ခရစ်တော်ချစ်သော အသင်းတော်

ဤစာအုပ်တွင် ရေးသားဖော်ပြထားသော အသင်းတော်အတွက် သြဝါဒနှင့် ခံယူချက်များသည် သမ္မာကျမ်းစာတွင် ပါရှိသည့် ဓမ္မသစ်အသင်းတော်များ ၏ ခံယူချက်အတိုင်း ဖြစ်ပါသည်။

လေ့လာသူအတွက်လမ်းညွှန်

“ အသင်းတော်” ကို လူများစဉ်းစားကြသောအခါ ဘာသာရေး အဖွဲ ့အစည်းတခုအဖြစ် မြင်ယောင်တတ်ကြသည်။ ဤသို ့မှား ယွင်းစွာ မြင်ယောင်လာ ခြင်းသည် တမန်တော်ခောတ်နောက်ပိုင်းမှ စတင်လာပြီး ရောမအင်ပိုင်ယာ-ကွန်စတင်တိုင်း ဘုရင်လက် ထက်တွင် နိုင်ငံတော်ဘာသာအဖြစ် လုပ်လိုက် ခြင်းဖြင့် ပိုဆိုးသွားခဲ့သည်။ ယနေ ့ဆိုလျှင် ဘာသာရေးအဖွဲ ့အစည်းဖြင့် ခေါ် ဝေါ်နေကြရာ ထို အဖွဲ ့ကို “ အသင်းတော်” ဟု အဓိပ္ပာယ်ကောက်နိုင်မ လား။ ဘာသာရေးအဖွဲ ့နှင့် အသင်းတော် မည်သို ့ခြား နားသလဲ၊ ဆင်ခြင်သင့်ပါသည်။ ဘုရားသခင်၏ သွန်သင်ချက်အရ “ အသင်းတော်” ဆိုတာဘာ လဲ။ “အသင်းတော်” ဆိုတာ ဘာနှင့်တူသလဲ။ “အသင်းတော်” သည်ယနေ ့ဘာနှင့် တူသင့်သလဲ။

ဤစာအုပ်သည် “အသင်းတော်” အကြောင်း သမ္မာကျမ်းက ဘယ်လိုသွန်သင် ဖော်ပြထားသည်ကို လေ့လာပါမည်။ အသင်း တော်နှင့် ပတ်သတ်သည့် အတွေးအခေါ်နှင့် သွန်သင်ချက်များမှာ လူတချို ့အတွက် အသစ်အဆန်းဖြစ်နေမည်။ တော်လှန်ရေး အတွေးအခေါ်ဟုပင် မြင်ပေမည်။ လူတချို ့အတွက် ပုံစံရိုးနေပေမည်။ အသင်းတော်အကြောင်းကို သတိပြုကြည့်လျှက် “ဘုရား သခင် မိန် ့တော်မူ၏” ဟု အကြိမ်ကြိမ်အခါခါ ဖတ်ရှုရပါမည်။ ထိုသို ့ ဘုရားသ ခင်မိန် ့တော်မူသော စကားဖြစ်ကြောင်း သတိပြု တွေ ့ရှိသူတိုင်းအား တွေ ့စေမည်။ ဤ “အသင်းတော်” သွန်သင်ချက်များသည် သင့်အားကောင်းကြီးမင်္ဂ လာဖြစ်ပါစေ။

သင်လေ့လာရမည့်သင်ခန်းစာများ

၁။        အသင်းတော်သည် ခရစ်တော်၏ကိုယ်ဖြစ်၏။

၂။         အသင်းတော်နှင့် ပတ်သတ်သော သမ္မာတရားများ။

၃။        ဒေသန္တရ အသင်းတော်။

၄။        ဦးစီးခေါင်းဆောင်ဖြစ်သော ခရစ်တော်။

၅။        အသင်းတော်ကို လမ်းပြသော သန် ့ရှင်းသောဝိညာဉ်တော်။

၆။        အသင်းတော်အတွင်း စီရင်ဆုံးမခြင်း။

၇။        အသင်းတော်ပြန် ့ပွားရေး။

၈။        ဘုရားသခင်၏ ခန် ့အပ်ခြင်း။

၉။        ဘုရားသခင်ထံ ချဉ်းကပ်ကိုးကွယ်ခြင်း။

၁၀။      သင်းအုပ်များ။

၁၁။      အစေခံသူများ။

၁၂။       မိမိ၏နေရာမှန်၌ နေပါ။

၁၃။      အသင်းတော်၌ အမျိုးသမီးများ၏ကဏ္ဍ

၁၄။      အိမ်ပြင်၌ အမျိုးသမီးများ၏ ကဏ္ဍ

လေ့လာနည်း

ဘုရားသခင်၏ နှုတ်ကပတ်တော်ထဲမှ သမ္မာတရားများကို  သင်ခံယူလိုက်လျှောက်နိုင်မည့် အကြောင်း စိတ်နှလုံးတွင် ဘုရားသခင်သွန်သင်ဖို ့ ဆု တောင်းပါ။ သင်ခန်းစာတခုလုံးကို အနည်းဆုံး (၂) ကြိမ်ခန် ့ သေသေချာချာ ဖတ်ရှု၍ ကိုးကားထား သော ကျမ်းညွှန်းကျမ်းပိုဒ် အားလုံးကိုသမ္မာကျမ်းတွင် ထပ်မံရှာဖွေ ဖတ်ရှုသင့်သည်။

ဖြေဆိုနည်း

သမ္မာကျမ်း၌ ဘုရားသခင် ဖွင့်ပြသွန်သင်သည့်အတိုင်းဖြေမှသာ အဖြေမှန်ဖြစ်ပါမည််။ သို ့ဖြစ်၍ မေးခွန်းများကို ဖြေဆိုလျှင် သင်အစက ကြားဖူး သည့်အတိုင်း (သို ့မဟုတ်) ထင်မြင်သည့်အတိုင်း မဖြေဘဲ ကျမ်းစာ၌ ဘုရားသခင် ပြောထား သည့်အတိုင်း ယုံကြည်ခံယူပြီးဖြေသင့်သည်။

စာစစ်လွှာသည် ဖြေပြချက်အမျိုးမျိုးထဲမှ ဖြေပြချက်အမှန်တစ်ခုကိုသာ ရွေးချယ်ရသည့်မေးခွန်း (Multiple Choice) ဖြစ်၍ ဖြေပြချက်အားလုံး-

(က)  ……………………………………………

(ခ)   …………………………………………….

(ဂ)   …………………………………………….

(ဃ)  ……………………………………………

ကိုစေ့စေဖတ်ရှုဆင်ခြင်ပြီးလျှင် အဖြေမှန်၏ အက္ခရာကိုရေးမှတ်ထားပါ။ သင်၏အဖြေလွှာကို ဖော်ပြပါပုံစံအတိုင်း၊ မေးခွန်း နံပါတ်စဉ်နှင့် အဖြေမှန်အက္ခရာကို စနစ်တကျရေးသားပြီး ဧမောက်သမ္မာကျမ်း၊ စာပေးစာယူသင်တန်း၊ ရုံးသို ့ပြန်လည် ပေးပို ့ပါ။ သင်၏အဖြေလွှာကိုစီစစ်ပြီး ချက်ချင်းပြန်ပို ့ပေးနိုင်ရန် သင်၏ နေရပ်လိပ်စာကို ထင်ရှားစွာ အဖြေလွှာတိုင်းတွင် ရေးပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

“သင်ဘယ်လိုယူဆပါသလဲ မေးခွန်း”

လူတိုင်းဤအပိုဒ်၏ မေးခွန်းကို မိမိယုံကြည်ချက်အတိုင်း ဆွေးနွေးဖြေကြားဖို ့ မေတ္တာရပ်ခံပါသည်။ ဤမေးခွန်းကို ဖြေသည့်အခါ အမှတ်လျော့ ခြင်းမရှိပါ။ သင်၏ယုံကြည်ယူဆချက်ကို ပွင့်ပွင့်လင်းလင်း ဖြေကြားတင်ပြခြင်းကြောင့် စာဖတ်သူ ကသင့်ကို ပို၍သိကျွမ်းခွင့်ရလာပြီး သင့်ကိုပို၍ ကူညီမစ တတ်ပါမည်။ ဤစာအုပ်၏ အသုံးဝင်မှု၊ အကျိုးကျေးဇူး သက်ရောက်မှု ကိုလည်း ခန် ့မှန်းနိုင်ပါလိမ့်မည်။

သင်ခန်းစာ (၁)

အသင်းတော်သည် ခရစ်တော်၏ ကိုယ်ဖြစ်၏။

ခရစ်တော်သည် အသင်းတော်ကိုချစ်၍ အသင်းတော်အတွက် မိမိကိုယ်ကိုစွန် ့တော်မူ၏။ ကျွနု်ပ်တို ့သည်လည်း ခရစ်တော်ကဲ့သို ့ အသင်းတော် ကိုချစ်၍ အသင်းတော်အတွက် မိမိကိုယ်ကိုအပ်နှံဆက်ကပ်ရမည်။ ကမ္ဘာလောကတွင် အသင်း တော်ကြီးထွားအောင်မြင်တိုးတက်လာရေးအတွက် ကျွနု်ပ် တို ့သည် မိမိကိုယ်ကို ဆက်ကပ်ပူဇော်ရာတွင် မေတ္တာ၊ စေတ နာနှင့် ၀မ်းမြောက်သောစိတ်သဘောရှိရမည်။

ဤစာအုပ်၏ ရည်ရွယ်ချက်မှာ “ခရစ်တော်၏ကိုယ်ဖြစ်သော အသင်းတော်” ၏လက္ခဏာနှင့် လုပ်ဆောင်ချက်တွင် အရေးကြီးသောအချက် အချို ့ ကိုသာလေ့လာမည်။ လေ့လာရာတွင် “ကမ္ဘာတဝှမ်းလုံးနှင့် သက်ဆိုင်သော အသင်းတော်”၏ မပြောင်းမလဲ တည်တံ့မြဲမြံသည့် တရားစစ်တရားမှန်များကို ဦးစွာလေ့လာကြပြီးမှ ဤသမ္မာတရားများကို ဒေသန္တရအသင်းတော်၌ လက်တွေ ့မည်ကဲ့သို ့ ကျင့်လျှောက်သက်သေခံရန် တာဝန်ရှိကြောင်း လေ့လာပါ မည်။ ဒေသန္တရအသင်းတော်၌ ပါ၀င်သူ ခရစ်ယာန် တစ်ဦးစီတို ့သည် အသင်းတော်၏ သမ္မာတရားအတွက် အစဉ်သက်သေခံ အသက်ရှင်နေသူဖြစ်ရမည် အသင်း တော်၏ သမ္မာတရားများမှာ အခြေအနေနှင့် ပတ်ဝန်းကျင်ပေါ်မူတည် ပြောင်းလဲခြင်းမရှိပါ။ သို ့ဖြစ်၍ အခြေအနေအရ အသင်း တော်၏ သမ္မာတရားကို ပြုပြင်ပြောင်းလဲခွင့်မရှိပါ။ ကျမ်းစာကို သေချာစွာလေ့လာလျှင် အသင်းတော်၏ သမ္မာတရားများ ပြောင်း လဲခြင်းမရှိ။ ပြုပြင်ခွင့်လည်းမရှိ ကြောင်းတွေ ့ရှိမည်။

“တကမ္ဘာလုံးဆိုင်ရာ အသင်းတော်” (Universal Church) ၏ အဓိပ္ပာယ်ကို လေ့လာခြင်းဖြင့် အစပြုကြစို ့။

အသင်းတော်၏အဓိပ္ပာယ်

ဓမ္မသစ်ကျမ်းတွင် “အသင်းတော်” စကားလုံးကို ဂရိစကား “Ekklesia” မှ ပြန်ဆိုထားခြင်းဖြစ်သည်။ အဓိပ္ပာယ်မှာ “အစုအဝေး” “လူစု” “ခေါ်ထုတ်သောအစု” ဟုဆိုလိုပါသည်။ အစ္စရေးလ်တို ့ကို “တောတွင်းရှိသောအစည်းအဝေး” ဟုဤ စကားလုံး “Ekklesia” ဖြင့်အသုံးပြုထားသည်။ (တ၊ ရး၃၈)။ ဧဖက်မြို ့က ရုပ်ရုပ်သဲသဲဖြစ်နေသော လူအုပ်ကိုလည်း ဤစကား လုံး“Ekklesia” ဖြင့် အသုံးပြုသေးသည်။ (တ၊ ၁၉း၃၂၊ ၃၉-၄၁)။ သို ့သော် ဓမ္မသစ်ကျမ်း၌ အများအားဖြင့် အရှင်ယေရှုခရစ်ကို ယုံကြည်သော လူစုကိုဆိုလိုသည်။ ဘုရားသခင်သည် မိမိအသွေးဖြင့် “အသင်းတော်” ကိုဝယ်ယူ ထားသည်ဟု သမ္မာကျမ်းတွင် တွေ ့ရသည်။ (တ၊ ၂၀း၂၈)။ ကောရိန္ဃုမြို ့ရှိ ခရစ်ယာန်များသို ့ ရှင်ပေါလုရေးသော ပထမစာတွင် လူသားအားလုံးကို “ဂျူးလူမျိုး” “လူမျိုးခြား” နှင့်“အသင်းတော်” ဟူ၍ သုံးမျိုးသုံးစား ပိုင်းခြားဖေါ်ပြထားသည် (၁ကော၊ ၁၀း၃၃)။ ယုံကြည်သူများပါ၀င်သည့် ဘုရားသခင်၏ “အသင်းတော်” ကို ရှင်ပေါလုမပြောင်းလဲခင်က ညှင်းဆဲနှိပ်စက်ခဲ့ကြောင်း သူကိုယ်တိုင် ၀န်ခံထားသည်။ (၁ကော၊ ၁၅း၉)။

အသင်းတော်သည်“အဖွဲ ့အစည်း” တစ်ခုမဟုတ်၊ အင်္ဂါအမျိုးမျိုး စုပေါင်းထားသော ခန္ဓာကိုယ်ဖြစ်သည်။ အဓိပ္ပာယ်မှာ အသက်မရှိသော ဌာနတခုမဟုတ်ဘဲ အသက်ရှင်နေသော “ကလပ်စည်း” တခုဖြစ်သည်။ ခရစ်တော်၏ အသက်ကို ခံယူရရှိထား သော သူတို ့၏ မိတ်သဟာယဖြစ်၍ ဘုရားသခင်၏ ၀ိညာဉ်တော်အားဖြင့် ဆက်စပ်စုပေါင်း အသက်ရှင် သောကိုယ်ဖြစ်သည်။

“အသင်းတော်” ကို သမ္မာကျမ်းတွင် အမျိုးမျိုးခေါ်ဝေါ်သမုတ်ထားသည်။ သို ့ဖြစ်၍ အသင်းတော်၏ အဓိပ္ပာယ်ကို ပိုမိုနားလည်နိုင်ရန် ခေါ်ဝေါ် သမုတ်ထားသော အဓိပ္ပာယ်ကို ဦးစွာလေ့လာထားသင့်သည်။

“အသင်းတော်” ကိုခေါ်ဝေါ်သမုတ်သော အမည်အချို ့မှာ-

၁။ သိုးတစု

“ ဤသိုးခြံသို ့မဝင်သော အခြားသိုးစုတို ့ကိုလည်း ငါပိုင်သေး၏ ထိုသိုးတို ့ကို ငါဆောင်ခဲ့ရဦးမည်။ ငါ၏စကားသံကို သူတို ့နားထောင်ကြမည်။ သိုးတစုနှင့် သိုးထိန်းတပါးဖြစ်လိမ့်မည်” ဟု ခရစ်တော်မိန် ့တော်မူ၏ (ယော၊ ၁၀း၁၆)။ သိုးထိန်းဖြစ် သော အရှင်ယေရှုခရစ်၏ မေတ္တာကရုဏာကို ခံယူလျက် ခရစ်တော်၏ စကားသံကို နားထောင်လိုက်လျှောက်သော ခရစ်ယာန်အစုကို သိုးတစု သို ့မဟုတ် “အသင်းတော်” ဟုခေါ်သည်။ အစ္စရေးလ် ပြည်ကို သိုးခြံဖြင့်နှိုင်းထားသည်။

၂။ ဘုရားသခင်၏ ဥယျာဉ်

အသင်းတော်သည် ဘုရားသခင်၏ ဥယျာဉ်ဖြစ်သည်။ ဘုန်းတော်ထင်ရှားဖို ့ အသီးသီးရမည် အရပ်ဖြစ်၏ ( ၁ကော၊ ၃း၉)။

၃။ ဘုရားသခင်၏ အဆောက်အဦး

ဘုရားသခင်သည် ဆောက်လုပ်ရေးအင်ဂျင်နီယာကြီးဖြစ်သည်။ အသက်ရှင်နေသော ကျောက်တုံးများတည်းဟူသော ကျွနု်ပ်တို ့ကို အသင်း တော်ထဲသို ့ တည်ဆောက်လျှက်ရှိသည်။ ထို ့ကြောင့် အရေးကြီးသော ဘုရားသခင်၏ တည်ဆောက် ခြင်း အတွက် မိမိအသက်ကို ဘုရားသခင်ထံ အပ်နှံ ဆက်ကပ်ကြစို ့။ (၁ကော၊၃း၉)။

၄။ ဘုရားသခင်၏ ဗိမာန်တော်

“ဗိမာန်တော်” စကားလုံးကိုတွေ ့ခြင်းဖြင့် “၀တ်ပြုကိုးကွယ်ခြင်း” ကိုသတိရလာသည်။ ဘုရားသခင်ကို ၀တ်ပြုကိုး ကွယ်သောသူသည် နာမ်ဝိညာဉ်ဖြင့်လည်းကောင်း သစ္စာနှင့်လည်းကောင်း ကိုးကွယ်ရမည်။ (ယော၊၄း၂၃၊၂၄) ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံသူ၌သာ စိတ်နှလုံးမှ ဤစစ်မှန်သောကိုးကွယ်ခြင်းရှိနိုင်မည်။ ထို ့ကြောင့် ဘုရားသခင်ကို စုပေါင်းကိုးကွယ်သူများကြားတွင် ဘုရားသခင်ကိန်းဝပ်ရာ ဗိမာန်တော် ဖြစ်သည်။ (၁ကော၊၃း၁၆)

၅။ ဘုရားသခင် ကျိန်းဝပ်သောနေရာ

အသင်းတော်သည်ဘုရားသခင်ကျိန်းဝပ်သောနေရာဖြစ်သည်။ဆိုလိုသည်မှာဘုရားသခင်သည်လူလက်ဖြင့်ဆောက်လုပ် သော အဆောက် အအုံများတွင် ကျိန်းဝပ်ခြင်းမရှိပါ (ဧဖက်၊ ၂း၂၂)။

၆။ ဘုရားသခင်၏ အိမ်တော်

အိမ်ဆိုသည်မှာ မေတ္တာနှင့် စည်းကမ်းရှိသော နေရာဖြစ်၏။ “သင်သည် ဘုရားသခင်၏ အိမ်တော်၌ အဘယ်သို ့ကျင့်ကြံ ပြုမူရမည်ကို သိစေခြင်းငှါ ဤသို ့ငါရေး၍ ပေးလိုက်၏” (၁တိ၊ ၃း၁၅)။ ဘုရားသခင်ကို ယုံကြည်သောသူတို ့ကို ဘုရားသခင်၏ အိမ်တော်သားများဟု (၁ပေ၊ ၄း၁၇) တွင် ဖေါ်ပြထားသည်။

၇။ ခရစ်တော်၏ ကိုယ်

ကိုယ်ခန္ဓာသည် ပုဂ္ဂိုလ်တဦး၏ သဘောသဏ္ဍာန်ကို ဖေါ်ပြနေသည်။ ဘုရားသခင်၏သဘောက ယခုခောတ်လူတို ့ မြင်နိုင်ရန် ခရစ်တော်၏ကိုယ် အားဖြင့် ဘုရားသခင်ဖေါ်ပြသည်။ အသင်းတော်သည် “ခရစ်တော်၏ကိုယ်” ဖြစ်သည်ကို နား လည်ပြီးသော ခရစ်ယာန်သည် ခရစ်တော်၏ကိုယ် ကြီးထွားဖို ့ မဆက်ကပ်ဘဲ မနေနိုင်ချေ။ (ဧ၊ ၁း၂၂-၂၃)

၈။ ခရစ်တော်၏ သတို ့သမီး

အသင်းတော်ကို ခရစ်တော်၏သတို ့သမီးအဖြစ် နှိုင်းယှဉ်ဖော်ပြခြင်းမှာ မေတ္တာကြီးမားပုံကို ထင်ရှားစေပါသည်။

“လင်ယောကျ်ားတို ့၊ ခရစ်တော်သည် အသင်းတော်အတွက် မိမိအသက်ကို စွန် ့ပြီးချစ်သည့်နည်းတူ သင်တို ့ဇနီး ကိုချစ်ကြလော့”

ထိုအသင်းတော်ကို သန် ့ရှင်းစင်ကြယ်စေပြီး ဘုန်းအသရေရှိသော အသင်းတော်အဖြစ် ဆက်သနိုင်မည့် အကြောင်း အပြစ်တင်ခြင်း၊အညစ်အ ကြေးကင်းခြင်း၊ အရေတွန် ့ခြင်းနှင့်ကင်းရန် နှုတ်ကပတ်တော်ရေဖြင့် ဆေးကြောသန် ့စင် တော်မူ၏။ (ဧ၊ ၅း၂၅-၂၇) (၂ကော၊ ၁၁း၂ )။

အသင်းတော်အပေါ် “ခရစ်တော်”သည် အသက်စွန် ့သည့်တိုင်အောင် ချစ်လျှင်အသင်းတော်လည်း သတို ့သမီး၏ မေတ္တာနှင့် ပြည့်စုံဖို ့သင့်သည်။

၉။ လူသစ်

ဂျူးနှင့် လူမျိုးခြားဆိုပြီး လူမျိုးခွဲခြားရေးဝါဒကို ခရစ်တော်၌ ပယ်ဖျက်ပြီး ဤလူနှစ်မျိုးကို လူသစ်တဦးအဖြစ်သို ့ ဘုရား သခင်ပြုပြင် ဖန်ဆင်းတော် မူ၏။(ဧ၊၂း၁၅)

၁၀။ သမ္မာတရား၏ အမှီသဟဲ

တိုင်မကြီးသည် အဆောက်အအုံတစ်ခု၏ ခိုင်ခံ့မှုကို ထောက်မရုံမက ရှေးအခါက လူအများတွေ ့မြင်သိရှိရန် ကြော်ငြာ ကပ်သော နေရာလည်း ဖြစ်သည်။ အမှီသဟဲသည် အခြေခံကိုဆိုလိုသည်။ သို ့ဖြစ်၍ အသင်းတော်သည် ဘုရားသခင်၏ သမ္မာ တရား စွဲစွဲမြဲမြဲတည်ရှိရာဌာန၊ သမ္မာတရား ပြန် ့ပွား ရေးအတွက် ကြဲဖြန် ့ရာနှင့် ထောက်ကူရာဌာနအဖြစ် ဘုရားသ ခင်အသုံးပြုသည်။ ထို ့ကြောင့် ဘုရားသခင်၏ အလိုတော်နှင့် အကြံတော်အတိုင်း အသက်ရှင်လိုသော ခရစ်ယာန်သည် အသင်း တော်တိုးတက် ပြန် ့ပွားရေးအတွက် မိမိကိုယ်ကိုဆက်ကပ် အသက်ရှင်သင့်သည် (၁တိ၊၃း၁၅)။

အသင်းတော်၏လုပ်ငန်း

လူအများက၄င်းတို ့မှာ သတင်းကောင်းဟောပြောဖို ့ ဆက်ကပ်ထားသည်ဆိုပြီး အသင်းတော်နှင့် သဘောထားမတူဟု ယူဆလာတတ်ကြ၏။ တ မန်တော်ရှင်ပေါလု၏ လုပ်ငန်းနှစ်ခုမှာ-

၁။ အရှင်ယေရှုခရစ်၏ ကြွယ်ဝသော ကောင်းကြီးမင်္ဂလာကို လူမျိုးခြားထဲ၌ဟောပြောရန်။

၂။ လူတိုင်းအားဘုရားရှင်၏ နက်နဲသောအရာကို သိရှိခံစားစေရန်။ အဓိပ္ပာယ်မှာ လူတိုင်းကို အသင်းတော်၏ သမ္မတရားနှင့် ပြည့်ဝစွဲမြဲစေရန်(ဧ၊ ၃း၈-၉)။

အသင်းတော်၏မူလအစ

အသင်းတော်၏ အစနှင့်ပတ်သတ်ပြီး ဘုရားသခင်ကို ယုံကြည်သော ပုဂ္ဂိုလ်မြောက်များစွာတို ့မှာ အယူအဆ ကွဲလွဲ ကြ၏။ အချို ့က အသင်းတော် သည် ဓမ္မဟောင်းကာလ၌ အစ္စရေးလ်နိုင်ငံနှင့် တဆက်တည်း တည်ရှိလာသည်ဟု ခံယူကြ ၏။ သို ့သော်တချို ့က ဓမ္မဟောင်းကာလ၌ အသင်းတော်မ တည်ရှိခဲ့၊ ဓမ္မသစ်ကာလကျမှသာ ပေါ်ပေါက်လာသည်ဟု ယုံကြည်ကြ သည်။ ဤဒုတိယယူဆချက်နှင့် ကိုက်ညီသောအချက်လေးချက်ကို သမ္မာကျမ်းစာ၌ တွေ ့ရ၏။

၁။ ယခုကာလတွင် အသင်းတော်ကို သန် ့ရှင်းသော တမန်တော်နှင့် ပရောဖက်တို ့အား ဘုရားသခင်၏ဝိညာဉ်အားဖြင့် ဖွင့်ပြ တော်မူသကဲ့သို ့ ရှေးကာ လ၌လူတို ့အားတခါဘူးမျှ ဖွင့်ပြတော်မူသည်မဟုတ်ဟု (ဧ၊၃း၄-၅) တွင်ဖော်ပြထားသည်။ ထပ်မံ ၍ အခန်းငယ် (၉)တွင်“ရှေးကပ်ကာလပတ်လုံး ဘုရား သခင်၌ဝှက်ထားသော နက်နဲသောအရာဖြစ်သည်” ဟုဖော်ပြထား သည် (ကော၊၁း၂၆။ ရောမ၊ ၁၆း ၂၅၊၂၆) ထို ့ကြောင့် အသင်းတော်သည် နက်နဲသော အရာအဖြစ် ဘုရားသခင်ဝှက်ထားပြီး ဓမ္မသစ် ကာလကျမှ တမန်တော်နှင့် ပရောဖက်တို ့အား ဖွင့်ပြတော်မူ၏။

၂။ အရှင်ယေရှုက “ဤကျောက်ပေါ်မှာ ငါ၏အသင်းတော်ကို ငါတည်ဆောက်မည်”ဟု (မ၊ ၁၆း၁၈)တွင် မိန် ့တော်မူထားသည်။ အဓိပ္ပာယ်မှာ ဤစကားကို ခရစ်တော်မိန် ့ကြားသည့်အချိန်က အသင်းတော် မပေါ်ပေါက်သေးချေ။

၃။ အရှင်ယေရှုခရစ်သည် လူ၏အပြစ်အတွက် အသေခံ၍ ပြန်ရှင်ပြီးနောက် အသင်းတော်ကို ၀ိညာဉ်ဆုကျေးဇူးများ ပေးခဲ့၏ (ဧ၊ ၄း၈-၁၀)။ အကယ်၍ ကောင်းကင်သို ့ ခရစ်တော်မတက်ကြွခင်က အသင်းတော်တည်ရှိပြီးဟုဆိုလျှင် ဂုဏ်တော်ထင်ရှားဖို ့ အသင်းတော်၌ ၀ိညာဉ်ဆုကျေးဇူးများ လိုနေပေ လိမ့်မည်။ ဤအချက်ကိုကြည့်ခြင်းဖြင့် ဓမ္မဟောင်းကာလ၌ အသင်းတော်မပေါ် ပေါက်သေးကြောင်း ထင်ရှား၏။

ထို ့ကြောင့် အသင်းတော်သည် ဓမ္မသစ်ကာလကျမှသာ ပေါ်ပေါက်လာသည်။ တိတိကျကျပြောရလျှင် အပြစ်သား များအတွက် ခရစ်တော်အသေ ခံရာမှ ပြန်ရှင်လာပြီး ကောင်းကင်ပေါ်သို ့ တက်ကြွပြီးနောက် သန် ့ရှင်းသောဝိညာဉ်တော်ကို ပြန်လည်စေလွှတ်သော ပင်တေကုတ္တေနေ ့၌ အသင်း တော်စတင် ပေါ်ပေါက်လာသည်။

၄။ ခရစ်တော်၏ကိုယ်တည်းဟူသော အသင်းတော်သည် သန် ့ရှင်းသောဝိညာဉ်တော်၏ ဗတ္တိဇံအားဖြင့်ဖြစ်လာသည်။ (၁ကော၊ ၁၂း၁၃)။ ဘယ်အချိန်တွင် သန် ့ရှင်းသောဝိညာဉ်တော်၌ ဗတ္တိဇံဖြစ်မလဲ? ကောင်းကင်သို ့ခရစ်တော် တက်ကြွခါနီးတွင် တပည့် တော်တို ့အား “သင်တို ့သည် မကြာမမြင့်မှီသန် ့ရှင်းသော ၀ိညာဉ်တော်၌ ဗတ္တိဇံကိုခံရကြလိမ့်မည်” ဟု မိန် ့တော်မူခဲ့၏။ (တ၊ ၁း၅)။ ထိုကတိတော်အတိုင်း ပင်တေကုတ္တေနေ ့၌ “ ထိုသူအပေါင်းတို ့သည်လည်း သန် ့ရှင်းသော ၀ိညာဉ်တော်နှင့်ပြည့်၍ ၀ိညာဉ်တော်သည် ဟောပြောသောအခွင့်ကို ပေးတော်မူသည့်အတိုင်း အမျိုးမျိုး သောဘာသာ စကားအားဖြင့်ဟောပြောကြ၏” (တ၊၂း၄)

တမန်တော်ဝတ္ထု၊ ၅း၁၁ ဆက်ဖတ်လျှင် အသင်းတော်ပေါ်ပေါက်နေပြီဖြစ်ကြောင်း တွေ ့ရပေမည်။ ထို ့ကြောင့် အသင်းတော် စတင်ပေါ်ပေါက် လာသည့်နေ ့မှာ ခရစ်တော်ပြန်လည် ရှင်ပြန်တက်ကြွသွားပြီးနောက် သန် ့ရှင်းသောဝိညာဉ်တော် ဆင်းသက်သည့် ပင်တေကုတ္တေနေ ့ကျမှ ပေါ်ပေါက် ခြင်းဖြစ်၏။

 

သင်ခန်းစာ (၂)

အသင်းတော်နှင့် ပတ်သတ်သော သမ္မာတရားများ

တမန်တော်ဝတ္ထုနှင့်ဓမ္မသစ်ကျမ်းစာစောင်တစ်လျှောက်တွင် ဘုရားသခင်၏အသင်းတော်နှင့်ပတ်သတ်သော အကြောင်း အရာများစွာ ပါရှိသည်။ ယခုဤအခန်းတွင် အရေးကြီးသောအကြောင်းအရာ (၇)ခုကို အတိုချုံးဖေါ်ပြ၍ နောက်မှ အသေး စိတ် ထပ်မံဖေါ်ပြပါမည်။

၁။ အသင်းတော်တစ်ပါးသာရှိသည်။

(ဧဖက်ကျမ်း၊ ၄း၄) အရအသင်းတော်တစ်ပါးသာရှိသည်။ ဤသမ္မာတရားကို မည်သူကမည်သို ့ပင် အကြောင်းပြငြင်း ဆန်သော်လည်း ခရစ်တော် ကိုယုံကြည်သူတို ့မှာ တစုတစည်းတည်းသာ ရှိသည်ဟုဘုရားသခင်က အတိအလင်းဖေါ်ပြ ထား ပါသည်။ အသင်းတော်သည် တစ်လုံးတစ်စည်းတည်း ဖြစ်ကြောင်းကို လူ၏မျက်စိဖြင့် မမြင်နိုင်သော်လည်း သန် ့ရှင်းသော ၀ိညာဉ်အားဖြင့် ယုံကြည်သူများသည် တစ်လုံးတစ်ကိုယ်တည်း ရှိကြောင်းသိနိုင်သည်။

၂။ ခရစ်တော်သည် အသင်းတော်၏ ဦးခေါင်းဖြစ်သည်။

ကျမ်းစာထဲတွင် အသင်းတော်နှင့် ခရစ်တော်ဆက်နွယ်ပုံကို လူ၏ကိုယ်ခန္ဓာဖြင့် နှိုင်းယှဉ်ပြထားသည်။ ( ဧ၊ ၅း၂၃။ ကော၊ ၁း၁၈) ကိုယ်ခန္ဓာဖြစ်သော အသင်းတော်ကို ခရစ်တော်သည် ဦးခေါင်းအနေဖြင့် ကောင်းကင်မှအုပ်စိုးလျှက်ရှိသည်။ ဦးခေါင်း သည်အခွင့်အာဏာ၊ ဦးစီးခေါင်း ဆောင်နှင့် အသိပညာပိုင်းကို ဆိုလိုသည်။ ဦးခေါင်းနှင့်ကိုယ်သည် တသဘောတည်း၊ ရည်မှန်း ချက်တစ်ခုတည်း၊ ဘဝတစ်သက်တာ တစ်ခုတည်းသာဖြစ် သည်။ ကိုယ်ခန္ဓာမရှိသောဦးခေါင်းသည်မပြည့်စုံသကဲ့သို ့ အသင်း တော်မရှိလျှင် ခရစ်တော်သည်လည်း မစုံလင်ပေ။ ထို ့ကြောင့်ခရစ်တော်၏ ကိုယ်ဖြစ်သော အသင်းတော်သည် ခရစ်တော်၏စုံ လင်ခြင်းဖြစ်ပြီး အရာရာကိုဖြည့်စွမ်းပေးသည်။ ဤနက်နဲသောအသိတရားကို သဘောပေါက်မှ ဘုရားသခင်ကို ကြောက်ချစ် ကြည်ညို ၀တ်ပြုတတ်မည်။

၃။ ယုံကြည်သူတိုင်း ကိုယ်ခန္ဓာ၏ အင်္ဂါအစိတ်အပိုင်းဖြစ်သည်

ခရစ်တော်ကို ယုံကြည်သည်နှင့်တပြိုင်နက် ထိုသူမှာ အသင်းတော်ဖြစ်သော ကိုယ်ခန္ဓာ၏ အင်္ဂါအစိတ်အပိုင်းတစ်ခုအဖြစ် ပါ ၀င်လာသည်။ အသင်းတော် ၏အင်္ဂါအစိတ်အပိုင်း (အသင်းသား)ဖြစ်ခြင်းသည် လူမျိုး၊ နိုင်ငံသား၊ အဆင့်အတန်း၊ ဘာသာ စကား၊ ယဉ်ကျေးမှု၊ ဂိုဏ်းဂဏ၊ စိတ်နေသဘောထားနှင့် မပတ်သတ်ပါ။

သမ္မာကျမ်း (၁ကော၊ ၁၂း၁၂-၂၆)၏ သွန်သင်ချက်အရ ခရစ်တော်၏ကိုယ်ဖြစ်သော အသင်းတော်တွင် အင်္ဂါအစိတ်အ ပိုင်းများရှိသည်။ အင်္ဂါအ စိတ်အပိုင်းတိုင်းတွင် လုပ်ဆောင်စရာ တာဝန်ကိုယ်စီရှိကြသော်လည်း တာဝန်ခြင်းမတူညီကြချေ။ ကိုယ်ခန္ဓာ၏အကျိုးအတွက် အင်္ဂါအစိတ်အပိုင်းအားလုံး အတူတကွပါ၀င်လုပ်ဆောင်သည့်အပေါ် မူတည်သည်။ အင်္ဂါအစိတ်အ ပိုင်းတို ့သည်  အချင်းချင်းတစ်ဦးကိုတစ်ဦး အမှီသဟဲ ပြုလျက်ရှိသောကြောင့် “ သူမလိုဘူး” သို ့မဟုတ် “ငါမလုပ်လဲဖြစ်ပါတယ်” ဟုဘေးမဲ့သဘောမထားသင့်ပါ။ အကြောင်းမှာ ယုံကြည်သူအားလုံးသည် ခန္ဓာကိုယ်တစ်ခုတွင်ရှိသော အင်္ဂါအစိတ်အပိုင်း များဖြစ်သောကြောင့် စာနာထောက်ထားလျှက် တစ်ဦးကိုတစ်ဦး ကူညီမစ သင့် သည်။

၄။ အသင်းတော်တွင် သန် ့ရှင်းသော ၀ိညာဉ်တော်၏လုပ်ဆောင်ချက်အချို ့

ခရစ်တော်သည် ကောင်းကင်ဘုံသို ့ တက်ကြွသွားပြီးနောက် ကိုယ်စားအဖြစ် သန် ့ရှင်းသောဝိညာဉ်တော်ကို လော ကသို ့စေလွှတ်ခဲ့သည်။ (ယော၊ ၁၄း၁၆-၂၆) အသင်းတော်၌ သန် ့ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်ချက်အချို ့ကို တွေ ့မြင် နိုင်သည်။ ယုံကြည်သူများ ၀တ်ပြုကိုးကွယ်ရာ၌ လည်းကောင်း (ဧ၊ ၂း၁၈)၊ ဆုတောင်းရာ၌လည်းကောင်း (ရောမ၊ ၈း၂၆-၂၇)၊ သက်သေခံတရားဟောရာ၌လည်းကောင်း (၁သက်၊၁း၅)၊ ကျွနု်ပ်တို ့ ဆောင်ရွက်သင့်သောအရာတို ့ကို လမ်းညွှန် တိုက်တွန်း သည်သာမက မလုပ်သင့်သောအရာများကိုလည်း သန် ့ရှင်းသောဝိညာဉ်တော်က တားဆီးသည် ကိုသိရသည်။ (တ၊ ၁၃း၂၊ ၁၆း၆-၇)။ အသင်းတော်ကို ကြည့်ရှုအုပ်ထိန်းဖို ့ အသင်းအုပ်ကိုခန် ့ထား၍ (တ၊ ၂၀း၂၈)၊ အသင်းတော်ကြီးထွားရန်နှင့် ထိ ရောက်စွာပြန် ့ပွားရန် ယုံကြည်သူများအားအသင်းတော် ၀ိညာဉ်ဆုကျေးဇူးများကို ဝေပေးသည်။ (ဧ၊ ၄း၁၁)။ အချုပ်မှာ- ယုံကြည်သူများအား သမ္မာတရားကို တွေ ့မြင်လိုက်လျှောက်ရန် သန် ့ရှင်းသောဝိညာဉ်တော်ကပင် သွန်သင်ပဲ့ပြင်ပေး၏။ ( ယော၊ ၁၆း၁၃)။

၅။ ဘုရားသခင်၏ အသင်းတော်သည် သန် ့ရှင်းစင်ကြယ်၏။

ဘုရားသခင်၏ ဂုဏ်တော်ကိုထင်ရှားစေမည့် လူတစုကို ဘုရားသခင် ရွေးနုတ်ပြီး သန် ့ရှင်းစင်ကြယ်သော အသက်တာ ရှိရန် လောကနှင့်ခွဲ၍ သီးသန် ့ထားရှိ၏။ (၁ကော၊ ၃း၁၇)။ ယိုယွင်းနေသော ကမ္ဘာကြီးထဲတွင် အသင်းတော်သည် သန် ့ရှင်း စင်ကြယ်မှ မြင့်မြတ်သောဘုရားသခင် ဘုန်းတော် ထင်ရှားမည်။

၆။ အသင်းတော် ကြီးထွားဖို ့ဝိညာဉ်ဆုကျေးဇူးအမျိုးမျိုးပေးထားသည်။

အသင်းတော်သည် ၀ိညာဉ်အသိပညာနှင့် ဘုရားသခင်၏တန်ခိုးကြီးထွားဖို ့လိုသည်သာမက အသင်းတော် တိုးပွား

ဖို ့လည်းလိုသောကြောင့် ခရစ်တော်က အသင်းတော်အတွက် ၀ိညာဉ်ဆုကျေးဇူးများပေးထားသည် (ဧ၊ ၄း၁၁)။ ဤဝိညာဉ်ဆု ကျေးဇူးရရှိသော ပုဂ္ဂိုလ်များမှာ တမန်တော်များ၊ ပရောဖက်များ၊ သာသနာပြုများ၊ သင်းအုပ်များနှင့် ဆရာများဖြစ်သည်။ ဤပုဂ္ဂိုလ်များသည် ခရစ်တော်ပေးထားသော အစွမ်းဖြင့် အသင်းတော်ကို တည်ဆောက်ကြ၏။

တမန်တော်နှင့်ပရောဖက်များမှာ အသင်းတော်ကိုစတင်တည်ဆောက်အုတ်မြစ်ချခဲ့သူများဖြစ်ကြသည်။ ( ဧ၊ ၂း၂၀)။ (ယခုအသင်းတော်တည်ရှိ ပြီးသည့်အခါထိုပုဂ္ဂိုလ်များမရှိတော့ပါ။ ဆိုလိုသည်မှာ ထိုကဲ့သို ့သော တန်ခိုးနှင့်အခွင့်အာဏာမျိုး ယခုခောတ်တွင်မရှိသော်လည်း ဘုရားသခင်စေလွှတ် သူကိုတမန်တော်ဟုခေါ်ဆိုနိုင်သကဲ့သို ့ ဘုရားသခင်၏ ဖွင့်ပြဆုံးမ သွန် သင် ချက်ကို ဟောပြောသူအား ပရောဖက်ဟုခေါ်လျှင် မမှားပါ။)

သို ့သော် သာသနာပြုများ၊ သင်းအုပ်နှင့်ဆရာများရှိသေးသည်။ သာသနာပြုသူသည် နေရာအနှ ့ံသို ့သွားရောက်လျှက် “လောကီအပြစ်သားများ အပြစ်ဒဏ်မှလွတ်မြောက်ရန် အရှင်ယေရှုခရစ်တော်သည် အသေခံပြီး၊ သုံးရက်မြောက်နေ ့၌ပြန်အ သက်ရှင်သောဘုရားဖြစ်ကြောင်း” ဟောပြောသည်။ ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံသူကို သင့်တော်ရာ အနီးဆုံးအသင်းတော်သို ့ ခေါ်ဆောင်သွားကြသည်။ သင်းအုပ်မှာ၊ သိုးထိန်းကြီး အဖြစ်ယုံကြည်သူ၊ သိုးတို ့ကိုထိန်းသိမ်း ကျွေး မွေး၍ ဘေးအန္တရာယ်မှလည်း ကာကွယ်ပေးရသည်။ “ဆရာ” သည်ဘုရားသခင်၏နှုတ်ကပတ်တော်ကို နားလည်သဘော ပေါက်အောင် သွန်သင်ဖွင့်ပြသောသူဖြစ်သည်။

ဤဝိညာဉ်ဆုကျေးဇူးရထားသော ပုဂ္ဂိုလ်တို ့၏ ဆောင်ရွက်မှုကြောင့်ယုံကြည်သူများ တိုးပွားလာသည်သာမက ယုံကြည် ခြင်းလည်း ခိုင်ခ့ံလာသည်။ အသင်းတော်တိုးပွားဖို ့ ဤဆုကျေးဇူးများကို ဘုရားသခင် ပေးထားခြင်းဖြစ်သည်။

၇။ ယုံကြည်သူတိုင်း ကိုယ်ခန္ဓာ၏ အင်္ဂါအစိတ်အပိုင်းဖြစ်သည်။

ခရစ်တော်ကို ယုံကြည်သူတိုင်း ဘုရားသခင်၏အမှုတော်ဆောင်ဖြစ်သည်။ (၁ပေ၊ ၂း၅၊ ၉)။ ဓမ္မဟောင်းကာလတွင် လေဝိအမျိုးအာရုန်၏မိသားစု (လူတစု)သာလျှင် အမှုတော်ဆောင် (ဓမ္မဟောင်းကာလတွင် ယဇ်ပုရောဟိတ်ဟုခေါ်သည်) ဖြစ်ခွင့် ရှိသည်။ (ထွက်၊ ၂၈း၁) ယခုဓမ္မသစ်ကာလမှာဆိုလျှင် လူအဆင့်အတန်း ခွဲခြားမှုမရှိတော့ပါ။ အဝတ်အစားနှင့်အခွင့်အရေး ကွဲပြားမှုမရှိပါ။ ဘုရားသခင်၏ သားသမီးတိုင်းသည် ဘုရားသခင်၏ အမှုတော်ဆောင် ဖြစ်ပြီး တာဝန်နှင့်အခွင့်အရေးရှိကြသူများ ဖြစ်ကြသည်။

အသင်းတော်၏အနာဂတ်

ယခုအချိန်တွင် အသင်းတော်မှာ တည်ဆောက်ဆဲဖြစ်သည်ကို သတိပြုမိပါလိမ့်မည်။ ခရစ်တော်ကိုယုံကြည်၍ ၀ိညာဉ်တ ခုကယ်တင်ခြင်းရတိုင်း အသင်းတော်သို ့အသက်ကျောက်တလုံးဆင့်လိုက်သည်နှင့်တူသည်။ ဤဝိညာဉ်အဆောက်အ အုံသည် တူနှက်သံ၊ ထုသံမကြားရဘဲ တိတ်တိတ်ကလေး ကြီးထွားလျက်ရှိသည်။ ကယ်တင်ခြင်းရထိုက်သောသူတို ့ကို နေ ့စဉ်ဘုရားသ ခင်၏ ၀ိညာဉ်တော်က အသင်းတော်ထဲသို ့ပေါင်းထည့်လျက်ရှိသည်။( တ၊ ၂း၄၇)။

တနေ ့ကျလျှင် အလုပ်ပြီးစီးပါလိမ့်မည်။ နောက်ဆုံးကျောက်ကိုဆင့်ပြီးသည့်အခါ ခရစ်တော်သည် လေထဲသို ့ဆင်း လာမည်။ ကောင်းကင်မှ ဘုရားသခင်က သံလိုက်နှင့်ဆွဲလိုက်သည့်အလား အသင်းတော်သည် ကယ်တင်ရှင်နှင့်ဆုံရန် လေထဲ

သို ့တက်ကြွသွားမည်။ ထို ့နောက် အဘခမည်း တော်ပြင်ဆင်ထားသော အိမ်တော်သို ့ ပြန်သွားပြီး ခမည်းတော်နှင့်အတူ ထာဝ စဉ်နေရမည်။(၁သက်၊ ၄း၁၇)။

အသင်းတော်ရရှိသော ကောင်းကြီးမင်္ဂလာမှာ ခရစ်တော်နှင့်အတူအမြဲနေခွင့်ရရုံမက ခရစ်တော်၏ဘုန်းအသရေကိုပါခံ စားရမည်။ (ယော၊ ၁၇း၂၂)။

အသင်းတော်သည် ဘုရားသခင်၏ ဘုန်းတော်အတွက် ထာဝစဉ်သက်သေခံရန်ဖြစ်သည်။ “အလွန်ကြွယ်ဝသော ဘုရား သခင်၏ကရုဏာကျေးဇူးနှင့် ကောင်းမြတ်သောသဘောကို အရှင်ယေရှုခရစ်အားဖြင့် နောင်အနာဂတ်ကာလတွင် ဖော်ပြ တော်မူမည်။”

ယခုလောလောဆယ်အချိန်တွင် “အသင်းတော်” သည်ဘုရားသခင်၏နက်နဲသောအကြံအစီသာမက တန်ခိုးများနှင့် ၀ိညာဉ်အရာများကို သွန်သင်ရာဌာနအဖြစ် ဘုရားသခင်ထားရှိသည်။ သို ့ဖြစ်၍ ခရစ်တော်ကို ယုံကြည်သူတိုင်းသည် အသင်း တော်၏တိုးတက်ကြီးထွားမှုနှင့် ဘုရားသခင်၏ ဘုန်းတော်ထင်ရှားရေးအတွက် စိတ်ပါ၀င်စားစွာ လုပ်ဆောင်သင့်သည်။

 

သင်ခန်းစာ (၁)

လက်ယာဘက်ကွက်လပ်တွင် အဖြေမှန်၏ အက္ခရာကိုရေးပါ။

ပြီးမှသီးသန် ့စာရွက်တခုဖြင့် ပေးထားသော အဖြေလွှာပုံစံနမူနာဇယားအတိုင်း အဖြေမှန်အက္ခရာဖြည့်လျက် ဧမောက်ကျောင်းသို ့ပြန်ပို ့ ပါ။

၁။ ဤသင်ခန်းစာ၏ ခေါင်းစဉ်ကို မည်သည့်ကျမ်းမှ ကောက်နုတ်ထားသနည်း။

(က) တ၊ ၂း၄၁

(ခ) မ၊ ၁၈း၁၅-၁၇

(ဂ) ဧ၊ ၅း၂၅

(ဃ) ဂလာ၊ ၂း၂၀

၂။ “Ekklesia” စကားလုံးကို

(က) ဓမ္မဟောင်းကျမ်းတွင် “အသင်းတော်” ဟုအသုံးများသည်။

(ခ) “အသင်းတော်”ဟုဓမ္မသစ်ကျမ်း၌ သီးသန် ့အသုံးပြုသည်။

(ဂ) ဓမ္မသစ်ကာလတွင် “ဒေသန္တရအသင်းတော်” ကိုခေါ်သည်။

(ဃ) ခေါ်ထုတ်ထားသော လူစုဟု ဆိုလိုသည်။

၃။ အသင်းတော်ကို-

(က) ဘုရားသခင်၏နိုင်ငံ၊

(ခ) အသက်ရှင်သော ကိုယ်ခန္ဓာ (A living Organism)

(ဂ) ဘုရားသခင်၏ဥယျာဉ်၊

(ဃ) ကောင်းကင်ဆိုင်ရာကျောင်းတော်။

၄။ အသင်းတော်အကြောင်းကို ယေရှုက-

(က) အကြိမ်ကြိမ် ဓမ္မဟောင်းကျမ်းမှ ကိုးကားခဲ့သည်။

(ခ) သူကိုယ်တိုင် လောက၌ရှိစဉ် ရှေ ့တွင်ဖြစ်မည့်အရာဟုပြောကြားခဲ့သည်။

(ဂ) သူကိုယ်တိုင် ကောင်းကင်သို ့ တက်ကြွပြီးနောက်ကျေးဇူးပေးခြင်းဖြင့် ဘုန်းထင်ရှားမည်ဟု ပြောခဲ့သည်။

(ဃ) ဓမ္မဟောင်းကျမ်း၏ အဓိက ဟောပြောဖွင့်ပြချက်ဖြစ်သည်ဟုပြောသည်။

၅။ အသင်းတော်ကို အခြား အမည်နာမဖြင့် ဖော်ပြသော ကျမ်းပိုဒ်များအား အမည်နှင့်ကျမ်းပိုဒ်ကို ဆီလျော်အောင်တွဲပါ။

(၁) ယော၊ ၁၀း၁၆၊                                              (က) ခရစ်တော်၏ကိုယ်၊

(၂) ၁ယော၊ ၃း၉၊                                     (ခ) ဘုရားသခင်၏အိမ်တော်၊

(၃) ဧ၊ ၅း၂၅-၂၇၊                                      (ဂ) ခရစ်တော်၏သတို ့သမီး၊

(၄) ဧ၊ ၂း၁၅၊                                                       (ဃ) သိုးတစု၊

(၅) ၁တိ၊ ၃း၁၅၊                                      (င) ဘုရားသခင်၏အဆောက်အအုံ၊

(၆) ၁ကော၊ ၃း၁၆။

(ရ) ဧ၊ ၁း၂၂-၂၃။

၆။ သင်သည်ခရီးသွားရင်း မိတ်ဆွေတစ်ဦးနှင့်တွေ ့သည်ဆိုပါစို ့၊ သူသည်ခရစ်ယာန်တဦးဖြစ်ပြီး လူများကယ်တင်ခြင်း ရခြင်း သည် အရေးကြီးဆုံးဖြစ် သည်ဟုခံယူထား၍ လွတ်လပ်စွာ ကယ်တင်ခြင်းတရားဟောနေသူဖြစ်သော်လည်း အသင်းတော်နှင့် ဆက်သွယ်မှုနည်းကြောင်းပြောလာလျှင် သင်ဘယ်လိုပြန်ဖြေမည်နည်း။ အသင်းတော်သည် အရေးကြီးကြောင်း ဤသင်ခန်းစာ ပေါ်မူတည်ပြီး ကျမ်းချက်နှင့်တကွဖြေပါ။

၇။ ပင်တေကုတ္တေနေ ့တွင် အသင်းတော်စတင်ဖြစ်ပေါ်လာကြောင်း အစီအစဉ်လိုက် အချက်လေးချက်ရေးဖြေပါ။

(က)……………………………………….

(ခ)………………………………………..

(ဂ) ……………………………………….

(ဃ)………………………………………

၈။ ဧ၊ ၄း၄ တွင်

(က) ဂိုဏ်းဂဏတည်ရှိခြင်းကို ထောက်ခံသည်။

(ခ) အသင်းတော် တပါးတည်းသာရှိသည်ဟု အမှန်အတိုင်းသွန်သင်သည်။

(ဂ) “အသင်းတော်” အစိတ်စိတ်ကွဲပြားမည်ဟု ကြိုတင်ဟောထေားသည်။

(ဃ) ဂိုဏ်းဂဏများမှာ စစ်တပ်ရှိ တပ်စိပ်များနှင့်တူသည်။                                                                                                    ………………

၉။ အသင်းတော်မရှိလျှင် ခရစ်တော်မစုံလင်ဟု ဆိုခြင်းသည်-

(က) သမ္မာကျမ်းနှင့် ကိုက်ညီသည်။

(ခ) လူ ့ယူဆချက်ဖြစ်သောကြောင့် သမ္မာကျမ်းက ထောက်ခံခြင်းမရှိပါ။

(ဂ) ခရစ်တော်၏ ဂုဏ်နှင့်ဘုန်းကို ရှု ့ံချရာရောက်သည်။

(ဃ) သမ္မာကျမ်းအထောက်အထား လုံးဝမရှိသော အဆိုပြုချက်ဖြစ်သည်။                                                                             ……………..

၁၀။ လူတဦးသည် ခရစ်တော်၏ ကိုယ်အင်္ဂါဖြစ်လာခြင်းမှာ-

(က) ခရစ်တော်ကို ယုံကြည်လက်ခံသည့်အခါ ဖြစ်လာသည်။

(ခ) ရေနှစ်ခြင်းခံသည့်အခါ ဖြစ်လာမည်။

(ဂ) ပထမဦးဆုံးပွဲတော်စားသည့်အခါ ဖြစ်လာသည်။

(ဃ) ဒေသန္တရအသင်းတော်တခုသို ့ တရားဝင်စာရင်းသွင်းသည့်အခါ ဖြစ်လာသည်။                                                              ……………..

၁၁။ ခရစ်ယာန် အားလုံးသည် ကိုယ်ခန္ဓာတခုတွင် ပါ၀င်သောကြောင့်

(က) ခရစ်ယာန်အားလုံးတဦးကိုတဦးလိုအပ်သည်။

(ခ) အသင်းတော်၌ ခရစ်ယာန်များ တာဝန်အမျိုးမျိုးရှိသည်။

(ဂ) မာနကြီးခြင်းနှင့် တသီးတခြားနေတတ်သည့် သဘောတို ့မှာ ဆန် ့ကျင်သော ခံယူချက်ဖြစ်သည်။

(ဃ) အထက်ပါ အချက်အားလုံးမှန်သည်။                                                                                                                          ………………

၁၂။ တ၊ ၂၀း၂၈၊ အရ သန် ့ရှင်းသောဝိညာဉ်တော်သည်-

(က) ခရစ်ယာန်များ၏ ၀တ်ပြုကိုးကွယ်ခြင်းကို လမ်းညွှန်သွန်သင်သည်။

(ခ) အသင်းတော်ကြီးထွားပြန် ့ပွားရေးအတွက် ဆုကျေးဇူးများကို ပေးသည်။

(ဂ) အသင်းတော်အတွက် သင်းအုပ်များကို ရွေးချယ်ခန် ့ထားသည်။

(ဃ) ခရစ်ယာန်များဟောပြောရန် တန်ခိုးပေးသည်။                                                                                                            ……………..

၁၃။ ဓမ္မသစ်ကျမ်းနှင့် ဤသင်ခန်းစာတွင် ဖော်ပြထားသော ဆုကျေးဇူးများအနက် အထူးအံ့သြဖွယ် လက္ခဏာပါ၀င်သော ကျမ်းပိုဒ်ကိုရွေးထုတ်ပါ။

(က) ၁-ကော၊ ၁၂း၈-၁၀

(ခ) ၁ကော၊ ၁၂း၂၈

(ဂ) ဧ၊ ၄း၁၁၊ ၁၂။

(ဃ) ဟေဗြဲ၊ ၂း၄                                                                                                                                                             ………………

၁၄။ အသင်းတော်သည်-

(က) လက်ရှိအခြေအနေအတိုင်း အဆုံးတိုင် ဆက်သွားမည်။

(ခ) တိုးတက်လိုက်၊ ကျဆင်းလိုက်ဖြင့် အဆုံးတွင်လုံးဝပေါ်မလာသည့်အထိ နစ်မြုပ် ကွယ်ပျောက်သွားမည်။

(ဂ) တကမ္ဘာလုံးပြောင်းလဲပြီးမှ စုံလင်ခြင်းသို ့ရောက်မည်။

(ဃ) လေထဲ၌ အရှင်ယေရှုခရစ်နှင့် ဆုံတွေ ့ရန် မြေပြင်မှအ့ံသြဘွယ် ချီဆောင်ခြင်းခံရမည်။                                                 ……………..

၁၅။ အောက်ဖော်ပြပါ ပုဂ္ဂိုလ်များ၏ တာဝန်ဝတ္တရားကို ဖော်ပြပါ။

(က) သာသနာပြုသူ။

…………………………………………………………………………………………..

…………………………………………………………………………………………..

(ခ) သင်းအုပ်

…………………………………………………………………………………………..

…………………………………………………………………………………………..

(ဂ) ဓမ္မဆရာ

…………………………………………………………………………………………..

…………………………………………………………………………………………..

၁၆။ အ့ံသြဖွယ်ဆုကျေးဇူးများကို ကျွနု်ပ်တို ့ရနိုင်ပါသေးသလား၊ ရှင်းပြပါ။

………………………………………………………………………………………….

………………………………………………………………………………………….

သင်ဘယ်လိုယူဆပါသလဲ (ဆွေးနွေးခန်း)

ဓမ္မသစ်အသင်းတော်တွင် သင်ပါ၀င်ပြီလား၊ သင်ဘယ်လိုပါ၀င်လာသလဲ၊ ရှင်းပြပါ။

…………………………………………………………………………………………………………….

…………………………………………………………………………………………………………….

 

သင်ခန်းစာ (၃)

ဒေသန္တရအသင်းတော်

ဒေသန္တရအသင်းတော်ဆိုတာဘာလဲ၊

“ခရစ်တော်၏ကိုယ်” တည်းဟူသော “မမြင်ရသောအသင်းတော်” (သို ့မဟုတ်) “တကမ္ဘာလုံးနှင့်သက်ဆိုင်သော အ သင်းတော်” အကြောင်းကို လွန်ခဲ့သော သင်ခန်းစာတွင် လေ့လာခဲ့ပြီးပါပြီ။

အရပ်ဒေသများတွင် ခရစ်တော်ကို ယုံကြည်သူများ စုပေါင်းဝတ်ပြုသော “ဒေသခံအသင်းတော်” များရှိကြောင်း ဓမ္မသစ်ကျမ်းတွင် ထပ်မံဖော်ပြ သေးသည်။ ထို ့ကြောင့်ပင် ယေရုရှလင်မြို့၊ ကောရိန္ဃုမြို့၊ ရောမမြို့၌ရှိသော ထာဝရဘုရားကို ယုံကြည်သော အသင်းတော်အဖြစ် သက်သေခံကြသည်။ အသင်းတော်များအချင်းချင်း မိတ်သဟာယဖွဲ ့ခြင်း ရှိသော်လည်း အသင်းတော်တပါးနှင့်တပါး သီးခြားလွတ်လပ်စွာ ရပ်တည်ကြသော “ကလာပ်စည်း” များဖြစ်သည်။ သို ့သော် အသင်းတော် အားလုံးမှာ ခရစ်တော်၏အုပ်စိုးခြင်းကို ခံယူထားသည်။

၁။ ဒေသန္တရအသင်းတော်ဆိုသည်မှာ-

နှစ်ပေါင်းအတော်ကြာကပင် “ဓမ္မသစ်အသင်းတော်” ကိုအဓိပ္ပာယ်ဖွင့်ရာတွင် ကွဲလွဲမှုများရှိခဲ့သည်။ လုပ်သင့်သော နည်းများမှာ အောက်တွင် ဖော်ပြထားသော အချက်များနှင့် ကိုက်ညီလျှင် “စစ်မှန်သော ဒေသန္တရအသင်းတော်” ဟုခံ ယူနိုင်သည်။ “အရှင်ယေရှုအားဖြင့် သန် ့ရှင်းစေလျက် သန် ့ ရှင်းသူအဖြစ် ဘုရားသခင် ခေါ်ထားတော်မူသည့် အရပ်ရပ်မှ အကျွနု်ပ်တို ့၏ အရှင်ယေရှုခရစ်ကို ပတ္ထနာပြုသောသူအပေါင်းတို ့အား စာရေးအကြောင်း ကြားလိုက်ပါ၏။ ကျွနု်ပ်တို ့၏အ ရှင်ယေရှုခရစ်သည် သင်တို ့၏အရှင်လည်းဖြစ်တော်မူ၏” ဟု ၁ကော၊ ၁း၂တွင် ဖော်ပြထားချက်ကို စေ့စေ့လေ့လာလျှင် ဒေသန္တရ အသင်းတော်၏ အရည်အသွေးများ ရှင်းလင်းစွာပေါ်လွင်လာမည်။

“အသင်းတော်”၏ အဓိပ္ပာယ်ကို ဆရာဟင်နရီဘားရိုး ဖွင့်ဆိုထားချက်အား ဆက်လေ့လာလျှင် ပိုမိုရှင်းလင်း လာ ပါလိမ့်မည်။

စစ်မှန်စွာ ပေါက်ဖွား ရပ်တည်သည့် ခရစ်တော်၏ အသင်းတော်သည် မယုံကြည်သူများနှင့် ခွဲခြားအသက်ရှင်၍ ခရစ်တော်၏နာမ၌ ပေါင်းစည်းပြီး ကိုယ်တော်ကို ကိုးကွယ်နာခံသည့် သစ္စာရှိသော လူတစုကို ခေါ်သည်။ သူတို ့သည် ညီအစ်ကို တော်ကြပြီး ခရစ်ယာန်၌ရှိသည့် လွတ်လပ်ခြင်းနှင့် အညီ ဘုရားသခင်က တဦးချင်းအား သန် ့ရှင်းသော ၀ိညာဉ်တော်ဖြင့် ဖွင့်ပြမိန် ့ကြားချက်များကို နာခံလိုက်လျှောက်ကြသည့် စင်ကြယ်သည့် ပုဂ္ဂိုလ်မွန်များ ဖြစ်ကြသည်။ “သင်သည် တရားတော် အတိုင်း နာခံလိုက်လျှောက်ပါက ဗတ္တိဇံခံခြင်းသည် အကျိုးရှိ၏။ တရားတော်အတိုင်း မလိုက်လျှောက်ပါက ဗတ္တိဇံ သော်လည်း ဗတ္တိဇံမခံသကဲ့သို ့ဖြစ်မည်။ အကယ်၍ ဗတ္တိဇံကို မခံသူတယောက်သည် တရားတော်အတိုင်း နာခံလိုက်လျှောက်လျှင် ထိုသူက ဗတ္တိဇံခံပြီး သကဲ့သို ့ ဘုရားသခင်က လက်ခံသည် မဟုတ်လော။ ဗတ္တိဇံမခံသူက တရားတော်ကို လိုက်လျှောက်သေးလျှင် ဗတ္တိဇံခံလျက်ပင် တရားတော်ကို ဖောက်ဖျက်သူအတွက် ရှက်ဘွယ်ကောင်းသည် မဟုတ်လော။ အဘယ်ကြောင့်ဆိုသော် ပြင်ပ အကျင့်လက္ခဏာအားဖြင့် ခရစ်ယာန်ဖြစ်သူသည် ခရစ်ယာန် အစစ်အမှန်မဟုတ်။ ဘာသာရေးထုံးတမ်းအရ ဗတ္တိဇံ အစစ်အ မှန်မဟုတ်ပါ။ စိတ်နှလုံးအတွင်း၌ ခရစ်တော်ကို လက်ခံထားသူသာ ခရစ်ယာန် အစစ်ဖြစ်သည်။ ဗတ္တိဇံသည် အကျင့်တရားကို မဆိုလို၊ ဘုရားသခင်၏ ၀ိညာဉ်တော် ပြုပြင်မှုဖြင့် စိတ်ပြောင်းလဲခြင်းကို ဆိုလိုသည်။ ထိုသို ့ ဗတ္တိဇံခံသူအား လူ၏ချီးမွမ်း အတည်ပြုခြင်းနှင့် မဆိုင်ဘဲ ဘုရားသခင်၏ လက်ခံအတည်ပြုခြင်းနှင့်သာ စပ်ဆိုင်သည်” ဟု အနက်ဖွင့် ဖတ်ရှုခံယူလျက် ဤသို ့ဆိုလိုသည်ကို နားလည် လာပါလိမ့်မည်။ (ရောမ၊ ၂း၂၅-၂၉)

၂။ ဓမ္မသစ်ကျမ်းပေါ် အခြေခံသောအသင်းတော်

“ဒေသန္တရအသင်းတော်” ဖြစ်ဖို ့ လိုအပ်သော အရည်အချင်းများကို ဓမ္မသစ်ကျမ်းတွင် ဖော်ပြထားပါသလား၊ ခရစ်တော ်ကို ယုံကြည်သူတို ့သည် ဓမ္မသစ်ကျမ်းနှင့် မကိုက်ညီသော အသင်းတော်ထဲမှ “စစ်မှန်သော ဓမ္မသစ်ကျမ်းအသင်းတော်” ထဲသို ့ သွားရောက် မိတ်သဟာယ ဖွဲ ့နိုင်အောင် အသင်းတော်များကလည်း သူတို ့၏ ယုံကြည်ခံယူချက်များကို ပြတ်ပြတ်သားသား ဖော်ပြကြမလား…အစရှိသော မေးခွန်းများ ပေါ်ပေါက်လာသည်။

ဤသို ့ ယူဆချက်ပြောဆိုမေးမြန်းရန် မသင့်ပါ။ အကယ်၍ ဓမ္မသစ်ကျမ်း အသင်းတော်ဖြစ်ရန် ပုံသေသတ်မှတ်ထား သော အစီအစဉ်ဖြင့် စည်းဝေးတိုင်း၌ လုပ်ဆောင်ခြင်း၊ (သို ့မဟုတ်) နည်းစနစ် အချို ့ကို သတ်မှန်ဆောင်ရွက်ခြင်းပြုလျှင် ၀ိညာဉ်တော်၏ အုပ်စိုးမှုမပါသော အစဉ်အလာ ဖြစ်သွားနိုင်သည်။ အသက်မပါသောကြောင့် ပျင်းရိစိတ်ပျက်စရာ ကောင်း လာသည်။ အသင်းတော်၏ အခြေအနေသည် စည်းလုံးခိုင်ခ့ံဟန် ရှိသော်လည်း ယုံကြည်သူများမှာ ဆင်းရဲအားနည်း တတ်ကြသည်။

အမှန်မှာ ထိုကဲ့သို ့မဖြစ်သင့်ပေ။ ဓမ္မသစ်ကျမ်းအရ ခရစ်တော်ကို ယုံကြည်လက်ခံသူအားလုံးသည် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် အသင်းတော်၏ အင်္ဂါဖြစ်လာသည်။ အသင်းတော်သားတို ့သည် အသင်းတော်၏ သမ္မာတရားများ

ပြန် ့ပွားရန် ဆောင်ရွက်ရမည်။ အချို ့ခရစ်ယာန်စုတို ့မှာ “အသင်းတော်သည် ခရစ်တော်၏ကိုယ်” ဖြစ်ကြောင်း ပေါ်လွင်အောင် နေထိုင် သက်သေခံနိုင်ခြင်းမရှိပေ။ အချို ့ခရစ်ယာန်တို ့မှာ သက်သေခံပြနိုင် သော်လည်း ပြည့်စုံခြင်းတော့ မရှိပေ။

“အကယ်၍ သင်တို ့၌ အချက်အလက်အချို ့နှင့် ကိုက်ညီပါမှ သင်တို ့အစုသည် အသင်းတော်ဖြစ်မည်” ဟု ပြောဖို ့လဲ မသင့်ပေ။ ကျေးဇူးတော် သက်သက် ခံစားရသည့် ကျွနု်ပ်တို ့ပြောသင့်သည်မှာ “ခရစ်တော်ကို ယုံကြည်သော သင်တို ့သည် အသင်းတော်ဖြစ်၏ သို ့ဖြစ်၍ လောက၌ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ဘုန်းတော်ထင်ရှားအောင် နေထိုင်သက်သေခံပြပါ” ဟုပြောရမည်။ ကျေးဇူးတော်ကြောင့် ကျွနု်ပ်တို ့သည် ကယ်တင်ရှင် အပေါ် မေတ္တာနှင့် တုံ ့ပြန်ချင်မည်။ ဤမေတ္တာက ခရစ်တော် ၏ကိုယ် အဓိပ္ပာယ်ကို ထင်ရှားစေချင်သော စေတနာစိတ် ရှိလာစေသည်။

၃။ အချုပ်

“ဒေသန္တရအသင်းတော်” သည် “တကမ္ဘာလုံးဆိုင်ရာ အသင်းတော်ကြီး” ၏ပုံစံ နမူနာငယ်တစ်ခုဖြစ်ရမည်။ “ခရစ် တော်၏ကိုယ်” တည်းဟူသော “အသင်းတော်”၏ သမ္မာတရားများနှင့် ဆန် ့ကျင်သော မည်သည့်အရာမကိုမျှ မလုပ်သင့်ပေ။

“အသင်းတော်” သည်“ခရစ်တော်၏ကိုယ်” ခရစ်တော်၏ သဘောနှင့် ညီညွတ်စည်းလုံးမှုကို ပေါ်လွင်ထင်ရှားစေရမည်။ သန် ့ရှင်းသော ၀ိညာဉ်တော်အားဖြင့် ဖြစ်လာပြီး သန် ့ရှင်းသောဝိညာဉ်တော်၏ ကျိန်းဝပ်အုပ်စိုးမှုရှိရမည်။ ခရစ်တော်ကို ယုံ ကြည်သူအားလုံးသည် အသင်းတော် သားဖြစ်၍ တဦးကိုတဦး ထောက်ကူအကျိုးပြုရန်နှင့် ခရစ်တော်၏ဘုန်းတော်ထင်ရှားစေရန် စုစည်းထားခြင်းဖြစ်သည်။ ဤသူများ၏ မျှော်လင့်ရာသည် အရှင်ယေရှုသာရှိသည်။ ခရစ်တော်၏ကိုယ်သည် ညီညွှတ်စည်းလုံးမှု ရှိကြောင်းကို ဘုရားရှိခိုးကျောင်း၌ ပေါ်လွင်ထင်ရှားစေရမည်။

“အသင်းတော်” သည်မည်သည့်အဓိကသမ္မာတရားကြီးများကို“ဒေသန္တရအသင်းချုပ်အားဖြင့်(၇)ချက်တင်ပြခဲ့ပြီးပါပြီ။ ၄င်းတို ့မှာ-

၁။         ခန္ဓာကိုယ်တခုတည်းရှိသည်။

၂။         ခရစ်တော်သည် ခန္ဓာကိုယ်၏ ဦးခေါင်းဖြစ်သည်။

၃။        ခရစ်တော်ကို ယုံကြည်သူအားလုံးသည် ခန္ဓာကိုယ်၏အင်္ဂါအစိတ်အပိုင်း ဖြစ်လာသည်။

၄။        သန် ့ရှင်းသော ၀ိညာဉ်တော်သည် အသင်းတော်၌ ခရစ်တော်၏ ကိုယ်စားလည်းဖြစ်သည်။

၅။        ဘုရားသခင်၏ အသင်းတော်သည် သန် ့ရှင်း၏။

၆။        “အသင်းတော်” ကြီးထွားပြန် ့ပွားဖို ့ ၀ိညာဉ်ဆုကျေးဇူးများ ပေးထားသည်။

၇။        ခရစ်တော်ကို ယုံကြည်သူအားလုံး ဘုရားသခင်၏ အမှုတော်ဆောင်ဖြစ်သည်။

ယခုမျက်မှောက်ချိန်တွင် ကျွနု်ပ်တို ့၏ရည်မှန်းချက်သည် ဒေသန္တရအသင်းတော်၌ ဤသမ္မာတရားများကို ကမ္ဘာလောကသို ့ မည်မျှ ထိရောက်စွာ သက်သေခံခြင်းရှိမရှိ စစ်ဆေးဖို ့လိုသည်။

ခန္ဓာကိုယ် တခုတည်းရှိသည်။

ဒေသန္တရအသင်းတော်အတွက် အရေးအကြီးဆုံး ပုံသက်သေပြရမည့်အချက်မှာ- ယုံကြည်သူအားလုံးသည် တလုံးတကိုယ်တည်း ရှိကြောင်း ထင်ရှားစေရမည်။

မည်ကဲ့သို ့သက်သေပြမည်နည်း။

(က) မည်သည့်နာမတပ်ရမည်နည်း

ကျွနု်ပ်တို ့ခရစ်ယာန် အချင်းချင်း ခြားနားခြင်းမရှိရန် အကောင်းဆုံးမှာ ကိုယ်ကြိုက်ရာ နာမည်တပ်ဖို ့မသင့်ပါ။ အဘယ်ကြောင့်ဆိုသော် ကောရိန္ဃု အသင်းတော်တွင် လူအချို ့က “ကျွနု်ပ်တို ့က ပေါလုလူ၊ ကျွနု်ပ်တို ့က အာပေါလုလူ၊ ကျွနု်ပ်တို ့က ခရစ်တော်လူ” ဟုပြောကြသောအခါ “ခရစ်တော်၌ ကွဲပြားမှုရှိသလား” ဟု ရှင်ပေါလုက ထိုသူတို ့ကို ဆုံးမပဲ့ပြင်ရသကဲ့သို ့ ( ၁ကော၊၁း၁၀-၁၇)။ ယနေ ့တွင် ခရစ်ယာန်တို ့သည် အသင်းတော် ထုံးတမ်းစဉ်လာများ၊ မူဝါဒများ ဘာသာရေးခေါင်းဆောင်များပေါ် မူတည်ပြီး မိမိတို ့ကိုယ်ကို နာမတပ်လျှက် ဂိုဏ်းဂဏအမျိုးမျိုး ခွဲခြားကြ၏။ ဤသို ့ ပြုခြင်းသည် ခရစ်တော်၏ကိုယ်တွင် တလုံးတကိုယ်တည်းရှိကြောင်းကို ဆန် ့ကျင်ငြင်းပယ်ရာရောက်သည်။

ရှင်းရှင်းပြောရလျှင် သမ္မာကျမ်းအရ ဘုရားသခင်၏သား၊ သမီးတို ့ကို “ယုံကြည်သူများ” (ယာ၊ ၅း၁၄)၊ “တပည့် တော် များ” (တ၊ ၉း၁)။ “ခရစ်ယာန်များ” (တ၊ ၁၁း၂၆) “သန် ့ရှင်းသူများ” (ဧ၊၁း၁) (သို ့မဟုတ်) “ညီအစ်ကိုများ” (ယာ၊ ၂း၁) ဟုခေါ် တွင်ရမည်။

တကယ်တော့ အခြားအမည်နာမ မတပ်ဘဲ “ယုံကြည်သူ” ဟုရိုးရိုးလေး အခေါ်ခံရဖို ့ ခရစ်ယာန်တစ်ယောက်အတွက် ခက်ခဲတတ်သည်။ အကြောင်းမှာ ခရစ်ယာန်အများစုက သမ္မာကျမ်းတွင် ဖေါ်ပြထားသော အမည်ထက် အသင်းတော်အဖွဲ ့အစည်း တခုခုအမည်ကို ခံယူလိုကြ၏ အကယ်၍ လူတစ်ဦးသည် သမ္မာကျမ်းအတိုင်း “ခရစ်ယာန်” ဟုသာ အခေါ်ခံစေပြီး ဂိုဏ်းဂဏအမည်နာမကို မခံယူပါက ဂိုဏ်းဂဏစွဲသူတို ့၏ မျက်မွှေးစူးစရာဖြစ်ရ တတ်ပြီး သူတပါးလက်ညိုးထိုးခြင်းနှင့် မကင်းနိုင်ပေ။ ထို ့ကြောင့်ယုံကြည်သူတစ်ဦးအနေနှင့် ဘယ်လိုလုပ်သင့်ပါသလဲ?

အမှန်မှာ၊ သမ္မာကျမ်းအမည်နာမကို တိတိကျကျခံယူထားရုံနှင့် မစုံလင်သေးပေ။ သမ္မာကျမ်းစကားအတိုင်း တိကျစွာ လုပ်ဆောင်ပါလျက်နှင့် “အုပ်စု” စိတ်ထား စွဲလမ်းနေတတ်သည်။ ဥပမာ- ကောရိန္ဃုအသင်းတော်တွင် “ကျွနု်ပ်တို ့ဟာ ခရစ် တော်ရဲ့လူ” လို ့ပြောကြသောသူ အချို ့ရှိသည်။ ထိုသူတို ့သည် သူတို ့ခံယူထားသော အမည်နာမမှန်ကန်၍ ဂုဏ်ယူ ကြွားဝါသောစိတ် ရှိချင်မှရှိမည်။ သို ့သော် “ကျွနု်ပ်တို ့ဟာ ခရစ်တော်ရဲ့လူ”လို ့ ပြောဆိုခြင်းအားဖြင့် ခရစ်တော်ကို တကယ်ယုံ ကြည်လက်ခံသော အခြားလူတို ့အား “ခရစ်တော်ရဲ့လူ” မဟုတ်သကဲ့သို ့ အဓိပ္ပာယ်သက်ရောက် သွားစေသည်။ ထို ့ကြောင့်-

“ပုဂ္ဂိုလ်စွဲ” “အုပ်စုစွဲ” သောအခြားယုံကြည်သူတို ့ကို ပေါလု ဆုံးမပဲ့ပြင်ရသကဲ့သို ့ ကျွနု်ပ်တို ့ဟာ ဘုရားသခင်ရဲ့လူဟု ပြောသော လူစုကိုလည်း ပေါလုဆုံးမပဲ့ပြင်ရ၏။

(ခ) ဂိုဏ်းဂဏကွဲပြားခြင်းကို ဘုရားသခင် အလိုတော် ရှိပါသလား

ဂိုဏ်းဂဏကွဲပြားခြင်းနှင့် ပတ်သတ်ပြီး ကျမ်းစာတွင် ဘယ်လိုဖော်ပြထားပါသလဲ? တချို ့ဂိုဏ်းအဖွဲ ့အစည်းတွေကို ဘုရားသခင်က ကောင်းကြီး မင်္ဂလာ ပေးနေသားဘဲလို ့ လူအများကပြောဆို ဆင်ခြေပေးတတ်ကြပါသည်။ အထူးသတိပြု အပ်သည်မှာ ထိုဂိုဏ်းနှင့်အဖွဲ ့အစည်းတို ့ကို ဘုရားသခင် နှစ်သက်အလိုရှိသောကြောင့် ကောင်းကြီးပေးခြင်းမဟုတ်ပါ။ ဘုရား သခင်သည် သူ၏နှုတ်ကပတ်တော်ကို ကောင်းကြီးပေးခြင်းသာ ဖြစ်ပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဟောပြော     ပို ့ချသည့်အခါ အများအားဖြင့် မှားယွင်းပြီး မစုံလင်သော်လည်း ဟောပြောလိုက်သောသတင်းကို ဘုရားသခင် အောင်မြင်မှု ပေးတတ်ပါသည်။ အကယ်၍ စုံလင်မှသာ ဘုရားသခင်ကောင်းကြီးပေးမည်ဆိုလျှင် ကောင်းကြီးခံစားနိုင်သော အသင်းတော် မရှိနိုင်တော့ပါ။ ထို ့ကြောင့် အဖွဲ ့အစည်းတခု (သို ့မဟုတ်) အုပ်စုတစ်စုသည် ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာရပါက ဤအဖွဲ ့လုပ်ဆောင်သော အရာ အားလုံးကို ဘုရားသခင် နှစ်သက်လက်ခံသည်ဟု မယူဆနိုင်ပေ။ ကယ်တင်ခြင်း သတင်းသည် သတင်းကောင်းကို ဟောပြောသူထက် အစဉ်သာ၍ ကြီးမြတ်ပါသည်။

အသင်းတော်၌ ဂိုဏ်းဂဏ၊ ၀ိ၀ါဒကွဲပြားခြင်းကို ဘုရားသခင် အလိုတော်မရှိကြောင်း ထင်ရှားပါသည်။  “တယောက်ကေ ပြာမယ် ကျွန်တော် ပေါလုဘက်သား၊ နောက်တယောက်က ကျွန်တော်ဟာ အာပေါလုဘက်သားလို ့ ပြောရင်သင်တို ့သည် “ငါ” တည်းဟူသော ဇာတိစိတ် လွှမ်းမိုးနေတယ် မဟုတ်လား ” (၁ကော ၃း၄)၏ သွန်သင်ချက်အရ ကွဲပြားခြင်းသည် ဘုရားနှင့်ဆန် ့ကျင်သော ဇာတိစိတ်ဖြစ်သည်။

အသင်းတော်၌ ကွဲပြားနေခြင်းသည် မကောင်းမှု အမျိုးမျိုးကိုပွားစေ၏။ တဦးနှင့်တဦး မိတ်ဿဟာရဖွဲ ့ခြင်းတွင် အတားအဆီးဖြစ်စေ၏။ ၀ိညာဉ် ဆုကျေးဇူးရှိသော သူတို ့၏သွန်သင်ဝေမျှခြင်းသည် အသင်းတော်အတွက် အကျိုးရှိရမည့်အစား တားဆီးချုပ်ချယ်ခံရသောကြောင့် အသင်းတော်၏ တိုးတက်မှုကို အတားအဆီးဖြစ်စေ၏။ “ဘယ်အသင်းတော်ဟာ မှန်သလဲ” လို ့လူအများမေးလာရတဲ့အထိ လူတွေကို ဇဝေဇဝါလဲဖြစ်စေ၏။

ဂိုဏ်းဂဏနှင့် ၀ိ၀ါဒကွဲပြားခြင်းသည် ဘုရားသခင်၏အသင်းတော် စည်းလုံးမှုမရှိအောင် လုပ်ဆောင်သော စာတန် မာရ်နတ်၏ လက်ချက်ဖြစ်သည် ဤသို ့ကွဲပြားရခြင်း၏ အကြောင်းအရင်းမှာ- ကျွနု်ပ်တို ့၏ “အတ္တ”စိတ် မာန်မာန “တို ့မှန်တယ် တို ့ဖာသာတို ့နေမယ်” စသောယူဆချက်များကြောင့် ဖြစ်သည်။

“ကျွနု်ပ်တို ့၏ ကွဲပြားခြင်းကို ဘုရားသခင် ခွင့်လွှတ်၍ ပြုပြင်ပေးသနားတော် မူပါစေသော” ကျွနု်ပ်တို ့ ခရစ်ယာန်အ ချင်းချင်း ကွဲပြားခြင်းသည် လောကအသိုင်းအဝိုင်းတွင် ရှက်ဖွယ်အကောင်းဆုံးဖြစ်၏။ ဂိုဏ်းဂဏ အကွဲကွဲအပြားပြား ကြားတွင်ရှိ သော မာန်မာနနှင့် တင်းမာခြင်းသဘောတရားတို ့သည် ဘုရားသခင်၏ အသင်းတော်အတွင်း အကြီးမားဆုံး အတားအ ဆီးတံတိုင်းများဖြစ်သည်။

“ကြည့်ပါလား-ဒီခရစ်ယာန်တွေ တဦးကိုတဦးစွပ်စွဲကြ၊ စီရင်ကြ၊ ရန်ဖြစ်ကြလို ့ပါလား” လို ့ ပတ်ဝန်းကျင်လူတွေက ဝေဖန်ရင် ကျွနု်ပ်တို ့အတွက် အကြီးဆုံး-ဆုံးရှုံးမှုဘဲ။ တကယ်လို ့ ဘုရားသခင်၏ မျက်နှာကိုထောက်ပြီး ကျွနု်ပ်တို ့အချင်းချင်း ၀န်ချ တောင်းပန်ဖို ့ နှိမ့်ချခြင်းရှိရင် “ကြည့်စမ်း ဒီခရစ်ယာန်တွေ ဘယ်လောက်ချစ်ကြသလဲလို ့” မြင်လာလိမ့်မည်။

အများအားဖြင့် ကျွနု်ပ်တို ့သည် မကြားကောင်း၊ မမြင်ကောင်းအောင် ကွဲပြားနေခြင်းကြောင့် ၀မ်းနည်းဖွယ်ရာကျွနု်ပ်

တို ့အရှင်ယေရှုခရစ်၏ နာမတော်ကို ရှုံ ့ချစရာ ဖြစ်စေပါသည်။

(ဂ) စစ်မှန်သော ညီညွတ်ခြင်း

ခရစ်တော်၏ကိုယ်တွင်ရှိသော ညီညွတ်ခြင်းသဘောကို လက်တွေ ့အသက်ရှင် နေထိုင်ပြရာ၌ အလွန်ခက်ခဲသည်ကို ယုံကြည်သူများ တွေ ့ကြုံ ရတတ်၏။ ဘုရားသခင်၏ သားသမီးစစ်အတွက် လူတိုင်းနှင့် သင့်သင့်မြတ်မြတ်နေထိုင်ဖို ့နှင့် တပြိုင်တည်း၌လည်း အသင်းတော်အတွင်း၌ ဂိုဏ်းဂဏ အကွဲကွဲ အပြားပြားကြားထဲတွင် ပါ၀င်ခြင်းမပြုဘဲ သီးခြားနေရန် အ လွန်အနေရကြပ်ပါသည်။

ခွဲခြားရေးသဘောနှင့် ကျေးဇူးတော်ဖြစ်သည့် သည်းခံခြင်း၊ ဖြည်းညှင်းခြင်း သဘောနှစ်မျိုးကို ပေါင်းစပ်အသက်ရှင်ရာ၌ အလွန်ခက်ပါသည်။ တနည်းအားဖြင့်ပြောရလျှင် “စိတ်သဘောထားကြီးကြီးနှင့် ကျဉ်းကျဉ်းနေတတ်ရမည်” သမ္မတရားတည်း ဟူသော ဘုရားသခင်၏ သွန်သင်လမ်းညွှန် ချက်အတိုင်း ကျွနု်ပ်တို ့ရပ်တည် လိုက်လျှောက်သည့်အခါ ယုံကြည်ခံယူမှုမရှိသူနှင့် ညှိနှိုင်းအပေးအယူ လုံးဝမလုပ်ရပါ။ ဤသို ့ ညှိနှိုင်းအပေးအယူ မလုပ်ရခြင်းသည် ပတ်ဝန်းကျင်နှင့် အနေရကြဉ်း မြောင်း လာစေ ပါသည်။ သို ့သော် ဤသို ့နေထိုင်ရေးအတွက် မေတ္တာနှင့် နားလည်မှုရှိဖို ့ ဘုရားသခင်၏ ကျေးဇူးတော် များစွာ ခံယူရမည်ကို သိထားဖို ့လိုသည်။ အကယ်၍ ကျွနု်ပ်တို ့သည် ကျေးဇူးတော်ထက် သမ္မာတရားကို အဓိကထားပြီးလုပ်လျှင် တဘက်သတ်ကျ လျက် မကောင်းသော  ပုံသက်သေသာ ထွက်လာပါလိမ့်မည်။ တဖန်သမ္မာတရားကို ဘေးဖယ်ပြီး ကျေးဇူးတော်ဟု သဘော ထားလျှက် သဘောထားကြီးကြီးနှင့် ညှိနှိုင်းအပေးအယူလုပ်ပါက အဆုံး၌ ဘုရားသခင်ကိုခုတုံးလုပ်၍ ကိုယ်ကျိုးရှာကြသည်ကို တွေ ့ရပါလိမ့်မည်။ ဤအရာသည် အညစ်ညမ်းဆုံးဖြစ်ပါသည်။

ဆရာတဦးက “နှစ်ပေါင်းသုံးဆယ်အတွင်း ကျွန်တော်နှင့် ခံယူချက်ကွာခြားသူ၏ အသက်တာမှ ခရစ်တော်ကို ကျွန်တော် တွေ ့ခဲ့ရပါသည်” ဟု ဝေမျှဝန်ခံခဲ့ဖူးသည်။

ခရစ်တော်၏ကိုယ်၌ ညီညွတ်ခြင်းရှိသည့် သဘောကိုမြင်ယောင်လာဖို ့ ဂိုဏ်ပေါင်းစုံအဖွဲ ့တို ့၏ ကြိုးပမ်းမှုဖြင့် ရရှိမည်မ ဟုတ်ပါ။ ထိုအဖွဲ ့အစည်း ကောင်စီတို ့သည် သမ္မာကျမ်း၌ရှိသော တရားများကို ပမာဏမထောက်ထားဘဲ ညှိနှိုင်းအပေးအယူ လုပ်လျက် ပေါင်းစည်းနေကြ၏။ ခရစ်တော်သည် အပျိုကညာမှ ဖွားမြင်ခြင်း၊ လူဖြစ်သော်လည်း အပြစ်ကင်းစင်ခြင်း၊ ကျွနု်ပ်

တို ့ကိုယ်စား ခရစ်တော်အသေခံခြင်း၊ ကိုယ်ခန္ဓာအသစ်ဖြင့် ပြန်လည်ရှင်ခြင်း၊ ကောင်းကင်ဘုံသို ့ ပြန်လည်တက်ကြွသွားခြင်းနှင့် ခရစ်တော်၏ ဒုတိယကြွလာခြင်းစသော အချက်တစုံတခုကို မယုံကြည်သောသူတို ့နှင့် သဘောထား အပေးအယူ ညှိနှိုင်းမှုပြု သော ခရစ်ယာန်တို ့သည် မိမိ၏အရှင်သခင် ခရစ်တော်ကို ငြင်းပယ်ရောင်းစားရာ ရောက်သည်။

ခရစ်ယာန်၏ စစ်မှန်သော ညီညွတ်ခြင်းသည် ခရစ်တော်နှင့် နှုတ်ကပတ်တော်ကို လူတိုင်းကြည်ညိုလိုက်နာသည့် အပေါ်တွင်မူတည်သည်။ ကျွနု်ပ်တို ့အယောက်တိုင်း စိတ်နှလုံး၌ ခရစ်တော်၏ဘုန်းတော်ထင်ရှားဖို ့ ဆန္ဒရှိကြလျှင် ကျွနု်ပ်တို ့သည် သွေးစည်းလာကြမည်။ ခရစ်တော်၏ ဆုတောင်းချက်လည်း ကျွနု်ပ်တို ့၌ ပြည့်စုံလာမည်။

“ကိုယ်တော်သည် ကျွနု်ပ်နှင့်တလုံးတကိုယ်တည်း ရှိတော်မူသကဲ့သို ့ ထိုသူတို ့သည်လည်း တလုံးတကိုယ်တည်း ဖြစ်စေခြင်းငှါ ဆုတောင်းပါ၏” (ယော၊ ၁၇း၂၂)။ ဒီလှိုင်းလုံးကြီး လိမ့်ကျသွားသည့်အခါ ကမ်းစပ်တလျှောက်၌ ရေအိုင်ငယ်များကို ခြားနားစေသည်။ သို ့သော် ဒီလှိုင်းလုံးကြီးတဖန် လိမ့်တက်လာသည့်အခါ ရေအိုင်ငယ်များမြှုပ်သွားပြီး ရေပြင်ကျယ်ကြီး တခုအ ဖြစ် စုပေါင်းလာကြ၏။ ထိုကဲ့သို ့ ကျွနု်ပ်တို ့ဖြစ်ရမည်။ ဖြစ်လည်း ဖြစ်လာရမည်။ ဘုရားသခင်၏ မေတ္တာဒီလှိုင်းကြီး လိမ့်ဝင်လာ၍ ကျွနု်ပ်တို ့တယောက်စီ၊ တယောက်စီတိုင်း၌ ပြည့်လျှံသွားပြီး ကျွနု်ပ်တို ့၏ နာကျည်း စိတ်များ ကွဲပြားစိတ်များမှာ နစ်မြှုပ် ပျောက်ကွယ်လျှက်ဘုရားသခင်၏ မေတ္တာပင်လယ်တွင် စစ်မှန်သောချစ်ခြင်း၊ ၀မ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းကို ကျွနု်ပ်

တို ့အား လုံးထိတွေ ့ခံစားရပေမည်။

ယခုအချိန်တွင် ဒေသန္တရအသင်းတော်၏ တာဝန်မှာ ခရစ်တော်၏ကိုယ်၌ ညီညွတ်ခြင်းရှိသည့် သဘောကို လက်တွေ ့ပေါင်း ဖော် သက်သေထူဖို ့ အဓိကဖြစ်သည်။ ခရစ်တော်၏ကိုယ်၌ ညီညွတ်ခြင်းရှိရန် ဒေသန္တရ အသင်းတော်တိုင်းသည် နှုတ်က ပတ်တရား၏ သွန်သင်ခြင်းသာမက သန် ့ရှင်းသော ၀ိညာဉ်တော်၏ ပဲ့ပြင်အုပ်စိုးခြင်းနှင့် လက်တွေ ့နာခံ လိုက်လျှောက်ခြင်း ပြုကြရမည်။

မေးခွန်းလွှာ (၃)

၁။ ဒေသန္တရအသင်းတော်များကို ဓမ္မသစ်ကျမ်းအမြင်အရဆိုလိုသည်မှာ-

(က) သီးခြားလွတ်လပ်စွာ တည်ရှိသော ဂိုဏ်းဂဏအမျိုးမျိုး။

(ခ) ဗဟိုဌာနချုပ်ကြီး၏ အစိတ်အပိုင်းတခု။

(ဂ) လွတ်လပ်စွာသီးခြားဖွဲ ့စည်းထား၍ ကမ္ဘာ ့အဖွဲ ့အစည်းကြီးတခုအဖြစ်သို ့ ပေါင်းစည်းထားသည်။

(ဃ) ဒေသအလိုက်တွင်ရှိသော တကမ္ဘာလုံးနှင့် သက်ဆိုင်သော အသင်းတော်ဖြစ်သည်။ တသင်းနှင့်တသင်း လွတ်လပ်စွာ ရပ်တည်သော် လည်း မိဿဟာယဖွဲ ့ခြင်း ရှိကြသည်။ ………………

၂။ အသင်းတော်၏ အဓိပ္ပာယ်ကို ဆရာဟင်နရီဘားရိုး ဖွင့်ဆိုချက်သည်-

(က) အလွန်ကျဉ်းမြောင်းသော ယူဆချက်ဖြစ်သည်။ အကြောင်းမှာ ဂိုဏ်းဂဏတခု၏ အသင်းတော်များသာ ပါ၀င်လိမ့်မည်။

(ခ) သိပ်ကျယ်ပြန် ့သည်။ အကြောင်းမှာ ကျမ်းစာအထောက်အထား မရှိသည့် လူ ့ယူဆချက်၏ အသင်းတော်သာ ပါ၀င်သည်။

(ဂ) ဒေသန္တရအသင်းတော်အတွက် လိုအပ်ချက်များကို ဓမ္မသစ်ကျမ်းရှိအသင်းတော်နှင့် ပတ်သတ်သည့် ကျမ်းအပေါ် အခြေခံထားသည်။

(ဃ) ဒေသန္တရအသင်းတော်တခု၏ အရည်အချင်းကို ဓမ္မသစ်ကျမ်းတွင် ဖော်ပြခြင်းရှိမရှိမေးစရာ ဖြစ်လာသည်။            ………………

၃။ ဒေသန္တရအသင်းတော်နှင့် ပတ်သတ်ပြီး ဓမ္မသစ်ကျမ်း၏ အဓိကဖော်ပြချက်မှာ-

(က) ယုံကြည်သူတဦးချင်း၏ ၀ိညာဉ်အခြေအနေ။

(ခ) ဒေသန္တရအသင်းတော်သို ့ ၀င်ရောက်ရန် နှစ်ခြင်းခံခြင်းသည် အရေးကြီးကြောင်း။

(ဂ) အဖွဲ ့၏ချမှတ်ထားသော စည်းဝေးများ။

(ဃ) အဘယ်သူသည် မိတ်ဿဟာယ၌ ပါ၀င်ကြောင်း ဆုံးဖြတ်နိုင်ရန် ပွဲတော်သို ့လက်ခံခြင်း။ ………………

၄။ ဒေသန္တရအသင်းတော်သည်-

(က) တကမ္ဘာလုံးဆိုင်ရာ အသင်းတော်ကြီးနှင့် တစိတ်တဒေသတူညီသည်။

(ခ) တကမ္ဘာလုံးဆိုင်ရာ အသင်းတော်ကြီး၏ အငယ်စားဖြစ်သည်။

(ဂ) တကမ္ဘာလုံးဆိုင်ရာ အသင်းတော်ကြီးနှင့် သီးခြားလွတ်လပ်သည်။

(ဃ) ၄င်းနှင့်သက်ဆိုင်သည့် ဂိုဏ်းဂဏက ချမှတ်ထားသော လိုအပ်ချက်များနှင့် ညီညွတ်သည်။  ……………….

၅။ အောက်ပါမည်သည့် နာမည်သည် ကျမ်းစာနှင့်အကိုက်ညီဆုံးလဲ။

(က) နှစ်ခြင်းအသင်းတော်။

(ခ) မက်သဒစ်အသင်းတော်။

(ဂ) ပရက်စ်ဘီတေးရီးယန်း အသင်းတော်။

(ဃ) ခရစ်ယာန်။

(င) အထက်ပါဘယ်နာမည်ဘဲတပ်တပ်။    ………………

၆။ ဇာတိစိတ်လွှမ်းမိုးသည့် ယုံကြည်သူ ကောရိန္ဃု အသင်းသားတို ့သည်-

(က) “ငါဟာပေါလုလူ” ဟုပြောကြ၏။

(ခ) “ငါဟာကေဖလူ” ဟုပြောကြ၏

(ဂ) “ငါဟာ အာပေါလုလူ” ဟုပြောကြ၏။

(ဃ) “ငါဟာခရစ်တော်လူ” ဟုပြောကြ၏။

(င) အထက်ပါအချက်အားလုံး။    ………………

၇။ ဂိုဏ်းဂဏအမျိုးမျိုး ရှိခြင်းသည်-

(က) ဘုရားသခင်၏ကောင်းကြီးရရှိသောကြောင့် ကျမ်းစာနှင့် လျော်ညီသည်ဟု သဘောထားရမည်။

(ခ) ဘုရားသခင်၏ ကောင်းကြီးရရှိသောကြောင့် ကျမ်းစာနှင့် လျော်ညီသည်ဟု သဘောမထားသင့်ပါ။

(ဂ) ဘယ်အခါမျှ ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာကို မခံရ။

(ဃ)  မုန် ့ငါးလုံးနှင့် ငါးနှစ်ကောင် နိမိတ်သကဲ့သို ့ ကွဲပြားခြင်းအားဖြင့် ပြန့်ပွားလာသောကြောင့် ဘုရားသခင်၏ ကောင်းကြီးကိုရရှိသည်။     ………………

၈။ ဂိုဏ်းဂဏ အမျိုးမျိုးရှိခြင်းသည်-

(က) ဖုံးကွယ်ထားသော ကောင်းကြီးတစ်မျိုးဖြစ်သည်။ အကြောင်းမှာ လူတဦးအတွက် သူ ့စိတ်ထားနှင့် အကိုက်ညီဆုံး အသင်းတော်ကို  ရွေးချယ်နိုင်ခွင့်ရှိသည်။

(ခ) တကမ္ဘာလုံးဆိုင်ရာ အသင်းတော်ကြီးကို ထင်ရှားစေဖို ့ အစွမ်းအစရှိသောသူတို ့၏ အရည်အသွေးကို ပိုပြီးတောက်ပြောင်စေသည်။

(ဂ) ဘုရားသခင်၏ အသင်းတော်ကြီးအဖြစ် ပေါင်းစည်းထားပုံကို တွေ ့မြင်ရခြင်းဖြင့် ဘုရားသခင်၏ ဘုန်းတော်အဖြာဖြာကို ရှုဒေါင့်အမျိုးမျိုးမှ မြင်စေသည်။

(ဃ) ကမ္ဘာသူ⁄ကမ္ဘာသားများကို ရှုပ်ထွေးစေခြင်းဖြင့် ဘုရားသခင်၏အမှုတော်မြတ်ကို ဟန် ့တားရာရောက်သည်။            ………………

၉။ အသင်းတော်၏ ကွဲပြားခြင်းကို အကောင်းဆုံး အောင်မြင်နိုင်သော နည်းမှာ

(က) ဂိုဏ်းပေါင်းစုံ ပေါင်းစည်းရေး လှုပ်ရှားမှု။

(ခ) ကွဲပြားခြင်း၏ အကြောင်းရင်းပေါ်၌ သဘောထားကြီးကြီးဖြင့် ညှိနှိုင်းရန်။

(ဂ) လူတိုင်းဘုရားရှင်အပေါ်၌ လည်းကောင်း၊ နှုတ်ကပတ်တော်၌လည်းကောင်း ကိုယ်တော်၏ ဘုန်းအတွက်လည်းကောင်း တိုး၍ကြည်ညို ကိုးကွယ်ရန်။

(ဃ) “တခုတည်းသော စစ်မှန်သည့်အသင်းတော်” သို ့ဝင်နိုင်ရန် ဂိုဏ်းဂဏများမှ ထွက်ဖို ့လူများကို သွေးဆောင်ရမည်။……………..

၁၀။ ဒေသန္တရအသင်းတော်တခုမှ ကယ်တင်ခြင်း စိတ်ချပြီးသောယုံကြည်သူတယောက်သည် သင်၏မိဿဟာယ အစည်းဝေးရှိယုံကြည်သူတချို ့နှင့် ခေတ္တတွေ ့ဆုံလိုသည်။ သို ့သော် သင်တို ့အကြား၌ ယုံကြည်ခံယူထားချက် တချို ့တွင် သူနှင့်ထပ်တူထပ်မျှတော့ မတူပါ။ ယုံကြည်ခြင်း၏ အဓိကအ ချက်ကြီး အားလုံးကိုတော့ သူနားလည်ခံယူထား၍ သူ ့အသက်တာလည်း ဘုရားသခင်အတွက် ပုံသက်သေကောင်းရှိသည်။ ဤအခန်းမှ သင်လေ့လာ ထားချက်အရ သင်၏မိဿဟာရအစုထဲတွင် သူ ့ကိုလက်ခံသင့်ပါသလား။ အကျိုးအကြောင်းနှင့် ဖြေပါ။

…………………………………………………………………………………

…………………………………………………………………………………

…………………………………………………………………………………

 

သင်ခန်းစာ (၄)

ဦးစီးခေါင်းဆောင်ဖြစ်သော ခရစ်တော်၊ ခရစ်တော်သည် ဦးခေါင်းဖြစ်၏။

ဒေသန္တရအသင်းတော်၏ ဒုတိယတာဝန်မှာ- ခရစ်တော်သည် အသင်းတော်၏ ဦးခေါင်းဖြစ်ကြောင်း သက်သေခံရမည်။ ဤအချက်ကို ယခုခောတ်တွင် ဘုရားသခင်၏ သားသမီးများ မည်ကဲ့သို ့သက်သေခံမလဲ။ ရှင်းရှင်းပြောရလျှင် မည်သည့် “လူ” ကိုမျှ အသင်းတော်၏ ဦးခေါင်းအဖြစ် လက်မခံရ။ ဤအချက်ကို ထင်ထင်ရှားရှား ဖောက်ဖျက်နေသူများမှာ ကိုယ့်ကိုကိုယ် အသင်းတော်၏ ဦးစီးခေါင်းဆောင်ဟု ခံယူထားသော ဘာသာရေး ခေါင်းဆောင်အချို ့ ဖြစ်ကြပါသည်။ ထိုအမှားမျိုးကို ယခုခောတ် ခရစ်ယာန်အတော်များများက တွေ ့မြင်လာကြပြီ။ သို ့သော် ဤအမှားမျိုးသည် နည်းအဖုံဖုံဖြင့် ခရစ်ယာန်ကဏ္ဍ အသီးသီးသို ့ ထိုးဖောက်ပျံ ့နှံ ့ကုန်ပြီ။

ခရစ်တော်ကို အသင်းတော်၏ ဦးခေါင်းအဖြစ် လက်တွေ ့ဘယ်လိုခံယူမလဲ?

ခရစ်တော်ကို အသင်းတော်၏ အမှုအရာတိုင်းတွင် ဦးစီးချုပ်ကိုင်ခွင့်ပေးရမည်။ ဌာနတိုင်း၊ ကဏ္ဍတိုင်းအား ညွှန်ကြားခွင့်ပေးခြင်းနှင့် ဆုံးဖြတ်ချက် ချခြင်းတို ့တွင် ကိုယ်တော်ကို လုပ်ဆောင်ခွင့်ပေးရမည်။ ဤသို ့ခရစ်တော်ကို လုပ် ဆောင်ခွင့်ပေးခြင်းသည် ခရစ်တော်ကို အသင်းတော်၏ ဦးခေါင်းအဖြစ် လက်ခံရာရောက်သည်။ “ဒီလိုမဖြစ်နိုင်” ဟုလူအများက ပြောလာကြပါလိမ့်မည်။ ကောင်းကင်ဘုံဘုရားက လောကအသင်းတော်တခုကို ဘယ်လိုဦးစီး လုပ်ဆောင်နိုင်မလဲ? အဖြေ ကတော့- သည်းခံလျက်ဘုရားသခင်ကို အားကိုး၊ စောင့်စားနေသူအား ဘုရားသခင်သည် အလိုတော်ကို မဖွင့်ပြဘဲမနေပါ။ အလိုတော်ကိုသိဖို ့ ယုံကြည်သူများသည် ၀ိညာဉ်အသိတရားနှင့် အတွေ ့အကြံုအများကြီးလိုအပ်သည်။ ပြဿနာများကို ကိုယ့်ဘာသာကိုယ် စီမံ ဖြေရှင်းရသည်မှာ လွယ်ပါ၏။ အထူးသတိပြုရမည်မှာ ဓမ္မသစ်ကာလ၌ ဘုရားသခင်၏ညွှန်ကြားချက်ကို ဘုရားသခင်၏ တန်ခိုးတော်အားဖြင့်သာ ဖြေရှင်း နိုင်ပါသည်။ ဘုရားသခင်ကို အားကိုးခြင်းမရှိ၊ ဆုတောင်းခြင်း၏ တန်ဖိုးကိုမသိ၊ သည်းခံစောင့်စားခြင်း မရှိသူတို ့သည် ခရစ်တော်၏ ပဲ့ပြင်လမ်းညွှန်မှုကို မတွေ ့နိုင်ပေ။ အသင်းတော်၌ ခရစ်တော်၏ ဦးစီး လမ်းညွှန်မှုကိုလည်း မမြင်နိုင်။ ထပ်မံသတိပြုစရာ တချက်မှာ ခရစ်တော်သည် အသင်းတော်၏ ဦးခေါင်းအဖြစ် နှုတ်ဖြင့် ၀န်ခံသော်လည်း လက်တွေ ့ကျတော့ လူ ့သဘောကို လိုက်လျောလုပ်ဆောင်သူများ ရှိပါသည်။ လူတချို ့မှာ “ခရစ်တော်သည် အသင်းတော် ဦးခေါင်းပါ” ဟုသတိပေးရဲသည့်တိုင် ပြောသော်လည်း လက်တွေ ့အသင်းတော်ကို အာဏာရှင်ဆန်ဆန် ချုပ်ကိုင်တတ်ကြ၏။ လူတဦး သော်လည်းကောင်း၊ လူတစုသော်လည်းကောင်း၊ အသင်းတော်၌ တာဝန်ဝတ္တရား မရှိသော်လည်း လာရောက်ကြီးစိုးလေ့ရှိ၏။ “ဒယောဒရပ်” သည် ထိုကဲ့သို ့သော သူဖြစ်၏။ (၃ယော၊ ၉-၁၀)။ သူသည် ခေါင်းဆောင်လုပ်ချင်၏။ ဘုရားသခင်ကို ကြည်ညိုသော ရှင်ယောဟန်လို ပုဂ္ဂိုလ်ကို သူဆန် ့ကျင်၏။ မနာလိုစကားနှင့် ကဲ့ရဲ့၏။ ရှင်ယောဟန်ကို လက်ခံလိုသောသူတို ့ကို တားမြစ်ပိတ်ပင်၏။ အသင်းတော်မှနှင်ထုတ်၏။ ဤအပြုအမူများသည် ခရစ်တော်ကို အသင်းတော်၏ ဦးခေါင်းအဖြစ်မှငြင်းပယ်သော လက္ခဏာများဖြစ်သည်။

နောက်သတိပြုရန်အချက်မှာ အသင်းတော်၏ဌာနချုပ်ဘယ်မှာရှိပါသလဲ..ဌာနချုပ်သည် ညွှန်ကြားချက်ပေးရာ အာ ဏာပိုင်သောအရပ် ဖြစ်ပါသည်။ အသင်းတော်၏ ဌာနချုပ်သည် ဦးခေါင်းတည်ရှိရာ ကောင်းကင်ဘုံ၌ တည်ရှိပါသည်။ ၏

ထို ့ကြောင့် ဒေသန္တရအသင်းတော် တခုသည် အမိန် ့ စည်းမျဉ်းရေးဆွဲထုတ်ပြန်နေသော မည်သည့်အဖွဲ ့အစည်း (သို ့မဟုတ်) ဌာနချုပ် (သို ့မဟုတ်) ကောင်စီ၏ ချုပ်ကိုင်မှုအောက်တွင် မရှိသင့်၊ အသိအမှတ်မပြုသင့်ပါ။ ဒေသန္တရအသင်းတော်တိုင်းသည် အသင်းတော်၏ ဦးခေါင်းဖြစ်သော ခရစ်တော်နှင့် တိုက်ရိုက် သက်ဆိုင်ပါသည်။ သို ့ဖြစ်၍ မည်သည့်သဘော (သို ့မဟုတ်) မည်သည့်အပြုအမူမှ သမ္မာတရားကို မထိခိုက်ပါစေနှင့်။

လက်ခံခြင်းမူ

ဖော်ပြခဲ့ပြီးသည့်အတိုင်း အသင်းတော်နှင့် ပတ်သတ်သော အရေးကြီးသည့်နောက် သမ္မာတရားတခုမှာ ခရစ်တော်ကို ယုံကြည်လက်ခံသူ အားလုံးသည် ခရစ်တော်၏ ကိုယ်အင်္ဂါများဖြစ်ကြ၏။ အသင်းတော်သည် ဤသမ္မာတရားကို တိတိကျကျ သစ္စာရှိရှိ ခံယူလိုက်လျှောက်လိုသည်။ ခရစ်ယာန်များ၏ တလုံးတစည်းတည်းသဘောကို ပျက်ပြယ်အောင် ဘာမျှလုပ် ဆောင်သွန်သင်ခြင်း မပြုရ။ ဤသမ္မာတရားကို ဒေသန္တရအသင်းတော် တခုသည် မည်ကဲ့သို ့လက်တွေ ့ကျင့်သုံး သက်သေ ခံနိုင်မည်နည်း? ခရစ်တော်ကို ယုံကြည်လက်ခံသူများအား လက်ခံပေါင်းသင်းခြင်းဖြင့် ခရစ်ယာန်များ တလုံးတစည်း တည်းရှိခြင်းသဘောကို သက်သေခံနိုင်ပါသည်။

၁။        ယေဘုယျအားဖြင့် ပြောရလျှင် ခရစ်တော်ကို လက်ခံထားသူအားလုံးကို  ဒေသန္တရအသင်းတော်ကလည်း လက်ခံရမည်။ “ဘုရားသခင်၏ ဘုန်းတော်ထင်ရှားရန် ခရစ်တော်သည် သင်တို ့ကို လက်ခံတော်မူသည့်နည်းတူ  သင်တို ့သည် တယောက်ကို တယောက် လက်ခံကြလော့” (ရောမ၊ ၁၅းရ)။ ခရစ်တော်ကို ယုံကြည်လက်ခံသူအား ခရစ်တော်၏ကိုယ်တည်းဟူသော အ သင်းတော်ထဲသို ့ လက်ခံပေါင်းသင်းခြင်းသည် စစ်မှန်သော မိဿဟာရဖွဲ ့ခြင်းဖြစ်၏။ ထို ့ကြောင့် ဒေသန္တရအသင်းတော်သည် ခရစ်တော်ကို ယုံကြည်လက်ခံသူအား အသင်းတော်ထဲသို ့ လက်ခံပေါင်းသင်း သည့်အခါ ခရစ်ယာန်များ တလုံးတစည်း တည်းရှိကြောင်း လက်တွေ ့ဖော်ပြ သက်သေခံရာရောက်သည်။

၂။ သို ့သော်လည်း ဤအချက်သည် ချွင်းချက်မရှိသော စည်းမျဉ်းမဟုတ်ပါ ထပ်မံလိုအပ်သောအချက် (၃)ရပ်ကို ဓမ္မသစ်ကျမ်း၏ သွန်သင်ချက်၌ တွေ ့ရသည်။ (၁ကော၊ ၅း၁၁-၁၀း၂၁)။ အကယ်၍ မတရားသောမေထုန်ပြုသူ၊ ယစ်မူးသူ၊ သို ့မဟုတ် အဓမ္မလူတို ့ကို လက်ခံပါက အသင်းတော်၏ သန် ့ရှင်းခြင်း ပုံသက်သေကို ထိခိုက်စေနိုင်ပါသည်။

အခြား ဒေသန္တရအသင်းတော်တခု၏ ဆုံးမတားမြစ်ခြင်းခံရသူကို လက်ခံရန်မသင့်။ (၁ကော၊ ၅း၁၃)။ အသင်းတော်နှင့် အဆက်ဖြတ်ထားခြင်းခံရ သူသည် ဘုရားသခင်နှင့်လည်းကောင်း၊ ဘုရားသခင်၏ သားသမီးများနှင့်လည်းကောင်း၊ ပြန် လည်မိဿဟာယဖွဲ ့ခြင်းမရှိသေးလျှင် ထိုသူအား မယုံကြည်သူ၊ (သို ့မဟုတ်) အခွန်ခံအဖြစ်ယူဆထားသည်။ (မ၊၁၈း၁၇)။

နောက်ဆုံးတချက်မှာ ခရစ်တော်၏ တရား၌ယုံကြည်ခံယူမှုမှန်ကန်ပြတ်သားရမည်။ (၂ယော၊၁၀) သင့်ထံသို ့လာ ရောက်သူသည် ဤဒေသနာ တရားမပါလျှင် သင့်အိမ်၌ ဘယ်အချက်များ ပါ၀င်သလဲ။ ခရစ်တော်၏တရား၌ ယုံကြည်မှု အချက်အချို ့မှာ ခရစ်တော်သည် ဘုရားဖြစ်သည်။ လူလည်း ဖြစ်သည်။ လူဇာတိအဖြစ် အပျိုကညာမှ ဖွားမြင်သည်။ အပြစ်လုံး ၀ကင်းစင်၏။ ကျွနု်ပ်တို ့အပြစ်အတွက် ကားတိုင်ပေါ်တွင် အသေခံ၏။ မြှုပ်နှံပြီး သုံးရက်မြောက်သောနေ ့တွင် ပြန်လည် ရှင်ပြန်ထမြောက်၍ ကောင်းကင်ဘုံသို ့ တက်ကြွသွား၏။ ယုံကြည်လက်ခံသူများကို သိမ်းဆည်းရန် ထပ်မံကြွလာဦးမည်။

အချုပ်ပြောရလျှင် ဒေသန္တရအသင်းတော်သည် ခရစ်တော်ကို ယုံကြည်လက်ခံ၍ ဒုတိယမွေးခြင်းခံပြီးသူ အားလုံးကို လက်ခံပေါင်းသင်းရမည်။ ထိုသူများသည် အခြား ဒေသန္တရအသင်းတော်တခု၏ ပြစ်ဒဏ်ပေးခြင်းကင်းရမည်။ ခရစ်တော်၏ တရား၌ ယုံကြည်ခံယူမှု မှန်ကန်ပြတ်သားရမည်။

၃။ ထည့်သွင်းစဉ်းစားသင့်သော အချက်အချို ့

လက်ခံပေါင်းသင်းခြင်းနှင့် ပတ်သတ်၍ သမ္မာကျမ်း၌ ထပ်မံသွန်သင် လမ်းညွှန်သော အချက်အချို ့မှာ-

(က)      ယုံကြည်ခြင်းအားနည်းသူကို လက်ခံပါ (ရောမ၊ ၁၄း၁)။ ဤကျမ်းပိုဒ်၏ဆိုလိုရင်းမှာ ခရစ်ယာန်အသက်တာ၌ အကျင့်နှင့် ပတ်သတ်သော ယူဆချက် ကွာခြားနေသော ခရစ်ယာန်ကို လက်ခံပေါင်းသင်းရမည်ဟု ဆိုလိုပါသည်။ ဥပမာ- ဟင်းသီး ဟင်းရွက် သတ်သတ်လွတ်ကိုသာ စားသင့်သည် ဟုယုံကြည်လိုက်လျှောက်နေသော ခရစ်ယာန်တဦး ဖြစ်လင့်ကစား လက်ခံ ပေါင်းသင်းရမည်။

(ခ)       လူပုဂ္ဂိုလ်မရွေး လက်ခံပါ (ယာ၊ ၂း၁-၅)။ ချမ်းသာကြွယ်ဝသူကို အထူးနေရာပေးပြီး ဆင်းရဲသူကို ဂရုမစိုက်ခြင်း အပြု အမူများ မလုပ်သင့်ကြောင်း သမ္မာကျမ်းက သတိပေးထားသည်။ လူမျိုးယဉ်ကျေးမှု သို ့မဟုတ် အဆင့်အတန်း ခွဲခြားခြင်းများ လည်း မပြုသင့်ပါ။ ခွဲခြားခြင်းသည် ခရစ်ယာန်စစ် မဟုတ်ပါ။

(ဂ)       ၀ိညာဉ်ရင့်ကျက်မှုထက် ၀ိညာဉ်သက်ပေါ် မူတည်လက်ခံပါ (တ၊ ၉း ၂၆-၃၈)။ မိတ်ဿဟာယဖွဲ ့ခြင်းသည် သူဘယ် လောက် ကျမ်းစာတတ်သည့် အပေါ်တွင် မူမတည်ပါ။ လိုအပ်ချက်မှာ ကယ်တင်ရှင် ခရစ်တော်ကို သူသိကျွမ်းခြင်းသာ အဓိကဖြစ်၏။ ထို ့ကြောင့်ပင် အာပေါလုသည် သမ္မာတရား သိကျွမ်းခြင်း၌ မစုံလင်သော်လည်း သူ ့ကိုဧဖက်အသင်းတော်ထဲသို ့ လက်ခံ မိတ်ဿဟာယဖွဲ ့ခြင်းပြုသည်ကို တွေ ့ရ၏။ (တ၊ ၁၈း၂၄-၂၈)။

(ဃ)      အသင်းတော် ၀တ်ထုံးထက် ၀ိညာဉ်သက်ပေါ်မူတည်လက်ခံပါ ရေနှစ်ခြင်း (ဗတ္တိဇံ) ခံခြင်းသည် ဒေသန္တရအသင်းတော် တခုသို ့ဝင်ရောက်ရန် တံခါးပေါက်မဟုတ်ပါ။ ခရစ်တော်ကို ယုံကြည်လက်ခံသူတိုင်း ရေနှစ်ခြင်း ဗတ္တိဇံရမည်ဟုဆိုခြင်းမှာ မှန်ပါ၏။ (မ၊ ၂၈း၁၉)။ သို ့သော်လည်း အသင်းတော် ထဲတွင် လက်ခံမိတ်ဿဟာယဖွဲ ့ရန် ရေနှစ်ခြင်းဗတ္တိဇံခံရမည်ဟု လူတ ဦးကိုပြောလျှင် ကျွနု်ပ်တို ့သည် နှုတ်ကပတ်တော်ထက် ပိုသွားပြီ၊ ထို ့ကြောင့် ရေနှစ်ခြင်း ဗတ္တိဇံမခံသော်လည်း ခရစ်တော်ကို ယုံကြည်လက်ခံလျှင် ထိုသူကို လက်ခံမိတ်ဿဟာယဖွဲ ့နိုင်ပြီ။

(င)       လုပ်ငန်းထက် ၀ိညာဉ်သက်ပေါ် မူတည်လက်ခံပါ။ ကျွနု်ပ်တို ့ခရစ်ယာန်များ လုပ်ငန်းခြင်း ကွာခြားရုံဖြင့် မိတ်ဿဟာယ ဖွဲ ့မရနိုင်သော အကြောင်းပြချက် မဖြစ်သင့်ပါ။ (လုကာ၊၉း၅၃)။

(စ)       မယုံကြည်ခင်က အခြေအနေဘယ်လိုဘဲရှိရှိ ထိုသူကိုလက်ခံပါ။ တချိန်က ရှင်ပေါလုသည် ခရစ်တော်ကို ယုံကြည်လက်ခံသူများအား ညှဉ်းဆဲ သတ်ဖြတ်သူဖြစ်၏။ သို ့သော်လည်း သူ၏ဘဝဟောင်းပေါ် အခြေမခံဘဲ သူ ့ကိုလက်ခံခဲ့၏။ (တ၊ ၉း၂၇-၂၈)။ သြနေသိမ်သည် တချိန်က သူခိုးဖြစ်၏။ သို ့သော်သူ ့ကိုလက်ခံဖို ့ ဖိလေမုန်ကို ပေါလုတိုက်တွန်းခဲ့၏။ (ဖိလေ၊ ၁၂း၁၅-၁၇)။ အကယ်၍ ပြောင်းလဲပြီးသော လောင်းကစားသမား၊ သောက်စားမူးယစ်သမားနှင့် ယုတ်ည့ံသော အောက် တန်းစားတို ့ကို အသင်းတော်က လက်ခံမိတ်ဿဟာယဖွဲ ့ခြင်း မပြုလျှင် ဘုရားသခင်၏ သားသမီးများအတွက် ၀တ်ပြုကိုး ကွယ်ရာ၌ အလွန်ခက်ခဲစေပါသည်။

(ဆ)      ခရစ်တော်ကို ယုံကြည်လက်ခံသူအား ၀မ်းမြောက်စွာ ကြိုဆိုလက်ခံပါ (ဖိ၊ ၂း၂၉) အမှန်ပြောရပါက၊ ခရစ်တော်၏ကိုယ်၌ အားအနည်းဆုံး ပုဂ္ဂိုလ် အပေါ် ကျွနု်ပ်တို ့ပြုမူဆက်ဆံပုံသည် အရှင်ယေရှုခရစ်အပေါ် ကျွနု်ပ်တို ့ပြုမူဆက်ဆံရာရောက်သည်နှင့် တူ၏။ “ဤသူငယ်တို ့အပေါ် သင်တို ့ဆက်ဆံ ပြုမူသမျှအတိုင်း ငါ့ကိုဆက်ဆံပြုမူရာ ရောက်သည်ဟု သခင်ယေရှုမိန် ့တော်မူ၏ (မ၊ ၂၅း၄၀)။”

၄။ ခရစ်တော်ကို တကယ်ယုံမယုံ ဘယ်လိုခွဲခြားသိနီုင်သလဲ။

ဒေသန္တရအသင်းတော်တခုသည် ပုဂ္ဂိုလ်တဦးအား အသင်းတော်ထဲတွင် လက်ခံမိတ်ဿဟာရဖွဲ ့နိုင်ရန် ထိုသူသည် ခရစ်တော်ကို တကယ် ယုံကြည်လက်ခံသူ ဟုတ်မဟုတ် ဘယ်လို ခွဲခြားသိနိုင်မလဲ? အနည်းဆုံး (၅) နည်းခန် ့ အကြံ ပေးလိုပါသည်။

(က)      ထောက်ခံစာအားဖြင့် သိနိုင်ပါသည်။ (ရောမ၊ ၁၆း၁)။ ဒေသန္တရအသင်းတော်တခုမှ ခရစ်ယာန်တဦးအတွက် အခြားအရပ်ဒေသသို ့ ခရီးထွက် သည့်အခါ အခြား ဒေသန္တရအသင်းတော်၌ အခက်အခဲနှင့် အထင်မှားမှုမရှိအောင် မိခင် အသင်းတော်မှ ထိုသူ၏ ယုံကြည်ချက်နှင့် အကျင့်ဖော်ပြ ရေးသားထားသည့် ထောက်ခံစာကို ယူဆောင်သွားသင့်ပါသည်။

(ခ)       ပုဂ္ဂိုလ်နှစ်ဦးသုံးဦးတို ့၏ ထောက်ခံချက်အားဖြင့်လည်း လက်ခံနိုင်သည် (မ၊ ၁၈း၁၆)။ အကယ်၍ထိုသူကို သိသည်ဟု ဒေသန္တရအသင်းတော် တခုမှ ခရစ်ယာန်နှစ်ဦးသုံးဦး၏ ထောက်ခံချက်ရှိလျှင် အသင်းတော်သည် ထိုသူကို လက်ခံနိုင်သည်။

(ဂ)       ပုဂ္ဂိုလ်တဦးတည်း၏ ထောက်ခံချက်ဖြင့်လည်း လက်ခံနိုင်သည်။ သို ့သော်ထောက်ခံချက်ပေးသော ပုဂ္ဂိုလ်သည် အသင်း တော်မှ စိတ်ချရသူဖြစ်ရမည်။ ပေါလုသည် “ဖိဗေ” ကိုရောမအသင်းတော်ရှိ ခရစ်ယာန်တို ့နှင့် မိတ်ဆက်ထောက်ခံ ပေးခဲ့သည်။ (ရာမ၊ ၁၆း၁)။ တဖန် ဖိလိပ္ပိ အသင်းတော်သို ့ “ဧပဖြောဒိတ်” ကိုလည်း မိတ်ဆက်ထောက်ခံပေးခဲ့သည်။ (ဖိ၊၂း ၂၈-၃၀)။

(ဃ)      လူတဦးသည် ခရစ်တော်၏တပည့်အဖြစ် အမှုဆောင်နေကြောင်း သိရုံနှင့် လက်ခံရန်လုံလောက်ပြီ။ (၂ကော၊ ၃း၁-၂)။ ကောရိန္ဃုအသင်းတော်၌ ပေါလုအဖို ့ ထောက်ခံစာမလိုကြောင်း ပေါလုပြောခဲ့သည်။ အကြောင်းမှာ အသင်းတော်တခုလုံးက သူ ့ကိုခရစ်တော်၏ တမန်တော်ဖြစ်ကြောင်း သိကြသည်။

(င)       အသင်းတော်မှ စုံစမ်းစစ်ဆေးပေးခြင်းဖြင့် လက်ခံနိုင်သည်။ ဆိုလိုသည်မှာ-အသင်းတော်လူကြီးအချို ့က ထိုသူ၌ ခရစ် တော်ကို ယုံကြည် မျှော်လင့်ခြင်း မည်သို ့ရှိသည်ကို မေးမြန်း လေ့လာနိုင်သည်။ (၁ပေ၊ ၃း၁၅)။ ထိုသူသည် ခရစ်တော်ကို တကယ်ယုံကြည်လက်ခံသူဟု စိတ်ချရသော အကြောင်းအချက်ရှိသည့်အခါ လက်ခံနိုင်ပြီ။

၅။ တွေ ့တတ်သော အခက်အခဲများ။

လက်ခံခြင်းမူနှင့် ဆက်စပ်ပြီး တွေ ့ကြံုတတ်သော အခက်အခဲနှင့် ပတ်သတ်၍ မေးခွန်းသုံးခုကို ဆင်ခြင်လေ့လာကြဦးစို ့။

(က)      အသင်းတော်သည် လူတဦးကယ်တင်ခြင်းရ၊ မရ စီရင်ဆုံးဖြတ်ပိုင်ခွင့်ရှိပါသလား? အဖြေမှာ-လူတဦးကို ကယ်တင်ခြင်း ရ၊မရ စီရင်ဆုံးဖြတ်ပိုင်ခွင့် ရှိရုံမက ဘုရားသခင်အတွက် လုပ်သင့်သော တာဝန်လည်း ဖြစ်ပါသည်။ ခရစ်ယာန်တို ့ကို မယုံ ကြည်သူတို ့နှင့် ရောယှက်ပေါင်းဖော်ခြင်း မပြုရဟု တားမြစ်ထားသည့်အတွက် ခရစ်ယာန်တို ့နှင့် မိတ်ဿဟာယဖွဲ ့လို သောသူ၏ ယုံကြည်ခြင်း အခြေအနေကို အသင်းတော်သည် အတတ်နိုင်ဆုံး လေ့လာစီရင်သင့်သည်မှာ ထင်ရှားပါသည်။ (၂ကော၊ ၆း၁၄-၁၇)။

(ခ)       အကယ်၍ အသင်းတော်က လက်ခံထားသော ပုဂ္ဂိုလ်တဦးသည် မှားယွင်းသော အယူဝါဒကို အသင်းတော်၌ သွန်သင်ပါက ဘာလုပ်မလဲ? သူ သွန်သင်သော အယူဝါဒသည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် မကိုက်ညီကြောင်း လူထု အား အတိအလင်း ဖွင့်ပြောရမည်။ (၁တိ၊ ၅း၂၀)။ ကျမ်းစာကို အစဉ်လေ့လာသွန်သင်နေမှသာ ခရစ်တော်အုပ်စိုးသော ဓမ္မသစ်အသင်းတော်အဖြစ် ရပ်တည်နေနိုင်သည်။ အမှားများကိုဖော်ထုတ်၍ ယုံကြည်ခြင်းတရားကို ကာကွယ်နိုင်သော ဘုရားဝတ်၌ မွေ ့လျော်သည့် အသင်းတော်လူကြီးများ ရှိသင့်သည်။ (တိတု၊ ၁း၉)။

(ဂ)        ပုဂ္ဂိုလ်တဦးအား ဒေသန္တရအသင်းတော်တခုက လက်ခံထားပြီးနောက် တခါတရံသာ မိတ်ဿဟာယဖွဲ ့ခြင်း၊ (သို ့မ ဟုတ်) လုံးဝလာရောက် မိတ်ဿဟာယဖွဲ ့ခြင်း မရှိလျှင် ဘာလုပ်မလဲ? ပထမဆုံးပြောရမည်မှာ မိတ်ဿဟာယဖွဲ ့ခြင်းသည် အတူတကွ ၀န်ထမ်းခြင်း၊ (သို ့မဟုတ်) ဝေမျှခြင်း သဘောရှိသည်။ မိတ်ဿဟာယဖွဲ ့သောသူတို ့သည် စည်းဝေး လာရုံသက်သက် မဖြစ်စေဘဲ အသင်းတော်၏ လုပ်ဆောင်ချက်များတွင် ပါ၀င်သင့်သည်။ မိမိကျရာတာဝန်ကို ထမ်းသင့်သည်။ လုပ်စရာအလုပ်များကို ခွဲဝေထမ်းဆောင်သင့်သည်။ အမှန်ပြောရပါက အကယ်၍လူတဦးသည် ရက်သတ္တတပတ်မှ တကြိမ် ၀တ်ပြုစည်းဝေးတက်လျှင် မိတ်ဿဟာယဖွဲ ့ခြင်း နည်းသည်ဟုဆိုရမည်။ ဒေသန္တရအသင်းတော် တခုထဲသို ့ လက်ခံခြင်းသည် အမှန်တော့ ခရစ်ယာန်တို ့၏ စိတ်နှလုံးတွင်းသို ့ လက်ခံခြင်းဖြစ်၍ ထိုအသင်းတော်၌ မိတ်ဿဟာယကို ဖြစ်စေသည်။ ပုဂ္ဂိုလ် တစ်ဦးအား ဒေသန္တရအသင်းတော် တစ်ခု၌ လက်ခံပြီးနောက် ထိုသူလုံးဝထပ်မံပေါ်မလာပါက ထိုသူ၏တာဝန်သာဖြစ်သည်။ ထိုသူအား အသင်းတော်၏ မိသားစုသဘောနှင့် မိသားစု၌ ညီအစ်ကိုမောင်နှမ မိတ်ဿဟာယရှိကြောင်း ရှင်းလင်းပြဖို ့ အသင်းတော်၌ တာဝန်ရှိသည်။ သို ့မှသာ ထိုသူသည် မိတ်ဿဟာယဖွဲ ့ဖို ့ တာဝန်ရှိကြောင်း သိမြင်လိုက်နာတတ်မည်။ အသင်း တော်သို ့ လက်ခံခြင်းသည် လေးနက်သော လုပ်ငန်းတခုဖြစ်ပါသည်။ အရေးကြီးသောအချက် အချို ့လောက်ကိုသာ  ကျွနု်ပ်တို ့ဖော်ပြရသေးသည်။ ဤအကြောင်းအရာကို ပြောပြရသည်မှာ မစုံမလင် မကျေနပ်ငြားသော်လည်း အရေးကြီးသောနောက် သင်ခန်းစာတခုကို သွားနိုင်ရန် ဤမျှနှင့်ရပ်နားကြဦးစို ့။

မေးခွန်းလွှာ (၄)

၁၁။ အမှန်ကန်ဆုံး ပြောသင့်သည်မှာ-

(က)      အသင်းတော်၏ဦးခေါင်းသည် ရောမမြို ့၌ တည်ရှိသည်။

(ခ)       အသင်းတော်၌ ဦးခေါင်းမရှိ။

(ဂ)       ခရစ်တော်သည် အသင်းတော်၏ ဦးခေါင်းဖြစ်၏။

(ဃ)      အသင်းတော်၌ ဦးခေါင်းများစွာရှိ၏။                               ………………

၁၂။ ဒယောဒရပ်လို ပုဂ္ဂိုလ်မျိုးသည်-

(က)      ဒေသန္တရအသင်းတော်တခု၏ ဦးခေါင်းဖြစ်သည်။

(ခ)       ခရစ်တော်ကို ဦးခေါင်းအဖြစ် ငြင်းပယ်သူဖြစ်၏။

(ဂ)       ခရစ်တော်သည် အသင်းတော်၏ ဦးခေါင်းဖြစ်ကြောင်း သူ ့ပုံသက်သေအားဖြင့် ထင်ရှားစေသည်။

(ဃ)      တမန်တော်များသည် အသင်းတော်၏ ခေါင်းဆောင်ဖြစ်သည်ဟု ယုံကြည်သည်။                    ………………

၁၃။ ဒေသန္တရအသင်းတော်များဖြင့် အဖွဲ ့အစည်းတခုအဖြစ်သို ့ ဦးတည်စုရုံးရာ၌ အောက်ပါမည်သည့် အဖွဲ ့သည် ကျမ်းစာနှင့် မကိုက်ညီသလဲ။

(က)      ဌာနချုပ်တခု။

(ခ)       ဧဝံဂေလိ အစည်းအရုံးတခု။

(ဂ)       ညီအစ်ကိုချင်း၌ တူညီသောရည်မှန်းချက်များ၊ စိတ်ဝင်စားမှုများနှင့် အခက်အခဲများကို ခောတ်နှင့်လျော်ညီအောင် ဆွေးနွေးတိုင်ပင်ရန် ဒေသန္တရအသင်းတော် တခုချင်းမှ ခေါင်းဆောင်များ တွေ ့ဆုံသောစည်းဝေးတခု။

(ဃ)      အထက်ပါ အချက်အားလုံး။                                                                     ………………

၁၄။ ဒေသန္တရအသင်းတော်တခု၌ စစ်မှန်သော မိတ်ဿဟာယဖွဲ ့ခြင်းသည်-

(က)      ခရစ်တော်၏ကိုယ် (အသင်းတော်၌ အင်္ဂါအစိတ်အပိုင်းဖြစ်ခြင်း။)

(ခ)       ရေနှစ်ခြင်းခံခြင်း။

(ဂ)       သင်းထောက် (အသင်းတော်လူကြီး)များက လက်ခံခြင်း။

(ဃ)      အခြားအသင်းတော်တခုမှ  အသင်းသားအဖြစ် ပြောင်းလာခြင်း။                   ……………..

၁၅။ လူတဦးသည် ဒေသန္တရအသင်းတော်တခု၌ လက်ခံဖို ့လျှောက်ထားသည်။ သူသည်ပုဂ္ဂိုလ်ချင်းရော၊ အများရှေ ့တွင်ပါ ဆုံးမပဲ့ပြင်မှုကို မခံသောသူ ဖြစ်သည်။ အခြားအသင်းတော်၏ အုပ်စိုးမှုအောက်တွင်လည်းမရှိ။ သူနဲ ့ စကားပြောသည့်အခါ ခရစ်တော်သည် အပျိုကညာမှမွေးဖွားကြောင်း မယုံကြည်သူ ဖြစ်မှန်းသိရသည်။ သူ ့ကို လက်မခံသင့်ဘဲ ငြင်းပယ်ပိုင်ခွင့်ရှိကြောင်း အောက်ပါမည်သည့် ကျမ်းပိုဒ်က ထောက်ခံသလဲ။

(က)      ၁ကော၊ ၅း၁၁။

(ခ)       ၁ကော၊ ၅း၁၃။

(ဂ)       ၂ယော ၁၀။

(ဃ)      မည်သည့်အချက်မျှမဆိုင်။                                                                       ……………..

၁၆။ ဒေသန္တရအသင်းတော်နှင့် လက်ခံမိတ်ဿဟာယ ပြုခွင့်ပေးဖို ့ ညီအစ်ကိုတစ်ဦးက တောင်းခံလာသည်။ သူ၌ အစားအသောက်နှင့် ပတ်သတ်ပြီး အတူတူမစားသင့်ဟု သူခံယူသည်။ သူ ့ကို-

(က)      မိတ်ဿဟာယဖွဲ ့ခြင်းမှ ငြင်းပယ်ရမည်။ အကြောင်းမှာ သူ ့ယူဆချက်ပြင်းထန်လွန်းသည်။

(ခ)       မိတ်ဿဟာယဖွဲ ့ခြင်းမှ ငြင်းပယ်ရမည်။ အကြောင်းမှာ သူ ့အစားအသောက်ခံယူချက်ကြောင့် အသင်းတော် ကွဲပြား စေမည်။

(ဂ)       သူ ့ခံယူချက်သည် သူနှင့်သာဆိုင်စေ၍ အသင်းတော်စည်းဝေးတိုင်း၌ အခြားသူများကဲ့သို ့ စားသောက်ဖို ့ သူ ဂတိခံပြီး မှသာ လက်ခံပါ။

(ဃ)      အသက်ရှင်မှုနှင့် အဓိက ယုံကြည်ချက်များမှန်ကန်သမျှ ကာလပတ်လုံး မေးမြန်းဟန် ့တားစရာမလိုဘဲ မိတ်ဿဟာ ယထဲတွင် လက်ခံထားပါ။                                                           ………………

၁၇။ ဒေသန္တရအသင်းတော်၌ မိတ်ဿဟာယဖွဲ ့ရန်အတွက် လူသတ်သမားတဦးက လျှောက်ထားတောင်းခံလာသည်။ ထောင်ထဲ၌ရှိစဉ် ကယ်တင်ခြင်းရခဲ့ပြီးကြောင်း သူဝန်ခံသည်။ စုံစမ်းသည့်အခါ သူ ့အပြောဟုတ်မှန်ကိုက်ညီကြောင်း တွေ ့ရမည်။ သူ ့ကို

(က)      လူသတ်သမားဖြစ်၍ လက်မခံသင့်ပါ။

(ခ)       လက်မခံသင့်ပါ။ အကြောင်းမှာ ဤအချက်ကိုသိပါက ပတ်ဝန်းကျင်တွင် ဤအသင်းတော်၏ ပုံသက်သေကို ထိပါးစေရာဖြစ်မည်။

(ဂ)       လက်ခံပါ။

(ဃ)      သူ ့ကိုနှစ်အနည်းငယ် စောင့်ကြည့်ပြီးမှ လက်ခံပါ။                        ……………..

၁၈။ အသင်းတော်၌ လက်ခံဖို ့ တောင်းခံလာသူအား ခွင့်ပြုသင့်မသင့် စုံစမ်းသင့်သော အချက် (၃)ချက်ကို စာရင်းပြုပါ။

(က)

(ခ)

(ဂ)

၁၉။ “လူတဦးကိုမစီရင်ရ” အဆိုမမှန်ကြောင်း ဆင်ခြေတင်ပြပါ။

 

 

 

၂၀။ အသင်းတော်၌ လူတဦးသည် ကျမ်းစာနှင့် မကိုက်ညီသည့်အချက်များ သွန်သင်လျှင် ဘာလုပ်သင့်သလဲ။

 

 

 

သင်ဘယ်လိုယူဆသလဲ။

အသင်းတော်ထဲသို ့ ဘယ်သူ ့ကို လက်ခံရမလဲ။ ဆုံးဖြတ်သည့်အခါ သင်၏အသင်းတော်သည် ကျမ်းစာ၏ သွန်သင်ချက်ကို မည်မျှ လိုက်လျှောက်ပါသလဲ။

 

 

 

 

သင်ခန်းစာ (၅)

အသင်းတော်ကို လမ်းပြသည့် သန် ့ရှင်းသော ၀ိညာဉ်တော်

အသင်းတော်၌ သန် ့ရှင်းသော ၀ိညာဉ်တော်သည် ခရစ်တော်၏ ကိုယ်စားလှယ်ဖြစ်ကြောင်းကို ဒေသန္တရအ သင်းတော်က ခံယူ၍ လက်တွေ ့ကျင့် သုံးရမည်။ အပေါ်ယံကြည့်လျှင် အထက်ပါအချက်နှင့် “ခရစ်တော်သည် အသင်းတော်၏ ဦးခေါင်းဖြစ်သည်” ဆိုသောအချက်နှစ်ခုတို ့မှာ ထိပ်တိုက် (သို ့မဟုတ်) ပဋိပက္ခဖြစ်သည်ဟု ထင်စရာရှိသည်။ အမှန်မှာ အဆိုပြုချက်နှစ်ခုစလုံး မှန်ကန်ပါသည်။ ခရစ်တော်သည် အသင်းတော်၏ ဦးခေါင်းဖြစ်သည်။ သို ့သော် သန် ့ရှင်းသော ၀ိညာဉ်တော်ကို ကမ္ဘာလောကသို ့ စေလွှတ်ထားသည်ဖြစ်၍ ဒေသန္တရအသင်းတော်တိုင်းသည် သန် ့ရှင်းသော ၀ိညာဉ်တော်၏ အုပ်စိုးခြင်းကို နာခံရမည်။

ပဲ့ပြင်လမ်းညွှန်ခြင်း

အသင်းတော်သည် အမှုကိစ္စတိုင်း၌ သန် ့ရှင်းသော ၀ိညာဉ်တော်၏ပဲ့ပြင်လမ်းညွှန်မှုကို ရှာရမည်။ ဟောပြောသက် သေခံရမည့်အရာကို ရွေးချယ်ရာ၌လည်းကောင်း၊ စည်းဝေးအမျိုးအစားပြင်ဆင်စီမံရာ၌လည်းကောင်း၊ အလှူငွေခွဲဝေသုံး စွဲရာ၌လည်းကောင်း၊ တရားတော်နှင့်အညီ ဆုံးမပဲ့ပြင် ရာ၌လည်းကောင်း..သန် ့ရှင်းသောဝိညာဉ်တော်၏ ပဲ့ပြင်ရာလမ်းညွှန်မှုကို ခံယူရမည်။

အချုပ်အခြာဖြစ်ခြင်း

သန် ့ရှင်းသော ၀ိညာဉ်တော်သည် အချုပ်အခြာအာဏာပိုင်ဖြစ်ကြောင်းကို အသင်းတော်က သိမှတ်နာခံရမည်။ ဆိုလိုသည်မှာ သန် ့ရှင်းသောဝိညာဉ်တော်သည် ဘယ်သောအခါမျှ နှုတ်ကပတ်တော်နှင့် ဆန် ့ကျင်၍ မလုပ်သော်လည်း အမြဲတန်းတပုံစံတည်း လုပ်တတ်သည်မဟုတ် ကိုယ်တော်အလိုရှိသည့်အတိုင်း လုပ်လိမ့်မည်။ နှုတ်ကပတ်တော်၌ သန် ့ရှင်းသောဝိညာဉ်တော်ကို မီး၊ ဆီ၊ ရေ၊ လေနှင့် ပုံဆောင်ထားခြင်းဖြစ်ရာ ဆုပ်ကိုင်၍မရ။ ခန် ့မှန်း၍မရနိုင်သော အရည်အသွေးကို ဆိုလိုရာရောက်သည်။ သို ့ဖြစ်၍ ပညာအမြော်အမြင်ရှိသော ခရစ်ယာန်များသည် သန် ့ရှင်းသော ၀ိညာဉ်တော်၏ ပဲ့ပြင်မှုကို လည်း သည်းခံစောင့်ဆိုင်းနာခံတတ်သည်။

အသင်းတော်စတင်ပေါ်ပေါက်စဉ်က ထိုကဲ့သို ့ သန် ့ရှင်းသောဝိညာဉ်တော်၏ ပဲ့ပြင်လမ်းညွှန်မှုကို စောင့်ဆိုင်းခံယူ ခဲ့သည်။ သို ့သော် မကြာမီ လူများတို ့သည် အစီအစဉ်ပုံသေမရှိ၊ လွတ်လပ်စွာ လူတိုင်းပါ၀င်နိုင်သည့် စည်းဝေးမျိုးကို သိပ်မ ကြိုက်တော့ချေ။ သို ့ဖြစ်၍ လူ၏ချုပ်ကိုင်အုပ်စိုးမှု ထုံးတမ်းစဉ်လာနှင့် အယူဝါဒများ ထည့်သွင်းလာကြသည်။ ဤသို ့ဖြင့်သန် ့ရှင်း သောဝိညာဉ်တော် မီးလည်းငြိမ်း၍ အသင်းတော်၌ ၀ိညာဉ်တန်ခိုးဆုံးရှုံး သွားတော့သည်။

၀ိညာဉ်တော် မီးကိုငြိမ်းစေခြင်း။

၀ိညာဉ်တော်၏ လွတ်လပ်စွာပဲ့ပြင်ခွင့်မှ လူ ့အုပ်စိုးမှုအောက်သို ့ ပြောင်းလဲသွားပုံကို ဆရာဒယ်နီက-အနည်းငယ် ရေးသား ရှင်းလင်းထား သော်လည်း စာဖတ်သူသည် လေ့လာခံယူတတ်ပါက အကျိုးကျေးဇူးများစွာ ရပါလိမ့်မည်။ “၀ိညာဉ်တော်မီးကို မငြိမ်းစေနှင့်” ကျမ်းချက်၏အဓိပ္ပာယ်မှာ ပင်တေကုတ္တေပွဲနေ ့၌ အသင်းတော်ပေါ်သို ့ သန် ့ရှင်းသော ၀ိညာဉ်တော်ဆင်းသက်သောအခါ မီးလျှာကဲ့သို ့ ကွဲပြားသောလျှာတို ့သည် ပေါ်လာ၍ ထိုသူအသီးသီးတို ့ အပေါ်၌တည် နေကြ၏။ သူတို ့သည် နှုတ်ကိုဖွင့်လျက် ကြီးမြတ်သည့် ဘုရားသခင်၏အမှုတော်များကို ဟောပြောကြ၏။ ဤကြီးမြတ်သော ဆု ကျေးဇူးကိုရရှိသူ တစ်ဦးအား ၀ိညာဉ်တော်အရှိန်နှင့် တောက်လောင်နေသည်ဟု ခေါ်သည်။ ထိုခောတ်အချိန်အခါ၌ အသစ်မွေး ဖွားသူသည် အသိစိတ်ရော ခံစားစိတ်ပါ သစ်ဆန်းလာရာ ဘုရားသခင်၏ အသစ်သောရူပါရုံကိုမြင်ခြင်း၊ အသစ်သောတန်ခိုးကို ခံစားရခြင်း၊ ဖြူစင်သော အသက်တာသစ်၌ အသက်ရှင်လိုခြင်း၊ နှုတ်ကပတ်တော်ကို ဖတ်ရှုရာ၌ အသစ်မြင်တွေ ့နား လည်လာခြင်း၊ အသက်ရှင်ခြင်း၏ အဓိပ္ပာယ်ကို နားလည်လာခြင်း၊ အထူးသဖြင့် အပြောအဆိုတွင် ကရုဏာမေတ္တာ တန်ခိုးပါလာ သည်။ ထိုရှေးဦးခရစ်ယာန်များအကြောင်းကို ကောရိန္ဃုမြို ့သို ့ ရှင်ပေါလုရေးသော ပထမစာစောင်တွင် ဖော်ပြထားသည်။ သူ

တို ့အထဲတွင် နှုတ်ပိတ်နေသူ တယောက်မျှမရှိ စည်းဝေးလာသည့်အခါ ဂုဏ်တော်ကို ဆာလံသီချင်းဖြင့်ချီးမွမ်းခြင်း၊ ပရော ဖက်ပြုခြင်း၊ ဗျာဒိတ်ရူပါရုံမြင်ခြင်း အနက်အဓိပ္ပာယ်ပြန်ခြင်း ရှိတတ်ကြသည်။ လူတိုင်းအကျိုးကျေးဇူး ရှိစေရန် ဘုရားသခင်က ၀ိညာဉ်ဆုကျေူးဇူးကို အသီးသီးတို ့အား ပေးဝေခြင်းဖြစ်၏ သတင်းကောင်းကို လက်ခံ၍ ခရစ်ယာန်ယုံကြည်ချက်သို ့ ပြောင်း လဲခြင်း သည် လူကိုအနည်းငယ် ကွာခြားစေသည်မဟုတ်ဘဲ၊ ဘဝတခုလုံးပြောင်းလဲလျက် အရင်ကနှင့် လုံးဝမတူတော့ပေ။ သူတို ့သည် လူသစ်၊ စိတ်သစ်၊ပြောင်းလျက် ခရစ်တော်အတွက် ရဲရဲတောက် တက်ကြွနေသူများ ဖြစ်လာကြသည်။

သဘာဝမကျသည့် အခြေအနေတခုတွင် အသက်ရှင်နေရသူအတွက် အကျဉ်းအကြပ်နှင့် ဆန် ့ကျင်မှုများကို ရင်ဆိုင်ရမည်မှာ သေချာသည်။ ထိုနည်းတူ ၀ိညာဉ်ဆုကျေးဇူး ရရှိပြီးခါစခရစ်ယာန်သည်လည်း အဓိပ္ပာယ်ကင်းသည့် ထုံးတမ်း စဉ်လာများ၊ အတ္တစိတ်နှင့် ရည်မှန်းချက်အမျိုးမျိုးကို တွန်းလှန်ရုံးကန် နေရသည့်အတွက် စိတ်ပျက်စရာများ ကြံုတွေ ့ရမည်မှာ မထူးဆန်းပေ။ သူသည် ၀ိညာဉ်ဆုကျေးဇူးခံစားရသည့်အတိုင်း ကျေးဇူးတော်ချီးမွမ်းခြင်း၊ ဆုတောင်းခြင်းနှင့် အားပေးနှိုး ဆော်ခြင်းများ ပြုသည့်အခါ ပညာရှိများကိုပင် အံ့သြတွေဝေစေသည်။ ထိုသို ့ ဟောပြောခြင်းကြောင့် ပညာရှိနှင့် မိမိကိုယ်ကို ပညာရှိဟုထင်သည့် လူများက တားမြစ်ပိတ်ပင်သည့်အတွက် ၀ိညာဉ်ဆုကျေးဇူးအတိုင်း အသက်ရှင်ရသူ များအား စိတ်ပျက် စေနိုင်သည်။ ၀ိညာဉ်တော် မီးတောက်နေသော လူကိုသူတို ့က “ကိုယ့်ကိုယ်ကို ချုပ်ထိန်းထားပါ” ဟုတားမြစ်တတ်ကြသည်။ ဆင်ခြင် တုံတရားရှိသည့် လူတဦးအဖို ့ စိတ်လှုပ်ရှားတိုင်း ကိုယ်ကိုကိုယ် ဗရမ်းဗတာမဖြစ်စေသင့်ဟု ပညာရှိတို ့က ပြောဆို တားမြစ်တတ်ကြသည်။

ဤအခြေအနေမျိုးကို သက်သာလောနိတ်မြို့ အသင်းတော်တွင် တွေ ့ကြံုလေ့ရှိသည်။ အသက်နှင့်အတွေ ့အကြံုမှရ သည့် ပညာရှင်ကို ၀ိညာဉ်တော်အရှိန်ဖြင့် ဟောပြောဆောင်ရွက်သူနှင့် ယှဉ်ကြည့်ပါက လောကီပညာရှင်မှာ အားနည်း ချက်များစွာ ရှိသည်။ ၀ိညာဉ်တော်အရှိန် မရှိသူများမှာ အေးစက်စက်နိုးကြားမှုမရှိ၊ မိမိအသက်တာကို ပေးဝေနိုင်စွမ်းမရှိ၊ ဘာကို မျှကူးစက် တောက်လောင်စေနိုင်စွမ်းမရှိချေ။ ဤသို ့လူ၏ ၀ိညာဉ်များကို နိုးကြားလာအောင်၊ မီးကူး၊ ရေအေးလောင်းပြီး ဆီးတား ခြင်းမပြုသင့်ချေ။ ထိုသို ့ဝိညာဉ်တော်အရှိန်ဖြင့် လောင်ကျွမ်းနေသူအား လောကီအမြင်ဖြင့် မဆီးတားမိဖို ့ သတိပေးခြင်းကို “၀ိညာဉ်တော်မီးကို မငြိမ်းစေနှင့်” ဟုဆိုလိုပါသည်။

ပုတ်ခတ်စောင်းချိတ် အပြော၊ မသိသကဲ့သို ့၊ အေးစက်စက်အကြည့်၊ ကိုယ်နှင့်မဆိုင်သကဲ့သို ့ ဂရုမစိုက်သည့်အပြုအမူ၊ စကားမပြောကြခြင်းနှင့် မစာနာသည့် ဝေဖန်မှုများမှာ ၀ိညာဉ်တော်မီးကို ငြိမ်းစေသည့် အရာများဖြစ်သည်။

မီးသည် တောက်လောင်ခါစတွင် မီးခိုးအများဆုံးထွက်ကြောင်းလူတိုင်းသိပါသည်။ သို ့သော် မီးခိုးမထွက်အောင် မီးထဲ သို ့ ရေလောင်းရသည် မဟုတ်ပါ။ မီးခိုးကင်းရှင်းသည့်တိုင် ဆက်လက်တောက်လောင်ခွင့် ပေးခြင်းသာမှန်ကန်ကြောင်း တွေ ့ရ မည်။ သင်သည်နားလည်တတ်ကျွမ်းပါက ထင်းစများကို ရွှေ ့ပြောင်းစီခြင်းဖြင့် ပိုမိုတောက်လောင် လာပါလိမ့်မည်။ ထို ့အတူ ခရစ်တော်အတွက် စိတ်အားထက်သန် တောက်လောင်နေသူ တဦးဆိုလျှင် ရေလောင်းဆီးတားခြင်းမပြုဘဲ သူ ့ဘာသာ ဆက်တောက်လောင်လာအောင် ဆက်ထားလိုက်ပါက အကောင်းဆုံးဖြစ်သည်။ မီးခိုးများက သင့်မျက်စိကို ထိခိုက်မည် တော့မှန်ပါသည်။ သို ့သော်မကြာခင် မီးခိုးများ လွင့်ပျောက်ကုန်ပါလိမ့်မည်။ ထို ့ကြောင့် ယခုလောလောဆယ် မီးခိုးဒဏ်ကို သည်းခံပါမှ အပူရှိန်၏ အကျိုးကိုခံစားရပေမည်။ ထိုနည်းတူ တမန်တော်တို ့၏ သွန်သင်ချက်များအတိုင်း အသက်ရှင်သူတွင် မီးစတောက်နေသည့် ၀ိညာဉ်တော်နှိုးထမှုဖြစ်၏။ ထိုသို ့ ခရစ်တော်အတွက် စိတ်အားထက်သန်၍ လှုပ်ရှားခြင်းများသည် ကမ္ဘာ ပေါ်တွင် အကောင်းဆုံးအတွေ ့အကြံုဖြစ်သည်။ သင်တန်းတက်ခြင်းမရှိ၊ သင်ကြားခြင်းမရှိ၊ ဘွဲ ့ဒီဂရီမရှိဖြစ်ကောင်း ဖြစ်ပေမည်။ အမှားရှိကောင်းရှိမည်။ ပေးရမည့်အဖိုးအခကြီးမား၏။ သို ့သော် ဘုရားသခင်၏လက်တော်ထဲတွင်ရှိ၍ ကူးစက်ပျံ ့နှံ ့နိုင်သည့် စွမ်းအင်ရှိ၏။ ထို ့ကြောင့် လောကီပညာထက် ၀ိညာဉ်တန်ခိုးသည် ပို၍တန်ဖိုးရှိသည်။

အသင်းတော်သမိုင်းကို ရှုထောင့်တဖက်ကကြည့်လျှင် ၀ိညာဉ်တော်၏ နှိုးထတော်လှန်မှုများကို အထပ်ထပ်တွေ ့ရပေမည်။ ဘုရားရှင်၏ ၀ိညာဉ်တော် အုပ်စိုးမှုရှိလျှင် လွတ်လပ်မှုရှိကြောင်း ကျမ်းစာတွင်တွေ ့ရ၏။ သို ့သော်လွတ်လပ်မှုနှင့် စည်းကမ်းမှာ ပဋိပက္ခရှိတတ်၍ လူ ့အဆောက်အအုံ အဖွဲ ့အစည်း၌ လွတ်လပ်မှုသည် အန္တရာယ်တော့ရှိပါသည်။ အစကနဦး ကပင် အသင်းတော်၌ စည်းကမ်းထိန်းရသည့် လူကြီးပိုင်းများက နားလည်သဘောပေါက်ခြင်း မရှိသောကြောင့် ၀ိညာဉ်တော်၏ လွတ်လပ်မှုကို ဆီးတားမိကြသည်။ အာရုံ၏လှံတံကဲ့သို ့ အုပ်စိုးခြင်း ဆုကျေးဇူးက အခြား ဆုကျေးဇူးများကို မျိုပစ်လိုက်၏။ အသင်းတော်ကို အုပ်ချုပ်သူလူစုက အသင်းတော်ကြီးထွားရေး ဆုကျေးဇူးလုပ်ငန်းအားလုံးကို သူတို ့သာဆိုင်သကဲ့သို ့ ချုပ်ကိုင် ကြီးစိုးသည့်အတွက် သာမန်အသင်းသားများ၌ အခွင့်အရေးဆုံးရှုံးလျက် သီးသန် ့လူတန်းစားတရပ်ဖြစ်လာသည်။

ရှင်းရှင်းပြောရလျှင် ၀တ်ပြုကိုးကွယ်ရန် ခရစ်ယာန်များ စုပေါင်းစည်းဝေးသည့်အခါ ၀ိညာဉ်တော်၏အရှိန်မှာ ငြိမ်းသတ်ခံ ရ၏။ ယုံကြည်သူ ညီအစ်ကိုတို ့၏ စိတ်နှလုံးတွင်း၌ ဂုဏ်တော်ကို ဖွင့်ဟချီးမွမ်းလိုခြင်း ဘုရားသခင်၏အကြံနှင့် ဖွင့်ပြချက်များကို တင်ပြဟောပြောလိုသည့် စိတ်ဆန္ဒ မီးတောက်မီးလျှံမှာ ငြိမ်းပစ်ခံရ၏။ ထိုသို ့ဖိနှိပ်ငြိမ်းပစ်ခံရခြင်းမျိုးသည် ရှေးခရစ်ယာန် ၀တ်ပြုခြင်း၌သာမက ယနေ ့တိုင်တည်ရှိနေသေးသည်။ ဤသို ့ ငြိမ်းပစ်ခြင်းသည် အကျိုးရှိမည်ဟု ထင်ပါသလား? အကျိုး မရှိနိုင်ပါ။

ထို ့ကြောင့် ယုံကြည်သူများ၏ အစည်းအဝေးတွင် ပုံသေအစီအစဉ်များဖြင့်လည်းကောင်း၊ ထုံးတမ်းစဉ်လာများဖြင့် လည်းကောင်း၊ သမ္မာကျမ်းနှင့် မဆိုင်သောစည်းမျဉ်းများဖြင့် လည်းကောင်း၊ သန်  ့ရှင်းသော ၀ိညာဉ်တော်အား ဆီးတား ချုပ်ကိုင်ခြင်း မပြုသင့်ပေ။ ၀တ်ပြုစည်းဝေးတွင် စည်းဝေးကို ဘယ်အချိန်တွင် အဆုံးသတ်ရမည်ဟု ပုံသေသတ်မှတ် ဘောင် ခတ်ခြင်းဖြင့် သန် ့ရှင်းသောဝိညာဉ်တော်ကို ၀မ်းနည်းစေပါသည်။ ထိုသို ့လူလုပ်သော စည်းမျဉ်းများ၏ အကျိုးကား သန် ့ရှင်း သော ၀ိညာဉ်တော်၏ တန်ခိုးကိုသာ ဆုံးရှုံးစေသတည်း။

၀ိညာဉ်တော်ကို အုပ်စိုးခွင့်ပြုလျှင်

အကယ်၍ သန် ့ရှင်းသော ၀ိညာဉ်တော်ကို အုပ်စိုးပဲ့ပြင်သူအဖြစ် ယနေ ့ကျွနု်ပ်တို ့လက်ခံ အားကိုးပါက ကျွနု်ပ်တို ့၏ အသင်းတော်၌ ဘယ်လိုဖြစ်လာမလဲ။

ကျွနု်ပ်တို ့တယောက်စီတိုင်း သန် ့ရှင်းသောဝိညာဉ်တော်၏ အုပ်စိုးပဲ့ပြင်မှုကို ခံယူလျက် အရှင်ယေရှုခရစ် အထံတော်

သို ့သာ ရည်ရွယ်ပြီး စုဝေးလျှင် ထိုင်းမှိုင်း၊ ၀န်လေး၊ ပျင်းရိ၊ ငြီးငွေ ့ဖွယ်ကောင်းသည်ဟု ညည်းညူစရာ ရှိမည်မဟုတ်ချေ။ နောက်တဖန်လာရဖို ့ အားတင်းကြိုးစားရဖို ့လည်း မလိုပေ။ ဟောပြောဖို ့ တာဝန်ရှိ၍ ဟောပြောနေရခြင်း၊ မတောင်းမဖြစ် သောကြောင့် ဆုတောင်းရခြင်း၊ မလာမဖြစ်၊ မလုပ်မဖြစ်သောကြောင့် လုပ်ရခြင်း စသည့် စည်းဝေးမျိုးမဖြစ်တော့ပေ။

တယောက်စီတိုင်း ၀ိညာဉ်ဆုကျေးဇူးနှင့် ပြည့်ပြီး မိမိ၏နေရာမှန်ကိုသိလျက် သူ ့နေရာနှင့်သူ ဘုရားသခင်၏ အသုံးပြုခြင်းကို ခံကြရမည်။ အယောက်စီတိုင်း၏ စိတ်နှလုံးတွင် အချစ်ဆုံးပုဂ္ဂိုလ်မှာ အရှင်ယေရှုဖြစ်၍ လူတိုင်း၏ရည်မှန်း ချက်နှင့် အသက်ရှင်မှုသည်လည်း ကိုယ်တော်ထံသာ ဦးတည်ကြပါက အခန်းကဏ္ဍတခုကို တင်ပြသည့်အခါ ဘုရားရှင်၏

မိန် ့ဆိုချက် တခုတည်းသာဖြစ်ကြောင်း တွေ ့နိုင်မည်။ အကယ်၍စကားတခွန်းကို ပြောပါက စိတ်နှလုံးကို ထိတွေ ့ပြောဆိုသည့် ဘုရားရှင်၏တန်ခိုးတော်ဖြစ်မည်။ အကယ်၍ ဆုတောင်းကိုးကွယ်ခြင်းပြုလျှင် ၀ိညာဉ်များကို ဘုရားရှင်၏ ရှေ ့တော်မှောက်သို ့

ပို ့ဆောင်နိုင်လိမ့်မည်။ အကယ်၍ ဓမ္မသီချင်းဆိုပါက ကောင်းကင်မှလာသော အသံကဲ့သို ့ ချိုသာအေးမြပြီး ဘုရားရှင်၏ ထံတော်သို ့ရောက်နေသည့်အလား ကောင်းကင်၏ ၀မ်းမြောက်ပျော်ရွှင်မှုကို မြည်းစမ်းကြရလိမ့်မည်။

မေးခွန်းလွှာ (၅)

၁။ သန် ့ရှင်းသော ၀ိညာဉ်တော်၏ ပဲ့ပြင်လမ်းညွှန်မှုကို အသင်းတော်က ရှာဖွေခံယူရမည့် သုံးဌာနကိုဖော်ပြပါ။

(က)      ………………………………………….

(ခ)       ………………………………………….

(ဂ)       …………………………………………

လက်ယာဘက်ကွက်လပ်တွင် အဖြေမှန်၏ အက္ခရာကိုရေးပါ။

၂။ သန် ့ရှင်းသော ၀ိညာဉ်တော်သည် အချုပ်အခြာ အာဏာပိုင်ဖြစ်ခြင်း၏အဓိပ္ပာယ်မှာ- ကိုယ်တော်သည်-

(က) အသင်းတော်၏ ဦးခေါင်းဖြစ်သည်။

(ခ) အစဉ်တပုံစံတည်း လုပ်တတ်စမြဲရှိ၏။

(ဂ) ကိုယ်တော် အလိုရှိသည့်အတိုင်း လုပ်နိုင်၏။ လုပ်လည်းလုပ်၏။

(ဃ) စိတ်နှလုံး အကြွင်းမဲ့ဆက်ကပ်အပ်နှံသူကိုသာ အသုံးပြုမည်။                 ………………

၃။ ဓမ္မသစ်ကျမ်း၌ တွေ ့ရသော ရှေးဦးအသင်းတော်၏ လက္ခဏာရပ်များမှာ-

(က) ထုံးတမ်းနှင့် အစဉ်အလာများကို လိုက်လျှောက်ခြင်း။

(ခ) ၀ိညာဉ်တော်၏ လွတ်လပ်စွာ လှုပ်ရှားခြင်းကို ခံယူခြင်း။

(ဂ) ၀ိညာဉ်တော် တန်ခိုးကင်းမဲ့ခြင်း။                     ………………

၄။ “နိုးကြားတက်ကြွခြင်း” အဓိပ္ပာယ်သက်ရောက်သော စကားကိုသန် ့ရှင်းသော ၀ိညာဉ်တော်က (တ၊ ၁၈း၂၅)နှင့် (ရောမ၊ ၁၂း၁၁) တွင် ဘယ်လိုဖော်ပြထားသလဲ။

(က) ၀ိညာဉ်တော်နှင့်ပြည့်ခြင်း။

(ခ) ၀ိညာဉ်တော်နှင့်အတူ ဗတ္တိဇံခံခြင်း။

(ဂ) စိတ်အားကြီးခြင်း(သို ့) စိတ်တန်းခြင်း။

(ဃ) ဘုရားသခင်အတွက် ၀ိညာဉ်တော်မီးတောက်ခြင်း။                                             ………………

၅။ ချို ့ယွင်းချက်များသော်လည်း ကောရိန္ဃုအသင်းတော်တွင် ယုံကြည်သူများမှာ-

(က) စည်းဝေးတခါမျှ မပျက်ကွက်ကြ။

(ခ) အရာရာတိုင်းကို စည်းကမ်းစနစ်တကျ လုပ်ကြသည်။

(ဂ) ပွဲတော်စားရာတွင် အပြစ်သားနှင့် ယုံကြည်သူများအတွက် ပုံသက်သေဖြစ်စေသည်။                      ………………

၆။ “၀ိညာဉ်တော်မီးကို မငြိမ်းစေနှင့်” မိန် ့မှာချက်သည်-

(က) ဆိုးတေနေသူများကို ပြောခြင်းဖြစ်၏။

(ခ) စိတ်တက်ကြွနေသော ညီအစ်ကိုများအပေါ် ဆီးတားရေလောင်းမည့်သူများကို ပြောသည်။

(ဂ) တမန်တော်ခောတ်အပြီး ရှေးအသင်းတော်ကို ပြောခြင်းဖြစ်၏။

(ဃ) တဖန်ကြွလာမည့်အရှင်ကို လက်မခံ၊ လစ်လျူရှုသများကိုပြောသည်။                ……………….

၇။ ကမ္ဘာပေါ်တွင် တန်ခိုးအကြီးဆုံး၊ အထိရောက်ဆုံးမှာ-

(က) ၀ိညာဉ်တော်၏ အရှိန်တန်ခိုး

(ခ) ဉာဏ်ပညာ။

(ဂ) ပညာရေး၌ စွမ်းဆောင်အောင်မြင်မှု။

(ဃ) အမှန်တရားအပေါ် ယုံကြည်ချက်။                 ……………..

၈။ ဘယ်ဆုကျေးဇူးသည် အာရုန်၏ လှံတံကဲ့သို ့ အခြားဆုကျေးဇူးများကို ခြေဖျက်မျိုပစ်သလဲ။

(က) အခြားဘာသာစကား ပြောခြင်းဆု။

( ခ) အုပ်စိုးခြင်းဆု။

(ဂ) တရားဟောခြင်းဆု။

(ဃ) သိုးထိန်းခြင်းဆု။                 ………………

၉။ သန် ့ရှင်းသော ၀ိညာဉ်တော်၏ လမ်းညွှန်ပဲ့ပြင်မှုကို ခံယူနိုင်ရန် မည်သည့်အခြေအနေတွင် အကောင်းဆုံးလဲ။

(က) အစည်းအဝေးအစီအစဉ်ကို မှန်မှန်လုပ်ဆောင်ရန် ကြိုတင်စီမံချမှတ်ထားခြင်း။

(ခ) ဘယ်လိုအခြေအနေမျိုးမဆို သတ်မှတ်ထားသည့် အချိန်အတိုင်း စည်းဝေးကို အဆုံးသတ်ရမည်။

(ဂ)  ဟောပြောခြင်းတွင် တာဝန်ရှိသူ တဦးနှစ်ဦးမှအပ၊ စည်းဝေးအတွင်း အခြားညီအစ်ကိုများအတွက် ၀ိညာဉ်ဆုကျေးဇူးများကို အသုံးပြုခွင့်မရှိ။

(ဃ) လူ ့စည်းမျဉ်းနှင့် အစီအစဉ်ကို အနည်းဆုံး ခွင့်ပြုထားခြင်း။                                       ……………….

၁၀။ သင်သည် ၀တ်ပြုကိုးကွယ်ခြင်းနှင့် ပွဲတော်မင်္ဂလာ လုပ်ဆောင်နေသော အသင်းတော်စည်းဝေးတစ်ခု၌ ပါ၀င်သည်ဆိုပါစို ့။ သန် ့ရှင်းသော ၀ိညာဉ်တော်၏ အုပ်စိုးပဲ့ပြင်မှုခံရသော မည်သည့်ညီအစ်ကိုမဆို ဓမ္မသီချင်းတစ်ပုဒ်ကို ရွေးချယ်အကြံပေးခြင်း (သို ့) ဆုတောင်းခြင်း (သို ့) ကျမ်းစာဖတ်ခြင်း၊(သို ့) အနက်အဓိပ္ပာယ်ဖွင့်ခြင်းဖြင့် ပါ၀င်နိုင်ခွင့်ရှိသည်။ စည်းဝေးတက်ရောက် သည့်အခါ ပါ၀င်ပြောဆိုသူမရှိဘဲ တိတ်ဆိတ်နေရာ ၀ိညာဉ်ရေး၌ ရင့်ကျက်သော ညီအစ်ကိုသည်-

(က) မိမိစိတ်နှလုံးနှင့် အတွေး၌ ဘုရားရှင်အား ဆင်ခြင်စဉ်းစားလျက်၊ သန် ့ရှင်းသော ၀ိညာဉ်တော်၏ ပဲ့ပြင်မှုကို ဆက် စောင့်မည်။

(ခ) တိတ်ဆိတ်ခြင်းကို ဖြည့်ရန် ဓမ္မသီချင်းတပုဒ်ဖြင့် အစားထိုးရမည်။

(ဂ) သက်ဆိုင်မှုကို ရှာမတွေ ့သော်လည်း ကွက်လပ်ဖြည့်ရန် ကျမ်းစာတပိုဒ်ဖတ်မည်။

(ဃ) အမှုဆောင်နေသူများအတွက် ဆုတောင်းပေးသင့်သည်။ အကြောင်းမှာ ဤလူများသည် ဆုတောင်းရန် အသင့်ဆုံးလူနှင့် အသင့်ဆုံးအချိန်ဖြစ်သည်။                      ………………

 

သင်ခန်းစာ (၆)

အသင်းတော်တွင်း စည်းကမ်း

အကယ်၍ ယုံကြည်သူတစု (သို ့မဟုတ်) အသင်းတော်တခုသည် ဘုရားသခင်၏ အသင်းတော်၏ ပုံသဏ္ဍာန်ကို ထင်ရှားစေလိုပါက သန် ့ရှင်းစင်ကြယ်သော အသက်တာ၌ ကျင်လည်ရမည်။ သို ့သော် လက်တွေ ့မည်ကဲ့သို ့ အ သက်ရှင် ပြမည်နည်း?။

ကုသခြင်းထက် ကြိုတင်ကာကွယ်မှုသည် ပိုကောင်း၏။

အသင်းတော်တွင် ဘုရားသခင်ကို ချစ်ကြောက် ကြည်ညိုသောသူတို ့နှင့် မိတ်ဿဟာယ ဖွဲ ့ခြင်းဖြင့် စတင်နိုင်ပါသည်။ အသက်တာတွင် စင်ကြယ်သန် ့ရှင်းသောအကျင့်၊ အကြံတို ့ဖြင့် လက်တွေ ့အသက်ရှင်ခြင်းကို ဘုရားသခင်အလိုတော်ရှိ၏။ (၁သက်၊၄း၃) ဤသို ့လိုက်နာအသက်ရှင်းခြင်းသည် သမ္မာကျမ်း၏အခြေခံဖြစ်ပါသည်။ ထို ့ကြောင့်ပင် အသင်းတော်၏ သမ္မာတရားများကို ဓမ္မသစ်ကျမ်း၏ တစိတ်တပိုင်းတည်း (သို ့မဟုတ်) တကဏ္ဍတည်းတွင်သာ ဖော်ပြခြင်းမရှိဘဲ ကျမ်းတလျှောက်လုံး နေရာအနှံ ့တွင် ခရစ်ယာန်တို ့ကို စင်ကြယ်သန် ့ရှင်းခြင်းဖြင့် အသက်ရှင်ဖို ့ သွန်သင်ခြင်းဖြစ်၏။ အပေါ်ယံ လောက်သာ မှန်ကန်သူကို ဘုရားသခင် အလိုတော်မရှိပေ။ အသက်တာတခုလုံး အတွင်းအပြင် သမ္မာတရားအတိုင်း အသက်ရှင် သက်သေခံနေသူကိုသာ ဘုရားသခင် အလိုတော်ရှိသည်။

ထိုသို ့ အသက်ရှင်လာစေရန် အသင်းတော်သည် သမ္မာကျမ်းစာကို သွန်သင်ပေးရမည်။ သွန်သင်ရာတွင် ဟိုထဲ ကတစိတ်တပိုင်း ဒီထဲက တပိုင်း တစမဖြစ်သင့်ပေ။ ( အဆက်အစပ်ရှိလျက် စနစ်တကျ နှုတ်ကပတ်တော်ကို) သွန်သင်ရမည်။ ဤနည်းအားဖြင့် ခရစ်ယာန်များသည် နှုတ်ကပတ်တော် တခုလုံးကို သိကျွမ်းနားလည်လာမည်။ ဘုရားသခင်ဖွင့် ပြသည့်အတိုင်းလည်း မျှမျှတတ ခံယူလိုက်လျှောက်တတ်မည်။

စနစ်ကျ မှန်ကန်ပြတ်သားသော သွန်သင်ချက်များသည် အသင်းတော်၌ ဖြစ်ပွားမည့် အပြစ်များအတွက် ထိရောက် သောကာကွယ်မှု ပေးနိုင်သည် သို ့သော်လည်း ဆုံးမပြစ်ဒဏ်ပေးဖို ့ ရံဖန်ရံခါ အသင်းတော်၌ ကြံုလာတတ်သည်။ အသင်း တော်၏ စင်ကြယ်သန် ့ရှင်းခြင်း ပုံသက်သေကို ညစ်ညမ်းစေမည့်အပြစ် ကျူးလွန်ခြင်းနှင့် ငြိမ်သက်ခြင်းကို ပျက်ပြားစေနိုင်သော အမှုမျိုးကို အရေးယူဆုံးမရပါလိမ့်မည်။ “ ဘုရားသခင်၏ အိမ်တော်သားတို ့ကို ရှေးဦးစွာ စစ်ကြောစီရင်ရမည်။” (၁ပေ၊ ၄း၁၇)

ဆုံးမရသည့် အကြောင်းရင်း

ဆုံးမပြစ်ဒဏ်ပေးရသည့် အကြောင်းရင်းနှစ်ချက်မှာ-

(က) မိတ်ဿဟာယထဲမှ အသစ်မွေးဖွားခြင်း မရှိသေးသည့် အမည်ခံခရစ်ယာန် ဖော်ထုတ်ဖယ်ရှားရန် ထိုလူမျိုးကို (၁ယော၊ ၂း၁၉)တွင် ဖော်ပြထားသည်။

(ခ) လမ်းလွဲနေသည့် ခရစ်ယာန်ညီအစ်ကို တဦးအား ဘုရားသခင်ထံတော်သို ့ပြန်ပို ့ခြင်းဖြစ်သည်။ ၄င်းကိုဆုံးမပြစ်ဒဏ် ပေး ခြင်းသည် အပြီးအပိုင် ဆုံးဖြတ်ခြင်း ထုတ်ဖယ်ပစ်ခြင်း မဟုတ်ချေ။ ယင်းသို ့လမ်းလွဲသူများအား ၀ိညာဉ်ပြန်လည် ကျန်း မာရှင်သန်လာရန် ကုသခြင်းသာဖြစ်သည်။

ဆုံးမနည်းအသွယ်သွယ်

ဓမ္မသစ်ကျမ်းတွင် ဆုံးမပုံ ဆုံးမနည်းအမျိုးမျိုးကိုဖော်ပြထားသည်။ အခြားသူတဦးကို ပြစ်မှားသည့် ညီအစ်ကိုတဦးအား ပထမဦးဆုံးသူနှင့် နှစ်ဦးချင်း တွေ ့ဆုံဖြေရှင်းသင့်သည် အကယ်၍ မပြေလည်ပါက နောက်နှစ်ဦးသုံးဦးနှင့်အတူ သူ ့ထံသို ့ထပ်မံ သွားသင့်သည်။ လူတစု၏ စေ့စပ်ဖြေရှင်းမှုကို နားမထောင်မှသာ အသင်းတော်၏ စီရင်ဆုံးဖြတ်ခြင်းကို ခံယူရမည်။ အကယ်၍ အသင်းတော်၏ ကြိုးစားဖြေရှင်းမှုကို မနာခံလျှင် ထိုသူအား မယုံကြည်သူ (သို ့မဟုတ်) ဇာတိအုပ်စိုးသူကဲ့သို ့ သဘောထား ရမည်။ (မ၊ ၁၈း၁၅-၁၇)။

ဆုံးမနည်း နောက်တမျိုးကား-သတိပေးခြင်းဖြစ်၏။ (၁သက်၊ ၅း၁၄) ဘုရားသခင်ခန် ့ထားသော ဆရာနှင့် သင်းအုပ်တို ့၏ သွန်သင်ဆုံးမခြင်းကို နားမထောင်ဘဲ တရားမဲ့နေသော ညီအစ်ကိုအား သတိပေးရမည်။

ပေါင်းဖော်ခြင်း မပြုသင့်သောလူ နှစ်မျိုးနှစ်စားရှိသည်။ တရားမရှိရောနှောတတ်သူ (၂သက်၊၃း၁၁-၁၄) နှင့် ကွဲပြားစေတတ်သူ (ရောမ၊ ၁၆း၁၇) တို ့အား သတိပေးရမည်။ တရားမရှိ ရောနှောတတ်သူ ဆိုသည်မှာ တရားတော်အတိုင်း အသက်မရှင်၊ အလုပ်မလုပ်ဘဲ အရောဝင်တတ်သူကို ခေါ်ပါသည်။

သင်းခွဲသူကို နှစ်ကြိမ်မြောက်အောင် သတိပေးဆုံးမပြီးမှ ဖယ်ရှားသင့်သည် (တိတု၊၃း၁၀)

ဆုံးမနည်း နောက်တမျိုးကား- ဘုရားသခင်၏ နာမကိုရှုံ ့ချစေမည့် အပြစ်ရှိသူနှင့် မပေါင်းဖော်ဘဲ ခွဲခွာထားရမည်။ ၁ကော၊ ၅း၁၁၊၁၃)။ ခွဲခွာနေရ မည့်သူများမှာ မတရားသော မေထုန်မှီဝဲသူ၊ လောဘရမက်ကြီးသူ၊ ရုပ်ထုကိုးကွယ်သူ၊ ကြိမ်းမောင်းဆဲဆိုတတ်သူ၊ ယစ်မူးတတ်သူနှင့် အနိုင်အထက် လုပ်တတ်သူတို ့ပေတည်း။

သက်သေခံလုံလောက်ရမည်။

စီရင်ဆုံးမရာတွင် ဆင်ခြင်ဖို ့ အရေးအကြီးဆုံးအချက်မှာ- အမှုတစ်ခုကိုစီရင်ဆုံးဖြတ်ရာ၌ သက်သေ၊ အထောက်အထားပြည့်စုံခြင်းရှိမရှိ သေချာရ မည်။ ဆင်ခြင်လိုက်နာအပ်သော အချက်များကို ယခုအကျဉ်းချံုးဖော်ပြပါမည်။

လုံလောက်သော သက်သေနှစ်ဦးသုံးဦးမရှိဘဲ ကျွနု်ပ်တို ့သည် ဘယ်သောအခါမျှ ဆုံးဖြတ်၊ စီရင်၊ ဝေဖန်၊ ယူဆခြင်း မပြုအပ်ပေ။ သက်သေခံတဦးသည် အဘယ်မျှလောက် တည်ကြည်ရိုးသား အားကိုးယုံကြည်ထိုက်စေကာမူ ဆုံးဖြတ်စီရင်ရန် မလုံလောက်သေးပါ။ မိမိစိတ်ချနေသည့် ပုဂ္ဂိုလ်ထံမှ ကြားသိရသော သက်သေခံစကားကြောင့် ကျွနု်ပ်တို ့စိတ်နှလုံး၌ ဟုတ်မှန်သေချာပြီဟု ထင်ကောင်းထင်ပေမည်။ သို ့သော် ဘုရားသခင်သည် ကျွနု်ပ်တို ့ထက် ပိုသိနားလည်ပါသည်။ သက်သေခံသူသည် အလွန်ဖြောင့်မတ်သစ္စာရှိ၍ ဘယ်လိုအခြေအနေဘဲဖြစ်ဖြစ်၊ သူတပါးအား မတရား ပြောဆိုထွက်ချက်ပေးမည့်သူမဟုတ်သည်မှန်စေတော့ ကျွနု်ပ်တို ့သည် ထာဝရဘုရား၏စကားကိုသာ ခံယူလိုက်လျှောက်ရမည်။ “ စကားရှိသမျှသည် သက်သေခံနှစ်ဦးရှိမှ အတည်ယူမည်။”

သက်သေအထောက်အထား ထင်ရှားခိုင်လုံမှုသည် အရေးကြီးကြောင်း သိမြင်ခံယူပြီး တိတိကျကျလိုက်နာပါက မရေတွက်မခန် ့မှန်းနိုင်သည့် အကျိုးကျေးဇူးများစွာကို အသင်းတော်အတွက် ခံစားရရှိနိုင် ရုံသာမက ဆုံးမပဲ့ပြင်ခြင်း ခံရသူအတွက်လည်း အဖိုးမဖြတ်နိုင်သည့် အကျိုးအမြတ်ကို ရရှိသေးသည်။ အကယ်၍ အထောက်အထား ခိုင်လုံစုံလင်မှုမရှိလျှင် ဤအမှုကို ဘုရားသခင်ထံ အပ်နှံအားကိုးခြင်းဖြင့် စိတ်ရှည်စွာ စောင့်ဆိုင်းကြပါစို ့။ လိုအပ်သမျှကို ကိုယ်တော်ရှင် မစပေးပါလိမ့်မည်။

ဥပမာ- အသင်းတော်၌ ပုဂ္ဂိုလ်တဦးသည် ကိုယ်ကျင့်တရား၊ (သို ့မဟုတ်) အယူဝါဒ၌ လမ်းလွဲနေပြီး ထိုအကြောင်းကို ခရေစေ့တွင်းကျ စေ့စေ့စုံစုံ သိမြင်သူသည် တဦးတည်းသာ ရှိသည်ဆိုပါစို ့၊ ဘယ်လိုလုပ်မလဲ? သက်သေဆက်လက်ထင်ရှားလာဖို ့ ဘုရားသခင်အပေါ် အပ်နှံစောင့်ဆိုင်းဖို ့သာ လိုပါသည်။ ဤအတိုင်း မလိုက်နာလျှင် ဘုရားသခင်ချမှတ်ထားသော တရားတော်ကို ချိုးဖောက်ရာကျပေလိမ့်မည်။

တိုင်ကြားသူသည် မိမိ၏တိုင်ကြားသတိပေးချက်ကို အရေးမယူသောကြောင့် ၀မ်းနည်းစိတ်ပျက်သင့်ပါသလား?၊လုံးဝစိတ်မပျက်သင့်ပါ။ တကယ်ဆိုလျှင် သက်သေနှစ်ဦးသုံးဦးက သူနှင့်အတူရပ်တည်ဖို ့မရှိလျှင် သူသည်မတိုင်ကြားသင့်ပေ။ အလွန်အရေးပါအရာရောက်သည့် သက်သေခံတဦး၏ ထွက်ချက်အပေါ်အရေးမယူမစီရင်လျှင် အသင်းတော်သည် မတရားဘူး (သို ့မဟုတ်) လျစ်လျူရှုသည်ဟု ပြောနိုင်ပါမလား?။ မပြောနိုင်ပါ။ အကယ်၍သက်သေတဦးတည်း၏ ထွက်ချက်ဖြင့် စီရင်ပါက ဘုရားသခင်ကို (ဆရာလုပ်) ရာရောက်ပေမည်။

သက်သေနှစ်ဦးသုံးဦးရှိမှ ခိုင်လုံပြည့်စုံမည်ဟု ဘုရားသခင်ချမှတ်သောမူသည် အသင်းတော်ရှိ ဘုရားသခင်၏လူများ လိုက်နာဝန်ခံဖို ့သာမကဘဲ ကမ္ဘာတဝှမ်းလုံးရှိ လူတိုင်းလိုက်နာရမည့် စည်းမျဉ်းဥပဒေလည်းဖြစ်သည်။ သက်သေခိုင်ခုံပြည့်စုံခြင်းမရှိဘဲ ဘုရားသခင်ချမှတ်ထားသော မူစည်းမျဉ်းကို ချိုးဖောက်ပြီး ကျွနု်ပ်တို ့သည် စီရင်ဆုံးဖြတ်ခြင်းမပြုအပ်ပေ။ ကျွနု်ပ်တို ့၌ တာဝန်ရှိ၍ စီရင်ဆုံးဖြတ်ရန် အချိန်တန်ပါက လုံလောက်သော သက်သေကို ဘုရားသခင်ပေးပါလိမ့်မည်။

လူတဦးသည် အခြားသူတဦးအပေါ် မှားယွင်းစွာ စွပ်စွဲခဲ့ဖူးသည့်အကြောင်းမှာ သူသည် မိမိ၏ အသိအာရုံ (၅)ပါးထဲမှ တခုတည်း၏ အထောက်အထားဖြင့် စီရင်ဆုံးဖြတ်ခြင်းကြောင့် ဖြစ်၏ အကယ်၍သာ အသိအာရုံ တခုနှစ်ခုမှ အထောက်အထားကို ထပ်မံရရှိပါက သူသည် မှားယွင်းစွာ စွပ်စွဲမိမည် မဟုတ်ချေ။

ဘယ်လိုစီရင် ဆုံးမသင့်သလဲ?

သေချာစွာဆင်ခြင်ပြီး လုပ်သင့်သော နောက်တချက်မှာ စီရင်ဆုံးမရာတွင် ဘယ်လိုစိတ်သဘောထားနှင့် လုပ်သင့်သလဲ? ဥပမာ- စီရင်ဆုံးမရာတွင် ကိုယ်တိုင်အပြစ် သွေးဆောင်ခြင်းနှင့် လွတ်မည်အကြောင်း၊ မိမိကိုယ်ကို သတိပြုလျှက် သိမ်မွေ ့နူးညံ့သော စိတ်သဘောဖြင့် ဆုံးမရမည်။ (ဂလာ၊ ၆း၁)။ ဒုတိယအချက်မှာ- ဘက်လိုက်ခြင်း လုံးဝမရှိစေရ။ အပြစ်ကျူးလွန်သူသည် မိမိနှင့်သွေးချင်း၊ (သို ့မဟုတ်) ရည်မှန်းချက်ခြင်း (သို ့မဟုတ်) တနည်းနည်းအားဖြင့် တော်စပ်မှုရှိသောကြောင့် မိမိ၏ စီရင်ဆုံးဖြတ်ချက်အပေါ် လာရောက်လွှမ်းမိုးဘက်လိုက်ရခြင်းများ မရှိအပ်ပေ။ မျက်နှာလိုက်ခြင်း၊ (သို ့မဟုတ်) အဆင့်အတန်း ခွဲခြားခြင်းများမရှိစေရ။ (တရား၊ ၁း၁၇၊ ယာကုပ်၊၂း၁)။

အသင်းတော်မှထုတ်ပယ်ခြင်း၊ (Excommunication) အတွက် စီရင်ရာတွင် မည်သည့်ပုဂ္ဂိုလ်တဦးတယောက်တည်းကိုမျှ စီရင်ပိုင်ခွင့် မပြုစေဘဲ အသင်းတော်ကသာ စီရင်ဆုံးဖြတ်ရမည်။ (၂ကော၊ ၂း၆)။ ထုတ်ပယ်ရာတွင် ဘယ်လိုစိတ်သဘောထားနှင့် ဆုံးမသင့်ကြောင့်၊ ဆရာ (C.H:Machintosh) ၏ရေးသားသတိပေးချက်ကို ပြန်လည်ဝေငှပါမည်။ ယုံကြည်သူ ညီအစ်ကိုတစ်ဦးအား ဘုရားသခင်၏ ကိုယ်နှင့် ခွဲခွာနေဖို ့ ဆုံးမဖယ်ရှားခြင်းလောက် မည်သည့်အရာကမျှ ကျွနု်ပ်တို ့စိတ်နှလုံးကို ထိခိုက်ဝမ်းနည်းစေခြင်းမရှိပေ။ အသင်းတော်တခုလုံးက မလွဲမရှောင်သာနိုင်တော့သည့်အဆုံး မျက်ရည်အဖြိုင်ဖြိုင်ကျလျှက် စိတ်နှလုံးထိုခိုက် ၀မ်းနည်းကြေကွဲခြင်းဖြင့် ဖယ်ရှားသင့်သည်။ ဤကဲ့သို ့ စိတ်နှလုံးထိခိုက်ကြေကွဲခြင်းမျိုး ကျွနု်ပ်တို ့၌ ဘယ်နှစ်ခါရှိခဲ့ဖူးပါသလဲ?၊ အလွန်မွန်မြတ်ကြေကွဲဖွယ်ကောင်းသည့် ဤခွဲခွာခြင်းအမှုကို မေတ္တာကရုဏာပြရမည့်အစား၊ တာဝန်နှင့်ဝတ္တရားအရ ကြေငြာချက် ထုတ်ပြန် ဖတ်ကြားခြင်းဖြင့် ထိုသူကို အသင်းတော်မိဿဟာယမှ ဖယ်ရှားတတ်ကြသည်။ ထိုသို ့ဝတ္တရားနှင့် စည်းမျဉ်းကြောင့် လုပ်ဆောင်ခြင်းသည် လမ်းလွဲသူအတွက်ရော၊ အသင်းတော်အတွက်ပါ အကျိုးယုတ်စေ၍ ၀မ်းနည်းစရာ ကောင်းပါသည်။

ဒီလိုဆိုရင် ဘယ်လိုစီရင်သင့်ပါသလဲ? ၁ကော၊ ၅၏ သွန်သင်ချက်အတိုင်းလုပ်သင့်ပါသည်။

အကယ်၍ အမှုတခုသည် အလွန်ထင်ရှားသေချာပြီး ဆွေးနွေးလေ့လာမှုများ မလိုအပ်တော့သည့်အခါ အသင်းတော်သည် လိုအပ်သော ဆောင်ရွက်ချက်များကို ၀မ်းနည်းကြေကွဲခြင်းဖြင့် ဆောင်ရွက်ရန် စုရုံးသင့်သည်။

အသင်းတော်မှ လူတိုင်းသည် မိမိကိုယ်တိုင် အပြစ်ကျူးလွန်သကဲ့သို ့ ဘုရားသခင်၏ ကျေးဇူးကရုဏာကို ခံယူရန် ဘုရားသခင်ရှေ ့တော်သို ့ ပျပ်ဝပ်နှိမ့်ချလျက် မိမိကိုယ်ကို စစ်ဆေးစီရင်ရမည်။ ခရစ်တော်နှင့်အသင်းတော်ကို ချစ်မြတ်နိုးသူတိုင်းသည် ခိုင်လုံသေချာသော  အချက်အလက်များစုံလင်စွာ လေ့လာစစ်ဆေးဆုံးဖြတ်ပြီးမှသာ အသင်းတော်စည်းဝေးကို ခေါ်ယူသင့်သည်။ အသင်းတော်သည် စည်းဝေးသို ့ လာရောက်ဝေဖန် တီးတိုးပြောရန်မဟုတ်ဘဲ စိတ်နှလုံးထိခိုက်ကြေကွဲ ၀မ်းနည်းခြင်းဖြင့် အပြစ်ပြုသူအား ထုတ်ပယ်လိုက်ရမည်။ ဤသို ့ပြုမူခြင်းသည် ဘုရားသခင် ပညတ်တော်မူချက်ကို နာခံလိုက်လျှောက်သည့် စင်ကြယ်သော လုပ်ဆောင်မှုဖြစ်သည်။ ဂရုပြုရမည့် နောက်ဆုံးအချက်မှာ ခရစ်ယာန်တို ့ သည် ယုံကြည်သူ ညီအစ်ကိုတို ့၏ အပြစ်ကို ကြော်ငြာရန်မသင့်ပါ။ အပြစ်နှင့် စီရင်ချက်များကိုလည်း ဤအမှုအရာနှင့်မဆိုင်သူများ၏ရှေ ့မှောက်တွင် ကရုဏာစေတနာဖြင့် သိုသိပ်ဖုံးအုပ်ထားသင့်သည်။

နိဂုန်း

အသင်းတော်သည် အပြစ်ရှိသည့်အခါတိုင်း ပြတ်ပြတ်သားသား ဖယ်ရှားပစ်မှသာ သန် ့ရှင်းစင်ကြယ်သည့် ဘုရားသခင်၏ ဗိမာန်တော်ငယ်အဖြစ် စစ်မှန်သော လက္ခဏာကို ဖော်ပြသက်သေခံနိုင်ပေမည်။ ယုံကြည်သူတိုင်းသည် အသင်းတော် တပါးပါး၌ ပါ၀င်ဆက်သွယ်ထားသင့်သည်ဟု ဓမ္မသစ်ကျမ်း၏ သွန်သင်ချက်ကို တခုထပ်မံသတိပေး တိုက်တွန်းလိုပါသည်။ အသင်းတော်၌ ပါ၀င်ခြင်းမရှိသောသူသည်  ဆုံးမခြင်းနှင့် လွတ်ကင်းနေမည်။ ထိုလွတ်လပ်ခြင်းမျိုးသည် ကာယကံရှင်အတွက် အလွန်အန္တရာယ်ကြီးစေပါသည်။

မေးခွန်းလွှာ (၆)

လက်ယာဖက်တွင်ကွက်လပ်တွင် အဖြေမှန်၏ အက္ခရာကိုရေးချပါ။

၁၁။ ဓမ္မသစ်ကျမ်းတွင်-

(က) ပုဂ္ဂိုလ်တဦးချင်း စင်ကြယ်သော အသက်ရှင်မှုနှင့် အသင်းတော်၏သမ္မာတရားများကို ဖော်ပြသောအပိုဒ်များမှာ သီးခြားစွာခွဲခြားထားသည်။

(ခ) အသင်းတော်၏ သမ္မာတရားများကို နားလည်လွယ်ပြီး လိုက်လျှောက်နိုင်ရန် ပုံသေချမှတ်ထားသည်။

(ဂ) အသင်းတော်၏ သမ္မာတရားများသည် တဦးစီတိုင်း ဘုရားကိုချစ်ကြည်ညို၍ စင်ကြယ်သန် ့ရှင်းသည့်အသက်တာနှင့်ဆိုင်သော သွန်သင်ချက်များနှင့် ရောနှောလျက်တွေ ့ရသည်။

(ဃ) အသင်းတော်က သမ္မတရားများကို တိုက်ရိုက်သွန်သင်ခြင်းမတွေ ့ရပါ။ ဓမ္မဟောင်းပုံဆောင်ချက်များမှ အဓိပ္ပာယ် ကောက်ယူရသည်။

…………….

၁၂။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို စနစ်တကျစုံလင်ပြည့်စုံစွာ သွန်သင်ခြင်း-

(က) အသင်းတော်၌ တခါတရံ စီရင်ဆုံးဖြတ်ရသည့် အမှုများကို လုံးဝကင်းရှင်းစေမည်မဟုတ်။

(ခ) စီရင်ဆုံးမခြင်း မလိုအပ်တော့သည့်အထိ အကျိုးဖြစ်စေလိမ့်မည်။

(ဂ) အပါတ်စဉ် ဧည့်သည်ဆရာအား သွန်သင်စေခြင်းဖြင့် အအောင်မြင်ဆုံးဖြစ်မည်။

(ဃ) မဖြစ်နိုင်သော ရည်မှန်းချက် အကြောင်းမှာ လူ ့အားနည်းချက်ရှိနေသောကြောင့်တည်း။                                      ………………

၁၃။ ၁ယော၊ ၂း၁၉၏ ဖော်ပြချက်သည်-

(က) မိမိကိုယ်တိုင် ကယ်တင်ခြင်းရပြီးဟု ပြောသော်လည်း အမှန်မှာအသက်သစ် မရသေးသည့် ပုဂ္ဂိုလ်တဦးကို ဆိုလိုသည်။

(ခ) ခရစ်ယာန် အစုထဲသို ့ မှားယွင်းသော အယူများသွန်သင်သည့် ပုဂ္ဂိုလ်ကိုဆိုလိုသည်။

(ဂ) ခရစ်တော်အပေါ် အချစ်ဆုံးမေတ္တာ လျှော့နည်းသွားသော ခရစ်ယာန်များကို ဆိုလိုသည်။

(ဃ) ကိုယ်ကျင့်တရားပျက်သော အမှုတခုအတွက် အသင်းတော်က စီရင်ဆုံးမဖို ့ ပြောနေခြင်းဖြစ်၏။                         ……………..

၁၄။ စီရင်ဆုံးမခြင်းသည်-

(က) အသင်းတော်ကို အပြစ်စွန်းထင်းနေခြင်းမှ ဆေးကြောခြင်းဖြစ်သည်။

(ခ) အပြစ်ကျူးလွန်သူအား လုံးဝပြန်လည် ကျန်းမာလာအောင် ကုသခြင်းဖြစ်၏။

(ဂ) ထုတ်ပယ်ခံရသူအား ငရဲထဲသို ့ကျစေသည်။

(ဃ) ဘုရားသခင်၏ သဘောမဆန်သည့် ခက်ထန်မှုကို ပြရာရောက်သောကြောင့် ရှောင်အပ်၏                         ……………..

၁၅။ ဘယ်လိုလူကို အသင်းတော်မှ ဖယ်ရှားထားသင့်သလဲ-

(က) အကျင့်ဆိုးကို ထပ်အလဲလဲ လုပ်မိသူ။

(ခ) အခြားညီအစ်ကိုတဦးက ထပ်အလဲလဲတောင်းသော်လည်း အကြွေးပြန်မဆပ်သူ။

(ဂ) အသင်းတော်လူကြီးကို လွန်ဆန်ပုန်ကန်သူ။

(ဃ) မိမိနောက်လိုက်များရဖို ့ ကွဲပြားစေသူ။                                                                                ………………

၁၆။ ခရစ်တော်သည် အပျိုကညာမှ ဖွားမြင်ကြောင်းကို ယုံကြည်လက်ခံခြင်း မရှိသည့် ညီအစ်ကိုအား-

(က) အသင်းတော်၌ ဆက်လက်မိတ်ဿဟာယ ဖွဲ ့ခွင့်ပြုထားသင့်သည်။

(ခ) ချက်ချင်း ထုတ်ပယ်ပစ်ရမည်။

(ဂ) အပျိုကညာနှင့် ပတ်သတ်သော အမြင်ကို လူတိုင်းပိုမို သိမြင်လာရန် သူ ့အမြင်ကို ပလ္လင်မှ ရှင်းလင်းခွင့်ပေးသင့်သည်။

(ဃ) ၂ကြိမ်သတိပေးပြီးမှ ထုတ်သင့်သည်။                                                                         …………….

၁၇။ အမှုတခုကို စီရင်ဆုံးဖြတ်ရာတွင် အရေးကြီးဆုံးလုပ်ရမည့် အချက်မှာ-

(က) သက်သေမစုံသော်လည်း အသင်းတော်၏ သန် ့ရှင်းစင်ကြယ်မှုကို ထိမ်းသိမ်းရန် အမြန်ဆုံးစီရင်ရမည်။

(ခ) သက်သေနှစ်ဦး သုံးဦးရှိလျှင် စီရင်ဆုံးဖြတ်ပါ။

(ဂ) အပြစ်ကျူးလွန်သူအား ကာကွယ်ပြောဆိုခွင့်ပေးပါ။

(ဃ) အသင်းတော်အတွင်း၌ ကွဲပြားခြင်း၊ ရှုပ်ထွေးခြင်းကို ဖြစ်စေနိုင်သောကြောင့် ဘာမျှစီရင်ဆုံးဖြတ်ခြင်း မပြုပါနှင့်။            ………………

၁၈။ လမ်းလွဲပျက်စီးနေသည့် ယုံကြည်သူအား စီရင်ဆုံးဖြတ်သည့်အခါ အသင်းတော်လူကြီးတို ့သည်-

(က) လူကြီးတဦးအနေနှင့် အခွင့်အာဏာသုံးလျှက် ဆောင်ရွက်သင့်သည်။

(ခ) တောင်းပန်တိုးလျှိုးလျှက် ဤကဲ့သို ့လုပ်ဆောင်မိသည့်အတွက် ခွင့်လွှတ်ဖို ့ တောင်းပန်သင့်သည်။

(ဂ) နှိမ့်ချလျှက် မိမိတို ့ လူသား၌ အားနည်းချက်ကို ဆင်ခြင်စဉ်းစားရမည်။

(ဃ) သနားကြင်နာမှုကင်းလျက် စိတ်ထိခိုက်လှုပ်ရှားခြင်း မရှိအောင် သတိပြုပါ။                                                        ………………

၁၉။ အသင်းတော် စည်းကမ်းထိမ်းသိမ်းရာ၌ အောက်ပါဘယ်အမှုမျိုးအတွက် မျက်နှာမလိုက်သင့်သလဲ။

(က) အပြစ်ကျူးလွန်သူသည် မိမိနှင့်တော်စပ်သူ (သို ့) အသင်းတော်၏ အရေးပါသော ပုဂ္ဂိုလ်နှင့်တော်စပ်ခဲ့သော်-

(ခ) အပြစ်ကျူးလွန်သူသည် လူအများကြည်ညိုအားကိုးရသည့် ပုဂ္ဂိုလ်ဖြစ်ခဲ့သော်-

(ဂ) အပြစ်ကျူးလွန်သူသည် အသင်းတော် (သို ့) ယုံကြည်သူအသိုင်းအဝန်း၌ အလွန်အရေးပါ အားကိုးရသူဖြစ်လျှင်

(ဃ) ဘယ်သောအခါမျှ မျက်နှာမလိုက်သင့်။                                                                                  ………………

၂၀။ အသင်းတော်ရှိ ယုံကြည်သူတဦးအား စီရင်ဆုံးမသည့်အခါ-

(က) အတတ်နိုင်ဆုံးလျှို ့ဝှက်ထားသင့်သည်။

(ခ) အတင်းအဖြစ် စာစောင်၊မဂ္ဂဇင်းများ၌ ပုံနှိပ်ဖြန် ့ဝေသင့်သည်။

(ဂ) နယ်ပယ်အတွင်းရှိ အသင်းတော်များသို ့ စာရေးအကြောင်းကြားထားသင့်သည်။

(ဃ) ဖြစ်ချင်ရာဖြစ်ပါစေ ရှေ ့ဆက် မိတ်ဿဟာယမဖွဲ ့ဘဲ သူနှင့် လုံးဝအဆက်ဖြတ်သင့်သည်။                                ………………

သင်ဘယ်လိုယူဆပါသလဲ

အသင်းတော်သည် စည်းကမ်းတကျ ပြတ်ပြတ်သားသား စီရင်လိုက်လျှောက်လျှင် အသင်းတော်အတွက်၊ အားလျော့စေမလား၊ ခွန်အားပြည့်ဝစေမလား၊ သင်၏ထင်မြင်ယူဆချက်ကို အကျိုးအကြောင်းနှင့်ရေးဖြေပါ။

————————————————————————————

————————————————————————————

————————————————————————————

 

အခန်း (၇)

အသင်းတော်ကျယ်ပြန် ့ရေး

အသင်းတော်တွင် အရေးကြီးသော အခြားအချက်မှာ အသင်းတော် ကြီးထွားကျယ်ပြန် ့ရေးအတွက် ၀ိညာဉ်ဆု ကျေးဇူးများကို အသုံးချရပါလိမ့်မည်။ ယခုဤသင်ခန်းစာတွင် ဘုရားသခင်၏ အလိုတော်နှင့်ညီသော အသင်းတော် ကျယ်ပြန် ့ခြင်းအကြောင်းကို လေ့လာမည်။

လောကတွင် ခရစ်တော်၏ ကယ်တင်ခြင်းတရားကို အသင်းတော်အားဖြင့် လူတိုင်းကြားသိစေဖို ့ ဘုရားသခင်အလိုတော်ရှိသည်။ ဒေသန္တရ အသင်းတော်တခုစီသည် သတင်းကောင်းပြန် ့ပွားရေးအတွက် တိုးချဲ ့ဆောင်ရွက်ရေးနှင့် အသင်းတော်သစ်များ ပေါ်ပေါက်လာရေးကို အမြဲဆောင်ရွက် နေရမည်။

လွန်ခဲ့သော သင်ခန်းစာ၌ ဖော်ပြခဲ့သည့်အတိုင်း အသင်းတော်၏ဦးခေါင်းဖြစ်သော ခရစ်တော်သည် အသင်းတော်အတွက် ၀ိညာဉ်ဆုကျေးဇူး ရရှိသောသူများကို ခန် ့တော်မူ၏။ ဤဝိညာဉ်ဆုကျေးဇူးများကို ဘုရားသခင်၏အလိုတော်နှင့်အညီ အသုံးပြုမှသာ အသင်းတော်ကြီးထွားလာပါမည်။

၀ိညာဉ်ဆု ကျေးဇူးပေးထားသော ပုဂ္ဂိုလ် (၅) မျိုး

ဘုရားသခင်သည် အသင်းတော်ကြီးထွားရန် ပုဂ္ဂိုလ်(၅)မျိုးအား ၀ိညာဉ်ဆုကျေးဇူး Spiritual Gift တခုစီလက်ဆောင်အဖြစ်ပေး၏။ ၄င်းတို ့မှာ-

(၁) တမန်တော်များ

(၂) ပရောဖက်များ

(၃) သာသနာပြုများ

(၄) သင်းအုပ်များ

(၅) သမ္မာကျမ်း သွန်သင်သည့် ဆရာများဖြစ်သည်။

ပထမပုဂ္ဂိုလ်နှစ်မျိုးသည် အသင်းတော် တည်ထောင်ရေးတွင် ပါ၀င်ခဲ့၏။ ထို ့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ရေးသားပြီးဆုံးခဲ့သည့်အခါ ၄င်းတို ့ကို မလိုတော့ပေ။ ယနေ ့တွင် ၀ိညာဉ်ဆုကျေးဇူးရရှိသော ပုဂ္ဂိုလ်သုံးမျိုးရှိသေး၏။

၀ိညာဉ်ဆုကျေးဇူးများ ဘာကြောင့်ပေးသလဲ

၀ိညာဉ်ဆုကျေးဇူးများ ပေးရခြင်း၏ အကြောင်းရင်းကို (ဧ၊ ၄း၁၂-၁၃) တွင်ဖော်ပြထားသည်မှာ “ဖြူစင်ဖြောင့်မတ်သောသူများ ဖြစ်လာရန်လည်းကောင်း၊ သာသနာကြီးထွားရေး လုပ်ငန်းများတွင်လည်းကောင်း၊ ခရစ်တော်၏ကိုယ်ဖြစ်သော အသင်းတော်တည်ဆောက်ရေးတွင် လည်းကောင်း၊ ဘုရားသခင်၏ သားတော်ကို သိကျွမ်းခြင်းနှင့် ယုံကြည်ခြင်းတွင် ကျွနု်ပ်တို ့အားလုံး တညီတညွတ်တည်းဖြစ်လာရန်လည်းကောင်း ခရစ်တော်ကဲ့သို ့ ပမာဏအထိစုံလင်ပြည့်စုံလာဖို ့ ကျယ်ပြန် ့သောဆုကျေးဇူးများ…ပေးခြင်းဖြစ်သည်။

ရုတ်တရက် ဖတ်ကြည့်လျှင် ရည်ရွယ်ချက် အမျိုးမျိုးဟု ယူဆနိုင်၏။ အကယ်စင်စစ် စေ့စေ့စပ်စပ် စဉ်းစားလျှင် ရည်ရွယ်ချက် တခုတည်းဖြစ်ကြောင်း သိရ၏။ နားလည်လွယ်ရန် တနည်းအားဖြင့် ပြောရလျှင် ခရစ်တော်၏ကိုယ်ဖြစ်သော အသင်းတော် တည်ဆောက်ရန်အလို ့ငှါ သာသနာကျယ်ပြန် ့ရေးအတွက် ဖြူစင်ဖြောင့်မတ်သောသူများ ဖြစ်စေမည့်အကြောင်း ၀ိညာဉ်ဆု ကျေးဇူးများကို ပေးထားခြင်းဖြစ်သည်။ ထို ့ကြောင့် ရည်ရွယ်ချက် အမျိုးမျိုးမဟုတ်ဘဲ ရည်ရွယ်ချက်တခုတည်းသာ ဖြစ်သည်။ ရှေးဦးစွာ ခရစ်တော်ကို သိကျွမ်းယုံကြည်သူများသည် ဖြူစင် ဖြောင့်မတ်မှသာ သာသနာ ပြန် ့ပွားရေးအတွက် ဘုရားသခင် အသုံးပြုနိုင်မည်။ သို ့မှသာ ခရစ်တော်၏ ကိုယ်ဖြစ်သော အသင်းတော်သည် ကြီးထွားကျယ်ပြန် ့လာမည်။

အသင်းတော်ကျယ်ပြန် ့နည်း။

ခရစ်တော်၏ အသင်းတော် ကျယ်ပြန် ့နည်းကို ပုံဖော်ပြီးပြပါမည်။ အလယ်အစက်သည် (ဆရာဝိညာဉ်ဆုကျေးဇူးကို လက်ဆောင်အဖြစ်ရရှိသော) ပုဂ္ဂိုလ်ဖြစ်သည်။ ဤဆရာ (ပုဂ္ဂိုလ်)သည် ၄င်း၏ပတ်ဝန်းကျင်ရှိ ပုဂ္ဂိုလ်များကို ခရစ်တော်အပေါ် ယုံကြည်ခြင်း၌ သွန်သင်ပြုစုပေး၏။ တဖန် ထိုပုဂ္ဂိုလ်များက အခြားသူများကို တဆင့် သွန်သင်ပြုစုပေး၏။ ဤဆင့်ပွားသွန်သင်နည်းဖြင့် အသင်းတော် ကျယ်ပြန် ့လာ၏။ ဤနည်းသည် အချိန်တိုတိုနှင့် လူများများကို ခရစ်တော်အကြောင်း ကြားသိယုံကြည်လာအောင် သွန်သင်ကျယ်ပြန် ့စေသော ဘုရားသခင်၏ နည်းဖြစ်သည်။

သတင်းကောင်းဟောပြောသူများ၊ သင်းအုပ်များနှင့် သမ္မာကျမ်းသွန်သင်သည့် ဆရာများသည် သာသနာပြန် ့ပွားရေးတွင် ဘုရားသခင်၏ နည်းဖြင့် သူတပါးတို ့ကို အမြဲဟောပြောသွန်သင်လေ့ကျင့် မစပေးရမည်ဖြစ်သည်။

ခရစ်ယာန်တိုင်းသည် သတင်းကောင်း ဟောပြောတတ်သူများ၊ သင်းအုပ်များ၊ သမ္မာကျမ်းသွန်သင်သည့် ဆရာများအဖြစ် ၀ိညာဉ်ဆုကျေးဇူးကို မရရှိသော်လည်း လူတိုင်းမှာ ခရစ်ယာန်သာသနာပြန် ့ပွားရေးတွင် တနည်းတဖုံအားဖြင့် ပါ၀င်နေကြသည်။

 

ခရစ်ယာန်တိုင်းသည် ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်သူ၊သမ္မာတရားကို လေ့လာဆည်းပူးသူ၊ မိမိ၏ယုံကြည်ချက်ကို ဝေမျှသွန်သင်သူ၊ စိတ်ချမ်းသာမှု မရှိသူများကို ခရစ်တော်ထံသို ့ ပို ့ပေးသူများ ဖြစ်သင့်သည်။

 

ဤဓမ္မသစ်နည်းအတိုင်း အသင်းတော်ပြန် ့ပွားနည်း (နည်းမှန်)ကို ၂တိ၊ ၂း၂ တွင်လည်း ထပ်မံရှင်းပြထားသည်။ “ကျွန်တော်ကြားသိခဲ့ပြီးသည့် အရာများကို ခရစ်တော်အတွက် သက်သေခံနေသူအများထဲမှ သစ္စာရှိ၍ သူတပါးကိုသွန်သင်တတ်သူများအား အပ်နှံပါ” ထိုသို ့ရှင်ပေါလုက တိမောသေ၊ ထိုမှတဆင့် သစ္စာရှိသူထံ တဆင့်ပြီးတဆင့် အပ်နှံလွှဲအပ်သွန်သင်ခဲ့ခြင်းဖြင့် ဆင့်ပွားတိုးတက်လာသည်။

ဤဓမ္မသစ်နည်းသည် ယုံကြည်သူအားလုံးကို ချက်ချင်းအကျိုးကျေးဇူးခံစားရရှိသော နည်းဖြစ်၏။ ခရစ်တော်၏တရားတော်ကို လျင်မြန်စွာ  ပြန် ့ပွားစေ၍ ခရစ်ယာန်တဦးချင်းလည်း ဘုရားသခင်ပေးထားသော ၀ိညာဉ်ဆုကျေးဇူးအား လက်တွေ ့အသုံးချခြင်းဖြင့် တဖြည်းဖြည်းရင့်ကျက်လာစေသည်။ သို ့မှသာ မှားယွင်းသော အယူဝါဒကို အလွယ်တကူမကျရောက်နိုင်ပါ။ ဤသို ့ကြီးထွားပြန် ့ပွားသော အသင်းတော်သည် ခရစ်တော်၏ ကိုယ်ခန္ဓာကို လောကတွင်ပိုမိုခိုင်မာထင်ပေါ်စေမည်။

ခရစ်ယာန်အများ လုပ်တတ်ကြသောနည်း

ယခုခောတ်တွင် ခရစ်ယာန်အများ လုပ်တတ်ကြသောနည်းမှာ၊ လူတယောက်ကို အသင်းတော်တခုတွင် ကြည့်ရှုမစဖို ့ ခန် ့ထားတတ်ကြ၏။ ထိုလူအား တရားဟောခြင်း၊ နှစ်ခြင်းပေးခြင်း၊ ပွဲတော်ပေးခြင်းနှင့် အသင်းတော် ကျင့်ဝတ်များကို ခိုင်းစေသည်။ လူအများတို ့သည် အပါတ်စဉ် မှန်မှန်တရားနာကြ၏။ သို ့သော်လူအများမှာ တရားနာရုံမှလွဲ၍ မည်သည့်တာဝန်မျှ မရှိကြ။ အများအားဖြင့် သူတို ့မှာ တရားကိုကြားနာကြသော်လည်း တရားကို သဘောပေါက်သောသူနည်းလှ၏။ အဆိုးဆုံးအန္တရာယ်မှာ ဤလူတို ့သည် တရားကိုကြားသိကြသော်လည်း နားလည်လိုက်ရှောက်ခြင်း မပြုတတ်သောကြောင့် ၀ိညာဉ်ရေးတွင် ကလေးသူငယ် အရာ၌သာရှိကြ၏။ ထို ့ကြောင့်ပင် ပရိယာယ်ဖြင့် ဖြားယောင်းသွေးဆောင်သော လူ၏သြဝါဒ အမျိုးမျိုးသို ့ နားယောင် လိုက်သွားတတ်ကြ၏။ (ဧ၊ ၄း၁၄)။

 

တရားနာပရိသတ်ဟောပြီး အသင်းသား (ပရိသတ်) များမှာ တရားနာကြ၏။ ဤသို ့တရားသာ နာရ၍ ကိုယ်တိုင်လက်တွေ ့ပြန်လည် ဟောပြောဖို ့ တာဝန်မရှိသလောက် လျစ်လျူရှုခံရသောကြောင့် အိမ်နှင့် လုပ်ငန်းခွင်တွင် ကယ်တင်ခြင်း တရားမကြားရသူများ နေခြင်းဖြစ်သည်။

အမှန်မှာ တရားဟောဆရာ တဦးတည်း၏ စွမ်းဆောင်ချက်မှာ ထိရောက်မှုမရှိပါ။ အကယ်၍ အသင်းသားများ (သို ့မဟုတ်) အားလုံးက ခရစ်တော်အတွက် စွမ်းဆောင်လျှင် အ့ံသြဘွယ်ကောင်းလောက်အောင် တိုးတက်မှုရှိလာမည်။

ထို ့ကြောင့်ပင် ဓမ္မဆရာတစ်ဦးက မှတ်ချက်ချသည်မှာ တကိုယ်တော်နည်းဖြင့် ကျင့်သုံးနေသော အသင်းတော်သည် ခရစ်တော်၏ သာသနာကို အကျိုးယုတ်စေသည်ဟု ကျွန်တော်မလွှဲမရှောင် ၀န်ခံရပါမည်။ အဘယ့်ကြောင့် ပုဂ္ဂိုလ်တစ်ဦးတည်းကိုသာ အမြဲဟောပြောနေစေပြီး သွန်သင်နိုင်စွမ်းရှိသော လူရာပေါင်းများစွာအား နှုတ်ပိတ်နားထောင်နေစေပါသလဲ? (အကြပ်ကိုင်တော်လှန်ခြင်းမျိုးမှာ ရွ ့ံရှာဖွယ်ဖြစ်၏) ဘာသာရေးတွင် မလိုလားအပ်သော အချက်ကို ဖယ်ရှားရာ၌ အကြမ်းဖက်မှု နည်းသုံးရမည်ဟု အကျွနု်ပ်မယုံကြည်ပါ။ အကယ်၍ ကျွနု်ပ်တို ့တယောက်စီတွင် ခရစ်တော်၏ တရားနှင့် ပြည့်ဝလာပါက မှန်ကန်သော သဘောသစ်ရှင်သန်လာမည်ဟု ကျွနု်ပ်ယုံကြည်သည်။ “လူသားအားလုံးအပေါ် ငါ၏ဝိညာဉ်ကို ငါသွန်းလောင်းမည်။ ငါ၏တပည့်များအပေါ်သို ့ ငါ၏ဝိညာဉ်ကို ဤနေ ့ရက်များ၌ ငါသွန်းလောင်းမည်။ သူတို ့သည်လည်း ပရောဖက်ပြု၍ ဟောပြောကြမည်”ဟူသော ဘုရားသခင်၏ကတိတော်အတိုင်း ခရစ်ယာန်ဒီမိုကရေစီအခြေခံသဘောတရားကို လူအများသိမှတ် လုပ်ဆောင်လာကြလိမ့်မည်ဟု ကျွနု်ပ်တို ့ယုံကြည်သည်။

တကိုယ်တော် ဆောင်ရွက်သောစနစ်ကို ဆန်းစစ်ခြင်း

တကိုယ်တော် အမှုဆောင်ခြင်းသည် သမ္မာကျမ်းနှင့်ကိုက်ညီ ပါသလား? အဖြေရှာကြစို ့။ “တကိုယ်တော်အမှုဆောင်ခြင်း” ၏အဓိပ္ပာယ်မှာ တကိုယ်တည်း အသင်းတော်တခုကို ဦးဆောင်ရန်အတွက် လူကခန် ့အပ်လက်တင်ပေးထားသော သူကိုဆိုလိုပါသည်။ သူသည် တရားဟောခြင်း၊ သွန်သင်ခြင်းအပြင် အသင်းတော်တွင် ဘာသာရေး၊ ထုံးတမ်းစဉ်လာများကို ဆောင်ရွက်ရန် တာဝန်အပ်နှံခြင်းခံရသူဖြစ်သည်။

တကိုယ်တော် အမှုဆောင်လုပ်သူထဲတွင် အများမှာ ဘုရားသခင်၏ အသုံးပြုခြင်းခံရသူများဖြစ်ကြောင်း ၀န်ခံပါသည်။ ထိုသို ့ဘုရားသခင်ကို ယုံကြည်အားကိုးသူတို ့အား ခရစ်တော်၌ ညီအစ်ကိုများအဖြစ် လက်ခံပါသည်။

သို ့သော် အသင်းတော်ကို တကိုယ်တော်အုပ်စိုးခြင်းမျိုး သမ္မာကျမ်း၌မတွေ ့ရပေ။ ဘယ်အသင်းတော်၌မှ တကိုယ်တော်ဦးဆောင်ခြင်းမျိုး သမ္မာကျမ်း၌ မရှိပါ။

ဓမ္မသစ်ကျမ်းတွင် မည်သို ့သွန်သင်ထားပါသလဲ

(တကိုယ်တည်း) အသင်းတော်တခုကို အုပ်စိုးခြင်းစနစ်အား ဓမ္မသစ်ကျမ်းက ထောက်ခံအားပေးခြင်း မရှိရုံမက ဓမ္မသစ်ကျမ်းနှင့် ကွဲလွဲဆန် ့ကျင်ကြောင်း တွေ ့ရပါမည်။

ပထမဆန် ့ကျင်ကွဲလွဲချက်မှာ ခရစ်တော်ကို ယုံကြည်သူအပေါင်းတို ့သည် အမှုတော်ဆောင် (သန် ့ရှင်းသော ယဇ်ပုရောဟိတ်မျိုး) ဖြစ်သည်ဟူသော သွန်သင်ချက်ကို ချိုးဖောက်ရာကျ၏။ (၁ပေ၊ ၂း၅၊ ၉)။ ဓမ္မဟောင်းကာလတွင် လူနှင့်တရားစပ်ကြား၌ ဆက်သွယ်သော လူတန်းစား တည်ရှိခဲ့၏။ သို ့သော် ခရစ်တော်အသေခံခဲ့ပြီးသော ယခုကာလတွင် ယုံကြည်သူတိုင်းသည် အမှုတော်ဆောင်ဖြစ်၏။ ယဇ်ပုရောဟိတ်၏ တာဝန်ဝတ္တရား အားလုံးကို ထမ်းဆောင်ဖို ့ အခွင့်ရှိ၏။ ထို ့ကြောင့် အသင်းတော်တခုကို တကိုယ်တော်အုပ်စိုးသော စနစ်သည် ခရစ်ယာန်များ၏ ၀တ်ပြုကိုးကွယ်ခြင်း၊ အမှုဆောင်ခြင်း လုပ်ငန်းများကို အဟန် ့အတား ဖြစ်စေပါသည်။

ဒုတိယဆန် ့ကျင်ကွဲလွဲချက်မှာ အသင်းတော်တခုကို တကိုယ်တော်အုပ်စိုးခြင်း စနစ်သည် အသင်းတော်၌ ၀ိညာဉ်ဆုကျေးဇူးရှိသူများအား ပါ၀င်လှုပ်ရှားမှုကို အတားအဆီးဖြစ်စေပါသည်။ (၁ကော၊ ၁၂၊၁၄)။ ဤသို ့တဦးတည်း၊ (သို ့မဟုတ်) လူတစုက ကြီးစိုးခြင်းအားဖြင့် ကျန်ခရစ်ယာန်များမှာ ဘာမျှလုပ်စရာမရှိတော့ဘဲ ပွဲကြည့်ပရိသတ်မျှသာ ဖြစ်တော့သည်။

ထို ့ပြင် အသင်းတော်တခုကို တကိုယ်တော် အုပ်စိုးခြင်းစနစ်ကြောင့် ဘုရားနှင့်လူစပ်ကြား၌ သီးသန် ့လူတန်းစားတရပ် ဖော်ထုတ်နေသည်နှင့် တူပါသည်။ အကယ်စင်စစ် သမ္မာကျမ်းစာတွင် ဤသို ့ လူတန်းစားသစ်တရပ်ရှိကြောင်း မသွန်သင်ပါ။

အသင်းတော်တခုကို တကိုယ်တော်အုပ်စိုးခြင်းစနစ်သည် လခစားအမှုထမ်းဘဝနှင့်လည်း ဆက်စပ်နေတတ်၍ အထက်အာဏာပိုင်တို ့၏ ကြိုးကိုင်မှုနှင့် မလွတ်ကင်းနိုင်ချေ။ အခွင့်အာဏာရှိသူများသည် ဘုရားသခင်၏ အလိုတော်နှင့် မကိုက်ညီသော အရာများကို အမှုတော်ဆောင်များအား ခိုင်းစေတတ်ပါသည်။ ခရစ်တော်၏ တပည့်သည်ဘောင်ခတ်ခြင်း၊ အဟန် ့အတားပြုခြင်းနှင့် ချည်နှောင်ခြင်းများကို မခံသင့်ပါ။ ဘုရားသခင်အတွက် လွတ်လပ်သူများ ဖြစ်သင့်ပါသည်။ (ဂလာတိ၊ ၁း၁၀)။

အသင်းတော်တခုကို တကိုယ်တော်အုပ်စိုးခြင်း စနစ်သည် ခရစ်တော်ထံသို ့ လူများကိုပို ့ဆောင်လမ်းညွှန်ပေးမည့်အစား လူကိုအားကိုးလာမည့် အန္တရာယ်ဖြစ်စေပါသည်။ အကယ်၍ အသင်းတော်တွင် လူတဦးမှာ ထက်မြက်စွာစွမ်းဆောင်တတ်ပါက ထိုသူမရှိသည့်အခါ အသင်းတော်မှာ လှုပ်ရှားမှု မရှိတော့ချေ။ အကယ်၍ ခရစ်တော်ကြောင့် ခရစ်ယာန်များ စုဝေးခြင်းဖြစ်ပါက မည်သူဘဲဝင်ထွက်သည်ဖြစ်စေ ခရစ်တော်ကို ချစ်လျှက် ဆက်လက်လုပ်ဆောင်နေကြပေမည်။

အသင်းတော်တခုကို တကိုယ်တော်အုပ်စိုးခြင်းဖြင့် ခရစ်တော်သည် အသင်းတော်၏ဦးခေါင်းအဖြစ် မှေးမှိန်စေသည်သာမက တခါတရံ ခရစ်တော်အား လုံးဝကရုမစိုက်သည်အထိ ဖြစ်လာတတ်သည်။ (ဧ၊ ၁း၂၂)

ကျမ်းစာထဲတွင် တိတိကျကျ အထောက်အထားအရ အသင်းတော်တခုတွင် “သင်းအုပ်များ” ရှိကြောင်း တွေ ့ရပါသည်။ (ဖိ၊ ၁း၁)။ သင်းအုပ်တဦးက အသင်းတော်တခု (သို ့မဟုတ်) အသင်းတော်များအား အုပ်စိုးခြင်းမျိုးကို သမ္မာကျမ်းတွင် မတွေ ့ရပါ။

သင်းအုပ်များမှာ အသင်းတော်အတွက် ၀ိညာဉ်ဆုကျေးဇူးရရှိကြသူများဖြစ်ကြောင်း မငြင်းသာပါ။ သို ့သော် သူတို ့သည် လူ၏ခန် ့အပ်ခြင်း၊ ကယ်တင်ခြင်းဖြင့် ဤဝိညာဉ်ဆုကျေးဇူး ရရှိလာခြင်းမဟုတ်ပါ။ ခရစ်တော်၏ ကျေးဇူးကြောင့် ဤဆုကျေးဇူးကို ရရှိခြင်းဖြစ်သည်။ သူတို ့၏တာဝန်မှာ ခရစ်ယာန်များကို ခရစ်တော်အတွက် ထိရောက်စွာ အမှုဆောင်နိုင်ဖို ့ သွန်သင်ရန်ဖြစ်ပြီး မိမိတို ့အပေါ် ခရစ်ယာန်များက အားကိုးမှီခိုလာဖို ့ လုပ်ဆောင်ခြင်းမျိုးမလုပ်သင့်ပေ။

ဘုရားသခင်၏ ခန် ့အပ်ခြင်းမဟုတ်ဘဲ လူ၏လက်တင်ခြင်းကြောင့် အမှုတော်ဆောင်ဖြစ်လာ၍ မကောင်းသောဆိုးကျိုးများ အသင်းတော်အတွင်း ဖြစ်ပေါ်နေပုံကို မပြောပြလိုတော့ပါ။

အသင်းတော်ကို သင်းအုပ်တဦးတည်းကြီးစိုးလျှင် ပြန်လှန်စစ်ဆေးမည့်သူမရှိသောကြောင့် သမ္မာကျမ်းကို တဖက်သတ် အဓိပ္ပာယ်ဖွင့်သည့် အန္တရာယ်ရှိ၍ မှားယွင်းသော အယူဝါဒသို ့ ကျရောက်သွားတတ်သည်။ သန် ့ရှင်းသောဝိညာဉ်တော်အုပ်စိုးလျှင် ၀ိညာဉ်ဆုကျေးဇူးအမျိုးမျိုးဖြင့် အသင်းတော်၌ လွတ်လပ်စွာ ဟောပြောခွင့်ရှိသောကြောင့် သမ္မတရားများကို ပိုမိုသိကျွမ်းလာရမည်။ ဤသို ့ခရစ်ယာန်များသည် သမ္မတရားကို အပြန်အလှန်နှိုင်းယှဉ် လေ့လာခြင်းဖြင့် အယူလွဲခြင်းအန္တရာယ်မှ ကင်းဝေးနိုင်မည်။

အချုပ်

ဘုရားသခင်၏နည်းမှာ ၀ိညာဉ်ဆုကျေးဇူးများဖြင့် ခရစ်ယာန်များကိုသွန်သင်ပဲ့ပြင်၍ ခရစ်ယာန်များက ခရစ်တော်၏ သာသနာပြန် ့ပွားရေးအတွက် တဆင့်ဟောပြော သက်သေခံသောနည်းဖြစ်သည်။ ဤနည်းကို အသင်းတော်တိုင်း လိုက်နာကျင့်သုံးအပ်၍ တားဆီးချုပ်ချယ်ပိတ်ပင်ရန် မသင့်ပါ။ ခရစ်ယာန်များ သက်သေခံခြင်းဖြင့် ခရစ်တော်ကို ယုံကြည်သူများ တိုးပွားလာပြီး အသင်းတော်လည်း ပြန် ့ပွားတိုးတက်လာမည်။

မေးခွန်းလွှာ (၇)

၁။        ယခုခောတ်တွင် ခရစ်ယာန်သာသနာ ပြန် ့ပွားရန် ဘုရားသခင်သည်-

(က) လူမသိသော ဘုရားသခင်၏နည်းလမ်းဖြင့် ကောင်းကင်တမန်များကို အသုံးပြုသည်။

(ခ) ဘုရားသခင်၏ ၀ိညာဉ်ဆုကျေးဇူးများ ရထားသော အသင်းတော်ကို အသုံးပြုသည်။

(ဂ) ဒေသန္တရအသင်းတော်ထက်သာသည့် လွတ်လပ်သော အဖွဲ ့အစည်းများကို အသုံးပြုသည်။

(ဃ) အသင်းတော်နှင့် သီးခြားဆောင်ရွက်သည့် သန် ့ရှင်းသောဝိညာဉ်တော်ကို အသုံးပြုသည်။                                   ………………

၂။         ဧ၊ ၄း၁၂၊ ၁၃တွင်-

(က) အသင်းတော်ကို ဘာကြောင့်ဝိညာဉ်ဆုကျေးဇူးပေးရသည့် အကြောင်းသုံးချက်ကို ဖော်ပြထားသည်။

(ခ) အသင်းတော်ကို ဘုရားသခင်၏ဝိညာဉ်ဆုကျေးဇူးပေးသည့် အကြောင်းအချက်ကို ဖော်ပြထားသည်။

(ဂ) အသင်းတော်၌ လူတဦးတည်း အမှုတော်ဆောင်ခြင်းကို အာမခံချက်ပေးသည်။

(ဃ) ဧဝံဂေလိ အဖွဲ ့များသည် အသင်းတော်မပါဘဲ လုပ်ပိုင်ခွင့်ရှိကြောင်း အာမခံသည်။                                             ………………

၃။        ဧ၊ ၄း၁၂၊၁၃တွင် အဆိုပြုထားသော အချက်ကို အောက်ပါမည်သည့် ကျမ်းပိုဒ်က ထောက်ခံပါသနည်း။

(က) ရောမ၊၁၀း၁၄

(ခ) ၁ကော၊ ၃း၅

(ဂ) ဖိ၊ ၁း၁

(ဃ) ၁တိ၊ ၂း၂။                                                                            ……………..

၄။        ဓမ္မအမှုတော်ဆောင်နှင့် သာမန်ခရစ်ယာန်လူတန်းစားနှစ်မျိုးခွဲထားခြင်းကြောင့် ခရစ်တော်၏ သာသနာတော်ကို ထိခိုက် အားနည်းရခြင်း အကြောင်းမှာ-

(က) တရားနာသူများသော်လည်း သဘောပေါက်သူနည်းလှ၏

(ခ) အသင်းတော်၏ သာသနာတော်ပြန် ့ပွားရေးတွင် ပရိသတ်များပါ၀င်လာရန် ဓမ္မဆရာတဦးတည်းက မသိမ်းသွင်းနိုင်။

(ဂ) သာမန်ခရစ်ယာန်များ၏ ၀ိညာဉ်ရေးကို အဟန် ့အတား ဖြစ်စေသည်။

(ဃ) အထက်ပါအချက်အားလုံးကို ဖြစ်စေသည်။                                                                            ………………

၅။        တိတုသြဝါဒစာ၏ နောက်ဆုံးအပိုင်းမှာ

(က) ပေါလုရေးသားခြင်းဖြစ်သည်။ သို ့သော် ၀ိညာဉ်တော်ဘုရား၏တန်ခိုးမပါ။

(ခ) သမ္မာကျမ်းစာနှင့် ကိုက်ညီသော ဓမ္မအမှုတော်ဆောင် စနစ်ကိုဖော်ပြသည်။

(ဂ) သန် ့ရှင်းသောဝိညာဉ်တော်မှုတ်သွင်းသော မူရင်းကျမ်း၏ အစိတ်အပိုင်းဖြစ်သည်။

(ဃ) အကယ်စင်စစ် တိမောသေထံသို ့ ရေးသားသော သြဝါဒစာ၏ နောက်ဆုံးပိုင်းဖြစ်သည်။                                     ………………

၆။        တကိုယ်တော် အမှုတော်ဆောင်စနစ်နှင့် သမ္မာကျမ်း၏သွန်သင်ချက် ပဋိပက္ခဖြစ်ခြင်းမှာ-

(က) ယုံကြည်သူတိုင်း ဓမ္မအမှုတော်ဆောင်ဖြစ်သည်။

(ခ) တလုံးတကိုယ်တည်းရှိသော ခရစ်တော်၏ကိုယ်။

(ဂ) အသင်းတော်နှင့် တိုင်းပြည်ကို ခွဲခြားခြင်း။

(ဃ) ၀ိညာဉ်တော်၏ ဗတ္တိဇံ။                                            ……………….

၇။        “ယခုခောတ် ဓမ္မအမှုဆောင်နှင့် ဓမ္မသစ်ခောတ်သင်းအုပ်များ တူညီသည်” ဟု ပြောဆိုချက်များ မမှန်သည့်အကြောင်းမှာ-

(က) ဓမ္မသစ်ခောတ် သင်းအုပ်များသည် တမန်တော်များကိုယ်တိုင် လက်တင် ဘိသိက်ပေးထားခြင်းဖြစ်သည်။

(ခ) ဓမ္မသစ်ခောတ်တွင် မည်သည့်ဒေသန္တရအသင်းတော်၌မဆို သင်းအုပ်အများရှိသည်။

(ဂ) ဓမ္မသစ်၌ “သင်းအုပ်” ဝေါဟာရသည် ဂျူးဘုန်းကြီးများကိုသာ ဆိုလိုသည်။

(ဃ) ဓမ္မသစ်“သင်းအုပ်” များသည် ၄င်းရာထူးကို ဆွေစဉ်မျိုးဆက်အရ အမွေဆက်ခံလာသည်။                        ………………

၈။        အသင်းတော်၌ ကိုယ်လိုရာတဘက်သတ် အဓိပ္ပာယ်ဖွင့်ဆိုခြင်းမျိုးကို စိစစ်ထိန်းသိမ်းနိုင်ရန် အကောင်းဆုံးမှာ-

(က) ယုံကြည်သူအားလုံးသည် သန် ့ရှင်းသော ၀ိညာဉ်တော် လမ်းညွှန်ပဲ့ပြင်သည့်အတိုင်း ပြောဆိုဝေမျှခွင့်ရှိရမည်။

(ခ) အသိအမှတ်ပြုထားသော ကျမ်းစာကျောင်းမှ သင်တန်းတက်ခဲ့သော ဦးဆောင်သူ ကွပ်ကဲစေရမည်။

(ဂ) ဌာနချုပ်မှ ရေးသားပေးပို ့သော သွန်သင်ချက်များအတိုင်း အသင်းတော်စည်းဝေးက လက်ခံကျင့်သုံးရမည်။

(ဃ) တရားပလ္လင်မှ ဟောပြောချက်များကို သမ္မာကျမ်းနှင့် ကိုက်ညီခြင်း ရှိမရှိမကြာခဏ စစ်ဆေးနိုင်ရန် ကောမတီတခုဖွဲ ့စည်းထားသင့်သည်။             ………………

၉။        အသင်းတော် ပြန် ့ပွားနည်းနှစ်မျိုးကို ပုံဖြင့်ဖော်ပြပါ။

ပုံတွင် ယခုအများခံယူထားသော တကိုယ်တော် အမှုဆောင်နှင့် သာမန်ခရစ်ယာန်များ၏ ဆက်သွယ်ပုံစနစ်ကို ပုံဖြင့်ဖော်ပြပါ။

နောက်တပုံတွင် ဓမ္မသစ်ကျမ်း၌ ဖော်ပြထားသော ဘုရားသခင်၏နည်းကို ပုံဖြင့်ဖော်ပြပါ။

 

သင်ခန်းစာ (၈)

ဘုရားသခင်၏ ခန် ့အပ်ခြင်း

ယုံကြည်သူသည် (ယဇ်ပုရောဟိတ် သာသနာ့အမှုတော်ဆောင်) ဖြစ်သည်။ ခရစ်တော်ကို ယုံကြည်သူတိုင်းသည် ဘုရားသခင်၏ အမှုတော် ဆောင်များဖြစ်ကြောင်း လေ့လာခဲ့ပြီ။ သို ့ဖြစ်၍ဤသွန်သင်ချက်ကို လက်တွေ ့နာခံလိုက်ရှောက်ရန် တာဝန်နှင့် အခွင့်အရေးရှိကြောင်း ယုံကြည်သူတို ့ အား တိုက်တွန်းအားပေးသင့်သည်။

၁။ ခြားနားချက်

ဓမ္မဟောင်းကျမ်းတွင် လေ့လာသည့်အခါ မောရှေသည် လေဝိအမျိုးအာရုန်၏ မိသားစုကို ယဇ်ပုရောဟိတ် (အမှုတော်ဆောင်)များအဖြစ် ခန် ့ ထား၏။ ဤသူများသည် အထူးအခွင့်အရေးများရကြပြီး၊ ထူးခြားသော ၀တ်ရုံများဝတ်ဆင်၍ လူနှင့်ဘုရားသခင်အကြားတွင် သီးသန် ့လူတန်းစား တမျိုးအဖြစ် ရပ်တည်ကြ၏ သူတို ့သာလျှင် သန် ့ရှင်းသောအရပ်သို ့ ၀င်ခွင့်ရပြီး တရားတော်၌ ဖော်ပြထားသော ယဇ်ပူဇော်ခြင်းများကို သူတို ့သာလျှင် ပူဇော်ခွင့်ရှိသည်။

ခရစ်ယာန်အများတို ့သည် ယနေ ့အထက်ပါအတိုင်း မလုပ်တော့ပါ။ ခရစ်တော်ကို ယုံကြည်သူတိုင်းသည် ယဇ်ပုရောဟိတ်များ (အမှုတော်ဆောင်) ဖြစ်ကြောင်း ဓမ္မသစ်ကျမ်းတွင် ဖော်ပြထားသည်။ “သင်တို ့သည်လည်း ဘုရားသခင်၏ သာသနာ့အိမ်တော်ကို တည်ဆောက်သောအသက် ကျောက်မြတ်များကဲ့သို ့ ဘုရားသခင်ထံတော်သို ့ တိုးဝင်ချဉ်းကပ်ပြီး ဘုရားသခင်နှစ်သက်လက်ခံသော အရာများကို ပူဇော်ဆက်သသည့် သန် ့ရှင်းသော ယဇ်ပုရောဟိတ် (အမှုတော်ဆောင်) များဖြစ်ကြသည်” (၁ပေ၊ ၂း၅)။ “သင့်ကို ဘုရားသခင်သည် အမှောင်မှအလင်းထဲသို ့ ရွေးကောက်ထား၍ သင်သည် မြင့်မြတ်သော ဘုရားသခင်၏ အမှုတော်ဆောင် (ယဇ်ပုရောဟိတ်) သန် ့ရှင်းစင်ကြယ်သော လူမျိုးဘုရားသခင်နှင့် ဆိုင်သောသူ ဖြစ်သောကြောင့် သင်သည် ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းရမည်” (၁ပေ၊ ၂း၉)။ ယေရှုခရစ်သည် ကျွနု်ပ်တို ့ကိုချစ်သောကြောင့် ကျွနု်ပ်တို ့၏ အပြစ်အတွက် အသေခံပြီး အသွေးတော်ဖြင့် အပြစ်ကို ဆေးကြောခဲ့သည်။ ထို ့ပြင် အဘခမည်းတော်ရှေ ့၌ ကျွနု်ပ်တို ့ကို ယဇ်ပုရောဟိတ် (အမှုတော်ဆောင်)နှင့် ရှင်ဘုရင်အရာ၌ ခန် ့ထားချီးမြှောက်တော်မူသည်။ ကမ္ဘာအဆက်ဆက် ဘုန်းတန်ခိုး အစွမ်းသတ္တိသည် ကိုယ်တော်၌ ရှိပါစေသော အာမင် (ဗျာဒိတ်၊၁း၅-၆)။

ခရစ်တော်ကို ယုံကြည်သောသူတိုင်းသည် ယဇ်ပုရောဟိတ် (အမှုတော်ဆောင်)များဖြစ်သည်ကို ဆရာကြီး မာတင်လူသာက ရဲရဲဝံ့ဝံ့ လက်ခံခဲ့သည်။

၂။ ကျွနု်ပ်တို ့၏ ပူဇော်ဆက်ကပ်ခြင်း

ယဇ်ပုရောဟိတ်၏ အရေးကြီးသော တာဝန်အချို ့တွင် ပူဇော်ဆက်ကပ်ခြင်း တခုလည်းပါ၀င်၏။ ဓမ္မဟောင်းကာလ၌ ပူဇော်ဆက်ကပ်ခြင်းများတွင် အများအားဖြင့် တိရိစ္ဆာန်များကိုသတ်၍ ပူဇော်ကြ၏။ ယခုခောတ်ကာလတွင် ခရစ်တော်ကို ယုံကြည်သူတို ့သည် မိမိ၏အသက် ရှင်သောကိုယ်ခန္ဓာကို ပူဇော်ဆက်သရ၏။ (ရောမ၊ ၁၂း၁)။ ဤဆက်ကပ်ခြင်းသည် အသေကောင်ဆက်ကပ်ရသည်မဟုတ်။ ဘုရားသခင် နှစ်သက်လက်ခံသည့် စင်ကြယ်သန် ့ရှင်းပြီး အသက်ရှင်သော ကိုယ်ခန္ဓာကို ဆက်ကပ်ခြင်းဖြစ်၏။ ဥစ္စာပစ္စည်းနှင့်လည်း ဆက်ကပ်သေးသည် (ဟေဗြဲ၊ ၁၃း၁၆)။ သူတပါးကိုမစခြင်း ကောင်းမှုပြုခြင်း အမှုကို မမေ့မလျော့ကြနှင့်။ အကြောင်းမူကား ထိုသို ့သောယဇ်ကို ဘုရားသခင် နှစ်သက်လက်ခံတော်မူ၏။

ထို ့ပြင် ကျေးဇူးတော်ချီးမွမ်းခြင်း ယဇ်လည်းရှိသေးသည် (ဟေဗြဲ၊ ၁၃း၁၅)။ ဘုရားသခင်ကို အစဉ်မပြတ် ကျေးဇူးတော် ချီးမွမ်းခြင်းဖြစ်သည့် ဘုရားသခင်၏ဂုဏ်တော်ကို နှုတ်ဖြင့်ဝန်ခံ ချီးမွမ်းခြင်းအသီးကို ခရစ်တော်အားဖြင့် ကျွနု်ပ်တို ့ပူဇော်ဆက်သကြစို ့။ ဤကျေးဇူးတော်ချီးမွမ်းခြင်းယဇ်ကို တစ်ဦးချင်း ကျေးဇူးတော် ချီးမွမ်းခြင်းဖြင့်လည်းကောင်း စုပေါင်း၍ ကျေးဇူးတော်ချီးမွမ်းခြင်းဖြင့်လည်းကောင်း လုပ်သင့်သည်။ စုပေါင်း ကျေးဇူးတော် ချီးမွမ်းခြင်းယဇ်ကို ယုံကြည်သူများ လွတ်လပ်စွာ ပါ၀င်ခွင့်ရှိသော်လည်း ယနေ ့ပုံသေရေးဆွဲထားသော ၀တ်ပြုစည်းဝေးခြင်း အစီအစဉ်ကြောင့် တိမ်ကောခဲ့ရသည်။ အချုပ်မှာ ခရစ်ယာန်တို ့သည် နှုတ်ပိတ်တိတ်ဆိတ်ရသော အခြေသို ့ဆိုက်ရောက်နေရ၏။

၃။ အမှုတော်ဆောင်၏ အခြားတာဝန်များ

အမှုတော်ဆောင်ဖြစ်သော ကျွနု်ပ်တို ့သည် ဆုတောင်းဝတ်ပြုခြင်း၊ ဘုရားသခင်အကြောင်း ဟောပြောသက်သေခံခြင်းနှင့် ဘုရားသခင်၏ သားသမီးများကို မစသွန်သင်ခြင်းများ ပြုရသေးသည်။ ဤအကြောင်းနှင့် ပတ်သတ်ပြီး ကျမ်းစာ (ရောမ၊ ၈း၁၄၊ ဂလာ၊ ၅း၁၈၊ ယော၊ ၁၆း၁၃) ၌ ရှင်းလင်းစွာ ဖော်ပြထားသည်မှာ ဆုတောင်းဝတ်ပြုခြင်း၊ ဘုရားသခင်အကြောင်း ဟောပြောသွန်သင်ခြင်းသည် တပါတ်တွင် တရက်သာမဟုတ်ဘဲ နေ ့စဉ်နံနက်မှညအထိ တသက်တာလုံး လိုက်နာလုပ်ဆောင်ရကြောင်း သွန်သင်ပါသည်။ သို ့ဖြစ်၍ အသင်းတော်စည်းဝေး၊ ဆုတောင်းစည်းဝေးနှင့် ကျမ်းစာ သင်တန်းများကို အသင်းတော် ဇရပ်များ၌သာ ဆုတောင်းဟောပြော သွန်သင်ရသည် မဟုတ်ဘဲ ယုံကြည်သူ၏အသက်တာ တလျှောက်လုံး၌ လည်းကောင်း၊ အသင်းတော်ဝတ်ပြုဇရပ်၏ အပြင်ဘက် လူမျိုးတကာထံသို ့လည်း သွားရောက် ဟောပြောသွန်သင်ရပါသည်။ ထို ့ကြောင့်ပင် ခရစ်တော်ကို ယုံကြည်သူသည် စင်ကြယ်သောလူမျိုး၊ ယဇ်ပုရောဟိတ် (အမှုတော်ဆောင်) များဖြစ်သည်ဟု ကျမ်းစာ၌ သွန်သင်ထားသည် (ထွ၊ ၁၉း၆၊ ၁ပေ၊ ၂း၅-၉)။

၄။ ကျွနု်ပ်တို ့၏ ယဇ်ပုရောဟိတ်မင်း

သမ္မာကျမ်း၌ ဖော်ပြထားချက်အရ ယုံကြည်သူတိုင်းသည် ယဇ်ပုရောဟိတ်ဖြစ်သည်ဟု ဆိုခြင်းမှာမှန်ပါ၏။ သို ့သော် ယုံကြည်သူ ခရစ်ယာန်တိုင်းသည် မိမိနှင့်ဘုရားသခင်တို ့စပ်ကြား ယဇ်ပုရောဟိတ်တပါးလိုအပ်သေးသည်။ ထိုသူသည်ကား ယေရှုခရစ်ပင်ဖြစ်သည်။ ကျွနု်ပ်တို ့၏ ယဇ်ပုရောဟိတ်မင်းဖြစ်သော ယေရှုခရစ်သည် ကျွနု်ပ်တို ့ခံရသည့်နည်းတူ အမျိုးမျိုးသော စုံစမ်းနှောင့်ယှက်ခြင်းတို ့ကို ခံဖူးသည်သာမက ဒုစရိုက်အပြစ်နှင့် ကင်းလွတ်တော်မူ၏။ (ဟေဗြဲ၊ ၄း၁၅)။

၅။ မှားယွင်းသော အယူဝါဒ

ထို ့ကြောင့် အသင်းတော်တိုင်းသည် ယုံကြည်သူများအား သန် ့ရှင်းသော ယဇ်ပုရောဟိတ်များအဖြစ် လည်းကောင်း၊ အရှင်ယေရှုခရစ်ကို ယဇ်ပုရောဟိတ်မင်းအဖြစ်လည်းကောင်း လက်ခံအသိအမှတ်ပြုရမည်။ သို ့သော်ယနေ ့ခရစ်ယာန် အသိုင်းအဝိုင်းတွင် ဤသို ့တွေ ့ရပါသလား? မတွေ ့ရပါ။ ဂျူးအယူဝါဒ၏ ၀တ်ပြုပုံ အစဉ်အလာအတိုင်း ပြုကျင့်နေသည်ကို တွေ ့ရပါသည်။ ခရစ်တော်ကို ယုံကြည်သူတိုင်း ယဇ်ပုရောဟိတ်ဖြစ်သည်ဟု အသင်းတော်များက ယုံကြည်ပါသည်ဟု ၀န်ခံနေကြသော်လည်း လက်တွေ ့တွင် သီးခြားအမှုတော်ဆောင်များ သတ်မှတ်ခန် ့အပ်ခြင်းဖြင့် ဘုရားအမှုကို ဆောင်ရွက်သော လူတန်းစားတရပ် သီးခြားဖော်ထုတ်၍ ဘွဲ ့ဂုဏ်ပုဒ်များတပ်ပြီး၊ သာမန်ခရစ်ယာန်များနှင့် ခွဲခြားနေကြောင်း သိသာထင်ရှားပါသည်။ ထို ့ပြင် အဆောင်အယောင်များ၊ ထုံးတမ်းစဉ်လာများ၊ ဘာသာရေးနေ ့ရက်များ ထူးခြားစွာ ဆင်ယင်သော ပလ္လင်နှင့် အထူးဆက်ကပ်ထားသော အဆောက်အအုံများဖြင့် ၀တ်ပြုကိုးကွယ်ခြင်းဖြစ်သော ဂျူးအယူဝါဒများကို ကျင့်သုံးနေကြသေးသည်။

အခြားမှားယွင်းသော အယူဝါဒသည် အသင်းတော်၏ ယုံကြည်ချက်ကို လွဲချော်စေ၍ အသင်းတော်၏ တန်ခိုးနှင့်ကြီးထွားမှုကိုလည်း ဆုတ်ယုတ်စေပါသည်။

၆။ ဘာလုပ်သင့်သလဲ

ဘုရားသခင်ကို ယုံကြည်သောသူတို ့သည် ခရစ်တော်၌ စုံလင်ပြည့်ဝနိုင်ရန် ဘာသာရေး ထုံးတမ်းစဉ်လာနှင့် လောကီတပ်မက်ခြင်း လောင်းရိပ်မှ လွတ်ကင်းရမည်။

သို ့မှသာ ဘုရားသခင်၏ တန်ခိုးကိုရရှိပြီး အစဉ်ဝတ်ပြုသော အသင်းတော်ဖြစ်လာမည်။ အသင်းတော်၏ သာသနာပြုလုပ်ငန်းများတွင် ခရစ်တော်၏ တပည့်တော်များနှင့်အတူ ဆက်ကပ်လုပ်ဆောင်မည့် လုပ်ဖော်များသာမက သူတပါးကို ကူညီမစသူများလည်း တိုးပွားလာကြမည်။ သို ့မှသာ ခရစ်တော်သည် အပြစ်သားများကို ကယ်တင်ပိုင်သော အရှင်ဖြစ်ကြောင်း၊ နေရာတိုင်း အချိန်တိုင်းတွင် ဝေစာဖြန် ့ဝေခြင်း၊ မေတ္တာစေတနာဖြင့် လိုက်လံဟောပြောခြင်း သက်သေခံခြင်းရှိသော အသင်းတော်ဖြစ်လာမည်။

အသင်းတော်၌ ခရစ်တော်၏မေတ္တာပြည့်ဝခြင်းဖြင့် အချင်းချင်းချစ်ကြလျက် တယောက်ကိုတယောက် ကူညီမစခြင်း၊ တယောက်အတွက်တယောက်ဆုတောင်းပေးခြင်းဖြင့် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေမည်။ ဤသို ့သောအသင်းတော်သည် ဘုရားသခင်၏ ၀ိညာဉ်တော် ပဲ့ပြင်လမ်းပြသည့်အတိုင်း စုဝေးဆောင်ရွက်ကြမည်။ ဘုရားသခင်ပေးထားသော ၀ိညာဉ်ဆုကျေးဇူးများကိုလည်း လူ၏တားဆီးပိတ်ပင်မှုများမှ လွတ်လပ်စွာ တဦးကိုတဦး ချစ်ခြင်းနှင့် သွန်သင်မစကြပါလိမ့်မည်။ (၁ကော၊၁၂း၄-၁၀၊ ၁၄း၂၆)။

၇။        ခရစ်တော်အုပ်စိုးသော အသင်းတော်နှင့် ပတ်သတ်ပြီး အကြောင်းအရာ (၇)ခုကို လေ့လာခဲ့ပြီ။ ဤယဇ်ပုရောဟိတ် သင်ခန်းစာပြီးလျှင် ခရစ်တော်၏ ကိုယ်ဖြစ်သော အသင်းတော်နှင့် ပတ်သတ်၍ အခြားလေ့လာရာ ရှိသေးသော်လည်း ဤမျှနှင့်ရပ်နားလိုက်ပြီး အသင်းတော်နှင့် ကျင့်ဝတ်များ၊ ဆုတောင်းခြင်း၊ ဘဏ္ဍာရေး၊ သင်းအုပ်၊ သင်းထောက်နှင့် အမျိုးသမီးကဏ္ဍအကြောင်းများကို ဆက်လက်လေ့လာကြပါစို ့။

ဗတ္တိဇံ

ဘုရားသခင်၏ ညစာစားပွဲနှင့် ဗတ္တိဇံတို ့သည် ခရစ်ယာန် အသင်းတော်၌ ပြုလုပ်ကြသည့် အဓိကကျင့်ဝတ်နှစ်ခုဖြစ်သည်။ ယုံကြည်သူများသည် ဤကျင့်ဝတ်နှစ်မျိုးကို လိုက်နာကြရန် ခရစ်ဝင်ကျမ်းများ၌ သွန်သင်၍ (မ၊ ၂၈း၁၉၊ လု၊ ၂၂း၁၉-၂၀) ယုံကြည်သူများ လိုက်ရှောက်ကြပုံကို တမန်တော်ဝတ္ထု (တ၊၁၀း၄၇-၄၈၊ ၂၀းရ)၌ တွေ ့ရပြီး သြဝါဒကျမ်းများ၌ အကျယ်တဝင့် သွန်သင်ရှင်းလင်းထားပါသည်။ (ရောမ၊ ၆း၃-၁၀၊ ၁ကော၊ ၁၁း၂၃-၃၂)။

(၁) ဗတ္တိဇံသုံးမျိုး

ပထမမှာ ရှင်ယောဟန်၏ နောင်တနှင့် သက်ဆိုင်သော ဗတ္တိဇံ (မာ၊ ၁း၄) ခရစ်တော်၏ ရှေ ့ပြေးအဖြစ် ရှင်ယောဟန်သည် အစ္စရေးလူမျိုးတို ့အား နောင်တရကြဖို ့ ဟောပြောသတိပေးခဲ့၏။ (မ ၃း၁၅)။ ရှင်ယောဟန်ထံသို ့ လာရောက်သောသူတို ့သည် မိမိတို ့အပြစ်ကိုဝန်ချတောင်းပန်လျက် နောင်တနှင့်သက်ဆိုင်သော ဗတ္တိဇံကိုခံယူပြီး ဘုရားသခင်ကို မယုံကြည်သောသူတို ့နှင့် ခြားနားကြောင်း သက်သေပြကြ၏။

ဒုတိယမှာ-ယုံကြည်သူများ၏ ဗတ္တိဇံ (ရောမ၊ ၆း၃-၄)။ ဤ ဗတ္တိဇံမှာ “ငါ” တည်းဟူသော အတ္တသဘောသည် ခရစ်တော်နှင့်အတူ သေခြင်းကိုဆိုလိုသည်။ နောက်ပိုင်းတွင် အသေးစိတ်ဖော်ပြပါမည်။ တတိယမှာ-သန် ့ရှင်းသော ၀ိညာဉ်တော်၌ ဗတ္တိဇံ (၁ကော၊ ၁၂-၁၃) ခရစ်တော်ကို ယုံကြည်သူ အပေါင်းတို ့ကို ဘုရားသခင်က သန် ့ရှင်းသော ၀ိညာဉ်တော်အားဖြင့် ခရစ်တော်၏ ကိုယ်ခန္ဓာထဲသို ့ ပူးပေါင်းသည့် ဗတ္တိဇံကို ဆိုလိုသည်။

(၂) ခြားနားချက်

ဤ ဗတ္တိဇံသုံးမျိုးတို ့မှာ သဘောသဏ္ဍာန်များ သီးခြားစီရှိ၍ တခုနှင့်တခုကွာခြားကြသည်ကို သေချာစွာ လေ့လာထားသင့်သည်။ ရှင်ယောန်ဟန်၏ ဗတ္တိဇံသည် ၀ိညာဉ်တော် ဗတ္တိဇံနှင့် မတူကြောင်းသတိပြုပါ။ (မ၊ ၃း၁၁)တွင် ရှင်းလင်းစွာဖော်ပြထား၏ ရှင်ယောဟန်၏ နောင်တနှင့် သက်ဆိုင်သော ဗတ္တိဇံသည် ယုံကြည်သူ၏ ဗတ္တိဇံနှင့်လည်းမတူပါ။ ရှင်ယောဟန်၏ ဗတ္တိဇံကို ခံယူပြီးသော တပည့်တို ့သည် ထပ်မံပြီး ယုံကြည်သူ၏ ဗတ္တိဇံကို ခံယူရသေးကြောင်းတွေ ့ရသည် (တ၊ ၁၉း၁-၅) သန် ့ရှင်းသောဝိညာဉ်တော်၏ ဗတ္တိဇံသည် ယုံကြည်သူ၏ ဗတ္တိဇံနှင့် လည်းမတူပါ။ လူအများတို ့သည် ရေနှစ်ခြင်းကို ၀ိညာဉ်တော် ဗတ္တိဇံ၏ အသွင်သဏ္ဍာန် ဆောင်သည်ဟုထင်ကြ၏။ အမှန်မှာ ထို ဗတ္တိဇံတို ့သည် လုံးဝကွာခြားကြ၏။ ခရစ်တော်ကို ယုံကြည်သူ၏ ဗတ္တိဇံမှာ “ငါတည်းဟူသော အတ္တသဘော” သေခြင်းကို ဆိုလိုသည်။ ၀ိညာဉ်တော်၏ ဗတ္တိဇံမှာ ခရစ်တော်၏ ကိုယ်ခန္ဓာနှင့် ပူးပေါင်းခြင်းကို ဆိုလိုသည်။

အချုပ်ပြောရလျှင် ဖော်ပြခဲ့သော ဗတ္တိဇံသုံးမျိုး ရှုပ်ထွေးခြင်းမရှိဖို ့ ကွာခြားချက်များကို သတိပြုလေ့လာသင့်သည်။

(၃) ယုံကြည်သူ၏ ဗတ္တိဇံ

အရှင်ယေရှုခရစ်ကို ယုံကြည်လက်ခံသူအား ဗတ္တိဇံရေနှစ်ခြင်းပေးကြောင်း ဓမ္မသစ်ကျမ်းတွင် တွေ ့ရသည်။ အောက်ပါကျမ်းပိုဒ်များကို သတိပြုပါ။ “အရှင်ယေရှုခရစ် အကြောင်းကိုကြား၍ ယုံကြည်ကြသော သူတို ့သည် ဗတ္တိဇံနှစ်ခြင်းခံကြ၏။” (တ၊ ၂း၄၁)။ ဘုရားသခင်၏ နိုင်ငံတော်နှင့် ယေရှုခရစ်အကြောင်း ဖိလိပ္ပုဟောပြောသည်ကို ယုံကြည်ကြသော ယောကျ်ား၊ မိန်းမတို ့သည် ဗတ္တိဇံနှစ်ခြင်းခံကြ၏ (တ၊ ၈း၁၂)။ အိမ်သူအိမ်သားများ ဗတ္တိဇံနှစ်ခြင်းခံသည့်အဖြစ်လည်း ရှိပါသည်။ (တ၊ ၁၆း၁၅၊ ၁ကော၊ ၁း၁၆)။ သို ့သော် ဤအိမ်သူအိမ်သားများထဲတွင် မယုံကြည်သူပါ၀င်သည့် အထောက်အထား မတွေ ့ရပါ။ ထို ့ကြောင့် ခရစ်တော်အား ကယ်တင်ရှင်အဖြစ် လက်ခံယုံကြည်သောသူကိုသာ ရေနှစ်ခြင်း (ဗတ္တိဇံ) ပေးရမည်။

(၄) ရေနှစ်ခြင်း ဗတ္တိဇံ အနက်အဓိပ္ပာယ်

ရေနှစ်ခြင်း ဗတ္တိဇံ၏အနက်အဓိပ္ပာယ်ကို (ရောမ၊ ၆း၁-၁၀)တွင် ရှင်းလင်းထားသည် ကျွနု်ပ်တို ့ကိုယ်စား ခရစ်တော်သည် ဘုရားသခင်၏ အမျက်တော်ကိုခံ၍ ကားတိုင်ပေါ်တွင် အသေခံခဲ့၏။ အကယ်စင်စစ် ကျွနု်ပ်တို ့အသေခံရမည့် ပြစ်ဒဏ်အတွက် ခရစ်တော် အသေခံရခြင်းဖြစ်၏။ ခရစ်တော်အသေခံသည့်အခါ ကျွနု်ပ်တို ့လည်း ကိုယ်တော်နှင့်တပါးတည်း အတူအသေခံရသည်ဟု ယုံကြည်ခံယူရသည်။ သို ့ဖြစ်၍ အပြစ်ဒဏ်၏အခကို ခရစ်တော်အသေခံလျက် ပေးဆပ်ခဲ့၍ အပြစ်ဒဏ်အတွက် ကျွနု်ပ်တို ့လည်းသေပြီးပြီ။ ခရစ်တော်ကို ယုံကြည်သူတို ့သည် ခရစ်တော်နှင့်အတူ ကားတိုင်ပေါ်တွင် အသေခံပြီးပြီဟု ဘုရားသခင် သဘောထားသည်။ အပြစ်သားဘဝ၌ ရှိသော မိမိ၏ဗီဇသဘောကို ကားတိုင်ပေါ်တွင် သေစေပြီ။ ဤအချက်အတိုင်း ယုံကြည်သူသည် လူအများရှေ ့တွင် ရေနှစ်ခြင်း၊ ဗတ္တိဇံအားဖြင့် မိမိသည် ခရစ်တော်နှင့် အတူသေပြီဟု သရုပ်ဖော်သက်သေခံရာရောက်၏။

ထိုသူရေထဲသို ့နှစ်သွားခြင်း၏ အဓိပ္ပာယ်မှာ “ကျွနု်ပ်တို ့၌ အပြစ်ရှိသောကြောင့် သေထိုက်ပါ၏။ သို ့ဖြစ်၍ခရစ်တော်သည် သေသည့်အခါ ကျွနု်ပ်လည်း ခရစ်တော်နှင့်အတူ သင်္ဂြိုဟ်ခဲ့ပြီ။ သို ့ဖြစ်၍ နေ ့စဉ် ကျွနု်ပ်၏အတ္တ လူဟောင်းသဘောကို ထာဝရစွန် ့ပစ်ရမည်ကို ကျွနု်ပ်ဝန်ခံပါ၏

ရေထဲမှပေါ်ထလာသော အဓိပ္ပာယ်မှာ ယေရှုသည် သေရာမှ ပြန်ရှင်လာသော ဘုရားဖြစ်သည်။ ထို ့ကြောင့် ခရစ်တော်ကို ယုံကြည်သူ၌ ခရစ်တော်အသက်ရှင်လာခြင်းကို ဆိုလိုသည်။

ရေနှစ်ခြင်းသည် ဗတ္တိဇံခံသူသည် အသက်သစ်၌ရှင်ရန် လုံးဝ ဆုံးဖြတ်ထားပြီဖြစ်ကြောင်း ၀န်ခံရာရောက်သည်။ မိမိသဘောအတိုင်း လုပ်ကိုင်ကြံစည်တော့မည် မဟုတ်ဘဲ ကယ်တင်ရှင်ယေရှုခရစ်၏ သဘောကို လိုက်ရှောက်တော့မည်ဟု အဓိပ္ပာယ်သက်ရောက်သည်။

ထို ့ကြောင့် “ရေနှစ်ခြင်း ဗတ္တိဇံ” ခံရခြင်း၏ အဓိပ္ပာယ်မှာ ခရစ်တော်ကို ယုံကြည်ကြသူသည် ခရစ်တော်နှင့်အတူသေ၍ ဘဝဟောင်း အဆုံးသတ်ပြီးကြောင်း လက္ခဏာသက်သေပြသော အသင်းတော်ဝတ်တခုဖြစ်သည်။ ဘုရားသခင်၏ အလိုတော်ကိုဝန်ခံလိုက်နာရန် လူများရှေ ့၌ ဖော်ပြသက်သေခံခြင်းဖြစ်သည် (မ၊ ၂၈း၁၉-၂၀) ဤသို ့လုပ်ခြင်းကြောင့် ကယ်တင်ခြင်းရသည်မဟုတ်ပါ။ ကယ်တင်ခြင်းရပြီး သူလိုက်လျှောက်ရသော ကျင့်ဝတ်သာဖြစ်သည်။

(၅) ရေနှစ်ခြင်း ဗတ္တိဇံဘယ်လိုခံရမလဲ

ရေဖျန်းရမလား၊ ရေထဲသို ့နှစ်ရမလားဟူ၍ အမျိုးမျိုးငြင်းခုံလာကြ၏။ ဤပြဿနာ၏ အဖြေကို ယခုလေ့လာကြပါစို ့။ ဗတ္တိဇံ (Baptize) စကားလုံးသည် ဂရိ (Greek) ဝေါဟာရတခုဖြစ်ပါသည်။ အဓိပ္ပာယ်မှာ “နှစ်သည် ဆေးကြောသည်” ဟုဆိုလိုသည်။ ဤစကားလုံးကို ကျမ်းစာထဲတွင် မည်ကဲ့သို ့ အသုံးပြုထားကြောင်းကို လေ့လာလျှင် (က) “ယေရှုသည် ဗတ္တိဇံကိုခံတော်မူပြီးလျှင် ရေမှပေါ်ထစဉ်…(မ၊ ၃း၁၆)ဟုလည်းကောင်း၊ (ခ) တဖန်အခြားကျမ်းတပိုဒ်တွင်လည်း“ ယောဟန်သည်လည်း ရှာလိမ်မြို ့နှင့်အနီး အဲနုန်အရပ်၌ ရေများသောကြောင့် ဗတ္တိဇံကိုပေး၍ နေသဖြင့် လူများတို ့သည်လာ၍ ဗတ္တိဇံကိုခံကြ၏ (ယော ၃း၂၃)ဟုလည်းကောင်း” (ဂ) နောက်ကျမ်းတပိုဒ်တွင်လည်း ရထားကိုရပ်စေပြီးမှ ဖိလိပ္ပုသည် ထိုအမတ်နှင့်အတူတကွ ရေထဲသို ့ဆင်း၍ ဗတ္တိဇံကိုပေး၏။ ရေထဲကတက်ကြလျှင်( တ၊ ၈း၃၈-၃၉)ဟုလည်းကောင်း၊ (ဃ) တဖန် (ရောမ၊ ၆း၃)အရ ဗတ္တိဇံသည် မြှုပ်နှံသင်္ဂြိုဟ်ခြင်းအသွင် သဏ္ဍာန်ကို မဆောင်ချေ။ ထို ့ကြောင့် လေ့လာခဲ့ပြီးသော အထက်ပါကျမ်းချက်များအရ ရေထဲသို ့နှစ်ခြင်းသာလျှင် နှုတ်ကပတ်တော်၏ သွန်သင်ချက်နှင့် ကိုက်ညီပါမည်။

(၆) အရေးကြီးသောအရာ

“ရေနှစ်ခြင်း ဗတ္တိဇံ” ထက်ပို၍အရေးကြီးသောအရာမှာ ရေနှစ်ခြင်းခံသူ၏ စိတ်သဘောဖြစ်သည်။ မြောက်များစွာသော ရေနှစ်ခြင်း ဗတ္တိဇံခံရသူတို ့မှာ “ဗတ္တိဇံ” အဓိပ္ပာယ်အမှန်ကို နားလည်ခြင်းမရှိသေးပေ။ “ဗတ္တိဇံ” အနက်အဓိပ္ပာယ်ကို နားလည်သဘောပေါက်ပြီးသူသည် အပြင်သဏ္ဍာန်ဖြစ်သော “ရေနှစ်ခြင်း ဗတ္တိဇံကို ခံယူရုံမက ဘဝဟောင်း၏“ငါ”တည်းဟူသော အတ္တသဘော သေပြီးသူဖြစ်သည်။ ထို ့ကြောင့် ဗတ္တိဇံသည် စိတ်သဘောသစ် ပြောင်းလဲခြင်းသာမက ပြင်ပအကျင့် လက္ခဏာပါ နာခံလိုက်လျှောက်မှု ရှိရသေးသည်။

ဤဗတ္တိဇံ၏ သဘောလက္ခဏာကို ပြတ်ပြတ်သားသား ဖွင့်ပြရမည်ဆိုလျှင် (ရောမ၊ ၂း၂၅-၂၉) ကျမ်းပိုဒ်ကို ခရစ်ယာန်များ ဖတ်ရှုလိုက်နာ ကျင့်ရှောက်သည့်အခါ အရေဖြားလှီးခြင်း စကားလုံးတွင် ဗတ္တိဇံစကားလုံးကို အစားထိုးဖတ်ရှုပါက ပိုမိုရှင်းလင်းစွာ နားလည်သဘောပေါက်ပါလိမ့်မည်။

“သင်သည် တရားတော်အတိုင်း နာခံလိုက်ရှောက်ပါက ဗတ္တိဇံခံခြင်းသည် အကျိုးရှိ၏။ တရားတော်အတိုင်း မလိုက်ရှောက်ပါက ဗတ္တိဇံခံသော်လည်း ဗတ္တိဇံမခံသကဲ့သို ့ဖြစ်မည်။ အကယ်၍ ဗတ္တိဇံကို မခံသူတယောက်သည် တရားတော်အတိုင်း နာခံလိုက်ရှောက်လျှင် ထိုသူက ဗတ္တိဇံမခံသော်လည်း ဗတ္တိဇံခံပြီးသကဲ့သို ့ ဘုရားသခင်က လက်ခံသည်။ ဗတ္တိဇံမခံသူက တရားတော်ကို လိုက်လျှောက်လျှင် ဗတ္တိဇံခံပြီးလျက်ပင် တရားတော်ကို လွန်ကျူးသောသူအတွက် ရှက်ဖွယ်ကောင်းသည် မဟုတ်လော။ အဘယ့်ကြောင့်ဆိုသော် ပြင်ပအကျင့်လက္ခဏာအားဖြင့် ခရစ်ယာန်ဖြစ်သူသည် ခရစ်ယာန်အစစ်အမှန် မဟုတ် စိတ်နှလုံးအတွင်း၌ ခရစ်တော်ကို လက်ခံထားသူသာ ခရစ်ယာန်အစစ်ဖြစ်သည်။ ဗတ္တိဇံသည် အကျင့်တရားကို မဆိုလို ဘုရားသခင်၏ ၀ိညာဉ်တော်ပြုပြင်မှုဖြင့် စိတ်ပြောင်းလဲခြင်းကို ဆိုလိုသည်။ ထိုသို ့ ဗတ္တိဇံခံသူအား လူ၏ချီးမွမ်းအတည်ပြုခြင်းနှင့်မဆိုင်ဘဲ ဘုရားသခင်၏လက်ခံအတည်ပြုခြင်းနှင့်သာ ဆိုင်သည်” ဟုအနက်ဖွင့်ဖတ်ရှုလျှင် ဤသို ့ဆိုလိုသည်ကို နားလည်လိုက်လျှောက်တတ်လာပါလိမ့်မည်။

(၇) ရေနှစ်ခြင်း ဗတ္တိဇံပေးနိုင်သူ

လက်တင်ဘိသိတ်ရသူမှသာ “ရေနှစ်ခြင်း ဗတ္တိဇံ” ပေးနိုင်သည်ဟု ဆိုခြင်းမှာ သမ္မာကျမ်းနှင့် မကိုက်ညီပေ။ ခရစ်တော်ကို ယုံကြည်၍ တပည့်တော်အဖြစ်သို ့ သူတပါးကို သွန်သင်နိုင်သူသည် နှစ်ခြင်းပေးနိုင်သည်ဟု အရှင်ယေရှုကိုယ်တိုင် တာဝန်အပ်နှင်းခဲ့သည်။ (မ၊ ၂၈း၁၉-၂၀)။

တွေ ့ကြံုရမည့် အခက်အခဲများ

အသင်းတော်ပေါ်ထွန်းစ၌ ခရစ်တော်ကို ယုံကြည်သူသည် ရေနှစ်ခြင်းခံပြီးသည့်အခါ အများအားဖြင့် နှိပ်စက်ညှဉ်းဆဲခံရလျက် မကြာခင် အသတ်ခံရတတ်သည်။ သို ့ပင်ဖြစ်ငြားသော်လည်း ခရစ်တော်ကို ယုံကြည်ကြသော သူတို ့သည် စိုးရွ ့ံထိတ်လန် ့ခြင်းမရှိဘဲ ရေနှစ်ခြင်းခံယူလျက် ယုံကြည်ခြင်းအတွက် အသတ်ခံခဲ့ရသော အာဇာနည်သူရဲကောင်းများ၏ နေရာတွင် ၀င်ရောက်လာကြ၏။

ယခုခောတ် အချို ့နေရာများ၌ပင် ရေနှစ်ခြင်းသည် တခါတရံ ကြောက်မက်ဖွယ် ကောင်းသောနှိပ်စက်ခြင်းများ၏ အစဖြစ်ရတတ်သည်။ သို ့သော် တိုင်းနိုင်ငံများတွင် ခရစ်တော်ကို ကယ်တင်ရှင်အဖြစ် နှုတ်ဖြင့် သက်သေခံရုံလောက်ဆိုလျှင် သည်းခံကြပါသေးသည်။ သို ့သော် ဘဝဟောင်းနှင့် အဆက်ဖြတ်ပြီး လူများရှေ ့၌ အတိအလင်း ရေနှစ်ခြင်းခံပါက ဆန် ့ကျင်မှုနှင့် နှိပ်စက်ခြင်း အမျိုးမျိုးကို စတင်ရင်ဆိုင်ရတော့သည်။

မည်သို ့သောအခက်အခဲ ဒုက္ခဆင်းရဲနှင့် ကြံုရကြံုရ ခရစ်တော်ကို အကယ်စင်စစ်ယုံကြည်၍ ရေနှစ်ခြင်း ဗတ္တိဇံခံသောသူသည် အဲသယောပိပြည် အမတ်ကဲ့သို ့ ၀မ်းမြောက်ရွှင်လန်းခြင်းကို ခံစားရမည်။

မေးခွန်း (၈)

၁၀။      ဓမ္မဟောင်းကာလတွင် ယဇ်ပုရောဟိတ်၌ရှိသော တာဝန်များထဲမှ ယနေ ့အသင်းတော်၌မဆိုင်သည့် တာဝန်သုံးရပ်ကို ဖော်ပြပါ။

(က)———————————–

(ခ)————————————

(ဂ)————————————

၁၁။      ခရစ်တော်ကိုယုံကြည်သောသူတိုင်း ဓမ္မအမှုတော်ဆောင်ဖြစ်ကြောင်း ဖော်ပြသော ကျမ်းညွှန်းကိုရေးချပါ။

၁၂။       ဓမ္မသစ်ကာလ၌ ယဇ်ပုရောဟိတ်၏ တာဝန်မှာ-

(က) ဘုရားသခင်ထံ မိမိကိုယ်ခန္ဓာကို ဆက်ကပ်ရမည်။

(ခ) မိမိကြွေးငွေကို ဘုရားသခင်အတွက် ပေးလှူရသည်။

(ဂ) ဘာသာရေးစည်းဝေးများတွင် ဆုတောင်းရမည်။

(ဃ) အထက်ပါအချက်အားလုံး

(င) အထက်ပါအချက် တခုမျှမဟုတ်။                                —————

၁၃။      ယခုခောတ် ခရစ်တော်ကို ယုံကြည်သောသူတို ့၏ ယဇ်ပုရောဟိတ်မင်းအကြောင်း ဘယ်ကျမ်းချက်၌ ဖော်ပြထားသနည်း။

(က) ၁ကော၊ ၄း၁။                              (ဂ) ဟေဗြဲ၊ ၄း၁၄-၁၅။

(ခ) ဟေဗြဲ၊ ၅း ၁-၄။                             (ဃ) ဗျာ၊ ၂၂း၈။                             ————–

၁၄။      အသင်းတော်တွင် ဂျူးထုံးတမ်းစဉ်လာနှင့် အယူဝါဒများကို ရောနှောကျင့်သုံးခြင်းသည်-

(က) အသင်းတော် ပြန် ့ပွားရေး၌ များစွာထောက်ကူသည်။

(ခ) အသင်းတော်အတွက် ကောင်းချီးမင်္ဂလာ အနည်းငယ်ရစေသည်။

(ဂ) ရှင်ပေါလု ထင်သည့်အတိုင်း ဂျူးများကို မနာလိုဖြစ်သည်။

(ဃ) အသင်းတော်တိုးပွားခြင်းကို အဟန် ့အတားဖြစ်စေ၍ တန်ခိုးနှင့် သာသနာရောင်ကို မှေးမှိန်ဖျက်ဆီးရာကျသည်။

————–

၁၅။      ဘုရားသခင်သည် အသင်းတော် လိုက်နာရန်-

(က) ဘာသာရေးကျင့်ဝတ် အဓိကနှစ်မျိုးကိုသာ ပြဌာန်းသည်။

(ခ) ဘာသာရေးကျင့်ဝတ်ကို အဓိက ပြဌာန်းထားသည်။

(ဂ) ကျေးဇူးတော်ကာဖြစ်၍ ဘာကျင့်ဝတ်မျှ လိုက်ရှောက်စရာမလို။ “ ရေနှစ်ခြင်း” နှင့် “အရှင်ဘုရား၏ ပွဲတော်မင်္ဂလာ” ပင်လျှင် ပုံဆောင်သည့် နမူနာသာဖြစ်သည်။

(ဃ) ကျင့်ဝတ် (၂)မျိုးနှင့် ဘာသာရေးပွဲ (၃) ရက်ရှိသည်။                              ————–

၁၆။      အောက်ဖော်ပြပါ အချက်များအနက် မည်သည့်အဆို မှားသနည်း။

(က) “ရှင်ယောဟန်၏ ဗတ္တိဇံ” နှင့် “ခရစ်ယာန် ဗတ္တိဇံ” မှာတူညီသော သဘောရှိသည်။

(ခ) “ယုံကြည်သူ၏ ဗတ္တိဇံ” သည် “၀ိညာဉ်တော် ဗတ္တိဇံ” ၏သဘောကို ဆောင်သည်။

(ဂ) “၀ိညာဉ်တော် ဗတ္တိဇံ” မှာ ယုံကြည်သူသည် ခရစ်တော်နှင့် အတူ သေခြင်းမြှုပ်နှံ သင်္ဂြိုဟ်ခြင်းနှင့် ပြန်ရှင်ခြင်းအသွင်ကို ဖော်ပြပါသည်။

(ဃ) အထက်ပါ အချက်အားလုံးမှားသည်။                         ————–

၁၇။      အောက်ပါမည်သည့်အချက်သည် (ရောမ၊ ၆း၁-၁၀)တွင် ဖော်ပြထားသော ယုံကြည်သူ၏ ဗတ္တိဇံနှင့် မကိုက်ညီပါသလဲ။

(က) ရေနှစ်ခြင်း ဗတ္တိဇံ၌ ကျွနု်ပ်တို ့သည် ခရစ်တော်နှင့်အတူ သေခြင်းကို ဆိုလိုသည်။

(ခ) ရေနှစ်ခြင်း ဗတ္တိဇံ၌ ယုံကြည်သူသည် သူ ့ဘဝ၌ ဖြစ်ပျက်ခဲ့သောအရာကို လူတို ့ရှေ ့တွင် ဖော်ပြသက်သေခံခြင်းဖြစ်သည်။

(ဂ) ရေနှစ်ခြင်း ဗတ္တိဇံသည် စိတ်နှလုံးတွင်းမှ ပြောင်းလဲချက်ကို ထုတ်ဖော်ပြခြင်းဖြစ်သည်။

(ဃ) ရေနှစ်ခြင်း ဗတ္တိဇံမှသာ ကယ်တင်ခြင်းရမည်။                         ————–

၁၈။      တ၊ ၈း၃၉ အရ-

(က) မွေးကလေးငယ်များကို ရေနှစ်ခြင်း ဗတ္တိဇံပေးခြင်းသည် ကျမ်းစာနှင့် ကိုက်ညီသည်။

(ခ) ရေဖြန်းခြင်းဖြင့် ဗတ္တိဇံပေးနိုင်သည်။

(ဂ) ဓမ္မသစ်ကာလတွင် ရေထဲသို ့နှစ်ခြင်းဖြင့် ဗတ္တိဇံပေးနိုင်သည်။

(ဃ) လက်တင်ရသောဆရာသာ ရေနှစ်ခြင်း ဗတ္တိဇံပေးနိုင်သည်။                               ————–

၁၉။      ရေနှစ်ခြင်းသည် ဗတ္တိဇံခံယူရာတွင် အရေးကြီးသောအချက်မှာ

(က) ရေနှစ်ခြင်း ဗတ္တိဇံပေးသူသည် လက်တင်ရဆရာ ဖြစ်ရမည်။

(ခ) ရေနှစ်ခြင်း ဗတ္တိဇံပေးသော ဂိုဏ်းဂဏက ပိုအရေးကြီးသည်။

(ဂ) ရေနှစ်ခြင်း ဗတ္တိဇံယူသူ၏ စိတ်သဘော။

(ဃ) အထက်ပါအချက်အားလုံး                            ————–

သင်ဘယ်လိုယူဆပါသလဲ

လူတဦးသည် ခရစ်တော်ကိုတော့ ယုံကြည်ပါသည်ဟု ၀န်ခံပြီး ကဲ့ရဲ့ညှဉ်းဆဲခြင်း ခံရမည်စိုး၍ “ရေနှစ်ခြင်း ဗတ္တိဇံ” မခံလိုသူကို သင်ဘယ်လိုအကြံ  ပေးမည်နည်း။

——————————————————————-

——————————————————————-

——————————————————————-

သင်ခန်းစာ (၉)

ဘုရားသခင်ထံ ချဉ်းကပ်ကိုးကွယ်ခြင်း

ပွဲတော်မင်္ဂလာ

ဘုရားသခင်အား သတိရရန် ပွဲတော်စာခြင်းကို အရှင်ယေရှုခရစ်ကိုယ်တိုင် စတင်ချမှတ်သွန်သင်ပေးခဲ့သည်။ ခရစ်တော်သည် တပည့်တော်များနှင့်အတူ ပသခါပွဲကို နောက်ဆုံးအကြိမ် ပြုလုပ်သည့်အခါ ချက်ချင်း “ပွဲတော်စားခြင်း” ၀တ်ကို ချမှတ်သွန်သင်ခဲ့သည်။ “ခရစ်တော်သည် မုန် ့ကိုယူလျက် ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန် ့ကိုဖဲ့၍ ဤမုန် ့ကား သင်တို ့အဖို ့အလို ့ငှါ စွန် ့သော ငါ၏ကိုယ်ဖြစ်၏။ ငါ့ကိုအောက်မေ့ဖို ့ရာ ဤသို ့ပြုကြလော့” “ထိုနည်းတူ ညစာစားပြီးမှ ခွက်ကိုလည်းယူ၍ ဤခွက်ကားသင်တို ့အဖို ့အလို ့ငှါ သွန်းထားသော ငါ၏ အသွေး၌တည်သော ပဋိညာဉ်တရားသစ် ဖြစ်၏။” (လု၊ ၂၂း၁၉-၂၀)။

၁။ ဘာကြောင့်ပွဲတော်စားရသလဲ။

ဤပွဲတော်စားခြင်း၏ ထူးခြားသော အချက်များမှာ-

(က) ခရစ်တော်ကို သတိရရန်

အရှင်ယေရှုခရစ်က “ငါ့ကိုအောက်မေ့ဖို ့ရန် ဤသို ့ပြုကြလော့” မိန် ့မှာခဲ့သည်။ ဤအချိန်သည် ခရစ်တော်၏ ဒုက္ခခံခြင်း၊ အသွေးသွန်းခြင်းနှင့် ကျွနု်ပ်တို ့ကိုယ်စား အသေခံခြင်းကို သတိရရန်ဖြစ်သည်။ ကားတိုင်ပေါ်တွင် ရက်စက်စွာ ညှင်းဆဲသတ်ဖြတ် ရှုံ  ့ချခြင်းခံခဲ့သော ခရစ်တော်၏ မေတ္တာစေတနာကို ပွဲတော်၌ ပါ၀င်သူများ သတိရအောက်မေ့ကြသည်။ ကျွနု်ပ်တို ့အပြစ်အတွက် ခရစ်တော်ခံခဲ့သော ဆင်းရဲခြင်းနှင့် သေခံခြင်းကို သတိရသည့်အခါ ဘုရားသခင်၏ ကျေးဇူးကို မချီးမွမ်းဘဲ မနေနိုင်ပါ။

သို ့ဖြစ်၍ ပွဲတော်မင်္ဂလာသည် ယုံကြည်သူများ၏ စုပေါင်းဝတ်ပြုကိုးကွယ်ခြင်း ဘုရားသခင်၏ ဂုဏ်ကျေးဇူးကို ချီးမွမ်းခြင်းနှင့် ကျွနု်ပ်တို ့အပြစ်အတွက် ခရစ်တော်အသေခံသည်ကို သတိရချီးမွမ်းခြင်း အချိန်ဖြစ်သည်။

(ခ) ထို ့အပြင် ပွဲတော်စားခြင်း၏ အဓိပ္ပာယ်မှာ ခရစ်တော်၏ကိုယ်သည် တလုံးတကိုယ်တည်းဖြစ်ကြောင်း လူအများရှေ ့တွင် ၀န်ခံသက်သေပြုခြင်း ဖြစ်သည်။

ပွဲတော်မုန် ့သည် စစ်မှန်သောယုံကြည်သူများပါ၀င်သည့် အသင်းတော်တည်းဟူသော ခရစ်တော်၏ကိုယ်ကိုပုံဆောင်သည်။ ယုံကြည်သူတဦး ပွဲတော်နှင့် မုန် ့စားခြင်းသည် ဘုရားသခင်၏ အခြားသားသမီးများနှင့် တလုံးတကိုယ်တည်း ဖြစ်ကြောင်းသက်သေပြရာရောက်သည်။ ပွဲတော်၌ စပျစ်ရည် သောက်ခြင်းမှာ ခရစ်တော်၏ အသွေးဖြင့် ဆေးကြောပြီးသူများနှင့် တလုံးတကိုယ်တည်း တသွေးတသားတည်း ဖြစ်ကြောင်းဝန်ခံအသိအမှတ်ပြုရာ ရောက်သည်။ ( ၁ကော၊ ၁၀း၁၆-၁၇)။

(ဂ) ပွဲတော်စားခြင်း၏ အဓိပ္ပာယ်နောက်တခုမျာ တဖန်ပြန်ကြွလာမည့် အရှင်ယေရှုခရစ်ကို အစဉ်သတိရအောက်မေ့ရန်ဖြစ်သည်။

“ဤမုန် ့နှင့် ဤခွက်ကို စားသောက်သည့်အခါတိုင်း ကိုယ်တော် ကြွလာသည့်တိုင်အောင် ကိုယ်တော်၏ အသေခံခြင်းကို သတိရကြစို ့၊ (၁ကော၊ ၁၁း၂၆)။” ထို ့ကြောင့် ကိုးကွယ်ဝတ်ပြုသူသည် မိမိအပြစ်အတွက် အသေခံခဲ့သည့် ခရစ်တော်ကို သတိရခြင်း အပြစ်လွှတ်သော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းခြင်းအပြင် ယုံကြည်သူများကို ခေါ်ဆောင်ရန် ကြွလာမည့်  အရှင်ယေရှုခရစ်ကိုလည်း မျှော်လင့်စောင့်စားခြင်းဖြစ်သည်။

၂။ ဘယ်နှစ်ကြိမ်စားရမလဲ

ပွဲတော်စားခြင်းနှင့် ပတ်သတ်ပြီး ဘယ်နှစ်ကြိမ်စားရမလဲ၊ ဘယ်အချိန်စားရမလဲ ဟူ၍ကျမ်းစာထဲတွင် ပညတ်ထားခြင်းမရှိပါ။ သို ့သော် လမ်းညွှန်ထားပါသည်။ တမန်တော်ဝတ္ထု၊ ၂၀းရတွင် “ ခုနှစ်ရက်တွင် ပထမနေ ့တွင် မုန် ့ကိုဖဲ့ရန် တပည့်တော်များစုဝေးကြ၏ ”ဟုဖော်ပြထားသည်။ ခုနှစ်ရက်တွင် ပထမနေ ့သည် သခင်ဘုရားနေ ့ (သို ့) တနင်္ဂနွေနေ ့ဖြစ်သည်။ ထိုနေ ့သည် သခင်ဘုရား ရှင်ပြန်ထမြောက်ရာနေ ့ဖြစ်သည်။ ၀တ်ပြုကိုးကွယ်ခြင်းနှင့် သခင်ဘုရားကို သတိရအောက်မေ ့ရန်အတွက် ယုံကြည်သူများ အတူတကွ စုဝေးရာနေ ့လည်းဖြစ်သည်။ (၁ကော၊ ၁၁း၂၆)တွင် “ဤမုန် ့နှင့်ဤခွက်ကို သင်တို ့သောက်သောအခါတိုင်း” ဟုညွှန်ကြားထားသောကြောင့် လူတဦးဦးက တပါတ်တခါ၊ (သို ့မဟုတ်) တလတခါ (သို ့မဟုတ်) တနှစ်တခါ စားရမည်ဟု ပြောလျှင် ကျမ်းစာတွင် ပြောထားသည်ထက် “ပို” သွားပြီ။

၃။ မည်သူပွဲတော်စားခွင့် ရှိသလဲ။

ပွဲတော်စားခြင်းသည် ခရစ်တော်ကို ယုံကြည်ကိုးကွယ်သူများနှင့်သာ သက်ဆိုင်ပါသည်။ အပြစ်မှ ကယ်တင်ခြင်း ရပြီးသူမှသာလျှင် အဓိပ္ပာယ်ရှိရှိ ပွဲတော်၌ ပါ၀င်စားသောက်နိုင်ပြီး အကျိုးကျေးဇူး ခံစားရမည်။

ခရစ်တော်ကို ယုံကြည်ကိုးကွယ်သူ ခရစ်ယာန်များသည် မိမိကိုယ်ကို စစ်ဆေးပြီးမှ ပွဲတော်ဝင်ရောက်စားသင့်သည်။ (၁ကော၊ ၁၁း၂၈)။ ရှိသမျှအပြစ်ကိုလည်း နောင်တဖြင့် စွန် ့ပစ်ဝန်ချရမည်။ (၁ကော၊ ၁၁း၂၁-၂၂)။ မိမိကိုယ်ကို မစစ်ဆေးဘဲ ပွဲတော်စားသူသည် ဘုရားသခင် ဆုံးမခြင်းကိုခံရမည်။ (၁ကော၊ ၁၁း ၂၇၊ ၂၉-၃၂)။

ပွဲတော်စားပါလျက်နှင့် အရှင်ယေရှုကို သတိမရဘဲ ဖြစ်တတ်ကြောင်း မိမိကိုယ်ကို သတိထားသင့်သည်။ စိတ်မပါဘဲ အပြင်ပုံသဏ္ဍာန်အားဖြင့် လုပ်ဆောင်နေလျှင် ထုံးတမ်းစဉ်လာအဖြစ်သို ့ ကျရောက်သွားပေမည်။ “ငါ့ကိုသတိရအောက်မေ့လော့” ဟု ကိုယ်တော်၏ မိန် ့မှာချက်ကို ကျွနု်ပ်တို ့တကယ် နာခံလိုပါက ကျွနု်ပ်တို ့အသက်တာသည် ဘုရားသခင်နှင့် အတူ မိတ်ဿဟာရဖွဲခြင်း ရှိရမည်။

ဆုတောင်းခြင်း

ဒေသန္တရ အသင်းတော်၌ စုဝေးဝတ်ပြုခြင်းနှင့် ပတ်သတ်၍ ဓမ္မသစ်ကျမ်းတွင် များစွာဖော်ပြထားခြင်းမရှိပါ။ ခရစ်ယာန်များ စုဝေးပြီး ဆုတောင်းခြင်း၊ ကျမ်းစာဆွေးနွေးနားထောင်ခြင်း၊ ပွဲတော်စားခြင်းနှင့် မိတ်ဿဟာရဖွဲ ့ခြင်း ပြုကြကြောင်းသိရသည်။ ထို ့အပြင်ပိုမသိပါ။ သို ့သော် ထိုအချိန်ကာလတွင် ခရစ်ယာန်တစ်ဦးချင်းသည် ခရစ်တော်ကို မသိသေးသူတို ့အား သတင်းကောင်းဟောပြော၍ ယုံကြည်လက်ခံလာသူတို ့ကို ဒေသန္တရ အသင်းတော်ထဲသို ့ ဖိတ်ခေါ်မိတ်ဿဟာရပြုကြောင်း သိရသည်။

ရှေးခောတ်ဝတ်ပြုစည်းဝေးများတွင် “ဆုတောင်းခြင်း” လောက်မည်သည့်အရာမျှ ထင်ရှားခြင်းမရှိ။ အကယ်စင်စစ် အသင်းတော်သည် ဆုတောင်းခြင်းဖြင့် ပေါ်ပေါက်မွေးဖွားလာသည်။ (တ၊ ၁း၁၄)။ ထို ့နောက် ခရစ်ယာန်များသည် မပြတ်မလပ် ဆုတောင်းကြကြောင်း တွေ ့ရသည်။ (တ၊ ၂း၄၂)။ တမန်တော်ဝတ္ထုတွင် ဆုတောင်းခြင်းများစွာ ကိုဖော်ပြထားသည်။ နေရာမရွေး၊ အချိန်မရွေး ဆုတောင်းကြကြောင်းတွေ ့ရသည်။ အမှန်မှာ အသင်းတော်သမိုင်း တခုလုံးသည် ဆုတောင်းခြင်းကို အဖြေပေးသော ဘုရားသခင်၏ သစ္စာရှိခြင်းကို ဖော်ပြလျှက်ရှိသည်။

၁။ အထူးကတိ

လူအများစုပြီး “ဆုတောင်းဝတ်ပြုဖို ့” ဘုရားသခင် မိန် ့မှာထားသည်။ “စုပေါင်းဆုတောင်းခြင်း” အလယ်တွင် ကိုယ်တော်တိုင်ရှိမည့် အကြောင်း အထူးကတိတော်ကိုလည်းပေးသည်။ ရှင်မဿဲ၊ ၁၈း၁၉-၂၀ တွင် “တဖန် ငါဆိုသည်ကား မြေကြီးပေါ်မှာ သင်တို ့တွင် နှစ်ယောက်သဘောတူ၍တောင်းလျှင် တောင်းသမျှသောဆုတို ့ကို ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ၏ခမည်းတော်သည် အဖြေပေးတော်မူလတ္တံ ့။ အကြောင်းမူကား အကြင်အရပ်၌ လူနှစ်ဦးသုံးဦးတို ့သည် ငါ၏နာမကိုထောက်၍ စည်းဝေးကြ၏။ ထိုအရပ်၌ သူတို ့အလယ်မှာ ငါရှိသည်” ဟု ခရစ်တော်မိန် ့တော်မူခဲ့၏။ ဤကတိတော်ထဲတွင် မပျက်နိုင်သည့် အာမခံချက်နှစ်ချက်ရှိသည်။

ပထမအာမခံချက်မှာ ယုံကြည်သူနှစ်ဦးသည် သဘောတူလျက် ဘုရားသခင်ထံ ဆုတောင်းလျှင် အဖြေရမည်။

ဒုတိယအာမခံချက်မှာ ခရစ်ယာန်များသည် ခရစ်တော်၏ နာမကို အမှီပြု၍ စုဝေးလျှင် သူတို ့၏အလယ်၌ ခရစ်တော်ရှိသည်။ ပြဿနာက ကျွနု်ပ်တို ့မယုံကြည်ကြခြင်းသာဖြစ်သည်။ အကယ်၍ ကျွနု်ပ်တို ့ယုံကြည်လျှင် ကျွနု်ပ်တို ့၏ ဆုတောင်းစည်းဝေး၌ အသက်ဝင်လာပြီး အသင်းတော်သည်လည်း ဘုရားသခင်အတွက် တက်တက်ကြွကြွ ဖြစ်လာမည်။

၂။ ဘယ်လို  တစုတစည်းတည်း ဆုတောင်းရမလဲ

“စုပေါင်း ဆုတောင်းခြင်း” အကြောင်းကို မလေ့လာမီ အချက် အချို ့ကို သတိထားသင့်ပါသည်။

ပထမအချက်မှာ- “စုပေါင်းဆုတောင်းရာတွင် တယောက်ပြီးတယောက် ဆုတောင်းသည့်အခါ အခြားသူများ တိတ်ဆိတ်စွာနေသော်လည်း အကယ်စင်စစ် အတူတကွ အားလုံးဆုတောင်းလျက်ရှိသည်။ အသံထွက်၍ ဆုတောင်းနေသူသည် ဆုတောင်းအဖွဲ ့တစုလုံး ကိုယ်စား ဆုတောင်းနေခြင်း ဖြစ်သည်။ ဆုတောင်းအဖွဲ ့တွင် ဦးဆောင်ဆုတောင်း နေသူ၏ ဆုတောင်းချက်ကို ကျန်သူများက မိမိတို ့ကိုယ်တိုင် တောင်းနေသကဲ့သို ့ ခံယူကြသည်။ ၀ိညာဉ်၌ တလုံးတဝတည်းရှိကြောင်း “အာမင်” လိုက်ဆိုခြင်းဖြင့် ၀န်ခံကြသည်။

နောက်တချက်မှာ- “ဆုတောင်းချက်ကို ရွတ်ဆိုခြင်း” နှင့် “ဆုတောင်းခြင်း” ကွာခြားသည်ကို သတိပြုပါ။

ဆုတောင်းချက်ကို ရွတ်ဆိုနေသော်လည်း ဆုတောင်းသည့်သဘောသက်ရောက်ချင်မှ သက်ရောက်မည်။

အကြောင်းမူကား စိတ်နှလုံးမပါဘဲ ရွတ်ဆိုသော စကားကိုဘုရားသခင် နားမထောင်ပါ။ သစ္စာမရှိ၊ ဖြောင့်မတ်ခြင်းမရှိသောသူ၏ ဆုတောင်းချက်ကိုလည်း ဘုရားသခင် အဖြေမပေးပါ။

စိတ်မပါသော ဆုတောင်းချက်များ ထပ်ကာထပ်ကာ တောင်းလျှောက်ခြင်းသည် ဆုတောင်းစည်းဝေး၏ ၀ိညာဉ်အရှိန်ကို လျော့စေသည်။ အများအားဖြင့် ကျွနု်ပ်တို ့သည် အဓိပ္ပာယ်မရှိသော ဆုတောင်းချက်များကို တောင်းတတ်ကြ၏။ ပြောင်းလဲစ လူငယ်များ၏ ဆုတောင်းချက်များမှာ တခါတရံ လူနှင့်ဘုရားသခင်အတွက် အဓိပ္ပာယ်မရှိဖြစ်တတ်၏။ ထို ့ကြောင့်ပင် “တာဝန်ဝတ္တရားကြောင့် ဆုတောင်းနေရသော ဆုတောင်းစည်းဝေးများကို ရပ်ဆိုင်းသင့်သည်။”

နောက်အန္တရာယ်တခုမှာ ရှည်လျားသော ဆုတောင်းချက်ဖြစ်သည်။ “မခြားမလပ်ဆုတောင်းပါ” ဟုကျမ်းစာ၌ ညွှန်ကြားထားသည်မှန်သော်လည်း အချိန်ဆွဲပြီး ဆုတောင်းရမည်ဟု မဆိုလိုပါ။ အကယ်၍ လူအနည်းငယ်ပါ၀င်ပြီး ခပ်တိုတို ဆုတောင်းလျှင် ဆုတောင်းစည်းဝေးမှာ ပိုမိုစိတ်ဝင်စားစရာ ကောင်းလာမည်။ ထို ့ကြောင့် ရှည်လျားသော ဆုတောင်းချက်ကို ရှောင်သင့်ပါသည်။

နောက်တချက်မှာ “တိတိကျကျ” ဆုတောင်းဖို ့ သတိထားရပါမည်။ “ လူတိုင်းကို ကိုယ်တော်ရှင်ကယ်တင်တော်မူပါ” ဟုဆုမတောင်းသင့်ပါ။ ကျွန်တော့်ညီ မောင်ဖြူကို ပြုပြင်တော်မူပါ” ဟုဆုတောင်းသင့်သည်။

မောင်ဖြူသည် ခရစ်တော်ကို ယုံကြည်ပြီး ပြောင်းလဲလာသည့်အခါ သင့်ဆုတောင်းချက်ကို ဘုရားသခင်အဖြပေးကြောင်း သင်တိတိကျကျသိနိုင်လိမ့်မည်။ သို ့မှသာ အခြားမိတ်ဆွေ (ဥပမာ-ကိုလတ်၊ ကိုစိုးမြင့်) တို ့အတွက် ထပ်မံဆုတောင်းရန် ဆန္ဒရှိလာမည်။

၃။ တိကျပြတ်သားပါ

အမှန်မှာ ဆုတောင်းစည်းဝေးသည် ပျင်းရိစရာအကြောင်း ဘာမျှမရှိပါ။ ဘုရားသခင်ရဲ ့ကျေးဇူးကရုဏာကို ခံစားရန် ဆုတောင်းစရာအချက်မြောက်များစွာ ရှိပါသည်။ ယခုနမူနာ ဆုတောင်းချက်တချို ့ကို ဖော်ပြပါမည်။

ကျွနု်ပ်တို ့အပေါ် အုပ်စိုးသော မင်းအရာရှိတို ့အတွက် အမည်ဖြင့်ခေါ်ပြီး ဆုတောင်းပါ။ သူတို ့သည် အပြစ်ဒုစရိုက်နှင့် အပြစ်ဒဏ်မှ ကယ်တင်ခြင်းရမည့်အကြောင်း ကျွနု်ပ်တို ့လည်း ငြိမ်သက်အေးချမ်းစွာ ဘုရားဝတ်ပြုလျက် ကောင်းမှုပြုခွင့်ရနိုင်မည့် အကြောင်းဆုတောင်းကြပါ (၁တိ၊၂း၂)။

အသင်းတော်ရှိ ဖျားနာသူများအတွက် ဆုတောင်းပါ။ သူတို ့ကို ဘုရားသခင်သိပါသည်။ သို ့သော်လည်း တချို ့ခရစ်ယာန်ညီအစ်ကိုများ မသိကြသေး၍ အားလုံးပါ၀င် ဆုတောင်းပေးနိုင်ရန် ဖျားနာသူတို ့၏ အမည်ကို ထုတ်ဖော်အသိပေးပါ။

ခရစ်တော်ကို မယုံကြည်သေးသော ဆွေမျိုးနှင့် မိတ်ဆွေများအတွက် ဆုတောင်းပါ။ သူတို ့ကို တကယ်ချစ်ပြီး သူတို ့ဘဝကို အဓိပ္ပာယ်ရှိရှိဖြစ်စေ လိုပါက အသင်းတော်၏ ကူညီဆုတောင်းမှုကို တောင်းခံဖို ့ မရှက်သင့်ပေ။

အသင်းတော်လူကြီးများအတွက် ဆုတောင်းပါ။ သူတို ့တွင် အလွန်အရေးကြီးသည့် တာဝန်ဝတ္တရားများရှိ၍ စိတ်ရှည်ခြင်းနှင့် မှန်ကန်စွာ ဆုံးဖြတ်နိုင်သော ပညာလိုအပ်သည်။ သို ့ဖြစ်၍ အသင်းတော်လူကြီးများအတွက် သင်၏ဆုတောင်းခြင်း အကူအညီများစွာ လိုအပ်ပါသည်။

သင့်အသင်းတော်မှ သတင်းကောင်းဟောပြောဖို ့ ခရီးထွက်နေသူများအတွက် ဆုတောင်းပါ။ မကြာခဏ သူတို ့ထံ စာရေးဆက်သွယ်ခြင်းဖြင့် သူတို ့၏လိုအပ်ချက်နှင့် တွေ ့ကြံုရသော အခက်အခဲတို ့ကို သင်သိမြင်ကူညီနိုင်လိမ့်မည်။

တနင်္ဂနွေနေ ့ ကျမ်းစာသင်တန်းဆရာ ဆရာမများနှင့် ကျောင်းသူ ကျောင်းသားများသည် သမ္မာကျမ်းကို သိရုံသာမက လိုက်ရှောက် နိုင်မည့်အကြောင်း ဆုတောင်းပေးပါ။

ဆင်းရဲသူများအတွက် ဆုတောင်းပါ။ ဆုတောင်းရာတွင် ထိခိုက်မှုမရှိရန် နာမည်ထုတ်ဖော်ခြင်း မပြုလျှင် ပိုကောင်းပါမည်။

သင်၏အသင်းတော်မှ ရပ်ဝေးသို ့ရောက်ရှိသွားကြသော ပြည်သူ ့တပ်မတော်သားများ၊ ရဲတပ်ဖွဲ ့ဝင်များ၊ အမှုထမ်းများနှင့် ကျောင်းသူကျောင်းသား များသည် အပြစ်သွေးဆောင်ခြင်းနှင့် ဘေးအန္တရာယ်အမျိုးမျိုးမှ ကင်းလွတ်မည့်အကြောင်း ဆုတောင်းပေးပါ။

ဘုရားသခင်ကို ကျေးဇူးတင်ဖို ့ သတိပြုပါ။ “ဘာကိုမျှ စိတ်မပူနဲ့ သင့်လိုအပ်ချက်ကို ဘုရားသခင်သိအောင် ထုတ်ဖော်ဆုတောင်းခြင်းဖြင့် အရာရာအတွက် ကျေးဇူးတင်ပါ” ဟုဖိလိပ္ပိကျမ်းတွင် တိုက်တွန်းထားသည်။

ဘုရားသခင်သည် သူ ့သားသမီးများ ကျေးဇူးတင်စိတ် ရှိတတ်ဖို ့ အလိုတော်ရှိသည်။ ဘုရားသခင်၏ မေတ္တာကရုဏာကို ကျေးဇူးမတင်ခြင်းသည် “အပြစ်” ဖြစ်၏။

၄။ အရေးကြီးသောအချက်

ဆုတောင်းခြင်းမှ အဖြေရရန် ဘာလုပ်ရမည်နည်း။

ပထမအချက်မှာ- ကျွနု်ပ်တို ့သည် ခရစ်တော်၌ တည်ရမည်။ ယေရှုက သင်တို ့သည် ငါ၌တည်၍ ငါပြောသည့်အတိုင်း နာခံလိုက်လျှောက်လျှင် သင်တို ့လိုအပ်သည့်အရာကို တောင်းသည့်အခါရမည် “ (ယော၊ ၁၅းရ)။ ခရစ်တော်၌ တည်ခြင်း၏ အဓိပ္ပာယ်မှာ ခရစ်တော်ပြောသောစကားများကို နားထောင်ခြင်း၊ အလိုတော်ကို ၀န်ခံလိုက်ရှောက်ခြင်းဟု ဆိုလိုပါသည်။

ဒုတိယအချက်မှာ- ဘုရားသခင်၏ အလိုတော်နှင့်အညီ ကျွနု်ပ်တို ့ ဆုတောင်းရမည်။ “ ဘုရားသခင်၏အလိုတော်နှင့်အညီ ဆုတောင်းလျှင် ဘုရားသခင် နားထောင်တော်မူမည်ကို ကျွနု်ပ်တို ့ စိတ်ချရ၏ (၁ယော၊ ၅း၁၄)”။ ဘုရားသခင်၏ အလိုတော်သည် ကျမ်းစာထဲတွင် ရေးသားထားသည့်အတွက် ကျမ်းစာ၌ သွန်သင်သည့်အတိုင်း ဆုတောင်းရမည်။

တတိယအချက်မှာ- ခရစ်တော်၏နာမကို အမှီပြုပြီး ကျွနု်ပ်တို ့ ဆုတောင်းရမည်။ ယေရှုက “ငါ၏နာမကို အမှီပြုပြီး ဘုရားသခင်ထံသင်တို ့ အလိုရှိသမျှကို တောင်းလျှောက်လျှင် ငါပေးမည်။ သို ့မှသာ ဘုရားသခင်၏ဘုန်းတော်သည် သားတော်၌ ထင်ရှားမည်” (ယော ၁၄း၁၃)။ သင်တို ့သည် ခရစ်တော်၏နာမကို အမှီပြုပြီး ခမည်းတော်ထံ တောင်းလျှောက်သည့်အခါ ခရစ်တော် ကိုယ်တော်တိုင် ကျွနု်ပ်တို ့အတွက် ဘုရားသခင်ထံ တောင်းလျှောက်ပေးသည်နှင့် တူပါသည်။

နောက်ဆုံးအချက်မှာ ကျွနု်ပ်တို ့ စိတ်သဘောသည် ဖြူစင်ဖြောင့်မတ်ရမည်။ ကျွနု်ပ်တို ့တောင်းလျှောက်သော်လည်း မရသည့်အကြောင်းမှာ မိမိတို ့တပ်မက်မှုကို ဖြည့်စွမ်းဖို ့အတွက် အလွဲတောင်းခြင်းကြောင့် ဟုကျမ်းစာက သတိပေးသည် (ယာ၊ ၄း၃)။ ကျွနု်ပ်တို ့ စိတ်နှလုံး၌ လောဘရမက်ရှိလျှင် ဆုတောင်းခြင်းမှ အဖြေမရနိုင်။

၅။ သတိပြုရန် အချက်အချို ့

ကျွနု်ပ်တို ့ ဆုတောင်းစည်းဝေးသည် အသင်းတော်၏တန်ခိုးထွက်ရာဌာနဖြစ်စေလိုပါက အချက်အချို ့ကို ကျွနု်ပ်တို ့သတိပြုရှောင်ရှား အပ်ပါသည်။ ဥပမာ လူမြင်စေလိုသောကြောင့် ဆုတောင်းခြင်းမျိုးကိုရှောင်ပါ။ အယောင်ဆောင် ဘာသာရေးသမားတို ့သည် ဘာသာကို ကိုင်းရှိုင်းသည့် ဟန်ဖြင့် လူမြင်အောင် ဆုတောင်းတတ်ကြ၏ (မ၊ ၆း၅)။

ကျွနု်ပ်တို ့လုပ်ရမည့်အရာကို ဆုတောင်းခြင်းဖြင့် ဘုရားသခင်ကို မခိုင်းပါနှင့်။ ဥပမာ-“အဘဘုရားခရစ်တော်ကို မသိသေးသော သူတို ့ကို ကျွနု်ပ်တို ့ စည်းဝေးသို ့ ပို ့ဆောင်တော်မူပါ” ဟုဆုတောင်းခြင်းမျိုးကို ဆင်ခြင်ရှောင်ရှားသင့်ပါသည်။ ခရစ်တော်ကို မယုံကြည်သေးသောလူတို ့အား ကျွနု်ပ်တို ့ကိုယ်တိုင် ဖိတ်ခေါ်ခြင်းနှင့် ခရစ်တော်အကြောင်းပြောပြဖို ့ တာဝန်ရှိသည်ကို သိပါ။ တဖန် မထိုက်တန်မခံယူသင့်သော အရာကို သင်မတောင်းပါနှင့်။ တခါတရံ ထိုဆုတောင်းချက်မျိုးကို ဘုရားသခင်ခွင့်ပြုခြင်းဖြင့် မိမိ၌ဝိညာဉ်ရေးချို ့တဲ့မှုနှင့် လိုအပ်မှုကို ပိုမိုသိစေသည် (ဆာလံ၊ ၁၀၆း၁၅)။

ချက်ခြင်းအဖြေမရလျှင် စိတ်မပျက်ပါနှင့်။ အချိန်တန်မှ ဘုရားသခင်အဖြေပေးပါလိမ့်မည်။ ထို ့ကြောင့် မစောင့်မျှော်ဘဲ ကိုယ်ကြိုက်တာလုပ်လျှင် ဘုရားသခင်ပေးသော ကောင်းကြီးမင်္ဂလာနှင့် လွဲလိမ့်မည်။ ဘုရားသခင်အဖြေပေးသည့်အခါ နောက်ကျခြင်းမရှိသကဲ့သို ့ စောခြင်းလည်းမရှိပါ။ ထို ့ကြောင့် ညည်းညူခြင်း၊ ဘုရားသခင်ကို အပြစ်တင်ခြင်း၊ မပြုသင့်ပေ။ ထို ့ပြင် သင်ဆုတောင်းသည့်အတိုင်းမရပါက စိတ်မပျက်ပါနှင့်။ ကျွနု်ပ်တို ့တောင်းတာထက် အကောင်းဆုံးကို ဘုရားသခင် လုပ်ပေးနိုင်ကြောင်း သတိပြုပါ။ ဘယ်အရာသည် ကျွနု်ပ်တို ့အတွက် အကောင်းဆုံးဖြစ်မှန်းကျွနု်ပ်တို ့ မသိပါ။ သို ့သော်လည်း ဘုရားသခင်သိတော်မူ၏ ကျွနု်ပ်တို ့ကြံစည်ဆုတောင်းနိုင်တာထက် အကောင်းဆုံးကို ဘုရားသခင်ကြံစည်ပြင်ဆင်ထားပြီးဟု ယုံကြည်စောင့်မျှော်ပါ။

အထူးသတိပြုရမည်မှာ-စစ်မှန်သော စိတ်နှလုံးဖြင့် ဆုတောင်းခြင်းမရှိလျှင် အသင်းတော်တို းတက်မည်မဟုတ်ပေ။ ကျွနု်ပ်တို ့မှန်မှန် ဆုတောင်း နေသော်လည်း ထုံးစံအရ ဆုတောင်းလျှင် အဖြေရသယောင်ယောင်နှင့် ဘုရားသခင်အတွက် ဘာမျှအကျိုးမရှိဖြစ်တတ်သည်။ အထက်ပါ အမှန်အကန်များကို ကျွနု်ပ်တို ့ကရုမစိုက်လျှင် လုပ်ရိုးလုပ်စဉ် အဖြစ်သို ့ တရွေ ့ရွေ ့ နိမ့်ဆင်းသွားပေလိမ့်မည်။

မေးခွန်းလွှာ (၉)

၁။ “ ပွဲတော်မင်္ဂလာ” စတင်ဖြစ်လာပုံမှာ-

(က) “ပသခါပွဲ” ကိုနောက်ဆုံးအကြိမ် ပြုလုပ်ပြီးသည့်နောက် ခရစ်တော် ချမှတ်ပေးခဲ့သည်။

(ခ) ခရစ်တော်ပြန်ရှင်ပြီးနောက် တပည့်တော်တို ့အား အထက်ခန်းတွင် ကိုယ်ထင်ရှားပြသည့်အခါ ချမှတ်ပေးခဲ့သည်။

(ဂ) ဧမောက်အရပ်တွင် တပည့်တော်နှစ်ဦးကို ကိုယ်ထင်ပြသည့်အခါ ချမှတ်ပေးခဲ့သည်

(ဃ) ပင်တေကုတ္တေနေ ့တွင် တမန်တော်များ ချမှတ်ခဲ့သည်။                                                                                  ………………

၂။ ပွဲတော်မင်္ဂလာစားခြင်း၏ အဓိကအကြောင်းရင်းမှာ-

(က) နောင်တရခြင်းကို ဆိုလိုသည်။

(ခ) အသိအမှတ်ပြုခြင်းကို ဆိုလိုသည်။

(ဂ) သတိရအောက်မေ့ခြင်းကို ဆိုလိုသည်။

(ဃ) ဘုရားသခင်နှင့် ပြန်လည်မိတ်ဿဟာယဖွဲ ့ခြင်းကို ဆိုလိုသည်။                                                                                   ………………

၃။ ပွဲတော်မင်္ဂလာ ပြုလုပ်ခြင်း၏ အဓိကရည်ရွယ်ချက်မှာ-

(က) ပွဲတော်မုန် ့နှင့် စပျစ်ရည်သည် ပွဲတော်စားသည့်အခါ ခရစ်တော်၏ အသားနှင့်အသွေးအစစ်ကို ပြောင်းသွားသည်။

(ခ) ခရစ်တော် ပြန်လည်ကြွလာမည့် ကတိတော်ကို ပေါ်လွင်စေသည်။

(ဂ) မယုံကြည်သူများအား သတင်းကောင်း ပြောရန်။

(ဃ) မိမိရဲ ့ လိုအပ်ချက်အတွက် ဆုတောင်းရန် အခွင့်ရသည်။                                                                                ………………

၄။ ဓမ္မသစ်ကျမ်းအရ ပွဲတော်မင်္ဂလာကို-

(က) တပါတ်တခါ ပြုလုပ်ရသည်။

(ခ) ရှေးအသင်းတော်၌ အပါတ်စဉ် ပြုလုပ်ကြသည်။

(ဂ) အရေးအကြောင်းရှိမှ ပြုလုပ်သင့်သည်။ သို ့မဟုတ် ထုံးစံ သဘောဖြစ်သွားလိမ့်မည်။

(ဃ) ဥပုသ်နေ ့၌ ထုံးစံအတိုင်း လက်တင်ဆရာရှိမှ ပြုလုပ်ကြသည်။                                                                                   ……………..

၅။ ပွဲတော်မင်္ဂလာသည်-

(က) ပါ၀င်လိုသူတိုင်းအတွက်၊

(ခ) အပြစ်ကင်းသူများအတွက်၊

(ဂ) ယုံကြည်သူ အားလုံးအတွက်၊

(ဃ) ခရစ်တော်နှင့် မိတ်ဿဟာယဖွဲ ့နေသော ယုံကြည်သူများအတွက်။                                                                              ……………..

၆။ ခရစ်ယာန်အသင်းတော်ပေါ်ပေါက်လာခြင်းသည်-

(က) သတင်းကောင်း ဟောပြောပွဲမှ၊

(ခ) ဆုတောင်းစည်းဝေးမှ၊

(ဂ) သက်သေခံ စည်းဝေးမှ၊

(ဃ) လူမှုရေးလုပ်ငန်းများမှ စတင်ပေါ်ပေါက်လာသည်။                                                                               …………….

၇။ ယုံကြည်သူများ ခရစ်တော်၏ နာမနှင့် စုဝေးဆုတောင်းလျှင် သူတို ့အလယ်၌ ခရစ်တော်ရှိပြီး အဖြေပေးမည်ဟု ကတိပေးချက်ကို-

(က) မ၊ ၁၈း၁၉၊၂၀။

(ခ) ယော၊ ၁၅းရ။

(ဂ) ယာ၊ ၄း၃။

(ဃ) ၁တိ၊ ၂း၂ တွင်တွေ ့ရသည်။                                                                         …………….

၈။ ပရိတ်သတ်များသည် စည်းဝေးတွင်-

(က) ယုံကြည်သူများကို ကျေးဇူးပလ္လင်ရင်းသို ့ပို ့နိုင်ရန် အမြဲဆုတောင်းတတ်သည့်အရာများကို ဆုတောင်းစေပါ။

(ခ) ယုံကြည်စ ခရစ်ယာန်များ ဆုတောင်းနိုင်ရန် ဆုတောင်းချက်နှင့် ဆုတောင်းနည်းကို ပြောထားသင့်သည်။

(ဂ) တိတိကျကျ နာမည်ဖော်၍ ဆုမတောင်းသင့်။

(ဃ) တိုတိုတုတ်တုတ် ဆုတောင်းသင့်သည်။                                                                                  …………….

၉။ ဆုတောင်း စည်းဝေးတွင် ဆုတောင်းသင့်သော ဆုတောင်းချက် (၅)ချက်ကို ဖော်ပြပါ။

(က) —————————————

(ခ) —————————————-

(ဂ) —————————————-

(ဃ) —————————————

၁၀။ ဆုတောင်းချက်မှ အဖြေမရနိုင်သည့် အကြောင်း (၃) ချက်ကို ဖော်ပြပါ။

(က) ———————————

(ခ) ———————————-

(ဂ) ———————————-

သင်ဘယ်လိုယူဆပါသလဲ

ဆုတောင်းချက်မှ အဖြေရ၍ သင့်စိတ်ကို ကြည်နူးစေသော အချက်တခုကို ဖော်ပြပါ။

————————————————————————————————-

————————————————————————————————-

————————————————————————————————-

 

 

သင်ခန်းစာ (၁၀)

သင်းအုပ်များ

အသင်းတော်၏ အကြောင်းကို ဆွေးနွေးရာ၌ အသင်းတော်၏ ၀ိညာဉ်ရေးအတွက် ဂရုစိုက်ကြီးကြပ်ကြည့်ရှုရန် ဘုရားသခင် စီမံထားတော်မူကြောင်း ကို မဆင်ခြင်ဘဲပြည့်စုံမှု မရရှိနိုင်ချေ။ ဤလုပ်ငန်းကို “သင်းအုပ်” သို ့မဟုတ် အသင်းတော်လူကြီးများက ဆောင်ရွက်လျက်ရှိကြောင်း ကျွနု်ပ်တို ့တွေ ့ရှိရမည်။ အချက်အလက်အချို ့တို ့ကို အစကတည်းက ရှင်းလင်းစွာ နားလည်ထားရန် လိုပေသည်။

သင်းအုပ်ဆိုသည်မှာ အဘယ်သူနည်း

ဓမ္မသစ်ကာလတွင် ခေါ်ဆိုသော သင်းအုပ်နှင့် ယခုခောတ်ကာလ၌ ခေါ်ဆိုသော သင်းအုပ်အမည်နာမတို ့၏ ခြားနားမှုကို ပထမဦးစွာ သိထားရမည်။ တမန်တော်တို ့ ခောတ်ကာလက သင်းအုပ်ဆိုသည်မှာ ဒေသန္တရနယ်ပယ်တခုတွင်ရှိသော အသင်းတော်၌ ၀ိညာဉ်ပါရမီ ရင့်ကျက်ပြီး ခရစ်ယာန်များထဲတွင် တဦးအပါအဝင်ဖြစ်၍ ထိုအသင်းတော်၏ ၀ိညာဉ်ဖွ ့ံဖြိုးမှုအတွက် ဂရုတစိုက်ဆောင်ရွက်ပေးသူဖြစ်သည်။ ယခုခောတ်ကာလ၌ အသင်းတော် အုပ်ချုပ်ပုံနည်းစနစ်ကား၊ သင်းအုပ်ဆိုသည်မှာ လူရွေးကောက် တင်မြောက်ထားသော အကြီးအကဲတဦးဖြစ်၍ အသင်းတော်တခု (သို ့မဟုတ်) အသင်းတော် သုံးလေးခုကို ကွပ်ကဲအုပ်ချုပ်ရသောသူကို ခေါ်၏ ယခုခောတ်လူအများ နားလည်ခေါ်ဆိုသည့် “သင်းအုပ်သို ့မဟုတ် ဘစ်ရှော ့” သည် ဓမ္မသစ်ကျမ်းတွင်ခေါ်သော သင်းအုပ်စကားလုံး၏ အဓိပ္ပါယ်နှင့် လုံးဝကွဲလွဲပါသည်။ နယ်ပယ်တခုအတွင်းရှိ (ဒေသန္တရ) အသင်းတော်များကို အုပ်ချုပ်ကွပ်ကဲသူတဦးအား ဘစ်ရှော ့ (သို ့မဟုတ်) သင်းအုပ်ဟု ဓမ္မသစ်ကျမ်းရှိ မည်သည့်စာစောင်၌မျှ ခေါ်ဆိုဖော်ပြထားခြင်းမရှိပေ။

ဓမ္မသစ်ကျမ်းအရ သင်းအုပ်ဆိုသည်မှာ ဘုရားနှင့် လူစပ်ကြားဆက်သွယ်ပေးသူ မဟုတ်ပါ။ ဓမ္မသစ်ကျမ်းတွင် သင်းအုပ်ကိုရာထူး၊ ဂုဏ်ထူး တခုအနေဖြင့် ဖော်ပြထားခြင်းမရှိပါ။ ဘွဲ ့ထူးနှင့် သိက္ခာအမျိုးမျိုးဖြင့် မြင့်သောနေရာတွင် နေရန်မဟုတ်ဘဲ ဘုရားသခင်၏ လူများအတွင်း၌ နှိမ့်ချအစေခံဖို ့ ဘုရားသခင်၏ ခန် ့အပ်ခြင်း ခံရသူဖြစ်သည်။ သို ့ဖြစ်၍ တစုံတယောက်သောသူသည် ကောင်းသောအရာကို တောင့်တသည်ဟု သမ္မာကျမ်းတွင် ဖတ်ရသည်။ (၁တိ၊၃)။ သင်းအုပ်အရာသည် လုပ်ငန်းဖြစ်သည်။ ရာထူးမဟုတ်ပါ။ နိဂုံးချုပ်ဆိုသော် ဓမ္မသစ်ကျမ်း၌ ဖော်ပြထားသော ဘစ်ရှော ့၊ အသင်းတော်လူကြီး၊ သိုးထိန်းနှင့် သင်းအုပ်ဆိုသော စကားလုံးတို ့သည် အသင်းတော်ကို အုပ်ချုပ်သော သင်းအုပ်ကိုသာ ဆိုလိုခြင်းဖြစ်သည်။ ဤအကြောင်းအရာကို သမ္မာကျမ်းအထောက်အထား ကြည့်ခြင်းဖြင့် သက်သေပြနိုင်ပါသည်။ (တ၊ ၂၀း၁၇)တွင် “သင်းအုပ်များ” စကားလုံးတွေ ့ရပြီး (တ၊ ၂၀း၂၈)တွင် သိုးစုများကို သတိနှင့် ကြည့်ရှုဖို ့“အအုပ်အချုပ်ခန့်ထားတော်မူသောသူ” ဟုနောက်တမျိုး ခေါ်ဝေါ်ထားပြန်သည်။ သမ္မာကျမ်းကို ယခုခောတ် ဘာသာပြန်များ၌လည်း သင်းအုပ်ဝေါဟာရကို အမည်အမျိုးမျိုး သုံးနှုန်းထားသေးသည်။

သင်းအုပ်များကို ဘယ်လိုခန် ့မလဲ

အသင်းတော်လူကြီး သို ့မဟုတ် သင်းအုပ်များအား ရွေးချယ်ခန် ့ထားပုံကို လေ့လာဆင်ခြင်ကြပါစို ့။ အားလုံးကို ခြံုကြည့်လျှင် သန် ့ရှင်းသော ၀ိညာဉ်တော်ကသာ လူတဦးအား အသင်းတော်လူကြီး သို ့မဟုတ် သင်းအုပ်အရာ ခန် ့ထားနိုင်ကြောင်း (တ၊ ၂၀း၂၈)တွင်တွေ ့ရပါသည်။ အသင်းတော်တခုအနေဖြင့် လေးလေးနက်နက် တိုင်ပင်ဆွေးနွေးပြီး အသင်းတော်လူကြီး (သို ့မဟုတ်) သင်းအုပ်ကို ခန် ့ထားနိုင်သော်လည်း လူ ့သဘော လူ ့ဆန္ဒအရ ခန် ့အပ်ခြင်းဖြင့် ထိုသူ၏ စိတ်နှလုံးသည် ဘုရားသခင်၏ သိုးများကို စေတနာစိတ်ဖြင့် ကြည့်ရှုထိန်းသိမ်းချင်သော စိတ်နှလုံးဖြစ်မလာနိုင်ပါ။

(တ၊ ၁၄း၂၃။ တိတု၊ ၁း၅) တို ့တွင် ကြည့်လျှင် ရှင်ပေါလုနှင့် အခြားသူအချို ့လည်း သင်းအုပ်များကို ခန် ့ထားကြပါသလားဟု ဆင်ခြေပေးခဲ့သော် ဤအမှုသည် အသင်းတော်များ၌ ဓမ္မသစ်ကျမ်းကို မရရှိသေးသော အချိန်ကာလက ဖြစ်သည်ဟု ပြန်ဖြေပါမည်။ အသင်းတော်လူကြီးများ (သင်းအုပ်)၌ လိုအပ်သော အရည်အချင်းများ ရေးသားသွန်သင်သော စာပေမရှိသေးချိန်တွင် အသင်းတော်တို ့သည် တမန်တော်များနှင့် ၄င်းတို ့က စေလွှတ်သူများကို အမှီသဟဲပြုကြရသည်။ ရှင်ပေါလုသည် အသင်းတော်တခုသို ့ ပထမဦးဆုံးသွားရောက်သည့်အခါတွင် မည်သည့်အခါမျှ သင်းအုပ်တို ့ကို မခန် ့ခဲ့ကြောင်းတွေ ့ရမည်။ သူသည် အသင်းလူကြီး (သင်းအုပ်)တို ့ကို ဘုရားသခင်က ရွေးချယ်ခန် ့ထားကြောင်း တွေ ့ရမည်။ လုပ်ဆောင်ချက်များက ပေါ်လွင်ထင်ရှားစွာ ဖော်ပြလာသော အချိန်အထိစောင့်ဆိုင်းခဲ့သည်။ ထိုကဲ့သို ့စောင့်ဆိုင်းပြီးမှသာ ဘုရားသခင် ရွေးချယ်ခန် ့အပ်ထားသော အသင်းတော်လူကြီး (သင်းအုပ်)များအဖြစ် အသင်းတော်မှ အသိအမှတ်ပြု လက်ခံရန် ရှင်ပေါလုက ဆောင်ရွက်ခဲ့သည်။

သင်းအုပ်တဦး၏ အရည်အချင်းများ

စစ်မှန်သော သင်းအုပ် (သို ့မဟုတ်) သိုးထိန်းတဦး၏ အရည်အချင်းများကို ကျွနု်ပ်တို ့၌သံသယမရှိ သေချာရှင်းလင်းစေရန် သမ္မာကျမ်းတွင် ရေးသားဖော်ပြထားပါသည်။ ၄င်းတို ့ကို (၁တိ၊ ၃း၁-၇) နှင့် (တိတု၊ ၁း၆-၉) တွင်တွေ ့ရမည်။

ပထမဆုံးအချက်မှာ သင်းအုပ်သည် အပြစ်တင်ခွင့်နှင့် ကင်းလွတ်သူတဦးဖြစ်ရမည်။ သူ၌အပြစ်ဆိုနိုင်စရာမရှိအောင် အကျင့်စာရိတ္တကောင်းရမည်။ အပြစ်မရှိသူ ဖြစ်ရမည်ဟုမဆို။ အပြစ်တင်စရာ ကင်းရမည်ဟုသာ ဆိုလိုပါသည်။ အကယ်၍လူအများ အပြစ်တင် ပြောဆိုနိုင်စရာရှိလျှင် သူသည်သင်းအုပ်အလုပ်ကို လက်မခံသင့်ပေ။

ဒုတိယအချက်မှာ သူ၌ဇနီးသည်တဦးတည်းသာ ရှိရမည်။ ဤအချက်ကို လူအချို ့က သင်းအုပ်သည် အိမ်ထောင်သည်ဖြစ်ရမည်ဟု နားလည်ကြသည်။ အခြားသူတို ့ကမူ မိန်းမတယောက်ထက် ပိုယူသောသူသည် သင်းအုပ်အရာနှင့် မထိုက်တန်ဟု ယူဆကြသည်။ ဒုတိယအယူအဆသည် မှန်ကန်ကြောင်း ကျွနု်ပ်တို ့သေချာစွာ ပြောနိုင်သော်လည်း ပထမအယူအဆကို တရားသေ မမှတ်ယူသင့်ချေ။

တတိယအချက်မှာ သူသည်သတိ၀ိရိယ ရှိရမည်။ ကာမဂုဏ်ချုပ်တည်းနိုင်သူ ဖြစ်ရမည်။ သူသည် အစားကြူး၊ အအိပ်ကြူးသူ မဖြစ်ရ။ အချို ့သော သူတို ့သည် မိမိကိုယ်ကို မထိန်းချုပ်နိုင်ဘဲ ပြောဆိုနေထိုင်ရာ၌ လွန်ကျူးသူများဖြစ်သည်။ ထိုသူများသည် အသင်းတော်၌ ရှိနိုင်သော်လည်း သင်းအုပ်တော့ မဖြစ်နိုင်ပေ။

သင်းအုပ်သည် ဣန္ဒြေ စောင့်စည်းသူ ဖြစ်ရမည်။ ခရစ်ယာန်ဖြစ်ခြင်းသည် အပျင်းပြေရွှင်မြူးခြင်းဖြင့် အချိန်ကုန်စေခြင်းမဟုတ်။ ပေါ့ပျက်သည့်ပျော်ရွှင်မှု၌ အသက်ရှင်ခြင်းလည်း မဟုတ်ကြောင်း သူ၏အသက်ရှင်မှုဖြင့် ထင်ရှားစေရမည်။ အသင်းတော်လူကြီး (သင်းအုပ်)သည် ထာဝရတည်သည့် အရာများအတွက် မိမိအသက်တာကို ဆက်ကပ်သူဖြစ်သည်။

သူသည် အကျင့်သီလကောင်းသူ (သို ့မဟုတ်) စည်းကမ်းရှိသူဖြစ်ရမည်။ စည်းကမ်းကျင့်ဝတ်ရှိသည့် ဘုရားသခင်၏အိမ်တော်၌ သတိမရှိပေါ့ဆသော သူတို ့အား လူကြီးအဖြစ် မခန် ့သင့်ပေ။

နောက်တချက်မှာ သူသည် “ဧည့်ဝတ်ကျေပြွှန်သူ” သို ့မဟုတ် ဧည့်ဝတ်ပြုရန် နှစ်သက်သူတဦးဖြစ်ရမည်။ သူ၏နေအိမ်ကို ဘုရားရှင်၏ လူများအတွက် အစဉ်တံခါးဖွင့်ထားသင့်သည်။ အရှင်ယေရှုနှစ်သက်သည့် လာဇရု၊ မာရိနှင့် မာသတို ့၏ နေအိမ်ကဲ့သို ့ ဖြစ်ရမည်။

သင်းအုပ်သည် သမ္မာကျမ်းနှင့်အညီ သွန်သင်လမ်းပြတတ်ရမည်။ သူသည် ကျွမ်းကျွမ်းကျင်ကျင် သွန်သင်နိုင်သည့် ပါရမီမရှိသော်ငြားလည်း ယုံကြည်သူများ၌ ပြဿနာအမျိုးမျိုး ပေါ်ပေါက်ခဲ့လျှင် ထိထိရောက်ရောက် ဖြေရှင်းစေနိုင်ဖို ့ သမ္မာကျမ်းစာတော်မြတ်ကို လုံလုံလောက်လောက် တတ်မြောက်ထားရမည်။

သူသည် သေရေသေစာသောက်ကြူးသူ မဖြစ်ရ။ မည်သူမဆို မိမိခံတွင်း၏ အလိုကိုမချုပ်တည်းနိုင်လျှင် ယုံကြည်အားကိုးထိုက်သော အသင်းတော် လုပ်ငန်းအတွက် လုံးဝမထိုက်တန်ပေ။

သူသည် ရိုက်နှက်တတ်သူမဖြစ်ရ။ ဆိုလိုရင်းကား သူသည် အခြားသူတို ့အား ကြမ်းတမ်းခက်ထန်စွာ မပြုရ။ ဥပမာ၊ တပည့်လက်သားတဦးအား ရိုက်နှက်တတ်သူသည် အသင်းတော်လူကြီး မဖြစ်ထိုက်ပေ။

သူသည် မတရားသော စီးပွားကို တပ်မက်သူမဖြစ်ရ။ ငွေသည် ဘုရားရှင်၏ အလိုတော်အတိုင်း ကိုယ်တော်၏ ဘုန်းတော်အတွက် အသုံးပြုရန်သာ ဖြစ်ကြောင်း သင်းအုပ်စစ်မှန်သူ နားလည်ပါသည်။ လောဘရမ္မက်ကြီးသော ခရစ်ယာန်သည် သာသနာဖျက်ဖြစ်၏။

သူသည် သည်းခံတတ်သူဖြစ်ရမည်။ သူ၏အရှင်သခင်သည် သိမ်မွေ ့သော အရှင်ဖြစ်၍ တပည့်တော်သည် သခင်ထက် မသာလွန်နိုင်ချေ။ နှိမ့်ချခြင်းနှင့် သည်းခံခြင်းတို ့သည် လောကီလူတို ့၌ ပါရမီမရှိသော်ငြားလည်း ဘုရားရှင်၏ နိုင်ငံတော်တွင် ယခုထက်တိုင်ရှိနေသေးသည်။

သူသည် ရန်ဖြစ်တတ်သူ မဖြစ်ရ။ အချို ့သော သူတို ့သည် အသေးအဖွဲကလေးအတွက်နှင့် ငြင်းခုံရန်ဖြစ်တတ်ကြသည်။ သင်းအုပ်အနေနှင့် ဤသို ့မဖြစ်သင့်ပေ။

ထို ့ပြင်သူတို ့သည် လိုချင်တပ်မက်ခြင်း မရှိရ။ လိုချင်တပ်မက်ခြင်းဆိုသည်မှာ ဘုရားရှင်က လူတဦး၌ မရရှိစေလိုသည့်အရာကို လိုချင်တပ်မက်ခြင်း စိတ်ဖြစ်ပေါ်နေခြင်းကို ဆိုလိုသည်။ တပ်မက်လိုချင်စိတ်သည် လူနှင့်ဘုရား စပ်ကြားတွင် ကာကွယ်စေသော ရုပ်တုဖြစ်သည်။ အကြောင်းမှာ လူ ့အလိုဆန္ဒကို ဘုရားရှင်၏ အလိုတော်ထက် ဦးစားပေးသောကြောင့် ဖြစ်သည်။

သင်းအုပ်သည် မိသားစုကို ကောင်းမွန်စွာ အုပ်ထိန်းတတ်ရမည်။ မိမိသားသမီးများကို ထိထိရောက်ရောက် ဆုံးမသွန်သင်တတ်၍ ယုံကြည်ခြင်းရှိသည့် ကလေးများဖြစ်စေရမည်။ စည်းကမ်းမရှိ သောင်းကျန်းသူများဟု အပြောခံရခြင်းနှင့် ကင်းရှင်းစေရမည်။ ဤအရည်အချင်းသည် မရှိမဖြစ် အလွန်အရေးကြီးပါသည်။ အကြောင်းမှာ လူတဦးသည် မိမိအိမ်ကို မအုပ်ထိန်းတတ်လျှင် ဘုရားသခင်၏ အသင်းတော်ကို သူ မည်ကဲ့သို ့ ပြုစု ထိန်းသိမ်းမည်နည်း (၁တိ၊ ၃း၅)။

သူသည် ယုံကြည်ခြင်း၌ မရင့်ကျက်သေးသူ မဖြစ်ရ။ ဘုရားသခင်ကို သိကျွမ်းလိုက်လျှောက်ခြင်း၌ ရင့်ကျက်ဖို ့ လိုအပ်ပါသည်။ လူတဦးသည် အသက်အရွယ်ပညာ၌ ရင့်စေကာမူ ခရစ်တော်နှင့် ရင်းနှီးမှု နည်းပါးလျှင် ၀ိညာဉ်ရေးဘက်၌ ကြည့်ရှုရန် အရည်အချင်းပြည့်ဝမှု မရှိချေ။ ယုံကြည်စလူတဦးကို အသင်းတော် လူကြီးအဖြစ် ခန် ့အပ်ပါက ၀ိညာဉ်ရေးရာ၌ မရင့်ကျက်သေးသောကြောင့် မာနထောင်လွှားလျက် စာတန် မာရ်နတ်၏ အပုတ်ချ ပြစ်တင်ခြင်းကို ခံရသည့် အန္တရာယ်သို ့ ကျရောက်သွားတတ်သည်။

သူသည်ပြင်ပလူတို ့တွင် နာမည်ကောင်းရှိသူ ဖြစ်ရမည်။ သူသည် ခရစ်ယာန်၏ ဖြောင့်မတ်တည်ကြည်ခြင်း သဘောရှိသူတဦးဖြစ်ကြောင်း မယုံကြည်သူတို ့ကပင်လျှင် သိကြသည့် ပုံသက်သေကောင်းရှိရမည်။

သူသည် မိမိအလိုသို ့ လိုက်တတ်သူမဖြစ်ရ။ စိတ်ဆိုးမလွယ်ရ။ ကောင်းမြတ်သောအရာကို မြတ်နိုးသူတဦးဖြစ်ရမည်။ သူသည် တရားမျှတ၍ အကျင့်အကြံ စင်ကြယ်သူ ဖြစ်ရမည်။ အချုပ်အားဖြင့် သူသည် နှုတ်ကပတ်တော်ကို ခိုင်မြဲစွာ ယု့ကြည်သူဖြစ်ရမည်။ တနည်းဆိုသော် ယုံကြည်ခြင်းတရားကို စောင့်ရှောက်သူ ဖြစ်ရမည်။

နိဂုံးချုပ်သော် သင်းအုပ်တဦး၌ ရှိရမည့်အရည်အချင်းများမှာ မိမိကိုယ်ကို ချုပ်တည်းနိုင်သူဖြစ်ရမည်။ မိမိကိုယ်ကို အုပ်ထိန်းနိုင်သူ ဖြစ်ရမည်။ ဘုရားသခင်၏ သမ္မာတရားကို ဟောပြောစောင့်ရှောက်သူဖြစ်ရမည်။

သတိပြုရန်-သင်းအုပ်သည် လက်တင်ဘိသိသက် ခံသူဖြစ်ရမည်ဟု သမ္မာကျမ်းက မဆိုပါ။ ဒီဂရီ (သို ့) ဘွဲ ့ရမှ သင်းအုပ်ဖြစ်ရမည်ဟု ကျမ်းစာ၌လည်း မတွေ ့ရပေ။ သူသည် စီးပွားကောင်းသူ (သို ့) လူ ့အသိုင်းအဝိုင်းအတွင် ထင်ရှားအရေးပါသူတဦး ဖြစ်ရမည်ဟုလည်းမဆို။ သူ၏ရုပ်ရည် ရူပကာယ ငွေကြေးနှင့် ပတ်သတ်၍ ကျမ်းစာက ဘာမျှမဆိုထားချေ။ သူသည် ခါးကုန်း၊ ရုပ်ဆိုး၊ ဆင်းရဲသား၊ အလုပ်သမား၊ လယ်သမားဖြစ်လင့်ကစား ဘုရားရှင်၏ အသင်းတော်၌ သင်းအုပ်ဖြစ်ခွင့်ရှိပါသည်။ ဤအကြောင်းအရာကို ကျွနု်ပ်တို ့လေးလေးနက်နက် ဆင်ခြင် စဉ်းစားကြပါစို ့။

၀ိညာဉ်ရေးရာ အရည်အချင်း မပြည့်စုံသူများကို အသင်းတော်လူကြီးအဖြစ် ခန် ့အပ်တာဝန်ပေးခြင်း အမှားမှာ (ယခုခောတ်အသင်းတော်များတွင်) အကြီးဆုံးအမှားဖြစ်သည်။ လူတဦးသည် ၀ိညာဉ်ပါရမီ နည်းပါးသော်လည်း ချမ်းသာဂုဏ်ရှိရုံဖြင့် ထိုသူအား အသင်းတော်ခေါင်းဆောင် တဦးအဖြစ် ခန် ့ထားတတ်ကြသည်။ ထို ့ကြောင့် အသင်းတော်၌ ငွေဖြင့်ဝယ်ယူ၍ မရနိုင်သော ပစ္စည်းဥစ္စာများပြား ပြည့်စုံသော်လည်း ၀ိညာဉ်တန်ခိုးမှာ ခန်းခြောက်သွားတတ်၏။

သင်းအုပ်တဦး၏ တာဝန်ဝတ္တရားများ

သင်းအုပ်တို ့၌ ဘာတာဝန် ၀တ္တရားများရှိသလဲ? ပထမအရေးအကြီးဆုံးမှာ သူတို ့သည် ဘုရားရှင်၏ သိုးတော်စုကို ကျွေးမွေးရန် တာဝန်ရှိသည် (၁ပေ၊ ၅း၂။ တ၊ ၂၀း၂၈)။ သူတို ့သည် နှုတ်ကပတ်တော် ဟောပြော သွန်သင်ခြင်းဖြင့် ဤတာဝန်ကို ဆောင်ရွက်ကြသည်။ လူထုတရားဟောခြင်းကိုသာ ဆိုလိုသည်မဟုတ်ပါ။ တအိမ်တက်ဆင်း နှိုးဆော် တိုက်တွန်းခြင်းလည်း ဖြစ်နိုင်သည်။

ဒုတိယ အရေးကြီးဆုံးမှာ သူတို ့သည် အုပ်ချုပ်ကွပ်ကဲသော အမှုကို ဆောင်ရွက်ကြရသည်။ (ဘုရားရှင်၏ သိုးတော်စုကို ထိန်းခြင်း) အလုပ်သည် ဘာကိုဆိုလိုသလဲ။ ဘုရားရှင်၏ သို းတော်စုကို ထိန်းခြင်း အလုပ်ကို ကျမ်းစာ၌ ရှင်းလင်းစွာ ဖော်ပြထားပါသည်။ အနိုင်အထက်အဓမ္မနည်းနှင့် ထိန်းရခြင်းမဟုတ်။ ငွေ (သို ့မဟုတ်) အကျိုးအမြတ်ရဖို ့ ထိန်းရခြင်းလဲမဟုတ်၊ အလိုလိုစိတ်စေတနာရှိ၍ ကြည့်ရှု အုပ်ထိန်းရခြင်း ဖြစ်သည်။

ဘုရားရှင်ပိုင်သည့် သိုးတော်စုအပေါ် ပိုင်စိုးပိုင်နင်း လုပ်ရခြင်းမဖြစ်သင့်ချေ။ သင်းအုပ်သည် အာဏာရှင်တဦးမဟုတ်။ အလုပ်ရှင် တဦးလည်းမဟုတ် အလုပ်သမားခေါင်း (ဦးစီး) တဦးလည်းမဟုတ်ပေ။ သို ့သော် သိုးတော်စုရှေ ့တွင် ပုံသက်သေပြသူ တဦးဖြစ်ရမည်။

ကောင်းသောသိုးထိန်းသည် သို ့တို ့ကို မောင်းနှင်ခြင်းမပြုဘဲ သိုးရှေ ့မှ ဦးဆောင် လမ်းပြပေးရကြောင်း သတိပြုရမည်။ သိုးထိန်း၏လက်အောက်ရှိ သိုးထိန်းသမား အားလုံးလည်း ထိုနည်းတူ ပုံသက်သေပြရမည်။ လူ ့အမြင်အားဖြင့် အသင်းတော်တွင် အချုပ်အခြာအာဏာရှိမှ အမိန် ့ညွှန်ကြားချက်များ ထုတ်ဝေ၍ တသွေမတိမ်း လိုက်နာကြဖို ့ ပိုလွယ်ကူမည်ဟု ထင်မှတ်ကြသည်။ သို ့သော်ထိုနည်းလမ်းကား ဘုရားသခင်၏ နည်းလမ်းမဟုတ်ချေ။ သင်းအုပ်များသည် သိုးတော်စုရှေ ့တွင် ကောင်းသောပုံသက်သေ ပြခြင်းဖြင့် အသင်းတော်ကို ကြည့်ရှု အုပ်ထိန်းကြရသည်။

အသင်းတော်၏အခြေအနေ အကောင်းအဆိုးဖြစ်ပျက်တို ့၌ သင်းအုပ်များ အသက်ရှင်သည့် ပုံသက်သေပေါ်တွင် မူတည်သည်။ သင်းအုပ်နှင့် အသင်းလူကြီးများသည် ထာဝရဘုရားကို ချစ်ကြောက်ကြည်ညို ကိုးစားခြင်း မိမိတို ့အသက်တာ၌ ကိုယ်တော်ကို ပထမဦးစားပေးခြင်း အရှင်ယေရှုခရစ်၏ ကျေးဇူးကရုဏာ ပေါ်လွင်ခြင်းများ ရှိကြလျှင် ထိုအသင်းတော်သည် ၀ိညာဉ်ရေး၌ ကြီးထွားတိုးတက်လာဖို ့ မျှော်လင့်နိုင်စရာ ရှိသည်။ အခြားရှုထောင့်ဘက်က ကြည့်မည်ဆိုပါက အသင်းတော်လူကြီးများသည် လောကီအမှုများဖြင့် အချိန်ကုန်လျက် ၀ိညာဉ်ရေးနှင့် ပတ်သတ်သည့် အရာများ၌ စိတ်ဝင်စားမှုနည်းပြီး ဆုတောင်းခြင်းနှင့် သမ္မာကျမ်း ဖတ်ရွတ်လေ့လာရန် မအားမလပ်ကြလျှင် သိုးတော်စုမှာ အေးစက်စက်နှင့် အသေကဲ့သို ့ ဖြစ်သွားလိမ့်မည်။

ထို ့ပြင် သင်းအုပ်သည် အားနည်းသူတို ့ကို ထောက်ပံ့မစရမည်။ (တ၊ ၂၀း၃၅)။ အရာရာမှာ အသင်းတော်အား ပုံသက်သေကို ကျွနု်ပ်ပြခဲ့ပြီး။ သင်တို ့သည်လည်း အလုပ်လုပ်၍ ဆင်းရဲသောသူတို ့ကို မစရမည်။ “အစွန် ့အကြဲခံခြင်းထက် ပေးကမ်းစွန် ့ကြဲခြင်းသည် သာ၍ မင်္ဂလာရှိသည်” ဟူသော သခင်ယေရှု၏ စကားကို သတိပြုလိုက်ရှောက်ဖို ့လိုသည်။ ဤကျမ်းပိုဒ်၏ ဆိုလိုရင်းမှာ မစခြင်းလိုနေသော သူတို ့အား သင်းအုပ်တို ့သည် မစသင့်သည်။ သို ့ဖြစ်၍ သင်းအုပ်သည် သိုးတော်စုအပေါ် မှီခိုစားသောက်ရမည့်အစား မိမိတို ့၏ ၀မ်းစာကို သိုးတော်စုနှင့်အတူ ဝေမျှသင့်သည်။

နိဂုံးချုပ်ဆိုရလျှင် သင်းအုပ်တို ့သည် ဆုံးမသွန်သင်ခြင်း၊ မေတ္တာနှင့် သတိပေးခြင်း တိုက်တွန်းနှိုးဆော်ခြင်း အမှုများကို ပြုကြရမည်။ (၂တိ၊ ၄း၂၊ တိတု၊ ၁း၁၃။ ၂း၁၅)။ ယုံကြည်ခြင်းနှင့် ဆန် ့ကျင်သော အပြုအမူမှန်သမျှကို အစွမ်းကုန် ဆုံးမသတိပေးရမည်။ စစ်မှန်သောသြဝါဒတရားများကို နာခံလိုက်လျှောက်ခြင်း မရှိသူတို ့အား ဆုံးမသွန်သင်ခြင်း၊ နှိုးဆော်သွေးဆောင်ခြင်း ပြုရမည်။ သင်းအုပ်တို ့သည် ယုံကြည်ခြင်း တရားအတွက် ကြံ့ကြ့ံခံ ရပ်တည်သူဖြစ်ရမည်။

သင်းအုပ်တို ့အား မည်သို ့သဘောထားရမည်နည်း။

အချို ့သင်းအုပ်တို ့ကို အသင်းတော်က ငွေကြေးထောက်ပ့ံခြင်းဖြင့် စောင့်ရှောက်ရကြောင်း တွေ ့ရမည်။ (၁တိ၊ ၅း၁၇၊ ၁၈)။ အထူးသဖြင့် နှုတ်ကပတ် တရားဟောခြင်း၊ ဆုံးမသြဝါဒပေးခြင်းဖြင့် အသင်းတော်ကို ကောင်းမွန်စွာ အုပ်ထိန်းကြည့်ရှုသော သင်းအုပ်တို ့အား နှစ်ဆဂုဏ်ပြုထိုက်သည်။ အကြောင်းမူကား စပါးနင်းနယ်သော နွား၏နှုတ်ကို မချုပ်တည်းရ။ တဖန် “လုပ်ဆောင်သောသူသည် အခကိုခံထိုက်သည်” ဟု  ကျမ်းစာ၌ ဆိုထားသည်။

အချို ့သင်းအုပ်တို ့သည် မိမိတို ့လုပ်စာဖြင့် အမှုတော်မြတ်တွင် ဆက်ကပ် အသက်ရှင်ကြောင်း ထင်ရှားစွာ တွေ ့ရသည်။ ရှင်ပေါလုကိုယ်တိုင် မိမိလုပ်စာဖြင့် ဆက်ကပ် အမှုဆောင်ခဲ့ကြောင်း တွေ ့ရပါသည်။ (၁ကော၊ ၄း၁၂)။

ထို ့ပြင် သင်းအုပ်တို ့ကို ကြမ်းကြမ်းတမ်းတမ်း ပြစ်တင်ဆုံးမခြင်း မပြုရပေ။ (၁တိ၊ ၅း၁) ဖခင်တဦးကဲ့သို ့ တောင်းပန်ပြောဆိုပါ။ သက်သေနှစ်ဦး၊ သုံးဦးမရှိလျှင် သင်းအုပ်အပေါ် ပြစ်တင်စကားကို နားမထောင်နှင့်။ (၁တိ၊ ၅း၁၉)။

ထိုမျှမက သင်းအုပ်များအား သတိရအောက်မေ့လျက် လေးစားချစ်ခင်ပြီး သူတို ့၏သွန်သင်မှုကို နားထောင်ခံယူရမည်။ သူတို ့၏ဆက်ကပ် အမှုတော်ဆောင်ခြင်းအတွက် ချစ်ခင်လေးစားကြလော့ (၁သက်၊ ၅း၁၃)။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင်တို ့အားဟောပြော၍ သင်တို ့ကို အုပ်ထိန်းသော သူတို ့အား အောက်မေ့ကြလော့။ သူတို ့သည် အဘယ်သို ့ကျင့်ကြံပြုမူ၍ စုတေသည်ကို စေ့စေ့ ဆင်ခြင်လျက် သူတို ့၏ ယုံကြည်ခြင်းကို မှီအောင်လိုက်ကြလော့။ ယေရှုခရစ်သည် မနေ ့၊ ယနေ ့၊ နောင်ကာလ အစဉ်အမြဲ မပြောင်းမလဲ နေတော်မူ၏။ (ဟေဗြဲ၊ ၁၃းရ၊၈)။ ခရစ်တော် ပေါ်ထွန်းသည့်အခါ သင်းအုပ်တို ့ ရရှိမည့် ဆုလာဘ်များကို သင်သတိပြုမိသလား၊ သို ့ဖြစ်လျှင် သိုးထိန်းကြီး ပေါ်ထွန်းတော်မူသောအခါ သင်တို ့သည် မညှိုးမနွမ်းတတ်သော ဘုန်းကြီးသည့် ပန်းဦးရစ် သရဖူကို ရကြလိမ့်မည်။ (၁ပေ၊ ၅း၄)။

လက်ယာဘက် ကွက်လပ်တွင်အဖြေမှန်၏ အက္ခရာကို ရေးသားပါ။

၁၁။ ဓမ္မသစ်ကျမ်းအရ သင်းအုပ်ဆိုသည်မှာ-

(က) အသင်းတော်က ခန် ့ထားသော ဆရာတပါး။

(ခ) အသင်းတော်၏ အကြီးအကဲ၊ အခြားဒေသန္တရ အသင်းတော်များကိုလည်း ကြည့်ရှုဖို ့တာဝန်ရှိသည်။

(ဂ) ဒေသန္တရ အသင်းတော်တခု၏ ၀ိညာဉ်ရေးကို ကြည့်ရှုနေသည့် ရင့်ကျက်သော ခရစ်ယာန်များထဲမှ တဦးဖြစ်သည်။

(ဃ) ဒေသန္တရ အသင်းတော်တခု၌ ရွေးချယ်ထားသော အကြီးအကဲ၊                                                                                      ————–

၁၂။ ဓမ္မသစ်ကျမ်း၌ “သင်းအုပ်” ဟုခေါ်ဆိုသော ပုဂ္ဂိုလ်ကို အခြားအမည်များဖြင့်လည်း ခေါ်သေးသည်။

(က) ဘစ်ရှော့၊

(ခ) အသင်းတော်လူကြီး၊

(ဂ) သိုးထိန်း၊

(ဃ) အထက်ပါ အမည်အားလုံး။                                                                                      —————

၁၃။ နှုတ်ကပတ်တော်အရ လူကို သင်းအုပ်အဖြစ် ခန် ့ရာ၌

(က) သန် ့ရှင်းသော ၀ိညာဉ်တော်ကသာ ခန် ့အပ်ခြင်း ဖြစ်သည်။

(ခ) ဒေသန္တရ အသင်းတော်တခုမှ လူအများ သဘောတူ တင်မြှောက်ကြခြင်းဖြင့်

(ဂ) အသင်းတော်များမှ သဘောတူ တင်မြှောက်ကြခြင်းဖြင့်

(ဃ) မိမိတို ့၏ သက်ဆိုင်ရာ ဌာနချုပ်၏ ခန် ့အပ်ခြင်းဖြင့်။                                                                                               —————

၁၄။ “သင်းအုပ်များ” ကို ရှင်ပေါလု ခန် ့အပ်သည့်နည်းမှာ-

(က) အသင်းတော်အတွက် ဤအတိုင်း ဆက်လက်လုပ်ဆောင်ရန်အခွင့်အာဏာရှိသည်။

(ခ) ထိုအချိန်အခါအတွက်သာ ဆီလျော်၍ ထိုအချိန်က နှုတ်ကပတ်တော် မပြည့်စုံသေးသောကြောင့် လုပ်ခြင်းသာဖြစ်သည်။

(ဂ) ဒေသန္တရ အသင်းတော် ပေါ်ပေါက်သည်နှင့် တပြိုင်နက်တည်း အချိန်မဖြုန်းဘဲ သင်းအုပ်များကို ခန် ့အပ်ဖို ့ လမ်းညွှန်ခြင်းဖြစ်သည်။

(ဃ) တ၊ ၂၀း၂၈ တွင် ရှင်းလင်းစွာ ဖော်ပြထားသည်။                                                                                               —————

၁၅။ ရှင်ပေတရု ရေးသားထားချက်အရ သင်းအုပ်တဦးသည်-

(က) သူ၏ အလုပ်အတွက် အခကြေးငွေ ပေးသင့်သည်။

(ခ) အတင်းအကြပ် တာဝန်ပေးခံရလျှင် လုပ်ချင်လိုစိတ် မရှိသော်လည်း တာဝန်ယူလုပ်ဆောင်ရမည်။

(ဂ) အခြား ခရစ်ယာန်များကို ပြောဆိုဖို ့အခွင့်အာဏာရှိပြီး ၄င်းတို ့သည် တိတိကျကျ လိုက်နာစေဖို ့လည်း တာဝန်ရှိသည်။

(ဃ) ဦးဆောင်လမ်းညွှန်နိုင်စွမ်း ရှိရမည်။                                                                                       —————

၁၆။ အသင်းတော်တွင် သင်းအုပ်တဦးကို အပြစ်မကင်းကြောင်း တွေ ့ရလျှင် အမှန်အတိုင်း လုပ်ရမည့်အချက်မှာ-

(က) သူ ့အကြောင်းကို နောက်ကွယ်တွင် ပြောဆိုခြင်း

(ခ) အသင်းသားအားလုံးရှေ ့တွင် သူ ့ကိုသတိပေး ဆုံးမပါ။

(ဂ) သူ ့အပြစ်ကို ၀န်ခံလာရန် သူ ့ကိုမေတ္တာနှင့် သွေးဆောင်ပါ။

(ဃ) အပြစ်ကို ဂရုမစိုက်ပါနဲ ့။                                                                                        —————

၁၇။ အောက်ပါ ပုဂ္ဂိုလ်တို ့သည် ယုံကြည်သူဖြစ်၍ ဒေသန္တရ အသင်းတော်၌ မိတ်ဿဟာယဖွဲ ့နေသူများဖြစ်သည်။ အခြားအရည်အချင်းများလည်း မရှိပေ။ မည်သူသည် နှုတ်ကပတ်တော်နှင့် အကိုက်ညီဆုံး သင်းအုပ် ဖြစ်နိုင်သနည်း။

(က) ဦးအောင်ဝင်းသည် အလွန်အရေးပါသည့် ဘဏ်အရာရှိတဦး ဖြစ်ပြီးအဟောအပြောကောင်း၍ ဆက်ဆံရေးပေါက်ရောက် သူတဦးဖြစ်သည်။ အပါတ်စဉ်ဆုတောင်း စည်းဝေးသို ့လာလေ့မရှိ။

(ခ) ဦးစိုးအောင်သည် တက္ကိသိုလ် ပါမောက္ခတဦးဖြစ်ပြီး သူ ့ကျောင်းသားများက သူ ့ကို “ဦးစိတ်တို” ဟုသမုတ်ကြ၏။

(ဂ) ဦးသန်းကြွယ်သည် အလွန်ကြွယ်ဝချမ်းသာသည့် သူဌေးကြီးတဦးဖြစ်သည်။ လူမှုရေးနှင့် ဘာသာရေး အဖွဲ ့များသို ့ ပေးလှူရ၍ ရက်ရောစိတ်ထက်သန်သူ တဦးဖြစ်ပြီး အရှင်ယေရှုခရစ်ကို မကြာခင်က ယုံကြည်လက်ခံခဲ့သောသူ ဖြစ်သည်။

(ဃ) ဦးလှသွင်သည် နှုတ်ကပတ်တော်၌ ပြောထားသော အရည်အချင်းများနှင့် ပြည့်စုံသော်လည်း ဂုဏ်မရှိလူဂုဏ်တန်အလွှာ၌ ၀င်ဆ့ံသူမဟုတ်။ ကျန်းမာရေးသိပ်မကောင်းသူဖြစ်သည်။                                                                                              —————

၁၈။ အောက်ပါပုဂ္ဂိုလ်တဦးစီအား “သင်းအုပ်” အဖြစ်ခန် ့သင့်၊ မခန် ့သင့်ကို အကြောင်းပြချက်၊ ဝေဖန်ချက် ပြည့်စုံစွာ ရေးဖြေပါ။ မေးခွန်း (၁၇) ကိုပြန်ဖတ်ပါ။ ပုဂ္ဂိုလ်တဦးချင်းအတွက် သမ္မာကျမ်းအထောက်အထားပေးပါ။

(က) ဦးအောင်ဝင်း ————————–

(ခ) ဦးစိုးအောင် —————————-

(ဂ) ဦးသန်းကြွယ် ————————–

(ဃ) ဦးလှသွင် ——————————

၁၉။ ကျမ်းစာထဲတွင် (တိတု၊၁း၆-၉ နှင့် ၁တိ၊ ၃း၁-၇) ကိုဖတ်ပြီး အောက်တွင်ရေးသားထားသော သင်းအုပ်တဦး၏ အရည်အချင်း အဆိုပြုချက်များနှင့် ကျမ်းညွှန်းများကို ဆီလျော်အောင် တွဲပေးပါ။ ကွက်လပ်တွင် အဖြေမှန် နံပါတ် (၁၊၂ အစရှိသဖြင့်) ကိုသာ ရေးပါ။

(၁) ၁တိ၊ ၃း၂      (၆) ၁တိ၊ ၃း ၄၊၅

(၂) ၁တိ၊ ၃း၂။ တိတု၊ ၁း၆ (၇) ၁တိ၊ ၃း၂၊ တိတု၊ ၁း၈

(၃) ၁တိ၊ ၃း၃     (၈) ၁တိ၊ ၃းရ

(၄) ၁တိ၊၃း၃      (၉) ၁တိ၊ ၃း၂။ တိတု၊ ၁း

(၅) တိတု၊၁း၉    (၁၀) ၁တိ၊ ၃း၆။

အရည်အချင်း

(က) သင်းအုပ်သည် အပြစ်တင်ခွင့် ကင်းရမည်။                                                                 ————–

(ခ) သင်းအုပ်သည် ဧည့်ဝတ်ပြုသူဖြစ်ရမည်။                                                                     ————–

(ဂ) သူသည် ကျမ်းစာသွန်သင်တတ်ရမည်။                                                            ————–

(ဃ) သူသည် ငွေကြေးဥစ္စာပစ္စည်း တပ်မက်သူ မဖြစ်ရ။                                                                   ————–

(င) မိသားစုကို ကောင်းမွန်စွာ အုပ်ထိန်းတတ်ရမည်။                                                                       ————–

(စ) သမ္မတရား၌ ရင့်ကျက်သူ (သမ္မာသတိရှိသူ) ဖြစ်ရမည်။                                                              ————–

(ဆ) သူသည် ခရစ်ယာန်တဦး၏ ဖြောင့်မတ် တည်ကြည်မှုရှိသူဟု မယုံကြည်သူကပင် ထောက်ခံနိုင်ရမည်။                    ————–

(ဇ) ယုံကြည်ခြင်း တရားကို ကွယ်ကာနိုင်သူ ဖြစ်ရမည်။                                                                   ————–

(ဈ) သူသည်စိတ်ရှည်ရမည်။                                                                    ————–

(ည) သူသည် အိမ်ထောင်ပြုပြီးသူ ဖြစ်ရမည်။                                                                    ————–

သင်ဘယ်လိုယူဆပါသလဲ။

သင်၏ အသင်းတော်တွင် ဓမ္မသစ်ကျမ်းအရ “အသင်းတော်လူကြီး” အဖြစ်ထိုက်ဆုံး ပုဂ္ဂိုလ်၏ အကျင့်လက္ခဏာများကို ဖော်ပြပါ။ (ကျေးဇူးပြု၍ နာမည်မဖော်ပါနှင့်) ထိုပုဂ္ဂိုလ်၏ အကျင့်လက္ခဏာများကိုသာ ရေးသားဖော်ပြပါ။

သင်ခန်းစာ (၁၁)

အစေခံသူများ

သင်းထောက်များ

သင်းအုပ်များအကြောင်းကို လေ့လာခဲ့ရာ၌ သူတို ့၏ တာဝန်ဝတ္တရားများမှာ ဘုရားသခင်၏ အိမ်တော်ရှိ ၀ိညာဉ်ရေးရာများကို ဂရုတစိုက် ကြည့်ရှု အုပ်ထိန်းကြရသူများ ဖြစ်ကြောင်းသိရသည်။ ဘစ်ရှော ့များကို သင်းအုပ်များဟု ခေါ်တွင်သေး၏။ အသင်းတော်သုံးလေးခုအား သင်းအုပ်တဦးက ကြည့်ရှုရခြင်းမဟုတ်ဘဲ၊ အသင်းတော်တခုကို သင်းအုပ်များက ကြည့်ရှုစောင့်ထိန်းကြရကြောင်း တွေ ့ရသည်။

ယခု“သင်းထောက်” ဆိုတာဘယ်သူလဲ? သူတို ့၌ဘာတာဝန်ဝတ္တရားများရှိသလဲ? ဟူသောအကြောင်းများကို လေ့လာပါမည်။

၁။        သင်းထောက်များကား အဘယ်သူနည်း။

“Deacon” “သင်းထောက်” စကားလုံးသည် အစေခံဟု ဆိုလိုပါသည်။ ဌာနတခု (သို ့မဟုတ်) လုပ်ငန်းတခုတွင် အစေခံသောသူကိုခေါ်သည်။ ဓမ္မသစ်ကျမ်းတွင်၊ ဤစကားလုံးကို ယေဘုယျအတွက် (မကြာခဏ) အသုံးပြုထားသည်။ ဥပမာ- ပြည်သူလူထု၏ အမှုကိစ္စများကို ဆောင်ရွက်ရသော အစိုးရ အမှုထမ်းတစ်ဦးအား ဘုရားသခင်၏ အစေခံဟုခေါ်သည် (ရောမ၊ ၁၃း၄)။ ဖိဗေသည် ကင်ခြေမြို ့အသင်းတော်၌ မိန်းမသင်းထောက်တဦးဖြစ်သည် (ရောမ ၁၆း၁)။ ခရစ်တော်သည် ဘုရားသခင်၏ သစ္စာတရားအတွက် အရေဖျားလှီးခြင်းခံရသော သူတို ့၏ အမှုကို ဆောင်ရွက်တော်မူ၏ဟုဆိုရာ၌၊ ထိုသူတို ့၏ အစေခံတဦးဖြစ်ကြောင်း အဓိပ္ပာယ် သက်ရောက်သည် (ရောမ၊၁၅း၈)။ဤ“သင်းထောက်” ဝေါဟာရသည် ယေရုရှလင်မြို့ အသင်းတော်ရှိ အလှူငွေများကို စနစ်တကျ ခွဲဝေအသုံးပြုရန်။ လူခုနှစ်ဦးကို ရွေးချယ်ခန့်ထားကြရာမှ၊ စတင်ပေါ်လာသည်။ အင်္ဂလိပ်လို “Deacon” သင်းထောက်စကားလုံးကို  ထိုကျမ်းပိုဒ်တွင် မတွေ ့ရပေ။ သင်းထောက် စကားလုံးသည် မည်သည့်အမှု (အလုပ်)မျိုးကိုမဆို ဆောင်ရွက်သူကို ခေါ်သည်။ အပိုဒ်တွင် မတွေ ့ရပေ။ သို ့ဖြစ်၍ အလှူငွေထိန်းသိမ်းရန် တာဝန်ယူရသူများကို ခေါ်ရန်တထစ်ချ မခံယူသင့်ပေ။ သင်းထောက် စကားလုံးသည် မည်သည့်အမှု (အလုပ်)မျိုးကိုမဆို ဆောင်ရွက်သူကို ခေါ်သည်။ အပိုဒ်ငယ်-၂တွင် “Serve” (Diakonein) ဟုသုံးထားသည်။ အချုပ်ပြောရလျှင်၊ အင်္ဂလိပ်လို “Serve” မြန်မာလို “သင်းထောက်၊ အစေခံ” စကားများ၏ ဆိုလိုရင်း အဓိပ္ပာယ်မှာ တူညီကြသည်။

၂။ သူတို ့ အရည်အချင်းများ၊

သင်းထောက်၏ တာဝန်ဝတ္တရားများကို မည်သည့်နေရာ၌မျှ သေချာစွာ မဖော်ပြထားသော်လည်း (၁တိ၊၃) တွင်၊ သူတို ့၏အရည်အချင်းကို အသေးစိတ်ဖော်ပြထားသည်။ အခန်းငယ် (၈)မှ စဖတ်လျှင် သင်းထောက်တို ့သည် တည်ကြည် (ဣန္ဒြေရှိ) သူဖြစ်ရမည်။ စကားနှစ်ခွပြောသူ၊ သေရည်သေရက် သောက်ကြူးသူ၊ မစင်ကြယ်သော စီးပွားကို တပ်မက်သူ မဖြစ်ရ။ သြတ္တပ္ပစိတ်စင်ကြယ်ခြင်းနှင့် ယုံကြည်ခြင်း၌ နက်နဲစွဲမြဲသူ (ရင့်ကျက်သူ) ဖြစ်ကြရမည်။ ဤအရည်အချင်းများ ရှိမရှိကို ပထမဆုံး စုံစမ်းခြင်းခံကြစေ။ အပြစ်တင်ခွင့်နှင့် ကင်းလွတ်မှ သင်းထောက်လုပ်ကြစေ။ ထို ့ပြင် သူတို ့၏ ဇနီးသည်များသည်လည်း ဣန္ဒြေရှိသူဖြစ်ကြရမည်။ အသရေပျက်သောစကားများ မပြောရ။ သမ္မာသတိရှိသူ၊ အရာရာ၌ သစ္စာရှိသူ ဖြစ်ကြရမည်။ သင်းထောက်သည် မယားတစ်ယောက်တည်းရှိရမည်။ အကြောင်းမူကား သင်းထောက်အမှုကို ကောင်းစွာ ဆောင်ရွက်သောသူတို ့သည် မိမိတို ့အဖို ့ ကောင်းသောအရာကိုလည်းကောင်း၊ ယေရှုခရစ်၏ ယုံကြည်ခြင်း၌ရဲရင့်ခြင်း သတ္တိကိုလည်းကောင်း အမြတ်ရကြ၏။

သင်းထောက်တဦးအတွက် ပထမလိုအပ်ချက်မှာ ဣန္ဒြေရှိရမည်။ ပေါ့ပေါ့ဆဆ ကြံစည်ပြုမူတတ်ပြီး ပျော်ပျော်ပျက်ပျက် နေတတ်သူသည်၊ မိမိအစေခံသောသူတို ့၏ ယုံကြည်လေးစားမှုကို မရရှိနိုင်ပေ။

တဖန် သင်းထောက်သည် စကားနှစ်ခွပြောသောသူ မဖြစ်အပ်ပေ။ ဆိုလိုသည်မှာ သူသည်ဟုတ်မှန်တည်ကြည်သော စကားကိုသာပြောရမည်။ သူသည် လူတဦးကို တမျိုးပြော၍ အခြားတဦးကိုနောက်တမျိုး ပြောသောသူမဖြစ်ရ။ ဘယ်လိုအခြေအနေဘဲဖြစ်ဖြစ် ရိုးဖြောင့်ပွင့်လင်း ပြတ်သားမှုရှိရမည်။ အထူးသဖြင့် ရန်ပုံငွေများ ထိန်းသိမ်းရသည့် အလုပ်တွင် သူတပါးမယုံသင်္ကာဖြစ်ဖွယ် စိုးစဉ်းမျှ မရှိအောင် စနစ်တကျမှတ်သားရမည်။

သူသည် သေစာသောက်ကြူးသူ မဖြစ်ရပါ။ အရက်သမားတဦးအား မညသူမျှ ယုံကြည်စိတ်ချနိုင်လိမ့်မည် မဟုတ်ပေ။ အတွေ ့အကြံု အထောက်အထားများအရ အရက်သမားသည် မမှန်ကန် အားမကိုးထိုက်ကြောင်း တွေ ့ရသည်။ ထိုသူ၏ ပုံသက်သေမှာ မကောင်းသောကြောင့် ဘုရားရှင်၏ အမှုတော်ကို ထမ်းဆောင်ဖို ့ မထိုက်ပေ။

ထို ့ပြင်သူသည် မစင်ကြယ်သော စီးပွားကို မတပ်မက်ရ။ (ဤအရည်အချင်းများတို ့သည် သင်းအုပ်များ၌ ရှိရသော အရည်အချင်းများနှင့် တူညီကြသည်။) တပ်မက်လိုချင်စိတ်သည် ကျော့ကွင်းဖြစ်၏။ အကယ်၍လူတစ်ဦးသည် ဥစ္စာပစ္စည်းရယူ စုဆောင်းဖို ့ စိတ်စွဲလမ်းမှုရှိနေလျှင် ထိုသူ၏ အသက်တာ၌ အခြားအမှုကိစ္စများ ဆောင်ရွက်သည့်အခါ ထိုကိစ္စစွဲလမ်းမှု၏ ခိုင်းစေချက် အောက်သို ့ ကျရောက်သွားတတ်သည်။ ဘုရားရှင်၏နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားကို သူ၏ အသက်တာတွင် ပထမဦးစားမထားတော့ဘဲ၊ ဘုရားရှင်အတွက် အမှုဆောင်ရွက်ရာ၌ လက်မခံနိုင်အောင် ပေါ့ဆလျော့ရဲသွားတတ်သည်။

သတင်းထောက်သည် ကြည်လင်သော သြတ္တပစိတ်ရှိ၍ ယုံကြည်ခြင်း၏ နက်နဲမှု (၀ိညာဉ်ရင့်ကျက်မှု) ရှိရမည်။ ၀ိညာဉ်ရင့်ကျက်မှုမှာ အလွန်အရေးကြီးသောအချက်ဖြစ်သည်။ သမ္မာတရားကို သိရုံနှင့် မလုံလောက်သေးပါ။ ဘုရားရှင်အား ပြစ်မှားခြင်းကင်းသည့် သြတ္တပစိတ်နှင့် သမ္မာတရားကို လက်တွေ ့ကျင့်သုံး လိုက်လျောသူဖြစ်ရမည်။ ဟုမေနဲနှင့် အာလေဇန္ဒြုတို ့ နှစ်ဦးစလုံးသည် နှုတ်ကပတ်တော်ကို သိသော်လည်း မှားယွင်းသောဝါဒ ဖြန် ့ဖြူးခြင်းဖြင့် အပြစ်ထဲသို ့ကျရောက်သွား၏။ (၂တိ၊ ၂း၁၇)။ သူတို ့သည် သြတ္တပစိတ်၏ သတိပေးသံကို နားမခံဘဲ၊ ယုံကြည်ခြင်းတရား ပျက်ပြားစေသည် (၁တိ၊ ၁း ၁၉-၂၀)။ ဘုရားရှင်ဘက်၌ ရပ်တည်၍ မဖြောင့်မှန်၊ မစင်ကြယ်သော အရာများကို ချက်ချင်းပိုင်းခြား၍ ရိပ်မိတတ်၏။

ဤအရည်အချင်းများ ရှိမရှိကို ပထမဆုံးစစ်ဆေးခြင်းခံကြစေ။ အပြစ်တင်ခွင့် ကင်းလွတ်မှ သင်းထောက်လုပ်ကြစေဟု၊ ကျမ်းစာတွင်ဖတ်ရ၏။ ထိုကဲ့သို ့ အရည်အချင်းရှိမရှိ ရှေးဦးစွာ စုံစမ်းစစ်ဆေးခံစေရန် ဘုရားသခင် အလိုတော်ရှိသည်။ အခြားကျမ်းပိုဒ်တခုတွင် “အဘယ်သူ၏အပေါ်၌ လက်ကို အလျင်တဆော မတင်ကြနှင့်” ဟုသတိပေးထားသည် (၁တိ၅း၂၀)။ ထိုကျမ်းပိုဒ်သည် ကျွနု်ပ်တို ့အားလုံးအတွက် လိုအပ်သောသွန်သင် သတိပေးချက်ဖြစ်သည်။ ကျွနု်ပ်တို ့သည်လူတစ်ဦးကို ပထမဦးဆုံးအကြိမ် တွေ ့တွေ ့ချင်း သဘောကျစရာများတွေ ့တတ်သည်။ ထို ့နောက်သူ ့အားချက်ချင်း ယုံကြည်၍ တာဝန်ထိုးအပ်တတ်ကြသည်။ အတော်လေးကြာသည့်အခါ ထိုသို ့ပြုခဲ့ခြင်းသည် အရမ်းမဲ့ပြုမိခဲ့ကြောင်း သံဝေဂရကြသည်။ “၀ါ၀ါမြင်တိုင်းရွေမဟုတ်” သတိပေးစကားရှိလျက်နှင့် ကျွနု်ပ်တို ့သည် မစောင့်ဆိုင်းဘဲ၊ မြင်မြင်ချင်း ဆုံးဖြတ်လုပ်ဆောင်ခဲ့ကြပြီ။

သင်းထောက်တို ့၏ အရည်အချင်းနောက်တစ်ခုမှာ သူတို ့၏ ဇနီးသည်များနှင့် သက်ဆိုင်ပါသည်။ ထိုနည်းတူ “သူတို ့၏ဇနီးသည်တို ့သည် ဣန္ဒြေရှိသူ၊ အတင်းမပြောသူ၊ တည်ကြည်သူ၊ အရာရာ၌သစ္စာရှိသူများဖြစ်ရမည်” ဟုသမ္မာကျမ်း၌ တွေ ့ရသည်။ မိန်းမသင်းထောက်များလည်း ဤအရည်အချင်းများရှိရမည်။ ဖိဗေသည် မိန်းမသင်းထောက်ဖြစ်ကြောင်း တွေ ့ရသည်  (ရောမ၊ ၁၆း၁)။

အသင်းတော်လူကြီးများနှင့် စပ်လျဉ်းလာသည့်အခါ၊ ကျွနု်ပ်တို ့လေ့လာခဲ့ပြီးသည့်အတိုင်း သင်းထောက်သည် မိန်းမတစ်ဦးတည်းရှိသူဖြစ်ရပြီး မိမိသားသမီးများနှင့် အိမ်သူအိမ်သားတို ့ကို ကောင်းစွာအုပ်ထိန်းတတ်သူဖြစ်ရမည်ဟု တွေ ့ရသည်။ သမ္မာကျမ်းက ကျွနု်ပ်တို ့ကို သတိပေးချက်အရ အကယ်၍ လူတဦးသည် မိမိအိမ်သူအိမ်သားများ၏ လေးစားနာခံမှုကို မရပါက သူသည် အသင်းတော်အပေါ် ဦးဆောင်ကွပ်ကဲနိုင်သည့် တန်ခိုးသြဇာ မရှိနိုင်ချေ။

၃။ သူတို ့၏ ဆုလဒ်များ

သင်းထောက်တို ့ ရရှိသည့် ဆုလဒ်များမှာ နှစ်မျိုးနှစ်စားရှိသည်။ အကယ်၍ လူတစ်ဦးသည် သင်းထောက်အဖြစ် သစ္စာရှိစွာ အမှုဆောင်ခဲ့လျှင် မိမိအတွက် ကောင်းသောအရာကို ရွေးချယ်ပြီ။ သူသည် မိမိ၏ယုံကြည်သူချင်းတို ့တွင် ဂုဏ်သရေရှိ၍ ခရစ်တော်၏ တရားပလ္လင်ရှေ  ့ဝယ် ထူးမြတ်သော ဆုလဒ်များကို ထပ်မံရရှိခံစားစရာရှိသေးသည်။ ဒုတိယသူသည် မိမိအတွက် ခရစ်တော်၌ ယုံကြည်ခြင်းသတ္တိကို ရွေးယူပြီ။ အကယ်စင်စစ် ထိုအလုပ်မျိုးကို ဤလောက၌ လူတို ့က တန်ဖိုးမထားတတ်ကြချေ။ ဤခံယူလုပ်ဆောင်ချက်မျိုးသည် အလွန်နက်နဲခက်ခဲပြီး ထိတွေ ့စမ်းသပ်၍မရ၊ မရေမရာ မထင်မရှားသောကြောင့် လောကလူတို ့အတွက် ယုံကြည်ဖို ့ခက်ကြ၏။ သို ့သော် ဘုရားရှင်၏ သားသမီးတစ်ဦးအတွက်ဆိုလျှင် ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားတို ့ထက် များစွာပို၍ တန်ဖိုးရှိလိမ့်မည်။

သင်းထောက်တို ့ကို ထောက်ပံ့ရာ၌ သင်းအုပ်များနည်းတူ ထောက်ပံ့ရ၏။ အချို ့သည် လောကလုပ်ငန်းများတွင် လုပ်ဆောင်လျက် ရှိသောကြောင့် ၀မ်းစာအတွက် အထူးဝန်လေးစရာမရှိတတ်ချေ။ အချို ့သော သူတို ့ကား သခင်ဘုရား၏ အမှုတော်ကလွဲ၍ အခြားအလုပ်မရှိ လုံးဝဆက်ကပ်ကြသည်။ ထိုသူတို ့အတွက် နှုတ်ကပတ်တော်ကို သင်ယူသောသူသည် ကောင်းသောအရာရှိသမျှကို သင်ပေးသောသူအား ဝေမျှစေ ဟုလည်းကောင်း  (ဂလာ၊ ၆း၆) လမ်းညွှန်ထားသည်ဖြစ်၍ ပေးလှူကြဖို ့ ကျွနု်ပ်တို ့၌ တာဝန်ရှိသည်။

၄။ နိဂုံး

ယခုသင်းထောက်တို ့၏ အကြောင်းကို လေ့လာရာ၌ (နိဂုံးချုပ်ရန်အတွက်) (ဖိ၊၁း၁) ကိုကိုးကားပါမည်။ ထိုကျမ်းပိုဒ်တွင် သန် ့ရှင်းသူများ သင်းအုပ်များနှင့် သင်းထောက်များဟူ၍ ဘုရားသခင်၏ အသင်းတော်၌ လူသုံးစားရှိကြောင်း တွေ ့ရသည်။ ပထမဦးဆုံး သန် ့ရှင်းသူများ၊ ထို ့နောက်သင်းအုပ်များ၊ ထို ့နောက် သင်းထောက်များဟူ၍ ဖော်ပြထားသည်။ သို ့သော်လည်းတရားဒေသနာ ဟောပြောပြုစုရန် အထူးခန် ့ထားသော ပုဂ္ဂိုလ် (Clergy) များမရှိကြောင်းကို ဘားန်(စ်) (Barnes)၏ ဓမ္မသစ်အနက်ဖွင့်ကျမ်းတွင် ဖော်ပြထားချက်ကို သတိပြုရမည်။ ဓမ္မသစ်တွင်လည်း ထိုကဲ့သို ့ သီးသန် ့ အထူးခန် ့ထားသော ပုဂ္ဂိုလ် (Clergy) များသုံးမျိုးသုံးစားရှိကြောင်း ဖော်ပြခြင်း မရှိပါ။

တမန်တော်ရှင်ပေါလုက အသင်းတော်၌ တာဝန်ရှိသူများ၏ အရည်အချင်းကို ဖော်ပြရာ၌ လူနှစ်စား (သင်းအုပ်များသင်းထောက်များ) ကိုသာ ပြောထားသည်။ တတိယ လူစားမရှိပေ (၁တိ၊၃)။ မည်သူတစ်ဦး တယောက်မျှသင်းအုပ်များနှင့် သင်းထောက်များထက် သာလွန်ကြောင်း အရိပ်အမြွက်မျှ ပြောထားခြင်းမရှိပေ။ တမန်တော် ရှင်ပေါလုက အသင်းတော်၏ ဖွဲ ့စည်းခြင်းနှင့် ပတ်သတ်သော လမ်းညွှန်ချက်များကို ရှင်းလင်း ဖော်ပြရာတွင် အသင်းတော်၌ ကြီးကြပ်သူများ ရှိသည်ဟု ယူဆခဲ့သော် သူသည် ချန်လှပ်ထားလိမ့်မည် မဟုတ်ပေ။ ၄င်းတို ့အကြောင်းကို အဘယ်ကြောင့် အနည်းအကျဉ်း မဖော်ပြပါသလဲ။ သူတို ့၏ အရည်အချင်းများကိုလည်း အဘယ်ကြောင့် မဖော်ပြပါသလဲ။ ထိုမေးခွန်းများ၏ အဖြေမှာ- အကယ်၍ ဓမ္မသစ်အသင်းတော်တွင် သင်းအုပ်များနှင့် သင်းထောက်များအပြင် အထူးသီးသန် ့ခန် ့ထားသော အမှုတော်ဆောင်တစားရှိခဲ့သော် ရှင်ပေါလုက ဖော်ပြပေးမည်မှာ သေချာသည်။ ယခုခောတ် ဘာသာရေးအဆောင်အယောင် အမျိုးမျိုးနှင့် အကြီးအကဲအစားစား ဖြစ်လာသည့် စနစ်ကို နှုတ်ကပတ်တော်ဖော်ပြချက်ထက် ပိုလွန်လာသော အရာများမှာ လူ၏တီထွင် ဖြည့်စွက်ချက်များသာ ဖြစ်သည်။

အသင်းတော်၏ဘဏ္ဍာရေး

အသင်းတော်သည် ဘဏ္ဍာငွေများကို အသင်းတော်အတွင်းရှိ ယုံကြည်သူများထံမှ လက်ခံရရှိကြောင်း ဓမ္မသစ်ကျမ်း တလျှောက်လုံးတွင် တွေ ့ရှိရသည်။ မယုံကြည်သူ တစုံတဦးထံမှ ထောက်ပ့ံလှူဒါန်းခြင်း အရိပ်အမြွက်မျှ မတွေ ့ရချေ။ ခရစ်ယာန်တို ့၏ လှူဒါန်းခြင်းသည် ၀တ်ပြုကိုးကွယ်နည်း တမျိုးပင် ဖြစ်ပြီး ခရစ်တော်၏ သွေးတော်မြတ်ဖြင့် ရွေးနှုတ်ခြင်း ခံရပြီးသူများနှင့်သာ သက်ဆိုင်သည်။ ထို ့ပြင် ဒေသန္တရ အသင်းတော်တပါးအား အခြားအသင်းတော်တပါးကသော်လည်းကောင်း၊ အသင်းတော်တစုကသော်လည်းကောင်း၊ အဖွဲ ့ချုပ်ကောင်စီတခုကသော်လည်းကောင်း မှန်မှန်ပေးလှူခြင်း၊ (သို ့မဟုတ်) ငွေကြေးထောက်ပံ့ခြင်း အရိပ်အယောင် တစုံတရာမျှ မတွေ ့ရချေ။ ယုဒပြည်၌ အစာခေါင်းပါးခြင်းကဲ့သို ့ ဒုက္ခတွေ ့ကြံုရသည့်အခါ အချို ့အသင်းတော်များက ဒုက္ခခံနေရသော ယုံကြည်သူတို ့အား ငွေကြေးအကူအညီပေးကမ်းခဲ့ဖူးကြောင်း တွေ ့ရသည်။ (တ၊ ၁၁း၂၉)။ ဒေသန္တရအသင်းတော်တိုင်း မိမိအသင်းတော်ကို လုံးလောက်စွာ ထောက်ပ့ံရမည်။ အရေးကြီးသည့် အသင်းတော်၏ ဘဏ္ဍရေးကိစ္စများနှင့် စပ်လျဉ်း၍ ဓမ္မသစ်ကျမ်း၏ သွန်သင်ချက် အဓိက အကြောင်းအရာ တချို ့ကို ကောက်နုတ်ဖော်ပြပါမည်။

၁။ ဘယ်သူဘာပိုင်သလဲ။

ခရစ်ယာန်တဦးပိုင်ဆိုင်သမျှ အရာအားလုံးကို ဘုရားရှင်ပိုင်သည်။ ယုံကြည်သူသည် ဘုရားသခင်၏ ဘဏ္ဍာထိန်းကဲ့သို ့ခံယူလျက် မိမိသခင်၏ ဘုန်းတော်အတွက် အကောင်းဆုံးနည်းလမ်းဖြင့် အစွမ်းကုန်ကြိုးစားပြုမူရမည်။ (လု၊ ၁၆း၁-၁၂)။ “ ကျွနု်ပ်တို ့သည် ဘဏ္ဍာစိုးဖြစ်ကြရမည်။ ဘုရားရှင်၏ ငွေများကို ကိုယ်အဖို ့ သိမ်းဆည်းခြင်း မဖြစ်စေရ။ ကျွနု်ပ်တို ့ကိုယ်တိုင်နှင့် အိမ်သူအိမ်သားများအတွက် လိုအပ်သော စားဝတ်နေရေးထက်ပိုသော ငွေများကို ဘုရားရှင်၏ ဘုန်းတော်အလို ့ငှါ ဆက်ကပ်အသုံးပြုရမည်။ လောကတွင် အသက်ရှင်စဉ် ကျွနု်ပ်တို ့၏ တခုတည်းသော ရည်ရွယ်ချက်မှာ ဘုရားရှင်၏ ဘဏ္ဍာတော်များကို အကောင်းဆုံးအဓိပ္ပာယ်ရှိရှိ သုံးစွဲရမည်။ သို ့မှသာ ကိုယ်တော်နှင့် တွေ ့ဆုံသည့်အခါ ၀မ်းမြောက်ခြင်းနှင့် စာရင်းဇယားများ တင်ပြနိုင်လိမ့်မည်။

၂။ ဘယ်နေရာ ဘယ်အချိန်၌ ပေးလှူရမည်နည်း။

ခရစ်ယာန်တို ့သည် ဘုရားရှင်၏ အမှုတော်အတွက် ပေးလှူကြဖို ့ သွန်သင်ထားသည်။ ဘယ်အချိန် ပေးလှူရမည်နည်း။ ရက်သတ္တပါတ်တွင် ပဌမနေ ့ရက်၌ လူတိုင်းမိမိတို ့ ဥစ္စာတဖို ့ကိုထုတ်၍ စုထားကြလော့ဟု ညွှန်ကြားထားသည်။ (၁ကော၊ ၁၆း၂)။ ဘယ်လောက်လှူရမည်နည်း။ ဘုရားရှင် သူ ့ကိုကောင်းချီးပေးသည့်အတိုင်း ပေးလှူရမည်။ (၁ကော၊ ၁၆း၂) ခရစ်တော်ပေးလှူသကဲ့သို ့ ပေးလှူရမည်။ အရှင်ယေရှုတွင် စည်းစိမ်ရှိသော်လည်း ကျွနု်ပ်တို ့အတွက် ပုံသက်သေဖြစ်၏။ ကျွနု်ပ်တို ့၌ ပိုလျှံမှ ပေးလှူရခြင်း မဖြစ်စေဘဲ ကျွနု်ပ်တို ့၌ လိုအပ်လျက်ပင် ပေးလှူကြရမည်။ (မာ၊ ၁၂း၄၄)။ အချုပ်ပြောရလျှင် ခရစ်ယာန်သည် ရက်ရောစွာ ပေးလှူတတ်ရမည်။ အစ္စရေးလ်လူမျိုးတဦးသည် အနည်းဆုံး ဆယ်ဖို ့တဖို ့ပေးလှူရ၏။ သူသည် ဆယ်ဖို ့တဖို ့နှင့် ပူဇော်သက္ကာများကို ယူခဲ့ရသည်။ ကျေးဇူးတော်အောက်တွင် ရှိနေသောခရစ်ယာန်ဆိုလျှင် ပညတ်တရား၏ အနည်းဆုံး သတ်မှတ်ချက်ဖြစ်သည့် ဆယ်ဖို ့တဖို ့ကိုသာ ပေးလှူရုံလောက်နှင့် မရောင့်ရဲသင့်ပေ။

၃။ ဘယ်လိုပေးလှူရမလဲ။

ဘယ်လိုစိတ်ထားနှင့် ပေးလှူရမည်နည်း? ပထမဦးဆုံးမိမိကိုယ်ကို ဘုရားသခင်ထံ ပေးလှူဆက်ကပ်ရမည် (၂ကော၊ ၈း၅)။ ဤသို ့ပြုမှသာ အလုံးစုံတို ့သည် ဘုရားရှင်နှင့် ဆိုင်ကြောင်း ၀န်ခံရာရောက်မည်။ ပေးကမ်းလှူဒါန်းရာ၌ မေတ္တာစေတနာ ပြည့်ဝရမည်။ (၁ကော၊ ၁၃း၃)။ မေတ္တာမပါလျှင် ပေးလှူခြင်း၌ တန်ဖိုးမရှိပါ။ ပေးကမ်းလှူဒါန်းရာ၌ မထင်မရှားပေးလှူရမည် (မ၊ ၆း ၁-၄)။ ဥပမာပြောရလျှင် လက်ယာလက် ပြုသည့်အမှုကို လက်ဝဲလက်ပင် မသိစေသည့်တိုင်အောင် လျှို ့ဝှက်စွာ လှူရမည်။ အလှူပေးရာဝယ် ညည်းတွား မြည်တမ်းခြင်းနှင့်မလှူရ။ မလှူလျှင်မကောင်း (အားနာပါးနာ) စိတ်သဘောနှင့်မလှူရ။ စေတနာ သဒ္ဓါလှု ့ံဆော်၍ ကိုယ့်အလိုအလျောက် ပေးလှူရခြင်းဖြစ်ရမည် (၂ကော၊ ၉းရ)။ ရှေးခရစ်ယာန်များသည် မိမိတို ့ဥစ္စာပစ္စည်းများကို ရောင်းချပြီး အချင်းချင်း ဝေငှသုံးစွဲကြသည်ကို တွေ ့ရသည် (တ၊ ၂း၄၄၊၄၅။ ၄း၃၂-၃၇)။ ဤအရာသည် သူတို ့၏ စစ်မှန်သော ၀ိညာဉ် မိတ်ဿဟာယဖွဲ ့ခြင်း၏ ပြင်ပ လက္ခဏာတခုဖြစ်သည်။ ဓမ္မသစ်ကျမ်း မည်သည့်နေရာ၌မျှ ထိုသို ့ပြုရန် ပညတ်မထားပေ။ စင်စစ်ခရစ်ယာန်တို ့၏ ပေးလှူခြင်းသည် ကိုယ့်ပစ္စည်းကို မပိုင်ဆိုင်သလို စေတနာရက်ရောပုံကို ကျမ်းစာကညွှန်ပြသွန်သင်သည်။ ရှေးအသင်းတော်ခရစ်ယာန်များ၏ ပေးလှူခြင်းများသည် မိမိတို ့အလိုအလျောက်ပေးလှူခြင်းသာ ဖြစ်သည်။ ယုံကြည်သူတို ့သည် သန် ့ရှင်းသော ၀ိညာဉ်တော်၏ အုပ်စိုးခြင်းကို ခံယူပါက တကယ်လိုအပ်သည့် ပုဂ္ဂိုလ်ထံသို ့ ကိုယ်တော် ပြညွှန်တော်မူသည့်အခါ ရက်ရောစွာ ပေးလှူတတ်ကြလိမ့်မည်။

၄။ ပေးလှူခြင်း၏ ဆုလာဘ်များ

ပေးလှူခြင်းအတွက် ဘာဆုလာဘ်များ ရရှိမလဲ?လောကီပစ္စည်း (မိမိကြေးငွေ) ကိုသုံးစွဲခြင်း၌ ကျွနု်ပ်တို ့သည် သစ္စာရှိခဲ့လျှင် ဘုရားရှင်သည် စစ်မှန်သော စည်းစိမ်ချမ်းသာ (၀ိညာဉ်ဆုကျေးဇူး) များကို ကျွနု်ပ်တို ့၏ လက်ဝယ်သို ့ စိတ်ချစွာဖြင့် အပ်နှင်းတော်မူလိမ့်မည် (လုကာ၊ ၁၆း၁၁)။ ပေးလှူသူသည် ကြွယ်ဝသော အကျိုးကျေးဇူးများကို ရရှိနိုင်ပြီး (ဖိ၊ ၄း၁၇) ကောင်းကင်ဘုံ၌ ထာဝရတည်သော ဘဏ္ဍာများကိုလည်း ခံစားရရှိလိမ့်မည် (မ၊ ၆း၁၉-၂၁)။ အကြောင်းမူကား ထိုသူ၏ အလှူဒါနသည် မွှေးကြိုင်သော ရနံ ့နှင့် ပြည့်စုံ၍ ဘုရားသခင်နှစ်သက်အားရတော်မူပြီး လက်ခံနိုင်ဖွယ်ဖြစ်သတည်း (ဖိ၊ ၄း၁၈)။

၅။ အသင်းတော်ဘဏ္ဍာထိန်း

အသင်းတော်၏ ဘဏ္ဍာတော်ငွေများကို ကိုင်တွယ်သောသူတို ့သည် သူတပါးအပြစ်ဆိုနိုင်စရာမရှိအောင် စာရင်းဇယားများကို စနစ်တကျ ထားရှိရမည်။ ဘုရားသခင်၏ ရှေ ့တော်မှောက်၌သာ သစ္စာရှိဖို ့လိုသည်မဟုတ်။ လူတို ့ရှေ ့၌ တည်ကြည်လျောက်ပတ်သော အကျင့်ကိုကြံစည်ကြလော့ (၂ကော ၈း၂၁)။ အလှူငွေကို တာဝန်ယူ ထိန်းသိမ်းဖို ့ရန် အနည်းဆုံးလူနှစ်ဦး ခန် ့ထားရမည်။ အသင်းဝင်သူ မုဆိုးမများအား ငွေကြေးဝေငှပေးကမ်းရန် လူခုနှစ်ဦးကို ခန် ့ထားကြောင်း တွေ ့ရမည်။ (တ၊ ၆း၁-၆)။ အလှူငွေကို ဘယ်နှစ်ဦးအားခန် ့အပ်ထိန်းသိမ်းစေရမည်ကို ဓမ္မသစ်ကျမ်း၌ တိကျစွာ ဖော်ပြမထားသော်လည်း ဤကျမ်းချက်များ (၁ကော၊ ၁၆း၃၊၄။ ၂ကော၊ ၈း၁၈၊၁၉) အရ ဤအလုပ်ကို လူတစ်ဦးထက်ပို၍ ခန် ့အပ်တာဝန်အပ်နှင်းထားသည့် ထုံးစံရှိကြောင်း တွေ ့ရ၏။ အထက်ပါ ကျမ်းပိုဒ်၌ ရှင်ပေါလုက “သူသည် ကောရိန္လုမြို ့သားတို ့က သဘောတူ ထောက်ခံသော သူတို ့ကို အလှူငွေနှင့်အတူ ယေရုရှလင်မြို ့သို ့ စေလွှတ်မည်။ အကယ်၍ သူကိုယ်တိုင်သွားသင့်လျှင် သူတို ့နှင့်အတူ လိုက်သွားပါမည်” ဟု ပြောထားသည် “သူတို ့၊ သူတို ့” ဟူသော စကားလုံးသည် အများကို ဆိုလိုကြောင်း သတိပြုပါ။ နောက်ကျမ်းချက်တခု၌ ရှင်ပေါလုက အသင်းတော်၏ အလှူငွေများကို ပေးကမ်းဝေငှသော ခရီးစဉ်တွင် သူနှင့်အတူ လိုက်ပါသွားဖို ့ အခြားညီအစ်ကိုတဦးကို ရွေးချယ်ရကြောင်း တွေ  ့ရသည်။ ထို ့ကြောင့် အသင်းတော်ဘဏ္ဍာကို တဦးတည်းမထိန်းသင့်။ အနည်းဆုံးနှစ်ဦး၊ သုံးဦးထိန်းရသည်ကို ကျမ်းစာအားဖြင့် သိရ၏။

၆။ ဒေသန္တရ အသင်းတော်၏ ပေးကမ်းခြင်း

အသင်းတော်၏ ရံပုံငွေများကို ပေးကမ်းထောက်ပ့ံရာ၌ ရည်မှန်းချက် (၃)ခုရှိကြောင်း ဓမ္မသစ်ကျမ်းတွင် ဖော်ပြထားသည်။ ၄င်းတို ့မှာ အသင်းတော်ရှိမုဆိုးမများ၊ ဆင်းရဲသောယုံကြည်သူများနှင့် နှုတ်ကပတ်တော်ကို သွန်သင်ဟောပြောရန် ဆက်ကပ်သူများအတွက် ရည်ရွယ်ထားသည်။

အသင်းတော်ရှိ မုဆိုးမများအတွက် (တ၊ ၆း၁-၆) မုဆိုးမစင်စစ်ဖြစ်ကြောင်း ယခုဖော်ပြသည့် အရည်အချင်းများနှင့် ကိုက်ညီစေရမည်။ (၁တိ၊ ၅း၃-၁၆)

(၁) ထိုမိန်းမသည် အထီးကျန်သူဖြစ်ရမည်။ ဆိုလိုသည်မှာ သူ ့အားထောက်ပ့ံကျွေးမွေးမည့် ဆွေမျိုးညာတိမရှိ၍ သူ၌လိုအပ်သမျှအတွက် ဘုရားသခင်အပေါ် ခိုလှုံကိုးစားသူဖြစ်ရမည်။

(၂) သူမသည် အနည်းဆုံးအသက် (၆၀) ပြည့်သူဖြစ်ရမည်။

(၃) သူမသည် ကောင်းသောအမှုများကိုပြု၍ အသရေရှိသော မိခင်ကောင်းဖြစ်ရမည်။ ဧည့်ဝတ်ပြုတတ်ခြင်း၊ သန် ့ရှင်းသူ (ယုံကြည်သူ) တို ့နှင့် ဆင်းရဲသူတို ့ကို လုပ်ကျွေးမစခြင်း အမှုများကို ပြုသူဖြစ်ရမည်။

ဆင်းရဲသော သန် ့ရှင်းသူများအတွက်။   ဆင်းရဲသောသူတို ့ကို အောက်မေ့ဖို ့ သတိရဖို ့ ကျွနု်ပ်တို ့အား ကြိမ်ဖန်များစွာ နှိုးဆော်တိုက်တွန်းထားသည်။ (ဂလာ၊ ၂း၁၀၊ ရောမ၊ ၁၂း၁၃)။ ဘုရားရှင်၏လူများ ချမ်းသာကြွယ်ဝခြင်းမှာ အမအစလိုနေသော ညီအစ်ကိုများအား ကူညီမစခြင်းနှင့် ဆက်စပ်နေကြောင်း ဓမ္မဟောင်းကျမ်းတွင် များစွာဖော်ပြထားသည်။ (တရား၊ ၁၄း၂၉)။ ခရစ်တော်ပေါ်ထွန်းပြီး သက္ကရာဇ် (၄၅)ခုနှစ်လောက်တွင် ယုဒပြည်၌ ခရစ်ယာန်များစွာတို ့သည် ငတ်မွတ်ခေါင်းပါးခြင်းကပ်နှင့် ကြံုတွေ ့ကြ၏။ ဤသို ့ဖြစ်ရခြင်းမှာ အပြင်းအထန်နှိပ်စက် ညှဉ်းပမ်းခြင်းကို  ခံရ၍လည်းကောင်း၊ နေရာအနှ ့ံအပြားတွင် ငတ်မွတ်ခေါင်းပါးလျက် ရှိသောကြောင့်လည်းကောင်း ဖြစ်သည်။ အန္တိအုတ်မြို ့ရှိ သန် ့ရှင်းသူများက ဗာနဗနှင့် ရှောလုတို ့လက်ဖြင့် ယုဒပြည်ရှိ ယုံကြည်သူ ညီအစ်ကိုချင်းများထံသို ့ အကူအညီ ပို ့ပေးကြသည်။ (တ၊ ၁၁း၂၇-၃၀)။ ကောရိန္လုမြို ့ရှိ ခရစ်ယာန်များကိုလည်း ထိုသို ့ပင် ပြုကြရန်တိုက်တွန်းထားသည်။ (၁ကော၊ ၁၆း၁-၃၊ ၂ကော၊ ၈း၉)။ ကျွနု်ပ်တို ့လည်း ထိုနည်းတူ အမအစလိုနေသူများကို မစရန်တာဝန်ရှိပါသည်။ အရှင်ယေရှုဘုရားက “ဆင်းရဲသူများမှာ သင်တို ့၌အစဉ်ရှိကြ၏” ဟုမိန် ့တော်မူ၏။ (မာ၊ ၁၄းရ)။ အသင်းတော်တွင် ဆင်းရဲသားများရှိခြင်းအားဖြင့် ဘုရားသခင်အလိုတော်နှင့်အညီ မစစောင့်ရှောက်ခြင်း အခွင့်ကောင်းကိုရလေ၏။ ခရစ်ယာန်တဦးနှင့် တဦး ရန်စောင်ခြင်း၊ စိမ်းကားခြင်း၊ မနာလိုခြင်းမရှိစေရန်နှင့် ညီညွတ်မှုရရှိစေရန် အကြီးဆုံးအခွင့်အလမ်းမှာ ပေးကမ်းကူညီရာ၌ အားလုံးတူညီသည့် ပန်းတိုင်ရှိခြင်းကြောင့် အားလုံးစိတ်ပါ၀င်စားနိုင်ပြီး အားလုံးပါ၀င် ပေးလှူလာကြပေလိမ့်မည်။ အလုပ်မလုပ်ချင်သည့် ဆင်းရဲသောသူများအတွက် အသင်းတော်၌ တာဝန်မရှိပေ။ ထိုအခြေအနေမျိုးအတွက် ဘုရားသခင်၏အဖြေကား “တစုံတယောက်သောသူသည် အလုပ်မလုပ်ချင်လျှင် အစာကိုလည်း မစားစေနှင့်” (၂သက်၊ ၃း၁၀)။

ဘုရားရှင်၏အမှုတော်သို ့ ဆက်ကပ်သူများအတွက်။

နှုတ်ကပတ်တော်ကို သင်ကြားပို ့ချသူ (သို ့) ဧဝံဂေလိတရားကို ဟောပြောသောသူတို ့အား သန် ့ရှင်းသူ (ယုံကြည်သူ)တို ့က ထောက်ပံ့ကူညီဖို ့ ဘုရားရှင်အလိုတော်ရှိသည်။ နှုတ်ကပတ်တော်ကို သင်ကြားခံယူသောသူသည် သင်ကြားပို ့ချပေးသူအား မိမိပိုင်ဆိုင်သော ဥစ္စာပစ္စည်းထဲက နှမြောတွန် ့တိုခြင်းမရှိဘဲ ရက်ရောစွာ ဝေမျှစေပါ။ (ဂလာ၊ ၆း၆၊ ၁ကော၊ ၉း၃-၁၃၊ ၁တိ၊ ၅း၁၇-၁၈)။

ရှင်ပေါလုသည် အသင်းတော်များမှ ပေးလှူငွေကိုသာ လက်ခံနေမည့်အစား များသောအားဖြင့် ကိုယ်တိုင်အလုပ်လုပ်၍ အမှုဆောင်ခဲ့သည်။ (တ၊ ၁၈း၃)။ ဤသို ့ပြုရခြင်း အကြောင်းရင်းမှာ သူကိုယ်တိုင် အလုပ်လုပ်ပြီး အားနည်းသူတို ့အား ထောက်ပံ့ခြင်းသည် ဧဖက်မြို ့ရှိ ယုံကြည်သူများအတွက် ပုံသက်သေဖြစ်စေချင်သည်။ ထို ့ပြင် ပေးကမ်းခြင်း၏ ကောင်းချီးမင်္ဂလာများကို လက်တွေ ့ခံစားသိစေချင်သည်။ (တ၊ ၂၀း၃၃-၃၅)။ သူသည် အခကြေးငွေရဖို ့ အမှုဆောင်နေကြောင်း ကောရိန္လုမြို ့မှ ယုံကြည်သူတချို ့၏ ပြစ်တင်စွပ်စွဲချက်မှာ မဟုတ်မမှန်ကြောင်းကို လက်တွေ ့ပြသရန်ဖြစ်သည်။ (၂ကော၊ ၁၁းရ-၁၂)။ ထို ့ပြင် သူ ့ကိုထောက်ပံ့ရသည့် ၀န်ထုပ်သည် ယုံကြည်သူများအပေါ် လေးလံနေဖို ့ သူအလိုမရှိချေ (၁သက်၊ ၂း၉၊ ၂သက်၊ ၃းရ-၉)။ ထို ့ပြင်ထိုနေရာရှိ ယုံကြည်သူများမှာ ဆင်းရဲရုံမက နှိပ်စက်ညှဉ်းဆဲခြင်းကိုလည်း ခံနေရသောကြောင့်ဖြစ်သည်။

ရှင်ပေါလုအား အလှူပေးသောကြောင့် ဖိလိပ္ပိမြို ့ရှိ အသင်းတော်မှာ ချီးမွမ်းဂုဏ်ပြုခြင်းခံရသည်။ (ဖိ၊ ၄း၁၀-၁၉) သတိပြုရန်မှာ ရှင်ပေါလုသည် ဖိလိပ္ပိမြို ့ရှိ အသင်းတော်မှ ပေးကမ်းဝေငှခြင်းကို လက်ခံသည်မှာ သူလိုအပ်နေသောအရာများ ရသောကြောင့်မဟုတ်ဘဲ ပေးကမ်းဝေငှသောသူတို ့၌ ကောင်းကြီးမင်္ဂလာကြွယ်ဝစွာခံစား ရရှိစေလိုသောကြောင့်သာ ဖြစ်သည်။

သတိပြုစရာ နောက်တခုမှာ ရှင်ပေါလုသည် မည်သည့်အခါ၌မျှ မိမိတွင်လိုနေသော အရာများကို သူတပါးတို ့အား ထုတ်ဖော်အသိပေးပြောကြားခဲ့ခြင်း မရှိပေ။ သို ့သော် အခြားသန် ့ရှင်းသူတို ့၌ လိုနေလျှင် အသိပေးဖို ့ မဆိုင်းမတွခဲ့ချေ။ (၂ကော၊ ၈နှင့်၉)။ ထိုပုံသက်သေကို ကြည့်ခြင်းဖြင့် အသိပေးခြင်းနှင့် တောင်းခံခြင်းတို ့၏ ခြားနားမှုကို တွေ ့ရပေမည်။ အသိပေးမှသာ ဆင်ခြင်ပိုင်းခြား၍ နေရာမှန်သို ့ ပေးလှူနိုင်ကြောင်းကို လူတိုင်းသဘောပေါက်ကြလိမ့်မည်။ သို ့သော် ဘုရားကမခိုင်းဘဲ ယနေ ့လူတို ့သည် “လှူကြပါအုံး၊ ပေးကြပါအုံး” ဟုတခါလုံး တောင်းခံနေကြသည်။

၇။ နိဂုံးချုပ်သော်

ဓမ္မသစ်ကျမ်းကို ဖတ်ရှုသူသည် အသင်းတော်၏ ဘဏ္ဍာရေးမှာ ဘယ်လောက်ပေါ့ပါးလွယ်ကူပြီး ရိုးရိုးရှင်းရှင်းရှိသည့် ကိစ္စတခုဖြစ်ကြောင်း သတိပြုမိပေလိမ့်မည်။ ပေးလှူဖို ့စည်းမျဉ်းများ ရေးဆွဲချမှတ်ထားခြင်း မရှိ။ ၀န်လေးစရာ ဘာမျှမရှိ။ အလှူငွေများ ရှာဖွေကောက်ခံရန် အမျိုးမျိုးအဖုံဖုံ ဖွဲ ့စည်းထားသည့် ရှုပ်ထွေးလှသော ဘဏ္ဍာရေးအဖွဲ ့မျိုးလည်း မရှိချေ။ သမ္မာကျမ်းစာတော်က သွန်သင်ဖော်ပြထားသော လွယ်ကူရှင်းလင်းလှသည့် တရားများကို လိုက်နာပါက အရေးကြီးသော အောက်ပါအကျိုးကျေးဇူးနှစ်မျိုးခံစားရမည်။

(၁)       အသင်းတော်၏လိုအပ်သမျှ အရာအားလုံးကို တောင်းခံစရာမလိုဘဲ၊ လျှံပယ်သည့်တိုင် ရက်ရောစွာပေးလှူခြင်း ခံရလိမ့်မည်

(၂)        အသင်းတော် ငွေရဖို ့တောင်းခံကြိုးပမ်းနေသည့် အဖွဲ ့အစည်းဟု လူတို ့၏ အထင်အမြင်နှင့် ညည်းညူခြင်းမှ ကင်းလိမ့်မည်။

မေးခွန်းလွှာ (၁၁)

လက်ယာဘက်ကွက်လပ်တွင် အဖြေမှန်၏အက္ခရာကို ရေးဖြည့်ပါ။

၁။ “သင်းထောက်” စကားလုံးသည် ဓမ္မသစ်ကျမ်းထဲ၌-

(က) “သင်းအုပ်” စကားလုံးနှင့် တူညီသည်။

(ခ) အသင်းတော်ကောင်စီ၌ အစေခံသူများကို ဆိုလို၍ သူတို ့အပေါ် သင်းအုပ်ကတာဝန်ရှိသည်။

(ဂ) လူမှုရေးလုပ်ငန်းများတွင် တာဝန်ယူရန် ယေရုရှလင်အသင်းတော်၌ သီးန် ့ခန် ့ထားသော ပုဂ္ဂိုလ်(၇)ဦးကို ပထမဦးဆုံး ခေါ်တွင်ခဲ့သည်။

(ဃ) “အစေခံတဦး” ကိုဆိုလို၍ အစေခံနေသူများကို သုံးနှုန်းခေါ်တွင်သည်။                                                                            ————–

၂။ ဓမ္မသစ်ကျမ်းအရ အောက်ပါမည်သည့်အချက်သည် သင်းထောက်တဦး၏ အရည်အချင်းမဟုတ်ကြောင်း သိရသနည်း။ သင်းထောက်သည်-

(က) လွန်ကျူးသူမဖြစ်ရ။

(ခ) သားသမီးများရှိရမည်။

(ဂ) ရိုးသားဖြောင့်မတ်ရမည်။

(ဃ) ဣန္ဒြေရှိရမည်။                                                                               ————–

၃။ ဓမ္မသစ်ကာလ၌

(က) မိန်းမသည် သင်းထောက်ဖြစ်နိုင်သည်။

(ခ) မည်သည့်အမျိုးသမီးမျှ သင်းထောက်မဖြစ်နိုင်။

(ဂ) သင်းထောက်များ၏ ဇနီးသည်ဖြစ်သော မိန်းမများသာ သင်းထောက်ဖြစ်နိုင်သည်။

(ဃ) အမျိုးသမီးတိုင်း သင်းထောက်ဖြစ်သည်။                                                                               —————

၄။ ဓမ္မသစ်ကျမ်းအရ အသင်းတော်၌ လူ(၃)စားရှိသည်။ ၄င်းတို ့မှာ-

(က) ဘုန်းတော်ကြီးများ ကိုရင်များနှင့် သီလရင်များ။

(ခ) သန် ့ရှင်းသူများ၊ သင်းအုပ်များနှင့် သင်းထောက်များ။

(ဂ) သင်းအုပ်များ၊ သင်းထောက်များနှင့် သာမာန်အသင်းသားများ

(ဃ) ပုပ်ရဟန်းများ၊ ဂိုဏ်းချုပ်ကြီးများနှင့် ဘိရှော ့များ။                                                                             —————

၅။ အသင်းတော်၏ ဘဏ္ဍာရေးသည်-

(က) ခရစ်ယာန်များထံမှ ပေးလှူခြင်းသာဖြစ်ရမည်။

(ခ) မတရား မကျင့်သုံးသမျှ ကာလပတ်လုံး မည်သည့်နည်းဖြင့်မဆို ရှာဖွေမြှင့်တင် နိုင်ခွင့်ရှိသည်။

(ဂ) ယုံကြည်သူများက ထမ်းဆောင်နိုင်စွမ်း မရှိသည့်အခါမှသာ ကယ်တင်ခြင်းမရသူများထံမှ ကောက်ခံနိုင်သည်။

(ဃ) အဖွဲ ့အစည်းကြီးများ၏ မစမှုကို ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်အညီ တောင်းးခံခွင့်ရှိသည်။                        —————

၆။ ဓမ္မသစ်ကျမ်း၏ သွန်သင်ချက်အရ ခရစ်ယာန်များသည်-

(က) မိမိ၀င်ငွေများထဲမှ ဆယ်ဖို ့တစ်ဖို ့သာ ပေးလှူရမည်။

(ခ) ဘုရားသခင် ကောင်းချီးပေးသည်နှင့်အမျှ ပေးလှူရမည်။

(ဂ) စေတနာနှင့် ပေးလှူသူ။

(ဃ) တောင်းခံလာမှသာ ပေးလှူရသည်။                                                                            ————–

၇။ ဘယ်လိုပေးလှူသူကို “ဘုရားသခင်နှစ်သက်” ကြောင်း ဓမ္မသစ်ကျမ်းက အတိအလင်း ဖော်ပြသနည်း။

(က) ရက်ရောစွာ ပေးလှူသူ။

(ခ) မှန်မှန်ပေးသူ။

(ဂ) စေတနာနှင့် ပေးလှူသူ။

(ဃ) လျှို ့ဝှက်စွာပေးလှူသူ။                                                                               ————–

၈။ အသင်းတော်သည် ရန်ပုံငွေများကို ဝေမျှစရာ၌

(က) မိမိအသင်းတော်ရှိ မုဆိုးမများ အားလုံးကို ထောက်ပံ့ရမည်။

(ခ) ဆင်းရဲသောသူကို သတိရရမည်။

(ဂ) အလုပ်မလုပ်ဘဲ ဒုက္ခရောက်နေသူကို ထောက်ပ့ံရမည်။

(ဃ) သင်းအုပ်သည် လခလုံလောက်စွာရကြောင်း သေချာမှသာ အခြားသို ့ပေးလှူနိုင်သည်။                                        ————–

၉။ တမန်တော်ရှင်ပေါလုသည်-

(က) မိမိအတွက် ငွေကြေးထောက်ပံ့မှုကို ဘယ်သောအခါမျှလက်မခံ။

(ခ) လောကအလုပ်ကိုမလုပ်။ အဘယ်ကြောင့်ဆိုသော် သာသနာလုပ်ငန်းလုပ်သော သူသည်လောကအလုပ် လုပ်သောသူတို ့၏ ထောက်ပ့ံမှုကို ပြည့်စုံစွာ အမြဲခံယူခွင့်ရှိသည်ဟု လက်ခံထားသည်။

(ဂ) မိမိ၏ လိုအပ်ချက်များကို လူများသိရန် ပြောကြားတတ်သည်။

(ဃ) ဖိလိပ္ပိမြို ့ရှိ ယုံကြည်သူများက သူ ့ကို ငွေကြေးပေးလှူခြင်းအတွက် ချီးမွမ်းထားသည်။                                     ————–

၁၀။ အကယ်၍ နှုတ်ကပတ်တော်၏ သွန်သင်ချက်အတိုင်း လိုက်နာပါက အသင်းတော်၏ ဘဏ္ဍာရေးတွင် အရေးကြီးသည့် အကျိုးကျေးဇူးနှစ်ရပ်မှာ အဘယ်နည်း။

(က) ——————————————-

(ခ) ——————————————–

သင်ဘယ်လိုယူဆပါသလဲ

ဘုရားရှင်၏ လုပ်ငန်း၌ ပေးလှူဖို ့ ဘုရားသခင်က သင့်ကိုနှိုးဆော်လမ်းပြသည့် အဖြစ်တခုကိုဝေမျှပါ။

—————————————————————————————————————–

—————————————————————————————————————–

—————————————————————————————————————–

 

 

အခန်း (၁၂)

မိမိ၏ နေရာမှန်၌နေပါ

အမျိုးသမီးများ၏ အမှုဆောင်ခြင်း

အသင်းတော်၌ အမျိုးသမီးများ၏ တာဝန်နှင့်လုပ်ငန်းကို ဓမ္မသစ်ကျမ်းတွင် တိကျစွာ သွန်သင်ဖော်ပြထားသည်။ ယခု ဤသွန်သင်ချက်များကို အကျဉ်းချုပ် လေ့လာဆင်ခြင်ကြပါစို ့။

၁။ အရေးကြီးဆုံးအရာ

ကယ်တင်ခြင်းအမှုနှင့် ဘုရားရှင်၏ ရှေ ့တော်တွင် လက်ခံခြင်း အမှုအရာတို ့တွင် မိန်းမသည် ယောကျ်ားနှင့် တန်းတူညီမျှ အခွင့်အရေးရကြသည်။ “အရှင်ယေရှုခရစ်၌ ယောကျ်ားနှင့် မိန်းမခွဲခြားခြင်းမရှိ အားလုံး တလုံးတဝတည်း ဖြစ်ကြ၏” (ဂလာ၊ ၃း၂၈)။ ဤသို ့ဆိုရာ၌ အသင်းတော်တွင် ယောကျ်ားမိန်းမဟူ၍ လိင်ခွဲခြားခြင်းမရှိဟု မဆိုလိုပေ။ နေ ့စဉ် အသက်ရှင်ခြင်းနှင့်ပတ်သတ်သည့် ကိစ္စရပ်များတွင် ယောကျ်ားနှင့်မိန်းမများအား သီးခြားခွဲခြားမှုရှိသည်။ ဥပမာ (ဧ၊၅)တွင် “ဇနီးသည်တို ့ ကိုယ့်ခင်ပွန်း၏ အုပ်စိုးခြင်းကို ၀န်ခံကြလော့” (အငယ်၂၂) ဟူ၍လည်းကောင်း၊ “ယောကျ်ားတို ့ ကိုယ့်ဇနီးကို ချစ်ကြလော့” (အငယ် ၂၅) ဟူ၍လည်းကောင်း၊ ညွှန်ကြား သွန်သင်ချက်များရှိသည်။

ထို ့ကြောင့် ဘုရားသခင်၏ ရှေ ့တော်မှောက်တွင် မိန်းမသည် ယောကျ်ားနှင့် တန်းတူအခွင့်ရသည်။ သို ့သော် အသင်းတော်၌ကား ယောကျ်ားနှင့် မိန်းမခွဲခြားထားပါသည်။ ထိုခွဲခြားမှုကို လိုရင်းချုပ် ပြောရလျှင် မိန်းမတို ့သည် ယောကျ်ားတို ့၏ အုပ်စိုးခြင်းကို ၀န်ခံရမည်ဟု ဆိုလိုပါသည်။ (၁ကော၊၁၁း၃)။

၂။ တားမြစ်ရခြင်း၏ အကြောင်းအရင်းများ

မိန်းမများသည် မိမိတို ့ကိုယ်ကို နှိမ့်ချလျက် အုပ်စိုးခံရမည့်နည်း အသွယ်သွယ်ကို သမ္မာကျမ်း၌ တိကျစွာ ချမှတ်လမ်းညွှန်ထားပါသည်။ သူမသည် အသင်းတော်၏ အမှုကိစ္စများ၌ တိတ်ဆိတ်စွာ နေရမည် (၁ကော၊ ၁၄း၃၄၊၃၅)။

မည်ကဲ့သို ့ တိတ်ဆိတ်စွာ နေရမည်ကို ဆက်ရှင်းထားပုံမှာ-

သူမသည် ပရိသတ်များကို သွန်သင်ဆုံးမပိုင်ခွင့်မရှိ (၁တိ၊ ၂း၁၂)။

ပရိသတ်အလယ်၌ မေးမြန်းခွင့်လည်းမရှိ (၁ကော၊ ၁၄း၃၅)။

သူမသည် လုံးဝအုပ်စိုးခံလျက် တိတ်ဆိတ်စွာ နေ၍ သင်ယူရမည် (၁တိ၊ ၂း၁၁)။

သူမသည် ဦးခေါင်းမဖုံးဘဲ ဆုတောင်းခြင်း ပရောဖက်ခြင်းမပြုရ (၁ကော၊ ၁၁း၅)။

အသင်းတော် (ပရိသတ်အလယ်)၌ မိန်းမများ ဆုမတောင်းရကြောင်းကို (၁တိ၊ ၂း၈)တွင် ထပ်ဆင့်အခိုင်အမာ ဖော်ပြထားပြန်သည်မှာ “ယောကျ်ားများသည် နေရာတိုင်း၌ ဆုတောင်းခြင်းငှါ ငါအလိုရှိ၏”။ “ယောကျ်ားများ” ဟု သီးသန် ့ပြောဆိုခြင်းသည် “မိန်းမများ” မပါ၀င်ကြောင်း ဆိုလိုပါသည်။

ဤသွန်သင်ချက်များကို မိန်းမများအား အတင်းအဓမ္မ စည်းကမ်းဥပဒေဖြင့် လိုက်လျှောက်ခိုင်းလျှင် ဆိုးကျိုးနှစ်ရပ် ဖြစ်လာနိုင်သည်။

(၁) စိတ်စေတနာ မပါဘဲ မလုပ်မဖြစ်လို ့ နာခံရခြင်းမျိုးကို ဘုရားသခင်နှစ်သက်တော်မမူ (ဆာလံ၊ ၅၁း၁၇)။

(၂) အတင်းအကျပ် ပညတ်ခံရသော မိန်းမသည် မခံချင်စိတ်များ ပုန်ကန်လိုစိတ်များ ဖြစ်ပေါ်လာတတ်သည်။

သို ့သော် ကျမ်းစာက ဘာကြောင့် ဤသို ့သွန်သင်ရကြောင်း ရှင်းလင်းစွာ နားလည်သဘောပေါက်မှသာ ဘုရားသခင်၏ စကားကို မေတ္တာနှင့် နားထောင်လိုက်လျှောက်နိုင်ပေမည်။ ဤသို ့ပြုမှသာ ဘုရားသခင်၏ ရှေ ့တော်မှောက်တွင် အလွန်အဖို းတန်ပေမည် (၁ရာ၊ ၁၅း၂၂)။

၃။ ဘာကြောင့် အုပ်စိုးခံအပ်သလဲ

ခရစ်ယာန်အမျိုးသမီးများသည် ယောကျ်ားများ၏ အုပ်စိုးခြင်းကို ၀န်ခံအပ်ကြောင်း ဘုရားသခင်သည် ဘာကြောင့် နှုတ်ကပတ်တော်၌ မေတ္တာ ကရုဏာဖြင့် သွန်သင်လမ်းပြထားပါသနည်း။

ပထမဆုံးအချက်မှာ- ဖန်ဆင်းခြင်း အစီအစဉ်အရ မိန်းမထက် ယောကျ်ားကို အရင်ဦးဆုံး ဖန်ဆင်းတော်မူခဲ့သည်။ “အာဒံကို ရှေးဦးစွာ ဖန်ဆင်းတော်မူ၍ နောက်မှ ဧဝကို ဖန်ဆင်းတော်မူ၏” (၁တိ၊ ၂း၁၃)။ “ယောကျ်ားသည် မိန်းမကြောင့် ဖြစ်သည်မဟုတ် မိန်းမသည်ယောကျ်ားကြောင့် ဖြစ်၏” (၁ကော၊ ၁၁း၈)။ အသင်းတော်တွင် ဘုရားသခင် ချမှတ်ထားသောအစီအစဉ်သည် ဖန်ဆင်းခြင်းထဲ၌ပင် ထင်ရှားစွာ တွေ ့ရ၏။ ထို ့ကြောင့် မိန်းမ၏ ဦးခေါင်းကား ယောကျ်ားဖြစ်၏။(၁ကော၊ ၁၁း၃)။

ဒုတိယအချက်မှာ- ဖန်ဆင်းခြင်း၏ ရည်ရွယ်ချက်ကို ကြည့်လျှင် အမျိုးသမီးအပေါ် ယောကျ်ားက ဦးစီးခေါင်းဆောင် ရကြောင်း ထင်ရှားသည်။ “မိန်းမအတွက် ယောကျ်ားကို ဖန်ဆင်းသည် မဟုတ်၊ ယောကျ်ားအတွက် မိန်းမကို ဖန်ဆင်းထားသည်” (၁ကော၊ ၁၁း၉)။

တတိယအချက်မှာ-ဧဝသည် အာဒံအပေါ် ကျော်လွန်၍ အခွင့်အာဏာယူလိုက်သည့်အခါ ဤလောကသို ့ အပြစ်ဝင်ရောက်လာတော့သည်။ “အာဒံသည် လှည့်ဖြားခြင်းခံရသည်မဟုတ်၊ မိန်းမသည် လှည့်ဖြားခြင်းခံရ၍ အပြစ်ကျူးလွန်သူဖြစ်၏” (၁တိ၊ ၂း၁၄)။ အသင်းတော်တည်းဟူသော အသစ်သော ဖန်ဆင်းခြင်းထဲတွင် မနာခံခြင်း ကမောက်ကမဖြစ်ရန် ဘုရားသခင်အလိုမရှိချေ။ ထို ့ကြောင့် ယောကျ်ား၏ အုပ်စိုးခြင်းကို ၀န်ခံဖို ့ မိန်းမများအား ဘုရားသခင် ညွှန်ကြားထားတော်မူသည်။

စတုတ္ထအချက်မှာ- မိန်းမများသည် ယောကျ်ားများ၏ အုပ်စိုးမှုကို နာခံရမည်ဟု ရှင်ပေါလုသည် ဓမ္မဟောင်းကျမ်းမှ အထောက်အထားများဖြင့် အခိုင်အမာကိုးကား ဖော်ပြထားသည် (၁ကော ၁၄း၃၄)။ “မိန်းမတို ့သည်… ယောကျ်ားတို ့၏ အုပ်စိုးခြင်းကို ၀န်ခံကြရမည်” ဟု ပညတ်တရား၌လည်း ဆုံးမထားသည်။

၄။ ဦးခေါင်းအုပ်ခြင်း

ဆုတောင်းရာ၌ဖြစ်စေ၊ ပရောဖက်ပြုရာ၌ဖြစ်စေ၊ ဦးခေါင်းကို ပဝါဖြင့် ဖုံးအုပ်ထားရမည်ဟု သွန်သင်ပြညွှန်သည့် အကြောင်းရင်းမှာ-

ကောင်းကင်တမန်များ စောင့်ကြည့်နေကြသည် (၁ကော၊ ၁၁း၁၀)။ ကောင်းကင်တမန်များကိုထောက်၍ မိန်းမသည် မိမိဦးခေါငး်ကို ဖုံးအုပ်ရမည်။ ဘုရားရှင် စီမံချမှတ်ထားသော စည်းကမ်းအတိုင်း လိုက်နာခြင်းရှိမရှိ ကောင်းကင်တမန်များက စောင့်ကြည့်လျက်ရှိကြောင်း ဤကျမ်းပိုဒ်က ဖော်ပြသည်။ မိန်းမများသည် ဦးခေါင်းကို ဖုံးအုပ်ခြင်းဖြင့် ယောကျ်ားများ၏ အုပ်စိုးခြင်းကို ၀န်ခံကြောင်း လက္ခဏာပြရမည်။  ဤနည်းဖြင့် ပထမဖန်ဆင်းခြင်းကာလက ဧဝ၏အပြစ်မျိုးကို အသင်းတော်တည်းဟူသော အသစ်သော ဖန်ဆင်းခြင်းထဲသို ့ ကူးစက်ပြန် ့နှ ့ံမှု မရှိအောင် ကောင်းကင် တမန်များက စောင့်ကြည့် နေကြသည်။

၅။ မိန်းများ အရေးပါသည့် အခန်းကဏ္ဍများ

မိန်းမသည် ယောကျ်ား၏ အုပ်စိုးခြင်းကို ၀န်ခံရမည်ဟု ဆိုသော အချက်ကြောင့် မိန်းမတို ့သည် ယောကျ်ားလောက် အမှုတော်ဆောင်ရာ၌ အရေးမကြီးဟု ထင်ကောင်းထင်ပေလိမ့်မည်။ ဤထင်မြင်ချက်သည် သမ္မာကျမ်းနှင့် ဆန် ့ကျင်ပါသည်။

အမှုတော်မြတ်၌ အမျိုးသမီးများ၏ကဏ္ဍသည် လူရှေ ့တွင် ထင်ပေါ်မှုမများလှသော်လည်း အလွန်အရေးပါအရာရောက်၍ တကယ် ထိရောက်ကြောင်း ကျမ်းစာ၌ တွေ ့ရသည်။ “ သူမသည် ဣန္ဒြေစောင့်ခြင်းနှင့်တကွ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သန် ့ရှင်းခြင်း၌ တည်လျှင် သားဖွားခြင်းအမှု၌ ကယ်တင်ခြင်းသို ့ ရောက်လိမ့်မည်။” (၁တိ၊ ၂း၁၅)။ ဤကျမ်းပိုဒ်၏ ဆိုလိုရင်းမှာ ဘုရာသခင်ကို ချစ်ကြောက်ကြည်ညိုသော မိခင်တဦးသည် လူပရိသတ်ကြားတွင် အမှုတော်ဆောင်ဖို ့အခွင့်အရး မရှိသော်လည်း အသုံးမကျသည့် နေရာ၌ ချောင်ထိုးခံရသည်မဟုတ်ပေ။ မိမိသားသမီးများကို ဘုရားရှင်အား ချစ်ကြောက်ရိုသေသော သဘောရှိအောင် ပြုစုပျိုးထောင်ရန် မိခင်အနေနှင့် တာဝန်ရှိသည်။ အကယ်၍ သူမနှင့် သူမခင်ပွန်းတို ့သည် ယုံကြည်ခြင်း၌ စွဲမြဲခဲ့သော် တနေ ့တွင် သူမ၏သားများသည် နှုတ်ကပတ်တော်ကို ဟောကြားသွန်သင်နိုင်သူများ ဖြစ်လာကြပေလိမ့်မည်။ “သူမသည် ကယ်တင်ခြင်းသို ့ ရောက်လိမ့်မည်” ဟုပြောဆိုချက်၏ အဓိပ္ပာယ်မှာ ကယ်တင်ခြင်းတရားကြဲဖြန် ့ရာ၌ မိန်းမတဦး၏နေရာ၊ အခွင့်အရေးကို ဆိုလိုပါသည်။ ၀ိညာဉ်ကယ်တင်ခြင်း (သို ့) သားဖွားရာ၌ သေဘေးမှ ကယ်တင်မည်ဟု မဆိုလိုပါ။ သို ့ဖြစ်၍ သူမသည် အသုံးမဝင် အရာမရောက်သူ တဦးမဟုတ်ဘဲ သားသမီးများကို ဘုရားရှင်၏ ဘုန်းတော်အတွက် အသက်ရှင်ရန် သွန်သင်ပျိုးထောင်ခြင်းဖြင့် အလွန်မြင့်မြတ်သည့် အမှုတော်မြတ်ကို ဆောင်ခွင့်ရနိုင်ပါသည်။

မိန်းမတို ့၏ အမှုတော်ဆောင်ခြင်း အခြားကဏ္ဍများကို ဓမ္မသစ်ကျမ်းတွင် နမူနာတွေ ့ရပါသေးသည်။ ထိုနမူနာများမှာ မိမိဥစ္စာပစ္စည်းကို ကိုယ်တော်ထံ ပေးလှူဆက်ကပ်ခြင်းဖြင့်လည်းကောင်း (လု၊ ၈း၃)။ ဧည့်ဝတ်ပြုခြင်းဖြင့်လည်းကောင်း (ရောမ၊ ၁၆း၁)။ အမျိုးသမီးငယ်တို ့ကို သွန်သင်ဆုံးမခြင်းဖြင့်လည်းကောင်း (တိတု၊ ၂း၄) အမှုဆောင်နိုင်ကြသည်။

၆။ လူအချို ့၏ ကန် ့ကွက်ချက်များ

အမျိုးသမီးများ၏ အမှုဆောင်ခြင်း အခန်းကဏ္ဍနှင့် စပ်လျဉ်း၍ မေးခွန်းနှင့် ကန် ့ကွက်မှုများပေါ်ပေါက်လာသည်။ ဤအကြောင်းနှင့် ပတ်သတ်၍ ရှင်ပေါလု၏ သွန်သင်ချက်များသည် မိန်းမများအပေါ် ငြိုငြင်သောကြောင့်လည်းကောင်း၊ အိမ်ထောင်မရှိသည့် ယောကျ်ားတဦး၏ ထင်မြင်ချက်များသာ ဖြစ်သည်ဟူ၍လည်းကောင်း၊ စောဒကတက်ကြ၏။ ထိုစောဒကတက်မှုများသည် မှန်ကန်ပါ၏။ ရှင်ပေါလု၏ သွန်သင်ချက်များသည် သန် ့ရှင်းသော ၀ိညာဉ်တော်၏ သွန်သင်ချက် များသာဖြစ်သည်။ (၁ကော၊ ၁၄း၃၇)တွင် “ငါသည် သင်တို ့အားရေးပေးလိုက်သော စကားတို ့သည် သခင်ဘုရား၏ ပညတ်တော်ဖြစ်ကြောင်း ၀န်ခံပါစေ” ဟုရေးသားချက်ကို ကြည့်လျှင် သမ္မာကျမ်း၏ သွန်သင်ချက်သည် ဘုရားသခင်၏ သြဝါဒဖြစ်ကြောင်း ထင်ရှားပါသည်။

ရှင်ပေါလု၏ သွန်သင်ချက်သည် ယခုခောတ်ကာလအတွက်မဟုတ်ဘဲ ထိုခောတ်ထိုဒေသ၏ ထုံးစံကိုသာ ရည်ညွှန်ခြင်းမဟုတ်ပါလား? ဟုမေးမြန်းလျှင် အဖြေကား ရှင်ပေါလု၏ ကောရိန္ဃုသြဝါဒစာ ပဌမစောင်သည် ကောရိန္ဃု မြို ့ရှိ အသင်းတော်အတွက်သာ ရေးသည်မဟုတ်ဘဲ နေရာတိုင်း၌ အကျွနု်ပ်တို ့၏ အရှင်သခင် ယေရှုခရစ်၏ နာမတော်ကို အမှီပြု၍ ဆုတောင်းဝတ်ပြုသူ အားလုံးအတွက်ဖြစ်ကြောင်း ကျမ်းစာအထောက်အထားရှိသည်။ (၁ကော၊ ၁း၂)။ ထို ့ကြောင့် ဤသြဝါဒစာစောင်သည် အရပ်ရပ်တွင် နေထိုင်လျက်ရှိသော လူတိုင်းလိုက်နာခံယူရမည့် သွန်သင်ချက်များဖြစ်၏။ ဘုရားသခင်၏အသင်းတော်များ၌ ငြင်းခုံခြင်း ထုံးစံမရှိကြောင်း (၁ကော၊ ၁၁း၁၆) ကျမ်းစာ၌ တွေ ့ရပါသလား? ဟုမေးမြန်းလျှင် ထိုကျမ်းပိုဒ်၏ အဓိပ္ပာယ်မှာ ထိုသွန်သင်ပညတ်ချက်များကို ဘုရားသခင်၏ အသင်းတော်များ၌ ငြင်းခုံခြင်း ထုံးစံမရှိကြောင်းကိုသာ ဆိုလိုသည်။ အသင်းတော်များသည် ဖြေကြားငြင်းခုံခြင်းများမပြုဘဲ ထိုသွန်သင်ချက် များတို ့ကို လက်ခံလိုက်နာကြသည်။

အမျိုးသမီးများအတွက် ဆံပင်ကို ဦးခေါင်းဖုံးအုပ်စရာဖို ့ ဖန်ဆင်းပေးထားသည်ဆိုလျှင် နောက်ထပ်ဘာကြောင့် ဖုံးအုပ်စရာလိုသေးသလဲ? ဟုမေးခဲ့သော် အဖြေကား (၁ကော၊ အခန်းကြီး ၁၁)တွင် ဖုံးအုပ်ခြင်း နှစ်မျိုးတွေ ့ရှိရသည်။ အခန်းငယ် (၁၅)တွင် မိန်းမဆံပင်သည် ဘုန်းအသရေနှင့် မိမိခြံုစရာဖြစ်ကြောင်း ဖော်ပြ၍ အခန်း (၅၊၆) တွင် Veil  ဇာပဝါဖြင့် ဖုံးအုပ်ရန်လိုကြောင်း တွေ ့ရသည်။ ထို ့ကြောင့် မိန်းမသည် မိမိဦးခေါင်းကို တွင် Veil  ဇာပဝါဖြင့် ဖုံးအုပ်ရမည်ဟု ဆိုလိုပါသည်။

အသင်းတော်၌ မိန်းမများတိတ်ဆိတ်စွာ နေရမည် (၁ကော၊ ၁၃း၃၄) ဟု ပြောခြင်းသည် စည်းဝေးအတွင်း စကားများခြင်း၊ အတင်းပြောခြင်းကို ဆီးတားဖို ့ဘဲ မဟုတ်လား? ဟုမေးမြန်းသော် ထိုသို ့မဆိုလိုပါဟု ဖြေပါမည်။ အကြောင်းမှာ ကျမ်းစာက “သူတို ့သည် ဟောပြောရသော အခွင့်မရှိကြ” ဟု တိကျစွာ ဖော်ပြထားသည်။ “ဟောပြောခြင်း” ဟူသော “စကားများခြင်း” “အတင်းပြောခြင်း” ဟု ကျမ်းစာတွင် မည်သည့်နေရာ၌မျှ ထိုအဓိပ္ပာယ်မျိုးကို မတွေ ့ရပေ။

စောဒကတက်သည့် အခြားမေးခွန်းများစွာ ပေါ်ပေါက်သေးသည်။ မိန်းမများသည် ပရိသတ်အလယ်၌ သက်သေခံခြင်း၊ တပင်တိုင်သီချင်းဆိုခြင်း၊ လုပ်ငန်းအတွေ ့အကြံုပြန်ကြားဝေငှခြင်းများပြုပါက မှန်ပါသလား?ဟုမေးပြန်သော် ဤအမှု၌ မိန်းမသည် ယောကျ်ားအပေါ် အခွင့်အာဏာ ကျော်လွန်ရာ ရောက်သလား၊ (သို ့) မိန်းမသည် ခေါင်းဆောင်နေရာ ယူနေသလားဟု စဉ်းစားလျှက် အသင်းလူကြီးများ၏ သဘောတူခွင့်ပြုချက်နှင့် လုပ်ဆောင်ပါက မမှားပါ။ အကယ်၍ အကြောင်းအရာတစ်ခုနှင့် ပတ်သတ်ပြီး ကျမ်းစာတွင် တိကျစွာ ဖော်ပြချက်မရှိလျှင် ကျမ်းစာမှ အခြားကိစ္စများအပေါ် သွန်သင်ဆုံးမ ချက်တို ့နှင့် နှိုင်းယှဉ်ပြီး ဘုရားသခင်၏ ဘုန်းတော်ကို ထောက်လျက် ယုံကြည်သူများ ဆောက်တည်မှုအတွက် ဆင်ခြင်၍သာ လုပ်ဆောင်သည်ဟု ဖြေရပါမည်။

၇။ ဘုရားရှင်၏ ဉာဏ်တော်ကြီးမြတ်ကြောင်း ထင်ရှားသည်

ဤသွန်သင် ညွှန်ကြားချက်များကို ချမှတ်ပေးရာတွင် ဘုရားသခင်၏ ရည်မှန်းချက်မှာ ကိုယ်တော်၏ သားသမီးများ ကောင်းကျိုးခံစား ရရှိစေလိုသည်သာမက ကိုယ်တော်၏ ဘုန်းတော် ထင်ရှားစေဖို ့လည်းဖြစ်သည်။ ကိုယ်တော်၏စကားကို ဂရုမစိုက်သည့်အခါ (သို ့မဟုတ်) ကျူးလွန်ဆန် ့ကျင်သည့်အခါတွင် ထောင်လွှားခြင်းနှင့် ပဋိပက္ခများ ဖြစ်ပေါ်လာတတ်သည်။ သီအိုဆိုဖီ၊ ခရစ်ယာန်သိပ္ပံနှင့် သတ္တမနေ ့ဥပုဉ်ဂိုဏ်းငယ်များ တွင် မိန်းမများက ဦးစီးခေါင်းဆောင်လာကြသည်။ ထိုအမျိုးသမီးများက အမျိုးသားများအပေါ် အာဏာကျော်လွန်လျှက် ပရိသတ်များအား သွန်သင်သည်ကို တွေ ့မြင်ရသည်။

အခြားရှုထောင့်တခုကား “ငြိမ်ဝပ်နူးညံ့သိမ်မွေ ့သော သဘောတန်ဆာကို ဆင်ခြင်း” သည်၊ အခြားအရာများထက် နှစ်သက်ဖွယ် ဂုဏ်သရေနှင့် ဣန္ဒြေအရဆုံးဖြစ်သည် (၁ပေ၊ ၃း၄) ဟု ခံယူလျှက် ခရစ်ယာန်အမျိုးသမီးများသည် ဘုရားသခင်ခန် ့အပ်ချမှတ်ထားသည့် နေရာမှန်၌နေ၍ အသက်ရှင်သက်သေခံရသည်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်က တိကျစွာ သွန်သင်ထားသည်။

ကိုယ်တော်ထံသို ့ ချဉ်းကပ်ကြပါစို ့

ပြီးခဲ့သော အခန်းများ၌ အသင်းတော်အကြောင်းကို ဒေသန္တရအသွင်ဖြင့်လည်းကောင်း၊ ကမ္ဘာလုံးဆိုင်ရာ အသွင်ဖြင့်လည်းကောင်း၊ နှစ်ပိုင်းစလုံးကို လေ့လာခဲ့ပြီးပြီ။ တမန်တော်များလက်ထက်က အသင်းတော်၏ ၀ိညာဉ်တန်ခိုး စိတ်အားထက်သန်မှုနှင့် ရိုးရိုးလွယ်ကူရှင်းလင်းစွာ အသက်ရှင်လုှုပ်ရှားခဲ့သော နည်းနာပုံစံများကို ဓမ္မသစ်ကျမ်း၌ ကျွနု်ပ်တို ့ လေ့လာခဲ့ပြီ။ ယခုမေးခွန်းထုတ်၍ ဆန်းစစ်ဆင်ခြင်ကြပေအ့ံ။ ၂၀ ရာစုခောတ် ခရစ်ယာန်များအတွက် ဤအရာအားလုံးကို ဘယ်လိုလိုက်လျှောက်ရမလဲ?

၁။ ယခုခောတ် အသင်းတော်

ဤမေးခွန်းကို ဖြေနိုင်ရန်ပထမဆုံး ယခုခောတ်အသင်းတော်ကို ခေါ်နေသော အဖွဲ ့များ၏ အခြေအနေကို အကျဉ်းချုပ်ကြည့်ကြပါစို ့။ နေရာအနှ ့ံ အပြား၌ ဘုရားသခင်၏ မိန် ့ကြားချက်နှင့်လွဲချော်ခြင်း၊ ကျရှုံးခြင်းနှင့် ပျက်စီးခြင်းများ တွေ  ့ရသည်။ ဘာသာရေးအဖွဲ ့အစည်းများစွာတို ့သည် ငွေကြေးနှင့် လောကီရေးရာများ လွှမ်းမိုးရောယှက်လျှက် ၀ိညာဉ်တန်ခိုး ခေါင်းပါး ဆုတ်ယုတ်နေသည်ကို တွေ ့ရသည်။ ဂိုဏ်းဂဏဝိ၀ါဒတရား စွဲလမ်းမှုဖြင့် ခွဲခြားကွဲပြားမှုများ လုပ်နေလျှက် တပြိုင်တည်းတွင် ပေါင်းစည်းညီညွှတ်ရေးဟု ကြွေးကြော်ပြီးနောက်လိုက်သစ္စခံများ စည်းရုံးလုပ်ဆောင်၍ သမ္မာကျမ်းနှင့် မကိုက်ညီသော အသင်းတော်၏ အသွင်ကို ဆောင်နေကြသည်။ အသင်းတော်စည်းဝေးများမှာ လူတို ့အား ခရစ်တော်ကို ဖွင့်ပြရမည့်အစား ထုံးတမ်းစဉ်လာများနှင့် ပျင်းရိသွေ ့ခြောက် အသက်မပါသော စည်းဝေးများဖြင့် အချိန်ကုန်တတ်ကြသည်။ အသင်းတော်များတွင် အသင်းသားစာရင်း၌ ခရစ်တော်ကို ယုံကြည်လက်ခံသူရှိသလို ကယ်တင်ရှင်အဖြစ် လက်ခံခြင်း မရှိသေးသူများကိုလည်း ထည့်သွင်းကြသည်။ ကျေးဇူးတော်အားဖြင့် ကယ်တင်ခြင်းရနိုင်ကြောင်း သတင်းကောင်းကို ဟောပြောရမည့်အစား ခောတ်ပေါ်အယူဝါဒတည်းဟူသော တဆေးဖြင့် အသင်းတော်များ၌ ယိုယွင်းဖောင်းပွနေသည်။

၂။ မှားယွင်းသော အယူနှင့် ကင်းကွာဖို ့လိုသည်

အယူလွဲနေသော သူများကြားထဲတွင် ခရစ်ယာန်တယောက် ရောက်နေပါက ဘာလုပ်မလဲ? လို ့မေးလျှင် အဖြေတခုသာ ရှိသည်။ ခွဲနေပါ။ ယုံကြည်သူများသည် ဆိုးညစ်သောအရာ အမျိုးမျိုးမှ ကင်းကွာနေရမည်ဟု နှုတ်ကပတ်တော်က တင်းကျပ်စွာတားမြစ်ထားသည်။ ဆိုးညစ်ခြင်းသည် အကျင့်စာရိတ္တ (သို ့) အယူဝါဒ (သို ့) ဘာသာရေးအသွင် ဆောင်နေတတ်သည်ကို သတိပြုပါ။ “သင်သည် မယုံကြည်သောသူတို ့နှင့် တွဲဘက်၍ မညီသော ထမ်းပိုးကို မထမ်းကြနှင့်။ တရားသောအမှုနှင့်မတရားသော အမှုသည် အဘယ်သို ့ပေါင်းစပ်နိုင်မည်နည်း။ အလင်းသည် မှောင်မိုက်နှင့် အဘယ်သို ့ ဆက်ဆံနိုင်မည်နည်း။ ခရစ်တော်သည် ဗေလျာလနှင့် အဘယ်သို ့ သင့်တင့်နိုင်မည်နည်း။ ယုံကြည်သူသည် မယုံကြည်သူနှင့်အတူ အဘယ်အကျိုးအပြစ်ကို ခံရမည်နည်း။ ဘုရားသခင်မိန် ့တော်မူသည်ကား သူတို ့တွင် ငါကျိန်းဝပ်မည်။ သူတို ့တွင် လှည့်လည်၍ သူတို ့၏ဘုရား ဖြစ်မည်။ သူတို ့သည်လည်း ငါ၏လူဖြစ်ကြလိမ့်မည်ဟု မိန် ့တော်မူသည်နှင့်အညီ သင်တို ့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏ ဗိမာန်တော် ဖြစ်ကြ၏။ ထို ့ကြောင့် ထာဝရဘုရား မိန် ့တော်မူပြန်သည်ကား သင်တို ့သည် ထိုသူတို ့အထဲမှထွက်၍ အသီးအခြားေးနကြလော့။ မစင်ကြယ်သော အရာကို လက်နှင့်မျှ မတို ့ကြနှင့် ထိုသို ့ပြုလျှင် သင်တို ့ကို ငါသည်လက်ခံမည်။ သင်တို ့၏အဘဖြစ်မည်။ သင်တို ့သည်လည်း ငါ၏သားသမီး ဖြစ်ကြလိမ့်မည်ဟု အနန္တတန်ခိုးနှင့်ပြည့်စုံသော ထာဝရဘုရား မိန် ့တော်မူ၏” (၂ကော၊ ၆း၁၄-၁၈)။

တရားတော်နှင့်မညီ ယိုယွင်းပျက်စီးနေသော အသင်းတော်တခုထဲ၌ ဘုရားသခင်အတွက် ပြောဆိုသက်သေခံဖို ့ ပြတ်သားစွာ တားမြစ်ချက်ရှိ၍ အလျော့အတင်းအပေးအယူ (Compromise) လုံးဝမလုပ်ရဟုလည်း သတိပေးထားပါသည်။

မှားယွင်းသော အယူစွဲလန်းလုပ်ဆောင်နေသည့် အသင်းတော်ကြီးထဲတွင် နေလျှက် ပြုပြင်ဖို ့ကြိုးစားလုံးပမ်းသူသည် မကြာမီ မိမိကိုယ်တိုင်သာ အရှုံးနဲ့တွေ ့ပြီး ဘဝဆုံးရပေမည်။ တရားတော်အတိုင်း အသက်မရှင်သော အသင်းတော်၌ ဆက်လက်နေသင့်သည်ဟု ငြင်းခုံသူအား နှုတ်ကပတ်တော်က ပြတ်သားစွာ သတိပေးထားသည်မှာ “ နားထောင်ခြင်းအမှုသည် ယဇ်ပူဇော်ခြင်းထက်လည်းကောင်း၊ နာခံခြင်းသည် သိုးဆီဥထက် လည်းကောင်း မြတ်ပေ၏” ဟုဆုံးမထားသည်။

၃။ နောက်ထပ် ဘာလုပ်မလဲ?

နောက်မေးစရာ ကျန်ရှိပါသေးသည်။ “ထွက်ပါ” ဟုနှုတ်ကပတ်တော်၏ မိန် ့မှာချက်ကို နာခံပြီးသူသည် ဘာဆက်လုပ်ရမည်နည်း? ဤမေးခွန်းကို နှုတ်ကပတ်တော်နှင့်အညီ အကြံပေးလိုပါသည်။

ယုံကြည်ခြင်း တူညီသည့်သူများနှင့်အတူ ရိုးသားစင်ကြယ်သောစိတ်သဘောဖြင့် စုဝေးကြပါ။

ခရစ်တော်အတွက်သာ စုရုံးခြင်းဖြစ်စေပါ။ ခရစ်တော်၏ နာမနှင့်ဂုဏ်တော်ကို အဓိကထားပြီးပေးခြင်းဖြစ်ပါက လူဦးရေများလာလိမ့်မည်တော့ မဟုတ်ပေ။ သို ့သော်မျှော်မှန်းနိုင်သည့် အကျိုးကား သစ္စာရှိသော ယုံကြည်သူ လူနည်းစုများအား သွေးဆောင်မှုနှင့် စိတ်ပျက်ခြင်းများထဲသို ့ အလွယ်တကူမကျရောက်စေနိုင်ချေ။

စုဝေးရမည့်နေရာကို ရွေးချယ်ရပါက အိမ်သည်အသင့်တော်ဆုံးဖြစ်ပြီး နှုတ်ကပတ်တော်နှင့်လည်း ကိုက်ညီသည် (ရောမ၊ ၁၆း၅၊ ကော၊ ၄း၁၅၊ ဖိလေ၊ ၂)။ သခင်ယေရှုခရစ်သည် သူ ့အားယုံကြည်ကိုးကွယ်သူ သားသမီးများနှင့်အတူ ထင်ရှားတည်ရှိမည်။ ထိုအဖြစ်မျိုးကို ဘာသာရေး အဆောင်အယောင်နှင့် ခန် ့ညားထယ်ဝါမှု နှစ်သက်သူများအတွက် ထိတွေ ့ရန် အလွန်ခဲယဉ်းသည်။

ယုံကြည်သူ အခြားညီအစ်ကိုများအား စည်းဝေးထဲသို ့ ၀င်ရောက် မိတ်ဿဟာယဖွဲ ့ခွင့်ရအောင် အယူဝါဒနှင့် အခြားနာမည် တပ်ခြင်းမပြုပါနှင့်။

မည်သည့်ဂိုဏ်းဂဏထဲသို ့လည်း မပါ၀င်ကြပါနှင့်။ အသင်းတော်အပေါ် လွှမ်းမိုးမည့် ပြင်ပလမ်းညွှန်ချက်များကို  ငြင်းပယ်ပစ်ပါ။

သာသနာလုပ်ငန်းအား တဖြည်းဖြည်း လူတဦးတည်း၏လက်ထဲသို ့ ကျရောက်သွားခြင်းမရှိစေရန် သတိနှင့် ထိန်းသိမ်းဖို ့လိုသည်။ ယုံကြည်သူအားလုံးသည် ယဇ်ပရောဟိတ်ဖြစ်ကြောင်း လက်တွေ ့ဖော်ပြနိုင်ရန်နှင့် အသင်းတော်သို ့ ခရစ်တော်က ပေးထားသော ဆုကျေးဇူးအမျိုးမျိုးကို သန် ့ရှင်းသော ၀ိညာဉ်တော်၏ ပဲ့ပြင် အသုံးပြုခြင်း ခံယူနိုင်ရန် လူတိုင်းအတွက် ဆက်ကပ်အသက်ရှင်ခွင့်ပေးရမည်။

အတူတကွဆုတောင်းခြင်း၊ ကျမ်းစာလေ့လာခြင်း၊ ပွဲတော်မုန် ့စားခြင်းနှင့် မိတ်ဿဟာယဖွဲ ့ခြင်း မှန်မှန်လုပ်ရမည်။ သတင်းကောင်းကြဲဖြန် ့ရာ၌လည်း တဦးချင်းသာမက စုပေါင်းလျက် ရွှင်လန်းအားရစွာ သက်သေခံသင့်သည်။

အတိုချုပ်ပြောရလျှင် ဓမ္မသစ်ကျမ်း အသင်းတော်နှင့် လျော်ကန်ကိုက်ညီရန် (သစ္စာရှိစွာ) ခရစ်တော်၏ ကိုယ်ကိုကိုယ်စားပြုလျက် ဘုရားသခင်၏ တရားတော်ကို နာခံလိုက်လျှောက်ရမည်။

၄။ မှားယွင်းသော အယူမှထွက်လာသူများ

အလွန်စိတ်ဝင်စားဖွယ်ရာမှာ ယနေ ့ကမ္ဘာတဝှမ်းလုံးတွင် ခရစ်ယာန်များသည် တရာတော်နှင့် မညီသော အသင်းတော်များထဲမှ ထွက်လာလျက်ရှိကြပြီဖြစ်သည်။ သမ္မာကျမ်းသည် ဘုရားသခင်၏အလိုကို ဖွင့်ပြသော စာဖြစ်ကြောင်း တွေ ့မြင်လာကြသည်။ ရှုံ ့ချပြစ်တင် ငြိုငြင်ခြင်း ခံရသည့်ကြားမှပင် အခြားလမ်းညွှန်မှုများကို မခံယူဘဲ သမ္မာကျမ်း၏ ပဲ့ပြင်မှုနောက်ကိုသာ လိုက်နာလာကြသည်။

သူတို ့သည် မည်သည့်ပုဂ္ဂိုလ်တဦးတယောက်၏ ဦးစီးချုပ်ကိုင်မှုကိုမျှ မခံယူ၊ ခရစ်တော်သည်သာ ဦးစီးခေါင်းဆောင်အဖြစ် ခံယူ၍ အုပ်စိုးခြင်းကိုသာခံယူပြီး ခရစ်တော်၏ကိုယ်၌ မိတ်ဿဟာယဖွဲ ့ကြသည်။ ခရစ်တော်၏ ကိုယ်၌ ညီညွှတ်ခြင်းသဘောရှိကြောင်း သက်သေထူရန် စစ်မှန်သော နှိမ့်ချခြင်းဖြင့် ရှာဖွေကြသည်။ သူတို ့၏ မိတ်ဿဟာယစည်းဝေး၌ စစ်မှန်သော ယုံကြည်သူများအား ခောတ်ပေါ် အယူဝါဒနှင့် အခြားအယူမှားခြင်း၏ ဖိနှိပ်ချုပ်ခြယ်ခြင်း ဘေးရန်မှ ကာကွယ်မှုပေးကြသည်။ ထိုသူတို ့၏ စည်းလုံးညီညွှတ်ခြင်းမှာ သန် ့ရှင်းသော ၀ိညာဉ်တော်၏ စုစည်းခြင်းနှင့် အုပ်စိုးခြင်းကို ခံယူသည့် အပေါ်မူတည်သည်။

ခရစ်တော်၏ ဦးစီးအုပ်စိုးမှုအောက်၌ ထိုကဲ့သို ့သော မိတ်ဿဟာယ စည်းဝေးများ ဆက်လက်တိုးပွားရန် မသင့်ဟု ဆီးတားပိုင်သော မည်သည့်အထောက်အထားမျှမရှိပေ။ ခရစ်ယာန်များ ထိုရူပါရုံကိုမြင်လျက် ခရစ်တော်၏ ဘုန်းတော်အတွက် ဖိနှိပ်ခြင်းဒုက္ခ ခံယူသူများအား ဘုရားသခင်က ကောင်းချီးမင်္ဂလာနှင့် ဆုကျေးဇူးများ ချပေးလိမ့်မည်။

ခရစ်ယာန်အမည်ခံနှင့် ဘာသာရေးယောင်ဆောင် ပြုမူချက်များကို ရှောင်ရှားပြီး နှုတ်ကပတ်တော်ကို မြတ်နိုးလိုက်လျှောက်သော လွတ်လပ်သည့် အဖွဲ ့ငယ်များကို ဘုရားသခင်သည် ကောင်းချီးမင်္ဂလာ ကြွယ်ဝစွာ သွန်းလောင်းတော်မူမည်။ ဤနောက်ဆုံးသော ခောတ်ကာလ၌ သန် ့ရှင်းသော ၀ိညာဉ်တော် အုပ်စိုးသည့် ထိုကဲ့သို ့သော အဖွဲ ့ငယ်များ များစွာပေါ်ပေါက်လာမည်ဟု ကျွနု်ပ်တို ့ယုံကြည်သည်။

မိမိကိုယ်ကို စွန် ့တော်မူသည့်တိုင်အောင် အသင်းတော်ကို ချစ်တော်မူသော အရှင်ယေရှုခရစ်၏ ဘုန်းတော်အောင်မြင်ခြင်းရှိပါစေသတည်း။

လက်ယာဘက်ကွက်လပ်တွင် အဖြေမှန်၏အက္ခရာကိုရေးပါ။

၁၁။ ဘုရားသခင်၏ရှေ ့တော်မှောက်တွင် အမျိုးသမီးများသည်-

(က) ယောကျ်ားများနှင့် သီးသန် ့ခွဲခြားထားသည်။

(ခ) ယောကျ်ားများနှင့် တန်းတူအခွင့်ရသည်။

(ဂ) ယောကျ်ားထက် နိမ့်ကျသည့် နေရာတွင် ထားခံရသည်။

(ဃ) ယောကျ်ားထက် သာလွန်သည့်နေရာကို ရရှိသည်။                                                                               —————

၁၂။ အမျိုးသမီးများအား သမ္မာကျမ်းက “ဆိတ်ဆိတ်” နေရမည်ဟုပြောသည့်အခါ-

(က) အမျိုးသမီးများကို နှိမ်ရာကျသည်။

(ခ) အခြားအမျိုးသမီးများသာ ရှိသည့်အချိန်၌ပင် ဆုတောင်းခွင့်ကို ပိတ်ပင်ရာရောက်သည်။

(ဂ) မိန်းမပျိုများကိုသာ ဆိုလိုသည်။

(ဃ) ရှေ ့ဆက် ရှင်းလင်းချက်ရှိသေးသည်။ သို ့မှသာ တားမြစ်ချက်ကို ကျယ်ကျယ်ပြန် ့ပြန် ့ တိကျစွာ နားလည်သဘောပေါက်မည်။

—————

၁၃။ အသင်းတော်၌ အမျိုးသမီးများ တိတ်ဆိတ်စွာနေဖို ့ ရှင်ပေါလု တားမြစ်ရခြင်းအကြောင်းမှာ-

(က) ဖန်ဆင်းခြင်း၏ မူလအစီအစဉ်အရ အမျိုးသမီးသည် ခေါင်းဆောင်နေရာ အခွင့်ထားရသည်။

(ခ) ဓမ္မဟောင်းကျမ်းက အမျိုးသမီးများအား ယောကျ်ားအပေါ် အခွင့်အာဏာ ပေးထားသော်လည်း ဓမ္မသစ်ကျမ်းက ပြောင်းပြန်စီစဉ်လိုက်သည်။

(ဂ) စုံစမ်းခြင်းအစက မိန်းမသာလှည့်ဖြားခံရ၏။ ယောကျ်ားမူကား လှည့်ဖြားခံရမည်မဟုတ်။

(ဃ) ယောကျ်ားသည် မိန်းမကြောင့်ဖြစ်၏။ မိန်းမသည် ယောကျ်ားကြောင့်ဖြစ်သည်မဟုတ်။                                        ————–

၁၄။ ဘုရားသခင်၏ သားသမီးများသည် အသင်းတော်တွင် ဘုရားသခင်ချမှတ်သောစည်းကမ်း အစီအစဉ်အတိုင်းလိုက်နာခြင်း ရှိမရှိ၊ ကောင်းကင်တမန်များက စောင့်ကြည့်နေကြသည်။

(က) အသင်းတော်၌သာ ဟောပြောခွင့်ရှိသည်။

(ခ) အိမ်မှုကိစ္စများကို ကြည့်ရှုစောင့်ထိန်းရမည်။

(ဂ) သားသမီးများစွာ မွေးဖွားရမည်။

(ဃ) ဆုတောင်းသည်ဖြစ်စေ၊ ပရောဖက်ပြုသည်ဖြစ်စေ မိမိတို ့၏ ဦးခေါင်းကို ဖုံးအုပ်ရမည်။                                     —————

၁၅။ “သားဖွားခြင်းအမှု၌ ကယ်တင်ခြင်းသို ့ ရောက်လိမ့်မည်” ဟုဆိုခြင်း၏ အဓိပ္ပာယ်မှာ-

(က) ၀ိညာဉ်ကယ်တင်ခြင်း ရဖို ့ဆိုလိုသည်။

(ခ) ဘုရားသခင်၏ ဘုန်းတော်အတွက် သားသမီးများကို ပြုစုပျိုးထောင်ရာ၌ မိန်းမ၏ အခွင့်အရေးကို ဆိုလိုသည်။

(ဂ) (“မိန်းမ၏မျိုးစေ့” တည်းဟူသော) တဖန်ကြွလာမည့် အရှင်ယေရှုအား လောကကို ကယ်တင်မည့်အရှင်ဟု ဆိုလိုသည်။

(ဃ) အထက်ပါအချက်အားလုံး                                                                            —————

၁၆။ “အမျိုးသမီးများ၏ဆံပင်သည် သူမအတွက် ဖုံးအုပ်စရာ” မဟုတ်ပါသလားဟု စောဒကတက်ချက်ကို

(က) ၁ကော၊ ၁၁း၅နှင့် ၁၅က ထောက်ခံသည်။

(ခ) ဖုံးအုပ်စရာ နှစ်မျိုးရှိကြောင်း ၁ကော၊ ၁၁ အရ ဖြေကြားနိုင်ပါသည်။

(ဂ) ထိုအပြောသည် ငြင်းခုံစရာဖြစ်၍ ရှောင်သင့်သည်။

(ဃ) ဆံပင်ဟာ ခြံုအုပ်စရာဆိုရင် ယောကျ်ားများလည်း ဖုံးအုပ်ဖို ့ ပြောထားမှာပေါ့လို ့ထောက်ပြရပါမည်။               —————

၁၇။ မိန်းမများကို “ဟောပြောရသော အခွင့်မရှိကြ” ဟုရှင်ပေါလု ပြောခြင်း၏ အဓိပ္ပာယ်မှာ

(က) “စကားမများ” ဖို ့ဆိုလိုပါသည်။

(ခ) သူ ့ကိုယ်ပိုင် ထင်မြင်ချက်ကို ပြောခြင်းသာဖြစ်သည်။

(ဂ) မိန်းမများအပေါ် သူ၏ငြိုငြင်မှုကို ပြခြင်းဖြစ်သည်။

(ဃ) ဘုရားသခင်ချမှတ်မိန် ့ကြားချက်ကို တင်ပြခြင်းဖြစ်သည်။                                                                              —————

၁၈။ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ဆန် ့ကျင်ဖီလာသည့် အသင်းတော်စည်းမျဉ်းနှင့် ရင်ဆိုင်ရပါကလုပ်သင့်သော အချက်မှာ-

(က) ထိုနေရာမှနေပြီး အခြေအနေပြောင်းလာအောင် ကြိုးစားပါ။

(ခ) ငြိမ်သက်ခြင်းကို မနှောင့်ယှက်မိအောင် ဘာမျှမပြောဘဲနေပါ။ ကျမ်းစာနှင့် ဖီလာသော်လည်း ဘုရားသခင်အတွက် ဆိတ်ဆိတ်နေပါ။

(ဂ) အကျင့်စာရိတ္တပြဿနာဖြစ်မှသာ ထွက်ခွာပါ။

(ဃ) ထွက်ခွာပါ။ သို ့မှသာ အခြားတနေရာတွင် ဘုရားသခင် သင့်ကိုအသုံးပြုနိုင်မည်။                                                           —————

၁၉။ ၂ကော၊ ၆း၁၄-၁၈၏ သွန်သင်ချက်ကို သင်လိုက်နာပါက သင်လုပ်သင့်သော အချက် (၅)ချက်ကို ရေးပါ။

(က) ———————————

(ခ) ———————————-

(ဂ) ———————————-

(ဃ) ———————————

(င) ———————————-

သင်ဘယ်လို ယူဆပါသလဲ

ဤစာအုပ်သည် သင့်ကိုဘယ်လို အကျိုးကျေးဇူးဖြစ်စေပါသလဲ။

————————————————————————————

————————————————————————————

————————————————————————————

 

သင်ခန်းစာ (၁၃)

အသင်းတော်၌ အမျိုးသမီးများကဏ္ဍ

(၁ကော၊ ၁၁း၃)

အသင်းတော် အမျိုးသမီးများ၏ တာဝန်ဝတ္တရားနှင့်ပတ်သတ်ပြီး နှုတ်ကပတ်တော်ထဲမှ လေ့လာမည်ဆိုလျှင် အခြေခံသမ္မာတရား (၃)ချက်ကို ထင်ထင်ရှားရှားတွေ ့ရသည်။

(က)      အမျိုးသမီးနှင့် အမျိုးသားများသည် ၀ိညာဉ်ဆိုင်ရာ အခွင့်အရေးများတွင် ဘုရားသခင်၏ ရှေ ့တော်မှောက်၌ တန်းတူညီမျှရှိကြသည်။

(ခ)       တန်းတူညီမျှ အခွင့်အရေးရကြရာတွင် တာဝန်နှင့်သက်ဆိုင်ရာ လုပ်ငန်းဆောင်တာပိုင်း မပါ၀င်ချေ။ ဖို-မကွာခြားချက် ရှိမြဲရှိမည်။

(ဂ)       အမျိုးသမီးနှင့် သက်ဆိုင်သည့် လုပ်ငန်းဆောင်တာမှာ အသင်းတော်၏ ညီညွှတ်ကြီးထွားမှုအတွက် အရေးကြီးကြောင်း တွေ ့ရ၏။

သာတူညီမျှမှုရှိ၏

သာတူညီမျှ စကားလုံး၏ ဆိုလိုရင်းကို နားလည်သဘောပေါက်ပြီးမှ တာဝန်နှင့်ဆိုင်ရာ လုပ်ငန်းပိုင်းကို ဆက်လက်လေ့လာသင့်သည်။

မိန်းမများကို ဆန် ့ကျင်ဖိနှိပ်သူဟု တမန်တော်ရှင်ပေါလုအား အမျိုးမျိုးစွပ်စွဲပြောဆိုကြသော်လည်း အကယ်စင်စစ် အမျိုးသမီးများအပေါ် ရှင်ပေါလု၏ စိတ်သဘောထားမှာ ခရစ်တော်၏ စိတ်သဘောထားကဲ့သို ့ရှိကြောင်း တွေ ့ရပါသည်။ ရှင်ပေါလုသည် ဖိလိပ္ပိမြို ့တွင် ရှိသော အမျိုးသမီးဆုတောင်းအဖွဲ ့ကို နှစ်သက်၍ ပါ၀င်ခဲ့သည်။ (တ၊ ၁၆း၁၃)။ လုဒိ၏ ဖိတ်ခေါ်ဧည့်ဝတ်ပြုခြင်းကို လက်ခံခဲ့ပြီး ဥရောပ၏ ပထမဆုံး အသင်းတော်ကို သူမ၏အိမ်၌ပင် စတင်စိုက်ပျိုးတည်ဆောက်ခဲ့သည်။

ဧဝေါဒိနှင့် သုန္တုတ်တို ့ အမျိုးသမီးနှစ်ဦးသည် သူနှင့်လုပ်ဖော်ဆောင်ဘက်ချင်းဖြစ်ကြောင်း (ဖိ၊ ၄း၃၊၄) ဖိဗေနှင့် ပြစ်ကိလအပြင် အခြားအမျိုးသမီးများမှာ မိမိအသက်တာကိုပင် ဆက်ကပ်အပ်နှံပြီး ဘုရားသခင်၏ အမှုတော်၌ စွမ်းဆောင်လျက်ရှိကြောင်း ချီးမွမ်းအသိအမှတ် ပြုသည်ကိုတွေ ့ရသည်။ (ရောမ၊ ၁၆)။ ယောကျ်ားနှင့်မိန်းမတို ့၏ ၀ိညာဉ်ရေး သာတူညီမျှရှိကြောင်း ရှင်ပေါလုကပြုခဲ့သည်။ “သင်တို ့အပေါင်းသည် ယေရှုခရစ်ကို ယုံကြည်သဖြင့် ဘုရားသခင်၏သားဖြစ်ကြ၏။ ယေရှုခရစ်၏ ဂျူးလူမျိုး၊ ဂရိလူမျိုးခွဲခြားခြင်းမရှိ၊ ကျွန် (သို ့မဟုတ်) လွတ်လပ်သူ ဟူ၍ လည်းကောင်း၊ ယောကျ်ား၊ မိန်းမခွဲခြားမရှိ၊ ထိုသခင်၌ သင်တို ့အပေါင်းသည် တလုံးတဝတည်းဖြစ်ကြ၏။ (ဂလာ၊ ၃း၂၆-၂၈)။ ဘုရားသခင်၏ ရှေ ့တော်မှောက်၌ ကျွနု်ပ်တို ့ (ယောကျ်ား၊ မိန်းမ)မှာ အတူတူဖြစ်ကြ၏။ မည်သည့်အရာများ၌ တူညီမှုရှိကြသနည်း? ကျွနု်ပ်တို ့သည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းရ၍ ဘုရားသခင်၏ရှေ ့တော်၌ ငြိမ်သက်ခြင်းကို ခံစားကြရာ၌ လည်းကောင်း၊ ဘုရားသခင်ထံ၌ ကျေးဇူးတော်ကို ခံစားခွင့်ရကြရာ၌ လည်းကောင်း၊ ဘုရားသခင်၏ ဘုန်းတော်ကို မျှော်လင့်၍ ၀မ်းမြောက်ခြင်းရရှိရာ၌လည်းကောင်း တူညီကြ၏။ (ရောမ၊ ၅း၁၊၂)။ သို ့သော် သာတူညီမျှဟု ပြောနေပြီး ခြားနားမှုများကိုလည်း လျစ်လျူမရှုအပ်ပေ။ ဂျူးသည် ဂျူးလူမျိုးသာဖြစ်၍၊ ဂရိသည် ဂရိလူမျိုးသာဖြစ်ပြီး ယောကျ်ားနှင့်မိန်းမတို ့၏ လိင်ခြားနားမှုသည်လည်း ပြောင်းလဲမှုမရှိကြချေ။

သို ့သော်ခြားနား၏

လိင်ခြားနားမှုမှာ ကောင်းကျိုးအလို ့ငှါ ဖန်ဆင်းစကပင် ဘုရားသခင် ပြင်ဆင်ထားသည်။ ယောကျ်ားနှင့် မိန်းမများအတွက် သီးခြားတာဝန်နှင့် လုပ်ဆောင်ချက်များရှိ၏။ ဘုရားသခင်၏ ရည်မှန်းချက်ကို အကောင်အထည်ဖော် လုပ်ဆောင်ရာတွင် ယောကျ်ားနှင့် မိန်းမနှစ်ဦးစလုံး အရေးပါအရာရောက်သည်။ ဘုရားသခင်သည် သတ္တဝါများကို သူ ့နေရာနှင့်သူ ကမ္ဘာလောကကြီးအတွင်း၌ ချမှတ်ခွဲခန် ့သော အရှင်ဖြစ်သည်။ ယောကျ်ားကို အထူးတာဝန်တရပ်အပ်နှင်းပြီး ယောကျ်ားအား မစကူညီဖော်အဖြစ် မိန်းမကိုလည်း တာဝန်ချမှတ်ထားသည် (က၊ ၂း၁၈)။ နိမ့်ကျသည် ပိုမြတ်သည်ဟူ၍ မရှိပေ။ အကြောင်းမှာ ထိုကဲ့သို ့ ဘုရားသခင်၏ ပြင်ဆင်စီမံမှုကြောင့်ဖြစ်သည်။ လုပ်ဆောင်ချက်ခြားနားသော်လည်း အခွင့်အရေး သာတူညီမျှမှုရှိ၏။

အရှင်ယေရှုခရစ်သည် အမျိုးသမီးများ၏ ဆက်ကပ်လုပ်ဆောင်မှုကို လက်ခံအသိအမှတ်ပြုခြင်းရှိသော်လည်း တစုံတယောက်ကိုမျှ တပည့်တော် (၁၂) ယောက်ထဲတွင် ရွေးချယ်ခြင်းမပြု။ ဓမ္မသစ်ကျမ်းရေးသည့် အမျိုးသမီးတစုံတဦးမျှမရှိ။ အမျိုးသမီးသာသနာပြုသော်လည်းကောင်း၊ အမျိုးသမီးအသင်းတော်ခေါင်းဆောင်သော်လည်းကောင်း၊ ဓမ္မသစ်ကျမ်း၌မရှိပေ။ ခေါင်းဆောင်ရာထူး (သို ့မဟုတ်) ပရိသတ်ရှေ ့ထွက်သည့် အလုပ်များမှာ  အမျိုးသမီးများနှင့် မသက်ဆိုင်ကြောင်းပြောလျှင် ထူးဆန်းသည်ဟု ထင်ကောင်းထင်မည်။ သို ့သော်အမျိုးသမီးများကို အသုံးမဝင်တန်ဖိုးမထားဟု မဆိုလိုပါ။

အမျိုးသမီးများကဏ္ဍ။

ယုံကြည်သူ ယောကျ်ား၊ မိန်းမအားလုံးတို ့သည် ခရစ်တော်၏ အသင်းတော်၌ ဆက်ကပ်အမှုဆောင်ရန် ၀ိညာဉ်ဆု ကျေးဇူးရရှိကြသူများဖြစ်ကြ၏။

အသင်းတော်၏ ကြံ့ခိုင်ကြီးထွားမှုတွင် လူတိုင်းအရေးပါ အရာရောက်သည်။ လူတိုင်းမိမိ၏ နေရာမှန်တွင် ဆက်ကပ်လုပ်ဆောင်မှသာ အသင်းတော်လိုအပ်ချက် ပြည့်စုံမည်။ (ဧ၊ ၄း၁၆)။ အကယ်၍ အသင်းတော်၌ ကျွနု်ပ်တို ့အတွက် လုပ်ဆောင်စရာမရှိပါက ကျွနု်ပ်တို ့၌ ၀ိညာဉ်ဆုကျေးဇူးမရှိခြင်း၊ (သို ့) အခွင့်အရေးမရရှိခြင်းကြောင့်မဟုတ်ဘဲ၊ ကျွနု်ပ်တို ့၏ စိတ်နှလုံးအတွင်း၌ ဘုရားသခင်အတွက် လုပ်ဆောင်လိုသော ဆန္ဒ မရှိခြင်းကြောင့်သာဖြစ်သည်။

ကောင်းကင်ဘုံသို ့ အရှင်ယေရှုကြွသွားပြီးနောက် အထက်ခန်း၌ အမျိုးသမီးများသည် တပည့်တော်တို ့နှင့်အတူ ဆုတောင်းနေကြ၏။ (တ၊ ၁း၁၄)။ သန် ့ရှင်းသော ၀ိညာဉ်တော်ဆင်းသက်သည့်အခါ ထိုအမျိုးသမီးများလည်း ရှိနေသည်။ အသင်းတော်ပေါ်ပေါက်စက အမျိုးသမီးများစွာ ကယ်တင်ခြင်းရကြ၏။ (တ၊ ၅း၁၄)။ ယောကျ်ားများ နှိပ်စက်ညှင်းဆဲခြင်းခံရသည့်နည်းတူ အမျိုးသမီးများလည်း ခံရကြ၏။ (တ၊ ၈း၃)။ ထိုသို ့ ပတမရာစုနှစ်အတွင်း ခရစ်ယာန်သာသနာပြန် ့ပွားတိုးတက်မှု၌ အမျိုးသမီးများသည် အလွန်အဖိုးတန်သည့် အခန်းကဏ္ဍမှ ပါ၀င်ခဲ့၏။

စနစ်တကျနှင့် အကောင်းဆုံးလေ့ကျင့်ထားသော စစ်သားသည် လက်နက်အပြည့်အစုံ တပ်ဆင်ပြီးသော်လည်း မိမိစိတ်သဘောအလျောက် မလုပ်ရဘဲ၊ တပ်မှူး၏ အမိန် ့ညွှန်ကြားချက်ကို စောင့်ဆိုင်းနာခံရသကဲ့သို ့ ဘုရားသခင်၏ သားသမီးတိုင်းသည် မိမိကို ဖန်ဆင်းသည့် ထာဝရဘုရား စကားကို နာခံရသည်။ ထို ့ကြောင့် အသင်းတော်၏ ဦးခေါင်းဖြစ်တော်မူသော အရှင်ယေရှုခရစ်၏ ဖွင့်ပြလမ်းညွှန်ချက်များကို ကျွနု်ပ်တို ့ သိရှိနာခံလိုလျှင် နှုတ်ကပတ်တော်ထဲတွင် ဖော်ပြပြီးဖြစ်သည်။ အမျိုးသမီးများအား ဘုရားသခင်ပေးသနားသော ဆုကျေးဇူးများကို နှိပ်ကွပ်ခြင်းမဟုတ်ဘဲ၊ မည်ကဲ့သို ့ ဆက်ကပ်အသက်ရှင် ရမည်ကိုလမ်းကြောင်း ပြညွှန်ခြင်းသာ ဖြစ်ပါသည်။

ဦးစီးခေါင်းဆောင်ပြုခြင်းနှင့် အုပ်စိုးမှုကို ၀န်ခံခြင်း။

ဦးစီးခေါင်းဆောင်ပြုခြင်း၊ အုပ်စိုးမှုကိုဝန်ခံခြင်းနှင့် အခွင့်အာဏာရှိခြင်းများကို သမ္မာကျမ်းစာမှ ဧဝကို ဖန်ဆင်းတော်မူ၏။ ပထမဆုံးဖန်ဆင်းခံရသောသူသည် ဘုရားသခင်အပ်နှင်းသော အာဏာကိုစောင့်ထိန်းဖို ့ တာဝန်ရှိပြီး နောက်မှ ဖန်ဆင်းခံရသောသူသည် အုပ်စိုးခြင်းကို နာခံဖို ့တာဝန်ရှိသည်။

“ယောကျ်ားသည် မိန်းမကြောင့်ဖြစ်သည်မဟုတ်၊ မိန်းမသည် ယောကျ်ားကြောင့်ဖြစ်၏။ ယောကျ်ားကို မိန်းမဖို ့ ဖန်ဆင်းတော်မူသည်မဟုတ်၊ မိန်းမကို ယောကျ်ားဖို ့ ဖန်ဆင်းတော်မူ၏” (၁ကော၊ ၁၁း၈-၉) အချို ့ယောကျ်ားများမှာ မိန်းမများအပေါ် နိုင်လိုမင်းထက်စိတ်ထားဖြင့် စိုးမိုးကြသောကြောင့် အချို ့မိန်းမများက ဘုရားသခင်ချမှတ်ထားသော အစီအစဉ်ကို ငြင်းဆန်လာကြသည်။ ဤသို ့သော စိတ်သဘောထားမျိုးကို ဘုရားသခင်နှစ်သက်တော်မမူ။ ဘုရားသခင်၏ စီမံချက်အရ ဦးစီးခေါင်းဆောင်ခြင်း အဆင့်ဆင့် စနစ်တကျရှိပုံကို ရှင်ပေါလုဖော်ပြသည်မှာ “ယောကျ်ား၏ ဦးခေါင်းကား ခရစ်တော်ဖြစ်သည်ကိုလည်းကောင်း၊ မိန်းမ၏ဦးခေါင်းကား ယောကျ်ားဖြစ်သည်ကိုလည်းကောင်း၊ ခရစ်တော်၏ဦးခေါင်းကား ဘုရားသခင် ဖြစ်တော်မူသည်ကိုလည်းကောင်း သင်တို ့သိမှတ်စေခြင်းငှါ ငါအလိုရှိ၏” (၁ကော၊ ၁၁း၃)။ ထို ့ကြောင့် အုပ်စိုးမှုကို ၀န်ခံခြင်းတွင် အဓိကအပိုင်း (၃)ပိုင်း (သို ့မဟုတ်) (၃)ဆင့်ရှိသည်။ ထိုသို ့ဦးစီး၊(သို ့) ခေါင်းဆောင်ထားခြင်းသည် အဘယ်သူတဦးတယောက်ကိုမျှ နှိမ်ရန်မရည်ရွယ်ပေ။ အုပ်စိုးခြင်းခံရသောကြောင့် အရှင်ယေရှုခရစ်သည် နိမ့်ကျသွားမည်ဟု ထင်ပါသလား။ အဘဘုရားသခင်၏ အုပ်စိုးခြင်းကို ၀န်ခံသောကြောင့် အရှင်ယေရှုတွင် ဘုရားသခင်၏ ဂုဏ်အင်လက္ခဏာ (ဘုရားဇာတိ) ထိခိုက်နိမ့်လျော့သွားခြင်း မရှိချေ။ ဘုရားသခင်သည် ကမ္ဘာလောကကြီးတွင် သတ္တဝါအသီးသီးအား သူ ့နေရာနှင့်သူ စည်းကမ်းတကျ ချမှတ်ထားသည်။ အုပ်စိုးခံခြင်းနှင့် အုပ်စိုးရန် အခွင့်အာဏာသည် စည်းကမ်းတွင် ပါ၀င်သည်။ ယောကျ်ား၌ အုပ်စိုးဖို ့အခွင့်အာဏာ ပေးထားသောကြောင့် မိန်းမသသည် ဘုရားသခင်က ပေးသောတာဝန်နှင့် အခွင့်အရေးများအတွက် ၀မ်းမြောက်စွာ လက်ခံရမည်။ အုပ်စိုးမှုကို ၀န်ခံခြင်းသည် မိမိတို ့အမျိုးသမီးများအပေါ် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာ သွန်းလောင်းသည့် နည်းလမ်းဖြစ်ကြောင်း၊ ဘုရားသခင်၏ ထူးမြတ်သော ပြင်ဆင်ချက် ဖြစ်ကြောင်းကို သိမြင်လက်ခံတတ်ရမည်။ ဘုရားသခင်၏ လုပ်ဆောင်မှုသည် စစ်မှတ်ဖြောင့်မတ်၍ အကောင်းဆုံးဖြစ်ကြောင်းကို ကျွနု်ပ်တို ့ ယုံကြည်လက်ခံဖို ့ကောင်းသည် မဟုတ်ပါလား၊

ဦးခေါင်းဖုံးအုပ်ခြင်း

အမျိုးသမီးများ ဦးခေါင်းဖုံးအုပ်ခြင်းနှင့် ပတ်သတ်ပြီး (က၊ ၂၄း၆၅-၆၇) တွင် ရေဗက္ကာသည် ဣဇက်နှင့်တွေ ့သောအခါ ဦးခေါင်းကိုဖုံးအုပ်ကြောင်း တွေ ့ရသည်။ ထိုကဲ့သို ့ ဦးခေါင်းကို ဖုံးအုပ်ခြင်း၏ အကြောင်းအရင်းမှာ ခင်ပွန်းသည်ဣဇက်သည် သူမ၏ဦးခေါင်းဖြစ်ကြောင်း ၀န်ခံခြင်းဖြစ်သည်။ ထို ့ကြောင့် ဘုရားသခင်ကိုချစ်၍ ဘုရားသခင်နှစ်သက်သည့်အတိုင်း အသက်ရှင်နေသော ခရစ်ယာန်အမျိုးသမီးများတို ့သည်လည်း အသင်းတော်တွင် ဦးခေါင်းဖုံးအုပ်ခြင်းဖြင့် ဘုရားသခင်၏ အုပ်စိုးမှုကို ၀န်ခံကြောင်းတွေ ့ရသည်။ ထိုအကြောင်းအရာနှင့် ပတ်သတ်၍ သင်ခန်းစာ (၁၂)တွင် အကျယ်တဝင့် လေ့လာခဲ့ပြီးဖြစ်သည်။

ကျက်မှတ်ရန်

ယောကျ်ား၏ ဦးခေါင်းကား ခရစ်တော်ဖြစ်သည်ကိုလည်းကောင်း၊ ခရစ်တော်၏ ဦးခေါင်းကား ဘုရားသခင်ဖြစ်သည်ကို လည်းကောင်း၊ သင်တို ့ သိမှတ်စေခြင်းငှါ ငါအလိုရှိ၏။ (၁ကော၊ ၁၁း၃)

ဆင်ခြင်လိုက်လျှောက်ရန် မေးခွန်းအချို ့

၁။        ဘုရားသခင်၏ ရှေ ့တော်မှောက်၌ ယောကျ်ားနှင့် မိန်းမသည် သာတူညီမျှ အခွင့်အရေးရရှိပြီး လုပ်ငန်းဆောင်တာတွင် ကွာခြားချက်ရှိကြောင်း သမ္မာကျမ်း၏ သွန်သင်ချက်ကို သင်ရှင်းလင်းစွာ နားလည်ပြီလား။

၂။         သင်၏ဝိညာဉ်ရင့်ကျက်မှု အခြေအနေနှင့် ဆက်ကပ်အမှုဆောင်ခြင်းသည် အသင်းတော်၏ ကြံ့ခိုင်မှုအတွက် အရေးကြီးပါသလား။ သင့်ကို အသင်းတော်က အမှန်တကယ်လိုအပ်ပါသလား။ သင်မရှင်ရင် ဖြစ်ပါမလား။

၃။        အသင်းတော်ဝတ်ပြုစည်းဝေး၌ ဦးခေါင်းကို ဖုံးအုပ်ခြင်းဖြင့် နှိမ့်ချနာခံလိုသော စိတ်သဘောကို သင်ဖော်ပြရဲ့လား။ သင်သည် ထိုကဲ့သို ့ နှိမ့်ချခြင်းပုံသက်သေကို ငြင်းဆန်နေပါသလား။ အကယ်၍ သင်၏စိတ်နှလုံး၌ နှိမ့်ချမှုရှိလျှင် ထိုပုံသက်သေကို ငြင်းပယ်ပါ့မလား။

ဘုရားသခင်၏ ရှေ ့တော်မှောက်တွင် သင်ယုံကြည်ခံယူချက်ရှင်းလာရန် ဘုရားသခင်၏ အလိုတော်သို ့ ၀န်ခံလိုက်လျှောက်ခြင်းဖြင့် သင်၏ဝိညာဉ် ကြံ့ခိုင်ကြီးထွားလာပြီး အသင်းတော်ကို အကျိုးပြုနိုင်ရန်အတွက် ဘုရားသခင်ထံတွင် ဆုတောင်းပါ။

သင်၏ ဆုတောင်းချက်ကို ရေးပါ။

———————————————————————————————————–

———————————————————————————————————–

———————————————————————————————————–

———————————————————————————————————–

လက်ယာကွက်လပ်တွင် အဖြေမှန်၏ အက္ခရာကိုရေးပါ။

၁။ တမန်တော်ရှင်ပေါလုက ပြောသည်မှာ-

(က) မိန်းမများသည် ယောကျ်ားများလောက်မမြတ်။

(ခ) မိန်းမများသည် ဘုရားသခင်၏ ရှေ ့တော်မှောက်တွင် ယောကျ်ားများနှင့် တန်းတူညီတူရှိသည်။

(ဂ) မိန်းမများသည် အသင်းတော်တွင် ယောကျ်ားများနှင့် ရင်ဘောင်တန်း လုပ်ဆောင်သင့်သည်။

(ဃ) မိန်းမများ၏ အမှုဆောင်ခြင်းသည် အရေးမကြီး။                                                                                 ————–

၂။ ကျွနု်ပ်တို ့သည် “အရှင်ယေရှုခရစ်ကို ယုံကြည်လက်ခံခြင်းဖြင့် ဘုရားသခင်၏ သားသမီးများဖြစ်ကြ၏” ဟူသောစကားသည်

(က) ဂျူးလူမျိုးနှင့် တပါးအမျိုးသားအကြားတွင် ရှိသောခြားနားမှု အားလုံးကို ဖယ်ရှားပစ်၏။

(ခ) ကျွန်နှင့် လွတ်လပ်သော လူ(လူလွတ်)တို ့၏ အကြားတွင်ရှိသော ခြားနားမှုအားလုံးကို ဖယ်ရှားပစ်၏။

(ဂ) ယောကျ်ားများနှင့် မိန်းမများအကြားတွင်ရှိသော အဆင့်အတန်း ခြားနားမှု အားလုံးကို ဖယ်ရှားပစ်၏။

(ဃ) လိင်ခြားနားမှုများကိုတော့ မပြောင်းလဲပေ။                                                                             ————–

၃။ လိင် (ဖို-မ) ခြားနားခြင်းကို ဖန်ဆင်းခြင်း အစကပင် ဘုရားသခင် ပြင်ဆင်စီမံထားသည်။ အကြောင်းမှာ-

(က) ယောကျ်ားကို မိန်းမထက် ပိုမြတ်စေလိုသောကြောင့်၊

(ခ) တမျိုးတည်းထက် မျိုးကွဲရှိခြင်းသည် ပိုကောင်းသောကြောင့်

(ဂ) ယောကျ်ားနှင့် မိန်းမအတွက် ခြားနားသော လုပ်ဆောင်မှုများ ရှိစေလိုသောကြောင့်

(ဃ) ကိုယ်တော်သည် စမ်းသပ်လုပ်ဆောင်နေခြင်း ဖြစ်သောကြောင့်၊                                                                        ————–

၄။ ဓမ္မသစ်ကျမ်းတွင် အမျိုးသမီးများကို-

(က) ခရစ်တော်၏ တပည့်တော် (၁၂) ယောက်ထဲတွင် တွေ ့ရသည်။

(ခ) ပွဲတော်မင်္ဂလာ စတင်ချမှတ်ပေးသည့်အခါတွင် တွေ ့ရသည်။

(ဂ) သြဝါဒစာစောင် ရေးသားသူအချို ့တွင် ပါ၀င်ကြောင်း တွေ ့ရသည်။

(ဃ) ယောကျ်ားများနည်းတူ ခရစ်တော်အတွက် နှိပ်စက်ညှဉ်းဆဲခြင်းခံရကြောင်း တွေ ့ရသည်။                                   ————-

၅။ ဦးစီးခေါင်းဆောင်ပြုခြင်းနှင့် အုပ်စိုးမှုကို ၀န်ခံခြင်း သွန်သင်ချက်သည်-

(က) သမ္မာကျမ်းတအုပ်လုံးတွင် ထင်ရှားစွာ တွေ ့ရသည်။

(ခ) ပညတ်တော် ချပေးသည့် အချိန်တွင် ဖော်ပြခဲ့သည်။

(ဂ) တမန်တော် ရှင်ပေါလု ချမှတ်ပေးခြင်းဖြစ်၏။

(ဃ) ကျွနု်ပ်တို ့ခောတ်တွင် မကျင့်သုံးတော့ပါ။                                                                           ————–

၆။ ကျက်မှတ်ထားသော (၁ကော၊ ၁၁း၃) ကျမ်းပိုဒ်ကို အလွတ်ရေးပါ။

————————————————————————————————–

————————————————————————————————–

၇။ အသင်းတော်၌ ဦးစီးခေါင်းဆောင် ပြုခြင်းသဘောကို-

(က) မိန်းမများ ဦးခေါင်းဖုံးအုပ်သည့်အခါ ငြင်းပယ်ရာကျသည်။

(ခ) မိန်းမများသည် ဦးခေါင်းဖုံးအုပ်သည့်အခါ ၀န်ခံကြောင်း ထင်ရှားသည်။

(ဂ) ယနေ ့ကျွနု်ပ်တို ့ အသင်းတော်များ၌ မလိုက်လျှောက်နိုင်ပါ။

(ဃ) ယောကျ်ားများကို ဂုဏ်တင်ရာရောက်၍ မိန်းမများသည် ဦးခေါင်းမအုပ်သင့်ပေ။                                                  ————–

၈။ အသင်းတော်ဝတ်ပြုစည်းဝေးများ၌ မိန်းမများသည် ဦးခေါင်းဖုံးရန် လိုအပ်ချက်မှာ-

(က) ဂျူးထုံးစံမှ ဆင်းသက်လာသည်။

(ခ) ဂရိလူမျိုး၏ ထုံးစံမှ ဆင်းသက်လာသည်။

(ဂ) လူယောကျ်ားနှင့် မိန်းမကို ဖန်ဆင်းသည့် အစီအစဉ်အပေါ် အခြေခံသည်။

(ဃ) ရှေးအသင်းတော်များတွင် အများအားဖြင့် မကျင့်သုံးပါ။                                                                                   ————–

၉။ ဦးခေါင်းဖုံးအုပ်ခြင်းသည်-

(က) ယနေ ့အနောက်နိုင်ငံအများတွင် နှိမ့်ချခြင်းအသွင်ကို မဆောင်တော့ချေ။

(ခ) အုပ်စိုးခြင်းကို ၀န်ခံသည့်လက္ခဏာအဖြစ် အသိအမှတ် ပြုသေးသည်။

(ဂ) လက်ထပ်ခြင်း၏ ထုံးတမ်း တစိတ်တပိုင်းမဟုတ်။

(ဃ) မိန်းမများ ဆံရှည်လျှင် ဦးခေါင်းဖုံးအုပ်စရာမလို။                                                                                 ————–

၁၀။ အသင်းတော်၌ ခရစ်ယာန်အမျိုးသမီးများ ဦးခေါင်းဖုံးအုပ်ခြင်းသည်-

(က) မိမိစိတ်နှလုံးဖြင့် ဘုရားသခင်အား ၀န်ခံခြင်းကို ဖော်ပြသည်။

(ခ) ကောင်းကင်တမန်များ၏ စောင့်ကြည့်အသိအမှတ်ပြုခြင်းခံရသည်။

(ဂ) သူမ၏နာခံခြင်းအားဖြင့် ဘုရားသခင်ကို နှစ်သက်စေသည်။

(ဃ) အထက်ပါအချက်အားလုံး။                                                                          —————

သင်ဘယ်လိုယူဆပါသလဲ

သင်သည် ဘုရားသခင်နှစ်သက်သည့် အမျိုးသမီးဖြစ်ဖို ့ အရေးကြီးပါသလား။ ဖြစ်ဖို ့လိုအပ်သော် အုပ်စိုးခံဖို ့ သွန်သင်ထားချက်ကို သင်ဘယ်လို တုန် ့ပြန်သင့်သနည်း။

—————————————————————————————————————-

—————————————————————————————————————-

—————————————————————————————————————-

 

သင်ခန်းစာ (၁၄)

အိမ်ပြင်၌ အမျိုးသမီးများ၏ကဏ္ဍ

လုပ်ငန်းခွင်တွင်

လုပ်ငန်းခွင်တွင်ရှိသော အမျိုးသမီးများလည်း ဘုရားသခင်အတွက် ထိရောက်စွာ သက်သေခံဖို ့ အခွင့်အရေးများစွာ ရရှိနိုင်သည်။ ဖြူစင်ဖြောင့်မတ်စွာ အသက်ရှင်ခြင်း၊ သစ္စာရှိခြင်း၊ ဖြောင့်မတ်ခြင်း၊ ချစ်ခြင်းသဘောနှင့် ပုံသက်သေကောင်းများကြောင့် နှုတ်ဖြင့် သက်သေခံရန်လမ်းစပွင့်လာတတ်သည်။ ဘယ်အခြေအနေ၌မဆို မိမိ၏ကောင်းသောအသက်တာ ပုံသက်သေအားဖြင့် ဘုရားသခင်အတွက် သက်သေခံနိုင်သည်။ သို ့သော် အလုပ်ရှင်နှင့် လုပ်ငန်းကို ထိခိုက်စေသည့်အပြုအမူများကို သတိနှင့်ရှောင်သင့်သည်။ လူတွေနှစ်သက်သဘောကျဖို ့ လူရှေ ့တွင်သာ နားထောင်လုပ်ဆောင်ခြင်းမဟုတ်ဘဲ အရှင်ဘုရား၏ အမှုတော်ကိုဆောင်ရွက်သကဲ့သို ့ ပြုလေသမျှ၌ စေတနာစိတ်နှင့် ပြုကြလော့ဟု (ကော၊၃း၂၂၊၂၃) တွင်ဖော်ပြထားသည်။

အသင်းတော်တွင်

အသင်းတော်အတွင်း၌ အမျိုးသမီးများ၏ အမှုဆောင်ခြင်းသည် အလွန်အဖိုးတန်ပါသည်။ အထူးသဖြင့် တနင်္ဂနွေနေ ့၌ အသင်းတော်ရှိ ကလေးများကို ကျမ်းစာသင်ပေးခြင်း၊ နွေရာသီကျမ်းစာသင်တန်း၌ ကူညီခြင်း၊ ဆုတောင်းစည်းဝေး၊ အမျိုးသမီးများဝတ်ပြုစည်းဝေး၊ ဖျားနာသူနှင့် အကူအညီလိုအပ်သူများထံသို ့ သွားရောက်မစခြင်း စသည့်ဝိညာဉ်ရေးနှင့် လူမှုရေးလုပ်ငန်းများတွင် မိန်းမများမှာ အလွန်အရေးပါကြသည်။ အသင်းတော်သို ့ရောက်ရှိလာသော လူအများအား မေတ္တာနှင့်ဖိတ်ခေါ်ဧည့်ခံရာ၌ ဘုရားသခင်အသုံးပြုသော အမျိုးသမီးများစွာရှိပါသည်။ နှုတ်ကပတ်တော်ကို လေ့လာသွန်သင်ဟောကြားနေရသော ယောကျ်ားများအတွက် အမျိုးသမီးများ၏ ဆုတောင်းခြင်းနှင့် မစခြင်းအကူအညီကို အထူးလိုအပ်သည် မဟုတ်ပါလား။ ပရိသတ်ရှေ ့မထွက်ရသောကြောင့် အမျိုးသမီးများ၏ ၀ိညာဉ်အခြေအနေနှင့် သဘောထားမှာ အရေးမကြီးဟု မယူဆသင့်ပေ။ ကျွနု်ပ်တို ့အားလုံးသည် ခရစ်တော်၏ ကိုယ်ခန္ဓာ၌တလုံးတဝတည်းဖြစ်၏။ အသင်းတော်အတွက် အမျိုးသမီးများ၏ ဆက်ကပ်ကူညီမှုသည် ဤမျှသာရှိသည်မဟုတ်ပါ။ အသင်းတော်တိုးတက် ကျယ်ပြန် ့ရေးတွင်လည်း အမျိုးသမီးများသည် ၀ိညာဉ်ဆုကျေးဇူးဖြင့် ဆက်ကပ်လုပ်ဆောင်စရာနေရာပေါင်းများစွာ ရှိသေးသည်။ တပ်မတော်တစ်ခုတွင် ရှေ ့တန်းထွက်နေသော စစ်သားတစ်ယောက်စီတိုင်းအတွက် နောက်တန်းမှပြင်ဆင် ထောက်ပ့ံကူညီဖို ့ အဖော်လိုအပ်သကဲ့သို ့ အသင်းတော်ကြံ ့ခိုင်ရေးနှင့် ထိရောက်စွာ လှုပ်ရှားနိုင်ရေးအတွက် အမျိုးသမီးများ၏ ကူညီမစခြင်းကိုလည်းလိုအပ်သည်။ ထို ့ကြောင့် မည်သူသည် ပိုအရေးကြီးသည်ဟု မည်သူမျှမပြောသင့်ပါ။ အသင်းတော်၏အစေဟုအခေါ်ခံရခြင်း (သို ့) ခရစ်တော်အတွက် ကူညီမစသူဖြစ်ရခြင်းထက် သာ၍မြတ်သောအမှု မရှိပေ (ရောမ၊ ၁၆း၁-၃)။

သာသနာပြုလုပ်ငန်းတွင်။ ဤသင်ခန်းစာ၏အဓိက ရည်မှန်းချက်သည် သာသနာပြုလုပ်ငန်း၌ အမျိုးသမီးများ၏ကဏ္ဍကို အထူးလေ့လာပါမည်။ အရှင်ယေရှုထမြောက်တော်မူသည့်နေ ့ နံနက်မှစတင်ပြီး မာဂဒလမာရိအား ကိုယ်တော်က “သင်ကြားသိတွေ ့မြင်သည့်အရာကို သွား၍ကြားပြောလော့”

ဟု မိန် ့တော်မူသည့်အတိုင်း အမျိုးသမီးများသည် ကိုယ်တော်အတွက် ယနေ ့တိုင်သက်သေခံလျက်ရှိကြသည် ( ယော၊ ၂၀း၁၇၊၁၈)။ (၁၉)ရာစုနှစ်မှစတင်ပြီး သာသနာပြုလုပ်ငန်းတွင် အမျိုးသမီးများသည် ယောကျ်ားများထက် ပိုမိုများပြားလာကြောင်း တွေ ့ရသည်။

၁။ အလိုတော်ရှိကြောင်း မည်သို ့ သိနိုင်မည်နည်း

သာသနာပြုလုပ်ငန်းတွင်မိမိကို ဘုရားသခင်အလိုတော်ရှိကြောင်း ကျွနု်ပ်မည်သို ့သိနိုင်မလဲ? ဤမေးခွန်းကို ရှေးဦးစွာစဉ်းစား သင့်ပါသည်။ ဘုရားသခင်၏ အလိုတော်ကို မည်ကဲ့သို ့ သိနိုင်မည်နည်းဟူသောအကြောင်းအရာကို ဤနေရာတွင် အကျယ်တဝင့်မဆွေးနွေးတော့ပါ။ ထာဝရဘုရားကို ယုံကြည်အားကိုးသူသည် နေ ့စဉ်နေ ့တိုင်း ဘုရားသခင်၏ အလိုတော်အတိုင်း အသက်ရှင်လိုစိတ်ရှိပြီး အရာရာတိုင်းတွင် ဘုရားသခင်၏ စကားကို နာခံလိုက်လျှောက်ရန် မိမိကိုယ်ကို ဘုရားသခင်ထံ အပ်နှံထားသည် ထိုသို ့သောသူသည် ဘုရားသခင်၏ ပဲ့ပြင်လမ်းညွှန်မှုအဆင့်ဆင့်ကို သိမြင်လာမည်။ အများအားဖြင့် ကျွနု်ပ်တို ့သည် မိမိတို ့ဘဝတခုလုံးအတွက် ဘုရားသခင်မည်သို ့စီမံထားသည်ကို သိလိုကြ၏။ သို ့သော် ဘုရားသခင်သည် အသက်တာကို တဆင့်ခြင်း တလှမ်းခြင်းသာ ပဲ့ပြင်လမ်းညွှန်တော်မူသည်။ ပထမတလှမ်းကိုနာခံပြီးမှသာ ဒုတိယတလှမ်းကို ဘုရားသခင်ဖွင့်ပြတော်မူ၏ “သင်သည် တလှမ်းချင်းလှမ်းသွားသည့်အခါ သင်၏ရှေ ့၌လမ်းကို ငါဖွင့်ထားမည်” ဟု ဘုရားသခင်၏ကတိတော်ရှိ၏။

၂။ မည်သို ့မိမိကိုယ်ကို ပြင်ဆင်ရမည်နည်း

ခရစ်ယာန်တဦးစီ၏ အဓိကတာဝန်မှာ ဘုရားသခင်ကို နှုတ်ကပတ်တော်အားဖြင့်လည်းကောင်း အတွေ ့အကြံုအားဖြင့်လည်းကောင်း သိကျွမ်းရန်ဖြစ်၏။ ဘုရားသခင်၏အကြံအစီနှင့် အလိုတော်များကို ကျမ်းစာထဲတွင်ဖွင့်ပြထားရာ ကျမ်းစာမှန်မှန်လေ့လာခြင်းနှင့် နေ ့စဉ်ဆင်ခြင်စဉ်းစားခြင်းဖြင့် ဘုရားသခင်နှင့် ရင်းနှီးသိကျွမ်းခွင့်ရနိုင်သည်။ ထိုကဲ့သို ့ ကျမ်းစာမှန်မှန်လေ့လာခြင်းနှင့် နေ ့စဉ်ဆင်ခြင် စဉ်းစားခြင်းအခွင့်အရေးသည် သာသနာ အမှုဆောင်များအတွက်သာ မဟုတ်ဘဲ ဘုရားသခင်ကိုချစ်၍ ဘုရားသခင်ပြောသောစကားများကို နားထောင်ဖို ့ အချိန်ယူရန် ဆန္ဒရှိသော လယ်သမားများ၊ အလုပ်သမားများ၊ ကျောင်းဆရာမများ၊ မိခင်ဖခင်များနှင့် ကျွနု်ပ်တို ့အားလုံးအတွက် ဖြစ်သည်။

ကောင်းကင်သို ့ပြန် မတက်ကြွခင် တပည့်တော်များကို ကိုယ်တော်က “သင်တို ့သည်ငါ၏ သက်သေဖြစ်ကြလိမ့်မည်”… (တ၊၁း၈)ဟု မိန် ့တော်မူခဲ့သည်။ “သက်သေ” ဆိုသည်မှာ သူကိုယ်တိုင်ရင်ဆိုင်တွေ ့မြင်ခဲ့ဖူးသည့် အရာကို ပြန်ပြောခြင်းဖြစ်သည်။ ထို ့ကြောင့် ကျွနု်ပ်တို ့သည် သူတပါးကိုဝေမျှရန် ဘုရားသခင်နှင့် ထိတွေ ့ခံစားဖူးသည့် ကိုယ်တွေ ့အတွေ ့အကြံုရှိရမည်။ ခရစ်ယာန်ဖြစ်စေဆိုလျှင် အပြစ်၏ ကျေးကျွန်နှင့် အပြစ်ဝန်ထုပ်၏ ဖိစီးခံရခြင်းဒုက္ခမှ ကင်းလွတ်ကြောင်း ၀မ်းမြောက်ဖွယ် အတွေ ့အကြံုများကို သက်သေခံစရာရှိသည်။ သို ့သော် သာသနာ့အမှုတော်ဆောင်များနှင့် နှစ်ပေါင်းများစွာ ခရစ်ယာန်ဖြစ်နေသူတို ့မူကား ထိုထက် သက်သေခံစရာ များစွာရှိရမည်။ သာသနာ့အမှုတော်ဆောင်များသည် ယုံကြည်စလူများကို သွန်သင်တည်ဆောက်နိုင်ရန် မိမိတို ့ကိုယ်တိုင် နှုတ်ကပတ်တော် အသိတရားနှင့် ပြည့်ဝ၍ ဘုရားသခင်နှင့် ထိတွေ ့သည့် အတွေ ့အကြံုတွင်လည်း ရင့်ကျက်မှု ရှိဖို ့လိုသည်။ အကြောင်းမှာ ခရစ်တော်ကို ယုံကြည်လက်ခံပြီး ပြောင်းလဲလာသူများ တွေ ့ကြံုတတ်သော အခက်အခဲများ၊ မတရားဖိနှိပ်ခံရခြင်းများ၊ စုံစမ်းသွေးဆောင်ခြင်းများကို ရင်ဆိုင်အောင်နိုင်ရန်နှင့် ယုံကြည်ခြင်း၌ ခိုင်မြဲလျက် ၀ိညာဉ် အသက်တာကြီးထွား၍ အသီးများစွာသီးသော ခရစ်ယာန်များဖြစ်လာရန်၊ သွန်သင်ပြုစုပျိုးထောင်ဖို ့ သာသနာ့အမှုတော်ဆောင်များ၏ တာဝန်ဖြစ်သည်။

တနည်းအားဖြင့်ပြောရလျှင် ပုဂ္ဂိုလ်တဦးသည် သာသနာအလုပ်ကိုမလုပ်ခင် သူ၏အသက်တာ၌ ဘုရားသခင်၏ ပြုပြင်ခြင်းကို ရှေးဦးစွာခံယူရမည်။ ဆိုလိုသည်မှာ အိမ်၌ဖြစ်စေ၊ ရပ်ဝေး၌ဖြစ်စေ၊ ဘုရားသခင်ချမှတ်သောနေရာနှင့် အစီအစဉ်ထဲသို ့ အခေါ်ခံရသည့်အခါ ဘုရားသခင်စေခိုင်းသော အရာများကို မိမိ၌စိတ်ဝင်စားမှုနှင့် သဘောပေါက်ခြင်း မရှိသော်လည်း နာခံမှုရှိရမည်။ အမှုတော်ဆောင်ရာ၌ ပညာအရည်အချင်း၊ အသက်၊ ဂုဏ်အဆင့်အတန်း၊ လိင် (ယောကျ်ား၊ မိန်းမ) စသောအကြောင်းအရာတို ့မှာ အဓိကအရေးကြီးသောအရာများ မဟုတ်သောကြောင့် ထိုအရာများအတွက် ကျွနု်ပ်တို ့ပူပန်စရာမလိုပေ။ ကျွနု်ပ်တို ့ကို ခရေစေ့တွင်းကျ အစအဆုံးသိတော်မူသော ဘုရားသခင်သည် ကျွနု်ပ်တို ့အတွက် အကောင်းဆုံးကို ပြင်ဆင်ပေးမူ၏။ ကျွနု်ပ်တို ့ကို ကိုယ်တော်စေခိုင်းသည့်အခါ လုပ်နိုင်သော စွမ်းရည် တန်ခိုးကိုလည်း ပေးတော်မူပါသည်။

၃။ သာသနာပြုများ လိုအပ်မလား

ယခုခောတ်တွင် ကျွနု်ပ်တို ့သည် မေးခွန်းများစွာ တွေ ့ကြံုနေရပါသည်။

“ဤခောတ်အခါတွင် သာသနာပြုများ လိုအပ်ပါ့မလား” ဟုမေးလျှင် “လိုအပ်သည်” ဟုဖြေပါမည်။ “သင်တို ့သွား…ငါသည်သင်တို ့နှင့်အတူ အစဉ်မပြတ်ရှိသည်ဟု မိန် ့တော်မူသည်ဖြစ်၍ ခရစ်တော်ပြန်လည်ကြွလာသည့်တိုင်အောင် ဟောပြောအမှုတော်ဆောင်ရန် ကျွနု်ပ်တို ့တွင် တာဝန်ရှိပါသည်။ (မ၊ ၂၈း ၁၈-၂၀)

“ခောတ်အခြေအနေ ပြောင်းလဲနေ၍ နိုင်ငံပေါင်းများစွာတွင် သာသနာပြုပုဂ္ဂိုလ်များကို လက်မခံတော့ဘူး မဟုတ်လား? ဟုထပ်ဆင့်မေးလျှင် “သာသနာပြုများကို လက်မခံတာတော့ မှန်ပါတယ်၊ သို ့သော်ဖွင့်ထားတဲ့ တံခါးပေါက်များစွာ ရှိပါသေးတယ်”ဟု ဖြေရပေမည်။ ကမ္ဘာ့အခြေအနေမှာ ကိုယ်တော်၏ လက်တော်ထဲတွင်ရှိသည်ဖြစ်၍ တခါတရံ ကျွနု်ပ်တို ့မထင်မှတ်၊ မမျှော်လင့်သော လမ်းပေါက်ကို ဘုရားသခင်ဖွင့်ပေးတတ်ပါသည်ဟု ဖြေရပေမည်။ ဤကမ္ဘာကြီးကို စိုးပိုင်သော ဘုရားသခင်သည် တံခါးအဖွင့်အပိတ်ကို အစိုးပိုင်သော အရှင်ဖြစ်သည်။ (ဗျာ၊ ၃းရ)

၄။ သာသနာပြုလုပ်ငန်းများ

ယခုအခါ အမျိုးသမီးသာသနာပြုများသည် ကမ္ဘာသာသနာ ပြုလုပ်ငန်းအမျိုးမျိုးတွင် ပါ၀င်ဆက်ကပ်နေကြသည်။ အချို ့မှာ ကယ်တင်ခြင်း သတင်းကောင်း ကြဲဖြန် ့ခြင်းတွင် တိုက်ရိုက်ပါ၀င်ပြီး အချို ့မှာ ကယ်တင်ခြင်းသတင်းကောင်းကို အထောက်အကူပေးသည့် လုပ်ငန်းများ၌ ပါ၀င်လုပ်ဆောင်လျက်ရှိကြ၏။

(က) ကျန်းမာရေး

ဆေးဝါးကုသမှုနှင့် သူနာပြုလုပ်ငန်းများအား ကယ်တင်ခြင်း သတင်းကောင်းကြဲဖြန် ့ဖို ့ရန် တံခါးပေါက်ဖွင့်ထားသော နေရာများစွာ ရှိ၏။ ကိုယ်ခန္ဓာနှင့်စိတ်၌ ရောဂါစွဲနေသူများအား အရှင်ယေရှု၏တန်ခိုးတော်ကြောင့် အနာကင်းငြိမ်းစေနိုင်သည်။ သာသနာပြု ဆရာဝန်၊ ဆရာမများက ဘုရားသခင်၏ မေတ္တာနှင့် ပြုစုခြင်းဖြင့် လူတို ့၏ စိတ်နှလုံးကိုထိတွေ ့လျက် ကယ်တင်ခြင်းသတင်းကောင်းကို နားထောင်ချင်စိတ် ဖြစ်လာကြသည်။ တချိန်က သာသနာ့ကျန်းမာရေး ဌာနရှိခဲ့သော နေရာများတွင် သာသနာပြုဆရာဝန်၊ ဆရာမများ လိုအပ်လျက်ပင် ရှိသေးသည်။ သာသနာပြု ကျန်းမာရေးအမှုထမ်း များစွာတို ့မှာ အာရှ၊ အာဖရိကနှင့် လက်တင်အမေရိက တိုက်များတွင် အမှုတော်ထမ်းဆောင် နေသော်လည်း လုပ်ဆောင်စရာ များစွာရှိနေသေးသည်။

(ခ) စာတတ်မြောက်ရေး

သာသနာပြုခြင်း အစဦးအချိန်က စာတတ်မြောက်ရေးသည် သာသနာလုပ်ငန်း၏ တစိတ်တပိုင်းဖြစ်ခဲ့သည်။ အကြောင်းမှာ စာဖတ်တတ်မှ ကျမ်းစာဖတ်တတ်မည်။ နေရာဒေသ အတော်များများတွင် စာတတ်မြောက်ရေးအတွက် သာသနာကျောင်း တခုတည်းသာရှိတတ်သည်။ ယခုအခါ အမျိုးသားအစိုးရများက ကျောင်းလုပ်ငန်းကို ၀င်ရောက်လုပ်ကိုင်လာကြသော်လည်း ၀မ်းမြောက်စရာကောင်းသည်မှာ သာသနာလုပ်ငန်းကို အရှိန်မပျက် လွတ်လပ်စွာ ဆက်လက်လုပ်ဆောင်ခွင့်ရလျက်ပင်ရှိသည်။

စာဖတ်တတ်၊ ရေးတတ်ခြင်း၌သာမက ကျန်းမာရေး၊ လူမှုရေး ပညာပေးခြင်းများအတွက် သွန်သင်စရာ များစွာရှိသောကြောင့် သာသနာပြုပုဂ္ဂိုလ်များသည် သွန်သင်တတ်ရန်လေ့လာထားသင့်သည်။

(ဂ) စာပေပြန် ့ပွားရေး

စာပေလုပ်ငန်းတွင် ကဏ္ဍများစွာရှိ၏။ စာပေမရှိသေးသည့် လူမျိုးများအတွက် စာပေရှိလာအောင် တီထွင်ပေးသည့် “ဘာသာဗေဒ” (Linguistic) လုပ်ငန်းရှိ၏။ စာပေမရှိသည့် ဘာသာစကားကို စာရွက်ပေါ်တွင် ရေးမှတ်လာနိုင်အောင် စာပေပေါ်ပေါက်လာဖို ့ရန် လုပ်ဆောင်ခြင်းသည် အဓိကအရေးကြီးသည့် လုပ်ငန်းတခုဖြစ်၏။ ထို ့ကြောင့် ယခုအခါ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ပလောင်၊ ဆလုံ (Morgan) ဒိုင်ချင်းစာပေများကို တီထွင်ဖော်ထုတ်နေပြီ။

စာပေရှိပြီးမှသာ အခြေခံဖတ်စာအုပ်များ၊ ရေးသား၊ ပြင်ဆင်၊ တည်းဖြတ်၊ ပုံနှိပ်ဖြန် ့ချီလျက် စာပေတတ်မြောက်ရေးအတွက် သင်ကြားပို ့ချနိုင်မည်။ တဖန်လူကြီးလူငယ်တိုင်း စာရေးတတ်၊ ဖတ်တတ်လာအောင်၊ သင်ကြားပို ့ချမည့် ဆက်ကပ်သော အမှုတော်ဆောင်များလိုအပ်နေပါသည်။

ဘာသာပြန်လုပ်ငန်းသည်လည်း အရေးပါသော ဆက်ကပ်မှုဖြစ်သည်။ သမ္မာကျမ်းနှင့် ၀ိညာဉ်ရေးဆိုင်ရာ စာပေအမျိုးမျိုးကို တိုင်းရင်းသား ဘာသာစကားသို ့ ပြန်ဆို၊ ပုံနှိပ်ထုတ်ဝေခြင်းဖြင့် သာသနာလုပ်ငန်းကို ပိုမိုထိရောက်ကျယ်ပြန် ့စွာ လုပ်နိုင်သည်။ ဝေစာ၊ စာစောင်၊မဂ္ဂဇင်း၊ ရုပ်ပြစာအုပ်၊ သမ္မာကျမ်းပိုင်း စသည့်ဖတ်ရှုစရာ စာအုပ်အမျိုးအစား စုံစုံလင်လင်ကို ထုတ်ဝေဖြန် ့ချီခြင်းဖြင့်လည်းကောင်း၊ စာပေးစာယူ သင်တန်းများပေးခြင်းဖြင့် လည်းကောင်း ဘုရားသခင်အတွက် ဆက်ကပ်ကြသည်။ ဧမောက်ကျမ်း စာပေးစာယူ သင်တန်းကျောင်းမှာ ကမ္ဘာတဝှမ်းလုံးတွင် ကျယ်ပြန် ့စွာ လုပ်ဆောင်လျက်ရှိသည်။ ထိုသင်တန်းတွင် သွန်သင်လမ်းညွှန် အမှတ်ပေးသည့် အလုပ်၌လည်းကောင်း၊ စာရင်းအင်းများကို စနစ်တကျ ရေးမှတ်သည့် အလုပ်၌လည်းကောင်း ဘုရားသခင်အတွက် ဆက်ကပ်ကြသူများတွင် အမျိုးသမီးများလည်း ပါ၀င်ကြသည်။

ဘုရားသခင်၏ ကယ်တင်ခြင်းတရား ကြဲဖြန် ့ရာ၌ စာပေသည် အလွန်ထိရောက်သော နည်းလမ်းဖြစ်သည်။ အကြောင်းမှာ ခရစ်ယာန် စာပေများသည် သာသနာပြုပုဂ္ဂိုလ်များ မသွားရောက်နိုင်သည့် နေရာများနှင့် တိုင်းပြည်များသို ့ စာတိုက်မှလည်းကောင်း၊ လူကိုယ်တိုင် လက်ဆင့်ကမ်း ပေးပို ့ခြင်းဖြင့်လည်းကောင်း ရောက်ရှိနေပါသည်။ သာသနာပြု ပုဂ္ဂိုလ်တဦး၏ ဆက်ကပ်အမှုတော်ဆောင်မှုသည်လည်း အလွန်အရေးကြီးပါသည်။ လူများကို ကယ်တင်ရှင် ယေရှုခရစ်နှင့် သိကျွမ်းရန် မိတ်ဆက်ပေးရာတွင် သာသနာပြုဆရာ၏ ကိုယ်ကျိုးစွန် ့ကာ ဆက်ကပ်ခြင်းသည် အထိရောက်ဆုံး နည်းဖြစ်သည်။

(ဃ) သင်တန်းပေးခြင်း

ရက်တိုသမ္မာကျမ်း လေ့လာရေးသင်တန်း၊ နွေရာသီ လူငယ်ကျမ်းစာသင်တန်းစသော သင်တန်းများသည် ခရစ်တော်နှင့် ရင်းနှီးစေသော အလွန်အဖိုးတန်သည့် သင်တန်းဖြစ်သည်။

(င) အခြားလုပ်ငန်းများ

(၁) ရေဒီယိုအားဖြင့် ခရစ်တော်ကို သိစေသောလုပ်ငန်း ( F.E.B.C)၌ပါ၀င်ခြင်း။ (၂) ကက်ဆက်၌ ကယ်တင်ရှင် ခရစ်တော်အကြောင်း အသံသွင်းဖြန် ့ဝေခြင်း (၃) တက္ကသိုလ်ကောလိပ်ကျောင်းသားလုပ်ငန်း။ (၄) ကလေးများ ဧဝံဂေလိလုပ်ငန်း (C.E.F) (၅) မိဘမဲ့ကလေးများကို ပြုစုသည့်လုပ်ငန်း စသည့်လုပ်ငန်းအမျိုးမျိုးကို ဖော်ပြ၍ ဆုံးမည်မဟုတ်ပေ။ ထိုကဲ့သို ့ အမျိုးမျိုးသော လုပ်ငန်းများထဲတွင် ပါ၀င်ရန် ကျွနု်ပ်တို ့၌ စွမ်းရည်နှင့် တတ်မြောက်မှု နည်းပါးသော်လည်း ဘုရားသခင်ထံသို ့ ဆက်ကပ်သူများကို ဘုရားသခင် အသုံးပြုမည်ဖြစ်သည်။

သင်၏အသက်တာကို အကျိုးရှိရှိ၊ အဓိပ္ပာယ်ရှိရှိ အသက်ရှင်ပါ။ ဘဝရည်မှန်းချက် အဓိပ္ပာယ်မရှိသော သူများကဲ့သို ့မဟုတ်ဘဲ၊ သင့်အား ဘုရားသခင်အပ်ပေးသော စွမ်းရည်နှင့် တာဝန်ကိုသိလျက် ဤခက်ခဲဆိုးယုတ်သော ကာလအတွက် သင်၏အချိန်ကို တန်ဖိုးရှိသည့်နေရာတွင် အကောင်းဆုံး အသုံးပြုပါ။ မရေမရာ အသက်ရှင်မနေသင့်ဘဲ ဘုရားသခင်၏ အလိုတော်သို ့ စွဲစွဲမြဲမြဲ လိုက်လျှောက်ပါ။ (ဧ၊ ၅း၁၅-၁၇)။

ဆင်ခြင်လိုက်လျှောက်ရန် မေးခွန်းများ

၁။        အကယ်၍ သင်သည် လုပ်ငန်းခွင်တခု၌ တာဝန်ကျခဲ့သော် လုပ်ငန်းရှင်က သင့်အပေါ် မည်သို ့ထင်မြင်မည်နည်း။

၂။         အသင်းတော်တွင် ကျွန်မမည်သို ့ ကူညီနေသနည်း။ အသင်းတော်သို ့လာရောက်သည့် ဧည့်သည်များကို ကြိုဆိုစကားပြောရန် ကျွန်မစွမ်းဆောင်ပါရဲ ့လား။ အသင်းတော်တွင် လုပ်အားပေးစရာ ပေါ်ပေါက်ခဲ့သော် ကျွန်မကူညီတတ်ပါသလား၊ ကျွန်မသည် သူတပါးအပေါ် မေတ္တာနှင့် ကူညီမစပေးပါသလား။

၃။        ခရစ်တော်အတွက် အမှုဆောင်နေသော ပုဂ္ဂိုလ်များ၏အမည်ကိုခေါ်လျက် သူတို ့၏လိုအပ်ချက်နှင့် အခက်အခဲများအတွက် ကျွန်မဆုတောင်းပေးပါသလား။ ၀မ်းမြောက်ဖွယ် သတင်းကောင်းကြဲဖြန် ့ရန် လိုအပ်သည့်နေရာနှင့် အခွင့်အလမ်းများကို ကျွန်မသတိပြု လေ့လာခြင်းရှိပါသလား။

၄။        ဘုရားသခင် အလိုတော်ရှိသည့်အတိုင်း ကျွန်မကို အသုံးပြုနိုင်ရန် ကိုယ်တော်ထံ မိမိကိုယ်ကို ဆက်ကပ်ပြီးပြီလား။ မည်သို ့သော အခြေအနေရှိသလဲ။

ဆုတောင်းရန်အချက်အချို ့ကို အကြံပေးလိုပါသည်။

သင်ဆက်ကပ် အမှုဆောင်နေသော လုပ်ငန်းသည် ဘုရားသခင်၏ ဘုန်းတော်ထင်ရှားစေမည့် လုပ်ငန်းဖြစ်ရန်၊ အသင်းတော်တွင် သင်ထိရောက်စွာ ကူညီမစနိုင်ရန်၊ ကယ်တင်ခြင်းသတင်းကောင်း ကြဲဖြန် ့ခြင်းနှင့် ခိုင်းသည့်လုပ်ငန်း၌ သင်ဆက်ကပ်လုပ်ဆောင်ရန် စသည့်အချက်များအတွက် ဆုတောင်းသင့်ပါသည်။

ကျွန်မ၏ဆုတောင်းချက်

————————————————————————————————–

————————————————————————————————–

————————————————————————————————–

————————————————————————————————–

လက်ယာဘက်ကွက်လပ်တွင် အဖြေမှန် အက္ခရာကိုရေးပါ။

၁။ လောကအလုပ်ခွင်တွင် ခရစ်ယာန်များသည်

(က) မိမိ၏ လုပ်ဖော်ဆောင်ဘက်များကဲ့သို ့ ပြောဆိုနေထိုင်သင့်သည်။

(ခ) ခရစ်တော်အတွက် အမြဲသက်သေခံနေရမည်။

(ဂ) အလုပ်ချိန်အတွင်း စိတ်ပါကိုယ်ပါလုပ်ပါ။

(ဃ) အလုပ်သမား အချင်းချင်း သက်သေမခံသင့်ပါ။                                                                        —————

၂။ အသင်းတော်တွင် အမျိုးသမီးများ၏ အမှုတော်ဆောင်ခြင်းကဏ္ဍသည်။

(က) ကလေးများ ကျမ်းစာသင်ဖို ့ တာဝန်ရှိသည်။

(ခ) လူမှုရေးလုပ်ငန်းများ၌ အဓိက တာဝန်ရှိသည်။

(ဂ) ရှင်ပေါလု၏ တားမြစ်ခြင်းကို ခံရသည်။

(ဃ) အသင်းတော်၏ လုပ်ငန်းဆောင်တာများအတွက် အထောက်အကူပြုသော ကဏ္ဍတခုဖြစ်သည်။                —————

၃။ ဘုရားသခင်သည် သူ၏အလိုတော်ကို အသိပေးရာတွင်-

(က) ကိုယ်တော်နှင့်အတူ လိုက်လျှောက်သူများကို တဆင့်ပြီးတဆင့် သိလာစေသည်။

(ခ) ကျွနု်ပ်တို ့၏ ဘဝတခုလုံးအတွက် မည်သို ့ စီမံထားကြောင်း ပြည့်စုံစွာဖွင့်ပြသည်။

(ဂ)အိပ်မက်နှင့် ရူပါရုံအားဖြင့် ဖွင့်ပြသည်။

(ဃ) အလုပ်များလွန်း၍ ဘုရားသခင်၏ စကားကို နားထောင်ရန် အချိန်မရသောအခါတွင် ဖွင့်ပြသည်။ ………………

၄။ တိုးတက်ရန် အလားအလာရှိသော သာသနာ ့အမှုတော်ဆောင်သည်-

(က) မိမိအပြစ်များ ခွင့်လွှတ်ခြင်းရပြီးကြောင်းသိရမည်။

(ခ) ခရစ်ယာန်အသက်တာ ရင့်ကျက်မှုအတွက် ပြုစုသွန်သင်တတ်ရမည်။

(ဂ) ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သိကျွမ်းရန် နေ ့စဉ်ကျမ်းစာ လေ့လာရမည်။

(ဃ) အထက်ပါ အချက်အားလုံး။                                                              —————

၅။ သာသနာ့အမှုတော်ဆောင် လုပ်လိုသောသူသည်-

(က) အသက် (၃၀) အောက်ဖြစ်သင့်သည်။

(ခ) ကျမ်းစာကျောင်း အောင်မြင်သူဖြစ်ရမည်။

(ဂ) ကိုယ်တော်စေလွှတ်ရာသို ့ သွားရောက်ဖို ့ ဆက်ကပ်အပ်နှံသူ ဖြစ်ရမည်။

(ဃ) အထက်ပါအချက်အားလုံးနှင့် ပြည့်စုံရမည်။                                                                —————

၆။ အောက်ဖော်ပြပါ မည်သည့်အချက်သည် မှန်ကန်သလဲ

(က) “သာသနာပြုသည့် ခောတ်ကာလကုန်ပြီ”

(ခ) “သာသနာပြု ပုဂ္ဂိုလ်များ မလိုအပ်တော့ပေ”

(ဂ) “သာသနာပြု အသင်းတော်များပင် သာသနာပြု ဆရာများကို မလိုချင်ကြ”

(ဃ) “ခရစ်တော်အပ်နှင်းခဲ့သော မဟာအမှုတော်မြတ် လုပ်ငန်းကြီးကို ကျွနု်ပ်တို ့လုပ်ရန် ယနေ ့တိုင် တာဝန်ရှိသေးသည်”။

—————

၇။ သာသနာလုပ်ငန်းထဲသို ့ ဆက်ကပ်သူသည်-

(က) ကျမ်းစာကျောင်း အောင်ရမည်။

(ခ) ဘုရားသခင်၏ လမ်းပြပဲ့ပြင်၊ ပြုပြင်မှုကို ခံယူဖို ့လိုသည်။

(ဂ) သင်းအုပ်နှင့် အသင်းတော်၏ ထောက်ခံချက်ကိုလိုသည်။

(ဃ) အထက်ပါ အချက်အားလုံး။                                                              —————

၈။ သာသနာပြု ပုဂ္ဂိုလ်တိုင်းသည်-

(က) တိုင်းရင်းသား လူမျိုးများအတွက် စာသင်ကျောင်းများ ဖွင့်ပေးသင့်သည်။

(ခ) ကျမ်းစာသင်ပေးသင့်သည်။

(ဂ) ကျမ်းစာကျောင်းဆင်းလက်မှတ်ရဖြစ်သင့်သည်။

(ဃ) စာသင်ခြင်းဟု မလုပ်သင့်ပေ။                                                                       —————

၉။ ကယ်တင်ခြင်း သတင်းကောင်းကို ကြဲဖြန် ့ရာတွင် ခရစ်ယာန်စာပေသည် အထိရောက်ဆုံးဖြစ်သည် သို ့သော် အောက်ဖော်ပြပါ မည်သည့်အချက်တွင် ခရစ်ယာန်စာပေက ထိရောက်စွာလုပ်ဆောင်နိုင်ခြင်း မရှိသောအကြောင်းအရာကို ဖော်ပြသနည်း။

(က) သာသနာပြုများကို ခွင့်မပေးသည် နိုင်ငံများထဲသို ့ စာပေဝင်ရောက်နိုင်သည်။

(ခ) သာသနာပြု ပုဂ္ဂိုလ်များ မရောက်သည့် အလွန်ခေါင်သောအရပ်သို ့ ခရစ်ယာန်စာပေ ရောက်နိုင်သည်။

(ဂ) ခရစ်ယာန်စာပေသည် သာသနာပြုဆရာ၏ ကိုယ်ထိလက်ရောက်လုပ်ဆောင်မှုကို အစားထိုးနိုင်သည်။

(ဃ) ခရစ်ယာန်စာပေသည် ကယ်တင်ခြင်းသတင်းကို ထပ်ခါထပ်ခါ ဖော်ပြနိုင်သည်။                                       —————

၁၀။ “သာသနာပြု လုပ်ငန်းတွင် အမျိုးသမီးများ လက်ရှိပါ၀င်ဆောင်ရွက်နေသော ကဏ္ဍ (၅) ရပ်ကို ဖော်ပြပါ။”

————————————————————————————————–

————————————————————————————————–

————————————————————————————————–

————————————————————————————————–

သင်ဘယ်လိုယူဆပါသလဲ

ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်နိုင်ရန် သင့်အသက်တာကို ဘုရားသခင်ထံဆက်ကပ်အပ်နှံပြီးပြီလား။ (ရောမ၊ ၁၂း၁၂)ကို ဆုတောင်းခြင်းဖြင့် ဖတ်ရှုလျက် ဖြေဆိုပါ။

————————————————————————————————–

————————————————————————————————–

————————————————————————————————–

————————————————————————————————–

 

 

ဆက်သွယ်ရန်

~~~~~~~~~~

Shwe Canaan

 

 

 

 

 

 

 

 

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *