ခရစ်ယာန်အသက်တာ စတင်လျှောက်လှမ်းခြင်း

How to begin the Christian life

George Sweeting – ဘာသာပြန်_Jacob Tubal

ခရစ်ယာန်အသက်တာစတင်လျှောက်လှမ်းခြင်း ယုံကြည်

သူများအတွက်အစပြုချေလှမ်းများ

ပုံနှိပ်မှတ်တမ်း

စာအုပ်အမည်      =   ခရစ်ယာန်အသက်တာ စတင်     လျှောက်လှမ်းခြင်း

(How To Begin the Christian Life

ဘာသာပြန်       =Jacob Tubal

မျက်နှာဖုံးဒီဇိုင်း.  ဆရာမ Zote

ထုတ်‌‌ေဝခြင်       =ဒုတိယ အကြိမ် (၂၀၂၀၊ ဖေဖော်ဝါရီ

ထုတ်ဝေဖြန့်ချီရေး    =သခင်၌ တည်သောစပျစ်နွယ်များ စာပေ

(ABV Literature) အမှတ် ၅၁၉ (ခ) သီရိမင်္ဂလာ လမ်းသွယ်(၁)၊ မင်းကြီးလမ်း၊ ရွာမအရှေ့၊ အင်းစိန် ရန်ကုန်

ပုံနှိပ်သူ          =နေ့သစ်ထွန်း ပုံနှိပ်တိုက်   ဦးထွန်းလင်းနိုင် (မြဲ – ဝ၁၄၆၉)

တန်ဖိုး             ၂၀၀၀ ကျပ်

အုပ်ရေ           ၁၀၀၀ အုပ်

စာမျက်နှာ          ၁၅၇ မျက်နှာ

ဆက်သွယ်ရန်           09424163619, 09421095608

abvinejohn15@gmail.com

မာတိကာ

၁။သင်၏ပထမခြေလှမ်းများ (ခြေလှမ်းအစများ)

၂။ခရစ်ယာန်ဆိုသည်မှာ

၃။ခရစ်ယာန်အသက်တာ ရင့်ကျက်ကြီးထွားရန် လမ်းညွှန်

၄။သင်နှင့် သန့်ရှင်းသောဝိညာဉ်တော်

၅။သင်နှင့် သင်၏သမ္မာကျမ်းစာ ဆုတောင်းခြင်း ၊

6။ဘုရားသခင်နှင့် သီးသန့်အချိန်သုံးခြင်း လူအမျိုးအစားသုံးမျိုး

၇။ကယ်တင်ခြင်းစိတ်ချမှုမ သင်နှင့် လောကီဆန်ခြင်း

၈။သင်နှင့် သင်၏အသင်းတော် ၊ သင်နှင့် သင်၏ငွေကြေး

၈။ဝိညာဉ်ရေးဆိုင်ရာ ပြဿနာများအတွက်သမ္မာကျမ်းပါ

၉။ဘုရားကတိစကားများ….

စာအုပ်ကို အသုံးပြုနည်းလမ်းညွှန်

 (၁)တစ်ယောက်တည်းဖတ်ပါ။ တစ်ထိုင်တည်းနှင့် အစာချေရန် မကြိုးစားပါနှင့်။ တစ် ရက်တစ်ခန်းဖတ်ပါ။ ဤစာအုပ်ပါအကြောင်းအရာများကို သဘောပေါက်နားလည် ၍ လက်တွေ့အသုံးချရန် အလွန်အရေးကြီးသည်။ အလုပ်ထဲတွင်လည်းကောင်း၊

ကျောင်းတွင်လည်းကောင်း၊အိမ် (မိသားစု) တွင်လည်းကောင်း၊အသင်းတော်တွင်လည်းကောင်းဤစာအုပ်ပါသင်ခန်းစာများကိုအသုံးပြုနိုင်သည်။

(၂) တစ်ယောက်ယောက်နှင့်လေ့လာပါ။ယုံကြည်သူအသစ်များအတွက်စာအုပ်ကိုအဆင်သင့်လုပ်ထားပါ။တစ်ပတ်အတွင်းတစ်ရက် (သို့မဟုတ်) တစ်ညအချိန်ယူပါ။

(၃) အဖွဲ့လိုက် ဖတ်ရှုလေ့လာပါ။

(က) ဆန်းဒေးစကူလ်

(ခ) အိမ်အခြေစိုက်ကျမ်းစာသင်ခြင်း

(ဂ) တနင်္ဂနွေညသင်တန်းအစီအစဉ်

(ဃ) အိမ်လှည့်လည်ဆုတောင်းပေးခြင်းအစီအစဉ်

(င) ကျောင်းနေအရွယ်လူငယ်များကိုသင်ပေးခြင်း

(စ) လူကြီး ကျမ်းစာသင်ကြားပို့ချခြင်းတို့တွင် ဤစာအုပ်ကို အသုံးပြုနိုင်သည်။

ယုံကြည်သူအသစ်များနှင့် အသင်းသားအဖြစ် အသင်းဝင်ခြင်း သင်ကြားမှု များတွင်ကမ္ဘာတစ်ဝှမ်းရှိသင်းအုပ်ဆရာများကဤစာအုပ်ပါသင်ခန်းစာများကိုလက်စွဲ အဖြစ် အသုံးပြုကြသည်။ မိသားစု သီးသန့်ဝတ်ပြုခြင်း၊ အမျိုးသမီးများ သီးသန့်ကျမ်း စာသင်ခြင်း၊ အမျိုးသားများ သီးသန့်ကျမ်းစာသင်ခြင်းနှင့် ဆယ်ကျော်သက် လူငယ် အစည်းအဝေးများတွင်လည်း ဤစာအုပ်ကို အသုံးပြုကြသည်။

အခြားသောနည်းများဖြင့်လည်း ဤစာအုပ်ကို အမျိုးမျိုးအဖုံဖုံ အသုံးပြု၍ ရ သည်။ မည်သို့ပင် အသုံးပြုစေကာမူ၊ အောက်ပါအချက်များကို သတိမူစေချင်သည်။

သေသေချာချာ စေ့စေ့စပ်စပ် ဖတ်ပါ ဆုတောင်းခြင်းဖြင့် ဖတ်ပါ ၊ စနစ်တကျ အစီအစဉ်နှင့် ဖတ်ပါ

သင်ခန်းစာ ပြီးဆုံးသည်အထိ ပြီးမြောက်အောင် ဖတ်ပါ။သင်ကိုဘုရားသခင်ကောင်းကြီးပေးပါစေ။

                   အခန်း

 သင်၏ပထမခြေလှမ်းများ (ခြေလှမ်းအစများ)

မိတ်ဆွေ၊ သင်သည် ဘဝတစ်ခုလုံးကိုပြောင်းလဲစေသည့် ခြေလှမ်းတစ်ခု အစပြုခဲ့ ပြီဖြစ်သည်။ ဘဝအသစ်ကို အစပြုရန် သင်ဆုံးဖြတ်ချက်ချခဲ့ပြီ။ဘုရားသခင် သည် သင်၏ ကောင်းကင်ဖခင်ဖြစ်၍ သင်သည်လည်း ဘုရားသား/သမီး ဖြစ်လေပြီး အံ့ဖွယ်ကောင်းသာ ထာဝရတော်စပ်မှု/ဆက်သွယ်မှုကို အစပြုခဲ့ပြီးဖြစ်သည်။ အ သစ်စက်စက် အစပြုခြင်းပင် မဟုတ်လော။ ယေရှုပြောစကားအရဆိုလျှင်၊ သင်သည် “ဒုတိယမွေးခြင်း” ခံခဲ့ပြီး ဖြစ်သည်။

သင်ကြုံတွေ့ခဲ့သည့် အဖြစ်အပျက်သည် သင့်အတွက် ပဟေဠိဆန်ကောင်း ဆန်နိုင်သည်။ လွတ်လပ်ခြင်းခံစားမှုကို သင့်ကြုံတွေ့ခဲ့ခြင်း ဖြစ်သည်။ လွတ်လပ်ခြင်း ခံစားမှုကို သင်ပိုင်ဆိုင်ခဲ့လေပြီ။ ကြီးမားသောပန်းခြံတွင် ဆော့ချင်သလိုဆော့ခွင့် ရ၍ ပျော်ရွှင်ကြည်နူးနေသော ကလေးကဲ့သို့ သင်ခံစားရပါသည်။ ဘုရားပေးသော သစ်လွင် ခြင်းနှင့် အရာအားလုံးကို ပြောင်းလဲပစ်လိုက်ပြီး အလွန်နှစ်လိုဖွယ်ကောင်းပါ သည်။ သင်ကြုံတွေ့ခဲ့ပြီးသောအရာနှင့် ပတ်သက်၍ လုံးဝစိတ်ရှုပ်ထွေးမှု မရှိပါနှင့်။ ထိုအရာသည် အံ့ဩကောင်းစွာပင် သာမန်ဖြစ်ရိုးဖြစ်စဉ်ဖြစ်၍ လှည့်ဖြားခြင်း မဟုတ် ပါ။ ထိုအရာနှင့် ပတ်သက်၍ တမန်တော်ရှင်ပေါလုက “လူမည်သည်ကား၊ ခရစ်တော်၌ ရှိလျှင် အသစ်ပြုပြင်သော သတ္တဝါဖြစ်၏။ ဟောင်းသောအရာတို့သည် ပြောင်းလဲ၍ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ” ဟု ပြောခဲ့သည် (၂ ကော ၅:၁၅)။ ယေ ရှုခရစ်ကို သင်လက်ခံသည့်အချိန်တွင်ပင် သင်သည် လူသစ်ဖြစ်လေပြီ။

သင်ပြုလုပ်ခဲ့သည့်အရာ

၁။ သင်သည် အပြစ်သားတစ်ယောက်အနေဖြင့် သင့်တွင် လိုအပ်မှုရှိကြောင်းကို ဝန်ခံခဲ့ပြီး ၊

‌  သင်ချမှတ်သည့် ဆုံးဖြတ်ချက်သည် မည်သည့်အရာဖြစ်သနည်း။ သင်သည် မှာ ဘုရားသခင်သည် မှန်ကြောင်း သင်ဝန်ခံခဲ့သည်။ ကျမ်းစကားအရ သင်သည်

1.2

အကြွေးမဆပ်နိုင်သူ တစ်ယောက်ဖြစ်ကြောင်း သင်လက်ခံခဲ့သည်။ သင့်ဝိညာဉ်၏ ဆင်းရဲမွဲတေမှုကို ဘုရားသခင်ထံ သင်ကြားလျှောက်ခဲ့သည်။ “အိုဘုရားသခင်၊ အပြစ် များသော အကျွန်ုပ်ကို သနားခြင်း ကရုဏာစိတ်ရှိတော်မူပါ” (လုကာ ၁၈:၁၃) ဟု စိတ်နှလုံးအကြွင်းမဲ့ သင်ဆုတောင်းခဲ့လေပြီ။ အပြစ်သားတစ်ယောက်အနေဖြင့် သင် ၏လိုအပ်မှုကို ဝန်ခံခြင်းသည် သင်၏ ပထမဆုံးခြေလှမ်းဖြစ်သည်။

သင်၏ယခင်အသက်တာအကြောင်းကို “သေသောသူ” နှင့် “ပျောက်သော သူ” ဟူ၍ စကားလုံးနှစ်လုံးဖြင့် သမ္မာကျမ်းစာက အကျဉ်းချုပ်ထားသည်။ သေသော အရာ ကြီးထွားသည်ဟူ၍ မရှိနိုင်ပါ။ သင်ကြီးထွားလို့ ကျေးဇူးတော်ရရှိခြင်း မဟုတ်ပါ။

ကျေးဇူးတော်ထဲရောက်ပြီးမှသာ သင်ကြီးထွားနိုင်သည်။ သေသောအရာမှန်သမျှတိုင်း လည်း မျှော်လင့်ခြင်းမဲ့နေခြင်း မဟုတ်။ ဘုရားသခင်၏အမြင်တွင် သဘာဝတရားအ တိုင်း မွေးလာသောသူမှန်သမျှသည် ဝိညာဉ်အရာတွင် လူသေဖြစ်ကြပါသည်။ သင်၏ ဝိညာဉ်ရေးရာ ပြောင်းလဲခြင်းနှင့် ပတ်သက်၍ ဘုရားသခင်က ဤသို့ဖော်ပြခဲ့သည်။ “ဒုစရိုက်အပြစ်၌ သေလျက်ရှိသော သင်တို့ကိုပင် ဘုရားသခင်သည် အသက်ရှင်စေ

တော်မူပြီ” (ဧဖက် ၂း၁)။ သင်၏အသက်တာသည် သေခြင်းမှ ခရစ်တော်၌ ရှင်ခြင်း အဖြစ်သို့ ပြောင်းလဲခဲ့လေပြီ။ ဘုရားသခင်သည် သင်၏ အသက်ကို တို့ထိခဲ့ပြီး ထာ ဝရအသက်ဖြစ်သော ဘုရားအသက်ကို သင့်အသက်ထဲ သွင်းခဲ့ပြီးဖြစ်သည်။ သင်ချ မှတ်ခဲ့သော ဆုံးဖြတ်ချက်သည် သေခြင်းနှင့် မြေကြီးကို လှုပ်ခတ်၍ ကောင်းကင် ဘုံကပင် သတိထားမိသော ဆုံးဖြတ်ချက်မျိုးဖြစ်သည်။

ပျောက်သည်ဟူသည့် စကားလုံးသည် သမ္မာကျမ်းစာတွင် သရုပ်ဖော်စကား လုံးအဖြစ် အသုံးပြုထားသည်။ “လူသားသည် ပျောက်သောသူတို့ကို ရှာ၍ ကယ်တင် အံ့သောငှါ ကြွလာသတည်း” ဟု ယေရှု ပြောခဲ့သည် (လုကာ ၁၀:၁၉)။ ဘုရား မပါသော ကျွန်ုပ်တို့၏အသက်တာသည် အထိန်းမရှိ၍ အကူအညီမဲ့ကာ အကာအကွယ်ကင်းမဲ့

သော သိုးတစ်ကောင်အလားပင်ဖြစ်၏။ ပျောက်သောသားကဲ့သို့ တစ်ကောင်ကြွက်၊ ဆင်းရဲမွဲတေသောသူ၊ ဂုဏ်သိက္ခာမရှိသောသူများ ဖြစ်ကြ၏။ သင်၏ဆုံးဖြတ်ချက်

ကြောင့် သင်သည် ပျောက်ဆုံးသောဘဝမှ ကယ်တင်ခြင်း ခံရသောဘဝသို့၊ သူစိမ်း အဖြစ်မှ ဘုရား၏သားအဖြစ်သို့ ပြောင်းလဲခဲ့လေပြီ။ သင်၏ကယ်တင်ခြင်းသည် ကြီး ကျယ်ခမ်းနားသော ပြောင်းလဲမှုကြီး တစ်ခုဖြစ်သည်။

________________

ဒဿနဗေဒပညာရှင် စီနေဂါ (Seneca) က “ကျွန်ုပ်တို့အားလုံး အပြစ်လုပ်၌

ဒဿနဗေဒပညာရှင် စီနေဂါ (Seneca) က “ကျွန်ုပ်တို့အား ဖူးကြသည်။ အချို့က ပိုများ၏။ အချို့က ပိုနည်း၏” ဟူ၍လည်းကောင်း အ ပညာရှင် ဂိုလ်းရစ် (Coleridge) က “ကျွန်ုပ်သည် ကျဆုံးသောလူသားဖြစ် ဟူ၍လည်းကောင်း၊ အီလီအော့ (T, S. Elliot) ၏ ဇာတ်ကောင် စီစီလီယာကော (Cecilia Conestone) ကလည်း သူမ၏အထီးကျန်ဆန်မှုနှင့် သူမ၏ လိပ်ပြာမသ များကို ပြောသွားခဲ့သည်။

အန်လည်းကောင်း အတွေးအခေါ် ကျဆုံးသောလူသားဖြစ်သည်” ကောင် စီစီလီယာကော့ပ်စတုန်း

“ကောင်းသောလူအမျိုးအစားနှစ်မျိုးရှိသည်။တစ်မျိုးမှာသေသောသူ၊အခြားတစ်မျိုးမှာမမွေးသေးသောသူ” ဟူ၍တရုတ်စကားပုံရှိသည်။ “လူအပေါင်းတို့သည်ဒုစရိုက်ကိုပြု၍ဘုရားသခင့်ရှေ့တော်၌အသရေပျက်ကြပြီ” ဟုသမ္မာကျမ်းစာကအတည့်အလင်းဖော်ပြသည်။

၂။ သင်သည် ဧရှုစရစ်ကို သင်၏ ကယ်တင်ပိုင်ရှင်အဖြစ် ဝန်ခံကာ လက်ခံခဲ့ပြီ

ကျွန်ုပ်တို့၏ အဓိကလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် ဤကမ္ဘာလောကသို့ ယေရှု ဆင်းကြွခဲ့သည်။ ၁ တိမောသေ ၁:၁၅ တွင် “ယေရှုခရစ်သည် အပြစ်ရှိသော သူတို့ကို ကယ်တင်ခြင်းငှါ ဤလောကသို့ ကြွလာတော်မူသည်ဟူသော စကားသည် သစ္စာစကားဖြစ်၏။ အကြွင်းမဲ့ခံယူအပ်သော စကားလည်းဖြစ်၏” ဟု ဖော်ပြထား သည်။ ကားတိုင်ပေါ်တွင် အသေခံသည့်အချိန်၌ ဤကယ်တင်ခြင်းအမှုကို ယေရှုပြီး စီးခဲ့သည်။ ယေရှုသည် မိမိသေမည့်အကြောင်းကို ကြိမ်ဖန်များစွာ သူ၏တပည့်များ အား ကြိုတင်ပြောပြခဲ့သည်။ အပြစ်လွှတ်ခြင်းအလို့ငှါ သွန်းလောင်းသောအသွေး အားဖြင့် ပဋိညာဉ်သစ်ကို ဖွဲ့စည်းကြောင်း ယေရှု ရှင်းပြခဲ့သည် (မဿဲ ၂၆း၂၈)။ ရှင်ပေါလုကလည်း ရှင်းလင်းပြတ်သားစွာ “ဘုရားသခင်သည် အပြစ်နှင့် ကင်းစင်

သော သူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူ ဖြစ်စေတော်မူ၏” ဟု ရေးသားခဲ့ သည် (၂ ကော ၅း၂၁)။

“ထိုသူသည် ငါတို့လွန်ကျူးသောအပြစ်များကြောင့်၊ နာကျင်စွာထိုးခြင်း၊ နှိပ် စက်ခြင်းကိုခံရလေ၏။ ငါတို့၏ ငြိမ်သက်ခြင်းချမ်းသာကို ဖြစ်စေသော ဆုံးမခြင်းသည် သူ့အပေါ်သို့ရောက်၍ သူခံရသော ဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျောက်လျက်

ရှိကြ၏” ဟု ဟေရှာယကလည်း ကြိုတင်ဟောကြားခဲ့သည် (ဟေရှာယ ၅၃:၅)။

အပြစ်ခွင့်လွှတ်ခြင်းသည် ကျွန်ုပ်တို့၏ အဓိက လိုအပ်ချက်ဖြစ်၏။ ထိုအပြစ် ခွင့်လွှတ်ခြင်းကို စတေးအသေခံခြင်းဖြင့် ခရစ်တော်က ဖြည့်ဆည်းပေးခဲ့သည်။ အပြစ် ကင်းသော သားတော်ယေရှုက တစ်လောကလုံး၏အပြစ်ရှိသမျှကို အကုန်ပေးဆပ် ခဲ့ပြီးဖြစ်သည်။ ယေရှုသည် ကျွန်ုပ်တို့၏အပြစ်များကို ကားတိုင်သို့ တင်ယူထမ်းသွား ခဲ့သည်။ အပြစ်ခွင့်လွှတ်ခြင်းအတွက် သားတော်အားဖြင့် ဘုရားသခင် ပြုလုပ်ပေးခဲ့ သည့်အရာသည် သတင်းကောင်းပင်ဖြစ်သည်။ ယေရှုသည် သင့်ကိုယ်စား အသေခံ ခဲ့သည်ဟု ပိုက်ထွေးယုံကြည်ကာ သင်၏အပြစ်များအတွက် ခွင့်လွှတ်ခြင်းရရန် ဘုရား သခင်ထံသင်ချဉ်းကပ်ခဲ့သည်။ “ခရစ်တော်သည် ကိုယ်ခန္ဓာအားဖြင့် အသေသတ်ခြင်း ကို ခံ၍ ဝိညာဉ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ ရောက်တော်မူသည် ဖြစ်၍ ငါတို့ကို ဘုရားသခင့် အထံတော်သို့ ပို့ဆောင်ခြင်းငှါ၊ ဖြောင့်မတ်တော်မူသောသူသည် မဖြောင့် မတ်သောသူတို့အတွက် ဒုစရိုက်အပြစ်များကြောင့် တစ်ခါ အသေခံတော်မူ၏” (၁ ပေ ၃:၁၈)။ သင်သည် ယုံကြည်ခြင်းဖြင့် ခရစ်တော်ထံ သစ္စာ ပြုခဲ့လေပြီ။ ယေရှုသည် သင်၏ကယ်တင်ရှင် ဖြစ်လာပြီး ဘုရားသခင်သည်လည်း သင်၏ အပြစ်များကို ခွင့် လွှတ်ခဲ့ပြီးဖြစ်သည်။

“ဝန်ခံခြင်း” ဟူသော စကားလုံးသည် စိတ်ဝင်စားဖွယ်အလွန်ကောင်းသည်။ ၎င်းသည် “အကြောင်းအရာတစ်ခုတည်းကို သဘောတူပြောဆိုခြင်း” ဟု အနက် အဓိပ္ပာယ်ရ၏။ သဘောတူခြင်း ဟုလည်း အနက်အဓိပ္ပာယ် ရသည်။ ရှေးဦးစွာ အပြစ် သားတစ်ယောက်အနေနှင့် သင်၏လိုအပ်ချက်ကို ဝန်ခံခဲ့ပြီး ယေရှုခရစ်တော်ကို သင်၏ ကယ်တင်ပိုင်ရှင်အဖြစ် သင်အသိအမှတ်ပြုခဲ့ပြီ။ သင်ပြုလုပ်ခဲ့သည့်အရာမှာ ယေရှုခရစ်တော်ကို ယုံကြည်ခြင်းပင်ဖြစ်သည်။

 ၃။ သင်သည် လူရှေ့သူရှေ့တွင် ယေရှုခရစ်တော်ကို စတင်အသိအမှတ်ပြုနေပြီ

“လူရှေ့သူရှေ့မှာ ယေရှုကို ဝန်ခံကိုဝန်ခံရမှာလား” ဟု သင်မေးကောင်းမေး နိုင်သည်။ “ဟုတ်ကဲ့။ လူများရှေ့မှာ ဝန်ခံရမယ်။ ဒါကို ယေရှုတောင်းဆိုတယ်” ဟူ၍ ကျွန်ုပ်ဖြေရပါလိမ့်မည်။ “လုပ်ကိုလုပ်ရမည်” ဟု ကျွန်ုပ်ထပ်ထည့်လို၏။

ယေရှုက “အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကို ဝန်ခံအံ့။ ကောင်းကင်ဘုံ၌

ရှိသော ငါ၏ခမည်းတော်ရှေ့မှာ ထိုသူကို ငါဝန်ခံမည်” ဟု မိန့်ကြားသည်ကို မ နှင့် (မဿဲ ၁၀:၃၂)။ ခရစ်တော်ကို အမှန်တကယ် ယုံကြည်လက်ခံခဲ့ပါက ထိုအကြောင်း ကို တစ်စုံတစ်ယောက်ထံ သင်ပြောကိုပြောရမည်။ သင်၏အသက်တာသစ်သည် ၊ သာထင်ရှားပါလိမ့်မည်။ “စိတ်နှလုံးအပြည့် ရှိသည်အတိုင်း နှုတ်မြွက်တတ်၏” (မ ၁၂:၃၄)။

အချို့သောခရစ်ယာန်များသည် လျို့ဝှက်သော ခရစ်ယာန်များအဖြစ် အသက် ရှင်ရန် ကြိုးစားတတ်ကြသည်။ ထိုသို့မလုပ်သင့်ပါ။ မိမိရှာတွေ့ခဲ့သော ပိုလီယို

ကာကွယ်ဆေးကို ဒေါက်တာ ကျောနာ့စ်ဟော့ (Jonas Salt) သာ လျှို့ဝှက်ထားခဲ့ပါက ရာဇ ဝတ်ပြစ်မှု တစ်ခုကျူးလွန်ရာရောက်မည် မဟုတ်လော။ ထိုနည်း၎င်းပင်၊ ကယ်တင် ရာလမ်းကြောင်းကို သိ၍ မြည်းစမ်းပြီးဖြစ်သော ကျွန်ုပ်တို့သည် တစ်ကမ္ဘာလုံး အပေါ် အကြွေးတင်လျက်ရှိကြသည်။

နိကောဒင်နှင့် အရိမဿာမြို့သား ယောသပ်တို့သည် ခရစ်တော်နောက်ကို လျှို့ဝှက်စွာလိုက်ရန် ကြိုးစားခဲ့ကြသည်။ သူတို့သည် ယေရှုအသေခံမှသာ ပေါ်လာပြီး ယေရှု၏အလောင်းတော်ကို ပိလက်မင်းထံမှ တောင်းယူခဲ့ ကြသေးသည်။ သမ္မာ ကျမ်းစာတွင် ရှင်းလင်းစွာ ဤသို့မှတ်တမ်းတင်ထားသည်။ “ထိုနောက်မှ အရိမသဲ မြို့သားယောသပ်သည် ယုဒလူတို့ကိုကြောက်၍ မထင်မရှားတပည့်တော် ဖြစ်သည် နှင့်၊ ပိလတ်မင်းထံသို့ ဝင်၍ ယေရှု၏အလောင်းတော်ကို ယူသွားမည်အကြောင်း အ ခွင့်တောင်း၏။ ပိလတ်မင်း အခွင့်ပေးလျှင်၊ ထိုသူသည် သွား၍ ယေရှု၏အလောင်း

တော်ကို ယူလေ၏။ အထက်က ညဉ့်အခါ ယေရှုထံတော်သို့ လာသော နိကောဒင် သည်လည်း၊ အခွက်သုံးဆယ်မျှလောက် အချိန်ရှိသော မုရန်နှင့် ရောနှောသော နံ့သာ ပေါင်းကို ဆောင်လျက်လာ၏။ ထိုသူတို့သည် ယေရှု၏ အလောင်းတော်ကိုယူ၍၊ ယုဒလူတို့၏ ဩဂိုဟ်ခြင်းနှင့်ဆိုင်သော ပြင်ဆင်ခြင်းထုံးစံ ရှိသည်အတိုင်း နံ့သာမျိုးနှင့် တကွ ပိတ်ပုဆိုးဖြင့် အလောင်းတော်ကို ပတ်ရစ်ကြ၏” (ယောဟန် ၁၉:၃၈-၄၀)။ မိမိ၏အကြောက်တရားကြောင့် ထင်ရှားမြင်သာသော သစ္စာပြုခြင်း၏ ပျော်ရွှင်မှုနှင့် မလွဲချော်မိပါစေနှင့်။ လူသူရှေ့တွင် ထင်ရှားစွာ မိမိဝန်ခံခြင်းကြောင့် သူ တစ်ပါးအ တွက် အထောက်အကူဖြစ်တတ်၏။ ထို့ကြောင့် မဝန်ခံဘဲ တိတ်ဆိတ်စွာနေခြင်းသည် အပြစ် ဖြစ်သည်။

ယေရှုခရစ်တော်ကို ဝန်ခံရန် ရှက်ကြောက်ခြင်းသည် လုံးဝမကောင်းသော အရာဖြစ်သည်။ ထိုရှက်ကြောက်ခြင်းသည် ဂရုမစိုက်လိုခြင်း၊ မှားယွင်းခြင်းနှင့် ကျရှုံးခြင်းကဲ့သို့ ဖြစ်သည်။ ယေရှုခရစ်တော်၏ ဘုန်းတော်ကို ညှိုးနွမ်းစေရုံတင်မက ကျွန်ုပ်တို့သည်လည်း လဲကျရှုံးနိမ့်နေသူများဖြစ်ကြသည်။

ယေရှုခရစ်တော်က ကျွန်ုပ်တို့ကို ရှက်လျှင် နားလည်ရန်လွယ်ကူသော်လည်း လူသားဖြစ်သော ကျွန်ုပ်တို့အနေနှင့် ယေရှုကို ရှက်ပါက နားလည်ရန် အလွန်ပင် ခက်ခဲပါသည်။ ဂျိုးဆက်ဂရိ (Joseph Grigg) က အောက်ပါတိုင်း ရေးစပ်ထားသည်။

သေမျိုးလူသားက နာမတော်အတွက် ရှက်နေရမှာလား…

ကောင်းကင်တမန်တွေချီးမွမ်းလို့ ၊ နေ့ညမပြတ် ဘုန်းတော်ထွန်းတောက်တဲ့ နာမတော်အတွက် ရှက်နေရမှာလား၊

မှောင်မိုက်တဲ့ကျွန်ုပ်ဝိညာဉ်ကို အလင်းပေးသူ ညအမှောင်မှာ ကြယ်မထွန်းလင်းတော့ရင်တောင် ရှက်ကြောက်ခြင်းနှင့် ကျွန်ုပ် ဝေးပါစေ…

ကောင်းကင်စံဖို့ မျှော်လင့်ခြင်းအရှင်မိတ်ဆွေရင်း နာမတော်အတွက် ရှက်နေရမှာလား… မဖြစ်ပါစေနှင့်။ နာမတော်အတွက် ရှက်ခြင်းသည် ကျွန်ုပ်အတွက် ရှက်စရာဖြစ်ပါစေ… ဆေးကြောဖို့ အပြစ်တွေမရှိတော့တဲ့အချိန် သုတ်ဖို့ မျက်ရည်မရှိတော့တဲ့အချိန်ကောင်းမှုကို ဆာလောင်ဖို့ မလိုတော့တဲ့အချိန် ၊ အကြောက်တရားနှင့် ရင်ဆိုင်ဖို့ မလိုတော့တဲ့အချိန် ကယ်တင်ဖို့ ပျောက်ဆုံးဝိညာဉ် မရှိတော့တဲ့အချိန်မှသာ နာမတော်ကို ရှက်ကြောက်မိကောင်း ရှက်ကြောက်မိနိင်သည်။

           သင်ပြုလုပ်ရမည့်အရာ

 မွေးကင်းစကလေးကို ခန္ဓာကိုယ်ဖွံ့ဖြိုးကြီးထွားအောင် ပြုစုစောင့် သကဲ့သို့ သင်သည်လည်း ဝိညာဉ်ရေးအရာတွင် ပြုစုစောင့်ရှောက်မှု လိုအပ်ပေသည်။ အထောက်အကူဖြစ်စေမည့် အကြံပြုချက်လေးချက်ကို ကျွန်ုပ်တင်ပြလိုသည် ကို ရှေ့လာမည့် အခန်းများတွင် အကျယ်တဝင့် ရှင်းပြသွားပါမည်။

 (၁) ကျမ်းစာကို စနစ်တကျ ဖတ်ပါ။

ခန္ဓာအတွက် အစာ၊ ဝိညာဉ်အတွက် သမ္မာကျမ်းစာ။ သတ်မှတ်ထားသော အချိန်နှင့် တိတ်ဆိတ်သောနေရာတွင် သမ္မာကျမ်းစာ ဖတ်ရှုခြင်းဖြင့် နေ့တစ်နေ့တာ အစပြုပါ။ ဝိညာဉ်အရာတွင် ကြီးထွားလိုပါက ကျမ်းစာကို မဖြစ်မနေ ဖတ်ရှုရမည်။ ရှင်ယောဟန်ခရစ်ဝင်ကျမ်းသည် သင့်အတွက် အစပြုရန် အကောင်းဆုံး ဖြစ်ပါလိမ့် မည်။ အနည်းဆုံး အခန်းကြီးတစ်ခန်းကို နေ့စဉ်ပုံမှန်ဖတ်ပါ။ “နှုတ်ကပတ်တော်က သင့်ကို အပြစ်နှင့်ဝေးကွာစေမည်လော။ သို့တည်းမဟုတ် အပြစ်ကဘဲ သင့်ကို နှုတ်က ပတ်တော်နှင့် ဝေးကွာစေမည်လော” ဟု ထိထိရောက်ရောက် ဆရာ မူးဒီ (Moody) ဆိုခဲ့ဖူးသည်။

 (၂) ဆုတောင်းတတ်ရန် သင်ပါ။

ဆုတောင်းခြင်းသည် ဘုရားသခင်နှင့် ယုံကြည်သူကြား မိတ်ဿဟာယ

တစ်ခုပင်ဖြစ်၏။ ဘုရားသခင်ထံ ကျွန်ုပ်တို့စကားပြောသလို ဘုရားသခင်ကလည်း ကျွန်ုပ်တို့ထံ စကားပြောသည်။ ဆုတောင်းခြင်းဟူသည် ဘုရားထံ အကူအညီတောင်း ခြင်းသက်သက်မဟုတ်ပါ။ တိတ်ဆိတ်ခြင်းနှင့် ဘုရားကို စောင့်ခြင်းပင်ဖြစ်သည်။ မိမိ တွင် သန့်ရှင်းသေ

တစ်ပါးထံဝေငှသောသူသည်နှုတ်ကပတ်တော်ကိုသင်ယူလေ့လာလိုစိတ်ပိုရှိလာသည်။မိမိ၏အသက်တာသစ်အကြောင်းကိုသူတစ်ပါးထံဝေငှသောသူအတွက်နေ့စဉ်ဆုတောင်းချက်များအမြဲရှိပါလိမ့်မည်။ထိုအရာတို့ကိုယုံကြည်သူအသစ်စတင်လုပ်ဆောင်ပါကအရာခပ်သိမ်းသည်သူ့နေရာနှင့်သူအံဝင်ခွင်ကျရှိနေပါလိမ့်မည်။ “ဘုရားကိုအလေးမထားလျှင်ဘုရားကလည်းသင့်ကိုအလေးထားမည်မဟုတ်ပါ” ဟုအာရ်အေတော်ရီ (R. A. Torrey) ကဆိုခဲ့ဖူးသည်။

 (၃) လူရှေ့သူရှေ့တွင် ယေရှုကို ဝန်ခံရန် အခွင့်အရေးဟူသမျှကို အသုံးပြုပါ။

ဝိညာဉ်ရေးပိုင်းဆိုင်ရာ မိမိ၏ဆုံးဖြတ်ချက်ကို တစ်စုံတစ်ယောက်အားပြော ၊ ပြုခြင်းသည် အကောင်းဆုံး ဖြစ်သည်။ လှုပ်ရှားမှုရှိမှ ခွန်အားရှိမည်အမှန်ပင်။ သူ

(၄) ဒေသန္တရအသင်းတော်တွင် ပါဝင်ပါ။

မိခင်တစ်ဦးက သူမ၏ကလေးများအားပျင်းရိစွာ နေထိုင်ခွင့်ပေးမည်ဆိုပါက သွန်သင်ဆုံးမမှုမရှိသော ကလေးများအဖြစ် ကြီးထွားကြမည်ဖြစ်သည်။ “လူအချို့ တို့၏ ထုံးစံရှိသည်အတိုင်း၊ အချင်းချင်း စည်းဝေးခြင်းအမှုကို မရှောင်လွှဲကြနှင့်။ အချင်း ချင်းတို့ကို တိုက်တွန်းနှိုးဆော်ကြလော့။ ကာလအချိန်ရောက်လုနီးသည်ကို

ထောက် သဖြင့်၊ သာ၍ကြိုးစားကြလော့” ဟု ဟေဗြဲ ၁၀၂၅ တွင် ဆိုထားပါသည်။ ဘုရား ကျောင်းကို မပျက်မကွက် မှန်မှန်တက်ရောက်ခြင်းက သင့်ဝိညာဉ်ရေးရာ ကြီးထွား မှုအတွက် များစွာအထောက်အကူပြုပေမည်။ ခရစ်တော်နှင့် သမ္မာကျမ်းစာ အပေါ် အကြွင်းမဲ့ကတိသစ္စာဆိုထားသောအသင်းတော်ကို ရှာပါ။ ထိုအသင်းတော် မိတ်သဟာယတွင် ပါဝင်ပါ။

အထက်ပါ အကြံပြုချက်လေးချက်ကို လိုက်နာဆောင်ရွက်ပါက သင်၏ ခရစ်ယာန်အသက်တာ ရင့်ကျက်ကြီးထွားမည်ဖြစ်ကြောင်း ကျွန်ုပ်အာမခံရဲသည်။ စုံစမ်းသွေးဆောင်ခြင်းများကိုလည်း သင်အမှန် ကြုံပါလိမ့်မည်။ သို့သော် ထိုစုံစမ်း သွေးဆောင်ခြင်းနောက်သို့ မလိုက်မိရန် အထူးသတိထားပါ။ “အကြောင်းမူကား သင်တို့ဘက်၌ရှိသောသူသည် လောကဘက်၌ရှိသောသူထက်သာ၍ ကြီးတော် မူ၏” (၁ ယော ၄:၄)။ စုံစမ်းခြင်းနောက်သို့လိုက်ပြီး သင်ကျရှုံးခဲ့ပါက ခွင့်လွှတ်ခြင်းကို ချက် ချင်း တောင်းခံပါ။ “ကိုယ်အပြစ်တို့ကို ဘော်ပြတောင်းပန်လျှင် ငါတို့အပြစ်များကို လွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ ဘုရားသခင်သည် သစ္စာတရား နှင့်၎င်း၊ ဖြောင့်မတ်ခြင်းတရားနှင့်၎င်း ပြည့်စုံတော်မူ၏” (၁ ယော ၁၉)။ ကျရှုံး အရေး နိမ့်ခဲ့လျှင်လည်း ဆက်အရှုံးမခံပါနှင့်။ ချက်ချင်းပြန်ထပါ။ ဆက်သွားပါ။ လက်ရှိတွင်မကောင်းသောအကျင့်များနှင့် သင်လုံးပန်းနေရသည်လည်းဖြစ်နိုင်ပါသည်။ သင့်ကို ကူညီရန် ယေရှုအဆင်သင့်ရှိကြောင်းကို သတိရပါ။ ယေရှုတွင် ကောင်းကင်နှင့် မြေ ကြီးပေါ်ရှိ တန်ခိုးအာဏာအားလုံးကို ပိုင်ဆိုင်ထားကြောင်း သတိရပါ။

အောင်နိုင်သောခရစ်ယာန်တစ်ယောက်ဖြစ်ရန် လျှို့ဝှက်ချက်နောက်တစ်ခု မှာ သင့်မျက်စိများအား ခရစ်တော်ထံ စေ့စေ့ထောက်ရှုခြင်းသာဖြစ်သည်။ သင့်အပေါ် အကောင်းဆုံးသောသူများပင် တစ်ခါတစ်ရံ သင့်ကို စိတ်ပျက်အောင်လုပ်တတ်ကြ သည်မဟုတ်လော။ သို့သော် ယေရှုသည် သင့်ကိုစိတ်ပျက်အောင် မည်သည့်အခါမျှ လုပ်မည်မဟုတ်ပါ။

              မေးခွန်းအချို့

၁ ။ ယေရှုခရစ်တော်ကို ယုံကြည်လက်ခံပြီးနောက် ပထမဆုံးခြေလှမ်းမှာ မည်သည့် အရာဖြစ်သနည်း။

၂။အပြစ်နှင့်ပြည့်သောကျွန်ုပ်တို့၏ အရင်အသက်တာဖြစ်တည်မှု အခြေအနေကို

ဖော်ပြရန် သမ္မာကျမ်းစာက မည်သည့်စကားလုံးနှစ်လုံး အသုံးပြုပါသနည်း။ ၃။ ယေရှုခရစ်တော်ကို ယုံကြည်လက်ခံပြီးနောက် ဒုတိယခြေလှမ်းမှာ မည်သည့်အရာ ဖြစ်သနည်း။

‌၄။ “ဝန်ခံခြင်း”၏အနက်အဓိပ္ပာယ်မှာမည်သည့်အရာဖြစ်သနည်း။

‌၅။ခရစ်တော်ကိုမိမိလက်ခံကြောင်းလူအများရှေ့တွင်သက်သေခံပြောပြသင့်ကြောင်း၊ဖော်ပြသည့်ကျမ်းချက်နှစ်ချက်ကိုရေးပါ။

၆။ ဝိညာဉ်ရေးအရာတွင် ရင့်ကျက်ကြီးထွားလာရန် အထောက်အကူဖြစ်စေမည့် အချက်လေးချက်ကို ဖော်ပြပါ။

        မှတ်သားစရာအချို့

သင်ကြီးထွားလို့ ကျေးဇူးတော်ရရှိခြင်း မဟုတ်ပါ။ ကျေးဇူးတော်ထဲရောက်ပြီးမှသာ သင်ကြီးထွားနိုင်သည်။ ကျွန်ုပ်တို့၏အပြစ်များအတွက် ခွင့်လွှတ်ခြင်းရရန် သားတော်အားဖြင့် ဘုရားသခင် ပြုလုပ်ပေးခဲ့သည့်အရာသည် သတင်းကောင်းပင်ဖြစ်သည်။ ကယ်တင်ရာလမ်းကြောင်းကို သိ၍ မြည်းစမ်းပြီးဖြစ်သော ကျွန်ုပ်တို့သည် တစ်ကမ္ဘာ လုံးအပေါ် အကြွေးတင်လျက်ရှိသည်။ “နှုတ်ကပတ်တော်က သင့်ကို အပြစ်နှင့်ဝေးကွာစေမည်လော။မူးဒီ(moody)

ဘုရားကိုလေးလေးနက်နက်ဆက်ဆံလျှင်၊ဘုရားကလည်းသင့်ကိုလေးလေးနက်နက်ဆက်ဆံမည်။ဘုရားကိုပေါ့ပေါ့ဆဆဆက်ဆံလျှင်ဘုရားကည်းသင့်ကိုပေါ့ပေါ့ဆဆဆက်ဆံမည်။ – အာရ်အေထောရီ (R.A.Torrey)

                      အခန်း

           ခရစ်ယာန်ဆိုသည်မှာ

“လိုသူကို လက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား ဘုရားသခင်၏သား ဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ထိုသားတို့မူကား၊ လူမျိုးနှင့် စပ်လိုင်၍ သွားသောသားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်သွားသောသားမဟုတ်။ ဘုရားသခင်ဘွားတော်မူသောသား ဖြစ် သတည်း” – ယောဟန် ၁:၁၂-၁၃

အထက်ပါကျမ်းချက်အတိုင်းဆိုလျှင် ခရစ်ယာန်မည်သည်မှာ ဘုရားသခင် ဘွားတော်မူသောသူများပင်ဖြစ်သည်။ ကဲ့ရဲ့ရှုတ်ချပြစ်တင်ခြင်း သဘောမျိုးဖြင့် ခရစ်ယာန်ဟူသည့် စကားလုံးကို ကမ္ဘာက စတင်အသုံးပြုခဲ့သည်။ ထိုအမည်ကို ခရစ်တော်၏နောက်လိုက်တော်များအား ရည်ညွှန်းရန် လူသန်းပေါင်းများစွာ မှီတင်း နေထိုင်ရာ အန္တိအုတ်မြို့တွင် စတင်ခေါ်ဝေါ် သုံးနှုန်းခဲ့ ကြသည်။ သမ္မာကျမ်းစာတစ် အုပ် လုံးတွင် ခရစ်ယာန်ဟူသည့်စကားလုံးကို သုံးကြိမ်မျှသာ တွေ့ရပါသည်။ ထို သုံးကြိမ်သည်လည်း ဓမ္မသစ်ကျမ်းတွင်သာ တွေ့ရ၏။ တမန်တော်ဝတ္ထု ၁၁:၂၆ တွင် “တပည့်တော်တို့သည်လည်း ခရစ်ယာန်ဟူသော ခေါ်ဝေါ်သမုတ်ခြင်းကို အန္တိ အုတ် မြို့တွင် အဦးခံရကြ၏” ဟူ၍လည်းကောင်း၊ တမန်တော်ဝတ္ထု ၂၆၂၈ တွင် “အပ္ပ မင်းကလည်း၊ သင်သည် ဖြားယောင်းသွေးဆောင်သောအားဖြင့် ငါသည် ခရစ်ယာန် ဖြစ်လုပြီ ပေါလုအား ပြောဆိုလျှင်” ဟူ၍ လည်းကောင်း၊ ၁ ပေ ၄:၁၆ “ခရစ်ယာန် ဖြစ်သောကြောင့် ခံရလျှင်မူကား ရှက်ကြောက်ခြင်းမရှိစေနှင့်။ ထိုအမှုကြောင့် ခံရ လျှင် ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းစေ” ဟူ၍လည်းကောင်း ခရစ်ယာန်ကို ၊ သုံးကြိမ် တွေ့ရသည်။

     ပထမရာစုတွင် ခရစ်ယာန်ဖြစ်ရခြင်းမှာ သေရေးရှင်ရေးတစ်ခုကဲ့သို့ဖြစ် သည်။ ယုံကြည်ခြင်းသူရဲကောင်းများသည် သက်သေများပင်ဖြစ်ကြသည်။ ရံဖန်ရံခါ ခရစ်ယာန်ဖြစ်ရခြင်းသည် အားကစားကွင်းတွင် တိရစ္ဆာန်ရိုင်းများနှင့် ရင်ဆိုင်ခြင်း ဖြစ်သည်။ ကျဉ်းသောတံခါး၊ ကျဉ်းသောလမ်း၊ မိမိကိုမိမိ ငြင်းပယ်ခြင်း၊ ကားတိုင်ကို ထမ်းရင်း ခရစ်တော်နောက်ကို လိုက်ရခြင်းတို့ ဖြစ်သည်။

        ခရစ်ယာန်ဆိုသည်မှာ အဘယ်နည်း

(၁) ခရစ်ယာန်လိုသည်မှာ ခရစ်တော်နှင့် ပေါင်းစည်းခြင်းဖြစ်သည်။

အကယ်စင်စစ်၊ခရစ်ယာန်ဟူသည့်စကားလုံးသည်ခရစ်တော်နှင့်လူဟူသောစကားလုံးနှစ်လုံးဖွဲ့စည်းခြင်းဖြစ်၏။အမျိုးသားဖြစ်စေ၊အမျိုးသမီးဖြစ်စေတစ်စုံတစ်ယောက်သည်ခရစ်တော်နှင့်ပေါင်းစည်းသည့်အခါစကားလုံးတစ်လုံးဖြစ်ပေါ်လာသည်။အပြစ်သားကကယ်တင်ရှင်ကိုလက်ခံ၍ကယ်တင်ရှင်ကအပြစ်သားကိုလက်ခံသည်။ခရစ်ယာန်ဟူသည်ခရစ်သူဖြစ်သည်။

(၂) ခရစ်ယာန်ဆိုသည်မှာ ဒုတိယမွေးခြင်းကို ခံခြင်းဖြစ်သည်။

“ဒုတိယမွေးခြင်းကို မခံသောသူမည်သည်ကား၊ ဘုရားသခင်၏နိုင်ငံတော် ကို မမြင်ရ” ဟု နိကောဒင် ထံ ယေရှုပြောခဲ့သည် (ယောဟန် ၃:၃)။ ယေရှုပြောစကား အရ ဒုတိယမွေးခြင်းကို ခံသောသူအား ခရစ်ယာန်ဟု ကျွန်ုပ်တို့ခေါ်နိုင်ပေသည်။ ဘုရားသခင်၏ မိသားစုဝင်ဖြစ်နိုင်ရန် ဝိညာဉ်မွေးဖွားခြင်းအားဖြင့်သာ ဖြစ်နိုင်၏။ ဒုတိယမွေးခြင်းကို ခံရမည်။

ယနေ့တွင် ခရစ်ယာန်ဟူသည့်စကားလုံးကို လွဲမှားစွာ အသုံးပြုကြသည်။ ခေတ်မီဖွံ့ဖြိုးသောနိုင်ငံဒေသများကို ရည်ညွှန်းရန် အသုံးပြုတတ်ကြသည်။ ၎င်းကို အလွဲသုံးစားလုပ်ကြသည်။ လွဲမှားစွာ နားလည်သဘောပေါက်ကြသည်။ ယေရှုကို မယုံကြည်သောသူများကပင် ခရစ်ယာန်ဟူသည့် အမည်ကို ဆောင်ထားကြ၏။ အချို့ က ယဉ်ကျေးမှုထွန်းကားသောလူမျိုးများကို ခရစ်ယာန်အမည်တပ်ကာ ခေါ်ဆိုကြ သည်။ အချို့လည်း ခရစ်ယာန်ဟုဆိုရာတွင် ဂျူးလူမျိုးများမပါဝင်ဟု ပြောတတ်ကြ သည်။ သို့သော်လည်း၊ ဂျူးလူမျိုးများတွင် ခရစ်ယာန်အများအပြား ရှိကြပြီး ဂျူးလူမျိုး မဟုတ်သော တပါးအမျိုးသားများကြားတွင် ခရစ်ယာန်မဟုတ်သောသူများစွာရှိခြင်း

သည်ပင် အလွန်ဝမ်းနည်းစရာ ကောင်းပေသည်။ ဘာသာရေးထဲဝင်ခြင်းနှင့် ဝိ မွေးဖွားခြင်းကို ကွဲပြားစွာ သေသေချာချာ မသိသောသူများစွာ ထောင်သောင်းမက ကြပြီး ခရစ်ယာန်အမည်ကို လွဲမှားစွာ အသုံးပြုကြသည်။

တောင်ပင်လယ်ကျွန်းပေါ်တွင် သောင်တင်ခဲ့ကြသော အမေရိကန်သ သားများအကြောင်း ပုံပြင်ရှိသည်။ ဒေသခံများကိုကြောက်သောကြောင့် သင်္ဘောသား များ ပုန်းအောင်းခဲ့ ကြသည်။ တစ်နေ့၊ ဒေသခံများက အင်္ဂလိပ်စကားကို ကောင်း ကောင်းမွန်မွန်ပြောသည်ကို ကြားတော့ “သူတို့လည်း ခရစ်ယာန်တွေဘဲ” ဟု သင်္ဘော သားများ မှတ်ချက်ချကာ ဝမ်းသာမဆုံး အော်ဟစ်ခဲ့ ကြသည်။

အပြစ်လွှတ်ခြင်းမရသေးဘဲနှင့် မည်သူတစ်ဦးတစ်ယောက်မျှ “ငါသည် ခရစ်ယာန်ဖြစ်သည်” ဟု ပြောဆိုပိုင်ခွင့်မရှိပါ။ “အဘယ်ကြောင့်နည်း” ဟု သင် မေးနိုင်သည်။ အဖြေမှာ “လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင့် ရှေ့တော်၌ အသရေ ပျက်ကြ” သောကြောင့်ဖြစ်သည် (ရောမ ၃၂၃)။

ဘုရားသခင်သည် သန့်ရှင်းဖြောင့်မတ်သောကြောင့် အပြစ်ကို တရားစီရင် ရမည်။ သို့သော်၊ သားတော်ယေရှုသည် လူသားအားလုံး၏အပြစ်အတွက် ကိုယ်စား အသေခံခဲ့သည်။ ထို့ကြောင့်၊ ခရစ်တော်ကို လက်ခံသောသူသည်သာ ဘုရားသခင်၏ သား/သမီး ဖြစ်ရသောအခွင့်ကို ရမည်။ ရှင်ယောဟန်က ဤသို့ ရှင်းလင်းစွာ ဖော်ပြ

ခဲ့သည်။ “ထိုသူကို လက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကို ယုံကြည်သော သူတို့အား ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏” (ယောဟန် ၁:၁၂)။

၃။ ခရစ်ယာန်ဆိုသည်မှာ ယေရှုကို မိမိကယ်တင်ပိုင်ရှင်အဖြစ် လက်ခံခြင်းဖြစ်သည်။

ယေရှုကိုယုံကြည်ခြင်းသည် ယေရှုကို လက်ခံခြင်းပင်ဖြစ်သည်။ ယေရှုသည် ၊ အပြစ်ကင်းမဲ့သော ဘုရားသခင်၏သားတော်ဖြစ်ကြောင်း၊ ကျွန်ုပ်တို့ဝိညာဉ်သေခြင်း ၊ မှကယ်တင်ခြင်းရ၍ ထာဝရအသက်ကိုရဖို့အလို့ငှါ အပြစ်အတွက် ခရစ်တော်အသေခံ

ကြောင်းကိုယုံကြည်ခြင်းပင်ဖြစ်သည်။သင်ကိုယ်တိုင်လည်းယေရှုကိုယုံကြည်လက်ခံရန်ဆုံးဖြတ်ချက်ချပြီးပြီလား။ယေရှုကိုလက်ခံပြီးပြီလား။

        ဆင်ခြင်သတိပြုကြစို့

ယခုခေတ်တွင် ဘာသာရေး အလွန်ခေတ်စားလာသည်။ “ဘုရားကိုတော့ ယုံကြည်ပါတယ်။ ယေရှုကိုလည်းယုံကြည်တယ်။ ကျမ်းစာကိုလည်း ယုံကြည်တယ်” ဟူ၍ ပြောသောသူ မနည်းတော့ပါ။ ထိုသို့ပြောသောသူတို့၏ အသက်တာတွင်မူ ခရစ်ယာန်အသက်တာကို မတွေ့ရတတ်ပါ။ ထိုကဲ့သို့သော ယုံကြည်ခြင်းမျိုးသည် ကယ်တင်သောယုံကြည်ခြင်းမျိုးမဟုတ်။ ယုံကြည်ခြင်း အတုအပဖြစ်သည်။ “အကျင့် နှင့်ကင်းသော ယုံကြည်ခြင်းသည်အသေဖြစ်သည်” (ယာကုပ် ၂၂၀)၊ “ထိုပရောဖက် တို့၏အကျင့်ကို ထောက်သော် သူတို့၏ သဘောကို သိရကြလိမ့်မည်” (မဿဲ ၇၂၀) ဟု ကျမ်းစာတွင် ဖော်ပြထားသည်။ အသက်တာတွင် ထူးခြားမှု လုံးဝမရှိပါက ဇာတိ ပကတိအတိုင်း အသက်ရှင်သောကြောင့် ဖြစ်ပါလိမ့်မည်။ ဂလာတိ ၆:၈ တွင် “မိမိ ဇာတိပကတိ၌ မျိုးစေ့ကြဲသောသူသည် ဇာတိပကတိအားဖြင့် ပုပ်ပျက်ခြင်း အသီး အနှံကို ရိတ်ရလိမ့်မည်” ဟု အတည့်အလင်း ဆိုထားသည်။

ရိုးသားပွင့်လင်းခြင်းသည် အကောင်းဆုံးဖြစ်သည်ဟု မယုံကြည်သော အကျဉ်းသား ရှိမည်မထင်။ ကြည်ကြည်လင်လင် လန်းလန်းဆန်းဆန်း ရှိခြင်းသည် အကောင်းဆုံးဖြစ်သည်ဟု မယုံကြည်သော အရက်သမားဟူ၍ ရှိမည်မထင်။ သို့သော်၊ ယုံကြည်ယုံနှင့် ဘာမျှထူးမည်မဟုတ်။ သမ္မာကျမ်းစာနှင့် သဘောတူညီမှု ကို ယုံကြည်ခြင်းဟု အချို့ ခံယူကြသည်။ ထိုကဲ့သို့သောယုံကြည်ခြင်းတွင် သေစေ နိုင်သည့် အဆိပ်ရှိသည်။ “နတ်ဆိုးတို့သည် ယုံ၍ကြောက်ရွံ့တုန်လှုပ်ကြ၏” (ယာကုပ် ၂:၁၉)။ နှလုံးသားဖြင့် ယုံကြည်ခြင်းနှင့် အသိဖြင့်ယုံကြည်ခြင်းသည် စစ်မှန်

သောကယ်တင်ခြင်းနှင့် အပြစ်စီရင်ခြင်းကြား ကွာဟမှုတစ်ခု ဖြစ်သည်။ အသက် တာကိုမပြောင်းလဲစေသော ယုံကြည်ခြင်းတိုင်းသည် ကယ်တင်ခြင်းနှင့် သက်ဆိုင် သောယုံကြည်ခြင်း မဟုတ်ပါ။ အသိဖြင့်ယုံကြည်ခြင်းသည် လိမ်လည်လှည့်ဖြားတတ် သော ယုံကြည်ခြင်းမျိုး ဖြစ်သည်။ ထို့ကြောင့်၊ အရေးကြီးသည့် မေးခွန်းမှာ “ကယ်တင် ခြင်းအတွက် ကျွန်ုပ်ယုံကြည်ပြီးပြီလား” ဖြစ်သည်။

ကျွန်ုပ်တို့နားမလည်နိုင်သည့်အရာကို မည်သို့ယုံကြည်ရမည်နည်းဟု ရံဖန် ရံခါ အချို့ ပြောတတ်ကြသည်။ အမှန်မှာမူ၊ နားမလည်နိုင်သောအရာများစွာကို ကျွန်ုပ်တို့ ယုံကြည်ကြပါသည်။ သာဓကအနေဖြင့်၊ လျှပ်စစ်၏လျှို့ဝှက်ဆန်းကြယ်မှု အား ကို နားလည်သူမရှိသော်လည်း “လျှပ်စစ်ကို နားမလည်သရွေ့ အမှောင်ထဲမှာ ထိုင် မယ်” ဟု ပြောမည့်သူမရှိပါ။

ထူးဆန်းသောအစာကြေခြင်းစနစ်ကို မည်သည့်ဆရာဝန်ကမျှ အသေးစိတ် ဖြေရှင်းချက်မပေးနိုင်သော်လည်း “အစာခြေခြင်းစနစ်ကို နားမလည်သရွေ့ အစာ မစားဘူး” ဟု ပြောမည့်သူရှိမည်မဟုတ်။

ဖရဲသီး၏ လျှို့ဝှက်ဆန်းကြယ်မှုကိုလည်း နားလည်သူရှိပါသလား။ မြေသား ထဲတွင် အစေ့ကို ချရ၏။ အပင်ပေါက်လာပြီး အသီးများစွာသော ကြီးမားသည့် အပင်အဖြစ်သို့ ပြောင်းလဲတော့သည်။ ထိုအပင်မှ အသီးများသည် မူလမျိုးစေ့ထက် ရာပေါင်းများစွာ အလေးချိန်ရှိသည်။ အပြင်ဘက်တွင်မူ အစိမ်းရောင်အဆင်း ရှိ၏။ ထိုအရောင်ပြီးလျှင် ပါးလွှာသောအဖြူရောင်လေးရှိ၏။ ထို့နောက်တွင် ဖရဲသီးမြောက် များစွာကို ထပ်မံထုတ်လုပ်နိုင်သော အစေ့များစွာလည်း ရှိသေးသည်။ ထိုဆန်းကြယ် မှုကို ပညာရှိများက နားမလည်နိုင်။ သာမန်လူတန်းစားများက ကောင်းမွန် မြိန်ရှက်စွာ သုံးဆောင်ကြ၏။

ထို့ကြောင့်၊ သတင်းကောင်းကို ယုံကြည်သောအားဖြင့် ဘုရား၏လျှို့ဝှက် ဆန်းကြယ်မှုတွင် အစိတ်အပိုင်းတစ်ခုအဖြစ် သင်လည်း ပါဝင်ပြီးဖြစ်သည်။ သင်သည် ဘုရားအားဖြင့် ဝိညာဉ်အသက်ရှင်၏။ “လေသည် အလိုရှိသည်အတိုင်း သွားလာ၏။ လေ၏အသံကို သင်သည် ကြားရသော်လည်း အဘယ်အရပ်သို့ သွားသည်ကို မသိနိုင်။ ထိုနည်းတူ ဝိညာဉ်မွေးသောသူ ဖြစ်သည်” ဟု ယေရှု ပြောခဲ့သည် (ယောဟန် ၃:၈)။ ပြန်၍အကျဉ်းချုပ်လေ့လာရမည်ဆိုပါက – ခရစ်ယာန်ဆိုသည်မှာ ယေရှုနှင့်ပေါင်းစည်းခြင်းဖြစ်သည်။ ခရစ်ယာန်ဆိုသည်မှာ ဒုတိယမွေးခြင်းကို ခံခြင်းဖြစ်သည်။ ခရစ်ယာန်ဆိုသည်မှာ ယေရှုကို မိမိကယ်တင်ပိုင်ရှင်အဖြစ် လက်ခံခြင်းဖြစ်သည်။

ခရစ်ယာန်အပေါ် လွဲမှားသောအယူအဆများ

 တစ်ခါတစ်ရံ အမှားကိုအရင်ကြည့်မှ အမှန်ကိုနားလည်နိုင်၏။ ကလေးတစ် ယောက်အနေနှင့် ကျွန်ုပ်ကြုံတွေ့ခဲ့သောပျော်ရွှင်မှုများကို ကျွန်ုပ်သတိရသေးသည်။ တနင်္ဂနွေမနက်တိုင်း မောင်နှမခြောက်ယောက်လုံး ဘုရားကျောင်းသို့ မိဘနောက် လိုက်တတ်ခဲ့ ကြသည်။ ထမင်းမစားမီ အမြဲဆုတောင်းသည့် အလေ့အထရှိခဲ့သည်။ ကျမ်းစာကို စနစ်တကျဖတ်ခဲ့ကြသည်။ ခရစ်ယာန်မိသားစုတွင် ကျွန်ုပ်တို့ ကြီးပြင်း ခဲ့ ကြသော်လည်း ကျွန်ုပ်တို့သည် အလိုအလျောက် ခရစ်ယာန် ဖြစ်မသွားပါ။ ခရစ် ယာန်များနှင့် အမျိုးတော်ခြင်းဖြင့် ခရစ်ယာန်ဖြစ်မသွားနိုင်ပါ။ ဘုရားသခင်တွင် မြေး မရှိပါ။ ယနေ့လူများ မှားယွင်းစွာနားလည်မိတတ်သည့် အမှားသုံးမျိုးကို ယောဟန် ၁:၁၃ တွင် ဖော်ပြထားပါသည်။ “လူမျိုးနှင့် စပ်ဆိုင်၍ ဘွားသောသား မဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက် သွားသောသား မဟုတ်။”

(၁) သဘာဝမွေးဖွားခြင်းကြောင့် မည်သူမျှခရစ်ယာန်မဖြစ်နိုင်ပါ။ “မေထုန်သံဝါသအား ဖြင့် ဘွားသောသားမဟုတ်”

မွေးမိခင်ဖခင်တို့ကြောင့် မည်သူမျှ ခရစ်ယာန်မဖြစ်နိုင်ကြောင်း ယောဟန် ဆိုလိုခြင်းဖြစ်သည်။ ဘုရားကိုကြောက်ရွံ့ရိုသေသောမိဘများသည် ဘုရားသခင်ထံမှ

ကောင်းချီးဖြစ်သော်လည်း သူတို့ကြောင့် သားသမီးများ ခရစ်ယာန်ဖြစ်မသွားနိုင်ပါ။ တရားမှန်၊ လမ်းမှန်သို့ သားသမီးများကို မိဘများက လမ်းညွှန်နိုင်သော်လည်း ခရစ် ယာန်ဖြစ်အောင်တော့ မလုပ်ပေးနိုင်ပါ။

“ကျွန်ုပ်တို့တွင် အဘအာဗြဟံရှိတာဘဲ” ဟု ဂျူးလူမျိုးများ ဆိုတတ်ကြသည်။ ထို့ကြောင့်၊ ကယ်တင်ခြင်းရပြီး စိုးရိမ်စရာမရှိကြောင်း ထင်မှတ်တတ်ကြသည်။ “အာ ရီယာန်အသွေး၊ မွန်မြတ်အမျိုး” ဟု နာဇီဝါဒကို ကိုင်ဆွဲသူတို့က မိမိတို့ကိုမိမိတို့

ဖော်ကျူးတတ်ကြသည်။ ၎င်းတို့သည်လည်း အာဒံမှ ဆင်းသက်လာသောအမျိုးများ၊ အသွေးများပင်ဖြစ်သည်။ ၎င်းသည်လည်း သမ္မာကျမ်းစာနှင့် မညီသောအရာဖြစ်သည်။ သမ္မာကျမ်းစာအရ၊ အပြစ်ဟူသည် အာဒံ၏အသွေးပါသောမျိုးရိုးမှ ဆင်းသက်လာ၍

ထိုအပြစ်ကို ယေရှု၏ အသွေးအားဖြင့် ဆေးကြောပြီး ကယ်တင်ခြင်း အဖိုးအခကို ၊ ပေးခဲ့ ပြီးဖြစ်သည်။ မွေးမိခင်ဖခင်အားဖြင့် မည်သူမျှ ခရစ်ယာန် မဖြစ်နိုင်ဟု ရှင်ယော ဟန် ဆိုလိုခြင်းဖြစ်သည်။ သဘာဝမွေးခြင်းအားဖြင့် မည်သူမျှ ခရစ်ယာန် မဖြစ်နိုင်ပါ။

(၂) ကောင်းမှုကုသိုလ်အားဖြင့် မည်သူမျှ ခရစ်ယာန်မဖြစ်နိုင်ပါ။ “လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသောသားမဟုတ်”

လူ့နည်းသူ့ဟန်ဖြင့် ကယ်တင်ခြင်းရနိုင်သည်ဟူသော ခံယူချက်သည်အမှား တကာမှအကြီးမားဆုံးသောအမှားဖြစ်၏။ ကိုယ်ကျင့်တရားကောင်းမွန်စွာအသက်ရှင်

သောသူများ (သို့မဟုတ်) ရွှေစည်းကမ်းကို စောင့်သောသူများက မိမိတို့ကိုမိမိတို့ ခရစ် ယာန်ဖြစ်သည်ဟု ထင်မှတ်တတ်ကြသည်။ အချို့ကျတော့လည်း ဘာသာရေးတွင် လှုပ်ရှားပါဝင်မှု သို့မဟုတ် အသင်းဝင်ဖြစ်ခြင်းအပေါ် မှီခိုတတ်ကြ၏။ ကယ်တင်ခြင်း သည် “လူ့နည်းသူ့ဟန်” ဖြင့် မဟုတ်ကြောင်း တမန်တော် ရှင်ယောဟန်က အတည့် အလင်းဆိုထားပါသည်။ ။

ဘုရားကျောင်းကိုမပျက် ပုံမှန်တက်ရောက်သူ အမျိုးသမီးတစ်ယောက်အား ခရစ်ယာန် ဟုတ်မဟုတ် ကျွန်ုပ်မေးခဲ့ဖူး၏။ “ကျွန်မ ဆန်းဒေးစကူလ်သင်ပေးတာ ၁၆ နှစ်ရှိပြီ” ဟု မြန်မြန်ဆန်ဆန်ဘဲ သူမပြန်ဖြေခဲ့သည်။ သူမကို ချီးကျူးစကား ဆိုပြီးနောက် “သင်ခရစ်ယာန်ဖြစ်သလား” ဟု ထပ်မေးခဲ့သည်။ အမှုတော်သာသနာ အဖွဲ့အစည်းတွင် အားကြိုးမာန်တက် ပါဝင်ခဲ့ဖူးကြောင်းသာ ကျွန်ုပ်အား ပြောခဲ့သော် လည်း ကျွန်ုပ်၏ ရိုးရှင်းသောမေးခွန်းကိုမူ အဖြေမပေးခဲ့ပါ။ ထိုအမျိုးသမီးသည် သူမ၏ကယ်တင်ခြင်းအတွက် သူမ၏ကြိုးစားအားထုတ်မှုအပေါ် မှီခိုနေသည်မှာ အထင် အရှားပင်ဖြစ်သည်။ သာသနာအမှုတွင် အင်တိုက်အားတိုက်ပါဝင်ခြင်းက ကယ်တင်ခြင်းပေးနိုင်ပါလျှင် ထိုအမျိုးသမီးသည် ခရစ်ယာန်ဖြစ်ပေါင်းနည်းမည် မဟုတ်ပေ။ သို့သော်၊ ကယ်တင်ခြင်းသည် “ကောင်းမှုကုသိုလ်” အားဖြင့် မဟုတ်ပါ။

ထိုအကြောင်းနှင့်စပ်လျဉ်း၍ ရှင်ပေါလုက “ယုံကြည်သောအားဖြင့် ကျေးဇူး တော်ကြောင့် ကယ်တင်ခြင်းသို့ရောက်ရ၏။ ကိုယ်အလိုအလျောက်ရောက်သည် မ ဟုတ်။ ဘုရားသခင် သနားတော်မူရာဖြစ်သတည်း။ ကိုယ်ကုသိုလ်ကြောင့် ကယ်တင် တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာအခွင့်မရှိ” ဟု

ရှင်းလင်းစွာ ပြောခဲ့သည် (ဇဖက် ၂၈-၉)။ ကယ်တင်ခြင်းဟူသည် သင်လုပ်၍ရသော တစ်စုံတစ်ရာနှင့်မဆိုင်ပါ။ ကယ်တင်ခြင်းဟူသည် ခရစ်တော်ယေရှုဖြစ်သော တစ်စုံ တစ်ယောက်နှင့် သက်ဆိုင်ပါသည်။ ။

လူ၏ကြိုးစားအားထုတ်မှု၊ အကျင့်တရား၊ ကောင်းမှုကုသိုလ်တို့ဖြင့် ကောင်း ကင်ကို ရောက်နိုင်သည်ထက် လက်ဖက်ရည်ဇွန်းတစ်ချောင်းဖြင့် ဒရာမတောင်ကြီး ကို ဖောက်ထွင်းခြင်းသည် သာ၍ လွယ်ကူပေမည်။ ဖြစ်နိုင်ချေပိုများသည်။ ကယ်တင် ခြင်းသည် ကမ်းလှမ်းချက်ဖြစ်သည်။ တောင်းခံချက်မဟုတ်။ ကယ်တင်ခြင်းသည် ယေရှုခရစ်တော်လုပ်ဆောင်ခဲ့သောအရာအပေါ်မှုတည်ပါသည်။

ကောင်းမှုကုသိုလ်လှေကားထစ်ဖြင့် ခရစ်ယာန်အဖြစ်သို့ မရောက်နိုင်ပါ။ သို့သော်၊ ယေရှုခရစ်တော်သည် လှေကားထစ်ဖြင့် ဗက်လင်မြို့ရှိ နွားစာခွက်တွင် ဆင်းလာ၍ ကျွန်ုပ်တို့ ရောက်သင့်သည့်နေရာ ကာရာနီကားတိုင်တွင် ကျွန်ုပ်တို့ကို တွေ့ဆုံခဲ့သည်။ ကောင်းမှုကုသိုလ်ဖြင့် မည်သူမျှ ခရစ်ယာန်မဖြစ်နိုင်ပါ။ (၃) ဘာသာရေးထုံးတမ်းစဉ်လာအားဖြင့် မည်သူမျှ ခရစ်ယာန်မဖြစ်နိုင်ပါ။ “လူအလို အလျောက်သွားသော သားမဟုတ်”

“သင်ခရစ်ယာန်ဖြစ်သလား” ဟုဆရာဝန်တစ်ယောက်ကို ကျွန်ုပ်မေးခဲ့သည်။ သူကလည်း “ကျွန်ုပ်ကို ဆရာတစ်ယောက်က ရေနှစ်ခြင်းပေးခဲ့တယ်” ဟုသာ ပြန်ဖြေခဲ့ သည်။ စကားအချေအတင်ပြော၍ အနည်းငယ်ကြာသော် ကယ်တင်ခြင်းအတွက် ခရစ်တော်၌ ယုံကြည်ခြင်းထက် အသင်းတော်၏ ထုံးတမ်းစဉ်လာတစ်ခုဖြစ်သော ဗတ္တိဇံအပေါ်သာ သူမှီခိုကြောင်း ကျွန်ုပ်သတိထားမိခဲ့သည်။

သင်သည် မည်မျှပင်ဘာသာရေးနောက်ကို လိုက်သည်ဖြစ်ပါစေ၊ မည်မျှပင် ဘာသာရေးအရာတွင် အပြစ်ပြောစရာမရှိအောင်ရှိနေပါစေ၊ မည်မျှပင် အားကိုးလိုက်

သောသူဖြစ်ပါစေ ဘာသာရေး ထုံးတမ်းစဉ်လာက သင့်အား ကယ်တင်ခြင်း မပေး နိုင်ပါ။ ဘာသာရေးအစဉ်အလာအတိုင်း လိုက်လျှောက်အသက် ရှင်ခြင်းဖြင့် ခရစ် ယာန်ဖြစ်နိုင်သည်ဟု ဘာသာရေးခေါင်းဆောင်အချို့၏ သွန်သင်မှုသည် လုံးဝမှား ပေသည်။ သမ္မာတရားနှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်နေပါသည်။ ဘာသာရေးထုံး တမ်းစဉ်လာသည် မည်မျှပင် အရေးကြီးပါစေ အပြစ်ခွင့်လွှတ်ခြင်း မပေးနိုင်ပါ။

တစ်နေ့၊ အိုးမဲ့အိမ်မဲ့ဖြစ်သူ အရက်သမားတစ်ယောက်က ဧဝံဂေလိဆရာ မူးဒီ (Moody) အား “ဆရာ မူးဒီ၊ ဆရာက ကျွန်ုပ်ကို ကယ်တင်ခဲ့တဲ့သူဘဲ” ဟု သည်။

နှုတ်ခမ်းမွေး ရှည်ရှည်၊ မုတ်ဆိတ်မွေး ရှည်ရှည်၊ နီနီရဲရဲ မျက်လုံးများ၊ ရှုတ်ပွသောဆံပင်နှင့် ပေါက်ပြဲနေသော အဝတ်အစားကို ဝတ်ဆင်သည့် ထိုအရက် သမားကို ဆရာ ပူးဒီ သေချာကြည့်ပြီးနောက် ဆရာ ဒီက မင်းမှန်တယ်။ ငါကယ် တယ်လို့ မင်းပြောတာမှန်တယ်။ ဘုရားသခင်ကသာ မင်းကို ကယ်တင်ခဲ့မယ်ဆိုရင် ဒီအခြေအနေရောက်နေမှာမဟုတ်ဘူး” ဟုသာ ပြန်ဖြေခဲ့သည်။

အမှုတော်ဆောင်ဆရာ၊ တရားဟောဆရာများသည် ဘုရားသခင်၏ ဖိတ် ခေါ်သံကို ကြားပြောပေးသော တန်ဆာပလာများသာဖြစ်ကြပါသည်။ ရှင်ပေါလုကိုယ် ကိုင်က “ငါတို့သည် ဘုရားသခင့်ထံ၌ အလုပ်လုပ်သောသူချင်းဖြစ်ကြ၏” (၁ကော ၃.၉) ဟု ဆိုခဲ့သည်မဟုတ်လော။ ၂ ကော ၅၂ဝ တွင်လည်း “ထို့ကြောင့်၊ ငါတို့ သည် ခရစ်တော်၏ သံတမန်ဖြစ်ကြ၏။ သင်တို့သည် ရန်ငြိမ်း၍ ဘုရားသခင်နှင့် မိတ်ဿဟာယဖွဲ့ ကြလော့ဟု ဘုရားသခင်သည် ငါတို့အားနှိုးဆော်တော်မူသကဲ့သို့၊ ငါတို့သည် ခရစ်တော်၏ ကိုယ်စားဖြစ်၍ သင်တို့ကို တောင်းပန်သွေးဆောင်ကြ၏” ဟု ရှင်ပေါလု ပြောခဲ့သည်။ ကယ်တင်ခြင်း (သို့မဟုတ်) ခွင့်လွှတ်ခြင်းကို မည်သူကမျှ အခြားသူထံ လက်ဆင့်ကမ်းပေး၍ မရပါ။

ခရစ်ယာန်ဖြစ်ခြင်းသည် ဩဝါဒတစ်ခုခုကို စွဲစွဲမြဲမြဲယုံကြည်ခြင်း သက် သက် မဟုတ်ပါ။ ထုံးတမ်းစဉ်လာအတိုင်း ကျင့်လျှောက်ခြင်းသက်သက်လည်း မဟုတ်ပါ။ ခရစ်ယာန်ဖြစ်ခြင်းသည် ခရစ်တော်ကို ထွေးပိုက်လက်ခံခြင်းပင်ဖြစ်သည်။

ယောဟန် ၁:၀၃ အရ ခရစ်ယာန်ဟူသည်မှာ “ဘုရားသခင်ဘွားတော်မူသောသား” ဖြစ်၏။ ကောင်းမွန်ပြည့်စုံသည့် အဓိပ္ပာယ်ဖွင့်ဆိုမှုတစ်ခုပင် မဟုတ်ပါလော။

       ခရစ်ယာန်တစ်ယောက်ပြုလုပ်သင့်သည့်အရာကယ်တင်ခြင်းနှင့်လက်မြှောက်အရှုံးပေးအပ်နှံခြင်းသည်တစ်ချိန်တည်းဖြစ်ပျက်သည့်အရာဖြစ်သည်ဟုရှင်ပေါလုသွန်သင်ထားပါသည်။ကယ်တင်ခြင်း

ရသည်နှင့် ချက်ချင်း “ကျွန်ုပ်အား ဘာပြုစေချင်သနည်း” ဟု ယေရှုအား ရှင်ပေါလု မေးခဲ့သည် (တမန် ၉:၆)။ ဘုရားသခင်၏ အလိုတော်ကို ရှင်ပေါလု ဆောင်လိုသကဲ့သို့ ခရစ်ယာန်အယောက်တိုင်းသည် မိမိ၏ဘဝတစ်ခုလုံးကို ဘုရားထံ လက်မြှောက် အရှုံးပေး အပ်နှံသင့်သည်။ “ဘုရားသခင်အား ကိုယ်ကိုကိုယ် ဆက်ကြ” ရန် ရှင်ပေါလု စိန်ခေါ်မှုပေးပါသည် (ရောမ ၆:၁၃)။

ဆီဆာရီယာန်သည် “ဆီဆာ၏ကျွန်” ဟု အဓိပ္ပာယ်ရသကဲ့သို့ ခရစ်ယာန် သည် “ခရစ်တော်၏ကျွန်” ဟူ၍ အဓိပ္ပာယ်ရသည်ဟု အဒေါ့ဖ်ဝဲ့စမင်က (Adolph Deissman) က ဆိုခဲ့ဖူးသည်။

ဓမ္မဟောင်းကျမ်းတွင် အာဗြဟံသည် လူမျိုးကြီးဖြစ်၍၊ သမုဒ္ဒရာသဲများပမာ များပြားသော သားသမီးများစွာထွန်းကားမည်ဟု ဘုရားသခင် ကတိပေးခဲ့သည်။ သို့သော် ထိုကတိတော်လက်ခံချိန်တွင် အာဗြဟံ၌ သားသမီးမရှိသေးပါ။ ယုံကြည်ခြင်း လမ်းမှ လွဲချော်ကာ သူ့ဇနီး၏ ကျွန်ဖြစ်သော ဟာဂရနှင့် သားတစ်ယောက် ထွန်းကား ခဲ့သည်။ ထိုအမှုသည် ဘုရားနည်းလမ်းကို စွန့်ကာ လူ့နည်းသူ့ဟန်ကိုလိုက်၍ ဇာတိ လုပ်ဆောင်သောအမှုဖြစ်ကြောင်းမှာ ထင်ရှားသည်။ သို့သော်၊ ဘုရားသခင်က ကြား ဝင်ကာ နိမိတ်လက္ခဏာတစ်ခု ပြုခဲ့သည်။ အသက်ကြီးသည့်အချိန်မှ ဇနီး ဖြစ်သူ တရာက ဣဇတ်ဟူသော သားတစ်ယောက်ကို မွေးခဲ့သည်။ ထိုအမှုသည် ယုံကြည် ခြင်းအမှုဖြစ်၍ ဘုရားသခင်၏ အကြံအစည်တော်ပြည့်စုံမှု၏ အစဖြစ်သည်။

ဘဝပြသနာ အခက်အခဲများကို ဖြေရှင်းရန် မိမိ၏နည်းလမ်းများကို ကျောခိုင်းစွန့်ပယ်ကာ ဘုရားနည်းလမ်းဖြစ်သော ယုံကြည်ခြင်းလမ်းကို ရွေးလျှောက် ရန် ယုံကြည်သူတိုင်းအား ဘုရားသခင် ဖိတ်ခေါ်ပါသည်။ “မည်သည့်အရာကိုမျှ အတွယ်အတာ မထားပါနှင့်။ အရာအားလုံးကို အပ်နှံလိုက်ပါ” ဟု ဘုရားသခင် ပြောနေပါသည်။

ခရစ်ယာန်အသက်တာကို မိမိကြိုက်သလို ဝေ့လည်ကြောင်ပတ်အသက်ရှင် ၍ ရသည်ဟု ထင်မြင်ယူဆခြင်းသည် လုံးဝမှားသည်။ “ပျော့အိနေသောကုတင် ပေါ်တွင် လဲလျောင်းလျက် သင်သည် ကောင်းကင်သို့ ချီဆောင်ခြင်းခံရမည်မဟုတ်” ဟု ရှမွေလ ရုသာဖော့တ် (Samuel Rutherford) ကလည်းကောင်း၊ “ဝေဒနာ ခံရန် ကြောက်သောသူသည် ဝေဒနာ ခံစားခဲ့သောသူတစ်ယောက်နှင့် မထိုက်တန်ပါ” ဟု

တာတူလျန် (Tertullian) ကလည်းကောင်း အသီးသီး ဆုံးမခဲ့ ကြသည်။

လောကတွင် အသက်ရှင်စဉ် ခရစ်တော်၏ခေါ်သံသည် အများနှင့်မတူ၊ အတည့်အလင်းပင်ဖြစ်သည်။ သူပြောခဲ့သော စကားများသည် အချို့အတွက် မခံချင် စိတ်ဖြစ်စေကာ သူတစ်ပါး၏ သတ်ရန်ကြံစည်ခြင်းကိုလည်း ယေရှုခံခဲ့ရသည်။ သို့သော်၊ ယခုခေတ်တွင်မှု၊ ဘုရားသခင်၏ ကြီးမြတ်မှုနှင့် သန့်ရှင်းမှုအစား နူးညံ့ သိမ်မွေ့မှုကို၎င်း၊ သူ၏သစ္စာတရားနှင့် တန်ခိုးကြီးမားမှုအစား သူ၏ညင်သာခြင်းနှင့် ခံစားမှုတို့ကို၎င်း ဟောပြောတတ်ကြသည်။ ပန်းချီဆရာများနှင့် ကဗျာဆရာများက ပင် ခရစ်တော်ကို နီညိုရောင်ရင့်ရင့်ဆံပင်၊ အမျိုးသမီးဆန်သော မျက်နှာထား၊ အ လွန်နူးညံ့သိမ့်မွေ့ကာ လူသားအားလုံးအပေါ် ကောင်းချီးပေးနေသည့်ဟန်ရှိသည့်

ယေရှုကို ပုံဖော်ရေးဆွဲတတ်ကြသည်။ ဤအရာသည် အလွန်မှားပေသည်။ ကောင်းမှု အရာမှာ စံနမူနာ ဖြစ်သော်လည်း ယေရှုသည် တည်ကြည်ကာ သူတစ်ပါးကို အမှန် အတိုင်း မညှာမတာလည်း ပြောတတ်ပါသည်။ ရံဖန်ရံခါ သူ၏တပည့်တော်များ၊ ဆွေး မျိုးမိသားစုများ၊ ဘာသာရေးခေါင်းဆောင်များကပင် မခံမရပ်နိုင်ပါ။ တစ်ခုသော နေရာတွင် ယေရှု ဤသို့ပြောခဲ့သည်- “မြေပေါ်သို့ ငြိမ်သက်ခြင်းကို စေလွှတ်အံ့သော ငှါ ငါလာသည်ဟု မထင်ကြနှင့်။ ငြိမ်သက်ခြင်းကို စေလွှတ်အံ့သောငှါ ငါလာသည် မဟုတ်။ ထားကို စေလွှတ်အံ့သောငှါ ငါလာသတည်း” (မဿဲ ၁၀:၃၄)။

မှန်သည်။ ယေရှုသည် အလွန်သနားကြင်နာတတ်သူ၊ ချစ်ခြင်းမေတ္တာနှင့် ပြည့်သောသူဖြစ်၏။ သို့သော်၊ သူ၏တောင်းဆိုမှုများကိုလည်း ကျွန်ုပ်တို့ မမေ့ထား သင့်ပါ။ လူတစ်ယောက်က စိတ်အားထက်သန်စွာ ယေရှုထံ “သခင်၊ ကိုယ်တော် ကြွတော်မူရာ အရပ်ရပ်သို့ အကျွန်ုပ်လိုက်ပါမည်” ဟု မေးခဲ့လျှင် ယေရှုက “မြေခွေး သည် မြေတွင်းရှိ၏။ မိုယ်ကောင်းကင်၌ ကျင်လည်သောငှက်သည် နားနေရာအရပ် ရှိ၏။ လူသားမှုကား ခေါင်းချရာမျှမရှိ” ဟု ပြန်ပြောခဲ့၏။

အခြားတစ်ယောက်က “ကျွန်ုပ်အဘကို ရှေ့ဦးစွာသွား၍ သင်္ဂြိုဟ်ရသော အခွင့်ကို ပေးတော်မူပါ” ဟု ပြောလျှင် ယေရှုက “လူသေတို့သည် မိမိလူသေတို့ကို သဂြိုဟ်ကြပါလေစေ။ သင်မှုကားသွား၍ ဘုရားသခင့်နိုင်ငံတော်၏ အကြောင်းကို ဟောပြောလော့” ဟု လျှပ်စီးထိ၍ နာကျင်သကဲ့သို့ နာကျင်သောစကားမျိုးနှင့် ပြန် ၊ လည်တုံ့ပြန်ခဲ့သည် (လုကာ ၉:၅၇-၆ဝ)။

အခြားတစ်ယောက်ကလည်း “သခင်၊ ကိုယ်တော်နောက်သို့ အကျွန်ုပ် လိုက် ပါမည်။ သို့သော်လည်း၊ အကျွန်ုပ်အိမ်၌ ရှိရစ်သောသူတို့ကို အရင်သွား၍ အခွင့် ပန်ပါစေ” ယေရှုအား ပြောခဲ့သည် (အငယ် ၆၁)။ ယေရှုကလည်း ခက်ထန်သော

လေသံဖြင့် “ထွန်ကိုင်းကိုကိုင်လျက် နောက်သို့လှည့်ကြည့်သောသူမည်သည်ကား၊ ဘုရားသခင်၏ နိုင်ငံတော်နှင့် မထိုက်မတန်” ဟု ပြန်ပြောခဲ့သည် (အငယ် ၆၂)။

ခရစ်ယာန်အသက်တာသည် အလွန်လှပသောအရာ ဖြစ်သည်။ သို့သော်၊ ပျော်ပွဲစားပွဲ မဟုတ်ပါ။ ဟန်ဆောင်ပန်ဆောင်ကြော်ငြာမျိုးနှင့် ယေရှုက သူ၏ တပည့် တော်များကို မည်သည့်အခါမျှ မစည်းရုံးခဲ့ပါ။ ယေရှုသည် သူ၏ အမာရွတ်များကို ဖုံးမထားပါ။ “ငါ့လက်ကို ကြည့်ကြလော့။ ငါ့ကိုလည်း ကြည့်ကြလော့” ဟုပင် ၊ ကြေငြာခဲ့သေးသည် မဟုတ်လော။

“ယေရှုသည် ဘုရားဖြစ်၍ ကျွန်ုပ်အတွက် အမှန်သေခဲ့ပါက၊ သူ့အတွက် မည်သည့်ပေးဆပ်မှုမျိုးမဆို အလွန်ကြီးမားသည်ဟူ၍ ရှိမည်မဟုတ်ပါ” ဟူသည် စီအက်စတတ် (C. T. Studd) ၏ ဆောင်ပုဒ် ဖြစ်သည်။

သမိုင်းစာမျက်နှာများကို ပြန်လှန်ပါက မဟာအလက်ဇန်းဒါးဦးဆောင်သော စစ်တပ်တွင် သူရဲဘောကြောင်သော လူငယ်စစ်သားတစ်ယောက် ရှိခဲ့သည်။ စစ်ပွဲ ကြမ်းတမ်းလာသည်နှင့် ထိုစစ်သားလေး ကြောက်ဒူးတုန် ပြန်ဆုတ်ခွာတတ်သည်။ ထိုစစ်သားလေး၏ နာမည်မှာလည်း အလက်ဇန်းဒါး ဖြစ်သည်။ သူ့ကို စစ်သူကြီး မဟာအလက်ဇန်းဒါးက လုံးဝ သဘောမကျ။ ထိုစစ်သားလေးကို မဟာ အလက် ဇန်းဒါးက “သူရဲဘောကြောင်တာ ရပ်စမ်းပါ။ ဒါမှမဟုတ် အဲဒီ အလက်ဇန်းဒါး ဆိုတဲ့ နာမည်ကို ဖြတ်လိုက်။ မင်းနဲ့မတန်ဘူး” ဟု ကြိမ်းမောင်းခဲ့သေးသည်။

ခရစ်ယာန်များအတွက် ခေါ်ဆိုခြင်းသည်လည်း ထိုနည်း၎င်းပင်ဖြစ်သည်။ ခရစ်ယာန်ဟူသော စကားလုံး၏အဓိပ္ပာယ်ကို ဖော်ဆောင်သော အသက်တာမျိုးနှင့် အသက်ရှင်တတ်ကြပါစေ။ “သခင်၊ ကျွန်ုပ်အား ဘာပြုစေချင်သနည်း”။

        မေးခွန်းအချို့

၁။ ခရစ်ယာန်ဟူသော စကားလုံးသည် သမ္မာကျမ်းစာထဲတွင် အကြိမ်မည်။ လား၍ မည်သည့် နေရာများတွင် ဖော်ပြထားပါသနည်း။

၂။ “ခရစ်ယာန်လိုသည်မှာအဘယ်နည်း” ဟူသောမေးခွန်းကိုအဖြေနှစ်ခုပေးပါ။

၃။ ယောဟန် ၁:၁၃ အရ မှားလေ့ရှိသောအယူအဆသုံးခုကို ဖော်ပြပါ။

၄။ယောဟန်၁:၁၂အရယေရှုကိုလက်ခံသောသူတွင်မည်သည့်အရာဖြစ်ပျက်သနည်း။

၅။တမန်တော်ဝတ္ထု ၉-၆ အရ ခရစ်ယာန်တစ်ယောက်တွင် မည်သို့သောအသက်တာ မျိုး ရှိသင့်ပါသနည်း။ ၆။ ရောမ ၆:၁၃ တွင် ခရစ်ယာန်အားလုံးအား မည်သည့်အရာလုပ်ဆောင်ရန် ရှင်ပေါလု ၊ တိုက်တွန်းထားပါသနည်း။

           မှတ်သားစရာအချို့

ဟန်ဆောင်ပန်ဆောင် ကြော်ငြာမျိုးနှင့် ယေရှုက သူ၏တပည့်တော်များကို မည်သည့် အခါမျှ မစည်းရုံးခဲ့ပါ။ ယေရှုသည် သူ၏အမာရွတ်များကို ဖုံးမထားပါ။ “ငါ့လက်ကို ကြည့်ကြလော့။ ငါ့ခြေကိုလည်း ကြည့်ကြလော့” ဟုပင် ကြေငြာခဲ့သေးသည် မဟုတ်

‌‌ေလာ။

“ယေရှုသည် ဘုရားဖြစ်၍ ကျွန်ုပ်အတွက် အမှန်သေခဲ့ပါက၊ သူ့အတွက် မည်သည့် ပေးဆပ်မှုမျိုးမဆို အလွန် ကြီးမားသည်ဟူ၍ ရှိမည်မဟုတ်ပါ” ~ စီအက်စတတ်

                 အခန်း

ခရစ်ယာန်အသက်တာ ရင့်ကျက်ကြီးထွားရန်လမ်းညွှန်

“ချစ်သူတို့၊ သင်တို့သည် မိမိတို့အလွန်သန့်ရှင်းသော ယုံကြည်ခြင်းအပေါ်မှာ

မိမိတို့ကို တည်ဆောက်လျက်” – ရှင်ယုဒ၂၀

ဝိညာဉ်မည်သို့ကြီးထွားသနည်း။မိနစ်ပိုင်းနှင့်မကြီးထွားနိုင်။

ခြေချော်လိုက်ပြန်ထလိုက်

အောင်မြင်လိုက်ကျရှုံးလိုက်

ပျော်ရွှင်လိုက်ဝမ်းနည်းလိုက်

ဝေဆာလိုက် ညှိုးနွမ်းလိုက် သုန်မှုန်မျက်နှာထားနှင့် ကံဆိုးမိုးမှောင်ကျချိန်

 စိတ်ပျက်အားငယ်ခြင်းကို အစာထင်၊ ဘေးဒုက္ခအန္တရာယ်ကို ဆရာတင် နှေးတုန်၊ မြန်တုန်၊ ရှေ့သို့ချီ နာကျင်မှုများကို ထားခဲ့နိုင်မှ၊ ကျရှုံးမှုများ သက်သာလာမှ ဝေဆာဖူးပွင့်တော့မည်၊ ဝိညာဉ်ကို ဘုရားအုပ်စိုး၏

             ဆူဆန်ခူးလ

သိပ်မကြာသေးမီက (Grow up or Blow Up စာအုပ်ကို ကျွန်ုပ်ဖတ်ခဲ့သည်။ ၎င်းစာအုပ်တွင် လူနေမှုအဆင့်အတန်းတိုးတက်ရင်တိုးတက်၊ မတိုးတက်ရင် သူ့ကို သူ ပြန်လည်ဖျက်ဆီးသကဲ့သို့ ဖြစ်လိမ့်မည်ဟု ရေးသားထားသည်။ ထိုနည်းတူ ကျွန်ုပ် တို့သည်လည်း ဝိညာဉ်အရာ၌ ကြီးထွားတိုးတက်သင့်ပါသည်။

၂၀ ရာစုတွင် လူသားအားလုံးသည် လောကီစည်းစိမ်ပျော်မွေ့မှုဘက်ကို သာ လိုက်သွားကြသည်။ ဝိညာဉ်ရေးအရာများကို ဥပေက္ခာပြုတတ်ကြသည်။ ဘဝအောင် မြင်မှအမှန်ကို ငွေကြေးချမ်းသာမှုနှင့် ပညာရေးထူးချွန်မှုတို့ဖြင့် တိုင်းတာ၍မရပါ ယေရှုကဲ့သို့အသက်ရှင်ခြင်းဘက်သို့ ဦးတည်ကြီးထွားတိုးတက်ခြင်းသည်သာ အောင်မြင်မှုအမှန်ဖြစ်ပေသည်။ ထိုသို့ကြီးထွားတိုးတက်ခြင်းအတွက် ဖြတ်လ မရှိသောကြောင့် အများက ဥပေက္ခာပြုတတ်ကြသည်။ “လူသားဟူသည် ကြီးထွားရ မည့်အမျိုးအစားပါ။ ရပ်တန့်ဖို့မဟုတ်ပါ” ဟု ရောဘတ်ဘရောင်းနင်း (Rober Browning) က ဆိုခဲ့ဖူးသည်။ ဤအကြောင်းကို တမန်တော်ရှင်ပေတရုနှင့် ရှင်ပေါလှ ကလည်း လက်ခံသဘောတူထားကြသည်။ “ကျေးဇူးတော်၌၎င်း၊ ငါတို့ကိုကယ်တင်

တော်မူသော အရှင်သခင်ယေရှုခရစ်ကို သိကျွမ်းခြင်း၌၎င်း ကြီးပွားကြလော့” ဟု ရှင်ပေတရုက စိန်ခေါ်မှုပေးထားပါသည် (၂ ပေ ၃:၁၈)။ ၂ ပေ ၃:၁၇ တွင် “သို့ဖြစ်၍၊ ချစ်သူတို့၊ မတရားသောသူတို့၏ ပရိယာယ်အားဖြင့်၊ သင်တို့သည်လည်း သွေးဆောင် ရာသို့လိုက်၍၊ သင်တို့သည် တည်ကြည်ခြင်းမှ မရွေ့လျော့မည်အကြောင်း၊ ဤအရာ များကို သိနှင့်ပြီဖြစ်၍၊ ကိုယ်ကိုကိုယ် စောင့်ရှောက်ကြလော့” ဟု သတိပေးထား ပြီးနောက် ယေရှုခရစ်တော်ကို သိကျွမ်းခြင်း၌ ကြီးပွားကြရန် တိုက်တွန်းနှိုးဆော်

ထားပါသည်။ ။

“သားတော်၏ ပုံသဏ္ဌာန်နှင့် တညီတည်းဖြစ်” ရန် ရောမ ၈:၂၉ တွင် တိုက်တွန်းထားသည်။ “ခရစ်တော်မှာ အရာရာ၌ ကြီးပွား” ကြရန် ဧဖက် ၄:၁၅

တွင်လည်း နိုးဆော်ထားသည်။ “ကြွယ်ဝပြည့်စုံ” ရန်လည်း ၁ သက်သာ ၃:၁၂ တွင် စိန်ခေါ်မှုပေးထားပါသည်။

         အသက် – ကြီးထွားရန် ပထမဆုံးခြေလှမ်း

အသက်မဲ့သည့် မည်သည့်အရာမဆို မကြီးထွားနိုင်ပါ။ ဝိညာဉ်အသက်တာ ကြီးထွားခြင်းရှိရန် ရှေးဦးစွာ ဝိညာဉ်အသက်ရှိဖို့ လိုအပ်သည်။ ကလေးတစ်ယောက် မွေးလာသည့်အခါ ၎င်း၏ငိုသံက ၎င်းတွင် အသက်ရှိကြောင်း ညွှန်ပြနေပါသည်။ အ သက်ရှိသော ကလေးအတွက် လောကကြီးသည် မျှော်လင့်ခြင်းနှင့် ပြည့်နေပါသည်။ အသက်မရှိက မျှော်လင့်ချက်မရှိ။ ခြံစည်းရိုးတိုင်သည် မည်သည့်အခါမျှ ကြီးထွားသည်ဟူ၍မရနိုင်ပါ။ ကြဲထားသည့်

မျိုးစေ့သည်သာ အချိန်တန်သည့်အခါ ကြီးထွားလာမည် သည်။ မြေဩဇာအလွန်ကောင်းသည့်မြေသားပေါ်တွင် ကျောက်ခဲကို ချကြပါလျှင် နှစ်ပေါင်းများစွာကြာလည်း ၎င်းအရွယ်အစားအတိုင်းပင် ရှိနေပါလိမ့်မည်။ မြေသား ပေါ်တွင် မျိုးစေ့တစ်စေ့ကို ချကြဲလျှင် အချိန်ကြာလာသည်နှင့်အမျှ အပင်ပေါက်ကာ အသီးများစွာ ဝေသာလာပါလိမ့်မည်။ ကျောက်ခဲတွင် အသက်မရှိပါ။ မျိုးစေ့လေးတွင် အသက်ရှိပါသည်။ ၎င်းသည် သူတို့၏ ခြားနားချက်ပင်ဖြစ်သည်။

ဝိညာဉ်အသက်တာသည်လည်း အလားတူပင်ဖြစ်၏။ ခြားနားချက်များသည် သိသာထင်ရှားပါသည်။ တစ်ခုသည် အစစ်ဖြစ်၍ အခြားတစ်ခုသည် အတုအပ ဖြစ်သည်။ တစ်ခုသည် သဘာဝဖြစ်၍ အခြားတစ်ခုသည် စက်ယန္တရားဖြစ်သည်။ စက်ယန္တရားတစ်ခုကြီးလာရန် ၎င်း၏အပြင်ဘက်တွင် ပစ္စည်းတစ်ခုခုကို ထပ်ထည့် ရပါသည်။ သက်ရှိအော်ဂင်မူ အတွင်းပိုင်းမှ ကြီးထွားမှု စတင်တတ်သည်။ စက်ကို လှလှပပပြင်ဆင်၍ရသော်လည်း ၎င်းကိုယ်တိုင် ကြီးထွားရန် အသက်မရှိပါ။ အသက်မဲ့ သည့်အရာကို များပြားလာအောင် စုဆောင်း၍ရသော်လည်း မကြီးထွားနိုင်ပါ။ ထို နည်းတူ၊ အထက်အရပ်မှလာသော အသက်မရှိပါက ဘာသာရေးလိုက်စားမှုနှင့် ကိုယ် ကျင့်တရားကောင်းမွန်မှုတို့သည် အကျိုးမရှိပေ။ အကယ်စင်စစ်၊ ထိုဘာသာရေး လိုက်စားမှုနှင့် ကိုယ်ကျင့်တရားကောင်းမှုတို့က မှားယွင်းသောမျှော်လင့်ချက်ကို ပေးနေပြီး တရားစီရင်ခြင်းကို ပိုမိုသေချာစေပါသည်။ ယေရှုခရစ်တော်ကို ယုံကြည် လက်ခံရန် ဆုံးဖြတ်ပြီးဖြစ်သောသင့်အတွက် အမိန့်တော်မှာ “ကျေးဇူးတော်၌ ကြီးပွား

လော့” ဖြစ်သည်။ ရှင်ပေတရုစာစောင်ကို လက်ခံသောသူတို့သည် ဒုတိယမွေးခြင်းကို ခံပြီးသောသူများဖြစ်ကြသည်။ အသက်မဲ့သည့် မည်သည့်အရာမဆို မကြီးထွားနိုင်ပါ။

၁၆ ရာစုတုန်းကဖြစ်သည်။ လူငယ်အနုပညာရှင် တစ်ယောက်က ကောင်း ကင်တမန်ရုပ်တု ထုထွင်းခဲ့သည့်အကြောင်းပုံပြင်ကို ကျွန်ုပ်ကြားဖူးသည်။ သူ၏

ပြောင်မြောက်လှသည့်လက်ရာကို ကြည့်ပေးရန် နာမည်ကျော် မိုက်ကယ်အင်ဂျီလို (Michael Angelo) ကို ဖိတ်ခဲ့သည်။ မိုက်ကယ်အင်ဂျီလိုက ထိုရုပ်တုကို သေသေ ချာချာစူးစိုက် လေ့လာကြည့်ပြီးနောက် “တစ်ခုဘဲ လိုပါတော့တယ်” ဟု မှတ်ချက်ပြုပြီး ထွက်သွားခဲ့သည်။

ထိုလူငယ်အနုပညာရှင် တစ်ယောက်သည် မိမိ၏ပြောင်မြောက်သည့် လက်ရာကို ကြည့်ပြီး မည်သည့်အရာ လိုနေပါသနည်းဟု စဉ်းစားရင်း ခဲ့သည်။ ထိုလူငယ်၏ သူငယ်ချင်း တစ်ယောက်ကလည်း သူ၏သူငယ်ခ.

သက်ကယ်အင်ဂျီလိုထံသွားကာ မည်သည့်အရာ လိုနေကြောင်း

ဘဲ လိုပါတော့တယ်။ အဲဒီတစ်ခုကတော့ အသက် ပါဘဲ။ အဲဒီ ရုပ်တုမှာ အသက်တစ်ခုသာ ရှိမယ်ဆိုရင် ဘုရားဖန်ဆင်းတာနဲ့ ဘာမှ ကာ ဟုတ်ဘူး။ ပြည့်စုံသွားမှာပါ” ဟု မိုက်ကယ်အင်ဂျီလိုပြန်ဖြေခဲ့သည်။ မှန်ပါသည်။ တစ် စုံတစ်ခု ကြီးထွားရန် အသက်သည် အဓိကအချက် ဖြစ် သည်။

           အဘယ်ကြောင့် ကြီးထွားရမည်နည်း

(၁) ကြီးထွားခြင်းသည် ဘုရားသခင်၏ အကြံအစည်တော်ဖြစ်သည်။

“ကျေးဇူးတော်၌၎င်း၊ ငါတို့ကို ကယ်တင်တော်မူသော အရှင်သခင်ယေရှု ခရစ်ကို သိကျွမ်းခြင်း၌၎င်း ကြီးပွားကြလော့” (၁ ပေ ၃:၁၈)

“ငါသည် သန့်ရှင်းသောကြောင့်၊ သင်တို့သည် သန့်ရှင်းခြင်းရှိရကြမည်” ဟု မောရှေနှင့် အာရုန်ထံ ဘုရားသခင် မိန့်ကြားခဲ့သည် (ဝတ်ပြု ၁၁:၄၅)။ “ကောင်း ကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် စုံလင်တော်မူသည်နည်းတူ သင်တို့သည် လည်း စုံလင်ခြင်း ရင့်ကျက်ခြင်း ရှိကြလော့” ဟု ယေရှုကိုယ်တိုင်လည်း ပြောခဲ့ဖူး သည် (မဿဲ ၅:၄၈)။ ဖိလိပ္ပံမြို့ရှိ ယုံကြည်သူများထံ “ထိုသို့ဆိုသော် အကျိုးကိုခံရပြီ၊ စုံလင်ခြင်းသို့ ရောက်ရပြီဟု ငါမဆိုလို။ အကြင်အကျိုးကို ပေးခြင်းငှါ ခရစ်တော်သည် ငါ့ကို ကိုင်ဘမ်းတော်မူ၏။ ထိုအကျိုးကို ကိုင်မိခြင်းငှါ ငါပြေး၍ လိုက်သေး၏။ ညီအစ် ကိုတို့၊ ငါကိုင်မိပြီဟု ကိုယ်ကိုကိုယ်မထင်သော်လည်း၊ ငါပြုသော အမှုတစ်ခုဟူမူ ကား၊ နောက်ကျသောအရာတို့ကို မမှတ်ဘဲ။ ရှေ့၌ရှိသောအရာတို့ကို လှမ်းကမ်း၍၊ ယေရှု ခရစ်အားဖြင့် ဘုရားသခင်သည် အထက်အရပ်မှ ခေါ်တော်မူ ခြင်းနှင့်ဆိုင်သော ဆုကို ရခြင်းငှါ၊ ပန်းတုံးတိုင်သို့ ငါလိုက်ပြေး၏” ဟု ပေါလုပြောခဲ့သည် (ဖိလိ ၃:၁၂-၁၄)။

ကြီးထွားခြင်းသည်လူတစ်ယောက်၏အကြံအစည်သက်သက်မဟုတ်ပါ။ဘုရားသခင်၏အကြံအစည်တော်ဖြစ်သည်။ဘုရားအကြံအစည်အတိုင်းကျွန်ုပ်ကြီးထွားမည်လားသို့မဟုတ်ဖျက်ဆီးခြင်းခံမည်လား။ဘုရားသခင်ကသူ၏အကြံအစည်ဖြစ်မြောက်ရန်အနှောင့်အယှက်ခံမည်မဟုတ်ပေ။ကျွန်ုပ်တို့သည်ခြောက်ပြစ်ကင်းသဲလဲစင်မဖြစ်နိုင်သော်လည်းအပြစ်လုပ်တာပို၍နည်းလာသင့်ပါသည်။

(၂) ကြီးထွားခြင်းသည် သဘာဝနိယာမဖြစ်သည်။

သဘာဝက “ကြီးထွားမှာလား၊ အသတ်ခံမှာလား” ဟု ပြောနေဟန်ရှိသည်။ ခန္ဓာကိုယ်သည် ကြီးထွားမှု ရပ်တန့်ပါက စတင်ပျက်ဆီးပါတော့သည်။ သဘာဝ၏ လက်ချောင်းလေးများသည် ကျွန်ုပ်တို့အား တို့လိုက်ခူးလိုက် လုပ်တတ်သည်။ သေခြင်း က အကုန်လုံး တာဝန်ယူသည့်အထိဖြစ်သည်။ ဘဝ၏ပထမဆုံး နိယာမသည် ကြီး ထွားခြင်းဖြစ်သည်။ ကြီးထွားမှာလား၊ ပျက်ဆီးမှာလား။ ရှေ့သို့ သွားမှာလား၊ နောက် သို့ဆုတ်မှာလား။ အသက်ရှင်မှာလား၊ သေမှာလား။ ။

“ငါ၌အသီးမသီးသော အခက်ရှိသမျှတို့ကို ခုတ်ပစ်တော်မူ၏။ အသီးသီးသော အခက်ရှိသမျှတို့ကို သာ၍ အသီးသီးစေခြင်းငှါ သုတ်သင်ရှင်းလင်းတော်မူ၏” ဟု ယေရှုပြောခဲ့တာ မှတ်မိပါသေးသလား (ယောဟန် ၁၅:၂)။

“ကျေးဇူးတော်၌ ကြီးပွားကြလော့”။ ကြီးထွားခြင်းက အဆက်မပြတ် ဖြစ်နေသောဖြစ်စဉ်တစ်ခု ဖြစ်သည်။ ကြီးထွားရာတွင် ရပ်တန့်ရန် အချိန်မရှိပါ။ ကျွန်ုပ် တို့၏ ခန္ဓာကိုယ်ကြီးထွားမလာပါက မကောင်းသည့် လက္ခဏာဆောင်နေပါသည်။ ရက်တွေ၊ လတွေလွန်နေပေမဲ့ မိမိ၏ကလေးလေးတစ်ယောက် ကြီးထွားမှု လက္ခဏာ တစ်ခုမျှ မရှိပါက မိခင်တစ်ယောက်အတွက် ထိတ်လန့်စရာ ဖြစ်ပေမည်။ မိမိစိုက် ထားသည့် အပင်များ လုံးဝအသီးမသီးနိုင်ပါက ထိုလယ်သမားတစ်ယောက်အတွက် အလွန်စိတ်ပျက်စရာ ကောင်းပေမည်။

ကမ္ဘာဦးကျမ်း ၁၁၃၁ တွင် တေရသည် သားအာဗြဟံနှင့်အတူ ခါနန်ပြည် ဘက်သို့ လိုက်သွားခဲ့ ပြီး ခါရန်မြို့၌ နေထိုင်ခဲ့ကြသည့်အကြောင်းကို ဖော်ပြထား သည်။ အငယ် ၃၂ တွင် ခါရန်မြို့၌ပင် တေရသေသွားသည့်အကြောင်း မှတ်တမ်း တင်ထားသည်။ ယနေ့တွင် ခါရန်မြို့တွင်ရပ်ပြီး ရှေ့ဆက်မသွားဘဲ ထိုမြို့၌ပင် သေဆုံး သောသူများစွာ ရှိဟန်တူသည်။ ကြီးထွားခြင်းတွင် ရပ်တန့်ရန် အချိန်မရှိပါ။ ကြီးထွား ခြင်းသည် ဘုရားသခင်၏ အကြံအစည်တော်ဖြစ်၍ သဘာဝ နိယာမလည်း ဖြစ်သည်။

         မည်သို့ကြီးထွားရမည်နည်း

(၁) အလိုအလျောက်ကြီးထွားခြင်း

“အဝတ်အဘို့ အဘယ်ကြောင့် စိုးရိမ်ရသနည်း။ တောနှင်းပင်တို့သည် အ ဘယ်သို့သောအားဖြင့် ကြီးပွားသည်ကို ဆင်ခြင်အောက်မေ့ကြလော့။ ထိုအပင်ကြီး ) သည် အလုပ်လည်းမလုပ်၊ ချည်ဖြစ်စေခြင်းငှါ မငင်မဝင့်။ သို့သော်လည်း ဘုန်းကြီး၊

သော ရှောလမုန်မင်းကြီး၏အဝတ်သည် ထိုအပင်တပင်မျှ၏ အဝတ်ကို မမှီဟုငါဆို၏” ဟု ယေရှုပြောခဲ့ဖူးသည် (မဿဲ ၆:၂၈-၂၉)။

“ကြီးပွား (ကြီးထွား)” ဟူသည့်စကားလုံးကို သတိထားမိစေချင်သည်။ တောနှင်းပင်များ မည်သို့ ကြီးထွားကြသနည်း။ သူတို့၏လျှို့ဝှက်ချက်မှာ မည်သည့် အ ရာဖြစ်သနည်း။ ဘုရားသခင်၏ အကြံအစည်အတိုင်း တောနှင်းပန်းသည်လည်း ၎င်း တို့ပင်ကိုယ်သဘာဝအရ ကြီးထွားကြသည်။ တောနှင်းပန်းကို ကြီးထွားရန် ကျွန်ုပ်တို့ ပြောစရာမလိုပါ။ သဘာဝအတိုင်း အလိုအလျောက် ကြီးထွားကြသည်။ ဒေါသ၊ မောဟ၊ သောက ရောက်စရာမလို၊ ပူပင်စရာမလို၊ အားထုတ်စရာ၊ ဆွဲဆန့်စရာလည်းမလို။

သဘာဝအတိုင်း ကြီးထွားပါသည်။ အသက်ရှိနေသရွေ့ ကြီးထွားမှုသည် သဘာဝဖြစ် ၏။ ရှောင်လွှဲ၍မရပါ။ ဘုရားပေးထားသော အသက်ရှိလျှင် ပို၍ကြီးထွား သင့်သည် မဟုတ်လော။

ကြီးထွားခြင်းဖြစ်စဉ်တွင် ပတ်ဝန်းကျင်သည် အလွန်ပင် အရေးကြီးပါသည်။ လမ်းဘေးတွင် ချထားသော အစေ့တစ်လုံးသည် မည်သည့်အခါမျှ ကြီးထွားမည် မဟုတ်သည်မှာ အထင်အရှားပင်ဖြစ်သည်။ မြေသားကောင်းသောနေရာတွင် ချထား ပါက ထိုအစေ့ ကြီးထွားမည်မှာ အမှန်ပင် မဟုတ်လော။ အပင်တစ်ပင်ကို ၎င်းနေရာမှ နှုတ်ယူပစ်ကာ နေရောင်ခြည်မရသည့်နေရာတွင် ရွှေ့ပြောင်းစိုက်ပါက ကြီးထွားနိုင် မည် မဟုတ်ပါ။ ထိုနည်း၎င်းပင်၊ ခရစ်တော်ကို လက်ခံသော ယုံကြည်သူတစ်ယောက် ကြီးထွားကာ အသီးများစွာ သီးနိုင်ရန် ခရစ်တော်၌ တည်နေမှဖြစ်ပေလိမ့်မည်။

ဘုရားသားသမီးတစ်ယောက်အနေနှင့် ဘုရားသခင်နှင့် မိမိကြား ဆက်သွယ် ၊ မှုမိတ်သဟာယ အမြဲမှန်ကန်နေရမည်။ သမ္မာကျမ်းစာ၌ မိမိကိုယ်မိမိနှစ်မြှုပ်ကာ

အမြစ်တွယ်နေရမည်။ ဖြောင့်မတ်ခြင်း နေရောင်ခြည်၏ နွေးထွေးမှုကို ကျွန်ုပ်တို့ လိုအပ်သည်။ ဘုရားသားသမီးများနှင့် ကျွန်ုပ်တို့မိတ်ဖွဲ့သင့်သည်။ ဥယျာဉ်မှူးဖြစ်

သောဘုရားနှင့်အတူ ကျွန်ုပ်တို့ ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်သင့်သည်။ ဘုရားနှင့် သင့်ကြားတွင် မည်သည့်အတားအဆီးကိုမျှ အဝင်မခံပါနှင့်။ “ယုံကြည်ခြင်းကို အစ အဦး စီရင်၍ စုံလင်စေတော်မူသော သခင်ယေရှုကို စေ့စေ့ထောက်ရှုကြကုန်အံ့” (ဟေဗြဲ ၁၂:၂)။ ထိုနည်းဖြင့် အသီးများစွာ ဝေဆာလာနိုင်ပြီး “အဆသုံးဆယ်၊ အဆ ခြောက်ဆယ်၊ အဆတရာပွားများ” သည်အထိ သီးနိုင်ပေသည် (မဿဲ ၁၃၈)။

ကျွန်ုပ်တို့အားဖြင့် ဘုရားလုပ်ဆောင်လိုသောအရာများတွင် ကယ်တင်ခြင်း သည် အစပင်ရှိသေးသည်။ “ငါတို့၌ ပြုပြင်သော တန်ခိုးတော်အတိုင်း ငါတို့တောင်းပန် ကြံစည်သမျှထက် အလွန်ထူးခြားစွာ ပြုခြင်းငှါ” ဘုရားသခင် တတ်နိုင်တော်မူ၏ (ဒဖက် ၃၂၀)။ ပင်လယ်ကမ်းနားတွင် ဘာမျှမရှိသောအခွံနှင့် မကျေနပ်ကြရအောင်။ ရေနက်ရာသို့ သွားကြပါစို့လား။

သမ္မာကျမ်းစာတွင် ခရစ်ယာန်များကို အပင်နှင့် ခိုင်းနှိုင်းထားပါသည်။ ကျွန်ုပ် တို့၏အမြစ်များသည် မြေဆီလွှာအပေါ်ယံဖြစ်သော သမ္မာတရားကို ဖောက်ထွင်းပြီး

ထာဝရကယ်တင်ခြင်းနှင့်ဆိုင်သော မဟာဩဝါဒကျောက်တွင် ဆန့်ထုတ်အမြစ်စွဲသင့် ပါသည်။ ထိုသို့ခိုင်မာစွာအမြစ်တွယ်ပါက ခရစ်ယာန်အယောင်ဆောင်သူများကို ဘုရား သခင်၏ အမျက်တော်မုန်တိုင်းက အမြစ်မှ စဖျက်ဆီးသောအခါ ဘုရားသခင်စိုက် ထားသော အပင်များသည် တည်မြဲနေမည်ဖြစ်သည်။

အပင်များဖြစ်သော ကျွန်ုပ်တို့ခရစ်ယာန်များသည် ခေါင်းမော့ကာ အားသစ် လောင်းပြီးလန်းဆန်းလာရန်အတွက်ခရစ်တော်ကိုအမြဲစေ့စေ့ထောက်ရှုသင့်ပါသည်။ ကျွန်ုပ်တို့၏ အကိုင်းအခက်များကိုလည်း ဆန့်ထုတ်ကာ ကျွန်ုပ်တို့၏ သန့်ရှင်းခြင်း အရိပ်သည် အဝေးနေ၊ အနီးနေသောသူများကို လွှမ်းမိုးသင့်ပေသည်။ ကျွန်ုပ်တို့၏ အကိုင်းအခက်များသည်လည်း အသီးများစွာဖြင့် ဝေဆာနေသင့်သည်။ “ငါသည်နှင်း ကဲ့သို့ ဣသရေလအပေါ်မှာ နေမည်။ သူသည်နှင်းပွင့်ကဲ့သို့ ပွင့်လိမ့်မည်။ လေဗနန်တောကဲ့သို့ အမြစ်စွဲလိမ့်မည်။ အညွန့်တို့သည် ပြန့်ပွား၍ သံလွင်ပင်ကဲ့သို့ အသရေ တင့်တယ်လိမ့်မည်။ လေဗနုန်တောကဲ့သို့ မွေးကြိုင်လိမ့်မည်။ ထိုအပင်၏ အရိပ် အောက်၌ နေသောသူတို့သည် အသစ်ပြုပြင်ခြင်းရှိ၍ စပါးကိုပြုစုကြလိမ့်မည်။ စပျစ်

နွယ်ပင်ကဲ့သို့ တိုးပွား၍ လေဗနုန်စပျစ်ရည်ကဲ့သို့ ကျော်စောကြလိမ့်မည်” (ဟော ၁၄:၅-၇)။

    (၂) အစာဖြင့်ကြီးထွားခြင်း

အစာရှိမှသာ ကျွန်ုပ်တို့ ကြီးထွားနိုင်သည်။ အသက်ရှိသောအရာတိုင်းသည် အစာစားတတ်ကြသည်။ အစာစားမှလည်း ကြီးထွားနိုင်သည်။ “ကောင်းသောအစာကို စားကြလော့” ဟု သမ္မာကျမ်းစာကပင် သွန်သင်ထားပါသည် (ဟေရှာယ ၅၅ ၂။ သင့်ဝိညာဉ်အသက်တာကြီးထွားရန် သမ္မာကျမ်းစာကသာ ကူညီနိုင်သည်။ အခြားစာ အုပ် က မကူညီနိုင်ပါ။

အလွန်နူးညံ့ပြီးတန်ဖိုးအလွန်ကြီးသည့် ပိုးချည်ကို အာဏုကြည့်မှန်ပြောင်း အောက်တွင် ကြည့်ပါက ကြမ်းပြီးညစ်ပေနေတာ မြင်တွေ့ရပါလိမ့်မည်။ တောနှင်း ပန်း လေး၏အပွင့်သည် အာဏုကြည့်မှန်ပြောင်းဖြင့် ကြည့်လျှင်လည်း အပြစ်အနာ အဆာ မရှိပါ။ ရှောလမုန်မင်းကြီး၏ တော်ဝင်ဝတ်လုံကပင် ဘုရားသခင်၏ တော နှင်းပန်းကို မယှဉ်နိုင်ပါ။ “တောနှင်းပန်းတို့သည် အဘယ်သို့သောအားဖြင့် ကြီးပွားသည်ကို ဆင်ခြင် အောက်မေ့ကြလော့” (မဿဲ ၆:၂၈)။ မည်သို့ ကြီးထွားကြသနည်း။ – တောနှင်းပန်း၏ အပ်ချည်မျှင်မျှရှိသော အမြစ်များသည် မြေသားအောက်ရှိ သတ္တု

ဓာတ်များကို မြေသြဇာ အဖြစ် ရှာဖွေမှီဝဲရသည်။ သို့သော် သတ္တုဓာတ်အားလုံး သည် တောနှင်းပန်းများအတွက် မြေဩဇာမဖြစ်ကြပေ။ အချို့တွင် အဆိပ်လည်း ရှိတတ်သည်။ ထို့ကြောင့် အဆိပ်ရှိသောဓာတ်များကို ဖယ်ကာ ကောင်းမွန်သောဓာတ် များကို တောနှင်းပန်းက ရွေးချယ်မှီဝဲရပါသည်။ ကျေးဇူးတော်၌ ကြီးထွားရန် အလား တူ ကျွန်ုပ်တို့ ပြုသင့်ပေသည်။

ကြီးထွားရန်အတွက် မက်စရာကောင်းသောအရာများစွာထဲမှာ အချို့တွင် အန္တာရာယ်ရှိသည်။ “အမျိုးမျိုးသောမနာလိုခြင်း၊ လှည့်ဖြားခြင်း၊ လျှို့ဝှက်ခြင်း၊ ငြူစူ ခြင်း၊ ကဲ့ရဲ့ခြင်းရှိသမျှကို” ပယ်ရှားပြီး “နှုတ်ကပတ်တရား၏ နို့စစ်အားဖြင့် ကြီးပွား မည်အကြောင်း ဘွားစသောသူငယ်ကဲ့သို့၊ ထိုတရားနို့ကို အလွန်လိုချင်သော စိတ်ရှိ ကြလော့” ဟု ရှင်ပေတရုက ခွန်အားပေး တိုက်တွန်းထားပါသည် (၂ ပေ ၂:၁-၂)။ ဆိုလိုသည်မှာ အသက်တာရင့်ကျက်ကြီးထွားရန် သမ္မာတရားကို မှီဝဲသင့်ပါသည်။

နို့သည် အခြားသူတစ်ယောက်၏ ကြေညက်အောင် ချေထားပြီးသော အစာဖြစ်သည်။ သင်းအုပ်ဆရာ ကြေညက်အောင် ချထားပြီးသော တရားကို တနင်္ဂနွေမနက်တွင် ကြားနာခြင်းသည် လုံလောက်သော ဝိညာဉ်အစာဖြစ်သည်ဟု ယုံကြည်သူ အများစုက ထင်မှတ်ကြသည်။ လုံးဝ မလုံလောက်ပါ။ “ကျမ်းစာအားဖြင့် ထာဝရအသက်ကို ရမည်ဟု စိတ်ထင်နှင့် သင်တို့သည် ကျမ်းစာကို စေ့စေ့ကြည့်ရှုကြ၏။ ထိုကျမ်းစာပင် ငါ၏သက်သေဖြစ်၏” (ယောဟန် ၈:၃၉)။ ။

နှုတ်ကပတ်တော်အစာကိုကျွန်ုပ်တို့မှီဝဲသင့်သည်။ဆရာကြီးမူးဒီငယ်စဉ်ကအာလူးများကိုတူးခဲ့ဖူးသည်။သူအာလူးတူးတာအလွန်ညံ့သည့်အတွက်သူတူးခဲ့သည့်နေရာကိုအမှတ်အသားအမြဲပြုလုပ်ခဲ့ရသည်။ကျွန်ုပ်တို့သည်လည်းထိုနည်းတူကျမ်းစာကိုဖတ်ရွတ်နေမိလေသလား။

    (၃) အသက်ရှူခြင်းဖြင့် ကြီးထွားခြင်း

အသက်ရှူခြင်းသည် ခန္ဓာကိုယ်အသက်ရှင်ရန် လိုအပ်သကဲ့သို့ ဝိညာဉ် အသက်ရှင်ရန် ဆုတောင်းခြင်း လိုအပ်သည်။ ကျွန်ုပ်တို့၏ကယ်တင်ရှင်ကိုယ် တိုင်သည် အမြဲဆုတောင်းသော ပုဂ္ဂိုလ်ဖြစ်သည်။ သူ၏ နေ့စဉ်အချိန်ဇယားသည် လူများနှင့်ဆက်ဆံခြင်းဖြင့် ပြည့်နေခဲ့သည့်အတွက် ဘုရားသခင်နှင့်စကားပြော မိတ်သဟာယဖွဲ့ရန် လူများမရှိသောနေရာ၊ ဆိတ်ငြိမ်သောနေရာကို ရှာတတ်သည်။ အပြစ်မဲ့သောဘုရားသားတော်ကပင် ဆုတောင်းခြင်းကို အရေးကြီးသည်ဟု ထင်မှတ် ပါက အပြစ်များသော ကျွန်ုပ်တို့သည် ဆုတောင်းခြင်းမပါဘဲ အသက်မရှင်ရဲသင့်ပါ။

ကောင်းကင်မှလာသည့် လန်းဆန်းသောလေကို ကျွန်ုပ်တို့ ပုံမှန်ရှူရှိုက်သင့် သည်။ “လူများနှင့် အဆက်အသွယ်ဖြတ်ပြီး ဘုရားနှင့် အချိန်သုံးသင့်ပါသည်” ဟု အင်ဒရိုမိုရယ် (Andrew Murray) က ဆိုခဲ့ဖူးသည်။ “ဆုတောင်းခြင်းသည် ဘုရား သခင်၏ တွန့်တိုမှုကို အနိုင်ယူခြင်းမဟုတ်ပါ။ ဘုရားသခင်၏ လိုလားသော ဆန္ဒအပေါ် မှီခိုခြင်းဖြစ်သည်” ဟု ထရက်စ (Archbishop Trench) က ပြောခဲ့ဖူးသည်။

မှန်သည်။ သခင်ယေရှုနှင့် အဆက်အသွယ်လုပ်နေသရွေ့ ကျွန်ုပ်တို့ ကြီး ထွားနိုင်မည်ဖြစ်သည်။ သူသည် အသက်ဖြစ်သည်။ နာမည်ကျော်ဂီတပညာရှင် ရိုဘင် စတိုင်း (Rubenstein) က ဤသို့ ဆိုခဲ့ဖူးသည်။ “ကျွန်တော် တစ်နေ့မလေ့ကျင့်ရင်

ကိုယ့်ကိုကိုယ် သတိထားမိတယ်။ နှစ်ရက်လေ့ကျင့်ရင် သူငယ်ချင်းတွေက သ

ထား မိတယ်။ သုံးရက်မလေ့ကျင့်တော့ဘူးဆိုရင် ပရိသတ်တွေကစ သတိ မိလာကြတယ်”။ ၎င်းသည် မှတ်ချက်ဟောင်းတစ်ခုဖြစ်သော်လည်း မှန်နေ ပင်။ ကျွန်ုပ်တို့သည် “မခြားမလပ် ဆုတောင်းပဌနာပြု” ကြရမည် (၁ သက် ၅:၁၅) “ဆုတောင်းခြင်းသည် ခရစ်ယာန်အသက်ရှင်ခြင်းစာအုပ်၏ နိဒါန်း၊ ဘဝသစ်တ ဒေသနာ၏ အခြေပြုကျမ်း၊ စစ်တိုက်ရန်ပြင်ဆင်သူအတွက် ခါးပန်း၊ ခရီးသည် တစ်ယောက်အတွက် ပြင်ဆင်ခြင်း ဖြစ်သည်။ လက်တွေ့အလုပ်က အနောက်ကနေ လိုက်လာရပါမည်။ သို့မဟုတ်လျှင် အချည်းနှီး ဖြစ်လိမ့်မည်” ဟု လူတစ်ယောက် ၊ မှတ်ချက်ပြုခဲ့ဖူးသည်။

ဆုတောင်းခြင်းနှင့်အလုပ်အကြောင်းကို ဓမ္မသစ်ကျမ်းတွင် အကြိမ်ကြိမ် တွေ့ရပါသည်။ ဆုတောင်းခြင်းက သူ့အလိုလို အိမ်ထဲထိ လိုက်မလာတတ်ပါ။

ကိုယ်တော်၏ပလ္လင်ရှေ့မှာ တစ်နာရီအချိန်သုံးချိန်လေးက သာယာကြည်နူးဝမ်းမြောက်ခြင်းကို ပေး၏ ကိုယ်တော်၏ရှေ့မှာ ဒူးထောက်ဆုတောင်းတဲ့အခါ သူငယ်ချင်းတစ်ယောက်နှင့် စကားပြောသလိုပါ

                              _  ဖင်နီ‌ေဂျခရော့စ်ဘီ

       (၄) အနားယူခြင်းဖြင့် ကြီးထွားခြင်း၊

“အဘယ်သူသည် စိုးရိမ်ခြင်းအားဖြင့် မိမိအသက်တာကို တတောင်ခန့်မျှ တိုးပွားစေနိုင်သနည်း” (မဿဲ ၆:၂၇)။ အနားယူခြင်းကို ယေရှုဆိုလိုခြင်းဖြစ်သည်။ စိုးရိမ်ခြင်းက သင်၏ဝိညာဉ်အသက်တာကို တစ်တောင်ခန့်မျှ မကြီးထွားစေနိုင်ပါ။ သင်၏အသက်ကိုလည်း မတိုးပွားစေနိုင်။

ခရစ်ယာန်အသက်တာသည် စိုးရိမ်ပူပန်ခြင်းနှင့်ပြည့်သောအသက်တာမျိုး မဖြစ်သင့်ပါ။ ဘုရားသခင်၏ ကြီးမားသောလက်အပေါ် မှီခိုအနားယူခြင်းဖြစ်သည်။ ကြိုးစားအားထုတ်ခြင်းသက်သက်၊ မိမိ၏လုပ်ဆောင်မှုသက်သက်ဖြင့် ခရစ်ယာန် အသက်တာ မကြီးထွားနိုင်ပါ။ ဘုရားသခင်၏ ထိန်းချုပ်မှုအောက် မိမိကိုယ်မိမိ အပ်နှံ ခြင်းဖြင့်သာ ကြီးထွားနိုင်၏။

ခန္ဓာကိုယ်တွင် အသက်ရှိ၍ ကျန်းမာနေပါက ထိုခန္ဓာကိုယ်အတွက် ကြီး ထွားခြင်းသည် သဘာဝဖြစ်ပြီး ရှောင်လွှဲ၍ရမည်မဟုတ်ပါ။ ဝိညာဉ်အသက်တာလည်း အလားတူပင်။ ကျွန်ုပ်တို့သည် ဒုတိယမွေးခြင်းခံပြီး ကျန်းကျန်းမာမာရှိသော ခရစ် ယာန်များဖြစ်ပါက တောနှင်းပန်းများ အလိုလို ပွင့်ဖူးလာသကဲ့သို့ ကျွန်ုပ်တို့လည်း အလိုအလျောက် ဝေသာနေပါလိမ့်မည်။ “ထာဝရဘုရားရှေ့မှာ ငြိမ်ဝပ်စွာနေ၍ ကိုယ်

တော်ကို ငံ့လင့်လော့” ဟု သမ္မာကျမ်းစာက သွန်သင်ထားသည်မဟုတ်လော (ဆာလံ ၃၇.၇)။ “နိစ္စထာဝရ လက်ရုံးတော်ဖြင့် သင့်ကို ထောက်တော်မူ၏” (တရားဟော ၃၃၂၇ ၂)။ “အိပ်ပျော်ရသောအခွင့်ကို ချစ်တော်မူသောသူအား အမှန် ပေးတော်မူ၏” (ဆာလံ၊ (၁၂၇၂)။ “ဖြောင့်မတ်သောသူသည် စွန်ပလွံပင်ကဲ့သို့ ပွင့်လန်း၍ လေဗနုန်တောင် ပေါ်မှာ အာရဇ်ပင်ကဲ့သို့ ကြီးပွားလိမ့်မည်။ ထာဝရဘုရား၏ အိမ်တော်၌ စိုက်ပျိုး

သောသူတို့သည် ငါတို့ဘုရားသခင်၏ တန်တိုင်းတော်တွင် ပွင့်လန်းကြလိမ့်မည်။ အသက်ကြီးသောကာလတွင်ပင်၊ အသီးကိုသီး၍ ကြွယ်ဝ စိမ်းလန်းကြလိမ့်မည်” (ဆာလံ ၉၂:၁၂-၁၄)။ (၅) ကြိုးစားလှုပ်ရှားခြင်းဖြင့် ကြီးထွားခြင်း

ကြိုးစားလုပ်ဆောင်ခြင်းကို သမ္မာကျမ်းစာက အလေးအနက်သွန်သင်ထား သည်။ အလုပ်မလုပ်သောသူကျွန်ုပ်ကိုပြပါ။ ထိုသူသည်အားနည်းသောသူဖြစ်ကြောင်း ကျွန်ုပ်ပြမည်။ သင်သည် သစ္စာရှိရှိအလုပ်လုပ်ပါက စားနိုင်သောက်နိုင်အိပ်နိုင် ပါလိမ့်မည်။ ဝိညာဉ်အစာ အကျွေးမခံရဘူးဟု အချို့ခရစ်ယာန်က ဆိုတတ်ကြသည်။ သို့သော် သူတို့ကိုယ်တိုင် ဝိညာဉ်အစာ မငတ်ကြလို့သာ ဖြစ်နိုင်သည်။ သူတို့ မငတ်ရခြင်းမှာလည်း လှုပ်ရှားမှု မရှိကြသောကြောင့် ဖြစ်သည်။ ခန္ဓာကိုယ်မှ အစိတ်အပိုင်းတစ်ခု အဟာရချို့တဲ့ ပြီဆိုပါက ပြန်လည်အားဖြည့်ရန် လိုအပ်သည်။ ဘုရားသခင်၏ ကောက်နှယ်သလင်းပြင်တွင် အလုပ်လုပ်သော သူများအတွက် အသက်မုန့်လိုအပ်သည်။ ဘုရားသခင်၏ စပျစ်ဥယျာဉ်တွင် ယုံကြည်သူများ စိတ်ရော ကိုယ်ပါ အလုပ်လုပ်ပါက ကျေးဇူးတော်၌ ကြီးထွားကြပါလိမ့်မည်။ မိတ်ဆွေ၊ သင်အမှန်တကယ် ကြီးထွားလိုပါက အလုပ်လုပ်ပါ။ သင်သိသော သမ္မာတရားကို ကျင့်သုံးပါ။ ထိုသို့ပြုလျှင် ကျန်အရာများသည်လည်း ပို၍ရှင်းလင်းလာပါလိမ့်မည်။

အဆက်မပြတ်အလုပ်လုပ်သော လယ်သမားတစ်ယောက်၏ လက်မောင်းသည် ။ သန်မာလာတတ်သည်။ ကလေးတစ်ယောက်သည်လည်း လှုပ်ရှားမှုရှိမှ ကြီးထွား ပါသည်။ ကလေးတစ်ယောက်ကြီးထွားသကဲ့သို့ ကျွန်ုပ်တို့လည်း ကြီးထွားရမည် ဖြည်းဖြည်းမှန်မှန် ကြီးထွားရမည်။ တစ်နေ့မှာ အနည်းငယ်။ နှစ်နှင့်ချီလာလျှင် ပို၍ ကြီးကြီးမားမားကြီးထွားရမည်။ အစတွင် ခြေထောက်များ အားနည်းနေသော်လည်း အချိန်ကြာလာသည်နှင့်အမျှ လမ်းလျှောက်နိုင်ပြီး စိုးရိမ်ပူပန်မှုမရှိ။ ပြေးသော်လည် မပင်ပန်း။ “အကြင်သူသည် ရတတ်၏။ ထိုသူအား ပေးဦးမည်” (မာကု ၄၂၈, “ငါ့ခမည်းတော်သည် ယခုတိုင်အောင် အလုပ်လုပ်တော်မူသည်ဖြစ်၍ ငါသည်လည်း အလုပ်လုပ်၏” ဟု ယေရှုပြောခဲ့သည် (ယောဟန် ၅:၁၇)။

လှုပ်ရှားနည်းတစ်နည်းမှာ ကယ်တင်ခြင်းသတင်းကောင်းကို သူတစ်ပါး ပြန်လည်ဝေငှခြင်းဖြစ်သည်။ သင်တို့သည် ငါ၏သက်သေဖြစ်ကြလိမ့်မည်ဟု ယေရှု

ပြောခဲ့သောစကားကို မှတ်မိသေးသလား (တမန် ၁:၈)။ သက်သေဟူသည် မိမိ သိသောအရာကို ပြောသောသူပင်ဖြစ်သည်။ ကျွန်ုပ်တို့ အသက်ရှင်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ခရစ်တော်အတွက် သက်သေများဖြစ်ကြရန်ပင် ဖြစ်သည်။ ယေရှု အကြောင်းကို တစ်ယောက်ယောက်ဆီ မပြောဘဲ တစ်နေ့တာအချိန်ကို မလွန်သွား ပါစေနှင့်။ ဤသို့ သက်သေခံသောအခါ သင့်အတွက် ဆုတောင်းချက် အသစ်အသစ်တွေ ရှိလာနိုင်ပေသည်။ သင်ဝေငှသောသူများ မေးလေ့ရှိသော မေးခွန်းများ၏ အဖြေ ကို သိချင်သောကြောင့် သမ္မာကျမ်းစာကို သင်လှန်လျောဖတ်ရှု လာပါလိမ့်မည်။

မိတ်ဆွေ၊ သင်ကယ်တင်ခြင်း ရသည့်နေ့မှစ၍ သင့်အသက်တာတွင် ကြီးထွားမှုရှိပါသလား။ အရင်ပတ်ကထက် ဤအပတ်တွင် ဘုရားဘုန်းတော်ကို ပို၍ ထင်ရှားစေပါသလား။ သင်ကယ်တင်ခြင်းရစဉ်ကထက် ယနေ့ ယေရှုနှင့် ပိုမို နီးကပ်မှု ရှိပါသလား။ သင်၏ပျော်ရွှင်ကျေနပ်မှုသည် နှုတ်ကပတ်တော်တွင် ဖြစ်ပါသလား၊ နှုတ်ကပတ်တော်ကို နေ့ညမပျက် ဆင်ခြင်အောက်မေ့ နှလုံးသွင်းပါသလား။

ဘုရားသခင်၏ အကူအညီဖြင့် ခရစ်ယာန်များသည် မြစ်နားတွင်စိုက်၍ အခက်အလက်များစွာနှင့် အသီးများစွာ ဝေဆာသော အပင်တစ်ပင်ကဲ့သို့ ဖြစ်နိုင်ပါ သည်။ ဘုရားမပါက ကျွန်ုပ်တို့သည် ကဲ့သို့ ဖြစ်ကာ မျှော်လင့်ချက် ကင်းမဲ့ကြပါသည်။

ခရစ်တော်ကို မျက်နှာချင်းဆိုင်တွေ့ပြီ ထိုခရစ်တော်ကဲ့သို့ကျွန်ပ်တို့ဖြစ်သွားသည့် တစ်နေ့အထိ ကြီးထွားပါ။ ကြီးထွားပါ။ ကြီးထွားပါ ဟု ကျွန်ုပ်တိုက်တွန်းခွန် အားပေးလိုပါသည်။

မြေသားအနည်းငယ်၊ လေညင်းလေးရယ် နှင်းစက်၊ မိုးစက်၊ နေရောင်၊ အရိပ်တို့ဖြင့် အကျဉ်းတန်မျိုးစေ့မှ အံ့ဘွယ်လှပအသွင်သို့ ဘုရားပြုလုပ်နိုင်ပါလျှင် နှုတ်ကပတ်တော်၊ ယုံကြည်ခြင်း၊ ဆုတောင်းခြင်း ၊ ဝိညာဉ်တော်၏အလိုတော်ကို ဆောင်လျက် သူ၏ချစ်ခြင်းမေတ္တာနှင့် ဂရုစိုက်မှုတို့၌ သင်တည်နေလျှင် သင်၏ဝိညာဉ်အသက်တာကို မည်မျှပင် လှပစေနိုင်ပါသနည်း

              – အမည်မသိ

               မေးခွန်းအချို့

၁။ကြီးထွားရန်အတွက်ပထမဦးဆုံးလိုအပ်ချက်မှာမည်သည့်အရာဖြစ်သနည်း

၂။ခရစ်ယာန်များအားကြီးထွားရန်ဘုရားသခင်အလိုရှိကြောင်းကိုဖော်ပြသည့်ကျမ်းချက်သုံးချက်ကိုဖော်ပြပါ။

၃။အဘယ်ကြောင့် နှုတ်ကပတ်တော်လေ့လာခြင်းကိုအစာနှင့်ခိုင်းနှိုင်းထားပါသနည်း။

 ၄။ ယေရှုခရစ်တော်၏ အသက်တာမှ ဆုတောင်းခြင်း၏ အရေးပါပုံကို ဥပမာပေးပါ။

 ၅။ သတင်းကောင်းဝေငှခြင်းက ကျွန်ုပ်တို့၏ ဆုတောင်းခြင်းအသက်တာနှင့် ကျမ်းစာ လေ့လာခြင်း အသက် တာအတွက် မည်သည့်အကျိုးပေးပါသနည်း။ ၆။ ကြီးထွားပုံကြီးထွားနည်း ငါးမျိုးကို ဖော်ပြပါ။

         မှတ်သားစရာအချို့

အသက်မဲ့သော မည်သည့်အရာမဆို မကြီးထွားနိုင်ပါ။ ဝိညာဉ်အသက်တာကြီး ခြင်း ရှိရန် ရှေးဦးစွာ ဝိညာဉ်အသက်ရှိဖို့ လိုအပ်ပါသည်။ ကြီးထွားခြင်းသည် လူတစ်ယောက်၏ အကြံအစည်သက်သက်မဟုတ်ပါ။ ဘုရားသခင် ၏ အကြံအစည်တော် ဖြစ်သည်။ ဘုရားအကြံအစည်အတိုင်း ကျွန်ုပ်ကြီးထွားမည်လား သို့မဟုတ် ဖျက်ဆီးခံမည်လား။ ။

ကျွန်ုပ်တို့အားဖြင့် ဘုရားလုပ်ဆောင်လိုသော အရာများတွင် ကယ်တင်ခြင်းသည် အစပင်ရှိသေးသည်။ သင့်ဝိညာဉ်အသက်တာ ကြီးထွားရန် သမ္မာကျမ်းစာကသာ ကူညီနိုင်သည်။ အခြား စာအုပ်က မကူညီနိုင်ပါ။

ဆုတောင်းခြင်းသည် ဘုရားသခင်၏ တွန့်တိုမှုကို အနိုင်ယူခြင်းမဟုတ်ပါ။ ဘုရား ၊ သခင် ၏ လိုလားသော ဆန္ဒအပေါ်မှီခိုခြင်းဖြစ်သည်” – ထရက်စ် ဆုတောင်းခြင်းနှင့်အလုပ်အကြောင်းကို ဓမ္မသစ်ကျမ်းတွင် အကြိမ်ကြိမ်တွေ့ရပါ သည်။ ဆုတောင်းခြင်းက သူ့အလိုလို အိမ်ထဲထိ လိုက်မလာတတ်ပါ။

                     အခန်း

             သင်နှင့် သန့်ရှင်းသောဝိညာဉ်တော်

သန့်ရှင်းသောဝိညာဉ်တော်သည် ခရစ်ယာန်အသက်တာအတွက် မရှိမဖြစ် လိုအပ်သောအရာ ဖြစ်သည့်အတွက်ကြောင့် ယုံကြည်သူခရစ်ယာန်တိုင်းက ဝိညာဉ်

တော်ကို မှီခိုသင့်သည်။ ဘဝတစ်ခုကို တည်ဆောက်ရာတွင် သူသည် အကောင်း ဆုံးသော ဗိသုကာပညာရှင်ဖြစ်သည်။ သို့သော်၊ သုံးပါးတစ်ဆူတွင် တတိယတစ်ပါး ဖြစ်သူ သန့်ရှင်းသောဝိညာဉ်တော်ကို လူများစွာက မေ့လျော့တတ်ကြသည်။ သန့်ရှင်း

သောဝိညာဉ်တော်၏ အလုပ်ကို အချို့က မသိကြ။ အချို့က ဥပေက္ခာပြုကြ၏။ ထို့ကြောင့်၊ သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးကို အသုံးမပြုကြပါ။

“ယုံကြည်သူတွေများစွာက သန့်ရှင်းသောဝိညာဉ်တော် အကြောင်းကို မကြားသိကြတဲ့အတွက်ကြောင့် သန့်ရှင်းသောဝိညာဉ်တော် ရှိတယ်ဆိုတာတောင် အချို့က မသိကြဘူး” ဟု ဏှဇာ (A. W. Tozer) က မှတ်ချက်ပြုခဲ့ဖူးသည်။

ဓမ္မသစ်ကျမ်းရှိပေးပို့စာများကို အကျဉ်းချုပ်ရာတွင် ဖီးလစ် (J. B. Phillips) က ဤသို့ အမှာစကား ရေးခဲ့သည်။ ခရစ်ယာန်ဟုဆိုရာတွင် ကျွန်ုပ်တို့သည် ဖျော်ဖြေမှု ကိုသာ သွားပြေးမြင်တတ်ပြီး ကနဦးယုံကြည်သူများအတွက်မူ ခရစ်ယာန်သည် အတွေ့အကြုံဖြစ်သည်။ ဤသည် ယနေ့ယုံကြည်သူများနှင့် ကနဦးယုံကြည်သူများ ကြား ကွာဟချက်ဖြစ်သည်။ သူတို့အတွက်မူ ခရစ်ယာန်အသက်တာသည် အသစ် သောအသက်တာက ၎င်းတို့၏အသက်တာဟောင်းကို ဝင်ရောက်စီးနင်းပြီး အပိုင် သိမ်းခြင်းဖြစ်သည်။ မိမိတို့အထဲတွင် ခရစ်တော်အသက်ရှင်နေသည်ဟု ဝန်ခံရန် ဝန်မလေးကြပါ။

ကျွန်ုပ်တို့အတွက် မခံမရပ်နိုင်သော ထိုးနှက်ချက်တစ်ခုပင်မဟုတ်လော။ ထိုအမှာစာကိုကျွန်ုပ်ဖတ်နေစဉ် “ကျွန်ုပ်သည် မည်သို့သောခရစ်ယာန်မျိုးဖြစ်သနည်း။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဘုရားသခင်၏ တန်ခိုးတော် အတူပါရှိမှုကို ကျွန်ုပ် အမှန်တွေ့ကြုံခံစားမိသလား” ဟု ကျွန်ုပ်ကိုကျွန်ုပ် မေးခွန်းထုတ်မိခဲ့သည်။

ခရစ်ယာန်သမိုင်းစာမျက်နှာများကို ပြန်လှန်ကြည့်ပါကလည်း သာ များဖြစ်သောသူများသည် သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးက သူတို့၏ အ ကို ပြောင်းပြန်လှန်ပစ်သည့်အကြောင်းကို တွေ့ရမည်ဖြစ်သည်။ သာသနာအ တက်ကြွသော ယုံကြည်သူများအဖြစ်သို့လည်းကောင်း၊ ဘုရားသခင် အားကိုး ခရစ်တော်၏ သက်သေခံများအဖြစ်သို့လည်းကောင်း၊ ပြောင်းလဲသွားခဲ့ကြသည်။

ပေတရုကို ဥပမာအဖြစ် ယူကြပါစို့။ ပင်တေကုတ္တေပွဲနေ့ မတိုင်မီကတည်းက တပည့်တော် ဖြစ်ခဲ့သော်လည်း ခရစ်တော်ကို ငြင်းပယ်ခဲ့ဖူးသည်။ ခရစ်တော်အတွက် ရပ်တည်ရန် ရှက်ကြောက်ခဲ့ဖူးသည်။ သို့သော်လည်း သန့်ရှင်းသောဝိညာဉ်တော်၏ ထိန်းချုပ်မှုအောက် အပ်နှံသည့်အခါဝယ် ထူးခြားထူးကဲသောပုဂ္ဂိုလ်အဖြစ်သို့ ပြောင်း ၊ လဲသွားခဲ့သည်။ ယေရှုခရစ်တော်၏ သတင်းကောင်းကို မရှက်မကြောက် ရဲဝင့်စွာ၊ ဟောပြောခဲ့သည်။

သိပ်မကြာမီကဖြစ်သည်။ လူငယ်တစ်ယောက် ကျွန်ုပ်ထံစာတစ်စောင် ပို့ခဲ့၊ သည်။ “ကျွန်တော် အသက်သုံးဆယ့်သုံးနှစ်ရှိပြီ။ အနှစ်နှစ်ဆယ်လုံးလုံး ခရစ်ယာန် တစ်ယောက်လိုဘဲ ကျွန်တော်နေထိုင်ခဲ့တယ်။ ဒါပေမယ့် သန့်ရှင်းသောဝိညာဉ်တော် ရဲ့ တန်ခိုးတော်က ကျွန်ုပ်အသက်တာမှာ ဘယ်လောက်ထိ အလုပ်လုပ်နိုင်သလဲဆိုတာ ကျွန်တော်နားလည်မိတာ မကြာသေးဘူး။ ကျွန်ုပ်အသက်တာမှာ ဘုရားသခင်ပြုခဲ့တဲ့ ထူးခြားမှုတွေကို ကျွန်တော်တောင်မယုံနိုင်ဘူး” ဟု သူရေးခဲ့သည်။

သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့အထဲတွင် ကျိန်းဝပ်ကြောင်း ယုံ ကြည်သူအယောက်တိုင်း သဘောပေါက်သင့်သည်။ ထိုသန့်ရှင်းသောဝိညာဉ်တော် သည် ကျွန်ုပ်တို့ကို ကူညီလိုသည်။ လမ်းပြလိုသည်။ ကယ်တင်ခြင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ အသစ်ပြုပြင်ခြင်းဖြင့် အစပြုပါသည်။ ထိုအသစ်ပြုပြင်ခြင်းအမှု သည် ယုံကြည်သူများကို ရှင်ပြန်ထမြောက်ခြင်းတန်ခိုးဖြင့် မခေါ်သရွေ့ ဆက်လက် အလုပ်လုပ်သွားမည်။

    ဓမ္မဟောင်းကျမ်းရှိ သန့်ရှင်းသောဝိညာဉ်တော်

ဓမ္မဟောင်းကျမ်းတွင် ဘုရားသခင်၏ ဝိညာဉ်တော်သည် အကန့်အသတ်နှင့် သာ အလုပ်လုပ်ခဲ့သည်။ ဥပမာပေးရလျှင်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဖန်ဆင်းခြင်းအစတွင် ရှိခဲ့သည်။ “နက်နဲရာအရပ်ကို ဖုံးလွှမ်း၍ ဘုရားသခင်၏ ဝိညာဉ်တော်သည် ရေမျက်နှာပြင်ပေါ်မှာ လှုပ်ရှားတော်မူ၏” (ကမ္ဘာ ၁:၂)။ ရှံဆုန် အကြောင်းနှင့်ပတ်သက်၍ “ထာဝရဘုရား၏ ဝိညာဉ်တော်သည် သူ့အပေါ်မှာ သက်

ရောက်၍” ဟု ဖော်ပြထားသည် (တရားသူကြီး ၁၄:၅)။ အချို့က ဘုရားသခင်၏ ဝိညာဉ်တော်ကို ပိုင်ဆိုင်ခဲ့ ကြသည်။ ဥပမာ – “ထာဝရဘုရားကလည်း၊ ဝိညာဉ်တော် ကိုရသော နန်၏သားယေရှုကိုခေါ်၍၊ သင်၏လက်ကို သူ့အပေါ်မှာ တင်လော့” ဟု ဆိုထားပါသည် (တော ၂၇:၁၈)။ ဓမ္မဟောင်းကျမ်းတွင် ဝိညာဉ်တော် အကြောင်းကို အနည်းဆုံး အကြိမ် ၈၈ ကြိမ် ဖော်ပြထားပါသည်။ ထိုဖော်ပြထားသည့် အကြောင်း အရာတိုင်းတွင် တိကျသောအလုပ်တစ်စုံတစ်ခုကို လုပ်ဆောင်ရန် သန့်ရှင်းသော ဝိညာဉ်တော်ဆင်းသက်၍ အလုပ်ပြီးမြောက်သောအခါ ပြန်ကြွသွားတတ်သည်။ ဓမ္မ သစ်ကျမ်းတွင်မူ သန့်ရှင်းသောဝိညာဉ်တော်သည် အမြဲတစေ ရှိနေပါသည်။

လူသားကျဆုံးခြင်းမှ ရေလွှမ်းမိုးခြင်းကာလအတွင်း ဝိညာဉ်တော်သည် အပြစ်ကိုဖော်ပြသူဖြစ်သည်။ ဘုရားသခင်၏လူမျိုးများသည် တိုင်းပြည်တစ်ပြည်ကို ဖွဲ့စည်းထူထောင်ရာသည့်အခါ ဝိညာဉ်တော်သည် အသေးစိတ်စိစစ်သူဖြစ်သည်။ ဘုရားသခင်ကို ပုန်ကန်သောသူများအား တိုက်ထုတ်ရာတွင်နှင့် ကတိတော်ပြည်ကို ဝင်စားရန် ဘုရားသခင်၏ လူများတိုက်ပွဲဝင်ရာတွင် ဝိညာဉ်တော်သည် ရဲရင့်ခြင်း ခွန်အားဖြစ်သည်။ ဘုရားသခင်၏လူများသည် ဘုရားသခင်ကို ကျောခိုင်းကာ တိုင်း တပါးသားများ၏ လက်အောက်တွင် ရှိနေစဉ်အခါ ဝိညာဉ်တော်သည် မျှော်လင့် ခြင်းအဖြစ် ရှိနေခဲ့သည်။ နောင်လာမည့် ရောင်ခြည်နေ့သစ်များကို ကြေငြာသူလည်း ဖြစ်သည်။

   ယေရှုကတိပေးခဲ့သော သန့်ရှင်းသောဝိညာဉ်တော်

ဓမ္မဟောင်းကျမ်းတွင် သန့်ရှင်းသောဝိညာဉ်တော် အလုပ်လုပ်ခဲ့သည်မှာ သံသယမရှိပါ။ သို့သော်၊ ယခင်နှင့်မတူ ထူးခြားစွာ သန့်ရှင်းသော ဝိညာဉ်တော် ကြွလာ မည်ဖြစ်ကြောင်း ယေရှု ကတိပေးခဲ့သည်။ “ငါသွားလျှင် သင်တို့အကျိုးရှိလိမ့်မည်။ အကြောင်းမူကား၊ ငါမသွားလျှင်၊ ဥပဇ္ဈာယ်ဆရာသည် သင်တို့ဆီသို့မလာ။ ငါသွားလျှင် ထိုသူကို သင်တို့ဆီသို့ ငါစေလွှတ်မည်” ဟု ယေရှုကတိ ပေးခဲ့သည် (ယော ၁၆း၇)။

“ယေရှုသည် ဘုန်းပွင့်တော်မမူသေးသောကြောင့် သန့်ရှင်းသောဝိညာ။ တော်ကို ပေးတော်မမူသေး” ဟု ယောဟန်က ထပ်မံရှင်းပြခဲ့သည် (ယော ၇: သန့်ရှင်းသောဝိညာဉ်တော် ကြွလာ၍ ယခင်ကထက် ထူးခြားစွာအလုပ်လုပ်မည် ။

ကြောင်း ဤကျမ်းပိုဒ်က ဆိုလိုသည်။ ဤကတိတော်သည် ပင်တေကုတ္တနေ့တွင် ပြည် စုံခဲ့သည်။

တမန်တော်ဝတ္ထု ပထမဆုံးအခန်းတွင် သန့်ရှင်းသောဝိညာဉ်တော်ကို စောင့် သိုင်းရန် တပည့်တော်များအား ယေရှုမိန့်မှာခဲ့သည်။ ဒုတိယအခန်းတွင် ထိုသ ရှင်းသောဝိညာဉ်တော်၏ ကြွလာခြင်းကို တွေ့ရပါသည်။ ။

ထိုနေ့မှစ၍ ယနေ့တိုင်အောင် သန့်ရှင်းသောဝိညာဉ်တော် ပြန်တက်မသွား ခဲ့ပါ။ ယနေ့အချိန်ထိ အသင်းတော်နှင့်အတူ အမြဲရှိနေသည်။ လူများ၏မယုံကြည် မှုကြောင့် တစ်ခါတစ်ရံ ဝမ်းနည်းသော်လည်း ယုံကြည်သူများနှင့်အတူ အမြဲတမ်း ရှိနေပါသည်။ ယုံကြည်သူများ၏ ခန္ဓာကိုယ်အထဲတွင် ကျိန်းဝပ်ရန် ပင်တေကုတ္တနေ့ တွင် သန့်ရှင်းသောဝိညာဉ်တော် ကြွလာခဲ့သည်။ ထို့ကြောင့် ဝမ်းမြောက်ဝမ်းသာစွာနှင့်

လူသားရှိတဲ့နေရာအရပ်တိုင်း၊

ကျွန်ုပ်တို့သီချင်းဆိုနိုင်ပါသည်။

နှစ်လုံးသားရှိတဲ့နေရာတိုင်းနှင့် အပြစ်ဒဏ်သင့်တဲ့သူတိုင်းအပေါ် သတင်းကောင်းကို ပြန့်ပွားစေပါ ယုံကြည်သူခရစ်ယာန်တိုင်းက ဝမ်းမြောက်ခြင်းအသံကို ပြုကြပါစေ

ဥပဇ္ဈာယ်ဆရာ ကြွလာပြီ

                         ဖရက်ခ်ဘော့တွမ်

  ရှင်းသောဝိညာဉ်တော်သည် ပုဂ္ဂိုလ်ဖြစ်သည်

ပုဂ္ဂိုလ်ဖြစ်ခြင်း၏ အရည်အသွေးအားလုံးကို သန့်ရှင်းသောဝိညာဉ်တော်က ပိုင်ဆိုင်ထားသည်။ ဝိညာဉ်တော်တွင် အသိဉာဏ်နှင့် ဆန္ဒရှိ၏။ ခံစားချက်ရှိ၏။ စွမ်းအားတစ်ခုသက်သက်မဟုတ်ပါ။ ကိုင်တွယ်၍ မရသော လျှပ်စစ်အားနှင့် ဆွဲငင်အားတို့ကဲ့သို့ မဟုတ်ပါ။

သန့်ရှင်းသောဝိညာဉ်တော်သည် သင်ပေးသူ ဆရာတစ်ပါးလည်းဖြစ်၏။ ခမည်းတော်သည် ငါ့အတွက်ကြောင့် စေလွှတ်တော်မူသော ဥပဇ္ဈာယ်ဆရာတည်း ဟူသော သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့အား ခပ်သိမ်းသောအရာတို့ကို ပြသသွန်သင်တော်မူ၍၊ ငါပြောခဲ့သမျှသောစကားတို့ကို မှတ်မိသောဉာဏ်ကို သင်တို့ အား ပေးတော်မူမည်” (ယော ၁၄၂၆)။

ကျွန်ုပ်တို့၏ကယ်တင်ခြင်းကို သန့်ရှင်းသောဝိညာဉ်တော်က စိတ်ချသေချာ စေသည်။ “ငါတို့သည် ဘုရားသခင်၏သားဖြစ်ကြသည်ဟု ဝိညာဉ်တော်သည် ငါတို့၏ ဝိညာဉ်နှင့်အတူ သက်သေခံတော်မူ၏” (ရောမ ၈း၁၆)။ ကျွန်ုပ်တို့သည် ဘုရား သခင်နှင့် တစ်သားတည်းဖြစ်ကြောင်းကို ကျွန်ုပ်တို့၏ဝိညာဉ်သည် ဘုရားသခင်၏ ဝိညာဉ်တော်နှင့် သဘောတူညီမှုပြု၏။

ဝိညာဉ်တော်သည် အပြစ်ကိုထင်ရှားဖော်ပြသည်ဟုလည်း ယောဟန် ၁၆ တွင် ဆိုထား၏။ သန့်ရှင်းသောဝိညာဉ်တော် ရောက်လာသောအခါ “ဒုစရိုက် အပြစ် ကို၎င်း၊ အပြစ်ကင်းခြင်းကို၎င်း၊ အပြစ်စီရင်ခြင်းကို၎င်း၊ လောကီသားတို့အား ထင် ရှားစွာဘော်ပြမည်” (ယော ၁၆း၈)။

သန့်ရှင်းသောဝိညာဉ်တော်သည်ကျွန်ုပ်တို့ကိုသွန်သင်ပေးသည်။ခွန်အားပေးသည်။ကျွန်ုပ်တို့အထဲတွင်သက်သေခံသည်။သန့်ရှင်းသောဝိညာဉ်တော်တွင်ထူးခြားသောအရည်အသွေးများနှင့်အလုပ်များရှိ၏။သူသည်ပုဂ္ဂိုလ်တစ်ပါးဖြစ်ကြောင်းသမ္မာကျမ်းစာကအခိုင်အမာသွန်သင်ထားပါသည်။

 

ယုံကြည်သူတိုင်းအထဲတွင် သန့်ရှင်းသောဝိညာဉ်တော် ရှိသည်

ယုံကြည်သူတိုင်းသည် သန့်ရှင်းသောဝိညာဉ်တော် ကျိန်းဝပ်ရာနေရာ ဖြစ် ကြောင်း သမ္မာကျမ်းစာတွင် ဖော်ပြထားသည်။ မယုံရလောက်အောင်ပင် မှန်ပေ၏။ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားက ယုံကြည်သူများအထဲတွင် ကျိန်းဝပ်သည့် အကြောင်းကို စဉ်းစားကြည့်ပါ။

ဇာတိ၌ကျင်လည်သောယုံကြည်သူများအား ရှင်ပေါလုက “သင်တို့သည် ဘု ရားသခင်၏ဗိမာန်တော်ဖြစ်ကြသည်ကို၎င်း၊ ဘုရားသခင်၏ဝိညာဉ်တော်သည်သင်တို့ အထဲ၌ ကျိန်းဝပ်တော်မူသည်ကို၎င်း မသိကြသလော” ဟု ဆုံးမစကားဆိုခဲ့သည် (၁)

ကော ၃:၁၆)။ ဇာတိပကတိအကျင့်၌ ကျင်လည်နေခဲ့ ကြသော်လည်း သန့်ရှင်းသော ဝိညာဉ်တော်သည် ၎င်းတို့အထဲတွင် ကျိန်းဝပ်နေဆဲ ဖြစ်သည်။

ဓမ္မဟောင်းသမိုင်းတွင် ဘုရားသခင်သည် တဲတော်တွင်ကျိန်းဝပ်ပြီးနောက် ဗိမာန်တော် တည်ဆောက်မှုပြီးစီးသည့်အခါ ဗိမာန်တော်တွင် ကျိန်းဝပ်ခဲ့သည်။ ယနေ့ တွင်ကော မည်သည့်နေရာတွင် ကျိန်းဝပ်သနည်း။ “သင်၏အထဲ၌ ကျိန်းဝပ်သည်” ဟု ကျမ်းစာကပြောထား၏။ “ဘုန်းအသရေကို မျှော်လင့်ခြင်းအကြောင်းတည်းဟူသော သင်တို့အထဲ၌ တည်တော်မူသော ခရစ်တော်ပေတည်း” (ကော ၁၂၇)။ သင်၏အသက် သည် ရှစ်နှစ်ဖြစ်ပါစေ၊ ရှစ်ဆယ်ဖြစ်ပါစေ၊ ခရစ်တော်ကို သင်လက်ခံသည်နှင့်ချက် ချင်း သန့်ရှင်းသောဝိညာဉ်တော်သည် သင်၏အထဲတွင် ကျိန်းဝပ်နေရာ ယူလေသည်။

“ကျိန်းဝပ်” ဟူသောစကားလုံးသည် အလွန်လှပသောစကားလုံးဖြစ်၏။ သင်သည် သင်၏အိမ်၌ အခြေချ၍ နေထိုင်သကဲ့သို့ “ကျိန်းဝပ်” ဟူသောစကားလုံးက ထိုအဓိပ္ပာယ်ကို ဆောင်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ပုဂ္ဂိုလ်တစ်ပါးဖြစ်၍ မြဲသောဧည့်သည်ဖြစ်၏။ သူသည် ကျွန်ုပ်တို့နှင့်အတူ၊ ကျွန်ုပ်တို့၏အထဲ၌ အချိန်တိုင်း ၊ တည်ရှိနေသည်။

ယုံကြည်သူများအထဲတွင် ကျိန်းဝပ်နေထိုင်သူ တစ်ယောက်အနေနှင့် ကျွန်ုပ်တို့၏ အားနည်းချက်များကို ခွန်အားအဖြစ်သို့ ပြောင်းလဲပေးသည်။ ဘုရား သခင်၏ နှုတ်ကပတ်တော်ကို သဘောပေါက်နားလည်ရန်နှင့် အလိုတော်ကို ခွဲခြား သိမြင်ပိုင်းခြားတတ်ရန် ဝိညာဉ်တော်သည် ကျွန်ုပ်တို့ကို လမ်းပြသည်။ ဘုရားအမှု တော်အတွက် ကျွန်ုပ်တို့ကို ခွန်အားများပေး၏။ ဝမ်းနည်းသောအခါ ကျွန်ုပ်တို့ကို နှစ် ၊ သိမ့်၏။ ကျွန်ုပ်တို့၏ဘဝအချိုးအကွေ့တိုင်းတွင် အတူပါရှိရန် စေလွှတ်ခြင်းခံရသည့် ဥပဇ္ဈာယ်ဆရာဖြစ်သည်။

ခရစ်တော်ကို သင်ယုံကြည်သည့်အခါ သင်သိသည်ထက် များစွာ ဖြစ်ပျက် ။ ၏။ ပထမတွင် သင်သည် ဘုရားသခင်၏ အပြစ်ခွင့်လွှတ်ခြင်းကိုရ၏။ ဒုတိယတွင် သင်သည် ဘုရားသခင်၏ မဟာတော်ဝင်မိသားစုတွင် မိသားစုဝင်တစ်ယောက် ဖြစ် ခွင့်ရ၏။ တတိယတွင် သန့်ရှင်းသောဝိညာဉ်တော်၏ တံဆိပ်ခတ်ခြင်းကို ခံရ၏။ “

ခရစ်တော်ကို ယုံကြည်ပြီးမှ ဂတိတော်နှင့်ယှဉ်သော သန့်ရှင်းသော ဝိညာဉ်တော်၏ တံဆိပ်ခတ်ခြင်းကို ခံရကြ၏” (ဧဖက် ၁:၁၃)။ ဘုရားသခင်၏ပိုင်ဆိုင်မှုကို ဆိုလို၏။

ရှင်ပေါလုက ဆက်လက်ပြီး “ဘုရားသခင်၏ ဗိမာန်တော်သည် သန့်ရှင်း ၏။ သင်တို့သည်လည်း ထိုဗိမာန်တော်ဖြစ်ကြ၏” ဟု ဆိုသည် (၁ ကော ၃:၁၇)။ တပ်တို့အသက်တာသည် အမြဲသန့်ရှင်းရန် လိုအပ်ကြောင်း ရှင်ပေါလု ဆိုလိုခြင်း ဖြစ်သည်။ ကျွန်ပ်တို့အထဲတွင် ကျိန်းဝပ်နေထိုင်သောသူသည် သန့်ရှင်းသော ဝိညာဉ်

တော်ဖြစ်သည့်အလျောက် သန့်ရှင်းခြင်းကို သူတောင်းဆိုသည်။ “ငါ့ ပညတ်သည်ကား၊ ဝိညာဉ်ပကတိအတိုင်း ကျင့်ကြလော့။ ထိုသို့ကျင့်လျှင် ဇာတိပကတိ၏ အလိုသို့ မလိုက်ဘဲနေကြလိမ့်မည်” ဟု ရှင်ပေါလု သတိပေးထားသည် (ဂလာတိ ၄:၁၆)။

သန့်ရှင်းသောဝိညာဉ်တော်နှင့် သင်၏ရှေ့ရေးအခက်အခဲပြဿနာ

ယုံကြည်သူတိုင်း၏အထဲတွင် အမြဲတစေ တိုက်ပွဲရှိနေသည်။ ရောမ ဩဝါဒ တ အခန်းကြီး ၇ တွင် ထိုအကြောင်းကို ရှင်ပေါလု ပုံဖော်ထားသည်။ ယုံကြည်သူ တစ်ယောက်သည် အပြစ်ခွင့်လွှတ်ခြင်းကို ရသော်လည်း ၎င်း၏အထဲတွင် အပြစ် တွယ်ကပ်နေသေး၏။ ကျွန်ုပ်တို့ကယ်တင်ခြင်း ရသည့်အခါ ပြောင်းလဲမှု စတင်သော် လည်း နောင်တစ်ချိန်တွင် ကျွန်ုပ်တို့ရလာမည့် စုံလင်ခြင်းအဖြစ်ကိုတော့ မရောက်

သေးပါ။ ကျွန်ုပ်တို့အထဲတွင် အပြစ်က အလုပ်လုပ်နေပါသေး၏။ ထို့ကြောင့် “လူသစ်” နှင့် “လူဟောင်း” ကြား တိုက်ပွဲ ရှိရခြင်းဖြစ်သည်။ “လူသစ်” သည် စိတ်သစ် ကိုယ်သစ်၊ မျှော်လင့်ခြင်းများနှင့် ပြည့်သော်လည်း “လူဟောင်း” သည် မကောင်း သောတပ်မက်မှုတို့နှင့် ပြည့်နေသည်။

ယုံကြည်သူခရစ်ယာန်တစ်ယောက်သည် ဘုရားသခင်ကို ကျေနပ်အားရစေ လိုသော်လည်း မယုံကြည်သူ၊ မပြောင်းလဲသေးသောသူကမူ မိမိကို ကျေနပ်စေလို၏။

ထွက်ပေါက်ရှိပါသလား။ ကျွန်ုပ်တို့သည် အပြစ်နှင့်ပြည့်သောဇာတိဟောင်း ၏ သားကောင်အဖြစ်သာ ဆက်ရှိနေမည်လား၊ သို့တည်းမဟုတ် အောင်နိုင်သူအဖြစ် ရှိနေမည်လား။ ကျွန်ုပ်တို့သည် အောင်နိုင်သူဖြစ်နိုင်ပေ၏။ ယုံကြည်သူတိုင်း အောင်ပွဲ ခံနိုင်ကြသည်။

အောင်နိုင်သူဖြစ်ရန် ပထမဆုံးလုပ်ရမည့်အရာမှာ သင်၏ဘဝအသက်တာ

ကို ယေရှုခရစ်တော်ထံ လုံးလုံးအပ်နှံကာ သူ့ကို ကယ်တင်ရှင်အဖြစ် လက်ခံရန် ဖြစ် သည်။ “စုံစမ်းသွေးဆောင်ခြင်းကို သင်အပိုင်ထိန်းချုပ်လိုပါက ခရစ်တော်အား သင်၏ ။ အသက်တာကို အပိုင်ထိန်းချုပ်ရန် အရင်ခွင့်ပြုပါ” ဟု လူတစ်ယောက် ပြောခဲ့ဖူးသည်။

ယုံကြည်သူများသည် ပင်မစက်သေနေသော နာရီတစ်လုံးနှင့် တူသည်။ အတွင်းပိုင်းရှိစက်ကို အရင်ပြုပြင်ရမည်။ အပြင်ဘက်မှလည်း အကူအညီလိုသည်။ သူ့ကိုယ်သူ မကယ်တင်နိုင်ပါ။ လူသားသည်လည်း အသစ်တဖန် ပြန်လည်ပြုပြင် မည့်သူ လိုနေပါသည်။ ထိုသူသည် သခင်ယေရှုခရစ်တော်ပင်ဖြစ်၏။ လူ၏ဝိညာဉ်နှင့် ၊ သဘာဝဗီဇကို ယေရှုကသာ ကယ်တင်နိုင်၏။ သူသည် သင့်ကို ချစ်သည်။ သင့်အတွက် ၊ အသေခံခဲ့သည်။ သူ့ထံသို့ နောင်တတရားနှင့်တကွ ယုံကြည်ခြင်းဖြင့် ပြန်လာရန် ) သင့်အား အလိုရှိသည်။ စုံစမ်းသွေးဆောင်ခြင်းကို အနိုင်ယူနိုင်ရန် ပထမဆုံး ခြေလှမ်း ၊ မှာ ကယ်တင် ခြင်းပင်ဖြစ်သည်။

ဘုရားသခင်၏သားသမီးဖြစ်သော ယုံကြည်သူတစ်ယောက်အတွက် စုံစမ်း သွေးဆောင်ခြင်းကို အနိုင်ယူနိုင်ရန် ဒုတိယခြေလှမ်းမှာ ဆုတောင်းခြင်းဖြစ်သည်။ ရှင်ယာကုပ်က “သင်တို့တွင် တစ်စုံတစ်ယောက်သောသူသည် ပညာကိုလိုလျှင် ကဲ့ရဲ့ပြစ်တင်ခြင်းကို ပြုတော်မမူဘဲ၊ ခပ်သိမ်းသောသူတို့အား စေတနာစိတ်နှင့် ပေး သနားတော်မူသော ဘုရားသခင်ကို ကောင်းစေ။ တောင်းလျှင်ရလိမ့်မည်” ဟု တိုက် ၊ တွန်းထားသည် (ယာကုပ် ၁:၅)။

သင့်အားနည်းချက်ကို အနိုင်ယူနိုင်ရန် အကူအညီလိုပါသလား၊ ဆုတောင်း ။ ပါ။ အပြစ်၏တန်ခိုးနှင့် စုံစမ်းသွေးဆောင်ခြင်းမှ လွတ်မြောက်လိုပါသလား။ ဆု

တောင်းပါ။ ဘုရားတစ်ပါးတည်းသာ တတ်နိုင်သည်။ “ကိုယ်တော်၊ ကျွန်ုပ်ကို ကူညီပါ” ဟု ကျွန်ုပ်ဆုတောင်းတိုင်း ကျွန်ုပ်အား ဘုရားသခင် ကူညီလေ့ရှိသည်။

“လူ၌ဖြစ်တတ်သော စုံစမ်းနှောင့်ရှက်ခြင်းကိုသာ သင်တို့သည် ခံရကြ၏။ ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံတော်မူသည်ဖြစ်၍၊ သင်တို့မခံနိုင်သော စုံစမ်း

နှောင့်ရှက်ခြင်းကို သင်တို့၌ ရောက်စိမ့်သောငှါ အခွင့်ပေးတော်မမူ၊ သင်တို့သည် ခံနိုင်မည်အကြောင်း စုံစမ်းနှောင့်ရှက်ခြင်းအရာနှင့်တကွ၊ ထွက်မြောက်သောလမ်း၊ ကိုလည်း စီရင်ပြုပြင်တော်မူ” ဟု သမ္မာကျမ်းစာတွင် ကတိပေးထားသည်။ မဟုတ်လော (၁ ကော ၁၀:၁၃)။

“စုံစမ်းနှောင့်ရှက်ခြင်းနှင့် ကြုံသောအခါ ဘုရားထံ အကူအညီတောင်းသင့် ၊ အားမလျော့သင့်ပါ။ စိတ်မပျက်သင့်ပါ။ စုံစမ်းသွေးဆောင်ခြင်း ခံရခြင်းသည် အပြစ်မဟုတ်ပါ။ စုံစမ်းသွေးဆောင်ခြင်းနောက် ကောက်ကာငင်ကာ လိုက်ပါသွားခြင်း သည်သာ အပြစ်ဖြစ်သည်” ဟု ဆရာ မိုးဒီ မှတ်ချက်ချခဲ့ဖူးသည်။

တတိယခြေလှမ်းမှာ နှုတ်ကပတ်တော်ကို လိုက်လျှောက်ကျင့်သုံးခြင်း ဖြစ်သည်။ “ကျမ်းစာလာသည်ကား” ဟူ၍ နှုတ်ကပတ်တော်ကို ကိုးကားပြီး စာတန်ကို ယေရှုပြန်လည်တိုက်ခိုက်ခဲ့သည်။ နှုတ်ကပတ်တော်ဖြင့် ကျွန်ုပ်တို့ ပတ်ဝန်းကျင်တွင် လုံခြုံရေး ချထားသင့်သည်။

စတုတ္ထခြေလှမ်းမှာ မိမိအထဲတွင်ကျိန်းဝပ်သော သန့်ရှင်းသောဝိညာဉ်တော် ၏ လမ်းပြမှုအောက် မိမိကိုမိမိ အပ်နှံခြင်းဖြစ်သည်။ ရေစက်တစ်စက်ကို အလွန်ပူ

သော လျှပ်စစ်မီးဖိုပေါ်သို့ ချကြည့်ပါ။ ထိုရေစက်သည် မီးဖိုကို ထိမည်မဟုတ်။ အလွန်ပူပြင်းသောလေပေါ်တွင် ကျရောက်မည်ဖြစ်သည်။ အပူချိန်က ဆွဲငင်အားကို အန်တုပြီး အငွေ့ပျံသည်အထိ ရေစက်ကို ထိန်းထားသည်။ သန့်ရှင်းသောဝိညာဉ်

တော်၏ လမ်းပြမှုအောက်တွင် အသက်ရှင်သော ယုံကြည်သူတစ်ယောက်ထံ စုံစမ်း သွေးဆောင်ခြင်း လာနိုင်သော်လည်း ထိုစုံစမ်းသွေးဆောင်ခြင်းက သူ့ကို မဖျက်ဆီး နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် “သင်တို့ဘက်၌ ရှိသောသူသည် လောကဘက်၌ ရှိသောသူထက် သာ၍ ကြီးတော်မူ၏” ဟု သမ္မာကျမ်းစာက ကတိပေးထားပါသည် (၁ ယော ၄:၄)။

စုံစမ်းသွေးဆောင်ခြင်းကြုံသည့်အခါ ဘုရားသခင်သည် သစ္စာတရားနှင့် ပြည့်ကြောင်းကို မမေ့ပါနှင့်။ သင်ခံနိုင်သည့် ပမာဏကို ဘုရားသခင်သိနေသည်။ သင်ကြုံတွေ့သော စုံစမ်းနှောင့်ရှက်ခြင်းကို အနိုင်ယူရန် လိုအပ်သောအင်အားများ ကို သင့်အား သူပေးလိမ့်မည်။ ထိုသို့မပေးလျှင်လည်း သင့်အတွက် ထွက်ပေါက် ပြင်ဆင်ပေးပါလိမ့်မည်။

သင်၏ရစ်ယာန်အသက်တာ အောင်မြင်ရန် လျို့ဝှက်ချက်မှာ သန့်ရှင်းသော ပေးပါ။ ဝိညာဉ်တော်၏ ကျိန်းဝပ်မှုဖြစ်သည်။ သင်၏ဘဝတစ်ခုလုံးကို သူ့အား ထိန်းချုပ်ခွင့်ပေပါ။

အမှုတော်မြတ်တွင် တန်ခိုးသည့် သန့်ရှင်းသောဝိညာဉ်တော်

“အဖွဲ့အစည်းတစ်ခုအပေါ် ကျွန်ုပ်တို့ မှီခိုအားထားပါက ထိုအဖွဲ့အစည်းက လုပ်ပေးနိုင်သောအရာကိုသာ ကျွန်ုပ်တို့ ရပါလိမ့်မည်။ ပညာရေးအပေါ် မှီခိုအား ထားပါက ထိုပညာရေးလုပ်ပေးနိုင်သောအရာကိုသာ ရပါလိမ့်မည်။ နှုတ်ရည်အပေါ် မှီခိုအားထားပါက ထိုနုတ်ရည် လုပ်ပေးနိုင်သောအရာကိုသာ ရပါလိမ့်မည်။ သန့်ရှင်း

သောဝိညာဉ်တော်အပေါ် မှီခိုအားထားပါက ဘုရားသခင် လုပ်ပေးနိုင်သော အရာကို ကျွန်ုပ်တို့ ရပါလိမ့်မည်” ဟု ဒိတ်ဇွန် (A. C. Dixon) ပြောလေ့ရှိသည်။

တန်ခိုးသည် ယုံကြည်သူတိုင်း၏ လက်တစ်ကမ်းတွင် ရှိ၏။ ကောင်းကင်သို့ ပြန်ကြွမတက်မီ ယေရှုက “သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက် သောအခါ သင်တို့သည် တန်ခိုးကိုခံရ” မည်ဟု ကတိပေးခဲ့သည် (တမန် ၁း၈)။

မကြာသေးမီက ဖြစ်ရပ်မှန်တစ်ခုကို ကျွန်ုပ်ကြားခဲ့သည်။ ထိုဖြစ်ရပ်မှာ မိမိခြံကြီး၏ မြက်များကို မကြာခဏ ရှင်းရသည်မှာ နှစ်ပေါင်းစွာရှိနေပြီး အလွန် ပင်ပန်းသောကြောင့် စိတ်ကုန်နေသူတစ်ယောက် အကြောင်းဖြစ်သည်။ နောက်ဆုံး

တော့ မြက်တွေကို ခဏခဏရှင်းရတာ မထူးပါဘူး။ ပင်ပန်းရုံဘဲရှိတယ် ဟု ထင်လာ သည်။ ထို့ကြောင့် မြက်ကို အလွယ်တကူရှင်းနိုင်သည့် စက်တစ်လုံးဝယ်ရန် သူဆုံးဖြတ်ချက် ချလိုက်တော့သည်။ ၎င်းစက်နှင့်ဆိုလျှင် ခေါင်းကိုက်သည်လည်း သက်သာမည်။ မကြာပါ။ မြက်ရိတ်စက်ကို တစ်ကယ်ဝယ်တော့ ခြံရှေ့တွင် အိမ်တိုင် ရာရောက် ဝန်ဆောင်မှုပေးသူက ၎င်းစက်ကို ချထားပြီး မည်သို့ကိုင်တွယ်ရမည့် အကြောင်းကိုလည်း ရှင်းပြခဲ့သေး၏။ ဆီကိုအပြည့်ထည့်ထားပြီး အင်ဂျင်ဝိုင်လည်း အပြည့်ဖြည့်ထားပြီးသားဖြစ်ကြောင်းကိုလည်း ပြောခဲ့သေးသည်။ မြက်ရိတ်စက်ကို စမ်းကြည့်ရန် မစောင့်နိုင်တော့။ ပို့သူပြန်သွားသည်နှင့်ချက်ချင်း မြက်ရိတ်စက်ပေါ်

တက်ထိုင်ကာ သော့ကိုလှည့်သည်။ ဘာမျှဖြစ်မသွား။ စက်လည်း မနိုး။ အသံလည်း မကြားရ။ ဘာမျှထူးမလာ။

သို့နှင့်၊ ဆီနှင့်အင်ဂျင်ဝိုင်များကို စစ်ကြည့်တော့လည်း အပြည့်။ သော့ကို သေချာကြည့်ပြီး ရှေ့တိုးနောက်ငင်ပြန်စမ်းကြည့်တော့လည်း ထူးမလာ။ အသစ်ဆို သော်လည်း ဘက်ထရီတော့ သေနိုင်သည် ဟုဆိုကာ အနီးစပ်ဆုံးဆိုင်တွင် အားသွား

သွင်းခဲ့၏။ ပြန်လာ၍ သော့ကိုလှည့်ကာ ပြန်စမ်းကြည့်သော်လည်း အရင်အတိုင်းပင်။ ဘာမျှထူးမသွား။

အကြံလည်းကုန်၊ လူလည်းပင်ပန်းတော့ ဒီအတိုင်းထားမည်ကြံစဉ် သူအိမ် ချင်းတစ်ယောက် လာ၍ အကျိုးအကြောင်းကို မေးသည်။ အကျိုးအကြောင်းကို ရှင်းပြပြီးသောအခါ ထိုအိမ်နီးချင်းက စက်ပေါ်တက်ထိုင်ကာ သော့ကိုလှည့်၊ စတက် ခလုတ်ကိုနှိပ်လျှင် အင်ဂျင်သံကြီး တဝုန်းဝုန်း မြည်လာတော့သည်။ ပိုင်ရှင်မှာ အံ့ဩမဆုံးဖြစ်ကာ မိမိကိုယ်မိမိပင် မယုံနိုင်အောင်ဖြစ်ခဲ့သည်။ သူ၏ပြသာနာမှာ အခြားမဟုတ်။ စတက်ခလုတ်ကိုနှိပ်ရန် မေ့နေခြင်းသာဖြစ်သည်။

“လွယ်လွယ်လေးပါ” ဟု သင်ထင်ကောင်းထင်နိုင်သည်။ မှန်သည်။ လွယ်ကူ သောအရာဖြစ်သည်။ သို့သော် ထိုမြက်ရိတ်စက်အတွက် စတက်ခလုတ်သည် အလွန် အရေးပါသကဲ့သို့ ယုံကြည်သူများအတွက် သန့်ရှင်းသောဝိညာဉ်တော်သည် အလွန် အရေးပါသည်။ ထိုစက်နိုးလာရန် ဓာတ်အားအဆက်အသွယ်လိုသကဲ့သို့ ကျွန်ုပ်တို့၏ ခရစ်ယာန်အသက်တာတွင် အောင်မြင်မှုရနိုင်ရန် သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးလိုအပ်သည်။

သန့်ရှင်းသောဝိညာဉ်အပေါ် ကျွန်ုပ်တို့မှီခိုပါက လောကီအရာ၊ ဇာတိအရာ၊ တတန်အရာတို့ကို အနိုင်ယူနိုင်ရန် တန်ခိုးရပါလိမ့်မည်။ မိမိ၏ခွန်အားကို မှီခိုလျှင် ကျရှုံးမည်အမှန်ဖြစ်သည်။ “သင်တို့သည် ဇာတိပကတိအတိုင်း အသက်ရှင်လျှင် သေရကြမည်။ ဝိညာဉ်တော်အားဖြင့် ကိုယ်ကာယ၏ အကျင့်တို့ကို သေစေလျှင် အသက်ရှင်ကြလိမ့်မည်” (ရောမ ၈:၁၃)။ ကျွန်ုပ်တို့ တန်ခိုးရရန် သန့်ရှင်းသောဝိညာဉ် တော်သည် အရင်းအမြစ်ဖြစ်သည်။

            ဆင်ခြင်သတိပြုကြစို့

ကျွန်ုပ်တို့သည် မဆင်မခြင်အသက်ရှင်သည့်အခါ သန့်ရှင်းသောဝိညာဉ် တော်ကို စိတ်နာအောင် ပြုလုပ်နေကြောင်းကို မမေ့ပါနှင့်။ ရှင်ပေါလုက “ရွေးနုတ်ခြင်း နေ့ရက်တိုင်အောင် သင်တို့ကို တံဆိပ်ခတ်တော်မူသော ဘုရားသခင်၏ သန့်ရှင်း သောဝိညာဉ်တော်ကို စိတ်မနာစေကြနှင့်” ဟု သတိပေးထားသည် (ဧဖက် ၄:၃၀)။

စိတ်နာစေခြင်းဆိုသည်မှာ ဝမ်းနည်းအောင်ပြုလုပ်ခြင်းကို ဆိုလိုသည်။ “သူ့အပြုအမူ

ကြောင့် သင့်ကို ထာဝရစိတ်နာစေတဲ့သူ တစ်ယောက်နဲ့အတူ သင်ဘယ်လို နေထိုင် နိုင်မလဲ” ဟု ကမ်ဘဲလ်မောကန် (Campbell Morgan) က မေးခဲ့ဖူးသည်။ ဝိညာဉ်

တော်ကို စိတ်မနာစေကြနှင့်။ ဝိညာဉ်တော်၏ အရှိန်ကို မငြိမ်းစေကြနှင့်။ ၎င်းအစား “ဝိညာဉ်တော်နှင့် ပြည့်စုံလျက် ရှိကြလော့” (ဖက် ၅:၁၈)။ ။

ယနေ့၊ မနက်ဖြန်၊ ထာဝရအတွက် သန့်ရှင်းသောဝိညာဉ်တော်သည် ကျွန်ုပ်တို့ကို အကူအညီပေးသောပုဂ္ဂိုလ် ဖြစ်၏။ သင်၏အသက်တာ တစ်ခုလုံးကို ကျယ်ကျယ်ဖွင့်ပေးလိုက်ပါ။ သန့်ရှင်းသောဝိညာဉ်တော်က နေရာယူဖြည့်သွားမည်။

                မေးခွန်းအချို့

၁။ပင်တေကုတ္တနေ့မတိုင်မီနှင့် ပင်တေကုတ္တနေ့ရောက်ပြီး သန့်ရှင်းသောဝိညာဉ်တော် ၏ လှုပ်ရှားမှု ကွာခြားချက်ကို ဖော်ပြပါ။

၂။ ခရစ်တော်ကောင်းကင်ပေါ်တက်သွားခြင်းသည် တပည့်တော်များအတွက် အဘယ် ကြောင့် ပို၍အကျိုး ရှိခဲ့သနည်း။

၃။ သန့်ရှင်းသောဝိညာဉ်တော်သည် ပုဂ္ဂိုလ်တစ်ပါးဖြစ်ကြောင်း သင်မည်ကဲ့သို့ ရှင်းပြ မည်နည်း။ ၄။ ယုံကြည်သူတစ်ယောက်၏ အထဲ၌ မည်သည့်အချိန်တွင် သန့်ရှင်းသောဝိညာဉ် တော် ကျိန်းစပ်၍ မည်မျှကြာအောင် ကျိန်းဝပ်သနည်း။

ပြပါ။

၅။ အဘယ်ကြောင့် ယုံကြည်သူများ၏ အထဲတွင် တိုက်ပွဲဖြစ်နေရပါသနည်း။ ။

၆။ ကျွန်ုပ်တို့အတွက် သန့်ရှင်းသောဝိညာဉ်တော် ပြုလုပ်ပေးသော အရာအချို့ကို ဖော်ပြပါ

မှတ်သားစရာအချို့

“သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုအောက်တွင် မိမိကိုယ်မိမိ လုံးလုံးလျားလျား အပ်နှံထားသော လူပုဂ္ဂိုလ်တစ်ယောက်ကို ဘုရားသခင် ဘယ်လိုအသုံးပြုမလဲဆိုတာ ကမ္ဘာက မတွေ့မြင်ဖူးသေးဘူး” – ဟင်ရီဗာလီ ယုံကြည်သူများ၏ ခန္ဓာကိုယ်အထဲတွင် ကျိန်းဝပ်ရန် ပင်တေကုတ္တနေ့တွင် သန့်ရှင်း သောဝိညာဉ်တော် ကြွလာခဲ့သည်။

“မသန့်ရှင်းသောလူတစ်ယောက်ကို မသန့်ရှင်းသောကမ္ဘာပေါ်မှ ဆွဲထုတ်၍ သန့်ရှင်း

အောင် ပြုလုပ်ကာ မသန့်ရှင်းသောကမ္ဘာပေါ်သို့ ပြန်ဆွဲသွင်း၍ သန့်ရှင်းခြင်း အသက် တာနှင့်အသက်ရှင်ရန် ပြုလုပ်ခြင်းသည် ယနေ့ ဘုရားသခင် ပြုလုပ်နိုင်သော အကြီး မားဆုံးသော နိမိတ်လက္ခဏာဖြစ်သည်” – လီအိုနတ်ရာဗင်ဟီးလ်

“အဖွဲ့အစည်းတစ်ခုအပေါ် ကျွန်ုပ်တို့ မှီခိုအားထားပါက ထိုအဖွဲ့အစည်းက လုပ်ပေး နိုင်သော အရာကိုသာ ကျွန်ုပ်တို့ ရပါလိမ့်မည်။ ပညာရေးအပေါ် မှီခို အားထား ပါက ထိုပညာရေး လုပ်ပေးနိုင်သောအရာကိုသာ ရပါလိမ့်မည်။ နှုတ်ရည်အပေါ် မှီခို အားထားပါက ထိုနှုတ်ရည် လုပ်ပေးနိုင်သောအရာကိုသာ ရပါလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်အပေါ် မှီခိုအားထားပါက ဘုရားသခင် လုပ်ပေးနိုင်သောအရာကို ကျွန်ုပ်တို့ ရပါလိမ့်မည်” – ဒိတ်ဇွန်

သင်၏ခရစ်ယာန်အသက်တာအောင်မြင်ရန် လျှို့ဝှက်ချက်မှာ သန့်ရှင်းသောဝိညာဉ်

တော်၏ ကျိန်းဝပ်မှု ဖြစ်သည်။ သင့်ဘဝတစ်ခုလုံးကို သူ့အား ထိန်းချုပ်ခွင့်ပေးပါ။ ကျွန်ုပ်တို့သည် ခြောက်ပြစ်ကင်းသဲလဲစင် မဖြစ်နိုင်သော်လည်း အပြစ်လုပ်တာ ပို၍ နည်းလာသင့်ပါသည်။

                   အခန်း

              သင်နှင့် သင်၏သမ္မာကျမ်းစာ

“အကြင်သူသည် ငါဟောပြောသော ဤစကားကိုကြား၍ နားထောင်၏။ ထိုသူသည် ကျောက်ပေါ်မှာ အိမ်ဆောက်သော ပညာရှိနှင့်တူကြောင်းကို ငါပုံပြမည်” – မဿဲ ၇:၂၄

ပန်းသီးကို ခူးသည့်နည်းအတိုင်း သမ္မာကျမ်းစာကို မာတင်လူသာ (Mac tin Luther) က လေ့လာခဲ့သည်။ “ပထမဦးဆုံး ရင့်မည့်နေတဲ့အသီးတွေ မြေပေါ် ကျအောင်ဆိုပြီး အပင်ကို လှုပ်ခါတယ်။ ပြီးရင် သစ်ရွက်တွေနဲ့ ပြည့်တဲ့ အကိုင်း အခက်တွေကို လှုပ်ခါတယ်။ နောက်ဆုံးမှာတော့ သစ်ရွက်တစ်ရွက်ချင်းစီကို လိုက် ကြည့်တယ်။”

– သမ္မာကျမ်းစာအားဖြင့် ကျွန်ုပ်တို့ကို ဘုရားသခင် စကားပြောနေသည်။ သမ္မာ ကျမ်းစာသည် ကယ်တင်ခြင်းနှင့် ပတ်သက်၍ ဘုရားသခင်၏လမ်းညွှန်ဖြစ်၏ (ရောမ ၁၀:၁၇၊ ၁ ပေ ၁:၂၅)။ ဝိညာဉ်ရေးအသက်တာ ရင့်ကျက်ကြီးထွားရန်အတွက် လည်း ဘုရားသခင် အသုံးပြုသော တန်ဆာပလာဖြစ်၏ (၁ ပေ ၂၂)။ သမ္မာကျမ်းစာ သည် ခရစ်ယာန်များ အတွက် ဘဝမြေပုံ/လမ်းညွှန်ဖြစ်သည်။

သမ္မာကျမ်းစာကို သဘောပေါက်နားလည်ရန် ပထမဆုံးခြေလှမ်းမှာ ကယ် တင်ခြင်းဖြစ်၏။ ရှင်ပေါလုက “ဇာတိပကတိလူသည် ဘုရားသခင်၏ဝိညာဉ်တော် အရာတို့ကို မခံမယူ။ ထိုအရာတို့သည် မိုက်မဲသောအရာဖြစ်သည်ဟု ထင်တတ်၏။ ထိုအရာတို့ကို ဝိညာဉ်အားဖြင့်သာ ပိုင်းခြား၍ နားလည်နိုင်သောကြောင့်၊ ဇာတာ ပကတိလူသည် နားမလည်နိုင်” (၁ ကော ၂:၁၅)။

မယုံကြည်သူတစ်ယောက် ကျမ်းစာဖတ်သည့်အခါ စိတ်ဓာတ်တက်ကြွ စေမည့် သင်ခန်းစာကို ရနိုင်သော်လည်း ယုံကြည်သူတစ်ယောက်ကမူ ပို၍ များ ရနိုင်ပါသည်။ ကယ်တင်ခြင်းအပြင် ဆက်ကပ်အပ်နှံခြင်းလည်း ရှိရမည်။ နှိမ့်ချ စိတ်သဘောထားနှင့် သမ္မာကျမ်းစာကို ဖတ်ရမည်။ အောက်ပါအတိုင်း သမ္မာကျမ်း ကို သင်စတင်ဖတ်ရှုလေ့လာနိုင်သည်။

    ဆုတောင်းခြင်းဖြင့် သမ္မာကျမ်းစာကို ဖတ်ရှုပါ

ကျမ်းစာဖတ်ရှုသည့်အခါ ဆုတောင်းခြင်းဖြင့် အစပြုပါ။ သင့်ကို ဘုရား သခင် လမ်းပြရန် ဆုတောင်းပါ။ စာအုပ်တစ်အုပ်ကိုဖတ်သည့်အခါ မရှင်းသော နေရာ၊ နားမလည်နိုင်သော အကြောင်းအရာများကို ရှင်းပြရန် ထိုစာအုပ်ကို ရေးသား သူအား ကျွန်ုပ်တို့အနားတွင် ရှိစေချင်ကြသည် မဟုတ်လား။ ထိုသို့စာရေးသူသည် ကျွန်ုပ်တို့နှင့် အတူရှိရန် ဖြစ်နိုင်ခြေမှာ အလွန်ပင်နည်းသည်။ ကျမ်းစာဖတ်သည့် အခါတွင်မူ စာရေးသူကိုယ်တိုင် ကျွန်ုပ်တို့နှင့်အတူ ရှိနေပါသည်။ အံ့ဖွယ်ဖြစ် သည်။ “သင်တို့တွင် တစ်စုံတစ်ယောက်သောသူသည် ပညာကိုလိုလျှင်၊ ကဲ့ရဲ့ ပြစ်တင်ခြင်းကို ပြုတော်မမူဘဲ၊ ခပ်သိမ်းသောသူတို့အား စေတနာစိတ်နှင့် ပေးသ နားတော်မူသော ဘုရားသခင်ကို တောင်းစေ။ တောင်းလျှင် ရလိမ့်မည်” ဟု ရှင်ယာ ကုပ်က အကြံပေးထားသည် (ယာကုပ် ၁း၅)။ နားလည်နိုင်သောဉာဏ်နှင့် ပညာကို ကျွန်ုပ်တို့အား ဘုရားသခင် အမှန်ပေးလိုသည်။ ထိုအရာကို လွန်ခဲ့သော နှစ်ပေါင်း များစွာက ဆာလံဆရာ သိနေခဲ့သည်။ ဆာလံဆရာက “တရားတော်၌ အံ့ဘွယ်သော အရာ တို့ကို မြင်နိုင်ပါမည်အကြောင်း အကျွန်ုပ်၏ မျက်စိတို့ကို ဖွင့်တော်မူပါ” ဟု ဆိုခဲ့သည် (ဆာလံ ၁၁၉:၁၈)။ သမ္မာကျမ်းစာထဲမှ အံ့ဘွယ်သောအရာများကို ကျွန်ုပ် တို့အား ဘုရားသခင် ဖွင့်ပြရန် တောင်းခံခြင်းသည် အလွန်အံ့ဩဖွယ် ကောင်းပေ သည်။ ထိုသို့အံ့ဘွယ်သောအရာကို သင့်အား ဘုရားသခင် ဖွင့်ပြပြီးဆိုလျှင် ထိုအ ကြောင်းအရာကို ဆင်ခြင်၍ သင်၏နေ့စဉ်အသက်တာတွင် လိုက်လျှောက်ကျင့်သုံးပါ။

“ဘုရားသခင်၏ မျက်နှာတော်ကိုရှာသောသူရှေ့တွင် ဘုရားသခင်သည် မိမိ၏ဘုန်းတော်ကို ထင်ရှားစေမည်။ လူတော်လူမော်ပုဂ္ဂိုလ်တစ်ယောက်နှင့် တစ်ရက် သို့မဟုတ် တစ်ပတ်အချိန်သုံးခြင်းထက် ဘုရားသခင်၏ ကရုဏာပလ္လင်တော်ရှေ့တွင် အချိန်တစ်နာရီသုံးခြင်းဖြင့် သင့်အတွက် ဝိညာဉ်ရေးဆိုင်ရာ အသိပညာ ပို၍ တိုးပွား နိုင်သည်” ဟု ဂျွန်နယူတန် (John Newton) က ဆိုခဲ့သည်။

သမ္မာကျမ်းစာသည် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုအောက်မှ ထွက်လာသော အရာဖြစ်၏။ “အကြောင်းမူကား၊ အနာဂတ္တိစကားသည် လူအလိုအား ဖြင့် ဖြစ်ဘူးသည်မဟုတ်။ ဘုရားသခင်၏ သန့်ရှင်းသူတို့သည် သန့်ရှင်းသောဝိညာဉ် တော်၏ တိုက်တွန်းတော်မူခြင်းကို ခံရ၍ ဟောပြောကြ၏” (၂ပေ ၁၂၁)။ ထို့ပြင် “ထို ကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်” ဖြစ်သည် (၂ တိ ၃:၁၆)။ သမ္မာကျမ်းစာကို ရေးသားရာတွင် ရေးသားသူများကို အကူအညီပေးသော သန့်ရှင်းသောဝိညာဉ်တော်သည် ထိုသမ္မာကျမ်းစာကို နားလည်နိုင်ရန် ကျွန်ုပ် တို့အား လမ်းပြပါလိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော်မပါသော သမ္မာကျမ်းစာ ဖတ်ရှုခြင်းသည် တိုင်းတာ၍မရသော သမုဒ္ဒရာကဲ့သို့လည်းကောင်း၊ စူးစမ်းလေ့လာ ရှာဖွေ၍ မရသော သတ္တုတွင်းကဲ့သို့လည်းကောင်း၊ ဖြေရှင်း၍မရသော ပဟေဠိ ကဲ့သို့လည်းကောင်း ဖြစ်၏။ ကျွန်ုပ်တို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ ဦးဆောင် လမ်းပြမှုအောက် မိမိကိုယ်မိမိ ဆက်ကပ်အပ်နှံသင့်သည်။ “ထိုဝိညာဉ်တော် ရောက် လာသောအခါ၊ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြသလိမ့်မည်” ဟု ရှင်ယောဟန် ၁၆:၁၃ တွင် ရှင်းပြထားသည်။ ထိုသန့်ရှင်းသောဝိညာဉ်တော် ရောက်လာပြီးဖြစ်သည်။ ယုံကြည်သူများ၏အထဲတွင် ကျိန်းဝပ်ပြီးဖြစ်သည်။ သင့် အား သမ္မာတရားကို သွန်သင်ရန် သူ့ကို ခွင့်ပြုပါ။ သန့်ရှင်းသောဝိညာဉ်တော်၏ မီးမောင်းထိုးပြမှုမပါဘဲ ကျွန်ုပ်တို့၏ သမ္မာကျမ်းစာဖတ်ရှုခြင်းသည် အချည်းနှီးပင် ဖြစ်သည်။ ထို့ကြောင့် သမ္မာကျမ်းစာကို ဆုတောင်းခြင်းဖြင့် ဖတ်ရှုပါ။

  သမ္မာကျမ်းစာကို စေ့စေ့စပ်စပ်သေသေချာချာ ဖတ်ပါ

ဗေရီမြို့ရှိ ယုံကြည်သူများနှင့် ပတ်သက်၍ ရှင်ပေါလုက “ဗေရီမြို့သားတို့ သည် သက်သာလောနိတ်မြို့သားတို့ထက် ထူးမြတ်သဖြင့်၊ အလွန်ကြည်ညိုသော စေတနာစိတ်နှင့် နှုတ်ကပတ်တရားတော်ကို ခံယူ၍ မှန်သည်မမှန်သည်ကို သိခြင်းငှာ ကျမ်းစာကို နေ့တိုင်းအစဉ် စေ့စေ့ကြည့်ရှုကြ၏” ဟု ချီးကျူးရေးသားခဲ့သည် (တမန် ၁၇:၁၁)။ ဗေရီမြို့သားများက သမ္မာကျမ်းစာကို စေ့စေ့စပ်စပ် သေသေချာချာ ဖတ်ရှုခဲ့ကြသည်။ ယနေ့တွင် ကျမ်းစာကို ဖတ်ရှုသူပေါင်း မနည်းသော်လည်း၊ ကျမ်းစာ ကို လေ့လာသူမှာ အလွန်နည်းလှသည်။ သမ္မာကျမ်းစာကို စေ့စေ့စပ်စပ် သေသေချာချာ ဖတ်ရှုရန်အတွက် အာရုံစူးစိုက်မှု လိုသည်။ ကျွန်ုပ်တို့၏စိတ်သည်လည်း လန်းဆန်းနေ ရမည်။ ဗဟုသုတအတွက်သာ ဝတ်ကျေတမ်းကျေ ဖတ်လျှင် အကျိုးမရှိနိုင်။

ယေရှုက “ထိုသူ၏ အလိုတော်သို့ လိုက်ချင်သောသူမည်သည်ကား၊ ဤ ဒေသနာသည် ဘုရားသခင်၏ ဒေသနာတော်ဖြစ်သလော။ ငါသည် ကိုယ်အလိုအ

လျောက် ဟောပြောသလောဟု ပိုင်းခြား၍ သိလိမ့်မည်” ဟု မိန့်မှာခဲ့သည် (ယော ၇:၁၇)။ ထိုသို့လုပ်ရန် နာခံမူအသက်တာရှိမှ ရပေမည်။ “အလိုတော်သို့ လိုက်ချင် သောသူသည် ပိုင်းခြား၍ သိတတ်သောသူဖြစ်လိမ့်မည်။” အဆင်သင့်ဖြစ်၍ လိုချင် တောင့်တစိတ်ရှိသောသူအတွက် နားလည်ရန်ခက်ခဲသောအရာများသည်ပင် အရည် ပျော်သွားပါလိမ့်မည်။ အမှောင်ထုကို အလင်းရောင် ထိုးဖောက်သကဲ့သို့ ဖြစ်မည်။ သမုဒ္ဒရာကို တိုင်းတာ၍ ရသကဲ့သို့ဖြစ်မည်။ မြစ်ပြင်ကျယ်ကြီးကိုလည်း တံတား ထိုးထားသကဲ့သို့ ဖြစ်မည်။ ဘုရားသခင်၏ အလိုတော်သို့လိုက်လျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်အပေါ်သင်၏ယုံကြည်မှု ပိုမိုကြီးမားလာမည်။ ။

ဗေရီမြို့သားတို့သည် “ကျမ်းစာကို နေ့တိုင်းအစဉ် စေ့စေ့ကြည့်ရှုကြ၏”။ ထိုသို့ပြုလုပ်ရာတွင် ဂရုတစိုက်ပြုရန် လိုအပ်သည်။ သမ္မာကျမ်းစာကို ဝတ်ကျေတမ်း

ကျေ ဖတ်သူများက ဘုရားသခင်၏ နက်နဲသောသမ္မာတရားများကို ရှာဖွေတွေ့ရှိ နိုင်မည်မဟုတ်ပါ။ စိန်တုံးများကို လမ်းဘေးတွင် သင်တွေ့မည်မဟုတ်။ အကောင်းဆုံး တွေကို အပေါ်ယံမှာ တွေ့လေ့မရှိဘူး။ သမ္မာကျမ်းစာ၏ အခန်းကြီးများ၊ အခန်းငယ် များ၊ စကားစုများ (ပုဒ်)၊ စကားလုံးများကို စိတ်ပါလက်ပါ လေ့လာပြီး ဆိုလိုရင်း အဓိပ္ပာယ်ကို ရှာဖွေရပါမည်။ သတ္တုတွင်းတွင် ရွှေရှာသောသူကဲ့သို့ ရှာရမည်။ “အကျွန်ုပ်မူကား၊ ပညတ်တော်တို့ကို ရွှေထက်မက ရွှေစင်ထက်သာ၍ နှစ်သက်ပါ၏” (ဆာလံ ၁၁၉:၁၂၇)။ အစာရေစာငတ်ပြတ်နေသောသူက အစာကို လိုက်ရှာသကဲ့သို့ နှုတ်ကပတ်တော်ကို ကျွန်ုပ်တို့လေ့လာရမည်။ “အကျွန်ုပ်တွေ့သော နှုတ်ကပတ် စကားကို ခံယူပါပြီ။ နှုတ်ကပတ်တော်သည် အကျွန်ုပ် ဝမ်းမြောက်ရွှင်လန်းစရာအကြောင်းဖြစ်ပါ၏” (ယေရမိ ၁၅း၁၆)။ “ထားတော်မူသော ပညတ်တို့ကို ငါမပယ်။ နှုတ်တော်ထွက်စကားတို့ကို ငါရင်ခွင်၌ သိုထားပါ၏” ဟု ယောဘ ဆိုခဲ့သည် (ယောဘ ၂၃:၁၂)။ ထို့ပြင် ဆာလံ ၁၁၉:၁၀၃ တွင် ဆာလံဆရာက “မိန့်တော်မူချက်တို့သည် အကျွန်ုပ် အာခေါင်၌ အလွန်ချိုကြပါ၏။ ခံတွင်းထဲမှာ ပျားရည်ထက်သာ၍ ချိုကြ ပါ၏” ဟု ဆိုသည် (ဆာလံ ၁၁၉:၀၀၃)။ ပျားသည် ပန်းပွင့်ပေါ် ဆင်းသက်ကာ ၎င်း ပန်းပွင့်၏အနက်ဆုံးနေရာမှ ဝတ်ရည်ကို ဆုပ်ယူတတ်သည်။ နှုတ်ကပတ်တော်ကို

စေ့စေ့စပ်စပ်သေသေချာချာ ဖတ်ရှုခြင်းသည် ခံတွင်းအတွက် ပျားရည်ကဲ့သို့ ဖြစ်၏။ ယေရှု၏ စကားမှာ “ကျမ်းစာအားဖြင့် ထာဝရအသက်ကို ရမည်ဟု စိတ်ထင်ဇင် သင်တို့သည် ကျမ်းစာကို စေ့စေ့ ကြည့်ရှုကြ၏” ဖြစ်သည် (ယောဟန် ၅:၃၉)။

ယောရှုအတွက် ဘုရားသခင်ပေးသော အောင်မြင်ခြင်းလမ်းကြောင်း ပုံသေနည်းမှာ “ထိုပညတ္တိကျမ်းစာ၌ ရေးထားသမျှအတိုင်း ကျင့်မည်ဟု စောင့်ရှောက် ခြင်းအလိုငှါ ကျမ်းစာကို မဘတ်မရွတ် ဘဲမနေ၊ နေ့ညဉ့်မပြတ် ကြည့်ရှုဘတ်ရွတ်ရ မည်။ သို့ပြုလျှင် သင်သည် အကြံထမြောက်၍ အောင်မြင်လိမ့်မည်” (ယောရှု ၁း၈)။

“ကြည့်ရှုဘတ်ရွတ်” က အထူးဂရုပြု အာရုံစိုက်ခြင်းကို ဆိုလိုသည်။ သင်၏ အာရုံတစ်ခုလုံးကို သင့်လက်ထဲတွင်ရှိသော ကျမ်းစာအပေါ် ပုံထားရမည်။ ဒါဝိဒ် အတွက် မင်္ဂလာရှိသောသူသည် “ထာဝရဘုရား၏ တရားတော်၌ မွေ့လျော်၍ တရား

တော်ကို နေ့ညဉ့်မပျက် ဆင်ခြင်အောက်မေ့သောသူ” ဖြစ်သည်။ သမ္မာကျမ်းစာ ကို ဝတ်ကျေတမ်းကျေဖတ်ရှုခြင်းကို ရှောင်ကြည်ကြပါစို့။ သမ္မာကျမ်းစာကို စေ့စေ့

စပ်စပ်သေသေချာချာ ဖတ်ရှုပါ။

         သမ္မာကျမ်းစာကို စနစ်တကျ ဖတ်ရှုပါ

 သမ္မာကျမ်းစာကို ဖတ်ရှုရန် တိကျသောအချိန်ကို ရှေးဦးစွာ သတ်မှတ်ပါ။ စိတ်လန်းဆန်းချိန်ဖြစ်သောနံနက်ပိုင်းသည်အကောင်းဆုံးအချိန်ဖြစ်သည်။ သတ်မှတ် ထားသောအချိန်တွင် ဆိတ်ငြိမ်သောနေရာ၌ သမ္မာကျမ်းစာကို စနစ်တကျဖတ်ရှုပါ။ မည်မျှပင်အရေးကြီးသည်ဖြစ်ပါစေ၊ မည်သည့်ကိစ္စကိုမျှ သင်၏ကျမ်းစာဖတ်ရှုခြင်းကို မနှောင့်ယှက်ပါစေနှင့်။ ဘုရားသခင်နှင့် အချိန်သုံးခြင်းမပြုကြသောကြောင့် ယုံကြည် သူ မြောက်များစွာသည် ၎င်းတို့၏ခရစ်ယာန်အသက်တာတွင် အလွန်အားနည်း သည်။ “သန့်ရှင်းခြင်းရှိရန် အချိန်ယူပါ။ ဘုရားသခင်နှင့် မကြာခဏ စကားပြောပါ။ ဟူ၍ သီချင်းဟောင်းရှိသည်။ “အချိန်ရှာပါ” ဟု ကျွန်ုပ်ထပ်ထည့်လိုသည်။ တစ်ခါတစ် အလုပ်များလွန်းသောသူတစ်ယောက်သည် အောင်မြင်မှုနှင့် လွဲချော်တတ်သည်။

အိပ်ရာဝင်လို့ အနားမယူခင် ကျမ်းစာမှ အခန်းကြီးတစ်ခန်းဖတ်ရှုခြင်းသည် ပလုံလောက်ပါ။ မကောင်းသည် မဟုတ်။ မလုံလောက်ပါ။ ကျွန်ုပ်တို့ နောက်ဆုံး

စဉ်းစားသည့်အရာသည် ဘုရားသခင်အကြောင်း ဖြစ်သင့်သကဲ့သို့ ပထမဆုံး စဉ်းစား သည့်အရာသည်လည်း ဘုရားသခင် အကြောင်းဖြစ်သင့်ပေသည်။ သင့်တစ်နေ့တာ ၏ ပထမဆုံးအချိန်ကို ဘုရားသခင်အား ပေးပါ။ နောက်ဆုံးအချိန်ကိုဘဲ မပေးပါနှင့်။ အကောင်းဆုံးအချိန်ကို ပေးပါ။ “ထာဝရဘုရားကို မျှော်လင့်သောသူတို့မူကား၊ အား ပြည့်ကြလိမ့်မည်။ ရွှေလင်းတကဲ့သို့ မိမိတို့အတောင်ကို အသစ် ပြုပြင်ကြလိမ့်မည်။ ပြေးသော်လည်း မပင်ပန်း၊ ခရီးသွားသောအခါ မမောရကြ” (ဟေရှာယ ၄၀:၃၁)။

သမ္မာကျမ်းစာကို ဖတ်ရှုသည့်အခါ ပထမဆုံးအခန်းကြီးမှ စတင်ပါ။ စာအုပ် တစ်အုပ်ကို ဖတ်သည့်အခါ ပထမဆုံးအခန်းမှ စဖတ်တတ်ကြသည် မဟုတ်လား။ ဝတ္ထုတစ်အုပ် သို့မဟုတ် အတ္ထုပတ္တိကို အလယ်မှ စဖတ်မည်ဆိုပါက ရှုပ်ထွေးခြင်း သာ အဖတ်တင်မည်။ ကျမ်းစာသည်လည်း ထိုနည်းအတိုင်းပင်ဖြစ်၏။ ကမ္ဘာဦးကျမ်း ကိုမဖတ်ဘဲ ထွက်မြောက်ရာကျမ်းကို ဖတ်လျှင် သို့မဟုတ် ဝတ်ပြုရာကျမ်းကို မဖတ်ဘဲ ဟေဗြဲသြဝါဒစာကို ဖတ်လျှင် ဆိုလိုရင်းသဘောတို့ကို ကောင်းကောင်း မွန်မွန် ထိထိရောက်ရောက် နားလည်နိုင်မည်မဟုတ်ပါ။ ကျွန်ုပ်တို့နှစ်သက်သည့် အပိုင်းကိုသာ မကြာခဏဆိုသလို ဖတ်သည့်အခါ သမ္မာကျမ်းစာကို ကျန်အပိုင်းများကို ကျွန်ုပ်တို့ နားမလည်တော့ပါ။ ဘုရားသခင် အစပြုခဲ့သည့်နေရာ ကမ္ဘာဦးကျမ်း အခန်းကြီး ၁၊ ၂ တို့မှ သင်၏ကျမ်းစာကို စဖတ်ပါ။ ဖြည်းဖြည်းမှန်မှန် ဖတ်ရှုပြီး ဗျာဒိတ်ကျမ်း ၂၂း၂၁ ရောက်သည်အထိ ဖတ်ပါ။

မှတ်စုစာအုပ်ကိုလည်း ဘေးတွင်ချထားပါ။ မည်သူစကားပြောနေသနည်း။ ဘုရားသခင်လား။ တမန်တော်တွေလား။ စာတန်လား။ ထိုအရာတွေကို မှတ်စုပြုပါ။ မည်သို့ထံသို့ ရေးသားသနည်း။ ယုံကြည်သူသန့်ရှင်းသူများထံသို့လား။ မယုံကြည် သူအပြစ်သားများသို့လား။ စာရေးသူနှင့် လက်ခံရရှိသူတို့၏ နောက်ကြောင်းရာဇ ဝင်မှာ မည်သို့ရှိသနည်း။ မည်သည့်အရာ ဖြစ်ပျက်ခဲ့သနည်း။ အဓိက အကြောင်း အရာမှာ မည်သည့်အရာဖြစ်သနည်း။ မည်သည့်ကျမ်းပိုဒ်သည် အဓိကသော့ချက် ဖြစ်သနည်း။ ယနေ့ ကျွန်ုပ်အတွက် မည်သည့်သင်ခန်းစာရှိသနည်း။ စသည်တို့ကို ဖတ်ရှုရင်း မှတ်စုပြုကာ အဖြေများ ချရေးသွားပါ။ ထို့နောက် သင်ယူခဲ့သော အရာများကို အသက်တာတွင် လိုက်လျှောက်ကျင့်သုံးပါ။ ဤသို့သောနည်းဖြင့် ကျမ်းစာ ကို ဖတ်ရှုလေ့လာသည့်အခါ ကျမ်းစာတစ်အုပ်လုံးကို မှန်ကန်စွာ သဘော

ပေါက်နားလည်လာမည်။ မှားယွင်းသော အနက်ဖွင့်ခြင်းများကိုလည်း ရှောင်နိုင်မည် သင်ဖတ်သောစကားလုံး၊ ဝါကျများကို နားလည်အောင် ကြိုးစားပါ။ နားမလည်ပါက အကူအညီယူပါ။ မြေပုံနှင့်သက်ဆိုင်ပါက မြေပုံကိုရှာပါ။ ကာလအချိန် အပိုင်းအခြား နှင့် သက်ဆိုင်ပါက သင့်အားအကူအညီဖြစ်စေမည့် စာအုပ် သို့မဟုတ် ပုဂ္ဂိုလ်ကို ရှာပါ ကျမ်းစာအုပ်ဘေးတွင် ရေးသားထားသောကျမ်းချက်များကို သတိပြုပါ။ ကျမ်းပိုဒ် တစ်ပိုဒ်ကို အခြားကျမ်းပိုဒ် တစ်ပိုဒ်နှင့် နှိုင်းယှဉ်ပါ။

သင်၏ပုံမှန်ကျမ်းစာဖတ်ရှုခြင်းအပြင် မိမိစိတ်ဝင်စားရာခေါင်းစဉ်တစ်ခုခုကို လည်း သင်လေ့လာနိုင်သည်။ ထိုသို့လုပ်ခြင်းသည် သင့်အတွက် ဧကန်အမှန် အကူ အညီဖြစ်ပါလိမ့်မည်။ အက္ခရာအလိုက် စီစဉ်ထားသော ကျမ်းစာဝေါ်ဟာရစဉ် စာအုပ်

တွင် “ကောင်းကင်” ဟူသော စကားလုံးကို ရှာကြည့်ပါ။ “ကောင်းကင်” စကားလုံး ပါသော ကျမ်းချက်တိုင်းကို ကြည့်ပါ။ သင့်လေ့လာတွေ့ရှိချက်အပေါ် သင် ပီတိ ဖြစ်မိ ပါလိမ့်မည်။

အနက်ဖွင့်ကျမ်း (Commentary) က သင့်ကို အကူအညီပေးနိုင်သည်။ သို့သော် ထိုအနက်ဖွင့်ကျမ်းကိုဘဲ အားမကိုးမိရန် သတိထားပါ။ “အနက်ဖွင့်ကျမ်း

တွေကို သမ္မာကျမ်းစာက ကောင်းကောင်းမွန်မွန် ရှင်းရှင်းလင်းလင်း ရှင်းပြထား တယ်” ဟု လူတစ်ယောက်က ဟာသသဘောဖြင့် ပြောခဲ့ဖူးသည်။ သမ္မာကျမ်းစာ ထက် အခြားစာအုပ်တစ်ခုခုကို သင်အားကိုးပါက သင့်ကိုသင် အားနည်းစေရာ ရောက်ပါလိမ့်မည်။ လူသားများရေးသားထားသောစာအုပ်များကို ဖတ်ပြီး ဘုရား သခင်၏ နှုတ်ကပတ်တော်ကို မေ့လျော့နေပါက ဘုရားထက်လူကို သင်အား ကြောင်း ထင်ရှားနေသည်။ သမ္မာကျမ်းစာကို စနစ်တကျ ဖတ်ရှုပါ။

သမ္မာကျမ်းစာကို ယုံကြည်ခြင်းအပြည့်နှင့် ဖတ်ရှုပါ

အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် “ယုံကြည်ခြင်း မရှိလျှင် ဘုရားသခင်၏ စိတ်တော်နှင့် မတွေ့နိုင်” သောကြောင့် ဖြစ်၏ (ဟေဗြဲ ၁၁:၆)။ က တင်ခြင်းနှင့် ခရစ်ယာန်အသက်တာ ရင့်ကျက်ကြီးထွားခြင်းသည် ယုံကြည်ခြင်းအပေါ် တွင် မှီခိုသည်။ သမ္မာကျမ်းစာကို သဘောပေါက်နားလည်ရန် ယုံကြည်ခြင်း လိုအပ်သည်။ ဤအကြောင်းနှင့် ပတ်သက်၍ ဣသရေလလူမျိုးများ အမှားကြီးမှားခဲ့ဖူးကြ သည်။ “ငါတို့သည် ဝမ်းမြောက်စရာသိတင်းကို ထိုသူတို့ ကြားရကြပြီ။ သို့ရာတွင်၊ သူတို့ ကြားရသောတရားစကားသည်၊ ကြားရသောသူတို့အထဲ၌ ယုံကြည်ခြင်းနှင့် မရော နှောသောကြောင့် အကျိုးကိုမပေး” (ဟေဗြဲ ၄:၂)။ ဘုရားသခင်ကို ကျွန်ုပ်တို့ ယုံကြည်ရမည်။ သမ္မာကျမ်းစာကိုလည်း ယုံကြည်မှုအပြည့်နှင့် ဖတ်ရှုရမည်။

သမ္မာကျမ်းစာသည် အသက်ရှင်သောကျမ်း ဖြစ်သည်။ ဘုရားသခင် ကိုယ် တိုင် သင့်ကို လာတွေ့ပါက သင်ဥပေက္ခာပြုမည်လား။ သမ္မာကျမ်းစာအားဖြင့် သင့် အား ဘုရားသခင် စကားပြောနေသည်။ ဥပေက္ခာမပြုကြရအောင်။ စဉ်းစားဆင်ခြင် ကြည့်ပါ။ လူ့စကားမဟုတ်။ ဘုရားစကားဖြစ်၏။ ကျွန်ုပ်တို့သည်လည်း ရှမွေလကဲ့သို့ “အိုထာဝရဘုရား အမိန့်ရှိတော်မူပါ။ ကိုယ်တော်ကျွန် ကြားပါသည်” ဟု တုံ့ပြန်စို့ (၁ ဓမ္မ ၃:၉ )။

တစ်နေကုန် ပင်ပင်ပန်းပန်းအလုပ်လုပ်ပြီး စိတ်လည်း မသက်သာဖြစ်သော ဂျွန်အကြောင်းကို စဉ်းစားကြည့်ပါ။ အိပ်ရာမဝင်ခင်လေး ဆာလံကျမ်းရှိ တိုတို တုတ်တုတ် ကျမ်းပိုဒ်တစ်ပိုဒ်ကို ရွေးဖတ်လိုက်၏။ ခဏသာ ဆုတောင်းပြီး ချက်ချင်း အိပ်မောကျသွားသည်။ သူဖတ်ခဲ့သည့်အရာများမှ တစ်ခုကိုမှ ဂျွန်မှတ်မိမည်မထင်။ အခြေအနေက လုံးဝမပေးပါ။

ဤသို့လည်း စဉ်းစားကြည့်ကြပါစို့။ နံနက်တွင် လန်းလန်းဆန်းဆန်း နိုးလာ သော ဂျွန်သည် စိတ်လည်း မပင်ပန်း၊ လူလည်း မပင်ပန်း၊ လန်းဆန်းတက်ကြွလျက် ရှိနေသည်။ သတ်မှတ်ထားသောအချိန်နှင့် ဆိတ်ငြိမ်သောနေရာတွင် ဘုရားသခင်နှင့် အချိန်သုံးသည်။ ဝိညာဉ်တော်၏ လမ်းပြမှုအတွက် ဆုတောင်းပြီးနောက် ကျမ်းစာကို စေ့စေ့စပ်စပ် သေသေချာချာ ဖတ်ရှုသည်။ မေးခွန်းများကိုလည်း ထုတ်၊ တွေ့ရှိသော အဖြေများကိုလည်း မှတ်စုတွင် ရေးသားသည်။ တစ်ခါတစ်ရံ ကျမ်းပိုဒ်တစ်ပိုဒ်ကို နားလည်ရန် အခြားကျမ်းပိုဒ်နှင့်လည်း နှိုင်းယှဉ်သည်။ ကျမ်းစာကို စနစ်တကျ ဖတ်ရှုလေ့လာပြီးတစ်နေ့တာအတွက်လုပ်စရာများကိုလုပ်ရန်အဆင်သင့်ဖြစ်လေပြီ။ ထိုသို့ ဘုရားသခင်နှင့် အချိန်သုံးသော ဂျွန်ကို မကောင်းမှုအမျိုးမျိုး၊ အပြစ်အမျိုးမျိုးမှ နှုတ်ကပတ်တော်က ကွယ်ကာသွားမည်ဖြစ်သည်။ မနက်ကျမ်းစာဖတ်စဉ်က ရခဲ့သော ခွန်အား၊ သင်ခန်းစာများကို ယခု သူလိုက်လျှောက်ကျင့်သုံးနိုင်လေပြီ။ “ကျေးဇူးတော်

၌၎င်း၊ ငါတို့ကို ကယ်တင်တော်မူသော အရှင်သခင်ယေရှုခရစ်ကို သိကျွမ်းခြင်း၌၎င်း” | သူကြီးထွားမည်မှာ သေချာပေသည်။

ဘုရားအရာ၌ ကြီးထွားရန် သမ္မာကျမ်းစာကို ဆုတောင်းခြင်းနှင့် ဖတ်ရှုရ မည်။ စေ့စေ့စပ်စပ် သေသေချာချာ ဖတ်ရှုရမည်။ စနစ်တကျ ဖတ်ရှုရမည်။ အထူး သဖြင့် ယုံကြည်ခြင်းအပြည့်နှင့် ဖတ်ရှုရမည်။

                  မေးခွန်းအချို့

၁။ ကယ်တင်ခြင်းနှင့် ခရစ်ယာန်အသက်တာ ရင့်ကျက်ကြီးထွားမှုအတွက် သမ္မာ ကျမ်းစာသည် ဘုရားသခင်၏ တန်ဆာပလာဖြစ်ကြောင်းကို ပြသည့် ကျမ်းချက် ) နှစ်ချက် ကို ဖော်ပြပါ။

 ၂။ သမ္မာကျမ်းစာကို သဘောပေါက်နားလည်ရန် အဘယ်ကြောင့် ကယ်တင်ခြင်းသည် ပထမဆုံး ခြေလှမ်းဖြစ်ပါသနည်း။

 ၃။ ဆုတောင်းခြင်းနှင့် နှုတ်ကပတ်တော်ကို သဘောပေါက်နားလည်ခြင်းတို့သည် မည်သို့ ဆက်စပ်မှု ရှိသနည်း (ဆာလံ ၁၁၉း၁၈)။

 ၄။ဗေရိမြို့သားတို့သည်ယနေ့ခရစ်ယာန်များအတွက်မည်သို့သောနည်းဖြင့်ပုံဥပမာဖြစ်ကြသနည်း (တမန်တော်၁၇:၁၁)။

၅။ယုံကြည်သူတစ်ယောက်အနေနှင့်မည်သို့သောနည်းလမ်းသုံးမျိုးဖြင့်သမ္မာကျမ်းစာကိုဖတ်သင့်ပါသနည်း။

၆။ သမ္မာကျမ်းစာကို ယုံကြည်ခြင်းအပြည့်နှင့် ဖတ်ရှုရန် အဘယ်ကြောင့် အရေးကြီး သနည်း။

            မှတ်သားစရာအချို့

 သမ္မာကျမ်းစာကို သဘောပေါက်နားလည်ရန် ပထမဆုံးခြေလှမ်းမှာ ကယ်တင်ခြင်း ဖြစ်၏။ “ဘုရားသခင်၏ မျက်နှာတော်ကိုရှာသောသူရှေ့တွင် ဘုရားသခင်သည် မိမိ၏ ဘုန်းတော်ကို ထင်ရှားစေမည်။ လူတော်လူမော်ပုဂ္ဂိုလ်တစ်ယောက်နှင့် တစ်ရက် သို့မဟုတ် တစ်ပတ် အချိန်သုံးခြင်းထက် ဘုရားသခင်၏ ကရုဏာပလ္လင်တော်ရှေ့တွင် အချိန်တစ်နာရီသုံးခြင်းဖြင့် သင့်အတွက် ဝိညာဉ်ရေးဆိုင်ရာ အသိပညာ ပို၍ တိုးပွား နိုင်သည်” ~ ဂျွန်နယူတန် သမ္မာကျမ်းစာကို ရေးသားရာတွင် ရေးသားသူများအား အကူအညီပေးသော သန့်ရှင်းသော ဝိညာဉ်တော်သည် ထိုသမ္မာကျမ်းစာကို နားလည်နိုင်ရန် ကျွန်ုပ်တို့အား လမ်းပြပါလိမ့်မည်။ ဗေရိမြို့သားတို့သည် “ကျမ်းစာကို နေ့တိုင်းအစဉ်စေ့စေ့ကြည့်ရှုကြ၏”။ ထိုသို့ ပြုလုပ် ရာတွင် ဂရုတစိုက်ပြုရန် လိုသည်။ သမ္မာကျမ်းစာကို ဝတ်ကျေတမ်းကျေ ဖတ်သူများ က ဘုရားသခင်၏ နက်နဲသောသမ္မာတရားများကို ရှာဖွေတွေ့ရှိနိုင်မည် မဟုတ်ပါ။ စိန်တုံးများကို လမ်းဘေးတွင် သင်တွေ့မည်မဟုတ်။

                    အခန်း

                   ဆုတောင်းခြင်း

“တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင်တွေ့မည်။ တံခါးကို ၊ ခေါက်ကြလော့။ ခေါက်လျှင် ဖွင့်မည်” – မဿဲ ၇၇ ကြီးမားသောအမှုအတွက် ဆုတောင်းပါ။ ကြီးမားသောအမှုကို မျှော်လင့်ပါ။ ကြီးမား

သောအမှုအတွက် လုပ်ဆောင်ပါ။ ထိုအရာများထက် အရေးကြီးသည်မှာ ဆုတောင်း ခြင်းဖြစ်၏။ ဆုတောင်းပါ။ – အာရ်အေတိုရီ

ဆုတောင်းခြင်းသည် ဘုရားသခင်၏ဘဏ္ဍာတော်

တံခါးသော့ ဖြစ်သည် “

ဆုတောင်းစေခြင်းငှါ … ကျွန်ုပ်တို့အား နည်းပေးတော်မူပါ” ဟု ယေရှုအား တပည့်တော်များ ပေးခဲ့ ကြသည် (လုကာ ၁၁:၁)။ ယေရှု၏ဆုတောင်းသံများကို ကြားပြီး မည်သူမျှ ယေရှုကဲ့သို့ ဆုမတောင်းတတ်ကြောင်းကို သတိထားမိခဲ့ ကြသည်။ မိမိတို့လည်း ဆုတောင်းရန် အလွန်လိုအပ်ကြောင်း သူတို့ဆင်ခြင်မိခဲ့ ကြသည်။ တပည့်တော်များက “ကိုယ်တော်၊ တရားဟောနည်းကို ကျွန်ုပ်တို့အား သင်ပေးပါ” ဟု မမေးခဲ့ ကြ၊ “ဆုတောင်းနည်းကို ကျွန်ုပ်တို့အား သင်ပေးပါ” ဟု အကူအညီ တောင်းခဲ့ ကြသည်။

အစတွင် ဆုတောင်းခြင်းသည် အလွန်ခက်ကောင်းခက်မည်။ စကားလုံး များကို ရှာ၍မတွေ့သည်လည်း ဖြစ်နိုင်သည်။ သို့သော်၊ ဆက်လက်၍သာ ဆုတောင်းပါ။ အကြောင်းမှာ ဆုတောင်းခြင်းအားဖြင့် ဘုရားသခင်၏ရှေ့တော်မှောက်တွင် ကျွန်ုပ်တို့ ဝင်ရောက်နိုင်သည်။ ကျွန်ုပ်တို့လိုအပ်ချက်များကို ဘုရားထံ ကြားလျှောက်နိုင်သည်။ ပို၍အရေးကြီးသည်မှာ ဆုတောင်းခြင်းအားဖြင့် ဘုရားသခင်နှင့် အဆက်အသွယ် ပြုလုပ်နိုင်သည်။

           ဆုတောင်းခြင်းဆိုသည်မှာ အဘယ်နည်း

         ဆုတောင်းခြင်းကို ရိုသေလေးမြတ်ခြင်းနှင့် ဘုရားသခင်ထံ တိုးလျှိုး တောင်း ခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ မှန်ပေသည်။ ဆုတောင်းခြင်းသည် တိုးလျှိုး တောင်းပန်ခြင်းဖြစ်သည်။ ဆုတောင်းခြင်းအတွက် အရိုးရှင်းဆုံးသော အနက်ဖွင့်ဆို မမှာ “အသံလွင့်ဟစ်အော်ခြင်း” ဖြစ်သည်။ “အကြောင်းမူကား၊ သင်တို့သည် တဖန်

ကြောက်ရွံ့တတ်သော ကျွန်၏သဘောကို ရကြသည်မဟုတ်။ အဗ္ဗအဘဟု ခေါ်ရသော အခွင့်နှင့် သားဖြစ်ခြင်း၏ သဘောကိုရကြပြီ” ဟု ရှင်ပေါလု ပြောခဲ့သည် (ရောမ ၈:

၁၅)။

       ဆုတောင်းခြင်းသည် အသံလွင့်ဟစ်အော်ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့ ဆု တောင်းသည့်အခါတိုင်း ဘုရားသခင်ထံ အသံလွင့်ဟစ်အော်ကြပါသည်။ “ကိုယ်တော်၊ ကျွန်ုပ်ကို ကူညီပါ။ ကိုယ်တော် ကျွန်ုပ်ကို ဉာဏ်ပညာပေးသနားပါ။ ကိုယ်တော် ကျွန်ုပ်ထံ ဖွင့်ပြပါ”။ ဆုတောင်းခြင်းသည် အော်ဟစ်ခြင်းဖြစ်သည်။ ကလေးငယ် တစ်ယောက်က သူ၏ မိဘများထံ အကူအညီတောင်းရန် ဟစ်အော်တတ်သကဲ့သို့ ကျွန်ုပ်တို့သည်လည်း ဘုရားသခင်ထံ အော်ဟစ်ကြရပါမည်။ ။

“ဂါလိလဲပင်လယ်တွင် ရေနစ်စဉ်က သမ္မာကျမ်းစာကို လှန်ကာ မည်သို့ ဆုတောင်းရမည့်အကြောင်းကို ရှာရန် ပေတရုတွင် အချိန်မရှိခဲ့ပါ။ “သခင်၊ ကျွန်ုပ်ကို ကယ်ပါ” ဟုသာ အသံကုန်ဟစ်အော်ခဲ့သည်” ဟု တေ့ဇာ က ရှင်းပြခဲ့သည်။

ဆုတောင်းခြင်းသည် ခေါ်ခြင်းလည်းဖြစ်၏။ ယေရမိအနာဂတ္တိကျမ်း ၃၃:၃ တွင် “ငါ့ကို ခေါ်လော့။ ငါထူးမည်။ ကြီးသောအရာ၊ သင်မသိနိုင်အောင် နက်နဲသော အရာတို့ကို ငါပြမည်” ဟု ဆိုထားသည်။

ဆုတောင်းခြင်းသည် တောင်းဆိုခြင်းဖြစ်၏။ “တောင်းကြလော့။ တောင်း လျှင် ရမည်။ ရှာကြလော့။ ရှာလျှင် တွေ့မည်။ တံခါးကို ခေါက်ကြလော့။ ခေါက်လျှင် ဖွင့်မည်” ဟု ယေရှု ပြောခဲ့သည် (လုကာ ၁၁း၉)။ ။

ဆုတောင်းခြင်းသည် အဆက်အသွယ်လုပ်ခြင်းဖြစ်၏။ “ဘုရားသခင်၏ အသံကို ကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်သည်မှာ အလွန်ရှားလှ၏။ ဆု တောင်းခြင်းသည် ဘုရားသခင်ထံ စကားပြောခြင်း၊ ဘုရားသခင်က ကျွန်ုပ်တို့ထံ

စကားပြောခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ ကောင်းကင်ဘုံရှိ အဘနှင့် အဆက်အသွယ် လုပ်ကာ အချိန်သုံးခြင်းဖြစ်သည်” ဟု ဖယ်နယ်လွန် (Fenclon) ပြောခဲ့ဖူးသည်။

တစ်နေ့သော် စာရေး၍ အလုပ်များနေသော ဖခင် ဆရာ မူးဒီ ထံ သူ၏ ငါးနှစ်အရွယ် သားလေး ရောက်လာခဲ့သည်။ အနှောင့်အယှက် မလိုချင်သောကြောင့် “ဘာလိုချင်တာလဲ” ဟု သူ့သားအား ဆရာ မိုးဒီ မေးခဲ့သည်။ “ဘာမှမလိုပါဘူး ဖေဖေ။ အဖေရှိတဲ့နေရာ၊ အဖေထိုင်တဲ့နေရာမှာ ရှိချင်ရုံလေးပါ” ဟု သူ့သား ပြန်ဖြေခဲ့သည်။ သူ့အဖေနားမှာဘဲ ထိုကလေးပျော်နေခဲ့သည်။ အဖေ၏ အဖော်ပြု ပေးခြင်းကိုသာ သူလိုချင်ခဲ့သည်။ ။

“အဲဒီပုံပြင်လေးကို ဆရာမူးဒီပြောမှဆုတောင်းခြင်း အဓိပ္ပာယ်ကိုကျွန်တော် နားလည်ခဲ့တယ်။ ဆုတောင်းခြင်းသည် ယေရှုရှိသည့်နေရာတွင် ရှိခြင်းဖြစ်သည်။ သူနှင့်အတူ အချိန်သုံးသည့်အခါ ကျွန်ုပ်တို့ နောက်ထပ် ဘာလိုချင်အုံးမှာလဲ” ဟု အင်္ဂလန်နိုင်ငံရှိ တရားဟောဆရာ ကမ်ဘဲလ်မောကန် က သက်သေခံခဲ့ဖူးသည်။

  1.8

အဘယ်ကြောင့်ဆုတောင်းကြရသနည်း

နှုတ်ကပတ်တော်က ဆုတောင်းရန် သွန်သင်ထားသောကြောင့် ကျွန်ုပ်တို့ဆု တောင်းရခြင်း ဖြစ်၏။ “လူတို့သည်အားမလျော့ဘဲ ကြိုးစား၍ ဆုတောင်းရမည်” အ

ကြောင်းကို ဥပမာအားဖြင့်ပင် ယေရှုမိန့်ဆိုဖူးခဲ့သည် မဟုတ်လော (လုကာ ၁၈:၁)။ “ထို့ကြောင့် လုပ်ဆောင်သောသူတို့ကို စပါးရိတ်စေခြင်းငှါ စေလွှတ်တော်မူမည် အ

ကြောင်း၊ စပါးရှင်ကို ဆုတောင်းကြလော့” ဟူသော ယေရှု၏ စကားကို မှတ်မိပါသ လား (မဿဲ ၉:၃၈)။

ကျွန်ုပ်တို့ ဆုတောင်းရသည့်အကြောင်းမှာ ယေရှုကိုယ်တိုင် လောကတွင် အသက်ရှင်စဉ်ကာလတစ်လျှောက်လုံး ဆုတောင်းခဲ့ ပြီး ကျွန်ုပ်တို့အတွက် ပုံသက်သေ အဖြစ် အသက်ရှင်ခဲ့သည်။

အပြစ်ကင်းမဲ့သောဘုရားသားတော် ယေရှုကိုယ်တိုင်ပင် ဆုတောင်းခြင်းကို ၊ အလွန်အရေးကြီးသည်ဟု ထင်မှတ်ပါလျှင် အပြစ်များနှင့်ပြည့်သော ဖန်ဆင်းခံ ကျွန်ုပ်တို့က ဆုတောင်းခြင်းကို မရှိမဖြစ်အရာတစ်ခုကဲ့သို့ ထင်မှတ်သင့်သည် မဟုတ် ၊

ပါလော။သာသနာလောကထဲသို့စတင်ဝင်ရောက်သည့်နေ့ဗတ္တိဇံခံယူစဉ်မှာပင်‌ ယေရှုဆု

တောင်းခဲ့သည်။ “လူအပေါင်းတို့သည် ဗတ္တိဇံကို ခံကြသောအခါ၊ ယေရှုသည် – ဗတ္တိဇံကို ခံတော်မူ၍ ဆုတောင်းစဉ်တွင် ကောင်းကင် ဖွင့်လှစ် သဖြင့်” ဟု လှကာ ၃၂၁ တွင် ဖော်ပြထား၏။

တပည့်တော်များကို မရွေးကောက်မီ ဆုတောင်းခြင်းဖြင့် ယေရှုအချိန်သုံး သည်။ ထိုနေ့ရက်ကာလ၌ ကိုယ်တော်သည် ဆုတောင်းပဌနာပြုခြင်းငှါ တောင်ပေါ် သို့ ကြွ၍ ဘုရားသခင်အား ဆုတောင်းပဌနာပြုလျက် တညဉ့်လုံးနေတော်မူ၏။ မိုင်းလင်းသောအခါ တပည့်တော်တို့ကို ခေါ်တော်မူ၍ တကျိပ်နှစ်ပါးတို့ကို ရွေး ကောက်၍ တမန်တော်အမည်ဖြင့် သမုတ်တော်မူ၏” (လုကာ ၆:၁၂-၁၆)။

လူအယောက်ပေါင်းငါးထောင်ကျော် ကျွေးစဉ်ကလည်း ယေရှုဆုတောင်း ခဲ့သည်။ “ယေရှုသည် မုန့်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ တပည့်တော်တို့အား ဝေငှတော်မူ၍၊ တပည့်တော်တို့သည် လျောင်းသောသူတို့အား ဝေငှပြန်၏။ ထိုနည်း တူ ငါးနှစ်ကောင်ကို လူများလိုချင်သမျှဝေငှကြ၏” (ယော ၆:၁၁)။ မုန်တိုင်း ကြီးသင့် နေသောတပည့်တော်များကို မကယ်ဆယ်မီ ယေရှု ဆုတောင်းခဲ့သည်။ “ဆုတောင်း ပဌနာပြုအံ့သောငှါ တောင်ပေါ်၌ ဆိတ်ကွယ်ရာအရပ်သို့ တက်ကြွသဖြင့်” ဟု ကျမ်းစာ တွင် ဆိုထားသည် (မဿဲ ၁၄၂၃)

လာဇရု၏အုတ်ဂူတွင်လည်းယေရှုဆုတောင်းခဲ့သည်။ “ထိုအခါသေလွန်သောသူ၏သချိုင်းမှကျောက်ကိုကြ၏။ယေရှုသည်လည်းအထက်သို့ကြည့်ပျော်လျက်၊အဘ၊ကိုယ်တော်သည်အကျွန်ုပ်စကားကိုနားထောင်တော်မူသောကျေးဇူးတော်ကြီးလှပါ၏” (ယောဟန်၁၁:၄၁)။

နောက်ဆုံးသော ညစာစားပွဲတွင် ယေရှုဆုတောင်းခဲ့သည်။ “ထိုအခါ စားလျက်နေကြစဉ်တွင် ယေရှုသည် မုန့်ကိုယူ၍၊ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ မုန့်ကို ၍၊ ဤမုန့်ကား ငါ၏ကိုယ်ဖြစ်၏။ ယူ၍စားကြလော့ဟု မိန့်တော်မူလျက် တပည့်တော် တို့အား ပေးတော်မူ၏” (မာကု ၁၄:၂၂)။ ။

စိတ်ဝေဒနာများစွာနှင့် ဂေသရှေမန်ဥယျာဉ်တွင် ယေရှုဆုတောင်းခဲ့သည် (မသဲ ၂:၃၆-၄၄)။ ကျွန်ုပ်တို့သခင်ယေရှုက ဆုတောင်းခဲ့သည့်အတွက် ကျွန်ုပ်တို့ လည်း ဆုတောင်းသင့်ပေသည်။

ကျွန်ုပ်တို့ဆုတောင်းရသည့် အကြောင်းမှာ ယခုအချိန်မှာပင် သခင်ယေ ခရစ်တော်သည် ကျွန်ုပ်တို့အတွက် ဆုတောင်းနေဆဲဖြစ်သည်။ “ထို့ကြောင့်၊ အကြ သူတို့သည် ယေရှုအားဖြင့် ဘုရားသခင့်အထံတော်သို့ ချဉ်းကပ်ကြ၏။ ထိုသူတို့၏ အမှုကို ကိုယ်တော်သည် စောင့်လျက်” ဟု ဟေဗြဲသြဝါဒစာ ၇၂၅ တွင် ရေးသား ထားသည်။

ကျွန်ုပ်တို့ဆုတောင်းရသည့် အကြောင်းမှာ ကနဦးအသင်းတော်ကို ယုံကြည် သူများက ကျွန်ုပ်တို့အတွက် ဆုတောင်းခြင်း၏ အရေးပါပုံကို သက်သေပြ ခဲ့ကြ သောကြောင့်ဖြစ်၏။ “ထိုသူများသည် တမန်တော်တို့၏ ဆုံးမဩဝါဒကိုခံခြင်း၊ အပေါင်းအသင်းဖွဲ့ခြင်း၊ မုန့်ကိုဖဲ့ခြင်း၊ ပဌနာပြုခြင်းတို့ကို အမြဲဆောင်ရွက်၍ နေကြ၏” ဟု နောင်လာနောက်သားအသင်းတော်များအတွက် ပုံသက်သေချန် ထားခဲ့ ကြသည် (တမန် ၂:၄၂)။

ပင်တေကုတ္တနေ့ မတိုင်မီကတည်းကပင် ကနဦးယုံကြည်သူများ ဆုတောင်း ခြင်း မပျက်ခဲ့ကြပါ။ “ထိုသူအပေါင်းတို့သည် ယေရှု၏မယ်တော်မာရိမှစ၍ မိန်းမတို့နှင့် ၎င်း၊ ညီတော်တို့နှင့်၎င်း၊ တညီတညွတ်တည်း ကြိုးစား၍ ဆုတောင်းပဌနာ ပြုလျက် နေကြ၏” (တမန် ၁:၁၄)။ ပင်တေကုတ္တနေ့ရောက်ပြီးနောက်တွင်လည်း ဆက်လက်၍ ဆုတောင်းခဲ့ ကြသည်။

ပေတရုထောင်ထဲရောက်စဉ်အခါ သူပြန်ထွက်လာသည့်အချိန်ထိ ဆုတောင်း ခဲ့ကြ၏။ “ပေတရုသည် သတိရလျှင်၊ ယခုပင် သခင်ဘုရားသည် မိမိကောင်းကင် တမန်ကို စေလွှတ်၍ ဟေရုဒ်မင်းကြီးလက်မှ၎င်း၊ ယုဒလူတို့၏ မျှော်လင့်ခြင်းမှ၎င်း၊ ငါ့ကိုကယ်နှုတ်တော်မူသည်ကို ငါအမှန်သိ၏ဟု အောက်မေ့လျှင်၊ လူများစုဝေး၍ ဆုတောင်းရာ၊ မာကုအမည်သစ်ကို ရသော ယောဟန်၏ အမိဖြစ်သောမာရိ၏အိမ်သို့ ရောက်လျှင် …” (တမန် ၁၂:၁၂)။ ။

ကနဦးယုံကြည်သူများသည် သူတို့၏ သာသနာလုပ်ငန်းများကို ဆုတောင်း ခြင်းနှင့် အမြဲတွဲလေ့ရှိသည်။ ဝိညာဉ်ရေးအရာတွင် အားနည်းရခြင်းမှာ ဆုတောင်း ခြင်းတွင် အားနည်းသောကြောင့် ဖြစ်ကြောင်း တမန်တော် ယာကုပ်က ဆုံးမခဲ့သေး သည်။ သင်တို့သည် မရကြ၊ “အကြောင်းမူကား ဆုမတောင်းဘဲနေကြ၏” ဟု ရှင်ယာကုပ် ဆိုခဲ့သည် (ယာကုပ် ၄၂)။

          မည်သို့ဆုတောင်းသင့်သနည်း

(၁) စိတ်နှိမ့်ချခြင်းနှင့် ဆုတောင်းသင့်သည်

ထောင်လွှားစော်ကားသော သူတို့ကို ဘုရားသခင် ဆီးတားတော်မူ၏။ ဝမ်ချသောသူတို့အား ဘုရားသခင် ကျေးဇူးပြုတော်မူ၏” ဟု ရှင်ယာကုပ် ဆုံးမ

သည် (ယာကုပ် ၄:၆)။ တစ်စုံတစ်ယောက်၏ ဆီးတားခြင်းကို ခံဖူးပါသလား။ သင်နှင့်အတိုက်အခံလုပ်ရန် အခွင့်အရေးကို အမြဲရှာတတ်ကြပြီး သဘောတူညီမှု ကိုလည်း ပြုလုပ်၍မရပါ။ အလွန်နေရခက်သော အခြေအနေပင် မဟုတ်လော။ ဘုရားသခင်သာ သင့်ကိုဆန့်ကျင်ဆီးတားသောသူဖြစ်လျှင် ထိုအရာလောက် အနေရ ခက်သောအခြေအနေ၊ အကျပ်အတည်းရှိမည် မဟုတ်ပါ။ )

ဝိညာဉ်ကောင်းကြီးများကိုရရာ လမ်းကို ၂ ရာဇဝင်ချုပ် ၇:၁၄ တွင် ဘုရား သခင် ညွှန်ပြခဲ့သည်။ “ငါ့နာမဖြင့် သမုတ်သော ငါ့လူတို့သည် ကိုယ်ကို နှိမ့်ချသဖြင့်၊ ငါ့မျက်နှာကို ရှာလျက် ဆုတောင်းပဌနာပြု၍ အဓမ္မလမ်းကို လွှဲရှောင်လျှင် ငါသည်

ကောင်းကင်ဘုံ၌နားထောင်မည်။သူတို့အပြစ်ကိုဖြေ၍သူတို့ပြည်ကိုချမ်းသာပေးမည်”။အသီးများစွာသီးသောဆုတောင်းခြင်း၏ပထမဆုံးသော့ချက်မှာစိတ်နှိမ့်ချခြင်းဖြစ်သည်။

     (၂) တိတိကျကျ ဆုတောင်းသင့်သည်

ဒုတိယကမ္ဘာစစ်တုန်းက သာသနာပြုဆရာတစ်ယောက်ကို တောင်ပစ္စဖိတ် ကျွန်းမှ ဘေးကင်းလုံခြုံရာသို့ ပြောင်းရွှေ့ခဲ့ကြသည့်အကြောင်းကို ရောဘတ်ခုတ် (Robert Cook) က ပြောခဲ့ဖူးသည်။ ထိုသာသနာပြုဆရာကို ကုန်တင်သင်္ဘော ပေါ်တင်ပြီး ရန်သူပိုင်နက်ဖြစ်သောရေကြောင်းအတိုင်း ဘေးကင်းရာကို ခေါ်ဆောင် သွားခဲ့ ကြသည်။ တစ်နေ့သော်၊ သူတို့၏ သင်္ဘောရှေ့မှာပင် ရန်သူ၏ ရေငုပ်သင်္ဘော ကြီးတစ်စင်း မှန်ပြောင်းကြီးနှင့် ထွက်လာသည်ကို တွေ့ခဲ့ ကြသည်။

“အဲဒီအချိန်ကျမှ တိတိကျကျဆုတောင်းဖို့ ကျွန်တော်သင်ယူခဲ့တယ်” ဟု ထိုသာသနာပြုဆရာက နောက်တွင် ပြန်ပြောခဲ့သည်။ “ရန်သူတွေက ကျွန်တော်တို့ရဲ့ သင်္ဘောကို သေသေချာချာ ကြည့်ကြတယ် (ပစ်ချရမလား၊ မပစ်ချရဘူးလား ဟု

စဉ်းစားနေကြပုံရတယ်)။ အဲဒီရေငုပ်သင်္ဘောနား နီးလေလေ၊ ကျွန်တော်ပိုပြီးတော့ ဆုတောင်းလေလေ။ သူတို့ရဲ့ စက်ကို သေခိုင်းပါ။ စက်တွေကို တစ်ခုနှင့်တစ် ညှပ်အောင် လုပ်ပါ။ သူတို့သဘောရဲ့ တက်မကို ဖျက်ပစ်ပါ” ဟု သာသနာပြုဆရာ ဆုတောင်းခဲ့သည်။

‘ ထိုသာသနာပြုဆရာက တိတိကျကျ ဆုတောင်းခဲ့သည်။ အဘယ်ကြောင့် နည်း။ သူ့လိုအပ်မှုက တိကျသောကြောင့်ဖြစ်သည်။ သူသည် အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။

ရှည်ရှည်ဝေးဝေးဆုတောင်းရန်မလိုပါ။သခင်ယေရှုဆုတောင်းရာတွင်စကားလုံးအနည်းငယ်ကိုသာသုံးပြီးတိုတိုတုတ်တုတ်လေးသာဆုတောင်းခဲ့သည်။အရေးကြီးသည့်အချက်မှာတိတိကျကျဆုတောင်းရန်ဖြစ်သည်။

(၃) ယုံကြည်ခြင်းနှင့် ဆုတောင်းသင့်သည်

ကယ်တင်ခြင်းတပ် (Salvation Army) ကို စတင်တည်ထောင်ခဲ့သူ General Booth က “အရာအားလုံးသည် သင့်အပေါ် မူတည်သကဲ့သို့ အလုပ်လုပ်ပါ။ အရာ

အားလုံးသည် သင်၏ဆုတောင်းခြင်းအပေါ်မူတည်သကဲ့သို့ ဆုတောင်းပါ” ဟု ပြောင် မြောက်စွာ ပြောခဲ့ဖူးသည်။

ဘုရားသခင်သည် သင့်အား အဖြေပေးမည်ဟူသည့် ယုံကြည်ခြင်းနှင့် ဆုတောင်းပါ။ “ယုံကြည်ခြင်းမရှိလျှင်၊ ဘုရားသခင်၏ စိတ်တော်နှင့် မတွေ့နိုင်။ အကြောင်းမူကား၊ ဘုရားသခင့်အထံတော်သို့ ချဉ်းကပ်သောသူသည် ဘုရားသခင် ရှိတော်မူသည်ကို၎င်း၊ ကိုယ်တော်ကို ရှာသောသူအား အကျိုးပေးတော်မူသည်ကို၎င်း၊ ယုံကြည်ရမည်” ဟု ကျွန်ုပ်တို့အား တိုက်တွန်းထားပါသည် (ဟေဗြဲ ၁၁း၆)။

ရှင်ယာကုပ်ကလည်း “သို့ရာတွင် တွေးတောခြင်းမရှိဘဲ ယုံကြည်သောစိတ် နှင့် တောင်းရမည်။ တွေးတောခြင်းရှိသောသူသည်ကား၊ လေခတ်၍ လှုပ်ရှားတတ်

သော လှိုင်းတံပိုးနှင့်တူ၏။ ထိုသို့သောသူသည် စိတ်နှစ်ခွရှိသောသူ၊ ပြုလေသမျှတို့၌ မတည်ကြည်သောသူဖြစ်၍၊ ထာဝရဘုရား၏ လက်တော်မှ တစ်စုံတစ်ခုကို ရမည်ဟု မထင်မမှတ်စေနှင့်” ဟု ဆုံးမခဲ့သည် (ယာကုပ် ၁:၆-၈)။

အန္ဒိယနိုင်ငံတွင် သာသနာပြုခဲ့သည့် ဆရာ ဟိုက် (Hyde) ဆုတောင်းသည့်အခါဘုရား

သခင် အဖြေပေးရန် အနီးအနားမှာဘဲ ဘုရားသခင်ရှိသည့်ပုံစံနှင့် အမြဲဆု ကောင်းတတ်သည်ဟု ဆိုစမှတ် ပြုခဲ့ ကြသည်။ သူ့တွင် ယုံကြည်ခြင်းရှိသည်။

 ယုံကြည်ခြင်းမပါက ကယ်တင်ခြင်းမရှိ ၊

 ယုံကြည်ခြင်းမပါက ကြီးထွားခြင်းမရှိ ၊

 ယုံကြည်ခြင်းမပါကဘုရားစိတ်တော်နှင့်မတွေ့နိုင်    ယုံကြည်ခြင်းမပါကဆုတောင်းခြင်းအဖြေကိုရမည်မဟုတ်ယုံကြည်ခြင်းဖြင့်ဆုတောင်းပါ။

(၄) ဉာဏ်ပညာနှင့် ဆုတောင်းပါ

“ဘုရားသခင်ဆီကနေ ကျွန်တော်/ကျွန်မ ဘာအလိုရှိသလဲ” ဆိုတာကို သိအောင်အရင်လုပ်ပါ။ ပြီးလျှင် ဆုတောင်းပါ။ တစ်နည်းအားဖြင့်ဆိုသော်၊ မိမိလိုချင် တာကို အရင်သိပါ။ ကျွန်တော့ ဆရာဝန် (သို့မဟုတ်) ရှေ့နေနှင့် တွေ့တိုင်းတွေ့တိုင်း သူတို့အား မေးချင်သည့် မေးခွန်းများကို ကျွန်ုပ် ကြိုတင်ပြင်ဆင်လေ့ရှိသည်။ သို့မှသာ ကျွန်ုပ်ကျေနပ်တတ်သည်။ အလားတူပင်၊ ဘုရားသခင်ထံ ကျွန်ပ်တို့ ဆုတောင်းသည့်အခါ ကျွန်ုပ်တို့တောင်းပန်လိုသောအရာများကို အမြော်အမြင်ရှိရှိ

တောင်းလျှောက်တတ်ရပါမည်။ “ဆုတောင်လျှင်လည်း ကာမဂုဏ်ခံစားစရာဘို့ ရှိစေခြင်းငါလှ၊ အလွဲတောင်းသောကြောင့် မရကြ” ဟု ရှင်ယာကုပ်က သတိပေးထား သည် (ယာကုပ် ၄း၃)။ အရေးကြီးသည့်အချက် ရှိသေး၏။ “ကျွန်ုပ်တို့တောင်း

လျှောက်သည့်အရာကို ဘုရားသခင် အဖြေပေးနိုင်သလား” ဆိုသည့်မေးခွန်းကို လည်း အရင်မေးရန်သင့်ပေသည်။ ဥပမာအားဖြင့်ဆိုရသော်၊ “ကျွန်မယောက်ျားကို ခရစ်ယာန် ဖြစ်လာအောင်လုပ်ပါ” ဟု သင်ဆုမတောင်းသင့်ပါ။ ဤသို့သောနည်းဖြင့် ဘုရားသခင် အလုပ်မလုပ်ပါ။ အဲဒီအစား၊ “ကိုယ်တော်၊ ချစ်ခြင်းမေတ္တာတရားနှင့် ကျွန်မယောက်ျားဆီမှာ သတင်းကောင်းကို ပြောပြနိုင်ပြီး ကိုယ်တော်ကို သူ၏ ကယ်တင်ပိုင်ရှင်အဖြစ်လက်ခံနိုင်ရန်ကျွန်မကိုကူညီပါ” ဟုသင်ဆုတောင်းသင့်သည်။

“ကျွန်ုပ်အပိုင်းကိုရော ကျွန်ုပ်တာဝန်ကျေပါသလား”။ “ကျွန်ုပ်အသက်တာ သည် အတုယူစရာ သက်သေဖြစ်ပါသလား”။ “ကျွန်ုပ်အသက်တာတွင် ဘုရားသခင်၏ မေတ္တာကို ကျွန်ုပ်ပေါ်လွင်ထင်ရှားစေပါသလား” စသည်ဖြင့် ကိုယ့်ကိုကိုယ် မေးပါ။

ဆိုလိုသည့်သဘောမှာ၊ အလုပ်အကိုင်ရှာနေသူတစ်ယောက်က အလုပ် အကိုင်အတွက် ဆုတောင်းသည် ဆိုပါစို့။ ဆုတောင်းရုံနှင့် မပြီးပါ။ အလုပ်အကိုင် ၊

ကြော်ငြာသည့်ကြော်ငြာစာတမ်းများကိုလေ့လာရန်မှာသူ့တာဝန်၊သူ့အပိုင်းဖြစ်သည်။ထို့ကြောင့်၊ဆုတောင်းနေရုံနှင့်မပြီးသေးပါ။ကျွန်ုပ်တို့အပိုင်းကိုကျွန်ုပ်တို့လုပ်ဆောင်ရန်ဘုရားသခင်အလိုရှိသည်။

       (၅) ဝန်ခံခြင်းအသက်တာနှင့် ဆုတောင်းပါ

အပြစ်ဝန်ချတောင်းပန်ခြင်း မပြုဘဲလျက် ဆုတောင်းလျှင် ဘာမျှအကျိုးထူး မည်မဟုတ်ပါ။ အချည်းနှီးသက်သက်သာဖြစ်မည်။ ထို့ကြောင့် ဆာလံဆရာက “ငါသည် စိတ်နှလုံးထဲမှာ ဒုစရိုက်ကို ငဲ့ကွက်လျှင်၊ ဘုရားရှင်သည် နားထောင်တော်မမူ” ဟု သတိပေးထားသည် (ဆာလံ ၆၆:၁၈)။ အပြစ်ဝန်ချတောင်းပန်ခြင်း မပြုခြင်းသည် နာမခံရာရောက်သည်။ အပြစ်သည် ဘုရားသခင်နှင့် ကျွန်ုပ်တို့ကြား ဆက်သွယ်မှုကို အတားအဆီးဖြစ်စေသည်။ တန်ခိုးအရှိန်ကို ပြတ်တောက်စေသည်။

“ငါ့ကိုချစ်လျှင်၊ ငါ့ပညတ်တို့ကို စောင့်ရှောက်ကြလော့” (ယောဟန် ၁၄:၁၅) ဟု ယေရှုဆိုသည့်အတိုင်း နာခံခြင်းနှလုံးသားနှင့် ကျွန်ုပ်တို့ ဆုတောင်းသင့်သည်။

     မည်သည့်အချိန်တွင် ဆုတောင်းရမည်နည်း

အချိန်မှန်၊ နေရာမှန်တွင် ဆုမတောင်းလျှင် အဆင်ပြေမည်မဟုတ်ပါ။ ငါးကြီး၏ဝမ်းထဲမှ ယောန ဆုတောင်းခဲ့သည်။ ထောင်ထဲတွင် ညသန်းခေါင်အချိန်၌ ပေါလုနှင့်သိလ ဆုတောင်းခဲ့ ကြသည်။

အချိန်တိုင်း၊ နေရာတိုင်းတွင် ကျွန်ုပ်တို့ ဆုတောင်းနိုင်သော်လည်း တိကျ သောအချိန်နှင့် သတ်မှတ်ထားသောနေရာတွင် ဆုတောင်းလျှင် အကောင်းဆုံး ဖြစ်ပေ လိမ့်မည်။ ဆာလံဆရာ ဒါဝိဒ်က “ညဦးအချိန်၊ နံနက်အချိန်၊ မွန်းတည့်အချိန်တို့၌ ငါသည် ညည်းတွားမြည်တမ်း၍ ငါ၏အသံကို ကြားတော်မူမည်” ဟု ဆိုခဲ့သည် (ဆာလံ ၅၅:၁၇)။

“အမိန့်တော်ထုတ်၍ တံဆိပ်ခတ်ကြောင်းကို ဒံယေလသည် ကြားသိသော် လည်း၊ မိမိအိမ်သို့ သွား၍ ယေရုရှလင်မြို့သို့ မျက်နှာပြုရာ အထက်ခန်းပြတင်း ပေါက်ပွင့်လျက်ပင်၊ အထက်ပြုလေ့ရှိသည်အတိုင်း တစ်နေ့သုံးကြိမ် ဒူးထောက်လျက် သခင်ကို ဆုတောင်း၍ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းလေ၏” ဟု ဒံယေလ အကြောင်းကို ရေးသားထားသည် (ဒံယေလ ၆:၁၀)။

       လူသူမရှိသည့်နေရာတွင် ဆုတောင်းရန် ယေရှုကိုယ်တိုင်ကပင် သွန်သင် ထားသည်။ “သင်သည် ဆုတောင်းသောအခါ ဆိတ်ညံရာအခန်းသို့ဝင်၍ တံခါးကိုပိတ်

ပြီးမှ မထင်ရှားသောအရပ်၌ ရှိတော်မူသော သင်၏အဘကို ဆုတောင်းလော့။ မထင်ရှားသောအရာကို မြင်တော်မူသော သင်၏အဘသည် အကျိုးကို ထင်ရှားစွာ ပေးတော်မူလတံ့” ဟု ယေရှု သွန်သင်ခဲ့သည် (မဿဲ ၆း၆)။

အစားအသောက်အတွက် စုဝေးသည်ဖြစ်စေ၊ သမ္မာကျမ်းစာကို လေ့လာရန် စုဝေးသည်ဖြစ်စေ၊ လူမှုရေးအကြောင်းနှင့် စုဝေးသည်ဖြစ်စေ၊ မည်သည့်အကြောင်း

ကြောင်းကြောင့်ဖြစ်ဖြစ် ယုံကြည်သူများ စုဝေးသည့်အခါ ဘုရားသခင်၏ ကောင်းကြီး ကို တောင်းခံရင်း ဆုတောင်းခြင်းဖြင့် အစပြုသင့်၏။

မိသားစုလိုက် ဆုတောင်းခြင်းကိုလည်း မမေ့ပါနှင့်။ မိသားစုနှင့် အတူတကွ ဆုတောင်းခြင်းသည် မိသားစုဝင်များကို ပို၍နီးကပ်စေကာ ကျစ်ထားသောကြိုးကဲ့သို့ ဖြစ်သည်။

   မည်သည့်အရာအတွက် ဆုတောင်းရမည်နည်း

ခန္ဓာလိုအပ်ချက်နှင့် ဝိညာဉ်လိုအပ်ချက်များ အားလုံးအတွက် ကျွန်ုပ်တို့ ဆုတောင်းသင့်သည်။ “သင်တို့သည် အဆိုးဖြစ်လျက်ပင် ကိုယ်သားတို့အား ကောင်း

သောအရာကို ပေးတတ်လျှင်၊ ထိုမျှမက ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့ အဘသည် ဆုတောင်းသောသူတို့အား၊ ကောင်းသောအရာကို သာ၍ ပေးတော် မူမည်မဟုတ်လော” (မဿဲ ၇:၁၁)။

အသက်မွေးလောက်သောအစာအတွက် ဆုတောင်းရန် တပည့်တော်များ အား ယေရှု သင်ပေးခဲ့သည်။ ထိုအသက်မွေးလောက်သောအစာတွင် အစားအစာ၊ အဝတ်အစား၊ နေစရာအိမ် တို့ပါဝင်သည်။ မည်သည့်အရာမျှ ဘုရားသခင်အတွက် အလွန်ကြီးမားလွန်းသည်ဟု မရှိပါ။ ကျွန်ုပ်တို့လိုအပ်သမျှသောအရာအားလုံးအတွက် ဆုတောင်းရန် ကျွန်ုပ်တို့ကို ဘုရားသခင် အလိုရှိသည်။

ဆုတောင်းခြင်းကို အတားအဆီးဖြစ်စေသည့်အရာများ

ဆုတောင်းခြင်းသည် မလွယ်ပါ။ ခက်ခဲသည်။ မယုံကြည်ခြင်း၊ လော ဆန်ခြင်း၊ ဝတ်ကျေတမ်းကျေ ပြုခြင်းတို့က ကျွန်ုပ်တို့၏ ဆုတောင်းခြင်းကို အချည်း ဖြစ်စေသည်။ အောက်ပါ ကျမ်းချက်များကို ဆင်ခြင်ကြည့်ပါ။

“ကြည့်ရှုလော့။ထာဝရဘုရားသည်မကယ်တင်နိုင်အောင်လက်တော်ကို၊သည်မဟုတ်။မကြားနိုင်အောင်နားတော်ထိုင်းသည်မဟုတ်။သင်တို့ဒုစရိုက်သည်၊သင်တို့ကိုဘုရားသခင်နှင့်ကွာစေပြီ။ကြားတော်မမူစေခြင်းငှါသင်တို့အပြစ်သည်မျက်နှာတော်ကိုလွှဲစေပြီ” (ဟေရှာယ၅၉:၁-၂)။ “ငါသည်စိတ်နှလုံးထဲမှာဒုစရိုက်ကိုငဲ့ကွက်လျှင်၊ဘုရားရှင်သည်နားထောင်တော်မမူ” (ဆာလံ၆၆:၁၈)။ “အကြောင်းမူကား၊ထာဝရဘုရားသည်ဖြောင့်မတ်သောသူတို့ကိုကြည့်ရှုတော်မူ၏။သူတို့ဆု

တောင်းခြင်းကိုလည်း နားထောင်တော်မူ၏။ ဒုစရိုက်ပြုသောသူတို့ကား ထာဝရ ဘုရားသည် မျက်နှာလွှဲတော်မူ၏” (၁ ပေ ၃:၁၂)။

အပြစ်ကြောင့် လူသားများ ပျောက်ဆုံးသောအဖြစ်သို့ ရောက်ခဲ့ကြပြီး အပြစ် ကြောင့် ယုံကြည်သူများ၏ ဆုတောင်းခြင်းသည်လည်း အရာမရောက်တတ်ပေ။ ထို့ ကြောင့် အပြစ်သည် ရက်စက် ကြမ်းကြုတ်သော စက်ဝိုင်းတစ်ခုဖြစ်သည်။ အပြစ်မှ ၊ သင့်ကို ကယ်တင်ရန် ဘုရားထံ ဆုတောင်းပါ။

ဆုတောင်းခြင်းသည် ကျေးဇူးတော်ကြောင့်သာရသော အခွင့်အရေး ဖြစ် သည်။ မွန်မြတ်သော အရာဖြစ်သည်။ ဆုတောင်းခြင်းအသက်တာရှိရန် ကြိုးစားပါ။

                 မေးခွန်းအချို့

 ၁။ရောမသြဝါဒစာ၈:၁၅နှင့်ယေရိမိအနာဂတ္တိကျမ်း၃၃:၃တွင်တွေ့ရသည့်အတိုင်းဆုတောင်းခြင်း၏အဓိပ္ပာယ်နှစ်မျိုးကိုဖော်ပြပါ။နှင့်တကွဖော်ပြပါ။

၂။ ကျွန်ုပ်တို့ဆုတောင်းရသည့် အကြောင်းအရင်း အနည်းဆုံး သုံးချက်ကို

ကျမ်းချက်နှင်တကွ‌ ဖော်ပြပါ။

၃။မည်သို့ဆုတောင်းရမည်နည်း” ဟူသည့် မေးခွန်းနှင့် ပတ်သက်၍ အချက်ငါး

ချက်ကို ဖော်ပြပါ။ ။

၄။ရှင်ယာကုပ်ဩဝါဒစာ ၁.၆-၇ အရ ဆုတောင်းခြင်းတွင် မည်သည့်အရာသည် အဓိက ကျသနည်း။

၅။ယေဘုယျအားဖြင့် မည်သည့်အရာအတွက် ဆုတောင်းသင့်သနည်း။

 ၆။ ဆုတောင်းခြင်းကို အတားအဆီးဖြစ်စေနိုင်သည့်အချက်များကို ဖော်ပြပြီး ၎င်းတို့ ကို ဖြေရှင်းရန် နည်းများကိုလည်း ဖော်ပြပါ။

           မှတ်သားစရာအချို့

 ဆုတောင်းခြင်းသည်ဘုရားသခင်၏ဘဏ္ဍာတော်တံခါးသော့ဖြစ်သည်။

ဆုတောင်းခြင်းအတွက် အရိုးရှင်းဆုံးသော အနက်ဖွင့်ဆိုမှုမှာ “အသံလွင့်ဟစ်အော် ခြင်း” ဖြစ် သည်။ “

အရာအားလုံးသည်သင့်အပေါ်မူတည်သကဲ့သို့အလုပ်လုပ်ပါ။အရာအားလုံးသည်သင်၏ဆုတောင်းခြင်းအပေါ်မူတည်သကဲ့သို့ဆုတောင်းပါ” ~ ဂျေနရယ်ဘွတ်

အသီးများစွာသောဆုတောင်းခြင်း၏ပထမဆုံးသော့ချက်မှာစိတ်နှိမ့်ချခြင်းဖြစ်သည်။

အပြစ်သည်ဘုရားသခင်နှင့်ကျွန်ုပ်တို့ကြားဆက်သွယ်မှုကိုအတားအဆီးဖြစ်စေသည်။တန်ခိုးအရှိန်ကိုပြတ်တောက်စေသည်။

ဆုတောင်းခြင်းသည် အခွင့်အရေးတစ်ခုသက်သက် မဟုတ်ပါ။ ကျွန်ုပ်တို့၏ တာဝန် ဝတ္တရားလည်း ဖြစ်သည်။ ဆုတောင်းရန် ပျက်ကွက်ခြင်းသည် နာမခံခြင်းအသက်တာ ကို ဆောင်သည်။ နာမခံခြင်းက ဘုရားသခင်ကို ကျေနပ်အားရမှု မပေးနိုင်။

                      အခန်း

          ဘုရားသခင်နှင့်သီးသန့်အချိန်သုံးခြင်း

“နံနက်အချိန်၊ မိုးသီးမလင်းမှီ ကိုယ်တော်သည် ထပြီးလျှင် တောအရပ်သို့ ထွက်ကြွ၍ ဆုတောင်းတော်မူ၏” မာကု ၁:၃၅

ဘုရားသခင်၏ ကြီးမားစွာအသုံးပြုခြင်းခံသော အင်ဒရိုးဘိုနာ (Andrew Boner) က ဘဝနေထိုင်နည်းသုံးမျိုးကို သူ့အတွက် သူရေးဆွဲခဲ့သည်။ ပထမတစ်နည်း

မှာ၊ သခင်ယေရှုထံ စကားမပြောမချင်း မည်သို့ထံမှ စကားမပြောရန်။ ဒုတိယနည်းမှာ ဒူးထောက်ဆုတောင်းခြင်းမပြုမီ မည်သည့်အရာကိုမျှ လက်နှင့်မကိုင်ရန်။ တတိယ နည်းမှာ ကျမ်းစာကိုမဖတ်မီ မည်သည့်စာအုပ်၊ သတင်းစာ၊ စာစောင်ကိုမျှ မဖတ်ရန် တို့ဖြစ်သည်။

     မငြိမ်မသက်၊ ရုတ်ရုတ်သဲသဲ ဆူဆူညံညံဖြစ်၍ လျင်လျင်မြန်မြန်သွားနေ သာ ခေတ်ကြီးတွင် ကျွန်ုပ်တို့နေထိုင်သည်။ ကျွန်ုပ်တို့၏ အလုပ်လုပ်သောနှုန်းသည် ပင် ထိတ်လန့်စရာကောင်း၏။ ထိုသို့ အလုပ်များနေသောခေတ်ကြီးတွင် နေထိုင် သည့်အတွက်ကြောင့် ကျွန်ုပ်တို့ လုပ်ရမည့်အရာများကိုပင် အချိန်ဇယားဆွဲ၍ လုပ် နေရသည်။ အချိန်ကို လုနေရသည်။ ထိုသို့ဖြစ်သောကြောင့် ကျွန်ုပ်တို့ လုပ်သင့်သည့် အရာများကိုပင် ချန်လှပ် ထားမိကြသည်။ မေ့လျော့တတ်ကြသည်။

မည်သည့်အရာက အရေးကြီးဆုံးဖြစ်သလဲဆိုတာကိုတော့ ကျွန်ုပ်တို့ ဆုံး ဖြတ်ရတော့မည်။ ဘယ်အရာသည် ကျွန်ုပ်တို့အတွက် အရေးကြီးဆုံး ဖြစ်သလဲဆိုတာ ကျွန်ုပ်တို့ကိုယ်တိုင်ဝမ်းနည်းစရာကောင်းသည်မှာ ယုံကြည်သူများစွာအတွက် ဘုရားသခင်နှင့် သီးသန့်အချိန်သုံးခြင်းသည် သူတို့၏အတွေးထဲပင် မရှိပါ။ ထိုသို့အချိန်မသုံးခြင်း သည်လည်း အကျင့်တစ်ခုလို ဖြစ်သွားသည်။ ဘုရားနှင့်သီးသန့်အချိန်သုံးရန် အမြဲ လိုလိုပင် ပျက်ကွက်တတ်ကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့၏ ဝိညာဉ်ရေးအသက်တာ အလွန်အားနည်းကာ နေမကောင်းဖြစ်သွားတတ်သည်။

ဘုရားသခင်နှင့်သီးသန့်အချိန်သုံးခြင်းဆိုသည်မှာ

     ယုံကြည်သူများအတွက် ဘုရားသခင်နှင့် သီးသန့်အချိန်သုံးခြင်းဟူသည် မိမိလုပ်ရမည့်အရာများကို ဘေးဖယ်ထားကာ ဆိတ်ငြိမ်သည့်နေရာတွင် အဘဘုရား သခင်နှင့် အချိန်သုံးခြင်းဖြစ်၏။ ၎င်းကို Quiet Time (ဆိတ်ငြိမ်ချိန်/တိတ်ဆိတ်ချိန်) ဟု အင်္ဂလိပ်လို ခေါ်ကြသည်)။ တိတိကျကျ ပြောရမည်ဆိုပါက ဘုရားသခင်နှင့်သီးသန့် အချိန်သုံးခြင်းသည် ဆုတောင်းခြင်း၊ နှုတ်ကပတ်တော်ကို ဆင်ခြင်အောက်မေ့ခြင်း၊ သမ္မာကျမ်းစာကို လေ့လာခြင်းများအတွက် သီးသန့်အချိန် သတ်မှတ်ခြင်းကို ဆိုလို သည်။ ထိုသို့ဘုရားသခင်နှင့် သီးသန့်အချိန်သုံးခြင်းဖြင့် မရှိမဖြစ်လိုအပ်သော နေ့ စဉ်ခွန်အား၊ ဉာဏ်ပညာ၊ လမ်းပြမှုတို့ကို ကျွန်ုပ်တို့ ရနိုင်သည်။ ဘုရားသခင်နှင့် သီးသန့်အချိန်သုံးရန် ပျက်ကွက်မိပါက သင်၏ဝိညာဉ်သွေးအားနည်း လာ၍ အစာ ငတ်ပြတ်လာကာ ရန်သူစာတန်၏ အလွယ်တကူ ဖမ်း၍ရသော သားကောင်ဖြစ်သွား ပေမည်။ ။

   ဘုရားသခင်နှင့်သီးသန့်အချိန်သုံးခြင်းကို ဝိညာဉ်ရေးအသက်တာ ရေချိုး ခြင်း သို့မဟုတ် ဝိညာဉ်ရေးတစ်ကိုယ်ရေသန့်စင်ခြင်းဟုလည်း ကျွန်ုပ်တို့ခေါ်ဆိုနိုင် သည်။ ကျွန်ုပ်တို့ကို ဆေးကြောပေးသည်။ လန်းဆန်းစေသည်။ အားသစ်ပြန်လည် မွေးဖွားစေသည်။ ကျွန်ုပ်တို့၏ ဘေးပတ်ဝန်းကျင်ရှိ ကိုယ်ကျင့်တရားပျက်ပြား ခြင်းမှ ကျွန်ုပ်တို့ ကို အကာအကွယ်ပေးပါလိမ့်မည်။ ခရစ်ယာန် စစ်သည်တော်များ ဖြစ်သည့်အလျောက် ဝိညာဉ်တိုက်ပွဲအတွက် ဘုရားသခင်နှင့် သီးသန့်အချိန်သုံးခြင်း က ကျွန်ုပ်တို့ကို ပြင်ဆင်မှု ပေးပါသည်။

          မိတ်ဆွေ၊အောင်မြင်သောခရစ်ယာန်အသက်တာပိုင်ဆိုင်ရန်ဘုရားသခင်

နှင့် သီးသန့်အချိန်သုံးခြင်းသည် မရှိမဖြစ် လိုအပ်သည်။ ယေရှုပြောခဲ့သောစကားကို ၊ ဆင်ခြင်ကြပါစို့။ “ယေရှုကလည်း၊ လူသည် မုန့်အားဖြင့်သာ အသက်ကို မွေးရသည် မဟုတ်။ ဘုရားသခင် မိန့်တော်မူသမျှအားဖြင့် အသက်ကို မွေးရမည်” (မဿဲ ၄:၄)။

“သူ့ဝိညာဉ်အတွက်ကို လူတစ်ယောက် သေသေချာချာစဉ်းစားမိမယ်ဆိုရင်၊ အဲဒီလူဟာ ကယ်တင်ခြင်းရဖို့ သေချာသလောက်ရှိပြီ” ဟု ဆရာ မူးဒီ ဆိုခဲ့ဖူးသည်။ လူတွေများစွာ ကယ်တင်ခြင်း မရကြသည့်အကြောင်းမှာ သတင်းကောင်းကို မကြား ဖူးကြသောကြောင့်မဟုတ်။ မိမိတို့ ကယ်တင်ရှင်လိုအပ်သည့်အကြောင်းနှင့် သတင်း

ကောင်း၏ အနှစ်သာရအကြောင်းကို သေချာစဉ်းစားတွေးတောရန် အချိန် မပေးကြ သောကြောင့်ဖြစ်၏။

ယေရှုကို ကယ်တင်ရှင်အဖြစ် ခရစ်ယာန်များ သိထားကြ၏။ သို့သော် ဘုရား သခင်နှင့် သီးသန့် အချိန်ယူကာ နှုတ်ကပတ်တော်ကို ဆင်ခြင်ရန် ပုံမှန်အချိန် မပေး ကြသောကြောင့် ယေရှုကို သည်ထက် ပို၍ မသိကြပါ။ ယေရှုကို သိကျွမ်းခြင်း၌ မတိုး ပွားကြပါ။

ခရစ်ယာန်ဖြစ်သည်မှာ နှစ်ပေါင်းများစွာ ကြာညောင်းခဲ့ပြီးဖြစ်သော အမျိုး ၊ သမီးတစ်ယောက်အကြောင်းကို လေဝိစမစ် (Lewis Smith) ရေးခဲ့ဖူးသည်။ သူ့ ဘဝ၏ ဟာတာတာဖြစ်မှုနှင့် တင်းမာမှုတို့ကြောင့် စိုးရိမ်ခြင်း၏ သားကောင်အဖြစ်နှင့် မေ့မျောလုနီးပါးဖြစ်ခဲ့ရသည်။ ထိုအချိန်တွင် ဘုရားသခင်ထံ ဆုတောင်းကာ သူအရင် က သတိမထားမိခဲ့ဖူးသော ဟေရှာယအနာဂတ္တိကျမ်း ၃၀:၁၅ ကို သန့်ရှင်းသော ဝိညာဉ်တော်က ညွှန်ပြခဲ့သည်။ “ငြိမ်ဝပ်စွာနေခြင်း၊ ယုံကြည်ခြင်းအားဖြင့် ခွန်အား အစွမ်းကို ရကြလိမ့်မည်” ဟု ထိုကျမ်းချက်တွင် ပါသည်။

 ထိုအချိန်မှစ၍ ထိုအမျိုးသမီးသည် မိသားစုဝင်များ မနိုးခင် နာရီဝက် ကြို တင်ထကာ ဆိတ်ငြိမ်သောအချိန်တွင် ဘုရားသခင်နှင့်သီးသန့်အချိန်စတင်သုံးခဲ့ သည်။ ဤသို့ဖြင့် နှုတ်ကပတ်တော်ကို စတင်ဖတ်ရှုလေ့လာခဲ့သည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၊ ကြီးမြတ်မှု၊ တန်းခိုးတော်အကြောင်းကို ဆင်ခြင်စဉ်းစားခဲ့သည်။ ခက်ခဲသောအမှုများကို ရင်ဆိုင်ရသောနေ့ ရောက်လာခဲ့သည်။ ထိုနေ့မနက်တွင် ဣသရေလလူမျိုးများ ပင်လယ်နီ ဖြတ်သွားခဲ့ကြသည့်အကြောင်းကို သူဆင်ခြင်မိ သည်။ ထို့ကြောင့် သူက “သန်းပေါင်းများစွာသော လူများကို ပင်လယ်ဖြတ်ပြီး လွယ်လွယ်‌ လေးနဲ့

ဘုရားသခင် ခေါ်ထုတ်ခဲ့တဲ့အကြောင်းကို ကျွန်မ သတိထားမိတယ်။ ကြောင့် ကျွန်မကြုံရမယ့် တစ်နေ့တာအခက်အခဲတွေကိုလည်း ဘုရားသခင်က ကို ဘေးမသီရန်မခ လမ်းပြသွားမှာဘဲ။ ကျွန်မ ဘုရားသခင်နှင့်သီးသန့် အချိန် တဲ့အတွက် စိတ်ချသေချာမှု၊ မိမိကိုယ်မိမိ ယုံကြည်မှု၊ ယုံကြည်ခြင်းတို့နဲ့ ကျွန်မ ပြည်ခဲ့တယ်” ဟု နောက်တွင် သက်သေခံသွားခဲ့သည်။

သိပ်မကြာမီအတွင်းမှာပင် ထိုအမျိုးသမီး၏ စိုးရိမ်ပူပန်စိတ်များ ပျောက်သွား ခဲ့သည်။ စိုးရိမ်စိတ်၊ စိတ်ပင်ပန်းခြင်း ဝေဒနာတို့နှင့် နပန်းလုံးခဲ့ရသော ထိုအမျိုး သမီးသည် မကြာမီအချိန်အတွင်း သူများအတွက် ခွန်အား၊ သူများကို လှုံ့ဆော်အား ပေးသူ ဖြစ်လာသည်ကို မည်သူကမျှ မယုံနိုင်ကြပါ။

ယနေ့ခေတ်တွင် ယုံကြည်သူများ၏ အာရုံကို ဖမ်းစားနိုင်သည့်အရာများစွာ ရှိသည်။ ဘုရားသခင်နှင့် သီးသန့်အချိန်မသုံးနိုင်ရန် စာတန်က ကျွန်ုပ်တို့ကို အင်တိုက် အားတိုက် ဖြားယောင်း သွေးဆောင်နေပါသည်။ ဆူညံသံများကလည်း နေရာတိုင်း၊ အချိန်တိုင်းလိုလိုပင်။ ရေဒီယိုနှင့် ရုပ်မြင်သံကြားစက်ကလည်း တစ်နေ့လုံး။ ဖုန်းသံ ကလည်း ကလင်ကလင်နှင့် ရပ်နားသည်ဟူ၍မရှိ။ မော်တော်ကားများ၊ လေယာဉ်များ၊ အမျိုးမျိုးသော စက်ယန္တရားများက တိတ်ဆိတ်ခြင်း (သို့) ဆိတ်ငြိမ်ခြင်း၏ အလှ တရားကို ပျောက်ကွယ်စေတတ်သည်။ ထိုတိတ်ဆိတ်ခြင်းအလှတရားကို မမြည်းစမ်း ဖူးသူမှာ ဒုနဲ့ဒေးပင်။

လူ့အသိုင်းအဝိုင်းတွင် အလုပ်ကို ပိုမိုလွယ်ကူစေနိုင်သည့် စက်ယန္တရားနှင့် လုပ်ကိုင်စားသောက်ခြင်းသည် ပိုမိုတွင်ကျယ်လာသည်။ အလုပ်တစ်ခုခုကို အဆက် မပျက်လုပ်ရင်း ပျာယာခတ်သွားကာ အခြားအရာများကို ကျွန်ုပ်တို့ မေ့လျော့တတ်ကြ သည်။ ထိုအရာများကို ဘေးဖယ်ထားကာ ဆိတ်ငြိမ်သောအချိန်တွင် ဘုရားသခင်နှင့် သီးသန့်အချိန်သုံးရန် ဆုံးဖြတ်ပြန်ပါကလည်း ကျွန်ုပ်တို့တွေ့ရမည့် ပုဂ္ဂိုလ်များ၊ လုပ်ရ မည့်အရာများ၊ သွားရမည့်နေရာများက စိတ်ထဲတွင် စွဲကပ်နေသည်။ ဤသို့ဖြင့် ဘုရား သခင်နှင့်သီးသန့်အချိန်မသုံးဘဲ ယုံကြည်သူများစွာ အသက်ရှင်တတ်ကြသည်။   ထို့

ကြောင့် အသီးများစွာသီးကာ ကြွယ်ဝသောခရစ်ယာန်အသက်တာကို မပိုင်ဆိုင်နိုင် ကြပါ။

ဘုရားသခင်နှင့် သီးသန့်အချိန်သုံးခြင်းသည် အကြံကောင်း သက်သက်

မဟုတ်ပါ။ ဝိညာဉ်အသက်တာ ကြီးထွားရင့်ကျက်ရန်အတွက် မရှိမဖြစ် လိုအပ် အရာဖြစ်သည်။ ကျွန်ုပ်တို့၏ ကျန်းမာရေးကောင်းသည့်အခါ အအေးဒဏ်ကို ခံ ကဲ့သို့ စာတန်ကို တိုက်ခိုက်ရန် ဝိညာဉ်ကျန်းမာရေးကောင်းနေမှ ဖြစ်ပေမည်။

  ထို့ကြောင့် သင်သည် ခရစ်ယာန်အသစ်ဖြစ်ဖြစ်၊ ခရစ်ယာန်ဖြစ်သက် ကြ ဖြစ်ဖြစ်၊ သင်းအုပ်ဆရာဖြစ်ဖြစ်၊ သာမန်အသင်းသား/သူဖြစ်ဖြစ် ဘုရားသခင် အချိန်သုံးခြင်းကို ထိထိရောက်ရောက် ပုံမှန်မလုပ်ဘဲ ဥပေက္ခာပြု ထားပါက သင်၏ ခရစ်ယာန်အသက်တာ အောင်မြင်မှုရှိမည် မဟုတ်ပါ။

“လူပျိုတို့သည် မော၍ ပင်ပန်းခြင်းသို့ ရောက်ကြလိမ့်မည်။ လုလင်တို့သည် ။ လည်း ထိမိ၍ လဲကြလိမ့်မည်။ ထာဝရဘုရားကို မျှော်လင့်သောသူတို့မူကား၊ အားပြည့် ကြလိမ့်မည်။ ရွှေလင်းတကဲ့သို့ မိမိတို့အတောင်ကို အသစ်ပြုပြင်ကြလိမ့်မည်။ ပြေး သော်လည်း မပင်ပန်း၊ ခရီးသွားသောအခါ မမောရကြ” ဟု ဟေရှာယ ဆိုခဲ့သည်

(ဟေရှာယ ၄၀:၃၀-၃၁)။

“ဟုတ်ပါပြီ။ ဘုရားသခင်နှင့်သီးသန့်အချိန်သုံးခြင်း၏ အရေးပါမှုကိုတော့ ကျွန်တော် လက်ခံတယ်။ ဒါပေမယ့် အဲဒါကို ကျွန်တော် ဆက်ထိန်းထားလို့မရဘူး ဖြစ်နေတယ်။ ကျွန်တော်နဲ့တော့ အဆင်မပြေဘူးထင်တယ်” ဟု သင်စဉ်းစားကောင်း စဉ်းစားမိနိုင်သည်။

အထောက်အကူဖြစ်စေမည့် အကြံပြုချက်များ

 ပျာယာခတ်လွန်းပြီး အနှောင့်အယှက်များသော ခေတ်ကြီးတွင် မည်ကဲ့သို့ ကျွန်ုပ်တို့ ငြိမ်ဝပ်စွာ နေနိုင်မည်နည်း။ ဘုရားသခင်ရှိကြောင်း ကျွန်ပ်တို့ မည်ကဲ့သို့ သိနိုင်မည်နည်း။ မည်ကဲ့သို့ ကောင်းမွန်စွာဘုရားသခင်နှင့်သီးသန့် အချိန်သုံးနိုင် မည်နည်း။ ကျွန်ုပ်၏အတွေ့အကြုံများမှ အောက်ပါအချက်များသည် အထောက်အကူ ဖြစ်စေမည်ဟု ကျွန်ုပ်မျှော်လင့်သည်။

(၁) ဘုရားသခင်နှင့်သီးသန့်အချိန်သုံးခြင်း၏ အရေးပါမှုကို သိမှတ်ပါ။

နှုတ်ဖြင့်သာ ဘုရားသခင်ကို ချီးမွမ်းကိုးကွယ်ခြင်း၊ အမှုတော်ဆောင်ခြင်း တို့သည် လွယ်ကူလှ၏။ အပြောနှင့်အလုပ်ညီရန်မှာ မလွယ်ပါ။ ကျွန်ုပ်တို့ လုပ်နေသည့်

အလုပ်က ပေးစွမ်းနိုင်သောအရာများကို ကျွန်ုပ်တို့ မသိမှတ်ပါက ကျွန်ုပ်တို့ လုပ်နေ သည့်အလုပ်တွင် အောင်မြင်နိုင်မည်မဟုတ်ပါ။

ရဲလ်တက္ကသိုလ်တွင် စာသင်ပြသူဘော်ဒင် က ဘုရားသခင်နှင့် သီးသန့်အချိန် သုံးခြင်းနှင့် ပတ်သက်၍ “ဒီတစ်နှစ်လုံးလုံးမှာ တစ်ကြိမ်လား၊ နှစ်ကြိမ်လားဘဲ ဘုရား သခင်နှင့်အချိန်သုံးဖို့ ပျက်ကွက်ဖူးတယ်။ ဘုရားသခင်နှင့် သီးသန့်အချိန်သုံးခြင်းဟာ ကယ်တင်ခြင်းပြီးရင် ဒုတိယအရေးကြီးဆုံး အရာဖြစ်မယ်လို့ထင်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဆုတောင်းခြင်းနှင့် ကျမ်းစာဖတ်ရှုလေ့လာခြင်းအားဖြင့် ဘုရားသခင်ကို ကျွန်တော် မငံ့လင့်တဲ့အခါ အရာအားလုံးဟာ တလွဲတချော်ချည်းဘဲ” ဟု ပြောခဲ့ဖူး၏။

ကျွန်ုပ်တို့ခန္ဓာကိုယ်ကျန်းမာနေဖို့ အစာအရေးကြီးသည်ဟု ကျွန်ုပ်တို့ထင် သောကြောင့် တစ်နေ့သုံးကြိမ် မှန်မှန် ထမင်းစားတတ်ကြသည် မဟုတ်လား။ ဝိညာဉ် ကျန်းမာနေဖို့ အလားတူ ကျွန်ုပ်တို့ လုပ်ဆောင်သင့်ပေသည်။

“ကယ်တင်ခြင်းအလို့ငှါ နှုတ်ကပတ်တော်တရား၏ နို့စစ်အားဖြင့် ကြီးပွား မည် အကြောင်း ဘွားစသော သူငယ်ကဲ့သို့၊ ထိုတရားနို့ကို အလွန်လိုချင်သောစိတ်နှင့် ရှိကြလော့” ဟု ရှင်ပေတရု တိုက်တွန်းထားသည် (၂ ပေ၂:၂)။

“အသက်မရှုဘဲနဲ့ အသက်မရှင်နိုင်သကဲ့သို့ ဆုမတောင်းဘဲနဲ့ ခရစ်ယာန် အသက်ရှင်လို့ မရဘူး” ဟု မာတင်လူသာ ဆိုခဲ့ဖူးသည်။ ဆုတောင်းခြင်း၊ ကျမ်းစာ ဖတ်ရှုလေ့လာခြင်းတို့ဖြင့် ဘုရားသခင်နှင့် အဆက်အသွယ်ပြုခြင်းသည် ခရစ်ယာန် တစ်ယောက်အတွက် သူ၏အသက်လမ်းကြောင်းပင်ဖြစ်သည်။

ယေရှုကိုယ်တိုင်ပင်ဆုတောင်းခြင်းနှင့်နှုတ်ကပတ်တော်ကိုဆင်ခြင်အောက်မေ့ခြင်း၌အချိန်များစွာသုံးခဲ့သည်။ “နံနက်အချိန်၊ပိုယ်မလင်းမီကိုယ်တော်ဥထပြီးလျှင်တောအရပ်သို့ထွက်ကြွ၍ဆုတောင်းတော်မူ၏” (မာကု၁:၃၅)။ဘုရားသခင်၏အပြစ်ကင်းသောသားတော်၊ဘုရားသခင်နှင့်အဆက်အသွယ်မပျက်သာယေရှုကိုယ်တိုင်သည်ဆိတ်ငြိမ်သောအရပ်တွင်ဘုရားသခင်နှင့်အချိန်သုံးပါကကျွန်ုပ်တို့သည်ပို၍လုပ်သင့်သည်မဟုတ်လော။

(၂) ဘုရားသခင်နှင့်သီးသန့်အချိန်သုံးခြင်း၏ အရသာကို မြည်းစမ်းကြည့်ပါ။

နှုတ်ကပတ်တော်ကို “အလွန်လိုချင်သောစိတ်” ရှိရန် ရှင်ပေတရုက စိန်ခေါ်မှု

ပေးထားသည် (၂ပေ ၂၂)။ “နှုတ်ကပတ်စကားကို ခံယူပါပြီ။ နှုတ်ကပတ်တော်သည် အကျွန်ုပ် ဝမ်းမြောက်ရွှင်လန်းစရာ အကြောင်းဖြစ်ပါ၏” (ယေရမိ ၁၅:၁၆)။

နှုတ်ကပတ်တော်ကို ဘယ်လိုခံယူရသလဲ။ သင်မေးကောင်းမေးနိုင်၏။ သင် ခန္ဓာကိုယ်အတွက် အစာကို ဘယ်လိုခံယူသလဲ သို့မဟုတ် အစာကိုဘယ်လို စားသည်။ ဘာတွေဖြစ်လာသလဲ။ သင်သောက်သောနွားနို့ကြောင့် သင်၏ဆံပင် သန်စွမ်း ကာ၊ မျက်စိကိုလည်း အထောက်အကူ ဖြစ်စေသည်မဟုတ်လော။ သင်စားသော ဟင်းသီးဟင်းရွက်များကြောင့် သင်၏အသားအရေ ကောင်းမွန်ကာ သင့်ကို ကျန်းမာ သန်စွမ်းစေသည်မဟုတ်လော။ သင်စားခဲ့သောအစာများသည် သင်၏ ခန္ဓာကိုယ်က စိတ်အပိုင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကြသည်။

ကျွန်ုပ်တို့၏ ကျမ်းစာဖတ်ရှုလေ့လာခြင်း၊ ဆင်ခြင်အောက်မေ့ခြင်းတို့သည် ၊ ထိုနည်းတူပင်ဖြစ်သည်။ အစာကိုချေရသကဲ့သို့ နှုတ်ကပတ်တော်အစာကို ချေရန် လို အပ်သည်။ ကျွန်ုပ်တို့ဘဝ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ရှိနေသင့်ပေသည်။

ဘုရားသခင်ထံ စကားပြောလိုစိတ်၊ ဆုတောင်းခြင်းဖြင့် အချိန်သုံးလိုစိတ် ရှိရန် လိုအပ်သည်။ ကျွန်ုပ်၏အမျိုးသမီးကို ချစ်သောကြောင့် သူနှင့်အတူ အမြဲတမ်း ရှိချင်သည်။ ခရီးသွားသည့် အခါတွင်လည်း သူနှင့်အမြဲ စိတ်အားထက်သန်စွာ ဖုန်းခေါ် ဆိုလေ့ရှိသည်။

ယေရှုကို အမှန်တကယ်ချစ်လျှင် သူနှင့်အဆက်အသွယ်လုပ်လိုစိတ် ရှိပါ (လိမ့်မည်။ သင်နှင့်ကျွန်ုပ်အတွက် ဘုရားသခင်နှင့် အချိန်သုံးရခြင်းသည် အလွန် အံ့သြဖွယ် ကောင်းပေသည်။ သည်ထက် အံ့သြဖွယ်ကောင်းသည်မှာ ဘုရားသခင်က လည်း ကျွန်ုပ်တို့နှင့် အချိန်သုံးလိုခြင်းဖြစ်သည်။ မိတ်ဿဟာယဖွဲ့လိုသည်။ “ထို ၊ သို့ကိုးကွယ်သောသူတို့ကို ခမည်းတော်သည် အလိုရှိတော်မူ၏” (ယောဟန် ၄၂၃)၊ ဘုရားသခင်က သင်နှင့်အချိန်သုံးလိုသည်။ မိတ်ဿဟာယဖွဲ့လိုသည်။ ဆိတ်ငြိမ်ချိန် ၊ သည် ဘုရားသခင်နှင့်သီးသန့် အချိန်သုံးခြင်းဖြစ်သည်။

(၃) ဘုရားသခင်နှင့်သီးသန့်အချိန်သုံးခြင်းကို မပျက်ကွက်ရန် စိတ်ပိုင်းဖြတ်ပါ။

ဘုရားသခင်နှင့်သီးသန့်အချိန်သုံးခြင်းကို မပျက်ကွက်ရန် စိတ်ပိုင်းဖြတ်ခြင်း နှင့် စည်းကမ်းရှိခြင်း လိုအပ်သည်။ သင့်ကို အနှောင့်အယှက်ပေးနိုင်သည့်အရာ မှန်သ

မျှကို ရှောင်ပါ။ သင့်ဖုန်းကြောင့်လည်း အနှောင့်အယှက် အဖြစ်မခံပါနှင့်။ သတ်မှတ်

သောအချိန်တွင် ဘုရားသခင်နှင့်သင်နှစ်ယောက်တည်း နေ့စဉ်သီးသန့် အချိန် သုံးနိုင်ရန် သင်၏နေ့စဉ်အချိန်ဇယားကို ဆွဲပါ။

ငါမှာလုပ်စရာအရမ်းများတာ မင်းမသိပါဘူး။ ငါ့အချိန်ဇယားပြည့်နေတာ မသိပါဘူး” ဟု သင်ဆိုကောင်းဆိုနိုင်၏။ ဘုရားသခင်နှင့် သီးသန့်အချိန်သုံးရန် အချိန်မရှိပါက သင်အလုပ်များလွန်းနေပြီ။ ကိုယ့်အတွက် အရေးကြီးသည်ဟု ထင် သည့်အရာများကို လုပ်ရန် ကျွန်ုပ်တို့တွင် အချိန်ရှိတတ်သည်ကို ကျွန်ုပ် သတိထား မိသည်။ ကိုယ်လုပ်ချင်သည့်အရာကို လုပ်ရန်မူ ကျွန်ုပ်တို့တွင် အချိန် ရှိတတ်သည်။

သင့်အတွက် မည်သည့်အရာက အရေးကြီးပါသနည်း။ သူတစ်ပါးအတွက် သင်ဆွဲဆောင်မှုရှိချင်လျှင် မှန်ရှေ့တွင် အကြာကြီး အချိန်သုံးတတ်သည် မဟုတ်

လော။ စာဖတ်ခြင်းကို ဝါသနာပါသောသူတစ်ယောက်သည် သူ၏တစ်နေ့တာမှ အချိန် အများဆုံးကို စာအုပ်နှင့် အချိန်ကုန်တတ်သည်။ လူမှုရေးအလုပ်၊ အသင်းတော်နှင့် ပတ်သက်သောအလုပ်များသည် အရေးကြီးသည်ဟု သင်မှတ်ယူသောကြောင့် ထို အရာများအတွက် သင်အချိန်များစွာ သုံးတတ်သည် မဟုတ်လော။ ။

ဘုရားသခင်နှင့် မိတ်ဿဟာဖွဲ့ခြင်းနှင့်ပတ်သက်၍ မည်သို့နည်း။ ဘုရား သခင်နှင့်သီးသန့်အချိန်သုံးရန် ကျွန်ုပ်တို့ ပျက်ကွက်ခြင်းသည် ကျွန်ုပ်တို့ အလုပ် များသောကြောင့် မဟုတ်ပါ။ အရေးကြီးသည်ဟု မထင်မှတ်သောကြောင့် ဖြစ်သည်။

ဂျွန်ဝိုင်စ်လီ (John Wesley) က သူ့တစ်သက်တွင် တရားဒေသနာပေါင်း ၄၄,ဝဝဝ ခန့် ဟောခဲ့သည်။ မိုင်ပေါင်း ၃ဝဝ,ဝဝဝ ခန့် မြင်းစီး၍ ခရီးသွားခဲ့သည်။ သဒ္ဒါနှင့် ဩဝါဒဆိုင်ရာစာအုပ်မြောက်များစွာကို ဘာသာစကား ၄ ဘာသာဖြင့် ပြုစု ရေးသားခဲ့သည်။ သို့သော်၊ ဘုရားသခင်နှင့်သီးသန့်အချိန်သုံးရန် မပျက်ကွက်ခဲ့ဖူးပါ။ ငယ်စဉ်ကတည်းပင် မနက်တွင် တစ်နာရီ၊ ညတွင် တစ်နာရီ နေ့စဉ် ဘုရားသခင်နှင့်

အချိန်သုံးရန် သူဆုံးဖြတ်ချက်ချခဲ့သည်။ သူသေသည်အထိ ထိုဆုံးဖြတ်ချက်ကို မပြောင်းခဲ့ပါ။ ဆုံးဖြတ်သည့်အတိုင်းလည်း ပြုလုပ်ခဲ့သည်။

နေ့စဉ် ဘုရားသခင်နှင့်သီးသန့်အချိန်သုံးခြင်းသည် အရေးကြီးဆုံးသော အရာကို ပထမဆုံး နေရာထားခြင်းပင်ဖြစ်သည်။ တေးဂီတဖျော်ဖြေပွဲတွင် နာမည် ကြီး ပုဂ္ဂိုလ်တစ်ယောက်အကြောင်းကို ဒေါရာသီဟစကင်း (Dorothy Haskin)ဘက ပြောခဲ့ဖူးသည်။ သူ၏ တယောကျွမ်းကျင်မှု လျှို့ဝှက်ချက်ကို မေးသည့်အခါ “လျစ်လျူရှုခြင်း” ဟု ပြန်ဖြေခဲ့သည်။ ဤသို့ သူဆက်လက် ရှင်းပြခဲ့သည်။ “ကျွန် အချိန်ကို ယူတဲ့အရာတွေ အများကြီးရှိတယ်။ မနက် သရေစာ စားပြီးတဲ့နောက်မှာ အိပ်ရာကို သေသေချာချာ သိမ်းတယ်။ အခန်းကို သန့်ရှင်းရေး လုပ်တယ်။ ပြီးတော လုပ်သင့်တဲ့အခြားအရာတွေကိုလည်း လုပ်တယ်။ အဲဒါတွေပြီးမှ တယောကို စတင် လေ့ကျင့်လေ့ရှိခဲ့တယ်။ ဒါပေမယ့် အဲဒါ အလုပ် မဖြစ်ဘူး။ ဒါကြောင့် ပြောင်းပြန် ပြန်လုပ်လိုက်တယ်။ အရာအားလုံးကို လျစ်လျူရှုဖို့ တမင်သက်သက် ကြံစည်ခဲ့တယ်။ တယောကို သေသေချာချာ လေ့ကျင့်ပြီးမှဘဲ ကျန်တဲ့အရာတွေကို လုပ်တယ်။ “လျစ် ၊ လှူရှုခြင်း” ဟာ ကျွန်ုပ်ကျွမ်းကျင်မှုရဲ့ လျှို့ဝှက်ချက်ပါဘဲ။”

ဘုရားသခင်နှင့် သီးသန့်အချိန်သုံးခြင်းကို မပျက်ကွက်ရန် သင်လျစ်လှူ၊ ရမည့်အရာများစွာ ရှိကောင်းရှိနိုင်သည်။ ဘုရားသခင်နှင့်သီးသန့်အချိန်သုံးရန် အချိန် ရှာပါ။ ကျန်အရာများအတွက် စနစ်တကျဖြစ်အောင် စီစဉ်ထားတတ်သကဲ့သို့ ဘုရား၊ သခင်နှင့် သီးသန့်အချိန်သုံးရန်လည်း စနစ်တကျဖြစ်အောင် စီစဉ်ပါ။ ။

“ဆုတောင်းခြင်းသည် မနက်တံခါးကို ဖွင့်သည့်‌ေသာ့ဖြစ်၍ ညတံခါးကို

ပိတ်သည့်သော့လည်းဖြစ်သည်” ဟု မသဲဟင်ရီ (Matthew Henry) က ပြောခဲ့ဖူး သည်။ ဘုရားသခင်နှင့်သီးသန့်အချိန်သုံးခြင်းကို မပျက်ကွက်ရန် စည်းကမ်းရှိဖို့ ၊ လိုသည်။

      ဘုရားသခင်နှင့်သီးသန့်အချိန်သုံးခြင်းအတွက်လက်တွေ့ခြေလှမ်းများ

(၁) ပုံမှန်လုပ်ပါ

ဗေရီမြို့သားများသည်နှုတ်ကပတ်တော်ကိုခံယူပြီးလျှင် “မှန်သည်မမှန်သည် ကို သိခြင်းငှာ၊ ကျမ်းစာကို နေ့တိုင်း အစဉ်စေ့စေ့ ကြည့်ရှုကြ၏” (တမန် ၁၇:၁၁။ ပုံမှန်နေရာ၊ ပုံမှန်အချိန်တွင် ဘုရားသခင်နှင့် နေ့စဉ် အချိန်သုံးပါ။ ထိုသို့ အချိန်နာရီ နေရာကို သီးသန့်သတ်မှတ်ထားပြီးဆိုလျှင် ဘုရားသခင်နှင့်သီးသန့်အချိန်သုံးခြင်း ၊ ပုံမှန်လုပ်ဆောင်နိုင်ပါလိမ့်မည်။

မိမိဝါးနိုင်သည့်ပမာဏထက် များသောအစာကို ပါးစပ်ထဲ မထည့်ပါနှင့်။

အစတွင် ကိုယ်မခံနိုင်လောက်အောင် လွန်လွန်ကျွံကျွံ လုပ်မည်ဆိုလျှင် စိတ်ပျက်စရာ၊ ဦးမနှင့် သင်ရင်ဆိုင်ရလိမ့်မည်။ လုပ်လေ့လုပ်ထမရှိသူအတွက် တစ်နာရီကျော်

သည်ထက်၁၅မိနစ်ဖြင့်အစပြုလျှင်အကောင်းဆုံးဖြစ်ပေလိမ့်မည်။ကောင်းမြန်စွာပြီးမြောက်နိုင်သည်ဟုသင်ထင်သည့်အချိန်အပိုင်းအခြားအကန့်အသတ်အတိုင်းသာလုပ်ရန်ဆုံးဖြတ်ပါ။

    (၂) တိတ်ဆိတ်ငြိမ်သက်သောနေရာတွင် လုပ်ပါ

“ငြိမ်ဝပ်စွာနေခြင်း၊ ယုံကြည်ခြင်းအားဖြင့် ခွန်အားအစွမ်းကို ရကြလိမ့် မည်” (ဟေရှာယ ၃၀:၁၅)။ သင်၏ ဘုရားသခင်နှင့် သီးသန့်အချိန်သုံးခြင်းကို တိတ် ဆိတ်သောနေရာ တွင် လုပ်ပါ။ “ငြိမ်ဝပ်လျက် နေကြလော့။ ငါကား ဘုရားသခင် ဖြစ်သည်ဟု သိမှတ်ကြ လော့” (ဆာလံ ၄၆:၁၀)။ အမေရိကန်ရေတပ်တွင် ဆိုရိုးစကား ရှိသည်။ “သင်္ဘောများက သူတို့ရဲ့ သံလိုက်အိမ်မြှောင်ကိုဘဲ သေသေချာချာ ကြည့် မယ်ဆိုရင် တိတ်ဆိတ်တဲ့ နေရာမှာ ကျောက်ဆူးကို ချနိုင်တယ်”။ သင့်အတွက် တိတ် ဆိတ်သည့် နေရာကို ရှာပါ။ တိတ်ဆိတ်သည့်နေရာကို ရှာ၍မရပါက ပတ်ဝန်းကျင်၏ အနှောင့်အယှက်များမှ စိတ်တံခါးကို သေချာပိတ်ထားရန် လိုသည်။ ။

တိတ်ဆိတ်သည့်နေရာကို ရှာခြင်းထက် အရေးကြီးသည့်အချက်တစ်ချက် ရှိသည်။ တိတ်ဆိတ်တည်ငြိမ်သည့် စိတ်နှလုံးဖြစ်သည်။ သင့်အတွက် ဘုရားသခင် သိုလှောင်ထားသည့် အရာများအတွက် စိတ်နှလုံးတံခါးကို ဖွင့်ထားပါ။ “ကိုယ်တော်၊ ကျွန်တော် တံခါးပိတ်ပြီ။ ဆူညံသောပတ်ဝန်းကျင်ကို ကျောခိုင်းတုန်း၊ အရာရာ တိတ် ဆိတ်တုန်း ကျွန်ုပ်ကို စကားပြောပါ။ ဆူညံသံတွေ မရှိတော့ဘူး။ ကျွန်ုပ် နှလုံးသားထဲ ကိုယ်တော်၏ အလိုတော်ကို တီးတိုးပြောပါ။” ဟု ဝီလီယမ်ရမ်ယန် (Willian Runyan) က လှလှပပ ဖွဲ့ဆိုခဲ့သည်။

    (၃) စနစ်တကျ လုပ်ပါ

“အလွန်ကြည်ညိုသော စေတနာစိတ်နှင့် နှုတ်ကပတ်တရားတော်ကို ခံယူ” ကြ၏ (တမန်တော် ၁၇:၀၀)။ ဘုရားသခင်နှင့်သီးသန့်အချိန်သုံးရန် အချိန်ကို သင်ကိုယ် တိုင် သတ်မှတ် နိုင်သည်။ သင်၏ သဘောသာဖြစ်၏။ တရုတ်ပြည်သို့ သာသနာပြုခဲ့သူ ဆရာကြီး ဟက်ဆန်တေလာ (Hudson Taylor) က “တစ်နေ့တာတွင် သင့်အတွက်အကောင်းဆုံးအချိန်ကို ဘုရားသခင်နှင့် မိတ်သဟာယဖွဲ့ရန် သုံးပါ” ဟု အကြီး သည်။ အချို့က စောစော ထတတ်သည်။ အချို့မှာ နောက်ကျမှ ထတတ်သည်။

            မှန်မှန်ပြုလုပ်ခြင်းသည် အဓိက ဖြစ်သည်။ ဘုရားသခင်နှင့်သီးသန့်အခါ သုံးရန် မနက်အချိန်သည် ကျွန်ုပ်အတွက် အကောင်းဆုံးအချိန်ဖြစ်သည်။ ဆာလံဆရာ က “အိုထာဝရဘုရား၊ နံနက်အခါ အကျွန်ုပ်စကားသံကို ကြားတော်မူရပါ၏။ နံနက် ၊ အခါ ကိုယ်တော်ကို မျက်မှောက်ပြု၍ မြော်လင့်ပါမည်” (ဆာလံ ၅:၃)။ “ငါ့ကို ချစ်သော၊ သူတို့ကို ငါချစ်၏။ (နံနက်အခါ) ငါ့ကိုကြိုးစား၍ ရှာသောသူတို့သည် တွေ့တတ်ကြ၏”

(သုတ္တံ ၈:၁၇)။

    သင်သည် အများကဲ့သို့ ဖြစ်ပါက မနက်အချိန်တွင် ညအိပ်ရာဝင်ချိန်ထက် သင်ပို၍ လန်းဆန်း မည်ဖြစ်သည်။ တက်တက်ကြွကြွရှိမည်။ မနက်တွင် ဘုရားသခင် နှင့် သီးသန့်အချိန်သုံးလိုပါက ညအိပ်ရာဝင်ချိန်ကို သေချာစဉ်းစားရတော့မည်။ သင် ဦးစား ပေးလိုသည့်အရာကို စနစ်တကျ စီစဉ်ထားရမည်။ အိပ်ရာမဝင်ခင် စာဖတ်တတ် လျှင် ထိုစာအုပ်ကို စောစော ချရတော့မည်။ အိပ်ရာမဝင်ခင် တီဗီကြည့်တတ်လျှင် တီဗီကို စောစောပိတ်ရတော့မည်။ အိပ်ရာမဝင်ခင် ဖုန်းသုံးတတ်လျှင် စောစောပိတ် ၊ ရတော့မည်)။

       ဘုရားသခင်နှင့်သီးသန့်အချိန်သုံးခြင်းကို မှန်မှန်ပြုလုပ်နိုင်ရန် သစ္စာရှိဖို့လို ၊ အပ်ပါသည်။ “ထိုမှတပါး၊ ဘဏ္ဍာစိုးမည်သည်ကား သစ္စာရှိရမည်” ဟု ရှင်ပေါလု ခဲ့ သည် (၁ ကော ၄:၂)။ ကျွန်ုပ်တို့အားလုံးသည် ဘဏ္ဍာစိုးဖြစ်ကြ၏။ မိမိ ကြိုက်သလို

အသုံးပြုရန် တစ်ရက်လျှင် ၂၄ နာရီစီရှိကြ၏။ သင်၏အချိန်ကို မည်သို့ သင်အသုံး နေပါသနည်း။ ။

     ယေရှုကို မိမိကယ်တင်ပိုင်ရှင်အဖြစ် လက်ခံသောသူတိုင်းသည် ဘုရားသ ၏ မိသားစုဝင်များ ဖြစ်ကြ၏။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ ကောင်းကင်ဖခင် – ၏။ ကျွန်ုပ်တို့သည်လည်း ဘုရားသခင်၏ သားသမီးများဖြစ်ကြ၏။ ဖခင်ကောင်းတိုင် သည် မိမိသားသမီးများနှင့် အချိန်သုံးလိုကြသည်ပင်။ ဤနည်းဖြင့်သာ တစ်ယော နှင့်တစ်ယောက် အသိကျွမ်းဝင်နိုင်သည်။

      ဘုရားသခင်နှင့်သီးသန့်အချိန်သုံးတော့မည်ဆိုလျှင် ထိုအချိန်ကို ဘု သခင် ကောင်းကြီးပေးဖို့ ဆုတောင်းခြင်းဖြင့် အစပြုရန် ကျွန်ုပ်အကြံပြုလိုသည်။

ဆုတောင်းခြင်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ရတနာသော့ ဖြစ်သည်။

ထိုဆုတောင်းခြင်းတွင် ဂုဏ်တော်ချီးမွမ်းခြင်းနှင့် ဘုရားသခင်ပြုခဲ့သည့် အ ခင် ပြုဦးမည့်အရာများအတွက် ကျေးဇူးတော်ချီးမွမ်းခြင်း ပါဝင်သင့်သည်။ ရသောသူများအတွက် ဆုတောင်းပါ။ သူတပါးအတွက်လည်း ဆုတောင်းပါ။ အတွက်လည်း ဆုတောင်းပါ။ ဆုတောင်းခြင်းသည် ရင်ဖိုလှိုက်မောဖွယ်ကောင်း သော အခွင့်အရေးတစ်ခုဖြစ်၏။

          ဆုတောင်းပြီးဆိုလျှင် နှုတ်ကပတ်တော်ကို သင်စတင်ဖတ်ရှုနိုင်သည်။ ထို နတ်ကပတ်တော်သည် သင့်အတွက် ဘုရားသခင်၏ အထူးတရားတော် ဖြစ်သည်။ စာလုံးကြီးဖြင့်ရေးထားသော ကျမ်းစာအုပ်ကို သင်ရွေးဖတ်လျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ စာလုံးသေးလျှင် အာရုံစိုက်ရန် အခက်အခဲ ရှိနိုင်သည်။ အနှောင့် အယှက်ဖြစ်နိုင်သည်။ ယောရှုထံ ဘုရားသခင်ပေးခဲ့သော အောင်မြင်ခြင်းလမ်းညွှန်မှာ “ထိုပညတ္တိ ကျမ်းစာ၌ ရေးထားသမျှအတိုင်း ကျင့်မည်ဟု စောင့်ရှောက်ခြင်းအလိုငှါ ကျမ်းစာကို မဘတ်မရွတ်ဘဲမနေ၊ နေ့ညဉ့်မပြတ် ကြည့်ရှုဘတ်ရွတ်ရမည်။ သို့ ပြုလျှင် သင်သည် အကြံထမြောက်၍ အောင်မြင်လိမ့်မည်” ဖြစ်သည် (ယောရှု ၁း၈)။

ဘုရားသခင်၏ ကောင်းမြတ်ခြင်းနှင့် ကြီးမြတ်ခြင်းတို့ကို တိတ်ဆိတ်စွာ၊ နက်နဲစွာ ဆင်ခြင်စဉ်းစားခြင်းသည် ကြည့်ရှုဘတ်ရွတ်ခြင်း (ဆင်ခြင်အောက်မေ့ ခြင်း) ဖြစ်သည်။ ဘုရားသခင်၏ ကတိတော်များကို သတိထားပါ။ သင်၏နေ့စဉ် အ သက်တာအတွက် လမ်းညွှန်ဖြစ်သည့်အရာများကို ရှာပါ။ အဓိပ္ပာယ်ရှိသော ကျမ်းပိုဒ် တစ်ပိုဒ်ကို အလွတ်ကျက်မှတ်ရန် ကြိုးစားပါ။ ဆန္ဒမစောပါနှင့်။ ပုံမှန်လုပ်ပါ။ တိတ် ဆိတ်သောနေရာတွင် တိတ်တိတ်ဆိတ်ဆိတ် လုပ်ပါ။ စနစ်တကျလုပ်ပါ။ အေးအေး ဆေးဆေး စိတ်ပြေလက်ပြေ လုပ်ပါ။ ဘုရားသခင်၏ အသက်ရှင်သော နှုတ်တော် ထွက်စကားများကို ဆင်ခြင်စဉ်းစားပါ။

 (၄) အနားယူပြီး လုပ်ပါ

“ငါကိုယ်တိုင်သွား၍ ငြိမ်ဝပ်ခြင်း ချမ်းသာကို ပေးမည်” (ထွက် ၃၃:၁၄)။ စိတ်ဝိညာဉ်အနားယူခြင်း၊ ငြိမ်ဝပ်စွာနေခြင်းသည် ဘုရားသခင်၏ လက်ဆောင်ဖြစ်၏။ မည်သို့ပင်ဖြစ်စေ၊ ခန္ဓာအနားယူခြင်းသည်လည်း အလွန်အရေးကြီးပေ၏။ အိပ်ရာဝင်

နောက်ကျလျှင် စောစောထရန် အလွန်ခက်ခဲသည်။ အိပ်ရာဝင် နောက်ကျလွန်းခြင်း က သင်၏ ဘုရားသခင်နှင့် သီးသန့်အချိန်သုံးခြင်းကို ဖျက်ဆီးနိုင်သည်။

(၅) မျှော်လင့်ခြင်းနှင့် လုပ်ပါ

“ငါတို့၌ ပြုပြင်သော တန်ခိုးတော်အတိုင်း၊ ငါတို့တောင်းပန်ကြံစည်သ ထက် အလွန်ထူးခြားစွာ ပြုခြင်းငှါ တတ်နိုင်တော်မူသော ဘုရားသခင်သည်၊ ယေ ခရစ်အားဖြင့် အသင်းတော်၌ ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း” (ဧဖက် ၃၂၁)။

မှတ်ထားပါ။ ဘုရားသခင်နှင့်သီးသန့်အချိန်သုံးခြင်းကို အောင်မြင်စွာ ပြုလုပ် ပြီးစီးလိုပါက နေ့စဉ် သင့်အတွက် တစ်စုံတစ်ခုကို ဘုရားသခင် ပြုလုပ်ပေးရန် မျှော် လင့် ရပါမည်။ သင်၏ ဆုတောင်းချက်များကို အဖြေပေးမည်ဟူသည့် ယုံကြည်ခြင်းနှင့် ဆုတောင်းပါ။ သင်၏ စိတ်နှလုံးသားထဲတွင် ဘုရားသခင်ပြည့်ပြည့်ဝဝ ကျိန်းဝပ်ရန်

တောင်းဆိုပါ။ နှုတ်ကပတ်တော်ကို ဖတ်ရှုပါ။ သင့်ဘဝတွင် လိုအပ်သောအရာကို ဖြည့်ဆည်းပေးရန် ဘုရားသခင်က သင့်အားနှုတ်ကပတ်တော် အားဖြင့် စကားပြောနေ သည်ဟု မှတ်ယူပါ။

သင့်ဘဝတွင် တန်ခိုးလိုနေပါသလား။ သင်၏ ခရစ်ယာန်အသက်တာတွင် တစ်စုံတစ်ခု လိုနေသည်ဟု သင်ခံစားပါသလား။ ယနေ့အချိန်မှစ၍ ဘုရားသခင်နှင့် သီးသန့်အချိန်သုံးမည်ဟု ဆုံးဖြတ်ချက်ချလိုက်ပါလား။

ကိုယ်တော်၊ ကျွန်ုပ် တံခါးပိတ်ပြီ၊ ကျွန်ုပ် ဒူးထောက်ပြီ စကားပြောပါ၊ ကျွန်ုပ်ဝိညာဉ် အာရုံစိုက်နေသည် ၊ မကောင်းသောအရာအတွက် ဆုံးမပါ။ ကျွန်ုပ်ဝိညာဉ်ကို အကြံပေးပါ ကိုယ်တော်၏သန့်ရှင်းသောအလိုတော်ကိုဖွင့်ပြပါ။ကျွန်ုပ်ဆန္ဒကို ထိန်းချုပ်ပါ ကိုယ်တော်၊ ကျွန်ုပ် တံခါးပိတ်ပြီ၊ ကျွန်ုပ်နှလုံးသားကို ခွန်အားပေးပါ ကျွန်ုပ်ပါဝင်သော အလုပ်က စောင့်နေပြီ ၊ ခံစားကျေးဇူးတော်ကြောင့်သာ ကျွန်ုပ်မှန်မည် ကိုယ်တော်နှင့်နှစ်ယောက်တည် သီးသန့်အချိန်သုံးမှ ကျွန်ုပ်အားသစ်ရလာပြီ ၊

           _       ဝီလီယမန်ရပ်ရန်

             မေးခွန်းအချို့

၁။ဘုရားသခင်နှင့်သီးသန့်အချိန်သုံးခြင်းဆိုသည်မှာအဘယ်နည်း။

၂။ရှင်မာကုခရစ်ဝင်၁:၃၅အရ၊ဘုရားသခင်နှင့်သီးသန့်သခင်ယေရှုအချိန်သုံးသည့်အခါမည်သည့်ပုံသက်သေပြခဲ့သနည်း။

၃။ယေရမိအနာဂတ္တိကျမ်း၁၅:၁၆နှင့်ဘုရားသခင်နှင့်သီးသန့်အချိန်သုံးခြင်းသည်မည်သို့ပတ်သက်မှုရှိသနည်း။

၄။ ဘုရားသခင်နှင့်သီးသန့်အချိန်သုံးခြင်းကို ပုံမှန်မပျက် လုပ်ဆောင်နိုင်ရန် စည်း ကမ်းသည် မည်သည့်ကဏ္ဍတွင် ပါဝင်သနည်း။

၅။ ဘုရားသခင်နှင့်သီးသန့်အချိန်သုံးခြင်းအတွက် လက်တွေ့ခြေလှမ်းများကို ဖော်ပြပါ။

          မှတ်သားစရာအချို့

ဘုရားသခင်နှင့် သီးသန့်အချိန်သုံးခြင်းသည် အကြံကောင်းသက်သက် မဟုတ်ပါ။ ဝိညာဉ်အသက်တာ ကြီးထွားရင့်ကျက်ဖို့ရန်အတွက် မရှိမဖြစ် လိုအပ်သည့်အရာ ဖြစ် သည်။ “

အသက်မရှူဘဲနဲ့အသက်မရှင်နိုင်သကဲ့သို့ဆုမတောင်းဘဲနဲ့ခရစ်ယာန်အသက်ရှင်လို့မရဘူး” ~ မာတင်လူသာ

ဘုရားသခင်နှင့်သီးသန့်အချိန်သုံးရန် ပျက်ကွက်ခြင်းသည် ကျွန်ုပ်တို့ အလုပ်များသော

ကြောင့် မဟုတ်ပါ။ အရေးကြီးသည်ဟု မထင်မှတ်သောကြောင့် ဖြစ်သည်။

 အမေရိကန်ရေတပ်တွင် ဆိုရိုးစကားရှိသည်။ “သင်္ဘောများက သူတို့ရဲ့ သံလိုက် အိမ်

မြှောင်ကိုဘဲ သေသေချာချာ ကြည့်မယ်ဆိုရင် တိတ်ဆိတ်တဲ့နေရာမှာ ကျောက် ဆူးကို ချနိုင်တယ်”

အိပ်ရာဝင်နောက်ကျလွန်းခြင်းက သင်၏ ဘုရားသခင်နှင့် သီးသန့်အချိန်သုံးခြင်းကို ဖျက်ဆီးနိုင်သည်။

               အခန်း

             လူအမျိုးအစားသုံးမျိုး

ဇာတိပကတိလူသည် ဘုရားသခင်၏ ဝိညာဉ်တော်အရာတို့ကို မခံမယူ၊ အရာတို့သည် မိုက်မဲသောအရာဖြစ်သည်ဟု ထင်တတ်၏။ ထိုအရာတို့ကို အားဖြင့်သာ ပိုင်းခြား၍ နားလည်နိုင်သောကြောင့်၊ ဇာတိပကတိလူသည် နားမလင်း နိုင်။ ထိုလှကို သွန်သင်နိုင်မည်အကြောင်း အဘယ်သူသည် ထာဝရဘုရား၏ စိန် တော်ကို သိနိုင်သနည်း။ ငါတို့မူကား ခရစ်တော်၏စိတ်ကို ခံရကြ၏”။           ၁ ကော ၂:၁၄-၁၆

 ဇာတိပကတိလူ (မယုံကြည်သူ) သည် ဘုရားသခင်ကို မသိနိုင်။ ဇာတိပကတို့ လူသည် သူတစ်ပါးထံ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မဝေမျှပါ။ ဝိညာဉ်လူသည် သာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာက နိုးဆော်မှုပေးပြီး ဘုရားလမ်းပြမှုအောက်တွင် အသက်ရှင်သည်။

ကျွန်ုပ်တို့ကမ္ဘာသည် ငွေကြေးချမ်းသာမှု၊ ပညာရေး၊ လူမျိုးရေး၊ အသက် အရွယ်၊ နေရာဒေသ စသည်တို့ဖြင့် ပိုင်းခြားထားသည်။ ထိုသို့ပိုင်းခြားခြင်းအချို့မှာ သဘာဝကျ၍ အထောက်အကူဖြစ်သည်။ အချို့မှာ ထီထွင်ခြင်းသက်သက်သာဖြစ်ပြီး အန္တရာယ်ရှိနိုင်သည်။

သမ္မာကျမ်းစာက လူသားအားလုံးကို အမျိုးအစားသုံးမျိုးဖြင့် ခွဲခြားထား သည်။ ဤသို့ အမျိုးအစားခွဲခြားခြင်းသည် ကျွန်ုပ်တို့၏ ပိုင်ဆိုင်မှုနှင့်အသား အရောင် ကွဲပြားမှုတို့နှင့် မဆိုင်ပါ။ တမန်တော်ရှင်ပေါလုကိုယ်တိုင်ကပင် “ယေရှုခရစ်၌ ယုဒ

မရှိ၊ဟေလသလူမရှိ၊ကျွန်မရှိ၊လူလွတ်မရှိ၊ယောက်ျားမရှိ၊မိန်းမမရှိ၊ထိုသမသင်တို့အပေါင်းသည်တလုံးတဝတည်းဖြစ်ကြ၏” (ဂလာတိ၃၂၈)။

ဘုရားသခင်ခွဲခြားထားသော အပိုင်းအခြားသည် လူတစ်ယောက်၏ နှလုံးသား အခြေအနေပေါ်တွင် လုံးလုံးလျားလျား မူတည်သည်။ ၁ ကာ

များသည် လူတစ်ယောက်၏ ဝိညာဉ် များများ မူတည်သည်။ ၁ ကော ၂:၁၄-၃

တွင် ထိုအပိုင်းအခြားများကို ဖော်ပြထားသည်။

ဇာတိပကတိလူ(Natural Man)

      ပထမဆုံးလူတန်းစားသည်ဇာတိပကတိလူဖြစ်သည်။ “ဇာတိပကတိလူသည် သခင်၏ ဝိညာဉ်တော်အရာတို့ကို မခံမယူ။ ထိုအရာတို့သည် မိုက်မဲသောအရာ သည်ဟု ထင်တတ်၏။ ထိုအရာတို့ကို ဝိညာဉ်အားဖြင့်သာ ပိုင်းခြား၍ နားလည်နိုင် သောကြောင့် ဇာတိပကတိလူသည် နားမလည်နိုင်” (၁ ကော ၂:၁၄)။

    မည်သူကို ဇာတိပကတိလူဟု ကျွန်ုပ်တို့ ခေါ်သနည်း။ ဇာတိပကတိလူသည် တစ်ကြိမ်သာ မွေးဖွားခဲ့ဖူးသူ ဖြစ်သည်။ ခန္ဓာအားဖြင့် အသက်ရှင်သော်လည်း ဝိညာဉ်ရေးတွင် သေနေသောသူ ဖြစ်သည်။ သူ၏ခန္ဓာလိုချင်တပ်မက်မှု နောက်တ

ကောက်ကောက် လိုက်သွားတတ်သည်။ ထိုအရာက သူ့ကို ထိန်းချုပ်ထားသည်။ သူ့ တွင် ယုံကြည်ခြင်းမရှိပါ။ မပြောင်းလဲပါ။ ကယ်တင်ခြင်း မရသေးပါ။

ဘာသာရေးတွင် ဆရာကြီးတစ်ပါးဖြစ်သူ နိကောဒင်သည် ဝိညာဉ်ရေးနှင့် ပတ်သက်၍ ယေရှုကို မေးခွန်းမေးခဲ့သည်။ ထိုအခါ ယေရှုက “ယေရှုကလည်း၊ ရေနှင့် ဝိညာဉ်တော်မမွေးသောသူ မည်သည်ကား၊ ဘုရားသခင်၏နိုင်ငံတော်သို့ မဝင်ရဟု ငါအမှန်အကန်ဆို၏” ဟု ယေရှု ပြောခဲ့သည် (ယောဟန် ၃:၅)။ ဇာတိပကတိဖြင့် မွေးသောသူသည် ဇာတိပကတိလူဖြစ်သည်။ ဇာတိပကတိလူအတွက် “ငါ” ဟူသည် အဓိက ဖြစ်သည်။ ထိုသူ၏ဘဝတွင် ယေရှုမရှိပါ။

ဇာတိပကတိလူသည် အတ္တကို ရှေ့တန်းတင်တတ်သူဖြစ်သည်။ တစ်ကိုယ် ကောင်းဆန်သူ ဖြစ်သည်။ သူ၏အာရုံငါးပါးကို သူ၏အလိုဆန္ဒပြည့်စုံဖို့ရန်သာ အသုံး ပြုတတ်သည်။

အပြင်ပန်းသဏ္ဍာန်တွင် သနားကြင်နာတတ်ဟန်၊ ယဉ်ကျေးဟန်၊ ကရုဏာ ရှိဟန်ရှိသော်လည်း အတွင်းပိုင်းတွင်မူ တစ်ကိုယ်ကောင်းဆန်သူဖြစ်သည်။ သူ၏ အလိုပြည့်စုံရန်သာ အဓိကထားသူဖြစ်သည်။ သူ၏ဝိညာဉ်သည် သန့်ရှင်းသောဝိညာဉ် တော်၏ တို့ထိခြင်းမခံရသေးပေ။ သူသည်ဘုရားသခင်နှင့် ကင်းကွာလျက် ရှိသည်။

သဘာဝအရာနှင့် ခန္ဓာအရာတွင် အောင်မြင်မှုများစွာ ရှိနိုင်သော်လည်း သူ့ဘဝတွင် အရေးကြီးသောအရာတစ်စုံတစ်ခု ဟာနေလျက်ရှိသည်။ တစ်စုံတစ်ခု လိုနေသည်။ “နှလုံးသားတိုင်းမှာ ဘုရားသခင် ပုံသွင်းထားတဲ့ ဟာကွက်လေးရှိတယ်။

အဲဒီအရာကို ဘုရားသခင်ကဘဲ ဖြည့်ပေးနိုင်တယ်” ဟု ပါစကယ် (Pascal) က ခဲ့ ဖူးသည်။ သဘာဝဝါဒကို စွဲစွဲမြဲမြဲကိုင်ဆွဲသူ ဟင်ရီသိုရိုး (Henry Thoreau) က “လူများစွာက လူသူမသိ ကွယ်ရာမှာ စိတ်မချမ်းမေ့ဖွယ်ရာဘဝနှင့် အသက်ရှင်ကြ တယ်” ဟု ဆိုခဲ့ဖူးသည်။

လူအမျိုးအစားသုံးမျိုးတွင် ပထမအမျိုးအစားမှာ ဇာတိပကတိလူဖြစ်သည်။ ဇာတိလူအတွက် ဘုရားသခင်နှင့်သက်ဆိုင်သောအရာများသည် သူနှင့် ဆန့်ကျင်ဘက် အရာများသာ ဖြစ်တတ်၏။ ထိုအရာတို့ကို စိတ်မဝင်စား။ နားမလည် နိုင်ဟု ရှင်ပေါ လုက ဖော်ပြခဲ့သည်။ ဘုရားသခင်၏ သမ္မာတရားကိုလည်း လိုချင်စိတ် မရှိပါ။ ဇာတိ ပကတိလူသည် သီးခြားပုဂ္ဂိုလ် ဖြစ်သည်။ သူ၏ဘဝသည် အခြားသူများနှင့် မတူပေ။

ဘုရားသခင်နှင့် သက်ဆိုင်သောအရာတို့ကို ဇာတိပကတိလူသည် နားမ လည်နိုင်ပါ။ အကြောင်းမှာ “ထိုအရာတို့သည် မိုက်မဲသောအရာ ဖြစ်သည်ဟု ထင် တတ်၏” (၁ ကော ၂:၁၄)။ “မိုက်မဲသော” ဟူသည့် စကားလုံးသည် နာမဝိသေသန ဖြစ်သည့် မောရယ့်စ် (mores) ဟူသော စကားလုံးမှ ဆင်းသက်လာသည်။ ထို စကားလုံး၏ အဓိပ္ပာယ်မှာ “ထုံထိုင်းသော”၊ “အရသာကင်းမဲ့သော”၊ “စိတ်ဝင်စား ဖွယ်မကောင်းသော” တို့ ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော်၊ ယေရှု ခရစ်တော်ကို မသိသောသူတစ်ယောက်အတွက် ဝိညာဉ်ရေးနှင့်သက်ဆိုင်သော အရာတို့သည် အရ သာကင်းမဲ့သောအရာများနှင့် အဓိပ္ပာယ်မရှိသောအရာများဖြစ်ကြ သည်။

ထိုဝိညာဉ်အရာတို့ကိုလည်း ဇာတိပကတိလူသည် “နားမလည်နိုင်” ပါ (၁) ကော ၂:၁၄)။ သူမသိခြင်း မဟုတ်။ မသိနိုင်ခြင်း၊ နားမလည်နိုင်ခြင်းဖြစ်သည်။ “ထို အရာတို့ကို ဝိညာဉ်အားဖြင့်သာ ပိုင်ခြား၍ နားလည်နိုင်သောကြောင့်” သူ နားမလည် နိုင်ခြင်းဖြစ်သည် (၁ ကော၂:၁၄)။

တက္ကသိုလ်တစ်ခုတွင် သင်ကြားပို့ချသူ လူငယ်ပါမောက္ခတစ်ယောက်က ကျွန်ုပ်ကို ပြောဖူးသည်။ “ဆရာ ဆွစ်တင်း (Sweeting)၊ ကျွန်တော် ကျမ်းစာအုပ်ကို ဖတ်တာ အကြိမ်ပေါင်းမနည်းတော့ဘူး။ ဒါပေမဲ့ ကျွန်တော် နားမလည်နိုင်ဘူး။ ကျွန်တော်က မိသားစုကောင်းကောင်းမှာ ကြီးပြင်းလာတယ်။ ကျွန်ုပ်အစ်ကိုဆိုရင် အမတော်ဆောင်ဆရာလုပ်တယ်။ ဒါပေမယ့် အကြောင်းတစ်ခုခုကြောင့်ဖြစ်မယ်။ ကျမ်းစာကို ကျွန်တော် နားမလည်နိုင်ဘူး။”

မိတ်ဆွေ၊ ဒါက ထူးထူးခြားခြားဖြစ်ရပ် မဟုတ်ပါ။ ဘုရားသခင်နှင့်ပတ်သက် သောအရာတို့ကို ဇာတိပကတိလူက နားမလည်နိုင်ဟု ရှင်ပေါလုကိုယ်တိုင် ပြောခဲ့ ယ် မဟုတ်လော။ မပြောင်းလဲသေးသော သူတစ်ယောက်သည် သွေးသားဇာတိ၏ ချုပ်ချယ်မှုအောက်တွင် ရှိနေသေးသည်။

               ဇာတိလူ (Carnal Man)

လူအမျိုးအစားတွင် ဒုတိယအမျိုးအစားမှာ ဇာတိလူ ဖြစ်သည်။ ဇာတိပကတိ လူသည် ဘုရားသခင်နှင့် လုံးဝကင်းကွာလျက်ရှိပြီး ဇာတိလူသည် အသွေးအသား ဇာတိတပ်မက်မှုအောက်တွင် အသက်ရှင်သော ခရစ်ယာန်ဖြစ်သည်။ ဘုရားသခင် ပေးသော ကယ်တင်ခြင်းကို ရရှိပြီးဖြစ်သော်လည်း ဘုရားသခင်၏ တန်ခိုး ကြီးမြတ် မှုကိုမူ ထိုသူ၏ အသက်တာတွင် မတွေ့ရသေးပေ။ ခန္ဓာအရလည်းကောင်း၊ ဝိညာဉ် အရလည်းကောင်း မွေးဖွားခြင်းကို ခံပြီးသူဖြစ်သည်။ ခရစ်တော်သည် သူ၏ အထဲ တွင် ကျိန်းဝပ်သော်လည်း “ငါ” ဟူသည့် စိတ်က အစိုးရ နေသေးသည်။ အတ္တက သူ့ကို မောင်းနှင်နေသေးသည်။ ရှင်ပေါလုက ယုံကြည်သူများထံ “ဇာတိပကတိ လူတို့အား၎င်း၊ ခရစ်တော်၌ သူငယ်ကလေးတို့အား၎င်း၊ ဟောပြောသကဲ့သို့ ဟော ပြောရ၏” ဟု ဆုံးမခဲ့သည် (၁ ကော ၁:၁)။

          ဝိညာဉ်ရေးအရာတွင် သူငယ်ကလေးဖြစ်ခြင်းသည် လုံးဝမမှားပါ။ ထိုအဆင့် မှပင် ကျွန်ုပ်တို့အားလုံး အစပြုခဲ့ ကြသည်မဟုတ်လော။ ရှင်ပေတရုကလည်း “ကယ် တင်ခြင်းအလို့ငှါ နှုတ်ကပတ်တော်တရား၏ နို့စစ်အားဖြင့် ကြီးပွားမည်အကြောင်း ဘွားစသောသူငယ်ကဲ့သို့ ထိုတရားနို့ကို အလွန် လိုချင်သော စိတ်ရှိကြလော့” (၁ ပေ ၂၂)။ ကျွန်ုပ်တို့၏ ခရစ်ယာန်အသက်တာကို ဘွားစသောကလေး သူငယ်များကဲ့သို့ စတင်လျှောက်လှမ်းခဲ့ ကြသည်။ သို့သော်၊ တစ်ချိန်လုံး ကလေးသူငယ်ဆန်သော ခရစ်ယာန်ဖြစ်ပါက ဝမ်းနည်းစရာ အလွန်ကောင်းပေသည်။ ကလေးသူငယ်တွင် ပုံမှန်ဖွင့်ဖြိုးကြီးထွားမှု မရှိလျှင် မိခင်တစ်ယောက်တွင် သောကများ၊ စိုးရိမ်စိတ်များ စတင်လုံးထွေးလာကြသည် မဟုတ်လား။ မိမိစိုက်ပျိုးသောအသီးအနှံများ ကြီးထွား ရှင်သန်လာခြင်းမရှိကြပါက လယ်သမားတစ်ယောက်အတွက် မည်မျှပင် စိုးရိမ်ဖွယ်ရာ ဖြစ်မည်နည်း။ ကြီးထွားခြင်းသည် ဘဝ၏ပထမဆုံးနိယာမ ဖြစ်သည်။ ကြီးထွားခြင်း မရှိခြင်းက အသက်မရှိခြင်းကို ညွှန်ပြသည်။

             ခရစ်ယာန်များ ကြီးထွားရန် အဘယ်ကြောင့် အရေးကြီးသနည်း။ အဘယ် ကြောင့်ဆိုသော် ကြီးထွားခြင်းသည် ဘုရားသခင်၏ အကြံအစည်တော်ဖြစ်သည်။ “ဘုရားသခင်သည် ရှေးမဆွက သိတော်မူသောသူတို့ကို သားတော်၏ ပုံသဏ္ဍာန်နှင့်၊ တညီတည်းဖြစ်စေခြင်းငှါ ရှေးမဆွက ခွဲခန့်မှတ်သားတော်မူ၏” (ရောမ ၈၂၉)၊

သားတော်၏ ပုံသဏ္ဍာန်တော်နှင့် တညီတည်းဖြစ်ရန် ဘုရားသခင်အလိုရှိသည်။ ကြီးထွား ရှင်သန်ခြင်းအတွက် ဘုရားသခင်၏အကြံအစည်တော်ကို ငြင်းဆန်သော ခရစ်ယာန်သည် သနားစရာအလွန်ကောင်းပေသည်။

     ဇာတိလူ၏ ထူးခြားသောပင်ကိုယ်လက္ခဏာများကို လေ့လာကြပါစို့။ ထိုသူ သည် သူငယ်ကဲ့သို့ လွယ်ကူစွာ ထိခိုက်တတ်သည်။ နာကျင်တတ်သည်။ သေးငယ်

သောကိစ္စကြောင့်ပင် ကလေးသူငယ်ငိုသည်မှာ သူ၏ အကျင့်ဖြစ်သည်။ ထူးခြားသော အပြုအမူကြောင့် အနှောင့်အယှက် ဖြစ်တတ်သည်။ ဇာတိလူသည် အမြင်ကျဉ်း၊ သည်။ ထိုအချက်အလက်များသည် ကလေးသူငယ်များအတွက် သာမန်ဖြစ် သကဲ့သို့ နယ် သောခရစ်ယာန်များ အတွက်လည်း သာမန်ဖြစ်၏။ ရင့်ကျက်ကြီးထွားခြင်း မရှိပါက သူ၏ဇာတသဘော အမှန် ပေါ်လာလိမ့်မည်။ အလွန် ဝမ်းနည်းစရာကောင်း ၊ သည်မှာ များစွာသောခရစ်ယာန်များသည် သူတို့၏ ဘဝ တစ်လျှောက်လုံး ဘွားစသော ခရစ်ယာန်အဖြစ်နှင့် ကျန်ရစ်တတ်ကြသည်။ သူတို့၏ ကြီးထွားမှု ရပ်တန့်သွားခဲ့သည်။

       မနာလိုမှု၊ ရန်တွေ့မှုနှင့် ကွဲပြားမှုတို့သည် ဇာတိလူ၏ လက္ခဏာများဖြစ် သည်။ ဤအကြောင်းကို ရှင်ပေါလုက ၁ ကော ၃:၃ တွင် ရှင်းရှင်းလင်းလင်း ပြောပြထား သည်။ “ယခုပင် ဇာတိပကတိလူဖြစ်ကြသေး၏။ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်း၊ အချင်း ချင်းကွဲပြားခြင်းရှိသည်ဖြစ်၍ သင်တို့သည် ဇာတိပကတိလူဖြစ်ကြသည်မဟုတ်လား

လောကီထုံးစံအတိုင်း ကျင့်ဆောင်ကြသည် မဟုတ်လော”။ ကလေးများသည် မ ခဏ ရန်ဖြစ်တတ်ကြသည်။ ကလေးများတွင် မိမိကိုယ်မိမိထိန်းချုပ်မှု မရှိပါ။ စိ လည်း မရှည်တတ်ကြပါ။ များစွာသောအချိန်တွင် တစ်ယောက်နှင့် တစ်ယော မတည့်ကြပါ။

       ကနဦးဓမ္မသစ်အသင်းတော်တွင် ပြဿနာများကို ဖြစ်ပွားစေခဲ့သူများ ဇာတိလူများပင် ဖြစ်ကြသည်။ ရှင်ပေါလုပေးပို့သောစာစောင်များစွာတွင် ထိုဇာတိ

လူများ ဖြစ်ပေါ်စေခဲ့သော ပြဿနာများကို ဖြေရှင်းရန် အဓိကရည်ရွယ်ထားပြီး သူ၏အချိန်အများဆုံးကိုလည်း ၎င်းအတွက် သုံးခဲ့သည်။ အဘယ်ကြောင့်နည်း။

ယေရှုခရစ်တော်သည် သူတို့အသက်တာတွင် ရှိသော်လည်း ခရစ်တော်အား ထိန်း ချုပ်ပိုင်ခွင့်မပေးခဲ့ ကြသောကြောင့်ဖြစ်သည်။ သူတို့သည် ဝိညာဉ်အရာထက် ခန္ဓာ အရာ၊ လောကီအရာတို့ကို ဦးစားပေးခဲ့ ကြသည်။ ခရစ်တော်၏ ဗဟိုဖြစ်ခြင်းနှင့် လုံလောက်ခြင်းကို သူတို့မသိခဲ့ကြပါ။

                  မိတ်ဆွေ၊ သင်သည်လည်း မည်သည့်အခြေအနေတွင် ရှိနေသနည်း။ သင် ကြီးထွားနေပါသလား။ သင်၏ ဝိညာဉ်အသက်တာသည် အသီးများစွာ သီးပွင့်ပါ သလား။ သင်သည် အပြစ်ငရဲမှ ကယ်တင်ခြင်းကိုသာ ရသော သွေးသားဇာတိ၌ ရှိသော ခရစ်ယာန်ဖြစ်နေပါသလား။ လူအမျိုးအစားတွင် ဇာတိလူသည် ဒုတိယအမျိုး အစားဖြစ်သည်။ ဇာတိလူသည် ကယ်တင်ခြင်းရသော်လည်း သူ၏ အသက်တာကို ခရစ်တော်က မအုပ်ချုပ်။ သူကိုယ်တိုင် အုပ်ချုပ် သေး၏။

             ဝိညာဉ်လူ (Spiritual Man)

တတိယလူအမျိုးအစားကို ၁ ကော ၂:၁၅-၁၆ တွင် ရှင်ပေါလု ဖော်ပြထားပါ သည်။ ထိုတတိယ လူအမျိုးအစားသည် ဝိညာဉ်လူဖြစ်သည်။ မည်သူသည် ဝိညာဉ် လူ ဖြစ်ပါသနည်း။ ဝိညာဉ်လူဟု ဆိုရာဝယ် ရာထူးအဆင့်အတန်းကို ဆိုလိုခြင်း မဟုတ်ပါ။ သေချာသည်မှာ ထိုဝိညာဉ်လူသည် ယုံကြည်သူ ဖြစ်သည်။ သို့သော်၊ ယုံကြည်သူ ဆိုရုံနှင့်မပြီးပါ။ သန့်ရှင်းသောဝိညာဉ်တော်၏ ထိန်းချုပ်မှုအောက်တွင် အသက်ရှင်သောယုံကြည်သူကို ဝိညာဉ်လူဟု ခေါ်ဆိုနိုင်သည်။ ထိုသူ၏ အသက် တာတွင် ခရစ်တော်ရှိရုံတင်မက ထိုအသက်တာကို ခရစ်တော်က ထိန်းချုပ်လမ်းပြ သည်။ ထိုသူသည် ဒုတိယမွေးခြင်းကို ခံပြီးဖြစ်၍ ယေရှုသည် သူ၏ သခင်ဖြစ်သည်။ ယေရှုခရစ်တော်ကိုယ်တိုင်က သူ၏အသက်တာကို အစိုးရသည်။

            ရှင်ပေါလုကိုယ်တိုင်သည်ပင် ဝိညာဉ်လူဖြစ်သည်။ ယုံကြည်သူများထံ ဤသို့

ရေးခဲ့သည်။ “ငါသည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်မှာ အသေခံပြီ။ သို့သော် လည်း အသက်ရှင်သေး၏။ ထိုသို့ဆိုသော် ငါသည် ကိုယ်တိုင်မရှင်၊ ခရစ်တော်သည် ငါ၌ ရှင်တော်မူ၏” (ဂလာတိ ၂၂၀)။

         ဝိညာဉ်လူက မိမိ၏အသက်တာတစ်ခုလုံးကို ခရစ်တော်ထံ ဆက်ကပ်အပ်နှံ ခဲ့ပြီးသူဖြစ်၏။ ယေရှုခရစ်သည် သူ၏အသက်တာကို အစိုးရသည်။ သွေးသားဇာတို့ ၌ ရှိသောသူနှင့်မတူ၊ ဝိညာဉ်လူသည် ဘုရားသခင်နှင့်သက်ဆိုင်သောအရာတွင် ကြီးထွားရှင်သန်ပြီး အသီးများစွာသီးသော ယုံကြည်သူ ဖြစ်သည်။

    ဝိညာဉ်လူသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မြည်းစမ်းခဲ့ပြီးသူဖြစ်ပြီး ထိုချစ်ခြင်းမေတ္တာကို အခြားသူများနှင့် ဝေမျှလိုစိတ်ရှိသူဖြစ်သည်။

        ဇာတိပကတိလူသည် ဘုရားသခင်ကို မသိပါ။ သွေးသားဇာတိ၌ ရှိသော သူသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ဆာငတ်နေသည့်အခြားသူများနှင့် မဝေ မျှပါ။ ဝိညာဉ်လူသည်သာ ဘုရားသခင်၏ လမ်းပြမှုအောက်တွင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာက လှုံ့ဆော်သောကြောင့် သူတစ်ပါးထံ ထိုချစ်ခြင်းမေတ္တာကို ဝေမျှ တတ်ကြသည်။

       ဝိညာဉ်လူက ဝိညာဉ်အရာများကို ပိုင်းခြားသိမြင် နားလည်နိုင်သောအခွင့် ကို ရထားသည်ဟု ၁ ကော ၂:၁၄ တွင် ဖော်ပြထားသည်။ ဝိညာဉ်လူသည် မှန် ကန်သောဆုံးဖြတ်ချက်များကို ချမှတ်နိုင်သည်။ နှုတ်ကပတ်တော်ကို နားလည်နိုင် စွမ်းရှိပြီး ဘုရားသခင်၏ အလိုတော်အတိုင်း အသက်ရှင်သူဖြစ်သည်။ ဝိညာဉ်လူ က အရာအားလုံးကို ပိုင်းခြားနားလည်နိုင်သော်လည်း သူ့ကို မည်သူကမျှ ပိုင်းခြား ၊ နားလည်နိုင်မည် မဟုတ်ပါ။

           ဝိညာဉ်လူသည် ဘုရားသခင်၏ စိတ်တော်ကို ထင်ရှားပြသောသူဖြစ်သည်။ “ယေရှုခရစ်၌ ရှိသော ထိုစိတ်သဘောကို သင်တို့၌လည်း ရှိစေကြလော့” ဟု ရှင်ပေါလုက ဖိလိပ္ပံမြို့ရှိ အသင်းသူအသင်းသားများကို တိုက်တွန်းနှိုးဆော်ခဲ့သည် ။ (ဖိလိ ၂:၅)။ ယေရှုခရစ်၏ စိတ်နေသဘောထားဖြစ်သော အစေခံလိုစိတ် (သို့) နှိမ့်ချ

သောစိတ်တို့ဖြင့် ဝိညာဉ်လူ၏ အသက်တာကို ခွဲခြားသိမြင်၍ ရသည်။ “မိမိ အသိ ရေကို စွန့်၍ အစေခံကျွန်၏ သဏ္ဍာန်ကို ယူဆောင်လျက် လူကဲ့သို့သော အဖြစ် ဘွားမြင်ခြင်းကို ခံတော်မူ၏။ ထိုသို့လှ၏ ဂုဏ်အင်္ဂါလက္ခဏာနှင့် ပြည့်စုံလျ” အသေခံခြင်းသာမဟုတ်၊ လက်ဝါးကပ်တိုင်မှာ အသေခံခြင်းတိုင်အောင် အစေကျွန် ရှင်တတ်သည် (ဖိလိ ၂:၅-၈)။ ၍ ကိုယ်ကိုကိုယ် နှိမ့်ချတော်မူ” သော သခင်၏ စိတ်ဓာတ်နှင့် ဝိညာဉ်လူသည် အသက် ရှင်တတ်သည်(ဖိလိ၂:၇_၈)။

        အီတလီနိုင်ငံရှိ မြို့တစ်မြို့တွင် လှပသောမျက်နှာ၊ ကျော့ရှင်းသောခန္ဓာ၊ တင့်တယ်သော ပုံပန်းသဏ္ဍာန် ပိုင်ဆိုင်သည့် ဂရိမင်းသမီးရုပ်တုကို ထူထားသည်။ တစ်နေ့၊ တောသူမလေးတစ်ယောက်သည် ထိုရုပ်တုရှေ့တွင် မျက်နှာချင်းဆိုင်ရပ်ခဲ့ သည်။ ထိုရုပ်တုကို သေသေချာချာ စိုက်ကြည့်ခဲ့ ပြီး အိမ်သို့ ပြန်သွားခဲ့သည်။ အိမ် ရောက်သော် သူမ၏မျက်နှာကို သေသေချာချာ ဆေးကြောပြီး ခေါင်းကိုလည်း ကျကျနန ဖီးခဲ့သည်။ နောက်တစ်နေ့တွင် ထိုရုပ်တုရှေ့ပြန်ရောက်လာပြီး သေချာစွာ စိုက်ကြည့်ကာ အိမ်သို့ ပြန်သွားခဲ့ပြန်သည်။ ဤတစ်ကြိမ်တွင်မူ သူမ၏အဝတ်စုတ် များကို ပြုပြင်ဖာတည်းခဲ့သည်။ ထိုသို့နေ့တိုင်းနေ့တိုင်း အပြောင်းအလဲ နည်းနည်းစီ ပြုလုပ်သွားခဲ့သည်။ သူမ၏ပုံပန်းသဏ္ဍာန်သည် ပိုမိုတင့်တယ်လာသည်။ သူမ၏ မျက် နှာသည်လည်း ပိုဝင်းလက်လှပလာသည်။ နောက်ဆုံးတွင် ထိုရုပ်တုနှင့် ပုံသဏ္ဍာန်ထပ် တူဖြစ်သွားခဲ့တော့သည်။ သူမ၏ အပြင်ပန်းသဏ္ဍာန်သည် လုံးဝပြောင်းလဲခဲ့ သည်။

         ထိုနည်းတူ၊ ဝိညာဉ်လူသည် သခင်ယေရှု၏ ပြည့်စုံသောပုံသဏ္ဍာန်နှင့် ထပ်တူဖြစ်ရန် နေ့စဉ် ကြိုးစားပြောင်းလဲရမည်ဖြစ်သည်။ ယခင်ကထက် ယနေ့ တွင် သင်သည် ခရစ်တော်ပုံဏ္ဍာန်နှင့် ပို၍ထပ်တူပါသလား။ လူအမျိုးအစားသုံးမျိုး ရှိသည်။ ၎င်းတို့မှာ ဇာတိပကတိလူ၊ ဇာတိလူနှင့် ဝိညာဉ်လူတို့ ဖြစ်သည်။ မိတ်ဆွေ၊ သင်ကော မည်သည့်အမျိုးအစားတွင် ပါဝင် ပါသနည်း။ သင်သည် ဇာတိပကတိလူ ဖြစ်နေပါက သင်၏အပြစ်များကို ဝန်ချတောင်းပန်ကာ ခရစ်တော်ကို သင်၏ကယ်တင် ပိုင်ရှင်အဖြစ် လက်ခံခြင်း အားဖြင့် ဝိညာဉ်လူ ဖြစ်နိုင်သည်။

         သင်သည် ဇာတိလူ ဖြစ်ကောင်းဖြစ်နိုင်သည်။ ထိုသို့ ဖြစ်နေလျှင် သင်၏ အသက်တာတစ်ခုလုံးကို ခရစ်တော်ထံ လုံးလုံးလျားလျား အပ်နှံလိုက်ပါ။ သင်၏ တစ်ကိုယ်ကောင်းဆန်မူကို ဝန်ချတောင်းပန်လိုက်ပါ။ သင်၏ အသက်တာကို ခရစ် တော်အား အစိုးရခွင့်၊ ထိန်းချုပ်ခွင့် ပြုပါ။ ထိုသို့ပြုလျှင် သင်သည်လည်း ဝိညာဉ် လူဖြစ်နိုင်ပါသည်။

       မည်သို့ပြုလုပ်ရမည်နည်း။ “ကိုယ်အပြစ်တို့ကို ဘော်ပြတောင်းပန်လျှင်၊ ငါတို့အပြစ်များကို လွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ ဘုရားသခင်သည် သစ္စာတရားနှင့်၎င်း၊ ဖြောင့်မတ်ခြင်းတရားနှင့်၎င်း ပြည့်စုံတော်မူ၏” ဟုသမ္မာကျမ်းစာ က ကတိပေးထားပါသည် (၁ ယော ၁း၉)။

                    မေးခွန်းအချို့

 ၁။၁ကော၂:၁၄-၁၅အရမည်သူသည်ဇာတိပကတိလူဖြစ်ပါသနည်း။

၂။ ၁ ကော ၂:၁၄-၁၅ အရ ဘုရားသခင်နှင့်သက်ဆိုင်သောအရာများသည် ဇာ ပကတိလူအတွက် အဘယ်ကြောင့် အဓိပ္ပာယ်မရှိသနည်း။

 ၃။ မည်သူသည် ဇာတိလူဖြစ်သနည်း။

 ၄။ ၁ ကော ၃၃ အရ ဇာတိလူ၏ ပင်ကိုယ်လက္ခဏာသုံးချက်ကို ဖော်ပြပါ။

 ၅။မည်သူသည် ဝိညာဉ်လူဖြစ်သနည်း။

၆။ ၁ ကော ၂:၁၄-၁၆ အရ ဝိညာဉ်လူ၏ အရည်အသွေးနှစ်မျိုးကို ဖော်ပြပါ။

                        မှတ်သားစရာအချို့

ဘုရားသခင်ခွဲခြားထားသော အပိုင်းအခြားသည် လူတစ်ယောက်၏ ဝိညာဉ်နှလုံးသား အခြေအနေပေါ်တွင် လုံးလုံးလျားလျား မူတည်သည်။ “

   လူများစွာက လူသူမသိ ကွယ်ရာမှာ စိတ်မချမ်းမြေ့ဖွယ်ရာဘဝနှင့် အသက်ရှင်ကြ တယ်” – ဟင်ရီသိုရိုး ဇာတိပကတိလူသည် အတ္တကို ရှေ့တန်းတင်တတ်သူ ဖြစ်သည်။ တစ်ကိုယ်ကောင်း ဆန်သူ ဖြစ်သည်။ သူ၏အာရုံငါးပါးကို သူ၏အလိုဆန္ဒ ပြည့်စုံဖို့ရန်သာ အသုံးပြုတတ်

သည်။

ဇာတိပကတိလူသည်ဘုရားသခင်နှင့်လုံးဝကင်းကွာလျက်ရှိပြီးသွေးသားဇာရှိသောသူသည်အသွေးအသားဇာတိတပ်မက်မှုအောက်တွင်အသက်ရှင်ခရစ်ယာန်ဖြစ်သည်။

ဝိညာဉ်လူသည် မှန်ကန်သော ဆုံးဖြတ်ချက်များကို ချမှတ်နိုင်သည်။ နှုတ်ကပတ် ကို နားလည်နိုင်စွမ်းရှိပြီး ဘုရားသခင်၏ အလိုတော်အတိုင်း အသက်ရှင်သူဖြစ်သည်။

                    အခန်း

              ကယ်တင်ခြင်းစိတ်ချမှု

     သခင်၏ သားတော်ကို ယုံကြည်သောသင်တို့သည် ထာဝရအသက်ကို ယ်တိုင်ရသည်ဟု သိစေခြင်းငှါ ဤအရာများကို သင်တို့အား ငါရေး၍ ပေးလိုက်၏”

– ၁ ယော ၅:၁၃

ယုံကြည်ခြင်းမိသားစုထဲ ဝင်လာသူ မိသားစုဝင်အသစ်များအပါအဝင် ယုံကြည်သူ အားလုံးသည် ထာဝရအသက်ကို ပိုင်ဆိုင်ထားကြောင်း ကျိန်းသေသိနိုင်၏။ မိမိကိုသာ စေ့စေ့လောက်ရှုခြင်းသည် ကြောက်ဖွယ်ကောင်းသည်။ ကာရာနီတောင်ကုန်းပေါ်တွင် ပြီးခဲ့သောအမှုကို စေ့စေ့ထောက်ရှုခြင်းသည် အောင်မြင်ခြင်း ဖြစ်သည်။

– လယ်ရီမက်ကီးလ် “

         ကျွန်တော် ကယ်တင်ခြင်းရတာ သေချာနိုင်ပါသလား”။ အဆိုပါမေးခွန်း သည် မကြာမီသေးခင်က သံသယနှင့်ပြည့်နေသောလူငယ်တစ်ယောက် ပေးခဲ့သော မေးခွန်း ဖြစ်သည်။ သူသိခဲ့သော ငြိမ်သက်ခြင်းများ မရှိတော့ပြီ။ ပျောက်ကွယ်သွား ကြလေပြီ။ မျှော်လင့်ခြင်းကို ပြန်လည်ရှာဖွေနေသူဖြစ်သည်။ ။

ကျွန်ုပ်တို့သည် ဘုရားသားသမီးများဖြစ်ကြသည်မှာ လုံးဝသံသယဝင်စရာ မရှိကြောင်း၊ သေချာမှုရှိကြောင်းကို ကျွန်ပ်တို့သိနိုင်သည်ဟု ကျမ်းစာက ပြောပြထား သည်။ ဤဘဝမှာပင် ကယ်တင်ခြင်းစိတ်ချမှုကို သင်ပိုင်ဆိုင်နိုင်သည်။

            သံသယရောဂါ ကူးစက်ခံရ၍ မျှော်လင့်ခြင်းကင်းမဲ့သော အသက်တာနှင့် အသက်ရှင်သောသူများစွာရှိနေသည်မှာ အလွန်အံ့အားသင့်စရာကောင်းသည်။ ကယ် တင်ခြင်းနှင့်ယှဉ်သော ဝမ်းမြောက်ခြင်းကို မသေချာမှုက လုယူသွားလေပြီ။

                  ကျမ်းစာကို ပုံမှန်ဖတ်ရှုသူ၊ ပြင်းထန်စွာ ဆုတောင်းသူ၊ ဘုရားကျောင်းကို ပုံမှန်တက်ရောက်သူ၊ သူများနှင့်ဆက်ဆံရေး အဆင်ပြေသူများစွာသည်လည်း ခွင့် လွှတ်ခြင်း စိတ်ချမှုကို မရရှိကြဘဲ ရှုံးနိမ့်သောဘဝနှင့် အသက်ရှင်ကြသည်။

      ကယ်တင်ခြင်းစိတ်ချမှု ရရှိရန် ဖြစ်နိုင်ပါသလား။ ကျမ်းစာတွင် မည် ၊ သွန်သင်ထားပါသနည်း။ ၂ ကော ၁၃:၅ တွင် ရှင်ပေါလုက “သင်တို့သည် ယုံကြည် ခြင်း၌ တည်သလော၊ မတည်သလောဟု ကိုယ်ကိုကိုယ် စစ်ကြောကြလော့” သတိပေးထားသည်။ “ညီအစ်ကိုတို့၊ သင်တို့ခံရသော ခေါ်တော်မူခြင်းနှင့် ရွေးချယ်

တော်မူခြင်းကိုတည်မြဲစေခြင်းငှါသာ၍ကြိုးစားအားထုတ်ကြလော့” ဟုရှင်ပေတရကလည်းတိုက်တွန်းထားသည် (၂ပေ၁:၁၀)။

           ကယ်တင်ခြင်းစိတ်ချမှုသည် ဘုရား သခင်၏ လက်ဆောင်များထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။ မိမိသည် ကယ်တင်ခြင်း အမှန်ရကြောင်း ယုံကြည်သူတိုင်း စိတ်ချမှုရှိသင့်သည်။

ကယ်တင်ခြင်းစိတ်ချမှုသည် ဖြစ်နိုင်သောအရာဖြစ်ရုံတင်မက လိုအပ်သော အရာလည်းဖြစ်၏။ ထိုစိတ်ချမှုက ဘဝရည်ရွယ်ချက်ပန်းတိုင်နှင့် ခွန်အားများကို ယူဆောင်လာတတ်သည်။ ရန်သူစာတန်ကို တွန်းလှန်ရာတွင် ခရစ်ယာန်များ၏ ကယ် တင်ခြင်းစိတ်ချမှုသည် ခံတပ်တစ်ခုကဲ့သို့ ဖြစ်၏။ ကယ်တင်ခြင်းစိတ်ချမှု မရှိခြင်းမှာ ဝမ်းနည်းစရာကောင်းသည်။ ၎င်းက သူတစ်ပါးကို ဆွဲငင်မှုမပေး၊ တွန်းထုတ်တတ် သည်။ ခရစ်ယာန်သာသနာတွင် စိတ်ချမှုက ခွန်အားကို ဖြစ်စေသည်။ ။

                  သံသယနှင့် အချိန်ကုန်မခံပါနှင့်။ ဘုရားသခင်၏ ပို၍ကြီးမားသောအရာ

များကို ဝမ်းမြောက်စွာ ခံစားရန် ရှေ့ဆက်လှမ်းပါ။ ကယ်တင်ခြင်းရရန် စိတ်ချမှု မလိုအပ်သော်လည်း ဘဝကိုအနိုင်ယူရန် ကယ်တင်ခြင်းစိတ်ချမှု လိုအပ်သည်။

               သို့ဖြစ်လျှင်၊ စိတ်ချမှုဆိုသည်မှာ အဘယ်နည်း။ ခရစ်ယာန်များအတွက် စိတ်ချမှုသည် “လက်ရှိ ကယ်တင်ခြင်းအတွက် မိမိအသိစိတ်နှင့် လုံးဝဥဿုံယုံကြည် ခြင်း၊ သေခြင်းဖြစ်သည်။ ထိုအသိတရားရှိခြင်းသည် အခွင့်အရေးတစ်ခုသာ မဟုတ်။ ယုံကြည်သူတိုင်း၏ တာဝန်ဖြစ်သည်။ ။

             သမ္မာကျမ်းစာဖြင့် သိမှတ်ပါ

ကယ်တင်ခြင်းစိတ်ချမှုကို ကျွန်ုပ် မည်သို့ရနိုင်မည်နည်း” ဟု သင် ကောင်း မေးနိုင်သည်။ သမ္မာကျမ်းစာနှင့် အစပြုကြပါစို့။ ကယ်တင်ခြင်း စိတ်ချမှုသည် သမ္မာကျမ်းစာကို ဘုရားသခင်၏မမှားယွင်းနိုင်သော နှုတ်တော်ထွက်စကားအဖ လက်ခံခြင်း၌ အရင်းတည်သည်။ သမ္မာကျမ်းစာကို ဘုရားသခင်၏ကတိတော်များကို

အသက်တာ၌ ကျင့်သုံးသည့်အခါ သံသယပျောက်ကွယ်သွားသည်။

       ဤအကြောင်းအရာနှင့် ပတ်သက်၍ သမ္မာကျမ်းစာရှိ အာဗြဟံ၏ အသက် မှ သာဓကအဖြစ် ယူကြပါစို့။ လူ့အားဖြင့် လုံးဝမဖြစ်နိုင်သောကတိတော်ကို

သခင်ထံမှ အာဗြဟံ ရရှိခဲ့သည်။ သို့သော်၊ အာဗြဟံသည် “ယုံမှားသောစိတ်နှင့် ကင်း၍ ဘုရားသခင်၏ ဂတိတော်ကို တွေးတောခြင်းမရှိ ယုံကြည်အားကြီးသဖြင့်” ဟု ကျမ်းစာတွင် ဖော်ပြထားသည် (ရောမ ၄၂၀)။ “ထိုနည်းတူ၊ အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သည်ဖြစ်၍၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏” ဟု ထပ်မံဖော်ပြထားသည် (ဂလာတိ ၄:၆)။ ဘုရားသခင် မှန်ကန် သကဲ့သို့ သူ၏ကတိတော်များသည်လည်း မှန်ကန်ပါသည်။

           သံသယသည် မည်မျှခက်ခဲကြောင်း တမန်တော်ရှင်ယောဟန် သိနေခဲ့သည်။ လူများစွာက ရှာဖွေကြသော်လည်း သံသယကြောင့် မတွေ့ကြပါ။ လိုချင်ကြသော် လည်း စောင့်နေရဆဲပါ။ မြင်နေရသော်လည်း တမ်းတဆဲပင်။ “ဘုရားသခင်၏ သားတော်ကို ယုံကြည်သောသင်တို့သည် ထာဝရအသက်ကို ကိုယ်တိုင်ရသည်ဟု သိစေခြင်းငါ၄ ဤအရာများကို သင်တို့အား ငါရေး၍ ပေးလိုက်၏” ဟု ၁ ယော ၅:၁၃ တွင် ယောဟန် ခွန်အားပေးခဲ့သည်။ အဓိကအချက်မှာ “ထာဝရအသက်ကို ကိုယ်တိုင် ရသည်ဟု သိစေခြင်းငှါ” ဖြစ်သည်။ “သိသည်” ဟူသည့် စကားလုံး၏ အဓိပ္ပာယ်မှာ “တစ်စုံတစ်ခု၏ အရည်အသွေးကို အသိအမှတ်ပြုခြင်း” ဖြစ်သည်။ သူ၏ စာစောင်ကို ရှင်ယောဟန် ရေးရခြင်းမှာ အယူအဆ တစ်စုံတစ်ခု၏ အရည်အသွေးကို အသိအမှတ် ပြုရန်မဟုတ်။ ဘုရားသခင်၏ဗျာဒိတ်တော်ကို အသိအမှတ်ပြုရန် ဖြစ်သည်။ ကယ်တင် ခြင်းစိတ်ချမှုသည် ဘုရားသခင်၏ မှန်ကန်မှုအပေါ် အခြေခံသည်။ မယုံကြည်ခြင်းက ဘုရားသခင်ကို မုသာပြောသူအဖြစ် သတ်မှတ်ရာရောက်သည်။

            မိတ်ဆွေ၊ ဘုရားသခင်ကို ယုံကြည်ကိုးစားလျှင် ကြောက်ရွံ့ခြင်းသည် သင့်ထံမှ ထွက်ပြေး၍ သင်၏ စိတ်တည်ငြိမ်လိမ့်မည်။ သင်၏ နှလုံးသားသည်လည်း ငြိမ်းချမ်းစွာ အနားယူနိုင်လိမ့်မည်။

                ခွင့်လွှတ်ခြင်းကို ကမ်းလှမ်းခံရသည့် ရာဇဝတ်သားတစ်ယောက်အကြောင်း ကို စဉ်းစားကြည့်ပါ။ အစိုးရမှထုတ်ပြန်သော စာရွက်စာတမ်းကို သူသေချာဖတ်ခဲ့ သော်လည်း အလွန်အံ့ဩသောကြောင့် တွေဝေနေခဲ့သည်။ “ခွင့်လွှတ်ခြင်း ရပြီလား”

ဟု ထိုသူအားသင်မေးတယ်ဆိုပါစို့။ သူက “ဟုတ်ကဲ့။ ကျွန်တော် ခွင့်လွှတ်ခြင်းရပြီး ဟု ပြန်ဖြေသည်။ “ခွင့်လွှတ်ခြင်းရသလို ခံစားရလား” ဟု သင်ထပ်မေးတယ် ဆိုပါ သူက “မခံစားရဘူး။ အရမ်းမြန်ဆန်လွန်းတယ်” ဟု သူပြန်ဖြေသည်။ သင်ကလ. ထပ်မံ၍ “ခွင့်လွှတ်ခြင်းရသလို မခံစားဘူးဆိုရင် ခွင့်လွှတ်ခြင်းရတယ်ဆိုတာ မိတ် ထွေ ဘယ်လိုသိတာလဲ” ဟု သူ့အား မေးသည်။ သူကလည်း စာရွက်စာတမ်းကို ထောက်ပြပြီး “ဒီမှာရေးထားတယ်” ဟု ပြန်ဖြေခဲ့သည်။ သမ္မာကျမ်းစာသည် ယုံကြည် သူများအားလုံး ခွင့်လွှတ်ခြင်း ရရှိကြောင်း ကြေငြာပေးသည့် ဘုရားသခင်၏ သက် သေ အထောက်အထား စာရွက်စာတမ်းဖြစ်သည်။ ။

ကယ်တင်ခြင်းစိတ်ချမှုဆိုင်ရာ လွဲမှားသောအယူအဆများ

            လွဲမှားသောအယူအဆများကြောင့်ကယ်တင်ခြင်းစိတ်ချမှုသည်မဖြစ်နိုင်ဟုအချို့ခရစ်ယာန်များထင်မှတ်တတ်သည်။အရောင်းအဝယ်ပြုလုပ်သူကျွန်ုပ်၏သူငယ်ချင်းတစ်ယောက်က “ကျွန်တော်ကယ်တင်ခြင်းရမရဆိုတာသေတဲ့အချိန်မှဘဲသေချာသိမယ်။သေချာတယ်လို့ပြောကြတာလည်းခန့်မှန်းချေပါဘဲ” ဟုကျွန်ုပ်ထံမကြာသေးမီကပြောခဲ့သည်။

          ကယ်တင်ခြင်းစိတ်ချမှုရနိုင်သည်ဟု ခံယူခြင်းသည် ခန့်မှန်းချေသက်သက် ၊ မဟုတ်ကြောင်း၊ ကျွန်ုပ်တို့အား ဘုရားသခင်၏လက်ခံခြင်းကို ရိုကျိုးစွာ ခံယူခြင်းသာ ဖြစ်ကြောင်း ကျွန်ုပ်ရှင်းပြခဲ့သည်။ ထိုယုံကြည်မှုသည် သခင်ယေရှုလုပ်ဆောင်ခဲ့ပြီး ဖြစ်သောအမှုအပေါ် အခြေခံသည်။ ထိုအရာသည် မိမိကိုယ်မိမိ ယုံကြည်မှု သက် သက် မဟုတ်ပါ။ “ငါတို့ကျင့်သော ဖြောင့်မတ်ခြင်း အကျင့်အားဖြင့် မဟုတ်ဘဲ၊ မိမိ သနားခြင်း ကရုဏာတော်နှင့်အညီ ဒုတိယမွေးခြင်းနှင့်ဆိုင်သော ဆေးကြောခြင်း အားဖြင့်၎င်း၊ သန့်ရှင်းသောဝိညာဉ်တော်၏ အသစ်ပြုပြင်ခြင်းအားဖြင့်၎င်း ငါတို့ ကယ်တင်တော်မူ၏” ဟု တိတုသြဝါဒစာ ၃း၅ တွင် အတည့်အလင်းဆိုထားသည်။ မိတ်ဆွေ၊ ဘုရားသခင်ပြောသောစကားကို လက်ခံတာ ခန့်မှန်းချေတစ်ခုသက်သက်ဖြစ်ပါသလား။

          အကျွန်ုပ်သည် ကယ်တင်ခြင်းသို့ ရောက်အံ့သောငှါ အဘယ်သို့ ပြုရ မည်နည်း” ဟု ဖိလိပ္ပံထောင်မှူးက မေးခဲ့သည် (တမန်တော် ၁၆:၃၀)။ “သခင်‌ ယေရှူ ခရစ်ကို ယုံကြည်လော့။ ယုံကြည်လျှင် သင်နှင့်သင်၏ အိမ်သူအိမ်သားတို့သည် | ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်” ဟု ရှင်ပေါလု ပြန်ပြောခဲ့သည် (အငယ် ၃၁)။ ထိုထောင်မှူးသည် ယုံကြည်၍ ကယ်တင်ခြင်းကို ရခဲ့သည်။ ဘုရားသခင်ကို ယုံကြည် တာ ခန့်မှန်းချေတစ်ခုသက်သက်ဖြစ်ပါသလား။

         ကျွန်တော်/ကျွန်မက ရွေးချယ်ခြင်း မခံရသောသူဆိုရင်ကော” ဟု သင် ပေးကောင်းပေးနိုင်သည်။ “ဘုရားသခင်၏ သားတော်ကို ယုံကြည်သောသူ အပေါင်း တို့သည် ပျက်ဆီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ” ဟု ယောဟန် ၃ ၁၆ တွင် ဆိုထားသည်။ ထို “အပေါင်းတို့” တွင် သင်လည်း ပါဝင်သည်။ ကယ်တင် ခြင်းသည် လူသားအားလုံးအတွက် ဖြစ်သည်။ လူသားအားလုံးသည် အပြစ်သားများ

ဖြစ်ကြောင်း သမ္မာကျမ်းစာက ပြောသည်။ ဘုရားသခင်ကို ဖိတ်ခေါ်လျှင် ကျွန်ုပ်တို့ | ကယ်တင်ခြင်း ရရှိနိုင်သည်။ “လာလိုသောသူတိုင်းသည် ရွေးချယ်ခြင်း ခံရသူများ

ဖြစ်ပြီး မလာလိုသောသူတိုင်းသည် ရွေးချယ်ခြင်းမခံရသောသူများဖြစ် သည်” ဟု ဒီအယ်မူးဒီ (D. L. Moody) က ပြောခဲ့ဖူးသည်။ စိတ်ချမှုသည် အချို့ အတွက်သာ မဟုတ်။ ဘုရားသခင်၏သားသမီးတိုင်းအတွက် ဖြစ်သည်။

              အချို့တွေကျတော့လည်း မိမိကယ်တင်ခြင်းရသည့်နေ့ရက်၊ အချိန်နာရီ | သိနေရမယ်လို့ ထင်မှတ်တတ်ကြသည်။ ထိုသို့သိနိုင်လျှင် အလွန်ကောင်းသော်လည်း သိကိုသိရမည့် အဖြစ်မဟုတ်ပါ။ ကျွန်ုပ်သူငယ်ချင်းတစ်ယောက်သည် သူ၏ကယ်တင် ခြင်းရသည့်အချိန်ကို မသိသောကြောင့် အလွန်စိုးရိမ်ခဲ့သည်။ ခရစ်တော်ကို မိမိ ကယ်တင်ပိုင်ရှင်အဖြစ် လက်ခံပြီးဖြစ်သည်မှာ သူသေချာသော်လည်း အချိန်ကိုမူ မသိခဲ့ပေ။ ထို့ကြောင့် ကယ်တင်ခြင်းရရှိကြောင်း စိတ်ချသေချာမှုရှိခြင်းသည် ကယ် တင်ခြင်းကို ရခဲ့သည့်အချိန်ထက် ပိုအရေးကြီးကြောင်း ကျွန်ပ်ခွန်အားပေးခဲ့သေး

သည်။

       ကိုယ်ကယ်တင်ခြင်းရခဲ့တဲ့အချိန်ကို မသိဘဲနဲ့ ကယ်တင်ခြင်းရတယ်ဆိုတာ သေချာ ဘယ်လိုပြောနိုင်မှာလဲ” ဟု သင်ပေးနိုင်သည်။ ထိုသို့မေးလျှင် ကျွန်ုပ်လည်း ဤမေးခွန်းကို မေးလိုသည်။ “မိတ်ဆွေ အသက်ရှင်နေတယ်ဆိုတာ ဘယ်လိုသိတာ

ကျွန်တော်အသက်ရှုတယ်။ အစာစားတယ်။ ရေသောက်တယ်။ လှုပ်ရှားတယ်”

ဟု သင်ဖြေလိမ့်မည်။

          ဝိညာဉ်ရေးအရာတွင်လည်း ထိုနည်းအတိုင်းပင်ဖြစ်သည်။ ကယ်တင် ကို အမှန်ရရှိသောသူတစ်ယောက်အတွက် ဝိညာဉ်ရေးအရာကို စိတ်ဝင်စားလာ

ကောင်းကင်လေသန့်ကို ဆုတောင်းခြင်းဖြင့် ရှုရှိုက်တတ်လာမည်။ သမ္မာကျမ်းစာ ဖတ်ရှုလာမည်။ သူ့အားဘုရားသခင် ချထားသော သူ၏ဒေသန္တာရအသင်းတော် သစ္စာရှိရှိ တက်ရောက်ပါဝင်လာမည်။ သို့သော်၊ သင်၏အသက်တာသည် မယံ သူနှင့် ခြားနားမှုမရှိက သင်ကယ်တင်ခြင်း မရရှိသည်လည်း ဖြစ်နိုင်သည်။

            အချို့ကျတော့လည်း ကြောက်မက်ဖွယ်အတွေ့အကြုံ၊ မျက်ရည်များရှိ ကယ်တင်ခြင်းရကြောင်း စိတ်ချသေချာနိုင်သည်ဟု ခံယူတတ်ကြသည်။ စစ်စစစ်မှန် သော

နောင်တကြောင့် ကျလာသောမျက်ရည်သည် အလွန်တန်ဖိုးရှိသည်။ လှပသည်။ သို့သော်၊ နာကြည်းမှုတစ်ခုကြောင့် ကျလာသောမျက်ရည်သည် အဓိပ္ပာယ်မရှိပါ။

             ကျွန်ုပ်တို့၏ ကယ်တင်ခြင်းသည် စိတ်ချသေချာသောဖြစ်ရပ်မှန်အပေါ် မူတည်သည်။ “ငါသည် ကိုယ်တိုင်ခံယူသည်အတိုင်း သင်တို့အား ရှေးဦးစွာ အပ်ပေး

သော အကြောင်းအရာဟူမူကား၊ ခရစ်တော်သည် ကျမ်းစာလာသည်အတိုင်း ငါတို့ ၊ အပြစ်ကြောင့် အသေခံတော်မူ၏။ သင်္ဂြုလ်ပြီးမှ ကျမ်းစာလာသည်အတိုင်း သုံးရက် ၊ မြောက်သောနေ့၌ ထမြောက်တော်မူ၏” ဟု ၁ ကော ၁၅:၃-၄ တွင် ဖော်ပြထားသည်။

အထက်ပါအကြောင်းအရာသည် ဖြစ်ရပ်မှန် ဖြစ်သည်။ ဖြစ်ရပ်မှန်နောက် ယုံကြည် ခြင်းက လိုက်လာသည်။ ထို့နောက် ခံစားချက်က လိုက်လာသည်။ ယုံကြည်သူများစွာ စိတ်ချသေချာမှုမရှိခြင်းမှာအလွန်အရေးပါသောအချက်ကိုမေ့လျော့ ကြသောကြောင့် ဖြစ်သည်။ ကယ်တင်ခြင်းစိတ်ချမှုသည် ယုံကြည်ခြင်းမှ ထွက်ပေါ်လာသည့်အရာ ဖြစ်သည်။

         အတွင်းရှိသက်သေဖြင့် သိမှတ်ပါ

             ကယ်တင်ခြင်းစိတ်ချမှုသည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဖြစ်နိုင် သည်။ သင့်ကယ်တင်ခြင်းရသည့်အချိန်မှစ၍ သင်သည် သန့်ရှင်းသောဝိညာဥ ၏ ကျိန်းဝပ်ရာနေရာ ဖြစ်သည်။ ထိုကောင်းကင်ဧည့်သည်တော်သည် သင်၏ တစ်ခုလုံးကို လိုချင်သည်။ သန့်ရှင်းသောဝိညာဉ်တော်ကို မှီခိုခြင်းက ကယ်တင် စိတ်ချမှုကို ယူဆောင်လာသည်။ အချို့က ဂရုမစိုက်၍ အချို့က မသိသဖြင့် သန့်ရှင်း

သောဝိညာဉ်တော်ကို စိတ်နာစေကြကာ သူတို့အထဲတွင် သက်သေရှိမရှိပင် မသိကြ ပါ၊ “အကြောင်းမူကားသင်တို့သည် တဖန်ကြောက်ရွံ့တတ်သော ကျွန်၏ သဘောကို ကြသည်မဟုတ်။ အဗ္ဗအဘဟု ခေါ်ရသောအခွင့်နှင့် သားဖြစ်ခြင်း၏ သဘောကို ကြပြီ။ ငါတို့သည် ဘုရာသခင်၏သား ဖြစ်ကြသည်ဟု ဝိညာဉ်တော်သည် ငါတို့၏ ဝိညာဉ်နှင့်အတူ သက်သေခံတော်မူ၏။ သားမှန်လျှင်အမွေခံ၊ ဘုရားသခင်၏ အမွေခံဖြစ်ကြ၏။ ခရစ်တော်နှင့်အတူ ဘုန်းဝင်စားမည်အကြောင်း၊ ထိုသခင်နှင့်အတူ ဆင်းရဲဒုက္ခကို ခံရလျှင်၊ ထိုသခင်နှင့် ဆက်ဆံသောအမွေခံလည်း ဖြစ်ကြ၏” ဟု ရောမ ၈း၁၅-၁၇ တွင် ဖော်ပြထားသည်။ ကျွန်ုပ်တို့သည် ဘုရားသားသမီးများ ဖြစ် သည်မှာ ဧကန်မုချမှန်ကန်ကြောင်း ဤကျမ်းချက်သည် ကျွန်ုပ်တို့၏ သက်သေ ဖြစ်သည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ ဖခင်ဖြစ်၍ ကျွန်ုပ်တို့သည်လည်း သူ၏ သားသမီးများ ဖြစ်ကြသောကြောင့် “အဗ္ဗအဘ” ဟု ခေါ်ရသောအခွင့်ကို ရကြ၏။ တစ်နည်းဖြင့်ဆိုရသော် “ကျွန်ုပ် အဖေ” ဟု ခေါ်ဆိုနိုင်သည်။ ထိုခေါ်သံသည် သန့်ရှင်း သောဝိညာဉ်တော်၏ လုပ်ဆောင်ပေးမှုကြောင့်သာဖြစ်သည်။

        ကလေးလေးတစ်ယောက် စတင်စကားပြောတက်လာတဲ့အခါ အရိုးရှင်း ဆုံးသောဗျည်းများနှင့် သရများကို အသုံးပြုတယ်။ စကားလုံးကို ကောင်းမွန်စွာ ပေါင်းမသုံးတက်သေးတဲ့အတွက် စကားလုံးတစ်ခုကို ခဏခဏ ပြန်ပြောတတ်တယ်” ဟု အေတီပီယာဆန် (A. T. Pierson) က ရှင်းပြခဲ့သည်။ ထို့ကြောင့် “ဖေဖေ၊ မေမေ” ဟု ပြောတတ်သည်။ “အဗ္ဗအဘ” ဟူသည် အရမိတ် (Aramaic) စကားဖြစ်ပြီး “ဖေဖေ” ဟု အဓိပ္ပာယ်ရသည်။ ကျွန်တစ်ယောက်၏ ဒူးတုန်ကြောက်ခြင်းကို ကလေး တစ်ယောက်ကဲ့သို့သော ချစ်ခြင်းက အစားထိုးလေပြီ။ ကျွန်အဖြစ်မှသား အဖြစ်သို့ မွေးစားခြင်းခံလေပြီ။ ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်၏ မိသားစုဝင်များ ဖြစ်ကြပြီး အဖေနှင့်သားဆက်ဆံမှုကိုလည်း ကျွန်ုပ်တို့ ရရှိပါသည်။ ကလေးတစ် ယောက်က သူ၏မိဘများအပေါ် အယုံအကြည်မရှိပါက မိဘများ ဝမ်းနည်းတတ် သည်။ ထိုနည်းတူ ကျွန်ုပ်တို့သည် ဘုရားသခင်အပေါ် သံသယ ဝင်မိသည့်အခါ ဘုရားသခင် ဝမ်းနည်းသည်။ ကယ်တင်ခြင်းစိတ်ချမှုသည် ဘုရားသခင်၏ ကတိ ဟာ များ အပေါ်တွင် အကြွင်းမဲ့ တည်သည်။ ယုံကြည်သူ တစ်ယောက်၏ လက်တွေ့ က်တာအပေါ်လည်း မူတည်သည်။ သို့သော် သတိထားရမည်မှာ ယုံကြည်သူ တစ်ယောက်၏ အတွေ့အကြုံတစ်ခုကို ပုံသေတစ်ခု အဖြစ်မှတ်ယူရန် ဆိုလိုသည်မှာ ယုံကြည်သူတိုင်းတွင် ထပ်တူ တူညီသော ဘဝအတွေ့ အကြီး မဟုတ်ပါ။

    ကျွန်ုပ်တို့သည် ဘုရားသားသမီးများဖြစ်ကြောင်းကို ကျွန်ုပ်တို့ ကျိန်းဝပ်သော သန့်ရှင်းသောဝိညာဉ်တော်က သက်သေပြုသည်။ ထာဝရတည် တန်ဖိုးကို မြင်တတ်ရန် သန့်ရှင်းသောဝိညာဉ်တော်က ကျွန်ုပ်တို့၏ ဝိညာဉ်မျက်စိ ဖွင့်ပေးသည်။ သမ္မာတရားကို လက်ခံတတ်အောင်လည်း ဝိညာဉ်တော်က ကျွန်ုပ် ၏ နှလုံးသားတံခါးကို ဖွင့်ပေးသည်။ ကျွန်ုပ်တို့၏ နှလုံးသားကို သူ၏ချစ်ခြင်း မေ ဖြင့် ပြည့်စေသည်။ သူတစ်ပါးကို ကရုဏာသက်နိုင်အောင် ကရုဏာပေးသည်။ ကျွန် တို့ ဆုမတောင်းတတ်သည့်အခါ ကျွန်ုပ်တို့အတွက် ကိုယ်စားလှယ်တော်အဖြစ် ရှိနေပေးသည်။ အားငယ်စိတ်နှင့် မျက်ရည်ကျသည့်အခါ ကျွန်ုပ်တို့ကို နှစ်သိမ့် သည်။ ဝိညာဉ်တိုက်ပွဲ ဆင်နွှဲသည့်အခါတိုင်း ကျွန်ုပ်တို့အား ခွန်အားပေးသည်။ ကျွန်ုပ်တို့ ကျရှုံးသည့်အခါတိုင်း ထူမသည်။ ထိုအရာတို့သည် ယုံကြည်သူများ အပေါ် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်အချို့ဖြစ်သည်။ “ဝိညာဉ် ပကတိ၏ အကျိုး မူကား ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊

ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်း ပေတည်း” ဟု သမ္မာကျမ်းစာတွင် ဖော်ပြထားသည် (ဂလာတိ ၅၂၊ ၂၃)။ ဝိညာဉ်

တော်၏အသီးများကို သင့်အသက်တာတွင် တွေ့ရပါက ဘုရားသခင်သည် သင်၏ အသက်တာတွင် အလုပ်လုပ်နေသည်မှာ သေချာပြီဖြစ်သည်။

           စစ်မြေပြင်တွင် သေခါနီးစစ်သားတစ်ယောက်ကို ချာပလင် (Chapl တစ်ယောက် က “ ဘယ်အသင်းတော်ကလဲ ရဲဘော်” ဟု မေးခဲ့သည်။ “ခရစ် အသင်းတော်ကပါ” ဟု ပြန်ဖြေသည့်အခါ “ဘယ်လိုယုံကြည်စိတ်ချမှုမျိုး ကျွန်တော်ဆိုလိုတာပါ” ဟု Chaplain ပြန်ပြောခဲ့သည်။ “ယုံကြည်စိတ်ချမှု – ဒဏ်ရာနှင့်စစ်သားက အံ့ဩစွာ ပြောဆိုရင်း မော့ကြည့်ခဲ့သည်။ “အကြောင်းမူကား သေခြင်းဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ်စေ၊ အထွဋ်အမြင် ဖြစ်စေ၊ အာဏာတန်ခိုးဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ နောင်လာလတံ့သော အ ဖြစ်စေ၊ အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊ ဤအရာမှစ၍ အဘယ်နိမ္မိတအရာမျှသည် ငါတို့၏သခင်ယေရှုခရစ်အားဖြင့် ခံရသော ဘုရားသခင်၏ မေတ္တာတော်နှင့် ငါတို့ကို မကွာစေနိုင်ဟု ငါသည် သဘောကျလျက်ရှိ၏” (ရောမ ၈း၃၈-၃၉)။

             အစည်းအဝေးကြီးတစ်ခု ပြီးဆုံးသွားချိန်တွင် တက်ရောက်သူများကို လက်ဆွဲနှုတ်ဆက်စဉ် တမူထူးခြားသော လူတစ်ယောက်သည် ကျွန်ုပ်ဘက်သို့ ချဉ်းကပ်ပြီး “ကျွန်တော့် ကယ်တင်ခြင်းနဲ့ ပတ်သက်ပြီး ဆရာနဲ့ ကျွန်တော် စကား ပြောလို့ရမလား။ ကျွန်တော် အရမ်းရှုပ်ထွေးနေတယ်” ဟု ပြောခဲ့သည်။ ယေရှု ခရစ်ကို သူ့ကယ်တင်ပိုင်ရှင် အဖြစ်လက်ခံပြီးဖြစ်သော်လည်း ငြိမ်သက်ခြင်း သိပ်မရှိ

ကြောင်းနှင့် ယုံကြည်စိတ်ချမှုမရှိကြောင်း သူဆက်လက်ပြောခဲ့သည်။ “ဆရာ့တရား ဒေသနာကို ကြားတော့ ဒါကို ကျွန်တော်ဖြေရှင်းရမယ်လို့ ကျွန်တော် ဆုံးဖြတ်ထား တယ်” ဟု သူပြောခဲ့သည်။

              ဘုရားသခင်နဲ့သင့်ကြားမှာ အရာအားလုံးအဆင်ပြေရဲ့လားဆိုတာ ပထမ ဦးဆုံး ကိုယ့်အသက်တာကို ပြန်စစ်ကြည့်ပါ။ ဇာတိပကတိနဲ့ ပြည့်တဲ့ယုံကြည်သူမှာ သံသယများစွာရှိတတ်တယ်။ ကိုယ့်သဘောအတိုင်းအသက်ရှင်တဲ့အခါ သန့်ရှင်းသော ဝိညာဉ်တော် စိတ်နာတတ်တယ်။ သင့်ကယ်တင်ခြင်းအတွက် ထိထိရောက်ရောက် သက်သေထူနိုင်မှာမဟုတ်ဘူး။ သဘောမတူမှုတွေ ရှိနေတဲ့အတွက် ဖြစ်တယ်။ အဲဒါကြောင့် သန့်ရှင်းသောဝိညာဉ်တော်ရဲ့ သက်သေထူပေးမှုဟာ မှေးမှိန်တတ်တယ်။ ဒုတိယအနေနဲ့ သင့်အမှားတွေကို တွေ့ပြီဆိုရင် ဘုရားသခင်ရှေ့မှာ ဒူးထောက်ဝန်ချ

တောင်းပန်ပါ။ တတိယအနေနဲ့ ကိုယ့်အမှားကို ကိုယ်လက်ခံပြီး နောင်တရကြောင်း သက်သေပြပါ” ဟု ကျွန်ုပ်တုံ့ပြန်ခဲ့သည်။

        အဲဒါဘဲ။ ဘုရားကိုဂရုမစိုက်ဘဲ အသက်ရှင်တာကြာပြီ။ ကျွန်ုပ်အသက် တာမှာ အပြစ်တွေ ရှိတယ်။ မှန်အောင် ကျွန်တော်လုပ်ရမယ်” ဟု သူကြားဖြတ်ဝင် ပြောခဲ့သည်။

             ဘုရားသခင်၏ခွင့်လွှတ်ခြင်းကို တောင်းခံရန် ကျွန်ုပ်တို့နှစ်ယောက်လုံး ခေါင်းငံ့ဆုတောင်းခဲ့ကြသည်။ ထိုအခန်းထဲတွင် ဘုရားသခင် အတူပါရှိသည်မှာ သေချာသည်။ အကြောင်းမှာ ဒူးထောက်ရာမှ ကျွန်ုပ်တို့ထသည့်အခါ ထိုဆရာဝန် သည် ပြောင်းလဲသွားခဲ့သည်။ သူ၏အမူအရာ၊ အသံ၊ စိတ်နေသဘောထားတို့က စိတ်ချမှုကို ရရှိကြောင်း ထင်ရှားပေါ်လွင်စေသည်။ ဘုရားကို ဂရုမစိုက်၊ ကျောခိုင်းပြီးအသက်ရှင်ပါက သံသယနှင့် လွဲမည်မဟုတ်ပါ။ ထိုနည်းတူ သံသယရှိသူသည် သန်း မမူဘဲ အသက်ရှင်တတ်သည်။

              ပညတ်တော်ကို လက်ခံရရှိရန် သိနတောင်ပေါ်သို့ တက်သွားခဲ့သ မောရှေအကြောင်းကို သတိရကြပေလိမ့်မည်။ ရက်အတော်အတန်ကြာလို့ မောင် ပြန်ဆင်းမလာသည့်အခါ ဣသရေလလူမျိုးများသည် အာရုန်ကို ပြစ်တင်ပြော ခဲ့ကြသည်။ မောရှေ ပြန်ဆင်းမလာသည့်အတွက်ကြောင့် သံသယစိတ် ဝင်လာသ သံသယနောက်တွင် အကြံမှားအကြံဆိုးက လိုက်လာသည်။ မကြာပါ၊ ဣသရေ လူမျိုးများ ရွှေရုပ်တုရှေ့တွင် ကခုန်မြူးတူးခဲ့ ကြသည်။ အပြစ်များနှင့် အသက်ရှင်သန် အခါ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို မှေးမှိန်စေသည်။

               သင်၏အလုပ်ဖြင့် သိမှတ်ပါ

           ကယ်တင်ခြင်းစိတ်ချမှုသည် ယုံကြည်သူတစ်ယောက်၏ အသက်တာ အ အပွင့်အပေါ်တွင် မူတည်သည်။ သမ္မာကျမ်းစကားအတိုင်း ကိုယ့်ကိုကိုယ် စစ်ဆေး ဆင်ခြင်ကြည့်ကြပါစို့။

(၁) နာခံခြင်းအသက်တာ

ပထမစစ်ဆေးမှုသည် နာခံခြင်းဖြစ်သည်။ “ထိုသခင်ကို ကိုယ်တိုင်သိကျွမ်း သည်ကို အဘယ်သို့ သိရသနည်းဟူမူကား၊ ပညတ်တော်တို့ကို စောင့်ရှောက်လျှင် သိရသတည်း။ ထိုသခင်ကို ငါသိ၏ဟု ပညတ်တော်တို့ကို မစောင့်ဘဲလျက်ဆိုသော သူသည် မုသာကို သုံးသောသူဖြစ်၍ ထိုသူ၌ သစ္စာမရှိ” (၁ ယော ၂:၃-၄)။

          ဘုရားသခင်၏ စကားတော်ကို သင်နာခံပါသလား။ ယေရှုက “ငါ့ကိုချစ်လျှင် ၊ ငါ့ပညတ်တို့ကို စောင့်ရှောက်ကြလော့” ဟု ပြောခဲ့သည် (ယောဟန် ၁၄:၁၅)။ “ငါ့စကား ကို နားမထောင်ဘဲလျက် ငါ့ကို သခင်၊ သခင်ဟု အဘယ်ကြောင့် ခေါ်ကြသနည်း ။ (လုကာ ၆၄၆)။ ယေရှုခရစ်တော်၏ အမှုကိုဆောင်ရန် သင်စိတ်ကူးပါသလား။ ဘုရားသခင်၏နှုတ်ကပတ်တော်တွင် သင်ပျော်မွေ့ပါသလား။ “တရားကို ကျင့်သော ၊ သူ” ဖြစ်ပါသလား။ ဘုရားသခင်၏ နှုတ်တော်ထွက်စကားအတိုင်း လိုက်လျော အသက်ရှင်ခြင်းတွင် ကယ်တင်ခြင်းစိတ်ချမှု တည်သည်။ နာခံခြင်းသည် စမ်းသပ်မှူ

ကောင်းတစ်ခု ဖြစ်သည်။ “သိုးတို့သည် ငါ့စကားသံကို နားထောင်၍ ငါ့နောက်သို့ ဗိုက်ကြ၏” (ယော ၁၀၂၇)။ “လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့၍ စားသဖြင့် ကျင့်ဆောင်သောသူသည် အထံတော်၌ မျက်နှာရ သည်ကို ငါသိမြင်၏”

(တမန် ၁၀:၃၅)။

(၂) ညီအစ်ကိုချင်းအပေါ် ချစ်ခြင်းမေတ္တာထားရှိခြင်း

       ခရစ်ယာန်ချစ်ခြင်းမေတ္တာ သင့်တွင် ရှိပါသလား။ ခရစ်တော်၌ ညီအစ်ကို များဖြစ်သောသူများအပေါ် ချစ်ခြင်းမေတ္တာရှိခြင်းသည် ကယ်တင်ခြင်း၏ လက္ခဏာ ဖြစ်သည်။ “မိမိညီအစ်ကိုကို မုန်းလျက်ပင်၊ ငါသည် အလင်း၌ရှိ၏ဟု ဆိုသောသူသည် ယခုတိုင်အောင် မှောင်မိုက်၌ ရှိသေး၏” (၁ ယော ၂:၉)။ “သင်တို့သည် ရှေ့ဦးစွာကပင် ကြားရသော တရားစကားဟူမူကား၊ မာရ်နတ်နှင့်ဆိုင်၍ မိမိညီကို သတ်သော ကာဣန ကဲ့သို့မဟုတ်၊ ငါတို့သည် အချင်းချင်းချစ်ရကြမည်ဟု လာသတည်း။ ကာဣနသည် မိမိညီကို အဘယ်ကြောင့် သတ်သနည်းဟူမူကား၊ မိမိ အကျင့်သည် ဆိုးယုတ်၍ ညီ အကျင့်သည် ဖြောင့်မတ်သတည်း” (၁ ယော ၃:၁၁-၁၂)။ ခရစ်ယာန်ဟု မိမိကိုမိမိ ယူဆသောသူများစွာတွင် သူတစ်ပါးကို လုံးဝ မချစ်တတ်သောသူ များစွာရှိသည်။ ကာဣနနောက်ကို လိုက်မည်လော။ ခရစ်တော်၏ နောက်ကိုလိုက်မည်လော။ ချစ်ခြင်းမေတ္တာစမ်းသပ်ခြင်းသည် အလွန်အရေးကြီးသည်။ ခရစ်တော်ကို သင်ချစ် မချစ် သင်မသေချာသောအချိန်များစွာ ရှိမည်ဟု ကျွန်ုပ်ထင်မိသည်။ ဤမေးခွန်းကို မေးပါရစေ။ “သင့်အမေကို သင်ချစ်ပါသလား”၊ “ချစ်တာပေါ့” ဟု သင်ပြောလိမ့်မည် အမှန်။ သို့ဖြစ်လျှင် “သင့်အမေကို သင်ချစ်ကြောင်း သင်မည်သို့ သိသနည်း” ဟု ကျွန်ုပ်ထပ်မေးလိုသည်။ “အမေ့အပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာနှင့် သူ့အတွက် ကျွန်တော်လုပ်ပေးတဲ့ အရာတွေက သက်သေဘဲလေ” ဟု သင်ပြော လိမ့်မည်။ ။

          ထိုနည်းတူ၊ ဘုရားသခင်အတွက် သင်လုပ်ပေးသည့်အရာများက ဘုရား သခင်ကို သင်ချစ်မချစ် သက်သေပြသွားမည်ဖြစ်သည်။ ဇာတိပကတိလူသည် ဘုရား သခင်နှင့် အဆင်မပြေနိုင်ပါ။ မချစ်နိုင်။ “ချစ်တတ်သောသူမည်သည်ကား ဘုရား သခင် ဖြစ်သွားတော်မူသောသူဖြစ်၏” (၁ ယော ၄၇)။ အခြားယုံကြည်သူများကို သင်ချစ်ပါသလား။ “ငါတို့သည် ညီအစ်ကိုချင်းတို့ကို ချစ်သောကြောင့် သေခြင်းမှ

အသက်ရှင်ခြင်းသို့ ကိုယ်ကူးမြောက်သည်ကို ကိုယ်သိရကြ၏။ မိမိညီအစ်ကို မချစ်သောသူသည် သေခြင်း၌ တည်၏” (၁ ယော ၃:၁၄)။ “သင်တို့သည် အချင်းချင်း ချစ်ကြလျှင်၊ လူအပေါင်းတို့သည် ထိုမေတ္တာကို ထောက်၍ သင်တို့သည် ငါ၏တပည့် ဖြစ်သည်ကို သိရကြလိမ့်မည်” ဟု မိန့်တော်မူ၏” (ယော ၁၃:၃၅)။

       (၃) နှုတ်ကပတ်တော်ကို ချစ်မြတ်နိုးခြင်း

ဘုရားသခင်၏ နှုတ်တော်ထွက်စကားကို သင်ချစ်ပါသလား။ နှုတ်ကပတ် တော်နှင့် ပတ်သက်၍ ဒါဝိဒ်က ဤသို့ဆိုခဲ့သည်။ “ထာဝရဘုရား၏ နည်းဥပဒေသ တို့သည် ဖြောင့်မတ်သည်ဖြစ်၍ စိတ်နှလုံးကို ရွှင်လန်းစေတတ်၏။ ထာဝရဘုရား၏ ပညတ်တော်သည် စင်ကြယ်သည်ဖြစ်၍ မျက်စိကို ရှင်းလင်းစေတတ်၏။ ထာဝရ ဘုရားကို ကြောက်ရွံ့ခြင်းသဘောသည် သန့်ရှင်းသည်ဖြစ်၍ ကာလအစဉ်အမြဲတည် ၏။ ထာဝရဘုရား၏ စီရင်တော်မူချက်တို့သည် သစ္စာတရားနှင့်ညီ၍ တညီတညွတ် ၊ တည်း ဖြောင့်မတ်ကြ၏။ ရွှေထက်မက များစွာသော ရွှေစင်ထက် နှစ်သက်ဘွယ်ဖြစ် ၍ ပျားရည်ထက်မက ပျားလပို့ထက် ချိုကြ၏” (ဆာလံ ၁၉:၀-၁၀)။

(၄) ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်လိုသော ဆန္ဒရှိခြင်း

             ဘုရားသခင်၏ အိမ်တော်ကို သင်ချစ်ပါသလား။ “ငါတို့သည် ထာဝရဘုရား သခင်၏ အိမ်တော်သို့ သွားကြကုန်အံ့ဟု သူတပါးတို့သည် ပြောကြသောအခါ ငါသည် ဝမ်းမြောက်ခြင်းရှိ၏” (ဆာလံ ၁၂၂:၁)။

 (၅)ဝိညာဉ်တော်၏အသီး

ဝိညာဉ်တော်၏အသီးသင့်တွင်ရှိပါသလား။ “ဝိညာဉ်ပကတိ၏အကျိုးမူကား၊ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြ ခြင်း၊ သစ္စာစောင့်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ်ချုပ်တည်းခြင်းပေတည်း။ * သောအကျင့်ကို အဘယ်တရားမျှ မမြစ်တား” (ဂလာတိ ၅၂-၂၃)။

ခရစ်တော်ကို တွေ့ပြီးနောက် ရှင်ပေါလု၏ အသက်တာသည် လုံးဝပြောင်း ၊ သွားပြီး ထိုပြောင်းလဲမှုက သူကယ်တင်ခြင်းရကြောင်း ထင်ရှားစေသည့်သက် ဖြစ်သည်။ ချစ်ခြင်းမေတ္တာကို ဖုံးကွယ်ရန် မလွယ်ပါ။ လူငယ်တစ်ယောက်သည် တစ်

ယောက်ယောက်နှင့် မေတ္တာမျှသည့်အခါ အလွန်ထင်ရှားသိသာသည်။ ဝိညာဉ်ရေး အရာတွင်လည်း အလားတူပင်ဖြစ်သည်။ “ကျွန်တော်/ကျွန်မ ဘုရားသခင်ကို တစ် တယ်ချစ်သလား။ နှုတ်ကပတ်တော်ကို တစ်ကယ်ချစ်သလား။ ဆုတောင်းခြင်းကို သက်သလား။ ဘုရားသခင်ရဲ့ အိမ်တော်ကို တစ်ကယ်နှစ်သက်သလား” စသည် ကြီး ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ပါ။ သင့်အဖြေက သင့်အကြောင်းကို ပြောပြသွား ပါလိမ့်မည်။

           ကျွန်ုပ်တို့အားလုံးသည် သံသယသမုဒ္ဒရာကို ဖြတ်ကျော်ခဲ့ဖူးကြသူများ ဖြစ်သည်။ “ခြေချော်လိုက် ပြန်ထလိုက်ဖြစ်နိုင်သော်လည်း ကျွန်ုပ်တို့သည် ထာဝရ အသက်ရရှိကြောင်းကို လုံးဝသေချာပါသည်” ဟု ဘန်ယန် ကိုယ်တိုင် ပြောခဲ့ဖူးသည်။ “ငါအမှန်အကန်ဆိုသည်ကား ငါ့ကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရ၏” (ယော ၆:၄၇)။ ဘုရားစကားနှင့် ဆန့်ကျင်ဘက်ဖြစ်သောအရာတိုင်းသည် မုသာဖြစ် သည်။ “လူခပ်သိမ်းတို့သည် သစ္စာပျက် သော်လည်း၊ ဘုရားသခင်၏ သစ္စာတော်သည် တည်စေသတည်း” (ရောမ ၃:၄)။

                    မည်သည့်နေရာကိုသွားရမှန်းမသိခဲ့သော်လည်းအာဗြဟံတွင်စိတ်ချမှုအပြည့်ရှိခဲ့သည်။ “အာဗြဟံသည်အမွေခံရလတံ့သောပြည်သို့ထွက်သွားမည်အကြောင်း၊ဘုရားသခင်ခေါ်တော်မူသောအခါ၊သူသည်အဘယ်အရပ်သို့သွားသည်ကိုကိုယ်တိုင်မသိဘဲလျက်ယုံကြည်ခြင်းအားဖြင့်နားထောင်၍ထွက်သွားလေ၏။သူတပါးပိုင်သောပြည်၌ဧည့်သည်နေသကဲ့သို့ဂတိတော်နှင့်စပ်ဆိုင်သောပြည်၌ယုံကြည်ခြင်းအားဖြင့်ဧည့်သည်ဖြစ်၍နေ၏။ထိုဂတိတော်ကိုအမွေခံရသောအဘော်အဘက်တည်းဟူသောဣဇက်၊ယာကုပ်တို့နှင့်အတူတဲ၌နေလေ၏။အကြောင်းမူကားဘုရားသခင်တည်ထောင်ပြုစုတော်မူသော၊ခိုင်ခံ့မြဲမြံသောမြို့ကိုမျှော်လင့်သတည်း” (ဟေဗြဲ၁၁:၀-၁၀)။

                 ဒါဝိဒ်တွင် စိတ်ချမှုအပြည့်ရှိခဲ့သည်။ “အကျွန်ုပ်မူကား ဖြောင့်မတ်၍ မျက်နှာ တော်ကို ဖူးမြင်ရပါလိမ့်မည်” (ဆာလံ ၁၇:၁၅)။ ဒံယေလတွင် ဝမ်းမြောက်သောစိတ် *1* သည်။ “မိမိတို့ဘုရားသခင်ကို သိသောသူတို့မူကား၊ ကြီးစွာသောအားဖြင့် ပြုကြလိမ့်မည်” (ဒံယေလ ၁၁:၃၂)။

          ယောဘတွင် မင်္ဂလာရှိသောစိတ်ချမှုရှိခဲ့သည်။ “ငါ့ကိုရွေးနှုတ်သော သခင်သည် အသက်ရှင်၍ နောင်ကာလ၌ မြေမှုန့်အပေါ်မှာ ပေါ်လာတော်မူမည် ဟူ၍၎င်း ငါအရေကုန်ပြီးမှ ဤကိုယ်ကိုပင် ဖျက်ဆီးသော်လည်း၊ ငါသည် ကိုယ်ခန္ဓာ၌ ဘုရာ သခင်ကို မြင်မည်ဟူ၍၎င်း ငါသိ၏” (ယောဘ ၁၉ ၂၅-၂၆)။

             ရှင်ပေါလုတွင် ပိုလျှံသောစိတ်ချမှုရှိခဲ့သည်။ “ထိုအကြောင်းကြောင့် ကို ဆင်းရဲဒုက္ခကို ငါခံရ၏။ သို့သော်လည်း ရှက်ကြောက်ခြင်းမရှိ။ အဘယ်သူကို ငါယ် ကြည်သည်ဟု ငါသိ၏။ သူ၌ငါအပ်ထားသောအရာကိုလည်း ထိုနေ့ရက်တိုင် အောင် စောင့်နိုင်တော်မူသည်ဟု ငါသဘောကျ၏” (၂ တိ ၁:၁၂)။

               ယုံကြည်သူတိုင်းက မိမိကယ်တင်ခြင်းရရှိကြောင်းကို သိနိုင်သည်ဟု တမန် တော်ရှင်ယောဟန်က ယုံကြည်သည်။ “ဘုရားသခင်၏သားတော်ကို ယုံကြည်သော သူသင်တို့သည် ထာဝရအသက်ကို ကိုယ်တိုင်ရသည်ဟု သိစေခြင်းငှါ ဤအရာများကို သင်တို့အား ငါရေး၍ ပေးလိုက်၏” (၁ ယော ၅:၁၃)။ သန်းပေါင်းများစွာက ဤမင်္ဂလာ ရှိသောကယ်တင်ခြင်းစိတ်ချမှုကို သိရှိခဲ့ပြီး ဖြစ်သည်။

             ခရစ်ယာန်သိပ္ပံပညာရှင်တစ်ယောက်ဖြစ်သူ မိုက်ကယ် (Michael) မသေမီ သတင်းထောက်များက ဝိညာဉ်နှင့်သေခြင်းအကြောင်းတို့နှင့် ပတ်သက်၍ မည်သို့ ထင်မြင်ကြောင်းကို မေးမြန်းခဲ့ ကြသည့်အခါ သူက “ထင်မြင်ချက်။ ဟုတ်လား။” အံ့သြ သည့်အသံနှင့်သေတော့မည့်ဆဲဆဲလူကတုံ့ပြန်ခဲ့သည်။ “ထင်မြင်ချက်တွေကျွန်တော် မသိဘူး။ စိတ်ချသေချာမှုအပေါ်မှီခိုတယ်။ ‘အဘယ်သူကို ငါယုံကြည်သည်ဟု ငါသိ၏။ သူ၌ငါအပ်ထားသောအရာကိုလည်း ထိုနေ့ရက် တိုင်အောင် စောင့်နိုင်တော်မူ သည်ဟု

‘ငါသဘောကျ၏” (၂ တိ ၁:၁၂) ဟု ဆက်ပြောခဲ့သည်။

              မေးခွန်းအချို့

၁။ ကယ်တင်ခြင်းစိတ်ချမှုသည် ဖြစ်နိုင်သည့်အရာဖြစ်ပါသလား။ သင်၏အ‌ ဖြေကို

ထောက်ခံသည့်ကျမ်းချက်နှစ်ချက်ကိုဖော်ပြပါ။

၂။ စိတ်ချမှုဆိုသည်မှာ အဘယ်နည်း။

 ၃။ ၁ ယော ၅:၁၃ အရ ကျွန်ုပ်တို့သည် ကယ်တင်ခြင်းစိတ်ချမှုကို ရရှိနိုင်ပါသလား။

၄။ကယ်တင်ခြင်းစိတ်ချမှုဆိုင်ရာ လွဲမှားသောအယူအဆလေးမျိုးကို ဖော်ပြပါ။

၅။ သန့်ရှင်းသောဝိညာဉ်တော်

ဝိညာဉ်တော်၏ သက်သေသည် မည်သည့်အရာကို ဆိုလိုသနည်း။

၆။သန့်ရှင်းသောဝိညာဉ်တော်၏သက်သေနှင့်ကျွန်ုပ်တို့၏နာခံခြင်းအသက်တာတို့၊ပတ်သက်မှုရှိပါသလား။

၇။ကယ်တင်ခြင်းစိတ်ချမှုကို ပိုင်ဆိုင်သောသူတွင် ရှိသင့်သည့်အချက်များမှ အနည်း ဆုံး အချက်လေးချက်ကို ဖော်ပြပါ။

          မှတ်သားစရာအချို့

ခရစ်ယာန်များအတွက်စိတ်ချမှုသည် “လက်ရှိကယ်တင်ခြင်းအတွက်မိမိအသိစိတ်နှင့်လုံးဝဥသုံယုံကြည်ခြင်း၊သေချာခြင်း” ဖြစ်သည်။

ကယ်တင်ခြင်းစိတ်ချမှုသည်ဘုရားသခင်၏မှန်ကန်မှုအပေါ်အခြေခံသည်။မယုံကြည်ခြင်းကဘုရားသခင်ကိုမုသာပြောသူအဖြစ်သတ်မှတ်ရာရောက်သည်။

သန့်ရှင်းသော ဝိညာဉ်တော်ကို မှီခိုခြင်းက ကယ်တင်ခြင်းစိတ်ချမှုကို ယူဆောင်လာ

သည်။

အပြစ်များနှင့်အသက်ရှင်သည့်အခါ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို မှေးမှိန် စေသည်။

အဆက်မပြတ်သော စိတ်ချမှုသည် နှုတ်တော်ထွက်စကားကို လက်တွေ့ကျကျ နာခံ

ခြင်းအပေါ် မူတည်သည်။

                     အခန်း ၁၀

               သင်နှင့်လောကီဆန့်ခြင်း

“လောကကို၎င်း၊ လောက၌ရှိသော အရာတို့ကို၎င်း မချစ်ကြနှင့်။ လောက သူမည်သည်ကား၊ ခမည်းတော်ကို ချစ်ခြင်းမေတ္တာမရှိ” (၁ ယော ၂:၁၅)

           သင်ကယ်တင်ခြင်း ရသည်နှင့်ချက်ချင်း သန့်ရှင်းသောဝိညာဉ် သင်၏ အထဲတွင် ကျိန်းဝပ်သည်။ သူသည် သင်၏လမ်းပြရှင်ဖြစ်သည်။ ဘုရားသ အလိုတော်အတိုင်း သင်၏ အသက်တာကို ဆင်ခြင်သုံးသပ်နိုင်ရန် သင် လိမ့်မည်။

The Reader’s Digest စာစောင်တွင် ၎င်းစတင်ဖြန့်ချိသည့်နေ့မှစ၍ ပရိတ် သတ်အနှစ်သက်ဆုံးသော ဆောင်းပါးမှာ “မေ့မရနိုင်၊ ငါ့ဇာတ်ကောင်” ဖြစ်သည်။ ရာထူးဂုဏ်ထူးရှိသောသူများသည် မကြာခဏ သတင်းစာစောင်များတွင် ဖော်ပြခြင်း ခံရတတ်ကြ၏။ သူတို့၏ဇာတ်ကောင်များ၊ ပင်ကိုစရိုက်များနှင့် သူတစ်ပါးအပေါ် သူတို့၏လွှမ်းမိုးမှုများကြောင့် ထင်ပေါ်ကျော်ကြားတတ်ကြသည်။

          ကမ္ဘာက မမေ့နိုင်သော ပုဂ္ဂိုလ်တစ်ယောက်ကဲ့သို့ ဖြစ်လာအောင် နေ့စဉ်နှင့် အမျှ အသက်ရှင်ခြင်းဖြင့် စစ်မှန်သောခရစ်ယာန်သည် မမေ့နိုင်သော ဇာတ်ကောင် ဖြစ် နိုင်ပေသည်။ ထိုပုဂ္ဂိုလ်သည် ခရစ်တော်ပင်ဖြစ်သည်။ ခရစ်ယာန် အသက်တာသည် “ဆောင်ရမည့်အရာများ” နှင့် “ရှောင်ရမည့်အရာများ” ကဲ့သို့သော အချက်အလက် များအတိုင်း လိုက်နာအသက်ရှင်ခြင်းသက်သက် မဟုတ်ပါ။ ခရစ်ယာန် အသက်တာသည် သခင်ယေရှုခရစ်တော်အပေါ်သစ္စာခံခြင်း ဖြစ်သည်။ ကျွန်ပ်တို့ ပတ်ဝန်း ကျင်း လွှမ်းမိုးမှုများ မရှိရလေအောင် ခရစ်တော်နှင့် နီးနီးကပ်ကပ် အမြဲ နေခြင်းဖြစ်သည်

        ဒုတိယမွေးခြင်းကို သင်ခံခဲ့ပြီးပြီဆိုပါက၊ သခင်ယေရှုခရစ်ကို သင်၏ က တင်ပိုင်ရှင်အဖြစ် လက်ခံပြီးဆိုပါက သင်၏အသက်တာတွင် အံ့သြဘွယ် မဟာ ပြောင်းလဲမှုကြီးကို ခံစားပြီးဖြစ်သည်။ သင်သည် အသစ်ပြုပြင်ဖန်ဆင်းသော သတ္တဝါ

ဖြစ်သည်။ သင်သည် အသက်တာသစ်ကို ပိုင်ဆိုင်သည်။ အရင်ကနှင့် မတူသော မိသားစုဝင်အသစ် ဖြစ်သည်။

            ထို့ကြောင့်၊ သင်၏ရှုမြင်သုံးသပ်ချက်အမြင်များ လုံးဝပြောင်းလဲသွားသည်။ သင်၏ခရီးအဆုံး ပန်းတိုင်သည်လည်း မတူတော့ပြီ။ သင်၏စိတ်နေသဘောထား လည်း ပြောင်းလဲပြီ။

ရာစုနှစ်အလယ်ပိုင်းကာလတွင် separatists (သီးခြားနေပုဂ္ဂိုလ်) များက သတိနေထိုင်ရာ လူ့အဖွဲ့အစည်းများနှင့် မရောမနှော သီးသန့်မနေထိုင်ပါက သန့်ရှင်း

သောအသက်တာပိုင်ဆိုင်ရန် မဖြစ်နိုင်ဟု ယုံကြည်ခဲ့ကြသည်။ ထို့ကြောင့်၊ သူတို့၏ ပတ်ဝန်းကျင်သူများကို ကျောခိုင်းကာ သီးသန့်လူအုပ်စုဖွဲ့စည်းရန် ကြံစည်ခဲ့ကြသည်။ သို့သော် အချိန်ကာလကြာလာသည်နှင့်အမျှ မကောင်းမှုများ သူတို့အုပ်စုအထဲတွင် ဝင်လာသည့်အတွက် အသစ်တဖန်ပြန်လည်အစပြုရန် လိုခဲ့သည်။

လောကနှင့် အဆက်အသွယ်ဖြတ်ကာ သီးသန့်အသက်ရှင်ခြင်းသည် လုံးဝ မဖြစ်နိုင်ပါ။ အဆက်အသွယ်ကိုလည်း မဖြတ်သင့်ပါ။ ခရစ်တော်၏သက်သေများ အဖြစ် လောကတွင် ပူးပေါင်း အသက်ရှင်ရန် ကျွန်ုပ်တို့အား ဘုရားသခင် အလိုရှိသည်။ ဤအချက်သည် လောကတွင် ကျွန်ုပ်တို့အသက်ရှင်ရခြင်း၏ ရည်ရွယ်ချက်ဖြစ်သည်။ သို့သော်၊ ကျွန်ုပ်တို့အသက်တာတွင် အလုပ်လုပ်ရန် ဘုရားသခင်ကို ခွင့်မပြုပါက ကျွန်ုပ်တို့သည်လည်း ဘုရားသခင် ကြံစည်ထားသည့် ထူးခြားသော ပုဂ္ဂိုလ်များ ဖြစ်လာမည် မဟုတ်ပေ။

         သီးခြားအသက်ရှင်ခြင်းဆိုသည်မှာ

သီးခြားအသက်ရှင်ခြင်းသည်သမ္မာကျမ်းစာ၏သွန်သင်ချက်ဖြစ်သည်။ဥပမာပေးရလျှင်၊ရှင်ပေါလုသည်ကောရိန္ဒုမြို့ရှိယုံကြည်သူများအား၎င်းတို့၏ပတ်ဝန်းကျင်ရှိလောကီသားများနှင့်ရောရောနှောနှောမနေထိုင်ရန်သွန်သင်ခဲ့သည်။ ‘ယုကြည်သောသူတို့နှင့်တွဲဘက်၍မညီသောထမ်းဘိုးကိုမထမ်းကြနှင့်” (၂ကော၆:၁၄)။လက်ရှိလူ့အဖွဲ့အစည်းကဲ့သို့ကောရိမြို့ရှိလူ့အဖွဲ့အစည်းသည်လည်းယုတ်မာခဲ့ကြသည်။ခရစ်ယာန်ဟူသည့်အမည်ပင်တပ်မက်သောအပြုအမူဖြစ်သည်။

သင်သည် အသက်တာသစ်ကို ပိုင်ဆိုင်သည်။ အရင်ကနှင့် မတူသော သားစုဝင်အသစ် ဖြစ်သည်။

ထို့ကြောင့်၊ သင်၏ရှုမြင်သုံးသပ်ချက်အမြင်များ လုံးဝပြောင်းလဲသွားသည်။ ၏ခရီးအဆုံး ပန်းတိုင်သည်လည်း မတူတော့ပြီ။ သင်၏စိတ်နေသဘောထားလည်း ပြောင်းလဲပြီ။

ရာစုနှစ်အလယ်ပိုင်းကာလတွင် Separatists (သီးခြားနေပုဂ္ဂိုလ်) များက သတို့နေထိုင်ရာ လူ့အဖွဲ့အစည်းများနှင့် မရောမနှော သီးသန့်မနေထိုင်ပါက သန့်ရှင်း

သောအသက်တာပိုင်ဆိုင်ရန် မဖြစ်နိုင်ဟု ယုံကြည်ခဲ့ ကြသည်။ ထို့ကြောင့်၊ သူတို့၏ ပတ်ဝန်းကျင်လူများကို ကျောခိုင်းကာ သီးသန့်လူအုပ်စုဖွဲ့စည်းရန်ကြံစည်ခဲ့ ကြသည်။ သို့သော်၊ အချိန်ကာလကြာလာသည်နှင့်အမျှ မကောင်းမှုများ သူတို့အုပ်စုအထဲတွင် ဝင်လာသည့်အတွက် အသစ်တဖန်ပြန်လည်အစပြုရန် လိုခဲ့သည်။

လောကနှင့် အဆက်အသွယ်ဖြတ်ကာ သီးသန့်အသက်ရှင်ခြင်းသည် လုံးဝ မဖြစ်နိုင်ပါ။ အဆက်အသွယ်ကိုလည်း မဖြတ်သင့်ပါ။ ခရစ်တော်၏သက်သေများ အဖြစ် လောကတွင် ပူးပေါင်း အသက်ရှင်ရန် ကျွန်ုပ်တို့အားဘုရားသခင် အလိုရှိသည်။ ဤအချက်သည် လောကတွင် ကျွန်ုပ်တို့အသက်ရှင်ရခြင်း၏ ရည်ရွယ်ချက်ဖြစ်သည်။ သို့သော်၊ ကျွန်ုပ်တို့အသက်တာတွင် အလုပ်လုပ်ရန် ဘုရားသခင်ကို ခွင့်မပြုပါက ကျွန်ုပ်တို့သည်လည်း ဘုရားသခင် ကြံစည်ထားသည့် ထူးခြားသော ပုဂ္ဂိုလ်များ ဖြစ်လာမည် မဟုတ်ပေ။

         သီးခြားအသက်ရှင်ခြင်းဆိုသည်မှာ

သီးခြားအသက်ရှင်ခြင်းသည် သမ္မာကျမ်းစာ၏ သွန်သင်ချက်ဖြစ်သည်။ ဥပမာပေးရလျှင်၊ ရှင်ပေါလုသည် ကောရိန္ဒူမြို့ရှိ ယုံကြည်သူများအား ၎င်းတို့၏ ပတ် ဝန်းကျင်ရှိ လောကီသားများနှင့် ရောရောနှောနှော မနေထိုင်ရန် သွန်သင်ခဲ့သည်။ “မယုံကြည် သောသူတို့နှင့် တွဲဘက်၍ မညီသောထမ်းဘိုးကို မထမ်းကြနှင့်” ၂ ကာ ၆:၁၄)။

လက်ရှိလူ့အဖွဲ့အစည်းကဲ့သို့ ကောရိန္ဒူမြို့ရှိ လူ့အဖွဲ့အစည်းသည်လည်း ဆိုးသွမ်းယုတ်မာခဲ့ ကြသည်။ ခရစ်ယာန်ဟူသည့်အမည်ပင် တပ်မက်သောအပြုအမူဟု အဓိပ္ပာယ်ဆောင်ဟန်ရှိခဲ့သည်။ ဘာသာရေးအစည်းအဝေးသည်လည်း ပ သောအကျင့်စာရိတ္တပြခန်း တစ်ခုကဲ့သို့ ဖြစ်ခဲ့သည်။

        ဖခင်တစ်ယောက်၏ စာနာစိတ်နှင့် ရှင်ပေါလုက “ထာဝရဘုရား မိန့် ပြန်သည်ကားသင်တို့သည် ထိုသူတို့အထဲမှ ထွက်၍ အသီးအခြားနေကြသော တိုက်တွန်း နှိုးဆော်ခဲ့သည် (၂ ကော ၆:၁၇)။ ကျွန်ုပ်တို့သည် လောကတွင် အသက် သော်လည်း လောကနှင့် မဆိုင်ပါ။

            မညီသောထမ်းဘိုးကို မထမ်းကြနှင့်ဟု ရှင်ပေါလု ပြောဆိုသည့်အခါ ဟောရာကျမ်း ၂:၉-၁၁ ကို ရည်ညွှန်းလိုခြင်းဖြစ်သည်။ “စပျစ်ဥယျာဉ်၌ သောမျိုးစေ့တို့ကို ရောနှော၍ မကြဲရ။ ထိုသို့ကြဲလျှင် မျိုးစေ့အသီး၊ စပျစ်ပင် အသီး နှစ်ပါးစလုံး ပျက်လိမ့်မည်။ နွားနှင့်မြည်းကိုဘက်၍ လယ်ထွန်ရ။ ဝါနှင့် သိုးမွေးကို ရောနှော၍ ရက်သောအဝတ်ကို မဝတ်ရ” ဟု ရေးသားထားသည်။ ဆိုလိုသည့် အခြေ ခံသဘောတရားမှာ “      ဘုရားသခင် ရောနှောပြီးသောအရာကို သီးခြား မခွဲပါနှင့်။ သီး ခြားခွဲပြီးသောအရာကို မရောနှောပါနှင့်” ဟူ၍ ဖြစ်ပေမည်။

          မညီသောထမ်းဘိုးကို မထမ်းရန် အဘယ်ကြောင့် နှုတ်ကပတ်တော်က တားမြစ်ထားသနည်း။ အဘယ်ကြောင့်ဆိုသော် ထိုသို့ပြုလုပ်ခြင်းသည် မသင့်လျော် ပါ။ တရားမမျှတပါ။ နွားနှင့်မြည်းသည် အရွယ်အစားချင်း မတူကြပါ။ စိတ်ဓာတ်နှင့် အင်အားလည်း ကွဲပြားကြသည်။ နွားကို သန့်ရှင်းသောသတ္တဝါအဖြစ်၊ မြည်းကို မသန့်ရှင်းသောသတ္တဝါအဖြစ် သတ်မှတ်ခဲ့ကြသည်။ ထိုသို့မညီသောထမ်းဘိုး ထမ်း ခိုင်းပါက နှစ်ဘက်လုံး အဆင်မပြေဖြစ်ကာ အနာတရပင်ဖြစ်ကြမည်။ ဤသို့တွဲဘက် အသုံးပြုပြီး အလုပ်လုပ်ပါက လုံးဝ အဆင်ပြေမည်မဟုတ်ပါ။ အလုပ်လည်းတွင်မည် ၊ မဟုတ်သကဲ့သို့ ကောင်းမွန်စွာ အလုပ်လုပ်နိုင်ကြမည် မဟုတ်ပေ။

            ဂရိဘာသာစကားကို ကျွမ်းကျင်စွာနားလည်သူ ဆရာ အေတီရောဘတ်ဆန် (A. T. Robertson) မှတ်ချက်ပြုခဲ့သည်။ “မယုံကြည်သူနဲ့ ထမ်းဘိုးအတူ ထမ်းခြင်းကို ရပ်ပါ။” ဟင်ရီ ‘ (Henry Jowelt) ကလည်း “လောကီဆန်ခြင်းသည် နှလုံးသား၏ စိတ်ဝိညာဉ်၊ ခံစား

မှုနှင့် သဘောထားတို့ ဖြစ်သည်။ မြတ်သောခေါ်ခြင်းကို မရသည့်ဘဝ၊ ကြီးမားသော ‘ စိတ်ကူးမရှိသောဘ၀ ဖြစ်သည်။ လောကကိုသာကြည့်တတ်ပြီး အထက်ကို မကြည့်

အသက်တာဖြစ်သည်ဟု သုံးသပ်ချက်ပေးခဲ့သည်။

အထ က်ပါအကြောင်းအရာ၏ အနှစ်သာရကို ရောမဩဝါဒစာ ၆:၁၁တွင်

နည်းတူ သင်တို့သည် အပြစ်တရားနှင့်ဆိုင်သောအရာ၌ကား အသေ ရင်း၊ ဘုရားသခင်နှင့်ဆိုင်သောအရာ၌ကား ငါတို့သခင်ယေရှုခရစ် ဖြင့် အသက်ရှင်သည်ဟူ၍၎င်း ကိုယ်ကိုကိုယ်ထင်မှတ်ကြလော့” ဟု အကျဉ်း

သားခဲ့သည်။ ဤသည် အောင်မြင်သောခရစ်ယာန်အသက်တာအတွက် အဖြေ ဖြစ်သည်။ အပြစ်၌အသကဲ့သို့၊ ဘုရား၌ အသက်ရှင်သောသူကဲ့သို့ ကိုယ့်ကိုကိုယ် သတ်မှတ်ကြပါ။ ထိုသို့မပြုလုပ်မချင်း သင်၏ခရစ်ယာန်အသက်တာသည် ခက်ခဲ၍ ရှုပ်ထွေးမည်ဖြစ်သည်။

     သီးခြားအသက်ရှင်ရန် ဘုရားသခင်၏အမိန့်တော်များ

ယုံကြည်သူတစ်ယောက်အနေဖြင့် မည်သည့်အရာလုပ်၍ မည်သည့်အရာကို မလုပ်ဘဲ နေရမည်နည်း။ နှုတ်တော်ထွက်စကားတွင် အမိန့်တော်များ ပါဝင်သည်။ ခရစ်ယာန်များအတွက် ကိစ္စအချို့မှာ အမြဲမှန်လေ့ရှိ၍ အချို့မှာ အမြဲမှားလေ့ရှိသည်။

ဘုရားသခင်ကို ချစ်သောကြောင့် သို့မဟုတ် ကမ္ဘာက မေတ္တာငတ်နေကြောင်း ကို သိသောကြောင့် ကျွန်ုပ်တို့ ပြုလုပ်လိုက်သောအရာတိုင်းသည် အမြဲ မှန်ကန်သည်။ သို့သော်၊ သူတစ်ပါးကို လိမ်လည်လှည့်ဖျားခြင်း၊ မကောင်းသော စိတ်ဓာတ်၏ စေလို ရာနောက်လိုက်ပါသွားခြင်းသည် အမြဲမှားယွင်းသည်။

အချို့သောမကောင်းမှု၊ ကောင်းမှုတို့နှင့် ပတ်သက်၍ နှုတ်ကပတ်တော်တွင် တတကျကျ အဖြေမပေးထားသည့်အတွက် တစ်ခါတစ်ရံ ၎င်းသည် စိန်ခေါ်မှုကြီး တစ်ခုပင်ဖြစ်သည်။ အချို့သောအကြောင်းအရာနှင့် ပတ်သက်၍ “လုပ်ရမည်” မလုပ် ရပါ” ဟု သမ္မာကျမ်းစာက သတ်မှတ်မထားပါ။ အဆိုပါအကြောင်းအရာနှင့် စပ်လျဉ်း၍ နှုတ်ကပတ်တော်ချမှတ်ပေးထားသည့် အခြေခံသဘောတရားကို အသုံး ပြုတတ်ရန် သန့်ရှင်းသောဝိညာဉ်တော်ကို ကျွန်ုပ်တို့ လိုအပ်သည်။ သင်ကယ်တင် ခြင်းရသည့်အချိန်တွင် သန့်ရှင်းသောဝိညာဉ်တော်သည် သင်၏အထဲတွင် နေရာယူ ကျိန်းဝပ်သည်။ ကျွန်ုပ်တို့၏ လမ်း91°°°

မိတို့၏ လမ်းပြရှင်ဖြစ်သည်။ ဘုရားသခင်၏ အလိုတော်အတိုင်း တာကို ဆင်ခြင်သုံးသပ်နိုင်ရန် အကူအညီ ပေးပါလိမ့်မည်။ သို့သော်

သင်အမြဲမှတ်ထားရမည်မှာ ကျွန်ုပ်တို့၏ လူ့သဘာဝသည် အလွန် ဆီး သောသဘော ရှိသည်။ ထို့ကြောင့်၊ သံသယနှင့် ရင်ဆိုင်လျှင် အကူအညီတောင်းပါ။

“ကိုယ်တော်၊ ကျွန်တော်က ကလေးသာသာဘဲ ရှိပါသေးတယ်။ တွေးမိဖို့ရန် ကူညီပါ။ အလိုတော်ကို ဖော်ပြမူပါ။ မကောင်းသောအမူအရ ကျွန်ုပ်ကို ကယ်နှုတ်ပါ။ ကိုယ်တော်၏ဘုန်းတော်ကို ထင်ရှားစေနိုင်မယ် မျိုးနှင့် အသက်ရှင်နိုင်အောင် ကျွန်ုပ်ကို သွန်သင်ပါ” ဟု ကျွန်ုပ် ဆုတောင်း သည်။ သန့်ရှင်းသောဝိညာဉ်တော်၏ အကူအညီကို ကျွန်ုပ်တို့ လိုအပ်သည့်အ အမြဲဆုတောင်းရမည်။ တိကျသေချာသည့် လမ်းညွှန်ချက်များကို ကျွန်ုပ် ပေးလိုက်သည်။

သီးခြားအသက်ရှင်ခြင်းအတွက် သမ္မာကျမ်းလမ်းညွှန်များ

(၁) ဘုရားသခင်က သင့်အားပိုင်ဆိုင်ကြောင်းကို စိတ်တွင်အမြဲမှတ်ထားပါ

ခရစ်တော်ကို ယုံကြည်သောကျွန်ုပ်တို့သည် ဘုရားသခင်၏ သားသမီးများ ဖြစ်ကြပြီ။ အမှန်ဆိုရလျှင်၊ ဘုရားသခင်၏ သားသမီးများဖြစ်ရခြင်းသည် ဒုတိယ အကြိမ်ဖြစ်သည်။ သူသည် ကျွန်ုပ်တို့ကို ဖန်ဆင်းသူဖန်ဆင်းရှင်လည်းဖြစ်၏။ ကယ် တင်ရှင်လည်းဖြစ်၏။ ကျွန်ုပ်တို့ကို သူဖန်ဆင်းခဲ့သည်။ ရွေးနုတ်ခဲ့သည်။ “အဘယ် သို့နည်း။ သင်တို့ကိုယ်ခန္ဓာသည် ဘုရားသခင်ပေးသနားတော်မူသော ဝိညာဉ်တော် တည်းဟူသော သင်တို့အထဲ၌ ကျိန်းဝပ်၍ သန့်ရှင်းသောဝိညာဉ်တော်၏ ဗိမာန် ဖြစ်ကြောင်းကို၎င်း၊ မိမိကိုယ်မိမိ မိပိုင်ကြောင်းကို၎င်း မသိကြသလော” ဟု ရှင်ပေါလု

ပြောခဲ့သည် (၁ ကော ၆:၁၉)။ ဆက်လက်၍ ရှင်ပေါလုက “သင်တို့သည် အဘိုးနှင့် ဝယ်တော်မူသောသူဖြစ်သောကြောင့် ဘုရားသခင် ပိုင်တော်မူသော သင်တို့၏ ကိုယ် ခန္ဓာနှင့် စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏ ဂုဏ်တော်ကို ထင်ရှားစေကြလော့” ဟု

ဆိုခဲ့သည် (အငယ် ၂၀)။

 (၂) သူတစ်ပါးအတွက် ကျွန်ုပ်တို့တာဝန်ရှိသည်ဟူသည့် ခံယူချက်မျိုးနှင့် ကျင့်ကြt ရမည်။

“ကျွန်တော်/ကျွန်မ အပြုအမူက သူတစ်ပါးကို ဘယ်လိုထိခိုက်သွား လိမ့်။ ကျွန်ုပ်သည် သူတစ်ပါးကို အထောက်အကူဖြစ်စေသည့်ပုဂ္ဂိုလ်လော။ သို့မဟုတ်

အနှောင့်အယှက်ဖြစ်စေသည့် ပုဂ္ဂိုလ် သည်။ ခရစ်ယာန်များသည် အခြား

စေသည့် ပုဂ္ဂိုလ်လော” ဟု အမြဲတစေ စဉ်းစားဆင်ခြင်သင့် များသည် အခြားသောသူများနှင့် မတူညီကြောင်းကို သင်၏ပတ်ဝန်း သိနေကြောင်းကို မမေ့ပါနှင့်။ ထို့ကြောင့် ရှင်ပေါလုက ၁ ကော ၈:၁၃ တွင် ငါ၏အစားအသောက်သည် ငါ့ညီအစ်ကိုကို မှားယွင်းစေလျှင် ငါ့ညီအစ်ကို၌ စရာအကြောင်း မရှိစေခြင်းငါ အမဲသားကို အစဉ်မပြတ် ရှောင်မည်” ဟု သစွာပြုခဲ့သည်။ ရှင်ပေါလုသည် သူတစ်ပါးအတွက် ကောင်းသောသူ၊ အကူ အညီပေးရာတွင် စံပြပုဂ္ဂိုလ်ဖြစ်ရန် ဆုံးဖြတ်ခဲ့သည်။ –

ရုပ်တုဘုရားရှေ့တွင်ပူဇော်ကပ်ထားသောအသားသည်အကောင်းဆုံး၊ဈေးအကြီးဆုံးအသားဖြစ်ကောင်းဖြစ်နိုင်သည်။ပူဇော်ဆက်ကပ်ပြီးနောက်အသားကိုဈေးထဲတွင်ဈေးလျော့၍ရောင်းထားသည်။ထိုအသားကိုစားသောကြောင့်ညီအစ်ကိုတစ်ယောက်မှားယွင်းစရာ၊ခြေချော်လဲစရာဖြစ်မည်ဆိုပါကရှင်ပေါလုစားမည်မဟုတ်ပါ။ “ကျွန်တော်/ကျွန်မအပြုအမူကသူတစ်ပါးကိုဘယ်လိုထိခိုက်သွားနိုင်ပါလိမ့်” ဟုကိုယ့်ကိုကိုယ်အမြဲမေးသင့်သည်။

(၃) သင်၏ရွေးချယ်မှုသည် သင့်အပေါ်အကျိုးသက်ရောက်မည်ကို အမြဲမှတ်ထားပါ

ဤအချက်က ဘုရားသခင်အတွက် သင်၏ပါဝင်လှုပ်ရှားမှုစွမ်းရည်ကို အဓိက ထားသည်။ “ကျွန်တော်/ကျွန်မ ဒီလိုလုပ်ရင် ဘုရားသခင်အတွက် ပိုပြီး အသုံး ဝင်မှာလား၊ မဝင်ဘူးလား။ ကျွန်ပ်ပြုမူသွားမယ့် အကြံအစည်အတွက် ကျွန်တော် ကျွန်မ ကောင်းချီးတောင်းခံသင့်ပါသလား” ဟု ကိုယ့်ကိုကိုယ် မေးသင့်သည်။

ဤသဘောတရားကို ရှင်ပေါလုက ၁ ကော ၉၂၇ တွင် လက်တွေ့ ဖော်ပြ သည်။ “သူတပါးကို ဆုံးမပြီးမှ ကိုယ်တိုင်ရှုံးသောသူမဖြစ်ရမည်အကြောင်း ကိုယ် ထူး၍ နှိပ်စက်လေ့ရှိ၏” (၁ ကော ၉၂၇)။ ကိုယ့်အတွက်ကို စဉ်းစားရန် မမေ့ပါနှင့်။

ဝပါဝင်ပတ်သက်မှုကဘုရားသခင်အတွက်ကျွန်ုပ်၏အသုံးဝင်မှုပိုမိုကောင်းစေမည်လော။ပိုမိုဆုတ်ယုတ်စေမည်လော။

) လုပ်ဆောင်သောအရာမှန်သမျှသည် ဘုန်းတော်အတို့ ဖြစ်ရမည်

ဤအချက်သည် အလွန်အရေးပါသည့် စမ်းသပ်ချက်ဖြစ်သည်။ “ဒါကို လုပ်ရင် ဘုရားဘုန်းထား

ဘန်း ထင်ရှားပါ့မလား” သို့မဟုတ် ယေရှုက ကျွန်ုပ်ကို ဘာလုပ်စေချင်သလဲ” စသည့်မေးခွန်းတို့ကို ကိုယ့်ကိုကိုယ် မေးပါ။

ဤသဘောတရားကို ၁ ကော ၁၀:၃၁ တွင် ရှင်ပေါလုက “သင်တို့သည် စာ သော်၎င်း၊ သောက်သော်၎င်း၊ မည်သည့်အမှုကိုပြုသော်၎င်း၊ ဘုရားသခင်၏ ဘန် တော်ကို ထောက်၍ ခပ်သိမ်းသောအမှုကိစ္စကို ပြုကြလော့” ဟု ပြောခဲ့သည်။ ဘုရား ဘုန်းတော်ကို ထင်ရှားစေရန်မှာ ကျွန်ုပ်တို့အလိုချင်ဆုံးသော အရာဖြစ်ရမည်။

သံသယရှိနိုင်သော အကြောင်းအရာများနှင့် ပတ်သက်၍ ဘုရားသခင် အလိုတော်ကို နှုတ်ကပတ်တော်အားဖြင့် ကျွန်ုပ်တို့ ပိုင်းခြားသိမြင်နိုင်သည်။ အခြေ ခံသဘောတရားကို ၁ သက်သာ ၅၂၂ တွင် ဤသို့ရေးသားထားသည်။ “

ကောင်းသော အမှုအမျိုးမျိုးရှိသမျှကို ရှောင်ကြလော့”။ ရောမ ၁၂၂ တွင်လည်း “သင်တို့သည် လောကီပုံဏ္ဌာန်ကို မဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊ နှစ်သက် ဘွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင်အလိုတော် ရှိသော အရာသည် အဘယ်အရာဖြစ်သည်ကို သင်နိုင်မည်အကြောင်း၊ စိတ်နှလုံးကို အသင့် ပြင်ဆင်၍ ပုံဏ္ဌာန်ပြောင်းလဲခြင်းသို့ ရောက်ကြလော့” ဟု တွေ့ရသည်။ ကျွန်ုပ်တို့သည်လောကီပုံဏ္ဌာန်ကို ဆောင်သောသူမဟုတ်။ ပြောင်းလဲသောသူများ ဖြစ်ရပေမည်။

ဘုရားသခင်၏ အလိုတော်ကို ဂလာတိဩဝါဒစာ ၁:၄ တွင် ထပ်မံဖော်ပြ ထားသည်။ “ထိုသခင်သည် ငါတို့အဘတည်းဟူသော ဘုရားသခင်၏ အလိုတော်နှင့် ၊ အညီ ဆိုးညစ်သော ပစ္စုပ္ပန်ဘဝမှ ငါတို့ကို ကယ်နှုတ်ခြင်းငှါ၊ ငါတို့အပြစ်ကြောင့် ကိုယ်ကိုကိုယ် အပ်ပေးတော်မူ၏”

ကျွန်ုပ်တို့၏ ရန်သူအကြောင်းကို ဧဖက်သြဝါဒစာ ၆:၁၂ တွင် ဖော်ပြထား သည်။ အကြောင်းမူကား၊ ငါတို့သည် အသွေးအသားရှိသော ရန်သူတို့နှင့် ဆိုင် တိုက်လှန်ရကြသည်မဟုတ်။ အထွဋ်အမြတ်တို့နှင့်၎င်း၊ အာဏာစက်တို့နှင့်၎င်း၊ ကီမှောင်မိုက်၌ အစိုးတရပြုလုပ်သောမင်းတို့နှင့်၎င်း၊ မိုယ်ကောင်းကင်၌ နေ နတ်ဆိုးတို့နှင့်၎င်း၊ ဆိုင်ပြိုင်တိုက်လှန်ရကြ၏”။

ရှင်ယာကုပ်ကလည်း ကျွန်ုပ်တို့ကို ထပ်မံသတိပေးထားသည်။ “မတ သော မေထုန်၌ မှီဝဲသောယောက်ျားမိန်းမတို့၊ လောကီမိတ်ဿဟာယသည် ” သခင်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်ကို မသိကြသလော။ ဤလောကနှင့် မိတ်ဿဟာ ဖွဲ့လိုသောသူသည် ဘုရားသခင်၏ ရန်သူဖြစ်၏” (ယာကုပ် ၄:၄)။

ရှင်ယောဟန်ကိုယ်တိုင်ကလည်း နူးညံ့စွာ သတိပေးခဲ့သည်။ “လောကကို၎င်း လောက၌ ရှိသောအရာတို့ကို၎င်း မချစ်ကြနှင့်။ လောကကိုချစ်သောသူမည် သိလား ခမည်းတော်ကို ချစ်ခြင်း မေတ္တာမရှိ” (၁ ယော ၂:၁၅)။ ။

သခင်ယေရှုထံ မိမိကိုယ်မိမိ လုံးလုံးလျားလျား ဆက်ကပ်ထားသောသူသည် လောကီလန်မည် မဟုတ်ပါ။ ဤလောကတွင် ခရစ်တော်အတွက် အောင်မြင်စွာ အသက်ရှင်သောသူများဖြစ်ရန် ဘုရားသခင် ကူညီပါစေ။ “ငါသည် ခရစ်တော်နှင့်အတူ လက်ဝါးကပ်တိုင်မှာ အသေခံပြီ။ သို့သော်လည်း အသက်ရှင်သေး၏။ ထိုသို့ဆိုသော် ငါသည် ကိုယ်တိုင်မရှင်၊ ခရစ်တော်သည် ငါ၌ရှင်တော်မူ၏” ဟု ရှင်ပေါလု သက်သေ ခံခဲ့ဖူးသည် (ဂလာတိ ၂၂၀)။ ခြုံငုံပြန်ကြည့်ရသော် သီးခြား အသက်ရှင်ခြင်းသည် နေ့စဉ် ပို၍ပို၍ ခရစ်တော်ကို နေရာပေးကာ မိမိ၏အထဲ၌ အလုပ်လုပ်ရန်နှင့် မိမိ အားဖြင့် အလုပ်လုပ်ရန် ခွင့်ပြုခြင်းဖြစ်သည်။

                   မေးခွန်းအချို့

၁။မညီသောထမ်းအိုးကိုမထမ်းကြရန်ရှင်ပေါလုက၂ကော၆:၁တွင်ပြောသည့်အခါဓမ္မဟောင်းကျမ်းမှမည်သည့်ကျမ်းချက်ကိုရည်ညွှန်းပြောဆိုပါသနည်း။

၂။တရားဟောရာကျမ်း၂၂:၁၀တွင်အဘယ်ကြောင့်ဘုရားသခင်သည်မညီသောထမ်းဘိုးကိုမထမ်းရန်တားမြစ်ထားပါသနည်း။

၃။ “လုပ်ရမည့်အရာ၊ မလုပ်ရမည့်အရာ” နှင့်ပတ်သက်၍ ကျမ်းစာတွင် ရှင်းရှင်း လင်းလင်း ဖော်ပြထားသည့်အခါ ဘုရားသခင်နှစ်သက်ရာအလိုတော်ကို ကျွန်ုပ်တို့ မည်သို့သိနိုင်မည်နည်း။

 ၄။သီးခြားအသက်ရှင်ခြင်းအတွက်လမ်းညွှန်ချက်လေးချက်ကိုသင့်လျော်သောကျမ်းချက်များနှင့်တကွဖော်ပြပါ။

၅။ အဘယ်ကြောင့် ရှင်ပေါလုသည် ကိုယ်ကိုကိုယ် ထိုး၍ နှိပ်စက်လေ့ရှိသနည်း (၁)

ကော ၉:၂၇)။

၆။ မည်သည့်အချက်သည် အလွန်အရေးပါသည့် စမ်းသပ်ချက်ဖြစ်ပါသနည်း။

မှတ်သားစရာအချို့

လောကနှင့်အဆက်အသွယ်ဖြတ်ကာသီးသန့်အသက်ရှင်ခြင်းသည်လုံးဝမဖြစ်နိုင်ပါအဆက်အသွယ်ကိုလည်းမဖြတ်သင့်ပါ။ခရစ်တော်၏သက်သေများအဖြစ်လောကတွင်ပူးပေါင်းအသက်ရှင်ရန်ကျွန်ုပ်တို့အားဘုရားသခင်အလိုတော်ရှိသည်။

ခရစ်ယာန်အသက်တာသည် သခင်ယေရှုခရစ်တော်အပေါ် သစ္စာခံခြင်းဖြစ်သည်။ ကျွန်ုပ်တို့ ပတ်ဝန်းကျင်၏ လွှမ်းမိုးမှုများ မရှိရလေအောင် ခရစ်တော်နှင့် နီးနီးကပ်ကပ် အမြဲနေခြင်းဖြစ်သည်။ “

လောကီဆန်ခြင်းသည် နှလုံးသား၏ စိတ်ဝိညာဉ်၊ ခံစားမှုနှင့် သဘောထားတို့ ဖြစ် သည်။ မြတ်သောခေါ်ခြင်းကို မရသည့်ဘဝ၊ ကြီးမားသောစိတ်ကူးမရှိသောဘဝ ဖြစ်သည်။ လောကကိုသာ ကြည့်တတ်ပြီး အထက်ကို မကြည့်တတ်သော အသက်တာဖြစ်သည်”

        – ဂျွန်ဟင်ရီဂျိုဝဒ်

ခရစ်ယာန်များသည် အခြားသောသူများနှင့် မတူညီကြောင်းကို သင်၏ပတ်ဝန်းကျင် ကမ္ဘာက သိနေကြောင်းကို မမေ့ပါနှင့်။ သခင်ယေရှု မိမိကိုယ်မိမိ လုံးလုံးလျားလျား ဆက်ကပ်ထားသောသူသည် လောကီ ဆန်မည် မဟုတ်ပါ။

                 အခန်း ၁၁

သင်နှင့် သင်၏အသင်းတော်

“သင်တို့သည် အသက်ကျောက်များကဲ့သို့ အဆင့်ဆင့်အထပ်ထပ် တည်ဆောက် လျက်ရှိသဖြင့် ဓမ္မတိုက်ဖြစ်ကြ၏” (၁ ပေ ၂:၅)။ တစ်သီးပုဂ္ဂလဘာသာရေးဟူ၍ ကျမ်းစာတွင် မရှိပါ။

– ဂျွန်ပိုင်စလီ

သွေးလိုနေသော လူနာတစ်ယောက်အတွက် အဟာရဓာတ်ပြည့်သောသွေးသည် အရေးကြီးသကဲ့သို့ ခရစ်တော်၏နောက်လိုက်တပည့်အတွက် ဘုရားကျောင်းတက် ခြင်း သည် အလွန်အရေးကြီးသည်။

– ဒီအယ်လ်မူးဒီ

အသင်းတော်ကို သင်လိုအပ်သကဲ့သို့ အသင်းတော်ကလည်းသင့်ကို လိုအပ်သည် ။

ဘုရားသခင်၏ဝိညာဉ်အဆောက်အအုံ (ဓမ္မတိုက်) တွင် ကျွန်ုပ်တို့သည် တစ်ခုနှင့်တစ်ခု အဆင့်ဆင့် ဆက်ထားသော အသက်ကျောက်များဖြစ်သည်ဟု ကျမ်း တွင် ဆိုထားသည်။ ယုံကြည်သူခရစ်ယာန်တိုင်းက အောင်မြင်သော ခရစ်ယာန်

ကကို ပိုင်ဆိုင်ရန် ခရစ်တော်ကိုယ်တိုင် တည်ထောင်ခဲ့သည့် ထာဝရတည် a အသင်းတော်၏ မိတ်သဟာယဖွဲ့ခြင်းကို လိုအပ်သည်။ “ထိုအသင်းကို မရဏာနိုင်ငံ၏ တံခါးတို့သည် မနိုင်ရာ” (မဿဲ ၁၆:၁၈)။

ဝေဖန်သူများစွာရှိသော်လည်း အသင်းတော်သည် ပြိုင်ဘက်ကင်းဆဲ လူတစ်ယောက် ပြောခဲ့ဖူးသည်။ ကြမ်းတမ်းခက်ခဲသော အခြေအနေ များပန်းနှိပ်စက်ခြင်းအောက် အကြိမ်ကြိမ်ကျရောက်ကာ၊ အများ၏ လည်း အသင်းတော်သည် တည်ရှိမြဲတည်ရှိ နေမည်ဖြစ်သည်” ဟု လူတစ်ယောက် နှင့် ရင်ဆိုင်၍ ညှဉ်းပန်းနှိပ်စက်ခြင်းပြုခြင်းကို ခံရသော်လည်း အသင်းတော်သည် တည်ရှိမြဲတည်ရှိနေမည်သာဖြစ်သည်။ ဘုရားသခင်ကိုယ်တိုင် တည်ထောင်ထားသောကြောင် တိုက်ဖျက်တိုက်လှန်ခြင်းကမျှ အနိုင်ယူနိုင်မည် မဟုတ်ပေ။

အသင်းတော်၏အရေးကြီးပုံ

 ခရစ်တော်တည်းဟူသော အုတ်မြစ်အပေါ်တွင် တည်ဆောက်ထား ဘုရားသခင်၏ အဖွဲ့အစည်းဖြစ်သောကြောင့် အသင်းတော်သည် အလွန်အရေးကြီး သည်။ မိတ်ဆွေ၊ ထိုအသင်းတော်သည် နိစ္စထာဝရတည်မည် ဖြစ်သည်။ ဖျက်ဆီး ရမည်မဟုတ်ပါ။

ယေရှုခရစ်တော်ကိုယ်တိုင်သည်အသင်တော်၏အခြေခံအုတ်မြစ် (Foundation) ဖြစ်သည်။ ဘုရားသခင်သည် ယေရှုကို ချီးမြှောက်ခဲ့ပြီး “ခြေဘဝါးတော်အောက် သို့ အလုံးစုံတို့ကို ချထားသဖြင့် အသင်းတော်အဘို့အလိုငှါ သူ့ကို အလုံးစုံတို့၏ အချုပ် အခြာဦးခေါင်းဖြစ်စေတော်မူ၏” (ဧဖက် ၁၂ဝ)။

ထိုအရာသည် အလွန်အရေးကြီးသောကြောင့် ရှင်ပေါလု ထပ်မံဖော်ပြခဲ့ သည်။ “အကြောင်းမူကား ယေရှုခရစ်တည်းဟူသော ချလျက်ရှိသော တိုက်မြစ်မှတပါး အခြားသော တိုက်မြစ်ကို အဘယ်သူမျှ မချနိုင်” (၁ ကော ၃:၁၁)။ သခင်ယေရှုနှင့် အ သင်းတော်ကြား ဆက်ဆံရေးကို ဇနီးမောင်နှံကြား မေတ္တာနှင့် နှောင်ဖွဲ့သည့်ဆက်ဆ ရေးဖြင့် ရှင်ပေါလု ခိုင်းနှိုင်းခဲ့သည် (ဧဖက် ၅:၂၂-၂၅)။

သို့သော်၊ အသင်းတော်တွင် ပြဿနာတစ်ခုရှိသည်။ ထိုပြဿနာမှာ အသင်း တော်သည် သင်နှင့်ကျွန်ုပ်ကဲ့သို့သော လူသားများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ အသင်းတော်သည် သခင်ယေရှု တည်ထောင်ခဲ့သောအရာဖြစ်သကဲ့သို့ လူသားများ ဖြင့်ဖွဲ့စည်းထားသောအရာလည်း ဖြစ်သည်။ အသင်းတော်သည် မိမိစိတ်ကြိုက် ရာသီဥတု (သို့) အခြေအနေကို ထိန်းချုပ်၍ရသော မှန်လုံအိမ်ကဲ့သို့ မဟုတ်ပါ။ အသင်းတော်သည် မပြည့်စုံသောယုံကြည်သူများ၊ အပြစ်အနာအဆာနှင့်ပြည့်သူများ၊ အားနည်းချက်များစွာရှိသူများဖြင့် ဖွဲ့စည်းထားသည်။

ကျွန်ုပ်တို့အပြစ်များကို ဝန်ခံ၍ အားနည်းချက်များကို ကျွန်ုပ်တို့ ပြုပြင်လို သည်။ ဘုရားသခင်ပေးထားသော အရာမှန်သမျှတွင် အသင်းတော်ထက်သာ၍ အဓိပ္ပာယ်ရှိသောအဖွဲ့အစည်း ကောင်းကင်နှင့်မြေကြီးပေါ်တွင် မရှိပါ။

အသင်းတော်ဆိုသည်မှာ

အသင်းတော်ဟု ဆိုသည်နှင့် နီနီရဲရဲအုတ်ခဲနှင့်စီထားကာ မြင့်မားသည့် အုတ်နံရံနှင့် အံ့ဩဘွယ်ကောင်းသည့်ခေါင်ထိပ်မျှော်စင်ရှိသည့် အဆောက်အဦးကို လူအများစုသွားပြေးမြင်မိမည်မှာ ဧကန်မုချပင်။ သို့သော် အသင်းတော်ကို ကျမ်းစာက ဤသို့ ပုံဖော်ထားပါ။

ဂရိဘာသာစကားဖြစ်သော အက်လီရှာ (ekklesia) ကို ဓမ္မသစ်ကျမ်းတွင် “အသင်းတော်” (Church) ဟု ပြန်ဆိုထားပြီး အဆိုပါစကားလုံးက နေရောဒေသ တစ်ခုခုတွင် စုရုံးသော ခရစ်ယာန်ယုံကြည်သူများကိုလည်းကောင်း၊ ခရစ်တော်ကို ကယ်တင်ပိုင်ရှင်အဖြစ် လက်ခံထားပြီးဖြစ်သော တစ်ကမ္ဘာလုံးဆိုင်ရာ နိုင်ငံအသီး သီးရှိ ယုံကြည်သူများဖြစ်သည့် ခရစ်တော်၏ကိုယ်ကိုလည်းကောင်း ရည်ညွှန်းထား ပါသည်။ “ခပ်သိမ်းသောအရပ်၌ ငါတို့သခင်ယေရှုခရစ်ကို ပဌနာပြုသောသူအ ပေါင်းတို့ကို ကြား လိုက်ပါ၏” ဟု ၁ ကော ၁:၂ တွင် တွေ့ရသည်။ တစ်ကမ္ဘာလုံးဆိုင်ရာ ခရစ်တော်၏ ကိုယ်ကို (အသင်းတော်) ဆိုလိုခြင်းဖြစ်သည်။

ခရစ်တော်၏သတို့သမီး သို့မဟုတ် တစ်ကမ္ဘာလုံးနှင့်ဆိုင်သော အသင်း တော်ဟုလည်း အကြိမ်ကြိမ် ဖော်ပြထားသည်။ အထက်ပါကျမ်းချက်မှာဘဲ “ကောန္တု မြို့၌ရှိသော အသင်းတော်” ဟုလည်း တွေ့ရသည်။ ကောရိန္တဒေသရှိ စုရုံးသော ယုံကြည်သူများကို ဆိုလိုခြင်းဖြစ်သည်။

အက်လီရှား (ekklesia) ဟူသည့် စကားလုံးသည် အက် (ek-မှ၊ အနက်) ဟူသည့် စကားလုံးနှင့် ဂါလီအို (kaleo-ခေါ်သည်) ဟူသည့် သီးခြားသော စကားလုံး နှစ်လုံးကို ပေါင်းစပ်ထားသော စကားလုံးဖြစ်သည်။ ထို့ကြောင့် အသင်းတော်သည်

ထုတ်ခြင်းခံရသူများ” ဟု အဓိပ္ပာယ်သက်ရောက်ပြီး မိမိအတွက် ဘုရားသခင် ကိုယ်တိုင် သီးခြားခွဲထားသည့် လူအစုအဝေးဖြစ်သည်။

အင်္ဂလိပ်စကားလုံး Church သည် Kirk ဟူသည့် စကော့ဘာသာစကား Arche ဟူသည့် ဂျာမာန်ဘာသာစကားမှ ဆင်းသက်လာဟန်ရှိသည်။ ၎င်း

ဘာသာစကားဖြစ်သည့် ကူရီအားကွန် (Kuriakon) တွင် အရင်းခံထား များကိုးကွယ်ရာနေရာကို ရည်ညွှန်းရန် အဆိုပါစကားလုံးကို ဂရိ ခရစ်ယာန်များက အသုံးပြုခဲ့ ကြသည်။ Lord (သခင်) ဟူသည့်စကားလုံးတွင် အရင်းတည်‌ သောကြောင့် ဘုရားသခင်၏နေရာ သို့မဟုတ် ဘုရားသခင်၏အိမ်တော် ဟု အဓိ ရသည်။

ဓမ္မသစ်ကျမ်းတွင် ekklesia သို့မဟုတ် အသင်းတော်ဟု တွေ့ရတိုင်း ယေ ယျအားဖြင့် နေရာတစ်နေရာတွင် စုဝေးကြသောယုံကြည်သူများကို ရည်သန့် ထားသည်။ တစ်နည်းအားဖြင့်ဆိုရသော်၊ ယုံကြည်ခြင်းနှင့်စာရိတ္တဆိုင်ရာပြုမှု ကင် ကြံခြင်းအတွက် သမ္မာကျမ်းစာကို အခြေခံအဖြစ် လက်ခံထား၍ စနစ်တကျဖွဲ့စည်း ထားသော ဒေသန္တရလူအုပ်စုကို ဆိုလိုသည်။

ဒေသန္တရအသင်းတော်သည် “တစ်ကမ္ဘာလုံးဆိုင်ရာ အသင်းတော်၏ မြေ မျက်နှာပြင်ပေါ်သို့ ထိုးထွက်လာသည့် မြေဆီလွှာဖြစ်သည်” ဟု ပီတီဖောစိုက် (PT. Forsythe) က ဆိုခဲ့သည်။ ဒေသန္တရအသင်းတော်သည် အရေးကြီးသည်။ ဒေသန္တရ အသင်းတော်သည် ဤကမ္ဘာပေါ်ရှိ သူ၏အလုပ်ကို ပြီးမြောက်ရန် ဘုရားသခင် အသုံး ပြုသည့် တန်ဆာပလာဖြစ်သည်။

ဘယ်ဒေသန္တရ အသင်းတော်မှာမှ ကျွန်တော်မပါဝင်ဘူး။ ကျမ်းစာထဲမှာ ဒေသန္တရအသင်းတော်မှာ ပါဝင်ရမယ်လို့မပြောထားဘူး” ဟု သူငယ်ချင်း တစ် ယောက်က ကျွန်ုပ်ကို ပြောဖူးသည်။ ထိုလူသည် သမ္မာကျမ်းစာကို သေသေချာချာ ၊ လေ့လာပါက ဒေသန္တရအသင်းတော်တွင် ပါဝင်ခြင်းအကြောင်းကို ဓမ္မသစ်ကျမ်းတွင် အကြိမ်ကြိမ် ဖော်ပြထားကြောင်း တွေ့မည်ဖြစ်သည်။ တမန်တော်ဝတ္ထုတွင် လူ အယောက် ၃၀၀၀ သည် သင်းဝင်ကြသည့်အကြောင်းကို တွေ့ရသည်။ အန္တိအုတ်မြ ရှိအသင်းတော်က ရှင်ပေါလုနှင့် ဗာနဗကို အမှုတော်ဆောင်များအဖြစ် စေလွှတ် ကြောင်းကိုလည်း ထပ်တွေ့ရသည်။

ဒေသန္တရအသင်းတော် ခုနှစ်ပါးအတွက် သတင်းစကားခုနှစ်ခုကို တမန် တော်ရှင်ယောဟန်က ဘုရားသခင်ထံမှ လက်ခံရရှိခဲ့သည်။ ဒေသန္တရလူထု (ဝါ) အသင်းတော်များကို တည်ထောင်ခြင်းနှင့် တိုက်တွန်းခွန်အားပေးခြင်း ရှင်ပေါလုနှင့် သူ၏လုပ်ဖော်ကိုင်ဖက်များက နှစ်ပေါင်းများစွာ အချိန်သုံးခဲ့ ကြသည့် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုအောက်တွင် ပေးပို့သောစာစောင် ၁၃ စော ၉ စောင်သည် ဒေသန္တရအသင်းတော်များထံ ပေးပို့ထားသော စာစောင်များဖြစ်သည်။

ကျွန်ုပ်တို့ခေတ်တွင်လည်း အသင်းတော်များက အမှုတော်ဆောင်များကိုသီးသန့် ခွဲထားကာ စေလွှတ်ခြင်း၊ ထောက်ပံ့ခြင်းကို ပြုလုပ်ရသည်။ အသင်းတော်ကသာ လန်းဒေးစကူလ်ကို ပြုလုပ်ရသည်။ မရှိဆင်းရဲသားများကို ကူညီရသည်။ ဝတ်ပြု ကိုးကွယ်ခြင်း၊ ယုံကြည်သူများကို တည်ဆောက်ခြင်းနှင့် ဧဝံဂေလိတရားဟော

ပြောခြင်းတို့ကို ပြုလုပ်ရသည်။ ဤလောကရှိ ဘုရားသခင်၏ အလုပ်ကို ပြီးမြောက်ရန် ဘုရားသခင်အသုံးပြုသည့် တန်ဆာပလာသည် အသင်းတော်ပင်ဖြစ်သည်။ ဘုရား သခင်၏အမှုတော်ကို အသင်းတော်အားဖြင့် ဆက်လက်ထမ်းဆောင်ရမည်ဖြစ်သည်။

တမန်တော်ခေတ်အသင်းတော်

ယေရုရှလင်မြို့ရှိ ပထမဆုံးအသင်းတော်အကြောင်းကို တမန်တော်ဝတ္ထု အခန်းကြီး ၂ တွင် ရှင်းရှင်းလင်းလင်းတွေ့ရပါသည်။ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်လာကြောင်းကိုလည်း တွေ့သည်။ “ထိုစကားကိုအသင့်နှလုံးသွင်းမိသောသူ တို့သည် ဗတ္တိဇံကိုခံ၍ ထိုနေ့၌ အရေအတွက်အားဖြင့် သုံးထောင်မျှသောသူတို့သည် ဝင်ကြ၏” (တမန် ၂:၄၁)။

ကနဦးယုံကြည်သူများသည် နှုတ်ကပတ်တော်ကို ဝမ်းမြောက်ဝမ်းသာ လက် ခံခဲ့ကြသည်။ နှုတ်ကပတ်တော်သွန်သင်ပေးထားသည့် အပြစ်တရားကို လက်ခံကာ အသက်ရှင်သောခရစ်တော်ကို လက်တွေ့ခံစားခဲ့ကြသည်။ ထိုသို့ ကယ်တင်ခြင်း ရရှိခြင်းအားဖြင့် သူတို့သည် အသင်းတော်ဖြစ်သော ခရစ်တော်၏ကိုယ် အစိတ် အပိုင်းဖြစ်လာခဲ့ကြသည်။

မိတ်သဟာယလိုအပ်သည့်အကြောင်းကို ခရစ်ယာန်များ သိမှတ်ခဲ့သည်မှာ ရာစုနှစ်ပေါင်းများစွာ ကြာညောင်းခဲ့ပြီးဖြစ်၏။ ဟေဗြဲကိုရေးခဲ့သူက “လူအချို့တို့၏ ထုံးစံရှိသည်အတိုင်း၊ အချင်းချင်း စည်းဝေးခြင်းအမှုကို မရှောင်လွှဲကြနှင့်” ဟု တိုက်တွန်းရေးသားခဲ့သည် (ဟေဗြဲ ၁၀:၂၅)။ “ခရစ်ယာန်အသက်တာအတွက်တောင်းခြင်းသည် အရေးကြီးသကဲ့သို့ ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းရန် အတူတကွ စုရုံးခြင်းသည်လည်း အရေးကြီးပေသည်” ဟု မာတင်လူသာ ပြောခဲ့ဖူး၏။

ခရစ်ယာန်ဖြစ်သည်မှာ နှစ်ပေါင်းများစွာ ရှိပြီးဖြစ်သော ယုံကြည်သူ တစ်ယောက်ကို သူနှင့်သူ၏မိသားစုများ ပါဝင်ရမည့် ဒေသန္တရအသင်းတော် ရှာ သေးသောအချိန်က ကျွန်ုပ်တိုက်တွန်းခဲ့သည်။ “အို… ခရစ်ယာန်ဖြစ်ဖို့ အသင်းတော်မှာ အသင်းဝင်ဖြစ်ဖို့မလိုပါဘူး” ဟု သူတုံ့ပြန်ခဲ့သည်။ တစ်ခါ သူမှန်သည်။ အသင်းဝင်ဖြစ်ခြင်းသည် ကယ်တင်ခြင်းနှင့် လုံးဝ သက်ဆိုင် ပါ။ သို့သော် လက်တွေ့သဘောတရားအရ သူမှား၏။ ကျွန်ုပ် ပြန်ပြောခဲ့

လေယာဉ်အကူအညီ၊ သင်္ဘောအကူအညီမပါဘဲလျက် သမုဒ္ဒရာ တစ်ဘက်ကို ကရ ရသည်။ သို့ပေမဲ့၊ ထိုသို့လုပ်ရန် ကျွန်ုပ်အားမပေးလို။ ပင်လယ်တွင် ငါးမန်းနှင့် လည်း ရင်ဆိုင်နိုင်သည်။ ဤလောကတွင် ကျွန်ုပ်တို့ အသက်ရှင်စဉ် ခက်ခဲကြမ်း တမ်းသောဘဝပင်လယ်ကို ဖြတ်ကူးရန် အသင်းတော်ကို ယာဉ်အဖြစ် ဘုရား သခင် အသုံးပြုသည်။ မိတ်ဆွေ၊ အသင်းတော်ကို ဥပေက္ခာ ပြုခြင်းသည် မဟာ အမှားတစ်ခု ဖြစ်ပေသည်။ ခရစ်ယာန်မိတ်ဆွေ၊ သင်သည် အသင်းတော်ကို လိုအပ်သည်။ အသင်း တော်ကလည်း သင့်ကို အလိုရှိသည်။

အသင်းတော်တွင် အသင်းဝင်ဖြစ်ရခြင်း အကြောင်းအရင်း

အသင်းတော်တွင် မပါဝင်သောသူများပေးသော ဆင်ခြေဆင်လက်များနှင့် ကြိမ်ဖန်များစွာ ကျွန်ုပ်ရင်ဆိုင်ခဲ့ဖူးသည်။ “အသင်းသူအသင်းသားတွေမှာ အပြစ်တွေ များလွန်းတယ်” ဟု အချို့က ဆိုသည်။ “အသင်းတော်မှာ ဟန်ဆောင်တတ်တဲ့ လူတွေ ချည်းဘဲ” ဟု အချို့က ဆိုပြန်သည်။ ဒါမှန်ကန်ကြောင်း ကျွန်ုပ်လက်ခံ၏။ အပြစ် အနာအဆာကင်းကာ ပြည့်စုံသောအသင်းတော်၊ ပြည့်စုံသော ခရစ်ယာန်ဟူ၍ မရှိ ပေ။ ကနဦးအသင်းတော်များတွင်ပင် သူတို့ ပြဿနာနှင့်သူတို့ ရှိခဲ့ ကြသည် မဟုတ်

လော။ လူနာသည် ဆေးရုံကို လိုအပ်သကဲ့သို့ ပြဿနာအခက်အခဲရှိသော သူတို့ အသင်းတော်ကို လိုအပ်သည်။

ခရစ်တော်ကို မိမိကယ်တင်ပိုင်ရှင်အဖြစ် လက်ခံပြီးဆိုသည်နှင့် ယုံ ခြင်းတွင် ကြီးထွားရန် တည်ဆောက်မှုလိုအပ်သည်။ ဝိညာဉ်ရေးနှင့် ပတ် သွန်သင်မှုလိုအပ်သည်။ အခြားယုံကြည်သူများနှင့် မိတ်ဿဟာယဖွဲ့ပြီး ည အကြောင်းအရာ ဆွေးနွေးရန် လိုအပ်သည်။ အမျိုးမျိုးသော သာသနာလုပ်ငန်း အသုံးပြုကာ သွန်သင်ပြခြင်းဖြင့် ယုံကြည်သူများအတွက် ဝိညာဉ်အသက်တာကြီး

ထွားရန် လိုအပ်သော ပတ်ဝန်းကျင်ကို အသင်းတော်က ဖန်တီးပေးမည်ဖြစ်သည်။ဘဝ အမှောင်ထုကျရောက်လာသည့်အခါ ယုံကြည်သူတိုင်းသည် အသင်းတော်နှင့် အခြား ယုံကြည်သူများကို လိုအပ်သည်။ စည်းစည်းလုံးလုံးရှိသောယုံကြည်သူများ၏ မိတ် ဿဟာယတွင် ခွန်အားနှင့် နှစ်သိမ့်မှုရှိသည်။ မည်မျှသော ဝမ်းနည်းကြေကွဲသော ယုံကြည်သူများသည် အခြားယုံကြည်သူများ၏ ခွန်အားပေးခြင်းကို ရရှိကြသနည်း။ ဘဝအခက်အခဲကို ကိုယ်တွေ့ကြုံဖူးသောသူများကသာ ဖြေနိုင်ပေလိမ့်မည်။

ခရစ်ယာန်ချစ်ခြင်း၌ ကျွန်ုပ်တို့၏နှစ်လုံးသားကို ချည်နှောင်ထားလျှင် မင်္ဂလာရှိ၏ ညီအစ်ကိုစိတ်နှင့် မိတ်ဖွဲ့ခြင်းသည် အထက်အရပ်မှလာသော မိတ်ဿဟာယဖြစ်၏

– ဂျွန်ဟေစက်

အခြားခရစ်ယာန်များ၏ မိတ်ဿဟာယအတွက် ရှင်ပေါလု ကျေးဇူးတင် ကြောင်း ပြောခဲ့သည်။ “ငါသည်ဆုတောင်းပဌနာပြုသောအခါခါ၊ ဝမ်းမြောက်သော စိတ်နှင့် သင်တို့ရှိသမျှအဘို့ကို အစဉ်ဆုတောင်းပဌနာပြုလျက်၊ သင်တို့ကို အောက်မေ့

သောအခါခါ သင်တို့သည် ရှေးဦးစွာသောနေ့ရက်မှစ၍ ယခုတိုင်အောင် ဧဝံဂေလိ တရားကို ဆက်ဆံ၍ ခံစားကြောင်းကို ငါထောက်သဖြင့် ဘုရားသခင်၏ ကျေးဇူး

တော်ကို ချီးမွမ်းပါ၏” (ဖိလိ ၁:၃-၅)။ မှန်ပေ၏။ အသင်းတော်ကို သင် လိုအပ်သည်။ အသင်းတော်ကလည်း သင့်ကို လိုအပ်သည်။

အသင်းတော်တွင် တက်ရောက်ပါဝင်ခြင်းသည် မလုံလောက်ပေ။ သင်၏ ပုံဥပမာ၊ သင်၏ပါဝင် အတူရှိမှု၊ သင်၏ဆုတောင်းခြင်း၊ သင်၏လွှမ်းမိုးမှုတို့ကို အသင်းတော်က အလိုရှိသည်။ မယုံကြည်သူများက သူတို့၏မှောင်နေသောအဖြစ်ကို မဝှက်ထားကြပါ။ ထို့ကြောင့် ကျွန်ုပ်တို့သည်လည်း ကျွန်ုပ်တို့၏အလင်းကို မဝှက်ထားသင့်ပေ။ အသင်းတော်က သင့်ကို အလိုရှိသည်။

အသင်းတော်၏သာသနာလုပ်ငန်း

 အသင်းတော်က မိမိ၏အသင်းသူအသင်းသားများကို ကြီးထွားရန် နည်း မျိုးစုံကို အသုံးပြုခြင်းဖြင့် အကူအညီပေးနိုင်ပါသည်။ အသင်းတော်သည်

မွေးကင်းစ ယုံကြည်သူများအတွက် ကလေးထိန်းကျောင်းဖြစ်သည်။ ယုံကြည်သူများအတွက် အသင်းတော်သည် ဝတ်ပြုကိုးကွယ်သည့် ဖူးသည့်နေရာ၊ သင်ခန်းစာများ သင်ယူသည့်နေရာဖြစ်သည်။ ။

တမန်တော် ၂:၄၁-၄၇ တွင် ဖော်ပြထားသည့် ကနဦးအသင်း

ထိန်းကျောင်းဖြစ်သည်။ ရင့်ကျက်သော တ်ပြုကိုးကွယ်သည့်နေရာ၊ ပညာဆည်း

များသည် စိတ်ဝင်စားဖွယ်ကောင်းသည်။ ရောမအင်ပါယာ ကြီး၏ မြို့တော် မဟာရောမမြို့ကို ခရစ်တော်၏ သတင်းကောင်းဖြင့် မြေမော

လဲပစ်ရန် တောင်ထိပ်ပေါ်ရောက်လိုက်၊ ပင်လယ်တွင် လှိုင်းနှင့်စစ်ဆင်လိုက် ဖြင့် အနှစ်ခုနှစ်ဆယ်လုံးလုံး ရုန်းကန်ခဲ့ကြရသည်။ တမန်တော်ဝတ္ထု အခန်းကြီး ၂ အရ ကနဦးအသင်းတော်က အောက်ပါလက္ခဏာများကို ပိုင်ဆိုင်ထားသည်။

၁။ ကယ်တင်ခြင်းရရှိသော အသင်းသူအသင်းသားများ (အငယ် ၄၁)

၂။ သစ္စာရှိသော အသင်းသူအသင်းသားများ (အငယ် ၄၂)

၃။ ပေးဆပ်သော အသင်းသူအသင်းသားများ (အငယ် ၄၄-၄၅)

၄။ အစေခံသော အသင်းသူအသင်းသားများ (အငယ်၄၆)

၅။ ဝိညာဉ်တော်နှင့်ပြည့်သော အသင်းသူအသင်းသားများ (အငယ် ၄၇)

တမန်တော်များခေတ် လွန်သည့်နောက်ပိုင်းတွင် ပေါ်ပေါက်လာသည့် အသင်းတော်များသည်လည်း ဧဝံဂေလိတရားကို ဆက်လက်ဟောမြဲဟောကြသည်။ ညှင်းပန်းနှိပ်စက်ခြင်းများထဲမှ ခေါင်းဖော်ကာ တရားဟောမြဲဟောကြသည်။ ကျွန်ုပ် တို့သည် တမန်တော်များ၏ အမွေကိုဆက်ခံသောသူများဖြစ်သည့်အလျောက် တမန် တော်များကဲ့သို့ အောင်မြင်ခြင်းကို ဆွတ်ခူးနိုင်ကြပါစေ။ ။

တစ်ကမ္ဘာလုံးသို့သတင်းကောင်းဖြန့်ခြင်းသည် အသင်းတော်၏ အစီအ ဖြစ်ရမည်ဟု ကျမ်းစာတွင် အတည့်အလင်းတွေ့ရသည်။ အသင်းတော်ကို ခရမ်း တည်ထောင်ခဲ့ရခြင်းမှာ ပျောက်ဆုံးသောသူများထံ သတင်းကောင်းသွား ဝေငှရန်ဖြစ်သည်။ အသင်းတော်၏ သာသနာလုပ်ငန်းနှင့် တာဝန်ဝတ္တရား ခရစ်တော် အကျဉ်းချုပ်ထားသည်။ “သင်တို့သည် သွား၍ လူမျိုးတကာ တပည့် ဖြစ်စေလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော် ဗတ္တဇံကို ပေးကြလော့။ ငါသည် သင်တို့အား ပေးသမျှသော ပညတ်

 ‌တော်တို့ကို

စောင့်လျှောက်စေခြင်းငှါ ဆုံးမဩဝါဒပေးကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန် သည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိသည်ဟု တပည့်တော်တို့အား မိန့် တော်မူ၏” (မဿဲ ၂၈:၁၉-၂၀)။

ဤမဟာစေခိုင်းချက်တွင် သန်းထောင်ပေါင်းများစွာသောလူများပါဝင်သည်။ အသင်းတော်၏ သာသနာလုပ်ငန်းသည် အမှုတော်သာသနာတွင် ပါဝင်ခြင်းဖြစ်သည်။ အမှုတော်သာသနာ၏ သာသနာလုပ်ငန်းသည် အသင်းတော်ကို တည်ထောင်ခြင်း ဖြစ်သည်။ ခရစ်တော်က သူ၏နောက်ဆုံး အမှာစကားတွင် အသင်းတော်အတွက် ကြိုတင်စီမံကိန်းဆွဲပေးခဲ့သည်။ တမန်တော်ဝတ္ထု ၁.၈ တွင် “သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကိုခံရ၍ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏ သက်သေ ဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏”။ အိမ်ထောင်မိသားစုမှ အစပြုရပါမည်။ ပေတရုနှင့် ယောဟန်တို့သည်လည်း ခရစ်တော်၏အသေခံခြင်းနှင့် ရှင်ပြန် ထမြောက် ခြင်း အကြောင်းကို ဟောပြောခဲ့ကြ၍ “ငါတို့သည် ကြားလျက်၊ မြင်လျက် ရှိသော အရာတို့ကို မဟောမပြောဘဲမနေနိုင်” ဟု သူတို့ကို မေးမြန်းစစ်ကြောသော သူတို့အား ပြန်လည်ဖြေကြားခဲ့ကြသည် (တမန်တော် ၄:၂၀)။ ။

ယခင်ကထက် ယခုသည် သတင်းကောင်းဟောပြောရန် ပို၍လိုအပ်သည်။ ခရစ်တော်၏ မဟာစေခိုင်းချက်သည် ကျွန်ုပ်တို့အတွက်လည်း ဖြစ်သောကြောင့် ကျွန်ုပ်တို့ကလည်း သတင်းကောင်း ဟောပြောရမည်။ ထို့ကြောင့် အချိန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ လမ်းမကြီးတွင်ဖြစ်စေ၊ လမ်းချိုးလမ်းကြားတွင်ဖြစ်စေ၊ အများသူ ရှေ့တွင်ဖြစ်စေ၊ လူအနည်းစုရှေ့တွင်ဖြစ်စေ၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ၊ နေ့စဉ် ပတ်စဉ်၊ လစဉ်၊ အလုပ်ပြီးဆုံးသည်အချိန်ထိ သတင်းကောင်းကို ဟောပြောရမည်။ တည်မြဲသော ခရစ်တော်၏ ကတိတော်မှာ “ငါသည်လည်း ကပ်ကမ္ဘာကုန်သည့် တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိသည်” ဖြစ်သည် (မဿဲ ၂၈၂၀)။

စောင့်လျှောက်စေခြင်းငှါ ဆုံးမဩဝါဒပေးကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန် သည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိသည်ဟု တပည့်တော်တို့အား မိန့် တော်မူ၏” (မဿဲ ၂၈:၁၉-၂၀)။

ဤမဟာစေခိုင်းချက်တွင် သန်းထောင်ပေါင်းများစွာသောလူများပါဝင်သည်။ အသင်းတော်၏ သာသနာလုပ်ငန်းသည် အမှုတော်သာသနာတွင် ပါဝင်ခြင်းဖြစ်သည်။ အမှုတော်သာသနာ၏ သာသနာလုပ်ငန်းသည် အသင်းတော်ကို တည်ထောင်ခြင်း ဖြစ်သည်။ ခရစ်တော်က သူ၏နောက်ဆုံး အမှာစကားတွင် အသင်းတော်အတွက် ကြိုတင်စီမံကိန်းဆွဲပေးခဲ့သည်။ တမန်တော်ဝတ္ထု ၁.၈ တွင် “သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကိုခံရ၍ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏ သက်သေ ဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏”။ အိမ်ထောင်မိသားစုမှ အစပြုရပါမည်။ ပေတရုနှင့် ယောဟန်တို့သည်လည်း ခရစ်တော်၏အသေခံခြင်းနှင့် ရှင်ပြန် ထမြောက် ခြင်း အကြောင်းကို ဟောပြောခဲ့ကြ၍ “ငါတို့သည် ကြားလျက်၊ မြင်လျက် ရှိသော အရာတို့ကို မဟောမပြောဘဲမနေနိုင်” ဟု သူတို့ကို မေးမြန်းစစ်ကြောသော သူတို့အား ပြန်လည်ဖြေကြားခဲ့ကြသည် (တမန်တော် ၄:၂၀)။ ။

ယခင်ကထက် ယခုသည် သတင်းကောင်းဟောပြောရန် ပို၍လိုအပ်သည်။ ခရစ်တော်၏ မဟာစေခိုင်းချက်သည် ကျွန်ုပ်တို့အတွက်လည်း ဖြစ်သောကြောင့် ကျွန်ုပ်တို့ကလည်း သတင်းကောင်း ဟောပြောရမည်။ ထို့ကြောင့် အချိန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ လမ်းမကြီးတွင်ဖြစ်စေ၊ လမ်းချိုးလမ်းကြားတွင်ဖြစ်စေ၊ အများသူ ရှေ့တွင်ဖြစ်စေ၊ လူအနည်းစုရှေ့တွင်ဖြစ်စေ၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ၊ နေ့စဉ် ပတ်စဉ်၊ လစဉ်၊ အလုပ်ပြီးဆုံးသည်အချိန်ထိ သတင်းကောင်းကို ဟောပြောရမည်။ တည်မြဲသော ခရစ်တော်၏ ကတိတော်မှာ “ငါသည်လည်း ကပ်ကမ္ဘာကုန်သည့် တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိသည်” ဖြစ်သည် (မဿဲ ၂၈၂၀)။

မေးခွန်းအချို့

၁။ မဿဲ ၁၆:၁၈ နှင့် ဖက် ၁:၂၂ အရ အဘယ်ကြောင့် အသင်းတော်သည် အ

သနည်း။

၂။အသင်းတော်ဆိုသည်မှာအဘယ်နည်း။

၃။၁ကော၁၂အရဒေသန္တရအသင်းတော်နှင့်တစ်ကမ္ဘာလုံးဆိုင်ရာအသင်းတော်တို့၏ခြားနားမှုကိုရှင်းပြပါ။

၄။ယုံကြည်သူများအနေဖြင့်ဒေသန္တရအသင်းတော်တွင်ပါဝင်သင့်သည့်အကြောင်းအရင်းအနည်းငယ်ကိုဖော်ပြပါ။

၅။တမန်တော်၂၄၁-၄၇တွင်တွေ့ရသည့်အတိုင်းကနဦးအသင်းတော်၏လက္ခဏာငါးချက်ကိုဖော်ပြပါ။

၆။ ယုံကြည်သူများ ရင့်ကျက်ကြီးထွားရန် အသင်းတော်တည်ရှိရခြင်းဖြစ်သော် လည်း တစ်ကမ္ဘာလုံးနှင့် ပတ်သက်၍ အသင်းတော်၏ အစီအစဉ်မှာ မည်သည့်အရာ ဖြစ်သနည်း။

မှတ်သားစရာအချို့

 သမ္မာကျမ်းစာအရ အသင်းတော်သည် မည်သည့်အခါမျှ ပျက်ဆီးမည်မဟုတ်သော ထာဝရတည်တံ့မည့် ဘုရားသခင် တည်ထောင်ထားသည့် အဖွဲ့အစည်းဖြစ်သည် (မသဲ ၁၆း၁၈)။ အသင်းတော်တွင် ပြဿနာတစ်ခုရှိသည်။ ထိုပြဿနာမှာ အသင်းတော်သည် သင်နှင့် ကျွန်ုပ်ကဲ့သို့သော လူသားများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ အသင်းတော်သည် သခင်ယေရှု တည်ထောင်ခဲ့သော အရာဖြစ်သကဲ့သို့ လူဖြင့် ဖွဲ့စည်းထားသောအရာ လည်း ဖြစ်သည်။ အသင်းတော်သည် မိမိစိတ်ကြိုက် ရာသီဥတု (သို့) အခြေ

အနေကိုထိန်းချုပ်၍ရသောမှန်လုံအိမ်ကဲ့သို့မဟုတ်ပါ။အသင်းတော်သည်မပြည့်စုံသောယုံကြည်သူများ၊အပြစ်အနာအဆာနှင့်ပြည့်သူများ၊အားနည်းချက်များစွာရှိသူများဖြင့်ဖွဲ့စည်းထားသည်။

အသင်းတော်သည် “ခေါ်ထုတ်ခြင်းခံရသူများ” ဟုအဓိပ္ပာယ်သက်ရောက်ပြီးမိအတွက်ဘုရားသခင်ကိုယ်တိုင်သီးခြားခွဲထားသည့်လူအစုအဝေးဖြစ်သည်။

သွေးလိုနေသော လူနာတစ်ယောက်အတွက် အဟာရဓာတ်ပြည့်သော သွေးသည် အရေးကြီးသကဲ့သို့ ခရစ်တော်၏နောက်လိုက်တပည့်အတွက် ဘုရားကျောင်းတက် ခြင်းသည် အလွန်အရေးကြီးသည်။

– ဒီအယ်လ်မူးဒီ

အပြစ်အနာအဆာကင်းကာ ပြည့်စုံသောအသင်းတော်၊ ပြည့်စုံသောခရစ်ယာန်ဟူ၍ မရှိဖူးပေ။

လူနာသည် ဆေးရုံကို လိုအပ်သကဲ့သို့ ပြဿနာအခက်အခဲရှိသောသူတိုင်းက

အသင်းတော်ကို လိုအပ်သည်။

အခန်း ၁၂

 သင်နှင့်သင်၏ငွေကြေး

“အကျွန်ုပ်တို့၏ဘုရားသခင် ထာဝရဘုရား ကိုယ်တော်၏နာမအဘို့ ကိုယ်တော်၏ အိမ်တော်ကို တည်ဆောက်ခြင်းအလိုငှါ အကျွန်ုပ်တို့ ပြင်ဆင်သော ဤဘဏ္ဍာရှိသမျှ သည် တန်ခိုးတော်ကြောင့် ဖြစ်ပါ၏။ အလုံးစုံတို့ကို ကိုယ်တော်ပိုင်တော်မူ၏” – ၁ ရာဇဝင် ၂၉:၁၆

ကျွန်ုပ်တို့၏ စိတ်ဝင်စားမှုကို ငွေကြေးက ပေါ်လွင်စေသည်။ ကျွန်ုပ်တို့၏ စိတ်နေ သဘောထားကို အပိုင်စီးနင်းထိန်းချုပ်ထားသည်။ သူ့ကို ကိုးကွယ်ရန်ပင် ကျွန်ုပ်တို့ကို ငွေကြေးက စည်းရုံးတတ်သည်။ ငွေကြေးက တန်ဖိုးကို ကိုယ်စားပြုသည်။ ငွေကြေးက စကား ပြောရုံတင်မက “အော်ခေါ်တတ်သည်”။

– လယ်စလီဘီဖလင်း

ငွေကြေးက စကားပြောသည်မှာ မှန်ပါသလား။ မှန်ပါသည်။ ခရစ်ယာန် အသိုင်းအဝိုင်းတွင်ပင် အလွန်သိသာသည်။

ခရစ်ယာန်များစွာက ငွေကြေးနှင့် ပတ်သက်သော အကြောင်းအရာကို မဆွေးနွေးလိုကြပါ။ သို့သော်၊ ခရစ်တော် ဆွေးနွေးခဲ့သည်။ သုံးဆယ့်ခုနှစ်ခုသော ပုံဥပမာမှ တစ်ဆယ့်ခုနှစ်ခုတွင် ပိုင်ဆိုင်မှုဥစ္စာပစ္စည်းအကြောင်းနှင့် ထိုအရာကို အမြော်အမြင်ရှိစွာ အသုံးပြုရန် လူ၏တာဝန်ဝတ္တရားကိုလည်း ဖော်ပြသွားသည်။

ပေးကမ်းစွန့်ကြဲခြင်းကိုတာဝန်တစ်ရပ်အဖြစ်သာမမြင်စေလိုပါ။အမှန်မူပေးကမ်းစွန့်ကြဲခြင်းသည်မွန်မြတ်သောအခွင့်အရေးတစ်ခုဖြစ်သည်။

ပေးကမ်း စွန့်ကြဲ ခြင်း ကို သတင်းကောင်းနှင့် ခွဲခြား၍ မရပါ။ သတင်းကောင်းကို၌ပင် ပေးကန်းစွန့်ကြဲခြင်း မဟုတ်လော။ အားလုံးအသိဖြစ်သော ယောဟန် ၃:၁၆ တွင် “ဘုရားသ သည် မိမိ၌ တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည့် တိုင်အောင် လောကီ

သားတို့ကို ချစ်တော်မူ၏” ဟု ဘုရားသခင်၏ ပေးကမ်းစွန့်ကြဲခြင်းကို ဖော်ပြထား သည်။

ဘုရားသခင်ကိုယ်တိုင်ပေးကမ်းစွန့်ကြဲခဲ့သောကြောင့်ကျွန်ုပ်တို့လည်းကမ်းစွန့်ကြဲသင့်သည်။ဤအကြောင်းကိုရှင်ပေါလုက၂ကာရိပေးစာတွင်အဓိကပြောပြသွားသည်။ကောရိန္ဒမြို့ရှိယုံကြည်သူများကိုစိန်ခေါ်ရန်နှင့်အရှက်ရစေရန်မာကေဒေါနိပြည်နယ်ရှိယုံကြည်သူများ၏အတုယူစရာပုံဥပမာကိုပြောပြသွားခဲ့သည်။ညှဉ်းဆဲခြင်း၊ဆင်းရဲခြင်း၊စုံစမ်းခြင်းတို့ကြောင့်ယေရုရှလင်မြို့ရှိယုံကြည်သူများကအကူအညီတောင်းခံခဲ့ကြသည် (၂ကော၈:၂)။

လွန်ခဲ့သောနှစ်ပေါင်းများစွာတွင် အာရှတိုက်ရှိ Aegean ပင်လယ်အနီး တစ်ဝိုက်တွင် မာကေဒေါနိခေါ်သံကို ရှင်ပေါလု ရခဲ့သည်။ ထိုခေါ်သံမှာ “မာကေ ဒေါနိ ပြည်သို့ ကူးပါ။ ငါတို့ကို မစပါ” ဖြစ်သည်။

ဤတစ်ကြိမ်တွင်လည်း ခေါ်သံကို ထပ်ကြားခဲ့သည်။ ထိုခေါ်သံမှာ “လာပါ။ ကူညီမစပါ” မဟုတ်တော့ပါ။ “လာပါ။ ငါတို့ရဲ့အကူအညီကို သူများဆီ ပို့ပေးပါ” ဖြစ်သည်။

မာကေဒေါနိပြည်ရှိ ယုံကြည်သူများအတွက် ပေးကမ်းစွန့်ကြဲခြင်းသည် ငြီးငွေ့ဖွယ်မဟုတ်၊ စိန်ခေါ်မှုဖြစ်သည်။ ဝန်ထုပ်ဝန်ပိုးမဟုတ်၊ ကောင်းချီးဖြစ်သည်။ ပေးကမ်းစွန့်ကြဲခြင်းကို မရှောင်ခဲ့ ကြရုံတင်မက ပေးကမ်းစွန့်ကြဲရန် အခွင့်အရေးကို ရှာဖွေခဲ့ကြသည်။

ထိုမာကေဒေါနိပြည်ရှိ ယုံကြည်သူများအတွက် ပေးကမ်းသည့်ပမာဏ နည်း လွန်းမည်ကို စိုးရိမ်ရ။ များလွန်းမည်ကိုသာ စိုးရိမ်ရသည်။

အခက်အခဲပြဿနာက တစ်ကိုယ်ကောင်းဆန်သည့်အကျင့်ကို ဖြစ်စေတတ် သည်။ မိမိကိုယ်ကို ဂရုစိုက်လွန်းသည့်အခါ သူတစ်ပါးကို မေ့လျော့တတ်ကြသည်။ သို့သော်၊ ဤယုံကြည်သူများနှင့်မူ တစ်ခြားစီဖြစ်သည်။ သူတို့သည် ညှဉ်းဆဲခြင်း၊

ရခြင်းနှင့် လုံးပန်းနေရသော်လည်း သူတို့၏ ပေးကမ်းစွန့်ကြဲလိုစိတ်ကိုမူ ထို ဆင်းရဲခြင်းဒုက္ခများက အလဲမထိုးနိုင်ပေ။

သူတို့၏ ပေးကမ်းပုံပေးကမ်းနည်းမှာ မှတ်သားလောက်ပေသည်။ သူတို့ ကမ်းခြင်းနှင့် ပတ်သက်၍ ရှင်ပေါလုက “ထိုသို့ပြုကြသော်၊ ငါတို့မျှော်လင့်သည်

အတိုင်းထက်မကပြု၍ ဘုရားသခင်၏ အလိုတော်နှင့်အညီ ရှေးဦးစွာ ၎င်း၊ ငါတို့၌၎င်း၊ မိမိတို့ကို မိမိတို့လှူကြ၏” ဟု မှတ်တမ်းတင် ကော ၈:၅)။

အဆက်အစပ်ကို သတိထားပါ။ ခရစ်ယာန် ပေးကမ်းစွန့်ကြဲ ခြေလှမ်းမှာ ငွေကြေး ပေးကမ်းခြင်းမဟုတ်ပါ။ မိမိကိုယ်မိမိ ပေးလှူခြင်း ကိုယ့်ကိုကိုယ် သင်ပေးလှူလျှင် သင်၌ရှိသောအရာများက နောက်က လိုက်လာ မည်။ ပင်လယ်သေသည် ရေကိုလက်ခံရရှိသော်လည်း ဆက်လက် လက်ဆင် ခြင်းမရှိသည့်အတွက် ပင်လယ်သေဟု ခေါ်ကြသည်။

ဆယ်ဖို့တစ်ဖို့

ဆယ်ဖို့တစ်ဖို့ကော” ဟု အချို့ မေးကောင်းမေးနိုင်သည်။ ဆယ်ဖို့တစ်ဖို့ဟု သည် ဆယ်ဖို့တစ်ဖို့ဆိုသည့်အတိုင်း လူတစ်ယောက်၏ပိုင်ဆိုင်မှုများမှ ဆယ်ပုံမှ တစ်ပုံကို ဆိုလိုသည်။ အချို့က “ငါတို့က ပညတ်တော်အောက်မှာ အသက်မရှင်တော့ ဘူး။ ကျေးဇူးတော်အောက်မှာ အသက်ရှင်ပြီလေ” ဟု ဆင်ခြေပေးတတ် ကြသည်။

မှန်ပါသည်။ ကျွန်ုပ်တို့သည် ပညတ်တော်အောက်တွင် အသက်မရှင်တော့ပါ။ သို့သော်၊ သတင်းကောင်းသည် ပညတ်တော်ထက်သာလွန်သည်။ ပညတ်တော်က “သူ့အသက်ကို မသတ်ရ” ဟု ပြောလျှင် သတင်းကောင်းက “မုန်းတီးခြင်း မရှိရ “ချစ်ခြင်းမေတ္တာထားရှိရမည်” ဟု ပြောသည်။

မောရှေ၏ပညတ်ကျမ်းအရ တစ်ပတ်တွင် အနည်းဆုံး တစ်ရက်ကို ဘုရား အတွက်၊ ရသည့်ငွေကြေးမှ ဆယ်ဖို့တွင် တစ်ဖို့ကို ဘုရားသခင်အတွက် ပေး ရမည်ဖြစ်သည်။ ဆယ်ဖို့တစ်ဖို့ ပေးကမ်းခြင်းသည် အစသာရှိသေးသည်။ လမ်း ပန်းတိုင်မဟုတ်။ ယနေ့လည်း ထိုနည်း၎င်းပင်ဖြစ်သည်။ ကျေးဇူးတော်၌ တည် သတင်းကောင်းသည် ဆယ်ဖို့တစ်ဖို့ထက် များစွာသာလွန်သည်။

ကျေးဇူးတော်အောက်၌ အသက်ရှင်သော ယုံကြည်သူတိုင်းသည် ပည တော်တောင်းဆိုသည့် အရာကိုတော့ အနည်းဆုံး လိုက်နာရန် ကြိုးစားသင့်သည်။ “ဆယ်ဖို့ကိုးဖို့က လူတစ်ယောက်၏ ချစ်ခြင်းမေတ္တာကို သက်သေပြုပြီး ဆယ် တစ်ဖို့က လူတစ်ယောက်၏ နာခံခြင်းစည်းစောင့်မှု မစောင့်မှုကို စစ်ဆေးသည်” ဟုဆရာကြီးဟာရာလ်ဟော့ဗ် (Herschel Hobbs) က ဆိုခဲ့ဖူးသည်။ သင်၏ ငွေကြေးကို မပျက်ဆီးမပျောက်နိုင်သောဘဏ္ဍာအဖြစ်သို့ ပြောင်းလိုက်ပါ။ “သံချေး၊ ပိုးရွဖျက်ဆီး၍ သခိုးထွင်းဖောက်ခိုးယူရာ မြေကြီးပေါ်မှာ ဘဏ္ဍာကို မဆည်းဖူးကြနှင့်” (မဿဲ ၆:၂၀)။

ပေးကမ်းစွန့်ကြဲခြင်းသည် စနစ်တကျလည်းရှိရမည်။ ရှင်ပေါလုက “ငါ ရောက်လာသောအခါ လှူဒါန်း၍ စုထားစရာမရှိစေခြင်းငှါ၊ ခုနှစ်ရက်တွင် ပဌမ ရက်၌ အသီးသီးကောင်းစားသည်အတိုင်း မိမိတို့ဥစ္စာတဘို့ကို ထုတ်၍ စုထား

ကြ‌ ‌‌ေလာ့” ဟု ပြောခဲ့သည် (၁ ကော ၁၆:၂)။ ခရစ်ယာန်အသက်တာ သင်စတင်လျှောက် လှမ်းပြီဆိုသည်နှင့် ပေးကမ်းစွန့်ကြဲခြင်းအကျင့်ကို လုပ်သွားပါ။

စနစ်တကျပေးကမ်းခြင်းအပြင် စေတနာစိတ်နှင့်ပေးကမ်းခြင်းလည်း အ ရေးကြီးသည်။ ဘုရားအမှုတော်တွင် တစ်စိတ်တစ်ပိုင်းမှ ပါဝင်နိုင်ခြင်းသည် အလွန် အဖိုးတန်သည့် အခွင့်အရေးတစ်ရပ် ဖြစ်သည်။ ရှင်ပေါလုက ဤသို့ ရှင်းပြသည်။ “လူတိုင်းကိုယ်အလိုအလျောက်လှူရ၏။ နှမြောသောစိတ်နှင့်မလှူရ၊ မလှူဘဲမနေရ ဟု စိတ်ထင်နှင့်မလှူရ။ အကြောင်းမူကား၊ စေတနာစိတ်နှင့် လှူသောသူကို ဘုရား သခင် နှစ်သက်တော်မူ၏” (၂ ကော ၉:၃)။

လူ့ဘဝနေဝင်ဆည်းဆာ ရောက်လာသောအချိန်တွင် “ဘယ်လောက် ရပြီး ပြီလဲ” ဟု အမေးခံရမည်မဟုတ်။ “ဘယ်လောက်ပေးကမ်းနိုင်ခဲ့ ပြီးပြီလဲ” ဟု အမေး ခံရမည် ဖြစ်သည်။

မေးခွန်းမှာ “ဘယ်လောက် စုဆောင်းထားနိုင်ပြီလဲ” မဟုတ်၊ “သင်ဘယ် လောက် စွန့်ကြဲနိုင်ခဲ့ပြီလဲ” ဖြစ်မည်။ ကျွန်ပ်တို့သည် နှုတ်ယူသောသူ မဟုတ်ရ။ ထုတ် လုပ်သောသူဖြစ်ရမည်။ ရယူသောသူမဟုတ်။ ပေးကမ်းသောသူဖြစ်ရမည်။

ခရစ်တော်၏စံနမူနာ

 ခရစ်ယာန်များပေးကမ်းစွန့်ကြဲရသည့်အကြောင်းအရင်းကို ၂ ကော ၈၉ တွင် အကျဉ်းချုပ်ထားသည်။ “အကြောင်းမူကား၊ ငါတို့သခင်ယေရှုခရစ်သည်

သော်လည်း၊ ဆင်းရဲတော်မူခြင်းအားဖြင့် သင်တို့သည် စည်းစိမ်ရှိ စေခြင်းငှါ တွက်ကြောင့် ဆင်းရဲခြင်းကို ခံတော်မူသော ကျေးဇူးတော်ကို သင်တို့

သိကြ၏” (၂ ကော ၈း၉)။

ခရစ်တော်ကအရာအားလုံးကိုစွန့်လွှတ်ခဲ့သည်။ “မိမိအသရေကိုစ (ဖိလိ၂:၅)။အမှန်တရားလေးချက်မှာရှင်းနေသည်။ခရစ်တော်သည်ချမ်းသာကျွန်ုပ်တို့သည်ဆင်းရဲနွမ်းပါးခဲ့ကြသည်။ခရစ်တော်ကဆင်းရဲနွမ်းပါးယူခဲ့သည်။ကျွန်ုပ်တို့သည်ချမ်းသာသူအဖြစ်သို့ပြောင်းလဲခဲ့ကြသည်။အမှန်တရားလေးချက်ကိုအနည်းငယ်ဆက်ကြည့်ကြပါစို့။

(၁) ခရစ်တော်သည် ချမ်းသာခဲ့သည်

အစအဦး၌ အရာအားလုံးကို အမှောင်က ဖုံးလွမ်းသောအချိန်တွင် ဘုရား သခင်က “အလင်းဖြစ်စေ” ဟု အမိန့်ပေးသည့်အခါ ကောင်းကင်ထက်တွင် အလင်း အိမ်သူရိယနေမင်းကြီး ပေါ်ထွန်းလာခဲ့သည်။

အမှောင်ကအစိုးရသော ညကို ထိန်ထိန်လင်းသည့်လနှင့် တစ်လက်လက် တောက်သည့် ကြယ်များဖြင့် အမွှန်းတင်အလှဆင်ခဲ့သည်။ နေ့နှင့်ညကြားတွင် ကမ္ဘာကြီးကို နေရာချထားကာ နေမင်းကြီးပတ်လည်တွင် ခရီးလှည့်ပတ်သွားစေခဲ့သည်။

ချိုင့်ထဲမှမြေအချို့ကို ကော်ယူကာ တောင်ကြီးများကို ပြုလုပ်ခဲ့သည်။ ရဲရဲ သောမြေကြီးကိုလည်း ရေနှင့်အေးမြစေကာ ကုန်းမြေကို ပင်လယ်နှင့် သီးသန့် ခွဲခဲ့ သည်။ ပန်းကလေးများလည်း သူသူငါငါ အပြိုင်အဆိုင် ဖူးပွင့်ကာ လောကကြီးကို အလှဆင်သည်။ သစ်သီးဝလံများကလည်း အိမ်ရှင်ပမာ လောကခရီးသွား လူသားများ ကို ကျွေးမွေးပြုစုကြသည်။ အပင်များလည်း အရိပ်ရလေအောင် ထိုးထွက် လာ သည်။ ဘုရားသခင်က ဆက်လက်၍ တိရစ္ဆာန်မျိုးစုံကို ဖန်ဆင်းခဲ့ပြီးနောက “ထိုအမှုအရာ ကောင်းသည်ကို မြင်တော်မူ၏” (ကမ္ဘာ ၁:၂၅)။

နောက်ဆုံးတွင် လူသားကို ဘုရားသခင် ဖန်ဆင်းခဲ့သည်။ သူ၏အသက ဝိညာဉ်ကို လူသား၏ နှာခေါင်းထဲ မှုတ်သွင်းခဲ့သည်။ လူသားသည် အသက်ရှင်သော သတ္တဝါဖြစ်လာသည်။ ထိုဖန်ဆင်းသောအရာအားလုံးက ဘုရားသခင်၏ တန်ခုန် ပညာကို ပေါ်လွင်ထင်ရှားစေကြသည်။

တန်ခိုးအရာတွင် အနန္တဖြစ်သည်။ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားတို့သည်လည်း သူ၏အပိုင်ဖြစ်သည်။ လယ်ယာတောင်ယာတွင် ပျော်မြူးတတ်သည့် ကျွဲနွား တိရစ္ဆာန်အားလုံးသည် သူ၏အပိုင်ဖြစ်ကုန်ကြသည်။ ။

ပညာအရာတွင်လည်းပြိုင်ဘက်ကင်းဖြစ်သည်။အရာအားလုံးကိုသိမြင် – အတိတ်၊ပစ္စုပ္ပန်၊အနာဂတ်တို့သည်လည်းသူ့အတွက်တစ်ခုတည်းပင်သည်။အသက်ကိုလည်းပေးပိုင်သူဖြစ်သည်။လောကကြီးသို့ဆင်းသက်လာ၍အသွင်ကိုယူသည့်အခါလည်းသေခြင်းတရားကသူ့ကိုအနိုင်မယူနိုင်ပါ။ထာဝရကာလအဆက်ဆက်ဘုရားသခင်ဖြစ်တော်မူ၏။

(၂) ကျွန်ုပ်တို့သည် ဆင်းရဲနွမ်းပါးခဲ့ ကြသည်

ကျွန်ုပ်တို့ ဘယ်လောက် ဆင်းရဲနွမ်းပါးခဲ့ ကြသလဲ။ အလွန်ဆင်းရဲမွဲတေ သောကြောင့် ကောင်းကင်တရားရုံးတွင် အယူခံဝင်ရန် ကျွန်ုပ်တို့တွင် ဘာမျှမရှိပေ။ ကျွန်ုပ်တို့၏အမှုကို အယူခံဝင်ပေးမည့်ရှေ့နေလည်း ကျွန်ုပ်တို့တွင် မရှိပါ။ ကျွန်ုပ်တို့၏ ပြစ်မှုများကို ဖုံးကွယ်ပေးနိုင်မည့် ဝတ်လုံလည်း ကျွန်ုပ်တို့တွင် မရှိပါ။

ကျွန်ုပ်တို့၏ ရင်နှင့်ဖွယ်ဖြစ်ရပ်ကို ရောမဩဝါဒစာ အခန်းကြီး ၃ တွင် ဖော်ပြ ထားသည်။ “ကျမ်းစာလာသည်ကား ဖြောင့်မတ်သောသူမရှိ၊ တစ်ယောက်မျှမရှိ။ နားလည်သောသူမရှိ။ ဘုရားသခင်ကို ရှာသောသူမရှိ။ လူအပေါင်းတို့သည် လမ်းလွဲ ကြပြီ။ တညီတညွတ်တည်း အသုံးမရသောသူ ဖြစ်ကြပြီ။ ကောင်းသောအကျင့်ကို ကျင့်သောသူမရှိ၊ တစ်ယောက်မျှမရှိ။ သူတို့၏လည်ချောင်းသည် ဖွင့်ထားသော သချိုင်းတွင်းဖြစ်၏။ သူတို့သည် လျှာနှင့်လှည့်စားတတ်ကြ၏။ သူတို့နှုတ်ခမ်း အထဲမှာ “မြွေဆိုးအဆိပ်အတောက်ရှိ၏။ သူတို့နတ်သည် ကျိန်ဆဲသောစကား၊ ကြမ်းတမ်းသော

ကားနှင့် ပြည့်ဝ၏။ သူတို့သည် လူအသက်ကို သတ်ခြင်းငှါ လျင်မြန်၏။ သူတို့ သွားရာလမ်း၌ ပျက်စီးခြင်း၊ ဒုက္ခဆင်းရဲခြင်းရှိ၏။ ချမ်းသာလမ်းကို သူတို့မသိကြ” ဟု ဆိုထားသည် (အငယ် ၁၀-၁၇)။ –

ကျွန်ုပ်တို့သည် အလွန်ဆင်းရဲ ခဲ့ကြသည်။ ကျွန်ုပ်တို့၏ အပြစ်များကို ဆေး ‌ေကြာနိုင်‌ သော

ဆေးလည်း ကျွန်ုပ်တို့တွင် မရှိခဲ့ပါ။ ကျွန်ုပ်တို့၏ဝိညာဉ် ငတ်နေသော တရေစာများကို မပေးနိုင်ပါ။ ကျွန်ုပ်တို့ အလွန်ဆင်းရဲနွမ်းပါးခဲ့ ကြသည်။

(၃) ခရစ်တော်သည် ဆင်းရဲနွမ်းပါးခြင်းအဖြစ်ကို ယူခဲ့သည်

ပေးကမ်းစွန့်ကြဲခြင်းအရာတွင် ခရစ်တော်သည် အကြီးမားဆုံးပါ သည်။ “ငါတို့သခင်ယေရှုခရစ်သည် စည်းစိမ်ရှိသော်လည်း ဆင်း အားဖြင့် သင်တို့သည် စည်းစိမ်ရှိစေခြင်းငှါ သင်တို့အတွက်ကြောင့် ဆရာ ခံတော်မူသော ကျေးဇူးတော်ကို သင်တို့သိကြ၏” (၂ ကော ၈:၉)။

ယေရှု မည်မျှဆင်းရဲခဲ့သနည်း။ ဆင်းရဲခဲ့သည်မှာ မွေးဖွားသည် သူ့အတွက် နေရာပင် မရှိရှာပါ။ နွားများကို သက်သေအဖြစ်ထားကာ နွားစားခ ဖွေးဖွားခဲ့ရသည်။

ယေရှုမည်သို့ ဆင်းသက်နိုင်ခဲ့ပုံကို စဉ်းစားကြည့်ပါ။ မင်းမျိုးမင်း၊ တော်ဝင်တန်ဆာနှင့် ခမ်းနားသည့်နန်းတော်တွင် စည်းစိမ်ဥစ္စာလည်း လိုလေသေး မရှိသောအခြေအနေမျိုးတွင် မွေးဖွားနိုင်ခဲ့သည်။ သူမွေးဖွားချိန်တွင် ကောင်းကင် တမန်များကို သူခေါ်လာနိုင်ခဲ့သည်။ သို့သော် ထိုသို့မပြုခဲ့။

မိမိအသရေကို စွန့်၍ အစေခံကျွန်၏ သဏ္ဌာန်ကိုယူဆောင်လျက်၊ လူကဲ့ သို့သော အဖြစ်၌ ဘွားမြင်ခြင်းကို ခံတော်မူ၏။ ထိုသို့လူ၏ ဂုဏ်အင်္ဂါလက္ခဏာနှင့် ပြည့်စုံလျက် အသေခံခြင်းသာမဟုတ်၊ လက်ဝါးကပ်တိုင်မှာ အသေခံခြင်း တိုင်အောင် အစေကျွန်ခံ၍ ကိုယ်ကိုကိုယ် နှိမ့်ချတော်မူ၏” (ဖိလိ ၂:၇-၈)။

ယေရှု မည်မျှဆင်းရဲခဲ့သနည်း။ ဆင်းရဲခဲ့သည်မှာ လောကကြီးကို သူကိုယ်

တိုင်ဖန်ဆင်းခဲ့သော်လည်း လောကကြီးတွင် သူ့အတွက် နေရာမရှိခဲ့ရှာပါ။ မြေသ လင်းသည် သူ၏မွေ့ရာ၊ ကျောက်တုံးသည် သူ၏ခေါင်းအုံး၊ ချောင်းသည် ” ရေချိုးခန်း၊ လေပြေလေညင်းသည် သူ၏ မျက်နှာသုတ်ပဝါ၊ လေသည် သူ၏ “ ဘီးဖြစ်သည်။

ကျမ်းစာထဲတွင် ကျွန်ုပ်တို့တွေ့ရသည်မှာ လူများစွာကို သွန်သင်ပြီးနော “ထိုသူအပေါင်း တို့သည် မိမိတို့အိမ်သို့ ပြန်သွားကြ၏” ဟု ဖော်ပြထား (ယောဟန် ၅၃)။ “ယေရှုသည်လည်း သံလွင်တောင်သို့ ကြွတော်မူ၏” ဟု ၈ဝ တွင် ဖော်ပြထားသည်။ ယေရှတွင် ခေါင်းချစရာအိမ်ပင် မရှိပါ။

သေသည့်အချိန်တွင်လည်း သူဆင်းရဲကဲ့သို့ ပြစ်မှုကျူးလွန်သူနှစ် ကြားတွင် ကားတိုင်ပေါ် တင်သတ်ခြင်း ခံခဲ့ရသည်။ အလွန်ဆင်းရဲခဲ့သောကြောင့်

သူ၏မိခင်ကို အခြားသူတစ်ယောက်၏ စောင့်ရှောက်မှုအောက် အပ်ခဲ့ရသည်။ မြေမြုပ် ဟ်သည့်အခါတွင်လည်း သူ၏ကိုယ်ပိုင် သင်္ချိုင်းတွင်မဟုတ်သူတစ်ပါး၏ သချိုင်း

တွင် ဩဂိုဟ်ခြင်းခံခဲ့သည်။

အဘယ်ကြောင့်ဆင်းရဲခြင်းကိုယေရှုခံရသနည်း။ “သင်တို့အဘို့အလိုငှါ” ဖြစ်၏။ပျောက်ဆုံးသောသူများအတွက်ဖြစ်၏ဆင်းရဲနွမ်းပါးသောသူများအတွက်ဖြစ်၏။သင်နှင့်ကျွန်ုပ်အတွက်ဖြစ်၏။

(၄) ကျွန်ုပ်တို့သည် ချမ်းသာသူအဖြစ်သို့ ပြောင်းလဲခဲ့ကြသည်

ကျွန်ပ်တို့ မည်မျှ ချမ်းသာကြသနည်း။ ခရစ်တော် ချမ်းသာသကဲ့သို့ ကျွန်ုပ် တို့လည်း ချမ်းသာသည်။ မျှော်လင့်ချက်မရှိဘဲ အပြစ်တွင်သေခဲ့သော ကျွန်ုပ်တို့သည် အသက်ရှင်ခြင်းအခွင့်ကို ရကြသည်။ ဘုရားသခင်၏ သားသမီးများအဖြစ်ကို ရ ကြသည်။ သားသမီးများ သက်သက်သာမဟုတ် အမွေခံများ ဖြစ်ကြသည်။ ယဇ်ပု ရောဟိတ်များ၊ ဘုရင်များ ဖြစ်ကြပြီး သူနှင့်အတူ ကျွန်ုပ်တို့ စိုးစံဦးမည်ဖြစ်သည်။

ကျွန်ုပ်တို့ မည်မျှ ချမ်းသာကြသနည်း။ ခရစ်တော်ပိုင်ဆိုင်သော ဥစ္စာပစ္စည်း ဟူသမျှသည် ကျွန်ုပ်တို့အပိုင်ဖြစ်ကြသည်။ ခရစ်တော်နှင့်အတူ အမွေစား အမွေခံများ ဖြစ်ကြသည်။

အောင်ကြောင်းဖြာသီချင်းကို ဤသို့ကျွန်ုပ်တို့ဆိုနိုင်သည်..

 လယ်ယာမြေကွက်များကို ကျွန်ုပ်ဖခင်က အကုန်ပိုင်၏

လောကစည်းစိမ်ဟူသမျှ၊ပတ္တမြား၊စိန်၊ရွှေ၊ငွေတို့ကိုသူ၏လက်ဖဝါးပေါ်တွင်ထား၏

သူ၏ဘဏ္ဍာတိုက်သည် ပြည့်သိပ်လျက်ရှိ၏ ပြော၍မကုန်နိုင်သော၊ တိုင်းတာ၍မရနိုင်သော စည်းစိမ် ရှိ၏

– ဟယ်ရီယက်အေးဘိုအယ်လ်

မှန်ပေသည်။ ခရစ်တော်ကို ကျွန်ုပ်တို့လက်ခံပြီးဆိုလျှင် ထိုစည်းစိမ်များသည် ကျွန်ုပ်တို့ အပိုင်ဖြစ်သည်။ ဤသို့လည်း ကျွန်ုပ်တို့ သီချင်းဆိုနိုင်သည်။

ကျွန်ုပ်သည်ဘုရင့်သားတော်၊ သမီးတော် ကျွန်ုပ်၏ကယ်တင်ရှင်ယေရှုအားဖြင့် ကျွန်ုပ်သည် ဘုရင့်သားတော် သမီးတော်ဖြစ်သည်

– ဟယ်ရီလက်အေးဘိုအယ်လ်

ခရစ်တော်ကြောင့် ကျွန်ုပ်တို့သည် ချမ်းသာသောအခွင့်ကို ရကြသည်။ ကျွန်ုပ်တို့ကော ဘာပြန်ပေးရမှာလဲ။ ဤအသက်တစ်ချောင်း၊ ငွေကြေး၊ အချိန်တို့ကို ကျွန်ုပ် မည်သို့ အသုံးပြုမည်နည်း။ ကျွန်ုပ်အတွက် ကျွန်ုပ်သိမ်းထားမည်လော။ သိမ်း ထားရဲမည်လော။ သင်ဘာလုပ်မည်နည်း။ သခင်ယေရှုခရစ်တော်၏ ကျေးဇူးတော်ကို အမြဲအောက်မေ့ပါ။ သတိရပါ။

မေးခွန်းအချို့

 ၁။ ပေးကမ်းစွန့်ကြဲခြင်းအကြောင်းကို ယေရှု မကြာခဏပြောခဲ့ပါသလား။

 ၂။ ၂ ကော ၈:၅ အရ မာကေဒေါနိပြည်ရှိယုံကြည်သူများက မည်သို့ ပေးကမ်းခဲ့ကြ သနည်း။

၃။၁ကော၁၆:၂အရပေးကမ်းသည့်အခါမည်သို့ပေးကမ်းရမည်နည်း။

၄။ ၂ ကော ၈၉ အရ မည်သူသည် အကြီးမားဆုံးသော ပေးကမ်းခြင်းပုံဥပမာ သနည်း။

၅။ကျွန်ုပ်တို့၏ဆင်းရဲခြင်းကိုဘုရားသခင်မည်သို့ထင်မှတ်ခဲ့သနည်း။

၆။ ဘုရားသခင်၏ သားသမီးများအနေနှင့် ကျွန်ုပ်တို့၏ ချမ်းသာကြွယ်ဝမှုအချို့ ဖော်ပြပါ။

မှတ်သားစရာအချို့

ငွေကြေးက စကားပြောရုံတင်မက “အော်ခေါ်တတ်သည်”။

– လယ်စလီဘီဖလင်း

သုံးဆယ့်ခုနှစ်ခုသော ပုံဥပမာမှ တစ်ဆယ့်ခုနှစ်ခုတွင် ပိုင်ဆိုင်မူဥစ္စာပစ္စည်း အ

ကြောင်းနှင့်ထိုအရာကိုအမြော်အမြင်ရှိစွာအသုံးပြုရန်လူ၏တာဝန်ဝတ္တရားကိုလည်းဖော်ပြသွားသည်။

မာကေဒေါနိပြည်ရှိယုံကြည်သူများအတွက်ပေးကမ်းစွန့်ကြဲခြင်းသည်ငြီးငွေ့ဖွယ်မဟုတ်၊စိန်ခေါ်မှုဖြစ်သည်။ဝန်ထုပ်ဝန်ပိုးမဟုတ်၊ကောင်းကြီးဖြစ်သည်။ပေးကမ်းစွန့်ကြဲခြင်းကိုမရှောင်ခဲ့ကြရုံတင်မကပေးကမ်းစွန့်ကြဲမည့်အခွင့်အရေးကိုရှာဖွေခဲ့ကြသည်။

ပေးကမ်းစွန့်ကြဲခြင်းအရာတွင်ခရစ်တော်သည်အကြီးမားဆုံးပုံဥပမာဖြစ်သည်။

ပင်လယ်သေကရေကိုလက်ခံရရှိသော်လည်းဆက်လက်လက်ဆင့်ကမ်းခြင်းမရှိသည့် အတွက် ပင်လယ်သေဟု ခေါ်ကြသည်။

အခန်း ၁၃

ဝိညာဉ်ရေးဆိုင်ရာပြဿနာများအတွက် သမ္မာကျမ်းပါ ဘုရားကတိစကားများ

ထိုသို့သောအားဖြင့်လည်း အလွန်ကြီးမြတ်၍ အဘိုးထိုက်သော ဂတိများကို ငါတို့၌ အပ်ပေးတော်မူပြီ။ အကြောင်းမူကား ထိုဂတိတော်များကို အမှီပြု၍ သင်တို့သည်

လောကီတပ်မက်ခြင်းအညစ်အကြေးနှင့် ကင်းလွတ်သဖြင့် ဘုရားပကတိကို ဆက်ဆံ ရသောသူဖြစ်ကြမည်အကြောင်းတည်း။ – ၁ ပေ ၁:၄ ခရစ်တော်ကို ကယ်တင်ပိုင်ရှင်အဖြစ် သင်လက်ခံသည့်အချိန်မှစ၍ သင်သည် ဘုရား သခင်၏ မိသားစုဝင်ဖြစ်သည်။ ဘုရားသားသမီးဖြစ်သည့်အလျောက် သင်၏ ပိုင်ဆိုင်မှု လည်း တိုးပွားလာသည်။ ဘုရားသခင်၏ ထောင်ပေါင်းများစွာသော ကတိတောများကို သင်ပိုင်ဆိုင်လေပြီ။ ထိုကတိတော်များကို ဖတ်ပါ။ ယုံကြည်အားကိုးပါ။

အထောက်အကူဖြစ်စေမည့် အကြံပြုချက်များ

 ၁။ သမ္မာကျမ်းစာထဲမှ ဤကတိတော်များကို ဖတ်ပါ။ ကျက်နိုင်သလောက် အလွတ် ကျက်ပါ။ ကဒ်လေးများပေါ်တွင် ကျွန်ုပ်ရေးလေ့ရှိပြီး သွားလေရာ ထောင်ထားကာ အချိန်ရတိုင်း အလွတ်ကျက်လေ့ရှိသည်။

 ၂။ထိုကတိတော်များကိုလက်ခံယုံကြည်ပါ။ကတိတော်အားလုံးကိုဝိညာဉ်ရေးသင်ခန်းစာအဖြစ်မယူမိပါစေနှင့်။ “ဝိညာဉ်ရေးသင်ခန်းစာအဖြစ်အရာအားလုံးကိုယူသောသူတို့သည်ဝိညာဉ်မျက်စိကန်းကြသောကြောင့်ဝိညာဉ်ရေးမုသာပြောတတ်ကြသည်” ဟုလူတစ်ယောက်ပြောခဲ့ဖူးသည်။

၃။ သင်၏အပိုင်းကို သင်လုပ်ဆောင်ပါ။ ကတိတော်တွင် “နောင်တရပါ” ဟု ပြောထား

ပါက နောင်တရပါ။ “ဆုတောင်းပါ” ဟု ပြောထားပါက ဆုတောင်းပါ။

၄။သင်၏ဘဝအသက်တာနှင့် လိုအပ်သောအရာများကို ဘုရားထံ အပ်နှံပါ။ သူသည် သံကြည်ကိုးစားထိုက်သောဘုရား ဖြစ်သည်။ တစ်ခါတစ်ရံ ချက်ခြင်း ကတိတော် ပြည့်စုံနိုင်သော်လည်း တစ်ခါတစ်ရံ အချိန်ကြာတတ်သည်။ သို့သော်၊ အရေးကြီး န်မာ သူ၏ရှေ့တွင် ကျွန်ုပ်တို့၏ ဝန်ထုပ်ဝန်ပိုးများကို ချထားခြင်းဖြစ်သည်။

သခင်၏ ကတိတော်မှာ “ဂတိထားတော်မူသောသူသည် ဂတိတော် အတိုင်း တတ်နိုင်တော်မူသည်ကို စိတ်စွဲလမ်းလေ၏” (ရောမ ၄:၂၁)။

ဆုတောင်းချက်အတွက် အဖြေများ

“ငါ့ကိုခေါ်လော့။ ငါထူးမည်။ ကြီးသောအရာ၊ သင်မသိနိုင်အောင် နက်နဲသောအရာ တို့ကို ငါပြမည်” – ယေရမိ ၃၃:၃ “

ညဦးအချိန်၊ နံနက်အချိန်၊ မွန်းတည့်အချိန်တို့၌ ငါသည် ညည်းတွားမြည်တမ်း၍ ငါ၏အသံကို ကြားတော်မူမည်” – ဆာလံ ၅၅:၁၇ “

ထို့ကြောင့်ငါဆိုသည်ကားသင်တို့သည်ဆုကျေးဇူးကိုရမည်ဟုယုံကြည်သောစိတ်နှင့်ဆုတောင်းသမျှတို့ကိုရကြလိမ့်မည်” – မာကု၁၁:၂၄

သင်တို့သည် ငါ၌တည်၍ ငါ့စကားသည် သင်တို့၌ တည်လျှင်၊ သင်တို့သည် တောင်း ချင်သမျှကို တောင်း၍ ရကြလိမ့်မည်” – ယောဟန် ၁၅-၇

နှုတ်ကပတ်တော်

အိုထာ၀ရဘုရား၊ နှုတ်ကပတ်တော်သည် ကောင်းကင်ဘုံ၌ အစဉ်အမြဲတည်ပါ၏” – ဆာလံ ၁၁၉၈၉

“မြက်ပင်သည် ညှိုးနွမ်းသွေ့ခြောက်တတ်၏။ အပွင့်လည်းကြွေတတ်၏။ ထာဝရ နှုတ်ကပတ်တရားမူကား ကာလအစဉ်အမြဲတည်၏” – ဟေရှာယ ၄၀ း၈

“ထိုကျမ်းစာရှိသမျှသည် ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့် သခင်၏လူသည် စုံလင်သောသူ၊ ကောင်းသောအမှုအမျိုးမျိုးတို့ကို ပြု ပြင်ဆင်သောသူဖြစ်မည်အကြောင်း ဩဝါဒပေးခြင်း၊ အပြစ်ကိုဘော်ပြခြင်း မတ်စွာပြုပြင်ခြင်း၊ တရားကိုသွန်သင်ခြင်းကျေးဇူးများကို ပြုတတ်ကြ၏။

-၂ တိ ၃.၁၃-၁၄

“နှုတ်ကပတ်တော်သည် အကျွန်ုပ်ခြေရှေ့မှာ မီးခွက်ဖြစ်၍ အကျွန်ုပ်လမ်းခရီးကို လင်းစေပါ၏” – ဆာလံ ၁၁၉:၁၀၅ “

သင်မူကား ဝန်ခံတော်မူသောသူ၊ ရှက်ကြောက်စရာအကြောင်းမရှိဘဲ၊ သမ္မာတရားကို မှန်ကန်စွာ ပိုင်းခြားတတ်သော ဆရာသမားဖြစ်လျက် ဘုရားသခင့်ရှေ့၌ ကိုယ်ကိုကိုယ် ဆက်သခြင်းငှါ ကြိုးစားအားထုတ်လော့” “၂ တိ ၂:၁၅ “

သို့ဖြစ်၍ ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်ဖြစ်၏။ ကြားနာခြင်းသည်လည်း ဘုရားသခင်၏ စကားတော်အားဖြင့် ဖြစ်၏” – ရောမ ၁၀:၁၇

ခရစ်တော် ကြွလာခြင်း၊

အကြောင်းမူကား မင်္ဂလာရှိသော မျှော်လင့်ရာကို၎င်း၊ ကြီးမြတ်သော ဘုရားသခင် တည်းဟူသော ငါတို့ကို ကယ်တင်တော်မူသော အရှင်သခင်ယေရှုခရစ်၏ ဘုန်းအ ရေတော်ထင်ရှားပေါ်ထွန်းခြင်းကို၎င်း ငါတို့သည် မြော်လင့်လျက်” – တ်တု၂-၁၃ “ထိုသို့ဖြစ်လျှင် မှောင်မိုက်၌ ဝှက်ထားသောအရာတို့ကို ပွင့်လင်းစေ၍ စိတ်နှလုံး အစည်များကို ထင်ရှားစေလတံ့သော သခင်ဘုရား ကြွလာတော် အဘယ်အမှုကိုမျှ အဆုံးအဖြတ် မစီရင်ကြနှင့်။ ကြွလာတော်မူသော တို့သည် ဘုရားသခင် ချီးမွမ်းတော်မူခြင်း ကျေးဇူးကို ခံရကြလတံ့” – “၁ ကော ၄:၅ သခင်ဘုရားသည် ကြွေးကြော်ခြင်းကောင်းကင်တမန်မင်းအသံပေးခြင်းဘုရား

သခင်၏ တံပိုးတော်ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံမှ ကိုယ် တော်မူ၍ ခရစ်တော်၌ သေလွန်သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်မှ ကိုယ်တိုင်ဆင်းသက် က်ကြလိမ့်မည်။ ထိုအခါ

အသက်ရှင်ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရား က်သို့ရောက်စေခြင်းငါလှ၊ ထိုသူတို့နှင့်တကွ မိုယ်တိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရ သောအားဖြင့် သခင်ဘုရားနှင့်အတူ အစဉ်မပြတ် နေရကြလိမ့်မည်” – ၁ သက် ၄:၁၆-၁၇

သန့်ရှင်းစင်ကြယ်ခြင်း

ကိုယ်အပြစ်တို့ကို ဘော်ပြတောင်းပန်လျှင် ငါတို့အပြစ်များကို လွှတ်၍ ဒုစရိုက် ရှိသမျှနှင့် ကင်းစင်စေခြင်းငှါ ဘုရားသခင်သည် သစ္စာတရားနှင့်၎င်း၊ ဖြောင့်မတ်ခြင်း တရားနှင့်၎င်း ပြည့်စုံတော်မူ၏” – ၁ ယော ၁၉ “ဘုရားသခင်သည် အလင်း၌ရှိတော်မူသကဲ့သို့ ငါတို့သည် အလင်း၌ ကျင်လည်လျှင် အချင်းချင်း မိတ်ဿဟာယဖွဲ့ခြင်းရှိကြသည်ဖြစ်၍ ဘုရားသခင်၏သားတော် ယေရှု ခရစ်၏ အသွေးတော်သည် ငါတို့အပြစ်ရှိသမျှတို့ကို ဆေးကြောတော်မူ၏”

– ၁ ယော ၁:

“ထိုသူသည် ငါတို့လွန်ကျူးခြင်းအပြစ်များကြောင့် နာကျင်စွာထိုးခြင်း၊ နှိပ်စက်ခြင်းကို ခံရလေ၏။ ငါတို့၏ ငြိမ်သက်ခြင်းချမ်းသာကိုဖြစ်စေသောဆုံးမခြင်းသည် သူ့အပေါ်သို့ ရောက်၍ သူခံရသော ဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျောက် လျက်ရှိကြ၏”

– ဟေရှာယ ၅၃:၅ ပညတ်တရားအတိုင်း ခပ်သိမ်းသောအရာတို့ကို ကုန်မတတ်အသွေးအားဖြင့် စင် ကြယ်စေတတ်၏။ အသွေးမသွန်းလောင်းဘဲ အပြစ်လွှတ်ခြင်းမရှိ” – ဟေဗြဲ ၉:၂ ခပ်သိမ်းသောသတိပညာတော်နှင့်လျော်စွာ ငါတို့၌ အတိုင်းထက်အလွန် များလှစွာ သော ကျေးဇူးတော်သည် ကြွယ်ဝပြည့်စုံသည်နှင့်အညီ၊ ထိုသားတော်၏ အသွေး အားဖြင့် အပြစ်လွှတ်တော်မူခြင်းတည်းဟူသော ရွေးနှုတ်တော်မူခြင်းကျေးဇူးကို ငါတို့

သည် ခံရကြ၏” – ဧဖက် ၁:၇-၈

         ထာဝရအသက် “

ဘုရားသခင်၏ သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်း၊ မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏”

ယောဟန် ၃:၁၆

“ငါအမှန်အကန်ဆိုသည်ကား၊ ငါ့စကားကို နားထောင်၍ ငါ့ကိုစေလွှတ်တော်မူ

သောသူကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရသည်ဖြစ်၍အပြစ်စီရင်ခြင်းကို မခံရ။ သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးမြောက်သောသူဖြစ်၏” – ယောဟန် ၅:၂၄

 “ငါ့သိုးတို့သည် ငါ့စကားသံကို နားထောင်၍ ငါ့နောက်သို့ လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။ ထာဝရအသက်ကိုလည်း ငါပေး၏။ ထိုသိုးတို့သည် ပျက်စီးခြင်းနှင့် အစဉ် မပြတ် ကင်းလွတ်ကြလိမ့်မည်။ အဘယ်သူမျှ ထိုသိုးတို့ကို ငါ့လက်မှ မနှုတ်မယူရာ”

– ယောဟန် ၁၀:၂၇-၂၈

 “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသင်တို့သည် ထာဝရအသက်ကို ကိုယ် တိုင်ရသည်ဟု သိစေခြင်းငှါ ဤအရာများကို သင်တို့အား ငါရေး၍ ပေးလိုက်၏”

– ၁ ယော ၅:၁၃

မိသားစု

သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ သို့ပြုလျှင် သူသည်ဆိုသောအခါ ထိုလမ်းမှမလွှဲ လိုက်သွားလိမ့်မည်” – သုတ္တံ ၂၂-၆ “ကိုယ်အကျိုးအလိုငှါ၎င်း၊ နောက်ဖြစ်လတံ့သော သားသမီးတို့၏ အကျိုးအလို ငှါ၎င်း ငါ့ကိုအစဉ် ကြောက်ရွံ့စေခြင်းငှါ တညီတညွတ်တည်းကျင့်ကြံနိုင်သော သဘောကို ငါပေး၏” – ယေရမိ ၃၂ ၃၉

ကို သခင်ဘုရား၏ အလိုတော်နှင့်အညီ မိဘစကားကို နားထောင်ကြ မိဘစကားကို နားထောင်ခြင်းအမှုသည် တရားသောအမှုဖြစ်၏” – ဧဖက် ၆:၁

1.16

သားသမီးတို့ မိဘစကားကို အရာရာ၌ နားထောင်ကြလော့။ မိဘစကားကို နားထောင် ခြင်းအမူသည် သခင်ဘုရား နှစ်သက်တော်မူသောအမှုဖြစ်၏” – ကောလောသဲ ၃:၂၀

ကြောက်ရွံ့စိုးထိတ်ခြင်း

မစိုးရိမ်နှင့်။ ငါသည် သင့်ဘက်မှာရှိ၏။ မကြောက်နှင့်။ သင်၏ဘုရားသခင် ငါသည် သင်ကို ခိုင်ခံ့စေမည်။ သင့်ကိုစောင့်မမည်။ ငါ့သစ္စာလက်ျာလက်ဖြင့် ထောက်ပင့်မည်”

– ဟေရှာယ ၄၁:၁ဝ “

ကောင်းကင်တမန်ကလည်း ကြောက်ရွံ့ခြင်းမရှိကြနှင့်။ လူအပေါင်းတို့သည် အလွန် ဝမ်းမြောက် ဝမ်းသာစရာသိတင်းကို ငါသည် သင်တို့အား ကြားပြောရ၏”

– လုကာ၂:၁၀

“ယေရှုသည် ချက်ခြင်းနှုတ်ဆက်၍ တည်ကြည်သောစိတ်ရှိကြလော့။ ငါပင်ဖြစ်သည်။ မကြောက်လန့်ကြနှင့်ဟု မိန့်တော်မူ၏” – မဿဲ ၁၄၂၇

“ညီအစ်ကိုတို့ ငါကိုင်မိပြီဟု ကိုယ်ကိုကိုယ် မထင်သော်လည်း ငါပြုသောအမှု တစ်ခု ဟူမူကား နောက်ကျသောအရာတို့ကို မမှတ်ဘဲ ရှေ့၌ရှိသောအရာတို့ကို လှမ်းကမ်း၍”

– ဖိလိ ၃:၁၃

“သို့ရာတွင် ငါတို့သည် ကိုယ်တန်ခိုးကို အမှီပြု၍ ကိုယ်အလိုအလျောက် တစ်စုံတစ်ခု ကို ကြံစည်ခြင်းငှါ တတ်နိုင်သည်မဟုတ်။ ဘုရားသခင်ကို အမှီပြု၍သာ တတ်နိုင်သည် နှင့်အညီ” –၂ ကော ၃:၅

ငွေကြေးဥစ္စာ “

‘ကိုယ်အမူအရာကို ထာဝရဘုရား၌ အပ်လော့။ ကိုယ်တော်ကို ကိုးစားလော့။ သို့ပြုလျှင် စိတ်နှလုံးအလို ပြည့်စုံရသောအခွင့်ကို ပေးတော်မူမည်” – ဆာလံ ၃၇:၅ “ထို့ကြောင့်၊ ငါတို့သည် သနားခြင်းကရုဏာကို၎င်း၊ တော်လျော်သောမစခြင်း ကျေးဇူး

တော်ကို၎င်း ခံရမည်အကြောင်း ရဲရင့်သောစိတ်နှင့် ကျေးဇူးပလ္လင်တော်သို့ တိုးဝင် ချဉ်းကပ်ကြကုန်အံ့” – ဟေဗြဲ ၄:၁၆

“သံချေး၊ ပိုးရွဖျက်ဆီး၍ သူခိုးထွင်းဖောက်ခိုးယူရာမြေကြီးပေါ်မှာ ဘဏ္ဍာကို မ ဖူးကြနှင့်။ သံချေး၊ ပိုးရွမဖျက်ဆီး၍ သူခိုးမထွင်းမဖောက်မခိုးမယူရာ ကောင်း ဘဏ္ဍာကို ဆည်းဖူးကြလော့” – မဿဲ ၆:၁၉-၂ဝ

ကောင်းကင် “

ယေရှုကလည်း ငါ့ကိုချစ်သောသူသည် ငါ့စကားကို နားထောင်လိမ့်မည်။ ငါ့ခမည်း တော်သည် ထိုသူကို ချစ်တော်မူသည်။ ငါတို့သည်လည်းသူ့ဆီသို့ ကြွ၍ နေရာချမည်”

– ယောဟန် ၁၄:၂၃ “

ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသောငါတို့သည် အာကာသကောင်းကင်၌ သခင် ဘုရားထံတော်သို့ရောက်စေခြင်းငါထိုသူတို့နှင့်တကွ မိုယ်တိမ်ပေါ်သို့ချီဆောင်ခြင်း ကို ခံရသောအားဖြင့် သခင်ဘုရားနှင့်အတူ အစဉ်မပြတ် နေရကြလိမ့်မည်”

– ၁ သက် ၄:၁၇

“ထိုမြို့၌ ညဉ့်မရှိရ။ ဆီမီးကိုအလိုမရှိ။ နေ၏အရောင်ကိုလည်း အလိုမရှိ။ အကြောင်း မူကား၊ ထာဝရအရှင်ဘုရားသခင်သည် သူတို့၌ ရောင်ခြည်တော်ကို လွှတ်တော်မူ၍ သူတို့သည် ကမ္ဘာအဆက်ဆက်စိုးစံရကြလတံ့” – ဗျာဒိတ် ၂၂:၅

သန့်ရှင်းခြင်း

“အကြင်သူသည် ဘုရားသခင်၏ ဗိမာန်တော်ကို ဖျက်ဆီး၏။ ထိုသူကို ဘုရားသခင် ဖျက်ဆီးတော်မူလိမ့်မည်။ ဘုရားသခင်၏ ဗိမာန်တော်သည် သန့်ရှင်းရ၏။ သင် သည်လည်း ထိုဗိမာန်တော် ဖြစ်ကြ၏” – ၁ ကော ၃:၁၇ “

ထို့ကြောင့်၊ ထာဝရဘုရားမိန့်တော်မူပြန်သည်ကား သင်တို့သည် ထိုသူတို့အY ထွက်၍ အသီးအခြား နေကြလော့။ မစင်ကြယ်သောအရာကို လက်နှင့်မျှ မတို့ ကြနှင့်၊ ထိုသို့ပြုလျှင် သင်တို့ကို ငါသည် လက်ခံမည်။ သင်တို့၏ အဘဖြစ်မည်။ သင်တို့သည် လည်း ငါ၏သားသမီးများ ဖြစ်ကြလိမ့်မည်ဟု အနန္တတန်ခိုးနှင့်ပြည့်စုံသော ထာဝရ ဘုရားမိန့်တော်မူ၏” -၂ ကော ၆:၁၇-၁၈

“ထို့ကြောင့်၊ ချစ်သူတို့ ထိုဂတိတော်များနှင့် ငါတို့သည် ဆိုင်ကြသည်ဖြစ်၍ ကိုယ်ခန္ဓာ ၏ အညစ်အကြေး၊ စိတ်ဝိညာဉ်၏ အညစ်အကြေးရှိသမျှတို့နှင့် ကိုယ်ကိုကိုယ်ကင်း စင်စေလျက်၊ ဘုရားသခင်ကို ကြောက်ရွံ့၍ သန့်ရှင်းခြင်းပါရမီနှင့် ပြည့်စုံကြကုန်အံ့”

“၂ ကော ၇:၁

မျှော်လင့်ခြင်း ၊

 “အိုထာဝရဘုရားကိုယ်တော်သည်အကျွန်ုပ်မျှော်လင့်ရာဖြစ်တော်မူ၏။အကျွန်ုပ်ငယ်သောအရွယ်မှစ၍အကျွန်ုပ်ကိုးစားရာဖြစ်တော်မူ၏” – ဆာလံ၇၁:၅

“ထာဝရဘုရားသည် သူတို့ကို မစကယ်တင်တော်မူမည်။ ယုံကြည်ခိုလှုံသောကြောင့်၊ မတရားသောသူတို့လက်မှ နှုတ်ယူကယ်တင်တော်မူမည်” – ဆာလံ ၃၇:၄၀ “

ထိုကျေးဇူးတော်ကို ခံစားရသည်အကြောင်းမှာ ယုံကြည်ခြင်းရှိ၍ ထိုသခင်အားဖြင့်

သာခံစားသောအခွင့်ကိုရကြ၏။သို့ဖြစ်၍ဘုရားသခင်၏ဘုန်းတော်ကိုမြော်လင့်၍ဝါကြွားဝမ်းမြောက်ခြင်းရှိကြ၏” – ရောမ၅၂

“ထိုမြော်လင့်ခြင်းသည် ရှက်ကြောက်စရာအကြောင်းနှင့် ကင်းလွတ်၏။ အဘယ်

ကြောင့် နည်းဟူမူကား ငါတို့အား ပေးတော်မူသော သန့်ရှင်းသောဝိညာဉ်တော်သည် ဘုရားသခင်၏ မေတ္တာတော်ကို ငါတို့စိတ်နှလုံးထဲသို့ ညွှန်းလောင်းတော်မူ၏”

– ရောမ ၅၅

အထီးကျန်ဆန်ခြင်း

“သင်တို့၏ကျင့်ကြံပြုမူခြင်းသည် ငွေကိုတပ်မက်ခြင်းနှင့် ကင်းလွတ်၍ ကိုယ်၌ရှိသော ဥစ္စာနှင့် ရောင့်ရဲခြင်းရှိကြလော့။ အကြောင်းမူကား ငါသည် သင့်ကိုမစွန့်။ သင့်ကို အလျှင်းပစ်၍ မထားဟု ဂတိတော်ရှိ၏” – ဟေဗြဲ ၁၃:၅ “ထာဝရဘုရားသည် မိမိလူတို့ကို မပယ်၊ အမွေတော်ကို စွန့်ပစ်တော်မမူ”

– ဆာလံ ၉၄:၁၄

“ကိုယ်မိဘတို့သည် အကျွန်ုပ်ကို စွန့်သော်လည်း ထာဝရဘုရားသည် အကျွန်ုပ်ကို ချီယူတော်မူမည်” – ဆာလံ ၂၇:၁ဝ “ငါကိုယ်တိုင်သွား၍ ငြိမ်ဝပ်ချမ်းသာကို ပေးမည်ဟု မိန့်တော်မူ၏” ~ ထွက် ၃၃:၁၄

စိုးရိမ်ကြောင့်ကြခြင်း

“ငြိမ်သက်ခြင်းကို သင်တို့၌ ငါထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။

လောကီသားတို့ပေးသကဲ့သို့ငါပေးသည်မဟုတ်။သင်တို့စိတ်နှလုံးပူပန်ခြင်း၊စိုးရိမ်၊တုန်လှုပ်ခြင်းမရှိစေနှင့်” – ယောဟန်၁၄:၂၇

“သင့်ကို ငါမှာထားသည်မဟုတ်လော။ အားယူ၍ ရဲရင့်ခြင်းရှိလော့။ မကြောက်နှင့်။ စိတ်မပျက်နှင့်။ သွားလေရာရာ၌ သင်၏ဘုရားသခင် ထာဝရဘုရားရှိသည်ဟု မိန့် ၊

တော်မူ၏” – ယောရှု ၁:၉

Pro

“အကျွန်ုပ်သည် ကြောက်ရွံ့သောအခါ ကိုယ်တော်ကို ခိုလှုံပါမည်” – ဆာလံ ၅၆:၃

 “အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းပဌနာပြုသောအားဖြင့် သင်တို့တောင်းပန်လိုသော အရာများတို့ကို ဘုရား သခင်အား ကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် အဘယ်သူမျှကြံ၍ မမှီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်” – ဖိလိ ၄:၆-၇

စိတ်ရှည်သည်းခံခြင်း

 “ငါသည် ထာဝရဘုရားကို စေ့စေ့မျှော်လင့်သည်ကာလ၊ ငါ့ကို မျက်နှာပြု၍ ငါအော်

သော အသံကို ကြားတော်မူ၏” – ဆာလံ ၄၀:၁ “ထို့ကြောင့် ညီအစ်ကိုတို့၊ ဘုရားသခင် ကြွလာတော်မူသည်တိုင်အောင် သည်းခံ

စောင့်နေကြလော့။ အကယ်၍ လယ်လုပ်သောသူသည် အရင်မိုယ်၊ နောက်မှ ရသည်တိုင်အောင် အဘိုးထိုက်သော အသီးကို သည်းခံလျက် စောင့်နေ၍ လင့်တတ်၏” – ယာကုပ် ၅:၇

“ကိုယ်မိဘတို့သည် အကျွန်ုပ်ကို စွန့်သော်လည်း ထာဝရဘုရားသည် အကျွန်ုပ်ကို ချီယူတော်မူမည်” – ဆာလံ ၂၇:၁ဝ “ငါကိုယ်တိုင်သွား၍ ငြိမ်ဝပ်ချမ်းသာကို ပေးမည်ဟု မိန့်တော်မူ၏” ~ ထွက် ၃၃:၁၄

စိုးရိမ်ကြောင့်ကြခြင်း

“ငြိမ်သက်ခြင်းကို သင်တို့၌ ငါထားခဲ့၏။ ငါ၏ငြိမ်သက်ခြင်းကို သင်တို့အား ငါပေး၏။

လောကီသားတို့ပေးသကဲ့သို့ငါပေးသည်မဟုတ်။သင်တို့စိတ်နှလုံးပူပန်ခြင်း၊စိုးရိမ်၊တုန်လှုပ်ခြင်းမရှိစေနှင့်” – ယောဟန်၁၄:၂၇

“သင့်ကို ငါမှာထားသည်မဟုတ်လော။ အားယူ၍ ရဲရင့်ခြင်းရှိလော့။ မကြောက်နှင့်။ စိတ်မပျက်နှင့်။ သွားလေရာရာ၌ သင်၏ဘုရားသခင် ထာဝရဘုရားရှိသည်ဟု မိန့် ၊

တော်မူ၏” – ယောရှု ၁:၉

Pro

“အကျွန်ုပ်သည် ကြောက်ရွံ့သောအခါ ကိုယ်တော်ကို ခိုလှုံပါမည်” – ဆာလံ ၅၆:၃

 “အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်းနှင့်တကွ ဆုတောင်းပဌနာပြုသောအားဖြင့် သင်တို့တောင်းပန်လိုသော အရာများတို့ကို ဘုရား သခင်အား ကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် အဘယ်သူမျှကြံ၍ မမှီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်” – ဖိလိ ၄:၆-၇

စိတ်ရှည်သည်းခံခြင်း

 “ငါသည် ထာဝရဘုရားကို စေ့စေ့မျှော်လင့်သည်ကာလ၊ ငါ့ကို မျက်နှာပြု၍ ငါအော်

သော အသံကို ကြားတော်မူ၏” – ဆာလံ ၄၀:၁ “ထို့ကြောင့် ညီအစ်ကိုတို့၊ ဘုရားသခင် ကြွလာတော်မူသည်တိုင်အောင် သည်းခံ

စောင့်နေကြလော့။ အကယ်၍ လယ်လုပ်သောသူသည် အရင်မိုယ်၊ နောက်မှ ရသည်တိုင်အောင် အဘိုးထိုက်သော အသီးကို သည်းခံလျက် စောင့်နေ၍ လင့်တတ်၏” – ယာကုပ် ၅:၇

“သင်တို့တွင်ငါတို့သခင်ယေရှုခရစ်၏ခမည်းတော်တည်းဟူသောဘုရာသခင်ကိုတညီတညွတ်တည်းနှုတ်မြွက်၍ချီးမွမ်းစေခြင်းငှါယေရှုခရစ်၏အလိုတော်အတိုင်းအချင်းချင်းစိတ်တညီတညွတ်တည်းရှိကြမည်အကြောင်းသည်းခံခြင်း၊သက်သာခြင်း၏အရှင်၊ဘုရားသခင်သည်ကယ်မသနားတော်မူပါစေသော” ~ ရောမ၁၅:၅

“ထာဝရဘုရားကို မျှော်လင့်သောသူတို့မူကား အားပြည့်ကြလိမ့်မည်။ ရွှေလင်းတကဲ့သို့ မိမိတို့အတောင်ကို အသစ်ပြုပြင်ကြလိမ့်မည်။ ပြေးသော်လည်း မပင်ပန်း၊ ခရီးသွား သောအခါ မမောရကြ” – ဟေရှာယ ၄၀:၃၁

ငြိမ်သက်ခြင်း

 “သူတပါးချင်းခိုက်ရန်ပြုခြင်းကိုငြိမ်းစေတတ်သောသူတို့သည်မင်္ဂလာရှိကြ၏။အကြောင်းမူကားထိုသူတို့သည်ဘုရားသခင်၏သားတော်ဟုခေါ်ဝေါ်ခြင်းကိုခံရကြလတံ့” – မဿဲ၅:၉

“ကြွင်းသေးသောစကားဟူမူကား၊ညီအစ်ကိုတို့၊သင်တို့၌မင်္ဂလာရှိပါစေသော။စုံလင်ခြင်း၊သက်သာဝမ်းမြောက်ခြင်းရှိကြလော့။စိတ်တညီတညွတ်တည်းဖြစ်၍အချင်းချင်းအသင့်အတင့်နေကြလော့။သို့ဖြစ်၍မေတ္တာကို၎င်း၊အသင့်အတင့်နေခြင်းချမ်းသာခြင်းကို၎င်းပေးတော်မူသောဘုရားသခင်သည်သင်တို့နှင့်အတူရှိတော်မူလတံ့” – ကော၁၃:၁၁

“ညီအစ်ကိုတို့သည် သဘောတူလျက် ပေါင်းဘော်ကြသည်အရာမှာ အလွန်ကောင်းပေ ၏။ အလွန်တင့်တယ်လျောက်ပတ်ပေ၏” – ဆာလံ ၁၃၃:၁

“ထိုသို့ပြုလျှင် အဘယ်သူမျှ ကြံ၍ မမှီနိုင်သော ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့် သင်တို့၏ စိတ်နှလုံးတို့ကို စောင့်မလိမ့်မည်” – ဖိလိ ၄:

ညှဉ်းပန်းနှိပ်စက်ခြင်း၊

“ဖြောင့်မတ်ခြင်းတရားကြောင့် နှောင့်ယှက်ညှင်းဆဲခြင်းကို ခံရသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏ နိုင်ငံဖြစ် ၏” – မဿဲ ၅:၁၀

| “သည်းခံလျှင် ထိုသခင်နှင့်အတူ စိုးစံလိမ့်မည်။ ထိုသခင်ကို ငါတို့သည် ငြင်းပယ် ငါတို့ကို ငြင်းပယ်တော်မူမည်” – တိ ၂:၁၂ “ယခုခဏခံရ၍ ပေါ့ပါးသောဆင်းရဲခြင်းဒုက္ခသည် အတိုင်းထက်အလွန် ကြီး လေးလံသော နိစ္စထာဝရဘုန်းအသရေကို ငါတို့အဘို့ ဖြစ်စေတတ်၏”

-၂ ကော ၄:၁၇ “ငါတို့သည် အမျိုးမျိုးသော နှောင့်ယှက်ခြင်းကို ခံရသော်လည်း အကျိုးနည်းခြင်းသို့ မရောက်။ မကြံစည်နိုင်အောင်ရှိသော်လည်း စိတ်မပျက်။ ညှဉ်းဆဲခြင်းကို ခံရသော် လည်း ရှုံးခြင်းမရှိ။ အောက်သို့ လှဲခြင်းကို ခံရသော်လည်း ဆုံးရာသို့ မရောက်”

–၂ ကော ၄၈-၉

ဘုရားသခင်၏ အတူပါရှိတော်မူခြင်း

 “ထာဝရအရှင်ဘုရားသခင်သည် နေလည်းဖြစ်တော်မူ၏။ အကွယ်အကာလည်း ဖြစ်

တော်မူ၏။ ထာဝရဘုရားသည် ကျေးဇူးတော်နှင့် ဘုန်းအသရေကို ပေးတော်မူ၏။ ဖြောင့်မတ်စွာ ကျင့်သောသူတို့အား ကောင်းသောအရာကို ငြင်းတော်မမူ”

– ဆာလံ၈၄:၁၁

“ငါသည် သင်တို့အားပေးသမျှသော ပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှါ ဆုံးမဩဝါဒ ပေးကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်သည့်တိုင်အောင် သင်တို့နှင့် အတူ အစဉ်မပြတ်ရှိသည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏” – မဿဲ ၂၈၂၀ “ငါကိုယ်တိုင်သွား၍ ငြိမ်ဝပ်ချမ်းသာကို ပေးမည်ဟု မိန့်တော်မူ၏” ~ ထွက် ၃၃:၁၄

ထိန်းသိမ်းစောင့်ရှောက်ခြင်း

ထိ မိ၍ လဲခြင်းနှင့် ကင်းလွတ်စေမည်အကြောင်း သင်တို့ကို စောင့်ရှောက်ခြင်းငှါ၎င်း၊ အပြစ်မရှိဘဲ ဝမ်းမြောက်ခြင်းနှင့် ပြည့်စုံလျက်ရှိသော သင်တို့ကို ဘုန်းအသရေတော် ရှေ့၌ ဆက်သခြင်းငှါ၎င်း တတ်နိုင်တော်မူသောသူတည်းဟူသော” – ရှင်ယုဒ၂၄

“ထိုအမွေတော်သည်ကား၊ နောက်ဆုံးသောကာလ၌ ထင်ရှားစေခြင်းငှါ ပြင်ဆင်သော ကယ်တင်ခြင်းသို့ ရောက်စေမည်အကြောင်း ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ တန်ခိုးတော်သည် စောင့်ရှောက်တော်မူသော သင်တို့အဘို့ ကောင်းကင်ဘုံ၌ သိုထား လျက်ရှိသော အမွေတည်း” – ၁ ပေ ၁:၄-၅ “

အကြောင်းမူကား၊ သေခြင်းဖြစ်စေ၊ အသက်ရှင်ခြင်းဖြစ်စေ၊ ကောင်းကင်တမန်ဖြစ် စေ၊ အထွဋ်အမြတ် ဖြစ်စေ၊ အာဏာတန်ခိုးဖြစ်စေ၊ မျက်မှောက်အရာဖြစ်စေ၊ နောင် လာလတံ့သောအရာဖြစ်စေ၊ အမြင့်ဖြစ်စေ၊ အနိမ့်ဖြစ်စေ၊ ဤအရာမှစ၍ အဘယ် နိမ္မိတအရာမျှသည် ငါတို့သခင်ယေရှုခရစ်အားဖြင့် ခံရသော ဘုရားသခင်၏ မေတ္တာ တော်နှင့် ငါတို့ကို မကွာစေနိုင်ဟု ငါသည် သဘောကျလျက်ရှိ၏” – ရောမ ၈:၃၉

ကွယ်ကာခြင်း

“ထာဝရဘုရားသည် ငါ၏အလင်း၊ ငါ့ကို ကယ်တင်သောအရှင်ဖြစ်တော်မူ၏။ ငါသည် အဘယ်သူကို ကြောက်ရအံ့နည်း။ ထာဝရဘုရားသည် ငါ၏ အသက်ခိုလှုံရာ ဖြစ်တော်မူ၏။ ငါသည် အဘယ်သူကို ကြောက်လန့်ရအံ့နည်း” – ဆာလံ ၂၇:၁ “

ဗာယ်ာမိန်အမျိုးတို့ကား၊ ထာဝရဘုရားချစ်တော်မူသောသူသည် အထံတော်ပါးတွင် လုံခြုံစွာ နေရလိမ့်မည်။ သူ့ကို အစဉ်အမြဲ ဖုံးလွှမ်း၍ သူ၏ပခုံးကြားမှာ နေရာချတော်မူ လိမ့်မည်” – တရားဟော ၃၃” ၁၂

“ဘုရားသခင်သည် ငါတို့ခိုလှုံရာဖြစ်၍ ခွန်အားကို ပေးတော်မူ၏။ ဘေးရောက်သည် ကာလ အထူးသဖြင့် ကူမတော်မူကြောင်း ထင်ရှားလျက်ရှိ၏” – ဆာလံ ၄၆:၁ “

ထိုအကြောင်းကြောင့် ဤဆင်းရဲဒုက္ခကို ငါခံရ၏။ သို့သော်လည်း ရှက်ကြောက်ခြင်း ၊ မရှိ။ အဘယ်သူကို ငါယုံကြည်သည်ဟု ငါသိ၏။ သူ၌ငါအပ်ထားသောအရာကိုလည်း ထိုနေ့ရက်တိုင်အောင် စောင့်နိုင်တော်မူသည်ဟု ငါသဘောကျ၏” – ၂တိ ၁:၁၂ ၊

ရှင်ပြန်ထမြောက်ခြင်း

 “သို့သော်လည်း နောက်ဆုံးသောတံပိုးမှုတ်သောအခါ တခဏခြင်းတွင် တမှိတ်၌ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြလိမ့်မည်။ ထိုတံပိုးမှ ရောက်သောအခါ သေလွန်သောသူတို့သည် မပုပ်နိုင်သောအဖြစ်၌ တည်လ ထမြောက်၍ ငါတို့ရှိသမျှသည် ပြောင်းလဲခြင်းသို့ ရောက်ရကြမည်” – ၁ ကော ၁၈၅ “ယေရှုကလည်းငါသည်ထမြောက်ခြင်းအကြောင်းဖြစ်၏။အသက်ရှင်ခြင်းအကြောင်း ဖြစ်၏။ ငါ့ကို ယုံကြည်သောသူသည် သေလွန်သော်လည်း ရှင်လိမ့်မည်”

– ယောဟန် ၁၁:၂၅

နေမကောင်းမကျန်းမာခြင်း

 “တပည့်တော်တို့က အရှင်ဘုရား၊ ဤသူသည် အဘယ်သူ၏ အပြစ်ကြောင့် မျက်စိ ကန်းသနည်း။ ကိုယ်အပြစ်ကြောင့် ကန်းသလော။ မိဘအပြစ်ကြောင့် ကန်းသလော ဟု မေးလျှောက်ကြ၏။ ယေရှုကလည်း ကိုယ်အပြစ်ကြောင့် မဟုတ်။ မိဘအပြစ်

ကြောင့်လည်း မဟုတ်။ ဘုရားသခင်၏ အမှုတော်ကို သူ၌ထင်ရှားစေမည် အကြောင်း တည်း” – ယောဟန် ၉:၂-၃ “

ထိုမှတပါးငါတို့မတတ်နိုင်သောအရာမှာဝိညာဉ်တော်သည်မစတော်မူ၏။ငါတို့သည်ဆုတောင်းသင့်သည်အတိုင်းအဘယ်ဆုကိုတောင်းရမည်ဟုမသိကြ။သို့ရာတွင်ငါတို့ဆုတောင်းခြင်းအမှုကိုနှုတ်မမြွက်နိုင်သောညည်းတွားခြင်းအားဖြင့်ဝိညာဉ်တော်သည်စောင့်မတော်မူ၏” ~ ရောမ၈၂၆၊

“ထိုဆင်းရဲခြင်းနှင့် ကင်းလွတ်မည်အကြောင်းသုံးကြိမ်မြောက်အောင် သခင်ဘုရား ငါဆုတောင်း၍ အသနားတော်ခံပြီးလျှင် ငါ့ကျေးဇူးသည် သင့်အတို့ လောက်ပေ၏။ ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ စုံလင်တတ်သည်ဟု မိန့်တော်မူ၏။ ထို့ကြောင့် ခရစ်တော်၏ တန်ခိုးသည် ငါ့အပေါ်သို့ ကျိန်းဝပ်မည်အကြောင်း ငါ့ကို၌ အားနည်းခြင်း အဖြစ်ကို ဝမ်းမြောက်သောစိတ်နှင့် ဝါကြွားခြင်းငှါ သာ၍ ငါအလိုရှိ၏”

-၂ ကော ၁၂:၈-၉

“သင်တို့တွင်ဆင်းရဲခံရသောသူရှိလျှင်ဆုတောင်းစေ။ရွှင်လန်းသောသူရှိလျှင်ဆာလံသီချင်းကိုဆိုစေ။နာသောသူရှိလျှင်သင်းအုပ်တို့ကိုခေါ်၍သူတို့သည်သခင်ဘုရား၏နာမတော်ကိုအမှီပြုလျက်လူနာကိုဆီနှင့်လူး၍သူ့အပေါ်မှာဆုတောင်းကြစေ။ထိုသို့ပြုလျှင်ယုံကြည်ခြင်း၏ပဌနာသည်လူနာကိုကယ်ဆယ်၍သခင်ဘုရားသည်သူ့ကိုထမြောက်စေတော်မူမည်။သူသည်အပြစ်ပြုမိသော်လည်းထိုအပြစ်ကိုလွှတ်တော်မူမည်” – ယာကုပ်၅:၁၃-၁၅

“အချင်းချစ်သူ၊ သင်၏စိတ်နှလုံးသည် ကောင်းစားသကဲ့သို့ သင်သည်အရာရာ၌

ကောင်းစားခြင်းနှင့်ကျန်းမာခြင်းရှိမည်အကြောင်းငါဆုတောင်း၏” – ၃ယော၂

“အမှုရောက်သောဆင်းရဲသားတို့ကို ကယ်တင်တော်မူ၏။ ညှဉ်းဆဲခြင်းကို ခံရသော အခါ နားထောင် စေခြင်းငါး ပြုတော်မူ၏” – ယောဘ ၃၆:၁၅

 “ငါထာဝရဘုရားသည် ခပ်သိမ်းသောသတ္တဝါတို့ကို အစိုးရသော ဘုရားသခင်ဖြစ်၏။ ငါမတတ်နိုင်သော အရာ တစ်စုံတစ်ခုရှိလိမ့်မည်လော” – ယေရမိ ၃၂:၂၇

အိပ်မပျော်နိုင်ခြင်း

 “သို့သော်လည်း ထာဝရဘုရားသည် နေ့အခါ သနားခြင်းကျေးဇူးတော်ကို ပေးချေ

တော်မူ၏။ ညဉ့်အခါ၌လည်း ဂုဏ်တော်ကို သီချင်းဆိုလျက် ငါ၏အသက်သခင်ကို ပဌနာပြုလျက် ငါနေ၏” – ဆာလံ ၄၂၈

“ထာဝရဘုရားသည် ငါ့ကိုမစတော်မူသောကြောင့် ငါသည် အိပ်၍ပျော်ခြင်းအခွင့်နှင့် နိုးခြင်းအခွင့် ရှိ၏” – ဆာလံ ၃:၅

“ငြိမ်ဝပ်စွာ အိပ်၍ပျော်ပါမည်။ အကြောင်းမူကား အကျွန်ုပ်သည် လုံခြုံစွာ နေရသော အခွင့်ကို ကိုယ်တော်အရှင် ထာဝရဘုရားသာလျှင် အခွင့်ပေးတော်မူ၏”

ဝမ်းနည်းခြင်း

 “သိမ်းယူတော်မူသောအခါ အဘယ်သူသည် တားဆီးနိုင်သနည်း။ ကိုယ်တော်သည် အဘယ်သို့ ပြုတော်မူသနည်းဟု အဘယ်သူက ဆိုဝံ့သနည်း” – ယောဘ ၉:၁၂ “ထာဝရဘုရားကို ခိုလှုံသောသူတို့သည် မတုန်မလှုပ်၊ အစဉ်အမြဲတည်သော ဇိအုန်

တောင်ကဲ့သို့ ဖြစ်ကြ၏” – ဆာလံ ၁၂၅:၁ “သို့သော်လည်း ငါသွားသောလမ်းကို သိတော်မူ၏။ စစ်တော်မူခြင်းကို ခံပြီးမှ ရွှေကဲ့သို့ ငါပေါ်လိမ့်မည်” – ယောဘ ၂၃:၁၀

ခွန်အားတန်ခိုး

“ထိုသို့မရှိသော်လည်း သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက်သော အခါ သင်တို့သည် တန်ခိုးကို ခံရ၍ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏ သက်သေဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏”

– တမန် ၁၈

“ထာဝရဘုရားကိုမျှော်လင့်သောသူတို့မူကား၊အားပြည့်ကြလိမ့်မည်။ရွှေလင်းတကဲ့သို့မိမိတို့အတောင်ကိုအသစ်ပြုပြင်ကြလိမ့်မည်။ပြေးသော်လည်းမပင်ပန်း။ခရီးသွားသောအခါမမောရကြ” – ဟေရှာယ၄၀:၃၁

“ကောင်းကင်တမန်ကလည်း၊ ဇေရုပဗေလသို့ ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော် ဟူမူကား၊ ဤအမှုသည် ဗိုလ်ခြေအားဖြင့် မဟုတ်။ အာဏာတန်ခိုး အားဖြင့် မဟုတ်။ ငါ့ဝိညာဉ်အားဖြင့် ဖြစ်လိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရား မိန့်တော်မူ၏” – ဇာခရိ ၄:၆

စုံစမ်းသွေးဆောင်ခြင်း

“လူ၌ဖြစ်တတ်သောစုံစမ်းနှောင့်ယှက်ခြင်းကိုသာသင်တို့သည်ခံရကြ၏။ဘုရားသခင် သည် သစ္စာနှင့်ပြည့်စုံတော်မူသည်ဖြစ်၍ သင်တို့မခံနိုင်သော စုံစမ်းနှောင့်ယှက်ခြင်းကို သင်တို့၌ ရောက်စိမ့်သောငှါ အခွင့်ပေးတော်မမူ။ သင်တို့သည် ခံနိုင်မည်အကြောင်း

စုံစမ်းနှောင့်ယှက်ခြင်းအရာနှင့်တကွ ထွက်မြောက်သောလမ်းကိုလည်း စီရင်ပြုပြင်

တော်မူလိမ့်မည်” – ၁ ကော ၁၀:၁၃ “သင်တို့သည် ငါ့ကိုအမှီပြု၍ ငြိမ်သက်ခြင်းကို ရှိစေခြင်းငှါ ဤစကားကို ငါဟော

ပြောပြီ။ သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်။ သို့သော်လည်း မစိုးရိမ်ကြနှင့်။ ငါသည် လောကကို အောင်ပြီဟု မိန့်တော်မူ၏” – ယောဟန် ၁၆:၃၃

 “ထို့ကြောင့် ဘုရားသခင်၏ အလိုတော်သို့ လိုက်ကြလော့။ မာရ်နတ်ကို ဆီးတားကြ

လော့။ သို့ပြုလျှင် သူသည် သင်တို့ထံက ပြေးသွားလိမ့်မည်” – ယာကုပ် ၄၇

ပညာ

“သင်တို့တွင်တစ်စုံတစ်ယောက်သောသူသည်ပညာကိုလိုလျှင်၊ကဲ့ရဲ့ပြစ်တင်ခြင်းကိုပြုတော်မမူဘဲခပ်သိမ်းသောသူတို့အားစေတနာစိတ်နှင့်ပေးသနားတော်မူသောဘုရားသခင်ကိုတောင်းစေ။တောင်းလျှင်ရလိမ့်မည်” – ယာကုပ်၁:၅

“များပြားသောသူတို့ကလည်းလာကြလော့။ထာဝရဘုရား၏တောင်တော်၊ယာကုပ်အမျိုး၏ဘုရားသခင့်အိမ်တော်သို့တက်သွားကြကုန်အံ့။လမ်းခရီးတော်တို့ကိုပြသသွန်သင်တော်မူ၍ငါတို့သည်ခြေတော်ရာသို့လိုက်သွားကြမည်ဟုခရီးသွားလျက်ပြောဆိုကြလိမ့်မည်။တရားတော်သည်ဇိအုန်တောင်မှ၎င်း၊ထာဝရဘုရား၏နှုတ်ကပတ်တော်သည်ယေရုရှလင်မြို့မှ၎င်းပေါ်ထွက်လိမ့်မည်” – ဟေရှာယ၂:၃

“ထာဝရဘုရားကို ကြောက်ရွံ့သောသဘောသည် ပညာ၏မူလအမြစ်ဖြစ်၏။ သန့်ရှင်း တော်မူသောဘုရားကို သိကျွမ်းသောသဘောသည် ဉာဏ်ဖြစ်၏” – သုတ္တံ ၉:၁ဝ

Leave a Reply

Your email address will not be published. Required fields are marked *