ခရစ်ယာန်တို့၏ နေ့ထူးနေ့ရက်များ

ဆယ်မြူရယ်စိုးလွင်

နေ့ရက် တစ်ရက်ထက်တစ်ရက် သာ၍မြတ်သည်ဟု လူအချို့ ထင်တတ်၏ လူအချို့ မထင်

လူတိုင်း မိမိစိတ်သဘောကျရှိပါစေ။ နေ့ရက်ကို စောင့်သောသူသည် သခင်ဘုရားကိုထောက်၍ စောင့်၏

နေ့ရက်ကို မစောင့်သောသူသည်လည်းသခင် ဘုရားကိုထောက်၍

မစောင့်ဘဲနေ၏။

(ရောမ၊ ၁၄း၅-၆)

ထုတ်ဝေသူ

ဆယ်မြူရယ်စိုးလွင်

အမှတ်၊ ၁၀၁၄၊ သုမေတ္တာလမ်း၊ ရွာမအရှေ့ရပ်

အင်းစိန်၊ ရန်ကုန်

ဖုန်း-ဝ၉၄၂၀ဝ၃၉၅၈၇

www.soelwin.info

mailme@soelwin.info

smlsoelwin@gmail.com

မာတိကာ

၁။ နှစ်သစ်မင်္ဂလာ

နှစ်သစ်မင်္ဂလာသမိုင်း

၂။ ခရစ်တော်ဘုရား၏မေတ္တာတော်ရက်သတ္တပါတ်

-မင်္ဂလာသောကြာနေ့သမိုင်း

-အီစတာနေ့နောက်ခံသမိုင်း

-ဆေးရောင်ခြယ်အီစတာကြက်ဥ

-လက်ဝါးကားတိုင်အီစတာမုန့်

-သံလွင်ခက်နေ့(ဘုန်းကြီးဘုရင်အားကြိုဆိုခြင်း)

-တနင်္လာနေ့(အသီးမဲ့သောသဖန်းပင်)

-အင်္ဂါနေ့(စပျစ်ဥယျာဉ်ရှင်)

-ဗုဒ္ဓဟူးနေ့(အသင့်မရှိသောမင်္ဂလာပွဲ)

-အစောပိုင်းကြသပတေး

-တပည့်တော်များခြေကိုဆေးတော်မူခြင်း

-ဂေသရှေမန်ဥယျာဉ်တော်၌ဖမ်းဆီးကြခြင်း

-သောကြာနေ့(ခရစ်တော်အားစစ်ကြောစီရင်တော်မူခြင်း)

-စနေနေ့(အသစ်သောမြုပ်နှံသင်္ဂြိုဟ်ရာ)

-တနင်္ဂနွေနေ့(ရှင်ပြန်ထမြောက်တော်မူရာနေ့)

၃။ ခရစ္စမတ်မင်္ဂလာ

-ခရစ္စမတ်သမိုင်းကြောင်း

-ခရစ္စမတ်ဓလေ့ထုံးတမ်းများ

၄။ မိခင်များနေ့

-မိခင်များနေ့သမိုင်းကြောင်း

-မိခင်များထံမှ အမွေအနှစ်

၅။ ဖခခင်များနေ့

-ဖခင်များနေ့သမိုင်းကြောင်း

၆။ ချစ်သူများနေ့

-ချစ်သူများနေ့သမိုင်းကြောင်း

၇။ ယုဒသန်နေ့

-ယုဒသန်သမိုင်းကြောင်း

၈။ လူငယ်များနေ့

-လူငယ်နှင့်ခေတ်သစ်ကမ္ဘာ

၉။ ကလေးများနေ့

-ဘုရားအမြင်နှင့်ချစ်ခြင်း

၁၀။ ဥပုဒ်စာဖြေကျောင်း

-ပြန်လည်နိုးကြားလာသော ဥပုဒ်စာဖြေသမိုင်းကြောင်း

၁၁။ သာသနာပြုဆိုင်ရာနေ့

-အသင်းတော်နှင့်သာသနာပြုလုပ်ငန်း

-အိမ်ထောင်နှင့်သာသနာပြုလုပ်ငန်း

၁၂။ အစာရှောင်ဆုတောင်းရာနေ့

၁၃။ ထိမ်းမြားခြင်းမင်္ဂလာ

-မင်္ဂလာထိမ်းမြားမှုနှင့် အစဉ်အလာကျင့်သုံးမှုများ

၁၄။ ကိုးကားကျမ်းများ

 

နေ့ထူးနေ့မြတ်များ

နှစ်သစ်မင်္ဂလာ

ကမ္ဘာအနှံ့အပြား၌ နှစ်သစ်ကူးရောက်လေတိုင်း အုတ်အုတ်သောင်း

သောင်းဖြစ်သော ကြွေးကြော်ကြိုဆိုခြင်းသည် ဥရောပနိုင်ငံများမှစတင်ပျန့်နှံ့

လာခြင်းဖြစ်သည်။ နှစ်ဟောင်း၏နာရီစက္ကန့်လက်တံကလေးသည် အဆုံးနိဂုံး

တိုင်သွားပြီး နှစ်သက်အတွက်စတင်ကာ ရိုက်ခတ်လှုပ်ရှားလိုက်သည်နှင့် စောင့်

စားနေသောလူအုပ်ကြီးသည် နှစ်သစ်အတွက်ကောင်းခြင်းမင်္ဂလာအဖြာဖြာ

သယ်ဆောင်လာစေမည့် အောင်မောင်းခတ်ခြင်း၊ သာယာနာပျော်ဖွယ်ခေါင်း

လောင်းများကို တီးခတ်ခြင်းဖြင့် လမ်းတစ်လျှောက်၊ အိမ်တိုင်း၊ ယာတိုင်းတွင်

ထွက်ပေါ်လာတော့သည်။ ထိုမျှမကတတ်စွမ်းနိုင်သောသူများက ပွဲလမ်းသဘင်

များပြုလုပ်ကာ အသံကုန်လွှင့်လျှက်နှစ်သစ်ကိုကြိုဆိုကြပါသည်။

ခေါင်းလောင်းသံပေးပြီး နှစ်ဟောင်းကိုစွန့်ခွါလာကာ နှစ်သစ်ကို

ဝင်စားတော့မည်ဆိုသော အလေ့အထလုပ်ရိုးလုပ်စဉ်သည် ရှေးအစဉ်အလာများ

အရ သာသနာပလောကမှစတင်လာခြင်းဖြစ်သည်။ ရာစုနှစ်ပေါင်းများစွာကပင်

စကော့တလန်တောင်ကုန်း၊ မြေပြန့်၊ ကျေးလက်ဒေသပါမကျန် နှစ်သစ်၏ညနေ

ပိုင်းတွင် အိမ်တိုင်းမှာပြုလေ့ရှိကာစတင်ခဲ့ပါသည်။နှစ်ဟောင်း၏သန်းခေါင်ယံ

သို့ရောက်သောအခါတွင် ကြေးစည်၊ အုန်းမောင်း၊ လင်ကွင်းစသည်တို့ဖြင့်

အသံကို ကျယ်နိုင်သမျှကျယ်စွာဖြင့် တီးခတ်ကာ မကောင်းမှုပယောဂ၊ အမှောင့်

များနှင့် နတ်ဆိုးများအား နှစ်ဟောင်းနှင့်အတူ မောင်းထုတ်ခြင်းပြုကြသည်။

ထိုသို့သောဘာသာရေးအစဉ်အလာသည် မကောင်းသောလာဘ်၊

ကောင်းသောအတိတ်နိမိတ်များကို နှစ်ဟောင်းနှင့်အတူစွန့်ပယ်ပြီး နှစ်သစ်မှာ

ကောင်းကြီးမင်္ဂလာအဖြာဖြာနှင့် ကောင်းသောအတိတ်နိမိတ်များကို ယူဆောင်

လာစေရန်ခေတ်အဆက်ဆက်မှ ဆင့်ကမ်းကျင့်သုံးလာကြသည်။

နှစ်သစ်မင်္ဂလာသမိုင်းအကြောင်း

ကနဦးသာသနာပတို့၏ယုံကြည်ချက်အရ နှစ်သစ်၏

အစကနဦးရက်များတွင် ဖြစ်ပေါ်လာသည့်ကောင်းဆိုးနှစ်တန်အတိုင်း ကျန်ရှိ

နေသော ဆယ့်နှစ်လလုံးလုံးတွင် ထပ်တူကျရောက်ဖြစ်ခံစားသွားကြရမည် ဟု

လက်ခံထားကြသည်။ စကော့လူမျိုးတို့သည် ဦးစွာမိမိအိမ်သို့ ဝင်ရောက်လာ

သောသူ၏အခြေအနေအင်္ဂါရပ်ကိုကြည့်ပြီး ထိုအိမ်ရှိမိသားစုများအတွက်

အကောင်း (ဝါ) အဆိုးစသည်တို့ကိုဖြစ်ပေါ်စေသည့်အတိတ်ကိုကောက်ယူ

ကြသည်။

အားလုံးတွင်ချွင်းချက်မရှိတူညီသောယုံကြည်ချက်မှာ အနက်ရောင်

ပစ္စည်းများ၊ အနက်ရောင်ခွေး၊ အနက်ရောင်ကြောင် စသည်ဖြင့် အနက်ရောင်

စသည်တို့ကိုလက်ခံရရှိပါက မကောင်းသော အမှောင့်ပယောဂ၊ နတ်ဆိုးနှင့်

မကောင်းသော ကံတရားကိုယူဆောင်လာသည်ဟုဆိုကြသည်။

အိမ်ထောင်အများစုမှာ ပထမဦးဆုံး လာရောက်သောဧည့်သည်အား

ကြိုဆိုလက်ခံခြင်းမပြုလိုကြ။ မုဆိုးမ လာရောက်ပါက မကောင်းသော အတိတ်

နိမိတ်နှင့် ကြမ္မာဆိုးကိုဆောင်ကျဉ်းလာသည်ဟုယုံကြည်ကြသည်။ သို့သော်

နှစ်ပရိစ္စေဒကြာလာသောအခါတွင် ပထမဦးဆုံးလာရောက်သော ဧည့်သည်အား

နွေးထွေးပြူငှါစွာဖြင့်လက်ခံလာကြသည်။ ထို့အတူအိမ်ထောင်ဦးစီးဖြစ်သူအား

လည်း အကြွေစေ့ကိုပေးလေ့ရှိခြင်း၊ မုန့်ကိုဖဲ့ပေးခြင်းစသည်တို့သည် ထိုအိမ်

ထောင်မိသားစုအတွက် တစ်နှစ်တာလုံး စည်းစိမ်ဥစ္စာပေါကြွယ်ဝခြင်း၊ အစာ

ရေစာ ဝပြောခြင်းအတိတ်နိမိတ်အဖြစ်ခံယူကျင့်သုံးလာကြသည်။ နှစ်သစ်အစ၏

မင်္ဂလာအကျိုးတရားသည် လာလေဦးမည့်လရာသီအားလုံးအတွက် မင်္ဂလာဖြစ်

သောကြောင့် မိသားစုများတို့သည် အရင်ဆုံး “အဝင်” ကိုသာလက်ခံပြီး “အထွက်”

ကိုကား လက်ခံကျင့်သုံးခြင်းမပြုကြ။

ပထမဦးဆုံးခြေချဝင်ရောက်လာခြင်းနှင့်ပါတ်သက်၍လည်း လာမည့်

နှစ်သစ်တစ်နှစ်လုံးအတွက် “အိမ်သာ၍ ဧည့်လာသည်” ဟုခံယူလာကြသည်။

အခြားသော တိုင်းနိုင်ငံများဖြစ်ကြသည် ဥရောပနှင့် အမေရိကများက နှစ်သစ်

အစတွင် သမ္မာကျမ်းစာကို မိမိရွေးချယ်ခြင်းမပြုပဲ စတင်ဖွင့်လစ်ခြင်းဖြင့်တွေ့ရှိ

လာသော “နှုတ်တော်ထွက်ဘုရားစကား” သည်မိမိတို့ တစ်နှစ်တာအတွက် ဘုရား

သခင်၏ လမ်းပြခြင်းအဖြစ်ခံယူကြသည်။ ထိုကျမ်းစကားတော်သည်

တစ်နှစ်တာလုံးတွင် မိမိဘဝအား လမ်းပြပဲ့ပြင်ခြင်းနှင့် ကတိတော်များ ပြည့်စုံ

လာစေမည်ဟုလည်းခံယူကျင့်သုံးယုံကြည်ကြသည်။

ယနေ့အသင်းတော်များတွင် “သမ္မာကျမ်းကတိတော်” များကို ပုံနှိပ်

ထုတ်ဝေခြင်းဖြင့် “ကျမ်းစာမဲနှိက်ခြင်း” ကိုပြုကြပါသည်။ ထိုမျှမက “ကျမ်းစာ

ကတိတော်” “ဖယောင်းတိုင်” နှင့် “နှင်းဆီပန်း” များကို ပေးမျှခြင်းဖြင့် နှစ်သစ်တွင်

မင်္ဂလာအပေါင်းနှင့်ပြည့်စုံစေကြောင်း ဆုမွန်တောင်းခြင်းများပြုကာ “နှစ်သစ်မှာ

မင်္ဂလာအပေါင်းနှင့်ခညောင်းပါစေ” ဟု ဆုတောင်းမေတ္တာ ပို့တတ်ကြပါသည့်

အလေ့အထသည် ယနေ့အသင်းတော်များတွင်လက်ခံကျင့်သုံးနေကြသည်။

မင်္ဂလာသောကြာနေ့အကြောင်း

မင်္ဂင်္လာသောကြာရက်နှင့် အီစတာနေ့တို့ကို လွန်ခဲ့သော အေဒီ လေး

ရာစုကပင် စတင်၍ ကျင်းပခဲ့ကြပါသည်။ ကနဦးခရစ်ယာန်များ၏ အစဉ်အလာ

အရ ခရစ်ယာန်တို့၏ “အစာရှောင်ဆုတောင်းခြင်း” နှင့်ဆက်နွယ်လာပြီး

ခရစ်တော် ဘုရား၏ “အသက်တော်စွန့်လှူခြင်း” “ရှင်ပြန်ထမြောက်တော်မူခြင်း”

တို့ကို ကြည်ညိုသဒ္ဓါပွားနိုင်ရန်အတွက် ကျင်းပပြုလုပ်လာကြပါသည်။

နောက်ပိုင်းတွင် ဓလေ့ထုံးတမ်းစဉ်လာအတိုင်း “သေကြာနေ့” ပွဲလမ်း

သဘင်သည် လူထုအကြားတွင် ကြီးစိုးလာသောအခါ “သောကြာနေ့” အားပုံမှန်

ကျင်းပရန်သတ်မှတ်လက်ခံလာကြပါသည်။ ထို့ကြောင့် “မင်္ဂလာသောကြာ” ရက်

သည်ဖြစ်ပေါ် တည်ရှိလာသည်ဟုဆိုရိုးစကားရှိကြပါသည်။

အေဒီလေးရာစုနောက်တပိုင်းတွင်ကား ယေရုရှလင်မြို့ရှိ ယုံကြည်သူ

များက ဂေသရှေမာန်ဥယျာဉ်တော်အတွင် စုရုံးမိတ်သဟာယဖွဲ့ခြင်းဖြင့် ကြာသပတေး

နေ့ညလုံးပေါက် ဝတ်ပြုခြင်းကိုပြုကြပါသည်။ ဝတ်ပြုအစီအစဉ်များ ပြီးသွားသော

အခါတွင် ဂေသရှေမာန်ဥယျာဉ်မှ ယေရုရှလင်မြို့တွင်းသို့ ချီတက် ကြပြီး သမ္မာ

ကျမ်းစာဖတ်ကြားခြင်းနှင့် ဆုတောင်းခြင်းများကိုပြုကြပါသည်။

ကားတိုင်တော်ဗိမာန်၌ ပိလတ်မင်းရှေ့ရောက် ခရစ်တော်ဘုရား၏

“စစ်ကြောခြင်း” ကိုဖတ်ကြားကြပြီး၊ နံနက်နေမထွက်မှီတွင် ခရစ်တော်ဘုရား၏

“ဒုက္ခရစရိယာ” တည်းဟူသော ရိုတ်နှက်ခံတော်မူရာအရပ်တွင် ဆုတောင်းခြင်း

အမှုကို ပြုကြပါသည်။ ထို့နောက်မိမိအိမ်အသီးသီးသို့ပြန်ကြပြီး ခေတ္တအနားယူ

ကာ တစ်ဖန် ကားတိုင်တော်ဗိမာန်ရှိရာသို့ စုရုံးလာကြပြန်ပါသည်။ ထိုသို့သွား

ကြရာတွင် အစဉ်အလာယုံကြည်ချက်အရ ခရစ်တော်ဘုရား၏ကားတိုင်တော်မှ

ယူထားသော သစ်သားစကို ဓါတ်တော်အဖြစ်ပြုထားသောကြုတ်ကို

ဖူးမျော်ကြရန်ဖြစ်သည်။ ထိုကြုတ်သည်ဘိရှော့ပ်စားပွဲရှေ့တွင်ထားရှိပြီး

]ဓါတ်တော် ကြုတ်}ကိုဖူးမျော်ကြရန်ဖြစ်သည်။ ထိုဓါတ်တော်ကြုတ်အား

ယုံကြည်သူများက လက်ဖြင့်ထိတွေ့ကိုင်တွယ်ကြရင်း နဖူးတွင်ထိခြင်း၊ မျက်စိတွင်

ထိခြင်း၊ ရိုသေစွာ နမ်းခြင်းတို့ဖြင့် ဦးညွတ်အရိုအသေပေးကြသည်။

နေ့ခင်းတွင်မူကား ဗိမာန်တော်အတွင်းဝယ် စုရုံးကြသည်မှာ

ညနေခင်းသုံးနာရီအထိ ခရစ်တော်ဘုရား၏ ]မဟာကရုဏာတော်} ]သံလွင်

ခက်နေ့} ]ပရော ဖက်ပြုချက်} ]ပေးစာ} ]တမန်တော်ဩဝါဒ} နှင့် ]ခရစ်ဝင်ကျမ်း

များ}ကိုဖတ်ရှု ဆင်ခြင်သုံးသပ်ကာ အာရုံပြုလျှက်ကြည်ညို သဒ္ဓါပွားများ

ကြသည်။ သင့်လျှော်သောဆုတောင်းချက်ကိုလည်း ထို]ကျမ်းစာတော်မြတ်}

များဖတ်ကြားစဉ်အချိန် ထည့်သွင်းဆုတောင်းခြင်းပြုကြသည်။ သုံးနာရီ

အချိန်တွင် ]ရှင်ယောဟန်ခရစ်ဝင်} ကျမ်းမှ ]အသက်တော်စွန့်ခြင်း} ]မြုပ်နှံခြင်း}

]ရှင်ပြန်ထမြောက်ခြင်း} တို့ကို ဝတ်ပြုအစီအစဉ်အပြီး ဖတ်ရှုဆင်ခြင်ကြသည်။

ညနေခင်းတွင်မူကား ]ခရစ်တော်ဘုရား၏မြှုပ်နှံခြင်း}တို့ကို ]ရှင်ပြန်

ထမြောက်ရာ ဗိမာန်တော်} အတွင်းဝယ်ဖတ်ကြားကြသည်။ ညပိုင်းတွင်မူကား

စွမ်းနိုင် သူများက ]မအိပ်စက်ဘဲ} ဝတ်ပြုကြသည်။ လူထုကြီးသည်အတူတကွ

လာရောက်ကြပြီး အချို့သောသူများက သူတို့၏နာရီများကို ညသန်းခေါင်တိုင်

အောင ်ရပတ် န ့် ခြင်း များပငြ် ပုထားကြပါသည။်

ထိုသို့ယေရုရှလင်မြို့မှစတင်ခဲ့သော ရက်သတ္တပါတ်အခါကြီးရက်မြတ်

သည် လေးရာစုနှောင်းပိုင်းတွင် ပို၍ကျယ်ပြန့်စွာ ကျင်းပလာကြသည်မှာ

အီစတာနေ့အထိ ဆက်နွယ်လာပြီး ယနေ့ကျင်းပသည့်အတိုင်း ဆင့်ကမ်းလုပ်

ဆောင်လာကြခြင်းဖြစ်သည်။

အီစတာနေ့နောက်ခံသမိုင်း

အီစတာနေ့သည်အမှန်အားဖြင့် ခရစ်ယာန်တို့၏ပြက္ခဒိန်၌ လုံးဝ

ဆက်နွယ်မှုမရှိခဲ့ပါ။ ကျွန်ုပ်တို့၏ ]ပွဲလမ်းသဘင်} (Festival) ဟူသော စကားသည်

(Eastre) (ဝါ) (Ostara)သည် ဥရောပမြောက်ပိုင်းဂျာမန် လူမျိုးနွယ်စု၏ နွေဦး

ရာသီအရှင်နတ်ဘုရားမ နှင့်ဆက်နွယ်လာသော စကားဖြစ်သည်။ သာသနာပ

တို့သည် နွေဦးပေါက်ရာသီတွင် လွန်စွာပျော်ရွှင်ကြသည်။ ထို့အတွက်ကြောင့်

လည်း အီစတာနေ့တွင် ကြက်ဥများပေးခြင်းဖြင့်ပျော်ပွဲများ စတင်ကျင်းပကြ

ခြင်းဖြစ်သည် ထို့ကြောင့် မူရင်းသမိုင်းအရ ခရစ်ယာန်တို့နှင့် လားလားမျှ မဆိုင်

၄င်းပွဲလမ်းအား ယုံကြည်သူများအတွက်သာသနာအတွင်သို့ အစားထိုးပြီး

ဘုရားသခင်အားအောက်မေ့ရန်အသုံးပြုခဲ့ကြခြင်းဖြစ်သည်။

ဥရောပတိုက်သားအများစုမှာ သူတို့၏ အီစတာနေ့ကို မူရင်း ဟေဗြဲ

စကားဖြစ်သော Pesach တည်းဟူသောစကားမှ ယူထားခြင်းဖြစ် သည်။

ပြင်သစ်လူမျိုးများအတွက်မူကား ထိုပွဲလမ်းသဘင်ကို Paques ဟုခေါ်ပြီး၊

အီတလီများက Paques ဟုခေါ်သည်။ ဣသရေလလူမျိုးများက ]ပသခါ} ပွဲကို

အဲဂုတ္တုပြည်မှ ဘုရားသခင်၏ လွတ်မြောက်စေခြင်းအထိမ်းအမှတ်အတွက်

ရှစ်ရက်တိုင်တိုင် ကျင်းပကြသည်။

အီစတာနေ့သည် ဣသရေလလူမျိုးများ၏ ]လွတ်မြောက်ခြင်း}

ပသခါပွဲတော်နှင့် ခရစ်တော်ဘုရား၏ ]ဖမ်းဆီးခြင်း} ]စစ်ကြောစီရင်ခြင်း}

]ကားတင်တော်မူခြင်း} တို့သည် မတ်လ၊ ၂၁ ရက်အပြီး၊ ပထမလပြည့်နေ့တို့နှင့်

ဆက်နွယ်နေသည်။

အီစတာနေ့သည် ပသခါနှင့်ဆက်နွယ်နေသာကြောင့် ရက်ကိုပုံသေ

သတ်မှတ်ရန်ခက်ခဲလှပါသည်။ ရာစုနှစ်ပေါင်းများစွာကပင် အသင်းတော်၊

ဂိုဏ်ဂနအသီးသီတွင်းရှိ ခေါင်းဆောင်များအကြား၌ပင် သံသယပွားများ၊

အငြင်းအခုံများအကြားသို့ရောက် ကြရလေ့ရှိပါသည်။ ကနဦးခရစ်ယာန်တို့

ပသခါပွဲတော်ရက်တွင် အီစတာနေ့ကိုကျင်းပကြသည်။ နောက်ပိုင်းတွင် ဘာသာ

ရေးခေါင်းဆောင်များက ]အားလပ်ရက်များ} အဖြစ်သီးသန့် သတ်မှတ်ပေးလို

သောကြောင့် ဣသရေလတို့၏ပသခါပွဲနေ့မှ ခွဲထွက်လာပြီး အီစတာနေ့ကို

သီးသန့်ကျင်းပလာကျခြင်းဖြစ်သည်။

အေဒီ ၃၂၅ တွင်၊ အသင်းတော်ကောင်စီ (The Council of Necaea) မှ

အီစတာနေ့အား ခရစ်တော်ဘုရား၏ရှင်ပြန်ထမြောက်ရာနေ့ (တနင်္ဂနွေ)ကို

အောက်မေ့ သောအားဖြင့် ကျင်းပရန်ဆုံးဖြတ်ခဲ့သည့်အတိုင်း ပသခါနောက်

ပိုင်းရက်ကိုသာအတည်ပြုခဲ့ကြသည်။

ဂရေ၈ိုရီယန်(Gregorian Calender) ပြက္ခဒိန်အရ အီစတာနေ့သည်

ပဌမပါတ်တနင်္ဂနွေ၊ ပဌမလပြည့်နေ့ သို့မဟုတ် မတ်လ၏၂၁ရက် နေ့ မတိုင်မှီ

ကျရောက်လေ့ ရှိပြီး၊ အီစတာပွဲကိုကား နောက် တနင်္ဂနွေနေ့တွင် ထပ်ချပ်မကွာ

ကျင်းပကြပါသည်။ သို့တိုင်အောင် အရှေ့ အော်သိုဒေါစ်အသင်းတော်များက

ဂျူလီယန် (Julian Calender)ကိုအသုံးပြုပြီး အီစတာနေ့ကို နောက်ပိုင်းတွင်

ကျင်းပကြပါသည်။

အသင်းတော်ခေါင်းဆောင်များအနေဖြင့် ရက်အရွေ့အပြောင်း

ရှိသော အီစတာပွဲတော်အတွက် အဖြေကိုရှာရန်အကြိမ်များစွာကြိုးပမ်း

ခဲ့ကြပါသည်။ ရက်ကိုတိတိကျကျသတ်မှတ်ခြင်းပြုနိုင်သော်လည်း ထိုသို့ပြုက

အီစတာနေ့သည် ရက်သတ္တပါတ်၏ အလယ်ပိုင်းသို့ ကျရောက်လေ့ရှိသည်။

၁၉၆၃ ခုနှစ်တွင် ရောမကာသိုလိပ်အသင်းတော်မှ အီစတာနေ့ကို တရားဝင်ကြေ

ငြာခဲ့သော်လည်း အခြားအခြားသော ဂိုဏ်းဂနများမှ ဘာသာရေးခေါင်းဆောင်

များ၏ သဘောတူညီမှုကိုမရရှိခဲ့ပါ။

ဆေးရောင်ခြယ်အီစတာကြက်ဥ

သာသနာပတို့၏ပွဲလမ်းသဘင်အတိုင်း ခရစ္စမတ်ကိုကျင်းပသကဲ့သို့

အီစတာပွဲနေ့သည်လည်း သာသနာပတို့၏ဆက်နွယ်မှုနှင့်မကင်းလွတ်ခဲ့ပါ။

ခရစ်ယာန်များပေါ်ထွန်းမလာမီအချိန်ကာလတွင် အဲ၈ုတ္တုလူမျိုးများနှင့် ရောမ

လူမျိုးများက ]အသက်}ကိုကိုယ်စားပြုသော ကြက်ဥကို လက်ဆောင်အဖြစ်

ပေးလေ့ပေးထပြုခဲ့ကြပါသည်။ အီစတာနေ့သည် သာသနာပတို့၏ နွေဦးရာသီ

ကိုကြိုဆိုသော ပွဲလမ်းသဘင်အစဉ်အလာအရ ]ငှက်တို့ဘာသာဘာဝ} ပျော်မြူး

ကြသောကာလ၊ သားပေါက်ကြသောကာလတွင် ]တစ်ကြော့ပြန်မွေးဖွားခြင်း}ကို

ကြိုဆိုသောဘာသာရေးပွဲလမ်းပင်ဖြစ်သည်။

ကြက်ဥမှသားပေါက်သောအချိန်ကာလသည် ]အသစ်တစ်ဖန်

မွေးဖွားခြင်း} ကိုကိုယ်စားပြုခြင်းဖြစ်သည်။ ကနဦးခရစ်ယာန်တို့သည်လည်း

အီစတာနေ့နှင့် ဆက်နွယ်လာသည့်အားလျှော်စွာ ကြက်ဥပေးကမ်းခြင်း

များကိုလည်း အစဉ်အလာအတိုင်း ကျင်းပလာခြင်းဖြစ်သည်။ ကြက်ဥသည်

ခရစ်တော်ဘုရား၏ ]ရှင်ပြန်ထမြောက်ခြင်း} ကိုကိုယ်စားပြုအနေဖြင့် ကျင့်သုံးခဲ့

သည်။ ကြက်ဥအရောင်ချယ်ခြင်းများကိုမူကား ဘာသာရေးအတွက်သီးသန့်

ထူးခြားသော ဝိသေသရှိစေရန် လုပ်ဆောင်ခဲ့ကြပါသည်။ အများစုမှာ

ကြက်ဥအား အရောင်ဆိုး၊ ဆေးချယ်ကြရာတွင် ]အနီရောင်} ကိုပြုခြင်းမှာ

ခရစ်တော်ဘုရား၏ ]သွန်းလောင်းသောအသွေးတော်}ကို ကိုယ်စားပြုခြင်းဖြစ်

သည်။

အီစတာနေ့တွင် ကြက်ဥအားစားသောက်ရာ၌ ]အနှစ်နှစ်ခု} ပါသော

ကြက်ဥကိုတွေ့ရှိသူသည် အများတကာထက် နှစ်ဆသော ကောင်းကြီးမင်္ဂလာ

ခံစားအပ်သောသူအဖြစ် ဆိုစမှတ်ပြုကြသည်။အင်္ဂလန်နိုင်ငံတွင် ကလေးများမှာ

ကျက်အောင်ပြုတ်ထားသောကြက်ဥများကို လက်ဆောင်ရလေ့ရှိကြပြီး ရှေးရိုး

စဉ်လာအတိုင်း တောင်စောင်းမှလိမ့်ချသောကစားနည်းကိုကစားကြသည်။

သာသနာပများ၏ကစားနည်းမှာ ]နေ} ၏လှည့်ပါတ်ခြင်းအားဖြင့် အမှောင်

ကြီးစိုးသော နွေဦးကိုတစ်ကြော့ရောက်သည်ကို တုပခဲ့ကြသည်။ နောက်ပိုင်းတွင်

ကြက်ဥလှိမ့်ခြင်းသည် ခရစ်ယာန်တို့၏အစဉ်အလာ၌ အစိတ်အပိုင်းတစ်ခုအနေ

ဖြင့် ]သချႋုင်းကျောက်တုံးလှိမ့်သွားခြင်း} နေရာကို အစားထိုးကျင့်သုံးလာခဲ့ကြ

သည်။ အင်္ဂလန်နိုင်ငံတွင် ကြက်ဥလှိမ့်ခြင်းသည် ယနေ့ထက်ထိတိုင်အောင် ]လူသိ

များသော ရိုးရာဓလေ့} အဖြစ်ရှိနေသည်သာမက အမေရိကန်အိမ်ဖြူတော်၌ပင်

ထိုသို့ကစားနေမြဲရှိကြပါသည်။

လက်ဝါးကပ်တိုင်အီစတာမုန့်

မင်္ဂလာသောကြာနေ့တွင် လက်ဝါးကားတိုင်အီစတာမုန့်ကိုစာသုံးကြ

သော်လည်း သမိုင်းကြောင်းကိုလေ့လာသောအခါတွင် အီစတာရေစီးကြောင်း

အတိုင်း လေ့လာပါက သာသနာပတို့၏ထုံးတမ်းစဉ်လာများမှပင် မြစ်ဖြားခံ

နေပါသည်။

မုန့်သည် ]သက်ရှည်ဆင်းလှခြင်းနှင့် ဘုန်းသမ္ဘာတိုးပွားခြင်း}ကို ကိုယ်

စားပြုထားပါသည်။ စားသောက်ကြရာတွင် ထိုမုန့်အား လက်ခံရရှိသူသည်

]အသက်ရှည်၍၊ အနာမဲ့ကြောင်းနှင့် ကိုယ်စိတ်နှစ်ဖြားချမ်းသာခြင်း} ကိုခံစား

ကြရမည့်သူအဖြစ် ဝမ်းမြောက်စွာခံယူလေ့ရှိခဲ့ကြသည်။

ထိုနေ့တွင်မုန့်ပြုလုပ်ရာတွင် သာမန်ကဲ့သို့မဟုတ် ]အစာပလာ}

များသည် ]နွေဦးအရှင်နတ်ဘုရားမနှင့် နေဘုရား} ကိုပူဇော်ပသခြင်းအနေဖြင့်

ထည့်သွင်းအသုံးပြုသောအရာများဖြစ်သည်။ ရှေးဂရိလူမျိုးများ၏ အစဉ်

အလာ အရာသူတို့သည်မုန့်ဖုတ်ရာတွင် ထိုမုန့်အပေါ်၌ ]ဦးချို} တစ်ချောင်းကို

အမှတ်အသားပြုလုပ်လေ့ရှိပြီး ထိုသို့ပြုခြင်းမှာ ]အချစ်နတ် ဘုရားမ} (Astarte)

ကို ပူဇော်ပသခြင်းဖြစ်သည်။

ထို အီစတာမုန့်သည် မူရင်းအားဖြင့် အစဉ်အလာအရ (Bound) မှ

ဆင်းသက်လာခြင်းဖြစ်ပြီး အဓိပ္ပါယ်မှာ ]]သန့်ရှင်းသောနွား}} ဟုဆိုသည်။ ထိုသို့

]ဦးချိုမုန့်} သည်ယခုအခါတွင် ]ကားတိုင်မုန့်}ဖြစ်လာခြင်းဖြစ်သည်။

အကြောင်းမှာ ခရစ်တော်ဘုရားသည် သူ၏တပည့်တော်များနှင့်အတူ

ပသခါမတိုင်ခင်မှာ အတူတကွမုန့်ကိုဖဲ့စားတော်မူပြီး သူ၏ခန္ဓာတော်အား

မုန့်အဖြစ်ထင်ရှားသိသာစွာမိန့်ဆိုတော်မူခဲ့ခြင်းကြောင့်ဖြစ်သည်။ တဆေးမပါ

သောမုန့်ကို ကနဦးယုံကြည်သူတို့သည် အီစတာနေ့တွင် ပြုလုပ်စားသောက်ကြ

ရာတွင် အခြားသော သာသနာပလူများနှင့်မတူခြားနားစေရန်အတွက် ]ဦးချို}

နေရာတွင် ]ကားတိုင်}တော်ကို အမှတ်အသားပြုခဲ့ကြခြင်းဖြစ်သည်။

အချို့သောသမိုင်းပညာရှင်များက အီစတာနေ့တွင် ]ကားတိုင်မုန့်}

အားစားသောက်ကြခြင်းမှာ ခရစ်တော်ဘုရားသည် နောက်ဆုံးညစာစားပွဲတွင်

]အသက်မုန့်]အဖြစ် မိန့်ဆိုတော်မူခဲ့ခြင်းကြောင့် ကျွနု်ပ်တို့လည်း ထိုနေ့တွင်

]ကားတိုင်မုန့်} ကိုစားသုံးကြခြင်းဖြစ်သည်ဟုဆိုသူရှိသလို၊ အချို့ကလည်း

]ကားတိုင်မုန့်}အား မင်္ဂလာသောကြာနေ့တွင်စားသုံးသောကြောင့် ခရစ်တော်

ဘုရား၏ ]ကားတိုင်တော်} ဒုက္ခစရိယာကို အောက်မေ့ခြင်းဖြင့်ပြုသည်ဟု

ဆိုစမှတ်ပြုကြသည်။

သံလွင်ခက်နေ့

ဘုန်းကြီးဘုရင်အားကြိုဆိုခြင်း

(မ၊ ၂၁း၁-၁၁၊ မာ၊ ၁၁း၁-၁၁၊ လု၊ ၁၉း၂၉-၄၄၊ ယော၊ ၁၂း၁၂-၁၉)

ပသခါပွဲ၊ ပင်တေကုတ္တေပွဲနှင့် တဲတော်ပွဲသည် ဣသရေလ လူမျိုးများ

အတွက် မဖြစ်မနေတက်ရောက်ရမည့် ဘာသာရေးပွဲလမ်းသဘင်များဖြစ်သည်။

ထိုသံလွင်ခက်နေ့ဖြစ်ပွားရာကာလသည်ကား ပသခါကာလဖြစ်သည် ထို့ကြောင့်

ယေရုရှလင်မြို့နှင့်အနီးတစ်ဝိုက် ဇနပုဒ်များတို့သည် ဘုရားပွဲလာ ပရိတ်သတ်

များဖြင့်ပြည့်နှက်စည်ကားလျက်ရှိသည်။ ယေရုရှလင်မြို့နှင့် မိုင် ၂၀ အတွင်းရှိ

အရွယ်ရောက်ပြီးသူ ပါလက်စတိုင်း ဣသရေလအမျိုးသားများသည် မလာမနေ

ရဖြစ်သလို၊ ကမ္ဘာအနှံ့အပြားတွင်ရောက်ရှိနေသောဣသရေလလူမျိုးများ

လည်းထို လူမျိုးစုနှင့်ဆိုင်သော ဘုရားပွဲတော်များသို့ မဖြစ်မနေလာရောက်ကြ

သည်။ ထိုသို့သောပွဲလမ်းသဘင်သည် အမှန်အားဖြင့် ယေရှုခရစ်တော်ဘုရား

အားကယ်တင်ရှင်အဖြစ် တင့်တယ်ခမ်းနားစွာဝင်ရောက်လာမည်ကိုလည်း မျှော်

လင့်နေကြသောအခါသမယလည်းဖြစ်သည်။

ထိုသို့သောအခါသမယတွင် ခရစ်တော်သည် ခါတိုင်းပြုနေကျနှင့်မတူ

တစ်မူကွဲပြားစွာလုပ်ဆောင်တော်မူခဲ့သည်။ ခရစ်တော်ဘုရားသည် ကားတိုင်ပေါ်

တွင်အပြစ်ေြွကးယတြာပေးခြေခြင်းမပြုမှီ ဣသရေလလူမျိုးများအတွက်

သူသည် စစ်မှန်သော ကယ်ချွတ်ရှင်မေရှိယဖြစ်ကြောင်းကိုလည်း ပြသရန် အကြံ

အစည်တော်ရှိတော်မူလေသည်။ထို့ကြောင့် တပည့်တော်များသည် လာဇရု၏

အိမ်တွင်ခရစ်တော်ဘုရားနှင့်ရှိစဉ် တပည့်တော်နှစ်ဦးအား (ရှင်ပေတရုနှင့်

ရှင်ယောဟန်ဖြစ်ဖွယ်ရှိ) ဗက်ဖာဂေရွာသို့သွားရောက်ပြီး မြည်းကလေးကို

သွားယူရန် မိန့်ြွမတ်တော်မူခဲ့သည်။

နာခံခြင်းအပြည့်အဝရှိသော တပည့်တော်နှစ်ပါးကလည်း သခင်ပြော

သည့်အတိုင်းပြုသောအခါတွင် မြည်းကလေးနှင့်မြည်းမကြီးကိုတွေ့ကြရသည်။

ထိုသို့မြည်းကလေးကိုတွေ့သောအခါတွင် တပည့်တော်တို့သည် ခရစ်တော်

ဘုရားအလိုရှိသောမြည်းကလေးဖြစ်မှန်းသိသောကြောင့် ယူဆောင်ခဲ့ကြသည်။

ခရစ်တော်ဘုရားသည် လောကသို့လူ့ဇာတိခံယူရန်ြွကလာတော်မူစဉ်ကလည်း

]အငှါးနွားစားခွက်} ပေါ်တွင်စံမြန်းတော်မူခဲ့ရသလို၊ ယေရုရှလင်မြို့သို့

ကယ်ချွတ်ရှင်အနေဖြင့် ြွကမြန်းတော်မူသည့်အခါတွင်လည်း ]အငှါးမြည်း}

ကလေးဖြင့် ြွကမြန်းတော်မူခဲ့သည်။ လောကနှင့်စကြာဝဠာတစ်ခုလုံးကို ပိုင်သ

အုပ်စိုးတော်မူသောအရှင်ဖြစ်သည့်အတွက် ရယူလိုသမျှကိုတောင်းဆိုပိုင်ခွင့်

လုပ်ပိုင်ခွင့်ရှိသော်လည်း လူနေမှုအဆင့်အတန်းအနိမ့်ကျဆုံးဟု လူတို့သမုတ်ကြ

သောတပည့်တော်များထံမှ ပါရမီဖြည့်ခြင်းကိုခံယူကာ ကျေနပ်နှစ်သက်တော်မူ

ခဲ့သည်။

ဗေသနိသို့ရောက်ကြသောအခါတွင် တပည့်တော်တို့၌ ထီးနန်းသုံး

ဖြစ်သည့် နန်းဝတ်နန်းစာအဆောင်အယောင်များမရှိကြ၊ ထို့ကြောင့် သူတို့၏

သခင်အတွက် သူတို့၏ဝတ်ရုံကိုချွတ်ကာ မြည်းကလေးပေါ်တွင်ခင်းစေလျှက်

ခရစ်တော်ဘုရားကို စီးနင်းစေကြသည်။ ထိုသို့သောအနေအထားဖြင့် ခရစ်တော်

သည်မြည်းကလေးကိုစီးတော်မူပြီး ယေရုရှလင်မြို့သို့ြွကတော်မူခဲ့သည်။

မည်သူမျှ စီးနင်းခြင်းမပြုသေးသောမြည်းကလေးကိုစီးနင်းရာတွင် သန့်ရှင်း

တိကျသော အကြံတော်များရှိနေပါသည်။ ]]အပြစ်မပါ၊ တခါမျှထမ်းဘိုး မတင်၊

ကွက်ကျားခြင်းမရှိ၊ အဆင်းနီသော နွားမပျိုကို ဣသရေလ အမျိုးသား တို့သည်

ဆောင်ခဲ့မည်အကြောင်း ဆင့်ဆိုလော့}} (တော၊ ၁၉း၂)။ ထို့ကြောင့် မည်သူ

တစ်ဦးတစ်ယောက်မျှ စီးနင်းလိုက်ပါခြင်းမပြုသေးသော မြည်းကလေးကို

ခရစ်တော်ဘုရားအသုံးပြုတော်မူခဲ့သည်။

လာဇရုအားသေခြင်းတရားမှပြန်လည်ထမြောက်စေသော ယေရှုသည်

ယေရုရှလင်မြို့သို့ ချီတက်လာနေပြီဟူသော သတင်းစကားမှာ တောမီးပမာ

တမဟုတ်ချင်း ပြန့်နှံသွားလေတော့သည်။ ထိုအချိန်တွင် လူအုပ်မှာ နှစ်စုဖြစ်နေ

သည် ယေရှုနှင့်အတူ ဗေသနိမှအတူချီတက်လာသူများနှင့် ခရစ်တော်ဘုရားကို

ဖူးတွေ့ရန်စိတ်အားထက်သန်နေသော ယေရုရှလင်မှလူစုဟူ၍ဖြစ်သည်။

ခရစ်တော်ဘုရားအား အောင်စည်အောင်မောင်းဖြင့်ထီးနန်းတက်ပွဲမှ

ပြန်လာသော ရှင်ဘုရင်အလား အုတ်အုတ်သောင်းသောင်းဖြင့်ကြိုဆိုကြသည်။

လူစုအချို့တို့သည်ခရစ်တော်ဘုရားထက်ဦးစွာရှေ့တွင်ပြေးကြပြီး

သူတို့၏အဝတ်အစားများကို ြွကတော်မူရာလမ်းတွင် ခင်းကျင်းထားကြသည်။

ထိုသို့ပြုခြင်းသည် ရှင်ဘုရင်များကိုသာပြုကြောင်း ]]သူတို့သည်အလျင်အမြန်ထ

သဖြင့်၊ အသီးအသီးမိမိတို့ဝတ်လုံကိုယူ၍လှေကားထိပ်ပေါ် ယေဟု အောက်မှာ

ခင်းလျက်၊ ယေဟုသည် ရှင်ဘုရင်ဖြစ်တော်မူ၏ဟုတံပိုးမှုတ်၍ ဟစ်ကြော်ကြ၏}}

( ၄ ရာ၊ ၉း၁၃) တွင်တွေ့ရပါသည်။ အခြားသောလူစုတို့သည် သံလွင်ခက်များကို

ကိုင်ဆောင် ဝှေ့ယမ်းလျှက်နှင့် ခရစ်တော်ဘုရား၏ြွကချီတော် မူလာခြင်းကို

သောင်းသောင်ဖြဖြကြိုဆိုကြသည်။

ထိုသို့လူထုတို့ခရီးဦးကြိုပြုခြင်းသည် ရှင်ဘုရင်တစ်ပါးအနေဖြင့်

ခရစ်တော်ဘုရားအား ရိုသေခန့်ငြားခြင်း၊ ဖူးမျော်ကြည်ညိုခြင်းနှင့် အားကိုး

အားထားပြုခြင်းတို့ကိုပြုကြောင်းမည်မျှအလေးထားကြောင်း ပေါ်လွင်

နေသည်။ ဣသရေလ လူမျိုးများအတွက် သံလွင်ခက်သည် ]ငြိမ်ချမ်းမှုနှင့်

ပျော်ရွှင် ဝမ်းမြောက်မှု} ကိုကိုယ်စားပြုခြင်းဖြစ်သည်။

ဗျာဒိတ်အနာဂတ္တိကျမ်းစာတွင်ကြည့်ပါကလည်း သန့်ရှင်းသူတို့သည်

ကောင်းကင်ဇိအုန်မြို့သို့ သံလွင်ခက်များကို ကိုင်ဆောင်ပြီးအောင်မြင်စွာ ချီတက်

လာမှုကို ဖေါ်ပြထားပါသည်။

ထို့နောက်အချိန်မတိုင်မှီကလေးမှာပင် ယေရှုခရစ်တော်အား

ကယ်ချွတ်ရှင် မေရှိယအဖြစ်ေြွကးကြော်သူအား တရားဇရပ်မှနှင်ထုတ်ရန်

ထုတ်ပြန်ထားပြီးဖြစ်သော်လည်း ဝမ်းမြောက်မှု၊ ငြိမ်သက်မှုတို့အားဖြင့်

ထိုကြော်ငြာချက်ကိုမေ့သွားကြတော့သည်။ ထို့အတွက်ကြောင့်လည်း ဘုန်းကြီး

သောရှင်ဘုရင်အား မင်းခမ်းမင်းနားတွင် ကြိုဆိုလေ့ရှိသည့်အတိုင်း ]]အတိုင်းမသိ

များစွာသော လူတို့သည် မိမိတို့အဝတ်ကို လမ်း၌ခင်းကြ၏၊အချို့တို့သည်

သစ်ကိုင်းသစ်ခက်များကိုခုတ်၍လမ်း၌ခင်းကြ၏၊ရှေ့နောက်လိုက်သွားသော

အခြံအရံများတို့က၊ ဒါဝိဒ်၏သားတော်အားဟောရှဏ္ဏဖြစ်စေသတည်း၊ ထာဝရ

ဘုရား၏အခွင့်နှင့်ြွကလာတော်မူသောသူသည် မင်္ဂလာရှိစေသတည်း၊

ကောင်းကင်ဘဝဂ်ဝယ် ဟောရှဏ္ဏဖြစ်စေသတည်းဟုေြွကးကြော်ကြ၏}}(မ၊

၂၁း၉၊ ဆာ၊ ၁၁၈း၂၆)။

ထိုသို့သောအချင်းအရာမှတ်သမျှတို့သည် ပရောဖက်ဇာခရိအားဖြင့်

ထားရှိတော်မူသောကတိတော်ကိုပြည့်စုံစေကြောင်း လူအုပ်ကြီးသည်၄င်း၊ တပည့်

တော်တို့သည်၄င်းသတိမထားမိကြပါ ]]အိုဇိအုန်သတို့သမီးအလွန်ဝမ်းမြောက်

လော့၊ အိုယေရုရှလင်မြို့သတို့သမီး ေြွကးကြော်လော တရားသဖြင့် စီရင်၍၊

ကယ်တင်ခြင်းသို့ရောက်သောသခင် သင်၏အရှင်မင်းကြီးသည် မြည်းမနှင့် မြည်း

ကလေးကိုစီး၍နူးညံ့သိမ်မွေ့သောစိတ်နှင့် သင်ရှိရာသို့ ြွကလာတော်မူသည်ကို

ကြည့်ရှုလော့}}(ဇာခ၊ ၉း၉)။

ဣသရေလလူမျိုးများက သူတို့၏ကယ်ချွတ်ရှင်ဘုရားြွကလာတော်

မူသောအခါတွင် ရာဇာဘိသေသကတို့နှင့် ခမ်းနားကြီးကျယ်စွာ ြွကမြန်းလာမည်

ဟုမျှော်လင့်ကြသော်လည်း ပရောဖက်ဇာခရိက ]ကယ်ချွတ်ခြင်းသာသနာ}

အတွက် နှိမ့်ချသောစိတ်တော်နှင့် မြည်းကလေးကိုစီးလာမည့်အကြောင်း ကြိုတင်

ဟောပြောထားပြီးဖြစ်သည်။

မြည်းကလေးစီးလာခြင်းသည် အများစုအတွက်သာမန်ထူးမခြားနား

ဖြစ်ကောင်းဖြစ်သော်လည်း၊ အရှေ့အလယ်ပိုင်း၏ယဉ်ကျေးမှုအရမူကား

စစ်မြင်း ရထားစီးနင်းသောသူထက် ငြိမ်သက်အေးချမ်းစွာ သာယာဝပြောသော

ဘုန်းသမ္ဘာဖြင့်ပြည့်စုံသော ဘုရင်များသာ မြည်းကိုစီးနင်းလေ့ရှိကြသည်။

ထို့ကြောင့် ရွေးနှုတ်ကယ်တင်ခြင်းတည်းဟူသော ကျေးဇူးတော် အကျွတ်တရား

လမ်းကို ဆောင်ကျဉ်းတော်မူသောအရှင်ခရစ်တော်အနေဖြင့် မြည်းကလေးကို

စီးခြင်းသည် လွန်စွာပနံရသော သာသနာ့ရောင်ဝါထွန်းလင်းခြင်း အမှတ်

လက္ခဏာဖြစ်သည်။

လူထုကြီးမှခရစ်တော်ဘုရားအားချီးမွမ်းထောမနာပြုသံကိုကြား

သောအခါ ဖာရိရှဲတို့သည် ကြောက်ရွံ့ခြင်းနှင့်အတူ ဒေါသမထိမ်းနိုင် ဖြစ်ကြ

သည်။ အကြောင်းမှာ ရောမဘုရင်သည်သူတို့အား သတိပေးထားပြီး ဖြစ်သည့်

အတိုင်း တော်လှန်ပုန်ကန်ရန်ချီတက်ခြင်းရှေ့ပြေး အဖြစ်မြင်သွားမည်ကို စိုးရိမ်

ကြသည်။ သို့သော်လည်း လူထုတို့၏ ဟစ်အော်သံတိတ်ဆိတ် သွားမှသာ

ဖြစ်နိုင်ကြောင်း ကောင်းစွာသိသောကြောင့်]]လူအစုအဝေး၌ပါသော ဖာရိရှဲ

အချို့တို့က၊ အရှင် ဘုရား၊ ကိုယ်တော်၏တပည့်တို့ကို ဆုံးမပါဟု လျှောက်ကြ

သော်၊ ယေရှုကလည်း၊ငါဆိုသည်ကား။ဤသူတို့သည် တိတ် ဆိတ်စွာနေလျှင်

ကျောက်ခဲတို့သည် ချက်ခြင်းေြွကးကြော်လိမ့်မည်ဟုမိန့်တော်မူ၏}}(လု၊ ၁၉း၃၉-

၄၀)။ ထိုသို့မိန့်တော်မူခြင်းသည် ဘုရား၏လူ ဣသရေလလူမျိုးနှင့် ယေရုရှလင်

မြို့မှ ဧကန် စင်စစ်ြွကချီလာသော ကယ်တင်ရှင် အား ငြင်းပယ်ခြင်းပြုသည်

ဟူသော ပရောဖက် ပြုချက်ကိုပြည့်စုံစေခြင်း ပင်ဖြစ်သည်(ယော၊ ၁း၁၀-၁၁)။

ထိုသို့ချီတက်ကြရာတွင် နံနက်မွန်းတည့်လုနီးပါးရောက်ရှိလာသည့်

အတွက် ယေရုရှလင်မြို့၏မြင်ကွင်းသည်ပီပြင်စွာစက္ခုအာရုံတွင်ထင်ဟပ်

နေသည်။ မြို့တော်သည်ရှုမောဖွယ်လှပကျက်သရေရှိလှပြီး၊ ခန့်ညားသော နံရံ

အုတ်ရိုးကြီးများနှင့် ဟေရုဒ်မင်း၏ပျော်စံရာ နန်းတော်ကြီးသည်လည်း

လက်လက်ဖြာ နေသည်သာမက ရေကန်၊ ကြာနှင့် ပန်းမာလာများကလည်း

ထပ်ဆင့်က ကျက်သရေကို တိုးပွားနေစေပြီး သန့်ရှင်းရာဗိမာန်တော် အဆောက်

အဦးတို့၏တည်ဆောက်ထားပုံကလည်း မိုးထိအောင်လှေခါးထောင် ဆိုသည့်

အတိုင် ဝင့်ထယ်နေသည်။

ခရစ်တော်ဘုရားသည်ထိုမြင်ကွင်းကို ကြည့်ရှုတော်မူပြီး မလှုပ်မရှက်

ရှိနေသည်။ ထိုမြင်ကွင်းအားဖြင့် ခရစ်တော်နှလုံးပူပန်နေသည်။ ယေရုရှလင်မြို့၏

ပျက်ဆီးခြင်းသည် မကြာမီရောက်ရှိလာတော့မည်ကို အနာဂတဿÓဏ်တော်

အားဖြင့်သိမြင်တော်မူပြီး ]]ယေရုရှလင်မြို့အနီးသို့ရောက်၍ကြည့်မြင်လျက်

ငိုေြွကးတော်မူ၍၊အချင်းမြို့သင်၏ငြိမ်သက်ခြင်းနှင့် စပ်ဆိုင်သောအရာတို့ကို

သင်၏လက်ထက် ယခုကာလ၌ပင် သင်သည်သိရလျင် မင်္ဂလာရှိ၏။ ယခုမူကား၊

ထိုအရာ တို့ကို သင်၏မျက်စိရှေ့မှာ မထင်ရှားစေခြင်းငှါ ဝှက်ထားလျက်ရှိ၏။

အကြောင်းမူကား၊သင့်ကိုကြည့်ရှုပြုစု တော်မူသော ကျေးဇူးကို သင်သည်မသိ

မမှတ်သောကြောင့်၊သင်၏ရန်သူတို့သည်သင့်ပတ်လည်တွင် တပ်တည်၍၊

လေးမျက်နှာ၌ဝိုင်ရံလျက် ချုပ်ထားပြီးလျှင်၊ သင်၏ကိုယ်မှစ၍ သင်၏ သားသမီး

တို့ကို မြေနှင့် တညီတည်းညှိသဖြင့်။ သင်၌ကျောက်တခုပေါ်မှာ တခုမျှ ထပ်ဆင့်၍

မကျန်ရစ်စေခြင်းငှါ ပြုကြသောအချိန်ကာလသည် ရောက်လိမ့်မည်ဟု မိန့် တော်

မူ၏}} (လု၊ ၁၉း၄၁-၄၄)။ ထိုစကားတော်အတိုင်း အေဒီ ရ၀ တွင် ရောမဗိုလ်ချုပ်

တိတုအားဖြင့် ယေရုရှလင်မြို့သည် ကျဆုံးခြင်းသို့ရောက်ခဲ့ရသည် ကိုအထင်

အရှားတွေ့ရပါသည်။

မြို့တော်အားပူပန်သောစိတ်ဖြင့်ကြည့်တော်မူပြီးနောက် ဆက်လက်

ြွကမြန်းတော်မူရာတွင် မရေမတွက်နိုင်သော အဖြူသုတ်သချႋုင်းအုတ်ဂူများကို

လည်းသတိပြုတော်မူခဲ့သည်။]]ယေရုရှလင်မြို့သို့ဝင်တော်မူသောအခါ တမြို့လုံး

အုပ်အုပ်သဲသဲဖြစ်၍၊ ဤသူကား အဘယ်သူနည်းဟု မေးမြန်းကြလျှင်၊လူအစု

အဝေးတို့က၊ ဤသူသည် ဂါလိလဲပြည် နာဇရက်မြို့၌ပေါ်ထွန်းသော ပရောဖက်

ယေရှုပေတည်းဟုပြောဆိုကြ၏}}(မ၊ ၁၉း၁၀-၁၁)။

ဣသရေလခေါင်းဆောင်များသည် ကြက်ပျံမကျဖြစ်နေသော လူအုပ်

ကြီးကိုမြင်သောအခါတွင် ]အကယ်၍လူထုတို့၏ဆန္ဒအတိုင်းခရစ်တော်သည်

ရာဇသရဖူကိုလက်ခံပြီး နိုင်ငံတော်ကို ရောမ လက်မှ} ပြန်ယူမည်ကိုစိုးရိမ်မကင်း

ဖြစ်နေကြသည်။ သူတို့လွန်စွာပူပန်နေမိသည်။ ယေရှုသည် တစ်နေ့သောအခါ

တွင် ဒါဝိဒ်၏ရာဇပလ္လင်ကိုအမှန်ပင်ထိုင်တော်မူမည်ဖြစ်သော်လည်း ယခုကား

မဟုတ်သေးပါ။ လက်ရှိခရစ်တော်သည် ကျေးဇူးတော်၏အရှင်သခင်အဖြစ် ရာဇ

ပလ္လင်ပေါ်သို့ မသွားသေးဘဲ ကရာနီကုန်းထက်သို့လှမ်းြွကနေခြင်း ဖြစ်သည်။

ခရစ်တော်သည် မြို့တော်တွင်းသို့ြွကတော်မူပြီး တစ်ပါးအမျိုးသား

များခန်းမကိုကြည့်ရှုတော်မူသည်။ ထို့နောက်ဝန်းကျင်အားကြည့်တော်မူပြီး

နေမင်းသည် ဟေရုဒ်မင်း၏နန်းတော်ပြဿဒ်အားဖြာဆင်းနေချိန်တွင် ထိုနေရာမှ

ထွက်ြွကတော်မူပြီးနောက် တပည့်တော်များနှင့်အတူ သံလွင်တောင်ရှိရာသို့

ထွက်ြွကတော်မူပြီး လွန်စွာပင်ပန်းဆင်းရဲတော်မူမည့် လမ်းစဉ်ဖြစ်သော်လည်း

]ဒုက္ခရစရိယာ} လမ်းတော်အတွက်ပြင်ဆင်ကာ အသင့်ရှိတော်မူခဲ့ပါသည်။

ခရစ်တော်ဘုရား၏သက်တော်စဉ်ကိုကြည့်ခြင်းအားဖြင့် သင်ယူ

လေ့လာစရာအချက်သုံးချက်ကိုတွေ့မြင်ကြည်ညိုနိုင်ပါသည်။

၁။ ရဲရင့်တည်ကြည်မှု။

ခရစ်တော်ဘုရား၏ရဲရင့်တည်ကြည်မှုကိုမြင်တွေ့ရပြန်ပါသည်။

မြို့တော်သို့ ဝင်ရောက်ခြင်းသည် ခက်ခဲရိုင်းပြသောကြမ္မာဆိုးကို ဝင်တိုးနေမှန်း

သိမြင်တော်မူသည်သာမက လူထုမှမုန်းတီးခြင်း၊ အာဏာရှိများမှ မလိုမုန်းထား

ဖြစ်ခြင်း အသေသတ်ရန်ကြံစဉ်ကြခြင်းများကို သိမြင်တော်မူသည့်တိုင်အောင်

ခရစ်တော်သည် လူသားထုတစ်ရပ်လုံးအတွက် မဆုတ်မတွန့်ဘဲ တစ်လှမ်းခြင်း

တက်လှမ်းတော်မူခဲ့ပါသည်။

၂။ မေရှိယကယ်ချွတ်ရှင်ဖြစ်ခြင်း၊

ကတိတော်လာမေရှိယကယ်ချွတ်ရှင် ဖြစ်ကြောင်းပြဆိုနေခြင်း။

အထူးသဖြင့် ဗိမာန်တော်ကိုသန့်ရှင်းစေသည့် ြွမတ်ကြားတော်မူခြင်းသည် ဘုရား

စင်စစ်အဖြစ်တော်ကိုဖေါ်ကျူးလျက်ရှိသည်။

၃။ ကိုယ်စားပြုခြင်း။

ကိုယ်စားယတြာအရှင်ဖြစ်ခြင်း။ ခရစ်တော်ဘုရား၏ေြွကးကြော်

ခြင်းသည် ရာဇပလ္လင်အတွက်မဟုတ်ဘဲ၊ နှလုံးသားပလ္လင်အတွက်ဖြစ်သည်။

ခရစ်တော်သည်နှိမ့်ချခြင်းကိုခံကာ မြည်းကလေးကိုစီးခဲ့သည်။ ထိုသို့ပြုခြင်းသည်

ငြိမ်သက်ခြင်း၊ အေးချမ်းခြင်းသင်္ကေတဖြစ်ပြီး၊ ငြိမ်သက်ခြင်း၏အရှင်ဖြစ်ကြောင်း

ပြဆိုနေခြင်းဖြစ်သည်။ ထို့အတွက်ကြောင့်လည်း ခရစ်တော်ဘုရားက ]ငါသည်

ဖျက်ဆီးခြင်းငှါမလာ၊ မေတ္တာကိုအရင်းခံလျှက် ကူညီဖေးမကယ်တင်ရန် ဖြစ်

ကြောင်း} ပြောဆိုပြသတော်မူခဲ့ခြင်းဖြစ်သည်။

တဖန်လူထုကြီးမှလည်းအောက်ပါသင်ခန်းစာမားကိုရယူနိုင်သည်။

၁။ သူကြွယ်များသည်သူတို့၏အဖိုးတန်အဝတ်အထည်များကို

ခရစ်တော်ဘုရားြွကတော်မူရာလမ်း၌ ခင်းကျင်းကြသည်မှာ ခရစ်တော်ဘုရား

အား ပူဇော်လိုခြင်းငှါ မဟုတ်မူဘဲ လူ့အမြင်တွင်ဂုဏ်တင့်ရန်သာဖြစ်သည်။ ယနေ့

အသင်းတော်များတွင်လည်း ရာထူးတည်နေရာမြဲမြံအံ့သောငှါ မိမိတို့၏ စည်းစိမ်

ဥစ္စများကိုပေးကမ်းလှူဒါန်းနေသူအချို့လည်းရှိကြသည်။

၂။ ဆင်းရဲသောသူအချို့ကလည်း အများပြုသောကြောင့် ယော

ယောင်ကာသံလွင်ခက်ကိုခုတ်ယူလျှက်ခင်းပေးကြသည်။ ယနေ့လည်း

အသင်းတော် အတွင်းဝယ် မိဘများကခရစ်ယာန်ဖြစ်သဖြင့် မိမိတို့လည်း အလိုလို

ခရစ်ယာန်ဖြစ်ကြသူများလည်းရှိသည်။

၃။ ယေရုရှလင်မြို့သားတို့သည် လူထုကြီးမှခရစ်တော်နှင့်အတူ

ချီတက် လာသော်လည်း မရောမနှောဘဲ သီးခြားရပ်တည်နေကြသည်။ ထိုနည်းတူ

ယနေ့ ကျွနု်ပ်တို့တွင်လည်း မိမိတို့၏ ပညာဂုဏ်၊ ဓနဂုဏ်ဖြင့် သန့်ရှင်းသော

မြို့တော်တွင်နေသည်ဆိုသည့်အထာအတိုင်း ခရစ်တော်ဘုရား၏ ချီတက်တော်

မူခြင်းတွင်မပါဝင်သကဲ့သို့ ခရစ်တော်နှင့်ပင် ကင်းကွာနေကြသည်။ အချို့မှာ

ယေရှုခရစ်တော်၏ အဖြစ်တော် အကြောင်းကိုပင် ဂဃနဏမသိကြ။

၄။ ]ဟောရှဏ္ဏ၊ ဟောရှဏ္ဏ} ဟုလူထုကြီးသည် ေြွကးကြော်ကြ

သော်လည်း အတန်ကြာသောအခါ ထိုလူထုမှပင် ]ကားတင်သတ်ပါ၊ ကားတင်

သတ်ပါ၊ ကားတင်သတ်ပါ} ဟုေြွကးကြော်ကြပြန်သည်။ ယနေ့အသင်းတော်၏

နိုးကြားရေးအစီအစဉ်များတွင် ]ဆုတောင်းခြင်း၊ သက်သေခံခြင်း၊ ေြွကးကြော်

ခြင်း၊ ချီးမွမ်းခြင်း} များပြုသည့်နည်းတူ အတန်ကြာသောအခါ ထိုနှုတ်မှပင်

]လိမ်ညာခြင်း၊ သစ္စာမတည်ခြင်း၊ လုယူခြင်း၊ မလိုမုန်းထားခြင်း} များဖြင့်

ခရစ်တော်ဘုရားအား ကားတင်သတ်ကြပြန်သည်။

ယနေ့သံလွင်ခက်နေ့တွင် ကျွနု်ပ်တို့အသက်တာအား အောက်မေ့

ခြင်းဖြင့် ဘုရားသခင်ထံမှ ခွင့်လွတ်ခြင်းကိုတောင်းခံကြပါစို့။ ]ဟောရှဏ္ဏ} ဟု

အနက်ရှိုင်းဆုံးသော အတွင်းနှလုံးသားမှဟစ်ကြော်ခြင်းနှင့်အတူ ဆက်ကပ်ခြင်း

အသက်တာအားဖြင့် ဘုရားဘုန်းတော်ထင်ရှားသူများဖြစ်ကြပါစို့။

တနင်္လာနေ့

အသီးမဲ့သောသဖန်းပင်

(မာ၊ ၁၁း၁၂-၁၄၊ မ၊ ၂၁း၁၈-၂၂)

ယေရုရှလင်မြို့သို့ အောင်ပွဲခံဝင်ပြီးနောက် ခရစ်တော်ဘုရားသည်

တစ်ဖန် မြို့တော်ရှိရာသို့ တစ်ဖန်ြွကမြန်းလာတော်မူသည်။ လူထုကြီးသည်

ဗိမာန်တော်၏ မနက်ပိုင်း ယဇ်ပူဇော်ရာတွင်သက်သေထင်ရှားခြင်း၊ ချီးမွမ်း

ကိုးကွယ်ခြင်းတို့ ပြုနေမည်ကိုသိတော်မူသည်။ ထိုမျှမက လောဘရမ္မက်

ကြီးသော ယဇ်ပုရောဟိတ် တို့သည်လည်း ယဇ်ပူဇော်ရာတွင် ပသခါပွဲအတွက်

သိုးများကို ဈေးတင်ခြင်းဖြင့် ရောင်းချခြင်းပြုရန် အသင့် ရှိနေကြမည်ကို

လည်းသိသည်။ ခရစ်တာ်သည် မနက်ခင်းအစီအစဉ်ပြီးနောက် စားသောက်မည့်

အချိန်ကို စောင့်တော်မမူတော့။

ထိုအခါသမယသည်ကား ခရစ်တော်သည်ခြေလျှင်ဖြင့်ြွကမြန်းတော်

မူလာခြင်းဖြစ်သည်။ တောင်ခြေအတိုင်းခရစ်တော်ြွကလာတော်မူရာ ဘေးဝဲယာ

တွင် သဖန်းခြံများရှိသည်။ ထိုကာလသည် သဖန်းသီးတို့ မှည့်သောကာလမဟုတ်

သော်လည်း အကိုင်းများတွင် အပြိုင်းပြိုင်းသီးနေသောအသီးများ၊ အရွက်များ

ဖြင့်ဝေဝေစာစာဖြင့် ရှိနေသည်။

ခရစ်တော်သည်တပည့်တော်များနှင့်အတူြွကတော်မူရင်း လမ်းနှင့်

အနီးဆုံးရှိ သဖန်းပင် တစ်ပင်ကိုမျက်စီတွေ့တော်မူသွားသည်။ ထို့ကြောင့်ခရစ်

တော်သည်အပင်ရှိရာသို့သွားကာ မောရှေ၏ပညာတ်တရားအတိုင်း ခရီးသွား

တိုင်း]တစ်ဝမ်းစာ} စားသုံးခွင့်ရှိသည့်ဥပဒေသအတိုင်း ခူးဆွတ်ရန်ကြံတော်

မူသည်။ သို့သော် သဖန်းပင်တွင် အသီးများရှိမနေသည်ကိုတွေ့ရသောအခါတွင်

ခရစ်တော်ဘုရားက ]] ယခုမှစ၍အစဉ်မပြတ်သင်၌အသီးမသီးစေနှင့်ဟု

မိန့်တော်မူလျှင်၊ ထိုအပင်သည် ချက်ခြင်းသွေ့ခြောက်လေ၏}}(မ၊ ၂၁း၁၉)ဟု

တွေ့ရပါသည်။

ဤနေရာတွင်အသီးသီးရန်အတွက် သဖန်းပင်၏ကြီးထွားခြင်းဆိုင်ရာ

များကိုသိရှိနားလည်ရန်လိုအပ်ပါသည်။ သဖန်းပင်သည် ရာသီတိုင်းအတွက်

သင့်လျှော်သောအပင်ဖြစ်သည်။ ထိုသဖန်းပင်သည် ]နို့နှင့် စပျစ်ရည် စီးဆင်းရာ}

ကတိတော်မြေကိုပုံဆောင်နေပါသည် (တရား၊ ၈း၈)။ သူလျှိုများ ပြန်လာသော

အခါတွင်လည်း ြွကယ်ဝချမ်းသာခြင်းအတွက် ယူဆောင်လာသော အရာများမှာ

]စပျစ်၊ သလဲသီး၊ သင်္ဘောသဖန်းသီး} တို့ဖြစ်ကြောင်းတွေ့ရပါသည် (တော၊

၁၃း၂၃)။ ဓမ္မဟောင်းတွင် လူတစ်ဦး၏ ြွကယ်ဝပြည့်စုံခြင်း၊ စည်းစိမ်ရှိခြင်း၊

အေးချမ်းခြင်းကို ပြဆိုသောအခါတွင်လည်းကိုယ်ပိုင် ]သင်္ဘောသဖန်းပင်

အောက်}တွင် နားနေခြင်းစသည်တို့ဖြင့် စည်းစိမ်ကိုလည်းပြဆိုထားလေ့ရှိပါ သည်

(၃ ရာ၊ ၄း၂၅၊ မိက္ခာ၊ ၄း၄၊ ဇာခရိ၊ ၃၁)။ ဘုရားသခင်၏ အမျက်တော်ကို ပြဆို

သောအခါတွင်လည်း သင်္ဘောသဖန်းပင်ကို ဖျက်ဆီးခြင်းဖြင့်တွေ့ရသည် (ဆာ၊

၁၀၅၊ ယေ၊ ၈း၁၃၊ ဟော၊ ၂း၁၁၂)။ ထို့ကြောင့်သင်္ဘောသဖန်းပင်သည်

ြွကယ်ဝခြင်း၊ ချမ်းသာခြင်းနှင့် ငြိမ်းချမ်းခြင်းတို့ကို ကိုယ်စားပြုသည်။

သင်္ဘောသဖန်းပင်ကိုယ်၌ကပင် လွန်စွာလှပတင့်တယ်လေ့ရှိပြီး၊ သူ၏

အရိပ်အာဝါသသည်လည်း အေးမြမှုကိုပေးစွမ်းနိုင်သည့် အဖိုးထိုက်ရတနာ

ဖြစ်သည်။ ဆိုက်ပရပ်တွင်ရှိသော တစ်ထပ်တိုက်ကလေးများရှေ့တံခါးဝတွင်

သင်္ဘောသဖန်းပင်များစိုက်ပျိုးထားလေ့ရှိသည်။ သင်္ဘောသဖန်းပင်မှ အရိပ်

အာဝါသ ကောင်းကောင်းပေးနိုင်သောကြောင့် ထိုအပင်အောက်တွင်ပင်

ရေတွင်းများကိုလည်း တူးဖေါ်ထားလေ့ရှိကြသည်။ မကြာမကြာလည်း အမျိုး

သားများ၏ အဆောင်သဖွယ်၊ ဆုတောင်းခြင်း၊ ဆင်ခြင်အောက်မေ့ခြင်းတို့ပြုရန်

အတွက်လည်းအသုံးပြုကြသည်။ ထို့အတွက်ကြောင့်လည်း နာသနေလကို

ခရစ်တော်ဘုရားက ပြောသောအခါတွင် နာသနေလအံ့ဩခြင်းဖြစ်ခဲ့ရသည်

(ယော၊ ၁း၄၈)။

ထိုသင်္ဘောသဖန်းပင်ကဲ့သို့ပင် ဣသရေလလူမျိုးအား လောကတွင်

ဘုရားသခင်၏အလင်းတော်အတွက် သက်သေဖြစ်စေအံ့သောငှါ စိုက်ပျိုးခြင်း၊

ပျိုးထောင်ခြင်း၊ ပြုစုခြင်း၊ ကာကွယ်ခြင်း၊ စောင်မခြင်းတို့ကို ရာစုနှစ်

တစ်လျှောက်လုံးပြုစုတော်မူခဲ့ပါသည်။ သို့သော်လည်း ဣသရေလလူမျိုးတော်

သည် ဘုရားသခင် ပေးအပ်တော်မူသည့် ဘုန်းတော်အတွက်ဖြစ်မလာပဲ မိမိတို့၏

အကျိုးစီးပွားအလို့ငှါ ဘုရားသခင်ပေးသနားတော်မူသော ဘုန်းတန်ခိုး၊

စည်းစိမ်၊ အာဏာ၊ ကတိတော်၊ ပဋိညာဉ်များကို အလွဲသုံးစားပြုခဲ့ကြသည်။

ဘုရားသခင်ပေးတော်မူသော ဝတ်ပြုခြင်းဆိုင်ရာတွင်လည်း မိမိတို့၏

အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် ထင်ပေါ်ကြော်ကြားမှုတို့အတွက်သာ အသုံးပြုခဲ့ကြပြီး

ဖြောင့်မတ်ခြင်းအသီးအပွင့်ကိုကား သီးခြင်းငှါ မစွမ်းနိုင်ကြဘဲ၊ အသီးမဲ့သော

သင်္ဘောသဖန်းပင်ကဲ့သို့ဖြစ်နေကြသည်။ သူတို့သည်နှုတ်ဖြင့် အာဗြဟံ၏သားဟု

ေြွကးကြော်ကြသော်လည်း လက်တွေ့တွင်အာဗြဟံကဲ့သို့မပြုမူကြ။ သူတို့သည်

အပြင်ပန်းသဏ္ဌာန်အားဖြင့် အခက်အလက်များ ဝေဆာနေသော်လည်း အသီး

ကားမသီးကြ။ အသီးမသီးသောအပင်သည် ဖန်ဆင်းရှင်ကို သစ္စာပျက်သကဲ့သို့

ဣသရေလလူမျိုးတော်သည်လည်း ဘုရားသခင်၏အလိုတော်ကို မဆောင်သော

ကြောင့် ဘုရားသခင်အားဘုန်းတော်မထင်ရှားစေဘဲ ဘုရားဘုန်းတော်ကို ရှုတ်ချ

နေသောအမျိုး၊ ဘုရားတရားကိုလွန်ကျူးသောအမျိုးဖြစ်နေပါသည်။

ဘုရားသခင်ရှေ့တွင် သစ္စာကတိအတိုင်း အသီးမသီးသွားလာပါက

လက်ရှိအချိန်တွင် ဘုရားသခင်၏ခန္တီတော်ကုန်ဆုံးချိန်ကျရောက်လာနေပြီ

ဖြစ်ကြောင်း ဘုရားသခင်၏ကိုယ်စားလှယ်အဖြစ် ခရစ်တော်သည် မိန့်ြွမတ်

ထွေပြား ဟောဖေါ်ကြားသည့် တရားနေ့ပင်ကျရောက်လို့နေပါပြီ။

ယခင်ရက်ကခရစ်တော်သည် ယေရုရှလင်မြို့တော်ကိုကြည့်ရှုတော်မူ

ခဲ့ချိန်က ယေရုရှလင်မြို့၏ပျက်ဆီးခြင်းနေ့ကိုမြင်တော်မူခဲ့ပြီးဖြစ်သည်။ ယခုမူ

ဘုရားသခင်၏စီရင်တော်မူခြင်းသည် ကျရောက်လာတော့မည့်အကြောင်း

ရှေ့ပြေးအဖြစ် ခြောက်သွေ့သွားသောသင်္ဘောသဖန်းပင်သည် မျက်မြင်ထင်ရှား

အသိပေးနှိုးဆော်နေသည်။ ထိုအမှုအရာသည် မည်သို့မျှရှောင်လွဲမရသော

သင်္ဘောသဖန်းပင်ကဲ့သို့ လူမျိုးတော်သည် ဘုရားသခင်၏စီရင်ခြင်းအောက်သို့

မလွဲဧကန်ကျရောက်လာမည်ဖြစ်သည်။

ထိုသို့သောသတိပေးချက်သည် ဣသရေလ လူမျိုးတော်စုအတွက်

မျှသာမဟုတ်။ အသင်းတော်အားဖြင့်စီးဆင်းနေသာကောင်းကြီးမင်္ဂလာသည်

တစ်ပါးအမျိုးသားများထံသို့ အဆီးအတားမရှိစီးဆင်းနေပါသည်။ ထို့ကြောင့်

လည်းဘုရားသခင်က ဘုရားတရားမဲ့သူများအပေါ်၊ ဘုရားသခင်၏တန်ခိုးတော်

ကိုငြင်းပယ်သောသူများအပေါ်တွင် ကျရောက်လာမည့်အရာများကိုလည်း

အောက်ပါအတိုင်းတွေ့ရပါသည်။

၁။ အသီးမဲ့ခြင်း။

အသီးမဲ့ခြင်းသည် ကျိန်ခြင်းတရားကိုဖိတ်ခေါ်နေခြင်းမည်၏။ အရာ

ခပ်သိမ်းတို့သည် ဖန်ဆင်းတော်မူသည့် ရည်ရွယ်ချက်အတိုင်းအထမြောက်

ခြင်းရှိသည်၊ မရှိသည်အားဖြင့် တိုင်းတာနိုင်သည်။ သင်္ဘောသဖန်းပင်သည်

အသီးမဲ့နေသောကြောင့် ခြောက်သွေ့သွားရသည်။ ဣသရေလလူမျိုးတော်သည်

ကယ်ချွတ်ရှင်မေရှိယြွကမြန်းလာရေးအတွက် ဘုရားသခင်ရွေးကောက်ခဲ့သည်။

အမှန်ကြွလာတော်မူသောအခါတွင် လူမျိုးတော်သည် မိမိတို့၏ ကယ်ချွတ်ရှင်အား

မမှတ်မိခဲ့ကြ။ ဘုရားသခင်၏အကြံအစည်တော်ကိုမပြည့်စုံစေခြင်းသည်

အမင်္ဂလာကို မလွဲမသွေယူဆောင်လာခဲ့ခြင်းဖြစ်သည်။ ဤလောက၌ အသီးကင်း

မဲ့သော အရာမှန်သမျှတို့သည် တနည်းမဟုတ်တနည်းစီရင်ခြင်း ခံကြရမည်။

ထို့ကြောင့်အသီးမဲ့သောအသက်တာသည် ပျက်ဆီးခြင်းအမင်္ဂလာ သို့ဦးတည်

နေသည်ကိုသိမှတ်ပါ။

၂။ လက်တွေ့ကင်းသောဘာသာရေး။

လက်တွေ့မပါသောဘာသာရေးလုပ်ဆောင်မှုသည်ကျိန်ခြင်း

တရားကိုဖိတ်ခေါ်နေခြင်းမည်၏။ သဖန်းပင်တွင် အရွက်များဝေဝေဆာ ဆာ

ရှိသည်။ ထိုအရွက်များသည် သင်္ဘောသဖန်းပင်ဖြစ်ကြောင်းပြသနေခြင်း ဖြစ်ပြီး

အသီးမရှိသကဲ့သို့၊ ဘာသာတရားတွင် မည်မျှပင်အဟောအပြောသန်သန် ဖြင့်

ရှိနေစေကာမူ အသီးအပွင်တည်းဟူသော အကျင့်တရားမပါရှိပါက မှားယွင်း

သောဘာသာရေးဆရာသာဖြစ်၍ ကျိန်ခြင်းအမင်္ဂလာကိုသာ ခံစားရပါမည်။

ဣသရေလလူမျိုးတို့သည် ဘာသာရေးပွဲလမ်းသဘင်များအရ ဘုရား

သခင်ကို ယုံကြည်ကြောင်းပြဆိုသော်လည်း၊ သားတော်၏အသွေးပြင်ပ၌ ရှိနေ

သောကြောင့်သူတို့၏ ယုံကြည်ခြင်းသည် စီရင်ခြင်းတွင်သာရှိနေကြသည်။

လက်တွေ့မပါသောဘာသာရေးလုပ်ဆောင်မှုသည် ကျိန်ခြင်းကိုသာ

ဖိတ်ခေါ်နေခြင်းသက်သက်မဟုတ်ဘဲ အသင်းတော်ခေတ်အဆက်ဆက်၌လည်း

ထိုသို့ဖြစ်နေခြင်းကိုမြင်တွေ့ရပါသည်။မဟတ္တမဂန္ဓီငယ်စဉ် အာဖရိက၌ ရှိချိန်က

တနင်္ဂနွေနေ့ပေါင်းများစွာ ခရစ်ယာန်ဘုရားကျောင်းသို့သွားရောက်လေ့လာခဲ့

သော်လည်းအောက်ပါအတိုင်းပြောခဲ့သည် ]]သူတို့သည် စိတ်ဝိညာဉ်အားဖြင့်

ကိုးကွယ်ကြသူများမဟုတ်သလို၊ သူတို့သည်အစဉ်အလာအရ ဘုရားကျောင်း

သို့ သွားလာနေကြသော်လည်း သူတို့၏အသက်တာတွင် လောကီစည်းစိမ်နှင့်

လောကီအရေးတို့တွင်သာယစ်မူးနေကြသောကြောင့် ကျွနု်ပ်ကိုဘာခံစားမှုမှ

မပေးနိုင်}} ။

လက်တွေ့မပါသော ဘာသာရေးလိုက်စားမှုသည် အသီးအပွင့်ကို

မဖြစ်ထွန်းစေသည်သာမက ဩတ္တပ္ပစိတ်ကိုလည်းညစ်ညူးစေပြီး အဆုံးတွင်

ခြောက်သွေ့ခြင်းတည်းဟူသော ကျိန်ခြင်းသာရှိသည်။ ခရစ်တော်ဘုရားသည်

ဣသရေလလူမျိုးများအား ]အသီးကင်းခြင်းသည် ကျိန်ခြင်းကိုဖိတ်ခေါ်ခြင်း}

ဟူသော သင်ခန်းစာကိုပြဆိုသောအခါတွင် ကျွနု်ပ်တို့အတွက်လည်း အသိပေးနေ

ခြင်းဖြစ်သည်။ လူတို့သည်သူတို့၏နောက်ဆုံးသောအမှာစကားတို့သည် မည်မျှ

အရေးကြီးကြောင်းကို ]သေတမ်း}စာဟုတင်စားပြောဆိုကြသကဲ့သို့ ခရစ်တော်

ဘုရားသည် နောက်ဆုံးနေ့ရက်တွင်ပြောခဲ့သောအသီးမဲ့သော သင်္ဘောသဖန်းပင်

သည် ကျွန်ုပ်တို့ အတွက် အဘယ်မျှအရေးပါသနည်း။

အင်္ဂါနေ့

စပျစ်ဥယျာဉ်ရှင်

(မ၊ ၂၁း၃၃-၄၆၊ မာ၊ ၁၂း၁-၁၂)

အသီးမသီးသောသင်္ဘောသဖန်းပင်စီရင်ခြင်းကို မိန့်မြွတ်တော်မူပြီး

နောက် ယေရှုခရစ်တော်သည် ဗိမာန်တော်သို့သွားရောက်၍ သန့်ရှင်းစေတော်

မူသည်။ တစ်ဖန် ယေရုရှလင်မြို့တော်ကိုစွန့်ခွါတော်မူခဲ့ပြီး ဗေသနိသို့ပြန်ထွက်ြွက

တော်မူသည်။

နောက်နေ့တွင် ခရစ်တော်သည်ဗိမာန်တော်သို့သွားကာ သူ၏

လောကီ သာသနာအဆုံးသတ်အတွက် နောက်ဆုံးသော သွန်သင်ခြင်းကိုပြုတော်

မူသည်။ လွန်ခဲ့သော နှစ်ရက်သုံးရက်ခန့်ကမြို့တော်အတွင်းဝယ်သွန်သင်ခဲ့သည်။

သူ၏ဒုတိယအကြော့ ဗိမာန်တော်သို့သွားရောက်ကာ သွန်သင်ရာ၌ ဘာသာရေး

ခေါင်းဆောင်များ၊ ယဇ်ပုရောဟိတ်များ၊ ဗိမာန်တော်မှူးများနှင့် သက်ဆိုင်ရာ

ဘာသာရေးတာဝန်ရှိလူကြီးများကို ရဲရဲရင့်ရင့်ဖြင့်သွန်သင်တော်မူခဲ့သည်။

ထို့ကြောင့် ယခုအချိန်တွင် ထိုသူများမှ ခရစ်တော်ဘုရားအား မကောင်းသော

အကြံဖြင့် အနိုင်ပိုင်းရန်၊ လူသူလေးပါးရှေ့တွင် အရှက်ကွဲစေရန် စီစဉ်ဆောင်ရွက်

ကြသည်။ ဗိမာန်တော်သို့ဝင်ပြန်၍ဆုံးမဩဝါဒပေးတော်မူစဉ်တွင်၊ ယဇ်ပုရော

ဟိတ်အကြီးတို့နှင့်လူတို့တွင်အကြီးအကဲ ဖြစ်သောသူတို့သည် အထံတော်သို့

ချဉ်းကပ်၍]]ကိုယ်တော်သည် ဤအမှုများကိုအဘယ် အခွင့်နှင့်ပြုသနည်း၊

ထိုအခွင့်ကိုအဘယ်သူပေးသနည်း}} ဟုမေးကြသည် (မ၊ ၂၁း၂၃)။ ထိုအခါယေရှု

ခရစ်တော်သည် ဥပမာအားဖြင့်မိန့်တော်မူခဲ့လေသည်။

စပျစ်ဥယျာဉ်အား လူထုကိုမိန့်တော်မူသည်မှာအခြား တစ်ပါးသော

ဥပမာဖြစ်သည်။ စပျစ်လယ်ယာဖြစ်ထွန်းသော ဣသရေလလူမျိုးများအတွက်

ဘုရားသခင်၏ မဟာကရုဏာတော်ကို ဖေါ်ကျူးရန်အခြားဥပမာရှာမတွေ့နိုင်။

ဒါဝိဒ်သည် ဣသရေလလူမျိုးကို စပျစ်နွယ်အဖြစ် တင်စားကျူးရင့်ခဲ့သည်၊

ဟေရှာယက တောတောင်တစ်ခုလုံးပြည့်စုံသည်စပျစ်ပင်အဖြစ် ပရောဖက် ပြုခဲ့

သည်၊ယေရမိက စစ်မှန်သောမျိုးနှင့်တော်ဝင်စပျစ်ပင်အဖြစ်ပုံဆောင်ခဲ့သည်။

ဗိမာန်တော်သို့လာရောက်သူတိုင်းအတွက် ဣသရေလကိုစပျစ်နွယ်အဖြစ်

ဖေါ်ကျူးထားသည်ကို အထူးတလယ်ပြောပြရန်မလိုပါ။ အကြောင်းမှာ ဗိမာန်

တော်၏ အဝင်ဌာနတော်တွင် နွယ်ယှက်နေသော စပျစ်ပင်ပုံတို့က ငွေနှင့်၄င်း၊

ရွှေနှင့်၄င်း အသက်ဝင်နေအောင်ထွင်းထုထားကြသည်။

ထိုဥပမာတွင် စပျစ်ခြံပိုင်ရှင်သည် ဘုရားသခင်ဖြစ်ပြီး၊ စပျစ်ခြံကား

ဘုရားသခင်ကိုယ်တော်တိုင် စိုက်ပျိုးထားသော ကတိတော်မြေရှိ ဣသရေလ

လူမျိုးတော်များပင် ဖြစ်သည် (ဟေရှာ၊ ၅း၁-၇)။ ခြံအငှါးသမားများသည်ကား

လူမျိုးတော်ကိုအပ်နှံထားခြင်းခံရသော ဣသရေလခေါင်းဆောင်များဖြစ်သည်။

အစေခံများသည်ကား သူတို့ထောက်ထားညှာတာခြင်းမရှိ ရက်စက်စွာ၊

သတ်ဖြတ်ခြင်းခံကြရသော ဘုရားသခင်၏ ပရောဖက်များဖြစ်သည်။ သားကား

ခရစ်တော်ယေရှုကိုယ်တော်တိုင်သာဖြစ်သည်။

အသီးမဲ့သောသာဓကမျာသည် ဣသရေလလူမျိုးတော်ကို ဆိုလိုခြင်း

ဖြစ်သည်။ယခုစပျစ်ဥပမာသည်လည်း ထပ်မံ၍ရှင်းလင်းစေသည်။ ဣသရေလ

လူမျိုးတော်များသည် ]]စပျစ်ရိုင်း၊ ခါးသောအသီးကိုသီး}} သူများအဖြစ်

ဆိုထားသည်။ ယခုတစ်ဖန် ခရစ်တော်သည် ဣသရေလခေါင်းဆောင်များအား

ကတိပဋိညာဉ်အတိုင်းတိုင်းသူပြည်သားများအား ဘုရားသခင်ထံသို့ မပေး

အပ်နိုင်ခြင်းကိုသွန်သင်နေခြင်းဖြစ်သည်။ အစေခံများအားညှင်းပန်းနှိုပ်စက်ခြင်း

သည် ပရောဖက်များအပေါ်သူတို့ပြုသောအမှုအတိုင်းပြောကြားခြင်းဖြစ်သည်။

ဧလိယခေတ်ကာလတွင် ယေဇဗေလသည် ဘုရားသခင်၏ ပရောဖက်

များကိုသတ်ဖြတ်ခဲ့သည်။ နောက်တွင်ပေါ်ထွန်းသော ပရောဖက်များဖြစ်သည့်

ဟေရှာယမှာ လွှဖြင့်၄င်း၊ ယေရမိမှာ နွားခြေးတွင်း၌၄င်း၊ အခြားသောပရောဖက်

များမှာလည်း နည်းမျိုးစုံဖြင့်၄င်း၊ တဖန်ဇာခရိကိုမူကား ဗိမာန်တော်သန့်ရှင်းရာ

ဌာန၌ပင် အသွေးသွန်းကာသတ်ဖြတ်ခဲ့ကြသည်။ ထိုအရာတို့သည် ဘုရားသခင်

စေလွှတ်တော်မူသောတစ်ဦးပြီး၊ တစ်ဦးစေလွှတ်လိုက်သော ငယ်သားအစေခံများ

ပင်ဖြစ်သည်။

တိုင်းတစ်ပါးကျွန်ခံရာအဖြစ်မှလွတ်မြောက်လာသည့်တိုင်အောင်

ဣသရေလလူမျိုးတော်များသည် ကတိတော်ပဋိညာဉ်အတိုင်း ဘုရားသခင်အထံ

တော်သို့ ပေးအပ်ရန်ပျက်ကွက်ကြပြန်သည်။ထို့ကြောင့် ဘုရားသခင်သည်

ပြန်လည်သင့်မြတ်စေရေးအတွက် နောက်ဆုံးတွင် သားကိုစေလွှတ်ရန် ကြံစည်

ဆုံးဖြတ်တော်မူခဲ့သည်။]]နောက်ဆုံးဥယျာဉ်ရှင်က၊ ထိုသူတို့သည် ငါ့သားကို

အားနာကြလိမ့်မည်}} ( မ၊ ၂၁း၃၇)ဟုထင်မှတ်ကာ စေလွှတ်လိုက်သော်လည်း

သူတို့သည် ]]သားကိုမြင်လျှင်၊ ဤသူသည် အမွေခံဖြစ်၏။ လာကြ၊ သူကို သတ်၍

သူ၏ အမွေဥစ္စာကို ယူကြကုန်အံ့}} ဟုဆိုကြလေသည်။

ထိုသို့ဥပမာကိုပေးလျှက် ဟောကြားတော်မူသောအခါတွင်

ခရစ်တော်ဘုရား၏ ပါတ်ဝန်းကျင်၌ ဣသရေလခေါင်းဆောင်များရှိနေကြသည်။

သာသနာရေးလွတ်တော်၊ ဘာသာရေးလွတ်တော်၊ နိုင်ငံရေးလွတ်တော်

ခေါင်းဆောင်များရှိနေကြသည်။ ထိုသို့မိန့်တော်မူရခြင်းမှ သူတို့၏ထားရှိသော

အကြံအစည်အတိုင်း တစ်ရက် (ဝါ) နှစ်ရက်အတွင် ခရစ်တော်ဘုရားအား

မသမာသောနည်းလမ်းများဖြင့် သတ်ဖြတ်ရန် အကောင်အထည်ဖေါ်မှုသည်

အဆုံးတိုင် ပြီးပြည့်စုံတော့မည်ကို သိတော်မူနေပါသည်။ ]]အချင်းချင်းတိုင်ပင်၍၊

ဥယျာဉ် ၏ သားကိုဘမ်းယူပြီးမှဥယျာဉ်ပြင်သို့ထုတ်၍သတ်ပစ်ကြ၏}} ဆိုသော

စကားအတိုင်း ခရစ်တော်ဘုရားအား တရားဇရပ်မှ နှင်ထုတ်ထားပြီးဖြစ်သလို၊

မကြာမမြင့်မှီမှာလည်း ]ပြင်သို့ထုတ်သတ်} ကြပေဦးမည်။

ခရစ်တော်ဘုရား၏သာဓကကိုကြားသောအခါ ဖာရိရှဲနှင့် ကျမ်းပြု

ဆရာတို့သည် ခရစ်တော်ြွမတ်ကြားသည့် အနက်အဓိပ္ပါယ်ကို ကောင်းစွာ

သဘောပေါက်နားလည်ကြသည်။ ဘယ်သူ့ကိုပြောနေမှန်းလည်သိကြသည်

]]ထိုဥပမာစကားကို ယဇ်ပုရောဟိတ် အကြီးနှင့် ဖာရိရှဲတို့သည် ကြားရလျှင်၊ မိမိ

တို့ကိုရည်ဆောင်၍ ဟောပြောတော် မူသည်ကိုသိကြ၏}}(မ၊ ၂၁း၄၅)။ လူထုတို့

သည်ခရစ်တော်ကို မည်သူဖြစ်မှန်းမသိကြသော်လည်း ထိုခေါင်းဆောင်များကား

ခရစ်တော်ကို ပရောဖက်အဖြစ်သိထားကြသည်။ ထိုဥပမာတွင် ြွကယ်ဝသော

ဝိညာဉ်ရေးရာ သင်ခန်းစာများပါရှိနေသည်။ ထို့ကြောင့် ဘုရားသခင်အား

အောက်ပါအတိုင်းဖေါ်ကျူးထားသည်။

၁။ ဘုရားသခင်၏ရက်ရောမှု။

ဘုရားသခင်သည် စပျစ်ဥယျာဉ်အတွက် လိုအပ်သော

အသုံးအဆောင်များကို လိုလေသေးမရှိ၊ ဟာကွက်မရှိအောင်ထောက်ပံ့ပေးထား

ပြီး အေးချမ်းသက်သာစွာဖြင့် အကျိုးစီးပွားကိုခံစားရန် ရေကန်အသင့်

ကြာအသင့် ပြင်ဆင်ထားပြီးဖြစ်သည်။ ဘုရားသခင်သည်လောကီသားတို့အား

အသက်တာကိုပေးသည်သာမက လိုအပ်သောအသုံးအဆောင်များအတွက်လဲ

လောကတွင်ပြင်ဆင်ထောက်မပေးထားပြီးဖြစ်သည်။

၂။ ဘုရားသခင်၏ယုံကြည်မှု။

ခြံပိုင်ရှင်သည် အငှါးသမားလက်ထဲတွင် ကြိုက်သလို စီရင်

ရန်အတွက် စိတ်ချယုံကြည်စွာဖြင့်ပေးအပ်ခဲ့ပြီး ထွက်ခွါသွားသည်။ ဘုရားသခင်

သည်ကျွနု်ပ်တို့အား ဘဏ္ဍာ၊ ခွန်အား၊ အစွမ်းသတ္တိများကို ပေးသနားတော်မူပြီး

ဘဝကိုမိမိဆန္ဒဖြင့်သွားလာအသက်ရှင်ရန်ယုံကြည်စိတ်ချတော်မူသည်။ စိတ်ချစွာ

ထားရှိသောကြောင့်လည်းစိတ်ချမှုကိုအလွဲသုံးသွားသည့်လူထုကိုတင်စားထားသည်။

၃။ ဘုရားသခင်၏စိတ်ရှည်မှု။

ဘုရားသခင်သည်သူတို့အား တစ်ကြိမ်ပြီးတစ်ကြိမ်၊ ထပ်ခါ

တလဲလဲဖြင့် ခန္တီတော်ကိုပြတော်မူသည်။ ထိုနည်းတူကျွနု်ပ်တို့အပေါ်တွင်လည်း

သည်းခံခြင်းကိုပြတော်မူသည်။

၄။ ဘုရားသခင်၏စီရင်မှု။

ခြံအငှါးသမားတို့သည် သူတို့ခြံပိုင်ရှင်၏ သနားသည်းခံ

တတ်မှုကြောင့် မည်သည့်နည်းနှင့်မဆို လွတ်ကင်းနိုင်မည်ဟု တွေးထင်ကြသည်။

ထိုနည်းတူစွာ ကျွနု်ပ်တို့သည်လည်း သည်းခံတော်မူသောဘုရားသည် စီရင်တော်

မူမည်မဟုတ်ဟု ထင်မှတ်သော်လည်း ခြံအငှါးသမားတို့သည် မလွဲမသွေကြုံတွေ့

ကြရသကဲ့သို့ ဘုရားသခင်အပေါ်အခွင့်ကောင်းယူမှုသည် တစ်နေ့သောအခါ

တရားမျှတခြင်း၊ စီရင်ခြင်းတို့ဖြင့် အဆုံးတိုင်သွားကြရပေမည်။

ထိုသာဓက၌ ခရစ်တော်ဘုရား၏အဖြစ်တော်ကိုလည်း သင်ယူကာ

ကြည်ညိုသဒ္ဓါပွားနိုင်ပါသည်။

၁။ သားဖြစ်ခြင်း။

ခရစ်တော်သည်မိမိကိုယ်ကိုမိမိအစေခံအနေဖြင့်မဆို သားအနေဖြင့်

သာပြဆိုခဲ့သည်။ အသတ်ခံရပြီးနောက် သေသွားကြရသော ပရောဖက်များ

ဇယားတွင်းမှ မိမိကိုယ်ကိုမိမိသီးခြားရပ်တည်ပြခဲ့သည်။ ပရောဖက်တို့သည်

အစေခံများဖြစ်ကြသော်လည်း ခရစ်တော်မူကားသားဖြစ်သည်။ ခရစ်တော်

ဘုရား၌ ဘုရားသခင်၏စကားတော်နှင့် ဘုန်းတော်အစုံကိုနောက်ဆုံးအနေဖြင့်

တည်ရှိြွကဆင်းလာခဲ့သည်။ ထိုသာဓကတွင် ခရစ်တော်ဘုရားအား သားအနေ

ဖြင့်မှားယွင်းစွာပြောဆိုသည်ဆိုသော မိစ္ဆာဒိဌိကိုပယ်သတ်ခြင်းငှါ လွန်စွာမှပင်

အဖိုးထိုက်တန်သော သွန်သင်မှုဖြစ်သည်။

၂။ အမှုတော်မြတ်အတွက်အသင့်ရှိခြင်း။

ခရစ်တော်သည် မိမိအသက်စွန့်လှူရမည်ကိုသိတော်မူသည်။

ကားတိုင်းတော်သည် ခရစ်တော်ဘုရားအတွက် ]အံ့ဩခြင်း} မရှိပကတိ

တည်ကြည်စွာဖြင့် ရွေးချယ်တော်မူထားသော လမ်းလည်းဖြစ်သည်။

၃။ အောင်မြင်ခြင်းကိုသိခြင်တော်မူသည်။

ခရစ်တော်ဘုရားသည် လူတို့အတွက် ကားတိုင်ထက်တွင် အသက်

စွန့်လှူခြင်းသည် အဆုံးမဟုတ်၊ ထို့နောက်တွင် ထမြောက်တော်မူပြီး၊ ငြင်းပယ်

ခြင်းအရာတွင် ဘုန်းအသရေ ရရှိ မည်ကိုလည်းကောင်းစွာ သိရှိတော်မူခဲ့သည်။

ထိုဥပမာသည် ဓမ္မဟောင်းမှ ကျမ်းစကားဖြင့် နိဂုံးချုပ်တော်မူခဲ့သည်။

ထိုကျမ်းချက်သည်ကား အသင်းတော်တစ်လျောက်လုံးတွင် ထင်ပေါ်သော

ကျမ်းစကားလက်စွဲလည်းဖြစ်သည်။ ငြင်းပယ်ခြင်း ( မ၊ ၂၁း၄၂ )သည် (ဆာ၊

၁၁၈း၂၂-၂၃) မှဖြစ်သည်။ ထိုစကားလုံးတို့သည် တမန်တော်များလည်း လွန်စွာ

သဘောကျနှစ်ခြိုက်ခဲ့ကြသဖြင့် (တမန်၊ ၄း၁၁၊ ၁ ပေ၊ ၂း၄-၇၊ ရောမ၊ ၉း၃၂-

၃၃၊ ဧဖက်၊ ၂း၂၀) တို့တွင်တွေ့ရသည်။ အမှန်စင်စစ် ထိုစကားတော်သည်

ဆာလံကျမ်းတွင်တွေ့ရပြီး ဣသရေလလူမျိုးတော်များကို ရည်ညွှန်းထားသော

ကျမ်းစကားတော်လည်းဖြစ်သည်။

ထိုသို့အလေးထားကာပေးအပ်ထားသော်လည်း ခေါင်းဆောင်ပိုင်း

ရှိသူများသည် ဣသရေလလူမျိုးတော်များအား အရေးပါအရာရောက်သည်ဟု

မထင်၊ မမှတ်ယူကြ။ ဆာလံဆရာသည် တစ်နေ့သောအခါတွင် လူမျိုးတော်များ

အားအထင်အမြင်သေးခြင်းနှင့် မထီမဲ့မြင်ပြုခြင်းကိုကြိုတင်သိမြင်တော်မူခဲ့သည်။

အမှန်မှာ လူမျိုးတော်များသည် ဘုရားသခင်၏ မဟာကရုဏာတော်၌ အကြီး

မြတ်ဆုံးသော ရတနာတစ်ပါးပင်ဖြစ်သည်၊ ထိုဆာလံဆရာသိထားသော ဘုရား

သခင်၏အကြံအစည်တော်ကို ခရစ်တော်ဘုရား၏ အသက်စွန့်လှူပူဇော်

တော်မူခြင်းနှင့် ရှင်ပြန်ထမြောက်တော်မူခြင်းတွင် ပြီးပြည့်စုံစေတော် မူခဲ့ပါသည်။

ဗုဒ္ဓဟူးနေ့

အသင့်မရှိသောမင်္ဂလာပွဲ

(မ၊ ၂၅း၁-၁၃)

သံလွင်တောင်တွင်ဒေသနာတော်ကိုဟောပြောတော်မူပြီးနောက်

အမှောင်ကြီးစိုးနေချိန်တွင် တပည့်တော်များနှင့်အတူ ဗေသနိသို့အတူြွကလာ

ခဲ့သည်။ ထိုအရပ်၌ပင် ခရစ်တော်ဘုရားတစ်ညတာကုန်လွန်စေတော်မူခဲ့သည်။

မဟာကရုဏာတော်ရက်သတ္တပါတ်ကာလအတွင်း ဗုဒ္ဓဟူးနေ့တွင်

သခင်ခရစ်တော်အဘယ်အမှုများကိုလုပ်ဆောင်တော်မူသည်ကို မှတ်တမ်းမှတ်ရာ

အနေနှင့်ပြုထားခြင်းမတွေ့ရပါ။ သို့သော်ပသခါပွဲကိုကား အခြားသူများနည်း

တူလူထုတွင်ပါဝင်တော်မူခြင်းပြုတော်မမူဘဲ တပည့်တော်များနှင့်အတူအဝေး

တစ်နေရာတွင်သာရှိနေပါသည်။ ထို့အတွက်ကြောင့်လည်း တပည့်သာဝကများ

နှင့်အတူတိတ်ဆိတ်စွာဖြင့် အချိန်ကိုအသုံပြုတော်မူခဲ့သည်။

ပုံမှန်တွင်တပည့်တော်များသည် ခရစ်တော်ဘုရား၏ ဘုရားသခင်၏

နိုင်ငံတော်၊ ဝိညာဉ်ဆုကျေးဇူး၊ သိုးနှင့်ဆိတ်စသည့် ဥပမာသာဓကများအား

သီးသန့်ဟောပြောလေတိုင်းမေးမြန်းလေ့ရှိသည်။

ခရစ်တော်သည်ဒေသနာကို ]]ထိုအခါကောင်းကင်နိုင်ငံတော်သည်

ကား၊ မင်္ဂလာဆောင်လုလင်ကို ခရီးဦးကြိုပြုအံ့သောငှါမီးခွက်ကိုကိုင် ယူ၍

ထွက်သွားသောသတို့သမီးတကျိပ်နှင့်တူ၏}}(မ၊ ၂၅း၁)ဟုစတင်မြွတ်ကြားတော်

မူသည်။

ထိုဥပမာသာဓကအား အနောက်တိုင်းယဉ်ကျေးမှု (ဝါ) ဥရောပ

ယဉ်ကျေးမှုများဖြင့်ကြည့်ပါက သဘာဝမကျနိုင်ပါ၊ သို့သော်လည်း ယနေ့ထက်

ထိတိုင်ကျင့်သုံးနေသော ပါလစ္စတိုင်း၏ယဉ်ကျေးမှုနှင့် ဣသရေလတို့၏ အမြင်

ဖြင့်ကြည့်ပါက အချိန်အခါကာလမရွေးဖြစ်လေ့ဖြစ်ထရှိသော သာဓကဖြစ်သည်။

မင်္ဂလာပွဲသည်ကြီးကျယ်ခမ်းနားစွာကျင်းပြကြသည်။ မင်္ဂလာပြုလေ

တိုင်း သတိုးသားသည် ဖခင်အိမ်မှ အပေါင်းဖေါ်များနှင့်အတူတကွ ထွက်လာပြီး

သတိုးသမီးအား မိဘများလက်မှခံယူကာ ဖခင်အိမ်သို့အတူတကွချီတက်ကြပြီး

မင်္ဂလာပွဲကိုကျင်းပလေ့ရှိကြသည်။ ထိုနည်းတူစွာ ခရစ်တော်ဘုရားသည် သူ၏

အသင်းတော်တည်းဟူသော သတိုးသမီးကို ခမည်းတော်ထက်ရပ်နန်း အိမ်တော်မှ

ကောင်းကင်တမန်များခြံရံလျှက်လာရောက်သိမ်းဆည်းပါမည်။

ဤနေရာတွင် ယုံကြည်သူများသည် သတိုးသမီးအနေဖြင့် ခရစ်တော်

ဘုရားအားစောင့်မျော်နေသူများမဟုတ်မူဘဲ အရံများအနေဖြင့်လိုက်ပါကြမည်။

]ကညာ} ဟူသောစကားသည် သန့်ရှင်းခြင်း၊ စင်ကြယ်သောယုံကြည်ခြင်း၊ ဘုရား

သခင်အပေါ်သစ္စာရှိခြင်း၊ လောကနှင့်သီးခြားတည်ရှိခြင်း စသည်တို့ကို ပုံဆောင်

ပါသည်။ ဆီအပြည့်ဖြင့်မီးခွက်ကိုင်ထားသောအရာသည် ခရစ်ယာန်တစ်ဦး

အနေဖြင့် ခရစ်တော်ဘုရားြွကလာတော်မူခြင်းကိုလက်တွေ့ကျကျစောင့်မျော်မှု

ကိုသတိပေးနေခြင်းဖြစ်သည်။ လှပသောမီးအိမ်ကလေးသည်မီးဖြင့်လင်းနေခြင်း

မရှိပါက အချည်းနှီးဖြစ်သကဲ့သို့ ကျွနု်ပ်တို့သည်လည်း သခင်ဘုရားအတွက်

ဝိညာဉ် အလင်းမထွန်းလင်းနိုင်ပါက အချည်းနှီးသက်သက်ဖြစ်သည်သာ။

ဣသရေလလူမျိုးများ၏ ဆီးမီးခွက်သည်သေးငယ်လှပြီး၊ ဆီးလည်း

မကြာမကြာဖြည့်ရန်လိုအပ်ပါသည်။ ထိုနည်းတူစွာကျွနု်ပ်တို့အသက်တာတွင်

သန့်ရှင်းသောဝိညာဉ်တော်၏တံဆိပ်ခတ်ခြင်းကိုခံထားရသော်လည်း ဝိညာဉ်

တော်နှင့်ပြည့်ဝသောအသက်တာကိုကား နေ့စဉ်ဖြည့်ဆည်းနေရန် အရေးကြီးလှ

ပါသည်။

ထိုသာဓကတွင်ခရစ်တော်သည် ငါးဦးအားပညာရှိအဖြစ်၊ ကျန်ငါးဦး

ကိုကား မိုက်သောသတိုးသမီးအနေဖြင့်မိန့်ဆိုထားသည်။ ပညာရှိသတိုးသမီး

ငါးဦးသည် သူတို့မီးခွယ်ငယ်နှင့်အတူ ဆီဖြည့်ရန်လည်းယူဆောင်လာကြသည်၊

ထိုအရာသည် သတိုးသားလာခြင်းအတွက် အသင့်ရှိနေသော အသက်တာဖြစ်ပြီး

အချိန်မရွေးပြင်ဆင်နေခြင်းပင်ဖြစ်သည်။ မိုက်မဲသောငါးဦးမူကား ထိုသို့မဟုတ်ပဲ

ဖိတ်ခေါ်ခြင်းကိုခံထားရပြီးသူဖြစ်သည့်အားလျှော်စွာ ထိုအခွင့်အရေးကို

လွဲမှားစွာ ကိုင်စွဲပြီးနေသောကြောင့်မီးခွက်တွင် ဆီကုန်သွားသောအခါတွင်

အားလုံး ထင်မှတ်မထားသောအမှုဖြင့်အခက်တွေ့ကြရသည်။

ထိုဥပမာတွင်သတိုးသားသည်အချိန်အတော်ကြာသည်အထိပေါ်

မလာကြောင်းဖေါ်ပြထားသည်။ ထို့အတွက်ကြောင့်လည်း အိပ်ပျော်၊ ငိုက်မြည်း

သွားကြခြင်းဖြစ်သည်။]]သန်းခေါင်ယံ၌ကြည့်ပါ၊ မင်္ဂလာဆောင်လုလင်သည်

လာပြီ၊ ခရီးဦးကြိုပြုခြင်းငှါထွက်သွားကြကုန်အံ့}} ဟူသောစကားသံကိုကြားကြ

ရသည်။ ထိုအခါသူတို့၏ဆီမီးခွက်သည် ဆီမရှိအလင်းမဲ့နေကြသည်။ ထိုအတူ

လူများစွာတို့သည် လောကီမှုရေးတွင်ပျော်မွှေ့နေသောကြောင့် ဝိညာဉ်တော်နှင့်

ပြည့်ဝခြင်းအတွက် ဦးစားမပေးသောကြောင့် ဝိညာဉ်တန်ခိုးမရှိ ခမ်းခြောက်

နေကြသည်။

သတိပေးသံစကားကြောင့် မိုက်မဲသော သတိုးသမီးတို့သည် သမ္မာသတိ

ရှိသောသတိုးသမီးတို့အား ]]ငါတို့ဆီမီး သေပါပြီ၊ သင်တို့ဆီကိုအနည်းငယ်ပေး

ပါ}} ဟုတောင်းသောအခါ]]သင်တို့အဘို့နှင့် ငါတို့အဘို့ဆီမလောက်၊ ထိုကြောင့်

ဆီရောင်းသောသူရှိရာသို့သွား၍ကိုယ်သုံးဘို့ဝယ်လျှင် သာ၍ကောင်းသည်}}ဟု

ဆိုလေသည်။

ထိုဝိညာဉ်ရေးသင်ခန်းစာသည်အထူးပင်သတိပြုသင့်သည်မှာ

ကျေးဇူးတော်ကြောင့် ခံစားရသောဆုကျေးဇူးအသီးသီးကို တစ်ဦးနှင့်တစ်ဦး ဝေငှ

သက်သေခံနိုင်သော်လည်း၊ ဆုကျေးဇူးကိုပေးခြင်းမူကား ဆုကျေးဇူးရှင်ဖြစ်သည့်

ခရစ်တော်ဘုရားထံသို့လမ်းညွှန်ခြင်းမှ တစ်ပါး မတတ်စွမ်းနိုင်ပါ။ အကြောင်းမှာ

မိုက်သော သတိုးသမီးတို့သည် ဆီကိုရှာတွေ့သည်ဟူသောအရာကို မတွေ့ရပါ။

]]ထာဝရဘုရားအမိန့်တော်ကို မကြားရသော မွတ်သိပ်ခြင်းဘေးဖြစ်လိမ့်မည်။

လူတို့သည် ပင်လယ်တစ်ပါးမှသည် ပင်လယ်တစ်ပါးတိုင်အောင် လှည့်လည်၍

တောင်မြောက်ပြေးသွားသော်လည်းမတွေ့ရကြ}} ( အာမုတ်၊ ၈း၁၁-၁၂)။

ယနေ့ကျေးဇူးတော်ကာလတွင် ဆီအား အချိန်မရွေးရနိုင်သောအခွင့်

ကိုလူတိုင်းရရှိသော်လည်း၊ အလေးမထား ထင်သလိုနေပါက တစ်နေ့သော အခါ

တွင် ]]အရှင်၊ အရှင်၊ ကျွန်မတို့အားတံခါးကိုဖွင့်ပါဟုတောင်းလျှောက် ကြသော်၊

အရှင်ကလည်း၊ ငါအမှန်ဆိုသည်ကား၊ သင်တို့ကို ငါမသိဟုပြန်ပြော လေ၏}}ဟူ

သောစကားသည် ရသောအခွင့်အရေးအား တန်ဖိုးမထားသောသူတို့ ၏အဆုံး

သတ်လမ်းစဉ်ပင်ဖြစ်သည်။

ယနေ့ခရစ်တော်ဘုရားသည် ကယ်တင်ခြင်းတံခါးကိုကျယ်စွာဖွင့်လှစ်

ကာ လူတိုင်းကိုကြိုဆိုလက်ကမ်းနေသော်လည်း တစ်နေ့သောအခါ ထိုကယ်တင်

ခြင်းတံခါးပိတ်ရာနေ့ကိုရောက်ရှိလာပေဦးမည်။ ထို့ကြောင့်လည်း ခရစ်တော်

ဘုရားက ]]သို့ဖြစ်၍လူသားသည် ြွကလာအံ့သောနေ့ရက်အချိန်နာရီကို သင်တို့

သည် မသိသောကြောင့်စောင့်နေကြလော့}}ဟုမိန့်ဆိုထားခြင်းဖြစ်သည်။

ထို့သို့ လောက၏ညနက်ချိန်ရောက်လုနီးသည်ဖြစ်သောကြောင့်

ကျွနု်ပ်တို့၏ ဆီမီးခွက်များတွင် ဆီအသင့်ရှိသည်၊ မရှိသည်ကိုပြင်ဆင်ခြင်းဖြင့်

]အရှိန်ဖြင့် တောက်ပနေသောမီးအိမ်ရှင်များ}ဖြစ်ရန်ဆင်ခြင်အတုယူစရာပင်ဖြစ်

သည်။

အစောပိုင်းကြသပတေး

တပည့်တော်များခြေကိုဆေးတော်မူခြင်း

(ရှင်ယောဟန်၊ ၁၃း၁-၁၇)

တပည့်တော်များနှင့်၄င်း ခမည်းတော်ဘုရားနှင့်၄င်း မိတ်သဟာယပြီး

ဆုံးသောအခါခရစ်တော်ဘုရားသည် ကြာသပတေးမနက်စောစောပိုင်းတွင်

သာသနာအတွက် တွေ့ကြုံရမည့် ဒုက္ခရစရိယာလမ်းစဉ်ကိုရင်ဆိုင်ရန် အသင့်ရှိ

နေတော်မူခဲ့သည်။ တပည့်တော်များက ခရစ်တော်အား ပသခါနှင့်ပါတ်သက်၍

ဘယ်သို့အလိုရှိသနည်းဟုမေးသောအခါတွင် ယေရုရှလင်မြို့သို့သွား ပြင်ဆင်ရန်

တပည့်တော်နှစ်ပါးကိုစေခိုင်တော်မူခဲ့သည်၊ ရှင်ပေတရုနှင့် ရှင်ယောဟန် ဖြစ်နိုင်

ခြေရှိသည် (မာကု၊ ၁၄း၁၃-၁၅)။

ပသခါအချိန်တွင် ဧည့်သည်များအား မိမိတို့အိမ်တွင်ပသခါပွဲကို

ပြင်ဆင်ပေးခြင်းဖြင့်ကြိုဆိုခြင်းမှာ ယေရုရှလင်မြို့၏ ဓလေ့ထုံးတမ်းဖြစ်သည်။

ထို့အတွက် တပည့်တော်နှစ်ပါးသည် အလွယ်ပင် ပသခါပွဲကိုပြင်ဆင်နိုင်ကြသည်။

ပသခါအတွက်ပြင်ဆင်ပြီးသောအခါတွင် ခရစ်တော်ရှိရာ ဗေသနိရွာသို့သွားကာ

သတင်းပေးပို့ကြသည်။ ထိုအချိန်သည်မှောင်ရီပျိုးစဖြစ်သောကြောင့် ပသခါ

အတွက် စောင့်ဆိုင်းနေစေတော်မူခဲ့သည်။ မှောင်သောအခါတွင် ခရစ်တော်နှင့်

တပည့်တော်တို့သည် ပသခါပြင်ဆင်ထားရာသို့ဝင်ရောက်လာကြသည်။ ဗေသနိ

ဖုန်ထူထပ်သောနေရာမှ လာကြသဖြင့် အိမ်ဦးဝတွင် ရေအိုးနှင့် ရေဇလုံသည်

အဆင်သင့်ရှိနေပါသည်။ ကြားသိရသလောက် ပါလစ္စတိုင်းရှိလမ်းတို့သည်

ဖုန်အလိမ်းလိမ်းဖြင့် ရှိပြီး၊ ထိုခေတ်ထိုအခါက ဖိနပ်ဆိုရာတွင်လည်း ခြေဖဝါးတွင်

သာရှိပြီး ကြိုးများဖြင့်သိုင်းရစ်ထားခြင်းဖြစ်သောကြောင့် ခရီးသွားပြည်သူတိုင်း

ဖုန်အလိမ်းလိမ်း၊ ရွှံ့နွံပေတေစွာဖြင့် ညစ်ပေနေကြသည်။ ထို့အတွက်

အိမ်တိုင်းတွင် ရေအိုးနှင့် ရေဇလုံအသင့်ရှိပြီး အစေအပါးများမှ လာသော

ဧည့်သည်တော်များအား ခြေဆေးပေးခြင်းနှင့်အတူ ခြေကိုသုပ်ပေးရန်

ပဝါလည်းအသင့်ကိုင်လျှက် တံခါးအနီးတွင်ရှိနေတတ်ကြသည်။

သို့သော်လည်းခရစ်တော်ဘုရားနှင့် နောက်လိုက်တပည့်သာဝကများ

မှာအစေခံငယ်သားများရှိမနေကြသလို၊ တပည့်တော်များကလည်း တစ်ဦးနှင့်

တစ်ဦးအစေခံလိုစိတ်မရှိကြ။ တပည့်တော်တို့သည် ခြေဆေးခြင်းမပြုကြဘဲ

ခရစ်တော်နှင့်အတူ စားပွဲတွင် နေရာအသီးသီးယူလိုက်ကြသည်။ ထိုမြင်ကွင်းတွင်

တစ်ဦးနှင့်တစ်ဦး အပြိုင်အဆိုင်စိတ်သဘောထားနှင့် အပြုအမူများက ခရစ်တော်

စိတ်တော်အားငြိုးနွမ်းစေသည်။ သူတို့စိတ်အစဉ်သည်နိုင်ငံတော် တည်ထောင်

သောအခါတွင် ရရှိနိုင်မည့် ရာထူးရာခံအတွက်သာရှိနေသေးကြောင်း သိမြင်တော်

မူသည် ( လု၊ ၂၂း၂၄)။ တပည့်တော်တို့အားနှိမ့်ချသောသူသည် ချီးမြောက်ခြင်း

ခံစားရပြီး၊ မိမိကိုယ်ကိုချီးမြောက်ခြင်းသည် နှိမ့်ချခြင်းသို့ရောက်စေကြောင်း

သွန်သင်ပေးတော်မူခဲ့သည်။

ရှင်ယောဟန်အားသူ၏လက်ယာဘက်၊ နောက်ရှင်ပေတရု၊ တစ်ဖန်

ယုဒရှကာယုဒ်အား သူကိုယ်တွင်မှီနေစေတော်မူသည့်တိုင်အောင် တိတ်ဆိတ်စွာ

နေတော်မူသည်။ ယခုအချိန်သည်ကား ခရစ်တော်ဘုရား၏ သာသနာအဆုံးပိုင်း

သို့ရောက်ရှိနေပေပြီး၊ မနက်ဖြန်တွင် ကြုံတွေ့ရမည့် ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊

အသက်တော်စွန့်လှူခြင်းစသည်တို့ကိုကြံုတွေ့ရပြီး သာသနာအမှုလည်းအဆုံး

တိုင်တော့မည်ကိုခရစ်တော်သိမြင်တော်မူသည်။

ထိုသို့အနာဂါတ်ကိုမျော်တွေးသိမြင်တော်မူသော် သူ၏တပည့်တော်

တစ်ဦးသည်သူ့အားသစ္စာဖေါက်မည်၊ တပည့်တော်တို့သည်စွန်ခွါသွားကြမည်။

တစ်ဖန်တစ်ကိုယ်တည်းသာ ကားတိုင်တော်ကိုထမ်းရွက်ရမည့်အဖြစ်များကြောင့်

စိတ်မကောင်းဖြစ်တော်မူသည်။

သို့သော်ကိုယ်တော်သည် ပသခါပွဲအားပုံမှန်အတိုင်းကျေးဇူးတော်ချီး

မွမ်းပြီးနောက် အတူတကွပါဝင်ကြသည်။ ထို့နောက် ]]ကိုယ်တော်ကိုအပ်နှံမည်

အကြောင်း မာရ်နတ်သည် ရှိမုန်၏သား ယုဒရှကာရုတ်၏စိတ်နှလုံး၌ အကြံ

ပေးသွင်းနှင့်သတည်း၊ ထိုအခါ ညစာကိုစားကြစဉ်။ ခမည်းတော်သည် အလုံးစုံ

တို့ကို သူ၏လက်သို့အပ်ပေးတော်မူသည်ကို၄င်း။ သူသည် ဘုရားသခင့်

ထံတော်မှ ထွက်လာသည်ကို၄င်း။ ဘုရားသခင့်ထံတော်သို့ ြွကသွားမည် ကို၄င်း

ယေရှုသည် သိတော်မူသည်နှင့်၊ စားပွဲမှထ၍ ဝတ်လုံတော်ကိုချွတ်ပြီးလျှင်၊ ပဝါကို

ယူ၍ခါးကိုစည်းတော်မူ၏။ထိုနောက်မှရေကိုအင်တုံ၌လောင်း၍ တပည့်တော်

တို့၏ ခြေကို ဆေးပြီးမှ ခါး၌စည်းသောပဝါနှင့် သုတ်တော်မူ၏}}။

တပည့်တော်တို့သည်ခရစ်တော်ဘုရားပြုတော်မူသောအရာကြောင့်

လွန်စွာရှက်ခြင်းကြီးစွာဖြင့်ငြိမ်နေကြသည်မှာ ရှင်ပေတရုသို့ရောက်သည်အထိ

ဖြစ်သည်။ ရေအင်တုံသည်ပေတရုရှေ့သို့ရောက်သောအခါ ပေတရုမည်သို့မျှ

ထိမ်းချုပ်ခြင်းငှါမစွမ်းသာတော့]]သခင်၊ ကိုယ်တော်သည်အကျွနု်ပ်၏ခြေကို

ဆေးတော်မူမည်လောဟု မေးလျှောက်၏}}၊ ထိုအခါကိုယ်တော်က]]သင်သည်

ငါပြုသောအမှုကိုယခုနားမလည်သေး၊ နောက်မှသိလိမ့်မည်ဟု မိန်ကတော်မူ၏}}

ထိုသို့ဆိုပြီးနောက် ခရစ်တော်ဘုရား၏ နူးညံ့သောလက်အစုံသည် ပေတရု

ခြေထောက်ကို ဆေးတော်မူ၏ထိုအခါပေတရုက ]] ကိုယ်တော်သည် အကျွနု်ပ်၏

ခြေကို အလျင်းဆေးတော် မမူရဟုလျောက်၏}} ထိုအခါသခင်က ]]သင့်ကိုငါ

မဆေးရလျှင် သင်သည်ငါနှင့်မဆက်ဆံရ}}ဟုမိန့်တော်မူလေသည်။

ထိုသို့ခြေဆေးခြင်းအမှုပြီးသွားသောအခါတွင် ခရစ်တော်ဘုရားမှ

]]ထိုသို့သူတို့၏ခြေကို ဆေးတော်မူပြီးမှ တဖန်ဝတ်လုံကိုဝတ်၍လျောင်းတော်

မူလျက် သင်တို့၌ငါပြုခဲ့သော အမှုကို နားလည်ကြသလော။ သင်တို့သည်

ငါ့ကိုအရှင်ဘုရားဟူ၍၄င်း၊ သခင်ဟူ၍၄င်းခေါ်တတ်ကြ၏။ ထိုစကားလည်း

ဟုတ်မှန်သောစကားဖြစ်၏။အကြောင်းမူကား၊ သင်တို့ခေါ် ကြသည်အတိုင်း

ငါမှန်၏။ငါသည် သခင်ဖြစ်လျက်၊ အရှင်ဘုရားလည်းဖြစ်လျက်နှင့် သင်တို့၏

ခြေကိုဆေးလျှင် သင်တို့သည်အချင်းချင်းတို့၏ခြေကို ဆေးရမည်။ငါသည်

သင်တို့၌ပြုသကဲ့သို့သင်တို့သည်ပြုစေခြင်းငှါ ပုံသက်သေကိုပြခဲ့ပြီ၊ ငါအမှန်

အကန်ဆိုသည်ကား၊ ကျွန်သည် သခင်ထက်သာ၍ကြီးမြတ်သည်မဟုတ်၊ တမန်

သည်လည်း စေလွှတ်သောသူထက်သာ၍ကြီးမြတ်သည်မဟုတ်၊ ဤအရာများကို

သင်တို့သိ၍သိသည်အတိုင်းကျင့်လျှင် မင်္ဂလာရှိကြ၏}}(ယော၊ ၁၃း၁၂-၁၇)။

လွန်စွာကြည်ညိုဖွယ်ဖြစ်သော ဘုရားဖြစ်ကြောင်းတွေ့ရသည်။

ခရစ်တော်သည်မဟာဒုက္ခရစရိယာလမ်းစဉ်အတိုင်း လူသားထုတွက် ကားတိုင်

လမ်းလျှော်လှမ်းပြီးနောက် မဟာချီးမြောက်ခြင်းတည်းဟူသော ဘုန်းအသရေ

ကို လည်းသိမြင်တော်မူထားပါသည်။ ထိုသို့ကောင်းဆိုးနှစ်တန်ကိုမြင်တော်မူပြီး

လျှက်နှိမ့်ချသောအသက်တာဖြင့် တပည့်တော်များ၏ခြေကိုဆေးတော်မူခြင်းမှာ

ခန္တီတော်အရာတွင်လွန်စွာတင့်တယ်လှပေသည်။ အမြင့်ဆုံးသောချီးမြောက်ခြင်း

ကိုခံစားရတော့မည်ဖြစ်သော်လည်း အမြင့်ဆုံးသောနှိမ့်ချခြင်းဖြင့်နေထိုင်တော်

မူခဲ့သည် ( ဖိ၊ ၂း၅)။

တစ်ခါတစ်ရံလူတို့သည် သေးသိမ်သောအလုပ်၊ အရေးမပါသော

အလုပ်ဟုခွဲခြားကြသော်လည်းယေရှုထိုသို့မပြုခဲ့ပါ။ သူသည်ခပ်သိမ်းသောအရာ

တို့၏အရှင်သခင်ဖြစ်ကြောင်းသိသော်လည်း နှိမ့်ချခြင်းတန်ဆာဆင်လျှက်

ခြေဆေးပေးတော်မူခဲ့သည်။

ခရစ်တော်သည်ထက်ရပ်နန်းခမည်းတော်ထံမှလာသူဖြစ်ပြီး၊ ပြန်သွား

တော့မည့်သူဖြစ်သည့်အတွက်၊ လောကနှင့် လောကီသားတို့အား အထင်သေး

စရာ၊ အမြင်သေးစရာပြုလိုကပြုနိုင်ပါသည်။ နောက်ဆုံးအချိန် ခမည်းတော်ထံ

သို့သွားရောက်တော့မည်ဖြစ်သည့်အတွက် သေးငယ်သောအမှုများကိုလည်း

လျှစ်လျှူရှုနိုင်သော်လည်း ခမည်းတော်နှင့် နီးကပ်လာသည်နှင့်အမျှ လူ့ဇာတိတွင်

ရရှိထားသော အစေခံခြင်းကိုအခွင့်ထူးတစ်ရပ်အနေဖြင့်ခံယူကာ အောက်ဆုံး

အခြေထိဆင်းသက်အစေခံတော်မူခဲ့သည်။

သူတော်စဉ်ဖရန့်စ်နှင့်ပါတ်သက်သော ရိုးရာစကားတစ်ခုရှိသည်။

သူသည် ြွကယ်ဝသောမိဘ၊ မြင့်မြတ်သောအနွယ်ဝင်ဖြစ်သောကြောင့် ဘဝတွင်

လိုလေသေးမရှိအစစအရာရာပြည့်စုံသောသူဖြစ်သည်။ တစ်နေ့တွင် မြင်းစီးသွား

ရင်းလမ်းတွင် အမြင်မတော်ရှုမြင်မကောင်းသော နူနာသည်ကိုတွေ့သောအခါ

သနားခြင်းကြီးစွာဖြင့် မြင်းပေါ်မှဆင်းကာသွားရောက် ထွေးပွေ့လိုက်သည်။

ထို့နောက် ထိုလူနူအားကြည့်လိုက်သောအခါတွင် ခရစ်တော်အဖြစ်သို့ ပြောင်းလဲ

သွားသည်ဟုဆိုကြသည်။အောက်ဆုံးအခြေသို့ နှိမ့်ချခြင်းပြုလေ ဘုရားသခင်နှင့်

သာ၍နီးကပ်စွာအသက်ရှင်ရခြင်းအခွင့်ရလေပင်မဟုတ်ပါလား။

ခရစ်တော်သည်မည်သူ သစ္စာဖေါက်မည်ကိုလည်းသိတော်မူသည်။

ထိုသို့သိခြင်းအတွက်လည်း အာဃာတတရားပွားများရန်အခွင့်အရေးကို သာ၍

ဆုပ်ကိုင်နိုင်သော်လည်းသာ၍ နစ်ရှိုင်းသောမေတ္တာဖြင့်ချစ်တော်မူပြန်သည်။

အထူးသဖြင့် ခရစ်တော်သည်မိမိအားသာ၍နစ်နာစေရန်ပြုသူအား သာ၍မေတ္တာ

စိတ်အားကြီးမားစွာထားခြင်းပင်ဖြစ်သည်။ ]]လက်တုန့်ပြန်ခြင်း}} လောကနိယာမ

အရလွန်စွာသင့်လျှော်သောအရာဖြစ်သည် သို့သော်ခရစ်တော်သည် မိမိအပေါ်

မလိုမုန်းထားထားလေ သာ၍နှိမ့်ချခြင်းဖြင့် ချစ်မြတ်နိုးလေပင်ဖြစ်သည်။

ထိုသို့သောမေတ္တာတရားကြောင့် နှစ်စဉ်ခြေဆေးခြင်းမင်္ဂလာကို

ကြာသပတေးအစောပိုင်းရောက်လေတိုင်း (အစ္စတာအကြိုနေ့) အောက်မေ့ဖွယ်

အနေဖြင့်ပြုကြရန် ရောမန်ကာသိုလ်လိပ်မှ ပုဒ်ရဟန်းမင်း Sistine Chapel တွင်

သူဆင်းရဲ ၁၂ ဦးကိုစတင်ခြေဆေးပေးခြင်းဖြင့်အစပြုခဲ့ကြခြင်းဖြစ်သည်။

ထို့နောက် အရှေ့ပိုင်းအသင်းတော်များမှလည်းလက်ခံကျင့်သုံးလာကြသည်။

တစ်ဖန် ပရိုတစ်စတင့်အသင်းတော်များမှလည်း ထိုခြေဆေးခြင်းမင်္ဂလာကို

အသင်းတော်များတွင် ခရစ်တော်၏စကားတော်အတိုင်း လောကအတွက်၊

ဘုရားအတွက် ကောင်းကြီးမင်္ဂလာခံယူအပ်သောသူဖြစ်မည့်အကြောင်း

လက်တွေ့လုပ်ဆောင်ခဲ့ကြသည်မှာ ယနေ့တိုင်အောင်ဖြစ်သည်။

ထိုသို့ခရစ်တော်ဘုရားကိုယ်တော်တိုင်ပြုတော်မူခဲ့သော ခြေဆေးခြင်း

မင်္ဂလာသည် ကျွနု်ပ်တို့လက်ထက်တွင်ပပျောက်မသွားစေသင့်ပါ။]]ဤအရာ

များကို သင်တို့သိ၍သိသည်အတိုင်းကျင့်လျှင် မင်္ဂလာရှိကြ၏}}ဟူသောစကား

တော်အတိုင်း ]]စိတ်နူးညံ့သိမ်မွေ့သောသူတို့သည်မင်္ဂလာ ရှိကြ၏၊အကြောင်းမူကား

ထိုသူတို့သည်ပြည်တော်ကိုအမွေခံရကြလတံ့}}(မ၊ ၅း၅)။

ဂေသရှေမာန်ဥယျာဉ်တော်၌ဖမ်းဆီးကြခြင်း

(မ၊ ၂၆း၄၆-၅၆၊ မာ၊ ၁၄း၄၂-၅၂၊ လု၊ ၂၂း၄၇-၅၃၊ ယော၊ ၁၈း၂-၁၂)

တပည့်တော်များအားမိန့်မြွတ်တော်မူပြီး၊ ညစာပြီးသောနောက်တွင်

ခရစ်တောသည် အထက်ခန်းမှာ ထွက်ခွါလာကြသည်။သူတို့သည် ဂိတ်တံခါးဝ

အတိုင်းဆင်းလာကြပြီး လျှိုအတိုင်းထွက်လာကြရာတွင် ကေဒြုန်ချောင်းအတိုင်း

ဖြတ်ကူးလာကြသည် (ယော၊ ၁၈း၁)။ ထိုနေရာတွင် ပုံဆောင်ချက်သင်ခန်းစာများ

ကိုသင်ယူနိုင်သည်။ ပသခါပွဲတိုင်း ယဇ်ပလ္လင်ထက်တွင် သိုးပေါင်းများစွာကို

သတ်ဖြတ်ကာယဇ်ပူဇော်ကြရသည်၊ ထိုသို့ယဇ်ပူဇော်ရာတွင် သွန်းလောင်းရသော

သွေးတို့သည်အဘယ်မျှပြည့်လျှံနေမည်နည်း၊ ထို့အတွက် ဗိမာန်တော်အတွင်းမှ

ထိုအသွေးများအား မြောင်းဖေါ်ရာမှစီးဆင်းလာသောသွေးတို့သည် ကေဒြုန်

ချောင်းတစ်လျှောက် နီရဲသောအဆင်းဖြင့်ပြည့်နေပါသည်။ ထို့ကြောင့်

ခရစ်တော်ဘုရားသည် ကေဒြုန်ချောင်းကိုဖြတ်ကူးတော်မူသောအခါတွင် ရဲရဲနီ

နေသောထိုအသွေးတို့သည်ခရစ်တော်၏ကိုယ်တွင်စွန်းထင်လာပြီး၊ ခရစ်တော်

ဘုရားကိုယ်တော်တိုင်သည်မကြာမှီအချိန်အတွင်း ထာဝရယဇ်အဖြစ် မိမိပြုရမည့်

အမှုများကိုလည်း မြင်ယောင်နေမိနေပေလိမ့်မည် (ဟေဗြဲ၊ ၁၀း၅-၁၀)။

ကေဒြုန်ချောင်းကိုဖြတ်ကူးလာသည့်နောက် ခရစ်တော်သည် သံလွင်

တောင်ပေါ်သို့ရောက်ကြသည်။ ထိုသံလွင်တောင်ခြေရင်း၌ ဂေသရှေမာန်

ဥယျာဉ်ရှိသည်။ ဂေသရှေမာန်၏အနက်မှာ ]]ဆီဆုံ}}ဖြစ်သည်။ လူများတို့သည်

ထိုအရပ်တွင်မိသားစုဆီဆုံများပြုလုပ်ထားရှိကြသည်။ ထို့ကြောင့် ခရစ်တော်

ဘုရားဂေသရှေမာန်ဥယျာဉ်သို့သွားသောအခါတွင် အမည်မဖေါ်ပြထားသော

ခရစ်တော်၏ အသိနောက်လိုက်သူဌေးများမှ သွားလာလွယ်ကူရေးအတွက်

ခြံတံခါးသော့ပေးထားပေမည်ထို့အတွက်ဝင်ထွက်သွားလာရန်လွယ်ကူခြင်းပင်။

ခရစ်တော်နှင့်တပည့်တော်များသည်ထိုအရပ်သို့မကြာမကြာသွားလေ့ရှိကြောင်းလည်း

တွေ့ရှိရသည့်အတိုင်း ယုဒရှကာရုဒ်သည် ခရစ်တော်ဘုရားအား အဘယ်သို့

ဖမ်းဆီးရမည်ကိုကောင်းစွာသိရှိနေခြင်းဖြစ်သည်။

ဆုတောင်းပြီးသောအခါ တပည့်တော်များအိပ်ပျော်နေသည်ကိုကြည့်

နေစဉ်၊ ခပ်လှမ်းလှမ်းမှလာသောလူထု၏အသံကို ခရစ်တော်ကြားသိတော်မူ၏။

လူ့ဇာတိခံယူစဉ်ကြုံတွေ့ရမည့်မဟာကယ်တင်ခြင်းလမ်းစဉ်သည် ကျရောက်လာ

ပြီဖြစ်ကြောင်းသိမြင်တော်မူသည်။ ထိုသို့ခရစ်တော်ဘုရားအားဖမ်းဆီးရာတွင်

ထူးဆန်းသောအမှုတစ်ခုရှိနေသည်။ ထိုအရာမှာ စစ်သည်တော်များနှင့် ဝိုင်းရံ

ချီတက်လာသောသူများတို့သည် ဖာရိရှဲ၊ ကျမ်းတတ်ပုဂ္ဂိုလ်၊ ကျမ်းပြုဆရာ၊

ခေါင်းဆောင်ကြီးများဖြစ်နေခြင်းပင်။

လပြည့်ညဖြစ်နေသော်လည်း ခရစ်တော်သည်ထွက်ပြေးတိမ်းရှောင်

တော်မူသွားပါက သံလွင်တောင်၏အရိပ်အာဝါသအောက်တွင် ခရစ်တော်

ဘုရားအား လွယ်ကူစွာ ရှာဖွေဖမ်းဆီးရန်လွယ်ကူစေရေးအတွက် မီးဒုတ်များ၊

မီးအိမ် များကိုသယ်ဆောင်လျှက်လာကြသည်။

ထိုသို့ခရစ်တော်အားဖမ်းဆီးရာတွင် သစ္စာဖေါက်သည် ယုဒရှကာရုတ်

ဖြစ်သည်။ လူစုအားခေါ်ဆောင်လာပြီးနောက်ကွယ်တွင်နေလိုသော်လည်း

စစ်သည်တော်တို့သည်ယေရှုဘုရားအားမသိသောကြောင့် လူစုနှင့်အတူ ရှေ့သို့

ချီတက်လာပြီး အစဉ်အလာအတိုင်း ]နမ်းခြင်း} ကိုပြုလျက် အမှတ်ပေးရန်

ယုဒရှကာရုတ်အတူ ပါရှိနေရခြင်းဖြစ်သည်။]]ယုဒရှကာရုတ်သည်လူအပေါင်း

တို့ကိုလမ်းပြလျက်လာ၍၊ယေရှုကိုနမ်းခြင်းငှါချဉ်းကပ်လေ၏။ ယေရှုကလည်း၊

ယုဒသင်သည်နမ်းခြင်းကို ပြုလျက်လူသားကိုအပ်သလောဟု မေးတော်မူ၏}}။

စစ်သည်တော်တို့သည် အမှတ်အသားအတိုင်းယေရှုခရစ်တော်ကို

သိသွားသည့်နောက် ဖမ်းဆီးရန်ကပ်လာကျသောအခါ ခရစ်တော်သည် ယုဒအား

ကြည့်နေရာမှ သူတို့ထံအကြည့်ကိုလွဲလိုက်ပြီး]]အဘယ်သူကိုရှာကြသနည်းဟု

မေးတော်မူ၏။ နာဇရက်မြို့သား ယေရှုကိုရှာကြသည်ဟုဆိုလျှင် ယေရှုက

ငါသည်ထိုသူဖြစ်၏ဟု မိန့်တော်မူ၏။ကိုယ်တော်ကိုအပ်နှံသော ယုဒရှကာရုတ်

သည်လည်း ထိုသူတို့နှင့်အတူ ရပ်နေ၏။ငါသည် ထိုသူဖြစ်၏ဟု မိန့်တော်မူလျှင်၊

ထိုသူတို့သည် နောက်သို့လှန်၍မြေပေါ်၌လဲကြ၏}} ထိုသို့ မေးခွန်းကို

နှစ်ကြိမ်မြောက် မေးပြီးနောက်တွင် ခရစ်တော်ဘုရားအားဖမ်းဆီးကြလေသည်။

ထိုအခါပေတရုသည်သခင့်အားဖမ်းဆီးသောအခါတွင် ဘုရားအကြံတော်အတိုင်း

အသင့်မဖြစ်သောကြောင့် ဓါးဖြင့်အနီးရှိ ယဇ်ပုရောက်ဟိတ်၏ လူယုံတော် မာလခု

နားရွက်ပြတ်သွားလေသည်။ ခရစ်တော်သည် ပေတရုအား တားမြစ်တော်မူပြီး

နောက်မာလခုနားရွက်ကို သွေးသံရဲရဲမှကောက်ယူပြီး မိမွေးတိုင်းဖမွေးတိုင်း

အကောင်းပကတိပြန်ဖြစ်စေသည်။ ထိုနေရာတွင် ရန်သူတော်ဖြစ်သောသူတို့

အပေါ်တွင်ထားရှိသော အံ့ဩဘွယ် အနာရောဂါငြိမ်းခြင်းကား မထိုက်တန်သော

ခရစ်တော်ဘုရား၏ မဟာသနားခြင်း ကရုဏာနှင့် ကျေးဇူးတော်သက်သက်ပင်

ဖြစ်သည်။

ခရစ်တော်သည်သူ၏နောက်တော်လိုက်များအား သူ၏နာမတော်

အဖို့အလို့ငှါ ကဲ့ရဲ့ခြင်း၊ ပြစ်တင်ခြင်း၊ ညှင်းဆဲခြင်း၊ မုန်းတီးခြင်း စသည်တို့ ခံကြ

ရမည်ဖြစ်သော်လည်း လက်နက်အားကိုးဖြင့် မိမိတို့ဘဝအသက်ရှင်သန်နေထိုင်

နိုင်ရေးအသုံးပြုကာကွယ်ရန် သွန်သင်တော်မူခြင်းမပြုခဲ့ပါ။

ထို့နောက်ခရစ်တော်သည် စစ်သည်ဖက်သို့ လှည့်ကာ]]သင်တို့သည်

ဓါးပြကို ဘမ်းသကဲ့သို့ငါ့ကိုဘမ်းအံ့သောငှါ ဓါးနှင့်ဒုတ်များကို လက်စွဲလျက်

လာကြသည်တကား၊ ငါသည်ဗိမာန်တော်၌နေ့တိုင်းဆုံးမ ဩဝါဒပေးလျက်

သင်တို့အလယ်၌ ထိုင်နေစဉ်အခါသင်တို့သည် ငါ့ကိုမဘမ်းဆီးကြ}}ဟု မိန့်တော်

မူပြီး ငြင်းပယ်ခြင်းမရှိဘဲ ပကတိတည်ကြည်စွာဖြင့် ]]သို့သော်လည်းယခု

အချိန်ကား သင်တို့အချိန်ဖြစ်၏}}ဟုမိန့်တော်မူပြီးလက်ကိုချည်နှောင်ခြင်းခံရန်

အတွက်အသာတကြည်ပင်ထိုးပေးတော်မူလေသည်။

ခေါင်းဆောင်၏အမိန့်စကားအတိုင်းစစ်သည်တို့သည် ခရစ်တော်

ဘုရားအားဖမ်းဆီးချည်နှောင်ကြလေတော့သည်။

ခရစ်တော်ဘုရားသည်မည်ကဲ့သိုမခုခံဘဲအသာတကြည် ဖမ်းဆီး

ခံတော ်မူသည့်အတွက် ဝေခွဲမရခြင်း၊ နားမလည်ခြင်းများနှင့်အတူ သံလွင်ဥယျာဉ်

တော်အတွင်းသို့အသီးသီးဝင်ရောက်ပျောက်ကွယ်သွားကြလေတော့သည်။

ထိုသို့ခရစ်တော်ဘုရားအား ဖမ်းဆီးကြရာတွင် အုပ်စုလေးမျိုးပါဝင်နေသည်။

၁။ ယုဒရှကာရုဒ်။

သူသည်ဘုရားသခင်အားစွန့်ပယ်ပြီး စာတန်မာရ်နတ်နှင့်

အပေါင်းအသင်းဖွဲ့ကာ သစ္စာဖေါက်သွားသူဖြစ်သည်။ တစ်နည်းဆိုပါက

]]ကယ်တင်ရှင်ကိုစွန့်ခွါပြီး}} တစ်ဒင်္ဂသာယာမှုအတွက် ]]သာသနာကိုအလွဲ့}}

အသုံးပြုသူဖြစ်သည်။

၂။ ယုဒလူများ။

သူတို့သည်ခရစ်တော်ဘုရားအား ဖမ်းဆီးရာတွင် ဩတ္တပ္ပ

စိတ်ကြည်လင်စွာဖြင့်ပြုနိုင်လောက်အောင် ဘုရားသခင်၏တစ်ဖက်၌ ဝိညာဉ်

အလင်းကွယ်နေသူများ ဖြစ်သည်။ သူတို့သည်မိမိတို့၏ဆန္ဒအတိုင်း ဘုရား

သခင်၏အသံတော်ကိုမကြားနိုင်အောင် မိမိတို့နားကိုပိတ်လျှက်ရှိခြင်း၊

ဘုရားသခင်၏ လမ်းပြမှုကိုမမြင်နိုင်လောက်အောင် မျက်စိကိုပိတ်ထားခြင်းဖြင့်

အဆုံးတွင် ကယ်ချွတ်ရှင်လောကသို့ြွကလာသည်ကို ဖူးမြော်ခြင်းအခွင့် ရသော်

လည်း အယူလွဲကာဘဝတိမ်းပါးသူများဖြစ်ကြသည်။

၃။ တပည့်တော်များ။

ဘဝအသက်တာတွင်အခိုက်အတန့်မျှဘုရားသခင်အား

မေ့လျှောထားတတ်သူများကိုကိုယ်စားပြုသည်။ ယနေ့အသင်းတော်တွင်လည်း

ထိုသို့သောသူများရှိနေကြပါသည်။

၄။ ယေရှုခရစ်တော်။

ဘုရားသခင်အားအမြဲတမ်းဦးထိပ်ထားပြီး သတိရအောက်

မေ့နေသောအရှင်ဖြစ်သည်။ ခရစ်တော်ဘုရား၏ ဂုဏ်အင်္ဂါတော်များကို ယခုလို

တွေ့မြင်နိုင်သည်။

က။ ရဲရင့်သောအရှင်။

ပသခါလပြည့်ညသည်အချိန်ကျရောက်လာပြီး ည၏

အလင်းမှာ နေ့၏အလင်းကဲ့သို့ပင်ဖြစ်နေသည်။ သို့သော်ခရစ်တော်ကို ရန်ပြု

သောသူတို့သည်မီးဒုတ်နှင့်မီးအိမ်နှင့်လာရောက်ကြသည်။ ခရစ်တော်သည်

သူတို့ ရောက်လာသောအခါတွင် ပုန်းကွယ်ခြင်းပြုတော်မမူဘဲ ရှေ့သို့ထွက်လာ

ပြီးနောက် ]]အဘယ်သူကိုရှာကြသနည်း}} ဟုမေးတော်မူပြီး ]] နာဇရက်မြို့သား

ယေရှုကိုရှာကြသည်}}ဟုဆိုသောအခါ ]]ငါသည်ထိုသူဖြစ်၏}}ဟုပြန်လည်

ြွမတ်ကြားတော်မူသည်မှာအဘယ်မျှကြည်ညိုဖွယ်ကောင်းလှသနည်း။

ခ။ အခွင့်အာဏာတို့အရှင်။

လက်နက်အပြည့်စစ်သည်တို့လာသောအခါ လက်နက်မဲ့

ဖြင့် အာဏာစက်အပြည့်ဖြင့် မိန့်တော်မူသောအခါ စစ်သည်တို့သည် အသီးသီး

မြေပြင်သို့လဲကျကြသည်။ ခရစ်တော်ဘုရားသည် လက်နက်မဲ့ဖြင့် တစ်ပါးတည်း

ရှိနေသော်လည်း အင်အားများစွာသော စစ်သည်တို့ထက် သာလွန်သော အခွင့်

အာဏာနှင့် ဗိုလ်ခြေအပေါင်းတို့ကို အောင်နိုင်စွမ်းရှိတော်မူသည်။

ဂ။ စွန့်လှူရန်သန္နိဌာန်ပြုသောအရှင်။

အလိုတော်ရှိပါက ထိုကားတိုင်လမ်းကို လွဲရှောင်ခြင်းပြုရန်

သူတို့အားထိုးဖေါက်ကာထွက်ခွါသွားခြင်းဖြင့် လျှောက်လှမ်းနိုင်သော်လည်း၊

ခရစ်တော် ရှောင်လွဲတော်မမူဘဲ အပြစ်သားများအတွက် အသက်စွန့်လှူပူဇော်

ခြင်းပြုရန်ရွေးချယ်တော်မူခဲ့သည်။

ဃ။ စုံလင်သောနာခံခြင်း။

]]ဓါးကို အိမ်၌သွင်းထားလော့၊ခမည်းတော်သည် ငါ့အား

ပေးတော်မူသောခွက်ကို ငါမသောက်ရာ သလောဟု ပေတရုအား မိန့်တော်မူ၏}}

ထိုသို့လျှောက်လှမ်းရန်အတွက် ဘုရားသခင်အလိုတော်ရှိမှန်း ကောင်းစွာသိမြင်

တော်မူသည့် ထို့အတွက်ကြောင့်လည်း အသက်စွန့်တော်မူသည့်တိုင်အောင်

နာခံခြင်းဖြင့်ခရစ်တော်ပြုတော်မူခဲ့သည့် နည်းတူ အဘယ်မည်သောသူတွင်

တွေ့နိုင်ပါမည်နည်း။

သောကြာနေ့

ခရစ်တော်အားစစ်ကြောစီရင်တော်မူခြင်း

(မ၊ ၂၆း၅၇-၆၈၊ ၂၇း၁၅-၃၁၊ ယော၊ ၁၈း၁၂-၁၄၊ ၃၉-၁၉း၁၆)

ခရစ်တော်ဘုရားသည် စစ်သည်တော်များ၊ ယဇ်ပုရောဟိတ်များ၊

ကျမ်းတတ်ပုဂ္ဂိုလ်များနှင့် မြို့တော်သို့လာသောအချိန်သည် မနက် ၁ နာရီဖြစ်

သည်။ ခရစ်တော်အား သာမန်အမှုသည်များကဲ့သို့ ပသခါပြီးသည့်တိုင်အောင်

ချုပ်ထားပြီးမှ အမှုစစ်ရန်သာဖြစ်သည်။ သို့သော်လည်း ခရစ်တော်ဘုရားအား

ဖမ်းဆီးခြင်းကိုအများသိသွားပါက အဖြစ်မှန်ကိုလူထုမှသိသွားပြီး လွတ်မြောက်

သွားမည်ကိုစိုးရိမ်သောကြောင့် ထုံးတမ်းစဉ်လာအတိုင်းမပြုကြ။ ထိုမျှမက

အမှုအခင်းစီရင်ပိုင်ခွင့်ရှိသော ကော်မတီအဝင်ဖြစ်သော နိကောဒင်သည်လည်း

ထိုသို့ခရစ်တော်ဘုရားအပေါ်မတရားပြုသည်ကို လက်ပိုက်ကြည့်နေနိုင်မည်

မဟုတ်မှန်း ယဇ်ပုရောဟိတ်အကြီးအကဲများသိကြသည်။

ထို့ကြောင့် ကာယဖသည် ခရစ်တော်အား ညတွင်းချင်းဖမ်းဆီး

စစ်ကြောစေပြီး သေဒါဏ်ပေးခြင်းဖြင့် နောက်နေ့မနက်တွင် ရောမမြို့၏ မင်္ဂလာ

အချိန်ကိုရောက်ရှိစေမည်ဟု ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ ထိုမျှမက ခရစ်တော်ကို

အဆုံးစီရင်လိုက်ခြင်းသည် ပသခါပွဲမတိုင်ခင်လည်း ကိစ္စပြီးဆုံးပြီးဖြစ်ပေမည်။

ထိုအချိန်က ယဇ်ပုရောဟိတ်များအကြားတွင် အာဏာအရှိဆုံး

လုပ်ပိုင်ခွင့်အရှိဆုံးဟုယူဆရသော ယဇ်ပုရောဟိတ် အန္နအထံသို့ ခရစ်တော်အား

ခေါ်ဆောင်သွားကြသည်။ ထိုအချိန်ကာ နံနက် ၂ နာရီဖြစ်သည်။ အမှုစစ်ခံသည်

ထိုင်ခုံတွင် ထိုင်ခွင့်မရှိသောကြောင့် ခရစ်တော်အား ထိုင်ခံမပေးဘဲ စင်ဟဲဒြိန်း

ကောင်စီဝင်များရှေ့တွင် အခန့်သားဖြင့် အမှုကို မြန်နိုင်သရွေ့၊ မြန်အောင်စီရင်

မေးမြန်းနေခြင်းဖြစ်သည်။အန္နသည် ခရစ်တော်၏နောက်လိုက်များအကြောင်း၊

ယုံကြည်ချက်များအကြောင်းကိုမေးမြန်း (ယော၊ ၁၈း၁၉)သောအခါတွင်

ခရစ်တော်ဘုရားက ]]ထင်ရှားစွာဟောပြောပြီ၊ ယုဒလူအပေါင်းတို့စည်းဝေးရာ

တရားစရပ်၌၄င်း၊ဗိမာန်တော်၌၄င်း အစဉ်မပြတ်ဆုံးမဩဝါဒပေးပြီ၊ မထင်ရှားဘဲ

အလျင်းမဟောမပြော}}ဟုမိန့်တော်မူသည်၊ ထိုအခါအနီးအပါးရှိ အရာရှိတစ်ဦး

သည်ခရစ်တော်အား ရိုက်နှက်လေသည်။ အခြားသော မေးမြန်းခြင်းများ ပြုပြီး

သည့်နောက်တွင် ယေရှုခရစ်တော်၌အပြစ်မတွေ့ကြောင်းအန္နသိရှိသွားသည်။

ထို့ကြောင့် ယဇ်ပုရောဟိတ်မင်း ကာယဖထံသို့ ပြန်ပို့စေသည်။

ကာယဖ၏အမိန့်အားဖြင့် စင်ဟဲဒြိန်ကောင်စီဝင်များသည် အတူတကွ

စုရုံးလာကြပြီး ခရစ်တော်အားစစ်ကြောကြပြန်သည်။ သို့တိုင်အောင် သုံးနှစ်ဝန်း

ကျင်မျှခရစ်တော်ဘုရား၏ အပြုအမူ၊ အသွားအလာ၊ အဟောအပြောတို့တွင်

တတ်နိုင်သရွေ့ ]အပြစ်မရှိအပြစ်ရှာ} စွပ်စွဲကြသော်လည်း ခရစ်တော်ဘုရားအား

သေဒါဏ်ပေးအံ့သောငှါ လမ်းစရှာမတွေ့ကြ။ ထို့ကြောင့် ကာယဖသည် မှားယွင်း

သောသက်သေများကို မတရားငှါးရမ်းကာ စွဲချက်တင်ခြင်းဖြင့် အားပေးအား

မြောက်ပြုတော့သည်။ ထို့ကြောင့် အငှါးတို့သည် ခရစ်တော်ဘုရား၏ ]ဗိမာန်

တော်ဖြိုဖျက်ခြင်း} ]ဥပုဒ်နေ့တွင်အမှုဆောင်ခြင်း} ]မြို့တော်သို့ဝင်ရောက်ခြင်း}

]ကယ်တင်ရှင်ဟုဘုရားနှင့်တစ်ဂိုဏ်းတည်းထားခြင်း} စသည်တို့ဖြင့် ပြောဆိုကြ

လေတော့သည်။ သို့သော်လည်း လုပ်ကြံထားခြင်းများဖြစ်သောကြောင့်

]အရှေ့နှင့် အနောက်မညီ} သောကြောင့် ထိုစွပ်စွဲချက်များတို့သည် ]ခဲလေသမျှ

သဲရေကျ} ဖြစ်သွားကြသည်။

ထိုသို့မတရားစွပ်စွဲချက်များသည်လည်း အရာမရောက်သောကြောင့်

ကောင်စီဝင်များသည် စိတ်ခရစ်တော်တစ်ဖက်၌ စိတ်ခြောက်ခြားကြရသည်။

ထို့ကြောင့် နောက်ဆုံးကြိုးစားသည့်အနေဖြင့် ယဇ်ပုရောဟိတ်မင်းကာယဖသည်

သူထိုင်သောနေရာမှ ဆင်းလာပြီး ခရစ်တော်ထံသို့ ချဉ်းကပ်လာပြီး အောက်ပါ

အတိုင်းမေးမြန်းလေသည် ]]ယဇ်ပုရောဟိတ်မင်းကလည်း သင်သည်ခရစ်တော်

တည်းဟူသောဘုရားသခင်၏ သားတော်မှန်သည် မမှန်သည်ကိုငါတို့အား

ပြောစေခြင်းငှါ၊ အသက်ရှင်တော်မူသောဘုရားသခင်ကို ငါတိုင်တည်၍သင့်ကို

ကျိန်ဆိုစေ၏}} ဟုဆိုသောအခါ လူထုကြီးသည် ခရစ်တော်ဖြေမည့်စကားကို

အမှားရှာရန်အသင့်စောင့်နေကြသည်။

ယေရှုဘုရားအား အပြစ်တင်ရန် ရှာမတွေ့နိုင်ကြသည့် အဆုံး

ခရစ်တော်သည် သူတို့အတွက်နောက်ဆုံး သမ္မာတရားနှင့် အဖြစ်တော်ကိုပြဆိုရန်

အောက်ပါအတိုင်း နှုတ်ြွမတ်တော်မူလေသည်]] သင်ဆိုသည်အတိုင်းမှန်၏၊ ထိုမျှ

မက ငါဆိုသည်ကား နောင်ကလ၌လူသားသည် တန်ခိုးတော်၏ လကျာ်ဘက်၌

ထိုင်လျက်မိုဃ်းတိမ်ကိုစီး၍ြွကလာသည်ကို သင်တို့မြင်ရကြ လတံ့}}ဟုမိန့်တော်

မူလေ၏။

ထိုအခါယဇ်ပုရောဟိတ်မင်းသည်မိမိအဝတ်ကို ဆုတ်လျက် ဤသူ

သည် ဘုရားကိုလွန်ကျူး၍ ပြောပြီ၊ အဘယ်သက်သေကို လိုသေးသနည်း၊

ဘုရားကို လွန်ကျူး၍ပြောသောစကားကို ယခုပင်သင်တို့ ကြားရပြီ၊ အဘယ်သို့

ထင်မှတ်ကြသနည်းဟုမေးမြန်းလျှင်၊ ထိုသူတို့က ]]ဤသူသည် အသေခံထိုက်

ပေ၏}} ဟုပြန်၍စီရင်ကြ၏။ထိုအခါမျက်နှာတော်ကို တံထွေးနှင့်ထွေးကြ၏

လက်သီးနှင့် ထိုးကြ၏။ ထိုမျှမက မျက်နှာကိုအဝတ်နှင့်အုပ်ပြီး ရိုက်နှက်ကျရာ

တွင်လည်း ]]အဘယ်သူပုတ်သနည်းဟု ပရောဖက်ပြုပါ}} ဟုဆိုကာနောက်ပြောင်

ကြသည်။

ယခုမူကား သေဒါဏ်ပေးရန်ကြိုးပမ်းမှုသည်အောင်မြင်၍ အစဉ်

အလာအတိုင်း ရောမဘုရင် ပုန္တိပိလတ်မင်းထံသက်သေအထောက်အထား

ကိုမတရားစုကာ ပေးပို့ရန်ပြင်ဆင်ကြလေသည်။ ခရစ်တော်သည် ထိုစကားတော်

ကိုြွမတ်ကြားပြီးနောက် ယခုကဲ့သို့ ]]တစ်ပါးအမျိုးသားထံလွဲအပ်၍ ကားတိုင်

ထက်တွင်စီရင်ခြင်း}} ခံရမည်ကိုသိမြင်တော်ပြီးဖြစ်သည်။

ယုဒမြို့ဝန်မင်းပုန္တိပိလတ်မင်းထံသို့ ခရစ်တော်ကိုဆောင်ကျဉ်းကြ

သောအခါတွင် ခြေချင်းတုပ်နှောင်ထားကြပြီးဖြစ်သည်။ပိလတ်မင်းနှင့်စပ်လျှဉ်း၍

]]ပိလတ်မင်းသည် မောက်မာခြင်း၊ ကြမ်းကြုတ်ခြင်း၊ ရက်စက်ခြင်း၊ တရားမျှ

တမှုမရှိခြင်း၊ အကျင့်သီလပျက်ပြားခြင်း}} တွင်သူမတူသူဖြစ်ကြောင်း ယောရှဖပ်

နှင့် ဖိလိုတို့က မှတ်ချက်ပေးခဲ့ကြသည်။သမိုင်းတွင်အဂရိပ (၁) ကလည်း

ကာလိဂုလ အင်ပါယာ ထံရေးသားရာတွင်]]ခေါင်းမာခြင်း၊ ကြမ်းတမ်း၊ ရက်စက်

ယုတ်မာခြင်း၊ စစ်ကြောခြင်းမရှိဘဲ အမှုကိုစီရင်၊ သတ်ဖြတ်ခြင်း၊ အမျက်ဒေါသ

ကြီးခြင်းတို့သည်သူ၏ပင်ကိုယ်ဟန်ပန်ပင်ဖြစ်သည်}} ဟုရေးသားခဲ့သည်။

အချိန်အားဖြင့် မနက် ၆း၃၀ ဖြစ်ပြီး ပိလတ် မင်း၏အိမ်တော်ဦးသို့

ရောက်သွားကြသည်ယေရှုအားကြည့်ပြီးနောက် ကြားသိရသောသတင်း စကား

အတိုင်း မဟုတ်နိုင်သည်ကိုသိမြင်ခဲ့သည်။ ထို့ကြောင့် တော်လှန်ပုန်ကန် သောသူ

မဟုတ်သော်လည်းထုံးတမ်းစဉ်လာအတိုင်း မတ်တပ်ရပ်ခိုင်းကာ စတင်စစ်ဆေး

သည် ]]သင်သည်ယုဒဘုရင်မှန်သလော}} ဟုမေးလေ၏။ တစ်ဖန် ]]ပိလတ်မင်းက၊

ငါသည် ယုဒလူဖြစ်သလော၊ သင်၏လူမျိုးနှင့်တကွ ယဇ်ပုရောဟိတ် အကြီးတို့

သည်သင့်ကိုငါ၌အပ်ကြပြီ၊ သင်သည်အဘယ်သို့ပြုမိသနည်း}} ဟု သေချာစွာ

စစ်မေးလေသည်။

ထိုအခါ ခရစ်တော်က ]]ငါ၏နိုင်ငံသည် ဤလောကနှင့်မစပ်ဆိုင်၊

ငါ၏နိုင်ငံသည် ဤလောကနှင့်စပ်ဆိုင်လျှင်၊ ငါသည်ယုဒလူတို့လက်သို့ မရောက်

စေခြင်းငှါငါ၏လူတို့သည် တိုက်လှန်ကြလိမ့်မည်၊ ယခုမူကား ငါ၏နိုင်ငံသည်

ဤဒေသ အရပ်နှင့် မစပ်ဆိုင်}}ဟုဆိုသောအခါတွင် ]]သင်သည်ဘုရားမှန်သလော}}

ဟုပြန်မေးတော်မူသော်လည်း ကဲသာဘုရင်အား ပုန်ကန်မည့် သူမဟုတ်သော

ကြောင့် စိတ်အေးသွားရလေသည်။ထို့ကြောင့် ပိလတ်မင်းသည် ယေရှုအား

အိမ်တော်ဦးသို့သွား၍]]ဤသူ၌အဘယ်အပြစ်ကိုမျှ ငါမတွေ့}}ဟုဆိုလေသည်။

ထိုသို့ဆိုသောအခါတွင် ယဇ်ပုရောဟိတ်မင်းတို့သည် အလိုမကျမှုများ

ထွက်ပေါ်လာလေတော့သည်။ ထို့ကြောင့် မြို့ဝန်မင်းပိလတ်သည် ဘေးကျပ်

နံကျပ်ရောက်ရလေတော့သည်။ ထို့နောက် ယေရှုအကြောင်းအား စဉ်းစားသော

အခါတွင် ဂါလိလဲတွင်လည်းဟောပြောကြောင်းပြန်သတိရသောအခါတွင် ယေရှု

ပြဿနာအားဖြေရှင်းရှောင်လွဲရန်သည် ဂါလိလဲကိုအုပ်ချုပ်နေသော ဟေရုဒ်

အန္တိပထံလွဲပြောင်းခြင်းမှတစ်ပါးအခြားမတွေ့နိုင်။

အကြောင်းထောက်မစွာဖြင့် ဟေရုဒ်သည်လည်း ပသခါပွဲကိုလာသည့်

အခွင့်အခါနှင့်ကြုံကြိုက်နေသည်။ ထိုသို့လာသော်လည်း ဘုရားကိုကြည်ညို

သောကြောင့်လာခြင်းမဟုတ်၊ ရှမာရိကပြားဖြစ်သည့်အားလျှော်စွာ မဏ္ဍာပ်တိုင်

တက်ရန်သက်သက်သာဖြစ်သည်။ ထို့ကြောင့်ယေရှုခရစ်တော်အား ဟေရုဒ်

ထံသို့ တစ်ဖန်စောင့်ကြပ်စေခြင်းဖြင့်ပို့ကြပြန်သည်။

ဟေရုဒ်အန္တိပသည် ယစ်မူးတွင်သာယာသောမင်းဖြစ်ပြီး၊ နှစ်ခြင်းဆရာ

ယောဟန်ကိုသတ်ဖြတ်သော ဟေရုဒ်မင်း၊ ဟေရောဒိ၏ဇနီးသည်ကို အပိုင်သိမ်း

သော ဟေရုဒ်တဂရိတ်၏အငယ်ဆုံးသောသားဖြစ်သာမက ယောဟန်ပြန်ရှင်လာ

သည်အထင်ဖြင့်ကြောက်လန့်နေပြီး ယေရှုခရစ်တော်ကိုလည်းတွေ့မြင်ချင်

နေသူဖြစ်သည်။ ထို့ကြောင့်ခရစ်တော်အား မေးခွန်းများစွာ မေးမြန်းသောအခါ

ခရစ်တော်သည် တစ်ခွန်းတစ်ပါဒမျှမဖြေဘဲ နှုတ်ဆိတ်နေတော်မူသည်။ ထိုသို့ပြု

ခြင်းကြောင်းခရစ်တော်အပေါ်တွင် လွန်စွာအမျက်ဒေါသထွက်လျှက်ရှိသည်။

သူ့အထင်တွင်ယေရှုသည်ဘာသာရေးလုပ်စားသော ဘာသာရေးသမားအထင်

ဖြင့် ပျက်ရယ်ပြုခြင်းဖြင့် မထီမဲ့မြင်ပြုကာ နီသောအဝတ်အထည်များဖြင့်

ဆင်မြန်းစေလျှက်ပမာမခန့်ပြုလေသည်။

ယေရှုသည်အိမ်တော်ဦးသို့တစ်ဖန်ရောက်ပြန်သောအခါတွင် ပိလတ်

မင်းသည်လွန်စွာစိတ်အနှောက်အယှက်ဖြစ်ပြီးနှလုံးမသာမယာဖြစ်နေသည်။

]ဆုပ်လည်းစူး၊ စားလည်းရူး} ဆိုသောအနေအထားသို့ ပိလတ်မင်း ကျရောက်

နေသည်။ တရားမျှတခြင်းအရ သူသည်ယေရှုအားလွတ်ပေးရမည်ဖြစ်ပြီး၊ လွတ်

ပေးပါကလည်း ဣသရေလခေါင်းဆောင်များသည် သူ့တစ်ဖက်တွင် ထြွကတော်

လှန်မည်ကိုလည်းစိုးရိမ်နေရသည်။ ထို့ကြောင့်ဆုံးဖြတ်ရခက်စွာရှိနေသောအချိန်

တွင် တွန်းအားသဖွယ်ဇနီးသည်ထံမှ စာရောက်လာသည်ကား ]]ထိုဖြောင့်မတ်

သောသူကိုအဘယ်သို့မျှမပြုပါနှင့် ယနေ့ပင်ကျွန်မသည် ထိုသူကြောင့်အိပ်မက်၌

ပြင်းစွာခံရပါပြီဟု မှာလိုက်၏}}(မ၊ ၂၇း၁၉)။

ပြဿနာဖြစ်ပွားနေချိန်ရောက်ရှိလာသော ထိုသတင်းသည် နတ်ဘုရား

များထံမှ ကယ်မသောထွက်ရပ်လမ်းအဖြစ်ပိလတ်မင်းခံယူလိုက်သည်။ နတ်

ဘုရားတို့ကိုခန့်ငြားသောအနေဖြင့်ရောမ တို့၏ထုံးတမ်းစဉ်လာရှိသည့် အတိုင်း

ရာဇဝတ်သားများအထဲမှ ]လွတ်ငြိမ်းချမ်းသာခွင့်} ပေးရန်ယေရှုကိုလည်း သုံးသပ်

လိုက်မိသည်။ ထိုသို့အားဖြင့်ယေရှုအား ကယ်တင်နိုင်မည်ဟု ယုံကြည် မိသည်။

ထိုအချိန်တွင်ထောင်တွင်း၌နာမည်ကြီးသူခိုးဓါးပြ ဗာရဗ္ဗရှိလေသည်။

တရားနည်းလမ်းအရ ဗာရဗ္ဗသည် ပြစ်မှုထင်ရှားသောသူဖြစ်သောကြောင့် ယေရှု

မှတစ်ပါး ဗာရဗ္ဗနှင့်အပေါင်းအပါတို့အား ဘာသာရေးခေါင်းဆောင်နှင့် နိုင်ငံရေး

ခေါင်းဆောင်များမှ တောင်းမည်ဟုထင်စရာအကြောင်းမရှိ။ထိုကြောင့်

မြို့ဝန်မင်းသည်၊ ဤသူနှစ်ယောက်တို့တွင် သင်တို့သည် အဘယ်သူကို လွှတ်စေ

ချင်သနည်းဟု လူများကိုတဖန်မေးသောအခါ၊ ဗာရဗ‘ကိုလွှတ်စေချင် ပါသည်ဟု

လျှောက်ကြ၏။ပိလတ်မင်းကလည်း၊ သို့ဖြစ်လျှင် ခရစ်ဟုခေါ်ဝေါ်သောယေရှုကို

အဘယ်သို့ပြုရ မည်နည်းဟုမေးပြန်သော်၊ထိုသူအပေါင်းတို့က၊သူသည် လက်ဝါး

ကပ်တိုင်မှာရိုက်ထားခြင်းကို ခံပါလေစေ ဟုဆိုကြ၏၊မြို့ဝန်မင်းကလည်း

အဘယ် ကြောင့်နည်း၊ အဘယ်အပြစ်ကိုပြုဘိသနည်းဟုမေးလျှင်၊ထိုသူသည်

လက်ဝါးကပ်တိုင်မှာ ရိုက်ထားခြင်းကိုခံပါလေစေဟု လူများတို့သည်သာ၍

ဟစ်ကြ၏။

ပိလတ်မင်းသည်လည်းသူ၏အကြံမထမြောက်ကြောင်းကိုသိမြင်

သောအခါတွင် အိမ်တော်ဦးသို့သွားပြီး ဗာရဗ္ဗကို လူများတို့အား လွှတ်လေ၏

ယေရှုကိုကား ကားတိုင်အတွက် ပြင်ဆင်သည့်အနေဖြင့် မတရားမှန်းသိသိကြီးဖြင့်

ရိုက်ပြီးလျှင် လက်ဝါးကပ်တိုင်မှာ သတ်စေခြင်းငှါအပ်လိုက်လေ၏။ ဣသရေလ

ခေါင်းဆောင်များသည် လူထုရှေ့တွင် ခရစ်တော်ဘုရားအား အရှက်တကွဲ ဖြစ်စေ

ခြင်းငှါ မြေတွင်ထားလျှက် ရောမတို့၏အရက်စက်ဆုံးဖြစ်သည့် သံဆူးများပြည့်

နေသောကြာပွတ်ဖြင့်ရိုက်နှက်ကြလေသည်။အဝတ်တော်ကို ချွတ်၍နီသော

ဝတ်လုံကိုခြုံစေကြ၏။ ဆူးပင်နှင့်ရက်သောဦးရစ်ကို ခေါင်း တော်၌တင်ကြ၏။

ကျူတလုံးကိုလည်း လကျာ်လက်တော်နှင့် ကိုင်စေပြီးလျှင်၊ ရှေ့တော်မှာ

ဒူးထောက်လျက် ယုဒရှင်ဘုရင်။ ကိုယ်တော်သည် မင်္ဂလာရှိစေသတည်း ဟူ၍

ကိုယ်တော်ကိုပြက်ယယ်ပြုကြ၏။ကိုယ်တော်ကိုတံထွေးနှင့်ထွေးကြ၏၊ကျူလုံး

ကို ယူ၍ ခေါင်းတော်ကိုရိုက်ကြ၏။ထိုသို့ကိုယ်တော်ကိုပြက်ယယ်ပြုသည်

နောက် မင်းဝတ်လုံကိုချွတ်၍ အဝတ်တော်ကို ဝတ်ပြန်စေပြီးလျှင်လက်ဝါး

ကပ်တိုင်မှာရိုက်ထားခြင်းငှါထုတ်သွားကြ၏။

ထိုသို့ပြုကြသော်လည်း ခရစ်တော်သည် တစ်ခွန်းမျှပြန်တော်မမူဘဲ၊

ဘုရားခင်ထံတွင်ကိုယ်စားခံယူနေခြင်းသာဖြစ်သည်။ သွေးတို့သည်လည်း ရှုမြင်

မကောင်းဖြစ်နေပြီး ကိုယ်အရေတို့သည်လည်း ပွန်းပဲစုတ်ပြတ်လျှက်ရှိသည်။

ပိလတ်မင်းသည်ရှုတ်ချသောအနေအထားဖြင့်လက်တစ်ချက ်ဝှေ့ကာ

]]သင်တို့၏ ရှင်ဘုရင်ကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားရမည်လော}}ဟု မေးပြန်

လျှင် ယဇ်ပုရောဟိတ်အကြီးတို့က]]အကျွနု်ပ်တို့၌ကဲသာဘုရင်မှတပါး အဘယ်

ရှင်ဘုရင်မျှမရှိပါ}}ဟုဆိုကြသည်။

ပိလတ်မင်းသည် မိမိမနိုင်၊လူများသာ၍ရုန်းရင်းခတ်မျှပြုကြသည်ကို

မြင်လျှင် ရေကိုယူ၍ လူများရှေ့တွင် မိမိလက်ကိုဆေးလျှက် ဤဖြောင့် မတ်သော

]]သူ၏အသွေးနှင့်ငါသည် ကင်းရှင်း၏ ဤအမှုကိုသင်တို့ကြည့်ကြလော့}} ဟုဆို

သော်လည်း မတရားသဖြင့်စီရင်သော ထိုအသွေးအတွက် ပိလတ်မင်းသည်

မည်သို့မျှကင်းလွတ်မည်မဟုတ်ပေ။ ထို့အတွက်လည်းသမိုင်းကြောင်း

တစ်လျှောက်တွင် ပိလတ်မင်းသည်အမည်းစက်ဖြင့်ထင်ကျန်နေရစ်ခြင်းဖြစ်သည်။

ပိလတ်မင်းသည်ယေရှုခရစ်တော်နှင့်ပါတ်သက်၍ကိုယ်လွတ်ရုန်းရန်

ကြိုးစားချိန်၊ ဘာသာရေးခေါင်းဆောင်များက ကြည်ဖြူစွာဖြင့် လက်ခံကြသည်။

ထို့ကြောင့်လည်း ]]သူ၏အသွေးသည် ငါတို့၏ခေါင်းပေါ်၌၄င်း သားမြေး

တို့၏ခေါင်းပေါ်၌၄င်းတည်ရှိပါစေ}}ဟုဆိုကြသည့်အတိုင်း နောက်ပိုင်းတွင်

ထိုကျိန်ခြင်းအမင်္ဂလာသည် ဣသရေလသမိုင်း၌ အမှန်ပင်ကျရောက်ခဲ့ကြသည်

ကိုသိမြင်လာကြရသည်။ မှန်သည်မှားသည်ကိုသိသော်လည်း ပိလတ်မင်းသည်

အရှက်မဲ့စွာဖြင့် ခရစ်တော်ဘုရားအားကားတင်သတ်စေခဲ့ပြီး အပြစ်ဒုစရိုက်သား

ဖြစ်သောဗာရဗ္ဗအား လူထုအကြိုက်လိုက်ကာလွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့လေ

သည်။

စနေနေ့

အသစ်သောမြှုပ်နှံသင်္ဂြိုဟ်ရာ

(မ၊ ၂၇း၅၇-၆၆၊ မာ၊ ၁၅း၄၂-၄၇၊ လု၊ ၂၃း၅၀-၅၆၊ ယော၊ ၁၉း၄၂)

ခရစ်တော်ဘုရားအားကားတိုင်ပေါ်တွင် ကြိုတင်အကွက်ချထားသည့်

အတိုင်းအောင်မြင်၍ အသက်တော်စွန့်တော်မူပြီးနောက် ဣသရေလခေါင်းဆောင်

တို့သည် မြေလှုပ်ခြင်းပြီးပြီးခြင်း ယခုအဘိတ်နေ့ကာလသည် ကုန်ဆုံး၍ ဥပုဒ်

နေ့ကိုရောက်လာတော့မည်ကိုသတိရကြသည်။ အထူးသဖြင့် ဥပုဒ်နေ့တွင်

ရာဇဝတ်သားများ၏ ရုပ်အလောင်းများအား ကားတိုင်တွင် ချိတ်ဆွဲထားခြင်းကို

မပြုရ၊ ပညာတ်တရားက ခွင့်မပြုပေ။ အထူးသဖြင့် လက်ရှိအချိန်ကာလသည်

ပုံမှန် စနေဥပုဒ်သာမက ပသခါနှစ်စဉ် ဥပုဒ်ကြီးလည်းဖြစ်နေသည် မဟုတ်ပါလား။

နေ့ခင်း ၃းဝဝ မှ ၆၀ဝ အချိန်ကို ဥပုဒ်နေ့အတွက် ပြင်ဆင်ရာကာလ

အဖြစ်သတ်မှတ်ထားကြသည်။ ဣသရေလလူမျိုးများ၏ ရေတွက်မှုအရ ညနေ

၆းဝဝ နာရီသည်နေ့သစ်တစ်နေ့ကိုအစပြုရေတွက်လေ့ရှိသောကြောင့် ဥပုဒ်နေ့

သည် သောကြာ နေ့ခင်း ၃းဝဝ တွင်စတင်ရေတွက်ကြခြင်းဖြစ်သည်။ အကယ်၍

ထိုအတိုင်းသာမှန်ကန်ခဲ့ပါက ယဇ်ပုရောက်ဟိတ်အကြီးအကဲတို့သည် ပိလတ်မင်း

ထံသို့ချဉ်းကပ်ခြင်းသည် ဥပုဒ်နေ့တွင်ချဉ်းကပ်ခြင်းဖြစ်သည်။ ထို့အတွက်

ပိလတ်မင်းထံသို့သွားကာ ရာဇဝတ်သားများအား အလျှင်အမြန်ခြေကိုရိုက်ချိုး

သေစေကာ ကားတိုင်ထက်မှ ဖြုတ်ကြရန်တောင်းဆိုကြခြင်းဖြစ်သည်။

ပိလတ်မင်း၏ခွင့်ပြုချက်ရရှိသည်နှင့် စိုးရိမ်ပူပန်မှုအပြည့်ရှိနေသော

စစ်သည်တော်တို့သည် ရာဇဝတ်သားတို့၏ ခြေထောက်တို့ကိုရိုက်ချိုးခဲ့သည်။

သို့သော်သူတို့သည် ခရစ်တော်ဘုရားထံသို့ရောက်သောအခါတွင် ခရစ်တော်သည်

သက်တော်စွန့်ပြီးနေကြောင်း အံ့ဩဖွယ်ရာတွေ့မြင်ကြ ရသည်။ ထို့အရာသည်

လည်း ပရောဖက်ပြုချက်များအားပြည့်စုံစေခြင်းဖြစ်သည်]]သူ၏အရိုးရှိသမျှ

တို့ကိုစောင့်ရှောက်တော်မူသည်ဖြစ်၍၊ တစ်ချောင်းမျှ မကျိုးမပဲ့ရ}} (ဆာ၊ ၃၄း၂၀)။

ထိုသို့နှင့်အညီ စစ်သည်တော်သည် ခရစ်တော်ဘုရား၏နံဘေးတော်အားလှံဖြင့်

ထိုးသွင်းခဲ့သည် ထိုအရာတို့သည်လည်းဘုရားသခင်၏ ကယ်ချွတ်ရှင်အပေါ်၌

ထားရှိသောကတိတော်များပြည့်စုံစေခြင်းဖြစ်ခဲ့ပြန်သည်]]သူတို့သည် မိမိတို့

ထိုးဖောက်သောငါ့ကိုရှုမြင်ရကြလိမ့်မည်}} (ဇာခ၊၁၂း၁၀)။

ခရစ်တော်၏နံဘေးတော်ကိုထိုးဖေါက်လိုက်ခြင်းသည် အမှန်စင်စစ်

အသက်တော်ချုပ်ငြိမ်းသွားပြီးဖြစ်ကြောင်းသက်သေထင်ရှားစေသည်။ တပည့်

သာဝကများနှင့် အမျိုးသမီးတစ်စုတို့သည်လည်းအနီးနားတွင်ရှိကြေသည်။

ထိုအထဲတွင် အထူးသဖြင့်အံ့ဩစရာကောင်းသည်မှာ နိုင်ငံ၏ခေါင်းဆောင်နှစ်ဦး

ဖြစ်ကြသော နိကောဒင်နှင့် အရိမသဲမြို့ သားယောသပ်တို့လည်းပါဝင်နေသည်။

နိကောဒင်သည်ကား ပညာတ်တရားတွင်ဆရာတစ်ဆူပါရဂူကြီးဖြစ်ပြီး

ခရစ်တော်ဘုရားထံညအချိန်တွင်တိတ်တဆိတ်လာရောက်လေ့ရှိသောသူဖြစ်သည်။

ခရစ်တော်ဘုရား၏သာသနာလုပ်ငန်းစဉ်ကိုလွန်စွာစိတ်ဝင်တစားနှင့် ကြည်ညို

လေးစားကာလိုက်ပါနေသူဖြစ်သော်လည်း လူသိရှင်ကြားကားပြုလုပ်ရဲသည့်

သတ္တိကားမရှိပါ။ ခရစ်တော်ဘုရားသည် ကားတိုင်ပေါ်တွင်အသက်တော်ကို

စွန့်လှူသည့်နောက် သူ၏သစ္စာမဲ့ခြင်းအပေါ်စိတ်မကောင်းဖြစ်ကာ သူ၏

နောက်ဆုံးလက်ကျန်အသက်တာနှင့် ခန္ဓာ၊ စိတ်၊ ဝိညာဉ်အား ခရစ်တော်ဘုရား

လက်တော်သို့ပုံအပ်ဆက်ခြင်းကိုပြုခဲ့သည်။

အရိမသဲမြို့သားယောသပ်သည်လည်း ဣသရေလလူမျိုးများတွင်

စင်ဟဲဒြိန်းကောင်စီအဖြစ် လေးစားကြည်ညိုသောသူဖြစ်သည်သာမက၊ ဘုရား

တရားတွင်လည်းကိုင်းရှိုင်းသူဖြစ်ပြီး သူဌေးသူြွကယ်တစ်ဦးလည်းဖြစ်သည်။

သူသည် အရိမသဲမြို့သားဖြစ်သော်လည်း ရောင်းဝယ်ဖေါက်ကားရေးအတွက်

ယေရုရှလင်မြို့တွင် ကိုယ်ပိုင်အိမ်ဖြင့်နေထိုင်သောသူဖြစ်သည်။ သူသည်လည်း

ဘုရားသခင်၏ နိုင်ငံတော်ရောက်လာမည့်နေ့ရက်ကိုမြော်လင့်နေသူဖြစ်ပြီး ဓမ္မ

အရေးများကိုနိကောဒင်ထံမှာဆည်းပူးသင်ယူနေသူဖြစ်ရာမှ ခရစ်တော်ဘုရား၏

တိတ်တဆိတ်နောက်လိုက်ဖြစ်နေခဲ့သည်။

လက်ရှိအချိန်တွင် ထိုလူကြီးနှစ်ဦးတို့သည် သူတို့အနေဖြင့် သခင့်အတွက်

အကောင်းဆုံးလုပ်ဆောင်ရန်မှာ ပိလတ်မင်းထံသွားပြီးကျန်ရစ်သောရုပ်ခန္ဓာအား

တောင်းခံရန်သာဖြစ်သည်။ ထို့ကြောင့်လည်း အခွင့်ရသည်နှင့် ယောသပ်သည်

ဖြူစင်သောပိတ်ချောကိုယူဆောင်လျှက်အလောင်းတော်ကို ပတ်စည်းကြသလို၊

နိကောဒင်သည်လည်း။အခွက်သုံးဆယ်မျှလောက်အချိန်ရှိသော မုရန်နှင့်အကျော်ကို

ရောနှောသောနံ့သာပျောင်းကို ဆောင်လျက်သခင်ဘုရား၏ရုပ်ခန္ဓာအား သင်္ဂြိုဟ်

ရန်အတွက်အတူတကွပြင်ဆင်ကြခဲ့ကြသည်။

ခရစ်တော်ဘုရား၏ရုပ်ခန္ဓာတော်အား အရေးပေါ်တတ်စွမ်းနိုင်သမျှ

ပြည့်စုံစွာပြင်ဆင်ပြီးသည့် နောက်တွင် ယောသပ်နှင့် နိကောဒင်တို့နှစ်ဦးသည်

မည်သူမျှသင်္ဂြိုဟ်ခြင်း မပြုသေးသော မိသားစုသချႋုင်းတွင် မိမိအတွက်

ယောသပ်ကိုယ်တိုင်ပြင်ဆင်ထားသည့် သင်္ဂြိုဟ်ရန်နေရာသစ်တွင် အမျိုး

သမီးများနှင့် အတူတကွ အလောင်းတော်ကို ယူဆောင်လျှက်မြုပ်နှံ သင်္ဂြိုဟ်

ကြလေသည်။

တပည့်သာဝကအမျိုးသားများထွက်သွားသည့်နောက် တပည့်

သာဝကအစုဖြစ်သောအမျိုးသမီးများသည်အချိန်အတန်ကြာသည်အထိ

သချႋုင်းတော်တွင်ရှိနေခဲ့ကြသည်။ အမျိုးသမီးများသည် ကားတိုင်တော်တွင်

နောက်ဆုံးသခင်ဘုရားနှင့်အတူရှိနေခဲ့ကြသကဲ့သို့ သချႋုင်းတော်တွင်လည်း

နောက်ဆုံးအတူကျန်ရစ်နေသူများဖြစ်ကြသည်။ ထို့နောက်သူတို့သည်မြို့တော်

သို့ပြန်သွားကြပြီး ဥပုဒ်နေ့လွန်သွားပါက ခရစ်တော်ဘုရား၏ရုပ်ခန္ဓာအား

ပြီးသတ်ပြင်ဆင်ရန်အလို့ငှါ နံ့သာနှင့် အမွှေးအကြိုင်များကိုပြင်ဆင်ကြသည်။

ဥပုဒ်နေ့သည်ဣသရေလလူမျိုးများအတွက် ရုပ်ပိုင်း၊ စိတ်ပိုင်း၊ ဝိညာဉ်

ပိုင်းအားလုံးအတွက် သခင်ဘုရားအဖို့ပြင်ဆင်ရင်းအနားယူရာနေ့ဖြစ်သည်။

ခရစ်တော်ဘုရားြွမတ်ကြားတော်မူသော ]]ငါသည်သေခြင်းမှထမြောက်လိမ့်မည်}}

ဆိုသောစကားတော်ကိုမေ့လျှော့ကာ ခရစ်တော်ဘုရားအသက်တော်စွန့်လှူရင်း

ခန္ဓာချုပ်ငြိမ်းသွားသည်ကို မည်သို့မှလက်မခံနိုင်ဖြစ်နေကြသည်။ သူတို့အတွက်

ထိုဥပုဒ်နေ့သည် စိတ်ခြောက်ခြားစရာနှင့် အတိဒုက္ခတို့နှင့်သာ ကုန်ဆုံးစေရခြင်း

သက်သက်သာဖြစ်နေသည်။ ထို့ကြောင့်ဥပုဒ်နေ့လွန်သောအခါတွင် အလောင်း

တော်အားအပြီးသတ်ပြင်ဆင်ပြီး သင်္ဂြိုဟ်ခြင်းပြုလျှက် အုတ်ဂူအားပိတ်ရန်သာ

ဖြစ်တော့သည်။

တပည့်တော်တို့သည်ခရစ်တော်ဘုရား၏ရှင်ပြန်ထမြောက်တော်

မူမည့် ကတိစကားတော်ကိုမေ့လျှော့နေကြသော်လည်း မမေ့သောသူများကား

ယဇ်ပုရောဟိတ်အကြီးအကဲနှင့် ဘာသရေးခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်း

ဆောင်များပင်ဖြစ်သည်။ သူတို့သည်ခရစ်တော်ဘုရား ဧကန်စင်စစ်ထမြောက်

လာမည်ကိုမယုံကြည်ကြသော်လည်း တပည့်တော်တို့သည် အလောင်းတော်ကို

လာရောက်ခိုးယူ၍ သေခြင်းမာရ်ကိုအောင်မြင်တော်မူပြီဟု ေြွကးကြော်ပြီး၊

သူတို့၏ ယုံကြည်မှုသည်မှန်ကန်ကြောင်း သက်သေပြုမည်ကို စိုးရိမ်နေကြသည်။

ထို့ကြောင့်လည်း ဥပုဒ်နေ့နေဝင်ချိန်တွင် ပိလတ်မင်းထံသို့ တစ်ကြော့ပြန်ကာ

တောင်းဆို်ကြသည်။

]]အဘိတ်နေ့လွန်၍နက်ဖြန်နေ့ရောက်လျှင်၊ ယဇ်ပုရောဟိတ် အကြီးနှင့်

ဖာရိရှဲတို့သည်ပိလတ်မင်းထံ၌စုဝေး၍၊ ထိုလှည့်ဖြားသောသူက ငါသည် သုံးရက်

မြောက် သောနေ့၌ထမြောက်မည်ဟုမသေမှီပြောသည်ကို အကျွနု်ပ်တို့ မှတ်မိပါပြီ၊

ထိုကြောင့် သူ၏တပည့်တို့သည် ညအခါလာ၍အလောင်းကိုခိုးယူပြီးလျှင်

သူသည်သေခြင်းမှ ထမြောက်တော်မူပြီဟု လူအပေါင်းတို့အားပြောဆိုကြသော်

ရှေ့အမှားထက် နောက်အမှားသာ၍ကြီးမည်ဟု စိုးရိမ်စရာအကြောင်းရှိ

သည်ဖြစ်၍၊ သချိုင်းတွင်းကိုသုံးရက်မြောက်အောင် လုံခြုံစွာစောင့်စိမ့်သောငှါ

အမိန့်ရှိတော်မူပါဟု လျှောက်ကြလျှင်}} (မ၊ ၂၇း၆၂-၆၆)။

သို့တိုင်အောင်ပိလတ်မင်းသည် ထိုအရာအတွက် စီမံပေးကြောင်း

မတွေ့ရပါ။အကြောင်းမူကား ခရစ်တော်ဘုရားနှင့်စပ်ဆိုင်၍ သူ့ဘဝတွင် ပူပင်

သောကပွားများနေပြီးမဟုတ်ပါလား ထို့အတွက်ကြောင့်လည်း ခရစ်တော်နှင့်

ပါတ်သက်၍ ထပ်မံမပါတ်သက်လိုသောကြောင့် ]]ပိလတ်မင်းကသင်တို့၌လူစောင့်

တတပ် ရှိ၏။သွားကြတတ်နိုင်သမျှအတိုင်း လုံခြံုစွာစောင့်စေကြ}} (မ၊ ၂၇း၆၅)

ဟုဆိုလေ၏။

ထို့အတွက် ခေါင်းဆောင်တို့သည် အမိန့်ရသည်နှင့်တစ်ပြိုင်နက်

တည်း သွား၍ကျောက်ကိုတံဆိပ်ခတ်ပြီးလျှင် အစောင့်ထားလျက် သချႋုင်းတွင်း

တော်ကို တတ်စွမ်းနိုင်သမျှ အစွမ်းကုန်လုံခြံုစွာပြုကြ၏။ သူတို့သတိမပြုမိသည့်

အရာတစ်ခုမှ လောကီလူသားများဖြစ်ကြသော အဝိဇ္ဇာနယ်သားတွေအတွက်

သချႋုင်းသည် ချုပ်ထားခြင်းငှါ စွမ်းနိုင်သော်လည်း ]]တစ်ဆူတည်းသောဘုရား၊

အသက်ရှင်တော်မူသောဘုရားတကာတို့ရဲ့ဘုရားအရှင်အား}} ချုပ်နှောင်ထား

နိုင်မည့်သေခြင်းတရားနှင့် သချႋုင်းတော်သည် ဤကမ္ဘာလောကတွင်ရှိမနေမှု

ပင်ဖြစ်သည် (ဆာ၊ ၈၂း၁၊ ဟေဗြဲ၊ ၁၃း၈)။

တနင်္ဂနွေနေ့

ရှင်ပြန်ထမြောက်တော်မူသောဘုရား

(မ၊ ၂၈း၂-၁၅၊ မာ၊ ၁၆း၁-၁၁၊ လု၊ ၂၄း၁-၁၂၊ ယော၊ ၂၀း၁-၁၈)

ယဇ်ပုရောဟိတ်နှင့် နိုင်ငံရေးခေါင်းဆောင်အကြီးအကဲများသည်

သချႋုင်းတော်အား စီမံဆောင်ရွက်မှုများအား အသေးစိတ်ပြုပြီးသည့်အခါတွင်

စိတ်ကျေနပ်မှုအပြည့်ဖြင့် ခရစ်တော်သည်ပြုတော်မူခဲ့သောအမှုများအား

သည်နေ့ သည်အချိန်မှစတင်ပြီး အဆုံးနိဂုံးတိုင်သွားတော့မည်ဖြစ်ကြောင်း

စိတ်ချမှုအပြည့်ဖြင့် အသီးသီးကိုယ်စီကိုယ်ငပြန်သွားကြတော့သည်။ အုတ်ဂူအား

လည်းအစိုးရမင်း၏တံဆိပ်တော်ဖြင့် ခတ်နှိပ်ထားပြီးဖြစ်သည်သာမက၊ အစောင့်

အကြပ်များကိုလည်း စစ်တပ်ဖြင့်ထားသောကြောင့် ]ရှင်ပြန်ထမြောက်ခြင်း} ပုံပြင်

သည်လည်း တပည့်တော်များအတွက်မည်သို့မှ အကောင်အထည်ဖေါ်ဆောင်ရန်

လမ်းစမရှိတော့။

ရှင်လုကာတွင် ]]အာရုဏ်တက်သောအချိန့်၌}}ဟုဆိုပြီး၊ ရှင်မဿဲတွင်

]]မိုးလင်းအံ့ဆဲဆဲအချိန်၌}}ဟုဆိုထားသည်။ ထို့ကြောင့် မနက် ၄းဝဝ ဝန်းကျင်

တွင်ဖြစ်ရပေမည်၊ အကြောင်းမူကား ရောင်နီးဦးမတိုင်မှီ၊ အာရုဏ်မလာမှီ ဆိုသော

ကြောင့်၊ ထိုအချိန်မတိုင်မှီတွင် မြေကြီးသည်ကြီးစွာသော တုန်ဟီခြင်းဖြင့် မဟာ

ပထဝီမြေကြီးသည်လှုပ်ခါသွားလေတော့သည်။]]ထိုအခါ မြေကြီးသည် ပြင်းစွာ

လှုပ်လေ၏။အကြောင်းမူကား ထာဝရဘုရား၏ကောင်းကင်တမန်သည်

ကောင်းကင်ဘုံမှဆင်းလာ၍ တွင်းဝ၌ပိတ်သောကျောက်ကို လှိမ့်လှန်ပြီးလျှင်

ထိုကျောက်ပေါ်မှာထိုင်နေ၏}}။ သချႋုင်းတော်အား ပိတ်ဆို့ထားသည့်ကျောက်

အားကောင်းကင်တမန်သည် မြူမှုန့်ပမာလက်ကိုဆန့်လျှက်ဖယ်ရှားလိုက်သည်။

ထို့ကြောင့် အစောင့်တို့သည် လွန်စွာတုန်လှုပ်ခြောက်ခြားခြင်းဖြစ်ကာ လူသေ

များပမာရှိကြလေသည်။

စစ်သည်တို့သည်အကြောင်းစုံကိုပြန်သတိပြုမိသောအခါ ကောင်းကင်

တမန်နှင့် ခရစ်တော်သည် ပျောက်ခြင်းမလှပျောက်ကွယ်သွားကြပြီးဖြစ်သည်။

အစောင့်စစ်သည်ခေါင်းဆောင်သည် မီးဒုတ်ကိုယူကား သချႋုင်းတော်တွင်းသို့

သွားရောက်ကြည့်ရှုသောအခါတွင် သူတို့စိုးရိမ်ပူပန်ထားသည့်အတိုင်း သချႋုင်း

တော်သည် ဗဟာဟင်းလင်းဖြစ်နေသည်ကိုတွေ့ကြရသည်။ ထိုခဏချင်းတွင်

]]ဗလာဟင်းလင်း}}ဖြစ်သွားသောသချႋုင်းတော်အတွက် အထက်လူကြီးများအား

အဘယ်သို့ ဆင်ခြေပေးရမည်ကိုကြံရာမရဖြစ်ရလေသည်။

သို့သော်ထိုသတင်းအား ယဇ်ပုရောဟိတ်မင်းနှင့် အကြီးအကဲများထံ

သို့ရောက်သွားတော့သည်။ ထိုအခါယဇ်ပုရောဟိတ်တို့သည် ]ဧကန်ထမြောက်}

ခဲ့ပါက သူတို့ကားတင်သတ်ခဲ့သောသူသည် စစ်မှန်သောပရောဖက်ဖြစ်သည်ကို

လူထုတို့သိသွားပါ ထိုအကျိုးတရားအတွက် လူထုကြီးသည် သူတို့အပေါ်တွင်

တောင်းဆိုမှုများပြုလာကြပေတော့မည်။]]လူစောင့်အချို့တို့သည် မြို့ထဲသို့ဝင်၍

ဖြစ်လေသမျှသောအခြင်းအရာ တို့ကို ယဇ်ပုရောဟိတ်အကြီးတို့အား ပြန်ကြား

ကြ၏။ယဇ်ပုရောဟိတ်အကြီးတို့နှင့်လူအကြီးအကဲတို့သည် စုဝေး၍တိုင်ပင်ပြီးမှ

စစ်သူရဲတို့အား ငွေအများကိုပေး၍၊ ညဉ့်အခါငါတို့အိပ်ပျော်စဉ်တွင် ထိုသူ၏

တပည့်တို့သည် လာ၍အလောင်းကို ခိုးသွားကြသည်ဟု သင်တို့ပြောကြလော့၊

ထိုအကြောင်းကို မြို့ဝန်မင်းကြားပြန်လျှင်၊ ငါတို့သည် သူ့ကိုဖျောင်းဖျ၍ သင်တို့၌

အမှုမရှိစေခြင်းငှါပြုမည်ဟု၊သွန်သင်သည်နှင့်အညီ စစ်သူရဲတို့သည် ငွေကိုယူ၍

ပြုကြ၏ထိုစကားကိုယခုတိုင်အောင်ယုဒလူတို့သည်အနှံ့အပြားပြောဆိုကြ၏}}(မ၊

၂၈း၁၁-၁၃)။

လွန်ခဲ့သောရက်အနည်းငယ်အတွင်းကလည်းဗိမာန်တော်ရှိ ဘဏ္ဍာ

အလှူတော်ငွေအားခရစ်တော်ဘုရားကိုမတရားစွမ်စွဲရန်အတွက် ယဇ်ပုရောဟိတ်

မင်းသည်အသုံးပြုခဲ့သည်။ယခုလည်းထိုစစ်သည်တော်အား မတရားသတင်း

အမှားကို ကြားပြောရန်အတွက် ပေးလိုက်သော ငွေသည်လည်းထိုဘုရား ဘဏ္ဍာ

တော်ငွေများပင်ဖြစ်မည်မှာ လုံးဝသံသယဖြစ်စရာအကြောင်းမရှိ။ စစ်သည်တော်

တို့သည်လည်းမိမိတို့အားမှာကြားသည့်အတိုင်း သတင်းဖြန့်ကျတော့သည်။

ယဇ်ပုရောဟိတ်နှင့် စစ်သည်တော်တို့သည် မဟုတ်မမှန်လုပ်ဇာတ်များ

ခင်းကာ ခရစ်တော်ဘုရား၏ရှင်ပြန်ထမြောက်ခြင်းသမ္မာတရားကို ခြေဖျက်နိုင်

မည်ဟုမျှော်လင့်ကြချိန်၊ ခရစ်တော်ဘုရားသည်ကား သူ၏တပည့်သာဝကများထံ

သို့ြွကရောက်ကာ အောင်မြင်တော်မူခဲ့သော ]သေခြင်းမာရ်} ကိုသက်သေပြုလျှက်

စစ်မှန်သောမျော်လင့်ခြင်း၊ စစ်မှန်သောလွတ်မြောက်ခြင်း၊ စစ်မှန်သော ကိုးကွယ်

ခြင်း၊ စစ်မှန်သောကတိတော်များကိုအတည်ပြုချီးမြင့်တော်မူနေတော်မူခဲ့သည်။

တနင်္ဂနွေနေ့နံနက်ဝေလီဝေလင်းတွင် မာဂဒလမာရိသည် နံ့သာများပါ

လျှက် သံလွင်တောင်တစ်ဖက်မှလာခရစ်တော်ဘုရားအားမြုပ်နှံရာသချႋုင်းတော်

သို့ရောက်ရှိလာသည်။ ခရီးဝေးမှလာရသော်လည်း မာဂဒလမာရိသည် သချႋုင်း

တော်သို့အဦးဆုံးရောက်သူဖြစ်သည်။ အဝေးမှသချႋုင်းတော်အား လှမ်းကြည့်

လိုက်သောအခါတွင်သချႋုင်းတော်သည်ပွင့်လစ်နေပြီးဖြစ်သောကြောင့် အနီးကပ်

ကြည့်ခြင်းမပြုတော့ပဲ ရှင်ပေတရုနှင့် ရှင်ယောဟန်တို့ထံ အလျှင်အမြန်ပြေးလျှက်

ပြောကြားလေသည်။ ဆုံတွေ့ကြသောအခါတွင်ကား ]]သချႋုင်းတော်မှ သခင်ကို

ယူသွားကြပြီ အဘယ်မှာထားကြသည်ကိုမသိ}}ဟုဆိုသည် (ယော၊ ၂၀း၂)။

မာဂဒလမာရိထွက်ခွါသွားသည့်နောက် မကြာမီမှာပင် အခြားသော

အမျိုးသမီးများဖြစ်သော ယာကုပ်၏ အမိဖြစ်သော မာရိနှင့် ရှာလုံတို့သည်သွား၍

အလောင်းတော်ကိုလိမ်းခြင်းငှါ နံ့သာမျိုးကိုဝယ်ပြီးလျှင်၊ ခုနစ်ရက်တွင် ပဌမ

နေ့ရက်နံနက်စောစော နေထွက် သော အချိန်၌သချႋုင်းတော်သို့သွားကြစဉ်တွင်

]]တွင်းဝ၌ပိတ်သောကျောက်ကို အဘယ်သူလှိမ့်လှန်၍ပေးမည်နည်း}}ဟု အချင်း

ချင်းပြောဆိုပြီးမှ ကြည်ရှုလျှင် ထိုကျောက်သည် လှိမ့်လှန်လျက်ရှိသည်ကို

မြင်ကြ၏။

ထိုအမျိုးသမီးတို့သည် တွင်းထဲသို့ဝင်ကြပြီးလျှင် လုလင်တယောက်

သည် ဖြူစင်ရှည်လျားသော အကျႌကိုဝတ်လျက် လကျင်္ာဘက်၌ထိုင်သည်ကို

မြင်၍ထိတ်လန့်မိန်းမောခြင်းသို့ရောက်ကြ၏၊ထိုသူကလည်း]] ထိတ်လန့် မိန်းမော

ခြင်းမရှိကြနှင့်လက်ဝါးကပ်တိုင်မှာသတ်သော နာဇရက်မြို့သား ယေရှုကို သင်တို့

ရှာကြ၏။ထိုသူသည်ထမြောက်တော်မူပြီ၊ ဤအရပ်၌မရှိ အလောင်းတော်ထားရာ

အရပ်ကိုကြည့်ကြလော့}} ဟုဆိုလေသည် (မာ၊ ၁၆း၆)။

မာဂဒလမာရိရောက်လာသောနောက် ရှင်ပေတရုနှင့် ရှင်ယောဟန်တို့

သည်သချႋုင်းတော်သို့ကိုယ်တိုင်သွားကြည့်သင့်ကြောင်းသိမြင်ပြီး၊ အတူတကွ

သချႋုင်းတော်သို့သွားကြရာတွင်၊ ရှင်ယောဟန်သည်သချႋုင်းတော်သို့ ဦးစွာ

ရောက်ရှိသွားပြီး ထိုအခါမာရိပြောသည့်အတိုင်ပင် ကျောက်တုံးသည်ရွေ့လျှက်ရှိ

နေသည်၊ တဖန်အဝတ်တော်သည်လည်းရုပ်ခန္ဓာတော်မရှိ ပကတိပါတ်စည်းလျှက်

ရှိသည်ကို မြင်သောအခါ မဝင်ဘဲနေလေ၏။

ရှင်ပေတရုသည် အလျဉ်းတုန့်ဆိုင်းခြင်းမရှိဘဲ နောက်မှရောက်လာ

သော်လည်း သချိုင်းတော်ထဲသို့အလျှင်ရောက်သောအခါ ခရစ်တော်ဘုရား

သချႋုင်းတွင်းမှာမရှိတော့ဘဲ အလောင်းပတ်စည်းရာသာကျန်ရစ်နေကြောင်း

တွေ့မြင်ကြရသည်။ ထို့နောက်သချႋုင်းတော်သို့ဦးစွာ ရောက်နေသော ရှင်ယော

ဟန်ဝင်လေသည်။

ထို့နောက်ရှင်ပေတရုနှင့် ရှင်ယောဟန်သည် ထိုအမှုများ သူတို့၏

တပည့်တော်စုများမှ၄င်း၊ ခရစ်တော်၏ရန်သူတော်များမှ၄င်း ပြုထားခြင်း

မဟုတ်သည်ကိုနားလည်သဘောပေါက်ကြသည်။ ထို့နောက်အခြားနောက်လိုက်

ဖေါ်များအားသွားပြောရန်ထွက်ခွါသွားကြသည်။ တဖန်မာဂဒလမာရိသည်ကား

သချႋုင်းတော်သို့တစ်ဖန်ပြန်ကြည့်ရာတွင် မကြာသေးခင်အခြားသော အမျိုးသမီး

များအားစကားပြောခဲ့သောကောင်းကင်တမန်နှစ်ပါးကိုမြင်တွေ့လေသည်။

သူတို့သည် ရှင်ပေတရုနှင့် ရှင်ယောဟန်အားကိုယ်ထင်မပြသော်လည်း ယခုတွင်

သခင်ဘုရားအတွက်ငိုေြွကးနေသော မာရိအဖို့မူကား ]]ကောင်းကင်တမန် နှစ်ပါး

တို့သည် ဖြူသောအဝတ်ကိုဝတ်ဆင်လျက်။ ယေရှု၏အလောင်းတော်လျောင်းရာ

အရပ်၊ ခေါင်းရင်း၌တပါး ခြေရင်း၌တပါး ထိုင်ကြသည်ကိုမြင်}}လေ၏ (ယော၊

၂၀း၁၁-၁၂)။

မာရိသည်ငိုေြွကးနေစဉ်]]ထိုသူတို့ကအချင်းမိန်းမ အဘယ်ကြောင့်

ငိုေြွကးသနည်း ဟုမေးလျှင်၊ ကျွန်မ၏သခင်ကို ယူသွားကြပြီ၊ အဘယ်မှာထား

ကြသည်ကိုမသိပါဟု ပြောဆို၏။ ထိုသို့ဆိုပြီးမှ နောက်သို့လှည့်လျှင် ယေရှု

ရပ်လျက်နေတော်မူသည်ကိုမြင်သော်လည်းယေရှုဖြစ်တော်မူသည်ကိုမသိ၊ ယေရှု

ကလည်းအချင်းမိန်းမအဘယ်ကြောင့်ငိုကြွေးသနည်း အဘယ်သူကို ရှာသနည်း

ဟုမေးတော်မူ၏။ မာရိကသင်သည်သူ့ကိုဆောင်သွားသည်မှန်လျှင် အဘယ်မှာ

ထားသည်ကို ကျွန်မအားပြောပါ။ ကျွန်မယူသွားပါမည်အရှင်ဟုထိုသူကို ဥယျာဉ်

စောင့် ဖြစ်သည်ဟုထင်မှတ်လျက်ဆို၏။ယေရှုကလည်း မာရိဟုခေါ်တော်မူလျှင်

မာရိသည်လည်း သခင်ဘုရားကိုမှတ်မိလျှက်လှည့်၍ရဗ္ဗုနိဟုထူးလေ၏။

ထို့နောက်မာရိသည်ခရစ်တော်ဘုရားအားပြပ်ဝပ်လျှက်လက်ဖြင့်

ကိုင်တော်မူသောအခါတွင် သခင်ဘုရားက]]ငါ့ကိုမဘက်နှင့်ဦး၊ ငါသည် ငါ့ခမည်း

တော်ထံသို့ မတက်ရသေး၊ ငါ့ညီတို့ရှိရာသို့သွားလော့၊ ငါ၏ ခမည်းတော်တည်း

ဟူသောသင်တို့၏ခမည်းတော်ငါ၏ဘုရားသခင်တည်းဟူသော သင်တို့၏

ဘုရားသခင့်ထံတော်သို့ ငါတက်ရမည်အကြောင်းအရာကို ကြားပြောလော့}}

ဟုမိန့်ြွမတ်စကားဆိုတော်မူသည်။

ယေရှုခရစ်တော်သည်တပည့်တော်များအား မကြာမကြာ သေခြင်းမှ

ရှင်ပြန်ထမြောက်တော်မူမည့်အကြောင်း ကြိုတင်ဟောပြောပြီးဖြစ်သည့်အတွက်

ထိုသတင်းတရာကိုပင် တပည့်တော်များထံယူဆောင်သွားရန် မာရိအားစေလွှတ်

တော်မူသည်။ ယေရှုသည်ခမည်းတော်ထံသို့ သွားမည့်လမ်းတော်တွင် မာရိသည်

ကား ]]သခင်ဘုရားကိုဖူးတွေ့ခဲ့ရပြီ}} ဟူသောသတင်းစကားကို တပည့်တော်များ

အားကြားပြောနေခြင်းဖြစ်သည်။ မာရိပြောဆိုသော စကားသည် ]]ခရစ်ယာန်

တို့၏အသက်သွေးကြော}}ဖြစ်ပြီး အားလုံးသောယုံကြည်သူများက ]]ငါသည်

ခရစ်တော်ဘုရားကိုဖူးတွေ့ရပြီ}} ဟုေြွကးကြော်နိုင်ရန်လိုအပ်ပါသည်။ ခရစ်ယာန်

ဟူသည် ]]ခရစ်တော်ဘုရားအကြောင်း}}သိခြင်းမဟုတ်ပါ ]]ခရစ်တော်ဘုရားအား

ဖူးတွေ့ခြင်း}}သာဖြစ်သည်။ အဓိပ္ပါယ်မှာ သက်တော်ထင်ရှားယေရှုခရစ်တော်ကို

သိကျွမ်းခြင်းဖြစ်သည်။ ဧကန်စင်စစ်ခရစ်တော်ဘုရားသည်ရှင်ပြန် ထမြောက်ခြင်း

မရှိခဲ့ပါက ဝမ်းမြောက်ဖွယ်ရာသတင်းစကားကိုကြားနာရန်အခွင့်အလမ်းမရှိတော့

ထို့အတွက် ]ရှင်ပြန်ထမြောက်ခြင်း} သည်ခရစ်ယာန်တို့၏အချုပ်အခြာလည်း

ဖြစ်နေရခြင်းဖြစ်သည်။

ထို့အတွက်ကျွနု်ပ်တို့အတွက် ]]ရှင်ပြန်ထမြောက်ရာ}} နေ့သည်အမှန်

ဖြစ်ကြောင်း ကျွနု်ပ်တို့သိရှိထားကြခြင်းဖြစ်သည်။ သချႋုင်းတော်နှင့် အစိုးတရ

ဖြစ်သောအာဏာစက်ဖြစ်သော အစိုးရမင်းများတို့သည်၄င်း၊ သေခြင်းတရား၏

အရှင် မဏရာမင်းသည်လည်းခရစ်တော်ဘုရားအား ချုပ်နှောင်ခြင်းငှါ မစွမ်းနိုင်

ခဲ့။ သမိုင်းထက်တွင် ခရစ်တော်သည် သေခြင်းမစ္ဈုမာရန်အားအထမြောက်

အောင်မြင်တော်မူခဲ့ပါသည်။ ခရစ်တော်ဘုရားသည် သေခြင်းမာရန်ကိုအောင်မြင်

ထမြောက်တော်သည့်နောက် သူချစ်သော တပည့်တော်များထံသို့ ကိုယ်ထင်ရှား

ပြသတော်မူခဲ့သည်ကို သတိရပါ။ ထို့ကြောင့်ခရစ်တော်ဘုရား၏ ရှင်ပြန်ထမြောက်

ခြင်းတန်ခိုးတော်သည် ခရစ်တော်ဘုရားကို စိတ်နှလုံးအမှန်ဖြင့် ကြည်ညိုကိုးစား

သောသူများအပေါ်တွင် သမိုင်းအစဉ်အဆက်မှ ယနေ့ထက်တိုင် ထင်ရှားတော်မူ

နေမြဲဖြစ်သည်။

]]ရှင်ပြန်ထမြောက်ခြင်းတရား}}သည် အစ္စတာဆန်းဒေ တစ်ရက်သာ

စောင့်ထိန်းအောက်မေ့ကြရန်မဟုတ်ပါ။ ကျွနု်ပ်တို့၏နေ့ရက်အသက်တာ၊ အချိန်

နာရီအားလုံးတို့သည်နေခြည်မှာရွှေရည်လောင်းသည့်အလား ထွန်းလင်းတောက်ပ

နေရမည့် တစ်ခုတည်းသော ဝမ်းမြောက်ဖွယ်ရာ တရားရတနာပင်ဖြစ်သည်။

ရှင်ပြန်ထမြောက်ရာနေ့ကိုကျင်းပခြင်းသည် တစ်နည်းအားဖြင့် ]]ကျွနု်ပ်တို့သည်

ရှင်ပြန်ထမြောက်ခြင်းအရှင်၏သားသမီးများဖြစ်ပြီး၊ ထာဝရနန်းအမတမှာ အို၊

နာ၊ သေခြင်းကင်းလျှက် သုခဘုံနန်းတွင် ထာဝရဘုရားနှင့်အတူ စိုးစံကြရမည့်

ဘုရားအနွယ်ဝယ်ဖြစ်ကြောင်း}} ေြွကးကြော်နေခြင်းပင်ဖြစ်ပါသည်။

ခရစ္စမတ်မင်္ဂလာ

နှစ်စဉ်ဒီဇင်ဘာ ၂၅ ရက်နေ့ရောက်တိုင်း ခရစ္စမတ်ပွဲတော်ကိုကျင်းပ

ကြပါသည်။ထိုခရစ္စမတ်ပွဲတော်သည် လောကီသားတို့ အားအပြစ် ငရဲမှ ကယ်ချွတ်

စေအံ့သောငှါ ခရစ်တော်ယေရှုဘုရားလူ့ဇာတိကို ခံယူလျှက် ြွကလာတော်

မူခြင်းကို အကြောင်းပြုလျှက်စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ် ကြသော

ခရစ်ယာန်တို့၏ ပွဲလမ်းတစ်ခုပင်ဖြစ်ပါသည်။ ထိုကဲ့သို့ ခရစ်တော်ဘုရား လူ့ဇာတိ

ခံယူခြင်းကို အကြောင်းပြုလျှက်ကျင်းပသော ထိုခရစ္စမတ်ပွဲသည် ကနဦး

ခရစ်ယာန်ဖြစ်လာသူတို့၏ ဓလေ့ထုံးတမ်းများဖြင့် ဆက်နွယ်လာခဲ့ခြင်းလည်း

ဖြစ်သည်။ ထိုအချိန်တွင် လူအများတို့သည် ခရစ္စမတ်သစ်ပင်များစိုက်ခြင်း၊ အိမ်ကို

အလှဆင်ခြင်း၊ မိသားစုများထံသို့လှည်ပါတ်ကြခြင်း၊ အသိမိတ်ဆွေများထံ

အလည်သွားခြင်း၊ လက်ဆောင်ပစ္စည်းဖလှယ်ခြင်းတို့လည်း ပြုလုပ်ကြ ပါသည်။

မိသားစုများစုံစုံညီညီဖြင့် တက်ညီလက်ညီအတူတကွ ခရစ္စမတ်ပွဲများကို

ပျော်ရွှင်စွာကျင်းပလေ့ရှိကြပါသည်။

လူတို့သည် ခရစ္စမတ်ပွဲကိုနည်းလမ်းအသွယ်သွယ်ဖြင့် ကျင်းပလေ့ရှိ

ကြပါသည်။ ခရစ္စမတ်မတိုင်မှီ ရက်အနည်းငယ်မှစတင်၍ သော်လည်းကောင်း

ရက်သတ္တပါတ်များစွာအလိုကလည်းကောင်း မိမိတို့၏ အိမ်များကို သန့်ရှင်းရေး

ပြုလုပ်ခြင်း၊ အလှဆင်ခြင်းနဲ့ အိမ်ခြံနဲ့ပနံရစေရန် ရောင်စုံမီးများကိုလည်း

ထွင်းညှိခြင်းများပြုလုပ်လေ့ရှိကြသည်။ ထိုမျှမက ခရစ္စမတ်သစ်ပင် စိုက်ခြင်း

များနဲ့ခရစ္စမတ်နဲ့ဆက်နွယ်သောပစ္စည်းတန်ဆာပလာများ ဖြင့်လည်း မွမ်းမံကြ

သည်။ မိသားစုများအတူတကွ စုပေါင်းလက်စုံစားကြခြင်း စသည်များနဲ့အတူ

မိသားစု၊မိတ်သင်္ဂဟများနဲ့မိတ်သဟာယဖွဲခြင်းများနဲ့ လက်ဆောင်ပေးခြင်းများ

ပြု လုပ်ကြပါသည်မှာလည်း အထူးပင်ထင်ရှားသော ကာလအချိန်အခါဆိုလည်း

မှန်ပါသည်။ အထူးသဖြင့် ကလေးသူငယ်များသည် မိဘဆွေမျိုးအသိ မိတ်ဆွေ

များထံ မှလက်ဆောင်များကို ပိုင်ဆိုင်ခွင့်အရဆုံးသော ရာသီလည်းဖြစ်သည်။

ဒ‘ဏ္ဍာရီဆိုစကားများအတိုင်း စန်တကလော့စ်ထံမှ လက်ဆောင်ပစ္စည်းများကို

ရရှိသည် ဟုလည်း ဆိုစမှတ်ပြုကြသည်။ ထိုခရစ္စမတ်ပွဲတော်သည် တစ်ဖြည်းဖြည်း

ကျင်းပခြင်းများလာသည့်နောက် ကမ္ဘာနှင့်အဝှမ်းအတွက် ဘာသာရေးဆိုင်ရာ

အားလပ်ရက်ဖြစ်လာခဲ့သည် သာမက မိသားစုဝင်များအတွက်လည်း

ဆုလက်ဆောင်များနဲ့ ဖွယ်ဖွယ်ရာ ပြင်ဆင်ခြင်းအတွက် ငွေကုန်ကြေးကျ

များသော ဘာသာရေး ပွဲဖြစ်လာလေတော့ သည်။

ကျောင်းများ၊ အသင်းတော်များနဲ့ လူမှုအဖွဲ့အစည်းများအကြားတွင်

ပွဲလမ်းသဘင်များကိုလည်း အထူးထူးအထွေထွေပြုလုပ်လျှက်ကျင်းပသော

အချိန်အခါသမယလည်းဖြစ်သည်။ ထိုခရစ္စမတ်ပွဲလမ်းသဘင်သည် အိမ်နီးခြင်း၊

ဈေးဝယ်ထွက်ခြင်း၊ ခရစ္စမတ်သစ်ပင်စိုက်ခြင်း၊ ပြဇာတ်များကခြင်း၊ ဓမ္မတေး

ပွဲတော်များပြုလုပ်ခြင်း စသည်ဖြင့်အထူးတလည်ပြုလုပ်ကြသည်။

]]ခရစ္စမတ်}}ဟူသော ခေါင်းစီးအောက်တွင် ပြဇာတ်များ၊ တေးကျူးဧခြင်းများ၊

စာမူကဗျာ ဆောင်းပါးများပြိုင်ပွဲများလည်းပြုလုပ်ကြသည်။ အချို့သော

သူများက အုပ်စုလိုက်ဖွဲ့ကာ တဲထိုးသွားလာလျှက် အလှူဒါနများပြုခြင်း၊

နေရာထိုင်ခင်းမရှိသူများအား နေရာထိုင်ခင်းပေးခြင်း၊ သက်ကြီးသူများကို

ဖေးမခြင်းစသည့် ကောင်းသောမင်္ဂလာတရားများကိုပြုလုပ်ကြသည်။အစိုးရ

မင်းများ၊ အသင်းအဖွဲ့များ၊ အလုပ်သမားများ၊ အလုပ်ရှင်များ၊ ကျောင်းများ

လည်း ြွခင်းချက်မရှိသလောက် ရပ်နားပိတ်ထားကြသည်။ လူအများစုတို့သည်

ဝေးကွာနေကြသော မိသားစုများထံသို့ သွားရောက် လည်ပါတ်တွေ့ဆုံကြသည်။

နေရပ်ဌာနေသို့လည်း တစ်ခါတစ်ခေါက် အရောက်သွားကာ ဘဝခရီးနှင်ခြင်းဖြင့်

အပန်းဖြေကာ ဆင်နွဲကြသည်။ ထို့အတွက် သွားလာရေးအတွက်၊ ကား၊ ရထား၊

လေယဉ် စသည့်ခရီးစဉ်တို့ သည်လည်း နေရာလွတ်မရှိ သွား လာရေးအတွက်

လက်မလည်သောအခါ သမယလည်းဖြစ်သည်။ ခရီးစဉ်များသည် ထိုခရစ္စမတ်

ကာလတွင် ပုံမှန်အတိုင်းသွားလာ နိုင်ရန်အတွက် လွန်စွာခက်ခဲခြင်း ဖြစ်လေ့ဖြစ်ထ

ရှိသည့်အတွက် ကြိုတင်ကာ စီစဉ်ထားလေ့ရှိကြရသည်။ ထိုခရစ္စမတ်ကာလတွင်

လူထုစုဝေးရာ၊ စုံညီရာစသော စုံရပ်များသည်လည်း ပိတ်ပင်ရပ်နားလေ့ရှိသည်။

ခရစ္စမတ်သမိုင်းကြောင်း

ခရစ္စမတ်ပွဲတော်သည် ပြိုင်ဘက်ကင်းအောင်ကြီးမြတ်ခမ်းနားလှ

သည်မှာ တစ်ကမ္ဘာလုံးဆိုင်ရာဖြစ်နေပြီး ယုံကြည်သူ၊ မယုံကြည်သူအားလုံးနှင့်

ဆက်နွယ်နေသည့်ပွဲဖြစ်သည်။ ထိုသို့တစ်ကမ္ဘာလုံးက ကျင်းပနေသော်လည်း

လူအနည်းစုကသာ ခရစ္စမတ်အဓိပ္ပါယ်နှင့် အနှစ်သာရကိုသိကြသည်။

နှစ်ပေါင်း ၃၀ဝ ဝန်းကျင်ထိတိုင်အောင်ခရစ္စမတ်ကိုမကျင်းပခဲ့ကြပါ၊

အကြောင်းမှာ ခရစ်တော်ဘုရား၏မွေးနေ့တော်ကိုကျင်းပခြင်းသည်အပြစ်

ဖြစ်သည်ဟုကနဦးအသင်းတော်ခေါင်းဆောင်များက ခံယူခဲ့ကြသည်။ ထို့ကြောင့်

လည်းခရစ္စမတ်၏မူလအစရက်ကို အတိအကျပြောဆိုရန်လွန်စွာခက်ခဲလှသည်။

လွန်ခဲ့သော နှစ်ပေါင်း ၁၅၅၀ ခန့်က တစ်နှစ်တာ၏နေ့ရက်များတွင်

ခရစ္စမတ်ပွဲကျင်းပကြသည့်ရက်သည် ကွဲပြားခြားနားကြသည်။ တစ်ခါတစ်ရံ

ဒီဇင်ဘာလ ၂၅ ရက်၊ ဇန်နဝါရီလ ၆ ရက်၊ မတ်လ၂၈ ရက်၊ ဧပြီလ ၁၉ ရက်နှင့် ၂၀

ရက်၊ တစ်ဖန် နိုဝင်ဘာလ ၁၇ ရက်စသည်ဖြင့် ကွဲပြားခြားနားစွာ ကျင်းပခဲ့ကြ

ပါသည်။ ခရစ်သက္ကရာဇ် ၃၆၁ ဝန်းကျင်တွင် ပုဒ်ရဟန်းမင်း ဂျုလီယစ်က

ဒီဇင်ဘာလ ၂၅ ရက်အား ခရစ္စမတ်ကျင်းပရန် ခရစ်တော်ဘုရား၏ မွေးနေ့တော်

အဖြစ်သတ်မှတ်ကြေငြာခဲ့ပါသည်။ထိုသို့ပြုရာမှအသင်းတော်အများစုမှာ

ခရစ်တော်ဘုရား၏မွေးနေ့တော်ကို ဂုဏ်ပြုသည့် အနေဖြင့် အားလုံးမှလည်းအသိ

အမှတ်ပြုလက်ခံကျင့်သုံးလာခဲ့ကြသည်။

သို့သော်လည်း အသင်းတော်အားလုံးကလက်ခံလာကြသည်ကား

မဟုတ်ပေ။ ဂရိအော်သိုဒေါစ်နှင့် အမေရိကန်အသင်းတော်များက ခရစ္စမတ်အား

ဇန်နဝါရီ ၆ ရက်နှင့် ၁၈ ရက်တို့နှင့်အသီးသီးကျင်းပကြသည်။ အဘစ္စီးနီးယားရှိ

အသင်းတော်တစ်ပါးတွင်ကား ခရစ္စမတ်ကို တစ်နှစ်တွင် ၁၁ ကြိမ်တိုင်တိုင် ကျင်းပ

ခဲ့ကြသည်။ ခရစ်တော်လူ့ဇာတိခံယူရာ ဗက်လင်မြို့တွင် အသင်းတော်သုံးပါးက

ဗိမာန်တော်တစ်ခုတည်းကိုအသုံးပြုကြသော်လည်း ခရစ္စမတ်ရက်ကိုသီးခြားစီ

ရက်သတ်မှတ်ကာကျင်းပကြသည်။

ဒီဇင်ဘာလ ၂၅ ရက်အား ခရစ္စမတ်ရက်အဖြစ်မသတ်မှတ်မီတွင်

တစ်ကမ္ဘာလုံးဆိုင်ရာတွင် အနှံ့အပြားရက်အသီးသီးကွဲပြားစွာကျင်းပလေ့ရှိခဲ့

ကြသည်။ ခရစ္စမတ်ကျင်းပခြင်းပြုရာတွင်သေချာလေ့လာသုံးသပ်ကြည့်ပါက

မတူကွဲပြားခြားနားသော သွင်ပြင်လက္ခဏာနှင့် ဘာသာတရားဟုပြောဆိုရန်ခက်ခဲ

သောအရာများကိုလည်းတွေ့မြင်ရပါလိမ့်မည်။

ဥပရောပသို့ခရစ်တော်ဘုရား၏သာသနာမရောက်ရှိမီ ပွဲလမ်းသဘင်

ကျင်းပမှုသည်လွန်စွာစည်ကားလှအထူးသဖြင့် ဆောင်းလယ်ရာသီပွဲဖြစ်သည်။

နေ့တာရှည်သောကာလဖြစ်ပြီး နေသည်မြောက်မှတောင်သို့ရွှေ့လျှားသော

ကာလ ဖြစ်သည်နှင့်အမှောင်မှအလင်းဆောင်မည့် အဓိပ္ပါယ်ဖြင့်ပွဲလမ်းသဘင်

နေ့ရက်များ ကျင်းပကြသည်။

ရောမတွေအနေဖြင့် ထိုဆောင်းလယ်ပွဲအား သူတို့၏ဘုရား ှအေကမည

ကိုကြည်ညိုလေးစားသောအားဖြင့် Saturnalia ဟုခေါ်ဆိုသမုတ်ကြသည်။

လက်ဆောင်များအချင်းချင်းဖလှယ်ခြင်း၊ ပေးခြင်းပြုသည်သာမက ထိုအခါ

သမယတွင် လူလွတ်နှင့် ကျွန်းချင်းဟူ၍ခွဲခြားခြင်းမရှိ ပကတိလူသားချင်း တန်းတူ

ရည်မျှပျော်ရွှင်စွာဆင်နွဲကျင်းပလေ့ရှိကြသည်။ ရောမတွင် ခရစ်ယာန်သည်

နိုင်ငံတော်ဘာသာဖြစ်လာသည့်နောက်တွင် ထိုရိုးရာရှိရင်းစွဲဘာသာရေး ပွဲလမ်း

သဘင်သည် The Mass of Christ (ဝါ) Christ Mass ရစ္စမတ်သို့အသွင်ကူးပြောင်း

လာခဲ့သည်။

မြောက်ပိုင်းဥရောပမှ ဂျာမန်လူမျိုးနွယ်စုများအနေဖြင့် ဒီဇင်ဘာ ၂၅

ရက်နေ့တွင်ကျင်းပကြသည်။ ထိုကာလအခါတွင် နေသည် ဒီဇင်ဘာ ၂၁ ရက်နေ့

တိုင်အောင်နေ့တာကိုတိုစေပြီးတည်ရှိနေသည်ဟုယုံကြည်ကြသည်။ ထို့နောက်

လေးရက်ကြာသောအခါတွင် နေသည်ယခင်သူ၏ရှိထားသည့်စွမ်းရည်နှင့် ပင်ကို

သဘာဝဖြစ်တည်မူကိုဝမ်းမြောက်စွာပြန်လည်ရရှိသွားသည်ဟုဆိုကြသည်။

ထိုမျှမက ဥရောပမြောက်ပိုင်းတွင်အခြားပွဲလမ်းသဘင်လည်းရှိနေပြန်သည်၊

ထိုပွဲအား Zool သို့ Yule ဟုခေါ်ကြသည်။ခရစ်ယာန်သာသနာဝင်ရောက်လာသည့်

နောက်ပိုင်းတွင်ထိုရိုးရာပွဲသည်ခရစ္စမတ်ပွဲအဖြစ်အစားထိုးခဲ့ကြသည်။ ဣသရေလ

လူမျိုးများအတွက် ]မီးထွန်းပွဲ} အားဒီဇင်ဘာ ၂၅ ရက်တွင်ကျင်းပကြပြီး သူတို့

စကားအားဖြင့် Hanukkah ဟုခေါ်ဆိုကြသည်။

ခရစ္စမတ်ဟူသည် စကားလုံးနှစ်လုံးအားပေါင်းစပ်ထားခြင်းဖြစ်သည်။

Christ နှင့် Mass ဟူသောစကားဖြစ်သည်။ Christ ဟူသောစကားသည်ဂရိဘာသာ

စကားမှဆင်းသက်လာပြီး အနက်မှာ ]]ဘိသိပ်ရှင်}} ဖြစ်ပြီး၊ Mass ဟူသောစကားမှာ

ဟေဗြဲစကားဖြစ်ပြီး ]]လေးမြတ်ခြင်း}} ဟူ၍အနက်ရသည်။ နောက်ပိုင်းကာလတွင်

ထိုစကားလုံးတို့သည် ရောမကာသိုလ်လိပ်အသင်းတော်ရှိ ဘာသာရေး Mass

စကားလုံးနှင့် လူထုအကြားရောထွေးခဲ့၍ရစ်တော်ဘုရားအား The festival to

the memory of Christ အောက်မေ့ဖွယ် အခမ်းအနားဟုခေါ်ဆိုလာကြသည်။

ယနေ့ကာလတွင် အချို့ကလည်း ခရစ္စမတ်သည် ခရစ်တော်နှင့် လူထုပေါင်းစည်း

ခြင်းဟု ခေါ်ဆိုသုံး နှုန်းကြပြန်ပါသည်။ ထို့ကြောင့် Christ +Mass=Christmass  ဟုဆိုကာ ခရစ်တော်+လူထု=ဘုရားနှင့်လူပေါင်းစည်းခြင်းဟူ၍ ဆိုစမှတ်ပြု ကြသူ

များလည်းရှိကြသည်။

အင်္ဂလန်နိုင်ငံ ကနဦးအသင်းတော်များတွင် ထိုပွဲလမ်းသဘင်အား

“Christo Mass” ဟုလူသိများခဲ့ကြသည်။ စပိန်နိုင်ငံတွင် “Natividad” ဟု၄င်း၊

အီတလီများက “Natale” ဟု၄င်း၊ ပြင်သစ်တို့က “Noel” ဟု ဆိုကြပြီး ဂျာမနီများက

“Weihnacht” ဟုခေါ်ဆိုကာ သန့်ရှင်းသောပွဲတော်ညအဖြစ် အထွဋ်အမြတ်ထား

ကျင်းပကြသည်။

မျက်မှောက်ခေတ်တွင် ခရစ္စမတ်သည် ဘာသာရေးအထွဋ်အမြတ်

အနေ ဖြင့်သာမက တစ်ကမ္ဘာလုံးပွဲတော်အဖြစ်ကျင်းပနေကြပါသည်။ ထို့ကြောင်

ခရစ္စမတ်သည် ကမ္ဘာအဝှမ်းရှိ ယဉ်ကျေးမှု၊ နောက်ခံ၊ ဘာသာရေးအားလုံးဖြင့်

ဆက်နွယ်နေသည့်အခါသမယရက်တစ်ခုဖြစ်သည့်အတွက် စန်တာကလော့စ်၊

ခရစ္စမတ်ကဒ်၊ လက်ဆောင်ပစ္စည်းများမျှဝေခြင်း၊ဝယ်ခြမ်းခြင်း၊ ခရစ္စမတ်သစ်ပင်၊

ခရစ္စမတ်ခေါင်းလောင်း၊ ခရစ္စမတ်ကြယ်၊ ခရစ္စမတ်ဖယောင်းတိုင်၊ ခရစ္စမတ်ပန်း၊

ခရစ္စမတ်တွင် မိသားစုဆုံဆည်းခြင်း၊ ခရစ္စမတ်နွားစာခွက်၊ ခရစ္စမတ်စားပွဲနှင့်

စသည့် ပွဲလမ်းသဘင်အဆောင်အယောင်များပါဝင်နေရခြင်းဖြစ်သည်။

ထို့ကြောင့်ကမ္ဘာနှင့်အဝှမ်းခရစ္စမတ်သည် မူရင်းသမိုင်း၌၄င်း၊ လက်ရှိ

အခြေအနေ၌၄င်းကြီးကျယ်ခမ်းနားစွာဖြင့် အစည်ကားဆုံးဖြစ်သည်။ ခရစ္စမတ်

အစကိုကြည့်ပါက မိသားစုဆုံဆည်းခြင်းအကြောင်းမှာသူငယ်တော် ယေရှုခရစ်

လူ့ဇာတိ ခံယူခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်ခရစ္စမတ်သည် မိသားစုတိုင်းပို၍စုစည်း

ရာကာလလည်းဖြစ်နေသည်။ အီစတာ၊ နှစ်သစ်စသည့် အခြားအခြားသော ပွဲတို့

တွင်မိသားစုဝင်တစ်ဦးဦး အဝေးသို့သွားရောက်နေကြရသည်ကို ပမာမပြုကြ

သည့်တိုင်အောင် ခရစ္စမတ်ကာလတွင်ကား ထိုသို့မပြုတတ်ကြ။

မတူညီသောယဉ်ကျေးမှု၊ ကွဲပြားသောဓလေ့များအတိုင်း ခရစ္စမတ်

သည်သာ၍အနှစ်သာရလေးနက်မှုကိုပေးစွမ်းနိုင်ပါသည်။ ]]ဘုရားစင်စစ်သည်

လူ့ဇာတိအသွင်ကိုခံယူတော်မူခြင်း}} ဖြစ်သောကြောင့် လူသားတိုင်းအတွက်

အမှန်တကယ်ပျော်ရွှင်ဝမ်းမြောက်ရသော ကာလလည်းဖြစ်သည်။

ခရစ္စမတ်ဓလေ့ထုံးတမ်းများ

ခရစ္စမတ်အကြို

ခရစ္စမတ်အကြိုဟူသည် ခရစ္စမတ်ကိုကြိုတင်ပြင်ဆင်ခြင်းဖြင့် ပြုလေ့ရှိ

သောပွဲရက်များဖြစ်သည်။ အိမ်ထောင်မိသားစုများသည် ဖယောင်းတိုင်များအား

ထုပ်ပိုးပြင်ဆင်ထားပြီး ခရစ္စမတ်မတိုင်မီလေးပါတ်အလိုကပင် ပြုလေ့ရှိသည်။

ခရစ္စမတ်ပန်းခွေများအကြားတွင် ထိုဖယောင်းတိုင်လေးတိုင်အားထားရှိပြီး၊

အပါတ်စဉ်တနင်္ဂနွေနေ့တိုင်း မိသးစုတို့သည်အတူတကွ ဝတ်ပြုကြလျှက် ခရစ္စမတ်

နှင့်စပ်ဆိုင်သောသက်တော်စဉ်များကိုဖတ်ကြားခြင်း ခရစ္စမတ်ကဲလ်ရိုလ်

တေးများကို ကျူးဧခြင်း တို့ပြုကြပြီး ဖယောင်းတိုင်များကိုလည်းအစဉ်လိုက်

ထွန်းညှိကြရာ ပထမအပါတ်တွင်ကလေးအငယ်ဆုံးမှထွန်းညှိသည်၊ နောက်

တနင်္ဂနွေနေ့များတွင် အခြားဖယောင်းတိုင်ကိုထွန်းကြရာမှ နောက်ဆုံးသော

ဖယောင်းတိုင်အား ခရစ္စမတ်တွင် ထွန်းညှိခြင်းပြုကြသည်။

ခရစ္စမတ်ပန်းခွေ၏ စက်ဝိုင်းသဏ္ဌာန်သည် ဘုရားသခင်၏ ထာဝရ

တည်းဟူသော အဖြစ်တော်ကိုပြဆိုခြင်းဖြစ်ပြီး၊ ဖယောင်းတိုင်သည်ကားလောက

၏အလင်းရှင်ဖြစ်သော ခရစ်တော်ဘုရားကို ကိုယ်စားပြုခြင်းဖြစ်သည်။

]]မှောင်မိုက်၌ အလင်းရှင်ပေါ်ထွန်းတော်မူသောအခါ၊ အမှောင်သည် ဆိတ်သုဉ်း

ကွယ်ပျောက်၍ အလင်းရှင်သည် အောင်မြင်တော်မူခဲ့သည်}} ဟူသော စကားပုံကို

အသုံးပြုရွက်ဆိုလေ့ရှိကြသည်။

ဆွီဒင်နိုင်ငံတွင် ခရစ္စမတ်ကြယ်များကို ခရစ္စမတ်အကြိုပထမအပါတ်၌

အိမ်တံခါးပေါက်များတွင် စတင်ချိတ်ဆွဲလေ့ရှိကြသည်။

ခရစ္စမတ်ဖယောင်းတိုင်

ဖယောင်းတိုင်မပါရှိပါက ခရစ္စမတ်အလှဆင်ယင်ခြင်းသည် ပြီးပြည့်စုံ

နိုင်လိမ့်မည်မဟုတ် အကြောင်းမှာ ခရစ္စမတ်သည် ]]အလင်းတော်ပေါ်ထွန်းခြင်း}}

တည်းဟူသော လူတိုင်းအတွက် စစ်မှန်သောကယ်ချွတ်တော်မူခြင်း အလင်းကို

ပေးသည့်ပြယုဂ်ဖြစ်သည်။ အမှောင်ခန်းထဲတွင် ကလေးငယ်များမှ မီးထွန်းသော

အခါအလင်းကိုမြင်ရခြင်းသည် ဗတ္တိဇံဆရာယောဟန်အားသတိရသင့်ပြီး၊

ခရစ်တော် ဘုရား၏ အမှောင်ကိုဖြိုခွင်းကာ အလင်းဆောင်အောင်မြင်တော်မူခဲ့

ခြင်းကိုလည်း သတိရကြည်ညိုသဒ္ဓါပွားများရန်ဖြစ်သည်။

ယနေ့ကမ္ဘာတွင် ]]မီးထွန်းပွဲတော်များ}}သည် မြောက်ဥရောပမှ အခြေခံ

ဆင်းသက်လာကြခြင်းဖြစ်သည်။ ဂျာမနီတောင်ပိုင်းတွင်ကား ထောင့်ချိုးခုနှစ်ခု

ပါသောကြယ်ကိုအသုံးပြုလေ့ရှိကြပြီး၊ အခက်ခုနှစ်ခုပါသော ဖယောင်းတိုင်

ထွန်းညှိရာစင်များကိုလည်းခရစ္စမတ်နေ့တွင် အိမ်တိုင်းလိုလိုတွင်ထွန်းညှိပြီး

ညသန်းခေါင်ယံ၌ ဗိမာန်တော်သို့ ယူဆောင်လာလေ့ရှိကြသည်။

ဆွီဒင်နိုင်ငံတွင် အခက်သုံးခုပါသော ဖယောင်းတိုင်ထွန်းညှိရာစင်ကို

ရိုးရာဓလေ့သဖွယ်အသုံးပြုကြသည်။ ထိုမျှမက အခက်ငါးခု၊ ခုနှစ်ခုနှင်

ဆယ့်နှစ်ခုစသည်ပါသော ဖယောင်းတိုင်ထွန်းညှိရာစင်များလည်းအသုံးပြု

ကြသည်။ ခုနှစ်ခက်ပါသော ဖယောင်းတိုင်ထွန်းညှိရာကား ယေရုရှလင်မြို့တွင်

တွေ့ရသော အစဉ်အလာပင်ဖြစ်သည်။ အများစုမီးထွန်းညှိရာတွင် အပြာရင့်ရင့်၊

အနီးရင့်ရင့် တို့ကိုလှပစွာဆင်ယင်လျှက်အသုံးပြုကြသည်။

ရောမလူမျိုးများသည် သူတို့၏ Saturnalia ပွဲကိုကျင်းပရာတွင်

သူတို့၏ အိမ်များအား အစိမ်းရောင်ဆန်ဆန်ပြုလုပ်ကြပြီး မီးများဖြင့် အလှဆင်

ကြသည်။ ခရစ်ယာန်တို့၏ကနဦးသမိုင်းတွင် ပုဒ်ရဟန်းမင်း ဂဲလ်စီးယစ်မှ

]]မီးထွန်းပွဲ}} ကို ဖေဖေါ်ဝါရီ ၂ ရက်နေ့တွင်အသင်းတော်အတွင်းကြေငြာခဲ့သည်။

ယနေ့ကျွနု်ပ်တို့ဆင်ယင်ကျင်းပရာတွင် အသုံးပြုသော ဖယောင်းတိုင်များနှင့်

မီးလုံးကလေးများသည် မာတင်လုသာမှ သူ၏မိခင်အသင်းတော်ဖြစ်ခဲ့သော

ရောမကာသိုလ်လိပ် အသင်းတော်၏ဓလေ့ထုံးတမ်းများ မှသယ်ဆောင်လာသော

အခမ်းအနားဖြစ်သည်။ ဘယ်အချိန်တွင်မဆို ခရစ္စမတ်ကျင်းပကြရာတွင်

ဖယောင်းတိုင်သည်မပါမဖြစ် ပါဝင်နေကြသည်မှာ နွေးထွေးမှုကိုဖြစ်စေသည်

သာမက ကဲလ်ရိုသီချင်းသည်များအားဖြင့်လည်း ခရစ်တော်ဘုရားကို

နှလုံးတံခါးဖွင့်လျှက် ကြိုဆိုနေခြင်းဖြစ်သည်။

ခရစ္စမတ်အကြိုပြက္ခဒိန်/ရုပ်ပုံများ

သမိုင်းကြောင်းအရ ပြက္ခဒိန်/ရုပ်ပုံများသည် ဂျာမနီနှင့် ဆွီဒင်နိုင်ငံ

တွင် ကလေး သူငယ်များအား ကြည်နူးစေရန်အတွက် ခရစ္စမတ်ကာလအကြိုတွင်

အိမ်ရှိ နံရံများတွင်ထားပေးခြင်းဖြစ်သည်။ ပြုတင်းပေါက် (သို့) တံခါးပေါက်တွင်

သင့်လျှော်သော ကျမ်းပိုဒ်နှင့် သင့်လျှော်သောရုပ်ပုံကားချပ်ကလေးများကို တစ်စုံ

တစ်ခုဖြင့်ဖုံးအုပ်ထားရှိကြသည်။ ထို့ကြောင့် ဘယ်အရာကို သူတို့ ရမည်ကို မသိကြ၊

ကလေးများသည်နေ့စဉ် သတ်မှတ်ထားသော နေရာမှ မိဘများထားပေးသည့်

အရာကိုသွားယူကြရခြင်းဖြစ်သည်။ ထိုအခါကလေးများသည် နေ့ရက်နှင့် လိုက်

လျှောညီထွေစွာပါသည့် ရုပ်ပုံကားချပ်ကလေးမျးကိုရရှိကြကာ ကြည်နူးခွင့် ရရှိ

ခဲ့ကြသည်။

ခရစ္စမတ်ငှက်များ

ဒိန်းမတ်နှင့် နော်ဝေးနိုင်ငံများတွင် သူတို့၏အားလပ်ရက်များတွင်

ငှက်များအား ကျွေးမွေးခြင်း၊ အစာကျွေးခြင်း၊ အိမ်နေရာပေးခြင်း စသည်တို့ဖြင့်

အချိန်ယူကာကြည်နူးလေ့ရှိကြသည်။အိမ်ခြံဝင်းများတွင် ငှက်အတွက်တိုင်များ

ထူထားပေးကြပြီး စပါးနှံနှင့် သီးနှံများကိုလည်းအတူထားရှိပေးကြသည်။ အချို့

မှာအိမ်ဆောက်ကြရာတွင်ပင် ပြတင်းတံခါးနှင့်နီးသော အကိုင်းအခက်များကို

ခုတ်ထွင်ခြင်းမပြုကြပဲငှက်များနားနေရန်၊ အသိုက်လုပ်ရန် စသည်ဖြင့် သီးသန့်

ထားကာ စားစရာများနှင့်အတူပြုလုပ်ပေးကြသည်။

ဒိန်းမတ်နိုင်ငံမှ ထိုဓလေ့များသည် ကြည်နူးဖွယ်၊ စိတ်ချမ်းသာစေသည့်

အရာဖြစ်သည့်အားလျှော်စွာ ခရစ္စမတ်မတိုင်မီအကြိုကာလများတွင် မိမိတို့၏

နေအိမ်များတွင် ကျေးငှက်ကလေးများအား အစာပေးခြင်း၊ အသိုက်လုပ်ရန်

နေရာပြင်ဆင်ပေးခြင်းများကိုပြုလုပ်ပေးလာခဲ့ကြခြင်းဖြစ်သည်။ ခရစ္စမတ်ည

အခါသမယတွင် ခရစ်တော်ဘုရားအား ရိုသေခန့်ညားသောအားဖြင့်

ငှက်လေးများအတွက်ပါ မကျန် ကြည်နူးဖွယ် အလေ့အထအနေဖြင့် ယနေ့တိုင်ရှိ

နေခြင်းဖြစ်သည်။

ခရစ္စမတ်နှင်းပန်းများ

ခရစ္စမတ်ကာလတွင် ခေါင်းလောင်းပန်းကလေးသဖွယ်ဖြစ်သည့်

နှင်းပန်းအနွယ်ဝင် ဖြူ၊နီ၊ဝါ၊ ပြာစသည်ဖြင့် အရောင်အသွေးစုံလှသော ဟိုင်ယာ

ဆင့်ပန်း၊ ခေတ္တာပန်းလေးများလည်း မဖြစ်မနေ ပါရှိနေခြင်းမှာ ဆွီဒင်နိုင်ငံမှ

ခရစ္စမတ်အကြို၌ မိမိတို့အိမ်အသီးသီး၌ အလှဆင်လေ့ရှိကြရာမှ ယနေ့မျက်

မှောက် ခေတ်တိုင်အောင် ဆင့်ကမ်းလာသော ဓလေ့တစ်ခုပင်ဖြစ်သည်။ ပထမ

ဆုံးသော ခရစ္စမတ်အကြိုအတွက်ဖယောင်းတိုင်ကိုထွန်းညှိပြီးနောက်

မိသားစုဝင်များသည် အတူတကွ ]]သခင်ဘုရားအတွက်လမ်းခရီးကို ပြင်ဆင်

ကြပါ}} ဟုသံပြိုင်ဟစ်ကြွေးလေ့ရှိကြသည်။

ခရစ္စမတ်ပန်းများကိုလည်း အိမ်တံခါး၊ ပြုတင်းများအနီးတွင် စိုက်ထူ

ထားလေ့ရှိကြပြီး စိမ်းလမ်းစိုပြေနေသည့် ခရစ္စမတ်၏အနှစ်သာရသည် မိသားစု

ဝင်များ၏တစ်ဦးချင်းစိတ်နှလုံးကိုအေးချမ်းစေသည့်သင်္ကေသတစ်ခုအဖြစ်

စတင်ခဲ့ကြသည်။

ခရစ္စမတ်သစ်ပင်

ယနေ့မြင်တွေ့နေရသောခရစ္စမတ်သစ်ပင်အား ပထမဦးဆုံး အနေဖြင့်

အမေရိကန် အိမ်ထောင်မိသားစုတစ်စုမှ ၁၈၄၇ ခုနှစ်တွင် စတင်ကျင်းပ ခဲ့ခြင်း

ဖြစ်ရာ ယခုခေတ်တွင်ခရစ္စမတ်ရာသီ၌မပါမဖြစ်အရေးပါသော အခန်း ကဏ္ဍ

တစ်ခုအသွင်သို့ရောက်ရှိလာခဲ့သည်။

ရှေးဦးဒဏ္ဍာရီများအရ ခရစ်တော်ဖွားမြင်ရာအနီးတွင် စွန်ပလွံပင်၊

သံလွင်ပင်၊ ထန်းပင်နှင့် ထင်းရှုးပင်တို့အတူတူရှိနေခဲ့ကြသည်။ ခရစ်တော်ဘုရား

ဖွားမြင်သောအခါတွင် ခရစ်တော်ဘုရားကို ရိုသေခန့်ညားလေးစားသော အားဖြင့်

စွန်ပလွံပင်သည်လည်းသူ၏အသီးများအားပေးလှူလိုက်သည်၊ တစ်ဖန်

သံလွင်ပင်ကလည်း ထိုနည်းတူစွာမိမိ၌ရှိသောသံလွင်ဆီအားပေးလှူလိုက်သည်။

ထန်းပင်ကလည်းမိမိ၌ရှိသောအသီးကိုပေးလှူသည်၊ သို့သော်လည်း ထင်းရှုးပင်

သည်ကား မိမိတွင်ဘာမှပေးလှူစရာမရှိဖြစ်နေသည်။ ထိုအဖြစ်အပျက်မှု အားလုံး

ကို ကောင်းကင်ထက်ဝယ်ရှိနေသော ကြယ်စင်လေးများက မြင်ကြရသော

အခါတွင် လွန်စွာစိတ်မကောင်းဖြစ်ကြသဖြင့် သူတို့ကိုယ်သူတို့ ]]လှူဖွယ်အဖြစ်}}

သတ်မှတ်ကြပြီး ခရစ်တော်ဘုရားအား ပူဇော်ရန်ပြင်ဆင်ပြီး ထင်းရှုးပင်၏အကိုင်း

အခက်လေးများပေါ်တွင် ဆင်းသက်ခဲ့ကြလေသည်။

ဒုတိယဒဏ္ဍာရီအရ ခရစ်တော်ဘုရားလူ့ဇာတိကိုခံယူကာ ဖွားမြင်သော

နေ့တွင် ရှိရှိသမျှသော သစ်ပင်ပန်းမာလာတို့သည်ဖူးပွင့်ကြသည်ဟုဆိုကြသည်။

တတိယဒဏ္ဍာရီအရ တစ်ခါက သားသမီးများစွာရှိသော မိခင်တစ်ဦးရှိသည်။

ခရစ္စမတ်ညနေခင်းတွင် သားသမီးများအတွက် ခရစ္စမတ်သစ်ပင်ကို ပြင်ဆင်ပေး

ထားရာ၊ ညရောက်သောအခါတွင် ပင့်ကူများရောက်လာပြီး ခရစ္စမတ်အတွက်

ပြုလုပ်ထားသောသစ်ပင်ရှိရာသို့လာရောက်ကာ သူတို့ချည်မျှင်များဖြင့် ပင့်ကူ

အိမ်များကို ဆောက်လုပ်ခဲ့ကြသည်။ နောက်နေ့မနက်ရောက်သောအခါ

မိခင်ကြီးသည် ခရစ္စမတ်သစ်ပင်အားကြည့်သောအခါ၌ ပင့်ကူမျှင်မျှားသည်

ငွေကြိုးများ အဖြစ်ပြောင်းသွားပြီး လှပသေသပ်သော ခရစ္စမတ်သစ်ပင်ဖြစ်နေ

သည်ကို တွေ့မြင်ရသည်ဟုဆိုကြသည်။ ထို့အတွက်ကြောင့် အခြားသစ်ပင်များ

နည်းတူ အသီးအပွင့်ကို မပေးစွမ်းနိုင်သော်လည်း ခရစ္စမတ်သစ်ပင်သည် ဒဏ္ဍာရီ

များစွာဖြင့် ယနေ့ထက်ထိတိုင်အရေးပါသောအခန်းကဏ္ဍတွင်ရှိနေခြင်းဖြစ်သည်။

ဂျာမနီတို့၏ဒဏ္ဍာရီစကားအရ တစ်ခါက သစ်ခုတ်သမားအဖိုးအို

တစ်ဦးသည် သူ့မိသားစုများနှင့်အတူ ခရစ္စမတ်ညတွင် မီးပုံအနီးတွင်

ထိုင်နေကြသည်။ ထိုစဉ် တံခါးလာခေါက်သံကြောင့် ဖွင့်ကြည့်သောအခါ

]နွမ်းနယ်ခြင်း} ]ချမ်းခြင်း} ]ဆာလောင်ခြင်း} အသွင်ဆောင်နေသည့် သူငယ်

တစ်ဦးကိုတွေ့ရသည်။ ကြင်နာသနားတတ်သော သစ်ခုတ်သမားသည်

သူငယ်အား အိမ်အတွင်းသို့ ဖိတ်ခေါ်ကာ အစာကျွေးခြင်း၊ နွေးထွေးစေရန်

အတွက်အဝတ်အစားပေးခြင်း၊ ကြင်နာစွာလက်ခံခြင်း စသည်ဖြင့်ကောင်းစွာ

ဧည့်ခံကျွေးမွေးပြီးမိမိအိမ်တွင်နေရာပေးအိပ်စက်စေသည်။

နောက်နေ့မနက်အိပ်ယာမှနိုးသောအခါ၌ ထိုသူငယ်အနီးတွင်

သာယာလှပသော တေးဂီသသံများနှင့်အတူ ကောင်းကင်တမန်များ၏ ဧကျူးမှု

ကိုမြင်တွေ့ကြရသည်။ အမှန်အားဖြင့် သူငယ်လေးသည် ခရစ်တော်ကိုယ်တိုင်

ဖြစ်နေခြင်းဖြစ်သည်ကိုတွေ့ကြရသည်။

ထိုအခါသူငယ်တော်သည် အနီးနားရှိသစ်ပင်မှ အကိုင်းတစ်ခုကိုယူကာ

အနီးနားမြေတွင်စိုက်လိုက်သည်။ ထို့နောက် ယခုသစ်ပင်သည် ]]သင့်မိသားစု

အတွက် ြွကယ်ဝသောစည်းစိမ်ချမ်းသာနှင့် ကျန်းမာခြင်းသုခချမ်းသာကို

ကာလသုံးတန်လုံး၌ မင်္ဂလာကိုယူဆောင်ပေးလိမ့်မည်}}ဟုမြွတ်ကြားခဲ့သည်ဟုဆို

ကြသည်။

တစ်ဖန်အခြားသော ဒေသတစ်ခုမှ ဒဏ္ဍာရီစကားကိုကြည့်မည်ဆိုပါက၊

ဆွီဒင်နိုင်ငံ၌ အဖိုးအခမများဘဲ အရောင်အသွေးစုံသော ခရစ္စမတ်သစ်ပင်ကို

ပြုလုပ်ကျင်းပကြသည်။ အထူးသဖြင့် ထင်းရှုးသီးအားငွေရောင်ပြုလုပ်ခြင်း၊ နီရဲ

နေသောပန်းသီး၊ သေတ္တာငယ်ကလေး၊ အရောင်အသွေးစုံသော နိုင်ငံတော်အလံ

များစသည်ဖြင့် ဝေဆာစွာပြုလုပ်ကြပြီး အပ်ချည်ဖြင့်သီကာအလှဆင်ကြသည်။

ယနေ့ခေတ်တွင် အခြားသောတိုင်းနိုင်ငံနှင့် ထိုတိုင်းနိုင်ငံတို့၏လှုပ်ရှားမှုသည်

နေ့စဉ် ထမင်းစားရေသောက်ပြောစရာများဖြစ်လာခဲ့ပါပြီ။ ထို့ကြောင့် နိုင်ငံအသီး

သီး၏အလံများအား ခရစ္စမတ်သစ်ပင်တွင်ချိတ်ဆွဲခြင်းသည် မည်မျှ တင့်တယ်

လျှောက်ပတ်နေပြီးဖြစ်အသိပေးဖေါ်ပြပါပြီ။

ဂျာမန်နိုင်ငံနှင့် နော်ဝေဘာသာစကားမတူခြားနားနေသော နော်ဝေး

နွယ်ဖွားတို့သည် ခရစ္စမတ်ညနေခင်းအားယခုတိုင် ထိုသို့ပြုနေကြမြဲဖြစ်ပြီး၊ အလှ

ဆင်ပြီးပါက မိသားစုကလေးသူငယ်များအားလုံကိုခေါ်၍ ထိုခရစ္စမတ်သစ်ပင်

အနီးတွင်အားလုံးမတ်တပ်ရပ်လျှက် ဝိုင်းပါတ်ကာခရစ္စမတ်ကဲလ်ရိုသီချင်းများ

အားအတူတကွသီကျူးကြသည်။

မိသားစုများတွင် ခရစ္စမတ်သစ်ပင်နှင့်ပါတ်သက်၍လုပ်ဆောင်မှု

အမျိုးမျိုးရှိကြသည်။ အချို့ကခရစ္စမတ်သစ်ပင်အားအချိန်အတော်ကြာသည့်

တိုင်မိမိတို့အိမ်တွင်ထားရှိကြပြီး၊ အချို့မှာခရစ္စမတ်မတိုင်မီ နှစ်ပါတ်ခန့်မျှပြင်ဆင်

ထားလေ့ရှိကြသည်၊ ထို့နောက် ခရစ္စမတ်ရောက်သည်နှင့်ချက်ခြင်း အပြင်သို့ ထုတ်

ထားကြသည်။ အချို့ကခရစ္စမတ်ပြီးသည်အထိထားရှိကြသည်။

ဥရောပယဉ်ကျေးမှုကိုကျင့်သုံးကြသောသူများက ခရစ္စမတ်သစ်ပင်ကို

ခရစ္စမတ်ညနေတွင်သာပြုလုပ်ကြသည်။ အချို့က နှစ်သစ်တိုင်အောင်ထားရှိပြီး

အချို့မှာ ဇန်နဝါရီ ၅ ရက်နေ့အထိ ၁၂ နှစ်ရက်တိုင်တိုင်ထားရှိကြသည်၊ သူတို့၏

ယုံကြည်မှုအရ ပညာရှိများရောက်လာ၍ သူငယ်တော်ကို အလှူဘဏ္ဍာများ

ပူဇော်သည့် အချိန်ထိစောင့်မျှော်နေခြင်းဟုဆိုကြသည်။

မျက်မှောက်ခေတ်တွင်ခရစ္စမတ်သစ်ပင်သည် ]]ခရစ္စမတ်ဝိညာဉ်}}

အဖြစ်ဖေါ်ကျူးနေပြီး၊ စိမ်းစိုနေသောရွက်ပြတ်သည်ကား ရာသီဥတုမည်သို့ပင်

ပြောင်းလဲပါစေ မပြောင်းမလဲစိမ်းစိုနေမြဲဖြစ် အမြဲအစဉ်စိမ်းလန်းနေသောကြောင့်

]]ဖေါက်ပြန်မှုကင်းခြင်း}} ကိုပုံဆောင်နေခြင်းဖြစ်သည်။ ဆယ့်နှစ်ရက် လွန်မြောက်

လာသောနောက်ခရစ္စမတ်သစ်ပင်အားအချို့တို့သည် မီးရှို့စွန့်ပစ်ခြင်းမရှိဘဲ မိမိ

တို့၏အိမ်ဝင်းခြံထဲတွင် ငှက်ကလေးများနားနေနိုင်ရန်အတွက်၊အသိုက်သဖွယ်

ပြုလုပ်ပေးခြင်းဖြင့် ငှက်ကလေးများအတွက် ခရစ္စမတ်သစ်ပင်ဖြစ်လာပြန်သည်။

ငှက်ကလေးများအတွက်လည်း လုံခြုံသည့်အသိုင်သဖွယ်ဖြစ်လာပြီး ငှက်အများ

လည်းနှစ်ခြိုက်စွာဖြင့်အသိုက်အဖြစ်အသုံးပြုကြသည်။

ခရစ္စမတ်ကဒ်

ခရစ္စမတ်အခါသမယတွင် အထူးသဖြင့် တစ်ဦးနှင့်တစ်ဦး မေတ္တာကို

အပြန်အလှန်ဖလှယ်ကြရာတွင်မရှိမဖြစ်အသုံးတည့်ကြသည်က ခရစ္စမတ်ကဒ်ပင်

ဖြစ်သည်။ အဖိုးနည်းသောခရစ္စမတ်ကဒ်ကို အင်္ဂလန်နိုင်ငံမှ ရိုးလန်ဒ်ဟေးလ်က

၁၈၃၇ ခုနှစ်တွင်စတင်အသုံးပြုခဲ့ခြင်းဖြစ်သည့်အတွက် ယခုခေတ်တွင် ကမ္ဘာနှင့်

အဝှမ်းတွင်တွင်ကျယ်ကျယ်ပြန့်ပြန့် ဖြင့် လူထုတစ်ရပ်လုံးအတွက် နေရာယူ

လာသည်မှာ စီးပွားရေးလောကအထိနေရာရောက် အောင်တွင်ကျယ်လာခြင်း

ဖြစ်သည်။ ထိုသို့သောအချိန်မတိုင်ခင်က ကဒ်ဟူသည် ြွကယ်ဝချမ်းသာသူများ

အသိုင်းအဝိုင်းတွင်သာ စာတိုက်မှ ပေးပို့အသုံးပြုနိုင်ကြသည့်အတွက်

ခရစ္စမတ်ကဒ်ဟူသည် လူသူလေးပါးတို့ကမသိ ဖြစ်ခဲ့ကြသည်မှာ ၁၈၄၀ ခုနှစ်

အထိပင်ဖြစ်သည်။ အင်္ဂလိပ်အနုပညာရှင် ဝီလျှံအဒ်လီမှ ၁၈၄၂ (သို့) ၁၈၄၈

စသည်ဖြင့်သက္ကရာဇ်အတိအကျမသိရသော်လည်း စတင်ဖန်တီးခဲ့သည်က အမှန်

ပင်ဖြစ်သည်။ သူလုပ်ခဲ့သောကဒ်များကို ယခုအချိန်တွင် လန်ဒန် ဝိတိုရိယနှင့်

အဲလ်ဘတ် ပြတိုက်တွင်ယနေ့မြင်တွေ့ရန်ထားရှိကြသည်။ ၁၈၄၃ ခုနှစ်တွင် ဂျေ၊

စီ၊ ဟောက်စ်လီဆိုသည့် အနုပညာရှင်အား ဆရာဟင်နရီ ကိုလ်မှ စေခိုင်းချက်ဖြင့်

အဖြူအမဲနှင့်ကဒ်ကိုစတင်လုပ်ဆောင်ခဲ့ပြီး ရောင်စုံကိုလက်ဖြင့် ဖြည့်သွင်းခဲ့သည်။

ထိုကဒ်တွင် မိသားစုစုံညီစွာဖြင့် ခရစ္စမတ်ညစာစားသောက် နေခြင်းနှင့်

မရှိဆင်းရဲသားများအားပေးကမ်းနေခြင်း၊ ဖေးကူနေခြင်းတို့ကိုပုံဖေါ်ပြသ

ရေးချယ်ထားပြီး၊ စာတမ်းကိုလည်း ယနေ့ခေတ်မြင်တွေ့နေရသည့်အတိုင်း

“Merry Christmas and a Happy New Year” ဟုရေးထိုးထားသည်။

စောင်ရေတစ်ထောင်ထုတ်ဝေခဲ့ရာမှ လက်ရှိပြတိုက်တွင် ၁၅ စောင်ကို

အထင်အရှားမြင်တွေ့နိုင်ပြီး၊ ထို ၁၅ စောင်အား လန်ဒန် ဝိတိုရိယနှင့် အဲလ်ဘတ်

ပြတိုက်တွင်ပြသထားလျှက်ရှိပါသည်။

လက်ရှိကာလတွင်ကား ခရစ္စမတ်ကာလရောက်သောအခါတွင်

ခရစ္စမတ်ကဒ်များကို မရိုးနိုင်အောင်ဆန်းဆန်းပြားပြားဖြင့် အလွယ်တစ်ကူ

ရရှိနိုင်သလို၊ ဝေမျှပေးကမ်းခြင်းဖြင့်လည်း မေတ္တာကိုပြသနိုင်ပါသည်။ အချို့က

ခရစ္စမတ်ညနေခင်းတွင်ပေးလေ့ရှိကြပြီး၊ အချို့ကခရစ္စမတ်နေ့တွင်ပြုလေ့ရှိကြသ

လို၊ အချို့သောခရစ္စမတ်ကဒ်များသည် သံစဉ်လှလှဖြင့်လက်ခံရရှိသူများစိတ်ကို

ကြည်နူးစေနိုင်သည့် အံ့ဩဖွယ်ရာကဒ်များကိုပင်ပေးပို့အသုံးပြုနေကြသည်။

စန်တာကလော့စ်

ဟောလန်မှသူတော်စဉ်နီကောလပ်စ်သည် နောင်အခါ၌ အမေရိကန်၏

စန်တာကလော့စ်အဖြစ်သို့ပြောင်းလဲသွားခဲ့သည်။ စိန့်နီကောလပ်စ်သည်

လေးရာစုနှစ်အတွင်း မီရာမှ ဘီးရှော့ပ်တစ်ပါးဖြစ်သည်။ ရိုးရာအစဉ်အလာအရ

သူ့ဘဝအသက်တာတစ်လျှောက်လုံးတွင် သူပိုင်ဆိုင်သော ငွေကြေးများကို

သူတစ်ပါးအားပေးကမ်းခြင်း၊ လိုနေသူများအတွက်မစခြင်းတို့ပြုရာတွင် လူသူ

လေးပါးမသိရှိရလေအောင်ပေးကမ်းလှူဒါန်းလေ့ရှိသည်။ သူသည် အနီရောင်

ဘီးရှော့ပ်ဝတ်လုံကိုဝတ်ဆင်ပြီး သေသပ်လှပသောအဖြူရောင် သိုးမွေးကို

ချယ်သဆင်မြန်းထားသည့်နောက်တွင် ဒီဇင်ဘာ ငါးရက်နေ့တွင် မြင်းဖြူကိုစီးနင်း

လျှက်သွားလာလေ့ရှိသည်။

ထိုသို့သွားလာရာတွင် လိမ္မာရေးခြားရှိသောကလေးများအတွက်

လက်ဆောင်လှလှအသစ်များကို ပေးဝေလေ့ရှိပြီး၊ လိမ္မာရေးခြားမရှိသော

ကလေးများအတွက် သင့်လျှော်သောတစ်ပါတ်ရစ်လက်ဆောင်များကို ပေးလေ့

ရှိသည်။ ခရစ္စမတ်ကာလသည် ကလေးများအတွက်အမှန်ပင်လွမ်းမောဖွယ်၊

နှစ်ခြိုက် ကြည်နူးစေသည့်ကာလတစ်ခုလည်းဖြစ်သည်။ ခရစ္စမတ်ညနေတွင်

စန်တာကလော့စ်သည် လက်ဆောင်ပစ္စည်းများဖြင့်ဆင်းလာလေ့ရှိသည်ဟု

မြော်လင့်ကြသည်။

ခရစ္စမတ်မတိုင်မှီညနေခင်းသည်မိသားစုများအားလုံးအတူတကွ

ပါဝင်ဆင်နွဲ့လေ့ရှိကြပြီး၊ ကလေးများသည်လည်း သူတို့၏ ခြေအိတ်ရှည်များကို

အိပ်ယာမဝင်ခင်ချိတ်ဆွဲလေ့ပြုပြီးမှ အိပ်ယာဝင်လေ့ရှိသည်၊ အကြောင်းမှာ

စန်တာကလော့စ်သည် သူတို့အတွက် သူတို့၏ခြေအိတ်ရှည်များကိုထိုသို့ ချိတ်ဆွဲ

ထားပါက စန်တာကလော့စ်မှလာပြီး သူတို့အတွက် ခရစ္စမတ်အကြို လက်ဆောင်

ပစ္စည်းများကိုလာရောက်ဖြည့်ဆည်းပေးမည်ဟုထင်မှတ် ယုံကြည်ကြသည်။

အခြားသောဒဏ္ဍာရီစကားအရ စန်တာကလော့စ်သည် သမင်အကြီး

စားများဖြင့်တပ်ဆင်ထားသောစွတ်ဖားကိုစီးလျှက် သူနှင့်အတူနားယဉ်နေသည့်

Jingle bells, jingle bells တေးသံလွင်လွင်ဖြင့် လှည့်လှည်သွားလာနေသည်ဟု

ဆိုကြသည်။ သူသည်လွန်စွာသနားကြင်နာတတ်သူဖြစ်ပြီး မရှိဆင်းရဲသားများ၏

အိမ်သို့သွား ရောက်ပြီး ငွေကြေးများကိုချပေးခြင်းဖြင့်ကူညီမစခြင်းအမှုကိုပြုလေ့

ရှိသည်။

တစ်ဖန်အခြားသောဒဏ္ဍာရီစကားများလည်းရှိသေးသည်မှာ သူကြည့်

ရှုနေရသောအသင်းတော်တွင် လွန်စွာဆင်းရဲသည့် ဖခင်တစ်ဦးရှိပြီး သူ၌မိတစ်ဆိုး

သမီးပျိုသုံးဦးရှိသည်။ အိမ်ထောင်ရက်သားကျရန်အချိန်ရောက်လာသော်လည်း

ရိုးရာဓလေ့အရ ဒိုရီတင်တောင်းရန်ငွေမရှိသဖြင့် သမီးများသည် အိမ်ထောင်ရက်

သားမကျနိုင်ဘဲရှိနေကြသည်။ ထိုသို့ဖြင့်သမီးများသည် အပျိုဟိုင်းများအဖြစ်

သို့ရောက် မှန်းမသိရောက်ရတော့မည့်အခြေအနေများမှာ ဆင်းရဲနုံခြာလှသော

ဖခင်၏ဆင်းရဲမှုကြောင့်ဖြစ်နေလေသည်။

ထိုမိသားစုအခြေအနေကို ဘီးရှော့ပ်နီကောလပ်စ်သည် ထိုမိသားစု

အတွက် လိုအပ်မှုကိုဖြည့်ဆည်းပေးခြင်သည်။ထို့ကြောင့် ခရစ္စမတ်ညနေခင်းတွင်

မည်သူမှမသိအောင် ထိုဆင်းရဲသားအိမ်သို့သွားရောက်လာ အိတ်သေးကလေး

သုံးခုလုပ်ပြီး ထိုအိတ်သေးကလေးသုံးခုအတွင်း၌ရွှေများကိုထည့်ပြီး မီးလင်းဖို

အနီး၌သွားရောက်ထားပေးခဲ့သည်။ ခရစ္စမတ်နံနက်စောစောတွင် ဖခင်ကြီးသည်

ထိုရွှေထုပ်များကိုတွေ့ရှိခဲ့ပြီး ဘုရားသခင်အားလွန်စွာ ကျေးဇူးတင်လျှက် မကြာမီ

အချိန်တိုအတွင်းမှာပင် အတိုင်းမသိဝမ်းမြောက်ပျော်ရွှင်စွာဖြင့် သမီးများ၏

အိမ်ထောင်ရေးကို ဖခင်ဝတ္တရားနှင့်အညီ စေ့စပ်သေချာစွာဖြင့် စီမံဆောင်ရွက်

ပေးလိုက်တော့သည်။

ထိုသို့သောအပြုအမူများသည် ဘီးရှော့ပ်နီကောလပ်စ်၏ စစ်မှန်သည့်

ကရုဏာစိတ်ထားနှင့် ကြင်နာသနားတတ်မှုကိုသိရှိလာကြရာမှ Saint ဆိုသော

စကားလုံးကို St.Nichol အဖြစ်ခေါ်ဆိုလာကြပြီး ယခုအခါတွင် ကာလ ရွှေ့လျှား

သည်နှင့်အမျှ St.Nichol မှ Santa Claus အဖြစ်သို့လူတိုင်းနုတ်ကျိုးကာ အသွင်

ပြောင်းလာခဲ့ခြင်းဖြစ်သည်။

ခရစ္စမတ်ကဲလ်ရိုလ်

ပဌမဦးဆုံးသော ခရစ္စမတ်သီချင်းများအား လက်တင်ဘာသာဖြင့်

ခမ်းနားစွာရေးဖွဲ့သီဆိုခဲ့ကြသည်မှာ မှတ်တမ်းများအရ ရောမ ကာသိုလ်လိပ်

အသင်းတော်၏ လေးရာစုနှစ်အတွင်း သာသနာ့ပွဲလမ်း သဘင်မှစတင်ခဲ့သည်ဟု

ဆိုစမှတ်ပြုကြသည်။ သို့သော်ကဲလ်ရိုလ်သီးချင်းများ၏ သမိုင်းကြောင်းကို

လေ့လာကြည့်လိုက်ပါက သာသနာပများမှ စတင်ခဲ့ခြင်းဖြစ်သည်ကို တွေ့ရှိ

ကြရသည်။ သာသနာပပွဲလမ်းသဘင်များတွင် ဂရိလူမျိုး များက ရေးစပ်သီကုံး

ကြပြီး ရောမများကတခမ်းတနားဖြင့် အလေးထားသီဆိုခဲ့ကြသည်။

ရာစုနှစ် လေးရာစုတောအတွင်း၌ အသင်းတော်များတွင် ကဲလ်ရိုလ်

ဆိုခြင်းကို သာသနာပများနှင့် ဆက်နွယ်နေသောကြောင့် ပိတ်ပင်တားမြစ်ခဲ့ကြ

သည်။ အသင်းတော်သမိုင်းတွင် မှတ်သားထိုက်သည့် ကဲလ်ရိုလ်မှာ ဆယ့်သုံးရာစု

အစ္စစီမှ စိန့်ဖရန့်စစ်အားဖြင့် ခရစ္စမတ်ကာလတွင် ကဲလ်ရိုလ်အား ပြန်လည်အသက်

သွင်းပြီး စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။ ခရစ္စမတ်အကြိုညဦးပိုင်းတွင်

ရောမမြို့၏အရှေ့မြောက်ဘက်အရပ်၌ရှိသော ဂရေ့ချီယိုဥမင်အနီးတွင်

စိန့်ဖရန့်စစ်မှ ဦးဆောင်ပြုလုပ်ခဲ့သည်။ ထိုကဲလ်ရိုလ် သီချင်းတွင် ကောင်းကင်

တမန်များမှ သိုးထိန်းများထံ ပေါ်လာသောအချိန်တွင် ကျူးဧသောအရာကို

ဖရိုက်ယာမှ ရေးဖွဲ့ပေးခဲ့ပြီး၊ ထိုသီချင်းသည် ကဲလ်ရိုလ်သီချင်းတွင် ပဌမ ဦးဆုံး

သော ကဲလ်ရိုလ်ဓမ္မတေးအဖြစ်တွေ့ရှိခဲ့ကြသည်။

သို့သော်ကဲလ်ရိုလ်ကျူးဧခြင်းကို ပရိုတစ်စတင့်များလက်ထက် ၁၆

ရာစုတွင်ကျယ်ပြန့်စွာဖြင့်သိရှိလာကြပြီး ပူရီတန်များက ကဲလ်ရိုလ်သည် ခရစ္စမတ်

အစိတ်အပိုင်းတစ်ခုအဖြစ် ထည့်သွင်းအသုံးပြုလာခဲ့ကြခြင်းဖြစ်သည်။ အင်္ဂလိပ်

စစ်ပွဲကာလနောက်ပိုင်းတွင် ကဲလ်ရိုလ်ကျူးဧခြင်းသည် မှေးမှိန်သွားခဲ့ရပြန်သည်။

သို့သော်လည်း Santa Claus စသောသီချင်းများကို အင်္ဂလန်တို့၏ ကနဦး

ကျူးဧမှုများတွင် မြင်တွေ့နိုင်ခွင့်ရခဲ့ကြသည်။ ခေတ်အခြေအနေထိုသို့ ဆိုးယုတ်

သွားသော်လည်း ကဲလ်ရိုကျူးဧခြင်း အလေ့အထသည် ပျောက်ကွယ်မသွားခဲ့ပါ။

နောက်ပိုင်းတွင် ခရစ္စမတ်ကဲလ်ရိုလ်အား အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီစသည်ဖြင့်

ပြန်လည်အသုံးပြုလာခဲ့ကြပြီး ယခုအချိန်အခါတွင် ကဲလ်ရိုလ်သီကျူးခြင်းအား

အသင်းတော်များ၏ အစီအစဉ်အရ ရက်အသီးသီး သတ်မှတ် လျှက်

ခရစ္စမတ်ရောက်လေတိုင်းသီကျူးနေကြခြင်းဖြစ်သည်။ သို့သော် လက်ရှိကျူးဧ

နေကြသော ကဲလ်ရိုလ်သီချင်းများသည် ဝိတိုရီယ ဘုရင်မကြီး (၁၈၃၇-၁၉၀၁)

လက်ထက်မှာ ရေးစပ်သီကုံးခဲ့သော ဓမ္မတေးများပင်ဖြစ်သည်။

မိခင်များနေ့

ယနေ့မျက်မှောက်ခေတ်တွင်ကမ္ဘာနှင့်အဝှမ်း တစ်လေးတစ်စားဖြင့်

ကျင်းပပြုလုပ်လေ့ရှိသော မိခင်များနေ့သည် ဘာသာရေးသမိုင်းကြောင်းတွင်၄င်း

ဘာသာရေးသွန်သင်ချက်များတွင်၄င်း အခြေပြုအစတည်ခဲ့ခြင်းမဟုတ်ကြပါ။

မိခင်များအား လေးစားသမှုပြုလျှက် ဂုဏ်ပြုရန်သားသမီးတို့စိတ်အတွင်းဝယ်

နစ်ရှိုင်းစွာအမြစ်တွယ်နေသော်လည်း အကောင်အထည်အနေဖြင့် သမိုင်းတွင်

မရှိခဲ့ပါ။ သို့သော်လည်း မိခင်အတွက်ဘဝကိုနှစ်မြုပ်ပုံအောနစ်မြုပ်ပြီး၊

မိခင်အားအလေးပေးသည့် သမီးလိမ္မာ တစ်ဦးသည် မိခင်မရှိတော့သည့်

နောက်တွင် မိခင်အားလေးစား ချစ်မြတ် နိုးကြောင်း သက်သေပြုရန် အာသီသ

ပြင်းပြသောစိတ်မှ ကမ္ဘာသုံးပြက္ခဒိန်တွင် နေရာတစ်ခုအခြေအမြစ်တည်ရန်

အစပျိုးခဲ့ခြင်းဖြစ်သည်။

မိခင်များနေ့သမိုင်းကြောင်း

ကနဦးအသင်းတော်တွင် ဘာသာရေးတွင်စတင်ပြီး မိခင်များကို

အမှတ်ရ ဂုဏ်ပြုခြင်းများရှိခဲ့သည်ဟု ဆိုကြသော်လည်း အများစုမှ အမေရိကန်

ကျောင်းဆရာတစ်ဦးဖြစ်သည့် အန္နဂျာဗစ်မှ မေလ ဒုတိယအပါတ်တွင် မိခင်များ

နေ့ကို တရားဝင်အသိအမှတ်ပြုရန် စေ့ဆော်အစပြုခဲ့သည်ဟုလက်ခံယုံကြည်

ထားကြသည်။

လူတိုင်း၏ဘဝတွင် လုံးဝမမေ့နိုင်သောရက်များရှိကြပါသည်။ အချို့က

ကြည်နူးစရာများဖြင့်ပြည့်နှက်နေသည့် နေ့တစ်နေ့ဖြစ်ကောင်းဖြစ်မည်၊ အချို့က

အတိဒုက္ခဖြင့်ပြည့်နှက်နေသည့် နေ့တစ်နေ့ဖြစ်ကောင်းဖြစ်မည် စသည်ဖြင့်သာ

ကွာခြားနေပါလိမ့်မည်။ ထိုနေ့ရက်တို့သည် မေတ္တာတရားနှင့် ကျေးဇူးတရားကို

အရင်းခံဖြစ်တည်လာပြီး စံပြုထိုက်သောသူများထဲမှ မိခင်တို့သည် ရင်ဆိုင်ကြုံ

တွေ့ရသည့် အခက်အခဲအတားအဆီးများကြားထဲမှ မိခင်တို့၏ဝတ္တရားနှင့် အညီ

သားသမီးများအပေါ်ကြီးမားသောမေတ္တာစိတ်ဖြင့် ပေးဆပ်ခဲ့ကြသည်။

အန္နဂျာဗစ်သည် ၁၈၆၄ ခုနှစ်တွင်မွေးဖွားခဲ့ပြီး၊ မွေးချင်းညီအစ်မနှစ်

ယောက်တွင် သမီးဦးလည်းဖြစ်သည်။ သမီးများအပေါ်တွင် လျှစ်လျှူ

ရှုတတ်သော ဖခင်ကြီးကြောင့် သူမသည်မိခင်နှင့်သာ၍ရင်းနှီးခွင့်ရခဲ့သည်။ ခက်ခဲ

သည့်အခြေအနေတွင် မိခင်နှင့် အိမ်ကိုပစ်၍အဝေးသို့ ထွက်မသွားနိုင်အောင်

သူ့အတွက်မိခင်အပေါ်တွင် စာနာသနားမိသည်။ သို့သော်ထိုသို့သောအခြေအနေ

တွင် သူ့အပူမီးကို မိခင်ဖြစ်သူမသိရှိစေဘဲနှင့် ကြိတ်မှိတ်ခံစားကာ အတန်းပညာကို

လေ့လာဆည်းခြင်းဖြင့် အဆုံးတွင် ဆရာစြဖ်သငန်တန်းကိုအောင်မြင်ခဲ့သည်။

ဆရာဖြစ်သင်တန်းအောင်မြင်ပြီးနောက် နေရပ်ဌာနေသို့ပြန်လာ၍ ဌာနေတွင်

ကျောင်းဆရာမအဖြစ်လုပ်ကိုင်ခဲ့သည်။

အန္နဂျာဗစ်အကြောင်းကို အသေးစိတ်ကျွနု်ပ်တို့မသိနိုင်သော်လည်း၊

သူမဘဝတွင် ရုန်းကန်နေရခြင်း၊ မိခင်အပေါ်ထားရှိသည့် စာနာစိတ်ကြောင့်

အိမ်ထောင်ရေးကိုပင် ဦးစားပေးခြင်းငှါ တွေးတောရန်အချိန်မပေးနိုင်ခဲ့သူဖြစ်

ကြောင်း အစဉ်အလာများအရသိရသည်။ ထိုမျှမက သူ့ဘဝတွင် အိမ်ထောင်ပြု

ခြင်းမရှိဘဲ နောက်ဆုံးထွက်သက်အထိ အပျိုကြီးဘဝဖြင့် အရိုးထုတ်တော့မည်ဟု

ခိုင်မာသည့်သန္နိဌာန်ကိုလည်း ချမှတ်ခဲ့သည်။

အသက် ၃၈ နှစ်သို့ရောက်သောအခါတွင် သူ့ဖခင်ဆုံးပါးသွားခဲ့သည်။

၁၉၀၂ ခုနှစ်တွင် ဖခင်ဆုံးပါးသွားပြီးနောက် အန္နဂျာဗစ်တို့သည် အရပ်တစ်ပါးသို့

ပြောင်းရွေ့ခဲ့ကြရပြီး၊ မေလ၊ ၉ ရက်၊ ၁၉၀၅ ခုနှစ်တွင် မိခင်ကြီးဆုံးပါးသွားခဲ့သည့်

အတွက်သူ့အတွက် သောကပူဆွေးခြင်းများနှင့်အတူ ဖြေမဆည်နိုင် ဖြစ်ခဲ့သည်။

မိခင်ကြီးအတွက် အကောင်းဆုံးကျွေးမွေး၊ ထောက်မကာ သမီးဝတ္တရားကျေပွန်

ခဲ့သော်လည်း ဆန္ဒရှိသလောက် မိခင်အပေါ်တွင်

ကောင်းစွာတာဝန်ကျေပွန်ခဲ့သောသမီးမဟုတ်ခဲ့ခြင်းများအတွက် ယူကျုံးမရဖြစ်

ခဲ့သည်။

အန္နဂျာဗစ်သည် ရက်သတ္တပါတ်ပေါင်းများစွာ မိခင်ဆုံးပါးမှုအတွက်

ယူကျုံးမရ တစ်ကိုယ်တည်းနေထိုင်ခဲ့သည်။ မိမိကိုယ်ကိုမိမိလည်း မဖြေသိပ့်နိုင်၊

အပြစ်တင်ခံစားမှုများနှင့်အတူ အထီးကျန်စွာနေထိုင်ခဲ့သည်။ ပြန်ဖြစ်မလာနိုင်

တော့သော်လည်း မိခင်ကြီးနှင့်အတူ ကုန်ဆုံးခဲ့သောနေ့ရက်များကို ပြန်လည်

အမှတ်ရအောက်မေ့နေခဲ့သည်။

နေ့ကိုရက်စား၊ ရက်ကိုလစားဖြစ်လာသည့်တိုင်၊ သူ့အနေဖြင့် ခံစားနေ

ရမြဲဖြစ်သည်။ မိခင်ကြီးဆုံးပါးသွားသည့်နောက် နှစ်နှစ်မြောက်သောအခါတွင်

အန္နဂျာဗစ်စိတ်တွင် အတွေးတစ်ခုရရှိလာခဲ့သည်။ ၁၉၀၇ ခုနှစ်၊ မေ၊ ဒုတိယပါတ်

သည်မိခင်ကြီးဆုံးပါးခြင်းအတွက် နှစ်နှစ်ပြည့်ဖြစ်နေသည်။ ထို့အတွက် အပေါင်း

အသင်းများကို သူ့စိတ်ကူးကိုမျှဝေခြင်းဖြင့် ]မိခင်များနေ့} ကိုအစပြုရာမှ နှစ်စဉ်

တစ်ကမ္ဘာလုံး မိခင်များကိုဂုဏ်ပြုရာနေ့စတင်ခဲ့သည်။

အပေါင်းအသင်းများကလည်း သူ့ဆန္ဒကိုသဘောတူလက်ခံကြပြီး၊

အတူတကွပူးပေါင်းဆောက်ရွက်ခြင်းဖြင့် အကောင်အထည်ဖေါ်ကြရန် ဆုံးဖြတ်

သဘောတူခဲ့ကြသည်။ ထိုစိတ်ကူးအား ဖခင်များနှင့် ကလေး၊ လူကြီးများပါ

မကျန် နှစ်ထောင်းအားရဝမ်းမြောက်ခဲ့ကြရသည်။

ထို့နောက်အန္နဂျာဗစ်သည် ငွေကြေးအားဖြင့် ကူညီပေးမည်ဟု

ဆိုခဲ့သော မိတ်ဆွေကုန်သည် ဂျွန်ဝဏ္ဏမိက္ကာအား သွးရောက်ကာတွေ့ဆုံခဲ့သည်။

ထိုနှစ်တွင် မိခင်ဖြစ်သူ အနှစ်နှစ်ဆယ်လုံးလုံး သင်ကြားပေးခဲ့သော မက်သဒစ်

အသင်းတော်ရှိ ကလေးဥပုဒ်စာဖြေဌာနသို့ သူ့စိတ်ကူအား ရေးသားပေးပို့

ခဲ့သည်။ ]မိခင်ဖြစ်သူအား ဂုဏ်ပြုခြင်းသက်သက်သာမဟုတ်၊ မိခင်များအား

ဂုဏ်ပြုရာလည်းမည်ပါသည်} ဟူသောစကားချပ်ကိုလည်း ထည့်သွင်းပေးပို့

ခဲ့သည်။

ပထမဦးဆုံးသောမိခင်များနေ့ကျင်းပခြင်း

ပေးစာအားဖြင့်ဥပုဒ်စာဖြေဌာနမှလည်း လွန်စွာနှစ်ထောင်းအားရ

ဖြစ်ကာ လက်ခံခဲ့ပြီး၊ ၁၉၀၈ ခုနှစ်၊ မေ၊ ဒုတိယအပါတ်တွင် မိခင်များနေ့အဖြစ်

ကလေးပေါင်း ၄ဝဝ ဖြင့် မိခင်များအား အောင်မြင်စွာဂုဏ်ပြုခဲ့ကြသည်။

ထိုနေ့တွင် သင်းအုပ်ဆရာမှ လည်း ရှင်ယောဟန်၊ ၁၉း၂၆-၂၇ ကိုအခြေပြုကာ

မိခင်များအကြောင်းကို ဟောပြောခဲ့သည်။ ဝတ်ပြုကိုးကွယ်ခြင်းပြီးဆုံးသော

အခါတွင် အန္နသည် အသင်းတော်ရှိမိခင်များအားလက်ဆောင်များကို

ကလေးများနှင့်အတူပေးကာ သူ့မိခင်လွန်စွာနှစ်သက်သော ဇော်မွှားပန်းကို

ပေးခဲ့သည်။ ထိုဓလေ့သည် ယနေ့တိုင်အောင် မိခင်များနေ့တွင် ဇော်မွှားပန်းက

သက်သေပြုနေပါသည်။

ဇော်မွှားပန်းသည် ညိုးနွမ်းသွားသည့်တိုင် ပုံမပျက်လှပနေခြင်းက

အရွယ်မည်သို့ပင်ပြောင်းပြောင်း သားသမီးများအတွက် တည်ကြည်တည်မြဲခြင်း

ရှိနေသောမိခင်မေတ္တာကိုကိုယ်စားပြုခြင်းအသွင်ကိုဖေါ်ကျူးခဲ့သည်။

မေလ၊ ဒုတိယအပါတ်ကို မိခင်များနေ့အဖြစ်ဂုဏ်ပြုခြင်းတွင်

အောင်မြင်စွာပြုလုပ်ခဲ့သည့်တိုင်၊ အန္နသည် ထိုမျှနှင့်မကျေနပ်နိုင်ခဲ့၊ မိခင်များ

နေ့ကို အသင်းတော်တွင်သာမက တကမ္ဘာလုံးတွင် ရှိနေစေချင်သည်၊ ပြုလုပ်

ကျင်းပစေခြင်သည်။ ထို့အတွက်ကြောင့်လည်း မိခင်များနေ့ကို တစ်ကမ္ဘာလုံး

အတိုင်းအတာဖြင့်ပြုလုပ်နိုင်ရန် ပေးစာပေါင်း ၁ဝဝဝဝ တိတိကို အမေရိကန်တစ်နှံ

တစ်လျားရေးသားပေးပို့ခဲ့သည်။

အန္နသည် အစိုးရမင်းများ၊ လွှတ်တော်အမတ်များ၊ သတင်းနှင့်

စာနယ်ဇင်းမှ အယ်ဒီတာများ၊ အရပ်ဖက်များ၊ လုပ်ငန်းရှင်များ၊ အမှုတော် ဆောင်

များ စသည်ဖြင့် အတတ်နိုင်ဆုံးလက်လှမ်းမီသမျှ မိခင်များနေ့ ဖြစ်မြောက် ရေးကို

ရင်ဖွင့်တိုင်ပင်ပြောဆိုလေ့ရှိသည်။ ထိုသို့ပြုခဲ့ခြင်းတို့သည် အချည်းနှီးမဖြစ်ခဲ့။

ထို့အတွက်ကြောင့်လည်း လူတိုင်းနှလုံးသားတွင် အမြစ်စွဲသွားပြီး ဖြစ်သည့်

အတွက် သတင်း၊ ဂျာနယ်၊ မဂ္ဂဇင်း၊ တရားပလ္လင်၊ ဟောပြောပွဲ၊ စင်မြင့်တို့တွင်

သူ့ကိုယ်စား မိခင်များနေ့ကို ရေးသားဟောပြော၊ ဖေါ်ပြလာခဲ့ကြသည်။

မိခင်များနေ့သည် တရားဝင်မဟုတ်သည့်တိုင်အောင် မြို့ရွာ၊ ဇနပုဒ်၊

]]လှည်းနေလှေအောင်း မြင်းစောင်းမကျန်}}ကျင်းပခဲ့ကြသည်။ အန္နဂျာဗစ်၏

ကြိုးစား အားထုတ်မှုအရ နောက်ဆုံးတွင် အမေရိကန်ဆီးနိတ်လွတ်တော်မှ မေလ၊

ဒုတိယအပါတ်ကို မိခင်များနေ့အဖြစ် သမတကြီး ဝုဒ်ရိုး ဝီလ်ဆန်မှ ၁၉၁၄ ခုနှစ်

မေလ၊ ၈ ရက်နေ့တွင် မေလ၊ ဒုတိယပါတ်ကို မိခင်များနေ့အဖြစ် ကျင်းပကြရန်

လက်မှတ်ရေးထိုးအတည်ပြုပေးခဲ့သည်။ အမေရိကန်သမတ၏ အတည်ပြုချက်

ရပြီးနောက် နိုင်ငံတိုင်းအားလုံးနီးပါးက မိခင်များနေ့ကိုကျင်းပခဲ့ကြသည်။

လက်ရှိအချိန်တွင် အမေရိကန်၌ မိခင်များနေ့အတွက် သန်းပေါင်း

များစွာသောဇော်မွှားပန်းများဝယ်ယူခြင်း၊ မိခင်များနေ့ကဒ်များကို ဝယ်ယူခြင်း

သည် အခြားသော ပွဲလမ်းသဘင်များထက်အမြင့်ဆုံးသောစံချိန်တွင်ရှိနေ

ပါသည်။ မိခင်မျာနေ့ကို သမိုင်းစာမျက်နှာတွင် တင့်တယ်စွာတင်ပေးခဲ့သော

အန္နသည် မိခင်များအတွက် လှပစွာရေးချယ်နိုင်ခဲ့သော်လည်း သူ့ဘဝနေဝင်ရီ

အချိန်ကား မလှပခဲ့ပါ။

စီးပွါးရေးလုပ်ငန်းရှင်များက မိခင်များနေ့ကို အကြောင်းပြုပြီး အမြတ်

ထုတ်မှုကို တရားရင်ဆိုင်ကြရာ၊ တရားရုံးတွင် ရှုံးနိုပ်ခဲ့ပြီး၊ အိမ်ယာပင် လက်လွတ်

ခဲ့ရသည်။ ထိုမျှမက ညီမဖြစ်သူ အယ်စီနိုသည် ကျန်းမာရေးမကောင်းရာမှ၊

အမြင်ကွယ်ခဲ့ရသဖြင့် မိခင်ကြီးမရှိသည့်နောက်ပိုင်းတွင် မိခင်ကြီးကိုယ်စား

ညီမငယ်ကို ကြည့်ရှုပြုစုခြင်းဖြင့် သူ့နောက်ဆုံးဘဝကို ပေးဆပ်ခြင်းဖြင့်

အသက်ရှင်နေထိုင်ခဲ့သည်။

ညီမငယ်ဆုံးပါးသွားသည့်နောက်တွင် အန္နသည် လွန်စွာအခက်

တွေ့ရပြီး၊ အထီးကျန်ဆန်ခဲ့သည်။ မိမိဘဝကို မိမိဘာသာ တစ်ပါးသူကို အပူမပေး

လိုသော်လည်း အန္န၏နောက်ဆုံးကျန်ရှိခဲ့သော လေးနှစ်တာကာလသည် လူထု၏

စောင့်မကြည့်ရှုမှုကို လက်ခံနေထိုင်ခဲ့ရသည်။

အန္နအဖြစ်ကိုသိရှိသွားကြသော သူငယ်ချင်းမိတ်ဆွေများက သနား

ကရုဏာသက်ကြကာ သူ့နောက်ဆုံးအချိန်ကာလတွင် လိုလေသေးမရှိအောင်

အစစအရာရာကူညီထောက်မကူညီပေးခဲ့ကြသည်။ ကျန်းမာရေးလည်း သိသိ

သာသာဆိုးဝါးလာရာမှ အကြားအာရုံကင်းမဲ့လာပြီး၊ အမြင်အာရုံလည်း မြင်သည်

ဆိုရုံမျှသာဖြစ်လာခဲ့သည်။ လောကတွင် ကျေးဇူးရှင်ဖြစ်သော မိခင်ကို တစ်ကမ္ဘာ

လုံးအတူတကွ ကြည်နူးစွာဖြင့်၊ ဂုဏ်ပြုကြရန်၊ မိခင်မေတ္တာတရားကို ဖေါ်ကျူး

နိုင်ရန် အပျော်များကိုယူဆောင်လာပေးခဲ့သော အန္နသည် ကိုယ်ကျိုးမငဲ့ရှာပဲ

အသက်ရှင်နေထိုင်ခဲ့ပြီး ၁၉၄၈ ခုနှစ်တွင် အသက် ၈၄ နှစ်မျှ အသက်ရှင်ခဲ့ရသည်။

ကျွနု်ပ်တို့ဖြစ်စေချင်သည့်အတိုင်း အန္နသည် ဘဝနိဂုံးအဆုံးသတ်

မလှခဲ့နိုင်ရှာသော်လည်း မိခင်အတွက်ဘဝကိုအနစ်နာခံခဲ့သူ၊ တစ်ကမ္ဘာလုံးရှိ

မိခင်များကို ဂုဏ်ပြုစေရန်လမ်းဖွင့်စွမ်းဆောင်ပေးခဲ့သော အန္နအား ကျေးဇူး

တင်ရပေမည်။ ထို့ကြောင့် မိခင်ကိုပေးသော ဘုရားသခင်နှင့် မိခင်များနေ့ကို

ဖြစ်ပေါ်စေရန် စွမ်းဆောင်ခဲ့သော အန္နအားအမှန်တကယ်ကျေးဇူးတင်ပါက

မိခင်များ၏ ကျေးဇူးတရားကို စိတ်အတွင်ကသာမဟုတ် လက်တွေ့ဖြင့် ကျေးဇူး

တင်ကြောင်းပြသရန် တကမ္ဘာလုံးကအညီအညွတ်ထောက်ခံနေပါသည်။

မိခင်များထံမှ အမွေအနှစ်

]]ထိုအခါ ဇေဗေဒဲ၏သားတို့အမိသည် သားတို့နှင့်အတူ အထံတော်

သို့ချဉ်း၍ ပြပ်ဝပ်လျက် ဆုကျေးဇူးကိုတောင်းပန်လေ၏။ ကိုယ်တော်က

သင်သည် အဘယ်ဆုကျေးဇူးကို အလိုရှိသနည်းဟု မေးတော် မူသော်၊ ကိုယ်တော်

၏နိုင်ငံတွင် ကျွန်မ၌ ဤသားနှစ်ယောက်တို့သည် လကျာ်တော်ဘက်၌

တစ်ယောက်၊ လက်ဝဲ တော်ဘက်၌ တစ်ယောက် ထိုင်ရသောအခွင့်ကို ပေးတော်

မူပါဟု လျှောက်လေ၏။ ယေရှုကလည်း၊ သင်တို့သည် အဘယ်သို့ တောင်းပန်

သည်ကို သင်တို့မသိကြ။ ငါသောက်ရအံ့သောခွက်ကို သောက်ခြင်းငှာ၄င်း၊

ငါခံသော ဗတ္တိဇံကိုခံခြင်းငှာ၄င်း၊ သင်တို့သည် တတ်စွမ်းနိုင်သလောဟု မေးတော်

မူလျှင်၊ အကျွနု်ပ်တို့သည် တတ်စွမ်းနိုင်ပါ၏ ဟု လျှောက်ကြသော်၊ ငါ၏ခွက်ကို

သင်တို့သည် သောက်ရကြလိမ့်မည်။ ငါခံသော ဗတ္တိဇံကိုလည်း သင်တို့သည် ခံရကြ

လိမ့်မည်။ သို့သော်လည်း ငါ၏လကျာ်ဘက်၊ လက်ဝဲဘက်မှာ ထိုင်ရသော အခွင့်

ကိုကား အကြင်သူတို့အဘို့ အလိုငှါ ငါ့ခမည်းတော်သည် ပြင်ဆင်၏၊ ထိုသူ တို့

အားသာ ငါပေးပိုင်သည်ဟု မိန့်တော်မူ၏}}(မဿဲ ၂ဝး၂၀-၂၃)။

ကျွနု်ပ်တို့အပေါ်၍ မိဘများသွန်သင်ပေးသောအရာများကို ဖတ်ရှု

ဆင်ခြင်ပါက အောက်ပါအတိုင်းမြင်တွေ့ရပါသည်။

ìအနာဂါတ်ကိုမြင်နိုင်တတ်ရန်]]လမ်းဖြတ်ကူးရာတွင် သတိမလစ်နှင့် မတော် တဆ

ယဉ်တိုက်မှုဖြစ်တတ်တယ်သား}}

ìလက်တွေ့ကျကျမြင်တတ်ရန်]]သစ်ပင်ပေါ်တက်လို့ကျရင်ခြေထောက်တွေလက်တွေ

ကျိုးသွားနိုင်တယ်ဖြစ်ပြီးမှလာမငိုပြနဲ့နော်}}

ìကြီးထွားရင့်ကျင့်လာရန်]]အစားအသောက်ကိုပုံမှန်စား၊ ဒါမှာ သားကိုယ်ခန္ဓာ

ကျန်းမာသန်စွမ်းကြီးထွားလာမှာ}}စသည်ဖြင့်၄င်း။

ìဘာသာတရားနှင့် ပါတ်သက်၍ ]]အရာရာကို ဆုတောင်းခြင်းဖြင့် ဖြေရှင်းပါ၊ အဆိုး

အားဖြင့် အရှုံးမခံနှင့် အကောင်းအားဖြင့် အနိုင်ယူနော်သား}}

ìအချိန်ဇယားများ၌ ]]သားဒါကို ပြီးအောင်မလုပ်ထားဘူးဆိုရင်၊ မေမေသားကို

သည်အတိုင်း လက်ပိုက်ကြည့်နေမှာနော်}}

ìပြတ်သားစွာသွန်သင်ပေးခြင်း]]ပါးစပ်ပိတ်ပြီး၊ စားမှာသာစားစမ်းပါသား}}

ìမျက်ရိပ်မျက်ခြည်ဖြင့်သွန်သင်ခြင်း]]နင့်လယ်ဂုတ်က ဂျီးကိုနင်ပြန်မြင်ချင်လား?}}

ìဆုံးဖြတ်မှုများအတွက်]]သားစားရမယ့်အရာကို ကုန်အောင်မစားရင် ထမသွား

ရဘူး}}

ìအမွေအနှစ်ကိုသင်ကြားပေးခြင်း]]သားက သားဖေဖေနှင့် သိပ်တူတာပဲ}}

ìရာသီဥတုအားသွန်သင်ပေးခြင်း]]သားအခန်းက လေမှုန်တိုင်းဝင်ထားသလို ရှုပ်ပွ

နေတာပါလားကွယ်}}

ìဘဝအကြောင်းသွန်သင်ပေးခြင်း]]သားကိုမေမေမွေးခဲ့တာပဲ၊ ‘သည်တော့ သားကို

မေမေပိုင်တာပေါ့}}

စသည်ဖြင့် အခြေအနေနှင့် အချိန်အခါကို လိုက်လျှောညီထွေစွာဖြင့်

ဆုံးမသွန်သင်ပေးသော မိခင်များ၏ စေတနာ၊ Óဏ်အရာတို့ကို အားလုံးသော

ယုံကြည်သူများမြင်တွေ့သိမြင်ကြပေမည်။

အကြီးမားဆုံးသောမိခင်တာဝန်။

မိခင်၏ ကြီးလေးသည့်တာဝန်တစ်ခုမှာ သားသမီးများအား သင်ကြား

ပေးခြင်းပင်ဖြစ်သည်။ငယ်ရွယ်သောအချိန်အခါတွင် မိဘများ၏ အပြောအဆို၊

အပြုအမူများကို အတုမြင်အတတ်သင်စသည်ဖြင့် သားသမီးများဘဝတွင်

လွမ်းမိုးခဲ့သည်။ထို့ကြောင့်လည်း အားကစားသမားများက ကင်မရာများ ရှေ့

တွင် ]အမေ} ဆို သော စကားကိုသာ ပြောဆိုတတ်ကြသည်။ဖခင်သည် ဘောလုံး

ကစားနည်းကိုသင်ပေးသော်လည်း၊ မိခင်သည်သာ အရေးပါသော ကြောင့်ဖြစ်

သည်။သည့်အတွက်ကြောင့်ပင် လေယဉ်ခရီးစဉ်တိုင်း၌ လေယဉ်မောင်များ၏

နှုတ်မှထွက်သော စကားအများ စုမှာ ‘]အမေ၊ အမေ့ကိုသားချစ်တယ်}ဆိုသော

စကားပင်ဖြစ်သည်။မိခင်များသည် မိသားစုတိုင်းတွင် မိမိကိုယ်ကျိုးကိုမငဲ့ကွက်ပဲ

မိသားစုအတွက် ပေးဆပ်ရာတွင်ရှေ့တန်းမှ ပါဝင်နေသည်။

ထို့ကြောင့်လည်း ကျွနု်ပ်တို့ဖတ်ရွက်ခဲ့သော ကျမ်းစာတွင် အများ

အားဖြင့် အနုတ်လက္ခဏာ၊ အပေါင်းလက္ခဏာစသော ရှုထောင့်စုံမှ ပြောဆို

ဖတ်ရွက် နေကြပင်ဖြစ်သည်။ ဦးစွာ ရှက်ကြောက်စရာအဖြစ် အမျိုးသမီးတစ်ဦး

သည် သူ၏ ရင်သွေးများအတွက် ကောင်းကင်နိုင်ငံတွင် လက်ဝဲ၊ လက်ယာတွင်

ထိုင်စေခြင်း အလို့ငှါခွင့်တောင်းခံခြင်းပင်ဖြစ်သည်။သာမန်အားဖြင့် ဆိုရပါမှု

ထိုမိခင်သည် ခရစ်တော်ဘုရား မိန့်ကြားတော်မူသော ကောင်းကင်နိုင်ငံကို

ဂဃနဏ သေခြာစွာ သိမြင်နားလည်နိုင်ခြင်းမရှိဟုမြင်မိ သည်၊ထို့အတွက်

သူမ၏အမြင်တွင် ရောမ အင်ပါယာကြီးအား မှောက်လှန်၍ ခရစ်တော်အုပ်စိုးမည်

ဟု ထင်မှတ်နေခြင်း ဖြစ်သည်။ မိခင်ရှလောမိယာကုပ်နှင့် ယောဟန်တို့၏ မိခင်

ရှလောမိထံမှ သင်ခန်း စာ (၅) ခုကို ကျွနု်ပ်တို့ လေ့လာနိုင်ပါသည်။

၁။ ခရစ်တော်ထံချဉ်းကပ်ခြင်း။

ဤနေရာတွင် သားနှင့်မိခင်များအကြား ဆက်နွယ်လျှက်ရှိသော

မေတ္တာတရားအကြောင်းအား လေ့လာသောအခါတွင် ယုံကြည်သူမိသားစု

အိမ်ထောင်တိုင်းတွင် အတုယူဖွယ်ရာ ဝိညာဉ်ရေး အချက်အလက်ကောင်းနှင့်

စံပြုစရာအကြောင်းအရာများစွာကို ကျွနု်ပ်တို့လေ့လာနိုင် သည်။

ì ခရစ်တော်ဘုရားအားကိုးစားသူ။

ခရစ်တော်သည် မည်သို့သောပုဂ္ဂိုလ်ဖြစ်သည်ကို ကောင်းစွာ သိမြင်

ထားခြင်းဖြစ်သည့်အတွက် တိကျသော ရည်မှန်းချက်ဖြင့် အထံတော်သို့ ရောက်ရှိ

လာခြင်းပင်ဖြစ်သည်။ နှစ်ပေါင်းကြာလာသောအခါတွင် ထိုမိခင်အတွက်

တေးသီးချင်းများစပ်ဆိုခဲ့ကြသည်။ငယ်ရွယ်စဉ်တွင် မိခင်ဖြစ် သူ၏ ဆုတောင်း

ချက်ကို ကျွနု်ပ်တို့ပြန်လည်၍ ရုပ်လုံးဖေါ်နိုင်ပါက မိခင်၏ ဆုတောင်းခြင်းသာ

ဖြစ်သည်။ဖခင်ဖြစ်သူသည် ကာယရေး၊ ဝိညာဉ်ရေးအတွက် အဓိက တာဝန်ရှိသူ

ဖြစ်သော်လည်း မိခင်သည်သာ အတိုင်းအစမရှိ အသက်တာတွင် လွမ်းမိုးကာ

အနိုင်ယူခဲ့သည်။ မိခင်များသည် ကျွနု်ပ်တို့အား ဘုရားထံပါး ရောက်ရှိလာ စေရန်

အရေး သွန်သင်ပေးခဲ့သည်မှာ ကာယရေးသာ မက၊ ဝိညာဉ်ရေးအတွက်ပင်

အကြုံးဝင်ခဲ့သည်။

ì အထံတော်သို့ခေါ်ဆောင်လာခြင်း။

နောက်တစ်ချက်မှာ၊ သားများကို ခြေတော်ရင်း(သို့) အထံတော် သို့

ခေါ်ဆောင်လာခြင်းပင်ဖြစ်သည်။ အကောင်းဆုံးသော သင်ခန်းစာ တစ်ခုမှာ

သားသမီးများအား အမြတ်ဆုံးသော ဘုရားရတနာကို ပေးစွမ်းခြင်းပင်ဖြစ်သည်။

စဉ်းစားကြည့်ပါ သူမ၏ စိတ်ထားသည် မှန်ကန်သည်ဖြစ်စေ၊ မမှန်ကန်သည်

ဖြစ်စေ အဓိကသင်ခန်းစာမှာ သူမ၏သားတို့သည် အရွယ်ရောက်ပြီးသူများ

ဖြစ်နေကြခြင်းပင်ဖြစ်သည်။သူမဖြစ်စေလိုသော အခြေအနေသို့ ရောက်ရန်

အတွက် ခရစ်တော်ထံပါးသို့ ဦးစွာ သူမဘဝအသက်တာကို ယူဆောင်လာပြီး

သားသမီးများအား အထံတော်သို့ အပါခေါ်ဆောင်လာနိုင်ခြင်းပင်ဖြစ်သည်။

သမ္မာကျမ်းစာက ကျွနု်ပ်တို့၏လိုအပ်မှုများအတွက်သော်၄င်း၊ မိသားစုအရေး

သော်၄င်းအထံတော် သို့ ယူဆောင် လာရန် မိန့်ဆိုထားသည်မဟုတ်ပါလား။

ìခရစ်တော်၏ထာဝရအလိုတော်။

]]ငါ့ထံသို့လာလော (သို့) ငါ့ထံသို့ယူဆောင်ခဲ့လော}}ဆိုသောစကားပင်

ဖြစ်သည်။မိခင်ဖြစ်သူထံ ကျွနု်ပ်တို့ကို သွန်သင်သောအရာများထဲတွင် အဓိက

ကျသော သွန်သင်ပေးခြင်းမှာ ဖြစ်သမျှ အမှုအရာအားလုံးကို ခရစ်တော်

ထံပါးသို့ ယူဆောင်လာခြင်းပင်ဖြစ်သည်။

၂။ ခရစ်တော်ထံချဉ်းကပ်သောစိတ်သဘောထား။

မိခင်များသည် သားသမီးများအရေးအတွက် ဂရုစိုက်ခြင်းတို့သည်

လွန်စွာစိတ်ဝင်စားစရာကောင်းလှပြီး၊ သားသမီးများမှလည်း တစ်ပြန် မိဘများ

ထံမှ ဆင့်ကမ်းသယ်ဆောင်ကြခြင်းဖြစ်သည်။မိဘများသည် ဆိုးမွေ၊ ကောင်းမွေ

များကို သယ်ဆောင်ခဲ့ပါကလည်း သားသမီးများသည် အတုမြင် အတတ်သင်ကြ

ကာ ထပ်တူထပ်မျှ ဆင်ကမ်းယူသွားကြလေသည်သာ။ ထို့ကြောင့်လည်း မြန်မာ

စကားပုံတွင် ]]သားသမီးမကောင်း မိဘခေါင်း}}ဟူ၍၄င်း၊ ‘]]အမိယုတ်က

နှုတ်ကြမ်း၊ အဖယုတ်ကလက်ကြမ်း}} ]ကြက်မှာအရိုး၊ လူမှာအမျိုး}}ဆိုသော

စကားများဖြစ်ပေါ်လာခြင်းပင်ဖြစ်သည်။၄င်းသည် ရာနှုန်းပြည့်မှန်ကန်သည်ဟု

ဆိုရပေမည် အကြောင်းမှာ မိခင်ဖြစ်သူသည်သာ သားသမီးများနှင့် အချိန်ပြည့်

နေရလေ့ရှိပြီး၊ ဖခင်သည်ကား မိသားစုအရေးအတွက် အချိန်အနည်းငယ်သာ

ပေးနိုင်စွမ်းရှိလေသည်။သို့သော် ရှလောမိလို မိခင်မျိုး၏ စိတ်သဘောထားကို

သတိပြုသင့်သည်။

ìဒူးထောက်ခစား။

HCSB ဆိုသူက ]]ရှလောမိသည် ယေရှုခရစ်တော်ရှေ့တော်တွင်

ဒူးထောက်ခစားခဲ့သည်}}ဟုဆိုသလို အများသော ဘာသာပြန်များတွင် သူမသည်

ပြပ်ဝပ်ကိုးကွယ်ခဲ့သည်ဟုဆိုသည်။ KJV တွင်လည်း ထပ်တူထပ်မျှ ပြပ်ဝပ်

ကိုးကွယ်သည်ဟုဆိုသည်။ ရိုးသားစွာပြောရပါမူ သူမ၏ လုပ်ဆောင်ချက်သည်

မှားသည်ဟုထင်မြင်မိကြသည်၊ သူမ၏ သားများအား မည်သို့ခရစ်တော်အား

ဦးထိပ်ထားရိုသေရမည်ကို သင်ကြားပေးနေခြင်းပင်ဖြစ်သည်။

ìပြပ်ဝပ်ကိုးကွယ်ခြင်း။

အထက်ပါပြပ်ဝပ်ကိုးကွယ်ခြင်းဟူသော စကားတွင် နမ်းရှုပ်ခြင်း (သို့)

လျှာဖြင့်လျက်ခြင်းဟူ၍တိုက်ရိုက်ဘာသာပြန်ဆိုရပေမည်။ လွန်ခဲ့သော

နှစ်များက၊ အမျိုးသမီးငယ်တစ်ဦးအား ထိုကဲ့သို့ ပြုမူရန်လက်တွေ့ပြခဲ့

ဘူးပါသည်။ ပြပ်ဝပ်၍ လက်ကိုနမ်းရှုပ်ခြင်းပြုခြင်းက သူမအား အဘယ်မျှ ချစ်ခင်

လေးမြတ်ကြောင်းကို လက်တွေ့ကျကျပြဆိုခြင်းပင်ဖြစ်သည်။

ìထိုသို့ပြုခြင်းသည် သာမန်ထက်ထူးကဲခြင်းကိုပြဆိုကြောင်း ယနေ့

အားလုံးသိကြပါသည်။ သို့တိုင်အောင် ထိုသို့သောအနေဖြင့် ခရစ်တော်ကို ရိုသေ

လေးမြတ်ခြင်းသည် ကွယ်ပျောက်လုမတတ်ဖြစ်နေပေပြီ၊ အထူးသဖြင့် ယုံကြည်

သူများအကြားတွင်ပင် ကွယ်ပျောက်လုနီနီးဖြစ်သည်။ခရစ်တော်အား အမှန်ပင်

ထိုကဲ့သို့ ရိုသေလေးမြတ်ရန် လိုအပ်သည်ဟု သင်ယုံကြည်ပါသလား? ကျွနု်ပ်တို့

အခြင်းခြင်းကြားတွင် ရှိနေသော ရိုသေလေးမြတ်မှုမျိုးပင် ကျွနု်ပ်တို့ အသက်တာ

တွင် ထင်ဟပ်ပါရဲ့လား?

၃။ ခရစ်တော်အားတောင်းဆိုခြင်း။

အခန်းငယ် ၂၁ တွင် နှလုံးသွင်းဆင်ခြင်ရန် အချက်အလက်များစွာကို

မြင်တွေ့နိုင်ပါသည်။

ìမှန်သောရည်ရွယ်ချက်။

ဤနေရာတွင် ယုံကြည်သူတိုင်း အလွန်အဖိုးထိုက်တန်သော

သင်ခန်းစာရှိနေပါသည်။

သတိပြုရန်မှာ၊ ခရစ်တော်ဘုရားထံတော်သို့ မှန်ကန်သော ရည်ရွယ်

ချက်၊ မှန်ကန်သောစိတ်နေစိတ်ထားဖြင့် ရောက်ရှိလာခြင်းပင်ဖြစ်သည်။

သင်ဘာကိုအလိုရှိပါသနည်း?ဟူသော ခရစ်တော်၏ အမေးစကားကိုကြားရ

ခြင်းသည် အဘယ်မျှအံ့ဩဘွယ်ဖြစ်ပါသနည်း။ လောကီလူသားများသည်

ဘုရားသခင်ကို ကျောခိုင်းထွက်ခွါလာကာ ]]ငါ့မြင်းငါဆိုင်း၊ စစ်ကိုင်း

ရောက်ရောက်၊ ငါ့လှေငါထိုး ပဲခူးရောက်ရောက်}} ဟုဆိုနေကြသော်လည်း၊

ဘုရားသခင်ကား ထိုသို့မဟုတ်ပါ။ ထာဝရဘုရားရှင်၏ သားတော်၊ ကယ်တင်ရှင်၊

မေရှိယ၊ အပြစ်အတွက်ြွကဆင်းလာသူသော ယေရှုခရစ်တော်သည် ကျွနု်ပ်တို့

လိုအပ်မှုအတွက် အဘယ်မျှ ဂရုစိုတ်တော်မူသည်ကို မြင်တွေ့နိုင်သည်။ထိုထက်

သာလွန်သော အံ့ဩဘွယ်ရာအလင်းသည် ကျွနု်ပ်အတွက် မရှိတော့။

ì]ဘာကိုအလိုရှိသနည်း}။

အထက်ပါဆိုသောစကားတွင် ကျွနု်ပ်တို့၏ လိုအပ်မှု၊ တောင်းဆိုမှု၊

ဆန္ဒနှင့် အခြားအခြားသောအရာများလည်းပါဝင်ပါသည်။ ထိုနေရာတွင်

မိခင်ဖြစ်သူ၏ လိုအင်ဆန္ဒများကို ပြောကြားလျှောက်ထားရန် ခရစ်တော်သည်

အမှန်ပင် သနားကရုဏာရှေ့ထားကာ မိန့်ဆိုခဲ့သည်။ ဤနေရာ တွင် အဓိက

အချက်အနေဖြင့်၊ ခရစ်တော်သည် ဘုရားဇာတိအားဖြင့်မူ မေးရန်အကြောင်း

ရှိတော်မမူ။သို့တိုင်အောင်မေးတော်မူခဲ့သည်။၄င်းသည် ကျွနု်ပ်တို့အား

သတိပေးထားသော အချက်ပင်ဖြစ်သည် ခရစ်တော်ထံတော်သို့ ရောက်လာသော

အခါတိုင်း ခရစ်တော်သည် ကျွနု်ပ်တို့၏ စား၊ ဝတ်၊ နေရေး စသော အရေးသုံးပါး

သာမကာ လူမှုရေး၊ စီးပွားရေး စသောအရာများကို စိတ်နှလုံးအကျွမ်းမဲ့ဖြင့်

ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ကြားလျှောက်ရန် အလိုတော်ရှိနေခြင်း

ပင်ဖြစ်သည်။

ì ]ရိုးသားစွာစကားဆိုပါ}။

မိခင်ဖြစ်သူရှလောမိသည် ဖြစ်နိုင်ခြေအားဖြင့် သူမ၏ သားများ၏

နောင်ရေးကို တာဝန်ယူစေလိုခြင်း၊ သို့တည်းမဟုတ် ရိုးသားစွာပင် လျှောက်ထား

လို သည်မှာသူမနှင့် သူမ၏ခင်ပွန်းသည် ဆုံးပါးသွားသည့် နောက်တွင် သူမ၏

သားများအား ခရစ်တော်ဘုရားက တာဝန်ယူစေလိုခြင်းတို့ဖြစ်ပေမည်။

ဘုရားရှင်သည် ကျွနု်ပ်တို့အားရှင်လင်းစွာပင် သူ၌မှီတွယ်၊ ကိုးစားရန် အလိုတော်

ရှိပေသည်။ ကျွနု်ပ်ဘဝတွင် ဝမ်းနည်းစရာကောင်းသော အချက်မှာခရစ်တော်

ဘုရားထံတော်သို့တိုးဝင်ချဉ်းကပ်သောအခါတွင်မရိုးမသားဖြင့် သွားရောက်ခြင်း

မျိုးရှိခဲ့သည်။ ထိုအရာသည်ကား ကျွနု်ပ်ရှင်းလင်းစွာ မိမိဖာသာ မိမိမြင်လာမိခြင်း

ပင်ဖြစ်သည်။ထိုအရာသည်ဘုရားရှင်အား ကစားခြင်း သက်သက်သာဖြစ်ပြီး

ထိုသို့ပြုခြင်းသည် မိမိကိုယ်ကိုမိမိ ဖုံးကွယ်ခြင်းပင်ဖြစ် သည်။အခြားလမ်းဖြင့်

ပြောရပါက ဘုရားထံတော်သို့ ရိုးသားစွာ ချဉ်းကပ် လာသောအခါတွင် ဘုရားရှင်

သည် ကျွနု်ပ်အသက်တာတွင် တိကျရှင်းလင်းစွာ ဖြင့်ပင် ကျွနု်ပ်တို့ တွေ့ရ သော

ဤကျမ်းချက်မှ မိခင်သည် ဘုရားနှင့်သင်မြတ်ပြီး၊ ခိုလှုံကိုးစားသော အသက်

တာရှိသည်။

၄။ ခရစ်တော်အကြောင်းကိုသိထားခြင်း။

အခန်းငယ် ၂၂ တွင် ခရစ်တော်၏ စကားသံကိုကြားသောအခါ၊

မိခင်ဖြစ်သူသည် နှုတ်ဆိတ်နေသည်ကိုတွေ့ရသည်။ အဘယ့်ကြောင့်နည်း? ဦးစွာ

သူမဆင်ခြင်မိသည်မှာ သူမ၏ သားတို့သည် ခရစ်တော်ဘုရားနှင့်အတူ

လျှောက်လှမ်းနိုင်မည်၊ မလျှောက်လှမ်းနိုင်မည်ကို စဉ်းစားတွေဝေနေခြင်းလည်း

ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

ပထမဦးဆုံး သူမအနေဖြင့် သူမသားများအတွက် ပလ္လင်တော်

အနီးတွင် နေခြင်းသည် သားဖြစ်သူများ ဘဝအသက်တာ၌ မည်မျှ ဆက်ကပ်

ရမည်၊ အဖိုးအခ မည်မျှပေးဆပ်ရမည်ကို ခရစ်တော်၏ စကားတော်နှင့် အတူ

မျက်နှာတော်၌ အဖြေရှာနေခြင်းလည်း ဖြစ်နိုင်ပေသည်။ ထိုစကားတော်

ကြားသောခဏ၌ သူမ၏ တောင်းဆိုလိုချက်အား ပြန်လည်ရုပ်သိမ်းလိုကောင်း

ရုပ်သိမ်းလိုပေမည်။

ìစကားစမြည်ပြောခြင်းကိုဆင်ခြင်မှုပြုခြင်း။

ခရစ်တော်ဘုရားမိန့်တော်မူသည်ကား ‘]သင်သည် အဘယ်အရာကို

တောင်းဆိုသည်ကို၄င်း၊ အဘယ်မျှခက်ခဲသည်ကို၄င်းသင်မသိ}ဟုဆိုသော အခါ

တွင် မိခင်ဖြစ်သူသည် နှုတ်ဆိတ်သွားခြင်းဖြစ်သည်။ ထိုမြင်ကွင်းကို မြင်ယောင်

မိချိန်တွင် ရာထူးကြီးကြီး၊ အထက်တန်းကျက်ဖြစ်သော အလုပ်အကိုင်ကို

သားသမီးများအတွက် တောင်းခံနေသော မိခင်တစ်ဦးအဖြစ်မြင်ယောင်

မိသည်သာမက၊ သားသမီးများအတွက်ဂုဏ်ယူမဆုံးဖြစ်နေသည်။ခရစ်တော်

ဘုရားကသားဖြစ်သူများအား‘မင့်တို့မိခင်တောင်းတဲ့နေရာအတွက်မင်းတို့

အမှန်လိုချင်ပါသလား? ဆိုသောအမေးစကားကို ကြားသောခဏချင်းတွင် ယေရှု

ခရစ်တော်သည် မည်သူဖြစ်သည်ကို သူမတွေဝေနေကောင်းနေမည်ဖြစ်သည်။

ìဘဝအတွက်ရပ်တည်မှု။

နှစ်များစွာက ဂေါက်ရိုက်ခြင်းတွင် အသက်မွေးဝမ်းကျောင်းပြုမည်ဟု

စဉ်းစားမိပါတယ်။ ဂေါက်တံကလေးကိုင်ကာ လှလှလွယ်လွယ် ကလေးရိုက်ခြင်း၊

ဝတ်ကောင်းစားလှများဝတ်ကာ၊ ကျော့ကျော့ကလေးနေထိုင်ပြီး၊ မြက်ခင်းပြင်

ကလေးများကို ဖြတ်ညှပ်ကတ်၍ ဇိမ်ကျမည်ဟု ထင်မှတ်မှားခဲ့သည်။ လေ့ကျင့်

သင်ကြားလာရသည်နှင့်အမျှ ကျွန်တော်ထင်ထားသလိုဖြစ်မလာခဲ့။ တစ်မျိုး

တော့မထင်ပါနဲ့ ကျွန်တော့်ကို ပြုစုပျိုးထောင် ပေးခဲ့တဲ့ ဂေါက်ကလပ်ပိုင်ရှင်က

ကျွန်တော့်အပေါ်မှာမိသားစုလိုပါပဲ။ သို့တိုင်အောင် လုပ်ရင်းကိုင်ရင်းနှင့်

ထင်သလိုမလွယ်ကူတာကို သိလာရတဲ့အတွက် ကျွန်တော် အံ့ဩမှင်သက်ရတဲ့

အထိပါပဲ။

ìဆင်ခြင်မိသောအရာ။

လူတွေဘယ်လောက်အထိအံ့ဩမိကြမည်ကိုအကြိမ်ကြိမ် စဉ်းစား

မိသည်။ခရစ်တော်နောက်ကိုလိုက်မည်ဟုစိတ်ဆုံးဖြတ်ကာ နောက်တော်သို့

လိုက်ရာတွင် အဆုံး၌ ထင်သလိုမဟုတ်မှန်း သိမြင်လာကြမည်။ အချိုက ထိုသို့

ဆက်ကပ်ခြင်းသည် တစ်ဘဝလုံးအတွက် မဟုတ်ဘဲ ပလ္လင်တော်ရှေ့တွင် ပြန်ချ

ထားရစ်သူများလည်းရှိပေမည်။အချိုကနှစ်ခြင်းမင်္ဂလာ ခံယူချိန်အတွက်ပင်

ထင်မြင်မိကြပေမည်။အချိုလည်းအသင်းတော်၏ ဝေယျာဝစ္စများအတွက်

လောက်သာ သတ်မှတ်ကောင်းသတ်မှတ်ကြမည်။ သိမြင်လာချိန်၌ လူတို့

အံ့ဩမှင်သက်မိကြပေမည်။

၅။ ခရစ်တော်ဘုရားလက်ခံတော်မူခြင်း။

အခန်းငယ် ၂၃ တွင် ကျွနု်ပ်တို့ဖတ်သောအခါတွင် အရေးကြီး လှသော

ကောင်းကင်နိုင်ငံတော်၏ ရုပ်လုံးပေါ်လာခဲ့သည်။ မိခင်ဖြစ်သူသည် ခရစ်တော်

ဘုရားနှင့် စကားရည်လည်းမလု၊ အခြေအတင်လည်းမပြောကြားဘဲ ခရစ်တော်၏

စကားတော်ကို အရှိအတိုင်း လက်ခံခဲ့သည်။ ဘုန်းတန်ခိုးနှင့် ပြည့်စုံတော်မူသော

ခရစ်တော်ဘုရားကို မျက်နှာချင်းဆိုင်ဖူးတွေ့ရခြင်းအခွင့်သည် အလွန်မြတ်လှ

သော အခွင့်ထူးပင်ဖြစ်သည်။ ဇေဗေဒဲ၏ ဇနီး၊ ယာကုပ်နှင် ယောဟန်တို့၏

မိခင်ဖြစ်သူ ရှလောမိအကြောင်းအား သမ္မာကျမ်းစာတွင် အသေးစိတ်ဖေါ်ပြ

မထားသော်လည်း၊ခရစ်တော်၏ ပလ္လင်တော်သို့ ချဉ်းကပ်ခဲ့သည့်နည်းတူ၊

နောက်ဆုံးတွင်လည်းသချႋုင်းတော်သို့ အရောက်သွားခဲ့သော ရှလောမိ အဖြစ်

မှတ်တမ်းတင်ထားကြသည်။ ကျွန်တော့်အတွက်မူကား ခရစ်တော်ဘုရားအား

ဖူးတွေ့ရခြင်းသည် ခရစ်တော်ဘုရားအား ကယ်တင်ရှင်အဖြစ် လက်ခံကိုးကွယ်

သွားသည်ကို အကျိုးရလာဒ်အနေဖြင့် မြင်တွေ့ရပါသည်။

ìသားသမီးများအတွက်အမွေစစ်။

မိခင်များတတ်စွမ်းနိုင်သောအရာသည် သူမ၏ဘဝတွင် ခရစ်တော်

ဘုရားအား အသက်သခင်ကယ်တင်ရှင်အဖြစ်လက်ခံယုံကြည်ပြီး၊ သစ္စာရှိရှိဖြင့်

သူမရရှိထားသောဘုရားရတနာအားသားသမီးများကိုပြန်လည် ပေးဝေနိုင်ခြင်း

သည် အကြီးမြတ်ဆုံးသောမဟာအမှုပင်ဖြစ်သည်။

ìဩဇာအပြည့်ရှိသောမေတ္တာ။

အဘယ့်ကြောင့်ဆိုသော်၊ရှိရှိသမျှ သောအရာတို့ထက်မိခင်သည်

သားသမီးများအပေါ်တွင် လွမ်းမိုးနိုင်သော ‘]]လက်ဦးဆရာမည်ထိုက်စွာ ပုဗ္ဗ စရိ

ယမိနှင့်ဖ}}ဆိုသည့်စကားအတိုင်း သားသမီးများ အပေါ်တွင် ဆိုးမွေ၊ ကောင်းမွေ

ကို ပေးကမ်းရန် အိမ်ထောင်တွင်အဓိကအခန်းကဏ္ဍတွင် ရှိနေသော ကြောင့်ဖြစ်

သည်။မိခင်မည်သည် ဘုရားရှင်၏ အထူးခွဲခန့်ခြင်းခံထားရသည့် နည်းတူ မိခင်

တိုင်း ဘုရားရှင်ထားရှိတော်မူသော ခေါ်ခြင်းအတွက် ပြည့်စုံစေ နိုင်သောသူများ

ပင်ဖြစ်သည်။

ìရှလောမိပေးသောအမွေ။

ìမိခင်ကိုးကွယ်သော ယေရှုခရစ်တော်ကိုသားဖြစ်သူများဆန်း သိမြင်

ခဲ့ကြသည်။

ìဘဝအသက်တာအတွက် ရည်မှန်းချက်ကို ရှာဖွေပါ။

ìကောင်းသော ဆုံးဖြတ်ချက်ကိုချနိုင်ခဲ့ကြသည်။ စသည့်အမှုများ

သည်မိခင်တစ်ဦး၏အံ့မခန်းစွမ်းဆောင်ရည်ကိုမြင်တွေ့သိမြင်နိုင်ကြပါပြီ။

ထိုနည်းတူစွာပင် ဘုရားသခင်ပေးသနားတော်မူသော သွေးသားရင်းခြာ

တော်စပ်မှုများအား သွေးသားဖြင့်သာတော်စပ်ခြင်းနှင့်ကျေနပ်ခြင်းမပြုမူကြပဲ

ဝိညာဉ်ပကတိအားဖြင့်လည်း ခရစ်တော်၌တော်စပ်ခြင်းရှိရန် ဘုရားသခင်

အလိုတော်ရှိပါသည်။

ဖခင်များနေ့

ဖခင်များနေ့ကို စတင်ခဲ့သူမှာ မိခင်တစ်ဦးမှ အစပြုခဲ့ခြင်းဖြစ်သည်။

ထိုမိခင်၏နာမည်မှာ မစ္စစ်ဆိုနိုရာစမတ်သ်ဒေါဒ်ဖြစ်သည်။ အမေရိကန်နိုင်ငံ၊

ဝါရှင်တန်ရှိ၊ စပုတ်ကန်းမြို့တွင်နေထိုင်ပြီး မည်သို့ဖခင်များနေ့ကို အောက်ပါ

အတိုင်း စတင်ခဲ့ပါသည်။

ဖခင်များနေ့လုပ်ရခြင်းအတွက် ဖခင်ဖြစ်သူမှာ ဝီလျှံဂျက်ဆင်စမတ်

ဖြစ်ပြီး၊ ၁၈၆ဝခုနှစ်တွင်၊ အမေရိကန်နိုင်ငံ တောင်ပိုင်းနှင့် မြောက်ပိုင်းတပ်များ

ကျွန်ကိစ္စနှင့် ပြည်တွင်းစစ်ဖြစ်ပွားစဉ်က မြောက်ပိုင်းတပ်တွင် တပ်သားအဖြစ်

အမှုထမ်းနေသူဖြစ်သည်။ ဖခင်ကြီးသည် ဇနီးသည် ကွယ်လွန်သွားပြီးနောက်

အိမ်ထောင်မပြုတော့ဘဲ လူမမယ်သားသမီး (၆) ယောက်ကို ကြီးပြင်းလာသည်

အထိ ကျွေးမွေးသုတ်သင်လမ်းပြထိန်းကျောင်းပေးခဲ့သည်။ ဖခင်တစ်ဦးကဲ့သို့

စားဝတ်နေရေးအတွက် ကြိုးစားရုန်းကန်ရင်း၊ မိခင်တစ်ဦးကဲ့သို့လည်း အနီးကပ်

လမ်းပြသွန်သင်ပေးသည့် ဖခင်လည်းမည်သလို၊ မိခင်အဖြစ်လည်း အနွံအတာခံ

လျှက်တည့်မတ်ပေးသူဖြစ်သည်။

ဖခင်များနေ့သမိုင်းကြောင်း

လောကဓမ္မတာအတိုင်း ဖခင်ကြီးမရှိတော့သည့်နောက် ဖခင်ဖြစ်သူ၏

ကျေးဇူးတရားများကို သတိရလွမ်းဆွတ်နေကာမျှဖြင့် ကျေနပ် နှစ်သိမ့်မှုကို မရရှိ

ခဲ့။ ၁၉၀၉ ခုနှစ် မေလ၊ ဒုတိယပါတ်တွင် မိခင်များနေ့အဖြစ် သတ်မှတ်ဂုဏ်ပြုသည်

ကိုတွေ့ရပြီး၊ မိခင်များနှင့် သက်ဆိုင်သော ဂုဏ်ကျေးဇူးကို ဖေါ်ပြသည့် တရား

ဒေသနာများ၊ သီချင်းများ တနင်္ဂနွေနေ့တွင် ကြားနာရသောအခါ မိမိ၏ဖခင်နှင့်

ကမ္ဘာပေါ်ရှိ ဖခင်များကိုလည်း ထိုနည်းတူစွာ နေ့တစ်နေ့ကို ဖခင်များနေ့အဖြစ်

သတ်မှတ်သင့်ကြောင့် စိတ်တွင်ဖြစ်ပေါ်ခဲ့သည်။

ပထမဦးဆုံးဖခင်များနေ့ကျင်းပခဲ့ခြင်း

မိခင်ဖြစ်သူသည် သူတို့ မောင်နှမခြောက်ယောက် လူမမယ်အရွယ်တွင်

လောကကြီးမှထွက်သွားချိန် ဖခင်သည် အသစ်မရှာဘဲ သားသမီးများအတွက်

ပြုစုပျိုးထောင်ပေးခြင်းဖြင့် သူ၏အရွယ်ကောင်းချိန်ကိုကုန်လွန်စေခဲ့သည်။ ထို့

အတွက် ၁၉၁၀ ခုနှစ်၊ ဇွန်လ၊ ၅ ရက်နေ့သည် ဖခင်ဖြစ်သူ၏ မွေးနေ့ဖြစ်သည့်

အတွက် အန္နကဲ့သို့ ပင် မိမိဖခင်ကိုလည်း ဂုဏ်ပြုရန်ဆန္ဒရှိခဲ့သော်လည်း သင်းအုပ်

ဆရာမှ ထိုသို့ပြုလိုပါက ပြင်ဆင်ခြင်းအတွက် အချိန်လုံလုံလောက်လောက် ရှိသင့်

ကြောင်းအကြံပေးသောအခါ ဇွန်လ၊ တတိယအပါတ်၊ တနင်္ဂနွေနေ့ကို

ဝါရှင်တန်ပြည်နယ်တွင် ပဌမဦးဆုံးသော ဖခင်များနေ့အဖြစ် စတင်ကျင်းပ

ခဲ့သည်။

ထိုသို့စပုတ်ကန်းမြို့ရှိ အသင်းတော်များမှ ဖခင်များနေ့ အစပြုခြင်း

သတင်းသည် တမဟုတ်ခြင်း နိုင်ငံနှင့်အဝှမ်း တောမီးပမာပြန့်နှံ့သွားခဲ့ပြီး၊ လူကြီး၊

လူငယ်၊ လူရွယ်၊ လူလတ်မရွေးစိတ်နှလုံးတွင် အမြစ်တွယ်ခဲ့သည်။

ထို့နောက် အမေရိကန်ပြည်ထောင်စု မြောက်ပိုင်းနယ်များတွင်

ဖခင်များနေ့ကို နှစ်စဉ်ကျင်းပခဲ့ကြသည်း ယခုကာလတွင် ဖခင်များနေ့ဖြစ်သော

ဇွန်လ၊ တတိယပါတ်၊ တနင်္ဂနွေနေ့အား ၁၉၇၂ ခုနှစ်မှစ၍ နိုင်ငံနှင့်အဝှန်း တစ်ညီ

တစ်ညွတ်တည်း ဖခင်များအနေ့အဖြစ်သတ်မှတ်ပြီး ဂုဏ်ပြုခဲ့ကြသည်။ ထို့ကြောင့်

ကမ္ဘာပေါ်ရှိ နိုင်ငံတော်တော်များများကလည်း ဖခင်များနေ့ကို ထိုနည်းတူစွာ

ကျင်းပလာခဲ့ကြသည်။ ဆိုနိုရာသည် အသက်ထင်ရှားရှိနေသော ဖခင်များအား

နှင်းဆီအနီရောင်အားပေးခဲ့သည်၊ ထိုအနီရောင်သည် အသက်ထင်ရှားရှိနေသော

ဖခင်တို့၏ ]ရဲစွမ်းသတ္တိ} ကိုဖေါ်ကျူးကိုယ်စားပြုပြီး၊ အဖြူရောင်နှင်းဆီကို

လောကတွင် မရှိတော့သည် ဖခင်များအား ကိုယ်စားပြုကာအသုံးပြုခဲ့သည်

အဖြူရောင်မှာ ဖခင်တို့၏ ]ဖြူစင်ခြင်း} ကိုကိုယ်စားပြုခြင်းဖြစ်သည်။

လက်ရှိအမေရိကန်ပြည်ထောင်စုတွင် မေလဆန်းနှင့် ဇွန်လဆန်းနေ့မှ

စတင်၍ မိခင်များနေ့၊ ဖခင်များနေ့များအကြောင်းကို ဆော်ဪသာ်သည့်အနေဖြင့်

ရုပ်မြင်သံကြား၊ သတင်း၊ ဂျာနယ်၊ စာစောင်၊ မဂ္ဂဇင်းများတွင် ]မိခင်များနေ့}

]ဖခင်များနေ့} ရောက်လာတော့မည် မေတ္တာပြ၊ လက်ဆောင်ပေးဖို့ မမေ့ပါနှင့်ဟု

စသည်ဖြင့်ကြော်ငြာကြသည်။

ဖခင်များနေ့ကို ၁၉၂၄ ခုနှစ်တွင် သမတ ကဲလ်ဗင်ကူလိဒ်ဂျ်ကလည်း

သဘောတူထောက်ခံခဲ့သည်။ ]မိခင်များနေ့} အဖြစ်သတ်မှတ်ဂုဏ်ပြုသည့်နည်းတူ

]ဖခင်များနေ့}ကိုလည်း ကျင်းပရန်သဘောတူပေးရန်တင်ပြမှုကို၊ ၁၉၆၆ ခုနှစ်တွင်

သမတလင်ဒန်ဘီလက်ထက်မှလည်းထောက်ခံခဲ့ပြီး၊ ၁၉၇၂ ခုနှစ်တွင် ဖခင်များ

ကိုအလေးထားဂုဏ်ပြုရန် တရားဝင်ပြဌာန်းပေးခဲ့သည်။

ထို့ကြောင့် ဖခင်များနေ့တွင် မည်သို့ပြုလုပ်သင့်ပါသလဲဟု မေးမြန်း

သောအခါတွင် ]]ဖခင်များနေ့တွင်၊ မိသားစုလိုက်ဘုရားကျောင်းမှာ ဝတ်ပြု

ကိုးကွယ်ကြရင်း၊ လက်ဆောင်ပေးခြင်းနှင့်အတူ ဖခင်အားပြောမည်ဟု စိတ်ကူး

ထားသော မေတ္တာစကားကို ဖွင့်ပြောခြင်းကပို၍မင်္ဂလာရှိမှာပါ}} ဟု မစ္စစ်ဒေါ့ဒ်မှ

ဖြေကြားခဲ့သည်။

ချစ်သူများနေ့

ယနေ့လူငယ်များအကြားတွင်ရေပန်းစားနေသော ဗာလင်တိုင်းနေ့

ဟုခေါ်သော နေ့ ချစ်သူများ( မေတ္တာရှင်)နေ့သည် ခရစ်ယာန်ဘာသာတရားမှ

စတင်အခြေခံဖြစ်ပေါ်လာသောနေ့ဖြစ်သည်။

အသင်းတော်သမိုင်းများအရ ထိုနေ့ကို ခရစ်သက္ကရာဇ် ၄၉၈ ခုနှစ်မှ

စတင်၍ အသင်းတော်၏နေ့မြတ်တစ်ခုအဖြစ် စတင်ကျင်းပခဲ့ကြသည်။ ဤကဲ့သို့

ကျင်းပရခြင်းမှာ သမိုင်းနောက်ခံများရှိခဲ့သည်။ ရောမကာသိုလ်လိပ်

အသင်းတော်တွင် ချစ်ခြင်းမေတ္တာနှင့် ဆက်နွယ်သော သူတော်စဉ်သုံးပါးရှိသည်

ထိုသုံးပါးတွင် ဗာလင်တိုင်းသည်လည်းပါဝင်ပါသည်။ ယနေ့ထိ ထိုသူတော်စဉ်

ဗာလင်တိုင်းအသက်စွန့်ခဲ့ရသောနေ့ကို အစွဲပြုလျှက် Saint Valentine

ကမ္ဘာ့ချစ်သူများနေ့ကို Valentine Day]]ဗာလင်တိုင်းနေ့}}ဟုခေါ်ဆိုကြခြင်း

ဖြစ်သည်။

ချစ်သူများနေ့သမိုင်းကြောင်း

အစဉ်အလာဒဏ္ဍာရီသမိုင်းအရ ခရစ်သက္ကရာဇ် ၃ ရာစုတွင် ရောမ

အင်ပါယာကို ဒုတိယမြောက် ကလောဒိယပ်စ် အုပ်စိုးသောအချိန်ဖြစ်ပြီး

စစ်သည်အင်အားတောင့်တင်းရေးအတွက် စစ်သည်များအား အိမ်ထောင်မပြုရ

ဟုအမိန့်ချမှတ်ခဲ့သည်။ အိမ်ထောင်သည်များသည် လူလွတ်လောက် အမှု

မထမ်းဆောင်နိုင်ဟုစစ်တမ်းများအရ ဥပဒေကိုထုတ်ပြန်ခဲ့ပြီး၊ အခြား

တစ်ဖက်မှာလည်း အသက် ၁၄ နှစ်ရှိသော အမျိုးသားတိုင်း စစ်မှုမထမ်းမနေရ

အမိန့်ထုတ်ပြန်ခဲ့သည်။

ထို့အတွက် စစ်သည်တိုင်း ချစ်သောသူနှင့် ကွေကွင်းကြရသည်။

ထိုသို့သောအဖြစ်အပျက်ကိုကြားသိ၊ တွေ့မြင်နေရသော အခါ ဗာလင်တိုင်းဟု

အမည်ရှိသော ဘုန်းတော်ကြီးတစ်ပါးသည် စစ်သည်များအား သနားကရုဏာ

သက်ကာ မိမိ၏အသက်ကိုမငဲ့ကွက်ပဲ အသင်းတော်တွင်း၌ တိတ်တဆိတ်

လက်ထပ်ထိမ်းမြားခြင်းပြုပေးလေ့ရှိသည်။

ထိုသတင်းပေါက်ကြားသွားသောအခါတွင် ရောမတို့အာဏာရှင်

ကလောဒိယပ်စ်မှ ရောမဥပဒေကိုချိုးဖေါက်သည်ဟုဆိုကာ ရောမတို့၏ အချစ်

နတ်ဘုရားဟုအမည်ရသော ဂျိုနိုနတ်ကိုပူဇော်သောအားဖြင့် ခရစ်သက္ကရာဇ် ၃၀၇

ခုနှစ်၊ ဖေဖေါ်ဝါရီ ၁၄ ရက်နေ့တွင် ကွပ်မျက်ခဲ့သည်။

ထို့အတွက် သမိုင်းမှတ်တမ်းများအရ ခရစ်သက္ကရာဇ် ၄၉၆ ခုနှစ်မှ

စတင်ကာ ထိုနေ့ကိုသူတော်စဉ်ဗာလင်တိုင်းနေ့အဖြစ် တရားဝင် ပြက္ခဒိန်တွင်

ထည့်သွင်းကာ ရောမကာသိုလ်လိပ်အသင်းတော်တွင် ကျင်းပခဲ့ကြသော်လည်း

၁၉၆၉ ခုနှစ်တွင် ပထမပုဒ်ရဟန်းမင်း ဂေလာဆီးယပ်စ်မှ ပြက္ခဒိန်တွင်ထဲ့သွင်း

ခဲ့သော ထိုနေ့ကို ဆဌမပုဒ်ရဟန်းမင်း ပေါလ်မှပယ်ဖျက်ခဲ့သည်။

လူများစွာက Valentine’s Day နေ့ကိုအမျိုးမျိုးကျင်းပကြသော်လည်း

စစ်မှန်သော ချစ်သူများနေ့သည် မိမိ၏အသက်ကိုမငဲ့ကွက်ပဲ တစ်ပါးသူအတွက်

ရပ်တည်သွားသော သူတော်စဉ်ဗာလင်တိုင်းသည် ရောမတို့၏ထုံးတမ်းစဉ်လာ

အတိုင်းအသက်ပေးဆပ်ခဲ့သည်။ ထို့အတွက်ကြောင့်လည်း ထောင်တွင်းပေးစာ

များတွင် မိမိရေးသားလိုသောအရာများကို ရေးသားပြီးနောက် From Your Valentine ဟု လက်မှတ်ရေး ထိုးလေ့ရှိကြသည်မှာ ယနေ့တိုင်ဖြစ်သည်။

အမေရိကန်၊ အင်္ဂလန်နိုင်ငံများတွင် ချစ်သူများနေ့တွင် ကဒ်မျိုးစုံကို

ရွေးချယ်ပေးပို့ကြသည်။ အချို့သောအနောက်နိုင်ငံများဖြစ်ကြသည့် ဒိန်းမတ်၊

နော်ဝေ တို့တွင်နှင်းဆီးပန်းများကိုပေးလေ့ရှိကြပြီး၊ အခြားအခြားသောတိုင်းနိုင်ငံ

အသီးသီးများတွင်လည်း အလားတူချစ်ခြင်းမေတ္တာကိုဖေါ်ကျူးပြသကြသည်။

အများသိသောချစ်သူများနေ့၏လက်ဆောင်သည် ချစ်သူများဆိုင်ရာကဒ်၊

ပန်းနှင့် ချောကလက်တို့ဖြစ်ကြသည်။

လူငယ်များနေ့

လူငယ်နှင့်ခေတ်သစ်ကမ္ဘာ

လောကတွင်ရင်သွေးတစ်ဦးမွေးဖွားလာသည်နှင့် ထိုရင်သွေးငယ်၏

အသိုင်းအဝိုင်းရှိ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းစဉ်လာများက ရင်သွေးငယ်အား

အလိုလိုပုံသွင်းရန်တာဆူနေပြီးဖြစ်သည်။ ရင်သွေးငယ်သည် ကြီးပြင်းအရွယ်

ရောက်လာသောအခါတွင် ထိုပါတ်ဝန်းကျင်၊ ဓလေ့ထုံးတမ်းများအတိုင်း

အလေ့အကျင့်ရနေပြီးသာဖြစ်သည်သာမက ကိုယ်တိုင်ကိုယ်ကျလည်းလုပ်ဆောင်

နေပြီးဖြစ်သည်။

ယနေ့ကျွနု်ပ်တို့သည်အဖက်ဖက်တွင်တိုးတက်ခြင်းနှင့်အတူ ရှုပ်ထွေး

မှုများအကြားတွင်အသက်ရှင်နေကြရခြင်းဖြစ်သည်။ ဆင်ခြင်တွေးခေါ်တတ်

သောသူတို့မူကား၊ အတိတ်အကြောင်းကိုစဉ်းစားဆင်ခြင်ရင်း၊ ပစ္စုပ္ပန်ကိုအခြေ

တည်ကာ၊ အနာဂါတ်ကိုအသင့်အနေအထားဖြင့်ရင်ဆိုင်နေကြသည်။ ယနေ့

လူငယ်အများစုသည် ရုပ်ဝတ္ထုပိုင်းဆိုင်ရာများအကြားတွင် နစ်မွန်းပျော်ဝင်နေကြ

သည်။ ခေတ်ကာလသည်အထူးသဖြင့် လူငယ်များအပေါ်တွင် ဆိုးကျိုးများစွာ

ဖြင့်အကျိုးတရားများစွာကိုအတုအယောင်ပြကာဆွဲခေါ်နေသည်။ ထို့အတွက်

ကြောင့်လည်း ယနေ့လူငယ်များသည် မူးယစ်ဆေးဝါး၊ အရက်သေစာ၊ လုယက်

ခြင်း၊ လူသတ်ခြင်း၊ မတရားသောမေထုန်အမှု၊ သေကြောင်းကြံစည်ခြင်း စသည်

တို့ဖြင့် ဘဝနစ်မွန်းနေကြရသည်။ ထို့ကြောင့် ယနေ့ခေတ်သည် လူငယ်များအဖို့

ကိုယ်ကျင့်တရား၊ ရိုးသားတည်ကြည်မှုနှင့် ဘဝလုံခြုံမှုကို အငမ်းမရ ဖွေရှာနေကြ

သည်။

မျက်မှောက်လူငယ်တို့က ]]မနက်ဖြန်အတွက်မြော်လင့်ချက်မရှိတော့}}

ဟုနှုတ်ကျိုးကာရေရွက်နေကြသည်။ ကျွနု်ပ်တို့အနီးတွင် မြော်လင့်ချက်မဲ့နေသော

လူငယ်များစွာရှိနေသည်။ ထိုသို့လူငယ်များဘဝတွင်ရှုပ်ထွေးနေကြရခြင်းသည်

အမှတ်တရားပင်မဟုတ်ပါလား။ ]]ငါ့ဘဝမှာငါသာသခင်}} ]]သဘောတိုင်းပြုမူပါ}}

]]ကိုယ်လုပ်မှကိုယ်ရတာ}} ]]ငါနှင့်ငါသာနှိုင်းစရာ}} ဟူသောစကားသည် ယနေ့

လူငယ်များအကြား လက်သုံးတည့်ကာ မင်းမူနေသောစကားများ ပင်ဖြစ်နေ

ပါသည်။

သို့သော်လည်းယနေ့ကမ္ဘာကြီး၏ဆိုးညစ်မှုကိုမြင်တွေ့သော လူငယ်

များစွာလည်းရှိနေပါသေးသည်။ သူတို့သည်ကမ္ဘာကြီးအတွက် အကောင်းဆုံး

ပေးဆပ်ခြင်းဖြင့် သာယာလှပသောကမ္ဘာ့အိမ်ကြီးကိုတည်ဆောက်ရန် ဆိုင်းပြင်း

နေကြပါသည်။ သင်သည်လည်းထိုသူတို့ကဲ့သို့ အခွင့်အရေးကိုသိမြင်တတ်ပါက

သင်သည်လောကကြီးအတွက် ပေးစွမ်းမည့်အခန်းကဏ္ဍက ဘယ်ကဏ္ဍလည်း၊

ဘယ်လိုနည်းမျိုးဖြင့် သင့်ကမ္ဘာကြီးတိုးတက်စည်ပင်အောင်လုပ်မလည်း။

မျက်မှောက်ခေတ်တွင် မညီမျှမှုများ ]ပြောမဆုံးပေါင် တောသုံးတောင်}ဖြစ်သည်။

ချမ်းသာသူများသည်ဆထက်ထမ်းပိုးချမ်းသာလာပြီး၊ ဆင်းရဲ

သူများကလည်း သာ၍ဆင်းရဲတွင်းနက်လာကြသည်။ ကျွနု်ပ်တို့သွားလာရာ

နေရာ တိုင်းတွင် မတရားမှုများ၊ လိမ်ညာမှုများ၊ မုသားစကားကိုသွင်သွင်သုံး

နေမှုများ၊ မုသား မပါလင်္ကာမချောဆိုကာ ဘုရားစကားကို မျက်ကွယ်ပြုသူများ၊

လဘ်စား မှုများ၊ ရက်စက်သတ်ဖြတ်မှုများ၊ ကြီးနိုင်ငယ်ညှင်း စသည်များကို

မြင်တွေ့နေရသည်။ အလုပ်လက်မဲ့ဖြစ်ခြင်းသည်လည်း ဒီရေအလားတိုးပွားလာ

နေသည်။ အမျိုးသမီးနှင့် အမျိုးသားများအကြားခွဲခြားမှုများကလည်း

ပြောမဆုံးနိုင်တော့။

ကျွနု်ပ်တို့အသင်းတော်များအကြားကြည့်ပါကလည်း ဂိုဏ်ဂနအချင်း

ချင်းအကြားမသင့်မြတ်မှုများ၊ သံသယထားမှုများ၊ မနာလိုမုန်းတီးချင်းများ၊

နားလည်မှုမရှိခြင်းများကလည်း အသင်းတော်၊ ဂိုဏ်းဂနများအကြား၊ လုပ်ဖေါ်

ဆောင်ဖက်များအကြားတွင်ရေတွက်၍ပင်မရတော့။ ကျွနု်ပ်တို့သည် ဆုတောင်း

ကြသည်၊ ကျမ်းစာသင်တန်းသွားကြသည်၊ ဓမ္မညီလာခံများတက်ရောက်သည်၊

မွမ်းမံသင်တန်းများလည်းအကြိမ်ကြိမ်တက်ရောက်ကြသော်လည်း လက်တွေ့

အသက်တာတွင်သမ္မာကျမ်းစာအခြေခံသောခရစ်ယာန်အသက်တာရှိကြောင်း

လောကနှင့် လောကသားများအားမပြနိုင်ကြ။ ထိုအဖြစ်ဆိုး၊ စနစ်ဆိုးများကို

ယနေ့လူငယ်များလက်ထက်တွင်ချို့ဖဲ့ကာ အနိုင်ယူနိုင်ကြရပေမည်။

လူငယ်များသည် အမျိုးနှင့် ယဉ်ကျေးမှုများပျောက်ကွယ်လုနီးနီး

ဖြစ်နေကြသည်။ ဘုရားသခင်ပေးထားသော လူမျိုးနှင့် ဓလေ့ထုံးတမ်းစဉ်များ၊

ဂီတများ၊ ဘာသာစကားများကိုပင်မေ့ပျောက်လျှက်ရှိကြပြီး။ မျိုးရိုးစဉ်ဆက်

ဘိုးဘွားနှင့် အမျိုးအနွယ်ကိုပင် မေ့လျော့နေကြသည်။ လူငယ်များသည် ကျွနု်ပ်

တို့၏မဟာအမှားများအားမြင်တတ်ကြရန်လိုအပ်ပါသည်၊ မြတ်နိုးထိုက်သော၊

ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းအစဉ်အလာကောင်းများလားလည်း တိုးတက်

စည်ပင်အောင်ပြုစုပျိုးထောင်ကြရပေမည်။

]ယနေ့လူငယ် မနက်ဖြန်ခေါင်းဆောင်} ဆိုသောစကားပုံအတိုင်း လွဲမှား

နေသောအရာများကိုစစ်ဆေးခြင်းပြုပြီး အနာဂါတ်လှပစေရန်မှာ လူငယ်များ

အတွက်ပခုံးပြောင်းတာဝန်ဖြစ်လာပါပြီ။ ယနေ့ခေတ်ပညာတတ်လူငယ်များသည်

မှားယွင်းသောနိုင်ငံရေးအမြင်များကြောင့် မှားယွင်းသော လမ်းပေါ်တွင်ရောက်ရှိ

ကုန်ကြသည်။ ယနေ့လူငယ်များသည် ထိုအမှားများကိုမြင်ပြီး ပြုပြင်ခြင်းမရှိပါက

ကျွနု်ပ်တို့အနာဂါတ်သည်မည်သို့သောနည်းနှင့်မှ သာယာလှပသောနိုင်ငံတော်

ဖြစ်လာမည်မဟုတ်။

မျက်မှောက်ခေတ်တွင်မျက်စီဖွင့်ကြည်ပါက ဈေးဆိုင်များ၊ စတိုးဆိုင်

များ၊ ကုန်စုံဆိုင်များ စသည်တို့သည် မယုံကြည်သူများ၏ ဆိုင်ခန်း၊ ဆိုင်တန်းများ

ဖြစ်ကြပြီး၊ အသင်းတော်ရှိလူငယ်များသည် မိမိတို့၏ေြွခးနည်းစာဖြင့် ရရှိထား

သောငွေကြေးများဖြင့် ကာရာအိုကေ၊ နိုက်ကလပ်၊ ဘီယာဆိုင်၊ မူးယစ်ဆေးဆိုင်

များသွားရောက်ကာ ဘဝကိုနစ်မွန်းမှန်းမသိနစ်မွန်းနေကြသည်။

]အလုပ်ဟူသမျှဂုဏ်ရှိစွ} ဟုလောကီသားများက လက်ကိုင်စွဲကာ လုပ်

ဆောင်ကြသော်လည်း ယနေ့အသင်းတော်ရှိ လူငယ်များသည်၊ အလုပ်တွင်သာ

ကြိုးစားအားစိုက်မည့်အမှုအစား ]ရိုးသားနေရင်ငတ်မည်} ဟု တစ်လွဲထင်ကာ

မကောင်းမှုများ၌သာ အားစိုက်နေကြသည်။ အလုပ်အကိုင်မရှိဘဲ၊ စားမည်၊

သောက်မည်ဆိုသောအသက်တာဖြင့် နေထိုင်ပါက မည်သို့သောလူမျိုးကြီး၊

မြင့်မြတ်သောသူ၊ ြွကယ်ဝသောသူဖြစ်လာနိုင်စရာရှိပါမည်နည်း။

ရေဒီယိုနှင့် ရုပ်မြင်သံကြား၊ သတင်းများကိုကြည့်ပါကလည်း ဆေးလွန်

၍ရှော့ဖြစ်သွားခြင်း၊ ကိုယ်ဝန်ဖျက်ချခြင်း၊ ကိုယ်ဝန်ပေါ်ခြင်း စသည်တို့သည်

အထူးအဆန်းသတင်းများမဟုတ်တော့။ ယနေ့ထိုသို့သော ကမ္ဘာကြီးထဲတွင်

ဘုရားသခင်ကို ကိုးစားလျှက်ဆက်ကပ်အပ်နှံသော လူငယ်ဆရာဝန်များ၊ လူငယ်

စီးပွားရေးသမားများ၊ လူငယ်အကြံပေးပုဂ္ဂိုလ်များ၊ လူငယ်ကျမ်းတတ်များ

အထူးလိုအပ်နေပါသည်။ စာရိတ္တပိုင်းတွင် ခရစ်တော်ခြေတော်ရာတွင်ရှိသော

ခရစ်ယာန်လူငယ်များလိုအပ်နေသည်။

လူငယ်တိုင်းသည်မိမိတို့ကိုဘုရားပေးထားသော၊ လူမျိုး၊ နိုင်ငံ၊ ယဉ်

ကျေးမှုကို ချစ်မြတ်နိုးရပါမည်။ ထိုသို့ဆိုခြင်းဖြင့် နိုင်ငံရေးခေါင်းဆောင်ဖြစ်ရမည်၊

တော်လှန်ရေးခေါင်းဆောင်ဖြစ်ရမည်၊ သူဌေးသူြွကယ်ဖြစ်ရမည်ဟု မဆိုလိုပါ။

သို့သော် သင်သည် ကျောင်းသား၊ အိမ်ထောင်သည်၊ အလုပ်သမား၊ နောက်လိုက်

ငယ်သား စသည်တို့ဖြစ်ကောင်းဖြစ်သော်လည်း မိမိရှိသည့်နေရာတွင် ဘုရားပေး

ထားသည့်နေရာတိုင်းအတွက် မျိုးချစ်ပုဂ္ဂိုလ်ဖြစ်နိုင်ခွင့်ရှိနေပါသည်။

]]နိုင်ငံတော်က သင့်အတွက်ဘာလုပ်ပေးမလဲဟု မမေးပါနှင့် ထိုအစား နိုင်ငံတော်

အတွက် သင်ဘာလုပ်ပေးနိုင်မလဲသာမေးပါ}}ဟု John.F.Kennedy

၏စကားသည် လွန်စွာအတုယူစရာကောင်းသည်။ ထို့ကြောင့် မျိုးချစ်ပုဂ္ဂိုလ်

တိုင်းသည် မိမိ ဝန်းကျင်တွင်ရှိနေသော မတရားမှုများနှင့် ဆူပူမှုများအတွက်

မည်သို့လုပ်ဆောင်ရမည် ကိုသာ အာရုံစိုက်အလေးထား လုပ်ဆောင်သင့် လှသည်။

ခေတ်အဆက်ဆက်ကိုကြည့်ပါက ဘုရားအသုံးတော်ခံများသည်

လူငယ်များပင်ဖြစ်သည်ကိုတွေ့ရပါသည်။ Lenine သည်ကွန်မြူနစ်များနှင့်အတူ

မကောင်းကြံ သောအခါတွင် သူ၏ဆန္ဒမှာ ရရှာလူငယ်များထံသွားရန်သာ စကား

ဆိုခဲ့သည် ]]လူငယ်များထံသွားပါ၊ ဗုံးကိုဘယ်လိုလုပ်ရမည်ကိုသင်ပြပြီး လူဘယ်

လိုသတ်ရမည်ကိုသိမြင်အောင်နိုင်စေ၍၊ နိုင်ငံတော်ဘဏ္ဍာကိုလည်း တိုးပွားစေ

ရန်ပြုပါ}} ဟုဆိုခဲ့သည်။

Adolf Hitler သည်လူငယ်များ၏စိတ်ဝိညာဉ်ကိုအရယူနိုင်ခဲ့ပြီး

ဂျာမနီနိုင်ငံသစ်ကို ထူထောင်ခဲ့သည်။ Mao Tseton သည်လည်း လူငယ်များဖြင့်

တရုတ်နိုင်ငံအား မှောက်လှန် ခဲ့သည်သာ။

ခရစ်တော်ဘုရားသည်လည်းသူ၏သာသနာတော်အတွက် တပည့်

သာဝကများကိုရွေးချယ်သောအခါတွင် အများစုမှာ ငယ်ရွယ်သော လူများပင်

မဟုတ်ပါလား။ သူတို့သည် ကိုယ်ကျိုးစွန့်ရန်၊ ဆက်ကပ်ရန်၊ လုံးဝနောက်တော်

လိုက်ရန်ခေါ်ခြင်းခံခဲ့ကြရသည်။ လူငယ်များသည် မိမိဘဝကိုမိမိပြန်ကြည့်မြင်

တတ်သကဲ့သို့ ခရစ်ယာန်တစ်ဦး၏ဆက်ကပ်အပ်နှံမှုကိုလည်းမပြတ်ကြည့်မြင်

သင့်သည်။ Linen, Mao Tsetong,Adolf Hitler တို့၏နောက်လိုက်ကြသော

သူများသည် သူတို့ကိုယ်သူတို့ စူပါစတားများ အဖြစ်ေြွကးကြော်ခဲ့ကြသည်၊

ဝန်ခံခဲ့ကြသည်၊ လုပ်ဆောင်ခဲ့ကြသည်၊ သို့သော် သူတို့သည်အမှန်စင်စစ် စူပါ

စတားတန်းဝင်များမဟုတ်ခဲ့ကြပါသည်။ သူတို့သည် သူတို့၏နယ်နိမိတ်အတွင်၌

]ဝါးလုံးခေါင်းထဲလသာခြင်း} သာဖြစ်ကြသည်။

သူတို့ကြွေးကြော်သကဲ့သို့ ကမ္ဘာစူပါစတားတန်းဝင်ခြင်းကို ခရစ်တော်

ဘုရား၏နောက်လိုက်များမှသာတတ်စွမ်းနိုင်ခွင့်၊ ဖြစ်နိုင်ခွင့်ရှိကြသည်။ ရှင်ပေါလု

ဘာပြောခဲ့သည်ကို နားစွင့်ကြည့်ပါ]]ငါသည်ခရစ်တော်အားဖြင့် ခပ်သိမ်းသော

အမှုတို့ကို တတ်စွမ်းနိုင်၏}} (ဖိ၊ ၄း၁၃)။ရှင်ပေါလုသည် သာမန်လူသားမဟုတ်ခဲ့။

သူသည်တွေးခေါ်ပညာရှင်၊ ကျမ်းတတ်ပုဂ္ဂိုလ်၊ ပညာတတ်၊ ရောမလူမျိုး၊ ဂုဏ်ရှိန်

သတင်းကျော်ဇောသောသူ၊ တန်ခိုး၊ အာဏာနှင့် ပြည့်စုံသောသူဖြစ်၍ လူတိုင်းသူ့

နောက်သို့လိုက်နေကြရသည့်သူဖြစ်သည်။ သို့သော်ထိုသို့သောလူစားမျိုးသည်

ခရစ်တော်ဘုရားအား မျက်နှာခြင်းဆိုင်ဖူးမျော်ခွင့်ရရှိပြီးနောက်တွင်]]ငါသည်

ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို တတ်စွမ်းနိုင်၏}} ဟုသာဆိုနိုင်သူ

ဖြစ်ခဲ့သည်။

ရှင်ပေါလုအတွက်ဖြစ်သော ထိုခရစ်တော်ဘုရားသည် သင့်နှင့်ကျွနု်ပ်

တို့အတွက် အသက်ထင်ရှားတည်ရှိတည်နေတော်မူမြဲဖြစ်သည်။ ခရစ်တော်ဘုရား

ပိုင်ဆိုင်တော်မူသော ဘုန်း၊ တန်ခိုး၊ အာနုဘော်များကို ကိုင်စွဲပြီးကျွနု်ပ်တို့၏

ကမ္ဘာလောကကြီးအား ပြုပြင်ပြောင်းလဲခြင်းငှါ စွမ်းနိုင်ပါသည်။

ယုံကြည်သူအားလုံးတို့သည် ခရစ်တော်ဘုရားပေးသနားတော်မူသော

လူသစ်၊ ဘဝသစ်၊ စိတ်သစ်တည်းဟူသော အသစ်သောအသက်တာဖြင့်

လောကကြီးထဲတွင် အသက်ရှင်သန်ကာ အလင်းဆောင်စေရန် အလိုရှိပါသည်။

နေ့စဉ်အသက်တာတွင်ခရစ်တော်ဘုရားအတွက် ဦးထိပ်ထားရှင်သန်သော

ခရစ်ယာန် လူငယ်၊ မောင်မယ်များ၏ အော်ဟစ်သောအသံများ ထွက်ပေါ်လာရန်

အမှန်လိုအပ်နေပါသည်။ ခရစ်တော်ဘုရား၏ခြေတော်ရာအတိုင်း အစေမခံဘဲ၊

အသက်မရှင်ဘဲနှင့် ခရစ်ယာန်ဖြစ်သည်ဟူသောအစဉ်အလာသည် ဖြစ်နိုင်ဖွယ်

မရှိ။

လောကတွင်ခရစ်တော်ဘုရားသာသနာပြုတော်မူစဉ်က ဝမ်းမြောက်

ဖွယ်ရာဧဝံဂေလိသတင်းတရားကိုဟောပြောခြင်း၊ နာမကျန်းသူကို ကျန်းမာ

စေခြင်း၊ ဆာမွတ်နေသူကိုကျွေးမွေးခြင်း၊အပယ်ခံများအား နှစ်သိပ့်ခြင်း၊

အထီးကျန်သူများအတွက်အဖေါ်ပြုပေးခြင်း၊ ပျောက်ဆုံးသူများကို ရှာဖွေခြင်း၊

အားငယ်သူကိုရဲရင့်စေခြင်း စသည်တို့သာမက တပည့်တော်များ၏ ခြေကိုပင်

ဆေးတော်မူခဲ့သည်။ ထိုအရာတို့အတွက် ခရစ်တော်ဘုရားအား မတောင်းဆိုခဲ့

ကြပါ၊ သို့သော်ခရစ်တော်သည် မိမိကိုယ်ကိုပင်မေ့လျှော့လျက်၊ ကိုယ်ကျိုးစွန့်ကာ

အသက်ရှင်တော်မူခဲ့သည်။ ထိုခြေတော်ရာအား မလိုက်လျှောက်သင့်ပေဘူးလား။

ယနေ့ဆိုညစ်နေသောလောကကမ္ဘာကြီးထဲတွင် ဆက်ကပ်သော

ခရစ်ယာန်လူငယ်အလုပ်သမား၊ ဆရာဝန်၊ ကျောင်းဆရာ၊ ဝန်ထမ်း၊ နိုင်ငံခေါင်း

ဆောင်၊ စီးပွားရေးသမား၊ လူမှုရေးခေါင်းဆောင်၊ တရားဟောဆရာ၊ ရှေ့နေ၊

တရားသူကြီးတို့ကို တောင်းဆိုနေပါသည်။ ဘုရားသခင်ပေးထားသော ထိုအစွမ်း

အစများအားဖြင့် ဘုရားလက်ကိုကိုင်စွဲကာ အသက်ရှင်မည်ဆိုပါက အဘယ်မှာ

လျှင် ဘုရားဘုန်းတော်မထင်ရှားရှိပါအံ့နည်း။ ]]လောကသည်သင်၏ လုပ်ဆောင်

မှုဖြင့် တိုင်းတာကာမှတ်ကျောက်တင်သော်လည်း ခရစ်တော်ကား သင်၏အစေ

ခံခြင်းအားဖြင့်မှတ်ကျောက်တင်သည်}} ဟု John Stott ကဆိုခဲ့သည်။

ကလေးများနေ့

ဘုရားအမြင်နှင့်ချစ်ခြင်း

(ဆာလံ၊ ၁၂ရး၃၊ မ၊ ၁၉း၁၃-၁၄)

ယနေ့ခေတ်တွင်ဆန်းစစ်ကြည့်သောအခါတွင် မိဘတို့သည်သားသမီး

များအပေါ်တွင် ဘုရားသခင်မြင်သောအမြင်မျိုးဖြင့်မချစ်ခင်ကြသည်ကို တွေ့ရှိ

ရသည်။ မထင်မှတ်ထားဘဲ ကိုယ်ဝန်ရှိလာသောအခါတွင် အများစုမှာ မိသားစု

စီးပွားရေး၊ တိုးတက်ရေး၊ လုပ်ငန်းဆိုင်ရာတက်လမ်းအတွက် အတားအဆီး၊ ဆူး

ညှောင့်၊ ခလုတ်ကန်သင်းအနေဖြင့် ရှုမြင်တတ်ကြသည်။ သို့သော်လည်း ကျမ်းစာ

တော်မြတ်၌ ]]ဖွားမြင်သောသား သမီးတို့သည် ထာဝရဘုရား ဆုချ၍ပေးသနား

တော်မူသော အမွေဥစ္စာဖြစ်ကြ၏}}ဟု ဆာလံဆရာက ဆိုခဲ့သည်။ ထို့ကြောင့်

ရင်သွေးများအား ဘုရားသခင်ပေး သနားသည့် ဆုလဒ်နှင့် တန်ခိုး၊ စွမ်းအား၊

ကောင်းကြီးမင်္ဂလာများ၏ အရင်းအမြစ်အဖြစ် ဘုရားသခင် မြင်သကဲ့သို့

မြင်တတ်ရန်လိုသည်။ အချို့မိဘများက သားသမီးများအား ]]မောင်ငြိုငြင်}}

]]ြ၈ိုလ်ဆိုး}} ]]အမင်္ဂလာကောင်}} စသည်ဖြင့်မြင်တတ်၊ ခေါ်ဆိုတတ်ကြသည်။

ယာကုပ်သည် အစ်ကိုဖြစ်သူဧသောအား မိတ်ဆက်ပေးသောအခါတွင်

မွန်မြတ်သောဖခင်စိတ်ထားကိုတွေ့ရသည် ]]ကိုယ်တော်၏ကျွန်အား ဘုရား သခင်

ပေးသနားတော်မူသော ရင်သွေးများဖြစ်ပါ၏}} (က၊ ၃၃း၅) ဟုဆိုခဲ့သည်။

ထို့ကြောင့်ရင်သွေးငယ်များအား ဘုရားအမြင်ဖြင့် ဆုလဒ်အဖြစ်မမြင်ခြင်း၊

လက်မခံခြင်းသည် ဘုရားသခင်၏အလိုတော်အား လုံးလုံးလွဲရှောင်ခြင်းလည်း

ပြုရာမည်သည်။

ကျွနု်ပ်တို့သည်ရင်သွေးငယ်များအပေါ်တွင် ဘုရားသခင်ထားရှိသော

အမြင်ဖြင့်ကြည့်မည်ဆိုပါက ကလေးငယ်များသည် အဖြူထည်အရိုးခံသက်သက်

ဖြစ်နေသည်ကိုမြင်တွေ့ရပြီး အထံတော်မှ ကျွနု်ပ်တို့လည်း မထိုက်မတန်ခံစားရ

သည်ကိုအောက်မေ့ကာချစ်နိုင်လာပါလိမ့်မည်။ တရား၊ ရး၆-၁၀ တွင် ]]သင်သည်

အခြားသောလူမျိုးထက်သာ၍များသောကြောင့်၊ ထာဝရဘုရားသည် သင့်ကို

ချစ်၍ရွေးချယ်တော်မူသည် မဟုတ်၊ သင်သည် အခြားသောလူမျိုးတကာ

တို့ထက်သာ၍နည်း၏။ ထာဝရဘုရားသည်သင့်ကိုချစ်သောကြောင့်၄င်း၊ သင်၏

ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသော အကျိန်ကိုမဖျက်လိုသောကြောင့်၄င်း၊

ကျွန်ခံနေရာ အဲဂုတ္တုပြည် ကို အစိုးရသော ဖါရောဘုရင်လက်မှ အားကြီးသော

လက်တော်နှင့် သင့်ကို ရွေးနှုတ်ဆောင်ယူခဲ့တော်မူပြီ၊}}ဟုဆိုထားပြီး၊ ရောမ၊ ၅း၈

တွင်လည်း ကျွနု်ပ်တို့သည်အပြစ်ရှိစဉ်ပင်ဘုရားသခင်၏မေတ္တာထင်ရှားတော်မူ

ကြောင်းတွေ့မြင်နိုင်ပါသည်။ သို့ရာတွင် အခြားသူများထက် ကျွနု်ပ်တို့လိမ္မာ

ပါးနပ်၍၊တော်၍၊ ထက်မြတ်၍မဟုတ်ပါ ဘုရားသခင်သည်အရှိအတိုင်း

ချစ်တော်မူသောကြောင့်သာဖြစ်သည်။

ထိုနည်းတူစွာ ရင်သွေးများသည်လည်း ကျွနု်ပ်တို့ချစ်ရန်အတွက်

မည်သို့မှပြုခြင်းငှါမစွမ်းသာကြ၊ ဘာအစွမ်းအစမှမရှိ သေးသော လူမမယ်

ကလေးများသာဖြစ်သည်။ ချစ်ကြရသည့်အကြောင်းအရင်း မှာကျွနု်ပ်တို့နှင့်

သက်ဆိုင်နေသောကြောင့်သာဖြစ်သည်။

ရာစုနှစ်များစွာသုံးသပ်ချက်အရမိဘများသည် သားသမီးများအား

သူတို့၏အကျိုးအလို့ငှါစီမံကိန်းတွင်ရေးစွဲခြင်းခံနေကြရသည်။ ရင်သွေးငယ်များ

အတွက်ပေးဆပ်မှုတို့သည်မေ့လျှော့ပျောက်ကွယ်နေကြသည်။ ဘုရားသခင်အလို

ရှိသကဲ့သို့ကြည့်မြင်တတ်ပါက ကိုယ်ကျိုးအတွက်သားသမီးများကိုအသုံးချကြ

မည်မဟုတ်ပါ။ ကျွနု်ပ်တို့သည် ဘုရားသခင်၏သားသမီးများဖြစ်ပါက ဘုရား

သခင်၏လမ်းစဉ်အတိုင်းသားသမီးများအပေါ်တွင်ပြုမူကျင့်ကြံကြမည်သာ။

ရင်သွေးငယ်များကိုချစ်ခြင်းသည်ခံစားချက်အပေါ်မူတည်ပြီး

ကောင်းချည်တစ်ခါဆိုးချည်တစ်လှည့်မဖြစ်သင့်ပါ။ သားသမီးများသည် ကျွနု်ပ်

တို့အပေါ်တွင် အချိန်နာရီနှင့်အမျှအားကိုးယုံကြည်၊ စိတ်ချကိုးစားထိုက်သော

မိဘများဖြစ်ရန်အရေးကြီးပါသည်။ ဆာ၊ ၁၁၈ တွင်လာသည့်အတိုင်း ဘုရားရှင်

မေတ္တာသည်ကားပြောင်းလဲခြင်းမရှိပါ၊ ထို့အတူ ကျွနု်ပ်တို့သည်လည်း သားသမီး

များအပေါ်တွင်ထာဝရဆုန်ရေမေတ္တာဖြင့် ဆုံးမသွန်သင်ခြင်း၊ လမ်းပြဖေးမခြင်း၊

သမ္မာတရားနှင့်အညီဘုရားအလိုတော်တွင်ပြုစုပေးပါက ဘုရားမေတ္တာသည်

အစဉ်ထွန်းလင်းကာတင့်တယ်စွမ်းရှိပါလိမ့်မည်။

မိဘအများစုသည်သားသမီးများအား စိတ်ဓါတ်ပိုင်းဆိုင်ရာပံ့ပိုး

ပေးခြင်းမရှိဘဲ၊ ရုပ်ဝတ္ထုပိုင်းဆိုင်ရာပံ့ပိုးပေး ခြင်းများပြုသည်နှင့်မိဘဝတ္တရား

ကျြွေပန်သည်ဟုထင်မှတ်မှားကြသည်။ ဓမ္မသစ်တွင်ကြည့်ပါက ခရစ်တော်ဘုရား

သည်ကလေးများအပေါ်တွင်လက်တင်လျှက်ကောင်းကြီးပေးသည်ကို တွေ့မြင်

ရပါသည် (မ၊ ၁၉း၁၃-၁၄)။ ပျောက်သောသားသာဓကတွင်လည်း သားပြန်လာ

မည့်အချိန်ကိုမျှော်လင့်နေသည့်ဖခင်သည် သားဖြစ်သူအား ပွေ့ဖက်ရန်အသင့်

ရှိနေသည်ကိုတွေ့မြင်နိုင်ပါသည် (လု၊ ၁၅း၂၀)။

ထိုမှတ်တမ်းများကိုကြည့်ပါက မိဘတို့သည်သားသမီးများအတွက်

အနှောင်အဖွဲ့ကင်းသော မေတ္တာလက်ကမ်းလင့်မှု၊ ကြင်နာစွာထွေးပွေ့မှုနှင့်

နူးညံ့သောပွေ့ချီမှုများကိုတွေ့မြင်ရသည်။ သားသမီးများ၏ ရုပ်ပိုင်းဆိုင်ရာ၊

ဆာငတ်မှုကိုကျွေးမွေးရုံသာမက စိတ်ပိုင်းဆိုင်ရာ၊ ဝိညာဉ်ပိုင်းဆိုင်ရာ ဆာငတ်နေ

သောဘဝမျိုးများကို လျှစ်လျှူမရှုသင့်၊ ဥပေက္ခာပြုမထားသင့်။

ချစ်မြတ်နိုးကြောင်းသားသမီးများကိုအစဉ်မပြတ်နားလည်သိရှိစေရ

မည်။ သူတို့၏မလိမ်မိုး၊ မလိမ္မာအမှုများကြောင့်လည်း သူတို့အားစွန့်ပစ်ခြင်းပြု

မည်မဟုတ်ကြောင်းကိုလည်းသိရှိနားလည်စေရမည်။ တပည့်တော်များ

အပေါ်မေတ္တာရှိကြောင်းခရစ်တော်ဘုရားအစဉ်မပြတ်ပြောကြားလေ့ရှိသည်

(ယော၊ ၁၅)။သားသမီးများအပေါ်တွင် စကားအရာ၊ နှုတ်အမူအရာနှင့် လက်

အမူအရာများပြတ်တောက်သွားပါက သားသမီးများ၏စိတ်အစဉ်တွင် အမာရွက်

များတည်ရှိသွားနိုင်ပါသည်။

ရင်သွေးငယ်များအားချစ်မြတ်နိုးကြောင်းနှင့် အရေးပါမှုများကို

မိဘတို့သည် ကြင်နာသနားခြင်းဖြင့်ဖေါ်ကျူးပြသရမည်။ အမှတ်တရနေ့များကို

အထူးတလည်ပွဲလုပ်ပေးခြင်း၊ နှစ်သက်သောအစားအစာများကို ပြင်ဆင်ပေးခြင်း

သူတို့နှင့်သင့်လျှော်သောအဝတ်အစားများကိုလည်း အခါမလတ်၊ သင့်လျှော်စွာ

စီစဉ်ပေးခြင်းတို့သည် ရင်သွေးငယ်များအပေါ်တွင်ချစ်မြတ်နိုးကြောင်း ပြသရာ

ရောက်သည်။

ဘုရားသခင်သည်ကျွနု်ပ်တို့အားဖန်ဆင်းတော်မူပြီးစိတ်ဝင်စားခြင်း

ကင်းမဲ့သွားသော၊ ငြီးငွေ့သွားသောဘုရားမဟုတ်ပါ။ လမ်းပြပို့ဆောင်လေရာ

တိုင်းတွင်အတူပါရှိပြီးမည်မျှကြင်နာသနားတော်မူကြောင်း ထင်ရှားသော မေတ္တာ

ကိုပြသနေသောဘုရားဖြစ်သည်။ နေ့အချိန်မှာတိမ်တိုက်၊ ညအချိန်တွင်မီးတိုင်

တို့ဖြင့်သဲကန္တာရထဲတွင် ဣသရေလလူမျိုးတော်များနှင့်အတူပါရှိသောဘုရား

သခင်သည်သူ့မေတ္တာအားဖေါ်ကျူးနေခဲ့သည်သာ။

ကျွနု်ပ်တို့သည်လုပ်ငန်းခွင်တွင်းသာအားလုံးစိုက်လွန်းနေပါက

ရင်သွေးငယ်များ၏ပညာရေးအစီအစဉ်နှင့် လိုအပ်မှုကိုပစ်ပယ်ထားပါက ရင်သွေး

ငယ်များနှင့်အတူရင်းနှီးစွာ စကားဆိုခြင်း၊ ရယ်မောခြင်း၊ ဆုတောင်းခြင်း၊

သွန်သင်ခြင်းများကိုပြုပေးခြင်းငှါမစွမ်းသာတော့။ ထိုသို့ဆိုက ကျွနု်ပ်တို့သည်

ချစ်သည်ဟူသောစကားကို အဘယ်သို့ဆိုနိုင်ပါတော့မလဲ။

သားသမီးများအားဆုံးမသွန်သင်ရန်မိဘမျာကိုဘုရားသခင် တောင်း

ဆိုထားပါသည်။ ]]ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူ

တတ်၏။လက်ခံတော်မူသမျှသော သားတို့ကိုဒဏ်ခတ်တော်မူတတ်၏ဟု သူငယ်

တို့ကို ဆိုသကဲ့သို့ သင်တို့ကိုပြောဆိုသော ဩဝါဒစကားကို မေ့လျော့ကြသလော}}

(ဟေဗြဲ၊ ၁၂း၆)။ အချို့သောမိဘတို့သည် သားသမီးများအား ဆုံးမခြင်း၊

သွန်သင်ခြင်းတို့ပြုသောအခါတွင် အကာအကွယ်ပေးတတ်မှုများသည် ချစ်ရာ

ရောက်သည်ဟုအလွဲထင်မှတ်မှားကြသည်။အမှန်မှာချစ်ရာမမည် နှစ်ရာသာမည်

ပါသည်။]]ကြိမ်လုံးကိုမသုံးသောသူသည် မိမိသားကိုမုန်းရာသို့ရောက်သားကို

ချစ်သောသူမူကား ငယ်သောအရွယ်မှစ၍ဆုံးမတက်၏}} (သု၊ ၁၃း၂၄)

]]သူငယ်ကို မဆုံးမဘဲ မနေနှင့်။ ကြိမ်လုံးနှင့်ရိုက်သော်လည်း သူသည်မသေ

ကြိမ်လုံးနှင့် ရိုက်၍ သူ၏အသက်ဝိညာဉ်ကို မရဏာနိုင်ငံမှ ကယ်နှုတ်

ရမည်}}(သု၊၂၃း၁၃-၁၄)၊ ]]ကြိမ်လုံးနှင့်ရိုက်ခြင်း နှုတ်နှင့်ဆုံးမခြင်းအားဖြင့်

ပညာတိုးပွားတတ်၏ တတ်တိုင်း နေစေသောသူသည် အမိကိုအရှက်ခွဲတတ်}}(သု၊

၂၉း၁၅)၊ ]]သူငယ်သွားရာ လမ်းဝ့ဆုံးမသွန်သင်လော့၊ သို့ပြုလျှင် သူသည်

အိုသောအခါ ထိုလမ်းမှမလွဲ လိုက်သွားလိမ့်မည်}} (သု၊ ၂၂း၆)။

ထို့ကြောင့် စည်းကမ်းဟူသည် မိဘနှင့်သားသမီးများအားလုံးအတွက်

ကောင်းကျိုးကိုသာဖြစ်စေတတ်ကြောင်းဘုရားသခင်ဖေါ်ပြထားသည်။ ဘုရား

သခင်သည်ကျွနု်ပ်တို့နာခံခြင်းအသက်တာရှိရှိဖြင့်နောက်တော်လိုက်ရန်တောင်း

ဆိုသကဲ့သို့ ထိုတောင်းဆိုမှုသည် သားစဉ်မြေးဆက်အထိတိုင်အောင် အကျုံးဝင်

သောတောင်းဆိုမှုဖြစ်သည်။ သွန်သင်ပဲ့ပြင်ခြင်းဖြင့်ဘုရားသခင်သည် သူ့မေတ္တာ

ကိုဖေါ်ပြသကဲ့သို့၊ ကျွနု်ပ်တို့၏မေတ္တာတရားကိုလည်း ထိုနည်းတူ သားသမီးများ

အပေါ်တွင်ဖေါ်ပြနိုင်ရပါမည်။

ကျွနု်ပ်တို့သည်သားသမီးများအား မသွန်သင်၊ မဆုံးမပါ ရဲရင့်မှု၊ လုံလ

ဝီရိယစိုတ်ထုတ်မှု၊ တည်ကြည်မှုတို့အစား အခြားသောမကောင်းသည့် စိတ်နေ

စိတ်ထားများဝင်ရောက်လာပြီး ဘုရားသခင်နှင့်ဝေးကွာသည်သာမက၊ ဘုရား

သခင်ပေးထားသော မိဘဖြစ်ခြင်း၏အခွင့်ထူးများကိုလည်း လက်လွတ်ဆုံးရှုံး

သွားရခြင်းလည်းမည်ပါသည်။ ထိုမျှမက သားသမီးများအား လူတစ်လုံး၊ သူတစ်

လုံးဖြစ်လာရန်ဘုရားပေးထားသောအခွင့်အရေးများကိုရိုက်ချိုး ဖျက်ဆီး

လိုက်သည့်သူများအဖြစ်၊ ဟန့်တားသူများအဖြစ်ကို မိမိကိုယ်၌က ကြည်ဖြူစွာ

ခံယူနေခြင်းလည်းမည်သည်။

ဘုရားသခင်သည်ကျွနု်ပ်တို့အား နှုတ်၏စောင်မခြင်း၊ လက်၏စောင်မ

ခြင်းများဖြင့် မိဘတို့၏ဝတ္တရားကိုကိုယ်စားပြုသွန်သင်ပြသပေးနေပါသည်။

ကျွနု်ပ်တို့သည် ဘုရားသခင်၏ စိတ်တော်ကိုကျေနပ်စေသူများဖြစ်ပါက ဘုရား

သခင်ပြုတော်မူသည့်နည်းတူ သားသမီးများအပေါ်တွင် ထပ်တူပြုခြင်းက

အပြန်ပြန်အလှန်လှန်ကျေနပ်နှစ်သိမ့်မှုကို စီးဆင်းခွင့်ပြုခြင်းမည်ပါသည်။

မိဘတို့သည်သားသမီးများအပေါ်တွင် ရသည့်အခွင့်အရေးများကို

လက်လွတ်မခံဘဲ ဘုရားတရားလမ်းတွင် သွေးဆောင်ခြင်း၊ သွန်သင်ပဲပြင်ခြင်း၊

ဦးဆောင်ခြင်းများဖြင့် ခရစ်တော်ဘုရားကိုအြွကမ်းမဲ့ ဆက်ကပ်အပ်နှံခြင်းရှိသော

သူများဖြစ်လာရန် မပြတ်သတိရှိရပေမည်။ တတ်စွမ်းသမျှသွန်သင်ခြင်းသည်

သားသမီးများ၏ အသက်တာတွင်ကိုယ်ပိုင်ဆုံးဖြတ်ချက်များကိုချမှတ်နိုင်၍၊

ကိုယ့်လမ်းကိုကိုယ်လျှောက်နိုင်သည်အထိဖြစ်ရပေမည် (သု၊ ၂၂း၆)။

တစ်ဦးနှင့်တစ်ဦးအပြန်အလှန်ချစ်ခင်ကြသော မိဘနှင့် သားသမီးများ

သည်ဘုရားသခင်၏အလိုတော်လမ်းတွင် ကိုယ်တိုင်နှင့် သားသမီးများကို

လျှောက်လှမ်းစေသောကြောင့် ဘုရားသခင့်အထံတော်မှ ကာယ၊ စိတ္တ၊ ဝိညာဏ

အတွက်ကောင်းကြီးမင်္ဂလာသည် ဒိဌကိုယ်တွေ့ခံစားကြရမည်ဖြစ်ကြောင်း သမ္မာ

ကျမ်းစာတွင်ကတိတော်ပေးထားပါသည် (မ၊ ၆း၃၃)။

ဥပုဒ်စာဖြေကျောင်း

ဓမ္မဟောင်းကျမ်းတွင်ကြည့်ပါက ဣသရေလလူမျိုးများ၏ သမိုင်းမှတ်

တမ်းများအရဒှ့နာဒေဟုခေါ်ပြီ၊ ဥပုဒ်စာဖြေကျောင်း၏အရေးပါမှုကို တရား၊

၆း-တွင် ]]အိုဣသရေလအမျိုး၊နားထောင်လော့၊ ငါတို့၏ ဘုရားသခင်ထာဝရ

ဘုရားသည် တဆူတည်းသော ထာဝရဘုရားဖြစ်တော်မူ၏။သင်၏ဘုရားသခင်

ထာဝရဘုရားကို စိတ်နှလွုံးအြွကင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့် ချစ်လော့၊ ယနေ့

ငါမှာထားသော စကားကို နှလုံးသွင်းရမည်။ ထိုစကားကို သင်၏သားသမီး

တို့အား ကြိုးစား၍ သွန်သင်ရမည်၊ အိမ်၌ထိုင်လျက် နေသည်ဖြစ်စေ။ ခရီး၌

သွားသည်ဖြစ်စေ အိပ်လျက် ထလျက်ရှိသည်ဖြစ်စေထိုစကားကိုပြောရမည်။

ထိုစကားကိုလည်းသင်၏လက်၌လက္ခဏာသက်သေဘို့ရာ၄င်း၊ သင်၏မျက်စိ

ကြားမှာသင်းကျစ်ကဲ့သို့၄င်းချည်ထားရမည်။အိမ်တံခါးမြို့တံခါးတို့၌လည်း

ရေးထားရမည်}} ဟုမှတ်တမ်းတင်ထားပါသည်။

ဣသရေလလူမျိုးများအကြားတွင် ရဗ္ဗိဆရာသည်လူရိုသေ၊

ရှင်ရိုသေဖြစ်သည်။ ထို့ကြောင့် ထိုဆရာတို့သည် ဣသရေလလူမျိုးများအား

တရားဇရပ်တို့တွင် သင်ကြားပေးသည်၊ ထို့အတွက်ကြောင်းလည်း ထိုဆရာကြီး

များသည် ဣသရေလလူတို့၏အနာ ဂါတ်ဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ ပညာရေး

တို့တွင် လွန်စွာအရေးပါသူများဖြစ် ကြောင်းတစ်လေးတစ်စားအသိအမှတ်ပြု

လက်ခံ ကျင့်သုံးကြသည်။ ထိုစနစ်သည် ခရစ်ယာန်တို့၏ ဥပုဒ်စာဖြေကျောင်း၏

ရှေ့ပြေးဆိုပါကလည်းမှန်ကန်သင့်လျှော် လှပေသည်။

ခရစ်တော်ဘုရားသည်ပင်လျှင် ဓလေ့တော်ရှိသည့်အတိုင်း တရားဇရပ်

တွင်ဝင်ရောက်ကာနည်းနာခံယူခဲ့သည်။ထို့နောက်မှ ခရစ်တော်သည် တရားဇရပ်

တွင်သွန်သင်ခြင်း၊ လူထုကိုသွန်သင်ခြင်းများကိုပြုတော်မူခဲ့သည်။ ဣသရေလ

မှတ်တမ်းအစဉ်အလာများအရ ခရစ်တော်သည် ၅-၁၀ နှစ်အတွင်သက်ကြားလေ့

ကျင့်မှုကိုယူခဲ့ပြီး သူတို့စတင်သင်ကြားရာတွင်လည်း ဝတ်ပြုရာကိုစတင်သင်ကြား

ပေးကြသည်။ အသက် ၁၀-၁၅ အရွယ်များကိုကား ဣသရေလတို့သည် ကျမ်းစာ

တွင်မှတ်တမ်းတင်ထားခြင်းမရှိသော ဣသရေလဓလေ့ထုံးတမ်းများကို သင်ကြား

ခံယူကြရသည်။ အသက် ၁၅ နှစ်ရောက်ပြီးသော ဣသရေလ ကလေး များသည်

မေးခွန်းမေးရန်အတွက် အရွယ်ရောက်ရှိပြီးသူများအဖြစ်အသိ အမှတ်ပြုလက်ခံ

ကျင့်သုံးကြပြီး၊ မေးမြန်းခြင်း၊ ဆွေးနွေးခြင်းများပြုကာ အတန်းမြင့်သို့

တက်ရောက်ရန်ခွင့်ပြုကြသည်။ ခရစ်တော်သည်လည်း ဣသရေလတို့၏ ထုံးတမ်း

စဉ်လာအတိုင်း အခြားကလေးများနှင့်အတူ တက်ရောက်ကြောင်း မှတ်တမ်း

အဖြစ်တွေ့ရပါသည် (လု၊ ၄း၁၆)။ ဘာသာတရားနှင့်စပ်ဆိုင်သော အသိတရား၊

လူမျိုးရေးနှင့်စပ်ဆိုင်သော အသိတရားများကို ဣသရေလတို့သည် တရားဇရပ်မှ

စတင်သင်ကြားခံယူကာ ကြီးပြင်းအရွယ်ရောက်ခဲ့ကြသည်။

ခရစ်တော်ဘုရား၏သာသနာလုပ်ငန်းတွင် သမ္မာတရားအား ထိုနည်း

အတိုင်းပင် တရားဇရပ်များတွင်သွန်သင်ခြင်း၊ လူထုရှေ့တွင်သွန်သင်ခြင်းများ

ပြုသောအခါတွင် လောကတွင်ရှိခဲ့ဘူးသမျှသော ဆရာများထဲတွင် အကြီးမြတ်

ဆုံးသော ဆရာအဖြစ်အသိအမှတ်ပြုကြသည်ကိုတွေ့မြင်နိုင်ပါသည်။

တမန်တော်များသည်လည်းခရစ်တော်ဘုရား၏သွန်သင်မှုများကို

ဆင့်ကမ်းသယ်ဆောင်ခဲ့ကြသည်။ ခရစ်တော်ဘုရားထံမှ သင်ကြားခဲ့ရသော သမ္မာ

တရားများကို မိမိတို့ရောက်လေရာတိုင်းတွင် စွမ်းစွမ်းတမံဖြင့် ဟောကြားသက်

သေခံခဲ့ကြသည်။ ခရစ်တော်ဘုရား၏ သာသနာတော်သည် အလျှင်အမြန်ဖြင့်

ကျယ်ပြန့်လာခြင်းသည် ဟောပြောခြင်းနှင့် သင်ကြားခြင်းပူးတွဲနေသောကြောင့်

ဖြစ်သည်။ ရှင်ပေါလုနှင့် ဗာနဗသည် အန္တိအုတ်မြို့တွင် သင်ကြားပေးခဲ့ကြသည်

(တမန်၊ ၁၁း၂၆၊ ၁၅း၃၅)။ ရှင်ပေါလုသည် ကောရိနသုမြို့တွင် တစ်နှစ်ခွဲမျှသင်ကြား

ပေးခဲ့သည် (တမန်၊ ၁၈း၁၁)။ တစ်ဖန်ရှင်ပေါလုသည် သူ၏နောက်ဆုံးသောနေ့

များတွင်လည်း ခရစ်တော်ဘုရားနှင့်စပ်လျှဉ်း၍ သင်ကြားပေးခြင်းအားဖြင့် ဘဝ

ဆည်းဆာချိန်ကိုကုန်လွန်စေခဲ့သည် (တမန်၊ ၂၈း၃၁)။

ခရစ်ယာန်ပညာရေး၏အခြေခံသည် ဓမ္မဟောင်းနှင့် ဓမ္မသစ်ကျမ်းတို့

မှစတင်လာခြင်း ဖြစ်ပြီး၊ ကနဦးခရစ်ယာန်များအားဖြင့်ယနေ့ထက်တိုင်တိုးပွား

ခိုင်ခန့်လာနေခြင်းဖြစ်သည်။

ပထမရာစုနှစ်အကုန်ပိုင်းတွင် ခရစ်ယာန်ပညာရေးသည် အလျှင်အမြန်

တိုးပွားခဲ့ပြီး ယုံကြည်သူလူသစ်များကို စနစ်တကျဖြင့် သင်ကြားပေးရန်လိုအပ်

လာခဲ့သည်။ ကနဦးဆုံးသော ခရစ်ယာန်ပညာရေးကျောင်းသည် ခြုံငုံသုံးသပ်

ကြည့်ပါ လက်ဦးဆုံးသောကျောင်းသည် အရွယ်ရောက်ပြီးသူများအား သင်ကြား

ပေးသည့် Alexandria Theological Seminary ၏ကျောင်းပင်ဖြစ်ပေလိမ့်မည်။

ထိုကျောင်းတွင် ခရစ်ယာန်တို့၏ အခြေခံယုံကြည်ချက်နှင့် ဓမ္မပညာများကို

သင်ကြားပေးပြီး၊ ထိုကျောင်းမှ ကျောင်းထွက်များတွင် ဥမငါနည လည်း တစ်ဦး

အပါအဝင်ဖြစ်သည်။

ခရစ်သက္ကရာဇ် ၂၀၃ ခုနှစ်တွင် Origen သည် Origenria မြို့တွင်း

သို့သွားကာ အသင်းတော်အသီးသီးမှ ကလေးငယ်များကိုစုစည်းပြီး သင်ကြား

ပေးခဲ့သည်။ သူ၏ရည်ရွယ်ချက်မှာ အနာဂါတ်အသင်းတော်များအတွက် ပြင်ဆင်

ခြင်းဖြစ်ပြီး ကလေးငယ်များအား သမ္မာတရား၊ အခြေခံယုံကြည်ချက် စသည်

တို့ကိုစနစ်တကျသင်ကြားပေးခဲ့သည်။ အချို့ကျမ်းတတ်ပုဂ္ဂိုလ်များက ထိုသို့

သင်ကြားရာတွင် ၁ ကော၊ ၁၅း၃-၅ နှင့် အခြားဆက်နွယ်သော ကျမ်းစကားများ

ကိုအခြေခံကာ စိတ်နှလုံးတွင်မှတ်ကျောက် တင်စေသည့်လူငယ်များဖြစ်စေသည်

ဟု ဆိုစမှတ်ပြုကြသည်။

ထိုသို့သောသွန်သင်ခြင်းများပြုရာမှ အသင်းတော်အသီးသီးသို့

နစ်ရိုင်းစွာ စီးဆင်းသွားခဲ့သည့် အတွက် အသင်းတော်အသီးသီးမှ အမျိုးသား၊

အမျိုးသမီးစသည့် စွမ်းနိုင်သူများက သင်ကြားပေးခဲ့ကြသည်။ သို့သော်

အမှောင်ခေတ် ကာလဟုဆိုကြသော ကာလတွင် ဥပုဒ်စာဖြေကျောင်းများသည်

တစ်ဖြည်းဖြည်းမှေးမှန်ပျောက်ကွယ်သွားခဲ့ကြရပြီး၊ သင်ကြားရေးသည်

ဘုန်းတော်ကြီးများအတွက်သာ ကန့်သတ် လာခဲ့ကြတော့သည်။ ရှစ်ရာစုကာလ

တွင်ကား ဥပုဒ်စာဖြေကျောင်းများတွင် သင်ကြားပေးသူများကိုယ်တိုင်က သမ္မာ

တရားနှင့် ခရစ်ယာန်ယုံကြည်ချက်တွင်အားနည်းသောကြောင့် သာသနာသည်

ဆုတ်ယုတ်လာခဲ့သည်။

သို့သော်လည်းကျေးဇူးတော်သည်ကုန်မသွားသောကြောင့် ပြန်လည်

ပြုပြင်ခြင်းတည်းဟူသော နိုးထမှုလေသည် အသင်းတော်များအကြားတွင်

သမ္မာတရားလေကို အသက်ဝဝရှုရှိုက်နိုင်ရန်အခွင့်အလမ်းပွင့်လာခဲ့သည်။ ၁၅၂၄

ခုနှစ်တွင် မာတင်လူသာသည် သမ္မာတရားအား လူကြီး၊ လူငယ်၊ လူလတ်မရွေး

အားလုံးက သင်ယူလေ့လာအပ်ကြောင်းသိမြင်လာပြီး ပြန်လည်၍ ဥပုဒ်စာဖြေ

ကျောင်းသည် နေခြည်သန်းလာခဲ့တော့သည်။လူသာလုပ်ဆောင်မှုသည် လွန်စွာ

ထိရောက်ခဲ့ပြီး၊ သမ္မာကျမ်းစာအား အနက်ဖွင့်ဆိုမှု၊ လေ့လာမှုနှင့် ပုံနှိပ်ခြင်းများ

သို့ပင်ကူးစက်ကာ ခရစ်ယာန်ပညာရေးသည် အသင်းတော်များတွင်းသို့ စီးဆင်း

စေလျှက်၊ တိုးပွားကြီးရင့်ခြင်းအဖြစ်ကို ယနေ့တိုင်မြင်တွေ့နေကြရပါသည်။

ပြန်လည်နိုးကြားလာသော ဥပုဒ်စာဖြေသမိုင်းကြောင်း

၁၇၈၀ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၊ ဂလောက်စတာမြို့တွင် ရောဘတ်ရိုက်စ်

မှ ဆင်းရဲသားများ၊ ပညာမဲ့များ၊ ချို့တဲ့သူကလေးများကိုစုစည်းကာ သင်ကြား

ပေးခြင်းဖြင့် ဥပုဒ်စာဖြေခြင်းကို စတင်၍အသက်ဝင်လာခဲ့သည်။

ရိုက်စ်သည် ခေတ်သစ်ဥပုဒ်စာဖြေနေ့၏ဖခင်ကြီးဟုအသိအမှတ် ပြု

ထားခြင်းကိုခံရသူလည်းဖြစ်သည်။ သူသည်ဆင်းရဲသားများ၊ ပညာမဲ့များ၊ ချို့တဲ့

သူများ၊ ဆာငတ်ခင်မွတ်နေသူများ၊ ဘဝပေးအခြေအနေမလှပသူများ၏

လူနေမှုဘဝကိုမြင်တွေ့ပြီး ဝန်တာတစ်ခုလိုခံစားရသည့်ကြင်နာသနားတတ်သူ

ဖြစ်သည်။ သူ့ခေတ်သူ့အခါက ထိုသို့သောသူများသည် လူထုအသိုင်းအဝိုင်းမှ

အစွန့်ပယ်ခံများသက်သက်ဖြစ်ကြသည်။ စက်မှုနှင့် စီးပွားရေးထွန်းကားရာ

ဂလောက်စတာမြို့တွင် အထက်ပါလူတန်းစားများသည် အဝတ်အချည်းနှီး၊

အစားအသောက်ကိုငတ်တစ်လှည့်ပြတ်တစ်လှည့်ဖြင့် အသက်ရှင်သန်ရန်လွန်စွာ

ခက်ခဲလှပြီး၊ မသေရုံတစ်မယ်ရုန်းကန်နေကြရသည်။ အစိုးရကျောင်းများလည်း

မရှိသေးသဖြင့် အခြေခံလူတန်းစားများပင်လျှင် ပညာရေးကို အခြေခံမျှသာ

သင်ကြားတတ်မြောက်ကြသည်။ ထို့ကြောင်း နင်းပြားဆင်းရဲသားများအတွက်

ပညာရေးသည်စိတ်ကူးထဲပင်မရောက်ရှိနိုင်သောကာလဖြစ်သည်။

ရိုက်စ်သည်ထိုသို့ ကြိုးစားလုပ်ဆောင်ရာနှစ်အနယ်းငယ်ကုန်လွန်လာ

သည့်နောက်တွင် အကျိုးတရားများကိုမြင်တွေ့ခံစားခွင့်ရခဲ့သည်။ နှစ်ပေါင်း ၂၅

နှစ်နီးပါးရှိသောအခါတွင် သူသည်အသစ်တစ်ဖန်ကြိုးစားရန်ဆုံးဖြတ်လိုက်သည်။

ထိုခေတ်က ကလေးငယ်များသည် စက်ရုံအလုပ်ရုံများတွင် တစ်ပါတ်တာလုံး

အလုပ်များလုပ်ကြပြီး တနင်္ဂနွေနေ့တွင် လူသွားလမ်းများပေါ်၌ ကစားခြင်း၊

ရန်ဖြစ်ခြင်း၊ ဆဲဆိုခြင်းစသည်တို့ဖြင့် လူတို့ဥပေက္ခာပြုထားခြင်းခံကြရသည်။

ထို့ကြောင့် မိဘများအား အကူအညီတောင်းခံသော်လည်းမရသည့်အဆုံး

ရိုက်စ်သည် ထိုကလေးငယ်များအား သွန်သင်လမ်းပြပေးခြင်းဖြင့် ပြုစုပျိုးထောင်

ရန်ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။

၁၇၈၀ တွင်သူသည် ပထမဦးဆုံးသော စသင်ခန်းကိုဖွင့်လှစ်ခဲ့သည်။

ဖွင့်လှစ်ခဲ့သောအခါတွင် အမည်ကိုလည်းလိုက်လျှောညီထွေစွာဖြင့် ]] Sooty

Valley }}ဟုအမည် ပေးခဲ့သည်။ သူ၏သင်တန်းသားများသည် အခြေခံလူတန်း

စားစာရင်တွင်အောက်ခြေမှဖြစ်ကြပြီး၊ ရိုင်းဆိုင်းခြင်း၊ ကြမ်းကြုတ်ခြင်းတို့ဖြင့်

မကောင်းသတင်းရှိသောကလေးများဖြစ်ကြသည်။ အချို့ကလေးများမှာ

ချော့ချည်တစ်လှည့်ခြောက်ချည်တစ်ခါဖြင့် ကြိုးချင်းပaင်ပူးတုပ်ကာ သင်ကြားပေး

ခဲ့ရသည်။

အင်္ဂလန်နိုင်ငံ၏ပထမဦးဆုံးသောဥပုဒ်စာဖြေတန်းသည် အသင်းတော်

ပြင်ပတွင် စနစ်တကျသင်ခန်းစာများပြုစုခြင်း၊ သင်ကြားပေးခြင်းဖြင့်စတင်ခဲ့ပြီး

နောက်ပိုင်းတွင်ကျယ်ကျယ်ပြန့်ပြန့်အသင်းတော်အသီးသီးရှိရာ အခန်းလွတ်များ

သို့ရောက်ရှိသွားခဲ့သည်။ ဗိမာန်တော်အားကလေးများအတွက် အသုံးပြုခြင်းကို

]မဖွယ်မရာပြုသည်} ဟုမြင်သောကြောင့်၊ အချိန်အတန်ကြာသည်အထိ အဖီလေး

များ၊ ကွက်လပ်လေဟာပြင်များနှင့် လွတ်ရာအခန်းလေး များတွင်သာ ပြုခဲ့ကြရ

သည်။ ဥပုဒ်စာဖြေသင်ကြားပေးခြင်းအား စာတန်နှင့် အပေါင်းပါတို့၏

လုပ်ရပ်ဟုမြင်ခဲ့ကြသည်။

စင်တန်ဘူရီမှ ဘီးရှော့ပ်သည်သူ၏နောက်လိုက် ခေါင်းဆောင်များ

အားခေါ်ယူစုစည်းစေပြီး ဥပုဒ်စာဖြေလုပ်ဆောင်မှုများကို တားဆီးရန်အမိန့်

ထုတ်ပြန်ခဲ့သည်။ Willan Pitt သည်ထိုအမှုအား အလေးအနက်စဉ်းစားကာ

ပါလီမန်မထိစာရေးခဲ့သည်။ စကော့တလန်နိုင်ငံတွင် ဥပုဒ်စာဖြေသင်ကြားခြင်း

သည်စတုတ္ထပညာတ်တော်အားချိုးဖေါက်ခြင်းပြုသည်ဟုရှုတ်ချခဲ့ကြသည်။

ကလေးငယ်များအား သင်ကြားပေးသောသူများနှင့်၊ ဥပုဒ်စာဖြေဆရာ၊ ဆရာမ

များအား အသင်းတော်များက အပြစ်တင်ကြိမ်းမောင်းခြင်းပြုသည်သာမက

ညှင်းပန်းနှိပ်စက်ခြင်းများလည်းပြုခဲ့ကြသည်။

သို့သော်ထိုသို့သောဟန့်တားမှုနှင့် ဖျက်ဆီးမှုများက ဥပုဒ်စာဖြေသင်

ကြားခြင်းများအား လူထုအကြားတွင်စိမ့်ဝင်မှုကိုသာဖြစ်ပေါ်စေခဲ့သည်။

Robert Raikes ၏ လုပ်ဆောင်မှုကိုမက်သဒစ်အသင်းတော်၏

ဖခင်ကြီးဖြစ်သူ John Wesley သည်အဟန့်အတား နှောက်ယှက်မှုများကြားမှ

လူသိရှင်ကြားကူညီဖေးမပေးခဲ့ပြီး ဥရောပတိုင်းနိုင်ငံ တွင် ထိုရိုက်စ်၏ လုပ်ဆောင်

မှုသည် အမှန်တကယ်ပင်ဂုဏ်ယူထိုက်သည့် သာသနာ့ လုပ်ငန်းဖြစ်ကြောင်း

အသိအမှတ်ပြုခဲ့သောကြောင်း ရာစုနှစ်များစွာ ကုန်လွန်လာသည်အထိ လူသိများ

လာခဲ့သည်။ ထိုမျှမက သူ၏ကျောင်းတွင်လည်း ဥပုဒ်စာဖြေသင်ခန်းစာကို

ထည့်သွင်း အသုံးပြုသင်ကြားစေခဲ့သည်။

နှစ်အနည်းငယ်လွန်သောအခါတွင် အသင်းတော်အသီးသီးမှလည်း

မှန်ကန်စွာရှုမြင်သုံးသပ်လက်ခံလာကြပြီး၊ ထောက်မကူညီဖေးမလာကြသည်။

ထို့နောက် ဥရောပနိုင်ငံများမှသည် အမေရိကသို့တိုင်အောင် ဥပုဒ်စာဖြေ

သင်ကျောင်းများ ပြန့်နှံ့သွား တော့သည်။အမေရိကန်ရှိ ဥပုဒ်စာဖြေကျောင်းများ

သည်အထောက်အမများဖြင့် စတင်ခဲ့ကြသောကြောင့် အချိန်တိုအတွင်းမှာပင်

ဥပုဒ်စာဖြေလုပ်ငန်းသည်အမေရိကန်၌ အရှိန်အဟုန်ဖြင့်တိုးပွားလာခဲ့သည်။

၁၈၂၇- ၁၈၅၇ ခုနှစ်များအကြားတွင် ပရိုတစ်စတင့်အသင်းတော်များ

တွင်လည်းဥပုဒ်စာဖြေသင်ကျောင်းများကိုကျင့်သုံးလာကြသည်။ မျက်မှောက်

ခေတ်တွင် ဥပုဒ်စာဖြေသင်ကျောင်းသည် မျိုးဆက်၊ တစ်ဆက်မှ တစ်ဆက်သို့

ဆင့်ကမ်းပေးသော သာသနာ့ရေစီးလမ်းကြောင်းဟုဆိုကမှားမည်မဟုတ်ပါ။

ဥပုဒ်စာဖြေကျောင်းမှ ကျန်းမာသန်စွမ်းသော စစ်သည်ရဲများကို မွေးထုတ်ပေး

ခြင်း ဖြင့်အသင်းတော်သည် တစ်နေ့တစ်ခြား ခိုင်မာတောင့်တင်း လာမည်ဖြစ်ပြီး

အကယ်၍ ဥပုဒ်စာဖြေကျောင်းမှသင်ကြားပေးမှုအားနည်းလာပါက ထိုအကျိုး

ဆက်သည် အသင်းတော်သို့တိုင်အောင်ရိုက်ခတ်လာပါလိမ့်မည်။ ဓမ္မာပညာရေး

အားကောင်းမွန်စွာဖြင့် ဝိုင်းဝန်းညီညာစွာရှိပါကသာသနာတင့်တယ်ပါလိမ့်မည်။

သာသနာပြုဆိုင်ရာနေ့

အသင်းတော်နှင့်သာသနာပြုလုပ်ငန်း

အသင်းတော်ဟူသောစကားမှာ ဂရိဘာသာစကုားပမငေုသျ ဖြစ်ပြီး၊

စကးစုအနေဖြင့် Kyriake Oikia ဟုသုံးနှုန်းကြကာ အဓိပ္ပါယ်မှာ

]သခင်ဘုရားအိမ်တော်} ဟုဆိုသည်။ တနည်းဆိုရလျှင်ခရစ်ယာန်တို့၏ ဝတ်ပြုရာ

အိမ်ဟုဆိုရမည်သာ။ အသင်းတော်ကိုမူကားထိုစကားလုံးဖြင့် သမ္မာကျမ်းစာတွင်

အသုံးမပြုထားပါ။ ထိုအစား Ekklesia  ဟူသောစကားလုံးဖြင့်သာ အသုံး

ပြုထားသည်။ သို့ရာတွင် ထိုစကားလုံးအား အဆောက်အဦးအတွက်လုံးဝ

အသုံးပြုထားခြင်းမရှိပါသည်။ ထိုစကားလုံးအနက်မှာ ဟုဖြစ်ပြီး]ရွေးချယ်

ခေါ်ထားခြင်းခံရသူများ} ဟုဆိုလိုပါသည်။

J.R.W.Stott ]]လောကီနှင့်မဆက်နွယ်၊ သီးခြားဘုရားပိုင်ထိုက်

သူများ၊ ဘုရားနှင့်ဆက်နွယ်၍၊ အထက်အရပ်မှအထူးရွေးနှုတ်ခြင်းခံထား ရသော

သာသနာ့အနွယ်ဝင်များ}} ဟုအသင်းတော်ကိုအနက်ဖွင့်ဆိုသည်။ အသင်းတော်

သည်ခရစ်တော်အားဖြင့်ဘုရာသခင်ခေါ်ခြင်းကို တုန့်ပြန်သောလူစုပင်ဖြစ်သည်။

တနည်းဆိုရပါက အသင်းတော်သည် ဘုရားသခင်ကိုယ်၌စတင်ခဲ့ခြင်းဖြစ်ပြီး၊

ခရစ်တော်၌တည်ရှိကာသန့်ရှင်းသောဝိညာဉ်တော်အားဖြင့် စနစ်တကျ ပုံသွင်း

တည်ဆောက်နေသောအရာလည်းဖြစ်သည်။ ထိုင်းအသင်းတော်သည် ဘုရား၏

ခေါ်ခြင်းကိုခံရပြီး လောကသို့တစ်ဖန်သာသနာပြုရန်စေလွှတ်ခြင်းခံရသူများပင်။

]]အသင်းတော်သည်ဘုရားသခင့်လူများ၏ခရီးစဉ်ဖြစ်ပြီး လူသားတို့အားဘုရား

သခင်နှင့်ပြန်လည်သင့်မြတ်မှုရရှိစေရန်သွေးဆောင်မှုပြုပြီးသခင်ဘုရားပြန်ြွက

လာတော်မူသောအခါတွင်ဆုံဆည်းရန်အသင့်ပြုနေကြသူများ}} ဟု Newbigin

ကဆိုသည်။

အသင်းတော်နှင့်သာသနာအဘယ့်ကြေင့်တွဲနေရသလဲ? လောကတွင်

အသင်းတော်အားမည်သို့သောသာနာပြုလုပ်ငန်းကိုလုပ်ဆောင်စေလိုသလဲ?

အသင်းတော်၏လှုပ်ရှားမှုမှန်သမျှတို့သည် သာသနာလုပ်ငန်းသာဖြစ်ရပါမည်။

သာသနာမရှိသောအသင်းတော်သည်စစ်မှန်သောအသင်းတော်ဟုမခေါ်ဆိုထိုက်။

ယနေ့ခေတ်တွင်အသင်းတော်နှင့်သာသနာ့လုပ်ငန်းအားရှုပ်ထွေးစွာ

နားလည်ခံယူ နေကြသည်။ အချို့က ဧဝံဂေလိ လုပ်ငန်းအားသာသနာပြု

အဖြစ်သတ်မှတ်ခံယူနေသည်။ အချို့က နယ်မြေဒေသ၊ ယဉ်ကျေးမှုမတူညီ

သောနေရာတွင် ဧဝံဂေလိ လုပ်ဆောင်ခြင်းကို သာသနာပြုလုပ်ငန်းဟု

ဆိုကြသည်။ အချို့ အသင်းတော်၏ လုပ်ဆောင်မှုများအားလုံးတို့သည်

သာသနာပြုလုပ်ငန်းဟုတွေးထင်ကြသည်။

သို့သော် John Stott က]]ကမ္ဘာအနှံ့သို့ဧဝံဂေလိ သတင်းတရားကို

အခြေချ ပေးသောအသင်းတော်များဖြစ်သည်၊ သာသနာပြုခြင်းသည်

အသင်းတော်အား အလင်းနှင့်ဆားဟူသော ဆောင်ပုဒ်ကိုပြီးမြောက်စေသည့်

ထွေးပွေ့နွေးထွေး စေမှု}} ဟုဆိုကာအထက်ပါ ထင်မြင်မှုများကိုပယ်ချခဲ့သည် (မ၊

၅း၁၃-၁၆)။ ထို့ကြောင့် သာသနာပြုခြင်းနှင့်ဧဝံဂေလိတရားတို့သည်

အသင်းတော်၏ ရပ်တည်ချက်ဖြစ်သ်ည။ ခြေနှစ်ချောင်းပေါင်းမှတစ်စုံရှိသကဲ့သို့

အသင်းတော် ဟူသောဂုဏ်ကိုပြည့်စုံစေပါသည်။

အသင်းတော်နှင့်စပ်လျှဉ်း၍ George W. Peters ကဤသို့

ရေးသားခဲ့သည်။]]အသင်းတော်တွင်အငန်းအတာသုံးရပ်ရှိသည်။(၁) ဘုရား

သခင်အားချီးမွမ်းကိုးကွယ်ခြင်းဖြင့်ဘုန်းတော်ထင်ရှားစေခြင်း၊ (၂) အတွင်း၌

သန့်ရှင်းစင်ကြယ်ခြင်း၊ ပညာတရားနှင့်ပြည့်စုံခြင်း၊ စည်းစနစ်ရှိခြင်းနှင့် မိမိအဖြစ်

မှန်ကိုထင်ရှားစေခြင်းနှင့် (၃) ပြင်ပသို့ဧဝံဂေလိတရားဟောပြောသက်သေခံခြင်း

နှင့်အတူအစေခံခြင်းတို့ဖြစ်သည်}}။ ထိုအရာသည်အသင်းတော်အတွက် အမှန်ပင်

ဆီလျှော်လှသောရေးသားချက်ဖြစ်သည်။ ထိုအရာတို့သည်အသင်းတော်တွင်

အရေးပါသောမဏ္ဍိုင်ပင်ဖြစ်သည်။ အကြောင်းမှာ အသင်းသားများအား ဘုရား

အလိုတော်အတိုင်း သွန်သင်ဆုံးမပေးခြင်း၊ ပံ့ပိုးပေးခြင်းမရှိပါက အသင်းတော်ဟု

မခေါ်ဆိုထိုက်။ ဧဝံဂေလိတရားအားဟောပြောခြင်းမရှိ၊ ပုံကောင်းသက်သေမပြ

နိုင်သောအရာအားအသင်းတော်ဟုမခေါ်ဆိုအပ်ပါ။

အသင်းတော်၏ထင်ရှားသောအမှတ်အသားမှာ ပြင်ပသို့ဧဝံဂေလိ

တရားအားဟောပြောလျှက်ဘုရားနှင့်လူပြန်လည်သင့်မြတ်စေရန်ဖြစ်ပြီး၊ ထာဝရ

နိုင်ငံတော်ကိုတည်ထောင်နေခြင်းသာဖြစ်သည်။ အသင်းတော်၏အဓိကတာဝန်

မှာလည်း အသင်းတော်တွင်းသာသနာပြုခြင်းသာဖြစ်သည်။အတွင်းအပြင်နှစ်ရပ်

လုံးတွင်အဓိကစံနှုန်းများမှာ လူမျိုးတကာအားခရစ်တော်၏တပည့်ဖြစ်စေလျှက်

ဒေသန္တရအသီးသီးတွင်ဘုရားသခင်အားချီးမွမ်းကိုးကွယ်ရန်သာဖြစ်သည်။

သို့သော်အသင်းတော်ပြင်ပတွင်သာသွန်သင်ဆုံးမခြင်းဟုတွေးထင်ပါက လွဲမှား

သွားပါလိမ့်မည်။ အကြောင်းမှာအသင်းတော်ပြင်ပတွင်ထိရောက်သော

ခရစ်တော်၏ နောက်လိုက်များဖြစ်လာစေရန်အသင်းတော်အတွင်း၌သာစတင်

ကြရပါမည်။ တနည်းဆိုရပါကယေရ

ုရှလင်áမှ ယုဒပြည်

ယုဒပြည်áရှမာရိပြည်

ရှမာရိပြည်áမှမြေကြီးစွန်းတိုင် ဟုရေပွက်ပမာချဲ့ကားလျှက်

သာသနာကိုဖြန့်ကျက်ရပါမည်။

အဆုံးပန်းတိုင်သည် မြေကြီးစွန်းတိုင်ဟု သခင်ဘုရားမိန့်ဆိုထားသည်

မဟုတ်ပါလား။

ထိုသို့ဆိုပြီးအသင်းတော်အများစုမှာ ကွဲပြားခြင်းသာရှိပြီး တိုးပွားခြင်း

မရှိရသနည်း? ဒေသန္တရအသင်းတော်များတွင်သာသနာပြုလုပ်ငန်းကင်းမဲ့နေကြ

သလဲ? အသင်းတော်၏အသက်သွေးကြောဖြစ်သော သာသနာပြုလုပ်ငန်းအား

အဘယ်အရာများကဆီးတားနေသလဲ? အတိုချုပ်အားဖြင့်ဆင်ခြင်ကြပါမည်။

၁။ စွမ်းရည်မဲ့သောသင်းအုပ်ဆရာ။

]]ဆရာတူတပည့်}} ဟူသောစကားပုံရှိပါသည်။အသင်းတော်တွင်းရှိ

အသင်းသားများ၏စွမ်းရည်ရှိမှု၊ မရှိမှုသည်အထူးသဖြင့်သင်းအုပ်ဆရာတွင်

ရေသောက်မြစ်ကျရောက်နေပါသည်။

၂။ တစ်ဦးပိုင်သာသနာ။

အသင်းတော်အများစုမှာသက်ဦးဆံပိုင်စနစ်ဖြင့်အုပ်ချုပ်ကြသော

ကြောင့်အသင်းသားများသည်ပွဲကြည့်သူအဖြစ်သာရှိနေကြရသည်။

၃။ အတ္တ/စီးပွားရေးဆရာများကြောင့်။

အသင်းတော်တွင်းသို့ပါဝင်ဆက်ကပ်ရာတွင် ]ပါဝင်ဆက်ကပ်ခြင်း}

အစား ]ဝင်ပါလှီးဖြတ်ခြင်း} များကြောင့် ထိခိုက်နစ်နာကြရကာ လူအများက

ရှောင်ဖယ်ကာ ဝေးဝေးသို့ထွက်သွားတတ်ကြသည်။ ထိုမျှမက သာသနာအတွက်

ဘုရားကိုချစ်လျှက် ပါဝင်ဆက်ကပ်လိုပါသော်လည်း ထိုသို့သောသူများကြောင့်

သာသနာသည်ခြစားနေပြီး၊ မြင်သူတိုင်းအတွက်လည်း အရုပ်ဆိုးအကျည်းတန်

လွန်းလှပေသည်။

တစ်နည်းဆိုရပါမူ Eco-Pastor (သို့) Ego-Pastor ဟူသည်

ကျမ်းစာတွင်ရှိမထားပါ။

၄။ သမားရိုးကျအသင်းတော်။

အသင်းတော်ရှိအများစုမှာ သာမန်မိရိုးဖလာများဖြစ်ကြသောကြောင့်

သန့်ရှင်းသောဝိညာဉ်တော်ဘုရားအားဖြင့်အသစ်မွေးဖွားခြင်းကိုမခံစားရဘဲ

ဘုရားသခင်နှင့်လက်တွေ့ကျကျအကျွမ်းဝင်ခြင်းမျိုးမရှိကြ။

၅။ ပုံသွင်းထားသောအသင်းတော်။

အချို့သောအသင်းတော်များမှာသူတို့၏ချမှတ်ထားသောမူများ

အတိုင်းပုံသေနည်းအတိုင်းသွားလာကြသည်။ ထို့အတွက်သုံးသပ်လေ့လာခြင်း

မရှိသောကြောင့်]အမေမှာသည့်ဆန်တစ်ခွဲသုံးစိတ်နှင့်မလဲ}ပမာအသီးအပွင့်မရှိကြ။

၆။ သမ္မာတရားချို့တဲ့သောအသင်းတော်။

လုပ်ဆောင်သူများအကြားတွင်သမ္မာတရားကိုအခြေမခံထားသော

ကြောင့်စည်းလုံးညီညွတ်ခြင်း၊ တစ်လုံတစ်ဝတည်းမရှိနိုင်ကြ။

၇။ဝိညာဉ်ရေးကိုလျစ်လျှူရှုသောအသင်းတော်။

အသင်းသားများအားပို့ဆောင်ရမည့်နေရာကိုလျစ်လျှူရှုခြင်းသည်

သင်းအုပ်ဆရာအချို့ပြုတတ်ကြသည်။ အသင်းသားများမှာ အသင်းတော်တွင်

ဘာ့ကြောင့်ပါဝင်နေရသည်၊ ဘယ်ကိုဦးတည်သွားလာနေကြသည်ကိုမသိကြ။

အသင်းတော်တည်ရှိနေရခြင်းကို အသင်းသားများနှင့်အတူ သင်းအုပ်ဆရာကိုယ်

တိုင်မသိကြ။ သာသနာပြုခြင်း၊ ဝေငှဟောပြောခြင်း၊ သက်သေခံခြင်းစသည့်

အသင်းတော်၏ရေသောက်မြစ်များကိုဖြတ်တောက်နေခြင်းသည် ဝိညာဉ်ရေးကို

လျစ်လျှူရှုခြင်းသာဖြစ်သည်။

၈။ ခြုံငုံသုံးသပ်မှုများမပြုလုပ်ခြင်း။

အသင်းတော်၏အခြေအနေအရပ်ရပ်ကိုသင်းအုပ်ဆရာကိုယ်တိုင်မှ

ကောင်းသည်၊ ဆိုးသည်အရာကိုအလေးအနက်ထားပြီး အချိန်ယူမစဉ်းစားခြင်း

တို့ဖြစ်သည်။

၉။ ရဲရင့်ပြတ်သားစွာပန်းတိုင်မထားရှိခြင်း။

တိကျသေချာသောပန်းတိုင်များမထားရှိခြင်းကြောင့် ပုံမှန်သမရိုးကျ

အတိုင်းသွားလာလှုပ်ရှားကာ အသင်းတော်သည်မည်ကာမတ္တတည်ရှိနေကြရ

ခြင်းဖြစ်သည်။

တစ်ဖန် အခြားတစ်ဖက်၌ကြည့်မြင်ဆန်းစစ်ပါက အသက်ဝင်လှုပ်ရှား

နေသောအသင်းတော်အကြောင်းအရင်းကဘာလဲ? ဘုရားသခင် သည်အသင်း

တော်အားတန်ခိုးပါအသင်းတော်အဖြစ်အသုံးပြုရန် အကြောင်းအရင်း များစွာ

ရှိနေပါသည်။ အသက်ဝင်၍ နိုးကြားမှုရှိသော အသင်း တော်များသည် ]ဥုံဖွ}

ဖြင့်တစ်ခဏချင်းဖြစ်လာကြသည်မဟုတ်ပါ။ အသင်းတော် တစ်ခုသည် ]နိုးထမှု}

ရှိပြီး၊ တစ်ဖန်နှစ်အနည်းငယ်အတွင်း ]သေသွား}ခြင်းလည်း ရှိကြသည်၊ အချို့

သောအသင်းတော်များမှာပုံမှန်]နိုးကြားရှင်သန်}နေကြသည့် အရာမှာ ]ကြီးထွား

နေခြင်း} ]ထိရောက်သောသွန်သင်မှု} များရှိခြင်း ]တပည့်တော် ဖြစ်စေမှု}များနှင့်

]အသင်းတော် တည်ထောင်ခြင်း} တို့ကို နှစ်စဉ်နှစ်တိုင်း သခင်ဘုရား အလိုတော်နှင့်

အညီလုပ်ဆောင်နေကြသောကြောင့်ဖြစ်သည်။အသက်ရှင်သောအမှတ်လက္ခဏာ

များမှာ-

၁။ ဘုရားဝတ်၌မွှေ့လျှော်သောခေါင်းဆောင်များအပြားရှိခြင်း။

ဘုရားသခင်ကိုချစ်ကြောက်ရိုသေလျှက်၊ ဆက်ကပ်အပ်နှံခြင်းပြုသော

ခေါင်းဆောင်များဖြင့် အသင်းတော်ရှိလှုပ်ရှားမှုမှန်သမျှကို တက်တက်ြွကြွကဖြင့်

အစေခံနေကြသည်။

၂။ ပန်းတိုင်ရည်ရွယ်ချက်ထားရှိသည်။

သာသနာကျယ်ပြန့်ရေးအတွက်ပန်းတိုင်သည်အသင်းတော်အား

လှုံ့ဆော်ပေးမည့်စက်ယန္တရားဖြစ်သည်။ အသင်းတော်တွင်လုပ်ဆောင်နိုင်ဖွယ်

ဖြစ်သောရေတို၊ ရေရှည်စသည့်ပန်းတိုင်များအသီးသီးထားရှိရမည်။ ပန်းတိုင်များ

တွင်တိကျရှင်းလင်းသောလမ်းညွှန်မှုကိုလည်းချမှတ်ထားရမည်။ ထိုပန်းတိုင်များ

ပြီးမြောက်ရေးသည်အားလုံးတာဝန်ဖြစ်သည်ကိုသိနေကြသည်။

၃။ တပည့်တော်ဖြစ်ခြင်းကိုဆာငတ်ကြသည်။

ဧဝံဂေလိတရားကိုပေါက်ပေါက်ဖေါက်သလိုပြောဆိုလုပ်ကိုင်ကြပြီး

တပည့်တော်ဖြစ်ခြင်ကိုလျစ်လျှူရှုခြင်းသည်အသင်းတော်ကို မကြီးထွားစေနိုင်။

အသက်ရှင်သောအသင်းတော်များတွင်မူကား ဧဝံဂေလိတရားကိုလည်း ဝေငှ

ဟောပြောရင်းတပည့်တော်ဖြစ်ခြင်းကိုလည်းဆာငတ်မှုအပြည့်ဖြင့် ချိန်ခွင့်ညီမျှ

စွာလုပ်ဆောင်ကြသည်။

၄။ အသင်းတော်ကြီးထွားရေးကိုလိုလားလုပ်ဆောင်။

အသင်းတော်ဟူသည် မိမိအသင်းတော်အကျိုးအတွက် လုပ်ဆောင်

နေခြင်းမဟုတ်။ အသင်းတော်တည်ရှိရခြင်းသည် တစ်ပါးသူအတွက်ဖြစ်သည်။

ဧဝံဂေလိနှင့်သာသနာကျယ်ပြန့်ရေးအတွက် တိုးချဲ့ခြင်းများနှင့်အတူ ဆထက်

ထမ်းပိုးတိုးလျှက် သခင်ဘုရားအဖို့အစေခံရန်စိတ်အားထက်သန်စွာ ဆက်ကပ်

နေခြင်းဖြစ်သည်။

၅။ အသက်ဝိညာဉ်ကိုတန်ဖိုးထားခြင်း။

]]သင်တို့သည်အချင်းချင်းချစ်ကြလျှင်လူအပေါင်းတို့သည် ထိုအမှုကို

ထောက်၍ငါ့တပည့်ဖြစ်ကြောင်းသိကြလိမ့်မည်}} ( ယော၊ ၁၃း၃၅)။ တစ်ဦးနှင့်

တစ်ဦးအလေးထားမြတ်နိုးခြင်းသည် အသင်းတော်များအတွင်းနွေးထွေးလှပြီး

သာသနာပများအတွက်အလင်းကိုပေးပြီး လက်ရပ်ခေါ်နေခြင်းဖြစ်သည်။

၆။ မိသားစုကိုချစ်မြတ်နိုးခြင်း။

မိသားစုများကိုလျစ်လျှူရှုခြင်းသည်အသင်းတော်များအား ဆိုးဝါး

သောကျန်းမာရေးကိုဖြစ်ပေါ်စေတတ်သောကြောင့် မိသားစုကိုလည်းချစ်မြတ်နိုး

ကြရပါမည်။

၇။ ဒေသန္တရနှင့်အညီတည်ရှိသောအသင်းတော်။

ဒေသန္တရနှင့်လိုက်လျော်ညီထွေမှုမရှိသောအသင်းတော်များသည်

ကြီးထွားခြင်းမရှိနိုင်။ ထို့ကြောင့်သမ္မာတရားကိုအခြေတည်သော ယဉ်ကျေးမှု

ဓလေ့ထုံးတမ်းများကိုလည်းအလေးထားမြတ်နိုးခြင်းရှိကြသည်။

၈။ ကိုယ်ကျိုးစွန့်သောသာသနာစိတ်ဓါတ်ရှိခြင်း။

ခရစ်တော်ဘုရားသည်ကိုယ်ကျိုးစွန့်သောသာသနာစိတ်ဓါတ်ဖြင့်

ကျွနု်ပ်တို့ကိုကယ်ချွတ်တော်မူခဲ့သည်၊ ထိုနည်းတူစွာ အသင်းတော်သည်လည်း

စွန့်လွတ်အနစ်နာခံခြင်းများဖြင့်တည်ဆောက်ထားခြင်းဖြစ်သည်။

ယနေ့မျက်မှောက်ခေတ်အသင်းတော်သာသနာကားမည်သို့နည်း?

၆၅ဝဝဝဝ ခန့်မျှသော ဧဝံဂေလိသာသနာပြုဆရာများသည် သူတို့၏နေရပ်ဌာနေ

မှဝေးရာအရပ်တွင်သာသနာပြုနေကြသည်။ P.J.John Stone ၏စာအုပ်တွင်

ဖေါ် ပြချက်အရာ ]]သာသာနပြုရာတွင်သုံးသည့်ငွေ ၅၆% မှာအမေရိကန်မှ}}

ပေးလှူကြောင်းသိရသည်။ သာသနာပြုငွေများကို ၉၀% အပြည့်အဝ ထောက်ပံ့

ပေးခဲ့ကြောင်းနှင့် သာသနာပြုဆရာများကလည်း ရွပ်ရွပ်ချွန်ချွန် အစေခံကြောင်း

သိရသည်။ အချို့သောသာသနာပြုများမှာ ကျောင်းဆရာ၊ ဆရာဝန်၊ သူနာပြု၊

ဗိသုကာပညာရှင်၊ စီးပွားရေးသမားများ စသည်ဖြင့်အစေခံနေကြသည်။

အချိန်ပြည့်မဟုတ်ကြသော်လည်းသူတို့သည် ဧဝံဂေလိဟောပြောခြင်း၊ သင်ကြား

ပေးခြင်း၊ အသံလွှင့်ခြင်း၊ ကျမ်းစာဝေပေးခြင်း၊ အင်တာနက်သာသနာ

လုပ်ငန်းတွင်အမေးအဖြေများပြုပေးခြင်း၊ စာပေရေးသားခြင်း၊ ကျမ်းစာ

သင်ကြားပေးခြင်းများ ကိုပြုလုပ်နေကြသည်။

လွန်ခဲ့သောနှစ်အနည်းငယ်အချိန်ထိ တိမ်မြုပ်နေသော လူမျိုးစုများ

လည်းရှိနေပါသေးသည်။ သာသနာ၏အခက်အခဲများနှင့် ပါတ်သက်၍ ျွှသမိူ

ငြျငသည မှ Mission rS Dr.Ralph Winter က ထိုလူမျိုးစုများသည် အနည်းငယ်မဟုတ်

ကြ။ သူတို့တွင်အသင်းတော်မရှိသလို၊ ဝမ်းမြောက်ဖွယ်ရာ ဧဝံဂေလိသတင်း

တရာကိုလည်း မကြားမိကြဟုဆိုပြီး၊ ထိုသူတို့၏အသက်ဝိညာဉ်အတွက် အသင်း

တော်များတွင်တာဝန်ရှိနေကြောင်းဆိုခဲ့သည်။

]]မျက်မှောက်တွင်ဧဝံဂေလိဆရာများဟောပြောဝေငှသက်သေခံ

နေကြ သူများမှာ လူသုံးမျိုးသုံးစားရှိကြောင်း၄င်းတို့မှာ (၁) တည်ရှိနေသော

အသင်းတော်များအတွင်း (၂) အသင်းတော်သစ်များအတွင်း (၃) ဧဝံဂေလိတရား

ကိုနားရည်ဝနေသောသူများ}} ဖြစ်ကြောင်း Dr.Winter မှတ်ချက်ပြုထားသည်။

ဓမ္မဆရာ ၁၇၁ ယောက်တွင် ၁ ဦးသောဓမ္မဆရာသည် ဧဝံဂေလိမကြားဘူးသော

အရပ်တွင်အစေခံနေသည်ကို စစ်တမ်းအရတွေ့ရှိရသည်။

သာသနာပြုဆရာကြီးများက ဧဝံဂေလိတရားကိုမကြားဘူးသူများ

အားသွားရောက်ဝေငှရန်လိုအပ်ကြောင်းနှစ်ပေါင်းများစွာပြောဆိုကြသော်လည်း

ယနေ့မြန်မာနိုင်ငံတွင် ဧဝံဂေလိတရားကိုမကြားဘူး၊ မနာဘူးသူများနေ့စဉ်နှင့်

အမျှတိုးပွားလာနေပါသည်။ မျက်မှောက်ခေတ်နည်းပညာရပ်များနှင့်အတူ

World Wide Web ဟူသော စကားအတိုင်းကမ္ဘာအနှံ့ဧဝံဂေလိတရားကို

ကျယ်ပြန့်နိုင်ရေးအတွက် အသင်းတော်တိုင်းတွင်တာဝန်ရှိနေပါသည်

အိမ်ထောင်နှင့်သာသနာ

သာသနာဟူသောစကားသည် လက်တင်ဘာသာစကား Missio  မှ

ဆင်းသက် လာခြင်းဖြစ်ပြီး၊ ]]စေလွှတ်ခြင်းခံသူ}} ဟုဆိုလိုပါသည်။ထိုစကားရပ်

အတိုင်း အသင်းတော်၊ အဖွဲ့အစည်းအသီးသီး၊ နိုင်ငံတိုင်းတွင် တိကျသော

တာဝန်တစ်ရပ်ဖြင့်ရွေးချယ်စေလွတ်ခြင်းခံထားရသူများကို Missionares ဟုခေါ်ဆိုကြသည်။

ထို့ကြောင့် သာသနာပြုဆရာဟူသည် နယ်မြေတစ်ခုခုသို့ တိကျသော

ပန်းတိုင်၊ တာဝန်တစ်ခုခုအတွက် စေလွှတ်ခြင်းကိုခံထားရသူများဖြစ်သောကြောင့်

ပေးအပ်ထားသောတာဝန်ကိုကျေပွန်စွာပြီးမြောက်စေရပါမည်။ စေလွှတ်ခြင်း

ခံရသူသည် စေလွှတ်ခံထားရသောနေရာတွင် အတည်တကျနေထိုင်ကြရသည်။

စစ်စကားဖြင့်ဆိုရပါကဌနဆိုင်ရာများ၏ကွပ်ကဲမှုများနှင့်အတူ မိမိ၏တာဝန်အား

ပုံမှန်တိုးပွားခြင်း၊ ဆုတ်ယုတ်ခြင်းကိုအစီရင်ခံတင်ပြနိုင်သော အနေအထားတွင်

အချိတ်အဆက်ရှိနေကြရပါမည်။

ဘာ့ကြောင့်အိမ်ထောင်နှင့်သာသနာဟုဆိုရသနည်း?

အိမ်ထောင်အစပြုပေးသူသည်ထာဝရဘုရားရှင်ဖြစ်သည်။ ဧဒင်

ဥယျာဉ်တွင် ကျွနု်ပ်တို့၏ဘိုးဘေးများဖြစ်သော အာဒံနှင့်ဧဝအတွက်ဘုရားသခင်

သီးသန့်ပြင်ဆင်ပေးတော်မူခဲ့သည်။ ထို့ကြောင့်အစပြုတည်ထောင်သူသည် အာဒံ

မဟုတ်ထာဝရဘုရားသာဖြစ်သည်။ ဘုရားသခင်သည်အာဒံအား အိမ်ထောင်ဖက်

ဧဝကိုပေးတော်မူသောအခါတွင် ခမ်းနားစွာဖြင့်ထိမ်းမြားမင်္ဂလာပြုခဲ့သည်။

အဖွဲ့အစည်းဟူသည်မိသားစုများပေါင်းစည်းထားခြင်းဖြစ်သည်။

အသင်းတော်၊ အဖွဲ့အစည်း၊ နိုင်ငံတို့၏ပင်မစီးကြောင်းသည် မိသားစုများသာ

ဖြစ်သည်။ မိသားစုအသီးသီး၏ဖြစ်တည်မှုအပေါ်တွင်မူတည်၍ အသင်းတော်၊

အဖွဲ့အစည်း၊ တိုင်းနိုင်ငံသည်ကောင်းခြင်းဆိုးခြင်းမှီတည်ဖြစ်ပေါ်လာပါသည်။

၆၆ အုပ်သောကျမ်းငယ်များစုစည်းထားသည့်သမ္မာကျမ်းစာတွင်

ဘုရားရှင်သည် အာဗြဟံနှင့်သူ့မိသားစုကိုခေါ်ခဲ့ကြောင်းတွေ့ရပြီး၊ ဘုရားသခင်

၏သာသနာလုပ်ငန်းသည်ထိုအိမ်ထောင်မိသားစုဖြင့်စတင်ခဲ့ခြင်းဖြစ်သည်။

သာသနာပြုသမိုင်းစာအုပ်

ဣသရေလသမိုင်းကြောင်းသည် အာဗြဟံမိသားစုမှစတင်ခဲ့သော

ထာဝရဘုရား၏သာသနာပြုသမိုင်းကြောင်းပင်ဖြစ် သည်။ ဘုရားသခင်သည်

အာဗြဟံအားခေါ်သောအခါတွင် ယုံကြည်ခြင်းဖြင့်လက်ခံဖြေကြားခဲ့သည်။ သူ၏

ဘဝဟောင်းလမ်းကြောင်းကိုစွန့်ခွါပြီး ဘုရားသခင်အတွက်သာသနာလုပ်ငန်းကို

စတင်ခဲ့သည်။ ထို့ကြောင့်လည်းအာဗြဟံအားသာသနာပြုအဖြစ်ခေါ်ဆိုသမုတ်

ကြောင်းကို]]သင်၏အမျိုးအနွယ်အားဖြင့် လူမျိုးအပေါင်းတို့သည် ကောင်းကြီး

မင်္ဂလာကိုခံရကြလိမ့်မည်}} (က၊ ၂၂း၁၈)တွေ့ရပါသည်။ အာဗြဟံ၏ သာသနာ

လုပ်ငန်းသည်သားသမီးများထံသို့ဆင့်ကမ်းသော သာသနာ့အမွေဖြစ်လာခဲ့

သည်။ အာဗြဟံအားခေါ်၍ပေးအပ်ခဲ့သောတာဝန်သည် ယာကုပ်ထံသို့လွဲအပ်

ခြင်းကိုပြုတော်မူခဲ့သည် (က၊ ၂၈း၁၃-၁၄)။

ဓမ္မသစ်ကျမ်းတွင်ခရစ်တော်ဘုရား၏သာသနာလုပ်ငန်းသည် သူ၏

အိမ်ထောင်မိသားစုတွင်စတင်ခဲ့သည်။ လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်ကျော်က

သာသနာလုပ်ငန်းသည် ယေရုရှလင်မြို့၏အထက်ခန်းငယ်လေးတွင်ရှိသော

တပည့်တော် ၁၂၀ ၏ ဆုတောင်းခြင်းဖြင့် စတင်ခဲ့သည်။ ခရစ်တော်သည်

ထိုတပည့်တော် ၁၂၀ ခန့်မျှကို လောကတွင်ခန့်အပ်ထားခဲ့ပြီး ကောင်းကင်ဘုံသို့

တက်ြွကသွားခဲ့သည်။ ယခုလောကတွင် ထာဝရဘုရားအားကိုးကွယ် ဆည်းကပ်

သောသူမည်မျှရှိနေပါသနည်း?

ထိုအရေးအတွက်ကိုရရှိနိုင်ရန်အတွက် Dr.David B.Barett က

နှစ်ပေါင်း ၁၄ နှစ်ခန့်မျှခရီး သွားရင်း နိုင်ငံပေါင်း ၂၁၂ နိုင်ငံ၊ ဒေသန္တရခေါင်းဆောင်

၅ဝဝ ခန့်နှင့်တွေ့ဆုံ မေးမြန်းခဲ့ရာတွင် ၁ç၄၃၃çဝဝဝçဝဝဝ လူမျိုးတိုင်းတွင်ရှိပြီး။

ထိုအရာသည်ခရစ်ယာန်ဟုအမည်ခံသူများလည်းပါဝင်နေပါသည်။ မည်၍

မည်မျှကစစ်မှန်သောသူများဟုပြောရန်ကျွနု်ပ်တို့အကြောင်းမရှိပါ။ လူဦးရေ ၁၂၀

မှ ၁ç၄၃၃çဝဝဝçဝဝဝ သို့တိုးပွားလာခြင်းသည်ကား ရာခိုင်နှုန်းအားဖြင့်ကြည့်မည်

ဆိုလျှင် ၁၂çဝဝဝçဝဝဝ% မျှရှိလာကြောင်းတွေ့ရသည်။ (မှတ်ချက်။ ၂ဝဝဝ ခုနှစ်

ဇယာဖြစ်သည်)။

သို့တိုင်အောင်ကျွနု်ပ်တို့]အောင်ပွဲ}မခံနိုင်သေးပါ။ အကြောင်းမှာ ကမ္ဘာ့

လူဦးရေနှင့်ကြည့်မည်ဆိုက သုံးပုံတစ်ပုံထက်ပင်နည်းပါးနေသည်မဟုတ်ပါလား။

အသင်းတော်သည်ကြီးထွားလာရမည့်နှုန်းနည်းပါးလာသည်နှင့်အမျှ သာသနာပ

၏စနစ်သည်ကား သုံပုံနီးပါးခန့်ကိုအရှိန်အဟုန်ကြီးစွာဖြင့်ဖြစ်တည်နေသည်။

ယုံကြည်သူများသည် အောက်ခြေယိုင်နဲ့နေပါပြီ။

အပါတ်စဉ် တနင်္ဂနွေနေ့တိုင်း အခြားတစ်ပါးသို့ထွက်ခွါသွားသော

ခြေတို့သည် များစွာရှိနေပါသည်။ ထိုအရာ တို့သည်ကား အိမ်ထောင်ရေး

မိသားစုပြိုကွဲမှုများ၏အကျိုးဆက်များကြောင့်သာ ဖြစ်သည်။ အိမ်ထောင်

မိသားစုများသည် စည်းစိမ်ဥစ္စများတွင်နစ်မွန်းနေပြီး သာသနာလုပ်ငန်းအား

လျစ်လျှူရှုထားကြသောကြောင့်ဖြစ်သည်။

ယနေ့ကမ္ဘာ့သုံးပုံတစ်ပုံတွင် ကြီးစိုးနေသူများသည် မယုံကြည်သူများ

ဖြစ်ကြသည်။ ယနေ့ယုံကြည်သူအများစုမှာ ခရစ်တော်၏နာမအားဖြင့် ညှင်းပန်း

နှိပ်စက်ခြင်းကိုခံစားနေကြရသည်။ တိုင်းနိုင်ငံအသီးသီးတွင် ခရစ်တော်ဘုရားကို

ကိုးကွယ်ဆည်းကပ်ခြင်းကြောင့် ညှင်းပန်းခြင်း၊ ရာထူးဖြုတ်ခြင်း၊ ထောင်သွင်း

အကျဉ်းချခြင်း၊ နှိပ်စက်ခြင်း၊ ရိုက်ပုတ်ခြင်း၊ မတရားပြုမူခြင်းခံနေကြရသည်။

သို့သော်လည်း ခရစ်တော်ဘုရားကို ကိုးစားသက်ဝင်လာမှုကား အစဉ်အမြဲတိုးပွား

လာနေသည်။ ဧဝံဂေလိတရားဟောပြောခြင်းကိုစောင့်စားနေသောလူများ၏

အသက်ဝိညာဉ်များလည်းရှိနေကြသည်။ ရာစုနှစ်ပေါင်းများစွာအသင်းတော်

များသည် အမှောင်လောကတွင်းသို့တိုးဝင်ထိုးဖေါက်အလင်းဆောင်ရန် စိတ်မရှိ

ကြဘဲ အသင်းတော်တွင်း၌သာ နို့သက်ခံနေကြသည်။

သာသနာပြုဆရာများလည်းလူသားများပင်ဖြစ်သည့်အတွက်၊

အထီးကျန်လွမ်းဆွတ်မှုကိုခံစားကြရသည်၊ ဆေးရုံဆေးခန်း မရှိသောကြောင့်

ဖျားနာ သောအခါတွင်အခက်တွေ့ကြရသည်။ ခက်ခဲကြမ်းတမ်းမှု၊ ဆာလောင်

ငတ်မွတ်မှု၊ ညှင်းပန်းနှိပ် စက်မှုနှင့် ငြင်းပယ်မူများကိုလည်းခံစားကြရပေမည်။ ထို့

ကြောင့်လည်းရှင်ပေါလုက ]]ငါသည်လူမျိုးတကာတို့အေြွကးတင်လျှက်ရှိသည်}}

ဟုဆိုခဲ့ခြင်းဖြစ်သည်။ ထိုနည်းတူစွာ ]ထိုင်း၊ တရုတ်၊ မြန်မာ၊ အိန္ဒိယ၊ လာအို၊

ဂျပန်၊ အာဖရိကနှင့် အခြားအခြားသော ရပ်ဝေးမြေများအတွက် ငါသည် အေြွကး

တင်ကျန်လျက်ရှိသည်} ဟုဆိုလိုခြင်းဖြစ်သည်။

အန္ဒိယရှိယုံကြည်သူတစ်ဦးသည် ဘုရားအထံအတော်မှ ဖွင့်ပြခြင်းကို

ခံစားရရှိသောနောက် သာသနာပြုအတွက် လစဉ် Rs.100 ကိုပေးလှူရန်

ဆုံးဖြတ်လိုက်သည်။

ထို့နောက်အိမ်ထောင်ရက်သားကျသောအခါတွင် မိသားစု

အတွက်ငဲ့ကွက်ပြီး Rs.50 ထည့်ဝင်ရန်အခွင့်ရှိသော်လည်း ယခင်အတိုင်းထည့်

ဝင်ခဲ့ပြီး သူ့ဇနီးသည်အတွက် Rs.100 ကိုပေါင်းထည့်ကာ စုစုပေါင်း Rs.200

ထည့်ခဲ့သည်။သည်လိုနှင့်သားရသောအခါတွင်လည်းသားအတွက်ထည့်သည်။

ထို့နောက်သားတစ်ယောက်ရပြန်သောအခါ တွင် စုစုပေါင်း Rs.400 ထည့်ဝင်

ကြသည်။ တစ်ဖန်သားငယ်သည် အမှုတော်မြတ်အတွက် ပါဝင်ဆက်ကပ်

သောအခါတွင် သားငယ်၏ သာသနာပြုလုပ်ငန်းအတွက် ထောက်ပံ့ခဲ့သည်။

ယခုအခါတွင် ထိုမိသားစုသည် သားများနှင့်အတူ

ငွေအားဖြင့် သာထည့် ဝင်ခြင်း မဟုတ်တော့ပဲ သာသာနလုပ်ငန်းခွင်တွင်ကိုယ်တိုင်

ကိုယ်ကျ ပါဝင်လျှက်ရှိသည်။

အမှန်လိုအပ်သည်ဟုထင်မိပါသလား? သင့်မိသားစုတွင်ခံစားရသော

ကောင်းကြီးမင်္ဂလာများကိုရေတွက်ကြည့်ပါ။ သာသနာပြုအတွက် ထည့်ဝင်

ပါသလား။ မိသားစုအများစုမှာ ဆယ်ဖို့တစ်ဖို့ပေးခြင်းကလုံလောက်ပြီးဟု

ထင်မှတ်မှားကြသည်။ အချို့ဆိုလျှင်ဆယ်ဖို့တစ်ဖို့ကိုပင်မပေးကြ။ ထိုအရာမှာ

ဘုရားသခင်၏ဘဏ္ဍာတော်ကိုလုယူနေကြခြင်းဖြစ်သည်။

တစ်ဖန်သာသနာလုပ်ငန်းအတွက်ပေးလှူပါဝင်နေကြသော မိသားစု

များကိုလည်းတွေ့ရပါသည်။ အချို့မှာ ထင်ပေါ်လိုမှုအတွက်၊ အချို့မှာ တာဝန်

အရ၊ အချို့မှာမိမိစိတ်ပျော်ရွှင်မှုအတွက်ဖြစ်ကြပြီး ပေးလှူခြင်း၏ရည်ရွယ်ချက်

မှာဖေးမကူညီလိုစိတ်ကြောင့်မဟုတ်ဘဲ မိမိဂုဏ်မြင့်တင်လိုသောကြောင့်ဖြစ်သည်။

ထိုသို့ပေးလှူခြင်းသည်လုံးဝဆိုးသည်ဟုမဆိုလိုပါ၊ ကောင်းပါသည်၊

သို့သော်ပေလှူခြင်းသည် မေတ္တာကိုအရင်းခံသောပေးလှူခြင်းဖြစ်ရပါမည်။

လက်တင်စကားပုံတွင် ]]စေတနာမှန်သူနှစ်ဆခံစားရသည်}}ဟုရှိပါသည်။

၁၈၉၃ ခုနှစ်တွင် Charles Cowman တို့ဇနီးမောင်နှံသည်

သာသနာပြုအစည်းအဝေးတစ်ခု သို့တက်ရောက်ခဲ့ကြသည်။ အမှန်မှာသူသည်

ခရစ်တော်ဘုရားအားလက်ခံလာသည်မှာ ကိုးလမျှသာရှိသေးသည်။ အာဖရိက

သာသနာအတွက် အလှူငွေကောက်ခံသောအခါတွင် သူ့တွင်ရှိသော ငွေအားလုံး

ထည့်ဝင်လိုက်သည်။

ဒုတိယအကြိမ်ကောက်ခံသောအခါတွင် သူ့တွင်ရှိသော ရွှေ နာရီကို

ထည့်လိုက်ရင်း ဇနီးဖြစ်သူအားလှည့်ကြည့်လိုက်သည်။ ပထမတွင်ဇနီး သည်မှာ

နားမလည်နိုင်ဖြစ်ရသည်။ သို့သော်ခင်ပွန်းဖြစ်သူသည် စိန်လက်စွပ်ကို

လိုချင်နေမှန်းသိလိုက်သည့်အတွက်မပြောမဆိုပဲ လက်စွပ်ကိုချွတ်ကာအလှူငွေ

အိပ်အတွင်းသို့ထည့်လိုက်သည်။ ထို့နောက်လအတန်ကြာသောအခါတွင် သူတို့

ဇနီးမောင်နှံသည်သူတို့လစာများအားသာသနာအတွက်ပေးလှူလိုက်ကြသည်။

နောက်ဆုံးတွင်သူတို့သည် ဆုတောင်းခြင်းကြီးစွာဖြင့် ဟောပြောသက်သေခံရာမှ

မိသားစုသာသနာလုပ်ငန်းကိုစတင်လျှက်ရှိကြသည်။

Cowman  တို့ကဲ့သို့ပြုရန်မဆိုလိုပါ။ သို့သော်သာသနာလုပ်ငန်း

အတွက်မိမိတို့တတ်စွမ်းနိုင်သည့်အတိုင်း ခရစ်တော်နှင့် ခရစ်တော်၏သာသနာ

ကိုထောက်လျှက်ပေးလှူခြင်းကိုလူတိုင်းပါဝင်နိုင်ပါသည်။ မိသားစု၏ အသီးအနှံ၊

ငွေကြေး၊ အိမ်မွေးတိရစ္ဆာန်စသည့် ပေးလှူမှုများကိုဘယ်မှာပေးလှူပါဝင်နေပါ

သလဲ? သင်၏ပေးလှူပါဝင်မှုသည်သင်၏ယုံကြည်ခြင်းအတိုင်းအတာနှင့်ညီမျှ

နေပါသည်။ အကယ်၍ တစ်ကျပ်၊ တစ်ရာပါဝင်နေပါက သင်၏ယုံကြည်မှုသည်

တစ်ကျပ်၊ တစ်ရာနှင့်သာထပ်တူကျနေသည်ကိုမမေ့ပါနှင့်။

တရုတ်နိုင်ငံသို့သာသနာပြုသွားခဲ့သော Hudson Talor

အန္ဒိယသို့သွား ရောက်ခဲ့သော William Carey အာဖရိကသို့သွားရောက်

သာသနာပြုခဲ့သော David Living Stone နှင့် မြန်မာနိုင်ငံသို့လာရောက်

ခဲ့သော ဆရာကြီးယုဒသန်စသည်တို့ကိုသတိရအောက်မေ့လိုက်ပါ။

အားလုံးသည် မိသားစုပြဿနာအခက်အခဲများကို တောကြီး

မျက်မည်းများအတွင်းဝယ် ကြုံတွေ့ခဲ့ကြရပါသည်။ သူတို့ဘယ်လိုခံစားခဲ့ရသလဲ

ဆိုတာကို မည်သူမှ စကားကုန်မဆိုနိုင်ခဲ့ကြ။ စိတ်ဒုက္ခအကြီးအကျယ်ရောက်ခြင်း၊

အိပ်ပျက်လောက် အောင်ခက်ခဲခြင်းများနှင့် ထောင်သွင်းအကျဉ်းချခြင်း

တို့ကိုမေ့ထားကြသည်။ သူတို့ခံစားကြုံတွေ့ခဲ့ရသောအမှုများသည် လူတို့၏

အစွမ်းထက်ကျော်လွန် ခဲ့ကြသည်။ အများစုမှာသူတို့၏နေရပ်ဌာနေ

သို့ပင်ပြန်လာခွင့်မရခဲ့ကြ။ သွားရ သောနေရာဌာနတွင် အသေသတ်ခြင်းများ

ပင်ခံခဲ့ကြရသည်။

]]ကိုယ်တော်ကျွနု်ပ်ရှိပါတယ်။ စေလွတ်တော်မူပါ။ ကမ္ဘာအဆုံးထိတိုင်

မည်မျှပင်ကြမ်းတမ်းပါစေ၊ မည်မျှပင်ရိုင်းစိုင်းပါစေစေလွှတ်တော်မူပါ။

အထက်အရပ်မှနှစ်သိမ့်ခြင်း၊ လောကီအရာနှစ်သိမ့်ခြင်းတို့ပေးရန်အတွက်

သေခြင်းတံခါးသို့ဖြစ်ပါစေ ကိုယ်တော့်နိုင်ငံကျယ်ပြန့်ရေးအတွက် အကျွနု်ပ်ကို

စေလွှတ်တော်မူပါ}} ဟူ၍ David Brainerd ကရေးသားခဲ့သည်။

ယနေ့ဆိုးယုတ်နေသောလောကတွင်းရှိ အပြစ်နွံဝဲဩဃတွင်းမှ အပြစ်

သားများသည် ခရစ်တော်ဘုရား၏ ဧဝံဂေလိတရားကိုကြားနာခွင့် ရရန် စောင့်စား

နေကြသည်။ အဘယ်သူသွားမည်နည်း? ခရစ်ယာန်အိမ်ထောင်မိသားစုမှ

သားသမီးများကိုစေလွှတ်၍ ပျောက်ဆုံးဝိညာဉ်များထံဝေမျှပြောကြားစေပါ။

အကယ်၍ သင့်မိသားစုတွင်သားသမီးများအားမစေလွှတ်နိုင်ပါက

အခြားသော သာသနာပြုဆရာများကို ဆုတောင်းခြင်းဖြင့်၊ ငွေကြေးဖြင့်၊

ပစ္စည်းများပံ့ပိုးခြင်း စသည်တို့ဖြင့်ဖေးမကူညီထောက်မကြပါ။ ၂ ကော၊ ၉း၆-

၁၅ တွင် ရှင်ပေါလုက ]ပေးလှူခြင်းဖြင့်ဆုံးရှုံးသွားမှုမရှိ}ကြောင်းပြောဆိုခဲ့သည်။

ပေးလှူခြင်းသည် မျိုးစေ့ကြဲခြင်းနှင့်တူပြီးပြန်လည်ရိပ်သိမ်း ရမည့်ရာသီ

ရှိကြောင်းပြောဆိုခဲ့ပြီး ယုံကြည်သူတိုင်း ရိပ်သိမ်းခွင့်ရရှိရန်ပျိုးကြဲရန်

လိုအပ်ကြောင်းဖေါ်ပြထားသည်။

ထိုကျမ်းချက်ကိုဖတ်ရှုသောအခါတွင် သာမန်ထက်ပိုသော တိကျ

မှန်ကန်မြန်ဆန်သော ဘုရားပေးနည်းလမ်းနှင့် မဖေါက်မယွင်းနိုင်သော နည်းစနစ်

များကိုတွေ့ရသည်။ ထိုနေရာတွင်သုံးမျိုးသုံးစားသော နိယာမများ ကိုတွေ့

ရှိရသည်။

၁။ ပရဟိတအကျိုးသယ်ပိုးခြင်း။

လိုအပ်နေသူများရှိသည်၊ ထိုသို့ပြုခြင်းက ပေးလှူခြင်းသက်သက်

သာမက သူတို့၏ယုံကြည်ခြင်းကိုလည်း တိုးပွားစေရာရောက်ခြင်း။

၂။ အတ္တဟိတအကျိုးသယ်ပိုးခြင်း။

ယုံကြည်မှုကိုသက်သေတည်ခြင်း။ ထိုသို့ပြုခြင်းဖြင့် မိမိယုံကြည်ခြင်း

တိုးပွားစေခြင်းနှင့်အတူ အခြားသူများ၏ဆုတောင်းပေးမှုနှင့် မေတ္တာတရားတို့ကို

လည်းခံစားပွားများစေသည်။

၃။ ဘုရားအကျိုးသယ်ပိုးခြင်း။

ထိုသို့ပေးလှူခြင်းသည် ဆုတောင်းပဌနာပြုခြင်းနှင့်အတူ ကျေးဇူး

ချီးမွမ်းခြင်းများလည်းအထံတော်သို့သက်ရောက်စေသည်။ ကျွနု်ပ်တို့၏အလှူ

ဒါနအားဖြင့်လူတို့သည်ဘုရားသခင်အားချီးမွမ်းခြင်းပြုကြ၍ ဘုန်းတော်ထင်ရှား

စေသည်။ ထိုမျှမကလူသားတို့၏နှလုံးသားများအားအထံတော်သို့ဦးတည်ပေး

ရန်အခွင့်အလမ်းပွင့်စေသည်။

]]ဘုရားသခင်သည်တစ်ပါးတည်းရှိသောသားတော်ကို သာသနာပြု

အဖြစ်စေလွှတ်တော်မူခဲ့သည်}} ဟု David Living Stone ဆိုခဲ့ပြီး။ Oswald

Smith ]]သင်ကိုယ်တိုင်သာသနာ ပြုပါ၊ သင်မပြုနိုင်ပါက သင့်ကိုယ်စား

အခြားသူကို သာသနာပြုအဖြစ်စေလွှတ်ပေးပါ}} ဟုဆိုခဲ့ကြသည်။

အစာရှောင်ဆုတောင်းရာနေ့

အဘယ့်ကြောင့်ဆုတောင်းရန်လိုအပ်သနည်း?

တောင်ပေါ်ဒေသနာတော်များတွင် ခရစ်တော်ဘုရားကကျွနု်ပ်တို့အား

ဆုတောင်းရန်မိန့်ဆိုထားပါသည်။]]ဆုတောင်းသောအခါ}} (မ၊ ၆း၅) ဟုဆိုထား

သောကြောင့် ခရစ်ယာန်များအတွက် အကြံပြုထားချက်သက်သက်မဟုတ်

ဆုတောင်းခြင်းသည် ခရစ်ယာန်ယုံကြည်သူတိုင်းနှင့်သက်ဆိုင်ပါသည်။ ထိုနည်း

တူစွာခရစ်တော်ဘုရားက ဆုတောင်းနည်းပေးခဲ့ပါသည်။ ]]အဘယ်သို့ ဆုတောင်း

ရမည်နည်းဟူမူကား}} (မ၊ ၆း၉)ဟုအစချီကာမိန့်ြွမတ်တော်မူခဲ့သည်။ ခရစ်တော်

ဘုရား၏ဆုတောင်းနည်းတွင် ဘုရားသခင်၏အမည်နာမသည် ဦးစွာရှိနေသည်။

ထို့နောက် နိုင်ငံတော်တည်ထောင်ရန်၊ ထို့နောက်မှ ကျွနု်ပ်တို့လိုအပ်ချက်များ

လိုက်လာပါသည် (မ၊ ၆း၉-၁၃၊ လု၊ ၁၁း၂-၄)။

]]ဆုတောင်းခြင်းကို ဥပေက္ခာပြုခြင်းလောက် ခရစ်တော်ဘုရားအား

စိတ်ညစ်ဝမ်းနည်းစေအောင်ပြုနိုင်သောအမှုထက် ဆိုးဝါးသောအခြားအမှုအရာ

ဘုရားသားသမီးတို့တွင်မရှိတော့။ ဆုတောင်းခြင်ကို ဥပေက္ခာပြုသောကြောင့်

ခရစ်ယာန်များ၏ဝိညာဉ်ရေးအသက်တာသည် ခြောက်သွေ့လျှက်ရှိကြသည်}}

ဟု O.Hallesby ကရေးခဲ့သည်။ ]]ငါတို့သည်ဆုတောင်းသင့်သည့်အတိုင်း

အဘယ်ဆုကိုတောင်းရမည်ဟုမသိကြ၊ သို့ရာတွင် ငါတို့ဆုတောင်းခြင်းကို နှုတ်

မြွမတ်နိုင်သော ညည်းတွားခြင်းအားဖြင့် ဝိညာဉ်တော်သည် စောင့်မတော်မူ၏။

စိတ်နှလုံးကို စစ်တော်မူသောသူသည်လည်း ဝိညာဉ်တော်၏ စိတ်သဘောကို

သိတော်မူ၏။ အကြောင်းမူကား ဝိညာဉ်တော်သည် သန့်ရှင်းသူတို့၏

ဆုတောင်းခြင်းအမှုကို ဘုရာခသင်၏အလိုတော်နှင့်အညီစောင့်မတော်မူ၏}} (

ရော၊ ၈း၂၆-၂၇) ဟုဆိုထားသောကြောင့် သန့်ရှင်းသောဝိညာဉ်တော်သည်

ဆုတောင်းရာတွင် ဆရာအရှင်တစ်ဆူဖြစ်တော့သည်။ ဆုတောင်းခြင်းမရှိသော

အသက်တာသည် မည်သို့သောရာထူးနှင့် ဂုစ်ဒြပ်ရှိနေပါစေ ဝိညာဉ်တော်နှင့်

ပြည့်ဝသောအသက်တာကိုမရရှိနိုင်။

ဆုတောင်းခြင်း၏နိယာမကိုသိခြင်းသည် ြွကယ်ဝသောဘဏ္ဍာတိုက်ကို

တွေ့ရှိသည်နှင့်တူလှပါသည်။ သမ္မာကျမ်းစာ၌ဆုတောင်းခြင်းအား အောက်ပါ

အတိုင်းရှုထောင့်စုံဖြင့် ဖေါ်ပြထားပါသည်။

၁။ ဘုရားသခင်အားတောင်းလျှောက်ခြင်း။

ဆုတောင်းရာတွင်တောင်းလျှောက်ခြင်းသည် အဓိကအခြေခံ

ဖြစ်သည်။ ခရစ်တော်ဘုရားကိုယ်၌ဆုတောင်းရန်မိန့်ဆိုခဲ့ပြီး တောင်းသောအခါ

ရမည့်အကြောင်းစိတ်ချမှုကတိတော်ကိုလည်းပေးထားခဲ့သည်။ ]]တောင်းကြ

လော့တောင်းလျှင်ရမည်}} (မ၊ ရးရ)။ ]]ငါနာမ၌တောင်းသည့်အတိုင်း ငါပြုမည်}}

(ယော၊ ၁၄း၁၃-၁၄)။ ကျွနု်ပ်တို့၏လိုအပ်ချက်များကိုဖြည့်ဆည်းပေးရန် အတွက်

ယုံကြည်အားကိုးခြင်းဖြင့် အထံတော်၌ တောင်းခံလာစေရန် ကောင်းကင်ဘုံရှင်

ခမည်းတော်သည် အလိုရှိသည်။ အာဗြဟံသည် သားရတနာအတွက်တောင်း

လျှောက်ခဲ့သည် (က၊ ၁၅း၂)။ မိရိယံနူနာပျောက်ကင်းစေရန် မောရှေ ဆုတောင်း

ခဲ့သည် (တော၊ ၁၂း၁၃)။ ကောင်းကင်မှမီးမိုးကျရန် ဧလိယသည် ကာရမေလ

တောင်ပေါ်၌တောင်းလျှောက်ခဲ့သည် (၃ ရာ၊ ၁၈း၃၆-၃၈)။ ပြည်သူများ ကျန်းမာ

ခြင်းရရှိစေရန်ဟေဇကိတောင်းလျှောက်သောအခါတွင်လည်း ဘုရားသခင်အဖြေ

ပေးတော်မူခဲ့သည် (၂ ချုပ်၊ ၃ဝး၁၈-၂၀)။

၂။ အလိုတော်ကိုအပ်နှံခြင်း။

ခရစ်တော်အားဖြင့် ခမည်းတော်ဘုရားနှင့်သာ၍အကျွမ်း တဝင်ရှိလာ

သောအခါ ကျွနု်ပ်တို့သည် ကျွနု်ပ်တို့အတွက်ထားရှိတော်မူသော အကြံအစည်

တော်ကိုမြင်တွေ့လာပြီး သာ၍ ဘုရားသခင်ချစ်မြတ်နိုး၊ ကိုးစားတတ်လာသည်

သာမက အထံတော်၌ မိမိဘဝကို လုံးလုံးဆက်ကပ်အပ်နှံသော ဖြစ်လာလေပင်။

တပည့်တော်များအတွက် ခရစ်တော်ဘုရားက ]]ခလုတ်မထိ၊ ဆူးမညိ}} ဟူသော

အသက်တာမျိုးဖြင့်ကတိတော်မပေးခဲ့ပါ။

ထိုအစားခရစ်တော်ဘုရား မိန့်တော် မူသည်ကား ]]အလိုတော်ကို

ဝန်ခံရာတွင် အဖိုးအခကြီးသည်}} ဟူ၍ပင်ဖြစ်သည်။ ခရစ်တော်သည်

ခမည်းတော်ဘုရား၏အလိုတော်ဆောင်ရာ၌ နှစ်သက်ခဲ့သည်။ ခမည်းတော်

ဘုရားအထံတော်တွင်ဆုတောင်းရာ၌ ရိုးသားတည်ကြည်စွာဖြင့် သုံးကြိမ်

တိုင်တိုင်ဤသို့ဆုတောင်းခဲ့သည် ]]ဤခွက်ကိုလွန်လိုကလွန်သွားစေပါ၊

သို့သော်လည်း ကျွနု်ပ်အလိုတိုင်းမဖြစ်ပါစေနှင့် ကိုယ်တော့်အလိုတော်အတိုင်း

ဖြစ်ပါစေ}} (မ၊ ၂၆း၃၉) ဟူ၍တွေ့ရသည်။

၃။ ဘုရားသခင်မျက်မှောက်တော်သို့ဝင်ရောက်ခြင်း။

ဘုရားသခင်၏မျက်မှောက်တော်ကိုညွှန်းဆိုရန် လွန်စွာခက်သော်

လည်း ဘုရားမျက်မှောက်တော်သို့ရောက်သွားသူတိုင်းအဖိုးမဖြတ်နိုင်သော ဒိဌ

အကျိုးတရားများကိုခံစားကြရသည်။ ဘဝတွင်တစ်ခါတစ်ရံအခက်အခဲ၊ အကြပ်

အတည်းများနှင့်ကြုံဆုံရပြီး ဘာလုပ်၍ဘာကိုင်ရမည်မှန်းမသိလောက်အောင်

ဘေးတွေ့ချိန်ရှိကြပါသည်။ ထိုအချိန်တွင်အလုံခြုံဆုံးသောနေရာသည် ဘုရား

သခင်၏မျက်မှောက်တော်သာဖြစ်သည်။ ကျွနု်ပ်တို့သည်အထံတော်သို့ စိတ်နှလုံး

အကျွမ်းမဲ့ဖြင့်လာခြင်းကိုလိုလားနှစ်သက်အားရတော်မူပါသည်။

၄။ ဘုရားသခင်နှင့်စကားပြောခြင်း။

သမ္မာကျမ်းစာအားကျွနု်ပ်တို့ဖတ်ရှုသောအခါတွင် ဘုရားသခင်အား

စကားပြောစေခြင်းဖြစ်သည်။ လူသားအချင်းချင်းကဲ့သို့သောအသံအားဖြင့်

တော့ ကျွနု်ပ်တို့ကြားရမည်မဟုတ်သော်လည်း သန့်ရှင်းသောဝိညာဉ်တော်သည်

ကျွနု်ပ်တို့အယောက်တိုင်း၌ အလိုတော်များကိုဖွင့်ပြပြောကြားတော်မူသည်။

ဆုတောင်းခြင်းအမှုသည်ကား ဘုရားသခင်အားကျွနု်ပ်တို့မှတစ်ပြန်စကားပြော

ခြင်းဖြစ်သည်။ ဘုရားသခင်၏ဖွင့်ပြချက်များနှင့်အတူ ဘုရားသခင်ပြုတော်မူ

သည့်အမှုများအတွက်ကျေးဇူးတင်ခြင်းနှင့် အဘယ်မျှချစ်မြတ်နိုးကြောင်း

ပြန်လည် ပြောဆိုခြင်းဖြစ်သည်။

၅။ ငြိမ်သက်ခြင်းလမ်းစဉ်ဖြစ်သည်။

ဘုရားသခင်သည်ငြိမ်သက်ခြင်း၏အရှင်ဖြစ်သည့်အတွက် ကျွနု်ပ်တို့

အားငြိမ်သက်စွာဖြင့် ပျော်ရွှင်သောအသက်တာရှိရန်လိုလားတော်မူသည်။

ခရစ်တော်မပါသောအသက်တာ၊ နှုတ်ကပတ်တော်မရှိသော အသက်တာဖြင့်

စစ်မှန်သောငြိမ်သက်ခြင်းကိုလူတို့မခံစား မရရှိနိုင်ကြပါ(ရော၊ ၅း၁-၂)။

ခရစ်တော် ဘုရားအားဖြင့်သာလျှင်ကျွနု်ပ်တို့၏တမလွန်အရေးသည်

စိတ်အေးရသကဲ့သို့ နေ့စဉ်အသက်တာတွင်လည်း နှုတ်တော်ထွက်

စကားတော်အားဖြင့် စိတ်အေး ချမ်းသာခြင်းကိုခံစားရရှိနိုင်သည်။

]]အဘယ်အမှုကိုမျှ စိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကိုချီးမွမ်းခြင်းနှင့်

တကွ ဆုတောင်းပဌနာပြုသောအားဖြင့် သင်တို့ တောင်းပန်လိုသောအရာများ

တို့ကို ဘုရားသခင်အားကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင်အဘယ်သူမျှ

ကြံ၍ မမှီနိုင်သော ဘုရားသခင်၏ငြိမ်သက်ခြင်းသည် ယေရှုခရစ်အားဖြင့်

သင်တို့၏စိတ်နှလုံးတို့ကိုစောင့်မလိမ့်မည်}} (ဖိ၊ ၄း၆-၇)။ ဟု ရှင်ပေါလုက

ကိုယ်တွေ့ဖြင့်ရေးသားခဲ့ပါသည်။

တစ်ဖန်ဆုတောင်ရာတွင် မှန်ကန်သောစိတ်နေစိတ်ထားဖြင့် ရှိနေရန်

လည်းလိုအပ်လှသည်။]]ထိုကာလ၌ ထာဝရဘုရား၏နာမတော်ကို အမှီပြု၍

ကိုးကွယ်စပြုကြလေ၏}} (က၊ ၄း၂၆)ဟူ၍တွေ့ရသည်။

ထို့ကြောင့်သင်သည်ဘုရားသခင်အားမည်သို့ခေါ်လေ့ရှိပါသနည်း။

ဒုက္ခရောက်ချိန်မှာလား?အသင်းတော်မှာလား? တစ်ခါတစ်ရံလား? လုံးဝမ

ခေါ်ခဲ့သူလား? ဘယ်လိုဆုတောင်းရမလဲမှမသိတာ? ဟုသင်ဆိုကောင်းဆို

ပေမည်။ ဆုတောင်းနည်းမှာ-

၁။ အလေးအမြတ်ထားခြင်း။

မိတ်ဆွေဖြစ်ခြင်းတွင်တစ်ဦးနှင့်တစ်ဦး အလေးအနက်ထားမှုအပေါ်။

ထို့ကြောင့်သင့် အသက်တာတွင်လည်းပြုပြင် ပြောင်းလဲခြင်း ပြုရမည့်

အရာများကိုပြုပြီး နက်ဖြန်နံနက်မှစ၍ ]]ဘုရားသခင် ကိုယ်တော့် အတွက်

ကျွန်တော်ဘာမျှား လုပ်ဆောင်ရန်ရှိပါသလဲ? ယခုစေခိုင်းတော်မူပါ}} ဟု

လျှောက်ထားလိုက်ပါ။

၂။ အသနားခံတောင်းလျှောက်ခြင်း။

ဘုရားသခင်၏အလိုတော်သည် အများအားဖြင့်သမ္မာကျမ်းတွင်

ဖေါ်ပြပြီးဖြစ်သည်။ ထို့ကြောင့်ဖတ်ရှု ပါ၊ ထို့ကြောင့်ဘုရားသခင့်အလို တော်နှင့်

အညီဖြစ်စေရန်ကျမ်းစာအတိုင်း စိတ်ချမှုအပြည့်ဖြင့် ယုံကြည်စွာအသနားခံ

တောင်းလျှောက်ပါ။ ဘုရားသခင် အလိုတော်မှာကား ဆုတောင်းရာတွင်

သင့်အလို၊ သင့်ထင်မြင်ချက်၊ အခြေအနေ အရပ်ရပ်တို့ဖြင့်ဆန့်ကျင် နေသည်ဟု

ထင်မှတ်သောအရာများကိုပင်လျှင် ယုံကြည်စွာဖြင့်ကြည်မြင်တတ်ပါစေ။

ခရစ်တော်ဘုရားက]]သင်တို့သည် ဆုကျေးဇူးကိုရမည်ဟု ယုံကြည်သောစိတ်နှင့်

ဆုတောင်းသမျှတို့ကို ရကြ လိမ့်မည်}} (မာ၊ ၁၁း၂၄) ဟုဆိုထားပါသည်။

၃။ အြွကင်းမဲ့လက်ခံလိုက်ပါ။

ဘုရားသခင်က ]]ဆိုင်းသော်လည်း မြော်လင့်လော နောက်မကျဘဲ

ရောက်လာလိမ့်မည်}} (ဟဗ္ဗ၊ ၂း၃) ဟုဆိုထားသည်။ဘုရားသခင်သည်သင့်အလျှင်

လိုမှုကိုနားလည်တော်မူပြီး သင်ထောက်စာ မြော်လင့်သော အရာကိုသာလျှင်

ပြည့်စုံ စေတော်မူမည့် ဘုရားဖြစ်ပါသည်။ ကလေးဆန်ဆန်နားပူနားဆာဖြင့်

ဆုတောင်းရန်ဘုရားသခင်အလိုတော်မရှိဘဲ သူ၏အလိုတော်နှင့်အညီ

ဆုတောင်းရန်နှင့် အဖြေပေးတော်မူရန်အသင့်ရှိသော ဘုရားဖြစ်ပါသည် (၁ ယော၊

၅း၁၄)။ သို့သော်ပေးတော်မူမည့်အဖြေသည်ကား သင်၏စိတ်ဆန္ဒနှ၊ လိုလားမှုနှင့်

မည်သို့မည်ပုံအသုံးချမည်ဆိုသည့် အပေါ်တွင် သာမှီတည်နေပါသည်။

ထို့ကြောင့်ကလေးသူငယ်စိတ်မျိုးဖြင့်အသက်မရှင်ဘဲ ယခုပင်ကြီးရင့်ချင်း

အသက်တာဖြင့် ]]ဘုရားသခင်ကိုယ်တော့်ကတိတော်သည် လိုရှိသည့်အတွက်၊

ကျွန်တော်သည်လိုယုံကြည်တယ်၊ သည်လိုယုံကြည်တဲ့အတွက် သည်လို

လုပ်ဆောင် ပါ့မယ်}} ဟုလျှောက်ထားခြင်းဖြင့် ဆုတောင်းခြင်းကိုစတင်ခြင်းပြုပါ

ကကျွနု်ပ်တို့တစ်ဦးချင်း၏ဆုတောင်းခြင်းအသက်တာသည် တိုးပွားကြီးရင့်ခြင်း

နှင့်အတူ ကောင်းကြီးမိုးသည်အစဉ်ရွာသွန်းလျှက်ရှိသည်ကို တွေ့မြင်ခံစားနား

လည်လာကြမည်သာ။

ထိမ်းမြားခြင်းမင်္ဂလာ

လက်ထမ်ထိမ်းမြားခြင်းသည် ဘုရားသခင်မှ စတင်ပေးခဲ့ကြောင်းကို

]အိမ်ထောင်နှင့်သာသနာ} အခန်းတွင်ရေးသားခဲ့ပြီးဖြစ်သည်။ ယခုသမိုင်း

ကြောင်းသည်ကား ယနေ့ကျွနု်ပ်တို့ ဆင်ယင်ကျင်းပကြသော ထုံးတမ်းစဉ်လာ

များ၏ သမိုင်းကြောင်းကိုသာလေ့လာသွားကြမည်သာ။

]]မောင်နှင့်မယ် ဂဟေဆက်လို့ သွေမပျက်တဲ့ မေတ္တာရယ်}}ဟု မင်္ဂလာ

သီချင်းများရှိကြသည်။ လက်ထပ်ထိမ်းမြားခြင်းသည် တစ်ဦးနှင့်တစ်ဦးပေါင်းဖက်

စုံမက်၍ စုံလင်ခြင်းသို့တက်လှမ်းခြင်းဖြစ်သည်။ ထိုစုံလင်ခြင်းကိုတစ်ဦးတည်း

မည်သို့မျှဖြည့်ဆည်း၍ ရှာမတွေ့နိုင်၊ မပိုင်ဆိုင်၊ မရနိုင်ပေ။ တစ်ဦးနှင့်တစ်ဦး

အကြည့်ခြင်းစုံ၊ ရင်ခုံခြင်း၊ စကားပြောခြင်း၊ အရိပ်အကဲဖမ်းခြင်းစသည့်အရာများ

သည်တိုတောင်းသောကြောင့် ဘဝတစ်သက်တာခရီးအတွက် စတင်လိုက်သော

ဘဝခရီးရှည်ကိုထိမ်းမြားမင်္ဂလာပွဲဟုခေါ်ဆိုသည်။

ထိမ်းမြားခြင်းသည်အခြားသောအရာများနှင့်မတူပဲ တစ်ဦးနှင့်တစ်ဦး

အကြားထိမ်ချိန်ခြင်းမရှိပကတိသဘောဖြင့်ဆက်နွယ်နေသည်။ ထိမ်းမြားခြင်း

ပြုသည့်နေ့မှစတင်၍ တစ်ဦးနှင့်တစ်ဦး ပွင့်လင်းခြင်း၊ ရိုးသားခြင်းဖြင့် တစ်ဦးကို

တစ်ဦးဖေးမကူညီရိုင်းပင်းရင် ယောကျင်္ား၊ မိန်းမတို့၏ဘာသာဘဝအတိုင်း

ထိန်ချန်ခြင်းမရှိ၊ အတူပေါင်းစည်းကြခြင်းဖြစ်သည်။

ထိမ်းမြားခြင်းသည်အသွင်သဏ္ဌာန်ကူးပြောင်းခြင်းလည်းဖြစ်သည်။

လူတစ်ဦးမှနှစ်ဦးဖြစ်သွားသလို၊ နှစ်ဦးမှလည်းတစ်ဖန်တစ်ဦးတည်း ဖြစ်သွား

ပြန်သည်။ ဘဝတွင်ခက်ခဲသည်ဖြစ်စေ၊ လွယ်ကူသည်ဖြစ်စေ၊ ကောင်းစားသည်

ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ တစ်ဦးသည် နှစ်ဦးဖြစ်သွားသကဲ့သို့၊ နှစ်ဦးမှလည်း

တစ်ဦးတည်းဖြစ်သွားသည့် ဆန်းကြယ်သောထိမ်းမြားခြင်းမင်္ဂလာဖြစ်သည်။

မင်္ဂလာအခမ်းအနားတွင်ရှိနေသော ]ရွှေလက်စွပ်} ]မင်္ဂလာဖယောင်း

တိုင်} ]မင်္ဂလာပန်း} ]မင်္ဂလာကိတ်} ]မင်္ဂလာအဝတ်အစား} တို့သည် သာယာလှပေ

သောအိမ်ထောင်ကိုမဖန်တီးပေးနိုင်ပါ။ အပ်နှံကြသည့်အတိုင်းဆက်လက်

ထိမ်းသိမ်းမှသာလျှင်သာယာပျော်ရွှင်သောအိမ်ထောင်မှုကိုရရှိကြပါမည်။

နှစ်ဦးသားစုံမက်ခြင်းဖြင်စစ်မှန်သောအိမ်ထောင်ကိုမရရှိနိုင်၊ သုံးဦး

သုံးဖလှယ်ဖြစ်သောအိမ်ထောင်မှသာလျှင်စစ်မှန်သောပျော်ရွှင်မှုကိုခံစားနိုင်သည်။

ထိုသုံးဦးသုံးဖလှည်ဆိုသည်မှာ သတိုးသား၊သတိုးသမီးနှင့် အိမ်ထောင်ကိုအစ

ပျိုးပေးတော်မူခဲ့သော ထာဝရဘုရားသခင်ဖြစ်သည်။ သင်တို့သည် တစ်ဦးနှင့်

တစ်ဦး လိုအပ်သည်ထက် ဘုရားသခင်ကို ပိုလိုအပ်လှပါသည်။ တစ်ဦးအပေါ်

တစ်ဦးမှီခိုအားထားရမည့်အရေးထက် ဘုရားသခင်အပေါ်မှာ သာ၍မှီခို

အားထား ရပါလိမ့်မည်။ မင်္ဂလာကတိတည်ကြည်ရုံမဟုတ်၊ ဖြစ်ချင်သောဆန္ဒ

ပြည့်လာရုံမဟုတ်ရပါ။ ထိမ်းမြားခြင်းသည် မှန်ကန်သောလူဖြစ်လာရန်လွန်စွာ

အရေးကြီးလှသည်။

သင့်အိမ်ထောင်ရေးသည် ထာဝရတည်ကြည်မြဲမြံသော သစ္စာတရား

စီးဆင်းရာ၊ သမ္မာတရားအလင်းထွန်းလင်းရာ၊ မျှော်လင့်ခြင်းရောင်နီပျိုးသော

ပြတင်းနှင့်၊ လိုက်လျှော်ညီထွေသော အပူအအေးထိန်းပေးသည့် နှလုံးသားတို့

ရှိထားရပါမည်။ သို့မှသာ သာယာကြည်နူးခြင်းများဖြင့် ဘုရားပေးထားသော

မင်္ဂလာတည်ရှိတည်နေပါလိမ့်မည်။

မင်္ဂလာထိမ်းမြားမှုနှင့် အစဉ်အလာကျင့်သုံးမှုများ

မင်္ဂလာကိတ်

]]မင်္ဂလာကိတ်ကို သတိုးသမီးကိုယ်တိုင်လုပ်ပါက သတိုးသားမပျော်

ရွှင်နိုင်}}ဟူဆိုရိုးစကားရှိသည်။ အကယ်၍သတိုးသမီးသည်ကိုယ်တိုင် ကိတ်ကို

ပြုလုပ်ပါက ထိုအိမ်ထောင်ရေးသည် စိတ်ပျက်ငြီးငွေ့ဖွယ်အိမ်ထောင်ရေးဖြစ်မည်

ဟုဆိုကြသည်။ ထိုနည်းတူ ]]မင်္ဂလာကိတ်အားသတိုးသားလက်ကိုကိုင်ပြီး မလှီး

ဖြတ်ရက သတိုးသမီးမပျော်ရွှင်နိုင်}} ဟုဆိုထားပြန်သည်။

ထိုသို့မင်္ဂလာကိတ်ကိုလှီးသောအခါတွင် တစ်ကိုယ်တည်းတိတ်ဆိတ်

စွာဖြင့်ဆန္ဒမွန်ပြုရပါမည်။ သတိုးသားသည် ကိတ်အတွက်လက်ကိုအပ်နှံ၍ ဓါးကို

ကိုင်ထားသော်လည်း မင်္ဂလာကိတ်ကိုမလှီးရပါ၊ သတိုးသမီး၏လက်ကိုအပေါ်မှ

ဖေးမအုပ်ထားခြင်းဖြင့် အတူတကွမျှဝေပေးမည့်ဘဝခရီးဖေါ်ကောင်းအဖြစ်

အနာဂါတ်ကိုသယ်ဆောင်ပေးမည့်သူဖြစ်ကြောင်းပြသနေခြင်းသာဖြစ်သည်။

လှီးဖြတ်ထားသောကိတ်များအား သတိုးသား၏ အပေါင်းအသင်း

များအတွက် ကံကောင်းခြင်းမင်္ဂလာကိုယူဆောင်ပေးကြောင်း အနေဖြင့်မျှဝေ

ကြသည်။ ထို့အတွက်ကြောင့်လည်းအချို့သော ဧည့်ပရိတ်သတ်များက ပိုင်းဖြတ်

ထားသောကိတ်ကလေးများကို အိမ်သို့ယူဆောင်သွားကြခြင်းဖြစ်ပြီး၊ မလာ

မရောက်နိုင်သော သူငယ်ချင်းများအတွက်လည်း အရောက်ပို့ဆောင်ပေး ကြခြင်း

ဖြစ်သည်။

အစဉ်အလာအရ ကိတ်သည် မင်္ဂလာမဆောင်သေးသော အမျိုးသမီး

ကိုသာပေးလေ့ပေးထရှိသည်။ ထို့သို့သောအားဖြင့် လက်ထပ်လက်စွပ်ဝတ်ထား

သောလက်ဖြင့်ကမ်းပေးသော ကိတ်အားအိမ်သို့ယူဆောင်ပြီး ခေါင်းအုံးအောက်

တွင်ထား၍ အိပ်ပါက ဖူးစာရှင်ကိုအိပ်မက်တွင်မြင်ရတတ်သည်ဟုဆိုကြသည်။

ထို့ကြောင့်လည်းအချို့က သတိုးသမီးသည် မင်္ဂလာကိတ်အား

သူငယ်ချင်းအပျိုဖေါ်များကို မဝေမှီ အချိန်တွင် လက်ထပ်လက်စွပ်ဖြင့် ကိုးကြိမ်

တိုင်တိုင် ကိတ်ကိုကျော်လွှားစေရန် ပြုတတ်ကြသည်။ ထိုကဲ့သို့သော လုပ်ဆောင်

မှုများကို ၂၀ ရာစု အစောပိုင်းမှစတင်ပြီး ကျယ်ကျယ်ပြန့်ပြန့်ကျင့်သုံးလာခဲ့

ကြသည်။

အင်္ဂလန်ရှိအစဉ်အလာများအရ မင်္ဂလာကိတ်ကို သူငယ်ချင်းအပျိုမ

များထံပေးပို့ရာတွင် ကြက်ဥအကာအနှစ်မျာဖြင့်အထူးပြုလုပ်ပေးပို့ကြသည်။

ကိတ်သည်အနာဂါတ်အတွက်ခင်ပွန်းလောင်းကို ကိုယ်စားပြုခြင်းဖြစ်ပြီး ကြက်ဥ

ဖြင့်ပြုပြင်ထားခြင်းကသတိုးသမီးကိုကိုယ်စားပြုခြင်းဟုဆိုကြသည်။ သမီးပျို

အနေဖြင့်ထိုကိတ်ကိုယူသောအခါတွင် ကိတ်ကိုခံယူ ပြီး မိမိအိပ်ခန်းသို့

နောက်ဆုတ်လျှက်ယူဆောင်ရပြီး ]]ကိတ်ကိုယူလာတယ်၊ ဖူးစာရှင်ကိုမြင်တွေ့ဖို့}}

ဟုရွက်ဆိုကြသည်။ ကိတ်အားခေါင်းအုံးအောက်တွင်ထားပြီး စကားမပြောပဲ

အိပ်စက်ရပါမည်။

ထိုမင်္ဂလာကိတ်သည် ရောမတို့၏ မင်္ဂလာအခမ်းအနားပြီးသော

အခါတွင် စားပွဲသောက်ပွဲများဖြင့် ပြုလုပ်သော ထုံးတမ်းမှဆင်းသက်လာခဲ့သည်။

ရောမတို့သည် မင်္ဂလာကိတ်အား ဂျုံစစ်စစ်ဖြင့်၊ ဆားနှင့် ရေးသင့်တင့်စွာရော

ထားပြီး သတိုးသမီးခေါင်းပေါ်၌ဖဲ့ကြသည်မှာ သူတို့၏အချစ်နတ်ဘုရားမထံသို့

ပူဇော်ပသခြင်းဖြစ်ပြီး ကံကောင်းခြင်းကိုယူဆောင်လာရန်ဖြစ်သည်။ ထိုမှ မင်္ဂလာ

ကိတ်ကိုလာရောက်သောဧည့်သည်တော်များအတွက် ကံကောင်းခြင်းအထိမ်း

အမှတ်အနေဖြင့်ပေးဝေကြသည်။

ရောမတို့၏ကိတ်ဖဲ့ခြင်းဓလေ့ထုံးတမ်းစဉ်လာသည် စကော့တလန်နှင့်

အင်္ဂလန် မြောက်ပိုင်းတို့၌ ရာစုနှစ်နှောင်းပိုင်းအထိလက်ခံကျင့်သုံးခဲ့ကြသည်မှာ

ယခုကျင်းပသော မင်္ဂလာပွဲတိုင်မှီကာလအထိဖြစ်သည်။ အများစုက ထိမ်းမြား

မင်္ဂလာသည် ဆင်းရဲခြင်းတွင်အဆုံးတိုင်စေသည်ဟုယုံကြည်ခဲ့ကြသည်။ စကော့

တလန်တွင် အိမ်သစ်တက်ပွဲကျင်းပရာတွင် သတိုးသားသည် သတိုးသမီး ခေါင်း

ပေါ်တွင် မင်္ဂလာကိတ်ကို ချိုးဖဲ့ကြသည်။ အင်္ဂလန်၌မူ သတိုးသားသည်

သတိုးသမီး၏ခေါင်းပေါ်၌အဝတ်ကို အုပ်ထားပြီး ကိတ်ကိုချိုးဖဲ့ရသည် ရလာ

သော အစိတ်အပိုင်းကိုမူတည်ပြီး သူတို့၏အနာဂါတ် အရေးကို နိမိတ်ဖတ် လက်ခံ

ကျင့်သုံးခြင်းပြုကြသည်။

မင်္ဂလာလက်စွပ်

မင်္ဂလာလက်စွပ်ကိုကနဦးပြုလုပ်ကြသူများမှာ အီဂျစ်လူမျိုးများသာ

ဖြစ်သည်။ သူတို့၏ယုံကြည်ချက်အရ မင်္ဂလာလက်စွပ်၏တည်နေပုံသည် ထာဝရ

တည်းဟူသောကာနှင့် တစ်လုံတစ်ဝတည်းဖြစ်မှုကိုပြဆိုသည်။ ထိုအတိုင်းပင်

ယနေ့မင်္ဂလာအခမ်းအနားများတွင် ကျင်းပနေကြဆဲဖြစ်သည်။ဂရိလူမျိုးများက

လက်ကောက်များပြုလုပ်စေပြီး သတိုးသမီးကိုဝတ်ဆင်စေသည်။

ရာစုနှစ်များလွန်လာသောအခါတွင် ဘယ်ဘက်ရှိလက်သူကြွယ်သည်

ထင်ရှားစွာဖြင့်ဖေါ်ကျူးလာကြသည်။ ဂရိနိုင်ငံသာမက နောက်ပိုင်းတွင် ရောမ

လူမျိုးများကပါ လက်သူြွကယ်အား ဆေးဖက်ဆိုင်ရာတွင်အကျိုးထူးပေးသည့်

လက်အဖြစ်ခံယူကျင့်သုံးလာကြပြီး၊ သွေးကြောများသည် ထိုနေရာမှ နှလုံးရှိရာ

သို့တိုက်ရိုက်စီးဆင်းနေသည်ဟုခံယူထားကြသည်။

ထိမ်းမြားခြင်းသည် နှလုံးသားရေးရာဖြစ်သောကြောင့် နှလုံးသားနှင့်

ဆက်နွယ်ထိတွေ့နေသော လက်သူြွကယ်သည် မင်္ဂလာလက်စွပ်ကိုဝတ်ဆင်ရန်

ဖြစ်လာခဲ့သည်။ ရောမပညာရှင် Macrobius က လက်သူကြွယ်တွင် လက်စွပ်

ဝတ်ဆင်စေခြင်းအားဖြင့် အချစ်နယ်မှမည်သို့မှရုန်းမထွက်နိုင်ဟုဆိုခဲ့သည်။

ဣသရေလတို့သည်လည်း ရောမတို့၏အစဉ်အလာကို ခံယူခဲ့ပြီး

မင်္ဂလာအတွက်လက်စွပ်ကို ဇနီးသည်နှင့် ခင်ပွန်းသည်အကြားသက်သေအဖြစ်

သုံးခဲ့ကြသည်။

သတိုးသမီးအရံ

ရှေ့ခေတ်ကာလတွင် သတိုးသမီးနှင့်သတိုးသမီးအရံတို့သည် ခွဲခြားမရ

နိုင်အောင်ဆင်ယင်ရွေးချယ်ပေးလေ့ရှိကြသည်။ တူညီသောဝတ်စုံကို ဝတ်ဆင်

ထားသည်သာမက ရုပ်ချင်းနီးပါးတူသောသူများကိုအဓိကထားကျင်းပလေ့ရှိ

ကြသည်။ ထိုသို့လုပ်ဆောင်ခြင်းမှာ အိမ်ထောင်ရေးတွင် အနှောက်အယှက် ပေး

တတ်သော မကောင်းသောနတ်ဆိုးမိစ္ဆာများအား မျက်စိ လည်စေရန်ပြုလုပ်

ကြခြင်းဟုသိရသည်။

ရောမတို့၏ခေတ်ဦးပိုင်းကာလတွင် သတိုးသမီးအရံ ဆယ်ဦးအား

သက်သေအနေဖြင့် ခြံရံစေပြီး ရောမတို့အစဉ်အလာအတိုင်း ပြုလုပ်ကျင်းပ

လေ့ရှိကြသည်။ထိုသို့ အရံဆယ်ဦးဖြင့်ကျင်းပနေရာမှ နောက်ပိုင်းတွင် သတိုးသား

နှင့်သတိုးသမီးများက ထုချေလွှာတင်ပြကြရာမှ ယနေ့ကဲ့သို့ သတိုးသမီးအရံကို

အနည်းငယ်ဖြင့်ကျင်းပခဲ့ကြသည်။

သတိုးသမီးမျက်နှာအုပ်ဇာပဝါ

မင်္ဂလာအခမ်းအနားကျင်းပကြရာတွင် နေရာဒေသတစ်နေရာနှင့် တစ်

နေရာမတူညီကြသော်လည်း သတိုးသမီးကို မျက်နှာဇာအုပ်ခြင်းဓလေ့မူကား

အများအားဖြင့်တူညီကြသည်။ အချို့ထိုသို့ပြုခြင်းသည် သတိုးသမီး၏ အပ်နှံ

ခြင်းကိုကိုယ်စားပြုသည်ဟုဆိုကြသည်။ အချို့ကမူစလင်နှင့် ဟိန္ဒူတို့သည် သူတို့

အမျိုးသမီးများအား ပြင်ပ၊ တစ်စိမ်းမသမာသူများ၏ မကောင်းသော

အကြည့်များမှရှောင် လွဲနိုင်စေရန်ပြုသည့်အတိုင်း၊ ထိုဓလေ့ဖြင့် ဆက်နွယ်နေ

သည်ဟုဆိုကြသည်။

သတိုးသားသည် သတိုးသမီး၏မျက်နှာအားဦးစွာဖွင့်လှစ်၍ ကြည့်ခွင့်

ရသောသူဖြစ်သည်။ ထိုသို့မျက်နှာအုပ်ခြင်းသည် အများအားဖြင့် အောက်လမ်း

များနှင့်ဆက်နွယ်နေပြီး၊ သတိုးသမီးကိုကာကွယ်ခြင်းလည်းမည်သည်။ အထူး

သဖြင့် သတိုးသမီး၏လှပမှု၊ ကျက်သရေရှိမှု၊ တင့်တယ်မှုတို့သည် သတိုးသား

တစ်ဦးတည်းနှင့်သာသက်ဆိုင်ကြောင်း ဖေါ်ကျူးခြင်းဖြစ်သည်။

မင်္ဂလာပန်းစည်း

ပန်းသည် ချစ်ခြင်းမေတ္တာတရားဖြင့်အစဉ်အမြဲဆက်နွယ်နေသည်။

ရှေးခေတ်အီဂျစ်ကာလတွင် ပန်းပေးခြင်းသည် ကံကောင်းခြင်းကိုကိုယ်စားပြုပြီး

ပျော်ရွှင်ခြင်းနှင့် နှစ်သက်ကြည်နူးမှုကိုလည်းကိုယ်စားပြုသည်။ အာရှတိုက်တွင်

မူကား ပန်းသည် လူငယ်များအတွက် လက်ထပ်ထိမ်းမြားခြင်းပြုမည်၊ မပြုမည်ကို

မေးသည့်အထိမ်းအမှတ်အဖြစ်လက်ခံခဲ့ကြသည်။

အစောပိုင်းခေတ်ကာလများတွင်လူတို့သည် ပန်းအား လိင်မှုဆိုင်ရာ၊

အချစ်နတ်ဘုရားဆိုင်ရာအမှတ်အသားအဖြစ်လက်ခံခဲ့ကြပြီးနှောင်းပိုင်းတွင်

မင်္ဂလာအခမ်းအနားများ၌ ပြုလုပ်ကျင်းပလာခဲ့ကြသည်။ ယနေ့ခေတ် သတိုး

သမီး၏ကိုင်ဆောင်လာသောပန်းစည်းသည် အနာဂါတ်အိမ်ထောင်ရေးကို

သာယာ ဖြောင့်ဖြူးစေမည့်အတိတ်နိမိတ်အဖြစ်စိတ်ချမှုကိုပေးနေခြင်းဖြစ်သည်။

အများအားဖြင့် မင်္ဂလာပန်းစည်းသည် နှင်းဆီးများပါဝင်နေပြီး ကံကောင်းခြင်း၊

ချစ်ခြင်းမေတ္တာနှင့် ကြည်နူးခြင်းများကိုကိုယ်စားပြုခြင်းဖြစ်သည်။ ပန်းစည်းအား

ချည်နှောင်ထားသော စက္ကူသည် သတိုးသမီးများ၏အပေါင်းအဖေါ်များထံမှ

မင်္ဂလာနှင့်သက်ဆိုင်သော ဆုေြွခလွှာများကို သယ်ဆောင်လာပေးသည့်အရာကို

ကိုယ်စားပြုခြင်းဖြစ်သည်။

ပန်းစည်းကိုသယ်ဆောင်လာသောသတိုးသမီးသည် သရဖူ အထက်

တွင်ရှိနေသောလိမ္မော်ရောင်ပန်းများ (သို့)ပန်းအတုသည် ခေတ်အဆက် ဆက်မှ

ဆိုရိုးစကားရှိခဲ့ပါသည်။ ရာစုနှစ်များစွာကပင် မြေထဲပင်လယ်ဒေသရှိသူများက

ထိုလိမ္မော်ရောင်သည် ထာဝရစိမ်းလန်းနေသောကြောင့် သတိုးသမီးများ ဆင်မြန်း

လေ့ရှိကြသည်။ လိမ္မော်ပင်သည် အမြဲစိမ်းနေသောကြောင့် သူတို့၏ချစ်ခြင်း

မေတ္တာသည်ကာလများမည်သို့ပင်ပြောင်းလဲသွားပါစေဖေါက်ပြန်ခြင်းကင်းလျှက်

ချစ်ခင်မြတ်နိုးနေမည့်အကြောင်းကို ညွှန်းဆိုတတ်ကြသည်။ အထူးသဖြင့် ရှေး

အစဉ်အဆက်တရုတ် လူမျိုးများတွင်လည်း လိမ္မော်သည် ကံကောင်းခြင်းကို

ယူဆောင်ပေးသည်ဟုဆိုကြသည်၊ အကြောင်းမှာလိမ္မော်သည် အပွင့်လည်း

ပွင့်သလို၊ တစ်ပြိုင်တည်းအသီးလည်းသီးကြောင်းကိုယ်စားပြုသုံးခဲ့ကြသည်။

သတိုးသမီးဝတ်စုံ

သာမန်အားဖြင့်မင်္ဂလာအခမ်းအနားများတွင်၊ ရှေးထုံးစဉ်လာ ဥပဒေ

အရသတိုးသမီးသည် မင်္ဂလာအခမ်းအနားတွင် အရောင်ပါသော မည်သည့်

အဝတ်အစားကိုမျှဝတ်ဆင်ခွင့်မပြုခဲ့။ သတိုးသမီးသည် အဖြူရောင်ဝတ်စုံကို

ဝတ်ဆင်လာခဲ့သည်မှာ ရာစုနှစ်များစွာပင်တိုင်ခဲ့ပြီ။ အဖြူရောင်ဝတ်စုံသည် သတိုး

သမီး၏အပျိုရည်စောင့်ထိမ်းမှုနှင့် စင်ကြယ်မှု၊ ရိုးသားတည်ကြည်မှု၊ အပြစ်ကင်း

စင်မှုစသည်တို့ကိုကိုယ်စားပြုဖေါ်ပြထားခြင်းဖြစ်သည်။

ဂရိလူမျိုးများ၏အစဉ်အလာအရ အဖြူရောင်သည် ဝမ်းမြောက်ခြင်း

ကိုကိုယ်စားပြုသည်။ ထို့ကြောင့်ဂရိလူမျိုးတို့သည် ပွဲလမ်းသဘင်များ၌ အဖြူ

ရောင်ကိုသာဝတ်ဆင်ကြပြီး အဖြူရောင်ပန်းကုံး၊ ပန်းစည်းများကိုသာ ယူဆောင်

သွားလေ့ရှိကြသည်။ မင်္ဂလာအခမ်းအနားမတိုင်မီ သူတို့၏ခန္ဓာကိုယ်အားအဖြူ

ရောင်ဆေးချယ်သလေ့ရှိကြသည်။

နောက်ပိုင်းတွင်ကား အဖြူရောင်အား အယူသည်းစွာဖြင့်ပင် တစ်စိုက်

မတ်မတ်သာ၍ အသုံးပြုလာကြသည်။ မင်္ဂလာဝတ်စုံအနီရောင်သုံးချင်းသည်

သေခြင်းတရားကိုကိုယ်စားပြုခြင်း၊ အဝါရောင်ဝတ်စုံသည် မိဘဆွေမျိုးများအား

အရှက်တကွဲအကျိုးနည်းစေခြင်း၊ အစိမ်းရောင်ဝတ်စုံဖြင့် မင်္ဂလာဆောင်ပါက

သင်သည်အရှက်တကွဲအကျိုးနည်းခြင်းကြုံရမည်။ ပန်းရောင်ဖြင့်မင်္ဂလာကျင်းပ

ပါက သင့်ဘဝနစ်မွန်းရမည်ဖြစ်ပြီး၊ အဖြူရောင်ဝတ်စုံဖြင့်မင်္ဂလာအခမ်းအနားကို

ကျင်းပခြင်းသာ သင့်ဘဝအတွက်အကောင်းဆုံးသော ရွေးချယ်မှုကိုပြုလုပ်ခြင်း

ဟုဆိုရိုးစကားအဖြစ်တွင်ကျယ်လာခဲ့သည်။ အဖြူရောင်ဝတ်စုံဖြင့် မင်္ဂလာကျင်းပ

ခြင်းသည်သာ အားလုံး၏ကဲ့ရဲ့ပြစ်တင်ခြင်းမှ လွတ်ကင်းစေပါသည်။

မင်္ဂလာပန်းကြဲခြင်း

ဂရိလူမျိုးများ၊ ရှေးကျသောအင်္ဂလိပ်လူမျိုးများ နှင့် ရောမလူမျိုးများ

က ဂျုံ သို့မဟုတ် ပြောင်းတို့ကို သတိုးသမီးခေါင်းတွင် ဆင်မြန်းစေလေ့ရှိသည်။

ရောမတို့က ပဲ၊ အချိုအချဉ်၊ ပြောင်း၊ ဂျုံများကိုခင်းကျင်းလျှက်သွားလျှက်ရှိပြီး

ထိုသို့ပြုခြင်းသည် သူမ၏ဖြူစင်ခြင်းကိုစတ်ချစေရန်ပြသခြင်းဖြစ်သည်။

ဥရောပ၌ အလယ်ပိုင်းကာလတွင်ကား နတ်ဆိုးတို့သည် မနာလိုဖြစ်ကာ

သွေးဆောင်ခြင်း၊ ဖျက်လိုဖျက်ဆီးပြုလိုခြင်း၊ မင်္ဂလာအခမ်းအနားတွင်

သတိုးသားနှင့် သတိုးသမီးကို အစားထိုးစေခြင်းများပြုလုပ်၍ မင်္ဂလာသတိုးသား

နှင့်သတိုးသမီးတို့၏ပျော်ရွှင်မှုကိုနှောက်ယှက်လိုကြသည်ဟုယုံကြည်ထားကြသည်။

ထို့ကြောင့် ထိုနတ်ဆိုးတို့အား ကျွေးမွေးသည့်အနေဖြင့် ဆန်၊ ဂျုံများကို ပက်ကြဲ

လျှက်နတ်ဆိုးတို့အားခြော့မြူခြင်းပြုကြသည်။

၁၉ ရာစုနှစ်ကုန်ပိုင်းသို့ရောက်သောအခါတွင်ဥရောပနှင့် အမေရိကန်

တို့တွင် ဆန်ကျဲလျှက်မင်္ဂလာဆောင်နှင်းခြင်းသည် နေရာဒေသမရွေး ပြုလုပ်

ကျင်းပလာခဲ့ကြသည်။ ထို့နောက်မကြာခင်အချိန်မှာပင် စက္ကူအပိုင်းအစကလေး

များပြုလုပ်လျှက်ဆန်နှင့်ရောနှောကာကျဲပက်ခြင်းကိုပြုလုပ်လာခဲ့ကြသည်။ ယခု

အချိန်တွင်မူကား လွယ်ကူသက်သာသောနည်းဖြင့် ဖေါ့လုံးကလေးများကို အစား

ထိုးလာကြပြီး၊ ရွှေရောင်စက္ကူစ၊ ငွေရောင်စက္ကူစများကိုလွယ်လင့် တကူ အစား

ထိုးလျှက်အသုံးပြုကာမင်္ဂလာပန်းကြဲခြင်းအဖြစ်ပြုလုပ်လာကြသည်။

ပျားရည်ဆမ်းခရီး

ပျားရည်ဆမ်းခရီးသည်လည်း ရှေးကျသော ဘီစီလေးရာစုတွင်

မြောက်ပိုင်း ဥရောပတိုက် တွင်နေထိုင်သော ဂျာမန်လူမျိုးများမှ ဆင်းသက်လာ

သည့် အနွယ်များမှစတင်လာခဲ့သည်မှာ တောင်ပိုင်းသို့ဝင်ရောက် ခိုလှုံခွင့် ရရှိသည့်

ဘီစီ ၂ ရာစုအထိဖြစ်သည်။ သူတို့၏ရက်လနှစ်အတိုင်း သူတို့သည် မင်္ဂလာဆောင်

နှင်းခြင်းပြီးသွားသောအခါတွင် သူတို့၏အသစ်စစ်စစ် သတိုးသားနှင့် သတိုးသမီး

တို့အား ပျားရည်ဖြင့်အထူးပြုလုပ်ထားသောမုန့်ပဲသာရေစာများဖြင့် ပေါင်းစည်း

ခြင်းကိုဂုဏ်ပြုကျွေးမွေးလေ့ရှိကြသည်။

ထိုသို့ကျင်းပလာရာမှ ပျာရည်ဆမ်းခရီးဟုလူသိများလာကြပြီး

နောက်ပိုင်းတွင်ကား မင်္ဂလာဆောင်သတိုးသား၊ သတိုးသမီးများသည် သူတို့၏

ထိမ်းမြားဆောင်နှင်းခြင်းပြီးသောအခါတွင် ခွင့်ရက်ရှည်ယူခရီးထွက်ကြရာမှ

ယခုခါတွင် ပျားရည်ဆမ်းခရီးထွက်ခြင်းသည် အစဉ်အလာတစ်ရပ်ကဲ့သို့

ဖြစ်လာခဲ့သည်။ ယခုအခါတွင်ကား ထိုမင်္ဂလာဦးအတွက် ပျားရည်ဆမ်းခရီးကို

အစဉ်အလာတစ်ခုအနေဖြင့် မင်္ဂလာဆောင်နှင်းခြင်းပြီးသောအခါတွင် ကြီးကျယ်

ခမ်းနားစွာဖြင့်ပြုလုပ်ဆင်နွဲလာကြခြင်းဖြစ်သည်။

ကိုးကားကျမ်းများ

1.Special Days by Imtijungla Longchar

2.The Christian Holiday Cycle by Paul Ki Vel

  1. A Family Instructional Guide by The Ephesian Four Group
  2. Strong’s Hebrew and Greek Dictionaries by James Strong
  3. Godly Man by Gene Taylor
  4. What can I learn from a mom? by Jerry Watts
  5. www.sermoncentral.com
  6. www.timeanddate.com
  7. www.soelwin.info
  8. www.religionfacts.com
  9. www.wikipedia.org
  10. www.festivals.iloveindia.com
  11. www.christianity.about.com
  12. www.pastoralnote.com
  13. www.cbc.ca
  14. www.wilstar.com
  15. www.history.com

Leave a Reply

Your email address will not be published. Required fields are marked *