်ထားသော ဘဏ္ဍာထိန်း ကောင်းပီသစွာ ဘုရားသခင်ပေးအပ်ထားသော ဘဏ္ဍာများကို အလိုတော်နှင့်လျော်ညီစွာ အသုံးပြုတတ် ပိုရန် လိုအပ်ပါသည်။ မြန်မာပြည်ရှိ နှစ်ခြင်းအသင်းတော်အားလုံးသည် မိမိခြေထောက်ပေါ်တွင် မိမိရပ် တည်သော အသင်းတော် (Self-Supporting Church) များဖြစ်၍ ဘဏ္ဍာရေးကိစ္စများကို အလေးအနက်ထား၍ စီမံခန့်ခွဲမှုများ ပြုလုပ်ရ ပေလိမ့်မည်။

အသင်းတော်၏ ဘဏ္ဍာရေးအဖွဲ့သည် လူရိုသေရှင်ရိုသေ ဂုဏ်သိက္ခာနှင့်ပြည့်စုံ၍ ကိုယ်ကျိုးမ ရှာဘဲ အသင်းတော်ကို ချစ်သောသူများနှင့် ဖွဲစည်းသင့်သည်။ ဘဏ္ဍာရေးအဖွဲဝင်များသည် ငွေကြေးစီမံ ခန့်ခွဲမှုပညာရပ်နှင့် ပတ်သက်၍ ရင်းနှီးကျွမ်းဝင်မှုရှိသင့်သည်။ ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ အသင်းတော်အနေဖြင့် အောက်ပါအချက်များကို ဂရုပြု ကျင့်သုံးသင့်ပါသည်။

 

(၁) ဘဏ္ဍာရှာဖွေရေး။

အသင်းတော်သည် သာသနာပြုခြင်းကို ထိထိရောက်ရောက်နှင့် အစဉ်အမြဲ ပြုလုပ်နိုင် ရန်အတွက် မရှိမဖြစ် လိုအပ်သော ဘဏ္ဍာ )ဖွေထိန်းသိမ်းသုံးစွဲခြင်းကို စနစ်တကျ လုပ်ဆောင်တတ်ရန် လိုအပ်သည်။ အလှူငွေကောက်ခံခြင်း တစ်ခုတည်းအပေါ်တွင် ရပ်တည်ခြင်းမပြုဘဲ အသင်းတော် အတွက် လိုအပ်သည့်ဘဏ္ဍာငွေကို နည်းလမ်းမျိုးစုံဖြင့် ရရှိနိုင်ရန် လုပ်ဆောင်ရပေ လိမ့်မည်။ အရေးကြီးသည့်အချက်မှာ ဤသိုရှာဖွေခြင်းသည် အမှုတော်မြတ် အလုပ်များများ လုပ်ဆောင်ဖို့ ရန်သာဖြစ်ပြီး ငွေရင်းငွေနှီး ရှာဖွေစုဆောင်ခြင်း မဟုတ်ကြောင်းကိုသတိပြုရန် ဖြစ်သည်။

 

(၂) ဘဏ္ဍာရေးနှင့်ပတ်သက်သော စီမံခန့်ခွဲမှုအတတ်ပညာများကို လေ့လာသင်ကြားပေးသင့်သည်။

ဘဏ္ဍာထိန်းကောင်းဆိုသည်မှာ ရသမျှကို ထိန်းသိမ်းခြင်းမျှသာမဟုတ်ဘဲ တိုးပွားအောင် လုပ်ဆောင်သူဖြစ်သည်။ ခရစ်ယာန်ဘဏ္ဍာ ထိန်းကောင်းများသည် ဘဏ္ဍာရေး စာရင်းအင်း အတတ်ပညာများနှင့် ရင်နှီးကျွမ်းဝင် တတ်ကျွမ်းမှုရှိသင့်ပါသည်။ ဘဏ္ဍာရေး နယ်ပယ်တွင် ကျွမ်းကျင်တတ်မြောက်သူများကို ဖိတ်ကြား၍ အသင်းတော်မှ တာဝန်ရှိသူများကို အလျဉ်းသင့်သလို သင်တန်းများပေးသင့်သည်။ ဝင်ငွေထွက်ငွေ စာရင်းများရေးဆွဲခြင်း၊ ငွေစာရင်း စစ်ဆေးခြင်း၊ ဘဏ္ဍာ ဆိုင်ရာ စာရင်းဇယားများပြုစုခြင်း စသည့်ဖြင့် ဘဏ္ဍာရေးနှင့် သက်ဆိုင်သော အတတ်ပညာ၊ အသိပညာများကို သင်ကြားမှုများ ပြုလုပ်သင့်ပါသည်။ အောက်တွင် အသင်းတော်၏ ဝင်ငွေထွက်ငွေ ခန့်မှန်းငွေစာရင်း နမူနာများကို လေ့လာနိုင်ရန် ဖော်ပြထားပါသည်။

ဝင်ငွေ ထွက်ငွေ
စဥ် အကြောင်းအရာ သင့်ငွေ စဥ် အကြောင်းအရာ သင့်ငွေ

 

 

 

 

 

 

 

 

၁၀

 

 

 

၁၁

 

 

အပတ်စဥ်ဝတ်ပြုခြင်း

အလှူငွေ

ဆုတောင်းစည်းဝေးမှ

အလှုငွေ

ဆယ်ဖို့တစ်ဖို့ အလှူငွေ

ဥပုသ်စာဖြေကျောင်း

အလှူ

ကျေးဇူးတော်ချီးမွမ်းခြင်း

အလှူငွေ

လူငယ်ဝတ်ပြုခြင်း

အလှူငွေ

အမျိုးသားဝတ်ပြုခြင်း

အလှူငွေ

အမျိုးသမီးဝတ်ပြုခြင်း

အလှူငွေ

အသင်းသားများထံမှ

လစဉ်ပေးလှူငွေ

အထူးနေ့များမှဝင်ငွေ

(နယ်အဖွဲချုပ်၊ အသင်း

ချုပ်ကျမ်းစာအသင်း၊

ဓမ္မတက္ကသိုလ်)

အထူးအလေးငွေ

ရှာဖွေခြင်း

 

 

၂၄၀၀၀၀၀

 

၁၀၀၀၀၀

၂၅၀၀၀၀၀

 

၂၄၀၀၀၀

 

၂၅၀၀၀၀၀

 

၃၆၀၀၀၀

 

၁၀၀၀၀၀

 

၃၀၀၀၀၀

 

၆၀၀၀၀၀

 

 

 

၅၀၀၀၀၀

 

၂၀၀၀၀၀၀

 

 

 

 

 

 

 

 

 

 

 

၁၀

 

၁၁

၁၂

၁၃

၁၄

ဓမ္မအမှုတော်ဆောင်

ထောက်ပံ့

အပတ်စဉ်တရား

ပလ္လင်အတွက်ကုန်ကျငွေ

(ပန်း+ ပွဲတော်,

အစီအစဉ်စာရွက်)

သင်တန်းများအတွက်

(ဥပုသ်စာဖြေ၊ လူငယ်။

အမျိုးသား၊ အမျိုးသမီး)

ခရစ္စမတ်နေ့အတွက်

ကုန်ကျငွေ

တပည့်တော်စစ် သင်တန်း

ဒဝံဂေလိသင်တန်း

ပြုပြင်ထိန်းသိမ်း

(အဆောက်အဦး၊

မော်တော်ယာဉ်)

အထူးနေ့များအတွက်

ပြန်လည်ပေးလှူငွေ

သာသနာပြုကျောင်းများ

အတွက်ထောက်ပံ့ငွေ

ကျမ်းစာကျောင်း တက်သူ

များအတွက်ပံ့ပိုးငွေ

ခရီးစရိတ်

ရုံးသုံး

ဧည့်ခံစရိတ်

အထွေထွေ

၂၄၀၀၀၀၀

 

 

၃၀၀၀၀၀

 

 

 

 

၁၀၀၀၀၀၀

 

၁၅၀၀၀၀၀

၃၀၀၀၀၀

၃၀၀၀၀၀

၁၅၀၀၀၀၀၀

 

 

 

၅၀၀၀၀၀

 

၅၀၀၀၀၀

 

၃၀၀၀၀၀

၁၀၀၀၀၀၀

၅၀၀၀၀၀

၅၀၀၀၀၀

၁၀၀၀၀၀၀

စုစုပေါင်း ၁၁၆၀၀၀၀၀ ၁၁၆၀၀၀၀၀

အသင်းတော်တစ်ပါးအတွက် ဘတ်ဂျက် (နမူနာ)

  • အသင်းတော်အတွင်း သင်တန်းတစ်ခုအတွက် ခန့်မှန်းငွေစာရင်း (နမူနာ)။
စဥ် အကြောင်းအရာ သင့်ငွေ စဥ် အကြောင်းအရာ သင့်ငွေ
၁။ အသင်းတော်မှ

အလှူငွေ

တစ်ဦးချင်း

 

 

၁၃၀၀၀၀

၂၀၀၀၀၀

 

 

၁။

 

၂။

 

၃။

၄။

 

၅။

သင်ထောက်ကူပစ္စည်း

(၅၀၀၀x၃၀ဦး)

ဆရာများဂုဏ်ပြု

(၁၀၀၀x၇ဦး)

အခမ်းအနားပြင်ဆင်ခြင်း

အထူးဧည့်သည်တော်

ဆရာများအား ဂုဏ်ပြုခြင်း

အထွေထွေ

 

၁၅၀၀၀၀

 

၇၀၀၀၀

၁၀၀၀၀

 

၅၀၀၀၀

၅၀၀၀၀

စုစုပေါင်း ၃၃၀၀၀၀ စုစုပေါင်း ၃၃၀၀၀၀

 

 

(၃) ငွေကြေးနှင့်ပတ်သက်လျှင် ပွင့်လင်းမြင်သာရှိမှုသည် အလွန်အရေးကြီးပါသည်။

လှူဒါန်းသော အလှူငွေများကို နည်းမှန်လမ်းကျ သုံးစွဲ၍ သုံးစွဲမှုများအားလုံး ပွင့်လင်းမြင် သာရှိခြင်းသည် အသင်းတော်တစ်ပါး၏အလွန်အရေးကြီးသည့် ဂုဏ်သိက္ခာ တစ်ခုဖြစ်သည်။ အလှူငွေကိုမည်သူ ကောက်ခံသနည်း၊ ထိုအလှူငွေကို မည်သူတိုက ကိုင်တွယ်သနည်း။ စာရင်းစစ်သည် မည်သူဖြစ်၍ အသင်းတော်၏ ဘဏ္ဍာရေးစာရင်းများကို မည်သို စစ်ဆေးမှတ်ချက်ပေးသနည်း။ လှူဒါန်းခြင်းဖြင့် အသင်းတော်၏သာသနာတွင် ပါဝင်ကြသော အသင်းသူ၊ အသင်းသားအားလုံး အသင်းတော်၏ ဘဏ္ဍာရေးရှင်းတမ်းများ သိရှိရန် မည်သို လုပ်ဆောင်သနည်းစသော ဘဏ္ဍာရေးဆိုင်ရာပွင့်လင်းမြင်သာရှိမှုများသည်အသင်းသူ၊ အသင်းသားများ နောက်တစ်ကြိမ် ထပ်မံ၍ အသင်းတော် သို့ပေးလှူရမည်လော၊ မပေးလှူမည်လော စသည့်ဆုံးဖြတ်ချက်ကို အဓိကလွှမ်းမိုး တွန်းအားပေးသော အသိအမြင်များဖြစ်ပါသည်။

အပတ်စဉ် အသင်းတော်၏ အလှူငွေများ၊ ဆယ်ဖိုတစ်ဖိုဘဏ္ဍာငွေနှင့် အသင်းတော် ပုံမှန်အလှူငွေအားလုံးကို ရေတွက်ရာတွင် အနည်းဆုံး ဘဏ္ဍာရေးအဖွဲဝင် (၃)ဦးထက်မနည်း စုပေါင်း လုပ်ကိုင်သင့်သည်။ ငွေဝင်ငွေထွက်တိုင်းကို တိတိကျကျရေးဆွဲ မှတ်တမ်းတင်ထားပြီး အသင်းတော်မှ ခန့်အပ်သော စာရင်းစစ်နှင့် သေချာစွာစိစစ်ပြီးလက်မှတ်ရေးထိုးရန် လိုအပ်ပါသည်။ အချုပ်အားဖြင့် အသင်းတော်၏ ဘဏ္ဍာရေးဆိုင်ရာကိစ္စများကို ကိုင်တွယ်ရာတွင် စီးပွားရေးလုပ်ငန်းများတွင် လိုက်နာကျင့်သုံးသော တိကျသေချာသော လုပ်ထုံးလုပ်နည်းများကဲ့သို စနစ်တကျ ဆောင်ရွက်စီမံဖိုရန် အထူးလိုအပ်ပါသည်။

 

(၄) အသင်းတော်၏ ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှုကဏ္ဍတွင်အရေးကြီးသော လုပ်ငန်းစဉ်များ။

၁) ဘဏ္ဍာရေးဆိုင်ရာမူဝါဒနှင့် လုပ်ထုံးလုပ်နည်းများ၊ တာဝန်ခံများကို တိကျခိုင်မာစွာ ရေးဆွဲ ပြဋ္ဌာန်းအတည်ပြုရန် အလွန်အရေးကြီးပါသည်။

၂) အသင်းတော်၏ နှစ်ပတ်လည်ကြိုတင်ရသုံးမှန်းခြေ(Estimate Budjet) ဝင်ငွေထွက်ငွေ စာရင်းရေးဆွဲခြင်းကို အချိန်ယူ၍ လုပ်ဆောင်ပါ။ ရေးဆွဲသော ကိန်းဂဏန်းများနှင့် လက်တွေ့ ဝင်ငွေ၊ ထွက်ငွေကိန်းဂဏန်းများ လွန်စွာကွာဟမှု မရှိရန် သတိပြုဆင်ခြင်ရမည်။

၃) အသင်းတော် ရည်ရွယ်လုပ်ဆောင်သော သာသနာပြုလုပ်ငန်းများနှင့် တိုက်ရိုက် ဆက်နွယ်မှု ရှိသောလုပ်ငန်းဆောင်တာများကိုကုန်ကျသင့်သည့်အတိုင်းအတာအထိ ဘဏ္ဍာရေးသုံးစွဲမှု ပြုလုပ်သင့်သည်။ ဓမ္မကြောင်းအရ မဆီလျော်သော၊ သာသနာပြုလုပ်ငန်းများနှင့် ဆက်နွယ်မှုနည်းပါးသော လုပ်ငန်းများအတွက် အသင်းတော်၏ဘဏ္ဍာငွေသုံးစွဲမှုမျိုး မလုပ်မိစေရန် သတိချပ် ဆင်ခြင်သင့်သည်။

၄) ပွင့်လင်းမြင်သာရှိမှုနှင့် သာသနာလုပ်ငန်းများအတွက် အသင်းတော်က ထိရောက် အကျိုးရှိစွာငွေကြေးသုံးစွဲမှုတိုသည် ပေးလှူသောသူတို့အား ဝမ်းမြောက်ပီတိဖြစ်စေနိုင်ရုံမကထပ်၍ လှူဒါန်းရန်တွန်းအား ပေးနိုင်ကြောင်းကိုလည်း ဆင်ခြင်သတိပြုသင့်ပါသည်။

အသင်းတော်ဘဏ္ဍာရေးစီမံခန့်ခွဲခြင်း အမှုတော်မြတ်နှင့် ပတ်သက်သော လမ်းညွှန်သော သမ္မာကျမ်းချက်များ။ သု ၃း၉-၁၀၊ ၂၁း၂၀၊ ၂၂း၁။ ရော ၁၃း၈။ ဆာ ၃၇း၂၁။ မာ ၁၂း၄၁-၄၄။

၆း၁၉-၂၁။ ၁တိ ၃း၃။ တရား ၈း၁၈။

 

၃။ . အသင်းတော်ပိုင်ပစ္စည်းများကို စီမံခန့်ခွဲမှု (Property Management)

အသင်းတော်တစ်ပါးအဖြစ် ရပ်တည်နိုင်ဖိုရန် လိုအပ်ချက်များစွာရှိသည့်အနက် အသင်းတော် ဝတ်ပြုဆောင်ရှိရခြင်း အဓိကကျသောလိုအပ်ချက်တစ်ရပ်ဖြစ်သည်။ အသင်းတော် ဝတ်ပြုဆောင် ရှိသောကြောင့် အသင်းတော်ဝင်း (သို့) သာသနာဝင်းရှိရန် လိုအပ်သည်။ ထိုဝတ်ပြုဆောင်တွင် ထည့်သွင်းအသုံးပြုရမည့် ပစ္စည်းများရှိရမည်။ ဝတ်ပြုကိုးကွယ်ခြင်း၏ နောက်ဆက်တွဲ ဖြစ်သော ဧည့်ခံကျွေးမွေးခြင်း အစီအစဉ်များအတွက် အိုးခွက်ပန်းကန်တို့ရှိရမည်။ ထိုကြောင့် အသင်း တော်တစ်ပါးအဖြစ် ရပ်တည်နိုင်ရန်အတွက် မရှိမဖြစ်လိုအပ်သော ထိုပစ္စည်းများအား ရှာဖွေစုဆောင်းရုံမျှသာမက ရေရှည်တည်တံ့ခိုင်မြဲရန် စီမံခန့်ခွဲမှုက အလွန်အရေးကြီးပါသည်။

 

(၁) မရွှေ့ပြောင်းနိုင်သောပစ္စည်းများ။

ဤကဏ္ဍတွင် အရေးကြီးဆုံးသော မရွှေ့ပြောင်းနိုင်သည့် အသင်းတော်ပိုင်ပစ္စည်းမှာ သာသနာမြေ၊ သာသနာဝင်းခြံဖြစ်သည်။ ဤမြေယာ ပိုင်ဆိုင်မှုသည် တရားဥပဒေနှင့်အညီစီမံခန့်ခွဲရန် အထူးလိုအပ်ပါသည်။ ဤမြေကို မည်သိုရရှိခဲ့သနည်း ဆိုသောအချက်ကို တိကျမှန်ကန်စွာ နှင့် အထောက်အထား ပြည့်စုံစွာ စီမံဆောင်ရွက်ထားရန် လိုအပ်သည်။ အသင်းတော် ပိုင်မြေသည် လှူဒါန်းမြေဖြစ်ပါက မည်သူတိုက လှူဒါန်းကြောင်းကို အထောက်အထားပြည့်စုံစွာ စာချုပ်စာ တမ်းထားရှိဖို့ အရေးကြီးသည်။ ထိုသို စာချုပ်စာတမ်းများ မရှိပါက လှူဒါန်းသူတို့ မရှိတော့သောအခါ မြေယာပိုင်ဆိုင်မှု အရှုပ်အရှင်းများ ပေါ်ပေါက်လာတတ်ပါသည်။ မူလ အလှူရှင်တို၏ သားမြေးတိုနှင့် တစ်ဖန်စာချုပ်စာတမ်းပြုလုပ်ထားသင့်သည်။

သာသနာဝင်းမြေသည် ဝယ်ယူသည့်မြေဖြစ်ပါက ရောင်းသူထံမှ စာချုပ်စာတမ်းပြည့်စုံစွာဖြင့် ဝယ်ယူရန် အရေးကြီးပါသည်။ ထိုအတူ ရောင်းသူကလည်း ထိုမြေယာကို အမှန်တကယ်ပိုင်ဆိုင်သူ၊ ရောင်းချ ပိုင်ခွင့်ရှိသူ ဟုတ်၊ မဟုတ်သေချာစွာ စုံစမ်းမှု ပြုလုပ်သင့်ပါသည်။

သာသနာဝင်းမြေ၏ပိုင်ဆိုင်မှုကို စာချုပ်စာတမ်းဖြင့် စီမံခန့်ခွဲရုံခြံဝင်း ခတ်ထားခြင်းဖြင့်လည်း ပိုင်ဆိုင်မှုကို ထိန်းသိမ်းသင့်သည်။ မြေယာအမှုအခင်းသည် ရှင်း အခက်ဆုံး အမှုကြီးမျိုးဖြစ်၍ ပြဿနာများ မဖြစ်ပေါ်အောင် ရှင်းလင်းပြတ်သားစွာ ကြိုတင် စီမံခန့်ခွဲရန်အရေးကြီးပါသည်။ အခြေအနေပေးပါက တရားဝင် ဝတ္တကမြေအဖြစ်လျှောက်ထားရန် ကြိုးစားသင့်သည်။

မရွှေ့မပြောင်းနိုင်သော ပစ္စည်းများကို စီမံခန့်ခွဲမှုတွင် ဝတ်ပြုဆောင်၊ အသင်းတော် ခန်းမဆောင်၊ ချက်ပြုတ်ဆောင်၊ နှစ်ခြင်းကန်၊ ဧည့်ဆောင်၊ ရေချိုးခန်း၊ အိမ်သာစသော အဆောက် အဦးများ၏ ကြံ့ခိုင်မှုတိုကိုလည်း အစဉ်အမြဲ ကြည့်ရှုထိန်းသိမ်းရန် လိုအပ်သည်။ အသေးအမွှားပျက်စီးမှုကို လျစ်လျူရှုပါက ကြီးမားသောငွေကုန်ကြေး ကျပြင်ဆင်မှုကြီးများ ပြုလုပ်ရမည်ဖြစ်သဖြင့် အသင်းတော်၏ ဘဏ္ဍာနှင့် ပစ္စည်း ထိန်းသိမ်းရေးအဖွဲမှ အထူးဂရုပြု စီမံသင့်ပါသည်။

 

(၂) ရွှေ့ပြောင်းနိုင်သောပစ္စည်းများ။

အသင်းတော်ပိုင် ရွှေ့ပြောင်းနိုင်သော ပစ္စည်းများစွာ ရှိမည်ဖြစ် သကဲ့သို ထိုပစ္စည်းများ အားလုံးကို စနစ်တကျစီမံခန့်ခွဲရန် အလွန်အရေးကြီးသော စိန်ခေါ်မှုတစ်ရပ် ဖြစ်သည်။ အသင်းတော်အများစုသည် လိုအပ်သောပစ္စည်းများကို ရှာဖွေ စုဆောင်းခြင်းအပြင် ထိုပစ္စည်း များ ရေရှည်အသုံးပြုနိုင်ရန် စီမံမှုပြုသင့်ပါသည်။ ထိုသိုလုပ်ဆောင်နိုင်ခြင်း မရှိပါက အသင်းတော်ပိုင် ပစ္စည်းအများစုတိုသည် မပျက်စီးမပျောက်ဆုံးသင့်ဘဲ ဆောလျင်စွာ ပျက်စီးပျောက်ဆုံး ကုန်လိမ့်မည်။ နှစ်စဉ် ပျောက်ဆုံးပျက်စီးသည့် ပစ္စည်းစာရင်းသည် ရံဖန်ရံခါ ဝယ်ယူသည့် စာရင်းထက်ပင် များပြားနေကြောင်းကို အံ့သြစွာတွေ့ရှိရပါသည်။ ဥပမာ-အသင်းတော်တွင်း အသုံးပြုရန် (သိုမဟုတ်) တစ်စုံတစ်ဦး လှူဒါန်းထားသော ကျမ်းစာအုပ်များ၊ ဓမ္မသီချင်းစာအုပ်များမှာ ခဏအတွင်း စုတ်ပြညစ်ပေကုန်ခြင်း၊ ဝတ်ပြုဆောင်အတွင်းမှ ပျောက်ဆုံးသွားခြင်းတို့သည် အသင်းတော်တိုင်း ကြုံတွေ့ရသည့် တူညီသည့် ပြဿနာတစ်ခုဖြစ်သည်။

အသင်းတော်ပိုင်စက်ပစ္စည်းများ၊ တူရိယာများ၊ အလှဆင်ပစ္စည်းများ၊ ချက်ပြုတ်ရေး ပစ္စည်းများ စသော များပြားလှစွာသော ဤပစ္စည်းများကို အသင်းတော်ဘဏ္ဍာရေးနှင့် ပစ္စည်းထိန်းသိမ်း ရေးအဖွဲမှ မည်သူ့ကို မည်သိုတာဝန်ခွဲခန့်လျက် နှစ်စဉ် အပျောက်အရှ စာရင်းအင်းပြုစုခြင်း၊ ပြင်ဆင်ခြင်း၊ လိုအပ်သည့်အရာများကို ပြန်လည်ဝယ်ယူဖြည့်စွက်ခြင်း စသော အလုပ်တာဝန်များကို ပုံမှန်လုပ်ဆောင်ရန် အရေးကြီးပါသည်။

  • အသင်းတော်ပိုင်ပစ္စည်းများ စီမံခန့်ခွဲခြင်း အမှုတော်မြတ်နှင့်ပတ်သက်သော လမ်းညွှန်သော သမ္မာကျမ်းချက်များ။ သု ၁၃း၂၂။ က ၃၀း၃၇-၄၀။

 

၄။ အချိန်စီမံခန့်ခွဲမှု (Time Management)။

လူသားတိုင်းအချိုးညီတူမျှတစွာ ရရှိထားသောအရာမှာ အချိန်ဖြစ်ပါသည်။ အချိန်သည် ချုံ၍မရသကဲ့သို ချဲ့၍လည်း မရနိုင်ပါ။ စုဆောင်းထား၍ မရသကဲ့သို ရောင်းချ၍လည်းမရပါ။ တူညီစွာရရှိသော အချိန်များကို စီမံခန့်ခွဲတတ်ဖိုရန် လိုအပ်ပါသည်။ အချိန်စီမံခန့်ခွဲမှု၏ လျှိဝှက်ချက်မှာ တစ်မိနစ်စီတွင်ရှိသော စက္ကန့်တိုင်းကို မည်သို့အသုံးပြုရမည်ကို သိရှိခြင်းပင် ဖြစ်ပါသည်။ ကျွန်ုပ်တိုပတ်ဝန်းကျင်၌ အချိန်ကိုအလဟဿဖြစ်အောင် လုယူနေသော အရာများစွာရှိပါသည်။ ထိုအချိန်လုယူမှုများကို ဖယ်ရှားရခြင်းသည် စိတ်ပျက်စရာ အတွေ့အကြုံဖြစ်ပါသည်။ အချိန်ကို အသုံးချစီမံခန့်ခွဲမှုအားနည်းသော ပတ်ဝန်းကျင်၌ နေထိုင်ကြရသူများဖြစ်ရာ အချိန်ဖြုန်းခြင်းသည် အလေ့အကျင့် တစ်ခုအဖြစ်ပါသွားကြသည်။ အောင်မြင်သော အချိန်စီမံခန့်ခွဲသူတစ်ယောက်ဖြစ်ရန် ကြီးမားသော ဆက်ကပ်လုပ်ဆောင်မှုနှင့်ပြင်းထန်သော စိတ်ဆန္ဒရှိပါကဖြစ်နိုင်ပါသည်။

ဓမ္မရာဇဝင်စတုတ္ထစောင် ၂ဝး၄ဝ ၌ ဖော်ပြထားသကဲ့သို စစ်ပွဲအတွင်း၌ တပ်သား တစ်ယောက်သည် သုံပန်းတစ်ယောက်ကို စောင့်ဖို့ရန် တာဝန်ပေးခြင်းခံရသော်လည်း သုံပန်းသည် လွတ်မြောက်သွားသည်။ ထိုအစေခံ၏အကြောင်းပြချက်မှာ“ကိုယ်တော်ကျွန်သည် အခြားသော အမှုတွင် အလုပ်များနေစဉ် ရန်သူသည် လွတ်မြောက်သွားပါသည်” ဟု လျှောက်ဆိုခဲ့ပါသည်။ ထိုစစ်မှုထမ်းသည် ပျင်းရိသောသူမဟုတ်ပါ။ သိုသော် မိမိလုပ်ရမည့်အလုပ်ကို လုပ်ရမည့်အချိန်၌ မလုပ်ဘဲ မလုပ်ရမည့်အလုပ်ကို လုပ်ဆောင်ခြင်းကြောင့်ဖြစ်သည်။

 

(၁) လူ့သမိုင်းစဉ်အတွင်းမှ အချိန်သတ်မှတ်ချက်နှင့် ပတ်သက်၍အောက်ပါနည်းလမ်းများအတိုင်း စီမံဆောင်ရွက်ခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။

 

၁) သဘာဝသင်္ကေတများကို အသုံးပြုခဲ့ခြင်း။

နံနက်ခင်း၊ မွန်းတည့် မွန်းလွဲ၊ နေဝင်၊ ဆည်းဆာ၊ ညဦးယံ၊ သန်းခေါင်ယံ၊ မိုးသောက်ယံ၊ ကြက်တွန်သံ၊ နွေ၊ မိုး၊ ဆောင်း စသည့်ဖြင့် သဘာဝသင်္ကေတများကို အသုံးပြု၍ အချိန်ကို အသိပေး၊ သတိပေးခြင်းများပြုခဲ့သည်။

 

၂) နာရီများကိုအသုံးပြုခဲ့ခြင်း။

နေနာရီ၊ သဲနာရီ၊ စက်နာရီ၊ တုံးမောင်းခေါက်သံ၊ ဗဟိုရ်စည်သံစသည့်ဖြင့် အချိန်ကို သတ်မှတ် အသုံးပြုခဲ့ကြသည်။

 

၃) ပြက္ခဒိန်များကို အသုံးပြုခဲ့ခြင်း။

လူ့သမိုင်းတွင် နေကို ဗဟိုပြုသောနေ့ရက်တွက်သည့် ပြက္ခဒိန် (Solar Calander)နှင့် လကိုဗဟိုပြုသော ပြက္ခဒိန် (Lunar calander)ဟူ၍ နှစ်မျိုးအသုံးပြုလျက် နှစ်တစ်နှစ်ကို တဆယ့်နှစ် လတွက်ချက်၍အချိန်ကို ခွဲခြားသတ်မှတ်ခဲ့ကြသည်။

 

၄) မှတ်တမ်းမှတ်ရာများ အသုံးပြုလာခြင်း။

လုပ်ဆောင်ရမည့် လုပ်ငန်းဆောင်တာများကို ကြိုတင်ရေးဆို စီစဉ်လျက် မှတ်တမ်း မှတ်ရာများပြုစုပြီး ထိုအစီအစဉ်အတိုင်း လုပ်ဆောင်သည့် ဓလေ့သည် အချိန်စီမံခန့်ခွဲမှု နယ်ပယ်တွင် တစ်စတစ်စတွင်ကျယ်လာခဲ့သည်။

 

၅) လျှပ်စစ်ပစ္စည်းကိရိယာများအသုံးပြုလာခြင်း။

Computer, Touch Phone, Personal Organizerများ အသုံးပြု၍ လုပ်ဆောင်ရမည့် အလုပ်တိုကို သတ်မှတ်ခြင်း၊ လုပ်ဆောင်ရမည့်အလုပ်များစွာထဲမှ ဦးစားပေးအလုပ်နှင့် အရေးပေါ် အလုပ်များရွေးချယ်ခြင်း၊ အချိန်ကန့်သတ်ထိန်းချုပ်ခြင်းများကို လျှပ်စစ် ပစ္စည်းကိရိယာများ အသုံးပြု၍ တိကျစွာစီမံခန့်ခွဲကြသည်။

ဤအချိန်စီမံခန့်ခွဲမှုမှသည် လုပ်ငန်းပိုင်းဆိုင်ရာစီမံခန့်ခွဲမှု (Pro-ject Management)၊ စိတ်ဝင်စားမှုဆိုင်ရာ စီမံခန့်ခွဲမှု (Attention Management) နှင့် ပုဂ္ဂလိကအချိန်ပိုင်းဆိုင်ရာ စီမံခန့်ခွဲမှု (Personal Time Management) ဟူ၍ သုံးခုခွဲ၍ ပေါ်ထွက်လာခဲ့ပါသည်။

အချိန်စီမံခန့်ခွဲမှုအပေါ် စိတ်ဝင်စားမှုသည် လူတစ်ဦးချင်း၏ မိသားစုအစဥ◌်အလာ (Institution of Family) ကျား၊မ (Gender Role)ဟူသော လူ့သဘာဝအနေအထားနှင့် တစ်ဦးချင်းစီ၏ စွမ်းဆောင်နိုင်ရည် (Individual’s Amount of Labor) တိုနှင့် ဆက်စပ်နေပါသည်။

အသင်းတော်လုပ်ငန်းများနှင့် ပတ်သက်သော အချိန်စီမံခန့်ခွဲမှုသည် အသင်းတော်ကို ဦးဆောင်သော ခေါင်းဆောင်တစ်ဦးချင်းစီ၏ အချိန်စီမံခန့်ခွဲမှု၌ စိတ်ဝင်စားမှု၊ စိတ်အား ထက်သန်မှု တို့နှင့် တိုက်ရိုက်ဆက်နွယ်ပါသည်။ ရောင့်ရဲတင်းတိမ်ခြင်း၊ သဘာဝတရားနှင့် အလွန်လိုက်လျော ညီထွေစွာ နေထိုင်တတ်ခြင်း၊ စီမံခန့်ခွဲမှုကို စိတ်ဝင်စားမှုနည်းပါးသော မြန်မာရေခံမြေခံက အချိန်စီမံခန့်ခွဲမှုကို စိတ်ဝင်စားမှု လျော့နည်းရုံမက ထိုသိုလုပ်ဆောင် လိုသူများပင် ‘စာအုပ်ကြီးသမား’ ဟူ၍ အမြင်စောင်းတတ်စေရန် တွန်းအားပေးပါသည်။

တရားသဘောအရ ကျွန်ုပ်တို၏နေ့ရက်ကာလများမှာ ရေတွက်ခြင်းခံရသောကြောင့် ရရှိထားသော အချိန်ကာလကို အဓိပ္ပာယ်ရှိရှိ၊ အကျိုးရှိရှိ အသုံးချနိုင်ရန်မှာ ကျွန်ုပ်တို၏ တာဝန်သာဖြစ်ပါသည်။

 

(၂) ပုဂ္ဂလိကအချိန်ပိုင်းဆိုင်ရာ စီမံခန့်ခွဲမှု

(Personal Time Management)

လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ ရည်မှန်းချက်ပန်းတိုင်ချနိုင်မှုနှင့် ရောက် လိုမှုစိတ်ဆန္ဒတို့က ပုဂ္ဂလိကအချိန်ပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုကို လုပ်ဆောင်ရန်တွန်းအားပေးပါသည်။ ထိုရည်မှန်းချက် ပန်းတိုင်များ ပြီးပြည့်စုံရန် လုပ်ဆောင်ရမည့်လုပ်ငန်းပိုင်း (Project) များ သတ်မှတ်ခြင်း၊ ထိုလုပ် ငန်းပိုင်းများ ထမြောက်အောင်မြင်ရန် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ(Action Plan) ချမှတ်ခြင်း သည် ဤပုဂ္ဂလိက အချိန်ပိုင်းဆိုင်ရာစီမံခန့်ခွဲမှု၏ နောက်ဆက်တွဲလုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ ဖြစ်သည်။ ဤပုဂ္ဂလိကဆိုင်ရာ အချိန်စီမံခန့်ခွဲမှုတွင် နေ့စဉ်၊ အပတ်စဉ်၊ လစဉ်၊ အချိန်ကာလ တစ်ခုခုဟူ၍ သတ်မှတ်ပြီး ထိုအချိန်အတောအတွင်း ပြီးစီးအောင် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ တိတိကျကျသတ်မှတ်ဖော်ပြသော အချိန်ဇယားများ ရေးဆွဲအသုံးပြုကြပါသည်။

 

 

၁) လုပ်ဆောင်ရန်အလုပ်များ ချမှတ်သားခြင်း

(Things to do or Task List)

လုပ်ငန်းပိုင်း (Project) တစ်ခုပြီးမြောက်ရန် လုပ်ဆောင်ရမည့် အလုပ်များ (Tasks) ကို စနစ်တကျရေးသား မှတ်တမ်းတင်ရပါသည်။ ဤမှတ်တမ်းကို အသုံးပြု၍ လုပ်ငန်းပိုင်း အောင်မြင်ရန် လုပ်ဆောင်သင့်သည့် အလုပ်မှန်သမျှ ကြွင်းကျန်ခဲ့ခြင်းမရှိစေရန် သတိပေး၊ အသိပေးခြင်းဟူသော အကျိုးရရှိစေပါသည်။

ဤကဏ္ဍအတွက် အရေးကြီးသော အကြံပြုချက်များမှာ –

  • အလုပ်များအမှန်တကယ် ပြီးမြောက်စွာ လုပ်ဆောင်နိုင်ရန် လုံလောက်သော အချိန်သတ်မှတ်ရန်။
  • “မအားသေးပါ” ဟူ၍ သူတစ်ပါးအား ပြောဆိုရန် အားနာတတ်လွန်းခြင်းကို ရှောင်ရှားရန်
  • ဦးစားပေး တစ်၊ နှစ် စသည်ဖြင့် ရွေးချယ်ရန်။
  • လုပ်ဆောင်ရမည့်အလုပ်များ မပြီးမြောက်မီ ရပ်ဆိုင်းပစ်တတ်ခြင်းကို ရှောင်ရှားရန်။
  • အရေးကြီးသည့်လုပ်ငန်းများကို ပိုလျှံသောအချိန်တွင် လုပ်ဆောင်လျှင်လည်း ပြီးမြောက်နိုင်ပါသည်ဟု လွယ်လွယ်ကူကူ၊ ပေါ့ဆစွာ ယူဆခြင်းကို ရှောင်ရှားရန်။

၂) လုပ်ဆောင်ရမည့်အလုပ်များကို လုပ်ဆောင်ရမည့် အချိန်ဇယားရေးဆွဲခြင်း။

  • လုပ်ဆောင်ရမည့်အလုပ်များကို အရေးကြီးအဆင့်များ သတ်မှတ်၍ မည်သည့် အချိန်ကာလတွင် မည်သို လုပ်ဆောင်မည်ကို ဒုတိယအဆင့်တွင် အချိန်ဇယားရေးဆွဲခြင်း ပြုလုပ်ရပါမည်။ လုပ်ဆောင်ရမည့် လုပ်ငန်းအားလုံးကို အရေးကြီးဆုံး (A)၊ ဒုတိယအရေးကြီး (B)၊ စောင့်ဆိုင်းနိုင်သောအလုပ်(C) ဟူ၍ A, B, C စာရင်းပြုစုပါ။ A အလုပ်များမှာ တစ်ရက်အတွင်းပြီးစီးရန်၊ B အလုပ်များမှာ တစ်ပတ်အတွင်းလုပ်ဆောင်ရန်၊ C အလုပ်များမှာတစ်လအတွင်း လုပ်ဆောင်ရန် ဟူ၍ သတ်မှတ်နိုင်ပါသည်။
  • တစ်ရက်အတွင်းပြီးမြောက်ရမည့် A အလုပ်များကို အရေးကြီး အဆင့်ပေါ်မူတည်၍ တစ်ဖန် 1, 2, 3 စသည့်ဖြင့်သတ်မှတ်ပါ။ ပညာရှင်တချို့က လုပ်ဆောင်ရန် အခက်ခဲဆုံးအလုပ် A-1 အဖြစ်သတ်မှတ်ပါက ရည်ရွယ်ချက်ရှိသည့်အတိုင်း အလုပ်များ ပြီးမြောက်နိုင်ကြောင်း အကြံပေးပါသည်။
  • နေ့စဉ်လုပ်ဆောင်တတ်သည့် အလုပ်များကို ဤစာရင်းတွင်ထည့်သွင်းရေးသားရန် မလိုပါ။ (ဥပမာ-အိပ်ယာထချိန်၊ သွားတိုက်ချိန်၊ စသည့်ဖြင့်) အမှန်တကယ် အရေးကြီးသည့် လုပ်ငန်းကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ရန် သင့်တော်သော အလုပ်ချိန် သတ်မှတ်ရေးဆွဲသင့်သည်။ အလုပ်ချိန်သတ်မှတ်ရာတွင်လည်း မတော်တဆ၊ အခက်အခဲ၊ လုပ်ငန်း ကျွမ်းကျင်မှု စသည်တို့အတွက်လည်း ထည့်သွင်းစဉ်းစားလျက် အချိန်ကို လုံလောက်စွာ ချိန်ဆရေးဆွဲရန် လိုအပ်ပါသည်။

အချုပ်အားဖြင့် ပုဂ္ဂလိကအချိန်ပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုအတွက်ထိရောက်စွာ လုပ်ဆောင်နိုင်ရန်

  • ဦးစားပေးရွေးချယ်ခြင်း (Prioritize)

သင့်ဘဝရည်မှန်းချက်အတွက် သင်၏ကန့်သတ်ချက်ရှိသောအချိန်အတွင်း ပြီးမြောက်အောင်မြင်စွာ လုပ်ဆောင်နိုင်ရန်အတွက် အမှန်တကယ် လုပ်ဆောင်သင့်သော အလုပ်များကိုသာ ဦးစားပေးရွေးချယ်ပါ။

  • စနစ်တကျဆောင်ရွက်ခြင်း (Organizing)။

လိုအပ်သည့် လုပ်ငန်းစဉ်များကို စနစ်တကျ စဉ်းစားဆင်ခြင်၍ဆောင်ရွက်တတ်မှသာ ပြီးမြောက်အောင်မြင်မှုရရှိရန် သေချာမည်ဖြစ်သည်။

  • တွန်းအားပေးခိုင်းစေခြင်း (Streamlining)လုပ်ဆောင်ရန် ဆန္ဒမရှိသော်လည်း လုပ်သင့်လုပ်ထိုက်သောကြောင့် မဖြစ်မနေ လုပ်ဆောင်ရန်အတွက် မိမိကိုယ်မိမိ တွန်းအားပေးခိုင်းစေခြင်း။
  • အကျိုးရလဒ်ကို တွက်ဆခြင်း (Economizing)။

လုပ်သင့်လုပ်ထိုက်သော (သို) လုပ်ဆောင်ရန် အလွန်နှစ်သက်သော်လည်း ဘဝရည်မှန်းချက်များ ပြည့်စုံလာစေရန် အထောက်အကူမည်မျှပေးနိုင်၊ မပေးနိုင်စသော အောင်မြင်မှု အကျိုးရလဒ်ကို သေချာစွာ တွက်ဆလုပ်ဆောင်တတ်ရန် လိုအပ်ပါသည်။

  • ပရအကျိုးဖြစ်ထွန်းစေခြင်း (Contribution)။

မိမိဘဝရည်မှန်းချက်များအပြင် အများအကျိုးဖြစ်ထွန်းမည့် လုပ်ငန်းတချိုကို ဘဝ၏ တိုတောင်းသောအချိန်အတွင်း လုပ်ဆောင်ရန်ကိုလည်း မမေ့သင့်ပေ။

 

(၃) အသင်းတော်တွင်း အချိန်စီမံခန့်ခွဲမှု၊

အသင်းတော်တွင်းအချိန်စီမံခန့်ခွဲမှုဆိုသည်မှာ အသင်းတော်၏ ဝတ်ပြုကိုးကွယ်မှု အခမ်းအနားများ၊ အသင်းတော်လုပ်ဆောင်ရမည့်အမှုတော်မြတ်များကို လုပ်ဆောင်ရမည့် အချိန်တွင် ထိရောက်အောင်မြင်စွာနှင့် လုပ်ဆောင်နိုင်ရန် ရရှိသည့်အချိန် အတိုင်းအတာတစ်ခုကိုစနစ်တကျ စီမံခန့်ခွဲခြင်းဖြစ်သည်။ အချိန်သည် ပွားများအောင် လုပ်ဆောင်၍ရသောအရာ မဟုတ်သောကြောင့် ရရှိထားသည့်အချိန်ကိုအကျိုးရှိ ထိမိစွာအသုံးပြုနိုင်ရန် အထူးအရေးကြီးသည်။ အထူးသဖြင့် အချိန်သည် ငွေကြေး၊ အချိန်သည် တန်ဖိုးဖြစ်လာသော ခေတ်ကြီးတွင်အသင်းတော်အနေဖြင့် ဤအချိန်စီမံခန့်ခွဲမှုကို မဖြစ်မနေ ကြိုးစားလုပ်ဆောင်တတ်ရန် ခေတ်စနစ်က တောင်းဆိုနေပြီဖြစ် သည်။ အသင်းတော်အနေဖြင့် ဝတ်ပြုကိုးကွယ်သူများ ဘုရားကို ချစ်သောစိတ်၊ အသင်းတော်ကို ချစ်သောစိတ်ဖြင့် မိမိတိုပိုင်ဆိုင်သည့် အချိန်ထဲမှ ပေးနိုင်သောအချိန်ကို ကျွမ်းကျင်လိမ္မာစွာနှင့် ကျနထိရောက်အကျိုးရှိစွာ အသုံးချတတ်ရန်လို၏။ ထိုကြောင့်အသင်းတော်၏ အစီအစဉ်အားလုံးကို သေချာစွာ စီမံချက်ချရေးဆွဲပြီး မှန်ကန်သော ဦးစားပေးလုပ်ဆောင်ရမည်ဖြစ်ပြီး ထိုလုပ်ငန်းများ အတွက် လုံလောက်သောအချိန်ပေးရမည်။ ဥပမာ-တနင်္ဂနွေနေ့လည် ဝတ်ပြုခြင်းတွင် တရားဒေသနာဟော ကြားခြင်းနှင့် အသင်းတော် ကြော်ငြာတွင်စသော ဤအစီအစဉ်နှစ်ခုတွင် မည့်သည့်အစီအစဉ်အတွက် သင့်တော်လုံလောက် သော အချိန်ပေးရန် လိုအပ်သနည်း။ ကြော်ငြာချိန်ကို များစွာမယူသင့်ပါ။

အသင်းတော်တွင်း အစည်းအဝေးများ အလွန်အမင်းကြာလွန်းလျှင်လည်း တက်ရောက်သူတို ငြီးငွေ့လာပြီး စည်းဝေးသည့်ကိစ္စအပေါ်အာရုံစူးစိုက် စိတ်ဝင်စားမှု လျော့ပါးလာပေလိမ့်မည်။ ထိုကြောင့် အသင်းတော်၏ တာဝန်ရှိ ပုဂ္ဂိုလ်များသည် အသင်းတော်က မိမိရရှိသည့်အချိန်အတွက် မည်ကဲ့သို အသုံးချခဲ့ခြင်းကို စိစစ်ဝေဖန် သုံးသပ်မှုပြုရပါမည်။ အချိန်စီမံခန့်ခွဲမှုရေးဆွဲခြင်း မရှိပါက အချိန်ဖြုန်းတီးမှု ဖြစ်ပေါ်လာတတ်သည်။ အချိန်ဖြုန်းတီး သည်ဟု ခံစားရသောအခါ ထိုဝတ်ပြုစည်းဝေးများတွင် ပါဝင်ရန် စိတ်အားထက်သန်မှုတို လျော့ကျလာတော့မည်။ ထိုမှတစ်ဆင့် အသင်းတော်ရှိ ဝတ်ပြုသူဦးရေ ကျဆင်းလာပေလိမ့်မည်။ ဝတ်ပြုကိုးကွယ်ခြင်းဆိုသော ကောင်းမြတ်သည့်သဘောတရားယုံကြည်ချက်ကို ပျက်ပြားအောင် မလုပ်ဆောင်သင့်ပါ။ ထိုကြောင့် အသင်တော်၏ လှုပ်ရှားမှု အစီအစဉ်တိုင်းကို ကြိုတင်စီမံ ရေးဆွဲထားရပါမည်။ ထိုအချိန်စီမံခ န့်ခွဲမှုသည် အသင်းတော်၏ ဦးတည်ချက်များ ပြည်စုံရန် အထောက်အကူပြုသည့် အရေးကြီးသော လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း အသင်းတော်ကို ဦးဆောင်သူတို့ သတိပြုဆင်ခြင်သင့်သည်။ အစီအစဉ် အချိန်ဇယားများရေးဆွဲရန် ပျက်ကွက်ပါက အချိန်မီပြီးစီးရမည့် လုပ်ငန်းများမပြီးမြောက်တော့ခြင်းနှင့် အချိန်မလုံလောက်ခြင်းများ ဖြစ်တတ်သည်။ အသင်းတော်၏ အချိန်စီမံခန့်ခွဲမှု စနစ်တကျလုပ်ဆောင် ရန်အတွက်

  • ရုံးလုပ်ငန်းနှင့် သက်ဆိုင်သော ပစ္စည်းကိရိယာ စာရင်းစာအုပ်၊စာရွက်စာတမ်းများ စနစ်တကျထားရှိသည့် ရုံးခန်း (သို) အလုပ်စားပွဲများ သေသပ်မှုရှိရန် လိုအပ်သည်။
  • အသင်းတော်၏အချိန်စီမံခန့်ခွဲမည့် ဦးဆောင်သူအဖွဲသည်ပုံမှန်တွေဆုံတိုင်ပင်ညှိနှိင်းမှု လုပ်ဆောင်ပြီး အသင်းတော်၏ အစီအစဉ်များကို အချိန်ဇယားချလျက် စနစ်တကျ ရေးဆွဲရမည်။
  • တစ်နှစ်စာအချိန်ဇယားများ ကြိုတင်ရေးဆွဲရမည်။ လစဉ်အချိန်ဇယားများရေးဆွဲရမည်။
  • တစ်လအတွင်းလုပ်ဆောင်ရမည့် လုပ်ငန်းများတစ်ခုစီအတွက်အစီအစဉ်ကို အသေးစိတ် ရေးဆွဲထားရမည်။
  • ရေးဆွဲပြီးသော အချိန်ဇယားများကို အသင်းတော်၏ အုပ်ချုပ်စီမံအဖွဲသို တင်ပြဆွေးနွေးမှု ပြုသင့်သည်။

 

တနင်္ဂနွေနေ့ ဝတ်ပြုကိုးကွယ်ခြင်း၏ အချိန်စီမံခန့်ခွဲမှု (နမူနာ)

ဝတ်ပြုချိန် နံနက် ၁၀း၃၀ မှ ၁၁း၃၀

 

  • ပဏာမစောင်းတီးခြင်း ၁၀း၂၀ – ၁၀း၃၀
  • ဝတ်ပြုရန်ဖိတ်ခေါ်ခြင်း ၁၀း၃ဝ – ၁၀း၃၂ (၂ မိနစ်)  ဓမ္မသီချင်းနှင့် ဆုတောင်ခြင်း
  • ဓမ္မသံစုံ (လူငယ်-ကလေးသူငယ်) ၁၀း၃၂ – ၁၀း၄၀ (၈ မိနစ်) (ပထမအကြိမ်အလှူငွေ)
  • ပရိသတ်ဓမ္မသီချင်း ၁၀း၄ဝ – ၁၀း၄၂ (၂ မိနစ်)
  • အသင်းတော်ကြော်ငြာ ၁၀း၄၂  – ၁၀း၄၄ (၂ မိနစ်)
  • သင်းအုပ်ဆုတောင်း ၁၀း၄၄  – ၁၀း၅၂ (၈ မိနစ်) (မစတင်မီဓမ္မသီချင်း+ဆုတောင်းပြီးသီချင်း)
  • ဓမ္မသံစုံ (လူငယ်+လူကြီး) ၁၀း၅၂ – ၁၁း၀၀ (၈ မိနစ်)
  • အလှူငွေဆက်ကပ်ခြင်း ၁၁း၀၀ – ၁၁း၀၂ (၂ မိနစ်) (သီချင်းဆိုဆုတောင်း)
  • ကျမ်းစာဖတ်ခြင်း ၁၁း၀၂ – ၁၁း၀၄ (၂ မိနစ်)
  • တရားဒေသနာ ၁၁းဝ၄ – ၁၁း၂၄ (၂၀မိနစ်)
  • သဘာပတိ ၁၁း၂၄  – ၁၁း၂၇ (၃မိနစ်) ကျေးဇူးတင်စကားပြောခြင်း
  • ပရိသတ် ဓမ္မသီချင်း ၁၁း၂၇  – ၁၁း၃၀ (၃မိနစ်) (ကောင်းချီးပေး)
  • စုစုပေါင်းကြာချိန် (၆၀ မိနစ်)

ဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ် မည်မျှကြာညောင်းသည်၊ တိုတောင်းသည်ဆိုသည်မှာ အဓိကမဟုတ်ဘဲ ဤအချိန်အတွင်း ဝတ်ပြု သူတို့ ဘုရားကို မည်မျှအာရုံစိုက်နိုင်အောင် အသင်းတော်မှ စီမံခန့်ခွဲမှုပြုနိုင်ခြင်းသည်သာ အဓိကဖြစ်သည်။

  • အသင်းတော် အချိန်စီမံခန့်ခွဲခြင်းအမှုတော်မြတ်နှင့် ပတ်သက်သော၊ လမ်းညွှန်သော သမ္မာကျမ်းချက်များ။ ဒေ ၃း၁-၂၊ ၁၁း၄။ဧ ၅း၁၅-၁၇။ ကော ၄း၅။ ဆာ ၉၀◌း၁၂။ သု ၂၀း၁၃၊ ၆း၉။

 

၅။ အသင်းတော်တွင်း လုံခြုံရေးနှင့် အန္တရာယ်ကင်းရှင်းရေးဆိုင်ရာစီမံခန့်ခွဲမှု (Safety and Security Management)

ဝတ်ပြုကိုးကွယ်ရန်နှင့် ဘာသာရေး၊ လူမှုရေးနှင့်စပ်ဆိုင်သောမိတ်သဟာယဖွဲမှုများတွင် ပါဝင်ရန်အတွက် အသင်းတော်သို ရောက်ရှိလာကြသော အသင်းသူ၊ အသင်းသားများ အသင်းတော်ဝင်းအတွင်းနှင့်အစီအစဉ်များတွင် ပါဝင်နေသောချိန်၌ ဘေးအန္တရာယ် အမျိုးမျိုးမှကင်းရှင်းစေဖိုရန် အသင်းတော်က အထူးသတိပြု ကြိုးစားစီမံမှုများ လုပ်ဆောင်သင့်ပါသည်။ မတော်တဆဖြစ်မှုများနှင့် သတိလက်လွှတ် ဖြစ်သောကြောင့် ထိခိုက်ဒဏ်ရာရရှိမှုများ ကျွန်ုပ်တို ပတ်ဝန်းကျင်တွင် နေ့စဉ်ဖြစ်ပျက်နေသည်။ အသင်းတော်အနေဖြင့် ဤမတော်တဆထိခိုက် ဒဏ်ရာရခြင်းများ နည်းသည်ထက်နည်းရန် အောက်ပါအကြံပြုချက်များကို ဆင်ခြင်သင့်ပါသည်။

 

(၁) လုံခြုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး တာဝန်ခံအဖွဲ။

အသင်းတော်တွင် လုံခြုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး၏အခြေခံအကျဆုံး လုပ်ဆောင်ရမည့် အရာမှာ လုံခြုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး တာဝန်ခံအဖွဲ ဖွဲစည်းခြင်း ဖြစ်သည်။ သင်းအုပ်မှစ၍ အသင်းတော်လူကြီးများ၊ အမျိုးသမီး၊ အမျိုးသား၊ လူငယ်၊ ဓမ္မပညာစသော အဖွဲအသီးသီးမှ တာဝန်ခံကိုယ်စားလှယ်များ ပါဝင်မည်။ ဤအဖွဲ့မှနေ၍ အသင်းတော်တွင်း ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် လုံခြုံရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို အတည်ပြုပြဋ္ဌာန်းကြေငြာ ရမည်။ လုံခြုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ လုပ်ငန်းစဉ်များကို စနစ်တကျရေးဆွဲလျက် လက်တွေ့ အကောင်အထည်ဖော်လုပ်ဆောင်နိုင်ရန် လုပ်ဆောင်ရမည့် တာဝန်ခံများကို ရွေးချယ်တင်ပြခန့်ထားရမည်။ အခါအားလျော်စွာ ပြုလုပ်ထားသော စီမံချက်များ ရည်မှန်းထားသည့် အတိုင်း ပြည့်မီခြင်း ရှိ၊ မရှိ စစ်ဆေးလမ်းညွှန်ကူညီထောက်ပံ့မှု ပြုလုပ်ရမည်။ အခြေအနေနှင့် အချိန်အခါပေါ်မူတည်၍ ဖြစ်ပျက်တတ်သော သဘာဝဘေးအန္တရာယ် များနှင့် ရောဂါဘယများ ကိုလည်း မဖြစ်မှီ ကြိုတင်ပြင်ဆင်ကာကွယ်မှုများ ပြုလုပ်သင့်ပါသည်။

 

(၂) အသင်းတော်ပိုင် အဆောက်အဦနှင့် ပစ္စည်းများဖြင့် ဘေးအန္တရာယ်မပေါ်ပေါက်စေရန် ဆောင်ရွက်ခြင်း။

အသင်းတော်ပိုင် အဆောက်အဦများ၊ ပစ္စည်းများအားလုံးကို စနစ်တကျ ထိန်းသိမ်းစောင့် ရှောက်ရမည်။ ဤပစ္စည်းများ အားလုံးကို လိုက်လံစစ်ဆေးရန်အတွက် အချိန်အလွန်ပေးရ၍ လက်တွေ့လုပ်ဆောင် နိုင်စွမ်းရှိမည်မဟုတ်ပေ။ အသင်းတော်ပိုင် အဆောက်အဦနှင့် ပစ္စည်းများကို သုံးစွဲသူ၊ တာဝန်ခံများမှ အစဉ်သတိပြုလျက်လိုအပ်သောပြုပြင်မှုများကို သတိပြုမိလျှင် ချက်ချင်း လုံခြုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးတာဝန်ခံသို အကြောင်းကြားသင့်သည်။ ဝတ်ပြုရာဗိမာန် တော်နှင့် အခြားသော အဆောက်အဦများ၏ ကြံ့ခိုင်မှုများကို ခြောက်လတစ်ကြိမ် ပုံမှန်စစ်ဆေး သင့်သည်။အသင်းတော်တွင်းရှိ လျှပ်စစ်နှင့်စပ်ဆိုင်သော၊ လျှပ်စစ်အသုံးပြု

ပစ္စည်းအားလုံးကို ပုံမှန်စစ်ဆေးသင့်သည်။ အသင်းတော်တွင်ချက်ပြုတ်ဆောင်ရှိပါက မီးဘေးအန္တရာယ် ကင်းရှင်းစေရန် သတိချပ်လုပ်ဆောင်ရမည်။ အောက်ဖော်ပြပါ အချက်များသည် အသင်းတော်တွင်း လုံခြုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ပုံမှန်လုပ် ဆောင်သင့်သောအချက်များ ဖြစ်ပါသည်။

 

  • အသင်းတော်တွင်း၌ အသုံးပြုသော လှေကားများ၏ ကြံ့ခိုင်မှုကိုအသုံးမပြုမီ စစ်ဆေးပါ။
  • အသုံးပြုပြီးသော ကိရိယာများကို လက်ဆိုင်ရာသိုလှောင်ခန်း၊များသို စနစ်တကျ ပြန်လည်ထားရှိပါ။
  • အသင်းတော်တွင်အသုံးပြုမည့် ဓာတုပစ္စည်းများ အားလုံးကိုလုံလောက်သော အသိပညာ ပေးပြီးမှ သုံးစွဲမှုပြုရန်။
  • လျှပ်စစ်နှင့် စပ်ဆိုင်သော လုပ်ငန်းများလုပ်ကိုင်ရာတွင် အထူးသတိပြုဆောင်ရွက်ပါ။
  • သန့်ရှင်းရေးအတွက်အသုံးပြုသော ဓာတုပစ္စည်းများ၊ သုတ်ဆေးများကို လျှပ်စစ်မီးပုံများ၊ အစားအစာသိုလှောင်ခန်းများနှင့်ဝေးကွာသောနေရာတွင် စနစ်တကျ သိုလှောင် သိမ်းဆည်းပါ။
  • ရေဆိုးများကို စနစ်တကျစွန့်ပစ်ပါ။
  • ကြမ်းခင်းများ ရေညှိတက်ခြင်း၊ ရေစိုခြင်းပါက်ပြန်ခြင်းများကိုအမြန်ဆုံးပြုပြင်ပါ။
  • အသင်းတော်အဆောက်အဦများ၏ ခေါင်မိုးနံရံများ၊ တံခါးများ၊ပြတင်းပေါက်များ ပေါက်ပြဲကွဲအက်ခြင်း ရှိ၊မရှိ ပုံမှန်စစ်ဆေးပါ။ မိုးကြိုးလွှဲများ တပ်ဆင်ပါ။
  • အသင်းတော်ဝင်းအတွင်း ခြုံနွယ်ပိတ်ပေါင်းရှင်းလင်းခြင်းနှင့် ညအချိန်လုံလောက်သော မီးအလင်းရောင်ရှိရန် လုပ်ဆောင်ရမည်။
  • အရေးပေါ်အခြေအနေတွင် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်နှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို အများမြင်နိုင်သည့် နေရာတွင် ထင်သာမြင်သာရှိရန် အသိပေးကြော်ငြာထား ရှိရမည်။ရှေးဦးသူနာပြု ပစ္စည်းများထည့်သွင်းထားသော သေတ္တာငယ်များ အသင်းတော်၏ အခန်းတိုင်းတွင် ထားရှိသင့်သည်။

 

(၃) အသင်းတော်တွင်း အစီအစဉ်များတွင် ကျွေးမွေးဧည့်ခံသောအစားအစာများ။

မြန်မာ့ယဉ်ကျေးမှုတွင် အစားအစာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခြင်းသည် အလွန် အရေးကြီးသော ဧည့်ဝတ်ကျေပွန်မှု တစ်ခုအဖြစ်လက်ခံထားကြပါသည်။ ပြင်းထန်သော ရာသီဥတုနှင့် သင့်တော်မှန်ကန်သော အစားအစာ သိုလှောင်ရာနေရာ၊ ပစ္စည်းလုံလောက်စွာ မရှိခြင်း၊ ကြွက်၊ ခြင်၊ ယင် စသော ပိုးမွှားများပေါများခြင်း၊ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရောင်းချ သူများမှ ဓာတ်မြေသြ ဇာနှင့် ပိုးသတ်ဆေးများကို အလွန်အကျွံအသုံးပြုခြင်း၊ အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေး ဆိုင်ရာ အသိပညာ နည်းပါးခြင်းတိုက အသင်းတော်တွင်းအစီအစဉ်များတွင် ကျွေးမွေးဧည့်ခံသော အစားအစာများကြောင့် မလိုလားအပ်သော ဘေးအန္တရာယ် ဆိုးကျိုးများကို ဖြစ်ပေါ်စေသည်။ အောက်ပါအချက်အလက်များကို သတိပြုလိုက်နာလျှင် အတိုင်းအတာတစ်ခုအထိ ဆိုးကျိုးများကို လျော့ကျစေပါလိမ့်မည်။

  • မချက်ပြုတ်မီ ဝယ်ယူစုဆောင်းထားသော သား၊ ငါး၊ အသီးအနှံနှင့် စားသောက်ကုန်အားလုံး လတ်ဆတ်ခြင်း ရှိ၊မရှိ သုံးစွဲရန်သင့်၊မသင့် စစ်ဆေးပါ။
  • ချက်ပြုတ်မည့် အိုးခွက်ပန်းကန် ကိရိယာအားလုံး၊ အစားအစာထည့်မည့် အိုးခွက်အားလုံး စနစ်တကျ ဆေးကြော သန့်ရှင်းရမည်။
  • အစားအစာချက်ပြုတ်ပြီး ချက်ချင်း တည်ခင်းကျွေးမွေးခြင်းမပြုသေးပါက ကြွက်၊ ယင်ဘေးမှ လုံခြုံမှုရှိရန်၊ အစားအစာအတွက် လိုအပ်သော အပူချိန်ရရှိရန် စနစ်တကျ သိုလှောင်သိမ်းဆည်းသင့်သည်။
  • အစားအစာကို ချက်ပြုတ်သူ၊ ပြင်ဆင်ပေးသူတို၏တစ်ကိုယ်ရည်သန့်ရှင်းမှုနှင့် အစားအစာကိုင်တွယ်ရာတွင်လိုအပ်သော အကာအကွယ်ဝတ်ဆင် သုံးစွဲမှုတို့သည် အလွန်အရေးကြီးပါသည်။
  • တည်ခင်းကျွေးမွေးသော အစားအစာသည် ရာသီဥတုနှင့် ကိုက်ညီမှု ရှိ၊ မရှိ မည်သည့်ရောဂါနှင့် တည့်၊ မတည့် ကျွေးမွေးမည့်သူနှင့် စားသုံးမည့်သူများ သိရှိထားရန် အလွန်အရေးကြီးပါသည်။

 

(၄) လိင်ပိုင်းဆိုင်ရာ စော်ကားမှုများမှ ကာကွယ်ခြင်း။

ဘာသာရေးအသိုက်အဝန်းထဲတွင် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများဖြစ်ပျက်ခဲ့လျှင် မိမိတို့၏အဖွဲအစည်း နာမည်ပျက် သိက္ခာကျမည်စိုးရိမ်သောကြောင့် ဖုံးဖိဖျောက်ဖျက်ပစ်ခြင်းများ ပြုလုပ်လေ့ရှိသည်။ ဤအနေအထားသည် စော်ကားခံရသူအတွက် ပိုမိုနစ်နာစေသည့်အပြင် စော်ကားသူတိုကိုလည်း ထပ်မံကျူးလွန်ရန် တွန်းအားပေးသကဲ့သို့ ဖြစ်သည်။

ထိုကြောင့် အသင်းတော်တွင်း လိင်ပိုင်းဆိုင်ရာ စော်ကားကျူးလွန်မှုများကို မဖြစ်ပျက်မီ ကြိုတင်ကာကွယ် ပြင်ဆင်ထားခြင်းသည်အသင်းတော်အတွက် အကောင်းဆုံး လုပ်ဆောင်ချက် တစ်ခုဖြစ်သည်။

 

၁) လိင်ပိုင်းဆိုင်ရာ စော်ကားကျူးလွန်မှုများအတွက် ပညာပေးခြင်း။

အသင်းတော်တွင် ဖြစ်ပျက်တတ်သော၊ လက်မခံနိုင်သော လိင်ပိုင်းဆိုင်ရာ စော်ကားကျူးလွန်မှု အမျိုးမျိုးကို ပြဋ္ဌာန်း၊ အသိပေးပညာပေးရန် သင်တန်းများ၊ နံရံကပ်စာစောင်၊ လက်ကမ်းစာစောင်နှင့် ကြော်ငြာသင်ပုန်းတိုတွင် အခါအားလျော်စွာ အသိပေးသင့်သည်။ ဥပဒေပညာရှင်တို့ကို ဖိတ်ကြား၍ အကြံဉာဏ်တောင်းခံခြင်း၊ ပညာပေးခြင်းတို့ ပြုလုပ်ရမည်။

 

၂) အသင်းတော်အဆောက်အဦသုံးစွဲမှုကို ကြီးကြပ်ခြင်း။

အသင်းတော်အဆောက်အဦများကို ပုံမှန်အချိန်များတွင်ဖြစ်စေအခြားသော အချိန်များတွင်ဖြစ် စေ သုံးစွဲမှုများကို ကြီးကြပ်သတိထားကွပ်ကဲသင့်သည်။ မလိုအပ်ဘဲ အခန်းများ၊ အဆောက်အဦးများ၊ အစဉ်ဖွင့်ထားခြင်းမျိုး ရှောင်ရှားသင့်သည်။ မည်သူများက မည်သည့်အချိန်တွင် အသင်းတော် အဆောက်အဦးအတွင်း ရှိနေသည်ကို သတိပြုရမည်။ မသင်္ကာဖွယ် လူဝင်လူထွက်မှုများကို အစဉ်သတိပြုရမည်။

 

(၃) ကလေးငယ်များအား အစဉ်ကြီးကြပ်စောင့်ရှောက်ခြင်း။

ငယ်ရွယ်သော ကလေးငယ်များသည် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများကို သက်တူ ရွယ်တူများထံမှထက် အသက်အရွယ် ကြီးသူများထံမှပိုမိုကြုံတွေ့ခံစားရတတ်သည်။ ထိုကြောင့် အသင်းတော်တွင်း အစီအစဉ်များတွင် ကလေးငယ်များကို မည်သူတိုက မည်သိုပြုမူ ဆက်ဆံသည်ကို အထူးသတိချပ်သင့်သည်။ အနောက်တိုင်းအသင်းတော်တွင် KWAAT (Kids with Adult All Times) ဟူသောဆောင်ပုဒ်ဖြင့် အသင်းတော်တွင်း လိင်မှုစော်ကား ကျူးလွန်ခြင်းနှင့် မတော်တဆဖြစ် ပွားမှုများမှ ကာကွယ်ကြသည်။ ကလေးသူငယ်များကို ကြည့်ရှုရမည့်သူသည်စာရိတ္တကောင်းမွန်သူ ဖြစ်ရန် အလွန်အရေးကြီးပါသည်။

 

၄) Internet Phone သုံးစွဲမှုများအတွက် ပညာပေးအစီအစဉ်များ။

အချိန်မတန်ဘဲ လိင်မှုကိစ္စကျူးလွန်ရန် တွန်းအားပေးသော အသိများကို Internet/Phone များမှတစ်ဆင့် ကလေးသူငယ်တိုမြင်တွေ့ လှုံဆော်ခံကြရပါသည်။ ထိုကြောင့် အသင်းတော်အနေဖြင့် အုပ်ထိန်းသူများ၊ အသင်းတော်တွင်း ကလေးသူငယ်များနှင့် အလုပ်လုပ် ရသူများကို Internet/Phone အန္တရာယ်မှ ကလေးသူငယ်များကို မည်သိုကာကွယ် အသိပေးရမည်ကို ပညာပေးသင့်သည်။ မလိုအပ်ဘဲ Phone သုံးစွဲမှုများကို သတိပေးသင့်သည်။ ကလေးသူငယ်များအားလည်း Internat/Phone အန္တရာယ်များကို ပညာပေးသင့်သည်။

 

၅) အသင်းတော် ကလေးသူငယ် ပြုစုပျိုးထောင်ရေးဌာနများကို ပုံမှန်စစ်ဆေးကြီးကြပ်ခြင်း။

မြို့ကြီးအသင်းတော်အများစုတွင်နေ့ကလေးထိန်း၊ ကလေးသူငယ် ပြုစုပျိုးထောင်ရေး ဌာန၊ မူကြိုကျောင်းများ ဖွင့်လှစ်ထားရှိကြပါသည်။ ထိုကျောင်းများတွင် အမှုထမ်းသော ဝန်ထမ်းများကို အခါအားလျော်စွာလိင်ပိုင်းဆိုင်ရာ စော်ကားကျူးလွန်ခြင်းများအကြောင်း ပညာပေးခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း စသည်တို ပြုလုပ်သင့်သည်။

 

၆) ပြစ်မှုများဖြစ်ပေါ်ပါက အရေးယူဆောင်ရွက်ခြင်း။

အသင်းသူ၊ အသင်းသားတစ်ဦး၏ ဂုဏ်သိက္ခာက အသင်းတော်၏နာမည်ထက် အရေးကြီး ကြောင်း လက်ခံလျက် လိင်ပိုင်းဆိုင်ရာစော်ကားမှုဖြစ်ပေါ်ပါက အသင်းတော် တာဝန်ရှိပုဂ္ဂိုလ်များမှ ထိန်ချန်ခြင်းမရှိဘဲ ဥပဒေအရ ချက်ချင်းအရေးယူ ဆောင်ရွက်သင့်သည်။ ဤသို အရေးယူခြင်းသည် ဥပဒေကြောင်း သက်သက်ကြောင့်မဟုတ်ဘဲ စော်ကားသူအနေဖြင့် မိမိ၏မှားယွင်းသောလုပ်ရပ်မှ နောင်တရ၍ မိမိကိုယ်မိမိ ပြုပြင်နိုင်ရန်နှင့် အစော်ကားခံရသူမှ ဝိညာဉ်ရေးရာ၊ စိတ်ဒဏ်ရာနှင့် ကာယဒဏ်ရာများမှ သက်သာပျောက်ကင်းစေရန် မေတ္တာရှေ့ထား၍ ကိုယ်ချင်းစာနာ စိတ်အ ပြည့်အဝဖြင့် ဆောင်ရွက်ရန်ဖြစ်သည်။ ဤလိင်ပိုင်းဆိုင်ရာ စော်ကားမှု အဖြစ်ဆိုးဖြင့် ပြုသူ၊ ခံသူတိုကို အဆုံးရှုံးခံခြင်းမဟုတ်ဘဲ အဆိုးဝါးဆုံး အနေအထားမှ လုပ်နိုင်သမျှ အကောင်းဆုံး အမှုကို ဖော်ထုတ်ဆောင်ရွက်ခြင်းဖြစ်သည်။

အချုပ်အားဖြင့် အချိန်၊ ကာလ၊ နေရာ၊ ဒေသအပေါ် မူတည်၍အသင်းတော်အနေဖြင့် လုပ်ဆောင်ရဦးမည့်အခြားသော ဘေးကင်းလုံခြုံရေးဆိုင်ရာ ကိစ္စအဝဝ ရှိဦးမည်ဖြစ်သည်။ ဘုရားရှင်အား ဝတ်ပြုကိုးကွယ်ရာ အိမ်တော်သည် ရောဂါဘယ၊ မတော်တဆအဖြစ်ဆိုးများ ပေါ်ပေါက်ရာ ခိုးသား၊ ဓားပြသားရဲတွင်းမဖြစ်ရန် အသင်းတော်၏ တာဝန်ရှိပုဂ္ဂိုလ်အားလုံးမှ အထူးလုပ်ဆောင်ရမည် ဆိုသည်ကို ကျွန်ုပ်တိုအားလုံး အစဉ်သတိပြုရမည်ဖြစ်သည်။ ။

 

 

 

 

 

 

 

 

 

 

 

 

 

အပိုင်း ၃

အသင်းတော်၏ အုပ်ချုပ်စီမံမှု

CHURCH ADMINISTRATION

 

 

 

 

 

 

 

 

 

အဓိပ္ပါယ်ရှင်းလင်းချက်

DENIFINATION

 

အသင်းတော် အုပ်ချုပ်စီမံမှု (Church Administration) သည် အသင်းတော်၏မူဝါဒ (Church policy)အပေါ်တွင် များစွာမူတည်သည်။ထိုအတူ စနစ်ကျခြင်းနှင့် ထာဝရဘုရား ဖွင့်ပြတော်မူခြင်း (နှုတ်ကပတ်တော်) (Revelation)၌ အခြေခံသည်။ ဘုရားသခင်သည် အသင်းတော်၌ … စီမံအုပ်ချုပ်သူများ… စသည်တိုကို ခန့်ထားတော်မူ၏။ (၁ကော ၁၂း၂၈ မြန်မာစံမီ သမ္မာကျမ်း)၊ (ရောမ ၁၂း၈)တွင်လည်း – စီမံအုပ်ချုပ်သောသူသည် လုံလဝီရိယဖြင့် စီမံအုပ်ချုပ်စေဟု ဖော်ပြထားပါသည်။

အုပ်ချုပ်စီမံမှု (administration) သည် အဖွဲအစည်းတစ်ခုကိုကောင်းမွန်စွာ ရပ်တည်လည်ပတ်စေသော နည်းစနစ်(system) တစ်ခုဖြစ်ပါသည်။ ဤအရာသည် အဖွဲအစည်းကို ရွေ့လျားစေသည်၊ လမ်းညွှန်သည်၊ ရည်ရွယ်ထားသည့် ပန်းတိုင်သိုရောက်ရှိနိုင်ရန် ဦးဆောင်ပေးသည်။ သိုဖြစ်၍ ကောင်းမွန်သော အုပ်ချုပ်စီမံမှုသည် ကောင်းမွန်သော အဖွဲအစည်းကဲ့သို အရေးပါသည်၊ တချိုကိစ္စများတွင် အဖွဲ့အစည်းများထက်ပင် ပို၍ အရေးကြီးသည်။

 

 

 

 

 

 

 

အခန်း ၁

အသင်းတော်ဖွဲစည်းပုံ အခြေခံစည်းမျဉ်းနှင့်

စည်းကမ်းများ

CHURCH CONSTITUTION AND BYLAWS

 

လုပ်ငန်းနှင့် အဖွဲအစည်းတိုင်း တိကျမှန်ကန်စွာနှင့် စနစ်တကျလည်ပတ်နိုင်ဖိုရန်အတွက် အဖွဲအစည်း၏ အခြေခံစည်းမျဉ်းနှင့် အခြေခံစည်းကမ်းများ ထားရှိရန် လိုအပ်ပါသည်။ ထိုနည်းအတိုင်း ပဲ အသင်းတော် (ဒေသန္တရအသင်းတော် အပါအဝင်) များသည်လည်း အခြေခံစည်းမျဉ်း နှင့် အခြေခံ စည်းကမ်းများ ထားရှိဖိုလိုအပ်လှပါသည်။

အခြေခံစည်းမျဉ်း၊ စည်းကမ်းများ မထားရှိပါက၊ ကိစ္စတိုင်းကိုအစည်းအဝေးခေါ်ပြီး ဆွေးနွေးဆုံးဖြတ်နေရမည်ဖြစ်ပါသဖြင့် မျက်နှာလိုက်ခြင်း၊ မျှတမှုမရှိခြင်း၊ ရှေ့နောက် မညီညွတ်ခြင်းများ ဖြစ်ပေါ်ကာမကျေနပ်မှုများ၊ ဝေဖန်ပြစ်တင်မှုများ၊ လုပ်ငန်းအစဉ် မချောမွေ့မှုများ ထပ်မံဖြစ်ပေါ်စေတတ်ပါသည်။

နှစ်ခြင်းအသင်းတော်များ၏ ဖွဲစည်းပုံအခြေခံစည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းသည် ဒေသန္တရ နှင့် ကျင့်သုံးမှုအပေါ်တွင် မူတည်ပြီးအသင်းတော်တစ်ပါးနှင့်တစ်ပါးမတူညီမှုရှိနိုင်ပါသည်။ အဘယ်ကြောင့် ဆိုသော် နှစ်ခြင်းခရစ်ယာန် အသင်းတော်များသည် ဒေသန္တရအသင်းတော်တစ်ခု၏ လွတ်လပ်မှု အချုပ်အခြာအာဏာ အပြည့်အဝရှိခြင်း (Autonomy of local church) ကို လက်ခံကျင့်သုံးသော ကြောင့်ပါသည်။ ဒေသန္တရအသင်းတော်များအနေဖြင့် မိမိတိုနှင့် သင့်လျော်သော အခြေခံစည်းမျဉ်းနှင့် စည်းကမ်းများ လွတ်လပ်စွာ ပြဋ္ဌာန်းနိုင်သည်။

အသင်းတော်၏ အခြေခံစည်းမျဉ်းများနှင့် စည်းကမ်းများ ရေးဆွဲရာတွင် ပါဝင်သော အချက်များကို အောက်တွင် ဆက်လက်ဖော်ပြထားပါသည်။

၁။ အခြေခံစည်းမျဉ်း (Constitution)။

(၁) အခန်း ၁။ အမည်နှင့် တည်ရာဌာန (Name and Location)၊

(၂) အခန်း ၂။ လုပ်ဆောင်ရန်နှင့် ရူပါရုံ (Mission and Vision)။

(၃) အခန်း ၃။ ရည်ရွယ်ချက်များ (Objectives)။

(၄) အခန်း ၄။ အသင်းသားဖြစ်ခြင်း (Membership)။

(၅) အခန်း ၅။ စည်းရုံးဆက်သွယ်မှု (Affliation)။

(၆) အခန်း ၆။ ဖွဲစည်းတည်ဆောက်ပုံ (Structure)။

(၇) အခန်း ၇။ ဓမ္မဝန်ဆောင်မှုများနှင့် တာဝန်ခံပုဂ္ဂိုလ်များ

(Ministers and Officers)

(၈) အခန်း ၈။ အစည်းအဝေးများနှင့် တရားဝင် အစည်းအဝေး

သတ်မှတ်ဦး‌‌ရေ (Meetings and Quorum)

(၉) အခန်း ၉။ စည်းမျဉ်းပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း

(Amendment)

 

၂။ အခြေခံစည်းကမ်းများ (Bylaws)။

အခြေခံစည်းကမ်းများသည် အသင်းတော်၏ လုပ်ငန်းကိစ္စရပ်များကို ဆောင်ရွက် ရာတွင် အခြေခံစည်းမျဉ်း၏ နောက်ဆက်တွဲအဖြစ် လက်ခံကျင့်သုံးရန် ရေးသားပြုစုထားသော အရာဖြစ်ပါသည်။ အခြေခံစည်းကမ်းများတွင် အောက်ပါအချက်များပါဝင်သည်။

(၁) အမည်နှင့် ရည်ရွယ်ချက်။

(၂) အသင်းသားဖြစ်ခြင်း၊ အသင်းသားအမျိုးအစား၊ အသင်းသားအဖြစ်လက်ခံခြင်း၊ ပြောင်းရွှေ့နှုတ်ထွက်ခြင်း၊ နှုတ်ပယ်ခြင်းကဏ္ဍများပါဝင်သည်။

(၃) အသင်းသားတို၏ တာဝန်နှင့် အခွင့်အရေးများ။

(၄) သင်းလုံးကျွတ်စည်းဝေး။

ဤအပိုင်းတွင် သင်းလုံးကျွတ်စည်းဖွဲစည်းပုံ၊ တာဝန်သက်တမ်း၊ တာဝန်နှင့် လုပ်ကိုင်ခွင့်များ ပါဝင်သည်။

(၅) သင်းထောက်အဖွဲ့ (Board of Deacons)။

သင်းထောက်အဖွဲ့ဖွဲ့စည်းပုံ – သင်းထောက်အဖွဲ့တွင် နယ်မြေ၊ ရပ်ကွက်အလိုက် ကိုယ်စားပြုနိုင်သူများ၊ သာသနာရေးတွင် အတွေ့အကြုံရှိသူများ၊ အမျိုးသား၊ အမျိုးသမီး၊ လူကြီး၊ လူငယ် မျှတစွာပါဝင်ရပါမည်။ အသင်းတော်ရှိ ဓမ္မဝန်ဆောင် အားလုံးပါဝင်ရမည်။

 

၃။၊ အဖွဲအစည်းများ။

အသင်းအဖွဲ့တိုင်းတွင် ရည်ရွယ်ချက်များ အောင်မြင်ရေးအတွက် အဆင့်ဆင့် တာဝန်အပ်နှင်းခြင်းခံရသော အဖွဲအစည်းများရှိပါသည်။ ယင်းအဖွဲအစည်းတိုသည် လုပ်ငန်းများ ဆုံးဖြတ်ချမှတ်နိုင်ရန် အလုပ်စည်းဝေး ကျင်းပညှိနှိင်းကြရပါသည်။ လက်ခံကျင့်သုံးသော အခြေခံစည်းမျဉ်းစည်းကမ်းများတွင် ပြဋ္ဌာန်းထားရှိသည့်အတိုင်း ဖွဲစည်းပုံဇယားရေးဆွဲခြင်းဖြင့် တာဝန် အပ်နှင်းခြင်းခံရသော အဖွဲတိုကိုသိရှိနိုင်ပါသည်။ အများအားဖြင့် အောက်ပါအတိုင်း တွေ့ရှိရမည် ဖြစ်ပါသည်။

(၁) သင်းလုံးကျွတ်စည်းဝေး ညီလာခံ (General assembly/General Council)

(၂) အုပ်ချုပ်စီမံရေးအဖွဲ့ (ဗဟိုဦးစီးအဖွဲ) (Board of management/Church Council)

(၃) အမှုဆောင်အဖွဲ့ (အလုပ်အမှုဆောင်အဖွဲ့) (Executive Committee)

(၄) ဌာန (Department)။

(၅) လုပ်ငန်းအဖွဲ့ (အဖွဲ့) (Committee)။

(၆) အဖွဲ့ငယ် (Subcommittee)။

(၇) ယာယီအဖွဲ့ (Adhoc committee)။

မှတ်ချက်။ တချိုသောအသင်းတော်များတွင် သင်းလုံးကျွတ်အလုပ်အစည်းအဝေး (နှစ်ပတ်လည်) များကို Mass-Mass Meeting ဟု ခေါ်ဝေါ်တတ်ကြသည်။ အဓိပ္ပာယ်လွဲမှားနိုင်စရာ ဖြစ်သောကြောင့် ပို၍သင့်လျော်သော ဝေါဟာရ အသုံးအနှုန်းများကို ရှာဖွေပြီး ခေါ်ဝေါ်သင့်ပါသည်။

အဘယ်ကြောင့် ဆိုသော် Mass- Mass Meeting သည် လူထုအစည်းအဝေး၊ လူတိုင်းပါဝင် တက်ရောက်နိုင်၊ စနစ်တကျ ဖွဲစည်းထားခြင်း မရှိသော စုဝေးခြင်းဟု အဓိပ္ပာယ် သက်ရောက်သော ကြောင့်ယနေ့ အသင်းတော်၊ အဖွဲအစည်းများနှင့် ကိုက်ညီဆီလျော်မှု မရှိပါ။အသင်းတော်နှင့် အဖွဲအစည်းများသည် စနစ်တကျဖွဲစည်းသော(ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာထိန်း စသည်ဖြင့် ဖွဲ့စည်းထားသော အဖွဲအစည်းများ ဖြစ်သောကြောင့် Mass Meeting (လူထုအစည်းအဝေး)ဟူ၍ မခေါ်ဝေါ် မသုံးစွဲလျှင် ပိုမိုသင်လျော်မည်ဖြစ်သည်။

 

(၁) သင်းလုံးကျွတ် စည်းဝေး ညီလာခံ (General Council)။

အခြေခံအသင်းအဖွဲ၊ နယ်၊ ခရိုင်ဆိုင်ရာအသင်းအဖွဲ၊ နိုင်ငံလုံးဆိုင်ရာအဖွဲချုပ်၊ အသင်းချုပ် စသည်တိုအနေနှင့် သက်ဆိုင်ရာ စည်းမျဉ်း စည်းကမ်းနှင့်အညီ နှစ်စဉ်၊ နှစ်နှစ် တစ်ကြိမ်၊ သုံးနှစ် တစ်ကြိမ်စသည်ဖြင့် ဖွဲစည်းကျင်းပသည့် ပုံမှန်စည်းကို သင်းလုံးကျွတ်စည်းဝေးဟု ခေါ်ပါသည်။ စည်းမျဉ်းစည်းကမ်းနှင့်အညီ အရေးပေါ် (သိုမဟုတ်) အထူးသင်းလုံးကျွတ် စည်းဝေးကိုလည်း ခေါ်ယူကျင်းပနိုင်ပါသည်။

 

(၂) အုပ်ချုပ်စီမံရေးအဖွဲ (ဗဟိုဦးစီးအဖွဲ Board of management)။

တချို့သောအသင်းအဖွဲတို့တွင် သင်းလုံးကျွတ်စည်းဝေး တစ်ခုနှင့်တစ်ခုစပ်ကြား တာဝန်ထမ်းရန် အမှုဆောင်အဖွဲထက် အဆင့်မြင့်သောလုပ်ပိုင်ခွင့်ရှိသောအဖွဲကို တာဝန် အပ်နှင်း လေ့ရှိပါသည်။ ယင်းသို့ဖွဲစည်းတာဝန်အပ်နှင်းခြင်းခံရသောအဖွဲကို အုပ်ချုပ်စီမံရေး အဖွဲ (ဗဟိုဦးစီး အဖွဲ)ဟုခေါ်သည်။

 

(၃) အမှုဆောင်အဖွဲ (Executive Committee)။

အသင်းအဖွဲတိုင်းသည် ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များ ထမြောက်အောင်မြင်ရေးအတွက် တာဝန်ယူဆောင်ရွက်ရန် အမှုဆောင်အဖွဲ (အလုပ်အမှုဆောင်အဖွဲ) ကိုခန့်ထား တာဝန်အပ်နှင်း လေ့ရှိပါသည်။ ပြဋ္ဌာန်းထားရှိသော စည်းကမ်းချက်တိုနှင့်အညီ တစ်နှစ်လျှင်အနည်းဆုံးလေးကြိမ် အစည်းအဝေးကျင်းပလေ့ရှိပါသည်။

 

(၄) ဌာန (Department)။

တချို့သောအသင်းအဖွဲ့တို့တွင် လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရာ၌ လုပ်ငန်းသဘောအရ နီးစပ်သော လုပ်ငန်းအဖွဲတိုကိုစုစည်းလျက် ကြီးကြပ်စီမံခန့်ခွဲပေးမည့် အဖွဲကို ဖွဲစည်းတာဝန်အပ်နှင်းလေ့ရှိပြီး ယင်းအဖွဲကို ဌာနဟူ၍ သတ်မှတ် ခေါ်ဆိုတတ်ပါသည်။ တချို အသင်းအဖွဲတို့အနေနှင့် လုပ်ငန်းအဖွဲများသာထားရှိ တာဝန်အပ်နှင်းလေ့ရှိပြီး ဌာန ဖွဲစည်းတာဝန်အပ်နှင်းခြင်း မရှိတတ်ချေ။

 

(၅) လုပ်ငန်းအဖွဲ (Committee)။

လုပ်ငန်းအဖွဲကို ကော်မတီ (Committee)ဟု မြန်မာမှုပြုခေါ်ဆို လေ့ရှိပြီး သတ်မှတ်ပေးအပ်သော လုပ်ငန်းတာဝန်ကို ထမ်းဆောင်ရသောအဖွဲဖြစ်ပါသည်။ စည်းမျဉ်းစည်းကမ်း နှင့်အညီ ဖွဲစည်းတာဝန်အပ်နှင်းရပါသည်။ အမြဲတမ်းအဖွဲ့ (Standing committee) ဟုလည်းခေါ်ပါသည်။

 

(၆) အဖွဲငယ် (Subcommittee)။

စည်းကမ်းတွင် ပြဌာန်းချက်မရှိလင့်ကစား အဖွဲငယ်ကို သာမန်အားဖြင့် လုပ်ငန်းအဖွဲတိုက ဖွဲစည်းတာဝန်အပ်နှင်းလေ့ရှိပါသည်။ မိမိဖွဲစည်းတာဝန်အပ်နှင်းသောအဖွဲက ပေးအပ်သောတာဝန်ကို ထမ်းဆောင်ရပါသည်။ အဖွဲငယ်၏ တာဝန်သက်တမ်းသည် သာမန်အားဖြင့် တာဝန်အပ်နှင်းသာအဖွဲ၏ တာဝန်သက်တမ်းနှင့်အညီ ဖြစ်ပါသည်။

 

(၇) ယာယီအဖွဲ (Adhoc committee)။

သာမန်အားဖြင့် အဖွဲငယ်မှအပကျန်အဖွဲတိုအနေနှင့် လိုအပ်ပါကယာယီအဖွဲကို ဖွဲစည်း၍ တာဝန်အပ်နှင်းနိုင်ပါသည်။ ယာယီအဖွဲ၏တာဝန်သက်တမ်းသည် အပ်နှင်းခြင်းခံရသော လုပ်ငန်းတာဝန် ပြီးဆုံးပြီးနောက် သက်ဆိုင်ရာသို ပြန်ကြားအစီရင်ခံပြီးသည်အထိသာဖြစ်ပါသည်။ သိုရာတွင် ဖွဲစည်းတာဝန်အပ်နှင်းသည့်အဖွဲ၏ တာဝန်သက်တမ်းထက် မကျော်လွန်စေရပါ၊ လုပ်ငန်းပြီးဆုံးသေးလျှင်စည်းတာဝန် အပ်နှင်းသောအဖွဲက တာဝန်သက်တမ်းသစ်အတွက်သက်တမ်း တိုးပေးခြင်း သိုမဟုတ် အသစ်ဖွဲစည်းခြင်းပြုရမည်။လျာထားရေးအဖွဲ (Nomination Committee)ကို တချို့အသင်းအဖွဲ့များတွင် ယာယီအဖွဲ့အဖြစ် အနီးကပ်ဖွဲစည်းတာဝန်ပေးအပ်လေ့ရှိသော်လည်း တချိုအသင်းအဖွဲ့တို့တွင် အမြဲတမ်းအဖွဲအဖြစ် စည်းမျဉ်းစည်းကမ်းနှင့်အညီ ဖွဲစည်းတာဝန် ပေးတတ်ပါသည်။ ဥက္ကဌ အနေနှင့်အခြားသော ယာယီအဖွဲတိုကို ဖွဲစည်းတာဝန်ပေးခွင့် ရှိတတ်သော် လည်း လျာထားရေး အဖွဲကို ဖွဲစည်းပေးခြင်းနှင့် လျာထားရေးအဖွဲ့တွင်ပါဝင်ခြင်းမပြုရပါ။

၄။ အသင်းတော်တာဝန်ခံပုဂ္ဂိုလ်များ (Church officers)။

(၁) ဥက္ကဋ္ဌ၊ သဘာပတိ (Chairperson)။

အစဉ်အလာအရ သင်းအုပ်ဆရာသည် အသင်းတော်၏သဘာပတိဖြစ်ပါသည်။ သိုသော် သင်းအုပ်၏တာဝန်နှင့် သူ၏လွတ်လပ်စွာ အကြံပြုနိုင်ရေးတိုကို ထောက်ရှုပြီး ယခုအခါ တချိုသော အသင်းတော်များတွင် အသင်းတော်လူကြီးတစ်ဦးဦးကို သဘာပတိအဖြစ်ဖြင့် ခန့်ထားတတ်ကြသည်။ သဘာပတိ၏တာဝန်သည် အသင်းတော်ကောင်စီနှင့် အသင်းတော် အလုပ်အစည်းအဝေးများတွင် သဘာပတိအဖြစ် ဆောင်ရွက်ရန်ဖြစ်သည်။ အဖွဲနှင့် ကော်မတီများတွင် အကြံပေးအဖြစ်ဖြင့် ပါဝင်နိုင်သည်။ ဥက္ကဋ္ဌ၊ သဘာပတိ ဆောင်ရွက်ရာတွင်အထောက်အကူ ဖြစ်စေရန် အသင်းတော်၏ အခြေအနေအရ၊ ဒုဥက္ကဋ္ဌ တစ်ဦး (သို) နှစ်ဦးခန့်ထားနိုင်သည်။

 

(၂) အသင်းတော်အတွင်းရေးမှူး (Church secretary)။

အတွင်းရေးမှူး၏ တာဝန်သည် ဥက္ကဋ္ဌနှင့် တိုင်ပင်ညှိနှိင်းကာမှတ်တမ်းတင်ရေးခြင်း၊ ဝင်စာထွက်စာများ လက်ခံခြင်း၊ ဖြန့်ဝေခြင်း၊အရေးကြီးသော စာရွက်စာတမ်းများ သိမ်းဆည်းခြင်း၊ အသင်းတော်စာရင်းပြုစုခြင်း အစရှိသော ရုံးလုပ်ငန်းများဖြစ်ပါသည်။ အတွင်းရေးမှူးအား အထောက်အကူဖြစ်စေရန် တွဲဖက်အတွင်းရေးမှူးတစ်ဦး (သို)နှစ်ဦးခန့်ထားနိုင်ပါသည်။

 

(၃) အသင်းတော်ဘဏ္ဍာထိန်း (Treasurer)။

ဘဏ္ဍာထိန်းသည် အသင်းတော်၏ အလှူငွေကို အတည်ပြုလက်ခံထားသော ရ/သုံးခန့်မှန်းခြေစာရင်း (ဘတ်ဂျက်)အတွင်း တိကျမှန်ကန်ရှင်းလင်းစွာ ရေးမှတ်ထိန်းသိမ်းသူ ဖြစ်ပါသည်။ လိုအပ်သောအချိန်တိုင်း ဘဏ္ဍာရေး အခြေအနေမှန်ကိုပြောပြရန်နှင့် တစ်ကြိမ်၊ နှစ်ကြိမ်၊ အသင်းတော်မှစာရင်းစစ်ဆေးစေပြီး၊ ဘဏ္ဍာရေးရှင်းတမ်းကို တင်ပြရန်တာဝန်ရှိပါသည်။ ဘဏ္ဍာထိန်းအား အထောက်အကူဖြစ်စေရန် လက်ထောက်ဘဏ္ဍာထိန်း (သို) စာရင်းကိုင်တစ်ဦး ခန့်ထားနိုင်ပါသည်။

 

(၄) သင်းအုပ်၊ ဓမ္မအမှုတော်ဆောင် (Pastor/Ministar)။

ဘုရားသခင်၏ အမှုတော်မြတ်ကို အသင်းတော်၌ လုပ်ဆောင်နေကြသော ဓမ္မအမှုတော် ဆောင်များကို လုပ်ငန်းတာဝန်အလိုက် ခေါ်ဆိုရာတွင်

၁) သင်းအုပ် (Church Pastor)

၂) တွဲဖက်သင်းအုပ်ဆရာ (Associate Pastor)။

၃) လက်ထောက်သင်းအုပ်ဆရာ (သိုမဟုတ်) ဒု-သင်းအုပ် (Assistant Pastor)

 

၁) သင်းအုပ်ဆရာ (Church Pastor)။

က။ သင်းအုပ်ကို ရွေးချယ်ခန့်ထားရာတွင် သမ္မာကျမ်းစာ၌ ဖော်ပြထားသော စံနှုန်းများကို သတိပြုသင့်ပါသည် (တိတု ၁း၆-၉။ ၁တိ ၃း၁-၇)။

ခ။ ကျမ်းစာ၌ ဖော်ပြထားသောသင်းအုပ်တာဝန်များကို အမြဲသတိပြုရပါမည် (တ ၆း၄။ ၁ပေ ၅း၁-၃။ ၁တိ ၅း၁၇-၁၉။ ယာ၅း၁၄)။

ဂ။ သင်းအုပ်ဆရာသည် တစ်ချက်လွှတ်အမိန့် သုံးခွင့်မရှိပါ။ အရာရာကို ညှိနှိင်းဆောင်ရွက်ခြင်းဖြင့် ဦးဆောင်မှုပေးရမည် (သု ၁၅း၂၂)။

ဃ။ အမှုဆောင်အဖွဲနှင့် အသင်းတော်ကောင်စီမှ အများသဘောတူဆုံးဖြတ်ချက်များကို သင်းအုပ်အနေဖြင့် မိမိသဘောဖြင့် ပယ်ဖျက်ခွင့်၊ ပြန်လည် ပြင်ဆင်ရေးသားခွင့်မရှိပါ။

င။ ဓမ္မဝတ်များကို မိမိ၏လုပ်ဖော်ဆောင်ဖက်များနှင့် ညှိနှိင်းခွဲဝေတာဝန်ယူခြင်းကို ဦးဆောင်ရမည် (ဇ ၆း၂)။

စ။ အသင်းတော်၏ဓမ္မအမှုတော်ဆောင်များသည် ကောင်စီ (သို့မဟုတ်) ကော်မတီတွင် ခေါင်းဆောင်မှုယူရမည်။

ဆ။ ဝိညာဉ်ရေးရာ၌ တာဝန်အရှိဆုံးသူဖြစ်ရမည်။

 

၂) တွဲဖက်သင်းအုပ်ဆရာ (Associate pastor)။

သင်းအုပ်နှင့် အသင်းတော်က ပေးအပ်သော တာဝန်များကို လုပ်ဆောင်ရမည်။ သင်းအုပ်မရှိသော အချိန်များတွင် သင်းအုပ်တာဝန်ဝတ္တရားကိုယူရမည်။

 

၃) လက်ထောက်သင်းအုပ်ဆရာများ (Assistant pastors)။

အသင်းတော်ဝိညာဉ်ရေးရာ၌ သာသနာလုပ်ငန်းများတွင် မိမိလုပ် ဖော်ဆောင်ဖက်များနှင့် တက်ကြွစွာ ပါဝင်ဆက်ကပ်ရပါမည်။

 

(၅) သင်းထောက်များ (Deacons)။

တမန်တော်ဝတ္ထုအခန်းကြီး ၆ တွင် ပါဝင်သော ရှေးဦးဆုံး သင်းထောက်တို့၏ တာဝန်ဝတ္တရားသည်ဘဏ္ဍာတော် ခွဲဝေရာနှင့် စားပွဲတွင်လုပ်ကျွေးရန်အမှုဖြစ်ကြောင်း သိရှိရသည်။ သင်းထောက်တာဝန်သေးစိတ်ချမှတ်ထားရန် မလွယ်ကူသော်လည်း အဓိကအားဖြင့် သင်းအုပ်ဆရာကို ကူညီထောက်ပံ့ရန် ဖြစ်သည်။

လုပ်ရိုးလုပ်စဉ်အရ သူတိုသည် ဆင်းရဲနွမ်းပါးသူများကို ကူညီမစခြင်း၊ ဖျားနာသူများကို ကြည့်ရှုပြုစုခြင်း ပွဲတော်ပြင်ဆင်ခြင်းနှင့် အသင်းတော်တစ်ခုလုံးသက်ဝင်လှုပ်ရှားမှုကို စောင့်ရှောက်ရန်ဖြစ်သည်။ ယခုအခါ အသင်းတော်စည်းမျဉ်းအလျောက် နှစ်ကာလ အပိုင်း အခြားနှင့် အသင်းတော်မှ တင်မြှောက်ခန့်ထားခြင်းစနစ်ကို ပိုမိုကျင့်သုံးလာခဲ့ပါသည်။ ယခုအချိန်တွင် အသင်းတော်များအနေဖြင့် အမျိုးသမီးများကိုသင်းထောက်အဖြစ် ရွေးချယ်ခန့်ထားစ ပြုလာကြပါ သည်။ (အသင်းတော်အခြေအနေအလိုက် ဦးရေကန့်သတ်ခန့်ထားနိုင်ပါသည်။)

 

၅။ ဓမ္မအမှုတော်ဆောင်များ၊ ဝန်ထမ်းများ အလုပ်တာဝန် သတ်မှတ်ဖော်ပြခြင်း (Job description)

အလုပ်တာဝန် သတ်မှတ်ဖော်ပြပေးခြင်းသည် ဝန်ထမ်းတစ်ဦးချင်းအား မိမိတာဝန်ယူ လုပ်ဆောင်ရမည့် အရာများကို တိကျသေချာစွာ သိစေသဖြင့် အချင်းချင်း ဆက်ဆံရေးကိုလည်း ပိုမိုချောမွေ့စေပသည်။ ထိုပြင် –

(၁) ဝန်ထမ်းရွေးချယ်ရာတွင် အလုပ်တာဝန်နှင့် ပတ်သက်သောအရည်အချင်းများကို စိစစ်နိုင်သကဲ့သို ခန့်ထားရေးနှင့် နေရာချထားရေးအတွက်လည်း အထောက်အကူ ဖြစ်စေသည်။

(၂) လူပုဂ္ဂိုလ်နှင့် ဆီလျော်မည့် ရာထူး၊ တာဝန်ဖွဲစည်းခြင်း မဟုတ်ဘဲ၊ ရာထူး၊ တာဝန်နှင့် သင့်လျော်မည့် ပုဂ္ဂိုလ်ကို ရှာဖွေနိုင်စေသည်။

(၃) ဝန်ထမ်းများအတွက် လမ်းညွှန်ဖြစ်သည်။

(၄) ဝန်ထမ်းများကို ရာထူးအလိုက် တာဝန်သတ်မှတ်ပေးနိုင်သည်။

(၅) အလုပ်တာဝန်ထပ်နေခြင်း (duplication) များကို သိမြင်စေနိုင်သည်။

(၆) အလွန်အကျွံ၊ မမျှမတ တာဝန်ပေးအပ်ခြင်းများကို ဖော်ထုတ်ပေးနိုင်သည်။

(၇) ရာထူးနှင့် လစာကိုက်ညီမှု ရှိ၊ မရှိကိုလည်း သိမြင်စေနိုင်သည်။

(၈) ဝန်ထမ်းတစ်ဦးချင်းစီ၏ လုပ်ငန်းတာဝန် ပြီးစီးနိုင်မှုကို တိုင်းတာပေးနိုင်သည်။

(၉) ရာထူးတိုးပေးရာတွင်လည်းကောင်း၊ ပြောင်းရွှေ့ နေရာချထားရာတွင်လည်းကောင်း အထောက်အကူ ဖြစ်စေသည်။

(၁၀) လုပ်ငန်းလည်ပတ်မှု ချောမွေ့စေသည်။

(၁၁) အလုပ်နှင့် တာဝန်ကို မျှတစွာ ထိန်းချုပ်ပေးနိုင်သည်။

(၁၂) အလုပ်တစ်ခုချင်းစီ၏ အကျိုးသက်ရောက်မှုကို ဝေဖန်သုံးသပ်စေနိုင်သော ကိရိယာ ကဲ့သိုဖြစ်သည်။

(၁၃) အဖွဲအစည်း(အသင်းတော်)တစ်ခုရှိ ဝန်ထမ်းများကို လုပ်ငန်းအလိုက်၊ ဇယားများရေးဆွဲနိုင်ရန် အထောက်အကူဖြစ်စေသည်။

(၁၄) ဝန်ထမ်းတစ်ဦးချင်းစီ၏ တာဝန်ဝတ္တရားများ၊ လုပ်ပိုင်ခွင့်များ၊တာဝန်ယူရန်များကို ဖော်ပြပေးသော အရာဖြစ်သည်။

 

 

 

 

 

 

 

 

 

အခန်း ၂

အသင်းများဖြစ်ခြင်း

MEMBERSHIP

 

၁။ အသင်းဝင်ခြင်း။

ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ပိဉာဉ်တော်၊ သုံးပါးတစ်ဆူဘုရားကို ယုံကြည်လျက် သခင်ယေရှု၏ မိန့်မှာသွန်သင်တော်မူချက်များကို ခံယူလျက် အသက်ရှင်သူများသည် သင်းဝင်သူများ ဖြစ်ကြသည်။

 

(၁) နှစ်ခြင်းမင်္ဂလာခံယူ၍ အသင်းဝင်ခြင်း။

ဒုတိယ မွေးဖွားခြင်းကို ပုံဆောင်သောရေ၌ နှစ်ခြင်းမင်္ဂလာကိုဒေသန္တရအသင်းတော် တစ်ပါးပါး၌ ခံယူသူဖြစ်ရမည်။

 

(၂) အသင်းပြောင်းစာဖြင့် အသင်းဝင်ခြင်း။

နှစ်ခြင်းမင်္ဂလာ ခံယူပြီးသောသူသည် အခြားသောဒေသရှိအသင်းတော်တစ်ပါးပါးသို ပြောင်းလိုပါက မိမိအသင်းတော်မှ သင်းပြောင်းစာကို တောင်းခံရပါမည်။ ၎င်းနောက်၊ လက်ခံမည့် အသင်းတော်မှ သင်းပြောင်းစာကို စစ်ဆေး၍ လက်ခံရန် အသင်းတော်ကဆုံးဖြတ်နိုင်သည်။

 

(၃) အသင်းသားအဖြစ် ပြန်လည်တောင်းခံလျှောက်ထားသူများ။

အကြောင်းတစ်ခုခုကြောင့် အသင်းတော်မှ ထွက်ခွာ (သိုမဟုတ်)ထုတ်ပယ်ပြီးသော ပုဂ္ဂိုလ်သည် အသင်းသားအဖြစ် ပြန်လည် တောင်းခံလျှောက်ထားလာပါက အသင်းတော်၏ အခြေခံစည်းမျဉ်း၊ စည်းကမ်းများအရ ပြန်လည်လက်ခံခြင်း ပြုလုပ်နိုင်ပါသည်။ ထိုအတူ အသင်း တော်မှ ငြင်းဆန်နိုင်ပါသည်။

 

၂။ အသင်းဝင် အမျိုးအစား (Types of membership)။

(၁) တင်းပြည့် အသင်းသူ၊ အသင်းသားများ (Full members)။

ရေနှစ်ခြင်းမင်္ဂလာကို ခံယူပြီး၊ အသင်းတော် ဝတ်ပြုကိုးကွယ်ခြင်းနှင့် အခြားသော လှုပ်ရှားမှုများတွင် တက်တက်ကြွကြွ ပါဝင်လှုပ်ရှားနိုင်သောသူသည် တင်းပြည့်အသင်းသူ၊ အသင်းသားများအဖြစ် ဝင်ခွင့်ရှိသည်။ တင်းပြည့်အသင်းသူ၊ အသင်းသားများသည် နာမကျန်းဖြစ်ခြင်း နှင့် ခရီးလွန်ခြင်း၊ အခြားသော အရေးပေါ် တာဝန်ဝတ္တရားများမှလွဲ၍ အသင်းတော်၏ ဝတ်ပြုကိုး ကွယ်ခြင်း၌ ပုံမှန်တက်ရောက်ခြင်း၊ဆယ်ဖိုတစ်ဖိုပေးလှူခြင်း၊ မိမိဆန္ဒအလျောက် ပေးလှူခြင်းများကို တက်ကြွစွာပြုလုပ်ရမည် ဖြစ်ပါသည်။ အသင်းတော်၏ သင်းလုံးကျွတ် အစည်းအဝေး ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်နှင့် ရွေးကောက်ပွဲ၌ပါဝင်အရွေးခံခွင့် အပြည့်အဝရှိပါသည်။

 

(၂) အဝေးရောက်အသင်းသူ၊ အသင်းသားများ

(Non-resident members)

အခြေအနေ၊ အကြောင်းအမျိုးမျိုးကြောင့် အသင်းတော် တည်ရှိရာအရပ်မှ အဝေးသို ပြောင်းရွှေ့နေထိုင်သူများကို အဝေးရောက်သင်းသူ၊ အသင်းသားများအဖြစ် ဖော်ပြထားပါသည်။ ဝတ်ပြုကိုးကွယ်ခြင်းနှင့် လှုပ်ရှားမှုများ၌ အချိန်ပြည့် မပါဝင်နိုင်သော်လည်း အခါအားလျော်စွာ ပါဝင်ဆက်ကပ်ခြင်း၊ အသင်းတော်အတွက် ဆုတောင်းပေးခြင်း၊ ဆယ်ဖို့တစ်ဖို့ ပေးလှူခြင်းနှင့် ငွေကြေးကူညီထောက်ပံ့မှုများ၌ပါဝင်ရမည်ဖြစ်သည်။ အဝေးရောက်အသင်းသူ၊ အသင်းသားများသည် အသင်းတော် သင်းလုံးကျွတ် အစည်းအဝေး ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်မရှိပါ။

 

(၃) မိတ်သဟာယ အသင်းသူ၊ အသင်းသား (Aflata frientairs)။

နှစ်ခြင်းအသင်းတော် တစ်ပါးပါး၌ ခေတ္တယာယီအဖြစ် အသင်းဝင်သောသူများကို မိတ်သဟာယအသင်းသူ အသင်းသားများအဖြစ်ဖော်ပြထားပါသည်။ ဤအသင်းသူ၊ အသင်းသားများသည် မိမိတင်းပြည့်အဖြစ်ပါဝင်သော မိခင်အသင်းတော်ထားရှိသူများဖြစ်ကြပါသည်။ ၎င်းအသင်းသူ၊ အသင်းသားများသည် အသင်းတော် သင်းလုံးကျွတ်ရွေးကောက်ပွဲ၌ ဆန္ဒမဲ ပေးပိုင်ခွင့်မရှိပါ။

 

(၄) နှစ်ခြင်းမင်္ဂလာ မခံယူထားသော အသင်းသူ၊ အသင်းသားများ

(Un-baptized members)

နှစ်ခြင်းခရစ်ယာန်များသည် ယုံကြည်သူများ၏ နှစ်ခြင်းမင်္ဂလာကိုသာ လက်ခံကျင့်သုံး ကြပါသည်။ ထိုကြောင့် အသက်အရွယ်ငယ်သေးသော သားသမီးများကို နှစ်ခြင်းမင်္ဂလာ ခံယူရန်အားမပေးကြပါ။ ၎င်းတိုကို နှစ်ခြင်းမင်္ဂလာမခံယူသေးသော အသင်းသူ၊ အသင်းသားအဖြစ် သတ်မှတ်ပါသည်။ ဤကဲ့သိုသောသူများသည် ပွဲတော်မင်္ဂလာ ခံယူခွင့်နှင့် ဆန္ဒမဲပေးပိုင်ခွင့် မရှိသေးပါ။

 

၃။ အသင်းဝင်စာရင်းမှ ပယ်ဖျက်ခြင်း။

(၁) အခြားဒေသန္တရအသင်းတော်တစ်ပါးပါးသို အသင်းပြောင်းခြင်း။

လက်ရှိအသင်းတော် တည်ရှိရာဒေသမှ အခြားသောဒေသသို့ ပြောင်းသွားသည့်အခါ လက်ရှိအသင်းတော်မှ ထောက်ခံစာတောင်းပြီး မိမိပြောင်းလိုသည့်အသင်းတော်သို တင်ပြရန် လိုအပ်ပါသည်။ ဤကဲ့သို့ လက်ရှိအသင်းတော်မှ တရားဝင် ထောက်ခံစာရရှိသည့် နေ့မှစ၍ ထိုသူအား အသင်းဝင်စာရင်းမှ ပယ်ဖျက်ရပါသည်။

 

(၂) မိမိဆန္ဒအလျောက်အသင်းတော်မှ နှုတ်ထွက်ခြင်း။

လက်ရှိ မိမိပါဝင်နေသော အသင်းတော်မှ မည်သည့်အကြောင်းပြချက်မျှမပေးဘဲ နှုတ်ထွက်စာတင်ခွင့်ရှိပါ၏။ သင်းအုပ်ဆရာ၊ ဆရာမသည် ထိုသူအား အသင်းတော်မှ နှုတ်ထွက် လိုသည့် အကြောင်းရင်းခံကို သေချာမေးမြန်းပြီး အသင်းတော်မှ မနှုတ်ထွက်ရန် (သို့မဟုတ်) အခြားအသင်းတော်တစ်ပါးပါးသို တရားဝင်အသင်းပြောင်းရန် တိုက်တွန်းဖို့ လိုအပ်ပါသည်။ ထိုသူသည် အသင်းတော်၌ ဆက်လက် အသင်းဝင်မဖြစ်လိုတော့ပါက (သိုမဟုတ်) အေ အသင်းတော်တစ်ပါးပါးသို့လည်း အသင်းမပြောင်းလိုပါက လက်ရှိအသင်းတော်၏ တရားဝင် ခွင့်ပြုစာဖြင့် အသင်းတော်စာရင်းမှ ပယ်ဖျက်ရပါမည်။

 

(၃) ခရစ်ယာန်ယုံကြည်ချက်၊ ကျင့်ဝတ်နှင့်စပ်ဆိုင်၍ လွဲမှားသော သွန်သင်ချက် အပြုအမူကြောင့် အသင်းဝင်စာရင်းမှ ပယ်ဖျက်ခြင်း။

နှစ်ခြင်းခရစ်ယာန်တစ်ဦးသည် ခရစ်ယာန်ယုံကြည်ချက်၊ ကျင့်ဝတ်နှင့်စပ်ဆိုင်၍ လွဲမှားသောသွန်သင်ချက်၊ အပြုအမူများပြုမူခဲ့ပါလျှင် အသင်းတော်ရှိ သင်းအုပ်ဆရာ ဆရာမများနှင့် သင်းထောက်အဖွဲမှ လမ်းမှန်သို ပြန်ရောက်လာရန် တိုက်တွန်းနှိးဆော်ဖို လိုအပ်ပါသည်။ ဤကဲ့သိုအကြိမ်ကြိမ်၊ အဆင့်ဆင့် တိုက်တွန်းသော်လည်း ထိုသူအနေဖြင့် လုံးဝနာခံမှုမရှိပါက အသင်းဝင်စာရင်းမှ တရားဝင်ပယ်ဖျက်ခွင့်ရှိပါသည်။

 

(၄) ခေါ်တော်မူခြင်းခံရသောသူများကို အသင်းဝင်စာရင်းမှပယ်ဖျက်ခြင်း။

နှစ်ခြင်းယုံကြည်သူခရစ်ယာန်များ ဘုရားသခင်၏ ခေါ်တော်မူခြင်းခံရသောအခါ ၎င်းနှင့် သက်ဆိုင်သော အသင်းတော်ရှိ အသင်းဝင်စာရင်းမှ ပယ်ဖျက်သင့်ပါသည်။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

အခန်၊ ၃

အလုပ်အစည်းအဝေးကျင်းပခြင်း

အခြေခံကျတရားများ

BASIC PRINCIPLES FOR BUSINESS

MEETING/PARLIAMENTARY PROCEDURE

 

အခြေခံသဘောထားများ

အလုပ်အစည်းအဝေး ကျင်းပလျက် တိုင်ပင် ဆွေးနွေးညှိနှိင်းဆုံးဖြတ်မှုပြုကြရာတွင် ထားရှိအပ်သော အခြေခံသဘောထားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၁။ တရားမျှတခြင်းနှင့် ယဉ်ကျေးမှောင်ခြင်း (Justice and Courtesy for all)

၂။ လုပ်ငန်းတစ်ခုပြီးမှတစ်ခုဆောင်ရွက်ခြင်း (Consideration of one thing at a time)

၃။ လူနည်းစုအခွင့်အရေးရှိခြင်း (The right of the minority)။

၄။ ထက်ဝက်ကျော် သဘောဆန္ဒအရဆောင်ရွက်ခြင်း(The will of the majority)

 

၁။ တရားမျှတခြင်းနှင့် ယဉ်ကျေးချေငံခြင်း

(Justice and Courtesy for all)

အသင်းအဖွဲ့တစ်ခုအနေဖြင့် စည်းဝေးတိုင်ပင် ညှိနှိင်းဆုံးဖြတ် ဆောင်ရွက်ရာတွင် အဖွဲ့ဝင် မည်သူတစ်ဦးတစ်ယောက်၏ ရပိုင်ခွင့် (အခွင့်အရေး)ကိုမျှ ထိပါးချိုးဖျက်ခြင်း မရှိစေအပ်ပါ။ သဘောထား အမြင်ခြင်းမတူညီခြင်းကြောင့် တစ်ပါးသူအား အထင်အမြင်သေးခြင်း မရှိသင့်ပါ။ အလုပ်အစည်းအဝေးအတွင်း တိုင်ပင်ညှိနှိင်း ဆွေးနွေးဆုံးဖြတ်မှုပြုကြရာတွင် တစ်ဦးကိုတစ်ဦး လေးစားရသည်သာမက တရားမျှတမှုနှင့် ယဉ်ကျေးချေငံစွာ ပြောဆိုဆက်ဆံကြရမည် ဖြစ်ပါသည်။

 

၂။ လုပ်ငန်းတစ်ခုပြီးမှ တစ်ခုဆောင်ရွက်ခြင်း

(Consideration of one thing at a time)

ဆောင်ရွက်ရန်ရှိသော လုပ်ငန်းများပြီးစီးစေရန် လုပ်ငန်းတစ်ခု မပြီးသေးဘဲ နောက်လုပ်ငန်း အသစ်တစ်ခုသို ကူးပြောင်း ဆောင်ရွက်ခြင်းမပြုရပါ။ တိုင်ပင်ဆွေးနွေးဆဲဖြစ်သောအဆို(မူလအဆို)ကို ဆန္ဒယူခြင်းမပြုရသေးမီ၊ အခြားအဆိုသစ် (မူလအဆိုသစ်)တစ်ခုကို တင်သွင်းခြင်း၊ ထောက်ခံခြင်း၊ ဆွေးနွေးခြင်းပြုခွင့်မရှိပါ။

 

၃။ လူနည်းစု အခွင့်အရေးရှိခြင်း

(The right of the minority)။

အစည်းအဝေးတိုင်းတွင် အဖွဲဝင်တိုင်း မိမိ၏ထင်မြင်ချက်ကိုတင်ပြပြောဆိုခွင့်ရှိသည်။ မိမိ၏ခံယူချက်၊ ထင်မြင်ယူဆချက်နှင့်မညီခြားနားသောအယူအဆ တင်ပြချက်တိုကို အဖွဲဝင်တိုင်း ကြားနာရန်သင့်ပါသည်။ ဤနည်းဖြင့်သာ မိမိနှင့်အတူ အပေါင်းအသင်းဖွဲလျက်လက်တွဲ ဆောင်ရွက်သူတို၏ စိတ်နေသဘောထားကို တိုး၍နားလည်သဘောပေါက်နိုင်မည်ဖြစ်သည်။

 

၄။ ထက်ဝက်ကျော် သဘောဆန္ဒအရ ဆောင်ရွက်ခြင်း

(The will of the majority)

အသင်းအဖွဲတစ်ခုသည် အသင်းအဖွဲအနေဖြင့် ဆောင်ရွက်သောအခါ ထက်ဝက်ကျော်သော သင်းဝင်သူတို၏ သဘောတူညီမှုဖြင့် ဆုံးဖြတ်သည်ကို သင်းဝင်သူတိုင်း လက်ခံကြရမည် ဖြစ်ပါသည်။ မိမိ၏တစ်ဦးချင်းထင်မြင်ယူဆချက်၊ မိမိ၏ သဘောထားကို အခြားသင်းဝင် သူတို့ လက်မခံသောကြောင့် ချမှတ်သော လုပ်ငန်းတိုတွင် ပါဝင်လုပ်ဆောင်ရန် မလိုလားလျှင် ထိုသူသည် သင်းဝင်သူတစ်ဦးအဖြစ် ပါဝင်ရန် မထိုက်ပေ။ တိုင်ပင်ဆွေးနွေး ဆုံးဖြတ်ချက်ချရာတွင် များသော အားဖြင့် အများသဘောအရ ဆောင်ရွက်လျက်ရှိနေကြပါသည်။

အများသဘောတူညီမှုနှင့် ထက်ဝက်ကျော် သဘောတူညီမှုတို၏ခြားနားခြင်းကို သိရှိနားလည်သဘောပေါက်ရန် လိုအပ်ပါသည်။ ထက်ဝက်ကျော်၏ဆန္ဒဖြင့် ဆောင်ရွက်သင့်ပါသည်။ ။

 

 

 

 

 

 

 

 

 

 

 

 

အခန်း ၄

အစည်းအဝေးတက်ရောက်သော

အဖွဲဝင်တို့၏တာဝန်နှင့် အပြုအမူများ

 

၁။ တာဝန်များ။

(၁) အလုပ်အစည်းအဝေးတိုင်းတွင် အစမှ အဆုံးတိုင် ပါဝင်တက်ရောက်ရန် တာဝန်ရှိသည်။

အလုပ်အစည်းအဝေးတိုင်းတွင် ပါဝင် တက်ရောက်နိုင်ရန်နှင့်အစည်းအဝေးအစမပြုမီ တင်ကြိုရောက်ရှိရမည် ဖြစ်သည်။ ထို့ပြင်အစည်းအဝေးပြီးဆုံးသည်တိုင်အောင် ပါဝင်ရန် တာဝန်ရှိပါသည်။

 

(၂) ကိုယ်အမူအရာ နှုတ်အမူအရာတို့ဖြင့် နှောင့်ယှက်မှုမပြုရန် တာဝန်ရှိပါသည်။

အစည်းအဝေးကျင်းပနေစဉ် အချင်းချင်း တီးတိုးစကားပြောခြင်း၊ တည်ငြိမ်မှုမရှိဘဲ တစ်နေရာမှတစ်နေရာ မကြာခဏ သွားလာလှုပ်ရှားခြင်း၊ မကြာခဏ ဝင်ထွက်သွားလာမှုပြုခြင်း စသည်တိုသည် အစည်းအဝေးကို နှောင့်ယှက်ရာရောက်ပါသည်။ မပြုလုပ်သင့်ပါ။

 

(၃) စိတ်ဝင်စားစွာနားထောင်ရန်နှင့် ခွင့်ပြုချိန်တွင် ပါဝင်ဆွေးနွေးရန်တာဝန်ရှိသည်။

ပြောဆိုတိုင်ပင်ဆွေးနွေးသည်များကို စိတ်ဝင်စားစွာ နားထောင်ရန် နှင့် ခွင့်ပြုချိန်တွင် မိမိ၏ဆန္ဒကို ဖော်ပြပါဝင်ဆွေးနွေးရန် တာဝန်ရှိပါသည်။ ခွင့်ပြုချိန်လွန်မှ ဆွေးနွေးခြင်း၊ ပြင်ပရောက်သောအခါတွင် ပြောဆိုဝေဖန်မှုပြုခြင်းသည် အသင်းအဖွဲ့၏ စည်းလုံးမှုကို ထိခိုက် တတ်ပါသည်။

(၄) ကိုယ်ပိုင်ဆန္ဒဖြင့် မဲပေးရန်တာဝန်ရှိသည်။ ဆန္ဒမဲမပေးဘဲ မနေသင့်ပါ။

ဆန္ဒခံယူသောအခါ တစ်ပါးသူ၏ သွေးဆောင်မှုသိုမပါဘဲ ကိုယ်ပိုင်ဉာဏ် ကိုယ်ပိုင်ဆန္ဒနှင့်အညီ မဲပေးရန် တာဝန်ရှိပါသည်။ ဆန္ဒမဲမပေးဘဲနေခြင်းသည် မဲပေးဘိသကဲ့သို အကျိုးသက်ရောက် မှုရှိကြောင်းသတိပြုသင့်ပါသည်။ မဲဆန္ဒမပေးဘဲနေခြင်းသည် ကြားနေရာမရောက်ဘဲ ကန့်ကွက်ရာ ရောက်ပါသည်။

ရှင်းလင်းချက်။ ။ အဖွဲ့ဝင်တိုင်း မိမိဆန္ဒအလျောက် လွတ်လပ်စွာ မဲပေးပိုင်ခွင့် ရှိသည်ဟု ဆိုရာတွင် မည်သည့်အချိန်ကာလတွင်မဆိုကျင်းပပြုလုပ်သော မည်သည့် အလုပ် အစည်းအဝေး တွင်မဆို၊ မည်သည့် အဖွဲအစည်း အဆင့်ဆင့်တွင်မဆို ယခင်က ကန့်ကွက်သည် ထောက်ခံသည်နှင့် မဆိုင်၊ ယခုလက်ရှိ မိမိဆန္ဒကို လွတ်လပ်စွာ ဖော်ထုတ်၍ မဲပေးပိုင်ခွင့်ရှိသည် ဟူသော အချက်ကို ဆိုလိုခြင်းဖြစ်သည်။

တချို့ အဖွဲဝင်များသည် အဖွဲအစည်းအဆင့် (body)တစ်ခုတွင် ကိစ္စရပ်(အဆို) တစ်ခုကို ထောက်ခံသည့်အတွက် နောက်အဖွဲအစည်း အဆင့် (body)တစ်ခုသို တင်ပြဆွေးနွေး မဲပေးသောအခါ၌လည်း ဆက်လက်ထောက်ခံရမည်ဟု မှားယွင်းစွာ သဘောပေါက် မှတ်ယူတတ်ကြသည်။

ဥပမာ- Oficers Council (OC) အဆင့်တွင် အဆိုတစ်ခုကို မဲခွဲဆုံးဖြတ်ရာ၌ မိမိသည် ကန့်ကွက်သည့်ဖက်မှပါသော်လည်း အများ(ထက်ဝက်ကျော်) မဲအရ ၎င်းအဆိုသည် OC အဆင့်တွင် အောင်မြင်သွားသည်။ သိုရာတွင် ၎င်းအဆိုကိုပင် Executive Committee (EC) အဆင့်တွင် ပြန်လည်တင်ပြပြီး မဲခွဲဆုံးဖြတ်ဖို ဖြစ်လာချိန်တွင် မိမိသည် ယခင်ကအတိုင်းပင် ဆက်လက်၍ ကန့်ကွက်မဲပေးနိုင်သကဲ့သို စိတ်ပြောင်း၍ မိမိဆန္ဒအလျောက် ထောက်ခံမဲကိုလည်း ပေးနိုင်ပါသည်။ အဆင့်တစ်နေရာတွင် ဆုံးဖြတ်ချက်နှင့် ဆန္ဒမဲက အခြားတစ်ဆင့်တွင် ပြုလုပ်သော ဆန္ဒမဲပေးခြင်းကို သက်ရောက်မှု မရှိစေသင့်ပါ။ အမြဲတမ်းရှိသည်။ လွတ်လပ်စွာ ဆန္ဒမဲပေးပိုင်ခွင့် ရရှိသင့်ပါသည်။

 

 

(၅) ချမှတ်သော လုပ်ငန်းတိုင်းတွင် ကူညီရန်နှင့် ပါဝင်ရန် တာဝန်ရှိသည်။

အဖွဲ့အစည်းအနေဖြင့် ဆုံးဖြတ်ချက်ချမှတ်၍ လုပ်ဆောင်သောလုပ်ငန်းတိုင်းတွင် ကူညီရန်နှင့်ပါဝင်ရန် တာဝန်ရှိပါသည်။ မိမိ၏ စိတ်ဆန္ဒလိုလားချက်နှင့် မကိုက်ညီသောကြောင့် ပါဝင်မှု၊ ကူညီမှုမပြုခြင်းသည် အသင်းသားကောင်းတို၏ လက္ခဏာမဟုတ်ပါ။

 

(၆) ပေးအပ်သောတာဝန်ကို အကြောင်းမဲ့ငြင်းပယ်ခြင်းမပြု၊ ထမ်းဆောင်ရန်တာဝန် ရှိသည်။

အဖွဲ့၏အကျိုးအတွက် ယုံကြည်အားကိုး၍ တာဝန်ပေးရာတွင် တချိုဟန်ဆောင်လျက် ငြင်းဆိုမှုပြတတ်ပါသည်။ ထိုသိုမပြုအပ်ပါ။ ထို့ပြင် ပေးအပ်သော တာဝန်သက်တမ်းကာလအတွင်း အကြောင်းကြောင့် တာဝန်ပျက်ကွက်မှု ရှိနိုင်ကြောင်း တင်ကြိုသိရှိထားလျက်နှင့် လက်ခံခြင်းလည်း မပြုအပ်ပါ။ ရာထူးကို ခုံမင်တပ်မက်ရာရောက်ပါသည်။ ထိုသိုဆောင်ရွက်ခြင်းသည် အသင်းအဖွဲ၏ လုပ်ဆောင်အားကို ထိခိုက်တတ်ပါသည်။

 

၂။ အပြုအမူများ (Manners)။

(၁) မတ်တပ်ရပ်၍ စကားပြောခွင့်ကိုတောင်းခံယူပြီးမှ အဆိုတင်ခြင်းဆွေးနွေးခြင်း ပြုရမည်။

အလုပ်စည်းဝေးတွင် ပါဝင်ပြောဆို ဆွေးနွေးခွင့်ရရန် မတ်တပ်ရပ်၍ စကားပြောခွင့် တောင်းခံရပါမည်။ သဘာပတိ၏ ခွင့်ပြုချက်ရရှိပြီးမှ အဆိုတင်သွင်းခြင်း၊ ဆွေးနွေးခြင်းပြုရပါမည်။ မည်သည့် ဆွေးနွေးတင်သွင်းမှုမျိုးမဆို သဘာပတိကို တိုင်တည်၍ ပြောဆိုဆွေးနွေးရန်ဖြစ်သည်။ တခြားသူတစ်ဦးတစ်ယောက်ကို တိုင်တည် (address)၍ မပြောရပါ။ မတ်တပ်ရပ်၍ “သဘာပတိကြီးခင်ဗျား/ရှင်” ဟုပြောပြီး သဘာပတိခွင့်ပြုချက် ရယူရမည်ဖြစ်ပါသည်။ ယနေ့ မြန်မာနိုင်ငံ ခရစ်ယာန်အဖွဲအစည်းတချို့တွင် “သဘာပတိကြီးမှတစ်ဆင့်” ဟု ပြောဆို သုံးနှုန်းခြင်းသည် parliamentary procedure အရဆိုလျှင် လွဲမှားသော အသုံးအနှုန်းဖြစ်ပါသည်။ သဘာပတိလုပ်သူကို မခန့်လေးစား၊မထီမဲ့မြင် ပြုခြင်းသဘောဆန်သည်။

(၂) ထိုင်လျက်ထောက်ခံခွင့်ရှိသော်လည်း သိသာစေရန် မတ်တပ်ရပ်၍ထောက်ခံသင့်ပါသည်။

သာမန်အားဖြင့် အဆိုတစ်ခုကို ထိုင်လျက် ထောက်ခံခွင့်ရှိပါသည်။ သိုရာတွင် စည်းဝေး တက်ရောက်သူ ဦးရေများသောအခါ ထင်ရှားသိသာစေရန် မတ်တပ်ရပ်၍ ထောက်ခံသင့်ပါသည်။

 

(၃) လိုအပ်ပါက မိမိ၏အမည်နှင့် ကိုယ်စားပြုရာဌာနကို ဖော်ပြရမည်။

အဖွဲ့ဝင်ဦးရေမများသော အလုပ်စည်းဝေးတို့တွင် တစ်ဦးနှင့်တစ်ဦး အမည်နာမနှင့်တကွ သိကြသော်လည်း အုပ်ချုပ်စီမံရေးအဖွဲသင်းလုံးကျွတ်စည်းစသည့် အဖွဲဝင်ဦးရေများသော အဖွဲအစည်းတို့တွင်မူ တစ်ဦးကိုတစ်ဦး မသိသောသူများ ပါဝင်တတ်သဖြင့် အားလုံးသိသာစေရန် မှတ်တမ်းရေးမှူးတို့အတွက် အထောက်အကူဖြစ်စေရန် မိမိ၏အမည်၊ တာဝန်နှင့် ကိုယ်စားပြုရာ ဌာနတိုကိုဖော်ပြရပါမည်။

 

(၄) စကားပြောခွင့်ရရှိရန် မတ်တပ်ရပ်၍ စောင့်နေခြင်းမပြုအပ်ပါ။

အလုပ်စည်း အုပ်ချုပ်ပုံစနစ်အရ တစ်ကြိမ်တွင် စကားပြောခွင့်ရှိသူ တစ်ဦး တည်းသာ မတ်တပ်ရပ်ခွင့်ရှိပါသည်။ အခြားတစ်ဦးဦး တင်ပြဆွေးနွေးမှုပြုစဉ် နောက်ဆက်၍ စကားပြောခွင့်ရရန်အတွက် မတ်တပ်ရပ်၍ စောင့်ဆိုင်းခြင်းမပြုအပ်ပါ။ ထိုသိုပြုသောသူကို သဘာ ပတီအနေဖြင့် အသိအမှတ်မပြုဘဲ ထားနိုင်ပါသည်။

 

(၅) တင်သွင်းလိုသောအဆိုကို စာဖြင့်ရေးသားတင်သွင်းခြင်း၊ ပြုသင့်ပါသည်။

များသောအားဖြင့် အဆိုတစ်ရပ်ကို နှုတ်ဖြင့်တင်သွင်း၍ မှတ်တမ်းရေးသူဖြင့် ရေးသားမှတ် တမ်းတင်လေ့ရှိပါသည်။ ကိုယ်တိုင်၏ခံယူချက်အဆိုပြုချက်ကို တစ်ပါးသူက ရေးသားသည်ထက် မိမိကိုယ်တိုင်က ရေးသားခြင်းကသာ တိကျမှန်ကန် ပြည့်စုံမှုရှိမည် ဖြစ်သောကြောင့် ကိုယ်တိုင် ရေးသားတင်သွင်းခြင်းက အကောင်းဆုံးဖြစ်ပါသည်။ မည်သိုပင်ဖြစ်စေ အဆိုကို စာဖြင့်ရေးသားတင် သွင်းခြင်းပြုပြီးမှ ထောက်ခံခြင်း၊ ဆွေးနွေးခြင်းပြုသင့်ပါသည်။ ။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

အခန်း ၅

ဦးဆောင်သူတို၏ ဤဝန်များ

DUTIES

 

ဥက္ကဋ္ဌ အပါအဝင် တာဝန်ခံပုဂ္ဂိုလ်တို၏ တာဝန်နှင့် ဝတ္တရားတို့ကို သာမန်အားဖြင့် အခြေခံစည်း မျဉ်းစည်းကမ်းတို့တွင် ပြဋ္ဌာန်းထားရှိတတ်ပါသည်။ ယခုဖော်ပြသည့်အချက်တိုမှာ အလုပ်စည်းဝေးတွင် ဆောင်ရွက်ရန်ရှိသော သက်ဆိုင်သည့် တာဝန်များသာဖြစ်ပါသည်။

 

၁။ ဥက္ကဋ္ဌ (Chairperson/President)။

ဥက္ကဋ္ဌသည် ရာထူးအလျောက် အလုပ်စည်းဝေးတွင် သဘာပတိအဖြစ် ဆောင်ရွက်ရသည်။ အသင်းအဖွဲနှင့်ဆိုင်၍ ဥက္ကဋ္ဌ၏တာဝန် တို့ကို အခြေခံစည်းမျဉ်းစည်းကမ်းတို့တွင် ပြဋ္ဌာန်းထား ပါရှိပါသည်။ ယခုဖော်ပြရန်ရှိသည်မှာ အလုပ်စည်းဝေး သဘာပတိအနေနှင့် ထမ်းဆောင်ရမည့် တာဝန်များ ဖြစ်ကြပါသည်။ ဥက္ကဋ္ဌမဟုတ်စေကာမူ အလုပ်စည်းဝေး သဘာပတိတာဝန်ကို ထမ်းဆောင်ရသူတို လိုက်နာကြရမည့် အချက်များဖြစ်ပါသည်။

 

(၁) အလုပ်စည်းဝေးကို ဖွင့်ပေးပြီး စနစ်တကျ ကြီးကြပ်အုပ်ချုပ်ရမည်။

သဘာပတိသည် စည်းဝေးကို ဦးဆောင်မှုပြု၍ ဖွင့်လှစ်ပေးခြင်း၊ ကိုယ်တိုင်ကြီးကြပ်ခြင်း ပြုရမည်ဖြစ်သည်။ တာဝန်ထမ်းဆောင်ရာတွင် အလုပ်စည်းဝေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် အညီ စနစ်တကျ ထိန်းသိမ်းရမည်။ တင်းကြပ်မှုမရှိစေရန်နှင့် လျော့နည်းခြင်း မရှိစေရန် သတိချပ်ရပါမည်။

 

(၂) ဆွေးနွေးလုပ်ဆောင်မှုတွင် အဖွဲဝင်များ အာရုံမပြောင်းစေရန် ထိန်းသိမ်းပေးရမည်။

အဆိုတစ်ခုကို တစ်ဦးနောက်တစ်ဦး ပါဝင်ဆွေးနွေးကြရာတွင် တချို့သော အဖွဲ့ဝင် တို့အနေနှင့် နားမရှင်းခြင်း၊ မျက်ခြည်ပျက်ခြင်း၊ သဘောမပေါက်ခြင်းများ ရှိတတ်ပါသည်။ ယင်းသိုသော အခြေအနေတွင် သဘာပတိအနေနှင့် လိုအပ်သော ရှင်းလင်းပေးမှု ပြုရမည် ဖြစ်ပါသည်။

 

(၃) ဆွေးနွေးမှုမှ လမ်းလွဲ၍ မလိုအပ်ဘဲ အချိန်ကုန်ခြင်း မဖြစ်စေရန်ကြီးကြပ်မှု ပြုရမည်။

အဆိုတစ်ခုကို တင်သွင်း၍ ဆွေးနွေးမှုပြုရာတွင် ကြောင်းကျိုးဆက်စပ်မှုဖြင့် ပါဝင် ဆွေးနွေးသော အဖွဲဝင်များရှိသကဲ့သို အဆက်အစပ်မရှိ ပြောဆိုတတ်သော အဖွဲဝင်များလည်း ရှိတတ်ပါသည်။ ယင်းသို့သော ပုဂ္ဂိုလ်များကြောင့် အချိန်မကုန်သင့်ဘဲ ကုန်တတ်ပါသည်။ စနစ်တကျ ဆောင်ရွက်နိုင်ရန်နှင့် အချိန်ကုန်သက်သာစေရန် လည်းကောင်း၊ ဆွေးနွေးမှု လမ်းလွဲခြင်း မရှိစေ ရန်လည်းကောင်း ထိန်းသိမ်းပေးဖိုလိုအပ်ပါသည်။

 

(၄) ကြီးကြပ်သူအဖြစ် တာဝန်ယူရသောကြောင့် ဘက်လိုက်ခြင်း၊ ပါဝင်ဆွေးနွေးခြင်း မပြုရ။

တချို့သော အဖွဲအစည်းတို့တွင် အာဏာရအဖွဲအစည်းနှင့် အတိုက်အခံ အဖွဲအစည်း များရှိကြသည်ဖြစ်ရာ သဘာပတိတိုအနေဖြင့်အဖွဲ့တစ်ခုခုမှ အသာရစေရန် မသိမသာ ဘက်လိုက် ခြင်းများ ရှိတတ်ကြပါသည်။ အခွင့်အရေးပေးလိုသောသူကိုပေးခြင်း၊ အခွင့်အရေး မပေးလိုသောသူတိုအား ထိန်းချုပ်ခြင်းများ ပြုလုပ်တတ်ကြပါသည်။သဘာပတိသည် ကြီးကြပ်သူ ဖြစ်သဖြင့် ဘက်လိုက်ခြင်း မပြုရသကဲ့သို့ မိမိ၏ ထင်မြင်ယူဆချက်ကို ဖော်ပြခြင်း ပါဝင် ဆွေးနွေးခြင်း မပြုရပါ။ ဒုတိယဥက္ကဋ္ဌ (သိုမဟုတ်) အဖွဲဝင်တစ်ဦးဦးအား သဘာပတိအဖြစ် တာဝန်ယူစေပြီးမှ သာမန်အဖွဲဝင်အဖြစ် ပါဝင်ဆွေးနွေးခွင့်ရှိပါသည်။

မှတ်ချက်။ ။ ဥက္ကဋ္ဌသည် တာဝန်ခံပုဂ္ဂိုလ်များ လျာထားရေးအဖွဲ့ကို ခန့်ထားပေးခြင်း၊ လျာထားရေးအဖွဲ အစည်းအဝေးတွင် ပါဝင်ခြင်းမပြုရပါ။ ထိုအတူ အဖွဲဝင်များသည်လည်း လျာထားရေး အဖွဲစည်းဝေးတွင် ပါဝင်ခြင်း မပြုအပ်ပါ။

 

၂။ အတွင်းရေးမှူး (Secretary)။

(၁) အလုပ်စည်းဝေးတက်ရောက်သူ အဖွဲဝင်စာရင်းနှင့် လေ့လာသူဧည့်သည်တို့၏ အမည်စာရင်းကို လက်မှတ်ရေးထိုးစာအုပ်တွင်လက်မှတ်ရေးထိုးစေလျက် ထိန်းသိမ်းထားရမည်။

အလုပ်စည်းဝေး တက်ရောက်သူတို၏ အမည်စာရင်းကို စနစ်တကျလက်မှတ် ရေးထိုးစာအုပ်တွင် လက်မှတ်ရေးထိုးစေလျက် ထိန်းသိမ်းလေ့ရှိသော အသင်းအဖွဲများရှိသကဲ့သို စာအုပ်လွတ်တွင် လက်မှတ်ရေးထိုးစေခြင်း၊ အတွင်းရေးမှူးက စိတ်မှတ်ဖြင့် နောင်တွင်မှ မှတ်တမ်းတင် ခြင်း ပြုတတ်ပါသည်။ အမှားအယွင်းမရှိ တိကျမှုရှိစေရန်လက်မှတ်ရေးထိုး စာအုပ်တွင် လက်မှတ် ရေးထိုးခြင်းစနစ်သည် အကောင်းဆုံးဖြစ်ပါသည်။

 

(၂) အလုပ်စည်းဝေးနှင့် ပတ်သက်သော စာရွက်စာတမ်း အထောက်အထား စာရင်းအင်းများကို လက်ဝယ်အသင့်ထားရှိရမည်။

အစီအစဉ်ပါ အကြောင်းကိစ္စတို့နှင့် ဆိုင်သည့် အချက်အလက် စာရွက်စာတမ်း အထောက်အထား စာရင်းအင်းများကို လိုအပ်ပါက အသင့်တင်ပြနိုင်ရန် လက်ဝယ် အသင့်ရှိစေရပါသည်။ အချက်အလက်ပြည့်စုံစွာ၊ မတင်ပြနိုင်ခြင်းကြောင့် လုပ်ငန်းများနှင့်ဆိုင်၍ ဆောလျင်စွာ ဆုံးဖြတ်ချက်မချနိုင်ဘဲ နှောင့်နှေးကြန့်ကြာခြင်း ဖြစ်ရတတ်ပါသည်။

အလုပ်စည်းဝေး ချောမောပြေပြစ်စေရန် အတွင်းရေးမှူး နှင့် တာဝန်ရှိသူတို့ လက်ဝယ်ရှိသင့် သော အထောက်အထား စာရွက်စာတမ်းတိုမှာ-

၁) မဲဆန္ဒပေးခွင့်ရှိသူ အဖွဲဝင်တို၏ အမည်စာရင်း (လက်မှတ်ရေးထိုးစာအုပ်)။

၂) မဲဆန္ဒပေးရန် မဲလက်မှတ်/မဲပြားများ။

၃) အလုပ်စည်းဝေးပါ အစီအစဉ်တစ်ခုစီနှင့်ဆိုင်သော စာရွက်စာတမ်းပေးစာ/ရစာများ၊ ငွေရေးကြေးရေးဆိုင်ရာ စာရင်းဇယားများ။

၄) လိုအပ်ပါက လုပ်ငန်းနှင့်ဆိုင်၍ ရှင်းလင်းတင်ပြပေးနိုင်သည့် ပုဂ္ဂိုလ်။

၅) အခြေခံစည်းမျဉ်းနှင့်စည်းကမ်းများ။

 

(၃) အလုပ်စည်းဝေးမှတ်တမ်း ရေးသားပြုစုထိန်းသိမ်းရန် တာဝန်ရှိသည်။

တွဲဖက်အတွင်းရေးမှုးတိုကိုဖြစ်စေ၊ မှတ်တမ်းရေးမှူးတို့ကိုဖြစ်စေအလုပ်စည်း မှတ်တမ်းရေး သားရန် တာဝန်ခွဲဝေပေးခွင့် ရှိသည်မှန်သော်လည်း မှတ်တမ်းရေးသားပြုစုခြင်းနှင့် ထိန်းသိမ်းခြင်း တိုသည်အတွင်းရေးမှူး၏ တာဝန်သာဖြစ်သည်။

 

(၄) စည်းမျဉ်းစည်းကမ်း စည်းဝေးဆုံးဖြတ်ချက် လမ်းညွှန်ချက်အရသာ တာဝန်ယူ ဆောင်ရွက်ရမည်။

အတွင်းရေးမှူးသည် လုပ်ပိုင်ခွင့်အာဏာနှင့် ပြည့်စုံသောသူမဟုတ်ဘဲ စည်းမျဉ်း စည်းကမ်းပါ ပြဋ္ဌာန်းချက်အရလည်းကောင်း၊စည်းဝေးဆုံးဖြတ်ချက် လမ်းညွှန်ချက်များအရ လည်းကောင်း တာဝန်ယူဆောင်ရွက်ရသူဖြစ်ကြောင်း သတိချပ်ရပါမည်။ လိုအပ်ပါကနည်းဆုံး သဘာပတိ၊ ဥက္ကဋ္ဌနှင့် ညှိနှိင်းတိုင်ပင်၍ လမ်းညွှန်မှုကို ခံယူရပါမည်။

 

၃။ ဘဏ္ဍာထိန်း (Treasurer)

(၁) အသင်းအဖွဲပိုင် ငွေကြေးဘဏ္ဍာများကို စနစ်တကျထိန်းသိမ်းရမည်။

ဘဏ္ဍာထိန်းသည် ရန်ပုံငွေများကို ပြဋ္ဌာန်းချက်နှင့်အညီ စာရင်းဇယားနှင့်တကွ ထိန်းသိမ်းခြင်း၊ အသင်းအဖွဲပိုင်ပစ္စည်းများ၊ မြေယာများကို မှတ်တမ်းမှတ်ရာ (တရားဝင်မြေပုံ၊ မြေယာရာဇဝင်၊ အဆောက်အဦပုံစံ ခွင့်ပြုမိန့်၊ သဘောတူစာချုပ် စည်းမျဉ်း စည်းကမ်းစသည့်)နှင့်တကွ ထိန်းသိမ်း ခြင်းပြုရမည်။

 

(၂) အလုပ်စည်းဝေးများသို ဘဏ္ဍာရေးရှင်းတမ်း တင်ပြနိုင်ရန် အစဉ်အသင့်ရှိရမည်။

ငွေရေးကြေးရေး အခြေအနေနှင့်ပတ်သက်၍ အမှုဆောင်အဖွဲကသိရှိနိုင်ဖိုလိုအပ်သော အခါတွင် တင်ပြနိုင်ရန် အစဉ်အသင့်ရှိစေရမည်။အုပ်ချုပ်စီမံရေးအဖွဲသိုလည်းကောင်း၊ အုပ်ချုပ်စီမံရေးအဖွဲမှတစ်ဆင့်သင်းလုံးကျွတ်စည်းသိုလည်းကောင်း၊ ပြဋ္ဌာန်းချက်နှင့်အညီ သတ်မှတ် ကာလအတွက် ဘဏ္ဍာရေးရှင်းတမ်းကို စာရင်းစစ် စစ်ဆေးချက်၊မှတ်ချက်နှင့်တကွ တင်သွင်းအစီ ရင်ခံရမည်။

 

(၃) အသင်းအဖွဲပိုင်မြေယာ၊ ပစ္စည်းများနှင့်ဆိုင်၍ စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ရမည်။

ဘဏ္ဍာထိန်းဖြစ်သည့် အားလျော်စွာ ငွေရေးကြေးရေးသာမက အသင်းအဖွဲနှင့် သက်ဆိုင်သော မြေယာ နှင့် ပစ္စည်းများကိုလည်း ပြဋ္ဌာန်းချက်များနှင့်အညီ စနစ်တကျ မှတ်တမ်းမှတ်ရာများနှင့်တကွ ထိန်းသိမ်းစောင့်ရှောက်မှုပြုလျက် လိုအပ်သောအခါတိုင်း အစည်းအဝေးသို့ တိကျမှန်ကန်စွာ တင်ပြနိုင်ရမည်။

 

(၄) ခန့်မှန်းရ/သုံးငွေစာရင်း ရေးဆွဲတင်သွင်းခြင်းပြုရမည်။

ဘဏ္ဍာထိန်းသည် ဘဏ္ဍာရေးအဖွဲ သီးခြားမရှိလျှင် အသင်းအဖွဲ့ဘဏ္ဍာရေး နှစ်သစ်အတွက် ခန့်မှန်းရ/သုံးငွေစာရင်းကို ရေးဆွဲပြုစုပြီးလျှင် သင်းလုံးကျွတ်အစည်းအဝေးက အတည်ပြုပေးနိုင်ရန်  အမှုဆောင်အဖွဲ အုပ်ချုပ်စီမံရေးအဖွဲတိုမှတစ်ဆင့် တင်သွင်းရမည်။ ဘဏ္ဍာရေးအဖွဲရှိခဲ့လျှင် ခန့်မှန်းရ/သုံးငွေစာရင်း ရေးဆွဲရာတွင် ဘဏ္ဍာရေးအဖွဲ့ကို အကူအညီ ပေးရမည်။ ။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

အခန်း ၆

ညှိနှိုင်းဆောင်ရွက်ခြင်း နှင့် စည်းဝေးများ

 

၁။ ညှိနှိုင်းဆောင်ရွက်ခြင်း။

အဖွဲ့အစည်းတစ်ခုတွင် ဥက္ကဋ္ဌ (သင်းအုပ်)၊ အတွင်းရေးမှူးနှင့် ဘဏ္ဍာထိန်းတိုသည် အဓိကတာဝန်ရှိကြသူများဖြစ်ပါသည်။ အရာရာတွင် တိုင်ပင်ညှိနှိင်းလျက် ဆောင်ရွက်ကြရပါသည်။ အသင်းအဖွဲ၏ လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ကြရာ၌ အမှုဆောင်အဖွဲ အုပ်ချုပ်စီမံရေး အဖွဲတို၏ လမ်းညွှန်ချက်ကို ခံယူလုပ်ဆောင်ကြရပါသည်။ သို့ဖြစ်သောကြောင့် အလုပ်စည်းများ ခေါ်ယူခြင်းမပြုမီ အတူတိုင်ပင်ညှိနှိင်းမှုပြုကြရပါသည်။ ထိုသို တိုင်ပင်ကြရာတွင်

(၁) မည်သည့်လုပ်ငန်းတိုကိုဆောင်ရွက်ရန်။

(၂) မည်သည့်အဖွဲအစည်း။

(၃) မည်သည့်အစည်းအဝေးအမျိုးအစား။

(၄) မည်သည့်နေ့၊ ရက်၊ အချိန်၊ ဒေသတွင် ကျင်းပသင့်ကြောင်း ညှိနှိုင်းသတ်မှတ်ရပါသည်။

 

၂။ စည်းဝေးအမျိုးအစား (Types of Meetings)

အသင်းအဖွဲတို့အနေဖြင့် အလုပ်စည်းဝေးများ ကျင်းပရာတွင်မည်သည့် အမျိုးအစား ဖြစ်သည်ကို တိကျစွာ သိရှိနိုင်ရန်နှင့် မှတ်တမ်းတင်နိုင်ရန် အရေးကြီးပါသည်။ စည်းဝေး အမျိုးအစားများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

(၁) ပုံမှန်စည်းဝေး (Regular meeting)။

(၂) ရွှေ့ဆိုင်း(ထပ်မံခေါ်ယူသော)စည်းဝေး (Adjourned meeting)။

 

(၃) အရေးပေါ်စည်းဝေး (Emergency meeting)။

(၄) အထူးစည်းဝေး (Special or Extra-ordinary meeting)

 

(၁) ပုံမှန်စည်းဝေး (Regular meeting)။

အခြေခံစည်းမျဉ်းစည်းကမ်းတွင် သက်ဆိုင်ရာ အဖွဲတိုအနေနှင့်တစ်နှစ်အတွင်း အနည်းဆုံး စည်းဝေး အကြိမ်မည်မျှ ပြုလုပ်ကျင်းပရမည်ဖြစ်ကြောင်း သတ်မှတ်ပေးတတ်ပါသည်။ ယင်းသတ်မှတ်ချက်နှင့် အညီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်ဘဏ္ဍာထိန်းတိုညှိနှိင်း၍လည်းကောင်း၊ ကျင်းပခဲ့သော အစည်းအဝေးတွင် ကြိုတင်သတ်မှတ်ချက်အရလည်းကောင်း ခေါ်ယူကျင်းပသော စည်းဝေးကို ပုံမှန်အလုပ်စည်းဝေးဟုခေါ်ပါသည်။

 

(၂) ရွှေ့ဆိုင်း (ထပ်မံခေါ်ယူသော)စည်းဝေး (Adjourned meeting)။

အလုပ်စည်းဝေးတစ်ခု ထမြောက်အောင်မြင်မှုရှိစေရန် အဖွဲဝင်ဦးရေအနက် အနည်းဆုံး မည်မျှတက်ရောက်ရန် လိုအပ်ကြောင်းစည်းမျဉ်းစည်းကမ်းတွင် သတ်မှတ်လေ့ရှိပါသည်။ သာမန် အားဖြင့် အဖွဲ့ဝင်ဦးရေ၏ ထက်ဝက်ကျော်သည် အနည်းဆုံးတက်ရောက်မည့် အဖွဲဝင်ဦးရေ ဖြစ်ပါသည်။ ဤသတ်မှတ်ဦးရေ မပြည့်ပါက စည်းဝေးကျင်းပခွင့်မရှိပါ။ စည်းဝေးကို ရွှေ့ဆိုင်းပြီး ထပ်မံဖိတ်ကြားခြင်း ပြုလုပ်ရမည် ဖြစ်သည်။ ယင်းသို ထပ်မံရွှေ့ဆိုင်းသော အစည်းအဝေးတွင် တက်ရောက်သမျှဖြင့် အလုပ်စည်းဝေး တရားဝင် ထမြောက်အောင်မြင်သည်ဟု မှတ်ယူရပါမည်။

(၃) အရေးပေါ်စည်းဝေး (Emergency meeting)။

တစ်ခါတစ်ရံ အရေးတကြီး စောလျင်စွာ အရေးယူဆောင်ရွက်ရမည့် အကြောင်းကိစ္စ ပေါ်ပေါက်တတ်ပါသည်။ နောက်တစ်ကြိမ် ကျင်းပရန် သတ်မှတ်ဆုံးဖြတ်ထားသည့် ပုံမှန်အလုပ် စည်းဝေးတိုင်အောင်ဆိုင်းငံ့နိုင်ခြင်းမရှိသော အခြေအနေတွင်ရှိပါက ဥက္ကဋ္ဌအနေနှင့် အရေးပေါ် စည်းဝေး ကျင်းပရန် ဆင့်ဆိုရပါမည်။ ဥက္ကဋ္ဌသည် လိုအပ်သည်ဟု ယူဆပါက မိမိ၏ ဆန္ဒအရသော် လည်းကောင်း၊ စည်းမျဉ်းစည်းကမ်းတွင် ပြဋ္ဌာန်းချက်နှင့်အညီ သင်းဝင်သူတို၏ တောင်းဆိုချက် အရ သော် လည်းကောင်း၊ အရေးပေါ်စည်းဝေးကျင်းပပေးရမည်။ ခေါ်ယူကျင်းပသော အရေးပေါ်စည်းဝေး တွင် တက်ရောက်သူအနည်းဆုံး သတ်မှတ် ဦးရေမပြည့်ပါက ရွှေ့ဆိုင်းထပ်မံ ခေါ်ယူသော စည်းဝေးကျင်းပခွင့်မရှိပါ။

 

(၄) အထူးစည်းဝေး (Special or Extra-ordinary meeting)

အသင်းအဖွဲ့တိုတွင် စည်းမျဉ်းစည်းကမ်းအရ တာဝန်နှင့် လုပ်ပိုင်ခွင့် အဆင့်ဆင့် သတ်မှတ် အပ်နှင်းလေ့ရှိပါသည်။ သင်းလုံးကျွတ်စည်းဝေး တစ်ခုနှင့် တစ်ခုစပ်ကြား အုပ်ချုပ်စီမံရေး အဖွဲလက်တွင်လည်းကောင်း၊ အုပ်ချုပ်စီမံရေးအဖွဲစည်းဝေး တစ်ခုနှင့်တစ်ခု စပ်ကြား အမှုဆောင် အဖွဲ့လက်တွင်လည်းကောင်း၊ တာဝန်နှင့်လုပ်ပိုင်ခွင့်တိုကို အပ်နှင်းသည် ဆိုသော်လည်း သတ်မှတ်ကန့်သတ်ချက်များ ထားရှိတတ်ပါသည်။ အုပ်ချုပ်စီမံရေးအဖွဲကသာ လုပ်ပိုင်ခွင့်ရှိသောကိစ္စ၊ သင်းလုံးကျွတ်စည်းဝေးကသာ လုပ်ပိုင်ခွင့်ရှိသော ကိစ္စများရှိပါသည်။ အမှုဆောင်အဖွဲသည် မိမိလုပ်ပိုင်ခွင့်မရှိသောကိစ္စရပ်ကို အုပ်ချုပ်စီမံရေးအဖွဲသိုလည်းကောင်း၊ လိုအပ်ပါက အုပ်ချုပ်စီမံရေး အဖွဲမှတစ်ဆင့်သင်းလုံးကျွတ်စည်းဝေးသို တင်သွင်းရမည်။ တင်ပြရန်ရှိစသည့်ကိစ္စကို ပုံမှန်အလုပ် စည်းဝေးထိ ဆိုင်းငံ့ထားရန် မဖြစ်နိုင်ပါက အထူး အုပ်ချုပ်စီမံရေးစည်းဝေးတွင် သာမန်အားဖြင့် အရာရှိများ ရွေးချယ်တင်မြှောက်ခြင်းမှအပ လုပ်ပိုင်ခွင့်ရှိသောကိစ္စအားလုံး ဆောင်ရွက်ခွင့်ရှိသည်။

ဥပမာ-မရွှေ့မပြောင်းနိုင်သော ပစ္စည်းကိစ္စ၊ အဖွဲဝင်သစ် လက်ခံခြင်းကိစ္စ၊ စည်းမျဉ်း ပြင်ဆင်ရေး ကိစ္စတိုကို သင်းလုံးကျွတ်စည်းဝေးကသာ ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။

သို့ရာတွင် အထူးစည်းဝေးကျင်းပရသည့် အကြောင်းကိစ္စကိုသာအဓိကထား ဆောင်ရွက်ရမည်။ အခြားကိစ္စရပ်တို့ကို တွဲဖက်ဆောင်ရွက်ခြင်းကြောင့် အဓိကလုပ်ငန်းများကို မထိခိုက်စေရန် အထူးသ တိပြုရပါမည်။

အခန်း ၇

မှတ်တမ်းရေးနည်း

MINUTES

 

အဖွဲအစည်းတစ်ခု၏ သမိုင်းကို ပြုစုရာတွင် ယင်းအဖွဲ့ အစည်း၏အလုပ်စည်းဝေး မှတ်တမ်းသည် အခြေခံကျောရိုး၊ အဓိကအချက် အလက်များဖြစ်ကြပါသည်။ သင်းဝင်သူများ တစ်ဆက်နောက်တစ်ဆက်၊ တစ်ခေတ်နောက်တစ်ခေတ် လက်ဆင့်ကမ်း တာဝန်ထမ်းဆောင် ကြရာ၌ အဖွဲအစည်း၏ မူလရည်မှန်းချက်များကို မျက်ခြည်မပြတ် ထိန်းသိမ်း၍ မွန်မြတ်သော အစဉ်လာကောင်းတို့ကို စောင့်ရှောက်နိုင်စေရန် သမိုင်းအခြေခံဖြစ်သော အလုပ်စည်းဝေး မှတ်တမ်း တိုကို စနစ်တကျရေးသားပြုစု ထိန်းသိမ်းကြရမည် ဖြစ်ပါသည်။

အလုပ်စည်းဝေးမှတ်တမ်း ရေးသားရာတွင် ပါဝင်ရမည့်အကြောင်းအချက်တိုမှာ –

၁။ အလုပ်စည်းဝေးကျင်းပခြင်း။

(၁) အလုပ်စည်းဝေးကျင်းပသည့် အဖွဲ့အစည်းအမည်။

(၂) အလုပ်စည်းဝေး အမျိုးအစား။

(၃) အလုပ်စည်းဝေး အမှတ်စဉ်နှင့် ခုနှစ်။

(၄) အလုပ်စည်းဝေး ကျင်းပသည့် နေ့ရက်၊ အချိန် နှင့် ဒေသ။

၂။ အလုပ်စည်းဝေးတက်ရောက်သူတို၏ အမည်စာရင်း။

(၁) အဖွဲ့ဝင်များစာရင်း။

(၂) လေ့လာသူ/ ဧည့်သည်များစာရင်း။

၃။ အလုပ်စည်းဝေးဖွင့်ခြင်း။

(၁) သဘာပတိအမည်။

(၂) အလုပ်စည်းဝေး အစပြုပုံ။

 

၄။ ဆုံးဖြတ်ချက်တိုကို မှတ်တမ်းတင်ခြင်း။

(၁) အစီအစဉ်အရ ဆွေးနွေးဆုံးဖြတ်သည်တိုကို အစဉ်လိုက်မှတ်တမ်းတင်ခြင်း၊

(၂) အမျိုးအစားအလိုက် မှတ်တမ်းတင်ခြင်း။

(၃) လုပ်ငန်းဌာနအလိုက်မှတ်တမ်းတင်ခြင်း။

 

၅။ အလုပ်စည်းဝေးရုပ်သိမ်းပုံ။

(၁) အလုပ်စည်းဝေးရုပ်သိမ်းသည့်အချိန်။

(၂) အလုပ်စည်းဝေး ရုပ်သိမ်းသည့်နည်း။

 

၆။ မှတ်တမ်းတင်သူ၏ လက်မှတ်။

အတွင်းရေးမှူးမှ စိစစ်မှုပြုပြီး မှတ်တမ်းတင်သူ(များ)နှင့် ပူးတွဲလက်မှတ် ရေးထိုးသင့်ပါသည်။ (သဘာပတိ (သို့မဟုတ်) ဥက္ကဋ္ဌမှလည်း လက်မှတ်ရေးထိုးရန် သင့်ပါသည်။)

မှတ်တမ်းပြုစုရာတွင် ဆုံးဖြတ်ချက်တိုကို ရေးသားရာ၌ အစီအစဉ်အရ ဆွေးနွေး ဆုံးဖြတ် သည်တို့ကို အစဉ်လိုက် မှတ်တမ်းတင်ခြင်းနှင့်အမျိုးအစားအလိုက် မှတ်တမ်းတင်ခြင်း ဟူ၍ နှစ်နည်းရှိပါသည်။

အခန်း ၈

အဆိုများ

MOTIONS

 

အလုပ်စည်းဝေးကျင်းပ၍ လုပ်ငန်းများချမှတ်ဆောင်ရွက်ရာတွင် အဆိုများသည် အဓိက ကျသော ကဏ္ဍတွင် ရှိပါသည်။ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် အဖွဲအစည်း အနေနှင့် ဆောင်ရွက်သင့်သော လုပ်ငန်းကို ညှိနှိင်းဆန္ဒ အဆုံးအဖြတ်ပေးနိုင်ရန် အဆိုအဖြစ် တင်သွင်းရပါသည်။ သိုဖြစ်သောကြောင့် အဆိုနှင့်ပတ်သက်သည်များကို အဖွဲဝင်များ အားလုံး ကောင်းမွန်စွာ သိရှိရန်နှင့် စနစ်တကျ ကိုင်တွယ်အသုံးချတတ်ရန် အရေးကြီးပါသည်။ အဆိုအမျိုး အစားများ သုံးနှုန်းသော ဝေါဟာရများကို တိကျစွာ အသုံးပြုသောအားဖြင့် ဆိုလိုသည်ကို အခြား အဖွဲဝင်များ သိနားလည်နိုင်မည်ဖြစ်ပါသည်။

အခြေခံအားဖြင့် အဆိုများနှင့်ဆိုင်၍ အောက်ပါအတိုင်း အုပ်စု(၅)စု ရှိပါသည်။

၁။ မူလ (အခြေခံ) အဆို [Main (principle) motion]။

၂။ နောက်ဆက်တွဲ အဆိုများ (Subsidiary motions)

၃။ အကြောင်းသင့် အဆိုများ: (Incidental motions)

၄။ အခွင့်အရေးရ အဆိုများ: (Privileged motions )i

၅။ အုပ်စုမဲ့ အဆိုများ (Unclassified motions)

 

 

 

၁။ မူလ (အခြေခံ)အဆို [Main (principle) motion]။

လုပ်ဆောင်စေလိုသော ကိစ္စတစ်ခုကို အစည်းအဝေးသို အဆိုအဖြစ်နှင့်သာ တင်သွင်း ရပါ သည်။ အကြံပေးခြင်းသည် အကြံကောင်းဉာဏ်ကောင်းအနေနှင့်သာ ဖော်ပြခြင်းဖြစ်၍ အဖွဲအစည်း အနေနှင့် အရေးယူဆောင်ရွက်ရန် ရည်ရွယ်ခြင်းမဟုတ်ပါ။ အရေးယူ ဆောင်ရွက်စေလိုသော ကိစ္စရပ်တစ်ခုကို တင်ပြရာတွင် “အဆိုတင်ပါသည်”ဟူ၍ သုံးနှုန်းရပါသည်။

အကြံပေး ပါသည်ဟု မသုံးနှုန်းရပါ။ တင်သွင်းလိုသောအဆိုကို အဆိုရှင်ကိုယ်တိုင် စာဖြင့်ရေးသားတင်သွင်းခြင်းက အကောင်းဆုံးဖြစ်ပါသည်။ သိုမဟုတ် ထောက်ခံခြင်း၊ ဆွေးနွေးမှု မပြုမီ မှတ်တမ်းရေးသူကို ရေးသားတင်ပြစေသင့်ပါသည်။

မူလအဆိုသည် ဆွေးနွေးမှု၏ မူလအခြေခံဖြစ်၍ မူလအဆိုမရှိဆွေးနွေးမှု မပြုနိုင်၊ မပြုရပါ။ လုပ်ငန်းဆောင်ရွက်နေချိန်တွင်အခြေခံ အဆိုတစ်ခုတည်းသာ ရှိရပါသည်။ အခြားမူလအဆို သိုမဟုတ် ကွဲလွဲသော အဆိုမရှိပါ။ တင်သွင်းခွင့် မရှိ၊ ခွင့်ပြုခွင့်မရှိပါ။

 

၂။ နောက်ဆက်တွဲ အဆိုများ (Subsidiary motions)

မူလအဆိုကို အခြေခံ၍ နောက်မှ ဆက်နွယ်ပေါ်ပေါက်လာသော အဆိုများ ဖြစ်ခြင်းကြောင့် နောက်ဆက်တွဲ အဆိုများဟု သတ်မှတ်ခေါ်ဝေါ်ခြင်း ဖြစ်သည်။ မူလအဆိုကို မည်သိုကိုင်တွယ်ဆောင်ရွက်သင့်ကြောင်း ဆွေးနွေးလုပ်ဆောင်မှု ဖြစ်ပါသည်။ ၎င်းတိုမှာ-

(၁) ပြင်ဆင်ချက် အဆို (Amendment)။

(၂) စားပွဲပေါ်တင်ရန် အဆို (Lay on the table)။

(၃) ဆန္ဒယူရန် အဆို (The previous guestion)။

(၄) တာဝန်လွှအပ်ရန် အဆို (Commiu/Refer/Recommit)။

(၅) ဆွေးနွေးချိန်ကန့်သတ်သည့် အဆို (Limit or extend limit of debate)

(၆) အချိန်ကန့်သတ်ချက်ဖြင့် ရွှေ့ဆိုင်းရန်အဆို(Postpone definitely)

(၇) အချိန်ကန့်သတ်ချက်မရှိ ရွှေ့ဆိုင်းရန်အဆို(Postpone indefinitely)

.

(၁) ပြင်ဆင်ချက်အဆို (Amendment)။

လက်ခံဆွေးနွေးလျက်ရှိသော မူလအဆိုကို ပြုပြင်ရန် တင်သွင်းသည့် အဆိုတိုကို ပြင်ဆင်ချက် အဆိုဟု သတ်မှတ်ခေါ်ဝေါ်ပါသည်။ အဆိုများတွင် ပြင်ဆင်ချက် အဆိုတို့သည် နားလည်ဖိုခက်သော အဆိုများဖြစ်ပါသည်။ လေ့လာသိရှိသောအခါ ကိုင်တွယ်ဆောင်ရွက်ရာတွင် စနစ်ကျနခြင်းနှင့် ချောမောပြေပြစ်ခြင်း ရှိမည်ဖြစ်ပါသည်။ နားလည်ဖို့ရန် ဂရုတစိုက် လေ့လာရန်လိုအပ်ပါသည်။

အဆိုတစ်ရပ်ကို ပြုပြင်ရာတွင် အသုံးပြုသည့် နည်းများမှာ-

  • ဖြည့်စွက်ခြင်း (Add words to the main motion)၊
  • ထုတ်နုတ်ခြင်း (Strike out words from the main motion),
  • အစားထိုးခြင်း (Substitute words in the main motion) ဟူ၍နည်း(၃)နည်း ရှိပါသည်။

မူလအဆိုကို ဆွေးနွေးမှု ပြုရာတွင် ပြည့်စုံခြင်းမရှိကြောင်း တွေ့မြင်သောအခါ ပိုမို သင့်မြတ်သော အဆို တစ်ရပ်ဖြစ်စေရန် အထက်တွင် ဖော်ပြပါနည်းတိုဖြင့် ပြင်ဆင်ဖြည့်စွက်ခြင်း ပြုနိုင်ပါသည်။ မူလအဆိုတစ်ရပ်ကို ပြင်ဆင်ဖြည့်စွက်မှု ပြုရာတွင် နှစ်ကြိမ်ထိသာ အဆိုတင်သွင်း ခွင့်ရှိပါသည်။

မူလအဆိုကို ပြုပြင်ရန် တင်သွင်းသော ပထမအဆိုကို ပြင်ဆင်ချက်အဆို (Amendment) ဟုခေါ်ပါသည်။ ပြင်ဆင်ရန် ဒုတိယတင်သွင်းသောအဆိုကို ထပ်ဆင့် ပြင်ဆင်ချက် (Amendment of the amendment) အဆို ဟုခေါ်ပါသည်။ အလွယ်အားဖြင့် ပထမပြင်ဆင်ချက်၊ ဒုတိယပြင်ဆင်ချက် ဟူ၍လည်း ခေါ်နိုင်ပါသည်။ သဘောအားဖြင့် မူလအဆို တွင် ပြင်ဆင်ဖြည့်စွက်သင့်သည်ဟု ခံယူသောအချက်ကို အဆိုအဖြစ် တင်သွင်းခြင်း၊ ထောက်ခံခြင်းဖြစ်ပါသည်။ ပထမပြင်ဆင်ချက်ကို ဆွေးနွေးကြရာတွင် လိုအပ်ချက်ရှိပါက ယင်းပြင်ဆင်ချက် အဆိုကို ပြုပြင်ရန် ဒုတိယအဆိုကို တင်သွင်းခွင့်ရှိပါသည်။ ပထမပြင်ဆင်ချက်အဆိုသည် မူလအဆိုကို ပြင်ဆင်ရန်တင်သွင်းခြင်းဖြစ်ပြီး ဒုတိယပြင်ဆင်ချက် ထပ်ဆင့်ပြင်ဆင်ချက်) အဆိုသည် ပထမပြင်ဆင်ချက်ကို ပြုပြင်ရန် တင်သွင်းသော အဆိုဖြစ်ပါသည်။ တတိယ ပြင်ဆင်ချက်အဆို တင်သွင်းခွင့်မရှိပါ။

ဆွေးနွေးချိန်လုံလောက်စွာ ပေးပြီးသည်နောက် အဆင့်ဆင့် ဆန္ဒယူရပါသည်။ အဆိုများကို ဆန္ဒယူသည့် နည်းမှာ ဒုတိယ (ထပ်ဆင့်)ပြင်ဆင်ချက်ကို ပထမ ဆန္ဒယူရပါသည်။ ပြီးမှ ပထမပြင် ဆင်ချက်ကိုဆန္ဒယူရပါသည်။ ပြီးမှ မူလအဆိုကို ပြင်ဆင်ချက်နှင့်တကွ (ပြင်ဆင် ထားသည့် အတိုင်း) နောက်ဆုံးဆန္ဒ ယူရပါသည်။

 

(၂) စားပွဲပေါ်တင်ရန်အဆို (Lay on the table)။

အရာဝတ္ထုတစ်ခုကို စားပွဲပေါ်တင်ခြင်းသည် ကိုင်တွယ်မှု မပြုခြင်းကို ဆိုလိုပါသည်။ ထိုအတူ အဆိုတစ်ရပ်ကို စားပွဲပေါ်တင်ရန် အဆိုပြုခြင်းသည် လောလောဆယ် ကိုင်တွယ် ဆောင်ရွက်ခြင်း မပြုဘဲ ဆိုင်းငံ့ထားရန် ရည်ရွယ်တင်သွင်းခြင်း ဖြစ်ပါသည်။ ဤအဆိုနိုင်လျှင် ဆက်လက်ဆွေးနွေးခြင်း မပြုဘဲ ဖယ်ထားရသည်။ သိုရာတွင် လုပ်ငန်းများပြီးဆုံးပြီးနောက် အချိန်ကျန်ရှိနေသေးလျှင် ထက်ဝက်ကျော် သဘောတူညီချက်ဖြင့် ပြန်လည်ကောက်ယူဆွေးနွေး ညှိနှိင်းဆုံးဖြတ်မှု ပြုနိုင်ပါသည်။

 

(၃) ဆန္ဒယူရန်အဆို (The previous question)။

ဆွေးနွေးမှုကိုရပ်၍ ချက်ချင်းမဲခွဲ ဆုံးဖြတ်ရန် ဤအဆိုကို တင်သွင်းရပါသည်။ သဘာပတိအနေ နှင့်လည်း ထိန်းချုပ်ရန် ပျက်ကွက်သောအခါ အဖွဲဝင်တစ်ဦးအနေနှင့် ဤအဆိုကို တင်သွင်းခွင့် ရှိပါသည်။

 

 

(၄) တာဝန်လွှဲအပ်ရန်အဆို (Commit/Refer/Recommit)။

အဆိုတစ်ရပ်ကို အကောင်အထည်ဖော်နိုင်ရန် တစ်ဦးတစ်ယောက်ကိုသော်လည်းကောင်း၊ အဖွဲ့တစ်ဖွဲ့ကို သော်လည်းကောင်း တာဝန်လွှဲအပ်နိုင်ပါသည်။ တာဝန်လွဲအပ်ရာ၌-

၁) တာဝန်လွှအပ်ခြင်း ခံရသူ (သို့မဟုတ်) အဖွဲ့က လိုအပ်သည်တို့ကို ရှာဖွေ၊ စိစစ်၊ လေ့လာပြုပြီး၊ တာဝန်အပ်နှင်းသည့် အဖွဲ့က အဆုံးအဖြတ်ပေးနိုင်ဖို့ ထောက်ခံချက်နှင့်တကွ ပြန်လည်တင်ပြရန် (သို့မဟုတ်)

၂) တာဝန်ယူဆောင်ရွက်ခွင့်နှင့် အာဏာကုန်လွှဲအပ်ရန် ဟူ၍ လွှဲအပ်ပုံနှစ်မျိုးရှိပါသည်။ အဆိုတွင် မည်သည့်တာဝန်ဖြင့် လွှဲအပ်ကြောင်း ပေါ်လွင်စေအပ်ပါသည်။

 

(၅) ဆွေးနွေးချိန်ကန့်သတ်သည့်အဆို (Limit or extend limit of debate)

များသောအားဖြင့် အလုပ်စည်းဝေးကျင်းပရာတွင် အဆိုတစ်ရပ်ကို အချိန်မည်မျှယူ၍ ဆွေးနွေးမည်ဟု တင်ကြိုသတ်မှတ်ချက် မထားတတ်ပါ။ သိုကြောင့်လည်း ဆွေးနွေးချိန် မလုံလောက် သော အခါမျိုးတွင်လည်း အချိန်တိုးယူရန် ဤအဆိုကို သုံးရပါသည်။

 

(၆) အချိန်ကန့်သတ်ချက်ဖြင့် ရွှေ့ဆိုင်းရန်အဆို (Postpone definitely)။

တင်သွင်းသော အဆိုသည်တစ်ခါတစ်ရံ အချက်အလက် အထောက်အထား ပြည့်စုံခြင်း မရှိတတ်ပါ။ အစီအစဉ်အရ တင်သွင်းရန်အချိန်ကျရောက်သော်လည်း ရံဖန်ရံခါ တင်သွင်းရန် တာဝန်ရှိသူမရောက်သေးသည်လည်း ဖြစ်တတ်ပါသည်။ အရေးယူဆောင်ရွက်ရန် အချက်အလက် ပြည့်စုံမည့်အချိန်၊ တာဝန်ရှိသူ တက်ရောက်နိုင်မည့်အချိန်တိုင်အောင် အချိန် သတ်မှတ်ချက်ဖြင့် ရွှေ့ဆိုင်းထားရန် အဆိုဖြစ်ပါသည်။

 

(၇) အချိန်ကန့်သတ်ချက်မရှိ ရွှေ့ဆိုင်းရန်အဆို (Postpone indefinitely)

တင်သွင်းထားသော အဆို၏ အသုံးဝင်မှု အရေးပါမှုကို သံသယရှိသောအခါ ယင်းအဆိုကို စဉ်းစားခြင်းမပြုဘဲ အပြီးအပြတ် ဖယ်ရှားစေရန် တင်သွင်းသော အဆိုဖြစ်ပါသည်။ ဤအဆို အနိုင်ရလျှင် လုံးဝပယ်ရမည်။ စားပွဲပေါ်တင်ရန် အဆိုကဲ့သို အချိန်ရှိလျှင် ပြန်လည် ကောက်ယူ ခွင့်မရှိပါ။

 

၃။ အကြောင်းသင့် အဆိုများ (Incidental motion)

မူလအဆိုကို အခြေခံ၍ စဉ်းစားဆွေးနွေးစဉ် နောက်ဆက်တွဲအဆိုများ ပေါ်ပေါက်လာနိုင်သလို မူလအဆိုနှင့် နောက်ဆက်တွဲ အဆိုများအပေါ်မှီ၍လည်းကောင်း၊ စည်းဝေးအခြေအနေ အရ လည်းကောင်းအကြောင်းသင့် အဆိုများ ပေါ်ပေါက်နိုင်ပါသည်။

(၁) စည်းကမ်းထိန်းသိမ်းရန်အဆို (Point of order)။

(၂) အယူခံခြင်း (Appeal)။

(၃) ထပ်မံ ဆန္ဒယူရန် အဆို (Division of Assembly)။

(၄) တောင်းဆို(မေတ္တာရပ်ခံ)ခြင်း (Requests)၊

 

(၁) စည်းကမ်းထိန်းသိမ်းရန်အဆို (Point of order)။

အလုပ်စည်းဝေးဆိုင်ရာ အုပ်ချုပ်ပုံနည်းစနစ်များမှ လွဲချော်မှုရှိလျှင် ဤအဆိုကို တင်သွင်းခွင့် ရှိပါသည်။ အဆိုဟုခေါ်သော်လည်း လွဲမှားမှုကို ဖော်ပြလိုသော တင်ပြမှုဖြစ်၍ ထောက်ခံသူရှိရန် မလိုပါ။ သဘာပတိက ဆုံးဖြတ်မှုပြုရမည် ဖြစ်ပါသည်။ မသေချာလျှင် အဖွဲ့(အစည်းအဝေး)၏ ဆုံးဖြတ်မှုကို ခံယူရမည်။

ဥပမာအားဖြင့်- အဆိုတစ်ရပ်ကို ထောက်ခံသူ မရှိသေးဘဲ အများပါဝင် ဆွေးနွေးရန် ခွင့်ပြုခြင်း၊ ပြင်ဆင်ချက်အဆိုကိုသာ ဆန္ဒယူပြီး မူလအဆိုကို ပြင်ဆင်ချက်နှင့်တကွ ဆန္ဒယူခြင်း မပြုဘဲ လုပ်ငန်း(အဆို) သစ်တစ်ခုကို လက်ခံခြင်း၊ စသည်ဖြင့် လုပ်ထုံးလုပ်နည်း မှားယွင်းခြင်းကို ဆိုလိုပါသည်။

အလုပ်စည်းဝေးကို ကြီးကြပ်မှု ပြုရသူ သဘာပတိသည် အစည်းအဝေးကို နည်းစနစ် မှန်ကန်စွာ ဦးဆောင်မှုပြုရန် တာဝန်ရှိသကဲ့သို့ ချွတ်ချော်မှုရှိခဲ့လျှင် လိုအပ်သော ပြုပြင်မှုဖြစ်နိုင်ရန် တင်ပြခွင့်သည် သင်းဝင်သူ(ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ)တိုင်း၌ ရှိပါသည်။

 

(၂) အယူခံခြင်း (Appeal)။

အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း၊ သဘာပတိအနေနှင့် မည်။ စည်းကမ်းထိန်းသိမ်းရာတွင် တိမ်းယိမ်းတတ်သကဲ့သို အဆုံးအဖြတ် ပေးမှုတွင်လည်း ချွတ်ချော်တက်ပါလည်၊ ယင်းသို့သော အခြေအနေတွင် သဘာပတိ၏ အဆုံးအဖြတ်နှင့်ဆိုင်၍ အယူခံနိုင်ပါသည်။ ထောက်ခံသူရှိလျှင် သဘာပတိအနေနှင့် မိမိ၏ရပ်တည်ချက် လုပ်ဆောင်ချက်ကိုကာကွယ်ရှင်းလင်းချက် ပေးနိုင်ပါသည်။ လိုအပ်ပါက မိမိ၏ ဆုံးဖြတ်မှုအတွက် အဖွဲဝင်တို့၏ ဆန္ဒကိုခံယူရပါမည်။

တချို့သော အသင်းအဖွဲတိုတွင် အာဏာရအဖွဲနှင့် အတိုက်အခံအဖွဲ့များ ရှိတတ်၍ သဘာ ပတိ၏ အဆုံးအဖြတ်သည် ဘက်လိုက်မှုရှိတတ်ပါသည်။ ခရစ်ယာန် အသင်းအဖွဲတို့တွင်မှု တရားမျှ တမှုရှိတတ်သည့်အလျောက် အယူခံရလောက်သော အခြေအနေမျိုးမရှိတက်ပါ။ ရှိလည်းမရှိအပ်ပါ။

 

(၃) ထပ်မံ ဆန္ဒယူရန် အဆို (Division of Assembly)၊

ဆန္ဒမဲခွဲရာတွင် တိကျမှုမရှိဟု ထင်မြင်ယူဆလျှင်၊ ထပ်မံဆန္ဒရန် အဆိုကို အဆိုသစ် မတင်သွင်းမီ ချက်ချင်းတင်သွင်းရမည်။ အသံအားဖြင့် ဆန္ဒယူရာတွင်လည်းကောင်း၊ လက်ပြုခြင်း ဖြင့်ဆယူရာတွင်လည်းကောင်း ရှင်းလင်းပြတ်သားမှု မရှိဟုထင်မြင်လျှင် ဤအဆိုကို တင်သွင်း နိုင်သည်။ တစ်ခါတစ်ရံ မဲပေးသူများထဲတွင် မဲပေးခွင့်မရှိသူတို ပါဝင်ခဲ့သည်ဟု သံသယရှိလျှင်လည်း ဤအဆိုကို တင်သွင်းနိုင်ပါသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် တပ်မံဆန္ဒခံယူသည့်နည်းကို မဲခွဲခြင်း၊မပြုဘဲ ညှိနှိင်း သတ်မှတ် နိုင်ပါသည်။ ချွတ်ချော်မှုဖြစ်ပြီးမှ ပြန်လည်ပြင်ဆင်ရသည်ထက် လျှိဝှက်မဲစနစ်ဖြင့် ဆန္ဒယူရန် မူလအဆိုအဖြစ် တင်ကြိုတင်သွင်း လုပ်ဆောင်ခြင်းက ပိုမိုသင့်မြတ်ပါမည်။

 

(၄) တောင်းဆို(မေတ္တာရပ်ခံ)ခြင်း (Requests)။

အောက်ဖော်ပြပါ အချက်တိုမှာ အလုပ်အစည်းဝေးကျင်းပနေစဉ်ကြုံတွေ့ရတတ်သော အချက်များဖြစ်ပြီး အဆိုအဖြစ်နှင့် မဟုတ်မူဘဲလုပ်ငန်းများ ချောမောစွာ ပြီးမြောက်ရေးအတွက် အခြားနည်းဖြင့်ဆောင်ရွက်ကြရသော ကိစ္စရပ်များဖြစ်ပါသည်။

 

၁) အလုပ်စည်းအုပ်ချုပ်ပုံ စည်းကမ်းနှင့် ဆိုင်၍စုံစမ်းမေးမြန်းခြင်း (Parliamentary inquiry).

အလုပ်အစည်းကို ကြီးကြပ်မှုပြုနေသူ သဘာပတိအနေနှင့်အလုပ်စည်းဝေး အုပ်ချုပ်ပုံစည်း ကမ်းတို့ကို ကျွမ်းကျင်သူ ဖြစ်ရပါမည်။အဖွဲဝင်တစ်ဦးသည် အလုပ်စည်းဝေးတွင် မှန်ကန်ထိရောက်စွာ ပါဝင်ဆောင်ရွက်နိုင်ရန်နှင့် စနစ်ကျစေရန် မိမိသိရှိလိုသော စည်းကမ်း နည်းလမ်းတို့ကို မေးမြန်းခွင့်ရှိပါသည်။ ဆောင်ရွက်ဆဲလုပ်ငန်းနှင့် သက်ဆိုင်မှုရှိပြီး ဆက်လက်ဆောင်ရွက်ရာတွင် လိုက်လျှောက်ရန် အကျုံးဝင်သော မေးမြန်းချက်ကို သဘာပတိအနေနှင့် ဖြေကြားရန် တာဝန်ရှိပါ၊သည်။ (ကိုယ်တိုင်ဖြေကြားခြင်းမပြုဘဲ အစည်းအဝေးတွင် ရှိနေသောကျွမ်းကျင်သူ တစ်ဦးဦးက ဖြေကြားပေးဖိုရန် မေတ္တာရပ်ခံနိုင်သည်။

ဥပမာအားဖြင့် စည်းကမ်းထိန်းသိမ်းရန် အဆိုကို တင်သွင်းလိုသော အဖွဲဝင်တစ်ဦး အနေနှင့် မိမိ၏ထင်မြင်ချက် မှန်၊ မမှန် သိရှိနိုင်စေရန် စုံစမ်းမေးမြန်းခြင်း ပြုနိုင်ပါသည်။

၂) ရှင်းလင်းချက်တောင်းခံခြင်း (Request for information)၊

အလုပ်စည်းဝေး အုပ်ချုပ်ပုံ စည်းကမ်းနှင့်ဆိုင်၍ စုံစမ်းမေးမြန်းခွင့် ရှိသကဲ့သို တင်ပြ ဆွေးနွေးမှု ပြုနေသည့် ပုဂ္ဂိုလ်ထံမှ၊ မိမိသိရှိနားလည်လိုသော အချက်ရှိလျှင် သဘာပတိကို တိုင်တည်၍ ရှင်းလင်းချက်တောင်းခံနိုင်ပါသည်။ ဖြေဆိုသော ပုဂ္ဂိုလ်သည်လည်း သဘာပတိကို တိုင်တည်၍ ဖြေဆိုခြင်းပြုရပါသည်။

 

၃) အဆိုပြန်လည်ရုပ်သိမ်းခြင်း (Leave to withdraw a motion)။

အဆိုတစ်ရပ်ကို အဆိုရှင်က တင်သွင်း၍ အခြားပုဂ္ဂိုလ်တစ်ဦးကထောက်ခံသောကြောင့် အစည်းအဝေးက လက်ခံသည်ဖြစ်ရာ ယင်းအဆိုသည် အဆိုရှင်၏လက်မှ အလုပ် စည်းဝေးလက်သို ရောက်ရှိပြီးဖြစ်သည်။ သာမန်အားဖြင့် အဆိုတင်သွင်းသူကသာ အဆိုရုပ်သိမ်းခွင့်တောင်းခံနိုင်ပါသည်။ မူလအဆိုကို ဆန္ဒမဲ မခွဲမီ ပြန်လည်ရုပ်သိမ်းခြင်းအဆိုကို တင်သွင်းခြင်း ပြုရပါမည်။

လက်တွေ့ ဆောင်ရွက်ကြရာတွင် အဆိုရှင်က ရုပ်သိမ်းကြောင်းတင်ပြလာလျှင် သဘာပတိက ခွင့်ပြုလေ့ရှိပါသည်။ ယင်းသိုခွင့်ပြုသော်လည်း အခြားအဖွဲဝင်တစ်ဦးဦးက ပြန်လည်ကောက်ယူ၍ အဆိုရှင်အဖြစ် ထပ်မံတင်သွင်းခွင့်ရှိပါသည်။ ထောက်ခံသူရှိပါက မူလအဆိုအဖြစ် လက်ခံအရေးယူ ဆောင်ရွက်ရမည်ဖြစ်ပါသည်။

 

၄။ အခွင့်အ‌ရေးရအဆိုများ: (Privileged motions)

အထက်တွင် ဖော်ပြခဲ့ပြီးဖြစ်သည့် မူလအဆို၊ နောက်ဆက်တွဲအဆိုများနှင့် အကြောင်းသင့် အဆိုအားလုံးတိုထက် ဦးစားပေးခြင်းခံရသည့် အဆိုများဖြစ်ခြင်းကြောင့် အခွင့်အရေးရအဆိုများဟု ခေါ်ဆိုခြင်းဖြစ်ပါသည်။ အခြားအဆိုများ ရှိနေသည့်အချိန်တွင်ပင် တင်သွင်းခွင့်ရရှိသည်သာမက အခြားအဆိုတိုကိုဆောင်ရွက်ခြင်းမပြုမီ ဤအဆိုအုပ်စုဝင်တို့က ဦးစွာဆောင်ရွက်ရပါသည်။ အခွင့်အရေးအဆိုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

(၁) အစီအစဉ်အတိုင်း လိုက်လျှောက်ရန်အဆို (Call for the order of the day)

(၂) အခွင့်အရေးတောင်းသည့်အဆို (Question of privilege)၊

(၃) ခေတ္တရပ်နားရန်အဆို (To take a recess)။

(၄) စည်းဝေးရွှေ့ဆိုင်းရန်အဆို [To adjourn (a)]။

(၅) ရွှေ့ဆိုင်းစည်းဝေးချိန် ကန့်သတ်သည့်အဆို (To fix the time to which the assembly shall adjourn)

(၆) စည်းဝေးရုပ်သိမ်းသည့်အဆို To adjourn (b)]။

 

(၁) အစီအစဉ်အတိုင်း လိုက်လျှောက်ရန်အဆို (Call for the order of the day)

စည်းဝေးအစပြုပြီးသည်နောက် အလုပ်စည်းဝေးအစီအစဉ်ကိုဆန္ဒခံယူလျက် အတည်ပြုသော အလေ့အထရှိပါသည်။ သာမန်အားဖြင့်အမှုဆောင်အဖွဲ့ အလုပ်စည်းဝေးတွင် အတွင်းရေးမှူးပေးပိုသည့် ဖိတ်စာပါ အစီအစဉ်အတိုင်း လက်ခံဆောင်ရွက်ရသည်ဖြစ်ရာ ဥက္ကဋ္ဌအပါအဝင် မည်သူတစ်စုံ တစ်ယောက်မျှ ပြောင်းလဲခွင့်မရှိပါ။ ပြုပြင်ပြောင်းလဲလိုပါက သို့မဟုတ် ရှေ့နောက်နေရာ ပြောင်းလိုပါက အလုပ်စည်းဝေး၏ ခွင့်ပြုချက်ကို ရရှိစေရန် ဆန္ဒခံယူရပါမည်။ ထိုသိုဆောင်ရွက်ရန် ပျက်ကွက်သောအခါ အဖွဲဝင်မည်သူမဆို ဤအဆိုကို တင်သွင်းခြင်းဖြင့် လမ်းတည့်ပေးနိုင်ပါသည်။ ထောက်ခံသူရှိရန်မလိုပါ။ သဘာပတိအနေနှင့် မရှင်းလင်းလျှင်မေးနိုင်ပါသည်။ အဆိုတင်သွင်းသည့် အတိုင်းအစီအစဉ်မှလမ်းလွှခြင်းရှိလျှင် ပြုပြင်ရန်သာဖြစ်ပါသည်။ လက်ခံထားရှိသော အစီအစဉ် အတိုင်း ဆောင်ရွက်ခြင်းမှ သွေဖည်မှု မရှိလျှင်ဤအဆိုကို တင်သွင်းခြင်းသည် တရားမဝင်ပါ။

အစီအစဉ်ကို ပြောင်းလဲပြင်ဆင်လိုလျှင် သုံးပုံနှစ်ပုံ ဆန္ဒတူညီမှုဖြင့်သာ လုပ်ဆောင်ခွင့် ရှိသည်။

 

 

(၂) အခွင့်အရေးတောင်းသည့်အဆို (Question of privilege)။

အဆိုဟုအမည်တပ်ထားသော်လည်း အဆိုအနေနှင့် တင်သွင်ခြင်းမဟုတ်ဘဲ အခွင့်အရေးရှိရန် တောင်းဆိုခြင်းဖြစ်ပါသည်။ အဖွဲ့ဝင်တစ်ဦးတစ်ယောက် (သို့မဟုတ်) အစည်းအဝေးတစ်ရပ်လုံးနှင့် သက်ဆိုင်သည့် တောင်းဆိုမှုဖြစ်ပါသည်။

ဥပမာအားဖြင့် အစည်းအဝေးကျင်းပရာဒေသတွင် အလင်းမလုံလောက် မှောင်မဲနေခြင်း၊ လေဝင်လေထွက်မကောင်းခြင်း၊ ပူအိုက်ခြင်း၊ ချမ်းအေးခြင်း၊ အလုပ်စည်းဝေးလုပ်ငန်းတို့တွင် အာရုံမပြုနိုင်လောက်အောင် ပတ်ဝန်းကျင်တွင်အသံများ ဆူညံနေခြင်း၊ တချို့သော ပုဂ္ဂိုလ်တို့၏ လှုပ်ရှားမှုစသည့် အဆင်မပြေမှုများကို ပြုပြင်ပေးရန် သဘာပတိကို တိုင်တည်လျက် အခွင့်အရေး တောင်းခံခြင်းမျိုးကိုဆိုလိုပါသည်။

အခွင့်အရေးရဖြစ်သောကြောင့် အခြားပုဂ္ဂိုလ်တစ်ဦးဦး ဆွေးနွေးနေစဉ် တင်ပြခွင့်ရှိသည် ဟုဆိုသော်လည်း အရေးတကြီးမဟုတ်ပါကစကားအဆုံးသတ်ချိန်တွင်မှ တင်ပြခြင်းပြုသင့်ပါသည်။ ပြောဆိုဆွေးနွေးသူ၏ အသံကိုသဲကွဲစွာ မကြားရသည့်အခါမျိုးတွင် အသံကျယ်ကျယ် ပြောပေးဖို့ ကြားဖြတ်တောင်းဆိုနိုင်ပါသည်။

 

(၃) ခေတ္တရပ်နားရန်အဆို (To take a recess)။

တစ်ရက်နှစ်ရက် အချိန်ယူကျင်းပသော အလုပ်စည်းဝေးတို့တွင်အနားယူရမည့် အချိန်ကို အစီအစဉ်တွင် ထည့်သွင်းရေးဆွဲလေ့ရှိပါသည်။ ယင်းသိုသတ်မှတ်ချိန်ကိုရောက်သောအခါ သဘာပတိအနေနှင့် စည်းဝေးခေတ္တရပ်နားကြောင်း ကြေညာရပါသည်။ သို့တည်းမဟုတ် အဖွဲ့ဝင် တစ်ဦးဦးက ဤအဆိုကိုတင်သွင်းနိုင်ပါသည်။ တစ်ခါတစ်ရံအလုပ်စည်းဝေးသည် ကြာညောင်း တတ်ပါသည်။ အဖွဲဝင်တစ်ဦးအနေနှင့် ဤအဆိုကို တင်သွင်းခွင့်ရှိပါသည်။

လက်တွေ့လုပ်ဆောင်ကြရာတွင် အနားယူလိုသောသူအနေနှင့် မိမိသဘောအလျောက် အလုပ်စည်းဝေးကျင်းပရာမှ ခေတ္တထွက်ခွာပြီးမှ ပြန်လည်ဝင်ရောက်တတ်ပါသည်။ အဖွဲဝင်တစ်ဦး အနေနှင့်အစည်းအဝေးတွင် အစမှအဆုံးတိုင် ရှိနေသင့်ပါသည်။ တာဝန်ရှိပါသည်။ ခေတ္တ အနားယူချိန်မ ရဘဲ ယင်းသိုထွက်ခွာခြင်းဖြင့် မိမိ၏အခွင့်အရေးဆုံးရှုးရကြောင်း သတိပြုသင့်ပါသည်။ မိမိမျက် ကွယ်တွင် ဆုံးဖြတ်ချက်ချမှတ်ခြင်းရှိနိုင်သဖြင့် မိမိ၏ဆန္ဒမဲပေးခွင့် မရခြင်းသည် အခွင့်အရေး ဆုံးရှုးမှုပင်ဖြစ်ကြောင်း သိမှတ်ကြရပါမည်။ စည်းဝေးချိန်တစ်ခုအတွင်း ခေတ္တ အနားယူခြင်းမဟုတ်ဘဲ အချိန်အတော်အတန်ခွာခြင်း၊ နောက်နေ့ထိဆိုင်းငံ့ခြင်းသည် ခေတ္တ ရပ်နားခြင်းမဟုတ် စည်းဝေးရွှေ့ ဆိုင်းခြင်းဖြစ်ပါသည်။

 

(၄) စည်းဝေးရွှေ့ဆိုင်းရန်အဆို [To adjourn (a)]။

Adjourn ဟူသော စကားတွင် ရွှေ့ဆိုင်းခြင်းနှင့် ရုပ်သိမ်းခြင်းဟူသော အဓိပ္ပာယ် နှစ်မျိုးလုံးပါရှိပါသည်။ အလုပ်စည်းဝေးချိန် ကုန်သော်လည်း လုပ်ငန်းများမပြီးဆုံးသေးလျှင် စည်းဝေးချိန်တိုးယူခြင်း သို့မဟုတ် ရွှေ့ဆိုင်းခြင်းပြုရပါသည်။ အလုပ်စည်းဝေးကို ရွှေ့ဆိုင်းရသောအခါ ပြန်လည် ကျင်းပမည့်အချိန်ကို သတ်မှတ်ပေးရပါသည်။အလုပ်စည်းဝေး၏ မူလအစီအစဉ်ပါ မပြီးပြတ်သေးသော လုပ်ငန်းများကိုပါ ဆက်လက် ကိုင်တွယ်ဆောင်ရွက်ခြင်း ပြုရမည်ဖြစ်ပါသည်။

အခွင့်အရေးရ အဆိုဖြစ်သော်လည်း တစ်ဦးတစ်ယောက် စကားပြောခွင့်ရရှိ၍ တင်ပြပြောဆို ခြင်း ပြုနေချိန်တွင်လည်းကောင်း၊ ဆန္ဒမဲခွဲစဉ်တွင်သော်လည်းကောင်း၊ ဤအဆိုကို ဆန္ဒခံယူခြင်း မပြုဘဲဆိုင်းငံ့ထားနိုင်ပါသည်။ လျှိဝှက်ဆန္ဒခံယူရချိန်ဖြစ်လျှင် ဆန္ဒခံယူပြီးနောက်မကြေညာမီ မဲရေတွက်နေစဉ် လက်ခံဆောင်ရွက်နိုင်သည်။ ရွှေ့ဆိုင်းစည်းဝေး ပြန်လည် ကျင်းပသောအခါတွင်မှ မဲစာရင်းကို ကြေညာရသည်။

အလုပ်စည်းဝေး ကျင်းပရာတွင် တက်ရောက်သူအဖွဲ့ဝင်ဦးရေအနည်းဆုံး သတ်မှတ်ချက်မ ပြည့်လျှင် ကျင်းပခွင့်မရှိပါ။ ထိုသို့ဖြစ်လျှင်သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းပါ ပြဋ္ဌာန်းချက်နှင့်အညီ အလုပ်စည်းဝေးကို ရွှေ့ဆိုင်းပြီး ထပ်မံဖိတ်ခေါ်ရပါမည်။ ထိုသို့သော စည်းဝေးကိုလည်း ရွှေ့ဆိုင်းစည်း ဝေးဟုခေါ်ပါသည်။ စနစ်မှန်စေရန် ရွှေ့ဆိုင်းထပ်မံခေါ်ယူသော စည်းဝေးဟုသုံးနှုန်းသင့်ပါသည်။

 

(၅) ရွှေ့ဆိုင်းစည်းဝေးချိန် ကန့်သတ်သည့်အဆို

(To fix the time to which the assembly shall adjourn)

အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း အလုပ်စည်းဝေးကို ရွှေ့ဆိုင်းရသောအခါ စည်းဝေး ပြန်လည်ကျင်းပမည့် အချိန်ကို သတ်မှတ်ပေးရပါသည်။ ထိုသိုသတ်မှတ်ပေးရန် ကျန်ရှိနေလျှင် ဤအဆိုကို တင်သွင်းရပါသည်။ အချိန်သာမကလိုအပ်လျှင် နေ့ရက်နှင့်နေရာကိုပါထည့်သွင်း ဖော်ပြရပါသည်။ ရွှေ့ဆိုင်းထပ်မံခေါ်ယူသော စည်းဝေးဖိတ်စာတွင် နေ့ရက်အချိန်နှင့် ဒေသ သတ်မှတ်ချက်ပါရှိရမည်။

 

(၆) စည်းဝေးရုပ်သိမ်းသည့်အဆို [To adjourn (b)]။

အလုပ်စည်းဝေးတွင် ဆောင်ရွက်ရန် သတ်မှတ်ထားသော လုပ်ငန်း (အစီအစဉ်)များ ပြီးမြောက်သည်ဖြစ်စေ၊ မပြီးသေးဘဲကျန်ရှိသည်ဖြစ်စေ အလုပ်စည်းဝေးရုပ်သိမ်းရန် အဆိုကို တင်သွင်းနိုင်ပါသည်။ အလုပ်စည်းဝေးတွင် လုပ်ငန်းများ ပြီးဆုံးသောအခါ သဘာပတိအနေနှင့် စည်းဝေးပြီးဆုံးကြောင်းကြေညာလျက် ရုပ်သိမ်းနိုင်ပါသည်။ သို့မဟုတ် အဖွဲဝင်တစ်ဦးဦးက အဆိုတင်သွင်းခြင်း ထောက်ခံမှုပြုခြင်းနှင့်ဆန္ဒယူခြင်းပြုလျက် ရုပ်သိမ်းနိုင်ပါသည်။

ထိုနည်းတူစွာ လုပ်ငန်းများ မပြီးဆုံးသေးသော်လည်း ဆက်လက်ဆောင်ရွက်ခြင်းဖြင့် တစ်ဦးတစ်ယောက်ကို သော်လည်းကောင်း၊ အဖွဲ့အစည်း (သိုမဟုတ်) အစည်းအဝေးကို သော်လည်းကောင်း ထိခိုက်မှုရှိလာနိုင်သည်ဟု ထင်မြင်ယူဆသောအခါ ဤအဆိုကို တင်သွင်းနိုင် ပါသည်။

သို့ရာတွင် ဤအဆိုအားဖြင့် အလုပ်စည်းဝေးကို လုပ်ငန်းမပြီးသေးဘဲ ဆုံးခန်းတိုင် ရောက် စေနိုင်သောကြောင့် လုပ်ငန်းပျက်စီးရာပျက်စီးကြောင်း ဆောင်ရွက်ခြင်းမှ ရှောင်ကြဉ်သင့်ပါသည်။

 

၅။ အုပ်စုမဲ့အဆိုများ (Unclassified motions)

အလုပ်စည်းဝေး အုပ်ချုပ်ပုံထုံးတမ်း၌ အထက်ဖော်ပြပါ အဆိုအုပ်စုတို့တွင် အကျုံးမဝင်သော အဆိုများရှိပါသည်။ ယင်းအဆိုများအနက် သိသင့်သော အသုံးပြုနိုင်သောအဆိုများမှာ-

(၁) စားပွဲပေါ်မှ ပြန်လည်ကောက်ယူရန်အဆို (Take from the table)

(၂) ပြန်လည်စဉ်းစားရန်အဆို (Reconsider)။

(၃) ဆုံးဖြတ်ချက်ကိုပယ်ချရန်အဆို (Rescind)။

(၄) လျှိ့ဝှက်မဲခွဲရန်အဆို (Secret ballot) တိုဖြစ်ပါသည်။

 

(၁) စားပွဲပေါ်မှပြန်လည်ကောက်ယူရန်အဆို (Take from the table)။

အဆိုတစ်ရပ်ကို စားပွဲပေါ်တင်ရန်ဆုံးဖြတ်ခြင်းသည် ကိုင်တွယ်ဆောင်ရွက်ခြင်းမှ ယာယီပယ်ချထားခြင်းသာဖြစ်ပါသည်။ အလုပ်စည်းဝေးတွင် အစီအစဉ်ပါ လုပ်ငန်းများ ပြီးဆုံးသော်လည်း အချိန်ကျန်ရှိနေသေးလျှင်၊ စားပွဲပေါ်တင်ရန် ဆုံးဖြတ်ထားခဲ့သော အဆိုကို ပြန် လည်ကောက်ယူ ကိုင်တွယ်ဆောင်ရွက်ရန် အဆိုတင်၊ ထောက်ခံ၊ ဆန္ဒယူခြင်းပြုရပါသည်။ အဆိုနိုင်လျှင် ဆွေးနွေးမှု၊ ဆုံးဖြတ်မှုပြုရပါသည်။

 

(၂) ပြန်လည်စဉ်းစားရန်အဆို (Reconsider)။

ဆုံးဖြတ်ချက်ချပြီး ဖြစ်သော်လည်း ယင်းဆုံးဖြတ်ချက်ကို ပြန်လည် စဉ်းစားဆုံးဖြတ်ခွင့် တောင်းခံနိုင်ပါသည်။ ဆုံးဖြတ်ချက်ချသည့် နေ့တွင်ဖြစ်စေ၊ အလုပ်စည်းဝေးကျင်းပသည့် ကာလအတွင်း နောက်နေ့တွင်ဖြစ်စေ ဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစားရန် အဆိုတင်သွင်းခွင့် ရှိပါသည်။ အဆိုတင်သွင်းသူသည် ယင်းဆိုကို အနိုင်ရသည့်ဘက်မှဆန္ဒမဲပေးခဲ့သူဖြစ်ရပါမည်။ ကန့်ကွက်မဲပေးခဲ့သူ မဖြစ်ရပါ။ မည်သူမဆို ထောက်ခံခွင့်ရှိပါသည်။ ပြန်လည် စဉ်းစားရန်အဆို ရှုးနိမ့်ခဲ့သော် နောက်ထပ်တင်သွင်းခွင့်မရှိပါ။

ထိုအတူ စားပွဲပေါ်တင်ရန်အဆို၊ ပြန်လည်ကောက်ယူရန်အဆို၊ ခေတ္တအနားယူရန်အဆို၊ ရွှေ့ဆိုင်း/ရုပ်သိမ်းရန်အဆို၊ ပြန်လည် စဉ်းစားရန်အဆို စသည့်အဆိုတို့နှင့်ဆိုင်သည့် ဆုံးဖြတ် ချက်များကို ပြန်လည်စဉ်းစားရန် အဆိုတင်သွင်းခြင်းမပြုရပါ။ ရွေးချယ်တင်မြှောက်ခြင်း ပြုရာတွင် ကာယကံရှင်ကိုယ်တိုင် ရှိနေပါလျက် ငြင်းပယ်ခြင်း၊ နှုတ်ထွက်ခြင်းမရှိလျှင်လည်းကောင်း၊ ကိုယ်တိုင် မရှိသော်လည်း ခန့်အပ်တာဝန် အပ်နှင်းခြင်းကို သိရှိပါလျက် ငြင်းပယ်ခြင်းမရှိလျှင်လည်းကောင်း ပြန်လည် စဉ်းစားရန်အဆိုကို တင်သွင်းခွင့်မရှိပါ။

 

(၃) ဆုံးဖြတ်ချက်ကိုပယ်ချရန်အဆို (Rescind)။

ချမှတ်ပြီးသော ဆုံးဖြတ်ချက်တစ်ရပ်ကို ပြန်လည် စဉ်းစားခွင့်ရှိသကဲ့သို ပယ်ဖျက်ရန် အဆိုကိုလည်း တင်သွင်းခွင့်ရှိပါသည်။ ဆုံးဖြတ်ချက်သည် မှားယွင်းလျှင် ပယ်ဖျက်နိုင်သည် သာမက မှတ်တမ်းတွင် မကျန်ရှိစေရန်၊ မှတ်တမ်းမှ လုံးဝပယ်ဖျက်ခြင်းပြုနိုင်ပါသည်။ တစ်ခါတစ်ရံ ချမှတ်ပြီးသောအဆိုကို ပယ်ဖျက်၍ သာလွန်သင့်မြတ်သောအဆိုနှင့်လည်း အစားထိုးခွင့်ရှိပါသည်။

သို့ရာတွင် ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိပြီးဖြစ်လျှင်လည်း၊ နှစ်ဖက် နားလည်မှုယူရသော အကြောင်းအရာဖြစ်ပြီး တစ်ဖက်အဖွဲကို အကြောင်းကြား အသိပေးပြီး ဖြစ်လျှင်လည်းကောင်း၊ တစ်ဦးတစ်ယောက်အား တာဝန်အပ်နှင်းခြင်း၊ တာဝန်ရုပ်သိမ်းခြင်း၊ နှုတ်ပယ်ခြင်း စသည့်ကိစ္စတို့နှင့်ဆိုင်၍ လည်းကောင်း၊ ဤအဆိုကိုအသုံးမပြုနိုင်ပါ။

တာဝန်ရုပ်သိမ်းခြင်း (သို့မဟုတ်) နှုတ်ပယ်ခြင်းကို ပယ်ချနိုင်ရန်၊ တာဝန်အပ်နှင်းခြင်း၊ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ရန်သာဖြစ်ပါသည်။

 

 

(၄) လျှိ့ဝှက်မဲခွဲရန်အဆို (Secret ballot)။

ဆန္ဒမဲခွဲရာတွင် အသုံးပြုသော နည်းလမ်းများရှိသည့်အနက် လျှိ့ဝှက်မဲခွဲခြင်း စနစ်သည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ လျှိ့ဝှက်မဲဆန္ဒခံယူရာတွင်လည်း နည်းစနစ်များ ရှိရာ သတ်မှတ်ထားမှု၊ သီးခြားတောင်းဆိုမှုမရှိလျှင် သဘာပတိသည် သင့်လျော်သည်ဟု ခံယူသောနည်းကို အသုံးပြုခွင့်ရှိပါသည်။

တစ်ခါတစ်ရံ အသုံးပြုသော နည်း၏ရလဒ်များသည် သံသယရှိစရာ ဖြစ်တတ်သဖြင့် အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း၊ ထပ်မံဆန္ဒယူရန်အဆိုကို တင်သွင်းရသည့်အခြေသို ရောက်တတ်ပါသည်။

အဖွဲ့ဝင်ဦးရေ များသောအခါတွင်လည်းကောင်း၊ တချို့တို့အနေနှင့် သိသာထင်ရှားအောင် ဆန္ဒမပြုခြင်းတိုကြောင့်လည်းကောင်း၊ မရှင်းမလင်းဖြစ်ရတတ်ပါသည်။ တစ်ခါတစ်ရံတွင်မူ၊ သူ့လူကိုယ့်လူ အနိုင်ရရှိရေးအတွက် မဲဆွယ်စည်းရုံးခြင်း၊ သြဇာလွှမ်းမိုးမှုပြုခြင်းများ ရှိတတ်သဖြင့် ဆန္ဒရှင်တို့အနေနှင့် လွတ်လပ်စွာ မဲပေးနိုင်ခွင့်မရှိတတ်ခြင်းတို့ကိုတွေ့ မြင်ရပါသည်။ ယင်းသို့သော အခြေအနေတွင် သဘာပတိကလမ်းညွှန်ရန် ပျက်ကွက်သည့်အတိုင်း အဖွဲဝင်တစ်ဦးအနေနှင့် ဤအဆိုကို တင်သွင်းခွင့်ရှိပါသည်။

အထူးသဖြင့် အရာရှိများ အမှုဆောင်အဖွဲဝင်များတိုကို ရွေးချယ်တင်မြှောက်ရာတွင် ဤအခွင့်အရေးကို တောင်းခံသင့်ပါသည်။ ။

 

 

 

 

 

အခန်း ၉

အဆိုတင်သွင်း ဆွေးနွေးဆုံးဖြတ်ခြင်း

 

၁။ အဆိုတင်သွင်းခြင်း၊ ထောက်ခံဆွေးနွေးခြင်း၊

အဆိုတင်သွင်းခြင်း၊ ထောက်ခံဆွေးနွေးခြင်း၊ ဆန္ဒမဲခွဲခြင်းတိုနှင့်စပ်လျဉ်း၍ နည်းစနစ်များ ရှိပါသည်။

အဖွဲ့အစည်းတစ်ခုအနေနှင့် ဆောင်ရွက်သင့်သော လုပ်ငန်းတစ်ရပ်ကို တင်သွင်းလိုသော အဖွဲဝင်တစ်ဦးသည် ရှေးဦးစွာ သဘာပတိ၏ခွင့်ပြုချက်ကိုရယူလျက် အဆိုတစ်ရပ်အဖြစ် တင်သွင်း ခြင်းပြုရပါမည်။

အဆိုတင်သွင်းပြီးသည်နှင့် သဘာပတိသည် ထောက်ခံသူရှိမရှိ မေးမြန်းခေါ်ယူခြင်း ပြုရမည်ဖြစ်ပါသည်။ ထောက်ခံသူ မရှိသေးမီ ပြောဆိုဆွေးနွေးခြင်း မပြုရပါ။ အဆိုတင်သွင်းသူ ထောက်ခံသူရှိပြီးသောအခါ အဖွဲဝင်များ၊ တရားဝင် ပါဝင်ဆွေးနွေးမှု ပြုနိုင်ရန် အခွင့်ပေးရပါသည်။ ထိုသို သဘာပတိ၏ ခွင့်ပြုချက်မရှိဘဲ မည်သူတစ်စုံတစ်ယောက် ပြောဆိုဆွေးနွေးခွင့်မရှိပါ။

ဆွေးနွေးပြောဆိုခြင်းပြုရာတွင်လည်း အဖွဲဝင်တို့ လိုက်နာကြရမည့် တာဝန်များနှင့် အပြုအမူများကို သတိပြုလျက် လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ သဘာပတိသည်လည်း အလုပ်စည်းဝေးအုပ်ချုပ်ပုံ နည်းစနစ်မှန်ကန်စွာ ကြီးကြပ်မှု ပြုရပါမည်။

သဘောမှာ အဆိုတစ်ခုမျှ တင်သွင်းခြင်း၊ ထောက်ခံခြင်းမရှိသေးဘဲ ဆွေးနွေးခြင်းသည် အခြေခံချက်မရှိဘဲ ဆောင်ရွက်မှုသာ ဖြစ်ပါသည်။ တစ်ခါတစ်ရံ အချိန်ကုန်ခံ ဆွေးနွေးမှုများ ပြုပြီးကာမှ အလုပ်မဖြစ်ဘဲ ပျက်ပြယ်ခြင်းများ ရှိတတ်သေးရာ အချိန်ကုန်လူပန်းမျှသာ ဖြစ်တတ် ပါသည်။ အဆိုတင်သူနှင့် ထောက်ခံသူရှိလျှင် အဖွဲ့ဝင်များအနက် တင်ပြသည့် လုပ်ငန်းရပ်ကို နှစ်သက်သူ အနည်းဆုံး နှစ်ဦးရှိသည်ဖြစ်ပြီး ရေရာတိကျမှုရှိပါသည်။ အဆိုရှုံးနိမ့်သောကြောင့်မအောင်

မြင်ငြားသော်လည်း ယင်းသိုဖြစ်ရခြင်းသည် အဖွဲတစ်ရပ်လုံး၏ ဆန္ဒအလျောက် ဖြစ်ရသောကြောင့် လုပ်ငန်းပီပြင်မှုရှိပါသည်။

အဆိုကိုကျေလည်အောင် ညှိနှိင်းဆွေးနွေး၍ အချိန်တန်သောအခါ ဆန္ဒမဲခွဲရပါသည်။

 

၂။ ဆန္ဒမဲပေးနည်းများ၊

ဆန္ဒမဲပေးရာတွင် သာမန်အားဖြင့် အသုံးပြုသော နည်းစနစ်နှစ်မျိုးရှိပါသည်။ အဆိုပါ စနစ်များမှာ-

(၁) ဗြောင် ဆန္ဒမဲပေးနည်း။

(၂) လျှိဝှက် ဆန္ဒမဲပေးနည်း။

 

(၁) ဗြောင် ဆန္ဒမဲပေးနည်းများတွင်-

၁) လက်ပြ/လက်ထောင်ခြင်း။

၂) မတ်တပ်ရပ်ခြင်း။

၃) အသံဖြင့် ဆန္ဒမဲပေးခြင်း။

၄) အခန်းသီးခြားခွဲ၍ ဝင်ခြင်း စသည့်နည်းများပါဝင်ပါသည်။

 

၁) လက်ပြ၊ လက်ထောင်ခြင်း။

မဲဆန္ဒခွဲရာတွင် လက်ပြခြင်း၊ လက်ထောင်ခြင်းဖြင့် ပြောင်မဲပေးသောစနစ်ကို အများ ကျင့်သုံးလျက်ရှိပါသည်။ အဖွဲဝင်ဦးရေ မများလှသော အလုပ်စည်းဝေးတို့တွင် ခက်ခဲမှု မရှိလှသော်လည်း အဖွဲ့ဝင်ဦးရေများသော အလုပ်စည်းဝေးတို့တွင်မူ အခက်အခဲရှိတတ်ပါသည်။ သဘာပတိအနေနှင့် သတိပေးလမ်းညွှန်မှု ပြုပေးရန် အထူးလိုအပ်မည်ဖြစ်ပါသည်။

လက်ထောင် ဆန္ဒမဲပေးရာတွင် တချိုအဖွဲဝင်များအနေနှင့် အများမြင်သာအောင် လက်ကိုမြင့် မြင့်မထောင်ခြင်း၊ မိမိဦးခေါင်းနှင့်လည်းကောင်း၊ တစ်ပါးသူနှင့်လည်းကောင်း ကွယ်နေတတ် ခြင်းတို့ ကြောင့်မဲရေတွက်သူတို ကောင်းစွာမမြင်နိုင်သဖြင့် ရေတွက်ရာတွင် မှားယွင်းတတ်ပါသည်။ တင်ကြို သတိပေးရန်လိုအပ်ပါသည်။ ထိုအတူ အဆိုကိုထောက်ခံသူ၊ သဘောတူသူများ လက်ယာလက် ထောင်ပါ၊ ကန့်ကွက်သူ သဘောမတူသူတို လက်ဝဲလက် ထောင်ပါဟူ၍ ပြောဆိုတတ်သည်ကိုလည်း သတိပြုမိကြမည်ဖြစ်ပါသည်။ ခြားနားမှုရှိစေရန် ရည်ရွယ်ခြင်းဖြစ်သော်လည်း တစ်ခါတစ်ရံ မဲဆန္ဒ ပြုသူတို့တွင် လက်အင်္ဂါချို့ယွင်းသော သူများ ပါရှိတတ်သည်ဖြစ်ရာ လက်ဝဲ၊ လက်ယာ ခွဲခြားခြင်းမ ပြုဘဲ လက်ထောင်လက်ပြပါဟူ၍သာ သုံးသင့်ပါသည်။

 

၂) မတ်တပ်ရပ်ခြင်း၊

အဖွဲ့ဝင်များသော အလုပ်စည်းဝေးတွင် လက်ထောင်ခြင်း၊ လက်ခြင်းဖြင့် ဆန္ဒမဲ ခွဲရာတွင် မရှင်းမလင်းဖြစ်တတ်သည်ဖြစ်ရာ မတ်တပ်ရပ်ခြင်းဖြင့် ဆန္ဒပြုခြင်းက ပိုမို သင့်လျော်ပါသည်။ အဆိုကို တောင်းခံသူများ၊ သဘောတူသူများ ကျေးဇူးပြု၍ မတ်တပ်ရပ်ပါ ဟူ၍လည်းကောင်း၊ အဆိုကို ကန့်ကွက်သောသူ၊ သဘောမတူသူများ ကျေးဇူးပြု၍မတ်တပ်ပေးပါ ဟူ၍လည်းကောင်း တစ်ကြိမ်စီခွဲ၍ သီးခြားခေါ်ယူရပါမည်။ မဲရေတွက်သူတို သေချာစွာ ရေတွက်ပြီးသည်အထိ အချိန်လုံ လောက်စွာ ပေးရမည်ဖြစ်သည်။

 

၃) အသံဖြင့် ဆန္ဒမဲပေးခြင်း။

မဲခွဲရာတွင် အသံဖြင့် ဆန္ဒခံယူခြင်းသည်လည်း နည်းတစ်နည်းဖြစ်ပါသည်။ အင်္ဂလိပ် ပါလီမန်တွင် ဆန္ဒမဲခွဲရာ၌ ထောက်ခံသည့်ဘက်မှ (အေး -Aye) ဟူ၍လည်းကောင်း၊ ကန့်ကွက်သည့် ဘက်မှ (ရေး -Nay) ဟူ၍လည်းကောင်း အသံပြုကြရပါသည်။ တစ်ဘက်နှင့် တစ်ဘက်ဆန္ဒပြုသူဦးရေ ကွာဟမှုနည်းပါက အသံပမာဏ အနည်းအများခြားနားမှုကို လွယ်လင့်တကူ အဆုံးအဖြတ်ပေးနိုင်ရန် ခက်ခဲမည် ဖြစ်ပါသည်။ မှားယွင်း၍ အဆုံးအဖြတ် ပေးမိနိုင်သောကြောင့် ဤစနစ်ကို အသုံးမပြု သင့်ပါ။

သို့ရာတွင် အဆိုတစ်ခုနှင့်ပတ်သတ်၍ အားလုံးသဘောတူညီမှု ရရှိသောအခါ သဘာပတိက မဲခွဲခြင်းမပြုဘဲ အားလုံးသဘောတူပါသလားဟု မေးမြန်းသည်ကို “သဘောတူ ပါတယ်”ဟု တုံပြန်ဖြေဆိုခြင်းပြုလျက် ဆုံးဖြတ်မှု ပြုတတ်သည်ကိုလည်း သိမှတ်ရန် ရှိပါသည်။

မှတ်ချက်။ ။ အထူးသဖြင့် လူထုဆန္ဒခံယူပွဲများတွင် အသံအားဖြင့် ဆန္ဒခံယူလေ့ရှိပါသည်။ အဆိုတင်သွင်းခြင်း၊ ထောက်ခံဆွေးနွေးမှုများပြုပြီး နောက်အဆိုကို ထောက်ခံပါသလားဟု သဘာ ပတိမေးသောအခါ ထောက်ခံပါတယ်ဟူ၍လူထုက တုံပြန်ဖြေဆိုလေ့ရှိပါသည်။ သုံးကြိမ် သုံးခါ မေးသည်ကို သုံးကြိမ်သုံးခါ တုံပြန်ဖြေဆိုမှု ပြုလုပ်ကြပါသည်။ တရားမျှတသော ဆန္ဒခံယူမှု ဖြစ်စေရန် ဆန္ဒခံယူသည့်အခါတိုင်းသဘောတူထောက်ခံသူတို၏ ဆန္ဒကို ခံယူသကဲ့သို သဘောမတူ ကန့်ကွက်သူ တို့၏ ဆန္ဒကိုလည်း ခံယူလျက် မှတ်တမ်းတင်ရပါသည်။

 

၄) အခန်း သီးခြားခွဲ၍ဝင်ခြင်း။

ဤစနစ်သည် ရှေးယခင်က အင်္ဂလိပ်လွှတ်တော်တွင် သုံးလေ့ရှိသော စနစ်တစ်ရပ် ဖြစ်ပါသည်။ အသံဖြင့် ဆန္ဒယူခြင်း၊ လက်ထောင်ခြင်းတို့အပြင် ပိုမိုတိကျသိသာထင်ရှားစေရန် အဆောက်အ ဦအတွင်းရှိ သတ်မှတ်ပေးထားသည့် အခြားအခန်းသို ထောက်ခံသူများ၊ ကန့်ကွက်သောသူများ သီးခြားဝင်ခြင်းအားဖြင့် ဆန္ဒမဲပေးခြင်းဖြစ်ပါသည်။ ပိုမိုသိသာ ထင်ရှားသကဲ့သို အညောင်းအညာပြေ ခေတ္တအနားယူကိုယ်လက်လှုပ်ရှားခွင့်ရရှိကြပါသည်။

 

 

(၂) လျှိ့ဝှက်မဲဆန္ဒပေးနည်း။

လျှိ့ဝှက်မဲဆန္ဒပေးနည်းတွင်-

၁) မဲပြားဖြင့် ဆန္ဒမဲပေးခြင်း။

၂) မဲလက်မှတ်ဖြင့် ဆန္ဒမဲပေးခြင်း။

၃) စက်ခလုတ်နှိပ်၍ မဲဆန္ဒပေးခြင်း တို့ပါရှိပါသည်။

အဆိုတစ်ရပ်ကို လျှိဝှက်မဲဆန္ဒလိုသောအခါ အတွင်းရေးမှူးသည်သဘာပတိ၏ ညွှန်ကြားချက်ဖြင့် မဲဆန္ဒပေးရန်အတွက် တင်ကြိုပြင်ဆင်ထားသော မဲပြား၊ မဲလက်မှတ်တို့ကို မဲဆန္ဒရှင် အဖွဲဝင်၊ တရားဝင် ကိုယ်စားလှယ်တို့အား ဝေငှပေးရမည်။ ယင်းစာရွက်တို့တွင် သိသာထင်ရှား၍ မတုပနိုင်သော အမှတ်အသား၊ တံဆိပ်ရိုက်နှိပ်ပါရှိရပါမည်။ မဲလက်မှတ်ဖြစ်ပါက တာဝန်ခံတစ်ဦးဦး၏ ရေးမြဲလက်မှတ် ရေးထိုးထားခြင်းလည်း ပြုသင့်ပါသည်။

 

၁) မဲပြားဖြင့် ဆန္ဒမဲပေးခြင်း။

မဲပြားဖြင့် ဆန္ဒမဲပေးသည့်စနစ်ကို သာမန်အားဖြင့် ရာထူးတစ်နေရာအတွက် ရွေးချယ်တင် မြှောက်ရာတွင် အသုံးပြုတတ်ပါသည်။

 

၂) မဲလက်မှတ်ဖြင့် ဆန္ဒမဲပေးခြင်း။

အဆိုတစ်ရပ်ကို မဲလက်မှတ်ဖြင့် ဆန္ဒခံယူရာ၌ သဘာပတိက မဲခွဲမည့်အဆိုကို ထပ်မံဖော်ပြီး မဲစာရွက်တွင် မည်သိုရေးရမည် ဖြစ်ကြောင်း လမ်းညွှန်ရပါမည်။ သာမန်အားဖြင့် (သဘောတူ) (မတူ) (ထောက်ခံ) (ကန့်ကွက်) စသည်ဖြင့်လည်းကောင်း၊ ရွေးချယ် တင်မြှောက်ခြင်းဖြစ်ပါက နှစ်သက်ရာ ပုဂ္ဂိုလ်(၁)ဦး၏ အမည်ကို ရေးသားရန်လည်းကောင်း တိကျစွာ ညွှန်ကြားရမည်ဖြစ်ပါသည်။

အနိုင်အရှုး မဲစာရင်းကို သဘာပတိအနေနှင့် ကြေငြာနိုင်ခွင့်ရှိသော်လည်း ရွေးချယ်တင် မြှောက်ရာတွင် ရှုးသောသူတို၏ သိက္ခာကိုကာကွယ်သောအားဖြင့် အနိုင်ရရှိသူ၏ အမည်ကိုသာ ကြေငြာပြီးမဲစာရင်းကို မကြေငြာဘဲ ထားသင့်ပါသည်။

 

၃) စက်ခလုတ်နှိပ်၍ မဲဆန္ဒပေးခြင်း။

အဆိုတစ်ရပ်ကို အဆင့်မြင့် အစည်းအဝေးများတွင် မဲခွဲဆုံးဖြတ်ရာ၌ ဤစက်ခလုတ် နှိပ်၍ မဲဆန္ဒပေးခြင်းကို အသုံးပြုတတ်ပါသည်။ ထို့သိုအသုံးပြုရာတွင် စက်ချိုယွင်းမှု အမှားအယွင်း မရှိစေရန်အတွက် အထူးဂရုပြုရပါမည်။ ။

 

 

 

 

 

 

 

 

 

 

 

အခန်း ၁၁

အလုပ်စည်းဝေးဖိတ်စာ

 

၁။ ဖိတ်စာ။

အလုပ်စည်းဝေး ကျင်းပရာတွင် အဖွဲဝင်များ ပါဝင်တက်ရောက်နိုင်ရေးအတွက် ဖိတ်ကြားစာကို တင်ကြိုပေးပိုရပါမည်။ ယင်းသို့ဆောင်ရွက်ရာတွင်-

(၁) မည်သည့်အဖွဲ့အစည်း။

(၂) မည်သည့်အလုပ်စည်းဝေး အမျိုးအစား။

(၃) မည်သည့်နေ့ရက်၊အချိန်၊ ဒေသ။

(၄) မည်သည့် ကိစ္စရပ်များကို ဆောင်ရွက်ရန် တွေ့ဆုံမည် ဖြစ်ကြောင်း။

(၅) အနည်းဆုံး (၇)ရက် တင်ကြို၍ လက်ဝယ်ရောက်ရှိစေရန် အဖွဲ့ဝင်အားလုံးထံသို ပေးပို့ရမည်။

 

၂။ အစီအစဉ် (Agenda)။

အဖွဲ့အစည်းတစ်ခု အနေနှင့် လုပ်ငန်းများကို တိုင်ပင်ညှိနှိင်းဆုံးဖြတ်ချက် ချမှတ်နိုင်ရန် အစီအစဉ်သည် အရေးကြီးပါသည်။ အဖွဲ့ဝင်လူကြီးများအနေနှင့် အစီအစဉ်ကို တင်ကြိုသိရှိထားပါမှ ပါဝင်ဆွေးနွေး၊ အကြံပေးနိုင်ရန်နှင့် ဆနွယူသောအခါ မိမိ၏ဆန္ဒအလျောက်မဲပေးနိုင်ရန် အသင့်ပြင်ဆင်နိုင်မည်ဖြစ်ပါသည်။ သိုဖြစ်၍ ဖိတ်စာပေးပိုရာတွင် အစီအစဉ် ပူးတွဲပါရှိစေရပါမည်။

သာမန်အားဖြင့် အမှုဆောင်အဖွဲ့ပုံမှန်အစည်းဝေး အစီအစဉ်မှာ  အောက်ပါအတိုင်း ဖြစ်ပါသည်။

(၁) စည်းဝေးအစပြုခြင်း (ဆုတောင်းအစပြုခြင်း)။

(၂) လွန်ခဲ့သော အစည်းဝေးမှတ်တမ်းများ အတည်ပြုခြင်း။

(၃) မှတ်တမ်းမှ ပေါ်ပေါက်သော ကိစ္စများ (လုပ်ငန်းဟောင်းများ)။

(၄) လုပ်ငန်းသစ် (တင်ကြိုညှိနှိင်းထားသည့်ကိစ္စ)များ။

(၅) အခြားကိစ္စများ။ (နောက်တစ်ကြိမ် ပုံမှန်စည်းဝေးထိ မရွှေ့ဆိုင်းနိုင်လောက်အောင် အရေးကြီးသော ကိစ္စရပ်တို့ကိုသာ ဆွေးနွေးဆုံးဖြတ်မှုပြုရန် ဖြစ်ပါသည်။)

(၆) နောက်တစ်ကြိမ် အစည်းဝေးသတ်မှတ်ခြင်း။

(၇) အစည်းဝေးရုပ်သိမ်းခြင်း။

 

၃။ အသင်းတော် အုပ်ချုပ်စီမံခြင်း၊ မှတ်တမ်းမှတ်ရာများ ထိန်းသိမ်းခြင်း

(Church Administration – Record Retention)

အသင်းတော်အုပ်ချုပ်စီမံခြင်းတွင် မှတ်တမ်းမှတ်ရာများ ထိန်းသိမ်းခြင်းသည် အရေးပါသော ကဏ္ဍတစ်ခုဖြစ်သည်။ ရုံးစာအဝင်အထွက်မှစ၍ သမိုင်းဝင် စာရွက်စာတမ်းများ၊ စာချုပ်စာတမ်းများကို လုပ်ငန်းအတွက် အထောက်အကူပြု၊ အကျိုးပြုနိုင်ဖိုရန်အလိုငှာ ထိန်းသိမ်းစောင့်ရှောက်ရမည့် ကာလ များကို အောက်ပါအတိုင်း လမ်းညွှန်ထားပါသည်။

 

(၁) အနည်းဆုံး (၃)နှစ် ထားရှိထိန်းသိမ်းရမည့် မှတ်တမ်းမှတ်ရာများ (Keep at least 3 years)

၁) ဘဏ်ငွေသွင်းမှတ်တမ်းများ၊ ဘဏ်စာရင်းများ၊ ချက်လက်မှတ် စာရင်းများ (Deposit records, bank statements, processedchecks)

၂) အထွေထွေ ဝင်စာထွက်စာများ (General Correspondence)။

၃) ကုန်ဝယ်မှတ်တမ်းများ (Purchasing records)။

၄) ငွေစာရင်း အစီရင်ခံစာများ (Financial reports to the congregation)

၅) အဖွဲအစည်းဆိုင်ရာ မှတ်တမ်းမှတ်ရာများ (Organizational records)

 

(၂) အနည်းဆုံး (၅)နှစ်အထိ ထိန်းသိမ်းထားရှိရမည့် စာရွက်စာတမ်းများ (Keep at least 5 years)

၁) အာမခံပေါ်လစီ စာရွက်စာတမ်းများ (Insurance Policies)။

၂) ပံ့ပိုးသူများ၊ အလှူရှင်များတစ်ဦးချင်း ပါဝင်လှူဒါန်းမှု မှတ်တမ်းများ: (Records of individual contribution)

၃) တာဝန်ရှိသူများ၊ တစ်ဦးချင်း၏ မှတ်တမ်းများ (Individual Personnel records)

၄) အလုပ်သမားများ၊ ဝန်ထမ်းများ၏ အခွန်ပေးမှတ်တမ်း (tax-records – employees)

၅) လုပ်ငန်း(အရောင်းအဝယ်) စာချုပ်များ (Business Contracts)။

 

(၃) အမြဲတမ်း ထိန်းသိမ်းထားရှိအပ်သော စာရွက်စာတမ်းများနှင့် မှတ်တမ်းမှတ်ရာများ: (Keep permanently)

၁) သမိုင်းဝင် ပစ္စည်းများနှင့် စာရွက်စာတမ်းများ(Historical items)

ဤတွင် စာချုပ်စာတမ်းများ၊ ဖွဲစည်းပုံ အခြေခံ စည်းမျဉ်းစည်းကမ်းများ (Constitution and Bylaws)၊ ဓာတ်ပုံ  (Pictures) စသည်တို့ ပါဝင်သည်။

၂) ဥပဒေနှင့် စပ်ဆိုင်သော စာရွက်စာတမ်းများ (Legal items)။

၃) အသင်းတော်၊ အလုပ်အစည်းအဝေးမှတ်တမ်းများ (Church business meeting minutes)

၄) စာရင်းစစ်နှင့် ဘဏ္ဍာရေးအစီရင်ခံစာများ(Audit and financial reports)

၅) အသင်းသူ၊ အသင်းသားနှင့် အသင်းဝင်စာရင်းများ (Master membership records)

၆) အလုပ်ခန့်ထားခြင်းနှင့် ဝန်ထမ်းတစ်ဦးချင်းစီ၏ ကိုယ်ရေးမှတ် တမ်းများ (Employment/personnel records)

၇) အသင်းတော်လှုပ်ရှားမှု နှစ်ပတ်လည် အစီရင်ခံစာများ (Annual report of church activities) of Sulawesi

 

၄။ လျာထားခြင်းနှင့် ရွေးချယ်တင်မြှောက်ခြင်း၊

ရွေးချယ်တင်မြှောက်ခြင်းအတွက် လျာထားခြင်းတွင် ရာထူးတာဝန်တစ်ခုအတွက် ခန့်ထားသော ပုဂ္ဂိုလ်များ (appointed) များ အကျိုးမဝင်ပါ။ ကန့်သတ် သတ်မှတ်ထားသော ကာလအပိုင်းအခြား တစ်ခုခုအတွက် ရွေးချယ်ခံရမည့် အချိန်ပြည့်(full time)နှင့် အချိန်ပိုင်း (Part time) တာဝန်ခံပုဂ္ဂိုလ်များ ပါဝင်ပါသည်။

လျာထားခြင်းစနစ်ထားရှိ ကျင့်သုံးခြင်းသည် အဖွဲ့ဝင်များ၏ လွတ်လပ်သော အခွင့်အရေးကို ကန့်သတ်ထားခြင်း သဘောဆောင်နိုင်ပါသည်။ သို့ရာတွင် အဖွဲဝင်တစ်ဦးချင်းစီ၏ လွတ်လပ်ခွင့်ကို ဖွင့်ပေးခြင်းအားဖြင့်လည်း ရွေးချယ်ခံသူအတွက် သတ်မှတ်ထားသော မဲအရေအတွက် (ဥပမာ ၅၀ ရာခိုင်နှုန်း ကျော်) ရရှိဖိုရန် ခက်ခဲနေတတ်ပါသည်။ သို့ဖြစ်ပါ၍ ယနေ့ တချို့သော အဖွဲ့အစည်းများ (အသင်းတော်များအပါအဝင်)သည် လျာထားရေးကော်မတီများ ဖွဲ့စည်းထားပြီး ရွေးချယ်တင် မြှောက်ခြင်းများကို ဦးဆောင်ပြုလုပ်ကြပါသည်။

 

(၁) လျာထားတင်သွင်းရေး ဆောင်ရွက်နည်းအမျိုးမျိုး (Methods of Nomination)

၁) သဘာပတိမှ လျာထားတင်သွင်းခြင်း (Nominations by the Chair)

၂) အောက်ခြေမှ လျာထားတင်သွင်းခြင်း (Nominations from the floor)

၃) ကော်မတီမှ လျာထားတင်သွင်းခြင်း (Nominations by a committee)

၄) လျှိ့ဝှက်မဲစနစ်ဖြင့် လျာထားတင်သွင်းခြင်း (Nominations by ballot)

၅) စာဖြင့် လျာထားတင်သွင်းခြင်း (Nominations by mail)။

၆) အသနားခံ၍ လျာထားတင်သွင်းခြင်း (Nominations by petition)

 

၁) သဘာပတိမှ လျာထားတင်သွင်းခြင်း (Nominations by the Chair)

ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း၌ ဖော်ပြလျှင် သဘာပတိသည် လျာထားရေးကော်မတီ (Nominating Committee)မှအပ ကျန်ကော်မတီတွင် အရွေးခံရမည့် ပုဂ္ဂိုလ်များကို လျာထားတင် သွင်းနိုင်ပါသည်။

 

၂) အောက်ခြေမှ လျာထားတင်သွင်းခြင်း (Nominations from the floor)

၎င်းကို Open Nomination ဟုလည်း ခေါ်ကြသည်။ မိမိကြိုက်နှစ်သက်သောသူကို နာမည်စာရင်း တင်သွင်းနိုင်ပါသည်။ ထောက်ခံသူရှိလျှင် ပို၍ ခိုင်လုံသည်။ အဖွဲ့ဝင်တစ်ဦးတည်းက လူပုဂ္ဂိုလ်တစ်ဦးထက်ပို၍ လျာထားတင်သွင်းခြင်း မပြုသင့်ပေ။ လျာထားတင်သွင်းမည့်သူ မရှိတော့မှသာ နောက်ထပ် တင်သွင်းခွင့်ရှိပါသည်။

 

၃) လျာထားရေးကော်မတီမှ လျာထားတင်သွင်းခြင်း (Nominations by a committee)

သာမန် အဖွဲ့အစည်းများတွင် ရွေးကောက်ပွဲအမီ နာမည်စာရင်း တင်သွင်းနိုင်ရန် လျာထားရေးကော်မတီကို ကြိုတင်ဖွဲစည်းထားရသည်။ အဖွဲ့အစည်း ဥက္ကဋ္ဌ/သဘာပတိ (the Chair) သည် လျာထားရေး ကော်မတီဝင်များကို လျာထားတင်သွင်းခြင်း မပြုရပါ။ ထို့ပြင် လျာထားရေး ကော်မတီဝင်အဖြစ်လည်းကောင်း၊ Ex-Officio အနေဖြင့်လည်းကောင်း မပါဝင်ရပါ။

လျာထားရေးကော်မတီသည် ရာထူးတစ်နေရာအတွက် လူပုဂ္ဂိုလ်တစ်ဦးထက် ပို၍ လျာထားတင်သွင်းလေ့ မရှိသော်လည်း လိုအပ်သည်ဟု ယူဆပါက (Bylaws က မကန့်သတ်လျှင်) တစ်ဦးထက်မက လျာထားတင်သွင်းနိုင်သည်။ လျာထားရေး ကော်မတီဝင်များကို လျာထား ခံပုဂ္ဂိုလ် (Nominee)ဖြစ်ဖိုရန် အခွင့်အရေး မပိတ်ပင်မတားဆီးသင့်ပါ။

လျာထားရေးကော်မတီသည်လျာထားရေးကော်မတီအစီရင်ခံစာမတင်သွင်းမီ လျာထားရမည့် ပုဂ္ဂိုလ်များ၏ ဆန္ဒသဘောထားကို ဦးစွာရယူသင့်ပါသည်။

တချို့အဖွဲအစည်းများတွင် ရွေးကောက်ပွဲမတိုင်ခင် လျာထားခံပုဂ္ဂိုလ်နာမည် စာရင်းကို ကြိုတင်ဖော်ထုတ် အသိပေးရသည်။ တခြားနာမည် စာရင်းများကိုလည်း အောက်ခြေ(Floor)မှ တင်သွင်းနိုင်ရန်ဖြစ်သည်။ Nominating Committee သည် လျာထားသော ပုဂ္ဂိုလ်များ စာရင်းကို အဖွဲ့အစည်းတွင် တင်သွင်းပြီးသည်နှင့်အမျှ၎င်းသက်တမ်းကုန်ဆုံးသည်။

သို့ရာတွင် လျာထားခံ ပုဂ္ဂိုလ်တစ်ဦးဦး နှုတ်ထွက်လျှင် ကော်မတီကို အသက်ပြန်သွင်းပြီး ကော်မတီဝင်များ ချက်ချင်း တွေ့ဆုံညှိနှိင်းပြီးအခြားပုဂ္ဂိုလ်တစ်ဦး၏ နာမည်စာရင်းကို တင်သွင်းရ မည်ဖြစ်သည်။သဘာပတိမှ ရာထူးတစ်ခုချင်းစီအတွက် အောက်ခြေမှ တင်သွင်းချင်သော အခြားပုဂ္ဂိုလ် ရှိပါသလားဟု မေးမြန်း၍ မရှိလျှင် အတည်ပြုရန်ဖြစ်ပါသည်။

၄) လျှိဝှက်မဲပေးခြင်းဖြင့် လျာထားတင်သွင်းခြင်း (Nominations by ballot)

အဖွဲ့ဝင်များ၏ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့် ရရှိနိုင်ရန် ဤနည်းကို ကျင့်သုံးလေ့ရှိ ပါသည်။ တချို အဖွဲအစည်းများတွင် လျာထားခံပုဂ္ဂိုလ်၏ ရရှိရမည့် မဲအရေအတွက် သတ်မှတ်ချက်များ ထားရှိပါသည်။ တစ်ခါတလေ မဲအများဆုံးရရှိသူ ပုဂ္ဂိုလ်(၂)ဦးကို လျာထားတင်သွင်းသည်လည်း ရှိပါသည်။ သို့ရာတွင် ရွေးကောက်ပွဲကို လျှိဝှက်မဲစနစ်ဖြင့် ပြုလုပ်ရမည်ဟု Bylaws မှ ဖော်ပြထား သော အဖွဲအစည်းများတွင်မူကား ဤနည်း(Nomination ကို လျှိဝှက်မဲဖြင့်) လုပ်ခွင့်မရှိပါ။ နည်းစနစ် တစ်ခုကို (၂)ခါဆက်တိုက် မသုံးမိဖို ဖြစ်သည်။

 

၅) စာဖြင့် ရေးသား၍ လျာထားတင်သွင်းခြင်း (Nominations by mail)

အဖွဲ့ဝင်များ ပြန့်ကျဲနေထိုင်သော အဖွဲအစည်းများတွင် ဤနည်းကို အသုံးပြုပါသည်။ အဖွဲဝင်တိုင်းကို ဖြည့်စွက်ရမည့် ပုံစံလွတ်များပိုပေး၍ မိမိကြိုက်နှစ်သက်ရာ ပုဂ္ဂိုလ် နာမည် စာရင်းကို ပေးပိုတင်သွင်းနိုင်ပါသည်။

 

၆) အသနားခံ၍ လျာထားတင်သွင်းခြင်း (Nominations by petition)။

ပုဂ္ဂိုလ်တစ်ဦးဦးသည်လျာထားခံအဖြစ် ပြည့်မီနိုင်ရန် လိုအပ်သောအသနားခံ လူဦးရေ သတ်မှတ်ထားချက်များကို ဖွဲစည်းပုံ စည်းမျဉ်း (Bylaws) တွင် ဖော်ပြထားပြီး ဖြစ်ရပါမည်။ တစ်ခါ တလေ Nominating ကော်မတီမှတင်သွင်းသော လျာထားခံ ပုဂ္ဂိုလ်စာရင်းကို အဖွဲဝင်များထံသို့ ပေးပို့ ဖြည့်စွက်စေရပါသည်။ ။

 

 

 

အပိုင်း ၁ ၏ ကိုးကားစာအုပ်များ

Adair, John. The leadership of Jesus and it’s Legacy today. Norwich: Canterbury Press,                  2001.

Anderson, James D. and Ezra Earl Jones. The Management of Ministry. San Francisco,       New York, London: Harpers & Row Publishers, 1990

Anderson, Leith. Leadership That works: Hope and Direction for Church and Para-church             Leaders in Today’s Complex World.                                                                      Minneapolis, Minnesota: Bethany House Publishers, 1999.

Anderson, Robert C. The Effective Pastor. Chicago: Moody Press, 1985

Boren, M. Scott. Making Cell Groups Work: Navigating the Transformation to a Cell-         based Church Houston, Texas Cell Group Resources, 2002

Cover, Stephen R. The Principle-Centered Leadership

Dale, Robert D. Pastoral Leadership: A Handbook of Resources for Effective            Congregational Leadership. Nashville: Abingdon Press, 1986

Donahue, Bill and the Willow Creek Small Groups Team, Leading Life-Changing Small      Groups. Grand Rapids, Michigan: Zondervan, 1996

E & M department, KBC. Church Management. Yangon: Go Forward Press, 2003.

Engstrom, Ted W. The making of a Christian Leader. Grand Rapids, Michigan: Zondervan             Publishing House, 1976.

Farber-Robertson, Anita. Learning While Leading. Durham, North Carolina: Alban Institute. 2000.

Geoffrin, Timothy C. The Spirit-Led Leader. Herndon, Virginia: The Alban Institute, 2005.

 

Gordon, Bob. Master Builders. Tonbridge, Kent: Sovern World,1990.

  1. Charles and Morris, Erica. The Christian Leader as a Counselor Volume 1: An Introduction to Counseling. Malaysia: ChurchStrengthening Ministry, 1991.

Jones, Laurie Beth, Jesus C.E.O Using Ancient Wisdom for Visionary Leadership                              Leadership depertment, KBC. Christian Leadership, Yangon: Go Forward Press,                   2013

Maxwell, John C. Leadership Gold Nashville Dallas: Thomas Nelson, 2008,

—————-. The 21 Indispensable valities of a Leader Nashville Dallas: Thomas                         Nelson, 2000.

—————-. The 360 Degree. Leader. Developing Your Influance from Anywhere in      the Organization. Nashville Dallas: Thomas Nelson, 2005.

Sanders, J.Oswald. Spiritual Leadership. Chicago: The Moody Bible Institute, 1994.

—————-. Spiritual Leadership. Chicago: Modody Press,1980

Trull, Joe E. Carter, James E. Minisrerial Ethics. Grand Rapids, Michigan: Baker Academic, 2004

Williamson, Greg. General Principles for Small Group Leadership, Excerpts From Small      Group Leader’s Handbook: The Next Generation. Downers Grove, IL: InterVarsity    Press, 2003

Wing, David W F. Journey Beyond the Comfort Zone. Singapore: BAC Printers, 2002.

ဆရာအောင်ထွယ်၊ လူငယ်အနာဂတ်ခေါင်းဆောင်ကောင်း၊ ရန်ကုန်၊ မီးပြတိုက်စာပေ၊ ၂၀၁၄။

Rev. ဦးအောင်ခင်(မန်း)၊ ခရစ်ယာန်ခေါင်းဆောင်မှု။ ရန်ကုန်၊ မြန်မာ နိုင်ငံခရစ်ယာန်စာပေအသင်း၊                    ၂၀၀၁။

ဦးလှမင်း၊ ခေါင်းဆောင်မှုပညာ၊ ရန်ကုန်၊ စာပေလောကစာအုပ်တိုက်၊ ၁၉၉၈။

 

 

အပိုင်း ၂ ၏ ကိုးကားစာအုပ်များ

Bloede, Louis W. The Effective Pastor A Guide to successful Minister

Conferences of the United Church of Christ Insruance Board Caring for our Churches.

Hiscox, Edward T. The Hiscox Guide for Baptist Churches Judson Press: Valley Forge,         1997

Hanika, F de P. New Thinking in Management: A Guide for Managers

Maring, Norman H. and Winthrop S. Hudson. Ed. A Baptist Manual of Polity and Practice.             Judson Press: Valley Forge, 1997

Oates, Wayne E. The Christian Pastor. The Westminister Press: Philadelphia, 1982

Oden, Thomas C. Pastoral Theology: Essentials of Ministry Harper: San Francisco, 1982.

Shurden, Walter B. Ed. Proclaiming the Baptist Vision: The Priesthood of All Believers.       Smyth & Helwys Publishing, Inc: Macon, Georgia, 1993

Thet, Aung Tun. “How to manage your time” lecturer (Microsoft power point)

Tidball, Derek. Skilful Shepherd: Explorations in Pastoral Theology. Leicester: Apollos,       1997

ကြည်မင်း၊ အချိန်စီမံခန့်ခွဲနည်း မှတ်စုများ။ ရန်ကုန်၊ သန်းထိုက်ရတနာ ပုံနှိပ်တိုက်၊ ၂၀၀၀။

ခင်စန်းရီ၊ မန်နေဂျာတစ်ဦးပြင်ဆင်ရန်၊ ရန်ကုန်၊ တူဒေးစာအုပ်တိုက် ၂ဝ၁ဝ။

မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်၊ နှစ်ခြင်းအသင်းတော်များ၏ အခြေခံယုံကြည်ချက်နှင့်                      ကျင့်သုံးမှု။ ရန်ကုန်၊ နှစ်ခြင်းအသင်းချုပ်၊ ၂၀၁၄။

ဦးသိန်းရွှေ၊ လက်တွေ့နည်းကျ စီမံခန့်ခွဲမှုပညာ။ ရန်ကုန်၊ ဘာရတီစာပေ။ ၁၉၉၈။

 

 

 

အပိုင်း ၃ ၏ ကိုးကားစာအုပ်များ

Henry M Robert III, Robert’s Rules of Order (Newly revised), 11th Edition 2011

Paul J Hoh, Parish Practice: A Manual of Church Administration, 1996.

U Tha Din, Parliamentary Procedure (in Burmese), 2015.

Van Bik, Lecture Notes on Pastoral Theology, MIT, 2014.

မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်၊ နှစ်ခြင်းအသင်းတော်များ၏ အခြေခံယုံကြည်ချက်နှင့်           ကျင့်သုံးမှု၊ ရန်ကုန်၊ နှစ်ခြင်းအသင်းချုပ်၊ ၂၀၁၄။

သာဒင်(သုံးဆယ်)၊ အလုပ်အစည်းအဝေး အုပ်ချုပ်ပုံနှင့် နည်းစနစ်များ။ ရန်ကုန်၊ ၂၀၁၅။

Leave a Reply

Your email address will not be published. Required fields are marked *