ခရစ်ယာန်သာသနာပြုခြင်း

မာတိကာ

ကျေးဇူးတင်လွှာ

နိဒါန်း 

အပိုင်း ၁ 

သာသနာပြုခြင်းကို ခြုံငုံပြီး အကျဉ်းချုပ်လေ့လာခြင်း

၁။ သာသနာပြု

ခြင်း၏ နိဒါန်း

 ၂။ သာသနာပြုခြင်း၏ နောက်ကြောင်းခံသမိုင်း

၃။ သာသနာပြုခြင်း၏ လှုဆော်မှုများ

၄။ သာသနာပြုခြင်း၏ နယ်ပယ်များ ၊

၅။ သာသနာပြုခြင်းကို သမ္မာကျမ်းစာ ရှုထောင့်မှ လေ့လာခြင်း

၆။ သာသနာပြုခြင်းကို တစ်လုံးတစ်ဝတည်းရှုထောင့်မှလေ့လာခြင်း

ရ။ သာသနာပြုခြင်း၏ မှတ်သားဖွယ်ရာ သမိုင်းမှတ်တိုင်များ

အပိုင်း ၂

သာသနာပြုနည်းဗျူဟာသမိုင်း

သာသနာပြုနည်းဗျူဟာ မိတ်ဆက်

သာသနာပြုနည်းဗျူဟာ ဆိုသည်မှာ

၁။ သမ္မာကျမ်းစာထဲမှ သာသနာပြုနည်းဗျူဟာများ

(၁) သခင်ယေရှု၏ သာသနာပြုနည်းဗျူဟာ

(၂) ကနဦးအသင်းတော်၏ သာသနာပြုနည်းဗျူဟာ

(၃) ရှင်ပေါလု၏ သာသနာပြုနည်းဗျူဟာ

 ၂။ သမိုင်းထဲမှ သာသနာပြုနည်းဗျူဟာများ

(၁) သာသနာပြုနည်းဗျူဟာနှင့် လူနေမှုစနစ်ဖွံဖြိုးတိုးတက်ခြင်း

(၂) သာသနာပြုနည်းဗျူဟာနှင့် အရပ်ရပ်သို ပျံ့နှံခြင်း

(၃) သာသနာပြုနည်းဗျူဟာနှင့် ယဉ်ကျေးမှုများကို စိမ့်ဝင်ထိုးဖောက်ခြင်း

(၄) အသင်းတော်၏အခြေအနေပြောင်းလဲသွားခြင်း

(၅) အမှောင်ခေတ်ကာလ သာသနာပြုနည်းဗျူဟာများ

(၆) ကိုလိုနီနယ်ချဲ့ နည်းဗျူဟာ

(ရ) ၁ရ-၁၈ရာစု၊ သာသနာပြုနည်းဗျူဟာများ

(၈) ၁၉-ရာစု သာသနာပြုနည်းဗျူဟာများ၊

(၉) နှစ်ဆယ်ရာစုနှင့်နောက်ပိုင်း သာသနာပြုနည်းဗျူဟာများ

(၁၀) နှစ်ဆယ့်တစ်ရာစု သာသနာပြုနည်းဗျူဟာများ ၊

အပိုင်း ၃

လက်တွေ့ အသုံးချသာသနာပြုနည်းဗျူဟာ

၁။ ကိုယ်တွေ့ဧဝံဂေလိပြုခြင်း

(၁) ဧဝံဂေလိပြုခြင်းဆိုသည်ကားအဘယ်နည်း

(၂) ဧဝံဂေလိပြုရခြင်းအကြောင်းရင်း

(၃) ဧဝံဂေလိအမှုတော်ဆောင်၏အသက်တာ

(၄) သန့်ရှင်းသောဝိညာဉ်တော်နှင့်ခရစ်ယာန်သာသနာ

(၅) မည်ကဲ့သိုသက်သေခံမည်နည်း။

(၆) အဘယ်ကြောင့် ခရစ်တော်ကို ယုံကြည်ရပါသနည်း

၂။ အသင်းတော်တည်ထောင်ခြင်း၊

(၁) အသင်းတော်တည်ထောင်မှုတိုင်းတွင် တွေ့ရှိရသောအရာများ

(၂) အသင်းတော် တည်ထောင်ရေးတွင် များသောအားဖြင့် တွေ့ရှိရသော အရာများ

၃။ ဥဿုံသာသနာ

 

အပိုင်း ၄

ရေခံမြေခံဆိုင်ရာ သာသနာပြုခြင်း

ရေခံမြေခံဆိုင်ရာ သာသနာပြုခြင်း

၁။ ဓမ္မဟောင်းဆိုင်ရာ သာသနာပြုခြင်းအခြေခံများ

၂။ ဓမ္မသစ်ဆိုင်ရာ သာသနာပြုခြင်းအခြေခံများ

၃။ အသင်းတော်၏ သာသနာ့လမ်းကြောင်းများပြောင်းလဲမှုအမြင်

၄။ သာသနာပြုခြင်းကို ခြုံငုံရှုမြင်မှု

၅။ လူကိုပဓာနပြုသော အမြင်မှ သက်ရှိသက်မဲ့၊ သဘာဝအားလုံးနှင့် အပေါ် ပဓာနပြုသော အမြင်

၆။ သာသနာပြုခြင်းအသွင်ပြောင်းလဲမှု

ရ။ သာသနာပြုခြင်းဆိုင်ရာစံနမူနာနည်းဟန်များ

၈။ ရေခံမြေခံသာသနာပြုခြင်း

၉။ ရေခံမြေခံသာသနာပြုခြင်း၏ အသွင်ပုံစံများ

(၁) ပုံစံတစ်ခုမှ နောက်ပုံစံသို ပြုပြင်ပြောင်းလဲပေးသော အသွင်ပုံစံ

(၂) လူသားအသွင်၊ လူမျိုး၊ စာပေ၊ ယဉ်ကျေးမှုရိုးရာ ဓလေ့တိုကိုအခြေခံသောအသွင်ပုံစံ

(၃) လက်တွေ့လုပ်ဆောင်ရမည့်အသွင်ပုံစံ

(၄) မခြားနားသောအရာများကို ညှိနှိင်းယူကာ ထပ်တူပြုသော အသွင်ပုံစံ

(၅) ကိုယ်တွေအဖြစ်အပျက်များနှင့် ထူးခြားသော အတွေ့အကြုံများအသုံးချသောအသွင်ပုံစံ

(၆) မတူကွဲပြားခြင်းများရှိခြင်းကို သိရှိကာနှိင်းယှဉ်ခြင်း အသွင်ပုံစံ

၁၀။ ရေခံမြေခံအသွင်ပြုခြင်းမှ ကမ္ဘာလောကကြီးအသွင်ပြုခြင်း

 

နိဂုံး

ခက်ဆစ်များ

ကိုးကားစာအုပ်များ

Participants of Christian Mission Workshop

Name List of TED Member Schools

 

ကျေးဇူးတင်လွှာ

ရှေးဦးစွာ ဤခရစ်ယာန်သာသနာပြုခြင်း (Christian Mission) သင်ရိုးညွှန်းတမ်း စာအုပ်အား ထုတ်ဝေနိုင်သည့်တိုင်အောင် လမ်းပြပို ဆောင် ကောင်းချီးပေးတော်မူသော ထာဝရဘုရားသခင်၏ ကောင်းမြတ် သော ကျေးဇူးတော်အပေါင်းကို ရေတွက်ချီးမွမ်းအပ်ပါသည်။ ဤစာအုပ် သည် ၂၀၁၅ခုနှစ်၊ မေလတွင် “ဝ”နှစ်ခြင်းခရစ်ယာန်အဖွဲချုပ်ရှိ Wa Bible School, Lashio ၌ ပြုလုပ်ခဲ့သော မြန်မာနိုင်ငံနှစ်ခြင်းကျမ်းစာကျောင်း များ၏ ခရစ်ယာန်သာသနာပြုခြင်း အလုပ်ရုံဆွေးနွေးပွဲမှ ထွက်ပေါ်လာ သော ရလာဒ် စာအုပ် တစ်အုပ် ဖြစ်ပါသည်။ ဤစာအုပ် ထွက်ရှိလာဖိုရန် အတွက် ကြိုးစားအားထုတ်ကာ စုစည်းရေးသားပေးကြသော Rev. Dr. Simon Pau Khan En (Tedim Baptist Church, Yangon), Rev. Dr. Saw Thein Shwe (Ko Tha Byu Theological Seminary), Rev. Dr. Aye Min (Myanmar Institute of Theology), Rev. Dr. Smith Ngulh Za Thawng (Tedim Christian College), Rev. Thawng Khan Sing (Director, Evangelism & Mission Department, MBC), Dr. Lily Kadoe (Myanmar Institute of Theology) တို့အား ကျေးဇူးဥပကာရတင်ရှိပါကြောင်း မှတ်တမ်းတင် အပ်ပါသည်။ ဤ စာအုပ်အား ပိုမိုပြည့်စုံစွာ ထွက်ရှိ လာရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေး နွေးပေးခဲ့ကြသော ခရစ်ယာန်သာသနာပြုခြင်း အလုပ်ရုံ ဆွေးနွေးပွဲသို တက်ရောက်ခဲ့ကြသည့် မြန်မာနိုင်ငံ နှစ်ခြင်းကျမ်းစာ ကျောင်းများမှ ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမများအားလည်း လှိက်လှဲစွာ ကျေးဇူးတင် ရှိပါသည်။ ဤစာအုပ်သည် ခရစ်ယာန်သာသနာပြုခြင်း ဘာသာရပ်အား သင်ကြား ပိုချနေသည့် ကျမ်းစာကျောင်းများ အတွက် အထောက်အကူဖြစ် စေသည့် စာအုပ် ဖြစ်သည်သာမက ခရစ်ယာန်အဖွဲအစည်းများ၊ အသင်း တော်များနှင့် ယုံကြည်သူတိုင်းအတွက် မရှိမဖြစ်လိုအပ်သော အကောင်းဆုံး စာအုပ်တစ်အုပ် ဖြစ်သည်ဟု ယုံကြည်ပါသည်။ သိုဖြစ်၍ ဘုရားသခင် ၏ နိုင်ငံတော်တည်ဆောက်ခြင်း အမှုတော်မြတ်တွင် ထိရောက်စွာ ပါဝင် နိုင်ရန်အတွက် လူတိုင်း လက်ကိုင်ပြုသင့်သည့် အကောင်းဆုံးစာအုပ် ဖြစ် စေမည့်အကြောင်း ဆုတောင်းလျက် ဤကျေးဇူးတင်လွှာအား နိဂုံးချုပ် အပ်ပါသည်။

သီဩလော်ဂျီပညာဌာန

မြန်မာနိုင်ငံနှစ်ခြင်းခရစ်ယာန်အသင်းချုပ်

 

နိဒါန်း

INTRODUCTION

ဓမ္မသစ်ခေတ် အသင်းတော်သမိုင်းနှင့် ဓမ္မတွေးခေါ်မှုများကို ဓမ္မ သစ်ကျမ်းစာမှ ကျွန်ုပ်တို လေ့လာနိုင်ပါသည်။ အကယ်စင်စစ် ခရစ်ယာန် အသင်းတော်များနှင့် ခရစ်ယာန်ဓမ္မအတွေးအခေါ်များသည် သာသနာပြု လုပ်ငန်းများမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ထိုကြောင့် Martin Hengel က ကနဦးအသင်းတော် သမိုင်းနှင့် ဓမ္မအတွေးအခေါ်များသည် သာသနာ ပြုသမိုင်းနှင့် သာသနာပြုခြင်းဆိုင်ရာ ဓမ္မအတွေးအခေါ်များပင် ဖြစ်သည် ဟု ဆိုခဲ့သည်။ ဓမ္မအတွေးအခေါ် ပညာရှင်တစ်ဦးဖြစ်သည့် Martin Kaehler ကလည်း ခရစ်ယာန် သာသနာပြုခြင်းမှ ဓမ္မအတွေး အခေါ်များ ပေါ်ထွက်လာသည် ဖြစ်သောကြောင့် သာသနာပြုခြင်းသည် ဓမ္မအတွေး အခေါ်များ၏ မိခင်ဖြစ်သည့် (Mission is the mother of theology) ဟု ပြောခဲ့သည်။

သာသနာပြုခြင်းသည် ဓမ္မအတွေးအခေါ်များကို မွေးဖွားပေးခဲ့သော် လည်း ဥရောပရှိ နိုင်ငံများစွာ ခရစ်ယာန် နိုင်ငံများဖြစ်လာပြီး ခရစ်ယာန် ဘာသာသည်လည်း ကမ္ဘာ့ဘာသာကြီးတစ်ခုအဖြစ် ရောက်ရှိလာသော အခါ ခရစ်ယာန် ဓမ္မအတွေးအခေါ်များတွင် သာသနာပြုခြင်းဆိုင်ရာ ကဏ္ဍ သည် ပျောက်ကွယ်လာခဲ့သည်။ ဓမ္မတွေးခေါ်မှု (Theology)ဟုပြောလျှင် အဓိပ္ပါယ်နှစ်မျိုးသာရှိခဲ့သည်။ တမျိုးမှာဘုရားသခင်ကိုသိခြင်းနှင့်နောက် တစ်မျိုးမှာဓမ္မအတွေးအခေါ်များကိုလေ့လာသော ပညာရပ်ဟူ၍ဖြစ်သည်။

ဉာဏ်အမြင်ပွင့်လင်းသောခေတ် (Enlightenment)ရောက်သော အခါ သီသြလော်ဂျီကို လက်တွေ့နှင့် သီအိုရီ (Theology as practice and theory) ဟူ၍ နှစ်မျိုးခွဲခြားခဲ့သည်။ ထိုမှ တဖန် ဓမ္မတွေးခေါ်မှုပညာ ကို ကဏ္ဍ လေးရပ်ခွဲ၍ လေ့လာသင်ကြားလာကြသည်။ ၄င်းတိုမှာ –

၁။ သမ္မာကျမ်းစာဆိုင်ရာ ဓမ္မတွေးခေါ်မှု (Biblical Theology)

၂။ သမိုင်းကြောင်းဆိုင်ရာ ဓမ္မတွေးခေါ်မှု (Historical Theology)

၃။ လက်တွေ့ကျသော ဓမ္မတွေးခေါ်မှု (Practical Theology)

၄။ စနစ်ကျသော ဓမ္မတွေးခေါ်မှု (Systematic Theology) ဟူ၍ ဖြစ်သည်။

ယနေ့ခေတ် ကျမ်းစာကျောင်းများတွင်လည်း အထက်ပါအတိုင်း ဌာနလေးခုခွဲ၍ ဓမ္မပညာရပ်များကို သင်ကြားပေးနေကြကြောင်း တွေ့ရ ပါသည်။ သာသနာပြုခြင်းသည် သီဩလော်ဂျီ၏ အခြေခံဖြစ်သည်ဟု ဆိုသော်လည်း သီဩလော်ဂျီဘာသာရပ်များတွင် သာသနာပြုခြင်းဆိုင်ရာ ဘာသာရပ်နှင့် ဓမ္မအတွေးအခေါ် (Missiology and Theology of Mission) အတွက် နေရာမရှိခဲ့ပါ။

၁၈၃၆ခုနှစ်တွင် အမေရိကန်နိုင်ငံရှိ Princeton Theological Seminary ၌ သင်းအုပ်ဆိုင်ရာ ဓမ္မအတွေးအခေါ် (Pastoral Theology) ကို သင်ကြားပေးနေသော ပါမောက္ခ Charles Brecken-ridge က သာ သနာပြုခြင်းဆိုင်ရာဘာသာရပ်ကိုပထမဆုံး သင်ကြားခဲ့သူဖြစ်လာသည်။ Missiology ဘာသာရပ်ကို ကနဦးက Practical Theology Department တွင် ထည့်သွင်း်ထားသော်လည်း Alexander Duff’s Chain of Evangelistic Theology ကို Edinburgh တွင် တည်ထောင်သောအ ချိန်မှ စ၍ သီးသန့် ဌာနတစ်ခုအဖြစ် ရပ်တည်လာသည်။ University of Halle ရှိ ပါမောက္ခတစ်ဦးဖြစ်သူ Gustav Warneck  ၏ကြိုးပန်းအားထုတ် မှုကြောင့် ၁၉ရာစု နှောင်းပိုင်းမှစ၍ Missiology သည် သာသနာပြုခြင်းဆိုင်ရာ အကြောင်းအရာများကို သီးသန့်လေ့လာသော ဘာသာရပ်တစ်ခု ဖြစ်လာသည်။

၂၁ရာစု ရောက်လာသောအခါ Missiology ဘာသာရပ်တွင် ကဏ္ဍ များစွာ ထပ်မံခွဲခြားလာကြသည်။ ဥပမာအားဖြင့် သာသနာပြုခြင်းဆိုင်ရာ သမ္မာကျမ်းအမြင်၊ ဓမ္မအတွေးအခေါ်များ၊ သမိုင်းကြောင်းဆိုင်ရာများ၊ ဘာသာတရားများ၊ ရေခံမြေခံသာသနာပြုခြင်း၊ သာသနာပြုခြင်းဆိုင်ရာ နည်း ဗျူဟာများ၊ သာသနာပြုရာတွင် လတ်တလောရင်ဆိုင်နေရသောပြဿနာ အခက်အခဲများကို လေ့လာခြင်း စသည်ဖြင့် သာသနာပြုခြင်းဆိုင်ရာ ဓမ္မအတွေးအခေါ်နှင့် လက်တွေ့ကျင့်သုံးမှုတိုကို ကျယ်ပြန့်စွာ လေ့လာ သင် ကြားလာကြသည်။

ဤစာအုပ်တွင် သာသနာပြုခြင်းဆိုင်ရာ ဘာသာရပ်များကို ကျမ်း စာကျောင်းများတွင် သင်ကြားလေ့လာ နိုင်ရန် အောက်ပါခေါင်းစဉ်များဖြင့် ဖော်ပြထားပါသည်။

၁။ သာသနာပြုခြင်းကို ခြုံငုံပြီး အကျဉ်းချုပ်လေ့လာခြင်း ၊

 ၂။ သာသနာပြုခြင်းဆိုင်ရာ နည်းဗျူဟာသမိုင်း

၃။ လက်တွေ့အသုံးချ သာသနာပြုနည်းဗျူဟာ

၄။ ရေခံမြေခံသာသနာပြုခြင်း

ဤစာအုပ်သည် ကျမ်းစာကျောင်းများတွင်သာမက အသင်းတော် များတွင်လည်း သာသနာပြုခြင်း ဆိုင်ရာ လုပ်ငန်းများအတွက် ဓမ္မအတွေး အခေါ်နှင့် လက်တွေ့ကျင့်သုံးမှုများတွင် အသုံးပြုပါက လွန်စွာ အထောက် အကူဖြစ်စေရန် ရည်ရွယ်ထားပါသည်။ ။

 

အပိုင်း ၁

သာသနာပြုခြင်းကို ခြုံငုံပြီး အကျဉ်းချုပ်လေ့လာခြင်း

GENERAL OBSERVATION OF MISSION

သာသနာပြုခြင်းကို လေ့လာရာ၌ ဆွစ် (Swiss) လူမျိုး ဓမ္မအတွေး အခေါ်ရှင် အီးမေးဘရူနာ (Emil Brunner-1889-1966) ၏ အဆိုအမိန့် တစ်ခုနှင့် ရှိပါသည်။ အီးမေးဘရူနာ (Emil Brunner)ဖော်ပြသည်မှာ “မီးသည် တောက်လောင်မှသာ အသက်ရှင်ဘိသကဲ့သို ခရစ်ယာန်အ သင်းတော်သည် သာသနာပြုမှသာ အသက်ရှင်ပါသည်” (As fire exists by burning, the Church exists by mission) ဟူ၍ပင် ဖြစ်သည်။ တမန်တော်များ ခေတ်မှစ၍ အသင်းတော်များ၏ ဖြစ်တည်မှုနှင့် ရှင်သန် ကြီးထွားမှုသည် သာသနာပြုခြင်း ကြောင့်ပင် ဖြစ်သည်။ ကနဦး အသင်း တော်များသည် သာသနာပြုခြင်းကြောင့် တိုးတက်ကြီးထွားလာကြသည်။ နိုင်ငံရေးအခြေအနေအမျိုးမျိုး၊ အုပ်ချုပ်ရေးစနစ်အဖုံဖုံတိုကို ကျော်လွှား လျက် သာသနာပြုခြင်းသည် ရာစုတစ်ခုပြီးတစ်ခု ရှင်သန်လျက်(၂၁)ရာစု သိုဆိုက်ရောက်လာခြင်းဖြစ်သည်။ ခဲရာခဲဆစ်မျိုးစုံကျော်လွှားလျက် သွေးချောင်းစီးသောကာလလည်း ရှိခဲ့ပါသည်။ သိုပါသော်လည်း သာသနာပြု ခြင်းသည် မမှေးမှိန်သွားပါ။ ဖိစီးညှဉ်းဆဲမှုများလေလေ သာသနာတော် သည် ကျယ်ပြန့်စွာ အောင်မြင်လာလေလေ ဖြစ်သည်။ သာသနာပြုခြင်း၏ သဘောတရားကို အောက်ပါအတိုင်းအကျဉ်းချုပ် ဖော်ပြထားပါသည်။

၁။ သာသနာပြုခြင်း၏ နိဒါန်း (Introduction to mission)

သာသနာပြုခြင်း (mission) သည် လက်တင် (Latin)ဘာသာ စကား missio မှ လာသည်ဖြစ်ရာ “စေလွှတ်ခြင်း” ဟူ၍ အဓိပ္ပါယ် ရှိပါ သည်။ ဘုရားသခင်သည် လူမျိုးတော် ဣသရေလလူမျိုးတိုကို စေလွှတ် လျက် သာသနာပြုစေသည်။ မရပါသဖြင့် ဘုရားသခင်၏သားတော် ယေရှု ဘုရားကို စေလွှတ်သည်။ သိုဖြစ်ရာ သခင်ယေရှုသည် ပထမဆုံး သာသ နာပြု (missionary) ဖြစ်သည်။ ကိုယ်တော်သည် ယုံကြည်သူများကိုထပ်ဆင့် စေလွှတ်ပါသဖြင့် အသင်းတော်များလည်း စေလွှတ်ခြင်း သာသနာပြုများ ဖြစ်ပါသည် (ယော ၁း၁၈-၁၉)။

သာသနာပြုခြင်းကိုဖော်ပြသောအခါခါတိုင်းဝံဂေလိနှင့်သာ ပြုခြင်း (Evangelism & Mission) ဟူ၍ တွဲသုံးရာ အလွန်ပင် မှန်ကန်သော အရာပင် ဖြစ်သည်။ အကြောင်းမှာ ဧဝံဂေလိတရားတော်သည်။ ယုံကြည်သမျှသော လူအပေါင်းတိုကို ကယ်တင်သော ဘုရားသခင်၏ တန်ခိုးတော်ဖြစ်ရာ (ရော ၁း၁၆) ထိုကယ်တင်ခြင်းလုပ်ငန်းကို လက်တွေ လုပ်ကိုင် အကောင်အထည်ဖော်ခြင်းသည် သာသနာပြုလုပ်ငန်း (Mission) ပင် ဖြစ်လေသည်။

သာသနာပြုလုပ်ငန်းတွင် အောက်ပါကဲ့သိုသော မပြည့်စုံသောရည် မှန်းချက်ပန်းတိုင်များ ရှိတတ်သည်ကို တွေ့ရှိရပါသည်။

သာသနာပြုခြင်း၏ မပြည့်စုံမမှန်ကန်သော ရည်မှန်းချက် ပထမမှာ အသင်းတော်ပြောင်းခြင်း (proselytism) ပင် ဖြစ်သည်။ ရံဖန်ရံခါ မိမိ၏ အသင်းတော်နှင့်ဂိုဏ်းဂဏတိုးပွားဖို့ကိန်းဂဏန်းကို သာဂရုစိုက်ပြီးအခြား အသင်းတော်နှင့် ဂိုဏ်းဂဏမှ ယုံကြည်ပြီးသူများအား ဖြားယောင်းသွေး ဆောင်တတ်ပါသည်။ ရလည်း ရရှိတတ်ပါသည်။ ဤအလုပ်သည် အလွန် ပင် အကျည်းတန် အရုပ်ဆိုးသော လုပ်ရပ်ပင် ဖြစ်သည်။ မယုံကြည် သောသူများကို ဟောပြော သက်သေခံမည့်အစား ယုံကြည်ပြီးသူများသာ ရရှိတတ်ပါသည်။ သာသနာ(မီရှင်)ပြုလုပ်ငန်းတွင် ဤလုပ်ရပ်သည် သိုး ခိုးခြင်း (sheep stealing) လုပ်ငန်းသာ ဖြစ်လေသည်။ သာသနာပြုလုပ်ငန်း မမြောက်ပါ။

သာသနာပြုခြင်း၏ မပြည့်စုံသော ဒုတိယ ရည်မှန်းချက်ပန်းတိုင်မှာ ခရစ်ယာန်ဝါဒကို ကျင့်သုံးလျက် ခရစ်ယာန်နိုင်ငံ (Christendom) ထူထောင်ခြင်းဖြစ်သည်။ ၄င်းအရာသည်လည်း မမှန်ကန်မပြည့်စုံပါ။ အ ကြောင်းမှာ သာသနာပြုခြင်း၏ နောက်ဆုံး အန္တိမ ပန်းတိုင်သည် ဝါဒနှင့် ပြောင်းလဲရုံသာ မဟုတ်ပါ။ လူသားများ၏ အတွင်းစိတ်သဘော ကို ဦးစွာပထမပြောင်းလဲခြင်းပင်ဖြစ်သည်။ ခရစ်ယာန်နိုင်ငံ တည်ထောင် ဖို့လည်း မဟုတ်ချေ။

ဝါဒနှင့် နည်းစနစ်ကို ပြောင်းလဲခြင်း (Christianization of social order)ကို ရပ်တည်ပေးသူမှာ အမေရိကန်ပြည်မှ နှစ်ခြင်းဓမ္မအတွေးအခေါ်ပညာရှင် Walter Rauschenbursch (1861-1918) ပင် ဖြစ်သည်။ သူ့အား လူမှုရေးဆန်သော ဧဝံဂေလိတရားတော်၏ ဖခင် (the father ofsocial gospel) ဟူ၍လည်း ထိုက်ထိုက်တန်တန် ခေါ်ဆိုကြသည်။ သူ့ခေတ်သူ့အခါ အသင်းတော်များ၏ အထူးလိုအပ်ချက်ကို ဖြည့်ဆည်းပေးသောကြောင့် အလွန်ပင် ခေတ်စားခဲ့ပါသည်။ သို့ပါသော်လည်း ထာဝရအတွက်ကမူ မပြည့်စုံပါ။ အကြောင်းမှာ ဧဝံဂေလိ တရားတော်သည် လူမှုရေးနှင့် နည်းစနစ် (social system) လောက်သာ ပြောင်းလဲခြင်း မဟုတ်သောကြောင့်ပင် ဖြစ်သည်။

သာသနာပြုခြင်း၏ တတိယရည်မှန်းချက် ပန်းတိုင်မှာဘုရားသခင်၏ နိုင်ငံတော် တိုးချဲ့ခြင်း (extension of God’s Kingdom) ပင် ဖြစ်ရာအမှန်ကန်ဆုံးသောရည်မှန်းချက်ဖြစ်ပါသည်။ ခရစ်တော်ဘုရား၏ ပြီးပြည့် စုံသော အမှုတော်ကြောင့် နိုင်ငံတော်သည် တည်ထောင်ပြီးသား ဖြစ်ရာတိုးချဲ့ဖိုသာလိုအပ်ပါသည်။ ထိုကြောင့်လည်းခရစ်တော်ဘုရားက“နိုင်ငံတော်တည်ထောင်ပါစေသော” ဟူ၍ ဆုတောင်းခိုင်းခြင်းပင် ဖြစ်သည်။ ဤနေရာတွင် မရှိသေးသော နိုင်ငံတော် စတင်တည်ထောင်ဖိုရန် မဟုတ်ပါ။ ရှိပြီးသား နိုင်ငံတော်ကို တိုးချဲ့ဖို ဆိုလိုခြင်းသာ ဖြစ်သည်။

သာသနာပြုခြင်းကို ဤရှုထောင့်မှ ရှုမြင်ပါက အသင်းတော်အသီးသီး မညီညွတ်နိုင်စရာ၊ မစည်းလုံး နိုင်စရာ အကြောင်း မရှိပါ။ စကြာဝဠာတစ်ခုလုံးနှင့် ဖန်ဆင်းခံ အားလုံး၊ သက်ရှိသက်မဲ့ အားလုံးပြောင်းလဲပြီး တစ်နေ့သောအခါမှာ ခရစ်တော်၏ နိုင်ငံတော်ဖြစ်လိမ့်မည်မှာ မုချဧကန်အမှန်ပင် ဖြစ်သည် (ဗျာ ၁၁း၁၅)။

၂။ သာသနာပြုခြင်း၏ နောက်ကြောင်း သမိုင်း

(General Background of Christian Mission)

(၁၆)ရာစုတွင် ဖြစ်ပေါ်လာခဲ့သော ဂျာမန်လူမျိုး မာတင်လူသာ (Martin Luther-1483-1546) အမှူးပြုသည့် အသင်းတော်များ ပြုပြင်ပြောင်းလဲခြင်းတွင် ပြင်သစ်နိုင်ငံမှ ဦးဆောင်သူ တစ်ဦးဖြစ်သော ဂျွန်ကယ်လ်ဗင် (JohaChin-1505-154)၏သွန်သင်မှုကြောင့်သာသနာပြုခြင်း အရှိန်အဟုန်သည် အနည်းငယ် လျော့နည်းခဲ့ပါသည်။ သူ၏ သွင်သင်ချက်မှာ ဘုရားရှင်သည် ကယ်တင်ခြင်း ရှိမည့်သူများနှင့် မရရှိမည် သူများတို့ကို တင်ကြိုခွဲခန့် မှတ်သားသည် (Predestination) ဟူ၍ သွန်သင်ခဲ့လေသည်။ ဤကဲ့သို ဘုရားရှင်သည် ကယ်တင်ခြင်း ရရှိမည့်သူများနှင့် မရရှိမည့်သူများအား ကြိုတင် ခွဲခန့်မှတ်သားပါက “အဘယ်ကြောင့် အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းခံလျက် သာသနာပြုရပါမည်နည်း။ ဘုရားရှင်၏ စီမံချက်ကိုသာ စောင့်ကြည့်ကြ ပါစို”ဟူ၍ သာသနာပြုခြင်းကို အလေးမထားကြတော့ပါ။

တစ်ဖက်တွင်မူ နယ်သာလန်နိုင်ငံသား ကော့ပ် အားမေးနီးယပ်စ် (Jacob Arminius – 1560-1609)က ထိုကဲ့သို မဟုတ်ပါ ဘုရားရှင်သည် လူတိုင်းလူတိုင်းတို့အား နဂိုမူလမှစ၍လွတ်လပ်စွာ ရွေးချယ်ပိုင် ခွင့်ပေး ထားသည်ဖြစ်ရာ ကယ်တင်ခြင်းကိုလည်း ဘုရားသခင်က ကြိုတင်မှတ်သားခြင်း (Predestination) မပြုလုပ်ဘဲ လူတစ်ဦးစီတို၏လွတ်လပ်စွာရွေးချယ်ပိုင်ခွင့် အရေးကြီးသည်ဟု သွန်သင်ခဲ့ပါသည်။ ဤမတူကွဲပြားသော သွန်သင်ချက် နှစ်ခုသည် ခရစ်ယာန် အသင်းတော်များကို အတော်ပင် ဂယက်ရိုက်ခဲ့ပါသည်။ အထူးသဖြင့် နှစ်ခြင်းအသင်းတော်များကို အတော်အတန် ဂယက်ရိုက်ကာ ကယ်လ်ဗင် (Calvin) ကို လက်ခံသော နှစ်ခြင်းအသင်းတော်များ(Calvinistic Baptist) သို့မဟုတ် (Particular Baptist) များနှင့် ကော့ပ် အားမေးနီးယပ်စ် (Jacob Arminius) ကိုလက်ခံသော ခြုံငုံသော နှစ်ခြင်းအသင်းတော်များ (General Baptist) များဟူ၍ ကွဲပြားကြလေသည်။ အထက်တွင် ဆိုခဲ့သည့် အတိုင်း ဂျွန်ကယ်လ်ဗင် (John Calvin) ၏သွန်သင်ချက်သည် နှစ်ခြင်းအသင်းတော်များကို ကျယ်ကျယ်ပြန့်ပြန့် လွှမ်းမိုးခဲ့ပါသဖြင့် သာသနာပြုခြင်း အရှိန်အဟုန်လည်း လျော့နည်း သွားခဲ့ပါသည်။

၁၇၉၂ခုနှစ် ရောက်သောအခါ အင်္ဂလန်နိုင်ငံမှ ကော့ပ်အားမေးနီးယပ်စ် (Jacob Arminius) ၏သွန်သင်မှုကို လက်ခံယုံကြည်သောနှစ်ခြင်းအသင်းသား ဝီလျံကယ်ရီ (William Carey – 1761 – 1834) သည် သာသနာပြုဖိုhရန် အရှေ့တိုင်းပြည်သို ထွက်လာခဲ့ရာ ၁၉၉၃ခုနှစ်တွင် အိန္ဒိယနိုင်ငံသို ရောက်ရှိလာခဲ့ပါသည်။ သာသနာပြုသမိုင်းတွင် ဝီလျံကယ်ရီ (William Carey) ၏ အိန္ဒိယနိုင်ငံသို ရောက်ရှိခြင်းသည် အလွန်ထူးကဲသော သာသနာ့ မှတ်တိုင် တစ်ခု ဖြစ်လေသည်။ အကြောင်းမှာ သူ၏ ရောက်ရှိလာခြင်းသည် ခေတ်ပေါ်သာသနာပြု လှုပ်ရှားမှု (Modern Missionary Movement) ကို တံခါးဖွင့်လှစ် အစပြုခြင်းပင် ဖြစ်သည်။ ထိုမှစ၍ (၁၉)ရာစု တစ်ခုလုံးသည် သာသနာပြုခြင်း ရာစု (Century of Mission) ဟူ၍လည်း ခေါ်ဆိုနိုင်ပါသည်။ သာသနာပြုခြင်း၏ ဘူမိနက်သန် ဖြစ်သော အနောက်နိုင်ငံ အသင်းတော်များမှ အာဖရိက၊ အာရှ၊ လက်တင်အမေရိက အစရှိသော တိုင်းနိုင်ငံ အသီးသီးသိုh သာသနာပြုကြသည်။

သာသနာပြုခြင်း သမိုင်းကို လေ့လာရာတွင် သာသနာပြုခြင်းနှင့်အတူယှဉ်တွဲပြီး လိုက်ပါလာသော ကိုလိုနီစနစ်ကိုလည်း ထားခဲ့၍မရချေ။ (၁၉)ရာစု ကုန်ခါနီးတွင် ကမ္ဘာကျော် စာဆိုတော်ဖြစ်သော အင်္ဂလိပ် လူမျိုး Rudyard Kipling (1865-1936) ၏ “The White Man’s Burden” (1899) ခေါ်ကဗျာသည် အနောက်နိုင်ငံရှိ လူဖြူများကို တုန်လှုပ်စေခဲ့ပါသည်။ သူသည် တစ်ကမ္ဘာလုံးကို ကျယ်ကျယ်ပြန့်ပြန့် ခရီးပြုခဲ့ရာ တိုင်း နိုင်ငံအသီးသီးတွင် မဖွံဖြိုးသေးသောယဉ်ကျေးမှု (Cultures) ရှိသည့် လူမျိုးတိုကို တွေ့ရှိခဲ့ပါသည်။ သနားကြင်နာပါသဖြင့် သူတို့ကို မစချင်သည်။ ပြောင်းလဲစေချင်သည်။ ထိုကဲ့သို ပြောင်းလဲစေနိုင်ဖိုရန် ပိုမိုတိုးတက်သော ရိုးရာယဉ်ကျေးမှု ရှိနှင့်ပြီးသား ဖြစ်သည့် လူဖြူများကို လှုံ့ဆော်ပေးသည်။ ကမ္ဘာလူသားများ ကယ်တင်ဖိုရန် လူဖြူများ၏ ဝန်တာ (The White Man’s Burden) ဖြစ်သည်ဟု လေးလေးနက်နက်ခံယူပါသဖြင့် သူတို့အား ဆွပေးခြင်း၊ လှုံ့ဆော်ပေးခြင်း ဖြစ်သည်။ သူ၏ ကဗျာသည် အသက်ရှင်သည်။ လူဖြူတို့အား နဂို၌ သူတို့၏ ရှိနှင့်ပြီးဖြစ်သော နယ်ချဲ့ဝါဒကို ပိုမိုခိုင်မာစေသည်။ သူ၏ကဗျာသည် အစွမ်းထက်သည်။ အနောက်နိုင်ငံရှိ တိုးတက်ပြီးသောလူဖြူများကသူ့ထက်ငါဦးအောင်ဟူ၍အာရှ၊ အာဖရိကနိုင်ငံများသို့ နယ်ချဲ့လာကြသည်။ အထက်တွင် ဖော်ပြခဲ့သော သာသနာပြု ခြင်းနှင့် နယ်ချဲ့ဝါဒကိုသုံးပြီး ယှဉ်တွဲလျက် ပါလာသည်။ သာသနာပြုများနှင့် နယ်ချဲ့ဝါဒီများ အချင်းချင်း နားလည်မှု ရှိကြသည်။ အပေးအယူ လုပ်ကြသည်။ အန္တိမ ပန်းတိုင်ချင်း ထပ်တူထပ်မျှ မတူညီပါသော်လည်း တူညီသော ဒေသ၊ တူညီသော တိုင်းနိုင်ငံနှင့် တူညီသော လူမျိုးများသို့ လှုပ်ရှားဆောင်ရွက်ခြင်း ဖြစ်ပါသဖြင့် နားလည်မှု ရှိနိုင်ခြင်းနှင့် အပေးအယူ လုပ်နိုင်ခြင်းပင် ဖြစ်သည်။ ထိုကြောင့်လည်း မြန်မာနိုင်ငံ၏ နယ်ချဲ့သမိုင်း နှင့် သာသနာပြုခြင်းသမိုင်းကို ထဲထဲဝင်ဝင် လေ့လာသူများကဤလှုပ်ရှားမှု နှစ်ခု၏ဆက်စပ်မှုကို ကုန်သွယ်မှု လုပ်ငန်း (Merchants)၊ သာသနာပြု လုပ်ငန်း (Missionary) နှင့် လက်နက်ကိုင် သိမ်းပိုက်ခြင်း (Military) ဟူ၍ M (၃)လုံး လှုပ်ရှားမှုနှင့် ဒွန်တွဲလျက် ရှုမြင် သုံးသပ်ကြပါသည်။ အထက်တွင် ဖော်ပြသော M သုံးလုံးနိယာမအပြင် အချိုသော သာသနာပြုခြင်းဆိုင်ရာ သုတေသီများသည် အထက်တွင် ဖော်ပြသော သာသနာပြုခြင်း၏ ဖြစ်စဉ်သုံးခု အပြင် C သုံးလုံးဖြစ်စဉ်နှင့်လည်း ဖော်ပြနိုင်ပါသည်။ ၄င်း C သုံးလုံး ဖြစ်စဉ်မှာ

(၂- ၁) ကူးသန်းရောင်းဝယ်ခြင်း (Commerce)

ခရစ်ယာန်သာသနာ၏ ဘူမိနက်သန်ဖြစ်သော အနောက်နိုင်ငံမှ လူများတိုသည် ပင်လယ်သမုဒ္ဒရာများ တို့ကို ဖြတ်ကျော်လျက် စွန့်စားကာ အာရှ၊ အာဖရိကနိုင်ငံများသို ကုန်ကူးသန်းရောင်းဝယ်မှုပြုကြသည်။ ထို ကဲ့သိုမကြာခဏ ကူးသန်းရောင်းဝယ်ခြင်းဖြင့် ကမ္ဘာ့တိုင်းနိုင်ငံနယ်စွန်နယ်ဖျားအထိ ရောက်သွားကြပါသည်။ သာသနာတော်အတွက် လမ်းဖောက်သွားသကဲ့သိုပင် ဖြစ်သည်။

(၂- ၂) လူ့အသိုင်းအဝန်း (Community)

အထက်တွင် ဖော်ပြသည့်အတိုင်း ကူးသန်းရောင်းဝယ်မှုအတွက် စွန့်စားခန်းထုတ်သော အနောက်နိုင်ငံသားများသည် အရှေ့တိုင်းပြည်များ သို့ရောက်ဖန်များလာသောအခါ စားကျက်ကောင်းမှန်း သိလျက် ရေကြည်ရာမြက်နုရာ နေရာများတွင် ခြေချလျက် နေထိုင်ကြပါတော့သည်။ သူတို့၏ အသိုင်းအဝန်းနှင့် နေကြပြီး သူတို၏ အစဉ်အလာကို ထိန်းသိမ်းကြသည်။ အချိန်ကာလ ကြာမြင့်လာသောအခါ ဒေသခံလူများနှင့် ရင်းနှီးကြသည်။ ရောနှောကြကာသူတိုသည် ဧည့်သည် အာဂန္တုမဟုတ်တော့ဘဲဒေသခံများကဲ့သို လွတ်လပ်စွာ နေထိုင် ကြလေသည်။

 

(၂- ၃) ခရစ်ယာန်သာသနာ (Christian Mission)

ကုန်စည်ကူးသန်းရောင်းဝယ်ရန်အတွက် လာရောက်ပြီး တိုင်းပြည်အသီးသီးတွင် မှီတင်း နေထိုင်ကြသော အနောက်နိုင်ငံသားများသည် မိမိတို့၏ဘာသာဖြစ်သောခရစ်ယာန်ဘာသာကို ထိန်းသိမ်း ကြသည်။ အပတ်တိုင်း အပတ်တိုင်း ဝတ်ပြုကိုးကွယ်ကြသည်။ သူတို၏ ဝိညာဉ်ရေးရာကို ထိန်းသိမ်းစောင့် ရှောက်လျက် ခွန်အားပေးခြင်း၊ လမ်းညွှန်ခြင်းများ ပြုလုပ်ဖို့ရန် မိမိတို တိုင်းပြည်များမှဓမ္မအမှုတော်ဆောင်များ (Chaplain)များကိုဖိတ်ခေါ်ကြသည်။ ဓမ္မအမှုတော်ဆောင်များကလည်း သူတို၏ သိုးစုများကို ထိန်းနေစဉ်မှာပင် ဒေသခံများသို တရားဟောကြသည်။ ပြောင်းလဲသူများကို ရရှိကြလေသည်။

ဤသို့ပင် ကုန်ကူးသန်ရောင်းဝယ်ဖလှယ်ရေး (Commerce)၊ ဒေသတွင်နေထိုင်လျက် အသိုင်းအဝန်းဖွဲ့စည်းခြင်း (Community)များဖြင့်တစ်စတစ်စနှင့် ခရစ်ယာန်ယုံကြည်သူများ (Christian) ရရှိပါသဖြင့် ဤသာသနာပြုခြင်းကို စီ (C) သုံးလုံး နည်းဗျူဟာဟု ခေါ်ကြရပါသည်။

အတိတ်ကာလ၌ မည်ကဲ့သို လှုပ်ရှားလျက် မည်သည့် နိုင်ငံရေးအခြေအနေနှင့် ရင်ဆိုင်ရပါလေစေ ခရစ်ယာန် သာသနာတော်သည် တစ်ခေတ်နောက်တစ်ခေတ် ရှင်သန် ကြီးထွားကာ မြန်မာပြည်တွင် သာသနာ အနှစ် (၂၀၀)ပြည့်ခဲ့ပြီ ဖြစ်ပါသည်။ နိုင်ငံရပ်ခြား တိုင်းတစ်ပါးမှ ဆရာကြီးနှင့် မမယုဒသန်တို အစပြုလျက် ဆက်ကပ်ကြသော သာသနာပြုများ၊တိုင်းရင်းသားများထဲမှ ကနဦး ယုံကြည်သူများတို၏ လုံးလုံးလျားလျား ဆက်ကပ်မှုကြောင့် သာသနာတော်သည် သက်တမ်းအားဖြင့် တတိယရာစုသို့ ရောက်ရှိပြီး ကမ္ဘာနှင့် ယှဉ်လျက် ဖော်ပြရပါက(၂၁)ရာစုသို ဆိုက်ရောက်ခဲ့ပြီး ဖြစ်ပါသည်။ သာသနာတော်သည် မမှေးမှိန်ဘဲလျက် ရှင်သန် ကြီးထွားကာ နောက်ရာစုတစ်ခုသို လက်ဆင့်ကမ်းနိုင်ဖိုရန် ယနေ့အသင်းတော်များက ကြီးမားသော တာဝန်ဝတ္တရား ရှိပါသည်။ ထိုကဲ့သို လက်ဆင့်ကမ်းနိုင်ဖိုရန် သာသနာပြုခြင်းကို အောက်ပါအတိုင်း ခြုံငုံဖော်ပြထားပါသည်။

 

၃။ သာသနာပြုခြင်း၏ လှုဆော်မှုများ (Motivations of Christian Mission)

ခရစ်ယာန်သာသနာပြုခြင်းတွင် အဓိကလှုဆော်မှုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

(၃- ၁)အထက်မှအမိန့်ပေးခြင်း (Command from above)

သခင်ယေရှုသည် ရှင်ပြန်ထမြောက်ပြီး ရက်ပေါင်း(၄၀) ကမ္ဘာလောကတွင် သူ၏တပည့်တော်များနှင့် အတူ ဆက်လက်လှုပ်ရှားခဲ့ပါသည်။ ထိုနောက်မှ ကောင်းကင်ဘုံသို တက်ကြွခါနီးတွင် ဂါလိလဲတောင်မှ သူ၏ တပည့်တော်များအား ကမ္ဘာလောကသို ဧဝံဂေလိတရားဟောပြောဖိုရန် အမိန့်ပေးခဲ့သည် (မ ၂၈း ၁၈-၂၀)။ ဤအမိန့်ပေးခြင်းသည် သူ၏အစပြုခဲ့ဘုရားသခင်၏ နိုင်ငံတော်နှင့် ယှဉ်သည့် သာသနာပြုခြင်းကို ဆက်လက် လုပ်ကိုင်ဖိုရန် အမိန့်ပေးခြင်းပင် ဖြစ်သည်။ သခင်ယေရှုဘုရား၏ နောက်ဆုံး အမိန့်ပေးသောမဟာစေစား ချက်သည်ယနေ့အသင်းတော်များ၏ ဦးစွာ ပထမလုပ်ကိုင် ဆောင်ရွက်ရမည့် တာဝန်ပင် ဖြစ်ပါသည်။ စစ်ဗိုလ်ချုပ်ကြီး မွန့်ဂိုမာရီ (Mont Gomerry) က “အမိန့်သည် ဆွေးနွေး တိုင်ပင်ဖို့ရန်မဟုတ် နာခံဆောင်ရွက်ရန်သာ ဖြစ်သည်” (An Order is not to be discussed but to obey)ဟု ဆိုခဲ့သည့်အတိုင်း အသင်းတော်များသည် ဤသခင်ယေရှုဘုရား၏ နောက်ဆုံးအမိန့်ကို လုပ်ရမည်၊ မလုပ်ရမည် ဟူ၍ ဆွေးနွေးပိုင်ခွင့် မရှိပါ။ လုပ်ကိုင်ဆောင်ရွက်ဖို့ရန် တာဝန်သာ ရှိသည်။

(၃- ၂) စိတ်နှလုံးထဲမှ လှုဆော်ခြင်း (Compel from within)

သာသနာပြုဖိုရန် လှုံ့ဆော်သော ဒုတိယအချက်မှာ ယုံကြည်သူများ၏ စိတ်နှလုံးထဲမှ မလုပ်မနေ လုပ်ကိုင်ဆောင်ရွက်ဖိုရန် လှုဆော်ခြင်းပင်ဖြစ်သည်။ ဓမ္မဟောင်းကျမ်းတွင် ပရောဖက် ယေရမိက ဘုရားသခင်၏အမိန့်တော်ကို မဆောင်ရွက်ဘဲ မနေနိုင်။ မဆောင်ရွက်ပါက သူ၏ အရိုးခြင်းဆီထဲတွင် မီးလောင် ဘိသကဲ့သို ဖြစ်သည်ဟူ၍ ဖော်ပြလေသည် (ယေရမိ ၂၀းရ-၉)။ ဓမ္မသစ်ကျမ်းတွင်လည်း တမန်တော်ကြီးရှင် ပေါလုက ခရစ်တော်၏ ချစ်ခြင်းမေတ္တာသည် သူ့အား အထဲမှ နေ၍ အနိုင်အထက် သွေးဆောင်သည်ဟူ၍ ဖော်ပြခဲ့သည် (၂ကော ၅း၁၄)။ ဧဝံဂေလိတရား မဟောဘဲ မနေနိုင်ကြောင်း သူအတိအလင်း ဖော်ပြထားပါသည် (၁ကော ၉း၁၅-၁၈)။

 

(၃- ၃) အောက်အရပ်မှ ငိုကြွေးမြည်တမ်းခြင်း (Cry from below)

သမ္မာကျမ်းစာ၏ ဖော်ပြချက်အရ ခရစ်တော်မပါသော အသက်တာသည် ခြောက်ကပ်သွေ့ခြောက်သော အသက်တာမျိုးဖြစ်ပါသည်။ လူသားများတို့သည် ခရစ်တော်မှတစ်ပါး အခြားသော အရာများ၌ ရောင့်ရဲတင်း တိမ်ခြင်းမရှိပါ။ ထိုကြောင့်လည်း လူသားများသည် ခရစ်တော်ကို တွေ့ချင်ကြသည်။ သူ၏ ထံတော်ပါးမှ ခိုင်မြဲသော ငြိမ်သက်ခြင်းကို လိုချင်ကြသည်။ သခင်ယေရှုကို တွေ့ချင်ကြပါသည် (ယော ၁၂း၂၁)။ သခင်ယေရှု ကို မိမိတို၏ အရှင်သခင်အဖြစ် လက်မခံသောကြောင့် ဝမ်းနည်းကြေကွဲလျက် ငိုကြွေးမြည်တမ်းသော သူများတို၏ အသံသည် ဧဝံဂေလိနှင့် သာသနာပြုဖိုရန် လှုံ့ဆော်ခြင်းတစ်မျိုးပင် ဖြစ်သည်။

(၃- ၄) ဘေးပတ်ဝန်းကျင်မှ စိန်ခေါ်မှု (Challenge from around)

သခင်ယေရှုမပါသောအသက်တာနှင့်ပတ်ဝန်းကျင်တို့သည်ခြောက်သွေ့သော အသက်တာနှင့် အခြေအနေဖြစ်ကြောင်း အထက်တွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ လူမှုရေး ပတ်ဝန်းကျင်၌ အပြစ်ဒုစရိုက်နှင့် အမုန်းတရားများ ပေါများပါသည်။ ဤလူတို၏ ခံစားချက်နှင့်ပတ်ဝန်းကျင်၌ရှိသောအနိဌာရုံ အားလုံးတိုသည် ဧဝံဂေလိတရားနှင့်သာသနာပြုဖိုရန် ပတ်ဝန်းကျင်မှ စိန်ခေါ်ခြင်းပင် ဖြစ်သည် (ဟေရှာ ၆၁း၁-၃။ လု ၄း၁၈-၁၉)။ အလားတူပင် လူသားတို၏အလွဲသုံးစားခြင်းကိုခံသောတောတောင်၊ ရေ၊ မြေ၊ လေ၊ ဂေဟ ပတ်ဝန်းကျင် တစ်ခုလုံးနှင့် သက်ရှိသက်မဲ့ အားလုံးတိုသည် ကယ်တင်ခြင်းနေ့ကိုမျှော်လင့်လျက်ငိုကြွေး မြည်တမ်းကြလေ သည် (ရော ၈း၁၈-၂၅)။

အထက်တွင် ဖော်ပြခဲ့သော လှုံ့ဆော်မှုများကြောင့် အသင်းတော်သမိုင်းတစ်လျှောက်လုံးနှင့်တကွ ယနေ့ခရစ်ယာန်အသင်းတော်များသည် သာသနာပြုခြင်းကို လျစ်လျူရှု၍ မရပါ။ ပထမ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်တစ်ခုပင်ဖြစ်သည်။ ဤသဘော၊ ဤအခံကို စိတ်ထဲတွင် ပိုက်ထားလျက် သာသနာပြုခြင်းကို သမ္မာကျမ်းစာတော်မြတ်ကမည်ကဲ့သို ဖော်ပြခဲ့ပါကြောင်း နောက်ပိုင်းတွင် ဆက်လက်လေ့လာပါမည်။

 

၄။ သာသနာပြုခြင်း၏ နယ်ပယ်များ (The Scope of Mission)

သာသနာပြုခြင်းသည် နယ်ပယ်သုံးခုရှိပါသည်။ ထိုနယ်ပယ်များကိုတစ်ခုနောက် တစ်ခု ထိထိမိမိ ပြောင်းလဲစေရပါမည်။ အကြောင်းမှာ သာသနာပြုခြင်းသည် ပြောင်းလဲခြင်းဖြစ်ရာ နယ်ပယ်(၃)ခုကို ပြောင်းလဲ စေရမည်။ ၄င်းနယ်ပယ် သုံးခုမှာ-

(၄- ၁) တစ်ဦးတစ်ယောက်၏ အသက်တာတွင် နောင်တရလျက် ပြောင်းလဲစေခြင်း (Individual Conversion)

သာသနာပြုခြင်းသည် လူတစ်ဦးတစ်ယောက်၏ အပြစ်ဒုစရိုက်မှ နောင်တရခြင်း (repentance)နှင့် ပြောင်းလဲခြင်း (conversion) တိုဖြင့် အစပြုရပါမည်။ ခရစ်တော်ဘုရား၏အမှုတော်ဆောင်ခြင်းကိုလေ့လာသုံး သပ်သောအခါ တစ်ဦးတစ်ယောက်နှင့် အစပြုခြင်း တွေ့ရပါသည် (ယော ၃း၁-၈။ လု ၁၉း၁-၁၀)။ သာသနာပြုခြင်းနှင့် ဧဝံဂေလိတရား၏အနှစ်သာရသည် လူတစ်ဦးတစ်ယောက်ချင်း၏ အပြစ်မှ နောင်တရခြင်းနှင့် ပြောင်းလဲခြင်းပင်ဖြစ်သည်။

 

(၄-၂) လူမှုတစ်ရပ်လုံး ပြောင်းလဲခြင်း (Social Transformation)

သာသနာပြုခြင်းသည် လူမှုတစ်ရပ်လုံးပြောင်းလဲစေခြင်းဖြစ်သည်။ လူသားများ၏ ကျင့်သုံးသော နည်းစနစ်ဆိုးများ (Evil System) အားလုံး ကို ဖော်ညွှန်းလျက်ပြုပြင်ပြောင်းလဲရပါမည်။ လူ့သမိုင်းတွင် လူသားမဆန် လူကုန်ကူးခြင်း၊ ကျွန်စနစ်များ ကျင့်သုံးခြင်းတိုသည် ဘုရားရှင်၏ အလိုတော်နှင့် မကိုက်ညီကြောင်း ဖော်ညွှန်းပြီး ဆန့်ကျင်လျက် အဖိုးအခ ပေး၍ ပြုပြင်ပြောင်းလဲခြင်းသည် သာသနာပြုခြင်း၏နယ်ပယ်တစ်ခုဖြစ် သောလူမှုရေးတစ်ရပ်လုံးပြောင်းလဲခြင်းကို ဆောင်ရွက်ခြင်းပင်ဖြစ်သည်။ ဤလုပ်ငန်းတွင် ထင်ပေါ်ကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦးမှာ wiliam wilberforce (1759-1833) ပင်ဖြစ်ရာ ဗြိတိန်ပါလီမန်တွင် အမုန်းခံလျက် အဖန် တလဲလဲ အဆိုပြုပြီး နောက်ဆုံးတွင် အောင်မြင်ခဲ့လေသည်။ အလားတူပင် ခေတ်ပေါ် သာသနာပြုလှုပ်ရှားမှု၏ ဖခင်ကြီး William Carey (1761-1834) သည် Satee ခေါ် ဟိန္ဒူလူမျိုးများ၏ အကျင့်ဆိုး တစ်ခုကို ပြုပြင်ပြောင်းလဲပေးလိုက်သည်။ ဟိန္ဒူထုံးတမ်းစဉ်လာတွင် မိမိ ၏ခင်ပွန်းသည် ဆုံးပါးသော မုဆိုးမသည် သူ၏ ခင်ပွန်းသည်နှင့် အတူမီးရှို့ခြင်း ခံရပါသည်။ William Carey သည် ထိုအစဉ်အလာကို ဖျောက်ဖျက်ဖို့ရန် အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့သည်။ အဖိုးအခများစွာ ပေးလေ သည်။ နောက်ဆုံးတွင်ကားအောင်မြင်ခြင်းရပြီးဤစနစ်ဆိုးကြီးကို ဖျောက်ဖျက်နိုင်ခဲ့လေသည်။ သာသနာပြုခြင်း၏ နယ်ပယ်ဖြစ်သော လူမှုတစ်ရပ်လုံး ပြောင်းလဲခြင်းကို ဆောင်ရွက်ခြင်းပင် ဖြစ်သည်။

(၄- ၃) တစ်လောကလုံးကို ပြောင်းလဲစေခြင်း (Transformation of the Whole World)

သာသနာပြုခြင်း၏တတိယနယ်ပယ်မှာတစ်လောကလုံးကိုပြောင်းလဲစေခြင်းဖြစ်သည်။ မုန်းတီးမှု၊ ရန်ငြိုးမှု၊ သတ်ဖြတ်မှု၊ တရားမျှတမှုမရှိခြင်း အစရှိသော အနိဋ္ဌာရုံမျိုးစုံနှင့် ပြည့်ဝသည့် ဤလောကကြီးအား ပြောင်းလဲစေဖို့ပင် ဖြစ်သည်။ မေတ္တာတရား၊ ငြိမ်သက်ခြင်း၊ ပြန်လည်သင့်မြတ်ခြင်း၊တရားမျှတခြင်းမှ စသော ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီသည့် အရာများသည် ကမ္ဘာလောကကို ဖုံးလွှမ်းကာ ဤလောကကမ္ဘာ တစ်ခုလုံးသည် ဘုရားသခင်၏ အလိုတော်ပြည့်စုံရာ ကမ္ဘာလောကဖြစ်ဖို့ပင် ဖြစ်သည်။ တနည်းဆိုသော် ကမ္ဘာလောကတစ်ခုလုံးအား ဘုရားသခင်အလို တော်ပြည့်စုံရာကောင်းကင်နိုင်ငံအဖြစ်ပြောင်း လဲဖို့ သည်သာသနာပြုခြင်း၏ တတိယနှင့် နောက်ဆုံးနယ်ပယ်ပင် ဖြစ်သည်။

၅။ သာသနာပြုခြင်းကို သမ္မာကျမ်းစာ ရှုထောင့်မှ လေ့လာခြင်း

(Biblical Perspective of Christian Mission)

သာသနာပြုခြင်းဆိုသည်မှာ အပြစ်တရားကြောင့် ဘုရားရှင်နှင့် ကင်းကွာလျက်ရှိသောလူသားများအား ရှာဖွေလျက်ဘုရားရှင်ထံတော်ပါးသို့ ပြန်လည် ပိုဆောင်ကာ မိတ်သဟာယဖွဲ့စေခြင်းဖြစ်သည်။

ဖန်ဆင်းရှင်ဘုရားနှင့် လူသားများ ရင်ကြားစေ့ရေးပင် ဖြစ်သည်။ အမှန်စင်စစ်ဤရှာဖွေခြင်းလုပ်ငန်း သည် ဘုရားရှင်ကပင်အစပြုခဲ့ပါသည်။ ကိုယ်တော်ကို ရင်ဆိုင်ရဲဘဲ အပြစ်ဒုစရိုက်ကြောင့် ပုန်းအောင်းနေသော အာဒံနှင့်ဝေတိုအားဘုရားရှင်က “သင်တိုသည် အဘယ်မှာရှိကြသနည်း” (က ၃း၉) ဟူ၍ရှာပုံတော် ဖွင့်ခဲ့လေသည်။ ဤကား ဧဝံဂေလိနှင့် သာသနာ ပြုခြင်း၏ အစ ကနဦးပင် ဖြစ်သည်။ သို့ဖြစ်ရာ “သာသနာပြု ခြင်း၊ အစဘုရားက” သို့နည်းမဟုတ် “သာသနာပြုခြင်း အစ ဧဒင်ဥယျာဉ်က”ဟူ၍ ရဲရဲတင်းတင်း ဖော်ထုတ်ပါက မှားအံ့မည် မဟုတ်ချေ။ ဤကျမ်းပိုဒ်မှစ၍ ကျန်သော သမ္မာကျမ်းစာ တစ်အုပ်လုံးသည် ဤရှာပုံတော် ဇာတ်လမ်း (drama)၏ အဆက်သာ ဖြစ်သည်။ သို့ဖြစ်ရာ သမ္မာကျမ်းစာသည် သာသနာပြုခြင်း စာအုပ်ဟူ၍လည်း ခေါ်ဆိုနိုင်ပါသည်။ ဧဒင်ဥယျာဉ်နှင့် အစပြုသော လူ့သမိုင်းသည် ယေရုရှလင်မြိုသစ်နှင့် အဆုံးသတ်ပါသည် (ဗျာ ၂၁း၂)။ သမ္မာကျမ်းစာတော်မြတ်၏ အဓိကရည်ရွယ်ချက်မှာ ဘုရားရှင်ဖန်ဆင်းထားသော စကြဝဠာ တစ်ခုလုံးနှင့် သက်ရှိသက်မဲ့ အရာအားလုံးတို့သည် ဘုရားရှင်နှင့် ပြန်လည်သင့်မြတ်ခြင်း၊ မိတ်သဟာယဖွဲခြင်း ဖြစ်ပါ သဖြင့် သမ္မာကျမ်းစာအုပ်သည် သာသနာပြု (Mission) စာအုပ်ပင် ဖြစ်သည် ဟူ၍ ထပ်မံပြီး ဖော်ပြပါသည်။

 

(၅- ၁) ဓမ္မဟောင်းကျမ်း၏ သာသနာပြုခြင်း အမြင် (Old Testament Concept of Mission)

သမ္မာကျမ်းစာတစ်ခုလုံး၏ သာသနာပြုခြင်းကို လေ့လာသောအခါပိုမိုထင်ရှားသော သာသနာပြုခြင်း၏ နည်းဗျူဟာများ ရှိကြောင်း တွေ့ရှိရပါသည်။ ဓမ္မဟောင်းတွင် သာသနာပြုခြင်းကို ခြုံငုံပြီး ဖော်ပြသော ပုံရိပ် များ ရှိသကဲ့သို ဓမ္မသစ်ကျမ်းတွင်လည်း ရှိပါသည်။ သိုဖြစ်ရာ ၄င်းတို့ကို ဖော်ပြဖို့ရန် ပုံစံ (Model) ဟူ၍ ဖော်ပြသွားပါမည်။ သမ္မာကျမ်းစာထဲတွင်ရှိသော သာသနာပြုခြင်း၏ နည်းဗျူဟာများကို ပိုမိုနားလည်ဖိုရန်နှင့် ခြုံငုံဖို့ရန် မိုဒယ် (Model) ဟူ၍ ဖော်ပြရခြင်း ဖြစ်ပါသည်။

ဓမ္မဟောင်းကျမ်း၏ သာသနာပြုခြင်း အမြင်ကို မိုဒယ် (Model) (၃)ခုဖြင့် အောက်ပါအတိုင်း ဖော်ပြနိုင်ပါသည်။

 

(၅- ၁- က) သိနတောင်ဖိုဒယ် (Sinai Model)

အာဗြဟံမှစ၍ ဘုရားရှင်သည် လူသားများကို ရွေးချယ်လျက် ကိုယ် တော်၏အမျိုးအနွယ်တိုအား ဘုရားရှင်၏ လူမျိုးတော် (qdhal – the people of God) ဟူ၍ သတ်မှတ်ခဲ့လေသည်။ အာဗြဟံမှ ပေါက်ဖွားလာ သောသား ဣဇက်၊ ဣဇက်၏သား ယာကုပ်၊ ထိုယာကုပ်၏ အမျိုးအနွယ် ဖြစ်သော ဣသရေလလူမျိုး (၁၂)မျိုးတို့အား ဘုရားသခင်၏ လူမျိုးတော် ဟူ၍ သတ်မှတ်ခြင်း ခံခဲ့သည်။ ရွေးနှုတ်ခြင်းခံခဲ့သည်။ သူတို၏ ကောင်းမှု ကုသိုလ်ကြောင့်မဟုတ်ဘဲ အာဗြဟံမှ ပေါက်ဖွားသော အမျိုးအနွယ် ဖြစ် သောကြောင့် အလိုအလျောက် ဘုရားသခင်၏ လူမျိုးတော်ဖြစ်လာကြ သည်။ ထိုကဲ့သို လူမျိုးတော်ဖြစ်ခြင်းကို ခိုင်မာစေလျက် အတည်ပြုစေအံ့သောငှာ ဘုရားရှင်သည် သူရွေးချယ်သောခေါင်းဆောင်ဖြစ်သည့် မောရှေ အားဖြင့် ဣသရေလလူမျိုးများနှင့် ပဋိညာဉ် (covenant) ပြုခဲ့လေသည်။ ပြုခဲ့သောပဋိညာဉ်မှာ “ငါသည်သင်တို၏ဘုရားသခင်၊ သင်တိုသည် ငါ၏ လူမျိုးများ” ဖြစ်သည် ဟူ၍ပင် ဖြစ်သည် (ဝတ် ၂၆း၁၂)။ ထိုပဋိညာဉ်အား ဖြင့် ဣသရေလအမျိုးဝင် လူအားလုံးတိုသည် ဘုရားသခင်၏ လူမျိုးတော် များဖြစ်ကြလေသည်။ သိုဖြစ်ရာသိနာတောင်သည်ရွေးနှုတ်ခြင်း၏အချုပ် အခြာ၊ အလယ်ဗဟို (the center of election) ပင် ဖြစ်လေသည်။ တစ် ချိန်တည်းမှာပင် ထာဝရဘုရားနှင့် ဣသရေလလူမျိုးတို၏ ပဋိညာဉ်ပြုရာ ဌာနလည်း ဖြစ်သည်။

ဘုရားသခင်သည် အာဗြဟံမှစ၍ ဣသရေလ လူမျိုးတိုအား ရွေး ချယ်လျက် သူတိုနှင့် ပဋိညာဉ်ပြုသောအခါ အမှုမဲ့၊ အမှတ်မဲ့ပြုခြင်း မဟုတ် ပါ။ ကြီးမားသောမဟာ အကြံတော်ရှိပါသည်။ ထိုအကြံတော်မှာ သူတို သည် ဖန်ဆင်းခြင်းခံရသော လူသားအားလုံးတိုအတွက် အလင်းဖြစ်လျက် လူတိုင်းလူတိုင်းကို ဘုရားသခင် ထံတော်သို ပြန်လည် ပိုဆောင်ရန်ဖြစ် သည်။ အာဗြဟံကို ဘုရားသခင်မိန့်တော်မူသည့်အတိုင်း ရွေးနှုတ်ခြင်းခံသော ဣသရေလလူမျိုး (chosen people)တိုသည် ကမ္ဘာပေါ်ရှိ တစ်ပါး အမျိုးသား လူသားအားလုံးအတွက် ကောင်းချီးမင်္ဂလာ (blessing) ဖြစ် ဖို့ရန် ရွေးနှုတ်ခြင်း ဖြစ်သည်။ တနည်းဆိုသော် ဣသရေလလူမျိုးတိုသည် လူသားအားလုံးတိုကို ဘုရားရှင် ထံတော်ပါးသို ပြန်လည် ပိုဆောင်မည့် သာသနာပြုသောသူများ (missionary people) ဖြစ်ဖိုရန် ဘုရားသခင် က သူတိုအား ရွေးနှုတ်ခြင်းပင် ဖြစ်လေသည်။

အထူးဝမ်းနည်းစရာကောင်းသောအချက်မှာ ဣသရေလလူမျိုးတို့ သည် ရွေးနှုတ်ခြင်း၏ အနက်အဓိပ္ပါယ်ကို မသိကြချေ။ ဘုရားရှင်က သူတို့ကိုရွေးနှုတ်ခြင်းသည် လူမျိုးတကာထက် ကောင်းမွန်လျက်သူတို၏ကောင်း မှု ကုသိုလ်ကြောင့် ဖြစ်သည်ဟု ထင်မြင် ယူဆကြသည်။ အာဗြဟံမှ ပေါက် ဖွားသောမျိုးနွယ်ဖြစ်ခြင်းကို ဂုဏ်ယူဝင့်ကြွားကာ တစ်ပါးအမျိုးသားတို့ အား အထင်သေးလျက် ရှုတ်ချကြသည်။ ကျဉ်းမြောင်းသော မဟာလူမျိုး ကြီးဝါဒ ဝင်လာသည်။ သိနတောင်ပေါ်၌ သူတို၏ ခေါင်းဆောင်ကြီး မော ရှေအားဖြင့် ပြုခဲ့သော ပဋိညာဉ်သည် ဘယ်သောအခါမျှ ဖျက်သိမ်းခြင်း၊ ရုပ်သိမ်းခြင်း မရှိနိုင်သော ရာသက်ပန် ကောင်းချီးမင်္ဂလာ ဖြစ်သည်ဟု ယူဆကြသည်။ ရွေးနှုတ်ခြင်းကို အခွင့်အရေး တစ်ခုနှင့်သာ ယူဆလျက် သူတို၏ဆောင်ရွက်ရမည့် တာဝန်ဝတ္တရားကို ပျက်ကွက်ခဲ့သည်။ အရေးကြုံတိုင်း သိနတောင်တွင် ပဋိညာဉ်ပြုခဲ့သော ထာဝရဘုရားသည် သူတို ဖက်၌ အလိုအလျောက် ပါဝင်သည်ဟု ယူဆကြပါသည်။ ။

သိနတောင်ပဋိညာဉ်ကြောင့် ရွေးနှုတ်ခြင်း၏ အနက်အဓိပ္ပါယ်ကို လွဲမှားစွာယူဆသော ဣသရေလလူမျိုးတိုအား ဘုရားသခင်က ပရောဖက် များကို စေလွှတ်လျက် အကြိမ်ကြိမ် အဖန်ဖန် ဆုံးမခဲ့သော် လည်း မရပါ။ သူတို၏ ကျဉ်းမြောင်းသော မဟာလူမျိုးကြီးဝါဒသည် သူတိုအား မျက်စိ ကန်းစေခဲ့သည်။ ပရောဖက်တို့၏ အဓိက တာဝန်မှာ ရွေးနှုတ်ခြင်းကိုလဲ မှားစွာ ယူဆသော ဣသရေလလူမျိုးတိုအား ပြန်ခေါ်၍ လမ်းမှန်ပိုဆောင် လျက် သာသနာပြုစေဖိုရန် ဖြစ်သည်။ မအောင်မြင်ပါ။

 

(၅-၁-ခ) ဗာဗုလုန် မိုဒယ် (Babylon Model)

ရွေးနှုတ်ခြင်း၏ အနက်အဓိပ္ပါယ်ကို လွဲမှားစွာ ယူဆသော ဣသရေလလူမျိုးတို့အား ဘုရားသခင်သည် သွန်သင်ဆုံးမကာ ၅၈၆ ဘီစီအီး တွင် ဗာဗုလုန်နိုင်ငံမှ နေဗုခဒ်နေဇာရောက်ရှိလာပြီးယုဒနိုင်ငံကို သိမ်းပိုက် ခဲ့သည်။ ယုဒနိုင်ငံ၏ လူတော်လူကောင်းများ အားလုံးကို ဗာဗုလုန်နိုင် သို ကျွန်အဖြစ်နှင့် ခေါ်သွားပြီး သူ့ကျွန်ဘဝသို ရောက်စေခဲ့သည်။ ဗာဗုလုန်နိုင်ငံတွင် နှစ်ပေါင်း(၇၀)ကျွန်ခံခဲ့သည်။ ဗာဗုလုန်ရှင်ဘုရင်က သူတို့ အားကောင်းမွန်စွာနေရာပေးလျက်ရေကြည်ရာမြက်နုရာ ချီဗာ (Cheba) မြစ်ဝှမ်းမှာ နေထိုင်စေသည်။ အိမ်များ ဆောက်ပြီး နှစ်ရှည် စီမံကိန်းများ ချလျက် စိုက်ပျိုးကြကာ သူတို၏ သားသမီးများ လက်ထပ်၍ အိမ်ထောင် ပြုကြရန်နှင့် ထိုဗာဗုလုန်နိုင်ငံတွင် တိုးတက်ကြီးပွားဖို ဘုရားသခင်က အလိုတော် ဖော်ပြသည် (ယေရမိ ၂၉)။ သိုပင်သော်ငြားလည်း ယုဒလူမျိုး များသည် မိမိတို၏ နေထိုင်ရာ ယေရုရှလင်မြိုနှင့်ယုဒတိုင်းပြည်ကို လွမ်း ဆွတ် သတိရသည်။ ထိုအချိန်မှာ ဗာဗုလုန်နိုင်ငံသားများက ဇိအုန်တောင် ပေါ်ရှိ ဗိမာန်တော်တွင် သီဆိုခဲ့သော ဘုရားသီချင်းများကို ထိုနေရာတွင် လည်းသီဆိုရန် တောင်းဆိုကြသော်လည်း မရပါ။ တစ်ကျွန်းတစ်နိုင်ငံ၌ ဘုရားသခင်၏ သီချင်းကို အဘယ်သိုဆိုရပါမည်နည်းဟု ငြင်းဆိုကြသည် (ဆာ ၁၃း၁-၄)။ ဤတွင် ဘုရားသခင်၏ လူမျိုးတော်ယုဒလူမျိုးများ၏ မာန်မာန ပေါ်လာပါသည်။ သူတိုသည်လူမျိုးတော်ဖြစ်ကာ တစ်ပါးအမျိုး သားဖြစ်သော ဗာဗုလုန်နိုင်ငံသားတိုသည် ဘုရားရှင်၏ သီချင်းကို ကြားဖို ရန်ပင် မထိုက်တန်ပါဟု ယူဆကြောင်း ပေါ်လွင်စေခဲ့သည်။ သူတို၏ မှားယွင်းသောမဟာလူမျိုးကြီးဝါဒကို ချွေလျက်သာသနာ ပြုမည့် အစားဘုရား သခင်၏ ကယ်တင်ခြင်းသည် ဗာဗုလုန်လူမျိုးများနှင့် မထိုက်တန်ပါ ဟူ၍ ကျဉ်းမြောင်းစွာတွေး ခေါ်ကြဆဲ ဖြစ်သည်။ ဤဗာဗုလုန် မိုဒယ်သည် ကမ္ဘာလောကနှင့် ပတ်ဝန်းကျင်ကို အမြင်မကြည်ကာ ဧဝံဂေလိတရားကြားဖို ရန်ပင် မထိုက်တန်ပါ ဟူ၍ယူဆကြောင်း ပေါ်လွင်စေခဲ့ပါသည်။ ဗာဗုလုန် မိုဒယ်သည် လူမျိုးတော်ဖြစ်သော ဣသရေလလူမျိုးများ၏ သမိုင်းတစ်လျှောက်လုံး၌ ထင်ပေါ်သော မိုဒယ်တစ်ခုပင် ဖြစ်သည်။

 

(၅-၁-ဂ) ယေရုရှလင်မိုဒယ် (Jerusalem Model)

လူမျိုးတော်ဖြစ်သောဣသရေလလူမျိုးများသည် သူတိုအား ဘုရား ရှင်က နှစ်ခြိုက်သဘောကျလျက် ရွေးနှုတ်သော လူမျိုးဖြစ်သောကြောင့် အချိန်တန်သောအခါမှာ ကောင်းချီးမင်္ဂလာ ချပေးမည် ဟူ၍ ယုံကြည်မျှော် လင့်ကြသည်။ ထာဝရဘုရားသည် ပျောက်ဆုံးသွားသော ဒါဝိဒ်မင်း၏ နန်းဆက်နှင့် အုပ်စိုးခြင်းကို တစ်ချိန်ချိန်မှာ ပြန်လည်ဖော်ထုတ်ကာ သူတို့ကို အုပ်စိုးမည့် မေရှိယ ရှင်ဘုရင်ပေါ်လာလျက် ယေရုရှလင်မြို၌ အုပ်စိုးမည် ဟူ၍ ယုံကြည် မျှော်လင့်ကြသည် (မိက္ခာ ၄)။ ဝမ်းနည်းဖွယ်ကောင်းသော အချက်တစ်ခုမှာ ဓမ္မဟောင်းခေတ် ကုန်လွန်သည်အထိယေရုရှလင် မိုဒယ်သည် ပြည့်စုံခြင်းမရှိခဲ့ပါ။ ပို၍ ဝမ်းနည်းစရာကောင်း သည်မှာ က ရေလလူမျိုးများသည် ရွေးနှုတ်ခြင်း၏ အနက်အဓိပ္ပါယ်ကို လွဲမှားစွာ ခံ သောကြောင့် ဘုရားသခင်ပေးထားသော တစ်ပါးအမျိုးသားများကို ကယ် တင်ရမည့် မဟာလုပ်ငန်းကြီးကို ဆက်၍ လက်လွတ်သွားပါသည်။ လူ သားများ၏ သမိုင်းနှင့် ဣသရေလလူမျိုးတို၏ သမိုင်းသည် ဤနေရာ တွင် နိဂုံးချုပ်လျက် အဆုံးသတ်လိုက်ပါက ဘုရားရှင်သည် မိမိ၏ အန္တိမအကြံတော် (Ultimate Will) ကို မအောင်မြင်နိုင်သော ဘုရား၊ အကြံတော်ကို အထမမြောက်နိုင်သော ဘုရားပင် ဖြစ်ပါလိမ့်မည်။ သို့ရာတွင် ထာဝရဘုရားက ထိုကဲ့သို့သော ဘုရားမဟုတ်ပါ။ ဤဓမ္မဟောင်းကျမ်းမှ အထမမြောက်သော အကြံတော်ကို ဓမ္မသစ်၌ နည်းလမ်းရှာလျက် အထ မြောက်စေခဲ့ပါသည်။

 

(၅- ၂) ဓမ္မသစ်ကျမ်း၏ သာသနာပြုခြင်းအပြင် (NT Concept of Mission)

ဆိုခဲ့သည့်အတိုင်းဓမ္မဟောင်းကျမ်းတွင်အထမမြောက်သောဘုရား သည် ဓမ္မသစ်ကျမ်းတွင် ဆက်လက်၍ လူသားများ၏ သမိုင်းကို ပဲ့ပြင် လျက် ကိုယ်တော်၏ အကြံတော်ကို အောင်မြင်ဖိုရန် ဆောင်ရွက်ခဲ့ပါ သည်။ ဓမ္မသစ်ကျမ်းရှိ ဘုရားရှင်၏ ဆောင်ရွက်ချက်များကို အောက်ပါ မိုဒယ်များ ဖော်ပြနိုင်ပါသည်။

 

(၅- ၂- က) ဗက်လင်မိုဒယ် “ဇာတိခံယူခြင်း” (Bethlehem Model)

လူမျိုးတော်အားဖြင့် မိမိအကြံတော်ကို ဖော်ထုတ်လိုသော ဘုရား၊ ပရောဖက်များအားဖြင့် လူမျိုးတော်အားလမ်းကြောင်းတည့်ပေးရန်ဆောင် ရွက်ခဲ့သော ဘုရားသည် အကြံမအောင်မြင်ခဲ့ပါ။ သိုရာတွင် လူသားတို ၏ သမိုင်းသည် အဆုံးမသတ်သေးပါ။ အချိန်တန်သောအခါ ဘုရားသခင် သည် ကြားခံလူများကို အသုံးမပြုတော့ဘဲ ခမည်းတော်၊ သားတော်။ သန့်ရှင်းသောဝိညာဉ်တော် သုံးပါး တစ်ဆူဘုရားထဲမှ တစ်ပါးဖြစ်သော သားတော်အားဖြင့် လူ့ဇာတိကို ခံယူလျက် မပြီးပြတ်သေးသော ကယ် တင်ခြင်းလုပ်ငန်းကို ဆက်လက် ဆောင်ရွက်ခဲ့ပါသည် (ဂလာ ၄း၄)။ နှုတ်ကပတ်တော်သည် လူ့ဇာတိကို ခံယူခဲ့သည် (ယော ၁း၁၄)။

သို့ဖြစ်ရာ ဗက်လင်မြို့ မိုဒယ်သည် သာသနာပြုဖို့အတွက် ဘုရား သခင် ကိုယ်တော်တိုင် လူဇာတိကို ခံယူခြင်း ဖြစ်သည်။ သခင်ယေရှုသည် ကယ်တင်ခြင်းလုပ်ငန်းအတွက် စေလွှတ်ခြင်း (missio-mission)ခံသော သားတော်ဖြစ်ပါသဖြင့် စစ်မှန်သော သာသနာပြု (Missionary)ပင် ဖြစ် သည်။ ထိုကြောင့် ဓမ္မသစ်ကျမ်း အသင်းတော်၏ သာသနာပြုခြင်းသည် ဗက်လင် မိုဒယ် ဖြစ်သောဇာတိ ခံယူခြင်းနှင့် အစပြုပါသည်။ ဤဇာတိခံယူ ခြင်းခေါ် ဗက်လင်မိုဒယ်ကို လေ့လာရာတွင် ဓမ္မဟောင်းကျမ်းထဲ၌ အလွန် ကောင်းသော အဖြစ်အပျက်လေးတစ်ခုကိုဤနေရာတွင်တင်ပြလိုပါသည်။ ၄င်းမှာ ရုသ၏ ဇာတိခံယူခြင်းပင်ဖြစ်သည်။

အစာငတ်မွတ်ခေါင်းပါးမှုကြောင့် မိမိတို၏ ဇာတိဖြစ်သော ဗက်လင် မြိုကို ထားခဲ့ပြီး ဒုက္ခသည်အဖြစ် မောဘပြည်သို ရောက်သွားသော ဧလိမ လက်နှင့် နောမိ လင်မယားတို့ရှိရာ သူ၏ ခင်ပွန်းသည် သေဆုံးသွားပါ သည်။ ထိုမျှမက မောဘလူမျိုးနှင့် အိမ်ထောင်ပြုသော သူ၏ သားနှစ်ယောက်သည်လည်း ကွယ်လွန်သွားပါ သည်။ ငတ်မွတ်ခေါင်းပါးခြင်းကာ လကုန်ဆုံးသောအခါ နောမိသည် သူ၏ဇာတိဖြစ်သောဗက်လင်မြို့သို့ ပြန် သွားရန် ပြင်ဆင်သောအခါ သူ၏ချွေးမနှစ်ယောက်က သူနှင့် လိုက်သွားဖို ရန် ခွင့်တောင်းသည်။ ခွင့်မပြုပါ။ အကြောင်းမှာ သူသည် သားမရှိတော့ပြီ ဖြစ်၍ သူ့ချွေးမတို၏ ဘဝ ဆုံးရှုံးရမည်ကို မနှစ်မြိုသောကြောင့် ဖြစ်သည်။ ဤတွင် ချွေးမတစ်ယောက်က ကျန်ရစ်ခဲ့ပြီး အခြားချွေးမ တစ်ယောက်ဖြစ် သူ ရုသကသူ့ယောက္ခမ ကြီးနှင့် လိုက်သွားဖိုရန် အတင်းတောင်းပန်သဖြင့် လိုက်ခွင့်ပြုပါသည်။ ထိုအခါ ရုက အောက်ပါစကားများကို ပြောဆိုရာ ၄င်းတိုမှာ ဇာတိခံယူခြင်း၏ အနှစ်သာရကို ပေါ်လွင်စေခဲ့ပါသည် (ရုသ ၁း၁၆-၁ရ)။

 

(၅- ၂- က/၁) ကိုယ်တော်သွားရာ ကျွန်မသွားပါမည်။ ကိုယ်တော်အိပ်ရာ ကျွန်မအိပ်ပါမည်။ (I’ll go wherever you go. I’ll sleep wherever you sleep)

ဤအချက်သည် ကျွန်ုပ်တို့ သာသနာပြုရမည့် သူများတို့၏ စီးပွား ရေးအခြေအနေ၌ ကျွန်ုပ်တို့၏ ဘဝကို နှစ်မြှုပ်ပြီး သူတို၏ ဇာတိကို ခံယူ ခြင်း ဖြစ်ပါသည်။

 

(၅- ၂- က/၂) ကိုယ်တော်၏ အမျိုးသည် ကျွန်မ၏ အမျိုး (Your people will be my people)

သူတစ်ပါး၏ ရိုးရာယဉ်ကျေးမှုထဲသို နှစ်မြှုပ်ကာ ဇာတိခံယူဖိုကို ပြောလိုခြင်းပင် ဖြစ်ပါသည်။ သူတစ်ပါး၏ ရိုးရာယဉ်ကျေးမှုထဲသို ဇာတိ မခံမချင်း တစ်သွေးတစ်သားတည်း ဖြစ်နိုင်မည် မဟုတ်ချေ။

 

(၅- ၂- ၈/၃) ကိုယ်တော်၏ ဘုရားသည် ကျွန်မ၏ ဘုရားဖြစ်ပါစေ။ (Your God will be my God)

သူတစ်ပါး၏ စီးပွားရေး အခြေအနေ၊ ရိုးရာယဉ်ကျေးမှုထဲ၌သာ နှစ် မြှုပ်ပြီး ဇာတိခံယူခြင်း မဟုတ်ဘဲ သူတို၏ဘာသာတရားတွင်လည်း ဇာတိ ခံယူဖို လိုအပ်ပါသည်။ သူတို၏ ဘာသာတရားကို လက်ခံပြီး ကိုးကွယ်ဖို့ ပြောလိုခြင်း မဟုတ်ပါ။ သို့ရာတွင် သူတို့၏ ကိုးကွယ်ယုံကြည်သော ဘာ သာတရား နှင့်ယုံကြည်ခံယူချက်များကို လေ့လာနားလည် သဘောပေါက် ဖို့ လိုအပ်ကြောင်း ဖော်ပြခြင်း ဖြစ်ပါသည်။ ထိုမျှလောက် ဇာတိခံယူနိုင်ပါ မှ မိမိဝေမျှလိုသော ဘုရားနှင့် ဘာသာတရားတိုကို ဝေမျှနိုင်မည်သာ ဖြစ်ပါသည်။

ထိုကြောင့် ယနေ့ သာသနာပြုခြင်းသည် မိမိကိုယ်မိမိ စွန့်လွှတ်ပြီး လည်း ခေါ်ဆိုနိုင်ပါသည်။ သူတစ်ပါး၏ ဇာတိကို ခံယူသော သာသနာ (Kenotic Mission) ဟု

(၅- ၂- ခ) နာဇရက်မိုဒယ် (Nazareth Model)

သခင်ယေရှုသည် နှစ်ပေါင်း (၃၀) လောကနှင့်ဆိုင်သော မိသားစု များနှင့်အတူနေပြီး ဘဝကို ရုန်းကန်ခဲ့ပါသည်။ အနှစ် (၃၀)ပြည့်သောအခါ သူဇာတိခံယူရခြင်း၏ အဓိကပန်းတိုင်ဖြစ်သော ကယ်တင်ခြင်းအမှုတော် ကို ဆောင်ရွက်ဖိုရန် မိမိကြီးပြင်းရာနာဇရက်မြို၌ကြေငြာချက် တစ်ခု ဖော် ထုတ်ခဲ့လေသည်။ ကယ်တင်ရှင်အဖြစ် လုပ်ငန်းဆောင်ရွက်ရန် အတွက် သူ၏ ပွဲဦးထွက် ဗွေဆော်ဦး ကြေငြာခြင်းလည်း ဖြစ်သည်။ ဤကြေငြာခြင်း ကို နာဇရက်မိုဒယ် သိုတည်းမဟုတ် နာဇရက်ကြေငြာခြင်း “Nazareth Manifesto”(လု ၄း၁၈-၂၀) ဟုလည်း ခေါ်ဆိုကြပါသည်။ အားလုံးခြုံငုံပြီး လေ့လာသောအခါတွင် ဤနာဇရက်မိုဒယ်သည် လူမှု တစ်ရပ်လုံး ပြောင်း လဲခြင်း (Social transformation) ပင်ဖြစ်သည်။ သခင်ယေရှု၏ အမှု တော်ဆောင်ခြင်းတွင် ဤကမ္ဘာလောကအား ဘုရားသခင်၏ နိုင်ငံတော် သို ပြောင်းလဲစေခြင်း (ဗျာ ၁၁၁၅) သည် ပင်တိုင်လုပ်ငန်းနှင့် အဓိကရည် ရွယ်ချက်ပင် ဖြစ်ရာ နောက်ဆုံးတွင် ဘုရားရှင် ဖန်ဆင်းသော ကမ္ဘာလော က တစ်ခုလုံးသည် ဘုရားသခင်၏ နိုင်ငံတော်အဖြစ်သို ရောက်ရမည်သာ ဖြစ်သည်။

 

(၅-၂- ၁/၁) ဆင်းရဲသားများအတွက် ၀မ်းမြောက်စရာသတင်း (good news for the poor)

ခရစ်တော်ယူဆောင်လာသော ဧဝံဂေလိ သတင်းတော်မြတ်သည် ဆင်းရဲသော သူများ (the poors) အတွက် အဓိက ဖြစ်ပါသည်။ တချို့သော ခရစ်ယာန်အသင်းတော်များသည် ဤဆင်းရဲနွမ်းပါးခြင်းကို ဝိညာဉ် ရေးရှုထောင့်မှသာ အနက်ဖွင့်ပြီး စိတ်နှလုံးဆင်းရဲခြင်း၊ ဝိညာဉ်ရေးချိုတဲ့ ခြင်း (spiritual poverty) ဟူ၍ အနက်ဖွင့်လေ့ရှိပါသည်။ သိုရာတွင် ခရစ်တော်သည်ဤနေရာတွင်ပစ္စည်းပစ္စယဆင်းရဲနွမ်းပါးခြင်း (material poverty) ကို ဆိုလိုခြင်းပင် ဖြစ်ပါသည်။ အကြောင်းမှာ ပစ္စည်းပစ္စယ ဆင်းရဲနွမ်းပါးခြင်းသည် လူသားများ၏ မွေးရာပါ သိက္ခာ (human dignity) ကို ထိပါးစေသောကြောင့် ဖြစ်သည်။ လူမှုရေးလောကတွင် သူဌေးသူ ကြွယ်တို့သည် မရှိဆင်းရဲနွမ်းပါး သူတို့အား သူတစ်ပါးနှင့် တန်းတူရည်တူ သတ်မှတ်ခြင်းမပြုဘဲ အထင်သေးခြင်း၊ စွန့်ပယ်ခြင်း၊ ရှုတ်ချခြင်းပြုကာသူ တို၏ မွေးရာပါ သိက္ခာကို လုံးဝ အသိအမှတ် မပြုကြပါ။ ထိုကြောင့် ဆင်းရဲ နွမ်းပါးသောသူများအား လူစဉ်မမီသူများ ဟူ၍ အသိုင်းအဝိုင်းက ပယ်ကြ ပါသည်။

ဆင်းရဲနွမ်းပါးခြင်းသည် ယခင် အတိတ်ကာလ၌ ပြုခဲ့မိသော လုပ် ရပ်၊ ကံတရား၏ အကျိုးဆက်ဖြစ်သည်ဟု ယေဘုယျအားဖြင့် လူတချိုက ခံယူပါသည်။ ထိုကြောင့်လည်း ဆင်းရဲနွမ်းပါးခြင်းကို ညင်သာစွာဖြင့် ခံနိုင် ကြပါသည်။ နားလည်သဘောပေါက်ကြပါသည်။ လူတစ်ဦးသည် မည်မျှ ပင် ကြိုးစားအားထုတ်စေကာမူ သူ၏ ယခင် အတိတ် ဘဝများတွင် ပြု လုပ်ခဲ့သောအလုပ်များ၏ အကျိုးဆက်ကြောင့်သူသည် ဆင်းရဲနွမ်းပါးခြင်း ဝဲဂယက်ထဲတွင် အမြဲပင် ခံစားရမည်ဟု ယုံကြည် လက်ခံကြပါသည်။ ပြုသောအမှု ကုသိုလ်ကံ (fate)၏ ပြုပြင်ဖန်တီးမှုဟု ယူဆသောကြောင့် ဘဝကို ကျေနပ်စွာ လက်ခံတတ်ကြပါသည်။

Pierrie Gheddo ခေါ် ကက်သလစ် ဘုန်းတော်ကြီး တစ်ပါးက တတိယကမ္ဘာအုပ်စုများ အဘယ်ကြောင့် ဆင်းရဲကြသနည်း။ (Why is the third world poor?) ဟူသော စာအုပ်တစ်အုပ် ရေးသားခဲ့ဖူးပါ သည်။ ထိုစာအုပ်တွင် သူသည် ထိုခေတ်က တတိယကမ္ဘာအုပ်စု (third world) ဟု အခေါ်ခံရသော တိုင်းနိုင်ငံများ၏ ဆင်းရဲနွမ်းပါးခြင်း အကြောင်းရင်းကို ဖော်ပြရာ သူတို့၏ တစ်ဖက်စွန်းရောက်သော ဘာသာအ ယူဝါဒ၊ ပွဲလမ်းသဘင် လွန်ကျူးစွာ ကျင်းပမှု၊ သူတို၏ လည်ပတ်နေသော အတွေးအခေါ်(cyclic view of life) စသည်ဖြင့် တတိယကမ္ဘာအုပ်စုရှိ လူသားများ၏ အားနည်းချက်နှင့် လိုအပ်မှုများကို ထောက်ပြခဲ့ပါသည်။ သို ရာတွင် သူအလေးမထားမိသော အချက်တစ်ခုမှာ တတိယကမ္ဘာအုပ်စုနှင့် တကွ တစ်ကမ္ဘာလုံးရှိ ဆင်းရဲသော သူများ၏ ဆင်းရဲနွမ်းပါးရခြင်း ဇာစ် မြစ်(root cause)မှာသူတိုသည် မတရားသောစီးပွားရေးစနစ်၏ဓားစာခံ «p:/303:6mEup: (victims of the unjust economic system) ဖြစ်ခြင်းပင် ဖြစ်သည်။ ကျမ်းစာတော်မြတ် ကလည်း ဆင်းရဲနွမ်းပါးခြင်း၏ အကြောင်းရင်းနှင့်ဇာစ်မြစ်မှာမတရားသောစီးပွားရေးသမားများ၏ ခေါင်း ပုံဖြတ်ခြင်း အမြတ်ထုတ်ခြင်း ဖြစ်သည်ဟူ၍ ခံယူပါသဖြင့် ဆင်းရဲနွမ်းပါး သောသူများအား ဦးစားပေးခြင်း (preferential option for the poor) ပြုလုပ်ခဲ့ပါသည်။ ဘုရားသခင်သည် ကြားနေသော ဘုရားမဟုတ်ပါ။ ဆင်းရဲသောသူများနှင့် အနှိမ်ခံသောသူများဘက်တွင် အမြဲရပ်တည်သော ဘုရားသခင်၊ ဘက်လိုက်သော ဘုရားသခင်ပင် ဖြစ်ပါသည်။ အကြောင်းမှာ ဆင်းရဲနွမ်းပါးမှုသည် ဘုရားသခင်၏ ပုံသဏ္ဍာန်တော်နှင့်အညီ ဖန် ဆင်းခြင်းခံရသောမွေးရာပါလူ့သိက္ခာ (human dignity) ကိုထိပါးသော ကြောင့်ပင် ဖြစ်သည်။

ရှင်မဿဲ ၄ တွင် ခရစ်တော်အမှုတော်ဆောင်ခြင်း မပြုမီ တွေ့ကြုံ ရင်ဆိုင်ရသော စုံစမ်းခြင်း (၃)မျိုးကို တွေ့ရှိရပါသည်။ ပထမစုံစမ်းခြင်းမှာ ကျောက်တုံးများကို မုန့်ဖြစ်စေလျက် တန်ခိုးပြုခြင်းအားဖြင့် ဘုရားသခင်၏ သားဖြစ်ကြောင်းကို ဖော်ထုတ်ဖို ဖြစ်ပါသည်။ ဤစုံစမ်းခြင်းသည် ထိုခေတ် ကာလအတွက် အလွန်ပင် အဓိပ္ပါယ်ရှိသော စုံစမ်းခြင်း ဖြစ်ပါသည်။ ယုဒ တိုင်းပြည်တွင် ငတ်မွတ်ခေါင်းပါးခြင်းကပ် ဆိုက်ရောက်နေသော အချိန် ကာလပင်ဖြစ်ရာဘုရားသခင်၏ သားဖြစ်သော ခရစ်တော်ကဤငတ်မွတ် ခေါင်းပါးခြင်းကို ထိရောက်သော စီးပွားရေးစနစ် တစ်ခုခုဖြင့် ဖြေရှင်းနိုင် ပြီး တိုင်းပြည်တွင် ဖောဖောသီသီ စားသောက်နိုင်ပါက လူအများသည် သူ၏ နောက်သို လိုက်လာမည်မှာ အမှန်ပင် ဖြစ်ပါသည်။ သိုရာတွင် ခရစ် တော်ကမူ ထိုကဲ့သို မမြင်ပါ။ ယုဒတိုင်းပြည်၏ ငတ်မွတ်ခေါင်းပါးခြင်း အကြောင်းရင်းမှာ ထုတ်လုပ်မှုစနစ် (the system of production) ကြောင့် မဟုတ်ဘဲ ဖြန့်ချီမှုစနစ် (the system of distribution) ကြောင့်သာ ဖြစ်ကြောင်း ခရစ်တော် သေချာစွာသိပါသည်။ စုံစမ်းသည့်အတိုင်းယောင် ပြီး ကျောက်တုံးများကို မုန့်ဖြစ်လာစေရန် ထုတ်လုပ်မိပါကလည်း ကြွယ်ဝ ချမ်းသာသောသူများနှင့်လုယူရန်အင်အားများသောလူတန်းစားများ (the haves) က ပိုမိုကြွယ်ဝချမ်းသာပြီး မလုယူနိုင်သော အားငယ်သူ ဆင်းရဲ သားများ (the have-nots)က ဆင်းရဲမြဲ ဆင်းရဲမည် ဖြစ်သည်။ ချမ်းသာသောသူများနှင့် ဆင်းရဲသောသူများအကြား ကွာဟမှု (gap) သည် ပိုမို ကြီးမားလာမည်သာ ဖြစ်သည်။

ထိုကြောင့် ခရစ်တော်သည် လူသားများက မိမိတို့၏ အတွင်းစိတ် သဘော ပြောင်းလဲကာ မေတ္တာတရားဖြင့် အချင်းချင်း လူသားများ စာနာသော စိတ်သဘော၊ မေတ္တာသဘောကို ထားနိုင်ဖိုရန် မေတ္တာတရားလမ်း ဖြစ်သောလက်ဝါးကပ်တိုင် လမ်းကိုသာ ရွေးချယ်ခြင်း ဖြစ်ပါသည်။ ဤ မေတ္တာ တရားပါသော စစ်မှန်သည့် ဖြန့်ချိမှု နည်းစနစ်ကို ခရစ်တော်သည် အစာငတ်သောသူငါးထောင်တိုအား လူငယ်တစ်ယောက်က သူ၌ပါလာ  သောမုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကို ပေးကမ်းလှူဒါန်းခြင်းဖြင့် ကျွေးမွေး သော အဖြစ်အပျက်တွင် အတိအလင်း ဖော်ထုတ်ခဲ့ပါသည် ။(ယော ၆း၁-၁)။

ခရစ်တော်၏ဧဝံဂေလိတရားတော်သည် ဦးစွာပထမ ဆင်းရဲ သော သူများအတွက် ဖြစ်ပါသည်။ သူတို့ကို ဖိစီးနှိပ်စက်ပြီး ခေါင်းမထောင် နိုင်၊ နပ်မှန်မှန်မစားနိုင်သော သူတို့အား ဆင်းရဲနွမ်းပါးသည်ထက် ဆင်းအောင် ပြုလုပ်သော မတရား မမျှတသည့် စီးပွားရေး စနစ် (unjust economic system) ကိုပြင်ပအမြင်အားဖြင့်ပြောင်းလဲခြင်းမဟုတ်ဘဲအတွင်း စိတ်သဘော၌ မေတ္တာတရားအားဖြင့် လူသားများ အချင်းချင်း စာနာခြင်း သနားခြင်းဖြင့် ဖော်ထုတ်သော ဆင်းရဲသားများအတွက် ဝမ်းမြောက်ဖွယ် သတင်းဖြစ်စေပါသည်။

ဆင်းရဲနွမ်းပါးခြင်းအကြောင်းကို လေ့လာရာ၌ ဆင်းရဲနွမ်းပါး အများစုသည် မတရားသော စီးပွားရေးစနစ်၏ဒဏ်ကြောင့်မဆင်းရဲချင်ဘဲ နှင့် ဆင်းရဲနွမ်းပါးသောသူများ ဖြစ်ကြသည်။ မတရားသော စီးပွားရေးစနစ် ၏ ဓားစားခံများ (victims) ဖြစ်သည်။ ဤကဲ့သို့သော ဆင်းရဲနွမ်းပါးခြင်း မျိုးကို သွတ်သွင်းသော ဆင်းရဲနွမ်းပါးခြင်း (Forced Poverty) ဟု ခေါ် သည်။ သိုပါသော်လည်း တစ်ချို့သော ဘာသာဝင်များသည် မိမိတို့၏ ဝိညာဉ်ပါရမီတိုးတက်ရန်နှင့်မတရားသောနည်းလမ်းဖြင့်ကြွယ်ဝချမ်းသာ ခြင်းကို တော်လှန်ရန် လောကစည်းစိမ်ကြွယ်ဝချမ်းသာခြင်း၊ ဇိမ်ခံခြင်းများ ကိုလုံးလုံးလျားလျားငြင်းပယ်လျက် ဆင်းရဲနွမ်းပါးမှုကိုရွေးချယ်ကြသည်။ ဆင်းရဲနွမ်းပါးစွာ နေထိုင်စားသောက်ကြသည်။ မိမိတိုကိုယ်ကို မိမိတို့ ချုပ်တည်းကြလေသည်။ ဤသိုသော ဆင်းရဲနွမ်းပါးမှုကို ရွေးချယ်သော ဆင်းရဲနွမ်းပါမှု (Voluntary Poverty) ဟု ခေါ်လေသည်။ ဤအတွေးအ ခေါ်ဖော်ထုတ်သူမှာ သီရိလင်္ကာနိုင်ငံမှ ကက်သလစ် ဓမ္မအတွေးအခေါ်ရှင် Aloysius Pieris (1934) ပင် ဖြစ်သည်။

ဆင်းရဲနွမ်းပါးခြင်းကို အကြွင်းမဲ့ ပပျောက်အောင် ပြုလုပ်နိုင်မည် မဟုတ်ကြောင်း သမ္မာကျမ်းစာက အတိအလင်းဖော်ပြထားပါသည်(တရား ဟော ၁၅း၁၁။ မ ၂၆း၁၁)။ သို့ပါသော်လည်း ဆင်းရဲနွမ်းပါးခြင်းကို လျှော့ချပြိး  (alleviation of epidemic poverty) ထိုဆင်းရဲသားများ၏ မွေးရာပါ လူ့သိက္ခာ (human dignity) ကို မြှင့်တင်ဖို့ လိုအပ်လေသည်။ (၂၁)ရာစု သာသနာပြုခြင်း၏ အနှစ်သာရတစ်ခုပင် ဖြစ်သည်။

သာသနာပြုခြင်းရှုထောင့်မှ နေ၍ ဆင်းရဲနွမ်းပါးသော ဝမ်းမြောက် စရာသတင်းဟူ၍ဖော်ပြသောအခါ ဆင်းရဲနွမ်းပါးခြင်း၏အကြောင်းအရင်း ဖြစ်သော တရားမျှတမှုမရှိသည့် စီးပွားရေးစနစ်ကို ချေမှုန်းဖိုရန် ဆိုလိုခြင်း ဖြစ်သည်။ ယခုအချိန်အခါတွင် ဆင်းရဲနွမ်းပါးမှုပပျောက်ဖို ပို၍ သွန်သင် သောအခါကြွယ် ဝချမ်းသာခြင်း၏သတင်းကောင်း (Prosperity Gospel) ဟူ၍ တင်ပြတတ်ကြပါသည်။ ဤကြွယ်ဝချမ်းသာခြင်း သတင်းကောင်း၏ အခြေခံကျမ်းချက်မှာ (၃ယော ၂)တွင် ပါရှိသော “အချင်းချစ်သူ၊ သင်၏ စိတ်နှလုံးသည် ကောင်းစားသကဲ့သို သင်သည်အရာရာ၌ ကောင်းစားခြင်း နှင့် ကျန်းမာခြင်းရှိမည်အကြောင်း ငါဆုတောင်း ၏။”ပင် ဖြစ်သည်။ အမှန် စင်စစ် ခရစ်တော်ကို ယုံကြည်သောကြောင့် ဤလောက၌ ဤကဲ့သိုသော ကြွယ်ဝချမ်းသာခြင်းကို အလိုအလျောက်ခံစားရန် မဟုတ်ပါ။ ခရစ်တော် ကို ယုံကြည်သောသူများတိုသည် ခရစ်တော်ကဲ့သို ကိုယ်ကျိုးစွန့် အနစ်နာ ခံရင်း မတရားသော စနစ်ဆိုးများကို ပယ်ဖျက်ဖိုရန် တာဝန်ရှိသည်။ ထိုကဲ့ သို မတရားသော စီးပွားရေးစနစ်နှင့် လူမှုရေးစနစ်တိုကို ပယ်ဖျက်ချေမှုန်း နိုင်မှ ဆင်းရဲနွမ်းပါးသော သူတိုသည် ဧဝံဂေလိတရား၏ အနှစ်သာရကို ခံစားနိုင်မည် ဖြစ်သည်။ သိုဖြစ်ပါ၍ မမှန်သော စီးပွားရေးစနစ်ကို ပယ်ဖျက် နိုင်ခြင်းမှထွက်ပေါ်လာသောဆင်းရဲသားတို၏ဝမ်းမြောက်ရခြင်းနှင့်ကြွယ် ဝချမ်းသာခြင်း သတင်းကောင်း (Prosperity Gospel) တိုသည် ထပ်တူ ထပ်မျှ မဟုတ်ကြောင်း မှတ်ထားရပါမည်။ သာသနာပြုခြင်းတွင် ခရစ်တော်နည်းတူလက်ဝါးကပ်တိုင်ထမ်းခြင်းနှင့်ထိုလမ်းစဉ်ကိုလိုက်လျှောက် ခြင်းသည် ဆင်းရဲနွမ်းပါသော သူများ၏ ဝမ်းမြောက်စရာသတင်းအတွက် အချုပ်အခြာပင် ဖြစ်သည်။ ရင့်ကျက်သော ခရစ်ယာန် ယုံကြည်ခြင်းသည် ဇိမ်ခံသောအသက်တာမဟုတ်ပါ။ လက်ဝါးကပ်တိုင်ကို ထမ်းခြင်းသာလျှင် ရင့်ကျက်သော ယုံကြည်ခြင်း ဖြစ်သည်။

 

 (၅- ၂- ၁/၂) ကြေမွသောသူတို့ ၏ အနာကို ပျောက်စေခြင်း (to bind up the broken hearted)

လောကတွင်ရှိသော ဒုစရိုက်အမျိုးမျိုးတို့ကြောင့် အချိုသောသ သည် စိတ်နှလုံးကြေမွလျက်ရှိပါသည်။ ခရစ်တော်၏ သာသနာပြုနည်းဗျ။ ဟာတွင် ဟောပြောခြင်း (preaching)၊ သွန်သင်ခြင်း (teaching) နှင့် ကုသခြင်း (healing) ဟူ၍ သုံးခု ရှိပါသည်။ စိတ်နှလုံး ကြေမွသူများအား ခရစ်တော်ဘုရား၏ အမှုတော်ဖြစ်သော ကုသခြင်းဖြင့် မစရပါမည်။ သာ သနာပြုရပါမည်။ ခရစ်ယာန်သာသနာပြုသမိုင်းတွင် ခရစ်တော်၏ ကုသ ခြင်း အမှုတော်ကို ဆက်ခံခြင်းအားဖြင့် ဆေးရုံများ၊ ဆေးဝါးများအားဖြင့် သာသနာပြုကြပါ၏။ သူတစ်ပါး၏ အနာကို စည်းပေးပါ၏။ ကိုယ်ကာယ ဖျားနာသော သူများသာမက စိတ်နှလုံးကြေမွသောသူများကို ဂရုပြုခြင်း (care and counseling) အားဖြင့် ကြေမွသော စိတ်နှလုံးနှင့် အနာ‌ရောဂါကို စည်းပေးကြလေသည်။

 

(၅- ၂- ခ/၃) ချည်နှောင်ခြင်းခံရသောသူများအတွက် လွတ်မြောက်ခြင်းသတင်း

(to proclaim freedom for the prisoners)

ယနေ့လူသားများကိုချည်နှောင်သောအရာအများအပြားရှိပါသည်။ ပြင်ပမှ ချည်နှောင်သော အရာများစွာ ရှိသကဲ့သို အတွင်းသဘော၌ ချုပ် ချယ်သောအရာများ အများအပြားပင် ရှိသည်။ လူသားများ၏ စွဲလန်းမှု အယူသည်းမှု (superstitions)၊ တစ်ကိုယ်ကောင်းကြံမှု (selfishness) တိုသည် လူသားများကို ချည်နှောင်သော တရားများပင် ဖြစ်ပါသည်။ ဤကဲ့သိုသောအသက်တာမျိုးသည် စစ်မှန်သော အသက်တာမျိုးမဟုတ်၊ ချည်နှောင်ခြင်း ခံသော အသက်တာမျိုး ဖြစ်ပါသည်။ ထိုကဲ့သို ချည်နှောင်သော အသက်တာမှ လွတ်မြောက်လျက် စစ်မှန်သော အသက်တာသို အသက်ရှင်နိုင်ဖိုရန် ခရစ်တော်ပေး သောအရာ တစ်ခုမှာ အမှန်တရားကို သိခြင်းပင် ဖြစ်ပါသည် (ယော ၈း၃၁-၃၂)။ အမှန်တရား (ယော ၁၄း၆) တည်းဟူသော ခရစ်တော်ကို သိခြင်းသာလျှင် လူသားတို့ခံစားနေရသော ချည်နှောင်ခြင်း အချုပ်ထောင်ထဲမှ တစ်ခုတည်းသော လွတ်မြောက်ခြင်း တရားပင် ဖြစ်ပါသည်။

လူသားများသည် မိမိတို့၏စိတ်နှလုံးအတွင်းသဘောအားဖြင့်အမှန် တရားကို မသိရှိနိုင်အောင် ချည်နှောင်ခြင်းခံရသကဲ့သို ပြင်ပရှိ လူမှုရေး ဆိုးသွမ်းမှု (social evils) တို၏ ချည်နှောင်ခြင်းများကိုလည်း အထူး အလဲ ခံရသောသူများ ဖြစ်ပါသည်။ ပြင်ပလောက၏ ဆိုးသွမ်းမှုကြောင့် မူးယစ်ဆေးဝါးများ သုံးစွဲခြင်း၊ HIV/AIDS ရောဂါများ ရရှိခြင်း၊ မိမိ၏ ကိုယ်ခန္ဓာကို ရင်းနှီးခြင်းဖြင့် ပျော်ပါးစွာ အသက်မွေးဝမ်းကျောင်း ရှာဖွေ ခြင်း စသော ဖိနှိပ်ချုပ်ချယ်မှု မျိုးစုံ၏ အောက်တွင် အကျဉ်းခံလျက် ရှိပါ သည်။ ခရစ်တော်သည် ထိုသူတို့အတွက် လွတ်မြောက်စရာ ဖြစ်စေအံ့ သောငှာ ဤလောကသို ကြွလာခြင်းပင် ဖြစ်သည်။ ချည်နှောင်ခြင်းခံရ သောသူများ၏ လွတ်မြောက် စရာအကြောင်းကို လေ့လာရာတွင် ဝိညာဉ် ပိုင်းဆိုင်ရာ ချည်နှောင်ခြင်း ခံသော သူများအတွက်သာ မဟုတ်ဘဲ ကိုယ် တိုင်ကိုယ်ကျ ရုပ်ခန္ဓာအားဖြင့် ချည်နှောင်ခြင်း ခံသောသူများ၏ လွတ် မြောက်စရာအကြောင်းလည်း စဉ်းစားရပါမည်။ လူပေါင်းမြောက်မြားစွာ တိုသည် မတရားမမျှတသော စနစ်ကြောင့် ရုပ်ပိုင်းခန္ဓာတွင် ချည်နှောင် ခြင်းခံကြသည်။ ထိုကဲ့သိုသော သူများအား သူတိုကိုယ်တိုင် မဆောင်ရွက် နိုင်သောအကျိုးဆောင်ခြင်း (Advocacy) များပြုလုပ်လျက် လွတ်မြောက် ရာအကြောင်းကိုလည်း ရှာဖွေပေးရပါမည်။ မတရားသော စနစ်၏ ဖိစီး နှိပ်စက်မှုကြောင့် အသံမပြုနိုင်သော (voiceless) လူတန်းစားအတွက် အသံပြုပြီး ကူညီမည့် အဖွဲ (Advocacy) ကို စီစဉ်ပေးရပါမည်။

 

(၅- ၂- ခ/၄) မျက်စိကန်းသောသူများ ပြန်မြင်စေခြင်း သတင်း (recovery of sight for the blind)

ဧဝံဂေလိတရားသည် မျက်စိကန်းသောသူများကို အဓိက ရည်စူး ခြင်းပင် ဖြစ်သည်။ လူသားများသည် မိမိတို့၏အတ္တဆန်သောအလိုကြောင့် မှန်ကန်စွာ မမြင်တတ်ဘဲ မှားယွင်းစွာ တွေ့မြင် ယူဆတတ်ပါသည်။ ခပ် သိမ်းသောအရာတိုကို မာယာ (illusion) အဖြစ် တွေ့မြင်ယူဆပြီး အစစ် အမှန်ကို မမြင်ကြပါ။ အတုအယောင် သာ မြင်တတ်ကြပါသည်။ ထိုကဲ့သို အတုအယောင်ကိုသာ မြင်သောကြောင့်လည်း နောက်ဆုံးတွင် စိတ်ပူပန်မှု ကို ရရှိကာ ပျော်ရွှင်သောအသက်ရှင်မှု၊ ငြိမ်သက်ခြင်းနှင့် ယှဉ်သော ဘဝကို အသက်မရှင်နိုင်ပါ။ လူသားများ ရရှိခံစားသော အသိပညာ ပညာပင်လျှင် အကျိုးရှိစွာ မသုံးတတ်၊ အပြုသဘောနှင့် မသုံးတည့် အဖျက်သ ဘောသာ ဆောင်တတ်ကြပါသည်။ မျက်စိကန်းသော ပညာကိုပင် အကျိုးရှိအောင် မသုံးတတ်ကြပါ။

၁၉၃၀ခုနှစ်များအတွင်း လူသားများအား မျက်စိက စေရန် လေ့လာသင်ကြားသော ပညာနှင့် စပ်လျဉ်း၍အတွေးအခေါ်နှစ်မျိုး ပေါ်ပေါက်ခဲ့ဖူးပါသည်။ Robert Hutchins ဦးဆောင်သော အဖွဲ့က ပညာဆိုသည်မှာ လူသား တစ်ဦးအနေဖြင့် ပီပီပြင်ပြင် အသက်ရှင်တတ်ဖို့ ရန် ပြင်ဆင်ခြင်း (preparation for life) ဖြစ်သည်ဟု ဆိုခဲ့ပါသည်။

John Dewey ဦးဆောင်သော အခြားအဖွဲ့ကမူ ပညာဟူသည် လုပ်ငန်းကျွမ်းကျင်မှုအတွက် ပြင်ဆင်ခြင်း (preparation for job) သည်ဟုဆိုပါသည်။ ဝမ်းနည်းစရာကောင်းသောအချက်မှာပညာသည် သက်တာအတွက် ပြင်ဆင်ခြင်းမဟုတ်၊ လုပ်ငန်းကျွမ်းကျင်မှု အတွက် ပြင်ဆင်မှုဖြစ်သည် ဟူသောအတွေးအခေါ်ကအနိုင် ရရှိခြင်းပင် ဖြစ်သည်။ ထိုအချိန်မှစ၍ လူကောင်း ဖော်ထုတ်ရန်ထက် လူတော်မွေးထုတ်ဖိုကိုသာ ပညာရေးစနစ်က ဦးစားပေးခဲ့ပါသည်။ ထိုကြောင့် မမှန်သော လိုအင်ဆန္ဒ များအတိုင်း လိုက်လျှောက်ခြင်း အားဖြင့် လူသားများ၏ မျက်စိကန်းခြင်း အား အမြစ်မှနေ၍ ကုသခြင်း မရှိပါသဖြင့် ပိုမို ဆိုးဝါးလာခဲ့သည်။

လူသည် မိမိရရှိသောပညာကို အကောင်းမြင်ဖို့ရန်နှင့် အကောင်းပြုလုပ်ဖိုရန် အသုံးမချဘဲ မိမိ၏ ကိုယ်ကျိုးအတွက်သာ အသုံးပြုလာပါ သဖြင့် ဆိုးသွမ်းမှုနှင့် ဖျက်ဆီးမှုတိုသည် များပြားလာလေလေ ဖြစ်သည်။

ခရစ်တော်သည် ထိုအရာအားလုံးတို့ကို မျက်စိကန်းသည်ဟု ဖော် ပြုပြီး မျက်စိကန်းသောသူတို့ကို ပြန်မြင်လာစေရန် သူ၏ သာသနာကို အစ ပြုခဲ့ပါသည်။ ထိုကဲ့သို့ မျက်စိပြန်မြင်ဖိုရန် လူသည် မိမိ၏ ပေါက်ဖွားလာ ရာအစမူလဖြစ်သောဘုရားသခင်နှင့် ပြန်လည်ဆက်သွယ်ပြီး မိတ်သဟာ ယဖွဲဖို လိုပါသည်။ ဘုရားသခင် မပါသော ဉာဏ်ပညာမှန်သမျှသည် မျက စိကန်းခြင်းပင် ဖြစ်သည်။ ထိုကြောင့် ထိုမျက်စိကန်းခြင်းကို ကုသရန် လူသားတိုအား အမြင်ဖွင့်ခြင်းကို သူသည် အစပြုလျက် အမြင်မှန်ကို နိုင်စေဖိုရန် အမှုတော်ဆောင်ခဲ့ပါသည်။

စစ်မှန်သော အသက်ရှင်ဖို့ရန် လူသည် အဘယ်ကြောင့် အသက်ရှင် လျက် ဘယ်ကို ဦးတည်ပြီး အသက်ရှင်ကြောင်းကို စတင် မေးခွန်း မေးဖို့ လိုပါသည်။ (Paulo Freire b.1921) ခေါ် ဘရာဇီးနိုင်ငံသား ပညာရှင် တစ်ဦးသည် ပညာ (Education) ဆိုသည်မှာ လူတစ်ဦးသည် မိမိ၏ အ တွေးအခေါ် ငိုက်မြည်းရာ (intellectual slumber)မှ နိုးကြားပြီး မေးခွန်း မေးတတ်ခြင်းပင် ဖြစ်သည်ဟု ဆိုပါသည်။ ခရစ်တော်သည် လူတစ်ဦးကို စတင် မေးခွန်း မေးတတ်ဖိုရန် ဆွပေးခဲ့ပါသည်။ အမြင်ဖွင့်ပေးခဲ့ပါသည်။

 

(၅- ၂- ခ/၅) နှိပ်စက်ခြင်းခံရသောသူများအား လွတ်မြောက်စေရန် (to release the oppressed)

ဘုရားသခင် ဖန်ဆင်းထားသော သတ္တဝါများကို လေ့လာပါက သနားကြင်နာခြင်း ကင်းမဲ့ကာအရှုံးမခံ၊ အနိုင်ယူသောသတ္တဝါများဖြစ်ကြ ပါသည်။ တောတိရစ္ဆာန်များ၌ သာမက လူသားများထံသို ကူးပြောင်းကာ လူသားများကလည်း အားနည်းသူကို ကြင်နာ သနားရမည့်အစား အနိုင် ကျင့်ကာ ဖိစီးနှိပ်စက်လိုသော အကျင့် ရှိပါသည်။ ထိုအတွေးအခေါ်ကို မယဉ်ကျေးသောစရိုက်၊ မယဉ်ကျေးသော အကျင့်နှင့် မယဉ်ကျေးသော အတွေးအခေါ် (jungle philosophy) ဟု ခေါ်ကြပါသည်။ ကြီးသောသူ များက ငယ်သောသူ၊ အားများသူက အားနည်းသောသူ၊ ချမ်းသာသူက ဆင်းရဲနွမ်းပါးသူများစသည်ဖြင့် ဤကမ္ဘာလောကရှိ လူသားများသည် နှိပ်စက်ခြင်း(oppression) ကို နည်းမျိုးစုံနှင့် ကျင့်သုံးကြပါသည်။ သစ် ပင်ပန်းပင်များ အပါအဝင် သက်ရှိအရာမှန်သမျှသည် မိမိတို၏ ရှင်သန်တိုး ပွားရာ၌ ပြိုင်ဆိုင်ကြကာ အားကြီးသော သူများသာ အသက်ရှင်လျက် ရှိကြသည့် သာစံဝါဒ (Survival of the fittest) ဟု Charles Darwin (1809-1882)ကအဆိုပြုခဲ့ပါသည်။ ဤအတွေးအခေါ်သည် လူသားများ ၏ စိတ်နှလုံး၌ တစ်ကိုယ်ကောင်းဆန်မှုကြောင့် ရှိနှင့်ပြီးသားဖြစ်သော ပြိုင်ဆိုင်လိုမှု၊ သူ့ထက် ငါသာအောင် ကြိုးစားအားထုတ်မှုစိတ်မှ ဖြစ်ပေါ် လာသော အကြီးက အငယ်၊ အများက အနည်းကို နှိပ်စက်လိုသော စိတ် ထားများ ပေးခဲ့ပါသည်။ ကျင့်သုံးစေခဲ့ပါသည်။

ဤအတွေးအခေါ်သည် လူ့အသိုင်းအဝိုင်းရှိ ဖိစီးနှိပ်စက်ခြင်း (oppression) ၏မူလအစပင် ဖြစ်လာပါသည်။ ခရစ်တော်၏လမ်းစဉ်က ကြီးသူက ငယ်သူ၊ များသူက နည်းသူ၊ ချမ်းသာ သူက မွဲတေသူကို ဖိနှိပ် ညှဉ်းဆဲကာ အနိုင်ကျင့်ဖို မဟုတ်ပါ။ အားကြီးသောသူများ၏ အသက်ရှင် ခြင်းနှင့် ရှင်သန်ကြီးပွား ခြင်းသည် အားနည်းသော သူများ၊ မရေရာသော သူများ၏ အကျိုးဖြစ်စေရန် (survival of the fittest for the renewal of the weakest)သာ ဖြစ်သည်ဟု ခရစ်တော်က သွန်သင် ခဲ့ပါသည်။ ထိုကြောင့် ခရစ်တော်သည် သက်တော်ထင်ရှားစဉ်အခါက အားကြီးသော သူများ၊ ချမ်းသာသော သူများကို ဦးစားမပေးဘဲ အပယ်ခံနှင်းပြားဘ၀၊ သူတစ်ပါး၏မျက်နှာလွဲခြင်းခံရသောသူများ၊ ဘေးရောက်သော သူများကို ဦးစားပေးပါသည်။ သူတိုဘက်မှ နေ၍ တိုက်ပွဲဝင်ခဲ့ပါသည်။ သူတို နှောင် ကြိုးဖြေဖို အစပြုခဲ့ခြင်းဖြစ်သည်။

ခရစ်တော်၏ သာသနာတော်သည် အဓိကအားဖြင့် အနိုင်ရသော လူများအတွက် မဟုတ်ပါ။ ဘေးရောက် အပယ်ခံ လူတန်းစားများအတွက် အဓိကဖြစ်ပါသည်။ ထိုနည်းတူစွာ ၂၁ရာစုတွင်ခရစ်တော်နည်းတူ သာသ နာပြုခြင်း (Mission in Christ’s way) သည် ဤအပယ်ခံ လူတန်းစားအတွက်အဓိကဖြစ်ရပါသည်။ ၂၁ရာစုအတွက်ခရစ်ယာန်သာသနာလုပ်ကွင်း သည် ခရစ်တော် ဖော်ပြခဲ့သော ဆင်းရဲနွမ်းပါးသူများ၊ ကြေမွသောသူများ၊ ချည်နှောင်ခြင်း ခံရသောသူများ၊ မျက်စိမမြင်သောသူများနှင့် ဖိစီးနှိပ်စက် ခြင်းခံရသော သူများ ဖြစ်ရပါမည်။ ဤလူစု (၅)စုကို မျက်နှာမမူသော သာသနာပြုခြင်းသည် ခရစ်တော်၏ သာသနာ မဟုတ်ဘဲ အားကြီးသော လူတစ်စု၏ကောင်းစားရေးကိုသာဦးစားပေးဂရုပြုသောဝိဝါဒ (ideology) သာလျှင် ဖြစ်ပါသည်။

 

(၅- ၂- ခ/၆) ထာဝရဘုရား၏ နှစ်ကာလကို ကြားပြောခြင်း (to proclaim the year of the Lord’s favor)

ဤကြေငြာချက်သည် နာဇရက် ကြေငြာချက်၏ အထွဋ်အထိပ် ” ပါသည်။ ထာဝရဘုရား၏ နှစ်ကာလသည် ယုဒလူမျိုးများအတွက် နှစ် နှစ်မြတ်ပင် ဖြစ်သည်။ နှစ်ငါးဆယ်ပြည့်တိုင်း သွေးချို (yobel) ကို မှုတ်လျက်ပျော်ပျော်ရွှင်ရွှင်ပွဲ ကျင်းပပါသည်။ ထိုသိုးချို (yobel) ကို အစွဲပြုလျက် ယုဘိလသဘင် (Jubilee) ဟူ၍ ပေါ်လာခြင်းပင် ဖြစ်သည်။

ဤယုဘိလသဘင်သည် ယုဒလူမျိုးများအတွက် အလွန်ပင် အရေး ကြီးသော ပွဲလမ်းသဘင် ဖြစ်လေသည်။ ထိုကဲ့သို အရေးကြီးခြင်း၏ ပထမ အချက်မှာဤပွဲလမ်း သဘင်တွင် ကြွေးမြီရှိသမျှ အားလုံး လျှော်ပစ်လျက် ထွတ်ငြိမ်းချမ်းသာခွင့်ပေးကြသဖြင့် မရှိဆင်းရဲသားများ မိမိတို၏ အကြွေး များ လွတ်ငြိမ်းချမ်းသာခွင့်ရကြသည်။

ဆင်းရဲနွမ်းပါးမှုကြောင့် သူတစ်ပါး၏ လက်ထဲသို ရောက်သွားသော လယ်မြေများကိုလည်း ပြန်ရသောကြောင့် အလွန်ပင် ဝမ်းမြောက်ဝမ်းသာ ကြသည် (ဝတ်ပြုရာကျမ်း၂၅ ကို ကြည့်ပါလေ)။ ဆင်းရဲသားများသည် အကြွေးမှ လွတ်မြောက်သည်သာမကဆင်းရဲနွမ်းပါးမှုကြောင့် လက်လွတ် သောအရာအားလုံးကို မိမိတို၏လက်ဝယ်ပြန်လည် ရရှိသောကြောင့် အလွန်ပင် ဝမ်းမြောက်ဝမ်းသာ ကြသည်။ ဝမ်းမြောက်ဝမ်းသာစရာ မဟုတ် ပါတေ။ ဘီလနှစ်ခေါ် ဘုရားသခင်၏ နှစ်ကာလ၏ အရေးကြီးသော အချက်တစ်ခုမှာဆင်းရဲနွမ်းပါးမှုကြောင့်သော်လည်းကောင်း၊ မတရားဖိနှိပ် မှုကြောင့်သော်လည်းကောင်း အကြောင်းအမျိုးမျိုးကြောင့် သူတစ်ပါး၏ ကျွန်တော့အားလုံးသည် လွတ်ငြိမ်းချမ်းသာခွင့်ရရှိကြသည်။ ကျွန်ခံ သောသူများအတွက် အလွန်ပင် မင်္ဂလာရှိသော နှစ်ဖြစ်လေသည်။ ခရစ် တော်ကြွလာပြီး အစပြုသော သူ၏ သာသနာတော်တွင် လူသားအားလုံး လွတ်မြောက်ဖိုရန် ဖြစ်လေသည်။ ဘုရားရှင်၏ နှစ်ကာလခေါ်ဤယူဘိလ နှစ် အ ခြင်း၏ဒုတိယအချက်မှာဤခင်သည် လူမျိုးရေးအဆောက် အအုံကို ပြန်လည်တည်ထောင်ခြင်း ဖြစ်သည်။ အကြွေအားလုံးကို ပြန် လည်ဖက်သိမ်းလျက်လယ်မြေနှင့်အဆောက်အဦးများကိုဆင်းရဲသားများ လက်ထဲသို ပြန်လည်ရောက်ရှိပါသဖြင့် ဤယုဘိလနှစ်သည် ငြိမ်းချမ်းရေး (Shalom – Peace) ကို တည်ဆောက် သော နှစ်ကာလလည်း ဖြစ်ပါသည်။ ငြိမ်းချမ်းရေး (Shalom- Peace)၏ ပထမအနှစ်သာရမှာခွင့်လွှတ် ခြင်းပင် ဖြစ်လေသည်။

သခင်ယေရှုဤလောကသိုကြွဆင်းလာရခြင်း၏ အဓိကအကြောင်း အ၎င်းမှာအပြစ်ဒုစရိုက်ကြောင့် ကင်းကွာနေသော ဘုရားရှင်နှင့် လူသားများအား ရင်ကြားစေ့လျက် ပြန်လည်သင့်မြတ်စေရေးပင် ဖြစ်လေသည်။ သိုဖြစ်ရာ ဧဝံဂေလိတရား၏ ပင်တိုင်ရည်ရွယ်ချက်မှာ အပြစ်ခွင့်လွှတ် လျက်ပြန်လည် သင့်မြတ်ခြင်းပင်ဖြစ် ပါသည်( ၂ကော ၅း ၁၁-၂၁)။ ပြန်လည်သင့်မြတ်ခြင်းမှ ပေါ်ထွက်လာသော ငြိမ်းချမ်းရေး:(Shalom – Peace) သည် သာသနာပြုခြင်း၏ အန္တိမပန်းတိုင် ဖြစ်ချေသည်။ ဘုရားသခင်နှင့် ပြန်လည် သင့်မြတ်ပြီး လူသားအချင်းချင်း လည်း ပြန်လည် သင့်မြတ်ရပါ မည်။ ၄င်းမှာ သာသနာပြုခြင်း၏ အဓိကရည်ရွယ်ချက်ပင် ဖြစ်သည်။ ဤ ငြိမ်းချမ်းရေးရဖိုအတွက် အထင်ကရခရစ်ယာန်ဓမ္မအတွေးအခေါ်ပညာရှင် ဖြစ်သော (Hans King – b. 1928) ၏ အဆိုအမိန့်မှာ

ဘာသာတရားအကြား ငြိမ်းချမ်းမှုမရှိပါက၊

ကမ္ဘာ့ငြိမ်းချမ်းရေးရမည် မဟုတ်ချေ။

ဘာသာတရားများ အချင်းချင်း မေတ္တာနှင့် ဖလှယ်မှုမရှိပါက

ဘာသာတရားများအကြား ငြိမ်းချမ်းရေးရမည် မဟုတ်ပါ။

(There will be no peace without religious peace,

There will be no religious peace without religious dialouge)

သို့ဖြစ်ရာ ဘာသာတရားများ အချင်းချင်းစားပွဲဝိုင်းတွင် ထိုင်လျက် ဘာသာတရားများ နှီးနှောဖလှယ်ဖို လိုအပ်ပါသည်။ မတူကွဲပြားမှုများကို ရှေ့တန်းမတင်ဘဲလျက် တူညီသော အနှစ်သာရများ ဖြစ်သည့် မေတ္တာ တရား၊ ခွင့်လွှတ်ခြင်းတရားနှင့် တရားမျှတခြင်းတိုကို ရှေ့တန်းတင်ကာ ကမ္ဘာတွင် လက်တွေ့အကောင်အထည် ဖော်နိုင်ဖိုအတွက် ဆွေးနွေး ဖလှယ်ကြရပါမည်။ အကြောင်းမှာ ငြိမ်းချမ်းရေးသည် သာသနာပြုခြင်း၏ ပန်းတိုင်ဖြစ်သောကြောင့်ပင် ဖြစ်သည်။ ခရစ်ယာန်များသည် ငြိမ်းချမ်းရေး ကိုလိုလားသောသူများ နှင့်ငြိမ်းချမ်းရေးကိုမြတ်နိုးသောသူများသာမဟုတ် ဘဲ ငြိမ်းချမ်းရေးကို ဖန်တီးသောသူများ ဖြစ်ဖို အလွန်အမင် အရေးကြီး ပေသည်။ ဤကား (၂၁)ရာစု သာသနာပြုခြင်း၏ မဟာစိန်ခေါ်မှု ” စေသည်။

 

(၅-၂-ဂ) ဂါလိလဲမိုဒယ် (Galilee Model)

ဓမ္မသစ်ကျမ်း၏သာသနာပြု မိုဒယ်တစ်ခုမှာဂါလိလဲမိုဒယ်ဟုဆိုရ ပါမည်။ သခင်ယေရှုသည် သေခြင်းမှ ထမြောက်ပြီး ကောင်းကင်ဘုံသို တက်ကြွသွားမည့် အချိန်ကာလ ရောက်သောအခါ သူ၏တပည့်တော်များ အား ဂါလိလဲနယ်ရှိ တောင်ပေါ်တွင် စောင့်ဖိုရန် မှာထား ခဲ့ပါသည်။ ကောင်းကင်ဘုံသို မတက်ကြွမီ ထိုတောင်ပေါ်မှ သူတိုအား ကမ္ဘာလောက အရပ်ရပ်သိုသွားလျက်ဧဝံဂေလိတရားဟောဖိုရန်နှင့်ယုံကြည်သူများအား ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်နာမတော်မြတ်၌ ဗတ္တိဇံပေးကာ သူသင်ပေးသမျှသော အရာများကို လိုက်လျှောက်လျက် တပည့်တော်စစ်များ ဖြစ်ဖိုရန် မှာထားခဲ့ပါသည်။ တနည်းအားဖြင့် ဆိုရသော် ဤမဟာစေစားခြင်းသည် လူသား တစ်ဦးစီတို့၏ ပြောင်းလဲခြင်း (personal conversion) နှင့် တပည့်တော်စစ်ဖြစ်ခြင်း (true discipleship) ကို ဖော်ညွှန်းခြင်း ဖြစ်သည်။ သူ၏နောက်ဆုံး အမိန့်ဖြစ်သောမဟာ စေစားခြင်းသည် ယနေ့ အသင်းတော်များ၏ ပထမဦးစားပေး လုပ်ရမည့် တာဝန်ဖြစ်လေသည်။ သာသနာပြုခြင်းတွင် နှစ်ဖက်ရှိရာတစ်ဖက်မှာ တစ် ဦးချင်း ပြောင်းလဲခြင်း (individual conversion) နှင့် တဖက်မှာ လူမှု တစ်ရပ်လုံး ပြောင်းလဲခြင်း (Social transformation) တို ဖြစ်ပါသည်။ သိုဖြစ်ရာသာသနာ ပြုခြင်းကိုလေ့လာတိုင်း၊ လေ့လာတိုင်းတွင်တစ်ဦးချင်း ပြောင်းလဲခြင်းကိုညွှန်းသော ဂါလိလဲမော်ဒယ် ခေါ်မဟာစေစားခြင်းနှင့်လူမှု တစ်ရပ်လုံး ပြောင်းလဲခြင်းကို ညွှန်းသော နာဇရက်မော်ဒယ်ကို ယှဉ်တွဲ လျက် လေ့လာရပါမည်။

 

(၅-၂-ဃ) အန္တိအုတ်မိုဒယ် (Antioch Model)

ဓမ္မသစ်ကျမ်း၏ နောက်ဆုံးမီရှင်မိုဒယ်တစ်ခုမှာ ဂါလိလဲ မိုဒယ်ခေါ် မဟာစေစားခြင်းကိုနာခံသော အသင်းတော်များကသာသနာပြုဖိုအတွက် သာသနာပြုများကို စေလွှတ်သော အန္တိအုတ်မိုဒယ်ပင်ဖြစ်သည်။ ယုံကြည် သူတပည့်တော်များသည် ညှဉ်းပမ်း နှိပ်စက်မှုများကြောင့် ယေရုရှလင်မှ နေရာအနှံအပြားသို ထွက်ပြေးကြကာတချိုသည် အန္တိအုတ်မြိုသို ရောက် သွားလျက် ထိုနေရာ၌ပင် “ခရစ်ယာန်”ဟူ၍ ပထမဆုံး ခေါ်ဝေါ်ခြင်းကိုခံရပါသည် (တ ၁၁း၂၆)။ ထိုအသင်းတော်မှ ယုံကြည်သူများသည် ရှောလု နှင့် ဗာနဗတို့အား ယုဒလူမျိုး မဟုတ်သော တစ်ပါးအမျိုးသားများသို့ သာသနာ ပြုခြင်း “Gentile mission” အစပြုဖို့ရန် ဆု တောင်း ဆက်ကပ်လျက် စေလွတ်ကြပါသည်။ ထိုကြောင့် အန္တိအုတ်မော်ဒယ်သည် အသင်းတော်၏ သာသနာပြုခြင်းကို ဖော်ညွှန်းခြင်းဖြစ်သည်။ အစောပိုင်းက ပြောခဲ့သည့်အတိုင်း အသင်းတော်၏ အဓိက တာဝန်ဝတ္တရားမှာ သာသနာပြု များ စေလွှတ်ဖို့ ဖြစ်သည်။ သခင်ယေရှုသည် အဓိကအားဖြင့် အသင်း တော်တည်ထောင်ဖိုရန် ကြွဆင်းလာခြင်း မဟုတ်ပါ။ ဘုရားသခင်၏ နိုင်ငံ တော် တည်ထောင်လျက် ထိုနိုင်ငံတော်တိုးချဲ့ဖိုရန် အသင်းတော်ကို တည် ထောင်ခြင်းသာ ဖြစ်သည် (မ ၁၆း၁၈)။

 

၆။ သာသနာပြုခြင်းကို တစ်လုံးတစ်ဝတည်း ရှုထောင့်မှ လေ့လာခြင်း (The Study of Mission from Ecumenical Perspective)

(၆- ၁) တစ်လုံးတစ်ဝတည်းဖြစ်ခြင်း၏ နောက်ခံသမိုင်းအကျဉ်းချုပ် (Brief Observation of Ecumenical Movement)

သာသနာပြုခြင်းနှင့်တစ်လုံးတစ်ဝတည်းဖြစ်ခြင်းလှုပ်ရှားမှုတို့သည် ပြတ်ပြတ်သားသား ခွဲ၍ မရပါ။ ရာစုအလိုက် ပြောရသော် (၁၉)ရာစုသည် သာသနာပြုခြင်းကို အသားပေးသောရာစု ဖြစ်ပြီး (၂၀)ရာစုသည်

တစ်လုံး တစ်ဝတည်း ဖြစ်ခြင်းကို အာရုံစိုက်သော ရာစုဖြစ်သည်။ စင်စစ်မှာ သာသ နာပြုခြင်း ရှိသောကြောင့် ထိုသာသနာပြုခြင်းကို ကျယ်ကျယ်ပြန့်ပြန့်နှင့် အရှိန်အဝါ ကြီးမားစွာ လုပ်ဆောင်ဖိုရန် တစ်လုံးတစ်ဝတည်း ဖြစ်ခြင်း၊ လှုပ်ရှားမှု ပေါ်လာရခြင်း ဖြစ်သည်။ ခေတ်ပေါ်သာသနာပြုခြင်း လှုပ်ရှားမှု ၏ ဖခင်ကြီး ဝီလျံကယ်ရီ (William Carey)ကပင် ၁၈ဝ၆ခုနှစ်တွင် သူ၏သာသနာပြုအဖွဲ့ဖြစ်သော နှစ်ခြင်း သာသနာပြုအဖွဲ့ (Baptist Missionary Society ) သို့ စာတစ်စောင် ရေးခဲ့ဖူးပါသည်။ ၁၈၁၀ခုနှစ်တွင် ကမ္ဘာ့ သာသနာပြုများ အားလုံး၏ ကွန်ဖရင့်တစ်ခုကို အာဖရိကတိုက်ရှိ  Cape of Good Hope မြို့တွင် ကျင်းပပြီး ကမ္ဘာ့သာသနာပြုခြင်းအကြောင်း ဒူးတိုက် ဆွေးနွေးကြရန် အဆိုပြုခဲ့ပါသည်။ မအောင်မြင်ခဲ့ပါ။

သိုရာတွင် ဘုရားရှင်သည် အမေရိကန်နိုင်ငံမှ မက်သဒစ် အသင်း တော်ခေါင်းဆောင်ကြီး ဂျွန်အာမော့ (John R. Mott 1865-1955) ကို အသုံးပြုလျက် ဝီလျံကယ်ရီ အဆိုပြုခဲ့သော ၁၈၁၀ခုနှစ်မှ နှစ်(၁၀၀) အကြာ ၁၉၁၀ခုနှစ်တွင် စကော့တလန်နိုင်ငံ၊ အီဒင်ဘာရာ (Edinburgh) မြို့တွင် ပထမဆုံးကမ္ဘာသာသနာပြုများ ကွန်ဖရင့် (World Missionary Conference)ကို ကျင်းပစေခဲ့ပါသည်။ တက်ရောက်သူပေါင်း(၁၂၁၅) ဦးဖြစ်ပြီး အရေးကြီးသော အချက် (၈)ခုကို ဆွေးနွေးတိုင်ပင်ကြလေသည်။ ၄င်းဆွေးနွေးသောအချက် (၈)ခုမှာ

(က) တစ်ကမ္ဘာလုံးသို ဧဝံဂေလိတရားသယ်ဆောင်ခြင်း ၊

(Carrying the Gospel to all the non- Christian World)

(ခ) ဒေသခံအသင်းတော်များနှင့် တရားဟောသောသူများ

(The Church in the mission field)

(ဂ) သာသနာပြုကွင်း၌ ပညာပေးလျက် ခရစ်ယာန်ဝါဒဖြန့်ချီခြင်း၊

(Education in relation to the Christianization of National Life)

(ဃ) အခြားဘာသာဝင်များအား ဟောပြောသော တရားတော်

(The Missionary Message in Relation to Non Christian Religions)

(င) သာသနာပြုများအား ပြင်ဆင်ခြင်း ၊

(The Preparation of Missionaries)

(စ) သာသနာပြုများ၏ မိခင်အသင်းတော်များ

(The Home Base of Missions)

(ဆ) သာသနာပြုခြင်းနှင့် ဒေသခံအစိုးရအဖွဲများ

(Missions and Government)

(ဇ) တစ်လုံးတစ်ဝတည်းဖြစ်ခြင်းနှင့် အတူတကွ လုပ်ဆောင်ခြင်း

(Co-operation and the Promotion of Unity) တို့ ဖြစ်လေသည်။

ကွန်ဖရင့်၏ အဓိကဆောင်ပုဒ်မှာ “ဤခေတ်ကာလအတွင်း တစ် ကမ္ဘာလုံးသည် ခရစ်တော်အတွက်” (The World For Christ In This Generation) ဖြစ်သည်။ ဤကွန်ဖရင့်တွင် အင်မတန် အရေးကြီးသော အချက်အလက်များ ကောက်ယူ ဆွေးနွေးကြပါသည်။ ဤကွန်ဖရင့် မတိုင် မီ ခရစ်ယာန်ဘာသာ မဟုတ်သော ဘာသာတရားများအား ခရစ်ယာန် ဘာသာကို ဆန့်ကျင့်သော ဘာသာတရား (anti-Christian religion) ဟူ၍ရှုမြင်ရာမှရန်သူကဲ့သို မမြင်တော့ဘဲ ခရစ်ယာန်အကြို ဘာသာတရားများ (pre-Christian religion) ဟူ၍ ရှုမြင်ရာမှ ရန်သူကဲ့သို့ မမြင့်တော့ဘဲ ခရစ်ယာန်အကြို သာသနာပြုရာ၌ မဟာပြောင်းလဲမှု တစ်ခုပင် ဖြစ်သည်။ ထိုနောက်မှစ၍ ကမ္ဘာ့သာသနာပြုအဖွဲများက အစည်းအဝေးများကို အကြိမ်ကြိမ် အဖန် ဖန် ကျင်းပကာ သာသနာပြုခြင်း၏ သမိုင်းတွင် မှတ်သားဖွယ်ရာ မှတ်တိုင် များ စိုက်ထူနိုင်ခဲ့ပါသည်။ ဤနှစ်များတွင် ကျင်းပသော သာသနာပြု အ စည်းအဝေးများသည် သာသနာပြုခြင်း အမြင်ကို တိုးတက်စေခဲ့ပါသည်။

ကမ္ဘာ့သာသနာပြုများ ကွန်ဖရင့် (WMC, 1910) မှ နိုင်ငံတကာ တစ်လုံးတစ်ဝတည်းလှုပ်ရှားမှုသုံးခု ထွက်ပေါ်လာသည်။ ပထမလှုပ်ရှားမှု မှာ ၁၉၂၁ခုနှစ် အမေရိကန်နိုင်ငံ Lake Mohonk, New York၌ ကျင်းပသော နိုင်ငံတကာ သာသနာပြုများကောင်စီ (Internatianal Missionary Council) ဖြစ်သည်။ ဤအဖွဲ့ကို Dr. John R. Mott ကိုယ်တိုင် ဦးဆောင်ခဲ့သည်။ ဒုတိယလှုပ်ရှားမှုမှာ အမေရိကန်နိုင်ငံမှ Episcopal Bishop ဖြစ်သူ Charles H. Brent (1862 – 1929)သည် အထက်ပါကွန်ဖရင့်မှ ရရှိသည့် အသစ်သော ရူပါရုံကြောင့် ကမ္ဘာ့ခရစ်ယာန်များ၏ ယုံကြည်ခြင်းနှင့် ကျင့်သုံးမှုဆိုင်ရာ လှုပ်ရှားမှု တစ်ခုကို စတင်ခဲ့ရာ ၁၉၂ရ ခုနှစ်တွင် ဆွစ်ဇလန်နိုင်ငံ၊ လော်ဆန် (Lausanne)မြို၌နိုင်ငံတကာညီလာ ခံတစ်ခုကျင်းပခဲ့ပါသည်။ နိုင်ငံ(၁၀၈)နိုင်ငံမှကိုယ်စားလှယ်ပေါင်း(၃၈)ဦး တက်ရောက်ခဲ့ပါသည်။ ထိုနောက်မှ၁၉၃၅ခုနှစ်တွင် Edinburgh မြိုတို တွင်တွေ့ဆုံပြီး ယုံကြည်ခြင်းနှင့် ကျင့်သုံးမှုဆိုင်ရာ အချက်များ ကျေကျ လည်လည် ဆွေးနွေး တိုင်ပင်ကြပါသည်။

Edinburgh မြို့တွင် ကျင်းပသည့် ကမ္ဘာ့သာသနာပြုများ ကွန်ဖရင့် မှ ဖြာထွက်လာသော တတိယ ရူပါရုံနှင့် နိုင်ငံတကာ လှုပ်ရှားမှုတစ်ခုမှာ ဆွီဒင်နိုင်ငံမှ လူသရင် Archbishop ဖြစ်သော Nathan Söderblom (1866-1931) ဦးစီးဦးဆောင်သည့် ခရစ်ယာန်အသက်တာနှင့်လုပ်ဆောင် မူ (Life and work) ဆိုင်ရာ လှုပ်ရှားမှု ဖြစ်ပါသည်။ ၁၉၂၅ခုနှစ်တွင် ဆွီဒင်နိုင်ငံ၊ Stockholm မြို့တွင် ကျင်းပပြီး ၃ရနိုင်ငံမှ ကိုယ်စားလှယ် ပေါင်း (၆၈၀)ဦး တက်ရောက်ခဲ့ပါသည်။ ဤညီလာခံ၏ အဓိကဆောင်ပုဒ် မှာ “ဓမ္မသွန်သင်ချက်သည် လူကို ကွဲပြား စေပြီး အစေခံဝန်ထမ်းခြင်း သည် လူကို စုစည်းလျက် တစ်လုံးတစ်ဝတည်း ဖြစ်စေသည်” (Doctrine Divides, Service Unites) ဟူ သောအချက်ပင် ဖြစ်သည်။ ၁၉၃ရ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၊ Oxford မြို့နှင့် ၁၉၃၈ခုနှစ်တွင် နယ်သာလန် နိုင်ငံ၊ Utrecht မြိုတိုတွင် နိုင်ငံတကာ ညီလာခံကျင်းပပြီး ခရစ်ယာန် အသက်တာနှင့် လုပ်ဆောင်မှုအကြောင်းတိုကို ကျေကျေလည်လည် ဆွေးနွေးကြပါသည်။ ။

၁၉၄၈ခုနှစ်၌ အထက်တွင် ဖော်ပြသော ယုံကြည်ခြင်းနှင့်ကျင့်သုံးမှု (Faith and Order)နှင့် ခရစ်ယာန် အသက်တာနှင့် လုပ်ဆောင်မှု (Life and work) လှုပ်ရှားမှု နှစ်ခုတိုသည် နယ်သာလန်နိုင်ငံ၊ Amsterdam မြို့၌ စုပေါင်းပြီး ကမ္ဘာ့အသင်းတော်များ ကောင်စီ (World Council of Churches) ဖွဲစည်းတည်ထောင်ခဲ့ကြပါသည်။ တစ်လုံးတစ်ဝတည်း စိတ် ဓာတ်ကို ဦးစွာပထမ မီးမွှေးပေးသော ကမ္ဘာ့သာသနာပြုအဖွဲအစည်း (International Missionary Council) မှာ ကမ္ဘာအသင်းတော်များကောင်စီ(WCC)သို့ အဖွဲ့ဝင် တစ်ခုအဖြစ် မဝင်သေးပါ။ အကြောင်းမှာသူ တို့၏ ဧဝံဂေလိတရားဟောပြောဖို လွတ်လပ်မှု အကန့်အသတ်ရှိမှာကို စိုးရိမ်သောကြောင့် ဖြစ်ပါသည်။ ၁၉၆၁ခုနှစ်၊ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို (New Delhi) ၌ ကျင်းပသော ကမ္ဘာ့အသင်း တော်များကောင်စီ၏ တတိ ယ အထွေထွေ ညီလာခံ ကျသောအခါမှ အဖွဲဝင်အဖြစ် ဆက်သွယ်ကာ ယင်းကမ္ဘာ့ အသင်းတော်များကောင်စီ၏ ဧဝံဂေလိနှင့် သာသနာပြုရေး ကော်မရှင် (Commission for World Mission & Evangelism) အဖြစ်နှင့် ဆက်လက် ရပ်တည်ပါတော့သည်။

ကမ္ဘာ့အသင်းတော်များကောင်စီသို့အဖွဲ့ဝင်အဖြစ်နှင့် မဆက်သွယ် လိုသော ဧဝံဂေလိအုပ်စုများလည်း ရှိပါသေးသည်။ သူတို့သည် ကမ္ဘာ့ဧဝံဂေလိ မိတ်သဟာယ (World Evangelical Fellowship) အဖြစ် နှင့် ရပ်တည်ပြိးနောက်တွင် ကမ္ဘာဧဝံဂေလိသဟာယ (World Evangelical Alliance) အဖြစ်နှင့် ယနေ့အထိ ရပ်တည်လျက် ရှိပါသည်။

 

(၆- ၂) သာသနာလုပ်ငန်း၌ ပေါင်းစည်းစေသော အချက်များ (Factors leading to Unity in Mission)

သာသနာပြုခြင်း၌ တစ်လုံးတစ်ဝတည်း ဖြစ်စေသော အချက်များ မှာ အောက်တွင် ဖော်ပြသည့်အတိုင်း ဖြစ်ပါသည်။

(က)တစ်ပါးတည်းသော အရှင်သခင် (One Common Lord)

(ခ) တစ်ခုတည်းသော အမိန့် (One Common Mandate)

(ဂ) တစ်ခုတည်းသော ကမ္ဘာလောကသို့ (One Common World)

(ဃ)တစ်ခုတည်းသော ပန်းတိုင် (One Common Goal) ၊

(င) တစ်ဦးတည်းသော ဘုံရန်သူ(One Common Enemy-Satan)

 

(၆- ၃) တစ်လုံးတစ်ဝတည်း ဖြစ်ခြင်းမှ သာသနာပြုခြင်းအပြင် (Ecumenical View of Mission).

တစ်လုံးတစ်ဝတည်းဖြစ်ခြင်း လှုပ်ရှားမှုကြီးသည် သာသနာပြုခြင်း၊ မှ စတင်ပေါ်လာခဲ့ကြောင်း အထက်တွင် ဆိုခဲ့ပြီး ဖြစ်သည်။ ဧဝံဂေလိ တရား၏ လွှမ်းမိုးမှုကြောင့်အပြစ်မှ နောင်တရသော လူတစ်ဦးစီတို၏ကယ် တင်ခြင်း ရရှိမှုမှာ ဧဝံဂေလိလုပ်ငန်း၏ အဓိကရည်ရွယ်ချက်ပင် ဖြစ်သည်။ သိုပါသော်လည်း ဧဝံဂေလိနှင့်သာသနာပြုခြင်းသည် ကမ္ဘာ့အသင်းတော် များကောင်စီသို့ အဖွဲဝင်ဖြစ်လာ သောအခါကမ္ဘာ့အသင်းတော်များကောင် စီ၏လွှမ်းမိုးမှုကြောင့် လူတစ်ဦးတစ်ယောက်၏ခံစားရစေသော ကယ်တင် ခြင်း (Personal Salvation) ရရှိမှုထက် လူမှုတစ်ရပ်လုံး ပြောင်းလဲခြင်း (Social Transformation) သည် ဤ ကော်မရှင်၏ ပင်တိုင်လုပ်ငန်း ပင် ဖြစ်လာပါတော့သည်။ လူမှုတစ်ရပ်လုံးပြောင်းလဲခြင်း၊ ဆိုးသွမ်းသောစနေ များ ပြောင်းလဲခြင်းနှင့် မဖွံဖြိုးသေးသော လူမျိုးနှင့် ဒေသတို၏ ဖွံဖြိုးရေး လုပ်ငန်းသည် ဤကော်မရှင်၏ အဓိက လုပ်ငန်းများ ဖြစ်လာပါသည်။

ကမ္ဘာ့အသင်းတော်များကောင်စီသည် ဤကဲ့သို လူမှုတစ်ရပ်လုံး ပြောင်းလဲခြင်း(Social Transformation) ကို ဖိဖိစီးစီး လုပ်ကိုင်ဆောင် ရွက်လာသောအခါ အပြစ်မှ နောင်တရသော သူများ၏ ခံစားရစေသော ပြောင်းလဲခြင်းနှင့် ကယ်တင်ခြင်း (Personal conversion and salvation) ကို ကိုယ်ဖိရင်ဖိ ဆောင်ရွက်နေသော ကမ္ဘာ့ဧဝံဂေလိသဟာယ (WEA)နှင့် အတော်ပင် နားလည်မှု ပျက်ပြားလာခဲ့ပါသည်။ တစ်ဖွဲနှင့် တစ်ဖွဲ အပြန်အလှန် ဝေဖန်ရှုတ်ချကြသည်။ ခရစ်ယာန်လှုပ်ရှားမှု ဟူ၍ အပြန်အလှန် အသိအမှတ်မပြုကြပါ။ သိုရာတွင် ၁၉၅၄ခုနှစ် Lausanne International Congress on World Evangelization အစည်းဝေးကြီးမှ စ၍ ထိုကဲ့သို မလိုလားအပ်သော တင်းမာမှုနှင့် ဝေဖန်မှုများ လျော့နည်းသွားပါသည်။

 

(၆-၄) ဂေဟပတ်ဝန်းကျင် ထိန်းသိမ်းခြင်း (Ecological Preservation)

စစ်မှန်သော ဧဝံဂေလိတရားတော်သည် လူသားများနှင့်တကွ ဘုရားရှင် ဖန်ဆင်းသော အရာ အားလုံး ကယ်တင်ခြင်း ရရှိရေးကို လက်ခံသော ဥဿုံ ဧဝံဂေလိတရားနှင့် ကယ်တင်ခြင်း တရား (Wholistic Mission/ Salvation) ပင်ဖြစ်ပါသည်။ သို့ရာတွင် ထိုကဲ့သို့ ဥဿုံကယ်တင်ခြင်းတရား ပဲ့သွားခြင်းမှာ ၁၀၅၄ခုနှစ် ပင်မကက်သလစ်အသင်းတော် ကြီး (Catholic Church) အား အနောက်ပိုင်းရောမကက်သလစ်အသင်း တော်(Roman Catholic Church) နှင့် အရှေ့ပိုင်းအော့ဒေါက်စ် (Eastern Orthodox) နှစ်ခြမ်းကွဲရာမှ ထွက်ပေါ်လာသော ဆိုးကျိုး တစ်ခု ဖြစ်ပါသည်။ အသင်းတော် အဖွဲအစည်းကိုသာ ကွဲပြားခြင်း မဟုတ်ဘဲ သူတို၏ ဓမ္မအတွေးအခေါ်ရပ်တည်မှုလည်း ကွဲပြားပါသည်။ အရှေ့ပိုင်း အသင်းတော်ဖြစ်သော အော့သိုဒေါက်စ် အသင်းတော်သည် ဘုရားသခင်၏ ကယ်တင်ခြင်းယန္တရားကိုတွေးခေါ်ရာ၌ ခြုံငုံသော ဂေဟ ကယ်တင်ခြင်း (Ecological soteriology) ကို လက်ခံပါသည် (ရော ၈း၁၈-၂၅)။ သို့ပါသော်လည်း အနောက်ပိုင်း ရောမကက်သလစ် အသင်းတော်ကမူ ဂေဟကယ်တင်ခြင်းကို စွန့်လွှတ်ပြီး မနုဿလူသားများ ကယ် တင်ခြင်း (Anthropological soteriology) ကိုသာ ပွေ့ဖက်ကြသည်။ ၁၉၆၁ခုနှစ်၊ နယူးဒေလီတွင် ကျင်းပသော တတိယအကြိမ် ကမ္ဘာ့အသင်းတော်ကောင်စီ အထွေထွေ ဓမ္မညီလာခံ၌ အရှေ့ပိုင်း အော့သိုဒေါက်စ် အသင်းတော်များ၊ ကမ္ဘာ့အသင်းတော်များ ကောင်စီ၏ တရားဝင် အဖွဲဝင် ဖြစ်လာသောအခါမှစပြီး အခြားသော ပရိုတက်စတင့် (Protestant) ခေါင်းဆောင်များအား သူတို၏ ကယ်တင်ခြင်း အတွေးအခေါ်သည် မပြည့် စုံသေးကြောင်း မကြာခဏ တပ်လှန့်လျက် ဝေဖန် ကြလေသည်။ သူတို၏ အကြိမ်ကြိမ် အဖန်ဖန် ဝေဖန်မှုကြောင့် ကမ္ဘာ့အသင်းတော်ကောင်စီရှိ အခြားသော ပရိုတက်စတင့် ခေါင်းဆောင်များသည် ဂေဟ ကယ်တင်ခြင်း ကိုလက်ခံကာ ၁၉၉ဝခုနှစ်၊ တောင်ကိုရီးယားနိုင်ငံဆိုးလ်မြို၌ကျင်းပသော Justice, Peace and Integrity of Creation (JPIC) ညီလာခံမှ  ဂေဟ ကယ်တင်ခြင်းကို ပြန်လည် ကောက်ယူကြသည်။ ထိုအချိန်မှစ၍ ကမ္ဘာ့အသင်းတော်များ ကောင်စီ၏ သာသနာပြုခြင်းတွင် ဂေဟသာသနာ ပြုခြင်းလည်း ထည့်သွင်း စဉ်းစားကြသည်။ ကမ္ဘာ့ တောတောင် သဘာဝ ရေ၊မြေ၊ လေ၊ သစ်ပင်၊ ပန်းပင်တိုမှ စ၍ သက်ရှိ သတ္တဝါအားလုံး ဇီဝမျိုးစုံ မျိုးကွဲ အားလုံးတို၏ ကယ်တင်ခြင်းကို စတင် ဆွေးနွေး လာပါတော့သည်။ လူမှုတစ်ရပ်လုံး ပြောင်းလဲခြင်းတွင် ဖန်ဆင်းသော အရာအားလုံးတို၏ ကယ်တင်ခြင်း၊ ရှင်သန်တိုးပွားခြင်းများလည်း အဓိကထည့်သွင်း စဉ်းစား လာပါတော့သည်။

 

၇။ သာသနာပြုခြင်း၏ မှတ်သားဖွယ်ရာ သမိုင်းမှတ်တိုင်များ ၊ (Remarkable Milestones in Mission)

သာသနာပြုခြင်းသမိုင်းကို ထဲထဲဝင်ဝင်လေ့လာသောအခါ လျစ် လျူရှု၍ မရသော သမိုင်း မှတ်တိုင်များ ရှိပါသည်။ ၄င်းမှတ်တိုင်များကို အောက်ပါအတိုင်း အကျဉ်းချုပ်အားဖြင့် တင်ပြသွားပါသည်။

 

(၇- ၁) ၁၉၁၀ခုနှစ်၊ စကော့တလန်နိုင်ငံ၊ အီဒင်ဘာရာမြို။

(World Missionary Conference, Edinburgh, Scotland, 1910)

ပရိုတက်စတင့် ခရစ်ယာန် (ရောမကက်သလစ်နှင့် အော့သိုဒေါက်စ် အသင်းတော်များ မပါ) သမိုင်းတွင် သာသနာပြုအဖွဲအစည်းများမှ ကိုယ်စားလှယ်များ စုံညီစွာ ပါဝင်သည့် ပထမဦးဆုံး ကမ္ဘာ့သာသနာပြုများ အ စည်းအဝေးကြီး ဖြစ်သည်။ မျက်မှောက်ခေတ် ခရစ်ယာန်များ တစ်လုံးတစ် ဝတည်း ဖြစ်ရေး လှုပ်ရှားမှု သမိုင်း၏ အစဟူ၍လည်း သတ်မှတ်ခဲ့သည်။

 

(၇-၂) ၁၉၂၁ခုနှစ်၊ အမေရိကန်ပြည်ထောင်စု၊ လိပ်ပို ဟောင်၌၊ နယူးယောက်မြို။

(International Missionary Council, Lake Mohonk, New York, 1921)

၁၉၁၀ခုနှစ် အီဒင်ဘာရာ စည်းဝေးကြီး၏ နောက်ဆက်တွဲအဖြစ် ကမ္ဘာ့သာသနာပြုအဖွဲ (၁၅)ဖွဲဖြင့် အပြည်ပြည်ဆိုင်ရာ သာသနာပြုများ ကောင်စီ (International Missionary Council-IMC) ကိုသမိုင်းဝင် ဖွဲစည်းနိုင်ခဲ့သည်။ ၂၀ရာစုခရစ်ယာန်သာသနာပြုသမိုင်း မှတ်တိုင်သစ် တစ်ခု စိုက်ထူလိုက်နိုင်ခြင်းဖြစ်သည်။

(၇- ၃) ၁၉၂၈ခုနှစ်၊ ဂျေရုဆလင်မြို။

(World Mission Conference of IMC, Jerusalem, 1928)

ပထမကမ္ဘာစစ်၌ ခရစ်ယာန်နိုင်ငံအချင်းချင်း စစ်တိုက်သတ်ဖြတ်ခဲ့ ကြသည့် အတွေ့အကြုံကြောင့် သာသနာပြုခြင်း ခံယူချက်များ ပြန်လည် သုံးသပ်မှု ဖြစ်လာစေပြီး ကမ္ဘာ့ဧဝံဂေလိလုပ်ငန်းနှင့် ဘုရားသခင်၏ နိုင်ငံတော်ဆိုင်ရာ အာရုံပြုမှုနှစ်မျိုး ထွက်ပေါ်လာရာ ဧဝံဂေလိအမြင် (evangelical)နှင့် တစ်လုံးတစ်ဝတည်း အမြင် (ecumenical) နှစ်အုပ်စု စတင် ၍ ပေါ်ပေါက်လာခဲ့သည်။

 

(၇-၄) ၁၉၃၈ခုနှစ်၊ အိန္ဒိယနိုင်ငံ၊ တမ်ဘရမ်မြို။

(World Conference of IMC, Tambaram, India, 1938)

သာသနာပြုခြင်းသည် အသင်းတော်၏ အဓိက အနှစ်သာရဖြစ်ပြီး သာသနာပြုလုပ်ငန်း၌ အသင်းတော်၏ ဗဟိုအချက်အချာကျမှုနှင့် သာ သနာပြုများသည် အခြားဘာသာဝင်များကို နားထောင်ခြင်းနှင့် အပြန်အ လှန် ဖလှယ်ခြင်းဖြင့် ချဉ်းကပ်၍ သက်သေခံသင့်ကြောင်း သဘောရကြ သည်။

 

(၇- ၅) ၁၉၄၅ခုနှစ်၊ ကနေဒါနိုင်ငံ၊ စီဘီမြို။

(World Conference of IMC, Whitby, Canada, 1947)

ဤအစည်းအဝေးတွင် ယခင်က အသင်းတော်အသီးသီး၊ ဂိုဏ်း ဂဏအသီးသီးတိုကသာသနာပြုခြင်းကို အပြိုင်အဆိုင်လုပြီး သာသနာပြု ကြရာမှ ဂိုဏ်းဂဏများ နားလည်မှုယူလျက် သာသနာပြုရန် ဟူ၍ မိတ်ဖက် သာသနာပြု (Partnership in Mission) ကို အထူးပြုလျက် စတင်ဖိုရန် ဆွေးနွေးကြပါသည်။ သာသနာနယ်လု ခြင်း၊ ယုံကြည်သူများကို သွေး၊ ဆောင်လျက် ပြောင်းလဲစေခြင်းများ လျော့နည်းလာတော့သည်။

 

 

(၇- ၆) ၁၉၅၂ခုနှစ်၊ ဂျာမနီနိုင်ငံ၊ ဝါလင်ဝင်မြိုအစည်းအဝေး

(World Conference of IMC, Willingen, Germany, 1952)

ဤအစည်းအဝေးတွင် အသင်းတော်အသီးသီးနှင့် ဂိုဏ်းဂဏအ သီးသီးတိုသည် နယ်မြေလုလျက် သူ့ထက်ငါသာအောင်ဆိုပြီး သာသနာ လုပ်ကွင်း၌ အပြိုင်အဆိုင် သာသနာပြုနေဆဲအချိန်မှာ ဘုရားသခင်သည် သူ၏ သာသနာတော် (missio-Dei) ကို အပြင်လောက၌ ဆောင်ရွက်နေကြောင်း၊ ကိုယ်တော်၏ သာသနာတော်တွင် လောကအဖွဲအစည်းများနှင့် နိုင်ငံရေးသမားများ၊ စီးပွားရေးသမားများ၊ လူမှုရေးသမားများ အစရှိသော သူများကို အသုံးပြုနေကြောင်း၊ အပြင်လောက၌ သာသနာပြုနေသော ဘုရားသခင်သည် အသင်းတော်တွင်ရှိသော ယုံကြည်သူများအား ကိုယ်တော်နှင့်အတူ သာသနာပြုဖိုရန် ဖိတ်ခေါ်နေကြောင်း တွေ့ရှိရပါသည်။ ဘုရားသခင်၏သာသနာပြုခြင်းတွင် ပါဝင်ဖိုရန် အချင်းချင်း လှုဆော် အား ပေးကြပါသည်။ သာသနာပြုရာတွင် အသင်းတော် ဗဟိုပြုရာ (ecclesiocentric) မှ လောကကမ္ဘာကို ဗဟိုပြုခြင်းသို့ ပြောင်းလဲ ပါတော့သည်။ သာသနာပြုခြင်းကို လေ့လာသောအခါ ယေဘုယျအားဖြင့် သုံးမျိုးသုံးစား ခွဲခြားနိုင်ပါ သည်။ပထမသာသနာပြုခြင်းမှာဘုရားသခင်ကစေလွှတ်သော ခရစ်တော်၏သာသနာ (missio christie) ဖြစ်သည်။ ခရစ်တော်သည့် သူ၏သာသနာပြုဖိုရန် ဘုရားဇာတိမှ လူဇာတိကို ခံယူသည်။ သာသနာပြု ခြင်း၏ မြစ်ဖျားခံရာအစမူလပင် ဖြစ်သည်။ ဒုတိယသာသနာပြု ခရစ်တော်၏ ကိုယ်ခန္ဓာဖြစ်သော အသင်းတော်၏ သာသနာပြုခြင်း (missio ecclesia) ဖြစ်သည်။ အသင်းတော်မှ အစပြု၍ ကမ္ဘာလောကသို့ သာသနာပြုခြင်း ဖြစ်သည်။ J.C.Hoekendijkခေါ် ဒတ်ချ် ဓမ္မအတွေးအခေါ်ရှင် တစ်ပါးက The Church inside Out ဟူသော စာအုပ် တစ်အုပ် ရေးရာအထဲတွင် ရှိသော အသင်းတော်ကို အပြင်လောကသို ပိုဆောင်ရန် ဟူသောအချက်ပင်ဖြစ်သည်။ အသင်းတော်သည် အပြင်လောကသို ထွက် လျက် သာသနာပြုရန် မီးမောင်းထိုးပြခြင်းဖြစ်သည်။ တတိယ သာသနာ ပြုခြင်းမှာ ဘုရားသခင်၏သာသနာပြုခြင်း (mission Dei) ပင်ဖြစ်ရာသုံးပါး တစ်ဆူ ဘုရားရှင် ကိုယ်တော်တိုင် ကမကထ ပြုပါသည်။ အသင်းတော်ကို အားမကိုးဘဲလျက် အပြင်လောက၌ ရှိသော သူများကို အသုံးပြုကာ မကောင်းဆိုးဝါးစနစ်နှင့် အနိဋ္ဌာရုံ မှန်သမျှကို ပြောင်းလဲဖိုရန် လူသားများ ကို အသုံးပြုသည်။ ဤအတွေးအခေါ်ကို ၁၉၅၂ခုနှစ် ဂျာမနီနိုင်ငံ ဝါလင်ဂင် မြို၌ ကျင်းပသော သာသနာ အစည်းအဝေးမှ စဉ်းစား ဖော်ထုတ်ပြသည်။

 

(၇- ၅) ၁၉၅၈ခုနှစ်၊ ဂါနာနိုင်ငံ၊ အချီမိုတာမြို။

(World Conference of IMC, Achimota, Ghana, 1958)

အပြည်ပြည်ဆိုင်ရာ သာသနာပြုများ ကောင်စီ (IMC) နှင့် ကမ္ဘာ့ အသင်းတော်များ ကောင်စီ (WCC) ပေါင်းစည်းရေးကိစ္စကို အဓိက ဆွေး နွေးကြပြီး သာသနာပြုလုပ်ငန်းနှင့် အသင်းတော်ဆက်နွယ်မှုကို ထပ်မံ အတည်ပြုကြသည်။ သာသနာပြု အဖွဲအစည်းတစ်ချိုက သာသနာပြု လုပ်ငန်းကို သီးခြား လွတ်လပ်စွာ ထားရှိရန် ဆန္ဒရှိကြသည်။

မှတ်ချက်။         ၁၉၆၁ခုနှစ်၊ အိန္ဒိယနိုင်ငံမြိုတော် နယူးဒေလီမြို၌ ကျင်းပပြုလုပ် သည့် WCC ၏တတိယအကြိမ် အထွေထွေဓမ္မညီလာခံတွင် IMC သည် WCC နှင့် ပေါင်းစည်းလိုက်ကာ WCC၏ သာသနာပြုရေးနှင့် ဧဝံဂေလိလုပ်ငန်းအဖွဲ (Division on World Mission & Evangelism) ဖြစ်လာသည်။ နောင်တွင် Commission for World Mission & Evangelism (CWME) ဖြစ်လာသည်။

 

(၇- ၈) ၁၉၆၃ခုနှစ်၊ မက္ကစီ ကို နိုင်ငံ၊ မက္ကစီကို စီးတီးမြို့။

(World Conference of DWME, Mexico City, 1963)

ကမ္ဘာ့တိုက်ကြီးခြောက်တိုက်ထဲ၌ သာသနာပြုခြင်း (Mission in six continents) ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြရာ သာသနာပြုခြင်းသည် သမရိုးကျ ခံယူသည့် အနောက်မှ အရှေ့သို၊ မြောက်မှ တောင်သို့ မဟုတ် တော့ဘဲ “နေရာတကာမှ နေရာတကာသို့”” ဟူသော ခံယူချက်ကို စတင် စဉ်းစားလာကြသည်။

 

(၇- ၉) ၁၉၅၂ ဒီဇင်ဘာလ – ၁၉၇၃ခုနှစ် ဇန်နဝါရီလ၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့။

(World Conference of CWME, Bangkok, Thailand, 1972 December – 1973 January)

“ယနေ့ ကယ်တင်ခြင်း” (Salvation Today) ခေါင်းစဉ်ကို ထောင့် စုံမှ ဥဿုံအမြင်ဖြင့် ဆွေးနွေးလေ့လာခဲ့ကြသည်။ အငြင်းပွားမှု သုံးရပ်တို မှာ ရေခံမြေခံသာသနာ၊ ဘက်စုံဥဿုံ သာသနာ၊ သာသနာ ပြုများ ရပ်တန့် ခြင်း (missionary moratorium) စသည်တို့ ဖြစ်သည်။ moratorium ကိစ္စ၊ ခရစ်တော်၏ တစ်မူထူးခြားမှု (uniqueness of Christ) နှင့် ကမ္ဘာ့ ဧဝံဂေလိလုပ်ငန်းအရေးကြီးမှုတိုသည် ဧဝံဂေလိ (evangelical) အုပ်စု အတွက် ဘန်ကောက် အစည်းအဝေး ဆွေးနွေးပွဲ၌ ကျေနပ်အားရမှု မရရှိ နိုင်ကြသဖြင့် ၄င်းတို့သည် ၁၉၅၄ခုနှစ်တွင် ဆွစ်ဇလန်နိုင်ငံ လော်ဆန်မြို၌ သီးခြားအစည်းအဝေးပွဲတစ်ခုကို ကျင်းပပြုလုပ်ခဲ့ပါသည်။

 

(၇- ၁၀) ၁၉၅၄ခုနှစ်၊ ဆွစ်ဇလန်နိုင်ငံ၊ လော်ဆန်းမြို။

(International Congress on World Evangelization, Lausanne, Switzerland, 1974)

ဤအစည်းအဝေးတွင် ယခင်က ရန်သူကဲ့သို ရှုမြင်ကြသော ကမ္ဘာ့ အသင်းတော်များ ကောင်စီ (WCC) နှင့် ကမ္ဘာ့ဧဝံဂေလိသဟာယ (WEA)တစ်ဦးနှင့်တစ်ဦး အမြင်ပြောင်းလဲကြပါသည်။ အကြောင်းမှာ ဤ ညီလာခံတွင် ကမ္ဘာ့ဧဝံဂေလိအဖွဲက ဧဝံဂေလိလုပ်ငန်း လုပ်ရာတွင် လူမှု ရေး ပြောင်းလဲခြင်းသည် လျစ်လျူရှု၍ မရသော လုပ်ငန်းတစ်ခု ဖြစ်သည့် ဟူ၍ အတိအလင်း ဖော်ပြထားပါသည်။ လော်ဆန်ပဋိညာဉ်ခေါ် သူတို့ ကြော်ငြာခြင်း (Lausanne Covenant) တွင် ရှင်းရှင်းလင်းလင်း တိတိ ကျကျ ဖော်ပြပါသဖြင့် ယခင်က အပြန်အလှန်ဝေဖန်ရှုတ်ချကြသောကမ္ဘာ့ ခရစ်ယာန်အုပ်စု နှစ်ခုသည် မခြားနားလှတော့သော ခရစ်ယာန် အုပ်စုများ ဖြစ်သွားပါသည်။ ဤလော်ဆန်ပဋိညာဉ်သည် ကမ္ဘာ့အသင်းတော်များကောင်စီ(WCC) အုပ်စုနှင့်ကမ္ဘာ့ဧဝံဂေလိသဟာယ (WEA) တို့ကို ပိုမို ရင်းနှီးစေသော ကွန်ဖရင့်ပင်ဖြစ်ရာ အဓိကအချက်မှာ လော်ဆန်ပဋိညာဉ် (Lausanne Covenant) ကြောင့် ဖြစ်ပါသည်။ ကမ္ဘာ့ဧဝံဂေလိသဟာယ သည် တစ်ချိန်က သူတို လျစ်လျူရှုခဲ့သော လူမှုရေးလုပ်ငန်း (Social Concern) သည် ဧဝံဂေလိနှင့် သာသနာပြုခြင်းလုပ်ငန်းတွင် လျစ်လျူရှု၍ မရသော လုပ်ငန်းပင်ဖြစ်ကြောင်း အတိအလင်း ဖော်ပြသောကြောင့် ဖြစ် သည်။ သိုဖြစ်ရာ ဤလူမှုရေးလုပ်ငန်းကို ဖော်ပြခဲ့သော လော်ဆန်ပဋိညာဉ် ၏ အပိုဒ် (၅)မှာ အောက်ပါအတိုင်း ဖြစ်သည်။

 

5 Christian Social Responsibility:

“We affirm that God is both the Creator and the Judge of all men. We therefore should share his concern for justice and reconciliation throughout human society and for the liberation of men from every kind of oppression. Because mankind is made in the image of God, every person, regardless of race, religion, color, culture, class, sex or age, has an intrinsic dignity because of which he should be respected and served. not exploited. Here too we express penitence both for our neglect and for having sometimes regarded evangelism and social concern as mutually exclusive. Although reconciliation with man is not reconciliation with God, nor is social action evangelism, nor is political liberation salvation, nevertheless we affirm that evangelism and socio-political involvement are both part of our Christian duty. For both are necessary expressions of our doctrines of God and man, our love for our neighbor and our obedience to Jesus Christ. The message of salvation implies also a message of judgement upon every form of alienation. oppression and discrimination, and we should not be afraid to denounce evil and injustice wherever they exist. When people receive Christ they are born again into his kingdom and must seek not only to exhibit but also to spread its righteousness in the midst of an unrighteous world. The salvation we claim should be transforming us in the totality of our personal and social responsibilities. Faith without works is dead.”

 

ခရစ်ယာန်တို့၏ လူမှုရေးတာဝန် (Christian Social Responsibility)

ဘုရားသခင်သည် လူသားအားလုံးကို ဖန်ဆင်းသောအရှင်နှင့် တ ရားစီရင်သော အရှင်ဖြစ်သည်ဟု ကျွန်ုပ်တို အတည်ပြုကြပါသည်။ ထိုကြောင့်ကျွန်ုပ်တိုသည်လူ့အဖွဲအစည်းတစ်ခုလုံး၌တရားမျှတခြင်းနှင့် ပြန် လည်သင့်မြတ်ခြင်း ရှိရန်နှင့် အမျိုးသား၊ အမျိုးသမီးအားလုံးသည် ဖိနှိပ် ချုပ်ချယ်မှုအပေါင်းမှ လွတ်မြောက် ခြင်းရှိရန် ကိုယ်တော်ရှင်၏အလိုတော် ၌ ပါဝင်လုပ်ဆောင်ရမည် ဖြစ်သည်။ လူယောကျာ်း၊ မိန်းမအားလုံးသည် ဘုရားသခင်၏ ပုံသဏ္ဍာန်တော်နှင့်အညီ ဖန်ဆင်းထားသောကြောင့် လူ တိုင်းသည်မည်သည့်လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု၊ အသားအရောင်၊ အဆင့် အတန်း၊ လိင်၊ အသက်အရွယ်ဖြစ်သည်မဆိုမွေးရာပါပင်ကိုယ်ဂုဏ် သိက္ခာ ရှိသောကြောင့် လေးစား၍ အလုပ်အကျွေးပြုရပါမည်။ အနိုင်ကျင့် ခေါင်းပုံ ဖြတ်ခြင်း မပြုလုပ်ရပါ။ ဤနေရာ တွင် မိမိတိုသည် ဧဝံဂေလိလုပ်ငန်းနှင့် လူမှုရေးလုပ်ငန်းတိုကို တစ်ခုနှင့်တစ်ခု သီးခြားစီ မသက်ဆိုင်သကဲ့သို မှတ် ယူခြင်း၊ လျစ်လျူရှုခဲ့ခြင်းအတွက် နောင်တရကြပါသည်။ အခြားလူပုဂ္ဂိုလ် များနှင့်ပြန်လည်သင့်မြတ်ခြင်း သည်ဘုရားသခင်နှင့်သင့်မြတ်ခြင်းမဟုတ်၊ လူမှုရေးလုပ်ငန်းသည် ဧဝံဂေလိလုပ်ငန်းမဟုတ်၊ နိုင်ငံရေးလွတ် လပ်ခြင်း သည်ကယ်တင်ခြင်းမဟုတ်စေကာမူ၊ ဧဝံဂေလိလုပ်ငန်းနှင့်လူမှုနိုင်ငံရေး၌ ပါဝင်ရောယှက်ခြင်း နှစ်မျိုးစလုံးသည် ကျွန်ုပ်တို ခရစ်ယာန်များ၏ တာဝန် ဝတ္တရားဖြစ်သည်ဟု အတည်ပြုပါသည်။ အဘယ်ကြောင့် ဆိုသော် ၄င်းတို နှစ်မျိုးစလုံးသည်ဘုရားသခင်နှင့်လူသားဆိုင်ရာဓမ္မသွန်သင်ချက်၊ အခြား သူများအား မေတ္တာထားခြင်းနှင့် မိမိတို့သည် သခင်ယေရှုခရစ်တော်အား နာခံလိုက်လျှောက်ခြင်း တို့ကိုထုတ်ဖော် ပြသခြင်းဖြစ်သည်။ကယ်တင်ခြင်း သတင်းသည် စိမ်းကားကင်းကွာမှု၊ ခွဲခြားမှု၊ ဖိနှိပ်ချုပ်ချယ်မှု ဟူသမျှကို တရားစီရင်သော စကားလည်း ဖြစ်သောကြောင့် ကျွန်ုပ်တိုသည် မကောင်း မှုနှင့် မတရားမှု အားလုံးကို ရှုတ်ချရန် မကြောက်ရွံရပေ။ လူသည် သခင် ခရစ်တော်ကို လက်ခံသည့်အခါ ကိုယ်တော်၏ နိုင်ငံတော်ထဲ၌ ပြန်လည် မွေးဖွားခြင်းခံရသည်ကိုထုတ်ဖော်ပြသရုံမျှသာမက၄င်း၏ဖြောင့်မတ်ခြင်း ကို မဖြောင့်မတ်သော ကမ္ဘာ့အလယ်၌ ပျံ့နှံစေရပါမည်။ ကျွန်ုပ်လက်ခံရ ရှိသည့် ကယ်တင်ခြင်းသည် မိမိတို့ တစ်ဦးချင်းနှင့် လူမှုအဖွဲအစည်းတစ်ခု လုံးကို ပြုပြင်ပြောင်းလဲစေရမည်ဖြစ်သည်။ လက်တွေ့မပါသော ယုံကြည် ခြင်းသည် အသေဖြစ်သည်။

(ကျမ်းညွှန်းများ။ တ ၁၇း၂၆၊ ၃၁။ က ၁၈း၂၅။ ဟေရှာ ၁း၁ရ။ ဆာ ၄၅းရ။ က ၁း၂၆၊ ၂ရ။ ယာ ၃း၉။ ဝတ်ပြု ၁၉း၁၈။ လု ၆း၂ရ၊ ၃၅။ ယာ ၂း၁၄-၂၆။ ယော ၃း၃-၅။ မ ၅း၂၀။ ၆း၃၃။ ၂ကော ၃း၁၈။ ယာ ၂း၂၀။)

 

(၇- ၁၁) ၁၉၇၅ခုနှစ်၊ ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို။

(WCC- Fifth Assembly – Nairobi, Kenya, 1975)

ဤအထွေထွေညီလာခံတွင် ကမ္ဘာ့ဘာသာများ၊ ခရစ်ယာန်မဟုတ် သော ဘာသာရေး ခေါင်းဆောင် များကို ဖိတ်မံန္တကပြုကာ အချင်းချင်း မျက်နှာချင်းဆိုင် ဆွေးနွေးကြပါသည်။ ယခင်က ခရစ်ယာန်ဘာသာ သာ လျှင် အမှန်ဆုံး ဖြစ်သည်ဟု ယူဆရာမှ ခရစ်ယာန်ဘာသာသည် ခရစ် ယာန်ဘာသာဝင်များအတွက် အမှန်ဆုံးဖြစ် သကဲ့သို အခြားဘာသာသည် လည်း ထိုဘာသာဝင်များအတွက် အမှန်ဆုံး ဖြစ်ပါသဖြင့် ဘာသာတရား အချင်းချင်းပုတ်ခတ်ခြင်း၊ ရှုတ်ချခြင်းမပြုလုပ်တော့ဘဲအတူတကွမျက်နှာ ချင်းဆိုင် ထိုင်လျက် အပြန်အလှန် တရားဆွေးနွေးခြင်း ဒိုင်ယာလော့ (dialogue) ပြုလုပ်ဖိုရန် ဆုံးဖြတ်ကြပါသည်။ ။

ကမ္ဘာ့ဘာသာတရားများ၏ အတူတကွ ဆွေးနွေးမှုနှင့် ရင်းနှီးမှုတို၏ ဇာစ်မြစ်ကို လေ့လာသောအခါ ၁၈၉၃၊ စက်တင်ဘာလ (၁၁)ရက်မှ (၂၇) ရက်နေ့အထိ အမေရိကန်နိုင်ငံ၊ ချီကာဂိုမြို၌ ကျင်းပဆင်နွှဲသော ကမ္ဘာ့ ဘာသာတရားများ၏ အထွေထွေညီလာခံ (World Parliament of Religions)သည် ရှေ့ပြေး ညီလာခံဖြစ်ကြောင်း တွေ့ရှိရပါသည်။ ဤဘာ သာတရားများ၏ ပါလီမန်အစည်းအဝေးတွင် နိုင်ငံ (၇)နိုင်ငံမှ ဘာသာရေး အဖွဲအစည်း (၄၁)ခု တက်ရောက်ပြီး ကမ္ဘာ့ဘာသာတရား (၁၁)ပါးထဲမှ (၉) ပါး တက်ရောက်ကြောင်း တွေ့ရှိရပါသည်။ တက်ရောက်သော ဘာသာ တရားများမှာ ခရစ်ယာန်ဘာသာ (Christianity)၊ ရဟူဒီဘာသာ (Judaism)၊ ဟိန္ဒူဘာသာ (Hinduism)၊ ဗုဒ္ဓဘာသာ (Buddhism)၊ ရှင်တို ဘာသာ (Shintoism)၊ ကွန်ဖြူးရှပ်ဘာသာ (Confucianism)၊ ဂျိန်းဘာသာ (Jainism)၊ ဇိုရိုဘာသာ(Zoroastrianism)၊ အစ္စလာမ်ဘာသာ (Islam) တို ဖြစ်ကြပါသည်။ ဤပါလီမန်ညီလာခံ၌ အဖွင့်မိန့်ခွန်းကို မြှောက် ကြားသော Charles Bonnex က တိတိပပ ဖော်ထုတ်သည်မှာ ဤပါလီ မန်ညီလာခံ၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ကမ္ဘာ့ဘာသာတရား များ စုစည်းပြီး ဘုရားမဲ့၊ တရားမဲ့ဝါဒကို ချေမှုန်းရန်ပင် ဖြစ်သည်ဟု သူက အတိအလင်း ဖော်ပြခဲ့လေသည်။ ပါလီမန်ညီလာခံ၏ အဓိက ရွေးချယ် ထားသောကျမ်းပိုဒ်မှာ မာလခိ ၂း၁၀“ခပ်သိမ်းသောငါတို့၌ တစ်ပါးတည်း

သော အဘရှိသည် မဟုတ်လော။ တစ်ပါးတည်းသော ဘုရားသခင်သည် ငါတိုကိုဖန်ဆင်းတော်မူ သည်မဟုတ်လော။ ဘိုးဘေးတို့နှင့်ဖွဲတော်မူသော ပဋိညာဉ်ကို ရှုတ်ချ၍ ငါတိုသည် အဘယ်ကြောင့် တစ်ယောက်ကို တစ် ယောက်သစ္စာဖက်ကြသနည်း .” (Have we not all one Father? Did not one God create us? Why do we profane the covenant of our fathers by breaking faith with one another? (NIV)) ဟူ၍ ဖြစ်သည်။

ပထမကမ္ဘာ့ဘာသာတရားများ၏ ပါလီမန်ညီလာခံ ရာပြည့်ပွဲတော် ကို ၁၉၉၃ခုနှစ်၊ သြဂုတ်လ (၂၈)ရက်မှ စက်တင်ဘာလ (၅)ရက်နေ့အထိ ချီကာဂိုမြိုတွင်ပင် ကျင်းပရာ ဘာသာ အဖွဲအစည်း (၁၂၅)ခုမှ ကိုယ်စား လှယ်တော်ပေါင်း (၆၀၀၀) တက်ရောက်ခဲ့ပါသည်။ ဤညီလာခံတွင် ဘုရားမဲ့၊ တရားမဲ့ဝါဒများကို ပုတ်ခတ်ခြင်း၊ ရှုတ်ချခြင်း မပြုလုပ်တော့ဘဲ ကမ္ဘာ့ဘာသာတရားများ မည်ကဲ့သို ဝါယမ စိတ်ဓာတ် ရှိစွာဖြင့် ပူးပေါင်း လုပ်ကိုင်နိုင်မည့်အကြောင်း၊ ကမ္ဘာ့ဘုံ ပြသနာများကို မည်ကဲ့သို ကိုင်တွယ်ဖြေရှင်းနိုင်မည့် အကြောင်း စဉ်းစားကြလေသည်။ ရွေးချယ်ထားသောဆောင်ပုဒ်မှာ “ဘုံကမ္ဘာ၏ လူမှုရေးကျင့်ဝတ်သို့” (Towards a Global Social Ethics) ဖြစ်ပါသည်။ ဘုံကမ္ဘာရှိ ပြသနာများကို ဘုံလူသားများက မည်ကဲ့သိုကိုင်တွယ်ဖြေရှင်းရမည့် အကြောင်းအကြိတ်အနယ်ဆွေးနွေးကြ လေသည်။

 

(ရ- ၁၂) ၁၉၈၀ခုနှစ်၊ သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို။

(World Conference of CWME, Melbourne, Australia, 1980)

“နိုင်ငံတော်တည်ထောင်ပါစေသော” (Your Kingdom Come) အဓိကခေါင်းစဉ်ကိုလေ့လာဆွေး နွေးကြရာတွင်ဘုရားသခင်၏နိုင်ငံတော် ဆိုင်ရာသာသနာတော်၌ဆင်းရဲသားများနှင့်ဆင်းရဲသောအသင်းတော်များ ၏ သီးခြားအခန်းကဏ္ဍရှိခြင်းနှင့် နိုင်ငံတော်၏ သတင်းကောင်းသည် သမ ရိုးကျသာသနာပြုခြင်း ခံယူချက်များ နှင့် အစီအစဉ်များကို ကြီးမားသော စိန်ခေါ်မှုပြုနေကြောင်း၊ ခရစ်တော်၏ အထီးကျန်ဘဝနှင့် ကားတိုင် ခရီး လမ်းတိုသည် လူသားတို၏ တန်ခိုးအာဏာ အသုံးပြုပုံတိုကိုလည်း စိန်ခေါ် နေကြောင်း ဆွေးနွေးကြသည်။

 

(၇- ၁၃) ၁၉၀၉ခုနှစ်၊ အမေရိကန်ပြည်ထောင်စု၊ တက်ခ်ဆက်စ် ပြည်နယ်၊ ဆန်အန်တိုညိုမြို့။

(World Conference of CWME, San Antonio, Texas, USA, 1989)

“ခရစ်တော်နည်းလမ်းအတိုင်း သာသနာပြုခြင်း” (Mission in Christ’s Way) အဓိကခေါင်းစဉ်ဖြင့် လေ့လာဆွေးနွေးကြပြီး နိဂုံးချုပ်တွင် “ကျွန်ုပ်တိုသည် ယေရှုခရစ်တော်က လွဲ၍အခြားကယ်တင်ခြင်းလမ်းညွှန် ပြရန်မရှိ၊ တစ်ချိန်တည်းတွင် ကျွန်ုပ်တိုသည်ဘုရားသခင်၏ကယ်တင်ခြင်း တန်ခိုးတော်ကို ကန့်သတ်၍လည်း မရပါ”ဟု ထုတ်ဖော်နိုင်ခဲ့သည်။

 

(၇- ၁၄) ၁၉၉၆ခုနှစ်၊ ဘရာဇီးလ်နိုင်ငံ၊ ဆာလ်ဗဒေါမြို့။

(World Conference of CWME, Salvador, Brazil, 1996)

ဝမ်းမြောက်ဘွယ်သတင်းတော်နှင့် ယဉ်ကျေးမှု (Gospel and Culture) တို့၏ဆက်နွယ်မှုအကြောင်းကို အဓိကလေ့လာဆွေးနွေးကြပြီး ယဉ်ကျေးမှု အားလုံးအခြေခံ တူညီသော တန်ဖိုးရှိသကဲ့သို မသေချာ မ ရာမှုလည်း ရှိကြကြောင်း၊ ယဉ်ကျေးမှုသည် ဝမ်းမြောက်ဘွယ် သတင်း တော်ကို တောက်ပစေနိုင်သကဲ့သို့ မှုန်ဝါးစေနိုင်သည်။ အသင်းတော် သာသနာပြုရာ၌ ကောင်းမွန်သည့် ယဉ်ကျေးမှုများကို လက်ခံအသုံးပြုနိုင် သကဲ့သို မှားယွင်းသော ယဉ်ကျေးမှုများကို ပြုပြင်ပြောင်းလဲရမည် ဖြစ် သည်။

 

(၇- ၁၅) ၂၀၀၅ခုနှစ်၊ ဂရိနိုင်ငံ၊ အာသင်မြို။

(World Conference of CWME, Athens, Greece, 2005)

ဤအစည်းအဝေးတွင် ရောမ ကက်သလစ်၊ ဧဝံဂေလိနှင့် ပင်တင် ကိုစတယ်လ် အသင်းတော်များမှ ကိုယ်စားလှယ်များ ပထမဆုံးအကြိမ် ပါဝင်ကြခြင်း ဖြစ်သည်။ “သန့်ရှင်းသောဝိညာဉ်တော်ဘုရား ကြွလာ၍ ကု သကျန်းမာစေပြီးပြန်လည်သင့်မြတ်စေတော်မူပါ။ “ခရစ်တော်၌ပြန်လည် သင့်မြတ်စေရန်နှင့် ကုသကျန်းမာ စေရန် ဖိတ်ခေါ်တော်မူခြင်း” (Come, Holy Spirit, heal and reconcile: Called in Christ to be reconciling and healing communities) ဟူ သော အဓိက ခေါင်းစဉ်ကို လေ့လာ ဆွေးနွေးခဲ့ကြသည်။ အမှန်တကယ်ပြန် လည်သင့်မြတ်ခြင်းနှင့် ကုသကျန်းမာခြင်းကို ဘုရားသခင်၏ သန့်ရှင်းသော ဝိညာဉ်တော်ကသာ တတ်စွမ်းနိုင် သည်မှန်သော်လည်း အသင်းတော်သည် ပြန်လည်သင့်မြတ် ခြင်းအတွက် သံတမန်များအဖြစ် ဘုရားသခင် ရွေးကောက်ခေါ်ယူထားတော်မူသည်။ ဘုရားသခင်၏ကုသကျန်းမာစေခြင်းနှင့် ပြန်လည်သင့်မြတ် ခြင်းကျေးဇူး တရားများ ရရှိခံစားနိုင်ရန် နေရာအခင်းအကျင်းများ ဖန်တီး ပေးရန် ဖြစ်သည်။

 

(၇- ၁၆) ၂၀၁၀ခုနှစ်၊ စကော့တလန်ပြည်နယ်၊ အီဒင်ဘာရာမြို။

(Centennial Anniversary of 1910 World Missionary Conference, Edinburgh, 2010)

ခရစ်ယာန်သာသနာ့သမိုင်းတွင် ပထမဆုံးအကြိမ် ခရစ်ယာန် ဂိုဏ်း ဂဏများနှင့်ကမ္ဘာ့သာသနာလုပ်ငန်း အဖွဲအစည်းပေါင်းစုံမှကိုယ်စားလှယ်များစုံညီစွာ ပါဝင်သည်။ ၁၉၁၀ခုနှစ် ကမ္ဘာ့သာသနာပြုများ စည်းဝေးကြီး ၏ နှစ်တစ်ရာပြည့် အထိမ်းအမှတ်ပွဲတော်ဖြစ်ပြီး ၄င်းစည်းဝေးကြီးမှ “ဘုံ ခေါ်သံ” (Common Call) စာတမ်းတစ်ခု ထုတ်ပြန်နိုင်ခဲ့ပါသည်။ ၄င်း ဘုံခေါ်သံ ထုတ်ပြန်ချက်ထဲမှ သမိုင်းဝင် မှတ်သားဘွယ် “ဘုံအခြေခံ” (Common Ground) လေးခု ထွက်ပေါ်လာခဲ့သည်။ ၄င်းတိုမှာ

(၁) သာသနာ၏ဘုံ အုတ်မြစ်သည် ဘုရားသခင်၏ သာသနာ ဖြစ်သည် (Missio Dei is a common foundation of mission)

(၂) သာသနာ၏ ဘုံပန်းတိုင်သည် ဘုရားသခင်၏ နိုင်ငံတော်ဖြစ်သည် (The Kingdom of God is a common goal of mission)

(၃) သာသနာ၏ဘုံနည်းဗျူဟာသည် ဥဿုံသာသနာကို နားလည် ကျင့်သုံးခြင်း ဖြစ်သည် (Holistic understanding and practice of mission is a common method of mission)

(၄) သာသနာ၏ ဘုံဓမ္မတွေးခေါ်မှုလုပ်ငန်းသည် ရေခံမြေခံပြုခြင်း ဖြစ်သည် (Contextualization is a common theological task)

သာသနာပြုခြင်းနှင့် တစ်လုံးတစ်ဝတည်းဖြစ်ခြင်းတို့သည် ခွဲ၍ မရ ပါ။ နှစ်ခုစလုံး ဒွန်တွဲလျက် ရှိပါသည်။ သို့ဖြစ်ရာ မြန်မာပြည်ရှိ ခရစ်ယာန် အသင်းတော်များ၊ ဓမ္မပညာရှင်များနှင့် ဘာသာတရား အားလုံးတိုသည် တစ်လုံးတစ်ဝတည်း စိတ်သဘောဖြင့် စုစည်းကြကာ ဘုရားသခင်၏နိုင်ငံတော်အား တိုးချဲ့နိုင်ဖိုရန် အားသွန်ခွန်စိုက် ကြိုးစားဖို့ လိုအပ်ပါသည် (ဗျာ ၁၁း၁၅)။ ။

 

နောက်ဆက်တွဲ က

၂၀၁၃ခုနှစ် နိုဝင်ဘာလတွင် တောင်ကိုးရီးယားနိုင်ငံ ဘူစန်မြို၌ ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့အသင်းတော် များ ကောင်စီ၏ ဒသမကြိမ် မြောက် အထွေထွေဓမ္မညီလာခံမှ လက်ခံအတည်ပြုသည့် သာသနာပြု ခြင်းနှင့် ဧဝံဂေလိ လုပ်ငန်းဆိုင်ရာ “Together Towards Life: Mission and Evangelism in Changing Landscapes” စာတန်းမှ နိဂုံးချုပ် အတည်ပြုချက် (၁၀)ချက်တို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

၁။ ဘုရားသခင်သာသနာတော်၏ ရည်ရွယ်ချက်သည် ပြည့်စုံသော အသက်တာ (ယော ၁၀း၁၀) ဖြစ်ပြီး ဤအချက်သည် သာသနာကို သိနားလည်ခြင်း၏ စံနှုန်းပင် ဖြစ်သည်။ ။

၂။ သာသနာပြုခြင်းသည် ဘုရားသခင်၏ ဖန်ဆင်းခြင်း အလုပ်နှင့် စတင်ပြီး သန့်ရှင်းသောဝိညာဉ် တော်၏ အသက်ရှင် တန်ခိုးတော်အားဖြင့် ဆက်လက်၍ အသစ်ဖန်ဆင်းနေသည်။

၃။ ဝိညာဉ်ရေးပြည့်ဝခြင်းသည် သာသနာပြုခြင်းအတွက် စွမ်းအားဇာစ်မြစ်ဖြစ်ပြီး ဝိညာဉ်တော်၌ သာသနာပြုခြင်းသည် ပြုပြင်ပြောင်းလဲခြင်း ဖြစ်စေသည်။

၄။ ဘုရားသခင်ဝိညာဉ်တော်၏ သာသနာပြုခြင်းသည် ဖန်ဆင်းခြင်းတစ်ခုလုံးကို သစ်လွင်စေရန် ဖြစ်သည်။

၅။ ယနေ့သာသနာပြုလှုပ်ရှားမှုများသည် ကမ္ဘာ့တောင်ဘက်ခြမ်းနှင့် အရှေ့ဘက်ခြမ်းမှ ပေါ်ထွက်လာပြီး ဘက်ပေါင်းစုံနှင့် မျက်နှာစာပေါင်းစုံရှိသည်။ ။

၆။ ဘေးဖယ်ခံရသောလူများသည် သာသနာပြုခြင်းကို ဖန်တီးသူများ ဖြစ်ပြီး ပြည့်စုံသော အသက်တာသည် လူတိုင်းအတွက် ဖြစ်ကြောင်းအသားပေး၍ပရောဖက်အလုပ်ကိုလုပ်ဆောင်လျက် ရှိသည်။

ရ။ ဘုရားသခင်၏ စီးပွားရေးသည် လူတိုင်းအတွက် ချစ်ခြင်းမေတ္တာနှင့် တရားမျှတခြင်းအပေါ် အခြေခံ၍ ပြုပြင်ပြောင်းလဲခြင်း သာသနာသည် လွတ်လပ်သော ဈေးကွက် စီးပွားရေးစနစ်၏ ရုပ်တု ဆင်းတု ကိုးကွယ်ခြင်းကို ဆန့်ကျင် တွန်းလှန်သည်။

၈။ သခင်ယေရှုခရစ်တော်၏ ဝမ်းမြောက်ဘွယ် သတင်းတော်သည် အချိန်တိုင်း၊ နေရာတိုင်းအတွက် ဖြစ်ပြီး ချစ်ခြင်းမေတ္တာနှင့် နှိမ့်ချခြင်းဖြင့် ကြေငြာရန် ဖြစ်သည်။

၉။ အပြန်အလှန်ဝေမျှဖလှယ်ခြင်း (Dialogue) နှင့် ပူးပေါင်းဆောင် ရွက်ခြင်းသည် သာသနာပြုခြင်းနှင့် ဧဝံဂေလိလုပ်ငန်းတိုနှင့် တစ်ထပ်တည်း ဖြစ်သည်။

၁၀။ ဘုရားသခင်သည် အသင်းတော်ကို သာသနာပြုခြင်းအတွက် လှုပ်ရှားစေပြီး အစွမ်းတန်ခိုး ပေးတော်မူသည်။

နောက်ဆက်တွဲ ခ

ကမ္ဘာ့အသင်းတော်များကောင်စီ (World Council of Churches)၊ ရောမကက်သလစ်အသင်းတော် ပုပ်ရဟန်းမင်းကြီး ရုံးတော် (Pontifical Council for Interreligious Dialogue) နှင့် ကမ္ဘာ့ဧဝံဂေလိအဖွဲ့သဟာယ (World Evangelical Alliance) တို့ ပူးပေါင်းလျက် ၂၀၁၁ခုနှစ်၊ ဇန်နဝါရီလတွင် သဘောတူထုတ်ပြန်သည့် “ဘာသာပေါင်းစုံ ကမ္ဘာထဲ၌ ခရစ်ယာန်သက်သေခံမှု” (Christian Witness in a Multi Religious World) စာတမ်း၌ ပါရှိသော “ပြုမူလုပ်ဆောင်မှုအတွက် အကြံပြုချက်များ” (Recommendations for Conduct) ကောက်နှုတ် ချက်များမှာ

၁။ ဘုရားသခင်၏ မေတ္တာတော်အားဖြင့် ပြုမူလုပ်ဆောင်ရန်။

၂။ သခင်ယေရှုခရစ်တော်ကို စံထားအတုယူ ပြုမူလုပ်ဆောင်ရန်။

၃။ ခရစ်ယာန်ကောင်းမြတ်ခြင်းအကျင့်သီလဖြင့် ပြုမူလုပ်ဆောင်ရန်။

၄။ တရားမျှတခြင်းနှင့် အစေခံခြင်း စိတ်ထားဖြင့် ပြုမူလုပ်ဆောင်ရန်။

၅။ ကုသကျန်းမာစေခြင်း အမှုတော်ကို ကောင်းစွာ နားလည်ပြုမူ လုပ်ဆောင်ရန်။

၆။ အကြမ်းဖက်မှုဟူသမျှ ရှောင်ရှား၍ ပြုမူလုပ်ဆောင်ရန်။

ရ။ ဘာသာတရားနှင့် ယုံကြည်မှုတို၏ လွတ်လပ်မှုကို သိမှတ်၍ ပြုမူလုပ်ဆောင်ရန်။ ။

၈။ အပြန်အလှန် လေးစားမှုနှင့် သွေးစည်းညီညွတ်မှု စိတ်ထားဖြင့် ပြုမူလုပ်ဆောင်ရန်။

၉။ လူမျိုးတိုင်း၊ ယဉ်ကျေးမှုတိုင်းကို လေးစားစွာပြုမူလုပ်ဆောင်ရန်။

၁၀။ မှားယွင်းသော သက်သေဟူသမျှ စွန့်ပယ်၍ ပြုမူလုပ်ဆောင်ရန်။

၁၁။ ပုဂ္ဂိုလ်တစ်ဦးစီ၏ လွတ်လပ်မှုနှင့် ရွေးချယ်ဆုံးဖြတ်မှုကို လေးစား၍ ပြုမူလုပ်ဆောင်ရန်။ ။

၁၂။ လေးစားမှုနှင့် ယုံကြည်စိတ်ချမှု အခြေခံ၍ ဆက်ဆံပြုမူလုပ်ဆောင်ရန်။

 

အပိုင်း ၂

သာသနာပြုနည်းဗျူဟာသမိုင်း

HISTORY OF MISSION STRATEGY

သာသနာပြုနည်းဗျူဟာ မိတ်ဆက်

နာမည်ကြီးစာရေးဆရာနှင့် သာသနာပြုရေး တွေးခေါ်ပညာရှင် John R. W. Stott က “အသက်ရှင်သော ဘုရားသခင်သည် သာသနာပြုသောဘုရားသခင်ဖြစ်သည် (Living God is a missionary God)ဟု ဆို ခဲ့သည်။ သာသနာပြုသောထိုဘုရားသခင်သည် မိမိ၏အလိုတော်နှင့် ရည် ရွယ်ချက်များကို ဖော်ဆောင်ရန်အတွက် အာဒံနှင့်ဧဝ လင်မယား(က ၁း ၂၈) နောဧနှင့်မိသားစု(က ၉း၁)၊ အာဗြဟံနှင့်သားစဉ်မြေးဆက်၊ ဣသရေ လလူမျိုးများက၁၂း၁-၃၊ ဟေရှာ ၄၉း၆၊ လု ၂း၃၂၊ ၂ကော ၄း၆)၊ အသင်းတော်(၁ပေ ၂း၉)စသည်တို့ကို ခေတ်အဆက်ဆက် ပြောင်းလဲတာဝန်ပေး စေလွှတ်လျက် သာသနာပြုခိုင်းခဲ့ကြောင်း သမ္မာကျမ်းစာထဲတွင် တွေ့မြင် နိုင်ပါသည်။ သိုဖြစ်ရာသမ္မာကျမ်းစာတစ်အုပ်လုံးသည်ပင် ဘုရားသခင်၏ သာသနာပြုသမိုင်းကို ထင်ဟပ်ခြင်းဖြစ်သည်ဟု တစ်နည်းအားဖြင့် ဆိုကြ ပေသည်။

 

သာသနာပြုနည်းဗျူဟာ ဆိုသည်မှာ

သာသနာပြုသော ထိုဘုရားသခင်၏ အလိုတော်အတိုင်း သာသနာ ပြုလာကြရာတွင် ခေတ်အဆက်ဆက် အသင်းတော်များသည် မည်ကဲ့သို့သော နည်းဗျူဟာ၊ နည်းစနစ်များဖြင့် ထိုးဖောက်အ ကောင်အထည်ဖော် ခဲ့ကြောင်း သာသနာပြု နည်းဗျူဟာသမိုင်းကို လေ့လာရန်လိုသည်။ ထိုသို လေ့လာရာတွင် သာသနာပြုနည်းဗျူဟာ၏အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ရှေးဦး စွာလေ့လာကြပါမည်။

ဖွင့်ဆိုချက်များစွာ ရှိသည့်အနက် အသင့်လျော်ဆုံးဟု အများလက် ခံကြသော သာသနာပြုနည်း ဗျူဟာဆိုင်ရာ ဖွင့်ဆိုချက်မှာ Edward R. Dayton နှင့် David A. Fraser တို၏ ဖွင့်ဆိုချက်ပင် ဖြစ်သည်။ သူတို နှစ်ဦး၏ ဖွင့်ဆိုချက်မှာ အောက်ပါအတိုင်းဖြစ်သည်။

“သာသနာပြုနည်းဗျူဟာဆိုသည်မှာ ရောက်ရှိလိုသော သာသနာ့ ပန်းတိုင်သို့ အရောက်သွားရန် သို့မဟုတ် ပြသနာကိုဖြေရှင်းရန် ခြေလှမ်း အဆင့်ဆင့်ကို ခြုံငုံချဉ်းကပ်ရေးဆွဲ ပြင်ဆင်ဖော်ဆောင်ခြင်း ဖြစ်သည်။”

ဤဖွင့်ဆိုချက်အရကိုယ်အရောက်သွားလိုသောသာသနာ့ပန်းတိုင် ချမှတ်ခြင်း၊ သို့မဟုတ် ဖြေရှင်းရန်လိုအပ်သော ပြသနာကို ရှင်းလင်းစွာ ပုံဖော် ဖွင့်ဆိုရန်နှင့် ထိုပန်းတိုင်သို အရောက်သွားရန် ခြေလှမ်းအဆင့်ဆင့် ကို သတ်မှတ်ခြင်း၊ ထိုခြေလှမ်းများအတွက် အသေးစိတ်ပြင်ဆင်ခြင်းနှင့် နောက်ဆုံး တွင်အချောသပ် အတည်ပြုရေးဆွဲပုံဖော်ခြင်း၊ စသည်တို လို အပ်သည်။ ထိုသို ပုံဖော်ရေးဆွဲပြီးသောအခါ ထိုနည်းဗျူဟာအတိုင်းမမှိတ် မသုန်၊ လိုက်လျှောက် အကောင်အထည် ဖော်ခြင်း၊ နောက်ဆက်တွဲ လုပ် ဆောင်ခြင်းများကို ထပ်ချပ်မကွာ ဆောင်ရွက်ရမည်ဖြစ်သည်။ ထိုအပြင် ပိုမိုသင့်လျော်သောနည်းဗျူဟာများ ကိုလည်းလိုအပ်သလိုပြောင်းလဲကျင့် သုံးနိုင်ရမည်။

နည်းဗျူဟာသတ်မှတ်ထားရှိခြင်းသည်သာသနာပြုလုပ်ငန်းစဉ်တွင် ပေါ်ပေါက်လာနိုင်မည့် အခက်အခဲ၊ အတားအဆီးများကို ခံနိုင်ရည်ရှိရန်၊ ပန်းတိုင်ကိုမျက်ခြေမပြတ် ဆက်လက်ချီတက်နိုင်စေရန် အထောက်အကူ ပြုမည်ဖြစ်သည်။ သိုသော် နည်းဗျူဟာနှင့်ပတ်သက်၍ ရှုမြင်ပုံနှင့်လက် ခံပုံ အမျိုးမျိုးကွဲပြားလျက် ရှိနေပါသည်။ အောက်ပါလေးခုမှာ အထင်ရှား ဆုံးနှင့် အရေးကြီးဆုံး ရှုမြင်ပုံများဖြစ်သည်။

(၁) တစိုက်မတ်မတ်နည်းဗျူဟာ (Being-in-the-Way Strategy)

`သာသနာလုပ်ငန်းသည် ဘုရားသခင်၏ သာသနာတော်သာဖြစ်ပြီး၊ ဘုရားသခင်ပါရှိရန်သာ အရေးကြီးသည်။ လူသား၏နည်းဗျူဟာကို အသုံး ပြု၍မရ။ ဘုရားသခင်၏ အကြံအစည်သည် လူသား၏အကြံအစည်ထ သာ၍မြင့်ရာ (ဟေရှာ၅၅း၈-၉၊ ယော ၃း၈)၊ လူသားသည်ဘုရားသခင်၏ဗျူ ဟာထဲတွင် သစ္စာရှိစွာတစိုက်မတ်မတ် အသုံးတော်ခံရန်သာ လိုအပ်သည်ဟု ခံယူသည်။

 

(၂) စီစဉ်ညွှန်ကြားနည်းဗျူဟာ (Plan-So-Far Strategy)

သာသနာပြုခြင်းတွင် လူသားထက်ဘုရားသခင်၏ အခန်းကသာ ပိုများသဖြင့် လူသားသည် အစပြုပေးရုံသာ လုပ်ဆောင်နိုင်သည်။ ပေါလု နှင့်သိလတို့ကဲ့သို သန့်ရှင်းသော ဝိညာဉ်တော်ဘုရားက မည်သည့်နေရာ သို့သွားရန်၊ မည်သည့်နေရာသို့ မသွားရန် အသေးစိတ်လမ်းညွှန်လိမ့်မည် (ယေရမိ၊ ၁၀း၂၃၊ တ၊ ၁၆းရ-၈)ဟု ခံယူကြသည်။

 

(၃) စံပြုရှင်းနည်းဗျူဟာ (Standard Solution Strategy)

သာသနာပြုခြင်းတွင် လူအပေါင်းတို့ ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကိုသိရှိရန် ဘုရားသခင် ၏အလိုတော်သာ အဓိကကျသည်ဟု ဆိုသည်(၁တိ ၂း၄)။ ဤခံယူချက်ရှိသူများသည် ဧဝံဂေလိတရားဝေငှခြင်း၊ သမ္မာတရား သွန်သင်ခြင်းတိုကိုသာ လုပ်ဆောင်ရမည်ဟု ခံယူကြသည်။ တစ်နည်းအားဖြင့် သာသနာပြုခြင်း ဆိုသည်မှာ ဧဝံဂေလိပြုခြင်းနှင့် တပည့် တော်ပြုခြင်းသာ ဖြစ်သည်ဟုခံယူသည်။

 

(၄) သီးခြားဖြေရှင်းနည်းဗျူဟာ (Specific Solution Strategy)

သာသနာကွင်းအသီးသီး၏ရေခံမြေခံ၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှု ရေး၊ သာသနာပြုအသင်းတော်နှင့် ယုံကြည်သူ များ၏ ပါဝင်မှုအခန်းကဏ္ဍ အပါအဝင် သက်ရောက်မှုပေါင်းစုံကိုပါ ဘက်စုံထောင့်စုံမှ ထည့်သွင်း စဉ်း စားရသည်။ အထူးသဖြင့်မြန်မာပြည်ကဲ့သိုသောယဉ်ကျေးမှုခြားသာသနာ ကွင်းများတွင် အထိရောက်ဆုံး နည်းဗျူဟာ တစ်ခုဖြစ်သည်။

အချုပ်အားဖြင့် မိမိရွေးချယ် စွဲကိုင်ထားသော နည်းဗျူဟာပေါ်ရှုမြင် ပုံ၊ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စသည်တိုသည် ပန်းတိုင်သိုအရောက်သွားရန် နည်းဗျူဟာနှင့်နည်းစနစ်၊ သာသနာပြုသူနှင့်စေလွှတ်သူ အသင်းတော်များ ၏ ကြိုတင်ပြင်ဆင်မှု၊ လိုအပ်သောဆက်ကပ်မှုနှင့် ကျွမ်းကျင်မှုစသည်တို့ ကို လွှမ်းမိုးဆုံးဖြတ်သွားမည်ဖြစ်သည်။

 

ပန်းတိုင်ချမှတ်မှု ပုံစံကွဲနှစ်ခု

သာသနာပြု နည်းဗျူဟာသမိုင်းတွင် ပန်းတိုင်ချမှတ်မှု ပုံစံကွဲနှစ်ခု ရှိသည်။ ယင်းတို့မှာ အလိုတော်အခြေပြု ပန်းတိုင်ချမှတ်ခြင်း (The Will of God based Goal-Setting) နှင့် နည်းစနစ်အခြေပြု ပန်းတိုင်ချမှတ် ခြင်း(The Methods based Goal-Setting)ဖြစ်သည်။

အလိုတော်အခြေပြု ပန်းတိုင်ချမှတ်ခြင်းတွင် လူအများစုအကိုးကား ဆုံးမှာ၊ ““လူအပေါင်းတို့သည် ကယ်တင်ခြင်း သို့ ရောက်၍ သမ္မာတရား ကိုသိစေရန်”ဟူသော ကျမ်းချက်ဖြစ်သည်(၁တိ ၂း၄)။ အများအားဖြင့် ဧဝံ ဂေလိ(Evangelical) အုပ်စုဝင်အသင်းတော်နှင့် ဂိုဏ်းဂဏများက အဓိက အားဖြင့် လက်ကိုင်ပြုကြသည်။ ဝိညာဉ်ကယ်တင်ခြင်း တစ်ခုတည်းကိုသာ အဓိကထားခြင်းဖြစ်သည်။ နည်းဗျူဟာအခြေပြု ပန်းတိုင်ချမှတ်ခြင်း တွင် တစ်လုံးတစ်ဝတည်း (Ecumenical)အုပ်စုဝင်အသင်းတော်နှင့် ဂိုဏ်းဂဏ များကမူ လူမှုရေးဧဝံဂေလိ တရား(Social Gospel)ကို စဉ်ဆက် မပြတ် ဦးစားပေးလာခဲ့သည်။ တစ်နည်းအားဖြင့် နည်းစနစ်အခြေပြု ပန်းတိုင်ချ မှတ်ခြင်းဖြစ်သည်။ ။

ထိုသို့အားဖြင့် လွန်ခဲ့သောနှစ်ဆယ်ရာစု ကုန်လွန်ခါနီး အချိန်အထိ ပင် ဤရပ်တည်ချက် အုပ်စုနှစ်ခုသည် သာသနာပြု နည်းဗျူဟာတွင် လုံးဝ နီးပါး ညှိနှိင်းမရ ဖြစ်ခဲ့သည်။ သိုရာတွင် ၂ဝ ရာစုနှောင်းပိုင်း၊ အထူးသဖြင့် ၁၉၇၄ ခုနှစ်တွင်ပြုလုပ်သော International Congress on World Evangelization ခေါ် သာသနာပြု ဆွေးနွေးပွဲမှ စ၍ ဧဝံဂေလိအုပ်စု သည် လူမှုရေးသာသနာ၏အခန်းကဏ္ဍကို ပြန်လည်မီးမောင်းထိုးလာရာမှ ယခုအခါ ထိုအုပ်စုနှစ်ခု စလုံးသည် သာသနာပြုပန်းတိုင် ချမှတ်ခြင်းတွင် သိပ်မခြားနားလှတော့သောအုပ်စုနှစ်ခု ဖြစ်သွားသည်။

အသင်းတော်သမိုင်း တလျှောက် သာသနာပြုနည်းဗျူဟာများ တွင် ဧဝံဂေလိတရားဟောပြောခြင်း၊ ကြားနာသူများ ယုံကြည်ပြောင်းလဲ ခြင်း၊ အသင်းတော်တည်ထောင်ပြီး၊ ယေရှုခရစ်တော်၏စစ်မှန်သောတပည့် ၊ တော်များ ပေါ်ထွန်းလာရေးအတွက် စဉ်ဆက်မပြတ် လုပ်ဆောင်နိုင်ရေး အပြင်လောက၏အလင်း၊ လောက၏ သားများအဖြစ် သာသနာကွင်း လူမှုဝန်းကျင်ပြောင်းလဲခြင်းအထိကိုပါ ဖော်ဆောင်ပေးနိုင်သောသာသန ပန်းတိုင်များကို ချမှတ်လာကြသည်။

ထိုသာသနာပြုနည်းဗျူဟာ၊ နည်းစနစ်များမှာ ခေတ်ကာလနှင့် သာ သနာကွင်း၏ အခြေအနေ အရပ်ရပ်အပေါ် မူတည်လျက် စဉ်ဆက်မပြတ်ပြောင်းလဲနေသည်ကိုမူ သဘောပေါက်ရန် အရေးကြီးလှပေသည်။ ထိုသို အဆင့်ဆင့် ပြောင်းလဲလာပုံကို ကဏ္ဍနှစ်ခုခွဲပြီး၊ လေ့လာသွားပါမည်။

 

၁။ သမ္မာကျမ်းစာထဲမှ သာသနာပြုနည်းဗျူဟာများ

ဘုရားသခင်သည် ခေတ်အဆက်ဆက် သာသနာပြုရာတွင် အခြေခံ အားဖြင့် ဓမ္မဟောင်းကာလ၌ သာသနာပြု သူကိုဗဟိုပြုသော “ဗဟိုချဉ်း နည်းဗျူဟာ” (Centripetal Strategy)ကို အဓိကထားပြီး၊ အဓိက သတင်း စကားမှာ “လာလော့” (Come to the Blessing)ဟူ၍ ဖြစ်သည်။ ဓမ္မသစ် ကာလတွင်မူသာသနာကွင်းသို့ ဦးတည်ချက်ပြုလျက် “ဗဟိုခွာနည်းဗျူဟာ” (Centrifugal Strategy) ကို အဓိကထားပြီး။ အဓိကသတင်း စကားမှာ “သွားလော့” (Go to the Nations)ဖြစ် သည်ဟု သာသနာပြုခြင်းဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ် တစ်ဦးဖြစ်သူဂျော်နသန်လူးဝစ်(Jonathan Lewis)က ဆိုခဲ့သည်။ သိုသော် ဓမ္မဟောင်းကာလ၊ အထူးသဖြင့် လူမျိုးတော်က္ကသ ရေလ၏ သမိုင်းတွင်လည်း ယောသပ်၊ မောရှေ၊ ဒံယေလ၊ ဧသတာတို့ ကဲ့သို ဘုရားသခင် အတွက် “သွား ကြသောသူများရှိသကဲ့သို ဓမ္မသစ်ကာ လတွင်လည်း သခင်ယေရှုထံသို့ ဂရိလူ မျိုးများ လာရောက်ကြသည့် သာ ဓကများလည်း ရှိခဲ့သည်သာပင်။

ဤအပိုင်းတွင် ဓမ္မဟောင်းကာလ၊ သာသနာပြုနည်းဗျူဟာများကို အသေးစိတ်မလေ့လာတော့ဘဲ ဓမ္မသစ်လာ သခင်ယေရှု၏ သာသနာပြု နည်းဗျူဟာ၊ ကနဦးအသင်းတော်၏သာသနာ ပြုနည်းဗျူဟာနှင့် ရှင်ပေါလု ၏သာသနာပြုနည်းဗျူဟာများကို လေ့လာသွားလျှင် ယနေ့ခေတ်အတွက် အခြေခံအားဖြင့် လုံလောက်နိုင်ပြီဖြစ်ပါသည်။

 

(၁) သခင်ယေရှု၏ သာသနာပြုနည်းဗျူဟာ

သခင်ယေရှု၏ သာသနာပြုခြင်းနှင့်ပတ်သက်သော ဦးတည်ချက်၊ ရည်ရွယ်ချက်နှင့် နည်းစနစ်များကို ရှင်လုကာ(၄း၁၈-၁၉)တွင် အောက်ပါ အတိုင်း မြင်တွေ့ရပါသည်။

“ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်၌ တည်တော်မူ၏။ အကြောင်းမူကား၊ ဆင်းရဲသားတိုအား ဝမ်းမြောက်စရာ သိတင်းကိုကြား ပြောစေခြင်းငှါ၊ ငါကိုဘိသိက်ပေးတော်မူပြီ။ ကြေမွသောသူတို၏အနာကို ပျောက်စေခြင်းငှါ၎င်း၊ ဘမ်းသွားချုပ်ထားလျက်ရှိသော သူတိုအားလွှတ် ခြင်းအကြောင်းနှင့် မျက်စိကန်းသောသူတိုအား မျက်စိမြင်ပြန်ခြင်း အကြောင်းကိုပြစေခြင်းငှါ၎င်း၊ ညဉ်းဆဲခံရသောသူတိုကို ကယ်မစေခြင်းငှါ ၄င်း၊ ထာဝရဘုရား၏ မင်္ဂလာနှစ်ကာလကိုကြားပြောစေခြင်းငှါ၎င်း၊ ငါ့ကို စေလွှတ်တော်မူပြီဟုလာသတည်း။”

သူ၏ သာသနာပြုနည်းဗျူဟာနှင့် ပတ်သက်၍ အဓိကအကျဆုံး ကျမ်းချက်မှာ (မ ၉း၃၅)ဖြစ်သည်ဟု သာသနာပြုနည်း ဗျူဟာလေ့လာသူ တိုင်း ဆိုကြပါသည်။ ။

“ယေရှုသည် တရားစရပ်တို၌ ဆုံးမဩဝါဒပေးလျက်၊ နိုင်ငံတော် နှင့်ယှဉ်သော ဧဝံဂေလိတရား ကိုဟောလျက်၊ လူများခံရသောအနာရောဂါ အမျိုးမျိုးတိုကိုငြိမ်းစေလျက်၊ မြိုရွာရှိသမျှတို့ကို ဒေသစာရီ လှည့်လည် တော်မူ၏။ လူအစုအဝေးတိုကိုမြင်တော်မူလျှင် သနားခြင်းစိတ်ရှိတော်မူ ၏”(မ ၉း၃၅)။

အထက်ပါကျမ်းပိုဒ်မှပင်သခင်ယေရှု၏သာသနာပြုနည်းဗျူဟာကို အနှစ်ချုပ်လေ့လာခြင်း ပြုသွားနိုင်ပါသည်။ “သွန်သင်ခြင်း၊ ဟောပြောခြင်း၊ ကုသခြင်း (Teaching, Preaching, Healing) ဟု အတိုချုပ် မှတ်သားကြသည်။ ဤနေရာတွင် မှတ်ထားသင့်သည်မှာသခင်ယေရှု၏သာသနာကွင်း သည် လူမျိုး၊ ဘာသာစကားနှင့် ယဉ်ကျေးမှုတူ ဂျူးလူမျိုးများကို ဦးတည် ထားသည်ဖြစ်ရာ သူ၏ချဉ်းကပ်ပုံသည် ထိုလူမျိုးများ ရင်းနှီးနှင့်ပြီးသော သမိုင်းကြောင်း၊ ယုံကြည်ခံယူချက်နှင့် သမ္မာကျမ်းစာတိုအပေါ်တွင် ခိုင်ခိုင် မာမာ တည်ဆောက်ထားသည်ကိုမူ သိထားရပေမည်။ ဘုရားသခင် စေ လွှတ်တော်မူသောသူ(ယော ၂၀၂၁၊ မ ၁၂၀)ဖြစ်သော်လည်း ဆုတောင်း ခြင်းကို အလေးအနက်ထားလျက် ပြင်ဆင်ထားသည်ကို သူ၏အမှု တွင် ထင်ထင်ရှားရှား မြင်တွေ့ရနိုင်သည်(မ ၄း၁-၂၊ မာ ၁း၃၅)။ အချုပ် အားဖြင့် သခင်ယေရှု၏ နည်းဗျူဟာတွင် အခြေခံကျသော အပိုင်းများ သာ လေ့လာသွားပြီး၊ လက်တွေ့အသုံးချရာတွင်မူ မိမိတို့၏သာသနာကွင်း အခြေအနေ၊ ရေခံမြေခံနှင့်လျော်ညီစွာ အကန့်အသတ် မည်ဖြစ်ကြောင်း ကြိုတင်သိရှိထားရန် လိုအပ်သည်။ ” –

ထိုကြောင့် သခင်ယေရှု၏ သာသနာပြုနည်းဗျူဟာကို လူမျိုးတူ ယဉ်ကျေးမှုတူ သာသနာကွင်း၌ ဧဝံဂေလိပြု ခြင်းအတွက် အခြေခံနည်း စနစ်များဟု အချိုသောသာသနာပြုနည်းဗျူဟာ ပညာရှင်များက သတ် မှတ်ကြသည်။ ဤနည်းဗျူဟာတွင် ပါဝင်သော အချက်အလက်များကို အချုပ်အားဖြင့် “သွန်သင်ခြင်း၊ ဟောပြောခြင်း၊ ကုသခြင်း”ဟူ၍ နားလည် ကြပါသည်။

 

၁) သွန်သင်ခြင်းအမှုတော်

သခင်ယေရှု၏ သာသနာပြုလုပ်ငန်းတွင် အဓိကအချိန် အပေးရ ဆုံးမှာ သွန်သင်ခြင်းဖြစ်သည်။ အမှုတော်ဆောင် ကာလ ရှစ်ဆယ်ရာခိုင် နှုန်းခန့်အထိတွင် သွန်သင်ခြင်းကို အာရုံစိုက်ထားကြောင်း တွေ့ရှိရသည်။ သွန်သင်ခြင်းဟု ဆိုရာတွင် “တရားစရပ်တို၌ ဆုံးမဩဝါဒပေးခြင်း နှင့် “တပည့်တော်များအား သွန်သင်ပေးခြင်း”ဟူ၍၊ နှစ်မျိုးရှိပါသည်။

ဗိမာန်တော်အပါအဝင် တရားစရပ်များ၌ ဆုံးမဩဝါဒပေးခြင်းမှာ အများအားဖြင့် ထိုခေတ်ကာလ ယုံကြည်သူ (ဂျူးလူမျိုး)များ၏ မှားယွင်း နေသော ဓမ္မခံယူချက်(doctrine)ပိုင်းကို အဓိကထား ထောက်ပြခြင်း ဖြစ် သည်။ တပည့်တော်များအား သွန်သင်ခြင်းမှာမူ ထိုမျှနှင့်မပြီးချေ။ ကိုယ်တော်တိုင် မရှိတော့သောအခါ လက်ဆင့်ကမ်းသယ်ဆောင် သွားကြမည့် သာသနာတော်အတွက် လိုအပ်မည့်ပြင်ဆင်မှုအားလုံးကို သုံးနှစ်သုံးမိုး အချိန်ပေးပြီး၊ သွန်သင်ခဲ့ခြင်းဖြစ်သည်။

 

၂) ဟောပြောခြင်းအမှုတော်

ဟောပြောခြင်းတွင် “နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို ဟောလျက် (Preaching the gospel of the Kingdom)”ဟူ သော အ ချက်ကို အလေးထားရပေမည်။ နိုင်ငံတော်ဟုဆိုရာတွင် “ဘုရားသခင်၏ နိုင်ငံတော်(Kingdom of God) နှင့် ကောင်းကင်နိုင်ငံတော်(Kingdom of Heaven)ဟူ၍ နှစ်မျိုးတွေ့ရသည်။ ဘုရားသခင်၏ နိုင်ငံတော်မှာ အဓိကကျပြီး၊ လူတစ်ဦးစီ၏ဝိညာဉ်ရေးရာကို ရည်ညွှန်းသည်(‌ယော ၃း၃)။ ကောင်းကင်နိုင်ငံတော် (Kingdom of Heaven) မှာ မေရှိယသခင် ကိုယ်တော်တိုင် ရှင်ဘုရင်အဖြစ်အုပ်စိုးရန် လူမျိုးတော်သရေများ ခေတ်အဆက်ဆက် အင်္ဂလင်ကြသော နိုင်ငံတော်ကြီးပင်ဖြစ်သည်။

အချုပ်အားဖြင့် လူတစ်ဦးစီ၏အသက်တာတွင် ဘုရားသခင် အုပ် ခြင်းဖြင့် တည်ဆောက်ထားသော ဘုရားသခင်၏နိုင်ငံတော် (Kingdom of God)အားဖြင့်သော ဘုရားသခင်၏လူစု(ဆာ ၃၃း၁၂) အဖြစ် လောကီ ကောင်းကြီးမင်္ဂလာခံစားရသော ကောင်းကင်နိုင်ငံတော် (Kingdom Heaven)ကို တည်ဆောက်ရနိုင်ကြောင်း တွေ့ရှိရမည်ဖြစ်သည်။ လူမျိုးတော်ဣသရေလများမှာ ကောင်းကင်နိုင်ငံတော်ကို မျှော်လင့်နေကြ လည်း တစ်ဦးချင်း၏ အသက်တာတွင် ဘုရားသခင်၏အုပ်စိုးခြင်း၊ ပိသာ ရေးရာ ဧဝံဂေလိတရား(Kingdom of God)ကိုလက်မခံ၊ သခင်ယင် ကို ငြင်းပယ်ကြသောကြောင့် ကောင်းကင်နိုင်ငံတော်နှင့်ပါ ဝေးကွာခဲ့ကြသည်။

 

၃) ကုသခြင်းအမှုတော်

သခင်ယေရှု၏ သာသနာပြုခြင်းတွင် သာသနာကွင်း၊ လူမျိုးနှင့် နေရာဒေသမရွေး အလွယ်တကူ ဝင်ထွက်နိုင်ခြင်းမှာ ဤ “ကုသခြင်းအမှု တော်” (Healing Ministry)ပင် ဖြစ်သည်။ ဤနေရာတွင် “လူများခံရ သော အနာရောဂါ အမျိုးမျိုးတိုကို ငြိမ်းစေလျက်၊ – ́ဟူသောအချက်ကို မှတ်ထားရပေမည်။ သခင်ယေရှု ကုသပေးသောသူများတွင် ခန္ဓာပိုင်း ဆိုင်ရာ ရောဂါအမျိုးမျိုးအပြင်၊ စိတ်ပိုင်းနှင့်ဝိညာဉ်ပိုင်း ရောဂါမျိုးစုံပါဝင် ကြောင်း တွေ့ရှိရသည်။

တစ်နည်းအားဖြင့် သခင်ယေရှု၏ ကုသခြင်းအမှုတော်မြတ်မှာ လူ သားများ၏ ခန္ဓာ၊ စိတ်၊ ဝိညာဉ်လိုအပ်ချက် မှန်သမျှကို ဖြည့်ဆည်းပေးရန် အတွက် အစေခံခြင်း(service)ပင်ဖြစ်သည်။ ဤလောကသို ကြွလာတော် မူခြင်း အကြောင်းနှင့်ပတ်သက်၍လည်း- “လူသားသည် သူတပါးကိုစေ စားခြင်းငှါမလာ။ သူတပါးအစေကိုခံခြင်းငှါ၎င်း၊ မိမိအသက်ကိုစွန့်၍လူများ ကိုရွေးခြင်းငှါ၎င်း၊ ကြွလာသတည်း”ဟု မိန့်တော်မူခဲ့သည် (မာ၊ ၁၀း၄)။

ထိုသို့ ကုသပေးခြင်းတွင် ထိုခေတ်ဣသရေလ (အစ္စရေး)နိုင်ငံနှင့် လူမျိုးများ၏ လူမှုဘ၀တွင် အရေးပါသော လူတန်းစား နှစ်ရပ်ဖြစ်သည့် ရဲနှင့်ရွှေကဲများအား ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချ ထိုးနှက်တိုက် နိုက်ခြင်းလည်း အကျုံးဝင်သည်။ သူတိုသည် ငွေကြေးချမ်းသာသူများ ဖြစ် ကြသဖြင့် နိုင်ငံရေးနှင့် ဘာသာရေးတွင်ပါ သြဇာညောင်းသူများဖြစ်သည်။ –

ဖာရိရှဲများမှာ မျိုးချစ်စိတ်ဓာတ် လက်ကိုင်ပြုပြီး၊ အုပ်ချုပ်သူ ရောမ အစိုးရအား ဆန့်ကျင်ဘက်ပြုရန်၊ နိုင်ငံရေးအရ ရသည့်နည်းဖြင့် အပ် ကိုင်လေ့ရှိသူများ ဖြစ်သည်။ ဇရွာများမှာ လူမှုရေးနှင့် ဘာသာရေးအရ ပျော့ပျောင်းသော လမ်းစဉ်ကို လိုက်ကြသူများဖြစ်ပြီး၊ နိုင်ငံရေးတွင် ရောမ အစိုးရနှင့် အလွမ်းသင့်လျက် စီးပွားရေးအခွင့်အလမ်းကို ရအောင်ယူနိုင် ကြသူများ ဖြစ်သည်။ ထိုအပြင် အပယ်ခံလူတန်းစားဖြစ်သော အခွန်ခံများ၊ ပြည့်တန်ဆာများ၊ နတ်ဆိုးစွဲသူ၊ နူနာများကိုပင် အများနှင့်တန်းတူ ပေါင်း သင်းခြင်းအားဖြင့် လူမှုရေးအနာရောဂါများကို ကုသခြင်းလည်း အကျုံးဝင် သည်။

 

၄) ထိတွေ့ခြင်းအမှုတော်

အများအားဖြင့် သခင်ယေရှု၏ သာသနာပြုနည်းဗျူဟာကို ‘သွန် သင်ခြင်း၊ ဟောပြောခြင်း၊ ကုသခြင်း အမှုတော်မြတ်ဟုသာ သိမှတ်နား လည်ထားကြသည်။ အမှန်တကယ်တွင်မူ ထိုမျှနှင့်မပြီးချေး မြိုရွာရှိသမျှ တိုကိုဒေသစာရီလှည့်လည်တော်မူ၏” ဟူသောအပိုင်းနှင့် ယင်း၏နောက် ဆက်တွဲ၊ အကျိုးဆက်အဖြစ် ‘လူအစုအဝေးတို့ကို မြင်တော်မူလျှင် သနား ခြင်းစိတ်ရှိတော်မူ’ နိုင်ခြင်းဖြစ်၏။ ယင်းအပိုင်းကို “ထိတွေ့ခြင်း အမှုတော် မြတ် ́ဟုခေါ်ဆိုနိုင်သည်။ လူများရှိသောနေရာမြိုရွာရှိသမျှသို ဒေသစာရီ လှည့်လည်တော်မူခြင်း’ ပြုသဖြင့်သာ လူများ၏လိုအပ်မှုကို အရှိကို အရှိ အတိုင်း မြင်တွေ့နိုင်ခြင်းဖြစ်သည်။

အထက်ပါအချက်များသည် အဆုံးစွန်သောရည်ရွယ်ချက်ဖြစ်သည့် “မိမိအသက်ကိုစွန့်၍ လူများကို ရွေးခြင်းငှါ” အသုံးပြုသော နည်းဗျူဟာ ပင်ဖြစ်သည်။ ထိုအချက်များပေါ်တွင် အခြေခံလျက် ယနေ့ခေတ် မိမိတို အတွက် နည်းဗျူဟာနှင့် နည်းစနစ်များကို တည်ဆောက်သွားရန်ဖြစ်သည်။

ဤနည်းဗျူဟာတွင် အရေးကြီးဆုံးအချက်မှာ သခင်ယေရှု၏ ။ ဗျူဟာအစဉ် (Order of Strategy) ဖြစ်သည်။ ထိုအစဉ်မှာ “သွန်သင်ခြင်း ဟောပြောခြင်း၊ ကုသခြင်း” ဖြစ်သည်ဟူ၍ ဖော်ပြခဲ့ပြီးပါပြီ။ “ထိတွေ့ အမှုတော်ကိုပါ ထည့်သွင်းပါက“သွန်သင်ခြင်း၊ ဟောပြောခြင်း၊ ကုသ ထိတွေ့ခြင်း”ဟူ၍ ဖြစ်သွားပေမည်။

ယနေ့ ယုံကြည်သူနှင့် အသင်းတော်များတွင်မူ ထိုနည်းဗျူဟာ အစဉ်ကို “ထိတွေ့ခြင်း၊ ကုသခြင်း၊ ဟောပြောခြင်း၊ သွန်သင်ခြင်း” ဟူ၍ ပြောင်းပြန်စဉ်ပြီး၊ နည်းဗျူဟာဖော်ဆောင် သာသနာပြုကြလေ့ရှိသည်။ ဥပမာအားဖြင့် သာသနာ ကွင်းတစ်ခုတွင် သာသနာပြုတော့မည်ဆိုပါက သုတေသနနှင့်ဆန်းစစ်ခြင်း (Research and Survey)က ပထမဆုံးလာ လေ့ရှိပြီး၊ ယင်းနောက်တွင် သာသနာကွင်း၏ လိုအပ်မှုများကို ဖြေရှင်းပေး ခြင်း (Meeting Felt-needs of the Field)ကလိုက်လာ‌လေ့ရှိသည်။ ယင်းနောက်တွင်မှ ရရှိလာသော အခွင့်အလမ်းများအရ ဟောပြောသက်သေခံခြင်း (Witnessing and Testimony)၊ ယင်းသို့ဟောပြောခြင်းမှ ဧဝံဂေလိတရား ကြားနာယုံကြည်၍ ပြောင်းလဲလာသူများအား ပြုစုပျိုး ထောင်ခြင်းနှင့် တပည့်တော်ပြုခြင်း (Nurturing and Discipling) စသဖြင့် အစဉ်လိုက်လုပ်ဆောင်သည်ကို မြင်တွေ့ရမည်ဖြစ်သည်။

 

(၂) ကနဦးအသင်းတော်၏ သာသနာပြုနည်းဗျူဟာ

ကနဦးအသင်းတော်၏ သာသနာလုပ်ငန်းတွင် အပိုင်းနှစ်ပိုင်းရှိ သည်။ အစပိုင်း၌ လူမျိုး၊ ဘာသာစကားနှင့် ယဉ်ကျေးမှုတူ ဂျူးလူမျိုးများ ကို အများအားဖြင့် ဦးတည်ထားသည်။ ခြွင်းချက်အဖြစ် တမန်တော်ဝတ္ထု၊ အခန်း(၈)တွင် ဖိလိပ္စုသည် လူမျိုးခြားရှမာရိများအား ဧဝံဂေလိပြုခဲ့ခြင်း နှင့် အခန်း(၁ဝ)တွင် ရှင်ပေတရုသည် တပါးအမျိုးသားများထဲမှ ပထမဆုံး ပြောင်းလဲသူ အီတာလျံလူမျိုး၊ တပ်မှူးကောနေလိကို ဧဝံဂေလိပြုခဲ့ခြင်းမှ ဖြစ်သည်။ လွဲ၍ အားလုံးနီးပါးမှာ လူမျိုးတူယဉ်ကျေးမှုတူ သာသနာကွင်းများသာ

နောက်ပိုင်း ရှင်ပေါလု၏ သာသနာခရီးစဉ်များမှစ၍ စီအီး (၃၀၀) အထိ ကနဦးအသင်းတော်၏ သာသနာပြုနည်းဗျူဟာမှာ လူမျိုးစုံ၊ ယဥ်ကျေးမှုစုံကွင်းတွင် သာသနာပြုခြင်း ဖြစ်သွားသည်။

 

 

၁) သမ္မာကျမ်းစာ(ဓမ္မဟောင်း)အပေါ် အခြေခံရပ်တည်ခြင်း

တမန်တော်များ အပါအဝင် ကနဦးတပည့်တော်နှင့် ယုံကြည်သူ များသည် သမ္မာကျမ်းစာ(ဓမ္မဟောင်း)ကို ဘုရားသခင်၏ နှုတ်တော်ထွက် စကားဟု ခံယူခဲ့ကြသည်။ ပင်တေကုတွေ့နေ့တွင် ပေတရုဟောသော ဒေ သနာမှာလည်း ဓမ္မဟောင်းလာ အကြောင်းအရာများကို ပြန်လည်ပြောပြ ခြင်းသာ ဖြစ်သည်။ နှုတ်ကပတ်တော် သည်လည်း သူတို ယုံကြည်ခဲ့သည့် အတိုင်း အမှန်တကယ်ပင် တန်ခိုးကြီးမားစွာ အလုပ်လုပ်တော်မူသည်ကို တွေ့ရှိရသည်။

 

၂) စိတ် အားကြီးစွာ ဆုတောင်းခြင်း

ကနဦး(ယေရုရှလင်)အသင်းတော်သည် ဆုတောင်းခြင်းဖြင့် စတင် တည်ထောင်ခြင်းဖြစ်သည်(တ ၁း၁၄)။ ချီဆောင်တော်မူရာနေ့မှ တစ်ဆယ် ရက်တိတိတိုင်အောင် လူပေါင်းတစ်ရာ့နှစ်ဆယ်က ယေရုရှလင်ရှိ အထက် ခန်းမကြီးတွင် အစာရှောင်ဆုတောင်း စောင့်ဆိုင်းကြရာမှ ပင်တေကုတွေ့ နေ့တွင် လူပေါင်းသုံးထောင် စတင်ပြောင်းလဲခြင်းနှင့်အတူ အသင်းတော် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

ကနဦးယုံကြည်သူများ အမြဲဆောင်ရွက်ကြသော အမှုအရာလေးခု အနက်တစ်ခုမှာ ဆုတောင်းပဌနာ ပြုခြင်းဖြစ်ပြီး(တ ၂း၄၂)၊ တမန်တော် များ အမြဲဆောင်ရွက်သော အရာနှစ်ခုအနက် တစ်ခုမှာ လည်း ဆုတောင်း ခြင်းပင်ဖြစ်သည်(တ ၆း၄)။ အသင်းတော်သည် ခြိမ်းခြောက်ခြင်း ခံရ သောအခါတွင်လည်း ဆုတောင်းခြင်းအား ဖြင့် နှုတ်ကပတ်တော်ကို ရဲရင့် စွာဟောပြောနိုင်ကြသည်(တ ၄း၂၄-၃၁)။ ပြသနာတစ်ခုခု ကြုံတွေ့လာ သည့် အခါတိုင်းတွင်လည်း ဆုတောင်းခြင်းအားဖြင့်သာ ဖြေရှင်းကြလေ့ ရှိပြီး၊ အံ့သြဖွယ်ရာ အမှုလက္ခဏာများအား ဖြင့် အရာရာ၌ အောင်မြင်မှုကို ရရှိနိုင်ခဲ့ကြသည်(တ ၁၂း၅-၁၀)။

 

၃) သန့်ရှင်းသောဝိညာဉ်တော် တန်ခိုးကိုအမှီပြုခြင်း

တမန်တော်များသည် သခင်ယေရှု ကိုယ်တော်တိုင်၏ သုံးနှစ်သုံးမိုး သင်ကြားပို့ချခြင်းကို ရရှိခံယူခဲ့ကြပြီး၊ ရှင်ပြန်ထမြောက်တော်မူသောနေ့တွင် သန့်ရှင်းသောဝိညာဉ်တော်ကို ရရှိခံယူ ကြပြီးသည့်တိုင်(ယာ ၂၀း၂၂)၊ “ယေရုရှလင်မှစောင့်နေကြလော့ဟုမိန့်မှာချက်အတိုင်းတန်ခိုး နှင့် ပြည့်ဝခြင်းကို ရရှိသည်အထိ ယေရုရှလင်မှ တသွေမတိမ်း စောင် ခဲ့ကြသည်။ သန့်ရှင်းသော ဝိညာဉ်တော်နှင့် မပြည့်ဝသေး ခင်တင် ပီပီ ကြောက်ရွံနေကြသော်လည်း တန်ခိုးတော်နှင့် ပြည့်ဝကြသော အခါ တွင်မူ သတ္တိရှိစွာ သက်သေခံရဲသွားကြသည်(တ ၄း၁၃၊ ၃၁)။ “

“ထိုအတူဧဝံဂေလိတရားဟောပြောခြင်းအမှုများတွင်သန့်ရှင်းသော ဝိညာဉ်တော်ကိုယ်တိုင်က ဦးဆောင်လမ်းပြုခြင်း (တ ၈း၂၆၊ ၃၉-၄o) သာသနာပြုသူများကို ရွေးချယ်ခွဲခန့်ခြင်း (တ ၁၃း၂)နှင့် စေလွှတ်တော် ခြင်း(တ ၁၃း၄)၊ တရားဟောခွင့်တားမြစ်ခြင်း(တ ၁၆း၆)၊ လမ်းကြောင်းပြောင်းပေးခြင်း (တ ၁၆း၁၀)များအပြင်၊ အရေးကြီးကိစ္စ ဆုံးဖြတ်စရာ သည်များကိုလည်း အတူတကွတိုင်ပင် ဆုံးဖြတ်ကြသည်အထိ နီးနီးကပ် ကပ် လုပ်ဆောင်ခဲ့ကြသည်။

တမန်တော်များ အပါအဝင် ကနဦးယုံကြည်သူများသည် ပညာ တတ်များ၊ ထင်ရှားသောလူကြီးများ၊ မင်းမျိုးမင်းနွယ်အများ မပါဝင်ခဲ့ချေ။ (၁ကော ၁း၂၆)။ သိုနှင့်တိုင်အောင် သန့်ရှင်းသောဝိညာဉ်တော် တန်ခိုးနှင့် ပြည့်ဝကြသောအခါတွင်မူ ရဲရင့်သတ္တိရှိကြလွန်းသဖြင့် မည်မျှပင်တားဆီး ၍ နှိပ်စက်ခံသည့်တိုင် အကြောက်တရား မရှိကြတော့ချေ(၃၁)။ မြင်ရသူ များ အံ့ဩရသည် အထိပင်ဖြစ်သည်(တ ၄း၁၃)။

 

၄) ညဉ်းပန်းနှိပ်စက်ခံရခြင်း

ခရစ်ယာန်အသက်တာနှင့် ပတ်သက်၍ သခင်ယေရှုက၊ “သင်တို သည် လောက၌ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်။ သိုသော်လည်း မစိုးရိမ် ကြနှင့်။ ငါသည်လောကကိုအောင်ပြီ”ဟု မိန့်တော်မူ၏(ယော ၁၆း၃၃)။ ရှင်ပေါလုကလည်း တိမောသေကို “ဘုရားဝတ်၌ မွေ့လျော်၍နေခြင်းငှါ၊ အလိုရှိသောသူအပေါင်းတိုသည် ညှဉ်းဆဲခြင်းကိုခံရကြလိမ့်မည်”ဟု သ တိပေးခဲ့သည်(၂တိ ၃း၁၂)။

ချီဆောင်တော်မူခြင်း မခံမီတွင် သခင်ဘုရားက သန့်ရှင်းသော ဝိညာဉ်တော် ဆင်းသက်လာပါက တန်ခိုးကို ခံရပြီး၊ ယေရုရှလင်မှစ၍ မြေကြီးစွန်းတိုင်အောင် သက်သေများဖြစ်ကြမည်ဟု မိန့်တော်မူခဲ့သည်(တ ၁း၈)၊ ဂရိ စကားလုံး(maturas)မှာ “မာတုရ၊ အာဇာနည် ́ဟူသောအဓိပ္ပာယ် သည်။ ထိုအတိုင်းပင် ယောဟန်မှ လွဲ၍ တမန်တော်များအားလုံးသည် တရများ၊ အာဇာနည်များအဖြစ်အသက်ကိုစွန့်ခဲ့ကြသည်။သတေဖန်မှာ ကျောက်ခဲဖြင့် ပစ်သတ်ခံခဲ့ရပြီး၊ ယာကုပ်မှာလည်း ခေါင်းဖြတ်ခံရသည်။ အပြင်းအထန်နှိပ်စက်ခြင်း အကြိမ်ကြိမ်ကျရောက်ရာတွင် အစပိုင်းမှာ ဂျူး တရားစရပ်များ၏ ရန်လိုမှုကြောင့်ဖြစ်ပြီး၊ နောက်ပိုင်းတွင်မူ ရောမအင်ပိုင် ယာ ဧကရာဇ်မင်းများ ကိုယ်တိုင်ကြောင့်ဖြစ်သည်။ “

ထိုအတူပင် ယေရုရှလင်မှ ကနဦးအသင်းတော်သည်လည်း သခင် ယေရှုအတွက် ရိုက်နှက်အရှက် ခွဲခြင်းကိုပင် ဝမ်းပန်းတသာခံယူခဲ့ကြသည် (တ ၅း၄ဝ-၄၁)။ အချိုမှာ သတေဖန် အသတ်ခံရခြင်းကြောင့် အသက် ဘေးအတွက် ထွက်ပြေးရခြင်း အပါအဝင်(တ ၈း၁၊ ၄)၊ အသတ်ခံရခြင်း အထိ ခံခဲ့ကြရသည်။ ထိုကြောင့်ပင်လျှင် “မာတုရများအသွေး၊ အသင်း တော်အတွက် မျိုးစေ့ (The blood of the martyrs, the seed of the Church)”ဟူသော စကား ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

 

၅) အသင်းသားအားလုံး ဧဝံဂေလိပြုခြင်း

တမန်တော်ဝတ္ထု၊ အခန်း(၂)လာ ပင်တေကုတွေ့နေ့တွင် ယေရုရှ လင်မြိုသို ရောက်ရှိလာသည့် နေရာအနှံ ပြန့်ကြဲနေထိုင်သူ ဂျူးလူမျိုး များ သည် အိမ်ရှင်ယုဒအပါအဝင် နိုင်ငံပေါင်း (၁၅)နိုင်ငံကို ကိုယ်စားပြုကြောင်း တွေ့ရှိရသည် (တ ၂း၈-၁၁)။ ထိုဒေသအများစုသည် ရှင်ပေါလု၏ သာသနာပြုခရီးစဉ်များတွင် မပါဝင်ကြပေ။ သိုဖြစ်ရာ ထိုနေ့တွင် ပေတရု အားဖြင့် ဧဝံဂေလိတရားကိုကြားပြီး၊ ပြောင်းလဲသွားကြသူ ဂျူးလူမျိုးယုံ ကြည်သူများသည် မိမိတိုနေထိုင်ရာ နိုင်ငံနှင့်ဒေသ အသီးသီးသို ဧဝံ ဂေလိတရားကို ယူဆောင်သွားကြသည်မှာ ယုံမှားစရာ မရှိပါချေ။ –

တမန်တော်များသည် ဆုတောင်းခြင်းနှင့် နှုတ်ကပတ်တော် ဝေငှ ခြင်းကိုသာ အဓိကထား ဆောင်ရွက်ကြရာ ( ၆း၄)၊ အသင်းသားများ ကို ဝေဂေလိတရားအတွက် ပြင်ဆင်ပေးခြင်းမှာ သူတို၏ အကြီးမားဆုံး တာဝန်တစ်ခု ဖြစ်သည်။ ထိုအတူဗာနဗနှင့်ရှောလု(ပေါလု)တို့သည်လည်းအန္တိအုတ်မြို့မှ ယုံကြည်သူများအား တစ်နှစ်ပတ်လုံး နှုတ်ကပတ် သင်ကြားပေးခဲ့သည်(တ ၁၁း၂၆)။ ထိုသို့သော အသင်းသားများ ရှိနေကြ ရာ အသင်းတော်မှသာ ယုံကြည်သူများကို ခရစ်ယာန်ဟု စတင်အခေါ်ခံရ ခြင်း၊ ပထမဆုံး သာသနာပြုသော အသင်းတော်ဖြစ်လာခြင်းတိုမှာလည်း အံ့ဩစရာတော့ မကောင်းလှချေ။

သတေဖန် အသတ်ခံရခြင်းကြောင့်လည်းကောင်း၊ စားဝတ်နေရေး အတွက် အရောင်းအဝယ်ပြုရန် အတွက်သော်လည်းကောင်း၊ ယုံကြည် များသည် အနယ်နယ်အရပ်ရပ်သို ခရီးပြုကြရာမှ ဧဝံဂေလိတရား ပျံ့နှံ သွားကြောင်း တွေ့ရှိရသည်။ ယေရုရှလင်ကို ဗဟိုပြုလျက် ဧဝံဂေလိတရား သည် ရောမခေတ်၏ နာမည်ကျော်ကုန်းတွင်း လမ်းမကြီးများ၊ ပင်လယ် ကမ်းရိုးတန်း တလျှောက် ပျံ့နှံသွားခြင်းဖြစ်သည်။

အချုပ်အားဖြင့် ရှင်ပေါလုမရောက်ခင်ကပင် သာသနာရောက်နှင့် သွားသောနေရာ၊ တမန်တော်များနှင့် ရှင်ပေါလု မရောက်ခဲ့ဖူးသော်လည်း သာသနာရောက်သွားသော နေရာများမှာ နာမည်ဖော်ပြမထားသော အ သင်းသားများအားဖြင့် ဧဝံဂေလိတရား ကြားသွားခြင်းဟု ယူဆရန်မှတပါး အခြားနည်းလမ်းမရှိပါ။

 

၆) သိသာမြင်သာသော အမှတ်လက္ခဏာများ

စီအီး(၃ဝ-၃ဝဝ)ကာလ ကနဦးအသင်းတော်၏ ထူးခြားသော အ မှတ်လက္ခဏာကို ချစ်ခြင်းမေတ္တာနှ့င် စင်ကြယ်ခြင်း (Charity and Chastity)ဟူသော စကားလုံးနှစ်ခုဖြင့် ဖော်ပြနိုင်သည်။ အထူးသဖြင့် ချစ်ခြင်း မေတ္တာမှာ ကနဦးအသင်းတော်၏ ဝိသေသအမှတ်သရုပ်ဟုပင် ခေါ်ဆိုနိုင် သည်။ ထိုချစ်ခြင်းမေတ္တာသည်လည်း သခင်ယေရှုနမူနာ(ယော ၁၃)၊ သူ ၏သွန်သင်မှု (မ ၅း၄၃-၄၈)၊ သန့်ရှင်းသောဝိညာဉ်တော်၏ လွှမ်းမိုးမှု (ရော ၅း၅)တို့ကြောင့် ဖြစ်သည်။ ယင်းနှင့် ဆက်စပ်သည်မှာ မျှဝေပေးကမ်း ခြင်းဖြစ်သည်။ ယေရုရှလင်အသင်း တော်တွင် ခရစ်ယာန်ဘုံစနစ် (Christian Communism)ကို အသုံးပြုကြောင်း တွေ့ရှိရသည်(တ ၂း၄၄၊ ၄း၃၂)။ အဓိကမှာ တန်းတူညီမျှ ဝေမျှခံယူခြင်းဖြစ်၏။ ဆင်းရဲငတ်မွတY ဒဏ်ခံ ယေရုရှလင်အသင်းတော်သို အန္တိအုတ်အသင်းတော်သည်လည်းကောင်း (တ ၁၁း၂၅-၃၀)၊ နောက်ပိုင်းတွင် မာကေဒေါနိပြည်၊ အခါယ၊ပြည်တို့မှ အသင်းတော်များသည်လည်းကောင်း အကူအညီများ မျှဝေပေး ပိုခဲ့သည်(၂ကော ၉)။ –

အားကြီးသူကအားနည်းသူကို ကူညီဖေးမရန်(ရော ၁၅း၁)၊ ထမ်းရွက်စရာဝန်တို့ကို အချင်းချင်းကူညီ ထမ်းရွက်ကြရန် (ဂလာ ၆း၂)၊ ရှင် ပေါလုသွန်သင်ခဲ့သည်။ ထိုအတူ အထက်မှလာသော ချစ်ခြင်းမေတ္တာကို လူသားအချင်းချင်း စိတ်ပါကိုယ်ရောက်၊ ကရုဏာထားခြင်းဖြင့် ပြသကြရန် (၁ယော ၃း၁ရ-၁၈) ရှင်ယောဟန် ကလည်း သွန်သင်ခဲ့၏။

ဒုတိယအမှတ်လက္ခဏာဖြစ်သော သန့်ရှင်းစင်ကြယ်ခြင်းနှင့် ပတ် သက်၍ အဓိကသွန်သင်ချက်မှာ၊ “သင်တိုအဘသည်စုံလင်တော်မူသည် နည်းတူ သင်တို့သည်လည်း စုံလင်ခြင်းရှိကြလော့” ဟူ၍ဖြစ်သည် (မ ၅း၄၈)။

ထိုခေတ်ကာလ ရောမလူ့ဝန်းကျင်တွင် ထင်ရှားသောလက္ခဏာ နှစ် ရပ်ရှိသည်။ ယင်းတို့မှာ ဘာသာရေးတွင် ရုပ်တုကိုးကွယ်ခြင်း၊ လူမှုရေး တွင် လော်လည်ဖောက်ပြန်ခြင်း စသည်တိုဖြစ်သည်။ ရုပ်တုကိုးကွယ်ခြင်း သည် ခရစ်ယာန်များ ရှင်းရှင်းလင်းလင်း ငြင်းပယ်ကြလေ့ရှိသော အရာ တစ်ခုဖြစ် သော်လည်း ဧကရာဇ်ကို ကိုးကွယ်ခြင်း (Emperor Worship) မှာမူ ယုံကြည်သူအချင်းချင်းကိုပင် အမြင်ကွဲပြားစေခဲ့သည်။ နတ်ကိုးကွယ် ခြင်းသည် ယုံကြည်ခြင်းနှင့်ဆိုင်ပြီး၊ ဧကရာဇ်ကိုကိုးကွယ်ခြင်းမှာ နိုင်ငံသား တိုင်း၏တာဝန်၊ မကိုးကွယ်ပါက နိုင်ငံတော်ကိုသစ္စာဖေါက်ခြင်း ဖြစ်သည် ဟု အဓိပ္ပါယ်ဖွင့် ခြိမ်းခြောက်ကြသည်။ သိုသော်လည်း ယုံကြည်သူအများ စုသည် ရှင်ဘုရင်ကို ရိုသေမှုပြ၊ လေးစားကြသော် လည်း ကိုးကွယ်ခြင်း မပြုကြချေ။

ကိုယ်ကျင့်တရား ဖောက်ပြန်မှုမှာ အင်ပိုင်ယာတစ်ခွင်လုံးတွင် ရှိနေ သော်လည်း ခရစ်ယာန်များ စုစည်းနေထိုင်ရာ မြိုပြဒေသများမှာ အဆိုး ရွားဆုံးဖြစ်သည်။ သိုနှင့်အမျှ လောကအညစ်အကြေးများနှင့် မစွန်းထင်း ရအောင် နေထိုင်နိုင်ရေး အသင်းတော်ခေါင်းဆောင်များက အမြဲတမ်းပင် တိုက်တွန်းကြသည် (၁သက် ၁း၉-၁၀)။ တစ်ဦးချင်းဘဝတွင် “ဘုရားမဲ့ တရားမဲ့နေခြင်း၊ လောကီတပ်မက်ခြင်းကိုပယ်ရှားလျက်၊ ယခုဘဝ၌က္ကဋေစောင့်ခြင်း၊ တရားသဖြင့် ကျင့်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းတို ပြုနေရမည်အကြောင်း”(တိ ၂း၁၂)၊ လူမှုဘဝတွင် ““ခပ်သိမ်းသောသူတို ရိုသေကြလော့။ ညီအစ်ကိုများကို ချစ်ကြလော့။ ဘုရားသခင်ကို ကြောက် ရွံခြင်း၊ ရှင်ဘုရင်ကို ရိုသေခြင်းရှိကြလော့”ဟု(၁ပေ ၂း၁ရ) သတိပေးထား သည်။ အကယ်၍ ဒုစရိုက်တစ်ခုကို ကျူးလွန်မိလျှင် နောင်တရ၍ အပြစ် ကိုဝန်ချရန် အသင်းတော်မှ မျှော်လင့်သည်။ ထိုသိုမပြုသူ၊ နောင်တမရသူ များကိုမူ အသင်းတော်ထဲမှ ကြဉ်ထားကြသည်။

မင်္ဂလာဆောင်ခြင်း အမှုမှာလည်း အလေးအနက်ထားရသော အ ရာတစ်ခုဖြစ်သည်။ တစ်လင် တစ်မယား စနစ်ကိုသာ ကျင့်သုံးကြပြီး၊ ယုံ ကြည်သူ အချင်းချင်းသာ အိမ်ထောင်ပြုရန် အားပေးကြသည်။ ရောမ ခေတ် လူ့အသိုက်အဝန်းတွင် ကွာရှင်းခြင်းမှာ အလွန်များပြားလှသော် လည်း ခရစ်ယာန်များကြားတွင်မူ ခွင့်မပြုချေ။ အကယ်၍ ယုံကြည်သူ တစ် ဦးသည် မယုံကြည်သူနှင့် အိမ်ထောင်ကျပြီး၊ မယုံကြည်သူဖက်မှ တောင်း ဆိုလာလျှင်မူ ခြွင်းချက်အဖြစ် ခွင့်ပြုပေးသည်။ လိင်တူဆက်ဆံခြင်းကို ဆန့်ကျင်ရှုတ်ချသည်။ သားသမီးများမှာ ဘုရားသခင် ချပေးသနားတော် မူသော ဆုလက်ဆောင်များအဖြစ် ခံယူကြပြီး၊ ဘုရားကိုကြောက်ရွံ ရိုသေ တတ်ရန်သင်ပေးရသည်။ ကိုယ်ဝန်ဖျက်ချခြင်း၊ မလိုလားသောမွေးကင်းစ ကလေးများအား ဇီဝိန်ချွေပစ်ခြင်းတိုကို လူသတ်မှုနှင့် တန်းတူထားသည်။

 

(၃) ရှင်ပေါလု၏ သာသနာပြုနည်းဗျူဟာ

ခရစ်ယာန်သာသနာ့သမိုင်းတွင် အထင်ရှားဆုံးမှာ ရှင်ပေါလုဟုဆို လျှင် မှားအံ့မထင်။ သူသည် “တပါးအမျိုးသား တိုနှင့်ရှင်ဘုရင်ထံသို ၄င်း၊ ဣသရေလအမျိုးသားတိုရှိရာသို၄င်း၊ ငါ့နာမကိုပိုဆောင်စေခြင်းငှါ ငါရွေးကောက်သော တန်ဆာဖြစ်၏”ဟု သခင်ဘုရားကိုယ်တော်တိုင် ဆိုခဲ့သော သူဖြစ်သည်(တ ၉း၁၅)။ သူ၏နည်းဗျူဟာကို လေ့လာသောအခါ တွေ့ မြင်နိုင်သည့် အထူးခြားဆုံးအချက်မှာ သူကိုယ်တိုင်၏ အကြောင်းပင်ဖြစ် သည်။ သူသည် ဂျူးစိတ်ဓာတ် အလွန်ပြင်းထန်ပြီး၊ ခရစ်ယာန်ဘာသာကို အပြင်းအထန်ဆန့်ကျင်သူ၊ ပညတ်တရားကို အတိအကျ လိုက်နာအသက်ရှင်ခဲ့သူ၊ ဖာရိရှဲကျမ်းတတ် ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်သည်။ “ပညတ်တရားအားဖြင့်ရသောဖြောင့်မတ်ခြင်းကိုမေးပြန်သော်၊ ငါသည်အပြစ်တင်ခွင့်နှင့်ကင်း လွတ်သောသူဖြစ်၏” ဟုလည်း ဆိုရဲသူဖြစ်သည်(ဖိ၊ ၃း၅-၆)။

အမျိုးအားဖြင့်“ဣသရေလအမျိုး၊ ဗယ်ာမိန်အနွယ်”ဟုဆိုခဲ့ရာက္ကသ ရေလများ၏ ပထမဆုံးရှင်ဘုရင် ရှောလမင်းကြီးနှင့် အမျိုးအားဖြင့် တော် စပ်မှုရှိသည့်အပြင်သူ၏ငယ်နာမည်မှာလည်းရှောလု ́ ပင်ဖြစ်သည်။ ပထမ ရာစု ရောမအင်ပိုင်ယာ၏ အဓိကစီးပွားရေးမြို၊ တာရှုမြိုသားလည်းဖြစ်ရာ မွေးရာပါရောမနိုင်ငံသားလည်း ဖြစ်ပြန်သဖြင့် အဆင့်မြင့် လူ့အသိုင်း အဝိုင်းမှလာကြောင်း ခန့်မှန်းနိုင်သည်။

ထိုမျှမက ပညာအရာတွင် နာမည်ကြီးပညတ္တိဆရာ ဂါမလျလ၏ တပည့်ရင်းဖြစ်ရာ စာရေးရာ၌လည်း အဆင့်မြင့်သော ဂရိစာပေပုံစံကို အ သုံးပြုခဲ့သည်။ ဂရိအတွေးအခေါ်၊ စာပေနှင့်လည်း ရင်းနှီးသူဖြစ်ရာ သူ၏ စာများသည် နားလည်ရန်ခက်ခဲကြောင်း ပေတရုကပင် ဖော်ပြခဲ့သည် (၂ပေ ၃း၁၅-၁၆)။ သူသည် ရောမနိုင်ငံ သားတစ်ဦး ဖြစ်ရုံမျှမက သူ၏အ ဆင့်မြင့်မားသော ပညာအရည်အချင်း၊ တဲရှင်ချုပ်ပြီး အသက်မွေးဝမ်း ကျောင်းပြုနိုင်မှုတိုသည် ဧဝံဂေလိတရား ပြန့်ပွားမှုကို များစွာ အထောက် အကူပြုခဲ့သည်။

ဆယ်စုနှစ်တစ်ခု စွန်းစွန်းလေးအတွင်း ရောမအင်ပိုင်ယာကြီး တစ်ခု လုံး ဧဝံဂေလိတရား ပျံ့နှံသွားအောင် အသုံးတော်ခံနိုင်ခဲ့သည်မှာ တပါး အမျိုးသားများအတွက် ဘုရားသခင် အထူးသီးသန့် “ရွေးကောက်ထားသောတန်ဆာ” ဖြစ်၍ဟုဆိုနိုင်ပါသည်(တ ၉း၁၅)။ ထိုသို သီးသန့်ရွေးချယ် ခြင်းနောက်တွင် သီးသန့်ပြင်ဆင်ခြင်းကလည်း ထပ်ချပ်မကွာ လိုက်ပါလာ သည်ကို မမေ့အပ်ချေ။

သာသနာအတွက် ပြင်ဆင်ခြင်းဟုဆိုရာတွင် သူကိုယ်တိုင်သည် အ စာရှောင်ကာ ဆုတောင်း ခဲ့သည့်အပြင် (တ ၉း၉၊ ၁၃း၂-၄၊ ၂၇း၂၁)၊ စဉ် ဆက်မပြတ် ဆုတောင်းကြရန်နှင့် သူ့အတွက်ပါ ဆုတောင်းပေးကြရန် တိုက်တွန်းခဲ့သည်( ၆း၁၈၊ ဖိ ၄း၆၊ ကော ၄း၂)။ ယင်းသို့အားဖြင့် သန့် ရှင်းသော ဝိညာဉ်တော်၏ လမ်းညွှန်မှုကို စဉ်ဆက်မပြတ်ရရှိခဲ့သည်။ ရှင် ပါလုသည် သာသနာပြုရာတွင်လည်း တစ်ကိုယ်တော် ဧဝံဂေလိဆရာ တစ်ဦးမဟုတ်ဘဲ ပထမခရီးစဉ်တွင် ဗာနဗ၊ ယောဟန်၊ မာကုတို့နှင့်လည်း ကောင်း၊ ဒုတိယခရီးစဉ်တွင် တိမောသေ၊ သိလတိုနှင့်လည်းကောင်း လက်တွဲအလုပ်လုပ်ခဲ့သည်။

၁) အသင်းတော်အခြေပြုသော အသင်းတော်တည်ထောင်ခြင်းသာသနာ

သူသည် သာသနာပြုလုပ်ငန်းတွင် အန္တိအုတ်အသင်းတော်ကို အ ခြေခံပြီး(တ ၁၃း၃၊၁၄း၂၅)၊ ဖိလိပ္ပိအသင်းတော်၏ ထောက်ပံ့မှုကို ရယူခဲ့ သည်(ဖိ ၄း၁၄-၁၆)။ သာသနာပြုခရီးစဉ် တစ်ခုပြီးဆုံးတိုင်း စေလွှတ် သည့်အန္တိအုတ် အသင်းတော်သိုပြန်လာပြီး၊ ခရီးစဉ်တွင် တပါးအမျိုးသား တိုအတွင်း ဘုရားသခင် အလုပ်လုပ်တော်မူခဲ့သမျှကို ဝေမျှခဲ့သည်။ တစ် နည်းအားဖြင့် ယခုခေတ်စကားနှင့် ဆိုရလျှင် စေလွှတ်သူအသင်းတော် အား အစီရင်ခံခြင်းပင် ဖြစ်သည်။

ထိုအတူပင် သူ၏သာသနာပြုခြင်းတွင် အသင်းတော်တည်ထောင် ခြင်းကို ဦးတည်ထားကြောင်း သူ၏ လုပ်ဆောင်မှုများအားဖြင့် မြင်တွေ့ရ သည်။ အပေါ်ယံအားဖြင့် မြင်တွေ့ရနိုင်သည်မှာ ဧဝံဂေလိတရားဝေငှခြင်း၊ ပြုစုပျိုးထောင်ခြင်းနှင့် ခေါင်းဆောင်မွေးထုတ်ခြင်းတိုသာ ဖြစ်သည်။ သူ့ အားဖြင့် ပြောင်းလဲလာသော ယုံကြည်သူများအား အသင်းတော်အဖြစ် မည်သိုမည်ပုံ လည်ပတ်ရန်သာ သွန်သင်ပေးခဲ့ပြီး၊ မည်သည့်နေရာ တွင်မျှ အသင်းတော်တည်ထောင်ခြင်း၊ ခေါင်းဆောင်များကို တာဝန်ပေးခြင်း မပြု ခဲ့သော်လည်း ထိုနေရာမှ ထွက်သွားပြီးသောအခါ ကျန်ရစ်ခဲ့သော ယုံ ကြည်သူ အစုအဝေးများအား “အသင်းတော် ́ဟုခေါ်ဝေါ် နှုတ်ခွန်းဆက်ခဲ့ သည်ကို သူ၏ပေးစာများတွင် တွေ့ရသည်။

သိုနှင့်တိုင် ထိုဒေသများသို နောက်တစ်ခေါက် သွားရောက်လည် ပတ်သောအခါ ယုံကြည်သူများသည် အသင်းတော်များ အဖြစ်အသီးသီး ရပ်တည်သွားကြသည်ကို တွေ့ရှိရသည်။

 

၂) သာသနာကွင်းအဝင် နည်းဗျူဟာ

ရှင်ပေါလုသည်သာသနာကွင်းသို့ ဝင်ရောက်သောအခါခြေဦးတည့် ရာသို ကြုံသလိုမဝင်ဘဲ၊ စနစ်တကျ ကြိုတင်ပြင်ဆင်ထားသော ဆု တောင်းချက်၊ အဆက်အသွယ်တိုဖြင့် ဝင်ရောက်ခဲ့သည်။ ဧဝံဂေလိတရား ကိုလည်းကြုံသောနေရာတိုင်း၌ဟောပြောခြင်းမပြုဘဲထိရောက်မှုသေချာသောအခါတွင်မှ သက်သေခံလေ့ ရှိသည်။ ယင်းတို အနက်ထူးခြားထင် ရှားသော အချက်များကို အောက်ပါအတိုင်း တွေ့ရှိနိုင်ပါသည်။

က။ မြိုကြီးများကို အခြေခံသည်။

ရှင်ပေါလုသည် သာသနာခရီးတစ်ခုကို စတင်သောအခါတိုင်း မြို ငယ်များကိုကျော်ပြီး၊ မြိုကြီးတစ်ခုသို့ အရင် ဆုံးသွားလေ့ရှိသည်။ သူ့အ တွက် မြိုကြီးဆိုသည်မှာ၊ ရောမလူတစ်ဦး(တ ၂၂း၂၅)အနေဖြင့် လုံခြုံ စိတ်ချစွာ နေနိုင်သောနေရာ၊ လမ်းပန်းဆက်သွယ်ရေး အချက်အချာကျ သောနေရာ၊ ဧဝံဂေလိတရားအတွက် အလားအ လာရှိသူများစွာကို ဆက် သွယ်နိုင်သောနေရာဖြစ်သည်။

” ရှင်ပေါလု၏ နည်းဗျူဟာတွင် အရေးကြီးအချက်တစ်ချက်မှာ သူ သည်သာသနာကွင်းအသီးသီး ၌အချိန်ပေးမှုမတူညီသော်လည်း‘ဝင်လိုက် ထွက်လိုက်သာသနာပြု (Off and On Missionary) မျိုး မဟုတ်ဘဲ ဇာတိခံသာသနာပြုခြင်းဖြစ်သည်။ ထိုသိုပြုနိုင်ရန် တဲရှင်ချုပ်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသော သူ၏နည်းစနစ်က အထောက်အကူပြု ခြင်းပင် ဖြစ်သည်။ သူသည် တစ်နေရာတည်းတွင် အနည်းဆုံးသုံးလမှ၊ သုံးနှစ်အထိ နေထိုင်ခဲ့သည်ဖြစ်ရာ ထိုလုပ်ငန်းအဆက်အသွယ်များအား ဖြင့် မြိုကြီးများထဲတွင် အောင်မြင်စွာ ထိုးဖောက်စိမ့်ဝင် သာသနာပြုနိုင်ခဲ့ ခြင်း ဖြစ်သည်။ ထိုအပြင် ယုံကြည်သူများ မရှိသေးသော ဒေသများ၌ သူ ကိုယ်တိုင်နှင့် လုပ်ဖော်ဆောင်ဖက်များအတွက် စားဝတ်နေရေးပြသနာကို အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့သည်။

သာသနာပြု ခရီးစဉ်သုံးခုသည် တစ်ဆယ့်ငါးနှစ်ခန့်သာ ကြာမြင့်ခဲ့ ပြီး၊ ရောမအင်ပိုင်ယာ၏ လူနေအထူထပ်ဆုံး ဒေသများဖြစ်သော အာရှ ဒေသမှဂလာတိပြည်နှင့်အာရှိပြည်၊ ဥရောပမှမာကေဒေါနပြည်နှင့် အခါယ ပြည်တိုကို အဓိကထား ထိုးဖောက်ခဲ့သည်။ နာမည်ကြီး ရောမလမ်းမကြီး အတိုင်း ဧဝံဂေလိခရီး နှင်လာပြီး အချက်အချာကျသော မြိုကြီးများတွင် အသင်းတော်များကို ဆက်တိုက်တည်ထောင် သွားခဲ့သည်။

သူသည် “လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မတရားကိုသိရန်၊ ဘုရားသခင်အလို တော်”ဟု ကြွေးကြော်ခဲ့သဖြင့် (၁တိ ၂း၄)၊ တတိယခရီးစဉ်အပြီးတွင်၊ “ငါသည်ယေရုရှလင်မြို မှစ၍ က္ကလု ရိတ်ပြည်တိုင်အောင် ပတ်ဝန်းကျင်အရပ်တို၌ ခရစ်တော်၏ဝံဂေလို တရားကို အကုန်အစင်ဟောပြောခဲ့ပြီ”” (ရော ၁၅း၁၉)ဟု ဆိုလာရာတင် သူ၏နည်းဗျူဟာမှာ လူတိုင်းစေ့ဝံဂေလိပြုရန် မဟုတ်ကြောင်းမှာ ထင် ရှားလှသည်။

ရောမမြို့ကို အရောက်သွားပြီး၊ “သင်တို့အနားမှာ ရှောက်၍၊ စပါနိ ပြည်သို့သွားမည်”(ရော ၁း၂၈)ဟုဆိုရာတွင်လည်း ရောမမြိုကြီးကို ဗဟို ပြုလျက် အနောက်ကမ္ဘာခြမ်းကို သာသနာပြုရန် ရည်ရွယ်ထားသည့် သူ ၏နည်းဗျူဟာကို သဘောပေါက်နိုင်ပါသည်။ (သိုသော် ထိုဗျူဟာကို အ ကောင်အထည်ဖော်ခွင့် သူမရခဲ့ပါ။)

ခ။ ယုဒတရားဝရပ်သို အရင်ဆုံးဝင်ရောက်လေ့ရှိသည်

ရှင်ပေါလု၏ခေတ်တွင် ဂျူးလူမျိုးများမှာ ကမ္ဘာအနှံ၊ အထူးသဖြင့် ဥရောပတွင် ပျံ့နှံနေထိုင်ကြရာ ရောက်သည့်နေရာတိုင်းတွင် စီးပွားရေး လုပ်ငန်း၊ ဦးဆောင်သူများ ဖြစ်ကြသည်။ ယင်းသိုအားဖြင့် ယုဒတရားစရပ် ဆိုသည်မှာ ဘုရားသခင်ကို ကိုးကွယ်ရန် နေရာမကဂျူးလူမျိုးများအတွက် ပုံမှန်တွေ့ဆုံရန်နေရာလည်း ဖြစ်သည်။ ယင်းသိုအားဖြင့် ဒေသဆိုင်ရာ သတင်းနှင့် အချက်အလက်များ၊ သာသနာလုပ်ငန်းအတွက် လိုအပ်သော အဆက်အသွယ်များ ရနိုင်သောနေရာ ဖြစ်သည်။

ထိုအပြင် ဘုရားသခင် ပြင်ဆင်တော်မူနှင့်သော“မင်္ဂလာသား (Son of Peace) (လု ၁၀း၆)များကို ထိုနေရာများတွင် ရှာတွေ့လေ့ရှိသည်ကို မြင်တွေ့ရသည်။ စီးပွားရေးလုပ်ငန်း၊ လူမှုရေးဆက်နွယ်မှုအားဖြင့် ဂျူးလူ မျိုးများနှင့် အဆက်အသွယ်ရှိလာရာမှ ဖန်ဆင်းရှင် ထာဝရဘုရားသခင် အား ယုံကြည်ကိုးကွယ်သော တပါးအမျိုးသား၊ ဟေလသလူများကိုလည်း ထိုနေရာများမှ ရှာတွေ့လေ့ရှိသည်။ သူ၏ ထိုနည်းစနစ်ကို တမန်တော် ဝတ္ထု(၁၀း၂)တွင် မြင်တွေ့ရသည်။

 

ဂ။ ပွင့်နေသော ဧဝံဂေလိတံခါးအတိုင်း လိုက်သွားလေ့ရှိသည်

ရှင်ပေါလု၏သာသနာပြုလုပ်ငန်းတွင် အရေအတွက်အားဖြင့် မများ လသော်လည်း ကနဦးပြောင်းလဲသူ လူသစ်များကို ယုဒတရားစရပ်များမှ စတင်ရရှိလေ့ရှိသည်(တ ၁၇း၄)။ ယင်းနောက်တွင် တရားစရပ်၌ ဆက် လက် တရားဟောခွင့်မရတော့ဘဲ၊ ပြောင်းလဲလာသူ လူသစ်များအားဖြင့် မြို့ တွင်ပင် ဆက်လက်၍ ဧဝံဂေလိ ပြုလေ့ရှိသည်။ နေရာဒေသ အသစ် တစ်ခုသို ရောက်သွားသောအခါတွင်လည်း သူအလုပ်လုပ်ရာမှ ရရှိသော အဆက်အသွယ်ကို ကောင်းစွာအသုံးချ နိုင်ခဲ့သည်(တ ၁၆း၁၄၊ ၁း၃)။

သာသနာပြုခြင်း အရှိန်ရလာပြီး နောက်ပိုင်းတွင်လည်း မာကေဒေါ နိခေါ်သံ(တ ၁၆း၉)အပါအဝင် အံ့သြဖွယ် နိမိတ်လက္ခဏာများအားဖြင့် စိတ်ဝင်စားလာသောသူများ(ဟေဗြဲ ၂း၄၊ တ၁၄း၉-၁၀၊ ၁သက် ၁းရ၊၉)အား ဖြင့် မျှော်လင့်မထားသော သာသနာကွင်းသစ်များသို လမ်းပွင့်သွားသည်။

 

၃) ဧဝံဂေလိတရားဟောကြားပုံ

ရှင်ပေါလု၏ သာသနာပြုနည်းဗျူဟာတွင် အထူးခြားဆုံးမှာ ဧဝံ ဂေလိတရားကို ထိထိရောက်ရောက် ဟောကြားတင်ပြလေ့ရှိသော သူ၏ ထုံးစံ (သိုမဟုတ်) နည်းဗျူဟာပင်ဖြစ်သည်။ ယင်းကို တမန်တော်ဝတ္ထု (၁၇း၃)တွင် မြင်တွေ့ရနိုင်သည်။

 

က။ ကာလဒေသ၊ အခြေအနေကို နားလည်သဘောပေါက်ခြင်း

“ရှင်ပေါလုသည် မိမိထုံးစံရှိသည်အတိုင်း ထို(ယုဒ)စရပ်သိုဝင်၍၊ ဥပုသ်နေ့(သုံးရက်)တွင်” ၊ဧဝံဂေလိတရား ဝေငှလေ့ရှိသည်။ “ဥပုသ်နေ့” ဆိုသည်မှာ ဘုရားတရား ဆွေးနွေးရသော နေ့ရက်ဖြစ်ပြီး “တရားစရပ်’ဆို သည်မှာ ဘုရားတရားဆွေးနွေးရန် သင့်တော်သော နေရာဖြစ်သည်။ သင့်တော်သော အချိန်နှင့်နေရာတွင် ပြောဆိုဆွေးနွေးသော စကားကိုသာ တန်ဖိုးရှိသော စကားများဟု သဘောထားကြ မည်ဖြစ်သည်။

 

ခ။ ကျမ်းစာ(ဓမ္မဟောင်း)ကို အမှီပြု၍ ဟောပြောခြင်း

ရှင်ပေါလုဟောပြောသော ဧဝံဂေလိတရားသည် “သခင်ယေရှု၏ “သာခြင်း၊ ရှင်ပြန်ထမြောက်ခြင်းနှင့် မေရှိယအရှင်သခင်ဖြစ်ခြင်း” ဟူသောအချက်များပေါ်တွင် အဓိကတည်ဆောက်ထားသည် (တ ၁၇း၃၊ ၁ကော ၁၅း၃-၄)။ ထိုအချက်များကို ကျမ်းစာ(ဓမ္မဟောင်း)ကို အခြေပြု ဟောပြောခြင်းဖြစ်သည် (တ ၁၇း၂)။

 

ဂ။ နည်းဗျူဟာကြွယ်ဝစွာ ရေခံမြေခံပြုတတ်ခြင်း

ဤနေရာတွင် သူဟောပြောဝေငှသောသူ၏ သမ္မာကျမ်းစာကို လည်လက်ခံနိုင်သော ဓမ္မပညာ အခြေခံပေါ်တွင် အခြေပြုလျက် အမျိုး တင်ပြ ဟောပြောပုံမှာ အလွန်အရေးကြီးသော နည်းဗျူဟာ ဖြစ်သည်။ ယင်းသိုအားဖြင့် ပိသိဒိပြည်မှ ယုဒ(ဂျူး)လူမျိုးများအား သက်သေခံသော အခါ(တ ၁၃း၁၆-၄၁) သူတို့ သိထားပြီးသောအကြောင်း၊ ရင်းနှီးထားပြီး သော အာဗြဟံမှစ၍ လူမျိုးတော် ဣသရေလ၏သမိုင်းဖြင့် ကျမ်းစာ(ဓမ္မ ဟောင်း)ကို အခြေခံပြီး တင်ပြခဲ့သည်။ အဲဂုတ္တုပြည်မှ ပြန်ထွက်လာပုံတို ကို ရှင်းပြပြီးနောက် ယေရှုခရစ်အသေခံခြင်း၊ ကယ်တင်ခြင်းသိုရောက် အောင် ဆွဲသွားသည်ကို တွေ့ရသည်။

သို့သော် လူကောန်ပြည်၊ လုတ္တရနှင့်ဒေရဗေမြိုများမှ ကျေးလက် ဒေသတွင်နေထိုင်ကြသူ၊ ဖန်ဆင်းရှင်ဘုရားသခင်ရှိမှန်းကိုပင် နားမလည် ကြသေးသူ၊ လောကပညာလည်း အခြေခံအားနည်းသည့် နတ်ကိုးကွယ်သူများအား သက်သေခံခြင်းတွင်မူ သူတိုနားလည်ထားပြီးသော သဘာဝ တရားအားဖြင့်သာ ဖန်ဆင်းရှင်ဘုရားသခင်ကို မိတ်ဆက်ပေးခဲ့သည်(တ ၁၄း၈-၁၈)။ သူတိုမကြားဖူး၊ နားမလည်ဖူးသည့် ထွက်မြောက်ခြင်းသမိုင်း ကို ပြောပြမနေတော့ချေ။ ထိုအတူ အာသင်မြိုရှိ လောကီပညာ အခြေခံ မြင့်ပြီး၊ နတ်ဘုရားပေါင်းများစွာကိုကိုးကွယ်ကြသူများကိုမူ“သင်တို့မသိဘဲ လျက်ကိုးကွယ်သော ဘုရားသခင်၏ အကြောင်း ́ဟု ဘုရားသခင်၏ဂုဏ် တော်များ (Attributes of God)ကို မိတ်ဆက်ပေးပြီး သခင်ယေရှု – သေခံခြင်းသိုရောက်အောင် ဆွဲသွားခြင်းဖြစ်သည်(တ ၁၇း၂၂-၃၂)။

 

ဃ။ ရှင်းလင်းစွာဖွင့် ပြုခြင်း

ဤနေရာတွင် မှတ်သားလိုက်နာ စရာကောင်းသော ရှင်ပေ။ သာသနာပြုနည်းဗျူဟာကို “ဆွေးနွေးနှီးနှောသဖြင့် ရှင်းလင်းစွာဖွင့်ပြလေ၏ဟု မှတ်တမ်းတင်ထားသည်။ ဆိုလိုသည်မှာ နှုတ်ကပတ် တော်များ များဝေငှဖိုထက် နားလည်သည်အထိ များများရှင်းပြရန်ဖြစ်သည်။ ဟော ပြောခြင်းထက် ဆွေးနွေးနှီးနှောခြင်း၊ အကျိုးသင့်အကြောင်းသင့် ရှင်းပြ သည့်စနစ်ကို အသုံးပြုခြင်းဖြစ်သည်။

ဆွေးနွေးနှီးနှောသဖြင့်”၊ “ဘာသာတရားဆွေးနွေးရာတွင် အနိုင် ရလိုစိတ် အပြင်းအထန် ရှေ့တန်းမတင်မိရန် အရေးကြီးကြောင်း ရှင်ပေါလု ၏ နည်းဗျူဟာမှ နားလည်ရသည်။ နှီးနှောခြင်းဆိုသည်မှာ လတ်တလော ဖြစ်ပျက်နေသော အကြောင်းအရာ တစ်ခုခုနှင့်စပ်လျဉ်းပြီး တိုင်ပင်ခြင်း၊ အမြင်ဖလှယ်ခြင်း ဖြစ်သည်။ ဘယ်သူမှန်၊ ဘယ်သူမှား အဖြေရှာခြင်းမျိုး မဟုတ်ပေ။ တစ်နည်းအားဖြင့် ပြသနာတစ်ခုကို အခြေတည်ပြီး၊ နှစ်ဦးနှစ် ဖက် အမြင်ဖလှယ်ခြင်း၊ အတူတကွ အဖြေရှာရန် ဖိတ်ခေါ်ခြင်းသဘောဖြစ် သည်။ ရေခံမြေခံပြု ဧဝံဂေလိတရား ဝေငှရာတွင် တစ်ကြိမ်တည်းဖြင့် တဖက်သားပြောင်းလဲသွားရန် မျှော်လင့်၍ မရနိုင်ချေ။

“ရှင်းလင်းစွာ ဖွင့်ပြလေ၏။”- ရှင်ပေါလု၏ သာသနာပြုနည်းဗျူ ဟာ၊ အထူးသဖြင့် ဧဝံဂေလိ ပြုခြင်း၏ ထူးခြားချက်မှာ “ရှင်းလင်းခြင်း ဖြစ် သည်။ ရှင်းလင်းသော ထိုဧဝံဂေလိ သတင်းစကားမှာ “သခင်ယေရှုအ သေခံခြင်း၊ သင်္ဂြိုဟ်ခြင်း၊ ရှင်ပြန်ထမြောက်ခြင်းနှင့် သခင်ယေရှုသည် ခရစ် တော်(မေရှိယ) ဖြစ်သည်” ဟူသော အကြောင်းအရာတို အပေါ်တွင် အ ခြေခံကာ တည်ဆောက်ထားခြင်းဖြစ်သည်။ ယင်းအချက်များကို အောက် ပါအတိုင်း ထပ်မံဖော်ပြနိုင်သည်။

(ဃ-၁) “သခင်ယေရှုအသေခံခြင်း” -ဟု ဆိုရာတွင် သခင်ယေရှု သည်သူကိုယ်တိုင်၏ အပြစ်အတွက်အသေခံစရာမရှိဘဲ၊ အပြစ်ရှိသူလော ကလူသားများကိုယ်စား အသေခံခြင်းသာ ဖြစ်ကြောင်း ရှင်းပြခြင်းဖြစ်၏။

(ဃ-၂) “သဂြိုဟ်ခြင်း” ဆိုသည်မှာ သခင်ယေရှုကိုယ်တိုင်သက် တော်စွန့်ခါနီးတွင် “အမှုပြီးပြီ” ဟုမိန့်တော်မူခဲ့သည်နည်းတူ အပြစ်တရား ဒါ အခအတွက် အကျေအလည် ပေးဆပ်ပြီး ဖြစ်ကြောင်း၊ သခင်ယေရှု သေခံခြင်းအားဖြင့် မဖြေရှင်းနိုင်သော ပြသနာမရှိကြောင်း၊ ရှင်းပြခြင်း ၊ ဖြစ်သည် (ယော ၁၉း၃၀)။

(ဃ-၃) “ရှင်ပြန်ထမြောက်ခြင်း”၊- မှာ သခင်ယေရှုသည် အပြစ် တရားကို အောင်နိုင်ရုံ၊ ရှင်းထုတ် ဖယ်ရှား နိုင်ရုံမျှမက၊ အပြစ်တရား အခဖြစ်သော သေခြင်းကိုပင် အောင်မြင်တော်မူကြောင်း၊ သခင်ယေရ သည် ဓမ္မဟောင်းကျမ်းထဲတွင် ကြိုတင်ပရောဖက် ပြုထားသည်အတိုင်းသေခြင်းကိုပင် အနိုင်ယူ၍ ရှင်ပြန်ထမြောက် ခြင်းဖြစ်ကြောင်း ရှင်းပြုခြင်း ဖြစ်၏။

 

(၄) တပည့်တော်ပြုခြင်းနှင့် ခေါင်းဆောင်မွေးထုတ်လွှင့်တင်ခြင်း

ရှင်ပေါလုသည် သူ့အားဖြင့် ယုံကြည်၍ပြောင်းလဲလာသူ လူသစ် များအား သခင်ယေရှု မိန့်မှာခဲ့သကဲ့ သိုပင်၊ တပည့်တော်များ ဖြစ်သွားအောင် အချိန်ပေး၍ ပြုစုပျိုးထောင်ပေးခဲ့သည်ကို တွေ့မြင်ရနိုင်ပါသည်။ ထိုအကြောင်းကို၊ “သင်တို့အားအကုန်အစင် ဟောပြောပြသခြင်းအမှု ကို ငါသည်မလွဲမရှောင်ဘဲပြုခဲ့ပြီ၊ ငါသည်သုံးနှစ်ပတ်လုံး နေ့ညမပြတ် လူအပေါင်းတိုကို မျက်ရည်နှင့်တကွဆုံးမ၍၊ နေကြောင်းကိုအောက်မေ့ ကြလော့”ဟု ဆိုခဲ့သည်(တ ၂၀း၂၇၊ ၃၁)။

ရှင်ပေါလုသည် တစ်နေရာတည်းတွင် အမြဲနေထိုင်နိုင်သူ မဟုတ် ရာ၊ ဒေသတစ်ခုအတွက် ခေါင်းဆောင်များကို ထိုဒေသခံများထဲမှပင် မွေး ထုတ်လေ့ရှိကြောင်း၊ အသင်းတော်များကို ဒေသခံသင်းအုပ်များ၏ လက် ထဲသိုအပ်၍ ထိုသင်းအုပ်များကိုလည်း ဘုရားသခင်ထံ ဆက်ကပ်အပ်နှံကြောင်း တွေ့ရှိရသည်(တ ၂၀၁၅၊ ၃၂)။ သာသနာပြုခရီးစဉ်များတွင် သူ နှင့်အတူ လိုက်ပါလာခဲ့သူ တိမောသေ၊ တိတုကဲ့သိုသော လူငယ်များ အထူးယုံကြည် စိတ်ချမှုရှိပြီး၊ သင်းအုပ်များအား ခန့်ထားရန်အထိပင် ကြီး မားသောတာဝန်များကို ပေးအပ်ခဲ့သည်(တိ ၁း၅)။

 

၅) စာပေသာသနာ

ရှင်ပေါလုသည်စာကိုပင်ကောင်းစွာမဖတ်ရှုနိုင်တော့လောက်အော မျက်စိပျက်ခဲ့သူ၊ တစ်သက်လုံးလည်း ထိုဝေဒနာကို ခံစားခဲ့ရသူဖြစ် (တ ၉း၃၊ ၉၊ ၁၈၊ ဂလာ ၆း၁၁)။ သိုနှင့်တိုင်အောင် ဓမ္မသစ်ကျမ်း နှစ်ဆယ့် ခုနှစ် စောင်ထဲမှ တစ်ဆယ့်သုံးစောင်ကို ကိုယ်တိုင်ရေးသားပြုစုခဲ့သည်။ ယင်းစာစောင်တို့မှာ သူ့အားဖြင့်ပြောင်းလဲသူ၊ ယုံကြည်သူများ၊ သူတည်ဆောင်ခဲ့သော အသင်းတော်များအား ယုံကြည်ခြင်းဆိုင်ရာခံယူချက် ဓမ္မ အတွေးအခေါ် မလွဲစေရန် ထိန်းကျောင်းပေးခြင်းဖြစ်သည်။

 

၂။ သမိုင်းထဲမှ သာသနာပြုနည်းဗျူဟာများ

ဤအပိုင်းတွင် အသင်းတော်၏ သမိုင်းထဲမှ သာသနာပြု နည်းဗျူ ဟာများ အဆင့်ဆင့်တိုးတက် ပြောင်းလဲလာပုံကို ခုနှစ်ကာလအလိုက် စဉ်ပြီး အဓိကထား လေ့လာရန် ဖြစ်ပါသည်။

 

(၁) သာသနာပြုနည်းဗျူဟာနှင့် လူနေမှုစနစ် ဖွံဖြိုးတိုးတက်ခြင်း (Mission Strategy and Civilizations)

ခရစ်ယာန်သာသနာသည် စီအီး(၃ဝ)ဝန်းကျင်ရှိ အင်အားကြီးလူ့ ယဉ်ကျေးမှုသုံးခု စုစည်းပေါင်းစုံရာမှ ပေါ်ထွန်းလာခြင်း ဖြစ်သည်ဟူသော ဆိုစကားရှိသည်။ ယင်းအင်အားကြီးသုံးရပ်မှာ ဂရိ(ခေါမ)၊ ရောမနှင့် ဟေဗြဲ ယဉ်ကျေးမှုတို့ဖြစ်သည်။

ဂရိယဉ်ကျေးမှုကို ထိုခေတ်၏စာပေနှင့်အနုပညာ၊ သိပ္ပံပညာ၊ အ တွေးအခေါ်ပညာနှင့် အထူးသဖြင့် ဂရိဘာသာစကားတွင် တွေ့မြင်ရသည်။ ဂရိလူမျိုးများသည်အခြားသူများထက် စူးစမ်းလေ့လာလိုမှု၊ မနားမနေ စိတ် ဓာတ်၊ ဘဝကိုခုံမင်နှစ်သက်မှုတိုတွင် ထူးခြားသည်ဟုဆိုသည်။ ယင်းအ ခြေခံအင်္ဂါရပ်များနှင့် ပြည့်လျှံနေ သော ဂရိဘာသာ စကားနှင့်စာပေသည် ကမ္ဘာပေါ်တွင် ပေါ်ထွန်းခဲ့ဖူးသမျှအနက် အနက်နဲအကြွယ်ဝဆုံးဟု သတ် မှတ်ခြင်းခံရသည်။

ယေရှုခရစ်တော် လူ့ဇာတိခံဆင်းကြွလာချိန်တွင် ရောမအင်ပိုင်ယာ သည် ယုဒအပါအဝင် နိုင်ငံပေါင်း များစွာကို အုပ်ချုပ်နေသော ကမ္ဘာ့အင် အားအကြီးဆုံးအင်ပိုင်ယာနိုင်ငံဖြစ်သည်။ ကုန်းကြောင်းရေကြောင်းလမ်း ပန်းဆက်သွယ်ရေးက အလွန်အဆင်ပြေပြီး၊ အုပ်ချုပ်ရေးနှင့် စီးပွားရေးကို လွန်စွာအထောက်အကူပြုသည်။ ပြင်းထန်တိကျလှသော ရောမတရား စီရင်ရေးစနစ်ကလည်း ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးကို အထူးအ ထောက်အကူပြုရာ “ငြိမ်းချမ်းသောရောမရွှေခေတ် (Pax Romana)” မှ ပင် သမိုင်းမှတ်တမ်း တွင်စေခဲ့သည်။

ထိုအပြင် အင်ပိုင်ယာ၏ လုံခြုံရေးကို မထိခိုက်သရွေ့၊ ဒေသဆိုင် အုပ်ချုပ်ရေးနယ်ပယ်များ၊ နိုင်ငံနှင့်လူမျိုးများ၏ အချုပ်အခြာအာဏာ အပြည့်အဝ အသိအမှတ်ပြုသည်။ အထူးသဖြင့် ဘာသာရေးကိစ္စဆိုလျှင် အထူးသတိထားကိုင်တွယ်လေ့ရှိရာ အစ္စရေးနိုင်ငံနှင့်လူမျိုး၊ သူတို၏ ကွယ်ရာ ဂျူးဘာသာဆိုလျှင် အထူးအခွင့်အရေး တချို့ကို ရရှိထားသည်။

သာသနာတော် ထွန်းကားခြင်းကို ဂရိနှင့်ရောမ ယဉ်ကျေးမှု ထက်ပိုမိုအထောက်အကူပြုသော အကြောင်းအရာမှာ ဟီဗရူးယဉ်ကျေး (Hebrew civilization)ဖြစ်သည်။ အထူးသဖြင့် အစ္စရေးလူမျိုးများ၏ နေရာအနှံပြန့်ကြဲ နေထိုင်ခြင်းမှာ ဧဝံဂေလိတရား လျင်မြန်စွာပြန့်ပွားစေ ရန် အထောက်အကူပြုသော အကြောင်းအရာတစ်ခုပင်ဖြစ်သည်။ ဂရိ လူမျိုး ပထဝီပညာရှင်၊ အတွေးအခေါ်ပညာရှင်နှင့် သမိုင်းပညာရှင် လည်း ဖြစ်သူ စထရာဘို(Strabo)ကဆိုလျှင် စီအီး-ရဝ ခုနှစ်တွင်၊ “လူနေထိုင် လိုရတဲ့ ကမ္ဘာကြီးရဲ့ ဘယ်နေရာမှာမဆို ဒီလူမျိုးတွေ မရှိတဲ့နေရာ၊ သူတို မပိုင်ဆိုင်တဲ့ မြေနေရာဆိုတာ မြင်တွေ့နိုင်ဖိုအလွန် ခက်ခဲပါတယ်”ဟု ဆို ခဲ့သည်အထိဖြစ်သည်။

အထူးသဖြင့် အာဗြဟံခေတ်မှ စတင်ခဲ့သည့် တစ်ဆူတည်းသော ဘုရားယုံကြည်ချက်(monotheism)မှာ အလွန်ခိုင်မာ အသားကျသွားပြီး ဖြစ်ရာ၊ ရောမအင်ပိုင်ယာတစ်ခုလုံးမှ အခြားသောလူမျိုးများ၏ ဘာသာ တရားများထက် ပိုမိုခိုင်မာ၊ ပိုမိုစနစ်ကျပြီး၊ အဆင့်အတန်းပိုရှိသည်။ လူ့ ယဉ်ကျေးမှုကို အကောင်းဖက်မှ ပိုမိုထောက်ကူနိုင်ခဲ့သည်။ သူတို့ရောက် သော နေရာတိုင်းတွင် ထိုယုံကြည်ကိုးကွယ်မှု၊ မေရှိယအရှင်သခင် ပြန် ကြွလာမည်ဟူသောမျှော်လင့်ချက်၊ ကမ္ဘာသုံးဂရိဘာသာစကားဖြင့် ရေး သားထားသောကျမ်းစာကို အသုံးပြု ကြသည်။

ဂျူးလူမျိုးများသည် စီးပွားရေးလုပ်ငန်းလည်း အလွန်ကျွမ်းကျင် ရာ ရောက်ရာဒေသတိုင်းတွင် အမြစ်ခိုင်ခိုင် တွယ်နေနိုင်ကြပြီး၊ အဆ ပြေသော နေရာတိုင်းတွင်(synagogue)ခေါ် ဂျူးတရားစရပ်များကို ထောင်ကြသည်။ ထိုတရားစရပ်များတွင် ဂျူးလူမျိုးမဟုတ်သော်လည်း ဂျူးဘာသာဝင်အဖြစ် ပြောင်းလဲခံယူသူများနှင့် “ဘုရားသခင်ကို ကြောက် သောသူများ ́ဟု ရှင်လုကာမှတ်တမ်းတင်လေ့ရှိသူ တပါးအမျိုးသား လေ့လာသူများလည်း များစွာရှိသည်။

 

(၂) သာသနာပြုနည်းဗျူဟာနှင့် အရပ်ရပ်သို ပျံ့နှံခြင်း၊ (Mission Strategy and Geographical Expansion)

ကမ္ဘာပေါ်ရှိ ဘာသာတရား အားလုံးနီးပါးမှာ အာရှတိုက်မှ စတင်ခဲ့ ခြင်းဖြစ်ရာ ယခုအခါ ကမ္ဘာနှင့်အဝှမ်း အပျံ့နှံဆုံးမှာ ခရစ်ယာန်ဘာသာဝင် ၊ ဖြစ်သည်။ ယင်းမှာလည်း စီအီး(၃၀)ဝန်းကျင်ခန့်က သခင်ယေရှုကို ယုံ ကြည်သူ တစ်ရာ့နှစ်ဆယ်ခန့်နှင့် ယေရုရှလင်မှ စတင်လာခဲ့ခြင်းဖြစ်သည်။ ဆန့်ကျင်သူများကို ကြောက်ရွံသောကြောင့် တိတ်တဆိတ်သာ တွေ့ဆုံ ဝတ်ပြုရဲကြရာမှ မျိုးဆက်တစ်ခုအကြာ တမန်တော်ဝတ္ထုလာ အကြောင်း အရာများ အဆုံးသတ်ချိန် စီအီး-၆ဝ ခန့်တွင်မူ မြိုတော်ရောမအထိပင် ဧဝံဂေလိတရားကို ဟောနေကြပေပြီ။ အင်ပိုင်ယာ၏ မြိုကြီးတိုင်းတွင်မက နန်းတော်ကြီးထဲတွင်ပင် ယုံကြည်သူများ ရှိနေကြပြီဖြစ်သည်။

ယင်းသို့ ပြန့်ပွားရန်လည်း တမန်တော်ဝတ္ထု(၁၈)တွင် မိန့်မှာထား သည်။ ထိုမိန့်မှာချက်တွင် မြေကြီးစွန်းတိုင်အောင် သက်သေဖြစ်ကြရန်နှင့်၊ ယေရုရှလင်မှ အစပြုရန်ဟူသော အချက်နှစ်ချက်ပါသည်။ သိုသော် ကနဦး ယုံကြည်သူ အများစုမှာ ဂျူးလူမျိုးများဖြစ်ကြရာ အခြားဒေသများသို သွား လိုစိတ်ရှိဟန် သိပ်မပြသကြချေ။ လေးသိန်းကျော်မျှသော တရားစရပ်များ ဖြင့် ယေရုရှလင်ဝန်းကျင်၌သာ ဝဲဝဲလည်နေ ခဲ့ကြသည်။

ဧဝံဂေလိတရားကြောင့် သင်းထောက်သတေဖန် အသတ်ခံရသော အခါ ယေရုရှလင်မြိုမှ ထွက်ပြေးသွားကြပြီး၊ ဧဝံဂေလိတရားစတင်ဟောပြောခဲ့ကြသည်။ သိုသော် မိမိဆန္ဒအလျောက်သွားခြင်း (voluntary going)မှာ သင်းထောက် ဖိလိပ္ပု၏ ရှမာရိမြို့သို့ ဧဝံဂေလိခရီးစဉ်မှသာ အစပြုခဲ့သည်။ နောက်ပိုင်းတွင် ရှောလှခေါ်ပေါလု ပြောင်းလဲရာမှ မြေကြီး စွန်းတိုင်အောင် သက်သေခံများ ဖြစ်သွားကြသည်။

သတေဖန် အသတ်ခံရခြင်းသည် မွေးကင်းစအသင်းတော်အတွက် ရိုက်ချက်ပြင်းသော်လည်း ယုံကြည်သူများ ပြန့်ကြဲသွားစေခြင်းတွင်မူ မဂ်လာတစ်ရပ်ပင်ဖြစ်ချေသည်။ ယုံကြည်သူများသည် ဖိနိပြည်(Phoenis) ကုပရုပြည် (Cyprus)၊ အန္တိအုတ် (Antioch)မြိုများအထိ တိုင်အောင် ဧဝံဂေလိတရား ဟောပြောကြသည်။ သို့သော် လူမျိုးတူ လူမျိုးများသာဟောပြောရဲကြသည်။ တပါးအမျိုးသား နှင့်ရှင်ဘုရင်တိုအတွက်သာ သခင် ရွေးကောက်ထားသော တန်ဆာပလာ (chosen vessel)ဖြစ်သူ ရင် ပေါလုကို သာသနာပြုသူအဖြစ် အန္တိအုတ်အသင်းတော်မှ စေလွှတ်လိုက် ခြင်းဖြင့် သာသနာလုပ်ငန်းများ၏ ဌာနချုပ်အဖြစ် ယေရုရှလင်မြို၏ ကို အစားထိုးလိုက်ခြင်းမှာ ဘုရားသခင်၏ အစီအစဉ်တော်ပင်ဖြစ်သည်။

အန္တိအုတ်မြို့သည် ရောမအင်ပိုင်ယာ၏ အရှေ့ပိုင်းသိုသွားသော လမ်းမကြီးပေါ်တွင် တည်ရှိသည် နှင့်အညီ အရှေ့အနောက် ဆုံစည်းရာ လည်းဖြစ်ပြီး၊ ဧဝံဂေလိတရား ဟောပြောလိုက်တိုင်း ဆန့်ကျင်တိုက်ခိုက် ရန်သာ စိတ်ဝင်စားသည့် ယေရုရှလင်မြိုထက် ပိုမိုကြီးမားသည်။ လူမျိုး အားဖြင့် မာကေဒေါနိ (Macedonians) & (Greeks) ၊ ဆီးရီးယား (Syrians)နှင့် ဂျူးလူမျိုး အများအပြားနေထိုင်ကြရာ ဂရိယဉ်ကျေးမှု၊ ရောမအုပ်ချုပ် ရေးနှင့် ဂျူးစီးပွားရေး လုပ်ငန်းများကြောင့် အင်ပိုင်ယာ၏ စီးပွားရေးမြိုတော်နှင့် အတိုးပွားဆုံးမြိုဖြစ်သည်။ ယုံကြည်သူများကို ထို နေရာမှစပြီး၊ “ခရစ်ယာန် ́ဟု စတင်ခေါ်ဝေါ်ကြသည်မှာလည်း သဘာဝကျ လှပါသည်။

စီအီး(ရ၀)တွင် ယေရုရှလင်မြို ပျက်စီးသွားသောအခါ အသင်း တော်သည် သခင်ယေရှု မျှော်မှန်းထားခဲ့သကဲ့သို လူမျိုးကိုအခြေမခံသော ဝိညာဉ်အဖွဲအစည်း၊ ဒေသန္တရအောင်ကိုကျော်၍ စကြာဝဠာ အသင်း တော်အဖြစ် ရပ်တည်သွားနိုင်ခဲ့သည်။

 

(၃) သာသနာပြုနည်းဗျူဟာနှင့် ယဉ်ကျေးမှုများကိုစိမ့်ဝင်ထိုးဖောက်ခြင်း (Mission Strategy and Cultural Penetration)

လောက၏ဆားနှင့်အလင်း (မ ၅း၁၃-၁၆)၊ တဆေးဥပမာတော် (မ ၁၃း၃၃) စသည်တို့အားဖြင့် ယုံကြည်ခြင်းတရားသည် သက်ဆိုင်ရာ လူ အဝန်းအဝိုင်းကို မည်ကဲ့သို့ စိမ့်ဝင်သက်ရောက်ခဲ့ကြောင်း နားလည်ရသည်။ ဧဝံဂေလိတရားသည် တစ်ဦးချင်း၏ ဝိညာဉ်ပြောင်းလဲခြင်းတင်ခဲ့သော်လည်း ယင်းမျှနှင့်ရပ်တန့် မသွားခဲ့ချေ။ ဆားကဲ့သို အရသာ ပြောင်းလဲပေးခြင်း၊ အလင်းကဲ့သို လမ်းပြုခြင်းအားဖြင့် လူမှုအသွင်ပြောင်း လဲခြင်း(social transformation)ကို ယူဆောင်လာကြောင်း သာသနာ သမိုင်းတွင် တွေ့မြင်မှတ်သားရသည်။ “

ကနဦးခရစ်ယာန်များသည် ထူးထူးခြားခြား နည်းဗျူဟာများကို အသုံးမပြုဘဲ၊ ရိုးရှင်း၍သိက္ခာရှိသော ဘဝပုံစံ၊ မည်သည့်အမှု၊ မည်သည့် ညဉ်းပမ်း နှိပ်စက်မှုလာလာ ဝမ်းမြောက်ပျော်ရွှင်သော အသက်တာတွင် အသက်ရှင်ကြခြင်းအားဖြင့် တဆေးဥပမာတွင်ကဲ့သိုပင် ဧဝံဂေလိတရား သည် လူမှုအဆောက်အဦထဲတွင် အလုပ်လုပ်ပြီး အသွင်ပြောင်းပေးခဲ့ကြောင်း သိရှိရသည်။ ဤနေရာတွင် နည်းဗျူဟာသဘောထက် ဘဝပုံစံ ပိုကဲကြောင်း:(more of life style than strategy) မှတ်သားရန်လည်းလိုအပ်ပါသည်။

လောကကြီးနှင့်ပတ်သက်၍ သူတို၏သဘောထားမှာ၊ “လောက ထဲတွင်နေသော်လည်း လောက၏ လူများ မဟုတ်(Living in the world but not of it)” ဟူ၍ဖြစ်သည်။ ထိုအကြောင်းကို ရှင်ပေတရုကလည်း “ရွေးချယ်တော်မူသောအမျိုး၊ မင်းစည်းစိမ်ရှိသော ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး၊ ပိုင်ထိုက်တော် မူသောအပေါင်းအသင်း” ဟုဖော်ပြခဲ့ သည်(၁ပေ ၂း၉)။ နိုင်ငံရေးအပါအဝင် လောကဖွဲစည်းပုံနှင့် ပတ်သက် လာလျှင် အနှုတ်လက္ခဏာ ပိုဆောင်သည်။ စာတန်သည် ဤလောကကို အစိုးရပြီး( ၂ကော ၄း၄၊ ဧ ၂း၂)၊ ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်သည် (ရော ၈းရ)၊ ဘုရားသခင်၏ စီရင်တော်မူခြင်းကို ခံရရန်အသင့် ဖြစ်သည် ဟုမြင်သည်။

သို့သော်နိုင်ငံတော်အစိုးရနှင့်အုပ်ချုပ်မင်းလုပ်သူများအပေါ်ထားရှိ သောအမြင်မှာ အပေါင်းလက္ခဏာ ဆန်ပြန်သည်။ ရှင်ပေါလု၏ ပေးစာများ တွင် အထူးသဖြင့် ထင်ရှားသည်(ရော ၁၃၊ ၁တိ ၂း၁-၂)။ သိုနှင့်တိုင် အောင် အစိုးရအမှုထမ်းအဖြစ် ဝင်လုပ်ခြင်းမျိုးကိုမူ စီအီး(၂)ရာစုအထိ အားမပေး ကြသေးပေ။

အချုပ်အားဖြင့် မိသားစုအသက်တာ၊ ကြိုးစားအားထုတ်မှု၊ အစိုးရ နှင့်အုပ်စိုးသူအာဏာပိုင်များ အပေါ်နာခံတတ်မှု၊ ကိုယ်ကျင့်တရားကောင်းမွန်ခြင်း၊ အမှန်တရားကို မြတ်နိုးတတ်ခြင်း၊ လူသားမျိုးနွယ်အပေါ် ချစ်ခင် အလေးထားမှုစသည့်ကောင်းမြတ်ခြင်းတရားများကြောင့်လူ့အဖွဲအစည်း ကို အကျိုးပြုသူများအဖြစ် ရှုမြင်ခြင်းခံရသည်။ ဖော်ပြပါအချက်များသည် သာသနာပြုနည်းဗျူဟာ မဟုတ်သော်လည်း သာသနာတော်ကို ကြီးမား လှသော အထောက်အကူများ ဖြစ်ပေါ်စေသည့် အမှန်တရားများဖြစ်သည်။

 

(၄) အသင်းတော်၏အခြေအနေပြောင်းလဲသွားခြင်း ၊

အသင်းတော်သည် စီအီး-၃ဝဝ ခန့်အထိ၊ တရားဝင်ရပ်တည်ခွင့် ရရှိသေးသည် မဟုတ်ပေ။ သို့သော် ကွန်စတင်တိုင်း (Constantine) ပြောင်းလဲခြင်းနှင့်အတူ ရောမအင်ပိုင်ယာ၏ ဧကရာဇ်ပြည့်ရှင်တစ်ဦးပါ ဖြစ်လာသောအခါ အရာအားလုံး ပြောင်းလဲသွားသည်။ ယင်းသိုပြောင်း လဲရာတွင် အသင်းတော်၏ အခြေအနေသည် အနှိမ်ခံဘဝမှ မျက်နှာသာ ပေးခံဘဝသို ကောင်းသောပြောင်းလဲခြင်း ရှိသကဲ့သို၊ အစေခံစိတ်ဓာတ်၊ ချစ်ခြင်းမေတ္တာဖြင့် နှိမ့်ချသာသနာပြုခြင်းထက် အပေါ်စီးမှ ဖိအားပေး ပြောင်းလဲခိုင်းခြင်း (forced conversion) ပိုများသွားရာ ခရစ်ယာန်ဘာ သာ၏ အနှစ်သာရနှင့် သာသနာပြု နည်းဗျူဟာများတွင်မူ အလွန်ပြောင်း လဲသွားသည်။

ကွန်စတင်တိုင်းသည် ရောမအစိုးရ အရာရှိတစ်ဦး၏ မိဖုရားအငယ် (concubine)တစ်ဦးမှ မွေးဖွားလာသူဖြစ်ရာ ယုံကြည်သူမိခင် ဟယ်လင် နာ(Hellena)၏ လွှမ်းမိုးမှုသည် သူ့အပေါ်တွင် အလွန်ကြီးမားခဲ့သည်။ စီအီး(၃၁၂)ခုနှစ်တွင် ထိုစဉ်က ရောမအင်ပိုင်ယာ ပြည့်ရှင်ဧကရာဇ်မင်း ဖြစ်သူ မက်ဇင်းသီးယားစ် (Maxentius)နှင့်ရောမမြို၏မြောက်ဖက်၊ မီလ် ဗီးယန်းတံတား(Milvian Bridge)၌ စစ်တိုက်ခါနီး မိခင်ဖြစ်သူက အထူး ဆုတောင်းပေးသည့်အပြင် သူကိုယ်တိုင်လည်း ဆုတောင်းရန် မှာကြားခဲ့ သည်ဟုဆိုသည်။ ကောင်းကင်ထက်မှ“ဤသင်္ကေတဖြင့်အောင်နိုင်ပါ” (In this Sign Conquer)ဟူသော တိမ်ဖြူဖြင့်ရေးထားသည့် စာတမ်းနှင့် လက်ဝါးကပ်တိုင်ပုံကို မြင်ရသည်ဟုဆိုသည်။ ထိုအမှတ်အသားကို တပ် တော်၏အလံတွင်ချိတ်ဆွဲခိုင်းပြီးတိုက်ပွဲဝင်လိုက်သောအခါ မိမိထက်လေး ဆများသော ရန်သူတပ်ကြီးကို အံ့သြဖွယ်ရာ အနိုင်ရခဲ့သည်ဟု ဆိုသည်။

ထိုနောက်တွင် နာမည်ကြီး မီလန်ပြန်တမ်း (Edict of Millan) ထုတ်ပြန်ခြင်းနှင့် နိစိန်စည်းဝေး(Nicene Council)ကို ခေါ်ယူပေးနိုင် သည် ခရစ်ယာန်များနှင့် ခရစ်ယာန်ဘာသာကိုများစွာ အထောက်အ ပြုခဲ့သည်။ မီလန်ပြန်တမ်းမှာ ရောမအင်ပိုင်ယာမှ နိုင်ငံသားတိုင်းအ တက် စိတ်ကြိုက်လွတ်လပ်စွာ ကိုးကွယ်ခွင့်ဖြစ်သည်။ နိစိန်စည်းဝေးသည် ခရစ်တော်၏လူ့ဇာတိ၊ ဘုရားဇာတိဆိုင်ရာအငြင်းပွားမှုများကို အဆုံးသတ် ပေးနိုင်ခဲ့သည်။ယင်းသိုဖြင့် ခရစ်ယာန်များသည် လွတ်လပ်စွာကိုးကွယ်ခွင့် ခဲ့သည့်အပြင်၊ ဧကရာဇ်ပြည့်ရှင် ကိုယ်တိုင် မျက်နှာသာပေးသော ဘာ သာတရားကို ကိုးကွယ်သူများအဖြစ် အပေါ်စီးနေရာ ရရှိသွားသည်။

ကွန်စတင်တိုင်း၏ မျက်နှာသာရလိုသူများသည် ယုံကြည်သူဟန် ဆောင်ပြီး၊ အခွင့်အရေးများ ရယူလာသောအခါ နိုင်ငံရေးနှင့်အသင်းတော် တွင် ဟန်ဆောင်ကောင်းသူ ပုဂ္ဂိုလ်များသာ နေရာရသွားသည်။ အသင်း တော်ထဲတွင် ဝိညာဉ်သဘောဆန်ခြင်းလုံးဝနီးပါးပျောက်ကွယ်သွားသည်။

ကွန်စတင်တိုင်းခေတ်တွင် စတင်လာခဲ့သော အသင်းတော်၏ မျက် နှာသာရမှုသည် အင်ပိုင်ယာဧကရာဇ် သီအိုဒိုးရှ (Theodosius) ခေတ် (စီအီး-၃၅၈)တွင် နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းခံရသောအခါ အသင်း တော်၏ ဝိညာဉ်ရေးအဆင့်အတန်း အနိမ့်ဆုံးသို ထိုးဆင်းသွားသည်။ ကမ္ဘာ့သမိုင်းတွင် အမှောင်ခေတ်(Dark Age) ဟုခေါ်သော ထိုခေတ်ကာ လတွင် ခရစ်ယာန်ဘာသာဝင် တစ်ဦးဖြစ်ရန် ယုံကြည်ခြင်းသည် မလို အပ်တော့ဘဲ ရောမအင်ပိုင်ယာနိုင်ငံသားဖြစ်ခြင်းကသာလျှင် အဓိကဖြစ် သွားသည်။

ထိုထက်ပိုဆိုးသည်မှာ မည်သည့်အရာကို၊ မည်ကဲ့သိုယုံယုံ၊ ရောမ လူဖြစ်သည်နှင့် အလိုအလျောက် ခရစ်ယာန်ဖြစ်သွားရာ အသင်းတော်ထဲ တွင် ယုံကြည်ခြင်းပိုင်းဆိုင်ရာ ရောပြွမ်းရှုပ်ထွေးမှု(syncretism) အဆင့် သို ရောက်မှန်းမသိရောက်သွားသည်။ ယင်းသိုဖြင့် ခရူးဆိတ်စစ်ပွဲကဲ့သို နည်းဗျူဟာအံချော်မှုများ ဖြစ်ပေါ်ခဲ့ သည့် ထိုကာလသည် ခရစ်ယာန် သာ သနာ့သမိုင်းတွင် သာသနာပြုနည်းဗျူဟာ အနိမ့်ကျဆုံးသော ကာလဖြစ် ခဲ့သည်။ သာသနာပြုနည်းဗျူဟာပိုင်းအရ “ပြောင်းလဲခြင်းမှ ဘာသာဝင် ခြင်းသို” (From conversion to Proselytization) ဖြစ်သွားသည်။

 

 

 (၅) အမှောင်ခေတ် ကာလ သာသနာပြုနည်းဗျူဟာများ

အမှောင်ခေတ်ဆိုသော်လည်း အလင်းတရားမှာ လုံးလုံးပျောက် သွားသည်တော့ မဟုတ်ပါ။ ကမ္ဘာလောကကြီး တစ်ခုလုံးကို အလင်းမပေး နိုင်ခြင်းသာဖြစ်ပြီး၊ သူ့နေရာနှင့်သူ ကွက်ကွက်ကလေး လင်းနေသော အ လင်းများ၊ နမူနာယူသင့်သော သာသနာပြု နည်းဗျူဟာများလည်း ရှိမြဲရှိခဲ့ သည်သာပင်။ ဥပမာအားဖြင့်

 

၁) ဘိုနီစ်နည်းဗျူဟာ (Boniface Strategy)

သာသနာပြုဆရာ သူတော်စင်ဘိုနီဖေ့စ်(၆၈၀-၇၅၄)၏ နာမည် အစွဲပြု ခေါ်ဝေါ်ခြင်းဖြစ်သည်။ ချမ်းသာသော မိသားစုမှ ဆင်းသက်လာသ အင်္ဂလိပ်လူမျိုး ကက်သလစ် ဘုန်းတော်ကြီးတစ်ဦးဖြစ်သည်။ စီအီး တွင်၊ ဖရီရှား(Frisia)ဒေသသို သာသနာပြုအဖြစ် စတင်ဆက်ကပ် သား ရောက်ခဲ့သည်။ သူ၏ကြိုးစားမှုနှင့် ထိရောက်သော သာသနာပြု နည်း ဟာများကြောင့် အနောက်မြောက်ဥရောပ ဒေသသည် ဧဝံဂေလိတရား ကြားသိသွားပြီး၊ လူမှုအခြေအနေပါ ပြောင်းလဲသွားသည်။ ယင်းအပြင် ကက်သလစ်အသင်းတော်၏ သာသနာလုပ်ငန်းသည်လည်း နည်းဗျူဟာ ပိုင်းအရ အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။

သူသည် အသင်းတော်အခြေပြုသော၊ အသင်းတော်ကို ကိုယ်စားပြု သော သာသနာပြုတစ်ဦးဖြစ်သည်။ သာသနာကွင်း ရွေးချယ်ရာတွင်လည်း ထိုစဉ်က ဧဝံဂေလိတရားကို လုံးဝမကြားသေးသူ သာသနာပလူ ဂျာမန် လူမျိုးများအနက်မှ သူ၏မိခင်ဘာသာစကားနှင့် နီးစပ်မှုရှိသော ဖရီရှန် ဒေသကိုမှန်ကန်စွာရွေးချယ်ခဲ့သည်။ လက်တွေ့ကျင့်သုံးသောနည်းဗျူဟာ များမှာအတိုချုပ်အားဖြင့် ရန်လိုမှုများရောစွက်နေသည်။ သာသနာကွင်းမှ လူမျိုးများမှာ ယုံကြည်မှုနှင့် လူ့ယဉ်ကျေးမှုအရ ပိုမိုနိမ့်ကျသူများဖြစ်ရာ စကားလုံးအားဖြင့်မက အပြုအမူအား ဖြင့် အနိုင်ပိုင်းခြင်း၊ ဘုရားစင်နှင့် အ ထွတ်အမြတ် နေရာများကို ဖြိုချခြင်း၊ ဘုရားကျောင်း ဆောက်လုပ်ခြင်းတို့ ပြုလုပ်ခဲ့သည်။

အခြားတစ်ဖက်တွင် ယုံကြည်၍ ပြောင်းလဲလာသူများအား ဘုန်း – တော်ကြီးကျောင်းများ၊ သာသနာပြုရိပ်သာများတွင် ပညာသင်ကြားပေးခြင်းမက စိုက်ပျိုးရေးနှင့်မွေးမြူရေး၊ ကျန်းမာရေး၊ အိမ်တွင်းမှုပညာမှစ၍ သင်ကြားပေးခြင်းအားဖြင့် သာသနာကွင်း၏ လူမှုဘဝများကို မြှင့်တင်ပေး ခဲ့သည်။ ယင်းသိုအားဖြင့် အများပြည်သူ၏ဘဝငြိမ်သက်တိုးတက်ခြင်း၊ အ သင်းတော်များ အခြေတကျ နေထိုင်တိုးတက်လာခြင်းနှင့် စဉ်ဆက်မပြတ် ပျိုးထောင်ခြင်းတိုကို ထိရောက်စွာ ပြုပေးနိုင်ခဲ့သည်။ မိခင်အင်္ဂလန် နိုင်ငံမှ သီလရှင်များကိုလည်း သာသနာကွင်းများတွင် ပညာရေးနှင့် အိမ် တင်းမှုပညာများ သင်ကြားပေးရန် သမိုင်းတွင် အဦးဆုံးနမူနာအဖြစ်ခေါ်ယူ တာဝန်ပေးခဲ့သည်။ ပြောင်းလဲလာသူ ဒေသခံများကို သာသနာ့ဝန် ဆောင်၊ အမတော်ဆောင်များ၊ သင်းထောက်ကြီးများအဖြစ် မွေးထုတ်မြှင့်တင်ပေး ခဲ့သည်။ အင်္ဂလန်ရှိ မိခင်အသင်းတော်နှင့် တာဝန်ရှိသူများနှင့်ညှိနှိင်းပြီး၊ အမှုတော်ဆောင် ဘုန်းတော်ကြီးနှင့် သီလရှင်များစွာ ကိုလည်း ထပ်မံစေ လွတ်စေသည်။ အသင်းတော်နှင့် ယုံကြည်သူများမှလည်း ဆုတောင်းခြင်း ဖြင့် အပြင်းအထန် ထောက်ပံ့မှုပြုကြသည်။

နောက်ပိုင်းတွင် အင်္ဂလန်နိုင်ငံအား ပြည်ပမှကျူးကျော်လာသော အခါ ထိုထောက်ပံ့မှုများ ရပ်တန့်သွား သည်။ ဘိုနီဖေ့စ်၏နည်းဗျူဟာ ထိ ရောက်မှုကြောင့် နောက်ပိုင်းတွင် ဂျာမန်အနွယ် ဖရန်စ်ဘုရင်များ၊ ဥရောပ အရှေ့ပိုင်းမှ အော်သိုဒေါက်စ်ဘာသာဝင် ဘိုင်ဇင်တိုင်းဘုရင်များ အပါအ ဝင် အုပ်စိုးသူများသည် သာသနာပြုခြင်းကို အင်ပိုင်ယာ ချဲ့ထွင်ရေး လက် နက်တစ်ခုအဖြစ် အသုံးပြုကာ ဥရောပကို သာသနာပြုလာကြ သည်။ ရလဒ် အဖြစ် ဥရောပမြောက်ပိုင်းကမ်းခြေတလျှောက်ရှိစကင်ဒီနေးဗီးယန်းတိုင်း ပြည်များမှ အုပ်စိုးသူ များသည် အခြားဒေသမှလာသော သာသနာပြုများ ကို ယုံကြည်မှုမရှိတော့ဘဲ မိမိတိုလက်အောက်ရှိ အင်္ဂလိပ် ဘာသာ စကား ပြောသူများ၊ နိုင်ငံရေးကို စိတ်မဝင်စားသူ သာသနာပြုများကိုသာလျှင် သာသနာပြုခွင့် ပေးလာခြင်းများ ဖြစ်ပေါ်လာသည်။

 

၂) ခရူးဆိတ်နည်းဗျူဟာ (Crusades Strategy)

မူဆလင်များကို ဦးတည်ထားသော ခရူးဆိတ်စစ်ပွဲများကို သာသ နာပြုနည်းဗျူဟာအဖြစ် စဉ်းစားရန်မှာ မသင့်တော်ကြောင်း ခေတ်အဆက် ဆက်တွင် ဆန့်ကျင်ကန့်ကွက်လာသူ များစွာရှိသည်။ထိုတိုက်ပွဲများတွင် ဦးဆောင်ကြသူများမှာ အသင်းတော်ထဲမှ ယုံကြည်သူများ ဖြစ်ကြသည့် အပြင် တိုက်ပွဲဝင်ရခြင်း၏ အကြောင်းရင်း အဓိကအချက် တစ်ခုမှာလည်း အသင်းတော်နှင့်သာသနာကို ကာကွယ်ရန်ဟူ၍ဖြစ်သည်။ သို့သော် ခရူး ဆိတ်စစ်ပွဲ အပြီးတွင် မူဆလင်ညီအစ်ကိုများထံ ဧဝံဂေလိတရား တံခါး လုံးဝ ပိတ်သွားသည်မှာ အမှန်ပင်ဖြစ်သည်။

ယင်းတို့ကြားထဲတွင်ပင် ထိရောက်သော သာသနာပြုမှုများလည်း ရှိခဲ့သေးသည်သာပင်။ အစီစီမှဖရန်စီးစ် (Francis of Assisi) ဆိုလျှင် အီဂျစ်မှဆူလ်တန် စော်ဘွားကြီးအား ချစ်ခြင်းမေတ္တာအပြည့်ဖြင့် ချဉ်းကပ် နိုင်ခဲ့ရာ အေးချမ်းငြိမ်သက်စွာ ဧဝံဂေလိတရား ဟောပြောနိုင်ခဲ့၊ သာသနာ ပြုများကိုလည်း စေလွှတ်နိုင်ခဲ့သည်။ သူ့နောက်မှ ရေးမွန်လူးလ် (Ramon Lull)ဆိုလျှင်လည်း မိမိ၏စည်းစိမ်ခံဘဝကို စွန့်လွတ်ပစ်ကာ “မေတ္တာရှင် အရူး (The Fool of the Love)ဘွဲကိုပင် ခံယူခဲ့သည်။ မူဆလင်ဘာသာ ဝင်များ ဘာသာမဲ့များ၏ သောင်းပြောင်းထွေလာ မေးခွန်းများကို အပြန် အလှန် ဆွေးနွေးခြင်းနည်းဖြင့် ဆင်ခြင်ဉာဏ်ကို အသုံးပြုလျက် ဧဝံဂေလိ တရားကို သဘောပေါက်သွားအောင် နည်းလမ်းရှာဖွေအသုံးချနိုင်ခဲ့သည်။ မာတုရအဖြစ် အသက်တာမဆုံးခင်အထိ သာသနာပြုများကို များများစေ လွှတ်ရန် ပုပ်ရဟန်းမင်းများအား စဉ်ဆက်မပြတ် တိုက်တွန်းလာခဲ့သည်။

 

(၆) ကိုလိုနီနယ်ချဲ့နည်းဗျူဟာ (Colonial Expansion Strategy)

၁၆-ရာစုနောက်ပိုင်းတွင် ခရစ်ယာန်သာသနာသည် ပေါ်တူဂီ၊ စပိန် နှင့် ပြင်သစ်တို၏ အင်ပိုင်ယာ နယ်ပယ် ချဲ့ထွင်မှုနှင့်အတူ ကမ္ဘာလုံးချီဘာ သာတရား(worldwide religion)ဖြစ်လာသည်။ ရောမကက်သလစ် များ ၏ သာသနာပိုင် ပုပ်ရဟန်းမင်းကိုယ်တိုင်သည် သာသနာပြုခြင်းကို အား ပေးသည့်အနေဖြင့် ပေါ်တူဂီနှင့် စပိန်တိုအား ကမ္ဘာကြီးတစ်ခုလုံးကို သိမ်း ပိုက်သာသနာပြုရန် အားပေးခဲ့သည်။

ယင်းသို့ပြုရာတွင် အများအားဖြင့် သာသနာအရင်ပြုပြီးမှသိမ်းပိုက် ခြင်းနည်းဗျူဟာက ပိုများသည်။ အစပိုင်းတွင် ပျောက်ဆုံးဝိညာဉ်ကို ချစ်သောစိတ်သက်သက်ဖြင့် မြေကြီးစွန်းတိုင်အောင် သာသနာပြုရာမှ သာသ နာပြုများ(Missionaries)အားဖြင့် ကုန်သည်(Merchants)များ၊ ကုန်သယ်များ၏ အကျိုးစီးပွားကို ကာကွယ်ရန်အတွက် ကိုယ်ပိုင်ကြေးစားစစ် တပ်(Militaries)များ အဆင့်ဆင့် ဝင်ရောက်လာသည်။ ယင်းသို့သော ဗျူဟာကို အများအားဖြင့် ပေါ်တူဂီများက ပြုလုပ်ကြသည်။ ဥပမာ အားဖြင့် မြန်မာနိုင်ငံတွင် ငဇင်ကာ၏နာမည် ထင်ရှားကျန်ရစ်ခဲ့သည်။ လက်ဝါးကပ်တိုင်နောက်မှ နိုင်ငံတော်အလံနည်းဗျူဟာ (Flag after Cross Strategy)ဟု ခေါ်သည်။ ယင်းဗျူဟာကို အဲမ်သုံးလုံးနည်းဗျူဟာ (3M-Strategy)ဟုလည်း ခေါ်ဆိုကြသည်။

အချို့နေရာများတွင်မူ စီးပွားရေးအကျိုးအမြတ် ရလိုမှုအတွက် င်ငံတစ်နိုင်ငံကို အရင်သိမ်းပိုက်ပြီးမှ သာသနာပြုခြင်း နည်းဗျူဟာလည်း ရှိသည်။ ယင်းကို နိုင်ငံတော်အလံနောက်မှ လက်ဝါးကပ်တိုင်နည်းဗျူဟာ (Cross after Flag Strategy) ဟုခေါ်သည်။ အချုပ်အားဖြင့် စီးပွားရေး၊ နိုင်ငံရေးနှင့်သာသနာ ရောယှက်သည့် နည်းဗျူဟာ ဖြစ်သည်။ ထိုအပြင် ထိုသို ရောထွေး ကျင့်သုံးကြပုံချင်း တူညီသည့်တိုင်အောင် လက်တွေ့ဖော် ဆောင်ရာတွင်မူ အသုံးပြုသော နည်းစနစ်များ မတူပြန်ချေ။

 

၁) ပေါ်တူဂီနည်းပျူဟာ (Portuguese Strategy)

ပေါ်တူဂီများသည် နိုင်ငံတစ်နိုင်ငံကို သိမ်းပိုက်ကိုလိုနီပြုခြင်းထက် ကုန်သွယ်စီးပွား အမြတ်ထုတ်ခြင်း ကိုသာ စိတ်ဝင်စားကြသည်။ ဘရာ ဇီးလ်မှလွဲ၍ အခြား ကမ္ဘာ့နိုင်ငံများတွင် စီးပွားရေးအရ အခြေခံကျသော နေရာဒေသ သေးသေးလေးများကိုသာ တိုက်ရိုက်သိမ်းပိုက် အုပ်ချုပ်ကြ သည်။ ဒေသခံများ၏ ဘာသာတရားကို ဖိနှိပ်ချုပ်ခြယ်ပြီး သူတိုအားဆန့် ကျင်သူ အထက်တန်းလွှာများကို မောင်းထုတ်ပစ်ခဲ့သည်။ ဒေသခံအောက် ခြေလူထုထဲမှ ပေါ်တူဂီသွေးနှောသူများကို မြှောက်စားခြင်း၊ ခရစ်ယာန်လူ့ အဖွဲအစည်းများကို မပျောက်ပျက်အောင်ထိန်းသိမ်းခြင်းတိုပြုလုပ်ခဲ့သည်။

 

၂) စပိန်နည်းဗျူဟာ (Spanish Strategy)

စပိန်များ၏ နည်းဗျူဟာမှာ ခရစ်ယာန်သာသနာနှင့် စပိန်ပုံစံ လူ့ ယဉ်ကျေးမှုကို ရွှေ့ပြောင်းစိုက်ပျိုး ပေးခြင်း နည်းလမ်းဖြစ်သည်။ ဥပမာ၊ တောင်အမေရိကဒေသမှ ကာရစ်အင်ဒီယန်း(Carib Indians) များကို ရက်ရက်စက်စက် သတ်ဖြတ်ကြသောအခါ ဘာသိုလိုမဲဒီအီယားစ်ကာ ဆားစ်(Bartholome de las Casas)ကဲ့သိုသော သာသနာပြု ဆရာများ၊ က အခြားသောဒေသခံမျိုးနွယ်များအတွက် အသက်နှင့်ရင်းပြီး၊ ကာကွယ် မှုပြုခဲ့ကြသည်။ နောက်ပိုင်းတွင်လည်း ဒေသခံများအား မျက်နှာဖြူများနှင့် ကိုလိုနီအစိုးရများ၏ ခေါင်းပုံဖြတ်အနိုင်ယူမှုမှ ကာကွယ်ရာတွင် သာသနာ ပြုများသည် ကြီးမားလှသော အစဉ်အလာရှိခဲ့သည်။ ကျွန်စနစ်နှင့် အနိုင် ကျင့်ဗတ္တိဇံခံခိုင်းခြင်း စနစ်တိုကိုဖျက်သိမ်းရန် ကြိုးစားလာခြင်းဖြင့် ဒေသ ခံများအား ယဉ်ကျေးမှုမြှင့်တင်ပေးသူ၊ အကာအကွယ်ပေးသူများ ဖြစ်ခဲ့ ကြသည်။

စပိန်သာသနာပြုကျောင်းများတွင် ဒေသခံများကို ဆက်သွယ် သာသ နာပြုသော စခန်းငယ်များ ဝန်းရံလျက် ပင်မစခန်းတစ်ခုကို တည်ထောင်ကြ သည်။ ထိုပင်မစခန်းတွင် ဒေသခံများအား ယုံကြည်ခြင်းတရား သွန်သင် ပေးခြင်းအပြင် အခြေချနေထိုင်တတ်ရန် လူမှုရေးမြှင့်တင်ခြင်း နည်းလမ်း များကိုပါ လုပ်ဆောင် ကြသည်။ အသင်းတော်၏လုပ်ငန်းများ သီချင်းသီဆို ခြင်းနှင့် တီးမှုတ်ခြင်းတွင်ပါ ဒေသခံများကို သွန်သင်ပေး ထားသည်။ ဒေသ ခံတို၏ ရိုးရာပွဲတော်များကို ခရစ်ယာန်ဘာသာနှင့် ဆင်ယင်ပေးလိုက်ပြီး၊ ခရစ်ယာန်ထုံးစံများ ကို မိတ်ဆက်ပေးသည်။ အုပ်ချုပ်ရေးပိုင်းတွင်လည်း ဒေသခံများသည်သာသာသနာပြုများ၏ နည်းပြသွန်သင်မှု နှင့် အုပ်ချုပ်ကြ သည်။ စိုက်ပျိုးမွေးမြူရေးနည်းစနစ်များကို မိတ်ဆက်ပေးခြင်းဖြင့်ဒေသခံ များသည် အမျိုးပျောက်မသွားရုံသာမက လူမှုရေးတွင် မြင့်တက်လာခြင်း နှင့်အတူ ခရစ်ယာန်ယုံကြည်ခြင်းတွင်လည်း ရင့်ကျက်လာကြသည်။ သာ သနာပြုများနှင့် ဒေသခံများကိုကာကွယ်ရန် စစ်သားအနည်းငယ်သာ အ သုံးပြု ကြသည်။

သာသနာပြုလုပ်ငန်းများ အရေးကြီးပုံကို သဘောပေါက်သော အ စိုးရသည် သာသနာပြုမဟုတ်သူ ဓမ္မအမှုတော်ဆောင်များကိုပါ သာသနာ ပြုအဖြစ် အလှည့်ကျဝင်ရောက် တာဝန်ထမ်းဆောင်စေခဲ့သည်။ သိုသော် အရည်အချင်း၊ စိတ်ဓာတ်နှင့်အရေအတွက်တွင် လုံလောက်မှုမရှိ။ နောက် ဆုံးတွင် အစိုးရတာဝန်ရှိ သူများကိုယ်တိုင် သာသနာပြုများ၏ နေရာတွင် ကြီးကြပ်ဝင်ရောက်အားဖြည့်လာကြသည်။ ရလဒ်အဖြစ် သာသနာလုပ်ငန်း တစ်ခုလုံးမှာ အဖွဲအစည်းလုပ်ငန်းဖြစ်သွားပြီး၊ လောကီဆန်သွားသည်။ ကြီးကြပ်သူများသည် လည်းသာသနာပြုများကဲ့သို ဒေသခံများကိုချစ်သော စိတ်မရှိဘဲ နိုင်ထက်စီးနင်းသာ ဆက်ဆံအုပ်ချုပ်ကြသည်။ ရွှေ့ပြောင်းအ ခြေချသူစပိန်လူမျိုးများအား မြေကွက်ရောင်းဝယ်ခြင်းဖြင့် စီးပွားရှာကြ ဒေသခံများမှာ မြေကြီးလက်မဲ့ လက်လုပ်လက်စားများဘဝ ရောက်သွားရသည်။

 

၃) ပြင်သစ်နည်းဗျူဟာ (French Strategy)

ကနေဒါနိုင်ငံတွင် ပြင်သစ်တို့ကျင့်သုံးသောနည်းဗျူဟာမှာ စပိန်တို့ ကျင်ဘက်ဖြစ်သည်။ ကုန်သွယ်ရေး ဗဟိုနှင့် အင်္ဂလိပ်များ၏ ရန်မှ ကာကွယ်ရန် အချက်အခြာ နေရာအနည်းငယ်ကိုသာ ရယူကြသည်။ သူ ၏အဓိက ကုန်သွယ်ပစ္စည်းမှာ သားရေနှင့် သားမွေးများ၊ သစ်တောထွက်ပစ္စည်းများဖြစ်ရာဒေသခံများ၏ လူနေမှုပုံစံကို နည်းနိုင်သမျှ အနည်း ဆီးမထိခိုက်မိအောင် သတိထားကြသည်။ သာသနာပြုများ ကိုယ်တိုင်က လည်း ထိုပေါ်လစီကို ကျင့်သုံးသည့် အနေဖြင့် ဒေသခံများကို အနှောင့်အ ယက်မပေးကြဘဲ သူတိုနှင့်အတူ ရေခံမြေခံပြုပြီး၊ ကျေးလက်တောရွာများ တင် တတ်နိုင်သမျှ နေထိုင်ကြသည်။ ဧဝံဂေလိတရားဝေငှခြင်း၊ သွန်သင် ခြင်း၊ ဗတ္တိဇံမင်္ဂလာ ပေးခြင်းတိုအပြင် အသင်းတော်ဝတ်များ၌ ပါဝင်ခွင့်ပြု သော်လည်း ဒေသခံ အင်ဒီယန်းများအတိုင်းပင် ဆက်လက်နေထိုင်၊ အ သက်ရှင်ပြုမူ နေထိုင်ခွင့်ပြုခဲ့သည်။ ပြင်သစ်လူမျိုးများ အစဉ်တစိုက် နေ ထိုင်ကြသော နေရာများအနီးတွင် မြိုကြီးကျောင်းကြီးများ တည်ထောင် သော်လည်း ဒေသခံများမှာမူ အမြဲမနေထိုင်ကြချေ။

ပြင်သစ်များသည် အရှေ့တောင်အာရှ အင်ဒိုချိုင်းနား (ဗီယက်နမ်) ဒေသတွင်လည်း ပါဝင်ပတ်သက် နေကြသေးရာ ထိုဒေသတွင်မူ အဲလက် ဇာ်ဒီရုတ် (Alexander de Rhodes) သည် နည်းဗျူဟာအသစ်တစ်ခုကို ဖော်ထုတ်ခဲ့သည်။ ပြင်သစ်သာသနာပြုများသည် အပြင်းအထန်နှိပ်စက်ခံ၊ မောင်းထုတ်ခံရသဖြင့် ဧဝံဂေလိပြုရာ၌ ဒေသခံများမှတဆင့် အလုပ်လုပ်မှ သာအောင်မြင်သည်။ သူသည် ဒေသခံအသင်းသား များကိုဧဝံဂေလိဆရာ များအဖြစ် မွေးထုတ်ပေးပြီး၊ သက်သေခံစေခဲ့ရာ ထောင်ချီပြောင်းလဲသူများရှိသည်အထိ အောင်မြင်ခဲ့သည်။ ထိုအောင်မြင်မှုကို အခြေခံကာ ပဲရစ် ရပ်ဝေးသာသနာပြုအဖွဲအစည်း(Foreign Mission Society of Paris) ကို ထူထောင်ခဲ့သည်။ သူတိုအဓိက အားစိုက်ကြသည့် ဒေသခံ ယုံကြည် သူများ၏ ဂိုဏ်းအုပ်နယ်မြေတစ်ခု ပေါ်ထွန်းလာရေးမှာ များစွာအောင်မြင် ထိရောက်ခဲ့သည်။

 

(၇) ၁၇- ၁၈ရာစု၊ သာသနာပြုနည်းဗျူဟာများ

သာသနာပြုရေးဆိုင်ရာ အယူအဆများသည် ယုံကြည်ခြင်းတရား အကြီးအကျယ် တိုးပွားလာခြင်းနှင့်အတူ ၁ရ ရာစုမှစပြီး၊ ပေါ်ထွန်းလာ သည်။ သူတိုအထဲတွင် ဟိုဆေးဒီအက်စ်တာ(Jose de Acosta)၊ ဘရန် ကာတီ(Brancati) သောမတ်စ်အေဂျီ           ဆူး:(Thomas a Jesu)စသူတို့က ထင်ရှားသည်။ သာသနာပြုရေးဆိုင်ရာ အခြေခံမူများနှင့် ကျင့်ထုံးများ၊ သာသနာပြုများ၏ အရည်အချင်းတိုကို ဖော်ထုတ်ရေးသားကြပြီး၊ ဒေသခံ များနှင့် မည်ကဲ့သိုလက်တွဲ အလုပ်လုပ်ရမည်အကြောင်း လမ်းညွှန်ပေး ကြသည်။ ၁၆၂၂ ခုနှစ်တွင် ယုံကြည်ခြင်းပြန့်ပွားရေး အထွတ်အမြတ်အဖွဲ (Sacred Congregation for the Propagation of the Faith) cot အဖွဲအစည်းကို စတင်တည်ထောင်ကြသည်။ ယင်းမှာ ကက်သလစ်အ သင်းတော်၏ သာသနာပြုလုပ်ငန်းများတွင် လမ်းညွှန်ချက်ပေးရန် အဓိက ဖြစ်သည်။ ယင်းမှတဆင့် သာသနာပြု သင်တန်းကျောင်းများကိုလည်း စတင်တည်ထောင်လာခဲ့ကြသည်။

 

၁) ဂျေဆွိခ် (Jesuits)များ၏ အာရှသာသနာ

ထိုလုပ်ငန်းတွင် အားအကိုးရဆုံးမှာ ဂျေဆွစ်(Jesuits)များ ဖြစ် သည်။ လူမျိုးပေါင်းစုံစုစည်းပြီး၊ ပေါ်တူဂီ သာသနာပြုအဖွဲမှ တဆင့် အ ရှေ့ပိုင်းဒေသသို လာရောက်ကြသည်။ ဒေသခံများ၏ ယဉ်ကျေးမှုနှင့် အ စဉ်အလာများကို အခြေပြုပြီး၊ ခေတ်ပေါ်သာသနာပြု နည်းဗျူဟာများ ဖော် ထုတ်ရာတွင် ရှေ့ဆောင်သူများဟု ဆိုနိုင်သည်။

 

 

 

က။ ဂျပန်နမူနာ

ပထမဆုံး ဝင်ရောက်သော ဂျပန်နိုင်ငံတွင် အိမ်ဆောက်ပုံ၊ ဝတ်စား ပံနှင့် နေထိုင်စားသောက်ပုံမှစ၍ ဂျပန်များအတိုင်း နေထိုင်ခဲ့ ဝံဂေလိတရားဝေငှခြင်း၊ အသင်းတော်တည်ထောင်ခြင်းတိုတွင် တိနှင့် မဟာယာန ဗုဒ္ဓဘာသာစကားလုံး၊ အယူအဆနှင့် ဘာသာရေး စံများကို ယူမသုံးကြချေ။ ကနဦးပြောင်းလဲလာကြသူ ဂျပန်ယုံ သူများအားဖြင့် ဂျပန်ဘာသာ ခရစ်ယာန်စာပေများစွာကို ပုံနှိပ်ထုတ် အ ကြသည်။ ဧဝံဂေလိပြုခြင်းနှင့် သွန်သင်ခြင်းတိုတွင် ဂျပန်လူမျိုး သင်းထောက်များ၊ ဆရာများကထိုတာဝန်ကိုအဓိကထမ်းဆောင်ကြသည်။ တိ ထဲမှ အနည်းငယ်ကိုလည်း ဘုန်းကြီးများအဖြစ် တိုးမြှင့်သင်တန်း ပေးခြင်းပြုကြသည်။ ယင်းသိုဖြင့် ခရစ်ယာန် ဘာသာဝင်သူများစွာ ရရှိ လာကြသည်။ ရှိးဂွန်းစစ်သူရဲများခေတ် ရောက်သောအခါ နိုင်ငံခြားရန်ကို ကြောက်ရွံသဖြင့် တံခါးပိတ်စနစ် ကျင့်သုံးရာမှ ၁ရ-ရာစုတွင် ဂျပန်ယုံ ကြည်သူများ ညှဉ်းပန်းနှိပ်စက်မှု များစွာခံရပြီး၊ မာတုရအဖြစ် အသေခံ ခဲ့ကြသည်။ ခရစ်ယာန်ဘာသာသည် မြေအောက်လှုပ်ရှားမှုအသွင် ရောက် ရှိသွားပြီး၊ နောင်ရာစုနှစ်ခုအကြာ အနောက်ကမ္ဘာအား ပြန်ဖွင့်ပေးသည့် အထိ အမြစ်ခိုင်တည်တံ့ခဲ့သည်ကို တွေ့ရှိရသည်။

 

၁။ အိန္ဒိယနမူနာ

ဒုတိယစမ်းသပ်ခံနေရာ တောင်ပိုင်းအိန္ဒိယမှ မာဒူရိုင်း(Madurai) တွင်လည်း ထိုထက်ပင်ပိုသေးသည်။ အိန္ဒိယလူမျိုးများကို ရရှိလိုပါက ဇာတ်မြင့်ဗြာဟ္မဏများအား ခရစ်တော်ထံပိုဆောင်ရန်လိုကြောင်း၊ ခေါင်း ဆောင်ဖြစ်သူ ရောဘတ်ဒီနိုဘီလီ(Robert de Nobili) ယုံကြည်သည်။ သိုဖြင့် ခရစ်ယာန်ဗြာဟ္မဏ တစ်ဦးအဖြစ် နေထိုင်အသက်ရှင် လိုက်သည်။ ရိုးရာဂုရုဆရာတစ်ပါးကဲ့သို ဝတ်ဆင်ပြီး၊ ဇာတ်ခွဲအစဉ်အလာ (castelaws) နှင့် ထုံးစံများအပြင်သက္ကဌဘာသာ (Sanskrit) ကိုပါ သင်ယူလိုက်သေး သည်။ အထင်ရှားဆုံး ဟိန္ဒူအတွေးအခေါ် ပညာရပ်များကိုလည်း လေ့ လာသင်ယူပြီး၊ ဧဝံဂေလိတရား ဝေငှရာ၌လည်း ဟိန္ဒူဝေါဟာရများကို တတ်နိုင်သလောက် အသုံးပြုခဲ့သည်။ ဗြာဟ္မဏဟိန္ဒူများစွာကို ခရစ်တော်ထံ ပိုဆောင်နိုင်ခဲ့သူ အနည်းငယ်သော ဧဝံဂေလိသမားများတွင် သူပါဝင် ခဲ့သည်။

 

 

 

ဂ။ တရုတ်ပြည်နမူနာ

ထင်ရှားသောယဉ်ကျေးမှုပေါင်းစည်းခြင်းသာသနာကွင်းကိုတရုတ် ပြည်တွင် တွေ့မြင်ရသည်။ မက်သီးအိုးရစ်ချီ (Matteo Ricci)အစပြုပေးခဲ့သော နည်းဗျူဟာကို သူ၏တပည့်များဖြစ်သော ရှဟောလ်နှင့် ဗာရ်ဘီးစ် (Schall and Verbiest)တို့က လက်တွေ့ဖော်ဆောင်ခဲ့သည်။ ဂျပန် တွင်ကဲ့သို့ပင် သာသနာပြုများသည် ဒေသခံများနှင့်အတူ တရုတ်ယဉ်ကျေး မှု အခြေခံများအတိုင်း အသက်ရှင် နေထိုင်ကြရသည်။ ယင်းမှတဆင့် ကွန်ဖြူးရှပ် (Confucius)၏ အယူအဆများကို အသုံးပြုပြီး၊ ခရစ်ယာန် ဘာသာအယူဝါဒများကို တဖြည်းဖြည်း ချင်းမိတ်ဆက်ပေးခဲ့သည်။ ပြောင်း လဲလာသူများ၏ ရိုးရာအစဉ်အလာများကိုလည်း ဆက်လက်လိုက်နာရန် ခွင့်ပြုခဲ့သည်။ သာသနာပြုများသည်ဒေသန္တရအုပ်ချုပ်သူများထံတွင်လည်း ခေတ်မီပညာရပ်များ သင်ကြားပိုချ ပေးသူ၊ သိပ္ပံပညာရပ်တွင် ဦးဆောင် လမ်းပြသူများအဖြစ် မျက်နှာရလျက် သြဇာလွှမ်းမိုးကြသည်။

အနောက်တိုင်းပညာကို သင်ကြားပေးခြင်းအားဖြင့် ဩဇာရှိသူ ထိပ် ပိုင်းအာဏာရှင်များနှင့် သိကျွမ်းရင်းနှီးပြီး၊ နိုင်ငံ့ခေါင်းဆောင်အုပ်ချုပ်သူ များကိုပင် နည်းလမ်းများစွာဖြင့် ကူညီထောက်မနိုင်ခွင့်၊ ဧဝံဂေလိတရား သက်သေခံခွင့်ကိုပါ ရရှိခဲ့ကြသည်။ ယင်းတိုအားလုံးသည် ဧဝံဂေလိ သတင်းကောင်းကို လမ်းဖွင့်ပေးသည်။ ဤနည်းဗျူဟာများ၏ ထိရောက် မှုကြောင့် ထိပ်ပိုင်းရာထူးမှ ပုဂ္ဂိုလ်ကြီးအချိုအပါအဝင် ခရစ်ယာန်ယုံကြည် သူများစွာ ပေါ်ထွန်းလာခဲ့သည်။

အခြားတစ်ဖက်တွင် ဥရောပမဆန်သောအရာ၊ ခရစ်ယာန်ပုံစံ မ ဟုတ်ဟုသူတိုယူဆသော အရာမှန်သမျှကို တန်ဖိုးထားရကောင်းမှန်းမသိ သူ၊ ရိုမန်ကက်သလစ် ပုံစံအတိုင်းသာ သာသနာပြုလိုသူများမှာ အများစု ဖြစ်သည်။ မျိုးချစ်စိတ်ဓာတ်မရှိသူ၊ သာသနာဖျက်ဆီးသူများအဖြစ်ပင် ဂျေဆွစ်(Jesuits)များကို ရောမမြိုတွင် တိုင်တန်းမှုများ ရှိခဲ့သည်။ နောက် ဆုံးတွင် ဆွစ်(Jesuits)များကဲ့သို့ ရေခံမြေခံပြုခြင်းမျိုး ကိုမပြုလုပ်ကြရန်၊ ရောမမှပေးသည့် အမိန့်အတိုင်းသာ အသက်ရှင်နေထိုင်ကြရန် ထုတ် ပြန်ခဲ့သည့် အထိပင်ဖြစ်သည်။ ” ထိုအချိန်မှစ၍ တရုတ်လူမျိုးတစ်ဦးသည် ခရစ်ယာန်တစ်ဦးလည်းဖြစ် ရန် အခွင့်အလမ်း မရှိတော့ချေ။ သူတို့ ၏အမြင်တွင် တရုတ်လူ့အဖွဲ စည်းနှင့် ယဉ်ကျေးမှု၏ အခြေခံအုတ်မြစ်ဖြစ်သော သားသမီးများ၏ လိမ္မာရေးခြားရှိမှုနှင့် မိဘရိုသေမှု(filial piety)ကို အမြစ်လှန်ပစ်သကဲ့သို ဖြစ်သွားသည်။ နှစ်ပေါင်းနှစ်ရာ ကြာသွားသောအခါတွင်မူ သာသနာပြုအားလွတ်လပ်ခွင့် ပိုမိုပေးအပ်လိုက်ပြီး၊ တရုတ်ရိုးရာ အစဉ်အလာများ ကိုလည်း အတိုင်းအတာ တစ်ခုအထိကန့်သတ်ခွင့်ပြုရတော့သည်သာပင်။ ယနေ့ဆိုလျှင် ဒေသခံများ၏ယဉ်ကျေးမှုပေါင်းစည်းခြင်းကို သာသနာပြု သူနှင့် အသင်းတော်တိုင်းနီးပါးက အသိအမှတ်ပြုလာ နေကြပြီဖြစ်သည်။

၂) နယူးအင်္ဂလန်မှပျူရီတန်များ၏ အိန္ဒိယလူနီများအား သာသနာပြုခြင်း

ပရိုတက်စတင့် အသင်းတော်များ၏ သာသနာပြုလုပ်ငန်းတွင် ၁ရ ရာစုအတွင်းမှ ဒတ်ချ်အ ရှေ့အိန္ဒိယကုမ္ပဏီ ဘုန်းတော်ကြီးများ (Dutch East Indies Company chaplains) နှင့် အမေရိကမှ အိန္ဒိယလူနီများ အား သာသနာပြုသော နယူးအင်္ဂလန်မှ ပျူရီတန်သာသနာများမှာထင်ရှား သည်။ ထိုခေတ် သာသနာပြု ခြင်းသည် ကုန်သွယ်စီးပွားလုပ်ငန်းကို အ ခြေခံပြီး ဝင်ရောက်ကြခြင်းဖြစ်သော်လည်း ဘုန်းတော်ကြီးများစွာမှာ သာ သနာကိုသာ အမှန်တကယ် စိတ်ဝင်စားကြသူများဖြစ်သည်။ သိုသော် သူတိုကျင့်သုံးမည့်သာသနာပြု နည်းဗျူဟာအထိကိုမူလွှမ်းမိုးသက်ရောက် မှု မရှိနိုင်ကြ။ ပျူရီတန်များ၏ အမေရိကန်လူနီများအား သာသနာပြုနည်း ဗျူဟာတွင်မူ နောင်ကာလမှ နမူနာယူစရာပုံစံများ ရှိခဲ့သည်။ ရည်ရွယ် သည်မှာ ဒေသခံလူနီများလည်း ဧဝံဂေလိတရား ကြားသိခြင်းအားဖြင့် အင်္ဂလိပ်စကားပြော ယုံကြည်သူများနှင့် အသက်တာ၊ ကိုယ်ကျင့်တရား နှင့် အသိဉာဏ်ပညာတို၌ တန်းတူသွားရန်ဖြစ်သည်။ သာသနာပြုသူ အင်္ဂ လိပ်များ၏ လူမှုစီးပွား အဆင့်အတန်းသို မြှင့်တင်ပေးရန်ဖြစ်၏။ နည်း လမ်းအားဖြင့် ဧဝံဂေလိတရားဟောပြီး၊ ပြောင်းလဲလာသူများအား တပည့် တော်ပြုနိုင်ရေး အသင်းတော်ထဲတွင် ပြုစုပျိုးထောင်နိုင်ရန်ဖြစ်သည်။

ထိုနည်းဗျူဟာတွင် ပထမဦးစားပေးမှာ ဧဝံဂေလိဖြစ်သည်။ သော သနာပြုအများစုက ဂျွန်အဲလီယောတ်(John Eliot)ကိုနည်းယူကြပြီး တရားဟောခြင်း အဓိကထားလျက် သင်ကြားခြင်းနည်းစနစ်ဖြင့် ပံ့ပိုးထား သည်။ သောမတ်စ်မေလာ့ဂျူနီယာ(Thomas Mayhew, Jr.)ကမူတစ်ဦး ချင်းဧဝံဂေလိစနစ်ကို တဖြည်းဖြည်းချင်း စတင်ခြင်းဖြင့် အောင်မြင်မှုရရှိခဲ့ သည်။ အများစုက အလိုတော်နှင့်မညီသော ရိုးရာယုံကြည် မှုထဲမှ အသက် ရှင်ပုံကိုထောက်ပြကာ ဘုရားသခင်၏ အမျက်တော်ကို အဓိကထားကြ သော်လည်း ဒေးဗစ်ဘရင်းနာဒ် (David brainerd)ကမူမော်ရေးဗီးယန်းစ် (Moravians) များကဲ့သို ဘုရားသခင်၏ ချစ်ခြင်း မေတ္တာကို အဓိကထား ဟောပြောပြီး၊ လူအများကို နောင်တရခြင်းသို ပိုမိုပိုဆောင်နိုင်ခဲ့သည်။

ထိုနည်းဗျူဟာ၏ ဒုတိယအပိုင်းမှာ ယုံကြည်ပြောင်းလဲလာသူများ အား အသင်းတော်ထဲသို ခေါ်ဆောင်ခြင်း ဖြစ်သည်။ သိုသော် အချိန်များ စွာယူပြီးမှ အသင်းတော်ထဲ ဝင်ခွင့်ပေးရခြင်းဖြစ်သည်။ ၁၇၃၀ နောက်ပိုင်း တွင်မူ အသင်းတော်များကို လျင်လျင်မြန်မြန် ဖွဲစည်းတည်ထောင်လာ ကြသည်။ အသင်းတော်များ မဖွဲစည်းနှင့် ဖွဲစည်းပြီး နောက်ပိုင်းတွင် ယုံ ကြည်သူများအား သွန်သင်ခြင်း၊ လမ်းညွှန်ပေးခြင်းများ ဆက်တိုက်ပြုလုပ် ခဲ့သည်။

နည်းဗျူဟာ၏တတိယအဆင့်မှာစံပြခရစ်ယာန်ရွာနှင့်မြိုများတည် ထောင်ခြင်းဖြစ်သည်။ ယုံကြည်သူ လူသစ်များ၏ယုံကြည်ခြင်းနှင့်အသက် တာ ကြီးထွားရင့်ကျက်လာစေရန်အတွက် သီးသန့်ခွဲခြား နေထိုင်စေခြင်း လိုအပ်သည်ဟု ဂျွန်အဲလိဿာနှင့် အပေါင်းအပါများက ယုံကြည်သည်။ မယုံကြည်သူဆွေမျိုးများနှင့် မကောင်းသော လူဖြူများ၏ လွှမ်းမိုးမှုမှကာကွယ်ပေးရန် လိုသည်ဟုဆိုသည်။ ယင်းသိုအားဖြင့် စံပြခရစ် ယာန်ရွာ များကို တည်ထောင်ပြီး၊ ယုံကြည်သူလူသစ်များအား အင်္ဂလိပ်သာသနာပြု နှင့် ဒေသခံသင်းအုပ်များ အောက်တွင် ပဌနာပြုသူ အိန္ဒိယလူနီများ (Praying Indians) အဖြစ် ပြုစုပျိုးထောင်ပေးကြသည်။ ကော်တွန်မေသာ (Cotton Mather)က “အိန္ဒိယ လူနီများအား ယုံကြည်သူဖြစ်စေခြင်းနှင့် တိုး တက်ယဉ်ကျေးလာစေခြင်းသည် တစ်ပြိုင်တည်းနှင့် ခွဲခြားမရနိုင်သောအရာဖြစ်သည် (Christianizing and civilizing of Indian believers would be simultamultaneous and indistinguishable) ဟုဆိုခဲ့သည်။ ထိုမြိုရွာများကို ထွက်မြောက်ရာကျမ်း(၁၈)လာ ပုံစံအတိုင်း ဖွဲစည်းခဲ့သည်။

သို့သော် နောက်ပိုင်း(၁၆၅၈)တွင် အုပ်ချုပ်သူအင်္ဂလိပ်အစိုးရမှ အုပ်ချုပ်ရေးမှူးများ ခန့်အပ်အုပ်ချုပ် ခဲ့သည်။ ထိုမြိုရွာအများစုသည် ၁၆၅၄ ခုနှစ်တွင် အင်္ဂလိပ်ရှင်ဘုရင်ဖီးလစ်(King Philip)၏ တိုက်ဖျက်ခြင်းကို ခံခဲ့ရသည်။ ၁ရ၃၄ ခုနှစ်တွင် ဂျွန်ဆာဂျင့် (John Sergeant) ဦးဆောင်ပြီး၊ ကော်တံတား (Stockbridge)” စံပြမြို့ကို တည်ထောင်ပြန်သောအခါ မြို့သူမြိုသားများသည် မိမိပတ်ဝန်းကျင်မှ ဝေးဝေးလံလံ ဒေသများအထိ ဧဝံဂေလိပြုသူများ ဖြစ်လာကြရန် ရည်ရွယ်ခဲ့သည်။ သို့သော် ပတ်ဝန်းကျင် အိန္ဒိယလူနီများနှင့် အဆက်ဖြတ်ထားရာသူတို၏ဝိညာဉ်ရေးရာတိုးတက် လာသော်လည်း ဧဝံဂေလိပြု လွှမ်းမိုးနိုင်ခြင်း မရှိကြချေ။ ၁၉-၂ဝ ရာစုများ တိုင်အောင် အာဖရိကနှင့်ကျွန်းစုများမှ သာသနာပြုများသည်လည်း ယုံကြည်သူလူသစ်များ၏ ယုံကြည်မှုကို ကာကွယ်သောအားဖြင့် ထိုအတိုင်း ပင် ဆက်လက်ပြုမူခဲ့ကြသည်။ ရလဒ်အဖြစ် ဒေသခံများနှင့် ဥရောပသား များကြားမှ ဟိုမရောက်သည်မရောက် လူ့အဖွဲအစည်းတစ်ခု ပေါ်ထွန်းလာ ရာ ဧဝံဂေလိတရား ပြန့်ပွားခြင်းကိုပင် အဟန့်အတားဖြစ်လာသည်။ သီး ခြား လူ့အသိုင်းအဝန်းဖြင့် ယုံကြည်ခြင်းကို ကူးစက်ပြန့်ပွား သွားအောင် မစွမ်းဆောင်နိုင်ခဲ့ချေ။

ဂျွန်အဲလီယော့သည် ပထမဆုံးပုံနှိပ် ထုတ်ဝေလိုက်သော “အင်ဒီ ယန်းဓမ္မအမေးအဖြေ (Indian Catechism) အပါအဝင်စာအုပ်များကို အင်္ဂလိပ်နှင့် အမေရိကန်အင်ဒီယန်း နှစ်ဘာသာဖြင့် ထုတ်ဝေခဲ့သည်။ ကျောင်းသုံးသင်ခန်းစာများ၊ ဖတ်စာအုပ်များနှင့်အခြေခံသင်္ချာပညာရပ်တို ကိုလည်း သမ္မာကျမ်းစာ သင်ကြားခြင်းနှင့်တွဲ၍ ထုတ်ဝေခဲ့သည်။ စိုက်ပျိုး ရေးနှင့် အိမ်တွင်းမှုပညာ ဘာသာရပ်များက သူတို၏ အသက်ရှင်သန်ပုံနှင့် လူမှုအဆင့်အတန်းကို အခြေတကျ ဖြစ်စေခဲ့သည်။ အင်္ဂလိပ်ဘာသာ စကားက လူဖြူများနှင့်ဆက်ဆံရေးကို ချောမွေ့စေပြီး၊ ယုံကြည်ခြင်းကို မျှဝေရာတွင်မူ မိခင်ဘာသာစကားက ပိုမိုထိရောက်ခဲ့သည်။

အမေရိကန်အင်ဒီယန်းသာသနာနှစ်ရာစုခန့်ကြာညောင်းလာသော အခါ၊ အဆောင်သွင်းပညာရေးစနစ်ကို နည်းဗျူဟာတစ်ခုအဖြစ် စတင်မိတ်ဆက်လာကြသည်။ ယင်းသည်ပင် ၁၉-ရာစု၏ အရေးကြီး သာသနာ ပြုနည်းဗျူဟာ တစ်ခုဖြစ်လာသည်။ နယူးအင်္ဂလန်ပျူရီတန်များ၏ သာသ နာပြုနည်းဗျူဟာတွင် အဓိကမှတ်သား သင့်သည်မှာ ဧဝံဂေလိတရား၏ ပြောင်းလဲပေးနိုင်စွမ်းနှင့် ဒေသခံများ၏ အစွမ်းအစကို ဘယ်သောအခါမှ သံသယမရှိခြင်းပင် ဖြစ်သည်။ သူတိုအထဲမှအချိုသည် အင်္ဂလိပ်များကဲ့သို ပင် အဆင့်မြင့်တက်လာနိုင်သည်ဟု သူတိုမျှော်လင့်ကြသည်။ အလားလာရှိသူဒေသခံယုံကြည်သူများကို အထက်တန်းအဆင့်၊ နာမည်ကြီးဟာ ဗတ်ကောလိပ် အဆင့်တိုသို စေလွှတ်ပေးခြင်းများ ပြုလုပ်ပေးခဲ့သည်။ ဝတ်ပြုခြင်း၊ ဝိညာဉ်ရေးရာ ပြုစုပျိုးထောင်ခြင်းနှင့် ပညာရေးတိုအတွက် ဒေသခံဘာသာစကားဖြင့် ဘာသာရပ်ပေါင်းစုံ ထိတွေ့လေ့လာနိုင်ရန် လို အပ်သည်။ အဲလိယော့နှင့် သူ၏ အပေါင်းအသင်းများက ဒေသခံစာပေဖြင့် ဘာသာရပ်ပေါင်းစုံကို ပြုစုထုတ်ဝေကြသည်။

နယူးအင်္ဂလန် ပျူရီတန်သာသနာတွင် အရေးကြီးဆုံး နည်းဗျူဟာ တစ်ခုမှာ ဒေသခံသင်းအုပ်နှင့် ဓမ္မဆရာများအား သင်ကြားပေးခြင်းဖြစ် သည်။ သာသနာပြုများနှင့် ထောက်ပံ့သူများအားလုံးက ဒေသခံများသည် သာ ကိုယ်နှင့်လူမျိုးတူများအား ဟောပြောဝေငှ၊ သက်သေခံခြင်း၊ ပြုစုပျိုး ထောင်ပေးခြင်း တိုကို ထိရောက်စွာပြုနိုင်ကြောင်း သိရှိသဘောပေါက်ကြ သည်။

အချုပ်အားဖြင့် ဆိုရလျှင်၊ အင်ဒီးယန်းသာသနာလုပ်ငန်းတွင် ရေ ရှည်တည်တံ့သည့်အချက်ကြီး နှစ်ခုရှိသည်။ပထမမှာအဲလီယော့နှင့်ဘရင်း နာဒ်တို၏ အသက်တာသည် လူပေါင်းများစွာအား သာသနာ ပြုသူများအ ဖြစ် ဆက်ကပ်စေရန် လှုဆော်ပေးနိုင်ခဲ့သည်။ ဒုတိယမှာ မမှိတ်မသုန်ရှိလှသော သူတို၏ဦး တည်ချက်နှင့် နည်းစနစ်များ ဖြစ်သည်။ ယင်းတိုမှာ ဧဝံ ဂေလိတရားဟောခြင်း၊ အသင်းတော်တည်ထောင်ခြင်း၊ ဥရောပသားများ အဆင့်ပညာရေးအားဖြင့် ခရစ်ယာန်ပြုစုပျိုးထောင်ခြင်းနှင့် လူမှုပြုပြင်ပြောင်းလဲမှုများ၊ သမ္မာကျမ်းစာဘာသာပြန်ခြင်း၊ ဝိညာဉ်ရေးရာမကဘဲ ဘာသာရပ်ပေါင်းစုံကို အင်္ဂလိပ်၊ ဒေသခံအင်ဒီယန်းဘာသာ နှစ်ခုစလုံး တွဲပြီး၊ သမ္မာကျမ်းစာသင်ခန်းစာများနှင့် တွဲဖက်ပုံနှိပ်ထုတ်ဝေခြင်း တို့ ဖြစ်သည်။

 

 

၃) ဒိန်းနစ်ဟောလ်သာသနာ (The Danish-Halle Mission)

အထက်ဖော်ပြပါ အင်ဒီယန်းများထံ အမေရိကန်သာသနာပြု လုပ်ငန်းများကို ထောက်ပံ့စေလွှတ်သူမှာ အင်္ဂလန်နှင့် စကော့လန်တို့မှ သာ နာပြု အဖွဲအစည်းများဖြစ်သည်။ ပထမဆုံးထောက်ပံ့သူမှာ ဒိန်းနစ် ဟောလ်သာ သနာပြုလုပ်ငန်း (Dannish-Halle Mission) ဖြစ်သည်။

၁ရ၀၅ ခုနှစ်တွင် ဒိန်းမတ်ဘုရင်က ဂျာမန်လူမျိုး လူသာရင်သာသ အစားကို အိန္ဒိယနိုင်ငံ အရှေ့တောင် ပိုင်း ဒေသ ထရန်ကွီးဘား (Tran quebar)သို့ စေလွှတ်ခဲ့သည်။ ကနဦးသွားရောက်ခဲ့သူ ဘာသောလမျူး ဇိဂင်ဘာဂ် (Bartholomew Ziegenbalg) သည် သူ့ခေတ်ထက်ပင် ရှေ့ ရောက်ခဲ့သော၊ နောင်သာသနာပြုမျိုး ဆက်များတိုင်အောင် အသုံးတည့် သည့် နည်းဗျူဟာတစ်ခုကို စတင်မွေးထုတ်ပေးခဲ့သည်။ သူ၏နည်းဗျူဟာ တင် ဝတ်ပြုကိုးကွယ်ခြင်း၊ တရားဒေသနာ၊ ပညာရေး၊ ဘာသာပြန်လုပ်ငန်း နှင့်ဒေသခံဘာသာစကားဖြင့် စာပေထုတ်ဝေခြင်းတိုကိုထည့်သွင်းခဲ့သည်။ ဝတ်ပြရာတွင် တမီလ်(Tamil)ဘာသာစာသားနှင့်ကဗျာများကို မိတ်ဆက် ပေးခဲ့သည်။ ဧဝံဂေလိနှင့် အသင်းတော်တိုးပွားရေးတွင် ဟိန္ဒူဘာသာ စကားနှင့် ဒဿန၏အရေးပါ ပုံကို သိမှတ်သည်နှင့် ကိုယ်တိုင်ကြိုးစား လေ့လာခဲ့သည်။ ထိုအပြင် ဆေးပညာ၏ အခန်းကဏ္ဍကိုလည်း မိတ်ဆက်ခဲ့ သည်။ ထိုနည်းဗျူဟာနှင့် နည်းစနစ်များကို ဂျာမဏီမှ အုပ်ချုပ်သူများကမူ ဆန့်ကျင်ခဲ့သည်။

သူ့နောက်တွင် ထင်ရှားသည်မှာ ဗြိတိသျှအုပ်ချုပ်သော တောင်အိန္ဒိ ယဒေသမှ သာသနာပြုဆရာ ခရစ္စတီယန် ဖရက်ဒရစ်ရွှပ် (Christian Federic Schwartz)ဖြစ်သည်။ သူသည် ဘာသာပေါင်းစုံမှ အိန္ဒိယလူမျိုး ခေါင်းဆောင်များ၊ ဥရောပသားပေါင်းစုံ၊ စစ်ဘက်နှင့်အရပ်သား အားလုံး ပေါ်တွင် သြဇာညောင်းခဲ့သည်။ ရုပ်ရည်အားဖြင့် ဥရောပသား တစ်ဦးဖြစ်သော်လည်း ဝိညာဉ်ရေးဆရာ၊ ပညာတတ်ဂုရုကြီးတစ်ပါးအဖြစ် လူတိုင်း က ချစ်ခင်လေးစားယုံကြည်စိတ်ချကြသည်။ ဘာသာပေါင်းစုံ၊ ဇာတ်အနိမ့် အမြင့်အားလုံးသည် အဆင့်အတန်းမခွဲဘဲ လာရောက်တပည့်ခံ ပူးပေါင်းကြသည်။ သူ၏နည်းဗျူဟာတွင် အထင်ရှားဆုံးမှာ ခြားနားသော ယဉ်ကျေးမှု တစ်ခုထဲတွင် မွေးစားမှုပြုခြင်း(adaptation) နှင့် လိုက်လျှောညီ ထွေပြုခြင်း (accommodation)တိုပင်ဖြစ်သည်။

 

၄) မော်ရေးဗီးယန်းသာသနာပြုနည်းဗျူဟာ (Moravian Mission Strategy)

၁၈-ရာစုတွင် အထင်ရှားဆုံးသော သာသနာပြုနည်းဗျူဟာမှာ နယ် စားကြီးဇီင်ဇင်ဒေါ့ဖ်နှင့် ဘီးရှော့ပ်ရှပန်ဂင်ဘာဂ် (Count Zinzendorf. and Bishop Spangenberg) တို့ ဦးဆောင်ဖော်ထုတ်ခဲ့သည့် မောရေဗီးယန်း သာသနာပြုနည်းဗျူဟာဖြစ်သည်။ ၁၇၃၄ ခုနှစ်မှစ၍ သာသနာပြုများ အား အနှိမ်ခံ၊ အပယ်ခံလူတန်းစားများ နေထိုင်ရာဒေသသို ဦးတည်စေ လွှတ်လိုက်သည် ထိုသူများသည် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်လျက် သာသနာပြုရသည်။

ဒေသခံများကို မိမိတိုဂျာမန်လူမျိုးများ၏ အဆင့်အတန်း၊ အတွေး အခေါ်နှင့် တန်းတူမဆက်ဆံရန် သာသနာပြုများအား သတိပေးထားကြ သည်။ ဒေသခံများ၏ဘုရားပေးထူးခြားမှုနှင့်၊ အားသာမှုများကို မြင်အောင် ကြည့်ကြရန် ဖြစ်သည်။ မိမိတိုကိုယ်ကို မိမိတိုလည်းသန့်ရှင်းသောဝိညာဉ်တော်၏ အစေအပါးများအဖြစ်သာ သိမှတ်သဘောထားကြရန် သွန်သင် ကြသေးသည်။ သူတိုသည် လေးနက်သော ဓမ္မအတွေးအခေါ်များတွင် မွေ့လျော်မနေဘဲ ဧဝံဂေလိသတင်းကောင်းကိုသာ ရိုးရိုးရှင်းရှင်း ဝေငှကြရန် သွန်သင်ပေးထားသည်။ အချိန်တန်သောအခါ သန့်ရှင်းသောဝိညာဉ်တော် ဘုရားက အသင်းတော်ထဲသို ယုံကြည်သူများအား အလုံအလောက် ပို့ဆောင်ပေးမည်ဟု သွန်သင် ခံယူကြသည်။ ထိုအခါမှသာ ကြီးစွာသော ရိတ်သိမ်းခြင်းကိုပြုလုပ်ရန်ဖြစ်သည်။တုံပြန်မှုမရှိပါကမူအခြားတစ်နေရာ ရာသို ထွက်သွားရန်ဖြစ်သည်။ လက်တွေ့တွင်မူ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် မောင်းထုတ်ခြင်း ခံရမှသာ ထွက်သွားကြသည်။ သူတိုတွင် ထူးခြားမှတ် သားဖွယ်ရာ ကောင်းလှသည်မှာ အလွယ်တကူ အလျှော့မပေးတတ်ခြင်း၊ စိတ်ရှည်သည်း ခံတတ်ကြခြင်းတိုပင်ဖြစ်သည်။

 

၅) ပရိုတက်စတင့်သာသနာ မဟာရာစုနှစ် (The Great Century of Protestant Mission)

၁၈-ရာစုအနှောင်းပိုင်း၁ရ၈၇-ခုနှစ်တွင်အမေရိကန်ပြည်ထောင်စု၊ ၂-ခုနှစ်တွင် အင်္ဂလန်တို၌ ကမ္ဘာလုံးသာသနာကို ဦးတည်ချက်ထားသော ပရိုတက်စတင့်သာသနာ၏ ရေခြားမြေခြား သာသနာပြုလုပ် ငန်းများ စတင်လာသည်။ သို့သော် သူတို့၏လုပ်အား အများစုကို နယ်ပယ်သစ် အမေရိကန်ပြည်ထောင်စုတွင် ကနဦးခြေချ နေထိုင်ခဲ့ကြသူများက စုပ် ယဝါးမြိုသွားခဲ့သည်။ ထိုကဲ့သိုသော ရှေ့မတိုးနောက်မဆုတ်သာ အခြေ အနေကို ၁၈၁၀ ခုနှစ်တွင် ယုဒသန်နှင့် သူငယ်ချင်းတစ်စု၏ လှုပ်ရှားမှု တစ်ခုက ပုံပြောင်းပေးလိုက်သည်။ ယင်းမှတဆင့် ၁၈၁၄ခုနှစ်တွင် အမေရိကန်ပြည်ပသာသနာပြု စေလွတ်သူများအဖွဲ့ (American Board of Commissioners for Foreign Missions)၊ ၁၈၁၆ ခုနှစ်တွင် နိုင်ငံခြား သာသနာပြုအဖွဲ့များ: (United Foreign Missionary Society) တို့ကို ဆက်တိုက် တည်ထောင် ဖွဲစည်းလာခဲ့သည်။

အဖွဲအစည်း အသစ်များသည် အမေရိကန်အင်ဒီယန်းသာသနာနှင့် ဒိန်းနစ်ဟောလ်သာသနာ လုပ်ငန်းများ၏ နည်းဗျူဟာနှင့် နည်းစနစ်များ ကို အမွေဆက်ခံ သာသနာပြုကြသည်။ စေလွှတ်သူ သာသနာပြုအဖွဲ သည် နည်းဗျူဟာ ပိုင်းဆိုင်ရာကို အတိအကျ လမ်းညွှန်ချက်ပေးလာရာမှ နှစ်ပေါင်းငါးဆယ်ခန့် ကြာညောင်းလာသောအခါ သာသနာကွင်းထဲမှ အ တွေ့အကြုံရှိ သာသနာပြု ဆရာသည်သာ နည်းဗျူဟာကို ဖော်ထုတ် ရေးဆွဲလာပြီး စေလွှတ်ပေးသူ ဘုတ်အဖွဲသည် အတည်ပြုပေးသူအဆင့် ပြောင်းလဲရောက်ရှိသွား သည်။

မည်မျှပင် လူ့ယဉ်ကျေးမှုထွန်းကားသော တိုင်းပြည်ဖြစ်ခဲ့သော် လည်း တရုတ်နှင့်အိန္ဒိယတို့၏ ယဉ်ကျေးမှုသည် ခရစ်ယာန်ယုံကြည်ခြင်း တွင် အခြေမခံသော၊ ဆန့်ကျင်ဘက်ပင်ပြုသော လူ့ယဉ်ကျေးမှုဖြစ် သဖြင့် ဝိညာဉ်ကယ်တင်ခြင်းအပြင် ယဉ်ကျေးအောင်ပြုခြင်းကိုပါ အစပိုင်းတွင် ထည့်သွင်းရသည်။ မည်သူမျှ မေးခွန်းထုတ်ပိုင်ခွင့်ပင် မရှိ။ ခရစ်ယာန်ဖြစ် စေခြင်း (Christianization)နှင့် ယဉ်ကျေးအောင်ပြုခြင်း (Civilization) တို့ မည်သည်က ပိုအရေးကြီးကြောင်း၊ ပိုဦးစားပေးသင့်ကြောင်း သာသနာပြုသူ အချင်းချင်းသာ ဆွေးနွေးငြင်းခုန်ကြသည်။ ယုံကြည်ခြင်းတရားကို လက်ခံနိုင်ရန် ယဉ်ကျေးအောင်ပြုခြင်း လက်ခံနိုင်ရန် ယဉ်ကျေးအောင်ပြုခြင်းက အတိုင်းအတာ တစ်ခုအထိ ဦးဆောင်လာသင့်ကြောင်း အချို့ကတင်ပြသည်။ အချို့ကမူ ဧဝံဂေလိတရား သည် ယဉ်ကျေးအောင်ပြုနိုင်စွမ်း တန်ခိုးရှိကြောင်း ရပ်တည်တင်ပြသည်။ သာသနာပြု အများစုကမူ နှစ်ခုစလုံး မှန်ကန်နေပြီး၊ အပြန်အလှန် အကျိုး ပြုနေသည်၊ တစ်ပြိုင်နက်တည်းတွင် ဆတူတန်ဖိုးထားဦးစားပေးရန် လို သည်ဟုဆိုသည်။

မကြာခင်တွင် အိန္ဒိယကို အများဆုံး စိတ်ဝင်စားလာကြသည်။ ထို နိုင်ငံအတွက် ဖော်ထုတ်ထားသော နည်းဗျူဟာ၊ နည်းစနစ်များကို အခြား နေရာဒေသ အသီးသီးကလည်း လိုက်လံကျင့်သုံး လာကြသည်။ အစပိုင်း ကာလများတွင် ဝီလျံကယ်ရီ(William Carey)၊ ဂျော့ရှုဝါမာရ်ရှ်မန်း (Joshua Marshman)၊ ဝီလျံဝပ် (William Ward) စ သော နှစ်ခြင်း အ သင်းဝင် ဆီရမ်ပိုလ်ရဲသုံးဖော်(Serampore Trio)က သြဇာလွှမ်းမိုးသည်။ ကယ်ရီသည် လူတစ်ဦးချင်း၏ ယုံကြည်ပြောင်းလဲခြင်းအားဖြင့် အသင်း တော်များ ကြီးထွားလာပြီး၊ စာတတ်ပေတတ် ဒေသခံအသင်းသားများကို ဒေသခံပညာတတ် ဓမ္မအမှုတော်ဆောင်များက စောင့်ရှောက်အမှုဆောင် သည်ကို မြင်တွေ့လိုသည်။

ကယ်ရီသည် မူလတန်းကျောင်း များသာမကဘဲ ကောလိပ်တစ်ခုပါ တည်ထောင်ခဲ့သည်။ ဒိန်းမတ်ရှင်ဘုရင်သည် သူ၏ကိုလိုနီနယ် ဖြစ်သော ဆီရမ်ပိုလ်တွင် ဓမ္မပညာရပ်များကိုပါ ပိုချခွင့်ပြုခဲ့သည်။ အိန္ဒိယနိုင်ငံသား များနှင့် နိုင်ငံခြားသား ကလေးသူငယ်များအတွက် ကျောင်းများအပြင် သမ္မာကျမ်းစာ ဘာသာပြန်ခြင်းနှင့် ပုံနှိပ်ထုတ်ဝေခြင်း လုပ်ငန်းတွင် အိန္ဒိယ တိုင်းရင်း ဘာသာစကားများအပြင် တရုတ်ဘာသာအထိပင်ပါဝင်သည်။ ထိုလုပ်ငန်းများသည် ပရိုတက်စတင့် သာသနာလုပ်ငန်း အားလုံးနီးပါးအ တွက် နမူနာယူစရာများ ဖြစ်လာသည်။

သာသနာပြုနည်းဗျူဟာနှင့် လုပ်ပုံလုပ်နည်းများတွင် သုတေသန သည် အရေးပါကြောင်း “ဆီရမ်ပိုလ်ရဲသုံးဖော်”က ဖော်ထုတ်ခဲ့သည်။ သာ သနာပြုအားလုံး လိုအပ်နေသော ဘာသာဗေဒ အခြေခံများကို ဖော်ထုတ် လိုက်ပြီး၊ ဟိန္ဒူဘာသာကို လေ့လာခြင်းတွင်လည်း ဦးဆောင်ဦးရွက်ပြုခဲ့ ကြသည်။ ဧဝံဂေလိ သတင်းကောင်း၏ လွှမ်းမိုးသြဇာ သက်ရောက်မှုဖြင့် လူမူစနစ်ပြောင်းလဲခြင်း တော်တော်များများ ဖြစ်ပေါ်လာသည်။ မှားယွင်း ‌ေသာ ဘာသာတရား ကျင့်ကြံမှုများကို ဟိန္ဒူဘာသာဝင်များ မြင်လာနိုင် အောင်လည်ကောင်း၊ suttee ခေါ် မုဆိုးမ မီးရှိခြင်းဓလေ့၊ ဘုရားကျောင်း ပြည်တန်ဆာ (temple prostitution) နှင့် အခြားသော လူသားမဆန်သည့် အစဉ်အလာများကို ကိုလိုနီအစိုးရမှ ပယ်ဖျက်နိုင်စေရန် ဦးဆောင်မှု ခဲ့သည်။ ခေတ်သစ်ဂျာနယ်စာပေ၊ ဘင်္ဂါလီနှင့်အင်္ဂလိပ်စာဖြင့် သတင်းစာ နှင့် မဂ္ဂဇင်းအပါအဝင် စာအုပ်စာပေထုတ်ဝေ ခြင်း စသည်တို့ကို မိတ်ဆက်ခဲ့သေးသည်။ ဘင်္ဂါလီစာပေ ပြန်လည်ခေတ်စားလာအောင်လည်း နိုးဆော်ပေးနိုင်ခဲ့သည်။ ဆီရမ်ပိုလ်အခြေစိုက် သာသနာပြု လုပ်ငန်းများမှာ နယ်ပယ်အားဖြင့် အမျိုးစုံလင်လှ သည်။ –

ထိုကာလတွင်ပင် စကော့လူမျိုး အလက်ဇန္ဒားဒပ် (Alexander Duff) သည်လည်း အိန္ဒိယနိုင်ငံ၌ အမှုတော်ဆောင်နေခဲ့သည်။ သူသည် လည်း ရောဘတ်ဒီနိုဘီလီ (Robert de Nobili) ကဲ့သိုပင် “အိန္ဒိယ လူမျိုးများကို ရရှိလိုပါက ဇာတ်မြင့်ဗြာဟ္မဏများအား ခရစ်တော်ထံ ပို့ဆောင်ရန်လိုသည်” ဟု ယုံကြည်သည်။ သိုဖြင့် ဗြာဟ္မဏဇာတ်ဝင် လူငယ် များအား အင်္ဂလိပ်ဘာသာဖြင့် အဆင့်မြင့်ပညာရပ်များ ပိုချပေးခဲ့သည်။ ရည်ရွယ်ချက် အောင်မြင်ခဲ့သော်လည်း ကျောင်းများ၊ ကောလိပ်များတွင် အင်္ဂလိပ်စာကိုသာ အဓိကထားသော အစီအစဉ်ဖြစ်သွားပြန်သည်။ ဤ အစီအစဉ်အားဖြင့် ပြောင်းလဲလာသူ အနည်းငယ်သာ ရရှိခဲ့သော်လည်း အသင်းတော်များအတွက် ငွေကြေးအားဖြင့် အကျိုးအမြတ်များများ ရရှိ စေခဲ့သည်။ ကျောင်းများမှလည်း အစိုးရအတွက် ပြည်သူ့ဝန်ထမ်းများနှင့် စီးပွားရေးလုပ်ငန်းများအတွက် အင်္ဂလိပ်စာတတ် ပညာသည်များကို မွေး ထုတ်ပေးနိုင်ခဲ့ရာကိုလိုနီစနစ်ကို ပိုမိုခိုင်မာစေခဲ့သည်။ မကြာခင်တွင် ယင်း သိုသော အစီအစဉ်များက သာသနာလုပ်ငန်း၏ လုပ်အားတော်တော်များ များကို ဆွဲယူသွားပြန်သည်။

တစ်ချိန်တည်းတွင် မည်သည့် သာသနာပြုနည်းဗျူဟာမျှ မယ်မယ် ရရမထားဘဲ ဒေသခံများအား ငွေကြေးနှင့် လူမှုရေးအားဖြင့် ထောက်ပံ့မှုပြု သော နေရာများတွင် အုံနှင့်ကျင်းလိုက် ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်။ ယုံကြည်သူလူသစ်များအား အစေခံများ၊ ဆရာများနှင့် ဧဝံဂေလိသမား များအဖြစ် အလုပ်ပေးပြီး ရပ်တည်အသက်ရှင်နိုင်အောင် စီစဉ်ပေးကြရ ပြန်သည်။ သိုဖြင့် အသင်းတော်များဆိုသည်မှာ စေတနာဖြင့်အခမဲ့ လုပ်ဆောင်ပေးနိုင်သော အရာများကိုပင် လခပေးမှလုပ်ရသော အသက်မွေး ဝမ်းကျောင်းမှု အဖွဲအစည်း ဖြစ်သွားသည်။ ဤကဲ့သိုသော လုပ်ပုံကိုင် နည်းများသည် အခြားဒေသများသို လည်း တစ်မုဟုတ်ချင်း ပြန့်နှံသွား ခဲ့သည်။

သာသနာပြုစခန်း တစ်ခုတွင်ဆိုလျှင် အသင်းတော်တစ်ပါးကို ဗဟို ပြုပြီး၊ ကျောင်းများ၊ ဆေးရုံနှင့်ပုံနှိပ်တိုက် စသည်တိုဖြင့် သာသနာပြုဆရာ သည် သင်းအုပ်လည်းဟုတ်၊ အဖွဲအစည်း၏ အုပ်ချုပ်သူလည်း ဖြစ်ရသေး သည်။ ယင်းပုံစံမှာ ဝီလျံကယ်ရီ ရည်ရွယ်ခဲ့သော ဒေသခံသင်းအုပ်များ ဦးစီးသောပုံစံနှင့် အစပ်အဟပ် မတည့်လှချေ။ သာသနာပြုလုပ်ငန်း ဗဟို ဌာနများမှ မိုင်ပေါင်းငါးဆယ်နှင့် အထက် ဝေးသောဒေသများတွင်မူ တရားဟောရန် နေရာများသာရှိပြီး၊ အသင်းတော်များဟူ၍ မတည်ထောင်နိုင် ခဲ့ချေ။

ယင်းပုံစံများသည် ၁၈၅၄-၅၅ ခန့်တွင် ရုဖူစ်အင်ဒါဆန် (Rufus Anderson)၊ အိန္ဒိယနှင့် သီရိလင်္ကာကျွန်းများသို ကိုယ်စားလှယ်အဖွဲ့နှင့် လှည့်လည်ရောက်ရှိသောအခါ ပြောင်းလဲသွားသည်။ ထိုသာသနာပြု ဗဟို ဌာန ပုံစံများကို ခွဲခြမ်းပစ်ပြီး၊ ကျေးလက်အသင်းတော်များ တည်ထောင် ရန်၊ ဒေသခံများအား အမှုတော်ဆောင်အဖြစ် မြှင့်တင်ပေးရန် အမေရိကန် သာသနာပြုအဖွဲများအား ရှင်းပြနိုင်ခဲ့သည်။ဒေသခံများ၏ ဘာသာစကား ဖြင့် သင်ကြားပေးသော ပညာရေးစနစ်သည် အခြေခံဖြစ်ပြီး၊ အင်္ဂလိပ် ဘာသာ စကားမှာမူ ခြွင်းချက်အဖြစ်သာသင်ပေးရန် လမ်းညွှန်ခဲ့သည်။

 

(၈) ၁၉- ရာစု သာသနာပြုနည်းဗျူဟာများ (Mission Strategists of the 19th Century)

၁၉-ရာစု သာသနာပြုရေး တွေးခေါ်ရှင်နှစ်ဦးစလုံးမှာ အကြီးမားဆုံး သာသနာပြု အဖွဲအစည်းများ၏ အမှုဆောင်အရာရှိချုပ်များလည်းဖြစ် သည်။ ဟင်နရီဗဲင်း(Henry Venn)မှာ လန်ဒန်မှ အသင်းတော်သာသနာပြု အဖွဲအစည်း (Church Missionary Society) ၏ အထွေထွေအတွင်းရေးမှူးဖြစ်သည်။ ရုဖူစ်အင်ဒါဆန် (Rufus Anderson)မှာ အမေရိကန် နိုင်ငံခြားသာသနာပြုဘုတ်အဖွဲ့ .(American Board of Commissio- Foreign Missions)၏ နိုင်ငံတကာရေးရာ အတွင်းရေးမှူး ဖြစ်သည်။ ဗြိတိသျှသာသနာပြုလောကတွင် ဗဲင်ကလွှမ်း မိုးသကဲ့သိုပင် ဒါဆန်၏ သာသနာပြု နည်းဗျူဟာကလည်း အမေရိကန်၏ သာသနာ ပြုလုပ်ငန်းများကို နှစ်ပေါင်းတစ်ရာကျော် လွှမ်းမိုးခဲ့သည်။ ထိုပုဂ္ဂိုလ်နှစ်ဦး လေးသည် သီးခြားအခြေအနေ တစ်ခုစီတွင် ရှေ့ထွက်လာသူ ဖြစ်ကြသော် လည်း တူညီသောအခြေခံ ရပ်တည်ချက်များရှိကြရာ နောက်ပိုင်းကာလ အချင်းချင်း အပြန်အလှန်လွှမ်းမိုးသြဇာသက်ရောက်ကြသည်။ သူတို့ နှစ်ဦးပေါင်းပြီး၊ နာမည်ကြီး ကိုယ်တိုင်ရပ်တည်ချက်သုံးရပ် (Three-self Principle)ကို ထုတ်ဖော်ခဲ့ကြသည်။ အနှစ်ချုပ်မှာ “ကိုယ့်ကိုယ်ကို စီမံခန့်ခွဲခြင်း (self-governing)၊ ကိုယ့်ကိုယ်ကိုထောက်ပံခြင်း (selfsupporting)၊ ကိုယ်တိုင်ပွားများ သာသနာပြုခြင်း:(self-propagating) စသည်တို့ဖြစ်သည်။

ယင်းသည်ပင်လျှင် ၁၉-ရာစုအလယ်မှဒုတိယကမ္ဘာစစ်ကာလတိုင် အောင် ပရိုတက်စတင့် သာသနာလုပ်ငန်းများအတွက် နည်းဗျူဟာဆိုင်ရာ မှတ်ကျောက်ဖြစ်လာသည်။ အင်ဒါဆန်သည် လူများစုဖြင့်အုပ်ချုပ်သော စနစ် (ဥပမာ-နှစ်ခြင်း)မှလာပြီး၊ ဗဲင်း(Henry Venn)မှာမူ အင်္ဂလီကန် အ သင်းတော်မှဖြစ်သည်။ သိုသော် သာသနာကွင်းတွင်မူ ဒေသန္တရအခြေပြု အသင်းတော်ကို တည်ထောင်လိုခြင်း ၌မူ အတိအကျ တူညီကြသည်။ ဗဲင်းသည် အသင်းတော်၌ ဒေသခံခေါင်းဆောင်များ လုံလုံလောက်လောက် ရှိပြီး၊ ကိုယ့်အသင်းတော်ကိုကိုယ် ထောက်ပံ့ရပ်တည်နိုင်သော အနေအ ထားရှိမှသာ သင်းအုပ်ကိုခန့်အပ်စေလိုသည်။ ယဉ်ကျေးအောင်ပြုခြင်း သာသနာ (Civilising Mission)ကို အလေးပေးလွန်ခြင်းနှင့် လူ့ရပ်ဝန်း ကျင်ကို နေ့ချင်းညချင်း ပြောင်းလဲပစ်လိုခြင်းမျိုးကို အင်ဒါဆန်ကသဘော မတူ။ သူသည် လူမှုပြောင်းလဲခြင်းအပေါ် အဓိကဦးမတည်သော ရှင်ပေါလုသာသနာပြုနည်းဗျူဟာပေါ်တွင် သူ၏နည်းဗျူဟာကို အခြေခံခဲ့သည်။

အဲင်ဒါဆန်၏ အလိုအရ သာသနာပြုဆရာ၏၊ အလုပ်တာဝန်မှာ ဂေလိသတင်းကောင်း ဝေငှရန်နှင့် ယုံကြည်၍ ပြောင်းလဲလာသူများ အသင်းတော်ထဲသို စုစည်းသွားရန်ဖြစ်သည်။ သူသည် ဧဝံဂေလီဆရာ အမြဲဖြစ်ရပြီး၊ သင်းအုပ်ဆရာနှင့် အုပ်ချုပ်သူမျိုး ဖြစ်မလာရပေ။ စစ် သောပြောင်းလဲခြင်းကို ဖော်ပြလာသူ ယုံကြည်သူများအား အသင်း ထဲသို ချက်ချင်းထည့်သွင်းရပြီး၊ အနောက်နိုင်ငံများမှ ခရစ်ယာန် လူ့အဖွဲ အစည်းများ၏ အဆင့်အတန်းမျိုး ရသည်အထိစောင့်ဆိုင်းရန် မလိုဟု ဆို သည်။ ထိုအသင်းတော်မျိုးများကို ဒေသခံသင်းအုပ်များက ဦးဆောင်ရပြီး ကိုယ့်ဒေသနှင့် လိုက်လျောညီထွေမှုရှိသော ဖွဲစည်းအုပ်ချုပ်မှု ပုံစံကို ဖော် ထုတ်သင့်သည်ဟု ဆိုသည်။ သာသနာပြုများမှာ သင်းအုပ်များနှင့် ယုံ ကြည်သူများအတွက် အကြံပေးများ၊ ဝိညာဉ်ရေးရာ လမ်းပြသူများ ဖြစ်ရ ပေမည်။ သူတိုတည်ထောင်သော အသင်းတော်များ ကောင်းမွန်စွာလည် ပတ်နိုင်ပြီ ဆိုသောအခါ သာသနာပြုများသည် ဧဝံဂေလိပြုခြင်းကို တစ်ကျော့ပြန်စနိုင်ရန် သာ၍ဝေးရာသို့ ထွက်သွားရမည်ဖြစ်သည်။ အသင်း တော် တည်ထောင်ရခြင်း အဓိကရည်ရွယ်ချက်မှာ အသင်းသားများက မိမိ ဒေသတွင်း အလိုအလျောက် ဧဝံဂေလိပြုခြင်း (Spontaneous Evangelism)တွင် ပါဝင်ရန်နှင့် အခြားသော လူမျိုးများထံ သာသနာပြုနိုင်ရန် ဖြစ်သည်။

သာသနာပြုခြင်းသည် သာသနာပြုခြင်းကိုပင် မွေးဖွားပေးရသည်။ အဲင်ဒါဆင်၏ အမြင်တွင် သာသနာပြုလုပ်ငန်း ပုံစံအားလုံးသည် ဧဝံဂေလိ ပြုရန်၊ အသင်းတော်ကို တည်ဆောက်ရန်သာဖြစ်သည်။ ဒေသခံဘာသာ စကား အခြေပြု ပညာရေးလုပ်ငန်းသည် အရည်အသွေးမြင့် ဒေသခံအသင်းသား၊ ဓမ္မအမှုတော်ဆောင်များအား မွေးထုတ်ပေးခြင်းဖြင့် အသင်း တော်အား အထောက်အမ ပြုရန်သာဖြစ်သည်။

ဗြိတိသျှသာသနာပြုများသည် ဒေသခံများအား ပညာရေးမြှင့်တင် ရာတွင် အဲင်ဒါဆင်၏ နည်းဗျူဟာကို မလိုက်နာကြချေ။ အမေရိကန် သာ သနာပြုများကမူ နှစ်ပေါင်းတစ်ရာကျော်တိုင်အောင် လိုက်နာခဲ့ကြပြီးမှ နောက်ပိုင်းတွင်မူ အလယ်တန်းနှင့်အထက်တန်း၊ အဆင့်မြင့်ပညာရေး စနစ်ကို အတိုင်းအတာ တစ်ခုအထိမြှင့် တင်လာခဲ့ကြသည်။ ထိုသိုပြုလာရခြင်းမှာ ဘုရားသခင်၏ နိုင်ငံတော်သည် ကျောင်းကဲ့သို့သော ခရစ်ယာန် အဖွဲအစည်းများအားဖြင့် များအားဖြင့် တည်ထောင်နိုင်သည်ဟူသော လူမှုဖြစ်စဉ် ပြောင်းလဲခြင်းကြောင့်လည်း ဖြစ်နိုင်ပေသည်။

၁၉ ရာစုအကုန်တွင်လည်း သာသနာပြုခြင်း နည်းဗျူဟာတွင် ဖြည့်စွက်မှုကြီးတစ်ခု ပြုလုပ်လာ ကြပြန်သည်။ ခရစ်ယာန်အခြေခံမူများနှင့် အစေခံခြင်း စိတ်ဓာတ်များဖြင့် လူ့အဖွဲအစည်းများကို တဆေးခတ်ပြောင်းလဲစေနိုင် သည်ဟူသော အမြင်ဖြစ်သည်။ ဤရည်ရွယ်ချက်တွင် အထက်တန်းကျောင်းများ၊ ကောလိပ်ကျောင်းများ မရှိမဖြစ် လိုအပ်လာသည်။

“တရုတ်ပြည်၊ ရှန်တုံဒေသတွင် အမှုတော်ဆောင်သူ ပရက်စ်ဘေတီးရီးယန်းသာသနာပြု ဂျွန်နေဗီယားစ် (John Nevius)က အဲင်ဒါဆင်၏ ဗျူဟာကို အနည်းငယ်ပြင်ဆင်ပြီး၊ အသင်းသားများအား တာဝန်ပိုမို အပ်နှင်းထားသော နည်းဗျူဟာတစ်ခုကို ဖော်ထုတ်လိုက်သည်။ လစာမဲ့ ဧဝံဂေလိဆရာ၊ လုပ်အားပေး ဆရာအဖြစ် လုပ်ကိုင်ရင်း မိမိ၏လုပ်ငန်းခွင် တွင် ဆက်လက်မြဲမြဲနေထိုင်ရန်၊ သမ္မာကျမ်းစာလေ့လာခြင်းကို ပုံမှန်ပြုရန်၊ ဘဏ္ဍာစိုးကောင်းများအဖြစ် တိတိကျကျ အသက်ရှင်နေထိုင်ပြီး၊ အခမဲ့ ဆက်ကပ် အမှုတော် ဆောင်ရန်၊ ရိုးရှင်း၍ ပြောင်းလွယ်ပြင်လွယ်ရှိသော အသင်းတော်အုပ်ချုပ်ရေးပုံစံကို အားပေးခဲ့သည်။ တရုတ်ပြည်မှ လုပ်ဖော်ဆောင်ဖက်များသည် သူ၏စနစ်ကို မခံယူကြသော်လည်း ကိုးရီးယားမှ သာသနာပြု များကမူ ကောင်းမွန်စွာခံယူကြပြီး၊ အံ့ဩလောက်ဖွယ်သော အောင်မြင်မှုများကိုလည်း ရရှိခဲ့သည်။

ပရိုတက်စ်တင့် သာသနာပြုများသည် အစပိုင်းတွင် “အဲင်ဒါဆင်နှင့် ဗဲင်း” ပုံသေနည်းများကို လိုက်နာကြသော်လည်း ၁၉-ရာစု၏ နောက်ဆုံး လေးပုံတစ်ပုံတွင် သူတို၏စိတ်နေစိတ်ထား ပြောင်းသွားရာမှ နည်းဗျူဟာ ပိုင်းအရပါများစွာ ပြောင်းလဲသွားသည်။ ဥပမာအားဖြင့် ဗဲင်းခေတ်တွင် အနောက်အာဖရိကမှ ဗြိတိသျှသာသနာပြုလုပ်ငန်းများသည် ပန်းတိုင်နှစ်ခု ထားရှိခဲ့သည်။ ယင်းတိုမှာ (၁)အာဖရိကတိုက် အတွင်းပိုင်းအထိ သွား ရောက်သာသနာပြုနိုင်မည့် ကိုယ်ပိုင်ဓမ္မဆရာများ ပိုင်ဆိုင်ထားသည့် အ တော်များကို တည်ထောင်သွားရန်နှင့်(၂)ထိုကဲ့သိုသောအသင်းတော်မျိုးနှင့် ယင်း၏သာသနာပြု လုပ်ငန်းများကို ထိထိရောက်ရောက် ထောက်ပံ့မှုပြုမည့် အလယ်အလတ်တန်းစား ပညာတတ်လူ့အလွှာများအား မွေး ထုတ်သွားရန် ဟူ၍ဖြစ်သည်။

 

(၉) နှစ်ဆယ်ရာစု နှင့် နောက်ပိုင်း သာသနာပြုနည်းဗျူဟာများ

သို့သော် ဗဲင်း၏ ခေါင်းဆောင်မှုကာလ ကုန်လွန်သွားသည်နှင့် အာ ဖရိကသားများသည် တစ်ဆင့်နိမ့်သူများ ဖြစ်သည်ဟူသော အမြင်ရှိသည့် သာသနာပြုအဖွဲ ခေါင်းဆောင်များနှင့်သာသနာပြုများ နေရာယူလာကြရာ၊ ဒေသခံများကို ခေါင်းဆောင်နေရာတင်မပေးကြတော့ဘဲ ဥရောပသားများ အားသာ နေရာပေးလာကြသည်။ ထို ကိုလိုနီပုံစံ စိတ်နေစိတ်ထားမှာ ထို ကာလတွင် ခေတ်စားလာသော လူဖြူ၏ ဝန်တာ(The White Man’s Burden) ဟူသောယူဆချက်မှ ဆင်းသက်လာခြင်းဖြစ်သည်။ ယင်းသို အားဖြင့် ဒေသခံအသင်းတော်တစ်ပါး ဆိုသည်မှာလည်း သာသနာပြုစေ လွှတ်သူ အသင်းတော်၏ ကိုလိုနီပုံစံ အသင်းတော်အဆင့်သို အလိုလိုကျ ရောက်သွားသည်။

ထိုပုံစံနှင့် အလွန်ဆင်တူသော စိတ်နေစိတ်ထားများသည် အိန္ဒိယ တွင်လည်း ၁၈၈၀-ကျော်ကာလ များအတွင်းဖြစ်ထွန်းလာပြီး၊ ထိုမှတစ်ဆင့် အမေရိကနှင့်အခြား အနောက်နိုင်ငံ သာသနာပြုများထံသို ကူးစက်သွား သည်။ ဂျာမန်သာသနာပြု လုပ်ငန်းများသည်လည်း နည်းဗျူဟာခေါင်း ဆောင် ပါမောက္ခဂူးစ်တပ်ဝါးနက်ခ် (Professor Gustav Warnek) လမ်းညွှန်မှုအောက်တွင် ဒေသခံများဦးဆောင်သော အသင်းတော်များ တည်ထောင်ရန် ရည်ရွယ်ကြသော်လည်း အပြည့်အဝ မဖော်ဆောင်နိုင် ခင်ပင် အသင်းတော်များသည် သာသနာပြုများလက်ထဲ ကျဆင်းသွားခဲ့ရ သည်။ ဒေသခံအသင်းတော်ကို ကလေးသူငယ်ကဲ့သို သဘောထားဆက် ဆံသော ဖခင်အုပ်စိုးမှု ပုံစံ (Paternalism)က သူတို့၏တိုးတက်ဖွံဖြိုးမှု ကို အတားအဆီးပြုခဲ့သည်။ နှစ်ဆယ်ရာစု စတင်ကူးပြောင်းလာသောအခါ သာသနာပြုအားလုံးသည် ဖခင်အုပ်စိုးမှုပုံစံနှင့်ကိုလိုနီပုံစံစိတ်နေစိတ်ထား ရှိသူများသာ ဖြစ်သွားကြသည်။ ထိုအနေအထားသည် ၁၉၁ဝ ခုနှစ်တွင် စကော့တလန်နိုင်ငံ၊ အီဒင်ဘာရာမြို၌ ကမ္ဘာ့သာသနာပြုညီလာခံ (World Missionary Conference)ကို ပြုလုပ်ကျင်းပရန် သုတေသနပြုသောအချိန်အထိ တည်ရှိနေခဲ့သည်။ မိမိကိုယ်ကို ကျေနပ်နေမှုနှင့် လေးကန် ဖင့်နွဲ ထိုင်းမှိင်းနေမှုကို ထိုညီလာခံက ရုတ်တရက် ရပ်တန့်ပစ်လိုက်နိုင်ခဲသည်။ ဒေသခံအသင်းတော်သည် အမှန်တကယ် အစွမ်းအစရှိပြီး၊ ဖခင်အုပ်စိုးမှု ပုံစံအောက်တွင် နေသားမကျနိုင်ကြောင်း ဖော်ထုတ်တွေ့ရှိခဲ့သည့် ထိုညီလာခံကပင် သာသနာပြု အဖွဲအစည်းထံမှ အသင်းတော်များ ထံသို့ လုပ်ပိုင်ခွင့်ကို လက်လွှဲပေးရန် ပြန်လည် တွန်းအားပေးနိုင်ခဲ့သည်။

 

၅) ဧဝံဂေလိတရား၊ ပညာရေးနှင့် ကျန်းမာရေး (Evangelism, Education and Medicine)

၁၉၁ဝ ခုနှစ်တွင် အီဒင်ဘာရာ၌ ကမ္ဘာ့သာသနာပြု ညီလာခံကို ပြုလုပ်သွားချိန် မတိုင်ခင်အထိ ၁၉ရာစုတစ်ခုလုံး၏ သာသနာပြုနည်းဗျူ ဟာအချုပ်မှာ တစ်ဦးချင်းပြောင်းလဲခြင်း၊ အသင်းတော်တည်ထောင် ခြင်း နှင့် လူမှုဘဝပြောင်းလဲခြင်းတိုကို ဦးတည်ထားပြီး၊ လုပ်ဆောင်မှုအားဖြင့် နည်းစနစ်သုံးခုရှိသည်။ ယင်းတိုမှာ ဧဝံဂေလိပြုခြင်း၊ ပညာရေးမြှင့်တင် ခြင်းနှင့် ကျန်းမာရေးပြုစုကုသခြင်း တိုဖြစ်သည်။ ဧဝံဂေလိပြုခြင်းဟု ဆိုရာ တွင် နည်းလမ်းမျိုးစုံဖြင့် ဟောပြောသက်သေခံခြင်း၊ အသင်းတော်များအ ဖြစ်စုစည်းမြှင့်တင်ပေးခြင်း၊ သမ္မာကျမ်းစာဘာသာပြန်ခြင်းနှင့်ဖြန့်ဝေခြင်း၊ စာပေပုံနှိပ် ထုတ်ဝေခြင်းနှင့် ဖြန့်ဝေခြင်း စသည်တို့ပါဝင်သည်။

ပညာရေးကဏ္ဍတွင် ပညာရေးကျောင်းများကိုသာ အဓိကထားပြီး၊ လုပ်ငန်းအတတ်သင်ကျောင်းများကို ဦးစားမပေးခဲ့ချေ။ သိုသော် ထိုရာစု နှစ် ကုန်ဆုံးသွားချိန်တွင်မူ အထူးသဖြင့် အာရှတိုက်၌ ကျောင်းမျိုးစုံ ဖွင့် လှစ်ထားပြီး ဖြစ်သွားသည်။ မူကြိုကျောင်းမှစ၍ ဆေးတက္ကသိုလ်၊ အင်ဂျင် နီယာကျောင်းများအထိ ပါဝင်သည်။ အာဖရိကတွင်မူ အလယ်တန်းအ ဆင့်မှစ၍ အထက်တန်းနှင့် တက္ကသိုလ်၊ ကောလိပ်အဆင့်ကျောင်းများ ဖွင့် လှစ်ပေးနိုင်ခြင်း မရှိခဲ့ချေ။

အစပိုင်းတွင် သာသနာပြုများနှင့် မိသားစုများအတွက် ဆရာဝန်များ ကို စေလွှတ်ရာမှ သာသနာကွင်း တွင် ဆက်ဆံရေးတည်ဆောက်ရာ၌ အ ဆင်ပြေလွယ်ကူစေကြောင်း တွေ့ရှိလာခဲ့ရာမှ ဆေးကုသခြင်းသည် သာ သနာပြုခြင်း၏ အပိုင်းတစ်ပိုင်း ဖြစ်လာသည်။ သိုသော် ခရစ်တော်၏နာမ၌ ထိုသို ကုသ အစေခံခြင်းသည်ပင် သတင်းကောင်း ဝေငှခြင်း ခံယူလာကြသည်မှာ ၂၀-ရာစုအလယ်လောက်မှ ဖြစ်သည်။ ထိုစိတ် ကိုပင် အခြေပြုလျက် အသင်းတော်သစ်များ၏ ဝင်ငွေတိုးပွား ဘဝ ရေးကို ပန်းတိုင်ပြုလျက် မျိုးကောင်းမျိုးသန့် တိရိစ္ဆာန်နှင့် မျိုးစေ မိတ်ဆက်ခြင်းအားဖြင့် ရှန်တုံဒေသမှ သစ်သီးခြံလုပ်ငန်းများ ပေါ်ထွန်း လာခဲ့သည်။ –

အခြားဘာသာဝင်များနှင့် ပတ်သက်လျှင်မူ အစပိုင်းတွင် ခရစ်ယာ ဘာသာသို ပြောင်းလဲဝင်ရောက် လာရန်မှတပါး အလျှော့အတင်း နည်းပါးရာမှ ၁၉-ရာစုအကုန်ပိုင်းမှစပြီး၊ အနည်းငယ် ပျော့ပျောင်း သည်။ အခြားသော ဘာသာတရားများထဲမှလည်း ဘုရားသခင်သည် အ လုပ်လုပ်တော်မူကြောင်း တဖြည်းဖြည်းနှင့် သာသနာပြုများ အသိအမှတ် ပြုစ ရှိလာကြသည်။ ယင်းသိုအားဖြင့် အခြားသော ဘာသာတရားများ အား ခရစ်တော်အားဖြင့်သာ ပြည့်စုံမှုရှိနိုင်သော၊ ဧဝံဂေလိတရားသို့ ခေါ် ဆောင်သွားရန် လမ်းခင်းပေးနိုင်သော တစ်ပိုင်းတစ်စအလင်းများ (broken lights)အဖြစ် သဘောထားလာကြသည်။

 

) အမျိုးသမီး သာသနာပြုအသင်းများ ၊

သာသနာပြုသူ အမျိုးသားများသည် အရှေ့တိုင်းသာသနာကွင်းမှ အမျိုးသမီးနှင့် ကလေးသူငယ် များစွာအား လူအုပ်စုလိုက် ဧဝံဂေလိတရား ဟောပြောရန်မှာ အစဉ်အလာအရ မဖြစ်နိုင်ချေ။ သိုဖြစ်ရာ သာသနာပြု ဆရာများ၏ ဇနီးသည်များသည် အမျိုးသမီးကျောင်းများ တည်ထောင်လာ ကြသည်။ သိုသော် အိမ်မှုကိစ္စ၊ ကလေးထိန်းရသော ကိစ္စများကြောင့် ခရီးသွားရခြင်းမျိုးမူ လုပ်၍မရချေ။ သိုဖြစ်ရာအိမ် ထောင်မရှိသူ အမျိုးသမီး သာသနာပြုများများ စေလွှတ်ပေးရန် တောင်းဆိုခဲ့ကြသော်လည်း ဘုတ် အဖွဲများမှ ငြင်းဆိုပယ်ချကြသည်။ ကြံရာမရသည့်အဆုံး အမျိုးသမီး သာ သနာပြုအဖွဲကိုဖွဲစည်းပြီး၊ ၁၈၆၀-ခုနှစ်နောက်ပိုင်းတွင် အိမ်ထောင်မရှိသူ သာသနာပြု အမျိုးသမီးများအား ပိုမိုစေလွှတ်ကြသည်။ ယင်းသို့အားဖြင့် အမျိုးသမီးနှင့် ကလေးသူငယ်ထုကြီးအား သာသနာပြုရန်၊ ပညာသင်ပေး ရန်နှင့် ကျန်းမာရေးပြုစုရန် နည်းဗျူဟာအသစ် တစ်ခုပေါ်ထွန်းလာသည်။

အမျိုးသမီးများ ဘုရားကျောင်းသို့ လာသောအခါ ကလေးသူငယ် များကလည်းလိုက်လာသဖြင့် သူတို့အတွက် လိုအပ်နေသော ပညာရေး နှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို သာသနာပြု အဖွဲအစည်းများအ လေးပေး ဆောင်ရွက်လာရသည်။ အမေရိကန် အမျိုးသမီးများ နောက်တွင် ဗြိတိသျှနှင့်ဥရောပမှ ထပ်ချပ်မကွာ လိုက်လာသည်။ ယင်းသို့ အရှေ့တိုင်းမှ အမျိုးသမီးများသည် ဆရာဝန်၊ သူနာပြု၊ ကျောင်း ဆရာစသော ဂုဏ်ဒြပ်ကြီးမားသည့် အလုပ်များကို ရရှိလာကြသည်။

 

၅) အပြန် အလှန် ညှိနှိင်ခြင်း(Comity)

၁၉-ရာစု သာသနာပြု နည်းဗျူဟာ၏ အရေးကြီးတိုးတက်မှုမှာ ယခင်က သာသနာကွင်းများ အပြိုင်လုကြရာမှ သာသနာပြု အဖွဲအစည်း အချင်းချင်း အပြန်အလှန် ညှိနှိင်းလာခြင်းဖြစ်သည်။ ယင်းသိုh အားဖြင့် သာ သနာပြု အဖွဲအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုလည်း တိုးတက်လာပြီး၊ လုပ်ဆောင်မှုများ ထပ်မနေတော့ဘဲ အင်အားနှင့် အရင်းအမြစ်များကို ထိ ရောက်စွာ အသုံးချနိုင်လာသည် တောင်ပိုင်းနှစ် ခြင်းအသင်းချုပ် (Southern Baptist Conven-tion: SBC)မှ ပထမဆုံးအဆိုပြု ကျင့်သုံးခဲ့သည်။

သာသနာပြုအဖွဲ အသီးသီးသည် အသင်းသားအချင်းချင်း၊ စည်း မျဉ်းစည်းကမ်း၊ နည်းစနစ်များ ဖလှယ်ခြင်း မှစ၍ သမ္မာကျမ်းစာ ဘာသာ ပြန်ခြင်းနှင့် စာပေလုပ်ငန်းများ၊ ပညာရေးဝန်ထမ်းများ၊ သင်တန်းများနှင့် ကျန်းမာရေး လုပ်ငန်းများ၊ ဆက်သွယ်ရေး လုပ်ငန်းများကဲ့သိုသော အ ချင်းချင်းလက် တွဲနိုင်သည့် ကိစ္စရပ်များတွင် ညှိနှိင်းလုပ်ဆောင်လာကြ သည်။ သာသနာပြု အဖွဲအစည်း အချင်းချင်းကြားတွင် မြို၊ ဒေသ၊ နိုင်ငံ အလိုက် ညှိနှိင်းစည်းဝေးများကို ပုံမှန်လုပ်ဆောင်လာကြသည်။

 

၄) ဆွေးနွေးပွဲနှင့်ညီလာခံများ (Consultations and Conferences)

သာသနာကွင်းတွင် ပူးပေါင်းလက်တွဲဆောင်ရွက်မှုများကဆွေးနွေး ညီလာခံများကို ခေါ်ဆောင်လာ သည်။ အပြန်အလှန် ညှိနှိင်းမှုများအပြင် သာသနာလုပ်ငန်း စီမံချက်များက အရေးကြီးနေရာ ရောက်လာသည်။ ၁၉၁၀ ခုနှစ်တွင် အီဒင်ဘာရာ(Edinburgh)၌ ကျင်းပပြုလုပ်သော ကမ္ဘာ့သာသနာပြုများ ညီလာခံ (World Missionary Conference) နောက် ပိုင်းတွင် ဒေသနှင့် နိုင်ငံအလိုက် သာသနာပြုညီလာခံများကို စုစည်းပြီး ၁၉၂၁-ခုနှစ်တွင် အပြည်ပြည် ဆိုင်ရာသာသနာပြုများကောင်စီ (International Missionary Council) ဖွဲစည်းခဲ့သည်။ ယင်းနာမည်ဖြင့် ယရုရှလင် (Jerusalem)-၁၉၂၈၊ တမ်ဘာရမ်(Tambaram) – ၁၉၃၈ ဝှစ်ဘီ(Whitby)-၁၉၄ရ၊ ဝီလီန်ဂင်(Willingen)-၁၉၅၂၊ ဂါနာ(Gha na)-၁၉၅၈၊ တို့က ဆက်တိုက်လိုက်လာသည်။ ထိုညီလာခံများတွင် သာသနာပြုနည်းဗျူဟာပိုင်းကို နေရာများများပေးထားပြီး၊ နိုင်ငံနှင့်ဒေသ အလိုက် ထပ်ဆင့်ဆွေးနွေးပွဲများ၊ သင်တန်းများဖြင့် ရေခံမြေခံပြုကြသည်။ ယင်းကောင်စီသည် ၁၉၆၁ ခုနှစ်တွင် ကမ္ဘာ့အသင်းတော်များ ကောင်စီ (World Council of Churches)၏ ဧဝံဂေလိနှင့် သာသနာပြုရေး ဌာနခွဲဖြစ်လာသည်။

အီဒင်ဘာရာညီလာခံ(၁၉၁၀)မှ ပထမကမ္ဘာစစ်အထိ သာသနာပြု နည်းဗျူဟာဆိုင်ရာ အသိသာဆုံး တိုးတက်မှုမှာ ဒေသန္တရအသင်းတော် ၏အခန်းကဏ္ဍကိုခိုင်ခိုင်မာမာအသိအမှတ်ပြုခြင်း၊ တိုင်းရင်းအသင်းတော် ကို သာသနာပြု နည်းဗျူဟာ၏ အလယ်ဗဟိုတွင် နေရာပေးလာခြင်း၊ အနောက်ကမ္ဘာမှ စေလွှတ်သူအသင်း တော်များနှင့် မိတ်ဖက်လုပ်ဆောင်လာ ခြင်းတိုဖြစ်သည်။ ယေရုရှလင် ညီလာခံ(၁၉၂၈)က တိုင်းရင်းအသင်းတော် (Indigenous church), ကို အဓိပ္ပါယ်ဖွင့် ပေးရာတွင် ယဥ်ကျေးမှုကို နေရာပေးခြင်း (cultural accommodation)ကို အဓိကထားဖွင့်ပြခဲ့သည်။ တမ်ဘရမ်ညီလာခံ(၁၉၃၈)တွင် “သာသနာကွင်းရှိရာနိုင်ငံ၏ ယဉ်ကျေးမှု နှင့်ဘာသာရေး အစဉ်အလာထဲတွင် ရင်းနှီးမှုကိုတည်ဆောက်လျက် ခရစ်တော်ကို ရှင်းလင်းထင်ရှားစွာ ဖော်ပြသက်သေခံရန် (witness to Christ in a direct, clear, and close relationship with the cultural and religious heritage of [the] country)”ဟု ဖော်ပြခဲ့သည်။ ဝှစ်ဘီညီလာခံ(၁၉၄၇)တွင်မူ အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းကို “နာခံခြင်း အားဖြင့်မိတ်ဖက်ခြင်း (partnership in obedience)”ဟု အဓိပ္ပါယ်ဖွင့် ဆိုပေးခဲ့သည်။

 

၅) ဒုတိယကမ္ဘာစစ်နောက်ပိုင်း

၁၉၁၂ ခုနှစ်တွင် ရိုလဲန်းအယ်လင်(Roland Allen)၏ တစ်မူထူး သာသနာပြု နည်းဗျူဟာများကို တင်ပြထားသည့် Missionary Methods: St. Paul’s or Ours စာအုပ် ထွက်လာသည်။ နောက်တစ်အုပ်ဖြစ်သော The Spontaneous Expansion of the Church စာအုပ်မှာလည်း သဘောသဘာဝချင်း အတူတူပင်ဖြစ်သည်။ သူ၏နည်းဗျူဟာအရ သာသနာပြုဆရာသည် ဧဝံဂေလိသတင်းကောင်းကို ဟောကြားပြီး၊ ယုံကြည် သူလူသစ်များထံ အရိုးရှင်းဆုံးသောယုံကြည်ခြင်းဖော်ပြချက်၊ သမ္မာကျမ်းစာ ဓမ္မမင်္ဂလာဝတ်၊ အမှုတော် လုပ်ငန်းအတွက် အခြေခံမူများ စသည်တိုကို လွှပြောင်းသင်ကြားပေးသည်။ ယင်းနောက်တွင် အသင်းတော်ကို သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းညွှန်မှုအောက်သို အပ်နှင်း ထားပြီး၊ အစ်ကိုကြီးတစ်ဦးကဲ့သို တိုင်ပင်ဖက် နေရာကိုသာ ပြောင်းယူ သွားသည်။ အသင်းတော်သစ်သည် ကိုယ့်ကိုယ်ကိုစီမံခန့်ခွဲ၊ ကိုယ့်ကိုယ် ကို ထောက်ပံ့ နိုင်ရပြီး၊ ကိုယ့်အနေအထားနှင့် ကိုက်ညီသော ဖွဲစည်းပုံ၊ အမှုတော်လုပ်ငန်း၊ ဝတ်ပြုပုံနှင့် အသက်တာမျိုးကို ရေးဆွဲချမှတ်သွားရ သည်။ ထိုသိုသော အသင်းတော်မျိုးသည် သာသနာပြုစိတ်ဓာတ် အလိုအလျောက် ဖြစ်ပေါ်တိုးတက် နေမည်ဟုဆိုသည်။ သို့သော် ဒုတိယကမ္ဘာစစ် ပြီးဆုံးချိန်အထိ သူ့ကိုထောက်ခံသူ မယ်မယ်ရရ မရှိသေးချေ။

အယ်လင်၏ အယူအဆမှာ အဓိကအားဖြင့် သာသနာကွင်းသစ် ထိုးဖောက်သူများအတွက် အထူးသင့်လျော်ထိရောက်မှုရှိသည်။ သာသနာ ပြုအဖွဲ အများစုမှာ သူတို တည်ထောင်ထားသော အသင်းတော် သစ်များ အား သူတို ပုံစံအတိုင်း အတိအကျ ဖြစ်လာစေရန် ကြိုးစားခြင်း၌သာ အချိန်ကုန်ကြပြီး၊ နည်းဗျူဟာ အသစ်ဟူ၍ စိတ်မဝင်စားကြ။ စိုက်ပျိုးရေး၊ ကျေးလက်ဒေသဖွံဖြိုးရေး၊ မြိုပြသာသနာ၊ လူထုဆက်သွယ် ရေးလုပ်ငန်း များ၊ စာပေထုတ်ဝေခြင်း စသော နည်းလမ်းများကိုသာ မရိုးနိုင်အောင် မိတ်ဆက်ပေး တတ်ကြ သည်။ ။

ဒုတိယကမ္ဘာစစ်နောက်ပိုင်း သာသနာပြု နည်းစနစ်များထဲတွင် ပညာရေး၊ ကျန်းမာရေး အခြေခံသော ဖွံဖြိုးရေးနည်းစနစ်များ၊ စာပေ၊ ရုပ်ရှင်ကဲ့သိုသော အနုပညာအခြေခံ မီဒီယာဧဝံဂေလိ နည်းစနစ်များမှာအလွန် ထင်ရှားလာသည်။ ယေရှုရုပ်ရှင်အားဖြင့် လူပေါင်းသန်းနှင့်ချီအား ခရစ်တော်ထံ ခေါ်ဆောင်လာနိုင်ခဲ့သည်။ ဘာသာ စကားတိုင်းအတွက်နှုတ်ကပတ်တော် (The Word of God for Every Language) ဆောင် ပုဒ်ဖြင့် ဖော်ဆောင်လာသော သမ္မာကျမ်းစာ ဘာသာပြန်လုပ်ငန်းများ၊ ရှင် ပေါလု၏နည်းဗျူဟာကို ပြန်လည်ဆန်း သစ်ထားသော တဲရှင်ချုပ် သာသ နာပြုနည်းဗျူဟာ (Tent Making Mission)နှင့် ယင်းမှနှီးနွှယ် ပေါ်ထွန်း လာသော လုပ်ငန်းခွင်သာသနာ(Business as Mission: BAM) စသည် တိုမှာ အထူးထိရောက်သော သာသနာပြု နည်းစနစ်များအဖြစ် အောင် မြင်မှု သရဖူဆောင်းခဲ့ကြသည်။

ကမ္ဘာကြီး၏ သာသနာဝင်ရောက်ရန် အခက်ခဲဆုံးသော တောင် လတ္တီတွဒ်(၁၀)နှင့် မြောက်လတ္တီ တွဒ်(၄၀)ကြားရှိ နိုင်ငံများထဲမှ လူမျိုးများ ကို သာသနာပြုရေး အထူးအာရုံစိုက်ရန် တွန်းအားပေးထားသော ၁၀/၄၀ ပြတင်းပေါက် (10/40 Window)နှင့် ဧဝံဂေလိတရားဝေငှရန် အကောင်း ဆုံးအရွယ် (အသက်၄-၁၄) အတွင်း ကလေးသူငယ်များကို ရည်ရွယ်ထား သော ၄/၁၄ ပြတင်းပေါက် (4/14 Window)တိုမှာလည်း နည်းဗျူဟာ ကောင်း တစ်ခု ဖြစ်လာသည်။ ထိရောက်တွင်ကျယ်သော သာသနာပြု နည်းစနစ်များ သည်လည်းလူထုလူတန်းစားနှင့် အလွှာအသီးသီး၊ လောက အသီးသီးကိုလွှမ်းခြုံသော လှုပ်ရှားမှုအသွင်များဖြင့် အားကြီးစွာ လည် ပတ်လာသည်။

၁၉ဝဝ ဝန်းကျင်၊ အစပြုစဉ်ကာလပိုင်းက ဂိုဏ်းဂဏသဏ္ဍာန် ဆောင်သောပင်တေကုတွေ့လှုပ်ရှားမှု (Pentecostal Movement)သည် ၁၉၈ဝ နောက်ပိုင်းတွင် Charismatic Movement အသွင်ဖြင့် အသင်း တော်နှင့် ဂိုဏ်းဂဏများစွာအထဲသို ဝင်ရောက်လာသည်။ ဆရာကြီးဘီလီ ဂရေဟမ်(Billy Graham)၏ လူထု ဧဝံဂေလိ တရားပွဲများ၊ တက္ကသိုလ် ခရစ်ယာန် ကျောင်းသားလုပ်ငန်းနှင့် ဆက်စပ်နေသော(Campus Crusade for Christ) လုပ်ငန်းများမှာလည်း စနစ်တစ်ခုမှ လှုပ်ရှားမှုသဏ္ဍာန်ဆောင်လာသည်။ ၁၉ရဝ ဝန်းကျင်တွင် စတင်ဖော် ဆောင်လာသော အသင်းတော်ကြီးထွားရေးစနစ်များမှာလည်း၊ ကမ္ဘာ့အကြီးဆုံးမီဂါအသင်း တော်ကြီးများ တည်ထောင်ခြင်းနှင့်အတူ အသင်းတော်ကြီးထွားရေးလှုပ်ရှားမှု (Church Growth Movement) ဖြစ်လာသည်။

ထို့အတူ သက္ကရာဇ် ၂၀၀၀ ပန်းတိုင်ပြုလျက် ကမ္ဘာကြီးကို အချိန်မီ သာသနာပြုနိုင်ရန် တွန်းအားပေးသည့် လှုပ်ရှားမှုအမျိုးမျိုး ပေါ်ထွန်းလာ ။ ယင်းတိုအနက် နေရာဒေသ၊ အဖွဲအစည်းနှင့် နိုင်ငံများအလိုက် ခသ-၂ဝဝဝ၊ နှင့်အလွန်(AD-2000 & Beyond)လှုပ်ရှားမှုများ၊ Discipling A Whole Nation: DAWN ကဲ့သို့သော လှုပ်ရှားမှုများမှာ ထင်ရှားသမိုင်းဝင်သည်။

ထိုလှုပ်ရှားမှုများသည် သာသနာပြုရေးဆိုင်ရာ ဆွေးနွေးပွဲနှင့် ညီ လာခံများ၏ တွန်းအားပေးမှုနှင့် မကင်းချေ။ ဥပမာအားဖြင့် ၁၉၅၄ ခုနှစ် တွင် လော်ဆန်(Lausanne, Switzerland)တွင် ပြုလုပ်သော ကမ္ဘာ့ဧဝံ၊ လိပြုရေးဆိုင်ရာ ညီလာခံ(International Congress on World Evangelization)နှင့် ယင်း၏နောက်ဆက်တွဲ ကမ္ဘာလုံးဆိုင်ရာ ဧဝံဂေလိပြုရေးညီလာခံ (Global Congress on World Evangelization) များသည် တစ်ကမ္ဘာလုံးကို လွှမ်းခြုံသော သာသနာပြု နည်းဗျူဟာများကို မွေးထုတ်ပေးသည်။ ယင်းတို့ထဲမှ လူမျိုးစုလိုက်ချဉ်းကပ်ခြင်း၊ ကွန်ရက်ဖွဲ ဆုတောင်းခြင်း၊ အသင်းတော်တည်ထောင်ခြင်း လှုပ်ရှားမှု စသည်တိုမှာ ကမ္ဘာ့သာသနာပြုနည်းဗျူဟာများကို များစွာပြောင်းလဲပေးခဲ့သည်။

 

(၁၀) နှစ်ဆယ့်တစ်ရာစု သာသနာပြုနည်းဗျူဟာများ ။

ယခုအခါ ကျွန်ုပ်တိုနေထိုင်သောကမ္ဘာကြီးသည် ကမ္ဘာစစ်ကြီးနှစ်ခု ကို ဖြတ်သန်းပြီးခဲ့ပြီး၊ ကမ္ဘာ့နိုင်ငံရေးနှင့် လူသားများ၏ အတွေးအခေါ်၊ သတင်းနှင့်ဆက်သွယ်ရေး နည်းပညာတို၏ တိုးတက်လာမှုတို့ ကြောင့် လျင်လျင်မြန်မြန်နှင့် စဉ်ဆက်မပြတ် ပြောင်းလဲနေပြီ ဖြစ်ပါသည်။ ယင်း သိုဖြင့် မြင်နိုင်သောအရာ၊ မမြင်နိုင်သောအရာ အကြောင်းရင်းပေါင်းစုံက ကမ္ဘာကြီးကိုယခင်ကနှင့် လုံးဝမတူအောင် ပုံစံပြောင်းပေးသွားပြီ ဖြစ်ရာအ သင်းတော်များ၏ သာသနာပြုနည်းဗျူဟာမှာလည်း မဖြစ်မနေ ပြောင်းလဲ ရတော့မည်ဖြစ်သည်။

သို့ရာတွင် အားလုံးမကျန် ပြောင်းလဲရန်မဟုတ်ဘဲ၊ လွန်ခဲ့သော ခုနှစ်ကာလ သာသနာပြု လုပ်ငန်းများ၏ အမွေအနှစ်ကောင်းကဲ့သို ဆက်ခံ၍ရသော အတွေ့အကြုံ၊ နည်းစနစ်နှင့် နည်းဗျူဟာကောင်းများသည် လည်း မိမိတိုလက်ထဲတွင် ရှိနေရမည်သာ။ အခြားတစ်ဖက်တွင်လည်း ယခင်ကမကြုံဖူးသော အခက်အခဲ၊ အတားအဆီးများသည် မျှော် ထားသော နေရာနှင့်အချိန်များတွင် မမျှော်လင့်သော နည်းလမ်းများဖြင့် စိန်ခေါ်မှုအဖြစ် ပေါ်ပေါက်လာသည်။

မည်သို့ပင်ဆိုစေ အနာဂတ်ဆိုသည်မှာ မိမိတိုထားရှိသော မြင်း နှင့် ကိုယ်ရွေးချယ်သော ရပ်တည်ချက်၊ နည်းဗျူဟာ စသည်တိုပေါ်တွင် တည်ပါသည်။ ကိုယ်တပ်ထားသော မျက်မှန်အတိုင်းသာ ကိုယ်မြင်ရမည် ဖြစ်သည်။ ယင်းသို့ဖြင့် ယခုအခါ ကျွန်ုပ်တိုမျက်မှောက်ပြုနေသော ၂၁ ရာစု သိုမဟုတ် ထောင်စုနှစ်သစ်အတွက် သာသနာပြုရေးဆိုင်ရာ အခွင် အလမ်းနှင့် စိန်ခေါ်မှုများကို အောက်ပါအတိုင်း အတိုချုပ်အားဖြင့် ဖော်ပြ ပါ သည်။

 

၁) နှစ်ဆယ့်တစ်ရာစု သာသနာပြုနည်းဗျူဟာ အခွင့်အလမ်းများ

နှစ်ဆယ့်တစ်ရာစုအတွက် လွန်ခဲ့သော နှစ်ဆယ်ရာစုက လက်ဆင့် ကမ်းပေးခဲ့သည့် သာသနာပြု နည်းဗျူဟာများအနက် ကောင်းသော အ မွေအဖြစ် ခံယူနိုင်သည့် အခွင့်အလမ်း သုံးခုရှိပါသည်။

 

က။ လူမျိုးစုလိုက် တွေးခေါ်ခြင်းနည်းဗျူဟာ (People Group Thinking Strategy)

ယခု နှစ်ဆယ့်တစ်ရာစုအတွက် လွန်ခဲ့သော နှစ်ဆယ်ရာစုမှ ဆက် ခံရရှိလာသည့် အမွေကောင်း များအနက် တန်ဖိုးအရှိဆုံးမှာ လူမျိုးစုလိုက် တွေးခေါ်သာသနာပြုခြင်းနည်းဗျူဟာ (PeopleGroup Thinking Strategy) ဖြစ်သည်ဟု အချိုသော သာသနာပြုနည်းဗျူဟာ ပညာရှင်များ က ဆိုကြသည်။ သို့သော် ထိုနည်းဗျူဟာသည်လည်း အဆင့်ဆင့် ဖြစ် ပေါ်တိုးတက်မှု၏ ရလဒ်တစ်ခုပင်ဖြစ်သည်။ ယင်းဖြစ်ပေါ်တိုး တက်မှု အ ဆင့်ဆင့်ကို အောက်ပါအတိုင်း မြင်တွေ့ရနိုင်ပါသည်။ ။

ဆရာကြီးဝီလျံကယ်ရီ(William Carey)အားဖြင့် ၁၇၉၂ ခုနှစ်တွင် စတင်ခဲ့သော ခေတ်ပေါ်သာသနာပြု လုပ်ငန်းသည် ကမ်းရိုးတန်းဝင်ပေါက်များမှ စတင်ဝင်ဝင်ရောက်ခြင်းဖြစ်သည်။ ဆရာကြီးယုဒသန်သည်လည်း ထို ပုံစံဖြင့်ပင် မြန်မာပြည်သို့ ဝင်ရောက်လာခဲ့သည်။ ထိုခေတ်ကာလတွင် အဓိကကုန်သွယ်ရေး လမ်းကြောင်းနှင့် အစည်ကားဆုံး လူနေဒေသများ မှာကမ်းရိုးတန်းဒေသများပင်ဖြစ်သည်။ ယင်းသို့ဖြင့် ဥရောပနှင့် အမေရိက သာသနာပြုအဖွဲအစည်းများစွာ ပေါ်ထွန်းလာပြီး၊ သူ့ထက် ငါအပြိုင် သာသနာပြုလာကြသည်။

ဆရာကြီး ဟတ်ဆင်တေလာ (Hudson ‘Taylor)သည် ၁၈၅၄ တည်းကပင် တရုတ်ပြည်သို့ရောက်ရှိပြီး၊ သာသနာလုပ်ငန်း စတင် ကမ်းရိုးတန်းဒေသများလောက် ယဉ်ကျေးမှုနှင့်အသိအမြင် မမြင့်မားဘဲ၊ ပို၍ အမြင်ကျဉ်းမြောင်း ပို၍ရှေးကျသော လူ့အသိုင်းအဝိုင်းများရှိ တန်းတွင်းပိုင်းသို ဝင်ရောက်သာသနာပြုရန် ကြိုးစားလာရာမှ အခက် ခဲ အတားအဆီး ပိုမိုများပြားကြောင်း မြင်တွေ့လာခဲ့သည်။ ယင်းသို့ဖြင့် ၁၈၆၅ခုနှစ်တွင် တရုတ်ပြည် ကုန်းတွင်းပိုင်းသာသနာ(China Inland Mission) ကို စတင်လာခဲ့သည်။ ယင်းသိုဖြင့် ကုန်းတွင်းပိုင်း သာသနာကို တွန်းအားပေးသော သာသနာအဖွဲအစည်းများ တစ်ခုပြီးတစ်ခု ပေါ်ထွန်း လာခဲ့ရာ အာဖရိက ကုန်းတွင်းသာသနာ (Africa Inland Mission) ဆူဒန်ကုန်းတွင်းသာသနာ(Sudan Inland Mission) စသည်တို့လည်း ပါဝင်သည်။

၁၉၃၄ ခုနှစ်တွင်မူ ဆရာကြီးကင်မရွန်းတောင်ဆင်း (Cameron Townsend)သည် စပိန်ဘာသာစကား ပြော ဂွာတီမာလာ (Guatemala) နိုင်ငံတွင် စပိန်ဘာသာစကားကိုပင် နားမလည်သူ လူမျိုးနွယ်စုငယ်များ ၄၂-မျိုးခန့်ရှိသေးကြောင်း၊ ဘာသာစကားခြားနားမှုကို မကျော်ဖြတ်နိုင် သရွေ့ ထိရောက်စွာ သာသနာမပြုနိုင် ကြောင်း ဖော်ထုတ်တွေ့ ရှိလာ သည်။ ယင်းနှင့်မရှေးမနှောင်း ၁၉၃၅ ခုနှစ်တွင်လည်း ဆရာကြီးဒေါ် နယ်လ်မဂ္ဂါဗာန်း(Donald McGa-varn)သည် ဘာသာစကားပေါင်းထောင်နှင့်ချီ၍ နက်ရှိင်းများ မြောင်လှစွာ ကွဲပြားထားသည့်အပြင် ဘာ သာစကား တူသူချင်းတွင်လည်း ဇာတ်အနိမ့်အမြင့်ကဲ့သိုသော လူမှုအ တားအဆီးများ (Social Barriers)သည် သာသနာပြုလုပ်ငန်းအတွက် ဖြတ်ကျော်ရအလွန်ခက်သော အတားအဆီးဖြစ်ကြောင်း ထပ်မံဖော်ထုတ်လာပြန်သည်။ ယင်းအတွေ့အကြုံများအပေါ် စုစည်းအခြေခံရေးသား သည့် သူ၏ ဘုရားသခင်တံတား (Bridges of God)စာအုပ်မှ သနာပြုလောကတွင် နည်းဗျူဟာသစ်တစ်ခုကို မဖြစ်မနေ တောင်း ထားသော စာအုပ်အဖြစ် လူအများက သိမှတ်လက်ခံကြသည်။

၁၉၇၄ ခုနှစ်က ဆွစ်ဇာလန် နိုင်ငံလော်ဆန် (Lausanne, Switzer land)မြိုတွင်ပြုလုပ်သော နိုင်ငံတကာဧဝံဂေလိ ညီလာခံ (International Congress on World Evangelization)တွင်ဝီလျံကယ်ရီ တကာတက္ကသိုလ် (William Carey International University) ဆရာကြီးရဖ်ဒီဝင်းကား (Raph D. Winter) ၏စာတမ်းတွင် ထိုဘာ စကားနှင့် လူမှုရေးအတားအဆီးများကို အသိအမှတ်ပြုပြီး၊ သာသနာ ရန်လိုကြောင်း တင်ပြချက်မှာ ကမ္ဘာ့သာသနာပြု နည်းဗျူဟာကို အဓိကပြောင်းလဲပေးသော တွန်းအားတစ်ရပ် ဖြစ်လာခဲ့သည်။ ယင်း၏နောက် ဆက်တွဲ ကမ္ဘာလုံးဆိုင်ရာ ဧဝံဂေလိပြုရေးညီလာခံ (Global Congress on World Evangelization)များသည် တစ်ကမ္ဘာလုံးကို လွမ်းခြုံသော သာသနာပြုနည်းဗျူဟာများ ဖော်ထုတ်နိုင်ရေး၊ နောက်ဆက်တွဲလုပ်ငန်း များအတွက် လက်တွေ့ဖော်ဆောင်ရန် အဆင့်များကိုထိရောက်စွာ တွန်း အားပေးနိုင်ခဲ့သည်။

ယခုအခါ ကမ္ဘာ့သာသနာပြုလောက၏ အအောင်မြင်ဆုံးနေရာများ တွင် ဤလူအုပ်စု(people group)အခြေခံ၊ သာသနာပြုအမြင်ဖြင့် အ ခြေခံတည်ဆောက်ထားခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။

 

၁။ ကွန်ရက်ဖွဲဆုတောင်းခြင်း (Prayer Networking)

အထက် “၁) က။’ တွေ့ရှိချက်များအရ ကမ္ဘာ့သာသနာလုပ်ငန်းအ တွက် ကွန်ရက်ဖွဲ့ဆုတောင်း ခြင်းများကို ဂိုဏ်းဂဏမရွေး တစ်လုံးတစ်ဝ တည်းစိတ်ဓာတ်ဖြင့် ဖော်ဆောင်ပါဝင်လာကြသည်။ ယခုအခါ ကမ္ဘာ့နိုင်ငံ အားလုံးအတွက် တစ်ရက်လျှင်တစ်နိုင်ငံ ဆုတောင်းပေးရန် အချက်အ လက်များပါဝင်သော အမိကမ္ဘာစစ်ဆင်ရေး (Operation World) မှာ ဆုတောင်းသူအသင်းသားနှင့် အသင်းတော်တိုင်းအတွက် လက်စွဲစာအုပ် ဖြစ်သည်။

 

ဂ။ ဆက်သွယ်ရေးနည်းပညာ (Communication and Information Technology)

ဆက်သွယ်ရေးနှင့် သတင်းနည်းပညာသည် ကမ္ဘာကြီးကို ကမ္ဘာ့ရွာ (Global village)ဖြစ်သွားစေပြီဖြစ်ရာ: (globalization) ခေတ်တွင် နိုင်ငံအစိုးရများပင် ပွင့်လင်းမြင်သာမှုကင်းမဲ့စွာထင်တိုင်းကြဲ၍ မရတော့ချေ။ သာသနာလုပ်ငန်းတွင် နိုင်ငံနှင့် လူမျိုးတစ်ခု၏ ဖြစ်ပေါ် တက်မှုများကို အချိန်နှင့်တပြေးညီ ရရှိနိုင်လာသော ကြောင့် ဆုတောင်း အောက်ပံ့ခြင်း၊ ကူညီမှုပြုခြင်းတိုကို လျင်လျင်မြန်မြန် တုံပြန်ဆောင်ရွက် နိုင်လာကြသည်။

 

၂) နှစ်ဆယ့်တစ်ရာစု သာသနာပြုနည်းဗျူဟာ စိန်ခေါ်မှုများ

အခြားတစ်ဖက်တွင် နှစ်ဆယ့်တစ်ရာစုအတွက် လွန်ခဲ့သောကာလ များနှင့် တစ်မူထူးခြားသည့် သာသနာပြုရေး ဆိုင်ရာစိန်ခေါ်မှုများလည်း ရှိသည်သာဖြစ်သည်။ ယင်းတိုအနက် အရေးကြီးဆုံး အချက်နှစ်ရပ်ရှိ ပါသည်။

 

က။ ပို့စ်မော်ဒန် အတွေးအမြင် (Postmodern Perception)

ကမ္ဘာကြီးသည် နေ့စဉ်နှင့်အမျှ တိုးတက်ပြောင်းလဲနေရာတွင် ရုပ် ပိုင်းတိုးတက်မှုနှင့်အတူ လူနေမှုပုံစံမှာ အနောက်တိုင်းဆန်လာ၊ မြိုပြဆန် လာပြီး၊ တွေးခေါ်မှုပုံစံမှာလည်းတစ်သီးပုဂ္ဂလဆန်လာ၊ တစ်ကိုယ်ကောင်း ဆန်လာသည်။ တစ်သီးပုဂ္ဂလစိတ်ဓာတ်မှာ အပြင်းထန်ဆုံးနှင့် အသိသာ အမြင်သာဆုံးဖြစ်သည်။ ရွာလုံးကျွတ်၊ မျိုးနွယ်လုံးကျွတ် ခရစ်တော်ကို လက်ခံခြင်းမျိုးမှာ လွန်ခဲ့သော နှစ်ပေါင်းငါးဆယ်ခန့်မှစ၍ တဖြည်းဖြည်း ချင်း နည်းပါးသွားသည်။

နိုင်ငံရေးတွင်လည်း လွတ်လပ်ပျော့ပျောင်းသော ဒီမိုကရေစီစနစ် (Liberal Democracy)မှာ အများအတွက် စံနှုန်းတစ်ခု ဖြစ်လာရာမှ လူတစ်ဦးချင်း၏ ခံယူမှုပုံစံများမှာလည်း သတ်မှတ်မှုနည်းလာ၊ ဘောင်နှင့် စည်း ကင်းလွတ်လာသည်ဟုဆိုသည်။ သိုဖြစ်ရာ ဒီမိုကရေစီနိုင်ငံရေးနှင့် ပိုစ်မော်ဒန်အတွေးအခေါ် လွှမ်းမိုးရာ နိုင်ငံနှင့်လူမျိုးများသည် ဘာသာမဲ့များဖြစ်လာရာမှ၊ တရားမဲ့များပါ ဖြစ်မှန်းမသိ၊ ဖြစ်လာကြခြင်းသည်ပင် နောင်ကာလအတွက် သာသနာပြုရေးတွင် အဓိကစိန်ခေါ်ချက် တစ်ခုဖြစ် လာရန် ရှိသည်။

 

ခ။ ဘာသာရေးအစွန်းရောက်မှု (Religious Radicalism)

ကမ္ဘာ့နိုင်ငံနှင့် လူမျိုးအများစုသည် ကမ္ဘာပြုခြင်း (globalization) ကို အလိုက်သင့်ခံယူကြသော်လည်း မိမိတို၏ဖြစ်တည်မှုနှင့် အမှတ်သင် (identity)ကို ဖျက်ဆီးပစ်မည့် အနောက်နိုင်ငံနှင့် ခရစ်ယာန်များ၏ အင်အားစုကြီးအဖြစ် ရှုမြင်သောသူများလည်း ဒုနှင့်ဒေးပင်ဖြစ်သည်။ ထိုအပြင် ရှိသူများသည် အမျိုးဘာသာ၊ သာသနာဟူသောဆောင်ပုဒ်ဖြင့် မိမိတို ဩဇာသက်ရောက်မှု နယ်ပယ်တွင်းမှ လူမျိုးနှင့်ဘာသာဝင်များကို မျိုးချစ် စိတ်ဓာတ်အမည်ခံ အကြမ်းဖက်လုပ်ရပ်များကို တွန်းအားပေးလာကြောင်း၊ ယနေ့ကမ္ဘာကြီးတွင် မတွေ့ချင် မမြင်ချင်အဆုံး ဖြစ်သည်။

လွန်ခဲ့သောရာစုနှစ် အားလုံးပေါင်းထက် နှစ်ဆယ်ရာစု၏ ဒုတိယ ပိုင်း(၁၉၅၁-၂ဝဝဝ)အတွင်း ဧဝံဂေလိတရားကြောင့် အသေခံသူ ပိုများ သည်မှာ ဤအချက်ကြောင့်ဖြစ်သည်။

 

) မြန်မာနိုင်ငံအတွက် သင့်လျော်နိုင်ခြေရှိသော သာသနာပြုနည်းဗျူဟာများ

အမိမြန်မာနိုင်ငံတွင် ကက်သလစ်သာသနာ အနှစ်(၅၀၀)ပြည့်ပွဲ တော်(၂၀၁၄)၊ နှစ်ခြင်းသာသနာတော် အနှစ်(၂၀၀)ပြည့် ကျေးဇူးတော်ချီး မွမ်းခြင်းပွဲတော်(၂၀၁၃)များကို ကျင်းပခဲ့ပြီး ဖြစ်သည့်တိုင် အခြားသော နိုင်ငံအချိုနှင့် နှိင်းယှဉ်ပါကသာသနာပြန့်ပွားမှု နှေးကွေးနေသေးသည်ကို မြင်တွေ့ရနိုင်သည်။ သို့ဖြစ်ရာ မိမိတိုနိုင်ငံ၏ ရေခံမြေခံနှင့် ကိုက်ညီနိုင်ခြေရှိသော နည်း စနစ်၊ နည်းဗျူဟာများကို ကြိုးစားရှာဖွေ ဖော်ထုတ် အသုံးပြုသင့်သည်။

 

က။ သာသနာပြုအသင်းတော်အဖြစ် တွန်းအားပေးခြင်း

သခင်ယေရှု၏ သာသနာပြုနည်းဗျူဟာကို ယုဒတရားစရပ်များ၌ “သွန်သင်ခြင်း ́နှင့် အစပြုရသည်။ တမန်တော်များ၏ အဓိကတာဝန်မှာလည်း အသင်းသားများကို ပြင်ဆင်ပေးခြင်းဖြစ်သည်(တ ၆း၄)၊ ဗာနဗနှင့် (ပေါလု)တိုသည် အန္တိအုတ်အသင်းတော်ကို တစ်နှစ်ကြာသည် အောင် သင်ကြားပေးခဲ့သည်(တ ၁၁း၂၆၊ ၁၃း၁-၃)။ ယနေ့သာသနာ လည်း အသင်းတော်သည် ဆုတောင်းခြင်း၊ ပေးလှူခြင်း၊ ကိုယ်တိုင် ပါဝင်ခြင်းဖြင့် လူမျိုးတကာထံအရောက်သွားရပါမည်။ မြန်မာနိုင်ငံ နှစ်ခြင်း – ခရစ်ယာန် အသင်းချုပ်ဝင် အသင်းတော် များအားလုံးအသင်းတော်တာဝန် အေပွန်စွာ ဆောင်ရွက်နိုင်ပါက သာသနာတော် အနေအထားသည် ယခု ထက် ပိုမိုကျယ်ပြန့် ထိရောက်လာမည် အမှန်ဖြစ်သည်။

အသင်းတော်ကို မရဏာနိုင်ငံ၏ တံခါးတိုသည် မနိုင်နိုင်ကြောင်း၊ ကောင်းကင်နိုင်ငံ တံခါးသော့ကို ဖွင့်လှစ်နိုင်သော တန်ခိုးလည်းရှိကြောင်း သခင်ယေရှုကြိုတင်အာမခံခဲ့သည်(မ ၁၆း၁၈)။ ယေရုရှလင် အသင်းတော် ကိုလည်း မြေကြီးစွန်းတိုင် သက်သေခံရန်(တ ၁း၈) လူအင်အားအပြည့် အဝဖြင့် စတင်ဖွဲစည်းခဲ့သည်(တ ၂း၄၁၊ ၄း၄)။သိုသော် အဆင်သင့်မရှိ သေးသောယေရုရှလင်အသင်းတော်သည် အမျိုးမျိုးသောပြသနာများ ဖြစ် ပေါ်လာပြီး၊ နေရာအနှံဖြန့်ကြဲခံလျက် ရောက်သည့်နေရာတိုင်းတွင် ဧဝံ ဂေလိပြုကြသည်(တ ၈း၁၊ ၄၊ ၁၁း၁၉-၂၁)။ သိုဖြင့် အန္တိအုတ် အသင်း တော်မှာ ကမ္ဘာ့သာသနာပြု လုပ်ငန်းအတွက် ဦးဆောင်အသင်းတော်ဖြစ် လာသည်(တ ၁၃း၁-၃)။

အသင်းတော်၏ လုပ်ငန်းလေးမျိုးတွင် အဓိကမှာ သာသနာပြုရန် ဖြစ်ပြီး၊ ထိုအချက်ကို ဝတ်ပြုကိုး ကွယ်ခြင်း၊ သွန်သင်ခြင်းနှင့် အစေခံခြင်း တိုဖြင့် အထောက်အကူပြုရန်ဖြစ်သည်။ ကနဦးအသင်းတော်၏ ထင်ရှားသော အမှတ်လက္ခဏာမှာ ချစ်ခြင်းမေတ္တာနှင့်စင်ကြယ်ခြင်း (Charity and Chastity)ဖြစ်ရာ ယင်းအခြေအနေသို ရောက်ရန် ဝတ်ပြုကိုးကွယ် ခြင်း၊ သွန်သင်ခြင်းနှင့် အစေခံခြင်းက ပံ့ပိုးထားသည်။ အဓိကလုပ်ငန်းဖြစ် သောသာသနာပြုခြင်းကိုပံ့ပိုးလုပ်ငန်းဖြစ်သောဝတ်ပြုခြင်း၊ သွန်သင်ခြင်း နှင့် အစေခံခြင်း အစားထိုးနေရာ မယူမိစေရန် အလွန်အရေးကြီးသည်။

 

ခ။ တပည့်တော်ပြုခြင်းကို ပန်းတိုင်ပြုခြင်း

သာသနာပြုခြင်းတွင် တပည့်တော်ပြုခြင်းကို ပန်းတိုင်ပြုရန် သည်(မ ၂၈း၁၉-၂၀)။ ရှင်ပေါလု၏ သာသနာပြုခြင်းတွင် လူစုဝေး ဧဝံဂေလိပြုခြင်း၊ တစ်အိမ်တက်ဆင်း တပည့်တော်ပြုခြင်း နှစ်ခုစလုံးအကျုံး ဝင်သည်(တ ၂၀း၂၀)။ ပြောင်းလဲလာသော ထိုယုံကြည်သူလူသစ် အား တပည့်တော်အဆင့် ပြုစုပြီးသောအခါ ထိုနေရာမှ အခြားတစ်နေရာ သို ဆက်လက်သာသနာပြု ခရီးထွက်သွားလေ့ရှိသည်။ သိုသော် အဝေး စာရေးသောအခါ ထိုသူများကို “အသင်းတော်များအဖြစ် ရည်ညွှန်းသား သည်ကို သူ၏ပေးစာများတွင် တွေ့ရှိရသည်။

ယနေ့ မြန်မာပြည် သာသနာတွင် ပြောင်းလဲခြင်း: (Conversion Model) ၊ တပည့်တော်ပြုခြင်း (Discipleship Model) အသင်းတော် တည်ထောင်ခြင်း (Church Planting Model) စသည့် မော်ဒယ်လ်သုံးခု တွေ့ရှိနိုင်သည်။ မဟာစေစားခြင်းအတိုင်း လူမျိုးတကာထံ သွားရောက် သာသနာပြုနိုင်ရန်၊ သွန်သင်ခြင်း အမှုပြုနိုင်ရန်အတွက် အသင်းတော်ထဲရှိ ယုံကြည်သူများကို တပည့်တော်အဆင့် မွေးထုတ်မြှင့် တင်နိုင်ရေး၊ ဦးတည် ချက်ပြုမည့် အသင်းတော်တည်ထောင်ခြင်း နည်းလမ်းမှတစ်ပါး အခြား မရှိနိုင်ချေ။

အသင်းတော်ထဲရှိ ယုံကြည်သူများအား ယေရှုခရစ်တော်၏ တပည့် တော်စစ်များဖြစ်အောင် သွန်သင်နိုင်ရေး၊ ထိုတပည့်တော်များသည်လည်း ခရစ်တော်၏ ကိုယ်ခန္ဓာတော်အဖြစ် အတူတကွ သာသနာပြုခြင်းကို ရည် ရွယ်ဦးတည်ရန်ဖြစ်သည်။

 

။ ယဉ်ကျေးမှုခြား သာသနာပြုနည်းဗျူဟာ (Cross-cultural Mission Strategy)

မြန်မာပြည်ရှိ ယုံကြည်သူအများစုသည် နတ်ကိုးကွယ်မှု ယုံကြည် ခြင်းနောက်ခံရှိသူ တောင်ပေါ်သား လူနည်းစုဝင်များဖြစ်ပြီး၊ လက်လှမ်း ရန် လိုနေသေးသော သာသနာကွင်းများမှာ ထေရဝါဒ ဗုဒ္ဓဘာသာ ခံယုံကြည်မှုရှိသူ၊ လူများစုဝင်များဖြစ်သည်။ ယဉ်ကျေးမှုနှင့် ရိုးရာအစဥ်အလာ၊ တွေးခေါ်ပုံနှင့် လောကအမြင်အရ ကွာခြားလှကြောင်းကို သိထားရန် လိုသည်။

ပေတရုသည် အရေဖျားလှီးခြင်း ခံသောသူများအတွက် တမန်တော် ဖြစ်သော်လည်း အရေဖျားလှီးခြင်း မခံသောသူ၊ တစ်ပါးအမျိုးသားနှင့် ရှင် ဘုရင်များအတွက်မူ အထူးပြင်ဆင်ထားသော တန်ဆာပလာဖြစ်သူ ရှင် ပေါလုသည်သာ အံဝင်ခွင်ကျ အသုံးပြုခံနိုင်သူ တမန်တော်ဖြစ်သည် (တ ၉း၁၅၊ ဂလာ ၂းရ-၈)။

သို့ဖြစ်ရာ မြန်မာပြည်သာသနာတွင် ယဉ်ကျေးမှုခြား သာသနာပြု ခြင်းနည်းဗျူဟာမှတပါး အခြားနည်းလမ်းအားဖြင့်ထိရောက်စွာသာသနာ ပြုနိုင်ရန်မှာ မဖြစ်နိုင်ကြောင်း နှစ်(၂၀၀)သက်တမ်းရှိ နှစ်ခြင်းသာသနာက အခိုင်အမာ သက်သေပြနေပါသည်။

ဃ။ ရေခံမြေခံ သာသနာပြုနည်းဗျူဟာ (Contextualized Mission Strategy)

ဧဝံဂေလိသတင်းစကားမှာ အလွန်ရိုးရှင်း နားလည်ရလွယ်သော အရာဖြစ်သည်။ ထို ကြောင့်လည်း “ရိုးရှင်းလွန်း၍ယုံရခက်’ (Too simple to believe)ရခြင်း ဖြစ်သည်။ မြန်မာပြည်ရှိ သာသနာကွင်း အများစု တွင် တရားကျင့်စရာမလို၊ ယုံကြည်ရုံနှင့် ကယ်တင်ခြင်း(အကျွတ်တရား) သို့ ရောက်နိုင်သည်ဆိုသည်မှာ နားလည်ရခက်သော၊ မဖြစ်နိုင်သောအရာ အဖြစ် သဘောထားကြသည်။

ရှင်ပေါလုဝေငှသောဧဝံဂေလိသတင်းစကားမှာလည်းသခင်ယေရှု၊ အသေခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်း အပေါ်တွင်သာအခြေခံသည့်ထိုရိုးရှင်း သော တရားပင်ဖြစ်သည်(တ ၁၇း၃၊ ၁ကော ၁၅း၃-၄၊ ၁တိ ၃း၁၆)။ ရှင် ပေါလု၏ အားသာချက်မှာ ရိုးရှင်းသောတရားကို ရေခံမြေခံပြု၍ ကြားနာ သူပရိသတ် ရှင်းလင်းသဘော ပေါက်နိုင်အောင် ထိရောက်စွာရေခံမြေခံပြု ဝေငှနိုင်ခြင်းဖြစ်သည်။

ပိသဒိပြည်အန္တိအုတ်မှယုဒလူများအား ဝေငှရာတွင် သူတိုနားလည် သော သမ္မာကျမ်းစာကို အခြေပြုပြီး၊ အာဗြဟံ၊ ဣဇက်၊ ဣသရေလမှ တ ဆင့် လူမျိုးတော်၏ သမိုင်းကြောင်း၊ ဒါဝိဒ်မင်းကြီးမှ သခင်ယေရှု အသေ ခံခြင်းသို ချိတ်ဆက် ဧဝံဂေလိပြုခဲ့သည်(တ ၁၃း၁၆-၄၁)။ လုတွေ့ရပြည်။ ဣကောနိ၊ ဒေရဗေမြိုများမှ ပညာအရည်အချင်းနိမ့်ကျသော နတ်ကိုး ကွယ်သူများအား ဧဝံဂေလိပြုရာတွင်မူ သူတိုနားလည် သဘော ပေါက်နိုင်သော ဖန်ဆင်းခြင်းအကြောင်း၊ သဘာဝတရားများအားဖြင့်သာ ဧဝံဂေရပြီး ပြုရသည်ကို တွေ့ရှိရသည်(တ ၁၄း၆-၁၈)။

တွေးခေါ်မှုပညာ အဆင့်အတန်းမြင့်သော အာသင်ပြည်၊ အာရေတောင်ပေါ်မှနတ်ဘုရားပေါင်းများစွာ ကိုးကွယ်ကြသူများအားဝေငှရာတွင် မူ သူတို ‘မသိသောဘုရား ́အဖြစ် ထာဝရဘုရားသခင်၊ ဖန်ဆင်းရှင်ကို အောင်မြင်စွာ ရေခံမြေခံပြု ချိတ်ဆက်ဝေငှသွားသည်ကို တွေ့ရှိရသည်။ (တ ၁၇း၂၂-၃၄။

ယနေ့မြန်မာပြည်၏ ပြဿနာမှာ မိမိတို၏ ယုံကြည်ခြင်းတရား ကယ်တင်ခြင်းသတင်းကောင်းကို အခြားဘာသာဝင်များ နားလည်နိုင်အောင် တင်ဆက်ခြင်းမပြုနိုင်သော ပြသနာဖြစ်သည်။ ဤသို နားမလည် နိုင်ခြင်းမှာ ရေခံမြေခံပြုခြင်း အားနည်းသောကြောင့် ဖြစ်သည်။ ရေခံမြေခံ ပြုရာတွင်လည်း သတင်းစကားကို ရေခံမြေခံပြုခြင်း၊ သတင်းသမား၏ ရေခံမြေခံပြုခြင်း နှစ်ခုစလုံးသည် အညီအမျှ အရေးကြီးသည်။

ထိုသိုရေခံမြေခံပြုရာတွင်လည်း လုံလောက်စွာရေခံမြေခံ မပြုနိုင်ခြင်း (Insufficient Contextualization)နှင့် လွန်ကျွံစွာရေခံမြေခံပြုခြင်း: (Excessive Contextualization) ဟူ၍ရှိသည်။ ရေခံမြေခံပြုခြင်းတွင် လုံလောက်ခြင်း၊ လွန်ကျွံခြင်းကို တိုင်းတာရန် အဓိကပေတံ နှစ်ရပ်ရှိသည်။ သီဩလော်ဂျီ ဓမ္မအတွေးအခေါ်နှင့် ကိုယ်ကျင့်တရား လွဲချော်မှုမရှိရန် ဖြစ်သည်။

 

င။ လူမူဖွံ့ဖြိုးရေးသာသနာ (Mission through Community Development)

မည်သည့် သာသနာကွင်းတွင်မဆို အလွယ်တကူ ကွင်းဝင်စေနိုင် သော ရေခံမြေခံပြုကိရိယာ (Contextualization tool) မှာ အစေခံခြင်း ဖြစ်သည်။ ရှင်ပေါလုက “လူတကာကိုရခြင်းအလိုငှါ လူတကာအားအစေ ခံရသည်”ဟု ဝန်ခံခဲ့သည်( ၁ကော ၉း၁၆-၂၂)။ လောက၏ဆား၊ လော က၏အလင်း များသည် လောကကိုအကျိုးပြုရန် တာဝန်ရှိသည်။

 

စ။ အပြန်အလှန်ညှိနှိင်း စကားပြောဆိုခြင်း(Dialogue)

ရှင်ပေါလု၏ သာသနာပြု နည်းဗျူဟာတွင် ဧဝံဂေလိတရားဝေငှ ခြင်းနှင့်ပတ်သက်၍ ဖော်ပြရာ၌ “ကျမ်းစာကို အမှီပြု၍ ထိုသူတိုနှင့်ဆွေးစေသဖြင့်”ဟု မှတ်တမ်းတင်ခဲ့သည်။ “ဆွေးနွေးခြင်း ဆိုသည်မှာ ပြသနာတစ်ခုကို ဗဟိုပြုပြီး၊ အတူတကွ အဖြေရှာခြင်းဖြစ်သည်။ ထိုအတူ မြင်နှီးနှောခြင်း” ဆိုသည်မှာလည်း နှစ်ဦးနှစ်ဖက် အမြင်ချင်းဖလှယ်၊ မျှဝေ ခြင်းကို ဆိုလိုသည်။ “ကိုယ်မှန်သည်၊ သူမှားသည်” ငြင်းခုန်အနိုင်လုခြင်း မှာဧဝံဂေလိပြုခြင်း မဟုတ်။ ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံပေါ်တွင် ဒိုင်ယာလော့ ပြုခြင်း (သိုမဟုတ်) ညှိနှိင်းပြောဆို ခြင်းမှာ အထိရောက်ဆုံး နည်းဗျူ ဟာတစ်ခုဖြစ်နေပေပြီ။ဒိုင်ယာလော့ပြုခြင်းတွင်လည်းရေခံမြေခံပြုခြင်းကဲ့ သိုပင် ထိရောက်လုံလောက်စွာပြုရန်၊ ဦးတည်ချက်ပျောက်သွားလောက် အောင် လွန်လွန်ကျွံကျွံမပြုရန် အရေးကြီးသည်။

 

ဆ။ အင်တာနက်သာသနာ(Internet Mission)

ကမ္ဘာကြီးသည် လျင်မြန်လှစွာ တိုးတက်လာရာတွင် အင်တာနက် အသုံးပြုမှုမှာလည်း အဓိကအရာ တစ်ခုဖြစ်သည်။ ယနေ့မြန်မာပြည်တွင် လည်း အင်တာနက်အသုံးပြုမှု တိုးတက်လာခြင်း၊ လူကိုယ်တိုင်တွေ့၍ ဘုရားတရား ဆွေးနွေးရန်မှာ နည်းမျိုးစုံဖြင့် အခက်အခဲ ရှိနေသေးခြင်းကြောင့် အင်တာနက်ဧဝံဂေလိ နည်းစနစ် ကို ထိထိရောက်ရောက် အသုံးပြု သင့်သည်။

၉။ အရေးကြီးနည်းစနစ်များ

နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုနှင့် သမိုင်းကြောင်း အရ အသုံးတည့်နိုင်သော နည်းဗျူဟာနှင့် နည်းစနစ်များသည် တစ်နေရာ နှင့်တစ်နေရာ၊ လူမျိုးတစ်ခုနှင့်တစ်ခု မတူကြချေ။ သိုဖြစ်ရာ မိမိတိုမြန်မာ နိုင်ငံ၏ ထူးခြားသော သဘောသဘာဝများအရ အောက်ပါနည်းစနစ်များ ကို လက်တွေ့ကျကျ ကျင့်သုံးနိုင်ရေး နည်းဗျူဟာခင်း၊ ကျင့်သုံးချဉ်းကပ် သင့်သည်။

မိသားစုလိုက်ဧဝံဂေလိ ပြုခြင်း

အနောက်တိုင်းသားများ၏ တွေးခေါ်စဉ်းစားပုံသဘာဝမှာ တစ်ဦး ချင်း(individualism)ဖြစ်ပြီး၊ အာဖရိက တိုက်သားများ၏ သဘာဝမှာ အုပ်စု(group/clan)လိုက်ဖြစ်သည်။ ထိုအတူပင် မြန်မာနိုင်ငံအဖွဲ့ အရှေ့တိုင်းသား များ၏ သဘာဝမှာ မိသားစုအခြေပြုပုံစံဖြစ်သည်။

နတ်ဆိုးနှိပ်စက်ခြင်းမှ ကျန်းမာလာသော ဂါဒရအရပ်သား (တ) အမျိုး)လူငယ်သည် မိသားစုထံပြန်ပြီး၊ သက်သေခံရန် သခင်ယေရှု၏ 8 မှာချက်ကို နာခံခဲ့သည်(မာ ၅း၁၈-၂၀)။ နူနာရောဂါမှ ကျန်းမာခြင်း၊ ရောက်သူ က္ကသရေလလူကိုမူ မောရှေးစီရင်ထားသော ပညတ်အတိုင်း ရှင်းခြင်းယဇ်ကို ပူဇော်စေရန် မိန့်မှာခဲ့သည် (မ ၈း၄)။ သိုသော်လည်း အဓိပ္ပာယ်မှာ မိသားစုထံပြန်ရန် အတူတူပင်ဖြစ်သည်။

အချုပ်အားဖြင့်မြန်မာပြည်မှယုံကြည်သူလူသစ်များသည် မိမိတို၏ မိသားစုအသီးသီး ခရစ်တော်ထံ ရောက်ရှိရေး ခေါ်ဆောင်လာကြရန် တာ ဝန်ရှိသည်။ ယုံကြည်ချက်ကြောင့် မိသားစုတွင်း တွေ့ကြုံရသော ဆန့်ကျင် ဘက်ပြုမှုများကို ရှောင်ထွက်သွားရန် (သနားသောအားဖြင့်) လမ်းဖွင့်ပေး လိုက်ခြင်းသည် မှားယွင်းသောနည်းဗျူဟာ ဖြစ်သည်။ ထိုမိသားစုကို ထိရောက်စွာ သက်သေခံနိုင်ခွင့် အရှိဆုံးပုဂ္ဂိုလ်ကို ဖယ်ရှားပစ်လိုက်ခြင်း နှင့် အတူတူဖြစ်သည်။

မင်္ဂလာသားကို တွေ့အောင်ရှာခြင်း

သာသနာကွင်းတိုင်းတွင် ဘုရားသခင် ပြင်ဆင်တော်မူနှင့်သောသူ၊ ကောင်းသောမြေနှင့်တူသော နှလုံးသားပိုင်ရှင် လူသားများရှိသည်(တ ၁၈း၁၀)။ ထိုသူများကို ရှင်မသဲက “ထိုက်တန်သောသူ”ဟုခေါ်ပြီး (မ ၁၀ း၁၁)၊ ရှင်လုကာက “မင်္ဂလာသား ́ဟု မှတ်တမ်းတင်ခဲ့သည် (လု ၁၀း၆)။ ထိုသူများ၏ ထူးခြားချက်မှာ မိမိတို့လူမျိုး၊ ရပ်ရွာဒေသတွင် သြဇာညောင်း သူများ ဖြစ်ကြခြင်းဖြစ်သည်။ တပည့်တော်(၁၂)ပါးနှင့် တပည့်တော် ခုနှစ် ကျိပ်တိုအား ရှာခိုင်းခဲ့သည်မှာ ဤသူများဖြစ်သည်။

သခင်ယေရှု ကိုယ်တော်တိုင်သည် နိကောဒင်(ယော ၃)၊ တပ်မှူး (မ ၈)တို့ကဲ့သို့ ကောင်းသောသူများမက အခွန်ခံသောသူနှင့် ဆိုးသော သူများ(မာ ၂း၁၅၊ ယော ၄)ကိုပါ ဧဝံဂေလိပြုခဲ့သည်။ ထိုသူများ၏ ဘုံတူညီ ချက်မှာ မင်္ဂလာသား၊ ထိုက်တန်သောသူများဖြစ်ခြင်း၊ မိမိတို၏ လူ့ရပ် ဝန်းကျင်တွင် သြဇာသက်ရောက် ကြခြင်းပင်ဖြစ် သည်။ ဖိလိပ္စုနှင့် အသယောပိအမတ်(တ ၈)၊ ပေတရုနှင့်ကောနေလိ(တ ၁၀)၊ ရှင်ပေါလုနှင့်လုဒီ (တ ၁၆)၊ ရှင်ပေါလုနှင့် ထောင်မှူးကြီး( ၁၆) စသည်တိုမှာ “မင်္ဂလာ များအားဖြင့် ဝံဂေလိတရား လျင်မြန်ထိရောက်စွာ ပြန့်နှံသွားခြင်းနမူနာများဖြစ်သည်။

 

လုပ်ငန်းအခြေပြုသာသနာပြုနည်းစနစ် (Business as Mission)

”မြန်မာပြည်၏ သာသနာကွင်း အသီးသီးတွင် နေထိုင်ကြသူများမှာ ခရစ်ယာန်မဟုတ်သော အခြားဘာသာဝင်များ၊ မျိုးနွယ်စုကြီးဝင် လူမျိုးဖြစ်ကြသည်။ သို့ဖြစ်ရာ အသင်းတော်မှစေလွှတ်သော သာသနာပြု ဆရာသည် မိမိဝင်ရောက်လိုသော သာသနာကွင်းသို ချောချောမောမော ဝင်ရောက်ရန်ပင် အခက်အခဲ များစွာရှိသည်။

ရှင်ပေါလုသည် မိမိနှင့်မကျွမ်းသော သာသနာကွင်းများသို ဝင် ရောက်ရာတွင်တဲရှင်ချုပ်လုပ်ငန်း ရှင်တစ်ဦးအဖြစ်အောင်မြင်ထိရောက်စွာ ဝင်ရောက်ခဲ့သည်။ ယနေ့ကမ္ဘာတွင်လည်း ဝင်ရောက်ရန်ခက်ခဲသော တား မြစ်နယ်မြေများသို လုပ်ငန်းတစ်ခု အခြေပြုပြီး အဆင်ပြေစွာ ဝင်ရောက် နိုင်ကြပြီဖြစ်သည်။

 

သာသနာပြုနည်းဗျူဟာ ပန်းတိုင်

အခက်အခဲနှင့် ကန့်သတ်ချက်များ မည်သိုပင်ရှိနေပါစေ “လူမျိုး အပေါင်းတိုအား သက်သေဖြစ်မည် အကြောင်း၊ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကိုလောကီနိုင်ငံအရပ်ရပ်ရှိသမျှတို၌ဟောရလိမ့်မည်။ သို ပြီးမှအဆုံးသည်ဖြစ်လတံ့”(မ ၂၄း၁၄)ဟု ဆိုထားသည်နှင့်အညီ၊ မည် ကဲ့သိုသော အခြေအနေနှင့် အခက်အခဲများ ရှိနေပါစေ နည်းဗျူဟာ အမျိုးမျိုးဆင်၍ ဝံဂေလိတရားကို ဆက်လက်ဟောပြောနိုင်ရန် သာသ နာပြုနည်းဗျူဟာ များကို ခေတ်စနစ်နှင့်အညီ ဆန်းသစ်ဖော်ထုတ် သွားကြ ဦးမည်မှာ မြေကြီးလက်ခတ် မလွဲနိုင်ချေ။ ထိုအတူပင် ထိုသိုလုပ်ဆောင် ရန်လည်း ဘုရားသခင်၏ မိန့်မှာတော်မူချက်ဖြစ်ချေသည်။ ။

 

အပိုင်း ၃

လက်တွေ့အသုံးချသာသနာပြုနည်းဗျူဟာ

APPLIED STRATEGY FOR MISSION

 

၁။ ကိုယ်တွေ့ဧဝံဂေလိပြုခြင်း (Personal Evangelism)

(၁) ဧဝံဂေလိပြုခြင်းဆိုသည်ကားအဘယ်နည်း

(What is Evangelism?)

၁) ဧဝံဂေလိပြုခြင်းဆိုသည်မှာလူသားများအားလောကီစည်းစိမ်ကို စွဲလမ်းသော အသက်တာမှခရစ်တော်နှင့် တူသောဘုရားသခင် ကို ရိုသေကိုင်းရှိင်းသောအသက်တာသို ပြောင်းလဲခြင်းဖြစ်သည်။ (Evangelism means conversion of people from worldliness to Christlike godliness. Toyohiko Kagawa)

၂) ဧဝံဂေလိဆိုသည်မှာ လူသားများအား ခရစ်တော်ဘုရားကို ကယ် တင်ရှင်နှင့် ဘုရင်ကဲ့သိုသိရှိ လက်ခံစေပြီး သူတိုကို အသင်းတော် ထဲ၌ခရစ်တော်၏ အမှုတော်ကို အတူတကွပါဝင်လုပ်ဆောင်စေ ခြင်းဖြစ်သည်။ ။ (Evangelism is winning of men to acknowledge Christ as their Saviour and King, so that they may give themselves to His service in the fellowship of His church. Archbishop William Temple)

၃) ဧဝံဂေလိဆိုသည်မှာ ခရစ်တော်အတွက် အသက်ရှင်ခြင်း၊ လုပ်ဆောင်ခြင်းနှင့် ဟောပြောခြင်းဖြစ် သည်။ (Evangelism is living, doing and talking for Christ. Samuel Boomit)

၄) ဧဝံဂေလိပြုခြင်းဆိုသည်မှာ သန့်ရှင်းသောဝိညာဉ်တော်၏ တန် ခိုးတော်အားဖြင့် ခရစ်တော်အကြောင်းကို ဟောပြောပြီး လူသား များအားဘုရားသခင်ကို ခရစ်တော်အားဖြင့် ယုံကြည်စေပြီး ခရစ်တော်ဘုရားကို သူတို၏ကယ်တင်ရှင်အဖြစ် လက်ခံကာ ကိုယ်တော်ကို ဘုရင်တစ်ပါးကဲ့သို အသင်းတော်ထဲ၌ ပူးပေါင်းအဖော် ခြင်းဖြစ်သည်။ (To evangelize is to present Jesus Christ in the of Holy Spirit that man may come to put their trust in  God through Him, to accept Him as their Savior. to serve Him as their King in the fellowship of His church. J. I. Packer)

(၂) ဧဝံဂေလိပြုရခြင်းအကြောင်းရင်း

ဧဝံဂေလိပြုရခြင်း၏ အဓိက အကြောင်းရင်းမှာ ကယ်တင်ခြင်း၊ ယေရှုခရစ်တော်မှတစ်ပါးမည်သူမျှ ပေးနိုင်ခြင်းမရှိသောကြောင့်ဖြစ်သည်။ သခင်ယေရှု၏ စကားကို နာခံသောသူတိုင်း ဧဝံဂေလိ အမှုတော်ဆောင် ခြင်းကို ဦးစားပေး လုပ်ဆောင်ကြပါသည်။ ဧဝံဂေလိ အမှုတော်ကိုဆောင် ရန် ယေရှုခရစ်တော်သည် အနည်းဆုံး ငါးကြိမ် မှာကြားခဲ့ပါသည်။ ကိုယ် တော်သည် သေခြင်းမှ ပြန်လည် ရှင်ပြန်ထမြောက်ပြီးနောက် မှာကြားခဲ့ သည်မှာ ပထမအကြိမ် “သင်တိုသွား၍ လူမျိုးတကာတိုကို ငါ့တပည့်ဖြစ် စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကို ပေးကြလော့”(မ ၂၈း၁၉-၂၀)။ ။

ဒုတိယအကြိမ် “သင်တိုသည် လောကီနိုင်ငံအရပ်ရပ်ရှိသမျှသို သွား၍ ဝေနေယျ သတ္တဝါအပေါင်းတို အား ဧဝံဂေလိတရားကို ဟောကြ လော့။ ယုံကြည်၍ ဗတ္တိဇံကိုခံသော သူသည် ကယ်တင်ခြင်းကို ရောက် လတံ့။ မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းကို ခံရလတံ့” (မာ ၁၆ း၁၅-၁၆)။

တတိယအကြိမ် ဧဝံဂေလိဟောရန် သခင်ဖော်ပြခဲ့သည်မှာ “နောင် တတရားနှင့် အပြစ်လွှတ်ခြင်း တရားကို ယေရုရှလင်မြိုမှ စသော လူမျိုး တကာတိုအား ဟောပြောရမည်”(လု ၁၄း၄၇)။

စတုတ္ထအကြိမ် ကိုယ်တော်ပြောခဲ့သည်မှာ “ခမည်းတော်သည် ငါ့ကို စေလွှတ်တော်မူသည့်နည်းတူ သင်တိုကို ငါစေလွှတ်သည်” (ယော ၂၀း၂၁။

ပဥ္စမအကြိမ်ကို ကိုယ်တော်ကောင်းကင်ဘုံသို မတက်မီအချိန်တွင် ပါသည်။ “သင်တိုအပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော် ဆင်းသက် သောအခါ၊ သင်တိုသည် တန်ခိုးကိုခံရ၍ ယေရုရှလင်မြိုမှစသော ယုဒ ပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်းတိုင်အောင် ငါ၏သက်သေဖြစ်ကြလိမ့်မည်” (တ ၁း၈)။

လွန်ခဲ့သော နှစ်ပေါင်း ၂ဝဝဝတွင်လည်း ရှင်ပေါလုက “ငါသည် ဧဝံ ဂေလိတရားကို … မဟောဘဲ နေလျှင် အမင်္ဂလာရှိ၏”(၁ကော ၉း၁၆)။

 

(၃) ဧဝံဂေလိအမှုတော်ဆောင်၏အသက်တာ

ဧဝံဂေလိလုပ်ငန်းတွင် အောင်မြင်သောသူတိုသည် ဤလုပ်ငန်းကို အထူးအာရုံပြုသောသူနှင့် ဤလုပ်ငန်းသည် သူတို၏ စိတ်ထဲတွင် ကြီး လေးသော ဝန်ထုပ်သဖွယ် ခံစားရသော သူများ ဖြစ်သည်။ဧဝံဂေလိ အမှု တော်ဆောင်များ၌ ရှိရမည့်အရာများမှာ၊ ငွေရေးကြေးရေးအပေါ်မှာသစ္စာ ရှိခြင်း၊ အကျင့်သီလ ကောင်းမွန်ခြင်း၊ သစ္စာသမာဓိရှိခြင်း၊ ရိုးသားဖြောင့် မတ်ပြီး အများ၏ ယုံကြည်မှုကို ရခြင်းတိုဖြစ်သည်။

 

၁) ဆုတောင်းခြင်းအမှု

ဘုရားသခင်နှင့် မိတ်သဟာရဖွဲသော အသက်တာသည် အလွန် အရေးကြီးပါသည်။ Billy Graham က “ကျွန်တော်နှင့် ကျွန်တော့်ဇနီးတို့ သည် အိပ်ယာမဝင်မီ အတူဆုတောင်း၊ ကျမ်းစာဖတ်ခြင်း ပျက်ကွက်ခြင်း တစ်ခါမှ မရှိပါ။”

ဆုတောင်းခြင်းသည် ကျွန်ုပ်တို့ကို သစ္စာရှိသောအမှုတော်ဆောင် ဖြစ်စေသည်။ ဆုတောင်းခြင်းသည် ဧဝံဂေလိတံခါးများကို ပွင့်စေသည်။ ဆုတောင်းခြင်းသည် ပျောက်ဆုံးဝိညာဉ်ကို ချစ်ခင်မြတ်နိုးမှုကို ပေးသည်။ သူတို၏ လိုအပ်ချက်များကိုလည်း သိစေသည်။

တမန်တော်ကြီးများ၏ အသက်တာတွင် သူတိုဦးစားပေးဆောင် ရွက်ခဲ့သော အရာနှစ်ခုမှာ “ငါတိုမူကား၊ ဆုတောင်းပတ္ထနာပြုခြင်း၊ နှုတ်ကပတ်တရားတော်ကို ဟောပြောခြင်းအမှုတိုကို အမြဲပြု၍ နေမည်” (တ ၆း၄)။

 

၂) နှုတ်ကပတ်တော်ဟောကြားခြင်းအမှု

ယေရှုခရစ်တော်၏ အသက်တာ၌ ထင်ရှားစွာ တွေ့ရသော အများထဲမှတစ်ခုမှာနှုတ်ကပတ်တော် ကိုတန်ဖိုးထားအသုံးပြုခြင်းဖြစ်သည်။ နှုတ်ကပတ်တော်ကိုဘုရားဝတ်ပြုရာတွင် သော်လည်းကောင်း၊ ဟောပြော  ရာတွင်သော်လည်းကောင်း ကိုယ်တော်အမြဲ အသုံးပြုပါသည် တပည့်တော်တိုနှင့် စကားပြောရာတွင် အမြဲအသုံးပြုသည်။ ကျမ်းစာထဲတွင် ကြီးကို တော်သည် ဓမ္မဟောင်းကျမ်းရှိ ကျမ်းစကားကို (၆၆) ကြိမ် အသုံးပြု တပည့်တော်တိုထံသို သွန်သင်ဆုံးမစကားများကို ပြောခဲ့ပါသည်။ အခြားသောသူတို့နှင့် စကားပြောရာတွင် အကြိမ်ရာကျော် ဓမ္မဟောင်းစကားများ ကို သုံးခဲ့သည်။ ဤကဲ့သိုသော ပုံသက်သေအားဖြင့် တပည့်တော်တိုအား နှုတ်ကပတ်တော်ကို လေးစား တန်ဘိုးထားရန် လက်တွေ့ အသက်ရှင်ပြ ခဲ့ပါသည်။ တပည့်တော်တိုသည်လည်း သခင်၏ သွန်သင်မှုအတိုင်း နှင့် ကပတ်တော်ကို တန်ဘိုးထားခြင်းအားဖြင့် မိမိတို၏ အမှုတော်လုပ်ငန်း သည် စံပြသမိုင်းဝင် အောင်မြင်သူများဖြစ်ခဲ့ပါသည်။ ဧဝံဂေလိအမှုတော် ဆောင်တစ်ဦးအနေဖြင့် ဘုရားသခင်၏နှုတ်ကပတ်တော်ကို အလွတ်ရွတ် ဆို အသုံးပြုသောသူများကိုသာလျှင် ထိရောက်စွာအသုံးပြုခြင်းမှာသမ္မာ ကျမ်းစာတွင် သော်လည်းကောင်း၊ အသင်းတော်သမိုင်းတွင်သော်လည်း ကောင်း တွေ့ရှိရပါသည်။ နှုတ်ကပတ်တော်ကို မမှီဝဲသော သူသည်၊ သ ရှင်းသောဝိညာဉ်တော်နှင့်အတူ ခရီးပြုသောသူမဟုတ်၊ အောင်မြင်ခြင်းကို လည်း ရမည်မဟုတ်ပေ။

 

၃) ဆက်ကပ်အပ်နှံသောသူ (Consecration)

“ငါ့ထမ်းဘိုးကိုတင်၍ ထမ်းကြလော့၊ ငါ့ထံ၌ နည်းခံကြလော့။ ငါသည်နူးညံ့သိမ်မွေ့နှိမ့်ချသော စိတ်သဘောရှိ၏” (မ ၁၁း၂၉)။

ကိုယ်တော်သည် မိမိ၏စကားကို နာခံသောသူကို အလိုရှိ၏။ မိမိ၏ အသက်တာကို လုံးဝအပ်နှံသူကို ကိုယ်တော်အလိုရှိသည်။ သခင်နှစ်ဦးကို အစေခံသောသူမဖြစ်ရပါ။ အပြစ်ကိုလုံးဝ စွန့်လွှတ်သောသူဖြစ်ရမည်။ မိမိကိုယ်ကို ငြင်းပယ်သောသူဖြစ်ရမည်။ မိမိအသက်ကို စွန့်သောသူဖြစ်ရ မည်။ ကိုယ်လက်ဝါးကပ်တိုင်ကို ထမ်းရမည် (မာ ၈း၃၄-၃၅)။

ဤအရာအားလုံးသည် ကိုယ်တော်ကို နာခံဆက်ကပ်သော သူမှ တစ်ပါး မည်သူမျှ မဖြည့်ဆည်း ပေးနိုင်ပါ။

 

၄) သန့်ရှင်းသောအသက်တာ

 သင်တို့၏ဘုရားသခင် ငါထာဝရဘုရားသည် သန့်ရှင်းသောကြောင့် ၊ သင်တို့လည်း သန့်ရှင်းခြင်း ရှိကြလော့” (ဝတ် ၁၉း၂)။ ကိုယ် တော်၏ စိတ်ထား၊ အလုပ်အကိုင်၊ နည်းဗျူဟာ၊ ဆုံးဖြတ်ချက်အားလုံးတို သည် သန့်ရှင်း ဖြူစင်သည်။ ဘုရားသခင် ကျွန်တော်တိုကို ဘယ်အတိုင်း အတာအထိ သုံးမည်နည်းဟူသည် ကျွန်ုပ်တို၏ သန့်ရှင်းမှု အပေါ်မှာ လုံးဝ တည်နေပါသည်။ သန့်ရှင်းသောသူသည် ဘုရားသခင်၏ အံ့ဩဘွယ် ကောင်းသော တန်ဆာပလာဖြစ်သည်။ ဘုရားသခင်၏တန်ခိုးထင်ရှားမှု သည် အမှုတော်ဆောင်တစ်ဦး၏ သန့်ရှင်းသော အသက်တာအပေါ်တွင် လုံးဝ တည်နေပါသည်။ ဘုရားသခင်၏ ဖိတ်ခေါ်ခြင်းကို ခံရသောသူသည် သန့်ရှင်းရာသို ဖိတ်ခေါ်ခြင်း ဖြစ်သည်။ သန့်ရှင်းခြင်းကို တန်ဘိုး မထားသောသူသည် ဖိတ်ခေါ်ခြင်းကို မခံရသောသူဖြစ်သည်။ သန့်ရှင်းခြင်းသည် အပြစ်သားများအတွက် ကျယ်လောင်သောဘုရားသခင်၏ အသံတော်ဖြစ် သည်။ အမှုတော်ဆောင် တစ်ဦး၏ အသက်တာသည် မသန့်ရှင်းပါက သူ ကျယ်လောင်သော အသံဖြင့် ဟောပြောပါသော်လည်း အပြစ်သားများ ထို သူ၏ အသံကို မကြားနိုင်ပါ။ အမှုတော်လုပ်ငန်း၌ အောင်မြင်မှု အတိုင်း အတာသည် ကျွန်ုပ်တို၏ သန့်ရှင်းသော အသက်တာအပေါ်မှာ လုံးဝ တည်နေပါသည်။ ကျွန်ုပ်တို၏ ပင်ကိုယ် စွမ်းရည်ထက် ကျွန်ုပ်တို၏ သန့် ရှင်းမှုကိုဘုရားသခင်သည် ပို၍နှစ်သက်ကောင်းချီး ပေးပါသည်။အမှုတော် ဆောင်များသည် ဘုရားသခင်၏ အကောင်းဆုံးသော သူများထဲမှ အ ကောင်းဆုံးဖြစ်ရန် လိုအပ်ပါသည်။

 

၅) ဝိညာဉ်ရေးရာ

အမှုတော်ဆောင်တစ်ဦး၏ အကြီးမားဆုံးသော တာဝန်မှာ မိမိ၏ ဝိညာဉ်ရေးကို တိုးတက်စေခြင်း အမှုဖြစ်သည်။ (The greatest duty for every minister is to increase his godliness) ဝိညာဥ်ရေးရာ တိုးတက်စေခြင်းကို အပင်ပန်းခံပြီး လုပ်ဆောင်ရန် လိုအပ်ပါသည်။ သူတော်စင်များတို့သည် မိမိတိုဝိညာဉ်ရေးရာ တိုးတက်အောင် အမြဲပင်ပန်း စွာလုပ်ဆောင်ကြသည်မှာ အသင်းတော်သမိုင်း တစ်လျှောက်လုံးတွင် ရပါသည်။ ဘုရားသခင်နှင့် မိတ်သဟာယဖွဲချိန် မပေးနိုင်သည်အထိ လုပ်များနေပါက မည်သည့် အမှုတော်လုပ်ငန်းမှ အောင်မြင်မည် မဟုတ် ပါ။ ဘုရားသခင်နှင့် မိတ်သဟာယဖွဲခြင်းအမှု ကောင်းမွန်လျှင် – လုပ်ငန်း၊ သွန်သင်မှု၊ ဟောပြောမှု အားလုံး ကောင်းမွန်မည် ဖြစ်ပါသည်။

 

၆) စိတ်အားထက်သန်မှု

သခင်ယေရှုနှင့် ရှင်ပေါလုတိုကို လူတွေက အရူးလို မြင်ခဲ့ရခြင်းမှာ သူတို၏ သာသနာလုပ်ငန်းတွင် ထူးခြားသော စိတ်အားထက်သန် ကြောင့် ဖြစ်ပါသည်။ C. H. Spurgeon က “အမှုတော်ဆောင် တစ် ယောက်အတွက် ဝိညာဉ်ကယ်ဆယ်ရေးမှာ အရေးကြီးဆုံးသော အရည်အ သွေးဟာ ဘာလဲလို ကျွန်တော်ကို မေးလျှင် ကျွန်တော် သူတိုကို စိတ်အား ထက်သန်မှုပါလို ဖြေမှာ ဖြစ်ပါတယ်။ ဒုတိယ အရေးကြီးဆုံးကော ဘာလဲ လို မေးလျှင်လည်း စိတ်အား ထက်သန်မှုပါလို ဖြေမှာပါ။ တတိယ အရေး ကြီးဆုံးက ဘာလဲလို မေးလျှင် ကျွန်တော်ရဲ့ အဖြေကို မပြောင်းဘဲ စိတ် အားထက်သန်မှုလိုဘဲ ထပ်ဖြေမှာ ဖြစ်ပါသည်။ ။

မိမိ၏ အလုပ်ကို ချစ်ပြီးတန်ဘိုးထားလျှက် စိတ်အားထက်သန်စွာ လုပ်ကိုင်သောသူအားလုံးသည် အောင်မြင်ခြင်း အသီးအပွင့်များကို ရိတ် သိမ်းရမည် ဖြစ်ပါသည်။ စိတ်အားထက်သန်မှုရှိလျှင် အောင်မြင်မည်။ မရှိလျှင် ရှုးနိမ့်မည်။ ဘုရားသခင်၏ အမှုတော်လုပ်ငန်း ဘယ်အတိုင်းအ တာအထိ အောင်မြင်မလဲဆိုတာ လုပ်ဆောင်သူ၏ သန့်ရှင်း မြင့်မြတ်သော စိတ်အားထက်သန်မှုအပေါ်မှာ တည်နေပါသည်။

 

၇) သမ္မာတရားကို မှန်ကန်စွာ ပိုင်းခြားတတ်သူ

ကမ္ဘာကြီးသည် လွဲမှားသော ယုံကြည်မှုများနှင့် လွှမ်းမိုးလျက် ရှိနေ ပါသည်။ ဤမှားယွင်းသောအယူဝါဒ များသည် ဧဝံဂေလိ အမှုတော်ဆောင် များစွာ၌ မြင်တွေ့နေရပါသည်။ ထိုကြောင့် ကျွန်ုပ်တို၏ ဧဝံဂေလိအမှု ဆောင်များ၏ အတွေးအခေါ်၊ အပြောအဆိုတိုသည် သမ္မာကျမ်းစာ လျော်ညီရန် လွန်စွာ အရေးကြီးပါသည် (၂တိ ၂း၁၅-၁ရ)။

 

၈) ငွေကြေးအပေါ်သစ္စာရှိခြင်း –

ခရစ်ယာန်သာသနာလုပ်ငန်းကိုထမ်းဆောင်သောသူအားလုံးသည် ကြေးအပေါ် သစ္စာရှိပြီး အများ၏ ယုံကြည်မှု ရှိရမည်။ ငွေကြေးအပေါ် သစ္စာမရှိသောသူ၏ ဟောပြောမှုကို မည်သူမျှ လေးစားမည် မဟုတ်ပါ (တ ၅း၁-၁၁)။

 

၉) ဧဝံဂေလိဟောကြားခြင်း

” ဧဝံဂေလိ ဟောကြားခြင်းအမှုကို လက်တွေ့ လုပ်ဆောင်သူ နည်းပါး လှပါသည်။ လူအများစုတိုသည် မပြောရဲကြပါ။ ပြောရဲရန် သင်တန်းများ တစ်ခုပြီး တစ်ခု တက်ကြသည်။ သင်တန်းများ၊ ကျောင်းများတစ်ခုပြီး တစ် ခု တက်ခဲ့ပါသော်လည်း မဟောရဲ မပြောရဲကြပါ။ အဘယ်ကြောင့်နည်း။ သုတေသနပြုချက်အရ သင်တန်းများ မည်မျှ တက်ခဲ့ပါစေ ပြောရဲ ဆိုရဲ သောသူ ရှားပါးလှပါသည်။ တစ်ခုတည်းသော အဖြေမှာ သင်ပြောရဲ ဆိုရဲ သော သူတစ်ဦးဖြစ်ရန်မှာ စ၍ ပြောပါ။ ပြောပါများလာလျှင် သင်သည် ပြောရဲ ဆိုရဲသော သူတစ်ဦး ဖြစ်လာမည်။ သင်တန်းများ၊ ကျောင်းများကို သာ အားကိုးပါက ဘယ်တော့မှ ပြောရဲ ဆိုရဲသောသူ မဖြစ်လာနိုင်ပါ။

 

 

(၄) သန့်ရှင်းသောဝိညာဉ်တော်နှင့် ခရစ်ယာန်သာသနာ

သမ္မာကျမ်းစာထဲတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ ဘိသိက်ပေး ခြင်း အကြောင်းကို ဖော်ပြတိုင်း ဧဝံဂေလိပြုခြင်းနှင့် အနာငြိမ်းစေခြင်းအမှု တိုနှင့်ပတ်သက်ပါသည်။

 

၁) သန့်ရှင်းသောဝိညာဉ်တော်နှင့် ယေရှုခရစ်တော်

ယေရှုခရစ်တော်၏ လောက အသက်တာ တစ်ခုလုံးသည် သန့်ရှင်း သော ဝိညာဉ်တော်၏ အုပ်စိုးမှုကို ခံယူပြီး ဘုရားသခင် ပေးအပ်သော တာဝန်လုပ်ငန်း အားလုံးကို ဘုရားသခင် အလိုတော်အတိုင်း ပြီးမြောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပါသည်။ ကိုယ်တော်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အုပ်စိုးမှုကို ခံယူသကဲ့သို ဧဝံဂေလိအမှုတော်ကို ထမ်းဆောင်သော ကျွန်ုပ်တို ယုံကြည်သူတိုသည်လည်း သခင် အသက်ရှင် သည့် လမ်းအတိုင်း အသက်ရှင် လုပ်ဆောင်ရန်မှာ အလွန်ပင် အရေးကြီး ပြီး မရှိမဖြစ်သောအရာ ဖြစ်ပါသည်။

 

က။ အပြစ်ကင်းစင်သောအသက်တာ (Spotless Life)

ယေရှုခရစ်တော်သည် ဘုရားသခင်ထံသို မိမိကိုယ်ကို အပြစ်ကင်း စင်သော အသက်တာဖြင့် ပူဇော် ဆက်ကပ်နိုင်ရခြင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ ကူညီမစမှုကြောင့် ဖြစ်သည်။ ဟေဗြဲသြဝါဒစာ ၉း၁၄တွင် ဖော်ပြထားသည်မှာ “အပြစ်ကင်းသော ကိုယ်တော်ကို ထာဝရဝိညာ တော်အားဖြင့် ဘုရားသခင့်ရှေ့၌ တင်လှူပူဇော်သော ခရစ်တော် ။ ဟူ၍ ဖော်ပြထားပါသည်။ ယေရှုခရစ်တော်သည် အခြားသော လူသားများ ကဲ့သိုစုံစမ်းခြင်းများကိုရင်ဆိုင်ရပါသော်လည်းဤစုံစမ်းခြင်းများကိုအောင် နိုင်ရခြင်းမှာသန့်ရှင်းသော ဝိညာဉ်တော်၏တန်ခိုးကြောင့်ဖြစ်သည်(ဟေဗြဲ ၄း၁၅)။ သန့်ရှင်းသော ဝိညာဉ်တော်၏ တန်ခိုးဖြင့် စုံစမ်းခြင်း အားလုံးကို ကိုယ်တော်အောင်နိုင်ခြင်းသည် ကျွန်ုပ်တိုကိုလည်း ထိုနည်းလမ်းအားဖြင့် အောင်နိုင်ကြောင်း လမ်းပြခဲ့ခြင်း ဖြစ်သည်။ ဖြူစင် ကောင်းမွန်သော အသက်တာကို ရရှိနိုင်သော လမ်းမှာ ဝိညာဉ်တော်၏ အကူအညီကို ရယူ ခြင်းမှ တစ်ပါး အခြားသော လမ်းမရှိပါ။

 

 

 

ခ။ သာသနာလုပ်ငန်းနှင့် ကိုက်ညီသော အသက်တာ (Fitted for Service)

ကိုယ်တော်သည် သန့်ရှင်းသော ဝိညာဉ်တော် ဘိသိက်ပေးခြင်း အားဖြင့် သာသနာလုပ်ငန်းနှင့် ကိုက်ညီသော အသက်တာကိုခံစား ရရှိ သည်။ တမန်တော်ဝတ္ထု ၁၀း၃၈ ၌ “ဘုရားသခင်သည် သန့်ရှင်းသော ဝိညာဉ်တော်နှင့်၎င်း၊ တန်ခိုးတော်နှင့်၎င်း၊ နာဇရက်မြိုသား ယေရှုကို ဘိ သိက်ပေးတော်မူသဖြင့် ထိုသူသည် ဘုရားသခင်၏ အခွင့်တော်နှင့် ကျေး ဇူးပြုလျက် မာရ်နတ်ညှဉ်းဆဲသော သူအပေါင်းတိုအား ချမ်းသာပေးလျက် လှည့်လည်တော်မူ၏”။

ရှင်လုကာ၏ ဖော်ပြချက်တွင်လည်း “ထာဝရဘုရား၏ ဝိညာဉ်တော် သည် ငါ့အပေါ်၌ တည်တော်မူ၏။ အကြောင်းမူကား၊ ဆင်းရဲသားတို့အား ဝမ်းမြောက်စရာ သီတင်းကို တင်းကို ကြားပြောစေခြင်းငှါ ငါ့ကို ဘိသိက်ပေးတော် မူပြီ။ ကြေမွသော သူတို၏ အနာကို ပျောက်စေခြင်းငှာ၎င်း၊ ဘမ်းသွားချုပ ထားလျက်ရှိသော သူတိုအား လွှတ်ခြင်းအကြောင်းနှင့် မျက်စိကန်းသော သူတို့အား မျက်စိပြန်မြင်ခြင်း အကြောင်းကို ပြစေခြင်းငှါ၎င်း၊ ညှဉ်းဆဲ ခံရသောာ သူတိုကို ကယ်မစေခြင်းငှာ၎င်း၊ ထာဝရဘုရား၏ မင်္ဂလာနှစ်ကာလကို  ကြားပြောစေခြင်းငှာ၎င်း၊ ငါ့ကို စေလွှတ်တော်မူပြီ” (လု ၄း၁၈- ၁၉)။

ဤကျမ်းပိုဒ်များ၏ ဖော်ပြချက်အရ ကျွန်ုပ်တို ရရှိသော သင်ခန်းစာ မှာ သခင်ယေရှုသည် သန့်ရှင်းသော ဝိညာဉ်တော် ဘိသိက်ပေးခြင်းအား ဖြင့် ဘုရားသခင် ပေးအပ်သော လုပ်ငန်းအားလုံးနှင့် ကိုက်ညီသော အ ရည်အသွေးကို ရရှိပါသည်။ ကျွန်ုပ်တိုဧဝံဂေလိ အမှုဆောင်တိုသည်လည်း သန့်ရှင်းသော ဝိညာဉ်တော်၏ ဘိသိက်ပေးခြင်းအားဖြင့်သာလျှင် လုပ်ဆောင်ရမည့်တာဝန်အားလုံးနှင့် ကိုက်ညီသောအသက်တာကိုရရှိနိုင်မည် ဖြစ်ပါသည်။

 

၈။ လမ်းပြပို့ဆောင်ခြင်း (Led by the Spirit)

ယေရှုခရစ်တော်ဘုရား ဤလောက၌ သွားလာ လှုပ်ရှားမှုအားလုံး သည် သန့်ရှင်းသော ဝိညာဉ်တော် ဘုရား၏ လမ်းပြ ပိုဆောင်မှု၌ တည် နေခဲ့ပါသည်။ ရှင်လုကာ ၄း၁ ၌ ဖော်ပြထားသည်မှာ “ယေရှုသည် သန့် ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်စုံလျက်၊ ယော်ဒန်မြစ်နားမှ ပြန်စဉ်တွင် ဝိညာဉ်တော်သည် တောသို ပိုဆောင်တော်မူ၏”။ ကိုယ်တော်သည် ဤလောက၌ အသက်ရှင်စဉ် လူသားများအား ပုံသက်သေပြလျက် အသက် တာကို လျှောက်လှမ်းခဲ့ပါသည်။ ကိုယ်တော်လှမ်းခဲ့သော ခြေလှမ်းအားလုံး သည် ဝိညာဉ်တော်၏ လမ်းပြမှုကို ခံယူခဲ့သည်။ ကိုယ်တော်ပြောသော စကား၊ လုပ်သော အလုပ်၊ သွားသောလမ်း အားလုံးတိုသည် ဘုရားသခင် ချမှတ်ထားသော ရည်ရွယ်ချက်သို တည့်တည့်မတ်မတ် လျှောက်လှမ်း နိုင်ခြင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ပိုဆောင်မှုကြောင့်ဖြစ်သည်။ ကိုယ်တော်၏ သွားလာ လှုပ်ရှားမှု အားလုံးသည် အမှားအယွင်း ကင် ရည်မှန်းချက် ရှိရာသို တည့်မတ်စွာ သွားနိုင်ခဲ့သည်။ ဧဝံဂေလိ အမှုတော်ဆောင် အားလုံးတို့သည်လည်း သွားလာ၊ ပြောဆိုလုပ်ကိုင်မှု ဘုရားသခင်၏ ရည်ရွယ်ချက်သို တည့်မတ်စွာ သွားနိုင်ရန် လူသား စွမ်းအားဖြင့် မလုပ်နိုင်ကြောင်း ဝန်ခံလျက် သန့်ရှင်းသော ဝိညာဉ် ပိုဆောင်ခြင်းကို တောင်းခံရန် လိုအပ်ပါသည်။

 

ဃ။ သွန်သင်ခြင်း (Taught by the Spirit)

ယေရှုခရစ်တော် ဤလောက၌ အသက်ရှင်စဉ်တွင် သန့်ရှင်းသော ဝိညာဉ်တော်သည် သူ၏ အပေါ်၌ ကျိန်းဝပ်နေ၏။ ထိုဝိညာဉ်သည် သူ့အား ဉာဏ်ကို ပေး၏။ ဓမ္မဟောင်းကျမ်းက သူ၏အကြောင်းကို ဖော်ပြရာ တွင် “ထာဝရဘုရား၏ ဝိညာဉ်တော်တည်းဟူသော ဉာဏ်ပညာကို ပေးသော ဝိညာဉ်၊ ကြံစည်တတ်စွမ်းနိုင်သော သတ္တိကို ပေးသော ဝိညာဉ်၊ ထာဝရဘုရားကို သိ၍ ကြောက်ရွံသော သဘောကို ပေးသော ဝိညာဉ် တော်သည် ထိုသူအပေါ်မှာ ကျိန်းဝပ်တော်မူလိမ့်မည်” (ဟေရှာ ၁၁း၂)။

ကိုယ်တော်၏ ပြောဆို သွန်သင်ခြင်း အားလုံးတိုသည် ဝိညာဉ်တော် က ပေးသော ဉာဏ်ပညာကြောင့် သာ ဖြစ်သည်။ ထူးခြား အံ့သြဘွယ် ကောင်းသော ဉာဏ်ပညာ အားလုံးကို ကိုယ်တော်သည် ဝိညာဉ်တော်ထံမှ ရသကဲ့သို အမှုတော်ဆောင်တိုသည်လည်း ဝိညာဉ်တော်ကို ကိုးစားခြင်း အားဖြင့်သာလျှင် သာသနာလုပ်ငန်းအတွက် လိုအပ်သော ဉာဏ်ပညာကို ရမည်ဖြစ်ပါသည်။

 

င။ ပြောဆိုရမည့်စကားများကိုပေးခြင်း (Jesus’ Words from the Holy Spirit)

သန့်ရှင်းသော ဝိညာဉ်တော်သည် ယေရှုခရစ်တော် ဘုရားအပေ။ တွင် ပြည့်ဝစွာ ကျိန်းဝပ်နေသော ကြောင့် သူပြောသော စကားတိုသည အဖဘုရားသခင် ကိုယ်တိုင်၏ စကားများ ဖြစ်သည်။ ယောဟန် ၃း၃၄ ဒီ ဖော်ပြထားသည်မှာ “ဘုရားသခင် စေလွှတ်တော်မူသော သူသည် ဘု သခင်၏ စကားတော်ကို ပြောဆိုတတ်၏။ ထိုသူအား ဘုရားသခင်သည် ဝိညာဉ်တော်ကို အတိုင်းအရှည်မရှိဘဲ ပေးတော်မူ၏”။

ဧဝံဂေလိအမှုတော်ကို ထမ်းဆောင်သောသူတိုသည်လည်းဝိညာဉ် တော်က သူတိုကို သုံးပြီး စကားပြောရန် အလွန် အရေးကြီးပါသည်။ ဤ သိသော စကားများသာလျှင် ထိရောက် အောင်မြင်သော စကားများ ဖြစ်သည်။

 

၅။ တမန်တော်များကို ရွေးကောက်ခြင်း (Apostles Chosen Through the Holy Spirit)

သခင်ယေရှုသည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် တမန်တော် များကို ရွေးကောက်တော်မူသည် (တ ၁း၁-၂)။ ကိုယ်တော်သည် သေ ခြင်းမှ ရှင်ပြန်ထမြောက်ပြီး နောက်ပိုင်းတွင်လည်း သန့်ရှင်းသော ဝိညာဉ် တော်အားဖြင့် တမန်တော်များကို အမှာစကားများကို မှာကြားတော်မူခဲ့ပါ သည်။ လုပ်သားများကို ရွေးချယ်ခြင်း အမှုသည် ဧဝံဂေလိလုပ်ငန်း အောင် မြင်မှုအတွက် အလွန်အရေးကြီးသော အရာ ဖြစ်သည်။ ကိုယ်တော်သည် မိမိ၏ သာသနာ လုပ်ငန်းများကို မစတင်မီ ပထမဦးဆုံး လုပ်ဆောင်သော အရာမှာလုပ်သားများကို ရွေးချယ်ခြင်း ဖြစ်သည်။ ကိုယ်တော်၏ လုပ်သား ရွေးချယ်ခြင်း အမှုသည် ဝိညာဉ်တော် လမ်းပြမှုကို အပြည့်အဝ ခံယူသော ကြောင့် ရွေးချယ်ခြင်း ခံရသောသူများသည် အရေအတွက် နည်းပါးသော် လည်း ကမ္ဘာကြီးကို မှောက်လှန် နိုင်စွမ်းသောသူများ ဖြစ်သည်။

 

ဆ။ အံ့သြဘွယ်ရာအမှုများ (Miracles Done through the Holy Spirit)

ယေရှုခရစ်တော် ဘုရားသည် အံ့သြဘွယ်ရာ အမှုအားလုံးကို လုပ် ရာတွင် သန့်ရှင်းသော ဝိညာဉ်တော်၏ တန်ခိုးအားဖြင့် လုပ်ဆောင်ခြင်း ဖြစ်သည်။ ရှင်မဿ၏ ဖော်ပြချက်အရ “ငါသည် ဘုရားသခင်၏ ဝိညာဉ် တော်ကို အမှီပြု၍ နတ်ဆိုးတိုကို နှင်ထုတ်သည် ..” (မ ၁၂း၂၈)။ အသင်းတော် သမိုင်းတွင် သာသနာပြု အချိုတိုသည် ဝိညာဉ်တော်၏ တန်ခိုးအားဖြင့် အံ့သြဘွယ်ရာများကို ပြုသကဲ့သို ခရစ်တော်သည် လည်း ဝိညာဉ်တော်၏ တန်ခိုးအားဖြင့် အံ့သြဘွယ် အမှုများကို ပြုခဲ့ပါသည်။

 

ဇ။ သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်း: (Resurrection through the Holy Spirit)

ယေရှုခရစ်တော်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ တန်ခိုး ဖြင့် သေခြင်းမှ ပြန်လည် ရှင်ပြန်ထမြောက်တော်မူ၏။ ကျွန်ုပ်တိုအထဲတ ကျိန်းဝပ်သော ထိုဝိညာဉ်သည်လည်း တစ်နေ့ ကျွန်တော်တိုကို သေခြင်း ပြန်လည် ရှင်ပြန် ထမြောက်စေမည်။ “ယေရှုကို သေခြင်းမှ ထမြောက်စေတော်မူသော ဘုရား၏ ဝိညာဉ်တော်သည် သင်တိုအထဲ၌ ကိန်းဝပ်တော် လျှင်၊ ခရစ်တော်ကိုသေခြင်းမှထမြောက်စေတော်မူသော ဘုရားသည်သင် တို အထဲ၌ ကျိန်းဝပ်သော မိမိ ဝိညာဉ်တော်အားဖြင့်၊ သေတတ်သော သင်တို၏ ကိုယ်ကာယကိုပင် ရှင်စေတော်မူမည်” (ရော ၈း၁၁)။

ယေရှုခရစ်တော်သည် လူဇာတိကို အပြည့်အဝ ခံယူပါသော်လည်း အပြစ်ကင်းပြီး လုံးဝ ပြည့်စုံသော လူသား တစ်ဦး ကဲ့သို အသက်ရှင်နိုင်ရ ခြင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်ကြောင့် ဖြစ်သည်။ ကျွန်ုပ်တို ဧဝံဂေလိ အမှုတော်ဆောင်များသည်လည်း အကောင်းဆုံးသော အမှုတော်ဆောင် တစ်ပါး ဖြစ်နိုင်ရန် ဝိညာဉ်တော်၏ အုပ်စိုးခြင်းမှ တစ်ပါး အခြားလမ်းမရှိပါ။

 

၂) သန့်ရှင်းသော ဝိညာဉ်တော်၏ ဘိသိက်ပေးမှုကို ရယူခြင်း

သန့်ရှင်းသော ဝိညာဉ်တော်၏ ဘိသိက်ပေးမှုကို ရရှိရန် မည်ကဲ့သို လုပ်ရမည်နည်း။ ဤမေးခွန်း၏ အဖြေမှာ ကျမ်းစာ၌ ဖော်ပြသည့်အတိုင်း ၊ လိုက်လျှောက် အသက်ရှင်ရန် ဖြစ်ပါသည်။

ယုံကြည်သူအားလုံးတိုသည် သန့်ရှင်းသောဝိညာဉ်တော်ကို ရရှိကြ သည်မှာ အမှန်ပင်ဖြစ်သည် (ရော ၈း၉)။ သိုသော် ယုံကြည်သူ အားလုံး တိုသည် သန့်ရှင်းသောဝိညာဉ်တော်၏ဘိသိက်ပေးခြင်းကို မရပါ။ ဝိညာဉ် ပေါင်းများစွာကို ရရှိသော R.A. Torreyကဤကဲ့သို ဆိုပါသည်။ ကျွန်ုပ်တို အထဲတွင် သန့်ရှင်းသော ဝိညာဉ်တော်ရှိခြင်းနှင့် ကျွန်ုပ်တိုအထဲ၌ ရှိသော သန့်ရှင်းသော ဝိညာဉ်တော် ကျွန်ုပ်တို့ကို လုံးဝပိုင်သအုပ်စိုးခြင်း သည် ကွဲပြားခြားနားသော အချက်ဖြစ်သည်။ (It is one thing to have the Holy Spirit dwell in us and something far different to have the Holy Spirit take complete possession of the one whom He inhabits).

ဧဝံဂေလိလုပ်ငန်းတွင်အထူးအောင်မြင်သူများသည်သန့်ရှင်းသောတော်၏ ဘိသိက်ပေးခြင်း သို့မဟုတ် လုံးဝ ပိုင်သအုပ်စိုးခြင်းကို ရိသောသူများ ဖြစ်သည်။ ဤကဲ့သိုသောသူ ဖြစ်ရန်မှာ R. A. Torrey, L. Moody and Charles Finney တို့ ကဲ့သို့သော ဝိညာဥ်များစွာကို ရရှိသော သူတော်စင်များ ကိုယ်တိုင် ယုံကြည်လုပ်ဆောင်ခဲ့ သော အရာများမှာ၊

 

 

က။ ယေရှုခရစ်တော်ကို ကယ်တင်ပိုင်ရှင်အဖြစ် လက်ခံခြင်း

သန့်ရှင်းသော ဝိညာဉ်တော်၏ ပိုင်သ အုပ်စိုးခြင်း၊ ဘိသိက်ပေးခြင်း ၊ ကို ရရှိရန် ပထမအချက်မှာ သခင်ယေရှုကို ကယ်တင်ပိုင်ရှင်အဖြစ် လက်ခံ ယုံကြည်ခြင်း ဖြစ်ပါသည်။ တမန်တော်ဝတ္ထု ၂း၃၈၌ ဖော်ပြထားသည်မှာ၊ “သင်တို၏အပြစ်လွတ်စေခြင်း နောင်တရ၍တယောက်မျှ မကြွင်းယေရှု ခရစ်၏နာမ၌ ဗတ္တိဇံကိုခံကြလော့။ သိုပြုလျှင် သန့်ရှင်းသောဝိညာဉ်တော် တည်းဟူသော ဆုကျေးဇူးတော်ကို ခံရကြလိမ့်မည်။”

ဤကျမ်းပိုဒ်၌ အရေးကြီးသောစကားမှာ နောင်တရခြင်း ဖြစ်သည်။ နောင်တရခြင်းသည် စိတ်ထား ပြောင်းလဲခြင်း ဖြစ်သည်။ မည်သည့်စိတ် ထားကို ပြောင်းလဲရမည်နည်း။ ပြောင်းလဲရမည်မှာ ဘုရားသခင်အပေါ် သင်၏ စိတ်ထား၊ သခင်ယေရှုအပေါ် သင်၏ စိတ်ထားနှင့် အပြစ်အပေါ် သင်၏ စိတ်ထားများကို ပြောင်းရန် ဖြစ်သည်။

ယေရှုခရစ်တော်ကို လက်ခံခြင်းဆိုသည်မှာ ကျွန်ုပ်တို၏ အပြစ်ကို ကိုယ်တော်သည် ကားတိုင်ပေါ်မှာ ကျွန်ုပ်တို၏ ကိုယ်စားခံခဲ့ခြင်းနှင့် ဘုရား သခင်သည် ကျွန်ုပ်တို၏ အပြစ်ကို ယေရှုခရစ် အသေခံခြင်းအားဖြင့် အပြစ်လွှတ်ခြင်း ဖြစ်သည်။ နောင်တရခြင်းမှာ မကောင်းမှုမှန်သမျှကို ရှောင်ရှားပြီး ကျောခိုင်းလိုက်ခြင်း ဖြစ်သည်။

 

ခ။ အပြစ်ကိုစွန့်လွတ်ခြင်း (Renunciation of Sin)

သန့်ရှင်းသော ဝိညာဉ်တော် ပိုင်သအုပ်စိုးခြင်း၊ ဘိသိက်ပေးခြင်း ကို ပိုဆောင်သော ဒုတိယလမ်းမှာ အပြစ်ဟူသမျှကို စွန့်လွှတ်ခြင်း ဖြစ် သည်။ သန်ရှင်းသော ဝိညာဉ်တော်သည် သန့်ရှင်းသော ဝိညာဉ် ဖြစ်သော .ကြောင့် မိမိနှင့် အပြစ်ကို အတူတူ လက်ခံထား၍ မရပါ။ မသန့်ရှင်း အပြစ်နှင့်သန့်ရှင်းသောဝိညာဉ် တစ်ခုခုကိုကျွန်ုပ်တိုရွေးချယ်ရမည်။ နှစ်ခု စလုံးကို လက်ခံ၍ မရပါ။ အပြစ်ကို မစွန့်လွှတ်သော သူသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဘိသိက်ကို မရနိုင်ပါ။ အပြစ်တစ်ခုခုကို စွဲကိုင် လျှင် ဝိညာဉ်တော်၏ ကောင်းချီးမင်္ဂလာ တံခါးကို ပိတ်ထားခြင်း ဖြစ်သည်။

တစ်ခါတရံကျွန်ုပ်တိုသည် တစ်ချိုသော အပြစ်များကို သေး သော အပြစ်ဟု ခေါ်တတ်ကြသည်။ အပြစ်ဟု ဆိုသည်နှင့် သေးငယ်သော အပြစ်သည် မရှိပါ။ ပြုလေသမျှသော ကျွန်ုပ်တို၏ အပြစ်သည် ဘုရား သခင်ကို ပုန်ကန် ဆန့်ကျင်သော လုပ်ရပ် ဖြစ်သည်။ သေးငယ်သောက် အပြစ်ကလေးကိုတော့ ငါမစွန့်လွှတ် ဘူးဟု ယူဆပါက သန့်ရှင်းသော ဝိညာဉ်တော်၏ ကောင်းချီးတံခါးကို ပိတ်လိုက်ခြင်း ဖြစ်သည်။ ဤကောင်း၊ ချီးမင်္ဂလာကို အလိုရှိပါက ကျွန်တော်တို၏ စိတ်ထဲတွင် အပြစ်ဟု မြင်လေ သမျှသော အရာများကိုစွန့်ပစ်ရမည် ဖြစ်သည်။ ဘုရားသခင်ထံသို ချဉ်း ကပ်သည့်အခါတိုင်း သင်နှင့်ဘုရားသခင်ကြားမှာ တစ်ခုခု ကြားခံနေသည် ဟု ခံစား သိရှိရသည့် အရာအားလုံးကို ရှင်းပစ်မှသာလျှင် ဤကောင်းချီး ကို ခံစားရမည်ဖြစ်ပါသည်။

 

ဂ။ ခရစ်တော်ကို လူသိရှင်ကြားဝန်ခံခြင်း (Open Confession)

သန့်ရှင်းသော ဝိညာဉ်တော်၏ ဘိသိက်ပေးခြင်းသို ပိုဆောင်သော တတိယလမ်းမှာလူသိရှင်ကြား အပြစ်ကို ဝန်ခံခြင်းနှင့် ခရစ်တော်ကို လူသိ ရှင်ကြား လက်ခံခြင်း ဖြစ်သည်။ ရှင်ပေတရုသည် သူ့၏ တရားနာပရိသတ် များကို နောင်တရရန် ပြောပြီးသည်နောက် သူတိုကို ထပ်၍ ပြောသော နောက်အရာ တစ်ခုမှာ၊ “ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ နာမ၌ ဗတ္တိဇံကို ပေးကြလော့” (မ ၂၈း၁၉)။ ဗတ္တိဇံ ခံယူခြင်းသည် ဘုရားသခင် စီရင်တော်မူသော အပြစ် ဝန်ခံခြင်းအားဖြင့် နောင်တရခြင်း ဖြစ်သည်။ စိတ်နှလုံးထဲ၌သာ နောင်တရခြင်းသည် မလုံလောက်ပါ။ နောင်တရခြင်းနှင့် ဆိုင်သော ဗတ္တိဇံ မင်္ဂလာကို လူသိရှင်ကြား ဝန်ခံရန် ဖြစ်သည်။ လျှိဝှက် တပည့်တော် မဟုတ်ဘဲ လူသိရှင်ကြား ဝန်ခံသော တပည့်တော် ဖြစ်ရမည်။

 

၂။ ဘုရားသခင်ထံသို့ မိမိကိုယ်ကို လုံးဝအပ်နှံခြင်း (Absolute Surrender to God)

သန့်ရှင်းသော ဝိညာဉ်တော်၏ ကောင်းချီးမင်္ဂလာကို လက်ခံရရှိရန် စတုတ္ထအချက်မှာ မိမိကိုယ်ကို လုံးဝအပ်နှံခြင်း ဖြစ်သည်။ တမန်တော် ဝတ္ထု၌ တွေ့ရှိသော အချက်တခုမှာ၊ “ဘုရားသခင်၏ စကားကို နားထောင် သောသူတိုအားပေးသနားတော်မူသောသန့်ရှင်းသောဝိညာဉ်တော်သည်လည်း သက်သေခံ ဖြစ်တော်မူသည်”(တ ၅း၃၂)။ ဤကျမ်းပိုဒ်၌ နားထောင်ခြင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ကောင်းချီးကို တံခါးဖွင့် ပေးသည်။

ဤနားထောင်ခြင်းသည် တစ်ခု သိုမဟုတ် နှစ်ခု သိုမဟုတ်သုံးခုထောင်ခြင်း မဟုတ်ပါ။ အရာ အားလုံးကို နားထောင်ခြင်း ဖြစ်သည်။ နားထောင်ခြင်း၏ အနှစ်မှာ လုံးဝ အပ်နှံခြင်း ဖြစ်သည်။ ဤအချက်သည် ဦးကိုယ်ကို မိမိမပိုင်၊ ကိုယ်တော်သာလျှင် ပိုင်ပြီး ကိုယ်တော်၏အလိုအ တိုင်း လိုက်လျှောက်ခြင်း ဖြစ်သည်။ ဤအချက် သည် ဝိညာဉ်တော် ဘိသိက်ပေးခြင်းရရှိရန် အဆုံးအဖြတ်ပေးသောအချက် ဖြစ်သည်။

 

င။ ကြီးစွာသော လိုအင် ဆန္ဒရှိခြင်း (An Intense Desire)

သန့်ရှင်းသော ဝိညာဉ်တော်၏ ဘိသိက်ကို ရရှိရန် ပဉ္စမလမ်းမှာ ကြီးစွာသောလိုအင် ဆန္ဒရှိခြင်း ဖြစ်သည်။ ယေရှုပြောခဲ့သည်မှာ၊ “ရေငတ် သောသူရှိလျှင်ငါ့ထံသိုလာ၍သောက်လော့။ ငါ့ကိုယုံကြည်သော သူသည် ကျမ်းစာလာသည်အတိုင်း အသက် ရေထွက်ရာ စမ်းရေတွင်း ဖြစ်လိမ့်မည် ဟု မိန့်တော်မူ၏။ ထိုသို မိန့်တော်မူသော်၊ ယုံကြည်သော သူတိုသည် ခံရလတံ့သော ဝိညာဉ်တော်ကို ရည်မှတ်၍ မိန့်တော်မူ၏” (ယော ၇း၃ရ -၃၉)။

ရေကို ငတ်သောသူ တစ်ဦးကဲ့သို သန့်ရှင်းသော ဝိညာဉ်တော်ကို ဆာငတ်ခြင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဘိသိက်ကိုရရှိရန် အ ရေးကြီးသော အခြေအနေ တစ်ရပ် ဖြစ်သည်။ ရေကို အလွန်ငတ်သော သူ တစ်ဦးသည် အခြား ဘာကိုမှ မတောင့်တပါ။ သူ၏ ခန္ဓာစိတ် အလုံးစုံ၏ တောင့်တမှုမှာ ရေ၊ ရေ၊ ရေသာလျှင် ဖြစ်ပါသည်။ ထိုသို တောင့်တပါက လိုအပ်သောရေကို ရမည် ဖြစ်ပါသည်။ ဧဝံဂေလိ သာသနာဆောင်ရွက်သော လူတစ်ဦးအတွက်လည်း မိမိ၏ ဆာငတ်ခြင်းမှာ ဝိညာဥ်တော်၊ ဝိညာဉ်တော်၊ ဝိညာဉ်တော် ဖြစ်မည် ဆိုပါက သူတောင့်တသော အရာကို ရမည် ဖြစ်ပါသည်။ ဤဝိညာဉ်၏ ဘိသိက်ပေးခြင်းကို ရရှိပါ လုပ်ငန်း အားလုံး အောင်မြင်မည်မှာ သေချာပါသည်။

 

စ။ တိကျသော ဆုတောင်းခြင်း (Definite Prayer)

သန့်ရှင်းသော ဝိညာဉ်တော်၏ ဘိသိက်ကို ရရှိရန် ဆဌမ အ တိကျစွာ ဆုတောင်းခြင်း ဖြစ်သည်။ ယေရှုက၊ “သင်တိုသည် မှာ လျက်ပင် ကိုယ်သားတိုအား ကောင်းသော အရာကို ပေးတတ်လပ် မက ကောင်းကင် ဘုံ၌ ရှိတော်မူသော သင်တို အဘသည် ဆုတောင်း သူတိုအား သန့်ရှင်းသော ဝိညာဉ်တော်ကို သာ၍ ပေးတော်မူမည် မဟုတ် လောဟု မိန့်တော်မူ၏” (လု ၁၁း၁၃)။

ဤကျမ်းပိုဒ်သည် အလွန်ရှင်းပါသည်။ သခင်ယေရှု၏ သွန်သင် ချက်မှာ၊ သန့်ရှင်းသော ဝိညာဉ်တော်ကို တိကျစွာ တောင်းသောသူတိုအား ပေးတော်မူကြောင်း ပေါ်လွင်ပါသည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ယုံကြည်သူ အားလုံးအထဲ၌ ရှိသည်မှာ မှန်ပါ၏။ သို့သော် သူ၏ အုပ်စိုးမှု ကိုမူ ယုံကြည်သူ တစ်ဦးစီ၏ ဆန္ဒနှင့် တောင့်တမှု အပေါ်မှာ တည်နေပါသည်  (R. A. Torrey m Why pray for what we already have? To this, the very simple answer is that it is one thing to have the Holy Spirit dwelling way out of consciousness in some hidden sanctuary of the being and something quite different, and vastly more, to have Him take possession of the whole house that He inhibits)

ကျွန်ုပ်တို့ ယုံကြည်သူ အားလုံးအထဲ၌ သန့်ရှင်းသော ဝိညာဉ်တော် ၊ ကိန်းအောင်း နေထိုင်သည်မှာ မှန်ကန်ပါ၏။ သိုသော် ကျွန်ုပ်တိုကို လုံးဝ ပိုင်သ အုပ်စိုးခြင်း အမှုသည် ကျွန်ုပ်တို တစ်ဦးစီ၏ ပြင်းပြသော လိုအင်ဆန္ဒ ဖြင့် ဆုတောင်း ဖိတ်ခေါ်ခြင်း အပေါ်မှာတည်နေပါသည်။ ထိုကြောင့် ယေရှု က၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တိုအဘသည် ဆုတောင်း သူတိုအား သန့်ရှင်းသော ဝိညာဉ်တော်ကို သာ၍ ပေးတော်မူမည် မဟုတ် လောဟု မိန့်တော်မူ၏ (လု ၁၁း၁၃)။

 

ဆ။ ရိုးစင်းသော ယုံကြည်ခြင်း (Simple Faith)

သန့်ရှင်းသော ဝိညာဉ်တော်၏ ဘိသိက်ကို ရရှိနိုင်ရန် သတ္တမနှင့် နောက်ဆုံးသော အချက်မှာ ယုံကြည်ခြင်း ဖြစ်သည်။ သခင်ယေရှု၏ကတိ တော်မှာ၊ “သင်တိုသည် ဆုကျေးဇူးကို ရမည်ဟု ယုံကြည်သော စိတ်နှင့် ဆုတောင်းသမျှတိုကို ရကြလိမ့်မည်” (မာ ၁၁း၂၄)။ ဘုရားသခင်၏ ကတိတော်တိုသည် မည်မျှပင် တိကျပါစေ၊ ဤကတိတော်တိုကို ကျွန်ုပ်တို ယုံကြည်ခြင်းဖြင့်သာ လက်ခံရရှိမည် ဖြစ်သည်။ ယုံကြည်ခြင်းသည် ကျွန်ုပ် တို၏ လိုလားတောင့်တသော အရာအားလုံးကို ပြည့်စုံစေနိုင်သည်။ ကျွန်ုပ် တို တောင်းလေသမျှသော အရာများ ပြည့်စုံလာစေရန် ယုံကြည်ခြင်းသည် အဓိကကျသော အရာ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော် ဘိသိက် ပေးခြင်းသည်လည်း ယုံကြည်ခြင်းဖြင့်သာ ပြည့်စုံနိုင်ပါသည်။

သန့်ရှင်းသော ဝိညာဉ်တော်၏ ဘိသိက်သည် သမ္မာကျမ်းစာတွင် သော်လည်းကောင်း၊ အသင်းတော်သမိုင်းတွင် သော်လည်းကောင်း၊ ဝိ ညာဉ် ကယ်တင်ခြင်း အမှု၌ မရှိမဖြစ် လိုအပ်သော အရာဖြစ်ကြောင်း အ လွန် ထင်ရှားပါသည်။ အသက်ဝိညာဉ်များစွာကို ဘုရားသခင်ထံသို ပို့ဆောင်နိုင်သော သူတော်စင် အားလုံးတို့၏ အသက်တာကို ကြည့်လျှင် သန့်ရှင်းသော ဝိညာဉ်တော်၏ ဘိသိက်ကို ရရှိသောသူများ ဖြစ်သည်။ ဝိညာဉ် ကယ်တင်ခြင်း အမှုသည် သဘာဝကို ကျော်လွန်သော အမှု ဖြစ်သောကြောင့် သဘာဝကို ကျော်လွန်သော တန်ခိုးကို မရပါက လူသားများ အနေဖြင့် မည်သိုမျှ အောင်မြင်စွာ မစွမ်းဆောင်နိုင်ပါ။

 

(၅) မည်ကဲ့သို သက်သေခံမည်နည်း။

ဧဝံဂေလိ ဟောကြားခြင်းအမှုတွင် နာခံ လိုက်လျှောက်ရမည့် အ ကြောင်းရင်းများကို ကျွန်ုပ်တို့ ဧဝံဂေလိ အမှုတော်ဆောင်များ သတိပြုရန် လိုအပ်ပါသည်။

 

က။ မိတ်သဟာယဖွဲခြင်း (Fellowship)

စီးပွားရေး၊ ဘာသာရေး၊ နိုင်ငံရေးစသည်တိုကိုလုပ်ဆောင်သောသူ အားလုံးတိုသည် မိမိတို့၏ လုပ်ငန်းများ တိုးတက် ကြီးပွားလာစေရန် လူမှုဆက်ဆံရေးသည် အလွန်ပင် အဓိကကျသော အရာဖြစ်သည်။ ဆရာ John C. Maxwell က လုပ်ငန်း ဆောင်တာ အောင်မြင် တိုးတက်ဖိုရန် အတွက် လူမှု ဆက်ဆံရေးသည် အရေးကြီးဆုံးသော အရာဖြစ်သည်။ ဤသိုဆိုခြင်းသည် စကားချဲ့ထွင်ပြီး ပြောခြင်း မဟုတ်ပါ။

ရှင်လုကာ ၅း၂၇-၃၂ တွင် သခင်ယေရှု၏ အပြစ်သားတိုနှင့် ပေါင်း သင်းစားသောက်နေထိုင်ခြင်းကို ဖာရိရှဲတိုမြင်တွေ့သောအခါသူ့ကိုအပြစ် တင်ကြပါသည်။ ။

လေဝိသည် ကိုယ်တော်အဘို အလိုငှါ မိမိအိမ်၌ ကြီးစွာသော ပွဲကို ခံ၍၊ အခွန်ခံသောသူများနှင့် အခြားသောသူ အပေါင်းတိုသည် ကိုယ်တော် မှစ၍ တပည့်တော်တိုနှင့်တကွ စားပွဲ၌ လျောင်းကြ၏။ ကျမ်းပြုဆရာနှင့် ဖာရိရှဲတိုက သင်တိုသည် အခွန်ခံသောသူ၊ ဆိုးသောသူတိုနှင့်အတူ အ ဘယ်ကြောင့် စားသောက်ကြသနည်းဟု တပည့်တော်တိုကို ကဲ့ရဲ့အပြစ် တင်ကြ၏။ ယေရှုကလည်း “ကျန်းမာသော သူတိုသည် ဆေးသမားကို အလိုမရှိကြ၊ နာသောသူတိုသာလျှင် အလိုရှိကြ၏။ ဖြောင့်မတ်သော သူ တိုကို နောင်တသို့ခေါ်ခြင်းငှါ ငါလာသည် မဟုတ်။ ဆိုးသော သူတိုကို ခေါ် ခြင်းငှါ၊ ငါလာသတည်းဟု မိန့်တော်မူ၏” (လု ၅း၂၉-၃၂)။

ဤကျမ်းပိုဒ်တွင် ကိုယ်တော်၏ လူဆိုး၊ အပြစ်သားတိုအပေါ် ထားရှိ သော သူ၏ စိတ်ထားကို ပေါ်လွင်စေပါသည်။ ကိုယ်တော် တစ်ပါးတည်း သာ မဟုတ်ဘဲ တပည့်တော်တို့သည်လည်း ထိုစားပွဲတွင် ပါဝင်ကြသည်။ ဤသိုပြုခြင်းအားဖြင့် တပည့်များကိုလည်း နောင်တွင် ဤပုံစံကို ယူပြီး လူဆိုး၊ လူမိုက်အပြစ်သားတိုနှင့် ရင်းနှီးခင်မင်စွာမိတ်ဖွဲလျက်သာသနာပြု သွားရန် လမ်းပြခြင်း ဖြစ်သည်။ လူနေမှု အဆင့်အတန်း၊ စီးပွားရေး အဆင့် အတန်း၊ ပညာရေး အဆင့်အတန်းနှင့် လူမျိုးရေး အဆင့်အတန်း ခွဲခြားပြီး ပေါင်းသင်းပါက ဧဝံဂေလိလုပ်ငန်း အောင်မြင်မည်မဟုတ်ပါ။ ဆရာ Dr. J. Robert Clinton က သာသနာ လုပ်ငန်းသည် ပေါင်းသင်း ဆက် ဆံခြင်း ဖြစ်သည် (Ministry is relationship) ဟု ပြောပါသည်။ လူမှု ဆက်ဆံရေး ကောင်းလျှင် အောင်မြင်မည်။ မကောင်းလျှင် ကျရှုးမည်။ သွားသည့် နေရာတိုင်းတွင် ရန်ဖြစ် စကားများ တတ်သော သူသည် ဂေလိလုပ်ငန်းကို အောင်မြင်အောင် လုပ်ဆောင်နိုင်မည် မဟုတ်ပေ။

 

ခ။ ပြစ်တင်ဝေဖန်မှုကို ရှောင်ရှားခြင်း (Don’t Condemn)

ယာကုပ်၏ ရေတွင်း၌ ရေလာခပ်သော ရှမာရိ အမျိုးသမီးနှင့် သခင် ယေရှုတို၏ တွေ့ဆုံမှုတွင် ကိုယ် တော်သည် ထိုအမျိုးသမီးအကြောင်းကို အကုန်အစင် သိသော်လည်း ပြစ်တင် ဝေဖန်ခြင်း မပြုခဲ့ပေ(ယော ၄)။

ရှင်ယောဟန် ၈ တွင်မှားယွင်းခြင်းအမှုကိုပြုမိခဲ့သောအမျိုးသမီးကို ကိုယ်တော် ပြစ်တင်စကားများ၊ စိတ်နာစေသော စကားများကို တစ်ခွန်းမှ မပြောခဲ့ပေ။

ရှင်လုကာ ၅း ၂၉-၃၂ တွင် ယေရှုသခင်သည် အပြစ်သားများနှင့် အတူ စားသောက် မိတ်ဖွဲခဲ့ပါသည်။ ဤကျမ်းပိုဒ်တွင်လည်း အပြစ်သား များကို ပြစ်တင် ဝေဖန်ခြင်းမရှိသည် သာမက ထိုသူများ အပေါ် သနား ခြင်း၊ မေတ္တာရှိခြင်း၊ တန်ဘိုးထားခြင်း၊ ကယ်တင်မစလိုခြင်း ဟူသော စိတ်နေသဘောထားများ ထင်ရှားစွာ ပေါ်လွင်ပါသည်။

လူအများစုတိုသည် ပြစ်တင်ဝေဖန်ခြင်းကို လျင်မြန်စွာပြု တတ်ကြ သည်။ တစ်ဦးနှင့်တစ်ဦး ဆုံတွေ့လျှင် သူတစ်ပါး မကောင်းကြောင်းကို အမြဲ ပြောလေ့ ရှိသူ များစွာ ရှိပါသည်။ ပြစ်တင်ခြင်း၊ ဝေဖန်ခြင်း၊ ရှုတ်ချ ခြင်းနှင့်ဆိုင်သောစကားများသည် စာတန်အတွက်အားဆေးများဖြစ်သည် ဟု သာသနာပြု အများစုက ခံယူကြပါသည်။ စာတန်သည် ဤကဲ့သိုသော စကားများကို နှစ်သက်သောကြောင့် ကျွန်ုပ်တို သာသနာပြုများ အနေဖြင့် ထိုစကားများကို သတိထား ရှောင်ရှားရန် လိုပါသည်။

ဆရာကြီးCharles Trumbullက“လူတိုင်းမှာအနည်းဆုံးကောင်း တဲ့ အရာတစ်ခုတော့ ရှိတယ်ဆိုတာ သေချာပါသည်” ဟု ဖော်ပြခဲ့ပါ သည်။ အကောင်းမြင်ဝါဒရှိသော အသင်းအုပ်ဆရာများ၏ ပြုစုပျိုးထောင် မှုကြောင့် အလွန်ပင် ဆိုးဝါးသော အသင်းသားများစွာတိုသည် တန်ဘိုး မဆုံးဖြတ်နိုင်သော သင်းထောက်ကြီးများ ဖြစ်လာကြပါသည်။ ကိုယ်ပြုသော အပြစ်ကို ကိုယ်မလုပ်ပါဟု ငြင်းခြင်းအားဖြင့် ကိုယ်အပြစ်ကို နှစ်ဆ လုပ်မိသကဲ့သို အပြစ်သားများကို ထပ်မံ အပြစ်တင်ခြင်းသည် ထိုသူကို အပြစ် နှစ်ဆ တိုးစေပါသည်။

 

ဂ။ ယေရှုခရစ်တော်၏ အကြောင်းသက်သေခံခြင်း ၊

၁) ‌‌ယေရှုခရစ်တော်၏ ဘုရားဖြစ်ခြင်း (The Divinity of Jesus Christ)

ခရစ်တော်သည် ဘုရား အစစ်အမှန် ဖြစ်သည်။ ကိုယ်တော်သည် ဘုရားအစစ်အမှန်ဖြစ်သည်ကို သမ္မာကျမ်းညွှန်းများစွာရှိပါသည်။ သို ၎င်းတို့အထဲတွင် အရှင်းလင်းဆုံးသော ကျမ်းပိုဒ်များမှာ၊ ယော ၅း၁၈ ၊ယော ၁၀း၁ဝ-၃ဝ၊ ယော ၁၄း၉ တိုဖြစ်သည်။ –

 ရှင်ယောဟန် ၁၈တွင် “ဘုရားသခင်ကို မိမိအဘဟုခေါ်၍ မိမိတို ဘုရားသခင်နှင့် ပြိုင်နှိင်းတော်မူ …၏”။

ရှင်ယောဟန် ၁၄၉ “ငါသည် သင်တိုနှင့်အတူ ရှိပြီးမှ သင်တိုသည် ငါ့ကို မသိသေးသလော။ ငါ့ကိုမြင် သောသူသည် ခမည်းတော်ကို မြင်၏” သခင်ယေရှု ထိုစကားကို သုံးပြီး မိမိသည် ဘုရား ဖြစ်ကြောင်း ဟူသော စကားသည် ကြားနာရသော သူများ လက်ခံနိုင်သည့် အကောင်းဆုံးစကား ဖြစ်သည်။ ကျွန်ုပ်တို ကိုယ်တော်ကို သိသည့်ပုံစံဖြင့် ကိုယ့်သဘောနှင့် ကိုယ်ပြောပါက မယုံကြည်သောသူ လက်ခံနိုင်မည် မဟုတ်ပါ။

ယေရှုခရစ်တော်သည် ဖန်ဆင်းရှင်ဖြစ်သည်။ သမ္မာကျမ်းစာ၏ဖော် ပြချက်အရ အရာခပ်သိမ်းတိုသည် သူအားဖြင့် ဖြစ်တည်ကြပါသည်။ ရှင်ယောဟန်ခရစ်ဝင်ကျမ်း၌ နှုတ်ကပတ်တော်သည် ဘုရားဖြစ်ပြီး ထိုဘုရား သည်ယေရှုခရစ်တော်ဖြစ်သည်။ ကိုယ်တော်သည် ခပ်သိမ်းသောအရာ တိုကို ဖန်ဆင်းတော်မူ၏။

ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတိုကို ဖန်ဆင်းတော် မူ၏။ ဖန်ဆင်းတော်မူခြင်းနှင့် ကင်းလွတ်လျက်ဖြစ်သောအရာတစ်စုံတစ်ခု မျှမရှိ (ယော ၁း၃)။

ထိုသူသည်ဤလောက၌ရှိတော်မူပြီ။ ဤလောကကိုလည်းဖန်ဆင်း တော်မူပြီ။ သိုသော်ဤလောကသည် ထိုသူကိုမသိ (ယော ၁း၁၀)။

သာသနာပလူတိုအားပြောရသောစကားဟူမူကား၊ ကောင်းကင်နှင့် မြေကြီးကို မဖန်ဆင်းသော ဘုရားတို့သည် ဤကောင်းကင်အောက်၊ ၊ မြေကြီးပြင်မှ ကွယ်ပျောက်ကြလိမ့်မည် (ယေရမိ ၁၀း၁၁)။

 

 

 

 

၂) ယေရှုခရစ်တော် သေခြင်း အကြောင်းရင်းနှင့် အဓိပ္ပါယ် (The Fact and Meaning of His Death)

ခရစ်တော်ဘုရား သေခြင်း အကြောင်းကို ခရစ်ဝင်ကျမ်း လေးကျမ်း လုံး၌ ဖော်ပြထားပါသည်။ ရှင်မဿဲ ၂၆း၁၈ တွင် ကိုယ်တော်၏ သေရခြင်း အကြောင်းရင်းကို ရှင်းလင်းစွာ ဖော်ပြသည်မှာ၊ “လူများတို၏ အပြစ်ကို ပတ်စေခြင်း” အတွက်ကြောင့် ဖြစ်၏။ သခင်ယေရှု၏ တပည့်တော်ဖြစ် သော ပေတရုက “ငါတိုကို ဘုရားသခင် အထံတော်သို ပိုဆောင်ခြင်းငှါ။ ဖြောင့်မတ်တော်မူသောသူသည်မဖြောင့်မတ်သောသူတိုအတွက်၊ ဒုစရိုက် အပြစ်များ ခံတော်မူ၏” (၁ပေ ၃၁၈)။ ယေရှုခရစ်တော်သည် ကျွန်ုပ်တို ၏ အပြစ်များကြောင့် ကျွန်ုပ်တို သေရမည့်နေရာတွင် အသေခံခဲ့သည်။ ဤကဲ့သို ပြုခြင်းအားဖြင့် ကျွန်ုပ်တိုနှင့် ဘုရားသခင်အကြား လွတ်လပ် သော မိတ်သဟာယဖွဲ့မှုကို ပြန်လည် ရရှိစေပါသည်။ လူသားတို့ကို ဘုရား သခင်နှင့် ကွဲကွာစေသော အဓိက ရောဂါ ပြသနာမှာအပြစ် ဖြစ်သည်။

 

၃) ယေရှုခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်း အကြောင်းရင်းနှင့် အဓိပ္ပါယ် (The Fact and Meaning of His Resurrection)

ယေရှုခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်း အကြောင်းကို ခရစ်ဝင် ကျမ်းအားလုံးတွင်ဖော်ပြ ထားပါသည်။ သူ၏ရှင်ပြန်ထမြောက်ခြင်းကြောင့် သူသည် ဘုရားဖြစ်ကြောင်း ခိုင်မာမှန်ကန်သောသက်သေ ဖြစ်သည်။ ဤအကြောင်းရင်းသည် ကနဦး ခရစ်ယာန်တို့ကို နိုးကြား ထကြွစေသော တစ်ခုတည်းသော အကြောင်းရင်း ဖြစ်သည်။

ခရစ်တော်ဘုရား ရှင်ပြန်ထမြောက်ကြောင်း များစွာသော သူတို၏ သက်သေခံချက်များမှာ

(က) မာရိအား မိမိကိုယ်ကို ဖော်ပြခြင်း(ယော၂၀း၁၆-၁ရ။

(ခ) အမျိုးသမီးများအား မိမိကိုယ်ကို ဖော်ပြခြင်း(မာ ၁၆း၁-၃)။

(ဂ) ပေတရုအား မိမိကိုယ်ကိုဖော်ပြခြင်း (မာ ၁၆းရ၊ လုကာ ၂၄း၃၄)။

(ဃ) တပည့်တော်များအား ဧမောက်လမ်း၌ မိမိကိုယ်ကို ဖော်ပြခြင်း (လု ၂၄း၁၆)။

(င) တပည့်တော် ၁၁ ပါးအား မိမိကိုယ်ကို ပြခြင်း  (လု ၂၄း၃၃၊ တ ၁း၂၃-၂၆)။

(စ) တပည့်များနှင့် သောမအား မိမိကိုယ်ကိုပြခြင်း (ယော ၂၀း၂၅-၂၈)။

(ဆ) တိဗေရိအိုင်နား၌ တပည့်တော်တို့အား မိမိကိုယ်ကိုပြခြင်း (ယော ၂၁း၁)။

(ဇ) လူငါးရာအား မိမိကိုယ်ကို ပြခြင်း (၁ကော ၁၅း၆)။

(ဈ) ကောင်းကင်သို့ တက်သွားသောအချိန်တွင် တပည့်တော် ၁၂ပါးအား မိမိကိုယ်ကိုပြခြင်း(လု ၃၆-၅၁)။

ဘုရားမှန်လျှင် သေခြင်းကို အောင်ရမည် ဖြစ်သည်။ သေခြင်းမာန် ကို အောင်နိုင်ခြင်းသည် ကိုယ်တော်၏ ဘုရားစစ် ဘုရားမှန် ဖြစ်ခြင်း၏ အဓိက သက်သေ ဖြစ်သည်။

 

ဃ။ ‌ယေရှုခရစ်တော်၏ လူသားဘဝ (The Humanity of Jesus Christ)

ကယ်တင်ရှင်ဖြစ်ရန် သခင်ယေရှုသည် ဘုရားစင်စစ်ဖြစ်ရုံ သာမက လူသားစင်စစ် ဖြစ်ရမည်။ အပြစ် ကင်းခြင်းမှအပ သူသည် ကျွန်တော်တို အားလုံးကဲ့သို လူသား အစစ် ဖြစ်သည်။

“ဘုရားသခင် တစ်ဆူတည်း ရှိတော်မူ၏။ ဘုရားသခင်နှင့် လူတို၏ စပ်ကြားမှာ၊ လူဖြစ်သော ယေရှုခရစ်တည်းဟူသော အာမခံ တစ်ဦးတည်း ရှိ၏” (၁တိ ၂း၅)။

“လူ့ဇာတိအားဖြင့် ကြွလာတော်မူသောယေရှုခရစ်ကို ဝန်မခံသော ဝိညာဉ် မည်သည်ကား၊ ဘုရားသခင်နှင့် မစပ်ဆိုင်”” (၁ယော ၄း၃)။

ယေရှုသည် လူ့ဇာတိအားဖြင့် ကြွလာသည်ကို လက်မခံသော သည် ယေရှုကို ငြင်းပယ် ဆန့်ကျင်သော သူများ ဖြစ်သည် (Antichrist)။

လူသား တစ်ဦး မှန်လျှင် ထိုသူသည် နောက်ဆုံး၌ သေရမည်မှာ အမှန်တကယ် ဖြစ်သည် (ဟေဗြဲ ၉း၂၅)။ သခင်ယေရှု လောက လာခြင်းသည် အသေခံရန် ဖြစ်ပြီး သေခြင်းသည် ကိုယ်တော်၏လူသား အစစ်အမှန် ဖြစ်ခြင်း၏ သက်သေ ဖြစ်သည်။

 

 

 

 

ဆ။ ခရစ်ယာန် တစ်ဦး ဖြစ်ခြင်း (Becoming a Christian)

ယေရှုခရစ်တော်ထံသိုလာသောသူတစ်ဦးသည် သူကိုယ်တိုင်မည် သို့ လာရမည်ကို သိရှိရန် လိုအပ်ပါသည်။ များသောအားဖြင့် ကျွန်ုပ်တို သည် ယေရှုရှင်ကို ယုံကြည်လက်ခံရာတွင် လက်တွေ့အ ကောင်အထည် ပရန် ခက်ခဲသော ပုံစံဖြင့် ခရစ်ယာန် ဖြစ်လာကြပါသည်။ အချိုသော ယုံကြည်သူများသည် ယုံကြည်ပါသည်၊ လက်ခံပါသည် ပြောသော်လည်း ၏ ရင်ထဲတွင်ကား ဘာမှ လေးနက်မှု မရှိပါ။ အသိတရားဖြင့် သာ ယုံ ကြည်လက်ခံပြီး စိတ်နှလုံး၌မူကား ဘာမှ လေးလေးနက်နက် မရှိပါ။

ဥပမာအားဖြင့် ကိုယ်အိမ်ထောင်ပြုမည့် သူကို ကိုယ့်စိတ်ထဲတွင် ချစ်ရုံ၊ လက်ခံရုံဖြင့် ကိုယ်၏ ခင်ပွန်းသည် မဖြစ်နိုင်ပါ။ ထိုအမျိုးသမီးနှင့် အမှန်တကယ် သစ္စာပြု လက်ထပ်ပြီး သူ့ဘဝသည် ကိုယ့်ဘဝ၊ ကိုယ့်ဘဝ သည် သူ့ဘဝ ဖြစ်မှသာ အိမ်ထောင်သည် ဘဝသို ရောက်ရှိမည် ဖြစ်ပါ သည်။ တစ်ဦးကို တစ်ဦး ရိုသေ လေးစားတန်ဘိုးထားပြီး တစ်ဦးအတွက် တစ်ဦး စွန့်လွှတ် အနစ်နာခံ အသက်ရှင်ရမည် ဖြစ်သည်။

ခရစ်ယာန် တစ်ဦးဖြစ်ခြင်းသည်လည်း ထိုနည်းတူ ဖြစ်ရပါမည်။ ပါးစပ်၊ ဦးနှောက်ဖြင့် လက်ခံ၍ မရပါ။ ခရစ်တော်ဘုရားကို ကိုယ့်ဘဝတခု လုံး ပုံအပ်အသက်ရှင်ပြီး သူ့အလိုဆန္ဒကို မက်မောစွာ ဖြည့်ဆည်းလိုသော စိတ်သဘော အပြည့်အဝရှိရမည်။ ခရစ်တော်သည် ကျွန်တော်တိုကို အ သက်စွန့်ချစ်သကဲ့သို ကျွန်တော်တို့ သည်လည်း ကိုယ်တော်ကို အကောင်း ဆုံး လက်တွေ့အသက်ရှင် ဆက်ကပ်ရန် လိုအပ်ပါသည်။

 

(၆) အဘယ်ကြောင့် ခရစ်တော်ကို ယုံကြည်ရပါသနည်း

က။ ခရစ်တော်အကြောင်းကို ကြားသိရသောသူများ၏ အနာဂတ် ကား အဘယ်နည်း

ဤမေးခွန်းသည် ယုံကြည်သူဖြစ်စေ၊ မယုံကြည်သူဖြစ်စေ မေးလေ့ မေးထရှိသော မေးခွန်းဖြစ်ပါသည်။ သူတိုသည် ငရဲသို လားမည်လား။ ဤအကြောင်းနှင့် ပတ်သက်၍ ဘုရားသခင် ဘယ်လို အစီအစဉ် ရှိသလဲဆို တာ ကျွန်ုပ်တို မသိနိုင်ပါ။ အချိုသော အရာများသည် ဘုရားသခင်သာ လျှင် သိပါသည်။ တရားဟောရာကျမ်း ၂၉း၂၉၌ “မထင်ရှားသော အရာတို ည ငါတို ဘုရားသခင် ထာဝရဘုရား၏ အငန်းအတာဖြစ်ကြ၏။ ဘော်ပြတော် မူသော အရာတို့သည် ကာလ အစဉ်မပြတ် ငါတိုနှင့် ငါတို့သားသမီးများတို့၏ အငန်းအတာ ဖြစ်၏။ သမ္မာကျမ်းစာက အချို့သော များကို ကျွန်တော်တို့အား ရှင်းလင်းစွာ ဖော်ပြပါသည်။ ဤအကြောင်း ပတ်သက်၍၊

(က) ဘုရားသခင်သည်ဖြောင့်မတ်၏။ ဘုရားသခင်ကို က ယုံကြည် စိတ်ချ၏။ ယေရှုခရစ်တော်အကြောင်း မကြားသော သူတိုနှင့် ပတ်သက်၍ ကိုယ်တော်သည် တရားမျှတစွာ ပြုမည်ကို အကြွင်းမဲ့ ယုံကြည်ပါသည်။ ကိုယ်တော်သည် ဖြောင့်မတ်သော ဘုရားဖြစ်၏။

(ခ) သခင်ယေရှုကို သိရှိခွင့်မရှိသောသူ တစ်ဦး တစ်ယောက်မျှ တရားစီရင်ခြင်း ခံရမည် မဟုတ်ပေ။ သိုသော် သူ၏ ဩတ္တပ စိတ်အားဖြင့်သိသောအကောင်းအဆိုးတိုကိုချိုးဖောက်မိခြင်း အပေါ်မှာ တည်၍ တရားစီရင်ခြင်းကိုတော့ ခံရမည်။ ပညတ် တော် ဆယ်ပါးကို သိသူဖြစ်စေ၊ မသိသူဖြစ်စေ အားလုံးသော လူသားများသည် အပြစ်ကို ပြုမိကြပါသည် ရောမ ၂ တွင် ရှင်းလင်းစွာ ဖော်ပြသည်မှာ လူတိုင်းသည် မိမိ၏ အသိစိတ် အားဖြင့် သိရှိသော မကောင်းသော အရာများကို လုပ်မိခြင်း၊ မှန်၍ ကောင်းသောအရာများကို ချိုးဖောက်မိခြင်းများ ရှိပါ သည်။ ဤအပေါ်တွင် တည်၍ တရားစီရင်ခြင်းကို ခံရမည်ဖြစ် ပါသည်။

(ဂ) သမ္မာကျမ်းစာက ဖော်ပြထားသည်မှာ လူသားတိုင်းသည် ဖန်ဆင်းခြင်း လက်ရာတော်ကို ကြည့်ခြင်းအားဖြင့် ဘုရားရှိသည့် ကို သူတို့သိကြပါသည်။ ဤအချက်ကို ရောမ ၁း၁၉-၂၀ ဖော်ပြထားပါသည်။ ထိုကြောင့် မည်သူမျှ ဘုရားမရှိပါ ဟူ၍ ငြင်းဆိုနိုင်မည် မဟုတ်ပေ။ ဘယ်လိုမှဘုရားမရှိဘူးလို ငြင်းလို မရပါ။ ထိုကြောင့် လူသားများသည် မိမိတို၏ အထဲ၌ရှိသော အလင်းကို တုံပြန်၍ ဘုရားကို ရှာလျှင် ဘုရားသခင်က သူတို ကို ယေရှုခရစ်တော်အကြောင်း ကြားဘိုရန် အခွင့်အရေး ပေးမည် ဖြစ်ပါသည်။

 

ခ။ ခရစ်တော်သည် ဘုရားသခင်ထံသို့ သွားသော တစ်ခုတည်းသောလမ်း ဖြစ်ပါသလား

(ဃ) သမ္မာကျမ်းစာ၏ဖော်ပြချက်အရသခင်ယေရှုကိုယုံကြည်ခြင်း မှအပ ကယ်တင်ခြင်း ရနိုင်သောလမ်းမရှိပါ။ ဤအချက်သည် အလွန် သိသာ ထင်ရှားပါသည်။ ယောဟန် ၁၄၆ ၌ ယေရှု ကိုယ်တိုင်က ပြောသည်မှာ၊ ““ငါသည် လမ်းခရီးဖြစ်၏။ သမ္မာ တရားလည်း ဖြစ်၏၊ အသက်လည်း ဖြစ်၏။ ငါ့ကို အမှီမပြု လျှင် အဘယ်သူမျှ ခမည်းတော်ထံသို မရောက်ရ”။ ပေတရု ကလည်း သံသယစိတ် ကင်းစွာဖြင့် သေချာစွာ ဆိုသည်မှာ၊ “ထိုသခင်၏ နာမတော်မှတစ်ပါး ငါတိုကို ကယ်တင်နိုင်သော နာမ တစ်စုံတစ်ခုမျှ ကောင်းကင်အောက် လူတို့တွင် မပေါ် မရှိ” (တ ၄း၁၂)။ တချိုသောသူများ၏ အဆိုအရ ဘာသာ အားလုံးသည် တူညီမှုများ အနည်းနှင့်အများ ရှိကြပါသည်။ ဘယ်လမ်းမှ အဆုံးစွန် မှန်ကန်ပြီး တစ်ခုတည်းသော ကယ် တင်ခြင်းသို ပိုဆောင်သော လမ်းဟု ပြော၍ မရပါ။ ဤအရာ ကို ကျွန်ုပ်တို ခရစ်ယာန်များက လက်မခံကြပါ။ သမ္မာကျမ်းစာ ၏ ဖော်ပြချက်မှာ၊ ယေရှုခရစ်တော်သည် ကမ္ဘာလောက၏ ကယ်တင်ရှင်၊ နောက်ဆုံးသော နေ့၌ လူသားများကို တရား စီရင်သောသူ၊ ကျွန်ုပ်တို၏ အပြစ်ကို လွတ်သောသူနှင့် ကျွန်ုပ်တို့၏ သခင်ဖြစ်သည်။

 

ဂ။ တရားစီရင်ခြင်းသည် တကယ်ရှိပါသလား၊

“အကြောင်းမူကား ပြစ်မှားသော ကောင်းကင်တမန်တိုကို ဘုရား သခင်သည် နှမြောတော်မမူ၊ ငရဲထဲသို ချလိုက်ပြီးမှ စစ်ကြော စိရင်ခြင်းအ လိုငှါ ချုပ်ထား၍ မှောင်မိုက် သံကြိုးနှင့် ချည်နှောင်တော်မူ၏” (၂ပေ ၂:၄)။

အဆုံးမရှိ ထာဝရဖြစ်သော ငရဲဆိုသည်မှာ ရှိပါသလား။ သမ္မာ ကျမ်းစာက တကယ် အသေအချာ ရှိကြောင်း ဖော်ပြထားပါသည်။ ငရဲ၏ကြောက်ရွံစရာ အလွန်ကြီးမားခြင်းမှာ လူစကားဖြင့်ပင် ဖော်ပြ၍ မရနိုင် ပါ။ ဓမ္မသစ်ကျမ်း တစ်ခုထဲ၌ပင်လျှင် နောင်တ မရသောသူတိုကို တရား စီရင်မည့်အကြောင်းကို ကျမ်းပိုဒ် ၁၆၂ ပိုဒ်အထိ ဖော်ပြထားပါသည်။ ၎င်း တို့အထဲတွင် ကျမ်းပိုဒ် ၇ဝ သည် သခင်ခရစ်တော်၏ နှုတ်မှ ထွက်ဆိုခဲ့သော အရာဖြစ်ပါသည်။ ငရဲသည် တစ်ချိုက မရှိပါဟု ဆို ငရဲဆိုသော စကားကို စတင် အသုံးပြုသော သူမှာ သခင်ခရစ် ဖြစ်ပါသည်။ ယေရှုဘုရား၏စကားကို မယုံဘဲ လူတို၏ အတွေးအခေါ် ယုံကြည်ပါက အမှားကြီးမှားမည်သာ ဖြစ်ပါသည်။

ငရဲသည် အစအဦး၌ စာတန်နှင့် သူ၏ နတ်ဆိုးများအတွက် ပြင်ဆင် သော နေရာ ဖြစ်ပါသည်။ ငရဲသည် လူသားများအတွက် ရည်ရွယ် သော နေရာ မဟုတ်ပါ။ သိုသော် လူသားများသည် သခင်ခရစ်တော်ကို ငြင်းပယ်ပါက သူတိုလည်း စာတန်နှင့်အတူ ထာဝရ ငရဲသို သွားမှာ ဖြစ်ပါ သည်။ “ထိုအခါ လက်ဝဲတော်ဘက်၌ ရှိသောသူတိုအား၊ မင်းကြီးက၊ ကျိန် ခြင်းကို ခံရသော သူတို မာရ်နတ်နှင့် သူ၏တမန်တို့ အဘို့ ပြင်ထားသော ထာဝရ မီးထဲသို ငါ့ထံမှ ထွက်သွားကြလော့”(မ ၂၀း၄၁)။ –

သမ္မာကျမ်းစာက ကောင်းကင်နိုင်ငံနှင့် ငရဲနှစ်ခုစလုံးသည် ထာဝရ တည်သော အရာများ ဖြစ်သည်ဟု ဖော်ပြထားပါသည်။ “ထိုသူတို့သည် ထာဝရ ပြစ်ဒဏ် ခံရာသို၎င်း၊ ဖြောင့်မတ်သော သူတိုမူကား၊ ထာဝရ အ သက်ရှင်ရာသို၎င်း သွားရကြလတံ့” (မ ၂၅း၄၆)။

၂။ အသင်းတော်တည်ထောင်ခြင်း (Church Planting)

(၁) အသင်းတော်တည်ထောင်မှုတိုင်းတွင် တွေ့ရှိရသောအရာများ

အောင်မြင်သော အသင်းတော်တည်ထောင်မှုတိုင်းတွင် တွေ့ရှိရ သော အရာများမှာ၊

 

၁) ဆုတောင်းခြင်းအမှုကို အားသွန်ခွန်စိုက်ပြုခြင်း

အသင်းတော် တည်ထောင်မှုတိုင်းတွင် တွေ့မြင်ရသော အဓိက ကျ သော အမှတ်အသားကြီးမှာ ဆုတောင်းခြင်း ဖြစ်ကြောင်းကို ဓမ္မသစ်ကျမ်း ၌ တွေ့မြင်ရပြီး ၎င်းအမှတ်အသားကြီးသည် ယေရှုခရစ်တော် ဘုရားက တပည့်တော်များအား ပြသခဲ့သော ပုံစံ အမှတ်အသားကြီး ဖြစ်သ ကိုယ်တော်သည် နံနက်စောစော အချိန်၌ နေအိမ်မှထွက်ခွာပြီး ခြင်း အမှုကို အမြဲ ပြုခဲ့သည်။ သူ၏ အမြဲ ဆုတောင်းခြင်း အမှုကို  မြင်သော တပည့်တော်တိုသည်လည်း နောက်ဆုံး၌ ဆုတောင်းလိုသော ဆန္ဒပြင်းပြ လာပြီး ကိုယ်တော်အားဆုတောင်းခြင်း ကိုသင်ပေးရန် တောင်းဆိုခဲ့ပါသည်။

ကိုယ်တော်၏ ခြေရာကို တပည့်တော်များ လိုက်လျှောက်ခြင်း ကြောင့် ပင်တေကုတွေ့နေ့၌ ဆုတောင်းခြင်းအားဖြင့် အသင်းတော်မွေးဖွား ခဲ့ပါသည်။ အသင်းတော် သမိုင်းတွင်လည်း ဆုတောင်းခြင်း အမှုကို အ သင်းတော်များစွာ တည်ထောင်နိုင်သော နိုင်ငံများ၌ အားသွန်ခွန်စိုက် လုပ် ဆောင်သည်ကို တွေ့မြင်ရပါသည်။ ညလုံးပေါက် ဆုတောင်းခြင်း အမှုတို ကို အသင်းတော် တည်ထောင်သော ဒေသအားလုံးတွင် အပင်ပန်းခံပြီး လုပ်ဆောင် ကြပါသည်။

သူတို့၏ဆုတောင်းခြင်းနှင့် ပတ်သက်၍ သိသာထင်ရှားသော အရာ များမှာ သာသနာပြုများအတွက် ဆုတောင်းပေးခြင်း၊ ပျောက်ဆုံး ဝိညာဉ် များအတွက် ဆုတောင်းပေးခြင်း၊ ယုံကြည်သူ အသစ်များအတွက် ဆု တောင်းပေးခြင်း၊ ယုံကြည်သူသစ်များ စုပေါင်း ဆုတောင်းခြင်း၊ မိတ်ဖွဲ့ ဆုတောင်းခြင်း၊ လုပ်သားများ ပိုမို ရရှိလာရန် ဆုတောင်းပေးခြင်းတိုကို တွေ့ရ ပါသည်။

 

၂) ဧဝံဂေလိလုပ်ငန်းကို အားသွန်ခွန်စိုက်လုပ်ဆောင်ခြင်း

အသင်းတော်တည်ခြင်းအမှုတွင်ဆုတောင်းခြင်းသည်ဘုရားသခင် နှင့် အဆက်အသွယ်ပြုခြင်း ဖြစ်ပြီး ဧဝံဂေလိ လုပ်ဆောင်ခြင်းသည် ပျောက်ဆုံးသော သူတိုနှင့် အဆက်အသွယ်ပြုခြင်း ဖြစ်သည်။ စိုက်ပျိုးရေး လုပ်ငန်းတိုင်းတွင် မျိုးစေ့များကို ကိုယ်လိုချင်သော အပင် အရေအတွက် ထက် ပို၍ ကြရပါသည်။ ငါးမ တစ်ကောင်၏ ဥသည် သန်းနှင့်ချီ၍ များ ၊ သော်လည်း ငါးသားပေါက်မှာ အနည်းငယ်သာ ပေါက်ဖွားပါသည်။ ဧဝံဂေ၊ က လုပ်ငန်းတွင်လည်း လုပ်သားများစွာ လိုအပ်သလို ဧဝံဂေလိခရီးနှင့် ဘာပြောမှုများစွာကို လုပ်မှသာလျှင် ဝိညာဉ် အနည်းငယ်ကို ရမည် ဖြစ် သည်။ သခင်ယေရှုက ကျွန်တော်တို နည်းနည်းကြဲလျှင် နည်းနည်းသာ တသိမ်းရမည်။များများကြဲလျှင်များများရိတ်သိမ်းရမည်။ နိုင်ငံရေးအခြေ အနေ မည်မျှပင်ဆိုးဝါး သည်ဖြစ်စေ၊ လူမျိုးရေးပြဿနာမည်မျှပင်ရှိသည် 9စေ၊ အသင်းတော် တည်ထောင်ရေး အမှုကို ရပ်တန့်နိုင်ခြင်း မရှိ “ကြောင်း အသင်းတော် သမိုင်းတွင် အထင်အရှား တွေ့ရပါသည်။

လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး အခက်အခဲများ ကြားထဲမှ ဧဝံဂေလိလုပ်ငန်းကို အားသွန်ခွန်စိုက် လုပ်သော သူများသည် ဝိညာဉ်များစွာ ကို ရိတ်သိမ်းနိုင်ပြီး အသင်းတော်များကို တည်ထောင်နိုင်ခဲ့သည်မှာ နိုင်ငံ များစွာတွင် တွေ့နိုင်ပါသည်။ ။

များသောအားဖြင့် များစွာ ဆုတောင်းခြင်းနှင့် ဧဝံဂေလိများစွာ လုပ် ဆောင်ခြင်းကြောင့် အသင်းတော် သစ်များများစွာ တည်ထောင်နိုင်မည်ဟု ယူဆကြပါသည်။ ဤအယူအဆကို သာသနာပြုများနှင့် အသင်းတော် တည်ထောင်သူ အများစုက လက်ခံထားသော အမြင် ဖြစ်ပါသည်။ သို့သော် တကယ် လက်တွေ့မှာ ဤယူဆချက်သည် သူတိုကို စိတ်ပျက်စေပြီး အသင်းတော်သစ်များကို မတည်ထောင်နိုင်ခဲ့ပါ။ အသင်းတော်သစ် တိုး ပွားလာခြင်းသည် အသင်းတော်သစ်ကို မွေးဖွားပေးသော အသင်းတော် များကို ရရှိရန် ခွန်အားစိုက်ထုတ် လုပ်ကိုင်ခြင်းသည် အဓိကကျသော အ ရာဖြစ်သည်။ ထိုသိုမဟုတ်ပါက အသင်းတော်သစ်များကို မတည်ထောင် နိုင်ပါ။ ထိုကြောင့် အသင်းတော်သစ်ကို မွေးထုတ်သော အသင်းတော် များကို ရည်ရွယ်ချက်ရှိရှိဖြင့် တည်ထောင် ခြင်းသည် အသင်းတော် တည် ထောင်ခြင်း လုပ်ငန်းတွင် အလွန် အရေးကြီးပါသည်။

 

၃) နှုတ်ကပတ်‌တော်၏တန်ခိုး  (The Authority of God’s Word)

အသင်းတော် တည်ထောင်ရေး လှုပ်ရှားမှုတွင် အောင်မြင်သောသူ အားလုံးတို့၏ ယုံကြည် လက်ခံထားသော အရာမှာ၊ ယုံကြည်သူသစ်များ အပေါ်တွင်သော်လည်းကောင်း၊ အသင်းတော် မွေးထုတ်သော အသင်းတော်များအပေါ်တွင်သော်လည်းကောင်း၊ တန်ခိုးအာဏာရှိရမည့်အရာမှာ ဘုရားသခင်၏ နှုတ်ကပတ် တော်ဖြစ်သည်။ နိုင်ငံခြား သာသနာပြုများ၏ ဉာဏ်ပညာသော်လည်းကောင်း၊ ဒေသန္တရ အသင်းတော်များ၏ အမြင်သော်လည်းကောင်း၊ အခြားသော မည်သည့်အရာမှ မဖြစ်ရပါ။ ဤကဲ့သို ကျွန်တော်တိုကို သြဇာ လွှမ်းမိုးသော အရင်းအမြစ်ဖြစ်သည့် နှုတ်ကပတ် တော်ကို တိကျစွာ ညွှန်ပြနိုင်ခြင်းသည် ယုံကြည်သူသစ်များကို အကောင်း ဆုံး ခရစ်ယာန် အသက်တာ ပုံစံကို ပုံဖော်ပေးနိုင်ပါသည်။

အသင်းတော်တည်ထောင်ခြင်းလုပ်ငန်းကို ထိန်းချုပ်ရမည့် တန်ခိုး သြဇာနှစ်ခုမှာသမ္မာကျမ်းစာနှင့် ခရစ်တော်ဘုရား၏ခေါင်းဆောင်မှုကို ဖြစ် သည်။ ဤနှစ်ခုတိုသည် မီးရထား သံလမ်း နှစ်ချောင်းကဲ့သို ဖြစ်ပြီး ကို သံလမ်း နှစ်ချောင်းပေါ်၌သာ မိမိသွားလိုရာ အရပ်သို ဦးတည်သွားရန် ဖြစ်သည်။

 

၄) ဒေသန္တရခေါင်းဆောင်မှု (Local Leadership)

အသင်းတော်တည်ထောင်ရေးလှုပ်ရှားမှုတွင်အောင်မြင်သောနိုင်ငံ ခြား သာသနာပြုများ တွေ့ရှိချက်မှာ သာသနာကွင်းများတွင် နိုင်ငံခြား သာ သနာပြုများကို အဝေးတစ်နေရာတွင် ထားရှိခြင်း ဖြစ်သည်။ သူတိုသည် ဒေသန္တရတွင် ရှိသော ခေါင်းဆောင်များအားဖြင့် အလုပ်များကို လုပ်ကိုင် စေသည်။

အလွန် အောင်မြင်သော အသင်းတော် တည်ထောင်ရေး လှုပ်ရှားမှု တွင် ၎င်းအဖွဲထဲ၌ နိုင်ငံခြားသား အနည်းငယ်သာ ပါဝင်ပြီး ဒေသန္တရတွင် ရှိသော ခေါင်းဆောင်များ၏ ပူးပေါင်း ဆက်သွယ် လုပ်ကိုင်မှုကို အားပြုကြ ပါသည်။ နိုင်ငံခြား သာသနာပြုများ၏ တာဝန်မှာ ရူပါရုံ ချထားပေးခြင်း၊ မေတ္တာပြခြင်းနှင့် ဒေသန္တရတွင် ရှိသော လုပ်ဖော်ကိုင်ဖက်များကို လုပ်ငန်း ကျွမ်းကျင်မှု သင်ကြားပေးခြင်းတို ဖြစ်သည်။

အသင်းတော် တည်ထောင်ရေး လှုပ်ရှားမှုကို တကယ် လက်တွေ့ လုပ်ဆောင်သော သာသနာပြုများ သည် ဒေသန္တရရှိ ခေါင်းဆောင်များ၏ အရည်အသွေးနှင့် ကျွမ်းကျင်မှုတိုကို မြှင့်တင်ပေးပြီး လုပ်ငန်းများကို သူ တို၏လက်ထဲသို အပ်နှံ လုပ်ကိုင်စေပါသည်။ ယုံကြည်သူသစ်မြောက်များ စွာ တိုးပွားလာသော အချိန်တွင် သာသနာပြုများသည် ဒေသန္တရတွင်ရှိသော လုပ်သားများကို ဖော်ထုတ်ပြီး ထိုဒေသရှိ မယုံကြည်သူများသို သာ သနာပြုကြသည်။ နိုင်ငံခြား သာသနာပြုများမှာ နည်းပေးလမ်းပြသဘော သာလျှင် ပူးပေါင်း လုပ်ကိုင်ကြပါသည်။

 

၅) အသင်းဝင်များ၏ ခေါင်းဆောင် (Member Leadership)

အသင်းတော် တည်ထောင်ရေး လှုပ်ရှားမှုတွင် အသင်းဝင်များသည် လုပ်ငန်းများကို အဓိက မောင်းနှင်သူများ ဖြစ်ပါသည်။ ဘုရားပေးဝိညာဉ် ဆုကျေးဇူးရှိသည့်အတိုင်း အမျိုးသမီး၊ အမျိုးသားများသည် အသင်းတော်များကို ဦးဆောင်ကြပါသည်။ ဤသာမန် အသင်းသား ခေါင်းဆောင်မှု သည် အရေးကြီးသော အပိုင်းတွင်ရှိနေရသော အကြောင်းရင်းများမှာ၊

 

က။ လက်တွေ့ လုပ်ကိုင်သူများ (For Practical Reason)

အသင်းသားသစ်များစွာကို မွေးထုတ်သော အသင်းတော်များ ခေါင်းဆောင်သစ်များစွာ လိုအပ်ပါသည်။ ဤခေါင်းဆောင်သစ်များ ဒေသန္တရ အသင်းတော်များ၏ အသင်းသားများသာ ဖြစ်သည်။

 

ခ။ ဓမ္မအတွေးအခေါ်  (For Theological Reason)

သာမန် အသင်းသား ခေါင်းဆောင်များသည် ယုံကြည်သူတိုင်း ယဇ်ပရောဟိတ်မျိုး ဖြစ်သည် ဟူသော အယူဝါဒ အပေါ်၌ မိမိတို ကိုယ်ကို လက်ခံယုံကြည်သောသူများဖြစ်သည် (၁ပေ ၂း၉)။ယုံကြည်သူတိုင်းသည် ဝိညာဉ် ကယ်ဆယ်ရေးတွင် တာဝန်နှင့် အခွင့်အရေး အပြည့်အဝ ရှိသည် ဟု သူတို ယုံကြည် ကြသည်။

 

ဂ။ ယေရှုရှင်၏ ပုံစံကို လိုက်လျှောက်ခြင်း  (Following Jesus’ Model)

သခင်ယေရှုသည် သာမန် ပုဂ္ဂိုလ်များကို ခေါ်ယူ အသုံးပြုပြီး မိမိ၏ သာသနာလုပ်ငန်းကို အောင်မြင်စွာ အကောင်အထည်ဖော် ခဲ့ပါသည်။ ဤသာမန်ပုဂ္ဂိုလ်များဖြင့်သာ အသင်းတော်ကို တည်ထောင်ပြီး သာသနာ လုပ်ငန်းကို ကြီးပွားစေပါသည်။

 

ဃ။ လျော်ညီသော အခြေအနေ (For Reasons of Relevance)

အသင်းတော်သစ်များ တည်ရှိရာ နေရာဒေသ၌ နေထိုင် လုပ်ကိုင် စားသောက်ခဲ့သောသူကို ခေါင်းဆောင်အဖြစ် ရွေးချယ် တင်မြှောက် ဖြင့် ထိုသာမန် အသင်းသား ခေါင်းဆောင်သည် ထိုနေရပ်ဒေသ * မှုအခြေအနေ အားလုံးနှင့် အကျွမ်းဝင်ပြီး ထိုဒေသနှင့် ကိုက်ညီစွာ လုပ်ကိုင်နိုင်စွမ်း ရှိသည်။

 

င။ စီးပွားရေးအခြေအနေ (For Economic Reasons)

များသောအားဖြင့် အသင်းတော် တည်ထောင်ခြင်း လှုပ်ရှားမှုတို တက်ဆဲ နိုင်ငံများတွင် တွေ့ရှိရ ပါသည်။ ဤကဲ့သို ငွေရေးကြေးရေး တည်းသော နေရာ၌ သာမန် အသင်းသား ခေါင်းဆောင်ကြောင့် အ ယင်းတော်အနေဖြင့် လုပ်သားအတွက် ငွေကြေးနှင့် ပတ်သက်သော ဝန်လေးလံသင့်သလောက် မလေးလံသဖြင့် သာသနာလုပ်ငန်းကို ပေါ့ပေါ့ပါးပါးဖြင့် လုပ်ကိုင်နိုင်မည် ဖြစ်ပါသည်။

 

၆) အိမ်၌ရှိသော အသင်းတော် (House Churches)

အသင်းတော် တည်ထောင်ရေး လှုပ်ရှားမှုများ အားလုံး နီးပါးသည် အိမ်များကို ဘုရားကျောင်းသဖွယ် အသုံးပြုပြီး မိတ်သဟာယဖွဲခြင်း၊ ကျမ်း စာသင်ခြင်း၊ ဆုတောင်းခြင်း၊ ဝတ်ပြုကိုးကွယ်ခြင်းအမှုတိုကို ဆောင်ရွက် ကြပါသည်။ ဤကဲ့သို အိမ်ကို အသုံးပြုရခြင်းမှာ ယုံကြည်သူသစ်များ အတွက် သူတို၏ နေရပ်၌ ဘုရားကျောင်းကို ဆောက်လုပ်ရန် အခက်အခဲ များရှိခြင်းကြောင့် ဖြစ်သည်။ တိုးတက်ဆဲ နိုင်ငံများတွင် ဘုရားကျောင်း ဆောက်ရန်မှာ အလွန်ကြီးလေးသော ဝန်ထုပ် ဖြစ်ပါသည်။ ဤအိမ်၌ရှိ သောအသင်းတော်များ အသုံးပြုခြင်း၏ အကျိုးကျေးဇူးများမှာ၊

က။ ခေါင်းဆောင်အတွက် အသင်းတော်၏ တာဝန် ပေါ့ပါးခြင်း။

ခ။ မှားယွင်းသော သွန်သင်သူများ၊ ဝင်ရောက် နှောင့်ယှက်ပါက အလွယ်တကူ သိရှိနိုင်ခြင်း။ ။

ဂ။ ဤသေးငယ်သော အဖွဲအစည်းလေးထဲတွင် မည်သူမျှ ပုန်းကွယ်၍ မရခြင်း။ ။

ဃ။ အသင်းသားများကို စောင့်ရှောက်ရာတွင် လွယ်ကူခြင်း၊ အသင်းသား အားလုံး တစ်ယောက်နှင့် တစ်ယောက် သိကျွမ်းလွယ်ခြင်း။ ။

င။ အဖွဲအစည်း သေးငယ်သောကြောင့် ဧဝံဂေလိ ထမ်းဆောင်ရာ၌ ပိုမို ထိရောက်အောင် စည်းရုံးနိုင်သည်။ ယုံကြည်သူသစ် များကိုလည်း ထိရောက်စွာ စည်းရုံးနိုင်သည်။

စ။ မယုံကြည်သေးသော သူတိုနှင့်လည်း နီးနီးကပ်ကပ်နေထိုင်ခွင့် ပိုရသည်။

ဆ။ အသင်းသားများထဲတွင် ဖြစ်ပေါ်သော အကြောင်းအရာများကို အလွယ်တကူ သိရှိနိုင်ပြီး အာရုံပြုကူညီနိုင်သည်။

ဇ။ ဤအိမ်၌ရှိသောအသင်းတော်ရှိ အသင်းသားများစွာ ပွားများလာခြင်းအားဖြင့် အသင်းတော်သစ် တည်ထောင်ရန် အခွင့်အလမ်းကောင်း ဖြစ်သည်။

 

၇) အသင်းတော်သစ် များကို တည်ထောင်သောအသင်းတော်များ (Churches Planting Churches)

အသင်းတော် တည်ထောင်ရေး လှုပ်ရှားမှုတွင် အသင်းတော် များကို တည်ထောင်သော အသင်းတော် များ အဆင့်အထိ အသင်း များကို မပြုစု မပျိုးထောင်နိုင်ပါက အောင်မြင်သော အသင်းတော် တည်ထောင်ရေး လှုပ်ရှားမှု မဟုတ်ပါ။ တရုတ်ပြည်ရှိ အိမ်အသင်းတော် ခေါင်း ဆောင်များက မိမိတို၏ အသင်းသားများကို ဤကဲ့သို သွန်သင်ပါသည်။ အကြီးမားဆုံးသော ဝမ်းမြောက်ခြင်းသည် အသင်းသားများ မိမိအိမ်၌ အိပ်အသင်းတော် တည်ထောင်ခြင်းဖြစ်သည်။

အသင်းတော် တည်ထောင်ရေး လှုပ်ရှားမှုများကို လုပ်ဆောင်သော သာသနာပြုများသည် သူတို သွားသည့် နေရာများတွင် အိမ်ကျောင်းလေး များကို စတင်ပြီး သူတိုကို ဦးဆောင် လုပ်ကိုင်စေသည်။ ထိုအိမ်ကျောင်း လေးများ အရှိန်အဟုန် ရလာသောအခါ သူတိုသည် ထိုနေရာမှ ခွာပြီး သူ တိုကို အဝေးမှ စောင့်ကြည့်ကာ လိုအပ်သည်များကို ကူညီပေးသည်။

အသင်းတော် တည်ထောင်ရေး လှုပ်ရှားမှုတွင် သာသနာပြုများ သည် အဆင့်လေးဆင့်ဖြင့် ဆောင်ရွက် လေ့ရှိသည်။ ၎င်းတိုမှာ ပုံစံပြခြင်း (Modeling)၊ ကူညီမစခြင်း (Assisting)၊ စောင့်ကြည့်ခြင်း(Watching! နှင့် ထွက်ခွာသွားခြင်း(Leaving) တိုဖြစ်သည်။

သာသနာပြုများ ပြသော ပုံစံများမှာ ဧဝံဂေလိ ပြုလုပ်နည်း၊ တပည့် တော်စစ် ဖြစ်အောင် သွန်သင်နည်း၊ အသင်းတော်သစ် တည်ထောင် တို ဖြစ်သည်။ အသင်းသားများသည် ဤပုံစံများကို အောင်မြင်စွာပုံဖော် လုပ်ကိုင်နိုင်ပြီး အသင်းတော်သစ်ကို ထပ်မံတည်ထောင်နိုင်သော အခြေ အနေသို့ ရောက်ရှိပါက သာသနာပြုများသည် ထိုနေရာမှ ထွက်ခွာသွားပြီး နေရာသစ်ကို ရှာဖွေကာအသင်းတော် တည်ထောင်ရေး လုပ်ငန်းကိုဆက်လက် လုပ်ကိုင်ပါသည်။

 တပည့်တော်ဖြစ်စေခြင်း (disciple-making) သည် ခရစ်ယာန် သာသနာပြုခြင်း၏ အခြေခံအကျဆုံး တာဝန်ဖြစ်သည်။ ယေရှုခရစ်တော် ၍ တပည့်ဖြစ်ခြင်းသည် ယေရှုကိုယ်တိုင်လျှောက်ခဲ့သောခြေလှမ်းအတိုင်း လျှောက်အသက်ရှင်ခြင်းဖြစ်သည်။ ထိုသို ခရစ်တော်နောက်လိုက် သောက်ရန် ခရစ်တော်၏သွန်သင်ချက်များနှင့် လုပ်ဆောင်ချက်များကို နည်းခံရန် လိုအပ်ပါသည်။

တပည့်တော်ဖြစ်ခြင်း၏ ရည်ရွယ်ချက်သည် ယေရှုခရစ်တော် ဝင် စားသော အသက်တာတည်ဆောက် ပေးခြင်းဖြစ်ပါသည်။ ခရစ်ယာန်ဘာသာဝင်ဖြစ်လာသည်နှင့် မဖြစ်မနေလုပ်ဆောင်ရမည့်အရာများစွာထဲမှ အ ချိုတိုမှာ ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်း၊ ပေးကမ်းလှူဒါန်းခြင်း၊ ဘုရား ကျောင်းတက်ခြင်း၊ မိတ်သဟာယဖွဲခြင်းနှင့် အခြားအသင်းတော်များ၏ အစီအစဉ်များ၌ ပါဝင်လုပ်ဆောင်ခြင်းတိုဖြစ်သည်။ ဤအရာများသည် ယေရှုခရစ်တော်နောက်လိုက်ဖြစ်ခြင်း၏ အပေါ်ယံသင်္ကေတများဖြစ်ကြ သော်လည်း ၎င်းတို၌ပါဝင်ခြင်းဖြင့် တပည့်တော်ဖြစ်ခြင်းကို တဖြည်းဖြည်း ရင့်ကျက်လာစေမည်ဖြစ်သည်။

ပြုစုပျိုးထောင်ခြင်းတွင်သင်ကြားခြင်း၊ လမ်းပြခြင်း၊ လေ့လာဆည်း ပူးခြင်း၊ သင်တန်းပေးခြင်းနှင့် အခြားအကြောင်းအရာများ ပါဝင်မည်ဖြစ် ပါသည်။ ခရစ်ယာန်ယုံကြည်ချက်များနှင့် ပတ်သက်သောအရာများကို ကောင်းစွာနားလည်ခြင်းအားဖြင့် စစ်မှန်သော တပည့်တော်ဖြစ်ခြင်းသို တဖြည်းဖြည်း နီးကပ်လာစေမည်ဖြစ် ပါသည်။ ပြုစုပျိုးထောင်ခြင်းသည် စစ်မှန်သောတပည့်တော်ဖြစ်ခြင်း၌ မပါမဖြစ်သောအရာတစ်ခုဖြစ်သည်။ ပြုစုပျိုးထောင်ခြင်း၏ရလဒ်မှာ အရည်အသွေးဖြစ်သည်။ ၎င်းရလဒ်များ မှာချစ်ခြင်း၊ တရားမျှတခြင်း၊ သနားကြင်နာခြင်း၊ ဖြောင့်မတ်ခြင်း၊ အနစ်နာ ခံခြင်း၊ ဒုက္ခဝေဒနာခံစားရသောသူများနှင့် တစ်လုံးတစ်ဝတည်း ရှိခြင်းတို့ဖြစ်သည်။ ဤသိုဖြစ်ခြင်းဖြင့် နိုင်ငံတော်တည်ထောင်ခြင်းနှင့်ဆက်စပ်သွားပါသည်။ တပည့်တော်ဖြစ် ခြင်း၏ နောက်ဆုံးပန်းတိုင်မှာ နိုင်ငံထောင်ရေးအတွက် အရည်အသွေးပြည့်မှီသောသူများ မွေးထုတ်ပေး ဖြစ်သည်။

 

၈) လျင်မြန်စွာ ထပ်မံပွားများခြင်း (Rapid Reproduction)

အသင်းတော် တည်ထောင်ရေး လှုပ်ရှားမှုသည် အသင်းတော် ကို လျှင်မြန်စွာ ထပ်မံ ပွားများစေသည်။ အသင်းတော် ပွားများခြင်း သင်းတော် မွေးဖွားလာခြင်းဟုလည်း ဆိုနိုင်ပါသည်။ အသင်းတော် သည် အသင်းတော် အသစ်တစ်ပါးကို မွေးဖွားပေးရန် မည်မျှကြာမည်ကိုမှ အသင်းတော်တစ်ပါးနှင့် တစ်ပါး မတူညီပေ။ ရင့်ကျက် ကျန်းမာသော သင်းတော်တိုသည် အခြား သာမန် အသင်းတော်များထက် ပွားများမှုလင် မြန်ပါသည်။ မပွားများသော အသင်းတော်သည် ရင့်ကျက်ကျန်းမာမှု အား နည်းသော အသင်းတော်ဖြစ်သည်။ ရင့်ကျက်ပြီး ကျန်းမာသော အသင်း တော်သည် အမြဲပွားများနေမည် ဖြစ်ပါသည်။

အသင်းတော် တည်ထောင်ရေး လှုပ်ရှားမှုတွင် ခေါင်းဆောင်မြှင့် တင်ရေးနှင့် တပည့်တော်စစ် ဖြစ်ရေးဟူသောဤအရာနှစ်ခုကို အမြဲ အတူ တကွ လုပ်ဆောင် ကြပါသည်။

တပည့်တော်စစ်ဖြစ်ရေးနှင့် ခေါင်းဆောင် မြှင့်တင်ရေးတိုသည် ပွား များသော အသင်းတော်များ၏ အင်္ဂါရပ်များ ဖြစ်သည်။ ထိုကဲ့သိုသော အသင်းတော်များမှ မွေးဖွားလာသော အသင်းတော်သစ်များသည်လည်း မိခင် အသင်းတော်၏ အင်္ဂါရပ်များကို ရရှိပြီး သူတိုသည်လည်း တပည့်တော်စစ် ဖြစ်ရေးနှင့်ခေါင်းဆောင် မြှင့်တင်ရေးနှင့်အတူ အသင်းတော်ပွား များရေးတိုကို လုပ်ဆောင်ကြပါသည်။

 

၁၀) ကျန်းမာသောအသင်းတော်များ (Healthy Churches)

ကျန်းမာသော အသင်းတော်တစ်ပါး၏ အမှတ် လက္ခဏာများကား အဘယ်နည်း။ အသင်းတော် တစ်ပါး၏ကျန်းမာခြင်းကို ထိုအသင်း တနင်္ဂနွေနေ့၌ ကျမ်းစာ သင်တန်းတက်သော ဦးရေ၊ အသင်းသားဦးရေ အသင်းတော် ခေါင်းဆောင်များ၏ ပညာ အရည်အချင်းနှင့်မတိုင်းထွာပါ။

Rick Warrenကသမ္မာကျမ်းစာ၏ အဆင့်အတန်း သတ်မှတ်ချက်အရ၊ ကျန်းမာသော အသင်းတော် တစ်ပါး၏ အင်္ဂါရပ်များမှာ၊

က။ ဝတ်ပြုကိုးကွယ်ခြင်း (Worship)

ခ။ မိတ်သဟာယဖွဲခြင်း (Fellowship)။

ဂ။ တပည့်တော်စစ် ဖြစ်ခြင်း (Discipleship)

ဃ။ သူတပါးအတွက် အကျိုးဆောင်ခြင်း (Service/Ministry)

င။ ဧဝံဂေလိသာသနာလုပ်ငန်း လုပ်ခြင်း (Evangelism/ Mission)။

ကျန်းမာသော အသင်းတော်တို့သည် ဤအင်္ဂါရပ် ငါးခုနှင့် ညီသော အရာများကို လုပ်ဆောင်ကြပါသည်။ ဤအင်္ဂါရပ်များသည် ယေရှုခရစ်တော်၏ ပညတ်တော်နှင့် မဟာစေစားချက်တိုနှင့် ကိုက်ညီသော အရာများ ဖြစ်သည် (မ ၂၂း၃ရ-၄၀၊ ၂၈း၂၀)။ အသင်းတော် တည်ထောင်ရေး လှုပ် ရှားမှုတွင် ပါဝင်ဆက်ကပ်ကြသော သာသနာပြုအားလုံးတိုသည်လည်း ဤအင်္ဂါရပ်ကို လက်ခံကြပါသည်။ ကျန်းမာသော အသင်းတော်၏ အဓိ က အင်္ဂါရပ်များမှာ ဤအသင်းတော်တိုသည် ဘုရားသခင်၏ ဘုန်းတော် ကို ထင်ရှားစေပါသလား။ ဤအသင်းတော်သည် ဘုရားသခင်၏ အလို တော်ကို ထင်ရှားစေပါသလား ဟူသော အချက်တို ဖြစ်သည်။

 

(၂) အသင်းတော် တည်ထောင်ရေးတွင် များသောအားဖြင့် တွေ့ရှိရသော အရာများ

ကမ္ဘာ့အနှံနေရာတိုင်းမှာ အသင်းတော် တည်ထောင်ရေးတွင် တွေ့ရှိ ရသော အရာများ ရှိပါသည်။ ဤအရာများသည် အသင်းတော် တည်ထောင်ရေးအတွက် အထောက်အပံ့ ဖြစ်စေသော အရာများ ဖြစ်ပါသည်။ ဤအရာများကို ဘေးဖယ် ထား၍ မရပါ။ ဤအရာများထဲတွင် ဘုရားသခင် ပါဝင် ပတ်သက်ပြီး အသင်းတော် တည်ထောင်ရေးအတွက် အထောက် အကူ ဖြစ်စေပါသည်။

 

၁) မသေချာ၊ မရေရာ၊ မငြိမ်မသက်သော ပတ်ဝန်းကျင် (Uncertainty of Society)

နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး၊ လူမှုရေးပြဿနာများရှုပ်ထွေးပြီး မျှော်လင့်ခြင်း ကင်းမဲ့သော အခြေအနေများထဲတွင် ဘုရားသခင်သည်အသင်းတော်တည်ထောင်ရေးလုပ်ငန်းကိုကောင်းချီးပေးပြီးအ များကို ပွားများစေပါသည်။

ဥပမာအနေဖြင့် ပြုရလျှင် တရုတ်ပြည်၌ ကွန်မြူနစ်ဝါဒ ကြီးစိုးသော အချိန်၌ မော်စီတုန်းနှင့် အပေါင်းအဖော်များသည် နိုင်ငံခြား များ အားလုံးကို တရုတ်နိုင်ငံမှ ထွက်ခွာစေသည်။ ခရစ်ယာန်များ ဆဲ နှိပ်စက်သည်။ ဤနှိပ်စက်မှုသည် နီရိုဘုရင်၏ နှိပ်စက်မှုပြီး အကြီးမားဆုံး နှိပ်စက်မှု ဖြစ်သည်။ အာဏာပိုင်တိုသည် ခရစ်ယာန် သာကို တရုတ်ပြည်ထဲတွင် အပြတ် သုတ်သင်ခဲ့သည်။ အသင်းအုပ်ဆ များ ထောင်ချခံရသည်။ ကျမ်းစာများကို မီးရှိပစ်သည်။ ခရစ်ယာန် သည် သူတို၏ မိဘဖြစ်သော သာသနာပြုများ နိုင်ငံမှ ထွက်ခွာသွားခြင်းကြောင့် ဘာလုပ်ရမှန်း မသိဘဲ အလွန် အားငယ်ခဲ့သည်။ ရှေ့သို့ သာသနာ ခရီး ဆက်ရန် ဘာတစ်ခုမှ မသေချာ မရေရာပါ၊ သို့သော် သာသနာပြုများ မရှိသည့် နောက်ပိုင်းတွင် ခရစ်ယာန်များသည် ဘုရားသခင်ထံ မိမိတို ကိုယ်ကို လုံးဝ အပ်နှံပြီး အသက်ရှင်ခဲ့သည်။ သူတိုကို ဘုရားသခင် ကောင်း ချီးပေး အသုံးပြုသောကြောင့် အံ့သြဘွယ်ရာ နိမိတ်လက္ခဏာများစွာ ဖြစ် ပေါ်ပြီး ခရစ်ယာန်ဦးရေများစွာ တိုးပွားလာသည်။ ၁၉၄၉-၁၉၅ဝတွင် တရုတ်ပြည်၌ ခရစ်ယာန် ဦးရေမှာ တစ်သန်းမျှသာ ရှိသည်။ သို့သော် ၁၉၉၀တွင် ခရစ်ယာန် ဦးရေသည်သန်း ၅၀ ကျော် ရှိသည်။ ယနေ့ထိတိုင် ခရစ်ယာန် ပွားများနှုန်းသည်ကမ္ဘာပေါ်၌ အလျင်မြန်ဆုံး ဖြစ်သည်။

 

 

 

၂) ပစ်ပယ်ခြင်း ခံစားရသော အရပ်

အသင်းတော် တည်ထောင်ရေး လှုပ်ရှားမှုများသည် များသောအား ဖြင့် ပစ်ပယ်ခြင်း ခံရပြီး ပြင်ပနှင့် ဆက်သွယ် ပြတ်တောက်ခက်ခဲသော နေရာများတွင် ဖြစ်ထွန်းသည်မှာ ကမ္ဘာအနှံ တွေ့ရှိရသောအရာ ဖြစ်သည်။ ဤကဲ့သိုသော နေရာများတွင် ပျောက်ဆုံး ဝိညာဉ်များကို အများဆုံး ရိတ် သိမ်းနိုင်သော နေရာများ ဖြစ်သည်။ ဤဒေသတွင် နေထိုင်သော သူများ သည် သာသနာပြုများ၏ မေတ္တာနှင့်အာရုံ စူးစိုက်မှုကို လိုလိုလား လက်ခံကြသည် ဖြစ်၍ဧဝံဂေလိလုပ်ငန်းကို လွယ်ကူစွာလုပ်ကိုင်နိုင်သည်။

 

၃) ကြီးစွာသော အဖိုးအခ ပေးခြင်း (High Cost)

အသင်းတော် တည်ထောင်ရေး လှုပ်ရှားမှုများတွင် အချို သော နေရာများ၌ ခရစ်တော် လက်ခံသော သူများသည် ကြီးစွာသော အဖိုးအခကို ပေးဆပ်ရသည်။ ဤအရာ ယနေ့ မာတုရများနှင့်တကွ ကနဦး အသင်‌းတော်နှင့် ခရစ်တော်ဘုရား ကိုယ်တိုင်ကြုံတွေ့ရသော အရာများ ဖြစ်သည်။

ကောလိပ် ကျောင်းသူ တစ်ဦးသည် ခရစ်တော်ကို လက်ခံ ယုံကြည် ပြီးနှစ်ခြင်းယူမည် ပြုသောအခါ မိဘများက “နင် ခရစ်ယာန်ဘာသာထဲ သင်အိမ်ကထွက်သွားပါ။” သူမသည် မိသားစုကိုစွန့်ပြီးနှစ်ခြင်းခံလျက် ခရစ်တော်ကို လက်ခံခဲ့သည်။

တစ်နေ့၌ ကောလိပ် ကျောင်းသူတစ်ဦးသည် စာရေးသူ၏ အိမ်သို ပြီး သူမသည် ခရစ်တော်ကို လက်ခံ လိုပါသော်လည်း မိဘများက တားမြစ်ကြောင်း ပြောပြပါသည်။ အကယ်၍ သူမသည် ခရစ်တော်ကို လက်ခံလျှင် အမွေဖြတ် အိမ်မှ ထွက်သွားရမည်ဖြစ်ကြောင်းနှင့် သူမသည် တစ်ဦးတည်းသော သမီး ဖြစ်ပြီး မိဘများသည် လည်း စီးပွားရေး ကောင်း မှန်သူများ ဖြစ်ကြပါသည်။ ဤကဲ့သို ဟန့်တားမှုများရှိနေသော်လည်း သူမ သည် မိဘကို စွန့်၍ ခရစ်တော်ကို လက်ခံခဲ့ပါသည်။ ဤဖြစ်ရပ်သည် ပုသိမ် မြေပြန့်သာသနာကွင်း၌ အမှန်တကယ် ဖြစ်ပေါ်ခဲ့ပါသည်။ ဤကဲ့သို သောကြီးမားသောပေးဆပ်မှုကိုအသင်းတော်တည်ထောင်သောလှုပ်ရှား မှုများတွင် တွေကြုံရပါသည်။

အသင်းတော် တည်ထောင်ရေး လှုပ်ရှားမှုများတွင် ခရစ်တော်ကို လက်ခံခြင်းကြောင့် အလုပ်ဖြုတ်ခံ ရခြင်း၊ မိသားစုစွန့်ပစ်ခြင်း၊ ဘဝ လုံခြုံမှု မရှိခြင်း စသော ကြုံတွေ့မှုများမှာ ရဲရင့်ပြီး ကြီးစွာသော အဖိုးအခ ပေးဆပ် သူများကို နေရာများစွာမှာ တွေ့မြင်နိုင်ပါသည်။

၄) မိသားစု အခြေခံ ပြောင်းလဲခြင်း (Family-Based Conversion)

အနောက်နိုင်ငံများသည် တသီးပုဂ္ဂလ၊ အတွေးအခေါ် အယူအဆ ကြီးစိုးပြီး နေထိုင်ကြသော်လည်း များသောအားဖြင့် အခြားနိုင်ငံများ အ ထူးသဖြင့် အရှေ့တိုင်း နိုင်ငံများသည် မိသားစု ချည်နှောင်မှုများ ကြီးစိုးကြ ပါသည်။ ဤမိသားစု ချည်နှောင်မှု၊ စည်းလုံးမှုသည် ယဥ်ကျေးမှုတစ်ခု ၊ ဖြစ်သည်။ မိသားစုထဲမှ လူတစ်ဦး တစ်ယောက်သည် သတင်းကောင်းကို ကြားရပြီးနောက် မိမိ၏ မိသားစုကို ပြန်ပြောပြီး၏ ထို့နောက်လက်ခံ သင့်လျှင် မိသားစုလိုက် အုပ်စုလိုက် ခံကြသည်။ အထူးသဖြင့် မိသားစုထဲမှ ဩဇာအရှိဆုံးသူ၊ အရှိဆုံးသော သူတို ပြောင်းလဲပါက ကျန်သော သူတိုသည်လည်း ပြောင်းလဲလာကြပါသည်။ ဤမိသားစုအခြေခံ ပြောင်းလဲခြင်းသည် ပုဂ္ဂလအယူဝါဒ (Individualism) ကြီးစိုးသော အနောက်နိုင်ငံ တွက် မမှန်သော်လည်း အခြားကမ္ဘာနှင့် အာရှနိုင်ငံ နေရာ အများ ဤကဲ့သိုသော ပြောင်းလဲခြင်းကို တွေ့နိုင်ပါသည်။ ကျွန်တော်တို့ မြန်မာ ပြည် သာသနာကွင်းများထဲတွင်လည်း ဤကဲ့သိုသော ပြောင်းလဲခြင်း များကို နေရာတိုင်းမှာ တွေ့မြင်နိုင်ပါသည်။

 

၅) ယုံကြည်သူသစ်များကို လုပ်ဖော်ကိုင်ဖက်အဖြစ် ထည့်သွင်းခြင်း

ယုံကြည်သူသစ်များကို သာသနာပြုများနှင့်အတူ တွဲ၍ လုပ်ငန်း တာဝန်များကို ပူးတွဲလုပ်ကိုင်စေ ခြင်းအားဖြင့် သူတိုကို တန်ဘိုးထားသည် ဆိုသော ခံစားမှုကို ပေးပါသည်။ သူတိုသည်လည်း ဤကဲ့သို သာသနာ လုပ်ငန်းတွင် အတူ ပူးတွဲ လုပ်ကိုင်ခြင်းကို ကြည်ဖြူစွာ လက်ခံတတ်ကြ ပါသည်။

သို့သော် ကျွန်တော်တို လုပ်လေ့လုပ်ထမှာ သူတိုကို အချိန်အကြာ ကြီး စောင့်ကြည့် လေ့လာပြီးမှ လုပ်ငန်းထဲသို ခေါ်ဆောင်ကာ ပူးတွဲလုပ် ကိုင်တတ်ကြပါသည်။ အချို့တို့သည်လည်း ဤကဲ့သို စောင့်ကြည့်ခြင်း၊ ခံရသော အချိန်ထဲတွင် အေးစက် သွားသော အသက်တာဖြင့်သာ အသက် ရှင် ကြပါသည်။

ဗီယက်နမ်နိုင်ငံမှ ဆရာဝန် တစ်ဦးသည် သာသနာပြုများနှင့် တွေ့ ဆုံပြီးသူတို့နှင့်အတူကျမ်းစာသင် ကြားခြင်း၊ ဆုတောင်းခြင်းနှင့် ရူပါရုံဝေ၄ ခြင်းတို့ကို အပတ်စဉ် ပြုလုပ်ပါသည်။ ထိုဆေးဆရာဝန်သည် လအနည်းငယ် ကြာသောအခါ ဤသို ပြောလာပါသည်။ ကျွန်တော် ခရစ်ယာန်တစ် ယောက် မဟုတ်သေးပါဘူး။ ဒါပေမဲ့ ကျွန်တော် ခရစ်ယာန် တစ်ယောက်ဖြစ်လာလျှင် ကျွန်တော် အသင်းတော် တည်ထောင်ရေး လှုပ်ရှားမှုမှာ ပါဝင်ပြီး ကျွန်ုတော်၏ နိုင်ငံထဲရှိ ကျွန်တော်၏ လူမျိုးများသော်လည်းကောင်း၊ နိုင်ငံရပ်ခြားမှာ ရှိသောကျွန်တော်၏လူမျိုးများထဲတွင်သော်လည်းကောင်း သာသနာ လုပ်ငန်းကို ထမ်းဆောင်လိုပါသည်။

ယုံကြည်သူသစ်များသည် သူတို လက်ခံ ရရှိထားသော တပည့် ယုံကြ တော်စစ် ဖြစ်ရေးနှင့် ကယ်တင်ခြင်း အကြောင်းကို ဝေငှလိုသော ဆန္ဒများ ပြီး အသင်းတော် တည်ထောင်ရေး လှုပ်ရှားမှုတွင်လည်း ပါဝင်ဆက်ကပ်လို ကြပါသည်။

 

၉) မိခင်ဘာသာစကားဖြင့်ဝတ်ပြုကိုးကွယ်ခြင်း (Heart Language)

 သာသနာပြုကွင်း၌ အသုံးပြုသော ထိုဒေသ၏ မိခင်ဘာသာစကား ကို အသုံးပြုပြီး ဝတ်ပြုကိုးကွယ် ခြင်းသည် ဧဝံဂေလိတရားကို လူမျိုးစုများ အထဲသို ချောမောစွာ စီးဆင်းသွားစေပါသည်။ အသင်းတော် တည်ထောင် ရေး လှုပ်ရှားမှုသည် အချိုသော လက်ရေးမူစာပေ မရှိသေးသော လူမျိုး စုထဲတွင် အောင်မြင်ဖြစ် ထွန်းခဲ့ပါသည်။ ဤလူမျိုးစုတိုတွင် သူတို၏ မိခင် ဘာသာ စကားဖြင့် ဘာသာပြန်ထားသော ကျမ်းစာအုပ် မရှိသေးသော် လည်း ဝတ်ပြုကိုးကွယ်ခြင်း၊ သီချင်းသီဆိုခြင်းနှင့် ဆုတောင်းခြင်းတိုကို သူတို၏ ဘာသာစကားကို အသုံးပြုခြင်းအားဖြင့် ပြောင်းလဲမှုများ ဖြစ်ပေါ် လာသည်ကို တွေ့ရပါသည်။ သိုသော် ထိုလူမျိုးစု၏ ဘာသာစကားကို လေ့လာသင်ယူခြင်းသည် လွယ်ကူသော အရာမဟုတ်ပေ။ မည်သိုပင်ဖြစ် စေ ဧဝံဂေလိတရား မရောက်ရှိသေးသော လူမျိုးစုများ၏မိခင်ဘာသာ စကား အသုံးပြုခြင်းသည် အသင်းတော် တည်ထောင်ရေး လှုပ်ရှားမှုအ တွက် အလွန် တန်ဘိုးရှိသောအရာ ဖြစ်သည်။

 

ရ) ဘုရားသခင်၏အံ့သြဘွယ်ရာနိမိတ်လက္ခဏာ (Divine Signs and Wonders)

အသင်းတော် တည်ထောင်ရေး လှုပ်ရှားမှုများသည် ဘုရားသခင်၏ အံ့သြဘွယ်ရာ နိမိတ်လက္ခဏာများ ထင်ရှား ဖြစ်ပေါ်သော ဒေသများတွင် မွေးဖွားလာသည်။ ယုံကြည်သူများစွာတို၏ ပြောင်းလဲခြင်းကို စစ်ဆေး မေးမြန်းကြည့်ရာ သူတို့၏ ဖြေဆိုမှုမှာ သူတိုသည် သခင်ယေရှုကို ကယ်တင်ရှင်အဖြစ် လက်မခံသေးခင် သူ့ကိုအနာ ငြိမ်းစေသောသူဖြစ်သည် ကို သိခဲ့ပါသည်။ –

 အမေရိကန် ဓမ္မတက္ကသိုလ် တစ်ခုမှ ကျောင်းအောင်သွားပြီး တရုတ် ပြည်သို သာသနာ သွားရောက် ထမ်းဆောင်သော သာသပြုတစ်ဦးက ဤသိုပြောပါသည်။ တရုတ်ပြည်ရှိအသင်းတော်တည် ထောင်ရေး လှုပ်ရှား မှု အားလုံးတိုသည် အနာငြိမ်းခြင်း၊ အံ့သြဘွယ်ရာ ဖြစ်ခြင်း လှုပ်ရှား ပြန်လည်ရှင်ပြန်ခြင်း အမှုတို့နှင့် ပြည့်လျက် နေပါသည်။ ယနေ့ တရုတ် ပြည်တွင် နေ့စဉ်ပြောင်းလဲသူဦးရေမှာ တစ်သောင်းဝန်းကျင်တွင် ဤသို့ ဖြစ်ရခြင်းမှာ ဘုရားသခင်၏ အံ့ဩဘွယ် နိမိတ်အပေါ်မှာ များစွာတည် နေပါသည်။

အိန္ဒိယနိုင်ငံ Gujaret ပြည်နယ်၌ Pradip Sudra အမည် သာသနာပြုသူ တစ်ဦးသည် မိမိ၏ မိတ်ဆွေများနှင့် သာသနာခရီးပြု မှ ရွာတစ်ရွာသို ရောက်ခဲ့ပါသည်။ ရွာကို ရောက်သည်နှင့် ရွာသားများ သူတို အားလုံးကို လက်နက် အစုံဖြင့် ဝိုင်းရံထားကြသည်။ ထိုအချိန်တင် ၎င်းရွာ၏ အကြီးအကဲ တစ်ဦး ရောက်လာပြီး Pradip Sudra ကို ဤသို့ပြောပါသည်။ “မင်းတို့ ယေရှုက အနာကို ငြိမ်းစေနိုင်တယ်လို ငါကြားဘူး တယ်။ ဒါကြောင့် အိပ်ယာပေါ်မှာ ငါးနှစ်ကြာ လဲနေသော ငါ့ဇနီးကို မင်းတို့ပျောက်ကင်းအောင် လုပ်ပေးပါ။ ပျောက်ကင်းသွားလျှင် မင်းတိုကို့ ဒီရွာမှာ မင်းတိုရဲ့ ဒေသနာတရားကို ငါဟောခွင့်ပြုမည်။ မပျောက်ကင်းဘူး ဆိုရင် တော့ မင်းတို ကြီးစွာသော နှိပ်စက်မှုကို ခံဖိုသာ ပြင်ထားကြပါ။”

Sudra သည် ထိုရွာ အကြီးအကဲအိမ်သို မိမိ၏ အဖော်များနှင့် အတူ သွားရောက်ပြီး လူနာကို ဆုတောင်းပေးသောအခါ ချက်ချင်း လူနာ မှာ ရောဂါပျောက်ပြီး သူတိုကို ကောင်းမွန်စွာ ဧည့်ဝတ်ပြုပါသည်။ ရွာအ ကြီးအကဲသည်လည်း Sudra နှင့်အဖွဲ့သားများကို သူတို၏ရွာ၌ သုံးပတ် တည်းခိုပြီး ကျမ်းစာ သင်ပေးရန်နှင့် သီချင်းများ သင်ပေးရန် တောင်းပန် စကား ပြောလာသည်။ သုံးပတ်ပြည့်သောအခါ ရွာထဲ၌ အသက် ၁၂နှစ်မှ အထက် အားလုံးသော သူတိုသည် နှစ်ခြင်း ခံယူခဲ့ပါသည်။ အားလုံး လူ ၂၅ဝ နှစ်ခြင်းခံပါသည်။ နောက်ပိုင်းတွင်ဤရွာသည် အသင်းတော်တစ်ပါး ဖြစ်သွားပြီး ပတ်ဝန်းကျင်ရှိ ရွာများသို့ သာသနာပြုကြပါသည်။

မြန်မာပြည်တွင်လည်း အံ့သြဘွယ်ရာများဖြစ်ပေါ်ထင်ရှားခြင်းများ သည်။ ပုသိမ်မြိုရှိ မြေပြန့်သာသနာ ကွင်းတစ်နေရာ၌ နတ်ဗေဒင်ဟော အမျိုးသမီးကြီးတစ်ဦးအိမ်သို သာသနာပြုများ သွားရောက်၍ ဒေသ ကို ဝေငှခဲ့ပါသည်။ ဤအိမ်ထဲတွင် ရုပ်ထုမျိုးပေါင်းစုံကို အိမ်အတွင်း၌ ၊ ထပ်စီ၍ထားပါသည်။ ရုပ်ထုများ မှာထောင်နှင့်ချီပါသည်။ ဤအ မျိုးသမီးသည် အသက် ၁၄နှစ် အရွယ်မှစ၍ နတ်ဗေဒင်ဟောပါသည်။ နတ်ဗေဒင်လာဟောသောသူများကိုသူမသည်ဤနတ်များကိုသိလိုသည့် အရာများကို မေးခြင်းအားဖြင့် သူသိလိုသော အရာများကို သိနိုင်ပါသည်။ ကျွန်တော်တိုသူ၏နေအိမ်၌ ဒေသနာဟောကြားခြင်း၊ ဓမ္မသီချင်းသီဆို ခြင်း၊ ဆုတောင်းခြင်းများပြုလုပ်ပြီးနောက် သိရှိရသည်မှာ ထိုအမျိုးသမီး သည် သူ၏နတ်များထံမှ သိလိုသော အရာများ ကိုမေးသောအခါ ခေါ်၍မရ ဝင်ကြောင်း သူမကပြောပါသည်။ ခရစ်တော်ဘုရားသည် သူ၏နတ်များ ထက်ပို၍ တန်ခိုးကြီးကြောင်း သူမ သိရှိခဲ့ရပါသည်။

အခြားအဖြစ်အပျက်တစ်ခုမှာ အသင်းအုပ်ဆရာတစ်ပါးထံသို မယုံ ကြည်သူတစ်ဦးကလာ၍ အကူအညီတောင်း ခံခဲ့ပါသည်။ ထိုသူ၏အိမ်၌ နတ်ဆိုးများ၏နှောက်ယှက်ခြင်းကြောင့် အိမ်ထဲတွင်မ နေရဲသည်အထိ ဖြစ် နေပါသည်။ အသင်းအုပ်ဆရာသည် ထိုအိမ်သိုသွားပြီး သီချင်းဆိုခြင်း၊ ကျမ်းစာရွတ်ခြင်း နှင့်အတူ ဆုတောင်းပြီး နတ်ဆိုးများကို ဤအိမ်မှ ခရစ် တော်၏နာမတော်၌ နှင်ထုတ်ခဲ့ပါသည်။ ဤသိုပြုပြီး နောက်ပိုင်းတွင် ဤ အိမ်၌ မည်သည့်အနှောက်အယှက်တစ်စုံတစ်ခုမှဖြစ်ပေါ်ခြင်းမရှိဘဲ အရာ အားလုံး အေးအေးဆေးဆေး ဖြစ်သွားပါသည်။ ဤဖြစ်ရပ်အားဖြင့် မယုံ ကြည်သူမိသားစုများနှင့်ပတ်ဝန်းကျင်တိုသည် ယေရှုဘုရားသည် နတ်များ ထက်ပို၍ တန်ခိုးကြီးကြောင်းကို သိခဲ့ကြပါသည်။

ဤကဲ့သိုသော အံ့ဘွယ်ရာများသည် မြန်မာပြည်နေရာများစွာတွင် ဖြစ်ပေါ်ကြောင်း သိရှိရပါသည်။ ဤအံ့သြဘွယ်ရာများကြောင့် ခရစ်တော် သည် ဘုရားအမှန်ပင်ဖြစ်ကြောင်း သက်သေထူခြင်းကို အထောက် အကူ ပြုသောအရာဖြစ်ပါသည်။

 

၈) သာသနာပြုများ၏ နာကျင်ခံစားမှု (Missionaries Suffered)

အသင်းတော် တည်ထောင်ရေး လှုပ်ရှားမှုများတွင် သာသနာပြုများ ၏ ကြီးလေးသော နာကျင် ခံစားမှုများသည် ရှောင်လွဲ၍မရသော အရာဖြစ် သည်။ သာသနာပြုများစွာတို့သည် သာသနာလုပ်ငန်းမှထွက်ခွာ ခဲ့ကြ သည်။ အချို့တို့သည် အခက်အခဲများကို စွန့်စားခံစားပြီး ဆက်လက်လုပ် ကိုင်ကြသည်။ သာသနာပြုများ သာမက ဇနီး၊ သားသမီးတို ရောဂါမျိုးစုံကို ခံစားရသည်။ အချိုတို့သည်လည်း သာသနာကွင်းတါင် အသက်ဆုံးရှုးခဲ့ကြသည်။ အချို့သောမွေးကင်းစကလေးများ ကူးစက်ရောဂါ ခံစားရခြင်းများ ဖြစ်ခဲ့သည်။ အချိုရော့ဂါတို့သည် အမည်ဖော်၍ပင် မရသော နတ်ဆိုး၏ တိုက်ခိုက်မှုများ ဖြစ်သည် ကြပါသည်။ အချို့တို့သည်လည်း ငွေကြေးအပေါ် သစ္စာမရှိဟု စွပ်စွဲခံရ ခြင်းများလည်း ရှိသည်။ လူမှုရေး ပြဿနာ၊ သားသမီး ကျန်းမာရေး၊ ပညာရေး ပြဿနာများစွာကိုလည်း ရင်ဆိုင်ခဲ့ကြရသည်။ ဆရာကြီးယုဒဿန် မြန်မာပြည် သာသနာတွင် ခံစားခဲ့ရသော အခက်အခဲ ပြဿနာများကို ကျွန်တော်တို့ အားလုံး သိရှိခဲ့ကြပါသည်။ ထိုကဲ့သိုသော အခက်အခဲများ ကို ကြံ့ကြံ့ခံပြီး သာသနာလုပ်ငန်းတွင် ရပ်တည်နိုင်ရန် သူတိုပြုလေ့ရှိသော  အရာများမှာ၊

က။ ရင်တွင်းခံစားမှုကို ရိုးသားစွာ ဖွင့်ဟပြောဆိုနိုင်ပြီး အားကိုးလောက်သော လုပ်ဖော်ကိုင်ဖက်ကို ရယူခြင်း ၊

ခ။ ဝိညာဉ်ရေးနှင့် ပတ်သက်သော စည်းကမ်းချက်များကို ချမှတ်လိုက်နာခြင်း၊ ဥပမာ ဆရာယုဒဿန်သည် တစ်နေ့ခုနှစ်ကြိမ် ဆုတောင်းသည်။

ဂ။ ကိုယ်ကာယ လေ့ကျင့်ခန်းကို စည်းကမ်းချ ပြုလုပ်ခြင်း၊ အစားအသောက်များကိုလည်း စည်းကမ်းချပြီး စားသောက်ခြင်း

ဃ။ မိသားစုများအတွက်အချိန်ဇယားချပြီး အသက်ရှင်ခြင်း ၊

င။ ဆုတောင်းခြင်း ကွန်ယက်များကို ပိုမို ကောင်းမွန်အောင် ကြိုးစားလုပ်ခြင်း

စ။ ဘုရားသခင်ကို အမြဲ ချီးမွမ်းခြင်း အမှုနှင့် နှိမ့်ချသော စိတ် သဘောတိုကို မွေးမြူခြင်း၊ နှိမ့်ချခြင်းနှင့် ကျေးဇူးတော် မွမ်းခြင်းကိုကောင်းမွန်စွာလုပ်နိုင်သောသာသနာပြုများ သည် သာသနာကွင်း၌ နှစ်ပေါင်းများစွာ ဆက်ကပ်နိုင်စွမ်း ရှိသည်။

ဆ။ စာတန်၏ တိုက်ခိုက်မှုသည် အမြဲတမ်း ရှိသည်ကို သတိထား အသက်ရှင်ခြင်း

ဤစည်းကမ်းချက်များသည် သာသနာပြုများအား စာတန်၏ ဖက်ဆီးခြင်းမှ ကာကွယ်ပေးသော အရာများ ဖြစ်သည်။ ဒုက္ခခံခြင်း စိတ် ဓာတ်သည် သခင်ယေရှုဘုရား၏ မွေးရာပါ စိတ်ထား ဖြစ်သည်။

 

၃။ ဥဿုံသာသနာ (Wholistic Mission)

ဥဿုံ သာသနာသည် ကျွန်တော်တို ခရစ်ယာန်များအနေဖြင့် အမြဲ ပြောဆို ဆွေးနွေးသော အကြောင်းအရာ ဖြစ်ပါသည်။ သာသနာပြုရာတွင် ဥသုံ သာသနာကို မျှတစွာ ပြုမှသာလျှင် လုပ်သင့်လုပ် ထိုက်သော အရာ များကို လုပ်ခြင်း ဖြစ်သည်ဟု ခံယူကြပါသည်။ ဥဿုံသာသနာနှင့် ပတ် သက်၍ လုပ်ဆောင်ရန် လုပ်ငန်းများစွာ ရှိမည် ဖြစ်ပါသည်။ သိုသော် ဥဿုံ သာသနာပြုရာတွင် အဓိကကျသော သာသနာလုပ်ငန်း ငါးမျိုးကို ကောင်း မွန်စွာလုပ်ဆောင်ပါကသာသနာလုပ်ငန်း၏လုပ်ရန်တာဝန်အားလုံးနီးပါး ကို ပြီးပြည့်စုံစေမည် ဖြစ်ပါသည်။ ဤအရာငါးခုကို ခရစ်ယာန် သာသနာ လုပ်ငန်း၏ အမှတ်အသားများအဖြစ် နားလည် လုပ်ဆောင်သွားရန် လို အပ်ပါသည်။ ယနေ့ ကျွန်တော်တို၏ ခရစ်ယာန် သာသနာပြုများသည် လည်း ဤအရာငါးခုကို ကြိုးစား လုပ်ဆောင်လျက် ရှိကြပါသည်။ ၎င်းတိုမှာ –

(၁) နိုင်ငံတော်၏ သတင်းကောင်းကို ကြေငြာခြင်း (To Proclaim the Good News of the Kingdom)

၂) ယုံကြည်သူသစ်များကို ဗတ္တိဇံပေးခြင်း၊ သင်ကြားပေးခြင်းနှင့်ပြုစု ပျိုးထောင်ခြင်း ၊ (To Baptize, Teach and Nurture New Believers)

(၃) လူသားများ၏ လိုအပ်ချက်များကို မေတ္တာဖြင့် အစေခံ (To Respond to Human Needs by Loving Serv

(၄) တရားမျှတမှု မရှိသော လူ့အသိုင်းအဝိုင်းကို ပြုပြင်ပြောင်း  (To Seek to Transform Unjust Structures of So

(၅) ကမ္ဘာကြီးကို ပြုပြင်ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ခြင်း (To Strive to Safeguard and Sustain the Life of the Earth)

 

(၁) နိုင်ငံတော်နှင့်ဆိုင်သော သတင်းကောင်းကို ကြေငြာခြင်း (To Proclaim the Good News of the Kingdom)

သခင်ယေရှု၏ သာသနာလုပ်ငန်း လုပ်ဆောင်ခဲ့စဉ်က သူမိန့်ဆိုခဲ့ သည်မှာ နိုင်ငံတော် တည်လုနီးပြီ၊ နောင်တရကြလော့၊ ဧဝံဂေလိတရားကြီး ယုံကြည်ကြလော့ (မာကု ၁း၁၅)။ နိုင်ငံတော်နှင့်ဆိုင်သော ဧဝံဂေလိတရား ကို ဟောခဲ့ရာတွင် သူသည် ဘိသိက်ပေးခြင်းကိုလည်း ခံယူခဲ့ရပါသည်။ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်၌ တည်တော်မူ၏” (လုကာ ၄;၁၈)။ အသင်းတော်သမိုင်း တလျှောက်လုံးမှစ၍ ယနေ့ထိ တိုင်အောင် ဤသတင်းကောင်းကို အသင်းတော်များက ဆက်လက်ပြီး လုပ်ဆောင် ကြပါသည်။ ဤလုပ်ငန်းကို အသင်းတော်များက အလေးအနက် ခံယူလုပ်ဆောင် ခဲ့ကြပါသည်။ ဤဝမ်းမြောက်ဘွယ် ဧဝံဂေလိ သတင်းကောင်းကို အမြဲ ဆန်းသစ်နေသော သတင်းအဖြစ် နားလည် ခံယူလျှက် ကြေငြာသွား ရန် လိုအပ်ပါသည်။ ခရစ်ဝင်ကျမ်း လေးကျမ်းလုံးတွင် ဖော်ပြထားသည်မှာယေရှုခရစ်တော်သည် ဤလုပ်ငန်းကို အလွန် မြတ်နိုးတန်ဘိုးထားပြီး ဤ လုပ်ငန်းအတွက် မိမိကိုယ်ကို ပေးဆပ် လုပ်ကိုင် ခဲ့ပါသည် (မာ ၁;၁၅။ မ ၇း၁၄။ လု ၈း၁။ ယော ၃း၃)။

 

(၂) ယုံကြည်သူသစ်များကို ဗတ္တိဇံပေးခြင်း၊ သင်ကြားပေးခြင်းနှင့် ပြုစုပျိုးထောင်ခြင်း ၊ (To Baptize, Teach and Nurture New Believers)

ယုံကြည်သူသစ်များ ပြောင်းလဲလာပါက နှစ်ခြင်းပေးခြင်း အမှုကို ပြုရမည်ဖြစ်သည်။ ဤမင်္ဂလာဝတ် ကိုပြုပြီးသည်နှင့်အတူလုပ်ဆောင်ရာ၌ ကိုယ်တော်မိန့်တော်မူချက်မှာ“ငါသည်သင်တိုအားပေးသမျှသောပညတ်၊ တော်တို့ကို စောင့်ရှောက်စေခြင်းငှါ ဆုံးမသြဝါဒ ပေးကြလော့” (မ ၂၈း၂၀)  ဤသိုပြုခြင်းသည် ယုံကြည်သူသစ်များအား မိမိတို၏ ဟောင်းသော အသက်တာမှ သစ်သော အသက်တာသို့ ပြောင်းလဲ အသက်ရှင်ရန် ဖြစ်သည်။ ကနဦး အသင်းတော်၏ သွန်သင် လမ်းပြမှုမှာ၊ “ထိုသူများသည် တမန်တော်တို့၏ ဆုံးမဩဝါဒကိုခံခြင်း၊ မုန့်ကိုဖဲ့ခြင်း၊ ပတ္ထနာပြုခြင်းတို့ကိုအမြဲ ဆောင်ရွက်နေ၏” (တ ၂း၄၂)။

ခရစ်တော်၏ တပည့်တော်ဝင် ခရစ်ယာန်တစ်ဦးဖြစ်ရန် လိုအပ်ချက်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သူတို့၏ အသက်တာနှင့် ဝိညာဉ်ရေးတို့ကို ကြီးစိုးရန် ဖြစ်သည်။ သူတို့ သိရှိနားလည်အောင် သင် ကြားပေးရန်မှာ သမ္မာကျမ်းစာသည် သူတို ယုံကြည်ခြင်း၏ အခြေခံအုတ် မြစ် ဖြစ်သည်။ ယုံကြည်သူသစ်များ၏ဝိညာဉ်ရေးကြီးထွားလာရန်အတွက် သမ္မာကျမ်းစာသည် အလွန်အ ရေးကြီးသော အခြေခံ အုတ်မြစ် ဖြစ်သည်။ သမ္မာကျမ်းစာ သိကျွမ်းခြင်းနှင့်အတူ သူတို၏ဆုတောင်းခြင်း အသက်တာ သည်လည်း တိုးတက်ရန် လိုအပ်ပါသည်။

 

(၃) လူသားများ၏ လိုအပ်ချက်များကို မေတ္တာဖြင့် အစေခံခြင်း (To Respond to Human Needs by Loving Service)

အသင်းတော်သမိုင်းတွင် အသင်းတော်သည် လူ့အသိုင်းအဝိုင်းများ ၊ တိုးတက်ဖွံဖြိုးအောင် လုပ်ကိုင်ခဲ့ကြပါသည်။ ဘုရားသခင်၏ သဏ္ဍာန်တော်နှင့်အညီ ဖန်ဆင်းခြင်း ခံရသော လူသားများကို တန်ဘိုးထားလျက် ထမ်းဆောင်ခဲ့သော အရာများမှာ ကျန်းမာရေးနှင့်ပတ်သက်၍ ဆေးခန်း များ၊ ဆေးရုံများနှင့် ရောဂါ ကာကွယ်ရေး အစီအစဉ်များ၊ ဘာသာစကား များနှင့် စာပေများ၊ လူမျိုးစုများ၏ယဉ်ကျေးမှု၊ တေးဂီတများ၊ လက်မှုပညာ များ၊ ရိုးရာဓလေ့များနှင့် စိုက်ပျိုးရေး နည်းပညာများ တိုးတက် ကောင်းမွန် စေခြင်း၊ မသန်စွမ်းသူများကို ကူညီခြင်း၊ မိသားစုဘဝ မြှင့်တင်ပေးခြင်းနှင့် ပညာရေး အဆင့်အတန်းများ မြှင့်တင်ပေးခြင်း များကို လုပ်ခဲ့ကြပါသည်။

ယနေ့ အသင်းတော်များသည် လူသားများ တိုးတက် ဖွံဖြိုးရေးလုပ် ဆောင်ခြင်းကို သာသနာလုပ်ငန်း၏ အရေးကြီး ကဏ္ဍအဖြစ် မြင်တွေ့ကြ ပါသည်။ ဤအရာများသည် အသင်းတော်၏ သာသနာလုပ်ငန်းတွင် ပါဝင်သည်ဟု လက်ခံကြသည်။ အဘယ်ကြောင့်ဆိုသော် ခရစ်တော်ယူဆောင် လာသော ကယ်တင်ခြင်းသည် လူသားတစ်ဦး၏ လိုအပ်ချက်အားလုံးနှင့် သက်ဆိုင်သည်ဟု အသင်းတော်က ခံယူကြပါသည်။

ခရစ်ယာန်သာသနာလုပ်ငန်းသည်သတင်းကောင်း နှင့်လူသားတို့၏လိုအပ်ချက် ဖြည့်ဆည်းခြင်း အမှုတိုပူးတွဲ ဆောင်ရွက်ခြင်းကို တမန်တော်ခေတ်မှစ၍ လုပ်ဆောင်ကြပါသည် (တ ၄း၃၄-၃၅)  ဧဝံဂေလိသမိုင်းသည်လည်း လူသားများ တိုးတက်ဖွံဖြိုးရေး သပြ မရေမတွက်နိုင်သောပညာရေး၊ ကျန်းမာရေး၊ ငြိမ်းချမ်းရေး၊ တရား နှင့် အခြားသော ကောင်းမှုများစွာကို လုပ်ဆောင်ခဲ့ပါသည်။

ရှင်မဿဲ ၂၅း၄၀ “မင်းကြီးက ငါအမှန်ဆိုသည်ကား၊ သင်တိုသည် ဤသူတည်းဟူသော ငါ့ညီတို့တွင် အငယ်ဆုံးသောသူ တစ်ယောက် အား ပြုသမျှတိုကို ငါ့အားပြုကြပြီ။”

သခင်ယေရှုနှင့် ဆင်းရဲသား၊ ဒုက္ခသည်တိုကို ခွဲခြား၍ မရပါ။ ကိုယ်တော်သွားသည့် နေရာတိုင်းတွင် ချိုတဲ့၊ ဒုက္ခရောက်သောသူများ ဝိုင်းရံလျက် ရှိပါသည်။ ကိုယ်တော်၏ သာသနာခရီးတွင် သနားခြင်းနှင့် ဆိုင်သောစကားကိုဆယ်ကြိမ်တိုင်ပြောခဲ့ပြီးဤစကားကိုပြောသည့်အခါ တိုင်း ဒုက္ခဝေဒနာ ခံစားရသော သူများစွာ သူ့အနားတွင် ရှိပါသည်။ ကိုယ်တော်ကဲ့သို လူသားတို၏ လိုအပ်ချက်များကို မေတ္တာဖြင့် ဖြည့်ဆည်းပေး ပါက ဧဝံဂေလိထမ်းဆောင်ခြင်း အမှုအတွက် တံခါးပွင့်မည်မှာ အမှန်ပင် ဖြစ်ပါသည်။

 

(၄) တရားမျှတမှုမရှိသောလူ့ အသိုင်းအဝိုင်းကို ပြုပြင်ပြောင်းလဲခြင်း (To Seek to Transform Unjust Structures of Society)

အသင်းတော်၏ သာသနာသည် ဥဿုံ သာသနာ ဖြစ်ရန်နှင့် ငြိမ်း ချမ်းသာယာခြင်းကို ဦးတည်ရန် ဖြစ်သည်။ ဤတရားမျှတ၍ ငြိမ်းချမ်းသော လူ့အဖွဲအစည်းကို ဘုရားသခင်သည် လူသားတိုင်း ခံစားရရှိ လိုပါသည်။ ဘုရားသခင်သည် ဖြောင့်မတ်သော ဘုရား၊ တရားမျှတသော ဘုရားဖြစ်သောကြောင့် လူသားတို့သည်လည်းထိုကဲ့သို့သောအခါ ဖြင့် အသက်ရှင်လျက် လူ့အသိုင်းအဝိုင်းကို တည်ထောင်စေ လိုပါသည်။

အချင်းလူ၊ ကောင်းသောလမ်းကို ပြတော်မူပြီ။ တရားသဖြင့် ပြု ခြင်း၊ ကရုဏာကိုနှစ်သက်ခြင်း၊ သင်၏ဘုရားသခင်ရှေ့တော်၌ နှိမ့်ချသော တင်နေခြင်းမှတစ်ပါး အဘယ်ပူဇော်သက္ကာကို ထာဝရဘုရား တောင်းတော်မူသနည်း” (မိက္ခာ ၆း၈)။

တရားသဖြင့် စီရင်ခြင်းကို ရေကဲ့သို၄င်း၊ ဖြောင့်မတ်ခြင်းကို မပြတ် စီးသော မြစ်ရေကဲ့သို၄င်း စီးစေကြလော့” (အာ ၅း၂၄)။

ဘုရားသခင်သည် တရားမျှတခြင်းကို နှစ်သက်ပြီးဤတရားမျှတမှု အဖိနှိပ် ခံရသောသူ၊ မတရား စော်ကားခြင်း ခံရသောသူ၊ ပစ်ပယ်ခြင်း ခံရသော သူတိုအား ခံစားရရှိစေ လိုပါသည်။ ဤစမ်းရေနှင့် တူသောအရာ သည် သမ္မာကျမ်းစာ တစ်အုပ်လုံးတွင် ထပ်ခါထပ်ခါ ဖော်ပြ ထားပါသည်။

ဘုရားသခင်သည် တရားမျှတသော ဘုရားနှင့် တရားမျှတမှုကို ချစ် သောဘုရားဖြစ်သည်။ ဤတရားမျှတခြင်းကိုစိတ်ထဲ၌ခံစားနားလည်ရုံဖြင့် သာမဟုတ်ဘဲဆင်းရဲသောသူ၊ ဖိနှိပ်ခြင်းခံရသောသူ၊ မတရားပြုကျင့်ခြင်း ခံရသော သူတိုကို ကူညီမစခြင်းအားဖြင့် သက်သေပြ လုပ်ဆောင်ရန် လို အပ်ပါသည်။ ယုံကြည်သူ ဘုရားသားသမီးများသည် ဤအရာကို သိရှိ နားလည်ပြီး ကမ္ဘာကြီး၌ တရားမျှတမှု လွှမ်းမိုးရန် တာဝန်ရှိသော ဘုရား သခင် ရွေးကောက်ခေါ်ယူခြင်းကို ခံရသောသူများ ဖြစ်သည်။

ဖြောင့်မတ်ခြင်း၊ တရားမျှတခြင်းအကြောင်းကို ဓမ္မဟောင်းကျမ်း၌ အကြိမ်ပေါင်းများစွာနှင့် ရှင်းလင်းစွာ ဖော်ပြထားပါသည်။ ဓမ္မသစ်ကျမ်း သည် ထိုကဲ့သို လေးနက်စွာ ဖော်ပြထားခြင်း မရှိသော်လည်း ဘုရားသခင် ၏ လူ့အဖွဲအစည်း ပုံစံဖြင့် ထောက်ခံသော အရေးအသားများကို တွေ့ရပါ သည်။

ဆင်းရဲခြင်း၊ ဖျားနာခြင်းနှင့် အခြားသော ဒုက္ခပြဿနာ အများစုတို သည် ဤတရားမျှတခြင်း အားနည်းမှု အပေါ်မှာ အများအားဖြင့် တည် နေပါသည်။

 

(၅) ကမ္ဘာကြီးကို ပြုပြင်ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ခြင်း ၊ (To Strive to Safeguard and Sustain the Life of the Earth)

ကမ္ဘာကြီးနှင့်တကွဖန်ဆင်းခြင်းအရာများကိုပြုပြင်ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် လူသားများ၏ တာဝန် ဖြစ်သည်။ ဤတာဝန်ကို လူသား တို့၏ဘဝ စတင်ရာ ဧဒင်ဥယျာဉ်၌ စ၍ တာဝန်ပေးအပ်ခြင်း ဘုရားသခင်၏ ဖန်ဆင်းခြင်းအရာများသည် အမြဲ ဆန်းသစ် တစ်ခု ကိုက်ညီစွာ အမှီသဟဲပြု ကြပါသည်။ ဤကဲ့သို ဖန်ဆင်းခြင်းအရာများ ရပ်တည်နေခြင်းသည် ဘုရားသခင်၏ သစ္စာတော်တို့၏ တည်မြဲခြင်းကို ဖော်ပြခြင်း ဖြစ်သည်။ ဤအရာများသည် ကိုယ်တော်၏ ဘုန်းတော်နှင့် တန်ခိုးတော်တိုကို ထင်ရှားစေပါ (ဆာ ၁၁၉)။

လူသားများ၏အစားအသောက်၊ အနေအထိုင်၊ အဝတ်အစား အဆောင် အားလုံးတိုသည် ဘုရားသခင် ဖန်ဆင်းထားသော ကမ္ဘာကြီး ထုတ်လုပ် ပေးပါသည်။ လူသားများကို ကျေးဇူးပြုသော ဤကမ္ဘာကြီး ပြုပြင် ထိန်းသိမ်းစောင့်ရှောက်ရန်မှာ လူသားတို၌ တာဝန်ရှိပါသည်။ ထို ကြောင့် လူသားများသည် မိမိတို နေထိုင်သည့် အရပ်၌ ကမ္ဘာကြီးကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ရမည် ဖြစ်ပါသည်။ –

လူသားများ၏ကမ္ဘာကြီးအပေါ် တာဝန်ယူမှုအားနည်းခြင်းကြောင် ကမ္ဘာကြီး၏ ယိုယွင်းမှုများသည် တစ်နေ့ထက် တစ်နေ့ ပိုမို ထင်ရှားလာပါ သည်။ လေထု ညစ်ညမ်းခြင်း၊ ရေ ညစ်ညမ်းခြင်း၊ စိုက်ပျိုးရန် မြေများ နည်းပါးလာခြင်း(ရေတိုက်စားခြင်း)၊ သစ်တောများ ပြုန်းတီခြင်း၊ တိရစ္ဆာန် များ နေထိုင်ရန် နေရာ နည်းပါးလာခြင်း၊ တိရစ္ဆာန်များ မျိုးတုံး ပျောက် ကွယ်သွားခြင်း၊ သဲကန္တရများ များပြားလာခြင်း၊ ရာသီဥတု ဖောက်ပြန်ခြင်း နှင့်အတူ အခြားသော ပြဿနာများစွာ ပေါ်ပေါက်လာပါသည်။

ကုန်းနေသတ္တဝါများ နေရာ ရွှေ့ပြောင်းခြင်း၊ နည်းပါးသွားခြင်းနှင့် မျိုးတုံးပျောက်ကွယ်သွားခြင်းတိုသည် သစ်တောများ ပြုန်းတီးခြင်း၊ မြို့ ကြီးများနေရာယူလာခြင်း၊ ရာသီဥတုပြောင်းလဲခြင်းတိုကြောင့် ဖြစ်သည်။ လူသားများသည် ဤအခြေအနေများကို သိရှိလျှက် မိမိတို၏ လုပ်ဆောင်ရ မည့် တာဝန်ကို လုပ်ဆောင်သွားရန် လိုပါသည်။

ရေနေသတ္တဝါများသည်လည်း ကြီးစွာသော အန္တရာယ်များကို တွေ့နေရပါသည်။ ပင်လယ်များတွင် ငါးများကို လိုသည်ထက် ပိုမို ဖမ်း ခြင်းကြောင့်ရေသတ္တဝါများနည်းပါးလာပြီးပင်လယ်ထွက်အစားအစာ တစ်နှစ်ထက်တစ်နှစ်နည်းပါးလာပါသည်။ ထိုကြောင့်ပင်လယ်ကြီးကောင်းမွန်စွာ သိမ်းစောင့်ရှောက်ခြင်းအားဖြင့် အခြေအနေများကို ပြုပြင်ရန် လိုပါသည်။

လေထု လေထဲတွင် ကာဗွန်ဓါတ်၏ မညီမျှသော အခြေအနေသည် လွန်စွာမှ အန္တရာယ်ကြီးပါသည်။ သက်ရှိ သတ္တဝါအားလုံးတို ၏ မြန်ရှိရမည့် အတိုင်းအတာအတွင်း၌သာ အသက်ရှင်နိုင်ကြပါသည်။ တာဝန်သည် အလွန် တန်ဘိုးရှိပြီး အသုံးဝင်သော အရာဖြစ်သည်ဟု သိရ ပါသည်။ ပညာရှိများ၏ ဖော်ပြချက်အရ ကာဗွန်ဒိုင်အောက်ဆိုဒ်၏ တိုးနှုန်း မှာ ၈ နှစ်အတွင်း“၂၁.၅ ရာခိုင်နှုန်း တိုးလာပါသည်။ ယနေ့ ကာဗွန်ဒိုင် အောက်ဆိုဒ်၏ အတိုင်းအတာမှာ လွန်ခဲ့သော နှစ်ပေါင်း ၆၅ဝဝဝဝ တွင် ခဲ့သော ကာဗွန်ဒိုင်အောက်ဆိုဒ် အတိုင်းအတာထက် ၂၇ ရာခိုင်နှုန်းများ နေပါသည်။ ကာဗွန်ဒိုင်အောက်ဆိုဒ် များလာခြင်းသည် ကမ္ဘာကြီးကို ပိုမို ပူနွေးလာစေပါသည်။ ဤအရာသည် အလျင်အမြန် ကိုင်တွယ် ဖြေရှင်းရန် လိုအပ်ပါသည်။ ။

ဤအထက်ပါ ကုန်း၊ ရေနှင့် လေတို့၏ အခြေအနေ အားလုံးသည် လူသားတို့၏ တာဝန်ဖြစ်ပြီး ဤတာဝန်သည် ဘုရားပေး တာဝန် ဖြစ်သောကြောင့် လူတိုင်းသည် မိမိရှိရာ အရပ်၌ အကောင်းဆုံး တာဝန်ယူလျက် ကမ္ဘာကြီးကို ထိန်းသိမ်း ပြုပြင် စောင့်ရှောက်ရန် လိုအပ်ပါသည်။

“ထိုအခါ ထာဝရအရှင်ဘုရားသခင်သည် လူအား ဧဒင်ဥယျာဉ်ကို ပြုစုစောင့်ရှောက်နေစေခြင်းငှါ ထားတော်မူ၏” (က ၂း၁၅)။

“ငါတိုအား ပေါ်ထွန်းလတ္တံ့သော ဘုန်းကို ထောက်သော် ယခုမျက် မှောက်ကာလ၌ ခံရသော ဆင်းရဲဒုက္ခကို ပမာဏ မပြုထိုက်ဟု ငါသဘော ရှိ၏။ ဤလောကသည် ဘုရားသခင့်သားတို၏ ပေါ်ထွန်းခြင်း အရာကို အလွန်တောင့်တမျှော်လင့်လျက် နေ၏။ ဤလောကသည် အနိစွနိုင်ငံသို့ အလိုလို လိုက်သည်မဟုတ်။ ဘုရားသခင်သားတို၏ထူးမြတ်သော လွှတ် ခြင်းချမ်းသာတည်းဟူသောဖေါက်ပြန်ပျက်စီးခြင်းအနှောင်အဖွဲမှ ကယ် လွှတ်ခြင်း ချမ်းသာကို ဝင်စားမည်ဟု မျှော်လင့်ရသော အခွင့်ကို ပေး၍ အနိစ္စနိုင်ငံသို လိုက်စေတော် မူသောသူ၏ အလိုတော်ကြောင့်သာ လိုက်ရ ၏။ ဤလောကတနိုင်ငံလုံးသည် ယခုတိုင်အောင် တညီတညွတ် တည်းညည်းတွား၍ဆင်းရဲခြင်းဝေဒနာကို ခံရသည်ဟု ငါတို သိကြ ဝိညာဉ်တော်၏ ကျေးဇူးတော် အစအဦးကို ခံပြီးသော ငါ သားအရာ၌ ချီးမြှောက်ခြင်းအကြောင်းတည်းဟူသော ကိုယ်ခန္ဓာရွေးနှုတ် ခြင်း ချမ်းသာကို မျှော်လင့်၍ စိတ်နှလုံးအထဲ၌ ညည်းတွားလျက်နေကြ၏။ ငါတိုသည် မြော်လင့်ခြင်းအားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက် ကြ၏။ မျှော်လင့်သောအရာကိုတွေ့မြင်လျှင် မြော်လင့်စရာအကြောင်းမရှိ။ တွေ့ မြင်သော အရာကို အဘယ်ကြောင့် မျှော်လင့်ရမည်နည်း”  (ရော ၈း၁၈-၂၄)။

 

အသင်းတော်နှင့် လောကီအာဏာစက် တို သီးခြားရပ်တည်ခြင်း (Separation of Church and State )

(က) နှစ်ခြင်းခရစ်ယာန်များက အသင်းတော်နှင့် လောကီအာဏာစက် အစိုးရသည်ထပ်တူထပ်မျှမဟုတ်၊ သီးခြားရပ်တည်လျက်ရှိသည်ဟုယံ ကြည်လက်ခံထားသည်။ ထိုကြောင့်အစိုးရမင်းတို့၏ နိုင်ငံရေး အဝဝတွင်အသင်းတော်သည်ဝင်ရောက်စွက်ဖက်ခြင်းမပြုရဟုလက် ခံရုံသာမက၊ ထိုသဘောအတိုင်း လက်တွေ ကျင့်သုံးကြသည်။ တစ် နည်းကား အသင်းတော်လုပ်ဆောင်သော ဝိညာဉ်ရေးရာ ကိစ္စရပ် များနှင့် အစိုးရမင်း ဆောင်ရွက်သော နိုင်ငံရေးများသည် တစ်သီးတစ် ခြားဖြစ်ကြောင်း ယုံကြည်ထားသည်။ ဤခံယူချက်ကြောင့် အသင်း တော်သည် နိုင်ငံရေးအဖွဲအစည်း တစ်ခုအနေဖြင့် မပါဝင်ကြရန် ခံယူကြပါသည်ဟု လက်ခံထားပါသည်။

(ခ) အသင်းတော်ရေးနှင့် နိုင်ငံရေးသည် သီးခြားရပ်တည်လျက်ရှိသည်ဟု ယုံကြည်သွန်သင်သည့်အတိုင်း တစ်ဦးချင်း လူသားတိုအား အ ကျိုးသက်ရောက်စေမည့် လူမှုရေးကိစ္စအဝဝတို့တွင် (ခရစ်ယာန်ဓမ္မ သဘော တရားကိုအခြေခံပြီး) ပါဝင်ရောယှက်ဆောင်ရွက်နိုင်သည် ဟု လက်ခံထားပါသည်။ ထာဝရဘုရားရှင်သည် လောကကို ချစ်တော်မူ၍ သားတော်ကိုစေလွှတ်တော်မူပြီး အပြစ်တွင်နစ်မွန်းနေသူ အား ကယ်တင်ခြင်း ဆုကျေးဇူးကို ပေးခဲ့သည့်နည်းတူ၊ ယုံကြည် များသည်လည်း ကိုယ်တော်နည်းတူ လောကကိုချစ်ရမည် ဖြစ်၍ လောက ကိုချစ်သည်ဆိုရာတွင် ဘုရားရှင်၏ကောင်းမြတ်ခြင်းတည်း ဟူသောကယ်တင်ခြင်း၊ ချစ်ခြင်း၊ ချမ်းသာခြင်း၊ ငြိမ်သက်ခြင်း၊ တရား မျှတခြင်း၊ ကျေးဇူးပြုတတ်ခြင်း အစရှိသောဘုရားရှင် နိုင်ငံ တော်၏ ကောင်းမြတ်ခြင်းတို့ကို လူသားများခံစားနိုင်ရန် ဆောင်ရွက်သွားရ မည်ဟု သဘောပေါက် ယုံကြည်ထားပါသည် (မ ၂၈း၁၈၊ လု ၄း ၁၈-၁၉)။

ကမ္ဘာတဝှမ်းရှိမတရားမှုများနှင့် ငြိမ်းချမ်းရေး

သာသနာပြုခြင်း၌ ငြိမ်းချမ်းရေးသည် မပါမဖြစ်သောအရာဖြစ် သည်။ ငြိမ်းချမ်းရေးကို အနက်ဖွင့်သော အခါ အကြမ်းဖက်မှုချုပ်ငြိမ်းခြင်း အနေဖြင့်သာ အများအားဖြင့် နားလည်ကြသည်ကိုတွေ့ရသည်။ သိုသော် စစ်မှန်သောငြိမ်းချမ်းရေးသည်အကြမ်းဖက်မှုရပ်ဆိုင်းရုံဖြင့် မရနိုင်ဘဲ စိတ် နှလုံး၏ငြိမ်သက်ခြင်း၌သာ အခြေခံသည်။ ဤအဆင့်အထိ မသွားသော ငြိမ်းချမ်းရေး ဖော်ဆောင်မှုသည် အတုအယောင်ငြိမ်းချမ်းရေး သာဖြစ်လိမ့် မည်။

ယနေ့ကမ္ဘာကြီးသည် ပဋိပက္ခကမ္ဘာကြီးဖြစ်သည် (World of Conflict)။ လူ့သမိုင်းသည် ပဋိပက္ခသမိုင်း ဖြစ်သည် (History of Conflict)။ လူရှိသောနေရာတိုင်း၌ ပဋိပက္ခရှိသည်။ ထိုကြောင့် လူ ကိုယ်တိုင်သည် ပဋိပက္ခလူသားဖြစ်နေသည် (Man of Conflict)။

အခြားတစ်ဘက်၌လူသားများတောင့်တနေသောအရာမှာငြိမ်းချမ်း သောကမ္ဘာ (World of Peace) နှင့်ငြိမ်းချမ်းသောသမိုင်း (History of Peace) ဖြစ်သည်။ ထိုကြောင့် ကျွန်တော်တိုသည် ငြိမ်းချမ်းခြင်း၏လူသား (Men of Peace) များဖြစ်ရန် လိုအပ်ပါသည်။ ။

ငြိမ်းချမ်းရေးကို ရှာဖွေသည့်အခါ အဓိကအားဖြင့် ကျွန်တော်တို သမ္မာကျမ်းစာကို ကြည့်ရမည်ဖြစ် သည်။ ယေရှု၏လမ်းစဉ်မှာ အကြမ်း မဖက်သောလမ်းစဉ်ဖြစ်သည်။ ယေရှုခရစ်တော်၏သွန်သင်ချက်များသည်။ အကြမ်းမဖက်သောလမ်းစဉ်ဖြင့် ငြိမ်းချမ်းရေးကိုတည်ဆောက်ရန် ဖြစ် သည်။ ယေရှု၏သွန်သင်ချက်မှာ တရားမျှတခြင်း၊ သနားကြင်နာခြင်း၊ ချင် ခြင်း၊ ငြိမ်းချမ်းခြင်းဆိုသည့် ဘုရားသခင်၏နိုင်ငံတော် တည်ထောင် ခြင်းကို မဏ္ဍိုင်ပြုလျက် သွန်သင်ခြင်းဖြစ်သည်။ ဘုရားသခင်၏နိုင်ငံ တော်တည်ထောင်ရာတွင် တရားမျှ တခြင်းသည် အဓိက ဖြစ်သည်။ ထို က နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားကို ဦးစွာရှာရန် မိန့်ဆိုခဲ့ပါသည်။ (မ ၆း၃၃)။ ယေရှု၏ အဓိကသွန်သင်ချက်မှာ တရားမျှတခြင်းဖြစ်သ တရားမျှတမှုမရှိခြင်းကို မဖြစ်မနေဖြေရှင်းရမည်ဖြစ်သည်။

တရားမျှတမှုမရှိခြင်းနှင့် သနားခြင်းဂရုဏာကင်းမဲ့ခြင်းကို သ ခင်ယေရှုသည် အလွန်မုန်းတီးပါသည်။ ထိုကြောင့် မတရားမှုပြုကျင်ခြင်း ပြသနာကို အဖြေရှာရန်မှာ စိတ်နှလုံးပြောင်းလဲပြီး တရားမျှတခြင်းအ တွက် အသက်ရှင်ရန်ဖြစ်သည်။ ပြဿနာဖြေရှင်းရာတွင် အကြမ်းဖက်ခြင်းဖြင့် ဖြေရှင်းခြင်းကိုမပြုရန် သွန်သင်သည်။ ယေရှုခရစ်တော်သည် အဆိုအားဖြင့်ပင် အချင်းချင်းအကြမ်းဖက်ခြင်းမပြုရန် ပြောခဲ့ပါသည် ။ (မ ၅း ၁၁)။ ကျွန်တော်တို့တစ်ဦးနှင့်တစ်ဦး စိတ်နှလုံးထဲ၌မကျေနပ်မှုများရှိ လျှင်ပင် ဘုရားသခင်ထံချဉ်းကပ်၍မရပါ။ ၎င်းပြဿနာကို ဦးစွာဖြေရှင်းပြီး မှသာ ဘုရားသခင်ထံချဉ်းကပ်နိုင်ကြောင်းကို ရှင်မဿဲ ၅း၂၃-၂၄ ၌ ဖော် ပြထားပါသည်။

သခင်ယေရှုသည် မိမိ၏နိုင်ငံတော်တည်ထောင်ခြင်း သာသနာအစ ပိုင်း၌ပင် စိတ်နှလုံးပြောင်းလဲရမည် ဖြစ်ကြောင်း ဟောပြောထားခဲ့ပါသည် (မာ ၁း ၁၁-၁၅)။

ယေရှု၏သာသနာအတွက် မတရားပြုကျင့်ခြင်းနှင့် ခေါင်းပုံဖြတ် ခြင်းများကို စွန့်လျက်စိတ်နှလုံးပြောင်း လဲရမည်ဖြစ်ကြောင်း ဗတ္တိဇံဆရာယောဟန်က ယေရှုခရစ်တော်၏ ရှေ့ပြေးအနေဖြင့် ကြွေးကြော်ခဲ့ပါသည် (လု ၃း၄-၆၊ ၁ဝ-၁၄)။

မိမိသာသနာသည် မတရားသဖြင့် ပြုကျင့်ခြင်းနှင့်ချုပ်နှောင်မှုများမှ လွတ်မြောက်စေခြင်း သာသနာ ဖြစ်ကြောင်း ယေရှုဟောကြားထားခဲ့သည် (လု ၄း၁၈-၁၉)။

မိမိသည်ယဇ်ပူဇော်ခြင်းထက် သနားကြင်နာခြင်းကို ပိုမိုနှစ်သက် ကြောင်းလည်း အကြိမ်ကြိမ်ဖော် ပြခဲ့သည် (မ ၉း၁၃၊ လု ၆း၃၆၊ ၁၀း၁၅- ၃ရ၊ ၁၅း၁၁-၃၂)။

ယေရုရှလင်ဗိမာန်တော်မှ ယေရှု၏အပြုအမူသည် မတရားခြင်း ကို ဖြေရှင်းသည့် နောက်ဆုံး လမ်းဖြစ်သည်ဟု ယူဆရပါသည် (ယော ၂း၁၂-၁၆)။ ငြိမ်းချမ်းသောနည်းလမ်းဖြင့် အကြိမ်ကြိမ်လုပ်သော် မရသောအခါမှသာ ဤနည်းကိုသုံးခြင်းဖြစ်သည်ဟု နားလည်ရပါသည်။

ကျွန်တော်တိုခရစ်ယာန်များ မတရားမှုနှင့် သနားခြင်းဂရုဏာကင်း ခြင်းများကို ဖယ်ရှားရေး၌ ပါဝင်ရန်တာဝန်ရှိပါသည်။ အကြမ်းမဖက်သော နည်းလမ်းများဖြင့် အကြိမ်ကြိမ်ဖြေရှင်း၍မရပါက နောက်ဆုံး ယေရှု ပြုသကဲ့သို ပြုခဲ့သောနည်းကိုသုံးရမည်ဟု နားလည်ရပါသည်။

ကမ္ဘာအသင်းတော်များကောင်စီ (World Council of Churches) ကလည်း အကြမ်းဖက်မှုနှင့် ခရစ်ယာန်များ၏ အခန်းကဏ္ဍကိုဖော်ပြရာ တွင် “အကြမ်းမဖက်သောနည်းလမ်းတစ်ခုတည်းသာလျှင် ခရစ်တော် ယေရှု၏လမ်းစဉ်နှင့် ကိုက်ညီသည်။ သိုရာတွင် ခရစ်ယာန်များမဖြစ်မနေ အကြမ်းဖက်မှုထဲ ပါဝင်ရမည့်အခြေ အနေထူးများရှိနိုင်သည်။ ထိုသို့သော အခြေအနေတွင် ခရစ်ယာန်များသည် တရားသောစစ် (Just War) စည်း မျဉ်းကို လိုက်နာရမည်။” ။

 

 

အပိုင်း ၄

ရေခံမြေခံဆိုင်ရာ သာသနာပြုခြင်း

CONTEXTUALIZATION IN MISSION

 

ရေခံမြေခံဆိုင်ရာ နည်းဗျူဟာများသည် သာသနာပြုရာတွင် အ လွန်မှပင် အရေးကြီးသော အပိုင်းတွင် ရှိနေပါသည်။ သာသနာပြုခြင်းတွင် ရေခံမြေခံနည်းဗျူဟာများ မပါရှိပါက ခရီးသွားသည့်အခါတွင် ကုန်းလမ်း ကြောင်းများ၊ ရေလမ်းကြောင်းများ မပါရှိသော မြေပုံနှင့် သွားနေသူနှင့် တူ နေပါမည် ဖြစ်သည်။ မြန်မာနိုင်ငံသို့ ခရစ်ယာန်သာသနာ စတင်ရောက်ရှိ စကပင် သာသနာပြုသူများသည် ရေခံမြေခံဆိုင်ရာ သာသနာပြုခြင်းနည်း များကို အသုံးပြုခဲ့ကြပါသည်။ အင်္ဂလိပ်စကားလုံး Mission ကို မြန်မာ ဘာသာဖြင့် သာသနာဟု ခေါ်ဆိုနေခြင်း သည်ပင် ရေခံမြေခံဆိုင်ရာ သဘော အပြည့်အဝ သုံးစွဲထားသည်ကို တွေ့ရပါသည်။ “သာသနာ’၏ မူလ အဓိပ္ပါယ်မှာ “အဆုံးအမ” ဟုဆိုပါသည်။ သာသနာပြုခြင်းသည် အဆုံးအမ များကို သွန်သင် လက်ကမ်းပေး နေခြင်းဟု အဓိပ္ပါယ်ရပါသည်။

မြန်မာနိုင်ငံ၏ရေခံမြေခံများဖြစ်သောကိုးကွယ်ယုံကြည်မှုများ၊ ဘာ သာတရားများ၊ ဗုဒ္ဓဘာသာနှင့် ဆိုင်သော စာပေနှင့် ဓမ္မသဘောများ၊ ထုံး တမ်းစဉ်လာများနှင့် ရိုးရာယဉ်ကျေးမှုများ စသည်တို့ တိတိကျကျသိရှိမှသာ ခရစ်ယာန်ဘာသာအကြောင်းကို ရေခံမြေခံနှင့်အညီ ရှင်းရှင်းလင်းလင်း ပြောကြားနိုင် မည်ဖြစ်သည်။ ရေခံမြေခံသာသနာပြုခြင်းဆိုင်ရာ နည်းဗျူ ဟာများကို တွေးခေါ်ဖော်ထုတ်ခြင်းသည် ရေခံမြေခံသီဩလော်ဂျီကို ဖော် ထုတ်ခြင်းပင် ဖြစ်သည်။ ထိုကဲ့သို ဖော်ထုတ်ရာတွင် ကျမ်းစာကဖော်ပြနေသော သာသနာပြုသမိုင်းများ ပြောင်းလဲမှုနှင့် ကမ္ဘာ့သမိုင်းကြောင်းနှင့် မြန်မာ့သမိုင်းကြောင်းများပြောင်းလဲမှု ရေခံမြေခံပေါ်တွင် မူတည်ပြီး သာ သနာပြုအသွင်နှင့် နည်းဗျူဟာများပြောင်းလဲလာခြင်းများကိုလည်း ထည့် သွင်းလေ့လာရပါမည်။ အသင်းတော်သမိုင်းတွင်လည်း သာသနာပြုခြင်း စတင်သည့်အချိန်မှအစပြုကာ သာသနာပြုခြင်းနည်းဗျူဟာများ သူ့ခေတ်နှင့်သူ ပြောင်းလဲတိုးတက်လာခြင်းများကိုလည်း  သိရှိနားလည် ထားရပါမည်။ ထိုကြောင့် သာသနာပြုနည်းဗျူဟာဆိုင်ရာ ပြောင်းလဲမှုများကို အောက်ပါအတိုင်း အကျဉ်းချုပ်ဖော်ပြထားပါသည်။

 

၁။ ဓမ္မဟောင်းဆိုင်ရာ သာသနာပြုခြင်းအခြေခံများ (The Basis of Old Testament Missiological Strategies)

သာသနာပြုခြင်း၏ အခြေခံသဘောတရားများသည် ကျမ်းမှစတင်အခြေပြုခဲ့ပါသည်။ ဘုရားသခင် ၏ဖန်ဆင်းခြင်းအစပြုကာ နောက်ဆုံးအချိန်ကာလထိ သာသနာပြုခြင်း သဘောတရားများကိုတွေ့ မြင်ရပါသည်။ ဓမ္မဟောင်းဆိုင်ရာသာသနာပြုခြင်းအခြေခံများကိုအောက် ပါအချက်များအားဖြင့် သိရှိနိုင်ပါသည်။

(၁) ဘုရားသခင်သည် စကြာဝဠာ၊ မိုးမြေကမ္ဘာနှင့် လူ၊ တိရိစ္ဆာန် စသော အရာခပ်သိမ်းကို ဖန်ဆင်းပိုင်သသော ဘုရား ဖြစ်သောကြောင့် အလုံးစုံတို့ကို စီရင်ပိုင်သတော်မူသည် (Universal Motif) (၂) ဘုရားသခင်သည် သူဖန်ဆင်းထားသော လူသားများအား လွတ်လပ်စေလိုပြီးအမှားပြုလုပ်ပါက စီရင်ခြင်းနှင့်အတူခွင့်လွှတ်ခြင်း၊ ကယ်တင်ခြင်းကိုလည်းကောင်း၊ ဒုက္ခဆင်းရဲခြင်းအပေါင်းမှကယ် တင်တော်မူသည် (The Motif of Rescue and Liberation )

(၃) ဖန်ဆင်းခံအားလုံးနှင့် လူသားများကို ကာကွယ်ပေးခြင်း၊ စောင့်ရှောက်ခြင်း၊ ဆုံးမခြင်းနှင့်ပြုစုပျိုးထောင်ပေးခြင်းစသောသဘော တော်နှင့် ပြုမူပေးခြင်း (Missionary Motif )

(၄) မကောင်းမှုအပေါင်းနှင့် ရန်လို အမုန်းပွားသော သူများတို၏ဆန့်ကျင်မှုများကို ရင်ဆိုင်တော်မူခြင်း (Motif of Antagonism)။

 

၂။ ဓမ္မသစ်ဆိုင်ရာ သာသနာပြုခြင်းအခြေခံများ (The Basis of New Testament Missiological Strategies)

ဓမ္မဟောင်းအချိန်ကာလမှ စတင်ခဲ့သော သာသနာပြုခြင်းသည် သစ်အချိန်ကာလထိတိုင်အောင် ရောက်ရှိလာခဲ့ပါသည်။ ဘုရားသခင်၏ ကယ်တင်ခြင်းအမှုတော်သည် သာသနာပြုခြင်းနှင့်အတူ လောကသား သာမက စကြာဝဠာတစ်ခုလုံး ပါဝင်ခဲ့ပါသည်။ ဓမ္မသစ်ကာလတွင် နာပြုခြင်း၏ အခြေခံများကို အောက်ပါအတိုင်းတွေ့နိုင်ပါသည်။

(၁) ဘုရားသခင်သည် လူ့ဇာတိကို ခံယူ၍ လူသားနေရာမှ ဘုရားသခင်၏ မေတ္တာကိုဖော်ပြရန် (Incarnation was to reveal God’s love)

(၂) မကောင်းမှု စာတန်မာရ်နတ်အပေါင်းကို အောင်မြင်သော အရှင်သခင်ဖြစ်ကြောင်း ဖော်ပြရန် (The Incarnation was to destroy the devil).

(၃) လူဇာတိခံယူသော ကယ်တင်ရှင်သည် ယုဒလူမျိုးတော်အတွက် သာမက လူသားအားလုံးအတွက် ကယ်တင်သော အရှင်ဖြစ် ကြောင်းပြသရန် (Universality of Christ save the world, not just the Jewish people).

(၄) သခင်ယေရှု ခရစ်တော်၏ အဆုံးအမများသည် ကမ္ဘာလုံးဆိုင်ရာ သာမက စကြာဝဠာလုံးဆိုင်ရာ တရားတော်များဖြစ်လာရန် (Universal Nature of Christ’s Mission in His Teachings)။

 

၃။ အသင်းတော်၏ သာသနာ့လမ်းကြောင်းများ ပြောင်းလဲမှုအမြင် (Changing Mission Ways of the Church)

သာသနာပြုခြင်းသည် ဓမ္မဟောင်းမှ နေ၍ ဓမ္မသစ်တိုင်အောင် ရောက်ရှိလာပြီးနောက် အသင်းတော်ခေတ်သို ဆက်လက် တက်လှမ်းခဲ့ပါ သည်။ အသင်းတော်ကာလတွင် သာသနာပြုခြင်းများ ပြောင်းလဲလာခဲ့ပြီး ယနေ့ခေတ်ထိတဖြေးဖြေးပြောင်းလဲတိုးတက်လာခဲ့ပါသည်။ ထိုကဲ့သိုသာ သနာပြုခြင်းများ ပြောင်းလဲလာခဲ့သည်နည်းတူသာသနာအဖွဲအစည်းများ လည်း တိုးပွားများပြားလာခဲ့ရပါသည်။ ထိုကဲ့သို ပြောင်းလဲလာခြင်းအဆင့် ဆင့်ကို အောက်ပါအတိုင်း တွေ့နိုင်ပါသည်။ ။

(၁) ခရစ်ယာန်သာသနာပြုခြင်းသည် သမ္မာကျမ်းစာမှအစပြုပါသည်။  ဓမ္မဟောင်းဆိုင်ရာ သာသနာပြုခြင်း အခြေခံနှင့် ဓမ္မသစ်ဆိုင်ရာသာသနာပြုခြင်း အခြေခံနှစ်ရပ်ပေါ်မူတည်ပြီး ထွက်ရှိလာ ပါသည်။

(၂) သခင်ယေရှု ခရစ်တော်၏ သက်တော်စဉ်၊ သွန်သင် ဆုံးမအစပြု ခဲ့ပါသည် (စီအီး ၁ မှ ၃၃)။

(၃) သခင်ယေရှု ခရစ်တော်၏နောက်တော်လိုက်များနှင့် သူ၏ တပည့်တော်များ၊ ကိုယ်တော်ကို ယုံကြည်သူများအားဖြင့် သာသနာ တော်ဆက်လက် ပြန့်ပွားခဲ့ပါသည်။ ခရစ်ယာန် အမည်နာမကို ရရှိခဲ့ကြသည်(စီအီး ၃၃ မှ ၅ဝ)။

(၄) တမန်တော်များနှင့် သခင်ယေရှုခရစ်တော်အား အရှင်သခင် အဖြစ် သက်ဝင် ယုံကြည်သူများအားဖြင့် အသင်းတော် ပေါ်ထွက် လာပြီး သာသနာတော် ဆက်လက် ပြန့်ပွားတည်တံ့ခဲ့ပါသည် (စီအီး ၅၀ မှ ၁၀၀)။

(၅) ခရစ်ယာန်နှင့်အသင်းတော်များ နှိပ်စက်ခြင်း အမျိုးမျိုးကို အောင်မြင်ကာ အသင်းတော်သည် ကမ္ဘာ့ မိသားစု အသင်းတော်ကြီး ကက်သလစ် အသင်းတော်ကြီးအသွင်ဖြင့် ပေါ်ပေါက်ကာ သာသ နာတော် ပို၍ပင် ထွန်းကား စည်ပင်ခဲ့ပါသည် (စီအီး ၃၂၃ မှ ၁ဝ၅၄)။

(၆) ထိုမှတဆင့် သာသနာတော်သည် အရှေ့အသင်းတော် သာသနာနှင့် အနောက်အသင်းတော် သာသနာအဖြစ် ပြောင်းလဲသွားခဲ့ပြီး သာသနာသည် ဆက်လက် ရှင်သန်ခဲ့ပါသည်။ အနောက်အသင်း တော်သည် ရောမ ပုပ်ရဟန်မင်း သြဇာညောင်းရာ Roman Catholic အသင်းတော် ဖြစ်ခဲ့ပြီး အရှေ့အသင်းတော်သည် ကွန်စတင်တီနိုပယ် သာသနာပိုင် သြဇာညောင်းရာ Orthodox အသင်းတော်များ ဖြစ်ခဲ့ကြပါသည် (စီအီး ၁ဝ၅၄ မှ ၁၄ဝဝ)။

(၇) ရောမကက်သလစ် အသင်းတော်ဖြစ်သော အနောက်အသင်း တော်မှ ပြုပြင်ပြောင်လဲရေး အသင်းတော်များ ပရိုတက်စတင့် အ သင်းတော်များခွဲထွက်လာကြသည်။ ရောမကက်သလစ်အသင်း တော်ကြီး၏ တရားသေဩဇာလွှမ်းမိုးမှု အောက်မှ ရုန်းထွက်လာ သည့် ပြုပြင်ရေး အသင်းတော်များကို Protestant အသင်းတော်ဟု ခေါ်တွင်သည်။ စီအီး ၁၃ဝဝလောက်မှစ၍ ပြုပြင်ပြောင်းလဲ ခြင်း သဘောတရားများ စတင်လာကာ စီအီး ၁၅၁ရတွင် ပြုပြင် ပြောင်းလဲသော အသင်းတော်များ ပေါ်ထွက်လာခဲ့ပါသည် (စီအီး ၁၅၁ရ မှ ၁၆၄၈)။

(၈) ပြုပြင်ပြောင်းလဲခြင်းမှ လူသာရင်အသင်းတော် (Lutheran)၊ အင်္ဂလီကန်အသင်းတော် (Anglican)၊ ပရက်စီဘီတီးရီးယားအသင်းတော် (Presbyterian)ပေါ်ထွက်ခဲ့ပြီးပြုပြင်ပြောင်းလဲမှုအ ချိန်လွန်မှ ပေါ်ပေါက်လာသော အသင်းတော်များသည် ကွန်ဂရီ ရေးရှင်းနယ်(Congregational)၊ နှစ်ခြင်း (Baptist)၊ မက်သဒစ် (Methodist)၊ ဒီဆိုင်ပယ် (Disciples) စသော အသင်းတော်များ ပေါ်ထွက်ခဲ့ပါသည်။

၁၇ရာစုနောက်ပိုင်းတွင် သာသနာပြုခြင်းဆိုင်ရာ နည်းဟန်များနှင့် သဘောထား အခြေခံတိုသည် အသင်းတော်ကို ဗဟိုပြုသည့် သာသနာ (Centripetal Model) မှ ကမ္ဘာလောကကြီးကို ဗဟိုပြုသော သာသနာ (Centrifugal Model) သို ဦးတည်လာပါသည်။ အသင်းတော်၏ အမြင်သည်လည်း ကိုယ့်အတွင်းကိုသာ ကြည့်သော အမြင် (Exclusive View) မှ အတွင်းအပြင်အားလုံးအတွက်ကိုကြည့်သောအမြင် (Inclusive View) သို့ ပြောင်းလာပြီး၊ ထိုမှတဆင့် လောကတစ်ခုလုံးနှင့် လူသားနှင့်သဘာဝ၊ သစ်ပင်တောတောင် သက်ရှိအားလုံး အတွက် ကြည့်သောအမြင် (Universal View) သို ရောက်ရှိလာပါသည်။

 

၄။ သာသနာပြုခြင်းကို ခြုံငုံရှုမြင်မှု (Scope View on Mission)

လူသားတို၏ ခြုံငုံရှုမြင်ခြင်း (Scope View) အမြင်များ ပြောင်းလဲ လာခြင်းနှင့်အတူ စာပေနယ်ပယ်၊ ယဉ်ကျေးမှု နယ်ပယ်၊ အနုပညာ နယ် ပယ်၊ ရူပဗေဒ နယ်ပယ်၊ ဓါတုဗေဒ နယ်ပယ်၊ ဇီဝဗေဒနယ်ပယ်၊ ရာဇဝင် သမိုင်း နယ်ပယ်၊ ဘူမိဗေဒ နယ်ပယ်၊ စက်မှု နယ်ပယ်နှင့် စီးပွားရေး နယ် ပယ်အပြင်ဘာသာရေး နယ်ပယ်ထဲအထိ အမြင်များစွာတိုသည် ပြောင်းလဲ လာခဲ့ပါသည်။ ၁၅ရာစုအထိကမ္ဘာမြေကြီးကိုဗဟိုပြုသော (Geo-centric view) တွေးခေါ်မှု ပုံစံဖြစ်သည့် တော်လမီ၏ ခြုံငုံရှုမြင်ခြင်း (Ptolemaic View) အမြင်မှ ၁၆ရာစု ရောက်လာသောအခါတွင် နေစကြာဝဠာစနစ်ဗဟိုပြုသော (Helio-centric view of the solar system) တွေးခေါ်မှု ပုံစံဖြစ်သည့်ကိုပါးနီးကပ်၏ ခြုံငုံရှုမြင်ခြင်း (Copernican View) သို့ ပြောင်းလဲသွားခြင်းကြောင့် လူသားတို့နှင့် သက်ဆိုင်သော အတွေးအ များသည် ပြောင်းလဲခဲ့ကြပါသည်။ ၁၆ရာစုမှစတင်ပြီးဉာဏ်အမြင် ပွင့်လင်း ခြင်း (Enlightenment) ဖြစ်လာခဲ့ပြီးနောက် သိပ္ပံနည်းပညာများ စတင်ခဲ့ ရာ ယခင် ဓမ္မပညာအတွေးအခေါ်လွှမ်းမိုးမှု (Theocracy) မှ စက်မှုနည်း ပညာတွေးခေါ်မှု (Technocracy) လွှမ်းမိုးလာခဲ့ပါသည်။ ထိုအကြောင်း တရားများကြောင့် ပညာရှင်များက အလယ်ခေတ်ပြီး နောက်ပိုင်း ၁၃၅၀ မှ ၁၆၅ဝ အတွင်းကို အသိဉာဏ် ပြန်လည် သစ်ဆန်းသောခေတ် (The Renaissance Age) ဟုခေါ်ဆိုခြ့ပါသည်။ ထိုခေတ်တွင် ဉာဏ်ရည်ဉာဏ် သွေးဆိုင်ရာနိုးထမှု (Intellectual Awakening) ဖြစ်ပေါ်ခဲ့ပြီးသင်ကြားခံ ယူခြင်းဆိုင်ရာ အတတ်ပညာပိုင်း တွင်လည်း သက်ဝင်နိုးထမှု (Revival of Learning) ဖြစ်ပေါ်ခဲ့ပါသည်။ လူတစ်ဦး တစ်ယောက်စီ၏ ဘဝ အ သက်ရှင်မှုသည် ခေတ်သစ်ပညာရေး အမြင်ပေါ် မူတည်နေပါသည်။ လူ သားတိုသည် ဘုရားကို အာရုံစိုက်ရာမှ စကြာဝဠာ (Universal) ကို အာရုံစိုက်လာပါသည်။ ၁၅ရာစုမှစ၍ ပြုပြင်ပြောင်းလဲခြင်းများ စတင်ခဲ့ရာ မှ ယနေ့ခေတ်အထိ အသိဉာဏ် ပွင့်လင်းခြင်း (Enlightenment) ဖြစ် နေဆဲ ဖြစ်သည်။ ဆင်ခြင်ခြင်း အဓိကဝါဒ (Rationalism) ၏ အရည်အ သွေးကို အလေးအနက်ထားပြီး ထူးဆန်းနက်နဲသော ကမ္ဘာကြီးကို အကျိုး သက်ရောက်စေသော ခေတ်သစ် နည်းပညာခေတ်သို ရောက်ခဲ့ပါသည်။ ဒဿနဆိုင်ရာအသိပညာ တိုးတက်လာ ပြီးနောက်တွင် အသိပညာရှင်များ နှင့် အတွေးအခေါ်ပညာရှင်များသည်ကျမ်းစာနှင့် သဘာဝလွန်အကြောင်း ၊ တရားများကို ခွဲခြားဝေဖန်ခဲ့ကြသည်။ နိမိတ်လက္ခဏာဆိုင်ရာ အဖြစ်အ ပျက်များကိုလည်း အသိပညာဖြင့် ဆန်းစစ်လာပြီး တင်ပြပြီးသော အမှန် တရားများကို ဆန်းစစ်ခြင်း (Skepticism) ပေါ်ပေါက်လာပါသည်။ တ နည်းအားဖြင့် လူသားများက လူသားတို၏ အစွမ်းအစကို ပို၍ အသုံးချခဲ့ ပြီး ဘုရားပေးသော တတ်စွမ်းမှုဖြင့် ကြိုးပမ်းမှုများ စတင်ခဲ့သောကြော လူသားဝါဒ(Humanism) ထွက်ပေါ်လာပါသည်။

 

(၁) စီအီး ၁ မှ ၅၀၀ထိ သာသနာပြန့်ပွားပုံ အဆင့်ဆင့် (AD 1 to 500) “

 စီအီး ၁ မှ ၅၀၀အတွင်း ခရစ်ယာန် သာသနာသည် တမန်တော် ခေတ်မှ အစပြုကာ တဖြည်းဖြည်းနိုးကြား ရှင်သန်လာရာ ရောမအင်ပါကို ကျော်လွန်ကာ ဥရောပတိုင်းပြည်၊ အာဖရိကတိုက်နှင့် အာရှတိုက် ၊ အထိတိုင်အောင် ရောက်ရှိ ပြန့်ပွားခဲ့ပါသည်။ သခင်ယေရှုနှင့် တမန်တော် (၁၂)ပါးတိုမှ အစပြုခဲ့သော သာသနာတော်သည် စီအီး (ရ၀)ထိတိုင်အောင် ရောက်ရှိခဲ့ရာ ထိုအချိန် အပိုင်းအခြားကို တမန်တော်ခေတ်ဟု ခေါ် တင်ခဲ့ပါသည်။ ယေရုရှလင်မြိုကို ရောမစစ်တပ်တို ဖျက်ဆီးခဲ့ပြီး နောက် ပိုင်းတွင် တမန်တော်ကြီး ရှင်ပေါလုအားဖြင့် သာသနာတော်သည် ရောမ အင်ပါယာ တစ်ဝှမ်းလုံးသို ပြန့်နှံသွားခဲ့ပါသည်။ ခရစ်ယာန်ဘာသာသည် ဂျူးမဟုတ်သူများနှင့် မြိုတော် အကြီးအကဲများထံသို ရောက်ရှိ မသွားခင် ရောမတို၏ ညှင်းပန်း နှိပ်စက်ခြင်းအမျိုးမျိုးကို ခံစားခဲ့ရသည်။ သိုသော် လည်း ရောမတွင် ကွန်စတင်တိုင်းဘုရင် နန်းတက်လာချိန် စီအီး ၃၁၃ မှစ ကာ ခရစ်ယာန်ဘာသာကို အစိုးရ ကိုယ်တိုင်ထောက်ခံမှု ရရှိလာပြီး စီအီး ၅ဝဝ ရောက်သောအခါ ရောမအင်ပါယာ၏ တရားဝင် နိုင်ငံတော်ဘာသာ ဖြစ်လာခဲ့သည်။ ရောမနိုင်ငံတော်သည် အရှေ့ပိုင်းနှင့် အနောက်ပိုင်းဟူ၍ နှစ်ပိုင်းရှိရာ စီအီး ၃၈၀တွင် ရောမအရှေ့ပိုင်းကို ခရစ်ယာန်ဘာသာ အင်ပါ ယာအဖြစ် ပြဋ္ဌာန်းပြီး စီအီး ၃၉၀တွင် အနောက်ပိုင်း အင်ပါယာ အပါအဝင် နိုင်ငံတော် တစ်ခုလုံးကို ခရစ်ယာန် နိုင်ငံတော်အဖြစ် ပြဋ္ဌာန်းခဲ့သည်။ ထို အချိန်မှစ၍ ခရစ်ယာန်ဘာသာသည် လွတ်လပ်စွာ သာသနာပြု ခွင့်ရခဲ့ သောကြောင့် သာသနာပြုလုပ်ငန်းသည် အထွဋ်အထိပ်သို ရောက်ခဲ့ပါ သည်။ စီအီး ၃၅ဝတွင် အီသီယိုးပီးယားနှင့် မြောက်ပိုင်း အာဖရိကသို့ သာသနာ ပြန်နှံခဲ့သည်။ စီအီး ၄၃၃တွင် အိုင်ယာလန်နိုင်ငံသိုလည်းကောင်း၊ စီအီး ၄၉၆ တွင် ဂျာမဏီနိုင်ငံသို လည်းကောင်း၊ စီအီး ၅၅၀တွင် စကော့ တလန်၊ အင်္ဂလန်၊ ပြင်သစ်နိုင်ငံများသို ပျံ့နှံခဲ့သည်။ စီအီး၅ရာစု အဆုံး ပိုင်း အရောက်တွင် ခရစ်ယာန်ဘာသာသည် တရုတ်ပြည်၊ အိန္ဒိယပြည်နှင့် အာရှနိုင်ငံများသို ရောက်ရှိသွားခဲ့သည်။

 

(၂) စီအီး ၅၀၀ မှ ၁၅၀၀

ခရစ်ယာန်ဘာသာသည် ရောမ၏ နိုင်ငံတော်ဘာသာ နောက်ပိုင်း စီအီး ၅ဝဝ မှစ၍ရှိရှိသမျှသော ဘုန်းကြီးကျောင်း၊ ဘုရား ရှိခိုးကျောင်းများသည် ခရစ်ယာန်ဘာသာ အဆောက်အဦးဖြစ်လာ ခဲ့ပါသည်။ ခရစ်ယာန်ဘာသာရေးအဖွဲများကိုမူ ဒီမိုကရေစီနည်းအရ ဒေသန္တရအလိုက် တရားဟောဆရာတို့ဖြင့် ဖွဲစည်းခဲ့သည်။ မြို့များ၌တရားဟောဆရာများ (Preachers) နှင့် ဂိုဏ်းအုပ်များ (Bishops) တို့သည် အထူးကျော်ကြားကြသည်။ ဂိုဏ်းအုပ်ကြီးများသည်လည်း အစိုးရ၏ တရားဝင် အသိအမှတ်ပြု အရာရှိကြီးများ ဖြစ်လာပါသည်။ အရေးပါသော မြိုကြီးများကိုပင် စီမံအုပ်ချုပ်ခွင့် ရရှိခဲ့ကြသည်။ ထိုကဲ့သို ဘာသာ ရေးသည် တစ်စနှင့် တစ်စ နိုင်ငံရေးနယ်ထဲသို့ ကျွံလာခဲ့ရာ ခရစ်ယာန် ဘာသာရေးဆိုင်ရာ အတွေးအခေါ်များသည် နိုင်ငံရေး နယ်ပယ်ထဲတွင် လွှမ်းမိုးလာပြီး နိုင်ငံရေး အတွေးအခေါ်များသည် တဖြည်းဖြည်း မှေးမှိန် သွားခဲ့သည်။ ထိုကြောင့် သမိုင်းပညာရှင်များက စီအီး ၅ဝဝမှ ၁၅ဝဝ အ ထိ အလယ်ခေတ်အချိန်ကို အမှောင်ခေတ် (The Age of Darkness) ဟု တင်စားခဲ့ကြသည်။ အကြောင်းမှာ လူသားများ၏ နိုင်ငံရေး အတွေးခေါ် များ ကျဆင်းသွားရပြီး ဘာသာရေး အတွေးအခေါ်များ လွှမ်းမိုးခဲ့ရသောကြောင့်ပင် ဖြစ်သည်။ ဥရောပတခွင်တွင် ချာလ်မိန်း (Charlemazne) (771-817)၏တိုက်ပွဲများကြောင့် ခရစ်ယာန် သာသနာကျယ်ပြန့်လာပြီး လူမျိုးတစ်စုကို အနိုင်ရ လျှင် ခရစ်ယာန်ဘာသာထဲ ဝင်ခိုင်းပြီး ဂျာမနီတွင် Bermaen Miden အပါအဝင်မြို ၆ မြို့တွင် ခရစ်ယာန်ဂိုဏ်း ဖွဲစည်းခဲ့ သည်။ ကွန်စတင်တီနိုဗယ် (Constantinople) သည် ထိုခေတ်ကာလ တွင် ခရစ်ယာန်လောက၌ အကြီးကျယ်ဆုံး ယဉ်ကျေးဆုံး ခရစ်ယာန်မြို တော် ဖြစ်ခဲ့သည်။

Sviatoslar ၏သား Vladimir ၏လက်ထက် (၉၈၀-၁၀၁၅) တွင် ရုရှားသည် ခရစ်ယာန်နိုင်ငံ ဖြစ်လာခဲ့သည်။ Stephen အုပ်စိုးချိန် (၉ရ၅-၁၀၃၈)တွင် ဟန်ဂေရီသည် (Hungary) ခရစ်ယာန်နိုင်ငံ ဖြစ်လာဖြစ်လာသည်။  Nestorian Christianity သည် ကုန်သွယ် လမ်းကြောင်းများ အတိုင်း အာရှအလယ်ပိုင်း Central Asia) ကို ပျံ့နှံသွားပြီး စီအီး ၆၃၅ တွင် တရုတ်သို့ ရောက်ရှိသွားပြီး ထိုအချိန်တွင် တရုတ်ပြည်၌ Tangမင်းဆက် အုပ်ချုပ်ချိန် (၆၁၈-၉ဝရ)တွင် ဖြစ်သည်။ စီအီး ၈၄၅တွင် ဧကရာဇ်မင်း Wu Tsung လက်ထက်တွင် ဘုန်းကြီးကျောင်း မှန်သမျှ ဖျက်သိမ်းခံရပြီး ခရစ်ယာန်သာသနာ စတင် မှေးမှိန်သွားပြီး စီအီး- ၉၈၇ တွင် ပပျောက်သယောင် ဖြစ်သွားခဲ့သည်။

 

ဘာသာရေးစစ်ပွဲကြောင့် ကျန်ရှိခဲ့သော အမဲစက်များ

၁)အရှေ့နှင့် အနောက်တိုင်း ခရစ်ယာန်ဘာသာဝင်များ အကြားပြင် မရနိုင်အောင် ထိခိုက်မှုများကို ဖြစ်စေခဲ့သည်။ နောက်ပိုင်း စီအီး ၁ဝဝဝအတွင်း ဖြစ်ပွားသောစစ်ပွဲများကြောင့် ကွန်စတင်တီနိုဗယ် သည် တူရကီ လက်အောက် ရောက်ရှိစေခဲ့သည်။

၂) ဘာသာရေးစစ်ဆင်နွှဲသူများ Crusaders ကမ္ဘာကြီးထဲတွင်ယနေ့ တိုင်အောင် ရှိနေခဲ့ပြီး ခရစ်ယာန်နှင့် မွတ်စလင်အကြား ခါးသီးမှုများကို ယနေ့တိုင် ဖြစ်ပွားစေခဲ့သည်။

၃) ထိုအချိန်ကာလအတွင်း သာသနာပြုလုပ်ငန်းများသည် မသေချာ မရေရာဖြစ်ခဲ့သည်။ အဓိကဖြစ်ရသည့် အကြောင်းအရင်းမှာ ဘာ သာရေးစစ်ပွဲများ ဖြစ်ပွားရခြင်းကြောင့် ဖြစ်သည်။ စီအီး ၆၂၂ တွင် မွတ်စလင် လူမျိုးများ အင်အားကြီးထွားလာရာ စီအီး ၆၃၈ တွင် ယေရုရှလင် (Jerusalem) စီအီး ၆၄ဝတွင် ကစီရီးယား (Caesarea)၊ စီအီး ၆၅၀တွင် ပါရှား (Persia) ကျဆုံးပြီး ပါလက်စတိုင်းနှင့် ဆီးရီးယားတို့သည် မွတ်စလင် လက်အောက်ခံ ဖြစ် သွားရသည်။ စီအီး ၆၄၂ တွင် အလက်စန္နား (Alexandria) ကို ဖမ်းဆီးလိုက်ပြီးနောက် မကြာမီ အီဂျစ်ပြည် (Egypt) သည် လည်း မွတ်စလင် လက်အောက်သို ရောက်သွားခဲ့ရသည်။ စီအီး ၆၇၉ တွင် ကာသေ့ချ် (Cathaze) ကို သိမ်းပိုက်လိုက်ပြီး စီအီး ၇၁၅ တွင် စပိန် (Spain) သည်လည်း မွတ်စလင် လက်ထဲကျ ခဲ့ရသည်။ စီအီး၇၁၅ ပြင်သစ်၌ မွတ်စလင်များ အနိုင်ရပြီး စစ်စလီ (Sicily) သည်လည်း မွတ်စလင်နိုင်ငံ ဖြစ်သွားခဲ့သည်။ ဘာသာ ရေးစစ်ပွဲများကြောင့် ခရစ်ယာန်သာသနာသည် လျင်မြန်စွာပျက်သုဉ်းခြင်းနှင့် ရင်ဆိုင်ခဲ့ရပြီး မွတ်စလင်များ သိမ်းပိုက်ခံ နယ် များတွင် ခရစ်ယာန်တချိုသာဆက်လက်အသက်ရှင်သန် ခဲ့ကာ ဒုတိယတန်းစား နိုင်ငံသားအဖြစ်သာ နေခွင့်ရခဲ့ကြသည်။ အရှေ့အလယ်ပိုင်းတွင် မွတ်စလင်တို့၏ ကြီးထွားလာမှုကြောင်း ခရစ်ယာန်တို့၏ နယ်ပယ်သည် ကျဉ်းမြောင်းလာပြီး နောက်ပိုင်း တွင် ခရစ်ယာန်ဘာသာသည် လုံးဝ နီးပါး ဥရောပတို့၏ ဘာသာ တရားအဖြစ် ပြောင်းလဲသွားခဲ့ရသည်။

 

(၃) စီအီး (၁၅၀၀)မှ စီအီး(၁၈၀၀)

အထက်ပါနှစ်များအတွင်း အသင်းတော်များသည် ပြန်လည်ပြုပြင် ရေးကာလဖြစ်သောကြောင့် သာသနာလုပ်ငန်းများဖက်သို မလှည့်နိုင်ခဲ့ပါ။ အသင်းတော် ပြုပြင်ရေးကာလသည် ၁၃ဝဝမှ ၁၅ဝဝအတွင်း ဖြစ်ခဲ့သော် လည်း အမှန်တကယ်တွင် ၁၃ဝဝအစကပင် ရှေ့ပြေး ပြုပြင်ပြောင်းလဲရေး သမားများ ရှိနေပြီး ဖြစ်သည်။အသင်းတော် ပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှု သည် ရဟန်း ကျောင်းတော်ကြီးများမှ စတင်ခဲ့သည်။ ၁၂၉ဝနှင့် ၁၃၄၉ အတွင်း အင်္ဂလိပ် ဓမ္မပညာရှင်လည်းဖြစ်၊ သင်္ချာပညာရှင်လည်းဖြစ်သည့် သောမတ်(စ်)ဘရက်ဝပ်ဒင်း (Thomas Badwardine) သည်သာသနာပိုင် (Canterbury Archbishop) အဖြစ် ခံယူပြီး အမှောင်ခေတ်၌ မှား ယွင်းသော ခံယူချက်များကို တိုက်ဖျက်ကာ ဘုရားသခင်၏ကျေးဇူးတော် တရားကြောင့်ကယ်တင်ခြင်းတရားရရှိကြောင်းကိုအလေးထားဟောပြော ခဲ့သည်။ ၁၃၅၈တွင် Gregory of Rimimi သည် အီတာလျှံ ဒဿန ပညာ ရှင်ဖြစ်ပြီး Augustinian ဘုန်းကြီးဖြစ်လာပြီး ဘုရားသခင်၏ ကျေးဇူး တရားအားဖြင့် ကယ်တင်ခြင်း တရားရှိသည်ကို အလေးအနက် သွန်သင်ခဲ့ သည်။ သူ၏ လှုပ်ရှားမှုသည် ရှေ့ပြေး ပြောင်းလဲမှု ဖြစ်သည်။ ထိုပြင် ထင် ရှားသည့် ရှေ့ပြေး ပြုပြင်ရေးသမားများ ဖြစ်သည့် အင်္ဂလန်ပြည် အောက် စဖို့ တက္ကသိုလ်မှ ရဟန်းကထိက ဂျွန်ဝိုက်ကလစ် (John Wyclif-13291384)နှင့် ဘိုဟီးမီးယား(ပိုလန်)နိုင်ငံမှ ဂျွန်ဟပ်စ် (John Huss -13731415) တိုလည်း ပေါ်ထွက်လာပါသည်။ သိုသော် ထိုပြုပြင်ရေးသမားများ ကို ပုပ်ရဟန်းမင်းက ပြင်းထန်စွာ နှိပ်ကွပ်ခဲ့သည်။ ပြုပြင် ပြောင်းလဲရေးသမားများသည် ဆက်လက်၍ ပေါ်ထွက်လာရာ၁၆ရာစုထိ တယ်။ ထင်ရှားသောသူများမှာ ဂျာမနီပြည် Wittenberg တက္ကသိုလ် မှ ပါမောက္ခ ရဟန်း မာတင်လူသာ (Martin Luther-1517)၊ ဆွစ်ဇလန် ငံမှ အူရစ်ချ်ဇင်ကလီ (Ulrich Zwingli)၊ ပြင်သစ်နိုင်ငံမှ ဂျွန်ကယ်လ် ဗင်(John Calvin)၊ စကော့တလန်နိုင်ငံမှ ဂျွန်နော့ (John Knox) တို အသီးသီး ဖြစ်ကြသည်။ ပြုပြင်ရေးသမားများ အသီးသီးရှိသော်လည်း ပြုပြင်ရသည့် အကြောင်းအရင်းသည် အတူတူပင် ဖြစ်သည်။ ထိုကြောင်း ၊ အရင်းမှာထိုခေတ်ကရောမအသင်းတော် အာဏာပိုင်ဆိုင်မှုနှင့် အုပ်ချုပ်မှု တိုသည် သမ္မာတရားနှင့် ဆန့်ကျင်သော အကြောင်းများ ရှိနေခြင်း၊ ဘုန်း ကြီးရဟန်းများ တရားတော်နှင့် မညီညွတ်ခြင်း၊ နိုင်ငံရေး ဆန့်ကျင်ခြင်း ကိစ္စများကြောင့် ဖြစ်သည်။ အသင်းတော်ပြောင်းလဲမှုအတွက် တွန်းအား ဖြစ်စေသည့် အကြောင်းတရားမှာ(ရော ၅း၁)တွင် ပါရှိသော “အကျင့်အားဖြင့်မဟုတ်၊ ယုံကြည်ခြင်းအားဖြင့်သာ ကယ်တင်ခြင်း ရနိုင်သည်” စသောအချက်များကြောင့်ဖြစ်သည်။ ထိုကာလအတွင်း ပြုပြင်ပြောင်းလဲ ရေး အတွေးအခေါ်များသည် နိုင်ငံများစွာသို ပြန့်နှံသွားကြပြီး နောက်ပိုင်း ရောမ ကက်သလစ် အသင်းတော်ကြီး တရားသေ ဩဇာအောက်မှ ရုန်း ထွက်လိုသော ပြုပြင်ပြောင်းလဲသော အသင်းတော်များ ပေါ်ထွက်လာပါ သည်။ ထိုအသင်းတော်များကိုဆန့်ကျင်သော(Protestant)အသင်းတော် ဟု ဆိုကြပါသည်။ ပြုပြင်ပြောင်းလဲသော Reformation ကာလ အစတွင် ပေါ်လာသော အသင်းတော်များမှာလူသာရင် အသင်းတော် (Lutheran)၊ အင်္ဂလီကန် အသင်းတော်(Anglican)နှင့် ပြုပြင်သော ပရက်စီဘီတီးရီး ယာန် (Reform Presbyterian) အသင်းတော်များဖြစ်ကြသည်။ ပြုပြင် ပြောင်းလဲခြင်း အချိန်လွန်မှ ပေါ်ပေါက်လာသော ဂိုဏ်းများ (Post Reformation)မှာ ကွန်ဂရီရေးရှင်းနယ် အသင်းတော် (Congregational), နှစ်ခြင်းအသင်းတော် (Baptist) မက်သဒစ်အသင်းတော် (Methodist) နှင့် ဒီဆိုင်ပယ်အသင်းတော် (Disciples) စသည်တို ဖြစ်ပါသည်။ ပြုပြင် ပြောင်းလဲသောခေတ်၌ ပေါ်ထွက်လာသော အသင်းတော်များသည် မူလ ကက်သလစ် အသင်းတော်နှင့် ယုံကြည်ချက် ကွာဟသောကြောင့် ခွဲထွက် လာကြသော်လည်း ပြုပြင်ပြောင်းလဲခေတ် နောက်ပိုင်းမှပေါ်ထွက် လာသော အသင်းတော်များသည် အထက်ပါ ပြုပြင်ပြောင်းလဲ ထွက်ပေါ်လာသော အသင်းတော်များ၏ အုပ်ချုပ်ပုံ၊ ကျင့်သုံးနည်းစနစ်တို့ ကို မကြိုက်၍ ခွဲထွက်လာသော အသင်းတော်များ ဖြစ်သည်

 

 

(၄) စီအီး(၁၈၀၀) မှ စီအီး (၁၉၀၀)

နှစ်ပေါင်းများစွာ သာသနာလောက၌ အမှောင် ဖုံးလွှမ်းပြီး စီအီး ၁၇၃၁ မှ စတင်ကာ သာသနာထွန်း ကားပြန့်ပွားသော Missionary Movement) ရောက်ရှိခဲ့သည်။

ထိုအချိန်မှစ၍ ၁၈၃၃ မတိုင်မီအထိ အင်္ဂလိပ်များက သာသ ခြင်းကို အဓိကအခန်းမှ ဦးဆောင်ခဲ့ပြီး နောက်ပိုင်းတွင် ကမ္ဘာအနှံ ပြန် လာခဲ့သည်။ အင်္ဂလိပ် အင်ပါယာ နယ်မြေများအတွင်း သာသနာပြု သည် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ထွန်းခဲ့ကာထိုအထဲတွင် အင်္ဂလိပ်လူမျိုးဝီ၊ ကယ်ရီ (WilliamCarey-1793) သည် ယနေ့တိုင်အောင် ထင်ရှားလျက် ရှိသည်။ သူ၏ သာသနာလုပ်ငန်းကို ဦးတည်ချက် (၅)ရပ်ဖြင့် လုပ်ဆောင် ခဲ့သည်။

၁) သမ္မာကျမ်းစာကို ဖြစ်နိုင်သည့် နည်းလမ်း မှန်သမျှဖြင့် ဖြန့်ဝေဟောပြောခြင်း။

၂) ဟောကြားချက်များကိုအထောက်အကူဖြစ်စေရန်ရောက်ရှိသောဒေသရှိ ဘာသာစကားဖြင့် ကျမ်းစာကို ပုံနှိပ် ဖြန့်ဝေခြင်း။

၃) ဖြစ်နိုင်သည့် အချိန်ကာလအတွင်း စောနိုင်အမျှ အစောဆုံး အသင်းတော်ကို တည်ထောင်ခြင်း။

၄) ခရစ်ယာန် မဟုတ်သူများ၏ နောက်ခံသမိုင်းကြောင်းနှင့် အတွေး အခေါ်တို့ကို နက်နက်နဲနဲ လေ့လာ သုံးသပ်ခြင်း၊

၅) ဖြစ်နိုင်သမျှ အစောဆုံး ဒေသခံယုံကြည်သူများကို သာသနာပြုသူ ဖြစ်လာရန် လေ့ကျင့် ပြုစုပျိုးထောင်ခြင်း တို့ဖြစ်သည်။

၁၈၃၃ခုနှစ် နောက်ပိုင်း သာသနာပြုလုပ်ငန်းများသည် နိုင်ငံရေး တော်များများပါဝင်လာခဲ့သည်။ ၁၈၇၁-၁၈၈၀ခုနှစ်အတွင်း ဂျပန်နိုင် သာသနာပြုခြင်း စတင်ခဲ့ပြီး ၁၈၈၈ခုနှစ်တွင် သာသနာပြု(၄၅၀)ဦး သင်းသား (၂၅၅၁၄) ဦးရှိခဲ့သည်။ တရုတ်ပြည်သို့ ခရစ်ယာန် သာသနာသည် စီအီး ၆၃၅တွင် စတင် ရောက်ရှိခဲ့ပြီး သာသနာပြု လုပ်ငန်းများသည် အကြောင်းအမျိုးမျိုးကြောင့် မအောင်မြင်ခဲ့သော်လည်း ၁၉ရာစု နောက်ပိုင်း တင် သာသနာပြု ၁၅ဝဝခန့်ရှိပြီး အသင်းသား၈သောင်းကျော် ရှိခဲ့သည်။ ထိုင်းနိုင်ငံတွင် ၁၈၃၁ခုနှစ်တွင် သာသနာပြု ရောက်ခဲ့ပြီး ၁၈၄၃ခုနှစ်တွင် ဓမ္မသစ်ကျမ်းကို ဘာသာပြန် နိုင်ခဲ့သည်။ ကိုရီးယားနိုင်ငံတွင် ၁၈၉၀ခုနှစ်မှ သာသနာပြု စတင်ခဲ့ရာ ၁၈၉၄ခုနှစ်တွင် အသင်းသား (၂၃၆) ဦး ရှိခဲ့သည်။ မြန်မာပြည်သို့ ၁၅၅၀ခုနှစ် ဝန်းကျင်က Franciscan နှစ်ဦး ပဲခူးသို့ ရောက် ရှိလာပြီး (၃) နှစ်ကြာသာသနာပြုခဲ့သော်လည်း မထိရောက်ခဲ့ပေ။ ၁၈ရာစု အစောပိုင်း၌ ပေါ်တူဂီ ဘုန်းကြီးများ လာရောက်ခဲ့သော်လည်း သာသနာ မထွန်းကားခဲ့ပါ။ အင်္ဂလိပ်သာ သနာပြုများသည် ၁၈ဝဝကျော်မှ စတင် ဝင် ရောက်သာသနာပြုခဲ့သော်လည်းမအောင်မြင်ခဲ့ပါ။ ၁၈၁၃ခုနှစ်တွင် အမေရိ ကန် သာသနာပြု Adoniram Judson နှင့် ဇနီးတို့ရောက်ရှိပြီး သာသနာ ပြုခဲ့ရာ ယနေ့တိုင် ရှင်သန်ခဲ့ သည်။

စီအီး ၁၅၁၉ခုနှစ် မတိုင်မီက ပေါ်တူဂီ ကုန်သည်များသည် မြန်မာ ပြည်ကို ဝင်ထွက် သွားလာခဲ့ကြသည်။ သူတိုသည် ကုန်သွယ်ရေးကို ချော မွေ့စေရန် ကုန်သွယ်ရေး ဆိပ်ကမ်းများကို တည်ဆောက်လာကြသည်။ ကက်သလစ် သာသနာပြုများသည် ထိုဆိပ်ကမ်းများ မဆောက်မီကပင် ကုန်သွယ်ရေးလမ်းကြောင်းများဖြင့် ရောက်ရှိနေပြီး ဖြစ်သည်။ ထိုအတော အတွင်းတွင် ပြင်သစ်၊ အင်္ဂလိပ်နှင့် ဒတ်ချ်တို့သည်လည်း မြန်မာနိုင်ငံသို့ လာရောက် ကုန်သွယ်မှု ပြုခဲ့ကြသည်။ မြန်မာပြည်သို့ ၁၅၅ဝခုနှစ် ဝန်းကျင် က Franciscan နှစ်ဦး ပဲခူးသို့ ရောက်ရှိလာပြီး (၃)နှစ်ကြာ သာသနာပြုခဲ့ သော်လည်း မထိရောက်ခဲ့ပေ။ ၁၅၅၄တွင် ဖာသာဗွန်ပဲ (Father Bonfer) သည် သံလျင်သို့ ရောက်ရှိခဲ့သည်။ မွန်စာပေကို (၃)နှစ် သင်ပြီး သာသနာ ပြုခဲ့သော်လည်း မြန်မာ ရှင်ဘုရင်က ကန့်ကွက်မှုကြောင့် မအောင်မြင်ခဲ့ပါ။ ၁၅၅၆ခုနှစ် မြန်မာ ဘုရင် မဟာဓမ္မရာဇာ လက်ထက်တွင် ပေါ်တူဂီ လူမျိုး ဖီးလစ်ဒီ ဘရစ်တို (Philip Debrito) သည် သံလျှင်မြို့ကို အုပ်ချုပ်ခဲ့ သည်။ သူသည် သင်္ဘောသား တစ်ဦး၏ သား ကုန်သည်ဖြစ်သော်လည်း အိန္ဒိယဘုရင်ခံပေါ်တူဂီလူမျိုး ဂိုအာ (Goa) ၏တူမနှင့် လက်ထပ်ခဲ့ သော ကြောင့် သူသည် ရာထူးများ ရရှိခဲ့သည်။ ဒီဘရစ်တိုနှင့်အတူ ဝင်ရောက်သော သာသနာပြုများကြောင့် ၁၆၀၃ခုနှစ်တွင် တလိုင်းလူမျိုးများသည် ခရစ်ယာန်ဘာသာကို ယုံကြည်လာကြသည်။ ၁၉၂၉ခုနှစ်တွင် နိုင်ငံ သားများ အင်းဝနှင့်ကျောက်ဆည် စသည့်တို၌ နေထိုင်ခွင့်ရခဲ့ကြသည်။ ၁၆၄၄ခုနှစ်တွင် ဖာသာဒူးဂတ်စ် (Father Charl Guards)သည် မြန်မာ ဘာသာဖြင့် တရားဟောဝေစာများ ဖြန့်ဝေခဲ့သောကြောင့် တိုင်းပြည်မှ နှင် ထုတ်ခံခဲ့ရသည်။ ၁၆၆၂ခုနှစ်တွင် ပြင်သစ်နိုင်ငံခြားသာသနာပြုအဖွဲမှသာ သာသနာပြု ဘုန်းကြီးတို့ ရောက်ရှိလာပြီးသာသနာပြုခဲ့သည်။ ၁၆၇၇ ခုနှစ်တွင် ဖာသာဂျိုရက် (Father Joret) နှင့် ဖာသာဂျီနော့(Father Genoud) တို့သည် ပဲခူးမြိုသို ရောက်ရှိခဲ့ပြီး ဆေးခန်းဖွင့်ကာ ဧဝံဂေလိ လုပ်ခဲ့သောကြောင့် ဘုရင်မင်းမြတ်ကမင်းရဲကျော်ဒင်ကို အမိန့်ပေးကာကွပ်မျက် စေခဲ့ သည်။ ကနဦးကက်သလစ်သာသနာပြု စန်ဂါမာနို (Sangermano) ၏ အဆိုအရ ၁ရရ၅ခုနှစ် အထိ မြန်မာနိုင်ငံတွင် ခရစ်ယာန် ဘာသာဝင်ပေါင်း (၂၀၀၀)ကျော် နေထိုင်ခဲ့သည်ကို တွေ့ရပါသည်။ ပရိုတက်စတင့် သာသနာ သည် ကုန်သွယ်ရေး လမ်းကြောင်းဖြင့် ရောက်ရှိလာခြင်း မဟုတ် အင်္ဂလိပ် က မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးမှ ရောက်ရှိလာခြင်း ဖြစ်သည်။ ပရိုတက် စတင့် သာသနာထဲမှ မြန်မာပြည်သို ပထမဦးစွာ ရောက်ရှိလာသော သာ သနာ အဖွဲ့သည် အင်္ဂလိပ် နှစ်ခြင်း သာသနာပြုအဖွဲ့ ဖြစ်သည်။ အိန္ဒိယသို့ရောက်ရှိလာသောထင်ရှားသည့်သာသနာပြုဖခင် ဆရာကြီးဝီလျှံ ကယ်ရီ (William Carey) ၏ဦးဆောင်မှုဖြင့် နှစ်ခြင်း သာသနာရောက်ရှိလာခြင်း ဖြစ်သည်။ အင်္ဂလိပ် သာသနာပြု အဖွဲ့မှ ပထမဦးဆုံး မြန်မာပြည်သို ရောက်ရှိလာသူ နှစ်ဦးမှာရစ်ချတ်မာဒန် (Richard Madon)နှင့် ဂျိန်းစ်ကာ တာ (James Chater) တို့ဖြစ်သည်။ သူတိုသည် အိန္ဒိယမှ မြန်မာပြည်သို ၁၈ဝရခုနှစ်တွင် ရောက်ရှိလာကြသည်။ သူတို့ နှစ်ဦးထဲမှ ရစ်ချတ် မာဒန် (Richard Madon) သည် မြန်မာပြည်တွင် ကြာမြင့်စွာ မနေနိုင်ပါ။ ထိုကြောင့် သူနေရာတွင် ဝီလျှံ ကယ်ရီ (William Carey) ၏သား ဖိလစ်ကယ်ရီ (Felix Carey) ကို အစားထိုးခဲ့သည်။ (James Chater) နှင့် ဖီလစ်ကယ်ရီ Felix Carey တို့သည် မြန်မာစာပေကို လေ့လာပြီးနောက် ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်း တချိုတို့ကို ဘာသာပြန်ခြင်း နှင့် အင်္ဂလိပ်-မြန်မာ အဘိဓာန်ကိုလည်း ကြိုးစား၍ ရေးသား ခဲ့ကြသည်။ ၁၈၁၀နှင့် ၁၈၁၂ခုနှစ်တွင် အင်္ဂလိပ် နှစ်ခြင်း သာသနာပြုမှ ထပ်မံ၍ သာသနာပြု သုံးဦးကို စေလွှတ်လိုက်ပါသည်။ သူတိုထဲတွင် နှစ်ဦးသာ သိရပါသည်။ သူတို့မှာ ပရိချက်တ် (Pritchett) နှင့် ဘရိမ်န် (Brain) တို့ ဖြစ်ကြ ပါသည်။ သို့သော်လည်း သူတို၏ သာသနာပြုခြင်းသည် မအောင်မြင်ခဲ့ ကြပါ။ ဘရိမ်န် (Brain) ဖျားနာပြီး သေဆုံး သွားခဲ့ရသည်။ ပရိချက်တ် (Prichett) သည် အင်္ဂလန်ပြည်သို ပြန်သွားခဲ့သည်။ အရင်ရောက်နှင့်နေသော ဂျိန်းစ်ကာတာ (James Chater) သည်လည်း ထိုင်းနိုင်ငံသို ထွက် သွားခဲ့သည်။ ဖိလစ်ကယ်ရီ (Felix Carey) တစ်ဦးသာ ကျန်ရှိ ခဲ့သည်။ သူသည်လည်း နောက်ဆုံးတွင် မြန်မာ အင်းဝဘုရင်၏ကမ်းလှမ်းချက်အရ သံတမန် ရာထူးနေရာအတွက် ၁၈၁၄ခုနှစ်၊ သြဂုတ်လတွင် နေပြည်တော် အင်းဝသို့ ထွက်သွားခဲ့သည်။ ထိုကဲ့သို အင်္ဂလိပ်နှစ်ခြင်း သာသနာပြုများ သည် သာသနာကို ဆုံးခန်းတိုင် အောင်မြင်သည်အထိ မလုပ်နိုင်တော့ဘဲ နောက်ဆုံးတွင် အမေရိကန် နှစ်ခြင်း သာသနာပြု အဖွဲသို့ လက်လွှဲခဲ့ကြ သည်။ ဆရာကြီးယုဒသန်သည် ၁၈၁၃ခုနှစ် ဇူလိုင်လထဲက ရောက်ရှိနေ သောကြောင့် အင်္ဂလိပ် သာသနာပြုများ၏ မပြီးဆုံးခဲ့သော သာသနာကို ဆက်လက် ထိန်းသိမ်းကာ သာသနာပြုခဲ့ပါသည်။ ၁၈၅၉ခုနှစ် အတောအ တွင်း မက်ဒသစ် (Methodists) နှင့် လုသာရင် (Lutherans) အသင်းတော်များ မြန်မာပြည်သို ရောက်ရှိလာခဲ့သည်။ ၁၈၃၆ခုနှစ်မှ ၁၉၄၈ခုနှစ် များတွင် အခြားသော အသင်းတော်များ ဆက်လက်ရောက်ရှိလာခဲ့သည်။ ခရစ်ယာန် သာသနာသည် မြန်မာနိုင်ငံတွင် အင်္ဂလိပ်တို စတင် ဝင်ရောက် သိမ်းပိုက်ချိန်မှ လွတ်လပ်ရေးရသည့်တိုင် တဖြေးဖြေး တိုးတက်ကြီးထွား လာခဲ့သည်။ သာသနာပြုစာသင်ကျောင်းများ၊ ဆေးရုံများ၊ လူအိုရုံများ၊ မိဘမဲ့ဂေဟာများ စသော လုပ်ဆောင် အကောင်အထည်ဖော်ခဲ့ကြသည်။ လွတ်လပ်ရေးရပြီးနောက် ၁၉၆၆ခုနှစ်တွင် နိုင်ငံခြား သာသနာပြုများ အား လုံး မြန်မာပြည်မှ ထွက်သွားစေခဲ့ပြီး သာသနာပြုများနှင့် နိုင်ငံခြားသား ပိုင်ဆိုင်သော ကျောင်းများ၊ ဆေးရုံများ၊ အိမ်များ၊ဂေဟာများ စသည့်အရာ များကို ပြည်သူပိုင် သိမ်းခဲ့ပါသည်။ ထိုကဲ့သို ဖြစ်ပြီးနောက် ခရစ်ယာန် သာသနာသည် ကိုယ့်ခြေကိုယ့် လက်ဖြစ်လာရန် အကြောင်းဖန်လာပါ သည်။ ရောမကက်သလစ် သာသနာသည် နိုင်ငံခြား ပင်မအဖွဲအစည်းနှင့် ဆက်သွယ်မှုမပြတ်သော်လည်း ဦးဆောင်သူ နိုင်ငံခြားသားများ မရှိသောကြောင့်ကျဆင်းလာခဲ့ရပါသည်။ မက်သဒစ်နှင့်အင်္ဂလီကန်သာသနာသည် လည်း နိုင်ငံခြားသာသနာပြုများမရှိသည့်နောက်ပိုင်းတွင်ကျဆင်းခဲ့သည်။ နှစ်ခြင်းသာသနာသည် နိုင်ငံခြား ပင်မ အဖွဲအစည်းနှင့် ပြတ်တောက်သွား ပြီး တိုင်းရင်းသား ခေါင်းဆောင်မှု၏ အုပ်ချုပ်မှုအောက်သို့ လုံးလုံး ရောက် ရှိခဲ့ပါသည်။ ထိုနောက်ပိုင်းတွင် နှစ်ခြင်း သာသနာသည် မြန်မာနိုင်ငံတွင် အကြီးထွားဆုံး ဖြစ်လာခဲ့ပါသည်။ ၁၉၆၀ခုနှစ်မှစ၍ ယနေ့တိုင်အောင် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသော အကြောင်းတရားများ အမျိုးမျိုး ပြောင်းလဲမှုကြောင့် ခရစ်ယာန် သာသနာသည် အောင်မြင်မှု အတိုင်းအတာ ရသင့်သလောက် မရခဲ့ပါ။

–      ကနဦးအသင်းတော်

စီအီး ၁ရာစုမှ၃၂၃ထိ အသင်းတော်နှိပ်စက်ခြင်းခံရသောကာလ

–      ကက်သလစ် အသင်းတော်

စီအီး ၃၂၃မှ၁ဝ၅၄ထိ အသင်းတော်သည် နိုင်ငံတော် ဘာသာဖြစ်လာပြီး တူညီသော ယုံချက်၊ စည်းကမ်းအပေါ် အခြေပြုခဲ့သည်။

–      ကမ္ဘာ့အသင်းတော် ကက်သလစ် အသင်းတော်ကြီးမှ နောက်အသင်းတော်နှင့် အရှေ့အသင်းတော်ဖြစ်လာခြင်း

စီအီး ၁ဝ၅၄တွင် ရောမကက်သလစ် (အနောက်အသင်းတော် – ရောမ ပုပ်ရဟန်းမင်း သြဇာညောင်းသည့် အသင်းတော်)

စီအီး ၁ဝ၅၄တွင် အော့သိုဒေါ့ (အရှေ့အသင်းတော်-ကွန်စတင် တီနိုပယ် သာသနာပိုင် သြဇာညောင်းသည့် အသင်းတော်)

–      ရောမကက်သလစ်- အနောက်အသင်းတော်မှထွက်လာသော အသင်းတော်

စီအီး ၁၅၁ရ-၁၆၄၈အတွင်း ပြုပြင်ပြောင်းလဲသောအသင်းတော်များ (ပရိုတက်စတင့် အသင်းတော်များ ထွက်လာခဲ့သည်) •

–      ပရိုတက်စတင့် အသင်းတော်များမှ နှစ်ခြင်းအသင်းတော်များဖြစ်ပေါ်ခဲ့သည်

စီအီး၁၅၅ဝမှစ၍ မြန်မာနိုင်ငံသို သာသနာပြုများ စတင်ရောက် ခဲ့ရာ ၁၈၁၃တွင် ရောက်ရှိလာသော အမေရိကန် သာသနာသည် သူရှေ့မှ ရောက်နှင့်သော အင်္ဂလိပ် သာသနာထက် အောင်မြင်မှုများ ရရှိခဲ့သည်။

 

၅။ လူကို ပဓာနပြုသော အမြင်မှ သက်ရှိသက်မဲ့၊ သဘာဝအားလုံးအပေါ် ပဓာနပြုသော အမြင် (From Anthropocentrism to Ecocentrism)

၁၇ရာစု နောက်ပိုင်းတွင် သာသနာပြုခြင်းဆိုင်ရာ နည်းဟန်များနှင့် သဘောထား အခြေခံတိုသည် အသင်းတော်ကို ဗဟိုပြုသည့် သာသနာ Centripetal Model) မှ ကမ္ဘာလောကကြီးကို ဗဟိုပြုသော သာသနာ (Centrifugal Model) သို ဦးတည်လာပါသည်။ အသင်းတော်၏ အမြင်သည်လည်းကိုယ့်အတွင်းကို သာကြည့်သောအမြင် (Exclusive View) မှ အတွင်းအပြင် အားလုံးအတွက်ကို ကြည့်သောအမြင် (Inclusive View) သို ပြောင်းလာပြီး ထိုမှတဆင့် လောကတစ်ခုလုံးနှင့် လူသားနှင့် သဘာဝ သစ်ပင်၊ တောတောင် သက်ရှိ၊ သက်မဲ့အားလုံး စကြာဝဠာထိ ကြည့်သော အမြင် (Universal View) သို ရောက်ရှိ လာပါသည်။

ခရစ်ယာန်တို၏ သာသနာပြုခြင်းဆိုင်ရာ ဓမ္မခံယူချက် အဆင့်ဆင့် ပြောင်းလဲတိုးတက်ဖြစ်ပေါ်မှု တို့ကိုလေ့လာပါကလည်း သူ့ခေတ် သူ့အခြေ အနေ၊ ယဉ်ကျေးမှုနှင့် ဖြစ်ပေါ်နေသောကိုးကွယ်ယုံကြည်မှုတိုပေါ် မူတည် ခဲ့ကြောင်း တွေ့ရှိနိုင်ပါသည်။ အစပထမတွင် context နှင့် ကိုက်ညီသော အမြင်မှ နေ၍ ယနေ့ခေတ်နှင့် ကိုက်ညီသော အမြင်ထိ အဆင့်ဆင့် ဖြစ်ပေါ်လာမှုကို ကြည့်ခြင်းဖြင့် သိနိုင်ပါသည်။

ဘုရားသခင်သည် လူသားတိုအတွက် ရာဘာပင်ကိုသာ ဖန်ဆင်း ပေးခဲ့ပြီး တာယာကို မဖန်ဆင်း ပေးခဲ့ပါ။ ဘုရားရှင်သည် သံနှင့်သဲကိုသာ ဖန်ဆင်း ပေးခဲ့သည်။ မော်တော်ကားကို ဖန်ဆင်း မပေးခဲ့ပါ။ ပထမဦးဆုံး ရေခံမြေခံဖြစ်သည့်ရာဘာပင်မှနောက်ဆုံးတာယာနှင့် လူသုံးကုန်များဖြစ် လာသည်အထိ အဆင့်ဆင့် ပြုပြင်ပြောင်းလဲမှု အားလုံးသည် ခေတ်ကာ လအပိုင်းအခြား၊ လူနေမှုယဉ်ကျေးမှု စနစ်ပြောင်းလဲတိုးတက်မှု၊ သိပ္ပံနည်း ပညာထွန်းကားမှု၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးစသောရေခံမြေခံများပေါ် အခြေခံ ခဲ့ပါသည်။ ယနေ့ကျွန်ုပ်တို လက်ထဲရှိ ရာဘာ အရုပ်ကလေး တစ်ရုပ်၏ ဖြစ်တည်လာမှုကို စဉ်းစားပါက ရာဘာပင်မှ အစပြုကာ အဆင့် ဆင့် ဖြစ်လာသော အရင်းခံ အကြောင်းတရားများကို ထည့်သွင်း စဉ်းစားမှ သာ ဖြစ်စဉ် အားလုံးကို ခြုံငုံ သုံးသပ်နိုင်ပါမည်။ ထိုနည်းတူ ယနေ့ဖြစ်ပေါ် နေသော အကြောင်းတရားများ၊ အတွေးအခေါ်များနှင့် ခံယူ ယုံကြည်ချက်တို့သည်လည်းကနဦး မူလအစမှအဆင့်ဆင့် ဖြစ်ပေါ်လာပါသည်။ လူသား တိုသည် ကနဦး ဘုရားကို မသိရာမှ သိလာကြသည်။ ကနဦး အသိပညာ စာပေ၊ ကိုးကွယ်မှုမရှိခဲ့ရာမှရှိလာခဲ့ခြင်းတိုတွင်အဆင့်ဆင့်ဖြစ်ပေါ်ပြောင်း လဲခဲ့သော အဓိက အကြောင်းတရား ရေခံမြေခံတိုကို ထည့်သွင်း ပြောဆို မှသာ သမိုင်းသည် မှန်လာမည် ဖြစ်သည်။ သုတေသနပြုချက်တိုသည် လည်း မှန်လာမည် ဖြစ်သည်။ ထိုနည်းတူ သာသနာပြုခြင်းဆိုင်ရာ အကြောင်းတရားများနှင့် ဓမ္မအတွေးအခေါ် ဆိုင်ရာသမိုင်းကြောင်းတိုကိုလေ့ လာ သုံးသပ်ရာတွင် ရှိခဲ့ပြီးသော ရေခံမြေခံအရင်းအမြစ်တိုကို အခြေပြု ထည့်သွင်း စဉ်းစားမှသာ စစ်မှန်သော အဖြေများနှင့် အနာဂတ်အတွက် အ ကောင်းဆုံးသော နည်းလမ်းများကို ရှာဖွေ ဖော်ထုတ်နိုင်မည် ဖြစ်သည်။

 

 

 

 

 

 

 

 

 

 

 

၆။ သာသနာပြုခြင်းအသွင်ပြောင်းလဲမှု (Transforming Mission)

သာသနာပြုခြင်း သမိုင်းကို ကြည့်ပါက သာသနာပြုခြင်း အစမှ ယ နေ့ထိတိုင်အောင် သာသနာပြုသူများနှင့် သာသနာပြု နည်းပုံစံများသည် တစ်ခုတည်း မဟုတ်ခဲ့ပါ။ တဖြည်းဖြည်း ပြောင်းလဲခဲ့ သည်ကို တွေ့ရပါ။ သည်။ ထိုကြောင့်ပင် သာသနာပြုခြင်းနှင့် သာသနာပြု ပုံစံ ပြောင်းလဲခြင်း သည် ခွဲထုတ်၍မရလောက်အောင် အဓိကနေရာတွင် ရှိနေပါသည်။ ဘုရားရှင်သည် လူဇာတိခံယူခြင်းမှ အစပြုသော သာသနာသည် သခင်ယေရှုမှ က ကိုယ်တော်၏ တပည့်များဖြင့် သာသနာကို စတင်ခဲ့ပါသည်။ အပြုသူများကို ပထဝီအနေထား ကွဲပြားစွာဖြင့် စေလွှတ်ခဲ့ပြီး စေလွတ်ခြင်း ခံရသူများက သာသနာ့ တာဝန်များကို အောင်မြင်စွာ ထမ်း ဆောင်ခဲ့ကြသည်။ ခရစ်ယာန်သာသနာ မရှိသေးသော နယ်မြေများသို့ သွားရောက်ကာ ခရစ်ယာန်တရား မျိုးစေ့များကိုကြဲခဲ့ကြသည်။ အစပိုင်း တွင် မျိုးစေ့များကို ကြဲရုံသာ ကြဲခဲ့ကြသည်။ နောက်ပိုင်းတွင် ထိုနယ်မြေ များတွင် အတည်တကျ ခြေချကာ သာသနာ စီမံကိန်းများဖြင့်ရှေ့ဆက် သာသနာပြုခဲ့ကြသည်။ ထိုကဲ့သို သာသနာပြုခြင်းဖြင့် သာသနာနယ်မြေ သစ်များကိုလည်း ထပ်မံရှာခဲ့ကြသည်။ ထိုမှစ၍သာသနာ့လုပ်ငန်းများနှင့် သာသနာပြု ပုံစံများသည်လည်း ကွဲပြားလာခဲ့ကြသည်။ သာသနာပြုခြင်း သည် ကမ္ဘာကြီး၏ အလယ်ပိုင်း၊ ယေရုရှလင်မြို ဝန်းကျင်မှအစပြုခဲ့ရာ ယနေ့တွင် တစ်ကမ္ဘာလုံးထိ ပြန့်နှံ ရောက်ရှိခဲ့သည်။ ထိုကဲ့သို ရောက်ရှိ နိုင်ခြင်းသည် ခရစ်ယာန်အဖွဲအစည်းတစ်ခုတည်းကလုပ်ဆောင်ခဲ့ခြင်းမျိုး မဟုတ် ခရစ်ယာန် အဖွဲအစည်းများ၊ ဂိုဏ်းများ၊ သာသနာပြုအဖွဲများ စသည်တိုကြောင့် လည်းကောင်း၊ နယ်မြေ ရှာဖွေခဲ့ကြသောသူများ၊ ကုန် သည်များ စသည်တိုကြောင့်လည်းကောင်း၊ နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံ သိမ်းပိုက်ခြင်း၊ ကူးသန်းရောင်းဝယ်ခြင်း စသည်တို့ကြောင့် သာသနာတော် သည် ကျယ်ပြန့်ခဲ့ပါသည်။

ထိုပြင် ခရစ်ယာန် သာသနာသည် ခရစ်ယာန်တို၏ အခြေခံတရား ကြောင့် သာသနာတော် ပြန့်ပွားလာ သည် ဆိုသော်လည်း ထိုအခြေခံ တရားပေါ်မှ ထပ်ဆင့်ကာ အတွေးအခေါ်နှင့် အယူအဆများ ထပ်မံကွဲပြား လာခြင်းဖြင့် သာသနာ့ဂိုဏ်းများ၊ အဖွဲများ ဖြစ်ပေါ်လာပြီး နောက်သူ့ဂိုဏ်း၊ သူ့ပုံစံအမျိုးမျိုးဖြင့် သာသနာပြု ခဲ့ကြသည်။ ထိုကဲ့သို သာသနာ့ဂိုဏ်းများ အမျိုးမျိုး ကွဲပြားခဲ့ကြသော်လည်း သာသနာပြုသူများ၏ စိတ်ဓာတ်နှင့် လုပ်ဆောင်ချက်များသည် အတူတူပင်ဖြစ်သည်။ သခင်ယေရှုခရစ်တော် ၏ ကယ်တင်ခြင်း တရားတော်ကို ဝေငှခြင်း၊ ခရစ်ယာန် တရားတော်ကို လူသားအားလုံးထံ ရောက်ရှိစေရန် လုပ်ဆောင်ခြင်း၊ သခင်ယေရှု ခရစ် တော်ကို လက်ခံသူတိုင်းကလည်း သာသနာတော်တွင် ပါဝင်လာစေခြင်း၊ အသင်းတော်အဖွဲအစည်းများ ဖြစ်လာစေကာ ထိုအသင်းများနှင့် အဖွဲများ က သာသနာတော်ကို ဆက်လက် လုပ်ဆောင်စေခြင်း၊ ခရစ်ယာန် သည် သာသနာပြုရမည် ဟူသော နားလည် ခံယူမှုဖြင့် သာသနာတော် သည် တည်တံ့ခဲ့ပါသည်။

 

၇။ သာသနာပြုခြင်းဆိုင်ရာစံနမူနာနည်းဟန်များ (Missionary Paradigm)

သာသနာပြုခြင်းသည် ပုံစံတစ်ခုတည်းဖြင့်ပြုနေခြင်းမဟုတ်ပါ။သာ သနာပြုခြင်းသည် စံနမူနာများ စွာဖြင့် ပေါ်ထွက်လာခြင်း ဖြစ်သည်။ ဘုရား သခင်၏ စစ်မှန်သော တရားတော်မြတ်ကို ရရှိပြီးသူများက ထိုတရားတော် မြတ်ကို မရရှိသော လူသားတိုင်းအား ထိုတရားတော်မြတ်ကို ရရှိစေဖိုရန် နည်းလမ်း အမျိုးမျိုးဖြင့် ပေးနေခြင်းသည် သာသနာပင် ဖြစ်သည်။ သာ သနာပြုခြင်းသည် လုပ်ဆောင်မှု များစွာကိုလည်း ထွက်ပေါ်စေခဲ့ပါသည်။ ထိုကဲ့သို လုပ်ဆောင်ခြင်းကြောင့် ထိရောက်သောသာသနာပြုခြင်းဆိုင်ရာ နည်းလမ်းများ နှင့် စံနမူနာများ ပေါ်ထွက်လာပါသည်။ ထိုကဲ့သို နည်းလမ်း များနှင့် စံနမူနာများ၊ ပုံစံများ တစ်ခုနှင့် တစ်ခုမတူကြသော်လည်း၊ ဦးတည် ချက်မှာတစ်ခုတည်းသောပန်းတိုင်ကို ရည်ညွှန်းထားပါသည်။ ထိုပန်းတိုင် မှာလူသားအားလုံးအပြစ်တရားမှလွတ်မြောက်စေဖိုရန်ဘုရားရှင်၏တရား တော်နှင့် မေတ္တာတော်ကို ရရှိခံစား စေရမည်ဖြစ်ပြီး ဘုရားသခင်၏ အလို တော်အတိုင်း လောကကြီးအားထိန်းသိမ်းခြင်း၊ လူသား အားလုံး၏ အရေး ကို ကိုယ့်အရေးကဲ့သို ထားရှိပြီး သာယာဝပြောမှု၊ ငြိမ်းချမ်းမှုနှင့် တရား မျှတခြင်းတို့အတွက် အကောင်းဆုံး အသက်ရှင်နိုင်ရေးပင် ဖြစ်သည်။ သာ သနာပြုခြင်းကြောင့် ပေါ်ထွက်လာသော စံနမူနာ နည်းဟန်များကို David J. Bosch က အောက်ပါအတိုင်း ဖွင့်ဆိုပြခဲ့ပါသည်။

 

(၁) သာသနာပြုခြင်းသည် ဘုရားသခင်၏ အလိုတော်ကို ဆောင်ခြင်း (Mission as Missio Dei)

ခရစ်ယာန်တို့ နားလည်ထားသော သာသနာသည် ဘုရားသခင်မှ အစပြုပြီး အစ၊ အလယ်၊ အဆုံး သုံးပါးစလုံးတွင် ဘုရားရှင်နှင့် လွတ်ကင်း သော အရာ တစ်ခုမျှ မရှိပါ။ Missio Dei မစ်ရိုယိုဒေအ်၏ အဓိပ္ပါယ်မှာ သာသနာသည် လူများက လုပ်ဆောင်နေသော်လည်း ထိုသာသနာသည် ဘုရားသခင်၏ သာသနာ (Mission of God) ဖြစ်သည်။ ခရစ်ယာန်တို များသည် သာသနာပြုသောဘုရားဖြစ်ပါသည်။ လူသားများ အားလုံး အတွက် ကြီးမြတ်သော ကယ်တင်ခြင်းလုပ်ငန်းအတွက် စေလွှတ်ခံရသူ မှာယုံကြည်သူများဖြစ်ကြပြီး ထိုသူများနှင့် ဘုရားရှင် အတူတကွ လုပ် ဆောင်နေခြင်းဖြစ်သည်။ ဘုရားသခင်၏ မေတ္တာတော်၊ အလိုတော်သည် မြေကြီးပေါ်တွင် သက်ရောက်ပြီး မြေကြီးသား အားလုံး ရထိုက်သောကယ် တင်ခြင်း တရားတော် ဖြစ်လာပါသည်။ လူသားတို၏ ဆန္ဒ၊ လူသားတို၏ အလိုပေါ်တွင် မူတည်နေခြင်း မရှိသော်လည်း လူသားများ ကယ်တင်ခြင်း တရားကို ရရှိပြီး နောက်ပိုင်းတွင် လူသားတို၏ ဆန္ဒ၊ လူသားတို၏ အလို သည် ဘုရားသခင်၏ အလိုတော်နှင့် ထပ်တူပြုနိုင်ပြီး သာသနာပြုလုပ်ငန်း ကို ကိုယ်ကျိုးစွန့်ကာ အစေခံ ဆောင်ရွက်ခြင်းသည် Misio Dei မစ်ရိုယို ဒေအ်ပင် ဖြစ်သည်။ သခင်ယေရှုသည် ဘုရားသဘော အပြည့်ရှိသောကြောင့် ဘုရားအလိုတော်ကို ဆောင်နိုင်ပြီး သူကဲ့သို အလိုတော်ကို ဆက် လက် ဆောင်နိုင်သောသူများကိုရွေးကောက်ခဲ့သည်။ တမန်တော်များ နှင့် တပည့်တော်များ၊ ယုံကြည်သူများတိုသည် ဝိညာဉ်တော် လမ်းပြခြင်းအား ဖြင့် သက်သေခံခြင်း၊ ဟောပြော ခြင်း၊ အမှုတော်ဆောင်ခြင်းများသည် သာ သနာပြုခြင်းဖြစ်သည်။ “ခမည်းတော်သည်ငါ့ကိုစေလွှတ်တော် မူသကဲ့သို သင်တိုကို ငါစေလွှတ်၏” (ယော ၂၀း၂၁)။

 

(၂) သာသနာပြုခြင်းသည် လူသားအားလုံး ကယ်တင်ခြင်း ရရှိစေရန် ဦးတည်ခြင်း (Mission as Mediating Salvation)

သာသနာပြုခြင်းသည် ကယ်တင်ခြင်း တစ်ခုတည်းကိုသာ အဓိက ထား၍လုပ်ဆောင်နေခြင်း မျိုးမဟုတ်လူသားတို့၏အသိတရား၊ ကိုယ်ကျင့် တရား၊ တမလွန်ဆိုင်ရာတရား၊ လက်တွေ့အသက်ရှင်ခြင်း ဆိုင်ရာတရား များကို သိရှိ လိုက်လျှောက်စေခြင်း ဖြစ်သည်။ ဆာလောင်သောသူများကို ကျွေးမွေးခြင်း၊ နှိမ့်ကျသောသူများကို မြှင့်တင်ပေးခြင်း၊ ညစ်ပေနေသူများ ကို ဆေးကြောပေးခြင်း၊ ဖျားနာနေသူများကို ကျန်းမာစေခြင်း၊ ဝမ်းနည်း ကြေကွဲသောသူများကို နှစ်သိမ့်ပေးခြင်း၊ မတရားညှင်းဆဲခံနေရသူများကို လွတ်ငြိမ်းချမ်းသာမှုရစေခြင်းစသော အမှုများသည် ကယ်တင်ခြင်းဆိုင်ရာ အမှုများ ဖြစ်သည်။ လူသားများ၏ ရုပ်ပိုင်းဆိုင်ရာ သာမက ဆိုင်ရာ စိတ်ပိုင်းဆိုင်ရာနှင့် ဉာဏ်ပညာပိုင်းဆိုင်ရာ ကယ်တင် ခြင်း လုပ်ငန်းများသည် ကယ်တင်ခြင်း သာသနာပင် ဖြစ်သည်။ ခရစ်ယာန်တို့၏ သာသနာလှုပ်ရှားမှုအားလုံးသည် ကယ်တင်ခြင်းအမှုအရာပေါ်တွင် အခြေ ပြုထားပါသည်။ မည်သည့်အမှုကို ပြုသည်ဖြစ်စေ၊ ကယ်တင်ခြင်း အဆုံးသတ်ကြပါသည်။ ကယ်တင်ခြင်းလုပ်ငန်းသည် တစ်ထိုင်တည်းလုပ် ရသော လုပ်ဆောင်မှုမျိုး မဟုတ်ပါ။ အဆင့်ဆင့်၊ တစ်ဦးမှတစ်ဦး၊ တစ် မှ နောက်တစ်ချိန်၊ ကာလတစ်ခုမှ နောင်ကာလတစ်ခုသို အမျိုးမျိုး ပြောင်းကာ လုပ်ဆောင်ရသော၊ ကိုယ်ကျိုးမဖက်သော အမှုဖြစ်သည်။ လူ သားများ၏ အရေးကို လုပ်ဆောင် ပေးခြင်းသည် ဘုရားရှင်၏အလုပ် လုပ်ဆောင်ပေးခြင်းဖြစ်သည်။ ဘုရားရှင်၏ကယ်တင်ခြင်းလုပ်ငန်းကို ဆောင်မည်ဆိုပါက၊ လူသားများ၏ အရေးကို လုပ်ဆောင်ရမည်ဟု ခံယူရ ပါမည်။ လောကထဲကို သေစေနိုင် သော အရာများသည် လူသားများ၏ အ သက်ကို ဖျက်ဆီးနိုင်သော်လည်း ခရစ်တော်ထံမှ ရရှိသော အသက်သည် မည်သူမျှ ဖျက်ဆီး၍ မရနိုင်ပါ။ “ယေရှုခရစ်၌ တည်၍အသက်ရှင်စေသော ဝိညာဉ်တော်၏ တရားသည် အပြစ်တရား၏ လက်မှလည်းကောင်း၊ သေ ခြင်းတရား၏ လက်မှ လည်းကောင်း ငါ့ကို ကယ်လွှတ်ပြီ” (ရော ၈း၂)။

 

(၃) သာသနာပြုခြင်းသည် တရားသောအမှုနှင့် ပြည့်စုံစေခြင်း (Mission as the Quest for Justice)

သာသနာပြုခြင်းသည် တရားရေးရာကို လုပ်ဆောင်နေသည်ဟု မထင်မှတ်သင့်ပါ။ သိုသော်လည်း တရားမျှတမှုနှင့် ကွဲကွာသွား၍ မရပါ။ ဘုရားသခင်၏ စေလွှတ်ခြင်း ခံရသော ပရောဖက်များသည် စစ်မှန်သော တရားများနှင့် တရားမျှတသော အမှုများကို ကြားပြောရသူများ ဖြစ်သောကြောင့် သူတို့၏ ဝိညာဉ်ရေးသည် တရားတော်နှင့် အစဉ် ညီမျှနေပါသည်။ မှားယွင်နေသော သူများ၊ လမ်းမှားသို့ သွားနေသောသူများကို တရားလ သိုပိုဆောင်ခြင်းသည် တရားမျှတခြင်းဖြစ်သည်။ ခရစ်ယာန်တိုင်း အဖွဲအစည်းအတွက် ဘုရားသခင်၏ စစ်မှန်သော တရားကို ဖော်ဆောင်ပေးရမည့်သူများ ဖြစ်သည်။ အပြစ်သွေးဆောင်ခြင်းသို မလိုက်နိုင်အောင်၊ တရားသဖြင့်သွန်သင်ခြင်း၊ ဟောပြောခြင်း၊ လမ်းပြခြင်းစသည်တိုသည်ယုံကြည်သူတိုင်း ပြုရမည် ဖြစ်သည်။ မကောင်းသော သတင်းများ၊ မကောင်း နည်းလမ်းများ၊ မကောင်းသောလုပ်ရပ်များစသည်တို့အားမကောင်း သော လူသားများထံ ရောက်ရှိမသွားအောင် ဖော်ထုတ်ရမည် ဖြစ်သည်။ ကဲ့သို လုပ်ဆောင်ရာတွင် အသင်းတော်သည် အဖွဲအစည်း အသီးသီးတို့နှင့် လက်တွဲပါဝင်ရမည် ဖြစ်သည်။ အမှန်နှင့် အမှားကို ခွဲခြားနိုင်ခြင်း သည် တရားသော အမှုဖြစ်သည် ထိုသူ၌ သမ္မာတရားရှိပါက သခင်ယေရှုသည် ထိုသူ၌ ရှိနေပါသည်။ သခင်ယေရှုသည် သမ္မာတရားဖြစ်သောကြောင့် ထိုတရားသည် လူသားတို့၏ အသက်ကို ကယ်တင်ပြီး မှန်သော အသက်နှင့် ပတ်ရစ်ကာ ကြွယ်ဝသော ဘဝတစ်ခုကို ပိုင်ဆိုင်လာမည် ဖြစ် သည်။ လူသားတိုင်းသမ္မာတရားကိုသိစေခြင်းသည်လောက၏အမှားများ၊ အစွန်းရောက် အယူအဆများစသော အဓမ္မအမှုကို ဖြစ်စေသော အရာ အားလုံးကို ဖယ်ရှားစေခြင်း ဖြစ်သည်။ ကျန်းမာသောသူသည် ဆေးဆရာ ကို အလိုမရှိသော်လည်း မကျန်းမာသောသူသည် ဆေးသမားကို အလိုရှိ ပါသည်။

 

(၄) သာသနာပြုခြင်းသည် ဘုရားသခင်၏သတင်းစကားကိုကြားပြောခြင်း (Mission as Evangelism)

သခင်ယေရှုသည်လူ့ဇာတိကိုခံယူထားသောဘုရားရှင်ဖြစ်ကြောင်း နှင့် လူသားများကို အပြစ်မှ ကယ်တင်ခြင်းပေးသော ဘုရားဖြစ်ကြောင်း ဟောပြောခြင်းသည်ဝံဂေလိတရားပင်ဖြစ်သည်။ ထိုတရားသည် လူသား များအတွက် သတင်းကောင်းပင် ဖြစ်သည်။ လူသားများသည် အပြစ်၏ ကျေးကျွန်ဘဝမှလွတ်မြောက် ကာထာဝရပျက်စီးခြင်းကင်းသောကောင်း ကင်နိုင်ငံတော်သို ဝင်စားစေခြင်းသည် ဘုရားသခင်၏ မေတ္တာတော်ပင် ဖြစ်သည်။ ဧဝံဂေလိတရားသည် ကမ္ဘာလောကကြီးထဲသို ချစ်ခြင်းမေတ္တာ နှင့် အစေခံခြင်း၊ သွန်သင်ခြင်း၊ ဟောပြောခြင်း၊ ကုသခြင်း၊ လွတ်မြောက် စေခြင်း စသည်တိုကို ပြုခြင်းဖြစ်သည်။ ဧဝံဂေလိတရား သတင်းစကား သည် ဘုရားသခင်၏ လုပ်ငန်းတော်ကို ပြောကြားခြင်း ဖြစ်သည်။ ဘုရားရှင်သည်အတိတ်တွင်လူသားများအတွက်မည်ကဲ့သိုပြုလုပ်ပေးခဲ့သည်ကို လည်းကောင်း၊ လက်ရှိ အနေအထားတွင် ဘုရားရှင်သည် အဘယ်ကဲ့သို့ မစခြင်း၊ ကွယ်ကာပေးခြင်းစသည်တိုကိုလည်းကောင်း၊ အနာဂတ်တွင် ဘုရားရှင်သည် မည်ကဲ့သို ပြုမူဆောင်ရွက်ပေးမည် စသော အရာများကို ဖွင့်ပြပြောဆိုခြင်းသည် သာသနာပြုခြင်း ဖြစ်သည်။ သတင်းကောင်း တရားသည် လူတိုင်းအတွက် အစဉ်အမြဲ၊ ဖိတ်ခေါ်ထားသော တရားဖြစ်သည်။ လူတိုင်းလာနိုင်သော အခွင့်ရှိသည့်အပြင် ထိုတရား ကို လက်ခံသည်ဖြစ်စေ၊ လက်မခံသည် ဖြစ်စေ ဘုရားရှင်၏ သနားခြင်း ဂရုဏာသည် အစဉ်အမြဲ လူသား အားလုံးပေါ်သို့ သက်ရောက်လျက် ရှိပါသည်။ လူသားတိုင်းအတွက် အာမခံချက်ရှိသော တရား ဖြစ်သော သခင်ယေရှုကို ယုံကြည်သောသူသည် စစ်မှန်သည့် ဘုရားသခင်က ပေးသော လက်ဆောင်အဖြစ်ခံယူရပါမည်။ မိမိကြိုးစားအားထုတ်၍ရရှိခဲ့ခြင်း မဟုတ်သကဲ့သို့ တန်ဖိုးထား ရယူလိုသောစိတ်ဖြင့် လက်ခံသူကိုသာ ပေး မည်ဖြစ်သည်။ ဘုရားကပေးသော လက်ဆောင်ဖြစ် သော်လည်း တန်ဖို ထားခြင်း မရှိပါက ထိုတန်ဖိုးသည် ဆုံးရှုံး သွားနိုင်ပါသည်။ မိမိ၌ ရှိပြီဖြစ်သော တန်ဖိုးရှိသော လက်ဆောင်ကို ထိန်းသိမ်းခြင်းသည် သာသနာတော် တွင် ပါဝင်ခြင်း ဖြစ်သည်။

(၅) သာသနာပြုခြင်းသည် လွတ်မြောက်မှုများကို လွတ်မြောက်စေခြင်း (Mission as Liberation)

အင်္ဂလိပ်စာလုံး liberation လွတ်မြောက်ခြင်းစကားလုံးသည်မူရင်း လက်တင်ဘာသာ လစ်ဘီရာ Liberare မှ ဆင်းသက်လာပြီး အဓိပ္ပါယ် မှာ“လွတ်ခြင်း ́တစ်ခုခုသိုလွတ်မြောက်သွားခြင်းဟု အဓိပ္ပါယ်ရပါသည်။ ထို စကားလုံးကို အဓိကသုံးရာ၌ ရေခံမြေခံအရ ကျွန်များသော်လည်းကောင်း၊ အကျဉ်းသားများသော်လည်း ကောင်း၊ ချုပ်နှောင်ခြင်း၊ ဖမ်းဆီးခြင်း၊ ညှဉ်း ပမ်းခြင်းတိုမှ လွတ်မြောက်မှုရရှိသွားပါက ထိုလွတ်မြောက်မှုကို အထက်ပါ စကားလုံးဖြင့်သုံးနှုန်းပါသည်။ ကျွန်ုပ်တို့လောက၌မည်မျှပင်ပြသနာ အခက်ခဲများ ရှိနေကာမူ လွတ်မြောက်ခြင်းသည် ကျွန်ုပ်တိုအတွက် ဖြစ်နိုင်ချေ ရှိနေပါသည်။ ကျွန်ုပ်တို့သည် စီးပွားရေးရာ၌ ဆင်းရဲမွဲတေ နေပါက ထိုအရာထဲမှရုန်းကန် ထိုးထွက်ခြင်းဖြင့် လွတ်မြောက် နိုင်ပါသည်။ ထိုနည်းတူ ကျန်းမာရေးရာ၌လည်း ရောဂါပိုးရှိနေခြင်း၊ ဖျားနာနေခြင်း စသော ဝေဒနာဆိုးမှ ပျောက်ကင်း လွတ်မြောက်မှု ရရှိရန်၊ ရှာဖွေစမ်း သပ်ခြင်းဖြင့် အကောင်းဆုံးဆေးဝါးတွေ့ရှိကာနောက်ဆုံး၌ လွတ်ငြိမ်းချမ်းသာမှုရရှိနိုင် ပါသည်။ မိဘ၊ ဆရာများသည်လည်း သူတို၏ သားသမီး၊ တပည့်တိုကို မကောင်းသော အကျင့်ဆိုး၊ ဉာဏ်ဆိုးများမှ လွတ်မြောက်နိုင်ရန်၊ သွန်သင် လမ်းပြ နေကြရပါသည်။ ကျွန်ုပ်တို့ လူသားအားလုံး ကမ္ဘာလောကကြီး၌ နေထိုင်နေသရွေ့ ကာလပတ်လုံး၊ နေ့စဉ်နှင့်အမျှ တွေ့ကြုံရင်ဆိုင် နေရသောပြဿနာများ၊ အခက်အခဲများ စသောအကာအရံ၊ အတားအဆီးများ မှ လွတ်မြောက်မှုရရန် ဝိုင်းဝန်း ဖော်ထုတ်နေရပါမည်။ ကျွန်ုပ်တို့သည် ခရစ်တော်၏ကိုယ် အစိတ်အပိုင်းများ ဖြစ်သောကြောင့် ကျွန်ုပ်တို၏အတွေ့ ဆန်မှုနှင့် အပြစ်တရားတို့သည် ခရစ်တော်၏ ကိုယ်ပေါ်သို့ တိုက်ရိုက် တင်ရှိနေပါသည်။ ခရစ်တော်၏ လွတ်မြောက်ခြင်း တရားမှာ လူသားအား လုံး၏ အတ္တဆန်မှု၊ အပြစ်တရားဆန်မှုများကြောင့် ခံရမည့် အကျိုးတရား မှ လွတ်မြောက်မှု ရရှိရန် ကယ်တင် ခြင်းဖြင့် အကောင်းဆုံး လမ်းမှန် ပိုပေး နေခြင်း ဖြစ်သည်။ လူသားအချင်းချင်း၊ လူသားဆန်စွာသူ့အကျိုးကိုကိုယ့် အကျိုးကဲ့သို တစ်ဦးကို တစ်ဦး လမ်းပြကူညီ၍ အမှန်တရားလမ်းသို လွတ် မြောက်လာသည့်တိုင်အောင် ဖော်ဆောင်ပေးရပါမည်။

 

(၆) သာသနာပြုခြင်းသည်လူသားများ၏ဘဝယဉ်ကျေးမှုထဲသို ဘုရားသခင်ဝင်ရောက်လာခြင်း (Mission as Inculturation)

ရေခံမြေခံ သာသနာပြုခြင်းတွင် လူသားတို၏ ယဉ်ကျေးမှုသည် အ ခြေခံကျသော အပိုင်းတွင် ရှိသည်။ ခရစ်တော်၏ တရားတည်းဟူသော မျိုးစေ့သည် လူတို့၏ နှလုံးသားထဲသို အလွယ်တကူဝင်နိုင်သော တံခါး သည် ယဉ်ကျေးမှုပင် ဖြစ်သည်။ ယဉ်ကျေးမှု ဟုဆိုရာတွင် ဘာသာစကား၊ စာပေ၊ ရိုးရာ၊ အစားအစာ၊ အဝတ်၊ နေထိုင်မှု၊ လူမှုရေး၊ ဘာသာရေး၊ ဓလေ့ထုံးတမ်းအပြင် နိုင်ငံရေး၊ စီးပွားရေး၊ တိုးတက် ဖွံဖြိုးမှု စသည်တို့ ဖြစ်သည်။ ခရစ်ယာန်တို့၏ တရားစကားသည် ကမ္ဘာကြီး၏ အရှေ့အလယ် ပိုင်းမှ စတင် ပေါက်ဖွားလာပြီး နောက် ဥရောပနှင့် ကမ္ဘာ့ အရှေ့ပိုင်းသို့ရောက်ရှိသွားခဲ့သည်။ ထိုနောက်ပိုင်းတွင် အမေရိကနှင့် ထိုမှတဆင့်  အရပ်ရပ်သို့ ရောက်ရှိ သွားခဲ့သည်။ ထိုတရားတော်သည် ဒေသအသီးသီး နေရပ်အသီးသီး၊ လူမျိုးအဖုံဖုံနှင့် ဘာသာအသီးသီးသို့ဝင်ရောက် သည် ယဉ်ကျေးမှုကို ဖြတ်နိုင်ခဲ့သော သာသနာပြုခြင်းကြောင့် ကွဲပြားသော ယဉ်ကျေးမှုများသည် လူသားတို၏မတူညီသော အသက်ရှင် သန်မှုများ ဖြစ်သော်လည်း လူသားအားလုံး၏ စိတ်ဝိညာဉ်၌ တူညီသော ယဉ်ကျေးမှု ခံစားချက်များစွာ ရှိပါသည်။ ထိုအရာများမှာ ပျော်ရွှင်ချမ်းမြေ့ ခြင်း၊ ကောင်းမြတ်ခြင်း၊ စစ်မှန်သော ကိုယ်ကျင့်တရားများ စသည်တို့ သည်။ မည်သူမျှ ငြင်းပယ်၍ မရနိုင်သော လက်တွေ့ကျသည့် ယဉ်ကျေးမှု များဖြင့် သာသနာပြု နိုင်ရပါမည်။

 

(၅) သာသနာပြုခြင်းသည် အပြန်အလှန် ဆွေးနွေး အဖြေရှာခြင်း(Mission as Dialogue)

ကမ္ဘာ့လူသားအားလုံး၏အလိုချင်ဆုံးဆန္ဒမှာလည်းတည်ငြိမ်အေး ချမ်း၍ သာယာပျော်ရွှင်ပြီး တရားမျှတကာ စုစည်း ညီညွတ်သော လူမှု အ ဖွဲအစည်းများကို ပေးစွမ်းနိုင်သည့် နိုင်ငံတော်တွင် နေထိုင်လိုခြင်း ဖြစ်ပါ သည်။ လှပသော ပန်းချီကား တစ်ခု ဖြစ်လာရန်မှာ စုပ်တံ၊ စုပ်ချက်သည် အချက်ကျကျ ရေးဆွဲနိုင်မှသာ လှပသောပန်းချီကားတစ်ခုဖြစ်လာပါမည်။ သိုသော်လည်း စုပ်တံ၊ စုပ်ချက်များက အရည်အသွေးမမီ၊ ရေးဆွဲချက်များ က မပီပြင်ခဲ့လျှင်၊ မည်မျှပင် အရောင်အသွေး စုံလင် ကောင်းမွန်နေပါစေ၊ လှပသောကားချပ် မဖြစ်လာနိုင်ပါ။ ကျွန်ုပ်တိုအားလုံးသည်စုပ်တံ၊ စုပ်ချက် နှင့် ရေးဆွဲချက်များ ဖြစ်မည်ဆိုပါက မတူညီ ကွဲပြားသော၊ အယူအဆ အ တွေးအခေါ်များ၊ အခြေခံ စည်းမျဉ်း ဥပဒေများကို၊ Dialogue အပြန်အ လှန် ပြောဆိုဆွေးနွေးခြင်းအားဖြင့် လူအများ နားလည်သဘောပေါက်စေ ကာပြုပြင်စရာများကို ပြုပြင်နိုင်ခြင်းဖြင့် ရေခံမြေခံ နိုင်ငံတော်၏ပိတ်ကား ပေါ်တွင် အကောင်းဆုံး ရေးဆွဲနိုင်မည် ဖြစ်သည်။ အပြန်အလှန် ဆွေးနွေး ပြောဆိုခြင်းဖြင့် လူ့အသိုင်းအဝိုင်းအတွင်း ဝင်ဆန့်သည် သာမက လူတိုင်း နှင့် မိတ်သဟာယ ဖွဲနိုင်ပါသည်။ ။

သို့သော်လည်း အပြန်အလှန် ဆွေးနွေးပြောဆိုခြင်း၏ အခြေခံ သော သဘောထားများကို နားလည်ထားရပါမည်။ မြန်မာပြည်၌ အပြန်အလှန်ဆွေးနွေးပြောဆိုခြင်း ပြုမည်ဆိုပါက ခေတ်စနစ်နှင့် ကိုက်ညီဖို့ရန်လိုသည်။ ခေတ်အချိန်အခါနှင့်ကိုက်ညီသည်သာမကဖော်ရွေသောမိတ်ဆွေ ခြင်းသည် အပြန်အလှန် ဆွေးနွေးပြောဆိုခြင်းတွင် အောင်မြင်ခြင်း၏ အဝင်တံခါးများပင် ဖြစ်သည်။ ခရစ်ယာန်တို့ အဓိကထားသော

တရားတော်သည် ဘုရားသခင်ကိုချစ်ရမည်၊ မိမိနှင့် သက်ဆိုင်သူကို ချစ်ရမည်ဟူသောတရားအတိုင်း မေတ္တာသဘောသည်အပြန်အလှန်ဆွေးနွေးခြင်း၌ အဓိကကျသောအချက်ဖြစ်ပါသည်။ ကောရိသုဩဝါဒစာပဌမ ၁၃း၄၈ တွင် “မေတ္တာသည် စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်းရှိ၏၊ ဂုဏ် ပြင်ခြင်းမရှိ၊ ဝါကြွားခြင်းမရှိ၊ မာန်မာနမရှိ၊ ကိုယ့်အကျိုးကိုမရှာ၊ ဒေါသအမျက်မထွက်တတ်၊ အပြစ်ရှိသည်ဟု မထင်တတ်၊ ခပ်သိမ်းသောအရာကိုယုံ တတ်၏။ ခပ်သိမ်းသောအရာကို မျှော်လင့်တတ်၏။ ခပ်သိမ်းသောအရာ ကို သည်းခံတတ်၏။ ဖောက်ပြန်ခြင်း သဘောနှင့် အစဉ်ကင်းလွတ်သည်” ဆိုသောအချက်တိုသည် အပြန်အလှန် ဆွေးနွေးပြောဆိုခြင်းတွင်ရှိရမည့် နိယာမများပင် ဖြစ်ပါသည်။

အပြန်အလှန် ဆွေးနွေးပြောဆိုခြင်းသည် မိမိ၏ တစ်ကိုယ်ကောင်း ဆန်မှု၊ သူတစ်ပါးအပေါ် အထင်အမြင်သေးမှုများကို ပပျောက်စေပြီး လူ့ အသိုင်းအဝိုင်း၌ ကောင်းမြတ်သောအရာ၊ မွန်မြတ်သော အရာများကို ပွား များ ထွန်းကားစေပါသည်။ ရေခံမြေခံသဘော၏ လူ့အဖွဲအစည်းသည် လူ သား အချင်းချင်း၊ ကိုယ်ချင်းစာစိတ်၊ ညီညွတ်မှုရှိပြီး ဝိုင်းဝန်းကူညီဖြေရှင်း ချင်စိတ်ရှိသည့်အပြင် တစ်လုံးတည်း၊ တစ်စုတည်း သိပ်သည်းစွာ တည်ရှိသော သဘောဆောင်ပါသည်။ ထိုကဲ့သို လူနေမှု သိပ်သည်းသောလူ့အဖွဲ အစည်း၌ တစ်လုံးတစ်ဝတည်းသော သဘောကို ဆောင်သော်လည်း တစ် ခါတစ်ရံလူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အမြင်လွဲမှားမှုများ၊ အားပြိုင်မှုများ ရှိပါသည်။ ထိုကြောင့် အပြန်အလှန် ဆွေးနွေးပြောဆိုခြင်းသည် ထိုကဲ့သို သောအားပြိုင်မှုများနှင့် ညှိနှိင်း၍မရသောလူမှုရေး၊ ဘာသာရေး၊ ပြဿနာ များမှ ကျော်လွှား လွတ်မြောက် စေသော လမ်းပင် ဖြစ်သည်။ အပြန်အလှန် ဆွေးနွေးပြောဆိုခြင်း(Dialogue) သည် တစ်ဦးနှင့်တစ်ဦး၏ ဘာသာရေး ခံယူချက် အတွေးအမြင် သဘောတရားများ၊ လွဲမှားနေမှုကို ပြောင်းလဲစေသောအရာ ဖြစ်ပါသည်။ လူမျိုးတိုင်းတွင် ဥပမာအားဖြင့် နေရာစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ၊ ဘာသာစွဲများကြောင့် တစ်ဦးနှင့်တစ်ဦး အမြင် မတူညီကြကာ သူ က အနောက်နိုင်ငံသား၊ ငါက အရှေ့နိုင်ငံသား၊ သူကအဖြူ ၊ သူကအမဲ စသော ခွဲခြားမှုများ ညီတူညီမျှ မစဉ်းစားမှုတိုကြောင့် ရုန်းရင်း များ ဖြစ်ပေါ်နေရပါသည်။ နေထွက်ရာအရပ်ကို အရှေ့ဟု သ တ်မှတ်သောကြောင့် အရှေ့နှင့်အနောက်၊ တောင်နှင့်မြောက်ဟူ၍ ပေါ်လာရပါသည်။ သိုသော်’နေ’ကိုယ်၌ မူကားမည်သည့်အရပ်ကထွက်လာသည်ကို မသတ်မှတ်နိုင်ပါ။ ထိုကြောင့် အရှေ့အနောက် တည်းဟူသော သတ်မှတ် ချက်များကို ကျော်၍ ကြည့်ပါက တစ်ဦးအပေါ်တစ်ဦး အမြင်ရှင်းပြီး အလှန် ဆွေးနွေးပြောဆိုရာတွင် လွယ်ကူသော လမ်းများ ရရှိနိုင် (Dialogue)သည် စကားအားဖြင့် ပြောဆိုခြင်း သာမကဘဲ လက်တွေ့ သဘော လုပ်ဆောင်ခြင်းများ ပါရှိနေပါသည်။

 

(ဂ) သာသနာပြုခြင်းသည်ဘုရားရှင်အကြောင်းသိနားလည်စေခြင်း (Mission as Theology)

ဘုရားသခင်၏ အကြောင်းကို သိနားလည်ခြင်းသည် သီဩလော်ဂျီပင်ဖြစ်သည်။ သီသြလော်ဂျီ Theology=Theos+Logos တို့သည် ပေါင်းစပ်ထားပါသည်။ Theosသည်ဘုရားဟူသော အဓိပ္ပါယ်ရပါသည်။ Logos သဘောတွင် ဆိုလိုရင်း (၃)မျိုးတွေ့ရပါသည်။ ယင်းတိုမှာ (၁) စဉ်းစားဆင် ခြင်ခြင်း (reason)၊ (၂) တရားစာ (word of God)၊ (၃) လှုပ်ရှားသက်ဝင် ခြင်း (action) တို့ ဖြစ်သည်။ (၁) reason သည် စဉ်းစားဆင်ခြင်ခြင်း ဖြစ် သည်။ ဆင်ခြင် စဉ်းစား၍ သိနားလည်ခြင်း ဖြစ်သည်။ လူတစ်ဦးသည် စဉ်း စားတွေးတောခြင်းမပါရှိဘဲ အကြောင်းအရာတစ်ခုကို သိရှိရန် မဖြစ်နိုင်ပါ။ လူသားတိုင်းဘုရားသခင် ၏အကြောင်းသိရှိပြီးဘုရားသခင်နှင့်ပတ်သက် သောအရာများကို စဉ်းစား တွေးတောခြင်းသည် သာသနာပင် ဖြစ်သည်။ ဥပမာ-ဘုရားသခင်သည် မေတ္တာတော်ရှင် ဖြစ်သည်။ ထိုမေတ္တာတော်အကြောင်း လူတိုင်း သိရှိခံစားလာခြင်းဖြင့် သာသနာသည် လူသားများထံ ရောက်ရှိစေပါသည်။ သခင်ယေရှုသည် ဘုရားသခင် ဖြစ်သကဲ့သို သူ့ကိုယ် သူ သူသည် သမ္မာတရားဖြစ်ကြောင်း အတိအလင်း ပြောခဲ့ပါသည်။ ထိုကြောင့် သခင်ယေရှုသည် ဘုရားရှင်ဖြစ်သကဲ့သို တရားရှင်လည်း ဖြစ်သည်။ သမ္မာတရားကိုလူတိုင်းလက်ခံ စဉ်းစားလာခြင်းဖြင့်သာသနာသည် လူတိုင်းလက်ထဲသိုရောက်ရှိနိုင်ပါသည်။ ခရစ်ယာန်မဟုတ်သူတစ်ဦးအား သမ္မာတရားကို ပြောကြားပြီးသူနှင့်ဆွေးနွေးခြင်း၊ ပြောဆိုခြင်းသည်ဘုရား သခင်အကြောင်းကို ပြောကြားခြင်း ဖြစ်သည်။ သူသည် သမ္မာတရားကို လက်ခံစဉ်းစားလာပါက သူသည် သာသနာတော်ထဲ ရောက်ရှိနေပြီး ဖြစ်သည်။ ၂) word of God သည် စကားတော်များဖြစ်သည်။ ထိုစကားတော်များကို တရားစာအဖြစ် ရေးသားခဲ့ခြင်းဖြစ်သည်။ ထိုတရားစာများကို အသုံးမပြုပါက သာသနာပြုခြင်းသည် မပြည့်စုံနိုင်ပါ။ (၃) action တရားသဘောသည် လူသားတိုအတွင်း၌ ပျောက်ကွယ်သွားခြင်းမရှိဘဲ သက်ဝင်ကာတရား တော်နှင့် အညီကျင့်ကြံအားထုတ်ပြီးလှုပ်ရှားသက်ဝင် နေကြခြင်းသည်လည်း သာသနာပင် ဖြစ်သည်။

 

(၉) သာသနာပြုခြင်းသည် လက်တွေ့ လုပ်ဆောင်ခြင်းဖြင့် မျှော်လင့် နေခြင်း (Mission as Action in Hope) .

ခရစ်ယာန်ဘာသာသည် ချစ်ခြင်း၊ ယုံကြည်ခြင်းနှင့်မျှော်လင့်ခြင်းကို အခြေခံသော ဘာသာတရား ဖြစ်သည်။ သာသနာပြုခြင်းသည် လူသား တိုင်း၏ဘဝနှင့် ကမ္ဘာလောကကြီးတို့ ပို၍သာယာဝပြောလာခြင်းနှင့် ချမ်း မြေသာယာသော လောကဖြစ်လာရန် မျှော်လင့်၍ လုပ်ဆောင်ခြင်း ဖြစ် သည်။ ထိုသာယာချမ်းမြေ့သော လောကထဲတွင် ဘုရားသခင်၏ မေတ္တာ နှင့် သမ္မာတရားတို့ဖြင့် ပြည့်နှက်လာစေလိုသော သဘောသည် သာသနာ ပြုခြင်း၏ အနှစ်သာရများ ဖြစ်သည်။ လူတစ်ဦးသည် မိမိအောင်မြင်ရန် ရည်ရွယ်ထားသော အရာများကို အကောင်အထည် ဖော်ဆောင်ချိန်တွင် မရပ်မနားကြိုးစားအားထုတ်မှသာရည်ရွယ်ထားသောပန်းတိုင်သို့ ရောက် မည် ဖြစ်သည်။ မှန်ကန် တိကျသော မျှော်လင့်ခြင်းသည် တိကျသော ဦး တည်ချက်နှင့် ပန်းတိုင်ကိုမွေးဖွားပေး သကဲ့သိုကြိုးစားလုပ်ကိုင်ခြင်းသည် လည်းပန်းတိုင်သို့အရောက်ပို့နေသောယာဉ်ကဲ့သို့ဖြစ်သည်။ ထိုကဲ့သို့လုပ် ဆောင်ရာတွင်လည်း မိမိတစ်ဦးတည်း တကုပ်ကုပ် လုပ်ဆောင်နေခြင်း ထက် အများပါဝင်ကာ တက်ညီလက်ညီ လုပ်ဆောင်ပါက ပြီးမြောက်ဖိုရန် မနေနိုင်တော့ပါ။ အသင်းတော်များ မတူညီသော ဖွဲစည်းမှုများ ရှိနေကြ သော်လည်း တူညီသော ဘုရားရှင်၏ အဆုံးအမနှင့် သမ္မာတရားကို လက်ကိုင်ထားကာ အားလုံး လက်တွဲကာ ပြုရမည့် သာသနာလုပ်ငန်းများကို သူ အပိုင်းနှင့်သူ တာဝန်ယူကာ လောကလယ်မြေထဲတွင် စိုက်ပျိုး လုပ်ဆောင် ပါက ဘုရားသခင် နှစ်သက်မည့် ကောင်းသော အပင်များ ပေါ်ပေါက်လာ ပြီး ကောင်းသော အသီးများ သီးစေကာ လူသားတိုင်း မျှော်လင့်နေသော တစ်လုံးတစ်ဝတည်းသော ကမ္ဘာကြီး ဖြစ်လာမည် ဖြစ်သည်။

 

(၁၀) သာသနာပြုခြင်းသည် အခြားသူများနှင့် သွေးစည်းညီညွတ်သောအသင်းတော်ဖြစ်ခြင်း (Mission as the Church-with-Others)

အသင်းတော်သည် စတင်ပေါ်ပေါက်လာချိန်မှအစပြု၍ခံယူခဲ့သော အဓိကအရာမှာအသင်းတော်သည် ဘုရားသခင်၏ကိုယ်ခန္ဓာတော်ဖြစ်ခြင်း ပင် ဖြစ်သည်။ အသင်းတော်သည် ကိုးကွယ်ခြင်း၊ အစီအစဉ်များ၊ ဖွဲစည်းပုံ များ၊ အသင်းတော် မင်္ဂလာဝတ်များကို ဦးစားပေးခြင်းထက် ဘုရားသခင်၏ ကိုယ်ဖြစ်လာအောင် လုပ်ဆောင်ရပါမည်။ ကမ္ဘာလောက တစ်ခုလုံးသည် ဘုရားသခင်နှင့် ထပ်တူရှိနေသည် မှန်လျှင် အသင်းတော် သည်လည်း တစ် ကမ္ဘာလုံးနှင့် ထပ်တူ ဖြစ်နေရပါမည်။ ဘုရားသခင် ဖန်ဆင်းထားသော လူ သားများ၊ တောတောင်၊ ရေ၊ လေ၊ မြေ၊ သစ်ပင်၊ တိရိစ္ဆာန်များကို မထိန်း သိမ်းဖျက်ဆီးနေခြင်းသည် ဘုရား၏ကိုယ်ခန္ဓာကို ဖျက်ဆီးခြင်းဖြစ်သည်။ ထိုကြောင့် အသင်းတော်သည် ကမ္ဘာပေါ်ရှိ မည်သည့် လူသားနှင့်မဆို ပေါင်းသင်းနိုင် ရမည်။မိတ်သဟာယအမြင်ဖြင့်ဆက်ဆံကာဘုရားသခင်၏ တရားတော်ကို ဝေငှရမည် ဖြစ်သည်။ အကူအညီ လိုနေသောကမ္ဘာ့အငယ် ဆုံးသော သူများဖြစ်သည့် ဒုက္ခသည်များ၊ သဘာဝဘေး အမျိုးမျိုး ခံစား နေရသော လူသားများကိုကယ်မနိုင်ရန်မှာအသင်းတော်သည်ကျန်ရှိသော ဘုရားရှင်၏ အင်္ဂါများနှင့်အတူ လုပ်ဆောင်ရမည် ဖြစ်သည်။ ကိုယ်နှင့် စပ် ဆိုင်သူကိုကိုယ်နှင့်အမျှချစ်နိုင်ရန်မှာလူသားအချင်းချင်းတစ်ဦးကိုတစ်ဦး ဖေးမရမည် ဖြစ်သည်။တစ်ဦးကိုတစ်ဦးအကူအညီတောင်းရမည်ဖြစ်သည်။ ကိုယ်ဒုက္ခရောက်သောအခါ သူကကူညီသကဲ့သို သူဒုက္ခရောက်သောအခါ ကိုယ်က ကူညီရမည် ဖြစ်သည်။ အသင်းတော်၏ သာသနာ့တာဝန်မှာ အ သင်းသူ၊ အသင်းသားများ၏ အမှုကိုသာ အာရုံစိုက်ကာ လုပ်ဆောင်နေ သော အမှုတော်လုပ်ငန်းမဟုတ်ပါ။ အသင်းတော် နှင့်စပ်ဆိုင်သော အရာများအားလုံးကိုလုပ်ဆောင်ရမည်ဖြစ်သည်။ ယနေ့အသင်းတော်သည် နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာရေး စသော အလယ်တွင် ရှိနေပါသည်။ အသင်းတော်၏ အရေးသည်ဘုရား ၏ အရေးဖြစ်သကဲ့သို ကမ္ဘာ့အရေးများသည်လည်း ဘုရားသခင်၏ အရေးများဖြစ်သည်။ ဘုရားသခင်သည် သူဖန်ဆင်းထားသောလူသားများ ကမ္ဘာလောကကြီး မပျက်ဆီးစေခြင်းငှာ ပြုပြင်ပေး နေပါသည်။ ဘုရား သခင်သည် ကမ္ဘာ့အရေးများကို ပြုပြင်ရာတွင် အသင်းတော်ကို အသုံးပြုသည်သာမက အသင်းတော်သည်လည်း ထိုအရေးများနှင့် လက်ချင်းချိတ် ကာ ပါဝင်ဆောင်ရွက်ရမည် ဖြစ်သည်။

 

(၁၁) သာသနာပြုခြင်းသည် ရေခံမြေခံ တရားများအားဖြင့် ဘုရားသခင်ကိုသိမြင်စေခြင်း (Mission as Contextualization)

လူမျိုးတိုင်းတွင် ကိုယ်ပိုင်စာပေ၊ ရိုးရာယဉ်ကျေးမှု ထုံးတမ်းစဉ်လာ များနှင့် ဘာသာ စကား၊ ယုံကြည်ကိုးကွယ်မှု စသည့် အခြေခံ လူ့အရင်းအ မြစ်များသည် လူမျိုးတို၏ ရေခံမြေခံများ ဖြစ်ပါသည်။ ထိုပြင် လူမျိုးတိုင်း တွင် သမိုင်းကြောင်းများနှင့် သမိုင်းဝင် အမွေအနှစ်များ၊ ရှေးဟောင်း ယဉ် ကျေးမှုအဆောက်အ ဦးများ၊ လယ်ယာကိုင်းကျွန်း၊ မြေယာများနှင့်သဘာဝ အရင်းအမြစ်များသည် တိုင်းပြည်လူမျိုး၏ရေခံမြေခံများ ဖြစ်ပါသည်။ တိုင်း ပြည်တိုင်းတွင် မူလကနဦး တိုင်းရင်းသား လူမျိုးများသည် မည်သူမှ မလာရောက်မှီ စတင် အခြေချခဲ့ကြသည်။ ထိုသူများနှင့် ပါလာသော လူမှုရေး အခြေခံများနှင့် ရိုးရာ ယဉ်ကျေးမှု ကိုးကွယ်မှုများသည် လည်း မူရင်း ရေခံမြေခံများပင် ဖြစ်သည်။ ထိုသူများ၏ နေထိုင်မှုများ၊ စားဝတ်ပုံများ၊ စာပေ စကားများ၊ နေရာ အတည်တကျဖြစ်ရန် အိမ်များ တည်ဆောက်ပုံနှင့် တီထွင်ဆန်းသစ်မှု စသည်တိုသည် ရေခံမြေခံများ ဖြစ်သည်။ သာသနာပြု မည်ဆိုလျှင် တစ်နေရာမှတစ်နေရာပြောင်းရွှေ့ခြင်း၊ ကူးလူးဆက်ဆံပေါင်း သင်းခြင်းနှင့်မိမိ၏ တရားများကိုသူတစ်ပါးနားလည်သွားအောင်ရှင်းလင်း ပြောဆိုရပါမည်။ ထိုကဲ့သို ဘာသာတစ်ခု၏ တရားတော် များနှင့် ဘုရားရှင် ဟောကြားခဲ့သည့် တရားတော်များအတိုင်း နားလည် သဘောပေါက်လာ ရန်မှာကျမ်းရေးသည့် ခေတ်ရေခံမြေခံများကိုနားလည်ထားရမည်သာမက မိမိသွားရောက်ဟောကြားမည့် ရေခံမြေခံကိုလည်း နားလည်သိရှိထားရ မည်။ တရားကို စတင်ဟောကြားခဲ့သော ရေခံမြေခံ အကြောင်း ထဲမှ တရားကို လက်ခံမည့်သူများ၏ ရေခံမြေခံ အရင်းအမြစ်များများ သွင် ကူးပြောင်းခြင်း၊ ဖြတ်သန်းဝင်ရောက်ခြင်း၊ နားလည်အောင် သုံးသပ်ပြခြင်းသည် ရေခံမြေခံ သာသနာပင် ဖြစ်သည်။ ထိုကဲ့သို နာတော်သည် တစ်ပါးသော လူမျိုး၊ ဘာသာ၊ စာပေနှင့် ရိုးရာ ယဉ် ထဲသို ဝင်ရောက်ပြီး တစ်နည်းအားဖြင့် ထိုရေခံမြေခံများကို အသုံးပြု၍ တရားတော်နှင့် ကျမ်းစာ၏ သွန်သင်ချက်များ သူတစ်ပါး နားလည် လုပ်ခြင်းသည် ရေခံမြေခံသာသနာပင် ဖြစ်သည်။ ။

၈။ ရေခံမြေခံသာသနာပြုခြင်း (Contextualization Mission)

သာသနာပြုခြင်းသည်ရေခံမြေခံတရားများအားဖြင့်ဘုရားသခင်ကို သိမြင်စေခြင်း ဖြစ်သည်ဟု ခေါ်ဆိုသကဲ့သို ရေခံမြေခံပြုခြင်း သာသနာ (Contextualization Mission)ဟုလည်း ခေါ်ဆိုပါသည်။ ရေခံမြေခံ ပြု ခြင်း(Contextualization)စကားလုံး၏အစကို၁၉ရဝ-ခုနှစ်တွင်ကျင်းပသော ကမ္ဘာ့အသင်းတော်များ ကောင်စီ (WCC) ၏ ဓမ္မပညာရပ်ဆိုင်ရာ ရံပုံငွေအဖွဲ (Theological Education Fund) ညီလာခံတွင် ရေခံမြေခံသာသနာ ပြုခြင်း (Contextualization) စကားရပ်ကို အသုံးပြုရာမှ စတင်ရေပန်း စားလာပါသည်။ ယင်းမတိုင်ခင်က ရေခံမြေခံပြုခြင်း (Contextualization) စကားရပ်ကို မွေးစားမှုပြုခြင်း (adaptation) ပုံစံတူနေရာပေးမှုပြုခြင်း (accommodation)၊ တူညီသော ယဉ်ကျေးမှု အသွင်ပြောင်းခြင်း (inculturation)၊ တိုင်းရင်းဖြစ်၊ ပြည်တွင်းဖြစ် ပြုခြင်း (indigenization) စသည်တိုကို သုံးစွဲခဲ့ကြသည်။ ရေခံမြေခံ Context ဟူသော စကားသည် လက်တင် ဘာသာစကား Contextus မှ ဆင်းသက်လာပါသည်။ “Con သည်လက်တင်စကား ‘Cum မှလာပြီး‘နှင့်အတူတကွ” (With together) ဟု အဓိပ္ပါယ်ရသည်။ ‘text သည်လည်း လက်တင်စကား texereမှလာပြီး ရောယှက်ခြင်း (Toweave) ဟုအဓိပ္ပါယ်ရသည်။ ရေခံမြေခံပြုခြင်း (Contextualization) ကို Asian Theology အရ အဓိပ္ပါယ်ဖွင့်ဆိုရလျှင် ဘုရားသခင်၏သာသနာကိုလုပ်ဆောင်မည်ဆိုလျှင်သမိုင်းကြောင်း၊ ယဉ်ကျေး လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ အမျိုးသားရေး စသည်တိုနှင့်တကွ လက်ရှိ ဖြစ်ပျက်နေသော အခြေအနေ များတို့နှင့် အတူအကွ ပါဝင်ရောယှက်ကာ ဖော်ထုတ်လုပ်ဆောင်ခြင်း ဖြစ်သည်။ လူသားတစ်ရပ်လုံး၏ လိုအပ်ချက် ခရစ်တော်ဘုရား၏ဧဝံဂေလိသတင်းကောင်း (Gospel) ဖြင့် လိုက်လျော်ညီတွေ ဆီလျော်စွာ တွေ့ဆုံ ဆက်စပ်ပေးခြင်း ဖြစ်သည်။ လူသား လုံး၏ လက်ရှိလောကဘဝ (Context) ထဲသို့ (The word of God) နှုတ်ကပတ်တော်ကို စိုက်ပျိုးရာတွင် လိုက်လျောညီထွေ သဟဇာတဖြစ် အောင် ပြုစုပျိုးထောင်ပေးခြင်း ဖြစ်သည်။ ရေခံမြေခံ Contextတွင် လူ သားတို၏ ရိုးရာ၊ စကား၊ စာပေ၊ ဂီတ၊ ယဉ်ကျေးမှု၊ ကိုးကွယ်မှုနှင့် ဘာသာ တရား စသည်တို ရှိနေပါသည်။ ။

ရေခံမြေခံသာသနာပြုခြင်းသည် နည်းစနစ်ကျကျ လုပ်ဆောင်ပါက အောင်မြင်မှုများစွာ ရှိသော သာသနာပြု နည်းဗျူဟာ ဖြစ်လာပါမည်။ ထိုကြောင့် ရေခံမြေခံသာသနာပြုခြင်းကို အသွင်ပုံစံနည်း စနစ်များ Models အဖြစ် ဖော်ထုတ်ပါက လက်တွေ့လုပ်ဆောင်ရာတွင် ပို၍ အသုံးချနိုင်မည် ဖြစ်သည်။

 

 

 

၉။ ရေခံမြေခံသာသနာပြုခြင်း၏ အသွင်ပုံစံများ (Models of Contextualization Mission)

ရေခံမြေခံသာသနာပြုရာတွင်တွေ့ကြုံရမည့်အခက်အခဲများကို ရှင်းနိုင်ရန်မှာ သာသနာပြုခြင်း အသွင်ပုံစံများကို အသုံးပြုသွားရမည် ဖြစ် သည်။ ဘာသာတရား အသစ် တစ်ခု သော်လည်းကောင်း၊ အတွေးအခေါ် အသစ်တစ်ခု သော်လည်းကောင်း၊ နယ်မြေခြားထဲသို့ ဝင်ရောက်လာပါက ရှိနှင့်ပြီးသော အရင်းခံ ရေခံမြေခံများက ချက်ချင်း ဆွဲကိုင်ပြီး လက်ခံလိုက် ခြင်း မရှိသော်လည်း မိမိ၌ ရှိသော ခံယူချက်များနှင့် ချင့်ချိန် တွက်ဆ နှိုင်းယှဥ်ပြီး လက်ခံခြင်းမျိုး ရှိသကဲ့သို ငြင်းပယ်ခြင်းများလည်း ရှိကြပါသည်။ ရေခံမြေခံ၏ သဘောသဘာဝကို ကောင်းစွာ သိရှိထားမှသာ မိမိကြဲလို သော မျိုးစေ့ကို အကောင်းဆုံး ရွေးချယ်နိုင်ပြီး ရေခံမြေခံတွင်လည်း အကောင်းဆုံး စိုက်ပျိုးနိုင်မည် ဖြစ်သည်။ ဘာသာ တရားနှင့် အတွေးအခေါ်တခုခုကို လက်ခံ ယုံကြည်နိုင်သော ရေခံမြေခံကောင်းတစ်ခုကို အောက်ပါ အသွင်ပုံစံများ (Models) များဖြင့် ထွန်ယက် စိုက်ပျိုးနိုင်ပါက – မြင်သော သာသနာပြုခြင်း ဖြစ်လာပါမည်။

 

(၁) ပုံစံတစ်ခုမှ နောက်ပုံစံသို ပြုပြင်ပြောင်းလဲပေးသော အသွင်ပုံစံ

(The Translation Model)

၁) တွဲဖက်ပြုလုပ်ရမည့်ပုံစံ

မွေးစားမှုပြုခြင်း(adaptation)၊ ပုံစံတူနေရာပေးမှုပြုခြင်း (accommodation) မွေးစားမူပြုခြင်း (adaptation) နည်းဗျူဟာဆိုသည်မှာ သာသနာပြုရာတွင် ရှိနှင့်ပြီးသော စကားလုံးများနှင့် စာပေအသုံးအနှုန်း များကို တိုက်ရိုက်အသုံးချကာ ရေးသားပြောဆိုလိုက်ခြင်းပင် ဖြစ်သည်။ ခရစ်ယာန်သာသနာ၏ကျမ်းစာနှင့် စာပေအသုံးအနှုန်းတိုသည် မူလစာပေ ဖြစ်သော ဟေဗြဲနှင့် ဂရိစာပေတိုမှ အင်္ဂလိပ်စာပေဖြစ်လာပြီး မြန်မာ့ရေမြေ သို ရောက်ရှိလာသောအခါ ထိုမူလစာပေများနှင့်သော်လည်းကောင်း၊ အင်္ဂ လိပ်စာပေတိုဖြင့် တိုက်ရိုက်ဟောကြား၍ မဖြစ်နိုင်ပါ။ ထိုကြောင့် မြန်မာ စကား၊ မြန်မာစာပေအဖြစ် အသွင်ပုံစံပြောင်းယူကာ ခရစ်တော်၏တရား တော်ကိုဟောကြားဖြန့်ဝေနိုင်မည် ဖြစ်သည်။ ထိုသို ဟောကြားဖြန့်ဝေရာ တွင် မြန်မာစကားနှင့် မြန်မာစာပေတိုကို ဘာသာပြန်အသုံးပြုသော်လည်း တချို့သော မြန်မာစကားနှင့် မြန်မာစာပေတို့သည် မူရင်းပါဠိ စာပေတို့ကို တိုက်ရိုက်အသုံးပြုထားသောကြောင့် ထိုပါဠိစကားများကို ခရစ်ယာန် တရားဟောရာတွင်လည်းကောင်း၊ ခရစ်ယာန်စာပေများရေးသားရာတွင် လည်းကောင်း တိုက်ရိုက်အသုံးချခြင်းကို မွေးစားမှုပြုခြင်း အသွင်ပုံစံဟု ခေါ်ဆိုပါသည်။

ပုံစံတူနေရာပေးမှုပြုခြင်း (accomodation) နည်းဗျူဟာဆိုသည် မှာ ရေခြားမြေခြားသာသနာ ပြုသည့်အခါတွင် ကိုယ်သွားရောက်ရမည့် နေရာဒေသသစ်တွင် ရှိနေသော ယဉ်ကျေးမှု၊ ထုံးတမ်းအ စဉ်အလာများ၊ ဒေသခံတို၏ ယုံကြည်သက်ဝင်သော ဓလေ့များနှင့်အခင်းအကျင်းများကို ငြင်းဆန်ခြင်းပြု၊ သူပေးသောနေရာတွင် လိုက်လျောညီထွေစွာ အလုက သင့်နေထိုင်ကာ သာသနာပြုခြင်းပင်ဖြစ်သည်။ ကိုယ်ဘက်ကလည်း သူ တစ်ပါးကို ခေါ်ဖိတ်မည်ဆိုပါကလည်း တစ်ပါးသူ လာနိုင်အောင် ၊ ကိုယ့်ဘက်မှ အကောင်းဆုံး ပြင်ဆင်ထားရှိရမည်ဖြစ်သည်။ ဥပမာ ကိုယ်က သူ တပါးအိမ်သို့ သွားသည့်အခါ ထိုအိမ်အတွင်းသို့ ဝင်သည့်အခါ အားလုံးက ဖိနပ်ချွတ်ပါက ကိုယ်ကလည်း ချွတ်ရမည်ကို ဆိုလိုပါသည်။ ထိုအိမ်၏ ထုံးစံအတိုင်း အစားအသောက်အားလုံးကို နတ်များနှင့် သူတိုကိုးကွယ်မှု အရ ပူဇော်ထားသော အရာများနှင့်ဧည့်ခံပါကကိုယ့်ဘက်ကမငြင်းဆန်ဘဲ ဆုတောင်းကာ စားလိုက်ခြင်းပင် ဖြစ်သည်။ –

ကိုယ်သွားရမည့်နယ်ပယ်၏ အသုံးအဆောင်များ၊ အဝတ်အစား များကို ဆင်မြန်းလာမှလာရမည် ဆိုပါကကိုယ့်ဘက်မှလည်းထိုနယ်မြေ၏ အဝတ်အစားနှင့် အသုံးအဆောင်များကို ဆင်မြန်းသွားခြင်းကိုလည်း ဆို လိုပါသည်။ ကိုယ့်ဘက်မှ စတင်နှုတ်ဆက်ရမည် ဆိုပါကလည်း တစ်ပါး သူတို၏ ယဉ်ကျေးမှုအရ သုံးစွဲနေသော အသုံးအနှုန်းများကို သုံးစွဲကာ စကားပြောဆိုခြင်းကိုဆိုလိုပါသည်။

 

၂) အခြေပြုကျမ်းချက်

“အချင်းလူတို့၊ အဘယ်ကြောင့် ဤသိုပြုကြသနည်း။ ငါတို့သည် သင်တို့ကဲ့သို့ လောကဓံ တရား၌ ကျင်လည်သောသူ ဖြစ်ပါ၏။ သင်တို့ သည် ဤအချည်းနှီးသော အရာတို့ကို ပယ်ကြ၍ ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာမှစ၍ အရပ်ရပ်တို့၌ ရှိလေသမျှတို့ကို ဖန်ဆင်းတော်မူ၍ အသက် ရှင်တော်မူသော ဘုရားသခင့် ထံတော်သို့ ပြောင်းလဲရကြမည်အကြောင်း၊ ငါတို့သည် ဧဝံဂေလိတရားကို ဟောပြောကြ၏။ ရှေးလွန်လေ ပြီးသော ကာလတို၌ လူအမျိုးမျိုးတို့သည် မိမိတို အလိုအလျောက်ကျင့်ကြမည် အကြောင်း ဘုရားသခင်သည် အလွတ်ထားတော်မူ၏။ သို့သော်လည်း သင် တို့အား ကျေးဇူးပြုလျက်၊ အစာ အာဟာရနှင့်ဝပြော၍ ဝမ်းမြောက်စေခြင်းငှါ မိုးကောင်းကင်မှ မိုးယ်ရွာစေတော်မူ၍ အသီးအနှံတိုကို သီးစေတတ်သော ဥတုကို ပေးတော်မူသောအားဖြင့် ကိုယ်တော် ရှိတော်မူသည်ကို သက်သေမခံဘဲနေတော်မမူဟုပေါလုနှင့်ဗာနဗသည် ကြွေးကြော်လေ၏။ (တမန် ၁၄း၁၅-၁ရ)။

“ပေါလုသည် မိမိထုံးစံရှိသည်အတိုင်း ထိုစရပ်သို့ဝင်၍ ဥပုသ်နေ့သုံးရက်တွင် ကျမ်းစာကို အမှီပြု၍ ထိုသူတိုနှင့် ဆွေးနွေးနှီးနှောသဖြင့်၊ ခရစ်တော်သည် အသေခံရမည်။ သေခြင်းမှထမြောက်ရမည်။ ငါဟောပြော သော ယေရှုသည် ခရစ်တော်ဖြစ်သည် ဟူသော အကြောင်းအရာ ရှင်းလင်းစွာ ဖွင့်ပြလေ၏။ ထိုသူအချို့တို့သည် ယုံကြည်ခြင်းသို့ ရောက်၍ ပေါလု၊ သိလတို့နှင့်ပေါင်းဘော်ကြ၏။ ဘုရားကိုကိုးကွယ်သောဟေလ လူအပေါင်းတို နှင့် ထင်ရှားသော မိန်းမအများတို့လည်း ယုံကြည်ကြ ယုဒလူတိုသည် ဆိုးယုတ်လျှပ်ပေါ်သောသူ အချိုတို့ကို ခေါ်၍ လူများ စုဝေးစေပြီးလျှင် မြို့၌အုတ်အုတ် သဲသဲ ပြုကြ၏။ ယာသုန်၏ အိမ်ကို ဝိုင်း ၍ သူတို့ကို လူများရှေ့သို ဆွဲထုတ်ခြင်းငှါ ရှာကြ၏။ မတွေ့လျှင် ယာသုန် နှင့် ညီအစ်ကို အချိုတိုကို မင်းအရာရှိတို့ထံသို့ ဆွဲငင်၍ လောကီနိုင်ငံကြီး မှောက်လှန်သော ဤသူတို့သည် ဤအရပ်တိုင်အောင် ရောက်ကြပါ ယာသုန်သည် လည်း သူတိုကို လက်ခံပါပြီ။ ထိုသူအပေါင်းတိုသည် ကဲသာ ဘုရင်၏အမိန့်တော်ကိုဆန့်ကျင်ဘက်ပြု၍ ယေရှုအမည်ရှိသောရှင်ဘုရင် တပါးရှိသည် ဆိုတတ်ပါ၏ဟု ဟစ်ကြော်လျက် မင်းအရာရှိမှစ၍ စုဝေးသော သူတို၏ စိတ်ကို ထိုသိုသော စကားအားဖြင့် နှောင့်ယှက်ကြ၏။ ထို အခါ ယာသုန်မှစ၍ ကြွင်းသော သူတို့ကို အာမခံပေးစေပြီးမှ လွှတ်လိုက် ကြ၏။ ညဉ့်အခါ ညီအစ်ကိုတို့သည် ပေါလုနှင့် သိလကို ဗေရီမြို့သို့ ချက် ခြင်းလွှတ်လိုက်ကြ၏။ ထိုမြို့သို့ ရောက်လျှင် ယုဒတရားဇရပ်သို ဝင်ကြ၏။ ဗေရိမြိုသားတိုသည် သက်သာလောနိတ်မြိုသားတိုထက်ထူးမြတ်သဖြင့်၊ အလွန်ကြည်ညိုသော စေတနာနှင့် နှုတ်ကပတ်တ ရားတော်ကို ခံယူ၍ မှန် သည် မမှန်သည်ကို သိခြင်းငှါ ကျမ်းစာကို နေ့တိုင်း အစဉ်စေ့စေ့ ကြည့်ရှု ကြ၏။ ထိုကြောင့် ယုဒလူအများတိုသည် ယုံကြည်ခြင်းသို့ ရောက်ကြ၏။ အသရေထင်ရှားသော ဟေလသ မိန်းမတို့နှင့် ယောကျာ်းအများတိုသည် လည်း ယုံကြည်ကြ၏။ –

ပေါလုသည် ဗေရိမြို၌ ဘုရားသခင်၏ နှုတ်ကပတ် တရားတော်ကို ဟောပြောသည်ကို သက်သာ လောနိတ်မြိုသားဖြစ်သော ယုဒလူတိုသည် ကြားသိရလျှင် ဗေရိမြို့သို့ လာပြန်၍ လူများတို့ကို တိုက်တွန်းနှိုးဆော် ကြ၏။ ထိုအခါ ညီအစ်ကိုတို့သည် ပေါလှကို ပင်လယ်လမ်းဖြင့် သွား ခြင်းငှါ ချက်ခြင်းလွှတ်လိုက်ကြ၏။ သိလနှင့် တိမောသေတို့သည် နေရစ် ကြ၏။ ပေါလုကို ပို့သောသူတို့သည် အာသင်မြို တိုင်အောင် ပို့ဆောင်ပြီးမှ သိလနှင့် တိမောသေတို့ကို အလျင်အမြန်လာစေခြင်းငှါ မှာစာကိုခံ၍ ပြန်ကြ၏။ ပေါလုသည် အာသင်မြို၌ သိလနှင့်တိမောသေတိုကို ငံ့လင့်၍ နေစဉ်တွင် ထိုမြိုသည် ရုပ်တုတိုနှင့် အပြည့်ရှိသည်ကို မြင်လျှင် စိတ်ပူပန် ခြင်းသို့ ရောက်၏။ ထိုကြောင့် တရားစရပ်၌ ယုဒလူမှ စ၍ ဘုရားကို ကိုးကွယ်သောသူတိုနှင့်၄င်း၊ လူများစုဝေးရာ အရပ်၌ နေ့တိုင်း တွေ့ကြုံသော သူတိုနှင့်၄င်း ဆွေးနွေးနှီးနှောခြင်းကို ပြု၏။ ထိုအခါဧပိကုရုတပည့် တိုနှင့် သဘောအိတ်ပညာရှိအချိုတိုသည် ပေါလုနှင့် ဆိုင်ပြိုင်၍ အချိုက ဤမရေရသော လူသည် အဘယ်သို ပြောချင်သနည်းဟု ဆို၏။ အချိုက လည်း ဤသူသည် တကျွန်းတနိုင်ငံ နတ်ဘုရားတို၏ အကြောင်းကို ဟော ပြောသောသူ ဖြစ်ဟန်ရှိသည်ဟု ဆို၏။ ဆိုသည်အကြောင်းကား ပေါလု သည် ယေရှု၏တရားနှင့် ထမြောက်ခြင်းတရားတည်းဟူသော ဧဝံဂေလိ တရားကို ဟောသတည်း။ ထိုအခါ ထိုသူတိုသည် ပေါလုကို ခေါ်၍ အာရေတောင်သို ဆောင်သွားပြီးလျှင် သင်သည် ဟောပြောသော ဤအယူဝါဒ အသစ်ကို ငါတို သိအပ်သလော။ ငါတို မသိကျွမ်းဘူးသော အရာတိုကို သင်သည် ကြားပြော၏။ ထိုအရာများကား အဘယ်သို ဆိုလိုသည်ကို ငါတို သိချင်ပါသည်ဟု ဆိုကြ၏။ အာသင်မြိုသူမြိုသား အပေါင်းတိုနှင့် ဧည့် သည်များတိုသည် သိတင်းစကားကို ကြားပြောခြင်း၊ နားထောင်ခြင်းအမှုမှ တပါး အခြားသော အမှုဖြင့် ကာလကို မလွန်စေတတ်ကြ။ ထိုအခါ ပေါလု သည် အာရေတောင်ပေါ်၌ ရပ်လျက် အချင်း အာသင်လူတို၊ သင်တိုသည် ခပ်သိမ်းသော အရာတို၌ နတ်ဘုရားတိုကို အလွန်ရိုသေတတ်ကြသည်ကိုမြင်ပါ၏။ လမ်း၌ သွား၍ သင်တို၏ ဘုရားများကို ကြည့်ရှုသည်တွင် ငါတို့ မသိသော ဘုရားသခင်အဘိုဟူ၍ အက္ခရာ တင်သော ယဇ်ပလ္လင် တခုကို တွေ့ပါ၏။ သင်တိုသည် မသိဘဲလျက် ကိုးကွယ်သော ဘုရားသခင်၏ အ ကြောင်းကို ငါဟောပြော၏။ လောကတတ်မှစ၍ လောကဓာတ်၌ ရှိလေ သမျှသော အရာတိုကို ဖန်ဆင်းတော်မူသော ဘုရားသခင်သည် ကောင်း ကင်နှင့်မြေကြီးကို အစိုးရတော်မူသော အရှင်ဖြစ်၍ လူတိုလက်ဖြင့် လုပ် သော ဗိမာန်၌ ကျိန်းဝပ်တော်မူသည်မဟုတ်။ ဘုရားသခင်သည် ခပ်သိမ်း သော သူတိုအား ဇီဝအသက်နှင့်တကွ ထွက်သက်ဝင်သက်မှစ၍ ခပ်သိမ်း သော အရာတိုကို ပေးတော်မူသော အရှင်ဖြစ်၍ တစုံတခုကို အလိုတော်ရှိသကဲ့သို လူတို့လက်ဖြင့် ကျွေးမွေးခြင်းကို ခံတော်မူသည်မဟုတ်။ ဘ သခင်သည်မြေတပြင်လုံး၌နေရသောလူအမျိုးမျိုးတိုကိုတသွေးတည်း ဖန်ဆင်းတော်မူ၍ သူတိုအား ခွဲဝေစီမံသော အချိန်ကာလကို၄င်း၊ သူတို နေရာအပိုင်းအခြားကို၄င်း၊ မှတ်သားတော်မူ၏။ အကြောင်းမူကား၊ လူတို့ သည် ဘုရားသခင်ကို ရှာစမ်းသဖြင့် တွေ့ကောင်းတွေ့ကြလိမ့်မည် အကြောင်းတည်း။ သို့ဆိုသော်လည်း၊ ဘုရားသခင်သည် ငါတိုတွင် အဘယ် သူနှင့်မျှဝေးတော်မူသည်မဟုတ်။ငါတိုသည်ဘုရားသခင်အားဖြင့်အသက် ရှင်လျက်၊ လှုပ်ရှားလျက်၊ ဖြစ်လျက်ရှိကြ၏။ ထိုသိုနှင့်အညီ သင်တိုတွင် လင်္ကာဆရာအချို့တို့က ငါတိုသည်ကား နွယ်တော်သားပင် ဘုရားမျိုးပေ ဖြစ်ကြလေဟု စပ်ဆိုသတည်း။ ထိုသိုငါတိုသည် ဘုရားသခင်၏ အမျိုးအ နွယ်ဖြစ်လျက်နှင့် လူတို အတတ်ကြံစည်အားဖြင့် ထုလုပ်သော ရွှေရုပ်တု၊ ငွေရုပ်တု၊ ကျောက်ရုပ်တုနှင့် ဘုရားသခင်တူတော်မူသည်ဟု မထင်မမှတ် အပ်။ ဘုရားသခင်သည် မိုက်မဲသော အချိန်ကာလတိုကို အမှုမထားဘူး သော်လည်း ယခုမှာ ကိုယ်အပြစ်ကို မြင်၍ နောင်တရကြလော့ဟု ခပ်သိမ်းသောအရပ်တို၌ ရှိသောလူအပေါင်းတိုအား ပညတ်တော်မူ၏။ အကြောင်း မူကား ခန့်ထားတော်မူသောအားဖြင့် လောကီသားတို့ကို ဖြောင့်မတ်ခြင်း တရားနှင့် ညီလျော်စွာ စစ်ကြောစီရင်မည့် နေ့ရက်ကို ချိန်းချက်တော်မူပြီ။ ထိုသူကို သေခြင်းမှ ထမြောက်စေတော်မူသော အားဖြင့် ခပ်သိမ်းသော လူတိုအား ယုံလောက်သော သက်သေကို ပြတော်မူပြီဟုပေါလုဟောပြော ၏” (တ ၁၇း၂-၃၁)။

 

၃) ရေခံမြေခံပြုခြင်း

သတင်းစကားကို ရည်ရွယ်ချက်ရှိရှိ ပြင်ဆင်ရွေးချယ်ပြီး မိမိနှင့် ပူး ပေါင်းလိုစိတ်ကြီးပြီး ကောင်းသော မြေကြီးတွင် မျိုးစေ့ချစိုက်ပျိုးပြုစုပေး ခြင်း၊ အကယ်၍ ပူးပေါင်းလိုချင်စိတ်မရှိသော မြေကြီးဖြစ်ပါကသူတို့ နှင့်အံ ဝင်မည့် သတင်းစကားမျိုးကို ရွေးချယ်ပြုပြင်ပြီး စိုက်ပျိုးပေးရမည်။ ကိုယ့် ရေခံမြေခံကို ကောင်းစွာ နားလည်သိရှိပြီး ဧဝံဂေလိတရားကို ရေခံမြေခံ နှင့် လိုက်လျောညီထွေစွာ ပြုပြင်ပြောင်းလဲ၍ သာသနာပြုခြင်း (Transmission of Gospel message) ကို လုပ်ဆောင်ခြင်း။

 

၄) တွေ့ကြုံနိုင်သော အခက်အခဲ

ရေခံမြေခံ သာသနာပြုရာတွင် တွေ့ကြုံရသည့် အခက်အခဲမှာ ဘာသာစာပေများကို ဘာသာပြန်သုံးစွဲခြင်းပင်ဖြစ်သည်။ မြန်မာပြည်၏ ရေခံမြေခံမှာ ဗုဒ္ဓဘာသာနှင့် ဗုဒ္ဓစာပေတို့ပင် ဖြစ်သည်။ မြန်မာကျမ်းစာ ကို ဘာသာပြန် သည့်အခါတွင် ရေခံမြေခံ ဗုဒ္ဓစာပေများကို သုံးစွဲရပါသည်။ ထိုကဲ့သို့ သုံးစွဲလိုက်ခြင်းသည်ပင် ပုံစံတစ်ခုမှ နောက်ပုံစံသို ပြုပြင်ပြောင်းလဲပေးသော အသွင်ပုံစံ The Tran-slation Model ကို အသုံးပြုရပါ ခရစ်ယာန်ဘာသာသည် အနောက်နိုင်ငံမှလာရောက်ပြီးခရစ်ယာန် စာပေဖြစ်သော ဂရိ စာပေနှင့်ဟေဗြဲစာပေတို့မှ မြန်မာစာပေသို့ ဘာသာ ရာတွင် အခက်အခဲများကို တွေ့ရပါသည်။

 

က။ ဓမ္မနှင့်ဘုရား

ဓမ္မနှင့်ဘုရား ဟူသော စကားလုံးများကို ဂရိဘာသာ စကား သီး‌ရောစ်” Theos မှ ဘာသာပြန် ယူခဲ့သည်။ မြန်မာစကား “ဘုရား” ဟူသော အားလုံး၏ မူလ စာပေမှာ ဗုဒ္ဓဘာသာ၏ စာပေဖြစ်သော ပါဠိစာပေမှ ဆင်းသက်လာပါသည်။ “ဗုဒ္ဓ” ဟူသောစကားလုံးမှ “ဘုရား” ဟူသောစကား လုံး ဆင်းသက်လာပါသည်။ “ဗုဒ္ဓ” ဟူသော စကားလုံး၏ အဓိပ္ပါယ်မှာ သိခြင်း” ဖြစ်ပြီး သာမန်သိခြင်းမဟုတ် ခပ်သိမ်းသောအရာနှင့် အလုံးစုံသော အမှန်တရားကို သိခြင်း ဖြစ်သည်။ မြန်မာစာပေအရ “ဘုရား” ဟု သုံးစွဲလိုက်ခြင်းသည် ခပ်သိမ်းသော အရာနှင့် အလုံးစုံသော အမှန်တရား ကို သိရှိသူဟုဆိုပါသည်။ သို့သော် ဗုဒ္ဓဘာသာတို့၏ ဘုရားနှင့် ခရစ်ယာန် ဘာသာတို့၏ ဘုရားတူညီသော သဘောနှင့် မတူညီသော သဘောတို့ကို ဘာသာပြန်ခြင်း၌ပင် ခွဲခြား ပြန်ဆိုခဲ့ပါသည်။ ဓမ္မရာဇဝင်ပထမစောင် ၂း၃ တွင် “ဘုရား သခင်သည် သဗ္ဗညုတ ဘုရားဖြစ်သည်” ဟု ရေးသားထား ပါသည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို အနန္တဉာဏ်တော်ဖြင့် သိ သည် (God is Omniscience) ဟု ဆိုပါသည်။ တမန်တော်ဝတ္ထု ၂း၂၃ တွင် “ဘုရားသခင်သည် အနာဂတံသဉာဏ်တော်” ဖြင့် သိမြင်ကြောင်းဖော် ပြထားပါသည်။ ဤနေရာတွင်အနန္တဂုဏ်တော်နှင့်ဆိုင်သောတရားများကို ဗုဒ္ဓဓမ္မစာပေကို အသုံးပြုကာ ဘာသာပြန် ဆိုထားခြင်းသည် ရေခံမြေခံနှင့် ကိုက်ညီသော သာသနာပြုခြင်းပင် ဖြစ်ပါသည်။ ဗုဒ္ဓဘာသာတို ဘုရားဂုဏ်တော် (၉) ပါးထဲမှ “သဗ္ဗညုတ ́ စကာလုံးကို ကျမ်းစာထဲ သုံးစွဲကာဘာသာပြန် ထားပါသည်။ ဤနေရာတွင် သုံးစွဲထားသောဘ ဟူသော သဘောသည် တူညီသော သဘောကို တွေ့ရသည့်အတွက် မွေးစားမှုပြုခြင်း (adaptation)၊ ပုံစံတူနေရာပေးမှုပြုခြင်း (accommodation) ပုံစံကို အသုံးပြုထားပါသည်။ ကျမ်းစာတွင် “ထာဝရဘုရား” ဟူ၍ နေရာ အတော်များများတွင် သုံးစွဲထားသည်ကို တွေ့ရပါသည်။ ထိုကဲ့သို ဘာသာပြန် သုံးစွဲထားခြင်းသည် ဗုဒ္ဓဘာသာတို့၏ ဘုရားနှင့် ခရစ်ယာန် ဘာသာတို၏ဘုရားတို့မတူညီသောသဘောကိုဖော်ပြနေပါသည်။ ဟူသော စကားလုံးသည် အဆုံးအစမရှိခြင်း၊ နှိင်းယှဉ်၍မရ၊ ရေတွက်၍ မရခြင်း၊ အမြဲတည်သော သဘောကိုဖော်ပြထားပါသည်။ ထိုကြောင့် တာ ဝရဘုရားဟူသောအသုံးအနှုန်းနှင့်ဘုရားဟူသောအသုံးအနှုန်းတိုကွဲပြား စွာ ဘာသာပြန်ထားခြင်းသည် ပုံစံတစ်ခုမှ နောက်ပုံစံသို ပြုပြင်ပြောင်းလဲ ပေးသော အသွင်ပုံစံ (The Translation Model) ကို အသုံးပြုထားပါ သည်။ ဗုဒ္ဓဘာသာတွင် ဓမ္မ ဟူသော တရားသည် အဓိကကျပါသည်။ ဗုဒ္ဓ ဘာသာသည် ဓမ္မရှိမှသာဘုရားရှိခြင်း ဖြစ်သည်။ ဓမ္မမရှိလျှင် ဘုရားလည်း မရှိနိုင်ပါ။ ဆိုလိုသည်မှာ ဓမ္မတရား မရှိသူသည် ဘုရား ဖြစ်မလာနိုင်ပါ။ ဓမ္မတရား ရှိမှသာ ဘုရား ဖြစ်လာနိုင်ပါသည်။ ဓမ္မဟူသော စကားသည် ပါဠိစကားဖြစ်ပြီး မူရင်းအဓိပ္ပါယ်မှာ“ဓရ’ ဖြစ်ပြီး၊ “ဆောင်သည်” “to carry ဟု ဖွင့်ဆိုပါသည်။ “ဓရ” သဘောသည် အသေ သဘော မဟုတ်ဘဲ၊ အရှင် သဘောဆောင်ပါသည်။ တစ်နည်းကြိယာ သဘောဆောင်ပါသည်။ ဓမ္မ အဓိပ္ပါယ်သည် ‘ထုတ်ဆောင်သည်” ဟု အဓိပ္ပါယ်ရပါသည်။ ဓမ္မသည်ပင် ပိုဆောင်ပေးသူ၊ လမ်းခရီးသဘောလည်း ဖြစ်သည်။ သမ္မာကျမ်းစာတွင် ဓမ္မဟောင်းကျမ်းနှင့် ဓမ္မသစ်ကျမ်းဟုသုံးစွဲ ဘာသာပြန်ထားခြင်းသည် ဘုရား၏စကားတော်များသည် ဓမ္မတရားပင်ဖြစ်သည်။ဘုရားစကားတော် သည် လူ့ဇာတိကို ခံယူသောယေရှုခရစ်တော် ဘုရားဖြစ်သည်ကို ရှင်ယော ဟန်ခရစ်ဝင်ကျမ်း အခန်းကြီး (၁)တွင် ဖော်ပြထားပါသည်။ ထိုကြောင့် ဘာသာပြန်ဆိုရာတွင် မူလ ဂရိဘာသာက “သီးရောစ်” Theos ဟူသော စကားတစ်လုံးထဲကို ဓမ္မအဖြစ်လည်းကောင်း၊ ဘုရားအဖြစ် လည်းကောင်း သုံးစွဲဘာသာပြန်ရခြင်း သည် ရေခံမြေခံ ဘာသာတရားနှင့် မရှုပ်ထွေး အောင် မခက်ခဲအောင် ပုံစံတစ်ခုမှ နောက်ပုံစံသို ပြုပြင် ပြောင်းလဲပေးသော အသွင်ပုံစံဖြင့် ဘာသာပြန်ဆို ထားခြင်း ဖြစ်သည်။

 

ခ။ ကံတရားနှင့်ကြဲသည်အတိုင်းရိတ်ရမည်တရား

ကျမ်းစာထဲတွင်ကံဟူသောစကားလုံးကို သူကြီး ၁၀း၄-ရကျမ်းပိုဒ် တစ်ခု ၌သာပါရှိသည်ကို တွေ့ရပါသည်။ ထိုကျမ်းစာထဲတွင် သုံးထားသော စကားလုံးမှာ “ကံကျွေးပြုခြင်း ဟု သုံးစွဲ ထားပါသည်။ ထိုကျမ်းစာတွင် မင်းအပါး (၃၀) ကို တစ်ချိန်က ကျေးဇူးပြုသောမြို့ (၃၀) အား ပြန်၍ ကျေးဇူးပြုခြင်းကို ကံကျွေးပြုသည်ဟု သုံးစွဲခဲ့ခြင်းဖြစ်သည်။ ကံဟု ဘာ သာပြန် ထားခြင်းကြောင့် သာသနာပြုရာတွင် ရေခံမြေခံကျကျသာသနာ ပြုနိုင်မည်ဖြစ်သည်။ “ကံ” (action / deed) ကို ပါဠိလို “ကမ္မ” ဟု ခေါ် ဆိုပါသည်။ မူလတွင် ကရ်+မ = ကမ္မ ဖြစ်သည်။ ကရ် = ပြုခြင်း ဖြစ်သည်။ “ကရ်”မှ“ကရဏေ”ဟု ဖွင့်ဆိုထားပြီး “ပြုခြင်း” ဟု ဆိုပါသည်။ ပြုလုပ်ခြင်း၊ အမှု၊ ကြိယာဟုလည်း ဆိုပါသည်။ ကောင်းသောအမှုပြုခြင်းကို ကုသိုလ် ကံဟု ပြောဆိုပြီး မကောင်းသော အမှု ပြုခြင်းကို အကုသိုလ်ကံ ဟု ဆိုပါ သည်။ ၂ကော ၅း၉ တွင် “စေတနာစိတ် ရှိ၍ ကြိုးစားအားထုတ်ကြ” ဟုဆိုရာတွင် ကောင်းသောအမှုကို စေတနာဖြင့် ပြုရန် မှာကြားထားသည်။ လူတိုင်းသည် အပြုအမူ (စေတနာ) ၃ မျိုး (သို့) ကံ (၃)ပါးကို ပြုမူ တတ် ကြသည်။

(က) ကာယကံ = ကိုယ်အမူအရာ၊ ကိုယ်ခန္ဓာအားဖြင့်လုပ်သော အလုပ်။ ။

(ခ) ဝစီကံ = နှုတ်အမူအရာ၊ စကားအားဖြင့်ပြုသောအလုပ်။

(ဂ) မနောကံ = အတွင်းစိတ်အမူအရာ၊ စိတ်ဝိညာဉ်အားဖြင့် ပြုသောအလုပ်တို့ ဖြစ်ပါသည်။

ကိုယ်လုပ်သော ကံတရားအတိုင်း အကျိုးခံရမည့် ကံ (၄)မျိုး ရှိပါသည်။

(က) ဒိဋ္ဌဓမ္မဝေဒနိယကံ= ယခု ချက်ချင်းအကျိုးပေးသောကံ။

(ခ) ဥပပဇ္ဇဝေဒနိယကံ= ဒုတိယဘဝတွင် အကျိုးပေးသောကံ။

(ဂ) အပရာပရိယ ဝေဒနိယကံ= တတိယဘဝမှစ၍ ဘဝတစ်ခုတွင် အကျိုးပေးသောကံ။

(ဃ) အဟောသိကံ = အကျိုးပေးခွင့်မရသောကံ။

၂ကော ၉း၆ တွင် “အနည်းငယ်သော မျိုးစေ့ကို ကြဲသောသူသည် စပါး အနည်းငယ်သာ ရိတ်ရမည်။ များစွာ ကြဲသောသူသည် များစွာ ရိတ် ရမည်” ဟု ပြောထားပါသည်။ ထိုကျမ်း စကားသည်၊ စေတနာကို ဆိုလိုပါ သည်။ ကောင်းသော စေတနာနှင့် အနည်းငယ်သောအလုပ်ကို ကာယ၊ ဝစီ၊ မနောတိုဖြင့် ပြုလုပ်ပါက အနည်းငယ်သော အကျိုးကို ရမည်။ များစွာသော အလုပ်ကို လုပ်ပါက များစွာသော အကျိုးကို ရမည်။ ဂလာတိ ၆းရတွင်လည်း “လူသည် မျိုးစေ့ကြဲသည့်အတိုင်း အသီးအနှံကိုရိတ်ရလိမ့် မည်” ဟုဖွင့်ဆိုရာ ထိုသဘောသည် မှန်သော အပြုအမူသည် မှန်သော အကျိုးကိုရမည်။ မမှန်သော အပြုအမူသည် မမှန်သော အကျိုးကိုရမည်။ ရှင်မဿဲ ၇း၁၇ တွင် ကောင်းသော အပင်သည် ကောင်းသော အသီး၊ မကောင်းသောအပင်သည်၊ မကောင်းသောအသီးကိုသီးတက်၏” ဟုဆိုရာ တွင် ကောင်းသော အလုပ်ကြောင့် ကောင်းသည့်အကျိုးကို ရမည်၊ မကောင်းသော အလုပ်ကြောင့်၊ မကောင်းသော အကျိုးကိုရမည်ဟုဆိုနေ ခြင်းဖြစ်သည်။ ကံတရားသည် ကိုယ်ကာယ၊ နှုတ်အမူအရာ၊ အတွင်း စိတ် သဘော စသည်တိုပါမှ ဖြစ်မြောက်သောကြောင့် ထိုကံတရား ဖြစ်မြောက် ရန်ဘုရားရှင်သည် အစအဦးကပင် ကိုယ်ကာယ၊ နှုတ်၊ မနော စသော အမူအရာတိုဖြင့် လူကို ဖန်ဆင်းပေးခဲ့သည်။ ဗုဒ္ဓဘာသာက ဖော်ပြထားသော ကံတရားသည် ဖန်ဆင်းခံ လူသားတိုင်းတွင်ရှိနေသော ကြောင့် ကံတရားသည် လူတိုင်းတွင် ရှိနေသော တရား ဖြစ်သည်။

 

(၂) လူသားအသွင်၊ လူမျိုး၊ စာပေ၊ ယဉ်ကျေးမှုရိုးရာ ဓလေ့တို ကို အခြေခံသောအသွင်ပုံစံ

(The Anthropological Model)

၁) တွဲဖက်ပြုလုပ်ရမည်ပုံ စံ

တိုင်းရင်းဖြစ်၊ ပြည်တွင်းဖြစ်ပြုခြင်း (indigenization) နည်းဗျူဟာ ဆိုသည်မှာ တိုင်းရင်းသား ပြည်သူပြည်သားများ၏ ပင်ကိုယ်ယဉ်ကျေးမှု ဓလေ့ထုံးစံများကို ဖယ်ရှားခြင်းမရှိဘဲ ထိုအရာများကို အသုံးပြု၍ သာသနာပြုခြင်းဖြစ် သည်။ ရေခံမြေခံတိုင်းရင်းသားတို၏ ဆိုရိုးစကားများ၊ အသုံးအနှုန်းများ၊ စကားပုံများ၊ တေးဂီတများမှ အစ အဆောက်အဦးများ၊ စသည်တို့ကို သင့်လျော်စွာ သုံးစွဲပြီး ခရစ်တော်၏ သာသနာတော်ကို ဝေငှဟောပြောခြင်းပင် ဖြစ်သည်။

၂) အခြေပြုကျမ်းချက်

ယေရှုသည် ထိုအရပ်မှထွက်၍တုရုမြိုနှင့် ဇိအုန်မြို့၏ကျေးလက် သို့ကြွေတော်မှုလျှင် ခါနာန် အမျိုးဖြစ်သော မိန်းမတစ်ယောက်သည် ထို နယ်စပ်မှ ထွက်လာ၍ ဒါဝိဒ်၏ သားတော်ရှင် ကျွန်မကို သနားတော်မူပါ။ ကျွန်မ၏ သမီးသည် နတ်ဆိုး နှိပ်စက်ခြင်းကို ပြင်းစွာ ခံရပါသည်ဟု ဟစ် သော်လည်း စကားတခွန်းမျှ ပြန်တော်မမူ။ တပည့်တော်တို့သည် ချဥ်းကပ်၍ ထိုမိန်းမပြန်သွားရသောအခွင့်ကို ပေးတော်မူပါ။ ငါတို့နောက်သို့ လိုက်၍ ဟစ်ကြော်လျက် နေပါသည်ဟု တောင်းလျှောက်ကြ၏။ ကိုယ် တော်ကလည်း က္ကသရေလအမျိုးအဝင် ပျောက်လွင့်သော သိုးများမှ တပါး အခြားသော အမျိုးရှိရာသို ငါ့ကို မစေမလွှတ်ဟု မိန့်တော်မူ၏။ ထိုမိန်းမ သည် ချဉ်းကပ်၍ပြပ်ဝပ်လျက်ကျွန်မကိုကယ်တော်မူပါ သခင်ဟုလျှောက် ပြန်လျှင် ကိုယ်တော်က သား၏ အစာကို ယူ၍ ခွေးအား မပေးမချအပ်ဟု ပြန်ပြောတော်မူ၏။ မိန်းမကလည်း မှန်ပါ၏ သခင်၊ ခွေးမည်သည်ကား မိမိသခင်၏ စားပွဲမှ ကျသော စားနုပ်စားပေါက်ကို စားမြဲထုံးစံရှိပါ၏ဟု လျှောက်ပြန်လျှင် အိုမိန်းမ၊ သင်သည် ယုံကြည်အားကြီးလှပြီ။ သင့်အလိုရှိ သည်အတိုင်း သင်၌ ဖြစ်စေဟု မိန့်တော်မူ၏။ ထိုအချိန်မှစ၍ ထိုမိန်းမ၏ သမီးသည် ကျန်းမာ ပကတိဖြစ်လေ၏”(မ ၁၅း၂၁-၂၈)။

“ကိုယ်တော်သည် ထိုအရပ်မှထ၍ တုရုမြိုနှင့် ဇိအုန်မြို၏ ကျေး လက်သို ကြွတော်မူပြီးလျှင် အိမ်သိုဝင်၍ အဘယ်သူမျှ မသိစေခြင်းငှါ အလိုတော်ရှိသော်လည်း ပုန်းရှောင်၍ နေတော်မမူနိုင်။ အကြောင်းမူကား၊ ညစ်ညူးသော နတ်စွဲသော မိန်းမငယ်၏ အမိသည် သိတင်းတော်ကို ကြား သဖြင့် လာ၍ ခြေတော်ရင်း၌ ပြပ်ဝပ်လျက်၊ မိမိ သမီးထဲက နတ်ဆိုး နှင့် ထုတ်တော်မူမည်အကြောင်း တောင်းပန်လေ၏။ ထိုမိန်းမကား၊ ဟေလသအမျိုး၊ ရှုရိဖိနိတ်ပြည်သူ ဖြစ်သတည်း။ ယေရှုကလည်း ရှေ့ဦးစွာသား ကို ဝစွာကျွေးပါရစေ။ သား၏အစာကို ယူ၍ ခွေးအား မပေးမချအပ် မိန့်တော်မူ၏။ ထိုမိန်းမကလည်း မှန်ပါ၏ သခင်။ ခွေးမည်သည်ကား သား တို၏ စားနုပ်စားပေါက်ကို စားပွဲအောက်၌ စားမြဲထုံးစံ ရှိပါသည်ဟု ပြန်၍ လျှောက်လျှင် ကိုယ်တော်က ထိုစကားကြောင့် သင်သွားလော့။ နတ်ဆိုး သည် သင်၏ သမီးထဲမှ ထွက်သွားပြီဟု မိန့်တော်မူ၏။ ထိုမိန်းမသည် မိမိအိမ်သို ပြန်၍ နတ်ဆိုးထွက်သွားသည်ကို၄င်း၊ သမီးသည်အိပ်ရာ၌ အိပ်လျက်ရှိသည်ကို၄င်းတွေ့၏” (မာကု ၇း၂၄-၃၀)။

“ဘုရားသခင်၏ သားတော်ကို ယုံကြည်သောသူပေါင်းတိုသည် ပျက်စီးခြင်းသို မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှါ ဘုရားသခင်သည် မိမိ၌ တပါးတည်းသော သားတော်ကို စွန့်တော်မူသည် တိုင်အောင် လော ကီသားတို့ကို ချစ်တော်မူ၏” (ယော ၃း၁၆)။

 

 

 

 

၃) ရေခံမြေခံပြုခြင်း

လူသားတို့၏ စာပေနှင့် ယဉ်ကျေးမှုရိုးရာ ဓလေ့များထဲမှ ဧဝံဂေလိ တရားနှင့် ကိုက်ညီသည့် သဘောတရားတိုကို သုံးစွဲကာ အသစ်သော မျိုးစေ့အသွင် ပြုပြင်၍ သာသနာပြုခြင်း ဖြစ်သည်။ နှစ်မြှုပ်နေသော အဖိုး တန် အရာများကို ဖော်ထုတ်ကာ အသစ်သော အသွင်ဖြင့် ပြောင်းလဲသာ သနာပြုခြင်း ဖြစ်သည်။ စိုက်ပျိုး၍ ပေါက်လာသော အပင်သည်ဝန်းကျင် နှင့် သဟဇာတ ဖြစ်ရန်မှာ သူနှင့် သင့်လျော်သော ရေကို လောင်းရပါမည်။ သင်၏ခြေနင်းကို ချွတ်ပါ ဟူသော စကားတော်ကိုရေခံမြေခံ ယဉ်ကျေးမှု နှင့် လိုက်ဖက်သော အသွင်ပြောင်းကာ သာသနာပြုခြင်း ဖြစ်သည်။

 

၄) တွေ့ ကြုံနိုင်သော အခက်အခဲ

ရေခံမြေခံ သာသနာပြုရာတွင် လူသားတို၏ ယဉ်ကျေးမှုနှင့်ရိုးရာ ဓလေ့ထုံးစံတိုနှင့် ထိတွေ့ရာတွင် တွေ့ကြုံနိုင်သော အခက်အခဲများလည်း ရှိပါသည်။ ဘာသာတစ်ခုနှင့် တစ်ခုအကြားတွင် မတူညီသော စာပေ။ ယဉ်ကျေးမှု၊ ရိုးရာ၊ ဂီတ စသော သဘောတရားများကို လူသားအသွင်၊ လူ မျိုး စာပေ ယဉ်ကျေးမှု ရိုးရာဓလေ့တိုကို အခြေခံသော အသွင်ပုံစံ (The Anthropological Model)ဖြင့် အသုံးချကာ သာသနာမပြုပါက အခက် အခဲများ ကျော်လွှားနိုင်မည် ဖြစ်သည်။

 

၅) ယဉ်ကျေးမှုနှင့် သာသနာပြုခြင်း

ရေခံမြေခံ ယဉ်ကျေးမှုအရ ဘုရားမြေဟု သတ်မှတ်လိုက်ပါက ထိုနေရာတွင် ခြေနင်းကို ချွတ်ရပါသည်။ ခရစ်ယာန် သာသနာပြုသူတစ်ဦးသည် ဗုဒ္ဓဘာသာတို့၏ သာသနာ့မြေကို ဖြတ်သွားမည် ဆိုပါက ခြေနင်းကို ချွတ်လိုက်ခြင်းသည် လူသားအသွင်၊ လူမျိုး စာပေယဉ်ကျေးမှု ရိုးရာဓလေ့ တို့ကို အခြေခံသော အသွင်ပုံစံ (The Anthropological Model) ဖြင့် သာသနာပြုခြင်း ဖြစ်သည်။ မြန်မာလူမျိုးတိုင်း ဆင်မြန်းသော အဝတ်အစားများ ဝတ်ဆင်ကာ သာသနာပြုခြင်း၊ ဗုဒ္ဓဘာသာတိုင်းကြည်ညိုပြီး အလေး မြတ်ထားသော အနေအထိုင်၊ အသုံးအနှုန်း၊ ဝတ်စား ဆင်ယင်မှု တို့ကို သုံးစွဲကာ သာသနာပြုခြင်းသည် ရေခံမြေခံ သာသနာပြုခြင်းတွင်

အလွန်ပင် အရေးပါ ပါသည်။ ဘုရား ကျောင်းဆောင်များနှင့် သာသနာ့ အဆောက်အဦများ တည်ဆောက်ခြင်း၊ တန်ဆာဆင်ယင်ခြင်းနှင့် အမည် နာမပေးခြင်းတို့တွင် ရေခံမြေခံနှင့် ကိုက်ညီအောင် အသုံးချမည်ဆိုပါက သာသနာပြုရာတွင် အခက်အခဲများ နည်းပါးသွားမည် ဖြစ်သည်။

 

၆) ဦးချ ရှိခိုးခြင်းနှင့် ဝတ်ပြုကိုးကွယ်မှု

ဗုဒ္ဓဘာသာတို့သည် လူကြီးသူမ၊ မိဘဆရာများကို အရိုအသေ ပေး ခြင်းသည် ဦးချခြင်း ဖြစ်သော်လည်း လူကြီးသူမနှင့် မိဘဆရာများကို ဘုရားအဖြစ်နှင့် ဦးချနေခြင်းမျိုး၊ ကိုးကွယ်နေခြင်းမျိုး မဟုတ်ပါ။ အရိုအ သေပေးခြင်းသာ ဖြစ်ပါသည်။ ထိုနည်းတူစွာပင် လက်အုပ်ချီခြင်းသည် လည်း လူကြီးသူမ၊ မိဘဆရာများကို အရိုအသေပေးခြင်းပင်ဖြစ်ပြီး ဘုရား အဖြစ်နှင့် လက်အုပ်ချီခြင်း၊ ကိုးကွယ်နေခြင်းမဟုတ်ပါ။ ထိုအတွက် ကြောင့် ရေခံမြေခံ ယဉ်ကျေးမှုကို သုံးစွဲကာ သာသနာပြုမည်ဆိုပါက လက်အုပ်ချီ ခြင်း၊ ဦးချခြင်းမျိုးကို လူမျိုးစာပေ ယဉ်ကျေးမှု ရိုးရာဓလေ့တိုကို အခြေခံသော အသွင်ပုံစံ (The Anthropological Model) ဖြင့် အသုံးပြုနိုင်ပါ သည်။ ခရစ်ယာန်တို့၏ကိုးကွယ်ခြင်းသည်သစ္စာနှင့်လည်းကောင်း၊ ဝိညာဉ်နှင့်လည်းကောင်း ကိုးကွယ်ရမည်ဟု ကျမ်းစာက သွန်သင်ထား ဝိညာဉ်ဘုရားကို ဝိညာဉ်ဖြင့်သာ ကိုးကွယ်ရပါမည်။ ထိုကြောင့် ချီခြင်း ရှိခိုးခြင်းတိုသည် ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားခြင်း ဖြစ်သော ယဉ်ကျေးမှုအရ လူကြီးသူမ၊ မိဘဆရာများအား အရိုအသေပေ လုပ်ခြင်းဖြစ်ပြီးကိုးကွယ်ခြင်းမဟုတ်သောကြောင့်ထိုကဲ့သိုသော ကို ရေခံမြေခံနည်းအားဖြင့် သာသနာပြုခြင်းတွင် အသုံးပြုနိုင်ပါသည်။

 

(၃) လက်တွေ့ လုပ်ဆောင်ရမည့် အသွင်ပုံစံ (The Praxis Model)

၁) တွဲဖက်ပြုလုပ်ရမည့်ပုံစံ

လက်ရှိခြေအနေ၊ အချိန်အခါပေါ်တွင် မူတည်၍ ပြုရမည့် ဓမ္မသဘော (Situational Theology) လက်ရှိခြေအနေ၊ အချိန်အခါပေါ်တင် မူတည်၍ ပြုရမည့် ဓမ္မသဘော (Situational Theology)ဆိုသည်မှာ ရေခံမြေခံဆိုရာတွင် နေရာဒေသ၊ အချိန်အခါနှင့် လူသားတို၏ နေထိုင်မှု အခြေအနေအားလုံး အကျုံးဝင်ပါသည်။ အချိန်အခါနှင့်အခြေအနေဆိုရာတွင် အတိတ်ကာလ အခြေအနေနှင့် ယနေ့ကာလ အခြေအနေတို့ ပါဝင်နေပါ သည်။ အတိတ်ကာလ အခြေအနေတွင် ရှိနေသောအကြောင်း တရားများ ကို အခြေခံပြီး ပြောဆို လုပ်ကိုင်ရသကဲ့သို ယနေ့ကာလအခြေအနေပေါ် တွင်မူတည်ပြီး ပြောဆိုလုပ်ကိုင်မှုလည်း ရှိပါသည်။ ယခင်အတိတ်က အ သုံးအနှုန်းများနှင့် တွေးခေါ်စဉ်းစားမှုများကို အသုံးပြုကာ ဟောပြောဝေငှ မှုရှိခဲ့သော်လည်း ယနေ့ခေတ်ကာလ၏အသုံးအနှုန်းများနှင့် တွေးခေါ်စဉ်း စားမှုများကိုလည်း ထည့်သွင်း အသုံးပြုကာ ဟောပြောဝေငှခြင်းနည်းကို ဆိုပါသည်။ ယခင်အတိတ်က ဥပမာများကို အသုံးပြုခြင်းထက် ယနေ့ကာ လအကြောင်းတရားကို အခြေပြုကာ သာသနာပြုခြင်းပင် ဖြစ်သည်။

 

၂) အခြေပြုကျမ်းချက်

“ကိုယ်ကိုကိုယ်လှည့်ဖြား၍ နှုတ်ကပတ်တော်တရားကို နာရုံမျှသာ ပြုသောသူမဟုတ်၊ တရားကို ကျင့်သောသူ ဖြစ်ကြလော့ (ယာ ၁း၂၂)

 

၃) ရေခံမြေခံ ပြုခြင်း

ဖြစ်ပေါ်နေသော အခြေအနေ အရပ်ရပ်ပေါ် မူတည်ပြီး ကယ်တင်ခြင်းနှင့် လွတ်မြောက်ခြင်းဆိုင်ရာ လုပ်ဆောင်ချက်များကို လက်တွေ့ပြုမူ စိုက်ပျိုးခြင်း ဖြစ်သည်။ ဥယျာဉ်ထဲတွင် အချိန်အခါ မရွေး ကျရောက်လာမည့် အန္တရာယ်နှင့် မကောင်းသော ပေါင်းပင်များကို ဖယ်ရှားရမည့် လက်တွေ့လုပ်ဆောင်ရမည့် အသွင်ဖြင့် သာသနာပြုခြင်း ဖြစ်သည်။

 

၄) တွေ့ ကြုံနိုင်သော အခက်အခဲ

ရေခံမြေခံ သာသနာပြုရာတွင် နေရာဒေသနှင့် အချိန်အခါ၊ အခြေ အနေ အရပ်ရပ်တို့သည် အရေးကြီးပြီး ထိုအရာများအပေါ် သုံးသပ်ကာ ထပ်သင့်သော သာသနာပြုလုပ်ဆောင်မှုများကို မလုပ်ခဲ့ပါက အခက်အခဲ များနှင့် တွေ့ကြုံနိုင်ပါသည်။ သာသနာပြုရမည့် ဒေသတွင် စီးပွားရေး ကျ ဆင်းပြီး ဆင်းရဲမှုများ ဖြစ်ပေါ်နေပါက ရေခံမြေခံပေါ် မူတည်ပြီး သာသနာ ပြုရပါမည်။ သာသနာပြုမည့် မြိုရွာတွင် ရုပ်ပိုင်းဆိုင်ရာသာမက အကျင့် စာရိတ္တတို ပျက်ပြားနေသော နေရာ ဖြစ်နေမည်ဆိုလျှင် ရေခံမြေခံပေါ် မူတည်ပြီး သာသနာပြုရပါမည်။ ထိုသိုသောအခြေအနေမျိုးတွင် လက် တွေ့လုပ်ဆောင်ရမည့်အသွင်ပုံစံ (Praxis Model) ဖြင့် သာသနာပြုရ ပါမည်။

.

က။ ဒါန၊ သီလနှင့် ကျေးဇူးတော်

ရယူခြင်းထက် ပေးကမ်းခြင်းသည် သာ၍ မြတ်ပြီး၊ မိမိထံမှတစ်ခုခု ကို စွန့်လိုက်ခြင်း၊ သူတစ်ပါးထံမှ တစ်ခုခုကို ရယူခြင်း ထက်သာ၍ကောင်း သည်ဟု ဆိုခြင်းသည် ဒါနပင် ဖြစ်သည်။ ခရစ်ယာန်ဘာသာတွင် ဘုရား ရှင်က လူသားတိုအတွက် အသက်ကို စွန့်၍ အပြစ်တရားလက်မှ လွတ်မြောက်ရာလမ်းကို ပေးခဲ့ခြင်းသည် ဒါနတရားပင် ဖြစ်သည်။ ရေခံမြေခံ ဘာသာဖြစ်သည့် ဗုဒ္ဓဘာသာတွင်လည်း ဒါနမြဲမှသာ လွတ်မြောက်ရာ နိဗ္ဗာန်လမ်းသိုလျှောက်လှမ်းနိုင်မည်ဖြစ်သည်။ ထိုကဲ့သိုလက်တွေ့ကျသော လုပ်ဆောင်မှုတိုသည် သာသနာပြုခြင်း၏ အသွင်တစ်ခုပင် ဖြစ်သည်။ ဒါနတရားသည် စိတ်ပိုင်းဆိုင်ရာတွင် ပြောင်းလဲခြင်း မရှိသော တရား ဖြစ်သည်။ လက်တွေ့အသက်ရှင်ရာတွင် လှူဒါန်းခြင်းပြုပါက မိမိ၏ တနာသည်မလှူမီ၊ လှူနေစဉ်၊ လှူပြီးနောက် ပြောင်းလဲခြင်းမရှိ ထားမျိုးဖြင့် နေပါက စိတ်နှလုံး ကောင်းမြတ်သူ တစ်ဦး ဖြစ်နေပါမည် ။ လှူဒါန်းခြင်းတွင် စိတ်စေတနာ(သုံး)တန်ဖြင့် ပေးလှူရပါမည်။ အချို ပြောင်းသော်လည်း စိတ်စေတနာသည် ပြောင်းလဲခြင်းမရှိသည်ကို ပြညွှန်နေပါသည်။

(က)ပုဗ္ဗ = မလှူမီ ရှေ့ပိုင်းကာလ၌ ဖြစ်ပေါ်လာသော စေတနာ။

(ခ) မုဉ္စ = ပေးလှူနေဆဲ ကာလ၌ ဖြစ်ပေါ်လာသော စေတနာ။

(ဂ) အပရ = လှူပြီး နောက်ပိုင်းကာလ၌ ဖြစ်ပေါ်လာသော စေတနား

ခရစ်ယာန်ကျမ်းစာတွင် ကျေးဇူးတော်၏ သဘောသည် ကိုယ် ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်ရှိနိုင်ခြင်းမရှိပါ။ ထိုသို ဆိုခြင်းမှာ အကျင့်သီလ ရှိစရာမလိုဟု ပြောဆိုခြင်း မဟုတ်ပါ။ ဧဖက် ၂း၁၀ တွင် ကောင်းသော အကျင့်တို့ကို ကျင့်ရမည်ဟု ရေးသားထားပါသည်။ အ ကျင့်သီလသည် လက်တွေ့ လုပ်ဆောင်ရမည့်အရာ ဖြစ်သည်။ ထိုကြောင့် ရေခံမြေခံဖြင့် သာသနာပြုပါက သီလနှင့် ကျေးဇူးတော်ကို ရှင်းလင်းစွာ နားလည်ရပါမည်။ သီလဆိုသည်မှာ မြင့်မြတ်ကောင်းမွန်သော အလေ အကျင့် ဖြစ်သည်။ ကိုယ်မှု၊ နှုတ်မှုများကို စောင့်ထိန်းခြင်း ဖြစ်သည်။ ကာယနှင့်ဆိုင်သော အပြုအမူ၊ နှုတ်နှင့်ဆိုင်သော အပြုအမူ၊ အကျင့်စာရိတ္တ နှင့်ဆိုင်သော အပြုအမူများတိုကို မကျူးလွန်အောင် စောင့်ထိန်းခြင်း၊ စောင့်ရှောက်ခြင်း ဖြစ်သည်။ သီလတွင် (၅)ပါး သီလ၊ (၈)ပါး သီလ၊ (၁၀)ပါး သီလ ဟူ၍ အမျိုးမျိုး ရှိပါသည်။

(၅)ပါး သီလမှာ ၊

(က) ပါဏာတိပါတာ ဝေရမဏိ = အသက်သတ်ခြင်းကို ရှောင်ကြဉ်သည်။

(ခ) အဒိန္နာဒါနာ ဝေရမဏိ= သူတစ်ပါးဥစ္စာခိုးယူခြင်းကို ရှောင်ကြဉ်သည်။

(ဂ) ကာမေသုမိစ္ဆာစာရာ ဝေရမဏိ= သူတစ်ပါးသား မယားအားလွန်ကျူးခြင်းမှရှောင်ကြဉ်သည်။

(ဃ) မုသာဝါဒါ ဝေရမဏိ=လိမ်လည်ပြောဆိုမှုမှရှောင်ကြဉ်သည်။

(င) သူရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာဝေရမဏိ = သေရည်သေရက် သောက်သုံးမူးယစ်ခြင်းမှ ရှောင်ကြဉ်သည်။ –

သီလသည် သိက္ခာပုဒ်တို့ကို ဆောက်တည်ခြင်း၊ စောင့်ထိန်းခြင်းနှင့် စောင့်သုံးခြင်း ဖြစ်သည်။

 

 

(၄) မခြားနားသောအရာများကို ညှိနှိုင်းယူကာ ထပ်တူပြုသော အသွင်ပုံစံ (The Synthetic Model)

၁) တွဲဖက်ပြုလုပ်ရမည်ပုံစံ

အပြန်အလှန်ဆွေးနွေးညှိနှိုင်းခြင်း (dialogical views)

 

၂) အခြေပြုကျမ်းချက်

သမ္မာတရားကို အဓမ္မဖြင့် ဆီးတား နှိပ်စက်သော သူတိုပြုတတ်သော ဘုရားမေ့နေခြင်းအမှု၊ တရားကို လွန်ကျူးခြင်းအမှု အမျိုးမျိုးတို ဘက်၌ ဘုရားသခင်၏ အမျက်တော်သည် ကောင်းကင်မှ ထင်ရှား လက်ရှိ၏။ အဘယ်ကြောင့်နည်းဟူမူကား၊ သိအပ်သော ဘုရားသခင်၏ အကြောင်းအရာတို့သည် သူတို့တွင် ထင်ရှားလျက် ရှိ၏။ ဘုရားသခင် သည် သူတို့အား ပြတော်မူပြီ” (ရော ၁း ၁၈-၁၉)။ ။

“သူငယ်မူကား၊ ဗိမာန်တော်၌ဆရာများအလယ်မှာထိုင်၍ထိုသူတို့ နှင့် ဆွေးနွေးမေးမြန်းလျက် ရှိသည်ကို မိဘတို့သည် သုံးရက်ကြာမှ တွေ့ ကြ၏” (လု ၂း၄၆)။

 နိကောဒင်နှင့် ဆွေးနွေးခြင်း (ယော ၃)။

ရှမာရိအမျိုးသမီးနှင့် ဆွေးနွေးခြင်း (ယော ၄)။

 

(၃) ရေခံမြေခံ ပြုခြင်း

အပြန်အလှန် ဆွေးနွေးပြောဆိုပြီး သူ့စည်း၊ ကိုယ့်စည်း မကျော်ဘဲ တူညီသော အကြောင်းတရားများကို အခြေခံကာ သာသနာပြုခြင်း ဖြစ် သည်။ တစ်ဦးကို တစ်ဦး နားလည်မှု အပြည့်အဝထားခြင်း၊ ရင့်ကျက်သော လေးစားမှုထားခြင်း၊ ပွင့်လင်းသောသဘောကိုဆောင်ခြင်း၊ အနိုင်ယူသောသဘောကို ရှောင်ရမည်၊ ငြင်းခုန်ခြင်း၊ အတိုက်အခံပြောဆိုခြင်းကို ရှောင်ရမည်။ တစ်ပါးသူ၏ ထူးခြားမွန်မြတ်သော ဓမ္မသဘောတရားများ၊ ကိုယ်ကျင့်တရားများ၊ ဘာသာရေးအမွေအနှစ်များ၊ စာပေ၊ ယဉ်ကျေး ထုံးတမ်းစဉ်လာ အကျင့်ဓလေ့များကို အသိအမှတ်ပြုပြီး ဘာသာရေး ရင်ကျက်မှု ဖြင့် သာသနာပြုရပါမည်။

 

၄) တွေ့ကြုံနိုင်သော အခက်အခဲ

ရေခံမြေခံ သာသနာပြုရာတွင် တစ်ဦး၏ ပြောလိုသော အကြောင်း အရာကို နားထောင်သော သူက ပိုမို ရှင်းလင်းသွားရန် မခြားနား အရာများကို ညှိနှိင်းယူကာ ထပ်တူပြုသော အသွင်ပုံစံ (The Synthetic Model) ကို အသုံးပြုခြင်း မရှိပါက အခက်အခဲ တွေ့ကြုံနိုင်ပါသည်။ သာတရား တစ်ခုနှင့် တစ်ခုကြားတွင် ဆင်တူယိုးမှား ရှိသော တရားများ တရားသဘော တူညီခြင်းများကို ကောက်နှုတ်ကာ ရေခံမြေခံဆိုင်ရာ သာသနာပြုခြင်း ဖြစ်သည်။

 

၅) ဗုဒ္ဓ၏ သစ္စာတရား

မြတ်ဗုဒ္ဓသည် ဗုဒ္ဓဘာသာကို စတင် တည်ထောင်သူဖြစ်ပြီး သခင် ယေရှုသည် ခရစ်ယာန်ဘာသာကို အစပျိုးခဲ့သူ ဖြစ်သည်။ ခရစ်ယာန်ဘာ သာနှင့် ဗုဒ္ဓဘာသာကြီး နှစ်ခု၏ အရှင်သခင်တို၌ ကွာခြားသော အချက် များရှိသကဲ့သို ကိုက်ညီသော အချက်များလည်း ရှိပါသည်။ အရှင်နှစ်ဦးတို့ သည်သူတို မွေးဖွားခဲ့ရာ အရပ် မတူကြသကဲ့သို သူတိုကြီးပြင်းရာ နေရာ၊ ကာလနှင့် သူတို သွန်သင်ခဲ့သော တရားတော်များ၊ သွန်သင်ခဲ့ရာ နေရာ၊ အချိန်ကာလတို မတူညီကြပါ။ အရှင်နှစ်ဦးတိုသည် တစ်ဦးကို တစ်ဦး မသိ ခဲ့ကြသည့်အပြင် သူတို၏ မျိုးရိုး၊ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုများ လည်း ခြားနားကြသည်။ ထိုပြင် သူတို သင်ယူခဲ့ကြသော အတတ်ပညာနှင့် လေ့လာ လိုက်စားခဲ့သော ပညာရပ်တိုသည်လည်း မတူညီကြပါ။ မြတ်ဗုဒ္ဓ နှင့် သခင်ယေရှုတို့ ၏ ဘဝ သက်တော်စဉ်တိုသည်လည်း ကွဲပြားခြားနား ကြပါသည်။ မြတ်ဗုဒ္ဓသည် ချမ်းသာသော မင်းမျိုးမင်းနွယ် မိသားစုမှဆင်းသက်လာပြီး သားတစ်ဦး ထွန်းကားပြီး အသက်(၂၉)နှစ်မှစ၍ သာသ နာကို အစပြု ဝင်ရောက်ခဲ့ပါသည်။

သခင်ယေရှုသည်သာမန် လက်သမား မိသားစုမှ ကြီးပြင်းလာပြီး အိမ်ထောင်မရှိဘဲ အသက်(၃၀)တွင် သာသနာကို အစပြုခဲ့သည်။ မြတ် ဗုဒ္ဓသည် နေ့ခေတ် အိန္ဒိယနိုင်ငံမှ ဖြစ်ပြီး သခင်ယေရှုသည် ယနေ့ခေတ် အစ္စရေး နိုင်ငံမှ ဖြစ်သည်။ ထိုနိုင်ငံနှစ်ခုတို့၏ဘာသာရေး၊ နိုင်ငံရေး၊ စီးပွား လူမှုရေးနှင့် ယဉ်ကျေးမှု၊ စာပေ၊ စကားတို့သည် ကွဲပြားခြားနားကြပါသည်။ အထက်ပါ ခြားနားချက်များရှိသည့်နည်းတူ တူညီချက်များလည်း ပါသည်။ အရှင်သခင် နှစ်ဦးတိုသည် ကောင်းကင်မှ ဆင်းသက်လာပြီး လူယောင် ဖန်ဆင်းထားသော လူသားများ မဟုတ်ဘဲ လူသားမှ မွေးဖွား ခဲ့သော လူသားစင်စစ်များ ဖြစ်ပါသည်။ လူသားများကဲ့သို၊ ကြင်နာ သနား တတ်ခြင်း၊ မေတ္တာထားတတ်ခြင်း ရှိကြသည့်အပြင် နာကျင်ခြင်း၊ ဒုက္ခ ဆင်းရဲခြင်းနှင့် သေခြင်းတရားများကို ရင်ဆိုင်ခဲ့ကြသူများ ဖြစ်ပါသည်။ လူ သားတို့၏ ဘဝအခက်အခဲများ၊ ဒုက္ခဝေဒနာများ၊ အနာရောဂါများကို ပပျောက်အောင် ကုသပေးခြင်းနှင့် စစ်မှန်သော တရားတော်များကို ဟောပြောခဲ့ကြသူများ ဖြစ်ပါသည်။ မြတ်ဗုဒ္ဓ၏ သွန်သင်ချက်တို့သည် ထိုခေတ် အခါကတည်းကထွန်းကားနေသော ဗြဟ္မာဝါဒ၊ ဟိန္ဒူဘာသာနှင့် အယူအ ဆ၊ အတွေးအခေါ် ကွဲပြားသောကြောင့် မြတ်ဗုဒ္ဓသည် ဝါဒအသစ်၊ တရား သစ်ကို ထူထောင်သူ ဖြစ်ခဲ့သည်။ ထိုနည်းတူ သခင်ယေရှု၏သွန်သင်ချက် တို့သည်လည်း သူခေတ်အခါကတည်းကထွန်းကားနေသော ဂျူးဘာသာ၊ ဂျူးလူမျိုးများတို၏ ခံယူချက်တိုနှင့် ကွဲပြားခြားနားခဲ့သောကြောင့် သခင်ယေရှုသည် တရားသစ်၊ ခံယူချက်အသစ်တို့ကို ထူထောင်ခဲ့သူဖြစ်သည်။ သူတို့နှစ်ဦး၏ ထူးခြားစွာ တူညီနေသော တရားမှာ သမ္မာတရား ဖြစ်သည်။ မြတ်ဗုဒ္ဓဟောကြားခဲ့သောသစ္စာလေးပါးတရားတွင် လေးခုမြောက်တရားသည် မဂ္ဂင်(၈)ပါးတရားတစ်နည်းအားဖြင့် သမ္မာ(၈)ပါးတရားပင်ဖြစ်သည်။ သခင်ယေရှုကလည်း ငါသည် သမ္မာတရားဖြစ်သည်ဟု မိန့်တော်မူခဲ့သည်။

မြတ်ဗုဒ္ဓ၏ သစ္စာ(၄)ပါး တရားသည် အောက်ပါအတိုင်းဖြစ်သည်။

က။ ဒုက္ခသစ္စာ ၊

ခ။ သမုဒယသစ္စာ

ဂ။ နိရောဓသစ္စာ

ဃ။ မဂ္ဂင်သစ္စာတို့ ဖြစ်ပါသည်။

က။ ဒုက္ခသစ္စာ (The Truth of Suffering)

လူသားတိုင်း ပဋိသန္ဓေ တည်ချိန်မှစ၍ သေဆုံးသည့်တိုင်အောင် ရှောင်လွဲ၍ မရသောအရာမှာ ဒုက္ခဆင်းရဲခြင်း၊ တစ်နည်း နာကျင်ခြင်း ဝေဒနာပင် ဖြစ်ပါသည်။ ထိုဖြစ်ရပ်သည် အမှန်တရားပင် ဖြစ်သည်။ “ဒုက္ခ” ဟူသော စကားရပ်ကို သာမန် အဓိပ္ပါယ် ဖွင့်ဆိုရလျှင် ဆင်းရဲခြင်း၊ ဝေဒနာ နာကျင်ခြင်း၊ မချမ်းသာခြင်း တိုဖြစ်သည်။ ဒုက္ခ၏ ဆန့်ကျင်ဘက်မှာ သုခ ဖြစ်သည်။ သုခသည် ချမ်းမြေ့ခြင်း၊ ကောင်းခြင်း၊ ချောမွေ့ခြင်း သဘော ဆောင်ပါသည်။ သိုသော်လည်း ဒုက္ခနှင့် သုခ စကားလုံးတွင် အခြေခံကျ သောစကားလုံးမှာ“ခ” ဖြစ်သည်။ “ခ”၏ပါဠိအဓိပ္ပါယ်မှာပျက်စီးခြင်း၊ ပျက် သုန်းခြင်းဟု အဓိပ္ပါယ်ရပါသည်။ တရားသဘောအရ “ဒု” သည် ကြမ်းတမ်း ခြင်း၊ ဆင်းရဲခြင်း၊ မသာမယာ မချမ်းမြေ့ခြင်းဖြစ်ပြီး၊ “သု”သည် ချောမွေ့ ခြင်း၊ သာယာခြင်း၊ ဆင်းရဲကင်းခြင်းစသော သဘောတရားကို ဖော်ပြပါ သည်။ သုခသည် လောက၏အမှန်တရား ဖြစ်စေကာမူ နောက်ဆုံး၌ အစစ် မှန်ဆုံး တရား ဖြစ်သည့် “ခ” မတည်မြဲခြင်း၊ ပျက်စီးခြင်း၊ ဆုံးရှုးခြင်းနှင့် အဆုံးသတ်ရပါမည်။ ထိုကြောင့် ဗုဒ္ဓက ဒုက္ခကို သစ္စာဟု ခေါ်ဆိုခြင်း ဖြစ် သည်။ သစ္စာဆိုသည်မှာ စစ်မှန်ခြင်း၊ မဖောက်ပြန်ခြင်း၊ လူသားတိုင်း ရှောင်၍ မရသော တရားအမှန် ဖြစ်ခြင်းဖြစ်သည်။

လောကတွင် ဆင်းရဲသား ဖြစ်စေ၊ ချမ်းသာသူ ဖြစ်စေ၊ ပညာတတ်၊ ပညာမဲ့ဖြစ်စေ၊ လူသားတိုင်းသည် အိုခြင်း၊ နာခြင်း၊ သေခြင်းကင်းသောသူ မည်သူမျှ မရှိပါ။ ခရစ်တော်၊ ဗုဒ္ဓ၊ မိုဟာမတ် စသော အရှင်သခင်များပင် လျှင် အိုခြင်း၊ နာခြင်း၊ သေခြင်း တည်းဟူသော ဒုက္ခနှင့် ရင်ဆိုင် ခဲ့ကြရပါ သည်။ သေခြင်းတရားဖြစ်သော ဒုက္ခ အမှန်တရားကို ခရစ်တော်၌ တွေ့ရှိ သကဲ့သို ဗုဒ္ဓ၌လည်းဒုက္ခရှိပါသည်။ ကျွန်ုပ်တိုလူသားအားလုံး၌ဒုက္ခအမှန် ရှိနေပါသည်။ ထိုကြောင့် ဒုက္ခသည် လောက၌ ရှိသောလူသားတိုင်း ရင်ဆိုင်ရမည့် အမှန်တရား တစ်ခု ဖြစ်ပါသည်။ ဗုဒ္ဓသည် အပြစ်တရားကို ပြသော်လည်း ယင်းအပြစ်တရား မည်သို စခဲ့သည်ကို ဖော်ပြခြင်း မရှိပါ။ သိုသော်လည်းလူ့ခန္ဓာကိုယ်၌အမှန်ရှိနေသော“ဝေဒနာကိုဖော်ပြခဲ့သ လူသားတိုင်း နေ့စဉ်နှင့်အမျှ ခန္ဓာကိုယ်ရှိနေ သ၍ ဝေဒနာကို မရပါ။ ဝေဒနာသည် ပျက်စီးခြင်းသဘော သင်္ခါရ ဖြစ်ပါသည်။ ကျွန်ုပ်တို့၌ ခံစားမှု အားလုံးသည် ဝေဒနာပင် ဖြစ်သည်။ ကောင်းသော ဝေဒနာနှင့် မကောင်းသော ဝေဒနာ လူတိုင်းတွင် ရှိပါသည်။ ဆိုလိုသည်မှာ ကောင်း သော ခံစားမှုနှင့် မကောင်းသော ခံစားမှု ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ စိတ် အာရုံထဲမှာသော်လည်းကောင်း၊ ခန္ဓာကိုယ်၌သော်လည်းကောင်း၊ ပျော်ရွှင်သာယာမှု၊ ချမ်းမြေ့မှုခံစားရပါကကောင်းသောဝေဒနာဖြစ်ပေါ်နေသည်။ ထိုအရာနှင့် ဆန့်ကျင်စွာ မပျော်ရွှင်မှု၊ မချမ်းမြေ့မှု၊ နာကျင်မှုခံစားရပါက မကောင်းသောဝေဒနာ ဖြစ်ပေါ်နေမည်။ ကျွန်ုပ်တိုသည် ကောင်းသော ခံစားမှု ဝေဒနာကို အချိန်တိုင်း ခံစားချင်၍ မရသကဲ့သို မကောင်းသော ခံစားမှု ဝေဒနာကို အမြဲတမ်း မရှိစေချင်၍ မရပါ။ ထိုအရာနှစ်ခုစလုံးသည် တည်မြဲခြင်း မရှိဘဲ ပြောင်းလဲနေပါသည်။ ကောင်းခြင်းနှင့် မကောင်းခြင်း သဘောတို တစ်လှည့်စီ ပြောင်းလဲနေခြင်းသည် သင်္ခါရသဘောပင် ဖြစ်ပါ သည်။ ထိုသင်္ခါရ သဘောကြောင့် လူတို၌ရှိသော ဝေဒနာ မှန်သမျှသည် ဒုက္ခအစစ်အမှန်တရားပင်ဖြစ်သည် ဟုဗုဒ္ဓကဆိုခဲ့ပါသည်။ သင်္ခါရသဘောဆောင်နေသော ကျွန်ုပ်တို ကိုယ်ခန္ဓာ၏ အရွယ်သည် တစ်နေရာတည်း၌ ရှိမနေပါ။ ငယ်ရွယ် နုနယ်သော အရွယ်မှ ရင့်ကျက်လာသော အရွယ် ထိုမှ အိုမင်းရင့်ရော်လာသော အရွယ်သို ရောက်ရှိပြောင်းလဲရခြင်းသည် သင်္ခါရကြောင့်ဖြစ်သည်။ စိတ်၏ ခံစားချက်တိုသည်လည်း အမြဲတမ်း နူးညံ့မနေ ပါ။ အမြဲတမ်း မာကျောမနေပါ။ အစဉ် ပြောင်းလဲနေသည့်စိတ်၊ ခန္ဓာသဘောသည်လည်း သင်္ခါရကြောင့် ဖြစ်သည်။ သင်္ခါရသည် မမြဲသော အနိစ္စ သဘောပင် ဖြစ်သည်။ သင်္ခါရ၊ အနိစ္စမမြဲသော၊ စိတ်ခန္ဓာကိုယ်မျိုး နောက် တစ်ကြိမ်မရရှိတော့ပါက ဒုက္ခအပေါင်း ကင်းဝေးသွားပါမည်။

ဗုဒ္ဓသည် သံသရာတည်း ဟူသော ခန္ဓာ အဖန်ဖန်၊ ဘဝ အဖန်ဖန် ဖြစ်ခြင်းမှ အစဉ်ကင်းလွတ်ဖိုရန် နိဗ္ဗာန်လမ်းကို ပြခဲ့ပါသည်။ သင်္ခါရ၊ ဒုက္ခ၊ အနိစ္စတို့ မရှိခြင်းသည် နိဗ္ဗာန်ပင် ဖြစ်သည်။ ခရစ်တော် ဘုရားသည် သေ ခြင်းတည်းဟူသော ခန္ဓာ၏ နောက်ဆုံးအဆင့်မှ သေခြင်းတရားကို ထပ်မံ မခံစားရတော့သော ရှင်ပြန်ထမြောက်ခြင်းလမ်းကို ပြခဲ့ပါသည်။ ခရစ်ယာန် သမ္မာကျမ်းစာ၌ ရောမ ၆း၁၂တွင် “သင်တို့၏ သေတတ်သော ခန္ဓာ၏ တပ်မက်ခြင်း အလိုသို့ လိုက်ရသည့်တိုင်အောင် အပြစ်တရား သည် ကိုယ်ခန္ဓာ၌ အစိုးမရစေနှင့်”” သေတတ်သော ကိုယ်ခန္ဓာသည် ဒုက္ခသဘောကို ဆောင်ပြီး ထိုခန္ဓာ ဒုက္ခ၌ အပြစ်တရားကို အစိုးမရစေသည် ဒက္ခမှ လွတ်မြောက်စေသောသာဓကဖြစ်သည်။ ခရစ်ယာန်ဘာသာ သည် ဒုက္ခသစ္စာအကြောင်းကို ငြင်းပယ်ထားခြင်း မရှိပါ။

ကျမ်းစာက ဒုက္ခသဘောကို ထင်ရှားစွာ ဖော်ပြထားသည့်အပြင် ခရစ်တော်ကိုယ်၌က ဒုက္ခနှင့် ယှဉ်ပြီး ကယ်တင်ခြင်း တရားတစ်နည်း ဒုက္ခ(သေခြင်း)မှ အစဉ် ကင်းလွတ်ခြင်း တရားကိုပေးခဲ့သည်။ ခရစ်ယာန် တို၏ကျမ်းစာဟေဗြဲသြဝါဒစာ ၂း၁ဝတွင် ‘အကြောင်းမူကားများစွာသော သားတိုကို ကယ်တင်၍ ဘုန်းစည်းစိမ် ခံစားရာသို ပိုဆောင်သော အရှင် သည် ဒုက္ခဝေဒနာအားဖြင့် စုံလင်ခြင်းသို ရောက်ရမည်။ ထိုအဓိပ္ပါယ်တွင် ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းသည် ဒုက္ခ ဝေဒနာအားဖြင့်သာ ထမြောက်ခြင်း ဖြစ်သည်။ ဒုက္ခဝေဒနာ(သေခြင်း) မရှိပါက ရှင်ပြန်ထမြောက် စရာ မလိုတော့ပါ။ ထိုကြောင့်သာ ကျမ်းစာကဒုက္ခဝေဒနာ အကြောင်းကို အတိအလင်း ဖော်ပြထားပါသည်။ ။

ယောဘဝတ္ထု ၅း၇ တွင် “လူသည် ဒုက္ခ၌ ကျင်လည်ခြင်းငှါ မွေးဖွား ၏” ဟုဆိုရာ လူသည် ဒုက္ခမကင်းကြောင်း ဖော်ပြနေပါသည်။ ရှင်ပေါလုက တမန်တော်ဝတ္ထု ၁၄း၂၂တွင် “ငါတိုသည် များပြားသော ဆင်းရဲဒုက္ခကို ခံ၍ ဘုရားသခင်၏ နိုင်ငံတော်သိုဝင်ရကြမည်ဟု ဟောပြော၏။ ရှင်ယောဟန်က ရှင်ယောဟန်ခရစ်ဝင် ၁၆း၃၃တွင် “သင်တိုသည် လောက ၌ ဆင်းရဲဒုက္ခကို ခံရကြလိမ့်မည်။ သိုသော်လည်း မစိုးရိမ်ကြနှင့်။ ငါသည်လောကကို အောင်ပြီဟု မိန့်တော်မူ၏”။ ထိုသဘောတရားတို့သည် လူ သားတိုင်း ဒုက္ခကို ရင်ဆိုင်ရမည်မှာ အမှန်တရားပင် ဖြစ်ကြောင်း ကျမ်းစာ က ဆိုထားပါသည်။ ခရစ်တော်ကိုယ်၌က ယော ၁၉း၂၈တွင် ခရစ်တော သည် ကားတိုင်ပေါ်တွင် နောက်ဆုံးသော သေခြင်းဒုက္ခကို ခံစားနေ “ရေငတ်သည်”ဟု ဆိုပါသည်။ ခရစ်တော်သည် ဒုက္ခဝေဒနာ သ ကိုယ်တိုင် ခံစားခဲ့သူ ဖြစ်ပြီး ထိုဒုက္ခဆင်းရဲခြင်းကို အမှန်သိပြီး လွတ်မြောက်ခဲ့သူ ဖြစ်သည်။ ခရစ်တော်သည် ဒုက္ခထဲ၌ နစ်မွန်းနေကြသော လူသားအားလုံး ဒုက္ခမှ လွတ်မြောက်စေခြင်းအဖို့ငှါ နောက်ဆုံးသော သေခြင်းကို အောင်မြင်စွာ ကျော်လွန်ပြီး ထမြောက်ခြင်းကို ပြခဲ့သည်။ ဒုက္ခမှ အစဉ် မလွတ်ကင်းသော လူသားတိုင်း ခရစ်တော်ကို ယုံကြည်သက်ဝင်ပြီး မိမိကိုယ်၌ ကိုယ့်သဘော ကိုယ့်အကျင့်အတိုင်း မရှင်ဘဲ ခရစ်တော်ကို ရှင်စေခြင်းအားဖြင့် ခရစ်တော်နည်းတူ ဒုက္ခမှ အစဉ်ကင်း လွတ်မည် ဖြစ်သည်။

 

ခ။ သမုဒယသစ္စာ (The Arising of Suffering)

ဗုဒ္ဓ၏ ဒုတိယ သစ္စာတရား ဖြစ်ပါသည်။ ဒုက္ခသစ္စာဖြစ်ရခြင်း၏ ကြောင်းအရင်းမှာ သမုဒယသစ္စာ ကြောင့် ဖြစ်ပါသည်။ ဒုတိယသစွာ တရား ကိုနေရာတိုင်းတွင်တွေ့နိုင်သောတရားဖြစ်ပါသည်။ သမုဒယသစွာ သည် တဏှာကြောင့် ဖြစ်ပါသည်။ တဏှာသည် စွဲလမ်းခြင်း၊ အစွဲ၊ တပ်မက်ခြင်းဖြစ်ပါသည်။ လောဘ၊ မောဘ၊ ဒေါသတိုသည် တဏှာများ ကြပါသည်။ မိမိကိုယ်သာချစ်ပြီး သူတစ်ပါးကို မချစ်တတ်ခြင်း၊ မနာ ခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်းတိုသည် သမုဒယများ ဖြစ်ပါသည်။ လိုချင်သောအရာများ မရသောအခါ၌ လည်းကောင်း၊ ဖြစ်ချင်သော အရာ များ ဖြစ်မလာသောအခါ၌ လည်းကောင်း၊ ဒုက္ခဖြစ်လာရပါသည်။ ထိုဒုက္ခ ကို အဓိက လုပ်ဆောင်သူမှာ မရသော အရာ၊ မဖြစ်သောအရာကို စွဲလမ်း နေခြင်း၊ တပ်မက်နေသော စိတ်ဆန္ဒ တောင့်တနေခြင်းပင် ဖြစ်ပါသည်။ လောကတွင် လူတိုသည် အားပြိုင်မှု၊ ကိုယ်သာ အနိုင်ရလိုမှု၊ မိမိတစ်ဦး တည်း အာဏာရှိလိုမှု၊ ချမ်းသာလိုမှုတိုသည် တဏှာပင် ဖြစ်သည်။ တဏှာ သည် ဝေမျှခြင်း၊ ပေးဝေခြင်း၊ ရောင့်ရဲခြင်းတိုနှင့် ဆန့်ကျင်နေပါသည်။ ထို ပြင် မိမိသာ မှန်သည်၊ ကိုယ်၏အတွေးအခေါ်၊ အယူအဆ ခံယူချက်သည် သာ မှန်ပြီး တစ်ခြားသူ အားလုံးမှားနေသည်ဟု စွဲလန်းခြင်းသည် တဏှာ ပင် ဖြစ်သည်။ တဏှာသည် ဝတ္ထုပစ္စည်း၊ ငွေကြေး ဥစ္စာ၊ ရာထူးနေရာ ရလိုမှု သာမကဘဲ အယူဝါဒ၊ အတွေးအခေါ်၊ အမှန်တရားနှင့်ဆိုင်သော ခံယူချက်တို့ကြောင့်လည်း သမုဒယ ဖြစ်စေရပါသည်။ သမုဒယ တဏှာကြောင့်၊ လောကမှမလွတ်မြောက်ဘဲ ဘဝအဖန်ဖန်၊ ခန္ဓာအသစ် အဖန်ဖန်လာသောကြောင့် ခန္ဓာရှိနေသ၍ ဒုက္ခမကင်းနိုင်ပါ။ ထိုကြောင့်သမုဒယ တဏှာ လွတ်ကင်းနိုင်ဖို့ရန် တရားကို သေချာသိရှိရန် လိုအပ်ပါသည်။ လူ အတိုင်း သမုဒယ တဏှာနှင့် မကင်းပါ။ ထိုအရာသည် အမှန်တရားပင်ဖြစ်ပါသည်။ ယနေ့လောကတွင် ဘာသာရေး ပြဿနာများ၊ စီးပွားရေး အခက်အခဲများ၊ နိုင်ငံရေး ပဋိပက္ခများ၊ မအေးချမ်းနိုင်သော စစ်ပွဲ သဘာဝ ပြဿနာများသည် လူသားတို၏ အတ္တအစွဲ (သမုဒယများပေါ် တွင် အခြေခံ နေပါသည်။

ကမ္ဘာဦးကျမ်းတွင် ဧဝသည် မစားရသော အသီးကို စားချင် စိတ်သည် သမုဒယစိတ်ပင်ဖြစ်သည်။ ထိုစိတ်သည် အာဒံထံမှလာ လည်း မဟုတ်သကဲ့သို ဘုရားသခင်က လုပ်ဆောင်ပေးထားခြင်း မဟုတ်ပါ။ သူမကိုယ်ထဲမှ ထွက်လာသောအရာ ဖြစ်သောကြောင့် လူသား၏ အစစ်အမှန်စိတ်ထဲက ထွက်လာခြင်း ဖြစ်သည်။ ထိုသမုဒယစိတ်ကြောင့် အမှားများစွာ ပြုလုပ်တတ်သော အပြစ်ဖြစ်လာပါသည်။ ထိုအပြစ် လူသားတို့သည် ဒုက္ခဆင်းရဲခြင်းထဲသို့ ဆင်းသက်ခဲ့ရပါသည်။ လူသား တိုင်းတွင် အပြစ်ဒုစရိုက်ကို လုပ်နိုင်သော သမုဒယစိတ်ရှိသည်ကို ခရစ် ယာန်တို၏ ကျမ်းစာက ဖော်ပြသကဲ့သို ဗုဒ္ဓကလည်း ဖော်ထုတ်ခဲ့ပါသည်။

 

ဂ။ နိရောဓသစ္စာ (The Cessation of Suffering)

ဗုဒ္ဓ၏တတိယ သစ္စာတရားမှာနိရောဓပင် ဖြစ်သည်။ အဓိပ္ပါယ်အား ဖြင့် ဒုက္ခဆင်းရဲခြင်းမှ လွတ်မြောက်ရာ၊ အောင်မြင်ရာ အစစ်အမှန်တရား ပင် ဖြစ်သည်။ သမုဒယကြောင့် ဒုက္ခဆင်းရဲခြင်း ဖြစ်ရကား ထိုဒုက္ခဆင်း ရဲမှ လွတ်ကင်းနိုင်ဖိုရာ ထွက်မြောက်ရာလမ်းသည် နိရောဓပင် ဖြစ်သည်။ ပါဠိစာပေအရ နိရောဓသည် နိနှင့် ရောဓ ပေါင်းစပ်ထားပါသည်။ နိသည် “မဟုတ် သဘော၊ “မရှိမဖြစ်” ခြင်းသဘောကို ဆောင်ပါသည်။ ရောဓသည် “ဆောက်လုပ်သူ”၊ ဖြစ်ပွားစေသူဟု အဓိပ္ပါယ်ရပါသည်။ နိရောဓဟူသည် တဏှာကို ဆောက်လုပ်သူ၊ ဖြစ်ပွားစေသူ မရှိတော့ခြင်းဟု အဓိပ္ပါယ်ရပါ သည်။ တစ်နည်း လောဘ၊ ဒေါသ၊ မောဟ၊ အစွဲများ၊ တစ်ကိုယ်ကောင်း အရာများ မရှိတော့ခြင်းဖြစ်သည်။ နိရောဓသည် လက်ညှိးထိုးပြစရာနေရာ မဟုတ်ပါ။ သတ်မှတ်ချက်လည်း မဟုတ်ပါ။ တစ်နည်း တဏှာများ ကုန် ခမ်းသွားခြင်းနှင့် ဘဝခန္ဓာ အသစ်မဖြစ်တော့ခြင်း၊ ခန္ဓာ မရှိတော့ သော ကြောင့် ဒုက္ခမရှိတော့ခြင်းကို ဆိုလိုပါသည်။ တစ်နည်း နိရောဓသည အပေါင်း ချုပ်ငြိမ်းခြင်းဖြစ်သည်။ နိရောဓသည် လောက၌ ရှိသော အိုခြင်း၊ နာခြင်း၊ သေခြင်း ကင်းမဲ့သွားပြီး ဘဝမရှိတော့ခြင်း ဖြစ်သည်။ လူသားတို့ သည် မိမိပြုသော ကုသိုလ်ကံများကြောင့်ဘဝ အဖန်ဖန်လည်နေရပါသည်။ နိရောဓသည် ဘဝ အဖန်ဖန်ဖြစ်ခြင်း မရှိတော့ခြင်း၊ တနည်းကံ တရားပင် မရှိတော့ခြင်း ဖြစ်သည်။ နိရောဓသည် ချမ်းသာခြင်း ခံစားနေရခြင်း၊ အမြင့်ဆုံးသော ကောင်းကင်ဘုံ သ‌ဘောမျိုးကို မဆောင်သကဲ့သို့ စကြာဝဠာသဘောလည်း မဆောင်ပါ။ နိရောဓသည် သုခနှင့် ဒုက္ခမရှိတော့်ခြင်း ဖြစ်ပါသည်။ လွတ်မြောက်ခြင်းသဘော၏အခြေခံကို စဉ်းစားပါက‘မ’ သဘော၊ မလွတ်မြောက် ရခြင်းကြောင့်သာ လွတ်မြောက်ရန် လိုအပ်ခြင်း ဖြစ်သည်။ လွတ်မြောက်ခြင်း မရှိပါက လွတ်မြောက်ဖို့ရန် မလိုတော့ပါ။ ထိုကြောင့် လွတ်မြောက်ခြင်း၊ နိရောဓသစ္စာအမှန်တရားတို့သည် မလွတ်မြောက်ခြင်း၊  ဒုက္ခသစ္စာနှင့် ဆက်စပ်နေပါသည်။ တစ်ခုမရှိလျှင် ကျန်တစ်ခုလည်း မရှိ ပါ။ နိရောဓကို နိဗ္ဗာန်ဟု ဖွင့်ဆိုကြပါသည်။ ထိုကြောင့် ဒုက္ခအပေါင်း ချုပ်ငြိမ်းရာသည် နိဗ္ဗာန်ပင် ဖြစ်သည်။ နိဗ္ဗာန်သည် ဗုဒ္ဓဘာသာတို့၏ နောက်ဆုံးပန်းတိုင်ပင် ဖြစ်သည်။

” ခရစ်ယာန်တို၏ နောက်ဆုံးပန်းတိုင်သည် ခရစ်တော်ပင် ဖြစ်သည်။ ခရစ်တော်ကို ရသောသူသည် ငြိမ်းအေးရာ ကောင်းကင်နိုင်ငံသို ရောက် မည်ဖြစ်သည်။ ဆင်းရဲခြင်းအပေါင်း ကင်းစင်သွားသည့် ကောင်းကင်နိုင်ငံ ၏ အနှစ်သာရဖြစ်သကဲ့သို နိရောဓသည် ဒုက္ခအပေါင်းချုပ်ငြိမ်းခြင်း ဖြစ် သည်။ ငိုခြင်းကင်းရာ၊ ပူပင်သော ကအားလုံးမရှိတော့ခြင်းသည် ကောင်း ကင်နိုင်ငံတော်ဖြစ်သကဲ့သို နိရောဓသည် ထိုကဲ့သို ဖြစ်သည်။

 

ဃ။ စတုတ္တသစ္စာတရား မဂ္ဂင်သစ္စာ (The Path)

စတုတ္ထသစ္စာမှာဒုက္ခမှ လွတ်မြောက်ရာလမ်း၊ တစ်နည်း နိဗ္ဗာန်သွား ရာလမ်းပင် ဖြစ်ပါသည်။ စတုတ္ထသစ္စာကို အလယ်အလတ်လမ်းဟုလည်း ခေါ်ဆိုကြသည်။ အစွန်း(၂)ပါးကို စွန့်၍အသင့်အတင့်ကျင့်ခြင်း သဘော ဖြစ်သည်။ ပထမအစွန်း ဖြစ်သော ပျော်ရွှင်မှု၊ ချမ်းသာမှု သာယာမှု၊ ဘဝ ၏ အစစ်အမှန် တရားဖြစ်ပြီး ထိုအရာများကိုသာ အစွမ်းကုန် ကြိုးစားရယူ ခြင်းဖြစ်ပြီး ဒုတိယအစွန်းမှာ ပျော်ရွှင်မှုချမ်းသာမှုကို စွန့်၍ လူ့ဘောင်နှင့် ရာထွက်ခွာ၍အစွမ်းကုန် တရားရှာခြင်း ဖြစ်သည်။ ဗုဒ္ဓသည် ထိုအစွန်း ကို ကိုယ်တိုင် နားလည် သဘောပေါက်ကာ အလယ်အလတ်တရားမဇ္ဈိမပဋိပဒါ လမ်းစဉ်ကို တွေ့ရှိခဲ့သည်။ ဗုဒ္ဓ၏ ပထမဆုံးဟောကြား တရားဒေသနာမှာ အလယ်အလတ်လမ်းစဉ် တရားပင် ဖြစ်ပါသည်။ မဂ္ဂင် (၈)ပါးကို မှန်ကန်စွာ သိရှိ နားလည်ရန်နှင့် နိဗ္ဗာန်သို့ မျက်မှောက်ပြု ရာတွင်လွယ်ကူစွာ နားလည်စေရန် မဂ္ဂင်(၈)ပါးကို သီလအုပ်စု၊ သမာဓိအုပ်စု၊  ပညာအုပ်စုဟူ၍ (၃)ခု ခွဲ၍ ပြထားပါသည်။

 

 

 

(က) သိလအုပ်စု

နိဗ္ဗာန်ကိုရရှိရန်ပထမဆုံးလုပ်ဆောင်ကျင့်ကြံရမည်ကသီလတရား ပင် ဖြစ်သည်။ သီလသည် အခြေခံအုပ်စုဖြစ်ပြီး ခိုင်ခံစွာ တည်ဆောက် သော အိမ်တစ်လုံး၌ အောက်ခြေမခိုင်ပါက ပြိုပျက်နိုင်ပါသည်။ ထိုနည်းတူ သီလသည် နိဗ္ဗာန်သို တက်လမ်းနိုင်ရန် အခြေခံကျသောတရားပင် ဖြစ် ပါသည်။

(၁) မှန်ကန်စွာပြောဆိုခြင်း – သမ္မာဝါစာ

(၂) မှန်ကန်စွာပြုလုပ်ခြင်း – သမ္မာကမ္မန္တ၊

(၃) မှန်ကန်စွာအသက်မွေးခြင်း – သမ္မာအာဇီဝ

သီလအုပ်စုတွင် ပထမဆုံး အနေဖြင့် မှန်ကန်စွာပြောဆိုခြင်း (သမ္မာ ဝါစာ)သည် ဝစီကံကို စောင့်ရှောက် ခြင်း ဖြစ်သည်။ ဝစီပြောဆိုမှုနှင့်ဆိုင်သော ဒုစရိုက်(၄)ပါးကို ရှောင်ကြဉ်ခြင်း ဖြစ်သည်။ ယင်းတိုမှာ မဟုတ်မမှန် လိမ်လည် ပြောဆိုခြင်း၊ သူတစ်ပါး အကျိုးစီးပွားပျက်အောင် ကုန်းတိုက် ပြောဆိုခြင်း၊ ကြမ်းတမ်း၍ ညစ်ညမ်းသောစကားကိုပြောဆိုခြင်း၊ အကျိုးမဲ့ သိမ်ဖျင်းသော စကားကို ပြောဆိုခြင်း ဖြစ်သည်။ ဒုတိယအ နေဖြင့် သမ္မာ ကမ္မန္တ၊ မှန်ကန်စွာ ပြုလုပ်ခြင်းဖြစ်သည်။ ကာယကံ(၃)ပါးပင် ဖြစ်သည်။ ကာယနှင့်ဆိုင်သော ဒုစရိုက် (၃)ပါးကို ရှောင်ကျဉ်ခြင်း ဖြစ်သည်။ ၄င်းတိုမှာ သူတစ်ပါး အသက်ကို သတ်ခြင်း၊ သူတစ်ပါး ပစ္စည်းကို ခိုးယူခြင်း၊ သူ တစ်ပါး သားမယားကို ပြစ်မှားခြင်း တို့ဖြစ်သည်။ တတိယမှာ မှန်ကန်စွာ အသက်မွေးခြင်း၊ သမ္မာအာဇီဝ ဖြစ်ပါသည်။ အသက်မွေးဝမ်းကြောင်း ပြု ရာတွင် သာမန် လူများအတွက် တားမြစ်ထားသော ကုန်သွယ်မှု (၅)မျိုးကို ရှောင်ကြဉ်ရမည်။ ယင်းတို့မှာ လက်နက်များ ရောင်းဝယ်ခြင်း၊ လူကုန်ကူးခြင်း၊ တိရိစ္ဆာန်များကို သတ်ရန် ရောင်းဝယ်ခြင်း၊ မူးယစ်စေတတ်သည့် အဖျော်ယမကာနှင့် ဆေးဝါးများကို ရောင်းဝယ်ခြင်းနှင့်အဆိပ်သင့်စေသော ရောင်းဝယ်ခြင်းတိုဖြစ်ကြသည်။ ရဟန်း သံဃာများအတွက်မူ  မှားယွင်းစွာ အသက်မွေးခြင်းတွင် သူတော်ကောင်း ယောင်ဆောင်မူနှင့် ရဟန်းတို့နှင့် အပ်စပ်သည့် ပစ္စည်း အသုံးအဆောင်များနှင့် ဆွမ်းတို့ကို မှားယွင်းသော နည်းလမ်းများဖြင့် ရယူခြင်းတို့ဖြစ်၏။ ဤအမူအရာများကို ရှောင်ကြဉ်ရမည်။

 

 

 

(ခ) သမာဓိအုပ်စု

ဒုတိယအဆင့် အနေဖြင့် မှန်ကန်စွာလုံလစိုက်ခြင်း၊ အားထုတ်ကြိုး – ဖြစ်ပါသည်။ သမာဓိသည် ချောင်းတစ်ခုကို ဖြတ်ကူးသောသူနှင့် ယ်။ ချောင်းအလယ်သို ရောက်၍ နေလျှင် ပို၍ သမာဓိ၊ ဝီရိယ စိုက် မယ်။ မြဲမြံခြင်း၊ ရောင့်ရဲခြင်းတိုနှင့် တည်ငြိမ်စွာ မြစ်ကို ဖြတ်ကူးမှ ချောင်းတစ်ဖက်သို ရောက်မည့် သဘော ဖြစ်သည်။

(၁) မှန်ကန်စွာအားထုတ်ခြင်း – သမ္မာဝါယာမ

(၂) မှန်ကန်စွာအမှတ်ရခြင်း – သမ္မာသတိ

(၃) မှန်ကန်စွာတည်ကြည်ခြင်း – သမ္မာသမာဓိ

သမာဓိအုပ်စုတွင် ပထမ၌ မှန်ကန်စွာ အားထုတ်ခြင်းကို ဖော်ပြထား ပါသည်။ မှန်ကန်စွာ အားထုတ်မှု (၄)မျိုး ရှိပါသည်။

၄င်းတိုမှာ –

က) ဖြစ်ပေါ်လာသောအကုသိုလ်တရားများ (မကောင်းသော အရာများတို့ကို ပယ်ဖျက်နိုင်ခြင်းငှါ အားထုတ်ခြင်း၊

ခ) မဖြစ်သေးသော အကုသိုလ်တရားများ (မကောင်းသော စိတ်များတို့ကို) မဖြစ်ပေါ်လာ စေခြင်းငှါ အားထုတ်ခြင်း၊

ဂ) မဖြစ်သေးသော ကုသိုလ်တရားတိုကို (ကောင်းမြတ်သောတရား) ဖြစ်ထွန်းစေခြင်းငှါ အားထုတ်ခြင်း၊

ဃ) ဖြစ်ပြီးသော ကုသိုလ်တရားတိုကို (ကောင်းမြတ်သော တရား) ခိုင်ခံ့စွာ တိုးပွားစေခြင်းငှါ အားထုတ်ခြင်းတို ဖြစ်ကြပါသည်။

ဒုတိယမှာ မှန်ကန်စွာ အောက်မေ့ အမှတ်ရခြင်း ဖြစ်သည်။ ယင်း သည်ခန္ဓာတွင်း ခံစားမှုများ၊ စိတ်ကူးများနှင့် တရားဓမ္မများကို အမြဲမပြတ် အမှတ်ရနေခြင်း ဖြစ်၏။ ကောင်းမြတ်သော တရားများနှင့် မှန်ကန် သော စိတ်ထားများကို အမြဲမပြတ် အမှတ်ရခြင်းဖြင့် စိတ်သည် ခိုင်မာလာ မည်။ ကိုယ်ပြုခဲ့သော အမှားများနှင့် မကောင်းမှုတို့ကို ပြန်လည် သတိ ရကာ နောင်တရလျက် ရှောင်ကြဉ်နိုင်ခြင်း၊ တတိယမှာ မှန်ကန်စွာ တည် ကြည်ခြင်း ဖြစ်သည်။ မှန်ကန်စွာ တည်ကြည်ဖို့ရန်မှာ မှန်ကန်စွာ အား ထုတ်ခြင်းနှင့် မှန်ကန်စွာ အောက်မေ့ အမှတ်ရခြင်းတို့ကို လိုအပ်ပါသည်။ သမာဓိသည် မိမိစိတ်ကို အာရုံတစ်ခုတည်း (ဝါ) အမှတ်တစ်ခုတည်း၌ တည်မြဲစွာစိုက်တည်ရှိနေခြင်း ဖြစ်သည်။ စိတ်တည်ကြည်မှုကို သမာဓိဟု ခေါ်ဆိုပါသည်။

 

(ဂ) ပညာအုပ်စု

တတိယအဆင့်အနေဖြင့် မှန်ကန်သော အသိပညာနှင့်တကွ တွေး ခေါ်ကျင့်ကြံခြင်း ဖြစ်သည်။ ဉာဏ်ပညာသည် မှန်ကန်သော အရာကို ရှာ ဖွေတတ်ပါသည်။ စိတ်ကူးယဉ်ခြင်း မဟုတ်ဘဲ၊ တိကျ မှန်ကန်စွာ သိရှိ နားလည်မှု ဖြစ်သည်။

(၁) မှန်ကန်စွာသိမြင်နားလည်ခြင်း – သမ္မာဒိဋ္ဌိ

(၂) မှန်ကန်စွာကြံစည်ခြင်း – သမ္မာသင်္ကပ္ပ

ပညာအုပ်စုတွင် မှန်ကန်စွာ သိနားလည်ခြင်းသည် ဗုဒ္ဓဘာသာ၏ အဓိကအချက် ဖြစ်၏။ တရားကို နားမလည် မသိရှိပါက တရားမရနိုင်ပါ။ မှန်ကန်စွာ သိနားလည်ခြင်း ဆိုသည်မှာ အရာရာတိုင်းကို ယင်းတို အမှန် တကယ် တည်ရှိသည့်အတိုင်း သိနားလည်ခြင်း ဖြစ်၏။ မိမိ၏ အတွေးဖြင့် ထင်မြင်ယူဆရသည့်အတိုင်း သိနားလည်ခြင်း မဟုတ်ပါ။ ကိုယ်တိုင်ကိုယ် ကျ ပင်ကိုယ်ဉာဏ်ဖြင့် သိနားလည်ရပါမည်။ ကြည်လင်သော အမြင် (သိုမဟုတ်) မှန်ကန်စွာ သိနားလည်ခြင်းသည် ရှင်းရှင်းလင်းလင်း စဉ်းစား ဆင်ခြင်နိုင်ရန် အထောက်အကူပြု၏။ ထိုကြောင့် မြင့်မြတ်သော မဂ္ဂင်(၈) ပါး လမ်းစဉ်၏ ဒုတိယ အရေးကြီးသော အင်္ဂါမှာ မှန်ကန်စွာ ကြံစည်ခြင်း (သမ္မာသင်္ကပ္ပ) ဖြစ်၏။ မကောင်းသောအကြံအစည်များကို ဖယ်ရှားပေးပြီး စင်ကြယ်သော အကြံအစည်များကို ပျိုးထောင်ပေးခြင်း ဟူသောကိစ္စနှစ်ရပ်ကို ဆောင်ရွက်ပေး၏၊။ ပညာအုပ်စုနှင့် ဆက်စပ်၍ မှန်ကန်စွာ ကြံစည် ခြင်းသည် သုံးမျိုးရှိ၏။

၄င်းတိုမှာ-

(က)နေက္ခမ္မ- လောကီ ပျော်ရွှင်မှုများကို စွန့်လွတ်ခြင်း အပြင် ကိုယ်ကျိုးစွန့်ခြင်း ဖြစ်သည် တစ်ကိုယ်ကောင်းဆန်ခြင်းတပ် မက်ခြင်းနှင့် တစ်ဦးတည်း ပိုင်ဆိုင်လိုခြင်းတို့ကို ဆန့်ကျင်၏။

(ခ) အဗျာပါဒ – မုန်းတီးမှု၊ သဘောထား ဆိုးခြင်းနှင့် မနှစ်သက်မှုတိုကို မေတ္တာတရား သဘော၊ ကောင်းမြတ်ခြင်းနှင့် ကောင်းမှုပြုလိုခြင်းတိုဖြင့် ဆန့်ကျင်ခြင်းဖြစ်သည်။

(ဂ) အဝိဟိသ – ဘေးရန် ကင်းဝေးစေလိုခြင်းနှင့် သနား ကြင်နာခြင်းတို့သည် ရက်စက် ကြမ်းကြုတ်ခြင်းနှင့် စာနာမှုကင်းခြင်း တိုကို ဆန့်ကျင်၏။

အထက်ပါ မဂ္ဂင်သစ္စာသည် သမ္မာတရားကိုဖွင့်ပြနေခြင်းဖြစ်သည်။ မဂ္ဂင်တရားသည် နိဗ္ဗာန်သို့ သွားရာလမ်းဖြစ်ပါသည်။ ခရစ်တော်သည် ငါ သည် သမ္မာတရားလည်း ဖြစ်သည်။ လမ်းခရီးလည်း ဖြစ်သည်ဟု ဆိုရာ တွင်လမ်းဖြစ်သောသမ္မာတရားဖြင့် သွားမှသာဘုရားသခင်ထံရောက်မည် ဖြစ်သည်။ ထိုကဲ့သိုပင် ဗုဒ္ဓဘာသာတွင် မဂ္ဂင်ရှစ်ပါးဖြစ်သော လမ်းဖြင့် သွားမှသာ နိဗ္ဗာန်သို ရောက်မည် ဖြစ်သည်။

 

၆) ခရစ်တော်၏သမ္မာတရား

ကျမ်းစာတွင်လည်း သမ္မာတရား (၁တိ ၃း၁၅) = မှန်ကန်စွာ ပိုင်း ခြားနိုင်ခြင်း။ သမ္မာ သတိ (၁တိ ၃း၂) = မှန်ကန်စွာ အမှတ်ရခြင်း၊ သမ္မာ သမာဓိ (၁တိ ၃း၄) = မှန်ကန်စွာ တည်ကြည်ခြင်း။ သမ္မာဩဝါဒစကား (၁တိ ၄း၆) = မှန်ကန်စွာ ဆုံးမခြင်း၊ မှန်ကန်စွာ ဟောပြောခြင်း။ သစွာ စကား(၁တိ ၄း၉) (ယာ ၅း ၁၂) = မှန်ကန်စွာ၊ ဟုတ်မှန်စွာ ပြောဆိုခြင်း။ သမ္မာအာဇီဝ (၁တိ ၁း၁၇) (၁တိ ၆း၆-၈) = မှန်ကန်စွာ အသက်မွေးခြင်း၊ ရောင့်ရဲခြင်း။ သမ္မာဒိဋ္ဌိ(တိတု ၂း၈) = မိစ္ဆာဒိဋ္ဌိနှင့်ကင်းရမည်။ လူ့ဇာတိ ကို ခံယူသော နှုတ်ကပတ်တော်သည် ခရစ်တော်ပင် ဖြစ်ပြီး သမ္မာတရား (Truth) သည် ခရစ်တော်၌ ပြည့်စုံလျက် ရှိပြီး ဘုရားသခင်၏ ကျေးဇူးတ ရား၊ သစ္စာတရားနှင့်ပြည့်စုံသောဂုဏ်တော်တိုသည် သမ္မာတရား (Truth) အသွင်ဖြင့် ဖွင့်ပြလျက် ရှိပါသည်။ ယော ၁၇း၁ရ၊ ယော ၁း၁၄၊ ယော ၁၄း၁ရတွင် ကျွန်ုပ်တို၌ သမ္မာတရား ကိန်းဝပ်နေလျှင် ဘုရား၏ ဝိညာဉ်တော် ကိန်းဝပ်ခြင်း၊ တည်ရှိခြင်း ဖြစ်သည်။ ထိုသမ္မာတရားသည်ပင် ဘုရားသခင် ၏ သန့်ရှင်းသော ဝိညာဉ်တော်ပင် ဖြစ်သည်။ ခရစ်တော်သည် လူသား အားလုံးတွင် သမ္မာတရား၊ သစ္စာတရား၊ အမှန်တရား ဖြစ်ပါသည်။ ဖောက် ပြန် ပျက်စီးတတ်သော လူသားတို၏ ဘဝခရီး၌ မဖောက်ပြန် မပျက်စီး နိုင်သော ထာဝရအသက် ရရှိနိုင်ရန်မှာ သမ္မာတရားပင် ဖြစ်ပါသည်။ ထိုကြောင့် ခရစ်တော်က ပိလတ်မင်း ရှေ့၌ အတိအကျ ပြောခဲ့သော စကား မှာ၊ “သမ္မာတရားဘက်၌ သက်သေခံခြင်းငှါ၊ ငါသည် မွေးဖွားခြင်းကို ခံ၍ ဤလောကသို ကြွလာပြီ ́ဟု မိန့်ဆို ခဲ့ပါသည် (ယော၁၈း၃ရ)။ ထိုပြင် သခင်ယေရှုက ငါသည် အလင်း ဖြစ်လျက် ဤလောကသို ကြွလာပြီး မှောင်မိုက်လောကမှ လွတ်မြောက်ရန်၊ လူသား အားလုံးအတွက် ထွက် မြောက်ရာသမ္မာတရားကို ပေးခဲ့ပါသည်။

ခရစ်တော်သည် သမ္မာတရားဖြစ်ကြောင်းကို အောက်ပါအချက် (၃) ချက်ဖြင့် ဖွင့်ပြနိုင်ပါသည်။ ခရစ်တော်၊ သမ္မာတရားသည် သံသယအမှောင် နှင့် ဘုရားအရာ၌ နေရာ ယူနေသော အရာအားလုံးကို  ဆန့်ကျင်သည်။ သမ္မာတရားသည် မှားယွင်းခြင်းနှင့် ဖောက်ပြန်ယိုယွင်းမှုတိုကို ငြင်းပယ်ပါ သည်။ သမ္မာတရားသည် လိမ်လည်လှည့်ဖြားမှုနှင့် မမှန်မကန် လုပ်ခြင်း ကို ဆန့်ကျင်ပါသည်။ သမ္မာတရားသည် ကောင်းမြတ်စုံလင်မှုကို ပုံဖေါ် ပေးသည့်အပြင် မေတ္တာ၏ အချက်အချာ ကျသော သဘောပင် ဖြစ်သည်။ “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏”ဟုကျမ်းစာလာသည့် အတိုင်း မေတ္တာတရားနှင့် သမ္မာတရားတိုသည် အတူတူပင် ဖြစ်သည်။ ဘုရားသခင်သည်ပင် သစ္စာတရား၊ မေတ္တာတရားပင် ဖြစ်ပါသည်။ ပွင့် လင်းသော ဆက်ဆံမှုဖြင့် ကျွန်ုပ်တိုတစ်ဦးနှင့် တစ်ဦး အပြန်အလှန် ဆွေး နွေးပြောဆိုရာတွင် အဓိကထားရမည့် အချက်မှာ ကိုယ်ချင်းစာစိတ်၊ ပွင့်လင်းခြင်း၊ နှိမ့်ချခြင်းနှင့် ညီမျှခြင်း သဘောများ ဖြစ်သည် ဧဖက် ၂း၁၄-၁၈ တွင် “ခရစ်တော်သည် ကျွန်ုပ်တို့၏ ရန်ငြိမ်းခြင်းအကြောင်း ဖြစ်ပြီးပိုင်း ခြားလျက်ရှိသော စပ်ကြား အုတ်တံတိုင်း နံရံကို ဖြိုဖျက်၍ လူမျိုးနှစ်စုတို ဖြစ်စေတော်မူ၏။” ဘာသာတစ်ခုနှင့် တစ်ခုကြား၊ လူမျိုးတစ်စုနှင့် တစ်စုကြား၊ အတွေးအခေါ်တစ်ခုနှင့် တစ်ခုအကြား ကွဲပြားခြားနားခြင်းဟူသော နံရံ တံတိုင်းကို ခရစ်တော်တည်း ဟူသော သမ္မာတရား (Truth) သည် ထိုနံရံများကို ဖြိုဖျက်ပါမည်။ ခရစ်တော်သည် လူသား အတွက် သတင်းကောင်း ဖြစ်ပါသည်။ ရှင်လုကာ ၄း၁၉တွင် ဆင်းရဲသားတို့အား ဝမ်းမြောက်စရာ သတင်းကို ကြားပြောစေခြင်းငှါ ငါ သိက်ပေးသည်”ဟု ခရစ်တော် ပြောခဲ့ပါသည်။ ခရစ်တော်အားဖြင့် တရားသည် ကြွေမွသော သူတို၏အနာကို ပျောက်စေခြင်း၊ ဖမ်းသွားချုပ်ထားလျက် ရှိသော သူတို့အား လွတ်ခြင်းနှင့် မျက်စိကန်းသော သူတို့ အား မျက်စိပြန်မြင်ခြင်း အကြောင်းတို့ကို လုပ်ဆောင်လျက် ရှိပါသည်။ ခရစ်တော်က “ငါသည်မှန်သော စပျစ်နွယ်ပင်ဖြစ်၏” ဟု (ယော ၁း၁) တွင် မိန့်တော်မူခဲ့ပါသည်။ “ငါ၌ တည်လျက် ရှိသောသူသည် များစွာသော အသီးကို သီးတတ်၏ဟု မိန့်ကြားခဲ့ပါသည်။ ခရစ်တော်၏ သမ္မာတရား၌ ရှိနေသူသည် အသီးမသီးခြင်းတည်း ဟူသော မဖွံဖြိုးခြင်း၊ မအောင်မြင် ခြင်း၊ ဆင်းရဲခြင်း၊ မတိုးတက်ခြင်း၊ မလွတ်မြောက်ခြင်းမှ အသီးသီးခြင်း၊ ဖွံဖြိုးခြင်း၊ အောင်မြင်ခြင်း၊ ချမ်းမြေ့ခြင်း၊ တိုးတက်ခြင်းနှင့် လွတ်မြောက် ခြင်းကို ခံစားရမည် ဖြစ်ပါသည်။ ခရစ်တော်သည် လူသားအားလုံးအတွက် စစ်မှန်သော အသီးကို သီးပေးနေမည်သာ ဖြစ်သည်။

ခရစ်ယာန်တို၏ ကျမ်းစာကို သမ္မာကျမ်းစာဟု ခေါ်ဆိုပါသည်။ “သမ္မာ”ဆိုသော စကားလုံးကို “Truth ဟု ကျမ်းစာထဲတွင် ဘာသာပြန် ဆိုထားပါသည်။ ထိုကြောင့် ခရစ်ယာန်တို့၏တရားမှာ သမ္မာတရား ဖြစ်ပါ သည်။ မည်သူမျှငြင်းဆို၍ မရနိုင်သော တရားကို သမ္မာတရား ဖြစ်သည်။ လူသား အားလုံးက အမြင့်မြတ်ဆုံး၊ အစစ်မှန်ဆုံး အမှန်တရားကို ပုံဆောင်သော တရားမှာ သမ္မာတရား ဖြစ်သည်။ ခရစ်ယာန်တို့၏ဓမ္မတရား (theology)လေ့လာခြင်းသည် သမ္မာတရားကိုပင် လေ့လာခြင်း ဖြစ်သည်။ ကျမ်းစာသည် သမ္မာကျမ်း ဖြစ်ပြီး ဘုရား၏အမိန့်တော်များ (နှုတ်ကပတ်တော်)လည်း ဖြစ်သည်။ ဘုရားသခင်၏ ဖွင့်ပြခြင်းတိုကို လူတို၏ ရူပါရုံ၌ ရရှိပြီး ပြန်လည်ရေးသားထားသော ကျမ်းသည် သမ္မာတရားပင် ဖြစ်သည်။ ထိုကြောင့် ခရစ်ယာန်ဓမ္မအတွေး အခေါ် ပညာရှင်တိုက အဆုံးစွန်ဆုံး အမှန် တရားပင် သမ္မာတရားဖြစ်ပြီး ဘုရားသခင်၏ အင်္ဂါတော်ပင် ဖြစ်သည်ဟု ဖွင့်ဆိုကြပါသည်။ ဓမ္မဟောင်းကျမ်းတွင် “Truth’ ကို Hebrewဘာသာဖြင့် ‘emet’ဟု သုံးနှုန်းထားပါသည်။ သူ၏အဓိပ္ပါယ်မှာ ပြီးမြောက်စေခြင်း၊ သေ ချာခြင်း၊ ယုံကြည်မှုရှိခြင်း သဘောဆောင်သည်။ ဆာလံကျမ်း ၉၆း၁၃ တွင် ထိုစကားလုံး သစ္စာတော်ဟုမြွတ်ဆိုထားပါသည်။ ဆာလံ ၁၁၉း၃၁ တွင်လည်း သစ္စာဟု သုံးထားပါသည်။ ယေရမိ ၅း၁ တွင် သမ္မာ’Truth’ ကို သုံးရာတွင် မှန်သော၊ မှန်ခြင်းဟု ဖွင့်ဆိုထားပါသည်။ ဓမ္မဟောင်း၌ “သမ္မာ” “Truth’ကို သုံးရာတွင် အခိုင်အမာပြောဆိုခြင်း၊ ယုံကြည်စိတ် ခိုင်မာခြင်း၊ အားထား ယုံကြည်ခြင်း၊ ဂတိသစွာ ယုံကြည်မှုရှိခြင်း စသဖြင့် သုံးထား သည်ကို တွေ့ရပါသည်။ ဓမ္မဟောင်းကျမ်းတွင်သာမကကျမ်းစာတစ်ခုလုံး တွင် အသက်ပါသကဲ့သိုသော သုံးနှုန်းမှုမျိုးကို ကျမ်း၏ ဓမ္မသဘော တည် ဆောက်မှု၌ တွေ့ရပါသည်။

ဓမ္မအတွေးအခေါ်ဆိုင်ရာ ဓမ္မသစ်ကျမ်းအဘိဓာန်၌ ဟေဗြဲစာပေ တွင် ရုပ်တိကျသော အမှန်တရားကို လက်ခံပြီး မှန်ကန်သောစကား၊ အမှန် တရားတိုသည် စစ်မှန် တိကျမှုပေါ်တွင် မူတည်၍ နားလည်လက်ခံ ယူကြ သည်။ ထိုသဘောသည် ဘုရားသခင်၏ အမှန်တရားနှင့်တကွ လူသားတို ၏ အမှန်တရားသည် တစ်ခုတည်း ဖြစ်နိုင်ပါသည်။ အားထား ယုံကြည်မှု သည် အမှန်တရားနှင့် သစ္စာရှိမှုပေါ် မူတည်နေပြီး ဘုရားသခင်၏ သမ္မာ တရားကို အားထား ယုံကြည်မှုဖြင့် ဖော်ထုတ်ပါသည်။ ဘုရားသခင်နှင့် အ ပြန်အလှန် ဆက်ဆံခြင်း၊ ဘုရားသခင် ၏ အစစ်အမှန် တရားတော်များကို လိုက်လျှောက်ခြင်းသည် ကတိသစ္စာရှိမှုဟု ယုံကြည်သူအများ လက်ခံကြ ပါသည်။ ဆာလံ၂၆း၃ “အကျွန်ုပ်သည် မေတ္တာ ကျေးဇူးတော်ကို မျက်မှောက်ပြု၍ သစ္စာတရားတော်နှင့် အညီကျင့်ပါ၏။” ဘုရား၏ တရားတော် နှင့်အညီ လိုက်လျှောက်ခြင်းသည် သစ္စာတရား ရှိရုံသာမက သမ္မာတရား၌ ရှိနေခြင်းပင် ဖြစ်သည်။ ဤနေရာတွင် သမ္မာတရား (သို့မဟုတ်) သစ္စာ တရား(Truth)ကို ယုံကြည်မှု တရားအဖြစ် သုံးနှုန်းထားပါသည်။ ဆာလံ ၅၁း၆တွင် “ဖြောင့်မတ်သော အရာကို နှစ်သက်သော ဘုရား” ဟု ဖော်ပြရာတွင် “Truth” ကို ဖြောင့်မတ်ခြင်းအဖြစ် တွေ့ရပါသည်။ ၁ယော ၁း၉တွင် ဘုရားသခင်သည်  သစ္စာတရားနှင့်၄င်း၊ ဖြောင့်မတ်ခြင်း တရားနှင့်၄င်း၊ ပြည့်စုံတော်မူ၏။”ဤနေရာတွင် သစ္စာတရား၊ ဖြောင့်မတ်ခြင်းတရားသည် “Truth အတိုင်း အသက်ရှင်ခြင်း ဖြစ်သည်။ သစ္စာတရားနှင့် ဖြောင့်မ တ်ခြင်းတရားအတိုင်း လိုက်လျှောက်အသက်ရှင်ရပါမည်။ ဓမ္မ ဟောင်းတွင် “Truth သမ္မာတရားကို သစ္စာတရား၊ ဖြောင့်မတ်ခြင်းတရား၊ ယုံကြည် လိုက်လျှောက်မှု တရားအဖြစ် များစွာသော အဓိပ္ပါယ်ဖြင့် သုံးနှုန်းထားပါသည်။

ဓမ္မသစ်ကျမ်းတွင် စစ်မှန်သည် (Truth) ဟူသော စကားကို “alethes”အလီသီး(စ်)ဟု သုံးထားပါသည်။ သူ၏ အဓိပ္ပါယ်သည် နာမဝိသေန သဘောကို ဆောင်ပြီး ရိုးသား ဖြောင့်မတ်မှု၊ မှန်ကန်မှု သဘောကို ဆောင် ပါသည်။ ယော ၇း၁၈ တွင် လုံလောက်သောသူ၊ ဘုန်းအသရေကို ရှာသောသူ၊” ယော ၈း၂၆တွင် “သစ္စာနှင့် ပြည့်စုံခြင်း” စသောအဓိပ္ပါယ်တို့တွင် “alethes” အလီသီး(စ်)ကို သုံးထားပါသည်။ ဖြောင့်မတ်ခြင်း၊ ရိုးသားခြင်း၊ မှန်ကန်ခြင်း၊ ဂုဏ်ယူနိုင်ခြင်းစသောသဘောများမပါလျှင်သစ္စာနှင့်ပြည့်စုံ ခြင်းတို မဖြစ်လာနိုင်ပါ။ အလီသီး(စ်) (Truth) သည် စစ်မှန်သော တရား သဘောဆောင်နေသည်။ ၁ယော ၂း၈-၂ရတွင် သုံးထားပါသည်။ ထပ်မံ၍ alethinos အလီသီးနိုး(စ်)ဟူသော စကားလုံးကို (Truth) ဟုတ်မှန်သော အဓိပ္ပါယ်အဖြစ် သုံးထားပါသည်။ ဥပမာ ဝိညာဉ်ရေးဆိုင်ရာနှင့် တမလွန်ရေး၊ ထာဝရသက်ဆိုင်ရာကျမ်းပိုဒ်များတွင်စစ်မှန်သည် အလီသီးမိ(စ်) ကို သုံးထားပါသည် (ယော ၆း၃၂၊ ဟေဗြဲ ၁၀း၂၂၊ ယော ၁း၉)။ ဓမ္မသစ် ကျမ်းတွင် ဂရိစကားလုံး အလီသီးယား alathein ကို ယေဘူယျ အားဖြင့် “သမ္မာ” (truth) အဖြစ် အကြိမ်ပေါင်း ၁၁ဝ တိုင် သုံးထားပါသည်။ သမ္မာ (truth) ကို ကောင်းမြတ်မှု၊ မြင့်မြတ်မှုကဲ့သို ဖော်ပြပြီး အစစ်အမှန်ကို ကိုယ်စားပြုပါသည်။ မာ ၅း၃၃တွင် ကောင်းမြတ်မှုကြောင့် အမှန်တရား ကို ပြောဆိုခြင်း ဖြစ်သည်။ လူတစ်ယောက်သည် ပြောင်းလဲ၍ အမှန်တရား ကို သိရှိလာလျှင် သူ၏ ကောင်းမြတ်ခြင်းသည် ထပ်ဆင့် ဆိုသလို ဖြစ်လာ ပါသည်။ ကောင်းမြတ်လာသူ သည်လည်း အမှန်တရားဘက်၌ ရပ်တည်ကာ မှန်သည်ကို မှန်သည်ဟု လည်းကောင်း၊ မှားသည်ကို မှားသည်။ ပြောဆိုလာနိုင်ပါသည်။ ယောဟန်၁၇း၁၇တွင်သမ္မာတရား (Truth)သည် ဘုရား၏ သဘောတော်ဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်သည်ပင် သမ္မာတရား ဖြစ်ပါသည်။ လူ့ဇာတိကို ခံယူသော နှုတ်ကပတ်တော် သည် ခရစ်တော်ပင်ဖြစ်ပြီး သမ္မာတရား (truth) သည် ခရစ်တော်၌ ပြည့်စုံလျက် ရှိပြီး ဘုရားသခင်၏ ကျေးဇူးတရား၊ သစ္စာတရား၊ ပြည့်စုံသော ဂုဏ်တော် တို့သည် သမ္မာတရား (Truth) အသွင်ဖြင့် ဖွင့်ပြလျက် ရှိပါသည်။ ယော၊ ၁၇း၁ရ၊ ယော ၁း၁၄၊ ယော ၁၄း၁ရတွင် ကျွန်ုပ်တို၌ ဘုရားသခင်၏ သမ္မာ တရား ကိန်းဝပ်နေလျှင် ဘုရား၏ ဝိညာဉ်တော်ကိန်းဝပ်ခြင်း တည်ရှိခြင်း ဖြစ်သည်။ ထိုသမ္မာတရားသည်ပင် ဘုရားသခင်၏ သန့်ရှင်းသော ဝိညာဉ် တော်ပင် ဖြစ်သည်။

ရှင်ပေါလုနှင့်ရှင်ယောဟန်တို့သည် သမ္မာ (truth) ကိုခွဲခြား၍ သုံး နှုန်းထားပါသည်။ ရော ၉း၁ တွင် ကိုယ်ကိုကိုယ် သိသော စိတ်သည် သန့် ရှင်းသော ဝိညာဉ်တော်နှင့်တကွ ခရစ်တော်ရှေ့၌ အမှန်တရား (truth) ကို ပြောဆိုသည်ဟု ဆိုပါသည်။ ဤနေရာတွင် (truth) ကို အမှန်၊ စစ်မှန် ခြင်း အဖြစ် သုံးထားပါသည်။ ရှင်ပေါလု အမြင်အရ ဘုရားသခင်သည် လူ တို၏ အထင်အမြင် လွဲမှားမှုတိုကို ဖယ်ရှားပြီး၊ ကျမ်းသဘောအားဖြင့် အ စစ်အမှန် တရားတိုကို ဖွင့်ပြပေးပါသည်။ ထိုကြောင့် ဘုရားသခင်၏ ဖွင့် ပြမှုကြောင့် ကျွန်ုပ်တိုသည် စစ်မှန်သော အသိတရားနှင့်တကွ ကိုယ်ကို ကိုယ်ပိုင်းခြားသိခြင်း အပြင် ဘုရားသခင်နှင့် မှန်ကန်စွာ အသက်ရှင်ခြင်း ကို သိရှိနားလည်လာရပါသည်။ သမ္မာတရား၊ သစ္စာတရားကို ဘုရားသခင် သည် အမှန်တရား၊ အစစ်အမှန်အဖြစ် ဖော်ပြသည်သာမက ယုံကြည်သူ တိုင်း ထိုတရားကိုရနိုင်ပြီး နှုတ်ကပတ်တော်အားဖြင့် စစ်မှန်သောလမ်းပြမှု ကို ရရှိနိုင်ပါသည်။ ဓမ္မသစ်ကျမ်း၏ အဓိက သွန်သင်ချက်မှာ သခင်ယေရှု ၏ သတင်းကောင်းသည် သမ္မာတရားပင် (truth) ဖြစ်သည်။ ယောဟန် ကျမ်း၌သာလျှင် သမ္မာတရား (truth)ကို အနက် ဖွင့်ဆိုရာ၌ ကောင်းမြတ် စုံလင်မှုနှင့် အဆုံးစွန်ဆုံး အမှန်တရားအဖြစ် ဖော်ပြထားပါသည်။ သမ္မာ တရားသည် ပုဂ္ဂိုလ်သဘော ဖြစ်သာမက၊ အသိတရားဖြင့် မြင်နိုင်သော အရူပအရာလည်း ဖြစ်ပါသည်။ သမ္မာတရား၏ သူ့ပင်ကိုယ် သဘောသည် အမှန်နှင့် အမှားကို ခွဲခြားပြသနိုင်သည်။ စစ်မှန်သော အရာများကို ခွဲခြားသိရှိနိုင်ရန် သမ္မာတရားက လုပ်ဆောင်ပေးပါသည်။ ထိုကြောင့် သမ္မာတရားသည် ပြုလုပ်ခြင်း သဘောဆောင်ပြီး အရာခပ်သိမ်းကို ပြောင်းလဲ နိုင်ပါသည်။ ခရစ်တော်က ငါသည် သမ္မာတရားဖြစ်သည်ဟု ဆိုသော အချက်မှာ ခရစ်တော်သည် ဘုရား စစ်မှန်သည်သာမက အရာခပ်သိမ်းကို ပြောင်းလဲနိုင်ပါသည်။ ခရစ်တော်အားဖြင့် ကျွန်ုပ်တို့၏ ဘဝ၌ ဝိညာဉ် ရေးရာ၊ လူမူရေးရာ အစရှိသောအရာများ၌အမှားနှင့် အမှန် ပိုင်းခြား၍ပြောင်း လဲနိုင်ပါသည်။ ထိုကြောင့် ခရစ်ယာန်တို့၏ အချက်အချာ သဘောတရားသည် သမ္မာတရား (truth) ပင်ဖြစ်ပါသည်။

 

(၅) ကိုယ်တွေ့ အဖြစ်အပျက်များနှင့် ထူးခြားသော အတွေ့ အကြုံများအသုံးချသောအသွင်ပုံစံ

(The Transcendental Model)

၁) တွဲဖက်ပြုလုပ်ရမည့်ပုံစံ ၊

အတွေ့အကြုံအခြေပြုပုံစံ (personal experience)

၂) အခြေပြုကျမ်းချက် ‘

“အဝတ်ဟောင်းကို အထည်သစ်နှင့် ဖာလေ့မရှိ။ ထိုသို့ ဖာလျှင် ဖာသော အထည်သစ်သည် အဝတ်ဟောင်းကို စား၍ အပေါက်ကျယ်တတ် ၏။ ၄င်းနည်း ဟောင်းသော သားရေဘူး၌ အသစ်သော စပျစ်ရည်ကို ထည့် လေ့မရှိ။ ထိုသို ထည့်လျှင် အသစ်သော စပျစ်ရည်သည် သားရေဘူးကို ဆုတ်ခွဲသဖြင့် စပျစ်ရည်သည် ယို၍ သားရေဘူးလည်း ပျက်စီးတတ်၏။ အသစ်သော စပျစ်ရည်ကို အသစ်သော သားရေဘူး၌ ထည့်ရသည်ဟု မိန့်တော်မူ၏”(မာ ၂း၂၁-၂၃)။

 

 

 

၃) ရေခံမြေခံ ပြုခြင်း ၊

တစ်ဦးချင်း ကိုယ်တွေ သက်သေခံချက်များနှင့် ထိမိသော အတွေ့အကြုံများသည် ပို၍ ယုံကြည်လာစေသော အချက်များဖြစ်သည်။ ကောင်းမြတ်ခြင်းနှင့် သစ္စာရှိခြင်းသည် တစ်ဦးစီ၏ အရည်အသွေးများ ဖြစ်သည်။ ထိုအရာများနှင့် ထိတွေ့စေခြင်းဖြင့် သာသနာပြုခြင်း ဖြစ်သည်။ လူသား တို၏ သမိုင်းကြောင်းများတွင် ရှေးယခင်မှအစပြုပြီး ယနေ့တိုင် ဖြစ်ပျက်နေသော လက်တွေ့ဖြစ်ရပ် အမှန်နှင့် အမှားများကို နမူနာယူ လေ့လာကာ သာသနာတော်အတွက် ထိရောက်သော အသိအမြင်များ ပေါ်ထွက်လာ စေရပါမည်။

 

၄) တွေ ကြုံနိုင်သော အခက်အခဲ

ရေခံမြေခံ သာသနာပြုရာတွင် ဘာသာတစ်ခုနှင့် ဘာသာတစ်ခု၊ တစ်ဦးနှင့်တစ်ဦး၊ အထင်ကြီးလေးစား မှုသည် ကိုယ်တွေ့အဖြစ်အပျက်များ နှင့် ထူးခြားသော အတွေ့အကြုံများ အသုံးချသောအသွင် ပုံစံ (The Transcendental Model) ကို အသုံးမချပါက အခက်အခဲနှင့် တွေ့ကြုံနိုင်ပါသည်။ တစ်ဦးကို တစ်ဦး ယုံကြည် လေးစားမှသာ တစ်ဦးပြောသည့် စကားကို ကျန်တစ်ဦးက လေးစားယုံကြည်မည် ဖြစ်သည်။

 

၅) ကောင်းချီးမင်္ဂလာနှင့် ကြိုးစားမှရမည်

လူသားတိုင်းတွင် အခက်အခဲများ၊ ပြဿနာများ တွေ့ကြုံရသည့် အခါတိုင်း ဘုရားကို အားကိုးကြစမြဲ ဖြစ်သည်။ အန္တရာယ်နှင့် ကြုံတွေ့ သည့်အခါတွင်လည်း ဘုရားရှင်ကို ကယ်ပါ ဟူ၍ ခေါ်ကြစမြဲ ဖြစ်သည်။ ထိုကဲ့သိုသော အခြေအနေမျိုးတွင် တန်းခိုးရှင်မှ ကယ်တင်ပေးလိုက်ခြင်း ကို ကိုယ်တွေ့ ခံစားမှုအဖြစ် သက်သေခံပါက ရေခံမြေခံ သာသနာပြုခြင်း ကို ပို၍ နားလည်လာမည် ဖြစ်သည်။ မရေရာ မသေချာသော အခြေအနေ တွင်လည်းကောင်း၊ ကြိုးစား၍ မရနိုင်တော့သည့် အခြေအနေမျိုးမှ လက်လျော့ရခါနီးတွင် ဘုရားရှင်၏ ကောင်းမြတ်သော မစမှုနှင့် ကောင်းချီး မင်္ဂလာတို့ကြောင့် ကောင်းသော အခြေအနေမျိုးကို ရရှိနိုင်သည်ကို သက်သေခံရမည် ဖြစ်သည်။ မိမိ မတတ်နိုင်တော့သည့်အခါမျိုးတွင် ဘုရားရှင် မှ တတ်စွမ်းနိုင်သော ဘက်သို့ ပို့ဆောင်ပေးခြင်းမျိုးကို သက်သေခံပါက ကြားရသူတိုင်းက အံ့ဩစွာဖြင့် ယုံကြည်လက်ခံလာပါမည်။ ကြိုးစား လုပ်ဆောင်ခြင်း၊ လက်မလျော့သော ဇွဲလုံလ၊ ဝီရိယတို့နှင့် အောင်မြင်သော အခြေအနေသို့ ရောက်ရှိသွားခြင်းသည်လည်း ရလဒ်ကောင်း ဖြစ်သည်။

(၆) မတူကွဲပြားခြင်းများ ခြင်းများရှိခြင်းကို သိရှိကာနှိင်းယှဉ်ခြင်းအသွင်ပုံစံ

(The Countercultural Model)

၅) တွဲဖက်ပြုလုပ်ရမည့်ပုံစံ

နှိုင်းယှဉ်ခြင်း၊ ခြားနားခြင်း၊ ကြိုတင်ပြောဆိုခြင်းနှင့် ဝန်ခံပြောကြားခြင်း (engagement,  prophetic, contrast, confes-sional model)

 

၂) အခြေပြုကျမ်းချက်

 သင်တိုသည် လောကီပုံသဏ္ဍာန်မဆောင်ကြနှင့်။ ကောင်းမြတ်ရာ၊ နှစ်သက်ဘွယ်သော အရာ၊ စုံလင်သော အရာတည်းဟူသော ဘုရားသခင် အလိုတော်ရှိသော အရာသည် အဘယ်အရာဖြစ်သည်ကို သင်နိုင်မည်အကြောင်း၊ စိတ်နှလုံးကို အသစ်ပြင်ဆင်၍ ပုံသဏ္ဌာန် ပြောင်းလဲ ခြင်းသို့ ရောက်ကြလော့”(ရော ၁၂း၂)။

 ငါတိုမူကားလက်ဝါးကပ်တိုင်မှာအသေခံတော်မူသောခရစ်တော် ရှိ အကြောင်းအရာကို ဟောပြောကြ၏။ ထိုအကြောင်း အရာသည်ကား၊ ယုဒအမျိုးသား ထိမိ၍လဲစရာအကြောင်းဖြစ်၏။ တပါးအမျိုးသား၌ကား မိုက်မဲခြင်း ဖြစ်၏”( ၁ကော ၁း၂၃)။

“ယေရှုခရစ်၏ တမန်တော် ငါပေတရုသည် နားထောင်းခြင်း ကျေးဇူး ၊ ယေရှုခရစ်၏ အသွေးတော်နှင့်ဖြန်းခြင်း၊ ကျေးဇူးကိုခံရမည်အကြောင်း၊ ဝိညာဉ်တော်အားဖြင့် သန့်ရှင်းခြင်းသို ရောက်၍ ခမည်းတော် ဘုရားသခင် ၏ အနာဂတံသ ဉာဏ်တော်အတိုင်း ရွေးကောက်တော်မူသော သူတည်း ဟူသော ပုန္တုပြည်၊ ဂလာတိပြည်၊ ကပ္ပဒေါကိပြည်၊ အာရှိပြည်၊ ဗိသုနိပြည်၊ အရပ်ရပ်တို၌ ကွဲပြားသော ဧည့်သည် အာဂန္တုတိုကို ကြားလိုက်ပါ၏။ ကျေး ဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို၌ များပြားပါစေသော”(၁ပေ ၁း၁)။

 

၃) ရေခံမြေခံပြုခြင်း

ရှိနှင့်ပြီးသော ယဉ်ကျေးမှုနှင့် စေ့စပ်ကာ ကိုက်ညီမှုရှိအောင် ထွန် ယက် စိုက်ပျိုးခြင်း ပြုရပါမည်။ ရောနှောရမည့် အရာကို ရောနှောပြီး မ ပေါင်းဘဲခွဲထားရမည့်အရာတို့ကို ခွဲ၍မျိုးကောင်းများ ရရှိအောင်သာသနာ ပြုရပါမည်။ မြေကြီးပေါ် မူတည်၍ ထည့်ရမည့် အရာများနှင့် အားပေးရ မည့် အရာများကို အပင်ပေါ် မူတည်၍ ပြုစုပေးခြင်းနည်းကဲ့သို သာသနာပြုရပါမည်။

 

၄) သေခြင်းတရားနှင့် ရှင်ပြန်ခြင်းတရား

မလွန်ဆန်နိုင်သော သေခြင်းတရားကို ဗုဒ္ဓဘာသာတို့က စစ်မှန် သော တရားအဖြစ် သစ္စာတရားတွင် ထည့်သွင်းလက်ခံကြပါသည်။ လူ သားတိုင်းမလွဲမသွေရင်ဆိုင်ရမည့်လမ်းဆုံး အစစ်တစ်ခုလည်းဖြစ်သည်။ ချုပ်ငြိမ်းခြင်းကို ရနိုင်ရန်မှာလည်း သေခြင်းသည် မရှိမဖြစ် ရှိရမည့် အမှန် တရား တစ်ခုဖြစ်သည်။ သေခြင်း၊ ပျက်စီးခြင်းသို ရောက်ခြင်းကို မရဏ ရောက်သည်ဟု ဆိုကြပါသည်။ မရဏသည် မရ် စကားလုံးမှ လာပါသည်။ ဆိုလိုရင်းမှာ အသက်ကို စွန့်ခြင်းဟု ဆိုပါသည်။ မရဏ(၄)မျိုး ရှိပါသည်။

(က) အာယုက္ခယမရဏ = အသက်တမ်းကုန်၍ သေဆုံးခြင်း။

(ခ) ကမ္မက္ခယမရဏ = ကံကုန်၍ သေဆုံးခြင်း။

(ဂ) ဥဘယက္ခယမရဏ = အသက်တမ်းနှင့် ကံစွမ်းနှစ်ပါးလုံးကုန်၍ သေဆုံးခြင်း။

(ဃ)ဥပစ္ဆေဒကမရဏ = သက်တမ်းနှင့် ကံစွမ်းနှစ်ပါးလုံးမကုန်သေးသော်လည်း ကပ်၍ ဖြတ်တတ်သော ကံကြောင့်

ဥပမာ-ဘေးဒဏ်များကြောင့် သေဆုံးခြင်းဖြစ်သည်။ ဗုဒ္ဓဘာသာ သည် လူခန္ဓာကိုယ်ထဲတွင် ဘုရားထံမှလာသော ဝိညာဉ်မရှိဟု ခံယူကြပါ သည်။ ဆိုလိုသည်မှာ လူကို ဖန်ဆင်းသည်ဟူသော ယုံကြည်မှုမျိုးကို လက်မခံသောကြောင့် ဖြစ်သည်။ ထိုကြောင့် လူထဲတွင် ဖန်ဆင်းရှင်ထံမှ ဝိညာဉ်မျိုးမရှိဟု လက်ခံကြပါသည်။ လူ၏ ကိုယ်ခန္ဓာသည် ပျက်စီးပြီးနောက် ရှင်ပြန်စရာအကြောင်း မရှိဟု လက်ခံကြပါသည်။ ထိုကြောင့် လူ၏ ကိုယ်ခန္ဓာသေပြီးနောက် ရုပ်နှင့် နာမ်နှစ်ခုစလုံး ဘာမျှမကြွင်းမကျန်ပါ။ ထိုကဲ့သို ဘာမျှမကြွင်းမကျန်သောကြောင့် လူသည် သေခြင်းနှင့်အတူ နောက်ဆုံးတွင် ရုပ်နှင့်နာမ်မရှိသော နိဗ္ဗာန်သို ရောက်နိုင်သည်ကို လက်ခံ ကြပါသည်။

ခရစ်ယာန်ဘာသာက လူကို ဘုရားက ဖန်ဆင်းသည်ကို လက်ခံပါသည်။ ၁ကော ၁၅တွင် ဖန်ဆင်းခြင်း၌ ဇာတိကိုယ်ခန္ဓာသည် ရှေးဦးစွာ ဖြစ်ပြီး နောက်မှ ဝိညာဉ်ကိုယ်ဖြစ်သည်ဟု ဖော်ပြထားသောကြောင့် လူကို

မြေကြီးဖြင့် ဖန်ဆင်းပြီးမှ ဝိညာဉ်ကို ထည့်သွင်းခဲ့ပါသည်။ ထိုကြောင့် လူ သားပုံသဏ္ဍာန်ကို ဆောင်သကဲ့သို ကောင်းကင်သား ပုံသဏ္ဍာန်ဆောင်သည်ကို တွေ့ရပါသည်။ လူသည် ဇာတိကိုယ်ခန္ဓာရှိ အောင် တစ်နေ့တွင် ပျက်ကို ပျက်ရမည်ဖြစ်သည်။ သေခြင်းသည် လူ ထဲတွင် ဖန်ဆင်းစကတည်းက ပါရှိပြီး ဖြစ်သည်။ ပုပ်ပျက်တတ်သော ကိုယ်ခန္ဓာသည် မပုပ်နိုင်သော အဖြစ်သို မရောက်နိုင်ပါ။ လူသည် ဇာတိ အားဖြင့်တစ်နေ့တွင် သေရမည်ဖြစ်သော်လည်းဝိညာဉ်ကိုယ်အားဖြင့် ကောင်းကင်သို ပြန်ရမည်ဖြစ်သည်။ လူဇာတိကို ခံယူသောသခင်ယေရှုကို သားတို ကားတိုင်ထက်တွင် သတ်ခဲ့ကြသော်လည်း သခင်ယေရှုသည် သေခြင်းမှ ရှင်ပြန်ခဲ့ပါသည်။ ထိုကြောင့် ခရစ်တော်ကို ယုံကြည်သူတိုင်း သည် ဇာတိကိုယ်ခန္ဓာသည် မြေကြီးသို့ သေဆုံးသွားသော်လည်း ဝိညာဉ် ကိုယ်ခန္ဓာသည် သခင်ယေရှုကဲ့သို ရှင်ပြန်ခြင်းကို ခံရပါသည်။ ခရစ်ယာန် တိုအတွက် လူသည် သေခြင်းတရားကို ဧကန်အမှန်ရင်ဆိုင်ရမည် ဖြစ် သော်လည်း သခင်ယေရှုကြောင့် ဝိညာဉ်ကိုယ်သည် ရှင်ပြန်ခြင်းအခွင့်ကို ရရှိပါသည်။

 

၅) အနတ္တ၊ သင်္ခါရနှင့် ထာဝရ

“အနတ္တ” ဟူသောစကားလုံး၏စာပေသဘောအရအဓိပ္ပါယ်မှာလုံးဝ မတူသော်လည်း၊ ဓမ္မတရားသဘောအရ တူညီနေသည်ကို တွေ့ရပါသည်။ “အနတ္တ” ဟူသော စကားလုံး၏ မူရင်း ပါဠိ အဓိပ္ပါယ်တွင် န+အတ္တ တို ပေါင်းစပ်ထားပါသည်။ “န”သည် “မ” သဘောကို ဆောင်ပါသည်။ “အတ္တ” သည် “မြခြင်း”၊ “မကုန်ဆုံးခြင်း”ဟုအဓိပ္ပါယ်ရပါသည်။ အနတ္တဆိုသည်မှာ တည်မြဲသော အရာမရှိ၊ မကုန်ဆုံးသော အရာမရှိဟု ဆိုခြင်း ဖြစ်သည်။ လူ ၏ အထဲတွင် တည်မြဲသော အတ္တ (ခ) ဝိညာဉ်ကောင်မရှိဟု ဆိုနေခြင်း ဖြစ် သည်။ သိုသော်ထိုအနတ္တ၏ ဓမ္မအတွေးအခေါ်အရ ဆိုလျှင် သင်္ခါရ တရား ပါနေခြင်း ဖြစ်ပါသည်။

– ဒေသနာကျမ်း ၁း၂ တွင် အနတ္တတရားကို ဟောထားပါသည်။ အဂ်လိပ် စာပေတွင် ‘Vanity’ ဟု ခေါ်ပါသည်။ ဆိုလိုရင်းမှာ ဘာ ‘အကျိုးမှ မရှိ” (သို့) “မရှိကိုအရှိလုပ်ထားသည်” ဟု အဓိပ္ပါယ်ရပါသည်။ မူရင်း လက်တင်စာပေတွင် vanus ဟု‌ခေါ်ဆိုပြီး ‘Empty’ (or) ‘Emptiness “ဘာမှမရှိခြင်း” ဟုအဓိပ္ပါယ်ရပါသည်။ ဓမ္မဟောင်းကျမ်းတွင် ဟေဗြဲစာပေအရ ‘hebhel’ ဟုခေါ်ဆိုပြီး ‘breath’ ဟေရှာ ၅၇း၁၃ သမ ‘vapour သု ၂၁း၆ “လေကို ရှုထုတ်လိုက်သည့်အခါ ဘာမျှ မကျန် ပျောက်ဆုံးသွား သည်၊ တနည်းအားဖြင့် “nothingness’ ဘာမျှမရှိခြင်း ဟု ဆိုပါသည်။ တနည်းအားဖြင့် “no profit သမ‘worthless“အကျိုးမရှိသည်” ဟု ဆိုပါ သည်။ ထိုအသုံးအနှုန်း၏အဓိပ္ပါယ်နှင့်တရားသဘောကို တူညီစွာဖြင့်ဖော် ပြထားသော ကျမ်းသည် ဓမ္မသစ်ကျမ်းတွင် တွေ့ရပါသည်။ ယာကုပ် ၄း၁၄ တွင် “သင်တို့အသက်သည် အဘယ်သို့သော အရာ ဖြစ်သနည်း။ ခဏသာထင်ရှားပြီးမှ ကွယ်ပျောက်တတ်သော အခိုးအငွေ့ဖြစ်၏။ ထိုစကားလုံး၏ စာပေ သဘောအရ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်တိုသည် မတူညီသော အဓိပ္ပါယ် ရှင်းလင်းချက်များ ရှိနေပါသော်လည်း နှစ်ဘာသာစလုံး၏ တူညီ သော သဘောသည် “သင်္ခါရ” ပင်ဖြစ်သည်။

သင်္ခါရ = ပြုပြင်စီရင်အပ်သော အကြောင်းတရားအပေါင်းစု။ ပြုပြင် စီရင် ပြောင်းလဲသော အင်္ဂါအစု။ အဟောင်းသည် အသစ်ဖြစ်သွားရခြင်း မှာ သင်္ခါရကြောင့် ဖြစ်သည်။ သင်္ခါရမရှိပါက အဟောင်းသည် အဟောင်း နေရာတွင် ရှိပြီး အသစ်ဖြစ်လာမည်မဟုတ်ပါ။ ထိုနည်းတူ အသစ်သည် အဟောင်းဖြစ်သွား ရခြင်းသည်လည်း သခါရကြောင့် ဖြစ်သည်။ သင်္ခါရသည် ဖန်ဆင်းမှု၏ ကိရိယာအင်္ဂါ တစ်ခုပင် ဖြစ်သည်။ သင်္ခါရ ရှိနေသောကြောင့် ရပ်နေသော အရာသည် ရွေ့နိုင်ပြီးရွေ့နေသောအရာသည် ရပ်နိုင်ခြင်း ဖြစ် သည်။ မရှိခြင်းမှ၊ ရှိခြင်းသို ဖြစ်လာရခြင်းသည် သင်္ခါရကြောင့် ဖြစ်သည်။ ရှိခြင်းမှ မရှိခြင်းသို ဖြစ်သွားခြင်းသည်လည်း သင်္ခါရကြောင့် ဖြစ်သည်။ လူတစ်ယောက်သည် လျှပ်စစ်ဓာတ်လိုက်သည့်အခါတွင် ကိုယ်ခန္ဓာ၊ စိတ် နှင့် ဝိညာဉ်အားလုံးဓာတ်လိုက်ပါသလား။ စာမေးပွဲဖြေသောကျောင်းသား များသည် စာများ မေ့လျော့သောအခါတွင် ဝိညာဉ်က မှတ်သာထားပြီး အ ဘယ်ကြောင့် ပြန်၍ မဖော်ပြပေးသနည်း။ ပြန်၍ မပေါ်လာသောကြောင့် ဝိညာဥ်သည်လည်း မေ့လျော့ခြင်းဖြစ်ပေါ်ပါသလား။ မှတ်သားထားသော ဦးနှောက်ပိုင်းသည် မေ့လျော့သွားလျှင် ဝိညာဉ်ပိုင်းသည်လည်း မေ့လျော့ သွားပါသလား။ စသည့် မေးခွန်းများကို ဖြေနိုင်ရန်မှာ သင်္ခါရ သီဩလော်ဂျီ ဖြစ်သာ ဖြေရှင်းနိုင်မည် ဖြစ်သည်။ ရေခံမြေခံ ဓမ္မအတွေးအခေါ်သည် အသစ်အဆန်း တရားများနှင့် သီဩလော်ဂျီ အတွေးအခေါ်အသစ်များကို နေခြင်း မဟုတ်ပါ။ ကမ္ဘာကြီးအစမှ ယနေ့ထိတိုင် မှန်နေသော များကို ရှာဖွေ ရေးသားတင်ပြခြင်း ဖြစ်သည်။ သိုသော် မိမိ၏ ရေခံ သဘောတရားများကို ကောင်းစွာနား လည်ရမည် ဖြစ်သည်။ စာတွေ့ အားဖြင့် သာ နားလည်မှု ရှိနေခြင်းမဟုတ် ကိုယ်တွေ့လက်တွေ့သဘော ဖြင့် နားလည်ထား ရပါမည်။

ထာဝရ = အမြဲတည်ခြင်း၊ခိုင်မြဲသည်။ ပါဠိတွင် ဌာနှင့် ဝရ ပေါင်းစပ် ထားပြီး၊ ဌာ ၏ အဓိပ္ပါယ်မှာ ရပ်တည်ခြင်းဟု ဆိုပါသည်။ ဝရ၏ အဓိပ္ပါယ် မှာ မြတ်သည်ဟု ဆိုပါသည်။ ထာဝရ၏ အဓိပ္ပါယ်မှာ နေရာကို ဆိုလိုခြင်း မဟုတ်ပါ။ တည်မြဲခြင်း၊ မြတ်ခြင်း၊ ခိုင်မြဲခြင်းကိုဆိုလိုပါသည်။ ထာဝရသည် အချိန် အတိုင်းအတာကို ဆိုလိုခြင်း မဟုတ်ပါ။ ထာဝရသည် နေရာဌာန ကို ဆိုလိုခြင်း မဟုတ်ပါ။ ထာဝရသည် အရည်အသွေးပင် ဖြစ်ပါသည်။ ထာဝရအသက်ဟု ဆိုရာတွင် မပျက်စီးနိုင်၊ အမြဲ တည်ခြင်း၊ အစဉ်ရှိနေ ခြင်းကို ဆိုလိုပါသည်။ ဖန်ဆင်းရှင် ဘုရားသခင်၏ ဂုဏ်တော်သည်ပင် ထာဝရဖြစ်ပါသည်။ ထိုကြောင့် ဘုရားသခင်ကို ထာဝရဘုရားဟု ခေါ်ဆို ကြခြင်း ဖြစ်ပါသည်။

၆) နိဗ္ဗာန်နှင့် ကောင်းကင်ဘုံ

ဗုဒ္ဓ၏ တတိယသစ္စာတရားမှာ နိရောဓပင် ဖြစ်သည်။ အဓိပ္ပါယ်အား ဖြင့် ဒုက္ခဆင်းရဲခြင်းမှ လွတ်မြောက်ရာ၊ အောင်မြင်ရာ အစစ်အမှန်တရား ပင် ဖြစ်သည်။ သမုဒယကြောင့် ဒုက္ခဆင်းရဲခြင်း ဖြစ်ရခြင်း ဖြစ်သည်။ ထို ဒုက္ခဆင်းရဲမှ လွတ်ကင်းနိုင်ဖိုရာ ထွက်မြောက်ရာလမ်းသည် နိရောဓပင် ဖြစ်သည်။ နိရောဓသည် လက်ညှိးထိုးပြစရာ နေရာမဟုတ်ပါ။ သတ်မှတ် ချက်လည်းမဟုတ်ပါ။ တစ်နည်းတဏှာများကုန်ခမ်းသွားခြင်း နှင့်ဘဝခန္ဓာ အသစ်မဖြစ်တော့ခြင်း၊ ခန္ဓာမရှိတော့သောကြောင့်ဒုက္ခမရှိတော့ခြင်းကိုဆိုလိုပါသည်။ တစ်နည်းနိရောဓသည် ဒုက္ခအပေါင်း ချုပ်ငြိမ်းခြင်း ဖြစ်သည်။ နိရောဓသည် လောက၌ရှိသော အိုခြင်း၊ နာခြင်း၊ သေခြင်းကင်းမဲ့သွား ဘဝမရှိတော့ခြင်း ဖြစ်သည်။ လူသားတိုသည် မိမိပြုသောကုသိုလ်ကံကြောင့် ဘဝအဖန်ဖန်လည်နေရပါသည်။ နိရောဓသည် ဘဝအဖန်ဖန်ဖြစ် ခြင်းမရှိတော့ခြင်း၊ တစ်နည်းကံတရား ပင်မရှိတော့ခြင်းဖြစ်သည်။ နိရောဓ သည် ချမ်းသာခြင်း ခံစားနေရခြင်း၊ အမြင့်ဆုံးကောင်းကင်ဘုံသဘောမျိုး ကို မဆောင်သကဲ့သို စကြာဝဠာသဘောလည်း မဆောင်ပါ။ နိရောဓသည် သုခနှင့်ဒုက္ခ မရှိတော့ခြင်း ဖြစ်ပါသည်။ လွတ်မြောက်ခြင်း သဘော၏အ ခြေခံကို စဉ်းစားပါက‘မ’သဘော၊ မလွတ်မြောက်ရခြင်းကြောင့်သာလွတ် မြောက်ရန် လိုအပ်ခြင်း ဖြစ်သည်။ မလွတ်မြောက်ခြင်းမရှိပါက လွတ် မြောက်ဖိုရန် မလိုတော့ပါ။ ထိုကြောင့် လွတ်မြောက်ခြင်း၊ နိရောဓသစ္စာအ မှန်တရားတိုသည် မလွတ်မြောက်ခြင်း၊ ဒုက္ခသစ္စာနှင့် ဆက်စပ်နေပါသည်။ တစ်ခုမရှိလျှင် ကျန်တစ်ခုလည်း မရှိတော့ပါ။ နိရောဓကို နိဗ္ဗာန်ဟု ဖွင့်ဆို ကြပါသည်။ ထိုကြောင့် ဒုက္ခအပေါင်းချုပ်ငြိမ်းရာသည် နိဗ္ဗာန်ပင် ဖြစ်သည်။ နိဗ္ဗာန်သည် ဘုံအဆင့် မဟုတ်ပါ။ လူများ နားလည်လွယ် အောင် ခေါ်ဆိုကြ ရာမှ နိဗ္ဗာန်ဘုံဟု ပြောဆိုကြခြင်း ဖြစ်သည်။

ခရစ်ယာန်တို့ ယုံကြည်သော ကောင်းကင်ဘုံသည် အထက်အရပ် ကို ဆိုလိုပါသည်။ အမြင့်ဆုံး၊ အမြတ်ဆုံး လူသားနှင့် ကောင်းကင်တမန် နတ်သားများထက် မြင့်သော အဆင့်ကို ဆိုလိုပါသည်။ ထိုနေရာသည် ဘုရားသခင် စံမြန်းသည်ကို လက်ခံထားပါသည်။ ထိုနေရာကို ညွှန်ပြ၍ မရ နိုင်သကဲ့သို ရောက်ချင်သူတိုင်း မရောက်နိုင်သော နေရာ ဖြစ်ပါသည်။ ကောင်းကင်ဘုံသည် ညွှန်ပြ၍ မရနိုင်သော်လည်း ခံစား၍ ရနိုင်ပါသည်။ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ အေးချမ်း သာယာမှုနှင့်အတူ ကြွယ်ဝခြင်း၊ ကောင်းမြတ်ခြင်း စသည်တို့သည် ကောင်းကင်ဘုံအဆင့်များ ဖြစ်ကြသည်။ ဘုရားရှင်ကိုယုံကြည်သူတိုင်း၊ ထိုကဲ့သို ခံစားရပါကကောင်း ကင်ဘုံသည်သင့်ထံတွင် ရှိနေပါသည်။ ထိုနေရာသည် ထာဝရဖြစ်ပြီးခြင်း ကင်းမဲ့ရာနေရာ၊ ခပ်သိမ်းသောဝမ်းနည်းခြင်း၊ ပူဆွေးခြင်းကင်းမဲ့ရာနေရာ ဖြစ်ပါသည်။ လူသားတို့ နေထိုင်ရာ လူသားနိုင်ငံ တော်နှင့် တင်စားပြီး ကောင်းကင်နိုင်ငံတော်ဟုလည်း လက်ခံထားပါသည်။ ထိုနိုင်ငံသည် သေခြင်းမရှိ၊ ပျက်စီးခြင်း၊ ခြင်းမရှိ ရှင်ခြင်းနှင့်ထာဝရအသက်သာရှိသည်ဟု လက်ခံ ထားကြပါသည်။ ထိုကဲ့သိုသော ကောင်းကင်နိုင်ငံသည် ဤလောကနိုင်ငံ ထဲတွင် ရှိနေပြီး လူသားတိုင်း၏ နှလုံးသားထဲတွင် ရှိနေသည်ဟုလည်း လက်ခံကြပါသည်။ ကောင်းကင်ဘုံသည် မရှိသောသဘောကို မဆောင်သကဲ့သို့ ရုပ်သဘောကိုလည်း မဆောင်ပါ။ ကျမ်းစာကလူသားတိုနားလည် သဘောတို့ဖြင့် တင်စားကာ ဖွင့်ဆိုထားသောကြောင့် ကောင်း ကင်ဘုံဟု အမည်ပေးထားခြင်းဖြစ်သည်။ အမှန်တကယ်တွင် ကောင်းကင်သာ ဆိုရမည် ဖြစ်ပါသည်။ ဘုံဟုထည့်ခေါ်ဆိုလိုက်ရခြင်းသည် မြန်မာ ပြည်သားများ နားလည်ရန် သုံးစွဲခဲ့ခြင်း ဖြစ်သည်။ ခရစ်ယာန်တို့ သာကောင်းကင်သည် ဘုံအဆင့်မျှသာမဟုတ်ပါ။ ဘုရားသခင်တည်ရှိရာ ကောင်းကင်နိုင်ငံလည်း ဖြစ်ပါသည်။

 

၁၀။ ရေခံမြေခံအသွင်ပြုခြင်းမှ ကမ္ဘာလောကကြီးအသွင်ပြုခြင်း (Contextualization to Globalization)

ဘုရားသခင်သည် ကမ္ဘာလောကကြီး၏ သမိုင်းစဉ်နှင့် လူသားတို၏ သမိုင်းစဉ်ထဲတွင် အမြဲရောယှက် ပါဝင်နေပြီး ထိုသမိုင်းစဉ်ကြီးတစ်ခုလုံး ကို အလိုတော်အတိုင်း ဖြစ်လာစေရန် သူသည် မည်သည့် လူသားမဆို သုံး ချင်လျှင် အသုံးချပါလိမ့်မည်။ သူကိုယ်တိုင်ပင် လူ့သမိုင်းထဲသို ဝင်လာပြီး လူ့သမိုင်း၏ မကောင်းမှုများ၊ အပြစ်ဒုစရိုက်များကို ဖွင့်ပြကာ ထိုအထဲမှကောင်းမြတ်သော တရားများ၊ မေတ္တာတရား၊ သစ္စာတရားနှင့် သမ္မာတရား များကို လမ်းပြ သွန်သင်ပေးခဲ့သည်။ ကမ္ဘာလောကကြီးကို ဟေဗြဲစကား kosmos ဟုဆိုထားပြီး ဂရီစကားအားဖြင့် oikoumene ဟု ဆိုထားပါသည်။ ဘုရားသခင်သည် kosmos ထဲသို လူ့ဇာတိခံယူ လိုက်ခြင်း (Incarnation)သည်အကြီးဆုံးသော (Secularization)လောကီရေးရာ အဖြစ်သို အသွင်သဏ္ဍာန် ပြောင်းလိုက် ခြင်းပင် ဖြစ်သည်။ ဘုရားသခင်၏ သာသနာတော်သည် Secularization အသွင် ဖြစ်လာပါသည်။ တစ်နည်း အားဖြင့် Globalization ကမ္ဘာလောကကြီးအသွင် ဝင်ရောက်နေခြင်း ဖြစ်သည်။ ဤနေရာတွင် David J. Bosch ဖော်ပြခဲ့သော Mission as Contextualization နှင့် Mission as Inculturation သ ဘောတရား အမြင်နှင့်ထပ်တူ ဖြစ်ပါသည်။ လောကီရေးရာ အဖြစ်သို အသွင်သဏ္ဍာန်ပြောင်းလိုက်ခြင်း: (Secularization) နှင့် လောကီရေးရာ စွဲလမ်းမှုဝါဒ (Secularism) တို့မတူကြပါ။ Secular ဆိုသော စကားသည် လက်တင်စကား Saectlum မှလာပြီး ယခုခေတ် (သို့) ကမ္ဘာကြီးဟု အဓိပ္ပါယ်ဖွင့်ထားပါ သည်။ ကမ္ဘာကြီးထဲသို ဝင်ရောက်ခြင်း ဆိုသည်မှာ လောကီရေးနှင့်လော ကသားများ၏ အရေးတိုကို လုံးဝလျစ်လျူရှုပြီး လောကုတ္တရာ တစ်ခု ထဲကိုသာ အာရုံစိုက် လုပ်ဆောင်ခြင်း မဟုတ် လောကုတ္တရာနှင့် လောကီ အကျိုး နှစ်ဖြာကို စိတ်ရောကိုယ်ပါ လုပ်ဆောင်ခြင်း ဖြစ်သည်။ သခင်ယေရှု ၏မြွေကဲ့သိုလိမ္မာပြီးဂျိုးငှက်ကဲ့သိုအဆိပ်ကင်းရမည်” ဟူသောမိန့်မှာချက် သည် ယနေ့ နည်းပညာခေတ် အမြင်တွင် ပူးပေါင်း ဆောင်ရွက်ခြင်းနှင့် အမြင်ပြောင်းလဲ ကြည့်သောအသွင်ကို ဆောင်နေပါသည်။ မြေကြီးပေါ်မှ ကောင်းကင်ကို ကြည့်သောအမြင် (earthly view)နှင့် ကောင်းကင်မှနေ ၍ အရာခပ်သိမ်းကို ကြည့်နိုင်သောအမြင် (heavenly view) ဖို့ လက်တွဲ လုပ်ဆောင်ရမည်ကို ဆိုနေခြင်း ဖြစ်သည်။ တစ်ဦးချင်း မြင်သောအမြင် (microcosmic view)နှင့် အများ စုပေါင်း၍ မြင်သော အမြင်(macrocosmic view) ထိုအမြင် နှစ်ခုကို ပြောင်းလဲမြင်ခြင်းသည် တစ်လုံးတစ်ဝ တည်း အသွင်ကို ဆောင်နေပါသည်။ မြေပြင်စခန်းနှင့် ကောင်းကင်ဂြိုလ် တုတို၏ ပူးပေါင်း ဆောင်ရွက်ခြင်း၊ ကမ္ဘာကြီး၏ အန္တရာယ်များကို ကြိုတင်ပြောနိုင်ခြင်း ဖြင့်တည်ငြိမ်အေးချမ်းခြင်းကို ဖြစ်စေပါသည်။ စုစည်းညီညွတ် ပြီး အေးချမ်း သာယာသော တိုင်းနိုင်ငံဖြစ်လိုပါက ဘာသာဝင် အားလုံး သာမက နိုင်ငံသား အားလုံးသည် လက်ရှိ ကြုံတွေ့နေရသော အခက်အခဲ များကို အတူအကွ ဝိုင်းဝန်း ဖြေရှင်းရပါမည်။ ထိုကဲ့သို ဖြေရှင်းနိုင်ရန်မှာ မှန်ကန်သော အသိနှင့် မှန်ရာကို ရွေးချယ် လုပ်ဆောင်ရပါမည်။ ဘာသာ ဝင်တစ်ဦး၏ တာဝန်ကျေပြွန်မှု၊ နိုင်ငံသားတစ်ဦး၏တာဝန် ကျေပြွန်ခြင်း ဆိုသည်မှာ အထက်ပါကဲ့သို လုပ်ဆောင်ဖိုရန် စိတ်ပါဝင်စားခြင်းပင် ဖြစ် သည်။ ဘုရားသခင်၏ ကယ်တင်ခြင်း သာသနာသည် ဘာသာရေး လုပ် ငန်းထဲတွင်သာ ရှိနေခြင်းမဟုတ်၊ သဘာဝ ထိန်းသိမ်းရေး စီမံကိန်းများ၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု စီမံကိန်းများ၊ လူမှုရေးလုပ်ငန်းများကို ကမ္ဘာ နှင့်အဝှမ်း တိုးချဲ့ လုပ်ကိုင်သော လုပ်ငန်းများနှင့် နိုင်ငံရေးဆိုင်ရာ အခြေခံစည်းမျဉ်း ဥပဒေများပြုပြင်ပြောင်းလဲမှုစသည့် အရေးများထဲတွင် ပါရှိနေပါသည်။ ယော ၃း၁၆အရ `ဘုရားရှင်သည် လောကီလူသား အားလုံးကို ချစ်သည်” ဟုဆိုရာတွင်လည်း လူသားများ၏ အငန်းအတာများ အားလုံး ပတ်သက်နေပါသည်။ လူသားအားလုံး၌ ဘုရားရှင်၏ ချစ်ခြင်းမေတ္တာသည် တူညီနေပါသည်။ ကျွန်တော်တို့သည် တစ်ဦးနှင့်တစ်ဦး ဘာသာရေး အရ သော်လည်းကောင်း၊ ယဉ်ကျေးမှုအရ သော်လည်းကောင်း၊ လူမျိုးရေးအရသော်လည်းကောင်း ပညာရေး၊ စီးပွားရေး၊ လူမှုရေး အဆင့် “တန်းများ မတူညီကြသော်လည်း ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ၌ ကျွန်ုပ်တို့အားလုံးသည် တူညီစွာ ခံစားနေရမည် ဖြစ်သည်။ ခရစ်တော်၏ တရားတော်သည် အတ္တဟိတ- ကိုယ့်အကျိုး ကောင်းအောင် လုပ်ဆောင် သကဲ့သို ပရဟိတ္တ – အများအကျိုး ကောင်းစားဖိုအတွက် လုပ်ဆောင်ရ သည့်တရား ဖြစ်သည်။ ကိုယ်သိထားသော အမှန်တရားကို လူအများ မသိအောင်၊ သိုဝှက် ထားခြင်းမျိုး မဟုတ်ဘဲ ကိုယ်သိသလိုမျိုး သူတစ်ပါးကိုသိ စေခြင်း၊ ကိုယ်၌ရှိသလိုမျိုး သူတစ်ပါးတွင် ရှိစေခြင်း၊ ကိုယ်ကောင်းစားသ လိုသူတစ်ပါးကိုကောင်းစားစေလိုသောဆန္ဒများရှိနေလျှင်ခရစ်တော်၏ တရား ရှိနေခြင်းပင် ဖြစ်သည်။ ကမ္ဘာပေါ်ရှိ ဘာသာအားလုံးတွင်လည်း ခရစ်တော်၏ တရားတော်ကဲ့သို လူအများ၏ ကောင်းကျိုးကို လုပ်ဆောင် ရမည့် တရားများ ရှိနေခြင်းသည် ဘာသာအားလုံး စုစည်းညီညွတ်ရန်ရှိ နေကြောင်းကို ပြသော တရားများ ဖြစ်သည်။ ။

 

နိဂုံး

CONCLUSION

 

ခရစ်ယာန်များ ယုံကြည်ကိုးကွယ်သော သုံးပါးတစ်ဆူ ဘုရားသခင် သည် အပြစ်ကြောင့် ပြိုလဲပျက်စီးခဲ့သည့် လူသားများနှင့် ကမ္ဘာလောက တစ်ခုလုံးကို ကိုယ်တော်၏ မဟာ မေတ္တာကရုဏာ ကျေးဇူးတော်အားဖြင့် ရွေး နှုတ်ကယ်တင်တော်မူခဲ့သည်။ ကိုယ်တော်သည် ဖန်ဆင်းသောအရှင် ရွေးနှုတ်ကယ်တင်သောအရှင်၊ ကြည့်ရှုစောင့် ရှောက်သော အရှင် ဘုရား၊ သခင် ဖြစ်တော်မူသည်။ ကိုယ်တော်သည် သာသနာတော်၏ အစ၊ အ လယ်၊ အဆုံး ဖြစ်တော်မူသည်။ သုံးပါးတစ်ဆူ ဘုရားသခင်၏ သာသနာတော်၌ ခရစ်ယာန်အသင်းတော်များသည် ကိုယ်တော်နှင့် အတူ ပါဝင်လုပ် ဆောင်နေခြင်းသာ ဖြစ်သည်။

သုံးပါးတစ်ဆူဘုရားသခင်၏သာသနာတော်ဆိုင်ရာ (A,B,C,D,E) တိုကို အောက်ပါအတိုင်း ဖော်ပြနိုင်သည်။

  1. Affirmation of the whole Church (the one, holy, catholic and apostolic) bringing the whole Gospel throughout the whole world. အသင်းတော်တစ်ခုလုံး (တစ်ပါးတည်း၊ သန့်ရှင်းသော၊ တစ်လောကလုံးနှင့်ဆိုင်သော တမန်တော်များမှ ဆက်နွယ်ဆင်းသက်သော အသင်းတော်) သည် ဝမ်းမြောက်ဘွယ် သတင်းတော်တစ်ခုလုံးကို ကမ္ဘာလောကတစ်ခုလုံးသို ပြန်နှံ့စေခြင်း သာသနာကို အတည်ပြုခြင်း။
  2. Becoming one household/family ‘oikos’ of God.

လူသားများနှင့် ကမ္ဘာလောကတစ်ခုလုံးသည် ဘုရားသခင်၏ တစ်ခုတည်းသော အိမ်ထောင်မိသားစု ဖြစ်လာခြင်း။

  1. Commitment to the Kingdom (rule/reign) of God.

ဘုရားသခင်၏ နိုင်ငံတော် (အုပ်စိုးခြင်း/အစိုးရခြင်း – မေတ္တာတရား၊ တရားမျှတခြင်း၊ ငြိမ်းချမ်းရေး အတွက် ဆက်ကပ် ထပ်ဆောင်ခြင်း။

  1. Dialogue: dialogue of being, dialouge of doing, dialogue of thinking, dialogue of living. ခရစ်ယာန်များသည် အခြားပုဂ္ဂိုလ်များနှင့် ဘဝတူ ခံယူခြင်း၊ လက်တွဲ လုပ်ဆောင်ခြင်း၊ စဉ်းစားမျှဝေဖလှယ်ခြင်း၊ အတူတကွယှဉ်တွဲအသက်ရှင်ခြင်း။
  2. Ecology & Environment: To be good stewards of the whole creation. ပတ်ဝန်းကျင် သဘာဝလောကနှင့် ဖန်ဆင်းခြင်း တစ်ခုလုံးကို ဥယျာဉ်မှူးများ ပီသစွာ ကာကွယ် စောင့်ရှောက်ထိန်းသိမ်းပြုစုခြင်း။

ဤစာအုပ်သည် သုံးပါးတစ်ဆူ ဘုရားသခင်၏ သာသနာတော် အကြောင်းကို သိရှိနားလည်ရန်နှင့် လက်တွေ့သာသနာလုပ်ငန်းအတွက် အထောက်အကူဖြစ်စေပြီး ကိုယ်တော်ရှင်၏ နိုင်ငံတော်ကျယ်ပြန့်ခြင်း၊ အလိုတော်ပြည့်စုံခြင်းနှင့် နာမတော် ဘုန်းတော်ထင်ရှားခြင်းအတွက် ဖြစ် ပါစေသော။ ။

 

 

ခက်ဆစ် များ

GLOSSARY (A-Z)

 

Anthropocentrism: လူကို အခြေပြုသော အမြင်ဖြစ်ပြီး ဘုရားသခင် ကို လူသား၏ အသွင်ဖြင့် သိမြင်ခြင်း၊ လူသားအနေဖြင့် ဘုရားသခင်ကို ဖော်ထုတ်ပြောဆိုရာတွင် လူသားအသွင်ဖြင့် နှိင်းယှဉ်ချက်၊ တင်စား ချက်များတွင် သုံးပါသည်။ ထိုအခြေပြုချက်ကို စွဲမြဲစွာ ယနေ့တိုင်ဆက် လက်ခံယူခြင်း ဖြစ်သည်။

Anthropological: လူကို ဘုရားသခင်နှင့် ဆက်နွယ်ကြောင်းကို အခြေခံရှုမြင်သော ခံယူယုံကြည်ချက်နှင့် ဆိုင်သော သဘောပင် ဖြစ်သည်။

Anthropological Soteriology: လူသားများကိုသာ ကယ်တင်ခြင်း အယူအဆဖြစ်သည်။ ကနဦး ရောမကက်သလစ် အသင်းတော်တွင် လူသားများကယ်တင်ခြင်း: (Anthropological Soteriology) ကိုသာ အာရုံစိုက်လျက် သူတို၏ ကယ်တင်ခြင်းယန္တရားတွင် သစ်ပင်၊ ပန်းပင် များ၊ တောတောင်သဘာဝနှင့် ဂေဟတစ်ခုလုံးကို ချန်ထားခဲ့ပါသည်။ ၁၉၆၁ခုနှစ်၌ အိန္ဒိယနိုင်ငံ၊ ဒေလီမြိုတွင်ကျင်းပသော တတိယအကြိမ် ကမ္ဘာ့အသင်းတော်များညီလာခံတွင် Orthodox များ အသင်းဝင်အဖြစ် လက်ခံကြသည်။ ထိုအချိန်မှစ၍ ဥမအ့သိသထ ခေါင်းဆောင်များသည် ရောမကက်သလစ်အသင်းတော်မှ ဖြာထွက်သည့် ပရိုတက်စတင့် Protestant အသင်းတော် ခေါင်းဆောင်များအား လူသားများကိုသာ ကယ် တင်သောအယူအဆ Anthropological Soteriology ကို လက်မခံဘဲ ဖန်ဆင်းခံအရာအားလုံးကို ထည့်သွင်းသော ဂေဟကယ်တင်ခြင်း Ecological Soteriology ကိုလည်း ထည့်သွင်းဖိုရန် အကြိမ်ကြိမ်အဖန်ဖန် နှိးဆော်ခဲ့သည်။ မရပါ။ သိုရာတွင် Protestant အသင်းတော်များသည် တဖြည်းဖြည်း တစစနှင့် သူတို၏ လူသားများသာ ကယ်တင်ခြင်း Anthropological Soteriology မပြည့်စုံကြောင်းကို လက်ခံကြပါသည်။ ၁၉၉၀ခုနှစ်တွင် ကမ္ဘာ့အသင်းတော်များ ကောင်စီက တောင်ကိုရီးယားနိုင်ငံ ဆိုး လ်မြိုတွင် ညီလာခံ တစ်ခု ကျင်းပရာ ၄င်းညီလာခံတွင် အထူး နွေးဖိုရန် “တရားမျှတခြင်း၊ ငြိမ်းချမ်းရေးနှင့် ဖန်ဆင်းခြင်းတို၏ သဟဇာတကျမှု” “Justice, Peace and Integration of Creation” နက်နက်နဲနဲ ဆွေးနွေးကြပါသည်။ ထိုအချိန်မှစ၍ ကမ္ဘာ့အသင်းတော် ” ကောင်စီ (WCC) ကလည်း ပတ်ဝန်းကျင်၊ တောတောင်သဘာဝ ထိန်းသိမ်းဖိုရန် အထူးဂရုစိုက်လာပါတော့သည်။

Bicentrism: သက်ရှိအားလုံးနှင့် ကမ္ဘာကြီးကို အဓိကထားသော အမြင် ဖြစ်သည်။ ဇီဝအသက်နှင့်ခန္ဓာသည် ဘုရားသခင်၏ လက်ရာဖြစ် ပြီး ထိုဇီဝအသက်များနှင့် လူသားတို၏ ခန္ဓာဘဝများကိုသာ ဗဟိုထား သော အမြင်ဖြစ်သည်။

Countercultural: မတူကွဲပြားခြင်း၊ ယဉ်ကျေးမှုခြားနားခြင်း သိရှိ နားလည်ကာ သူ့ဖက်ကိုယ့်ဖက် အပြန်အလှန် အရှိတရားများဖြင့် ရှုမြင် သုံးသပ်ကာ နှိင်းယှဉ်ခြင်း ဖြစ်သည်။

Contextualization: ရေခံမြေခံတွင် အတူတကွ ပါဝင်ရောယှက်ခြင်း ဖြစ်ပြီးဘုရားသခင်၏ တရားသဘောတို့ သည် လူတိုနေထိုင်မှု၊ သမိုင်း ဆိုင်ရာ၊ လူမှုရေးဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာ အခင်းအကျင်း အရပ် ရပ်တိုတွင် ပါဝင်ရောယှက်ကာ ရေခံမြေခံပြုခြင်းပင် ဖြစ်သည်။

Christocentrism: ခရစ်တော်ဘုရားကိုသာ အဓိကထားသော အမြင်ခံယူချက်ဖြစ်သည်။ လူ့ဇာတိကိုခံယူသောဘုရားသခင်သည် ခရစ်တော် ဘုရားတစ်ဦးတည်းသာ ဖြစ်ကြောင်း၊ အခြားမည်သည့် ဘုရားကမှ သူထက်သာ ကြီးမြတ်ခြင်းမရှိကြောင်း ခံယူသော ယုံကြည်မှုဖြစ်သည်။

Christendom: ခရစ်ယာန်နိုင်ငံထူထောင်ခြင်းဖြစ်သည်။ သာသနာပြုရာ တွင်မှားယွင်းသောရည်မှန်း ချက်တစ်ခုမှာခရစ်ယာန်နိုင်ငံထူထောင်ခြင်း၊ ဖြစ်သည်။ ခရစ်ယာန်နိုင်ငံထူထောင်ဖို ရန် မလိုလားအပ်ပါ။ အကြောင်းမှာ တစ်ကမ္ဘာလုံးသည် ဘုရားသခင်ဖန်ဆင်းသော သူ၏နိုင်ငံ ခရစ်ယာန်သာသနာပြုခြင်း၏ အဓိကရည်ရွယ်ချက်သည် တလောက လုံးအား ခရစ်တော်၏ နိုင်ငံတော်ဖြစ်စေဖိုရန်သာ ဖြစ်သည်။ ခရစ်ယာ နိုင်ငံ မထူထောင်သင့်ပါ။

Cyclic View of Life: ကမ္ဘာပေါ်ရှိ ဘာသာတရားတိုင်းတွင် သူတို့၏ လောကအမြင် (World View) ရှိကြပါသည်။ ဘဝသည် နောက်ဆုံးမှတ်တိုင် တစ်ခုသို ဦးတည်ခြင်းမဟုတ်ဘဲ ဖြစ်တည်ခြင်း တစ်ခုမှ တစ်ခုသို ရောက်သည်ဟု ယူဆခြင်း ဖြစ်သည်။ ဘဝဖြစ်တည်မှုသည် စက်ဝိုင်းပုံစံ (Cyclic View) ဟူသော အယူအဆပင် ဖြစ်သည်။ ခရစ်ယာန်ဘာသာ တွင်မူ ဤကဲ့သို မဟုတ်ပါ။ သံသရာမလည်ဘဲ အခြေအနေ တစ်ခုသို ဆိုက်ရောက်ဖိုရန် ယုံကြည်လက်ခံကြသည်။ ထိုကဲ့သို သံသရာလည်မှု ငြင်းပယ်ခြင်းကို မျဉ်းဖြောင့် အယူအဆ (Linear View) ဟု ခေါ်သည်။

Catholic and Orthodox: Catholic ဆိုသည်မှာ ကမ္ဘာလုံးဆိုင်ရာ Universal ဟူ၍ အဓိပ္ပါယ်ရှိသည်။ ခရစ်ယာန် အသင်းတော်ကို အစ ကနဦးမှ စ၍ ၁၀၅၄ခုနှစ်ထိ ကက်သလစ် ဟူ၍ ခေါ်ကြပါသည်။ သိုရာ တွင် ၁၀၅၄ခုနှစ် အသင်းတော်နှစ်ခြမ်းကွဲသောအခါ ရောမမြိုကို အခြေ ပြုသော ခရစ်ယာန်များသည် ရောမကက်သလစ် (Roman Catholic) ဟု ခေါ်ကြပါသည်။ အရှေ့ပိုင်းတွင် နေသော ခရစ်ယာန်များသည် Constantinople ကို အခြေပြုလျက် သူတို့ကို သူတို့ Orthodox များဟူ၍ ခြားခြားနားနား ခေါ်ဝေါ်ကြလေသည်။

Dialogue: တွေ့ဆုံကာ အပြန်အလှန်ဆွေးနွေးပြောဆိုခြင်း ဖြစ်သည်။ မတူကွဲပြားသောအကြောင်း အရာသော်လည်းကောင်း၊ တူညီသော အကြောင်းအရာများတွင်သော်လည်းကောင်း တစ်ဦးနှင့် တစ်ဦး၊ တစ်ဖွဲ့ နှင့်တစ်ဖွဲ အပြန်အလှန် ပြောဆိုဆွေးနွေးခြင်း ဖြစ်သည်။

Ecclesiocentrism: လောကတွင်ရှိရှိသမျှ အသင်းအဖွဲထက် အသင်းတော်သည် စစ်မှန်ဆုံးသော လမ်းမှန်နှင့် ကယ်တင်ခြင်းကို ပေးနိုင် သည်ဟု ခံယူသော ယုံကြည်ချက် ဖြစ်သည်။ အသင်းတော်အား အကျိုး၊ပြုနိုင်စွမ်းဆုံး သော အဖွဲအစည်းအဖြစ် ဦးတည်နေသော အမြင်ဖြစ်သည်။

Ecocentrism: သက်ရှိလောက၊ သက်မဲ့လောကတို့နှင့် သဘာဝတရားကြီး တစ်ခုလုံးကို ဗဟိုပြုကာကယ်တင်ထိန်းသိမ်းခြင်းကို အခြေခံသောယုံကြည်လက်ခံမှုဖြစ်သည်။ ကမ္ဘာလောကကြီး တစ်ခုလုံးအေးချမ်းသာ ယာသွားအောင် အဓိကထားသောအမြင် ဖြစ်သည်။

Enlightenment: အသိဉာဏ်ပွင့်လင်းခြင်းကို ဆိုလိုသည်။ အမှန်တရား နှင်အတူ၊ ခေတ်ကာလအပိုင်း အခြားပေါ်တွင် ပြောင်းလဲတိုးတက်နေ သော အတွေးအခေါ်အယူအဆများနှင့် နည်းပညာများကို လူသားတို ၏ ဆင်ခြင်တုံတရားဖြင့် ကြည့်ရှုလေ့လာခြင်း၊ စမ်းသပ်စစ်ဆေးခြင်းနှင့် အတူ အသိပညာများကို ဖော်ထုတ်ခြင်းပင် ဖြစ်သည်။

Ecological Soteriology: ဆိုလိုသည်မှာ ဖန်ဆင်းခံ အရာအားလုံးတို၏ ကယ်တင်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။ ၁၀၅၄ခုနှစ် ပင်မအသင်းတော် နှစ်ခြမ်းကွဲသောအခါ Orthodox ခေါ် အရှေ့ပိုင်း ခရစ်ယာန်များသည် Constantinople မြို့ကို အခြေပြု၍ အသင်းတော်များ စုစည်းကြသည်။ သူတို၏ ယုံကြည်ခြင်းတွင် ကယ်တင်ခြင်းဆိုသည်မှာ လူသားများကို ကယ်တင်ခြင်းသာမဟုတ်ဘဲ ဘုရားသခင် ဖန်ဆင်းသော အရာအားလုံး ကယ်တင်ခြင်း (Ecological soteriology) ဟုလက်ခံကြသည်။ ရောမ ၈း ၁၉ တွင် ပါရှိသည့်အတိုင်း ဖန်ဆင်းခံအရာအားလုံးတိုသည် ကယ်တင် ခြင်းကို မျှော်လင့်လျက် ရှိသောကြောင့် ကယ်တင်ခြင်းတွင် လူသားများ နှင့် ဖန်ဆင်းခံအရာအားလုံးထည့်သွင်းရမည်ဟူသောယုံကြည်ခြင်း ဖြစ် သည်။

Evangelism: ဝမ်းမြောက်ဖွယ်ရာ ဧဝံဂေလိလုပ်ငန်းကို ဆောင်ရွက်ခြင်း ဖြစ်သည်။ ဧဝံဂေလိသည် ယုံကြည်သောသူတိုင်း ပြောင်းလဲစေသော ဘုရားသခင်၏တန်ခိုးတော်ပင်ဖြစ်ရာဧဝံဂေလိလုပ်ငန်းသည် ထိုတန်ခိုး တော်ကို လူတိုင်းတို့အား ဝေမျှခြင်းဖြစ်ပါသည် (ရောမ ၁း၁၆)။

Ecumenics: ဂိုဏ်းပေါင်းစုံ စည်းရုံးမှု လေ့လာခြင်းကို ဆိုလိုသည်။ ခရစ်ယာန်အသင်းတော်များ၏ မတူကွဲပြားမှုများကို ထားခဲ့လျက် တခြားခရစ် ယာန်ဂိုဏ်းဂဏများနှင့် ပေါင်းသင်းနိုင်ဖိုရန် လုပ်ဆောင်ခြင်းပင် ဖြစ်ပါ သည်။ Ecumenicsဝေါဟာရသည် ဂရိဘာသာစကားမှ ဆင်းသက်လာ ရာ ထိုဂရိစကား၏ မူရင်းဝေါဟာရမှာ oikotunniente ကမ္ဘာလူသားများ မှီတင်းနေထိုင်ရာ ကမ္ဘာလောက (inhabited world) ဟု ဆိုလိုခြင်းဖြစ် သည်။ ခရစ်ယာန်ဘာသာဝင်များ စုစည်းနိုင်ခြင်း၊ ကမ္ဘာလောကသူ လောကသားများနှင့် ပေါင်းသင်းနိုင်ခြင်းနှင့် နောက်ဆုံးတွင် ကမ္ဘာလော ကတစ်ခုလုံးကို ခရစ်တော်ထံသို ယူဆောင်နိုင်ခြင်းသည် Ecumenics ၏ အန္တိမပန်းတိုင် ဖြစ်ပါသည်။

General Baptist: အထက်တွင် ဖော်ပြသော John Calvin ၏အတွေးအခေါ်နှင့် ဆန့်ကျင်လျက် ဘုရားသခင်သည် ကြိုတင်မှတ်ထားခြင်း မရှိဘဲ လူတိုင်းတိုသည် မိမိတို၏ လွတ်လပ်သော တွေးခေါ်မှုဖြင့် ကယ် တင်ခြင်းကို လက်ခံနိုင်ခွင့်ရှိသလို ငြင်းပယ်ခွင့်လည်း ရှိသည် ဟူ၍ အတွေးအခေါ်ရှိသည်။ ဤအတွေးအခေါ်ကို လက်ခံဦးဆောင်သူမှာ Dutch နိုင်ငံသား Jacob Arminius (1560-1609) ဖြစ်ပါသည်။ ဤ အတွေးအခေါ်ကို လက်ခံသော နှစ်ခြင်းအသင်းတော်များက သူတိုကို သူတို့ ခြုံငုံလက်ခံသော နှစ်ခြင်းအသင်းတော်များ (General Baptist) ဟူ၍ ခေါ်ဝေါ်ကြပါသည်။

God’s Kingdom: ဘုရားသခင်၏ နိုင်ငံတော်ကို ဆိုလိုခြင်းဖြစ်သည်။ ဘုရားသခင်၏ နိုင်ငံတော်ကို ဟေဗြဲဘာသာစကားဖြင့် Malkuth ဟု ခေါ်ပြီး ဂရိဘာသာစကားဖြင့် Basileia ဟုခေါ်ကြသည်။ နှစ်ခုစလုံး၏ ဆိုလိုရင်း အဓိပ္ပါယ်တူ၍ ဘုရားသခင်၏ အုပ်စိုးခြင်းဟု ဆိုလိုခြင်း ဖြစ် သည်။ ဘုရားသခင်၏ နိုင်ငံတော်သည် ပထဝီနယ်နိမိတ်ဖြင့် သတ်မှတ် ၍ မရပါ။ ဘုရားသခင်၏ အုပ်စိုးခြင်းကို ခံသော လူသားတိုင်း၌ ဘုရား သခင်၏နိုင်ငံတော်တည်ရှိသည်။ သာသနာပြုခြင်း၏အဓိကပန်းတိုင်မှာ လူတိုင်းလူတိုင်းတိုသည် ဘုရားသခင်၏ အုပ်စိုးခြင်းကို ခံလျက် ဘုရား သခင်၏ နိုင်ငံသား ဖြစ်ဖိုရန် လိုအပ်ပါသည်။

 

Human Dignity: ဘုရားသခင်က မိမိ၏ ပုံသဏ္ဍာန်တော်နှင့်အညီ ဖန် ဆင်းခြင်းကြောင့် လူသားတို့သည် မွေးကတည်းမှစ၍ မွေးရာပါ သိက္ခာရှိပါသည်။ သို့ပါ၍ လူသားတို့သည် တစ်ဦးနှင့်တစ်ဦး ရိုသေလျက် ဆက်ဆံကြခြင်းဖြင့် လူ့သိက္ခာကို အသိအမှတ်ပြုကြရမည် ဖြစ်သည်။

Ideology:နည်းစနစ်နှင့် ဝါဒကို ဆိုလိုခြင်း ဖြစ်သည်။ ကမ္ဘာလောကကိုရင်ဆိုင်နိုင်ဖို့ရန် အတွေးအခေါ် အမျိုးမျိုး ပေါ်လာတတ်ပါသည်။ တစ် ခေတ်တွင်တစ်ဦးဆိုသလိုအတွေးအခေါ်ရှင်များပေါ်လာပါသည်။ ကမ္ဘာ လောကကို သူတို့၏ အတွေးအခေါ် (ideology) နှင့် ရင်ဆိုင်ကြသည်။ ဤ ideology ကို တစ်ခါတစ်လေ ဝိဝါဒ ism ဟူ၍လည်း ခေါ်တတ်ကြ ပါသည်။

Incarnation: လူသားအသွင်ခံယူခြင်း ဖြစ်သည်။ ဘုရားသခင်သည် လူသားများကို စစ်မှန်သောတရား လမ်းကို ပြရန် လူသားဘဝဖြင့် လောကထဲသို၊ လူ့ဘဝခံယူခြင်း ဖြစ်သည်။

Jungle Philosophy: အကြင်နာမဲ့ တောရိုင်းအတွေးအခေါ်ကို ဆိုလို ခြင်း ဖြစ်သည်။ တောထဲတွင် ရှိသော တိရစ္ဆာန်များသည် ရိုင်းပင်းကူညီ သောလောကထက် နိုင်ရာစားလောကတွင် ကျင်လည်ကြသည်။ ထို နည်းတူစွာလူသားများကလည်းသူတို၏ကြွယ်ဝချမ်းသာမှုကိုဝေမျှခြင်း မရှိဘဲ နိုင်လျှင်နိုင်သလို ရယူကြပါသည်။ ဤကဲ့သို အကြင်နာကင်းမဲ့စွာ ဖြင့် နိုင်လျှင်နိုင်သလိုရယူခြင်းသည် တောထဲကတိရစ္ဆာန်များ၏အကျင့် ကို အတုယူခြင်းပင် ဖြစ်ရာ သူတို၏ အတွေးအခေါ်သည် Jungle Philosophy ဟူ၍ ခေါ်ဆိုနိုင်ပါသည်။ Charles Darwin (1809-1882) ၏ သာစံဝါဒသည် Jungle philosophy ဟု ခေါ်ဆိုနိုင်ပါသည်။

Kenotic Mission: Kenotic Mission ဆိုသည်မှာ ဂရိဘာသာစကား: Kehosis ခေါ် ဇာတိစွန့်လွှတ်ခြင်း ဝေါဟာရမှ ဆင်းသက်လာခဲ့ပါသည် (ဖိ ၂း၅-၁၁)။ ခရစ်တော်သည် ဘုရားဖြစ်လျက်ပင် လုံးလုံးလျားလျား လူ့ဇာတိကို ခံယူသည်။ အလားတူပင် ယုံကြည်သူများသည် မိမိတို၏ ပကာသနကို စွန့်လွှတ်ပြီး သာသနာပြုဖိုရန် လိုအပ်ပါသည်။ Kenotic Mission ဆိုသည်မှာ စွန့်လွှတ်ခြင်းကို အခြေပြုသော သာသနာပြုခြင်းကို ဆိုလိုခြင်း ဖြစ်သည်။

Mission: Mission ဝေါဟာရသည် mission လက်တင်ဘာသာစကားမှဆင်းသက်လာခြင်းဖြစ်သည်။ အဓိပ္ပါယ်မှာ စေလွှတ်ခြင်းဖြစ်လာ တစ်ခုခုကို ဆောင်ရွက်ဖိုရန် စေလွှတ်ခြင်းကို ညွှန်းပါသည်။ ခေတ် မြန်မာစကားတွင်သာသနာပြုခြင်းဟုခေါ်ရာသာသနာပြုဖိုရန်စေလ ခြင်း၊ ဆောင်ရွက်ခြင်းကို ဆိုလိုပါသည်။

Material Poverty: ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲနွမ်းပါးခြင်းကို ဆိုလိုပါသည်။ လူတိုင်းတွင် ဆင်းရဲနွမ်းပါးမှု အမျိုးမျိုးရှိပါသည်။ ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲ ခြင်းသည် မမှန်သော စီးပွားရေးစနစ်၏ ရလာဒ်တစ်ခုပင် ဖြစ်သည်။ ရုပ် ပိုင်းဆိုင်ရာ ဆင်းရဲခြင်းမှ လွတ်မြောက်ဖိုရန် နည်းလမ်းမျိုးစုံ အသုံးပြု ရပါမည်။ Pierre Vedo ခေါ်ရောမကက်သလစ်ဘုန်းတော်ကြီးတစ်ပါးက Why the Third World poor? ဟူ၍ စာအုပ်တစ်အုပ်ရေးခဲ့ရာ တတိယ ကမ္ဘာအုပ်စု၏ ဆင်းရဲနွမ်းပါးခြင်းအကြောင်းရင်းမှာ

(၁) အတွေးအခေါ်ခေါင်းပါးခြင်း ၊

(၂) ဘာသာရေးပွဲလမ်းသဘင်များလွန်းခြင်း

(၃) အတွေးအခေါ်မမှန်ခြင်း

ဆိုလိုသည်မှာ တတိယကမ္ဘာအုပ်စု လူသားများသည် မိမိတို၏ အဖေ လက်ထက်မှအမွေအနှစ်အဖြစ်ဆက်ခံ သောအရာများကိုတိုးပွားအောင် မလုပ်ကြဘဲ အရှိကို အရှိအတိုင်း ထိန်းသိမ်းကြပါသည်။ သူတို၏ အ တွေးအခေါ်သည် စက်ဝိုင်းပမာ (cyclic order) သာ ဖြစ်သောကြောင့် ရှိသလောက်နှင့် ကျေနပ်ကြသည်။ တင်းတိမ်ကြပါသည်။ ထိုကြောင့်အရှိကို အရှိတိုင်း (Status Quo)နှင့်သာ နေပြီး ကျေနပ်ကြပါသည်။

Nazareth Manifesto: လုကာ ၄း၁၈-၁၉သည် နာဇရက်ကြွေးကြော်သံ ဟု ခေါ်ကြသည်။ သခင်ယေရှုသည် သူ၏ အမှုတော်ကို ဆောင်ရွက်သောအခါ မည်သူက ခံစားရမည်ကို ဖော်ညွှန်းခြင်းဖြစ်သည်။ သူ၏ အမှု တော်ဆောင်သက်တမ်းတွင် သူဆောင်ရွက်ရမည့် အမှုတော်ကိုလည်း ဖော်ပြခြင်း ဖြစ်လေသည်။ သူ၏ အမှုတော်ဆောင်ရွက်ခြင်းတွင် ခံစားရသူများမှာ(၁)ဆင်းရဲနွမ်းပါးသောသူများ၊(၂) စိတ်နှလုံးကြေမွသော သများ၊ (၃) ချုပ်နှောင်ခြင်းခံရသောသူများ၊ (၄) မျက်စိကန်းသောသူများ၊ (၅) နှိပ်စစက်ခြင်းခံရသောသူများ ဖြစ်သည်။ အမှန်မှာ သခင်ယေရှုသည် တော်လှန်ရေးတစ်ခု အစပြုသည်ဖြစ်ရာ မည်ကဲ့သို ဆောင်ရွက်လျက် မည်ကဲ့သို အောင်မြင်ရမည်ကိုလည်း တပါးတည်း ကြေငြာခြင်း ဖြစ်သည်။ ဤကဲ့သို ကြေငြာရာတွင် သခင်ယေရှုသည် ဓမ္မဟောင်းကျမ်း၌ ပရောဖက်ဟေရှာယ ကြေငြာခဲ့သော အမှုတော်မြတ်ကို ထပ်မံကြေငြာ ခြင်း ဖြစ်သည် (ဟေရှာ ၆၁း၁-၂)။

Proselytism: ဂိုဏ်းတစ်ခုမှ အခြားဂိုဏ်းတစ်ခုသို ပြောင်းလဲခြင်းကို ဆို လိုသည်။ ဥပမာ-ယုဒလူမျိုး မဟုတ်သော Gentile လူမျိုးတစ်ယောက် သည် ယုဒဘာသာသို ကူးပြောင်းလျက် ဝင်ရောက်ကိုးကွယ်နိုင်သည်။ ထိုနည်းတူစွာ ယခုကာလတွင် ဂိုဏ်းတစ်ခုမှ အခြားဂိုဏ်းတစ်ခုသို ပြောင်းလဲနိုင်ရာ ၄င်းကို ဂိုဏ်းဂဏကူးပြောင်းခြင်း (Proselytism) ဟု ခေါ်သည်။

Predestination: လူတစ်ဦး တစ်ယောက်၏ ဘဝအသက်တာအတွက် ဘုရားသခင်သည် ကြိုတင် ခွဲခန့်မှတ် သားခြင်း ရှိသည်ဟူသောယုံကြည် ခြင်းဖြစ်သည်။ ဤအတွေးအခေါ်ကို လက်ခံလျက် ဦးဆောင်သူမှာ ပြင်သစ် လူမျိုး ဓမ္မတွေးအခေါ်ရှင် John Calvin (1509-1564) ပင် ဖြစ်သည်။ ဤအတွေးအခေါ်မှာ ဘုရားရှင်သည် လူတိုင်း လူတိုင်းတို၏ အနာဂတ်အတွက် ခွဲခန့်မှတ်သားပြီး ဖြစ်ပါက ကယ်တင်ခြင်းရရှိမည့်သူနှင့် မရရှိမည့်သူ ကိုလည်း ကြိုတင်ခွဲခန့်မှတ်ထားသည် ဟူ၍ အယူအဆ ပေါ်လာသည်။ ဂျွန်ကယ်လ်ဗင်သည် ဤဓမ္မ အတွေးအ ခေါ်ကို သူ့ဘာ သာသူ တီထွင်သည်မဟုတ်ပါ။ ရှင်ပေါလု၏ အတွေးအခေါ်မှ ရရှိခြင်း ဖြစ်ပါသည်(ရော ၈း၂၈-၃ဝ)။ Particular Baptist: John Calvin ၏ ဆွဲကိုင်သော အတွေးအခေါ်ဖြစ် သည့် ကြိုတင်ခွဲခန့်မှတ်ထားခြင်းကို လက်ခံသော နှစ်ခြင်းအသင်းတော် များအား Particular Baptist ဟုခေါ်ကြသည်။

Pneumatocentrism: ဝိညာဥ်တော်ကိုသာ အဓိကထားသော အမြင်ဖြစ်သည်။ ဘုရားသခင်နှင့် သခင်ယေရှုတို့ထက်သန့်ရှင်းသောဝိညာ သည်သာ အောင်မြင်မှုနှင့် ကယ်တင်ချမ်းသာပေးနိုင်သည်ဟု ခံယူယံ ကြည်သော အမြင်ဖြစ်သည်။

Pluralcentrism: ဘာသာတရားများရှိ ဓမ္မများကိုသာ အဓိကထားသော အမြင်ဖြစ်သည်။ ဘုရားသခင်သည် မမြင်နိုင်သော တရားဓမ္မဖြစ်သည်။ ထိုတရား ဓမ္မသည် နေရာတိုင်း၊ ဘာသာတိုင်းတွင် ဖွင့်ဆိုပြသနေသည် ဟူသော အမြင်ခံယူချက် ဖြစ်သည်။

Praxis: လက်တွေ့ပြုမူလုပ်ဆောင်ချက်နှင့် ကျင့်သုံးမှု ဖြစ်သည်။ ဖိနှိပ် ချုပ်ချယ်သော အခြေအနေများနှင့် လူမှုရေး စနစ်များကို ပြုပြင်ပြောင်း လဲရန် ကြိုးပမ်းလုပ်ဆောင်ခြင်း ဖြစ်သည်။ သဘောတရားရေးရာများ နှင့် လက်တွေ့လုပ်ဆောင်မှုတို အပြန်အလှန် ဆက်စပ်မှုကို အလေးထား ပါသည်။ Rationalism:အမှန်တရားကိုလူသားတိုဆင်ခြင်နိုင်သောအသိပညာဖြင့် သိမြင်နိုင်သည်ကို လက်ခံသောအမြင်ဖြစ်သည်။ ဘုရားသခင်၏ တည် ရှိမှုကို ဆင်ခြင်တုံတရားဖြင့် သက်သေပြနိုင်သည်ဟူသော အမြင်ကို ဆိုလိုပါသည်။

Social Gospel လူမှုရေးလုပ်ငန်း ဖြစ်ပါသည်။ တစ်ချိန်တစ်ခါက ခရစ်ယာန်များသည် လူမှုရေးကို စွန့်ပစ်လျက် ကောင်းကင်နိုင်ငံကိုသာ အဓိ ကထားပြီး မျှော်မှန်းကြပါသည်။ ဤကဲ့သို လူမှုရေးကို ဥပက္ခာပြုသော အချိန်တွင် အမေရိကန်နိုင်ငံမှ နှစ်ခြင်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဓမ္မ တွေးအခေါ်ရှင် Walter Rauschenbusch (1861-1918) က လူမှုရေး လုပ်ငန်းကိုလည်း လုပ်ဆောင်ဖိုရန် ကြိုးစားပြီး ဟောပြောတင်ပြခြင်း များ ပြုလုပ်လေသည်။ ထိုကြောင့် သူ့အား ထိုက်တန်စွာဖြင့် ဧဝံဂေလိ လုပ်ငန်း၏ လူမှုရေးလုပ်ငန်း ဖခင် (the Father of Social Gospel) ဟူ၍ ခေါ်ကြသည်။

Spiritual Poverty: လူသားများ၏ ဝိညာဉ်ရေးရာ ဆင်းရဲနွမ်းပါးခြင်းကို သည်။ အကြောင်းအမျိုးမျိုးကြောင့် ယုံကြည်သူများသည် ဝိညာဉ် ရာ အားနည်းတတ်ပါသည်။ ဘေးပတ်ဝန်းကျင်၌ ဖြစ်ပေါ်နေသော သိမ်းမှု အနိဋ္ဌာရုံများကြောင့်လည်း ယုံကြည်သူများ စိတ်အားငယ် လျက် ဝိညာဉ်ရေးရာ ဆင်းရဲတတ်ပါသည်။ ယုံကြည်သူတိုင်းနှင့် ခရစ် တော်ဘုရား အမြဲတစေ မိတ်သဟာယဖွဲဖို အထူးလိုအပ်ပါသည်။ လူ သားများ၏ ရုပ်ပိုင်းဆိုင်ရာ ပစ္စည်းပစ္စယဆင်းရဲခြင်းမဟုတ်ဘဲ စိတ် ဝိညာဉ်ဆင်းရဲခြင်းကို ဆိုလိုခြင်းဖြစ်သည်။

Social Transformation: လူမှုတစ်ရပ်လုံး ပြောင်းလဲခြင်းကို ဆိုလိုပါ သည်။ သာသနာပြုခြင်းကြောင့် လူသား တစ်ဦးစီ၏ ပြောင်းလဲခြင်းသာ မက ဆိုးဝါးသော နည်းစနစ်များကိုလည်း ပြောင်းလဲသွားပါသည်။ အကြောင်းမှာ ဧဝံဂေလိတရားသည် ပြောင်းလဲခြင်း (Transformation) ပင်ဖြစ်ရာ လူမှုတစ်ရပ်လုံး ပြောင်းလဲခြင်းကိုလည်း သာသနာပြုခြင်း၏ မျှော်လင့်သော အချက်တစ်ခုပင် ဖြစ်သည်။

 Secularization: လောကထဲသို ဝင်ရောက်ကာ စစ်မှန်သော အသွင်၊ အတွေးအခေါ်နှင့် ပြုမူလုပ် ဆောင်ချက်များကို အခြေခံပြီး စစ်မှန်သော ဦးတည်ချက်ဖြင့် တွေးခေါ်ခြင်း၊ လုပ်ဆောင်ခြင်းကို ဆိုလိုပါသည်။ Secularism: သဘာဝစည်းမျဉ်းဘောင်များနှင့် ဘာသာရေးခံယူချက် အတိုင်းအတာထက်ကျော်လွန်ကာ လောကီရေးနယ်ပယ်ထဲသို ရောက် ရှိသွားသော ပြုမူချက်၊ ခံယူယုံကြည်ချက်နှင့် ဆက်စပ်ထားရှိသောအမြင် ဖြစ်သည်။

Soteriocentrism: ကယ်တင်ခြင်းကိုသာ အဓိကထားသော အမြင်ဖြစ် သည်။ အသင်းတော်၏ အကျိုးပြုခြင်းထက် ကယ်တင်ခြင်းနှင့်ဆိုင်သော ခံယူချက်ကိုသာ ဗဟိုပြုသည့် အမြင် ဖြစ်သည်။

Synthetic: အနက်တူ၊ ဆင်တူသည့်သတင်းအချက်အလက်များကို ထပ် ဖြည့်ခြင်း ဖြစ်သည်။ တူညီသော အကြောင်းအရာများကို အခြေခံ ပြော ဆိုခြင်း ဖြစ်သည်။

Scienciocentrism: သိပ္ပံနည်းကျတွေးခေါ်ခြင်းကို အဓိကထားသော အမြင်ကိုသာ လက်ခံခြင်းဖြစ်သည်။ သဘာဝတရားနှင့် သဘာဝလွန် တန်ခိုးတော်များထက် လက်တွေ့လုပ်ဆောင်ခြင်း သိပ္ပံနည်းကျကျ ကို၂ဆၐသာ လက်ခံယုံကြည်ခြင်း ဖြစ်သည်။

Transcendental: လူသား၏အတွေ့အကြုံ၏ ကန့်သတ်မှုအားလုံးကို ကျော်လွန်သွားသောအမြင်ဖြစ်သည်။ လူသားတို၏ အသိပညာ နယ် ပယ်ကို ကျော်လွန်ပြီး ရှိနေသည်ကို ဆိုပါသည်။

Theocentrism:ဘုရားကိုသာ ဗဟိုပြုသော ခံယူချက်ကို အခြေခံပါသည်။ မည်သည့်အရာကမှ ဘုရားသခင်ထက် ကြီးမြတ်ခြင်း မရှိ၊ ဘုရားသခင်သည်သာ အစစ်မှန်ဆုံး၊ အမှန်တရားဖြစ်သည်ကို လက်ခံခြင်းဖြစ်သည်။

Third World: တစ်ချိန်တစ်ခါတုန်းက ကမ္ဘာကို အုပ်စု (၃)ခု ခွဲလျက် ဖော် ပြတတ်ကြသည်။ ဤဝေါဟာရကို စတင်အသုံးပြုသူမှာ ပြင်သစ်လူမျိုး လူမှုရေးဗေဒကျွမ်းကျင်သူ Alfred Sauvy ဖြစ်ပါသည်။ ၁၉၅၂ခုနှစ်မှစ၍ အသုံးပြုရာ သူရေးသော စာအုပ် Three Worlds, One Planet ထဲတွင် ဤအတွေးအခေါ်ကို ရှင်းလင်းပါသည်။

ပထမကမ္ဘာမှာ အမေရိက၊ ဥရောပ၊ ဂျပန်နှင့် သြစတြေးလျတို ပါဝင် သည်။ ဒုတိယကမ္ဘာမှာ ဆိုဗီယက်ယူနီယံအပါအဝင် ကွန်မြူနစ်နိုင်ငံ များကို ရည်ညွှန်းသည်။ တတိယကမ္ဘာမှာ အာဖရိက၊ အာရှနှင့် လက် တင်အမေရိကတိုပါဝင်ရာ နားဝင်ချိုအောင် ဖွံဖြိုးဆဲနိုင်ငံများဟု ခေါ်ကြ သည်။ ဆင်းရဲသောနိုင်ငံ၊ မဖွံဖြိုးမတိုးတက်သေးသောနိုင်ငံများကို ရည် ညွှန်းခြင်းသာ ဖြစ်သည်။

ဤကဲ့သို ကမ္ဘာသုံးခုနှင့် ခေါ်ဝေါ်ကြပါသော်လည်း ၁၉၉၀ခုနှစ်လောက် မှစ၍ ကွန်မြူနစ်စနစ် ရပ်တန့်သောအခါ ဤခေါ်ဝေါ်မှုကို အသုံးမပြုကြ တော့ပါ။

The System of Production: ဆိုလိုသည်မှာ ကုန်ထုတ်လုပ်မှုစနစ်ကို ဆိုလိုခြင်းဖြစ်သည်။ လူသားများ၏ လုံခြုံမှုအတွက် စီးပွားရေးစနစ်သည် အဓိကဖြစ်ပါသည်။ ထိုစီးပွားရေးစနစ်လည်း ကုန်ထုတ်လုပ်မှုသည် အမ ဦးစားပေးရမည့် အရာပင် ဖြစ်သည်။ လက်မှုစီးပွားရေး စနစ်၊ လက်ယာစီးပွားရေးစနစ်နှင့် စက်မှုစီးပွား ရေးစနစ်တိုသည် ကုန်ထုတ် အတွက် အဓိကကျသော စနစ်များ ဖြစ်သည်။ ဤကုန်ထုတ်လုပ်မှု စီးပွားရေးစနစ်ကိုအခြေခံလျက်အရင်းရှင်စီးပွားရေးစနစ် (Capitalism)၊ ရယ်လစ်စီးပွားရေးစနစ်၊ ကွန်မြူနစ်စီးပွားရေးစနစ်၊ ဈေးကွက်စီးပွား စနစ် အစရှိသော စီးပွားရေး စနစ်အသီးသီးတို ပေါ်ထွက်လာခြင်း ဖြစ်သည်။ ကုန်ထုတ်လုပ်မှုစနစ်ကို အခြေခံသော စီးပွားရေးစနစ်များ ဖြစ်သည်။

The System of Distribution: ဆိုလိုသည်မှာ တိုင်းပြည်နှင့် နိုင်ငံတော် ၏ ကြွယ်ဝချမ်းသာခြင်းကို ဝေမျှသော စနစ် ဖြစ်သည်။ ရံဖန်ရံခါ နိုင်ငံတော်၏ ကြွယ်ဝချမ်းသာခြင်းကို အင်အားကြီးလျက် သိမ်းကျုံးနိုင်သော လူနည်းစုက အကုန်အစင် သိမ်းကျုံးလျက် အင်အား မရှိသော လူများစု က ဘာမှ မခံစားရပါ။ ဤကဲ့သိုသော အခြေအနေမျိုးတွင် ခရစ်ယာန်အ သင်းတော်များသည် စစ်မှန်သော တရားမျှတခြင်းကို အသံကျယ်စွာဖြင့် အော်ဟစ်ရပါမည်။

The haves, The have-nots: ရှိသောအုပ်စုနှင့် မရှိသော အုပ်စုကို ဆိုလို ခြင်း ဖြစ်သည်။ တစ်ချိန်တစ်ခါတုန်းက ကွန်မြူနစ်များ ကျယ်လောင်စွာ အော်ခဲ့သော ကြွေးကြော်သံများ ဖြစ်ကြပါသည်။ ရှိသူအုပ်စု the haves တိုသည် အင်အားကြီးလျက် အာဏာ ရှိကြပါသည်။ ဤဝေါဟာရနှစ်ခု (the haves, the have-nots) of wop Marx 039 GTIGIJI OM: လုံးများ ဖြစ်သည်။ The haves တိုသည် တိုင်းပြည်တွင် ရှိသော နိုင်ငံတော်၏ စီးပွားရေးစနစ်ကို ထိန်းချုပ်နိုင်ပါသဖြင့် ကြွယ်ဝချမ်းသာကြ သည်။ အမှန်စင်စစ် သူတို၏ ကြွယ်ဝချမ်းသာခြင်းသည် မရှိသောအုပ်စု the have-nots များ၏ လုပ်အားကြောင့်ဖြစ်သည်။ The have-nots များ: ကမူ သူတို၏လုပ်အားခကိုပင်အတိအကျပိုင်ဆိုင်ခွင့်မရှိဘဲဆင်းရဲသည် ထက် ပိုမို ဆင်းရဲကြပါသည်။ သူတို၏ လုပ်အားခနှင့် သူတို၏ အကြား တွင် ကွာဟမှု (allienation) ရှိပါသည်။

Ultimate Will: သမ္မာကျမ်းစာ၌ ဘုရားသခင်၏ အလိုတော်ကို အမျိုးမျိုး တွေ့ရှိနိုင်ပါသည်။ အခြေအနေ အရဖော်ပြသော တုံပြန်မှုအလိုတော် (Circumstantial Will) ဖြစ်ပြီး မကောင်းသော အခြေအနေအတွက် ကုစားခြင်း အလိုတော် (Remedial Will) လည်း ပါရှိပါသည်။ ဘုရား သခင်၏ နောက်ဆုံး အန္တိမ အလိုတော် (Ultimate Will)မှာ လူတိုင်း ကယ်တင်ခြင်း ရရှိဖိုဖြစ်ပါသည် (၁တိ ၂း၃)။

သာသနာပ ယုဒလူမျိုးတိုသည် ယုဒလူမျိုးမဟုတ်သော သူများကို သာသ နာပ ဟူ၍ ခေါ်ဆိုကြပါသည်။ အမှန်မှာ ဤဝေါဟာရသည် ယခုခေတ် အချိန်၌ မသုံးသင့်တော့ပါ။ အကြောင်းမှာ ခရစ်ယာန်ဘာသာမဝင်သော သူများအား စည်းရုံးလျက် သူတိုနှင့်အတူ ဘုရားသခင်၏ နိုင်ငံတော် တည်ဆောက်ဖိုသာဖြစ်ပါသည်။ သာသနာတွင်း (inner)နှင့်သာသနာပ (outer) ဟူ၍ မခွဲသင့်တော့ပါ။ မိမိ၏ ဘာသာဝင်မဟုတ်သော သူများအား သာသနာပဟု ခေါ်ဆိုပါက သူတိုကလည်း မိမိတိုကို သာသနာပ ဟူ၍ခေါ်ဆိုကြမည်သာဖြစ်သည်။ အခြားသောဘာသာဝင်များ (people of other faith) ဟူ၍သာ ခေါ်ဆိုသင့်သည်။

ကောင်းကင်နိုင်ငံတော် (Eng, Kingdom of Heaven) (၁) မေရှိယ ကိုယ်တော် တိုင်ရှင်ဘုရင်အဖြစ် အုပ်စိုးရန် ဣသရေလလူမျိုးများ မျှော်လင့်နေသော နိုင်ငံတော်။ (၂) ဘုရားသခင် ကိုယ်တိုင် အုပ်စိုးခြင်းရှိသော လူတစ်ဦး ချင်း၏အသက်တာ

ဘုရားသခင်၏နိုင်ငံတော် (Eng. Kingdom of God) ဘုရားသခင် အုပ်စိုးခြင်း ရှိသော ဝိညာဉ်အသက်တာ

သာသနာပြုခြင်း (Lat. Missio, Eng. Mission) ယေရှုခရစ်တော်၏ ကယ်တင် ခြင်း၊ ဝမ်းမြောက်ဖွယ်ရာ သတင်းကောင်းကို လူတိုင်းကြားသိနိုင်ရေး ဘုရားသခင်စေခိုင်းတော်မူသည်အတိုင်း နည်းလမ်းရှာဖွေလုပ်ဆောင် ခြင်း။

ဧဝံဂေလိ  (Gr. eugelion, Eng. Evangelism) သတင်းကောင်း: (အပြစ်ရှိသူ လူ သားများအတွက် သခင်ယေရှု၊ အသွေးသွန်းလောင်း အပြစ်ဆေး ပြီး၊ သေခြင်းမှရှင်ပြန်ထမြောက်လျက်သန့်ရှင်းသောဝိညာဉ်တော် အားဖြင့် ယုံကြည်သူများ၏ အသက်တာကိုအုပ်စိုးကာ နိုင်ငံတော်ကို တည်ထောင်ခြင်း)

နည်းစနစ် (Eng, method) လုပ်ပုံကိုင်နည်း

နည်းဗျူဟာ (Eng, strategy) နည်းစနစ်(တစ်ခုထက်မက)များ ပါဝင်သည့် လုပ်ပုံကိုင်နည်း

နည်းဗျူဟာ – တစ်စိုက်မတ်မတ် (Eng. Being-in-the-Way Strategy) သာသနာပြုခြင်းတွင် ဘုရားသခင်အပေါ် သစ္စာရှိစွာ အစေခံရန်သာလိုသည် ဟူသောနည်းဗျူဟာ

နည်းဗျူဟာ – စီစဉ်ညွှန်ကြား (Eng. Plan-So-Far Strategy) သာသနာပြုခြင် တွင် သန့်ရှင်းသော ဝိညာဉ်တော်က အသေးစိတ်လမ်းညွှန်လိမ့်မည် ဟူသောနည်းဗျူဟာ

နည်းဗျူဟာ – စံပြုရှင်း (Eng.Standard Solution Strategy)သာသနာ ခြင်းတွင် ပုံသေနည်းတစ်ခုတည်းကိုသာ အသုံးပြုသောနည်းဗျူဟာ

နည်းဗျူဟာ – သဟဇာတ (Eng. Specific Solution Strategy) သာသနာပြုခြင်း တွင် သာသနာကွင်းအသီးသီး၏ ထူးခြားသောဝိသေသများနှင့်အညီ နည်းစနစ်တစ်ခုစီကိုသီးခြား၊ အသုံးပြုသော နည်းဗျူဟာ

 

 

အပိုင်း ၁

ကိုးကားစာအုပ်များ

Bosch, David J. Transforming Mission. Maryknoll, New y. Orbis Books, 1991.

Dharmaraj, Glory E. Concept of Mission. New York: Ge Board of Global Ministries, 1999.

Dictionary of the Ecumenical Movement, 2nd edition. WCC Publications, World Council of Churches

Switzerland, 2002.

Douglas, J. D. Let The Earth Hear His Voice: International Congress on World Evangelization. Minneapolis, World Wide Publications, 1975.

“Dynamism and Diversity: An Ecumenical Perspective on Mission in Changing Landscapes” unpublished paper of Dr. Joseop Keum, Director of WCC – CWME, dated 7-6-2013

Escobar, Samuel. A Time for Mission: A Challenge for Global Christianity. Leicester: Inter-Varsity Press, 2005.

Hedlund, Roger E. & Paul Joshua Bhakiaraj. Missiology for the 21st Century: South Asian Perspectives. Dehli: Cambridge Press, 2004.

Hoerschelmann, Hanns. Mission and Identity: A Consultation on Mission and Identity Crisis in a Globalized Mekong Region. Hong Kong: Taosheng Publishing House, 2009.

Stanley, Brian. The World Missionary Conference, Edinburgh 1910. Grand Rapids, Michigan: Wm. B. Eerdmans Publishing, 2009.

Verkuyl, J. Comtemporary Missiology: An Introduction. Grand Rapids, Michigan: Wm. B. Eerdmans Publishing, 1978.

————— Rethinking Mission in India Today. Bangalore: Christain Institute for the Study of Religion and Society, 2009.

 

အပိုင်း ၂

ကိုးကားစာအုပ်များ

Allen, Roland. Missionary Methods: St. Paul’s or Ours? Grand Rapids, Michigan: Eerdmans, 1962.

Bosch, David J. Transforming Mission. New York: Maryknoll, Orbis Books, 1991.

Dayton, Edward R. and Fraser, David A. Planning Strategies for World Evangelization. Grand Rapids, Michigan: William B. Eerdmans Publishing Company, 1980.

Garrisaon, David. Church Planting Movements. Richmond, VA: International Mission Board, 2002.

Green, M. Evangelism in the Early Church. London: Hodder & Stoughton, 1970.

Johnston, Patrick. Operation World. Grand Rapids: Zonder van, 1993.

Kane, J. Herbert. A Consise History of the Christian World Mission. Grand Rapids, Michigan: Baker Book House, Fifth Printing 1985.

Latourette, Kenneth Scott. A History of the Expansion of Christianity. New York: Harper, 1937-1945.

Nevius, Johh L. The Planting and Development of Missionary Churches. Hancock: Monadnock Press, 2003.

Piper, John. Let the Nations be Glad. Grand Rapids, Michigan: Baker Books, Seventh Printing 1996

Winter, Raph D. and Hawthorne, C.H. Perspectives on the World Christian Movement. Pasadena, California: William Carey Library, Fourth Edition 2009.

 

အပိုင်း ၃

ကိုးကားစာအုပ်များ

 

A Conference of Preaching Evangelist; The Mission of an Evangelist. Minneapolis: World Wide Publications, 2000.

Coleman, Robert E. The Master Plan of Evangelism. Fleming H. Revell. Grand Rapids, Michigan: Baker Book House, 1993.

Escobar, Samuel. The New Global Mission. Downers Groves, Illinois: Inter Varsity Press, 2003.

Garrison, David. Church Planting Movements. Printed in Bangalore, India, 2004.

Kane, J. Herbert. The Christian World Mission: Today and Tomorrow. Grand Rapids, Michigan: Baker Book House, 1981.

Karotemprel, Sebastian, edited. Following Christ in Mission. N. Maliakel, Bandra, Bombay: St. Paul Press, 1995.

Little, Paul E. How to Give Away Your Faith. Downers Grove, Illinois: Intervarsity Press, 1966.

Torry, R. A. The Presence Work of the Holy Spirit. USA: Witaker House, 1996.

Wagner, C. Peter. Strategies for Church Growth. Ventura, California: Regal Books, A Division of GL Publications, 1987.

Warren, Rick, The Purpose Driven Church. Philippines: OMF Literature INC, 1995.

Warren, Rick. The Purpose Driven Life. Grand Rapids, Michigan: Zondervan, 2002.

WCC World Mission Conference, Bangkok, Thailand, 1973.

မြန်မာနိုင်ငံနှစ်ခြင်းခရစ် နှစ်ခြင်းခရစ်ယာန်အသင်းချုပ် နှစ်ခြင်းအသင်းတော်များ၏ အခြေခံယုံကြည်ချက်နှင့်ကျင့်သုံးမှု (ဒုတိယအကြိမ်)

 

အပိုင်း ၄

ကိုးကားစာအုပ်များ

Bosch. David J. Transforming Mission. Maryknoll, New York: Orbis Books, 1991.

Bevans, Stephen B. & Roger P. Schroeder. Constants in Context: A Theology of Mission for Today. Maryknoll, New York: Orbis Books, 2004.

Bevans, Stephen B. Models of Contextual Theology. Maryknoll, New York: Orbis Books, 2003.

Barr. William R. ed. Constructive Christian Theology in the Worldwide Church. Cambridge, 1997.

Enns, Paul. The Moody Handbook of Theology. Chicago: Moody Press, 1989.

Escobar, Samuel. Changing Tides: Latin America e World Mission Today. Maryknoll, New York: Orbis Books, 2002.

Khin Maung Din’s Papers & Articles. Mission and Ecumenism Unit, MCC, Yangon, 2002.

Latourette, Kenneth Scott. The History of the Expension of Christianity. London, 1945.

Maung Shwe Wa. Burma Baptist Chronicle. Baptist Board of Publication, Rangoon, 1963.

Neill, Stephen. A History of Christian Missions. Grand Rapids Michigan: Zondervan, 1965.

Verkuyl, J. Contemporary Missiology; An Introduction. Grand Rapids, Michigan: Wm. B. Eerdmans Publishing, 1978.

 

Leave a Reply

Your email address will not be published. Required fields are marked *